ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွန်မှုလက်စွဲစာအုပ်
မာတိကာ – အကြောင်းအရာ – နိဒါန်း
အခန်း(၁) ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၏
လိုအပ်ချက်
အခန်း(၂) ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၏လက္ခဏာများ
အခန်း(၃) ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၏ နည်းလမ်းများ
အခန်း(၄) ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်ရာလမ်းကြောင်း
အခန်း(၅) ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု အမျိုးအစားများ
အခန်း(၆) ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၌စိတ်ဖိစီးမှုများ
အခန်း(၇) ယုံကြည်သူနှင့် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု
အခန်း(၈) အသင်းတော်နှင့် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်ခြင်း
အခန်း(၉) လက်ထပ်ထိမ်းမြားခြင်းနှင့် ခရစ်ယာန်အတိုင်ပင်ခံလုပ်ငန်း
အခန်း(၁၀) မိသားစုနှင့်ခရစ်ယာန် တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု
အခန်း(၁၁) ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၌ ပြဿနာများ
အပိုင်း – ၁
အခန်း(၁၂) ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၌ ပြဿနာများ
အပိုင်း – ၂
အခန်း(၁၃) ဆွေးနွေးလမ်းညွှန်မှု၌ ကြုံရသောပြဿနာများ
အပိုင်း – ၃
အခန်း(၁၄) ဆွေးနွေးလမ်းညွှန်မှုနှင့်အနာဂတ်
နိဒါန်း
နိုင်ငံရပ်ခြားတွင် ပထမဦးဆုံးအကြိမ် သင်တန်းပိုချရန်ရရှိသည့် အခွင့် အရေးမှာ လွန်ခဲ့ သည့်နှစ် ပေါင်းလေးဆယ်ခန့်က ဆွစ်ဇာလန်ပြည် (Switzerland) တွင် ကျွန်ုပ်နှင့်မိသားစု နေထိုင်ခဲ့ကြ စဉ်ကဖြစ်သည်။ သြစတြီးယားနိုင်ငံ (Austria) မှ ခရစ်ယာန်သာသနာပြု မိတ်ဆွေတစ်ဦးက ကျွန်ုပ်တို့အား ဗီယင်နာမြို (Vienna) ရှိ စိတ်ဖိစီးမှုနှင့်ဆိုင်သည့် ဆွေးနွေးပွဲတွင် ဟောပြောရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ဤခရီးစဉ်သည် နောင်တွင် နိုင်ငံပေါင်း(၅၀)ကျော်သို ခရစ်ယာန်တရား အခြေပြု ဆွေးနွေးလမ်းညွှန်မှုနှင့် ပတ်သက်၍ သင်ကြားပိုချခြင်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ဦးဆောင်ရမည့် ခရီးစဉ်ပေါင်းများစွာ၏ ပထမဦးဆုံးခရီးစဉ် ဖြစ်ကြောင်းကို မည်သူမျှ ကြိုတင်ဟောပြောနိုင်မည် မဟုတ်ချေ။
ကျွန်ုပ်ရောက်ရှိခဲ့သည့် အချိုနိုင်ငံများ၌ ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှုဆိုင်ရာ စာအုပ်အများအပြား ရရှိနိုင်သော်လည်း အချိုတိုတွင် ထိုစာအုပ်များ မရရှိနိုင်ခြင်းကြောင့် စိတ်မကောင်းဖြစ် နေရသည့် သင်းအုပ်ဆရာများ၊ ဆရာ/ဆရာမများ၊ ပါမောက္ခများ၊ သာမန်အသင်းသားများနှင့် ထိတွေ့ခွင့်ရရှိခဲ့ပါ သည်။ ရရှိနိုင်သည့် စာအုပ်များမှာလည်း ဈေးအဆမတန် ကြီးမားနေသည်သာမက မြောက်အမေရိကတိုက်ရှိ လူနေမှုစနစ်ကို အခြေပြု ဆွေးနွေးရေးသားသောကြောင့် ကန့်သတ်မှုရှိလာပါသည်။ ။
ဤအခက်အခဲများအတွက် အကောင်းဆုံးဖြေရှင်းရန်နည်းမှာ ကမ္ဘာပေါ်ရှိ နေရာဒေသအသီးသီးတွင် နေထိုင်ကြသူများအနေဖြင့် မိမိတိုတိုင်းပြည်၏ဘာသာ စကား၊ ယဉ်ကျေးမှုများအရ ရေးသားထုတ်ဝေ ကြရန်ဖြစ်သည်။ ဤကဲ့သိုသော ပြဿနာမျိုး ကြုံတွေ့ရသည်မှာ ကြိမ်ဖန်များစွာရှိနေပေပြီ။
သို့သော် တိုင်းပြည်အများစု၌ စာအုပ်များကို မိမိတိုအရပ်ဒေသတွင် ထုတ်လုပ်နိုင်ခြင်းမရှိခဲ့ပေး၊ အဘယ့်ကြောင့်ဆိုသော် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၊ သင်ကြားလေ့ကျင့်မှုဆိုင်ရာ စာရေးဆရာနည်းပါးခြင်း၊ ခရစ်ယာန်တိုကို ကူညီမစသည့် အခြေခံသဘောတရားအကြောင်း သိရှိမှု နည်းပါး ခြင်းနှင့် စာအုပ်ထုတ်ဝေရန် အခွင့်အရေးနည်းပါးခြင်းတိုကြောင့် ဖြစ် ဤစာအုပ်သည် ဒေသခံစာပေကျမ်းဂန် ရေးသားသူအနေဖြင့် ခရစ်ယာန် အခြေပြု ဆွေးနွေးလမ်းညွှန်မှုနှင့်ဆိုင်၍ အခြေခံ မရှိသေးသော တိုင်းပြည် များ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ သမ္မာကျမ်းအရ ခိုင်မာမှုရှိပြီး စိတ်ပညာနှင့် သက်ဆိုင်၍ တိကျမှန်ကန် မှုရှိစေရန် လက်တွေ့ကျသော ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်သူများကို အားပေးအား မြှောက်ပြုရန် စိတ်ဝင်စားဖွယ်ကောင်းပြီး ကျွန်ုပ်၏ယဉ်ကျေးမှုကို ရည်ညွှန်းသည့်အချက်များမှ အတတ်နိုင်ဆုံး ကင်းရှင်းသည့် စာအုပ်ကို ထုတ်လုပ်ရန်ဖြစ်သည်။ ကျွန်ုပ်သည် များသောအားဖြင့် သမ္မာကျမ်းဆိုင် ရာ ဥပမာများကိုသာ အသုံးပြုခဲ့ပြီး ကျွန်ုပ်နှင့်ပူးတွဲစာရေးသားခဲ့သူများနှင့် ဘာသာ ပြန်သူများအား အခြား ယဉ်ကျေးမှုနယ်ပယ်၌ သေချာစွာ နားလည် သဘောမပေါက် နိုင်သည့် ယေဘုယျသဘောများကို ဖယ်ရှားပစ်ရန် တိုက်တွန်းခဲ့သည်။ မူပိုင်ခွင့် ဆိုင်ရာ တရားဥပဒေများနှင့် ရှုပ်ထွေးမှုများကို ရှောင်ရှားနိုင်ရန် ကျွန်ုပ်သည် အခြား စာရေးဆရာများ၏ ရေးသားချက်များကို ကိုးကားထားခြင်း မပြုခဲ့သည့်ပြင်၊ ကျွန်ုပ် ၊ မွေးဖွားကြီးပြင်းလာသော ကနေဒါနိုင်ငံတွင်လည်းကောင်း၊ ယခုနေထိုင်လျက်ရှိသော အမေရိကန်ပြည်ထောင်စုတွင်လည်းကောင်း ဤစာအုပ်ကို ထုတ်ဝေခြင်းမပြု ရန် သတ်မှတ်လိုက်ရပါသည်။ ထိုကဲ့သို ကန့်သတ်ရခြင်းမှာ ကမ္ဘာနှင့်အဝန်း လူမျိုး အသီးသီးနှင့် တိုင်းပြည်များ၌ အကျိုးကျေးဇူး ရရှိခံစားနိုင်စေရန် ရည်ရွယ်ခြင်းဖြစ်ပါ သည်။ ထိုသိုဖြင့် ကျွန်ုပ်ကိုယ်တိုင် ရေးသားသောအချက်များကိုသာ ထည့်သွင်း ရေးသားခြင်းဖြစ်ပါသည်။
ကျွန်ုပ်၏ရေမြေရပ်ခြား တိုင်းတစ်ပါးခရီးစဉ်များမှ ရရှိခဲ့သော ပညာဗဟု သုတ အတွေ့အကြုံများကို ဤစာအုပ်တွင် ရောစပ်ထည့်သွင်းထားသည်။ ကျွနု’ အနေဖြင့် ဤစာအုပ်ထဲ၌ အခြားသော ယဉ်ကျေးမှု များအပေါ် ပြစ်တင်ဝေဖန်မှုများ ပါရှိမိပါက ထိုသိုဖြစ်ခြင်းသည် ကျွန်ုပ်၏ရည်ရွယ်ချက် သို့မဟုတ် စိတ်ဆန္ဒမဟုတ် ကြောင်း အစီရင် ခံလိုပါသည်။ ကျွန်ုပ်၏ တွေးခေါ်စဉ်းစားချက်များ၊ မိတ်ဆွေများ သီးခြား တွေ့ဆုံဆွေးနွေးမှုများတွင် အခြားလူမျိုးစုများ၏ တန်ဖိုးထားမှုများ တွင် ပြစ်တင်ဝေဖန်လိုစိတ် မဖြစ်ပေါ်ခဲ့ပေ။
အခန်း(၁)
ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၏လိုအပ်ချက်
The Need For Christian Counseling
၁၈၈ဝ ခုနှစ် နောက်ပိုင်းကာလ ဥရောပတိုက်ရှိ သြစတြီးယားနိုင်ငံသား ရှိမန်ဖရုပ်(ဒ်)(Sigmund Freud) အမည်ရှိ ဆရာဝန်တစ်ဦးသည် စိတ်ပညာရှင် ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်။ ဖရုပ်(ဒ်) (Freud)သည် သာမန် ဆရာဝန်တစ်ဦးမဟုတ်ပေ။ သူသည် မိမိလူနာများ၏ အိပ်မက်အဓိပ္ပါယ်၏ အရင်း အမြစ်ကို သိရှိအောင် ရှာဖွေခြင်း၊ ၎င်းတို၏ ကိုယ်ရေးကိုယ်တာ လျှိဝှက်ချက်များကို စူးစမ်းရှာဖွေမှုပြုခြင်းနှင့် လူတို၏ စဉ်းစားတွေးခေါ်မှု၊ ကျင့်ကြံပြုမူမှုတိုအပေါ် အခြေအတင်ပြောဆိုခြင်းဆိုင်ရာကသူအဆများ ဖြစ်ပေါ် ကြီးထွားလာစေခဲ့သည်။
အစပိုင်း၌ လူအများက ရှိမန်ဖရုပ်(ဒ်)ကို အလေးထား ဂရုစိုက်ခြင်းမရှိခဲ့ကြ ပေ။ သူသည် လူထုအတွင်း ဟောပြောမှုများမပြုခဲ့သည့်အပြင်၊ တက္ကသိုလ်၌လည်း သင်ကြားပြသမှု မပြုခဲ့ပေ။ အချိုစာပေလေ့ လာသူများ က ဖရုပ်(ဒ်) ရေးသားခဲ့သော ဆောင်းပါးများကို ဖတ်ရှုခဲ့ကြပြီး သူ၏အယူအဆများအပေါ် အပတ်စဉ် ဆွေးနွေး မှုများ ပြုလုပ်ခဲ့ကြသော်လည်း ထိုခေတ်ထိုအခါ၌ ရှိမန်ဖရုပ်(ဒ်)၏ ပညာရပ်ဆိုင်ရာ အယူအဆများသည် တစ်နေ့သောအခါ ကမ္ဘာတစ်ဝန်းလုံး လူသိများလာမည်ဖြစ် ကြောင်းကို ကြိုတင်တွက်ဆနိုင်ကြမည်မဟုတ်ပေ။
ဖရုပ်(ဒ်)သည် လူသားတို၏တိုးတက်ဖြစ်ပေါ်လာခြင်း၊ သာမန်မဟုတ် သော အကျင့်စရိုက်များ၊ အိပ်မက်များနှင့် ဆွေးနွေးမှုသီအိုရီခေါ် စိတ်ပိုင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာ၊ ဆွေးနွေးလမ်းညွှန်မှုဆိုင်ရာ အယူအဆများအကြောင်း ရေးသားခဲ့ သည်။ ဖရုပ်(ဒ်)သည် ဘာသာရေးဆိုင်ရာအကြောင်း ရေးသားခဲ့ပြီး၊ ယုံကြည်သူများ အနေဖြင့်လည်း စိတ်ပိုင်းဆိုင်ရာ မငြိမ်မသက်မှုများရှိကြောင်း အဆိုပြုခဲ့ပါသည်။ ဤအဆိုအားဖြင့် သင်းအုပ်ဆရာများနှင့် အသင်းသားများ၌ စိတ်ပညာနှင့် ဆွေးနွေး လမ်းညွှန်မှုဆိုင်ရာ ဘာသာရပ်များအပေါ် သံသယဖြစ်စေခဲ့ပါသည်။
လွန်ခဲ့သည့်နှစ်များအတွင်း ကျွန်ုပ်တို ဇနီးမောင်နှံသည် တိုင်းပြည် အသီးသီးသို ခရီးပြုစဉ် နွေးထွေးစွာ လက်ခံခဲ့ကြသည့် သင်းအုပ်ဆရာများ၊ ကျောင်း သူကျောင်းသားများ၊ ပါမောက္ခများနှင့် အခြားခရစ်ယာန် ညီအစ်ကိုမောင်နှမများ အား ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဤစာအုပ်မှ လေးနက်စွာ ဖော်ပြအသိ အမှတ်ပြုလိုပေသည်။ ထိုသို သွားရောက်လည်ပတ်ခဲ့ရသောကြောင့် ကျွန်ုပ်၏ အသက်တာသည် များစွာပင် ကြွယ်ဝလာခဲ့သည်။ ကျွန်ုပ်ကို နွေးထွေးစွာ ကြိုဆိုကာ ဧည့်ဝတ်ကျေပွန်ခဲ့သော အိမ်ရှင်များ၊ ခွဲခွာနေရခြင်း ၏နာကျင်မှုများစွာကို ရွှင်လန်းစွာ သည်းခံခဲ့သော ကျွန်ုပ်၏မိသားစုများ၊ အထူးသဖြင့် ဤသိုသော အခွင့် ထူးများကို ပေးသနားတော်မူခဲ့သော ဘုရားသခင်အား များစွာကျေးဇူးတင်ရှိ ပါသည်။
ကျွန်ုပ်သည် ဤစာအုပ်ကို မိမိတို ယဉ်ကျေးမှုအခြေအနေအရ မိမိတို တိုင်းပြည်များအတွင်း ဘာသာပြန်ဆိုကာ ဆီလျော်အောင် အသုံးပြုခဲ့သည့် ကမ္ဘာ အရပ်ရပ်ရှိလူတိုကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြင်ပျက်ခဲ့သည့် အမှုကိစ္စတိုင်း တွင် ကျွန်ုပ်သည် ယုံကြည်စိတ်ချရသော စာရေးဖော်ရေးဖက်များကို ရွေးချယ်ခဲ့ သည်။ ထိုကြောင့် ကျွန်ုပ်သည် ၎င်းတိုအား ဤစာမူကို မိမိတိုဘာသာစကား၊ ယဉ်ကျေးမှုများနှင့် အဆင်ပြေအပ် စပ်မှုရှိစေရန် သင့်လျော်သလို ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖြည့်စွက်ခြင်း သိုမဟုတ် မည်သည့်နည်းမျိုးနှင့်မဆို ပြောင်းလဲမှုများ ပြုလုပ်ကြရန် တိုက်တွန်းခဲ့သည်။ ဤစာအုပ်အတွက် အထူးဆီလျော်မှုရှိစေရန် မိတ်ဆွေဖွဲ့ ခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုပြုခဲ့သူများအား အထူးပင်ကျေးဇူးတင်ရှိ ပါကြောင်း၊ ကျွန်ုပ် ဆုတောင်းလိုသည်မှာ ဤစာအုပ်သည် သိက္ခာတော်ရဆရာ ဦးကော့ပ်ခမ်ခန့်မုန်နှင့် ကျွန်ုပ် အတူတကွ လုပ်ဆောင်ခဲ့ပြီး၊ ယေရှုခရစ်၏ ကျေးဇူးတော်ကို ထင်ရှားစေကာ၊ ကမ္ဘာနှင့်အဝန်း သန့်ရှင်းသူအပေါင်း တစ်ဦးပေါ် တစ်ဦး ထိရောက်စွာ ကြည့်ရှုစောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက် စီကုံး ရပါသည်။
Gary R. Collins
ဂေရီ၊အာရ်၊ကောလင်း(စ်)
သို့သော်လည်း ဆွေးနွေးလမ်းညွှန်မှုသည် ဖရုပ်(ဒ်)မတိုင်မီ ရာစုနှစ်ပေါင်း များစွာကပင် အစပြုခဲ့သည်မှာ ငြင်းစရာမရှိ သက်သေသာဓကများအားဖြင့် အတည် ပြုနိုင်ပါသည်။ ဧလိဟုသည် ယောဘ စိတ်ဒုက္ခရောက်နေ ချိန်တွင်၊ ယောဘအား ဆွေးနွေးလမ်းညွှန်မှုပြုခဲ့သည်။ ဧလိယသည် စိတ်ဓာတ်ကျနေပြီး၊ လွင်တီးခေါင်၌ တစ်ယောက်တည်းရှိနေစဉ်အတွင်း ကောင်းကင်တမန်က ၎င်းအား ဆွေးနွေးလမ်း ညွှန်မှုပြုခဲ့သည်။ ဒံယေလ သည် နေဗုခဒ်နေဇာအား ဆွေးနွေးလမ်းညွှန်ခဲ့သော်လည်း လိုက်နာမှုမရှိခဲ့သောကြောင့် နောင်တွင် ရူးသွပ်သွား ခဲ့သည်။ စိတ်လှုပ်ရှားမှုနှင့် ဝိညာဉ်ရေးပိုင်းတွင် သောကရောက်နေသော ရှောလှမင်းအား ဒါဝိဒ်သည် စောင်းတီး ခတ်ပေးခြင်းဖြင့် နှစ်သိမ့်မှုကို ရရှိစေခဲ့သည်။ ယေရှုအား “အံ့သြဖွယ်တိုင်ပင်ဘက်” ဟူ၍ ရေးသားဖော်ပြ ထားပြီး၊ ဓမ္မသစ်ကျမ်းတွင် ယုံကြည်သူများသည် တစ်ဦးကို တစ်ဦး ကူညီမစခြင်း၊ အကြံဉာဏ်များပေးခြင်း၊ ကြည့်ရှုစောင့်ရှောက်ခြင်းအကြောင်း ဥပမာများနှင့်ပြည့်နှက်လျက်ရှိပေသည်။ အသင်းတော်သမိုင်းတွင်လည်း တမန်တော် များခေတ်မှစ၍ ယနေ့တိုင်အောင် သင်အကြံပြုဆွေးနွေးလမ်းညွှန်မှုနှင့် ကြည့်ရှု စောင့် ရှောက်ခြင်းအမှုသည် အသင်းတော်ခေါင်းဆောင်များအား ဆက်လက်၍ သီးခြားထင်ရှားစေသည့် အမှတ်လက္ခဏာများဖြစ်ကြောင်း တွေ့ရှိရပေမည်။
မောရှေထံသို့ ယေသရော သွားရောက်လည်ပတ်မှုကို သင်မှတ်မိကောင်း မှတ်မိပေလိမ့်မည်။ ဣသရေလလူတိုသည် အဲဂုတ္တုပြည်မှ လွတ်မြောက်လာပြီး ဟောရပ်တောင်ခြေတွင် တပ်စခန်းချချိန်၌ ဖြစ်ပေသည်။(ထွက်၊၁၈ ကို ဖတ်ရှုနိုင် သည်)။ ဘုရားသခင်သည် မိမိလူတို့အပေါ် ပြုတော်မူသမျှသော အကြောင်းကို မောရှေ၏ယောက္ခမဖြစ်သူ ယေသရာသည် စိတ်ပါဝင်စားစွာ နားထောင်ခဲ့သည်။ ထိုသူနှစ်ဦးသည် ဘုရားသခင်ကို အတူတကွ ဝတ်ပြုကိုးကွယ်ခဲ့ကြပြီး၊ ညဉ့်နက် သည့်တိုင် စကားစမြည် ပြောဆိုခဲ့ကြပေမည်။
သို့သော် နောက်တစ်နေ့၌ မောရှေသည် နံနက်စောစော နိုးထခဲ့ရပြီး တစ်နေ့လုံးပင် လူတို ပြောဆိုခဲ့ကြ သောအရာများကို နားထောင်လျက်၊ ၎င်းတို၏ အငြင်းပွားမှုများကို ကူညီဖြေရှင်းခဲ့ပြီး၊ ၎င်းတိုအား ဘုရားသခင် ၏ ပညတ်တော များကို ဖော်ပြပြောဆိုခဲ့ခြင်းဖြင့် တစ်နေ့တာ ကုန်လွန်စေခဲ့ပေသည်။
ထိုအဖြစ်ကို ယေသရောမြင်သောအခါ စိတ်မကောင်းဖြစ်ခဲ့ရသည်။ “သင်လုပ်နေသောအရာမှာ ကောင်းသော လုပ်ရပ်မဟုတ်ပေ။ အလုပ်ဝန်ထုပ်သည် သင့်အတွက် လေးလံလှသည်။ သင်တစ်ဦးတည်း ထမ်းဆောင်နိုင်မည်မဟုတ်” ယေသရောက မောရှေအား သတိပေးခဲ့သည်။
ထိုနောက် ယေသရောသည် လက်တွေ့အကျိုးဖြစ်မည့် လမ်းညွှန်မှုကို ပေးခဲ့သည်။
“အရည်အချင်းနှင့်ပြည့်စုံသောသူများကိုရှာပါ။ ဘာသာတရားရှိသော ယုံကြည်စိတ်ချအားကိုးရသော၊ ရိုးသားဖြောင့်မတ်၍ စေတနာနှင့်လုပ်ဆောင်လိုသူ။ များကိုရှာပါ”ဟု အကြံပေးခဲ့သည်။ ထိုသူများသည် ငြင်းခုံမှုများစွာကို မိမိတို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ကြပြီး ပိုမိုခက်ခဲသောအမှုကိစ္စများကို မောရှေ့ထံသို ပိုညွှန်နိုင်ပေသည်။
မောရှေသည် သူ၏ယောက္ခမ ဆွေးနွေးလမ်းညွှန်ခဲ့သည့်အတိုင်း လိုက်နာ ဆောင်ရွက်ခဲ့သည်။ ယုံကြည်လိုက်လျှောက်သူတိုသည် လိုအပ်နေသူများအား အကူ အညီပေးရသည့်တာဝန်ကို ဝိုင်းဝန်းခွဲဝေလုပ် ဆောင်ကြပြီး၊ “သင်းအုပ်ဆရာ မောရှေ” သည် မြောက်မြားစွာသော ပြဿနာဖြေရှင်းရခြင်းမှ ဖြစ်ပေါ်လာသည့် ပင်ပန်းနွမ်းနယ်မှုနှင့်နာကျင်မှုများကို ရှောင်ရှားနိုင်ခဲ့ပေသည်။
ဤကနဦး ဆွေးနွေးလမ်းညွှန်ခြင်းသည် တရားဥပဒေနှင့်ဆိုင်သည့် အမှု ကိစ္စများကိုသာ ကိုင်တွယ်ဖြေရှင်းခဲ့ဟန်တူပေသည်။ သိုသော် ကိုယ်ရေးကိုယ်တာ နှင့်ဆိုင်သည့် ခေါင်းစဉ်များကိုလည်း ထည့်သွင်းဆွေးနွေးနိုင်ပေသည်။ ဤရှေးဟောင်း သဲကန္တာရအဖြစ်အပျက်မှ ကျွန်ုပ်တိုသည် ထိရောက်မှုရှိသော ခရစ်ယာန် တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှုအချိုကို တွေ့ရှိနိုင်ပေသည်။ ထိုအရာမှာ ကြုံတွေ့နေရသော အမှုကိစ္စများကို မိမိထက်ပို၍ အတွေ့အကြုံရှိသော၊ ဘာသာ တရား၌ ကြည်ညိုသော၊ အရည်အချင်းနှင့် ပြည့်စုံသော အတိုင်ပင်ခံများထံသို ရည်ညွှန်းခြင်းအမှုပင်ဖြစ်သည်။
ခရစ်ယာန်အခြေပြု ဆွေးနွေးလမ်းညွှန်ခြင်း၏အဓိပ္ပါယ် The Meaning of Christian Counseling
ဆွေးနွေးလမ်းညွှန်မှုတွင် တစ်ဦးနှင့်တစ်ဦး ကြည့်ရှုစောင့်ရှောက် ဆက်ဆံမှုဖြစ်ပြီး အနည်းဆုံး လူနှစ်ဦး ပါဝင်သည်။ တစ်ဦးသည် (ဆွေးနွေးလမ်းညွှန်သူ-အတိုင်ပင်ခံ)၊ အခြားတစ်ဦးသည် (ဆွေးနွေးလမ်းညွှန် မှုခံယူသူ)ဖြစ်သည် ဆွေးနွေးလမ်းညွှန်မှုတွင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် အသက်တာ၏ ပြဿနာများကို ဖြေရှင်းရန် သမ္မာကျမ်းမှ တွေ့ရှိရသည့် ဘုရားသခင်၏သမ္မာတရားကို အသုံးပြုရန် ဖြစ်သည်။
ဆွေးနွေးလမ်းညွှန်မှုတွင် အမျိုးမျိုးသော ရည်မှန်းချက်ပန်းတိုင်ရှိပြီး၊ အချိုသာလျှင် ဆွေးနွေးလမ်း ညွှန်မှုအတွက် အသုံးချနိုင်မည်ဖြစ်သည်။ ကွဲပြား ခြားနားသည့် အချိန်နှင့် အခြေအနေများတွင် ခရစ်ယာန် တရားအခြေပြု ဆွေးနွေး လမ်းညွှန်သူသည် အခြားသူတစ်ဦးအား ကူညီမစရန်နှင့်ပတ်သက်၍
> စိတ်နေစိတ်ထား၊ လှုပ်ရှားလုပ်ဆောင်မှုများ သိုမဟုတ် တန်ဖိုးထားရှိမှုများ ပြောင်းလဲစေရန်။
> လူအများနှင့် မည်သို လိုက်လျောစွာ နေထိုင်ရန်၊ ဆက်သွယ်မှုပြုရန်၊ မည်သို သင်အံလေ့ကျင့်ရန်နှင့် ဆုတောင်းရန် အစရှိသော ကျွမ်းကျင် မှုများကို သင်ကြားပေးရန်။
> စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံခြင်း၊ အဖော်မဲ့ခြင်း သိုမဟုတ် အမျက် ဒေါသထွက်ခြင်းစသည်တိုကို သိမှတ်ရန် ။
> သူ သိုမဟုတ် သူမ တွေ့ကြုံရသည့် အခက်အခဲပြဿနာများ၏ အကြောင်းရင်းများကို သိရှိနားလည်ရန်။
> ကျင့်ကြံပြုမူခြင်းနှင့် စိတ်နေသဘောထား ပြောင်းလဲမှုအပေါ် တာဝန်ယူရန်။
> အပြစ်ပြုခြင်းကိုသိရှိပြီး၊ ထိုအပြစ်အတွက် ဝန်ချတောင်းပန်ကာ၊ ဘုရားသခင်၏ခွင့်လွှတ်တော် မူခြင်းကို တောင်းခံရန်။ –
> ပညာရှိသော ဆုံးဖြတ်ချက်များကို ချမှတ်ရန် ။
> အကူအညီပေးမှု သိုမဟုတ် အားပေးမှုကို လက်ခံပြီး၊ တစ်ခါတစ်ရံ အခြားသူများကို အထောက်အကူပြုရန်။ –
> ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ကြိုသိပြီး တစ်စုံတစ်ရာကို ဆောင်ရွက်ရန်နှင့်
> ယေရှုခရစ်၏တပည့်တော်အဖြစ် ကြီးပွားတိုးတက်ဖိုရန် သင်ယူခြင်းတို့ဖြစ်သည်။
ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်ခြင်း၏ထူးခြားချက် The Uniqueness of Christian Counseling
မကြာသေးမီနှစ်များအတွင်း ဆွေးနွေးလမ်းညွှန်မှု၏ အရေးပါခြင်းနှင့် ထိရောက်မှုရှိခြင်းကို ကမ္ဘာအနှံ တိုင်းပြည်များတွင် ပိုမို၍ သဘောပေါက်နားလည် လာကြသည်။ ဤအချက်သည် မြန်မာပြည်၌လည်း အမှန်ပင် လိုအပ်လျက်ရှိသည်။
ဤနေရာတွင် အခြားနေရာများမှာကဲ့သိုပင် ခရစ်ယာန်များသည် ကြိမ်ဖန် များစွာ တစ်ဦးကိုတစ်ဦး ကူညီမစရန် ထူးခြားသည့်အခွင့်အရေးများ ရရှိခဲ့ကြသည်။ အသင်းတော်၏အသင်းဝင်များနှင့် အသင်းတော် ခေါင်းဆောင်များသည် များသော အားဖြင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူ၏ ကိုယ်ရေးကိုယ်တာ၊ မိသားစုနှင့် ပတ်ဝန်း ကျင်၊ ကျောထောက်နောက်ခံအကြောင်းများကို ကောင်းစွာသိရှိထားပြီးဖြစ်သည်။ အချို့သော ကြေးစားအတိုင်ပင်ခံပုဂ္ဂိုလ်များကဲ့သို နည်းလမ်းတကျ ရုံးခန်းအတွင်း အလုပ်လုပ်ကိုင်ခြင်းနှင့်မတူဘဲ သင်းအုပ်ဆရာအတိုင်ပင်ခံများနှင့် အခြားခရစ်ယာန် များသည် အိမ်များသို လွတ်လပ်စွာ သွားရောက် လည်ပတ်ခြင်း၊ ကူညီမစခြင်းကို လိုအပ်သည့်အခါတိုင်း အလွယ်တကူ အဆင်သင့်ရှိခြင်း၊ အကူအညီ လိုအပ်နေသူ၏ ယုံကြည်စိတ်ချရသော မိတ်ဆွေများဖြစ်ကြပြီး ဆုတောင်းခြင်းနှင့် သမ္မာကျမ်း ဖတ်ရှုခြင်း များဖြစ်သည့် ဝိညာဉ်ရေးဆိုင်ရာ အရင်းအမြစ်များကို လွတ်လပ်စွာ အသုံးပြုနိုင်ကြပေသည်။ ဝိညာဉ်ရေး ဆိုင်ရာအမှုကိစ္စများနှင့် ပတ်သက်နေသူတစ်ဦး အနေဖြင့် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်ခြင်း သည် ဘုရားသခင်နှင့် ဆိုင်သော တန်ဖိုးထားမှုများ၊ အပြစ်လွှတ်ခြင်း၊ မကောင်းမှုဒုစရိုက်၊ အသက်ရှင်ခြင်း သို့မဟုတ် သေခြင်း၏အဓိပ္ပါယ်နှင့် အခြားဘာသာရေးဆိုင်ရာမေးခွန်းများအပေါ် စိုးရိမ်ကြောင့်ကြမှုရှိနေ သူများအတွက် အထူး အကူအညီပေးနိုင်ပေသည်။
ခရစ်ယာန်တရားအခြေပြုဆွေးနွေးလမ်းညွှန်မှုတွင် ထူးခြားချက် အနည်း ဆုံး သုံးမျိုးရှိပေသည်။ ပထမတစ်ခုမှာ ခရစ်ယာန်သည် အသက်ရှင်ခြင်းနှင့် စကြဝဠာအကြောင်း ထူးခြားသောမှတ်ယူခြင်းများကို ပြုသည်။ ဥပမာအားဖြင့် ဘုရားသခင်သည် တည်ရှိနေတော်မူပြီး ကျွန်ုပ်တိုနှင့်ဆက်သွယ်မှုပြုသည်။ စကြဝဠာကို ဖန်ဆင်းတော်မူပြီး မိမိ၏တန်ခိုးတော်အားဖြင့် အားလုံးကို တစ်ပေါင်း တည်း ချုပ်ကိုင်ထားတော်မူသည်ဟူ၍ မှတ်ယူကြသည်(ဟေဗြဲ၊၁း၁-၃)။ ဘုရား သခင်သည် လူကို ဖန်ဆင်းတော်မူခဲ့ပြီး၊ လွတ်လပ်စွာ အပြစ်ပြုခွင့်နှင့် ဘုရား သခင်ထံမှ အပြစ်လွှတ်ခြင်းကို ခံစားခွင့်ပေးခဲ့ပြီ (၁ယော၊၁း၈-၉)။ ကျွန်ုပ်တို၏ အပြစ်များအတွက် အသေခံတော်မူခဲ့သော ခရစ်တော်သည် ယခုအခါကောင်းကင်ဘုံ ၌ အသက်ရှင်လျက်ရှိ၍ ဘုရားသခင်နှင့် ကျွန်ုပ်တိုကဲ့သို သောလူများအကြား ဖျန်ဖြေပေးသူအဖြစ် တည်ရှိနေတော်မူသည် (ဟေဗြဲ၊၇း၂၄-၂၅။ ၁တိ၊၂:၄-၆)။
မှတ်ယူခြင်းနှင့်ယုံကြည်ခြင်းကြောင့် ခရစ်ယာန်များသည် ကမ္ဘာနှင့် ၎င်း၏ ပြဿနာများအပေါ် ထူးခြားစွာ ရှုမြင်ကြသည်။ လူသားတိုသည် “မိမိတိုကံကြမ္မာ အပေါ် အရေးမယူ ဂရုမစိုက်သည့် စကြဝဠာအတွင်း အထီးကျန်ဖြစ်နေသည် ”ဟုကြေညာခဲ့သော ထင်ပေါ်ကျော်ကြားသည့် စိတ်ရောဂါကု အတတ်ပညာရှင်အဲရစ်ဖုမ်း (Erich Form)နှင့် သဘောထားအမြင် တူညီမှုမရှိကြပေ။ ထိုသိုမဟုတ်ဘဲ ကျွန်ုပ်တို ယုံကြည်ကြသည်မှာ ဘုရားသခင်သည် ကျွန်ုပ်တိုကို သိတော်မူသည်၊ ဂရုစိုက်တော် မူသည်၊ ကျွန်ုပ်တို့၏ ဆုတောင်းသံများကို နားညောင်းတော်မူပြီး၊ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကူညီတော်မူသည်ဟု ယုံကြည်ကြပေသည်။
ဒုတိယ ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၏ထူးခြားချက် သည် ရည်မှန်းချက်ပန်းတိုင် များနှင့် သက်ဆိုင်နေပေသည်။ ယုံကြည်သူနှင့် မယုံကြည်သူတို၌ ဆွေးနွေးလမ်းညွှန်မှုနှင့်ပတ်သက်၍ တူညီသော ရည်မှန်းချက်များ ရှိကြပေသည်။ ကျွန်ုပ်တိုသည် လူတိုအား မိမိတို၏ ပြဿနာများကို ရင်ဆိုင်ဖြေရှင်း နိုင်ရန် တစ်ဦးနှင့်တစ်ဦး လိုက်လျောစွာ နေထိုင်နိုင်ရန်၊ အရေးကြုံကြိုက်သည့်ကာလကောင်းစွာ ကိုင်တွယ်ဖြေရှင်းရန်၊ အကျိုးယုတ်စေသော စိတ်နေစိတ်ထား သိုမဟုတ် ကျင့်ကြံပြုမူပုံတိုကို ပြောင်းလဲစေရန်၊ သာ၍ကောင်းသော အသက်တာနှင့် အသက် ရှင်ရန် နည်းလမ်းများရှာဖွေနိုင်ရန် ကူညီမစလိုကြသည်။ သို့သော် ခရစ်ယာန် အတိုင်ပင် ခံပုဂ္ဂိုလ်များသည် ဝမ်းမြောက်ဖွယ်သတင်းစကားကို တင်ဆက်ခြင်းနှင့် ဆွေးနွေးလမ်းညွှန်မှု ခံယူသူများ၏ အသက်တာများကို ယေရှုခရစ်တော်ထံ အပ်နှံရန် အားပေးတိုက်တွန်းခြင်း၊ လူတိုအား မိမိတိုပြုမိသောအပြစ်ကို သိရှိရန်နှင့် ဝန်ချတောင်းပန်ခြင်းအားဖြင့် ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို ထိတွေ့ ခံစားနိုင်စေဖို့ အကူ အညီပေးရန်ဖြစ်သည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူများကို ဝိညာဉ်ရေးအရ တိုးတက် လာစေရန် အားပေးလှုံ့ ဆော်ခြင်း၊ လောကီဆိုင်ရာ စံချိန်စံညွှန်းများထက် သမ္မာ ကျမ်း၏သွန်သင်မှုများအပေါ် အခြေခံသည့် အသက် တာ မျိုးဖြင့် အသက်ရှင်ကြရန် ညင်သာစွာစိန်ခေါ်မှု ပြုလုပ်ခြင်းများလည်း ပါဝင်ပတ်သက်နေပေသည် ။ ခရစ်ယာန်တိုင်ပင်ဖက်တွင်လည်း ယေရှုခရစ်၏နောက်တော်လိုက်တစ်ယောက် အသက်ရှင်ခဲ့သည်။ ပုံပမာအတိုင်း အသက်ရှင်ဖိုရန် ရည်မှန်းချက်ပန်းတိုင် ရှိရ မည်( ၁ကော၊၁၁း၁)၊ တိမောသကဲ့သို ခရစ်ယာန်တိုင် ပင်ခံပုဂ္ဂိုလ်များသည် စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊ သူတစ်ပါးကိုချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း သစ္စာစောင့်ခြင်း၊ စင်ကြယ်ခြင်းအရာမှာ ယုံကြည်သောသူတိုအား ပုံသက်သေပြ ကြရပေမည်(၁တိ၊၄:၁၂)။
တတိယအချက်အနေဖြင့် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု တွင် အတုမရှိ ထူးခြားသောနည်းစနစ်များ ရှိပေသည်။ အခန်းကြီး(၃)တွင် ကျွန်ုပ်တိုသည် ထိရောက်မှုရှိသော ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန် ခြင်းအတွက် လုပ်ထုံးလုပ်နည်းများစွာ ထည့်သွင်းစဉ်း စားသွားမည်ဖြစ်သည်။ ကျွန်ုပ် တို တွေ့မြင်ရမည်မှာ ခရစ်ယာန်နှင့် ခရစ်ယာန်မဟုတ်သော အတိုင်ပင်ခံ ပုဂ္ဂိုလ် နှစ်ဦးစလုံးသည် နားထောင်ခြင်းကို အလေးအနက်ပြုခြင်း၊ သေချာသော မေးခွန်း ထုတ်ခြင်းမျိုးကို အသုံးပြုခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်း နှင့် အခြားဆွေးနွေးလမ်းညွှန်မှု နည်းလမ်းများကို အသုံးပြုခြင်းဖြစ်သည်။ သိုသော် ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်တို၏ ထူးခြားချက်မှာ ၎င်းတို့အနေဖြင့် မတော်မလျော်သော သို့မဟုတ် သမ္မာကျမ်း၏ စံချိန်စံညွှန်းများနှင့် မကိုက်ညီသော မည်သည့် နည်းလမ်းများကိုမဆို အသုံးပြုခြင်းမှ ငြင်းဆန်ခဲ့ကြခြင်းပင်ဖြစ်သည်။ ထိုထက်မက ယုံကြည်သူမဟုတ် သောသူနှင့် မတူဘဲ၊ ခရစ်ယာန်တိုသည် ဆုတောင်းပတ္ထနာပြု ခြင်း၊ သမ္မာကျမ်းဖတ်ခြင်း၊ အသင်းတော်အတွင်း ပါဝင်ပတ်သက်ခြင်းနှင့် ဆွေးနွေး လမ်းညွှန်မှုခံယူသူတိုအတွက် အထောက်အကူနှင့် ခွန်အားရစေမည့် ဝိညာဉ်ရေးရာ ကျင့်စဉ်များကိုလည်း အသုံးပြုကြသည်။
တမန်တော်ရှင်ပေါလုက အသက်ရှင်ရခြင်း၏ ရည်ရွယ်ချက်ပန်းတိုင် အကြောင်း အတိုချုံး၍ ရေးသားခဲ့သည်။ ၎င်း၏ ရုန်းကန်မှုများနှင့်လှုပ်ရှားမှုများ၏ အကြောင်းရင်းဖြစ်ပေသည်။ ယနေ့ ခရစ်ယာန် အတိုင်ပင်ခံပုဂ္ဂိုလ်များအတွက် ကောင်းသောလမ်းညွှန်မှုပင်ဖြစ်သည်။
“ငါတိုသည် လူခပ်သိမ်းတို ကို သတိပေး၍ ပညာအမျိုးမျိုးနှင့်ဆုံးမ သွန်သင်လျက် ခရစ်တော်၏တရား ကို ဟောပြောကြ၏။ ထိုသို အလိုငှါ ငါသည် အမှုဆောင်ရွက်၍ ငါ၌ တန်ခိုးတော်ပြုပြင်အား ထုတ်တော်မူသည် အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏”(ကော၊၁:၂၈-၂၉)။
ပညတ်ချက်၊ မဟာစေခိုင်းချက်နှင့် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု Great Commandments, the Great Commission and Christian Counseling
ဤလောကအသက်တာ၏ အပိုင်းအခြားများတွင် ယေရှု သည် မိမိ သင်ကြားမှု၏အကျဉ်းချုပ်ကို ဖော်ပြတော်မူခဲ့သည်။ ဥပမာအားဖြင့် ရှေ့နေတစ်ဦး ၏မေးခွန်းကို တုံပြန်သည့်အနေနှင့် ယေရှုသည် နှစ်ရာစုများ စွာအတွင်း ခရစ်ယာန် များကို လမ်းညွှန်ခဲ့သော “ပညတ်တော်ကြီးနှစ်ပါး”ကို မိန့်ကြားတော်မူခဲ့ပြီး ကောင်း ကင်ဘုံသို မတက်ကြွ မီအချိန်တွင် ယခု ကျွန်ုပ်တိုသိကြသည့် “မဟာစေခိုင်းချက်” ကို ပြုတော်မူခဲ့သည်။
ပညတ်ချက်များမှာ အမှန်စင်စစ် ဓမ္မဟောင်းကျမ်းမှ ကိုးကားဖော်ပြချက် များသာဖြစ်သည်။ ယေရှု၏ အဆိုအရ အရေးကြီးဆုံးသော ပညတ်တော်မှာ “သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပထမပညတ်ဖြစ်၏။ ထိုမှတပါး ကိုယ်နှင့်စပ် ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့”ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ ၏။ ဤပညတ်တိုထက် သာ၍ကြီးမြတ်သောပညတ်မရှိဟု ယေရှု မိန့်တော်မူ၏ ” (မာ၊ ၁၂:၃၀-၃၁)။
မဟာစေခိုင်းချက်က “သင်တိုသွား၍ လူမျိုးတကာတိုကို ငါ့တပည့်ဖြစ်စေ လျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တိုအား ပေးသမျှသော ပညတ်တော်တိုကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို့နှင့် အတူ အစဉ်မပြတ်ရှိသည်ဟု မိန့်တော် မူ၏” (မဿဲ၊၂၈း၁၉-၂၀)။
တစ်စုံတစ်ဦးက ဆွေးနွေးလမ်းညွှန်သည်မှာ ယေရှုခရစ်တော်သည် ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တို့ကို တပည့်တော်ဖြစ်စေရန် ခေါ်ဖိတ်ခြင်း ဖြင့် အမှုတော်မြတ်ကို အစပြုခဲ့သည်။ ၎င်း၏ အမှုတော်ဆောင်ခြင်းကို ကျွန်ုပ်တိုအား “မဟာစေခိုင်းချက်နှင့် တပည့်တော်များဖြစ်စေရန် မိန့်မှာခြင်းဖြင့် အဆုံးသတ်ခဲ့ သည်ဟု ဆိုပါသည်။ ဤနှစ်ခုစပ်ကြားတွင် ယေရှုက လူတိုအား မည်ကဲ့သို တပည့်တော် ဖြစ်စေရမည်ကို သွန်သင်ပေးရန် ပညတ်တော်များကို ဖော်ပြခဲ့သည်။ ဤသို လုပ်ဆောင်ရာတွင် ယေရှုသည် လူတိုအား နည်းမျိုးစုံနှင့် ချဉ်းကပ်ခဲ့ပေသည်။ ကွဲပြားသောအချိန်များ၌ ယေရှုသည် သင်ကြားပြသခြင်း၊ နားထောင်ခြင်း၊ ဟောပြောခြင်း၊အခြေအတင်အပြာဆိုခြင်း၊ အားပေးခြင်း၊ ပြစ်တင်ပြောဆိုခြင်းနှင့် ဘုရားသခင် ၏ စစ်မှန်သမီးသည် မည်သို ဖြတ်လင်းကို ပြသန်းခဲ့သည် လူအ နေအိမ်မှာ လမ်းများ ကိုယ်လက် ဒေသများနှင့် နယ် များတွင်လည်းကောင်း စကားပြောဆိုခဲ့သည်။ ထူးခြားမှုရှိသည်မှာ မည်သည့် လူနှစ်ဦးကို တည် နည်းလမ်း ဖြင့် ချည်းကပ်ခြင်း မပြုခဲ့ပေ၍ သည် လူတစ်ဦးချင်းနှင့်ဆိုင်လေး အခြင် သပ်ချက်များနှင့်နှလည်နိုင်သည့် အဆင့်အတန်းများကို သုံး နားလည်ပြီး လူတစ်ဦးချင်းကို ထူးခြားကိုင်တွယ် ဆက်ဆံခဲ့သည်။
လူတို့သည် နွေးလမ်းညွှန်မှု လိုအပ်နေချိန်တွင် သင်ရေးနှင့် ဆိုင်သည့် အစိတ်ပင်မှု မရှိကြ ပေး၍ လာရောက်ချဉ်းကပ်ခဲ့ကြသော လူတစ်ဦးချင်း ကဲ့သိုပင် ၎င်းတိုတွင် လိုအပ် တစ်ခုကို ဖြည့်ဆည်းရန် သို့မဟုတ် ပြသနာတစ်ခုခုကို ရှင်းပေးရန် လိုအပ် သည်။ များသောအားဖြင့် ၎င်းတို အလိုရှိသည်မှာ သနားကြင်နာမှု၊ အားပေးအားမြှောက်ပြုခြင်း၊ လမ်းညွှန်မှုပြုပေးခြင်းနှင့် ဝေဒနာ ကို ကုသပေးခြင်းတို့ဖြစ်ပေ သည်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်၏လုပ်ငန်းတာဝန်မှာ လူများအား ၎င်းတို့ လိုအပ်သည့် အခြေအနေတွင် ဖြည့်ဆည်းပေးရန်ဖြစ်သည်။
သို့သော် ကျွန်ုပ်တို မည်သည့်အခါမျှ မေ့ပျောက်၍မရသည့်အရာမှာ ပညတ်ချက်များနှင့် မဟာဒေခိုင်းချက်တိုသည် ယနေ့တိုင် ယုံကြည်သူများအပေါ် သက်ရောက်နေသေးကြောင်းပင်ဖြစ်သည်။ ကျွန်ုပ်တို အား ပညတ်ထားသည်မှာ ဘုရားသခင်ကို ချစ်ရန်၊ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချင်ရန်နှင့် ကိုယ်၌ သူတစ်ပါးပြုစေလိုသည်အတိုင်း သူတစ်ပါး၌ပြုကြရန်၊ ယေရှုခရစ်၏တပည့်တော် များဖြစ်ရန်နှင့် အခြားသူများအား ပည့်တော်များဖြစ်စေခြင်းငှါ သက်သေခံခြင်းနှင့် သွန်သင်ခြင်းပြုရန်တိုဖြစ်သည်။ ကျွန်ုပ်တို့ သည် ဆွေးနွေးလမ်းညွှန်မှုကို ဆောင်ရွက် နေချိန်တွင် အမှန်ပင် ဤညွှန်ကြားချက်များကို လျစ်လျူရှု ထား၍ မဖြစ်ပေ။ ပညတ် ချက်များနှင့် မဟာစေခိုင်းချက်တိုသည် ခရစ်တော်နောက်သို လိုက်သူများအတွက် ရှေ့သိုချီရန် အမိန့်များပင်ဖြစ်သည်။
ဤအကြောင်းအချက်ကို စဉ်းစားဆင်ခြင်ရာတွင် ခရစ်ယာန်ဆရာဝန် ၏ အလုပ်ကို စဉ်းစားခြင်းဖြင့် အထောက်အပံ့ရနိုင်မည်ဖြစ်သည်။ အခြားသူများကဲ့ သို့ပင် ဆရာဝန်များနှင့် ဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များသည် ကြီးမြတ်သော ပညတ် တော်များကို လိုက်နာပြီး ကြီးမြတ်သောစေလွှတ်ခြင်းနောက်သို လိုက်ကြရမည်ဖြစ် သည်။ သိုသော် အရေးပေါ်လူနာအခန်းအတွင်း မည်သည့်ဆရာဝန်ကမျှ ကျမ်းစာ အုပ်ကို ဆွဲထုတ်ပြီး တရားဟောပြောခြင်းအမှုကို မပြုကြပေ။ ဆရာဝန်သည် လူနာ အား ကုသပေးသည်။ ဝေဒနာခံစားမှုကို လျော့နည်းစေရန်နှင့် ပျောက်ကင်းမှုရရန် လိုအပ်သည်များကို လုပ်ဆောင်ပေးပါသည်။ ဆရာဝန်အနေဖြင့် ဝိညာဉ်ရေးရာများ ကို ပြောပြရန် ရှောင်ရှားနေခြင်းမဟုတ်ဘဲ ကိုယ်ကာယနှင့်ဆိုင်သော ကုသမှုကို အလေးအ နက်ပြုခြင်းပင်ဖြစ်သည်။ ခရစ်ယာန်ဆရာဝန်အနေဖြင့် ဝေဒနာခံစားမှုကို သက်သာစေခြင်းသည် ခရစ်တော်၏ ဂုဏ်တော်ချီးမွမ်းနေကြောင်း သိရှိပြီး ဧဝံဂေလိ လုပ်ငန်းအတွက် အရေးကြီးသောခြေလှမ်းဖြစ် ပေသည် (သု၊၁၄:၃၁။ မ၊၁၀း၄၂)။
အချို့သော အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ဆရာဝန်များကဲ့သိုပင် များသော အားဖြင့် ဝိညာဉ်ရေးရာအ မှုကိစ္စများကို လျစ်လျူရှုကြပြီး ဆွေးနွေးလမ်းညွှန်မှုပြုချိန် အတွင်း ခရစ်တော်နှင့်ဆိုင်၍ မည်သည့်အရာကိုမျှ မပြောပြခဲ့ပေ။ ဤသိုပြုခြင်း သည် လိုအပ်နေသူအတွက် လွန်စွာ မတရားရာကျပေသည်။ သိုသော် ကျွန်ုပ်တို သတိပြုရမည်မှာ ဝိညာဉ်ရေးရာအကြောင်းကိစ္စများကို လျင်မြန်စွာနှင့် အမှတ်မဲ့ ရုတ်တရက် ထည့်သွင်းခြင်း ကိုလည်း ပြုလုပ်နိုင်ပေသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေ ဖြင့် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုကို သိလွယ်သောသဘောရှိပြီး ကျွန်ုပ် တိုအား ဝိညာဉ်ရေးရာ အမှုကိစ္စများကို မည်သည့်အချိန်တွင် မည်ကဲ့သို ဆွေးနွေး ရမည်ကို လမ်းပြမည့်အပေါ် ယုံကြည်အားထားကြရမည်။ ကျွန်ုပ်၏ဆွေးနွေး လမ်းညွှန်မှုခံယူသူ တို့သည် ကိုယ်ကာယဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေးရာ လိုအပ်ချက်များနှင့် ရှုပ်ထွေးနေသူများ ဖြစ်ကြသည်။ လူတစ်ဦး၏ဝိညာဉ်ရေးရာ ကိုသာ ကိုင်တွယ်ပြီး ၎င်း၏ စိတ်ပိုင်းဆိုင်ရာနှင့်ကိုယ်ကာယဆိုင်ရာ လိုအပ်ချက်များ ကို မေ့လျော့ထားရန် မဖြစ်သကဲ့သို စိတ်ပိုင်းဆိုင်ရာ သိုမဟုတ် ကိုယ်ကာယပိုင်း ဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ရာတွင် ဝိညာဉ်ရေးရာအမှုကိစ္စများနှင့် မသက် ဆိုင် သိုမဟုတ် အရေးမကြီးဟု သဘောမထားသင့်ပေ။ ပညတ်ချက်များနှင့် မဟာ စေခိုင်းချက်သည် ကျွန်ုပ်တိုအား လူတစ်ဦး၏ လိုအပ်ချက် များအပေါ် အာရုံစူးစိုက် ရန် သင်ကြားပေးခြင်းဖြစ်ပေသည်။
စိတ်ပညာနှင့် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု Secular Psychology and Christian Counseling
စိတ်ပညာနှင့်သက်ဆိုင်၍ စိတ်ဝင်စားမှုကြီးထွားလာကြောင်း ယနေ့ ကျွန်ုပ်တို ကမ္ဘာတွင် သက်သေအထောက်အထားနှင့် တွေ့ရှိနိုင်ပါသည်။ စာအုပ် များ၊ တက္ကသိုလ်သင်တန်းများ၊ သုတေသန စာတမ်းများ၊ ဆွေးနွေးပွဲများ၊ သတင်းစာ မှဆောင်းပါးများ၊ မဂ္ဂဇင်းများမှ ဆောင်းပါးများအားလုံးက စိတ်ပညာရပ်သည် ယခုအခါ ကမ္ဘာအနှံ ပြန့်ပွားနေသည့် ထူးခြားသော အဖြစ်အပျက်တစ်ခုဖြစ်ကြောင်း ဖော်ပြနေပေသည်။ ၎င်းသည် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၏ အရင်းအမြစ်ဖြစ်ပြီး ကလေးသူငယ်များ ကြီးပြင်းလာစေရန် ပြုစုပျိုးထောင်ခြင်း မိသားစုအတွင်း တည်ငြိမ်မှုရှိခြင်း၊ အလုပ်အကိုင်၊ ဗိသုကာအတတ်၊ မြိုပြစာပေ နှင့်ဆိုင်သော စီမံကိန်း၊ စီးပွားရေးနှင့်ဆိုင်သည့် အတတ်ပညာနှင့်တကွ စိုက်ပျိုးရေး၊ နိုင်ငံရေးနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးတိုအတွက် သြဇာရှိသော အင်အားစုဖြစ်ပေသည်။
ခရစ်ယာန်တို့အနေဖြင့် ဤသို ဖြစ်ခြင်းအပေါ် မည်သိုတုံပြန်ကြသနည်း၊ စိတ်ပိုင်းဆိုင်ရာ သင်ကြားမှု များအပေါ် ကောင်းမကောင်း ဝေဖန်ခြင်းမပြုဘဲ လက် ကြသလော။ ကျွန်ုပ်တို၏ ဘိုးဘေးများက ဖရုပ်(ဒ်)၏ သွန်သင်ချက်ကို ဆန့်ကျင် သကဲ့သို ခေတ်သစ်စိတ်ပညာအပေါ် တုံပြန်ကြပါသလား။ သို့မဟုတ် စိတ်ပညာ အရ ကောက်နှုတ်ချက်များမှ သင်ခန်းစာယူ၍ အချိုအား အသင်းတော်လုပ်ငန်း အတွက် အသုံးချရန် ကြိုးစားကြ ပါသလား။
စိတ်ပညာသည် လျစ်လျူရှုထား၍မရနိုင်ပေ။ ဘုရားသခင်သည် မိမိ၏ ဉာဏ်တော်အားဖြင့် စိတ်ပညာ ရှင်များအား လူတို မည်ကဲ့သို ကျင့်ကြံပြုမူသည် စဉ်းစားတွေးခေါ်ကြသည်၊ မိမိတို၏ ပြဿနာများကို မည်သို ဖြေရှင်းကြသည် စသည့် အသုံးဝင်သော အချက်အလက်များကို ရှာဖွေတွေ့ရှိခွင့်ပေးတော်မူခဲ့သည် အမှန်အ တိုင်းဆိုရလျှင် ဤအသိဉာဏ်သည် ပြည့်စုံမှုမရှိသေးပေ။ ၎င်းတွင် အမှာ များစွာ ပါရှိသော်လည်း စိတ်ပညာကို ပြစ်တင်ဝေဖန်ပြောဆိုပြီး ၎င်း၏ဩဇ သက်ရောက်မှုကို လျစ်လျူရှုကြသူများပင်လျှင် ၎င်းတိုပြောဆိုရာတွင် လည်းကောင် ဆွေးနွေးလမ်းညွှန်ရာတွင်လည်းကောင်း၊ ကြိမ်ဖန်များစွာ စိတ်ပညာဆိုင်ရ ဝေါဟာရများနှင့် နည်းစနစ်များကို အသုံးပြုလျက်ရှိကြသည်။ ထိုကြောင့် စိတ်ပညာကိုထုတ်ပယ်ခြင်းမပြုဘဲ၊ ၎င်းထံမှ သင်ယူကာ သမ္မာကျမ်း၏သင်ကြားမှုများနှင့် က်ညီထိရောက်မှုရှိသည်ဟု ထင်ရှားသိသာသည့်အချက်များကို လက်ခံပြီး ကျန် အချက်များကို ဘေးဖယ်ထားရပေမည်။ ။
ဖရုပ်(ဒ်)၏ခေတ်ကာလမှ နှစ်ပေါင်းများစွာအတွင်း ခရစ်ယာန်တရား အခြေပြုဆွေးနွေးလမ်း ညွှန်ခြင်း နှင့်ဆိုင်သည့် စိတ်ပညာရပ်ဆိုင်ရာ သီအိုရီများစွာကိုလည်း အဆိုတင်သွင်းခဲ့ကြသည်။ ထိုအဆိုတင်သွင်းချက် အားလုံးကို အကျဉ်းချုပ်၍ နှင့် (၃)မျိုး ခွဲခြားနိုင်ပေမည်။
ပထမအမျိုးမှာ လမ်းညွှန်မှုပေးသောချဉ်းကပ်ခြင်း ဖြစ်သည်။ ဤနေရာ ၌ နှစ်သိမ့်အကြံပြုသူအား ကျွမ်းကျင်သူတစ်ဦးအနေဖြင့် ပြဿနာတစ်ခု၏အရင်း ၂ အမြစ်ကို ရှာဖွေစစ်ဆေးပြီး အဖြေများအပေါ်ဆုံး ဖြတ်ချက်ချကာ ထိုအဖြေများကို ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် အခြေအနေကောင်းလာရန် မည်ကဲ့သို ဆောင်ရွက် ရမည်ကို ဖော်ပြခြင်းခံရသည်။ ဤကဲ့သိုသော ချဉ်းကပ်မှုမျိုးသည် ဆွေးနွေးလမ်းညွှန်သူအပေါ် တာဝန်များစွာ ကျရောက်စေသည်။ များသောအားဖြင့် အခြားသူ … တစ်ဦးအား မည်ကဲ့သို အစစ်အမှန် အကူအညီပေးရန်မှာ ခက်ခဲလှပေသည်။
အထက်ဖော်ပြပါအချက်နှင့်ခြားနား၍ ဆွေးနွေးလမ်းညွှန်မှု၏ လွတ်လပ်ခွင့် ရှိသောချဉ်းကပ်နည်းများ တွင် လမ်းညွှန်မှုခံယူသူသည် အမှုကိစ္စများကို လွတ်လပ်စွာနှင့် ဆင်ခြင်စဉ်းစားခွင့်များရရှိကြပါက မိမိတို၏ ပြဿနာများကို မိမိတို့ ကိုယ်တိုင် ဖြေရှင်းနိုင်မည်ဟု မှတ်ယူခြင်းဖြစ်ပေသည်။ ထိုကြောင့် ဆွေးနွေး – လမ်းညွှန်သူအနေဖြင့် ရောဂါလက္ခဏာကြည့်ရှုခြင်း၊ အဖြေများကို အကြံပေးအဆိုပြုခြင်း သို့မဟုတ် ကုစားခြင်းမပြုလုပ်ပေ။ ထိုသိုပြုမည့်အစား သေချာစွာ နားထောင် ပြီး တစ်ခါတစ်ရံ ပြောကြားခဲ့သမျှကို အကျဉ်းချုပ်ကာ ဆွေးနွေးလမ်းညွှန်မှုခံယူသူ အား လွတ်လပ်စွာပြောဆိုစေပြီး မိမိ၏ခံစားချက်များကို ထုတ်ဖော်ဖွင့်ဟကာ နောက်ဆုံး၌ ပြဿနာများအတွက် အဖြေများရှာတွေ့ စေသည့် ဂရုစိုက်သော ဆက်ဆံမှုမျိုး ကို ဖြည့်ဆည်းပေးခဲ့သည်။
တတိယအချက်အနေဖြင့် ကြားဖြတ်လုပ်ဆောင်မှုဖြင့် ချဉ်းကပ်ခြင် ဖြစ်ပါသည်။ ဆွေးနွေးလမ်းညွှန် သူနှင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူတို သည် ပြဿနာတစ်ခုအပေါ် ဆွေးနွေးရာတွင် တစ်ဦးနှင့်တစ်ဦး အဆင့်အတန်းတူအဖြစ်မှတ်ယူကြပြီး ထိုပြဿနာကို မည်ကဲ့သို ဖြေရှင်းရမည်ကို အတူတကွ ဆုံးဖြတ် ကြခြင်းဖြစ်သည်။
ဤချဉ်းကပ်နည်းသုံးမျိုးလုံးသည် ယဉ်ကျေးမှု ကွဲပြားခြင်းရှိကြောင်းကို ထင်ရှားစွာ ပုံရိပ်ပေါ်စေသည်။ သက်ကြီးရွယ်အိုများနှင့် အကြီးအကဲတိုအပေါ် လေးမြတ်မှု ကြီးစွာထားရှိသော လူ့အဖွဲအစည်းတွင် လမ်းညွှန်မှု ပေးသော ချဉ်းကပ် နည်းကို အများဆုံးတွေ့ရှိရမည်ဖြစ်သည်။ လွတ်လပ်သော လူ့အဖွဲ့အစည်းအတွင်း တွင် ဒုတိယနှင့် တတိယချဉ်းကပ်နည်းများကို ပို၍တွေ့ရမည်ဖြစ်သည်။
မည်သည့်နည်းလမ်းသည် မှန်ကန်သောနည်းလမ်းဖြစ်သနည်း။ အသက် ပါ နည်း(၃)နည်းစလုံးသည် ဆွေးနွေးလမ်းညွှန်မှု ခံယူမည့်သူ၏မျှော်မှန်းချက်များ၊ ဆွေးနွေးလမ်းညွှန်သူ၏ ပုဂ္ဂိုလ်ရေးရာပေါ် မူတည်ပါ သည်။ တစ်ခါတစ်ရံ ယေရှု သည် ဒေသခံ ဘာသာရေးခေါင်းဆောင်များနှင့် ဆက်ဆံရာတွင် ပွင့်လင်းစွာနှင့် အာဏာရှိသူကဲ့သို ပြုမူတော်မူခဲ့သည်။ ယေရှုသည် ဇမောက်ရွာသိုသွားရာလမ်းပေါ် တွင် လွတ်လပ်စွာ စကားပြောဆိုခွင့်ပေးခဲ့ပြီးနောက် ၎င်းတိုအား သင်ကြားတော် မူခဲ့သည်။ ထိုပြင် ယေရှုသည် နိကောဒင်နှင့် အတူ အသိဉာဏ်ပညာနှင့်ဆိုင်သော စကားများပြောဆိုခဲ့ပြီး ရောဂါဝေဒနာပျောက်ကင်းလို၍ မိမိ၏ ဝတ်ရုံတော်ကို တိုထိသော မိန်းမအား ညင်သာစွာ ညွှန်ပြခဲ့သည်။ ထံတော်ပါးလိုလာသော ကလေး သူငယ်များကိုပွေ့ဖက်ပြီး တပည့်တော်များအား ကြိမ်ဖန်များစွာ ဆွေးနွေးလမ်းညွှန် မှုများပြုခဲ့မည်မှာ ယုံမှားဖွယ်ရာမရှိပေ။
မကြာသေးမီ နှစ်များအတွင်း စိတ်ရင်းဖြောင့်မှန်သော ခရစ်ယာန်အချို သည် ဆွေးနွေးလမ်းညွှန်မှုနှင့် ဆိုင်သော မိမိတို၏ အယူအဆများကို အဆိုပြုခဲ့ကြ သည်။ ထိုကဲ့သိုသော ချဉ်းကပ်ခြင်းသည် အသုံးဝင်ပေ သည်။ သို့သော် အချိုမှာ တင်းကြပ်မှုရှိပြီး၊ သမ္မာကျမ်းကဲ့သိုပင် စစ်မှန်သည့်နည်းဖြင့် တင်ဆက်ထားကြပေ သည်။
ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို သတိရကြရမည်မှာ ဘုရားသခင်သည် ကျွန်ုပ်တိုတစ်ဦးချင်းကို ကွဲပြားခြားနားစွာ ဖန်ဆင်းတော်မူခဲ့သည့်အကြောင်းပင်ဖြစ် သည်။ ဘုရားသခင်သည် ကျွန်ုပ်တိုအား တစ်ဦးကို တစ်ဦး ကူညီမ၀နိုင်ရန် ချဉ်းကပ် နည်းအမျိုးမျိုးကို အသုံးပြုခွင့်ပေးခဲ့သည်။ အမှန်အားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော် ၏ကျေးဇူးတော်ကို ချီးမြှောက်၍ သမ္မာကျမ်း၏သွန်သင်မှုများနှင့် ကိုက်ညီသောနည်းလမ်းများဖြင့် ဆွေးနွေးလမ်းညွှန်ရန် အစဉ်ကြိုးစားကြရမည်ဖြစ်သည်။ သိုသော် တစ်ချိန်တည်းမှာပင် ကျွန်ုပ်တိုသည် အခြားသူတို၏ချဉ်းကပ်နည်းများကို တင်ဝေဖန်လိုသောစိတ် သိုမဟုတ် ကျွန်ုပ်တို၏နည်းလမ်းသည်သာ သမ္မာကျမ်း ကိုက်ညီသည်ဟု ကြေညာခြင်းမျိုးကို ရှောင်ရှားကြရမည်ဖြစ်သည်။ ဤကဲ့သို ဝါကြွား၍ အကင်းမပါးသော စဉ်းစားတွေးခေါ်မှုသည် များသောအားဖြင့် ခရစ်ယာန် တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှုကို အဟန့်အတားဖြစ်စေပြီး ကျွန်ုပ်တို၏အကြံ ဉာဏ်ကို တောင်းခံလာသူများအား နစ်နာစေ၍ ခရစ်တော်၏ ကျေးဇူးတော်ကို ချီးမြှောက်ရာလည်း မရောက်နိုင်ပေ။
အသင်းတော်နှင့် ခရစ်ယာန်တရား အခြေပြု ဆွေးနွေးလမ်းညွှန်ခြင်း The Church And Christian Counseling
ဓမ္မသစ်ကျမ်း၌ အသင်းတော်အား ယေရှုခရစ်၏နောက်တော်သိုလိုက်ရန် ဆက်ကပ်ထားသည့် ယုံကြည်သူလူအစုအဖွဲဖြစ်သည်ဟု ရေးသားဖော်ပြထားပေ သည်။ ယုံကြည်သူများသည် ဝတ်ပြုကိုးကွယ်ရန်၊ ဆုတောင်းရန်၊ ဧဝံဂေလိ လုပ်ငန်းလုပ်ဆောင်ရန်၊ သင်ကြားပိုချရန်နှင့် တစ်ဦးကိုတစ်ဦး အားပေးသမှုပြုရန် စိတ်စွဲလမ်းမှုရှိကြရမည်။ ယေရှုမိန့်တော်မူသည်မှာ ၎င်းတို၏ ပေါ်လွင်ထင်ရှားသည့် ဂုဏ်လက္ခဏာမှာ အချင်းချင်းချစ်ကြခြင်းပင်ဖြစ်သည် (ယော၊၁၃:၃၅)။
အသင်းတော်၏ အဓိကကျသော တာဝန်တစ်ရပ်မှာ လူများကို ကူညီမစရန် ဖြစ်သည်။ ဘုရားသခင် သည် ထိုလူစုကို ပေါင်းစပ်ထားရာတွင် လူစုအတွင်း ခွဲခြားမှု မရှိစေဘဲ တစ်ဦးပေါ်တစ်ဦး မျှတစွာ ကြည့်ရှုစောင့် ရှောက်ခြင်းရှိကြရန်ဖြစ်သည်။ တစ်စုံတစ်ဦး၌ ဝေဒနာခံစားရပါက ကျန်အားလုံးသည် သူနှင့်အတူ ဝေမျှခံစားရန်၊ တစ်စုံတစ်ဦး ဂုဏ်ပြုခြင်းခံရပါက ကျန်အားလုံးလည်း သူနှင့်အတူ ဝမ်းမြောက် ရွှင်လန်းခြင်း ရှိကြရန်ဖြစ်သည်။ ယုံကြည်သူများသည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်ပြီး၊ တစ်ဦးချင်းသည် အင်္ဂါချင်းဖြစ်ကြ၏ (၁ကော၊၁၂:၂၄-၂၇)။ ဘုရားသခင်၏ အကြံအစည်တော်အရ အသင်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်ထံမှ တန်ခိုး ကိုရရှိသော ညီညွတ်သည့် ယုံကြည်သူလူစုဖြစ်ပြီး အသင်းတော်အတွင်းနှင့်အပြင် နှစ်ခုစလုံး၌ အခြားသူများကို ကူညီမစရန် အပ်နှံကြရမည်ဖြစ်သည်။
အသင်းတော်အတွင်း ဝတ်ပြုကိုးကွယ်ကြသော ခရစ်ယာန်များသည် တစ်ဦးနှင့်တစ်ဦး မတူညီကြချေ။ ဓမ္မသစ်ကျမ်း၌ ဖော်ပြပါရှိသည့်အတိုင်း (ရောမ ၁၂။ ၁ကော၊၁၂။ ဧဖက်၊၄) ယုံကြည်သူများသည် အထူးအရည် အချင်းများ ပေးအပ် ခြင်းခံခဲ့ကြရသည်။ ဥပမာအားဖြင့် အချိုတိုတွင် ဘုရားသခင်ပေးတော်မူသော ဟောပြော သင်ကြားနိုင်သည့် အရည်အချင်းများရှိပြီး၊ အချိုမှာမူ အကူအညီပေးသူ များ သိုမဟုတ်စီမံအုပ်ချုပ်သူ များဖြစ်ကြသည်။ အချိုသော ဆုကျေးဇူးတော်များ သည် အခြားသော ဆုကျေးဇူးများထက် ပိုမိုထင်ရှား ပေသည်။ သို့သော် အားလုံးမှာ အရေးပါအရာရောက်ကြပြီး လိုအပ်သောအရာများဖြစ်ကြသည်။
ဧ၊၄:၁၂-၁၆ အရ ထိုဆုကျေးဇူးများကို သန့်ရှင်းသောဝိညာဉ်တော်က ရည်ရွယ်ချက်နှစ်ခုဖြင့် ပေးတော်မူ ခြင်းဖြစ်သည်။ ပထမတစ်ချက်မှာ ယုံကြည်သူ တစ်ဦးချင်းအား ခရစ်တော်၏ အစေကို ခံနိုင်ရန်ဖြစ်သည်။ ဒုတိယအချက်မှာ အသင်းတော်ကို တည်ဆောက်၍ ခွန်အားနှင့်ပြည့်စုံစေခြင်းဖြစ်သည်။ အသင်းသား အားလုံးတိုသည် တစ်လုံးတစ်ဝတည်းဖြစ်၍ ရင့်ကျက်မှုရှိပြီး လောကီအရာများကို ပိုင်းခြားခွဲဝေတတ်ရန် ရည်ရွယ်သည်။
အချို့သော ဓမ္မကထိကများက ဆွေးနွေးလမ်းညွှန်ခြင်းသည် အချိုသော ယုံကြည်သူများအား ဘုရားသခင် ပေးသနားတော်မူသည့် ဝိညာဉ်ဆုကျေးဇူး ဖြစ်သော အထူးစွမ်းဆောင်နိုင်မှုဖြစ်ပြီး အသင်းတော်ကို တည်ဆောက်ရန်နှင့် လူ တစ်ဦးချင်းကို ခွန်အားနှင့်ပြည့်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု ဖော်ပြပြောဆို ကြသည်။ ရော၊၁၂၈ တွင် နှိးဆော်သွေးဆောင်သည့် ဆုကျေးဇူးတော်အကြောင်းကို ဖော်ပြထား သည်။ ဂရိဘာသာစကားလုံး ပါရာကလဲစီး(စ်) “paraklesis” သည် “ကူညီမစရန် အနားသို ချဉ်းကပ်လာခြင်း”ဟု အဓိပ္ပါယ်ရသည်။ ထိုစကားလုံးသည် နှစ်သိမ့်မှုနှင့် အထောက်အကူပေးခြင်း၊ အားပေးအားမြှောက်ပြုခြင်းနှင့် အပြစ်ကို ဖော်ပြ၍ ဖြည်းညင်းစွာ ဆုံးမပဲ့ပြင်ခြင်းအစရှိသည့် လုပ်ဆောင်မှုများဟု အဓိပ္ပါယ် ရပေသည်။ ထိုအရာအားလုံးသည် ဆွေးနွေးလမ်းညွှန်ခြင်းပင်ဖြစ်သည်။
ဤလုပ်ငန်းမျိုးအတွက် အချိုသူများတွင် အထူးအရည်အချင်းရှိကြသော် လည်း ယုံကြည်သူများအား လုံးသည် အခြားသူများကို ကူညီရန် တာဝန်ရှိကြပေ လိုအပ်နေသူများအပေါ် လက်တွေ့ကျသော ကူညီမစမှုမ ရှိပါက ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် အသေဖြစ်နေပေမည်။ ဤအတွေးအခေါ်ကို ဓမ္မသစ်ကျမ်းတင် ပြထား ပေသည်။ ကျွန်ုပ်တိုသည် အခြားသူများကို တည်ဆောက်ပေး တစ်ဦးကိုတစ်ဦး သတိပေးရန်၊ စိတ်အားငယ် သူများကို အားပေးရန်၊ အားနည်း ကြီး ကူညီရန်နှင့် ပတ်ဝန်းကျင်ရှိလူများအပေါ် စိတ်ရှည်ကြရန် ညွှန်ကြားထား ပါသည်(၁သက်၊၅း၁၁-၁၄)။ ထင်ရှားသည်မှာ ခရစ်ယာန်များအနေဖြင့် တစ်ဦးကို တစ်ဦး မေတ္တာပြရန်၊ ထိတွေ့ရန်၊ လက်ကမ်းရန်တာဝန်ရှိပေသည်။ ဆွေးနွေး လမ်းညွှန်ခြင်းသည် ကျွန်ုပ်တိုလက်တွေ့ လုပ်ဆောင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။
အဘယ်ကဲ့သို လက်တွေ့လုပ်ဆောင်ရမည်နည်း။ ဆွေးနွေးလမ်းညွှန်သူ မည်ကဲ့သိုဖြစ်လာနိုင်သနည်း။ အခြားသူများကို အဘယ်ကဲ့သို အမှန်တကယ် ကူညီ နိုင်မည်နည်း။ ဤအရေးကြီးသောမေးခွန်းများသည် ဆွေးနွေးလမ်းညွှန်ခြင်းဆိုင်ရာ တက္ကသိုလ်အဆင့် သင်ကြားမှုအစီအစဉ်များအတွက် အခြေခံကျသော အချက်ဖြစ်ပေ သည်။ ခရစ်ယာန်များ အပါအဝင် အချိုသူများသည် ဤအစီအစဉ်ကို တက်ရောက် သင်ကြားခဲ့ကြပြီး၊ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားလေ့လာကာ အခကြေးငွေယူသော ဆွေးနွေးလမ်းညွှန် သူ(အတိုင်ပင်ခံပုဂ္ဂိုလ်)များ၊ စိတ်ပညာရှင်များနှင့် စိတ်ပညာ ဆိုင်ရာ ရောဂါကုသသော ပညာရှင်များ ဖြစ်လာကြသည်။ ဤပညာရပ်၌ အထူး တတ်ကျွမ်း နားလည်သူများသည် ကြီးမားသောပြဿနာများသူတိုကို အကူအညီ ပေးဖြေရှင်းနိုင်သူများ ဖြစ်ကြသည်။ သိုသော် ကျွန်ုပ်တို ခရစ်ယာန်များ၌ သူတစ်ပါး အား ကူညီမစလိုပါက အခကြေးငွေယူရန်မလိုပေ။ ထိုသို အခကြေးငွေယူပြီး လုပ်ဆောင်သူများ အတော်ပင် နည်းပါးပြီး ထိုသူများသည် ကြေးစားများထက် ပို၍ထိရောက်မှုရှိတတ်ကြသည်။
မည်သို့ဆိုစေ၊ သင်းအုပ်ဆရာများစွာနှင့် အခြားယုံကြည်သူများတိုသည် ဘုရားသခင်ကိုသိရှိပြီး ဘုရားသခင်အသုံးပြုရန် ရှာကြံနေကြရာ ထိရောက်သော ဆွေးနွေးလမ်းညွှန်သူများဖြစ်နိုင်ကြောင်းကို မိမိတို တွေ့မြင်သိရှိလာကြသည်။ | ထိုသိုသောသူများသည် မည်သိုသောနည်းဖြင့် ထိရောက်မှုရှိသော ခရစ်ယာန်တရား အခြေပြု ဆွေးနွေးလမ်းညွှန်သူများ ဖြစ်လာနိုင်သနည်းဟူသောအချက်သည် ဤ အခန်းပြီးနောက် ကျန်အခန်း ကြီးများတွင် အဓိကဆွေးနွေးသောအချက်ဖြစ်ပေသည်။
အခန်း(၂)
ခရစ်ယာန်တရားအခြေပြုဆွေးနွေးလမ်းညွှန်မှု၏လက္ခဏာများ
The Characteristics Of Christian Counseling
ပြီးခဲ့သည့်ရာစုနှစ်၏နောက်ဆုံးနှစ်များအတွင်း အသက်ကြီးရင့်ပြီဖြစ်သော ဆွစ်ဇာလန်နိုင်ငံသား သင်းအုပ်ဆရာနှင့် ၎င်း၏ငယ်ရွယ်သောဇနီးတိုသည် ကျ သန်စွမ်းသော သားယောက်ျားလေး၏ မိဘများ ဖြစ်လာကြသည်။ ထိုကလေး ပေါလ် တူနီယာ(Paul Tournier)ဟု အမည်ပေးပြီး ဂျနီဗာမြို (Geneva)ရှိ ၎င်းတို၏ အိမ်၌ နွေးထွေးစွာ ဘဝအစပြုခဲ့ရပါသည်။ ။
သိုသော် ထိုမိသားစု၏ပျော်ရွှင်မှုသည် များမကြာမီ ဝမ်းနည်းကြေကွဲခြင်း နှင့် ရင်ဆိုင်ခဲ့ကြရသည်။ ကလေးငယ် မွေးဖွားပြီး လ ငယ်အတွင်း ဖခင်သည် ကွယ်လွန်သွားသည်။ နောက်နှစ်အနည်းငယ်အတွင်း မိခင်သည်လည်း ကွယ်လွန် သွားပြန်လေသည်။
ထိုမိဘမဲ့ကလေးသည် ဦးလေး၊အဒေါ်တိုနှင့် သွားရောက်နေထိုင်ခဲ့သည်။ ဦးလေးနှင့်အဒေါ်တိုသည် သဘောကောင်း၍ ဂရုစိုက်ကြသော်လည်း ရုတ်တရက် ရောက်ရှိလာသော ကလေးငယ်ကို ကြည့်ရှုစောင့် ရှောက်ရန် ခက်ခဲမှုနှင့်ရင်ဆိုင်ခဲ့ကြ ရသည်။ ဦးလေးဖြစ်သူသည် အလုပ်ဖြင့် မအားမလပ်ဖြစ်နေပြီး၊ အဒေါ်ဖြစ်သူမှာ လည်း ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာရောဂါများကြောင့် အားအင်ကုန်ခန်းနေ၍ ကလေး အပေါ် ဂရုစိုက် ကြည့်ရှုနိုင်ခဲ့ပေ။ ထိုကြောင့် တိုနီယာသည် အဖော်မဲ့ကလေးဘဝ နှင့်ရင်ဆိုင်ခဲ့ရသည်။ သူသည် ကျောင်းအောင်မြင်ပြီး အိမ်ထောင်ကျခဲ့သည့် တိုင် လူများအကြား အနေအထိုင်ခက်ခဲသည်။
တစ်နေ့တွင် တိုနီယာ(Tournier)သည် ခရစ်တော်နောက်သို လိုက်ရန် စိတ်အားထက်သန်သူတစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။ ၎င်းတိုသည် အတူတကွ ပုံမှန် ဆုတောင်းခြင်း၊ သမ္မာကျမ်းလေ့လာခြင်း၊ ဘုရားသခင် အကြောင်း နေ့စဉ် ဆင်ခြင် စဉ်းစားခြင်း၊ တစ်ဦးနှင့်တစ်ဦး အားပေးခြင်းအမှုတိုကို ပြုကြသည်။ ၎င်းတို၏ မိတ်သဟာယဖွဲခြင်းဖြင့် ထိုဆရာဝန်ငယ်၏ အသက်တာတစ်ခုလုံးကို ပြောင်းလဲစေခဲ့သည်။ ယခင်က သာမန် ယုံကြည်သူတစ်ဦးသည် ယခုအခါ ယေရှု နောက်တော်သို လက်ရန် ဆက်ကပ်သူဖြစ်လာပေသည်။ တိုနီယာ( Tournier) သည် မိမိ၏လူနာများ အပေါ် အသစ်သောအာရုံပြုမှုထား ရှိလာကာ မကြာမီအတွင်းမှာပင် အခြားသူ များ ၏အသက်တာများကို ပြောင်းလဲစေရန် ကြိုးစားလုပ်ဆောင်ကြောင်းကို တွေ့ရှိခဲ့ သည်။
ဒေါက်တာပေါလ်တိုနီယာ(Dr Paul Tournier)သည် သူ၏အတွေ့အကြုံများ ကို မှတ်စုစာအုပ်ထဲ၌ ရေးသားရန် ဆုံးဖြတ်ခဲ့သည်။ ထိုမှတ်တမ်းမှတ်ရာများသည် နောင်အခါ ၎င်း၏ ပထမဆုံးသောစာအုပ်အတွက် အခြေခံဖြစ်လာခဲ့သည်။ နှစ်များကျော်လွန်သွား၍ လူတို့ကို သိရှိနားလည်ပြီး ကူညီမစခြင်းနှင့်ဆိုင်သော စာအုပ် နှစ်ဆယ်ကျော်ကို ရေးသားထုတ်ဝေခဲ့သည်။ ဂျနီဗာမြိုရှိ ၎င်း၏လူနာများနှင့် ကမ္ဘာ အနှံအပြားရှိ စာအုပ်ကို ဖတ်ရှုခဲ့သူများသည် စာရေးသူ၏ကြင်နာခြင်း၊ နှိမ့်ချခြင်း၊ ယုံကြည်ခြင်းနှင့်အခြားသူတိုအပေါ် စိုးရိမ်ကြောင့်ကြ ဂရုစိုက်ခြင်းအပေါ် အထင် ကြီးလာခဲ့ကြသည်။
တိုနီယာသည် စိတ်ပညာဖြင့် ရောဂါကုသပေးရန် သင်ကြားလေ့ကျင့်မှု ခံခဲ့သူ မဟုတ်ချေ။ ၎င်းသည် အတိုင်ပင်ခံပုဂ္ဂိုလ်မူဆိုင်ရာ ပညာရပ်ကို စနစ်တကျ သင်ယူခဲ့ရသူမဟုတ်ပေ။ သိုသော် သူသည် လူတို၏ ကျင့်ကြံပြုမူပုံကို ထိုးထွင်း မြင်နိုင်ခြင်း၊ လူတိုအပေါ် လေးနက်သော စိတ်ဝင်စားမှုနှင့် အသက်တာ၏ပြဿနာ များကို ရုန်းကန်နေရသူများအား ကူညီလိုစိတ်ကြောင့် ထင်ရှားကျော်ကြားလာခဲ့ သည်။ ကျောင်းသင်ခန်းစာ များကြောင့် ပေါလ်တိုနီယာသည် ကောင်းသောဆွေးနွေး လမ်းညွှန်သူတစ်ဦးဖြစ်လာခြင်း မဟုတ်ပေ။ ထိရောက်မှုရှိခြင်းသည် သူ၌ ရှိသော ဂုဏ်အင်္ဂါများကြောင့် ဖြစ်သည်။ သုတေသနလေ့လာချက်အမျိုးမျိုးမှ ပြသခဲ့သည် မှာ ထိရောက်သော ဆွေးနွေးလမ်းညွှန်သူတစ်ဦး၏အောင်မြင်ခြင်းသည် ၎င်းတို၏ ဆွေးနွေးလမ်း ညွှန်ခြင်းထက် မည်သိုသောသူများ ဖြစ်ကြခြင်းပေါ်တွင် မူတည် ကြောင်း တွေ့ရှိရသည်။ ထိရောက်သော အတိုင်ပင်ခံပုဂ္ဂိုလ်များသည် သူတစ်ပါး အပေါ်ကရုဏာထားသော၊ မိတ်ဆွေဖွဲတတ်သော၊ စိတ်ရင်းမှန်ရှိ၍ ကူညီလိုစိတ်ရှိသော၊ အခြားသူတို၏အခက်အခဲပြဿနာများနှင့် ခံစားချက်များကို နားလည် နိုင်စွမ်းရှိသောသူ များ ဖြစ်ကြသည်။ အခန်း၊၃၊၄၊၅ တို၌ ဆွေးနွေးထားသည့်ဆွေးနွေးလမ်းညွှန်မှုဆိုင်ရာ လုပ်ငန်းကိုင်နည်းများကို သိရှိပါက အသုံးချရန် များစွာ အထောက်အကူရရှိပေမည်။ ဤစာအုပ်၏ နောက်ပိုင်းတွင် ထည့်သွင်းစဉ်းစား ထားသည့် အခက်အခဲပြဿနာများကို နားလည်ထားသင့်ပေသည်။ သိုသော် သင်သည် ထိရောက်သော ဆွေးနွေးလမ်းညွှန်သူတစ်ဦးဖြစ်လိုပါက၊ အစပြုရမည့် နေရာမှာ သင်၏အသက်တာ ဖြစ်သည်။
ဤအခန်းကြီး၏အဓိကအချက်ကို အရေးကြီးသော စာကြောင်း တစ်ကြောင်းဖြင့် အတိုချုံးဖော်ပြနိုင်ပေ သည်။ သင်သည် ထိရောက်မှုရှိသော ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်သူတစ်ဦးဖြစ်လိုပါက ဘုရားသခင် အသုံးပြုသော ယောက်ျား သိုမဟုတ် မိန်းမတစ်ဦးဖြစ်လာရပါမည်။
ခရစ်ယာန်တရား အခြေပြုဆွေးနွေးလမ်းညွှန်ခြင်း၏ ထူးခြားသောလက္ခဏာများ The Traits of Christian Counseling
တမန်တော်ကြီးရှင်ပေါလုသည် ဂလာတိပြည်ရှိ ခရစ်ယာန်များထံ ရေးသား ပေးပိုသောစာစောင်တွင် ယုံကြည်သူတိုအား ညွှန်ကြားထားသည်မှာ ကိုယ်ပိုင် အခက်အခဲများနှင့် ရင်ဆိုင်နေရသူများအား “မူလအခြေ အနေသို ပြန်ရောက်စေရန်” ကူညီမစဖို ဖြစ်သည်။ အချိုသော ဂလာတိလူများသည် အပြစ်ပြုမိခြင်းကြောင့် အခက်အခဲများနှင့် ကြုံတွေ့နေရဟန်တူပေသည်။ ထိုသူများသည် ဆွေးနွေး လမ်းညွှန်မှု လိုအပ်နေကြပေသည်။
သို့သော် ဆွေးနွေးလမ်းညွှန်မှုကို အဘယ်သူပြုမည်နည်း။ သမ္မာကျမ်းအရ ထိရောက်မှုရှိသော အကူအညီပေးသူများသည် အရေးပါသော ဆွေးနွေးလမ်းညွှန်မှု ဆိုင်ရာ ထူးခြားသောလက္ခဏာများကို မိမိတိုအသက်တာတွင် ပြသခဲ့သူများဖြစ် ကြသည်။
ပထမအချက်အနေဖြင့် ထိရောက်မှုရှိသော ခရစ်ယာန်တရားအခြေပြု ဆွေးနွေး လမ်းညွှန်သူများသည် ဝိညာဉ်တော်နှင့် ပြည့်ဝသောသူများဖြစ်ကြသည်။ ဂလာတိ ဩဝါဒစာအခန်းကြီး(၅)တွင် ဝိညာဉ်တော်၏ အသီးအကြောင်းကို ကျွန်ုပ် တို ဖတ်ရှုနိုင်ပေသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ထိန်းချုပ်မှုကြောင့် ဝိညာဉ် တော်နှင့်ပြည့်ဝသော ခရစ်ယာန်များဖြစ်လာကြပြီး ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ သိမ်မွေ့ခြင်းနှင့် ကာမဂုဏ်ချုပ်ခြင်း ယူတင်ဝတ်ဆောင် ထားသူများ ဖြစ်ကြသည်(ဂလာ၊၅:၂၂-၂၃)။ဝိညာဉ်တော် နှင့်ပြည့်၀သောသူများသည် ခရစ်တော်နည်းဖြစ်သည် (၅း၂၄) သန့်ရှင်းသောဝိညာဉ်တော်က ဦးဆောင်လျက်ရှိပြီး (၅း၂၅) အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်း ချုပ်ချယ်မှောက်ခြင်းနှင့် အချင်း ချင်းသူများမဟုတ်ကြချေ (၅း၂၆)။
အကယ်၍ သင်၌သနာတစ်ခုရှိ၍ ဆွေးနွေးလမ်းညွှန်မှုလိုအပ်ပါက ဝိညာဉ်တော်နှင့်ပြည့်၀သော အတိုင်ပင်ခံပုဂ္ဂိုလ်တက် ကောင်းမရှိနိုင်ချေ။
ယုံကြည်သူတိုင်းသည် ဝိညာဉ်တော်နှင့်ပြည့်၀ရန်ဖြစ်သည်။ သင်သည် ထိရောက်သော ခရစ်ယာန် တရားအခြေပြု ဆွေးနွေးလမ်းညွှန်သူဖြစ်လိုပါက သန့်ရှင်း သောဝိညာဉ်တော်ကို ထိန်းချုပ်စေ၍ သင့်အား သန့်ရှင်းသောဝိညာဉ်တော်ဖြစ် သည့်အတိုင်း ဝိညာဉ်တော်နှင့်ပြည့်ရန် လိုအပ်သည်။
ဒုတိယအချက်အနေဖြင့် သမ္မာကျမ်းအရ ခရစ်ယာန်တရားအခြေပြု ဆွေး လမ်းညွှန်သူများသည် နူးညံ့သိမ်မွေ့သောသူများဖြစ်ကြသည်(ဂလာ၆း၁)။ နူးညံ့ သိမ်မွေ့ခြင်းသည် ဝိညာဉ်တော်၏အသီး တစ်ခုဖြစ်ပေသည်။ သို့သော်စာရင်း အဖြစ် မှတ်သားထားရန် အရေးကြီးသည်ဟု မှတ်ယူရသည်။ တစ်ခါတစ်ရံ အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ခိုင်မာတင်းကြပ်သူများဖြစ်ရမည်။ တစ်ခါတစ်ရံ ဆွေးနွေးလမ်းညွှန်မှုခံယူသူတို မကြားလို သိုမဟုတ် ဝန်ခံခြင်းမပြုလိုသောအရာ များကို ပြောကြရမည်ဖြစ်သည်။ သို့သော် အတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် အစဉ်သဖြင့် နူးညံ့သိမ်မွေ့ပြီး မိမိတို၏ ပြဿနာများအကြောင်း လာရောက်ပြောဆို သူများအပေါ် အာရုံစူးစိုက်မှုရှိရပေမည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ဝန်ထုပ်ဝန်ပိုးရှိသော အခြားသူများ ကို ကူညီမစရန် စိတ်အားထက်သန်မှု အစဉ်ရှိကြရမည်(ဂလာ၊၆:၂)။ ဤသို ပြုနိုင်ရန်မှာ အစဉ်သဖြင့် လွယ်ကူသည့် အရာမဟုတ်ပေ။ အခြားသူတစ်ဦး၏ အသက်တာဆိုင်ရာ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရခြင်းသည် တစ်ခါတစ်ရံ အဆင်ပြေမှုမရှိသော နာကျင်ဖွယ်ဖြစ်သော စိတ်ကျဉ်းကြပ်စေသည့်အရာပင် ဖြစ်သည်။ သိုသော် သမ္မာကျမ်းက ဤသိုပြုရန် အခိုင်အမာ မှာကြားထားပါသည်။
သမ္မာကျမ်းထဲ၌ ထမ်းရွက်ခရာဝန်ချင်းတိုကို အချင်းချင်းကူညီထမ်းရွက် ရမည့်အကြောင်း သွန်သင် သည်ကို သတိပြုပါ။ အချို အချိန်များတွင် ကျွန်ုပ်တို သည် အခြားသူများကို ကူညီခဲ့ပြီး၊ အခြားအချိန်များတွင် အခြားသူတို့၏ကူညီမှုကို လက်ခံခဲ့ကြရသည်။ မိမိနှောက်တော်သို လိုက်သူများအား ယေရှုက ပညတ်တော် အသပေးတော်မခဲ့ရာ ယေရှုသည် ကျွန်ုပ်တိုကို ချစ်တော်မူသကဲ့သို ကျွန်ုပ်တိုသည်လည်း အချင်းချင်းချစ် ကြရမည်(ယော၊ ၁၃:၃၅) ထမ်းရွက်စရာဝန် ချင်းတိုကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ကျွန်ုပ်တိုသည် ခရစ်တော် ၏တရားတော်ကို ကျင့်ကြ၍ တစ်ဦးကိုတစ်ဦးချစ်ကြသည်(ဂလ ၆း၂)။ဘုရားသခင် သည် ကျွန်ုပ်တိုတစ်ဦးချင်းကို ထိုသိုပြုရန် ကူညီမစနိုင်ပေသည်။
ဘုရားသခင်သည် ကျွန်ုပ်တိုအား နှိမ့်ချမှုရှိရန် ကူညီမစနိုင်ပေသည် (၆:၃) နှိမ့်ချခြင်းသည် ခရစ်ယာန် အတိုင်ပင်ခံပုဂ္ဂိုလ်၏ သီးခြားထင်ရှားသော ဂုဏ်အင်္ဂါတခုဖြစ်သည်။ နှိမ့်ချသောသူများသည် မာန်မာန ထောင်လွှားမှု၏ လှည့်စားခြင်းကို မခံကြပေ။ထိုသိုမဟုတ်ဘဲ၊ ၎င်းတိုအနေဖြင့် ဘုရားသခင်သည် အတိုင်ပင်ခံ ပုဂ္ဂိုလ်များအား အသိဉာဏ်ပညာနှင့်အခွင့်အရေးကို ပေးတော်မူကြောင်းကြသည်။ ထိုကဲ့သို့ သောသူများသည် မိမိကိုယ်ကို စစ်ဆေးသောသူများ ဖြစ်ကြသည်(၆:၄) မိမိတိုကိုယ်ကို အခြားသူများနှင့် နှိင်းယှဉ်ခြင်းမပြုဘဲ၊ မိမိ လုပ်ဆောင်မှုများအပေါ် မိမိဘာသာ တာဝန်ယူ၍ အကူအညီတောင်းခံသူများထံမှ လေ့လာမှတ်သားရသည့် အတွက် ပျော်ရွှင်မှုရရှိကြသည်(၆း၆)။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များသည် စိတ်ရှည်သူများလည်း ဖြစ်ကြ သည်။ ၎င်းတိုအနေဖြင့် လူတစ်ဦးသည် “မိမိစိုက်သည်အတိုင်း ရိတ်သိမ်းရမည်” အကြောင်း နောက်ဆုံး၌ ဘုရားသခင်သည် ဖြောင့်မှန်ခြင်းကို ယူဆောင်လာမည်ဖြစ်ကြောင်း(၆း၇-၈)နှင့်အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိမိထံ အကြံဉာဏ် လာရောက် ဟောင်းသူအား သက်သာစေခြင်းမရှိပါက လက်မြှောက်အရှုးပေးရန် လွယ်ကူ ကြောင်းကို သိရှိကြသည် (၆၉)။ ကျွန်ုပ်တိုသည် အခြားသူများအတွက် အထောက် အကူဖြစ်လိုပါက ကျွန်ုပ်တိုသည် စိတ်ရှည်သူများဖြစ်လာရန် ဘုရားသခင်ထံ တောင်းခံရမည်ဖြစ်သည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ကောင်းမှုပြုခြင်းကို နှစ်သက်သူ များဖြစ်ရပါသည်(၆:၁၀)။ အခွင့်အခါကြုံတိုင်း၊ ကောင်းမှုပြုရန် သတိရှိပါ။ ယုံကြည်သူအချင်းချင်းကို အထူးဂရုပြုရန် သွန်သင်ထား သည့်အတိုင်း လူအားလုံး ကို ကူညီမစရန် ကမ်းလှမ်းပါ။
ဂလာတိသြဝါဒစာအခန်းကြီး(၆)သည် ယုံကြည်သူတို့အတွက် ရေးသားထား ခြင်းဖြစ်သည်။ အကူအညီပေးသော ခရစ်ယာန်များအတွက် ချမှတ်ထားသော စံညွှန်း များသည် မြင့်မားကြောင်း ဖော်ပြထား သည်။ သိုသော် ကြိုးစားပါက ထိုစံညွှန်းများ ကို ရရှိနိုင်ပေသည်။ ဤသိုသော ထူးခြားသည့်လက္ခဏာများကို ယေရှုခရစ်တော် နောက်တော်သို နီးကပ်စွာ လိုက်လျှောက်သည့် မည်သည့်ခရစ်ယာန်မဆို ရရှိနိုင် ပေသည်။
ဤသိုဆိုရာ၌ မိမိကိုယ်ကိုမိမိ အပ်နှံထားသော ယုံကြည်သူတိုင်းသည် ကောင်းသောအတိုင်ပင်ခံ ပုဂ္ဂိုလ်များဖြစ်သည်ဟု မဆိုနိုင်ပေ။ ကျွန်ုပ်တိုတွေ့ရှိခဲ့ရ သည့်အတိုင်း အချိုတိုသည် အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ရန် အထူးအရည်အချင်းနှင့် ပြည့်စုံကြ၏။ အထူးတတ်စွမ်းသော အတိုင်ပင်ခံပုဂ္ဂိုလ်များပင်လျှင် အတိအကျဖြစ် သော လမ်းညွှန်မှုဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့လာသင်ကြားခြင်းဖြင့် ပိုမို ထိရောက်မှု ရှိလာနိုင်ပေသည်။
