ခရစ်ယာန် ဓမ္မပညာ

မာတိကာ – အမှာစာ – နိဒါန်း

၁။ သမိုင်းကြောင်းဆိုင်ရာ အခြေခံအုတ်မြစ် (Historical Foundations

၂။ သမ္မာကျမ်းဆိုင်ရာ အခြေခံအုတ်မြစ် (Bibli

cal Foundations)

၃။ တွေးခေါ်မှုဆိုင်ရာ အခြေခံအုတ်မြစ် (Philosophical Foundations)

၄၊ လူမှုရေးဆိုင်ရာအခြေခံအုပ်မြစ် (Sociological Foundations)

၅။ စိတ်ပညာဆိုင်ရာ အခြေခံအုတ်မြစ် (Psychological Foundations)

၆။ ဓမ္မတွေးခေါ်မှုဆိုင်ရာ အခြေခံအုတ်မြစ် (Theological Foundations)

၇။ သင်ရိုးညွှန်းတမ်းဆိုင်ရာ အခြေခံအုတ်မြစ် (Curricular Foundations)

နိဂုံး

ကျမ်းကိုးစာရင်း

အမှာစာ

ရှေးဦးစွာဤခရစ်ယာန်ဓမ္မပညာ(Christian Education) သင်ရိုးညွှန်းတမ်း စာအုပ်ကို ထုတ်ဝေခွင့်ပေး သော ဘုရားသခင်၏ လမ်းပြပိုဆောင် ကောင်းချီး ပေးခြင်းအတွက် ကျေးဇူးတော်အပေါင်းကို ရေတွက်ချီး မွမ်းပါသည်။ ဤစာအုပ်သည် josoqp65 Kachin Theological College & Seminary, Nawng Nang – Myitkyina တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံနှစ်ခြင်းကျမ်းစာကျောင်းများ၏ ခရစ်ယာန် ဓမ္မပညာ အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသော ရလာဒ် စာအုပ်တစ်အုပ် ဖြစ်ပါသည်။ ခရစ်ယာန်ဓမ္မပညာကို လေ့လာနိုင်ရန် အင်္ဂလိပ် ဘာသာဖြင့် စာအုပ် များရှိသော်လည်း မြန်မာဘာသာဖြင့် ထုတ်ဝေသော စာအုပ်အနည်းငယ်သာ ရှိသည့်အတွက် ယခုစာအုပ်ကို မြန်မာဘာသာဖြင့် ထုတ်ဝေခြင်းဖြစ်ပါသည်။

သင်ကြားခြင်းအမှုတော်မြတ် (ခရစ်ယာန်ဓမ္မပညာ)မရှိလျှင် အသင်းတော် သည် ယင်း၏ဖြစ်တည်မှု ရပ်ဆိုင်းသွားလိမ့်မည်ဖြစ်သည်” (The Church will stop being a church without the teaching ministry, Christian Education.)

ခရစ်ယာန်ဓမ္မပညာ (Christian Education)သည် သမ္မာကျမ်းစာကို အခြေခံ၍ သင်ကြားသော ပညာရေးဖြစ်သည်။ သမ္မာကျမ်းစာကို အဓိကအခြေခံအဖြစ် သတ်မှတ်ခံယူ၍ စနစ်တကျ သင်ကြားခြင်း မရှိပါကလည်း မှန်ကန်သော ခရစ်ယာန်ဓမ္မပညာမဟုတ်ပါ။ ထိုနည်းတူ ခရစ်ယာန်ဓမ္မပညာသည် သခင် ခရစ်တော် ကိုယ်တိုင် လုပ်ဆောင်ခဲ့သော သင်ကြားခြင်းအမှုတော်မြတ် (Teaching Ministry)လည်း ဖြစ်ပါသည်။ လူတစ်ဦးချင်းစီ၏ တပည့်တော်စစ်ပီသစွာ စစ်မှန်သည့် ရင့်ကျက်မှုကို ရှေးရှုသော ဘက်စုံဖွံဖြိုးတိုးတက်မှု အတွက် သင်ကြားခြင်း(Teaching) ၊ ပံ့ပိုးခြင်း (Providing) ၊ ကရုပြုခြင်း (Care)၊ အားပေးခြင်း (Encourgement) နှင့် ထိရောက်သော သင်ယူမှု (Effective Learning) ကို ပြုလုပ် ပေးရမည်ဖြစ်သည်။ ခရစ်ယာန်(Christian)သည် ခရစ်တော်နည်းတူ(Christlike) အသက်ရှင်ခြင်းဖြင့် ရှင်သန်လျက် ဘဝကို တည်ဆောက်တတ်ရန်ဖြစ်သည်။

ထိုကြောင့် ခရစ်ယာန်ဓမ္မပညာသည် အသင်းတော်အတွက် အလွန်ပင် မလုပ်မ မရှိမဖြစ် အရေးကြီးသော အစီအစဉ်ကဏ္ဍလည်းဖြစ်သည်။ ထိုကြောင့်လည်း အသင်းတော်သည် ခရစ်ယာန်ဓမ္မ ပညာမရှိလျှင် အနာဂတ်မရှိနိုင်ပါဟုပင် ဖော်ပြ ခဲ့ကြပါသည်။ ခရစ်ယာန်ဓမ္မပညာ (Christian Education) စာအုပ်သည် ကျမ်းစာကျောင်းများနှင့် အသင်းတော်များအတွက် အားကိုးရသော စာအုပ်တစ်အုပ် ဖြစ်ကြောင်း ဖော်ပြလိုပါသည်။

ဤစာအုပ်၌ လိုအပ်သော အချက်အလက်များကို ပိုမိုပြည့်စုံစွာ ဖော်ပြ တင်ပြနိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးခဲ့ကြသော ခရစ်ယာန်ဓမ္မပညာ အလုပ်ရုံဆွေးနွေးပွဲသို တက်ရောက်ခဲ့ကြသည့် နှစ်ခြင်းကျမ်းစာကျောင်းအသီးသီးမှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများအား အထူးပင် လှိက်လှဲစွာ ကျေးဇူးတင် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ဤစာအုပ်ထွက်ရှိနိုင်ဖိုရန် မိမိတို၏ ဝိညာဉ် ဆုကျေးဇူးပါရမီ ဉာဏခွန်အား၊ အတတ်ပညာ၊ အချိန်နာရီများကို အကောင်းဆုံး ပေးဆပ် ဆက်ကပ်လျက် ရေးသားပြုစု ပေးကြသော ဒေါက်တာစန်းစန်းအောင် (မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်)၊ သိက္ခာတော်ရ ဆရာဦးလင်းစိန် (ကြည့်မြင်တိုင်နှစ်ခြင်းအသင်းတော်)၊ ဆရာမနော်ပက်ထရစ်ရှာ (မြန်မာနိုင်ငံ ခရစ်ယာန် ဓမ္မတက္ကသိုလ်) ဆရာမနော်အယ်ကပေါ်စေး (ကရင်နှစ်ခြင်းဓမ္မတက္ကသိုလ်)၊ ဆရာမနော်ရူဘီဝါး (ရန်ကုန်ကရင် နှစ်ခြင်းကျမ်းစာကျောင်း) တိုကို အထူးပင် ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။

ဤစာအုပ်သည် ခရစ်ယာန်ဓမ္မပညာဘာသာရပ်ကို လေ့လာဆည်းပူး နေသော မြန်မာနိုင်ငံနှစ်ခြင်း ကျမ်းစာ ကျောင်း(၅၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအတွက် အထောက်အကူပြုသည့် စာအုပ် ဖြစ်သည်သာမက အသင်းတော်များနှင့် ခရစ်ယာန် သာသနာ့အဖွဲအစည်းများရှိ ခရစ်ယာန်ဓမ္မပညာ လပ်ငန်းကို ဦးဆောင်မှုပြုနေသောခေါင်းဆောင်များ၊ ဆရာ၊ ဆရာမများအတွက် မရှိမဖြစ် လေ့လာသင့်သော စာအုပ်ကောင်း ဖြစ်မည်ဟု ယုံကြည် လျက် ဤအမှာစာကို နိဂုံးချုပ်အပ်ပါသည်။

သီဩလော်ဂျီပညာဌာန

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်

နိဒါန်း

လျှင်မြန်စွာ တိုးတက်ပြောင်းလဲနေသော ခေတ်အခါတွင် ခရစ်ယာန် ဓမ္မပညာကို သင်ယူလေ့လာရာတွင် ခေတ်နှင့်လျော်ညီစွာ ဘက်ပေါင်းစုံမှ ရှုမြင် သုံးသပ်ရန် လိုအပ်သည်။ ဓမ္မပညာသင်ခန်းစာများကို ပြင်ဆင်ရာ၌ ရှုထောင့် အမျိုးမျိုးမှ သုံးသပ်ပြီး အတွေးအခေါ် ထင်မြင်ချက်နှင့် လက်တွေ့အသက်ရှင်မှု ရောက်သည်အထိ ထိမိအောင် ချိတ်ဆက်ပေးရမည်ဖြစ်သည်။

အဓိကအရင်းအမြစ်ဖြစ်သော သမ္မာကျမ်းစာသည် ဓမ္မပညာပိုချသူ၊ သင်ယူသူနှင့် ပညာရေးဆိုင်ရာ အဆင့်ဆင့်ပြောင်းလဲမှုအတွက် အရေးပါလှသဖြင့် သမ္မာကျမ်းစာဆိုင်ရာ အခြေခံအုတ်မြစ်(Biblical Foundations)နှင့် ဓမ္မအတွေး အခေါ်ဆိုင်ရာ အခြေခံအုတ်မြစ်(Theological Foundations)များကို ဖော်ထုတ် လေ့လာခြင်းဖြင့် ယဉ်ကျေးမှုများ ပေါင်းစပ်ပါဝင်သည့် ကမ္ဘာလုံးဆိုင်ရာ သက်ဆိုင်မှု (trancultural universals)ကို အတည်ပြုနိုင်သည်။ ထိုသက်ဆိုင်မှုဖြင့် အားလုံးသော အတွေးအမြင်၊ အယူအဆနှင့် ကြိုးစားအားထုတ်မှုကို ထိန်းကြောင်းနိုင်မည်။

တွေးခေါ်မှုဆိုင်ရာ အခြေခံအုတ်မြစ်  (Philosophical Foundations)os လေ့လာဆင်ခြင်ခြင်းသည်လည်း ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအားလုံးနှင့် သက်ဆိုင်မှုကို ခွဲခြမ်းစိတ်ဖြာရန် ကူညီပေးပါသည်။ ထို့ပြင် သမိုင်း ကြောင်းဆိုင်ရာ အခြေခံအုတ်မြစ်(Historical Foundations)နှင့် လူမှုရေးဆိုင်ရာ အခြေခံအုတ်မြစ် (Sociological Foundations)များဖြင့် သမိုင်းကြောင်းဆိုင်ရာနှင့် လူမှုရေးသိပ္ပံဆိုင်ရာ စည်းမျဉ်းများကို တွေ့ရှိပြီး ထိုစည်းမျဉ်း အားဖြင့် ယဉ်ကျေးမှုဆိုင်ရာ ပြောင်းလဲ စေနိုင်သောအရာများကို စူးစမ်းစစ်ဆေးမှုသည်လည်း ပညာသင်ကြားမှု ဖြစ်စဉ်၌ ဒုတိယအဆင့်တွင် ပါဝင်နေပါသည်။ ထိုစစ်ဆေးမှုသည် ပိုချသူများအား ရေခံမြေခံ ကျသော အမြင်ကို ပေးမည်ဖြစ်သည်။ ထိုသိုဖြင့် ယဉ်ကျေးမှုများ ပေါင်းစပ်ပါဝင်သော ဘုရားသခင်၏ ဖွင့်ပြမှုကို တပည့်များအား ပေးဝေနိုင်မည်ဖြစ်သည်။

တတိယအဆင့်မှာ ပညာရေးဆိုင်ရာ ဗဟုသုတနှင့်အတွေ့အကြုံများ ပါဝင်သည့် သင်ရိုးညွှန်းတမ်း (Curricular Concerns) အပေါ် သုံးသပ်ခြင်းဖြစ်သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကာလမှစ၍ အသင်းတော် သမိုင်းတစ်လျှောက်မှသည် ယခုလက်ရှိအချိန်ထိ လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့သော ခရစ်ယာန်အမွေအနှစ် တန်ဘိုးများနှင့် အတွေ့အကြုံများ၊ သင်ကြားပေးမည့် ဆရာ၊ ဆရာမများ၏ ဆက်ကပ်မှုနှင့် ကျွမ်းကျင်မှုများ သည်လည်း အရေးပါလှသည်။ ထိုပြင် မိမိ သင်ကြားပေးမည့်သူ (သင်ကြားခံယူမည့်တပည့်များ)၏ ပုဂ္ဂိုလ်ရေးရာ အခြေအနေကို ပိုချမည့် ဆရာ၊ ဆရာမများ နားလည်လက်ခံရေးသည်လည်း သင်ကြားမှု ဖြစ်စဉ်တွင် များစွာအထောက်အပံ့ဖြစ်စေသည်။ လူသားများ၏ ဖွံဖြိုးမှုဆိုင်ရာ သီအိုရီများကို ဖွင့်ပြသော စိတ်ပညာဆိုင်ရာ အခြေခံအုတ်မြစ် (Psychological Foundations) သည်လည်း တပည့်များအခြေအနေကို သိရှိလေ့လာဆန်းစစ်နိုင်ရန် ကလေးပြုစုစောင့်ရှောက်သူများ၊ လူငယ်များကို ကိုင်တွယ်သော မိဘ၊ ဆရာများ၊ တပည့်များကို သင်ကြားပို့ချပေးသော ဆရာ၊ ဆရာမများအတွက် များစွာ ထောက်ကူပံ့ပိုးပေးပါသည်။