သိုသော် အတိုင်ပင်ခံပုဂ္ဂိုလ်အားလုံးအတွက် အစပြုရာနေရာသည် ဘုရား သခင်နှင့် ၎င်းတိုကိုယ်တိုင် ဆက်နွယ်မှုပင်ဖြစ်သည်။ ယေရှုနောက်တော်သို လိုက်သော သူ၏ထူးခြားသည့် ဂုဏ်အင်္ဂါရပ်မှာ ချစ်ခြင်းမေတ္တာ ပင်ဖြစ်သည် (ယော၊၁၃း ၃၄-၃၅)။ ဤအချက်သည် အခြားသူများကို ကူညီလိုသူများ၏အရေးကြီးဆုံး သော လက္ခဏာပင် ဖြစ်သည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များအပေါ် ကျရောက်သည့်ဖိအား The Stress Of Christian Counseling
ဆွေးနွေးလမ်းညွှန်မှုဆိုင်ရာ အတိုင်ပင်ခံပညာကို လိုလားရှာမှီးသူများ အနေဖြင့် အခြားသူများကို ကူညီမစရခြင်းသည် အစဉ်သဖြင့် ပြည့်စုံမှုရှိစေ၍ ကျေနပ်နှစ်သိမ့်မှုရစေသည်ဟု ယူဆကြသည်။ သိုသော် အတိုင်ပင်ခံပုဂ္ဂိုလ်အများမကြာမီ တွေ့ရှိလာကြသည်မှာ ဆွေးနွေးလမ်းညွှန်ခြင်းသည် ခက်ခဲသော၊ ဖိအားများသော၊ စိတ်ပိုင်းဆိုင်ရာ အားအင်ကုန်ခန်းမှုတိုကို ဖြစ်ပေါ်စေသည်။ တစ်ခါတစ် ကွဲပြားခြားနား သောသူများကို ကူညီရန် ကြိုးစားပြီးနောက် “အတိုင်ပင်ခံပုဂ္ဂိုလ် သည် မောပန်းခြင်း၊ စိတ်မရှည်ခြင်း၊ အာရုံခံစားမှုနည်းပါးခြင်းနှင့် ထိရောက် နည်းလာခြင်းကို ဖြစ်စေခဲ့သည်။
များမကြာမီ နှစ်များအတွင်း စိတ်ပညာနှင့်ပတ်သက်သည့် သုတေသီ က အတိုင်ပင်ခံပုဂ္ဂိုလ်များနှင့် အခြားအလုပ်လုပ်သောသူတိုအပေါ် ကျရောက်သည့် ဖိအားများကို ကိုင်တွယ်ဖြေရှင်းနိုင်သောနည်းလမ်းများကို အကြံပြုခဲ့ကြသည်။
နောက်ဖော်ပြမည့် အခြေခံသဘောတရားလေးချက်ကို လိုက်နာကျင့်သုံးပါ က ကျွန်ုပ်တိုသည် အားအင်ကုန်ခန်းယိုယွင်းခြင်းမှ ကာကွယ်နိုင်ကြမည်ဖြစ်သည်။ ပထမအချက်။ ။ မိမိတစ်ဦးတည်း ကိုယ်ပိုင်အ ချိန်ရှိရန် လိုပေသည်။ ယေရှု သည် အဘယ့်ကြောင့် အားအင်ကုန်ခန်းမှုမရှိကြောင်းကို သင်တွေးတောမိပါ သလား။ ယေရှုအား ́ လိုအပ်နေသူများသည် အစဉ်အမြဲ ၎င်း၏အနားတွင် ဝန်းရံ လျက်ရှိနေကြသည်။ သိုသော် ယေရှုသည် ၎င်းတိုလိုအပ်ချက်များကို ကူညီမစရန် အမြဲအဆင်သင့် ဖြစ်နေဟန်ရှိပေသည်။ ယေရှု မည်သိုလုပ်ဆောင်တော်မူခဲ့သနည်း။
ယေရှုသည် လူအုပ်များထဲမှ အချိန်မှန်မှန်ခွဲခွာ၍ မိမိ၏မိတ်ဆွေများ နှင့်အတူရှိရန် လာဇရု၊ မာရိနှင့်မာသတိုအိမ်၌ အညောင်းအညာဖြေရန် သိုမဟုတ် မိမိဖာသာမိမိ ဆုတောင်းခြင်းနှင့် ဆင်ခြင်စဉ်းစား ခြင်းဖြင့် အချိန်ကုန်စေခဲ့သည်။ ယေရှုသည် နားနေရန် အချိန်မှန်မှန်ယူတော်မူခဲ့ပေသည်။ ထို ကြောင့် လူတို့ထံသို့ ကူညီမစရန် ပြန်သွားသောအခါ အစဉ်လန်းဆန်းလျက်ရှိပေသည်။
တစ်ခါတစ်ရံ နားနေချိန်ရရန် မိမိတစ်ဦးတည်း ထွက်သွားဖို ခက်ခ ပေသည်။ သိုသော် ဘုရားသခင် သည်ပင် အနားယူတော်မူခဲ့သည် (က၊ ၂း၂) ကျွန်ုပ် တို့လည်း ထိုသိုပြုလျှင် မှားမည်မဟုတ်ချေ။
ဒုတိယအချက်။ ။ တာဝန်များကို ခွဲဝေယူရန် လိုအပ်ပေသည်။ ဘုရား သားတော် ယေရှုသည် မည်သည့်အကူအညီမျှမလိုဘဲ အလုံးစုံကို လုပ်ဆောင်နိုင်တော်မူသည်။ (ဤအချက်သည် အမှန်ပင်ဖြစ်ပါ သလား။ ယေရှုသည် လူစင်စစ်ဖြစ်ခဲ့လျှင် သူသည်လည်း ကျွန်ုပ်တို့နည်းတူ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ကန့်သတ်ချက်များ ရှိမည်ဖြစ်သည်။ သို သော် ယေရှုသည် အခြားသူများကို လေ့ကျင့်သင်ကြားပေးကာ၊ မိမိ၏လုပ်ငန်းတွင် ဝင်ရောက်ကူညီရန် အားပေးတော် မူခဲ့သည်။ အတိုင်ပင်ခံပုဂ္ဂိုလ် သို မဟုတ် အခြားမည်သူ မဆို “ဤအလုပ်ကို ငါကိုယ်တိုင်ပဲလုပ်ရမယ်။ ငါ့ကို မည်သူမျှမကူညီနိုင်”ဟူသော ယုံကြည်ခြင်းထက် အခြားဘယ်အရာကမျှ အားအင်ကုန်ခန်းစေနိုင်သည့်အရာ မရှိတော့ချေ။
အခန်း(၁)၌ လေ့လာခဲ့ရသည့်အတိုင်း မောရှေသည် အားအင်ကုန်ခန်းခြင်း မဖြစ်စေရန် မိမိ၏လုပ် ငန်းတွင် ဝင်ရောက်ကူညီနိုင်သောလူများကို ရှာဖွေခဲ့သည်။ ခေတ်သစ် အတိုင်ပင်ခံပုဂ္ဂိုလ်များသည်လည်း ထိုအချက်နှင့်အလားတူ တွေ့ ရှိနိုင်ပါ သည်။ ထိုသူတိုသည် မိမိတို၏အခက်အခဲ ပြဿနာများကို တိုင်ပင်ဆွေးနွေးရန်၊ တစ်ဦးကိုတစ်ဦးကူညီမစရန်၊ လုပ်ငန်းတာဝန်များကို ဝေငှထမ်းဆောင်ရန် အချိန် မှန်မှန် အတူတကွ စုရုံးနိုင်ပါက ၎င်းတိုသည် မိမိတို၏ အလုပ်များကို ပိုမိုထိရောက် စွာ လုပ်ဆောင်နိုင်ကြမည်ဖြစ်ပြီး အားအင်ကုန်ခန်းခြင်းလည်း အလွယ်တကူ ဖြစ်မည်မဟုတ်ချေ။
တတိယအချက်။ ။ အခြားယုံကြည်သူများထံမှ အထောက်အကူလိုပေ သည်။ ကျွန်ုပ်တိုတစ်ဦးချင်းသည် အထူးသဖြင့် ဖိနှိပ်ခြင်းခံနေရချိန်တွင် ကျွန်ုပ်တို ကို အားပေးမှုပြုခြင်းနှင့် အခြားသောနည်းလမ်းပေးနိုင် သောသူတိုနှင့် နီးကပ်စွာ ထိတွေ့လိုပေသည်။
ယေရှုသည် ဂေသရှေမန်ဥယျာဉ်အတွင်း ရှိနေတော်မူစဉ်၊ ဆုတောင်းခြင်း ဖြင့် စစ်မှန်သော နှစ်သိမ့်ခြင်း ကို ရရှိခဲ့သည်။ သိုသော် ယေရှုသည် လက်ဝါးကပ်တိုင် ပေါ်တွင် အသေခံချိန် နီးကပ်လာသောအခါ တပည့်တော် များအား မိမိအနီးတွင် နိုးကြားလျက် ရှိနေဖိုရန်လည်း အလိုတော်ရှိခဲ့သည်။
ဆွေးနွေးလမ်းညွှန်ခြင်းခံရသူများ မကြာခဏကြုံတွေ့ရသည်မှာ စောင်မ ကြည့်ရှုနိုင်သူ၊ အားပေးအား မြှောက်ပြုသူနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ အထောက် အကူပြုနိုင်သူ၊ အခြားခရစ်ယာန်များရှိပါက၊ ၎င်းတို့၏ အခက်အခဲပြဿနာများကို ပိုမိုထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ပေသည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူများ အတွက် အမှန်တရားများသည် ဆွေးနွေးလမ်းညွှန်သူများအတွက်လည်း အမှန် တရားများပင်ဖြစ်သည်။
နောက်ဆုံးနှင့်အရေးကြီးဆုံးသောအချက်မှာ ဆုတောင်းရန်လိုအပ်ပေသည်။ မာန်အခန်းကြီး(၁)တွင် ယေရှု၏ မအားမလပ် လှုပ်ရှားနေရသည့်အသက်တာကို မှတ်တမ်းပြုထားသည်။ ဥပမာဆိုရ နေ့တစ်နေ့တွင် ယေရှုသည် နေဝင်ချိန် ကျော်လွန်သွားသည့်တိုင် လူများကို အနာပျောက်စေသည့် ကုသမှုကို လုပ်ဆောင် တော်မူခဲ့သည်။ ယေရှုအနေဖြင့် မောပန်းခြင်းရှိနိုင်ပေသည်။ သိုသော် နောက်တစ်နေ့ နံနက်စောစောထ၍ တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာအရပ်သို ဆုတောင်းပတ္ထနာပြုနိုင် ရန် ထွက်ခွာသွားတော်မူသည်။ ယေရှုသည် သူ၏ အမှုတော်ဆောင်ခြင်းအတွက် ခွန်အားသစ်ရရှိရန်နှင့် ဘုရားသခင်ထံမှလာသော လမ်းညွှန်မှုများရရှိနိုင်ရန် ခမည်း တော်နှင့်အတူရှိပြီး အချိန်ယူရန် လိုအပ်ပေသည်။
သူ၏အမှုတော်ဆောင်သည့် (၃)နှစ်တာကာလအတွင်း ယေရှုသည် လှည့်လည်၍ ကောင်းသော အမှုများကို ပြုတော်မူခဲ့သည်။ တစ်ခါတစ်ရံ ဆန့်ကျင်မှု များနှင့်ရင်ဆိုင်ခဲ့ရပြီး၊ ကြိမ်ဖန်များစွာပင် သူသည် တစ်နေကုန်တစ်နေခန်း လုပ်ဆောင်ခဲ့ပေသည်။ မည်သိုဆိုစေ ယေရှုသည် အခြားသူတို၏ ဖိအားပေးမှု၊ လွှမ်းမိုးမှု (အခြားသူများကို ကူညီမစခြင်း)မှ မည်သို ရှောင်ရှားရမည်ကို သိတော်မူသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်များအနေဖြင့် ထိုကဲ့သိုပင်ပြုနိုင်ကြပေသည်။
ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်ခြင်း၏အန္တရာယ်များ The dangers for Christian Counseling
ပင်လယ်ကူးသဘောကြီးသည် ဆိပ်ကမ်းသို ဝင်လာသောအခါ သင်္ဘော မာလိန်မှူးသည် ထိုသင်္ဘော ပေါ်သိုတက်ရောက်ကာ သင်္ဘောဆိပ်ကမ်းရှိရာသို လမ်းပြပိုဆောင်ပေးလေသည်။ သူသည် ကျောက်ဆောင် များနှင့် ရေတိမ်ရာနေရာ များကို သိရှိသည်ဖြစ်၍ ထိုနေရာများတွင် သင်္ဘောတိုက်မိခြင်းမှ ကာကွယ်နိုင်ရန် ထိုအန္တရာယ်ရှိသောနေရာများကို ရှောင်ရှားရန် ကာကွယ်မှုပြုနိုင်ပေသည်။
ဆွေးနွေးလမ်းညွှန်ရာ၌ ကြိုတင်၍ မတွေ့မြင်နိုင်သော ဘေးအန္တရာယ်များ လည်းရှိပေသည်။ ထိုအရာများကို သိရှိကြသောအခါ လမ်းညွှန်မှုကို အနှောင့် အယှက်ဖြစ်စေမည့် အခက်အခဲများမှ လျော့နည်း စေနိုင်မည်ဖြစ်သည်။
တစ်ဖက်သတ်ပေးပို သည့် သတင်းစကားအပေါ် အားကိုးမှုပြုခြင်း။
ဆွေးနွေးလမ်းညွှန်ရာတွင် များသောအားဖြင့် တစ်ဖက်မှ တင်ပြလာသည့် အမှု ကိစ္စအကြောင်း အရာကိုသာ ကြားသိရသည်။ သိုသော် ဤအရာသည် အကြောင်းစုံ ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်နိုင်ပေသည်။ ဥပမာအားဖြင့် အိမ်ထောင်ရေး ကိစ္စနှင့်ပတ်သက်၍ အခြေအနေတစ်ရပ်အတွက် လင်နှင့်မယားတို့အကြား အမြင် ကွဲလွဲမှု မည်မျှရှိသည်ကို အံ့သြဖွယ်တွေ့ရှိနိုင်ပေသည်။ ဆွေးနွေးလမ်းညွှန်သူ အနေဖြင့် အကြောင်းအရာ တင်ပြချက်တစ်ခုတည်းအပေါ်၌သာ အမှီပြုခဲ့ပါက သူ သိုမဟုတ် သူမအနေဖြင့် ပြဿနာအပေါ်လွဲမှားစွာ ရှုမြင်ပြီး ဘက်လိုက်မှုများ ပြုလုပ်ကာ၊ အကူအညီပေးနိုင် သည့်စွမ်းအားကို လျော့နည်းစေနိုင်ပေသည်။
အလျင်စလို အဆုံးသတ်မှုပြုလုပ်ခြင်း ၊
အတိုင်ပင်ခံပုဂ္ဂိုလ်သည် သေချာစွာ ဂရုစိုက်နားထောင်ရမည်ဖြစ်ပြီး ပြဿနာ ၏အဖြေကို ဆောလျင်စွာ အလျင်စလို မှတ်ချက်ချမှတ်ခြင်းမှ ရှောင်ရှားရပေမည်။ အဖြေများကို အလျင်အမြန်ရရှိရန် ကြိုးစားခြင်းဖြင့် အချိန်နှင့် စိတ်ပိုင်းဆိုင်ရာ အားအင်များအလဟဿ ကုန်ဆုံးစေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ဆွေးနွေး လမ်းညွှန်မှုကို ရယူလိုသူ အစပြုပြောဆိုခဲ့သည့်အကြောင်းအရာသည် အရေးကြီးဆုံး ဖြေရှင်းရမည့် ပြဿနာ ဖြစ်ချင်မှဖြစ်ပေလိမ့်မည်။
ထိပ်တိုက်ရင်ဆိုင်ခြင်းအပေါ် လွန်ကဲစွာ အလေးထားခြင်း
မကြာသေးမီက အချိုစာရေးသူများ ကောက်ချက်ချခဲ့ကြသည်မှာ ခရစ်ယာန် များက ကူညီရန် တစ်ခုတည်းသောနည်းလမ်းမှာ ၎င်းတိုနှင့်ထိပ်တိုက်တွေ့ထိပြီး ပြောင်းလဲကြရန်ဖြစ်သည်။ သို့သော် သမ္မာကျမ်းကို ဖတ်ရှုလေ့လာပါက အခြားသူ များကို ကူညီမစရန် နည်းလမ်းအမျိုးမျိုးရှိကြောင်း တွေ့ရှိရမည် ဖြစ်သည်။ အချို အချိန်များတွင် ထိပ်တိုက်ရင်ဆိုင်မှုများပြုလုပ်ရန် အရေးကြီးပေသည်(ရောမ၊၁၅: ၁၄)။ သိုသော် သင်ကြားပေးရန်(ကော၊၃း၁၆)၊ ဆုတောင်းပေးရန်(ယာ၊၅း၁၆)။ နှစ်သိမ့်မှုပေးရန် (၁သက်၊၄:၁၈)၊ ကြည့်ရှုစောင့်ရှောက်ရန်( ၁ကော၊၁၂:၂၅)၊ အားပေး အားမြှောက်ပြုရန် (၁သက်၊၅း၁၁)၊ လက်ခံရန် (ရောမ၊၁၅း၇)နှင့် ချစ်ခြင်းမေတ္တာ ၁၈ပြည့်နှင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူများ၏ဝန်ထုပ်များကို ဝိုင်းဝန်း ထမ်းဆောင်ပေးရန်(ဂလ ၆:၂)စသည့် အချက်များသည်လည်း အရေးကြီးလှပေသည်။ ဆွေး လမ်းညွှန်မှု ခံယူသူအား ချဉ်းကပ်ရန် နည်းလမ်းတစ်မျိုးတည်းမရှိပါ။
ပါဝင်ပတ်သက်မှု လွန်ကဲခြင်း
သနားကြင်နာတတ်မှုနှင့် အလွယ်တကူ စိတ်ထိခိုက်တတ်သောသူမ ဆွေးနွေးလမ်းညွှန်မှုကိုခံယူရန် လာရောက်သူများ၏ပြဿနာများတွင် ပိုမိုပါဝင် ပတ်သက်ခြင်းဖြင့် ဦးတည်ချက်မှလမ်းလွဲသွားနိုင်ပေသည်။ ၎င်းသည် စိတ်လှုပ် မှုဆိုင်ရာအတွက် ခွန်အားယုတ်စေ၍ အခြားဆွေးနွေးလမ်းညွှန်ခြင်းနှင့် မပတ်သက် သည့် တာဝန်ဝတ္တရားများကို ဝင်ရောက်အနှောင့်အယှက်ပေးနိုင်ပေသည်။ ကျွန်ုပ်တို သည် ဆွေးနွေးလမ်းညွှန်မှု ခံယူလိုသူ၏ပြဿနာများ လွှမ်းမိုးခံရခြင်းနှင့်ထိုပြဿနာ များကို ကျွန်ုပ်တိုကိုယ်ပိုင်ပြဿနာများဖြစ်မလာစေဘဲ၊ ဆွေးနွေးလမ်းညွှန်မှုခံယူလို သူတို၏အကျိုးကို အာရုံစူးစိုက်နိုင်ရန် ဘုရားသခင်၏ အကူအညီ လိုအပ်ပေသည်။
ဆွေးနွေးလမ်းညွှန်မှုခံယူသူအနေဖြင့် လွန်ကဲစွာ တောင်းခံမှု အတွေ့အကြုံ မျိုး သင်ရရှိကောင်းရ ရှိပေ လိမ့်မည်။ အတိုင်ပင်ခံပုဂ္ဂိုလ်၏မိသားစုနှင့် အခြားတာဝန် ဝတ္တရားများရှိကြောင်း မေ့လျော့ပြီး တစ်ခါတစ်ရံ ကိုယ်ပိုင်အခွင့်အရေးများကိုပင် လျှင် ဝင်ရောက် လုယူကာ ၎င်းတို မေးမြန်းသိရှိလိုသောအရာကို ချက်ချင်းတုံပြန်ရန် မျှော်လင့်ကြပေသည်။ ထိုသို လွှမ်းမိုးခြင်းမှ ရှောင်ရှားနိုင်ရန် “ငါသင့်အတွက် အမှုထားသည် သင် (နှင့်ကျွန်ုပ်)၏ ကောင်းကျိုးအတွက် ကျွန်ုပ်၏အချိန်အားလုံးကို သင်တောင်းဆိုခြင်းအား ခွင့်မပြုနိုင်”ဟူ၍ ယဉ်ကျေးစွာ ပြန်လည်ပြောဆိုနိုင်သည်။ သင့်တော်သော စကားလုံးများကို ရှာဖွေအသုံးပြုကြရမည်ဖြစ်သည်။ “သင်နှင့်ကျွန်ုပ် ထပ်မံတွေ့ဆုံရန် နောက်တစ်ကြိမ် အချိန်ယူကြပါစို”ဟူ၍ဖြစ်သည်။
ဆန့်ကျင်ဘက်လိင်နှင့် အရောတဝင်ဖြစ်ခြင်း
ဆွေးနွေးလမ်းညွှန်သူသည် ခရစ်ယာန်ဖြစ်သောကြောင့် သူ သိုမဟုတ်သူ သည် ဆန့်ကျင်ဘက်လိင် ဖြစ်သော ဆွေးနွေးလမ်းညွှန်မှုကို ယူသူ(တစ်ခါတ လိင်တူဖြစ်သူ)၏ နှိးဆော်နေခြင်းကို မည်သည့်အချိန်အခါမျှ မခံရဟု အာမခံ မရှိချေ။ ဆွေးနွေးလမ်းညွှန်ရာတွင် နီးကပ်မှုပါဝင်ပြီး တစ်ခါတစ်ရံ ကိုယ်ရေးကိုတာ ပြဿနာ များ၊ ဖိုမနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့်အရာများနှင့် လိုအပ် နက်န်စွာခံစားရမှုများ ပါဝင်ပေသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့် ဤအေကြာင်း အရာများကို သမ္မာကျမ်းမှ သတ်မှတ်ထားသည့် ဘုရားသခင် ၏သန့်ရှင်းခြင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့် မကိုက်ညီသော ဖိုမဆိုင်ရာကျွမ်းဝင်ခြင်း သိုမဟုတ် ကိုယ်ရေး ကိုယ်တာ လွတ်လပ်ခွင့်ဖြင့် အပြစ်လုပ်ခွင့်မဖြစ်စေရပေ။ ထောင်ပေါင်းများစွာသော ပညာရှင်အတိုင်ပင်ခံ ပုဂ္ဂိုလ်များနှင့် သနားကြင်နာတတ်သော သင်းအုပ်ဆရာများ သည် ၎င်းတို၏ကြည့်ရှုစောင့်ရှောက်မှုအောက်ရှိ လူများနှင့်လွန်ကဲစွာ ကျွမ်းဝင်ခဲ့ ခြင်းကြောင့် ၎င်းတို၏ အမှုတော်ဆောင်ခြင်းများ ပျက်စီးခဲ့ကြရသည်။ ဆွေးနွေး လမ်းညွှန်ရာတွင် မာရ်နတ်၏စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကျွန်ုပ်တို၏မသန့်ရှင်းသော စိတ်ကူးများ၏ဘေးရန်မှ အထူးကာကွယ်မှုမပြုနိုင်ပေ။ ထိုသိုသော စုံစမ်းနှောင့် ယှက်ခြင်းမျိုးမဖြစ်နိုင်ဟု ထင်မှတ်ရသောသူတိုပင်လျှင် မလဲခြင်းငှါ သတိပြုကြရပေ မည်(၁ကော၊၁၀း၁၂-၁၃)။ မှတ်သားထားရမည်မှာ ကျွန်ုပ်တိုအား ကြည့်ရှုစောင့် ရှောက် အားပေးတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ထံ၊ ကျွန်ုပ်တိုအား အုပ်ချုပ် မှုနှင့် ကာကွယ်မှုပေးရန် စိတ်ပါစွာနှင့် အပ်နှံပါက ကိုယ်ကျင့်တရားပျက်ပြားခြင်းမှ အကာအကွယ်ပေးတော်မူမည်ဖြစ်သည်။
တစ်ခါတစ်ရံ တွေ့ဆုံဆွေးနွေးမေးမြန်းခြင်းပြုပြီးနောက် ဆွေးနွေးလမ်းညွှန်မှု ယူသူသည် မိမိအား အတိုင်ပင်ခံပုဂ္ဂိုလ်က ကာမနှင့်စပ်ဆိုင်သော ချဉ်းကပ်မှုဆွဲ ဆောင်မှုပြုခဲ့သည်ဟု စွပ်စွဲလာမည်ဖြစ်သည်။ ထိုသိုသောစွပ်စွဲမှုများမှာ မှားသည်ဟု သက်သေပြရန်ခက်ခဲတတ်သည်။ အဘယ့်ကြောင့်ဆိုသော် သူတိုအနေဖြင့် ဆွေးနွေး လမ်းညွှန်မှုခံယူသူ သိုမဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးဦး၏စကားကို အမှန်ဖြစ်သည် ဟု မှတ်ယူရမည်ဖြစ်သည်။ ထိုသိုသောအချိန် ကျရောက်လာသောအခါ သင့်တွင်ကောင်းသောကျော်စောကိတ္တိ၊ ဂုဏ်သိက္ခာရှိရန်လိုပေသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်များ အနေဖြင့် မိမိတို၏အသက်တာအတွင်း ဆိုးညစ်ခြင်း အရိပ်အရောင်မျှကိုပင်ရှောင်ရှား ခဲ့လျှင်(၁သက်၊၅:၂၂) ၎င်းအား ကဲ့ရဲ့ ပြစ်တင်ဝေဖန်လာသည့်တိုင် ၎င်း၏စကား ကို ယုံကြည်မှု ပိုမိုရှိနိုင်ကြပေမည်။ ။
မိမိ၏အမူအကျင့်နှင့်ကျော်စောကိတ္တိ ဂုဏ်သိက္ခာ၏စင်ကြယ်မှုကို ထိန်း သိမ်းစေနိုင်ရန် အချိုအတိုင်ပင် ခံပုဂ္ဂိုလ်များသည် တိတ်ဆိတ်ငြိမ်သက်သော နေရာ များတွင် လမ်းညွှန်ခြင်းမပြုဘဲ၊ သင်းထောက်လူကြီး သိုမဟုတ် အသင်းတော်မှ လုပ်ဖော်ကိုင်ဖက် မပါဘဲလျက် သူစိမ်းများနှင့် သွားရောက်တွေ့ဆုံခြင်းများ မပြုလုပ် ပေ။ သင်သည်လည်း ထိုကဲ့သိုသော ဆွေးနွေးလမ်းညွှန်သည့်နည်းလမ်းမျိုးကို ရွေးချယ်သင့်ပေသည်။
လျှိဝှက်ချက်များကို ထိန်းသိမ်းထားရန် ပျက်ကွက်ခြင်း
လူတို့သည် မိမိတို၏အခက်အခဲ ပြဿနာများကို လာရောက်ပြောဆိုကြ သောအခါ မိမိတို့ဖက်မှ မျှော်လင့်ထားသည်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် မိမိတို ပြောကြားခဲ့သည့်အကြောင်းအရာများကို လျှိဝှက်ထားမည်ဟု မျှော်လင့်တတ်ကြ သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အကောင်းဆုံးသော ကြံရွယ်ချက်များ ထားရှိသည့် တိုင် မတော်တဆ လျှိဝှက်လိုသည့်သတင်းပေါက်ကြားမှု ဖြစ်ပေါ်နိုင်သည့် အန္တရာယ်မှလည်း အစဉ် ကာကွယ်နေပေမည်။ ထိုသိုဖြစ်ခြင်းမှ ရှောင်ရှားနိုင်ရန် ကျွန်ုပ်တို ဆုံးဖြတ်ချက်ချရမည်မှာ ဘုရားသခင်၏အ ကူအညီဖြင့် အခြားသူများ အကြောင်းကို မည်သည့်အခါမျှ မပြောဆိုရန် အထူးသဖြင့် သတိပြုရမည်။ (ယာ၊၃း၁-၁ဝ။ ၁ပေ၊၃း၁၀)။ ဆွေးနွေးလမ်းညွှန်ရာတွင် ကြားသိခဲ့သောအရာများကို တရားဟောရာ၌ မည်သည့်အခါမျှ အသုံးမပြုရန် သိုမဟုတ် အခြားသူများနှင့် နည်းလမ်းတကျမဟုတ်သည့် တိုင်ပင်ဆွေးနွေးမှုများ မပြုလုပ်ရန်ဖြစ်ပေသည်။
ဟန်ချက်မညီသော အမှုတော်ဆောင်ခြင်း
တစ်ခါတစ်ရံ ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်တိုအနေဖြင့် ဆွေးနွေးလမ်းညွှန် ခြင်းသည် ၎င်းတိုအတွက် ကျေနပ်ပြည့်ဝမှုရှိသည်ကို တွေ့မြင်ကြပြီး၊ ၎င်းတို၏ အခြား တာဝန်များကို လျစ်လျူရှုပစ်ထားခဲ့ကြသည်။ မိမိတံခါးဝတွင် အကူအညီ လိုအပ်သောသူများ တစ်သီတစ်တန်းကြီး တန်းစီနေကြောင်း တွေ့ရသောအခါ စိတ် လှုပ်ရှားဖွယ်သော တိုင်ပင်ခံပုဂ္ဂိုလ်သည် အသင်းတော်၏ အခြားသော တာဝန်များ ကို လစ်ဟင်းသွားခြင်း၊ မိသားစု၏လိုအပ်ချက်များကို မေ့လျော့ခြင်းနှင့် နားနေခွင့် လုံလောက်စွာ မရရှိခြင်းများ၊ အလွယ်တကူဖြစ် ပေါ်စေနိုင်သည်။ လူများ၏ လိုအပ် ချက်များရှိနေသည့်ကြားမှပင် ယေရှုသည် မိမိ၏အသက်တာကို ဟန်ချက်ညီညီ အသက်ရှင်ခဲ့သည်။ အချိုသော သင်းအုပ်ဆရာများနှင့် အခြားခရစ်ယာန် ခေါင်း ဆောင်များ) တို့သည် အတိုင်ပင်ခံကိစ္စ၌ များစွာ ပါဝင်ပတ်သက်မှုရှိခြင်းကြောင့် တရားဟောချက်ပြင်ဆင်ခြင်း၊ ဆုတောင်း ခြင်း၊ ကျမ်းစာဖတ်ခြင်းအမှုတို၌ လစ်ဟင်း သည်သာမက အခြားတာဝန်ဝတ္တရားများအပေါ် လျစ်လျူရှုမှုများရှိ ခဲ့ကြပေသည်။ အကျိုးဆက်အနေဖြင့် ၎င်းတို၏ အမှုတော်ဆောင်ခြင်း၌ ထိရောက်မှုမရှိခြင်းနှင့် အခြားသော တာဝန်များကို မေ့လျော့ခြင်းကြောင့် အသင်းတော်အတွင်း၌ ခေါင်း ဆောင်မှုဟာကွက်များကို တစ်ခါတစ်ရံ ဖြစ်ပေါ်စေခဲ့သည်။
အချို့အချိန်များ၌ အတိုင်ပင်ခံပုဂ္ဂိုလ်များသည် အလွန်ခက်ခဲသော ပြဿနာများ သိုမဟုတ် အချိန်များစွာ ကုန်စေသည့် ပြဿနာများနှင့်တွေ့ကြုံကြရ သည်။ ပြင်းထန်သော စိတ်လှုပ်ရှားမှုပြဿနာများကို ကုသပေးသော ပညာရှင်များ သည် ယုံကြည်သူများမဟုတ်ဘဲ ဝိညာဉ်ရေးကိစ္စများကို နားမလည်ကြပေ။ နောက် အခန်းတွင် ဤပြဿနာကို မည်သိုကိုင်တွယ်ရမည်ကို ဆွေးနွေးသွားမည်ဖြစ်သည်။
ဆွေးနွေးလမ်းညွှန်ခြင်းသည် အသင်းတော်၏ အမှုတော်ဆောင်ခြင်းတွင် အရေးပါသော အခန်းကဏ္ဍ တစ်ခုဖြစ်သော်လည်း ခရစ်ယာန်ခေါင်းဆောင်တစ်ဦး အနေဖြင့် ဆွေးနွေးလမ်းညွှန်ခြင်းတွင် အထိရောက်ဆုံး ဖြစ်လာရန် ကြိုးစားရမည်ဖြစ် သည်။ ထိုကြောင့် ရံဖန်ရံခါဆိုသလို ဆွေးနွေးလမ်းညွှန်သူများအဖြစ် ပါဝင်ဖို သွန်သင်လေ့ကျင့်ပေးရန် သတိပြုသင့်ပေသည်။
ခရစ်ယာန်တရား အခြေပြု ဆွေးနွေးလမ်းညွှန်ခြင်း၏ရွှင်လန်းဝမ်းမြောက်မှ The Joy Of Christian Counseling
ဖိလိပ္ပိသြဝါဒစာကို ရေးသားစဉ်က ပေါလုသည် ထောင်ကျနေပါသည်။ သူ အသက်ရှင်နေရသည်မှာ သက်သက်သာသာမဟုတ်ဘဲ အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အချိန်ဖြစ်ပေမည်။ သို့ သော် သူရေးသား သောစာစောင်ထဲ၌ ဝမ်းမြောက်ခြင်းကို ရည်ညွှန်းလျက်ရှိပေသည်။ ဝေဒနာခံစားနေရချိန်အတွင်းမှာပင် ဤမြင့်မြတ်သူသည် ဝမ်းမြောက်ခဲ့ပေသည်(ဖိ၊၂း၁၇)။
ရွှင်လန်းဝမ်းမြောက်ခြင်းဟူသော စကားလုံးကို သမ္မာကျမ်း၌ အကြိမ်ကြိမ် တွေ့ရှိရပါသည်။ ထိုစကားလုံးသည် ဘုရားသခင်ထံတော်မှလာသော အတွင်းစိတ် ၏ လုံခြုံမှု၊ ကောင်းစားခြင်းနှင့် ပြင်ပအခြေအနေများ သို မဟုတ် အသက်တာ၏ တင်းမာမှု များရှိနေသည့်တိုင် မရပ်မနေတည်ရှိနေခြင်းကို ရည်ညွှန်းပေသည်။ အမှုကိစ္စအလုံးစုံသည် ပြေပြစ်ချောမွေ့နေမှသာလျှင် ဝမ်းမြောက်ခြင်းရှိနိုင်မည်ဆိုပါ က ကျွန်ုပ်တိုသည် မကြာခဏ သိုမဟုတ် ကြာရှည်စွာပျော်ရွှင်ဝမ်းမြောက်ကြမည် မဟုတ်ချေ။ သိုသော် စစ်မှန်သော ရွှင်လန်းဝမ်းမြောက်ခြင်းသည် အသက်တာ လွမ်းခြင်းများခံနေရသည့်တိုင် ဆက်လက်တည်ရှိနေမည်ဖြစ်သည်။ ယေရှုက မိမိ၏ပညတ်များကို လိုက်နာစောင့်ရှောက်သူများနှင့် မိမိနှင့် နီးကပ်စွာ ဆက်နွယ်နေသူ များအဖို ပြည့်ဝစုံလင်သော ရွှင်လန်းဝမ်းမြောက်ခြင်းရရှိမည်ဟု ကတိတော်ရှိခဲ့ပေ သည်(ယော၊၁၅း၁၀-၁၁)။ (ဂလာတိ၊၅:၂၂)အရ ဝမ်းမြောက်ခြင်းသည် ဝိညာဉ်တော် ၏အသီးအပွင့်တစ်ခုဖြစ်သည်။
လူတစ်ဦးတစ်ယောက်က အကြံပြုပြောဆိုခဲ့သည်မှာ ပေါလု၏ဝမ်းမြောက် ခြင်းသည် အထူးပင် မြင့်မားခဲ့ပေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းလိုအပ်နေချိန် တွင် အခြားသူများ၏ပြုစုခြင်းကို ခံယူခဲ့ပြီး၊ မိမိအနေဖြင့်လည်း အခြားသူများကို ကူညီရန် လက်ကမ်းခဲ့သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို၏အသက် တာထဲသို အခက်အခဲပြဿနာများ ဝင်ရောက်လာသောအခါ ထိုဝန်ထုပ်ဝန်ပိုးများကို မိမိတို ဖာသာ ထမ်းရွက် လေ့ရှိကြသည်။ ကျွန်ုပ်တို၏လိုအပ်ချက်များကို အခြားသူများအား မသိစေလိုကြပေ။ ကျွန်ုပ်တို၏စိုးရိမ်ပူ ပန်ခြင်းနှင့် ရုန်းကန်ခြင်းများကို အခြားသူများ အား ပြောပြခြင်းသည် လူ သိုမဟုတ် ဝိညာဉ်ရေးဆိုင်ရာ အားနည်းချက်၏ လက္ခဏာဖြစ်မည်ကို စိုးရိမ်ကြသည် သိုမဟုတ် သူတစ်ပါးကို အားနာတတ်သော ကြောင့်ဖြစ်သည်။
ပေါလုသည် ထိုကဲ့သို မည်သည့်အခါမျှ မခံစားခဲ့ချေ။ သူ၏ဝန်ထုပ်ဝန်ပိုး များကို အခြားသူတိုနှင့် မျှဝေခဲ့ပြီး လိုအပ်ချက်များအပေါ် အခြားသူများ၏ အကူ အညီကို လက်ခံခဲ့သည်။ ထိုကြောင့် ၎င်းအနေဖြင့် အသစ်သောဝမ်းမြောက်ခြင်းကို ခံစားခဲ့ရပြီး အခြားသူများဆီသို လွတ်လပ်စွာ လက်ကမ်းနိုင်ခဲ့ပေသည်။
ဆွေးနွေးလမ်းညွှန်ခြင်းအလုပ်သည် ခက်ခဲ၍ အချိန်ကုန်ပြီး အဆင်ပြေမှု မရှိသောလုပ်ငန်းဖြစ်ပေသည်။ သိုသော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးလမ်းညွှန်မှု ခံယူသူ နှစ်ဦးစလုံးအတွက် ကုသခြင်းနှင့်ဆိုင်သော အကျိုးကိုရရှိနိုင်ပေသည်။
သူတစ်ပါးကိုမစရန် လက်ကမ်းသူတစ်ဦးသည် မိမိအတွက်သာ ပျော်ရွှင်မှုကို ရှာနေ ကြသူများ မည်သည့်အခါမျှ မခံစားရဖူးသော လေးနက်သည့် ကျေနပ်နှစ်သိမ့်မှုကို ခံစားရ မည်ဖြစ်သည်။
ခရစ်ယာန်များသည် အခြားသူများကို ဂရုစိုက်သူများဖြစ်ကြသည်။ (၁ကော၊ ၁၂:၂၅)။ ဂရုစိုက်မှုမှရရှိ သော ဝမ်းမြောက်ခြင်းအတွေ့အကြုံကို ခံစားလိုလျှင် သင်သည် ထိရောက်မှုရှိသော ခရစ်ယာန်အတိုင်ပင် ခံပုဂ္ဂိုလ်ဖြစ်လာပေမည်။
အခန်း(၃)
ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၏ နည်းလမ်းများ
The Techniques of Christian Counseling
မကြာသေးမီက ကြီးထွားတိုးတက်လျက်ရှိသော အသင်းတော်တစ်ပါး၏ သင်းအုပ်ဆရာသည် အလွန်စိတ်မကြည်သာဖွယ်ရာ အဖြစ်အပျက်နှင့် ရင်ဆိုင်ခဲ့ရ သည်။ သံစုံသီချင်းအဖွဲ ၏ဒါရိုက်တာသည် မိမိကိုယ်မိမိ ကြိုးဆွဲချ၍ သတ်သေခဲ့ သည်။ ထိုအမျိုးသမီးသည် အသက်သုံးဆယ်ကျော်မျှသာရှိပြီး သင်းထောက်လူကြီး တစ်ဦး၏အိမ်ထောင်ဖက် ဖြစ်သည်သာမက အသင်းတော်မှ လူအများနှစ်သက်သော ဆရာမတစ်ဦးလည်းဖြစ်သည်။ လူတိုင်းက ဤအမျိုးသမီးအား လေးစားကြ ပြီး သူမ၏ရင့်ကျက်မှုနှင့် ဘာသာတရားကြည်ညိုမှုအပေါ် အထင်ကြီးခဲ့ကြသည်။ သူမ၏ရုတ်တရက်သေဆုံးခြင်းသည် အသင်းတော် တစ်ခုလုံးကို အထိတ်တလန့်နှင့် စိတ်ရှုပ်ထွေးမှု ဖြစ်စေသည်။
ဤကဲ့သိုသော အဖြစ်အပျက်မျိုး သင်၏အသင်းတော်အတွင်း ပေါ်ပေါက် ခဲ့ပါက လူထုပရိသတ်ကို သင်မည်သို ပြောပြမည်နည်း။ ထို အမျိုးသမီး၏လင် ယောက်ျားကို သင် မည်သို့အကူအညီပေးမည်နည်း။ သင်၏အသင်းတော်မှ လူငယ် တစ်ဦးသည် မိမိကိုယ်မိမိ သေကြောင်းကြံရန် ရည်ရွယ်လျက် သင့်ထံသိုလာ၍ အကြံဉာဏ်တောင်းခံသောအခါ သင်သည် မည်သို ပြုမည်နည်း။ ။
ဤမေးခွန်းများသည် အတိုင်ပင်ခံလုပ်ငန်းနှင့်ဆိုင်သော နည်းလမ်းအတိုင်း မှ စနစ်တကျ လုပ်ဆောင်ရန် တွန်းအားပေးခဲ့ပါသည်။ နောက်ပိုင်းအခန်းကြီးတွင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းနှင့် စပ်လျဉ်းသည့် ပြဿနာအကြောင်း ဆွေးနွေးသွားမည်ဖြစ်သည်။ ယခုအတွက်မူ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိမိထံသို အကူအညီ လိုအပ်နေသူတစ်ဦး ရောက်လာလျှင် မည်သို ဆောင်ရွက်ရမည်ကို စဉ်းစားကြပါစို့။
ဤဘာသာရပ်အကြောင်း ရေးသားထားသော စာအုပ်အမြောက်အမြားရှိ ဆွေးနွေးလမ်းညွှန်သော နည်းလမ်းထောင်ပေါင်းများစွာရှိပါသည်။ လူများကို အ အညီပေးရန် ဤနည်းလမ်းအားလုံးကို သိရှိရန်မလိုပေ။ အခြေခံကျ၍ ထိရောက် အရှိဆုံးသော ဆွေးနွေးလမ်းညွှန်မှုနည်းလမ်းများကို သမ္မာကျမ်းတွင် တွေ့ရှိနိုင်ပေ သည်။ ကျွန်ုပ်တိုသည် ဓမ္မဟောင်းကျမ်းရှိ ဥပမာတစ်ခုနှင့်အစပြု၍ ဓမ္မသစ်ကျမ်း တွင် ယေရှု မည်ကဲ့သို သွန်သင်အကြံပြုခဲ့သည်ကို ကြည့်ကြပါစို။
ယောဘ၏ဥပမာ ( The example of Job)
ယောဘဝတ္ထုတွင် ကိုယ်ရေးကိုယ်တာ ပြဿနာများနှင့်ရင်ဆိုင်ခဲ့ရသည့် လူတစ်ဦး မည်ကဲ့သို ရုန်းကန်ခဲ့ရသည်ကို ဖွဲနွဲ ဖော်ပြထားသည်။
ဤကျမ်း၏ပထမစာပိုဒ်တွင် ဖော်ပြထားသည်မှာ ယောဘသည် ဘုရား၊ သခင်ကို ကြောက်ရွံပြီး အပြစ်ကင်းစင်လျက် ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး မကောင်း မှုကိုလည်း ရှောင်ရှားခဲ့သည်။ ယောဘသည် ကြွယ်ဝချမ်းသာပြီး ကြီးမားသော မိသားစု၏ ဖခင်ဖြစ်ကာ၊ ထင်ရှားကျော်ကြား၍ လူအများ၏ လေးစားခြင်းကိုခံရသော သူဖြစ်သည်။
သို့သော် ယောဘ၏အသက်တာတွင် ရုတ်တရက် ဘေးအန္တရာယ်များကို အဆက်မပြတ် ခံစားခဲ့ရသည်။ ၎င်းပိုင်ဆိုင်မှုမှန်သမျှ ဆုံးရှုးခဲ့သည်။ ၎င်း၏သား သမီးများ၊ မြေးများ သေကျေပျက်စီးခဲ့ရသည်။ မိမိ၏မယား နှင့်အတူ နေထိုင်ရာတွင် ပြဿနာ များစွာရှိခဲ့ပြီး သူသည် ကျန်းမာရေးနှင့်ဂုဏ်သိက္ခာများ ကျဆင်းခဲ့သည်။ ပြင်းထန်စွာ ခံစားရသော ဝေဒနာများကြောင့် ယောဘသည် စိတ်ဓာတ်ကျခြင်း၊ စိတ်ပျက်ခြင်းနှင့် စိတ်ရှုပ်ထွေး ခြင်းများဖြစ်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။
ယောဘအား အကြံပြုသူသုံးဦးက အကူအညီပေးရန် ကြိုးစားခဲ့ကြသော လည်း အောင်မြင်မှုမရရှိခဲ့ချေ။ ထိုနောက် ဧလိဟုအမည်ရှိ လူငယ်တစ်ဦး ပေါ်ထွ” လာသည်(ယောဘ၊၂၃)။ ထိုလူငယ်သည် ယောဘအား ပြောဆိုရန် မဝံ့မရ သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းသည် အခြားသူများထက် အသက်ငယ်နေပြီး ကြောင့်ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ယောဘကို စတင်အကြံပြု အကူအညီပေးနိုင်ရန် မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။
ဧလိဟု နားထောင်ခဲ့သည်(ယောဘ၊၃၂:၁၁)။
နားထောင်ခြင်းသည် အရေးကြီးဆုံးသောအချက်ဖြစ်သည်။ သိုသော် ဆွေးနွေးလမ်းညွှန်မှုတွင် ကြိမ်ဖန်များစွာမေ့လျော့တတ်သော လုပ်နည်းကိုင်နည်း တစ်ခုဖြစ်သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ပညာရှိ သတိပေးစကားပြောခြင်း၊ ကျမ်းပိုဒ် များကို ကိုးကားပြောဆိုခြင်း၊ သိုမဟုတ် မေးခွန်းများစွာမေးရန် လိုအပ်သည်ဟု ထင်မှတ်ယူဆကြသည်။ ဤသိုပြုခြင်းသည် ကောင်းသော ဆွေးနွေးလမ်းညွှန်ခြင်းကို အဟန့်အတားဖြစ်စေနိုင်သည်။ အထူးသဖြင့် အစပိုင်း၌ ဆွေးနွေးလမ်းညွှန်မှုခံယူသူ ၏ အခက်အခဲပြဿနာကို သေချာစွာ မသိသေးသောအခါမျိုးတွင်ဖြစ်သည်။
ဂျာမန်လူမျိုး သီဩလော်ဂျီပညာရှင် Dictrich Bonhoeffer တစ်ချိန်က _ ရေးသားခဲ့သည်မှာ များစွာသောလူတိုသည် ၎င်းတို ပြောဆိုမှုများကို နားထောင်မည့်သူကို ရှာလျက်ရှိကြသည်။ များသောအားဖြင့် ၎င်းတို့သည် ထိုသို့ နားထောင် – မည့်သူကို ခရစ်ယာန်အသိုင်းအဝိုင်းထဲ၌ မတွေ့ရပေ။ အဘယ့်ကြောင့်ဆိုသော် စကားများရန် အားသန်ကြာ မပြောဖြစ်သည်။ သိုသော် မိမိ၏ညီအစ်ကိုစကား ကို နားမထောင်သောသူသည် များမကြာမီ ဘုရားသခင်၏စကားကို နားထောင်မည် မဟုတ်တော့ချေဟု ဘွန်ဟူးဖာ( Bonhoeffer)က ဖော်ပြထားသည်။ စိတ်ရှည်ရှည်နှင့် ကြာရှည်စွာ နားမထောင်နိုင်သောသူသည် များမကြာမီ အခြားအရာများကို ပြောလာပေလိမ့်မည်။ ထိုကဲ့သိုသောသူတိုသည် အခြားသူများကို အထောက်အကူများစွာ သ ပေးနိုင် မည်မဟုတ်ပေ။
ယောဘပြောသည်ကို ဧလိဟု နားထောင်သကဲ့သို ကျွန်ုပ်တို နားထောင် ၁။ ခဲ့လျှင် လမ်းညွှန်မှုကို ခံယူသူအနေဖြင့် မိမိတို၏ခံစားချက်များကို ထုတ်ဖော်လာရန် ဥ အခွင့်အရေး ရရှိလာပေမည်။ ဤသို ထုတ်ဖော်ပြောဆိုခြင်းဖြင့် ဆွေးနွေးလမ်းညွှန်မှု Tog ခံယူသူအနေဖြင့် စိတ်သက်သာမှုရစေပြီး တစ်ချိန်တည်းမှာပင် သူ့အား အကူအညီ ရဲ ပေးရန်အတွက် အဖိုးတန်သော သတင်းအချက်အလက်များကို ရရှိနိုင်ပေသည်။
သေချာစွာ နားထောင်ရန် အာရုံစူးစိုက်မှုလိုပေသည်။ ဆွေးနွေးစကားပြော နေချိန်အတွင်း၊ အာရုံသည် အခြားသို လွင့်သွားရန် လွယ်ကူပေသည်။ ထိုသို မဖြစ်စေရန် သေချာစွာ နားထောင်ပြီး အံ့သြခြင်းကို မပြမိရန်လည်း ကြိုးစားရပေမည်။ တစ်ခါတစ်ရံ ခေါင်းညိတ်ခြင်း၊ ပြုံးပြုခြင်း သိုမဟုတ် ယေဘုယကျသော မေးခွန်းများမေးခြင်း (နောက် ဘာဖြစ်သလဲ၊ သင် မည်ကဲ့သို ခံစားရသလဲ၊ အစရှိသဖြင့်) သည် အကြံပြုခြင်းကို ခံယူသူအနေဖြင့် မိမိ၏အခက်အခဲ ပြဿနာကို လွတ်လပ်စွာပြောပြရန် အထောက်အကူပေးမည်ဖြစ်သည်။
ဧလိဟု နားလည်ပေးခဲ့သည်(ယောဘ၊၃၂:၁၂)
ဧလိဟုနှင့် မတွေ့မီ ယောဘသည် မိမိ၏အခက်အခဲပြဿနာများအ ကြောင်း ပြောပြသောအခါ မည်သူမျှနားလည်ဟန်မတူသောကြောင့် စိတ်အနှောင့် အယှက်ဖြစ်ခဲ့ သည်။ သိုသော် ဧလိဟုနှင့်မူ ထူးခြားပြောင်းလဲသွားခဲ့သည်။ မည်သူမျှ နားမလည်နိုင်သည့် ယောဘ၏မေးခွန်းများကို ဧလိဟု နားလည်ခဲ့ပေသည်။
ရှေးအမေရိကန် အင်ဒီယန်းလူမျိုးတို၏စကားပုံတစ်ခုမှာ သင်သည် အခြားသူတစ်ဦး၏ဖိနပ်ဖြင့် တစ်မိုင်မျှ လမ်းမလျှောက်ဖူးပါက ထိုသူကို ကောင်းစွာ နားလည်နိုင်မည်မဟုတ်”ဟုဖြစ်သည်။ အခြားသူ တစ်ဦးကို ကောင်းစွာနားလည် လိုလျှင် ထိုသူ၏အမြင်ရှုထောင့်မှ တွေးကြည့်ရန်လိုပေသည်။ မိမိကိုယ်မိမိ သတ် သေသွားသော သူမ၏လင်ယောက်ျား၊ သင်းထောက်လူကြီးကို သင် မည်သို အကြံ ပြုမည်ကို ကြိုးစားတွေး ကြည့်ပါ။ ထိုသူကို အမှန်တကယ် နားလည်နိုင်ရန် သင့် ကိုယ်သင် ပြန်၍ မေးခွန်းထုတ်ရပေမည်။ “ငါ၏ကြင်ဖော် မိမိကိုယ်မိမိ သတ်သေ သွားပါက၊ မည်သိုခံစားရမည် နည်း”ဟူ၍ဖြစ်သည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူ ၏ပြဿနာများအား ၎င်း၏ရှုထောင့်မှနေ၍ ကြိုးစားကြည့်ခြင်းဖြင့် သင်နားလည် လာမည်ဖြစ်သည်။ ဤအချက်သည် အကူအညီပေးနိုင်ရန် အရေးကြီးသော အစိတ်အပိုင်းပင်ဖြစ်သည်။
ဧလိဟုသည် သံသယများ ကို ကင်းပျောက်စေခဲ့သည်(ယောဘ၊၃၃း၆-၇)
“ကျွန်ုပ်လည်း သင့်နည်းတူပင်ဖြစ်သည်။ ကျွန်ုပ်သည်လည်း လူသားဖြစ် ၍ ပြဿနာများရှိပါသည်။ သင်စိုးရိမ်ကြောင့်ကြရန် ကျွန်ုပ် ဤနေရာသို ရောက်နေ သည် မဟုတ်ပါ”ဟု ဧလိဟု ပြောဆိုခဲ့သည်။
လူအများသည် မိမိတို၏ပြဿနာများကို အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေး တိုင်ပင်ရန် ဝန်လေးကြသည်။ ပြဿနာရှိသည့်အတွက် ရှက်ကြောက်ကြသည်။ တစ်ခါတစ်ရံ အကူအညီမရဘဲ ထိုပြဿနာကို ဖြေရှင်းခြင်း မပြုနိုင်၍ စိတ်မလုံမ ဖြစ်ခဲ့ကြသည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် အပြစ်ပြုလုပ်ခဲ့လျှင် သိုမဟု တစ်နည်းနည်းဖြင့် ကျရှုးခဲ့လျှင် သူ သိုမဟုတ် သူမအနေဖြင့် ၎င်းတိုအားအတိုင်ပင်ခံပုဂ္ဂိုလ်သည် စိတ်ဆိုးမည်၊ လွန်စွာဝေဖန်ပြောဆိုမည်ကို စိုးရိမ်ကြသည်။ ၄င်းတို့တွင် ပြဿနာများရှိသော်လည်း သိုမဟုတ် အပြစ်လုပ်ခဲ့ သော်လည်း ဆွေးနွေး လမ်းညွှန်မှုခံယူသူအား မေတ္တာရှိလျက်၊ လက်ခံလျက်ပင်ရှိကြောင်း ယုံကြည်စိတ်ချမှု ပေးရန်မှာ အရေးကြီးလှပေသည်။ ကျွန်ုပ်တိုသည် အပြစ်သားများဖြစ်နေသည့်တိုင် ယေရှုသည် ကျွန်ုပ်တို့ကို ချစ်တော်မူသောကြောင့် ကမ္ဘာလောကသို ဆင်းကြွလာ သည်ကို အမှတ်ရကြမည်ဖြစ်သည်(ရော၊၅း၈)။
ဧလိဟုသည် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်(ယောဘ၊၃၃း၁၂)
လူတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် သူ သိုမဟုတ် သူမ၏အားနည်း ချက်များ၊ အပြစ်များ၊ နားလည်လွဲမှုများနှင့် နစ်နာစေသော ဟန်ပန်အမူအရာများကို ညွှန်ပြရန်ဖြစ်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်များ ၏တာဝန်မှာ စီရင်ဆုံးဖြတ်ရန် အပြစ် စီရင်ရန်နှင့် အပြစ်ရှိသည်ဟု တဖြည်းဖြည်း သက်ဝင်စေရန် မဟုတ်ချေ။ ထိုသို မဟုတ်ဘဲ ဆွေးနွေးလမ်းညွှန်မှုခံယူသူ မတွေ့ခဲ့သော သိုမဟုတ် မတွေ့လိုသော အကြောင်းအချက်များ ကို ညွှန်ပြရမည်။
တစ်ကြိမ်က အမျိုးသမီးကြီးတစ်ဦးသည် အပေါင်းအဖော်ကင်းမဲ့သည်ဟု ၍ ညည်းတွားခဲ့သည်။ မည်သူမျှ အနီးအနား၌ အတူမနေလို၊ အပေါင်းအသင်း မလုပ်လိုဟူ၍ ပြောဆိုခဲ့သည်။ ဤသို ဖြစ်ရခြင်း အကြောင်းရင်းကို အတိုင်ပင်ခံ ပုဂ္ဂိုလ်တွေ့ရှိခဲ့သည်။ ထိုအမျိုးသမီးကြီးသည် မိမိအကြောင်းနှင့် မိမိပြဿနာများ ကိုသာ စဉ်ဆက်မပြတ် ပြောဆိုနေပေသည်။ ထိုကြောင့် လူများက ငြီးငွေ့လာပြီး သူမအား ရှောင်ရှားခဲ့ကြခြင်း ဖြစ်သည်။ “ငါနှင့်ငါသာ”ဟုသော စိတ်ထားမျိုးဖြင့် ပြောဆိုနေခြင်းသည် လူများကို မောင်းထုတ်နေခြင်း ဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် က ထိုအမျိုးသမီးကြီးအား ကြင်နာစွာဖြင့် ထိပ်တိုက်ပြောပြခဲ့သည်။ ဤသို ဖော်ပြ ခြင်းကို မနှစ်မြိုသော်လည်း သူမသည် ပြောင်းလဲမှုကို စတင်ပြုလုပ်ခဲ့သည်။ များ မကြာမီ သူမသည် အဖော်မဲ့သူမဟုတ်တော့ဘဲ မိတ်ဆွေအပေါင်းအသင်းများစွာ ရရှိခဲ့သည်။
လူတစ်ဦးတစ်ယောက်အား ထိပ်တိုက်ပြောဆိုရာ၌ ညင်သာမှုရှိရန် က စားရပေမည်။ တွေ့ရှိခဲ့သော အချက်များကို ညွှန်ပြကာ ဆွေးနွေးလမ်းညွှန်မှုခံယူသူ အနေဖြင့် တုံပြန်ရန် အချိန်ပေးရမည်ဖြစ်သည်။ ဤကဲ့သို ဧလိဟုပြုခဲ့သည်။ “သင် စားတွေးခေါ်နေသည်မှာ မှားယွင်းနေသည်”ဟု ဧလိဟုက ယောဘအား ပြောဆို ခဲ့သည်။ ဘုရားသခင်သည် လူထက်ကြီးမြတ်တော်မူကြောင်းကို သင် မေ့လျော့ ပေသည်။ သင်၏စိတ်နေစိတ် ထားကြောင့် သင့်အပေါ် ဒုက္ခရောက်စေခဲ့သည်။ သိုသော် ဧလိဟုသည် မိမိစကားပြောနေစဉ် တရားဟောနေ ခြင်းမဟုတ်ပေ။ သူ၏ ထိပ်တိုက်ပြောဆိုမှုကို တုံပြန်ရန် ယောဘအား ပြောဆိုခဲ့သည်(၃၃း၃၂)။ ဧလိဟု သည် ယောဘနှင့်စကားပြောဆိုခဲ့ပြီး ၎င်းအား တုံပြန်ရန် အခွင့်အရေးပေးခဲ့သည်။
ဧလိဟုသွန်သင်ခဲ့သည်(ယောဘ၊၃၃း၃၃)
တစ်ခါတစ်ရံ လိုအပ်သည့်အမှန်တရားများကို ဝေငှခြင်းသည် ဆွေးနွေး လမ်းညွှန်ခြင်း၏အရေး ကြီးသောအစိတ်အပိုင်းဖြစ်သည်။
သွန်သင်ရန် နည်းလမ်းအမျိုးမျိုးရှိသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တိုသည် စကားပြောပြီး သတင်းအချက် အလက်များပေးနိုင်သည်။ အချိုအချိန်များတွင် ဆွေးနွေးလမ်းညွှန်မှုခံယူသူ ပြောင်းလဲရန် လိုအပ်သည်များကို အကြံပေးအဆိုပြု နိုင်သည်။ များသောအားဖြင့် မိမိကိုယ်မိမိ ဥပမာပြု၍ သွန်သင်နိုင်ပေသည်။
မိမိကိုယ်မိမိ ဥပမာထားခြင်းသည် အခြားသူများကို လမ်းညွှန်ရာ၌ အရေး ကြီးဆုံးသောနည်းလမ်းဖြစ် ကြောင်း သင်၏စိတ်တွင် ဖြစ်ပေါ်ဖူးပါသလား။ ရှေးဦး ခရစ်ယာန်များသည် သူ့အား စံနမူနာအဖြစ် ကြည့်ခဲ့ကြ ကြောင်းကို ပေါလု သိရှိခဲ့ သည်။ ထိုကြောင့် ပေါလုက ယုံကြည်သူတိုအား သူသည် ယေရှု၏နမူနာအတိုင်း လိုက် လျှောက်သကဲ့သို သူ၏နမူနာအတိုင်း လိုက်လျှောက်ကြရန် ပြောဆိုခဲ့သည် ( ၁ကော၊၁၁:၁)။ အတိုင်ပင်ခံပုဂ္ဂိုလ် အနေဖြင့် မိမိ၏အပြုအမူများသည် မိမိ၏စကား လုံးများထက် ထိရောက်မှုရှိကြောင်းကို သိရှိရမည်ဖြစ်သည်။
ဤသိုဖြင့် ဧလိဟု၏နောက်ဆုံးနည်းလမ်းသို ရောက်ရှိလာကြပါသည်။
ဧလိဟုသည် ယောဘအား ဘုရားသခင်ထံ ညွှန်ပြခဲ့သည် ။
အခန်းကြီး၊၃၄ မှ အစပြု၍ ဧလိဟုသည် ယောဘအား ဘုရားသခင် မည်သူဖြစ်တော်မူကြောင်း ပြသ၍ အမိန့်နာခံမှုရှိရန် တောင်းဆိုခဲ့သည်။ ဧလိဟု သည် ယောဘပြောဆိုသမျှကို နားထောင်ပြီး ယောဘနှင့် မိတ်ဆွေဖွဲ့ ပြီးနောက်မှ ဆွေးနွေးလမ်းညွှန်မှု၏အဆုံးပိုင်းကျမှသာ ဤသိုပြုခြင်းကို သတိပြုပါလေ။
အခန်းကြီး(၁)တွင် ကျွန်ုပ်တိုသည် ကြီးမြတ်သောစေလွှတ်ခြင်းအကြောင်း ကို ဆွေးနွေးခဲ့ပြီဖြစ် သည်(မ၊၂၈း၁၈-၂ဝ)၊ တပည့်တော်ဖြစ်စေခြင်းသည် ခရစ်ယာရီ အတိုင်ပင်ခံပုဂ္ဂိုလ်များ အပါအဝင် ခရစ်ယာန် တိုင်း၏ရည်မှန်းချက်ဖြစ်သည်ဟု ဖော်ပြထားသည်။ ကျွန်ုပ်တိုထံလာသော ဆွေးနွေးလမ်းညွှန်မှုခံယူသူတိုအပေါ် လေးစားမှုပြုရန် သတိထားရမည်ဖြစ်ပြီး ဝမ်းမြောက်ဖွယ်သတင်းကို ၎င်းတိုအား အတင်းအကြပ် မဟောပြောဘဲ သမ္မာကျမ်း၌ “အံ့သြဖွယ်တိုင်ပင်ဖက်”ဟု ဖွဲနွဲဖော်ပြ ထားသော ယေရှုခရစ်အကြောင်းကို ပြောပြရပါမည်(ဟေရှာ၊၉း၆)။ ယေရှုသည် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုနှင့် ကျွန်ုပ်တို၏ပြဿနာများအတွက် အဖြေကို ယူဆောင် ပေးတော်မူသောအရှင် ဖြစ်ပေသည်။
ယေရှုသည် ကျွန်ုပ်တိုအား ဆွေးနွေးလမ်းညွှန်နည်းများကို သွန်သင်ပေး နိုင်သူ ဖြစ်တော်မူ၏။
ယေရှု၏ဥပမာ (The Example of Jesus)
လုကာအခန်းကြီး(၂၄)တွင် မှတ်တမ်းပြုထားသည်မှာ ဧမောက်ရွာသို သွားရာလမ်းခရီးတွင် ယေရှုသည် လူနှစ်ဦးနှင့်စကားပြောခဲ့သည့်အကြောင်း ဖြစ်သည်။ ထိုအဖြစ်သည် ယေရှုရှင်ပြန်ထမြောက်တော်မူရာ ပထမဦး ဆုံးနေ့ဖြစ် သည်။ ယေရှုသည် သေခြင်းမှရှင်ပြန်ထမြောက်တော်မူခဲ့ပြီ ဖြစ်သည်။ သို့သော် ခရီးသွားလျက်ရှိ သူနှစ်ဦးမှာ ထိုနေ့နံနက်က ဖြစ်ပေါ်ခဲ့သော စိတ်လှုပ်ရှားဖွယ်ရာ အဖြစ်အပျက်များအပေါ် ဇဝေဇဝါဖြစ် လျက်နေကြသည်။ ၎င်းတို့ လမ်းလျှောက်ရင်းစကားပြောစဉ် ယေရှုသည် အနားသို ချဉ်းကပ်ခဲ့ပြီး စိတ်ဆင်းရဲဒု က္ခရောက်နေချိန်တွင် ထိရောက်သောဆွေးနွေးလမ်းညွှန်မှု ပြုတော်မူခဲ့သည်။ ယေရှု မည်သို့ပြုတော် မူခဲ့သည်ကို သတိပြုပါ။
ယေရှုသည် ချဉ်းကပ်၍ သူ တိုနှင့်အတူ ကြွတော်မူ၏(လု၊၂၄:၁၅)
ဆွေးနွေးလမ်းညွှန်ခြင်းကို မည်သည့်အရပ်ဒေသတွင်မဆို ပြုလုပ်နိုင် သည်။ ရုံးဌာနအတွင်း၊ အိမ်၊ ဆေးရုံ၊ ဘုရားကျောင်း၊ စားသောက်ဆိုင် သိုမဟုတ် – ယေရှု ဥပမာပြခဲ့သည့်အတိုင်း လမ်းမပေါ်တွင်လည်း ပြုလုပ်နိုင်ပေသည်။
ယေရှုမည်သူဖြစ်သည်ကို ထိုသူနှစ်ဦး မမှတ်မိသည့်အချက်သည် အရေးပါသည်ဟု သင်ယူဆပါ သလား(လု၊ ၄:၁၆)။ ယေရှုသည် တစ်ခါတစ်ရံ သင်နှင့်ကျွန်ုပ် လုပ်ဆောင်ခဲ့သည်မှာ ဖြစ်နိုင်ပေသည်။ သို့သော် “သူ” ရှိနေတော်မူခြင်းကို အမြဲတစေမသိကြချေ။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘုရားသခင်နှင့်နီးကပ်စွာ လှမ်း၍ လိုအပ်နေသူတို၏အသက်တာများကို နီးကပ်စွာ ထိတွေ့သော ကာလာများဖြစ်ဖိုရန် အသင့်ရှိကြရပေမည်။
ယေရှုသည် မေးမြန်းခဲ့သည်(လု၊၂၄း၇၊၁၉)။
ယေရှုသည် သင့်လျော်သော မေးခွန်းများကိုမေးမြန်းတော်မူခဲ့သ ဆွေးနွေးလမ်းညွှန်မှုကို စတင်လုပ် ဆောင်သူများသည် မြောက်မြားစွာသော များ မေးသောအမှားကို ပြုလုပ်မိကြသည်။ ဤသိုအစပြုမိပါက ဆွေးနွေးလမ်း ခံယူသူအနေဖြင့် ကောက်ချက်နှစ်ခုချနိုင်ပေသည်။ ပထမအချက်မှာ သူ သို့မဟုတ် သူမအနေဖြင့် ဆွေးနွေးလမ်းညွှန်ခြင်းသည် အတိုင်ပင်ခံပုဂ္ဂိုလ်၏မေးခွန်း ဖြေကြားခြင်းသာဖြစ်သည်ဟု ကောက်ချက်ချ နိုင်ပေသည်။ ဒုတိယအချက်မှာ တွေ့ နွေးလမ်းညွှန်မှုခံယူသူသည် မေးခွန်းများအားလုံးကို ဖြေကြားပြီးနောက် အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ပြဿနာဖြစ်ရခြင်းအကြောင်းရင်းကို ရှာဖွေပြီး ထိုပြဿနာကို မည်သို့ ဖြေရှင်းရ မည်ကို ရှာတွေ့မည်ဖြစ်သည်။ ဤသို့ဖြစ်ခဲလှပေသည်။ တစ်ခါတစ်ရံ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် မေးခွန်းအ သစ်များမေးမြန်းရန် စဉ်းစားနေခြင်းကြောင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူ၏အဖြေများကို နားထောင်ရန် အချိန်မရဖြစ်ခဲ့ပေသည်။
ဤကဲ့သိုသော ထောင်ချောက်မျိုးအတွင်း မကျရောက်မိစေရန် မေးခွန်းများ ကို သေချာစွာ မေးမြန်းရန် အရေးကြီးပေသည်။ ဤသို ပြုနိုင်ရန် မေးခွန်းနှစ်မျိုးကို မေးမြန်းနိုင်ပါသည်။ ။
ပထမတစ်မျိုးမှာ လိုရင်းတိုရှင်း မေးခွန်းများဖြစ်သည်။ ဤမေးခွန်းမျိုးကို ဆွေးနွေးလမ်းညွှန်မှုခံယူသူ အနေဖြင့် အချိန်တိုအတွင်း ပြန်၍ အဖြေပေးနိုင်သည်။
“ခင်ဗျားနာမည် ဘာလဲ” “အိမ်ထောင်ရှိသလား” “သားသမီး ဘယ် နှစ်ယောက်လဲ” “ဝမ်းနည်းနေသလား” ယေရှုသည် ခရီးသွားရင်း တိုင်ပင်နေသူနှစ်ဦး အား မည်သည့်အရာကို တိုင်ပင်နေကြောင်း ဤကဲ့သိုသော မေးခွန်းမျိုးမေးခဲ့သည်။ သူတိုကလည်း တို၍တိကျသောအဖြေများကို ပေးခဲ့ကြသည်။
ဤမေးခွန်းမျိုးသည် တိကျသော သတင်းစကားများရရှိရန် အသုံးဝင်ပေသည်။ သို့သော် လူတို့အား ၎င်းတို၏ အခက်အခဲ ပြဿနာများကို အသေးစိတ် ဆိုရန် အားပေးမှုနည်းပါးပေသည်။ ထိုကြောင့် အတိုင်ပင် ခံပုဂ္ဂိုလ်အများစု ဒုတိယမေးခွန်း ပုံစံမျိုးဖြစ်သည့် ဖွင့်ပေါက်ရှိသည့် မေးခွန်းမျိုးကို အသုံးပြုကြ ပါသည်။
ဤကဲ့သိုသောမေးခွန်းမျိုးကို စကားလုံးအနည်းငယ်မျှနှင့် ဖြေဆိုနိုင်ရန် ခက်ခဲလှပေသည်။ ထိုမေးခွန်း မျိုးသည် ဆွေးနွေးလမ်းညွှန်မှုခံယူသူအား ပြောဆိုလာရန် လမ်းဖွင့်နှိုးဆွပေးခြင်းကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား နားထောင်နိုင်ခွင့်ရစေ သည်။ “မည်သည့်အရာအတွက် ကြောင့်ကြမှုရှိနေသလဲ” “ဘာဖြစ်လို ဝမ်းနည်းနေရ သလဲ” “အိမ်ထောင်ရေး သာယာပျော်ရွှင်မှုမရှိဘူးလို ပြောတဲ့အခါ ဘာကိုဆိုလို” “စိတ်ဓာတ်ကျစေ တဲ့အရာတွေကို ပြောပြပါ” “မည်သည့် အချိန်ကစပြီး ရှိ အရက်သောက်ခဲ့သလဲ”ဟူ၍ မေးမြန်းနိုင်ပေသည်။
ဧမောက်ရွာသိုသွားရာလမ်းတွင် လူနှစ်ဦးက ယေရှုအား “ဖြစ်ပျက်ခဲ့သော အရာများ” အကြောင်း သိပါသလားဟု မေးကြရာ၊ ယေရှုက “အဘယ်အရာများ နည်း”ဟု ပြန်၍ မေးတော်မူခဲ့သည်(လု၊၂၄:၁၉)။ ထိုမေးခွန်းမှာ ဖွင့်ပေါက်ရှိသည့် မေးခွန်းဖြစ်ခြင်းကြောင့် ထိုသူနှစ်ဦးအား ၎င်းတို၏စိုးရိမ်မှုများကို ဖွင့်ပြောစေ ခဲ့သည်။
ယေရှုနားထောင်တော်မူခဲ့သည်
ဤအချက်ကို သမ္မာကျမ်း၌ တိတိကျကျ ဖော်ပြထားခြင်းမရှိပေ။ သိုသော် ယေရုရှလင်မြိုမှ ခရီးရှည်လမ်းလျှောက်သွားနေစဉ် ယေရှုသည် စကားများများ ပြော တော်မမူဟု ဆိုလိုပေသည်။
ကျွန်ုပ်တိုသိမြင်ခဲ့သည်အတိုင်း သေချာစွာ နားထောင်သည်ဆိုရာ၌ အာရုံ စူးစိုက်မှု ပါရှိပေသည်။ ကောင်းသောအတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွေးနွေးလမ်းညွှန်မှု ခံယူသူ၏အသံနေ အသံထား၊ အတိုးအကျယ် ပြောင်းလဲမှု(ဤအရာများသည် စိတ်နှလုံး မငြိမ်သက်မှုကို ညွှန်ပြနိုင်သည်)
သိုမဟုတ် စကားပြောနေသည့် ခေါင်းစဉ်အပြောင်းအလဲများကို ကြည့်ရှု – မှတ်သားခြင်းဖြင့် များစွာသိရှိနိုင်မည်ဖြစ်သည်။ မျက်ရည်ကျခြင်း(သို့) မျက်ရည်စမ်းစမ်းဖြစ်ခြင်း၊ သက်ပြင်းချခြင်း၊ ကိုယ်အနေအထားပြောင်းလဲခြင်း သိုမဟုတ် အသက်ရှုပုံပြောင်းလဲခြင်းအစရှိသော အချက်အားလုံးသည် ထိုသူ၏ စိတ်လှုပ်ရှားမှု ဆိုင်ရာအရေးကြီးသောကိစ္စများနှင့် ထိတွေ့ရင်ဆိုင်နေရကြောင်းပြသသည့် သဲလွန်စ များဖြစ်သည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် နှုတ်အားဖြင့် မဟုတ်ဘဲ၊ ကိုယ်အမူ များဖြင့် မည်ကဲ့သို ဆက်သွယ်နေကြောင်းကို သင့်ကိုယ် သင် အဆက်မပြတ် နပါ၊ လု၊၂၄:၁၇ တွင် ပါရှိသည်မှာ လူနှစ်ဦး၏ မျက်နှာသည် ဝမ်းနည်း အရာများ ပြသနေသည်ဟူသောအချက်ကို သတိပြုပါ။ ကောင်းသော ပင်ခံပုဂ္ဂိုလ်သည် ဤအချက်ကို သတိပြုမိမည်ဖြစ်သည်။
ဤအချက်တွင် ကျွန်ုပ်တိုသည် အဘယ့်ကြောင့် သေချာစွာနားထောင် ကြည့်ရှု မှတ်သားကြပါသနည်း။ ကျွန်ုပ်တိုအနေဖြင့် မည်သိုသောပြဿနာဖြစ်သည် ကို မေးမြန်းပြီး အဖြေရရှိအောင် အဘယ်ကြောင့် မလုပ် ဆောင်နိုင်ကြသနည်း။ ဆွေးနွေးလမ်းညွှန်မှုခံယူသူတိုင်းသည် ပြဿနာအစစ်အမှန်မှာ မည်သည့်အရာဖြစ် ကြောင်းကို သိရှိနားလည်ခြင်း သိုမဟုတ် ၎င်းတိုသည် ၎င်းတို၏ပြဿနာကို စိတ်ပါ စွာဖြင့် ဝေငှနိုင်ပါက အထက်ဖော်ပြပါအတိုင်း ပြုလုပ်နိုင်ခြင်းသည် အကောင်းဆုံးဖြစ်ပေမည်။ သိုသော် ဤကဲ့သို အစဉ်မဖြစ်ချေ။ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးလမ်းညွှန်မှု ခံယူသူနှစ်ဦး စလုံးသည် ပြဿနာဖြစ်ပေါ်ရသည့်အကြောင်း ရင်းကို အတူတကွ ရှာဖွေကြရမည်ဖြစ်သည်။ ဤသို ပြုခဲ့သော်လည်း ရှင်းလင်းမှု မရှိခဲ့ပါက အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွေးနွေးလမ်းညွှန်သူပြောသမျှကို သေချာစွာ နားထောင်ခြင်းနှင့် ထိုသူအား နီးကပ်စွာ လေ့လာခြင်းဖြင့် အသုံးဝင်မည့် သတင်း အချက်အလက်များကို ရရှိနိုင်မည်ဖြစ်သည်။
အလုံးစုံကို သိတော်မူသော ယေရှုသည် သတင်းအချက်အလက်များ နားထောင်ရန်မလိုကြောင်း သင်တွေးတောမိပါသလား။ ယေရှုအနေဖြင့် ပြဿနာ သည် အဘယ်အရာဖြစ်သည်ကို သိတော်မူသော်လည်း နားထောင်တော်မူခဲ့သည်။ နားထောင်ခြင်းသည် အရေးကြီးသကဲ့သို ဆွေးနွေးလမ်းညွှန်မှုခံယူသူများအနေဖြင့် အကျိုးအကြောင်းစုံပြောပြရန် အရေးကြီးကြောင်းကို ယေရှု သိတော်မူသည်။
ယေရှနှစ်သက်၍ လက်ခံတော်မူခဲ့သည် ။
ထိုသူနှစ်ဦးသည် မှားယွင်းသော အယူအဆများဖြင့် အဆုံးသတ်ခဲ့ကြ ကြောင်း ယေရှုသိတော်မူ သော်လည်း ၎င်းတိုအား မှားသည်ဟု ပြစ်တင်ရှုတ်ချတော် မူခြင်း မပြုခဲ့ပေ။ ယေရှုသည် ၎င်းတို၏မှား ယွင်းသော အယူအဆများရှိကြသည့် တိုင် တန်ဖိုးရှိသောသူများအဖြစ် လက်ခံတော်မူခဲ့သည်။ ခရစ်တော်၏ နောက်တော့ လိုက်သူများအဖြစ် ကျွန်ုပ်တိုသည်လည်း လွဲမှားခြင်းနှင့် အပြစ်ကို ခွင့်လွှတ်ခြင်း မရှိနိုင်သော်လည်း အပြစ်ပြုသူအား လက်ခံကြရန် တာဝန်ရှိကြပေသည်။
ယေရှု ထိပ်တိုက်ရင်ဆိုင်ခဲ့ သည်(လု၊၂၄:၂၅-၂၆)
ဧလိဟုသည် ယောဘအား ထိပ်တိုက်ရင်ဆိုင်ခဲ့သည်နည်းတူ ဘုရားသ ကလည်း ထိုသူနှစ်ဦးအား မှားယွင်းသော နိဂုံးချုပ်မှုများ ပြုလုပ်ခဲ့ကြောင်း ကို ခဲ့သည်။ ၎င်းတိုအနေဖြင့် သမ္မာကျမ်းတွင် ရှင်းလင်းစွာ ဖော်ပြထားသည်ကို နားမလည်ခဲ့၍ ယေရှုက ၎င်းတို့၏အတွေးအခေါ်များသည် ၎င်းတို၏စိတ်ထဲ၌ မည်သို ရှုပ်ထွေးမှုများ ဖန်တီးခဲ့ကြောင်း ပြသတော်မူခဲ့သည်။
ထိပ်တိုက်ရင်ဆိုင်ခြင်းသည် အတိုင်ပင်ခံပုဂ္ဂိုလ် တုံပြန်နိုင်သည့် တစ်ခု တည်းသော နည်းလမ်း မဟုတ်ပေ။ နားလည်ခြင်းရှိသော တုံပြန်ခြင်းကို အတိုင်ပင် ခံပုဂ္ဂိုလ်သည် မိမိနားလည်ကြောင်းနှင့် ကိုယ်ချင်း စာကြောင်းကို ဖော်ပြလိုရာတွင် အသုံးပြုခဲ့ကြသည်။ သိလိုသည်များ မေးမြန်းခြင်းဖြင့် တုံပြန်ခြင်းများအတွက် ထပ်မံ၍ လိုအပ်သော သတင်းအချက်အလက်များ သိုမဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ် – အနေဖြင့် ထပ်မံဆွေးနွေးခြင်းများ ပြုလုပ်လိုသည့်အခါများတွင် အသုံးပြုပေသည်။ “ အပြုသဘောဆောင်ခြင်းဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွေးနွေးလမ်းညွှန်မှုခံယူသူအား ပြန်လည်အာမခံပေးခြင်း သိုမဟုတ် အားပေးအား မြှောက်ရန် အားထုတ်စေ သည်။ အဓိပ္ပါယ်ဖွင့်ဆိုသည့် တုံပြန်ခြင်းမျိုးကို ဆွေးနွေးလမ်းညွှန်မှုခံယူသူအား မည်သို ဖြစ်ပျက်နေသည်ကို သင်ပြရာတွင် အသုံးပြုပြီး ဝေဖန်သုံးသပ်သည့် တုံပြန်ခြင်းသည် အတိုင်ပင်ခံပုဂ္ဂိုလ်အ နေဖြင့် ကောင်းမြတ်ခြင်း၊ ဖြောင့်မှန်ခြင်း၊ အတွေးတစ်ခု သိုမဟုတ် လှုပ်ရှားမှု၏မှန်ကန်ခြင်းအပေါ် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ ယူဆချက်ကို ညွှန်ပြခြင်းဖြစ်ပေသည်။ လှုပ်ရှားမှုဆိုင်ရာ တုံပြန်မှုများအားဖြင့် ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဆွေးနွေးလမ်းညွှန်မှုခံယူသူကို အားပေး အားမြှောက်ပြုခြင်း သို့မဟုတ် နှိးဆွမှုပြုကာ၊ လှုပ်ရှားမှုတစ်ခုခုပြုရန် ကြိုးစားစေခြင်းမျိုးဖြစ်သည်။ ၂ ဇယား၊၃.၁ တွင် ဤတုံပြန်မှုတစ်မျိုးစီအတွက် ဥပမာများကို ဖော်ပြထားပေသည်။
ယေရှုဆုံးမသွန်သင်ခဲ့သည်(လုကာ၊၂၄:၂၇)
ဧမောက်သို သွားရာလမ်းပေါ်၌ ခရီးပြုနေသော လူနှစ်ဦး၏ဝိညာဉ်ရေးရာ အတွေးအခေါ်အချို ပြောင်းလဲမှုများ လိုအပ်နေခြင်းကြောင့် ယေရှုက ၎င်းတိုအား က် သွန်သင်ပေးတော်မူခဲ့သည်။ ကျွန်ုပ်တိုတွေ့ မြင်ခဲ့သည့်အတိုင်း ဆုံးမသွန်သင်ခြင်းသည် ဆွေးနွေးလမ်းညွှန်ခြင်းအတွက် အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သည်။
သို့သော် တစ်ခါတစ်ရံ လူတိုသည် လွန်စွာပင် စိတ်လှုပ်ရှားနေခြင်းကြောင့် ၊ ၎င်းတိုအား ဝိညာဉ်ရေးရာ သင်ကြားမှုများကို နားလည်ရန် သိုမဟုတ် အသုံးချခြင်း ဆင် မပြုနိုင်ကြချေ။ ထိုသူများသည် သမ္မာကျမ်း၏ အမှန်တရားများကို စတင်ခံယူနိုင်ရန် ပြီး ဆုတောင်းခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏နှစ်သိမ့်ခြင်းနှင့် ခရစ်ယာန်တို၏ ကို ချစ်ခြင်းမေတ္တာကို ကိုယ်တိုင်တွေ့ကြုံခံစားခြင်းတို လိုအပ်ပေသည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များ၏ အကြီးမားဆုံးသော အားနည်းချက် နှစ်ခုမှာ ဝိညာဉ်ရေးဆိုင်ရာ အရင်းအမြစ်များကို အနည်းငယ်သာ အသုံးပြုခြင်းကြောင့်ဖြစ်သည်။ အချိုသော ခရစ်ယာန်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် မိမိတိုထံသို့ ရောက်ရှိလာသော ဆွေးနွေးလမ်းညွှန်မှု ခံယူသူတိုနှင့် မည်သည့်အခါမျှ ဆုတောင်း ခြင်းနှင့် သမ္မာကျမ်းဖတ်ရှုရန် လိုအပ်ကြောင်းကို ရည်ညွှန်းခြင်းမပြုခဲ့ကြပေ။ ဤ အချက်နှင့်ကွဲပြားခြားနား၍ ဆွေးနွေးလမ်းညွှန်မှု အောင်မြင်ရန် သမ္မာကျမ်းဖတ် ခြင်း သိုမဟုတ် ဆုတောင်းခြင်းကိုသာ လိုအပ်သည်ဟု ကောက်ချက်ချသူများ လည်းရှိပေသည်။ တစ်ခါတစ်ရံ ဤသို ပြုခြင်းကိုသာ လိုအပ်ပေသည်။ သိုသော် ဤကဲ့သို ချဉ်းကပ်သောနည်းသည် အချိုကိစ္စ၌ အောင်မြင်မှုမရရှိသည့်အပြင် စိတ် အနှောင့်အယှက်လည်း ဖြစ်စေသည်။ အထူးသဖြင့် သမ္မာကျမ်း၏သွန်သင်ခြင်းများ ကို စိတ်ပါစွာ နာခံလိုမှုမရှိသော ဆွေးနွေးလမ်းညွှန်မှုခံ ယူသူများ၌ ဖြစ်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်များ ရှောင်ရှားရမည့် နောက်တစ်ချက်မှာ ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်း သည် အရာအားလုံးကို ချက်ချင်းအကောင်းဘက်သို ပြောင်းလဲစေနိုင် သည့်နည်းလမ်းဖြစ်သည် ဟူသော သဘောကို ဆောင်စေခြင်းပင်ဖြစ်သည်။
ဆွေးနွေးလမ်းညွှန်မှုခံယူသူအား မည်သည့်အချိန်တွင် ဆုတောင်းရမည် သွန်သင်ခြင်းခံရမည် သိုမဟုတ် သမ္မာကျမ်းကို ဖတ်ပြရမည်ဟူသော တိကျတင်းမာ သော ဥပဒေသများ မရှိနိုင်ချေ။ ဤကိစ္စများ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် လမ်းညွှန်ပေးတော်မူသည်။ ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ဆွေးနွေး လမ်းညွှန်ခြင်း ၏အစ သိုမဟုတ် အဆုံးတွင် အသံထွက်၍ ဆုတောင်းကြပြီး တစ်ခါ တစ်ရံ အခြားအချိန်များတွင် ဆုတောင်းခြင်းကိုလည်း ပြုကြသည်။ သင့်လျော်သည် ဟုထင်ခဲ့လျှင် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြောဆိုရန် တွေ့ဆုံနေစဉ်အချိန်အတွင်း ကျမ်းတစ်ပုဒ်ကိုလည်း ဖတ်လိုစိတ်ရှိမည်ဖြစ်သည်။ ဇယား၃.၂ တွင် အသုံးဝင်သော ကျမ်းညွှန်းအချိုရှိပေသည်။
ခရစ်ယာန်အတိုင်ပင်ခံတိုအား နေ့စဉ် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်းခြင်း နှင့် ငြိမ်ဝပ်စွာ ဘုရားသခင်နှင့်အချိန်ယူရန် တိုက်တွန်းနှိးဆော်သင့်ပေသည်။ ဘုရား ဝတ်ပြုခြင်းဆိုင်ရာစာပေကို ဖတ်ရှုခြင်းသည်လည်း အထောက်အမဖြစ်စေသည်။
ဆွေးနွေးလမ်းညွှန်ရာတွင် အသုံးပြုရန် ဝိညာဉ်ရေးရာ အရင်းအမြစ်များ အသုံးပြုရသည့် အတိုင်းအ တာသည် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဆွေးနွေးလမ်းညွှန်မှုခံယူသူနှင်ပြသာနာပေါ်တွင်မူတည်ပေသည်။ ဆုတောင်းခြင်း မရှိသော အတိုင်ပင်ခံသည် ဆွေးနွေးလမ်းညွှန်မှု အစီအစဉ်အတွင်း ဆုတောင်းပတ္ထနာပြုချိန်၌ ။ နေရာမကျ၊ မသက်မသာဖြစ်ခြင်းခံစားရမည်မှာ သေချာပေသည်။ ခရစ်ယာန် အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို သေချာစွာ “မ်းတဝင်ဖြစ်ရန် လိုအပ်ပေသည် (၂တိ ၂:၁၅)။ သို့မဟုတ်လျှင် သမ္မာကျမ်း ကို အသုံးပြုရာတွင် အောင်မြင်မှုရနိုင်မည် မဟုတ်ချေ။
အချို့သော ဆွေးနွေးလမ်းညွှန်မှု ခံယူသူများအတွက် ဆုတောင်းခြင်းနှင့် သမှာ ကျမ်းဖတ်ခြင်းသည် ခွန်အားရစရာ အာမခံချက်ရရာဖြစ်သည်။ အခြားသူများ အတွက်မူ နေထိုင်ရခက်သည့်အရာဖြစ်ပေမည်။ ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးစံများ ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ထိုကြောင့် အတိုင်ပင် ခံပုဂ္ဂိုလ်အနေ ဖြင့် ဤဓလေ့ထုံးစံများကို အသုံးပြုမည်မပြုမည်၊ ဘယ်အချိန်တွင် အဘယ်ကဲ့သို အသုံးပြုမည် ကို ဆုံးဖြတ်ရန် သေချာစွာ ဝေဖန်သုံးသပ်ရမည်ဖြစ်သည်။
သဘောတစ်ခုအနေဖြင့် ဤအရာသည် ဆွေးနွေးလမ်းညွှန်မှုခံယူသူ၏ ပြဿနာပေါ်တွင် မူတည်နိုင်ပေ သည်။ ဝမ်းနည်းကြေကွဲနေသော မုဆိုးမသည် ဝိညာဉ်ရေးရာ အရင်းအမြစ်များအပေါ် မှီခိုခြင်းဖြင့် များစွာသော နှစ်သိမ့်မှုကိုရနိုင်ပေ သည်။ သိုသော် စာမေးပွဲများ ကျရှုးနေသော ကောလိပ်ကျောင်းသားတစ်ဦးအနေဖြင့် ဆုတောင်းချက်နှင့် သူ၏စာကျက်ပုံစာကျက်နည်းကိုကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရန် လိုအပ်မည်ဖြစ်သည်။
ဤအရာအားလုံးတွင် သတိပြုရမည်မှာ ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်သည် မယုံကြည်သူများနှင့် ကွဲပြားခြားနားခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် “ခရစ်ယာန်အနေဖြင့် လူနှင့်စကြဝဠာအပေါ် လောကီသား များနှင့် ကွဲလွဲသော အယူ များရှိကြသည်။ ခရစ်ယာန်တိုအနေဖြင့် ဘုရားသခင် အသက်ရှင်လျက်ရှိနေကြောင်း၊ လူသားများ တစ်ဦးချင်းအပေါ် ကိုယ်တော်တိုင် စိတ်ဝင်စားမှုရှိ ကြောင်း၊ ကျွန်ုပ်တို၏ ဆုတောင်းသံများ နားညောင်းကြောင်း၊ မိမိ၏ တန်ခိုးတော် က သ ကြဝဠာတစ်ခုလုံးကို တစ်လုံးတစ်ဝတည်း ချုပ်ကိုင် ထားကြောင်းကို (ဟေဗြဲ၊၁:၁-၃)။ ခရစ်ယာန်များအနေဖြင့် စစ်မှန်သော ဝမ်းမြောက်ခြင်း နှင့်ငြိမ်သက်ခြင်းကို ခရစ်တော်အား ယုံကြည်မှသာလျှင် ရရှိမည်ဖြစ်ကြောင်း ခံယူထားကြသည်။ ၎င်းအပြင် ခရစ်ယာန်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စိတ်ပိုင်းဆိုင်ရာ ဝေဒနာကုသရန် သန့်ရှင်းသောဝိညာဉ်တော်က အသုံးပြုတော်မူသည့် တန်ဆာ ပလာသာဖြစ်ကြောင်း လက်ခံယုံကြည်သည်။
ယေရှုသည် ပါဝင်ပတ်သက်ရန် စွန့်စားတော်မူခဲ့သည်(လု၊ ၂၄:၂၈၊၂၉)
ဧမောက်ရွာသို ခရီးနှင်ခဲ့ပြီးနောက်၊ ထိုသူနှစ်ဦးက ယေရှုအား ၎င်းတို့နှင့် အတူ တည်းခိုရန် ဖိတ်ခေါ်ခဲ့ရာ ယေရှုလက်ခံတော်မူခဲ့သည်။
“ပါဝင်ပတ်သက်ရန် စွန့်စားခဲ့သည်”ဟူသော စကားစုသည် သင့်ကို အံ့သြ ၊ စေခဲ့ပါသလား။ ကျွန်ုပ်တို့ သည် ဆွေးနွေးလမ်းညွှန်မှုခံယူသူတို၏အသက်တာတွင် ပါဝင်ပတ်သက်လာသောအခါ တစ်ခါတစ်ရံ ကျွန်ုပ်တို၏အင်အားများ ကုန်ခန်းလျော့နည်း သွားကြောင်း တွေ့ရှိမည်ဖြစ်သည်။ လိုအပ်နေသူများ၏ အသက်တာအတွင်း နက်ရှိင်း စွာ ပါဝင်ပတ်သက်ရန်မှာ လွယ်ကူသည့်အရာမဟုတ်ပေ။ ကျွန်ုပ်တိုအတွက် အဆင်မပြေမှု များဖြစ်လာနိုင်သည်။ အန္တရာယ်ရှိပေသည်။ သိုသော် ကျွန်ုပ်တိုကို ကူညီရန် ယေရှု ရှိပြီ အဆင်သင့်ရှိတော်မူပေသည်။ ယေရှုသည်လည်း ထိုကဲ့သို ပြုတော်မူခဲ့ပေသည်။ ပေး
သမ္မာကျမ်းဖော်ပြချက်အရ ထိုသူသုံးဦးသည် အစာစားရန် ထိုင်သောအခါ ယေရှုက မုန့်ကိုယူ၍ ဖဲ့တော်မူခဲ့သည်။ ထိုအချိန်တွင် ကျန်လူနှစ်ဦးသည် ယေရှု မည်သူဖြစ်ကြောင်းကို သိရှိလာကြသည်။ ယေရှု အဘယ်အရာပြုခဲ့သည်ကို သတိပြု တွ ပါလေ။ ယေရှုသည် ပျောက်ကွယ်သွားတော်မူခဲ့သည်။
ဤသိုဖြစ်ခြင်းသည် ဆွေးနွေးလမ်းညွှန်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ပါ သလား။ အကယ်စင်စစ် ကျွန်ုပ်တို လူသားများအနေဖြင့် ပျောက်ကွယ်သွားခြင်း မရှိနိုင်ပေ။ ထိုသူနှစ်ဦးအား ယေရှုပြုတော်မူသကဲ့သို လုပ်ဆောင်နိုင်ကြပေသည်။ ယေရှုသည် လွတ်လပ်မှုရှိခြင်းကို အားပေးတော်မူခဲ့သည် (လု၊၂၄:၃၁)
ထိုသူနှစ်ဦးတိုသည် အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် မှီခိုရန် မလိုအပ်တော့ချေ။ ၎င်းတို သိရှိခဲ့သည့်အရာအပေါ် အခြေခံ၍ လှုပ်ရှားမှုတစ်ခုကို စတင်နိုင်ကြပြီဖြစ် သည်။ ထိုသူနှစ်ဦးသည် စားပွဲမှ လျင်မြန်စွာထ၍ ခရစ်ယာန်ညီ အစ်ကိုမောင်နှမများ ရှိရာ ယေရုရှလင်မြိုသို အမြန်ပြန်သွားကြပြီး မိမိတိုတွေ့ကြုံရသည့် အဖြစ်အပျက် လ များအားလုံးကို ဝေငှကြသည်။
ထိုသူနှစ်ဦးသည် ယေရှုနှင့် မည်မျှအကျွမ်းဝင်သည်ကို ကျွန်ုပ်တိုမသိပေ။ သူတိုသည် ကျွန်ုပ်တိုကဲ့သိုပင် ယေရှုသည် ၎င်း၏ဆွေးနွေးလမ်းညွှန်ရာ၌ နည်းလမ်း အမျိုးမျိုး အသုံးပြုတော်မူခဲ့ကြောင်းကို သိမြင်ကြမည် ဖြစ်သည်။
အခန်းကြီး(၁)တွင် ကျွန်ုပ်တို တွေ့မြင်ခဲ့ရပြီးသည့်အတိုင်း ယေရှုသည် မြင်နားလည်ခြင်းနှင့် သီဩလိုဂျီ ရှုထောင့်မှလည်းကောင်း၊ ဆွေးနွေးပြောဆိုညှိနှိင်း ခြင်းဖြင့် နိကောဒင်အား ကူညီတော်မူခဲ့သည်။ ရှမာရိပြည် ရေတွင်း၌တွေ့သော အမျိုးသမီးအား ယေရှုသည် ကိုယ်ကျင့်တရားဆိုင်ရာပြောပြခဲ့ပြီး ဥပမာတစ်ခုကို အသုံးပြု ကာ သင်ကြားတော်မူခဲ့သည်။ မှားယွင်းမှုကိုပြုနေစဉ်အတွင်း ဖမ်းမိခဲ့သော အမျိုးသမီးအား နောက်ထပ် အပြစ် မပြုရန် ယေရှု ညွှန်ကြား၍ ခွင့်လွှတ်တော်မူခဲ့ သည်။ ကလေးငယ်များအပေါ် ယေရှုသည် ညင်သာသိမ်မွေ့တော် မူခဲ့ပြီး အားပေး အားမြှောက်ပြုတော်မူခဲ့သည်။
ယေရှုသည် မိမိနှင့်တွေ့ဆုံခဲ့သူတစ်ဦးချင်းအပေါ် ခြားနားသော ချဉ်းကပ် နည်းများ အသုံးပြုတော်မူ ခဲ့ဟန်တူသည်။ လူတိုသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားမှု ရှိပြီး လူတစ်ဦးချင်းသည် သီးခြားဖြစ်သည့် ချဉ်းကပ်မှု အပေါ် တုံပြန်ကြကြောင်း ယေရှု သိတော်မူပေသည်။ လူတစ်ဦးစီ သိုမဟုတ် ယဉ်ကျေးမှုဆိုင်ရာ လူမျိုးစုတိုင်း တိုအပေါ် အသုံးချနိုင်သည့် ပုံသေဆွေးနွေးလမ်းညွှန်ရန် နည်းလမ်းမရှိပေ။
လူသည် တစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားမှုများစွာရှိပါသည်။ ထိုသိုဆိုရာ တွင် စိတ်ဓာတ်ကျစေရန် မဆိုလိုပေ။ ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် လူတစ်ဦးအပေါ် အာရုံစူးစိုက်မှုထားရှိပြီး အကူအညီလာ ရောက်တောင်းခံသူတို၏ လိုအင်များကို ဖြည့်ဆည်းနိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြခြင်းအပေါ် ယုံကြည်အားထားမှုရှိကြရပေမည်။
အခန်းကြီး(၁)အစတွင် ဖော်ပြခဲ့သော သင်းအုပ်ဆရာသည် ဤအကြောင်း ကို သိပေသည်။ ဘုရားသ ခင်၏ အကူအညီဖြင့် သင်းအုပ်ဆရာသည် မိမိကိုယ်မိမိ – သတ်သေခဲ့သော အမျိုးသမီး၏ခင်ပွန်း၊ လူပရိသတ် နှင့် မိမိကိုယ်မိမိ သတ်သေရန် ကြံရွယ်နေသည့် လူငယ်တိုအား ကွဲပြားခြားနားသောနည်းလမ်းများဖြင့် တုံပြန်ခဲ့ သည်။
သင်ဆွေးနွေးလမ်းညွှန်နေစဉ်အတွင်း ဘုရားသခင်သည် သင့်အား လမ်းညွှန်မှုပေးနိုင်ပေသည်။ ဤသင် ခန်းစာတွင် ဖော်ပြထားသည့် နည်းလမ်းများ သည် သင်၏အသင်းတော်နှင့်ပတ်ဝန်းကျင်ရှိ လိုအပ်နေသူများကို လက်လှမ်း ကူညီမှုပေးရာတွင် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ရပေသည်။
ဇယား ၃.၁
အကြံပြုရာတွင် တုံပြန်ရမည့် ပုံစံအမျိုးအစားများ
နားလည်ပေးခြင်း – ဒါဟာ ခင်ဗျားအတွက် သိပ်ခက်ခဲမှာပဲ။
တစ်နည်းပြောရလျှင်၊ သင်ခံစားနေရသည်မှာ ယခုထိ သင်ပြောခဲ့သမျှမှာ…
ဒီအတွေ့အကြုံတွေဟာ အလွန်ခက်ခဲလှပါတယ်..