 

သမိုင်းကြောင်းဆိုင်ရာ အခြေခံအုတ်မြစ်

(Historical Foundations)

ပညာရေးနှင့်ဆိုင်သည့် သမိုင်းကို လေ့လာခြင်းအားဖြင့် လက်ရှိနှင့် အနာဂတ်တွင် တွေ့ကြုံရင်ဆိုင် ရမည့် အခက်အခဲ ပြဿနာများကို အလွယ်တကူ လျှင်မြန်စွာ ဖြေရှင်းသွားနိုင်မည်မဟုတ်ပါ။ ပညာရေး နယ်ပယ်တွင် ယခင်က တွေ့ကြုံရင်ဆိုင်ခဲ့ရသည့် အကြပ်အတည်း အခက်အခဲ၊ ပြဿနာများကြောင့် သမိုင်းမှ ကောင်းမွေ ဆိုးမွေများကို ကျွန်ုပ်တို ယခုလက်ခံရရှိကြရသည်။ သိုသော် အနာဂတ်အတွက် ကောင်းသည့် အရာများကို နောက်လူများအား လက်ဆင့်ကမ်း ပေးပြီး မကောင်းသည့်အရာများကိုတော့ ကောင်းအောင် ပြုပြင်နိုင်သမျှ ပြုပြင် ပြောင်းလဲပစ်ရမည်ဖြစ်သည်။ အထူးသဖြင့် လူတိုအနေဖြင့် ပညာရေးအပေါ် ထားသည့် စိတ်သဘောထားများ၊ တန်ဖိုးထားမှုများ၊ မှန်ကန်မှုများ၊ ပညာရေး ဆိုင်ရာ လူမှုအဆောက်အအုံများ တိုးတက်မြင့်မားလာအောင် စည်းမျဉ်းစည်းကမ်း များ ရေးဆွဲအတည်ပြုနိုင်ခြင်းအပြင် ခေတ်နှင့်လျော်သည့် သင်ကြားမှုဆိုင်ရာ နည်းစနစ်များလည်း တိုးတက်ပြောင်းလဲဘိုရန် လိုအပ်လာသည်။

ခရစ်ယာန်ဓမ္မပညာ၏နောက်ခံသမိုင်းကြောင်းကိုနားလည်ရန် အထူးသဖြင့် မူရင်းဖြစ်သော ယုဒလူမျိုး တို့၏ ပညာရေးကို သိရှိဘိုရန် လိုအပ်သည်။ ယုဒလူမျိုး တို၏ ထာဝရဘုရားသခင်နှင့် ပဋိညာဉ်ပြုထားသည့် ပညတ်တော်(၁၀)ပါး အပေါ်တွင် သစ္စာရှိရန်ဖြစ်သည်။ မိမိတိုကိုယ်တိုင်သာမက ဘိုးဘေးအစဉ်အဆက် ထာဝရဘုရား၏ ပညတ်တော်များကို ကျင့်သုံးကြဖိုဖြစ်သည်။ ယုဒလူမျိုးတိုသည် မိမိတိုကိုယ်မိမိတို့ ဘုရားရွေး ကောက်ခြင်းခံရသော လူမျိုးအဖြစ် ယုံကြည်ကြသည့် အလျောက် ဘုရားသခင်၏ သွန်သင်လမ်းပြမှုကို ခံယူထိုက်သူများ ဖြစ်သလို သူတစ်ပါးတိုအား ပြန်လည်သင်ကြားပေးနိုင်သူများအဖြစ် ခံယူခဲ့ကြသည်။

ယုဒလူမျိုးများအနေဖြင့် ဗာဗုလုန်နိုင်ငံတွင် ကျွန်သုံ့ပန်းများအပြင် ခေါ်ဆောင်ခြင်းမခံရခင် ထာဝရ ဘုရားနှင့် ပဋိညာဉ်ပြုထားသည့် ဟေဗြဲလူမျိုးဟူ၍ ခေါ်ဆိုခြင်းခံရသော်လည်း၊ ဗာဗုလုန်နိုင်ငံမှ ပြန်လည် လွတ်မြောက်လာသည့်အခါ မိမိတိုကိုယ်မိမိတို ဂျူးလူမျိုးများအဖြစ် အမည်ပြောင်းခံယူခဲ့ကြသည်။

 

၁။ ဓမ္မဟောင်းကာလပညာရေး (Education for Old Testament Period)

အာဗြဟံနှင့် မိမိ၏ လူမျိုးစုသည် ရေကြည်ရာမြက်နုရာ ရှာဖွေစားသောက် သူများဖြစ်ကြသဖြင့် အတည်တကျ စာသင်ကျောင်းများ တည်ဆောက် ပြီး စာမသင်ကြားနိုင်ချေ။ ဘဝ၏ အသက်ရှင် ရပ်တည်မှု နှင့်ဆိုင်သည့် ပညာရပ် အသီးသီးကို သင်ကြားပြသပေးခဲ့ကြသည်။ အိမ်တွင်းမှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သားကောင်ဖမ်းသည့်မုဆိုး စသည့် လုပ်ငန်းရပ်များကို နေ့စဉ်လုပ်ကိုင် မှုများမှတစ်ဆင့် စံနမူနာပြပြီး သင်ကြားပေးခဲ့ကြသည်။ မိဘများအနေဖြင့် မိမိတို၏ အိမ်ထောင်မိသားစုများအတွက် တာဝန်ကျေပွန်စွာ လုပ်ဆောင်နေမှုများကို သားသမီးများ နေ့စဉ်မြင်တွေ့၊ ကြားနာခြင်းအားဖြင့် လေ့လာ မှတ်သား သင်ကြား ခံယူခဲ့ကြရသည်။ ထိုအပြင် ဘာသာရေးဆိုင်ရာ ဝတ်များဖြစ်သည့် ယဇ်ပူဇော်ခြင်း၊ အရေဖျားလှီးခြင်း စသည့် ထုံးတမ်းဓလေ့များကို ပြုလုပ်ကျင်းပခြင်းဖြင့် သားသမီး၊ မြေးမြစ်တိုအား သင်ကြားပြသပေးခဲ့ကြသည်။

ဖခင်များ ကြီးစိုးသည့်ခေတ် နောက်ပိုင်းတွင်၊ ယုဒလူမျိုးများအနေဖြင့် မောရှေအားဖြင့် ထာဝရဘုရား ပေးထားသည့် ပညတ်တော်(၁၀)ပါးကို တစ်ဦးချင်း အနေဖြင့်လည်းကောင်း၊ လူ့အဖွဲအစည်း တစ်ရပ်လုံး အသက်ရှင်ရပ်တည်ရေး အတွက်လည်းကောင်း၊ ဥပဒေသတစ်ရပ်အနေဖြင့် သတ်မှတ်ပြီး သင်ကြားပေး ခဲ့ကြသည်။ အိမ်ထောင်များတွင် ဖခင်များမှ ဦးဆောင်၍ ထိုဥပဒေသများကို သားမြေးအစဉ်အဆက် လက်ဆင့်ကမ်း သင်ကြားပြသပေးခဲ့ကြသဖြင့် ယုဒ လူမျိုးတို၏ ပညာသင်ကြားရေးလုပ်ငန်းသည် မိမိတို အိမ်ထောင်များမှ စတင်ပေါ်ပေါက် လာခဲ့ခြင်းဖြစ်သည်။

ရှီမာသည် ယုဒလူမျိုးများနှင့် ဂျူးလူမျိုးများအတွက် ထာဝရဘုရားနှင့် ဆိုင်သည့် အခြေခံယုံကြည် ချက်ဖြစ်သကဲ့သို၊ လူတိုနှင့်ဆိုင်သည့် ပညာသင်ကြား တွင်လည်း အရေးပါသည့်အချက်ဖြစ်သည်။ ရှိမာ(Shema) တွင် ထာဝရဘုရား ၊ သည် တစ်ဆူတည်းသောဘုရားဖြစ်ခြင်း၊ ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်း သတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှနှင့် ချစ်ခြင်းတိုကိုဖော်ပြထားသလို ထိုစကားကို နှလုံးသွင်းခြင်းဖိုရန် သားသမီးတိုအား ကြိုးစား၍သင်ရမည်။ အိမ်၌ထိုင်သည် ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ဖြစ်စေ ထိုစကားကိုပြောရမည်။ ထိုစကားကို သင်၏လက္ခဏာသက်ဖြစ်ဘို မျက်စိကြားမှာ သင်းကျစ်ကဲ့သို ချည်ရမည်။ အိမ်တံခါး၊ မြိုတံခါးမှာလည်း ရေးထားရမည် ဟုဖော်ပြထားသည် (တရား ၆း၄-၉)။ ။

မိခင်များအနေဖြင့် အိမ်မှုကိစ္စအ၀၀ကို တာဝန်ကျပွန်စွာ လုပ်ဆောင် ပေးမှုကို သားသမီးများက အတုယူ သင်ယူနိုင်သည်။ အိမ်တွင်း၌ နေထိုင်၊ စားသောက်မှုအပြင် အိမ်သူအိမ်သားအချင်းချင်း ပြောဆို၊ ဆက်ဆံမှု ဆိုင်ရာ စည်းစနစ်ရှိမှု၊ ကန့်သတ်ချက်ရှိမှု၊ လွတ်လပ်မှု စသည်တိုကို အပြန်အလှန်လေ့လာသင်ယူနေကြရသည်။ မိခင်ကလည်း သားသမီးများကို ညအိပ်ရာဝင် ပုံပြင်များအဖြစ် ရှေးလူမျိုးစု သူရဲကောင်းကြီးများအကြောင်းနှင့် ထာဝရဘုရားသခင် ပါဝင်လှုပ်ရှားခဲ့မှုကြောင့် ယုဒလူမျိုးတို၏ သမိုင်းကြောင်း တည်တံ့ခိုင်မြဲနေရသည့် အကြောင်းများကို ပြောပြခြင်းအားဖြင့် သွန်သင်ခဲ့သည်။

ယုဒလူမျိုး ဖခင်များ၏ အိမ်ထောင်မိသားစုကြီးတစ်ခုလုံးအတွက် ဦးစီး ဦးဆောင်ပြုလုပ်ပုံ၊ အိမ်ထောင် တိုးတက်ကြီးပွားရေးအတွက် နည်းလမ်းကောင်းများ ရှာဖွေလုပ်ဆောင်မှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပုံ နည်းလမ်းများကို သားသမီးများအနေဖြင့် ကိုယ်တွေ့ သင်ယူခွင့်ရရှိခဲ့ကြသည်။ မိသားစုများအ နေဖြင့် မောရှေ့မှတစ်ဆင့် ဘုရားသခင် ပေးထားသည့် ပညတ်ချက် များကို အာဂုံဆောင်ပြီး နှုတ်တိုက်ရွတ်ဆိုမှု များကို ပြုလုပ်ကြရသည်။ ကလေး၊ လူငယ်များအနေဖြင့် ထိုကဲ့သိုသော ပညတ်ချက်၊ ဥပဒေသများကို တစ်လုံးမကျန် ထပ်တလဲလဲ ရွတ်ဆိုခြင်းအားဖြင့် တဖြည်းဖြည်း တွေးတောဆင်ခြင်တတ်လာပြီး အသိဉာဏ် ရင့်သန်လာမည်ဟုခံယူခဲ့ကြသည်။ ယုဒလူမျိုးတို၏ ပညာရေးမှာ ဘာသာရေးဆိုင်ရာ ပညာရပ်များအပြင် လက်မှုဆိုင်ရာလုပ်ငန်းများနှင့် ကုန်ရောင်း ကုန်ဝယ်ဆိုင်ရာ ပညာရပ်များလည်းပါဝင်သည်။

ယုဒလူမျိုးတို့၏ မိသားစုအတွင်း သွန်သင်မှုများတွင် သားသမီးများအား တင်းကြပ်စွာဆုံးမခြင်း၊ မိဘစကားကို တစ်သဝေမတိမ်း လိုက်နာရန် သွန်သင်ခြင်း များပါရှိခဲ့သည်။ ထာဝရဘုရား ပေးသနားသော တိုင်းပြည်မှာ အသက်ရှည်စွာ နေနိုင်ရေးအတွက် မိဘကို ရိုသေစွာပြုရမည်ဟု ပြင်းထန်စွာ ဆုံးမခဲ့သည် (ထွက် ၂၀း၁၂ )။ သားသမီးများအနေဖြင့် အဘ၏ ပညတ်စကားကို နားထောင်ပြီး၊ အမိ၏တရားကိုလည်း မပယ်ဘို နှလုံးသားမှာ အမြဲချည်ထားပြီး၊ လည်ပင်းမှာလည်း ဆွဲထားရမည်ဟု ခိုင်မာသည့်ဥပမာပေးပြီး သွန်သင်ခဲ့သည် (သုတ္တံ ၆း၂၀)။

 

(၁) ယဇ်ပုရောဟိတ်နှင့် ပရောဖက်များ (Priests and Prophets)

ဘုရားသခင်၏ ပညတ်တရားများကို သင်ကြားခြင်းနှင့် ကြီးကြပ်မှုပြုနိုင်ရန် ယဇ်ပုရောဟိတ်များကို အသုံးပြုခဲ့သည်။ လူတို့ အမူအကျင့်များ ပြောင်းလဲစေရန်နှင့် မှန်ကန်သော စိတ်သဘောထားများ တိုးတက် ယဇ်ပုရောဟိတ်များက နှိုးဆော်ပေးသည်။ ယဇ်ပုရောဟိတ်များသည် ဘုရားသခင်နှင့် လူတို့အကြား ဖျန်ဖြေပေးသူများဖြစ်သည်။ ဘုရားသခင်ထံ လူတို့၏ ယဇ်များကို ပူဇော်ကြပြီး ဘုရားသခင်၏ ညွှန်ကြားချက်များကို လူတို့ထံသို့ ယူဆောင်ပေးခဲ့ကြသည်။