ထိုးနှက်စမ်းကြည့်ခြင်း – ဤအကြောင်းကို ကျွန်ုပ်အား ပိုမိုပြောပြပါအုံး။
ဤသိုဖြစ်ခြင်းအပေါ်သင့်မယား မည်သိုတုံပြန်သနည်း။
နောက်ထပ် ဘာဖြစ်သေးသလဲ။ ငါ သိပ်နားမလည်ဘူး။
ထောက်ခံသော – လူအများ ဤကဲ့သို ခံစားခဲ့ရသည်။
ဤအရာမျိုးကို ဘုရားသခင် ဂရုထားတော်မူသည်။
…သောအခါ အားလုံးကောင်းလာမှာပါ
… သောအခါ သူတို နားလည်မှာ သေချာပါတယ်။
အဓိပ္ပါယ်ကောက်ယူ၍ရသော – ဖြစ်နေဟန်တူသည်မှာ
ဤအရာသည် သင့်အား စိတ်မလုံမလဲဖြစ်စေသည်။
သင် … အပေါ် အလွန်ပင် အားကိုးလွန်းသည်။
သင်ဆိုလိုသည်ဟု ယူဆရသည်မှာ …
တန်ဖိုးဖြတ်သော – ဒါမှန်တာပေါ့ ဒီအကြံကောင်းတယ်။
သမ္မာကျမ်းက ဤအရာသည်အပြစ်ဟု ဖော်ပြထားသည်။
ဒီလိုဖြစ်နိုင်မှာ မဟုတ်ဘူး
ငါ့သဘောကတော့ သင် နောက်တစ်ခု လုပ်သင့်တယ်”
လှုပ်ရှားခြင်း – သင့်အား ငါအကြံပြုလိုသည်မှာ
သင် ဘာကြောင့် …၊
သင် နောက်အပတ် ပြန်မလာမီ သင်… ပြုသင့်သည်
ဇယား ၃.၂
သွန်သင်အကြံပြုမှုတွင် အသုံးဝင်သော ကျမ်းညွှန်းများ
လိုအပ်ချက် (သို့) ပြဿနာ သမ္မာကျမ်းညွှန်းများ
စိုးရိမ်ကြောင့်ကြခြင်းနှင့်စိတ်ဒုက္ခ ဆာ၊၄၃:၅။ ၄၆:၁-၂၊၉၊၁၁။ သု၊၃:၅-၆။
မ၊၆:၃၁-၃၂။ ဖိ၊၄:၆-၇။ ၁ပေ၊၅း၆-၇။
အမျက်ဒေါသ ဆာ၊၃၇း၈။ ကော၊၃း၈။ ယာ၊၁း၁၉။
နှစ်သိမ့်အားပေးမှု ဆာ၊ ၂၃:၄။ မြည်၊၃:၂၂-၂၃။ မ၊၅:၄။ ၁၁:၂၈၊၃ဝ။
ယော၊၁၄:၁၆၊၁၈။ ရော၊၈း၂၈။ ၂ကော၊၁၃၊၄။ ၂သက်၊၂:၁၆-၁၇။
ရဲရင့်ခြင်း ယောရှု၊၁၇-၉။ ဆာ၊၂၇:၃၊ ၃၁:၂၄။ သု၊၃:၂၆၊ ၁၄:၂၆။ မ၊၂၈၂၀။
၂ကော၊၅:၆။ ဧ၊၃:၁၁၊၁၇။ ဖိ၊၄:၁၃။ ၂တိ၊၁၈-၉။
သေခြင်းနှင့်ရင်ဆိုင်ရခြင်း ဆာ၊ ၂၃:၄၊ ၁၁၆:၁၅။ ယော၊၁၄:၁.၆။ ရော၊၁၄၈။
၁သက်၊၅း၉-၁ဝ။ ၂တိ၊၄၇-၈။ ဗျာ၊၂၁:၄။
စိတ်ပျက်အားလျော့ခြင်း ယောရှု၊၁၉။ တေ၊၂၇:၁၄၊ ၃၄:၄၈၊၁၇၊၁၉၊ ၄၃:၅၊ ၅၅:၂၂။
မ၊၁၁:၂၈၊၃၀။ ယော၊၁၄၁၊ ၂၇၊ ၁၆:၃၃။ ၂ကော၊၄:၈-၉။ ဟေဗြဲ၊၄:၁၆။
ယုံမှားသံသယများ ၊ ဆာ၊၃၇:၅။ သု၊၃:၅-၆။ယော ၇း၁၇၊ ၂၀:၂၄၊၃၀။ ဟေဗြဲ၊၁၁.၆။
ငြူစူခြင်း ဆာ၊၃၇း၁၇။ သု၊၂၃:၁၇။ ရော၊၁၃:၁၃။ ကော၊၅:၂၆။
ယုံကြည်ခြင်း ရော၊၄:၃၊ ၁ဝ၁၇။ ဧ၊၂း၈-၉။ ဟေဗြဲ၊၁၁၆။ ယာ၊၁:၃။
ကြောက်ရွံခြင်း ဆာ၊၂၇း၁၁၊၈၊၁၄၊ ၄၆း၁၊ ၅၆း၁၁။ ဟေရှာ၊ ၄၃:၁၊ ၅၁း၁၂။
ယော၊၁၄:၂၇။ ရော၊၈း၃၁။ ၁ယော၊၄:၁၈။
အပြစ်ပြုသည့်အတွက် ခွင့်လွှတ်မှုရရှိခြင်း ဆာ၊၃၂း၅၊ ၅၁း၁၊၁၉။ သု ၂၈း၁၃။ ဟေရှာ၊ ၅၅း၇။ ၁ယော၊၁း၉။
ယာ၊၅း၁၅-၁၆။
သူတစ်ပါးကိုအပြစ်လွှတ်ခြင်း မ၊၅:၄၄၊ ၆း၁၄။ မာ၊၁၁:၂၅။ လု၊၁၇-၃၄။ ဧ၊၄:၃၂။ ကော၊၃း၁၃။
ပူဆွေးသောကရောက်ခြင်း ဆာ၊၂၃:၄။ မ၊၅:၄၊ ၁၁:၂၈၊၃ဝ။ ယော၊၁၄ ၁၆၊၁၈၊ ၁၆:၂၂။ ဖိ၊၁:၂၁။
၁သက်၊၄:၁၃။ ၂သက်၊၂:၁၆-၁၇။ ဗျာ၊၂၁:၄။
လမ်းညွှန်ခြင်း ဆာ၊၃၂း၈။ သု၊၃:၅-၆။ ယော၊၁၆:၁၃။
မုန်းတီးခြင်း ဧ၊၄:၃၁-၃၂။ ၁ယော၊၁း၉၊ ၂း၉၊၁၁။
ကူညီမဲ့ခြင်း၊ အားနည်းခြင်း ဆာ၊၃၄း၇၊ ၃၇:၅၊ ၂၄၊ ၅၅:၂၂၊ ၉း၁၄။ ဟေဗြဲ၊၄:၁၆၊ ၁၃:၅-၆။
၁ပေ၊၅း၇။
အဖော်မဲ့ခြင်း ဆာ၊၂၇း၁၀။ သု၊၁၈:၂၄။ ဟေဗြဲ၊၁၃:၅။ ယော၊၁၅:၁၄။
လိုအပ်ချက်များ ဆာ၊၃၄:၁၀၊ ၃၇:၃-၄၊ ၈၄:၁၁။ ဖိ၊၄:၁၉၊
သည်းခံခြင်း၊ စိတ်ရှည်ခြင်း ဟေဗြဲ၊၁၀:၃၆။ ဂလ၊၅:၂၂။ ယာ၊၁:၃-၄၊ ၅၇-၈၊၁၁။
စိတ်ငြိမ်သက်ခြင်း ဟေရှာ၊၂၆:၃။ ယော၊၁၄:၂၇၊ ၁၆:၃၃။ ရာ၊၅း၁။ ဖိ၊၄၇။ ကော၊၃:၁၅။
ချီးမွမ်းခြင်း ဆာ၊၃၄:၁၊ ၅၀:၂၃၊ ၁၀၇၈၊ ၁၃၉:၁၄။ ဟေဗြဲ၊၁၃:၁၅။
ပြဿနာနှင့်စုံစမ်းနှောင့်ယှက်ခြင်းများ မ၊၅း၁၀-၁၁။ ရော၊၈:၂၈။ ၂ကော၊၄:၁၇။ ၂တိ၊၃:၁၂။ ဟေဗြဲ၊၁၂:၇၊၁၁။
၁ပေ၊ ၂:၂ဝ။ ဗျာ၊၃း၁၉။
ကယ်တင်ခြင်း ရော၊၃:၁၀၊၂၃၊ ၁၀:၉။ ၁ယော၊၁၉-၁၀။ ယော၊၃း၁၆၊ ၅:၂၄၊ ၁ဝး၁၀။
လု၊၁၉:၁၀။ တ၊၄:၁၂။ ရော၊၆း၂၃။ ဧ၊၂း၈-၉။
မကျန်းမမာဖြစ်ခြင်း ဆာ၊ ၁၀၃း၃။ ယာ ၅း၁၄-၁၅။
အပြစ် ဆာ၊၅၁း၁၊၄၊၁၀၊၁၂။ ဟေရှာ၊၅၃:၅-၆၊ ၅၅:၅ ၅၉:၁-၂။ ရော၊၃:၂၃၊
၆:၂၃။ ၁ယော ၊၁း၉။
ဝိညာဉ်ရေးဆိုင်ရာဖွံဖြိုးခြင်း ၂တိ၊၂:၁၅။ ၂ပေ၊၁:၅၊၈၊ ၃:၁၃-၁၄။
စုံစမ်းသွေးဆောင်ခြင်း ၁ကော၊၁၀း၁၂-၁၃။ ဟေဗြဲ၊၂:၁၈။ ယာ၊၁၂၊၄၊ ၁၂။ ၂ပေ၊၂၉။
စိတ်ရွှင်လန်းခြင်း၊ ယော၊၁၅:၁၀၊၁၂။ ဂလ၊၅:၂၂။
အားနည်းခြင်း ဆာ၊၂၇း၁၄၊ ၂၈း၇။ ဟေရှာ၊၄၀:၂၉၊၃၁၊ ၄၁း၁ဝ။ ကော ၊၁၂:၉။
ဖိ၊၄:၁၃။
ဉာဏ်ပညာအမြော်အမြင်နှင့် နားလည်ခြင်း သု၊၄း၇။ ယောဘ ၊၂၈:၂၃။ ယာ၊၁:၅။
အခန်း(၄)
ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု လမ်းကြောင်း
The Course Of Christian Counseling
ခရစ်ယာန်တစ်ဦးဖြစ်လာသောအခါ တမန်တော်ပေါလု၏အသက်တာ မည်ကဲ့သို ပြောင်းလဲခဲ့သည်ကို သင်တွေးတောမိပါသလား။ ပေါလုသည် ကောင်း သောမိသားစုမှဖြစ်ပြီး၊ ပညာတတ်တစ်ဦးလည်းဖြစ်သည်။ သူ့အား ဒေသခံများ၊ လူကြီးမိဘများ၊ ဘာသာရေးဆိုင်ရာခေါင်းဆောင်များက လေးစား၍ ရန်သူများက ကြောက်ရွံခဲ့ကြသည်။ သူ၏စိတ်အားထက်သန်မှုအပေါ် လူအများ၏ချီးမွမ်းအံ့သြမှု ခံခဲ့ရဟန်တူသည်။
ထိုနောက် ပေါလု ခရစ်ယာန်ဖြစ်လာခဲ့သည်။
သူ၏ အပြစ်များမှလွှတ်ခြင်းခံရသောကြောင့် လွတ်လပ်မှုကိုသိရှိပြီး၊ ခရစ်တော်ထံမှ ငြိမ်သက်ခြင်းကို ခံစားခဲ့ရသည်။ သိုသော် ကောရိအသင်းတော်သို ၎င်း၏ဒုတိယစာစောင်ထဲတွင် ဖော်ပြခဲ့သည်မှာ ဘာသာအ ယူဝါဒ ပြောင်းလဲလာ ခြင်းကြောင့် သူသည် အလုပ်ပင်ပန်းစွာ လုပ်ဆောင်ခဲ့ရခြင်း၊ အရိုက်အနှက်ခံရခြင်း၊ စိတ်ဒုက္ခရောက်ရခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် မကြာခဏ အကျဉ်းချခံရကြောင်းများ ပါရှိပေသည် (၂ကော၊၁၁း၂၃-၃၁)၊
ထောင်ထဲတွင်နေရချိန်များသည် လွန်စွာပင် မနှစ်မြိုဖွယ်ဖြစ်နိုင်ပေသည်။ သိုသော် တမန်တော်ရှင်ပေါ လုသည် ညည်းတွားလိုစိတ်မရှိ၊ မည်သည့်အရာကိုမျှ လုပ်ဘဲ ငြိမ်သက်စွာမနေလိုပေ။ အကျဉ်းထောင်အတွင်း သူ၏အချိန်များကို ခရစ်ယာန်များအား လမ်းညွှန်အားပေးသည့်စာစောင်များကို ရေးသားရန် အသုံးပြုခဲ့ သည်။
ဖိလိပ္ပိသြဝါဒစာသည် ထိုကဲ့သိုသော စာတစ်စောင်ဖြစ်သည်။ ပေါလု သည် ဤသိုစာရေးနေချိန် ချည်နှောင်ခြင်း ကိုခံနေရသည်(ဖိ၊၁:၁၄)။ သို့သော် သူ၏ ခရစ်ယာန်မိတ်ဆွေအချို့မှာသည် တစ်ဦးနှင့်တစ်ဦး အဆင်ပြေမှုမရှိကြောင်းကိုကြားသိခဲ့သည်။ ထိုခရစ်ယာန်များ ဘုရားသခင်၌ တစ်လုံးတစ်ဝတည်း စည်းလုံး ညီညွတ်မှုရှိကြရန် စာအားဖြင့် ပန်ကြားခဲ့ပြီး အသင်းတော်ခေါင်းဆောင်လူကြီး တစ်ဦးအား သဘောတူ ညီမှုရရှိနိုင်ရေးအတွက် အကူအညီပေးရန် မှာကြားခဲ့သည်။ ထိုနောက် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးလမ်း ညွှန်မှုခံယူသူတိုနှင့် သက်ဆိုင်နေ သည့် ခေါင်းစဉ်သုံးခုကို ဖော်ပြခဲ့သည်။
ဆွေးနွေးလမ်းညွှန်မှုအတွက် ပူပန်မှုများ ၊
လူတို့သည် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်စကားပြောကြသောအခါ အစဉ်သဖြင့် မိမိတို ခံစားချက်များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုလေ့ရှိကြသည်။ (ဥပမာ အားဖြင့် အများသည် စိတ်ဓာတ်ကျနေခြင်း၊ ဝမ်းနည်းခြင်း၊ အထီးကျန်ဖြစ်ခြင်း သိုမဟုတ် ဒေါသအမျက်ထွက်နေခြင်း) မိမိတို၏အတွေးအခေါ်နှင့်ဆိုင်၍ ပြဿနာ များရှိနေခြင်း (ဥပမာအားဖြင့် အချိုက “ငါ၊ ရုပ်ဆိုးသူတစ်ဦး(သိုမဟုတ်) ကျရှုးသူ တစ်ဦးဖြစ်သည်ဟု မကြာမကြာ စဉ်းစားမိခြင်း၊ ငါမလိုလားသော ကာမရာဂစိတ် များ အမြဲလိုလိုပင် စဉ်းစားမိခြင်း။” သိုတည်း မဟုတ် ၎င်းတို၏လှုပ်ရှားမှုများနှင့် ပတ်သက်သည့် စိုးရိမ်မှုများရှိကြသည်။ (“ကျွန်ုပ် ဒေါသကို ထိန်းနိုင်မည် မထင်ဘူး သိုမဟုတ် “ငါအပြစ်ပြုခြင်းမှ မရှောင်နိုင်ဘူး”) ခံစားမှု၊တွေးခေါ်မှု၊လှုပ်ရှားမှုတိုနှင့် သက်ဆိုင်သည့် နယ်ပယ်သုံးခုကို ဆွေးနွေးလမ်းညွှန်မှုဆိုင်ရာ အခြေအနေအားလုံး အတွက် ထည့်သွင်းစဉ်းစားရန် အချက်များ ဖြစ်သည်။
ခံစားချက်များနှင့်ဆိုင်သည့် ပတ်သက်မှုများ ၊
လူတိုင်းတွင် စိတ်လှုပ်ရှားမှုများရှိကြသည်။ စိတ်လှုပ်ရှားမှုများကို ကိုင် တွယ်ရန် နည်းလမ်းများစွာ ရှိသည်။ သိုသော် ၎င်းတို၏ဥပဓိရုပ်ပေါ်မူတည်၍ အချို သူများက ၎င်းတို၏ခံစားချက်များကို လွတ်လပ်စွာ ဝန်ခံပြောဆိုနိုင်ကြပြီး၊ အချို ခံစားချက်များကို ကောင်းစွာဖုံးကွယ်ထားနိုင်ကြသည်။ အချိုယဉ်ကျေးမှုများ မိသားစုများတွင် ခံစားချက်ဖော်ပြခြင်းကို အားပေးခဲ့ကြပြီး အချိုအစုအဝေးများ ခံစားချက်များကို ဖော်ပြခြင်းမရှိစေကာမူ၊ ဆွေးနွေးလမ်းညွှန်မှုခံယူသူအများ စိတ်ပျက်ခြင်း (စိတ်ဓာတ်ကျခြင်း) စိတ် အနှောင့်အယှက်ဖြစ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း စိတ်မလုံမလဲဖြစ်ခြင်း၊ စိတ်ဒုက္ခရောက်ခြင်းနှင့်ဆိုင်သည့် ခံစားချက်များ စိတ်အနှောင့်အယှက်ဖြစ်နေကြရသည်။
ယေရှုတွင် ခံစားမှုများရှိကြောင်း ခရစ်ယာန်တိုင်း သိရှိကြပေသည်။ များစွာပင် ယေရှုသည် အခြားသူများအတွက် ချစ်ခြင်းမေတ္တာနှင့်ကြင်နာ ခြင်း ရှိတော်မူခဲ့သည်။ ယေရှုသည် အမျက်ဒေါသ ထွက်သည့်အချိန်များ(မာ၊၃:၅) ဝမ်းနည်းကြေကွဲ၍ သောကရောက်ရသော(မ၊၂၆:၃၇-၃၈)အချိန်အခါများလည်း ရှိတော်မူခဲ့သည်။ ယေရှုသည် ပွင့်လင်းစွာ ငိုကြွေးတော်မူခဲ့ကြောင်းကို ကျွန်ုပ်တို သိရှိခဲ့ကြပြီဖြစ်သည် (လု၊၁၉း၄၁။ ယော၊၁၁:၃၅)။ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရ သည့်အကြိမ်များလည်း ရှိတော်မူခဲ့သည်။
ပေါလုသည်လည်း အကျဉ်းထောင်ကျနေချိန်အတွင်း အထူးသဖြင့် စိတ် အနှောင့်အယှက်ဖြစ် ခဲ့ရပါသည်။ သိုသော် ပေါလုသည် မည်ကဲ့သို ရောင့်ရဲတင်းတိမ် ခြင်းရှိရမည်ကို သိရှိခဲ့ပေသည်(ဖိ၊၄:၁၂)။ ခရစ်ယာန်တိုသည် ပျော်ရွှင်ပြီး စိတ်ဒုက္ခ ရောက်ခြင်း သိုမဟုတ် ပူပန်ခြင်းတိုမှကင်းလွတ်ကြရန် ပေါလု ရေးသားခဲ့သည်။ ဤကဲ့သို ဖြစ်ရန် မည်ကဲ့သို လုပ်ဆောင်နိုင်မည်နည်း၊
အတိုင်ပင်ခံပုဂ္ဂိုလ်များ တွေ့ရှိခဲ့ကြသည်မှာ လူတစ်ဦးတစ်ယောက်အား စိတ် ပူပန်ခြင်းမရှိရန် သိုမဟုတ် အထီးကျန်ဖြစ်နေခြင်းနှင့် စိတ်ဓာတ်ကျခြင်းမရှိရန် ပြောဆို နိုင်သော်လည်း ထိုသူ၏ခံစားချက်များကို မိမိတိုကိုယ်တိုင် လိုအပ်သည့် အတိုင်း ပြောင်းလဲပစ်ရန်မှာ မဖြစ်နိုင်ချေ။ မိမိ၏ခံစားချက်များကို ဝန်ခံခြင်းနှင့် တစ်ခါတစ်ရံ ငိုကြွေးခြင်းဖြင့် သက်သာရာရစေသည်။ သိုသော် ပေါလုက စိုးရိမ် ကြောင့်ကြမှုရှိခြင်း အစရှိသည့် နှစ်မြိုဖွယ်မကောင်းသော စိတ်လှုပ်ရှားမှုများကို ဖယ်ရှား(ကျော်လွန်)နိုင်ရန် အခြားနည်းလမ်းများကို ဖော်ပြခဲ့ သည်။
ပေါ်လု ရေးသားခဲ့သည်မှာ သင်၏လှုပ်ရှားမှုများ: ညင်သာသိမ်မွေ့ပါစေ။ (တစ်ခါတစ်ရံ စိတ်လှုပ်ရှား မှုများသည် ပြင်းထန်လွန်းသောကြောင့် ကျွန်ုပ်တို့အား နောင်တွင် နောင်တရစေမည့် ကြမ်းတမ်းရိုင်းပျသော အပြုအမူများနှင့် အပြောအဆို များကို ပြုလုပ်စေသည်။)
ဘုရားသခင်သည် ကျွန်ုပ်တိုအနီးတွင်ရှိကြောင်းကို မမေ့ပါနှင့်။
ဆင်းရဲဒုက္ခရောက်နေစဉ်အတွင်းမှာပင် ကျေးဇူးတော်ကို ချီးမွမ်းပါ။ သင် “တာရပ်ခံချက်များနှင့် ပြဿနာများကို ဘုရားသခင်ထံ ဆုတောင်းခြင်းနှင့် အသနားခံခြင်းဖြင့် လျှောက်တင်ပါ(ဖိ၊၄:၄-၆)။
ထိုနောက် သမ္မာကျမ်းတွင် ဖော်ပြခဲ့သည်မှာ“ထိုသိုပြုလျှင် အဘယ်သူမျှ သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတိုကို စောင့်မလိမ့်မည်”ဖြစ်ကြောင်း သင်တို့ သိလာကြမည့် ဖြစ်သည်(ဖိ၊၄း၇)။
ခံစားမှုများသည် ကျွန်ုပ်တို၏စိတ်နှလုံးနှင့်ကိုယ်ခန္ဓာများအပေါ် ပြုပြင် ပြောင်းလဲသြဇာသက်ရောက် စေနိုင်သည်။ ဥပမာအားဖြင့် ကျွန်ုပ်တို ပူပန်ခြင်း သိုမဟုတ် စိုးရိမ်မှုရှိသည့်အခါများတွင် ကျွန်ုပ်တို၏ အတွေးအခေါ်များကို ထိခိုက်စေ နိုင်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို၏ကိုယ်ခန္ဓာ အားလျော့ပြီး ဖျားနာတတ်ကြ သည်။ ထိုကြောင့် အရေးကြီးသည်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဆွေးနွေး လမ်းညွှန်မှုခံယူရန် လာရောက် သူများ၏ခံစားမှုများကို သတိပြုသိရှိကြရမည်ဖြစ် သည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူတိုက ၎င်းတို၏ ခံစားမှုများကို ပြောပြခြင်း မရှိပါက မေးမြန်းရမည်ဖြစ်သည်။
စဉ်းစားခြင်းဆိုင်ရာ ပူပန်မှုများ
လူသားများ၏ပြဿနာများသည် စိတ်နှလုံးထဲမှ အစပြုပြီး စိတ်နှလုံး အတွင်း၌ပင် ဖြေရှင်းကြောင်း အကြံပြုချက်များရှိသည်။ မက်မောခြင်း၊ အကြမ်းဖက် ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်း၊ မုန်းတီးခြင်းနှင့် စစ်မက်ပြုရန် ဆုံးဖြတ်ခြင်း အားလုံးသည် ကျွန်ုပ်တို၏အတွေးအခေါ်မှ အစပြုကြသည်။ ဟေဗြဲ၊၂:၁၅ အရ တစ်ဦးချင်း၏ဒုက္ခများ နှင့် မိမိကိုယ်အတွင်း ဖြစ်ပေါ်လာသည့် တင်းမာမှုများသည် ခါးသီးသည့် အတွေးများမှ စတင်ကြီးပြင်းလာခြင်းဖြစ်သည်။ သိုသော် စိတ်နှလုံး သည်လည်း ချစ်ခြင်းမေတ္တာ၊ ကြင်နာမှုပြသခြင်း၊ အခြားသူများနှင့်လိုက်လျော ညီထွေစွာနေနိုင်ခြင်း သိုမဟုတ် ကျွန်ုပ်တို၏စိတ်ဓာတ်တိုကို ဆုံးဖြတ်ရာလည်း ဖြစ်သည်။ ထိုကြောင့် ဆွေးနွေးလမ်းညွှန်မှု အများစုသည် စိတ်နှလုံးနှင့်ဆိုင်သည်ကိစ္စများကို ကိုင်တွယ်ဖြေ ရှင်းရခြင်းဖြစ်သည်။
အကျဉ်းထောင်အတွင်း၌နေစဉ် ပေါလုသည် လက်တုံပြန်ရန် စိတ်နာ နှင့် မိမိကိုယ်မိမိ သနားတတ်သော ပျော့ညံ့သည့် စိတ်ထားများရှိနိုင်ပေ ထိုသိုမဟုတ်ဘဲ ပေါလုသည် ရှင်းလင်းပြတ်သားမှုအရှိဆုံးသော စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်ကျန်းမာခြင်းအတွက် အရင်းခံသဘောတရားတစ်ခုကို ရေးသားခဲ့သည့် ထိုတရားသည် စဉ်းစားတွေးတောဆင်ခြင်ခြင်းနှင့်စပ်ဆိုင်နေပေသည်။
“ညီအစ်ကိုတို သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ် အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတပါးနှစ်သက် ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ ကောင်းသောသတင်းတပါးပါးနှင့်ဆိုင်သော အကျင့်တိုကို၎င်း၊ နှလုံးသွင်းကြလော့” (ဖိ၊၄:၈)။
လွန်ခဲ့သောနှစ်အနည်းငယ်က ကနေဒါနိုင်ငံရှိ အသင်းတော်တစ်ပါးတွင် ၎င်းတို၏အသင်းသားတစ်ဦးကို ဂုဏ်ပြုသည့် ညစာစားပွဲကျင်းပခဲ့သည်။ လူအများ က ထိုသူ၏ခရစ်တော်ထံ အပ်နှံခြင်းနှင့် အခြားသူတိုအတွက် သီးခြားအပ်နှံခြင်း များအကြောင်း ပြောပြခဲ့သည်။ ထိုဖော်ပြချက်များအထဲမှတစ်ခုသည် ပရိသတ် အားလုံး အပေါ် စွဲမှတ်စရာဖြစ်ခဲ့ရသည်။ လူတစ်ဦးက ဖော်ပြပြောဆိုသည်မှာ “ကျွန်ုပ်သည် ဤညီအစ်ကိုအား သိရှိခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပါပြီ။ ထိုကာလ တစ်လျှောက်လုံး သူသည် မည်သူ့ကိုမျှ ပြစ်တင်ဝေဖန်သည့် စကားတစ်ခွန်းမျှ ပြောသည်ကို ကျွန်ုပ် မကြားဖူးပါ”ဟု ဖော်ပြခဲ့သည်။
မိမိတို့၏စိတ်နှလုံးများကို ပြစ်တင်ဝေဖန်သည့် အတွေးများအပေါ် ရပ်တည်ခြင်းမပြုသောသူတိုသည် စိတ်ပိုင်းဆိုင်ရာနှင့်ဝိညာဉ်ရေးရာတိုတွင် ကြံ့ခိုင် ကျန်းမာသန်စွမ်းသူများဖြစ်ကြသည်။ သို သော် တစ်ဦးတစ် ယောက်ချင်းတွင် ပြဿနာများရှိကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို၏ စိတ်နှလုံးများသည် ပြစ်တင်ဝေဖန်သော၊ မိမိကိုယ်မိမိ အပြစ်ဖိုသာ၊ မလျော်ကန်သော သိုမဟုတ် မိမိကိုယ်မိမိ သနားသော အတွေးများရှိကြခြင်းကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံ ဆွေးနွေးလမ်းညွှန်မှုခံယူသူများသည် မိမိတိုအကြောင်း သိုမဟုတ် အခြားသူများ အကြောင်း မှားယွင်းသော ကောက်ချက်များ ချတတ်ကြသည်။ ထိုကဲ့သိုသောသူများ ကို ကျွန်ုပ်တို ကူညီရန် ၎င်းတို၏တွေးတောချက်များကို နားလည်နိုင်ရန် ကြိုးစားကြ ရမည်ဖြစ်ပြီး၊ ၎င်းတို၏အတွေးအခေါ်များ မှန်ကန်မှုရှိရန် ဘက်လိုက်မှုမရှိဘဲ , သမ္မာကျမ်းနှင့် လိုက်လျောညီထွေရန် ကူညီကြရမည်ဖြစ်သည်။
‘ လှုပ်ရှားမှုဆိုင်ရာ ပူပန်မှုများ
လွန်ခဲ့သောနှစ်အနည်းငယ်က ထင်ရှားကျော်ကြားသည့် ခရစ်ယာန်အတိုင် ပင်ခံပုဂ္ဂိုလ်တစ်ဦးက၊ ပြဿနာအားလုံးသည် ပြဿနာရှိသူတစ်ဦး၏ အပြစ်များသော လှုပ်ရှားမှုများကြောင့်ဖြစ်ပေါ်လာရကြောင်း၊ ၎င်း၏စာအုပ်တွင် ဖော်ပြထား သည်။ တစ်စုံတစ်ယောက်သည် ဆွေးနွေးလမ်းညွှန်မှုခံယူရန် လာရောက လအနေဖြင့် ဆောင်ရွက်ရန် တာဝန်တစ်ခုသာရှိသည်။ “ဆွေးနွေးလမ်းညွှန်မှုခံယူသူ ကျူးလွန်ခဲ့သည့်အပြစ်ကို ရှာရန်နှင့် အပြစ်ပြုခြင်းမှရပ်တန့် ရန်” ဖြစ်သည်ဟု ထိုစာအုပ်တွင် ဖော်ပြထားသည်။
ခရစ်ယာန်အများ သဘောတူကြမည့်အချက်မှာ လူသားအားလုံးတို၏ ပြဿနာများသည် ဧဒင်ဥယျာဉ် အတွင်း အာဒံနှင့်ဧဝတို အပြစ်စတင်ပြုခဲ့ခြင်းကြောင့် ရေ ဖြစ်ပေါ်လာရသည်ဟူ၍ဖြစ်သည်။ ကျွန်ုပ်တိုအား လုံးသဘောတူကြမည်မှာ လူတို – အပြစ်ကြသောအခါ ထိုသူနှင့်ဆိုင်သည့် ကိုယ်ရေးကိုယ်တာ ပြဿနာများ (၆ ကြိမ်ဖန်များစွာ နောက်ဆက်တွဲပါရှိလာခြင်းပင်ဖြစ်သည်။ သမ္မာကျမ်း၌ ထင်ရှားစွာ ဖော်ပြထားသည်မှာ ဘုရားသခင်သည် ဖြောင့်မှန်တော်မူပြီး၊ အပြစ်သည်လည်း ဒဏ်ခတ်ခြင်းခံရမည်အကြောင်းတည်း။
သို့သော် အတိုင်ပင်ခံပုဂ္ဂိုလ်၏အဓိကတာဝန်မှာ ဆွေးနွေးလမ်းညွှန်မှုခံယူ သူတို၏ အသက်တာထဲရှိ ပြဿနာ၏ဇစ်မြစ်ကို ရှာဖွေရန်ဖြစ်သည်ဟု ပြောဆို ကု သည်မှာ လွယ်ကူလွန်းလှသည်။ ဆာလံ (၇၃)သည် အပြစ်အကြောင်း ဖွင့်ဆိုသည်။ ဆာလံဆရာ ဖော်ပြခဲ့သည်မှာ နောက်ဆုံး၌ ဘုရားသခင်သည် ဖြောင့်မှန်ခြင်းကို ယူဆောင်လာမည်ဖြစ်သည်။ သိုသော် ယခုအချိန်တွင် ပွင့်လင်းစွာ အပြစ်လုပ်နေသောသူများရှိသော်လည်း မည်သည့်ပြဿနာမျိုးမျှ ပေါ်ဟန်မတူပေ။ တစ်ချိန်၊ တည်းမှာပင် ကိုယ်ကျင့်တရား ဖြောင့်မတ်သောအ သက်တာများဖြင့် အသက်ရှင် လျက်နှင့်ပင် ပြဿနာများစွာရှိကြသူများလည်း ရှိကြပေသည်။
ဓမ္မဟောင်းကျမ်းမှ ယောဘဝတ္ထုသည် ဥပမာတစ်ခုဖြစ်ပါသည်။ သမ္မာကျမ်းအရ ယောဘသည် ကိုယ်ကျင့်တရားဖြောင့်မှန်သူတစ်ဦးဖြစ်သည်။ သို့သော် ၎င်းတွင် ဖိစီးမှုအမျိုးမျိုးရှိခဲ့ပေသည်။ ၎င်းကို အကြံပြုကြသူများနှင့် စာ ကိုယ်တိုင်ကပင် ထိုပြဿနာများ ကျရောက်ခြင်းမှာ ယောဘ၏အပြစ်ကြောင့် သည်ဟု ပြောဆိုရန် ကြိုးစားခဲ့သည်။ သိုသော် ထိုယူဆချက်အပေါ် ဘုရားသခင် မဟုတ်မမှန်ကြောင်း ဖော်ပြတော်မူခဲ့သည်။ ယောဘအတွက် ပြဿနာများ ၎င်းအပြစ်ပြုလုပ်ခြင်းကြောင့် ကျရောက်ခြင်းမဟုတ်ပေ (ယာ ၂:၃)။
ဆွေးနွေးလမ်းညွှန်မှုခံယူသူအနေဖြင့် အမှား သိုမဟုတ် မိုက်မဲသောအ တစ်ခုပြုလုပ်မိသောကြောင့် ပြဿနာကျရောက်နိုင်ပေသည်။ သို့သော် ပြဿနာ များသည် ဆွေးနွေးလမ်းညွှန်မှုခံယူသူမှ သတင်းရရှိခြင်း၊ ပညာမဲ့ခြင်း သိုမဟုတ် အခြားသူများ လုပ်ဆောင်ချက်များကြောင့် ခံခဲ့ရသည့်သားကောင်အဖြစ် ဖြစ်ပေါ် ကင်ပေသည်။ ထိုပြဿနာပေါ်လာရန် အကြောင်းအမျိုးမျိုးရှိနိုင်ပေသည်။
ထိုပြဿနာမျိုးများ ဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် ပေါလု၏ထောင်တွင်းမှ ရေးသားထားသော စာစောင်ထဲတွင် ခရစ်ယာန်များအား ညွှန်ကြားထားသည်မှာ “သင်တိုသည် အထက်က သင်ယူ၍ ငါ၌ ကြားမြင်ခဲ့ပြီးသမျှတိုကို ကျင့်ကြလော့” (ဖိ၊၄း၉)။ ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ခရစ်တော်ကို ချီးမြှောက်သူများ၏ အသက်တာ၌ ကတိထားတော်မူခဲ့သည်။
ဤစာကို ပေးပိုခဲ့သည့် ဖိလိပ္ပံအသင်းတော်၌ ခရစ်ယာန်ယုံကြည်မှုကြောင့် သနားကြင်နာသော လုပ်ဆောင်ချက်များဖြစ်ပေါ်စေသည်။ ပေါလုသည် ဒုက္ခ ရောက်နေချိန်အတွင်း ကြည့်ရှုမစခဲ့သောသူတိုအား ကျေးဇူးတင်ခဲ့သည်။ “ကိုယ့်ကိုယ် ကိုယ် လှည့်ဖြား၍ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်ကြလော့”ဟု ရှင်ယာကုပ်ရေးသားခဲ့သည့်စကားကို ပေါလု သဘောတူပေလိမ့်မည် (ယာ၊၁:၂၂)။ ။
ပေါလုသည် မိမိ၏ဒုက္ခဆင်းရဲများအပေါ် သဘောထားကောင်းရှိကြောင်း သတိပြုရမည်ဖြစ်သည်။ ပေါလုသည် မည်သည့်အခြေအနေမျိုးတွင်မဆို ရောင့်ရဲမှုရှိ ကြောင်း နှစ်ကြိမ်တိုင်တိုင် ဖော်ပြခဲ့သည်(ဖိ၊၄:၁၁-၁၂)။ ၎င်း၏လျှိဝှက်ချက်ကို ဖိလိပ္ပိ ဩဝါဒစာအခန်းကြီး(၄) တွင် ဖော်ပြထားပြီး ဆွေးနွေးလမ်းညွှန်မှုခံယူသူနှင့် ၎င်းတိုအား အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတိုအတွက် အကျုံးဝင်နေပေသည်။ ပေါလု ကဲ့သိုပင် ကျွန်ုပ်တိုသည် သူတစ်ပါးအပေါ် အာရုံခံစားမှုရှိပြီး ၎င်းတို၏ခံစားချက် များ တွေးတောကြံဆချက်များနှင့်လှုပ်ရှားမှုများအပေါ် မျှဝေခံစားနိုင်ကြပေသည်။
ဆွေးနွေးလမ်းညွှန်မှုအဆင့်ဆင့်
ကျွန်ုပ်တို့သည် အီလက်ထရောနစ်ပစ္စည်းတစ်ခုခု ဝယ်ယူတိုင်း ပစ္စည်း ထဲတွင် တပ်ဆင်ရန် ညွှန်ကြားချက်များပါရှိကြောင်း တွေ့ကြုံဖူးကြမည်ဖြစ် ။ ထိုသိုဖြင့် အသစ်ဝယ်ယူလာသောပစ္စည်းကို တပ်ဆင်နိုင်ရန် ညွှန်ကြားချက် အတိုင်း တစ်ဆင့်စီ လုပ်ဆောင်ကြရပေသည်။
ဒုက္ခနှင့်တွေ့ကြုံနေရသော အသက်တာများကို ပြန်လည်ကောင်းမွန်လာတို့တွင် တစ်ဆင့်ပြီးတစ်ဆင့် အကြံပြုနိုင်သည့်နည်းရှိလျှင် လွန်စွာ အသည်။ ဆွေးနွေးလမ်းညွှန်ခြင်းသည် မည်သည့်အခါမျှ လွဲမှားခြင်း “ကများရှိလျှင် ပြဿနာများကို လွယ်ကူစွာ ဖြေရှင်းပေးနိုင်ပေမည်။ သို့သော် လူတို့သည် ထိုကဲ့သို့ မလွယ်ပေ။ ၎င်းတို၏ပြဿနာများသည် စက်ပစ္စည်း အစိတ်အပိုင်း သို့မဟုတ် ဟင်းလျာချက်နည်းအရ ပါဝင်သည့်ပစ္စည်းများ မတူနိုင်ချေ။ လူတစ်ဦးချင်းနှင့် ပြဿနာတစ်ခုချင်းကို သီးခြားထူးကဲသည့် နည် လမ်းဖြင့် ကိုင်တွယ်ကြရမည်။ ထိုကြောင့် ဆွေးနွေးလမ်းညွှန်ခြင်းသည် ခက်ခဲ့ စိန်ခေါ်မှုတစ်ရပ် ဖြစ်ပေသည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က ခရစ်ယာန်ဘုန်းတော်ကြီး (၅ဝဝ)မှတ်တမ်း ကောက် လေ့လာ မှတ်သားချက်မှာ ဆွေးနွေးလမ်းညွှန်သော သင်းအုပ်ဆရာအများ အား အကူအညီတောင်းဆိုခဲ့ကြရာတွင် စိတ်အနှောင့်အယှက် ခံစားမှုများ၊ မသေချာ ခြင်းနှင့် ကိုယ်တိုင်အသုံးမကျသော သဘောဆောင်ခြင်းများ တွေ့ရှိရသည်။ ထို လေ့လာသုံးသပ်ချက်အရ လူတို၌ မိမိတို၏ပြဿနာများအတွက် အကူအညီ တောင်းခံ ကြသောအခါ အသင်းတော်ခေါင်းဆောင်များသည် စွမ်းဆောင်ရ မပြည့်မီခြင်းနှင့် လုံခြုံမှုမရှိခြင်း ခံစားကြရသည်ဟု တွေ့ရှိခဲ့ရပါသည်။ ။
ဆွေးနွေးလမ်းညွှန်ရာတွင် အတွေ့အကြုံများစွာရှိသော ခရစ်ယာန် ခေါင် ဆောင်များပင်လျှင် ဤကဲ့သို ခံစားရသည်မှာ ဆန်းကြယ်သည့်အရာ မဟုတ်ချေ။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် သင်ခန်းစာ(၂)မှ ထင်ရှားသည့် ဂုဏ်အင်္ဂါလက္ခဏာများ ပြသရန်ဖြစ်ပြီး၊ သင်ခန်းစာ(၃)မှ လုပ်နည်းကိုင်နည်းများကို ရှာဖွေအသုံးပြုနိုင်မည် ဖြစ်သည်။ သိုသော် တစ်ချိန်ချိန်တွင် အတိုင်ပင်ခံပုဂ္ဂိုလ်များအနေဖြင့် “ငါဘာ ဆက်လုပ်ရမလဲ”ဟု မိမိကိုယ်မိမိ မေးကြမည်ဖြစ်သည်။ ဆွေးနွေးလမ်းညွှန်ရာတွင် အစမှအဆုံး မည်သိုဦးတည်ရမည်နည်း။
ဆွေးနွေးလမ်းညွှန်ခြင်းကို တစ်ဆင့်ချင်း သိုမဟုတ် အပိုင်းလိုက်” ခြင်းမှာ သဘာဝမကျလှပေ။ အဆင့်တစ်ခုနှင့်တစ်ခုအကြား ထပ်လျက်ရှိနိုင် သည်။ မည်သိုဆိုစေ ဆွေးနွေးလမ်းညွှန်ခြင်းတွင် အဆင့်လေးခုဖြစ်သည့် နိဒါန်း
– နားလည်ပေးသည့်အဆင့်၊ ပန်းတိုင်ချမှတ်သည့်အဆင့်၊ အဖြေရရှိရန် လူ သည့်အဆင့်နှင့် အပြီးသတ်ရန် အဆင့်တိုဖြစ်သည်ဟူ၍ စဉ်းစားဆင်ခြင်ခြင်း အထောက်အကူရစေသည်။ ၎င်းအရာအားလုံးကို တစ်ကြိမ်တည်း တွေ့ အတွင်း အသုံးချနိုင်သော်လည်း များသောအားဖြင့် အချိန်ဆွဲ၍ လုပ်ဆောင်လေ့ ရှိသည်။
နိဒါန်း – နားလည်ပေးသည့်အဆင့်
” ဆွေးနွေးလမ်းညွှန်ခြင်း၏အစတွင် အနည်းဆုံး ရည်မှန်းချက်သုံးခု ထားရှိရန် ကြိုးစားရမည်။ ကျွန်ုပ်တို့သည် ဆွေးနွေးလမ်းညွှန်မှုခံယူရန် အလားအလာရှိသ နှင့် ထိတွေ့ကာ ပြဿနာကို ရှင်းလင်းစွာ သိရှိအောင် ကြိုးစားရမည်။ ထိတွေ့မှုရှိခြင်း။ အကူအညီလိုအပ်နေသူတိုနှင့် ထိတွေ့မှုမရရှိဘဲ၊ ကျွန်ုပ်တို မည်သိုမျှ ဆွေးနွေးလမ်းညွှန်နိုင်မည်မဟုတ်ပေ။ ဆွေးနွေးလမ်းညွှန်ခြင်းကို ပြုနိုင်ရန် ကျွန်ုပ်တို အသင့်ရှိနေ ကြောင်း လူများကို အသိပေးရမည်။ ဤသိုပြုရန် နည်းလမ်း နှစ်သွယ်ရှိပေသည်။ ဆွေးနွေးလမ်းညွှန်ရန် အသင့်ရှိကြောင်းကို ကြေညာခြင်းနှင့် ပါဝင်ပတ်သက်နေကြောင်းကို လုပ်ထုံးအတိုင်းမဟုတ်ဘဲ ပြသရန် ပင်ဖြစ်သည်။
တစ်ခါတစ်ရံ လုပ်ထုံးလုပ်နည်းအရ မိမိအား အလွယ်တကူ ဆက်သွယ်နိုင် ကြောင်း ကြေညာချက်ကို ဘုရားကျောင်း ကြော်ငြာသင်ပုန်းတွင် တင်ပြနိုင်ပြီး၊ သိုမဟုတ် တရားဟောပလ္လင်ပေါ်မှလည်း ဖော်ပြနိုင် ပေသည်။ “ဆွေးနွေးလမ်းညွှန် ရန် သင်းအုပ်ဆရာအား အင်္ဂါနေ့နှင့်ကြာသပတေးနေ့များတွင် တွေ့နိုင်ကြပါ သည်။ တယ်လီဖုန်းဆက်၍ ရက်ချိန်းယူပါရန်”ဟူ၍ဖြစ်သည်။ အစည်းအဝေး တွေ့ဆုံချိန် အတွင်း ပြဿနာ တစ်ခုခုအတွက် ဆွေးနွေးလိုသူများ ကျွန်ုပ်နှင့်ကျွန်ုပ်၏ဇနီးသည် မှာ ဆွေးနွေးရန်အသင့်ရှိပါသည်”ဟူ၍ ကြေညာနိုင်ပါသည်။
အစပထမတွင် ဆွေးနွေးလမ်းညွှန်မှု ခံယူလိုသူ အများအပြား ချက်ချင်း ” ရှိနိုင်မည်မဟုတ်ပေ။ များသော အားဖြင့် လုပ်ထုံးအရ ဆွေးနွေးလမ်းညွှန်မှုဆိုင်ရာ – ဆက်နွယ်မှုများသည် အသင်းတော်အတွင်း သိုမဟုတ် အခြားနေရာများတွင် လူများ နှင့်သာမန် တွေ့ဆုံရာမှ ပေါက်ပွားလာခြင်းဖြစ်သည်။ ဥပမာအားဖြင့် လူငယ်များ သည် အခြားလူငယ်ခေါင်းဆောင်တစ်ဦးနှင့် အားကစားပြိုင်ပွဲ သိုမဟုတ် အခြား သောနေရာတစ်ခု ခုတွင် တွေ့ဆုံပြီး ရင်းနှီးမှုရရှိပြီးမှသာ မိမိတို့၏အခက်အခဲ – ပြဿနာကို ဖွင့်ဟ”ပြောဆိုကြမည်ဖြစ်သည်။ လက်ဖက်ရည်ဆိုင်၌အတူထိုင်နေစဥ် သို့မဟုတ် အစည်းအဝေးမှ အတူလမ်းလျှောက်၍ ပြန်ချိန်၌ ဆွေးနွေးလမ်း ညွှန် သူဖြစ်လာနိုင်မည့် အလားအလာရှိသူအား နောင်တွင် နည်းလမ်းတကျ ပြုလာနိုင်သည့် ပြဿနာအကြောင်း ကို အမှုမဲ့ စတင်ပြောဆိုခွင့်ရရှိစေသည်။ နောက်ထပ်ဆွေးနွေးရန် သင့်တော်မည်ဟုထင်ပါက သင့်အနေဖြင့် ပြောနိုင်မည်မှာ ငါတို့အချိန်ပိုရနိုင်မည့် နက်ဖြန် ညနေ(၄)နာရီလောက် ပြန်တွေ့ကြဆုံကြ ရအောင် ”ဟူ၍ဖြစ်သည်။ ဤသို ပြောခြင်းသည် သာမန်သာဖြစ်သော်လည်း ပိုမိုထိရောက်သည့် ချိန်းဆိုရာနည်းလမ်း ဖြစ်ပေသည်။
ရင်းနှီးမှုရရှိရန် တည်ဆောက်ခြင်း ၊
အစပိုင်းကပင်လျှင် ဆွေးနွေးလမ်းညွှန်မှုခံယူသူနှင့်အတိုင်ပင်ခံပုဂ္ဂိုလ် အကြား နှစ်ဦးနှစ်ဘက် ယုံကြည်စိတ်ချရသော ဆက်နွယ်မှု – အဆင်ပြေ ဆက်ဆံမှု တည်ဆောက်ရန် အရေးကြီးပေသည်။ နှစ်လိုဖွယ်ကောင်းသော ထိုင်ခင်း၊ ဝင်ရောက်နှောင့်ယှက်ခြင်းမရှိနိုင်သည့် ဆိတ်ငြိမ်ရာအရပ်နှင့် သင်ခန်းစာ (၂)တွင် ဆွေးနွေးခဲ့ပြီးဖြစ်သော အတိုင်ပင်ခံပုဂ္ဂိုလ်၏သီးခြားထင်ရှားသည့် ဂုဏ် အင်္ဂါအချိုရှိနေခြင်းအားဖြင့် နှစ်ဦးနှစ်ဘက် ဆက်သွယ်မှုကို ကောင်းစွာ အစပြု နိုင်မည်ဖြစ်သည်။ ဤပုံသွင်းချိန်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်ဆွေးနွေးလမ်းညွှန် ခံယူသူတိုသည် တစ်ယောက်ကိုတစ်ယောက် သေချာစွာ အကဲခတ် ကြည့်ရှုမှုများ ပြုလုပ်ကြပြီး ၎င်းတို၏ဆက်နွယ်မှုအတွက် ယာယီအနေဖြင့် ကောက်ချက်များ ချကြမည်ဖြစ်သည်။ ဤသိုအကဲဖြတ်ခြင်းသည် အပြန်အလှန်သဘော ညီညွတ်ခြင်း ရှိစေခဲ့သော် အဆင်ပြေသော ဆက်သွယ်မှု ၏အစကို တည်ဆောက်နိုင်ပြီဖြစ်သည်။
တစ်ခါတစ်ရံ ဆွေးနွေးလမ်းညွှန်မှုခံယူသူများအနေဖြင့် ၎င်းတို၏ပြဿနာ များကို ရင်ဆိုင်ရန်နှင့်အတိုင် ပင်ခံပုဂ္ဂိုလ်အားဝေငှရန် အခက်အခဲရှိကြသည်။ ၎င်းတို သည် အခြားကိစ္စများအကြောင်း အာလာပသလ္လာပ ပြောဆိုတတ်ကြပြီး၊ လိုရင်း ပြဿနာဘက်ဆီသို စကားလှည့်လာရန် အချိန်အတော်ကြာတတ်သည်။ အတိုင်ပင် ခံပုဂ္ဂိုလ်အနေဖြင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူနှင့် “အတူ”ရှိရန်၊ ပြောသမျှကို နားထောင်ရန်နှင့် တစ်ခါတစ်ရံ များစွာသော ထောက်ခံအားပေးမှုကို လိုလိုလားလား ပြုလုပ်လိုကြောင်း ပြသရန် လိုအပ်ပေသည်။ အထူးသဖြင့် အစပိုင်းတွင် ဖြစ်လေ့ ဖြစ်ထရှိသည်။
နောက်ဆုံးတွင် ဆွေးနွေးလမ်းညွှန်မှုခံယူသူ အား အဘယ့်ကြောင့် လာရောက်သည်ကို ပြောပြရန် အားပေးရသည်။ “ငါဘယ်လို အကူအညီပေးရမလဲ ဟု မေးမြန်းကာ သူ၏ပြဿနာကို ဖော်ပြရန် အားပေးရမည်။ ပြဿနာကို ရှင်းလင်းခြင်း။ အစတွင် ဤသိုပြုလုပ်ရန် လွယ်ကူသည်ဟု ထင်နိုင် ပေမည်။ ပြဿနာဟာ ဘာလဲဟုမေးပြီး အဖြေရအောင်ရှာ၍မရပေဘူးလား။
အစဉ်သဖြင့် ဤမျှမလွယ်ကူလှချေ။
တစ်ခါတစ်ရံ လူတို့ သည် မိမိတို့၏ပြဿနာကို ဝန်ခံရန် စိတ်က တင်ဖြစ်ကြသည်။ မကြာခဏဆိုသလို အရာတစ်ခုခုက အနှောင့်အယှက်ပေးကြောင်းကို သိသော်လည်း၊ ပြဿနာအစစ်အမှန်ကို မသိကြချေ။ တစ်ခါတစ် ဆွေးနွေးလမ်းညွှန်မှုခံယူသူမှ ပြဿနာတစ်ခုတင်ပြလာသည်။ သို့သော် မိမိ (သို့မဟုတ် တစ်ခါတစ်ရံ ဆွေးနွေးလမ်းညွှန်မှုခံယူသူ)အနေဖြင့် ဖော်ပြပါ ပြဿနာ သည် အဓိကအရေးကြီးသည့် ပြဿနာ သိုမဟုတ် ပြဿနာတစ်ခုတည်းသာမဟုတ်ကြောင်း နောင်တစ်ချိန်တွင် တွေ့ရှိလာသည်။ ထိုကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦး၏တာဝန်မှာ ပြောသမျှကို နားထောင်ရန်၊ ကြည့်ရှုရန်၊ အားပေးရန်နှင့် တစ်ခါတစ်ရံ မှတ်ချက်ပေးရန် သိုမဟုတ် ဆွေးနွေးလမ်းညွှန်မှုခံယူသူတို၏ဥပဓိရုပ် ပြဿနာများ၊ ညွှန်း ကမ္ဘာကြီးအပေါ် ရှုမြင်ပုံနှင့် ယခင်က ပြဿနာကို ဖြေရှင်းရန် ကြိုးစားခဲ့ခြင်းများကို မှုများ ထင်ရှားသိရှိနိုင်ရန်အတွက် မေးခွန်းတိုများ မေးရန်ဖြစ် သည်။ ဤကဲ့သို စူးစမ်းလေ့လာမှုပြုခြင်းသည် ဆွေးနွေးလမ်းညွှန်မှုခံယူသူအား သက်တောင့်သက် သာရှိစေခြင်း ပြဿနာ သို့မဟုတ် ပြဿနာများအပေါ် ရှင်းလင်းစွာ ရှုမြင်ခြင်းနှင့် တစ်ခါတစ်ရံ ယခင်က ဖော်ပြခြင်းမရှိသည့် သိုသိပ်ထားသော စိတ်လှုပ်ရှားမှုများနှင့် စိတ်အနှောင့်အယှက်ဖြစ်ခြင်းများကို ဖွင့်ဟထုတ်ဖော်စေသည်။ ။
ဤအတောအတွင်း အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဤကဲ့သိုသော အမှုကိစ္စ သိုရင်း များအကြောင်း တွေးတောနေနိုင်မည်ဖြစ်သည်။ “ဒီလူနှင့်အလုပ်လုပ်လို ဖြစ်နိုင် အောင်ပင် ပါ့မလား။” “ငါ အကူအညီပေးရန် ကြိုးစားလိုစိတ်ရှိရဲ့လား။ ဒီပြဿနာဟာ ငါ့ ရဲ့ ကျွမ်းကျင်မှုထက် သို့မဟုတ် ကိုင်တွယ်နိုင်သည်ထက် ပို၍ ကြီးမားနေ လာ သလား။”တစ်ချိန်တည်းမှာပင် ဆွေးနွေးလမ်းညွှန်မှုခံယူသူအနေဖြင့် တွေးတောနေမည်မှာ “ငါ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ယုံရမည်လား။ ဤအတိုင်ပင်ခံပုဂ္ဂိုလ် က ကူညီနိုင်ပါ့ မလား။ နောက်ဆက်လက် ဆွေးနွေးလမ်းညွှန်မှုခံယူရန် ကြောင့် ငါ့ကိုယ်ငါ အပ်နှံလိုစိတ်ရှိရဲ့ လား” အစရှိသည်တိုဖြစ်သည်။
များသောအားဖြင့် ပထမအကြိမ် စတင်တွေ့ဆုံဆွေးနွေးခြင်း၏ အဆုံးပိုင်း ကဲ့သိုသော မေးခွန်းများ ထွက်ပေါ်တတ်ပေသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးသည် ဥပမာအားဖြင့် “ငါ ခင်ဗျားကို ကူညီနိုင်မယ်လို ထင်တယ်။ ဒါပေမဲ့လို့ သုံးလေးကြိမ်တော့ တွေ့ဆုံဆွေးနွေးဖို့ လိုလိမ့်မယ်။ ဘယ်လိုထင်ပါသလဲ” အစရှိသဖြင့် ပြောဆိုနိုင်ပေမည်။ ဤကဲ့သို သော ဆွေးနွေးလမ်းညွှန်ခြင်းမျိုးကို တည်ဆောက်ခြင်း အမှု၌ မည်ကဲ့သို ဆက်လက်လုပ်ကိုင်ရမည်ကို ဆုံးဖြတ်သည့် နည်းစနစ်ဟု အများက ဆိုကြပေသည်။
ပန်းတိုင်ချမှတ်သည့်အဆင့် (The Goal Setting Phase)
လွန်ခဲ့သောရာစုနှစ်ပေါင်းများစွာက ဒါဝိဒ်မင်းကြီးသည် ဘုရားသခင် ဖန်ဆင်းတော်မူခဲ့သော လူသတ္တဝါတို့၏စိုးရိမ်ကြောင့်ကြမှုနှင့် တွေးတောကြံစည် များကို နားလည်မှုရှိခြင်းအပေါ် အံ့ဩကြောင်း ဖော်ပြသည့် ဆာလံသီချင်းတစ် ရေးသားခဲ့သည်။ “ကျွန်ုပ်သည် ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်း လက္ခဏာတိုနှင့် ပြည့်စုံသည်ဖြစ်၍ ကိုယ်တော်ကို ချီးမွမ်းပါမည်”(ဆာ၊၁၃၉း၁၄) ဆာလံဆရာက ရေးသားခဲ့ သည်။
မကြာမီ အတိုင်ပင်ခံပုဂ္ဂိုလ်များ တွေ့မြင်ခဲ့ကြရသည်မှာ ၎င်းတို၏ ဆွေးနွေးလမ်းညွှန်မှု ခံယူသူများ သည် “ကြောက်မက်ဖွယ်သောလက္ခဏာ၊ ထူးဆန်း သာလက္ခဏာနှင့်ပြည့်စုံ၍ နားလည်ရန်ခက်သည့်ဥပဓိရုပ်နှင့် ရှုပ်ထွေးသည့် တွေးခေါ်မှုများရှိကြကြောင်း၊ မည်သည့်လူသားမဆို အခြားသူတစ်ဦးကို အပြည့်အဝ နားမလည်နိုင်ကြောင်း၊ ဘုရားသခင်၏အကူအညီဖြင့်သာ ဆွေးနွေးလမ်းညွှန်သူတို သည် မိမိတိုထံရောက်လာ သောသူတိုကို နားလည်သဘောပေါက်စေနိုင်ကြပေ သည်။ အထက်အရပ်မှလာသော ဉာဏ်ပညာဖြင့်သာလျှင် သူတစ်ပါးအား အကူ အညီပေးနိုင်မည်ဖြစ်သည်။
ထိုကြောင့် ကျွန်ုပ်တိုသည် ဆွေးနွေးလမ်းညွှန်ခြင်းအမှုကို လုပ်ဆောင်ရန် နှိမ့်ချသောသဘောနှင့် ဆုတောင်းခြင်းဖြင့် ချဉ်းကပ်ရန် အရေးကြီးပေသည်။ ဆွေးနွေးခြင်းအမှု မစမီနှင့်ပြီးဆုံးချိန်တွင် ဆုတောင်းရပါမည်။ သင်သည်လည်း ခရစ်ယာန်အတိုင်ပင်ခံတစ်ဦး ဖြစ်လာသည်နှင့်အမျှ အကူအညီလို သောသူများ စကားပြောနေစဉ်အတွင်း တိတ်ဆိတ်စွာနှင့် ကြိမ်ဖန်များစွာ ဆုတောင်းခြင်းအမှု သင်ပြုရပါမည်။
ဘုရားသခင်၏ကူညီမစမှု၊ သင်၏သေချာစွာ နားထောင်ခြင်းနှင့် မှိ ချွတ်ချွတ် စုံစမ်းခြင်းတိုကြောင့် သင်သည် နောက်ဆုံးတွင် ပြဿနာအကြောင်း ၏အဖြေကို တွေ့ရှိမည်ဖြစ်သည်။ တစ်ခါတစ်ရံ မိနစ်အနည်းငယ် အတွင်း ပြဿနာ အကြောင်းကိုသိရှိနိုင်ပေမည်။ သိုသော် အချို့ အချိန်များတွင် လနှင့်ချီ၍ ကြာတတ်ပေသည်။ တစ်ခါတစ်ရံ ပြဿနာပေါ်ပေါက်လာရခြင်းအကြောင်းကိုေသချာစွာ နားလည် နိုင်လိမ့်မည်မဟုတ်ပေ။ သိုသော် ပြဿနာကို ကောင်းစွာသိရှိလာပါက ဆွေးနွေးလမ်းညွှန်မှုခံယူသူအား အဖြေရရှိရန် အကူအညီပေးနိုင် မည်ဖြစ်သည်။ –
အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူ၏ပြဿနာကို လျင်မြန်စွာ အဖြေရှာမပေး နိုင်ခြင်းအပေါ် စိတ်ပူပန်လျက် အနှောင့်အယှက်ဖြစ်ခြင်း ကို မကြာခဏကြုံကြရသည်။ ဤသိုဖြစ်ခြင်းသည် လူနာက ရောဂါလက္ခဏာများ ကို ဖော်ပြပြီး ဆရာဝန်က ကုသပေးသကဲ့သို အတိုင်ပင်ခံပုဂ္ဂိုလ်မှ အဖြေအား လုံးကို ပေးနိုင်ရမည်ဟူသည့် အယူအဆ၏ရောင်ပြန်ဟပ်ခြင်းကဲ့သိုပင်ဖြစ်သည်။
သို့သော် ဆွေးနွေးလမ်းညွှန်ခြင်းအမှုသည် ဤကဲ့သိုမဟုတ်ပေ။ များသော အားဖြင့် ဆွေးနွေးလမ်း ညွှန်မှုခံယူသူက ပြဿနာအပေါ် သေချာစွာလေ့လာပြီး အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးလမ်းညွှန်မှု ခံယူသူနှစ်ဦးလုံး အဖြေရရှိရန် အတူတကွ ဝိုင်းဝန်းလုပ် ဆောင်ကြခြင်းဖြစ်သည်။ မကြာခဏဆိုသလို သူ သိုမဟုတ် သူမ၏ ဦးတည်ချက်ထားရှိမှု၊ သင်ယူလေ့ကျင့်မှု၊ အတွေ့အကြုံ သိုမဟုတ် ထိုးထွင်းဉာဏ် တိုကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွေးနွေးလမ်းညွှန်မှုခံယူသူမှ မည်သည့်အခါ ကမျှ စဉ်းစားဖူးခြင်းမပြုမသော အရာများကို တွေးတောခဲ့ပေမည်။ ဆွေးနွေးလမ်း ညွှန်မှုခံယူသူအား အပြစ်များသော သိုမဟုတ် မိမိကိုယ်မိမိ ကျရှုးစေသည့် သဘော ထားနှင့် အမူအကျင့်များထားရှိခြင်းကြောင့် ပြဿနာပေါ်နိုင်သည့်အကြောင်းကို ထိပ်တိုက်ရင်ဆိုင်ပြောဆိုရန် လိုအပ်နိုင်ပေသည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူ၏ အတိတ်က ဖြစ်ရပ်များကြောင့် ပြဿနာပေါ် ပေါက်လာရခြင်းနှင့် အနာဂတ်တွင် မည်သိုဖြေရှင်းရမည်ကို ဆွေးနွေးခြင်း ပြုလုပ်နိုင်ပေသည်။ ပတ်ဝန်းကျင်၏ဖိအား များဖြစ်သော မိသားစုအတွင်း အခက်အခဲများ သိုမဟုတ် နိုင်ငံရေးမတည်ငြိမ်မှုတို သည် ဆွေးနွေးလမ်းညွှန်မှုခံယူသူအား ဖိအားပေးကာ၊ ပြဿနာဖြစ်ပေါ်ရန် လှုဆော်ပေးကြောင်းကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဆွေးနွေးလမ်းညွှန်မှုခံယူသူ နှစ်ဦးလုံး အခြေအနေကို သရှိနားလည်လာပြီး အတိတ်ကာလက ပြဿနာကို ကိုင်တွယ်ရာတွင် အောင် ခြင်း (သို) အောင်မြင်မှုမရခြင်းနှင့် အနာဂတ်တွင် ပိုမိုထိရောက်စွာ ဖြေရှင်း စားတွေးတောမှုပြုနိုင်ပေသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးလမ်းညွန်မူခံယူသူတို့ အတူတကွ အဖြေရရှိရန် မည်သည့်နည်းလမ်းများဖြင့် လုပ်နိုင်မည်ကို တွေးတော၍ ထိုပြဿနာကိုဖြေရှင်းနိုင်ရန် အခြားဦးတည်ချက်များ ရွေးချယ် နိုင်ပေသည်။
မရေရာမပြတ်သားသော ပြဿနာဖြေရှင်းရာတွင် လွန်စွာခဲယဉ်းလှပေ သည်။ ဥပမာအားဖြင့် ဇနီးမောင်နှံနှစ်ဦးသည် အိမ်ထောင်ရေးပြဿနာနှင့် ရင်ဆိုင် နေရချိန်တွင် “တစ်ဦးနှင့်တစ်ဦး အဆင်ပြေစွာ ဆက်ဆံရမည်”ဟူသော ရည်မှန်းချက် ပန်းတိုင်သည် တိကျရေရာမှုမရှိသောကြောင့် အဖြေရှာရန် ခက်ခဲမှုရှိ လာမည်ဖြစ် သည်။ တိကျမှုရှိ၍ မြင်သာသော ရည်မှန်းချက်များက ပိုမို၍ထိရောက်မှုရှိပေသည်။ ဥပမာအားဖြင့် ဇနီးမောင်နှံနှစ်ဦးသည် နေ့တိုင်း တစ်ဦးကိုတစ်ဦး ချီးမွမ်းစကားတစ်ခုပြောဆိုခြင်း သိုမဟုတ် နေ့စဉ် တစ်ဦးက ပြောလိုသည့်စကားကို တစ်ဦးက ငါးမိနစ် မျှ စိတ်ရှည်စွာ နားထောင်ခြင်းမျိုး ပြုလုပ်ရန် ဆုံးဖြတ်နိုင်ကြ ပေသည်။ ဤအရာများ သည် အသေးအမွှားကိစ္စများဟု ထင်မှတ်ရသော်လည်း တိကျမှုရှိသည့် အောင်မြင်
သောပန်းတိုင်သို ရောက်ရှိနိုင်ရန် ဇနီးမောင်နှံနှစ်ဦးအနေဖြင့် မိမိတို အောင်မြင်မှုရ သည်မရသည်ကို သိရှိနိုင်ပါ သည်။
အချို့သော အတိုင်ပင်ခံပုဂ္ဂိုလ်များသည် မိမိတိုထံ ဆွေးနွေးလမ်းညွှန်မှု ခံယူရန် လာရောက်သူများအား ၎င်းတို၏သဘောထားနှင့် အပြုအမူများကို ပြောင်း လဲစေမည့် တိကျသောလုပ်ဆောင်ချက်များ စာရင်းပြု စုကြရန် တိုက်တွန်းကြသည်။ ထိုနောက် ဆွေးနွေးလမ်းညွှန်ခြင်းအမှုတစ်ခုနှင့်တစ်ခုအကြား ချမှတ်ထားသည့် ရည်မှန်းချက် ပန်းတိုင်ရရှိရန် ဘုရားသခင်၏ အကူအညီကို တောင်းခံကြသည်။
အဖြေရရှိရန် လှုပ်ရှားသည့်အဆင့် (The Solution – Activity Phase)
သင်၏အပြုအမူကို ပြောင်းလဲရန် စိတ်ပိုင်းဖြတ်ပြီးနောက် သင့်ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် အစမပြုနိုင်သည့်အဖြစ်မျိုးနှင့် တွေ့ကြုံဖူးပါသလား။ ဆေးလိပ်သောက်သူများသည် ဆေးလိပ်သောက်ခြင်းမှ ရပ်တန့်ရန် ဆုံးဖြတ်ချက်ချခဲ့ကြသော်လည်း နှစ်ပေါင်းများစွာ ဆက်လက်သောက်နေကြသည်။ အဘယ့် ကြောင့်ဆိုသော် ဆေးလိပ်သောက်ခြင်းမပြုတော့ရန် လုပ်ဆောင်မှု မပြုခဲ့ကြသောကြောင့်ဖြစ်သည်။ ။
အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ဤကဲ့သို့ ဖြစ်ခြင်းနှင့်ဆင်တူယိုးမှား ကြိမ်ဖန်များစွာ တွေ့ရတတ်သည်။ ဆွေးနွေးလမ်းညွှန်မှုခံရသူတစ်ဦးသည် ပြဿနာတစ် တစ်ရာအကြောင်း ဆွေးနွေးပြီးနောက် ထိုပြဿနာအတွက် အဖြေတစ်ခု သိုမဟုတ် အဖြေများအပေါ် စိတ်ပိုင်းဖြတ်ခဲ့သည်။ သို့သော် စတင်လှုပ်ရှားမှုပြုရန် ဆိုင်းငံနေ တတ်ကြသည်။ ဤအချက်ကို နားလည်ရန် ခဲယဉ်းခြင်းမရှိပေ။ ကောင်းေသာ ရည်ရွယ်ချက်များအတွက် စဉ်းစားရန်လွယ်ကူပေသည်။ သိုသော် ကျွန်ုပ်တို၏ မန်းချက်ပန်းတိုင်သို ရောက်ရှိရန် လုပ်ဆောင်ခြင်းအလိုငှါ များစွာခက်ခဲ့ပေ တယ်။ ထိုကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူတို့အား လုပ်ဆောင် မှုပြုလုပ်ရန် အားပေးသောစိန်ခေါ်မှုဖြစ်၍ ၎င်းတို လက်ရှိအခြေအနေ အတိုင်း လက်ခံပြီး ၎င်းတို ကျရှုံးသည့် အချိန်တိုင်း နောက်တစ်ခါ ထပ်မံကြိုးစားရန် အကူအညီပေးကာ ထိုအဖြေရှာနည်းများ အောင်မြင်မှုမရရှိပါက အသစ်သော နည်းလမ်းအားဖြင့် ပြဿနာဖြေရှင်းသည့် လမ်းညွှန်မှုများပေးကြရန်ဖြစ်သည်။ –
တစ်ခါတစ်ရံ ဆွေးနွေးလမ်းညွှန်မှုခံယူသူအနေဖြင့် ပြဿနာအခြေ အနေကို ပြောင်းလဲရန် မဖြစ်နိုင်ဘဲ၊ အခြေအနေနှင့် လိုက်ဖက်အောင် လက်ခံရန် သိရှိနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် လင်ယောက်ျားဆုံးပါးသွား ခဲ့သည့် မုဆိုးမ တစ်ဦးအနေဖြင့် ၎င်း ၏လင်ယောက်ျားကို ပြန်လည်မရရှိနိုင်သော်လည်း မုဆိုးမ ဘဝဖြင့် ဘဝကို ရပ်တည် နိုင်ရန်အတွက် အကူအညီပေးနိုင်ပေသည်။
ဤသို ဖြစ်စဉ်တစ်လျှောက်လုံး ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွေးနွေးလမ်းညွှန်မှုခံယူသူ၏ ဝိညာဉ်ရေးရာ အခြေအနေအပေါ် စိုးရိမ်မှု ဆက်လက် ထားရှိနေပြီး ခရစ်တော်သည် အခက်အခဲနှင့် ကြုံတွေ့နေ ရသည့် အသက်တာများအပေါ် ပြောင်းလဲမှုပြုနိုင်ကြောင်း လက်တွေ့ကျသည့် လမ်းညွှန်မှုများပြုလုပ်နိုင်သည်။ ထင်ရှားသည်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဆွေးနွေးလမ်းညွှန်မှုခံယူသူတိုသည် ပြဿနာများနှင့် ၎င်းတိုကို မည်သို ဖြေရှင်းနိုင်မည့်အကြောင်းများ ပြောရုံထက် ပို၍ လုပ်ဆောင်ရပေသည်။ မှန်သောအဖြေကို ဆွေးနွေးလမ်း ညွှန်မှုခံယူသူမှ စမ်းသပ်ကြည့်ရမည်ဖြစ်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်၏အကူအညီဖြင့် အဖြေမှန်ကို သတ်မှတ်ကြရ မည်။ အကယ်၍ အကျိုးမရှိခဲ့ပါက ထိုပြဿနာကို ပြန်လည်လေ့လာ ပြီး ဆက်လက်တိုင်ပင်ဆွေးနွေးကာ ရှေ့က စဉ်းစားတွေးခေါ်ချက်များကို ပြန်လည် သုံးသပ်၍ အသစ်တဖန် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။
အပြီးသတ်ရန်အဆင့် (The Termination- Launching Phase)
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူနှစ်ဦးလုံး ပြဿနာအပေါ် အသေးစိတ် ဆွေးနွေးခဲ့ကြပြီး၊ သဘောပေါက်ကြပြီးနောက်နိုင်မည့် ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ကာ၊ အဖြေများ စတင် တွေ့ရှိ ၊ ဆွေးနွေးလမ်းညွှန်ခြင်းအမှုကို အဆုံးသတ်ရန် အချိန်ကျရောက်ပြီဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်နွယ်မှုသည် ကြာရှည်၍ နှစ်မြိုဖွယ် ဖြစ်ခဲ့လျှင် ရပ်နားအဆုံးသတ်ရန် ခက်ခဲပေလိမ့်မည်။ တစ်ခါတစ်ရံ ခွဲခွာရန် ခက်ခဲ ရှိခြင်းကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူတိုသည် မလိုအပ် သည့်တိုင် ဆွေးနွေးလမ်းညွှန်ခြင်းအမှုကို ဆက်လက်ပြုလုပ်ရန် ကြိုးစားကြသည်။
ဤသိုပြုခြင်းသည် အကျိုးမရှိလှချေ။ အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ဆွေးနွေးခြင်းအမှုကို အဆုံးသတ်ရ တော့မည်ဟု ယူဆလျှင် အကူအညီမပါဘဲ ပြဿနာကို မိမိကိုယ်တိုင် ဖြေရှင်းနိုင်သည့်အဆင့် ရောက်လာပြီဟု ငါမြင်တယ်” အစရှိသဖြင့် ပြောသင့်ပေသည်။ ဤသိုဖြင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူအား အဆုံး သတ်တော့မည့် အကြောင်း အရိပ်အမြွက် ပြရာရောက်သည်။ အချိုအခြေအနေများ တွင် နောက်ထပ် အကူအညီလိုပါက ထပ်မံဆက်သွယ်မှုပြုရန် ကြိုဆိုလျက်ရှိကြောင်း အသိပေးရမည်။အတူတကွ ဆွေးနွေးရာတွင် လမ်းညွှန်မှုခံ ယူသူအနေဖြင့် ပြင်ပအကူအညီမပါဘဲ မည် သိုကိုင်တွယ်နိုင်မည့်အကြောင်းဖြစ်သည်။ ဤသည်မှာ ဆွေးနွေး လမ်းညွှန်မှုနှင့် ဆက်နွယ်လျက် စစ်မှန်သော ရည်ရွယ်ချက်ပန်းတိုင်ဖြစ် သည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူအား အသက်တာ၏ ပြဿနာများကို ထိရောက် စွာ ကိုင်တွယ်ဖြေရှင်းရန် အကူအညီပေးရေးပင်ဖြစ်သည်။ ထိုကြောင့် ဆွေးနွေး လမ်းညွှန်မှုကို နိဂုံးချုပ်ခြင်းသည် အဆုံးသို ရောက်ခြင်းမဟုတ်။ နိဂုံးချုပ်ခြင်းသည် ဆွေးနွေးလမ်းညွှန် မှုခံယူသူသည် အသစ်သောအသက်တာ၌ အသက်ရှင်ရန် အချိန် ကျရောက်ခြင်းဖြစ်၍ ပြဿနာများကို ဘုရားသခင်၏အကူအညီဖြင့် ပိုမိုထိရောက် စွာ ကိုင်တွယ်နိုင်ပေမည်။
ဆွေးနွေးမှု အဆုံးသတ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် ဆွေးနွေးလမ်းညွှန်မှုခံယူ သူ၏အခြေအနေ မည်သိုရှိသည်ကို မေးမြန်းလိုစိတ်ရှိနိုင် သည်။ ဤသိုဖြစ်ခြင်းသည် စစ်မှန်သောစိတ် ဝင်စားမှုပြသခြင်းဖြစ်ပြီး ဆွေးနွေးလမ်းညွှန်ခြင်းအပေါ် မည်ရွေ့မည်မျှ အကျိုးသက်ရောက်မှုရှိသည်ကို ခန့်မှန်းနိုင်ပြီး ခံယူသူအားလည်း နောက်ထပ်ဖြစ်ပေါ်လာသည့် အသေးအမွှားကိစ္စများကို ဝေငှရန် အခွင့်အ ရေးရရှိပေသည်။ ဤနေရာ၌ ဆွေးနွေးလမ်းညွှန်မှုခံယူသူအား အတိုင် ပုဂ္ဂိုလ်အပေါ် ဆက်လက်အားကိုး သမှုပြုစေရန် မဟုတ်ချေ။ ဤသိုပြုခြင်း ယခင်က လာရောက် ဆွေးနွေးလမ်းညွှန်မှုခံယူသူ အပေါ် သင့်အနေဖြင့် ဖြူစင်သော စေတနာစိတ်နှင့် ဂရုစိုက်ခြင်းကို ညွှန်ပြနေခြင်းဖြစ်ပေသည်။
ဤအရာအားလုံးသည် လွယ်ကူ၍ လိုရင်းတိုရှင်းဖြစ်သည်ဟု ထင်ရသော – လက်တွေ့ အသုံးချရန် ခက်ခဲမှုရှိပေသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည်သာလျှင် ဆွေးနွေးလမ်းညွှန်မှုခံယူသူ၏ပြဿနာကို ဖြေရှင်းပေးရန် လုံးဝတာဝန်ရှိခြင်းမဟုတ်ကြောင်းကို သတိရသင့်သည်။ ဆွေးနွေးလမ်းညွှန်ခြင်းအမှုသည် ပြဿနာများကို အနည်းဆုံးလူနှစ်ဦး အတူတကွ ဖြေရှင်းနေသည့် ဆက်နွယ်မှုမျိုး ဖြစ်သည်။
နောက်မှတ်သားရန်အချက်မှာ ဆွေးနွေးလမ်းညွှန်ခြင်းအဆင့်တိုသည် အစဉ်သဖြင့် အစီအစဉ်အတိုင်း မရှိခြင်းပင်ဖြစ်သည်။ ဥပမာအားဖြင့် အဆင်ပြေ ဆက်ဆံမှုသည် ဆွေးနွေးလမ်းညွှန်မှုအစပိုင်း တွင်သာမ ဟုတ်ဘဲ၊ ဆွေးနွေးနေစဉ်တွင် လည်း အရေးကြီးသည်။ ကြိမ်ဖန်များစွာ ပန်းတိုင်ချမှတ်သည့်အဆင့်နှင့် အဖြေ ရရှိရန် လှုပ်ရှားသည့် အဆင့်နှစ်ခုအကြား တိမ်းယိမ်းမှုများရှိတတ်ပေသည်။
နောက်ဆုံးအနေနှင့်သတိပြုရမည်မှာ ပြဿနာအားလုံးကို တူညီသော နည်းလမ်းတစ်ခုတည်းဖြင့် ကိုင်တွယ်ဖြေရှင်း၍ မရကြောင်း၊ ဝမ်းနည်းကြေကွဲနေ သည့် မုဆိုးမသည် အသင်းတော်လူငယ်အစီအစဉ်၏ငြီး ငွေ့ဖွယ်ကောင်းခြင်းကြောင့် စိတ်ပျက်နေသည့် လူငယ်နှင့်မတူသော ဆွေးနွေးလမ်းညွှန်မှု လိုအပ်ပေသည်။ ထိုကြောင့် ခရစ်ယာန်ခေါင်းဆောင်တစ်ဦးအနေဖြင့် ကွဲပြားခြားနားသော ဆွေးနွေး လမ်းညွှန်မှု နည်းလမ်းများကို သိရှိနားလည်ထားရန် လိုပေသည်။ ဤအကြောင်း အရာအတွက် နောက်သင်ခန်းစာသို ဆက်လက်သွားကြပါစို။
အခန်း(၅)
ခရစ်ယာန်တရားအခြေပြုဆွေးနွေးလမ်းညွှန်မှု အမျိုးအစားများ
Types Of Christian Counseling
ရှောလုမင်းသည် စွဲမက်ဖွယ်ကောင်းသော လူငယ်တစ်ယောက်ဖြစ်ခဲ့သည်။ အရပ်မြင့်၍ရုပ်ချောသည်၊ ရဲရင့်၍နှိမ့်ချသည်။ ဣသရေလရှင်ဘုရင်သည် ဘုရား သခင် ပြင်ဆင်ပေးသည့် ခြားနားသောစိတ်နှလုံးရှိ သည်(၁ရာ၊၁၀း၉)။ သမ္မာကျမ်း ဖော်ပြချက်အရ ထာဝရဘုရား၏ဝိညာဉ်တော်သည် မင်းအဖြစ် ဘိသိက်ခံသော အချိန်တွင် ရှောလုအပေါ်သို သက်ရောက်၍ သူသည် ခြားနားသောသူတစ်ယောက် အလား ခံစား၍ ပြုမူသည် (၁ရာ၊၁၀း၆)။ လူတိုသည် မိမိတို၏ဘုရင်မင်းသစ်အပေါ် ၌ စိတ်စွဲလမ်းကြသည်မှာ အံ့သြဖွယ်ရာမဟုတ်ပေ။
သို့သော်လည်း တစ်စုံတစ်ခုမှားနေသည်။ ရှောလုသည် မနာလိုသောသူ၊ မိမိကိုယ်ကို ဗဟိုပြုသောသူ၊ နာခံမှုမရှိသောသူနှင့် အလွန်ဒုက္ခရောက်သောသူဖြစ် လာသည်။ သူသည် ဘုရားသခင်၏လမ်းပြမှုကို လက်မခံဘဲ ဆီးတားသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်တို၏အကြံပေးချက်တိုကို လျစ်လျူရှုသည်။ မကြာခဏ အမျက် ဒေါသ ပေါက်ကွဲလေ့ရှိသည်။ ရန်သူတိုကို ဖယ်ရှားရန် အချိန်ယူပြီး စီမံချက် ရေးဆွဲ သည်။ ၁ရာ၊၁၆း၁၄ သည် သမ္မာကျမ်းထဲ၌ ဝမ်းနည်းစရာအကောင်းဆုံးသော ကျမ်းပိုဒ်တစ်ပိုဒ်ဖြစ်သည်။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှောလုမှထွက်သွား၍ ထာဝရဘုရား ထံတော်က ဆိုးသောဝိညာဉ် သည် နှောင့်ရှက်တတ်၏”(၁ရာ၊၁၆း၁၄)။
ရှောလုမင်း၏အပါးတော်မြဲ အချိုတိုသည် မင်းကြီး၏ဝရုန်းသုန်းကား ဖြစ်ခြင်းအပေါ်၌ အလွန်စိုးရိမ် ကြောင့်ကြလျက် “သာယာစွာ စောင်းတီးတတ်သော သူကို ရှာဖွေရမည်အကြောင်းနှင့် ကိုယ်တော်သည် ချမ်းသာရမည်အကြောင်း တိုကို အကြံပြု၍ ကုသနည်းတစ်ခုကို အဆိုသွင်းကြ၏(၁ရာ၊၁၆း၁၆)။ ဒါဝိဒ်သည် သူ ရွေးချယ်သည့် စောင်းသမားဖြစ်သည်မှာ လူတိုင်းသိသည်။ သူသည် ခေတ်စကား အရ တေးဂီတကုထုံး”(music theraphy)ဟုခေါ်သောနည်းပညာကို အသုံးပြုသည်။
ရှောလု၏အစေပါးတို့က ရှင်ဘုရင်ကို ကူညီပါဟု တောင်းဆိုကြမည် ဆိုပါက သင်မည်သိုပြုမည်နည်း။ ရှင်ဘုရင်ကို ဆွေးနွေးလမ်းညွှန်ရန် ကျွန်တော်တို သည် တောင်းဆိုခံချင်မှ ခံကြမည်ဖြစ်သော်လည်း အနီးအနား၌ ရှောလုနည်းတူ ပပင်သောက ရောက်သောလူများရှိပါသည်။ ကျွန်ုပ်တိုတွင် စောင်းတီးခြင်း အတတ်ပညာကို လူအနည်းစုက တတ်မြောက်သော်လည်း ကျွန်ုပ်တို၏အသင်းတော်ထဲရှိ နွမ်းပါးသောသူတိုသည် ဆွေးနွေး လမ်းညွှန်မှု၊ နှစ်သိမ့်မှု၊ လက်တွေ့ကျသော မစမှု များကို မျှော်လင့်လေ့ရှိကြသည်။ ဤအရာသည် လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်။ လူတို၌ လိုအပ်မှု အသီးသီးရှိကြသောကြောင့် တစ်ဦးချင်းစီကို သီးသန့် ချဉ်းကပ်ရန်လို အပ်ကြောင်း မကြာမီ တွေ့ရှိကြသည်။ ကျွန်ုပ်တို တွေ့မြင်ခဲ့သည့် အတိုင်း လူတိုင်းအတွက် တစ်ခုတည်းသော ပုံသေနည်း မရှိနိုင်ပါ။
အတွေ့အကြုံရှိသော အတိုင်ပင်ခံပုဂ္ဂိုလ်များက ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်နည်း အမျိုးမျိုးရှိရာ ၎င်းတိုသည် ခြားနားကြသည်ဟု မှတ်ချက် ချကြသည်။ ဤအကြောင်းအရာတိုကို ဤအခန်း ၌ဖော်ပြထားပါသည်။ ဆွေးနွေး လမ်းညွှန်မှုခံယူသူ တစ်စုံတစ်ဦးအတွက် သင်သည် ဤချဉ်းကပ်မှုနည်း တစ်မျိုးကို အသုံးပြုနိုင်သည်။ သိုမဟုတ် လိုအပ်သလို အသုံးပြုနိုင်ပါသည်။
အထောက်အပံ့ပေးသော ဆွေးနွေးလမ်းညွှန်မှု Supportive Counseling
အသင်းတော် ဦးဆောင်သူ၊ အထူးသဖြင့် သင်းအုပ်ဆရာသည် သေရေး ရှင်ရေးအမျှ အရေးကြီး၍ လိုအပ်သောမစမှုနှင့် အားပေးမှုကိုပြုနိုင်ရန် အခွင့်သာ လျက်ရှိသည်။ ထိုအသိုင်းအဝိုင်းများ၌ အိမ်နီးနားချင်းများ၊ မိတ်ဆွေများနှင့် မိသားစု များတိုသည် မစမှုပေးရမည့်သူများဖြစ်ပြီး၊ ချစ်ရသောသူ ဆုံးပါးခြင်း၊ ပြင်းထန် ဖျားနာခြင်း၊ ငွေရေးကြေးရေး ပြဿနာကြုံတွေ့ခြင်းနှင့် အခြားသော ပြဿနာများ တွေ့ကြုံသောသူတိုကို နှစ်သိမ့်ပေးမည့်သူများဖြစ်ကြသည်။ မြိုကြီးများတွင် လည်သွားလာသောသူ များပြားလာပြီး မိသားစုနှင့် ဝေးကွာကြကာ လိုအပ် ချိန်၌ လမ်းပြမှုနှင့်မစမှုကိုရရှိရန် အသင်းတော်ရှိ ယုံကြည်သူမိတ်ဆွေများ “ပြုကြသည်။ အချိုသော နေရာများ၌ ခရစ်ယာန်တိုသည် သူတို၏ အနီးစပ်ဆုံးသော မိသားစုမှာ ခရစ်တော်၏ ခန္ဓာကိုယ်၌ရှိ သော ညီအစ်ကိုမောင်နှမ များဖြစ်သည်ဟု ခံစားကြသည် (၁ကော၊၁၂:၁၂-၂၇)။
အချို့တို့သည် တစ်ဦးတည်းရပ်တည်နိုင်သော်လည်း အချိုမှာ အဆက် မပြတ် အားပေးတိုက်တွန်းမှု လိုအပ်လျက်ရှိသည်။ ကျွန်ုပ်တိုအားလုံးသည် သေရေး ရှင်ရေးတမျှ အရေးကြီးသောအချိန်ကို ရင်ဆိုင်ကာ ဆုံးရှုံးမှုကြောင့် ဝမ်းနည်းနေချိန် ချစ်သောသူ သေဆုံးခြင်းနှင့် အခြားသောဘေးဒုက္ခကြီးအပေါ်၌ ကူညီမစနိုင် မည့်သူများ လိုအပ်ကြသည်။
အထောက်အပံ့ပေးသော ဆွေးနွေးလမ်းညွှန်မှု၌ ပန်းတိုင်သည် ဆွေးနွေး လမ်းညွှန်မှုခံယူသူကို အားပေးတိုက်တွန်းရန်မဟုတ်ပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်၌ ကလေးကဲ့သို အမှီသဟဲပြုရန်လည်း မဟုတ်ပါ။ ထိုသိုဖြစ်ရမည့်အစား ဆွေးနွေး လမ်းညွှန်မှုခံယူသောသူသည် အသက်တာ၌ ဖြစ်ပျက်သောအရာတိုကို နိုင်နင်း စွာ လုပ်ကိုင်စေမည့်ခွန်အားနှင့်ပညာ ရရှိနေစဉ်တွင်ပင် အတိုင်ပင်ခံပုဂ္ဂိုလ်က လတ်တလော မစမှုနှင့်လမ်းပြမှုကို ပေးနိုင်သည်။ ဤအရာကို ရရှိရန်အလိုငှါ ဆွေးနွေး လမ်းညွှန်မှု ခံယူသူ၏စိတ်ခံစားချက်များနှင့် စိတ်ဓာတ် ကျခြင်းများအကြောင်းကို ပြောပြရန် အားပေးတိုက်တွန်းရမည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် ပြဿနာကို ရှောင်ရှားရန် ကြိုးစားခြင်း သိုမဟုတ် မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ကူညီမှုကို ငြင်းဆန် ခြင်း၊ အမျက်ဒေါသ၊ စိတ်လှုပ်ရှားမှု အပြစ်လုပ်ခြင်းစသည့် မကောင်းသည့်ဘက်မှ စိတ်ခံစားမှုရှိခြင်းတိုကို ငြင်းပယ်၍ မိသားစုနှင့် သူငယ်ချင်းမိတ်ဆွေများထံမှ ထွက်သွားခြင်းစသည့် မကောင်းသောတုံပြန်မှုတိုကို အားမပေးရပါ။
သူ၏အမျက်ဒေါသ၊ ကျူးလွန်သောအပြစ် သိုမဟုတ် မကောင်းသော စိတ်ခံစားမှုများကို ဖော်ထုတ် ဆွေးနွေးခြင်း၊ ပြဿနာကို နိုင်နင်းစွာ ကိုင်တွယ် တာဝန် အချိုကိုပေးအပ်ခြင်း၊ ဖြစ်ပေါ်လာသည့် အခြေအနေကို ကိုင်တွယ်နိုင် နည်းလမ်းအမျိုးမျိုးကို ရှာကြံခြင်း၊ အချိုသောအရာများ(ချစ်သောသူသေဆုံး ရှိသည်ကို သိမှတ်၍ လက်ခံခြင်း၊ ဆွေမျိုးများ၊ သူငယ်ချင်းများ၊ အခြားသော နှင့် အဆက်အသွယ်လုပ်ခြင်း၊ ပြဿနာသည် မည်မျှပင် သေးငယ်သည်ဖြစ်စေ အပြု သဘောနှင့် ဖြေရှင်းရန် လက်တွေ့ ကျကျလုပ်ဆောင်ခြင်း စသည်တိုကို လမ်းညွှန်မှု ခံယူသော သူသည် အမှန်အတိုင်း ရင်ဆိုင်၍ နားလည်ရန် ကူညီ နိုင်မည်ဆိုပါက ပို၍ ကောင်းသောအရာဖြစ်သည်။
စိတ်ဖိစီးမှုများ၊ စိတ်မချမ်းသာစရာ အခြေအနေများ မရှိသကဲ့သို့ ဆောင်ခြင်းအားဖြင့် ရှောင်ရှားရန် များသောအားဖြင့် ကြိုးစားကြသည်။ တစ်ခါ တရံ ကျွန်ုပ်တိုသည် ပြဿနာကိုရင်ဆိုင်ရန် မည်သည့်အရာကိုမျှ မလုပ်ဘဲ ဘုရား သခင်ကို မျှော်လင့်ပါက ဘုရားသခင်သည် အသက်တာ အခက်အခဲတိုကို ဖယ်ရှား ပေးမည်ဟု ယုံကြည်ကြသည်။ ပြဿနာရှိနေခြင်းသည်လည်းကောင်း၊ ဘုရားသခင် ထံသို့ အပ်နှံခြင်းသည်လည်း ကောင်း(မ၊၁၁:၂၈-၃ဝ) ထိုပြဿနာအဖြေများ ဖြေရှင်း ဝင်သည့် လက်တွေ့ကျသော လုပ်ဆောင်မှုဖြင့် ကိုယ်တော် လမ်းပြမည်ဟု ဝန်ခံခြင်း သည် ပို၍ကောင်းပါသည်။ ကျွန်ုပ်တိုသည် အချင်းချင်းတို့အား တိုက်တွန်း ၍ တည် ဆောက်ပေးကြရန် သမ္မာကျမ်းက ညွှန်ကြားသည်(၁သက်၊၅:၁၁။ ဟေဗြဲ၊၁၃၊ ၁၀:၂၅)။ ရင်ဆိုင်ဖြေရှင်း ရန် လိုအပ်သောအချိန်၌ပင်လျှင် ကျွန်ုပ်တိုသည် သမ္မာ တရားကို မေတ္တာနှင့်ပြောပြကြရန်ဖြစ် သည် (ဧဖက်၊၄:၁၅)။ အထောက်အပံ့ပေးသော အတိုင်ပင်ခံပုဂ္ဂိုလ်သည် မေတ္တာနှင့် ဂရုစိုက်ပြုစုခြင်း၊ အခြေအနေကို သိတတ်သော အားဖြင့် ယဉ်ကျေးသိမ်မွေ့သော စိန်ခေါ်မှု၊ စစ်မှန်သောကြီးထွားမှု၊ လက်တွေ့ ပြဿနာကို ဖြေရှင်း ပေးနိုင်သည့် အထောက်အကူပြုသော လမ်းပြမှုကို ရရှိပါသည်။
ထိပ်တိုက်ရင်ဆိုင်ခြင်းဆိုင်ရာ ဆွေးနွေးလမ်းညွှန်မှု Confrontational Counseling
ယေရှုသည် လူများနှင့်ဆက်ဆံရာတွင် သူတို၏အပြစ်ဒုစရိုက်များနှင့် ထိပ်တိုက်ရင်ဆိုင်လေ့ရှိသည်။ ကိုယ်တော်သည် ကြွယ်ဝချမ်းသာသော လူငယ်အရာ ရှိကို သူ၏လွန်ကဲစွာ ချမ်းသာလိုသည့်ဆန္ဒအပေါ် ရင်ဆိုင်ခဲ့ သည်(လု၊၁၈း ၂၂)။ ရှမာရိ အမျိုးသမီးအား သူမ၏ပျက်ပြားသော ကိုယ်ကျင့်တရားနှင့်ရင်ဆိုင်တွေ့ဆုံ သည် (ယော၊၄:၁၇-၁၈)။ တပည့်တော်တိုအား သူတို့၏ယုံကြည်ခြင်းအားနည်းမှု နှင့် ရင်ဆိုင်တွေ့ဆုံသည်(မဿဲ၊၈:၂၆။ ၁၄:၃၁)။ ဘာသာရေးခေါင်းဆောင်တို့၏ မာန်မာနနှင့် ဟန်ဆောင်လျှိဝှက်တတ်ခြင်းကို ရင်ဆိုင်ခဲ့သည် (မ၊၁၂:၃၄၊ ၁၅-၇၈၊ ၂၃:၂၃-၃၃။ ယော၊၈း၄၄-၄၅)။
အပြစ်မရှိသည့် ယေရှုအတွက် တစ်ခုသောအရာမှာ အခြားသောသူတို့၏ အပြစ်ကို လက်ညှိးထိုးပြရန် ဖြစ်သော်လည်း မစုံလင်သော ခရစ်ယာန်များအတွက် အခြားသောသူတို၏အားနည်းချက်နှင့် ရင်ဆိုင်တွေ့ဆုံခြင်း သည် အခြားကဏ္ဍ တစ်ခုဖြစ်သည်။ အချိုဆွေးနွေးလမ်းညွှန်မှုကို အသက်မွေးဝမ်းကျောင်းအ လုပ်ကိုင်သော သူတိုသည် ဆွေးနွေးလမ်းညွှန်မှုခံယူသောသူအား အပြစ်ရှိ မခံစားစေရန် သိုမဟုတ် မစုံလင်ကြောင်း မခံစားစေ ရန် မည်သည့်အရာမျှ မပြု သင့်ပါဟု ခံစားကြသည်။ သိုသော်လည်း ဤအမြင်ကို အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဆွေးနွေးလမ်းညွှန်မှုခံယူသည့် လူ၏မှားယွင်းသောလုပ်ဆောင်မှုများအ ထိပ်တိုက်ရင်ဆိုင်ရန် ဆန္ဒရှိသော သူတို၏စိန်ခေါ်မှုကို ခံရကြသည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် သူတစ်ပါးကို စီရင်ရန်(၇၁ ၂) ရှုတ်ချရန်နှင့်ဝေဖန်ရန်မဟုတ်ပါ။ လူတိုသည် မိမိတို၏အပြစ်ကို ရင်ဆိုင်ကြရ ဆုံးရှုးမှုတိုကို ရင်ဆိုင်ကြရန်၊ မိုက်သောလုပ်ဆောင်မှုများနှင့် မိမိကိုယ်ကိုသာ ပဓာ ကျသည် ဟူသောသဘောထားတိုကို ချစ်ခြင်းမေတ္တာနှင့်လည်းကောင်း၊ ယဉ်ကျေး သိမ်မွေ့စွာဖြင့်လည်းကောင်း အားပေးတိုက်တွန်းရန်ဖြစ်သည်။ မိမိ၏ ကိုယ်ကျ တရားပျက်ပြားမှုများနှင့် မိုက်မဲစွာလုပ်ဆောင်မှုတိုကို ကွယ်ဝှက်ထားခြင်းသည် မပျော်ရွှင်မှုနှင့်စိုးရိမ်ပူပန်မှုကိုသာ ဖြစ်စေသည်။ အကယ်၍ ကျွန်ုပ်တို၏အပြစ်တိုကို ဝန်ချတောင်းပန်ကြမည်ဆိုပါက ဘုရားသခင်သည် ကျွန်ုပ်တို၏အပြစ်ကို လွှတ်၍ (၁ယော၊၁း၉) ကရုဏာတော်ကို ရရှိကြမည်ဖြစ်သည်(သု၊၂၈း၁၃)။ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဘုရားသခင်၏အစေခံကျွန် တစ်ယောက်အနေနှင့် ဆွေးနွေးလမ်းညွှန်မှု ခံယူသူသည် မိမိအပြစ်ဒုစရိုက်တိုကို ရင်ဆိုင်၍ ဘုရားသခင်အား ဝန်ချတောင်းပန် ရန်လိုအပ်ပါက သူတစ်ပါးကို ဝန်ချတောင်းပန်ရန် ကူညီ ရမည်ဖြစ်သည် (ယာကုပ် ၅:၁၆)။ အပြုအမူနှင့် စိတ်သဘောထား ပြောင်းလဲစေမည့်အရာတစ်ခုကို ပြုလုပ်ပေး ရမည်ဖြစ်သည်။
ထိပ်တိုက်ရင်ဆိုင်ခြင်းကို အကျင့်ပါသော အပြစ်ပြုခြင်းဆိုင်ရာ ဆွေးနွေး ခြင်း တစ်ခုတည်းနှင့်သာ မရပ်သင့်ကြောင်း သဘောပေါက်ရန် အရေးကြီးသည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် မိမိ၏လုပ် ဆောင်မှုများကို အတွင်းကျကျမြင်နေ ရန် ထိပ်တိုက်ရင်ဆိုင်ခြင်းက အထောက်အကူပြုသည်။ သူတိုမကြားလို သောအရာကို သူတိုအား အတင်းကြားစေသည်။ ထိုအရာကို အရေးယူရန် သူတို အား တွန်းအားပေးသည်။ ထိပ်တိုက်ရင်ဆိုင်ဆွေးနွေးခြင်း သတ္တိမွေးရသည်။ အဘယ့်ကြောင့်ဆိုသော် ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် အမျက်ဒေါသနှင့်လည်းကော တော်လှန်ခုခံခြင်းနှင့် တုံပြန်တတ်သည်ကိုလည်းကောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်သည် သိသောကြောင့်ဖြစ်သည်။ သိုသော်လည်း သိုသော်လည်း စေတနာစိတ်နှင့်လည်းကောင်းလမ်းညွှန်မှုခံယူသူသည် ပြန်၍ အဖြေပေးရန် အခွင့်အရေးပေးသည့်အနေနှင့် ယ်သာ ဆွေးနွေးပါက ထိပ်တိုက်ရင်ဆိုင် ဆွေးနွေးလမ်း ညွှန်ခြင်းသည် ယ်အရှိဆုံးသောအရာတစ်ခုနှင့် ဆွေးနွေး လမ်းညွှန်ခြင်း၏ဆုလာဘ်တစ်ခု ဖြစ်နိုင်သည်။
ပညာပေး ဆွေးနွေးလမ်းညွှန်မှ Educative Counseling
လူ၏ကျင့်ကြံပြုမူသည် သင်ယူမှုမှဖြစ်သည်။ စကားပြောပုံပြောနည်း၊ စဉ်းစားနည်း၊ ဝတ်ဆင်နည်း စသည်တိုကို သင်ယူရပြီး ကျွန်ုပ်တို၏ယဉ်ကျေးမှုက လက်ခံနိုင်သည့်နည်းဖြင့် လူမှုရေးနယ်ပယ်၌ အသုံးပြု ကြသည်။ ကျွန်ုပ်တို၏ အသက်တာထဲ၌ ပြဿနာများဝင်ရောက်လာသောအခါ ထိုပြဿနာကို ဖြေရှင်းရန် အတိတ်အကြောင်းကို လေ့လာကြသည်။ သိုမဟုတ် အချိုသင်ယူသောနည်းများကို အသုံးပြု၍ လွတ်မြောက်ရန်လုပ်ဆောင်ကြသည်။ စိတ္တဇရောဂါသည်များ၏ – လုပ်ဆောင်ချက်တိုသည် သူတိုကို စောင့်ကြည့်နေသူတိုအတွက် ထူးဆန်းကောင်း ၊ ထူးဆန်းနိုင်သော်လည်း အများအားဖြင့် ဤရောဂါ လက္ခဏာတိုသည် ဖြစ်ရိုးဖြစ်စဉ် လေ့လာချက်တိုကို ကိုင်တွယ်ဖြေရှင်းနည်းဖြစ်သည်။ မည်သိုပင်ဖြစ်စေကာမူ အတိတ်၏စိတ်လှုပ်ရှားမှုကို လျှော့ချရာ၌ အောင်မြင်သည့် မည်သည့်နည်းလမ်း မဆို အနာဂတ်၌ တစ်ဖန်အ သုံးချရပါသည်။
အကယ်၍ လူတို၏ကျင့်ကြံပြုမူမှုနည်းလမ်းများကို လေ့လာခဲ့ပြီးဖြစ်ပါက ဆွေးနွေးလမ်းညွှန်ခြင်း၌ ပညာပေးရေးကိုပါ ထည့်စဉ်းစားသင့်သည်။ ကျင့်ကြံပြုမူ – နည်း မသိရှိ၊မပြုတတ်သေးသော ဆွေးနွေး လမ်းညွှန်မှုခံယူသူသည် ပို၍ သင့်တော် – သာနည်းလမ်းများနှင့် နည်းသစ်တိုကို လေ့လာရပါသည်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အမှန်စင်စစ် ဆရာသမားတစ်ယောက်ဖြစ်ပြီး ခရစ်ယာန်တရားအခြေပြုလမ်းညွှန်မှုသည် ခရစ်ယာန် ပညာရေးကို အထူးပြုကြောင်း ဤသင်ခန်းစာ ၌ ဖော်ပြအပ်ပါသည်။
ဆွေးနွေးလမ်းညွှန်မှု၌ ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်၏လုပ်ဆောင်ရန်မှာ သာ သင်ပေးခြင်းဖြစ်သည်မှာ သံသယမရှိနိုင်ပါ။ ဓမ္မပညာဆိုင်ရာ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ရွေးချယ်မှုတို၌ လူတိုသက် စိုးရိမ်ကြောင့်ကြ၍ အကြံဉာဏ်ကိုတောင်းခံကြကာ အတိုင်ပင်ခံပုဂ္ဂိုလ်ကို သည်။ လူမှုရေး၌ အားနည်းသောလူငယ်တိုသည် လေ့လာသင်ယူကြရမည် သည်။ အရေးကြီးဆုံးဖြတ်ရန် ပြဿနာကို ရင်ဆိုင်ရသောလူတိုသည် အသင်း ဦးဆောင်သူ၏ခံယူချက်နှင့် လမ်းညွှန်မှုကို ရယူပါမည်။
အခြားသူတို့သည် ကျွန်ုပ်တိုကို အချိုသောကဏ္ဍတို၌ ကျွမ်းကျင်သော အဖြစ် ယူဆကြကာ ကျွန်ုပ်တို့ ၏အကြံပေးမှုကို တန်ဖိုးထားသည်ဟု သိရှိခြင်းကြောင့် ဘဝင်မြင့်စေနိုင်သည်။ မည်သိုပင်ဖြစ်စေ ဤလုပ်ဆောင် မှု၌ (အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်) လူများစွာတို့သည် မသိသေးသောဘာသာရပ်များ၌ပင် ထင်မြင်ယူဆ ချက်များကို ပေးတတ်ကြသည်။ ပညာပေးဆွေးနွေးလမ်းညွှန်မှု၌ ကျွန်ုပ်တိုသည် နှိမ့်ချသောစိတ်သဘော ထားရှိပြီး ဘုရားသခင်၏နှုတ်ထွက်စကားတော် အခွင့်အာဏာ ဖြင့် ဆွေးနွေးရပါမည်။ အခြားသောသူတို့ ၏ပြဿနာကို ကူညီဖြေရှင်းပေးသော အခါ၌ ဘုရားသခင်ထံ ဉာဏ်ပညာတောင်းသင့်သည်။ ကျွန်ုပ်တို့ သည် အဖြေမှန်ကို ချက်ချင်းမသိရသော်လည်း အဖြေကိုရှာရမည်ဖြစ်ကြောင်း အာမခံကြရမည်ဖြစ်သည်။
လွန်ခဲ့သောနှစ်အတော်အတန်ကြာသောအချိန်၌ လူငယ်သာသနာပြုဆရာ တစ်ယောက် ဖိလိပိုင် နိုင်ငံသိုရောက်လာသည်။ မကြာမီ အသင်းတော်ရှိ ယုံကြည်သူ တိုသည် သူ၏ဆွေးနွေးလမ်းညွှန်မှုကို လိုလား ကြကြောင်း တွေ့ရှိရသည်။ ထို သာသနာပြုဆရာသည် ထိုဒေသရှိ ဓလေ့ထုံးစံအချိုနှင့် ရင်းနှီးကျွမ်းဝင်ခြင်းမရှိ၊ မကောင်းသောအကြံကိုလည်း မပေးလိုဘဲဖြစ်ရာ သူ့ကိုမေးမြန်းသည့်မေးခွန်းများကို မည်သိုဖြေရမည်ကို မသိဘဲရှိနေတတ်ပြီး၊ တစ်နေ့သောအခါ၌ အရာခပ်သိမ်းတိုကို သိ၍ ပညာရှိသော သာသနာပြုဟူ၍မရှိကြောင်း ကို သဘောပေါက်သည်။ မိမိ၏ အစေခံများအားဖြင့် လမ်းပြပိုဆောင့်လေ့ရှိသောသူမှာ ထိုသခင်ပင်ဖြစ်သည်။ ထိုကြောင့် ထိုသာသနာပြုဆရာသည် ဆွေးနွေးလမ်းညွှန်မှုခံယူသူတိုအား “ခင်ဗျား တိုရဲ့ မေးခွန်းအားလုံး အဖြေကို ကျွန်တော် မသိနိုင်ပါဘူး။ ဒါပေမဲ့လည်း ပြဿနာ အားလုံးရဲ့ အဖြေကို သိသောသူတစ်ယောက်ကို ကျွန်တော်သိပါတယ်။ ကျွန်တော်နှင့် အတူ ထိုအရှင်ထံ ဆုတောင်းပြီး မှန်ကန်သောဆုံးဖြတ်ချက်သို့ လမ်းပြပို့ ဆောင်မည် ကို ယုံကြည်ပါ”ဟု ပြောပြသည်။ ကျွန်ုပ်တိုအားဖြင့် အခြားသောသူတိုကို လမ်းညွှန် ရာ၌ ဘုရား သခင်ကို ယုံကြည်ကိုးစားရပါမည်။
ဝိညာဉ်ရေးရာ ဆွေးနွေးလမ်းညွှန်မှု Spiritual Counseling
တစ်နည်းအားဖြင့် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှုအားလုံး သည့် ဝိညာဉ်ရေးရာ နှင့်ဆိုင်ပါသည်။ ကျွန်ုပ်တိုသည် ခရစ်တော်၏နောက်လိုက် များအနေနှင့် လူအားလုံးတိုကို တပည့်တော် ဖြစ်စေလျက် အားနည်းသော သတိုကို မစရန် တာဝန်ရှိကြသည်(မ၊၂၈း၁၉-၂ဝ။ ရောမ၊၁၅:၁။ ဂလာ၆:၁-၂။ ၁သက်၁း၄)။ ဤအကြောင်းကြောင့် ဖြစ်ပေါ်လာသော ဝိညာဉ်ရေးရာ ပြဿနာများ ၌ ကျွန်ုပ်တိုသည် သိမ်ငယ်၍ မရပါ။ ပြဿနာသည် ဝိညာဉ်ရေးရာသဘောသဘာဝ မရှိသကဲ့သိုသောအချိန်၌ပင်လျှင် သိမ်ငယ်၍မရပါ။ အရာရာတိုသည် ဝိညာဉ် သဘောအတိုင်း မည်သို သွားပါသနည်း။ ဤကဲ့သိုသောမေးခွန်းသည် ဝိညာဉ် ရေးရာပြဿနာကို မိတ်ဆက်၍ အစပြုနိုင်ပါသည်။ တစ်ခါတစ်ရံ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အခြားသောသူတိုကို ခရစ်တော်နှင့် မိတ်ဆက်ပေးရမည့် အခွင့်အရေး ရရှိကြသည်။ ခရစ်တော်ကို မိမိသခင်အဖြစ် လက်ခံ၍ အသက်တာကို ဆက်ကပ် ကြရန် လူတိုကို အားပေးတိုက်တွန်းရသည့်အခွင့် ရရှိကြသည်။ သင်သည် အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် အတူတကွ ဆုတောင်းခြင်း သိုမဟုတ် သမ္မာကျမ်းထဲမှ ကျမ်းပိုဒ် တစ်ပိုဒ်ကို ဖတ်လေ့ရှိ မည်ဖြစ်သည်။ ဤသိုသော ဆွေးနွေးလမ်းညွှန်ခြင်းသည် မြေကြီးအသက်တာ၌ ပို၍ နှစ်သက်ကျေနပ်စရာ အသက်တာသို ပိုဆောင်နိုင်ကာ (ယော၊၁၀း၁၀)ကောင်းကင်ထာဝရအသက်သိုလည်း ပိုဆောင်နိုင်သည် (ယော၊၃း၁၆)။
လူတို့သည် အသက်တာ၏အဓိပ္ပါယ်နှင့်ရည်မှန်းချက်ကို တွေ့ရှိရန် ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်သည် သာမန်လူများနှင့်မတူပါ။ ဤအရာကို Freud ပင်လျှင် အသိအမှတ်ပြုသည်။ ဘာသာအယူဝါဒသာလျှင် ဘဝရည် မှန်းချက် ပန်းတိုင်၏အဖြေကို ပေးနိုင်သောအရာဖြစ်သည်ဟု တစ်ခါရေးသားခဲ့ဖူးသည်။ ဤအရာကို ကြည့်ခြင်း အားဖြင့် ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များစွာတိုသည် ပြဿနာအချိုတိုကို ခေါင်းရှောင်သည်မှာ ဝမ်းနည်းစရာ အချက်တစ်ခုဖြစ်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ ဘာသာရေးပြဿနာတစ်ခုအနေနှင့် ပေါ်ပေါက် လာသောအရာသည် ပို၍နက်နဲသော ဝိညာဉ်ရေးရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်ခုကို ကွယ်ဝှက်ထားသည့် မျက်နှာဖုံးစွပ်တစ်ခု ဖြစ်လေ့ရှိသည်။ ဥပမာ စိတ် ကျန်းမာရေးဆေးရုံ၌ရှိသော လူနာတိုသည် တစ်ခါတစ်ရံ၌ ခွင့်လွှတ်၍မရသော အပြစ်ကို ကျူးလွန်ကြောင်းကို ပြောလေ့ရှိကြသည်။ သိုသော်လည်း ထိုပြဿနာ၏ ၊ သဘောသဘာဝသည် ထိုထက်များစွာ အမြစ်တွယ်သည်။ တစ်ခါတစ် ဆွေးနွေး လမ်းညွှန်မှုခံယူသူတိုသည် သီဩလိုဂျီ အကြောင်းနှင့် ပတ်သက်သောမေး ပို၍မေးလိုကြသည်။ ထိုမှသာလျှင် သူတို ၏စိတ်လှုပ်ရှားမှုတို့နှင့် တင်းမာမူတို့ကို ပြောပြရန်မလိုအပ်တော့ဘဲ အချိန်ကုန်လေ့ရှိတတ်သည်။
လူအချိုတိုသည် မိမိတို၏ဝိညာဉ်ရေးရာ လိုအပ်မှုနှင့်ရုန်းကန်မှု ဖုံးကွယ်ရန် ကိုယ်ပိုင်ပြဿနာများကို ကြီးထွားရှင်သန်စေကြသည်မှာ အမှန်ပင် သည်။
“ကျွန်တော် စာကို အာရုံမစိုက်နိုင်ဘူး”ဟူသည့် ပညာရေးဆိုင်ရာ ပြဿနာ တစ်ခုကဲ့သို ဖြစ်သော်လည်း လူတစ်ယောက်၏ အားအင်ကုန်ခန်းခြင်းကို ဖြစ်စေ သည့် ဝိညာဉ်ရေးရာ ရုန်းကန်မှုတစ်ခုဖြစ်နိုင်သည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူ သည် ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်ကို ရွေးချယ်သည်ဟူသောအချက် မှာ သူ၏ အသိစိတ်ထဲတွင် ဝိညာဉ်ရေးရာလိုအပ်မှုတစ်ခုရှိသည်ဟု ဆိုနိုင်ပါသည်။
တစ်ည၌ ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးထံသို မိုင်ပေါင်းများစွာ သော မိတ်ဆွေတစ်ယောက်ထံမှ ဖုန်းဝင်လာသည်။ ထိုသူသည် စိတ်ဓာတ်ကျဆင်း ခြင်းနှင့်ပတ်သက်သော ပြဿနာတစ်ခုအကြောင်းကို ဆွေးနွေးလိုကြောင်း ပြောပြ သည်။ ထို မိတ်ဆွေရောက်ရှိလာပြီး ခဏမျှ စကားပြောသောအခါ သူသည် စိတ်ဝင် စားစရာ ကောင်းသောအချက်တစ်ခုကို ပြောပြသည်။ “ကျွန်တော်နေထိုင်သော နေရာ၌ အတိုင်ပင်ခံပုဂ္ဂိုလ်များ ရှိကြပါသည်။ ဤမျှဝေးလံသောခရီးကို လာရခြင်း ၊ အကြောင်းမှာ မိတ်ဆွေအနေဖြင့် ကျွန်တော်၏ဝိညာဉ်ရေး ရာ အခြေအနေကို သုံးသပ်ပေးနိုင်မည်ကို သိရလို၊ ကျွန်တော့် ပြဿနာနှင့်ဆိုင်နေတာကို သိရလိုလာရ ၊ ပါတယ်”ဟုဆို၏။ ဤအရာကို ဆွေးနွေးလမ်းညွှန်မှုခံယူရန် ရောက်ရှိလာသူက အစပထမတွင် ပြောမပြခဲ့ပါ။ ပထမဦးဆုံး သူ၏ပြဿနာကိုပြောပြသည့်အ မသက်မသာ ခံစားသည့်ပုံပေါ်နေသည်။ ခရစ်ယာန်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သူ ပြဿနာကို အဓိပ္ပါယ်သက်ရောက်စေသည့် အလျားလိုက်သဘော(လူနှင့် ဒေါင်လိုက်သဘော (လူနှင့်ဘုရားသခင်) သတိပြုရမည်ဟု ရေးသားသောသင်းအုပ်ဆရာနှင့် သင်သဘောတူကောင်းတူမည်ဖြစ်သည်။
အဖွဲ့လိုက် ဆွေးနွေးလမ်းညွှန်မှု Group Counseling