ယဇ်ပုရောဟိတ်တို၏ တာဝန်တစ်ခုမှာ လူတို့အား အခမ်းအနား ရာတွင် သန့်ရှင်းခြင်း၊ ကိုယ်ကာယ ကျန်းမာရေး၊ တစ်ကိုယ် ရေးတိုတွင် အဆင့်မြင့်စွာ သန့်ရှင်းမှုရှိရန် ကြပ်မတ်ထိန်းသိမ်းပေးသော ဖြစ်သည်။ ကတိသစ္စာပြုခြင်းတို့တွင်လည်း ယဇ်ပုရောဟိတ်တို့ ကြီးကြပ်ကြရပြီး ရပ်ရွာ အရာရှိများအား ကိုယ်ကျင့်တရား ဆိုင်ရာ အမှုကိစ္စများ ဆုံးဖြတ်ခြင်းတွင် အကူအညီ ပေးရသည်။

ပရောဖက်များသည် ဘုရားသခင်၏ စေတမန်အမှန်ဖြစ်ခဲ့သော် သူတို့ အဓိကလုပ်ရမည်မှာ နောင်ဖြစ်လာမည့် အဖြစ်အပျက်များကို ကြိုတင်ဟောပြောရန် သာမဟုတ်ဘဲ၊ လူတို့နောင်တရရန်နှင့် နာခံမှုရှိရန်ကိုလည်း ဦးဆောင်မှုပြုသည်။ မှားယွင်းသော ဘာသာရေးဆိုင်ရာ အလေ့အကျင့်များကို သူတို ကြိမ်ဖန်များစွာ ဆန့်ကျင်ကြသည်။

လူတို့အား ဘုရားသခင်၏ ပညတ်တရားများကို သင်ကြားပေးရန် ဓမ္မဟောင်းခေတ်က မိမိတို၏ ဘာသာရေးခေါင်းဆောင်များနှင့် အရပ်ဘက်ဆိုင်ရာ ခေါင်းဆောင်များတွင် အဓိကတာဝန်ရှိသည်။ ပရောဖက်များက ဘုရားသခင်၏ နာမတော်၌ သင်ကြားပေးကြကာ ဘုရားသခင်၏ သတင်းစကားကိုလည်း ယူဆောင်ခဲ့ကြသည်။

 

(၂) သင်ကြားပေးရာနေရာများနှင့် ဘာသာရပ်များ (Places and Subjects for Teaching)

မည်သည့်ဒေသ၌မဆို တရားဇရပ်တွင် ယုဒလူများနှင့်ပြည့်နေပြီး ထိုဌာန၊ တွင် ဆုတောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ သင်ကြားခြင်းနှင့် အုပ်ချုပ်နိုင်သည့် ဗဟိုဌာနဖြစ်သည်။ မိမိတိုနှင့်စပ်ဆိုင်ရာ အရပ်ဒေသအတွင်း ယုဒလူများ စုဝေးရာနေရာဖြစ်ကာ တစ်ဦးနှင့်တစ်ဦး မိတ်သဟာယဖွဲကြပြီး၊ ရပ်ရေးရွာရေးအမှုကိစ္စများ ကို စုဝေးတိုင်ပင် ဆွေးနွေးရာနေရာလည်းဖြစ်သည်။ ထိုလူစုလူဝေးသာမက အဆောက်အဦးကိုလည်း ယုဒတရားရပ်ဟု ခေါ်ဆိုနိုင်သည်။ ယုဒတရားဇရပ် အတွင်း ယဇ်ပလ္လင်မရှိ၊ ထိုနေရာ၌ ယဇ်ပူဇော်ခြင်း မပြုလုပ်ရပါ။ ယုဒတရား စပ်မှ ခေါင်းဆောင်များသည် ယုဒလူစုအတွင်း အသိအမှတ်ပြုသည့် ခေါင်းဆောင် များဖြစ်ကြပြီး၊ အကြီးအကဲများဟုလည်း လူအများသိကြသည်။ သူတိုသည် မှားယွင်းသူများအား ပြစ်ဒဏ်ပေးခြင်း၊ ဖမ်းဆီးခြင်း၊ ကြိမ်ဒဏ်ပေးခြင်း (သိုမဟုတ်) ယုဒတရားဇရပ်၏ အစုအဝေးမှ နှင်ထုတ်နိုင်သော အမိန့်အာဏာရှိကြသည်။

ယုဒကလေးအရွယ်သည် အသက်ခြောက်နှစ်ပြည့်သောအခါ စာသင် ကျောင်းသို့ စတင်သွားသည်။ စာဖတ်တတ်သောအခါ စာလိပ်များတွင် ပါရှိသည့် ကျမ်းချက်များကိုအလွတ်ကျက်မှတ်ရလေသည်။ ထိုကျမ်းချက်များမှာ

၁)         ရှီမာ (Shema) ဟုခေါ်သော တရားဟောရာကျမ်း ၆း၄-၉၊ ၁၁း၁၃-၂၁။ တောလည်ရာကျမ်း ၁၅း၃၇ မှ ၄၁)တို့ ဖြစ်သည်။ ရှီမာဟူသော ဟေဗြဲစကားမှာ နားထောင်လော့ ဟူသော အဓိပ္ပါယ်ရှိသည်။ အိုဣသရေလ အမျိုး နားထောင်လော့၊ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တစ်ဆူ တည်းသော ထာဝရဘုရားဖြစ်၏ ဟူသော (တရားဟောရာကျမ်း ၆း၄) ကျမ်းချက်မှ ရရှိလေသည်။ ဤကျမ်းချက် သည်ယုဒလူမျိုးများ၏ ယုံကြည်ချက် ဟုဆိုရပေမည်။ အကြောင်းမှာ ဗိမာန်တော်များ၌ ဝတ်ပြုကိုး ကွယ်ကြသောအခါ ဤကျမ်းချက်ဖြင့် အစပြုကြသည်။

၂)          ဟယ်လယ်(Hallel)သည် (ဆာလံကျမ်း ၁၁၃ မှ ၁၁၈)အထိ ဖြစ်သည်။ အဓိပ္ပါယ်မှာ ထာဝရဘုရားကို ချီးမွမ်းကြလော့ ဟူ၍ဖြစ်သည်။ ဆာလံကျမ်း များသည် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းသော သီချင်းများဖြစ်သည်။ ယုဒလူမျိုးများသည်ဆာလံသီချင်းများကို နှစ်သက်မြတ်နိုးစွာသီဆိုကြ သည်။ အထူးသဖြင့်ပဿခါပွဲတော်အချိန်၌သီဆိုတတ်ကြသည်။

၃)         ဤကမ္ဘာကြီးကို ဘုရားသခင် ဖန်ဆင်းတော်မူခြင်းအကြောင်း (ကမ္ဘာဦးကျမ်း ၊ ၁ မှ ၅)အထိ

၄)         ယုဒလူမျိုးများ၏ တရားဥပဒေ (ဝတ်ပြုရာကျမ်း ၁ မှ ၈ အထိ) တို့ဖြစ်သည်။

ယုဒလူမျိုးတို့၏ အသက်တစ်ဆယ့်နှစ်နှစ် (သိုမဟုတ်) တစ်ဆယ့်သုံးနှစ် ခန့်တွင် တရားဓမ္မ သတ်ဟုခေါ်သည့် အရွယ်သို့ ရောက်ရှိလေသည်။ ထိုအရွယ်သို ရောက်ရှိသောသူသည် တရားဥပဒေများကို ကိုယ်တိုင်စောင့်ထိန်းရန် တာဝန်ရှိ လာသည်။ တရားဥပဒေနှင့်စပ်လျဉ်း၍ သားအတွက် ဖခင်၌ တာဝန်မရှိ တော့ချေ။ အသက်တစ်ဆယ့်နှစ်နှစ် (သိုမဟုတ်) တစ်ဆယ့်သုံးနှစ်ပြည့် မွေးနေ့နှင့် အနီးဆုံး ဥပုသ်နေ့တွင် ဖခင်ဖြစ်သူက ထိုသူငယ်အား ဗိမာန်တော်သို ခေါ်ဆောင်သွား ရသည်။ ထိုနေ့အတွက် ကျမ်းချက်များမှ ကျမ်းတစ်ပုဒ်ကို ဖတ်စေသည်။ ထိုနောက် သူ၏ ပညာစွမ်းရည်ကို စစ်ဆေးသည့် မေးခွန်းများကို ဖြေဆိုရသည်။ ကျေနပ် ဖွယ်ရာ ဖြေဆိုနိုင်လျှင် ထိုအချိန်မှစ၍ သူသည် ကလေးသူငယ်မဟုတ်တော့ဘဲ လူလားမြောက်ပြီဟု အသိအမှတ်ပြုခြင်းခံရသည်။

 

၂။ သခင်ယေရှုနှင့် ဓမ္မပညာ (Jesus and Religious Education)

(၁) ဆရာတစ်ဆူဖြစ်သော ယေရှု (Jesus as a Teacher)

နာဇရက်မြို့သား ယေရှုသည် ခရစ်ယာန်သာသနာအတွက် အဓိက ကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ခရစ်ယာန်တိုက ယေရှုကို အရှင်သခင်၊ ဘုရား၊ လူသား၊ ခရစ်တော်(မေရှိယ)၊ အပြစ်မှရွေးနှုတ်ကယ် တင်သူအဖြစ် ယုံကြည် ကြသည်။ သခင်ယေရှု၏ မွေးဖွားခြင်း၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ပွဲနေ့များကိုလည်း ကျင်းပကြသည်။ တနည်းအားဖြင့် ခရစ်ယာန်များသည် ယေရှုခရစ်တော်ကို ဆရာတစ်ဆူ အနေဖြင့်လည်း သတ်မှတ်ခဲ့ကြသည်။ သူ၏ သင်ကြားခြင်းများနှင့် သင်ကြားနည်းများသည် ခရစ်ယာန်တို၏ ယုံကြည်ခြင်းနှင့် ပညာရရှိမှုအတွက် အရေးကြီးသည့် အရာတစ်ခုဖြစ်သည်။

ရောဘတ်အိတ်စတင်း (Robert H. Stein) ဆိုသူက ဧဝံဂေလိကျမ်း လေးကျမ်းတွင် ယေရှုကို မည်သည့် ခေါင်းစဉ်အနေဖြင့် သတ်မှတ်သည်မဆို ဆရာဟူသည့် ဝေါဟာရကို မကြာခဏ အသုံးပြုတတ်ကြသည်။ ဆရာဟူသည့် အသုံးအနှုန်းကို (၄၅) ကြိမ်တိုင်တိုင် အသုံးပြုပြီး ရဗ္ဗိအသုံးအနှုန်းကို (၁၄)ကြိမ်၊ တိုင်တိုင် အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်။

 

(၂) သခင်ယေရှု၏ ပညာရေး(Education of Jesus )

တချို့လူတို့က သခင်ယေရှုသည် ဘုရားဇာတိရှိသဖြင့် ဆရာတစ်ဦးကဲ့သို ပြည့်စုံနေပြီဟု ယုံကြည် ကြသည်။ မိမိသင်ကြားပေးနေသည့် အကြောင်းအရာများကိုမည်သည့်နေရာမှာ သွားရောက် သင်ယူခဲ့သနည်းဟု မေးခွန်းများ ပေးခဲ့ကြသည်။ ယေရှုသည် ဘုရားတရား ကြည်ညိုသော ယုဒအိမ်ထောင်မှ မွေးဖွားလာသဖြင့် ယုဒလူမျိုးတို၏ ထုံးတမ်းဓလေ့များ၊ ဘာသာရေးနှင့်ဆိုင်သော ပွဲများမှ အနှစ်သာရ များကို မိမိအိမ်နှင့် ဗိမာန် တော်မှ သင်ယူရရှိခဲ့သည်။ ယေရှုကို အရေဖျားလှီးခြင်းနှင့် ကင်ပွန်းတပ်ခြင်း ဝတ်ကိုပြုလုပ်ပြီး မိဘတို့က သန့်ရှင်းခြင်းငှာ ယေရှုကလေးကို ဗိမာန်တော်တွင် သွားရောက်ဆက်ကပ်ခဲ့သည် (လုကာ ၂း၂၁-၃၉) ယေရှု (၁၂)နှစ်အရွယ် ရောက်သည့်အခါ ယေရုရှလင်မြိုတွင် ကျင်းပသော ပသခါပွဲတော် ကို မိဘများနှင့်အတူ သွားရောက်ခဲ့သည်။ ဗိမာန်တော်၌လည်း ဆရာများအလယ်မှာ ထိုင်ပြီး ဆွေးနွေးမေးမြန်းခြင်းကို ပြုလုပ်ခဲ့သေးသည်။

ယေရှုသည် တရားဇရပ်တွင် သင်ကြားပေးသည့် ဓမ္မပညာရပ်များကို ကလေးဘဝကတည်းက စတင်သင်ကြား ခံယူခဲ့ပြီးဖြစ်သည်။ အိမ်နှင့် တရားဇရပ် တိုမှ အရေးနှင့်အဖတ်အပြင် မောရှေအကြောင်း၊ ပရောဖက်များ၊ အခြား ယုဒခေါင်းဆောင်ကြီးများအကြောင်း ယုဒလူမျိုးတို၏ ကဗျာများနှင့် ဆုံးမစကား များကိုလည်း လေ့လာခဲ့ရသည်။ ဖခင်ဖြစ်သူ ယောသပ်က ဆွေစဉ်မျိုးဆက် လုပ်ကိုင်ခဲ့သည့် လက်သမားအ လုပ်ကို အမွေဆက်ခံနိုင်ရန် သင်ကြားပြသ ပေးခဲ့သည်။