ယေရှုသည် ဤမြေကြီးပေါ်၌ရှိနေစဉ်တွင် လူများစွာတို၏လိုအပ်မှု၊ ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးပြောပြသည်။ သိုသော် သူ၏ဆွေးနွေး လမ်းညွှန်မှုမှာ လူတစ်ဦးတစ်ယောက် အချိန်တစ်ခုတည်းအတွက် ကန့်သတ်မထား ပါ သူသည် ဇမောက်လမ်းပေါ်၌ လူနှစ်ယောက်တိုကို ဆွေးနွေးလမ်းညွှန်သည်ကို ကျွန်ုပ်တိုတွေ့ ခဲ့ပြီးဖြစ်သည်။ တစ်ခါတစ်ရံ ပေတရု၊ ယာကုပ်၊ ယောဟန်တိုနှင့် အရေးကြီးသော ပြဿနာများကို ဆွေးနွေးပြီး တပည့်တော်တစ်ဆယ့်နှစ်ပါးတိုနှင့် လည်း သက်ဆိုင်သောကိစ္စ ဆွေးနွေးသည့်အချိန်များစွာရှိသည်။
ကနဦးအသင်းတော်၌ လူတိုသည် ကျမ်းစာလေ့လာရန်၊ မိတ်သဟာယဖွဲ ရန်၊ ပွဲတော်ပါဝင်ရန်နှင့် ဆုတောင်းရန် စုဝေးကြသည်။ ယုံကြည်သူတိုသည် မိမိတို ပိုင်ဆိုင် သောအရာတိုကို အချင်းချင်းဝေမျှ၍၊ အတူတကွ ဝတ်ပြု၍ စားသောက်ကြ ကာ ဘုရားသခင်ကို ချီးမွမ်းကြသည်(တမန်၊၂:၄၂-၄၇)။ သူတိုသည် မိမိတို၏ ပြဿနာတိုကို ပြောပြကြကာ၊ သူတို၏လိုအပ်မှုအရ အချင်းချင်းကူညီကြမည်မှာ သေချာသည်။ နောက်နှစ်ပေါင်းများစွာ ကြာပြီးနောက် မက်သဒစ်အသင်းတော်သည် လူစုအနည်းငယ်၏လှုပ်ရှားမှုအနေနှင့် အစပြုလာကာ၊ ယနေ့ အသင်းတော်များစွာ တိုသည်လည်း အစုအဖွဲများခွဲကြကာ၊ မိမိတို၏အတွေ့အကြုံများကို ဝေငှရန်၊ မိမိတို၏အမှားများကို ဝန်ချတောင်းပန်ရန်၊ ဆုတောင်းရန်(ယာကုပ်၊၅:၁၆)နှင့် အတူ တကွ ကျမ်းစာလေ့လာရန် တွေ့ဆုံစည်းဝေးကြသည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များသည် မိသားစုအပါအဝင် လူတိုကို အဖွဲ လိုက် ဆွေးနွေးလမ်း ညွှန်ခြင်းသည် အဖိုးတန်ကြောင်းကို တွေ့ရှိခဲ့ကြသည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူများနှင့် တစ်ကြိမ်တည်း တွေ့ဆုံရာတွင် မိမိတို၏ စိတ်ခံစားချက်များကို ရိုးသားစွာ ပြောပြဝေငှမည့်နေရာ၊ ထိုးထွင်းသိမြင်ရန်နေရာ၊ အချင်းချင်း တိုက်တွန်းရန်၊ ယဉ်ကျေးသိမ်မွေ့စွာဖြင့် ရင်ဆိုင်တိုက်ခိုက်ရန်၊ ပြဿနာ ကို အချင်းချင်း မစရန် စသောအရာတိုအတွက် လုံလောက်သောနေရာတစ်နေရာကို အဖွဲ ခေါင်းဆောင်က စီစဉ်ရပါမည်။
အချို့တို့သည် မိမိတို့ အစီအစဉ်ဖြင့် နေရာများကို စီမံထားကြသ ကျမ်းစာလေ့လာသောအဖွဲ့၊ လူမှုရေးအဖွဲများ၊ အသင်းတော်၌ စီမံရေးရာ ဆုတောင်း မိတ်သဟာယစသည်တိုသည် ဆွေးနွေးလမ်းညွှန်ခြင်းကို ပြုလုပ် မဟုတ်ဘဲ ရည်မှန်းချက်တစ်ခုစီရှိကြသည်။ သိုသော်လည်း ထိုအဖွဲ ထဲ၌ပါသော လူတိုသည် နောက်ဆုံး၌ မိမိတို၏လိုအပ်ချက်တိုကို ဝေမျှကြကာ အချင်းချင်း ကြည့်ရှုစောင်မကြသည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွေးနွေးလမ်းညွှန်ရန် လူစုတစ်စု ဖိတ်ခေါ်၍ ရလာနိုင်ပါသလား။ အဖြေမှာ ထိုအစီအစဉ်၌ ပါဝင်မည့်သူများနှင့် သူတိုနေထိုင်ရာ လူ့အသိုင်းအဝိုင်းအပေါ်တွင် တည်မှီပါသည်။ အရက်သမားများ အုပ်စုလိုက် ဆွေးနွေးရန်နှင့် လမ်းညွှန်မှုခံယူရန် မကြောက်ကြပါ။ သူတို၌ ဝါသနာ ချင်းတူသောကြောင့် ပြဿနာများကိုလည်း အချင်းချင်းဝန်ခံရန် မကြောက်ကြပါ ပြဿနာတစ်ခုကို ပွင့်လင်းစွာ ဝန်ခံခြင်းမှာ လူအများစုအတွက်မလွယ်ပါ။ အထူး သဖြင့် အသင်းတော်ငယ်တစ်ပါး၌ တက်ရောက်ပါက သိုမဟုတ် သိကျွမ်းသည့် လူ့အသိုင်းအဝိုင်း တစ်ခု၌နေထိုင်ပါက ခက်ခဲသည်။
တစ်ဦးချင်း ဝေငှခြင်းဖြင့် တစ်ဦးပေါ်တစ်ဦး ပညာရယူနိုင်သည်။ ဥပမာ . ဆိုရသော် မြိုကြီးပြကြီး၌ နေထိုင်သော စိတ်ပညာရှင်တစ်ယောက်သည် မုဆိုးမ အချင်းချင်း မစမှု အစီအစဉ်တစ်ခုကို ဖန်တီးပေးခဲ့ပါ သည်။ ထိုမုဆိုးမတိုသည် ဘဝတူ အခြားသော မုဆိုးမများ၏ အချင်းချင်းမစမှုနှင့်ထောက်ပံ့မှုအားဖြင့် အကျိုး များစွာ ရရှိနိုင်ကြသည်။ သင်၏အသင်းတော် သိုမဟုတ် လူမှုအသိုင်းအဝိုင်း၌ ရှိသော လူအချိုသည် ထိုနည်းတူ တစ်ဦးပေါ်တစ်ဦး အထောက်အကူပြုနိုင်ပါသည်။
သင်သည် အဖွဲ့လိုက် ဆွေးနွေးလမ်းညွှန်မှုကို လုပ်ဆောင်လိုပါက ပလ္လင်မှ နေ၍ ယေဘုယျသဘော အားဖြင့် ဖိတ်ခေါ်မှုတစ်ခုကို ထုတ်ပြန်ကြေညာနိုင်မည်ဖြစ် သော်လည်း တစ်ဦးချင်းကို ချဉ်းကပ်၍ ဖိတ်ခေါ်မည်ဆိုပါက လူတိုသည် ပိုမို၍ ပါဝင်လာကြမည်ဖြစ်သည်။ အတူတကွ တွေ့ဆုံရန် လူအများ စုဝေးလာသောအခါ မိမိကိုယ်ကိုမိမိ မိတ်ဆက်ခြင်းနှင့် အစပြုပါ(အတင်းအဓမ္မပုံစံနှင့်မဟုတ်ပါ)။ မိမိတို ၏ဝန်တာဖြစ်မှု၊ စိုးရိမ်ပူပန်မှုတိုကို ဝေငှကြရန် ယဉ်ကျေးသိမ်မွေ့စွာဖြင့် အားပေး တိုက်တွန်းပါ။ အတိုင် ပင်ခံပုဂ္ဂိုလ်၏အလုပ်မှာ ဆွေးနွေးခြင်းအစပြုရန် နှိးဆော်တိုက်တွန်းဖို့၊ ဖြစ်ပျက်နေသည့်အရာကို အသင့်တော်ဆုံး ဆွေးနွေးပြောဆိုခြင်း၊ အားပေးတိုက်တွန်း မှုကိုပြုခြင်း နှင့် အချို့တိုကိုညွှန်ကြားခြင်း၊ ပါဝင်ဆွေးနွေးသည့် ခေါင်းစဥ်မှလွဲချော်သွားခြင်းမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ခြင်းစသည်တို့ ဖြစ်ပါသည်။ အဖွဲ့လိုက်ဆုတောင်းခြင်းသည် အကျိုးသက်ရောက်မှုရှိသော ကုထုံးတစ်ခု ဖြစ်သည်ကို ခရစ်ယာန်များက တွေ့ရှိကြသည်။
အဖွဲ့လိုက် ဆွေးနွေးလမ်းညွှန်ခြင်းသည် အကျိုးသက်ရောက်မှုရှိသည်။ မရှိသည်မှာ ပါဝင်သောသူတို့ အပေါ်၌ မူတည်သည်။ “အချင်းချင်းတို့၏ဝန်ကို ထမ်းနိုင်ကြပါက” အဖွဲ့လိုက်ဆွေးနွေးလမ်းညွှန်မှုသည် အထောက်အကူပြု၍ အဖိုး တစ်သောအရာတစ်ခုဖြစ်နိုင်ပါသည်။ ဤသိုပြုရန် ဝန်လေးနေကြပါက၊ တစ်ဦးချင်း အပေါ် ဆွေးနွေးလမ်းညွှန်မှုသည် အခိုက်အတန့် အကောင်းဆုံးသော ကူညီမစမှု နည်း ဖြစ်နိုင်ပါသည်။
ကန့်သတ်နေရာမရှိ ဆွေးနွေးလမ်းညွှန်မှု Informal Counseling
ဆွေးနွေးလမ်းညွှန်ခြင်းလုပ်ငန်းသည် သတ်မှတ်ထားသောပုံစံအတိုင်း အစဉ် အမြဲလုပ်ရသည်မဟုတ်ပါ။ လွတ်လွတ်လပ်လပ် လုပ်ဆောင်ကြရသည်။ ဆေးရုံ၊ လမ်းမပေါ်၊ လူအစုအဝေးနှင့်အားကစားပွဲများတို၌ ပြုလုပ် လေ့ရှိကြသည်။ ဆွေးနွေး လမ်းညွှန်ရန် အခွင့်အရေးကို နေရာတိုင်း၊ အခြေအနေတိုင်းတွင် ရနိုင်ပါသည်။ အထူး သဖြင့် ဘယ်လိုလဲ ဒီနေ့ ပင်ပန်းနေပုံရတယ်နော်” “ဝိညာဉ်ရေးရာ ဘယ်လိုနေလဲ” အနှောင့်အယှက်ဖြစ် စေတဲ့အရာရှိပါသလား” “နေကောင်းလား”စသည့် အမှတ်မထင် ပြောသောအရာများက အခြားသောသူတိုကို စကားပြောနေသည်။ လူတိုသည် သင်၏ဂရုစိုက်မှုနှင့် သူတိုပြောသောစကားကို နားထောင်လိုကြောင်း သိရှိခံစား ကြသောအခါ သူတို၏ပြဿနာအကြောင်းကို ပြောလိုသောဆန္ဒရှိလာကြသည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်၏ လိုက်နာမှတ်သားရမည့်အချက်များကိုဖော်ပြလိုပါသည်။
– စူးစူးစိုက်စိုက် သေသေချာချာ နားထောင်ပါ။
– ပြဿနာဖြေရှင်းရာတွင် အကျိုးပြုစေမည့် မေးခွန်းများကိုသာ အသုံးပြုပါ။
– ကြုံတွေ့ခဲ့ဖူးသော ပြဿနာကို အကျဉ်းချုပ်ပြောပြရန်နှင့် ယခင်က ဖြေ ခဲ့သည့်နည်းလမ်းအချို့တိုကို ပြောပြဖို တိုက်တွန်းပါ။
– အသုံးဝင်မည့်အကြောင်းအချက်အလက်တိုကို ပြောပြပေးပါ။
– ဆက်လုပ်ရန်ရှိသောအရာများအပေါ် အဆုံးအဖြတ်ပေးနိုင်ရန် ကူညီပါ။.. လက်တွေ့ လုပ်ဆောင်ရန် တိုက်တွန်းအားပေးပါ။
– ထိုပုဂ္ဂိုလ်ကို အားပေး၍ နှိးဆော်တိုက်တွန်းပါ။
– ဆုတောင်းပေးရန် ကတိပေးပါ။ ထိုသိုပြုရန်မမေ့ပါနှင့်။
– ဆွေးနွေးရန် ကြန့်ကြာမည်ဆိုပါက နောက်ပိုင်း၌ ပြန်လည်တွေ့ဆုံဖို့အကြံပေးပါ။
နေရာအကန့်အသတ်မရှိ လွတ်လပ်စွာ ပြုလုပ်သော ဆွေးနွေးလမ်းညွှန် သည် အရေးမပါသကဲ့သို ဖြစ်သော်လည်း ၎င်းသည် ရေတွက်၍မရသော လူများစွာ တိုကို အကူအညီပေးနိုင်ခဲ့ပါသည်။ လူများစွာတို့ အတွက် အခြားသော ဆွေးနွေး လမ်းညွှန်မှုနည်းလမ်းများသည် အဆင်မပြေ၊ လက်ခံနိုင်ဖွယ်မရှိသကဲ့သို ဖြစ်သည်။ ယေရှု၏ ဆွေးနွေးလမ်းညွှန်မှုအားလုံးနီးပါးတိုသည် ရာကန့်သတ်ချက်မရှိဘဲ စိတ်ဝင်စားဖွယ် ကောင်းပြီး ထိရောက်မှုရှိသည်။
ကြိုတင်ကာကွယ်သော ဆွေးနွေးလမ်းညွှန်မှု Preventive Counseling
ဆွေးနွေးလမ်းညွှန်ခြင်းသည် ဝမ်းနည်းခြင်းကို နှစ်သိမ့်ခြင်း၊ ဖိနှိပ်ခံရသော သူများ၊ လူတိုကို ဆင်းရဲဒုက္ခမှ လွတ်မြောက်စေခြင်းသာမဟုတ်ဘဲ လူများကို ပြဿနာ မရှိစေရန်လည်း ကြိုတင်ကာကွယ် ပေးပါသည်။ ဥပမာ လက်ထပ်ခြင်းနှင့် ဆိုင်သော ဆွေးနွေးလမ်းညွှန်မှုမှာ အချင်းချင်းဆက်ဆံရန် အခက်အခဲရှိသော သူတိုကို မစခြင်းနှင့်သက်ဆိုင်လေ့ရှိသည်။ သိုသော်လည်း မင်္ဂလာရက်မြတ်မတိုင် ဇနီးမောင်နှံတို့ ကွဲပျက်စေရန် အလားအလာရှိသော အခြေအနေများကို ရှောင်ရှားရန် သို့မဟုတ် ကိုင်တွယ် ဖြေရှင်းတတ်ရန် ကူညီဖို ကြိုးစားသည်။ ဤအရာသည် ကြိုတင်ကာကွယ် တားဆီးသော ဆွေးနွေးလမ်း ညွှန်မှုဖြစ်သည်။ ၎င်း၌ ဖြစ်လာ ပြဿနာတို့ကို လက်ဦးမှုရယူရန် ကြိုးစားလုပ်ဆောင်ခြင်းဖြစ်သည်။
လူမှုအသိုင်းအဝိုင်းအများစု၌ တောင်းဆိုခြင်းမရှိသော ဆွေးနွေးလမ်းညွှန်မှု ခံရန် ခက်ခဲကြသည်။ ဤအရာသည် အထူးသဖြင့် အနာဂတ်၌ ပြဿနာ ပေါ် လွှမ်းမိုးနိုင်မည်ဟု ဝန်ခံလိုခြင်းမရှိသော လူငယ်များနှင့် အခြားသူများ အတွက်မှန်သည်။ ဥပမာ အရက် (သို) မူးယစ်ဆေးဝါး လက်တွေ့ စမ်းသပ်နေသော လူငယ်တစ် ယောက်ကို စဉ်းစားကြည့်ပါ။ သူသည် “ငါက မင်းအရွယ်လောက်တုန်းက မင်းပြုတဲ့အတိုင်းလုပ်မိလို ဒုက္ခရောက်ခဲ့တယ်”ဟုပြောမည့် မိဘများ သိုမဟုတ် အကိုကြီး၏စကားကို မနှစ်မြိုလှပေ။ သူတစ်ပါး၌ ဖြစ်ပျက်တဲ့အဖြစ်မျိုး ငါ့မှာ ဖြစ်လိမ့်မည်မဟုတ်ပါဟု လူအားလုံး စဉ်းစားတတ်ကြပါသည်။ အခြားသောသူ ထံမှလာသော အကြံဉာဏ်နှင့်သတိပေးခြင်းများအကျိုးကို ရရှိနိုင်ရန် အခြေအနေပေးသောလူတို့သည် ဤအရာကို လက်ခံရန် နားမထောင်ဆုံးသောသူများ ဖြစ်ကြသည်။
တိုးလာမည့်ပြဿနာကို ကြိုတင်ကာကွယ်လိုသည့် ဆွေးနွေးလမ်းညွှန်မှုသည် ထင်မြင်ယူ ဆချက် ပေးရာ၌ နည်းပရိယာယ်ကို မကြာခဏ အသုံးပြုရမည်။ စိတ်ကြီးဝင်သည့်ရောဂါကို ရှောင်ရှားရမည်။ “ ငါပြောသလို မလုပ်လို့ ရှိရင် တစ်သက်လုံး စိတ်ဆင်းရဲရပါလိမ့်မည်”ဟူသောသဘောကို မပြောရပေ။
ပြဿနာတစ်ခုပေါ်လာတိုင်း တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စဉ်းစားဆင်ခြင် ဆွေးနွေးနိုင်သည်။ အိမ်ထောင်မပြုမီ ဘဏ္ဍာရေးနှင့်ပတ်သက်သည့် လမ်းညွှန် အကြံပြုရာ၌ “အကြွေးမတင်ဖို့၊ ငွေကို ကိုင်တွယ် နည်းနှင့်ပတ်သက်တဲ့ အကြံပေး ပါရစေ”ဟု ပြောသည်ထက် “ငွေကိုဘယ်လိုကိုင်တွယ်ရမည်ကို ဆွေးနွေးခွင့် ရဖူးပါ သလား”ဟု ချဉ်းကပ်ခြင်းသည် ပို၍ကောင်းသည်။
ကြိုတင်ကာကွယ်ခြင်းနှင့်ဆိုင်သော ဆွေးနွေးလမ်းညွှန်မှုကို ပေးရာ၌ အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ တရားဟောပလ္လင်မှသော်လည်းကောင်း၊ အခြားသော စင်မြင့်တစ်ခုပေါ်မှလည်းကောင်း ပေါ်ပေါက်လာသည့် ပြဿနာ အကြောင်းကို ပြောပြခြင်းဖြစ်သည်။ လူတိုသည် သမ္မာကျမ်းအပေါ် အခြေပြုသော တရားတော်ဝေငှခြင်းအားဖြင့် လမ်းညွှန်မှု ခံယူရသောအခါ၌ ပို၍နာခံလိုကြသည်။ ပရိတ်သတ် ကြီးမှ သူ့ကို သီးသန့်ပြောသည်ဟု မခံစားရသောအခါ ပို၍ နားထောင်လိုကြသည်။ မစမှုအလိုအပ်ဆုံးသောသူမှာ တစ်ခါတစ်ရံပျက်ကွက်သူ သို့မဟုတ် နားထောင်လိုစိတ်မရှိသောသူဖြစ်ကြောင်း တရားဟောဆရာတိုင်းက သိကြသည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များ မကြိုက်နှစ်သက်သည့်အရာဖြစ် လည်း အမှားပြုလုပ်ခြင်းအားဖြင့် သင်ခန်းစာရရှိနိုင်ပါသည်။ အတိုင်ပင်ခံပုဂ္ဂိုလ် သည် တစ်ခါတစ်ရံ ပျောက်သောသား၏ဖခင်နှင့်တူရပါမည်။ ကျွန်ုပ်တိုသည် အကြံဉာဏ်နှင့် သတိပေးခြင်းများကို ပြုနိုင်သော်လည်း တစ်ခါတစ်ရံ ကျွန်ုပ်တို သားသမီးများ ကဲ့သို ဖြစ်သော ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် ကျွန်ုပ်တို၏ ဆွေးလမ်းညွှန်မှုကို အမှုမထားဘဲ အတွေ့အ ကြုံအားဖြင့် ခက်ခဲသောဘ သင်ခန်းစာကို သင်ယူကြသည်။ ကျွန်ုပ်တိုသည် ထိုသိုသောလူများကို ဘုရားသခင် ၏လက်တော်ဖြင့် ကွယ်ကာမည်ဟုသာ ယုံကြည်စိတ်ချကာ သူတိုကိုချစ်ပြီး ဂရုစိုက် လျက် မူလနေရာမှန်သို့ ဘုရားသခင် ပြန်လည်ပိုဆောင်ရန် ဆုတောင်းပေးပါ။
ဘုရားသခင်ထံတော်မှထွက်သွားသော ရှောလုအတွက် မည်သိုသော ဆွေးနွေးလမ်းညွှန်မှုမျိုးသည် အထောက်အကူဖြစ်မည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ် သည်။ အထောက်အပံ့ပေးသော ဆွေးနွေးလမ်းညွှန်မှု၊ ထိပ်တိုက်ရင်ဆိုင်သော ဆွေး နွေးလမ်းညွှန်မှု၊ ပညာပေးဆွေးနွေးလမ်းညွှန်မှု၊ ဝိညာဉ်ရေးရာဆွေးနွေးလမ်းညွှန်မှု အဖွဲလိုက်ဆွေးနွေးလမ်းညွှန်မှု၊ ကန့်သတ်နေရာမရှိ ဆွေးနွေးလမ်းညွှန်မှုနှင့် ကြိုတင် ကာကွယ်သောဆွေးနွေး လမ်းညွှန်မှုစသည်တိုအထဲမှ မည်သည့်အရာသည် သူ့ အတွက် အကျိုးကျေးဇူးဖြစ်နိုင်မည်နည်း။ ဤအရာအား လုံးသည် အထောက်အကူ ပြုကောင်းပြုမည်ဖြစ်သော်လည်း ရှောလု၌ ဆွေးနွေးလမ်းညွှန်မှုပြုရန် ခက်ခဲသည့် ထူးခြားချက်တစ်ခုရှိသည်။ သူသည် ခေါင်းမာ၍ ပြောင်းလဲလိုသော ဆန္ဒမရှိပေ။ လူတိုသည် ဆွေးနွေးလမ်း ညွှန်မှုကို မလိုလား၊ အပြောင်းအလဲ မလုပ်လိုကြသော အခါ ဆွေးနွေးလမ်းညွှန်မှုသည် မထိရောက်သကဲ့သို ရှိသည်။
သို့သော်လည်း ဆွေးနွေးလမ်းညွှန်သောသူသည် အစဉ်ဆုတောင်းရပ် မည်။ ဒါဝိဒ်သည် ရှောလု အသက်တာ၌ ဘုရားသခင် အလုပ်လုပ်မည်ဟု ယုံကြည် စိတ်ချသည်။ အချိန်တန်သည့်အခါ၌ ဘုရားသခင်သည် သူ၏အချုပ်အခြာအာဏာ ကိုပြသသည်။ လူသည် မည်မျှပင် ကြိုးစားအားထုတ်နေပါစေ၊ ဆုတောင်းခြင်းသည် ဆွေးနွေးလမ်းညွှန်မှု၌ အရေးကြီးဆုံးသောအင်္ဂါရပ်တစ်ခုဖြစ်ပါသည်။ ဤအခန်း ကျွန်ုပ်တို ဖော်ပြခဲ့သည့် ဆွေးနွေးလမ်းညွှန်မှု အမျိုးအစားအားလုံးကို မျဉ်းတားပါ အထောက်အကူများစွာ ပြုသွားမည်ဖြစ်သည်။
အခန်း(၆)
ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု၌စိတ်ဖိစီးမှုများ
The Stresses In Christian Counseling
သမ္မာကျမ်းသည် လက်တွေ့ကျသော ကျမ်းစာအုပ်ဖြစ်သည်။ ၎င်းသည် ခရစ်တော်နောက်လိုက်ခြင်းမှ ရရှိသောဝမ်းမြောက်မှုများအကြောင်းကို ပြောပြ၍ ငြိမ်သက်ခြင်း၊ မျှော်လင့်ခြင်းကို ကတိပေးသည်။ သိုသော်လည်း ခရစ်ယာန် အသက်တာသည် လွယ်ကူမည်မဟုတ်ကြောင်း ပြောပြသည်။
ဟေဗြဲအခန်း(၁၁)သည် ဥပမာတစ်ခုဖြစ်သည်။ ဤအခန်းကြီးသည် ဘုရားသခင်ကိုချစ်သော လူအချိုတိုကို ပြောပြပြီး သူတိုအသက်တာ၌ ရရှိသော ကောင်းချီးမင်္ဂလာတိုကို ရေးသားသော်လည်း ရိုးသားသော ယုံကြည်သူများစွာ တိုသည် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အသေသတ်ခြင်းကို ခံကြရကြောင်း ကျွန်ုပ်တို လေ့လာတွေ့ ရှိကြသည်။
ယေရှုသည် ယထာဘူတဝါဒ တရားတော်တစ်ခုကိုပေးခဲ့သည်။ သူသည် ကြွယ်ဝ သောအသက်တာကို ပေးဖိုကြွလာကြောင်း ကြေညာသည်(ယော၊၁၀း၁၀)။ ခရစ်ယာန်တို့သည် မိမိကိုယ်ကိုငြင်းပယ်၍ ဤဘဝ၏ စည်းစိမ်ချမ်းသာနှင့် ဖူလုံမှု ၁) တိုကိုထားခဲ့ကာ ကိုယ်တော်၏ နောက်လိုက်များဖြစ်လိုပါက မိမိလက်ဝါးကပ်တိုင် ထမ်းရန်ကိုလည်း ပြောပြသည်။
တမန်တော်ပေါလုရေးသော ဩဝါဒစာစောင်များတွင် ဤယထာဘူတဝါဒနှင့် ပြည့်နေသည်။ အသင်းတော်ထဲရှိ ပြဿနာတိုကို ဖုံးကွယ်ရန် တစ်ခါမှ မကြိုးစားခဲံပါ။ သူ၏အသက်တာ၌ ခံစားနေရသော ဖိစီးမှုများအကြောင်းကို ရိုးသား မတ်စွာ ဝန်ခံသည်။ ခရစ်ယာန်တစ်ယောက်သည် ခရစ်တော်၌ဆည်းကပ် သောအခါ၊ အာမခံချက်ရှိကြောင်း စိတ်ချသည်။ သို့သော် တမန်တော်ကြီးသည် သူကိုယ်တိုင်ခံစားနေရသည့် ရုန်းကန်မှုအချိုတိုကို ရိုးသားစွာပြောပြသည် (ရောမ ၇:၁၅-၂၅)။ ကောရိန္တု သြဝါဒစာ ဒုတိယစာစောင်(၁၃း၁၈-၃၃)၌ ရိုက်နှက်ခံရခြင်း ထောင်ချခံရခြင်း၊ အန္တရာယ်တွေ့ကြုံခြင်း၊ ငြင်းပယ်ခံရခြင်း၊ ဖိစီးမှုကိုခံရခြင်း သင်္ဘောပျက်ခြင်း စသည်တိုအပါအဝင် သူ၏များစွာသော စုံစမ်းစစ်ဆေးခံရမှု အခက်အခဲတိုကို ပြောပြသည်။ သမ္မာကျမ်းသည် ဤဖိစီးမှုများကို ဖြစ်ရပ်မှန် အတိုင်း ပြောပြသည်။
ဖိစီးမှုများကို ဇီဝဗေဒပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာဟန်းစ်ဆရဲလ် (Dr. Hans Selye)က နှစ်ပေါင်းများစွာ လေ့လာခဲ့သည်။ သူသည် မိမိဇာတိမြေဖြစ်သည့် သြစတြေးလျမှကနေဒါသို သုတေသန လုပ်ငန်းအတွက် ပြောင်းရွှေ့သည်။ ဆရဲ၊ (Selye)မှာ စိတ်ဖိစီးမှုနှင့်ဆိုင်သော သူ၏လုပ်ငန်းကြောင့် နာမည် ထင်ရှားကျော် ကြားလာသည်။ ကျွန်ုပ်တိုအားလုံး၌ နေ့တိုင်းဖြစ်ပျက်နေသော ပြောင်းလဲမှုများ မရေရာမ သေချာမှုများ၊ အဖြစ်အပျက်များနှင့် အခက်အခဲများ၊ လိုက်လျောညီထွေ ဖြစ်ရန် မိမိကိုယ်ကိုထားရမည်ဟု အကြံဉာဏ်ပေးသည်။ လိုက်လျောညီထွေ ဖြစ်အောင်လုပ်ခြင်းသည် ကျွန်ုပ်တို၏ခန္ဓာကိုယ်နှင့်စိတ်ကို ဖိစီးမှုအောက်၌ ထား လေ့ရှိသည်။ ဖိစီးမှုသည် ကျွန်ုပ်တိုအပေါ် ကာယပိုင်း၊ စိတ်ပိုင်းဆိုင်ရာတွင်ဖြစ်စေပြီး အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ဖိအားပေးသည်ဟု အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။
ဤဖိစီးမှုသည် အစဉ်မကောင်းသောအရာမဟုတ်ပါ။ တစ်ခါတစ်ရံ စိတ် ဖိစီးမှုရှိခြင်းသည် ကောင်းပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းက လက်တွေ့ အရေးယူ လုပ်ဆောင်စေပြီး ပြဿနာတိုကို အဖြေရရှိစေသည်။ ဥပမာဆိုရ ကျောင်းဆရာတစ်ယောက်သည် စာမေးပွဲပြုလုပ်မည်ဟု ကြေညာသောအ ကျောင်းသားတိုသည် စိတ်ကျဉ်းကြပ်မှုကို ခံရကြသော်လည်း စာဖတ်ရန် နှိး ဝေ သည်။ ကျွန်ုပ်တိုသည် ဆုံးရှုးမည်ကိုကြောက်သောကြောင့် ပို၍ကြိုးစားရန် တွန်း အားပေးသည်။ ပေါလုက သူ၏အသက်တာတွင် ခံစားနေရသော စိတ်ဖိစီးမှုသည် သူ့အား တစ်ခါတစ်ရံ သင်ခန်းစာကိုပေးကြောင်းသိသည်( ၂ကော၊၁၂း၁၀)။
သို့သော်လည်း ပြင်းထန်သော စိတ်ဖိစီးမှုသည် ဘေးဥပဒ်ဖြစ်စေတဲ့ စိတ် သည်။ ၎င်းသည် ကျွန်ုပ်တို့ အား နည်းသုံးနည်းဖြင့် ထိခိုက်စေသည်။ ပထမ၊ ကာယ ပိုင်းကို လွှမ်းမိုးသည်။ စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်ကို ပင်ပန်း၍ နာမကျန်းဖြစ်ေစပီ ရောဂါ အမျိုးမျိုးကိုဖြစ်စေသည်။ နှလုံးရောဂါ၊ နာကျင်ကိုက်ခဲမူများ၊ ခေါင်းကိုက်ခြင်းနှင့် အခြားသောရောဂါမျိုးစုံတို့ကို ဖြစ်ပေါ်နိုင်သည်။ ဖိစီးမှုကိုခံရသောအခါ ပို၍ဆိုးဝါးလာသည်။ စိုးရိမ်ပူပန်ခြင်း၊ အထီးကျန်လွမ်းဆွတ်ခြင်း၊ ဝမ်းနည်းခြင်း၊ ၊ မျှော်လင့်ချက်မဲ့ခြင်း စသည်တိုကို ရေရှည်ခံစားရသည်။ အဘယ့် ဆိုသော် ခန္ဓာကိုယ်သည် စိတ်ဖိစီးမှုဝန်ထုပ်ကြီးကို ခံစားကြရကာ ထိုရောဂါ တန်းလှန်နိုင်သည့် စွမ်းရည်နည်းပါးသည်။ ထိုကြောင့် စိတ်ဖိစီးမှုကို ကာယ ကျန်းမာခြင်းနှင့် စိတ်ပိုင်း ဆိုင်ရာ ကြံ့ခိုင်စေရန်ကုသနိုင်သည်။ “
စိတ်ဖိစီးမှုသည် စိတ်ပိုင်းဆိုင်ရာကိုလည်း လွှမ်းမိုးနိုင်သည်။ စိတ်ဖိစီးမှု ဒဏ်ကို ခံနေရသောအခါ မေ့တတ်ကြသည်။ သည်းခံမှုအားနည်းသည်။ စွမ်းရည် မရှိသောသူဖြစ်သည်။ ဒေါသထွက်လွယ်သည်။ အခြားသောသူတို့နှင့် မပေါင်းဖော် ဝင်ကြပေ။ တစ်ခါတစ်ရံတွင် မိသားစုဝင်တိုသည် အလုပ်အပေါ်၌ စိတ်နှစ် ထားကြရာ မိသားစုနှင့် အဆင်ပြေရန် မစဉ်းစားတတ်သောကြောင့် အိမ်ထောင်၌ ပြဿနာတိုးပွားတတ်သည်။ အသင်းတော်များ၌ စိတ်ဖိစီးမှုဒဏ်ကို ခံနေရသောအခါ အသင်းသားများသည် အမျက်ဒေါသ၊ တင်းမာမှုများဖြင့် ပြိုကွဲတတ်ကြသည်။
တမန်တော်ပေါလုအတွက်မူ အသက်တာ၏ဖိစီးမှုဒဏ်များသည် သူ့ကို ခရစ်တော်နှင့် ပို၍နီးကပ်စေ သည်။ ထိုအရာသည် လူများစွာတို၌ဖြစ်နေသေးသော် လည်း တစ်ခါတစ်ရံ ဆန့်ကျင်ဘက်အရာတို့ကို ဖြစ်စေ သောကြောင့် ဝိညာဉ်ရေးရာ ကို ဆီးတားနှောင့်ယှက်သည်။ ကျွန်ုပ်တိုသည် ဆုတောင်းကျမ်းစာဖတ်ခြင်းဖြင့် ဘုရားသခင်ထံတော်သို တိုးဝင်ချဉ်းကပ်သင့်သောအချိန်၌ စိတ်ဖိစီးမှုများ ဝင်လာ သောကြောင့် ဘုရားသခင် အကြောင်း စဉ်းစားရန်ပင် အချိန်မရဘဲ ကျွန်ုပ်တိုကို စိုးရိမ်ကြောင့်ကြမှုက လွှမ်းမိုးလျက်ရှိသည်။ ကျွန်ုပ်တိုကို နှစ်သိမ့်ခြင်းပေးသည့် ဘုရားသခင်ကို လျစ်လျူရှုသောကြောင့် ပို၍ကြီးမားသော စိတ်ဖိစီးမှုကို ခံစား တွေ့ကြုံကြရသည်။
စိတ်ဖိစီးမှုသည် လူသားအားလုံးနှင့်ဆိုင်သည်။ ၎င်းသည် အသက်အရွယ် ၊ လူမှုအသိုင်းအဝိုင်းအား လုံးနှင့် နိုင်ငံတိုင်းကို ထိခိုက်သည်။ စိတ်ဖိစီးမှုအမျိုး မျိုးရှိသောကြောင့် လွတ်မြောက်ရန် နည်းလမ်း အချို့ရှိသည်။ ထိုသို့ သောအားဖြင့် စိတ်ဖိစီးမှုခံစားနေရသူများ အောင်မြင်ကျော်လွှားနိုင်ရန် နည်းအမျိုးမျိုးကို အသုံးပြု နိုင်ပါသည်။
စိတ်ဖိစီးမှုကို နားလည်သဘောပေါက်ခြင်း Understanding Stress
စိတ်ဖိစီးမှုဒဏ်ကို အလူးအလဲခံနေရသူတိုကို ဆွေးနွေးလမ်းညွှန်ရန် ပထမအဆင့်မှာ ဇစ်မြစ်ကို နားလည်သိရှိရန်ဖြစ်သည်။ စိတ်ဖိစီးမှုအားလုံးတို နောက်ဆုံးတွင် စာတန်ထံမှလာသည်။ သူသည် တစ်ကမ္ဘာ လုံးကိုပတ်၍ ပျက်စီး အလုံးစုံဖြစ်စေရန် ဖန်တီးသည်။ လူတိုကို လှည့်ဖြားသည်။ ဝါးမျိုရမည့်လူကို ရှာနေသည် (၁ပေ ၅း၈)။ ကမ္ဘာမြေကြီးပေါ်၌ သူ၏သြဇာလွှမ်းမိုးမှု စိတ်ဖိစီးမှုသည် နေရာအသီးသီးမှ မြစ်ဖျားခံရန် ပေါ်ထွက် လာသည်။
လူမှုအသိုင်းအဝိုင်းမှ စိတ်ဖိစီးမှုလာသည်။ ကျွန်ုပ်တိုသည် အိမ်နီး ချင်းများနှင့်အသိုင်းအဝိုင်းထဲ၌ နေရသောကြောင့် စိတ်ဖိစီးမှုဖြစ်လာသည်။ အမှု စွာရှိနေသည့်နေရာ၌ နေထိုင်မည်ဆိုပါက နိုင်ငံရေးရာ မငြိမ်မသက်ဖြစ်ခြင်း၊ အ ရေစာ ခေါင်းပါးခြင်း၊ အလုပ်လက်မဲ့ဖြစ်ခြင်း၊ မသက်မသာသောအခြေအနေ၊ လူ၊ မှုကျပ်တည်းခြင်း၊ ဆင်းရဲခြင်း၊ အလွန်အမင်းဆူပူမှုဖြစ်ခြင်း စသည်တိုကြောင့် စိတ်ဖိစီးမှုလျင်မြန်စွာ ဖြစ်စေတတ်သည်။ စိုးရိမ်ကြောက်ရွံခြင်းနှင့် အကြမ်းဖက် အားဖြင့် ကြောက်ရွံတုန်လှုပ်နေသည့် လောကကြီးတွင် လူများစွာတိုသည် စိုးရိမ်ကြောင့်ကြခြင်းနှင့် အသက်ရှင်နေထိုင်ကြကာ သူတို၏လုံခြုံမှုအတွက် စိုးရိမ်ပူပါ ကြသည်။ အချိုတိုသည် အန္တရာယ်များသောနေရာ၌ နေထိုင်ခြင်း၊ စိတ်အနှောင့်အယှက်နှင့်ပြည့်နေ သည့် ပတ်ဝန်းကျင်၌ အလုပ်လုပ်ခြင်းကြောင့်လည်းကောင်း စိတ်ဖိစီးမှုကို ခံစားကြရသည်။
စိတ်ဖိစီးမှုသည် ဘဝအဖြစ်အပျက်များမှ ရောက်လာသည်။ လာဇရု သေဆုံးခြင်းကို သတိရပါသလား။ ယောဟန်အခန်း(၁၁)သည် ကြီးစွာ ဝမ်းနည်းခြင်းမြင်ကွင်းတစ်ခုကို ဖော်ပြသည်။ မာရိ၊မာသနှင့် မိတ်ဆွေတို့ သည် သူတို၏ မောင် သေဆုံးခြင်းကြောင့် ငိုကြွေးရန် စုဝေးကြသည်။ ယေရှု ရောက် သောအခါ သူသည် သနားသောစိတ်ရှိသောကြောင့် ငိုကြွေးသည်။
ချစ်ရသောသူတစ်ယောက် သေဆုံးခြင်းသည် ကြီးမားသော စိတ်ဖိစီးမူ ကိုပေးသည်။ အလုပ်လက်မဲ့ဖြစ် သောအခါ၊ မတော်တဆထိခိုက်မှုကို သောအခါ၊ လုယက်ခြင်းခံရသောအခါ၊ အခြားနေရာသို ပြောင်းသွားသော နှုတ်ဆက်သောအခါ၊ ကိုယ်အင်္ဂါချိုတဲ့သောကလေး သိုမဟုတ် ဉာဏ်နုံသောကလေးတယောက် မွေးဖွား သောအခါ၊ ပြင်းထန်စွာ ဖျားနာခြင်းခံစားရသောအခါ၊ အိမ်နီးနားချင်းနှင့် ပဋိပက္ခဖြစ်သောအခါ၊ ၊ ဖိစီးမှုကိုဖြစ်စေသည့် ဘဝအဖြစ်အပျက် တစ်ခုခုနှင့်ရင်ဆိုင်တွေ့ကြုံသောအခါများတွင် စိတ်ဖိစီးမှုကို ခံစားကြရသည်။ ဤအဖြစ်အပျက်တစ်ခုစီတို့သည် အသက်တာကိုနှောင့်ယှက်ကာ ကျွန်ုပ်တို့ ပြောင်းလဲ လာရန်နှင့် လိုက်လျောညီထွေမှုရှိရန် အတင်းအဓမ္မတွန်းပိုသည်။
စိတ်ချမ်းသာစရာကောင်းသော အဖြစ်အပျက်တိုသည်ပင်လျှင် စိတ်ဖိစီးမှု ဖြစ်စေသည်။ အိမ်ထောင် ပြုခြင်း၊ နှစ်ရှည်လများ စောင့်မျှော်နေရသည့် သား သမီးရောက်ရှိလာခြင်း၊ အရေးကြီးသော ရည်မှန်းချက်ပန်း တိုင်သို့ ရောက်ရှိခြင်း၊ အားလပ်ရက်၌ ပျော်ရွှင်ဝမ်းသာခြင်းစသောအရာတိုသည် ကြိုက်နှစ်သက်ဖွယ် ကောင်း သော အတွေ့အကြုံများဖြစ်သော်လည်း ၎င်းတိုသည် စိတ်ဖိစီးမှုကို ဖြစ်စေ နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတိုသည် အသက်တာ၏စိတ်မချမ်းမြေ့ဖွယ် သောအခြေအနေများအပြား လိုက်လျောညီထွေမှုရှိရန်နှင့် အပြောင်းအလဲလုပ်ရန် ကျွန်ုပ်တိုကို တောင်းဆိုသည်။ ဤအရာတိုသည် မလွယ်ပါ။ အထူးသဖြင့် လူတို သည် မိမိ၏ကြိုးစားမှုအားဖြင့် ပြောင်းလဲမှုများ ပြုလုပ်ကြသောအခါ၌ မလွယ်ပါ။
စိတ်ဖိစီးမှုသည် မိမိထံမှလာသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို၏အထဲမှ စိတ်ဖိစီးမှုထွက်လာတတ်သည်။ တစ်ခါတစ်ရံ အခြားသူများကမမြင်ဘဲ ကျွန်ုပ်တို ကိုယ်တိုင်က ပြင်းထန်စွာ ခံစားရသည့် စိတ်ခံစားမှုပုံစံအားဖြင့် လာလေ့ရှိသည်။
ဥပမာ – စိုးရိမ်ကြောက်ရွံမှုအကြောင်းကို စဉ်းစားကြည့်ပါ။ ကလေးငယ်တို့၌ စိုးရိမ်ကြောက်ရွံမှု အမျိုးမျိုး ရှိသော်လည်း အသက်ကြီးသူများတွင်လည်း ကြောက်ရွံစိတ် ရှိတတ်သည်။ အချိုတိုသည် ဆုံးရှုးမှု၊ ဘေးအန္တရာယ်၊ ဖျားနာခြင်း၊ သေဆုံးခြင်း၊ အပယ်ခံရခြင်းစသည်တိုကို ကြောက်ကြသည်။ အချိုတိုက လုံခြုံမှု အတွက် စိုးရိမ်ကြပြီး အနာဂတ်ကို ကြောက်ရွံကြသည်။ ခရစ်တော်၌ သင်နှင့် အကိုမောင်နှမတို့၏ စိုးရိမ် ကြောက်ရွံသည့်အရာသည် မည်သည့်အရာနည်း။ ကျွန်ုပ်တို့သည် ရိုးသားနိုင်မည်ဆိုပါက တစ်ယောက်စီ၏ ကြောက်ရွံသောအရာ စာရင်းကို ပြုစုနိုင်ကြမည်ဖြစ်သည်။
မိမိကိုယ်ကိုဝေဖန်ခြင်း၊ သိမ်ငယ်သောစိတ်ရှိခြင်းနှင့် အရည်အချင်း မပြည့်မီဟု ခံစားခြင်းတို့သည် စိတ်ဖိစီးမှုကိုခံစားစေသည်။ ထိုအပြင် တစ်ခါတစ်ရံ မိမိကိုယ် ရှုတ်ချကြသည်။ အဘယ့်ကြောင့်ဟုဆိုသော် မအောင်မြင်သောသူဖြစ်သည်ဟု စိတ်ထဲ၌ခံစားရသောကြောင့်ဖြစ်သည်။ အချိုသောသူများ စိတ်ဖိစီးမှု ဒဏ်ကိုခံရ သည့်အကြောင်းမှာ ကာယပိုင်းဆိုင်ရာ၌ ယိုယွင်းနေခြင်းကြောင့်ဖြစ်သည်။ ပင်ပန်း နွမ်းနယ်မှုကို မိသားစုနှင့်မိတ်ဆွေများအပေါ် ကွယ်ဝှက်ထားနိုင်သော်လည်း စိုးရိမ် ပူပန်မှုသည် စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေသည့် အတွင်းပိုင်း၏ အဓိကအရာဖြစ်သည်။
အချို့သော အတိုင်ပင်ခံပုဂ္ဂိုလ်တိုက စိတ်ဖိစီးမှုခံနေရချိန်တွင် ထိုလူ၏ စိတ်သဘောထားသည် အလွန်အရေးကြီးချိန်ဖြစ်နိုင်သည်ဟု သတိထားမိကြသည်။ အကောင်းဘက်မှ မြင်တတ်သော သဘော ထားရှိသည်။ ဘုရားသခင်သည် သူတို၏ စိတ်ဖိစီးမှုကို အခွင့်ပေးသည်ဟူသောအချက်ကို လက်ခံကြပြီး ၎င်းတိုကို နှိမ်နင်းရန် သူသည် မစမည်ဟု ယုံကြည်ကြသည်။ ဤသူတိုသည် အသက်တာ၌ တွေ့ကြုံရ သောအ ရာအားလုံးကို ပြစ်တင်မြည်တမ်းကြပြီး အပြစ်ရှာနေသောသူတိုထက် ဤလူတိုသည် လိုက်လျောညီထွေရန် မိမိကိုယ်ကို ပြုပြင်တတ်ခြင်းသည် ပို၍ကောင်းသည်။ ပေါလုသည် မိမိ၏ ထောင်ကျရာမှ စိတ်ဖိစီးမှုဒဏ် ကိုခံနေရသော လူတို၏စိတ်သဘောထားနှင့်ပတ်သက်၍ ကောင်းသောအကြံကိုပေးသည်။ “သူ တပါး နှစ်သက်ဖွယ်သောအကျင့်၊ ကောင်းသောသတင်းတပါးနှင့်ဆိုင်သောအကျင့် တိုကို နှလုံးသွင်းကြရန်”(ဖိ၊၄:၈) တိုက်တွန်းထားပါသည်။ ဤအကြံကို ပေါလု ကိုယ်တိုင် သူ့အသက်တာ၌ အသုံးပြုသောအခါ ကြီးမားသော စိတ်ဖိစီးမှုခံနေရစဉ်မှာ ပင် ရောင့်ရဲတင်းတိမ်နိုင်သည်(ဖိ၊၄:၁၁-၁၂)။
စိတ်ဖိစီးမှု ခံရသောလူတိုကို မစခြင်း Helping People Cope with Stress
ကျွန်ုပ်တို့တွင် များစွာသောသူတိုသည် မိမိနည်းမိမိဟန်ဖြင့် စိတ်ဖိစီးမှုကို ဖြေရှင်းကြသည်။ သင်၏ယဉ်ကျေးမှုဓလေ့ထုံးစံ၊ မိသားစု၏နောက်ခံသမိုင်း၊ အတိတ်က အတွေ့အကြုံများ၊ ပင်ကိုစရိုက် စသည်တို့အပေါ်၌ အခြေပြုထားသည်။ စိတ်ဖိစီးမှုခံနေရစဉ် သင်မည်သိုပြုလုပ်မည်နည်း။ အချိုတို့သည် စိတ်ဖိစီးမှုကို ဥပက္ခာပြုရန် ကြိုးစားကြသည်။ မရှိသကဲ့သို့ ဟန်ဆောင်ကြသည်။ ဟန်မပျက် နေတတ်ကြသည်။ အချိုတို ကမူ စိတ်ဖိစီးမှုခံနေရကြောင်း ဝန်ခံကြပြီး သူတို၏ စိတ်တင်းကြပ်မှုကို မိတ်ဆွေတစ်ယောက်အား ပြောပြခြင်း၊ ငိုခြင်း (စိတ်တင်းကြပ်မှု အချိုကို သက်သာစေနိုင်သည်) သိုမဟုတ် ပြဿနာကို ခဏတာ မေ့ပစ်နိုင်မည့် နည်းလမ်းကိုရှာကြသည်။ လူအများတိုသည် ဘုရားသခင်ထံ၊ သမ္မာကျမ်း၊ ဘာသာရေးစာပေနှင့် အသင်းတော်ဘက်သို လည်းကောင်း လှည့်လာကြသည်။ စိတ် ကျေနပ်မှုရရှိနိုင်မည့်နေရာသို လှည့်လာ ခြင်းဖြစ်သည်။
စိတ်ဖိစီးမှုကို အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနှင့်ကုသရန် ကြိုးစားသောလူများ လည်းရှိသည်။ စိတ်ဖိစီးမှု ပထမဦးဆုံး ပေါ် လာချိန်တွင် ဤလူတို့သည် အရက်သောက်ခြင်း သို့မဟုတ် ထုံထိုင်းစေသော အခြားအရာ တစ်ခုခု ကို အသုံးပြုခြင်းအားဖြင့် ပြဿနာကိုမေ့ပျောက်ရန် ကြိုးစားကြသည်။ ထိုနောက် သူတို၏ရုပ်ခန္ဓာကိုယ်သည် အရက် သို့မဟုတ် မူးယစ်ဆေးဝါးကိုသာ သုံးစွဲပြီး ထိုအရာကို မရှောင်နိုင်တော့ဘဲ နောက်ဆုံးတွင် ထိုအရာသည် စိတ်ဖိစီးမှု ဖြစ်လာစေသည့်အရာတစ်ခုဖြစ်လာသည်။
မကြာသေးမီ နှစ်များအတွင်းတွင် ကျွမ်းကျင်သူများစွာတိုသည် စိတ်ဖိစီးမှု အကြောင်းကို ရေးသားကြပြီး လူများ နှိမ်နင်းနိုင်မည့်နည်းလမ်းများနှင့် ပတ်သက် သော ထင်မြင်ချက်များ ရေးသားကြသည်။ ယော၊၆း၁ က စိတ်ဖိစီးမှုကို ဖြေရှင်း သည့် အထောက်အကူပြုမည့် နည်းအချိုတိုကို အတိုချုံးဖော်ပြထားသည်။ သင်သည် ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ဦးအနေနှင့် ဆွေးနွေးလမ်းညွှန်မှုခံယူ သူတိုအား ဤထင်မြင်ယူ ဆချက်တိုကို ဝေငှလိုကောင်းလိုမည်ဖြစ်သည်။
ယေဘုယျအားဖြင့် အသက်တာ၌ စိတ်ဖိစီးမှုကို အောင်နိုင်ရန် မစမည့် အနည်းဆုံး နည်းလမ်း ခြောက်ခုရှိသည်။
ပထမ- ဆွေးနွေးလမ်းညွှန်မှုခံယူသောသူသည် သက်တောင့်သက်သာ ရှိလာစေရန် ကျွန်ုပ်တို့ ကြိုးစားကူညီနိုင်သည်။ တိရစ္ဆာန်တစ်ကောင်ကို ကြောက် ပြီး လန့်စေပြီး အန္တရာယ်ရှိသည်ကိုသိသောအခါ မည်သိုတုံပြန်သည်ကို သင်သတိပြုဖူး သ ပါသလား။ ဤအရာကို သင်မြင်နိုင်မည်မဟုတ်ပါ။ သိုသော်လည်း ၎င်း၏နှလုံးခုန် ် နှုန်းသည် မြန်လာကာ ခန္ဓာကိုယ်အတွင်း လည်ပတ်မှုဖြစ်လာသည်။ ကြွက်သား E အကြောများ တင်းလာသည်။ ထိုတိရစ္ဆာန်သည် ထွက်ပြေးရန် သို့မဟုတ် တိုက်ခိုက်ရန် အသင့်ဖြစ်သည်။ ထိုကြောင့် ခန္ဓာကိုယ်မှာ တင်းမာနေသည်။ ဤတင်းမာမှုမျိုး၌ သို မည်သို ကိုင်တွယ်ရမည်ကို ရှင်းလင်းစွာ စဉ်းစားနိုင်ရန်ခက်ခဲသည်။
ထိုကြောင့် တင်းမာနေသောခန္ဓာကိုယ်များကို သက်တောင့်သက်သာရှိစေရန် အရေးကြီးသည်။ တိတ်တဆိတ်ထိုင်၍ အကြောင်းအရာတစ်ခုကို ပြောဆိုခြင်းသည် ကာယပိုင်းဆိုင်ရာ အနားယူခြင်းဖြစ်သည်။ ကိုယ်လက်လှုပ်ရှား၍ လေ့ကျင့်ခန်းလုပ်ခြင်းသည် တင်းမာသောအခြေအနေကို လျော့စေနိုင်သည်။ နှင့်ရေချိုးခြင်းသည် အကြောပြေစေနိုင်သည်။ တေးသီချင်းနားထောင် အကြောင်းအရာတစ်ခုခုကို စဉ်းစားခြင်း၊ စိတ်ထဲ၌ပုံများကို စဉ်းစားခြင်းစသည် သည်လည်း တင်းမာမှုကို လျော့စေနိုင်သည်။ ထိုအရာများအထဲတွင် အကောင်း မှာ ကျမ်းစာကို ဆင်ခြင်စဉ်းစားခြင်းပင်ဖြစ်သည်။ ဆာလံ(၁)၌ စိတ်ဖိစီး ကိုင်တွယ်ရာတွင် ကောင်းမွန်လှပသည့် ပုံသေနည်းတစ်ခုပါရှိသည်။ မသွားပါ ရပ်၍မစဉ်းစား၊ မထီမဲ့မြင်ပြုသောသူ တိုနှင့်မထိုင် ဟူ၍ ကျွန်ုပ်တို ဖတ်ရှုရသည့် ဘုရားသခင်၏နှုတ်ထွက်စကားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်ရမည်။ ဤအ သည် ကျွန်ုပ်တို၏အသက်တာထဲသို အထူးသဖြင့် စိတ်ဖိစီးမှုခံရသည့်အချိန်တွင် ငြိမ်သက်ခြင်းကို ယူဆောင် လာသည့် ဝမ်းမြောက်မှုတစ်ခုဖြစ်သည်။ ။
ဤအလေ့အကျင့်သည် တင်းမာမှုကိုဖြစ်စေသည့်အရာကို တိုက်ရိုက် မဖြေရှင်းကြောင်း သင်သတိ ပြုမည်ဖြစ်သည်။ ထိုကြောင့် ဤအရာသည် စိတ်ဖိစီးမှ ကို အနိုင်ယူမည့် ဒုတိယနည်းသိုသွားရန် အထောက် အကူပြုသည်။ ။
ဒုတိယ- ဆွေးနွေးလမ်းညွှန်မှုခံယူသူ နားလည်လာရန် ကြိုးစားပြီး ကူညီပါ။ သူတို၏ စိတ်ဖိစီးမှုဖြစ် ရသည့်အကြောင်းကို ပြောပြပါ။ သူတို၏စိုးရိမ် ပူပန်မှုများကို ပြောပြရန် တိုက်တွန်းအားပေးပါ။ သူတို စဉ်းစားသည့်အရာသည် စိတ်ဖိစီးမှုဖြစ်စေသောအရာဖြစ်နိုင်မည်လား။ သင်စဉ်းစားသည့် အရာသည် စိတ်ဖိစီးမှုကို ဖြစ်စေနိုင်သလား။ ဤအရာကိုပြောခြင်းသည် ဆွေးနွေးလမ်းညွှန် ခံယူသူအား မိမိ၏စိတ်ခံစား မှုများ၊ ကြောက်ရွံမှုများတိုကို ပျော့ပျောင်းစေသည်။ ၎င်းသည် လူများအတွက် အထောက်အကူပြုနိုင်သော် လည်း ပြဿနာကို ပို နားလည်စေမည်ဖြစ်သည်။ ။
တတိယ- ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် အတိတ်က ပြဿနာ ဖြေရှင် ရန် ကြိုးစားမှုကို နားလည်ရန် ကြိုးစားပါ။ မည်သည့်နည်းလမ်းသည် အောင်မြင့် သနည်း။ မည်သည့်နည်းသည် မအောင်မြင်ပါသနည်း။ ယခုတွင် ဆွေးနွေး ညွှန်မှုခံယူသူက မည်သိုလုပ်ဆောင်ပြီး အနာဂတ်၌ မည်သိုလုပ်ဆောင်မည် ဤဖြစ်နိုင်ချေ ရှိသောအရာတို့ကို ဆွေးနွေးရန်နှင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် စဉ်းစားခြင်း၊ အစီအစဉ်ရေးဆွဲခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်း စသ တိုကို ပြောင်းလဲရန် လှုပ်ရှားသည်နှင့်တိုက်တွန်းအားပေးရန် အရေးကြီးပေလိမ့်မည်
စတုတ္ထ- အချိုသောစိတ်ဖိစီးမှုတိုသည် မည်သည့်အချိန်၌မျှ ပြောင်းသွား မည်မဟုတ်ဟူသောအချက်ကို သင်နှင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူ သိရှိရမည့် အချိန်များ ရှိလာမည်ကို မှတ်သားပါ။ ဒါဝိဒ်က သူ့သား၏ ဖျားနာခြင်းအပေါ် ဝမ်း နည်းမှုကို သတိရပါသလား။ ဗာသသရှေဘနှင့်ဒါဝိဒ်၏ ပြစ်မှားခြင်းကို ဖော်ပြရာ၌ သမ္မာကျမ်း၏ အမှန်တကယ်ဖြစ်ခြင်းအပိုင်းကို မြင်ရသည်။ သူတို ဆက်ဆံရာမှ မွေးဖွားလာသောကလေးသည် ရက်ပေါင်းများစွာ မသေမရှင်ဖြစ်နေသည်။ သူသည် ပြင်းထန်စွာဆုတောင်း၍ အစာရှောင်ကာ ထိုကလေး၏ ဖျားနာခြင်းမှအပ မည်သည့် အရာကိုမျှ မစဉ်းစားနိုင်ဘဲ စိတ်ဖိစီးမှုဒဏ်ကို ခံနေရသည်။ ကလေးငယ် သေဆုံး သောအခါ ဒါဝိဒ်သည် သေခြင်းကို ဟန့်တား၍မရနိုင်ကြောင်း လက်ခံခဲ့သည်။ သူသည် ရှင်ဘုရင်တာပန်ကိုယူ၍ သူ၏ဇနီးကို နှစ်သိမ့်အားပေးခြင်းပြုသည် (၂ရာ၊၁၂း၁၅-၂၄)။
ပြောင်းလဲ၍မရသော သေခြင်းနှင့် ဒုက္ခဝေဒနာတိုကို ဝန်ခံရန်မလွယ်ပါ။ သိုသော်လည်း ဆွေးနွေးလမ်း ညွှန်မှုခံယူသူ၏တစ်ခုတည်းသော ရည်မှန်းချက်ပန်းတိုင် မှာ ပြောင်းလဲ၍မရနိုင်သောအရာကို လူများလက်ခံ လာရန် ကူညီမစခြင်းဖြစ်သည်။ ထိုအခါမှသာ သူတိုသည် မိမိတို၏ဝမ်းနည်းမှုနှင့်ဆုံးရှုးမှုတိုကို ပြောပြရန် နူးညံ့ သိမ်မွေ့စွာဖြင့် အားပေးတိုက်တွန်းရမည်။ ထိုနောက် ဖြည်းညင်းစွာ ပြန်၍ ညှိယူ ခြင်းဖြင့် အသက်ရှင်ကြရန် တိုက်တွန်းအားပေးခြင်းကိုပြုရမည်။ ဤဒုက္ခဝေဒနာ အားလုံးတိုမှာ ကုသရမည့် ဒဏ်ရာဒဏ်ချက်တစ်ခုကဲ့ သိုဖြစ်သည်။ ထိုသိုသော ကုသခြင်းကို အချိန်ယူ၍ကုသပြီး နူးညံ့သိမ်မွေ့စွာဖြင့် ဂရုစိုက်ခြင်းနှင့် တုံပြန်ရသည်။
ပဉ္စမ၊ သင်၏ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် အခြားသောသူတိုနှင့် ဆက်ဆံရန် အရေးကြီးသည်။ အနောက်နိုင်ငံများ၌ ထွန်းကားနေသော ဆွေးနွေး လမ်းညွှန်မှုနှင့် ပတ်သက်၍ ကျွန်ုပ်တိုသိရသောအရာမှာ လူတိုသည် လှည့်လည် သွားလာကြခြင်းဖြစ်သည်။ ဥပမာ အမေရိက၌ရှိသောလူများစွာတိုသည် လိုအပ် သောအချိန်၌ ကူညီမစမည့် ဆွေမျိုးများ သိုမဟုတ် မိတ်ဆွေများနှင့် ဝေးလံသော နေရာ၌နေကြသည်။ ထိုသိုသော အခြေအနေများ၌ လူတိုသည် စိတ်ဖိစီးမှုတစ်ခု တည်းကို ဖြေရှင်းနိုင်ရန် ကြိုးစားကြသည်။ သိုမဟုတ် သူတိုသည် သူတို၏ အသိုင်းအဝိုင်းများ၌ရှိသော လူစိမ်းများ သို မဟုတ် အသင်းတော်၌ရှိသော ယုံကြည်သူများထံသို သွားကြမည်ဖြစ်သည်။
အခြားသော ကမ္ဘာ့ဒေသများ၌ ဤသိုသော အခြေအနေမရှိပါ။ မိသားစုနှင့်အိမ်နီးနားချင်းဆွေမျိုး သားချင်းတိုသည် အနီးအနား၌ရှိကြပြီး စိတ်ဖိစီး ရသောအချိန်၌ ကူညီမစရန် စိတ်အားထက်သန်ကြသည်။ တစ်ခါတစ် လမ်းညွှန်မှု ခံယူသူတိုသည် မိမိတို၏ဆွေမျိုးများထံမှ ခဏအခိုက်အတန့် လိုကြသည်။ သိုသော်လည်း အများအားဖြင့် မိသားစု၊ သူငယ်ချင်း သို့မဟုတ် ယုံကြည်သူများထံမှလာသော ထောက်ပံ့မှု၊ အားပေးမှုနှင့် လက်တွေ့ကျကျ ကို မငြင်းပယ်သင့်ပါ။ အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း မမေ့ပျောက်သင့်ပါ။ အခြားသောလူတိုသည် မစမှုကိုပေးနိုင်ပြီး အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုထက် ပို၍ ထိရောက်နိုင်သော ကုသမှုကိုပေးနိုင်သည်။
မည်သိုပင်ဖြစ်စေ၊ နောက်ဆုံးတွင် အထိရောက်ဆုံးသော လမ်းညွှန်မှုနှင့် မစမှုကိုပေးသောသူမှာ သခင်ဘုရားပင်ဖြစ်သည်။ စိတ်ဖိစီးမှုဒဏ်ကို ခံနေသော လူတိုကို မစသည့် ဆဌမနည်းမှာ သူ့အတွက် ဆုတောင်းပေးခြင်း၊ တစ်ခါတစ်ရံ သူတို နှင့်အတူ ဆုတောင်းခြင်းဖြစ်သည်။ သနားကြင်နာတတ်သောသူ၊ အလိမ္မာတရားနှင့် ပြည့်စုံသောသူ၊ စုံစမ်းနှောင့်ယှက်ခြင်းနှင့် စစ်ဆေးခြင်းအားလုံးကို နားလည်သဘော ပေါက်နိုင်သောသူထံ၌ ဆွေးနွေးလမ်းညွှန်မှုခံယူလိုသူကိုအပ်ပါ။ သင်သည် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနှင့် တန်ခိုးနှင့်ပြည့်ဝ၍ နှစ်သိမ့်ခြင်းကိုပေးနိုင်သည့် ဘုရားသခင်၏ နှုတ်ထွက်စကားတော်အကြောင်းကို ဆွေးနွေးလမ်းညွှန်မှုခံယူသူကို ပြန်၍ပြောပြနိုင် သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်အနေနှင့် သင်သည် တစ်ဦးတည်းသော အတိုင်ပင်ခံပုဂ္ဂိုလ်မဟုတ်ကြောင်းကို သတိရပါ။ အနာအဆာများကို ပျောက်ကင်း ၊ စေရန် သင့်အားဖြင့် အလုပ်လုပ်သောအရှင်သည် သခင်ဘုရားဖြစ်သည်။ ဤအရာသည် အထူးသဖြင့် အရေးကြီးသော အချိန်၌ သတိရရန် လိုအပ်သည်။
ပြဿနာများ ဖြေရှင်းရေးတွင် လူတိုကို ကူညီခြင်း Helping People Cope with Crises
ခက်ခဲသောပြဿနာတစ်ခုကို စိတ်ဖိစီးမှုတစ်ရပ်အဖြစ် မှတ်ရတတ်ပါ သည်။ စိတ်ဖိစီးမှုသည် ရုတ်တရက် ပြင်းပြင်းထန်ထန်ရောက်လာတတ်သည်။ အရေးကြီးသောပြဿနာနှင့် တွေ့ကြုံရသောအခါ လူတိုသည် တုန်လှုပ်ကြကာ ပြဿနာဖြေရှင်းရန် ကြိုးစားကြသည်။
မည်သိုပင်ဖြစ်စေ ထိုအရေးကြီးသော ပြဿနာသည် အသစ်အဆ ဘဲလျက် ကြုံရသောကြောင့် ဤကြိုးစားမှုတိုသည် မထိရောက်ပါ။ ဤ ၌ ကျွန်ုပ်တို ပြဿနာတွင်မပါသည့် အခြားသူများ၏ လမ်းညွှန်မှုနှင့် သာကို လိုအပ်နေသောအချိန်ဖြစ်သည်။ ထိုသူတိုသည် ကျွန်ုပ်တိုကို ပို၍ ကူညီနိုင်ကြသည်။
ပေါလု၏သင်္ဘောပျက်သည့် ထူးဆန်းသောရာဇဝင်ကို သင်သတိရ ပါသလား။ တမန်တော်(၂၇)အရ ရောမမြိုသွားရာ ကရေတေကျွန်းအနားသို ရောက်နေစဉ်ဖြစ်သည်။ သင်္ဘောပေါ်တွင် ခရီးသည်ပေါင်း (၂၇၆) ယောက်ပါသည်။ ဆောင်းတွင်းရောက်လာပြီ။ ရာသီဥတု ပို၍ဆိုးမလာမီ လုံခြုံသောသင်္ဘောဆိပ် တစ်ခုသို ရောက်ရှိရန် သင်္ဘောကပ္ပတိန်က မျှော်လင့်သည်။ သိုသော်လည်း ထို သဘ်ောသည် လေပြင်းမုန်တိုင်းတစ်ခုနှင့် တိုးမိသည်။ သင်္ဘောသည် လေးရက်ပတ်လုံး လေတိုက်ရာသို လွင့်ပါသွားကာ နောက်ဆုံး သောင်ပြင်ပေါ်တွင် တင်၍ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။ ခရီးသည် အချိုတို့သည် ကမ်းခြေ သို့ကူးသွားကာ အချိုတို့ သည် သစ်သားစများကိုခိုစီး၍ အားလုံးတိုသည် ကုန်းပေါ် ” သို့ရောက်ကြသည်။ ရေစို၍မောပန်းကြသော်လည်း အသက်ရှင်ကြသည်။
မတော်တဆတိုက်ခိုက်မှုများ၊ မိသားစုထဲ၌ မမျှော်လင့်ဘဲသေဆုံးခြင်း၊ ၁။ ပစ္စည်းဥစ္စာများဆုံးရှုးခြင်း၊ ဒဏ်ရာရခြင်း၊ ဖမ်းဆီးခံရခြင်း သို့မဟုတ် မိတ်ဆွေတစ်ယောက် သို့မဟုတ် ဆွေမျိုးသားချင်းတစ်ယောက် ပျောက်ဆုံးခြင်း၊ အလုပ်ပြုတ်ခြင်း၊ အကြမ်းဖက် တိုက်ခိုက်ခံခြင်းစသည်တိုမှာ နေ့တိုင်း ရင်ဆိုင်ရသည့်ပြဿနာ ဖြစ်ပါသည်။ သတင်းစာတစ်စောင်ကို ဖတ်ရှုပါက သင်သည် လူများရင်ဆိုင်ရသည့် ပြဿနာများအကြောင်းကို ဖတ်မိမည်ဖြစ်သည်။ လူထဲက များစွာသောသူတိုသည် ကူညီမစရန် ဘာသာရေးခေါင်းဆောင်များထံသို သွားကြသည်။
သေရေးရှင်ရေးအမျှ အရေးကြီးသောအချိန်၌ လူတိုကို မည်သိုကူညီနိုင် မည်နည်း။
ပထမ – အဆက်အသွယ်လုပ်ပါ။ ယေရှုသည် ဧမောက်လမ်းသို့သွားသော စိတ်ရှုပ်ထွေးသည့် လူတို့နှင့်တွေ့သောအခါ မစကူညီမှုကို ချက်ချင်းလုပ်နိုင်သည်။ အဘယ်ကြောင့် ဆိုသော် သူတိုထံသို သွားသောကြောင့် ဖြစ်သည်။ ထိုလူများ ထံသို လာရန်မစောင့်ပါ။ တစ်စုံတစ်ယောက်၏အသက်တာ၌ ပြဿနာတစ်ခု ကြုံလာသောအခါ ထိုပုဂ္ဂိုလ်ထံသို ချက်ချင်းသွားပါ။ ထိုသိုပြုခြင်းသည် သူ့အတွက် ကြီးစွာသောမစမှုနှင့် နှစ်သိမ့်ခြင်းကို ဖြစ်နိုင်သည်။
ထိုနောက် စိတ်လှုပ်ရှားမှုကို လျော့ပါးသွားစေရန် တတ်နိုင်သမျှလုပ် ပေါလုသည် သင်္ဘောရေထဲသို မနှစ်မြုပ်မီ သင်္ဘောကုန်းပတ်ပေါ်၌ရပ်နေသော တွင် ကောင်းသောအတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း ထင်ရှားသ. သူသည် အခြားသော ခရီးသည်တိုအား ဘုရားသခင် ဂရုစိုက်သည့်အကြောင်း ကွယ်ကာမည့် အကြောင်း ပြောပြသည်။ ပေါလုသည် ငြိမ်သက်ခြင်းအတွက် စံနမူ ဖြစ်ပြီး အခြားသူတိုသည် ဘုရားသခင်၏ လူကို မြင်သောအခါတွင် သက်သာခြင်း ရှိကြသည်။ တစ်ခါတစ်ရံ တိုက်တွန်းသောစကားတစ်ခွန်း၊ စိုးရိမ်ကြောင့်ကြမှုကို ဖြေဖျောက်ပေးခြင်း သိုမဟုတ် ငြိမ်သက်တိတ်ဆိတ်သော လူတစ်ယောက်၏ ခံနမူနာ စသည်တိုသည် သေရေးရှင်ရေးအမျှ အရေးကြီးသော အခြေအနေကို ရင်ဆိုင် ရသည့်ပုဂ္ဂိုလ်ကို ကူညီမစနိုင်သည်။ သင်သည် သေရေးရှင်ရေးအမျှ အရေးကြီးသော ပြဿနာနှင့် ရင်ဆိုင်နေရသော အခါ စိုးရိမ်ပူပန်မှု လျော့နည်းစေဖို သင်ပြုလုပ်နိုင် မည့်အရာကိုတွေ့ရှိရန် ဘုရားသခင် မစပါမည်အကြောင်း ဆုတောင်းပါ။
ထိုနောက် အရေးကြီးသောပြဿနာတိုကို အာရုံစိုက်ရန် လူတိုကို ကူညီပါ။ သေရေးရှင်ရေးအမျှ အရေးကြီးသောအချိန်များတွင် ထိုလူ၏ စိတ်ခံစားမှု များနှင့် မည့်သည့်အရာပြုရမည်ဟူ၍ မသေချာမရေရာ မှုသည် ထိုလူကို လွှမ်းမိုးရန် လွယ်ကူသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အရေးကြီးဆုံးသော ပြဿနာတိုကို အာရုံ စူးစိုက်ရန် ဆွေးနွေးလမ်းညွှန်မှုခံယူသူကို မစနိုင်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိသားစုထဲ၌ သေခြင်းကို တွေ့ကြုံနေပါက အခြားသော ဆွေမျိုးသားချင်းတိုကို အစောနိုင်ဆုံး အကြောင်းကြားရန် ဈာပနအစီအစဉ်ကို လည်း ရေးဆွဲပေးရန် လိုအပ် သည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် နောက်ပိုင်းအထိ စောင့်ရမည့် အခြားသော ပြဿနာတိုကို ဂရုစိုက်ရမည့်အစား ဤလမ်းကြောင်းအတိုင်း ကူညီနိုင်ပါသည်။
သင်္ဘောသည် မိမိ၏ခရီးစဉ်အဆုံးသို ရောက်သောအခါ ခရီးဆက်ထွက် ရန် ကောင်းမကောင်း စကားငြင်းခုံကြရန် ပေါလု အားမပေးပါ။ ထိုသိုပြုမည့်အစား အရေးကြီးဆုံးသော ပြဿနာများအပေါ်၌ သူအာရုံစူးစိုက်သည်။ အစာကို စားကြမှသာ ခွန်အားရရှိကြမည်ဖြစ်ကြောင်း အစာစားကြရန် သင်္ဘောကိုစွန့်ပြီး ဆိပ်ကမ်းသို ကူးသွားကြရန် သူတိုကို ညွှန်ကြားသည်။
တခါတစ်ရံ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် ကူညီမစမှုများကိုအကဲဖြတ်ရန်သင်၌ ကူညီလိုသော စိတ်ရှိကောင်းရှိနိုင်ပါသည်။ ထိုသိုဆိုရာတင် သည် မည်သူအား မည်သည့်အရာကို မစရန် ကောင်းသည်ကို စဉ်းစားသင့်သည်ဟုဆိုလိုခြင်းဖြစ်သည်။ သေရေးရှင်ရေးအမျှ အရေးကြီးသောအခြေအနေ၌ လေးမျိုးတွေ့ရှိ နိုင်ပါသည်။ သူငယ်ချင်းများ၊ အသင်းသူ အသင်းသားများ၊ ဆရာဝန်များ၊ အစိုးရဝန်ထမ်းအရာရှိများ သိုမဟုတ် ကူညီနိုင်မည့် အခြားသော ” တိုဖြစ်ကြသည်။ ဉာဏ်ရည်၊ တတ်ကျွမ်းမှု၊ အတွေ့အကြုံ၊ ကျန်းမာရေး၊ လေ့ကျင့် သင်ကြားခြင်း သိုမဟုတ် သူ့အား နှိမ်နင်းရန် ကူညီမည့်အခြားသော နှင့် အရာများသည် အတိုင်ပင်ခံပုဂ္ဂိုလ်၌ လူနှင့်ဆိုင်သော အထောက်အကူများရှိသည်။ ( ထိုနောက် ငွေ၊ ဝတ္ထုပစ္စည်းများ၊ အိမ် သို့မဟုတ် ဆင်းရဲသော ပုဂ္ဂိုလ်အတွက် ကူညီ မစရန် လက်ဆုပ်လက်ကိုင်ပြနိုင်သော ထောက်ပံ့မှုရှိသည်။ အရေးကြီးဆုံးသော သော အရာမှာ ဆွေးနွေးလမ်းညွှန်မှုခံယူသူ၏ ယုံကြည်ချက်၊ ဘုရားသခင် နှင့်ပတ်သက်၍ သူ၏စိတ်နေသဘောထား၊ ဝိညာဉ်ရေးရာ ရင့်ကျက်မှုနှင့်ဆုတောင်းလိုသောဆန္ဒစသည်တို့ အပါအဝင်ဖြစ်သည် ပြဿနာပေါ်လာတိုင်း ဤအထောက်အမ အားလုံး ကို ကို ဆွေးနွေးလမ်းညွှန်မှုခံယူသူက လက်တွေ့ကျင့်သုံးနိုင်ရန် ကူညီမစပါ။
သင်္ဘောပေါ်ရှိ လူတို့သည် သူဦးဆောင်မှုအပေါ်၌ စိတ်ချကြောင်းကို ပေါလု ရသိသည်။ တမန်တော်ကြီး ၏အကြီးဆုံးသော အားကိုးအားထားရာမှာ အသက်ရှင် -သောဘုရားသခင်ဖြစ်သည်။ ပြင်းထန်သောမုန်တိုင်းနှင့် သင်္ဘောပျက်သည့်အကြားမှ ဘုရားသခင်သည် လမ်းပြပိုဆောင်မည်ဟု ယုံကြည်ခြင်းပင်ဖြစ်သည်။
ထိုနောက် သင်သည် ဆွေးနွေးလမ်းညွှန်မှုခံယူသူ၏ အစီအစဉ်ကို ကူညီ နိုင်သည်။ လူများအဆုံး အဖြတ်ပြုရာ၌ ကူညီမစရန်နှင့်လမ်းပြရန်ဖြစ်သည်။ သင်္ဘောပေါ်ရှိ လူတိုသည် ကျောက်ဆူးကို သင်္ဘောပေါ်မှ ချ၍ အသက်ကယ်လှေကို ချကြသည်။ ဤနေရာ၌ ပေါလုသည် ထူးခြားသော လမ်းညွှန်မှုအချို့ကို ပေးသည်။ သင်တို့သည် အသက်မသေ လွတ်မြောက်လိုကြပါက သင်္ဘောပေါ်၌သာ နေကြပါဟုဆို၏။ ထိုနောက် သူတို့သည် တက်မတိုကို့ ဆိုင်းသောကြိုးများကို ဖြည်၍ ရွက်ကိုလေ၌ ဖြန့်ဖွင့်လျက် ကမ်းနားသိုတိုက်သွားကြ၏ (တမန်၊၂၇း၄၀)။ မည်သို့ပြုရမည်ကို စီမံချက်ရေးဆွဲခြင်းဖြင့် စဉ်းစားရန် အချိန်အနည်းငယ်သာ ရသော်လည်း လူတို့သည် သေဘေးမှလွတ်ကြသည်။
ဤအရာအားလုံး၌ တစိမ့်စိမ့် မျှော်လင့်ခြင်းသည် အရေးကြီးသည်။ သင်္ဘော ပေါ်၌ရှိသောသူတိုသည် အားငယ်ကာ မကြာမီ ရေနစ်ကြတော့မည်ဟု ယုံကြည်ကြ မည်ဖြစ်သည်။ ပေါလှသည် သူတို၏အလယ်၌ မတ်တတ်ရပ်ကာ မကြောက်ကြဖို ပြောပြီး ဘုရားသခင်၏နှုတ်ထွက်စကားတော်ကို ပြောပြ၍ ခမည်းတော် ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကာ ထိုစိတ်ချမှုကို လူတိုအထဲသို သွင်းပေးသဖြင့် သဘော သည် လေမုန်တိုင်း ဒဏ်ကြောင့် အထိန်းမရောက်လိုရာရောက်သော်လည်း သူတို အားလုံးသည် စိတ်သက်သာရာကိုရကြသည် (တမန်၊၂၇း၃၆)။
သင်သည် ဆွေးနွေးလမ်းညွှန်မှုပေးသည့်အခါ လက်တွေ့ကျပါစေ။ သင် မပြုလုပ်နိုင်သော ကတိကို မပေးပါနှင့်။ ဘုရားသခင်၏နှုတ်ထွက်စကားတော်က ကတိမပေးသောအရာကို ဘုရားသခင် လုပ်သွားပါမည်ဟု မပြောပါနှင့်။ သင်မသိ ဘဲနှင့် လူနာတစ်ယောက်ကို ဘုရားသခင် ပေးပျောက်ပါမည်ဟုမပြောပါနှင့်။ လူများ သည် အကောင်းမြင်ဝါဒရှိရန် ကြိုးစား၍ အားပေးပါ။ ဘုရားသခင်သည် ချစ်ခြင်း မေတ္တာနှင့် အချုပ်အခြာ အာဏာပိုင်ဖြစ်ကြောင်း သဘောပေါက်စေရန် ကူညီမစပါ။
တစ်ခါတစ်ရံ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲလာရန်ဖြစ်တတ်သည်။ ဤအရာက အသည်းအသန် ပြဿနာမြင်ကွင်းမှ ယာယီအားဖြင့် ဝေးကွာခြင်း၊ အထောက်အမကိုပေးမည့် မိတ်ဆွေများကိုတွေ့ခြင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်စကား ပြောခြင်း စသည်တိုသည် ထိုပြဿနာအပေါ်တွင် အမြင်ပြောင်းလဲစေနိုင်ပါသည်။ လေယာဉ်ပျက်ကျသောအခါမိသားစုများသည် မိမိတိုချစ်ရသောသူများ သေဆုံး သည့်နေရာကို ကိုယ်တိုင် တွေ့မြင်ခြင်းသည် အထောက်အကူဖြစ်စေသည်ဟု လေကြောင်းလိုင်းများက ဖော်ထုတ်သိရှိသည်။ စိတ်ကြေကွဲမှုခံရသော်လည်း သူတိုသည် အံ့သြဖွယ်စိတ်သက်သာရာရကြသည်။
ဤနေရာ၌ အရေးကြီးသော ပြဿနာအတွက် ဆွေးနွေးလမ်းညွှန်ခြင်းမှာ တောင်းဆိုမှုတစ်ရပ်ဖြစ်ပြီး တစ်ခါတစ်ရံ ခက်ခဲသည်ကို သတိရပါ။ အတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ယောက်သည် အနားယူချိန်များလိုအပ်သည်။ ဘုရားသခင်၏အစေကို ဆက်လက် ထိရောက်စွာ ခံနိုင်ရန် ဝိညာဉ်ရေးရာအားပြည့်ဖို လိုအပ်သည်။
ပေါလုသည် ထိုသင်္ဘောပေါ်၌ အကျဉ်းသားတစ်ယောက်သာဖြစ်၍ ရောမ၌ အမှုစစ်ဆေးရန် ခေါ်ဆောင်ခြင်းခံရသောသူဖြစ်သည်။ သိုသော်လည်း ပြဿနာကြီး၏အလယ်တွင် အလွန်ထိရောက်သော ဦးဆောင်သူနေရာ ယူသွားသည်။ အဘယ်ကြောင်း။ စိတ်ဖိစီးမှုကြီးမားပြီး သေရေးရှင်ရေးပြဿနာတို၏ တွင် ပေါလုသည် ဘုရားသခင်နှင့် အချိန်ယူသောကြောင့်ဖြစ်သည်။ ကျွန်ုပ် တို့အားလုံးသည် စိတ်ဖိစီးမှုနှင့် သေရေး ရှင်ရေးပြဿနာရင်ဆိုင်သော အချိန်ရှိ ကြောင်း သမ္မာကျမ်းက ဖော်ပြသည်။ ဤပြဿနာတို့ကို ကိုင်တွယ် ဖြေရှင်းပုံ၊ သူ တစ်ပါးတိုအပေါ် အကျိုးသက်ရောက်ပုံ စသည်တိုမှာ ဆွေးနွေးလမ်းညွှန်ရာ၌ ကျွန်ုပ်တို အစေခံရသည့် ဘုရားသခင်နှင့် မည်သို့ ရင်းနှီးမှုရှိသည့်အပေါ်၌ တည်နေ မည်ဖြစ်သည်။
စိတ်ဖိစီးမှုကို မည်ကဲ့သို အောင်နိုင်ရမည်နည်း How to Cope with Stress
အောက်ပါယူဆချက်တို့သည် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဆွေးနွေးလမ်းညွှန်မှုခံယူသူ နှစ်ဦးစလုံးအတွက် အထောက်အကူဖြစ်နိုင်ပါသည်။ ၊
၁။ ကာယပိုင်းဆိုင်ရာ၌ သင်ကိုယ်တိုင် ဂရုစိုက်ပါ။ ပုံမှန်လေ့ကျင့်ခန်း၊ မျှတသည့် အစားအစာ၊ စိတ်ဖိစီးသော အချိန်၌ ကျွန်ုပ်တို့ ရှင်းလင်းစွာ စဉ်းစားစေရန်နှင့် စိတ်ကိုပြန်၍ နုပျိုလန်းဆန်းစေနိုင်မည့် လုံလောက်သည့် အနားယူမှုစသည်တို့ လိုအပ်သည်။ အချိန်ရသောအခါ၌ အနားယူပါ။ တစ်ပတ်လျှင် တစ်ရက်နားရန်။ သမ္မာကျမ်း၏မိန့်မှာချက်သည် ကောင်းသောအကြံဖြစ်သည်။
၂။ ဒုက္ခပေးသည့် ပြဿနာများကို ဝေးဝေးရှောင်ပါ။ အရက်နှင့်မူးယစ်ဆေးဝါး တိုသည် စိတ်ဖိစီးမှုပြဿနာတိုကို မဖြေရှင်းနိုင်သည်မှာ အမှန်ဖြစ်သည်။ ၎င်းတို့သည် ခဏ အခိုက်အတန့်သာ ဖြစ်သော်လည်း စိတ်ဖိစီးမှုဖြစ်ရသည့် အကြောင်းရင်းကို ဖြေရှင်းနိုင်ခြင်းမရှိပါ။ မူးယစ်ဆေးဝါးသည် စိတ်ဖိစီးမှုကိုသာ ဖြစ်စေလေ့ရှိသည်။ လောကီနည်းလမ်းများဖြင့် ခန္ဓာကိုယ်ကို ငြိမ်သက်စေပါ သော်လည်း သမ္မာကျမ်း ၏လမ်းညွှန်မှုနှင့် လျော်ညီခြင်းမရှိသောကြောင့် အကျိုး သက်ရောက်မှုသည် အနည်းငယ်သာ ရှိသည်။
၃။စိတ်ဖိစီးမှုခံရသည့်အကြောင်းရင်းကို စဉ်းစားပါ။ သင်၏အခြေအနေများကို ပြောင်းလဲစေရန် တစ်စုံတစ်ရာကို သင်လုပ်နိုင်ပါသလား သိုမဟုတ် သင်၏ စိတ်ဖိစီးမှုအချိုကို သင်ကိုယ်တိုင်ပယ်ဖျက်ရန် ပြောင်းလဲစေနိုင် ပါသလား။ သင်၏ဦးစားပေးသည့် အရာများနှင့်ပတ်သက်၍ စဉ်းစားပါ။ သင်၌လုပ်စရာများ စွာ တာဝန်ယူ ပြီးနောက် လုပ်ငန်းပြီးစီးမှုမရှိဘဲ အဘယ်ကြောင့် အချိန်ကုန်သွား သည်ကို အံ့ဩပါသလား။ စိတ်ဖိစီးမှုကို လျော့နည်းသွားစေရန်ပင် သင်၏ အသက်တာ၌ မည်သည့်အရာကို သင်ပြောင်းလဲစေနိုင်ပါသနည်း။
၄။ သင်၏စိတ်သဘောထားနှင့် အသက်ရှင်ပုံရှင်နည်းအကြောင်းကို စဉ်းစားပါ အကောင်းမြင်သည့် စိတ်သဘောထားရှိရန် ကြိုးစားပါ။ ဝေဖန်ခြင်း၊ အပြစ် တင်လိုသောစိတ်မရှိဘဲ ကောင်းသောအရာနှင့် ချီးမွမ်းထိုက်သောအရာတိုကို စဉ်းစားပါ (ဖိ၊၄:၈)။ အခြေအနေမည်သိုပင်ဖြစ်ပါစေ ဘုရားသခင်အား ကျေးဇူး တင်တတ်သောသဘောနှင့် ချီးမွမ်းတတ်သောအကျင့်ရှိပါ(၁သက်၊၅း၁၈)။ ဘုရားသခင်သည် သင်၏အခြေအ နေတိုကို ထိန်းချုပ်ထား၍ မစမှုနှင့်နှစ်သိမ့်မှု ပေးနိုင်သည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်။ မိမိကိုယ်ကို ဗဟိုပြုလျက်၊ အောင်မြင်မှု၊ အသိအမှတ် ပြုခံရခြင်း၊ ဖူလုံခြင်းနှင့်ရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်ခြင်း စသည်တို အတွက်သာ စိတ်ရောက်နေသည့် ၊ အာသီသပြင်းထန်သည့် အသက်ရှင်ပုံကို ကြိုးစား၍ရှောင်ပါ။
၅။ သင်သည် မည်သည့်လူစားမျိုးဖြစ်သည်၊ မိမိကိုယ်ကို မည်သို ထင်မြင်ယူဆသည် စသည်တို့ကို စဉ်းစားပါ။ သင်သည် စည်းကမ်းတိကျလွန်းသူ တစ်ယောက်ဖြစ်၍ သူတစ်ပါးကို မခန့်တတ်သူ၊ အပြောင်းအလဲများ မရှိစေလို သောသူ၊ ပြဿနာများကို ဖြေရှင်းရန် အလွန်စိတ်မလုံသောသူဖြစ်ပါသလား။ သင်သည် အရည်အချင်းမီသောသူ၊ ဉာဏ်ပညာမဲ့သောသူ သိုမဟုတ် စိတ်ဖိစီးမှု ကို မဖြေရှင်းနိုင်သောသူတစ်ယောက် ဖြစ်ကြောင်း မိမိကိုယ်ကို ယုံကြည်ပါ သလား။ ထိုသို့ဖြစ်ခြင်းကြောင့် အထောက်အထားတစ်စုံတစ်ခုရှိပါသလား။ ဤစဉ်းစားပုံစဉ်းစားနည်းကို သင်မည်သို ပြောင်းလဲစေနိုင်သနည်း။ အခြားသောလူတစ်ယောက်က သင့်ကို ကူညီနိုင်ပါသလား။
၆။ အကူအညီရအောင်ယူပါ။ အခြားသောသူတိုသည် အမြင်သစ် သို့မဟုတ် သင်၏ ပြဿနာအတွက် အပြုသဘောရှိသော အဖြေများကို ပေးနိုင်ပါလိမ့်မည်။ မိတ်ဆွေတစ်ယောက် သိုမဟုတ် အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ယောက်သည် သင့်ကို အကူအညီ ပေးနိုင်ပါသည်။ သင့်အား နှစ်သိမ့်မှု၊ အားပေးမှုနှင့် လမ်းညွှန်မှုကို ပေးနိုင်သော သင်၏အိမ်နီးနားချင်းများနှင့်ဆွေမျိုးသားချင်းတိုကို ဥပက္ခာမပြု ။ အခြားသောသူတိုသည် ကျွန်ုပ်တိုကို ထောက်မပျက်၊ အနာဂတ်၌ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းနည်းကို သွန်သင်နိုင်သည်။
၇။ အခြားသောသူများကို ကူညီပါ။ စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရန် တစ်ခါ တစ်ရံ အကောင်းဆုံး သောနည်းမှာ လိုအပ်နေသောသူကို ကူညီပေးဖိုဖြစ်သည်။ ကျွန်ုပ်တိုသည် အချင်းချင်း တိုက်တွန်းနှိးဆော်ရန်၊ ကူညီမစရန်၊ တည်ဆောက် ကြရန်နှင့် ကောင်းမြတ်ကြရန် သမ္မာကျမ်းက ရှင်းလင်းစွာ သွန်သင်သည် (၁သက်၊၅:၁၁၊၁၄-၁၅)။ ထိုသိုသောသွန်သင်ချက်သည် ခံယူသောသူနှင့်ပေးသောသူ နှစ်ဦးစလုံးအတွက် အထောက်အကူပြုနိုင်သည်။
၈။ ဘုရားသခင်ထံမှလာသော မစမှုကို သတိရပါ။ သမ္မာကျမ်းကို ဆင်ခြင်စဉ်းစားခြင်း၏အရေးကြီးပုံကို လျစ်လျူမရှုပါနှင့်။ ဘုရားသခင်သည် သင့်အား သည်းခံ စိတ်ရှည်မှု၊ ခွန်အားနှင့်ဉာဏ်ပညာကို ပေးရန်တောင်း ဆိုပါ။ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။ မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့။ အရာရာ တို၌ကျေးဇူးတော် ကိုချီးမွမ်းကြလော့။ အကြောင်းမူကား သင်တိုသည် ထိုသို ကျင့်စေခြင်းငှါ၊ ယေရှုခရစ်၌ ဘုရားသခင်အလိုတော်ရှိ၏(၁သက်၊၅း၁၆-၁၈)။
အခန်း(၇)
ယုံကြည်သူနှင့် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှု
The Believer and Christian Counseling
ရှင်ဘုရင် ရူးသွပ်သွားပြီဟူသောသတင်းသည် တစ်ပြည်လုံးသို လျင်မြန်စွာ ပြန့်နှံသွားသည်။
ရှင်ဘုရင်အနေနှင့်အံ့သြခြင်းမရှိသင့်ပါ။ လပေါင်းများစွာကြာသောအခါ ၌ ဘုရားသခင်သည် နေဗုခဒ် နေဇာမင်းကြီး၏ အိပ်မက်ထဲ၌ စကားပြောခဲ့ပြီးဖြစ် သည်။ သူသည် အပြစ်ဒုစရိုက်ပြုလုပ်ခြင်းမှ ရပ်တန့်၍ မှန်သောအရာကိုပြုပြီး . ဆင်းရဲသားတိုအပေါ် သနားခြင်းကရုဏာမထားပါက သူသည် နန်းတော်မှနှင်ထုတ် ခံရပြီး တိရစ္ဆာန်တစ်ကောင်ကဲ့သို တောထဲ၌နေထိုင်ရမည်ကို ကြိုတင်ပြောခဲ့သည်။
သို့သော်လည်း ရှင်ဘုရင်သည် ဘုရားသခင်၏သတိပေးခြင်းကို ဥပက္ခာပြု ၍ နန်းတော်ကို ကျေနပ် ဝင့်ကြားစွာဖြင့် ဆက်လက်ကြည့်ရှုသည်။ ထိုနောက် – တစ်နေ့သောအခါ အသံတသံသည် ကောင်းကင်မှလာပြီး ရှင်ဘုရင်အား စိတ် အနှောင့်အယှက်ဖြစ်စေသည်။ ခုနစ်နှစ်ပတ်လုံး သူသည် စိတ်ဓာတ်ကျဆင်းခြင်း စိတ်ရှုပ် ထွေးခြင်းနှင့် ရူးသွပ်သည့်ပုံစံဖြင့်နေထိုင်သည်။ တည်ကြည်သည့် သူ့ကျွန် ဒံယေလနှင့်မတူဘဲ ရှင်ဘုရင်သည် မြေကြီးပေါ်၌ တွားသွား၍ နွားကဲ့သို့ စားသည်။ ။
ဒံယေလသည် စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်ထားနိုင်သော်လည်း သူ့အမှု့ ထမ်းနေသည့် ရှင်ဘုရင်သုံးပါးတို့၌ ကာယပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ပြသ ကြခြင်းကို စဉ်းစားစရာကောင်းလှပေသည်။ ရှင်ဘုရင်နေဗုခဒ်နေဇာမင်း သည် မရှုး သွပ်မီ၌ မာန်မာနထောင်လွှားကာ မိမိ၏အတ္တကို ရှေ့တန်းတင် သူ့နောက် ဆက်ခံသော ဗေလတရာဇာမင်းသည် ဘုရားသခင်ကို ဥပက္ခာပြု၍ ရုပ်တု များကို ကိုးကွယ်ကာ၊ အရက်သေစာသောက် စားခြင်းနှင့် အပြစ်ဒုစရိုက်၌ပျော်ပါး ခြင်းဖြင့် မိမိ အချိန်ကိုကုန်စေသည်။ နောက်ပိုင်းတွင် ရှင်ဘုရင်ဖြစ်လာသော ဒါရိမင်းကြီးမှာ ပျော့ညံ့သောသူ၊ စိတ်မခိုင်သောသူ၊ သူ၏မှူးမတ်များက အလွယ်တကူစိုးမိုးနိုင်သောသူဖြစ်သည်။ ဒံယေလသည် ဤရှင်ဘုရင်သုံးပါး၏လက်ထက် ကောင်းစားကြောင်းကို သမ္မာကျမ်းက ဖော်ပြထားသည်။ သူသည် မိမိအလုပ်ကိုလုပ်၍ စိတ်ဓာတ်ကြံ့ခိုင်ရာ၌ စံနမူနာတစ်ယောက်ဖြစ်သည်။
အဘယ့်ကြောင့်နည်း။ ။
ဤမေးခွန်း၏အဖြေသည် ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်တိုင်းအတွက် အထောက်အကူဖြစ်နိုင်သည်။ ကျွန်ုပ်တို၏ ဆွေးနွေးလမ်းညွှန်မှု ခံယူသူသည်လည်း ဒံယေလကဲ့သိုဖြစ်လာပါက ကျွန်ုပ်တို ပတ်ဝန်းကျင်၌ ရှိသော လူတို့၏အသက်တာ ဖိစီးမှုအောက်၌ ယိုယွင်းပျက်စီးနေသောအခါပင်လျှင် ကျွန်ုပ်တိုအားလုံးသည် ပို၍ စိတ်ဓာတ်တည်ကြည်သောသူတစ်ယောက် ဖြစ်လာမည်ဖြစ်သည်။ –
ဒံယေလသည် မည်သည့်အရာကြောင့် စိတ်ကောင်းပါသနည်း
ဒံယေလ၏အကြောင်းကို သင်သတိရကောင်းရလိမ့်မည်ဖြစ်သည်။
နေဗုခဒ်နေဇာမင်းသည် ယေရုရှလင်မြိုကို ဖျက်ဆီးသောအခါ ဣသရေလ လူမျိုးအများစုကို ဖမ်းဆီး၍ ဗာဗုလုန်သို ခေါ်သွားသည်။ ရှင်ဘုရင်သည် မိမိနန်းတော်သို့ ပြန်လာသောအခါ “မကောင်းသောလက္ခဏာနှင့် ကင်းလျက်၊ လှသောအဆင်းသဏ္ဌာန်နှင့်ပြည့်စုံ၍ ကောင်းသောဉာဏ်နှင့်တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက်သောသူတိုကို … ဣသရေလအမျိုးထဲမှ ရွေးကောက်ရန်” (ဒံယေလ၊၁း ၄) မှူးမတ်တို့ကို တောင်းဆိုသည်။ ဒံယေလမှာ ရှင်ဘုရင်၏အစေခံရန် ရွေးကောက်ခံရသောသူများ ထဲမှတစ် ဦးဖြစ်သည်။
ဒံယေလသည် သာမန်လူမဟုတ်သည်မှာ ထင်ရှားသည်။ သူသည် ကျွန်ုပ်တို့ ထက်ပို၍ချောမော လှပပြီး ပို၍ဉာဏ်ကောင်းမည်မှာ အမှန်ဖြစ်သော်လည်း သူ၏ အသက်ရှင်ပုံရှင်နည်းက သူ၏တည်ကြည်မှုကို အထောက် အကူပြုမည်မှာ အမှန်ဖြစ် ” အသက်ရှင်ပုံရှင်နည်းမှာ ခေတ်အဆက်ဆက်၌ရှိသော ယုံကြည်သူများအတွက် စံနမူနာ တစ်ခုဖြစ်ခဲ့သည်။ ထိုပြည်ကိုအစိုးရသောမင်းတို့သည် စိတ်ရှုပ်ထွေးကြသော်လည်း ဒံယေလ၏စိတ်မှာမူ ရှင်းလင်းပြီး တည်ငြိမ်သည်။ ဤသိုဖြစ်ရခြင်းတွင် အကြောင်းရင်းအမျိုးမျိုးရှိသည်။
ဒံယေလသည် ကာယပိုင်း ကျန်းမာရေးကို စောင့်ရှောက်သည်
သူသည် ရှင်ဘုရင်၏အမှုတော်ကို ထမ်းရွက်ရန် ရွေးချယ်ခံရပြီး မကြာမီ တွင် ရှင်ဘုရင်၏မီးဖိုချောင်မှ အကောင်းဆုံးသော စားစရာများနှင့် အရသာအရှိ သော စပျစ်ရည်တို့ကို ကျွေးမွေးခြင်းခံရသည်။ သို့သော်လည်း ဒံယေလသည် မသုံး ဆောင်ပါ။ ထိုသိုသော အစားအစာများကို ရှောင်ရှားရမည်ဟူသော ဘုရားသခင် ၏ ပညတ်ချက်ကို နာခံသည်။ ကျန်းမာရေးအတွက် လတ်ဆတ်သော အစားအစာ သည် ပို၍ကောင်းကြောင်း ပြသခြင်းဖြစ်သည်။ ထိုသို့ စားသောက်ပြီး ဆယ်ရက် ပြည့်သောအခါ ဒံယေလနှင့် သူ၏သူငယ်ချင်းတို့သည် ရှင်ဘုရင်စားသောအစာကို စားသောသူများထက်ပို၍ ကျန်းမာကြသည်။ ။
စိတ်ပိုင်းဆိုင်ရာပြဿနာများစွာဖြစ်လာရခြင်းနှင့် ပို၍ဆိုးလာရခြင်း အကြောင်းမှာ ကျွန်ုပ်တို၏ ခန္ဓာကိုယ်ကို ဂရုမစိုက်ခြင်းကြောင့်ဖြစ်သည်ဟူသော သိပ္ပံပညာရှင်များ၏အဆိုကို ပို၍ ခိုင်လုံစေသည်။ စိတ် ဓာတ်ကျဆင်းခြင်း၊ စိတ် လှုပ်ရှားမှု၊ ရက်စက်ကြမ်းကြုတ်မှုနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုများ ကို ပြသည့်အရာတို့သည် တစ်ခါတစ်ရံ ဟိုမုန်းဓာတ် မညီမျှမှုကြောင့်သော်လည်းကောင်း၊ ရောဂါကြောင့်သော် လည်းကောင်း၊ အခြားကာယပိုင်းဆိုင်ရာ လွှမ်းမိုးခြင်း များကြောင့်ဖြစ်တတ်သည်။ လူတစ်ယောက်၌ အာဟာ ရချိုတဲ့ခြင်း၊ လုံလောက်သော အနားယူမှုမရှိခြင်း၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း သို့မဟုတ် အလုပ်ပင်ပန်းလွန်း သောကြောင့် အသက်တာတွင် ပြဿနာများပေါ်လာတတ်သည် သိုမဟုတ် ပို၍ဆိုး လာသည်။ ဒံယေလသည် မိမိ၏ ကိုယ်ခန္ဓာကို ဂရုစိုက်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်များ အပါအဝင် ယနေ့ခေတ် ယုံကြည်သူတို၌ ထိုသို့ ပြုလုပ်ရန် တာဝန်ရှိကြသည်။
ဒံယေလသည် ဉာဏ်ပိုင်းဆိုင်ရာ၌ နိုးကြားရှင်သန်လျက်ရှိသည်
လူအချို့တို့သည် ကျောင်းမှထွက်ပြီးနောက် စာပေလေ့လာခြင်းမရှိတော့ သောကြောင့် ဉာဏ်နှင့်စပ် ဆိုင်သောအရာများကို မစဉ်းစားကြတော့ချေ။ သူတို၏ ဉာဏ်သည် ထိုင်းမှိင်းလာကာ အသက်တာ၏ ဖိစီးမှုကို မည်သိုမည်ပုံ ကိုင်တွယ် မည်ကို ရှင်းလင်းစွာ စဉ်းစားရန် ခက်ခဲလှပါသည်။
ဒံယေလသည် ထိုသိုမဟုတ်ပါ။ သူသည် ဘုရားသခင်ထံတော်မှ သီးသန့် ပညာရရှိသည်မှာ မှန်သော် လည်း၊ ဒံယေလသည် စာပေဖတ်ရှုလေ့လာရာ၌ အချိန် ကိုလည်း အသုံးပြုကာ “စာပေအမျိုးမျိုး ပညာအမျိုးမျိုး တို့ကို” နားလည်သောသူ တစ်ယောက်ဖြစ်လာသည် (ဒံယေလ၊၁း၁၇၊၂၀)။
ယနေ့ခေတ်လူများစွာတို့သည် စာဖတ်ခြင်း၌ ပျော်မွေ့သည့် အလေအကျင့်မရှိကြပါ။ အချို့တို့သည် မိမိတို့၏ အလုပ်၌ မအားမလပ်ဖြစ်ကြပြီး အချို့တို့မှာမှု ဉာဏ်ပညာပို၍ရရှိရန် နည်းပါးသည့် လုပ်ဆောင်မှုများ၌ မအားမလပ်လုပ်ကိုင်နေကြ သည်။ ဒံယေလမှာမူ အလုပ်များသော်လည်း အစဉ်မပြတ် လေ့လာသည်။ သူ၏ စဥ်းစားဉာဏ် တိုးတက်လာရန် မိမိကိုယ်တိုင်လေ့ကျင့်ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါ သည်။ ကျွန်ုပ်တို့၏ဉာဏ်ကို ဥပက္ခာပြုကြမည်ဆိုပါက ဉာဏ်သည် ထုံထိုင်းလာကာ ပြဿနာများ ပေါ်လာသောအခါ ရှင်းလင်းစွာ မစဉ်းစားနိုင်တော့ပါ။
ဒံယေလသည် လူတို့ကို အစဉ်ဂရုစိုက်သည် ။
ဒံယေလသည် နန်းတော်သိုရောက်ပြီး မကြာမီတွင် ရှင်ဘုရင်မှ အိပ်မက်တစ်ခု ကို မြင်မက်ပြီး ထိုအိပ်မက်ကို ဗာဗုလုန်ပညာရှိများအထဲမှ တစ်စုံတစ်ယောက်သော သူမျှ အနက်မပြန်နိုင်ချေ။ ဒံယေလသည် အိပ်မက်အနက်ပြန်တတ်သည်ကို ရှင်ဘုရင်ကြားသိသောအခါ ထိုလူငယ် ဒံယေလကို ရှင်ဘုရင်ရှေ့သို ခေါ်ကြကာ၊ ဒံယေလသည် အိပ်မက်အနက်ကို ရှင်းပြသည်(ဒံယေလ၊၂:၂၄-၂၉)။
ဤအဖြစ်အပျက်နှင့်ပတ်သက်၍ မှတ်သားရန်ကောင်းသောအရာနှစ်ခုရှိသည်။ ပထမ- ဒံယေလသည် ရှင်ဘုရင်၏အမိန့်တော်အတိုင်း ဗာဗုလုန်ပညာရှိတို့ကို အဆုံး မစီရင်ရန် တောင်းဆိုသည်။ ဤလူတို့သည် အနာ ဂတ်၌ ဒံယေလနှင့် ပြိုင်ဖက်များ ဖြစ်ကောင်းဖြစ်လာနိုင်သည်။ တစ်ကိုယ်ကောင်းဆန်သောသူတစ်ဦး အနေဖြင့် ထိုသူတို ကိုဖယ်ရှားစေလိုမည်ဖြစ်သော်လည်း ဒံယေလမှာ သူတို၏ အသက်တာနှင့် မိသားစုများအပေါ် သနား ကြောင့်ကြစိတ်ရှိကြသည်။ ကျန်တင်းမာ သောအခြေအနေ၌ သနားခြင်းကရုဏာကိုပြသသည်။
ဒံယေလသည် နှိမ့်ချခြင်းကိုလည်းပြသသည်။ အိပ်မက်အနက်ဖွင့်သည့် အတတ်သည် သူ၏ကိုယ်ပိုင်အ တတ်ဖြစ်သည်ဟု ဟန်မဆောင်ပါ။ ထိုအိပ်မက်အနက် ပြန်တတ်ခြင်းမှာ ဘုရားသခင်ထံမှလာသော ဆုကျေး ဇူးဖြစ်ကြောင်း ရဲရင့်စွာပြောပြသည်။
နှိမ့်ချခြင်းနှင့်အခြားသူများအူပေါ် သနားခြင်းတို့သည် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးအတွက် အထောက် အကူပြုနိုင်သည်။
ဒံယေလသည် ဝိညာဉ်ရေးရာ၌ ဆက်ကပ်မှုကို ထိန်းသိမ်းစောင့်ရှောက်သည်
ခရစ်ယာန်အများစုသည် ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းခံရသော ဒံယေလအကြောင်းကို ကြားသိခဲ့ကြ မည်ဖြစ်သည်။ သားရဲများတွင်းသို့ ဒံယေလကို မပစ်ချမီ အချိန်၌ အဖြစ်အပျက်တို့ကိုသိသောသူနည်းပါးသည်။
ဒံယေလသည် သစ္စာစောင့်သောအလုပ်သမားတစ်ယောက်ဖြစ်ကြောင်း ပြသခဲ့သည်။ ဒံယေလသည် သစ္စာနှင့်ပြည့်စုံ၍ အပြစ်တစ်စုံတစ်ခုမျှမရှိသောကြောင့် ဟူ၍ သမ္မာကျမ်းကဖော်ပြထားသည်(ဒံယေလ၊၆း၄-၅)။ သူသည် သူ၏အလုပ် ကျင်လည်စွာ လုပ်ဆောင်သောကြောင့် သူအား အပြစ်တင်ဝေဖန်သောသူတိုသည် အပြစ်တင်ဝေဖန်စရာ တစ်စုံတစ်ခုကိုမျှ မတွေ့ကြချေ။
ထိုကြောင့် ပျော့ညံ့သော ရှင်ဘုရင်အား ဥပဒေတစ်ခုထုတ်ရန် ပြောကြ သည်။ ထိုဥပဒေအရ တိုင်းသူ ပြည်သားအားလုံးတိုသည် ရှင်ဘုရင်မှအပ အခြား သောသူတစ်စုံတစ်ခုကိုမျှ ဆုမတောင်းရဟူ၍ တားမြစ်ထား သည်။ ၎င်းကို ကျူးလွန် သောသူတိုမှာ ခြင်္သေ့တွင်းထဲသို ပစ်ချခြင်းကို ခံရမည်။ “အမိန့်တော်ထုတ်ပြန် ကြောင်းကို ဒံယေလ ကြားသိသောအခါ မိမိအိမ်သိုသွား၍ အထက်ပြုလေ့ရှိသည့် အတိုင်း ဘုရားသခင်ကို ဆုတောင်း၍ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏” (ဒံယေလ၊၆း၁၀)။ ဤပုဂ္ဂိုလ်သည် သူ၏ဘုရားသခင်နှင့် အဆက်မပြတ် အဆက်အသွယ်ပြ ၏။ ဒံယေလသည် ဆုတောင်းသောသူဖြစ်သည်။ ဤအရာသည် သူ၏ ဉာဏ်ပိုင်း နှင့်ဝိညာဉ်ပိုင်းဆိုင်ရာ၌ တည်ကြည်စေရန် အထောက်အကူပြုစေသည်မှာအမှန်ဖြစ်သည်။
ဒံယေလ၏စံနမူနာကို လိုက်သောသူတိုသည် မည်သည့်အခါမျှ ပြဿနာ ရှိမည်မဟုတ်ပါဟု ကျမ်းစာက မပြောပါ။ သိုဖြစ်သော်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေးလမ်းညွှန်မှုခံယူသူများ နှစ်ဘက်စလုံးမှ ဒံယေလ အသက်ရှင်သည့်အတိုင်း လိုက်နာရန် စံနမူနာတစ်ခုဖြစ်သည်။
သင်းအုပ်ဆရာများ၌ ပြဿနာရှိနေရသည့် အကြောင်း
သင်းအုပ်ဆရာများနှင့် သူတို့၏မိသားစုတိုသည် ဒံယေလနည်းတူ ဘုရား သခင်၏နောက်လိုက်များ အဖြစ် အပ်နှံရန် ကြိုးစားကြသောအခါ၌ပင်လျှင် ထူးခြားသော စိတ်ဖိစီးမှုများကို တွေ့ကြုံခံစားနေသေးသည်။ သင်းအုပ်ဆရာတစ်ယောက် ချင်းခံစားရသော စိတ်ဖိစီးမှုသည် တူမည်မဟုတ်သော်လည်း သင်းအုပ်ဆရာများ နှင့် ဆိုင်သော အချို့ဖိစီးမှုတို့မှာ ယေဘုယျသဘောရှိသည်။
လူမှုရေး၌ အထီးကျန်ခြင်းကြောင့်ဖြစ်သည်။ ဥပမာ အထီးကျန် အမှုတော်လုပ်ငန်းထဲသို ရောက်လာ သောအခါ ပြဿနာတစ်ခုဖြစ်လာသည်။ ဦးဆောင်မှုနေရာ၌ရှိသောလူတို့မှာ အနီးကပ်အကဲခတ်ခြင်းကို ခံရကြသည်။ သူတို့၌အနားယူရ မည့်အချိန်နှင့်နေရာရရှိရန် အခက်အခဲကို တွေ့ကြုံကောင်း တွေကြုံနိုင် ကြသည်။ သင်းအုပ်ဆရာနှင့် သူ၏ဇနီးတို့သည် သူတို၏ပြဿနာတို့ကို နားထောင်ပေးကြရမည်ဖြစ်သည်။ ၎င်းသည် အမှုတော်လုပ်ငန်းအတွက် အရေးကြီးသော အပိုင်းဖြစ်သည်။ သို့သော်လည်း မိမိ၏အားငယ်မှု၊ မရေရာမှုနှင့် ဝိညာဉ်ရေးရာ ပြသနာများကို စိတ်ချလက်ချ ပြောပြနိုင်သောအရာကို နားထောင်နိုင်သောသူ အနည်းငယ်သာရှိသည်။ သင်းအုပ်ဆရာတစ်ယောက်သည် လက်ထပ်ထိမ်းမြားခြင်း နှင့်ဆိုင်သော ဆွေးနွေး လမ်းညွှန်မှုပြုရန် မည်သည့်နေရာသို သွားရပါသနည်း။ အနိုင်အထက်ပြုတောင်းဆိုမှုသည် ခရစ်ယာန်ဦး ဆောင်သူများစွာတို့အပေါ်၌ ဖိစီးမှုကိုပေးသည်။ တစ်စုံတစ်ယောက်သောသူသည် တစ်ခါက သင်းအုပ်ဆရာ ဆိုသည်မှာ တရားဟောဆရာ၊ ဧဝံဂေလိဆရာ၊ ဓမ္မဆရာ၊ လူငယ်ခေါင်းဆောင်၊ သန့်ရှင်းသူ၊ ကျွမ်းကျင်သူ၊ မိဘ၊ ခင်ပွန်း၊ ဆွေးနွေးလမ်းညွှန်သူ၊ အသင်းတော်ကို မြှင့်တင်ပေးသောသူ၊ လူမှုရေး ပြဿနာဖြေရှင်းပေးသူနှင့် တစ်ခါတစ်ရံ တံခါးစောင့်၊ အတွင်းရေးမှူးနှင့် ယာဉ်မောင်းစသောသူဖြစ်သည်ဟု ယူဆတတ်ကြသည်။ သင်းအုပ်ဆရာ၏ဇနီးမှာ အိမ်ရှင်မတစ်ယောက်နှင့်၊ မိခင်တစ်ယောက်အနေနှင့် အလုပ်လုပ်နေသောအချိန်တွင် စကားပြောခြင်း၊ ဖုန်းခေါ်ခြင်းနှင့် လက်ထောက် သင်းအုပ်ဆရာ၏လုပ်ငန်းကို လုပ်ဆောင်ရန်ဖြစ်သည်။ သင်းအုပ်ဆရာ၏ သားသမီးတိုမှာလည်း ကောင်းမွန်စွာ နေထိုင်ပြောဆိုကြရန် ဝိညာဉ်ရေးရာ၌ အားကြီးရန်နှင့် အသင်းတော်အစည်းအဝေးတိုင်း၌ တက်ရောက်ရန် ဖိအားပေးမှုကို ခံကောင်းခံကြမည်ဖြစ်သည်။ ။
အမှုတော်လုပ်ငန်းကို စွန့်ပစ်ခဲ့သည့်လူများကို လေ့လာရာ၌ ထိုသိုစွန့်ပစ်၍ ထားခဲ့ရသည့်အကြောင်းမှာ မိမိကိုယ်တိုင် မပြည့်စုံမှုကို ခံစားရသောကြောင့် ဖြစ်သည်ဟု ပြောပြကြသည်။ ဤလိုအပ်ချက်တို့ကို ဖြည့်ဆည်း ပေးရန် သင်းအုပ် ရာ ဘုရားသခင်နှင့်အချိန်ယူမှုကိုလည်း လုယူပျက်ပြားစေသည်၊ မိသားစုနှင့် မိတ်သဟာယဖွဲ့ ခြင်းကို နှောင့်ယှက်သည်။ စိတ်လှုပ်ရှားမှု၊ ပူပန်မှု၊ စိတ်အားငယ်မှု၊ သိမ်ငယ်မှုတိုကို ဖြစ်စေသည်။
ကမ္ဘာနှင့်အဝန်း သင်းအုပ်ဆရာများအတွက် ဘဏ္ဍာရေးရာ၌ မပြေလည်မှု သည် ပြဿနာတစ်ရပ် ဖြစ်သည်။ နိုဘယ်ဆုရှင် မာသာထရီဆာကို တစ်ခါက ငွေရေးကြေးရေးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်သ လားဟုမေးမြန်းရာတွင် “ထိုအရာနှင့် ပတ်သက်၍ ကျွန်မ မစဉ်းစားပါ။ ထာဝရဘုရားက ပိုပေးပါတယ်။ ကျွန်မတို့က သူ့အလုပ်ကိုလုပ်တယ်။ ကိုယ်တော်က နည်းလမ်းကိုပေးထားတယ်။ ကျွန်မတို့ကို နည်းမပေးလို ရှိရင် အဲဒီအလုပ်ကို ကိုယ်တော်အလိုတော်မရှိကြောင်း ပြခြင်းဖြစ် တယ်။ ဒါကြောင့် စိုးရိမ်စရာ တွေ ဘာတွေရှိ ရအုံးမှာလဲ”ဟု ဖြေကြားလိုက်ပါသည်။
ဤအဆိုနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် သဘောတူကြမည် ဖြစ်သော်လည်း ဤအရာက စိုးရိမ်ပူပန်မှု ကို မဖယ်ရှားပေးပါ။ သင်းအုပ်ဆရာများ၌ လစာကောင်းကောင်းမရှိကြပါ။ ငွေရေးကြေးရေး အခက်အခဲများနှင့် ကြုံလာသောအခါ သခင်ဘုရား၏အလုပ်၌ အာရုံစူးစိုက်နိုင်ရန် ခက်ခဲလာသည်။
သင်းအုပ်ဆရာများအတွက် အုပ်ချုပ်ရေး၌ ဖိအားပေးမှုခံရခြင်းမှာလည်း ပြဿနာတစ်ခုဖြစ်နိုင်သည်။ သခင်ဘုရား၏အလုပ်ကို စည်းစနစ်တကျ လုပ်ဆောင် ရန် သမ္မာကျမ်းက ပြောပြသော်လည်း အချိန်အကန့် အသတ်ထားသောသူ၊ ဘတ်ဂျက်၊ အစီအစဉ်၊ အဆောက်အဦ၊ ထိန်းသိမ်းခြင်းတို့ကို ဖြေရှင်းခြင်းတို အတွက် ဤအရာသည် မလွယ်ကူပါ။ ဤအုပ်ချုပ်ရေး၌ လိုအပ်ချက်တိုသည် အချိန် နှင့်စွမ်းအားများစွာ ကုန်ကျရာ သင်းအုပ်ဆရာသည် သူ၏ကျမ်းစာဖတ် လေ့လာ ချိန်၊ ဆုတောင်းချိန်၊ အမှုတော်ဆောင်ချိန်ကို မကြာခဏ လျှော့ချရသည်။
အတွင်းဘက် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်မှုသည် သင်းအုပ်ဆရာများ၏ အမှုတော်လုပ်ငန်းကြီးကို အဆီးအတားဖြစ်စေနိုင်သည်။ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုနှင့် နပန်းလုံးနေကြသည်။
ဥပမာ – ခရစ်ယာန်အားလုံး၌ စိတ်အားငယ်ခြင်းရှိကြသည်။ လုပ်ဆောင်ရ မည့်အလုပ်များကို စဉ်းစား ရာတွင် ခရစ်ယာန်များစွာတို၏ဝိညာဉ်ရေးရာ အားနည်း ခြင်း၊ လုပ်ဆောင်မည့်သူအနည်းငယ်သာရှိခြင်း၊ အကျိုးရလဒ်မရှိသလိုထင်ရခြင်း၊ စသည်တို၌ သင်းအုပ်ဆရာအတွက် စိတ်ဓာတ်ကျဆင်းရန် လွယ်ကူသည်။ ဤ အချက်သည် အမှုတော်ဆောင်များ၏အသက်တာတွင် လူများအပေါ် ထူးခြားသော သြဇာညောင်းမှုရှိစေ ကာမူ ကောင်းကင်ဘုံ မရောက်မချင်း ကျွန်ုပ်တို သိနိုင်ကြမည် မဟုတ်ပါ။
အသင်းတော်များတွင် ပြိုင်ဆိုင်မှုများရှိလာသည့်အခါ စိတ်ဖိစီးမှု ထပ်၍ တိုးလာသည်။ သင်းအုပ်ဆရာ များစွာတို့သည် အကောင်းဆုံးသော အစီအစဉ်လုိချင်၍သော်လည်းကောင်း၊ လူအများတက်ရောက်သော အသင်းတော်ဖြစ်စေလို၍သော်လည်းကောင်း အသင်းတော်များအကြား ယှဉ်ပြိုင်မှုများ ရှိလာသည်။ ပြိုင်ဆိုင်မှု သောအခါ မနာလိုမှု၊ သဝန်တိုမှု၊ အလိုမကျဖြစ်မှုနှင့် ဝေဖန်မှုစသည်တိုလည်းရှိလာသည်။
သင်းအုပ်ဆရာနှင့် သူ၏မိသားစုသည် စံနမူနာဖြစ်ရမည်ဟု မျှော်လင့် သော်လည်း ယုံကြည်သူများ နည်းတူ မစုံလင်ခြင်း၊ စိတ်မရှည်ခြင်း၊ အပြစ်လုပ်ရန်နှင့် စမ်းခြင်းကိုခံရသည့်အခါ၌ လိပ်ပြာမသန့်တော့ပါ။ တစ်ခါတစ်ရံ ဤအရာက ဘုရားသခင်၏ အံ့သြဖွယ်ကောင်းသည့် အပြစ်လွှတ်ခြင်းကို လက်မခံနိုင်ဘဲဖြစ်စေ သည် ( ၁ယော၊၁း၉)။ အခြားသောသူတို၏ အပြစ်ကို လွှတ်လိုပြီး လွှတ်နိုင်သောသူ များပင်လျှင် မိမိကိုယ်ကို ခွင့်လွှတ်ရန် ကြီးစွာသောအခက်အခဲတွေ့ရတတ်သည်။ ဘုရားသခင်၏အပြစ်လွှတ်ခြင်းကိုလည်း လက်ခံရန် ခက်ခဲတတ်သည်။
ထိုနောက် အမျက်ဒေါသဟူ၍ ရှိသေးသည်။ လူတိုင်း စိတ်ဆိုးတတ်ကြ သည်။ တစ်ခါတစ်ရံ ဤအရာ သည် အဆိုးကြီးတော့မဟုတ်ပါ(မာကု၊၃း၅ကို ကြည့်)။ သို့သော်လည်း အမျက်ဒေါသကြောင့် ကြမ်းတမ်းရိုင်း စိုင်းသောစကားများ၊ မကောင်းသည့်ပြုမူမှုများ၊ ပြစ်တင်ဝေဖန်ခြင်းများနှင့် လက်တွဲဖြုတ် စသည်တို့ကို လည်း ဖြစ်စေနိုင်သည်။ ခါးသီးခြင်းသည် ဖျက်ဆီးတတ်သောအရာဖြစ်သည် I (ဟေဗြဲ၊၁၂:၁၅)။ ခါးသီးခြင်းသည် နေရာယူသောအခါ ဖျက်ဆီးခြင်းအများဆုံး ခံရသောသူမှာ ခါးသီးခြင်းစိတ်သဘောရှိသောသူဖြစ်သည်။
သင်းအုပ်လုပ်ငန်းနှင့်ဆိုင်သော ဖိအားပေးမှုကို ဖြေရှင်းခြင်း Dealing with Pastoral Pressure –
သင်းအုပ်ဆရာတိုင်း၌ ဆွေးနွေးလမ်းညွှန်နိုင်ပြီး အားပေးတိုက်တွန်းမည့် သင်းအုပ်ဆရာတစ်ပါး သိုမဟုတ် အခြားသော အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက် အစဉ် လိုသည်။ ခရစ်ယာန်ခေါင်းဆောင်သည် အခြားသောသူတိုကို ဆွေးနွေးလမ်းညွှန်ရန် ကြိုးစားသော်လည်း ထိုသူတို့ထက် ကြီးမားသောပြဿနာနှင့် ရင်ဆိုင် ပါသည်။ သင့်ကို ဆွေးနွေးလမ်းညွှန်သူမရှိပါက သင့်ကိုယ်သင် မည်သိုပြုရ မည်နည်း။
ပထမ- သင်မည်သူဖြစ်သည်ကို စဉ်းစားပါ
လူများစွာတို့သည် မိမိကိုယ်ကို အပြစ်တင်ကြသည်ကို သင်သိပါသလား ထိုသူတို၌ သိမ်ငယ်သော သဘော၊ ကိုယ့်ကို အရည်အချင်းမရှိဟူသော ခံစားချက်၊ လူမှုရေး၊ ဉာဏ်ပညာနှင့်ဝိညာဉ်ရေးရာ၌ တိရောက် အရေးပါမှုမရှိဟူ၍ ခံစားကြသည်။ ခရစ်ယာန်များသည်လည်း အများအားဖြင့် စိတ်ဓာတ်ကျရသောအချိန် စိုးရိမ်ပူပန်ရသောအချိန်နှင့်အမျက်ထွက်ရသောအချိန်များရှိသည်။
ကျွန်ုပ်တို ဘိုးဘေးကြီးများသည် အပြစ်၌မပြိုလဲမီအချိန်က ဘုရားသခင် သည် သူ၏သဏ္ဌာန် တော်နှင့်အညီ ကျွန်ုပ်တို့ကို ဖန်ဆင်းကြောင်း သိရခြင်းသည် အထောက်အကူပေးသည်။ နှစ်ပေါင်းရာစုများစွာ ကြာလွန်သောအချိန်တွင် အပြစ်၊သေခြင်းနှင့် ဒုက္ခဆင်းရဲခြင်းတိုသည် ဤလောကထဲသိုဝင်လာသောအခါ ဘုရား သခင်နှင့် ကျွန်ုပ်တို ၏ဆက်ဆံရေးမှာ ပြတ်တောက်သွားရာ လူသားအားလုံးသည် ကယ်တင်ရှင်တစ်ပါး လိုအပ် လာသည်။ ကယ်တင်ရှင်ယေရှုခရစ်တော်သည် မြေကြီး ပေါ်သို့ လူပုံသဏ္ဌာန်နှင့် ကြွလာကာ ကျွန်ုပ်တို့၏အပြစ် ကြွေးအတွက် လက်ဝါး ကပ်တိုင်ပေါ်၌ အသေခံပြီး သေခြင်းကိုအောင်မြင်၍ ရှင်ပြန်ထမြောက်သည်။ ကောင်းကင်ဘုံသို ပြန်လည်တက်ကြွသွားကာ ခမည်းတော်ဘုရား၏ရှေ့တော် ကျွန်ုပ်တို၏ဆုတောင်းချက်တိုကို ယူဆောင်သွားသည်။ ထိုခမည်းတော်ဘုရား သည် သနားကြင်နာ၍ ဂရုစိုက်သော၊ အပြစ်လွှတ်သော ဘုရားသ ခင်ဖြစ်သည်။
ဤသမ္မာတရားကိုဆင်ခြင်သော် ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ် မည်သို ဂရုစိုက်သည်ကို ကျွန်ုပ်အား သိစေပါသည်။ ကိုယ်တော်သည် ကျွန်ုပ်တိုကို ဖန်ဆင်းသည်၊ ချစ်သည်၊ ကျွန်ုပ်တိုအတွက် အသေခံရန် သားတော် ကိုစေလွှတ် သည်။ ကျွန်ုပ်တို၏စိတ်နှလုံးအထဲ၌ သူ့ကိုလက်ခံပါက ကျွန်ုပ်တိုကို လူသစ်ဖြစ် သည် (၂ကော၊၅း၁၇)။ ဤမြေကြီးပေါ်၌ရှိစဉ်တွင်လည်း ကျွန်ုပ်တိုတစ်ယောက်ချင် စီကို ဆုကျေးဇူးများနှင့် တာဝန်များ ကိုပေးအပ်သည်(၁ကော၊၁၂:၄-၆၊၁၁)။ ထာဝရ အသက်ကိုပေးသည်။ လူတိုင်း မိမိအပြစ်ကြောင့် ပြိုလဲသော် လည်း အပြစ်ကို ဝန်ချတောင်းပန်သောအခါတိုင်း၌ ကိုယ်တော်သည် အပြစ်လွှတ်တော်မူ အမှန်ဧကန် ဖြစ်သည်(၁ယော၊၁း၈-၁၀)။ ဘုရားသခင်၏ အမြင်၌ သင် သီးသန့်လူ၊ ချစ်ရသောသူ၊ အပြစ်လွှတ်ခြင်းခံ ရသောသူ၊ ဆေးကြောသန့်စင် ကို ခံရသောသူဖြစ်ပြီး သေပြီးသည့်နောက်ပိုင်း၌လည်း ရောဂါဝေဒနာ ခံစားခြင်းမရှိ၊
ဘုရားသခင်နှင် အတူ ကောင်းကင်ဘုံ၌ ဘုန်းကြီးမည်ဟု အာမခံရရှိသောသူများ ဖြစ်ကြသည်။
ဘုရားသခင်သည် ကျွန်ုပ်တိုကို အရှိအတိုင်းလက်ခံသည်။ ခရစ်တော် သည် ကျွန်ုပ်တို၏အပြစ်အ ခအတွက် ပေးဆပ်ခြင်းကြောင့် ကျွန်ုပ်တိုသည် အပြစ် သက်တော်မူခြင်းကို ခံစားရသည်။ ဤအရာကိုရရှိရန် ကျွန်ုပ်တို၌ အကျင့်တရားနှင့် မိမိကိုယ်ကို ညှဉ်းဆဲရန်မလိုပါ။ ကျွန်ုပ်တိုတစ်ယောက်စီမှနေ၍ ကိုယ်တော် အလို တော်ရှိသောအရာမှာ ကျွန်ုပ်တို့၏အသက်တာတို့ကို ကိုယ်တော်အား ဆက်သရန်သာဖြစ်ပါသည်။
ကိုယ်တော်သည် ကျွန်ုပ်တိုအယောက်စီတိုင်းနှင့်နေရန် သူ၏သန့်ရှင်းသော ဝိညာဉ်တော်ကိုစေလွှတ်၍ တရားလမ်းမှလမ်းလွဲသွားခြင်းမရှိစေရန် ကျွန်ုပ်တို့ကို လမ်းပြလျက်၊ ပြဿနာနှင့် လုံးထွေးနေသောအခါ၌ ကျွန်ုပ်တိုကိုမစရန် စောင့်နေ၏။ ဘုရားသခင်သည် ကျွန်ုပ်တိုကိုမမေ့မလျော့၊ ဥပက္ခာမပြုပါ။ ချွင်းချက်မရှိ – လက်ခံသည်။ ကျွန်ုပ်တိုသည် ခရစ်ယာန်များဖြစ်ကြပါက ထိုရှင်ဘုရင်၏သားသမီး တော် များဖြစ်သည်။ –
ကျွန်ုပ်တို့၌အားသာချက်နှင့်ကောင်းသောအချက်တိုကို သတိရခြင်းနှင့် ထိုအရာများ ဘုရားသခင်ထံ တော်မှလာသည်ဟု လက်ခံခြင်းသည် မည်သည့်အမှားမျှမရှိပါ။ မိမိကိုယ်ကို ရှုတ်ချညှဉ်းဆဲခြင်း၊ မိမိ၏အား နည်းချက်များကိုသာ တွေးတောခြင်း၊ မိမိ၏ညံ့ဖျင်းသော အရည်အချင်းကိုသာ ပြောဆိုခြင်းစသည်တို၌ ဝိညာဉ် သဘော တစ်စုံတစ်ခုမျှ မရှိပါ။ မိမိကိုယ်ကို မည်သို စဉ်းစားသည့်အရာသည် – ကျွန်ုပ်တို လုပ်ဆောင်မှုအပေါ်၌ ကြီးမားသောအတိုင်းအတာတစ်ခုအထိ အဆုံး အဖြတ်ပေးသည်။ ကျွန်ုပ်တိုသည် မိမိတိုကိုယ်ကို ဘုရားသခင်၏ အမြင်မှ မြင်သော အခါ (အပြစ်လွှတ်ခြင်းခံရသောအပြစ်သား၊ လူသစ်ဖြစ်စေခြင်းကိုခံသောသူ၊ စကြဝဠာကို ပိုင်သသော ဘုရားသခင်၏လုံးလုံးလက်ခံခြင်းကို ခံရသောသူ) – ကျွန်ုပ်တို၏ဘဝမှာ ပို၍ကောင်းလာသည်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်တိုတွင် များစွာသောသူတို၏ပြဿနာမှာ ဘုရား နှင့် ရပ်တည်သော နေရာမဟုတ်ဘဲ အခြားသောသူများနှင့်ရပ်တည်မည့်နေရာ သည်။ ကျွန်ုပ်တို၌ သိမ်ငယ်မှု စိတ်ခံစားရသည့် အကြောင်းမှာ ကျွန်ုပ်တိုထက် ကျင်သောသူ သိုမဟုတ် အောင်မြင်သောသူနှင့် မိမိကိုယ်ကို နှိင်းယှဉ်သော ကြောင့်ဖြစ်သည်။ ကျွန်ုပ်တိုသည် အတိတ်က မအောင်မြင်မှုများ သိုမဟုတ် သူတစ်ပါး ၏ဝေဖန်ချက်များကို စဉ်းစားကြသည်။ သင်းအုပ်ဆရာတိုင်းသည် တရားဟောခြင်း ၌ ချီးမွမ်းခံရခြင်း အတွေ့အကြုံများရှိခဲ့ကြ မည်ဖြစ်သော်လည်း ဝေဖန်သောအသံကို လည်း ကြားကြရမည်ဖြစ်သည်။ ဤအရာထဲမှ မည်သည့်အရာကို ကျွန်ုပ်တို သင့် ပြုကြပါသနည်း။ ထိုဝေဖန်မှုသည် လက်ခံထိုက်သောအရာဖြစ်ပါက ကျွန်ုပ်တိုသည် အံ့ဩ၍မဆုံး ဖြစ်ကြသည်။ ထိုဝေဖန်မှုသည် ထိုလူပုဂ္ဂိုလ်၊ တရားဟောချက် သိုမဟုတ် ဝေဖန်ခြင်းကိုခံရ သည့် ပြဿနာထက် ဝေဖန်သောသူ၏အကြောင်းကို ပို၍ပြောလေ့ရှိကြောင်းကို ကျွန်ုပ်တိုမေ့ကြသည်။ ဤအရာအားလုံးက မိမိကိုယ်ကို အပြစ်တင်ခြင်း၊ လိပ်ပြာမသန့်ခြင်းနှင့် သိမ်ငယ်ခြင်းစသည်တိုကို ဖြစ်စေနိုင်သည်။
ခရစ်ယာန်ခေါင်းဆောင်များ အပါအဝင် လူများစွာတိုသည် တိုးတက်ရန် သို့မဟုတ် အောင်မြင်ရန် လမ်းမရှိဟု ထင်မြင်ယူဆတတ်ကြသည်မှာ အံ့သြစရာ မဟုတ်ပါ။ အလိုမကျဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း တို့ကြောင့် သူတိုသည် လက်မြှောက်အရှုးပေးကြကာ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာ သို့မဟုတ် အခြား သော နည်းလမ်းများဖြင့် ကြီးထွားရန် ကြိုးစားခြင်းကို ရပ်တန့်ကြသည်။ စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး အဆက်အသွယ်ပြုနေသည့် ဒံယေလကဲ့သို မဟုတ်ကြဘဲ ဤ ခေတ်သစ်လူတိုသည် မိမိကိုယ်ကို တိုးတက်ရန် တစ်စုံတစ်ခုကိုမျှ မပြုကြပါ။ ဆုံးရှုး မှုနှင့် ဝေဖန်မှုများ ရင်ဆိုင်လာသောအခါ သူတိုသည် ကောင်းသောသူမ ဟုတ်ဟု ထင်မြင်ယူဆကြကာ ဆက်လက်ကြိုးစားရန် ဆင်ခြေပေးစရာတစ်ခုဖြစ်လာသည်။
မည်သို့ပင်ဖြစ်စေကာမူ သင့်ကိုချစ်သော ဘုရားသခင်သည် အစဉ်အမြဲ လက်ခံကြောင်းကို သတိရပါ။ သင်၏အဖိုးတန်မှုသည် အဆင့်အတန်း၊ ချမ်းသာကြွယ်ဝ မှု၊ လောကီအရာ၌အောင်မြင်မှု၊ ဂုဏ်သိက္ခာ သိုမဟုတ် သြဇာရှိမှုတိုအပေါ်၌ မတည် ပါ။ ခရစ်ယာန်တိုသည် သူတစ်ပါးနှင့်နှိင်းယှဉ်ရန်မလိုပါ။ ထိုသိုသော နှိင်းယှဉ်ခြင်း ၊ က စိတ်ဓာတ်ကျခြင်း၊ မာန်မာနထောင်လွှားခြင်း (ကျွန်ုပ်တိုသည် ပို၍ ကောင်းသကဲ့ သိုရှိသောကြောင့်)သို ပိုဆောင်တတ်သည်။ ယနေ့ မိမိကိုယ်ကို နှိင်းယှဉ်ခြင်းမှာ ပို၍ အထောက်အကူဖြစ်စေသည်။ ထိုအခါ အနာဂတ် တွင် ပို၍ ကျွမ်းကျင်ထိရောက် နိုင်ကြစေရန် ကျွန်ုပ်တိုသည် မိမိကိုယ်ကို မြင်နိုင်ရန်နှင့် ကျွန်ုပ် တို၏တိုးတက် မှုကို ရှင်းလင်းစွာမြင်နိုင်ရန် ကူညီနိုင်မည့် မိတ်ဆွေတစ်ယောက် သိုမဟုတ် အတိုင်ပင် ပုဂ္ဂိုလ်တစ်ယောက်၏ ကူညီမစမှု လိုကောင်းလိုမည်ဖြစ်ပါသည်။
မိမိကိုယ်ကို ဂရုစိုက်ပါ
ဒံယေလသည် မိမိ၏ခန္ဓာကိုယ်ကို ဂရုစိုက်စောင့်ရှောက်သည်ကို တွေ့ခဲ့ကြရပြီ ဖြစ်သည်။ ယေရှုသည် အနားယူချိန်ကို သတ်မှတ်သည်။ ခေတ်အဆက်ဆက် ခရစ်ယာန်တို့သည်လည်း ပုံမှန်စားသောက်ခြင်းနှင့် လေ့ကျင့်ခန်းယူခြင်းတို့၏ အရေးကြီးပုံကို အသိအမှတ်ပြုကြသည်။ ကျွန်ုပ်တိုသည် ကာယပိုင်း၌ အားအင် ကုန်ခန်းသောအခါ စုံစမ်းခြင်းနှင့် အခြားသောဝိညာဉ်ရေးရာ တိုက်ပွဲများအပါအဝင် အသက်တာ၏ ဖိစီးမှုကို ထိရောက်စွာ နှိမ်နင်းနိုင်မည်မဟုတ်ပါ။
လူများနှင့်အဆက်အသွယ်ပြုပါ
လူများနှင့်အဆက်အသွယ်မလုပ်ဘဲ ပြဿနာများကို တစ်ဦးတည်းရင်ဆိုင် ခြင်းက စိတ်ဖိစီးမှုကို အလွယ်တကူဖြစ်စေသည်။ မိမိခံစားချက်နှင့် စိတ်ညစ်နေ သောအရာတိုကို အခြားသောသူအား ပြောပြခြင်း သည် စိတ်ချမ်းသာကျန်းမာစေ သည်။ ကျွန်ုပ်တိုသည် အချင်းချင်းတို၏ဝန်ထုပ်ဝန်ပိုးတိုကို ကူ၍ထမ်းပေး ကြသော အခါ စိတ်ဖိစီးမှုကို ပို၍ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ကြသည်။ ယေရှု ကိုယ်တော်တိုင် စိတ်ချမ်းသာစေရန် မိတ်ဆွေများရှိခြင်း၏အရေးကြီးပုံကို သိတော်မူ သည်။
သင်းအုပ်ဆရာသည် ပြဿနာတိုကို အခြားသောသူတိုအား ဝေငှပြီး စိတ်ချမ်း သာမှုကို ရနိုင်လေ့မရှိပါ။ သင်၌ပြဿနာများကို ပြောပြရန်နှင့် အတူကကွ ဆု တောင်းရန် လူမတွေ့ ရပါက သင့်ကို အားပေးနိုင်မည့် အခြား ယုံကြည်သူတစ်ယောက် ကို ဘုရားသခင်ထံ တောင်းလျှောက်ပါ။
ဘုရားသခင်နှင့် အဆက်မပြတ် ဆက်သွယ်ပါ
ခရစ်ယာန်သည် ပြင်းထန်သောဝိညာဉ်တိုက်ပွဲကို ဆင်နွှနေရကြောင်း၊ အစွမ်းကြီးသော စာတန်၏ တပ်များနှင့် ရင်ဆိုင်တိုက်ခိုက်နေရကြောင်းကို ဧဖက် အခန်း(၆)က ဖော်ပြသည်။ ကျွန်ုပ်တို့သည် မာရ်နတ်၏ တိုက်ခိုက်မှုကို ခံရပ်နိုင်ရန် ဘုရားသခင်၏စစ်လက်နက်စုံကို ဝတ်ဆင်ကြရမည်ဖြစ်သည်။ ဤနေရာ၌ ဘုရား သခင်၏နှုတ်ထွက်စကားတော်နှင့်လက်နက်တပ်ဆင်ရန်၊ ဆုတောင်းခြင်းဖြင့် ထောက်ပံ့ရန်၊ ဝိညာဉ်တော်၏ ခွန်အားပေးခြင်းကိုခံရန်၊ အစဉ်နိုးကြားရန်စသည်တို ပါသည်။ သင်းအုပ်ဆရာ၌ အလုပ်များသောကြောင့် စီးပွားရေးသမား တစ်ယောက်ကဲ့သို သူ၏လုပ်ငန်းကို ဂရုစိုက်သောကြောင့် ဘုရားသခင်နှင့် အချိန်ယူခြင်း ပို၍ပို၍နည်းသွားသည်။ ဘုရားသခင်နှင့် တိတ်ဆိတ်စွာ အချိန်ယူခြင်းသည် နေ့တိုင်း စိတ်သက်သာကြောင်း ပြုလုပ်သည့် ထုံးတမ်းဓလေ့တစ်ခု အလွယ်တကူ ဖြစ်သွားနိုင်သည်။ သင်းအုပ်ဆရာမှ ကျမ်းစာဖတ် လေ့လာ ခြင်းနှင့် ဆုတောင်းခြင်း၌ အချိန်ယူ၍ မအားမလပ်ဖြစ်သောသူ၏ အလွန်အလုပ်များသောသူဖြစ်သည်ကို မိမိ အသင်းတော်ကို ပြောပြသကဲ့သို မိမိကိုယ်ကိုလည်း သတိပေးရန်လိုသည်။
ယုံကြည်သူများ ရင့်ကျက်ရန်မစခြင်း
ထိရောက်အောင်မြင်သော ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်သည် လူများ၏ အသက်တာ ဖိစီးမှုကို နှိမ်နင်းရန် ကူညီလိုသော်လည်း ၎င်းသည် တစ်ခုတည်းသော ပန်းတိုင်မဟုတ်ပါ။ လူများ ခရစ်တော်၌ ရင့်ကျက်မှုရှိရန် ကြီးထွားတိုးတက်လာကြ ရန် ကူညီရပါမည်။
“ရင့်ကျက်ခြင်း”ကိုအနက်ဖွင့်ရန် မလွယ်ကူသော်လည်း ရင့်ကျက်သော ပုဂ္ဂိုလ်သည် ထူးခြားချက် ငါးခုကို အနည်းဆုံးပြသကြသည်။ ခရစ်ယာန်အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် လူများရင့်ကျက်လာရန် ကူညီဖိုကြိုး စားကြသည်။ ပထမ – ရင့်ကျက်သောပုဂ္ဂိုလ်သည် မိမိကိုယ်နှင့်မခြားသောသူတို အပေါ်၌ အရှိအတိုင်းမြင် ကြသည်။ ရင့်ကျက်သောပုဂ္ဂိုလ်တစ်ယောက်က “ကျွန်ုပ်အကောင်း ဆုံး လုပ်သောအရာတိုသည် အဘယ်နည်း”၊ “ကျွန်ုပ်အားရှိသောအရာနှင့် အားနည်း သောအရာတိုသည် မည်သည့်အရာများဖြစ်ပါသနည်း”။ “ကျွန်ုပ်ကောင်း သည့်အရာ ကို လုပ်သည့်အပေါ်၌ အခြားသောသူတိုသည် မည်သို မြင်ပါသနည်း။” “ဘုရား သခင်သည် ကျွန်ုပ်တိုကို မည်သို အစွမ်းပေးပါသနည်း”ဟုမေးသည်။
လူတစ်ယောက်၏အားသာချက်နှင့် အားနည်းချက်ကိုသိပြီး အထင်မကြီး ရန် သိုမဟုတ် အထင်မ သေးရန် အရေးကြီးသည်။ ခရစ်ယာန်တိုအနေနှင့် ဘုရား သခင်သည် မိမိတိုကို မြင်သကဲ့သို မိမိနှင့်အခြားသော သူတိုကိုမြင်တတ်ရပါမည်။ လူသည် ဘုရားသခင်၏သဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခြင်းခံရသည်။ သို သော် လည်း လူသားသည် ပြိုလဲ၏။ ပြိုလဲခြင်းမှကယ်တင်လိုသည်။ အသစ်သောသတ္တဝါ အဖြစ်သို ကယ်တင်ခြင်း ကိုခံရ၏(ကျွန်ုပ်တို့သည် မိမိ၏အပြစ်တိုကို ဘော်ပြတောင်းပန်၍ ယေရှုသည် ကယ်တင်ရှင်ဖြစ်ကြောင်းကို ဝန်ခံခြင်းဖြင့် ကယ်တင်ခြင်း ရရှိသည်)။ ဝိညာဉ်ဆုကျေးဇူးများကိုပေးကာ ယုံကြည်သူများတည်းဟူသော ခန္ဓာကိုယ်၌ နေရာချပေးသည်။ ရင့်ကျက်သောယုံကြည်သူသည် အခြားသော သူတို့၏သက်တာကို ကြိုးကိုင်ရန် မကြိုးစား၊ ထင်ပေါ်ကျော်ကြားမှုလည်း မတောင့်တပါ ခရစ်တော်၌ရင့်ကျက်ခြင်းသည် နှိမ့်ချမှုနှင့် ခရစ်ယာန် အသက်တာ အခြေခံသည် သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့၏အစေခံ ဖြစ်စေ၊ သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူကိုလည်း သင်တို့၏ ကျွန်ဖြစ် စေမယ်၊ (မဿဲ ၂၀း၂၆-၂၇)ဟူသော ခရစ်တော်၏ သြဝါဒ စကား၌ တွေ့ရသည့်အတိုင်း လိုက်နာရ၏။
ဒုတိယ – ရင့်ကျက်သောပုဂ္ဂိုလ်တစ်ယောက်သည် မိမိနှင့် အခြားသူ တိုကို လက်ခံကြောင်း ပြသည်။ လက်ခံခြင်းသည် ကောက်ခံခြင်းနှင့်မတူပါ။ ကျွန်ုပ်တို၌ ကြောက်ရွံခြင်း၊ လိုအင်ဆန္ဒ၊ မလုံခြုံမှု၊ ဒုက္ခပေးသော စိတ်သဘောထား၊ တပ်မက်မှု သိုမဟုတ် အပြစ်သို သွေးဆောင်ခြင်းစသည်တိုရှိကြောင်း ရိုးသားစွာ လက်ခံကြ သော်လည်း ကျွန်ုပ်တို၏ အသက်တာများ၌ ဤအရာတိုကို သဘော ကျချင်မှကျကြမည်ဖြစ်သည်။ ကျွန်ုပ်တို့ သည် မည်သည့်အရာဖြစ်သည်။ မည်သို့သော ရုပ်ဆင်းအင်္ဂါရှိသည်၊ ဘုရားသခင်ပေးသည့် အစွမ်းတို့ကို ရိုးသား စွာ လက်ခံ ခြင်းသည် ကြီးထွားရန် အရေးကြီးသော ခြေလှမ်းများဖြစ်စေသည်။
မရင့်ကျက်သော လူတိုသည် မိမိတို၏ မလုံခြုံမှု၊ ဆုံးရှုးမှု၊ စိတ်မချမ်းသာ မှုတိုကို သိမှတ်ရန် ငြင်းဆန် ကြသည်။ သူတို၌ ခါးသီးသော စိတ်သဘောထား သိုမဟုတ် မာန်မာနထောင်လွှားမှုရှိကြပြီး အခြားသောသူတို့ အပေါ် သည်းခံနိုင်မှု အားနည်းကြသည်။ ဘုရားသခင်၏ မစမှုကြောင့် ရင့်ကျက်သောပုဂ္ဂိုလ်သည် ဤ မစုံလင်မှု ကို ကျော်လွန်၍ မြင်တတ်ကာ အခြားသောသူတို့၌ရှိသော အဖိုးတန်သည့် အလားအလာတို့ကို အသိအမှတ် ပြုပေးသည်။ အထူးသဖြင့် ခရစ်တော်၏ကိုယ်၌ ရှိသော ညီအစ်ကိုမောင်နှမတိုကို အသိအမှတ်ပြုသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆွေးနွေးလမ်းညွှန်မှုခံယူသောသူ၏အသက်တာ၌ ရှိသောအပြစ်နှင့် မညီညွတ်မှု များကို ထောက်ပြရမည်ဖြစ်သည်။ ဤအရာကို အထက်စီးမှနေ၍ တရားစီရင်သည့်ပုံစံဖြင့်မလုပ်ရပါ။ ထိရောက်အောင်မြင်သော ခရစ်ယာန် အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခြားသောရင့်ကျက်သည့် ခရစ်ယာန်များ နည်းတူ တစ်စုံတစ်ဦး၏အသက်တာ၌ရှိသော အပြစ်အားဖြင့် ဝမ်းနည်းကာ ညီအစ်ကိုမောင်နှမတို့၏ အပြစ်ကို ယဉ်ကျေးသိမ်မွေ့စွာဖြင့် ရင်ဆိုင်ဖြေရှင်းပေးလိုသည်။ ထိုသို့ဆိုရာတွင် အခြားသူတိုကို တရားစီရင် ရန်မဟုတ်ပါ။(မဿဲ၊၇း၁)။ မိမိတိုလုပ်ဆောင်မှုကြောင့် ဝမ်းနည်း ပြီး နောင်တရသောသူတိုကိုလည်း ကျွန်ုပ်တို ဆီးတားချည်နှောင်ခွင့်မရှိပါ။
ရင့်ကျက်မှု၏တတိယအမှတ်လက္ခဏာမှာ ယခုပစ္စုပ္ပန်အခြေအနေပေါ် အသက်ရှင်တတ်ပြီး ရေရှည်ရည်မှန်းချက်ပန်းတိုင်များရှိသည်။ ဤအရာသည် ပထမ ရှုထောင့်ကဲ့သို လွယ်ကူလှသည်မဟုတ်ပါ။ လူများစွာတိုသည် အတိတ်၏ အဖြစ်အပျက်တိုအပေါ် အသက်ရှင်ကြပြီး လတ်တလောအောင်မြင်မှု သိုမဟုတ် ရှုးနိမ့်မှုများအပေါ် ရပ်တည်အသက်ရှင်၍သော်လည်းကောင်း အချိုတိုသည် အနာဂတ် မိမိဘဝ၏မျှော်လင့်ချက် များကို စိတ်ကူးယဉ်အသက်ရှင်ကြသည် ။ ရင့်ကျက်သောပုဂ္ဂိုလ်သည် အတိတ်က စိတ်ဒုက္ခပေးသည့်အရာတိုကို မစဉ်းစားပါ ပစ္စုပ္ပန်ကို အကောင်းဆုံးဖြစ်အောင်ပြုလုပ်ကာ၊ ကြီးထွားရမည့်နည်းကို ရှာကြံသည်။ ရင့်ကျက် သောပုဂ္ဂိုလ်သည် အနာဂတ်အတွက် သဘာဝကျကျ စီမံချက်ရေးဆွဲပြီး စိ ပန်းတိုင်ထားကာ၊ ဤပန်းတိုင်သို ရောက်ရှိရန် ဆန္ဒပြုသည်။
ပေါလုသည် အတိတ်ကို မစဉ်းစားဘဲ အနာဂတ်အတွက် တိကျရှင်းလင်း သော ပန်းတိုင်ကိုထားသည့် အသက်တာနှင့်အသက်ရှင်ကြောင်းကို ပြသည်။
`ငါသည် တွေ့ကြုံသမျှသောအရာတို၌ ရောင့်ရဲသောစိတ်ရှိအံ့သောငှါ ငါသင်မိပြီ။
ရှုတ်ချခြင်းကို၎င်း၊ ကြွယ်ဝခြင်းကို၎င်း ခံတတ်၏။ ဝစွာစားခြင်း၊ မွတ်သိပ် အ ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတိုကို ခံရအံ့သောငှါ အရပ်ရပ်တိုတွင် အရာရာ၌ ငါသင်မိပြီ။
ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတိုကို ငါတတ်စွမ်းနိုင်၏။
ငါပြုသောအမှုတစ်ခုမူကား နောက်ကျသောအရာတိုကိုမမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတိုကို လှမ်းကမ်း၍ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းငှါ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏(ဖိ၊၄:၁၁၁၃၊ ၃:၁၃-၁၄)။
စတုတ္ထ – ရင့်ကျက်သောပုဂ္ဂိုလ်၌ အမှားနှင့်အမှန်၊ အဆိုးနှင့် အကောင်း စံချိန်လည်းရှိသည်။ ရင့်ကျက် သောပုဂ္ဂိုလ်သည် မိမိတန်ဖိုးထားသော စနစ်တစ်ခုကို ရွေးချယ်ပြီး အသက်တာ၏အဓိကက ဏ္ဍတစ်ခုအဖြစ် ထားသည်။ ခရစ်ယာန်၏တန်ဖိုးထားသောအရာမှာ ဘုရားသခင်၏နှုတ်ထွက်စကားတော် တည်းဟူသော သမ္မာကျမ်းအပေါ်၌ အခြေပြုထားပြီး လူသားတို့ကို ဖန်ဆင်းရခြင်း အတွက် ဘုရားသခင်၏စံချိန်ဖြစ်သည်။ ရင့်ကျက်သောခရစ်ယာန်တို့သည် သမ္မာကျမ်း မှန်ကန်သည်ဟူ၍လည်းကောင်း၊ ခရစ်တော်၏သွန်သင်ချက် တို့သည် ဖြောင့် မတ်သည်ဟူ၍လည်းကောင်း၊ မှန်သောအယူအဆအပေါ်၌ အသက်ရှင်လိုကြသည်။ ဤအရာက အသက်တာအတွက် တည်ကြည်သော လမ်းပြမှုနှင့် အသက်ရှင်ခြင်း ၏ရည်ရွယ်ချက်တစ်ခုဖြစ်သည်။
မရင့်ကျက်သောသူတို၌ ပြတ်သားရှင်းလင်းသော စံနှုန်းမရှိတတ်ပါ။ မည်သည့်အရာမှန်သည်၊ မှားသည် ဟူသောအရာကို စဉ်းစားရာ၌ ယောင်ကန်းကန်း ပြီး လုပ်နေကြကာ၊ အခြားသောသူတို့၏ ထင်မြင်ယူဆ ချက်အားဖြင့် အလွယ်တကူ ရှိ စိတ်နောက်ကိုယ်ပါ ဖြစ်ကြသည်။ မိမိတို ၏တန်ဖိုးထားရမည့်အရာအပေါ်၌ ပြတ်သားသော ဆုံးဖြတ်ချက်ကိုမချလိုကြ၊ ချလည်းမချတတ်ကြပါ။ ။
နောက်ဆုံး၌ ရင့်ကျက်သောပုဂ္ဂိုလ်တိုသည် အစွမ်းသတ္တိများနှင့်ဝါသနာ မ များကို တိုးတက်စေနိုင်သော အစွမ်းရှိကြသည်။ ပြဿနာများနှင့် အသက်တာဖိစီးမှုတို့ကို နှိမ်နင်းနိုင်ကြသည်။ ရင့်ကျက်သောပုဂ္ဂိုလ်တို့၌ စိတ်ပါဝင်စားမှု၊ အခြား သူတို့အပေါ် စိတ်ဝင်စားမှု၊ စေတနာနှင့်စိုးရိမ်မှုများရှိကြပေသည်။ သူတိုဖက်မှ – အကောင်းဆုံးပြုလိုသော ဆန္ဒရှိကြသည်။ နေ့စဉ်အသက်တာ၏တောင်းဆိုချက် လိုအပ်မှုတို့ကို ဖြည့်ဆည်းရန် စွမ်းဆောင်လိုကြသည်။
အသင်းတော်၏လှုပ်ရှားမှုများအပါအဝင် အရေးပါသောလှုပ်ရှားမှုများကို သို လုပ်ဆောင်ရန် ခက်ခဲကြောင်းကို လူများစွာတို တွေ့ကြုံကြရသည်။ အဘယ့်ကြောင့် ဆိုသော် သူတို၌အချိန်မရှိကြပါ။ ဘဏ္ဍာရေး ကန့်သတ်ချက်နှင့်လုပ်ဆောင်ကြရ မည်ဖြစ်သည်။ လုပ်ပိုင်ခွင့်အနည်းငယ်သာရရှိကြသည်။ သိုသော်လည်း ရင့်ကျက် သောသူသည် အသက်တာ၌ခံရသော ဖိစီးမှုတိုကို ရဲရင့်စွာ ရင်ဆိုင်ကာ၊ ခက်ခဲသော အနေကို အကောင်းဆုံးဖြစ်အောင်ပြုသည်။ အခြားသောသူများမှ ၎င်းစိန်ခေါ် ရာတိုမှ မိမိကိုယ်ကို မကာကွယ်ပါ။ ရင့်ကျက်သောခရစ်ယာန်သည် အသင်းတော်တိုးတက်ရန်နှင့် တည်ဆောက်ရန် ဘုရားသခင်ထံမှ လာသော ဆုကျေးဇူး ရ ရှိကြောင်းကိုသိသည်။
ဤအရာအားလုံးတိုသည် ဆွေးနွေးလမ်းညွှန်ခြင်းနှင့် မည်သို သက်ဆိုင်၍ သနည်း။ အကယ်၍ ကျွန်ုပ်တိုသည် ဆွေးနွေးလမ်းညွှန်မှုလုပ်ငန်း အဖွဲကြသ ဆိုပါက ကျွန်ုပ်တိုသည် မိမိ၏ပြဿနာတိုကို နားလည်၍၊ မိမိ၏ စိတ်ဖိစီးမှု နည်းကို နားလည်ရန်လိုအပ်သည်။ လူတစ်ယောက်စီ၏ရင့်ကျက်မှု ခြားနားပုံကို အသိအမှတ်ပြုရန်လည်း အရေးကြီးသည်။ ဘုရားသခင်၏မစမှုအားဖြင့်လည် ကောင်း၊ အခြားသော ယုံကြည်သူတို၏ မစမှုအားဖြင့်လည်းကောင်း ကျွန်ုပ်တိုသည် ရင့်ကျခြင်းသို အသက်ရှင်ရန် အရေးကြီးသည်။
ကျွန်ုပ်တို့သည် အသင်းတော်၏အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ကြသည် ကို ခရစ်ယာန်အတိုင်ပင်ခံ ပုဂ္ဂိုလ်များက မမေ့ရပေ။ ထိုအသင်းတော်သည် တစ်ကမ္ဘာလုံး နှင့်ဆိုင်သော ခန္ဓာကိုယ်တစ်ခုအနေနှင့်သော် လည်းကောင်း၊ ဒေသန္တရအသင်းတော် အနေနှင့်သော်လည်းကောင်း တည်ရှိနေသည်။ ကျွန်ုပ်တိုသည် ဘုရားသခင်ကို ဝတ် ကိုးကွယ်ရန်၊ ဝိညာဉ်ရေးရာ၌ ကြီးထွားရန်၊ သတင်းကောင်းပြန့်နှံစေရန်၊ အချင်း ချင်းတို၏ဝန်ကို ထမ်းရွက်ပေးရန် အသက်ရှင်ကြရပါသည်။ ထိုကြောင့် ခရစ်ယာ တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှုကို ဒေသန္တရအသင်းတော်က အားပေးသော အခါ ထိုအသင်းအဖွဲ့မှ ထောက်ပံ့အား ပေးမှုကြောင့် ဆွေးနွေးလမ်းညွှန်မှုခံယူသော သူတိုကို အထိရောက်ဆုံး လမ်းညွှန်နိုင်ပါသည်။
သမ္မာကျမ်း၌ ဒံယေလ၏အသက်တာကို ပြောပြရာတွင် သူ၏မိတ်ဆွေ သူငယ်ချင်းများဖြစ်သော ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတိုကိုလည်း ဖော်ပြလေ့ရှိ သည်။ ဤလူလေးယောက်တိုသည် အတူတကွ ဝတ်ပြုကိုးကွယ်ကြသည်ဟူသော အဆောက်အထားမရှိသော်လည်း အတူတကွ ဆုတောင်းကြသည်။ အချင်းချင်း တိုက်တွန်းအားပေး၍ အပြန်အလှန် ထောက်ကြသည်။ လိုအပ်သောအချိန်၌လည်း လမ်းညွှန် မှုကိုပြုကြသည်။ ဤအကြောင်းကြောင့် သူတိုသည် အချင်းချင်းရင့်ကျက် ရန် ပြုကြသော ဘုရားသခင်၏လူများ ဖြစ်ကြသည်။
ထိရောက်အောင်မြင်သော ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များသည် ဆွေးနွေး လမ်းညွှန်မှုခံယူသူများကို ကူညီရာ၌ အခြားသောယုံကြည်သူတို၏ပါဝင်ရမည် အပိုင်းကဏ္ဍနှင့် စိတ်နေသဘောထားကို သတိထားရကြ မည်ဖြစ်သည်။ နောက် အခန်းသို့ သွားကြပါစို။
အခန်း(၈)
အသင်းတော်နှင့် ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန့်ခြင်း
The Church And Christian Counseling
တပည့်တော်တိုသည် စိုးရိမ်တုန်လှုပ်မှုကို ခံစားကြမည်ဖြစ်သည်။ ကျွန်ုပ်တို့ သည်လည်း ထိုကဲ့သို့ပင် ခံစားကြသည်။
ယေရှုသည် တမန်တော်တစ်ဆယ့်နှစ်ပါးတိုအား သီတင်းပတ်များစွာ လနှင့်ချီ၍ သွန်သင်ခဲ့ပြီး အနာ ရောဂါ၊ စာတန်များနှင့် အခြေအနေများအပေါ် စိုးမိုး၍ တန်ခိုးအာဏာရှိကြောင်းကို သူတိုအားပြသခဲ့သည်။ ဆုတောင်းပုံ ဆုတောင်းနည်း ကို သွန်သင်ခဲ့သည်။ အလွန်တန်ခိုးပါသော တောင်ပေါ်တရားတော်ကို တပည့်တော် တိုကြားခဲ့ကြသည်။ သူတိုသည် ကိုယ်တော်၏ ဉာဏ်ပညာတော်ကို ဖွင့်ပြခြင်း ခံခဲ့ရကြကာ ကိုယ်တော်၏ နက်ရှိင်းသော ကိုယ်ချင်းစာနာမှုကို တွေ့မြင်ခဲ့ကြသည်။ ထိုနောက် တစ်နေ့တွင် ယေရှုသည် သူတိုအား အမှုတော်မြတ်အတွက် စေလွှတ်မည် ဖြစ်ကြောင်း ကြေညာသည်။ “သင်တိုသည် အဘိုးမပေးဘဲ ကျေးဇူးတော်ကို ခံရကြ ပြီဖြစ်၍ အဘိုးမခံဘဲ ပေးကမ်းကြလော့” (မဿဲ၊၁၀း၈)ဟု မိန့်တော်မူသည်။
ခရစ်ယာန်ဓမ္မဆရာတိုင်း(နှင့်ဆွေးနွေးလမ်းညွှန်သောသူတိုင်း)တို့သည် ယေရှု၏ပေးလှူခြင်းနှင့် အစေခံခြင်းအတွက် တပည့်တော်များကို ကြိုတင်ပြင်ဆင် ပေးသည့်နည်းများမှ နည်းယူနိုင်သည်။
ကိုယ်တော်သည် သူတိုအား အခွင့်အာဏာနှင့် အားပေးတိုက်တွန်းခြင်းကို ပေးသည်။ သူတိုကို ပစ်၍ မထားဘဲ ဘုရားသခင်၏တန်ခိုးတော်သည် သူတိုနှင့် အတူသွားမည်ဖြစ်ကြောင်း ပြသသည်(မ၊၁၀း၁၊ လုကာ၊၉:၁)။
ကိုယ်တော်သည် သူတိုကို လမ်းပြတော်မူ၍ မည်သည့်နေရာသို့ သွားသင့် သည်၊ ရှောင်သင့်သည်ကို ပြောပြသည်(မဿဲ၊၁၀:၅-၆။ လု၊၉:၂-၅)။
ကိုယ်တော်သည် လက်တွေ့ကျသော လုပ်ဆောင်ရမည့်အရာများ၊ ငြင်းပယ်ခြင်းကို မည်သို ကိုင်တွယ်ရမည် စသည်တိုကို လမ်းညွှန်မှု (မဿဲ၊၁၀း၇-၁၄။ လုကာ၊၉း၄-၅)။ ။
ကိုယ်တော်သည် သူတိုကို သတိပေးသည်။ သူတို၏ဝံပုလေ့လာ စေလွှတ်ခြင်းကိုခံသောသိုးကဲ့သိုဖြစ်ရာ သူတိုသည် အဖမ်းခံကောင်းခံနိုင် သူတို၏ မိသားစုသည်ပင်လျှင် သူတိုကို ငြင်းပယ်နိုင်သည်ဟု ပြောပြ (မဿဲ၊ ၁၀း ၁၆-၂၃၊၃၄-၃၇။ လုကာ၊၉း၄-၅)။
ခက်ခဲသောအခြေအနေသိုရောက်ကြသော်လည်း သန့်ရှင်းသောဝိညာဉ် သည် သူတိုနှင့်အတူရှိမည့် အကြောင်း အာမခံချက်ကိုတပ်၍ပေးသည် (မဿဲ ၁၀း ၁၉-၂၀)။
ထိုနောက် “ မကြောက်ကြနှင့်။ အကြင်သူသည် လူတိုရှေ့မှာ ငါ့ကို ဝန်ခံ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကိုငါဝန်ခံမည်။ အကြင် သည် မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို မလိုက်၊ ထိုသူသည် ငါး မထိုက်မတန်၊ မိမိအသက်ကိုတွေ့သောသူသည် အသက်ရှုးလိမ့်မည်။ ထိုကြောင့် မိမိအသက်ရှုးသော သူမည်သည်ကား အသက်ကိုတွေ့လိမ့်မည်” (မဿဲ၊ ၁၀း၃၁- ၃၂၊၃၈-၃၉)ဟု မိန့်တော် မူ၏။
ကိုယ်တော်သည် သူတိုကို အလုပ်လုပ်ရင်း လေ့ကျင့်ရန် နှစ်ယောက် စေလွှတ်၍ လက်တွေ့ လုပ်ဆောင်စေသည်(လု၊၉း၆)။
ကိုယ်တော်သည် သူတိုသင်ကြားလေ့လာခဲ့သည့်အရာများကို ပြန်လည် စဉ်းစားရန် အချိန်ပေးသည် (လု၊၉း၁၀)။
ကိုယ်တော်သည် သူတိုအပေါ်၌ စံပြကောင်းဖြစ်ပေသည်။ ယေရှုသည် ကိုယ်ကျိုးမဖက်ဘဲ အစေခံသော သူ၊ သူ့အား တောင်းသောအရာကိုပြုပေးသောသူ နောက်ပိုင်းတွင် ငြင်းပယ်ခံရခြင်းသည် မည်သို ရှိသည်ကို ပြသသောသူဖြစ်သည် (မဿဲ၊၁၀း၂၄-၂၅၊ လု၊၉း၁၁)။
ယေရှုသည် ကောင်းကင်ဘုံသို တက်ကြွပြီးနောက်ပိုင်းတွင် လေ့ကျင့် သင်ကြားပေးခဲ့သည့် တပည့်တော် အချိုတို့သည် ကိုယ်တော်၏သွန်သင်ချက်တိုကို အသစ်သောအသင်းတော်များ တည်ထောင်ရာ၌အသုံးပြု ကြသည်။ တမန်တော် နှင့်ဩဝါဒစာများသည် ကနဦးအသင်းတော်များ၏ တစ်ခါတစ်ရံ တင်းမာမှု၊ မနာလိုမှုနှင့် သဘောထားကွဲလွဲမှုများရှိကြောင်း ပြသသည်။ သိုသော်လည်း အစအဦး၌ သံကြည်သူတိုသည် မယုံနိုင်ဖွယ် ထူးဆန်းသည့် မိတ်သဟာယရှိကြသည်။
ယုံကြည်သောသူအပေါင်းတိုသည် စိတ်နှလုံးတညီတညွတ်တည်း ရှိကြ၍ အဘယ်သူမျှ မိမိဥစ္စာ တစ်စုံတစ်ခုကို ငါ့ဥစ္စာဟုမဆိုဘဲလျက်၊ ရှိသမျှသောဥစ္စာတိုကို ဆက်ဆံသဖြင့် သုံးဆောင်ကြ၏။ သခင်ယေရှု ထမြောက်တော်မူသည့်အကြောင်းကို တမန်တော်တို့သည် ကြီးသောတန်ခိုးနှင့်သက်သေခံ၍ ထိုသူအပေါင်း တို့သည် ကြီး သောကျေးဇူးတော်နှင့်ပြည့်ကြ၏။
ထိုသူများသည် တမန်တော်တို၏ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာ ပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏(တမန်၊၄:၃၂၃၄။ ၂:၄၂)။
သင်၏အသင်းတော်သည် ထိုအသင်းတော်နှင့်တူပါသလား။ ကနဦး ယုံကြည် သူတို၌ ကြီးကျယ်ခမ်း နားသည့် ကျောင်းတော်ကြီးများမရှိကြပါ။ သူတိုသည် အများ သည် အားဖြင့် အဖွဲငယ်လေးအနေနှင့် လျှိဝှက်စွာ တွေ့ဆုံလေ့ရှိကြပြီး အိမ်နီးနားချင်း ၊ တို၏နားလည်လွဲခြင်းနှင့် ငြင်းပယ်ခြင်းကို မကြာခဏခံရကြကာ မင်းအာ ဏာရှိတို့၏ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရကြသည်။ သို့သော်လည်း အသင်းတော်၌ ဂရုစိုက် ပြုစုပျိုးထောင်ခြင်းရှိ သည်။
ခရစ်ယာန်ဆွေးနွေးလမ်းညွှန်မှုသည် ယုံကြည်သူများနှင့် အခြားသောသူများကို ကြည့်ရှုပြုစုသည့် ဒေသန္တရအသင်းတော်တစ်ပါး၏ကဏ္ဍတစ်ခု ဖြစ်သောအခါ၌ ၉ ပို၍ထိရောက်သည်။
ဂရုစိုက်ကြည့်ရှု ပြုစုခြင်း သည် မည်သည့်အရာနည်း
ကျွန်ုပ်တိုသိခဲ့ကြသည့်အတိုင်း မဟာစေခိုင်းမှုကြီးသည် အသင်းတော်အား တာဝန်နှစ်ခုကို အပ်ထား သည်။ ၎င်းတို့မှာ ဧဝံဂေလိလုပ်ငန်းနှင့် ခရစ်ယာန်ဓမ္မ ပညာပေးရေးလုပ်ငန်းဖြစ်သည်။ အစဉ်အလာအရ ဧဝံဂေလိလုပ်ငန်းကို သွန်သင်မှု လိုက်လာမည်ဟု ကျွန်ုပ်တိုယူဆကြသည်။ ထိုသွန်သင်မှုတွင် သမ္မာကျမ်းနှင့် ဆိုင်သော ဗဟုသုတ ခရစ်ယာန်အသက်တာအတွက် အခြေခံများ၊ သမ္မာကျမ်းကို အခြေပြုသည့် ဘုရား သခင်နှင့်ဆိုင်သောဩဝါဒ၊ အခွင့်အာဏာ၊ ကယ်တင်ခြင်း ဆုတောင်းခြင်း စသည်တို့ပါဝင်သည်။
မည်သို့ပင်ဖြစ်စေ ယေရှုက လက်ထပ်ထိမ်းမြားခြင်း၊ မိဘနှင့်သား များ ဆက်ဆံရေး၊ ဆင်းရဲခြင်း၊ အမျိုးတော်စပ်မှု၊ လူယောက်ျားနှင့်မိန်းမတို၏ လွတ်လပ်မှု စသည်တိုကို သွန်သင်ကြောင်း အသင်းတော်က မေ့ပျောက်တတ် သည်။ ကိုယ်တော်သည် တစ်ဦးချင်းနှင့်ဆိုင်သော ပြဿနာများဖြစ်သည့် ကာမရာဂ၊ ကြောက်ရွံခြင်း၊ အထီးကျန်ခြင်းနှင့် ယုံမှားသံသယဖြစ်ခြင်းစသည့် အကြောင်းအရာ တိုကိုလည်း သွန်သင်သည်။ ထိုကြောင့် ခရစ်တော်သွန်သင်သောတရားအားလုံးကို ကျွန်ုပ်တို့ သွန်သင်ကြမည်ဆိုပါက ဩဝါဒနှင့်ဆိုင်သော အရာတို၌ ညွှန်ကြားချက် ပို၍ပေးရမည်ဖြစ်သည်။ ကျွန်ုပ်တိုသည် ဘုရားသခင်နှင့်ပို၍ မိတ်သဟာယဖွဲ့ သည့် နည်း၊ အခြားသောသူများနှင့် မိတ်သဟာယဖွဲနည်းတိုကို လူတိုအား ပြသ ရမည်ဖြစ်သည်။ ယေရှု ပြုသကဲ့သို မည်သိုဂရုစိုက်ပြုစုရမည်ကို သွန်သင်ကြရမည် ဖြစ်သည်။
ဤဂရုစိုက်ခြင်းအမှုကို သင်းအုပ်ဆရာများအပေါ်၌သာ တင်ရမည်၊ အထူး လေ့ကျင့်သင်ကြားပေး ထားသည့် အတိုင်ပင်ခံပုဂ္ဂိုလ်များအပေါ်၌ တင်ရမည်။ သိုမဟုတ် မိမိအသက်တာကို အပ်နှံသည့်သူ အနည်းငယ်ထံသို အပ်နှံရမည်ဟူ၍ သမ္မာကျမ်းက ဖော်ပြချက်မရှိပါ။ ဓမ္မသစ်ဂရိစကားလုံး “အချင်းချင်း”ကို အကြိမ် ပေါင်း(၅၈)ကြိမ် အသုံးပြုထားပြီး နှိးဆော်တိုက်တွန်းခြင်းပုံစံနှင့် ဘာသာပြန်ထား သည်။ ဥပမာ ကျွန်ုပ်တိုသည် အချင်းချင်းချစ်ကြရန်၊ ဆည်းကပ်ကြရန်၊ လက်ခံကြ ရန်၊ သတိပေးဆုံးမရန်၊ အစေခံကြရန်၊ ဝန်ကို ထမ်းရွက်ကြရန်၊ အားပေးကြရန်၊ ဂရုစိုက်ကြရန် ညွှန်ကြားထားသည်။ သမ္မာကျမ်း၌ အသင်းသားတိုင်း သည် သူ တစ်ပါးအတွက် ဂရုစိုက်ခြင်းနှင့် ကြည့်ရှုစောင့်ရှောက်ရန် သွန်သင်သည်။
ဂရုစိုက်ခြင်းတွင် အခြားသောပုဂ္ဂိုလ်တစ်ယောက်အတွက် နက်ရှိင်းစွာ ဝန်တာဖြစ်ခြင်းပါဝင်သည်။ ဂရုစိုက်ခြင်း၌ မိမိကိုယ်ကိုချစ်သည့်နည်းတူ သူတစ်ပါး ကိုချစ်ခြင်းလည်းပါဝင်သည်။ ၎င်းသည် ကြိုက်နှစ် သက်ခြင်း၊ နှစ်သိမ့်ခြင်း၊ ကိုယ် ချင်းစာခြင်းကိုပြခြင်း သိုမဟုတ် အခြားသူတစ်ယောက်အပေါ်၌ ဖြစ်ပျက်သော အရာ ကို စိတ်ဝင်စားခြင်း စသည်တိုအကျုံးမဝင်ပါ။ ဂရုစိုက်ခြင်း၌ ချစ်ခြင်းမေတ္တာ ကရုဏာနှင့် လုပ်ဆောင် ခြင်းကိုဖြစ်စေသည့် စိုးရိမ်ကြောင့်ကြပေးခြင်းတစ်ခုပါဝင်သည်။
ဂရုစိုက်ခြင်း၌ အခြားသောသူကို နားလည်ရန်ကြိုးစားခြင်း ပါဝင်သည်။ ကျွန်ုပ်တို့ ဂရုစိုက်သောအခါ ထိုသူ၏လိုအပ်မှုများ၊ အထောက်အမများနှင့် အစွမ်း သတ္တိတို့ကို ကျွန်ုပ်တို သိလိုလာကြသည်။ ကျွန်ုပ်တိုသည် မစမှုကို မပြုမီ ထိုသူ၏ အမြင်ကို သိမြင်ရန်ကြိုးစားကြသည်။
ဂရုစိုက်ခြင်းဆိုသည်မှာ သူတစ်ပါးအား ရိုသေလေးစားမှုကို ပြုခြင်းဖြစ် ယ်။ ၎င်း၌ တင်းကြပ်သော အကြံပေးခြင်း၊ ဝေဖန်ခြင်း၊ ထိန်းချုပ်ခြင်း၊ သူတစ်ပါး အတင်းပြောခြင်းစသည်တိုကို မဆိုလိုပါ။ ဂရုစိုက်ခြင်း၌ ဝန်ကိုထမ်းပေးလိုခြင်း ဖြစ်သည်။ သူတစ်ပါးကြီးထွားလာရန် မစမည့်နည်းကိုရှာသည်။
ဂရုစိုက်ခြင်းသည် စွန့်လွှတ်လိုခြင်းကိုဆိုလိုသည်။ လူတစ်ဦးကို ဂရုစိုက်ခြင်းသည် လွယ်ကူသည်မ ဟုတ်ပါ။ လူတို့ကို ကျွန်ုပ်တို ဂရုစိုက်ကြည့်ရှုပြုစုသောအခါ အထင်လွဲခံရခြင်း၊ ငြင်းပယ်ခံရခြင်း၊ ဝေဖန်ခံရခြင်း၊ ကာယပိုင်း၌ ဒုက္ခပေးခြင်းစသည်တိုကို ခံရကြသည်။ မည်သိုပင်ဖြစ်စေကာမူ ခရစ်ယာန်တစ်ဦးသည် သူတစ်ပါးအတွက် စွန့်လွှတ်ရန် ပျက်ကွက်မည်ဆိုပါက ခရစ်တော်ကို ည်း ယုံကြည်ခြင်းဖြင့် သနားခြင်း အကျင့်ကို ဖြစ်စေသည်ဟူသော ကျမ်းပိုဒ်(အထူးသဖြင့် ယာကုပ်ဩဝါဒစာ)ကို ကျွန်ုပ်တို့ ဥပက္ခာပြုကြသည်။
မစမှုကိုလက်ခံလိုသောဆန္ဒရှိခြင်း၌ ဂရုစိုက်စောင့်ရှောက်မှု ပါဝင်စေသည်။ ဂရုစိုက်ကြည့်ရှု စောင့်ရှောက်ခြင်း၌ အနည်းဆုံး လူနှစ်ဦးပါဝင်သည်။ စောင့်ရှောက်ကြည့်ရှုမှုကိုလိုအပ်ပြီး လက်ခံသောသူနှင့် လိုအပ်မှုကိုမြင်ပြီး ဂရုစိုက်စောင့်ရှောက်မှုကို ပေးသောသူဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့သည် ဝန်ချင်းတို့ကိုထမ်းရန် အလေး ( အနက်ထားပါ(ဂလာ၊၆:၂)၊ အချင်းချင်းတို့ကို ဂရုစိုက်ကြည့်ရှု စောင့်ရှောက်ခြင်းကိုလက်ခံရန် ဆန္ဒရှိကြမည်ဖြစ်သည်။
ခရစ်ယာန်ဂရုစိုက် ကြည့်စောင့်ရှောက်ခြင်း၏ သွင်ပြင်လက္ခဏာများ What Characterizes Christian Caregivers
ခရစ်ယာန်တို့၌ အချင်းချင်းဂရုစိုက်ရန် တာဝန်ရှိကြသော်လည်း အချိုတို သည် အခြားသောသူတိုထက် ပို၍ထိရောက်ကြောင်း သုတေသနပြုခြင်းက အတည်ပြုပေးပါသည်။ ဤလူတို့၌ ထင်ရှားသော သွင်ပြင် လက္ခဏာများက မည်သည့်အရာများနည်း။
၁။ ချစ်ခြင်းမေတ္တာ။ ထိရောက်သော ဂရုစိုက်ကြည့်ရှုစောင့်ရှောက်မှုရှိလာရန် “တွေ့ကျကျလုပ်ဆောင်ခြင်း၊ သနားကြင်နာခြင်း၊ ခံစားတတ်ခြင်း၊ သည်းခံခြင်း၊ မေတ္တာမျှပေးခြင်းစသည်တိုကို ဆန်းစစ်ရမည်ဖြစ် သည်။ ခမည်းတော်ဘုရားမှ အစပြုသည့် ထိုသိုသောချစ်ခြင်းမေတ္တာသည် ခရစ်တော်၏ တပည့်တော်တိုင်း၌ သိသာထင်ရှားသင့်သည်(၁ယော၊၄း၇၊၁၁)။
ထိရောက်အောင်မြင်သော ဂရုစိုက်ကြည့်ရှုပြုစုခြင်း၌ ချစ်ခြင်းမေတ္တာသည် အခြေခံလို အပ်ချက်ဖြစ်သည်။ မိမိကိုယ်ကို ယေရှုခရစ်တော်ထံသို အပ်နှံပြီး ဘုရားသခင်၏သန့်ရှင်းသော ဝိညာဉ်တော်က အုပ်စိုးသောကြောင့် ချစ်ခြင်း မေတ္တာသည် မိမိတိုအသက်တာတစ်ခုလုံး၏ ထူးခြားချက် ဖြစ်လာသည်။ ဂရုစိုက်ကြည့်ရှုခြင်း မလုပ်ဆောင်မီ ချစ်ခြင်းမေတ္တာကို ခံစားရမည်ဟု ယူဆ လေ့ရှိကြ သည်။ သို့သော်လည်း ၎င်းနှင့်ပြောင်းပြန်ဖြစ်လေ့ရှိသည်။ ချစ်ခြင်း မေတ္တာဖြင့် လုပ်ဆောင်ပြီး မှသာ ချစ်ခြင်းမေတ္တာအပေါ် စိတ်ခံစားချက်နှင့်စိုးရိမ် သက်ရောက်လာသည်။
ချစ်ခြင်းမေတ္တာကို အသင်းတော်ထက် ပို၍ရှင်းလင်းစွာ ပြသနိုင်သည့် နေရာမရှိ ပါ။ ဒေသတစ်ခု၌ရှိသော ယုံကြည်သူများအစုအဖွဲ သည် ဝိညာဉ်တော် နှင့်ပြည့်သော ခရစ်ယာန်များ အချင်းချင်းချစ်ကြရန် အားပေးသော လူ့အသိုင်း အဝိုင်းတစ်ခုဖြစ်သင့်သည်။ ဤသိုပြုရာ၌ ရှုတ်ချခြင်း၊ ဝေဖန်အပြစ်တင်ခြင်း မရှိဘဲ သနားကြင်နာ ခြင်းနှင့်လုပ်ဆောင်ခြင်းဖြစ်ရမည်။
၂။ စိတ်ရှည်ခြင်း၊ ပြောင်းလဲရန် အလားမလာမရှိသော်လည်း လူတစ်ယောက် သိုမဟုတ် အခြေအနေ တစ်ရပ်နှင့် ဆက်လက်ရှိနေခြင်းကို ဆိုလိုသည်။ စိတ် ရှည်ခြင်းသည် ချစ်ခြင်းမေတ္တာနည်းတူ ဘုရားသခင်ထံတော်မှလာသည်။ ၎င်းသည် ဝိညာဉ်တော် အသီးစာရင်းထဲ၌ပါသည်(ဂလာ၊၅:၂၂) အလျင်အမြန် မလာဘဲ အခက်အခဲကြားထဲမှ တိုးပွားလေ့ရှိသည် (ယာကုပ်၊၁:၂-၅)။
စိတ်ရှည်ပြီး လူတိုကို ဂရုစိုက်သည့်ပုဂ္ဂိုလ်သည် ဆင်းရဲဒုက္ခရောက် သောသူနှင့် အတူနေပြီး ကြီးထွားမည့်အချိန် စဉ်းစားရမည့်အခွင့်ကိုပေးသည့် စိတ်ရှည်ပြီး ဂရုစိုက်ကြည့်ရှုမှုကို ပြုသောသူသည် အခြားသောသူ စိတ်ဖိစီးမှုကိုခံစေရန်မပြု၊ အလျင်အမြန် ဆုံးဖြတ်ချက်ချရန် အတင်းမတူ တွန်းပါ။ ဂရုစိုက်သော ပုဂ္ဂိုလ်သည် အခြားလူတစ်ယောက်၏အသက်တာ လျင်မြန်စွာပြောင်းလဲလာ ရန်မရှာ ကြံဘဲ လိုအပ်မှုကို စိတ်ရှည်စွာပြုလုပ်ပေး အချိန်တန်လျှင်ရရှိမည်ဟု မျှော်လင့်သည်။ အကယ်၍ ကျွန်ုပ်တို့သည် အသင်းတော်ခေါင်းဆောင်များကို ကြည့်ရှုပြုစုကြမည်ဆိုပါက မိမိကိုယ် သည်းခံခြင်းရှိ သကဲ့သို အခြားသောသူတိုအပေါ်၌ စိတ်ရှည်ခြင်းရှိကြရမည်။
၃။ ပွင့်လင်းမှု။ အရွယ်ရောက်သော လူများစွာတိုသည် စိတ်ခံစားချက်တိုကို ငြင်းပယ်ကြသည်။ မိမိတို၏ စိတ်ခံစားချက်တိုကို ဖော်ပြနိုင်စွမ်း မရှိကြ၊ ဝိညာဉ် သဘောရှိခြင်းသည် အစဉ်ပြုံးခြင်းနှင့် ပြဿနာ မရှိခြင်းတို့ကို ပါဝင် သည်။
သို သော် ဘဝအသက်တာ အစစ်အမှန်မှာ ထိုကဲ့သို မဟုတ်ပါ။ လူတိုကို ကူညီမစမည်ဆိုပါက သူတို၏စိတ်ခံစားချက်တိုကို သိမှတ်ကြဖို၊ မကောင်း သောစိတ်ခံစားချက်တိုကိုပင် သိမှတ်ကြရန် တိုက်တွန်းရမည်ဖြစ်သည်။
ဤအရာကို မည်သို ပြုနိုင်မည်နည်း။ နည်းတစ်နည်းမှာ မိမိ၏စကား အားဖြင့်လည်းကောင်း၊ အပြုအမူအားဖြင့်လည်းကောင်း ပွင့်လင်းမှုကိုပြသရန် ဖြစ်သည်။ သူတစ်ပါးကို ကြည့်ရှုစောင့်ရှောက် နေသောလူတိုသည် မိမိ၏ အားသာချက် အားနည်းချက်များကို မြင်ရန် ကြိုးစားသင့်သည်။ အခြားသော သူတိုအပေါ် စစ်မှန်သော စိုးရိမ်ပူပန်ပေးမှုကို တိုးတက်လာရန် နည်းကိုရှာကြံ သင့်သည်။ မည်သည့် ယုံကြည်ချက်ရှိပါစေ၊ မည်သည့်အကျင့်ရှိပါစေ၊ မည်သို စကားပြောပြီး မည်သိုသော စိတ်သဘောထား ရှိပါစေ၊ အခြားသောသူတိုကို လည်း လက်ခံလိုကြခြင်းကို ပြသရပါမည်။ သစ္စာရှိခြင်း၊ ရိုးသားခြင်း၊ ပွင့်လင်း ခြင်း၊ အချင်းချင်းတို၏ဝန်ကို ထမ်းပေးခြင်း စသည်တို၌ မိတ်သဟာယဖွဲခြင်း၊ အားပေးတိုက် တွန်းခြင်း၊ ထောက်ပံ့ခြင်း၊ အမှားပြင်ပေးခြင်း၊ သွန်သင်ခြင်း၊ အချင်းချင်းယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခြင်းစသည်တို ပါဝင်သည်။ ထိုသို ရိုးသားသောဝေငှခြင်းသည် ကျန်းမာသန်စွမ်းသော ဂရုစိုက်ကြည့်ရှုစောင့် ရှောက်ခြင်း၏ အရေးကြီးသော ထူးခြားချက်တစ်ခုဖြစ်သည်။
အချို့သောလူတိုသည် မိသားစုထဲမှလာကြောင်း၊ ယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာနှင့် အသက်ရှင်နေထိုင်ကြောင်း၊ အိမ်နီးချင်းများအကြား၌ နေထိုင်ကြောင်း သိုမဟုတ် စိတ်ခံစားချက်ပြော ပြခြင်းကို အားမပေးဘဲ အား နည်းချက်အဖြစ်ကိုသာ မြင်သောအသင်းတော်၏အသင်းသားမှ လာ ကြောင်း ကို ကျွန်ုပ်တို သိရှိကြသည်။ ပြင်းထန်သောစိတ်ခံစားမှုကို သာမန်အဖြစ် သောနေရာများ လည်းရှိသည်။ တစ်ခါတစ်ရံ ထိန်းချုပ်မှုမရှိဘဲ လူတို့သည် အမျက်ဒေါသနှင့် ပြင်းထန်စွာ ပြုမူတတ် ကြသည်။ မိမိတို၏ စိတ်ဓာတ်ကျ။ တိုကို မိတ်သဟာယပျက်ပြားစေ လောက်သည့် စကားများဖြင့် ထိုးနှက် သည်။ စိတ်နာကြည်းခြင်း၊ ဝမ်းနည်းခြင်းတိုကို ကျယ်လောင်စွာဖြင့် ပြောကြရာ ထိုစိတ်နာ ကြည်းမှု များ ပျောက်ကင်းရန် အချိန်ကြန့်ကြာသည်။ အသင်းတော်၌ ဝတ်ပြုကိုးကွယ်ခြင်းသည် ပင်လျှင် စိတ်ခံစားမှု ပြင်းထန် ရာ အပြင်လူများက ဝရုန်းသုန်ကားဖြစ်ခြင်းတစ်ခုအဖြစ် ကြည့်မြင်ကြ ရမည် ဖြစ်သည်။ စိတ်လှုပ်ရှားမှုကို ငြိမ်းသတ်ရမည်ဟု ပေါလုသည် တစ်ခါ မတိုက်တွန်းဖူးပါ။ သိုသော် လည်း မိမိကိုယ်ကို ချုပ်တည်းရန်အကြောင်း ရေးသားပြီး ယုံကြည်သူတို့သည် အရာခပ်သိမ်းတို့ကို တင့်တယ်လျောက်ပတ်စွာ အစဉ်အတိုင်း စီရင်ကြရန်လမ်းညွှန်သည် (၁ကော၊၁၄:၄၀)။
၄။ မျှော်လင့်ခြင်း။ သင်သည် တစ်စုံတစ်ယောက်သောသူအား မျှော်လင့်ခြင်းကို မပေးနိုင်လျှင် ကြည့်ရှုစောင့်ရှောက်ရန် မည်မျှခက်ခဲမည်ကို စဉ်းစားနိုင်ပါ သလား။ မျှော်လင့်ခြင်းသည် စိတ်သက်သာခြင်းနှင့် အနည်းဆုံးဝေဒနာ ခံစား ခြင်းမှ ယာယီသက်သာခြင်းကို ဖြစ်စေသည်။ ခက်ခဲမှုများအကြား၌ ဆက်လက် ၍ သွားနိုင်သောခွန်အားကိုပေးသည်။
ခရစ်ယာန်မျှော်လင့်ခြင်းသည် တကယ်ဖြစ်ပျက်နေသော အခြေအနေကို ငြင်းပယ်ရန် အားမပေး၊ အေးတိအေးစက်နေရန် အားပေးခြင်းမဟုတ်၊ စိတ်ကူး ယဉ်ခြင်းနှင့်အချိန်ကုန်စေခြင်း ကိုလည်း အားပေးခြင်းမဟုတ်ပါ။ ခရစ်ယာန်၏ မျှော်လင့်ခြင်းသည် ဘုရားသခင်၏အနန္တဉာဏ် ပညာတော်၌ဝမ်းမြောက်သည်။ ဘုရားသခင်၏အချိန်တော်နှင့် နည်းလမ်းတိုမှာ စုံလင်သည်ဟု လက်ခံသည်။ ဘုရားသခင်ဦးဆောင်မှုကိုရှာသည်၊ အိုအဘ၊ ကိုယ်တော်အလိုတော်အတိုင်း ဖြစ်ပါစေဟု ပြောနိုင်ရန် သင်ယူသည်။ ဘုရားသခင်၏နည်းတိုသည် ကျွန်ုပ်တို ၏နည်းနှင့် အစဉ်မတူကြောင်းကို လက်ခံသည်။ ကျွန်ုပ်တိုသည် ဤအရာကို ဤကဲ့သို အလွယ်တကူ မစဉ်းစားကြပါ။ အထူးသဖြင့် စိတ်ဖိစီးမှုခံရသည့် အချိန်၌ မစဉ်းစားကြပါ။ သိုသော်လည်း စစ်မှန်သောမျှော်လင့်ခြင်းသည် ယခု လက်ရှိပြဿနာတို့ကို အနာဂတ်၌ အဖြစ်အပျက်အချို သို့မဟုတ် လူများက လွယ်ကူစေမည်ဟု ယူဆသည်။ အရေးကြီးဆုံးမှာ လူတိုကို ဂရုစိုက်ကြည့် ပြုစုခြင်းသည် ကျွန်ုပ်တို၏သစ္စာနှင့် မျှော်လင့်ခြင်းဖြစ်သော ဘုရားသခင် ညွှန်ပြသည်။
၅။ ပြောင်းလွယ်ပြင်လွယ်ခြင်း၊ ကျွန်ုပ်တို့သည် အပြောင်းအလဲမပြုလို၊ ကြီးထွားမှု ဆီးထားပြီး အရာရာကို ပုံသေထားပါက လူတိုကို ကြည့်ရှုပြုစုရန် ခက်ခဲ သည်။ စစ်မှန်သောကြည့်ရှုစောင့်ရှောက်ခြင်း၌ အခြားသောသူတိုကို အရှိ အတိုင်းလက်ခံ ခြင်း၊ ကြီးထွားစေလိုခြင်း၊ ပြောင်းလဲရန်နှင့် သင်ယူရန် ဆန္ဒ ရှိခြင်းတိုပါဝင်သည်။
၆။ နှိမ့်ချခြင်း။ အခြားသောသူတိုကို အထင်အမြင်သေး၍ အပေါ်စီးမှကြည့်သော သူတို့ကို ကူညီမည့် သူမရှိပါ။ ဂရုစိုက်ကြည့်ရှုစောင့်ရှောက်သောသူသည် ဟန် ဆောင်မှု မရှိပါ။ ထိုသိုသောပုဂ္ဂိုလ်သည် ရိုးသားသည်၊ နှိမ့်ချသည်၊ သင်ယူ လေ့လာလိုသောစိတ်ရှိသည်။ အခြားသောသူတို့၏သီးသန့် လွတ်လပ်ခွင့်ကို နှောင့်ယှက်ရန် ဝန်လေးသည်၊ မင်းအတွက် ငါလုပ်ပေးနေတဲ့အရာကို ကြည့်ပါ ဟူသောသဘောထားကို မည်သည့်နည်းနှင့်မျှ မထားပါ။
ဂရုစိုက်ကြည့်ရှုစောင့်ရှောက်ခြင်းမှာ ကြီးထွားနေသော အတွေ့အကြုံတစ်ခု ဖြစ်သည်။ အနည်းငယ်သောသူတို၌ ဤနည်းပရိယာယ်မှာ ကြွယ်ဝစွာရှိ သော်လည်း ကျွန်ုပ်တို ကြည့်ရှုစောင့် ရှောက်ခြင်းမစတင်မီ ကြီးထွားလာဖို စောင့်နေရန် မလိုပါ။ ကျွန်ုပ်တိုသည် ကြည့်ရှုစောင့်ရှောက်သည်နှင့် ဤထူးခြား သောလက္ခဏာတိုသည် တိုးတက်လာသည်။ ၎င်းတို တိုးတက်လာသည်နှင့် အမျှ ကျွန်ုပ်တိုသည် ပို၍ ဂရုစိုက်ကြည့်ရှုစောင့်ရှောက်နိုင်လာသည်။ ကျွန်ုပ်တို သည် ယုံကြည်သူများအ နေနှင့် ကြီးထွားနေကြမည်ဆိုပါက ဂလာတိ၊၅:၂၂၂၃ ၌ပါသော ဝိညာဉ်အသီးဖြစ်သည့် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကောင်းမြတ်ခြင်း၊ သနားခြင်း၊ သစ္စာစောင့်ခြင်း၊ ယဉ်ကျေးသိမ် မွေ့ခြင်းနှင့် ကာမဂုဏ်ချုပ်တည်းခြင်းတိုကို တွေ့မြင်ရကြမည်ဖြစ်သည်။ ဤ အရာအားလုံးတိုသည် ဘုရားသခင် နှိးဆော်သည့် ကြည့်ရှုစောင့်ရှောက်ခြင်းကို ဖော်ပြသော နည်းပရိယာယ်များဖြစ်သည်။ ခရစ်ယာန်တို၏ တိုးတက်နေသည့် အခြားသောလက္ခဏာနှင့် လက်နက်တပ်ဆင်ထားကာ သနားခြင်းကရုဏာ ၄၄င်း စိုးရိမ်ကြောင့်ကြပေးခြင်းအားဖြင့် ခရစ်ယာန်တို့သည် အခြားသောသူ လက်လှမ်းမီရန် တိုက်တွန်းအားပေးရပါမည်။ ကျွန်ုပ်တိုသည် ပို၍ဂရုစိုက် ည့်ရှုစောင့်ရှောက်သောသူဖြစ်ရန် သနားကြင်နာသော ခရစ် ဂါများဖြစ်လာရန် ဘုရားသခင် မစမည်ဟု ယုံကြည်ရပါမည်။
ဂရုစိုက်ကြည့်ရှုစောင့်ရှောက်သော အသင်းတော်ဆိုသည်မှာ အဘယ်နည်း What is a Caring Church
ကျွန်ုပ်တို့ပတ်လည်၌ လိုအပ်မှုများစွာနှင့် ဝိုင်းရံလျက်ရှိသည်။ တစ်ကို တည်း အထီးကျန်ခြင်း၊ လက်ချည်းသက်သက်ဖြစ်ခြင်း၊ မိသားစုပြိုကွဲခြင်း၊ ဆင် ခြင်း၊ ထိခိုက်နစ်နာခြင်း၊ တုန်လှုပ်ချောက်ချားခြင်း၊ ဖျားနာခြင်းနှင့် အခြား ပြဿနာများစွာတိုသည် လူသန်းပေါင်းများစွာတိုအတွက် အသက်တာကို ခက်ခဲ့ သည်။ အသင်းတော်သည် ဤလိုအပ်မှုတိုကို နည်းလမ်းအမျိုးမျိုးဖြင့် တုံပြန်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်တိုသည် ဆင်းရဲသောသူတိုအား ဝိညာဉ်ရေးရာ အကျိုးပြုခြင်း ကို ချန်လှပ်ကာ လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ကြသည်။ တစ်ခါတ အသင်းတော်သည် ဧဝံဂေလိတရားဟောပြောခြင်းကို တစ်ခုတည်းသောတာဝန် သည်ဟုထင်မှတ်၍ လူ့အသိုင်းအဝိုင်း လိုအပ်ချက်တိုကို ဥပက္ခာပြု၍မေ့လျော့ကြသည်။
ယေရှုသည် ဧဝံဂေလိဟောပြောခြင်းနှင့် သနားခြင်းကရုဏာလုပ်ငန်းကို လက်တွေ့ကျကျ လုပ်ဆောင် သည်။ သူ၏အမှုတော်လုပ်ငန်း၌ တရားဟောခြင်း၊ အနာရောဂါငြိမ်းစေခြင်းတိုကို ပြုလုပ်ပြီးလျှင် ထိုနည်း အတိုင်းလုပ်ရန် နောက်လိုက် တပည့်တော်တိုကို ညွှန်ကြားသည်(မာကု၊၉:၂-၁၁)။ ထိုသို သော စိန်ခေါ်မှုကို အသင်းတော်၌ အမှန်တကယ် လက်တွေ့ ရင်ဆိုင်နေရပါသည်။ ကျွန်ုပ်တိုသည် ဘုရား သခင်၏ နှုတ်ထွက်စကား တော်ကို ဟောပြော၍ ဂရုစိုက်ကြည့်ရှုစောင့်ရှောက်မှုကို ပြုရမည်ဖြစ်သည်။ ဧဝံဂေလိတရား၌ စကားပြောခြင်း နှင့် တက်ကြွစွာ ပါဝင် လုပ် ဆောင်ခြင်းသည် ရပ်နီးရပ်ဝေး၌ရှိသော လောကီသားတိုအားအသိပေးရန်လိုသည်။
ဂရုစိုက်ကြည့်ရှုစောင့်ရှောက်ခြင်းအမှုကိုပြုသောအသင်းတော်၌ အနည်းဆုံး ဂရုစိုက်နည်း(၉)မျိုးရှိသည် ဟု ယူဆရသည်။ အသင်းတော်တစ်ပါးစီသည် တစ်မူ ထူးခြားမှုရှိသည်ကို မှတ်သားရန်အရေးကြီးသည်။ အောက်ပါအချက်တို့က သင်နေထိုင် သောနေရာနှင့် သင် အမှုတော်ဆောင်ရွက်ပြီး ဝတ်ပြုသည့် ယုံကြည်သူလူစု၌ရှိသော ဓလေ့ထုံးစံယဉ်ကျေးမှုနှင့် ကိုက်ညီစေရန် ပြုပြင်မွမ်းမံရမည့်အရာများ ဖြစ်သည်။
၁။ ကြည့်ရှုစောင့်ရှောက်ခြင်းကိုပြုသော အသင်းတော်၌ မိမိသခင်၏အုပ်စိုးမှုကို ဝန်ခံပြီး၊ သမ္မာကျမ်း သွန်သင်ချက်နှင့်အညီ အသက်ရှင်ရန်နှင့် ဝတ်ပြုကိုးကွယ် နည်းကိုရှာသော ယေရှုခရစ်တော်ကို ယုံကြည်သည့် ယုံကြည်သူများ ပါ သည်။ ကြည့်ရှုစောင့်ရှောက်ခြင်းကိုပြုသော အသင်းတော်၏ အသင်းသားတို့ ဧဝံဂေလိလုပ်ခြင်း၊ တပည့်တော်ဖြစ်စေခြင်းနှင့် ယုံကြည်သူအချင်းချင်း တည်ဆောက်ခြင်း၊ အိမ်၌လည်းကောင်း၊ အဝေး၌လည်းကောင်း မစမှုပြုခြင်းစသည် တိုကို လုပ်ဆောင်သည်။
၂။ သင်းအုပ်ဆရာအပါအဝင် ကြည့်ရှုစောင့်ရှောက်ခြင်းကိုလုပ်သော အသင်းတော် ဦးဆောင်မှု၌ ဘုရားသခင်၏လူအဖြစ် ကြီးထွားရန်ကြိုးစားသော အခြားသောလူတိုအပေါ်၌ စစ်မှန်သော နွေးထွေးမှုနှင့်ဝန်တာဖြစ်မှုကို ပြသသောသူ များပါဝင်သည်။ လူပုဂ္ဂိုလ်အပေါ်၌ ထိုသိုသော စိတ်ဝင်စားမှုကို စကားနားထောင်ခြင်း၊ အားပေးခြင်း၊ မစခြင်းနှင့်လမ်းပြခြင်းစသည်အားဖြင့် ဖော်ပြကြ သည်။ ထိုအရာအားလုံးသည် နားလည်ပေးခြင်းနှင့်ကိုယ်ချင်းစာနာမှုစသောအရာတို၌နေရာယူသည်။
၃။ ကြည့်ရှုစောင့်ရှောက်ခြင်းကိုပြုသော အသင်းတော်၌ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်သည် ခရစ်တော်ဗဟိုပြုခြင်းနှင့်ကိုးကွယ်သောသူတို၏လိုအပ်မှုများအ ပေါ် ဝန်တာဖြစ်ခြင်းတိုကို တိုးတက်ရှင်သန်စေသည်။ သူတိုကို ကြိုဆိုကြောင်း နှင့်ဝတ်ပြုခြင်း၌ ပါဝင်သောသူများကို လူများသိရှိခံစားရန် ဖော်ပြရသည်။ တရားဟောဆရာက တရားဟောချက်ပြင်ဆင်သောအခါ၊ တရားဟောသော အခါ၊ သင်ကြားသောအခါတိုတွင် အသင်းတော်ရှိ လူတို၏ လိုအပ်မှုကို သမ္မာ တရားနှင့်အညီ တိုက်တွန်းလမ်းညွှန်နိုင်ရန် ရည်ရွယ်၍လုပ်ရသည်။ ဆုတောင်းချက်တင်ရန် မိမိ၏လိုအပ်ချက်နှင့်စိတ်ပူပန်ကြားကြသောအရာတိုကို ပြောပြ သို ရမည့်အခွင့်အရေးကိုပေးရသည်။
၄။ ကြည့်ရှုစောင့်ရှောက်ခြင်းကိုပြုသော အသင်းတော်သည် အသင်းသားတို၏ဝန်တာကို အချင်းချင်း ထမ်းရွက်ပေးကြဖို့နှင့် အချင်းချင်းတို၏ အစေကိုခံကြဖို့ အခွင့်အရေးများကိုလည်း ပေးရသည်။ ဤအရာက သင်းအုပ်ဆရာနှင့် အသင်းသားတို့သည် လက်တွဲလုပ်ဆောင်ခြင်း၌ ပါဝင်လုပ် ဆောင်စေသည်။ အချင်းချင်းအပြန်အလှန်ထောက်ပံ့သော အမှုတော်လုပ်ငန်း၌ပါဝင်ရန် အခွင့်ရရှိစေ သည်။ ယုံကြည်သူတိုသည် မကြာမီ ရပ်ကွက်ထဲသို ပြောင်းရွှေ့လာသူများထံ လည်းကောင်း၊ ဖျားနာသောသူ၊ ဝမ်းနည်းခြင်းကိုခံစားသောသူ၊ မိသားစု သောသူ၊ အထီးကျန်လွမ်းဆွတ်သောသူ၊ ဆင်းရဲသောသူ၊ မယုံကြည်သော သူနှင့်အဖွဲ့အစည်းများ၌ရှိသော သူများထံသို့ ရောက်အောင်သွား ရသည်။ အသင်းတော်ထဲရှိ တစ်ဦးတစ်ယောက်အနေနှင့်လည်းကောင်း၊ အဖွဲလိုက် နှင့်လည်းကောင်း၊ အသင်းတော်နှင့်ရပ်ကွက်ထဲ၌ရှိသော လူတို၏လိုအပ်သိရှိ၍ဖြည့်ဆည်းပေးရန် ကြိုးစားကြသည်။
၅။ ဂရုစိုက်ကြည့်ရှုစောင့်ရှောက်နေသော အသင်းတော်ထဲတွင် လူတို့သည် အဖွဲ့လိုက် ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်းနှင့်ဧဝံဂေလိတရားအကြောင်း သက်သေခံကြသည်။ ထိုအဖွဲ သည် တစ်ယောက်စီ၏ပြဿနာများနှင့် ခံစားချက်တို့ကို ဝေငှရန်အခွင့်ပေးသည်။ ။
၆။ ဂရုစိုက်ကြည့်ရှုစောင့်ရှောက်သော သင်းအုပ်ဆရာတို့သည် သမ္မာကျမ်းနှင့်ပတ်သက်၍လည်းကောင်း၊ ခရစ်ယာန်ဓမ္မပညာရေးကိုလည်းကောင်း သိကျွမ်း လည်ကြသော်လည်း လေ့လာသင်ယူနေ သူတိုအတွက် နက်ရှိင်းစွာ ဝန်တာဖြစ် မှုတစ်ခုလည်းရှိကြသည်။ ဤအရာတို့သည် ကျွန်ုပ်တို့၏နေ့စဉ် လိုအပ်မှုတို့ကို ယေရှုခရစ်တော်ပေးနိုင်ပုံကို သက်သေထူရန် ကြိုးစားကြသည်။
၇။ ဂရုစိုက်ကြည့်ရှုစောင့်ရှောက်သော အသင်းတော်သည် ခရစ်ယာန်သာသနာလုပ် ငန်းများအတွက် နက်ရှိင်းစွာဝန်တာဖြစ်မှုနှင့်ရပ်ကွက်ထ၌ရှိသူများ တခြား နေရာ၌ရှိသောလူတိုထံသို ဧဝံဂေလိတရားကို ယူဆောင်သွားလိုသောဆန္ဒရှိ ကြသည်။ အသင်းသားတိုသည်လည်း ကယ်တင်ခြင်းစိတ်ချမှုရရှိကြရန်နှင့် လူမှုရေးလုပ်ငန်းနှစ်ခုစလုံးအပေါ်၌ ဝန်တာဖြစ်ကြသည်။
သူတို့သည် လူသားတို၏လိုအပ်မှုအတွက် စိုးရိမ်ပူပန်ပေးကြောင်း လက်တွေ့ပြသကြ သော်လည်း ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ရရှိသော ကယ်တင်ခြင်းသတင်းကောင်းကိုလည်း အဓိကထား၍ပြောကြသည်။ ဂရုစိုက် ကြည့်ရှုစောင့်ရှောက်ခြင်းရှိသော အသင်းတော်ရှိလူတိုသည် သူတို၏ ခရစ်ယာန်သာသနာလုပ်ငန်း၌ ဧဝံဂေလိလုပ်ရန် ကြိုးစားသည့် ဒေသခံလူတို့ ၏ ရိုးရာဓလေ့ ထုံးစံများနှင့် အမြင်တိုကို နားလည်ရန်ကြိုးစားကြသည်။ ပေါလုသည် အေသင်မြိုရှိ မယုံကြည်သူတို့ အပေါ် ခရစ်ယာန်သာသနာပြု သကဲ့သို သူတိုသည် တရားတော်ကို အပေးအယူမလုပ်ဘဲ သူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံကိုနားလည်ရန် ကြိုးစားကြပြီး သူတို ဟောပြောသော တရားတော်ကို နားလည် နိုင်မည့်နည်းလမ်းများဖြင့် ဆီလျော်အောင် ဟောပြောကြသည်(တမန်၊၁၇း၁၆-၂၄)။
၈။ လူတို့သည် သူတို၏ ကတိကဝတ်ပြုခြင်းကို လက်ဆုပ်လက်ကိုင်ပြသနိုင်ရန်ဂရုစိုက်ကြည့်ရှုပြုစုသော အသင်းတော်သည် ဘဏ္ဍာစိုးလုပ်ငန်းနှင့် အစေခံခြင်း ဖြင့် လုပ်ငန်းအတွက် အခွင့်အရေးများ ကိုပေး သည်။
၉။ စောင့်ရှောက်နေသော အသင်းတော်သည် ၎င်း၏ဦးဆောင်မှုနေရာတို့ကို ပြောဆိုခြင်းနှင့် အသက်တာ အားဖြင့် ရင့်ကျက်သော ခရစ်တော်၏ တပည့်တော်များဖြစ်ကြောင်းကိုလည်းကောင်း ကြည့်ရှုစောင့် ရှောက်ခြင်း၌ ဝန်တာဖြစ်ကြောင်းကိုလည်းကောင်း ရှင်းလင်းစွာ ပြသသောလူတိုနှင့်ဖြည့်စွက်ရန် ကြိုးစားသည်။
၁ပေ ၂း၅ ၌ အသင်းတော်ကို အသက်ကျောက်များအဖြစ် ဖော်ပြထားသည်။ သန့်ရှင်းသောယဇ် ပုရောဟိတ်များအဖြစ်လည်း ဖော်ပြထားသည်။ အုတ်ခဲတစ်ခဲ့သည် အသုံးမဝင်ပါ။ အဆောက်အဦ တစ်ခုဖြစ် လာစေရန် အခြားသောအုတ်ခဲ များနှင့် ပေါင်းသောအခါမှသာလျှင် တန်ဖိုးရှိလာသည်။ ခရစ်ယာန်တစ်ဦး ချင်းသည် သာ ထိုနည်းတူဖြစ်သည်။ ကျွန်ုပ်တို ခန္ဓာကိုယ်တစ်ခုထဲ၌ရှိရန် ဝိညာဉ်အိမ်တစ်လုံးကို “သူများ တည် ဆောက်ရန်အလိုငှါ အခြားယုံကြည်သူတိုနှင့် ပေါင်းစပ်သောအခါ မိမိ၏နေရာအစစ်အမှန်ကို တွေ့ရှိကြသည်။
သို့သော်လည်း ယုံကြည်သူတိုသည် ယဇ်ပုရောဟိတ်များလည်းဖြစ်ကြသည်။ ယဇ်ပုရော ဟိတ်ဆိုသည်မှာ ဘုရားသခင်ထံသို ချဉ်းကပ်သောသူ၊ အခြား သောသူတိုကို ဘုရားသခင်ထံသို ခေါ်ဆောင် လာသောသူ ဝိညာဉ်ရေးရာယဇ်တိုကို ပူဇော်သောသူဖြစ် သည်။ ခရစ်ယာန်တိုသည် ဓမ္မဟောင်း ယုံကြည် သူများနည်းတူ တိရစ္ဆာန်အသွေးဖြင့် ယဇ်မပူဇော်တော့ပါ။ ယနေ့တွင် ကျွန်ုပ်တို၏ခန္ဓာကိုယ်ကို အသက်ရှင် သောယဇ်၊ သန့်ရှင်းသောယဇ်အဖြစ် ပူဇော်ရန်ဖြစ်သည်(ရောမ၊၁၂း၁၁)။ ကျွန်ုပ်တိုသည် နှုတ်ခမ်းအားဖြင့် “ချီးမွမ်းခြင်းယဇ်ကိုပူဇော်”သောအခါ (ဟေဗြဲ၊၁၃း ၁၅) ဘုရားသခင်ကို နှစ်သက်ကျေနပ်စေသည်။ ကောင်းသော အရာကိုလုပ်ပြီး ဝေငှ ပေးကမ်းသောအခါ၌လည်း ကိုယ်တော်ကို ကျေနပ်နှစ်သက်စေသည်။ ထိုသို့သော ယဇ်များအပေါ်၌ ကိုယ်တော်အလွန်ကျေနပ်သည်(ဟေဗြဲ၊၁၃း၁၆)။ ယုံကြည်သူ အစုအဖွဲ့တို့က နှုတ်အားဖြင့် လည်းကောင်း၊ လက်တွေ့အားဖြင့်လည်းကောင်း၊ ကြည့်ရှုစောင့်ရှောက်သည်ဟုပြောခြင်းကို အသင်းတော်၌ ကိုယ်တော် ဖြစ်စေလိုသောအရာဖြစ်ပါသည်။
ကြည့်ရှုစောင့်ရှောက်ခြင်းနှင့် ဆွေးနွေးလမ်းညွှန်ခြင်းသည် မည်သိုဆက် နေပါသနည်း
ကြည့်ရှုစောင့်ရှောက်ခြင်းကို စံနမူနာအဖြစ်မထား အသင်းတော်ဦး သူတို့ကလည်း အားမပေးပါက မည်သည့်အသင်းတော်သည် ကြည့်ရှုစောင့်ရှောက်သော အသင်းတော်ဖြစ်လာမည်မဟုတ်ပါ။ ယေရှုသည် ကြည့်ရှုစောင့်ရှောက်ရေး စံပြခေါင်းဆောင်တစ်ပါးဖြစ်သည်။ ကိုယ်တော်သည် ကောင်းသောအရာကိုလုပ် တရားဟောဖို၊ အနာရောဂါငြိမ်းစေဖို၊ ဆင်းရဲသောသူတိုကို မစဖို လှည့်လည် လာသည်။ သခင်၌ ဤသို့သော အရာရှိသည်ကို တပည့်တော်များက ကြည့်နေ သည်။ သူတိုကို စေလွှတ်သောအခါ သူတိုသည်လည်း ကြည့်ရှု စောင့်ရှောက် အစေခံများ တစ်ဖန် ဖြစ်လာကြသည်။ အခြားသူတိုကို ကြည့်ရှုစောင့်ရှောက် သူတို့သည် စံနမူနာပြသသည်။ မကြာမီမှာ နုနယ်သောအသင်းတော်သည် လူတို ကြည့်ရှုစောင့်ရှောက်သော အဖွဲအစည်းတစ်ခုအဖြစ် နာမည်ထင်ရှားလာသည်။
ယေရှုနှင့်ယုံကြည်သူတစ်ဦးသည် လူတိုကို နည်းအမျိုးမျိုးနှင့် ကြည့်ရ စောင့်ရှောက်ကြသည်။ ဝမ်းနည်းသောသူတိုကို နှစ်သိမ့်၍ သက်သာစေကြသည်။ ဖျားနာသောသူကို ပြုစုကြသည်။ ဆာက်သောသူကို ကျွေးမွေးကြသည်။ စိတ် မသန်သောသူတိုကို လှုဆော်ကြသည်။ ယုတ်မာသောငွေလဲလှယ်သူတိုကို မောင်း ထုတ်သည်။ စိတ်ဓာတ်ကျသောသူတိုကို အားပေးသည်။ ဆင်းရဲသားများအတွက် ဆုတောင်းပေးသည်။ သူငယ်တိုကို ပွေ့ချီသည်။ တပည့်တော်တိုကို သွန်သင်သည်။ သင်ယူလေ့လာ သောသူများကို သွန်သင်သည်။ သူတိုသည်လည်း ဝိညာဉ်ရေးရာ နှင့် စိတ်ဓာတ်ရေးရာ၌ ပြဿနာရှိသောသူတိုကို ဆွေးနွေးလမ်းညွှန်သည်။
ဆွေးနွေးလမ်းညွှန်ခြင်းကို အသက်မွေးဝမ်းကျောင်းအနေနှင့် လုပ်ကိုင် သောသူတိုသည် နှစ်ပေါင်း ကြာမြင့်စွာ Freud၏သွန်သင်ချက်စိုးမိုးမှုကို ခံကြရ သည်။ Freud သည် သူ၏ဆွေးနွေးလမ်းညွှန် မှုပြုသော ရုံးခန်းထဲ၌ တစ်ဦးချင်းကို တွေ့ဆုံသည်။ သူသည် မိသားစုများကို ဆွေးနွေးလမ်းညွှန်ခြင်း သိုမဟုတ် လူတိုကို အဖွဲလိုက်ကူညီမစခြင်း၌ စိတ်ဝင်စားခြင်းမရှိချေ။ သူသည် အသင်းတော် ဝတ်ပြု အစီအစဉ်များသို့ ကလေးငယ် အရွယ်မှစ၍ တက်ရောက်ပြီး ပဲရစ်၌နေထိုင်သော အချိန်တွင် လူငယ်ဆရာဝန်တစ်ယောက်အနေနှင့် Natre Dame ကျောင်းတော်ကြီး သို သွားရောက်လည်ပတ်သော်လည်း အသင်းတော်အပေါ်၌ စိတ်ဝင်စားမှုမရှိသည် မှာအမှန်ဖြစ်သည်။ Freud အတွက် ဆွေးနွေးလမ်းညွှန်ခြင်း၌ လူနှစ်ဦးသာ ပါဝင် သည်။ တစ်ဦးမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နောက်တစ်ဦးမှာ ဆွေးနွေးလမ်းညွှန်မှုခံယူ သူပင် ဖြစ်သည်။
Freud ၏သီအိုရီတိုကို သင်းအုပ်ဆရာများစွာက လက်မခံကြသော်လည်း လမ်းညွှန်ခြင်း၌ လူနှစ်ဦးသာ ပါဝင်ပြီး၊ ရုံးခန်းတစ်ခန်း၌ လုပ်ရခြင်းသည် ဒ၍ ကောင်းသည်ဟူသော သူ၏အမြင်ကိုလက်ခံကြသည်။ ဆွေးနွေးလမ်းညွှန်ခြင်း လုပ်ငန်းကို ရေးသားသော ကနဦးစာအုပ်တိုက်သည် ဆွေးနွေးလမ်းညွှန်ခြင်း၌ လက်ထပ်သော ဇနီးမောင်နှံ၊ မိသားစုများ၊ အဖွဲငယ်များ ပါဝင်သည်ကို အသိအမှတ် ပြုရေးသားဖို့ ပျက်ကွက် ကြသည်။ ယေရှုသည် သူ၏အမှုတော်လုပ်ငန်း၏ ၏ ကဏ္ဍတစ်ခုအနေနှင့် လူတိုကို သွန်သင်အကြံပြုသည်။ သူ၏ကြည့်ရှုစောင့်ရှောက် ခြင်းလုပ်ငန်း၌ ဆွေးနွေးလမ်းညွှန်ခြင်းပါဝင်သော်လည်း ကန့်သတ်မှုရှိသည်။
နောက်အခန်းများတွင် အတိုင်ပင်ခံပုဂ္ဂိုလ်များထံသို လူများ ယူဆောင်လာကြသည့် အထူးပြဿနာ အချို့ကို ကျွန်ုပ်တို့ စဉ်းစားကြရမည်ဖြစ်သည်။ ဤအရာတို့ကို ဒေသန္တရအသင်းတော်၌ တက်ကြွစွာပါဝင်ပြီး ကြည့်ရှုစောင့်ရှောက်ခြင်း၌ ဝန်တာဖြစ်သောသူများ၊ မေးမြန်းလိုသူများ၊ လိုအပ်မှုရှိသောသူများနှင့် သီးသန့်
သို့မဟုတ် အဖွဲ့ငယ်အနေနှင့် မကြာခဏ တွေ့ဆုံသောသူအားဖြင့် ဖြေရှင်းကိုင်တွယ် ကို လေ့ရှိသည်။ တစ်ခါတစ်ရံ လိုအပ်မှုတိုကို သီးသန့်လေ့ကျင့် ပေးထားသည့် တွင် ဆွေးနွေးလမ်းညွှန်ခြင်း၌ အသက်မွေး ဝမ်းကျောင်းပြုသောသူများက ရရှိစေသည်။
ဤအသင်းတော်သည် ဖျော်ဖြေမှုကိုခံရမည့်၊ စိတ်ပိုင်းဆိုင်ရာ နိုးကြားစေ မည့်၊ ဝိညာဉ်ရေးရာ ငြိမ်းချမ်းစေမည့်နေရာ၊ ဌာနတစ်ခုမကပါ။ ဒေသန္တရ ယုံကြည် သူများ အသင်းတော်မှာ အချင်းချင်းကြည့် ရှုစောင့်ရှောက်နေကြောင်း လူများမြင် သည့်နေရာ၊ အသင်းတော်၏အတွင်းအပြင် လိုအပ်မှုကို ပြောပြသော နေရာ၊ ကြည့်ရှုစောင့်ရှောက်ခြင်းလုပ်ငန်း၌ ပါဝင်ခွင့်ပေးထားသောနေရာ၊ အချင်းချင်း ဆုတောင်း တနေရာ၊ ဘုရားသခင် နှုတ်ထွက်စကားတော် သွန်သင်ချက်ကို ကြားသည့် သနားခြင်း၊ ဂရုစိုက်ခြင်းကို ပြုကြရန် နှိုးဆော်သောနေရာ ဖြစ်သည်။ ဆွေးနွေးလမ်းညွှန်ခြင်းသည် ဤသို့သော လူမှုအသိုင်းအဝိုင်းတစ်ခု၏ အသီး အပွင့်ဖြစ်သည်။ မေတ္တာကရုဏာတရားကြီးမားသော ယုံကြည်သူတို့၏ အသိုင်းအဝိုင်း၌ အခြေပြု ဆွေးနွေး လမ်းညွှန်ခြင်းသည် အထိရောက်ဆုံးဖြစ်သည်။
အခန်း(၉)
လက်ထပ်ထိမ်းမြားခြင်းနှင့် ခရစ်ယာန်အတိုင်ပင်ခံလုပ်ငန်း
Marriage and Christian Counseling
လက်ထပ်ထိမ်းမြားခြင်းနှင့် မိသားစုအရေးကြီးပုံကို သမ္မာကျမ်း၌ ထပ်ခါ ထပ်ခါ ပြောပြပါသည်။ ကျမ်း(၆၆)ကျမ်းစလုံး၌ မိသားစုများအကြောင်းကို ဖော်ပြ ထားပြီး၊ အောင်မြင်သောမိသားစုဖြစ်လာရန် လမ်းညွှန်ချက်များကို တွေ့ရသည် (ဧဖက်၊ ၅း၂၂-၆၄ကို အထူးကြည့်ပါ)။ မိသားစုဆက်ဆံပုံနှင့်ပတ်သက်၍ နမူနာ များစွာလည်းရှိသည်။ သမ္မာကျမ်းက အာဗြဟံ၊ ဣဇာက်၊ ယာကုပ်၊ ယောသပ်၊ မောရှေ၊ ရှမွေလ၊ ဒါဝိဒ်၊ ဗတ္တိဇံ ဆရာယောဟန်နှင့် ယေရှုအပါအဝင် အခြားသော သူတို၏မိသားစု နောက်ခံသမိုင်းများကို ဖော်ပြသည်။ သခင် ဘုရားသည် တစ်ခါမျှ လက်ထပ်ထိမ်းမြားခြင်းမရှိခဲ့သော်လည်း လက်ထပ်ထိမ်းမြားခြင်းနှင့် မိသားစု အကြောင်း ကို ရှင်းလင်းစွာဖြင့် ထောက်ခံဖော်ပြသည်။ သူသည် သူ၏ပထမဦးဆုံးသော အံ့ဖွယ်နိမိတ်လက္ခဏာကို မင်္ဂလာဆောင်ပွဲတစ်ခု၌ပြုလုပ်ပြီး၊ ခရစ်ယာန် လက်ထပ်ထိမ်းမြားခြင်း၌ တစ်သက်လုံး တစ်သားတစ်ကိုယ် တည်း ပေါင်းသင်း ဆက်ဆံမှုပါဝင်ကြောင်း သွန်သင်သည် (မာကု၊၁၀:၅-၆)။
အနည်းငယ်သောသူတိုသည် ဤစံချိန်ကိုမှီကြသည်။ အာဒံနှင့်ဧဝမှ အစပြု၍ ဇနီးမောင်နှံတိုသည် ခေတ်အဆက်ဆက်၌ အိမ်ထောင်ပြဿနာများ ရှိခဲ့ကြသည်။ သမ္မာကျမ်း၌ မိသားစုပဋိပဍများစွာတိုကို ရေးမှတ် ထားသည်။ ယနေ့ တွင် များစွာသောတိုင်းနိုင်ငံတို၌ လင်မယားကွာရှင်းပြတ်စဲခြင်း၊ ကာမရာဂ သစ္စာမရှိခြင်း၊ သားသမီးများကို စွန့်ပစ်ခြင်းနှင့် မိသားစု၌ပျော်ရွှင်မှုမရှိခြင်း စသည် တိုသည် နေရာယူလာသောကြောင့် လူတိုသည် ကောင်းမွန်စွာ ထိမ်းမြားဆောင်နှင့် ခြင်းပြုရန်ပင် မကြိုးစားကြတော့ချေ။ သက်ဆုံးသည့်တိုင် အိမ်ထောင်ပြုခြင်းသည် ပျော်ရွှင်ခြင်းမရှိနိုင်ဟူ၍ ထင်မြင်ယူဆကြသည်။
အသင်းတော် ဦးဆောင်သူတိုသည် ဤစိတ်သဘောထားနှင့်ပြဿနာ တွေ့ကြရသည်။ သင်းအုပ်ဆရာနှင့် အတိုင်ပင်ခံလုပ်ငန်း၌ ကျွမ်းကျင် ယောက်က ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မရှိမဖြစ် အရေးကြီးဆုံး ကျွမ်းမှုမှာ လက်ထပ်ထိမ်းမြားခြင်းပြဿနာကိုအောင်နိုင်သည့်စွမ်းရည် ဟု မှတ်ချက်ချသည်မှာ အံ့သြစရာ ပင်မဟုတ်ပါ။ မည်သိုပင်ဆိုစေကာမူ သည် ခက်ခဲနိုင်ပါသည်။ လင်မယားစုံတွဲ၊ အသိုင်းအဝိုင်းနှင့် လူ့ဘောင် တစ်ခုစီ၌ မိမိ၏လက်ထပ်ထိမ်းမြားခြင်း ဓလေ့နှင့်အမြင်တစ်ခုစီရှိကြ အချိုသောနေရာ၌ လက်ထပ်ထိမ်းမြား ခြင်းနှင့်ပတ်သက်သော အဓိပ္ပါယ် ဖွင့်ဆိုချက်သည်ပင်လျှင် ခြားနားပါသည်။
လက်ထပ်ထိမ်းမြားခြင်းနှင့်ဆိုင်သော ဆွေးနွေးလမ်းညွှန်မှု မစတင်မီ ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ် အနေနှင့် လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်၍ ထိုဒေသ၏အမြင်နှင့် လက်ထပ်ထိမ်းမြားခြင်း၊ မိသားစု အသက်တာနှင့်ဆိုင်သော ဓမ္မသစ်ကျမ်း၏ သွန်သင်ချက်နှစ်ခုစလုံးကို နားလည်ရပါမည်။
မဂ်လာရက်မတိုင်မီ လမ်းညွှန်မှု၏သဘောသဘာဝ The Nature of Premarital Counseling
လက်ထပ်ထိမ်းမြားခြင်းနှင့်မိသားစုအတွက် စတင်၍ ဆွေးနွေးလမ်းညွှန်ရ မည့်အချိန်မှာ ပြဿနာ မပေါ်မီအချိန်ဖြစ်သည်။ မင်္ဂလာဆောင်ခြင်းအတွက် ပြင်ဆင် ရန် ကလေးအရွယ်၌ပင် အစပြုရမည်ဖြစ်သည်။ မိဘများသည် ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံခြင်းရှိကြပါက၊ ကလေးငယ်တိုသည် စိတ်နေစိတ်ထားနှင့်ပြုမူ ကြရမည့်နည်းကို သင်ယူသည်။ ထိုအရာက အသက်အရွယ်ရောက်လာသော အခါ ကောင်းသောအိမ်ထောင် တည်ဆောက်ရန် စွမ်းဆောင်စေသည်။
အိမ်၌ မည်သည့်အရာကိုမြင်သည်ဖြစ်စေ လက်ထပ်ရန်ဆုံးဖြတ်ချက် သည် အဓိကအရေးကြီးသော အရာဖြစ်ပြီး၊ စုံတွဲများစွာတိုသည် မိမိတို့၏ ကနေ့ကို စိတ်အားကြီးမှုနှင့်တုန်လှုပ်စွာ ချဉ်းကပ်ကြသည်။ ဤအရေးကြီး ” ကူညီခြင်းအားဖြင့် အသင်းတော် ဦးဆောင်သူသည် အနာဂတ် ခြင်းအတွက် ထူးဆန်းသော အထောက်အကူဖြစ်စေနိုင်သည်။
မင်္ဂလာရက်မတိုင်မီ ဆွေးနွေးလမ်းညွှန်ခြင်း၏ ရည်မှန်းချက်ပန်းတိုင် The Goals of Premarital Counseling
မင်္ဂလာရက်မတိုင်မီ ဆွေးနွေးလမ်းညွှန်ခြင်းက တစ်ဦးစီ၊ လင်မယားစုံ နှင့် တစ်ခါတစ်ရံ သူတို၏ မိသားစုများကို ပျော်ရွှင်အောင်မြင်သောအိမ်ထောင်ဖြင့် မစရန် ဖြစ်သည်။ ကြိုတင်ကာကွယ်ခြင်းသည် ရောဂါကိုကာကွယ်ရန်နှင့် လူတိုကို ကျန်းမာစေရန်ဖြစ်သကဲ့သို မင်္ဂလာရက်မတိုင်မီ လမ်းပြသွန်သင်ချက်က အိမ်ထောင် ၏အခက်အခဲများကို ကြိုတင်ကာကွယ်ရန်နှင့် ကျေနပ်ဖွယ်ကောင်းသော လင် မယားဆက်ဆံရေးကို တည်ဆောက်ပေးရန်ကူညီသည်။ မင်္ဂလာရက်မတိုင်မီ လူများ အား ဆွေးနွေးလမ်းညွှန်ရာ၌ အနည်းဆုံးပန်း တိုင်ငါးခုကို စဉ်းစားလေ့ရှိသည်။
မိသားစုဆက်ဆံရေးနှင့်ဆိုင်သော ဓမ္မသစ်ကျမ်း၏သွန်သင်ချက်များ
က။ လင်နှင့်မယား
၁။ လင်မယားဆက်ဆံခြင်းကို ဘုရားသခင်စီစဉ်တော်မူသည်။
(က)။ ယေရှု၏သွန်သင်ချက်များ။ က၊၂:၂၄ ကိုရည်ညွှန်း၍ မာကု၊၁၁:၂ ၁၂။ မဿဲ၊၁၉:၃-၁၂။
(ခ)။ ပေါလု၏သွန်သင်ချက်များ။ ၁ကော၊၇၂။ ၁တိ၊၆:၃ (ဆန္ဒချိုးနှိမ်ခြင်း ကို ပြစ်တင်ရှုတ်ချ)
(ဂ)။ အခြားသောသွန်သင်ချက်များ။ ဟေဗြဲ၊၁၃၄။
၂။ လင်မယားဆက်ဆံခြင်း အသက်တာ။ ဟေဗြဲ၊၁၃၄။ ၁ကော၊၇:၁-၅။ (ခဏတာအတွင်း ဆုတောင်းရန်ရည်ရွယ်၍ တစ်ယောက်နှင့်တစ်ယောက် သဘောတူခြင်းမှအပ လင်မယားအကြား ရှောင်ကြဉ်သည့် အလေ့အထမရှိစေရ။ ဤအရာသည် နှစ်ဦးသဘောတူခြင်းမှဖြစ်သည်။ အမိန့်မ ဟုတ်ပါ။ ၁ကော၊၇း ၃၄-၃၅ အခြေအနေအချိုတိုကြောင့် ပေါလုသည် မင်္ဂလာဆောင် ခြင်းကို ဆန့်ကျင်၍ အကြံပေးခြင်းကိုပြုသော်လည်း၊ သူသည် ယောက်ျား အပေါ်၌ ထားရှိရမည့် ဇနီးကောင်း တစ်ယောက်၏ စိတ်နေစိတ်ထား၊ စစ်မှန်သောပုံရိပ်တစ်ခုကို ပြောပြခြင်းဖြစ်သည်။ ဧဖက် ၅း၂၁-၃၃ (ဤနေရာ၌ ပေါလုသည် အသင်းတော်ကို ရည်ညွှန်း လိုခြင်းဖြစ်သော်လည်း လင်မယားဆက်ဆံခြင်း နှင့်ပတ်သက်သည့် သူ၏မြင့်မားသော ခံယူချက်သည်ထင်ရှား၏)။ ကော တိတု၊၂:၄-၅၆။