 

(၃) သခင်ယေရှု၏ သင်ကြားခြင်း (Teaching of Jesus)

သခင်ယေရှုသည် ဆရာတစ်ဦးကဲ့သို လူအများအား သွန်သင်လမ်းပြခြင်း၊ ကိုယ်တိုင်စံနမူနာပြခြင်း၊ အခြားသော ဆရာကြီးများဖြစ်ကြသည့် ဖာရိရှဲများ၊ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် အပြန်အလှန် ပြောဆိုဆွေးနွေး ငြင်းခုံနိုင်ခြင်း။ ပရောဖက် တစ်ပါးကဲ့သို ကြိုတင်ဟောပြောနိုင်ခြင်း၊ တန်ခိုးနိမိတ်လက္ခဏာ ပြသနိုင်ခြင်း စသည့် လုပ်ဆောင်ချက်တိုသည် ဆရာတစ်ဦးကဲ့သို ဦးဆောင် သင်ကြားပေးနေသူ အဖြစ် ဖော်ပြနေသည်။ သခင်ယေရှု ၏ သင်ကြားမှုနှင့် သင်ကြားနည်းစနစ်များသည် တစ်ပါးသူများအပေါ် သြဇာလွှမ်းမိုးနိုင်သဖြင့် ယုဒလူမျိုးတို့၏ သမိုင်းတွင် တစ်မူထူးခြားနေသည်။

သခင်ယေရှု၏ သင်ကြားမှုအားဖြင့် သာသနာပြုခြင်းတွင် ပရောဖက် တစ်ပါးကဲ့သို လူတို့၏ အကျင့်စာရိတ္တပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးကို အားစိုက်သင်ကြားပေးခဲ့သည်။ သူ၏ ထူးခြားသော လုပ်ဆောင်ချက်တစ်ရပ်မှာ တော်သို့ဝင်ပြီး ဗိမာန်တော်၌ ရောင်းဝယ်သောသူတိုကို နှင်ထုတ်ခြင်းဖြစ်သည်။ ဗိမာန်တော်တွင် မတရားစီးပွားရှာနေမှုအတွက် လက်တွေ့ သင်ခန်းစာပေးခြင်း ဖြစ်သည် (မဿဲ ၂၁း၁၂-၁၃)။

သခင်ယေရှုသည် ထိုခေတ်က အခြားရှိဆရာများ ပြုလုပ်သကဲ့သို့ ၊ ကျောင်းများ မထူထောင်ခဲ့ပါ။ တရားဇရပ်များတွင် ကျမ်းစာဖတ်ခြင်းနှင့် သင်ကြားခြင်းများကို ပြုလုပ်ခဲ့သည် (လုကာ ၄း၁၆)။ ဖာရိရှဲ၊ ကျမ်းပြုဆရာများနှင့် ရှေးဟောင်းမှ ဆက်ခံခဲ့သော နည်းဥပဒေများအကြောင်းကို အပြန်အလှန် ဆွေးနွေး ကြသည် (မဿဲ၁၅း၁-၉)။ သခင်ယေရှု ဟောပြောခြင်းနှင့် ဆုံးမဩဝါဒပေးခြင်းမှာ အခြားဆရာများနှင့်မတူဘဲ တန်ခိုးသြဇာ အပြည့်ရှိခဲ့သည်။ အခြား ရဗ္ဗိဆရာတို့၏ ကျောင်းများနှင့် သင်ပုံသင်နည်း ကွာခြားပြီး ထူးခြား နေကြောင်း လူအများ သိမြင်ကြ၏ (မဿဲ ၇း၂၈-၂၉)။ ။

သခင်ယေရှု၏ သုံးနှစ်တာ အမှုတော်ဆောင်သည့်ကာလတွင်ပင် သူ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းနှင့် အချိန်ယူပြီး သွန်သင်ခြင်းအမှုကိုပြုခဲ့သည်။ ဟောပြောခြင်း၊ သင်ကြားခြင်းနှင့် ကုသခြင်းအမှုသည် သခင်ယေရှု၏ အမှုတော်ဆောင်ခြင်းတွင် အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ခဲ့သည်။ သေခြင်းမှ ရှင်ပြန်ထမြောက်သော ယေရှုခရစ်တော်ကိုယ်တိုင် မှာကြားခဲ့သည့်အတိုင်း သူ့ကိုယ်စား သန့်ရှင်းသော ဝိညာဉ်တော်သည် ဥပဇ္ဈယ်ဆရာကဲ့သို လူသား အားလုံးနှင့် အစဉ်အမြဲနေတော်မူပြီး သွန်သင်ခြင်းအမှုကို ထမ်းဆောင်နေသည်မှာ ယခုထက်တိုင်ပင် ရှိနေပါသည်။

ရဗ္ဗိဆရာများ၏ ကျောင်းတွင် သင်ယူခြင်းကို ယေရှုမခံခဲ့ရပေ။ သို့သော် သူ၏ သင်ကြားပေး ခြင်းများတွင် အမိန့်ဩဇာအာဏာရှိစွာ သင်ကြားသောကြောင့် လူတို အံ့အားသင့်ခဲ့ကြသည်။ ယုဒတရား ဇရပ်များ၊ ဗိမာန်တော်၊ လူတို့၏အိမ်များ၊ လေဟာပြင်နေရာများ၌ ယေရှုသင်ကြားတော်မူခဲ့သည်။ လူစုလူဝေးကို သူတို အကြားတွင်ပင် သင်ကြားပေးခဲ့သည်။ တပည့်တော်များကိုလည်း သီးခြား သင်ပေး ခဲ့သည်။ သူ၏ သတင်း စကားကို နှီးနှောပြောဆိုခြင်း၊ ဥပမာပေးခြင်းနှင့် တိုက်ရိုက် သင်ကြားပေးခြင်းဖြင့် ယေရှုမိန့်ကြားခဲ့သည်။

သခင်ယေရှု ပြုတော်မူသမျှနှင့် သွန်သင်ချက်များ၏ အဓိကရည်ရွယ်ချက်မှာ ဘုရားသခင်၏ နိုင်ငံတော် ကို မိမိအားဖြင့် လောကသားတို မြင်တွေ့နိုင်ခြင်း ဖြစ်သည်။ ထိုနိုင်ငံတော်မှာ ဘုရင်အဖြစ် ဘုရားသခင် အုပ်စိုး သော နိုင်ငံဖြစ်ပြီး ထိအပ်စိုးမှုကို သခင်ယေရှု ကြေညာရာ၌ အနာရောဂါစွဲကပ်နေသူများနှင့် နတ်ဆိုး စွဲကပ်နေ သူအပေါင်းတို့အား စာတန်မာန်နတ်၏ တန်ခိုးအောက်မှ လွတ်မြောက် စေခဲ့သည်။ ဘုရားသခင်၏ နိုင်ငံတော် အတွင်းသို့ နောင်တရလျက် စိတ်နှိမ့်ချခြင်း၊ အားဖြင့် ထာဝရအသက်ရနိုင်ကြောင်း သခင်ယေရှု ကြေငြာခဲ့သည်။ အဆိန်ကာလ ကန်ဆုံးပြီး သခင်ယေရှု ပြန်လည်ကြွလာချိန်၌ ဘုရားသခင်၏ နိုင်ငံတော်မှာအောင်မြင်စွာ အထွတ်အထိပ်သို့ ရောက်ခါ ယေရှုခရစ်တော်၏ ရှေ့တော်မှောက်၌ လူသားတိုင်း ရပ်ကြရမည်ဖြစ်သည်။

သခင်ယေရှု သွန်သင်ညွှန်ပြသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာသည် ဘုရားသခင်၏ ဖြောင့်မတ်မှန်ကန်မှုနှင့် ချစ်ခြင်းမေတ္တာအပေါ်၌ အခြေခံခဲ့သည်။ ကောင်းကင်ဘုံ၌ရှိသော သင်တိုအဘသည် စုံလင်သည့်နည်းတူ ကျွန်ုပ်တို့သည် လည်း စုံလင်ခြင်းရှိရန် စံနမူနာပြပြီး သွန်သင်ခဲ့သည်။

ခရစ်တော်၏ သွန်သင်မှုတွင် ညီအစ်ကိုချင်း အမျက်ထွက်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျိန်ဆဲခြင်းကိုပင်လျှင် ခွင့်မပြုချေ။ ထာဝရဘုရားထံသို ချဉ်းကပ်မည်ဆိုပါက ဦးဆုံး မိမိညီအစ်ကိုချင်း အပြစ်တင်စရာ ရှိ၊ မရှိ စစ်ဆေးကြည့်ပြီးမှ တိုးဝင်ချင်းကပ် နိုင်ခွင့်ရှိသည်ဟု သွန်သင်ခဲ့သည် (မဿဲ ၅း၂၁-၂၆)။

ခရစ်တော်၏ ဓမ္မဒေသနာများ၊ ဘုရားသခင်၏ အကြံအစည်တော်များကို သင်ကြားပြသရာ၌ ဟောပြောခြင်း(Preaching)၊ သွန်သင်ခြင်း(Teaching) ဩဝါဒပညတ်ချက်များ ညွှန်ကြားခြင်း(Instruction)၊ လမ်းပြခြင်း(Guidance) စသည့် နည်းများကို အသုံးပြုခဲ့သည်။ တန်ခိုးနိမိတ်လက္ခဏာများကို လက်တွေ့ ပြသခြင်း၌ အနာရောဂါကို ပျောက်စေခြင်း(Healing)ဖြင့် သင်ကြားပြသခဲ့ပေသည်။

ခရစ်တော်၏ ကိုယ်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည့် အကြောင်း၊ သန့်ရှင်းသူတိုကို ပြင်ဆင်ခြင်းအလိုငှါ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက် အရာ၌လည်းကောင်း၊ အချို့တို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏ (ဧဖက် ၄း၁၁)။ ဤကျမ်းပိုဒ်ကို ကြည့်ခြင်းဖြင့်၊ ဘုရားသခင်သည် လူသားများ ယုံကြည်ခြင်းရှိရန်၊ သားတော် ယေရှုကို သိကျွမ်းရန်၊ သားတော်ယေရှုကဲ့သို့ ပြည့်စုံရင့် ကျက်သူများဖြစ်ရန် သင်ကြားပေးနိုင်မည့်သူ အမျိုးမျိုးကို ပတ်ဝန်းကျင်အမျိုးမျိုး၌ ခန့်ထားခဲ့သည်ကို တွေ့ရသည်။

ခရစ်တော်ကိုယ်တိုင်ပင် သူ၏ သာသနာပြုသည့် သုံးနှစ်တာအတွင်း ဆရာတစ်ဦးအနေဖြင့် လုပ်ကိုင်ရင်း အချိန်ကုန်ခဲ့ပေသည်။ လူများအား ကျမ်းစာတော်မြတ်၏ အဓိပ္ပါယ်များကို နားလည်နိုင်ရန် ရှင်းလင်းပြော ကြားပေးခဲ့သည်။ သူတို့၏ ယုံကြည်မှုများ ကြီးထွားလာရန်၊ နေ့စဉ်အသက်တာ၌ မည်ကဲ့သို့ နေထိုင်အသက် ရှင်ရမည် စသည်တိုကို အဓိကထား ဟောကြားသွန်သင် ခဲ့သည်။ ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း၊ နှိမ့်ချခြင်းဖြင့်လည်းကောင်း လက်တွေ့ နေထိုင်ပြသခဲ့သည်။ တန်ခိုးနိမိတ်လက္ခဏာများ ပြသခြင်းအားဖြင့် လည်း အနာများကို လက်တွေ့ပျောက်ကင်းအောင် ကုသပေးခဲ့သည်။

သခင်ယေရှု၏ သွန်သင်ခြင်းသည် သာသနာကို လမ်းမှားသို့ မသွေဖယ်အောင် လမ်းပြခြင်း(Guide ဖြစ်သည်။ သခင်ယေရှု၏ ဟောပြောခြင်းသည် လူသားများ စိတ်မဝင်စားသေးသည့်အရာ၊ မသိသေးသည့် အရာများကို ပြောပြခြင်းပင်ဖြစ်သည်။ သခင်ယေရှု၏ စိတ်ပါဝင်စားစွာ စိတ်အားထက်သန်စွာ သင်ကြားပေး ခဲ့သော ဘုရားသခင်၏ နိုင်ငံတော်တည်ထောင်ခြင်းအကြောင်း ဟောပြောသွန်သင်ချက် များနှင့် ဥပမာပေး ချက်များသည် တစ်ခါမျှ မကြားဘူးကြသော တရားတော်များ ဖြစ်သဖြင့် ကြားနားသူပရိသတ်များကို ရင်သပ်ရှု မောဘွယ်ဖြစ်စေခဲ့သည်။

 

(၄) သခင်ယေရှုသင်ကြားပေးခဲ့သောနေရာများ (The places which Jesus taught)

သခင်ယေရှု ဟောပြောသင်ကြားပေးသော နေရာများမှာ တောင်ပေါ်။ မြေပြန့်၊ မြစ်ချောင်းအင်းအိုင် ကမ်းနား၊ ကျေးရွာ၊ တောထဲနှင့် ယေရုရှလင်မြိုတွင် လုပ်ဆောင်ခဲ့သည်။ တမန်တော်(၁၂)ပါးကိုချည်း သင်ကြား ပြသပေးသည်မဟုတ် မိမိထံမှ လေ့လာခံယူချင်သူ၊ မည်သည့်အလုပ်အကိုင် အဆင့်အတန်းရှိသူမဆို နိကောဒင်လို ယုဒအုပ်ချုပ်ရေးကောင်စီမှ အဖွဲဝင်တစ်ဦးအပြင် လူအများ ဝိုင်းပယ်ခြင်း ခံနေရသည့် သူများကိုလည်း သွန်သင်လမ်းပြ သင်ကြားပေးခဲ့သည်။ မာရိနှင့်မာ အမျိုးသမီး၏ အိမ်ထောင်မိသားစုအတွင်း အမြဲတမ်း အဝင်အထွက် ရှိပြီး လိုအပ်သည်ကို ကူညီရင်း သွန်သင်ခဲ့သည်။ ဇကွဲလို အခွန်ခံမျိုးကိုလည်း အိမ်အထိ သွားရောက် သွန်သင်လမ်းပြခဲ့သည်။ အများအားဖြင့် သခင်ယေရှု နောက်ကို လိုက်သည့်သူများမှာ သာမန်လူတန်းစားများသာဖြစ်ကြသည်။

သခင်ယေရှု လှည့်လည်သင်ကြားပေးနေသည့်ကျောင်းသည် နေရာ အတည်တကျ မရှိသော်လည်း မိန်းမနှင့် ယောက်ျားများ ပါဝင်တက်ရောက်နိုင် သည်။ ကျေးလက်တောရွာ မြိုပြမကျန် သခင်ယေရှု ဘုရားသခင်၏ နိုင်ငံတော် အကြောင်း သတင်းကောင်းကို နေ့ညမပြတ် သင်ကြားပြသခဲ့သည်။ တမန်တော် (၁၂)ပါးလည်း သူနှင့်အတူ လိုက်ပါသည့်အပြင် တချို အမျိုးသမီးများလည်း နောက်တန်းမှာ နည်းလမ်းအ မျိုးမျိုးအားဖြင့် ကူညီထောက်ပံ့ခဲ့ကြသည်။

 

(၇) သခင်ယေရအချိန်ကာလ သင်ကြားပေးသောဆရာများ။ (Teachers who taught in Jesus time)

ဆရာဟူသော ဘွဲ့နာမ (ဟေဗြဲဘာသာစကားအားဖြင့် ရဗ္ဗိကို ယေရှု အချိန်ကာလ၌ လူအများ သုံးစွဲကြသည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ပညာတရားကို သင်ကြားပေးသူများအား လူတို့ ခေါ်ဆိုရာ၌ ထိုဘွဲနာမကို အသုံးပြုကြသည်။ ထိုနည်းတူ သခင်ယေရှုကို ခေါ်ဆိုရာ၌လည်း အသုံးပြုကြသည်။ ကျမ်းပြုဆရာများ သင်ကြားခြင်းနှင့် သခင်ယေရှု၏ သင်ကြားခြင်းမှာ သိသာစွာ ကွဲပြားခြားနားသည်။

ရှေးဦးကျမ်းပြုဆရာများသည် ဘုရားတရား ကြည်ညိုကြပြီး၊ ဘုရား သခင်၏ ပညတ်တရားကို အဓိပ္ပါယ်ရှိရှိ အသုံးချခြင်း၊ ရှင်းပြခြင်းပြုကြသည်။ သို့သော် ယေရှု အချိန်သို့ရောက်လာသောအခါ ကျမ်းပြု ဆရာများသည် ဘာသာ ရေးတွင် ရှေးရိုးမပျက် လိုက်နာသူ လူတန်းစားများဖြစ်လာကြပြီး လူတို့အား ဘုရားသခင်၏ နိုင်ငံတော်သို ဝင်ရောက်ရန် သူတို့၏ သင်ကြားမှုများက အဟန့် အသားများ ဖြစ်လာသည်။

 

(၆) ယုဒတရားဇရပ် (Synagogue)

ယေရှု အချိန်ကာလရောက်လာသောအခါ ယုဒတရားဇရပ်များမှ သင်ကြားမှုများ၏ သြဇာသက် ရောက်သူများသည် ကျမ်းပြုဆရာများ (သိုမဟုတ်) ပညတ်တရား သင်ပေးသူများဖြစ်ကြသည်။ ဓမ္မသစ် အချိန်အထိ ဖြတ်သန်းလာ ခဲ့ရသော ရာစုနှစ်များအတွင်း လိုသူများသည် တန်ခိုးအာဏာရှိသော ရာထူးများသို ချီးမြှင့်တင်ပေးခြင်း ခံလာကြရသည်။ သိုသော် မောရှေ၏ ပညတ်တရားများကို သင်ကြားပေးရမည့်အစား ၎င်းတိုပြုလုပ်ခဲ့သည့် ဘာသာရေးဆိုင်ရာ နည်းဥပဒေ၊ စနစ်ဖြစ်သည့် ယုဒဘာသာတရားများသာ သင်ကြားပို့ ချခဲ့ကြသည်။ ယုဒတရား ဇရပ်များသည် ကျမ်းပြုဆရာများကြောင့် ဘုရားသခင်၏ လူတိုအတွက် အကူအညီ ဖြစ်ရမည့်အစား အနှောင့်အယှက်ဖြစ်ခဲ့ကြသည်။ ယုဒတရားဇရပ်ဆိုင်ရာ အာဏာ ပိုင်များနှင့် ယေရှု ကြိမ်ဖန် များစွာ အချင်းဖြစ်ပွားသည့်နည်းတူ ရှေးဦးခရစ်ယာန် များသည်လည်း အချင်းဖြစ်ပွားခဲ့ကြသည်။

ယေရှုပြောဆိုခဲ့သမျှနှင့် လုပ်ဆောင်ခဲ့သမျှက မိမိ မည်သူဖြစ်ကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ ကောင်းမှုများသာ လုပ်ဆောင်သည့် ဘာသာတရား သင်ပေးသူသက်သက်မဟုတ်ဘဲ လူတိုကိုကယ်တင်ရန် မြေကြီးပေါ်သို ဆင်းသက်ကြွလာသော ဘုရားသခင်၏ သားတော်ဖြစ်သည်။ မိန့်တော်မူချက်များနှင့် လုပ်ဆောင်မှုများသည် ယေရှု၏ လူပုဂ္ဂိုလ်သဘာဝနှင့် အမှုတော်ဆောင်ခြင်းတိုမှာ ခွဲခြား၍မရနိုင်အောင် ဆက်နွယ်နေသည်။

လူမျိုးတော် ဣသရေလလူမျိုးများတွင် ယောက်ျား(၁၀)ဦးရှိတိုင်း တရား ဇရပ်များ ဖွဲ့စည်းကာ ပညတ်တရားများ၊ တရားစကားများ၊ သင်ကြားမှတ်ယူကြ ရသည်။ ထိုကဲ့သို့သော တရားဇရပ်ဖွဲ့ စည်းခြင်းအားဖြင့် သူတို့၏ ဘာသာကို လေ့လာသင်ကြားကြပါသည်။ ထိုတရားဇရပ်များသည် ဓမ္မသစ် ကာလအထိ ဆက်လက် တည်ရှိနေပါသည်။ ခရစ်တော်နှင့် တပည့်တော်များ၊ တမန်တော်များ ကလည်း ထိုတရားဇရပ်၌ပင်သင်ကြားခြင်း၊ သွန်သင်ခြင်းများပြုလုပ်ခဲ့ကြပါသည်။

 

၃။ ကနဦးအသင်းတော်ဓမ္မပညာ (Religious Education in Early Churches)

(၁) နောက်ခံသမိုင်းကြောင်း (Historical Background )

အသင်းတော် တည်တောင်စတွင် ယုံကြည်သူအများစုမှာ ပုဒဘာသာဝင်များ ဖြစ်ကြသည်။ ပင်တေကုတ္တေပွဲနေ့ကိုဆင်နွဲရန် တိုင်းပြည်ပေါင်း(၁၆)ပြည်မှ ယုဒလူမျိုး များနှင့် ယုဒဘာသာဝင်များသည် စည်းဝေးနေကြစဉ် လေပြင်းမုန်တိုင်းကဲ့သို အသံ ကောင်းကင်မှလာပြီး သူတိုနေသောအိမ်ကို ဖြည့်လေ သည်(တမန် ၂း၁၁၃)။ ထိုနေရာတွင် ပေတရုသက်သေခံမှုကြောင့် အရပ်ရပ်မှ စုဝေးလာရောက် ကြသူများထဲမှ လူ(၃၀၀၀)ခန့်တို့သည် ဗတ္တိဇံကိုခံယူခဲ့ကြပြီး၊ ပထမဦးဆုံး ခရစ်ယာန်အသင်းတော်၏ အသင်းသူ၊ အသင်းသား များ ဖြစ်လာခဲ့ကြသည်။

ခရစ်ယာန်ဘာသာသည် ဘာသာအသစ်တစ်ခု ပေါ်ပေါက်လာခြင်း မဟုတ်ပါ။ ယုဒဘာသာမှ အမွေဆက် ခံပြီး ပုံစံပြောင်းလဲလာသော ဘာသာတစ်ရပ် ဖြစ်သည်။ ယုဒလူမျိုးတို့၏ ကျမ်းစာ(ဓမ္မဟောင်း)နှင့် ဆက်စပ် နေပြီး ဓမ္မသစ် ကျမ်းတွင် ဖော်ပြသည့် ခရစ်တော်၏ အရှင်သခင်ဖြစ်ခြင်း၊ ကယ်တင်ရှင်(မေရှိယ) ဖြစ်ခြင်းသည် ဓမ္မဟောင်းမှ အမွေဆက်ခံရရှိခြင်းဖြစ်သည်။ ဓမ္မဟောင်းကာလတွင် ထာဝရဘုရားက တစ်ဆင့်ခံ လူပုဂ္ဂိုလ်များ အားဖြင့် လူသားများနှင့် ဆက်သွယ် လုပ်ဆောင်နေရာမှ ဓမ္မသစ်ကာလတွင် မိမိကိုယ်တိုင် လူ့ဘောင်လောက ထဲသို့ ဝင်ရောက်လာပြီး ယေရှုခရစ်တော်အားဖြင့် ဖော်ပြသော ဘုရားသခင်ကို လူသား များအနေဖြင့် ပို၍လေးနက်သောအဓိပ္ပါယ်ကို သိရှိနားလည်ပြီး၊ နက်ရှိင်းသော ယုံကြည်ခြင်းဖြင့် လက်ခံလာနိုင်ရန် အသက်ရှင် ဖော်ပြပေးခြင်းဖြစ်သည်။

ခရစ်ယာန်ဘာသာကို စတင်ထူထောင်ကြသူများသည် နိုင်ငံရေးကိစ္စ များတွင် စိတ်ပါဝင်စားခြင်း မရှိကြပါ။ အဖိနှိပ်ခံလူတန်းစား၊ ဆင်းရဲသားတို့၏ ထောက်ခံမှုဖြင့် ကျယ်ပြန့်လာသော ခရစ်ယာန်ဝါဒသည် လူချမ်းသာနှင့် အာဏာရှင် တိုကို အရေးပေးခြင်းမရှိ။ လူတစ်ဦးစီ၏ ကိုယ်ကျင့်တရားကောင်းမွန် ရေးကို အသားပေးသဖြင့် အစိုးရ အာဏာစက်နှင့် ပတ်သက်၍ အရေးမထား ကြပါ။ ယေရှုခရစ်တော် တည်ထောင်ရန် ရည်ရွယ်သော နိုင်ငံတော်မှာ တမလွန် ဘ၀တွင်ရှိသော ကောင်းကင်နိုင်ငံတော်ပင်ဖြစ်သည်။ ထိုကြောင့် ကမ္ဘာပေါ်တွင် ရှိသော နိုင်ငံများနှင့် လုံးဝကွဲပြားခြားနားနေ၏။ ဤသို့သော သဘောတရား ခံယူချက်ကို ယေရှုခရစ်၏ နောက်လိုက်တပည့်ရင်း သာသနာပြုတို့၏ ရေးသားချက် များတွင် တွေ့နိုင်သည်။ သည်းခံခြင်း သဘောတရားကိုလည်း ဖော်ထုတ်ခဲ့သည်။

ထိုခေတ် ခရစ်ယာန်တို့က ဂရိတွေးခေါ်ရှင်တို၏ အယူအဆဖြစ်သော လူလူချင်း ညီမျှရေးသဘောကို လက်ခံကြသည်။ ဘုရားသခင်သည် လူမျိုး ပေါင်းစုံနှင့် သက်ဆိုင်သဖြင့် လူမျိုးပေါင်းစုံသည်လည်း ဘုရားသခင် ၏ ရှေ့မှောက်တွင် အတူတူပင်ဖြစ်ကြောင်း အဆိုပြုခဲ့ကြသည်။ ။

ကနဦးခရစ်ယာန်များသည် အခြေခံအားဖြင့် ယုဒဘာသာဝင်များ၏ ကျမ်းစာ ဓမ္မဟောင်းကျမ်း)ကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် အသုံးပြု ခဲ့ကြ၏။ အများဆုံး အသုံးပြုသည့်ကျမ်းစာမှာ စက်တျာဂျင် (Septuagint) ဟု ခေါ်သော ဟေဗြဲဘာသာမှ ဂရိဘာသာသို ပြန်ဆိုထားသည့် ဓမ္မဟောင်းကျမ်း ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်လည်း ဓမ္မဟောင်းတွင် ပါရှိသော ကျမ်းချက် များစွာကို အကြိမ်ပေါင်းများစွာ ဖော်ပြခဲ့ သည်။