၃။ လင်မယား ကွာရှင်းပြတ်စဲခြင်းနှင့်ဆိုင်သော မေးခွန်းများ ၁၂။ မဿဲ၊၁၉:၃-၁၂။ မာကု၊၁၀:၂-၁၂။ လုကာ၊၁၆း၁၈။ ၁ကော ၇း၁၀- ၁၇ (ကောရိပထမစာစောင်၌ ခရစ်ယာန်မဟုတ်သောသူနှင့် ခရစ်ယာန် တစ်ယောက် လက်ထပ်ခြင်းအမှု၌ မလိုလားအပ်သော အခြေအနေမှအပ မင်းပြတ်စဲခြင်းကို မထောက်ခံပါ။ ထိုကိစ္စ၌ ထိုသူသည် ၇း၁၀-၁၁ အရ ချည်နှောင်ခြင်းခံရသော်လည်း ခရစ်ယာန်သည်လွတ်၏။
၄။ ကွာရှင်းပြတ်စဲပြီးနောက် တစ်ဖန်အိမ်ထောင်ပြုခြင်း။ မာကု၊၆း၁၇-၁၉။ (ဝတ်၊၂၀-၂၁ ကိုးကားသည်)။ ၁ကော၊၁၅။ ၁တိ၊၃:၂၊၁၂။ တိ၊၁း၆။ လု၊၁၆း၁၈။ မဿဲ၊၅:၃၂၊ ၁၉း၉။
၅။ လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်၍ ယူဆချက်များအပေါ် မေးခွန်းများ။
(က)။ ခရစ်ယာန်နှင့် ခရစ်ယာန်မဟုတ်သောသူ အိမ်ထောင်ပြုခြင်းကိုတားမြစ်သည်။ ၂ကော၊၆:၁၄။ ၁ကော၊၇:၃၉။
(ခ)။ အချိုအခြေအနေအရ လက်ထပ်ခြင်းကို အကြံပေး၍မရ။ ၁ကော၊ ၂၅-၂၈ (အခြေအနေကို မရှင်းပြပါ။ ၇:၂၆ ၌ဖော်ပြထားသည်။ ပေါလု၏ဆိုလိုချက်မှာ ခရစ်ယာန်၏ ဆက်လက်၍ အိမ်ထောင်မပြုဘဲ ဘုရားသခင်၌ ဆည်းကပ်ရန် ဆိုလိုခြင်းဖြစ်ဟန်ရှိသည်။)
(ဂ)။ မုဆိုးဖို မုဆိုးမများ အိမ်ထောင်ပြုခြင်းအခွင့်ကိုပေးသော်လည်း တိုက်တွန်းအားပေးခြင်းမရှိပါ။ ၁ကော၊၇၈-၉၊၃၉-၄၀။ ရောမ၊၇၁၄။ (ဤကျမ်းပိုဒ်သည် အခြားသောအချက်တစ်ခုကို ရှင်းပြခြင်း ဖြစ်သည်။)
(ဃ)။ မုဆိုးမနှင့်မုဆိုးဖို့အချို့ အပါအဝင် လူအချို့တို့ အိမ်ထောင်ပြုရန် သင့်လျော်သည်။ ၁ကော၊၇၁-၂၇-၉။ ၁တိ၊၅:၅-၁၁။
၆။ စေ့စပ်ကြောင်းလမ်းခြင်း၊ လက်ထပ်ခြင်းနှင့်လင်မယားဆက်ဆံခြင်းနှင့်ဆိုင် သည့် အခြားသော ရည်ညွှန်းချက်တိုမှ သရုပ်ဖော်ခြင်းသာဖြစ်သည်။ မာကု ၂း၊ ၁၉-၂၀။ ယော၊ ၂။
ခ။ မိဘနှင့်ကလေး
၁။ မိဘ၏တာဝန်။ ၂တိ၊၁:၅။ ဧဖက် ၆:၄။ ကော၊၃:၂၁။ လု ၊၁၁း၁၁-၁၃။ ၂ကော၊ ဧဖက်၊၅:၁။ လုကာ၊၂။ (ဓမ္မဟောင်းနှင့်ဓမ္မသစ်နှစ်ခုစလုံး၌ပါရှိ အခြားသောအရာများနည်း တူ ဤအခန်းသည် ဥပမာများနှင့် သွန်သင်)
၂။ ကလေး၏တာဝန်။ လုကာ၊၁၈း၂၀။ ဧဖက်၊၆:-၂-၃၊ ၆:၁။ ကော၊၃:၂၀။ မာကု၊၇၁၀-၁ မဿဲ၊၁၅: ၄-၆။ ကိုးကားချက်၊ ၁တိ၊၅:၁-၂။
ဂ။ မုဆိုးမများ ၊
၁တိ၊၅:၁၆။ ယာကုပ်၊၁:၂၇။ ၁တိ၊၅:၃-၇၊၉-၁ဝ။
ဃ။ အခြားသောသူများ
၁တိ၊၅း၁-၂။ (ညီအစ်ကိုများဟူသော အသုံးအနှုန်းသည် ဤဆက်ဆံရေး၏ အဓိပ္ပါယ်ကို ဖော်ပြသည်။ မာရိ၊ မာသ၊ လာဇရုတို၏အကြောင်း)
လက်ထပ်ရန် အဆင်သင့်ဖြစ်ဖို့ ဆုံးဖြတ်ခြင်း
လူတစ်ယောက်သည် လက်ထပ်ရန် အဆင်သင့်ဖြစ်သည်၊ မဖြစ်သည်ကို ဆုံးဖြတ်ရန် ပြည့်စုံသည့်ပုံ သေနည်းမရှိသော်လည်း သင်္ကေတများစွာရှိသည်။
၁။ လက်ထပ်ထိမ်းမြားခြင်း၏ အကြောင်းရင်းများ- စေ့စပ်ကြောင်းလမ်းထားသော မောင်နှံစုံတွဲတို၌ လက်ထပ်ရခြင်း၏အကြောင်းပြချက်များစွာရှိလိမ့်မည်ဖြစ် သည်။ ထိုအချက်များထဲတွင် ဘုရားသခင်၏လမ်းပြပိုဆောင်မှုဖြစ်သည်ကို သိခြင်း၊ ဘဝကြင်ဖော်ကို တောင့်တခြင်းနှင့် ကာမရာဂစိတ်ဖြေဖျောက်ဖိုနှင့် ချစ်ခြင်းမေတ္တာစသည်တို ပါဝင်မည်ဖြစ်သည်။ မည်သိုပင်ဖြစ်စေ ပြောပြ အကြောင်းရင်းတိုသည် လက်ထပ်ထိမ်းမြားခြင်းအတွက် မိုက်မဲခြင်းဖြစ်နိုင်ပါသည်။
ချစ်သူစုံတွဲအနေနှင့် လူမှုရေးဆိုင်ရာ တုံပြန်မှုတစ်ခု၊ မိဘ သို့မဟုတ် ကာမရာဂ၏ဖိစီးမှု ကြောင့်၊ မိဘ သို့မဟုတ် ယခင်ချစ်သူဟောင်းကို ကလဲ့စားချေရန် အတွယ်အတာမရှိ ချိုတဲ့မှုကို ရှောင်ရှားရန်၊ မပျော်ရွှင်သော အိမ်ထောင်မှ လွတ်မြောက်ရန်၊ အထီးကျန်မှုမှ လွတ်မြောက်ရန် စသည်တို့ကြောင့် လက်ထပ်မည် ဆိုပါက ကောင်းသောပေါင်းသင်းဆက်ဆံရေးရရှိရန် ခဲယဉ်းသည်။ လိပ်ပြာ မသန့်၍လည်းကောင်း၊ အနာဂတ်အပေါင်းအဖော်တစ်ယောက်အတွက် စိတ်မကောင်းဖြစ် ခြင်းကြောင့် လူတစ်ယောက်ကိုလက်ထပ်ခြင်းသည် အိမ်ထောင် တည်မြဲ အထောက်အကူမဖြစ်နိုင်ပါ။ ကိုယ်ဝန်ရှိခြင်းသည်လည်းအိမ်ေထာင်ပြုခြင်းအတွက် ကောင်းသောအကြောင်းပြချက် တစ်ခု မဟုတ်ပါ။
၂။ နောက်ခံတူညီခြင်း – နှစ်ယောက်စလုံး၌ ဝါသနာနှင့်တန်ဖိုးထားသည့်အရာ၊ နေမှုအဆင့်အတန်း၊ လူမျိုးရေးတူ၊ ပညာအရည်အချင်း၊ ယုံကြည်ချက်ချင်း စသည်တိုတူညီမှုရှိသောအခါ၌ အိမ်ထောင် သည်ပို၍ အောင်မြင်သကဲ့သို ဖြစ် သည်။ ဤတူညီချက်မရှိဘဲနှင့် အောင်မြင်သော ခရစ်ယာန်အိမ် ထောင်လည်း မရှိနိုင်သည်မှာ အမှန်ဖြစ်သည်။ သိုသော်လည်း စုံတွဲတိုသည် အဓိက ခြားနား ချက်များ ရှိကြသော်လည်း ကောင်းသောဆက်ဆံမှုကို တည်ဆောက်နိုင်ရန် ပို၍ ကြိုးစားကြရပါမည်။
၃။ အသက်အရွယ် – အိမ်ထောင်ပြုနိုင်သည့် အသက်အရွယ်အနေနှင့်ပတ်သက်၍ သတ်မှတ်ချက်သည် ဓလေ့ထုံးစံတစ်ခုနှင့်တစ်ခု မတူပါ။ အချိုသော လူ့အဖွဲ အစည်း၌ အလွန်ငယ်ရွယ်သော သတိုသား၊ သတိုသမီးတိုသည် ကောင်းသော လင်မယားဆက်ဆံပေါင်းသင်းခြင်းကို တည်ဆောက်နိုင်ကြသည်။ အရွယ် ရောက်ပြီး ရင့်ကျက်ပြီးနောက် အိမ်ထောင်ပြုခြင်းသည် ပို၍ကောင်းမွန်သည်။ ရင့်ကျက်မှုသည် အသက်အရွယ်ကြောင့် အလိုအလျောက် ဖြစ်လာသော်လည်း ပို၍ အသက်ကြီးလာလေ၊ ရင်းနှီးချစ်ခင်သော ပေါင်းသင်းဆက်ဆံမှုကို တည် ဆောက်နိုင်ပြီး၊ ဘဝ၏ပြဿနာတိုကို ထိရောက်စွာ ဖြေရှင်းနိုင်သည်။
အချို့သောနေရာ၌ အသက်အရွယ် ကွာခြားမှုသည်လည်း အရေးကြီး ကောင်းကြီးနိုင်ပါသည်။ လင်ယောက်ျားသည် ဇနီးထက် အသက်များစွာ ပိုကြီး ၍လည်းကောင်း၊ ပိုငယ်၍လည်းကောင်း ရှိသောအခါ ဝါသနာနှင့်ကာယပိုင်း ဆိုင်ရာ အားသန်မှုခြားနားခြင်းရှိတတ်သည်။ အသက်ပိုကြီးသော ယောက်ျား တစ်ဦး၏ဇနီးသည် ခင်ပွန်းသည်အပေါ် မိဘကဲ့သို ဆက်ဆံပြုမူ ဆောင်ရွက်တတ်သည်။
၄။ လက်ထပ်ထိမ်းမြားခြင်းအပေါ်၌ စိတ်သဘောထား။ အကယ်၍ တစ်စုံတစ်ဦး သည် ကာမရာဂဆက်ဆံခြင်းကို ကြောက်ရွံပါက သိုမဟုတ် စက်ဆုပ်ပါက၊ လက်ထပ်ရန် အလွန် ကြောက်ရွံခြင်းရှိပါက၊ ကလေးယူဖို့ မယူဖို့ အပေါ် ကာထားဆန့်ကျင်မှုရှိပါက၊ လက်ထပ်ထိမ်း မြားခြင်းအပေါ်၌ သတို့သား၊ သတိုသမီးတစ်ယောက်စီ၏အမြင်ခြားနားပါက၊ အနာဂတ်အတွက် ရည် ချက်ပန်းတိုင်နှင့် မျှော်လင့်ချက် ခြားနားမှုများရှိပါက၊ အကယ်၍ ရည်းစား ၌ မကြာခဏ ပဋိပက္ခ ဇာတ်လမ်းရှိခဲ့ပါက၊ ဤမတူညီချက်များ မဖြေရှင်းမီတိုင်အောင် မင်္ဂလာဆောင်မည့်နေ့ကို ရက်ရွေ့ခြင်းသည် မှန်ကန်သော ဆုံးဖြတ် ချက်ဖြစ်သည်။
၅။ အပြင်ပိုင်းဆိုင်ရာ အခြေအနေများ – တစ်ခါတစ်ရံ ငယ်ရွယ်သောသူ အိမ်ထောင် ပြုခြင်း တိုးတက်မှုကို ဟန့်တားစေနိုင်သော အခြေအနေများရှိသည်။ ထိုအ များထဲတွင် ပညာဆက်လက် သင်ကြားရေး၊ ငွေရေးကြေးရေးပြဿနာ၊ မိဘ ၏ထောက်ခံမှုမရခြင်း၊ ခရီးသွားရန် လိုအပ်မှုစသည် တို့ပါဝင်သည်။ အချို့ သည် ဤပြဿနာတို့ကို ချိန်ဆကာ အခက်အခဲများရှိရန် အလားအလာ ရှိသော်လည်း လက်ထပ်ရန် ဆုံးဖြတ်ကြသည်။ အခြားသောသူတို့မှာ စောင့်နေ ရန် ဆုံးဖြတ်ကြသည်။
၆။ ဝိညာဉ်ရေးရာ ရင့်ကျက်မှု – အခြားစဉ်းစားစရာများမှာ ခရစ်ယာန်မဟုတ်သောသူ၊ ယေရှုခရစ်တော် ကို သခင်အဖြစ် နာခံလိုခြင်းမရှိသောသူနှင့် ခရစ်ယာန် လက်ထပ်ထိမ်းမြားခြင်းမပြုကြရပါ။ ကျွန်ုပ်တိုသည် ယုံကြည်သူများဖြစ်လာသောအခါ ခရစ်တော်၌ မိမိကိုယ်ကိုပေးအပ်ပြီး၊ အလိုတော်ကိုရှာသည့် ဘုရား သခင်သားသမီးများ ဖြစ်ကြသည်။ ဘုရားသခင်အပေါ်မဟုတ်ဘဲ အခြားအရာ ပေါ်၌ စိတ်အားထက်သန်သောသူကို လက်ထပ်မိပါက ထိုအိမ်ထောင်သည် ဆင်းရဲဒုက္ခကိုခံစားရကာ ကျွန်ုပ်တို၏အစေခံခြင်းမှာလည်း လျော့နည်းသွား မည်ဖြစ်သည်။ ထိုကြောင့် ယုံကြည်သူ အချင်းချင်းလက်ထပ်ဖို အရေးကြီး သည်။ သိုမှသာ ခရစ်တော်၏အစေကို နှစ်ဦးစလုံး ခံနိုင်ကြမည်ဖြစ်သည်။
ယုံကြည်သူအချင်းချင်း လက်ထပ်ထိမ်းမြားခြင်းဖြင့် ဝိညာဉ်ရေးရာ၌ ရင့်ကျက် လာမည်ဟုမဆိုလိုပါ။ သိုသော်လည်း မယုံကြည်သူနှင့် မညီသော ထမ်းပိုးထမ်း ပါက ယုံကြည်သူသည် အခက်အခဲများ တွေ့ရမည်မှာသေချာသည်(၂ကော၆း ၁၄)
စိတ်ဖိစီးမှုအလားအလာကို ကြိုတင်မှန်းဆခြင်း ၊
နောက်ခံသမိုင်း၊အတွေ့အကြုံမတူသောမိသားစုမှ ဆန့်ကျင်ဘက် နှစ်ဦးသည် ဘဝကို အစပြုကြ သောအခါ ညှိနှိင်းရမည့်ပြဿနာအချိုရှိသည်။ ပြဿနာတိုကို လက်မထပ်မီ ကြိုတင်ခန့်မှန်းနိုင်ပါက ပို၍ လွယ်ကူမည်ဖြစ်သည်။
အိမ်ထောင်ရေး၌ စိတ်ဖိစီးမှုပြဿနာသည် ဇနီးမောင်နှံနှင့် အသိုင်းအဝိုင်း အပေါ်လိုက်၍ ခြားနားမည် ဖြစ်သည်။ လက်ထပ်သောလူရာပေါင်းများစွာကို လေ့လာရာ၌ ကာမရာဂညှိနှိင်းမှု၊ ငွေကြေးအသုံးပြုမှု၊ ဆွေမျိုးများနှင့်ဆက်ဆံမှု၊ ဘာသာရေး ဆိုင်ရာယုံကြည်မှု၊ မိတ်ဆွေသူငယ်ချင်းများ ရွေးချယ်မှုအပေါ် ပဋိပက္ခ စသည်တို သည် လင်မယားအကြား ညှိနှိင်းရာ၌ အခက်ခဲဆုံးသောကဏ္ဍများဖြစ်သည်။ ဤပြဿနာအား လုံးတိုသည် ယဉ်ကျေးမှုဓလေ့ထုံးစံတိုင်းအတွက် အသုံးပြုနိုင်မည် ” မဟုတ်ကြောင်းကို သိရှိမည်ဖြစ်သည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်က “ကျွန်ုပ်၏အသင်းတော်နှင့် လူ့အသိုင်း ။ အဝိုင်း၌ မည်သည့်အရာသည် လင်မယားအတွက် စိတ်အနှောင့်အယှက်ဖြစ်စေ သား သည်ကို စဉ်းစားခြင်းဖြင့် အထောက်အကူဖြစ်စေမည်။ အခြားသော အသင်းတော် ” ဦးဆောင်သူတို အား သူတို၏ထင်မြင်ယူဆချက်ပြောပြကြရန် တောင်းဆိုပါ။ ထိုနောက် လက်မထပ်မီ ဤပြဿနာတိုကို စုံတွဲနှင့်ဆွေးနွေးရန် စီစဉ်ပါ။ လက်မထပ် ရ မီ ညှိနှိင်းဆွေးနွေးခြင်း သည် ပို၍လွယ်ကူပြီး၊ ပြဿနာမပေါ်မီ ယဉ်ကျေးသိမ်မွေ့စွာဖြင့် သတိပေးပြီး၊ အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့် ဖြစ်နိုင်ရန်အလားအလာရှိသော ပြဿနာတိုကို ကိုင်တွယ်ရာ၌ လမ်းညွှန်မှုကိုပေးသောအခါ လက်ထပ်မင်္ဂလာ ဆောင် ခြင်းမှာ ပို၍ ကောင်းနိုင်ပါသည်။
အချို့သောယဉ်ကျေးမှုဓလေ့ထုံးစံများစွာတို၌ ဇနီးမောင်နှံတို မင်္ဂလာဆောင် ပွဲပြိးမှ ပျားရည်ဆမ်းခရီး ကို မသွားရန် စည်းကမ်းသတ်မှတ်ကြသည်။ ဤအချက် သည် အရေးကြီးသောအရာဖြစ်နိုင်သော်လည်း ခက်ခဲမှုရှိတတ်သည်။ ထိုအချိန်သည် တစ်ကိုယ်တော်ဘဝမှ အိမ်ထောင်သည်ဘဝသို့ ကူးပြောင်းသောကာလဖြစ် သည်။ ဇနီးမောင်နှံစုံတွဲသည် သက်တောင့်သက်သာ နေရမည့်အချိန်ဖြစ်ပြီး မိမိတို့၏အသစ်သော ဘဝအခြေ အနေကို ကာယပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၌ အစပြုကြရန် ဖြစ်သည်။
ပျားရည်ဆမ်းခရီးကို ကောင်းမွန်သေချာစွာ ကြိုတင်စီစဉ်သော်လည်း ကတွင် စိတ်အနှောင့်အယှက် ဖြစ်ခြင်းနှင့်လည်း တွေ့ကြုံရနိုင်သည်။
လက်မထပ်မီ သန့်ရှင်းစင်ကြယ်ရမည်ဟု သမ္မာကျမ်း၏ စံနှုန်းကို စုံတွဲများစွာက ဖောက်ဖျက်ကြ သည်ကို အတိုင်ပင်ခံပုဂ္ဂိုလ်က သတိရသင့်သည်။ လက်မထက်မီ ကာမရာဂစပ်ယှက်ခြင်းသည် ပို၍ခေတ်စား လာသည်။ ၎င်း၏ ရလဒ်အနေနှင့် ပျားရည်ဆမ်းခရီးထွက်သောအချိန်တွင် ကာမစပ်ယှက်ခြင်းကို အစပြုရာ၌ စိတ် အနှောင့်အယှက်ဖြစ်ခြင်းကို နည်းပါးစေသော်လည်း ယခင် ကာမရာဂ ဆက်ဆံခဲ့ ခြင်းအပေါ်၌ စိတ်မသန့်ဖြစ်ခြင်းနှင့် စိတ်မလုံမှုကို ဆက်လက်ဖြစ်စေနိုင်သည်။ မင်္ဂလာဦးည၌ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ် ကြောက်ရွံမှုကင်းသော လူအနည်းငယ်သာ ရှိသည်။
ထိုကြောင့် ပျားရည်ဆမ်းအတွက် အချင်းချင်း အပြန်အလှန် မျှော်လင့်ခြင်း ကို လက်မထပ်မီ ဆွေးနွေး ခြင်း၌ လျစ်လျူမရှုအပ်ပေ။
တစ်ခါတစ်ရံ ထိုသိုသော ဆွေးနွေးခြင်းကို မိသားစုအတွင်း၌ ပြုလုပ်ကြ သော်လည်း အများအားဖြင့် စုံတွဲတိုသည် နှစ်ယောက်ချင်း ဆွေးနွေးလေ့ရှိကြသည်။ အကယ်၍ အသင်းတော်ဦးဆောင်သူ သိုမဟုတ် အခြားသောခရစ်ယာန် အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဤပြဿနာနှင့်ပတ်သက်၍ ဆွေးနွေးခြင်း၌ မသက်မသာ ခံစားနေရ တတ်ပါသည်။ အကယ်၍ အသင်းတော်သည် ထိုသိုသောအကြံပြုတိုင်ပင်မှုကို အားမပေးပါက ပျားရည်ဆမ်းခရီးနှင့်ပတ်သက်၍ ဆွေးနွေးနိုင်သော အခြားသူတစ်ယောက်နှင့် ဆွေးနွေးခြင်းသည် အကောင်း ဆုံးဖြစ်သည်။ ကာယပိုင်းဆိုင်ရာ အသေးစိတ်တို ကို မင်္ဂလာရက်မတိုင်မီ စုံတွဲအားလုံး၌ရှိရမည့် အရာတိုကို သမားတော်ကြီးများဖြင့် စစ်ဆေးမေးမြန်းခြင်းပြုရမည်ဖြစ်သည်။
အိမ်ထောင်ပြုပြီးနောက် လင်မယားအနေနှင့် သေချာစွာ နားထောင်ရန်၊ တိကျစွာ နားလည်ရန်၊ အချင်းချင်း ချစ်ခြင်းနှင့်ရိုသေလေးစားခြင်း၊ စိတ်သဘောနှင့် မိမိကိုယ် ကို ပြောပြခြင်းစသည်တို၌ ကြိုးစား၍ စိတ်ရှည်ကြရန်လိုသည်။ ထိုသိုဖြင့် လင်မယားအကြား ဆက်ဆံမှု ပို၍ချောမွေ့စေသည်။ မိမိ၏စိတ်သဘောထား၊ ခံစားချက်၊ အနှောင့်အယှက်ပြုခြင်းနှင့် မရေရာမှုများကို ပြောပြခြင်းသည် ချစ်ခြင်း နှင့်ရိုသေခြင်းအကြောင်းကို ပြောပြခြင်းကဲ့သို အရေးကြီးသည်။ သို့သော် ထိုသို့သော ဆက်သွယ်မှုသည် ပျားရည်ဆမ်းခရီး၌ အစမပြုပါ။ ၎င်းသည် လက်မထပ် အချိန်မှစ၍ အစပြုရသည်။ လက်မထပ်မီအချိန်နှင့်စပ်ဆိုင်သော အတိုင်ပင်ခံပုဂ္ဂို က အားပေးခြင်းနှင့်ဆိုင်သော အရာခပ်သိမ်းတိုကိုပြုလုပ်ပြီး ဆက်သွယ်မှု တိုးတက် လာစေရန် လမ်းညွှန်သင့်သည်။
မိမိကိုယ်ကို အကဲဖြတ်ရန် လမ်းညွှန်ခြင်း
လက်ထပ်ထိမ်းမြားခြင်းအပါအဝင်၊ အချင်းချင်းဆက်သွယ်မှု၌ မိမိကိုယ်ကို ရိုးသားစွာ ကြည့်မြင်နိုင်ကြ မည်ဆိုပါက ဆက်ဆံမှုသည် ပို၍ချောမွေ့မည် သည်။ ယေရှုသည် ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို မထုတ်မီ ကိုယ်မျက်စိ၌ရှိ တံကျင်ကိုထုတ်ဖို့သူ၏တပည့်တော်တိုကို ပြောသောအချိန်၌ – ဤအရာကို စဉ်းစား ရည်ညွှန်းခြင်းဖြစ်သည် (မဿဲ ၇း၃-၅)
မိမိကိုယ်ကို တန်ဖိုးဖြတ်ခြင်းသည် စိတ်နာစရာဖြစ်နိုင်သောကြောင့် ရှောင်ရှား ရန်ကောင်းသည်။ မိမိအမှားကို ရင်ဆိုင်လိုသောသူမရှိကြပါ။ အခြားသူကို ဝေဖန်အပြစ်တင်ခြင်းက ပို၍လွယ်ကူသည်။ စေ့စပ်သောအချိန်၌ သဘောထားမညီညွတ်မှုများဖြစ်ပါက လက်ထပ်ပြီးချိန်တွင်လည်း ပေါ်လာတတ်သည်။ အကြောင်းမှာ ပြဿနာကို လျစ်လျူရှုလျက် အခြားသူကို အပြစ်တင်ပြီး မိမိနည်းလမ်းအတိုင်းလုပ်ရန် တွန်းအား ပေးခြင်းဖြစ်သည်။ အချိုတို့သည် မိမိတိုကိုယ်တိုင် ပြဿနာဖြစ်ပေါ်စေသည်။
စေ့စပ်ကြောင်းလမ်းပြုပြီးသောအချိန်တွင် စုံတွဲ လောင်းတို သည် ဘတို အချင်းချင်း ရှင်းလင်းစွာ မြင်နိုင်ရန် လုပ်ဆောင်ဖိုအရေးကြီးသည်။ အချိုရိုးရာဓလေ့ ထုံးစံတို့၌ လက်မထပ်မီ မောင်နှံစုံတွဲအနေနှင့် အချင်းချင်း ဆွေးနွေးကြဖို့ အခွင့် ၊ မရကြပါ။ ဆွေးနွေးလမ်းညွှန်ခွင့် မရကြပါ။ မည်သိုပင်ဖြစ်စေ၊ မောင်နှံစုံတွဲ တို့သည် မိမိတို၏အားသာချက်နှင့် အားနည်းချက်များ၊ တန်ဖိုးထားသောအရာနှင့် ဘဝ ထိုသို ရည်မှန်းချက်ပန်း တိုင်ကို အချင်းချင်း ပြောပြရန်၊ စိတ်သဘောထားများကို တွေ့မြင်ခြင်းသည် အထောက်အကူဖြစ်စေနိုင်သည်။ ထိုသို မိမိကိုယ်ကိုသိခြင်းသည် လူတို ကို စကားပြောဆက်သွယ်ရာ၌ ပိုမိုထိရောက်စေပြီး လင်နှင့်မယား အနာဂတ်၌ ဖြစ်လာမည့်ပြဿနာတို့ကို ကြိုတင်မှန်းဆနိုင်ရန်နှင့် ရှောင်ရှားနိုင်ရန် အထောက် အကူပြုနိုင်သည်။
ထိမ်းမြားခြင်းဆိုင်ရာ သမ္မာကျမ်းရှုထောင့်များကို စဉ်းစားခြင်း
ဖန်ဆင်းခြင်းအပြီးတွင် ဘုရားသခင်က “လူသည် တစ်ယောက်တည်းမနေ ဟုကြေညာခဲ့သည်။ ထိုကြောင့် ဖန်ဆင်းသောအရှင်သည် လက်ထက်ထိမ်းမြားခြင်းကို စတင် တည်ထောင်ပြီး လူယောက်ျားသည် မိမိဇနီးအား မှီဝဲဆည်းကပ်ရန် သူတို့သည် တကိုယ်တည်းဖြစ်ကြမည် ”ဟု ကြေညာသည် (က၊၂:၁၈၊၂၄)။
သမ္မာကျမ်း၌ လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်၍ ဘုရားသခင်၏ စံနှုန်းကို အကြိမ်ပေါင်းများစွာ ဖော်ပြသည်။ ခရစ်ယာန်စုံတွဲတိုသည် လင်နှင့်မယား အဖြစ် မိမိတိုကိုယ်ကို အပ်နှံ၍ ပေါင်းစည်းကြသောအခါ အကောင်းဆုံးသောအရာ ကို ဘုရားသခင်သိသည်ဟု သိရှိဝန်ခံကြရပါမည်။
မောင်နှံစုံတွဲတိုသည် ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်၏ အကူအညီဖြင့် ဘုရားသခင်၏စံနှုန်းများ အထူးသဖြင့် ဧဖက်၊၅:၂၁-၆၄။ ကော၊၃း၁၆-၂ဝ။ ၁ကော၊၇ နှင့် ၁ပေ၊၃း၁-၇ ၌ရှိသော ကောက်ကြောင်းတိုကို သေချာစွာ ဆွေးနွေးကြ ရန်လိုသည်။ လင်မယား၏ဆက်ဆံခြင်းကို ခရစ်တော်သည် အသင်းဆက်ဆံ ခြင်း စံနမူနာအဖြစ် ထားသောကြောင့် ခရစ်တော်နှင့်အသင်းတော်၏ ဆက်ဆံခြင်း ကို ပြည့်စုံစွာနားလည်ရန်လိုသည်။
ထိုသို့သောအရာကို နားလည်ခြင်းဖြင့် ဇနီးသည် ခင်ပွန်း၏အုပ်စိုးမှုကို နာခံရမည်။ ယောက်ျားသည် လည်း ဇနီးကို ချစ်ရမည်ဟူသောသမ္မာကျမ်း၏ သွန်သင်ချက်ကို လက်ခံရန် ပို၍လွယ်ကူစေသည်။ ယနေ့ များစွာသောတိုင်းနိုင်ငံ တို၌ ဤကျမ်းစာရှုထောင့်ကိုမသိကြ။ မကြိုက်ကြပါ။ ခရစ်ယာန်များပင်လျှင် မင်္ဂလာဆောင်ပွဲ၌ ဤအရာတိုကို ရည်ညွှန်းပြောဆိုခြင်းမရှိ ချန်လှပ်ကြသည်။ သို့သော်လည်း ယောက်ျားသည် “ဇနီး”၏ဦးခေါင်းဖြစ်ခြင်းဆိုသည်မှာ ယုတ်မာစွာ ဖြင့် အုပ်စိုးရန်ဟု ဆိုလိုခြင်းမဟုတ်ဘဲ ၎င်းသည် မတော်မတ ရားပြုမူခြင်းအခွင့်ကို ပေးခြင်းမဟုတ်ပါ။ ၎င်းသည် ၁ကော၊၁၃ ၌ ဖော်ပြထားသော ကိုယ်ကျိုးစွန့် ပေးသော မေတ္တာကိုဆိုလိုပါသည်။ ဇနီးကလည်း ရိုင်းစိုင်းသောကျွန်တစ်ယောက အနေနှင့်တုံပြန်ရန်မဟုတ်။ သူမ၏ ပျော်ရွှင်မှုအတွက် ဝန်တာဖြစ်သောသူအနေနှင့် အုပ်စိုးမှုကို ကြည်လင်စွာ နာခံရန်ဖြစ်သည်။
မင်္ဂလာဆောင်ပွဲအစီအစဉ်ကို ရေးဆွဲခြင်း
ယဉ်ကျေးမှုဓလေ့ထုံစံတစ်ခုစီ၌ မိမိ၏အစဉ်အလာနှင့် ဥပဒေဆိုင် တောင်းဆိုမှုများရှိသည်။ တစ်ခါ တစ်ရံ ဤကဏ္ဍ၌ ခရစ်ယာန်တရား အခြေပြု သူသည် လမ်းညွှန်မှုပေးရန် အခွင့်ရှိသော်လည်း ထိုအစီအစဉ်ကို မိသားစု စီစဉ်လေ့ရှိသည်။
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်သည် မင်္ဂလာဆောင်ပွဲ အစီအစဉ်တို့ကို အသေးစိတ်နားလည်စေရန် ကူညီနိုင်သည်။ လူများစွာတို့အတွက် မင်္ဂလာဆောင်ပွဲ အခမ်းအနားမှာ အထွတ်အမြတ်ဖြစ်ပြီး စီစဉ်ဦးဆောင်ရာ ၌ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုရှိ တတ်ပါသည်။ ထိုကြောင့် မင်္ဂလာဆောင် အခမ်းအနားအစီအစဉ်ကို မင်္ဂလာ တင်ပွဲမတိုင်မီ အသေးစိတ်ဆွေးနွေးခြင်းသည် အထောက်အကူဖြစ်စေနိုင်သည်။
ဤအရာက ဇနီးမောင်နှံတိုအား အစေခံခြင်း၏ဝိညာဉ်ရေးရာအမြင်ကို “နားလည်သဘောပေါက်စေပြီး မင်္ဂလာဆောင်ပွဲသည်လည်း ခရစ်တော်၌ သူတို၏ အရေး ကြီးသော အပြန်အလှန် သက်သေခံချက်တစ်ခုဖြစ် သည်ဟု သဘောပေါက်စေ ရ သည်။ ၎င်းကို အလွန်အမင်း စိတ်ရှုပ်ထွေးမှုမရှိအောင် ပြုလုပ်နိုင်မည်ဆိုပါက စ စုံတွဲတို့သည် အခမ်းအနားကို ဗီဒီယိုမှတ်တမ်း သိုမဟုတ် အသံဖမ်းခြင်းတိုကို ငါ ပြုလုပ်ရန် စဉ်းစားနိုင်ကြ မည်ဖြစ်သည်။ ဤအရာသည် အနာဂတ်၌ အဓိပ္ပါယ်ရှိသောအရာတစ်ခု ဖြစ်နိုင်သည်။ –
အိမ်ထောင်မပြုမီ ဆွေးနွေးလမ်းညွှန်မှု နည်းပညာများ The Techniues of Premarital Counseling
ခရစ်ယာန်ခေါင်းဆောင်တစ်ယောက်သည် ခရစ်ယာန်လက်ထပ်ထိမ်းမြားခြင်း၊ ရည်းစားထား ခြင်းနှင့် ကာမရာဂစသည့်အကြောင်းတိုကို လူငယ်တိုအား ဟောပြော ခြင်းသည် မင်္ဂလာရက်မတိုင်မီ ဆွေးနွေးလမ်း ညွှန်မှုဖြစ်သည်။ လူငယ်အများစုသည် ဆန့်ကျင်ဘက်လိင်နှင့် ပေါင်းသင်းဆက်ဆံခြင်းကို အဓိကစိတ်ဝင်စား ကြသည်။ ခရစ်ယာန်ခေါင်းဆောင်နှင့် လူငယ်များ အပြန်အလှန် ဆက်သွယ်မှုအားဖြင့် လက်တွေ့ကျသော အချက်တိုကို ပြောပြနိုင်မည်ဖြစ်သည်။ သမ္မာကျမ်း၏သွန်သင်ချက်တို့ကို ညွှန်ပြနိုင်မည်ဖြစ်သည်။ မင်္ဂလာ ဆောင်ခြင်းနှင့်ပတ်သက်သော အမြင်တိုကို ပုံဖော်ခြင်း၏ပထမပိုင်းအဆင့်၌ရှိသောသူအတွက် အထောက်အကူ ဖြစ်စေနိုင်သည့် တန်ဖိုးရှိသောအရာတို့ကို ပြသသည်။
ထို့အပြင် ယုံကြည်သူအများစုက မင်္ဂလာရက်မတိုင်မီ မောင်နှံစုံတွဲတိုသည် အုပ်ဆရာနှင့်လည်းကောင်း၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လည်းကောင်း၊ တွေ့စေလို သည်။ ဤတွေ့ဆုံခြင်းသည် စုံတွဲများနှင့်ပတ်သက်သောအရာကို ဆွေးနွေးရန် အဆင်သင့်ဖြစ်ရပါမည်။ သို့သော်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့် ဆွေးနွေး သည့်အချက်များကို ကြိုတင်ပြင်ဆင်ရပါမည်။ ။
သင်သည် မောင်နှံစုံတွဲတို့ ဆွေးနွေးလိုသောအရာတို့ကို မေးမြန်းခြင်းဖြင့် အစပြုလိုမည်ဖြစ်သည်။ ထိုနောက် အပြန်အလှန် စကားပြောခြင်း၏ သဘောသဘာဝ၊ ချစ်ခြင်းမေတ္တာ၏ အဓိပ္ပါယ်၊ ငွေကြေးသုံးစွဲမှု၊ အချိန်အသုံးပြုပုံ၊ အချင်း ချင်းတို၏ မိသားစုနှင့်ဆက်ဆံပေါင်းသင်းရေး၊ ပျားရည်ဆမ်းခရီးအချိန် အရေးကြီး ပုံ၊ လက်မထပ်မီ ကာမရာဂဆိုင်ရာထိန်းချုပ်ခြင်း၊ လိင်ပြဿနာ၊ သဘောထားကွဲ မှုကို ကိုင်တွယ်ဖြေရှင်းနည်း၊ လက်ထပ်ထိမ်းမြားခြင်းနှင့်ပတ်သက်သော မယုံသက် ရှိနေခြင်း၊ အိမ်ထောင်၌ ဘာသာတရားအပိုင်းကဏ္ဍနှင့် လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်သော သမ္မာတရား၏သွန်သင်မှုစသည် အကြောင်းအရာအချိုတို အဆိုပြုရပါမည်။
လက်မထပ်မီ လက်ထပ်မည့်မောင်နှံစုံတွဲနှင့် အကြိမ်ကြိမ် တွေ့ဆုံရန် စီစဉ်သည့် သင်းအုပ်ဆရာအချို့ ရှိသည်မှာ အံ့သြစရာမဟုတ်ပါ။ တွေ့ဆုံမှုတိုင်း ဆုတောင်းခြင်းဖြင့် အစပြုပါ။ ဤအခန်း၌ ကျွန်ုပ်တို စဉ်းစားခဲ့ သည့် ပြဿနာ ပေါင်းစုံကို ဆွေးနွေးကြသည်။ တစ်ခါတစ်ရံ ဆုတောင်းခြင်းနှင့် အဆုံးသတ်ကာ တစ်ခါတစ်ရံ ခဏတာ မိတ်သဟာယဖွဲခြင်းနှင့် အဆုံးသတ်ရသည်။ သင်းအုပ် ဆရာများစွာတိုသည် မိမိတိုဇနီးကို လက်မထပ် မီ ဆွေးနွေးလမ်းညွှန်မှုကဏ္ဍ ဝင်ရန် ဖိတ်ခေါ်ကြသည်။
ဤအရာအားလုံး၌ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပျော်ရွှင်စရာကောင်းသော လူတွေ့မေးမြန်းခြင်းဖြစ်ရန်နှင့် ခြိမ်းခြောက်မှုမပါသော မေးမြန်းခြင်းဖြစ်ရန် ကြိုးစား သင့်သည်။ အများအားဖြင့် လက်မထပ်မီ ဆွေးနွေးလမ်း ညွှန်ခြင်းကို မောင်နှံစုံတွဲနှင့် အတူ ပြုလုပ်ရမည်ဖြစ်သော်လည်း တစ်ယောက်ချင်းနှင့် တစ်ကြိမ်တစ်ခါ ကိုယ်တိုင် တွေ့ဆုံ မေးမြန်းခြင်းသည်လည်း အထောက်အကူဖြစ်နိုင်ပါသည်။ ဤအရာက လက်ထပ်ရန် အဆင်သင့်ရှိမရှိ ဆွေးနွေးလမ်းညွှန်သူပုဂ္ဂိုလ်အား ဆွေးနွေးခဲ့ အရာများအပေါ်၌ အကဲဖြတ်နိုင်ရန်အတွက် လမ်းပြသည်။
လက်မထပ်မီ ဆွေးနွေးလမ်းညွှန်ရာ၌ အချိုသော ပြဿနာများ Some Special Problems in Premarfal Counseling
မင်္ဂလာဆောင်ရန် ရည်ရွယ်နေသည့် မောင်နှံစုံတွဲတိုင်းကို ဆွေးနွေး ညွှန်မှုပြုခြင်းက အဆင်ပြေစေပါ သည်။ အကြောင်းမှာ စုံတွဲတိုင်း၌ ထူးခြား တစ်ခုစီရှိသောကြောင့်ဖြစ်သည်။ အချို့သောပြဿနာတို့မှာ ကိုင်တွယ် ရန်အထူး ခက်ခဲသည်။
မဂ်လာလဆောင်ရန် မိဘသဘောမတူခြင်း
လက်ထပ်ရန် မိဘနှစ်ပါး၏သဘောတူညီမှုမရှိသော အခြေအနေ၌ အခက်အခံနှင့် တွေ့ကြုံ ရတတ်ကြ၏။ လက်ထပ်မည့် မင်္ဂလာစုံတွဲနှစ်ဦး၌လည်း ကိုယ်စီ အခဲရှိကြရ၏။ နှစ်ဦးနှစ်ဖက်၏ ထင်မြင် ယူဆချက်၊ အကြောင်းပြချက်များ ကြမည်ဖြစ် ကာ၊ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ သမ္မာကျမ်း သွန်သင်ချက်နှင့် လျော်ညီစွာ ပြန်လည် သင့်မြတ်ခြင်းဖြစ်စေရန် ကြားဝင်စေ့စပ်ပေးသူဖြစ်လာသည်။ လေ့လာရန်
အချက်များ မှာ မောင်နှံစုံတွဲတိုသည် ဆန့်ကျင်ပုန်ကန်ကြသည်ဟု မိဘနှစ်ပါးဖက်မှ ? ယူဆပါသလား။ မိဘတိုသည် သူတိုကိုလွှတ်ထားရန် ကြောက်နေကြပါသလား။ သူတို့၏သားသမီးသည် ဘဝကြင်ဖော်အတွက် ပို၍ကောင်းသောရွေးချယ်မှုမရှိသောကြောင့် ဝမ်းနည်းနေကြသလား။ ဘာသာမတူခြင်းက တင်းမာမှုဖြစ်စေ သလား။ မိဘများနှင့်မောင်နှံစုံတွဲတိုသည် အချင်းချင်း စကားပြောလိုစိတ်၊ အပေးအယူ လုပ်လိုသောဆန္ဒရှိပါက ပြဿနာဖြေရှင်းနိုင်မည်ဖြစ်သည်။
ထိုသိုသောအခြေအနေသို ရောက်ရှိလာရန် ခက်ခဲသော်လည်း အော်ဟစ်ခြင်းနှင့် နာမည်ခေါ်ခြင်း မကြာခဏရှိတတ်သည်။ ထိုသို့သောအခြေအနေတွင် နှစ်ဦးနှစ်ဖက်စလုံးသည် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှု အတိုင်း နားထောင် ရမည် ဖြစ်သည်။ ထိုသို့သောအခြေအနေများတွင် ဆုတောင်းရန်လိုအပ်သည်။ ပြဿနာ များ ဖြေရှင်းရန် လိုအပ်သောဉာဏ်ပညာကို တောင်းရမည်ဖြစ်သည်။ သဘောထား တိုက်ဆိုင်မှုမရှိနိုင်သေးပါက မင်္ဂလာဆောင်ခြင်းကို အလျင်စလို မပြုရန် အကြံပေး သင့်ပါသည်။ ။ |
လက်မထပ်မီ ကိုယ်ဝန်ရှိခြင်း
လက်မထပ်မီ ကိုယ်ဝန်ရှိခြင်းသည် လူတိုင်းအတွက် အလွန်စိတ်အနှောင့် အယှက်ဖြစ်စရာ တစ်ခုဖြစ်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခြေအနေကိုသိရှိသော အခါ မောင်နှံစုံတွဲသည် မိဘများကို အသိပေးရန် အားပေးတိုက်တွန်းသင့်သည်။ မောင်နှံစုံတွဲသည် သူတို၏စိတ်ခံစားချက်ကို လွတ်လပ်စွာပြော ပြခွင့်လိုအပ်မည်ဖြစ် သည်။ များစွာသောသူတိုသည် မိဘများအား ချဉ်းကပ်နိုင်သည့်နည်းနှင့်ပတ်သက် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ဆွေးနွေးလိုကြသည်။ ရှက်ခြင်း၊ စိတ်မသန့်ခြင်းနှင့် နည်းခြင်းစသည့် စိတ်ခံစားချက်တိုကို ဖြေရှင်းရမည်။ မောင်နှံစုံတွဲနှင့်မိဘများ အကောင်းဆုံးသောနည်းလမ်းဖြင့် ကူညီရန် ဆုံးဖြတ်သင့်သည် ဖြစ်ပေါ်လာ သည့် ပြဿနာများကို ဖြေရှင်းရန် ဆွေးနွေးရပါမည်။
ပထမမှာ ကလေးဖျက်ချခြင်းဖြစ်သည်။ ဤအရာသည် အချို့သောနိုင်ငံ ၌ တရားမဝင်သော်လည်း လွတ်လပ်စွာပြုကြသည်။ ခရစ်ယာန်တိုသည် မည်သည့် နည်းနှင့်မဆို သန္ဓေဖျက်ချခြင်းကို သဘောတူမည် မဟုတ်ပါ။ သန္ဓေဖျက်ချခြင်း လူ့အသက်ကို သတ်ခြင်းဖြစ်သည်။ ထိုသိုသော လုပ်ဆောင်မှုကို လူ့အဖွဲ အစည်း အချိုတို၌ လူမှုရေးအရ တရားဝင်ခွင့်ပြုထားသော်ငြားလည်း သမ္မာကျမ်းက အပြစ် တင်ရှုတ်ချသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့် ကိုယ်ဝန်ဖျက်ချခြင်းကို ဖုံးကွယ်၍ မရသော် လည်း ကိုယ်ဝန်ဖျက်ချ ခြင်းအပေါ် ကျွန်ုပ်တို စီရင်၍မရ ခွင့်လွှတ်ခြင်းကိုလည်း ပေး၍မရပါ။ ကလေးကိုမွေးစားခြင်း၊ ကျွေးမွေးစောင့် ရှောက်ခြင်းနှင့် အိမ်ထောင်ပြု ခြင်းစသည်တိုမှာ နှစ်လိုဖွယ်သောအရာများဖြစ်ကြောင်း ပြောပြရပါမည်။
မောင်နှံစုံတွဲသည် လက်မထပ်မီ ကိုယ်ဝန်ရသောအားဖြင့် ချက်ချင်းလက်ထပ် ကြသည်မှာ ဒုတိယပြ ဿနာဖြစ်သည်။ ထိုသိုအိမ်ထောင်ပြုခြင်းမှာ ပြဿနာ၏ အကောင်းဆုံးအဖြေ မဟုတ်ပါ။ အကြောင်းမှာ အတင်းအဓမ္မပေးစားခြင်းသည် နာကြည်းမှု၊ သစ္စာပျက်ခြင်းနှင့်အဆုံးသတ်လေ့ရှိကြောင်ဖြစ်သည်။ ဤအခန်း ၌ ဆွေးနွေးထားသည့်အတိုင်း မောင်နှံစုံတွဲတိုသည် စနစ်တကျ စီစဉ်ထားသော အရာအားဖြင့် အောင်မြင်သော အိမ်ထောင်ဘဝကို တည်ဆောက်နိုင်ပါသည်။
မညီသော အိမ်ထောင်ဖက်( Mixed Marriages)
မညီသောအိမ်ထောင်ဖက်ဟုဆိုရာ၌ လူမျိုးခြား ပေါင်းသင်းခြင်းကို ရည်ညွှန်းသည်ဟု ယူဆကြသည်။ သိုသော် ထိုဝေါဟာရကို ကျယ်ပြန့်သည့်အဓိပ္ပါယ် နှင့် အသုံးပြုနိုင်ပါသည်။ ဘာသာအယူဝါဒ၊ စီးပွားရေး အခြေအနေ၊ ပညာရေး အသက်အရွယ်ခြားနားသူတို လက်ထပ်ရန် ဆုံးဖြတ်ခြင်းကို မညီသော အိမ်ထော ဟု ခေါ်ဆိုနိုင်သည်။ များစွာသောအိမ်ထောင်တိုသည် ပျော်ရွှင်ကြသော်လည် ပြင်းထန်သောပြဿနာကို ရင်ဆိုင်တွေ့ ကြုံသူများလည်းရှိသည်။ မိသားစုအခြေ မတူခြင်းသည် တန်ဖိုးထားသောအရာ၊ ဝါသနာနှင့် နေ့စဉ်လုပ်ရိုးလုပ် စဉ် သဘောထားကွဲလွဲမှုကိုဖြစ်စေနိုင်သည်။ မိသားစု၊ ဆွေမျိုးအသိုင်းအဝိုင်းတို ပယ်ခြင်း၊ သဘောမတူခြင်း ပြဿနာတိုသည် အထူးခက်ခဲခြင်းသို ရောက်စေတတ်သည်။ နှ
စ်ဖက်သောမိဘများသည် အသက်တာကို ခရစ်တော်၌ အပ်နှံ ဖြစ်ပါက သူတို့၏အဆင့်အတန်း၊ ဂုဏ်အသရေနှင့် ငွေကြေးတိုမှာ လက်မထပ်ရန် ဆီးတားသည့်အရာဖြစ်မလာပါ။ မည်သိုပင်ဖြစ်စေ ထိုမောင်နှံစုံ တွဲကို ဆွေးနွေး ၌ ဖြစ်ပျက်လာမည့်အခက်အခဲတိုကို သူတိုအပြည့်အဝသိရှိကြကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်တိုက သေချာအောင်ဆွေးနွေးလမ်းညွှန်ပြီး၊ လက်ထပ် က်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုသင့်သည်။
စိတ်ပိုင်းဆိုင်ရာ၌ ဒုက္ခရောက်ခြင်း ၊
စိတ်ပိုင်းဆိုင်ရာ မငြိမ်မသက်ဖြစ်နေသူကို လက်ထပ်ရန် ခွင့်ပြုသင့်ပါသလား ၊ လက်ထပ်ထိမ်းမြား ခြင်းသည် တစ်ဦးတစ်ယောက်နေရသည့်ဘဝမှ စ်ယောက် ပေါင်းသင်းခြင်းဖြစ်သည်နှင့်အညီ သဟဇာတဖြစ် ရေးအတွက်မူ လယ်ကူလှသည် မဟုတ်ပါ။ စိတ်ပိုင်းဆိုင်ရာ မငြိမ်မသက်မှုရှိခြင်းသည် ပျော်ရွှင်သော အိမ်ထောင်ကို အဆီးအတားဖြစ်စေနိုင်သည်ဟု မယူဆသင့်ပါ။ သိုသော်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်သည် အခြေအ နေကို ပွင့်လင်းစွာဆွေးနွေး၍ ဤပြဿနာတိုသည် ( အိမ်ထောင်သာယာရေးကို နှောင့်ယှက်ဟန့်တားစေမည့်အ ရာများဖြစ်ကြောင်းကို သတိပေးရမည်ဖြစ်သည်။
အကောင်းဆုံးသော နည်းလမ်းတစ်ခုမှာ လက်မထပ်မီ သမားတော် တစ်ယောက် သိုမဟုတ် စိတ်ပိုင်းဆိုင်ရာဆရာဝန်တစ်ယောက်နှင့် တွေ့ဆုံပြီး အကြံပြုချက်ကို ရယူသင့်သည်။ ထိုသို လမ်းပြမှုမရှိသော နေရာ၌ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်နိုင်သောအခြေအနေရှိလာသည့်အထိ မင်္ဂလာဆောင်ခြင်းကို ရွှေ့ဆိုင်းရန် အကောင်းဆုံးဖြစ်ကြောင်း တိုက်တွန်းလိုပါသည်။
ဆိုးဝါးသောယုံမှားသံသယများ(Severe doubts)
ခရစ်ယာန် အိမ်ထောင်သည် တသက်လုံး ကတိကဝတ်ပြုခြင်းဖြစ်သည်။ – အချိုသောစုံတွဲတိုသည် မင်္ဂလာနေ့ရက် နီးကပ်လေလေ မသေချာမရေရာသော၊ မလိုသောစိတ်ရှိလာတတ်သည်မှာ တွေ့ကြုံရစမြဲဖြစ် သည်။ ထိုသိုသောကိစ္စများတွင် တထဲ၌ ခံစားသောအရာတိုကို ပွင့်လင်းစွာ အလင်းတရား၌ဆွေးနွေးရန် အကောင်း ဆုံးဖြစ်သည်။ ဤစိတ်ထဲ၌ ခံစားသောအရာကို ဘုရားသခင်သည် မင်္ဂလာဆောင် ခြင်းအပါ အဝင်အ သက်တာ၏ကဏ္ဍတိုင်း၌ ဦးဆောင်နေသည်ဟုသဘောပေါက် လျက် ဆုတောင်းရပါမည်။
လက်မထပ်မီ စိတ်ပူပန်မှုနှစ်မျိုးရှိတတ်သည်။ လူတိုင်း၌ဖြစ်လေ့ဖြစ်ထ ရှိသော စိတ်ပူပန်မှုမှာ ကသိကအောင့်ဖြစ်ခြင်းနှင့် မရေမရာဖြစ်ခြင်းတိုဖြစ်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မောင်နှံစုံတွဲကို စိတ်ချမှုရှိစေရန် ကူညီနိုင်သည်။ အထိ၊ တလန့်ဖြစ်ခြင်းမှာ ပို၍ ဆိုးဝါးသည်။ ၎င်းသည် လက်မထပ်မီ နာရီအနည်း အတွင်း ဖြစ်တတ်သည်။ ခိုးရာ လိုက်ပြေးလိုသောစိတ် သို့မဟုတ် မင်္ဂလာ ကို ဖျက်သိမ်းလို သောစိတ်ကဲ့သိုသော အတွေးများ ဝင်လာတတ်သည်။ အတိုင်ပင် ပုဂ္ဂိုလ်သည် မင်္ဂလာမတိုင်မီ ဆွေးနွေးလမ်း ညွှန်မှုကို လေးနက်စွာ ပြုလုပ်ပေးရာတွင် မင်္ဂလာဆောင်ပွဲကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သင့်၊ မပြုလုပ်သင့်ကို သိ မည်ဖြစ်သည်။ ထိုသို ဖြစ်ပါက ပြန်၍စိတ်ချအောင်ပြုခြင်း သို့မဟုတ် သမား တော် ကြီးတစ်ဦး၏စိတ်ငြိမ်ဆေးကုသမှုဖြင့် မင်္ဂလာဆောင်ပွဲအခြေအနေအောင်မြင်ရန် အထောက်အကူပြုနိုင်သည်။
ကာယပိုင်းမသန်မစွမ်းခြင်း ၊
ကာယပိုင်းဆိုင်ရာ မစုံလင်ခြင်းသည် အိမ်ထောင်ပျော်ရွှင်မှုအတွက် အသုံး အတားတစ်ခုဖြစ်ရန် မလိုပါ။ အရေးကြီးသောပြဿနာမှာ မင်္ဂလာရက်မတိုင်း ဆွေးနွေးလမ်းညွှန်ခြင်း၌ မောင်နှံစုံတွဲသည် ကိုယ်အင်္ဂါမစုံလင်မှု ကို ဆွေးနွေးရပါ သည်။ စစ်မှန်သောနားလည်မှုနှင့် အင်္ဂါမစုံလင်မှုအပေါ် လက်ခံနိုင်ပါက၊ အိမ်ထောင်ရေးအောင် မြင်ရန် အလားအလာကောင်းလှပါသည်။
နိဂုံး
ဤအခန်းသည် မင်္ဂလာဆောင်ရန်ပြင်ဆင်သော မောင်နှံစုံတွဲကို ကူညီခြင်း ဆိုင်ရာအကြောင်းကိုသာ ဆွေးနွေးသောကြောင့် သင်အံ့သြကောင်း အံ့ဩမည်ဖြစ် သည်။ သိုသော်လည်း မင်္ဂလာရက်မတိုင်မီ ဆွေးနွေး လမ်းညွှန်မှုပေးခြင်းသည် ခရစ် ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်တိုင်း ရင်ဆိုင်နေရသည့် အရေးကြီးဆုံးသော စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်။ အကယ်၍ အိမ်ထောင်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်နှင့် ဖြစ်လာမည့် ပြဿနာများကို ရှောင်ရှားနိုင်ရန် ကူညီနိုင်မည်ဆိုပါက သူတိုသည် ဝမ်းနည်းစရာ ကောင်းသောအဖြစ်များတိုကို မခံစားရဘဲ မိမိတိုအိမ်အသင်းတော် နှင့် အသိုင်းအဝိုင်း စသည်တို၌ ပို၍ထိရောက်စွာ ခရစ်တော်၏အစေကိုခံနိုင်ကြမည် ဖြစ်သည်။
လူတိုသည် အကောင်းဆုံးကြိုးစားကြသော်လည်း မင်္ဂလာဆောင်ခြင်းနှင့် မိသားစု ပြဿနာများရှိ ကြသည်။ ဤပြဿနာကိုပင် နောက်အခန်း၌ တွေ့ရမည်ဖြစ်သည်။
အခန်း(၁၀)
မိသားစုနှင့် ခရစ်ယာန်တရားအခြေပြုဆွေးနွေးလမ်းညွှန်မှု
Family And Christian Counseling
အဲဒစ်ရှဲဖာ(Edith Schaefter)နှင့် သူမ၏ခင်ပွန်းတို့သည် ဥရောပ၌ နှစ်ပေါင်း ကြာမြင့်စွာ သာသနာပြု ဆရာများဖြစ်ကြသည်။ သူတိုသည် အဲလ်ပင်ဒေသ၏ အားသစ်လောင်းရာဌာနဖြစ်သည့် (L’ Abri)ကို စတင်တည် ထောင်ကြသည်။ ကမ္ဘာ ခင်အဝန်း စိတ်ငြိမ်သက်မှုမရှိသောသူများနှင့် လူငယ်များတိုသည် အသက်။ သေခြင်းနှင့် ယေရှုခရစ်တော်နှင့်ဆိုင်သည့် သိချင်သော အကြောင်းအရာများတို၏ အဖြေကိုရခြင်းငှါ ထိုနေရာသို့ လာကြ သည်။
L’Abril သိုလာသောသူများမှာ အိမ်ထောင်ကွဲများ၊ မိမိဘဝကို မကျေနပ်သူ များ၊ ငြိမ်သက်ခြင်းကို ရှာသောသူများ ဖြစ်ကြသည်။ လာသောသူတိုင်းသည် ထိုအဲလ်ဒေသရှိ အားသစ်လောင်းဌာန၌ အိမ်ထောင်သစ် ကို တွေ့ ရှိကြသည်။ သူတို သည် ယေရှု၏ နောက်လိုက်တပည့်များ၊ ရှင်ဘုရင်၏သားသမီးများ၊ ညီအစ်ကို မောင်နှမများဖြစ်လာကြသည်။
အဲဒစ်ရှဲဖာ( Edith Schaeter)သည် သူမ ရေးသားခဲ့သော စာအုပ်တစ်အုပ်၌ – မိသားစုကို လူများကြီး ထွားစေနိုင်သည့် ညီညွတ်သောအသိုင်းအဝိုင်းအဖြစ် အနက် ဖွင့်သည်။ ထိုနေရာသည် မွေးဖွားရာနေရာ၊ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာဌာန၊ မုန်တိုင်းကျသောအခါ ကွယ်ကာရာဌာန၊ သမ္မာတရားကို သိရှိသော နေရာနှင့် မိမိ၏ယူဆချက်တိုကို ဖွင့်ပြောသောနေရာ၊ စီးပွားရေးလုပ်ငန်းဌာနတစ်ခု၊ အမှတ် တရတို့ကို ထားရာ ပြတိုက် စသည်တို ဖြစ်သည်။ မိသားစုသည် ပညာရစေသည်။ အထူးသဖြင့် ငယ်ရွယ်သောကာလ၌ ပညာသင် ပေးသည်။ လူတစ်ယောက်၏ အဆင့်အတန်းကို အဆုံးအဖြတ်ပေးသောနေရာဖြစ်သည်။ ဘာသာအယူဝါဒနှင့် ပတ်သက်၍ လမ်းညွှန်မှုကိုပေးသည်။ အသင်းတော်နှင့် အဆက်အသွယ်ပြုမည် မည်ကို အဆုံးအဖြတ်ပေး သည်။ အားသစ်လောင်းမည့် လုပ်ဆောင်ချက်များသို့ လမ်းပြပိုဆောင်သည်။ မှီခိုရာနှင့် ကာကွယ်မှုကိုပေးသည်။ အသက်ရှင်ရန်နှင့် တိုးတက်ဖွံဖြိုးရန်လိုအပ်သော ချစ်ခြင်းမေတ္တာကိုပေးသည်။
မည်သိုပင်ဆိုစေကာမူ ကမ္ဘာပေါ်ရှိနေရာများစွာနဲ့ ပြောင်းလဲခြင်းများ ရှိသည်။ အချို့သော မိသားစု၏ မိရိုးဖလာ တာဝန်တို့ကို ကျောင်းများ၊ အလုပ်ရုံ များနှင့် အသိုင်းအဝိုင်းက်၌ရှိသော အခြားအဖွဲ့အစည်းများက တာဝန်ယူဆောင်ရွက် ခဲ့ကြသည်။ မိသားစု အတူနေထိုင်ခြင်းကို အရေးကြီးသည်ဟု မယူဆပါ။ အကြမ်းဖက် ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်း၊ အနာရောဂါကျခြင်း၊ အဆုံးမသတ်နိုင်သော စိတ်ပူပန်ခြင်း စသည်တို့သည် မိသားစုကို အစိတ်စိတ်အမွှာမွှာဖြစ် ကွဲပြားသည်။ အချို့သောတိုင်းနိုင်ငံ၌ မိသားစုဟူသော အဓိပ္ပါယ်ကို လိင်တူချင်းဆက်ဆံသောအိမ်ထောင်အဖြစ် ပြောင်းကြသည်။ မိဘနှစ်ပါးလုံးရှိသည်ကို တစ်ပါးတည်းရှိခြင်း ပို၍ခေတ်စားလာသည်။ လင်မယားကွာ ရှင်းပြတ်စဲခြင်း မိသားစုတည်ငြိမ်မှုကို တုန်ခါစေသည်။ အင်တာနက်အပါအဝင် မီဒီယာ ရိုက်ခတ်မှုသည် မိသားစုအတူနေခြင်းကို ဖျက်ဆီးသည်။ သို့သော ပြောင်းလဲမှု တို့မှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံမတူသော်လည်း တစ်ကမ္ဘာလုံး၌ရှိသော မိသားစုတို့ သည် ပြဿနာကို ရင်ဆိုင်ကြ သည်မှာ ထင်ရှားသည်။
ကုန်လွန်ခဲ့သောကာလ၌ မိသားစုတစ်ယောက်စီနှင့် အစဉ်အလာအရ ဆွေးနွေးလမ်းညွှန်ခြင်းသည် ပြဿနာကိုဖြေရှင်းနိုင်ရန် အထောက်အကူပြုခဲ့သည်။ မည်သိုပင်ဖြစ်စေ နှစ်ကာလရှည်စွာ တစ်ယောက်စီတိုင်း နှင့် မိမိတိုကိုယ်တိုင် အလုပ် လုပ်ခြင်းက မိသားစုတိုးတက်မှုကို မဖြစ်စေပါ။ တစ်ခါတစ်ရံ တစ်ယောက်ချင်းစီကို ဆွေးနွေးလမ်းညွှန်ခြင်းနှင့်ကူညီနိုင်သည်။ သို့သော်လည်း ပဋိပက္ခဖြစ်သည့် မိသားစု ၏ ဗရုတ်သုတ်ခကို ရင်ဆိုင်ရန် ဆွေးနွေးလမ်းညွှန်မှုခံရသောသူသည် ဆုံးဖြတ်သော အခါ ဤအရာအားလုံးကို ဖြိုဖျက်ရမည် ဖြစ်သည်။
ဤပြဿနာကို ဖြေရှင်းရန် ယနေ့ အတိုင်ပင်ခံပုဂ္ဂိုလ်များစွာတို့က မိသားစု တစ်ခုလုံး အဖွဲ့လိုက်အနေနှင့် အလုပ်လုပ်ရန် ကြိုးစားကြသည်။ အချိုသောနေရာ များ၌ ဆွေးနွေးလမ်းညွှန်ခြင်းကို မိသားစုအတွင်း၌ အစဉ်ပြု လုပ်ကြသော်လည်း ဤသိုလုပ်ဆောင်မှုကို တစ်ကမ္ဘာလုံးက မို၍လက်ခံလာကြသည်။ ဤဆွေး လမ်းညွှန်ခြင်း၌ မိသားစုဝင်တိုသည် သူတို့ဖြစ်တတ်သော ပြဿနာများ ဆွေးနွေးရန်၊ အချင်းချင်း အပြန်အလှန် နားလည်မှု တိုးတက်လာရန် ဆက် ပြောဆိုခြင်းကို မည်သို တိုးတက်စေရမည်ကို သိရန် အတူတကွ လာကြသည်။ ထိုသိုပြု လုပ် ခြင်းသည် ဆွေးနွေးလမ်းညွှန်ခြင်း အမှတ်တံဆိပ်မဟုတ်ပါ။ အသင်းတော်ဦးဆောင်သူတစ် ယောက်သည် အိမ်တစ်အိမ်သို့ သွား၍မိသားစုနှင့်စကားပြောသောအခါ၌ မိသားစုတို့သည် ဆွေးနွေးလမ်း ညွှန်ခြင်းကို ခံရသည် ဟုသိမည်မဟုတ်ကြသော်လည်း များစွာအလုပ်ဖြစ်နိုင်ပါသည်။
မိသားစုဆွေးနွေးလမ်းညွှန်ခြင်းနှင့်ပတ်သက်၍ များစွာလက်ခံသည် ရှု့ထောင့်တစ်ခုမှာ ချဉ်းကပ်မှုစနစ် များ(Systems of approach)ဟုခေါ်လေ့ရှိသည့် အချင်းချင်း အမှီသဟဲပြုသည့် ယူဆချက်ဖြစ်သည်။ မိသားစု ထဲ၌ရှိသော စနစ် ပြောင်းသောအခါ (ဖျားလာခြင်း၊ ဥပဒေချိုးဖောက်မှုကြောင့် အဖမ်းခံခြင်း၊ အလုပ် လက်ခံ သောကြောင့် အိမ်မှထွက်သွားခြင်း၊ စစ်တပ်ထဲဝင်ခြင်း၊ ထွက်သွားရန် ခြိမ်းခြောက်ခံရခြင်း) မိသားစုတစ်စုလုံးကို ထိခိုက်သည်။ ။
ဤသိုသောအချိန်များ၌ ပြဿနာရှိသော လူတစ်ယောက်ကို ဆွေးနွေးလမ်းညွှန်ခြင်းသည် ထိရောက်မှုရှိ ရန်ခက်ခဲသည်။ မိသားစုဝင်အားလုံးပါဝင်၍ ဆွေးနွေး လမ်းညွှန်မှုကို ပေးရမည်။ ထိုမှသာ သူတို့အားလုံးသည် စိတ်ဖိစီးမှုကို နှိမ်နင်းနိုင်ကြမည်ဖြစ်သည်။ တစ်ဦးချင်းဆွေးနွေးလမ်းညွှန်မှုပေးခြင်းက ကျန်သော ၊ မိသားစုဝင် များအတွင်း တင်းမာမှုကို ပို၍ဖြစ်စေနိုင်သည်။ မိသားစုတစ်ခုလုံးနှင့်စုံညီစွာတွေ့ဆုံရန် အချိန်များစွာ လိုအပ်မည် ဖြစ်သည်။ မိသားစုဝင်တိုင်းသည် မိမိ၏ရှုထောင့်မှ မိသားစုပြဿနာနှင့် ပတ်သက်၍ပြောပြရန် အခွင့်အရေး ကိုပေးသင့်သည်။ ပထမပိုင်း၌ ဤအရာသည် ပါဝင်သောသူတိုအတွက် ခြိမ်းခြောက်ခြင်း တစ်ခုကဲ့သို ဖြစ်သော်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပွင့်လင်းစွာပြောပြရန် အားပေးရာ တွင် ကောင်းမွန်စွာပြောဆိုရသည့် စံနမူနာပြသော အခါ၌လည်းကောင်း၊ အခြား သူများကို နားထောင်လျက် မိသားစုဝင်တစ်ဦးစီကို စကားပြောခွင့် ပေးသော လည်းကောင်း ထိုဆွေးနွေးမှုသည် ပို၍လွတ်လပ်လာသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိသားစုအား ဆီလျော်သောကျမ်းပိုဒ်တို့ကို စဉ်းစားကြရန် အကြံပေးနိုင်သည်။ အတူတကွဆုတောင်းရန် အားပေးခြင်းသည် လည်း အဖိုးတန်လှသည်။
လက်ထပ်ခြင်းဆိုင်ရာ ဆွေးနွေးလမ်းညွှန်မှု Marriage Counseling
လင်နှင့်မယားသည် အတူမနေသောကြောင့် မိသားစုပြဿနာ မကြာခဏ ဖြစ်သည်။ ကျန်းမာပျော် ရွှင်သောအိမ်ထောင်တွင် တောင်းဆိုခြင်းနှင့် ဆန္ဒဖြည့်ပေး ခြင်းနှစ်ခုစလုံးရှိရပါသည်။ လင်နှင့်မယားသည် မိမိတို၏သီးသန့်ဘဝကို ကျမ်း ဖော်ပြသည့်အတိုင်း ကောင်း၍အသရေရှိသော ရင်းနှီးပေါင်းသင်းဆက်ဆံ တစ်ခုသို ဖြစ်လာရန်လိုသည်(သု၊၁၈း၂၂။ ဟေဗြဲ၊၁၃း၄)။
အိမ်ထောင်ဘဝမှာ မည်သိုပင်ဖြစ်စေ အစဉ်မချောမွေ့ပါ။ သဘော ကွဲလွဲမှု၊ မယုံကြည်စိတ်ချမှု နားလည်လွဲမှုများ မကြာခဏ ရှိတတ်သည်။ မင်္ဂလာဆောင်ခြင်းအားဖြင့် လူနှစ်ယောက် တရားဝင်ပေါင်း သင်းခြင်းမှာ မြစ်ကြီးနှစ်သွယ် ဆုံစည်းခြင်းနှင့်တူသည်။ ရေသည် မိုင်ပေါင်းများစွာ ရေအောက်ကြမ်းပြင်ကို ဖြတ် သန်းလာခဲ့ကြသော်လည်း ထိုနှစ်ခုသည် တစ်ခုတည်းဖြစ်နိုင်ရန်အတွက် နေ စွာရောနှောမှုတစ်ခုရှိသည်။ မင်္ဂလာဆောင်ခြင်းကိစ္စ၌ များစွာတိုသည် ရှည်လျား နှေးကွေးသော စနစ်လမ်းစဉ်ဖြစ်သည်။ အချို့သောသူတို့ သည် အပြန်အလှန် ပေါင်းသင်းခြင်း၏ ကျေနပ်မှုတစ်ခုကို တစ်ခါမျှ မရရှိကြပါ။ အခြားသောသူတို အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိသော အခါ၌သာလျှင် တရားဝင်ပူးပေါင်းခြင်းရှိသည်။
မင်္ဂလာဆောင်ခြင်း ဆွေးနွေးလမ်းညွှန်မှု လိုအပ်ခြင်း The Need for Marriage Counseling
ဆာလံဆရာနှင့် ဣသရေလ၏ရှင်ဘုရင်ဖြစ်သူ ဒါဝိဒ်၌ လက်ထပ်ခြင်း ဆိုင်ရာ ပြဿနာများရှိကောင်းရှိ မည်ဖြစ်သည်။
ငယ်ရွယ်သောအချိန်တွင် ရှောလု၏သမီး မိခေလနှင့်ချစ်ကြလျက် ရှင်ဘုရင်၏ကောင်းချီးပေးခြင်း နှင့် လက်ထပ်ကြသည်(၁ရာ၊၁၈း၂၀၊၂၈)။ သိုသော် လည်း ထိုလက်ထပ်ခြင်း၌ တစ်စုံတစ်ခုသောအရာ ဖြစ်ပျက် သည်။ လင်မယား အကြား ချစ်ခြင်းမေတ္တာမှာ ပို၍ပို၍ အေးစက်လာသည်။ မိခေလသည် သူ၏လင် ယောက်ျား အပေါ် ပို၍အပြစ်ရှာလာကာ “စိတ်နှလုံးထဲ၌ မထီမဲ့မြင်ပြု၏” (၂ရာ ၆း၁၆၊၂၁-၂၃)။ ထိုလင်မယားတို့သည် ကလေးမရကြ၊ ဒါဝိဒ်သည်လည်း ဗာသရှေဘ နှင့် ကိုယ်ကျင့်တရားပျက်ပြားမှုကိစ္စ၌ ပါဝင်သည်။
ဤအရာသည် ဒါဝိဒ်ကဲ့သိုသော ဘုရားသခင်၏လူအပေါ်၌ ဖြစ်နိုင် လူတိုင်းအပေါ်၌လည်း ဖြစ်နိုင်သည်။ သင်၏အသင်းတော် သို့ မဟုတ် အသိုင်းအဝိုင်း၌ရှိသော အိမ်ထောင်များစွာတို့မှာ ဤအခြေအနေမျိုး၌ ရှိကောင်း ရှိနေကြမည် ဖြစ်သည်။
ကြီးမားသော မျှော်လင့်ချက်နှင့်လည်းကောင်း၊ စိတ်အားထက်သန်စွာသော ခြင်းနှင့်လည်းကောင်း၊ မင်္ဂလာဆောင် မောင်နှံစုံတွဲသည် မိမိတို၏ တင်ကို ပင်ပန်းစရာကောင်းသော ပေါင်းသင်းဆက်ဆံမှု၊ ရေရှည်စစ်ပွဲ အဖြစ်မြင်နေကြပြီဖြစ်သည်။
လင်မယားနှင့်မိသားစုများ မညီညွတ်ခြင်း၏အကြောင်းရင်းတိုမှာ များပြား၍ ရှုပ်ထွေးသော်လည်း အချို့သောပြဿနာတို့မှာ အလွန်ခေတ်စားသည်။
ချွတ်ယွင်းသော စကားပြောဆက်ဆံခြင်း ၊
အတူမနေသော မောင်နှံစုံတွဲသည် ထိရောက်စွာဖြင့် စကားမပြောနိုင်ကြ ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ် များက သတင်းပိုကြသည်။ တစ်ခါတစ်ရံ ပွင့်လင်းစွာ စကားများခြင်းရှိသည်။ တစ်ခါတစ်ရံ တိတ်တဆိတ်နေ၍ အုံမှိင်းသောမျက်နှာရှိကြ – သော်လည်း မိမိ၏စိတ်ခံစားချက်ကို ရိုးသားစွာပြောပြခြင်း အရေးကြီးသော ပြဿနာ များအပေါ်၌ မိမိ၏အမြင်တိုကို ပြောပြနိုင်သည့်အစွမ်းလည်းရှိသည်။
လူတို့သည် အချင်းချင်းတိုအား နည်းအမျိုးမျိုးဖြင့် စကားပြောကြသည်။ နှုတ်ပါးစပ်အားဖြင့်ပြောခြင်း၊ လက်ဟန်ခြေဟန်ဖြင့်ပြောခြင်း၊ မျက်နှာအမူအယာနှင့် ပြခြင်း၊ အသံထွက်၍ပြောခြင်း၊ တစ်ခါတစ်ရံ အော်ဟစ်ခြင်း သိုမဟုတ် တိတ်ဆိတ် ခြင်းစသည်တိုဖြစ်သည်။ အကောင်းဆုံးသော အိမ်ထောင်၌ပင်လျှင် စကားအပြော အဆိုမှားယွင်းခြင်း တစ်ခါတစ်ရံ ရှိတတ်သည်။ သို့သော်လည်း ရှင်းလင်းစွာ ပြောဆို ဆက်ဆံ ခြင်းထက် မှားယွင်းစွာ ပြောဆိုခြင်းပို၍များလာသောအခါ ထိုအိမ်ထောင်သည် ဒုက္ခရောက်တော့သည်။ ပြောသော စကားတိုသည် မထင်မရှား၊မပြတ်မသား ဘဲ ရှုပ်ထွေးနေပါက သို့မဟုတ် ကြားရန်ရည်ရွယ်သော သူက လျစ်လျူရှုလျှင် တင်းမာမှုရှိမည်မှာ မလွဲဧကန် ဖြစ်သည်။ လင်မယားစုံတွဲတို့သည် အပြစ်ချည်းမြင် နေသော၊ အပြစ်ရှာချင်လွန်းသောစကားတို့ကို ပြောသောအခါ၌ သို့မဟုတ် စိတ် ခံစားချက်နှင့်ပြည့်သောစကား သို့မဟုတ် အသံတို ကို အသုံးပြုသောအခါ၌ တင်းမာမှုရှိမည်မှာ မလွဲဧကန်ဖြစ်သည်။
တစ်ခါတစ်ရံ စကားပြောဆိုဆက်ဆံခြင်းမှာ မရည်ရွယ်ဘဲ စိတ်ပျက်ဖွယ်ရာဖြစ်သည်။ တစ်ယောက် သောသူ ယောက်သောသူက ရှင်းရှင်းလင်းလင်း ပြောလိုသော်လည်း” ပြောပြရာ၌ အလွန်ညံ့သောကြောင့် အဖော်ဖြစ်သူမှာ နားရှုပ်၍ နားမလည်နိုင်ဘဲ ရှိတတ်သည်။
စကားပြောဆိုဆက်ဆံမှု တိုးတက်လာစေရန် အဖော်ဖြစ်သူသည် ရှင်းလင်း စွာ ပြောဆိုတတ်ရန်နှင့် သေချာစွာ ဂရုစိုက်နားထောင်တတ်ရန် သင်ယူရမည် အပြန်အလှန် အကျိုးပြုသောစုံတွဲအဖြစ် စိတ်ရှည်စွာ စောင့်ကြည့်ခြင်းအားဖြင့် အဆက်အသွယ်ပြတ်တောက်သွားသည့်နေရာကို အတိုင်ပင်ခံပုဂ္ဂိုလ်က မြင် သည်။ အနာဂတ်၌ ဆက်သွယ်ပြောဆိုခြင်းပို၍ ကောင်းမွန်လာရန်မှာ ဆွေး လမ်းညွှန်သူအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ အထူးသဖြင့် မောင်နှံစုံတွဲတိုသည် ပို၍ထိရောက်စွာ ဆက်သွယ်ပြောဆိုလိုခြင်း မရှိကြပါက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။
မရင့်ကျက်မှု(Immaturity) ၊
မောင်နှံစုံတွဲတိုသည် အိမ်ထောင်ကို ယုတ္တိမရှိသော မျှော်လင့်ချက်ကြီး နှင့် အစပြုလေ့ရှိကြရာ၊ သူတိုမျှော်လင့်ထားသည့် ပေါင်းသင်းဆက်ဆံမှုမျိုးဖြင့် လာပါက ဝမ်းနည်းစရာ၊ အမှားဘက်သို့ဦးတည် လာခြင်းသာဖြစ်စေသည်။ ပြည့်စုံ၏ မလာသောမျှော်လင့်ချက်တိုမှာ အိမ်ထောင်၌ ပို၍ အလုပ်ကြိုးစား လုပ်ကိုင်ခြင်း အတွက် ဆင်ခြေတစ်ခုဖြစ်သည်။ ကျေနပ်စရာကောင်းသော အတွေ့အကြုံတစ်ခုကို အပြန်အလှန်ပြုခြင်းအတွက် ဆင်ခြေတစ်ခုဖြစ်လာသည်။ အသစ်သောအတွေ့အကြုံ များကို အတူတကွ စီစဉ်ခြင်း၊ အနာဂတ်အတွက် ယုတ္တိရှိသော အစီအစဉ်တိုကို ပြုလုပ်ခြင်း၊ အသက်ရှင်ခြင်းအတွက် အသစ်သော အကျိုးအကြောင်းကို တွေ့ရှိခြင်း၊ ရင်းနှီးမှုအတွက် အခွင့်အရေးများကို ပြုလုပ်ခြင်း၊ အတူတကွ နေထိုင်ခြင်း စသည် တို့သည် ပေါင်းသင်းဆက်ဆံမှုတည်စေရန် အကြံပေးသောနည်းများဖြစ်သည်။
များစွာသော ဇနီးမောင်နှံတိုအတွက် စွဲမက်ခြင်းမရှိအောင်ပြုခြင်းမှာ လုံလတိုးပွားခြင်းကို မဖြစ်စေပါ။ ၎င်းသည် မရင့်ကျက်သောပြုမူမှုကို ဖြစ်ပေါ်စေပြီး ၎င်းသည် အိမ်ထောင်အပေါ်၌ တင်းမာမှုဖြစ်စေသည်။ အချင်းချင်းတိုအပေါ် အကျိုးအကြောင်း မညီညွတ်သည့် တောင်းဆိုမှုများ၊ တစ်ယောက်၏စိတ်ခံစားမှုကို ထောက်ထားညှာတာမှုကင်းခြင်း၊ မိမိ၏အမှားကြောင့် ခင်ပွန်းဇနီးကို အပြစ်တင်ခြင်း၊ ထင်ရာလုပ်တတ်သော အပြုအမူ၊ တာဝန်မဲ့ခြင်း၊ မနာလိုတွန့်တိုသောသဘော ရှိခြင်း၊ ကြင်ဖော်တစ်ယောက် သို့မဟုတ် နှစ်ယောက် စလုံး၏သဘောထားအရ ကြပ်တည်းစွာ နေထိုင်ခြင်း သိုမဟုတ် မိဘအပေါ်၌ လွန်ကဲစွာဖြင့် အမှီပြုပြီး စသည်တို့မှာ မရင့်ကျက်ခြင်း လက္ခဏာများဖြစ်သည်။ တစ်ခါတစ်ရံ ဘုရား ဖြေရှင်းပေးဖို စောင့်နေပြီး ပြဿနာ ကို ဖြေရှင်းခြင်းပြုရန် ငြင်းပယ်တတ်သည်။ မရင့်ကျက်သောသဘောသည် အောင်မြင် ရန် အချိန်ကုန်စေသည် ဟု စိတ်မရှည်ခြင်း ဘောပေါက်ခြင်းရှိတတ်၏။ အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်မှုပင်ဖြစ်သော် လည်း လူတို့သည် တစ်ရက်တည်းတွင် ရင့်ကျက်မလာကြပါ။ မရင့်ကျက်မူနှင့် တည်ဆောက်ထားသောအိမ်ထောင်သည် တိုးတက်မှုရှိလာရန် ရှည်လျားသောလမ်းကို နှေးကွေးစွာလျှောက်ရမည်ဖြစ်သည်။
အိမ်ထောင်ကို လေးလေးနက်နက်ထားရန်ပျက်ကွက်ခြင်း ၊
သမ္မာကျမ်းအရ အိမ်ထောင်ဆိုသည်မှာ လူနှစ်ယောက် တစ်သက်လုံး ပေါင်းသင်းဆက်ဆံနေထိုင်ခြင်း ဖြစ်သော်လည်း ယနေ့တွင် လူများစွာတိုသည် ဤ အမြင်ကိုလက်မခံကြချေ။ အချိုတိုသည် အိမ်ထောင်ကို အလွယ်တကူပြိုပျက်တတ် သော၊ အဆင်ပြေသော စီစဉ်မှုတစ်ရပ်အဖြစ် မြင်ကြသည်။ လင်မယားကွာရှင်းခြင်း လျင်မြန်၍ ကိုယ်ကျင့်တရားယိုယွင်းပျက်စီးနေသောခေတ်၌ မိမိ၏ဇနီးခင်ပွန်း အပေါ်၌ သစ္စာရှိရန်မလို၊ လက်ထပ်ပြီးသောသူသည်လည်း မိမိ၏ အိမ်ထောင်အပြင် ကာမရာဂဆက်ဆံခြင်းကို လွတ်လပ်စွာပြု သင့်သည်ဟု မှတ်ချက်ချကောင်းချကြ မည်ဖြစ်သည်။ တိုင်းနိုင်ငံများစွာတို၌ တရားဝင်လက်ထပ်ခြင်းမရှိဘဲ အတူတကွ နေထိုင်ကြသည်။
ဤအရာက ကာမရာဂအပေါ် ဖြူစင်သန့်ရှင်းခြင်းအမြင်နှင့် အိမ်ထောင်ပြု ခြင်း၏အရေးကြီးပုံကို ကွယ်ပျောက်စေသည်။ ဤအရာကို မီဒီယာက ပွင့်လင်းစွာညာသည်။ လူများစွာတို့ကလည်း လွတ်လပ်စွာ ခံယူကြသည်။ လင်မယား ရှင်းခြင်းကို လက်ခံသောတိုင်းနိုင်ငံများ၌ မောင်နှံစုံတွဲသည် အိမ်ထောင်၌
လုပ်ရန်၊ ကြီးထွားမှုနှင့်ရပ်တည်နိုင်မှုကို ကူညီမစရန် ဆန္ဒမရှိကြပါ။ အဆင် မပြေပါက ကွာရှင်းပြီး နောက်တစ် ယောက်ကို ရှာကြသည်။
ကွာရှင်းခြင်းသည် အစဉ်မှားသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ အခြေအနေအရပ်ရပ် ကြောင့် သမ္မာကျမ်း သည် ကွာရှင်းခြင်းကို အခွင့်ပေးသည်(တရား၊၂၄:၁၃၁-၃၂။ မဿဲ၊၂: ၃၁-၃၂။ ၁၉:၃-၁၀)။ သိုသော်လည်း ဘုရားသခင်သည် လင်မယား ကို မုန်းကြောင်းထင်ရှားသည် (မာလခိ၊၂း၁၆)။
အိမ်ထောင်သည် အဆင်ပြေပါကတည်စေ၊ အဆင်မပြေပါက အဆုံးသတ်စေဟူ၍ သမ္မာကျမ်းက အိမ်ထောင်ကို အလေးအနက်မထားဘဲ ထောက်ခံသော သဘော မဟုတ်ပါ။
တစ်ခါတစ်ရံ အထူးသဖြင့် အနောက်နိုင်ငံများ၌ မောင်နှံစုံတွဲတို၊ ချစ်ကြသောကြောင့် လက်ထပ်ကြ သည်။ ထိုနောက် မချစ်ကြတော့ အိမ်ထောင်ရေး ကွာရှင်းကြသည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ စိတ်ခံစားချက် မသာပါဟူသော ယူဆချက်အပေါ်၌ အခြေပြုသော စိတ်သဘောထားဖြစ်ပြီး ချစ်ခြင်းမေတ္တာသည် ကတိကဝတ်ပြုခြင်းနှင့် လက်တွေ့ လုပ်ဆောင်မှုပါလေကြောင်း သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ကျွန်ုပ်တို၏လူကြိုက်များ သီချင်းများ၊ ကဗျာလင်္ကာများနှင့် ရုပ်ရှင်ဇာတ်လမ်းတိုသည် ကာမရာဂနှင့်စိတ်ခံ မှုနှင့်ချစ်သောမေတ္တာတိုကိုသာ ဖော်ပြလေ့ရှိသောကြောင့် သမ္မာကျမ်း၏ စစ်မှန် သောမေတ္တာတရားကို မမြင်ဘဲရှိနေကြသည်။
သမ္မာကျမ်းက လင်ယောက်ျားများ မိမိ၏ဇနီးကိုချစ်ပါဟု ပညတ် သည် (ဧဖက်၊၅:၂၅)။ ဇနီးများကလည်း မိမိ၏ခင်ပွန်းတိုကိုရိုသေကြရန် ညွှန်ကြ ထားသည် (တိတု၊၂း၄)မည်သို ဆိုလိုပါသနည်း။ ။
လင်မယားပေါင်းသင်းဆက်ဆံခြင်းနှင့်ပတ်သက်၍ ချစ်ခြင်းမေတ္တာသည် မည်သည့်အရာနှင့်တူ သင့်သနည်းဟူ၍ သမ္မာကျမ်းက နမူနာနှစ်ခုကို ပြောပြထား သည်။
ပထမ- ယောက်ျားတိုသည် မိမိ၏ဇနီးတိုကို ခရစ်တော်သည် အသင်းတော် ကို ချစ်သကဲ့သို ချစ်ရမည်(ဧဖက်၊၅:၂၅-၂၇)။ ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးမဖက်သောမေတ္တာဖြစ်သည်။ ၁ကော၊၁၃ ၌ ဖော်ပြထားသည့်အတိုင်း ခရစ်ယာန်တိုထားရှိသောမေတ္တာမှာ မနာလိုသဝန်တိုခြင်း၊ ထောင်လွှား ခြင်း၊ မာန်မာန ရှိခြင်း၊ တွန့်တိုခြင်း၊ ရိုင်းစိုင်းခြင်း၊ မိမိကိုယ်ကို ချီးမြှောက်ခြင်းစသည်တိုနှင့်ကင်း၏။ စွန့်လွှတ်ခြင်းနှင့် ပေါင်းသင်းဆက်ဆံခြင်းဖြစ်ပြီး သစ္စာစောင့်ခြင်းနှင့် ချစ်ရသောသူ အတွက် စိုးရိမ်ပူပန်၏။ ဤမေတ္တာမျိုးကို ဆန္ဒရှိကာမျှဖြင့် မဖန်တီးနိုင်ပါ။ ခရစ်ယာန်များအတွက် ချစ်ခြင်းမေတ္တာသည် ကြီးထွား လာသောဆက်ဆံမှု တစ်ရပ် ၊ ဖြစ်ရန် ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တိုအထဲရှိကြောင်း ဖော်ထုတ်ခြင်း တစ်ခုဖြစ်သည်။ ။
ဒုတိယ- အိမ်ထောင်ချစ်ခြင်းမေတ္တာသည် မိမိကိုယ်ကိုချစ်ခြင်းနှင့် အတူတူ ဖြစ်သည်။ ယောက်ျားတို့ သည် မိမိကိုယ်ကိုချစ်သည့်အတိုင်း မိမိ၏ဇနီးတိုကို ချစ်ရမည်ဟု သမ္မာကျမ်းကဆို၏(ဧဖက်၊၅:၂၈-၃၃)။
အခန်း(၁၁)
ခရစ်ယာန်တရားအခြေပြုဆွေးနွေးလမ်းညွှန်မှု၌ ပြဿနာများ
အပိုင်း – ၁
ဧလိယသည် အစွမ်းကြီးသော ဘုရားသခင်၏လူဖြစ်သည်။ သမ္မာကျမ်းအရ ဤဓမ္မဟောင်းပရောဖက် သည် ဆုတောင်းအားကြီးသော လူတစ်ယောက်၊ စိတ် အားကြီးသော ဝိညာဉ်ရေးရာဦးဆောင်သူတစ်ယောက်၊ မဆုတ်မနစ် လုပ်ဆောင်တတ်သည့် အစေခံကျွန်တစ်ယောက်၊ အစွမ်းကြီးသော ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ – ဧလိယသည် မိမိ၏အသက်တာတစ်လျှောက်လုံးတွင် ထာဝရဘုရား၏ ကြီး မားသောအစွမ်းနှင့် လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ ဧလိယသည် တောထဲ၌ ပြီး တစ်ယောက်တည်းရှိစဉ် ဆာမွတ်ခြင်းမှ ကင်းလွတ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျီးအတို့သည် နေ့တိုင်း အစာယူလာကြရန် ဘုရားသခင်စေလွှတ် သောကြောင့်ဖြစ်သည်။ ဧလိယသည် မုဆိုးမအိမ်၌နေစဉ်တွင် ဆာငတ်ခေါင်းပါးသောကာလ၌ အ ရားသခင် ပြင်ဆင်ပေးသည်ကိုတွေ့ရသည်။ မုဆိုးမ၏သား သေဆုံးသောအခါ၌ ကို လည်း ဘုရားသခင်သည် အသက် ပြန်ရှင်ရန် ဧလိယကို အသုံးပြုသည်။
ထိုနောက် ဗာလပရောဖက်ပေါင်း(၄၅၀)နှင့် ကရမေလတောင်ပေါ်၌ တွေ့ဆုံခြင်းတစ်ခုရှိသည်။
ထိုအဖြစ်အပျက်ကို သင် ကောင်းမွန်စွာ မှတ်မိကောင်းမှတ်မိမည်ဖြစ်သည်။ ဗာလ၏အစေခံကျွန် တို့သည် ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ကြပြီး ကောင်းကင်မှမီးကိုလွှတ်ရန် ကခုန်၍ သူတို့ဘုရားသခင်ကို တောင်းပန်ကြသည်။
မည်သည့်အရာတစ်ခုမျှ ဖြစ်မလာပါ။
ဧလိယသည် ယဇ်ပလ္လင်တစ်ခုကို တည်ဆောက်ပြီး ရေနှင့်လောင်းကာ စစ်မှန်သောဘုရားသခင်ကို ခေါ်သည်။ မီးလျှံတို့သည် ယဇ်ကို ချက်ချင်းလောင်ကျွမ်းသည်။ လူအားလုံးတို့သည် ဒူးထောက်လျက် “ထာဝရဘု ရားသည် ဘုရားသခင် ဖြစ်တော်မူ၏”ဟု အော်ဟစ်ကြသည်(၃ရာ၊၁၈း၃၉)။ မိစ္ဆာပေရာဖက်အေပါင်းတို့ကို ချက်ချင်းသတ်ပစ်ကြသည်။
နောက် မည်သို့ဖြစ်သည်ကို သင်မှတ်မိပါသလား။
ယေဇဗေလမိဖုရားသည် ဖြစ်ပျက်ခဲ့သည့်အရာကိုကြား၍ ဧလိယကို သတ် လိုသည်။ ပရောဖက်ကြီး သည် တောထဲသိုလျင်မြန်စွာထွက်ပြေး၍ ကြောက်ရွံတုန်း လှုပ်ကာ၊ သူ၏အသက်ရုပ်သိမ်းရန် ဘုရားသခင်အား တောင်းဆိုသည်။
ဧလိယအပေါ်၌ ဤအပြောင်းအလဲကို မည်သည့်အရာက ဖြစ်စေပါ သနည်း။ ဘုရားသခင် အလွန်အ သုံးပြုခြင်းကို ခံရသောသူတိုသည် စိတ်ဓာတ်ကျ ဆင်းခြင်း၊ အမျက်ထွက်ခြင်း၊ စိတ်ပူပန်ခြင်းနှင့် အထီးကျန် ခြင်းကိုခံရကြောင်း မြင်ရသည်။ သင်သည် ဧလိယနှင့်အတူ တောထဲ၌ရှိခဲ့မည်ဆိုပါက သူ့ကို သင် မည်သို့ ဆွေးနွေးလမ်းညွှန် အကြံပြုခဲ့မည်နည်း။ ။
ကျွန်ုပ်တို့သည် ဆွေးနွေးလမ်းညွှန်မှုနှင့်ဆိုင်သော စာအုပ်များကို ဖတ်ခဲ့ မည်ဖြစ်သော်လည်း ဧလိယကဲ့ သို လိုအပ်သောသူတစ်ယောက်နှင့် မျက်နှာချင်းဆိုင်သောအခါ၌ မည်သည့်အရာကို ပြောရမည် သိုမဟုတ် မည်သိုပြောကြားရမည်ကို သိရန် ခက်ခဲသည်။ ဆွေးနွေးလမ်းညွှန်မှုတိုင်း၌ အသုံးပြုရန် ပုံသေနည်းဟူ၍ မရှိနိုင်ပါ။ ပြဿနာတိုင်းကို ဆွေးနွေးဖြေရှင်းပေးနိုင်သော စာအုပ်မရှိပါ။ လူတိုင်း အတွက် အသုံးပြုနိုင်သော လမ်းညွှန်ချက်များဟူ၍လည်း မရှိပါ။
သို့သော်လည်း ဆွေးနွေးလမ်းညွှန်မှုဆိုင်ရာ၌ အများဆုံးဖြစ်လေ့ဖြစ်ထ ရှိသော ပြဿနာအချိုတိုကို ကျွန်ုပ်တို ဆွေးနွေးကြမည်ဖြစ်သည်။ ဆွေးနွေး လမ်းညွှန်ခြင်း၌ လိုအပ်သောအရာတိုကို သမ္မာကျမ်းစာက မည်သို ပြောသည်ကို တွေ့မြင်ကြရန်ဖြစ်သည်။ ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှုသည် ထာဝရ ဘုရားထံတော်မှလာသော လမ်းပြမှုတန်ခိုးနှင့် ဉာဏ်ပညာအပေါ်၌ အမှီပြုသောအခါ၌သာ အောင်မြင်နိုင် မည်ဖြစ်ကြောင်း အစဉ်သတိရစေလိုသည်။
စိတ်ဓာတ်ကျဆင်းခြင်းပြဿနာ(The Issue of Depression)
စိတ်ဓာတ်ကျဆင်းခြင်းသည် ကိုယ်ရေးကိုယ်တာပြဿနာအားလုံးထဲ အဖြစ်အများဆုံးသော ပြဿနာ တစ်ရပ်ဖြစ်သည်။ အသက်တာ၌ (အတိုင်ပင် ပုဂ္ဂိုလ် အပါအဝင်) ကျွန်ုပ်တိုအများစုသည် စိတ်ဓာတ်ကျဆင်းမှုကို ရရှိ ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း ဤအရာနှင့် ရုန်းကန်နေပြီး စိတ်ဆ ခြင်းဝေဒနာ စွဲကပ်သူများကို မြင်မည်ဖြစ်သည်။ ဤလူအချိုတိုသည် ဧလိယ တူ မိမိ၏အသက်တာ အပ်နှံသောသူများပင် ဖြစ်ကောင်းဖြစ် နိုင်သည်။
စိတ်ဓာတ်ကျဆင်းခြင်းကို ခံနေရသောသူတိုကို ထိရောက်စွာ ဆွေးနွေးလမ်းညွှန်နိုင်ရန် စိတ်ဓာတ်ကျဆင်း ခြင်း၏အင်္ဂါလက္ခဏာ၊ အကြောင်းအရာနှင့် ကူညီနိုင်မည့်နည်းပညာတိုကို သိရန်လိုသည်။
စိတ်ဓာတ်ကျဆင်းခြင်း၏ အင်္ဂါလက္ခဏာမှာ မည်သည့်အရာနှင့်တူပါသနည်း။ ဧလိယကို ကြည့်ခြင်း အားဖြင့် အဖြေကိုစတင်တွေ့ရှိနိုင်ပါသည်။ ၃ရာ၊၁၉ ရေးသားထားသည့်အတိုင်း ပရောဖက်ကြီးသည် ကြောက်ရွံ နေသည်(ငယ်၊၃)။ အထီးကျန်သည်(ငယ်၊၄) အလွန်ဝမ်းနည်းပြီး မျှော်လင့်ချက်မဲ့သည်။ အသက်ရှင်ရန် ပင် မျှော်လင့်ချက်မထားပါ(ငယ်၄)။ စိတ်ဖိစီးမှု၏ လွှမ်းမိုးမှုကိုခံရပြီး၊ စိတ်မချမ်းမြေ့ မှုမှ လွတ်မြောက်ရန် လုပ်ရ မည့်အရာအပေါ်၌ စိတ်ရှုပ်ထွေးမည်မှာ အမှန်ပင်ဖြစ် သည်။ ပြင်းထန်သော စိတ်ဖိစီးမှုကိုခံသောလူတို၌ အခြားသူတိုနှင့်အတူ စားချင် စိတ်၊ အလုပ်လုပ်ချင် စိတ်ကင်းမဲ့ကြသည်။ ဧလိယသည် ထိုစိတ်ဖိစီးမှုမျိုးရှိ သည်မှာ သိသာထင်ရှားသည် (ငယ်၊၃၊၅)။ ။
စိတ်ဖိစီးမှုကိုခံစားသောလူတိုသည် မိမိကိုယ်ကို အပြစ်ရှာ၍ စိတ်ဝင်စားမှု ကင်းမဲ့ခြင်း၊ မစဉ်းစား မဆင်ခြင်နိုင်ခြင်း၊ အားမရှိခြင်း၊ တစ်ခါတစ်ရံ လိပ်ပြာ မသန့်မှုနှင့် အမျက်ဒေါက အနှောင့်အယှက်ပေး တတ်သည်ကို တွေ့ရှိခဲ့ရပါ သည်။ ထိုသိုသောလူတိုသည် အခြားသူများရှေ့၌ ပုံမှန်လူတစ်ယောက်ကဲ့သို နေ သော်လည်း အတွင်းပိုင်း၌မူ အလွန်ပင်ပန်းနွမ်းနယ်မှု၊ ကျွဲမြီးတိုနေခြင်း၊ စိတ်အား ထက်သန်မှုမရှိခြင်း၊ မျှော်လင့် ချက်ပျက်ခြင်း၊ ဝမ်းမြောက်ပျော်ရွှင်ခြင်းကင်းမဲ့မှုနှင့် ရုန်းကန်နေမည်ဖြစ်သည်။ တစ်ခါတစ်ရံ သူတိုသည် လွတ်မြောက်ရာလမ်းနှင့်ပတ် သက်၍ စိတ်ကူးယဉ်ကြသည်။ တစ်ခါတစ်ရံ ခရစ်ယာန်တိုသည် မိမိကိုယ်ကို သတ်သေရန်ပင်ကြံစည်ကြသည်။ ။
စိတ်ဓာတ်ကျဆင်းခြင်းကိုဖြစ်စေသည့် အကြောင်းရင်းတစ်ခုတည်းမရှိပါ။ ဖြစ်ပျက်ပုံတို့မှာ ခြားနား သော်လည်း အများအားဖြင့် သုံးမျိုးရှိသည်။
ပထမ- ကာယပိုင်းကြောင့် စိတ်ဓာတ်ကျဆင်းမှုဖြစ်သည်။ ကျွန်ုပ်တိုတွင် များစွာသောသူတို့သည် ရောဂါဘယကြောင့် စိတ်ဓာတ်ကျဆင်းခြင်း အတွေ့အကြုံ ကြသည်။ တစ်ခါတစ်ရံ အဖုအကျိတ်ယောင်ခြင်း၊ ပိုးမွှားများ၊ အကျိတ်များနှင့် အခြားသောရောဂါတို့သည် ခန္ဓာကိုယ်၏ဓာတ်သဘောတို့ကို အနှောင့်အယှက် ပေးပြီး ကာယပိုင်းအပြောင်းအလဲများဖြစ်စေကာ ထိုအရာက စိတ်ဓာတ်ကျဆင်းခြင်း ကိုဖြစ်စေသည်။
ဤစိတ်ဓာတ်ကျဆင်းခြင်း၏ နမူနာတစ်ခုမှာ အမျိုးသမီးများကလေး မွေးဖွားပြီးနောက် ဖြစ်တတ်သော စိတ်ဓာတ်ကျဆင်းခြင်းဖြစ်သည်။ ကလေးမီးဖွား ခြင်းနှင့် ကျွေးမွေးပြုစုခြင်းသည် မိခင်၏ကိုယ်ခန္ဓာစိတ် သဘောညီညွတ်မှုကို ဖျက်ဆီးပြီး ခန္ဓာကိုယ်သည် ပုံမှန်ဖြစ်လာရန် လိုအပ်နေသောအချိန်တွင် စိတ်ဓာတ် ကျဆင်းမှုကိုဖြစ်စေတတ်သည်။
ကျွန်ုပ်တို့၌ အနားယူချိန်မရှိခြင်း၊ အစားအသောက်မမှန်ခြင်း၊ လေ့ကျင့်ခန်း မလုပ်ခြင်း စသည်တိုသည် အားအင်မရှိခြင်းနှင့် စိတ်ဓာတ်ကျဆင်းမှုကို အထောက် အကူဖြစ်စေသည်။ ကောင်းကင်တမန်သည် ဧလိယ ထံသို့ ရောက်ရှိလာသောအခါ ပထမ ဦးစွာ “ထ၍စားပါ”ဟုပြောသည်မှာ အဓိပ္ပါယ်ရှိလှသည်။ ထိုနောက် ဧလိယ သည် အနားယူသည် (၁ရာ၊၁၉:၅-၆)။
စိတ်ဖိစီးမှုသည် စိတ်ဓာတ်ကျဆင်းခြင်း၏ ဒုတိယအကြောင်းရင်းဖြစ် သည်။ ကျွန်ုပ်တိုအားလုံး၏ ဘဝအသက်တာသည် ဖိအားပေးမှုနှင့် ပြည့်ဝနေသည်။ အလိုမကျမှု၊ စိတ်မချမ်းသာမှုတိုနှင့် ပြည့်နေသည်။ ဤစိတ်ဖိစီးမှုတိုသည် စိတ် ဓာတ်ကျဆင်းခြင်းကို ဖြစ်စေနိုင်သည်။ အထူးသဖြင့် ချစ်ရသောသူတစ်ဦးကို ဆုံးရှုး ခြင်း၊ အလုပ်ဆုံးရှုးခြင်း၊ ပိုင်ဆိုင်မှုဆုံးရှုးခြင်း သိုမဟုတ် အခြားတိုင်းတစ်ပါးသို့ မိတ်ဆွေပြောင်းသွားသော ကြောင့် ဆုံးရှုးမှုကို ခံစားတွေ့ကြုံကြသောအခါ၌ ဖြစ် တတ်သည်။ စိတ်ဓာတ်ကျဆင်းခြင်းအများဆုံးမှာ ဆုံးရှုးမှုကြောင့်ဖြစ်သည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်အများစုက ယုံကြည်ကြသည်။
ထိုသို့သောစိတ်ဖိစီးမှုကို ခံရသောအခါတိုင်း၌ အခြားသောသူတစ်ယောက် အပေါ်၌ စိတ်ဆိုးခြင်း၊ မိမိကိုယ်ကို အမျက်ထွက်ခြင်း၊ ဘုရားသခင်အပေါ်၌ပင်လျှင် အမျက်ထွက်ခြင်းရှိတတ်သည်။ အကယ်၍ ထိုအမျက်ဒေါသကို မိမိစိတ်ထဲ၌ လိုလားကြ မည်ဆိုပါက ပို၍ အနာရင့်လာနိုင်သည်။ ခါးသီးမှုကို တိုးပွားစေ သည်။ တစ်ခါတစ်ရံ ကြမ်းကြုတ်ခက်ထန်ပြီး အပြစ်ရှာသောသဘောထားသို ပြောင်းသွား စေတတ်သည်။
သို့သော်လည်း စိတ်ထဲ၌ ထိန်းထားသော အမျက်ဒေါသသည် စိတ်ဓာတ် ကျဆင်းခြင်းကို ဖြစ်စေ တတ်သည်။ သင်သည် စိတ်ဓာတ်ကျနေသူကို ဆွေးနွေး လမ်းညွှန်သည့်အခါတိုင်း၌ ထိုပုဂ္ဂိုလ်သည် စိတ်ဖိစီးမှုကိုခံနေရသလား။ ချစ်ရသော မိတ်ဆွေ သို့မဟုတ် အုဖိုးတန်သောပစ္စည်းတစ်ခု ဆုံးရှုံးနေရသလား။ တစ်စုံတစ်ရာ အပေါ်၌ အမျက်ထွက်နေပါသလားစသည်တို့ကို မေးပါက အထောက်အကူပြုနိုင်သည်။ ဆုံးရှုံးမှုများ သို့မဟုတ် အမျက်ဒေါသတို့ကို ဖြေရှင်းပေးခြင်းတို့သည် လူတို့၏အမျက်ဒေါသကို ကူညီရာ၌ ထိရောက်သောနည်းတစ်ခု ဖြစ်နိုင်သည်။ –
ဧလိယသည် တောထဲသို ထွက်ပြေးသောအခါ စိတ်ဖိစီးမှုကိုခံခဲ့ရသည်။ သူသည် ရှင်ဘုရင်၏မျက်နှာ သာပေးခြင်းကို မခံခဲ့ရပေ။ ထိုကြောင့် အမျက်ထွက်ပြီး ကောင်းကင်တမန်အား“အကျွန်ုပ်သည် အလွန်စိတ် အားကြီးပါပြီ”ဟု အပြစ်တင် သော စိတ်နှင့်ပြောသည်။ သိုသော် လူတိုသည် ဘုရားသခင်ကို ငြင်းပယ်ခဲ့ကြပြီး အခြားသော ပရောဖက်တိုကိုသတ်ကြသည်။ ယခုလည်း ဧလိယကိုသတ်ရန် ကြိုးစားနေကြသည်။ ဧလိယသည် အမျက်ဒေါသထွက်ကာ စိတ်အလိုမကျဖြစ်ပြီး ပြောပြသည်မှာ အဓိပ္ပါယ်ရှိလှသည် (၃ရာ၊၁၉း၁၀၊၁၄)။
စိတ်ဓာတ်ကျဆင်းခြင်းကို ဖြစ်စေသည့် တတိယအရာမှာ ခိုကိုးရာမဲ့ သည်ဟု ခံစားခြင်း(helplessness) ဖြစ်ပြီး ဧလိယ၏အသက်တာ၌ တွေ့ရသည်။ သူသည် အားနည်းမှု၊ အဖော်မဲ့မှု၊ အစွမ်းမဲ့မှု၊ ချီတက်လာသော မိဖုရား၏တပ်များ ရှေ့၌ ခိုကိုးရာမဲ့မှုစသည်တိုကို ခံစားရသည်။
ဆွေးနွေးလမ်းညွှန်ခြင်းကဏ္ဍ၌ လတ်တလော စာရေးသူတို၏ အဆိုအရ ခိုကိုးရာမဲ့သည်ဟု ခံစားနေရ သော လူများအပေါ်၌ စိတ်ဓာတ်ကျဆင်းမှုရောက်တတ် သည်ဟု ဆိုကြ၏။ လယ်သမားသည် အလွန်ကြိုးစား အားထုတ်သော်လည်း ကောက်ပဲသီးနှံ မဖြစ်ထွန်းသောအခါ၊ မိဘများသည် ကလေးများကို သွန်သင် လေ့ကျင့် သော်လည်း ဆန့်ကျင်ပုန်ကန်၍ အပြစ်ဒုစရိုက်ထဲ၌ ပြိုလဲသောအခါ၊ ဆရာဝန်၏အကောင်းဆုံး ကုသမှုကိုခံ ယူရင်း ချစ်သောသူသည် သက်သာကျန်းမာ ခြင်းမရှိသောအခါ၊ လုပ်ငန်းတစ်ခုမရနိုင်လောက်အောင် ခက်ခဲသော အချိန်အခါများ ၌ ကျွန်ုပ်တိုကို ခိုကိုးရာမဲ့ဖြစ်စေပြီး စိတ်ဓာတ်ကျဆင်းစေလေ့ရှိသည်။
စိတ်ဓာတ်ကျဆင်း နေသောသူကို ဆွေးနွေးလမ်းညွှန်ရန် နည်းလမ်းအချို့
စိတ်ဓာတ်ကျသောသူကို ဆွေးနွေးလမ်းညွှန်ရန် မလွယ်ပါ။ ကျွန်ုပ်တို့ သည် အကောင်းဆုံးကြိုးစား၍ သွန်သင်သော်လည်း တိုးတက်မှုရှိမလာပါ။ ဤအရာက အတိုင်ပင်ခံပုဂ္ဂိုလ်ကို စိတ်ဓာတ်ကျဆင်းခြင်း ဖြစ်စေနိုင်သည်။ မည်သို့ ပင်ဖြစ်စေ ဧလိယအား အထောက်အကူဖြစ်စေသည့် အချို့သောနည်းကိုကြည့်ပါက ကျွန်ုပ်တို့ ကိုလည်း အထောက်အကူဖြစ်စေနိုင်ပါသည်။
ဧလိယသည် သူ၏ကာယပိုင်းလိုအပ်မှုများဖြစ်သည့် အစားအစာ၊ အနားရခြင်းတို့ရှိသည်။ သူ၏မအားမ လပ်လုပ်နေရသည့်အလုပ်မှ အခိုက်အတန့် တစ်ဦးတည်းအနားယူရသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် ယေရှုသည်ပင်လျှင် များပြားလှသည့် အစီအစဉ်မှအနားယူရန် အချိန်ယူသည်။ တစ်ခါတစ်ရံ ဤအချက် သည် ဆွေးနွေးလမ်းညွှန်မှုခံရသောသူများနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်များ၏ လိုအပ်သောအရာ ဖြစ်သည်။ ထိုအရာမှာ အနားယူပြီး မိမိ၏ကာယပိုင်းဆိုင်ရာကို ဂရုစိုက် ရမည့်အချိန်ပင်ဖြစ်သည်။ ကာယပိုင်းမှ စိတ်ဓာတ်ကျဆင်း ခြင်းကို ဖြစ်စေနိုင်သည် နှင့်အညီ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် ကာယပိုင်းစစ်ဆေးမှုကို ခံယူရန် တိုက်တွန်း သင့်ပါသည်။ အထူးသဖြင့် စိတ်ဓာတ်ကျဆင်းခြင်းသည် ဆက်လက်ဖြစ် နေပါက တိုက်တွန်းရန်ကောင်းပါသည်။
ဧလိယသည် သူ၏စိတ်ဓာတ်ကျဆင်းမှုကို ဝန်ခံပြီး ထိုအရာတိုကို ရင်ဆိုင် သည်။ ပရောဖက်ကြီးသည် ကြောက်ရွံခြင်းကို မကြောက်ပါဟူ၍မငြင်း၊ အထီး ကျန်မှု၊ ရုန်းကန်မှုနှင့် အမျက်ဒေါသတိုကို မငြင်းပါ။ ဆွေးနွေး လမ်းညွှန်မှုခံရသော သူတစ်ယောက်သည် စိတ်ဓာတ်ကျဆင်းခြင်းကို ခံရပါသည်ဟု ပင့်ပြီး စိတ်ဓာတ် ကျဆင်း ခြင်း သည် လူတိုင်း၌ဖြစ်သည်ကိုသိရှိကာ မည်သည့်အရာကဖြစ်စေသည်ကို ရှာဖွေရန် ဆုံးဖြတ်ပါက အကျိုးရှိ သည်။ တစ်ခါတစ်ရံဖြစ်စေသည့်အကြောင်းကို သိရှိပြီး ဖြေရှင်းရန် တစ်စုံတစ်ခုကိုပြုနိုင်ပါက သက်သာလာ နိုင်သည်။ မည်သိုပင် ဖြစ်စေကာမူ ထိုစိတ်ဓာတ်ကျဆင်းခြင်းကို ဖြစ်စေသည့်အခြေအနေကို ပြောင်းလဲ စေရန် မကြာခဏ မဖြစ်နိုင်ပါ။ ဤအချိန်တိုသည် မပြောင်းလဲနိုင်သောအရာကို အတိုင်ပင်ခံပုဂ္ဂိုလ်သည် လက်ခံနိုင်ရန် အတွက် အကူအညီ လိုအပ်နေသောအချိန် များဖြစ်သည်။
ဥပမာ ချစ်သောသူတစ်ယောက် ဆုံးရှုးမှုအပေါ် ဝမ်းနည်း၍ စိတ်ဓာတ်ကျ ဆင်းနေသည်။ ထိုသို ခွဲခွာသွားသောသူသည် ဤမြေကြီးသို ပြန်လာမည်မဟုတ်သော်လည်း ဝမ်းနည်းသောဆွေမျိုးသားချင်းအား ထိုဝမ်းနည်းမှုကို ဝန်ခံပေးခြင်း အမှန်တကယ် ဆုံးရှုးမှုဖြစ်ကြောင်း လက်ခံခြင်းနှင့်အထီးကျန်ခြင်းရှိသော်လe ရှေ့ဆက်လျှောက်ရမည့်အသက်တာကို လမ်းညွှန်ပေးခြင်းဖြင့် အကူအညီပေး နိုင်သည်။
ဧလိယသည် ဘုရားသခင်၏အသံတော်ကိုကြား၍ နာခံသည်။ ဧလိယသည် တောထဲသို့ ပထမဦးဆုံး ရောက်ရှိလာသောအခါ သူ၏အသက်ကို ရုပ်သိမ်းရန်တောင်းသော်လည်း(၃ရာ၊၁၉း၄) ဘုရားသခင်သည် ကောင်းကင်တမန်တစ်ပါးကို စေလွှတ်သည်။ ထိုကောင်းကင်တမန်က “သွား၍ ဘုရားသခင်ရှေ့တော်၌ရပ်ပါ”ဟု ဆိုရာ ဧလိယက နာခံသည်။
လူတို့သည် စိတ်ဓာတ်ကျနေချိန်၌ ဘုရားသခင်၏စကားကို နားထောင်ရန် ဆန္ဒမရှိကြပါ။ ဆုတောင်း ခြင်း၊ ကျမ်းစာဖတ်ခြင်းသည် အချည်းနှီးဖြစ်၍ ပျင်းစရာကောင်းသကဲ့သိုဖြစ်လာတတ်သည်။ သို့သော်လည်း ဆွေးနွေးလမ်းညွှန်မှုခံယူသူတို မှာ ဘုရားသခင်နှင့် စကားပြောဖို၊ ကျမ်းစာဖတ်ပြီး အသံတော်ကို နားထောင်ဖို့၊ ကိုယ်တော်လမ်းပြမည်ဟု မျှော်လင့်ဖို့၊ နူးညံ့သိမ်မွေ့စွာဖြင့် အားပေးတိုက်တွန်းရန် လိုအပ်သည်။ ဧလိယသည် ကြာမြင့်စွာ စောင့်နေရသော်လည်း နောက်ဆုံးတွင် ဘုရား သခင်သည် နှုတ်ထွက်စကားတော်အားဖြင့် စကားပြောသည်။ တစ်ခါတစ်ရံ မိမိအသက်တာကို အပ်နှံသည့်ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ် သို့မဟုတ် မိတ်ဆွေ တစ်ယောက်အား ဖြင့်လည်း စကားပြောပါသည်။ ။
ထိုနောက် ဧလိယသည် သူ၏အခြေအနေကို ပြောင်းသည်။ သူသည် တောကြီးထဲရှိ သစ်ပင်အောက်၌ မနေတော့ပါ။ တောင်ပေါ်လေတိုက်သောနေရာ၌ လည်းမနေပါ။ ဧလိယသည် အမှုတော်လုပ်ငန်း၌ ပြန်လည် ပါဝင်သည်။ ထာဝရ ဘုရားက “သင်လာသည့်လမ်းသို ပြန်သွားပါ”ဟု မိန့်တော်မူရာ ဧလိယသည် နားထောင် သည်။
စိတ်ဓာတ်ကျခြင်းခံရစဉ်၌ မလှုပ်ရှားနိုင်အောင် ရှိတတ်ကြသည်။ အရာရာ ကို လုပ်ကိုင်လိုစိတ်မရှိပါ။ တစ်ခါတစ်ရံ ဆွေးနွေးလမ်းညွှန်မှုခံယူသူတိုသည် သည်းခံစွာ နားလည်ပေးခြင်းနှင့် စိတ်သဘောထား ပြောင်းလဲ ခြင်းအပါအဝင် အသက်တာပြောင်းလဲရန် ယဉ်ကျေးသိမ်မွေ့စွာဖြင့် အားပေးခြင်းလိုအပ်သည်။ ကျွန်ုပ်၌ ဖြစ်နေသည့်အခြေအနေကို ခြားနားသောအမြင်မှ ကြည့်သောအခါ ပြောင်းလဲမှုသည် အလွယ်တကူ ရောက်ရှိလာနိုင်သည်။ ဧလိယ နောက်ပြုသော အရာသည် ထိုအရာပင်ဖြစ်သည်။
ဧလိယသည် သူ၏အခြေအနေကို ပြန်၍စိစစ်သည်။ တောထဲ၌ သခင်နှင့် နှစ်ဦးတည်းရှိချိန်၌ အခြေအနေသည် သူ ထင်သကဲ့သို မဟုတ်သည်ကို သိရှိသည်။ ဘုရားသခင်ကို ကိုးကွယ်ရာ၌ သူတစ်ယောက် တည်းမဟုတ် တွေ့ ရှိသည်။ အခြားယုံကြည်သူပေါင်း(၇၀၀၀) ရှိသည် (၃ရာ၊၁၉၁၈)။ တစ် တစ်ရံ ဘဝ အသက်တာကို တစ်ဦးတည်း ရင်ဆိုင်ရသည်မဟုတ်ကြောင်းကို ဆွေးနွေး လမ်းညွှန်မှုခံယူသူ မြင်နိုင်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်က ကူညီရပါမည်။
နောက်ဆုံးတွင် ဧလိယက အခြားသောသူတို၏ကူညီမှုနှင့် ထောက်ပံ့မ လက်ခံရ၏။ ပထမ၌ ကောင်းကင်တမန်က ကူညီမစမှုကိုပေးသည်။ ထိုနောက် ဘုရားသခင်ထံတော်မှ မစမှု ရောက်ရှိလာသည်။ နောက်ဆုံးတွင် ဧလိယကို ဧလိရှဲက ကူညီသည်။ စိတ်ဓာတ်ကျဆင်းသောသူတိုသည် သူတို့၏ စိတ်ဓာတ်ကျဆင်း ခြင်းကို မိမိတို တစ်ဦးတည်း ဖြေရှင်းရန် ခက်ခဲသည်။ ဧလိယကဲ့သိုသော ဝိညာဉ် ရေးရာ၌ ဦးဆောင်သောသူတို့၌ အခြားသော ယုံကြည်သူထံမှလာသော အားပေးမှု သည် အကျိုးဖြစ်နိုင်၏။
ဘုရားသခင်သည် ခရစ်ယာန်များကို အဖွဲ့လိုက်ထားရှိရသည်မှာ ဤ အကြောင်းကြောင့်ဖြစ်နိုင်သည်။ သူတိုအချင်းချင်းသည် လိုအပ်သောအချိန်၌ မစမှု နှင့် ထောက်ပံ့မှုကိုပေးနိုင်ကြသည်။ ခရစ်ယာန်များသည် အချင်းချင်းကူညီရန် အဆင်သင့်ဖြစ်ဖိုလိုအပ်သည်။ သို့သော်လည်း အခြားလူများမှလာသော ဘုရား သခင်၏ မစမှုကိုရရှိရန် ကျွန်ုပ်တို့၌ နှိမ့်ချမှုလည်းလိုအပ်သည်။
အမျက်ဒေါသပြဿနာ(The Issue of Anger)
အမျက်ဒေါသဆိုသည်မှာ ကျွန်ုပ်တိုသည် ခြိမ်းခြောက်ခံရခြင်း၊ အလိုမကျ ဖြစ်ခြင်း၊ မတရားပြုမူခြင်းခံ ရခြင်း၊ ခိုကိုးရာမဲ့ခြင်းတိုမှ ဖြစ်ပေါ်လာသော စိတ် တင်းမာမှုကို အလွန်အမင်းခံစားခြင်းဖြစ်သည်။ အမျက်ဒေါ သသည် တစ်ကိုယ်လုံး ကို မွှေနှောက်သည့် စိတ်ခံစားမှုတစ်ရပ်ဖြစ်ပြီး လုံလောက်သောစွမ်းအင်တစ်ခုကို ဖြစ်စေနိုင်သည်။ ထိုစွမ်းအင်သည် ခန္ဓာကိုယ်ကြမ်းတမ်းခက်ထန်မှု၊ နှုတ်ပါးစပ်အသံ အားဖြင့် နာမည်ခေါ်ခြင်း၊ အပြစ်ရှာသောစကားများပြောဆိုခြင်း သိုမဟုတ် မိမိ၏ အသားတိုကို လှီးခြင်း၊ နှိပ်စက်ခြင်းစသည်တိုကို ဖြစ်စေနိုင်သည်။ လူတိုင်း အမျက်ဒေါသထွက်နိုင်သော်လည်း ကောင်းမွန်စွာ မထိန်းချုပ်နိုင်သောအခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာ၏အရင်းမူလဖြစ်လာနိုင်သည်။ ထိုအရာသည် ကျွန်ုပ်တို့ကို ကာယပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာတို၌ ထိခိုက်နိုင်သည်။
အမျက်ဒေါသ၏အဓိပ္ပါယ်။ ဧလိယအမျက်ထွက်သည်ဟု သမ္မာကျမ်းက ပြောသော်လည်း တောထဲ၌ သူ၏စိတ်ခံစားမှုထဲတွင် အမျက်ဒေါသပါကြောင်း သာကရှိသည်(၃ရာ၊၁၉း၁ဝ၊၁၄)။ သူသည် ထာဝရဘု ရား၏ အမှုတော်ကို ကြိုးစားပြီး လုပ်ဆောင်ခဲ့သော်လည်း အကျိုးသက်ရောက်မှု အနည်းငယ်သာ မြင်ခဲ့ သောကြောင့် စိတ်မကောင်းဖြစ်မိသည်။ သူသည် နောင်တမရသောလူများအပေါ်၌ အမျက်ထွက်ပြီး စိတ်မကောင်းဖြစ် နေပါသလား သို့မဟုတ် ဘုရားသခင်အပေါ် အမျက်ထွက်နေပါသလား။ ထိုအချက်ကို သမ္မာကျမ်းက မပြောပါ။
မည်သိုပင်ဖြစ်စေ၊ အမျက်ဒေါသထွက်တိုင်း၌ဒုက္ခမပေး၊ အပြစ်လည်း မဟုတ်ပါ။ ဘုရားသခင်သည် အကြိမ်ကြိမ် အမျက်ထွက်ကြောင်းကို၎င်း (ဆာလံ၊ ၇း ၁၁)၊ ယေရှုသည် မြေကြီးပေါ်၌နေရစဉ်တွင် အမျက် ဒေါသ ထွက်သည်ကို၎င်း (မာကု၊၃:၅) ကျွန်ုပ် တိုသိသည်။ အမျက်ဒေါသသည် စိတ်ခံစားမှုတစ်ရပ်ဖြစ်သည်။ တစ်စုံတစ်ယောက်သောသူသည် ကျွန်ုပ်တို၏အသက်တာကို ဖျက်ဆီးနှောင့်ယှက် သောအခါ၌ ပြန်၍တုံပြန်ရန် ဒေါသထွက်လေ့ရှိကြသည်။ ကျွန်ုပ်တိုသည် ထိုသို ခံစားရန် မရွေးချယ်နိုင်ကြသော်လည်း ထိုစိတ်ခံစားမှုအပေါ် ပြန်လည်တုံပြန်ရန် ရွေးချယ်နိုင်ကြသည်။ တစ်ခါတလေ မတရားမှုဖြစ်ကြောင်းထင်ရှားသောအခါ အမျက်ထွက် ခြင်းမှာ မှန်ကန်သောအရာတစ်ခု ဖြစ်သည်။ အခြားသောအချိန်များ၌ အမျက်ထွက်ခြင်းမှာ ထိန်းချုပ်ခြင်း၊ မစဉ်းစားခြင်း၊ ဒုက္ခပေးသောအရာနှင့် မှားယွင်းသောအရာဖြစ်သည်။
သမ္မာကျမ်းရှိ ဂရိစကားလုံး အမျက်ဒေါသကို အမျိုးမျိုးဘာသာပြန်ကြ သည်။ ပထမစကား လုံးမှာ“orge”ဖြစ်သည်။ ဤဝေါဟာရစကားလုံးသည် ခရစ်တော်က ငွေလဲသောသူတို့ကို ဗိမာန်တော်မှ မောင်းထုတ်သောအခါ ယေရှု၏ . အမျက်တော်ကို ဖော်ပြရာ၌ အသုံးပြုသည်(မာကု၊၃:၅)။ ဧဖက်၊၄:၂၆ ၌ “အမျက် ထွက်ရာတွင် အပြစ်မရှိစေနှင့်” ဟူ၍ဖတ်ရ၏။ Orge ဆိုသည်မှာ အပြစ်နှင့် မကောင်းမှုအပေါ်၌ ပြင်းထန်သော်လည်း ဖြောင့်မတ်သောအမျက်ဒေါသဖြစ်သည်။ ဤအမျက်ဒေါသသည် စိတ်ခုခြင်းမပါ၊ မတရားမှုကိုညွှန်ပြပြီး ထိန်းချုပ်ကာ အမှားတို့ကို အဆုံးသတ်စေပြီး ပို၍ကောင်းသောအရာအတွက် ပြောင်းလဲခြင်းကို ဖြစ်စေသည့် အမျက်ဒေါသဖြစ်သည်။
မည်သိုပင်ဖြစ်စေ ကျွန်ုပ်တိုအထဲ၌ တောက်လောင်သော ဖြောင့် မှန်ကန်သောအမျက်ဒေါသသည် ကြီးမားသော အာဃာတနှင့် သူတစ်ပါးကို သည်အထိ ဖြစ်လာရန် အလွန်လွယ်ကူသည်။
ဂရိစကားလုံး၏အမျက်ဒေါသမှာ parogismis ဖြစ်သည်။ “ဆတ်ဆတ် တုန်အောင် စိတ်ဆိုးသည်”ဟု ဆိုလိုသည်။ ဧဖက်၊၄:၂၆ အဆုံး၏ အမျက်ဒေါသ ဖြစ်သည်။ အမျက်ဒေါသကို ညနေအထိ အခွင့်ပေးသောအခါ စာတန်သည် ကျွန် တို၏အသက်တာ၌ ခြေကုတ်စရာတစ်ခုအဖြစ် အသုံးပြုနိုင်သည်(ဧဖက်၊:၂၇) ဤအရာက ကာယပိုင်းနှင့်ဝိညာဉ်ပိုင်းဆိုင်ရာ၌ အန္တရာယ်ဖြစ်စေသည်။
အမျက်ဒေါသအတွက် အသုံးပြုသောစကားလုံးမှာ thumos ဖြစ်ပြီး ဧဖက်၊၄:၃၁ ၌တွေ့ရသည်။ ဤစကားလုံးသည် ဆူပွက်နေသောထကြွမှုတစ်ခု ပြင်းထန်လာရန် ဆက်ပြုသည့် ခံစားချက်ပေါက် ကွဲခြင်းကိုဆိုလိုသည်။ ၎င်း၌ ခါးသီးမှုနှင့် အသရေပျက်အောင် ပြောဆိုမှုများပါသည်။
အမျက်ဒေါသ၏ဆိုးကျိုးများ။ ကျွန်ုပ်တိုအသက်တာမှာ အမျက်ဒေါသ ကို အပြီးအပိုင် သုတ်သင်ရန် မလွယ်ပါ။ တစ်ခါတစ်ရံ လူတိုသည် အမျက်ဒေါသ ပျော်မွေ့ကြသည်။ အမျက်ဒေါသထွက်စေသည့်အရာတိုကို စဉ်းစားကြသောအခါ၊ သူများထက် ကြီးမြတ်သည်ဟူသော စိတ်ကြီးဝင်ခြင်းတစ်ခုကို သိရှိခံစားစေသည်။ နောက်ဆုံးတွင် ဤအရာသည် မိမိကိုယ်ကို ပျက်စီးစေခြင်းဖြစ်သည်။
အမျက်ဒေါသကို သိမ်းဆည်းထားပါက ဒုက္ခဖြစ်စေနိုင်သည်။ ကျွန်ုပ်တို အမျက်ဒေါသထွက်သောအခါ သွေးတိုးလာပြီး၊ နှလုံးခုန်နှုန်းပို၍မြန်ကာ ကြွက်သား များ တင်းမာ၍ အစာချေခြင်း အားနည်းသွားသည်။ အမျက်ဒေါသသည် ဆက်လက် ရှိနေပါက ခန္ဓာကိုယ်သည် ငိုကြွေးကာ အမျက်မပြေမချင်း အရေးယူလုပ် ဆောင်ရန် အဆင်သင့် ဖြစ်သည်။ ကြာရှည်စွာ အမျက်ဒေါသထွက်နေသော လူတို၌ သွေးတိုး၊ နှလုံးရောဂါ၊ သတိလစ်ခြင်း၊ အစာမချေနိုင်သည့်ပြဿနာနှင့် အကြောကိုက်ခြင်း စသည်တို မကြာခဏဖြစ်သည်မှာ အံ့သြစရာမရှိပါ။
အမျက်ဒေါသသည် ကာယပိုင်း၌ အန္တရာယ်ဖြစ်နိုင်သကဲ့သို စိတ်ပိုင်းဆိုင်ရာ၌လည်းဖြစ်နိုင်သည်။ ကျွန်ုပ်တို ဒေါသထွက်သောအခါ စဉ်းစားချင့်ချိန် ဆုံးဖြတ်ချက်ချနိုင်ရန် ခက်ခဲသည်။ ကျွန်ုပ်တိုသည် ယုတ္တိရှိရှိ မစဉ်းစားကြ၊ တစ် တစ်ရံ အချက်အလက်အပေါ်၌ အခြေမခံဘဲ ပြင်းထန်စွာ အမျက်ထွက်သောေကြာင့် အလျင်အမြန် ဆုံးဖြတ်ချက်ချတတ်ကြသည်။ ကျွန်ုပ်တို တွေ့မြင်ခဲ့ကြသည့်အတိုင်း အမျက်ဒေါသသည် လူ၏အထဲ၌ ဆက်လက်တည်ရှိနေသောအခါ စိတ်ဓာတ်ကျ အဆုံးသတ်လေ့ရှိသည်။ ဖခင်တို့သည် မိမိတို့၏ သားသမီးများ စိတ်နာစေခြင်းငှါ မပြုကြဖို့၊ သမ္မာကျမ်းက အသိပေးသည် သို့မဟုတ်လျှင် သူတို့သည် အားငယ်ကြမည်ဖြစ်သည် (ကော ၊၃း၂၁)။
ထိုအပြင် အမျက်ဒေါသသည် လူများအကြား၌ အဆီးအတားဖြစ်စေ၏။ ကျွန်ုပ်တို့သည် အခြားသော သူတို့အား အမျက်ဒေါသနှင့် တိုက်ခိုက်၍ဝေဖန်မည် ပါက အခြားသူတိုနှင့်အဆက်အသွယ် ဖြတ်တောက်စေကာ အထီးကျန်ခြင်းကို ဖြစ်စေသည်။ တစ်ကမ္ဘာလုံးတွင် အထီးကျန်ဆုံးသောလူမှာ အမျက်ထွက်သောသူ ဖြစ်သည် ဟု ယူဆရသည်။ အမျက်သည် ဆက်လက်တည်ရှိနေပြီး နာကြည်းခြင်းသို့ ပြောင်းသွားပါက လူများစွာတို၏ ဝိညာဉ်ရေးရာအသက်တာ၌ ဒုက္ခပေးသော ပြဿနာပေါင်းစုံတိုကို ဖြစ်စေနိုင်သည်(ဟေဗြဲ၊၁၂:၁၅)။
အမျက်ထွက်သောလူကို ဆွေးနွေးလမ်းညွှန်ခြင်း။ အမျက်ဒေါသသည် လူတိုင်း၌ဖြစ်၍ ဒုက္ခပေး နိုင်သောကြောင့် မည်သို ကူညီမစရမည်ကို အတိုင်ပင်ခံ ပုဂ္ဂိုလ်များက သိရှိရန်အရေးကြီးသည်။
ပထမအနေနှင့် ဆွေးနွေးလမ်းညွှန်မှုခံရသောသူတိုသည် အမျက်ထွက်ခြင်း ခံစားနေသည်ကို ဝန်ခံရန် တိုက်တွန်းရမည်။ တစ်ခါတစ်ရံ လူတိုသည် အမျက်ထွက် နေကြောင်း မိမိတိုကိုယ်ကို မသိကြချေ။ သိုသော် လည်း အခြားသောသူတိုက ရှင်းလင်းစွာ မြင်နိုင်ကြသည်။ အမျက်ဒေါသကို မမြင်သောအခါ၊ မထွက်ကြောင်းကို ငြင်းသောအခါ၊ လျှိဝှက်ထားသောအခါ အရေးကြီးသောပြဿနာမှာ ကွယ်ဝှက် ခြင်းခံရသည်။ ကွယ်ဝှက်ထား သောအမျက်ဒေါသသည် မကျေနပ်မှု၊ စိတ်ပိုင်း ဆိုင်ရာပြဿနာများနှင့် စောစောက ပြောပြထားသည့် ကာယ ပိုင်းတုံပြန်မှုအားဖြင့် ထွက်လာတတ်သည်။ အမျက်ဒေါသကို ရိုးသားစွာ ရင်ဆိုင်ရန်နှင့် နောက်တစ်နေ့ မကူးမီ တစ်စုံတစ်ခုကို ပြုလုပ်ရန် ပို၍ကောင်းသည် (ဧဖက်၊၄:၂၆)။
အမျက်ဒေါသသည် အဖျက်သဘော သိုမဟုတ် ကောင်းသော အားဖြင့် ဖော်ပြနိုင်သည်။ အန္တရာယ် ဖြစ်စေသော ဖော်ပြချက်တိုမှာ လူတစ်ယောက် သည် အလျင် အမြန်ပေါက်ကွဲသောအခါ၌ ဖြစ်လာသည်(၄:၂၉၊ ၁၈:၁၈) ကြမ်းတမ်းသောစကားများနှင့် အော်ဟစ်ခြင်းတွင် အလျင်အမြန် ပေါက်ကွဲလာသည်။ ဤကဲ့သို ဖော်ပြခြင်းမျိုးသည် တခြားသောလူတိုကို ပြန်၍ အမျက်ထွက်စေ ရန် ပြုလုပ်ပေးသည်။ တစ်ခါတစ်ရံ အမျက်ထွက်သောပုဂ္ဂိုလ်ကို လိပ်ပြာမသန့်ခြင်း နှင့် စိုးရိမ်ကြောင့်ကြခြင်းစသော စိတ်ခံစားမှုတိုကိုဖြစ်စေသည်။ ထိုကြောင့် ပေါက်ကွဲသော အမျက်ဒေါသမှာ အကျိုးဖြစ်သည်ထက် အန္တရာယ်ပိုဖြစ်စေသည်။
အန္တရာယ်ဖြစ်စေရန် အလားအလာရှိသောနည်းများဖြင့် အမျက်ဒေါသကို မထင်ရှားစေမီ ရပ်တန့်ခြင်း သည် ပို၍ကောင်းသည်။ ဤအရာသည် စိတ်ရှည်ရန်နှင့် မိမိစိတ်ကိုချုပ်တည်းရန် သမ္မာကျမ်းက ဆိုလိုခြင်းဖြစ်သည်။(သု၊၁၆:၃၂။ ၁၉၁၁။ ယာကုပ်၊၁း၁၉)။ အမျက်ထွက်သောသူသည် စိတ်ငြိမ်သက်တိတ် ဆိတ်စွာနှင့် ခံစား ချက်တိုကို ဘုရားသခင်အားလည်းကောင်း၊ လူတိုကိုလည်းကောင်း ပြောပြနိုင်ပါ သည်။ ရှင်းလင်းချက်သည် ကျွန်ုပ်ကို အမှန်တကယ်စိတ်အနှောင့်အယှက်ဖြစ်စေ သည် သိုမဟုတ် ဤအခြေအနေက ငါ့ကို အမှန်တကယ် စိတ်ဆိုးစေသော ရှင်းလင်း ချက်တိုသည် အခြားသူတိုကို အပြစ်တင်စွပ်စွဲခြင်း၊ ဒုက္ခဆင်းရဲရောက်စေခြင်း သိုမဟုတ် သွေးခွဲခြင်း မပါဘဲ ထိုလူ၏အမျက်ဒေါသစိတ်ကို ဖော်ပြခြင်းဖြစ်သည်။
ကျွန်ုပ်တို ဆွေးနွေးလမ်းညွှန်မှုခံယူသောသူတို၌ အမျက်ဒေါသကို ဖြေရှင်း မည့် ဒုတိယနည်းမှာ ၎င်းကို ပြန်၍ပြောပြရန်ကူညီဖိုဖြစ်သည်။ ရန်ငြိုးဖွဲခြင်းနှင့် မှိင်တွေပြီး ဆူပွက်နေမည့်အစား လမ်းလျှောက်ခြင်း၊ ခြံထဲအလုပ်ဆင်းခြင်း၊ အားကစားတစ်ခုခု၌ ပါဝင်ခြင်း သိုမဟုတ် လှောင်ပိတ်နေသောအင်အားကို လွှတ်ဖို နှင့် ပြောပြဖို အခွင့်အရေးကို ပေးသည့်အရာတစ်ခုခုကို ပြုလုပ်ခြင်းစသည်တိုမှာ အကျိုးရှိလှသည်။ သူတိုကို ပထမဦးစွာ အမျက်ထွက်ရန်ဖြစ်စေသည့် အခြေအနေ တိုကို ပြောင်းလဲစေရန် တစ်စုံတစ်ခုကို မပြုနိုင်သော အခါ၌ ဤအရာသည် အထူး မစမှုဖြစ်သည်။ မည်သိုပင်ဖြစ်စေ ဤနေရာ၌ သတိထားပါ။ အချိုသော အတိုင် ပင်ခံပုဂ္ဂိုလ်တိုသည် အမျက်ဒေါသကို အမှန်တကယ်ဖြစ်စေသည်ကို ပြန်၍ပြောပြ ရန်နှင့် အိတ်တစ်အိတ်ကို လက်သီးဖြင့် ထိုးခြင်း သိုမဟုတ် စားပွဲကို လက်ဝါးနှင့် ပြင်းထန်စွာရိုက်ခြင်းအားဖြင့် မိမိတို၏ စိတ်ခံစားမှုတိုကို ဖော်ပြရန် တိုက်တွန်းကြ သည်။ ဤသိုပြုလုပ်ခြင်းသည် အမျက်ဒေါသကို လျော့မသွားစေနိုင်ပါ။ ပို၍တိုး နိုင် သည်ကို သုတေသနပြုချက်အရ တွေ့ရှိရပါသည်။ ထိုနည်းလမ်းများမှာ သမ္မာကျမ်း သွန်သင်ချက်နှင့် မကိုက်ညီပါ။
လူတို့သည် မိမိတို၏အမျက်ဒေါသကို အကျိုးအကြောင်းဆင်ခြင်လျက် တတ်ရန် ကူညီမစခြင်းသည် ပို၍ကောင်းသောချဉ်းကပ်မှုတစ်ခုဖြစ်သည်။ က်ထွက်စေသည့် အခြေအနေသည် စိတ်လှုပ်ရှားမှုနှင့် အမှန် တကယ် တန်ပါလား။ အချက်အလက်တိုကိုကြည့်သောအခါ၌ ထိုပုဂ္ဂိုလ်သည် အမျက်ထွက်ရန် အကြောင်း ရင်းရှိပါသလား သိုမဟုတ် ထိုပုဂ္ဂိုလ်သည် ဘုရားသခင်၏စကားကို နားထောင်ရသေးသည်။ သူတို့နှင့် ပတ်သက်၍ အချက်အလက်အားလုံးကို အမျက်ထွက်သည့် ဧလိယကဲ့သို ဖြစ်လာပါသလား။ ထိုအမျက် ဒေါသကို တွက် သည့် ထိုပြဿနာကို ဖြေရှင်းပေးမည့် လမ်းရှိပါသလား။ အမျက်ထွက်သောပုဂ္ဂိုလ် သည် အမျက်ဒေါသကို ဘုရားသခင်ထံ၌ အပ်နှံသင့်လျက်နှင့် အမျက်ထွက်သည့် အရသာကို ခံစားသောသဘော ထားရှိနေသေးသလား။ တစ်ခါတလေ ဆွေးနွေး လမ်းညွှန်မှုခံယူသူတိုသည် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆွေးနွေး ခြင်းမပြုမီ ဤမေးခွန်း များ၏အဖြေကို စာရွက်အပေါ်၌ ရေးလိုကောင်းနေလိုကြမည်ဖြစ်သည်။ (ထိုအရာ သည် မိမိ၏ စိတ်ခံစားမှုကို ဖော်ပြသည့်နည်းတစ်နည်းဖြစ်သည်)။
နှစ်ပေါင်းအတော်အတန် ကြာခဲ့ပြီးသောအချိန်၌ ဝက်စဝါဂွန်း ကားတစ်စီး သည် မြို၏စီးပွားရေး အချက်အခြာကျရာ နေရာတစ်နေရာ၌ မော်တော်ကားကြီး တစ်စီးနှင့်တိုက်မိသည်။ ကားကြီးမောင်းသော ဒရိုင်ဘာသည် အလွန်ဒေါသထွက် သည်။ သူသည် ဝက်စဝါဂွန်းကားမောင်းသမားကို နာမည်နှင့်ခေါ်ပြီး တရားစွဲမည် ဟု ခြိမ်းခြောက်သည်။ ထိုကားမောင်းသမားသည် တိုက်ခိုက်မှုကြောင့်လည်းကောင်း၊ ဆဲရေးမှုကြောင့်လည်းကောင်း၊ သူ့ကိုနှိမ်သည်ဟုခံစားပြီး ဒေါသထွက်မည် မှာ အမှန်ဖြစ်သော်လည်း ငြိမ်သက်အေးဆေးသောအသံနှင့် တုံပြန်သည်။ အခြေ အနေအရပ်ရပ်တိုသည် လျင်မြန်စွာ အေးဆေးငြိမ် သက်သွားကာ၊ ယဉ်တိုက်မှု သတင်းပေးချက်ကိုလည်း ဖိုင်တွဲထားကာ ပျက်စီးသောကားတိုကို လမ်းမပေါ်မှ ဖယ်ရှားကြသည်။ လူထုထဲမှ စောင့်ကြည့်နေသောတစ်ယောက်က “ဖြည်းညင်း သောစကားသည် စိတ်ကို ဖြေတတ်၏။ ကြမ်းတမ်းသော စကားမူ၊ အမျက်ကိုနှိုးဆော်တတ်၏။” သု ၁၅း၁ကို ဤအဖြစ်အပျက်က မှတ်ချက် ချသောအသံကို ကြားရ၏။
ဧဖက်အခန်း(၄) ၌ ဖော်ပြထားသည့်အမျက်ဒေါသနှင့်ဆိုင်သောဩဝါဒမှာ ကျေးဇူးပြုရန်၊ သနားစုံ မက်ရန် ဘုရားသခင်သည် ခရစ်ေတာ် ကြောင့် အပြစ်ကို လွတ်သကဲ့သို့ အချင်းချင်းအပြစ်လွှတ်ကြရန် စသည်တိုဖြစ်သည်။ မ ပြောခြင်းမဟုတ်သည်မှာ သေချာသည် (ဧဖက်၊၄:၃၂)။ အမျက်ဒေါသ ပြောပြပြီး၊ တန်ဖိုးဖြတ်ပြီးနောက်တွင် အမျက်ဒေါသနေရာ၌ သနား လုပ်ဆောင်ချက်များနှင့် အပြစ်လွှတ်လိုသော သဘောထားများကို ကျွန်ုပ်တို၏ ဆွေးနွေးလမ်းညွှန်မှုခံယူသူကို ကူညီရန်လိုပါသည်။
စိုးရိမ်ကြောင့်ကြခြင်းပြဿနာ
စိုးရိမ်ကြောင့်ကြခြင်းသည် ခြိမ်းခြောက်ခြင်း၊ စိုးရိမ်လွယ်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့်မသက်မသာရှိခြင်းတို့ ကို စိတ်ထဲ၌ ခံစားခြင်းဖြစ်သည်။ အခြား စိတ်ခံစားခြင်းများနည်းတူ စိုးရိမ်ကြောင့်ကြခြင်းသည် အခြေတည် မိပြီဆိုပါက ကျွန်ုပ်တို၏စဉ်းစားခြင်းကို ထုံထိုင်းစေသည်။ စိတ်အားလျော့စေသည်၊ ဝမ်းမြောက် ခြင်းကို ယူဆောင်သွား သည်။ ဗိုက်မကောင်းခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံး ကိုက်ခဲခြင်းစသော ကာယပိုင်း ရောဂါများစွာတိုကို ဖြစ်ပေါ်စေသည်။ ပြင်းထန်သော စိုးရိမ်ကြောင့်ကြခြင်းသည် မလှုပ်နိုင်အောင် ကြောက် သွေ့မွန်းခြင်းနှင့် တစ်ကိုယ်လုံး တောင့်တင်းစေခြင်းတိုကို ဖြစ်စေသည်။
စိုးရိမ်ကြောင့်ကြခြင်းသည် ကြောက်ရွံခြင်းနှင့်မတူပါ။ကြောက်ရွံခြင်း ဆိုသည်မှာ ခြိမ်းခြောက်မှုအ န္တရာယ် သို့မဟုတ် ပြဿနာတစ်ခုရှိသည်ဟု ခံစားသိရှိ သောအခါ၌ စိတ်ခံစားမှုပိုင်းဆိုင်ရာ၏တုံပြန်မှုတစ်ခု ဖြစ်သည်။ စိုးရိမ်ကြောင့်ကြမှုမှာ သိမှတ်နိုင်သည့်အကြောင်းတစ်ခုမှ ထွက်ပေါ်လာသည့် စိုးရိမ်ခြင်းတစ်ခုဖြစ် သည်။ မသိသောစိတ်ထဲမှ ပဋိပက္ခများကြောင့်လည်းကောင်း၊ ကျွန်ုပ်တို့ မမြင်ရသည့် လိပ်ပြာမသန့်မှု၊ ကျွန်ုပ်တို့လက်မခံသော ရန်ဘက်ပြုမှု၊ အတိတ်ပြဿနာကြောင့် စိတ်ထဲ၌မလုံခြင်း သိုမဟုတ် ကျွန်ုပ်တို့ မည်သည့်အခါမျှ အောင်မြင်မဟုတ်ဟူသော မျှော်လင့်ခြင်း စသည်တိုမှလာသည်ဟု စိတ်ပညာရှင်တချိုတိုက ထင်မြင်ယူဆကြသည်။
ပူပန်ခြင်း( worry)သည် စိုးရိမ်ကြောင့်ကြခြင်း(anxiety)နှင့် အလွန် ကျွန်ုပ်တိုသည် မကြာခဏ ထိုစကား လုံးတိုကို တွဲသုံးလေ့ရှိကြသည်။ ပူပန်ခြင်း၌ အမှန်တကယ်ရှိနေသော ပြဿနာသိုမဟုတ် စိတ်ကူး၌ရှိသော ပြဿနာများ စိတ်တိုခြင်းပါဝင်သည်။ ကျွန်ုပ်တို ပူပန်သောအရာက ပူပန်ခြင်းကိုမ ထိုသို သောပူပန်ခြင်းသည် ကျွန်ုပ်တို ၏စဉ်းစားခြင်းကို ဝါးမျိုသော အခါ ကျွန်ုပ်တို ၏နေ့စဉ် အသက်ရှင်ခြင်း၌ ကျွန်ုပ်တို၌ အနှောင့်အယှက် ပြုခြင်း ပြဿနာများနှင့် ဆက်ဆံနေကြရသည်။
စိုးရိမ်ကြောင့်ကြသောသူ၊ ကြောက်ရွံ့သောသူ သို့မဟုတ် ပူပန်သောသူကို ကျွန်ုပ်တို့ မည်ကဲ့သို့ ကူညီရမည်နည်း။ ထိုပုဂ္ဂိုလ်အား ပူပန်ခြင်းမရှိနှင့်ဟု ပြောခြင်းသည် အကျိုးမရှိပါ။ ဤအရာသည် အလုပ်ထက် ပြောပို၍ လွယ်ကူသောသဘောဖြစ်ပြီး ပူပန်ခြင်းသည် အလိုအလျောက်ရပ်နိုင်သည်ဟု ဆိုလိုရာရောက်သည်။ ဖြစ်ပြီး
မည်သို့ပင်ဖြစ်စေကာမူ သမ္မာကျမ်းက ထိုသိုပြောသည်မှာ မှတ်သားဖွယ်ကောင်းသည်။ ၄:၆-၇ ၌ မည်သည့်အရာမဆို စိုးရိမ်ခြင်း သို့မဟုတ် ပူပန်ခြင်းမရှိဖို့ ပြောရာ တွင် စိတ်ပူပန်ခြင်းကို ပျောက်ကင်းစေသည့် လမ်းညွှန်အချို့တို့ကို ကျွန်ုပ်တို့အား ပေးသည်။ ထိုလမ်းညွှန်မှာ ပူပန်သောသူတို့ကို ဆွေးနွေးလမ်းညွှန်ရာ၌ အသုံးပြုနိုင်သည်။
စိုးရိမ်ပူပန်သောသူသည် ဘုရားသခင်အပေါ် စိတ်ချမှုကို ပထမနေရာတွင် ထားရှိရန်နှင့် ကိုယ်တော်၌ ဝမ်းမြောက်ခြင်းရှိရန်ပြောသည်။ ဒုတိယအနေနှင့် သခင် ဘုရားသည် ခက်ခဲသောအချိန်များ၌ပင်လျှင် အနီးအနား ၌ရှိသည်ကို သတိပြုရမည် ဖြစ်သည်။ တတိယအနေနှင့် ကျွန်ုပ်တို၏လိုအပ်မှုတိုကို ဘုရားသခင်အား စိတ်အား ထက်သန်စွာနှင့် ကျေးဇူးတော်ချီးမွမ်း ဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ ငြိမ်သက် ခြင်းကို မျှော်လင့်နိုင်သည်။ ၎င်းသည် လူ၏အသိပညာကို ကျော်လွန်၍၊ စိတ်နှလုံး နှင့်ဉာဏ်တိုကို ခရစ်တော်အားဖြင့် အဆက်မပြတ် စောင့်ရှောက်မည် ဖြစ်သည်(ဖိ ၄: ၆-၇)။ ထိုနောက် စိုးရိမ်ကြောင့်ကြသော ပုဂ္ဂိုလ်အား သန့်ရှင်းမှန်ကန် စင်ကြယ် လှပ ပြီး ကောင်းမြတ်သည့်အရာတိုအပေါ်၌ သူ၏စိတ်တိုကိုထားရှိရန် အားပေးသင့် သည်။ နောက်ဆုံးအနေနှင့် ကျွန်ုပ်တိုသင်ယူသော သိုမဟုတ် ရရှိသော သိုမဟုတ် ကြားသိရသော သိုမဟုတ် မြင်ရသောအရာတိုကို လက်တွေ့လုပ်ဆောင်ကျင့်သုံးရန် ပြောပြသည်။ ဝိညာဉ်ရေးရာ ဦးဆောင်သူပေါလု၏အသက်တာ၌ကဲ့သို ပြုလုပ်ရ မည်ဖြစ်သည်။ ဤအရာအားလုံးက လမ်းစဉ်နှစ်ဆင့်ကိုဆိုလိုပါသည်။ ပထမ စိုးရိမ် ကြောင့်ကြသောလူ သည် ကောင်းသောအရာများအကြောင်းကို စဉ်းစားရန်နှင့် မှန်သောအရာကို ပြုလုပ်ရန်တို့ဖြစ်သည်။
စိုးရိမ်ပူပန်မှုပျောက်ကင်းသွားရန် မလှုပ်မယှက်ထိုင်ပြီး မည်သည့်အရာမျှ မစဉ်းစားဘဲနေရန်မဟုတ်ပါ။ သမ္မာကျမ်းအရ စိုးရိမ်ပူပန်ခြင်းကို ဆုတောင်းခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် အစားထိုးရသည်။ ဖျက်ဆီးတတ်သောစိတ် သဘောထားဖြစ်သည့် စိုးရိမ်ကြောင့်ကြခြင်း၊ မလှုပ်မရှားရှိခြင်းနှင့် စိုးရိမ်ပူပန်ခြင်း ထဲသို့ လဲကျသွားရန် ပို၍လွယ်ကူသောအချိန်၌ ဤအမြင်ကိုစောင့်ထိ ကျွန်ုပ်တို ကူညီနိုင်ပါသည်။
ခရစ်ယာန်တို့သည် အားပေးခြင်း၊ နှိုးဆော်ခြင်း၊ အသက်တာ၏ ပန်းတိုင်စသည်တို့၌ ပြတ်သားသော ယုံကြည်ခြင်းမရှိသော မယုံကြည် မဟုတ်ဘဲ ကျွန်ုပ်တို့သည် စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ဘုရားသခင်၌ အ သည်ဟု ယုံကြည်ကြသည်(၁ပေ ၅:၇)။ ကိုယ်တော်သည် ကျွန်ုပ်တိုကို သည်၊ ခွန်အားပေးသည်၊ ခက်ခဲသော ကာလတို၌ လမ်းပြသည်။ ကိုယ် ငြိမ်သက်ခြင်းပေးမည်ဟုလည်း ကျွန်ုပ်တိုစိတ်ချနိုင်သည်။ သမ္မာကျမ်း၌တွေ့ ရ ငြိမ်သက်ခြင်းမှာ မိမိကိုယ်ကို ကျေနပ်နှစ်သိမ့်နေခြင်း၊ လှုပ်ရှားမှုမရှိသော တည်ငြိမ်မှု စသည်တို့ မဟုတ်ပါ။ ခရစ်ယာန်တိုသည် ခရစ်ယာန်မဟုတ်သောသူများက မဟုတ် ဘဝအခြေအနေတို့ အပေါ်တွင် စိုးရိမ်မှုများ ရှိနေကြဦးမည်ဖြစ်သော်လည်း မည်သည့်အရာပင် ဖြစ်နေပါစေ၊ ချစ်ခြင်းမေတ္တာဘုရား၊ အနန္တတန်ခိုးတော်ရှင် ဘုရားသခင်သည် ကြီးမားသောဩဇာအာဏာ ရှိ၍ အဆုံးတွင် အရာခပ်သိမ်းတို သည် အကျိုးပြုရန် အလိုတော် ရှိသည်ကို ကျွန်ုပ်တိုအား စိတ်ချမှုပေးသည်။ ကျွန်ုပ်တိုသည် စိုးရိမ်ကြောင့်ကြသောသူများ စိတ်ဖိစီးမှုခံကြ သောအခါ သူတိုနှင့် အတူနေပြီး သင်၏စိတ်ဝင်စားသောအရာကို အသိပေးခြင်း၊ မှန်မှန်ဆုတောင်းပေး ခြင်း ယေရှုပေးသော ဘုရားသခင်၏ငြိမ်သက်ခြင်းကို ပြောပြခြင်း (ယော၊ ၁၄း၁၇)ဖြင့် ဂရုစိုက်ကြည့်ရှုနိုင်ပါသည်။ ထိုအရာတို့သည် စိုးရိမ်ကြောင့်ကြသောအချိန်နှင့် ပူပန်သောအချိန်များ၌ ကျွန်ုပ်တိုကို အထောက်အပံ့ပေးသည်။
အထီးကျန်ခြင်းပြဿနာ
အထီးကျန်ခြင်းသည် စိတ်ကိုနာကျင်စေသော၊ မနှစ်လိုဖွယ်သော စိတ်ဓာတ် ကျခြင်း၊ ခိုကိုးရာမဲ့ခြင်း၊ အခြားသူတိုနှင့်အဆက်အသွယ် ပြတ်တောက်ခြင်းစသည် တိုဖြစ်သည်။ အထီးကျန်ခြင်းသည် တစ်ကိုယ်တည်း နေခြင်းနှင့်မတူဘဲ ပြင်းပြသော ဝေဒနာကိုခံရလေ့ရှိသည်။ ဧလိယသည် တောထဲ၌ အထီးကျန်လွမ်းဆွတ်မှုကို ခံကောင်းခံခဲ့မည်ဖြစ်သည်။ ဒါဝိဒ်ကလည်း ထိုသို ခံစားချက်ကို ဝန်ခံသည် (ဆာလံ၊၂၅:၁၆)။
အထီးကျန်ခြင်းကိုဖြစ်စေသည့် အကြောင်းရင်းတိုသည် ရှုပ်ထွေးပွေလီသည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ သည် သူတစ်ပါးနှင့် အဆက်အသွယ်ပြတ်တောက်သောကြောင့် အထီး.ကျန်ရသည်။ ချစ်သောသူ ဆုံးရှုံးခြင်း ကြောင့် ဝမ်းနည်းသောသူကဲ့သို့လည်းကောင်း၊ လူကြီးများက အပြစ်တင်ခြင်းခံရသောလူငယ် သို့မဟုတ် ရွယ်တူလူငယ်တို့၏ ငြင်းပယ်ခြင်းကို ခံရသောသူကဲ့သိုလည်းကောင်း ဇနီးခင်ပွန်း အလွန်အလုပ် လုပ်ခြင်း ေကြာင့် လည်းကောင်း၊ ဂရုမစိုက်ခြင်းကြောင့်လည်းကောင်း လျစ်လျူရှုခြင်း သို့လည်းကောင်း၊ မိတ်ဆွေများ ဆုံးသွားပြီး အပယ်ခံသည်၊ မလိုလား ဟု ခံစားသောအသက်ကြီးသူများကဲ့သို လည်းကောင်း ခံစားသည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့သည် မပေါင်းသင်းလိုသောသဘော၊ အပြစ်ရှာ မချစ်မနှစ်သက်သောစကားများ ပြောဆိုခြင်းအားဖြင့် အခြားသောသူတိုကို ဝတ်ကြသောကြောင့်၊ အထီးကျန်ခြင်းဖြစ်စေသည်။ သိမ်ငယ်သော စိတ်ကို အလွန်အမင်း ခံစားသောသူတို့သည် မည်သူမျှသူနှင့်မနေလိုဟု မှတ်ချက်ချတတ်ကြ မယ်။ ထိုကြောင့် တစ်ယောက်တည်းနေကာ၊ အခြားသူတိုနှင့် ရင်းရင်းနှီးနှီး မနေလို ချေ။ ထိုသို့ မျှော်လင့်ရာမဲ့သော အထီးကျန် ခြင်းသို့ တွန်းပို့သည်ကို မသိကြချေ။ အထီးကျန်ခြင်းကြောင့် သူတိုအား မည်သူမျှ မနှစ်သက်ဟု ထပ်မံ၍ ယုံကြည်ကြ ကာ၊ ထိုအရာက သူတို၏သိမ်ငယ်မှုကို တိုးပွားစေသည်။
ပြောင်းရွေ့ မှုသည်လည်း အထီးကျန်လွမ်းဆွတ်ခြင်းကို ဖြစ်စေသည်။ အချိုသောနိုင်ငံတို၌ လူတိုသည် အစဉ်ပြောင်းရွေ့ကြသည်။ ကြာရှည်စွာ မိတ် မဖွဲနိုင်ကြချေ။ ထိုမျှမက ခေါင်းဆောင်တို့သည် အထီးကျန်ရ ခြင်းမှာ သူတို လက်အောက်ရှိ လူတိုနှင့်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံမှုမရှိသောကြောင့် ဖြစ်သည်။
သီးခြားနေရခြင်းကြောင့် အထီးကျန်ခြင်း ဖြစ်လေ့ရှိသော်လည်း လူသည် ဘုရားသခင်နှင့် အဆက်အ သွယ်ပြတ်သောအခါ အထီးကျန်သည်ကို သိမှတ်သင့် သည်။ ကိုယ်တော်သည် သူနှင့်မိတ်သဟာယဖွဲရန် ကျွန်ုပ်တို့ကို ဖန်ဆင်းသည်။ သိုသော်လည်း လူသည် ဖန်ဆင်းရှင်ကို ပုန်ကန်သောအခါ ကိုယ်တော်နှင့် နီးကပ်စွာ မနေစေရန် မိမိကိုယ်ကို အဆက်အသွယ်ဖြတ်တောက်ခြင်းဖြစ်သည်။ ကျွန်ုပ်တို သည် ဘုရားသခင်နှင့် ပေါင်း ဖော်ခြင်းမှ ခွဲထွက်သောအခါ ကျွန်ုပ်တို၌ မပြည့်မစုံ ဖြစ်ရသည်။ ဤအရာက ငြိမ်သက်ခြင်းမရှိသော အထီး ကျန်မှုကိုဖြစ်စေသည်။
အထီးကျန်သောသူကို ဆွေးနွေးလမ်းညွှန်မှုပြုခြင်း။ အထီးကျန်သောသူတိုကို ကျွန်ုပ်တို မည်သိုကူညီ ရမည်နည်း။ ပထမဦးစွာ အရေးကြီးဆုံးသောနည်း တစ်ခုမှာ ယေရှုခရစ်တော်အား ဘုရားသ ခင်ထံသို့ လူများလာကြရန် တိုက်တွန်းအား ပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အပြစ်တိုကို ဝန်ချတောင်းပန်၍ သားတော် ယေရှုခရစ်ကို ယုံကြည်သောကြောင့် ကျွန်ုပ်တိုသည် ကိုယ်တော်၏အပိုင် ဖြစ်ကြသည်။ သန့်ရှင်းသောဝိညာဉ် တော်သည် ကျွန်ုပ်တို့၏အထဲ၌ အသက်ရှင်ပြီး ဘုရားသခင် မိတ်သဟာယဖွဲ့ခြင်းရှိသောကြောင့် ကျွန်ုပ်တိုတစ် ယောက်တည်း မဟုတ်တော့ပါ။
ဧဒင်ဥယျာဉ်တွင် အာဒံသည် ဘုရားသခင်ကို ကောင်းမွန်စွာသိကျွမ်းသည်။ သို့သော်လည်း ဖန်ဆင်းသော အရှင်က လူသည် အပေါင်းအဖော်လိုကြောင်းကို ပြောပြသည်(ကမ္ဘာ၊၂း၁၈-၂၅)။ ထိုကြောင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အထီးကျန်သော လူတို့အား အခြားသူများနှင့် တွေ့ဆုံနိုင်ရန် ကူညီရမည်ဖြစ်သည်။
ဤအရာကို ပြုလုပ်ရာ၌ ဆွေးနွေးလမ်းညွှန်မှုခံရသောသူ၏ အထီးကျန် သည့်အကြောင်းကိုတွေ့ရှိရန် ထိုအကြောင်းရင်းများကို ဖယ်ရှားနိုင်စေရန် ကူညီပါ ၎င်းအပြင် လူမှုရေး၌ကျွမ်းကျင်ရန်၊ လူကို ဆက်ဆံရာ၌ ပြောင်းလဲရမည့်သဘော ထားတိုကို သွန်သင်ကာ လမ်းညွှန်ချက်နှင့် အားပေးမှုများကိုပေးပါ။ အချိုသူတို၌ မိမိခံစားနေရ သောဝမ်းနည်းမှုများ၊ ဆက်လက်မလုပ်ရန်နှင့် အခြားသောသူတိုအား မည်ကဲ့သိုကူညီ နိုင်မည်ကို စဉ်းစား၍ တိုက်တွန်းရန်ဖြစ်သည်။ ဤအရာအားလုံးကို ပြုလုပ်ရာ၌ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် အထီးကျန်သောဘဝမှလွတ်မြောက် လာရန် သခင်ဘုရားမစပါမည့်အကြောင်း ဆုတောင်းပေးခြင်းရှိရပါမည်။
ကျွန်ုပ်တို တွေ့မြင်ခဲ့ကြသည့်အတိုင်း ဧလိယသည် စိတ်အားငယ်ခြင်း၊ အမျက်ထွက်ခြင်း၊ စိုးရိမ်ကြောင့် ကြခြင်းနှင့်အထီးကျန်ခြင်းတိုကို ခံစားတွေ့ကြုံခဲ့ရ သည်။ ဤအရာတိုသည် ယနေ့ခေတ် လူများရင်ဆိုင်တွေ့ ကြုံရသည့်ပြဿနာများ ဖြစ်သည်။ ဧလိယကို မစခဲ့သည့် ထိုဘုရားသခင်သည် ယနေ့တွင်လည်း ကူညီသွား မည်ဖြစ်သည်။
၃ရာ၊၁၉ သည် ဧလိယ၏ တိုက်တွန်းအားပေးသောအကြောင်းအရာနှင့် အဆုံးသတ်သည်။ ဘုရား သခင်သည် အခြားသောသူတိုကို ကူညီရန် လူများကို အသုံးပြုနေသေးသည်။ ဆွေးနွေးလမ်းညွှန်ခြင်း၌ ဝိညာဉ် ရေးရာခေါင်းဆောင်သူ ဧလိယသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက သက်ရှိထင်ရှားခဲ့သော်လည်း သူ ခံခဲ့သည့် ဘုရားသခင်သည် ယနေ့အသက်ရှင်သည်။ ဧလိယသည် မစ ခံရသကဲ့သို့ ဆင်းရဲသောလူသားအချင်းချင်းတို့ကို ကူညီရန် ဘုရားသခင်အသုံးပြုသော ဧလိယနှင့် ကျွန်ုပ်တို့လည်း တူနိုင်ကြပါသည်။
အခန်း(၁၂)
ခရစ်ယာန်တရားအခြေပြုဆွေးနွေးလမ်းညွှန်မှု၌ ပြဿနာများ
အပိုင်း – ၂
သေရေးရှင်ရေးတမျှ အရေးကြီးသောအချိန်ကို သင်တွေ့ကြုံခဲ့ဖူးပါသလား။
အများစု၏အဖြေမှာ “ဟုတ်ကဲ့”ဟူ၍ ဖြစ်ပါလိမ့်မည်။ စောစောအခန်း၌ သင် တွေ့မြင်ခဲ့သည့်အတိုင်း ကျွန်ုပ်တိုသည် အရေးကြီးသောစာမေးပွဲ၌ ကျရှုးခြင်း၊ ချစ်သောသူသေဆုံးခြင်း၊ ပြင်းထန်သော သဘာဝ ဘေးအန္တရာယ်၏ဖျက်ဆီးခြင်း၊ မတော်တဆယာဉ်တိုက်မှုဖြစ်ခြင်း၊ ရောဂါရှိကြောင်းလက္ခဏာ ရုတ်တရက် ပေါ်လာ ခြင်း၊ ပိုင်ဆိုင်သောဥစ္စာပစ္စည်း အခိုးခံရခြင်းစသည်တိုသည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှု ကို ဖြစ်ပေါ်စေသည့် အရေးကြီး အရာများဖြစ်သည်။ ထိုသိုသောအချိန်များ၌ သင်းအုပ်ဆရာနှင့် အခြားသော အသင်းတော်ဦးဆောင် သူတိုသည် အရေးကြီးသော မစမှုနှင့် ဆွေးနွေးလမ်းညွှန်မှုကို ပေးကြရပါသည်။
ဒါဝိဒ်မင်းကြီး၏အသက်တာ၌ အရေးကြီးသော အခြေအနေနှင့်ပြည့် သည်။ ထိုအကြောင်းအရာတိုကို ဓမ္မဟောင်းကျမ်း၌ ဖတ်ရှုရကြသည်။ ဒါဝိဒ်သည် ဆာလံကျမ်း၌ သူ၏တုံပြန်ချက်အချိုတိုကို ရေးမှတ်ထားသည်။ ဤအခန်း၌ ကျွန်ုပ် တိုသည် ဒါဝိဒ် ရင်ဆိုင်ရသည့် အရေးကြီးသောအခြေအနေအချိုတိုကို စဉ်းစားကြရ မည်ဖြစ် သည်။ ဤအရာများမှ ဆွေးနွေးလမ်းညွှန်မှုခံရသူတိုသည် အသက်တာ ပြဿနာတိုကို ဖြေရှင်းရာ၌ အထောက် အကူပြုမည့် ထိရောက်သောနည်းလမ်းတိုကို သိရှိနိုင်ကြပါသည်။
စိတ်ပိုင်းဆိုင်ရာ နာကြည်းမှု (The Issue of Emotional Illness)
တေးဂီတသည် စိတ်နှလုံးကိုအေးချမ်းစေသည်မှာ လူတိုင်းအသိဖြစ်သည်။ အထူးသဖြင့် စိတ်ဖိစီးမှုခံ ရသောအချိန်နှင့် အရေးကြီးသောအချိန်များတွင် စိတ် ချမ်းသာစေသည်။ ဤအရာသည် လူအချိုတို့ကို တေးဂီတ ကုစားမှုဟုခေါ်သည့် ဆွေးနွေးလမ်းညွှန်မှုတစ်ခုလုံးကို တိုးတက်သည် (ယခင်အခန်း၌ ဖော်ပြထားသည်)။
ဒါဝိဒ်သည် ဆယ်ကျော်သက်အရွယ် ဘဝစောစောပိုင်း၌ သိုးများကို သော စားကျက်မြေမှ အခေါ်ခံရ ကာ ရှောလုမင်းထံ သတင်းပို့၍စေလွှတ်ခြင်း ခံရသည်။ ၁ရာ၊၁၆ အရ ရှင်ဘုရင်မာ ဝိညာဉ်ဆိုး၏နှိပ်စက်မှုကို ခံနေရသော ကြီးမားစွာသော ဝေဒနာခံစားနေရသည်။ ရှင်ဘုရင်၏ အကြံပေးအရာရှိများက “စောင်းတီးတတ် သောသူတစ်ယောက်ကိုရှာပါ”ဟု အကြံပေးကြသည်။ ထိုနှိပ်စက် ခံရသောအခါတိုင်း နန်းတော်၏ တူရိယာ ဆရာက စောင်းတီးရန် ရှောလုတက် မည်ဟု မျှော်လင့်သည်။ ဒါဝိဒ်သည် ရှင်ဘုရင်အတွက် စောင်းတီး ပေးသော သမား ဖြစ်လာသည်။ ရှေးခေတ်တေးဂီတ ကုစားမှုပညာသည် အောင်မြင် ထင်ရှားသည်။
ရှောလှသည် စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားပြီး နှောင့်ယှက်ခံရသည် ယနေ့ ကျွန်ုပ်တို့ ပြောနိုင်သည်။ ဒါဝိဒ်သည် တစ်ကြိမ်တစ်ခါ၌ အရူးတစ် အဖြစ် ဟန်ဆောင်ပြီး၊ သရုပ်ဆောင်ကောင်းသော သူတစ်ယောက် ဖြစ်သည် သိသာထင်ရှားသည် (၁ရာ၊၂၁း၁၂-၁၅)။ ဒါဝိဒ်သည် စောင်းတီးသောအခါ ရူးမိုက် ခြင်းနှင့်ပတ်သက်၍ ရှောလု၏ထူးဆန်းသော လုပ်ဆောင်မှုကို စောင့်ကြည့်နေသည်။
မည်သိုပင်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာ၌ ရောဂါရှိသောလူတိုသည် ထူးဆန်း သော အပြုအမူ အမြဲရှိသည်ဟု မယူဆသင့်ပါ။ ဤလူများထဲမှ အသက်တာ၏ ပြဿနာများ အလွန်ကြီးမားလှရာ ကောင်းမွန်စွာ စဉ်းစားရန် သော်လည်းကောင်း၊ ဆီလျော်စွာပြုမူ ဆောင်ရွက်ရန်သော်လည်းကောင်း ခက်ခဲခြင်းမှအပ များစွာသော သူတိုသည် ကျွန်ုပ်တိုနှင့် မခြားနားလှပါး၊ စိတ်ဓာတ်ကျဆင်းခြင်း၊ စိုးရိမ်ကြောင့်ကြ ခြင်း၊ ရှုပ်ထွေးခြင်း၊ ဆုံးရှုးခြင်း၊ မိမိကိုယ်ကို အထင်အမြင်သေးခြင်းနှင့် မျှော်လင့်ရာ မဲ့ခြင်းစသည်တို့မှာ အဆက်မပြတ်ရှိ တတ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုပုဂ္ဂိုလ် မှာ အသက်တာ၏ ဖိစီးမှုဒဏ်တို့ကို ခံစားနေရသော ကြောင့်ဖြစ်သည်။ တစ်ခါတစ်ရံ စိတ်ကူးယဉ်လောကထဲသို ရေစုံမျှောခြင်း သိုမဟုတ် မူးယစ်ဆေးဝါးများနှင့် အရက် သေစာတိုအပေါ်၌ အမှီပြုခြင်းရှိသည်။ အခြားသောလူတိုသည် သောကကင်းစင်း နေထိုင်လို သောစိတ်ကြောင့် ပြဿနာကို လျစ်လျူရှုသကဲ့သို ရှိသည်။ ထိုနောက် ရှောလုကဲ့သို အတွင်းပိုင်း နှိပ်စက်ခြင်း၏ လွှမ်းမိုးခံသောသူများလည်းရှိသည်။
အေနှာက်ယှက်ခံရသော လူတို့ကို ဆွေးနွေးလမ်းညွှန်ခြင်း
Counseling the disturbed person
ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်သည် စိတ်ခံစားမှုပိုင်းဆိုင်ရာ၌ အနှောင့် လူတိုနှင့်မိသားစုများအတွင်း၌ အလုပ်လုပ်ရာတွင် အရေးကြီးသော ခကို ရင်ဆိုင်ရသည်။ ပထမ- အနာရောဂါလက္ခဏာရှိသောပုဂ္ဂိုလ်၏ နှင့် အရေးပါသောလူတို့သည် စိတ်ခံစားမှုပိုင်းဆိုင်ရာ ရောဂါလက္ခဏာကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုရောဂါ လက္ခဏာတို့သည် ထင်ရှားသောအခါ မိသားစုတို့သည် အခြေအနေမှန်ကို မရင်ဆိုင်လာကြသည်။ မစမှုကိုရှာရန် အားမပေးလိုကြချေ။ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းတို့သည် ရှက်စရာဖြစ်သည်ဟု မိသားစု မြင်သောအခါ အထူးသဖြင့် ထိုကဲ့သိုပြုကြသည်။ ထိုနောက် ထိုရောဂါလက္ခဏာ သည် ယာယီစိတ်အနှောင့်အယှက် တစ်ခုအဖြစ် သိုမဟုတ် အလုပ်အလွန် ကြိုးစားသောကြောင့်ဖြစ်သည်ဟု ရှင်းပြကြသည်။ မူမမှန်သော အပြုအမူသည် အချိန်တန်သောအခါ၌ ပျောက်ကွယ်သွားမည်ဟု မိသားစုတိုသည် မျှော်လင့်ကြ သည်။ အချို့သောနေရာ၌ ဤသို့ဖြစ်သော်လည်း ထိုပြဿနာတို့သည် ပို၍ဆိုးရွား လာကာ ကုသမှုသည် နှောင့်နှေးလေ့ရှိသည်။
ဒုတိယ – အတိုင်ပင်ခံပုဂ္ဂိုလ်သည် စိတ်အနှောင့်အယှက်ဖြစ်နေသော ပုဂ္ဂိုလ်အား လုံလောက်သော ကုသမှုရရှိရန် ကူညီနိုင်သည်။ တစ်ခါတစ်ရံ၌ အသင်းတော် ဦးဆောင်သူသည် လိုအပ်သော ဆွေးနွေးလမ်း ညွှန်မူကို လုပ်နိုင်သော်လည်း၊ တခြားသောအချိန်မျိုး၌ ဆွေးနွေးလမ်းညွှန်မှုခံယူသူအား လမ်းညွှန်အကြံ ပြုခြင်းကို အသက် မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်သောသူအား လွှအပ်ခြင်းမှာ ပို၍ကောင်းနိုင် သည်။ ဆွေးနွေးလမ်းညွှန်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်သောသူ မရှိပါ။ ဘုရားသခင်သည် အတိုင် ပင်ခံပုဂ္ဂိုလ်တိုကို လမ်းပြသည်ကို သိမှတ်လျက် အသင်းတော် ဦးဆောင်သူသည် အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ဆွေးနွေး လမ်းညွှန်မှုကိုပြုရပါမည်။ အထူးသဖြင့် ခက်ခဲသောဆွေးနွေးလမ်းညွှန်မှု အခြေ အနေများ ရှိလာသောအခါ ကျွန်ုပ်တိုအားနည်းပြီး မစုံလင်သောအဖြစ်ကို သိမှတ်ရမည်။
အကယ်၍ လွှအပ်ရန်ဖြစ်နိုင်မည်ဆိုပါက ဆွေးနွေးလမ်းညွှန်မှုခံယူသူ အတွက် အကောင်းဆုံးသောနေရာ ကို စီစဉ်ပါ။ တစ်ခါတစ်ရံ အတိုင်ပင်ခံပုဂ္ဂိုလ် သို့မဟုတ် စိတ်ပညာရှင်တစ်ယောက်က အထိရောက်ဆုံးသော ကုသမှုကို ပေးနိုင် သည်မှန်သော်လည်း နေရာသည် အရေးပါလျက်ရှိပါသည်။ ဤနေရာ၌ ဆုံးဖြတ် ချက်ချရာ တွင် ဆွေးနွေးလမ်းညွှန်မှုခံယူသူနှင့် မိသားစုတို့သည် ထိုပြဿနာ၏ ဆိုးဝါးပုံ၊ လွှဲအပ်ရသည့်အကြောင်း၊ ကုသမှုအတွက် ကုန်ကျမည့် စရိတ်တတ်နိုင်မှု စသည်တို့ကို စဉ်းစားတတ်ရန်ကူညီသင့်သည်။
ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် အလိုအလျောက် ကျေနပ် ပါကလည်းကောင်း၊ မိသားစုကလည်း ထောက်ခံပါကလည်းကောင် အရေးပါသည့် ပုဂ္ဂိုလ်များကလည်း ထောက်ခံပါက ဆေးရုံတစ်ရုံ၌ အပ်နှံခြင်း အကောင်းဆုံးဖြစ်ပါသည်။ အကယ်၍ အဆိုပါလူနာသည် စိတ်အနှောင့်အယှက် အလွန်ခံရပါက ရှင်းလင်းစွာ မစဉ်းစားနိုင်ဖြစ်နေပါက သိုမဟုတ် အကူအညီမလို အပ်ပါက ထိုပုဂ္ဂိုလ်၏စိတ်ပါမှု၊ မပါမှုကို မကြည့်ဘဲ ဆေးရုံတင်နိုင်ပါ များစွာသောနေရာတို၌ မိမိကိုယ်ကို အလိုအလျောက် မအပ်နှံနိုင်သော တရားဝင် နည်းလမ်း များရှိသည်။ သင်သည် ဤကိစ္စကို ဥပဒေပညာရှင်တစ်ယောက် သို့မဟုတ် အရည်အချင်းပြည့်မီသော ဆရာဝန်တစ်ယောက်နှင့် ဆွေးနွေးလိုကောင်း လိုမည်ဖြစ်သည်။
မည်သည့်ကုသမှုပင် ရွေးချယ်ပါစေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ လူနာနှင့် မိသားစု နှစ်ဦးနှစ်ဖက်၏အဓိက ထောက်ပံ့သူနှင့်နှစ်သိမ့်အားပေးသူဖြစ်သင့်သည်။ စိတ်ပိုင်းဆိုင် ရာကုသပေးသောဆေးရုံ၌ တက်ရောက်ခြင်း သည် စိုးရိမ်ကြောင့်ကြခြင်း၊ အထီးကျန်ခြင်းနှင့် ကြောက်ရွံခြင်းစသည်တိုနှင့်တွဲလေ့ရှိသည်။ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ပါဝင်သူအားလုံးက အခြေအနေမှန်ကို လက်ခံလာရန်နှင့် ကုသမှုအောင်မြင် မည်အကြောင်း လူတိုင်းလက် တွဲလုပ်ဆောင်ရန်နှင့်အားပေးရန် ကူညီရပါသည်။
တတိယ – လူနာကို ဆေးရုံတင်နေစဉ်တွင် ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်သည် အကူအညီကို ပေးနိုင်သည်။ စိတ်ရှုပ်ထွေးသောသူ၊ အထီးကျန် သိုမဟုတ် ဝေဒနာခံစားသောသူတို့မှာ အသင်းတော်ဦးဆောင် သူများ သွား လည်ပတ်ခြင်းဖြင့် များစွာကူညီမစနိုင်သည်။ မည်သိုပင်ဖြစ်စေ၊ အချို့သော ဆေးရုံတို့သည် ထိုသို သွားရောက်လည်ပတ်ခြင်းကို အားမပေး၊ ထိုကြောင့် မသွားရောက်မီ လူနာ၏ဆရာဝန်အား တိုင်ပင်ရန် ကောင်းပါသည်။ ။
သင်းအုပ်ဆရာများ အပါအဝင် အတိုင်ပင်ခံပုဂ္ဂိုလ်များသည်ပင်လျှင် ထိုသို့ သွားရောက်လည်ပတ်ရန် ဝန်လေးတတ်ကြသည်။ လူနာကို ခေါ်သောအခါ မည်သို့ ဖြစ်လာမည်ကို မသိကြ။ မည်သည့်အရာ ပြောရမည်ကို သေသေချာချာ မသိကြ။ ကြိုဆိုမည်ကိုလည်း စိုးရိမ်ကြသည်။ ထိုသိုလည်ပတ်ခြင်းကို အချိန်တိုတိုသာဖြစ် စေပါ။ ပျော်ရွင်၍နားလည်မှုရှိသော လည်ပတ်မှုဖြစ်စေပါ။ ဆုတောင်းခြင်းနှင့်ကျမ်းစာဖတ်ခြင်းကိုပြု ပါ(လူနာနားလည်လွဲမည့် ကျမ်းပိုဒ်တို့ကိုရှောင်ပါ)။ အားပေးစကားများပြောပါ။ သို့သော်လည်း သင်မပြုနိုင်သည့် ကတိပေးခြင်းများကိုရှောင်ပါ။ သို့မဟုတ် လူနာသည် အခြားသောသူတို့ကို အပြစ်ရှာပါက သူ့ဘက်ကိုယ့်ဘက် လိုက်ပြီး မပြောရန် သတိပြုပါ။
တစ်ခါတစ်ရံ လူနာသည် စကားပြောချင်စိတ်မရှိပါ။ တစ်ခါတစ်ရံ စကား ပြီး ဖော်ရွေသော်လည်း အပြစ်ရှာ၍အငြိုးထားတတ်သည်။ ဤအရာကို ယ်တိုင် ထင်မြင်ချက်အတိုင်း မယူသင့်ပါ။ ဤအရာသည် ဆေးရုံတက်နေသူ၏ ပြဿနာဖြစ်နိုင်ပါသည်။ လူနာ၏ဆရာဝန်နှင့်ဆွေးနွေးပါက ဤလည်ပတ်ခြင်းများ သည် အကျိုးဖြစ်ထွန်းစေနိုင်သည်။ ဤသိုဖြင့် လူနာ၏အခြေအနေကို ပို၍နားလည် စေနိုင်ပြီး လူနာဆေးရုံတက် နေသောအချိန်နှင့် နောက်ပိုင်းတွင် လူနာနှင့်မိသားစုကို ပို၍ထိရောက်စွာ အကျိုးပြုနိုင်သည်။ ။
ဆေးရုံတက်ပြီးနောက်ပိုင်းတွင် မစဖို စတုတ္ထအခွင့်အရေးတစ်ခုရှိနိုင်သည်။ ခရစ်ယာန်အတိုင် ပင်ခံပုဂ္ဂိုလ်သည် ဆေးရုံဆင်းပြီးသောအချိန်နှင့် နာလန်ထခါစ အချိန်တွင် ထိုပုဂ္ဂိုလ်ကို ကူညီနိုင်သည်။ သောကဖိစီးမှုကြောင့် စိတ်မထိန်းနိုင်သည့် ဝေဒနာခံစားသူကို ဦးစားပေးမစရန် မိသားစုနှင့်အသိုင်းအဝိုင်းတို၏ ဖိအားပေးမှု တို့သည် လူနာဆေးရုံမှဆင်းလာသည့်အချိန်၌ ရှိနေဦးမည်ဖြစ်သည်။ အသင်းသား များနှင့်တကွ သင်းအုပ်ဆရာ၊ သင်းထောက်လူကြီးတိုသည် ထိုနေကောင်းလာသော လူနာကို လက်ခံပြီး အသင်းတော်၌ လည်းကောင်း၊ ရပ်ကွက်ထဲ၌လည်းကောင်း၊ ပြန်၍ကောင်းမွန်စွာ လက်ခံရန် သိရှိကြသည်။ ထိုသို ဆိုရာ၌ ကျွန်ုပ်တိုသည် ထိုလူနာကို အလိုလိုက်ရမည်၊ လွှမ်းမိုးရမည်၊ ကြပ်မပြည့်သကဲ့သို ဆက်ဆံရမည်ဟု မဆိုလိုပါ။ ယခင်လူနာဖြစ်ခဲ့သောသူကို ပြန်၍ကြိုဆိုရမည်။ အားပေးရမည်။ မည်သိုပင်ဖြစ်စေ၊ လူနာသည် တစ်ယောက်နှင့် တစ်ယောက် မတူသောကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆရာဝန်နှင့် အဆက်အသွယ်ရရန် ကြိုးစားသင့်သည်။ ထိုသူသည် အသိုင်းအဝိုင်း၌ ပြန်၍ဝင်ဆံ့ရန် အသင်းတော်ကပြုလုပ်နိုင်သည့် ကောင်းသောအကြံဉာဏ်တို့ကို ပေးတတ်လေ့ရှိသည်။
မိသားစုကို သွန်သင်အကြံပြုမူ Counseling with the family
ဆွေမျိုးသားချင်းတစ်ယောက်၌ စိတ်ပိုင်းဆိုင်ရာ ပြဿနာများရှိလာသောအခါ မိသားစုသည် အဓိက ပြဿနာကြီးတစ်ခုကို ရင်ဆိုင်ကြရသည်။ ထိုလူနာ ဖြစ်လေ့ဖြစ်ထမရှိသော လုပ်ဆောင်ချက်များရှိလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရောဂါ၊ ဖြစ်နေခြင်းကြောင့် လူမှုရေး၌ အသရေပျက်ရခြင်း၊ ဆွေမျိုးသားချင်းတစ်ယောက် ဆေးရုံတင်သည့်အခါ၌ လိုအပ်သော ပြန်လည်ပြုပြင်ခြင်းစသည်တိုကြောင့် မိသားစု သည် စိတ်ဖိစီးမှုကိုခံ နေရသည်။ ရှုပ်ထွေးမှု၊ စိုးရိမ်ကြောင့်ကြမှုနှင့် နားလည်လွဲမှု ရှိတတ်သည်။ အချို့သောမိသားစု၌ ထိုအရေးကြီး သောပြဿနာက လူတိုင်း အတူ တကွ ခံစားစေသော်လည်း အချို့တို့အတွက်မူ ထိုအခြေအနေသည်ပင်လျှင် ပို၍ ကြီးမားသော မိသားစုစိတ်ဖိစီးမှုကို ဖြစ်စေသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိသားစုကို နည်းအမျိုးမျိုးနှင့် အထောက်အကူ ပြုနိုင်သည်။ မိမိတို၏ဆွေမျိုး သည် စိတ်ခံစားမှုပိုင်းဆိုင်ရာ၌ အနှောင့်အယှက်ပြုခံရကြောင်းနှင့် ထိရောက်သည့် ပြုစုကုသမှု လိုအပ်သည်ဟူ သောအချက်ကို သိရှိရန်နှင့် လက်ခံရန် ကူညီရပါမည်။ မိသားစုသည် ဖြစ်ပျက်နေသောအရာအပေါ်၌ စိတ်ရှုပ် ထွေးကြကာ မရေမရာဖြစ်ကြသောကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိမိတို၏စိတ် ခံစားမှုတိုကို ပြောပြခြင်း၊ ဤအခြေအနေမျိုးကို ဘုရားသခင် ခွင့်ပြုရခြင်းအကြောင်း နှင့်ပတ်သက်၍ ဆွေးနွေးခြင်းစသည်တို့ကို ဆွေးနွေး လမ်းညွှန်မှုပေးလိမ့်မည် ဖြစ်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မိသားစုကို အားပေးခြင်းကိုပြု၍ မိသားစုသည် ဘုရားသခင်အပေါ်၌ ပို၍ပို၍ အမှီပြုအားထားမှုကို လာရန်ကူညီလိုမည်ဖြစ်သည်။ မိသားစု၌ စိတ်ပိုင်းဆိုင် ရာရောဂါနှင့်ပတ်သက်၍ စိတ်ခံစားမှုဆွေးနွေးရန်၊ ဆေးရုံသို သွားရောက်လည်ပတ်ရန်၊ ဆေးရုံ လူ့နာသည် ကုသမှုကိုမခံရသောအခါ ထိုလူနာ အား အိမ်သို့ ပြန်လည်ခေါ်ဆောင်လာရန်အတွက်လည်းကောင်း၊ ဆွေမျိုးသားချင်း တိုကို အကူအညီပေးနိုင်သည်။ ဆေးရုံမှ ဆင်းပြီးနောက်တွင် အတိုင်ပင်ခံပုဂ္ဂိုလ် သည် လူနာအပါအဝင်မိသားစုနှင့် ဆက်လက်၍ အဆက်အသွယ်လုပ်နိုင်သည်။ ဆေးရုံတက်နေစဉ်ကာလနှင့် ဆေးရုံမှဆင်းပြီးနောက် မိသားစုသည် အစားအစာ သို့မဟုတ် ငွေရေးကြေးရေး မစကူညီမှုစသည်တို့ကိုရရှိရန် အကျိုးကျေးဇူးရှိသော အချိန်များရှိနိုင်ပါသည် (ယာ၂:၁၄-၁၆)။
စိတ်ပိုင်းဆိုင်ရာ၌ အနှောင့်အယှက်ဖြစ်နေသောသူသည် အခြေအနေပိုမို မည်သိုပြုမည်နည်း။ စိတ်ရော ဂါနှင့်ဆိုင်သော နာမည်ကြီး ပါးများတိုသည် စိတ်အနှောင့်အယှက် ပြင်းထန်သည့်လူများ လမ်းညွှန်ခြင်း၌ အသက်မွေးဝမ်းကျောင်းပြုသောသူတို၏ နွေးရာ၌ အမြင်ကောင်းရှိကြ၏။ ဤကောင်းသောအမြင်ရှိခြင်း ကိုများစွာ အမှန်ပေးကြသည်။ အဘယ့်ကြောင့်ဆိုသော် စိတ်ပိုင်းဆိုင်ရာလူနာများ သက်သာလာကြပြီး ပြန်လျော့ကျခြင်းမရှိသလောက်ဖြစ်သည်။ သိုသော် အချို့တို့သည် စိတ်ရောဂါဆေးရုံသို့ဝင်ကာ တစ်သက်လုံး ထိုနေရာ၌ပင် ရှိနေကြသည်ဟူသောအချက်ကို မဖုံးကွယ်သင့်ပေ။ ဤလူတို့သည် မိသားစုနှင့် အသင်းသားများ ၏ စိတ်ဝင်စားမှုနှင့် လာရောက်လည်ပတ်သောသူတို့သည် နောက်ဆုံးတွင် မလာကြတော့ဘဲ ထိုလူနာတို့သည် ဝန်ထမ်းသူနာပြုများနှင့် ဆေးရုံလုပ်သား အနည်းငယ်မှအပ အားလုံး၏ဥပက္ခာပြုခြင်းခံရကြသည်။ မိသားစုတို့ သည် လူနာ အပေါ်၌ စိတ်ဝင်စားမှု အဆက်မပြတ်ထားကြရန် အားပေးတိုက်တွန်းသင့်သည်။ တစ်ချိန်တည်းမှာ ပင် မိသားစုဝင်တိုသည်လည်း ဆေးရုံတွင် အစဉ်နေကောင်းနေရ မည်ဟူသောအချက်ကိုသိလျက် မစမှုကို ဆက်လက်ပြုရမည်ဖြစ်သည်။
ဝိညာဉ်ရေးရာ သွန်သင်အကြံပြုမှု၏ပြဿနာ The issue of spiritual Counseling
သမ္မာကျမ်း၌ ဒါဝိဒ်ကို “ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူ”ဟု ဖော်ပြ သည်(၁ရာ၊၁၃း၁၄)။ ဒါဝိဒ်၏မယုံနိုင်လောက်အောင် ထူးဆန်းသည့်အသက်တာကို ဓမ္မဟောင်းကျမ်းများနှင့် သူ၏ကဗျာလင်္ကာကို ဆာလံကျမ်း၌ မှတ်တမ်းတင်ထား သည်။ သူ၏နာမည်သည်လည်း သမ္မာကျမ်းထဲ၌ အခြားသောသူတိုထက် ပို၍ ဖော်ပြထားသည်။ သိုသော်လည်း လူအများက သူ၏အကြီးဆုံးသော အောင်မြင်မှု ဖြစ်သည့် ကာလက်ကို သတ်ခြင်းနှင့်အကြီးဆုံးသော ဆုံးရှုံးမှုဖြစ်သည့် ဗာသရှေဘ နှင့်မှားယွင်းမှုကို မှတ်မိကြသည်။
ဤအပြစ်ကို ၁ရာ၊ ၁၁ နှင့် ၁၂ တိုတွင် မှတ်တမ်းတင်ထားသည်။ လူသည် ညနေချမ်းအချိန်၌ အိမ်အမိုး ပေါ်လမ်းလျှောက်နေစဉ် ရေချိုးနေသော ဗာသရှေဘကို သတိထားမိသည်။ သူမသည် အလွန်ချောမောလှပသော အမျိုးသမီးဖြစ်သည်။ ဒါဝိဒ်သည် သူမကို နန်းတော်သို ခေါ်ပြီး ရှက်တင်သည် ဆိုသည်။ ဗာသရှေဘသည် ကိုယ်ဝန်ရှိသည်ကိုတွေ့ရှိသောအခါ အပြစ်ကိုဖုံးကွယ်ရန် ကြိုးစားသည်။ သူသည် ဗာသရှေဘ၏ ယောကျာ်းကို စစ်မြေပြင် မှအိမ်သို့ ခေါ်ကာ သူနှင့်သူ၏ ဇနီးအတူအိပ်သင့်ကြောင်း ၊ လင်ယောက်ျားသည် ငြင်းသောကြောင့် ဒါဝိဒ်သည် အရက်မူးစေခြင်းဖြင့် ထပ်မံ ကြိုးစားသည်။ ဤအရာ မအောင်မြင်သောအခါ၌ ဒါဝိဒ်သည် ထိုလူသေစေရန် အစီအစဉ်ရေးကြသည်။ သမ္မာကျမ်းသည် ဤအဖြစ်အပျက်အပေါ်၌ အတိုချုံးသာ ပြောသော်လည်း “ရှင်ဘုရင်သည် ထာဝရဘုရားကို ဝမ်းနည်းစေသည့်အရာကို ပြုလုပ်သည် “(၂ရာ၊၁၁:၂၇)ဟု ပြင်းထန်စွာ ဝေဖန်ပြောဆိုသည်။
ဤတစ်ကြိမ်တွင် ဘုရားသခင်သည် ပရောဖက်နာသန်အား ဒါဝိဒ်နှင့် သွားတွေ့ရန် စေလွှတ်သည်။ နာသန်သည် ထူးကဲသော အတိုင်ပင် တစ်ယောက်ဖြစ်၍ လူတိုသည် အပြစ်ပြုသောအခါ မိမိကိုယ်ကို ကာကွယ် ကြလျက် တစ်ခါတစ်ရံ အပြစ်ရှိသည်ကိုပင် ငြင်းတတ်ကြောင်း သိသောသူဖြစ်သည်။ နာသန်သည် ယဉ်ကျေးသိမ်မွေ့ပြီး ချစ်ခြင်းမေတ္တာရှိသည်။ ဒါဝိဒ်သည် အပြစ်ကျူးလွန်ပြီး အပြစ်လွှတ်ခြင်းခံရရန် လိုကြောင်းကို ရှင်းလင်းစွာပြသဖို ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသည်။ –
ဒါဝိဒ်၏နောင်တသီချင်းကို ဆာလံ၊၅၁ ၌ ဖတ်ရှုနိုင်သည်။ ရှင်ဘုရင်သည် သူ၌အပြစ်ရှိသည်ကို ဝန်ခံ၍ သူ၏အပြစ်ကို ဘုရားသခင်ရှေ့တော်၌ ဝန်ချ တောင်းပန်ကာ အပြစ်လွှတ်ခြင်းကို ခံစားရသည်။
အပြစ်လွှတ်ခြင်းသည် သမ္မာကျမ်း၏ဦးတည်ချက်ဖြစ်သည်။ ကျွန်ုပ်တို့၏ အပြစ်တို့ကို ယေရှုခရစ်တော် ထံ၌ ဝန်ချတောင်းပန်သောအခါ ကိုယ်တော်သည် အပြစ်လွှတ်မည်ဟု ကတိပေးထားသည်(၁ယော၊၁း၉)။ ကိုယ်တော်၏အပြစ်လွှတ် ခြင်းသည် ချွင်းချက်မရှိသော အပြစ်လွှတ်ခြင်းဖြစ်ပြီး အခြားသောသူတစ်စုံ တစ်ယောက်၏ လုပ်ဆောင်ချက်အပေါ်၌ အမှီမပြုပါ။ မည်သိုပင်ဖြစ်စေ၊ အခြား သောသူအပေါ်၌ ကျွန်ုပ်တို့ ၏အပြစ်ကို ဝန်ခံတောင်းပန်နိုင်ပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့၏လုပ်ဆောင်မှုများကြောင့် ပြစ်မှားသောသူ အပေါ် အပြစ်ဝန်ချတောင်း ရန် ဖြစ်နိုင်ပါသည် (ယာကုပ်၊ ၅း၁၆)။ အကယ်၍ တစ်စုံတစ်ယောက်သောသူ ကျွန်ုပ်တို့ထံ၌ အပြစ်ဝန်ချတောင်းပန်မည်ဆိုပါက ခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်လွှတ်တော်မူသကဲ့သို့ သူတစ်ပါး၏ အပြစ်ကိုလွှတ်ရန် သမ္မာကျမ်း၌ ညွှန်ကြားသည် (မဿဲ၊ ၇း၁၂၊၁၄-၁၆)။
ဆွေးနွေးလမ်းညွှန်ခြင်းကို ဆွေးနွေးလမ်းညွှန်မှုခံယူသူ၏အသက်တာ၌ အပြစ်ကိုရှာပြီး၊ အတိုင်ပင် ခံပုဂ္ဂိုလ် သည် အပြစ်ဝန်ချတောင်းပန်ရန် ပါဝင်ရမည့် အချက်များကို ခရစ်ယာန်အချို့က မျှော်လင့်ယုံ ကြည်ကြသည်။ အတွေ့အကြုံ ရင့်ကျက်သော အတိုင်ပင်ခံပုဂ္ဂိုလ်များအနေနှင့် ဆွေးနွေးလမ်းညွှန်မှုသည် ထိုအရာ ထက် ပို၍ရှုပ်ထွေးသော်လည်း၊ ပြဿနာများစွာတို့မှာ ကိုယ်တိုင်ပြစ်မှားသော အပြစ်ကြောင့်ဖြစ်စေ၍ ၎င်းကို ဆွေးနွေးလမ်းညွှန်ရာ၌ ဆွေးနွေးရမည်မှာ သံသယ ရှိရန်မလိုပါဟု မှတ်ချက်ချကြသည်။
အောက်ပါတို့သည် ဆွေးနွေးလမ်းညွှန်မှုခံယူသူက ဝိညာဉ်ရေးရာ ရုန်းကန် ရသောအခါ မေးမြန်းရမည့် မေးခွန်းများဖြစ်သည်။ သင်၏အသက်တာ၌ ဝိညာဉ် ရေးရာ၌ အရေးကြီးသောအရာများ ကင်းမဲ့နေသည်ဟု သင်ခံစားသောအခါတိုင်း၌ ဤမေးခွန်းတိုကို မိမိကိုယ်ကိုပင် မေးမြန်းနိုင်ပါသည်။
သင်သည် ယုံကြည်သူတစ် ယောက်ဖြစ်ပါသလား။
လူတစ်ယောက်၏ ဝိညာဉ် မွေးဖွားခြင်းမရှိပါက ဝိညာဉ်ရေးရာ၌ အသက် ရှင်ရန် မဖြစ်နိုင်ပါ။ သင်၏ အပြစ်ကိုလွှတ်ရန် ခရစ်တော်ကို တောင်းပန်ခြင်း၊ ကိုယ်တော်သည် မိမိ၏ ကယ်တင်ရှင်ဖြစ်ကြောင်း ဝန်ခံခြင်း၊ အသက်တာကို အုပ်စိုး ရန် အခွင့်ပေးခြင်းစသည်တိုမှာ ဒုတိယမွေးဖွားခြင်းကို ဆိုလိုပါသည်။
သင်သည် အပြစ် လုပ်နေပါသလား။
လူတိုင်းသည် အကြိမ်ကြိမ် အပြစ်ကို ဝန်ချတောင်းပန်သော်လည်း ဆက်လက်၍ အပြစ်လုပ်ခြင်း ကြောင့် ဝိညာဉ်ရေးရာ၌ ကျွန်ုပ်တို ဆုတ်ယုတ်ကြရ သည်။ ကျွန်ုပ်တို တွေ့မြင်ခဲ့ရသည့်အတိုင်း အပြစ်တိုကို ဝန်ချတောင်းပန်ပါက ခရစ်တော်သည် အပြစ်ကို လွှတ်မည်ဖြစ်ကြောင်း ၁ယော၊၁း၉ ၌ ကတိပေးထား -သည်။ ကျွန်ုပ်တိုသည် အပြစ်လုပ်တိုင်း အပြစ်ဝန်ချတောင်းပန်ကြရန်လိုသည်။
သင်သည် ကာယပိုင်း၌ ပုံမကျပန်းမကျ ဖြစ်နေပါသလား။
ဤအချက်ထည့်သွင်းသည်ကို သင်အံ့သြကောင်းအံ့သြနိုင်ပါသည်။ ကျွန်ုပ်တို့ သည် ခံန္ဓာကိုယ်ကို ဂရုမစိုက်ကြသောအခါ၌ ကာယပိုင်း အားအင်ကုန်ခန်းကြ သည်။
ဤအရာသည် စုံစမ်းခြင်းကို ပို၍မကာကွယ်နိုင်ဘဲ ကျန် အသက်တာကိုလည်း လွှမ်းမိုးနိုင်သည်။
သင်သည် ဝိညာဉ်အစာကို စားပါသလား။
ကျွန်ုပ်တို့သည် ဆုတောင်းခြင်း၊ ကျမ်းစာလေ့လာ ခြင်းအတွက် အလုပ်အလွန်များသောအခါ ကာယပိုင်းတွင် အနားယူရမည် အချိန်မရှိပါက ကာယပိုင်းသန်စွမ်းမှု အားပျက်သားကိုအချိန် ဝိညာဉ်သန် စွမ်းမှုကိုလည်း ဆုံးရှုံးကြရသည်။
သင်သည် ဝိညာဉ်ရေးရာ၌ အဝလွန်ပါသလား။
ကျွန်ုပ်တိုသည် ဝိညာဉ်ရေးရာ၌ အဝလွန်၍ အသားပွကြီးဖြစ်နိုင်ကြပါသည်။ ကျွန်ုပ်တို့သည် ဝိညာဉ်ရေး ရာ အယူအဆတို့ကို ခံယူသော်လည်း သက်သေခံခြင်း၊ ဝေငှခြင်းတစ်ခုခုကိုမျှမပြု၊ ဆုတောင်းပေးခြင်းမပြု၊ အားပေးခြင်း၊ ချစ်ခြင်း၊ ငွေကြေးထောက်ပံ့ခြင်း၊ အချိန်ပေးခြင်း၊ အကျိုးဆောင်ပေးခြင်း စသည်တို့ကို တစ်ခါမျှမပြုပါက ဝိညာဉ်ရေးရာ၌ ဆုတ်ယုတ်နိုင်ပါသည်။
သင်သည် အပြစ်ရှာတတ်သူသာဖြစ်ပါသလား
ဝိညာဉ်ရေးရာ၌ စိတ်ကြီးဝင်ခြင်းသည် မာန်မာနဖြစ်ကြောင်း အစဉ်ပြ သည်။ အခြားသူတို၏အမှားကို ထိုးပြခြင်းသည် မှန်သော်လည်း ၎င်းသည် စီရင်ခြင်းနှင့်မဟုတ်ဘဲ ချစ်သောစိတ်ကြောင့်ဖြစ်ရပါမည်။
သင်သည် ရှင်းလင်းစွာ စဉ်းစားနေပါသလား။
အရာများမြင်ကွင်းမှ ပျောက်ကွယ်သွားရန် အချက်အလက်အားလုံးမသိ သော်လည်း ဝေဖန်အပြစ် တင်ရန် သိုမဟုတ် မိမိကိုယ်ကို ဗဟိုပြုသောစနစ်များ၌ ရောက်ရှိရန် လွယ်ကူသည်။ အတိုင်ပင်ခံပုဂ္ဂိုလ် အပါအဝင် အခြားသော ယုံကြည်သူ တစ်ယောက်သည် လူတို၏ပို၍ရှင်းလင်းစွာ စဉ်းစားရန်နှင့် စုံလင်စွာမြင် နိုင်ရန် ကူညီရပါမည်။ ။
သင်၏အသက်တာညီမျှမှုရှိပါသလား။
ကျွန်ုပ်တို့သည် အလုပ်၊ အားကစား၊ မိသားစုဘဝ၊ အသင်းတော်၏ လှုပ်ရှားမှုတို့၌ လွန်ကဲစွာ ပါဝင်နိုင် သည်။ ထိုသိုသောအချိန်များ၌ အသက်တာသည် မျှတမှု မရှိပါ။ ဝိညာဉ်ရေးရာတိုးတက်မှုအတွက် ကျွန်ုပ်တို့ သည် အလုပ်နှင့် အနားယူ တစ်ကိုယ်တည်းနေခြင်းနှင့် လူမှုရေး၌ လုပ်ဆောင်ခြင်း၊ တစ်ဦးချင်းနှင့် မိသားစု လုပ်ငန်းများ စသည်တို့၌ မျှတရန်လိုသည်။
သင်သည် ဝိညာဉ်တော်တန်ခိုးနှင့်ပြည့်ဝပါသလား။
သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူ၏အထဲ၌ အသက်ရှင်သော် ဝိညာဉ်တော်ကို ဥပက္ခာပြု နိုင်သည်။ နှိမ့်ချနိုင်သည်။ သိုမဟုတ် ဘေးဖယ်နိုင်သည်။ ကျွန်ုပ်တို့၏အပြစ်တိုကို နေ့စဉ်ဝန်ချတောင်းပန်ပြီး သန့်ရှင်းသောဝိညဥ်တော်သည် ပညာ၊ လမ်းပြမှု၊ တည်ကြည်မှုနှင့် တန်ခိုးစသည်တို့ကိုပေးရန် တောင်းဆို နိုင်ပါသည်။ ။
သင်သည် လွတ်လပ်လွန်းပါသလား။
ခရစ်ယာန်တို့သည် တစ်ယောက်နှင့်တစ်ယောက် လိုအပ်ကြပြီး ကျွန်ုပ်တို့၌ အတတကွ ဝတ်ပြုခြင်း၊ အစေခံခြင်း သို့မဟုတ် အခြားသော ယုံကြည်သူတိုနှင့် အတူ သင်ကြားလေ့လာခြင်းမရှိပါက ဝိညာဉ်ရေးရာ ကြီးထွားမှု ရပ်တန့်သွားသည် (ဟေဗြဲ၊ ၁၂:၂၅)။
ဖျားနာခြင်းပြဿနာ The Issue of Sickness
၂ရာ၊၁၂:၁၅-၁၇ သည် ဒါဝိဒ်၏အသက်တာ၌ တွေ့ကြုံရသော သေရေး ရှင်အမျှ အရေးကြီးသောအချိန် ကာလတစ်ခုကို ဖော်ပြသည်၊ ဒါဝိဒ်နှင့် ဗာသရှေဘအားဖြင့် မွေးဖွားလာသောကလေးသည် အသည်းအသန်ဖျား လာသည်။ ဒါဝိဒ်သည် ကလေးအသက်ရှင်ရေးအတွက် အသနားခံ၍ အစာမစားဘဲလျက် တစ်ညလုံး မြေကြီး ပေါ်၌အိပ်၍ ဆုတောင်းသည်။
ဖျားနာသောလူ၏အသက်တာ၌ ပြင်းထန်စွာ ဖျားနာခြင်းသည် ကြီးမား သော စိတ်ဖိစီးမှုဖြစ်လာရာ အရင်းအမြစ်တစ်ခုဖြစ်နိုင်သည်။ လူတစ်ယောက်သည် ကိုယ်ကာယပိုင်း၌ ဖျားနာသောအခါ ခန္ဓာကိုယ်၏ ပုံမှန်လည်ပတ်မှုမရှိတော့ဘဲ ရောဂါလက္ခဏာများ ပို၍တိုးလာသည်။ ဖျားနာခြင်းသည် စိုးရိမ်ကြောင့်ကြမှု၊ စိတ် ကတကျဆင်းမှုနှင့် အနာရောဂါနှင့်ပတ်သက်၍ မရေရာမှုများ ဖြစ်စေသည်။ ဖျားနာ ခြင်းကြောင့် ငွေရေး ကြေးရေး အခက်အခဲဖြစ်လာသောအခါ ဤအရာက စိုးရိမ်ပူပန် ကို ပို၍ဖြစ်စေသည်။ ဖျားနာခြင်းသည် မိသားစု၏ ပုံမှန်လုပ်ငန်းများတို ကို အနှောင့်အယှက်ပေးသောအခါ မိသားစုအသက်ရှင်ပုံရှင်နည်း၌ ညှိယူခြင်း တစ်ခု ရသည်။ အထူးသဖြင့် အိမ်သားများအတွက် အလုပ်အကိုင်ရှာဖွေသူသည် ဆေးရုံကက်သော်လည်း ကောင်း၊ ပုံမှန်တာဝန်ကိုယူ မိသားစု၏အသက်ရှင်ပုံရှင်နည်းကို ပြန်၍ညှိယူရမည်ဖြစ်သည်။
ဖျားနာခြင်းတစ်ခု၌ အချိန်သုံးမျိုးရှိသည်။ ကျန်းမာရာမှ ဖျားနာရာသို့ အသွင် ကူးပြောင်းသောအချိန် တစ်စုံတစ်ဦး၌ ရောဂါသည် ရုတ်တရက် (နှလုံးရောဂါ ထခြင်း) သို့မဟုတ် အလွန်နှေးကွေးရာ (ကင်ဆာရော ဂါကဲ့သို့ ပါသည်။ တစ်ခါတစ်ရံ ထိုပုဂ္ဂိုလ်သည် ရောဂါလက္ခဏာကို မရင်ဆိုင်လို၊ ထိုရောဂါ သည် တဖြည်းဖြည်းနှင့်ပျောက်သွားမည် သို့ မဟုတ် အိမ်၌ဆေးသောက်လျှင် ပျောက်သွားမည်ဟု မျှော်လင့်သောအားဖြင့် ဆရာဝန်နှင့်မတွေ လိုပါ။ ထိုရောဂါ. လက္ခဏာသည် ဆက်လက်၍ ဖြစ်နေဆဲ သို့မဟုတ် ရုတ်တရက် ရောဂါပြင်းထန် လာသောအခါ၌ ကျွန်ုပ်သည် မကျန်းမာတော့ပါ။ ရောဂါရှိနေပြီ၊
ဤအတိုင်း ကြာရှည်စွာ ခံကောင်းခံရမည်ဟူ၍ သိရှိလာခြင်းကို တိုင်ပင်ညှိနှိုင်း အချိန်ယူ ရသေးသည်။
ဆေးကုသသောအချိန်။ ထိုပုဂ္ဂိုလ်အတွက် ခက်ခဲသောအချိန်ဖြစ်နိုင်ပါ သည်။ ကာယပိုင်း မသက်မသာရှိခြင်းအပြင် မသိသောအရာအပေါ်၌ ကြောက် စိတ်ရှိနိုင်သည်။ ငါ၌ မည်သို့ဖြစ်ပါသနည်း။ ဆရာဝန်က ရောဂါကို မှန်မှန်ကန်ကန် စစ်ဆေးခြင်းကို ပြုမည်လား။ ကျွန်ုပ်နေကောင်းလာမည်လား။ မည်မျှကြာနိုင်မည် နည်း။ ဤအရာအားလုံးအတွက် ဆေးဖိုးဝါးခကို ပေးနိုင်မည်လား။ ကျွန်ုပ်ဖျားနေစဉ် ကျွန်ုပ်မိသားစု ဘယ်လိုနေမလဲစသည်ဖြင့် လူနာသည် စိတ်ပူပန်သည်။
ဆေးရုံတင်ရန် လိုအပ်လာသောအခါ လွတ်လွတ်လပ်လပ်နေတတ်သော လူနာမှာ အခြားသူများအပေါ်၌ ရုတ်တရက် အမှီပြုရသည်။ ရေချိုးခြင်း သိုမဟုတ် အိမ်သာတက်ခြင်းစသည်တိုမှာ လူစိမ်းတစ်ယောက်၏ အကူအညီဖြင့်သာလျှင် ပြီးစီးနိုင်တော့၏။ မိသားစုအထဲ၌နေရန် အရေးကြီးဆုံးသောအချိန်တွင် ထိုလူနာ သည် မသိကျွမ်း၊ မရင်းနှီးသောနေရာသို ဗစ်ပယ်ခြင်းခံရသကဲ့သိုဖြစ်သည်။ ချစ်ရ သောသူတို၏ယုယမှုမှ ဖယ်ရှားခြင်း ကိုခံရလေ့ရှိကြသည်။ လာရောက်လည်ပတ် သောသူတိုသည် သူ့ကိုခေါ်သောအခါ တက်တက်ကြွကြွမရှိပါက စတ ဖြစ်တတ်သည်။ ထိုအခါ မိသားစုသည် လိုအပ်သည့်အရာတို့ကို ပြန်၍ ဆေးကုသသောအချိန်အတွင်း၌ရှိ သော တာဝန်တို့ကို အပြောင်းအလဲလုပ်ရသည်။
နာလန်ထသည့်အချိန်
ထိုပုဂ္ဂိုလ်နှင့်မိသားစုသည် ဖျားနာခြင်းမှ ကျန်းမာလာကာ အသွင်ကူးပြောင်း ခြင်းသို့ ဖြည်းညင်းစွာ လုပ်ဆောင်ရသည်။ ဤအရာသည် နူးညံ့သိမ်မွေ့စွာ သည့်အရာတစ်ခု ဖြစ်နိုင်သော်လည်း အခက်အခဲများ လည်းရှိနိုင်သည်။ ထိုလူနာသည် လုပ်နေကျတာဝန်များမှ လွတ်ကင်းလိုလာသည်။ မိသားစုတို့သည် အသစ်သော အလုပ်တို၌ ပျော်မွေ့ကြကာ ယခင်၌ရှိခဲ့သောအရာတိုကို အပြောင်းအလဲ မလုပ်လိုကြပါ။ ဖြစ်ပျက်နေသော အရာကို မသိကြသောကြောင့် ဤစိတ် သဘောထားအချိုတို့သည် မိသားစုအား ပဋိပက္ခဖြစ်ခြင်း၊ အမျက် ထွက်ခြင်း၊ ကယပိုင်းဆိုင်ရာ အနာရောဂါပျောက်ကင်းခြင်းကို နှေးကွေးစေသည်။
လူနာနှင့်မိသားစုကို ဆွေးနွေး လမ်းညွှန်ခြင်း ၊
ယေရှုသည် မြေကြီးပေါ်၌ရှိနေစဉ်တွင် သူ၏အချိန်များစွာကို အနာရောဂါ ပျောက်ကင်းစေခြင်းဖြင့် ကုန်လွန်စေသည်။ ကိုယ်တော်၏ နောက်လိုက်ဖြစ်သော ကျွန်ုပ်တိုသည်လည်း ထိုကဲ့သို လုပ်ဆောင် ရသည့်အခွင့်အတွက်ကြောင့် ကျေးဇူး တင်အပ်ပေသည်။ အသင်းတော်ဦးဆောင်သူသည် ထိုအရေးကြီး သောအချိန်၌ လူနာနှင့်မိသားစုအတွက် အားယူစရာတစ်ခုဖြစ်နိုင်သည်။ သမားတော်ကြီးသည် သူ့သားသမီး များ၏ ကာယပိုင်းဆိုင်ရာ ပြဿနာတိုကိုသိပြီး စိုးရိမ်ပေးကြောင်းကို ဆွေးနွေးလမ်းညွှန်မှု ခံယူသူတို အား ပြောပြခြင်းသည် အကျိုးဖြစ်နိုင်သည်။ ကျွန်ုပ်တိုသည် ထိုနေရာ၌ပါဝင်သော လူတိုနှင့်အတူ ဆုတောင်းနိုင်သည်။ အားပေး နိုင်သည်။ ထိုသိုသော အခြေအနေ ကို အဘယ့်ကြောင့် ဘုရားသခင်ဖြစ်စေခြင်းနှင့် ပတ်သက်၍ လမ်းပြနိုင်သည်။ ဆီလျော်သော ကျမ်းပိုဒ်များကိုပြနိုင်သည်။ ငွေရေး ကြေးရေးနှင့်ဆိုင်သော ဝန်လေးစရာတိုကို ကိုင်တွယ်ပုံ၊ မိသားစု၏အစီအစဉ်တိုကို မည်သို စီစဉ်ရမည်၊ သိုမဟုတ် ဆရာဝန်များ ပေးမည့် ဆေးဝါးဆိုင်ရာ ရွေးချယ်မှုကို အကဲဖြတ်မှုစသည်တိုကို ကိုင်တွယ်ပုံတို၌ ပါဝင်သောသူတိုအတွက် ကျွန်ုပ်တို ဆုတောင်း ပေးနိုင်သည်။ သူတိုနှင့်အတူ ဆုတောင်းနိုင်ကြသည်။
ကလေးငယ်တစ်ယောက် ဖျားနာသောအခါ၌ ဆွေးနွေးလမ်းညွှန်ခြင်း ၊
ကလေးငယ်တစ်ယောက် ဖျားနာသောအခါ အသင်းတော်ဦးဆောင်သူ သည် သီးသန့်ဆွေးနွေး လမ်းညွှန်ခြင်းနှင့် သွန်သင်ရသည်။ ကလေးငယ်တို့သည် လူကြီးများနည်းတူ ဝေဒနာကိုခံစားကြသည်။ မသိသောအရာကို ကြောက်ကြသည်။
ဆေးရုံ၌ သူစိမ်းအဖြစ်နေခြင်းကို မကြိုက်၊ ချစ်ခင်သူများနှင့်မခွဲလိုပါ။ ကလေးငယ် တို့သည် လူကြီး များကဲ့သို့ ငွေရေးကြေးရေး၌သော်လည်းကောင်း၊ ရောဂါအပေါ်၌ လည်းကောင်း၊ စိုးရိမ်ခြင်းမရှိကြသော်လည်း ဖြစ်ပျက်နေသောအရာအပေါ်၌ သူတို့ ခံစားရသည့် အကြောင်းတို့ကို ဝတ်ရုံဖြူဝတ်သည့်လူတို့ (ဆရာဝန်များ) သည် သူ့ကို အဘယ့်ကြောင့် အပ်နှင့်ထိုးရသည်ကိုလည်းကောင်း၊ သောက်၍မကောင်းသော ဆေးဝါးတိုကို အဘယ့်ကြောင့် ပေးသောက်ရကြသည်ကိုလည်းကောင်း နားမလည် နိုင်ကြချေ။ ကလေးငယ်များစွာတို့သည် ဆေးရုံ၌နေခြင်းကို မိဘများက သူ့ကို မလိုလားသောကြောင့် ဒဏ်ခတ်ခြင်း ဖြစ်မည်ဟုအနက်ဖွင့်ကြသည်။ ဆေးရုံတင် မည့်ကလေးတိုသည် ပထမဦးဆုံး ငြင်းဆန်ကြသည်။ အထူးသဖြင့် နှစ်နှစ်မှလေးနှစ် အရွယ်ကလေး တိုသည် ငြင်းဆန်တတ်ကြသည်။ သိုသော်လည် ထိုသိုငြင်းဆန်ခြင်း သည် သူတို့ကို ဆေးရုံနှင့်မလွတ်စေ ကြောင်းကို သိကြသောအခါ စိတ်လျှော့ကာ အားငယ်နေကြသည်။ သူတိုသည် ပို၍ပို၍ မိမိ ဘာသာနေလာ ကြသည်။ မိဘများ လာသော်လည်း ဂရုမစိုက်ကြပေ။ ထိုသို့သောကလေးတို့သည် အိမ်ပြန်ရောက်လာ သည့် အခါ တောင်းဆိုမှုများလာသည်။ အမှီသဟဲပြုလာသည်။ အဘယ့်ကြောင့်ဆို သော် ဤနည်းမှာ သူတိုကိုလက်ခံ ရန်နှင့် ပြန်၍စိတ်ချရန်အတွက် နည်းလမ်းဖြစ်သည်။
အသင်းတော်ဦးဆောင်သူ၌ ထိုကလေးနှင့်မိသားစုများ အကျိုးကို ပြုစုရန်ရှိ သည်။ ကလေးတစ်ယောက် ကို ဆွေးနွေးလမ်းညွှန်ရာတွင် ကလေး၏ အသက် အရွယ်နှင့် နားလည်နိုင်မှုအဆင့်အပေါ်၌ အမှီပြုသော်လည်း ကလေးတိုကိုစိတ်ချရန် ပြုလုပ်ပြီး လိမ်ညာခြင်းမပြုရန်လိုသည်။ ကစားစရာများ သို့မဟုတ် စောင်များစသော လက်ပွန်းတတီးရှိသော ပစ္စည်းများစသည်တိုသည် စိတ်ချမ်းသာမှုကိုပေး၍ တစ်ခါတစ်ရံ ကလေးသည် ကစားစ ရာများ သို့မဟုတ် အခြားသူများကပေးသော လက်ဆောင်များစသည်တိုကို တန်ဖိုးထားသည်။ ကလေးတို့သည် သူတို၏ ကြောက်ရွံစိုးရိမ်မှုနှင့် စိတ်ခံစားမှုတိုကို စကားနှင့် မပြောနိုင်ကြသောကြောင့် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ပန်အမူအရာနှင့် အရိပ်အခြေတိုကို သတိမူသင့်သည်။ အတိုင်ပင်ခံပုဂ္ဂိုလ်၏စိတ်နေသဘောထားနှင့် သည်းခံ ခြင်းတိုသည် ကလေးစိတ်ထဲ ၌ ယုံကြည်မှုဖြစ်စေကာ “အားလုံးအဆင်ပြေသွားမှာပါ၊ ငါ့မိသားစုက ငါ့ကို မေးမှာ မဟုတ်ပါ”ဟု သဘောပေါက်စေသည်။ ကလေးနှင့် အတူ ဆုတောင်းပြီး ယေရှုသည် သင်ဖျားနာသောအချိန်တွင် မစကူညီမည်။ မိဘများအား ငွေကြေးအားဖြင့်ကူညီမှုသည်ကလေးကို သွယ်ဝိုက်သောနည်းဖြင့် ကူညီခြင်းဖြစ် သည်။ အေးဆေး သောမိဘတို့သည် ကလေးကို ပို၍ စိတ်ချမှုပေးနိုင်သည်။
မိဘများအတွက် ဤသိုငြိမ်သက်ခြင်းကို စိတ်ထဲ၌ ခံစားခြင်းသည် ခက်ခဲလေ့ရှိသည်။ မိဘတိုင်း သိရှိကြသည်အတိုင်း မသိနားမလည်သောရောဂါရှိသည့် ကလေး၏မျက်နှာကို ကြည့်ခြင်းထက် ပို၍ခက်ခဲသော အရာမရှိပါ။ ထိုသိုသော မိဘတို့သည် ခရစ်ယာန်မိတ်ဆွေတို၏ အားပေးမှုကို လိုအပ်ကြပြီး တန်ဖိုးထားလေ့ သည်။ ထိုရောဂါသည် ပြင်းထန်ပါက မိဘတိုသည် စိတ်မငြိမ်မသက်ဖြစ်ခြင်း ခံစားကြမည်ဖြစ်သည်။ ဝန်မခံခြင်း၊ မျှော်လင့်ချက်မရှိခြင်း၊ မယုံကြည်ခြင်း၊ ရိမ်ကြောင့်ကြခြင်း၊ အမျက်ထွက်ခြင်း(တစ်ခါတစ်ရံ ဆရာဝန်၊ သင်းအုပ်ဆရာ၊ အတိုင်ပင်ခံပုဂ္ဂိုလ် သိုမဟုတ် ဘုရားသခင်အပေါ် အမျက်ထွက်ခြင်း) လိပ်ပြာမသန့် ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်းနှင့် ဝမ်းနည်းခြင်းစသည့် အရာအားလုံးတိုကို ပြင်းထန် စွာ ဖျားနာနေသည့် ကလေး၏မိဘများ၌ တွေ့ရသည်။ ထိုသိုစိတ်ခံစားမှုကို ဝန်ခံပြီး ရောဂါဇစ်မြစ်ကို ဆွေးနွေးမည်ဆိုပါက အကျိုးရှိသည်။ ထိုမျှသာမက ဆုတောင်း ခြင်းနှင့် ကျမ်းပိုဒ်တိုသည် မိဘများနှင့်မိသားစုများကို ဆွေးနွေး လမ်းညွှန်ခြင်း၌ အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်သင့်သည်။
သေအံ့ဆဲဆဲဖြစ်ခြင်း ပြဿနာ The issue of Dying
ဒါဝိဒ်သည် သူသေအံ့ဆဲဆဲရှိသည်ကိုသိသည်။ သူ၏ရှင်ဘုရင် အရိုက် အရာကို သားဖြစ်သူ ရှောလမုန်မှ ဆက်ခံရန် ရွေးချယ်ပြီးမိန့်မှာခဲ့သည်။ ထိုနောက် ဒါဝိဒ်သည်ကွယ်လွန်၍ ယေရုရှလင်၌ သဂြိုဟ်သည်ဟူ၍ သမ္မာ ကျမ်းက မှတ်တမ်း တင်ထားသည် (၃ရာ၊၂:၁၀)။
လူများစွာတို့အတွက် သေခြင်းသည် တိတ်ဆိတ်စွာ ရောက်မလာပါ။ ခန္ဓာ ကိုယ်၌မရှိခြင်းသည် ထာဝရဘုရားနှင့်အတူနေရန်ဖြစ်သည်ဟူ၍ ယုံကြည်သော ခရစ်ယာန်များစွာသည်ပင်လျှင် သေခြင်း အကြောင်းကို မစဉ်းစား။ သေခြင်းသည် မိတ်မချမ်းသာစရာတစ်ခုအဖြစ် မြင်ကြသည်။ ။
တစ်ချိန်တုန်းက သီအိုလိုဂျီကျောင်းသားအချိုသည် စိတ်ရောဂါပညာရှင် တစ်ယောက်အား ချဉ်းကပ် ကြပြီး လူတို့သည် သေခြင်းနှင့် ရင်ဆိုင်သောအခါ၌မည်သို တုံပြန်ကြပါသနည်းဟု မေးကြသည်။ ထိုအဖြေ ကိုရရှိရန် လိုစိတ် ပညာရှင်နှင့် ကျောင်းသားတိုသည် ဘဝ၏နောက်ဆုံးနေ့ ရက်သို ရောက် လူနာတိုကို စတင်၍ ကိုယ်တွေ့မေးမြန်းကြသည်။ ရာနှင့်ချီသောလူများသည်။ မေးမြန်းပြီးနောက် လူတိုသည် သေခြင်းနှင့် နီးကပ်လာ သောအခါ အသင့် နှင့်ဖြတ်သန်းကျော်လွှားရန် ရည်သန်ကြသည်ဟု နိဂုံးချုပ်ကြသည်။
ပထမ- ငြင်းပယ်၍ တစ်ကိုယ်တည်းနေသောအဆင့်
လူနာသည် မိမိရောဂါအဆုံးသိုရောက်သည်ဟု သံသယဖြစ်သောအခါ၌ သော်လည်းကောင်း၊ သိရှိသောအခါ၌လည်းကောင်း၊ “ငါ၌မဖြစ်နိုင်ဘူး”ဟူ၍ စတင် တုံပြန်ကြသည်။ ဤလက်မခံခြင်းသည် လူနာအားလုံးနီးပါးခန့် က အသုံးပြုသော ခုခံခြင်းတစ်ခုဖြစ်သည်။ အထူးသဖြင့် ထိုရောဂါအစပြုသော အချိန်၌ဖြစ်သည်။ မကြာမီသေရတော့မည်။ လူအားလုံးနီးပါးသည် “မကြာမီသေရတော့မည်”ဟု မယုံ ကြည်လိုကြချေ။ သူတို့သည် အမှန်တကယ် ရောဂါ ရှိကြောင်းကို ခေတ္တခဏ အခိုက် အတန့်တစ်ခုထိ ငြင်းပယ်နိုင်ပါက ကြောက်ရွံ တုန်လှုပ်မှုကို ချုပ်တည်းနိုင်ရန် အကူ အညီပေးသည်။ တစ်ခါတစ်ရံ လက်မခံလိုခြင်းနှင့် လက်ခံခြင်းအကြား၌ ယောင် ကန်းကန်းဖြစ်ခြင်း တစ်ခုရှိသည်။ ထိုပုဂ္ဂိုလ်သည် သေခြင်းတရားက တရွေ့ရွေ့ ချဉ်း ကပ်လာသည်ကို ယုံကြည်သောအခါ၌ ဤအရာက ဆက်လက် တည်ရှိနေသည်။
ဒုတိယအဆင့်မှာ အမျက်ဒေါသထွက်၏။
လူနာတို့သည် အမှန်တရားကို အစဉ်ငြင်းရန် ခက်ခဲသည်။ ထိုကြောင့် နောက်ဆုံးတွင် သူတိုသည် အမှန်တကယ်သေရတော့မည်ကို ဝန်ခံလာကြသည်။ ထိုသိုသော ဝန်ခံခြင်းနှင့်တကွ အမျက်ဒေါသ၊ စိုးရိမ်ခြင်း များတွဲလာလေ့ရှိသည်။ အဘယ်ကြောင့်နည်း။ အသက်ကြီးသောသူ၊ အထီးကျန်သောသူ သို့မဟုတ် အသုံး မဝင်သောသူ အဘယ့်ကြောင့် သေရသနည်းဟုဆိုကြ၏။ ဤစိတ်ဓာတ်ကျခြင်းနှင့် အမျက်ဒေါသသည် ဆေးရုံအလုပ်သမားများကို အလွန်အပြစ်ရှာစေသည်။ တစ်ခါ တစ်ရံ ဤအရာက မိမိချစ်သောသူတို့ကို ဆန့်ကျင်ဘက်ပြုပြီး သူ့ထံသို သွားလည် သောသင်းအုပ်ဆရာတိုကို အပြစ်ရှာကာ၊ ဘုရားသခင်ကို အမျက်ထွက်ကြောင်း ပြောပြသည်။ ဤသိုဖြစ်သောအခါ မိသားစုတိုသည် အံ့ဩပြီး တွေဝေကြသည်။
လူနာ၏အမျက်ဒေါသသည် အမှန်တကယ် ၌ အကျိုးအကြောင်း မသင့် သောအရာတစ်ခုဖြစ်သော် လည်း ဖြစ်လေ့ဖြစ်ထရှိသောအရာတစ်ခုဖြစ်ပြီး စိတ် ကျစရာ အခြေအနေအပေါ်၌ တုံပြန်မှုတစ်ခုဖြစ်ကြောင်း သဘောမပေါက်ကြေချ။ ဤအချိန်၌ လူနာကို နားလည်ပေးရန်နှင့် လူနာ၏အမျက်ကြောင့် စိတ်ထိခိုက်သော သူတို့မှ စကားငြင်းခုံခြင်းမပြုကြရန်လိုအပ်သည်။ မကြာမီ လူနာသည် တတိယ အဆင့်ဖြစ်သော အပေးအ ယူလုပ်ခြင်းအဆင့်သို ပြောင်းသွားသည်။ ဤအချိန်သည် ရှည်သောအသက်ကိုပေးရန်နှင့် ဝေဒနာကို မခံစား ရစေရန် အပေးအယူ လုပ်လိုသောအချိန်ဖြစ်သည်။ ဘုရားသခင်၊ အသက်တာ၏နေ့ရက်ကာလကို တိုးပေး တော်မူပါက ကျန်ရှိနေသော ကျွန်ုပ်၏အသက်တာ၌ ကိုယ်တော်ကို သစ္စာရှိ ဖြင့် အစေခံမည်ဟူ၍ တောင်းဆို ကြသည်။
ရောဂါသည် မျှော်လင့်ချက်မရှိပါက စတုတ္ထအဆင့်ဖြစ်သော စိတ်ဓာတ် ကခြင်း အစပြုသည်။ ရောဂါနှင့် ၎င်း၏ဆိုးကျိုးအပေါ်၌ ဂယက်တစ်ခုရိုက်တတ် သည်။ လူနာတစ်ယောက်သည် မိသားစုကို လက်လွတ်ဆုံးရှုံး တော့မည်ဖြစ်သောကြောင့် စိတ်အားငယ်ကောင်းငယ်နိုင်ပါသည်။ ဝါသနာအပေါ်၌ မပျော်မွေ့နိုင်ပါ။ ဘုရား ကျောင်းကို မသွားနိုင်ပါ။ သိုမဟုတ် ကာယပိုင်း၌ ယခင်ထက်ပို၍ နှစ်လိုဖွယ် မရှိဘဲ ဖြစ်နိုင်သည်။ လူနာသည် အနာဂတ်ကို မျှော်ကြည့်သောအခါ စိတ်ဓာတ်ကျ ခြင်း ပို၍ကြီးထွားလာသည်။ တမလွန်ဘဝ၌ ပို၍ကောင်း သောအရာကိုမျှော်လင့်သော ယုံကြည်သူသည် ကျန်ရစ်ခဲ့ပြီး အခက်အခဲတိုကိုတွေ့ကြုံမည့် ချစ်သူတို အတွက် စိုးရိမ်ပူပန်ပေးနေကြသေး သည်။
နောက်ဆုံးတွင် ဝန်ခံခြင်းအဆင့်သို့ရောက်သည်။ လူနာအနည်းငယ်တို သည် နောက်ဆုံးအချိန်အထိ ခုခံတွန်းလှန်နေကြသေးသည်။ ရောဂါဖြစ်သည်မှာ ကြာရှည်ခဲ့ပါက နောက်ဆုံးတွင် သေချိန်နီးပြီဖြစ်ကြောင်း လက်ခံမည့်အချိန်ရောက် လာသည်။ လူများနှင့်စကားပြောခြင်းနည်းလာသည်။ ကမ္ဘာ၏သတင်းများ၊ လောကီရေးရာများ၌ စိတ်ဝင်စားမှုနည်းလာကြောင်းကို ပြသကြသည်။ ထိုသိုသော လူနာတို့မှာ ဆွေမျိုးများ နှင့်မိတ်ဆွေများ ဥပက္ခာပြုခြင်းကို ခံရလေ့ရှိကြပြီး သူတို သည် စကားမပြောလိုသော်လည်း နောက်ဆုံးနေ့ရက် များ နီးကပ်လာသောအချိန်ထိပင်လျှင် ပစ်ထားခြင်းခံရကြောင်းကို သိလိုကြသေးသည်။
သေခြင်းနှင့် နီးကပ်ရာ၌ တစ်ယောက်နှင့်တစ်ယောက် များစွာခြားနား သည်။ ဖျားနာသောအချိန်သည် တိုတောင်းပါက လူတိုင်း၌ ထိုအဆင့်ဆင့် ကျော်သွားလိမ့်မည်ဖြစ်သည်။ သေခြင်းကို ချဉ်းကပ်ရာ၌ ဓလေ့ထုံးစံ တစ်ခုနှင့်တစ်ခု၊ မိသားစု တစ်စုနှင့်တစ်စု၊ တစ်ယောက၌၄ တယောက် ခြားနားနိုင်သည်။ မယုံကြည်သူ ၏သေခြင်း ချဉ်းကပ်ပုံမှာ ခန္ဓာကိုယ်မှ ထွက်သွား ဘုရားနှင့်အတူ နေခြင်းဖြစ်သည် ဟု ခိုင်မာသော စိတ်ချမှုရှိသောသူ၏ တုံ့ပြန်မှုနှင့် ခြားနားမည်ဖြစ်သည် (၂ကော ၅း၆-၈)။ မည်သို့ပင်ဖြစ်စေ၊ ဘာသာတရား ယုံကြည်ခြင်းနှင့်မဆိုင်ဘဲ နောက်ဆုံးနေ့ရက်သို့ ရောက်ရှိသော ရောဂါရှင်သည် မျှော်လင့်ချက်တစ်ခုအနည်းဆုံး ပြသသည်ကို သတိပြုမိကြသည်။ အဆင့်အားလုံး၌ ‘ငါနေကောင်းသွားမှာပါ”ဟူသော ယုံကြည်ခြင်းရှိကြသည် ကို ကျွမ်းကျင်သူများ က သဘောတူကြသည်။ ထိုမျှော်လင့်ခြင်းကို လူနာ၌မတွေ့ရတော့ပါက သေချိန် အလွန်နီးနေပြီဖြစ်သည်။
သေအံ့ဆဲဆဲလူကို ဆွေးနွေးလမ်းညွှန်ခြင်း
သေလုဆဲဆဲသောလူအား ကူညီမစရန် အစပြုသည့်နေရာမှာ ကျွန်ုပ်တို့၏ စိတ်ပင်ဖြစ်သည်။ လူသား အားလုံးနီးပါးသည် သေခြင်းကို မစဉ်းစားလိုကြ ယုံကြည်သူများသည် သေခြင်းနှင့်မရင်ဆိုင်ရဘဲ ခရစ်တော် ထံသို တိုက်ရိုက်သွား မည့်သူများဖြစ်သည်ဟု မျှော်လင့်ကြသည် (၁သက်၊၄:၁၆-၁၇)။ ကျွန်ုပ်တိုသည် သေခြင်း အကြောင်းကို ပြောပြရန် ရှောင်ရှားကြသည်။ ဤအကြောင်းကြောင့် ကျန်ရစ်သူများ၏ ဝမ်းနည်းသောအချိန်၌ အရေးကြီးသောဆုံးဖြတ်ရမည့်အရာ များကို ချန်ထားတတ်ကြသည်။ ဆေးရုံဝန်ထမ်း၊ မိသားစုများနှင့် သင်းအုပ် ဆရာ များသည်ပင်လျှင် သေအံ့ဆဲဆဲ လူနာကိုရှောင်လိုကြသည်။ ထိုသို ဖြစ်ရခြင်းမှာ မည်သို ပြုစုရမည်ကို မသိသောကြောင့် ဖြစ်နိုင်သည်။ သိုမဟုတ် သမ္မာကျမ်းက သေခြင်းရန်သူဟုခေါ်သော အမှန်တရားကို မရင်ဆိုင် လိုသောကြောင့်လည်း ဖြစ်နိုင်သည်။ –
အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့် သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက် သော သမ္မာကျမ်းသွန်သင် ချက်ကို သေချာစွာ စဉ်းစားရန်လိုသည်။ ဈာပနအစီအစဥ် နှင့် ပတ်သက်၍ မိသားစုနှင့်ဆွေးနွေးရာတွင် ပွင့်လင်းစွာဆွေးနွေးနိုင်စေရန် သက်တောင့်သက်သာရှိစေရန် ပြုလုပ်ဖိုလိုသည်။ ဈာပနအစီအစဉ်ကို ဆွေးနွေး ခြင်းးသည် ဘုရားသခင် ဘုန်းတော်ထင်ရှားစေသည့်နည်းကိုရေးဆွဲနိုင်သည့် အခွင့် တစ်ရပ်ကို ရရှိစေ တတ်ပါ သည်။
ထိုသို့သော ဆွေးနွေးလမ်းညွှန်မှုကို အကျိုးရှိရန်နှင့် စစ်မှန်သောဝန်တာဖြင့် ပြုလုပ်ရသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စိုးရိမ်ကြောက်ရွံခြင်းနှင့် စိတ်ဓာတ်ကျခြင်း၊ ကျမ်းစာမှနှစ်သိမ့်ခြင်းနှင့် အားပေးခြင်းကို ပြုလုပ်ခြင်း၊ စိတ်ရှည်စွာ နားထောင်ပေးခြင်း၊ တစ်ခါတစ်ရံ တိတ်ဆိတ်စွာ ထိုင်ပေးခြင်းစသည်တိုကို ပြုလုပ်နိုင်ရန် မိမိကိုယ် ကို အရှင်ထားရမည်။ မိသားစုသည် သေအံ့ဆဲဆဲ လူနာ၏အဆင့်ဆင့် ဖြတ်ကျော် သွားမည့် အခြေအနေကို နားလည်စေရန် ကျွန်ုပ်တို ကူညီနိုင်သည်။ လူနာဖြတ်သန်း သွားသော ထိုအဆင့် ဆင့်တို့ကို ဆွေမျိုးသားချင်းများဖြတ်သန်းရမည်ကို ကျွန်ုပ်တို သိမှတ်နိုင်သည်။ တစ်ခါတစ်ရံ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အနာဂတ်နှင့်ပတ်သက်၍ လက်တွေ့ကျသော အစီအစဉ်များကို ဆွေးနွေးရာ၌ ကူညီနိုင်သည်။ လူတစ်ယောက် သေသောအချိန်၌ ရှိတတ်သော စိတ်ခံစားမှုများအကြောင်းကို သိမှတ်ရန်နှင့်ဆွေးနွေး အားပေးနိုင်သည်။
ဒါဝိဒ် မသေမီ တွေ့ကြုံရသည့် အရေးကြီးသောပြဿနာများသည် ယခု ခေတ်လူများ တွေ့ကြုံနေသည့် ပြဿနာများနှင့်အတူတူဖြစ်သည်။ ဒါဝိဒ်သည် ပြဿနာများထဲတွင် အခက်ခဲဆုံးဖြစ်သော ချစ်ရသောသူသေဆုံး ခြင်းကို တစ်ခါမက ရင်ဆိုင်ရသည်။ ဤအရာကို နောက်အခန်း၌ ကျွန်ုပ်တိုတွေ့ကြရမည်ဖြစ်သည်။
အခန်း(၁၃)
ဆွေးနွေးလမ်းညွှန်မှု၌ ကြုံရသောပြဿနာများ
အပိုင်း – ၃
ကမ္ဘာ့သမိုင်းကို လေ့လာကြည့်ရာတွင် လူတို့သည် ဘာသာတရားတစ်ခုခု ကို ကိုးကွယ်ကြသည်။ ဧဖက်မြို့ သူမြို့သားများ၏ ဘုရားသခင်ဖြစ်သော အာတေမိ ဘုရား (တမန်၊၁၉:၂၃-၂၇)သည်လည်း အပါအဝင် ဖြစ်သည်။ ထိုနတ်ဘုရားသည် အာရုံခံစားမှုရှိသည်၊ တန်ခိုးမဲ့သည်၊ အခြားသောနတ်ဘုရားတိုမှာ (ဆာလံ၊၁၁၅ ၌ ဖော်ပြထားသည့်) လူ၏လက်ဖြင့်ပြုလုပ်ပြီး၊ ပါးစပ်ရှိသော်လည်း စကားမပြော တတ်၊ နားရှိသော်လည်းမကြား၊ အသုံးမဝင်သော နှာခေါင်း၊ လက်ခြေထောက်နှင့် လည်ချောင်းများရှိသည်။
သမ္မာကျမ်း၌ ဖော်ပြထားသော ဘုရားသခင်သည် အသက်ရှင်သောဘုရား သခင်၊ အနန္တတန်ခိုးရှင်၊ အာရုံခံစားနိုင်သောဘုရားသခင်၊ ဂရုစိုက်သောဘုရားသခင် ဖြစ်ကြောင်း ထပ်ခါထပ်ခါ ဖတ်ရသည်။ ထိုသူသည် ချစ်ခြင်းမေတ္တာ၊ သစ္စာတရား နှင့်ပြည့်ဝသောဘုရား၊ ကျေးဇူးတော်နှင့်ပြည့်စုံ၍ အစဉ်သနားတတ်သော ဘုရား သခင်ဖြစ်သည်(ဆာလံ၊၈၆:၁၅၊ ၁၁၁:၄၊ ၁၁၂:၄၊ ၁၄၅း၈)။ သူ၏သားတော် ယေရှု ခရစ်တော်သည် ကောင်းသော အရာတိုကို ပြုရာလှည့်လည်သွားလာသည် (တမန်၊ ၁၀:၃၈)။ သူ၏ ကရုဏာတော်ကို ဓမ္မသစ်ကျမ်းရေးသား သောသူတိုက မြင်ကြပြီးဖော်ပြရေးသားကြသည်။ ယေရှုသည် ဆင်းရဲဝေဒနာခံ၍ ဝမ်းနည်းသောအခါတွင် ဤဘုရားသခင်၏သားဖြစ်ခြင်း ပေါ်လွင့်လေ့ရှိတတ်သည်။
ဝမ်းနည်းခြင်း၏ပြဿနာ The issue of Grief
ကျွန်ုပ်တို့သည် လာဇရုသေခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းရေးသားချက် ကျွမ်းဝင်ကြပါသည်။ ဤပုဂ္ဂိုလ်သည် ယေရှု၏မိတ်ဆွေကောင်းတစ်ဦးဖြစ်သည်။ သခင်ဘုရားသည် အနားယူရန် လိုအပ်သော အခါတိုင်း၌ ဗေသနိရွာရှိ လာဇရုနှင့် သူ၏အစ်မနှစ်ယောက်ဖြစ်သော မာရိနှင့် မာသတို့၏အိမ်၌ အနားယူလေ့ရှိ သည်။ လာဇရုသေသောအခါ ယေရှုသည် ဗေသနိရွာသိုကြွလျက် ငိုကြွေးသော သူတို့နှင့်အတူ ရပ်ကာ၊ ငိုကြွေးသည် (ယော၊၁၁:၃၅)။ ဘုရားသခင့်သားတော်သည် ဗေသနိ၌ဖြစ်သော ဝမ်းနည်းစရာမြင်ကွင်းကြောင့် အလွန်ဝမ်းနည်းပြီး ငိုကြွေးသည် ဟု စဉ်းစားသောအခါ အံ့သြဖွယ်ဖြစ်သည်။ ။
ဝမ်းနည်းခြင်းသည် အခံရခက်ပြီး လေးလံသောဝန်ထုပ်ကြီးတစ်ခု ဖြစ်သည်။ ကြာမြင့်စွာဝေဒနာ ခံစားပြီး နောက်ဆုံး၌ သေခြင်းသိုရောက်လာသည်။ သေခြင်းမှထမြောက်မည်ဟု စိတ်ချမှုရှိသော ခရစ်ယာန် တစ်ယောက်ထံသို ရောက်ရှိ လာသောအခါ၌ပင်လျှင် ထိုသိုသော ဝမ်းနည်းမှုကို ခံစားရ၏။ ဝမ်းနည်းသောလူတို သည် ဝမ်းနည်းခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အထီးကျန်ခြင်း၊ အမျက်ထွက်ခြင်း၊ စိတ်ရှုပ်ထွေး ခြင်း၊ အချည်းနှီးဖြစ်ခြင်း စသည်တိုကို တွေ့ကြုံ ခံစားကြရသည်။ လူတစ်ယောက်သည် ကျွန်ုပ်တို့အထဲမှ ခွဲထွက် သွားရပြီဟူသော ဆုံးရှုးမှုကိုခံစားခြင်း စသည့်ဝန်ထုပ်ကြီးတစ်ခုကိုလည်း တွေ့ကြုံခံစားရသည်။
လူနှစ်ယောက်၏ ဝမ်းနည်းမှုမှာ တစ်ထေရာတည်းမရှိသော်လည်း တူညီ ချက်များရှိသည်။ ဝမ်းနည်း ခြင်းမှာ ထိတ်လန့်တုန်လှုပ်စရာနှင့် အစပြုလေ့ရှိသည်။ သေရန် အလားအလာရှိသောအခါ၌ပင်လျှင် ဤအရာ ဖြစ်ပျက်၏။ မယုံကြည်နိုင် လောက်အောင် တွေဝေသွားခြင်းတစ်ခုဖြစ်လေ့ရှိ၏။ တစ်ခါတစ်ရံ နှလုံးသား နာကျင်ခြင်း၊ အားနည်းခြင်း၊ အစာအိမ်အောင့်ခြင်း သိုမဟုတ် ခေါင်းကိုက်ခြင်းစသော ကာယပိုင်းရောဂါ လက္ခဏာတို့နှင့်တွဲလာသည်။ မကြာမီ ငိုကြွေးသောသူ သည် ပြင်းထန်စွာသော ဝမ်းနည်းခြင်းကို ခံစားရသည်။ ငိုကြွေးခြင်း၊ ဆုံးရှုံးသွား သောပုဂ္ဂိုလ်ကို အလွန်အမင်း တမ်းတခြင်း၊ ကုန်လွန်ခဲ့သောအချိန်၌ သူ့အပေါ် မကောင်းခဲ့သည့်အတွက်ကြောင့် မိမိကိုယ်ကို ခွင့်မလွှတ်နိုင်ခြင်း၊ ဆုံးရှုံးခဲ့သောသူ အား အမှတ်ရစေသည့်အရာ များကို စဉ်းစားခြင်းစသည်တို့ကို ကွယ်လွန်ပြီးနောက်ရက်ပိုင်း သိုမဟုတ် သီတင်းပတ်များအတွင်း၌ ဖြစ်တတ်ပါသည်။ ဤအချိ အတွင်း၌ အိပ်မပျော်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ဗိုက်မကောင်းခြင်း၊ စိတ်မငြိမ် ဒေါသပေါက်ကွဲခြင်းစသည်တို ရှိနိုင်သည်။ တစ်ခါတစ်ရံ တိတ်ဆိတ်စွာ ဝမ်းနည်းကြေကွဲခြင်းနှင့် အရာရာသည် အချည်းနှီးသက်သက်ဖြစ်သည်ဟု ခံစားရ သည့်အချိန်များရှိသည်။ ယုံကြည်သူ၌မူ အဆက်မပြတ် ဆုတောင်း ခြင်းနှင့် ကျမ်းစာ ဖတ်ခြင်းကို ပြုရပါသည်။ “အဘယ့်ကြောင့်နည်း”ဟူသောမေးခွန်းသည် စိတ်ထဲ တွင် ပြန်နှံ့ သည်။ တစ်ခါတလေ ဘုရားသခင်အပေါ်၌လည်းကောင်း၊ မိမိကိုယ်ကို လည်းကောင်း၊ ကွယ်လွန်ခဲ့သောသူအ ပေါ်၌လည်းကောင်း အမျက်ထွက်သည်။
တစ်လ သိုမဟုတ် ထိုထက်များသောလများ ကုန်လွန်ခဲ့ပြီးသော နောက် ပိုင်း၌ ငိုကြွေးသောသူသည် ရှည်ကြာစွာဖြင့် မိမိစိတ်ကို ပြန်၍ဆန်းစစ်သည်။ အလုပ်ပြန်လုပ်ကြသည်။ ပုံမှန်ဖြစ်လာရန် ကြိုးစားကြသည်။ အချိုတိုမှာလည်း လူမှုရေးကိစ္စများ၌ ပါဝင်ကြသည်။ သိုသော်လည်း ဝမ်းနည်းခြင်း ရှိနေသေးသည်။ ကွယ်လွန် သူကို မကြာခဏ သတိရကြသည်။ တစ်နှစ်တစ်ခါ ကျင်းပသည့် နှစ်ပတ် လည်နေ့များနှင့် အားလပ်ရက်များတို့ သည် ကွယ်လွန်သူကို အထူးသတိရစေသော နေ့များဖြစ်သည်။ “ဒီခရစ္စမတ်ဟာ အမေမပါသည့် ပထမဆုံးသော ခရစ္စမတ်ပဲ” သို့မဟုတ် “သင့်မွေးနေ့အတွက် သူရှိလျှင် အလွန်ပျော်မှာပဲ”စသောစကားတို့မှာ လွမ်းဆွတ်သတိ ရခြင်းကို ဖော်ပြသည့် ပြောဆိုချက်များဖြစ်သည်။
ဝမ်းနည်းနေသောသူ၏လိုအပ်ချက်များ
ဝမ်းနည်းနေသော မိသားစုများအနေဖြင့် ခွဲခွာခြင်း၊ ဆုံးရှုးခြင်းဖြစ်ရပ်မှန်ကို လက်ခံရန် ဦးနှောက်အသိမှ စိတ်ပိုင်းဆိုင်ရာ ခံယူရန် နှစ်ရှည်လများလိုအပ်သည်။ ကွယ်လွန်သွားသောသူအကြောင်းကိုပြောခြင်း၊ ဓာတ်ပုံ တို့ကို ကြည့်ရှုခြင်းနှင့် ကွယ်လွန်သူ ပိုင်ဆိုင်ထားသောပစ္စည်းတိုကို ကြည့်ရှုခြင်း၊ အမှန်တကယ်ပေး ကြောင်းကို ပြောပြခြင်းစသည်တိုအားဖြင့် ဤအရာကိုပြုလုပ်သည်။
ဝမ်းနည်းခြင်းကို ပုံစံနှစ်မျိုးနှင့်ဖော်ပြနိုင်သည်။ ၎င်းမှာ ငိုကြွေးခြင်း စကားပြောခြင်းတို့ဖြစ်သည်။ မာရိနှင့်မာသတို့၏မောင် သေဆုံးပြီးနောက် ယေရှုသည် သူတို့ အိမ်သို့ရောက်သောအခါ၌ငိုသည်။ ဝမ်းနည်းသော အမျိုးသမီးကြီး စကားပြောသည်ကို နားထောင်၍ ကွယ်လွန်သောသူသည် “ခရစ်တော်နှင့်အတူရှိ သည်၊ ၎င်း သည် ပို၍ ကောင်းသည်”(ဖိ၊၁:၂၃)ဟုသိသောသူတို့အတွက် ဝမ်းနည်း ခြင်းကို ဖော်ပြခြင်းသည် ကောင်းမွန်သင့် လျော်ကြောင်းပြသည်။
ဝမ်းနည်းသောသူတိုကို အတိုင်ပင်ခံပုဂ္ဂိုလ်များက ထိုကွယ်လွန်ပြီး တင်းပတ်များအတွင်း၌ဖြစ်သော အမျက်ဒေါသနှင့် စိတ်မသန့်မှုတိုကို ဈာပနကိစ္စ ၉.နောက်တွင် ဖော်ပြရန်လိုအပ်ကြောင်း အသိအမှတ်ပြုလေ့ ရှိကြသည်။ နောက်ဆုံး သင့် လုံခြုံမှု၊ မိတ်ဆွေဖွဲခြင်း၊ ယခင်ချစ်ရသောသူပေးခဲ့သည့် အချစ်မျိုးကိုပေးသည့် ပေါင်းသင်းဆက်ဆံမှုအစစ်ကို တည်ဆောက်ရန်လိုအပ်သည်။
ဤလိုအပ်မှုကို ဖော်ပြခြင်းနှင့်ရရှိခြင်းကို ငိုကြွေးခြင်း၏ လုပ်ဆောင်ချက် ဟု ခေါ်သည်။ ၎င်း၌လ ပေါင်းများစွာ ကြာရှည်တတ်ပြီး အထူးသဖြင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ရင်းနှီးသောသူ၏သေဆုံးခြင်းအပေါ် ဝမ်းနည်းနေပါက ထိုသိုဖြစ်တတ် သည်။ အချိန်တန်သောအခါ ထိုနာကျင်မှုများ ပျောက်ကွယ်ပြီး သူတို့သည် လည်း အတတ်နိုင်ဆုံးဖြစ်အောင် တစ်ယောက်သောသူနှင့် အသက်တာလျှောက်လှမ်းကြသည်။
ဝမ်းနည်းခြင်းမှတန်ပြန်ထွက်လာသောအရာသည် မကောင်းမသင့်သော အချိန်များစွာရှိသည်။ မိမိကိုယ်ကို လွန်ကဲစွာရှုတ်ချခြင်း၊ စိတ်ခံစားမှုကို ဥပက္ခာပြု ခြင်း၊ လှုပ်ရှားမှုတို၌ လွန်ကဲ၍ပါဝင်မှု၊ အလွန်အကျွံ သောက်ခြင်း၊ ကာယပိုင်း၌ ရှိသောရောဂါလက္ခဏာများစွာ တိုးပွားခြင်း၊ လူမှုရေးကိုဆန့်ကျင်ဘက် အပြုအမူ၊ မိမိကိုယ်ကို သတ်သေရန် ကြိုးစားမှု၊ ပြင်းထန်သောအမျက်ဒေါသ၊ အခြားသော သူများကို လုံးလုံးလျားလျား စွန့်လွှတ်ခြင်းစသည်တိုသည် ဝမ်းနည်းမှုကို တုံပြန်ရာ ၌ မကောင်းသောအရာများဖြစ်သည်။ အထူးသဖြင့် ဈာပနအစီအစဉ်ပြီးနောက် လပေါင်းများစွာရှိပါက မကောင်းပါ။ တစ်ခါတစ်ရံ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုသို ငိုကြွေးသောသူတိုအား ဝမ်းနည်းခြင်းပြဿနာကို ပို၍ယုတ္တိရှိသောအရာတို၌ လမ်းပြနိုင်ကြသည်။
ဝမ်းနည်းနေသောသူကို ဆွေးနွေးလမ်းညွှန်ခြင်း ၊
သင်းအုပ်ဆရာနှင့် အသင်းဝင်အားလုံးတို့့သည် ဝမ်းနည်းနေသောသူကို ဆွေးနွေးလမ်းညွှန်ရာ၌ အနည်းဆုံးအဓိကလုပ်ဆောင်မှုသုံးခုကို အသုံးပြုရသည်။ ပထမ သမ္မာကျမ်း၏နှစ်သိမ့်အားပေးမှုကို ဝေငှကြသည်။ သမ္မာကျမ်းသည် ယုံကြည်သူ အတွက် သေခြင်းကို ကြီးမြတ်ခြင်းအဖြစ် ပုံဖော်ထားသည်။ ကြိုဆိုရမည့်အရာတစ်ခု အဖြစ်လည်း ပုံဖော်ထားသည်(ဖိ၊၁:၂၁)။ ခရစ်တော်၏ အသေခံပြီး ရှင်ပြန် ထမြောက်သောအားဖြင့် သေခြင်းကိုအောင်မြင်သည်။ ထိုကြောင့် ယုံကြည်သူသည် ရှင်ပြန်ထမြောက်သော ယေရှုခရစ်တော်ရှိရာအရပ်သို့ ရောက်ရှိမည်ဟု စိတ်ချမှုကိုပေးသည် (ယော၊၃း၁၆။ ၁၄:၁-၃။ ၁ကော၊၁၅:၅၄-၅၇။ ၁သက်။ ငိုကြွေးမြည်တမ်းသောသူတိုအတွက် ယေရှုသည် နှစ်သိမ့်ခြင်းကိုပေးမည်ဟု က ပေးသည် (မဿဲ၊၅:၄)။ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း နှစ်သိမ့် (ယော၊၁၄:၂၆)ဟု ကိုယ်တော် ပြောပြသည်။ ဝမ်းနည်းသောအချိန်များ၌ နှစ်သိန်း ပေးမည်ဖြစ်သည်။ နှစ်ရာစုပေါင်းများစွာတွင် ယုံကြည်သူများစွာတိုက မည် ကြံ၍မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းကို ခံစားခဲ့ကြသည်(၆၄၇)။ ဘုရား သခင်၏ ကရုဏာတော်သည် ဝမ်းနည်းသောအချိန်၌ ယုံကြည်သူများအချင်းချင်း ပြသသော နှစ်သိမ့်အားပေးမှုက ဖြည့်စွက်ပေးလေ့ရှိသည်။ မယုံကြည်သူတိုသည် လည်း ဝမ်းနည်းနေသောအချိန်များ၌ ဘာသာတရားဘက်သို လှည့်လာကြကာ၊ နှစ်သိမ့်မှုကို ခံစားလေ့ရှိကြသည်။ မည်သိုပင်ဖြစ်စေ၊ ခရစ်တော်တစ်ပါးတည်းသာ လျှင် စစ်မှန်သောငြိမ်သက် ခြင်းကို ပေးနိုင်သည်။ ကျွန်ုပ်တိုသည်လည်း အချင်းချင်း တိုကို ပြောပြသင့်သည် (၁သက်၊၄:၁၈)။
အသင်းတော်ဦးဆောင်သူ၏ ဒုတိယတာဝန်မှာ ရင်းနှီးစွာ ဆက်ဆံမှုဖြစ် သည်။ ဈာပနအချိန်၌ စိတ်သက် သာစေရန် ပြုလုပ်ဖို ဖြစ်သည်။ ခရစ်ယာန်ဈာပန အစီအစဉ်မှာ သေသောသူအတွက် ပြုလုပ်ပေးသည့် အခမ်း အနားတစ်ခုမဟုတ်ပါ။ အသက်ရှင်နေသောသူတိုအတွက်ဖြစ်သည်။ သေခြင်းနှင့် အမှန်တကယ် ရင်ဆိုင် လာရချိန်၌ ဝေဒနခံစားချက်ကို ကူညီရန်ဖြစ်သည်။ မိတ်ဆွေများ၊ ဆုံးရှုးသော သူတို့အပေါ် စိတ်မကောင်း ကြောင်းကို ဖော်ပြရန်နှင့် ထောက်မရန် အခွင့်အရေး တစ်ရပ်ဖြစ်သည်။ ခရစ်ယာန်များအနေဖြင့် ဝတ်ပြုကိုး ကွယ်ရန်နှင့် မိမိတို၏အထဲ၌ ရှိသော မျှော်လင့်ခြင်းကို သက်သေခံရန် အခွင့်အရေးတစ်ခုဖြစ်သည်။ ဝမ်းနည်းသူ တိုကို ပြုစုရာ၌ မိသားစုတို့သည် ကူညီနိုင်သည်။ ဝတ်ပြုခြင်းအစီအစဉ်ကို အသေး စိတ်စီစဉ်နိုင်သည်။ ခရစ် တော်၏နှစ်သိမ့်ခြင်းနှင့် ထိုနေရာသိုလာကြသော မိတ်ဆွေ များ၏ကိုယ်ချင်းစာကြောင်း ပြသသည့် ဈာပန အစီအစဉ်အဖြစ် ပို့ဆောင်နိုင်သည်။
အသင်းတော်ဦးဆောင်သူ၏တတိယတာဝန်မှာ ငိုကြွေးသောအချိန်နှင့် အစစ အရာရာ ညှိယူရသည့် အချိန်ကာလအတွင်း လမ်းပြရန်ဖြစ်သည်။ ဈာပနအစီအစဉ် ပြီးစီး၍ ဆွေမျိုးသားချင်းများ အိမ်ပြန်သွားကြ သည့်အချိန်သည် အထီးကျန်၍ ဝေဒနာ ခံစားရသောအချိန်ဖြစ်သည်။ စိုးရိမ်ပူပန်သော ခရစ်ယာန်တို့သည် ငိုကြွေးသောသူ ၏ အစစအရာရာ ပြန်လည်ညှိယူခြင်း အဆင်ပြေစေဖို့ အဆင်သင့်ဖြစ်ရန်လိုသည်။
သေခြင်းနှင့်ငယ်ရွယ်သောကလေးများ
ကလေးငယ်တစ်ယောက်သေဆုံးခြင်းကို စိတ်ဒုက္ခရောက်စရာ အကောင်းဆုံးနှင့် နှစ်ရှည်လများ ဝမ်းနည်းခြင်းအဖြစ် ဖော်ပြထားသည်။ ကလေးကို ထာဝရ ကာလ၌ ပြန်တွေ့မည်ဟု မျှော်လင့်ထားသော်လည်း အလားအလာများစွာရှိသော ကလေးငယ်တစ်ယောက်၏ အသက်ဆုံးရှုံးခြင်းမှာ စိတ်မကောင်းစရာဖြစ်သည်။ ဒါဝိဒ်၌ အပြင်းထန်ဆုံးသော ငိုကြွေးခြင်းတစ်ခုမှာ သူ၏ကလေးငယ် သေဆုံးခြင်းအတွက်ဖြစ်သော်လည်း ထိုကလေးသည် ကောင်းကင်ဘုံရှင် အဘခမည်းတော်ထံ၌ ရှိသည်ဟု သူ၏ယုံကြည်မှုကြောင့် နှစ်သိမ့်မှုကို ရရှိသည် (၂ရာ၊၁၂:၂၃)။
ကလေးတစ်ယောက်ဆုံးရှုးခြင်းသည် မလွယ်ပါ။ သို့သော်လည်း ချစ်သော ဆုံးရှုံးသွားကြောင်းကို အသက်ရှင်သောကလေးတစ်ယောက်အား ရှင်းပြခြင်း သည်လည်း ခက်ခဲနိုင်သည်။ ဤအရာကို ပြောပြနည်းနှင့် အသုံးပြုသော စကားလုံး တိုမှာ ကလေး၏အသက်အရွယ်နှင့် သိရှိနားလည်နိုင်မှုအပေါ်၌ များစွာတည်သည်။ အသက်(၅)နှစ်ယောက်အရွယ် ကလေးငယ်တိုမှာ သေခြင်းသည် အဆုံးဖြစ်ကြောင်း ကို နားမလည်ကြချေ။ သူတိုကို မည်သို ဆိုးကျိုးပေးသွားမည်ကိုလည်း နားမလည် ကြပါ။ အသက်ကိုးနှစ်အထက်ကလေးတိုသည် သေခြင်းနှင့်ပတ်သက်၍ ပို၍ ရှင်းလင်းသဘောပေါက်ကြကာ၊ အသက်ကြီးသူတို၌ ဝမ်းနည်းခြင်းကို ခံနိုင် ရည်စွမ်း ပို၍ရှိကြသည်။ ငယ်ရွယ်သောကလေးများအတွက် သေခြင်းအကြောင်းကို ပွင့်လင်း စွာ ဆွေးနွေးရန်နှင့် အသက်ရှင်သောကလေးများ မည်သည့်အခြေအနေ၌ ရှိနေပါစေ၊ သူတိုအပေါ်ချစ်ကြမည်၊ ဂရုစိုက်သွားမည် အကြောင်း စိတ်ချစေရန် အရေးကြီးသည်။
ကာယပိုင်း မသန်မစွမ်းခြင်းပြသနာ The issue of Physical Disability
ယေရှုသည် မသန်စွမ်းသောသူတို့အပေါ် သနားခြင်းကရုဏာသက်ရောက် သည်။ မျက်စိကန်းသောသူ၊ နားမကြားသောသူ၊ ခြေမစွမ်းသောသူနှင့် ကာယပိုင်း၌ အားနည်းသောသူတိုကို ပြုစုကုသပေးသည်။ ယနေ့တွင် ကျွန်ုပ်တိုသည် ကာယပိုင်း ၌ မသန်စွမ်းသောသူတိုကို လျစ်လျူရှုချင်ကြသည်။
ကာယပိုင်း၌ မသန်စွမ်းသောသူဆိုသည်မှာ လူမှုအသိုင်းအဝိုင်း ပုံမှန် အလုပ်မလုပ်နိုင်ရန် တစ်စိတ်တစ် ပိုင်း၌ အဆီးအတား သို့မဟုတ် အနှောင့်အယှက်ဖြစ်စေသည့် ခန္ဓာကိုယ်၌ အနာအဆာ သိုမဟုတ် ချွတ်ယွင်းချက် ရှိ သည်။ ဥပမာ ခြေထောက်သေသောပုဂ္ဂိုလ်သည် အလုပ်မလုပ် အစိတ်အပိုင်းရှိသောသူ ဖြစ်သည်။ ဤအ ကြောင်းကြောင့် သူသည် ပုံ လမ်းမလျှောက်နိုင်ဘဲ တွန်းလှည်းပေါ်၌သာရှိနေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုသို့သောပုဂ္ဂိုလ်များသည် အင်္ဂါအစိတ်အပိုင်းအချို့သာ ချိုတဲ့နေခြင်းဖြစ် သတိရပါ။ သူတို့သည် စဉ်းစားနိုင် ကြသေးသည်။ လက်တို့ကို အသုံးပြုနိုင်သည်။ မြင်နိုင်သည်၊ ကြားနိုင်သည်၊ စကားပြောနိုင်သည်။ ဤအရာက မသန်စွမ်းသောသူ နှင့် ပတ်သက်သော အခြေခံအမှန်တရားဖြစ်သည်။ တစ်စုံတစ်ဦး မလုပ်နိုင်သော အရာများကို တစ်စုံတစ်ဦးက လုပ်နိုင်သည်။ ဤအချက်ကို ဆွေးနွေးလမ်းညွှန်ကန် သတိရရန် အရေးကြီးသည်။
ကာယပိုင်း မသန်စွမ်းမှုကို အောင်မြင်ကျော်လွှားရန် ခက်ခဲပါသည်။ မွေးဖွားသည့်အချိန်မှစ၍ ချွတ်ယွင်းချက်နှင့်မွေးလာသောသူတိုသည် ခန္ဓာကိုယ်က မည်သိုမည်ပုံ အလုပ်လုပ်သည်ကို မသိကြချေ။ ထိုသိုပင်ဖြစ်ငြားသော်လည်း ဤလူ တိုသည် အာရုံငါးပါးနှင့် အသက်ရှင်သော လောကကြီး၌နေထိုင်ကြသော ကြောင့် သူတို အတောင့်တဆုံးသောအရာမှာ ခန္ဓာကိုယ်သန်စွမ်းသော မိတ်ဆွေများလုပ်နိုင် သောအရာကို လုပ်နိုင်ရန်ဖြစ်သည်။
လူတစ်ယောက်သည် အကောင်းပကတိမှ မသန်စွမ်းသူဖြစ်လာပါက အခြေအနေမှာ ပို၍ခက်ခဲမည်မှာ သေချာသည်။ ထိုသိုသောသူတိုသည် အဆင့်လေး ဆင့်ကို ဖြတ်သွားလေ့ရှိကြ၏။ တုန်လှုပ်ချောက်ချားခြင်းသည် မသန်စွမ်းဖြစ်ခါစ၌ ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ ခုခံခြင်းများစွာပြုသည့်နောက်ကွယ်၌ အားသစ်လောင်း ခြင်းရှိ သည်။ ၎င်းက အခြေအနေ၏ ရိုက်ခတ်မှု အပြည့်အဝကို ယာယီမျှသာ ရှောင်ရှားစေနိုင်သည်။ အသိအမှတ်ပြု ခြင်းမှာ မသန်စွမ်းသူဟု အခေါ်ခံခြင်းကို ရင်ဆိုင်ခြင်းကို ဆိုလိုသည်။ဆီလျော်အောင်နေခြင်းမှာ ထိုပုဂ္ဂိုလ်သည် မသန်မစွမ်း `ဟူသော အခြေအနေနှင့် ညှိယူရခြင်းကိုဆိုလိုသည်။
၎င်းနှင့်တူသည့် တန်ပြန်လုပ်ဆောင်မှု အဆင့်သုံးဆင့်ရှိပါသည်။ ပထမ ဆုံးအဆင့်မှာ စိတ်ဓာတ်ကျခြင်း နှင့် အမျက်ဒေါသဖြစ်သည်။ ထိုအရာသည် ရန်လို ခြင်းနှင့် မကျေမနပ်ဖြစ်ခြင်းနှင့်တွဲဖက်သည့် နက်ရှိင်းသော စိတ်အားလျော့ခြင်းများ ပါဝင်သည်။ မကြာမီက မသန်မစွမ်းဖြစ်သောသူမှာ အဖြစ်အပျက်များကြောင့် ဝမ်း နည်းလျက် မျှော်လင့်ချက်မဲ့ကြသည်။ ဒုတိယအဆင့်မှာ ငြင်းပယ်ခြင်းနှင့်လက်ခံခြင်း ဖြစ်သည်။ ရုန်းကန်ရသောအချိန်ကို ဆိုလိုသည်။ ခြေလက်မစုံမလင်ဖြစ်နေသည်၊ နောက်လည်းဖြစ်ဦးမည်ဟူသောအရာကို ဝန်မခံသည့်အချိန်များစွာရှိသော် လည်း အမှန်တရားကို တဖြည်းဖြည်းလက်ခံလာသည်။ တတိယအဆင့်မှာ အမှီပြု ခြင်းနှင့် လွတ်လပ်စွာ နေထိုင်ခြင်းဖြစ်သည်။ ကိုယ်အင်္ဂါမစုံလင်သောသူအနေနှင့် အတိုင်းအတာတစ် ခုအထိ လွတ်လပ်စွာ အကောင်းဆုံးဖြစ်အောင် အသက်ရှင်ရန် ယင်ယူသောအချိန်ဖြစ်သည်။ မသန်စွမ်းသော ပုဂ္ဂိုလ်သည် လွတ်လပ်စွာနေလိုသော်လည်း အခြားသောသူတိုအပေါ်၌ အမှီသဟဲပြုခြင်းမှာ မရှောင်လွဲနိုင် ကြောင်းကို ရာ၌ သဘောပေါက်သည်။
ကာယပိုင်းဆိုင်ရာ မသန်စွမ်းသောပုဂ္ဂိုလ်သည် ခန္ဓာကိုယ်၌ ပုံမှန်ဖြစ်သော သူတိုနှင့် စိတ်ပိုင်းဆိုင်ရာတို၌ ညှိနှိင်းမှုများစွာ ပြုရမည်ဖြစ်သည်။ ဥပမာ – ထိုသူ သည် ခြားနားမှုတိုကို ညှိယူရမည်။ ကလေးငယ်တိုသည် မသန်စွမ်းသောသူတိုကို စပ်စုပြီး စူးစိုက်ကြည့်ကြသော်လည်း လူကြီးပိုင်းမှာမူ ပို၍နူးညံ့သောနည်းနှင့် ကြည့်ကြ ပြီး ထိုလူတိုကို ရှောင်လိုကြသည်။ တစ်ခါတစ်ရံ အထင်သေးခြင်းနှင့် ဆက်ဆံပြုမူကြ သည်။ မသန်စွမ်းသူသည် အခြားသောသူများနည်းတူ ရိုသေစွာဖြင့် ပြုမူဆက်ဆံခြင်းကိုခံလိုသည်။ တန်ဖိုးရှိသည်ကို ခံစားလိုသည်။ သို သော်လည်း ဤအရာသည် ခက်ခဲသောပန်းတိုင်တစ်ခုဖြစ်သည်။ ကာယပိုင်းဆိုင်ရာ၌ အကန့် အသတ်ရှိသော ကြောင့် အလုပ်များစွာတိုကို ထိုမသန်စွမ်းသောသူတို အတွက် ပိတ်ပင်ထားသည်။ လူတစ်ယောက်သည် အလုပ် တစ်ခုကို ရရှိသောအခါ မသန်စွမ်းသောအလုပ်သမားမှာမူ ထိုအလုပ်အတွက် မသေချာပါ။ အင်္ဂါမစုံလင်သော သူသည် ပုံမှန်ကာမရာဂဆန္ဒ အပြည့်အဝရှိလေ့ရှိသော်လည်း အိမ်ထောင်ပြုရန် အခွင့်အရေး နည်းကြသည်။
မသန်စွမ်းသောသူကို ဆွေးနွေးလမ်းညွှန်ခြင်း ၊
ကာယပိုင်း၌ မသန်စွမ်းဖြစ်သောသူကို ဆွေးနွေးလမ်းညွှန်ရာ၌ ပထမဦးဆုံး လုပ်ရမည့်အရာမှာ လက်ခံ ခြင်းဖြစ်သည်။ ကျွန်ုပ်တိုသည် ဆွေးနွေးလမ်းညွှန်မှု ခံယူသူအား နှစ်သက်စရာကောင်းသည့် ထူးခြားသောအင်္ဂါရှိ သူအဖြစ်လည်းကောင်း၊ ပေးရန် လိုအပ်မှုရှိသောသူများအဖြစ်လည်းကောင်း၊ အောင်မြင်ရန်လိုအပ်သော စိတ် ဓာတ်ကျဆင်းခြင်းရှိသောသူများအဖြစ်လည်းကောင်း၊ ဆက်ဆံပြုမှုရပါမည်။ ဤရိုသေမှုနှင့် လက်ခံမှုမှာ တနင်္ဂနွေနေ့မနက် နှုတ်ဆက်သကဲ့သို ပြောနေကျ အားပေးစကားပြောသကဲ့သို လည်းကောင်းဖြစ်ပါက သာမန်ဆက်ဆံခြင်းမျှသာ ဖြစ်ပါလိမ့်မည်။ သူ့အား လက်ခံကြောင်း ပေါ်လွင်စေလိုပါက သွန်သင်သောအချက်ကို လက်ခံရပါမည်။ ကျွန်ုပ်တို့သည် လက်မခံနိုင်ကြပါက မိမိ၏ စိတ်သဘောထားကို ရိုးသားစွာဖြင့် ဆုတောင်းခြင်း နှင့် စောင့်ကြည့်ရန်လိုသည်။ ယေရှုသည် မသန်စွမ်းသောသူတို အပေါ်၌ အလွန်ဝန်တာဖြစ်သောကြောင့် ကိုယ်တော်၏နောက်လိုက်တပည့်တိုသည်လည်း ထိုကဲ့သိုဖြစ်သင့်သည်။
အင်္ဂါမစုံလင်သောလူတိုကို လက်ခံခြင်းအပြင် ဆွေးနွေးလမ်းညွှန်မှု ခံယူသူတိုသည် မိမိတိုကိုယ်ကို လက်ခံကြရန် မစရန် ကြိုးစားသင့်သည်။ မိမိတို၏ အကန့်အသတ်ရှိခြင်းကို ကျော်ဖြတ်နိုင်ရန် ကြိုးစား သင့်သည်။ ထိရောက်စွာဖြင့် လုပ်ဆောင်နိုင်ရန် အဆီးအတားတိုကို ကျော်လွှားနိုင်ကြရန် ကူညီသင့်သည်။ ကိုယ်အင်္ဂါ ချိုတဲ့ကြသော်လည်း သူတိုတစ်ယောက်စီသည် ဘုရားသခင်ချစ်သော သူများဖြစ်ကြောင်းကိုလည်း ကောင်း၊ သူတိုကို ကယ်တင်ရန် ခရစ်တော်ကြွလာကြောင်းကိုလည်းကောင်း မြင်နိုင်ကြစေရန် ကူညီသင့်သည်။ ဤဝိညာဉ်ရေးရာ ကြီးထွားခြင်းသို ကျွန်ုပ်တိုသည် “အဘယ့်ကြောင့်”ဟူသောမေးခွန်းကို ဆွေးနွေးရန် ဆန္ဒရှိရ ပါမည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည်လည်း သူတိုအသက်တာ၏၊ အခက်အခဲတိုကို သဘာဝကျကျ လက်ခံရန် ကူညီရပါမည်။
ခရစ်ယာန် အတိုင်ပင်ခံပုဂ္ဂိုလ်သည် အင်္ဂါမစုံလင်သောသူတိုနှင့်အတူ အလုပ်လုပ်ရာတွင် ပါဝင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ် မဟုတ်ပါ။ မိဘများ၊ သမားတော်ကြီးများ၊ အမှုတော်ဆောင်ဆရာ၊ ဆရာမများနှင့် ကာယပိုင်းပြန်လည် ထူထောင်ခြင်း၌ အထူးကုဆရာဝန်ကြီးများစသည်တိုသည် ဝိုင်းဝန်းကူညီရန် အတူတကွ လက်တွဲလုပ်ဆောင်နိုင်သည်။ ထိုအပြင် အသင်းတော်၏ အသင်းသား များတိုသည် အင်္ဂါချိုတဲ့သောသူအပေါ်၌ စိတ်ဝင်စားလာကြရန် အားပေးရပါသည်။ အင်္ဂါစုံလင်သူတစ်ယောက်အနေနှင့် လက်ခံကြရန် အသင်းတော်သို ပါဝင်လာရန် ကူညီနိုင်သည်။ သူတို၏ ဝိညာဉ်ရေးရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ လူမှုရေးနှင့် အသက် မွေးဝမ်းကျောင်း ဆိုင်ရာ၌ တိုးတက်လာရန် လမ်းပြရပါသည်။
သေရည်သေရက် သောက်ခြင်းပြဿနာ The Issue of Alcoholism
သေရည်သေရက် သောက်သုံးခြင်းသည် နိုင်ငံတကာ၏ပြဿနာတစ်ခု လာသည်။ အာဖရိက၊ လက်တင်အမေရိက၊ အမေရိကတိုက်မြောက်ပိုင်း၊ ဥရောပ၊ အာရှ၊ သြစတေးလျစသောတိုက်များ၊ ကျေးရွာများ၊ ရှုပ်ထွေးသော ခေတ်သစ်မြိုတော်ကြီးများ၊ မြိုငယ်များ ဝေးလံသောကျွန်းများနှင့် ခေတ်ဆန်သော လေ့ထုံးစံ များရှိရာ စသည်တို၌ အရက်သေစာ အလွန်အကျွံသောက်သုံးခြင်းမှာ အဓိကပြဿနာကြီးတစ်ခု ဖြစ်လာသည်။ အလွန်အကျွံသောက်သုံးခြင်းသည် မိသားစုများကို ဖြိုခွဲဖျက်ဆီးသည်။ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတို ကို ဖျက်ဆီးသည်။ ခန္ဓာကိုယ်ကို နာမကျန်း ဖြစ်စေသည်။ ဆုံးရှုးနစ်နာမှုကြီးမားသော ယာဉ်တိုက်မှုဖြစ်စေသည်။ အပြစ်ကျူးလွန်ရန် နှိးဆော်သည်။ ယုံနိုင်စရာမရှိလောက် အောင် များပြားသော ဖျက်ဆီးမှုနှင့် ဝမ်းနည်းခြင်း များကိုဖြစ်စေသည်။ လူအနည်းငယ် သာလျှင် သေရည်သေရက် သောက်စားမှု၏ ခြိမ်းခြောက်ခြင်းနှင့် ကင်းလွတ်ကြသည်။
လူတိုင်းသည် စိတ်ပိုင်းဆိုင်ရာနှင့်ကာယပိုင်းဆိုင်ရာတိုတွင် အရက်သေစာ အပါအဝင် မူးယစ်ဆေး ဝါးအပေါ်၌ အမှီပြုသောသူဖြစ်နိုင်ပါသည်။ လူတစ်ယောက် သည် ကျန်းမာရေး အထောက်အကူဖြစ်စေမည့် ဆေးဝါးများကို ကြာရှည်စွာဖြင့် ပမာဏများစွာ သုံးစွဲပါက စွဲလမ်းမှုဖြစ်နိုင်သည်။ လူသန်းပေါင်းများစွာတိုသည် လူမှုရေးအရောက်ကြသော်လည်း အဘယ်ကြောင့် အရက်သမားမဖြစ်ဘဲ အခြားသော သူတိုသည် (အရက် သောက်သောသူတို၏ ဆယ်ရာခိုင်နှုန်း)မထိန်းနိုင်၊ မသိမ်းနိုင်သော အရက်သမားများ ဖြစ်ကြရပါသည်။ ဤအချက်သည် ကျွမ်းကျင်သူ ရာပေါင်းများစွာတိုက လေ့လာခဲ့ရသည့် မေးခွန်းတစ်ခု ဖြစ်ပါသည်။ လွယ်ကူ သော အဖြေဟူ၍ မရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လူတစ်ယောက်သည် အရက်သမား တစ်ယောက် ဖြစ်လာစေသည်။
၁။ စိတ်ဖိစီးမှု – လူများစွာတိုသည် စိတ်ဖိစီးမှုဒဏ်ကို ခံရသောအခါ အရက်သောက် ကြသည်မှာ လူတိုင်း အသိဖြစ်သည်။ ပထမပိုင်းတွင် အရက်သည် သောက်သောသူ များအား ဘဝပြဿနာများကို အခိုက်အတန့် တစ်ခုထိ မေ့ပျောက်စေပြီး စိတ်အေးသာမှုကို ခံစားစေကာ တစ်ခါတစ်ရံတွင် ကျေနပ်အားရမှုကို ခံစားစေသည်။ တောင့်သက်သာရှိစေရန် အစပြုသောအရာသည် စိတ်ဖိစီးမှု စိုးရိမ်ကြောင့်ကြမှု နှင့်မပြည့်စုံကြောင်း ခံစားမှုမှ လွတ်မြောက်ရန် အသုံးပြုသောနည်းတစ်ခု တ ဖြည်းဖြစ်လာသည်။
၂။ နောက်ခံနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ။ ပြုစုပျိုးထောင်ပေးသည့် တစ်စုံတစ် မိသားစုနှင့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းတိုသည် အလွန်အကျွံသုံးစွဲခြင်း ဖြစ်စေနိုင်ပါသည်။ မိဘတို့သည် အလွန်အကျွံသောက် ကြသောအခါ ကလေးမ အရွယ်ရောက်သောအခါ၌လည်း ထိုသိုပြုလိုကြသည်။ အကယ်၍ ယဉ်ကျေးမှု ထုံးစံတစ်ခု၌ လူမှုရေးအရ စားသောက်ခြင်းကို ယေဘုယျအားဖြင့် ခွင့်ပြုပါက အရက်မူးခြင်းကို သာမန် အပျော်တမ်းအဖြစ်သာ မြင်နေပါက သောက်သုံးသောသူ သည် အရက် သို့မဟုတ် သောက်သုံးမှုအရေအတွက် ကန့်သတ်ထိန်းချုပ်ခြင်းကို ရှောင်ရန် အကြောင်းမရှိပါ။
၃။ ပင်ကိုစရိုက်။ အလွန်အကျွံသောက်သောသူတိုသည် စိုးရိမ်ကြောင့်ကြသောသူ၊ စိတ်ခံစားမှု၌ မရင့်ကျက် သောသူ၊ စိတ်ဆင်းရဲမှုကို မခံနိုင်သောသူဖြစ်သည်။ သူတို၌ ဆင်းရဲဒုက္ခကို လက်ခံသောသူများဖြစ်ကြပြီး များစွာသောသူတိုမှာ အကောင်းဆုံးကို လိုလားသောသူများ သိုမဟုတ် အထီးကျန်မှုကို ခံစားနေသော သူများဖြစ်သည်။ မိမိကိုယ်ကို အကောင်းထင်ခြင်းပြဿနာတိုသည် လူတိုင်း၌ဖြစ်သော်လည်း တစ်ခါတစ်ရံ အရက်သမားသည် ဟန်ပြပြီး ဖုံးဖိတတ်ကာ အခြားသောသူတိုကို မိမိကိုယ်ကို ယုံလွန်းသောသူအဖြစ်မြင်သည်။ ဤသည်မှာ အလွန်အကျွံသောက်သုံး ခြင်းနောက်မှ ထင်ရှားလာပြီး အခြားလူများကိုသောက်ရန်ပိုဆောင်သည်။
၄။ ဇီဝဗေဒ။ အချို့တို့သည် ကာယပိုင်း၌ အရက်သမားဖြစ်လာရန် ပို၍သင့်တော်ပါ သလားဟူသောမေးခွန်းကို မေးစရာရှိပါသည်။ အချိုတိုသည် အရက်သောက်ဖို ငြင်းပယ်ရန်အားနည်းကြသော်လည်း ဇီဝဗေဒမှာ အရက်သ မားဖြစ်ရန်အကြောင်း တစ်ခု မဟုတ်ပါ။ မည်သိုပင်ဖြစ်စေ လူတစ်ယောက်သည် တိုး၍တိုး၍ သောက်သုံး လာပါက ခန္ဓာကိုယ်သည်လည်း အရက်မူးခြင်းကိုအကျင့်ပါလာမည်ဖြစ်သည်။ သက်တောင့်သက်သာခံစားရန် ပို၍များသောပမာဏ လိုအပ်သည်။ အချိန်တန်သော အခါ ခန္ဓာကိုယ်သည် ဟန်ချက်ညီမှုကို ထိန်းသိမ်းရန် အရက်သေစာအပေါ်၌ အမှီသဟဲပြုရသည်။ ထိုကြောင့် သောက်သောသူသည် အလွန်အကျွံစွဲလမ်းလာရာ ၎င်းကို ရပ်တန့်စေရန် ခက်ခဲလှပါသည်။
၅။ ဝိညာဉ်သဘောရှိခြင်း။ သမ္မာကျမ်းက အရက်သေစာ သောက်စားမူးယစ်ခြင်းနှင့် မိတ်သက်၍ များစွာပြောပါသည်။ နောဒအပေါ်၌ မည်သည့်အရာ ဖြစ်ပျက်သည်ကို ပင်မှတ်မိပါသလား။ သူသည် ဖြောင့်မတ်သောသူ၊ အပြစ်တင်စရာအခွင့်မရှိဘဲ ဘုရားသခင်နှင့်သွားလာသောသူဖြစ်သည်(ကမ္ဘာ၊၆း၉)။ သူ၏အသက်တာကို ဘုရားသခင်ထံ၌ အပ်နှံကြောင်း သာဓကတစ်ခုမှာ ခန်းခြောက်သော ကုန်းမြေပေါ်၌ သင်္ဘောတည်ဆောက်ရန် ဘုရားသခင်၏အမိန့်တော်ကို နာခံခြင်းပင်ဖြစ်သည်။ သူ၏မိတ်ဆွေများနှင့် အိမ်နီးနား ချင်းများက ပြောင်လှောင်သော်လည်း မနားမနေ တည်ဆောက်ခဲ့သည်။ နောဧသည် ထာဝရဘုရား၏ စိတ်တော် နှင့် တွေ့သောသူဖြစ် သည်(က၊၆း၈)။ ဘုရားသခင် မိန့်တော်မူသည့်အတိုင်း အရာရာကိုပြုသည်(က၆: ၂၂)ဟု ဖော်ပြထားသည်။ သိုသော်လည်း နောဧသည် အလွန်အကျွံမူးရာ သူ၏ မူးယစ်ခြင်းကြောင့် အလွန်ဝမ်းနည်းစရာ တစ်ခုကို တွေ့ကြုံခဲ့သည်(၉:၂ဝ-၂၄)။
မူးယစ်ဆေးဝါးနှင့် အရက်သေစာ စွဲလမ်းခြင်း၏ အဓိကအကြောင်းရင်း တစ်ခုမှာ ယနေ့လူများစွာ တို့သည် စိတ်နှလုံးတွင် ဝိညာဉ်ပိုင်းဆိုင်ရာနှင့် ဘာသာ တရားပိုင်းဆိုင်ရာတို့၌ ကွက်လပ်အဖြစ်ရှိ နေသော ကြောင့်ဖြစ်သည်။ နော၏ အသက်တာမှ မြင်ရသည့်အတိုင်း ယုံကြည်သူတိုသည် ဘုရားသခင်ထံမှ မျက်နှာလွှဲ ကာ အရက်သေစာ အလွန်အကျွံသောက်သုံးခြင်းထဲသို့ ပစ်လဲနိုင်သည်။ ဝိညာဉ် သဘောရှိခြင်းနှင့် အရက်မူးခြင်း သည် ဆန့်ကျင်ဘက်ဖြစ်ကြောင်း ဧဖက် ၅း၁၈ ၌ ပေါလုက “လွန်ကျူးစေတတ်သော ယစ်မူးခြင်းနှင့်စပျစ်ရည်ကို ရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံကြလော့” ဟူ၍ ရေးသားသည်။
၆။ မိသားစု။ လူတစ်ယောက်သည် အရက်သမားဖြစ်လာသောအခါ မိသားစု တစ်ခုလုံးကို ထိခိုက်သည်။ ပထမ၌ မိသားစုသည် ထိုပြဿနာကို လျစ်လျူရှုရန် သိုမဟုတ် ငြင်းပယ်ရန် ကြိုးစားကြမည်ဖြစ်သည်။ ထိုနောက် ထိုအရက်သောက် ခြင်းကို တားမြစ်ရန်အတွက် အရက်ကို သွန်ပစ်၍ ဖျက်ဆီးခြင်း၊ သောက်သောသူကို အပြစ်တင်ခြင်း စသည်တို့ရှိသည်။ မိသားစုသည် ထိုအရက်သောက်ခြင်းမှ တဖြည် ဖြည်းရပ်သွားမည်ဟု မျှော်လင့်ချက်နှင့် အခြားသောသူများမသိစေရန် ထိုပြဿနာ ကို ဖုံးကွယ်ဖို ကြိုးစားကြသည်။
ဤအရာသည် ဖြစ်တောင့်ဖြစ်ခဲ ရလဒ်တစ်ခုဖြစ်သည်။ အရက်သောက် သောသူသည် မသောက်တော့ ပါဟု ကတိများစွာ အကြိမ်ကြိမ်ပေးသော်လည်း ပြဿနာသည် ပို၍ ဆိုးရွားလာသည်နှင့်အမျှ အရက်ဖြတ်ရန် ပို၍ ခက် မိသားစုသည်လည်း ပို၍ကြပ်တည်းစွာ တောင်းဆိုလာကြသည်။ ဖိအားပေးလာသည်။ ထိုသိုဖြင့် အရက်သောက်သောသူမှာ အရက်အရှိန်ကျသွား၍ ခန္ဓာ သည်လည်း ထိန်းမနိုင်သိမ်းမရ ဖြစ်ပါတော့သည်။ တစ်ခါတစ်ရံ အရက် ကြိုးစားခြင်းကြောင့် ဖြစ်ပေါ်လာသော နာလန်ထရန် ကြိုးစားခြင်းသည် ပို၍ဆိုး လာတတ် သည်။
ဆွေးနွေးလမ်းညွှန်မှုနှင့် အရက်သေစာသောက်စားခြင်း
အရက်သမားများနှင့် သူတို၏မိသားစုကို ဆွေးနွေးလမ်းညွှန်ခြင်းသည် လွယ်ကူလှသည့်အလုပ် မဟုတ် ပါ။ ထိုလုပ်ငန်းစဉ်တစ်ခုလုံးကို ဆုတောင်းခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ဦးဆောင်လမ်းပြမှုဖြင့် ပြုလုပ်ရသည်။
အရက်သမားသည် အရက်မသောက်ရန် မဆုံးဖြတ်မချင်း တိုးတက်မှုမရှိ ကြောင်း ကျွမ်းကျင်သူများစွာ တို့က ယုံကြည်ကြသည်။ တစ်ခါတစ်ရံ မိသားစုတို သည် အရက်သောက်သောသူအား ကာကွယ်ခြင်းကို ရပ်စဲရန် ဆုံးဖြတ်ကြပြီး အရက်သောက်ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးကိုမမြင်တတ်ကြဘဲ ထိုကဲ့သိုလုပ်ရပ်သည် အရက် မသောက်တော့ရန် ဆန္ဒပိုရှိလာမည်ဟု ယုံကြည်ကြသည်။ အရက်သောက်သောသူတိုကို အကူအညီ ပေးရန် တစ်ကမ္ဘာလုံး၌ အလွန်အောင်မြင်သော အစီအစဉ် ဖြစ်သည့် Alchohdic Anonymous အသင်းဝင်တိုက အရက်သောက်သောသူသည် အကုန်သောက်ပြီး အရက်သောက်ခြင်းကို ထိန်းချုပ်၍မရပါဟု ဝန်မခံမချင်း ပြောင်းလဲမှု မည်သည့်အခါမှ မလာပါဟု ယုံကြည်ကြသည်။
အရက်သမားကို ဆွေးနွေးလမ်းညွှန်ရာ၌ အနည်းဆုံးပန်းတိုင်ငါးခု ပါဝင် သည်။ (၁) အရက်သမားကို မူးယစ်စေသောအရက်လုံးလုံးဖြတ်စေခြင်း၊ (၂) စွဲလန်းမှု ကြောင့်ဖြစ်လာသော ပျက်စီးမှုများကို ဆေးဝါးဖြင့် ပြန်လည်ပြုပြင်ခြင်း (၃) စိတ်ဖိစီးမှုကို နှိမ်နင်းပုံကို အတိုင်ပင်ခံပုဂ္ဂိုလ်က သိရှိရန် ကူညီခြင်း (၄) မူးယစ်စေ သောအရာအတွက် အစားထိုးမည့် ဓာတုပစ္စည်းမပါသော ထိရောက်သော အရာတစ်ခုကို တွေ့ရှိရန် ကူညီခြင်း (၅) မိမိကိုယ်ကို လေးစားပြီး အပြစ်ကို ဖြေရှင်း တတ်သည့် အသက်တာကို တည်ဆောက်ရန်နှင့် ပြန်လည်ရရှိရန် စသည်တို့ ဖြစ်သည်။
ဤအချက်များထဲမှ ပထမနှစ်ခုတိုသည် အမှန်တကယ် ဆေးဝါးဆိုင်ရာများဖြစ်ကြသည်။ အရက် သောက်သောသူသည် အရက်ကို စွဲလမ်းလွန်း U သောကြောင့် သူသည် ဆေးဝါးအကူအညီမပါဘဲ အရက်မ ဖြတ်နိုင်ပါ။ ဖင်ပင်ခံပုဂ္ဂိုလ်သည် အားပေးမှုကိုပြုခြင်း၊ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် စစ်ကိုဖြေရှင်းပြီး အပြစ်လွတ်ခြင်းကိုရရှိခြင်း၊ စိတ်ဖိစီးမှုနှင့် မပြည့်မစုံဟု ခံစား ကို နှိမ်နင်းမည့် ပို၍ကောင်းသောနည်းများကို သင်ကြားပေးခြင်း မိမိကိုယ်ကို လည်ပြီး အသက်ရှင်ပုံပြောင်းလဲရန် အားပေးခြင်း၊ မိသားစုသည် ပြန်၍ညှိနှိင်း ၌ အကူအညီပေးခြင်း၊ အရက်က လိုအပ်မှုကို မပြည့်စုံစေနိုင်ဘဲ ခရစ်တော် တစ်ပါးကသာလျှင် ဖြည့်ဆည်းပေး နိုင်သည်ကို ပြသခြင်း၊ (ဧဖက် ၅:၁၈) စသည်တို့ ၌ ပို၍ထိရောက်မှုရှိလာသည်။ သင်သည် ဆွေးနွေးလမ်းညွှန်ရာ၌ အပြစ်တင်ခြင်း၊ တ်အားငယ်ခြင်း၊ မိမိကိုယ်ကို အပြစ်တင်ရှုတ်ချခြင်းစသည်တိုက လိုက်လာသည်။ မည်သိုပင် ဖြစ်စေ အချိန်တန်သောအခါ၌ လုံးလုံးလျားလား ပြန်၍ ကောင်းမွန် သွားလေ့ရှိပါသည်။
နတ်ဆိုးများ၏ ပြဿနာ (Issues of Demons)
ယေရှုသည် ပြဿနာရှိသောသူများနှင့် တွေ့ဆုံသောအခါ စာတန်များကို မောင်းထုတ်ခြင်းဖြင့် ဖြေရှင်းလေ့ရှိသည်။ ဥပမာ မာကုအခန်း (၉)တွင် နတ်ဆိုး ဝင်သောသူတစ်ယောက်အကြောင်းကို ကျွန်ုပ်တို ဖတ်ရသည်။ ထိုကလေးသည် စကားမပြော၊ အခါအားလျော်စွာ မြေကြီးပေါ်၌လှဲ၍ ခံတွင်းမှအမြှုပ်ထွက်လျှက် အံသွားခဲကြိတ်လျက်ရှိသည်။ တပည့်တော်တိုသည် မည်သိုမျှ မတတ်နိုင်ကြသော် လည်း ယေရှုသည် ထိုနတ်ဆိုး ကို ဆုံးမလျက်၊ ထွက်သွားရန်အမိန့်ပေးကာ ကလေး သည် ကျန်းမာလာသည်။
ဤနေရာ၌ နတ်ဆိုးစွဲသောသူနှင့် ယနေ့ခေတ်ကာလသည် အတူတူဖြစ်ပါ သလား။ သမ္မာကျမ်း သွန်သင် မှုအားဖြင့်လည်းကောင်း၊ တစ်ကမ္ဘာလုံးရှိ ယုံကြည်သူ တို၏ အတွေ့အကြုံမှသော်လည်းကောင်း အဖြေမှာ “ဟုတ်ပါ၏”ဟူ၍ဖြစ်သည်။ ပေါလုက ကျွန်ုပ်တိုသည် အသွေးအသားရှိသော ရန်သူတိုနှင့်တိုက်ခိုက်ကြသည် “ဟုတ်၊ အထွတ်အမြတ်တိုနှင့်၎င်း၊ အာဏာစက်တိုနှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုသောသူတိုနှင့်၎င်း၊ မိုးကောင်းကင်၌နေသော နတ်တိုနှင့်၎င်း ဆိုင်ပြိုင် ဘုက်လှန်ကြ၏(ဧဖက်၊၆:၁၂)။ ယုံကြည်သူ၏အထဲ၌ ကျိန်းဝပ်သော သန့်ရှင်းသောဝိညာဉ်တော်သည်လောက၌ရှိပြီး အလင်းသားကောင်းကင်တမန်များကဲ့ သိုအယောင်ဆောင်ကာ ဝါးမျိုးရမည့်လူကိုရှာနေသော မာရ်နတ်၏တပ်များ ကြီးမြတ်၏။ ဤစာအုပ်၌ ရေးသားခဲ့သော ပြဿနာတိုကို မာရ်နတ်ဖြစ်စေသည်မှာ အမှန်ဖြစ်ရာ တစ်နည်းအားဖြင့် ဆွေးနွေးလမ်း ညွှန်မှုပြုသည့်အချိန် စာတန်၏လွှမ်းမိုးမှုကို ဆီးတား၍ ဖယ်ရှားရန် ကြိုးစားရသည့်အချိန်ဖြစ်သည်။ ဤအကြောင်းကြောင့် ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် သူတို၏ ခရစ်တော်၏သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်နေသောကြောင့် စာတန်၏တဖက်၌ ခိုင်ခန့်စွာ ရပ်တည်နိုင်သောသူများဖြစ်ကြသည်(ဧဖက်၊၆း၁၃-၁၈)။
နာမည်ကျော်ကြားသော စာရေးဆရာတစ်ယောက်ဖြစ်သည့် C. S. Lewis က ကျွန်ုပ်တိုသည် နတ်ဆိုးများအ ကြောင်းကို စဉ်းစားရာ၌ အမှားနှစ်ခုကို ကျူးလွန် နိုင်သည်ဟု တစ်ခါက ရေးသားခဲ့ဖူးပါသည်။ ကျွန်ုပ်တိုသည် သူတို၏စိုးမိုး သို့မဟုတ် သူတိုရှိနေခြင်းကို မယုံကြည်ဘဲ ရှိနေတတ်ကြသည်။ သိုမဟုတ် ကျွန် တိုသည် သူတိုအပေါ်၌ လွန်ကဲစွာ စိတ်ဝင်စားတတ်ကြသည်။ ထိုအမြင်နှစ်ခုစလုံး သည် မှားပြီး ဒုက္ခဖြစ်စေ သည်။ ၎င်းနှစ်ခုစလုံးကို အတိုင်ပင်ခံပုဂ္ဂိုလ်တို၌ တွေ့ရ သည်။ အချို့သော အတိုင်ပင်ခံပုဂ္ဂိုလ်တိုသည် ထိုစာတန် ကို စိတ်ထဲ၌မထားဘဲ မရှိသကဲ့သို ပြုမူကြသည်။ အခြားသောသူတိုမှာမူ နတ်ဆိုးများအပေါ်၌ စွဲလမ်းလွန်း ရာ ဆွေးနွေးလမ်းညွှန်ခြင်းတစ်ခုစီမှာ စာတန်ကို နှင်ထုတ်ရသည့် အခွင့်အရေးတစ်ခု အဖြစ် မြင်နေရသည်။
ယေရှု၏အမှုတော်လုပ်ငန်း၌ အဖြစ်အပျက်တိုကို ဖတ်ရှုနေပါက ကိုယ်တော် သည် တစ်ခါတစ်ရံ နတ်ဆိုးတိုကို နှင်ထုတ်ကြောင်း သတိပြုမိမည်ဖြစ်သော်လည်း ကျွန်ုပ်တို့ စဉ်းစားရမည့် ဆွေးနွေးလမ်း ညွှန်သောနည်းများဖြင့် လူတိုကို ပို၍ ဆက်ဆံလေ့ရှိသည်ကို သင်သတိပြုမိမည်ဖြစ်သည်။
အကယ်၍ သင်သည် တိုးတက်မှုမရှိသော လူတစ်ယောက်ကို ဆွေးနွေး လမ်းညွှန်မည်ဆိုပါက နတ်ဆိုး၏လုပ်ဆောင်မှုဖြစ်သည်ဟု မယုံသင်္ကာဖြစ်ကောင်း ဖြစ်နိုင်သည်။ ဤနေရာ၌ အချို့သော အတိုင်ပင် ခံပုဂ္ဂိုလ်တို့သည် ခရစ်တော်၏ သြဇာအာဏာရှိကြောင်းကိုပြသည့် ကျမ်းပိုဒ်တစ်ခုကို ဆွေးနွေးလမ်းညွှန်မှု အား ဖတ်ကြရသည်(ဗျာ၊၁:၅-၆။ ဖိ၊ ၂၆-၁၁ စသည်တို့သည် နမူနာများဖြစ်သည်)။ ဤကျမ်းပိုဒ်များသည် မည်သည့် အရာ ဆိုလိုသည်ကိုရှင်းပြရန်မေးမြန်းပါ။ သူသည် မရှင်းနိုင်ပါက နတ်ဆိုး၏လုပ်ဆောင်ချက် ဖြစ်နိုင်မဖြစ်နိုင် သင့်ကိုယ် သင်မေးပါ။ ( ၁ယော၊၂:၃-၆။ ၂၂-၂၃ သိုမဟုတ် ၃၇-၁၀ တို့ကိုဖတ်ပြီး ဤကျမ်း ပိုဒ်တို့ကို ဆွေးနွေး လမ်းညွှန်မှုခံယူသူ၌ မည်သိုအသုံးချရမည်ကို မိမိကိုယ်ကို မေးပါ။
နတ်ဆိုးနှင်ထုတ်ရန် လိုသည်ဟု မယူဆမီ သို့မဟုတ် နှင်ထုတ်ရန် မကြိုးစားမီ မာကု၊၉:၄-၂၉ ကိုဖတ်ပြီး အသင်းတော်လူကြီးများနှင့် ဆွေးနွေးပါ။ ဤအမှုတော်လုပ်ငန်း၌ ပါဝင်မည့် အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကြီးမား သော ဉာဏ် ပညာအမြော်အမြင်နှင့်တကွ ဘုရားသခင်မှလာသောတန်ခိုးတော်၊ အခြားသူတို့မှ အားကြီးသောဆု တောင်းခြင်း၏မစမှုစသည်တို လိုအပ်သည်။
“အဘယ့်ကြောင့်နည်း”ဟူသော ပြဿနာ(The Issue of “Why)
ဤအခန်း ဤစာအုပ်အစပိုင်း၌ “အဘယ့်ကြောင့်နည်း။” “အဘယ့်ကြောင့် ဤပြဿနာ ကျွန်ုပ်၌ရှိ ရတာလဲ။” “အဘယ့်ကြောင့် ဘုရားသခင်က ဤပြဿနာကို ဖြစ်စေတာလဲ။” “အဘယ့်ကြောင့် အခြားသောသူ တစ်ယောက်၌ မဖြစ်ရတာလဲ။” “အဘယ်ကြောင့် ငါချစ်သောသူကို ဤဘဝမှ ခေါ်သွားရတာလဲ၊” “အမှုတော် ဆောင် များက ဘုရားသခင်သည် မေတ္တာတော်ရှင်ဖြစ်သည်ဟုပြောသော်လည်း အဘယ် ကြောင့် ထိုသိုသော ဝမ်းနည်းစရာ၊ စိတ်ဆင်းရဲစရာကို အခွင့်ပေးရသလဲ”ဟူသော မေးခွန်းတို့သည် အတိုင်ပင်ခံပုဂ္ဂိုလ်များအား မေးလေ့ရှိကြောင်း ဖော်ပြထားပါသည်။
ဤအရာတို့သည် အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဆွေးနွေးလမ်းညွှန်ခြင်း၌ စဉ်းစားရ မည့် ခက်ခဲသောမေးခွန်း များဖြစ်သည်။ ၎င်းတို့မှာ သီအိုလိုဂျီနှင့်ဆိုင်သောမေးခွန်း များဖြစ်ပြီး ဆွေးနွေးလမ်းညွှန်ခြင်းနှင့်ဆိုင်သော စိတ်ပညာစာအုပ်တို့၌ မစဉ်းစား ခဲ့ဖူးပါ။
သမ္မာကျမ်းထဲ၌ “အဘယ့်ကြောင့်”ဟူသော မေးခွန်းတို၏အဖြေတိုမှာ အစဉ်အမြဲ မရှင်းမ လင်းဖြစ် သည်။ ဘုရားသခင်သည် စိတ်ဖိစီးစရာအချိုတိုကို အခွင့်ပေး၍ ဖြစ်စေသောအခါ၌ ကောင်းသောအကျိုးအတွက် ပြုလုပ်ကြောင်းကို ကျွန်ုပ်တို့မသိကြ ပါ(ရောမ၊၈:၂၈)။ ၎င်းသည် စိတ်ရှည်ရန် (ယာကုပ်၊၁:၃)၊ နှိမ့်ချ ရန်( ၂ကော ၊၁၂း၇-၁၀)နှင့် ဘုရားသခင်အပေါ်၌ ပို၍ အမှီသဟဲပြုရန်( ၂ကော၊၁း၈၉)စသည်တို့ ဖြစ်နိုင်သည်။ တစ်ခါ တစ်ရံ ကျွန်ုပ်တိုကိုချစ်သည့် ဘုရားသခင်၏ မေတ္တာတော် ထင်ရှားစေရန်ဖြစ်သည်။ ထိုအချိန်တွင် ကျွန်ုပ်တို့သည် စိတ်ဒု က္ခခံစားနေကြရသော်လည်း ဘုရားသခင်သည် ဆင်းရဲဒုက္ခခံရန် အခွင့်ပေးသော မင်္ဂလာရှိသောသူဖြစ်သည်ကို သမ္မာကျမ်းက ဖော်ပြထားသည်(ဆာလံ၊ သု၊၃း၁၁-၁၂။ ဗျာ၊၃း၁၉)။
ဆွေးနွေးလမ်းညွှန်ရာ၌ ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆင်းရဲဒုက ကိုဖြေရှင်းရန် ထိုကျမ်းပိုဒ်တိုကို ပြသနိုင်သည်(၁ပေနှင့်ယောဘကို အထူးသဖြင့် ကြည့် ပါ)။ ဆွေးနွေးလမ်းညွှန်မှုခံယူသူသည် စိတ်ခံစား ချက်တိုကို အသစ်ပြုပြင် ပြောင်းလဲပြီး သမ္မာကျမ်း၌ အဖြေတိုကိုတွေ့ရှိရန် ကူညီနိုင်သည်။ အတိုင်ပင်ခံ ပုဂ္ဂိုလ် သည် ယောဘ၏နမူနာကိုလည်း ပြသနိုင်သည်။ ယောဘသည် ကျွန်ုပ်တိုကို လွှမ်းမိုးသည့် ပြဿနာ အစဉ်လိုက် ကြီးကို ခံစားရသော်လည်း သူ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တိုသည် သူ၏ပြဿနာတို့ကို ထပ်ဆင့်တိုးပွားစေသော် လည်း အဘယ်ကြောင့် ထိုသိုဆင်းရဲခံရသည်ကို ယောဘအား တစ်ခါမှမပြောခဲ့ပါ။ ဘုရားသခင် သည် ယနေ့၌ ပြုသည့်အတိုင်း အကြံတော်တစ်ခုရှိသော်လည်း ထိုအရာသည် မည်သည့်အရာဖြစ်သည်ကို ယောဘသည် တစ်ခါမျှ မသိခဲ့ပါ။
ကျွန်ုပ်တို့အတွက် ထိုအရာသည် အမှန်ဖြစ်သည်။ ကျွန်ုပ်တိုသည် မြေကြီး ပေါ်၌ အသက်ရှင်နေသရွေ့ ဘုရားသခင်၏နည်းလမ်းသည် ကျွန်ုပ်တို နားလည် နိုင်စွမ်းကို ကျော်လွန်သည်(ရောမ၊၁၁:၃၃)။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ဖြစ်သည်ကို မေးမြန်း၍အဖြေတွေ့ရှိရန် ကြိုးစားနိုင်ပါသည်။ ထိုအရာ၌ မည်သည့် အမှားတစ် ခုမှ မရှိပါ။ သိုသော်လည်း ဘုရားသခင်သည် ဖြေမည်မဟုတ်ပါ။ ထိုသိုဖြစ်မည့်အစား ကိုယ်တော်သည် ကျွန်ုပ်တို့ ကို ထိုသိုတွေ့ကြုံရန် အခွင့်ပေးပြီး အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း မသေချာမရေရာမှုကို ခံစားကောင်းခံစား နိုင်သည်။ အဘယ့်ကြောင့်နည်းဟူသော လျှိဝှက်ချက်ကို ခရစ်တော်အား မျက်နှာချင်းဆိုင် တွေ့သောအခါမှသာ သိရှိရမည် ဖြစ်သည်။
အခန်း(၁၄)
ဆွေးနွေးလမ်းညွှန်မှုနှင့်အနာဂတ်
The Future Of Counseling
ယေရှုကောင်းကင်ဘုံသို ပြန်၍မတက်ကြွမီတွင် တပည့်တော်တိုကို စုဝေး စေ၍ နောက်ဆုံး မှာကြားခဲ့ သည်။ သူသည် အနာဂတ်အတွက် ပြင်ဆင်ထားပြီးပြီ။ ယခုတွင် ခမည်းတော်ထံသို ပြန်၍တက်ကြွသွားတော့ မည်ဖြစ်သည်။ မကြာမီ သန့်ရှင်းသောဝိညာဉ်တော် ပြန်ကြွလာပြီး ယုံကြည်သူတိုသည် အချင်းချင်းဂရုစိုက် ကြည့်ရှုရာ၌လည်းကောင်း၊ လူမျိုးအသီးသီးတိုအား တပည့်တော်ဖြစ်စေရာ၌လည်း ကောင်း လမ်းပြပို့ဆောင် မည်။
သွန်သင်ခြင်း၊ အနာရောဂါငြိမ်းစေခြင်းလုပ်ငန်းတိုသည် ယနေ့ထိတိုင် ရှိနေသည်။ ခရစ်တော်နောက်သို လိုက်သော ကျွန်ုပ်တိုသည် သတင်းကောင်းကို ပြန့်နှံစေရန်နှင့် လူသားအချင်းချင်းတိုအပေါ်၌ သနားကြင်နာခြင်း ကိုပြသရန် တာဝန်ရှိကြသည်။ မကြာမီနှစ်များအတွင်း ခရစ်ယာန်တရားအခြေပြု ဆွေးနွေး လမ်းညွှန်ခြင်းမှာ ဤပန်းတိုင်များသို ရောက်ရှိရန် နည်းတစ်နည်းဖြစ်လာသည်။
ယခုတွင် ကျွန်ုပ်တိုသည် ကမ္ဘာနှင့်အဝန်း ဆွေးနွေးလမ်းညွှန်မှု ခေတ် ပြောင်းကာလသို့ ဦးတည်နေကြ သည်မှာ ထင်ရှားသည်။ ဆွေးနွေးလမ်းညွှန်မှုခံယူ လိုသူ၊ စိတ်ဝင်စားသူတိုမှာ တိုးပွားများပြားလာပါသည်။ ထိုဘာသာရပ်ဆိုင်ရာ သင်တန်းများ တိုးပွားလာသည်။ ဆွေးနွေးလမ်းညွှန်သူများအတွက် အသက်မွေးဝမ်း ကျောင်းလုပ်ငန်း ပေါ်ထွန်းလာသည်။ အသင်းတော်၌ သင်းအုပ်ဆရာနှင့် သာမန်အသင်းသားတို့မှာ ဆွေးနွေးလမ်း ညွှန်မှုမှထွက်လာသော ကောင်းမွန်သည့် ရလဒ်များကို မြင်တွေ့ကြပြီဖြစ်သည်။ ထို ကြောင့်လည်း ဓမ္မကောလိပ် နှင့် တက္ကသိုလ်များစွာတို့၌ ဤဘာသာရပ်ကို ပြဌာန်းသင်ကြားကြသည်။
ခရစ်ယာန်တရားအခြေပြု ဆွေးနွေးလမ်းညွှန်မှုနယ်ပယ်၌ ခေတ်ရေစီးကြောင်း အချို့သည် မည်သည့် အရာများဖြစ် ပါသနည်း။ ဤအရာသည် အတိုင်ပင်ခံ ပုဂ္ဂိုလ်အား မည်သို အကျိုးဖြစ်စေပါသနည်း။ ဤမေးခွန်းတို့ကို ဤနောက်ဆုံး အခန်း၌ စဉ်းစားသွားမည်ဖြစ်သည်။
ခရစ်ယာန် ဆွေးနွေးလမ်းညွှန်မှ ခေတ်ရေစီးကြောင်း Trends in Christian Counseling
အနာဂတ်နှင့်ပတ်သက်၍ တိကျမှန်ကန်စွာ ကြိုတင်ဟောပြောနိုင်သော တစ်ယောက်မျှမရှိပါ။ ပစ္စုပ္ပန် တိုးတက်မှုများကို အခြေပြု၍ ခေတ်ရေစီးကြောင်း စွာတိုသည် ရှေ့လာမည့်နှစ်များတွင် တိုးတက်ပေါ်ထွန်း လာမည်ဖြစ်သည်။ ဆွေးနွေးလမ်းညွှန်မှု သီအိုရီများနှင့် နည်းပညာတိုတွင် ပို၍အလေးထား ပြောဆိုလာကြမည်။ ဆွေးနွေးလမ်းညွှန်မှုနယ်ပယ် တိုးတက်လာသည်နှင့်အမျှ လူများ ကူညီနိုင်မည့်နည်းသစ်များကို တွေ့ရှိရန် သီအိုရီအသစ်များစွာတိုသည် လည်း ထွန်းကားကြောင်းကို အတိုင်ပင်ခံပုဂ္ဂိုလ်များ တွေ့ရှိခဲ့ကြသည်။ ဤသို့ သော ယူဆချက် အသစ်အချိုတိုသည် လက်တွေ့ကျသော ကြီးမားသည့်တန်ဖိုးရှိကြ သည်။ (များစွာတိုကို ဤစာအုပ်၌ ပေါင်းစုထားသည်)။ မည်သိုပင်ဖြစ်စေ အသစ်သောယူဆချက်များ ပေါ်ထွန်းလာသောအခါ ယူဆချက်ကွဲလွဲသောသူများထံမှ ဆီးတားမှုများရှိလာသည်မှာ ဝမ်းနည်းဖွယ်ရာဖြစ်သည်။ ၎င်း၏ဆိုးကျိုးမှာ အသက် မွေးဝမ်းကျောင်းပြုနေသော အတိုင်ပင်ခံပုဂ္ဂိုလ်များမှာ ပြိုင်ဆိုင်မှုနှင့်ခြားနားသော သီအိုရီများအကြား၌ စကားများ ငြင်းခုံမှုပြုသူများအဖြစ် မြင်နေကြခြင်းဖြစ်သည်။ ဆွေးနွေးလမ်းညွှန်မှုခံယူသူတိုမှာ မေ့ပစ်ခြင်းကို ခံရသကဲ့သို ရှိကြသည်။ အချိုသော နေရာတို၌ ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်များထဲတွင် ငြင်းခုံခိုက်ရန် ဖြစ်ပွားမှု များ ရှိသည်။ သီအိုရီတိုင်း၊ နည်းပညာတိုင်းသည် လူတိုင်းအတွက် မမှန်သည်ကို ကျွန်ုပ် တို့ မှတ်သားရန်လို အပ်သည်။ ကျွန်ုပ်တို့၏လုပ်ဆောင်မှု မှန်သမျှတိုကို သွန်သင်ချက်နှင့်စစ်ဆေးခြင်းကို ပြုရမည်။ ခရစ်ယာန်၏ အမှတ်လက္ခဏာများ (ခရစ်ယာန်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်) ချစ်ခြင်းမေတ္တာဖြစ်သည် ( ယော ၁၃း၃၅)
ဆွေးနွေးလမ်းညွှန်မှုနယ်ပယ်၌ အထူးလေ့လာမှုတို့တွင် သိပ္ပံနည်းအရစမ်းသပ်စစ်ေဆးပြီ ထိရောက်သည်ဟု တွေ့မြင်သော နည်းစနစ်များကိုသာ အသုံးပြုရန်ဟူသော လှုပ်ရှားမှုတစ်ခုရှိသည်။ အကူအညီခံရသည်ဟု ပြောသော မှ သက်သေခံချက်များကြောင့်သာ နည်းစနစ်တစ်ခုသည်သာလျှင် သည်ဟု မယူဆရပါ။ မိမိ၏နည်းစနစ် အကောင်းဆုံးဖြစ်သည်ဟုသော အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ပြောဆိုမှုများကြောင့်ဟု မယူဆရပါ။ နည်းစနစ်တစ်ခုစီတိုင်း ထိရောက်သည်ဟု ပြောရသည်မှာ မည်သည့်သာဓက ရှိပါသနည်း ဟူသောမေးခွန်းကို အဆက်မပြတ် ကြားကြရသည်။ တချို့သောအရာတို့ကို သိပ္ပံနည်းအရ မတိုင်းတာနိုင် သည်မှာ အမှန်ဖြစ်သည်။ ဥပမာ- လူတစ်ယောက်၏ အသက်တာ၌ သန့်ရှင်းသောဝိညာဉ်တော်၏ သြဇာအရှိန် သက်ရောက်မှုကို သိပ္ပံနည်း ဖြင့် ထိရောက်ရန် မပြုလုပ်နိုင်ပါ။ သိုသော်လည်း နောင်အနာဂတ်၌ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို ဆွေးနွေးလမ်းညွှန်သောအရာ၌လည်းကောင်း၊ သူတို၏နည်းစနစ် ထိရောက်မှုအတွက် အထောက် အထားတို့ကိုလည်းကောင်း ပြောပြကြရန် မေးမြန်း ခြင်းကို ခံရကြမည်ဖြစ်သည်။
သင်တန်းကို ပို၍ပဓာန ထားခြင်းရှိလာမည်ဖြစ်သည်
ယခုလက်ရှိတွင် ဆွေးနွေးလမ်းညွှန်မှု သင်တန်းအစီအစဉ်မှာ တိုးတက်မှု အဆင့်ဆင့်သို့ရောက်ရှိ နေပြီဖြစ်သည်။ အချို့တို့သည် သင်တန်းအတွေ့အကြုံ လုံးဝ မရှိကြပါ။ အချိုတိုသည် ဆောင်းပါးတစ်ပုဒ်ကို့ ဖတ်၍၊ တိုတောင်းသောသင်တန်း တစ်ခု တက်ရောက်ကြသည်။ အခြားသောတစ်ဖက်၌ ခရစ်ယာန်အတိုင်ပင်ခံ လုပ်ငန်းတွင် ပါရဂူဘွဲ ကို ယူနိုင်သောသူများလည်းရှိသည်။ ဆွေးနွေးလမ်းညွှန်မှု ဆိုင်ရာသင်တန်းမှာ ကမ္ဘာနှင့် အဝန်း ဓမ္မပညာအစီအစဉ်၌ အရေးကြီးသော အစိတ် အပိုင်းတစ်ခုဖြစ်လာကာ ဤစာအုပ်ကဲ့သိုသောစာအုပ်များ တို့မှာ ထပ်ခါတလဲလဲ ပေါ်လာရန်ရှိသည်။ လူများစွာတိုသည် ပို၍ကောင်းသော ဆွေးနွေးလမ်းညွှန်မှုကို သိရှိလို ကြကြောင်း ဤအရာများက ပြသသည်။ ။
ဆွေးနွေးလမ်းညွှန်မှု၌ သာမန်ယုံကြည်သူများ ပို၍ပါဝင်လာမည်
ကျွန်ုပ်တို့သည် ဤစာအုပ်ကို Sigmund Freud ကို ရည်ညွှန်းကိုးကား၍ အစပြုခဲ့သည်။ Sigmund Freud သည် ဩစတြီးယားနိုင်ငံမှ ထင်ရှားသော စိတ်ပိုင်း ဆိုင်ရာပညာရှင် တစ်ယောက်ဖြစ်ပြီး ဆွေးနွေးလမ်းညွှန်ခြင်း နှင့်ပတ်သက်၍ ခွန်အားရှိပြီး အငြင်းပွားဖွယ်ရာဖြစ်သော အယူအဆများစွာတိုကို ကြီးထွားရင့်သန် စေသည်။ ဖရက်နှင့်သူ၏ နောက်လိုက်တပည့်တိုသည် သမားတော်ကြီးများ ဖြစ်ကြသည်။ သမားတော်မဟုတ် သောသူများ သည် ထိရောက်စွာ ဆွေးနွေးလမ်းညွှန်.. ကို သိကြမည်မဟုတ်ဟု ယုံကြည်ကြသော်လည်း သူတိုအလေးထား ပြောဆိုသည်။ အပြင်းအထန် သင်တန်းများပြုလုပ်ရန် တောင်းဆိုထားသည်၍ လူများကမနိုင် ချေ။ တိုးတက် သော နိုင်ငံအချိုတို၌ အတိုင်ပင်ခံလုပ်ငန်းသည် အသက်မွေးဝမ်း ကျောင်းမှုတစ်ခုအဖြစ် ထွန်းကားလာသည်။ တစ်ခါတစ်ရံ “ဆွေးနွေးလမ်းညွှန် ခံရသောသူတိုကို ကိုယ်ကျင့်တရားမရှိသောသူ၊ လေ့ကျင့်သင်ကြားခြင်း ကိုမခံသော အတိုင်ပင်ခံပုဂ္ဂိုလ်များထံမှ ကာကွယ်ရန်” နည်းဥပဒေတိုကို ထုက်ပြန်ကြသည်။ ယနေ့တွင် ဤနိုင်ငံများစွာတို၌ တရားဝင်သင်တန်းနှင့် ဆွေးနွေးလမ်းညွှန်ခြင်း အသိအမှတ်ပြုလွှာ မရှိကြပါက တရားမဝင် ဖြစ်လာသည်။ မည်သိုပင်ဖြစ်စေ စနစ် တကျစီမံထားသော သင်တန်းတက်ရောက်ဖူးခြင်းမရှိသော်လည်း ဆွေး နွေးလမ်းညွှန် ခြင်းများစွာတိုကို ပြုနိုင်သူလည်းရှိလာသည်။ သာမန်အသင်းသားများက ဆွေးနွေး လမ်းညွှန်မှု လုပ်ငန်း၌ လှုပ်ရှားလာကြသည်။ အထူးသဖြင့် စနစ်တကျ လေ့ကျင့် သင်ကြားပေးသော အတိုင်ပင်ခံပုဂ္ဂိုလ်မ ရှိသော တိုင်းပြည်တို၌ ပေါ်ထွက်လာ သည်။ ယခုတွင် အသင်းတော်များစွာတို၌ လူအချင်းချင်း ဂရုစိုက်ပြုစုနည်း ကို သင်ပေးသည့် သင်တန်းအစီအစဉ်များရှိကြသည်။ ဤသင်တန်းတိုကို ဆွေးနွေး လမ်းညွှန်မှု သင်တန်းဟုခေါ် ၍မရပါ။ သိုသော်လည်း ၎င်းတိုသည် အချင်းချင်း ကူညီမစရန် လူတိုကို လေ့ကျင့်သင်ကြားခြင်းဖြစ်သည်။
ပညာပေးရေးနှင့် ကြိုတင်ကာကွယ်ခြင်းအပေါ် အလေးထားမှုရှိလာမည် ၊
အစဉ်အလာအရ ဆွေးနွေးလမ်းညွှန်ခြင်းမှာ ပြဿနာရှိသူများကို ကူညီရန် ဖြစ်သည်။ ယခုတွင် ဝိညာဉ် ရေးရာနှင့် စိတ်ပိုင်းဆိုင်ရာများစွာတိုကို ခရစ်ယာန် ပညာရေး အစီအစဉ်များအားဖြင့်လည်းကောင်း၊ သမ္မာကျမ်း ၏လက်တွေ့ လမ်းပြမှု အားဖြင့်လည်းကောင်း၊ မင်္ဂလာရက်မတိုင်မီ ဆွေးနွေးလမ်းညွှန်ခြင်းစသော တစ်ဦး ချင်းကို လမ်းညွှန်ခြင်းအားဖြင့်လည်းကောင်း၊ ကြိုတင်ကာကွယ်နိုင်သည်ကို စတင် တွေ့မြင်ကြပြီဖြစ်သည်။ အကယ်၍ လူတိုသည် စိတ်ဖိစီးမှုကို မကိုင်တွယ်နိုင်သော အခါ အရက်သေစာသောက်ပါက စိတ်ဖိစီးမှုကို ထိရောက်စွာကိုင်တွယ်နည်းကို သင်ပေးခြင်းသည် အလွန်အကျွံသောက်ခြင်းကို ကြိုတင်ကာကွယ်ရန် နည်း တစ်နည်းဖြစ်သည်ဟု သင်ပေးခြင်း သဘောသက်ရောက်သွားသည်။ စိတ်ဖိစီးမှုကို သမ္မာကျမ်းအရ ကိုင်တွယ် ဖြေရှင်းပုံကို သိရှိလာကြသောအခါ(အခန်း ၆၌ ကျွန်ုပ်တို့ ကောက်ကြောင်း ရေးဆွဲသည့် အခြေခံမူ အချို့အတိုင်း) အသက်တာ၏စိတ်ဖိစီးမှုကို အရက်သေစာဘက်သို့ လှည့်လာရန် သွေးဆောင်မှုနည်းသွားမည်ဖြစ်သည်။
အသိုင်းအဝိုင်းပြဿနာများ၌ ပို၍ပူပန်ခြင်းရှိလာမည်
တစ်ယောက်ချင်းပြဿနာတိုမှာ လူများနေထိုင်သည့် အသိုင်းအဝိုင်း၌ရှိသော လူမူရေးအခြေအနေ များကြောင့် ဖြစ်ပေါ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်များစွာတို့က မှတ်ချက်ချကြသည်။ ဆင်းရဲခြင်း၊ အလုပ် လက်မဲ့ဖြစ်ခြင်း၊ လူမျိုးရေးခွဲခြားခြင်း၊ မတရားစွာ လုပ်အားခနှိပ်ကွပ်ခြင်းနှင့် အလုပ်သမားကျင့်ထုံး၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ စစ်နှင့်အကြမ်းဖက်မှုတို့ကို ကြောက်ရွံခြင်း၊ မတရားသောဥပဒေများ သည် လူများစွာတို့အား စိတ်ဖိစီးမှုကိုဖြစ်စေသည်။ အချိုသော အတိုင်ပင်ခံပုဂ္ဂိုလ် တိက လူတိုကို ကူညီရန် တစ်ခုသောနည်းမှာ လူမှုရေးလုပ်ဆောင်မှုအားဖြင့် သူတို့ ၏လူမှုအသိုင်းအဝိုင်းကို ပြောင်းပေးရန်ဖြစ်သည်ဟု ဆုံးဖြတ်ကြသည်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်တိုမှာ အများအားဖြင့် နိုင်ငံရေးသမားများ မဟုတ်ကြပါ။ ထိုသူတို့သည် အာဏာရှိသောမင်းများ၏စကားကို နာခံရန်နှင့် အခွန်ကိုဆောင်ရန် တာဝန်ရှိ ကြောင်းကို သိကြသည် (ရောမ၊၁၃၁-၇)။ သိုသော်လည်း ယေရှုသည် ဆင်းရဲခြင်း နှင့်ပတ်သက်၍ ဝန်တာဖြစ်သည်။ သူခေတ်၌ရှိသော မတရားမှုတိုကို စိန်ခေါ်သည်။ သူ၏အသက်တာ၌ ရိုးသားစွာ မစကူညီသောသူ ဖြစ်လိုသည်။ အတိုင်ပင်ခံပုဂ္ဂိုလ် များက စဉ်းစားဆင်ခြင်ကြရမည်ဖြစ်သည်။ ဆွေး
နွေးလမ်းညွှန်မှုစာအုပ်များ ပို၍များလာမည်။ မကြာသေးမီက မိမိကိုယ်နှင့် အခြားသောသူတိုကို ကူညီမစပုံနှင့်ဆိုင်သော စာအုပ်များစွာ ထွက်လာသည်။ စာအုပ်များ၊ ဆောင်းပါးများနှင့် လက်ကမ်းစာ စောင်များသည် ဈေးကြီးပြီး အထောက်အကူပြုသောအရာဖြစ်နိုင်သည်။ ယခုတွင်ပင် အတိုင်ပင်ခံပုဂ္ဂိုလ်များစွာ တိုသည် ဆွေးနွေးလမ်းညွှန်မှုခံယူသူ ဖတ်ရန် စာအုပ်များကို မှာယူကြသည်။ ဤသို ဆက်သွားမည်မှာ အမှန်ဖြစ်သည်။
စက်မှုဆိုင်ရာတိုကို ပို၍အသုံးပြုလာမည်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ ကက်ဆက်နှင့် ဗီဒီယိုတိပ်ခွေများ၊ တယ်လီဖုန်း၊ အင်တာနက်နှင့် ကွန်ပျူတာ တိုသည် အတိုင်ပင်ခံပုဂ္ဂိုလ်များ၏အလုပ်ကို အထောက်အကူပြုသည်မှာ ထင်ရှား သည်။ နမူနာ အနေနှင့် ရေဒီယိုနှင့်ရုပ်မြင်သံကြားကို စဉ်းစားကြည့်ပါ။ စိတ်ဓာတ် ကျဆင်းခြင်း၊ အထီးကျန်လွမ်းဆွတ်ခြင်း သိုမဟုတ် စိုးရိမ်ကြောင့်ကြခြင်းစသော ပြဿနာတို့ကြောင့် စိတ်ဖိစီးမှုကိုခံသော်လည်း အတိုင်ပင်ခံပုဂ္ဂိုလ်တစ် ဆွေးနွေးခွင့်မရသော သောတရှင်များအပေါ် အံ့ဖွယ် မယုံကြည်နိုင်လောက် ပဲ့တင်ထပ်လျက်ရှိသည်။ အင်တာနက်သည် ပြဿနာအမျိုးမျိုးအကြောင်းကို သည်။ မစနိုင်မည့်သူနှင့် အဆက်အသွယ်လုပ်ပေးသည်။
ဆွေးနွေးလမ်းညွှန်ခြင်း၌ အပြည်ပြည်ဆိုင်ရာ လှုပ်ရှားမှု ပို၍များလာမည်
အသက်မွေးဝမ်းကျောင်းအဖြစ် အတိုင်ပင်ခံလုပ်ငန်းသည် ဥရောပ၌အစပြု ကာ မြောက်အမေရိက တိုက်၌ အအောင်မြင်ဆုံး ဖြစ်သည်။ ယခုတွင် အပြုသဘောသော အသစ်အဆန်း အပြောင်းအလဲများမှာ တစ်ကမ္ဘာလုံး၌ ပေါ်ထွန်းလျက်ရှိ သည်။ ကျွန်ုပ်တိုနေသောနေရာတိုင်းနှင့် ခရစ်တော်၏အစေကို ခံသောနေရာတိုင်း၌ အတိုင်ပင်ခံ ပုဂ္ဂိုလ်မိတ်ဆွေများထံမှ သင်ယူနိုင်ပါသည်။ ဤအချက်မှာ ဆွေးနွေး လမ်းညွှန်မှုနယ်ပယ်၌ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးသော ခေတ်ရေစီးကြောင်း တစ်ခု ဖြစ်သည်။
ခရစ်ယာန်ဆွေးနွေးလမ်းညွှန်မှု၌ ပင်ပန်းနွမ်းနယ်ခြင်း Weariness in Christian Counseling
သမ္မာကျမ်းက “ကောင်းသောအကျင့်ကိုကျင့်ရာ၌ အားမလျော့၊ စိတ်မပျက် ရန်” မိန့်မှာပြီး အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြမည်ဖြစ်ကြောင်း ကတိပေးထားသည်(ဂလာ၆း၉)။ ဤစကားတိုကို ရေးသားသော တမန်တော်ပေါလု သည် သူတစ်ပါးကို ကူညီသောအခါ၌ ပင်ပန်းနွမ်းနယ်မှု ရှိလာတတ်ကြောင်း သိရှိခဲ့ပြီးဖြစ်သည်။ စိတ်ပျက်စရာကောင်းသောလူများစွာနှင့်ဆက်ဆံသော အတိုင်ပင်ခံပုဂ္ဂိုလ်တိုသည် တစ်ခါတစ်ရံ၌ ခဏတာ တောက်လောင်ပြီးနောက် အပူနှင့်အလင်းကို မပေးတော့သော ပြာကဲ့သိုဖြစ်တတ်သည်။
တောက်လောင်ခြင်းမရှိပါက မည်သို ဂရုစိုက်ကြည့်ရှုနိုင်မည်နည်း။ မည်သို သနားနိုင်မည်နည်း။ မည်သိုထိရောက်အောင်မြင်သော အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်နိုင်မည်နည်းယူဆချက်အမျိုးမျိုးရှိသည်။ ၎င်းတစ်ခုစီမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်၌ရှိသော စိတ်ဖိစီးမှုနှင့်တည်ငြိမ်မှုလိုအပ်သည်။ ။
ပထမ – ကျွန်ုပ်တို၌ ဝိညာဉ်ခွန်အားလိုသည်။ ဆီနှင့်အောက်ဆီဂျင် ကုန်ခန်း သောအခါ၌ မီးငြိမ်းသည်။ ဧဖက်(၆)သည် တဖန် အရေးကြီးလာပြန်သည်။ ကျွန်ုပ်တိုသည် မှောင်မိုက်နှင့်သော်လည်းကောင်း၊ ဆိုးယုတ် သောအရာတို့နှင့်သော်လည်းကောင်း၊ စစ်တိုက်နေကြကြောင်းဖော်ပြသည်။ စာတန်သည် ကျွန်ုပ်တို့ကို အားနည်း စေရန် ကြံရွယ်ပြီးဖြစ်နိုင်ပါက ကျွန်ုပ်တို့၏ ပြုစုခြင်းလုပ်ငန်း အရှိန်ကို ငြိမ်းစေလိုသည်။ ဤစစ်ပွဲကို ကျွန်ုပ်တို့ တစ်ယောက်တည်း မတိုက်နိုင်ကြပါ။ ယေရှု ခရစ်တော်၏ စောင့်ရှောက်ပြုစုခြင်း၌ ကျွန်များအနေနှင့် ထိရောက် အောင်မြင် ပါက ပုံမှန်ကျမ်းစာ ဖတ်ရှုဆင်ခြင်ခြင်းနှင့်လေ့လာခြင်းအချိန်သည် အလွန်အရေးကြီးသည်။ ထိုအပြင် ကျွန်ုပ်တိုသည် ဆုတောင်းခြင်းအတွက် အချိန်ယူကာ အလုပ် အပေါ်၌ မှန်ကန်သောအမြင်ရှိဖိုရန်နှင့် အချိန်ကိုမည်ကဲ့သို အသုံးပြုသင့်ကြောင်း ဘုရားသခင်အား မေးမြန်းရန် အလွန်အမင်း အရေးကြီးသည်။
ယေရှုသည် ကျွန်ုပ်တို၏စံနမူနာဖြစ်သည်။ ကိုယ်တော်သည် အမှုတော် လုပ်ငန်း၌ မအားမလပ်ပါ ဝင်နေသည့်အချိန်၌ပင်လျှင် ခမည်းတော်နှင့်အချိန်ယူနေ သေးသည်(မာကု၊၁း၃၅)။ သူ၏ဆုတောင်း သောအသက်တာကြောင့် သူ၏အမှုတော် လုပ်ငန်းအပေါ် မျှတစွာ ဆက်လက်မြင်နိုင်သည်။ ဘုရားသခင်နှင့် အချိန်ယူခြင်း သည် ဆင်းရဲသောသူတိုအတွက် ထိရောက်သော ပြုစုစောင့်မရန်နည်းကို ဆုံးဖြတ် ရာ၌ ကူညီသည်။ ထိုသူတိုသည် ကျွန်ုပ်တို၏ဂရုစိုက်မှုကို လိုလားတောင့်တ နေသောသူများဖြစ်သည်။
ဒုတိယ – ကျွန်ုပ်တို၏အကန့်အသတ်ရှိခြင်းကို သိမှတ်ရန်လိုသည်
လူများစွာတို့သည် လူ၏အကန့်အသတ်ကိုကျော်၍ မိမိတိုကိုယ်ကို တွန်းပို လိုကြသည်။ ယေရှုသည် မည်သူမျှ လောကကြီးကို ပြောင်းလဲစေပြီး ပြုစုစောင့် ရှောက်ခြင်းနှင့် ဆွေးနွေးလမ်းညွှန်ခြင်း လုပ်ငန်းတစ် ခုလုံးကို လုပ်မည်ဟု မမျှော်လင့် ပါ။ အချို စဉ်းစားဆင်ခြင်တတ်သောလူများကပင်လျှင် ဤအချက်ကို သဘော ပေါက်ပုံမပေါ်ပါ။ သူတို၌ ဘုရားပေးသည့်အစွမ်းနှင့် ခွန်အားရှိသည်ဟု ယူဆကြ သည်။ တစ်ခါတစ်ရံ ကျွန်ုပ်တိုထက် အောင်မြင်ဟန်ရှိသောသူတိုနှင့် ယှဉ်ကြည့် သောအခါ၌ ဤစိတ်သည် ပို၍ဖြစ်လာသည်။
စိတ်ပျက်ခြင်း သိုမဟုတ် ကာယပိုင်းဆိုင်ရာ အားနည်းခြင်းမရှိသော်လည်း ကျွန်ုပ်တို မသွားနိုင်သည့် နေရာ ရှိသည်ကို သိရန်လိုသည်။ ကျွန်ုပ်တို မည်မျှသွားနိုင် မည်ကိုသိရန် အခြားသောလူတစ်ယောက်က ကူညီ တတ်သည်။
တတိယ – ကျွန်ုပ်တို၌ ခန္ဓာကိုယ်မစမှုလိုသည်။
ခရစ်ယာန်ဘာသာဆိုသည်မှာ ယေရှုခရစ်တော်ကို အမှီပြု၍ တည် ထားသော အသက်ရှင်နည်းဖြစ်ပြီး အချင်းချင်းဖြစ်ခြင်းနှင့် အင်္ဂါလက ထူးခြားစေသည်။ ကျွန်ုပ်တိုအတွက် ဆုတောင်းပေးမည့်သူ၊ ကျွန်ုပ်တို ဆုတောင်းမည့်သူ လိုအပ်သည်။ ကျွန်ုပ်တိုကို လက်ခံ၊ အားပေး၊ ဂရုစိုက်မည် သည်။ ကျွန်ုပ်တိုကို ထိန်းနိုင်၍ ဂရုစိုက်စောင့်ရှောက်မည့်သူလည်းလိုသည်။ အယောက်စီတိုင်းသည် အတူတူဆုတောင်းမည့်သူ၊ အမှားကို ပွင့်လင်းစွာနှင့်ရိုးသား စွာဖြင့် ဝန်ခံမည့်သူ၊ အောင်မြင်ရန်နှင့်လုပ်ဆောင်ရန်အတွက် ဖိအားကို မပေး သူ အနည်းဆုံးတစ်ယောက်၊နှစ်ယောက် ကျွန်ုပ်တို၌လိုအပ်သည်။ ကျွန်ုပ် အယောက်စီတိုင်းသည် ဝမ်းနည်းမှုကို မျှဝေခံစားပေးမည့်သူတစ်ယောက်လိုသည့် ထိုအချိန်တွင် ကျွန်ုပ်တိုကို လက်ခံမည်၊ နားလည်ပေးမည်၊ ကိုယ်ပိုင်ဝေဒနာကို လျှိဝှက်စွာ ထိန်းသိမ်းထားပေးမည်ဟု စိတ်ချသောသူဖြစ်ကြောင်းကိုသိလျက် ကျွန်ုပ်တို ဟစ်၍ခေါ်နိုင်မည့်သူတစ်ယောက် လိုအပ်သည်။
ထိုသိုသောပုဂ္ဂိုလ် သိုမဟုတ် ပုဂ္ဂိုလ်များကို ကျွန်ုပ်တို မည်သိုတွေ့နိုင်မည် နည်း။ ပတ်ဝန်းကျင်ကို ကြည့်ပါ။ သင်၏မိသားစု သိုမဟုတ် အသင်းတော်တွင် သင့် နည်းတူ ထိုသိုသော စောင့်ရှောက်ခြင်းကို တောင့်တနေသောလူများရှိမည်မှာ အမှန်ဖြစ်သည်။ တစ်ခါတစ်ရံ ဆုတောင်းစည်းဝေးပြီးသောအခါ၌ လူတစ်ယောက် အား သင့်အတွက် ထောက်မပေးမည့်သူ ဟုတ်မဟုတ် သိနိုင်သည့်သတ္တိ သင်၌လို သည်။ ဆုတောင်းခြင်းကို အဖြေပေးသည့်ဘုရားသခင်သည် ပေးနိုင်မည့်သူနှင့် ထောက်ပံ့ကြေးကို လက်ခံမည့်သူထံသို သင့်ကို ပိုဆောင်နိုင်သည်ဟု မှတ်ချက်ချ ပါက ရိုးစင်းလွန်းလှသည်ဟု မဆိုနိုင်ပါ။
စတုတ္ထ – တစ်ဦးတည်းအပေါ် အချိန်ယူရန်လိုအပ်သည်
စိတ်နှလုံး နုပျိုလန်းဆန်းလာစေရန် အချိန်ကြာကြာမပေးနိုင်သော်လည်း ခဏ တဖြုတ် အချိန်မျှပေးခြင်းမှာ အဖိုးတန်ပါသည်။ မိနစ်အနည်းငယ်မျှပင် အနားယူခြင်း မရှိသောအခါ ကျွန်ုပ်တိုစိတ်ထဲ၌ မသန့်ပါ။ သိုသော်လည်း ဘုရားသခင်က ကျွန်ုပ် တို အနားယူရမည်ဟု မိန့်မှာတော်မူသည်။ ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုဖန်ဆင်းပြီးနောက် အနားယူခြင်းက ကျွန်ုပ်တိုအတွက် နမူနာပင်ဖြစ်သည်။ ယေရှုသည်လည်း ဆင်ခြင်ရန်၊ ဆုတောင်းရန်နှင့်အနားယူရန် လူထုကြီးထံမှ တစ်နေရာသို ထွက်သွားပြီး အချိန်ယူသည်။ အနားယူချိန်မရှိဘဲ နာရီပေါင်းများစွာ လုပ်ဆောင်သော်လည်း ကျွန်ုပ် တို၏ထိရောက်မှုမှာ ကျဆင်းကြောင်း တွေ့ရမည် ဖြစ်သည်။ ကာယပိုင်း၊ စိတ်ပိုင်း၊ လူမှုရေး ပိုင်းနှင့် ဝိညာဉ်ရေးရာ ပြန်လည် လန်းဆန်းခြင်းတိုအတွက် ပုံမှန်အနားယူချိန် မရှိပါက ကျွန်ုပ်တို၏ဆွေးနွေးလမ်းညွှန်မှုသည် ထိရောက်မည်မဟုတ်ပါ။
ထိုသိုသော အနားယူခြင်းသည် ပြုစုစောင့်ရှောက်ခြင်းအပေါ်၌ အမြင်သစ် တစ်ခုကိုပေးသည်။ အခြားသူ တိုနှင့် ပူးပေါင်းရာတွင် ကျွန်ုပ်တိုကို စိုးမိုးနိုင်မည့် စိတ်သဘောထားများကို ရှင်းလင်းစေရန် ကူညီသည်။ တိုင်းပြည်ရပ်ခြားသို ရောက်သွားခြင်းအားဖြင့် ကျွန်ုပ်တို၏အချိန်အသုံးပြုပုံအပေါ် ပို၍ကောင်းသော အမြင်ကို လည်းကောင်း၊ ကျွန်ုပ်တို အကူအညီမလိုသောလူတိုအပေါ်တွင် ပို၍ကောင်းသော အမြင်တစ်ခုကိုလည်းကောင်း၊ ကျွန်ုပ်တို ဦးစားပေးသောအရာများ အပေါ်တွင် ပို၍ကောင်းသောအမြင်ကိုလည်းကောင်း တွေ့ ရှိကြသည်။ ထိုသိုသော အမြင်သည် ကျွန်ုပ်တိုအလုပ်၌ စိတ်အားကြီးခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်း၌ ငြီးငွေ့ဖွယ်ကောင်း သောအရာအချိုတိုကို အောင်မြင်ရန် ကူညီသည်။
နောက်ဆုံး ကျွန်ုပ်တိုသည် တာဝန်ခွဲဝေရန် လိုအပ်သည်။
အလုပ်ပြီးစီးနိုင်ရန် အလွယ်ဆုံးသောနည်းမှာ မိမိကိုယ်တိုင်လုပ်ကိုင်ခြင်း ဖြစ် သည်။ ဘုရားသခင်သည် ကျွန်ုပ်တိုနည်းအတိုင်း မလုပ်သည်ကို သိရှိခြင်းသည် စိတ်ဝင်စားဖွယ်ဖြစ်သည်။ ဘုရားသခင်သည် မစုံလင် သောလူတိုကို မိမိအကြံ အစည် ထမြောက်စေရန် အသုံးပြုသည်။ ယေရှု၌ အမှန်အားဖြင့် တပည့်မလိုပါ။ ဧဝံဂေလိလုပ်ငန်းကို အခြားနည်းဖြင့် ပြီးစီးစေနိုင်ပါသည်။ သိုသော်လည်း သူသည် တပည့်တော်တိုကို လေ့ကျင့်ပေးသည်။ တာဝန်များကိုပေးသည်။ ဘုရားသခင်၏ အစေကိုခံရာ၌ သူတိုသည် နားလည်ပြီး အားလုံးပါဝင်ကြစေရန်၊ အလုပ်ကို ပြည့်စုံစွာ ပြီးစီးစေရန်မစွန့်စားပါ။ သူတိုသည်လည်း အခြားသောသူတိုကို တဖန် တပည့်တော်ဖြစ်စေ၍ လေ့ကျင့်ပေးကြသည်။
ခရစ်ယာန်အားလုံးသည် အတိုင်ပင်ခံပုဂ္ဂိုလ်များ မဟုတ်ကြပါ။ သို့သော် ခရစ်ယာန်အားလုံးတို့မှာ ဝန်ချင်းတို့ကို ထမ်းရွက်ရန် အခေါ်ခံရသောသူများ ဖြစ်သည် (ဂလာ၆:၂)။ ကျွန်ုပ်တို့သည် အချင်းချင်းပြုစုရန် အသက်ရှင်ကြသည်။ အတိုင်ပင်ခံပုဂ္ဂိုလ်သည်လည်း ပြဿနာရှိသောလူတို့၏လိုအပ်မှုကို ခဏခဏ ကြည့်ပေး ရသည်။
ဆွေးနွေးလမ်းညွှန်ခြင်း၏နိဂုံး Conclusions about Counseling
ဓမ္မဟောင်းကျမ်းတွင် မောရှေကွယ်လွန်ပြီးနောက် ကတိတော်ပြည့်သို့ ဣသရေလလူတို့ကို ခေါ်ဆောင်သွားရန် ယောရှုသည် အခေါ်ခံရသည့်လူတစ် ယောက်ဖြစ်သည်။ ထိုတာဝန်သည် ကြီးလေးမည်ဖြစ်သည်။ ယောရှုသည် သူ၏ အရည်အချင်းကို ကြည့်ပြီး စိတ်မလုံဘဲဖြစ်နိုင်သည်။ ထိုကြောင့် ဘုရားသခင် သည် အောင်မြင်ရန်အတွက် အကြံအချို့ကိုပေးသည်။
“ထိုပညတ္တိကျမ်းစာ၌ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလိုငှါ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ ထိုသိုပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်”(ယောရှု၊၁း၈) ယောရှုအား ပြောပြသည့် အောင်မြင်ခြင်း၏လျှိဝှက်ချက်မှာ ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို ဆင်ခြင်စဉ်းစားရန်၊ ၎င်းနှင့်ရင်းနှီးကျွမ်းဝင်လာရန်နှင့် ဘုရားသခင်၏နှုတ်ထွက် စကားတော်ကို နာခံရန်စသည်တိုဖြစ်သည်။
ဓမ္မသစ်ကျမ်းတွင်လည်း ထိုကဲ့သိုသော တန်ခိုးနှင့်ပြည့်သည့် ညွှန်ကြား ချက်တစ်ခုရှိသည်။ ယေရှုသည် အထက်တန်းလွှာများနှင့် မင်းအာဏာရှိသောသူတို့အား ညွှန်ပြလျက် တပည့်တော်တို့အား “သင်တို့မူကား ထိုသို့မပြုကြနှင့်.. အကဲမှူး ပြုလိုသောသူက သင်တို့အစေခံဖြစ်စေ၊ သင်တို့တွင် အထွဋ်အမြတ်လုပ်လိုသော သူတို့သည် သင်တို့၏ကျွန်ဖြစ်စေ”ဟုပြောပြသည်(မဿဲ၊၂၀း၂၆-၂၇)။ ယေရှု၏ အမြင်၌ အောင်မြင်ခြင်း နှင့်ကြီးမြတ်ခြင်းတို့မှာ အစေခံလိုသောသူတို့ထံသို့လာ၏။ ကိုယ်တော်သည် သွန်သင်မှုပြီးသောအခါ၌ပင်လျှင် မျက်စိကန်းနှစ်ယောက်တို့သည် လာကြကာ ယေရိခေါလမ်းသို သွားနေစဉ် အနှောင့်အယှက်ပြုကြသည်။ ဤလူတို ၏အနာရောဂါ ပျောက်ကင်းသွားစေရန် ယေရှုသည် အလွန်အမင်း စိတ်တိုထိပြီး “သနားသောစိတ် ရှိသဖြင့်” သူတိုအား မျက်စိမြင်စေသည် (မဿဲ၊၂၀:၂၉-၃၄)။
ဘုရားသခင်၏နှုတ်ထွက်စကားတော်ကို ဖတ်ရှုခြင်းဖြင့် အစေခံကျွန်များ ဖြစ်ရန် ကြိုးစားခြင်းသည် အောင်မြင်သောအသက်တာအတွက် ပုံသေနည်းတစ်ခု ဖြစ်နိုင်ပါ သလား။ ခရစ်ယာန်ဖြစ်သော ကျွန်ုပ်တိုသည် စောင့်ရှောက်ပြုစုရမည် မပြုစုရမည်ကို ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ သင်သည် သင်းအုပ်ဆရာတစ်ပါးဖြစ်ပါက ဆွေး နွေးလမ်းညွှန်မှု ပေးမည်၊ မပေးမည်ကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် သင် မရှိပါ။ နာခံခြင်း၊ ချစ်ခြင်းနှင့် ပြုစု စောင့်ရှောက်ခြင်းမှာ ယေရှုခရစ်တော် တပည့်များ၌ ထူးခြားသောလက္ခဏာများဖြစ်သည်(ယော၊၁၃း၃၄-၃၅)။ ကျွန်ုပ်တို သည် နာခံသောအစေခံများဖြစ်ကြပါက အခြားသောသူတိုကို ကူညီမစကြရမည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ယုဒဘာသာ၏လုပ်ရပ်တစ်ခုဖြစ်သော ယဇ်ကို မပူဇော်ကြ တော့ပါ။ လက်ဝါးကပ် တိုင်ပေါ်၌ အသေခံသော ယေရှုခရစ်တော်သည် ကျွန်ုပ်တို အပြစ်အတွက် တစ်ကြိမ်တစ်ခါတည်း အဖိုးအခပေး ဆပ်သွားပြီးဖြစ်သည်။ ထိုကြောင့် အသွေးသွန်းလောင်းခြင်း မလိုတော့ပါ။
သို့သော်လည်း ယနေ့တွင် ဘုရားသခင် အလိုတော်ရှိသော ယဇ်အမျိုး အစားမှာ စကားနှင့်ချီးမွမ်းခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ကောင်းသောအကျင့်နှင့် ပေးကမ်းဝေမျှခြင်းအကျင့်စသည် တို့ဖြစ်သည် (ဟေဗြဲ၊၁၃း၁၅-၁၆)။ စောင့်ရှောက် ကြည့်ရှုခြင်းနှင့် ဆွေးနွေးလမ်းညွှန်ခြင်းတိုသည် အကြိမ်ကြိမ် အဆင်မပြေ မည်မှာ အမှန်ဖြစ်သော်လည်း အခြားသောသူတိုကို ခရစ်တော်၏ချစ်ခြင်းမေတ္တာကို ရရှိစေ ခြင်းမှာ တစ်ဦးတစ် ယောက်စီ၏ဆုလာဘ်နှင့် ခရစ်တော်ကို ဂုဏ်ပြုခြင်းဖြစ်သည်။
ဤအချက်သည် ထိရောက်သော ခရစ်ယာန်တရားအခြေပြု ဆွေးနွေး လမ်းညွှန်မှု၏အခြေခံတရား ဖြစ်သည်။