သွန်သင်ခြင်း၌ တန်ခိုးပါရှိခြင်းသည် ကနဦးအသင်းတော်တွင် တမန်တော်များ ကျင့်သုံးခဲ့သည့် ဘုရားသခင်၏ အခွင့်အာဏာကြောင့်ဖြစ်သည်။ တမန်တော်တို၏ အခွင့်အာဏာသည် အသင်းတော်၏ လုပ်ဆောင်မှုတိုင်းအပေါ်တွင် လွှမ်းမိုးခဲ့သည်။ တမန်တော်များက ခရစ်ယာန်များအား ၎င်းတို၏ စီရင်အုပ်ချုပ် မှုများကို လိုက်နာ စေရန် အခွင့်အာဏာကို အသုံးမပြုခဲ့ပေ။ ၎င်းတိုလိုလားသည်မှာ ခရစ်ယာန် တစ်ဦးချင်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနှင့် ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခြင်းအားဖြင့် ဝိညာဉ်ရေးရာ ရင့်ကျက်စေရန်ဖြစ် သည်(တ ၁၁း၂-၄၊ ၁၅း၆ ။ ၂ကော ၁း၂၄။ ဖိလေ ၈-၉)။

 

(၂) သင်ကြားပေးသောသူများ (Teachers)

တမန်တော်များသည် အသင်းတော်တွင် အဓိကအရေးပါသော ဖြစ်ကြသည်။ တမန်တော် ဟူသော စကား၏ အနက်အဓိပ္ပါယ်မှာ စေလွတ်ခြင်း ခံရသူများ ဟုဆိုလိုသည်။ တမန်တော်သည် စေတမန် (သို့မဟုတ်) တန်ခိုးအာဏာကို ထိုသူ၌ အပြည့်အဝ ပေးအပ်ခြင်းခံရသူ ဖြစ်လေသည်။ တမန်တော် ၌ ရှိအပ်သော အဓိကအင်္ဂါရပ်မှာ ခရစ်တော် ဤလောက၌ရှိစဉ်အခါက ကိုက်တော် ကိုယ်တိုင် မြင်တွေ့သူဖြစ်သည်။ ထိုအပြင် ခရစ်တော် သေခြင်းမှ ရှင်ပြန်ထမြောက် သည်ကိုလည်း မြင်တွေ့ရသောသူဖြစ်သည် (တမန်တော် ၁း၂၁-၂၂)

တမန်တော်များ၏ လုပ်ဆောင်ချက်မှာ ခရစ်တော်အားဖြင့် အသက်တာ သစ်ကိုရကြောင်း သတင်း ကောင်း ကြေငြာခြင်းဖြစ်သည်(တ ၂း၂၂-၄၀)။ သခင်ယေရှု၏ သွန်သင်ချက်များကို ယုံကြည်သူများအား ဆက်လက်ရန် ကောန် ရှိသည် (မ ၂၈း၁၉-၂၀)။ ဤအချက်မှာ ခရစ်တော် ကတိထားသည့်အတိုင်း သန့်ရှင်းသော ဝိညာဉ်တော်ထံ သွန်သင်မှုနှင့် ဉာဏ်ပညာမြောက်မြားစွာခဲ့သည် (ယော ၁၄း၂၆၊ ၁၅း၂၆)၊ အသင်းတော်၌ သင်ကြားပေးရန်မှာ တမန်တော်တို့၏ အဓိကတာဝန်ဖြစ်သည် (တ ၂း၄၂၊ ၅း၂၁) တမန်တော်များရေးသားခဲ့သော ဩဝါဒစာများကို ဘုရားသခင် နှုတ်ကပတ်တော်ထဲတွင် ထည့်သွင်းထားရှိသည် (၂ပေ ၃း၁၅-၁၆၊ ယော ၁၄း၂၆)၊

တမန်တော်များသည် ယုဒလူမျိုးတို၏ ဝတ်ပြုခြင်းနှင့် သင်ကြားခြင်း ပုံစံများအတိုင်း ပြုလုပ်ကြသည်။ ဓမ္မသစ်ကျမ်းတွင် ခရစ်ယာန်များ နည်းလမ်းမျိုးစုံအားဖြင့် ပညာရေးလုပ်ငန်းများကို လုပ်ဆောင်ကြသည်။ ရှေးဦးယုဒလူမျိုးတို၏ ဓလေ့ထုံးတမ်းများအတိုင်း ပြုလုပ်ခဲ့ကြသည်။

သာမန် ယုဒလူတစ်ဦးအတွက် အမြင့်ဆုံးသော ပညာရေးသွန်သင်မှုကို မောရှေ၏ ပညတ်တရား များမှရသည်။ မူလက ယဇ်ပုရောဟိတ်များသည် ဆရာများ ဖြစ်ကြသည်။ ဓမ္မသစ်ခေတ် ရောက်လာသောအခါ သွန်သင်မှုအပိုင်းကို ကျမ်းပြု ဆရာတိုက အများဆုံးလုပ်လာကြသည်။ ယုဒတရားဇရပ်များ တည်ထောင် လာကြသည်နှင့်အမျှ ကျမ်းပြုဆရာများ၏ တန်ခိုးအာဏာ ကြီးထွားလာပြီး ထိုနေရာများက ဣသရေလလူတို့ အတွက် သင်ကြားပေးရာ ဗဟိုဌာနများ ဖြစ်လာ ကြသည်။

ရှင်ပေါလုအနေဖြင့် အသင်းတော်၌ တာဝန်ရှိ ပုဂ္ဂိုလ်များဖြစ်သည့် တမန်တော်များ၊ ပရောဖက်များ၊ တန်ခိုးပြနိုင်သူများ၊ အနာရောဂါငြိမ်းစေသူများ၊ အသင်းထောက်များ၊ အုပ်ချုပ်သူများ၊ အမျိုးမျိုးသော ဘာသာစကားပြောနိုင် သူများအပြင် ဆရာများကိုလည်း ရွေးချယ်ခန့်အပ်ခဲ့သည် (၁ကော ၁၂း၂၈။ ဧဖက် ၄း၁၁)။

မိမိတို့စိတ်ဆန္ဒရှိပြီး၊ ယုဒတရားဥပဒေ အထူးခံယူကာ ယုဒပညာ သင်ကြား မှု၏ ကျောင်းသားများ အဖြစ် ယုဒအမျိုးသားတို့ သင်ယူနိုင်ကြသည်။ သင်ကြား ပေးသည့် ဆရာ၏ခြေရင်း၌ ကျောင်းသားများထိုင်ကာ အကြောင်းအချက်များကို သင်အံကျက်မှတ်လျက် ဆရာများနှင့် အမေးအဖြေ ဆွေးနွေးပွဲများ ကျင်းပ ခဲ့ကြသည်။ များသောအားဖြင့် ဗိမာန်တော်ကျောင်း၌ ဆရာများက သင်ကြား ပိုချလေ့ရှိကြသည်။ ဘာသာရေးဆိုင်ရာ သင်ကြားမှုအပြင် ဂရိအတွေးအခေါ် ပညာများကိုလည်း သင်ကြားပေးကြကြောင်း ဓမ္မသစ်ကာလတွင် တွေ့ရသည်။

 

(၃) ရှေးဦးခရစ်ယာန်များ၏သင်ကြားခြင်း (Teaching of Early Christian)

ရှေးဦးခရစ်ယာန်များသည် ယုံကြည်ခြင်းအပေါ် အခြေခံသင်ကြားပေးခဲ့ကြ သည်။ လူထုကို ယုံကြည်ခြင်းဆိုင်ရာ ဥပဒေများနှင့် အသင်းတော်ဆိုင်ရာ ဥပဒေများကို သင်ကြားပေးခဲ့ကြသည်။ ယုံကြည်ခြင်းကို သင်ကြားရာတွင် ခရစ်တော်၏ ဘုရားရှင်ဖြစ်ကြောင်း ဝန်ခံ၊ သက်သေခံကြခြင်း၊ တမန်တော်များ ယုံကြည်ချက်များ၊ သမ္မာကျမ်း နောက်ခံသမိုင်းကြောင်းတိုဖြစ်သည်။

ပညာကို သင်ကြားပေးသည့် သမ္မာကျမ်းဆိုင်ရာ စာပေကျမ်းဂန်များတွင် အဓိကအားဖြင့် ပုံစံနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ သုတ္တံကျမ်းက ကိုယ်စားပြုခဲ့ပြီး ယေဘုယျအသက်တာနှင့်ဆိုင်၍ အမှားအမှန် မူလသဘောများကို ဖော်ပြထားသည်။ ဥပမာ ဖြောင့်မတ်သောသူတို့သည် ကြီးပွားတိုးတက် မည်ဖြစ်ပြီး ဆိုးညစ်သော သူများသည် ဆုံးရှုးခြင်းသို့ရောက်မည်။ ဒုတိယအမျိုးအစားမှာ ယောဘဝတ္ထုနှင့် ဒေသနာကျမ်းတို့ဖြစ်ပြီး၊ ဘုရားနှင့် မှန်ကန်စွာ အသက်ရှင်သောသူသည် အဆုံးတွင် အောင်မြင်သောသူ ဖြစ်ကြောင်း ဖော်ပြထားသည်။ ဥပမာ၊ ဖြောင့်မတ်သော သူတို့သည် ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ငြိမ်းချမ်းမှုနှင့် စီးပွားတိုးတက်မှု တို့ကို ခံစားကြရသည်။

ခရစ်ယာန်များအနေဖြင့် ယုဒလူမျိုးများထံမှ ဓမ္မပညာဆိုင်ရာအမွေကို ဆက်ခံရရှိခဲ့သည်။ ညွှန်ကြားချက်များနှင့်ဆိုင်သည့်အချက်များ ပါဝင်သည့် တိုရာ (Torah)ကျမ်းစာမှ ယုံကြည်ခြင်းဆိုင်ရာ အကြောင်းအရာများဖြစ်သည်။ ယုဒလူမျိုး များသည် တိုရာကျမ်း၏ ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့် အသက်ရှင်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ယုဒတရားဇရပ်များသည် သင်ကြားမှုဆိုင်ရာ အဆောက် အအုံတစ်ခု ဖြစ်ခဲ့သည်။ ဝတ်ပြုကိုးကွယ်သည့်အချိန်မှာပင် လူများအလယ်မှာ သမ္မာကျမ်းစာကို ဖတ်ရွတ်ခြင်း၊ ညွှန်ကြားပြသခြင်း၊ အနက်အဓိပ္ပါယ်ဖွင့်ခြင်း များအားဖြင့် သင်ကြားခြင်းအမှုကို ပြုခဲ့ကြသည်။ ထိုကြောင့် ဘာသာတရားနှင့် ပညာသင်ကြားရေးသည် ခွဲခြား၍မရဘဲ အတူတစ်ကွ ပေါင်းစည်းလုပ်ဆောင် ရသည့် အရာတစ်ခုဖြစ်ခဲ့သည်။ ဓမ္မသစ်ကာလ ခရစ်ယာန်များသည်လည်း ဝတ်ပြုကိုးကွယ်ခြင်းတွင် ထိုနည်းအတိုင်းပင် သင်ကြားပြသမှုများ ပြုလုပ်ခဲ့သည်။

 

(၄) သင်ကြားပေးသော နေရာများ (Places which they taught)

တရားဇရပ်များတွင် ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း၊ ကျမ်းစာ ဖတ်ခြင်းနှင့် သက်သေခံခြင်း များကို ပြုလုပ်ကြသည်။ ဗတ္တိဇံမင်္ဂလာခံ၍ ယုံကြည် ခြင်းသို ရောက်လာသူများအား တမန်တော်ကြီးများက သွန်သင်ခြင်းများကို ပြုလုပ်ခဲ့ရာတွင် သခင်ယေရှုခရစ်၏ အမှုတော်ဆောင်ခြင်း၊ ဒုက္ခဝေဒနာကိုခံ၍ အသက်စွန့်တော်မူခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်း၊ တက်ကြွတော်မူခြင်း စသည့် အကြောင်းအရာများကို နှုတ်အားဖြင့် သင်ကြားခြင်းပြုခဲ့ကြသည်။ ထိုနည်းတူ သင်ကြားခံရသူများကလည်း နှုတ်အားဖြင့်သာ လက်ဆင့်ကမ်း ဝေငှခြင်းများပြုခဲ့ကြ သည်။ ။

ယုဒဘာသာမှ ပြောင်းလဲလာသူများသည် ဗိမာန်တော်နှင့် တရားဇရပ် များ၌ပင် ဆက်လက်၍ ဝတ်ပြုကိုးကွယ်လျက်ရှိကြသည် (တမန် ၃း၁၊ ၁၄း၁)။ သူတို့သည် ယုဒဘာသာဝင်များကဲ့သို ယုဒဘာသာရေး ပွဲတော်များကို ဆင်နွှဲကာ ယုဒတို့၏ ဥပုသ်နေ့ကို စောင့်ထိန်းသည်။ သို့သော် ယုဒဘာသာဝင်တို့၏ ဝတ်ပြု ကိုးကွယ်ခြင်းသည် ခရစ်ယာန်တို့၏ ယုံကြည်ခြင်းနှင့် ဘုရားဝတ်ပြု ဆုတောင်း ခြင်းကို ပြည့်စုံစွာ မဖြည့်ဆည်း ပေးနိုင်ကြောင်း သိရှိလာသဖြင့် ဝတ်ပြုစည်းဝေးကို သီးခြားပြုလုပ်ရန် အထူးသဖြင့် ရှင်ပြန်ထမြောက်သည့် နေ့ဖြစ်သည့် တစ်ပတ်တာ၏ ပထမနေ့ တနင်္ဂနွေနေ့တွင် စုဝေးဝတ်ပြုကြသည် (တမန် ၂၀းရ)။

ဤသိုစုဝေးဝတ်ပြုရာတွင် သီးခြားအဆောက်အဦး (သို့) ဘုရားကျောင်း မရှိကြသဖြင့် အသင်းသား တစ်ဦး၏အိမ်တွင် စုဝေး၍ဝတ်ပြုကြ၏။ ဤသို့ ဝတ်ပြု ခဲ့ရာမှ အိပ်အသင်းတော်များ ပေါ်ပေါက်လာခဲ့၏။ အေဒီ(၂၀၀)ခန့်အထိ ဘုရားကျောင်းများ မတည်ဆောက်နိုင်သဖြင့် အိမ်အသင်းတော်များသည်သာ ဝတ်ပြုရာ အဓိကကျခဲ့ သည်။ အိမ်အသင်းတော်များတွင် လုပ်ဆောင်ခဲ့သည့်အလုပ်များမှာ ဗတ္တိဇံမင်္ဂလာ၊ ဝတ်ပြုခြင်း၊ ဟောပြောသွန်သင်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း (ပွဲတော်ဝတ်)၊ အသင်းတော်စည်းကမ်း၊ လိုအပ်ချက်ရှိသူများ အား ကူညီမစခြင်း၊ သေခြင်းနှင့် သဂြိုလ်ခြင်း၊ လူတစ်ဦးစီအား ဆုတောင်းပေးခြင်းများဖြစ်သည်။

မိသားစုအားဖြင့် သင်ကြားမှုအမျိုးမျိုးကို ခံယူကြသည်။ တိမောသေသည် အဖွားဖြစ်သူ လောဣနှင့် မိမိ၏မိခင် ဥနိတ်ထံမှသင်ယူသည် (၂တိ ၁း၅၊ ၃း၁၅)။ အီသီယိုးပီးယားအမတ်သည် ဖိလိပ္စုထံမှသင်ကြား ခံယူခဲ့သည်(တ ၈း၃၆-၄၀)။ ရှင်ပေါလုသည်လည်း ယေရုရှလင်မြိုရှိ ဂါမလျေလထံမှ သင်ယူခဲ့သည်။ ထိုကဲ့သို သင်ကြားခံယူခြင်းအားဖြင့် တစ်ပါးအမျိုးသားများနှင့် ယုဒလူမျိုးတို့ကို သာသနာပြု စိတ်ဓာတ်ပေါ်ထွက် လာစေသည်။

ခရစ်ယာန်များအနေဖြင့် ယုဒလူမျိုးများ၏ အိမ်ထောင်မိသားစုအတွင်း မိဘများမှ သားသမီးများအား ပြုစုပျိုးထောင်သည့်ပုံစံကို အမွေဆက်ခံခဲ့ခြင်း ဖြစ်သည်။ မိခင်ဖခင်များသည် သားသမီးများ၏ သင်ကြားရေး ဆိုင်ရာ လက်ဦးဆရာ၊ ဆရာမများကဲ့သို သွန်သင်လမ်းပြခြင်းဖြစ်သည်။ ယောက်ျားကလေးများ လေးနှစ် အရွယ်ရောက်လာလျှင် ဖခင်ဖြစ်သူမှ ရှိမာကျမ်းကို စတင်သင်ကြားပေးရန် တာဝန်ရှိလာသည်။ ဆက်လက်ပြီး တိုရာကျမ်းမှ အသိတရားများ၊ ညွှန်ကြားချက် များကို ဆက်လက်လေ့လာရသည်။ ဤကဲ့သိုသော သင်ကြားမှုပုံစံ သည် ယုဒလူမျိုး တို၏ အိမ်များတွင် ဝတ်ပြုကိုးကွယ်မှုပြုလုပ်ရာတွင် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက် သော နည်းလမ်းအားဖြင့် လိုက်နာရမည့် ထုံးတမ်းဓလေ့များ ဖြစ်လာ ကြသည်။ ပညာသင်ကျောင်းများ၊ တရားဇရပ်များ စတင်အပေါ် မပေါက်ခင် အချိန်ကတည်းကစပြီး အိမ်ထောင်မိသားစု ပညာသင်ကြားရေး ပုံစံသည် ယုဒ ကလေးငယ်များနှင့် လူငယ်များအတွက် ကျယ်ပြန့်စွာ အသုံးပြုနေသည့် လုပ်ငန်း တစ်ရပ်ပင် ဖြစ်နေသည်။

ထိုအချိန်အခါတွင် ခရစ်ယာန်များသည် သခင်ယေရှုကို ဆရာတစ်ဆူ အနေဖြင့် လက်ခံထားကြသည်။ သင်ကြားပေးသောနေရာများမှာ လူအများ အလုပ်လုပ်နေသောနေရာများနှင့် ထင်ရှားသောနေရာများတွင် အများအားဖြင့် သင်ကြားပေးခဲ့သည်။ သင်ရိုးမာတိကာများမှာ ယုဒကျမ်းစာများမှ ပြန်လည် အနက်ဖွင့်ဆိုထား သည့် သခင်ယေရှု၏ အသက်ရှင်ခြင်း၊ သေခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်း သတင်းကောင်း၊ ခရစ်တော်၏ အရှင်သခင်ဖြစ်ခြင်း၊ ယုံကြည်ခြင်း ၊ အတွက် သက်သေခံခြင်း၊ ပညတ်တရားဆိုင်ရာ ကျင့်စဉ်များ၊ ဗတ္တိဇံပေး ခြင်းနှင့် ပွဲတော်ပေးခြင်း အကြောင်းများဖြစ်သည်။

ဓမ္မဟောင်းကာလကဲ့သို မိသားစုများသည် သားသမီးများအတ အကောင်းဆုံးသော ဆရာ၊ ဆရာမများ ဖြစ်ကြသည်။ အေဒီ(၂)ရာစုတ အစ်နေစိရပ်၊ (Ignatius) ဆိုသူက ဖခင်များအနေဖြင့် ကလေးများကို ဘုရားသခင် ၏ နည်းလမ်းအတိုင်း ဆုံးမခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ သန့်ရှင်းသော သမ္မာကျမ်းစာ သင်ကြားပေးခြင်းနှင့် ကုန်ကူးသန်းရောင်းဝယ်ခြင်းများကို ပြုလုပ်ကြရန် ဖော်ပြသည်။

 

၄။ အလယ်ခေတ်ပညာရေး (Education for Middle Ages)

အေဒီ ၄၀၀ ခန့်မှ အေဒီ ၁၄၀၀ ခန့်အထိ ရှည်လျားသော ခေတ်ကာလကို အလယ်ခေတ်ဟုခေါ်သည်။ အလယ်ခေတ်တွင် တွေးခေါ်မြော်မြင်ရေး သဘော တရားနှင့် ဘာသာတရားတိုသည် ခွဲမရနိုင်လောက်အောင် ဆက်စပ်နေသည်။ အလယ်ခေတ်တွင် ခရစ်ယာန်ဘာသာနှင့် ခရစ်ယာန်ဘုရားကျောင်းတို ပေါ်ပေါက် ထွန်းကားလာခဲ့သည်။

အလယ်ခေတ်ကို ယေဘုယျအားဖြင့် သုံးပိုင်းခွဲခြားလေ့လာနိုင်သည်။ ပထမပိုင်းသည် ရောမအင်ပါယာ ကြီး စတင်ကျဆုံးချိန်ဖြစ်သော အေဒီ ၄ဝဝခန့်မှ အေဒီ ၁၀၀၀ ခန့်အထိဖြစ်သည်။ ထိုခေတ်ကို အမှောင်ခေတ်ဟု လည်းခေါ်သည်။ ထင်ရှားသော တွေးခေါ်ရှင်များ စိန့်ဩဂတ်စတင်းဖြစ်သည်။ ဒုတိယပိုင်းသည် အေဒီ ၁၀၀၀ ခန့်မှ အေဒီ ၁၃၀၀ ခန့်အထိဖြစ်သည်။ ထိုအချိန်၌ ဘုရားကျောင်းတော်ဝါဒ(Scholasticism) ထွန်းကားခဲ့သည်။ သောမတ်စ်အလွိင်းနပ်စ်သည် ထိုခေတ်၏တွေးခေါ်ပညာရှင်တစ်ဦးဖြစ်သည်။ တတိယပိုင်းသည် အေဒီ ၁၃၀၀ခန့်မှ အေဒီ ၁၄၀၀ ခန့်အထိဖြစ်သည်။ ထိုအချိန်၌ ဘုရားကျောင်းတော်ဝါဒ မှေးမှိန်စ ပြုလေသည်။ ထိုခေတ်တွင် ကျော်ကြားသော တွေးခေါ်ရှင်မှာ ဝီလျှံဖြစ်သည်။

ရောမအင်ပါရာကြီး ပြိုကွဲပျက်စီးချိန်တွင် ပြည်သူပြည်သားများသည် ဂရိနှင့် ရောမနတ်ဘုရားများ အပေါ် လေးစားယုံကြည်မှု ကင်းမဲ့လာကြသည်။ အတိဒုက္ခရောက်နေကြသော အဖိနှိပ်ခံ ဆင်းရဲသားအများစု သည် အနန္တတန်ခိုးရှင်ကို မျှော်လင့်တောင့်တလျက်ရှိကြသည်။ ထိုအချိန်တွင် ခရစ်ယာန်ဘာသာ သည် လူမှုဒုက္ခ ခံစားနေရသူတို့အား နှစ်သိမ့်မှု၊ တည်ငြိမ်မှု၊ အေးချမ်းမှုများ ပေးစွမ်းနိုင်ခဲ့သည်။

ရောမအင်ပါယာကြီး ပြိုကွဲပျက်စီးစေဘို့ ပြည်တွင်းအခြေအနေ ပြည် အန္တရာယ်များက ဖန်တီးပေးနေ ၏။ ရောမအင်ပါယာကြီး၏ ဗဟိုအုပ်ချုပ်ရေးစနစ်သည် နိုင်ငံရေးကွဲလွဲမှုကြောင့် ပျက်စီးပျောက်ကွယ်ခဲ့ရသည်။ တစ်ချိန်လည်း မာပင် မြောက်အရပ်မှ လူရိုင်းများ၏ ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် ရောမယဉ်ကျေးမှုမှာ လည်း ပျက်စီးခဲ့ရသည်။ ဤကဲ့သိုသော အခြေအနေတွင် ခရစ်ယာန်ဘုရားကျောင်းတော်သည် ဘာသာရေးအား ဖြင့် စည်းရုံးကုာ ခေါင်းဆောင်မှု ပေးခဲ့သည်။ ခရစ်ယာန်ဘာသာ ထွန်းကားသည်နှင့်အမျှ ခရစ်ယာန် ဘုရား လောင်း နှင့်ပြိုင်၍ အာဏာလုရန် မြေရှင်ပဒေသရာဇ်များ ပေါ်ပေါက်လာခဲ့သည်။ သို့သော် မြေရှင်ပဒေသရာဇ် များ၌ လုံလောက်သော သဘောတရားခံယူချက်များ မရှိခဲ့ကြ သဖြင့် ခရစ်ယာန်ဘုရားကျောင်းသည်သာလျှင် ပြိုင်ဘက်ကင်းစွာ ရပ်တည်နိုင်ခဲ့ သည်။

အေဒီ ၃၂၃ ခုနှစ်တွင် ကွန်စတင်တိုင်းဘုရင်သည် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အသိအမှတ်ပြုလိုက်သည်။ ၎င်းဘုရင်လက်ထက်တွင် ဘုရားကျောင်းသည် အဆင့်သင့်ထားရှိသော ပုံသဏ္ဌာန်ဖြင့် စတင်ဖွဲစည်းပြီး ဘုန်းကြီးများကိုလည်း အဆင့်အတန်းများ ခွဲခြားသတ်မှတ်လာ၏။ ကွန်စလင် တိုင်း ဘုရင်သည် မိမိ၏ ရုံးစိုက်ရာမြိုတော်ကို ရောမမြိုမှ ကွန်စတင်တီနိုပယ်သို့ ပြောင်းရွှေ့လိုက်သောအခါ ရောမမြို့တွင် ဘုန်းတော်ကြီးသည် မြို့၏ အဓိက ပုဂ္ဂိုလ်ဖြစ်လာသည်။

ထိုအခါမှစ၍ ဘာသာရေးသည် နိုင်ငံရေးနှင့် ရောနှောဆက်စပ်မှု ရှိလာ တော့သည်။ တဖြည်းဖြည်းနှင့် ရောမမြို့ရှိ ဘုန်းတော်ကြီးများသည်လည်း သာသနာရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကိစ္စရပ်များတွင် ဘုရင်ဧကရာဇ်များကိုပင် စတင်၍ ဩဇာပေးလာကြသည်။ ဤအချိန်မှစ၍ သနာရေးနှင့် လူမှုရေးအာဏာအပြင် နိုင်ငံရေးအာဏာတိုကို ခွဲခြားသည့် အတွေးအခေါ်များ ပေါ်ပေါက်လာခဲ့သည်။ ဤခေတ်တွင် ထွန်းကားခဲ့သော ခရစ်ယာန်သာလာသည် ရောမကက်သလစ်ဘာသာဖြစ်သည်။ ၎င်းကိုဆန့်ကျင်သော ဂိုဏ်းခွဲများ နောင်တွင် ပေါ်ပေါက်လာလေသည်။

အလယ်ခေတ်တွင် ခရစ်ယာန်သာသနာမှအပ လောကီရေးရာနှင့်ဆိုင်သော အမြင်သစ်၊ အသိသစ်များ ထွန်းကားခဲ့ခြင်းမရှိသဖြင့် သမိုင်းသုတေသီများက ဤခေတ်ကို အမှောင်ခေတ်ဟုသတ်မှတ်ခဲ့ကြသည်။

 

(၁) အလယ်ခေတ်ခရစ်ယာန်ဓမ္မပညာ (အေဒီ ၂၀၀ ခန့်မှ အေဒီ ၁၀၀၀ ၅

(Middle Ages Christian Education – AD 200 to 1000)

ပညာရေးသမိုင်း ပညာရေးအတွေးအခေါ် စသည်တို့ကိုလေ့လာသည် ဂရိနှင့် ရောမခေတ်များမှ စတင်လေ့လာရမည်ဖြစ်သည်။ ဂရိနိုင်ငံကို ရောမက နိုင်လိုက်သည်။ ရောမသည် ဥရောပနိုင်ငံများကို နိုင်ပြန်သည်။ ရောမယဉ်ကျေးမှုသည် သူနိုင်သည့် နိုင်ငံများမှတဆင့် ပြန့်နှံသည်။ ဂရိယဉ်ကျေးမှုသည် စစ်နိုင် သော ရောမသိုပြန့်ကာ ရောမမှတစ်ဆင့် သူကနိုင်လိုက်သော နိုင်ငံများသို့ ပြန့်သွားတော့သည်။ ထိုကဲ့သို့ ရောမမှတစ်ဆင့် ပျံ့နှံသော စာပေယဉ်ကျေးမှုနှင့် ပညာသင်ကြားရေးစနစ် စသည်တို့သည် ဥရောပနိုင်ငံများတွင် တိုးတက်ဖွံဖြိုးလာသည်။

ဥရောပနိုင်ငံများသည် စစ်အင်အားကောင်းလာကာ တစ်ကမ္ဘာလုံးကို တိုက်ခိုက်သိမ်းပိုက် အနိုင်ရရှိလာ သော နိုင်ငံများဖြစ်လာသည်။ ထိုအခါ စစ်နိုင်သူ များနှင့် ပါလာသော ဒဿနများ၊ စာပေယဉ်ကျေးမှုများသည် လက်အောက်ခံ ကိုလိုနီနိုင်ငံများသို ပျံ့နှံသွားတော့သည်။ စစ်ရှုးနိုင်ငံများကိုလည်း သူတို၏ နည်းစနစ်များ၊ ယဉ်ကျေးမှုများကို ဖြန့်ဖြူးပေးလေ့ရှိကြသည်။

အရှေ့တိုင်းမှာလည်းဂရိ၊ ရောမပညာရေးတို့ထက် ရှေးကျသော ပညာရေး စနစ်တို့ ထွန်းကားခဲ့ကြသည်။ ထိုနောက် ဥရောပတက္ကသိုလ်များထက် ရှေးကျသော တက္ကသိုလ်များလည်း ပေါ်ပေါက်ခဲ့ကြသည်။

ကွန်စတင်တိုင်း၏ ခရစ်ယာန်နိုင်ငံ ထူထောင်ချိန်တွင် ခရစ်ယာန်ဓမ္မပညာ၏ အဆင့်တိုးတက် ပြောင်းလဲ သွားသည်။ အသင်းတော်ခေါင်းဆောင်များ အသစ်သော ပြုစုပျိုးထောင်ခြင်းများဖြင့် အသင်းသားသစ် မြောက် မြားစွာကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။ ယုံကြည်ခြင်းကို လေးနက်စွာ နားလည်နိုင်ခြင်းနှင့် စိတ်ကျေ နပ်စွာခံယူနိုင်ရန် ခေါင်းဆောင်များမှ သင်ကြားပေးကြသည်။ ရောမ အင်ပါရာကျဆုံးချိန် ဘုရင့်တန်ခိုးအာဏာပါ ပြိုပျက်သွားရသည်။ သို့သော် အသင်းတော်သည် လူမှုရေး အဆောက်အအုံတစ်ခုအနေဖြင့် ဆက်လက်ရှင်သန် ကြီးထွားနိုင်ခဲ့သည်။

ခရစ်ယာန်သာသနာနှင့်ဆိုင်သော တန်ခိုးအာဏာသည် လူတို့၏ ဘက်စုံအသက်ရှင် ရပ်တည်ရေးအတွက် အရေးပါအရာရောက်ခဲ့သည်။ အသင်းတော်၏ လွှမ်းမိုးနိုင်မှုသည်ပင်လျှင် အလယ်ခေတ်ပညာရေးပုံစံကို တနည်းတစ်ဖုံ ပြောင်းလဲစေခဲ့သည်။

အေဒီ ၂ ရာစုတွင် လူကြီးများအတွက် ပညာရေးအစီအစဉ်ကို အပြန်အလှန် မေးခွန်းများမေးခြင်း အားဖြင့် သင်ကြားလေ့လာ ခံယူမှုများ ပြုလုပ်ကြ သည်။ ထိုသင်ကြားခြင်းသည် အေဒီ ၄၅၀ မတိုင်ခင်အထိ တိုးတက်ပြန့်ပွား သည်။ ထိုခေတ်တွင် ခရစ်ယာန်ဘာသာသို့ ပြောင်းလဲလာသူများမှာ ယုဒဘာသာဝင်များ ဖြစ်ကြသော်လည်း ယုဒလူမျိုးမဟုတ်သည့် နတ်ကိုးကွယ်မှုနောက်ခံရှိသည့် အသက်ကြီးအများစုသာ ထိုပညာသင်ကြားရေးတွင် ပါဝင်ကြသည်။ ထိုအစီအစဉ် များတွင် အကျင့်စာရိတ္တနှင့်ဆိုင်သော အကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးကြရသည်။ ခရစ်ယာန်ကျမ်းမှ ကောင်းမွန်သည့် လမ်းညွှန်ချက်များ၊ ခံယူချက်များကိုပင် အတူတကွပါဝင် ဆွေးနွေးခွင့်ရကြသည့်အပြင် ခရစ်ယာန် များနှင့် အတူတကွ သွားလာနေထိုင်ရင်း ခရစ်ယာန်တို ယုံကြည်မှုနှင့် ကျင့်သုံးမှု တိုကို တစ်စေ့တစ်စောင်း လေ့လာခွင့်ရရှိခဲ့ ကြသည်။ ထိုသို့အားဖြင့်လည်း ပြောင်းလဲကာ ဗတ္တိဇံမင်္ဂလာခံယူကြပြီး ခရစ်ယာန် အသင်းဝင်သူများလည်း ရှိလာကြသည်။ အသင်းတော်များ၏ သင်ကြားခြင်းအားဖြင့် အမှုတော်ဆောင်ခြင်း လုပ်ငန်းများသည် တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။

အေဒီ ၁ရ၉ ခုနှစ်လောက်ကတည်းက အဲလက်ဇန်းဒီးယားမြို့တွင် ပညာရှင်များဖြစ်ကြသည့် ပန်တေးနတ်(စ်) (Pantaenus)၊ ကလီးမင့်(Clement)နှင့် ဩရီဂျင်(Origen) တို့ ထူထောင်ခဲ့သည့် ကျောင်းများသည် အာရှတိုက်တစ်ခုလုံး နည်းပါးအထိ ကျယ်ပြန့်သွားခဲ့သည်။ ဂရိအတွေးအခေါ်နှင့် ဂရိယဉ်ကျေးမှုကို အခြေခံထား သည့် အမေးအဖြေအားဖြင့် သင်ကြားသောကျောင်းသည် ကျော်ကြားသောကျောင်းတစ်ကျောင်းဖြစ်ခဲ့သည်။ အေဒီ ၂ ရာစု နှောင်းပိုင်းတွင် ပညာတတ် အသိုင်းအဝိုင်းမှ လူအတော်များများ ခရစ်ယာန်ဘာသာသို့ ကူးပြောင်း လာသူ ပိုမိုတိုးတက်မြင့်မားလာသည်။

ဂရိအတွေးအခေါ်များသည်ပင် ခရစ်ယာန် သင်ကြားရေး ပညာရှင်များ အပေါ် တဖြည်းဖြည်း လွှမ်းမိုး လာပြန်သည်။ လူဦးရေကန့်သတ်မှုရှိသည့် အဆင့်မြင့် ပညာသင်ကြားရေးကျောင်းများကို ခရစ်ယာန်အသင်း တော်များမှ ကမကထပြုလျက် ဖွင့်လှစ်သင်ကြားပေးခဲ့ကြသည်။ အဲလက်ဇန်းဒီးယားမြိုတွင်တော့ စာကြည့် တိုက် များ၊ ခရစ်ယာန်မဟုတ်သည့်ကျောင်းများ၊ လောကီဘာသာရပ်နှင့်ဆိုင်သော အမေးအဖြေကျောင်းများ၊ တိုးတက်ဖွင့်လှစ်လာကြပြီး သင်ကြားသည့် ဘာသာရပ်တိုင်းသည် ခရစ်ယာန်တို့၏ ဘာသာရေးအတွေးအ ခေါ်များနှင့် ဆက်နွယ်လျက်ရှိခဲ့ကြသည်။

အေဒီ ၄၀၀ နောက်ပိုင်းတွင် ခရစ်ယာန်အသင်းတော်သည် ၊ အင်ပါယာတွင် ခိုင်မာသော အဆောက် အအုံတစ်ခု ဖြစ်လာသည့်အပြင် ခရစ်ယာန် ဂိုဏ်းချုပ်၊ ဂိုဏ်းအုပ်၊ ဘုန်းတော်ကြီးတို့၏ ဘုရားရှိခိုး ကျောင်း(Cathedral) များနှင့် ၎င်းတို့နေထိုင်ရာ အိမ်များသည်လည်း သာသနာပြုလုပ်ငန်းများအတွက် သင်ကြားပေးသော နေရာများဖြစ်လာတော့သည်။ တမန်တော်(၁၂)ပါးသည် ခရစ်တော်နှင့်အတူ သွားလာနေထိုင်ပြီး သာသနာပြုသကဲ့သို လူငယ်များ ကလေးများသည်လည်း ထိုပုံစံအတိုင်း ဘုန်းတော်ကြီး တို့နေထိုင်ရာ နေရာများတွင် သွားရောက် လေ့လာသင်ယူခဲ့ကြသည်။ အေဒီ ၅၂၉ တွင် ဗီစင်(Vaison)ကောင်စီ ထိုလုပ်ငန်းကို တာဝန်ရှိရှိ လုပ်ကြရန် တိုက်တွန်းအားပေးခဲ့သည်။

အေဒီ ၈၀၀ နောက်ပိုင်းတွင် တဖြည်းဖြည်းချင်း ကျယ်ပြန့်လာကာ ဝိဇ္ဇာဘာသာရပ်ခုနှစ်မျိုး အပါအဝင် သင်ရိုးညွှန်းတမ်းအသစ်များကို ရေးဆွဲသင်ကြား ပေးခဲ့ကြသည်။ နောက်ပိုင်း တက္ကသိုလ်များ ပေါ်ပေါက်လာရန် အတွက် အစပျိုး ပေးခြင်းဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် တည်ထောင်ထားသည့်တက္ကသိုလ်သည် နော့ဒမ်း(Notre Dame) ဘုန်းတော်ကြီးပညာသင်ကျောင်းမှ အစပျိုးခဲ့ခြင်းဖြစ်သည်။

အေဒီ ၅၀၀ မှ ၁၀၀၀ အတွင်း ဘုန်းတော်ကြီး ပညာသင်ကျောင်းများသည် အသိပညာအမျိုးမျိုး သင်ကြားပေးရာ ဗဟိုဌာနကြီးများဖြစ်ခဲ့ကြသည်။ ဘဲနဒစ်တိုင်းဥပဒေ (Banedictine Rule)အရ ကျောင်းများတွင် စာကြည့်တိုက်များ ထူထောင်ကြရခြင်းဖြစ်သည်။ စာကြည့်တိုက်တွင် လက်ရေးမူ စာရွက်စာတန်းများ၊ သမ္မာကျမ်းစာနှင့် အခြားဘာသာရေးဆိုင်ရာ စာအုပ်များ ထည့်ဝင်ထားရှိရသည်။ ထိုကျောင်းများတွင် ဘုန်းတော်ကြီးများ ဖြစ်ရန်အတွက် ကိုရင်သာမဏေဘဝမှစ၍ အဆင့်ဆင့် သင်ကြားပြသပေးခဲ့ကြသည်။ အသင်းတော်များမှ ယောက်ျားကလေး တချိုကို ရွေးချယ်ပြီး ကျောင်းအိပ်ကျောင်းစားထားကာ သင်ကြားပို့ချခဲ့ ကြသည်။

ခရစ်ယာန်သာသနာနှင့်ဆိုင်သော တန်ခိုးအာဏာသည် လူတို့၏ ဘက်စုံ အသက်ရှင် ရပ်တည်ရေး အတွက် အရေးပါအရာရောက်ခဲ့သည်။ အသင်းတော်၏ လွှမ်းမိုးနိုင်မှုသည်ပင်လျှင် အလယ်ခေတ်ပညာ ရေးပုံစံကို တစ်နည်းတစ်ဖုံ ပြောင်းလဲစေခဲ့သည်။

 

၁) နှုတ်တိုက်သင်ကြားပေးသောကျောင်း (Catechetical School)

၃၃၁ ဘီစီတွင် အဲလက်ဇန်းဒီးယားမြိုကို ဘုရင်အဲလက်ဇန်းဒီးယားသဂရိတ် ကိုယ်တိုင် မြေထဲပင် လယ်ကမ်းခြေအနီး အီဂျစ်နိုင်ငံတွင် ထူထောင်ခဲ့သည်။ ထိုမြို့သည် ဂရိတို၏ ယဉ်ကျေးမှု၊ ပညာရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးနှင့် ဘာသာရေးဆိုင်ရာ အချက်အခြာနေရာ တစ်ခုဖြစ်ခဲ့သည်။ အဲလက်ဇန်းဒီး ယန်း ပညာရေးပုံစံသည် ဂရိရောမတို၏ နိုင်ငံသားကောင်းဖြစ်ရေးနှင့် အားကစားလေ့ကျင့်ပေးရာကျောင်းများ၏ ပုံစံအတိုင်းဖြစ်သည်။ ထိုမြိုတွင် တစ်နိုင်ငံလုံး နှင့်ဆိုင်သည့် စာကြည့်တိုက်၊ ပြတိုက်နှင့် တက္ကသိုလ်များရှိ ကြသည်။

အဲလက်ဇန်းဒီးယန်းပညာရေးသည် ဂရိဘာသာစကားကို အဓိကထား သည်။ တချို့ကျောင်းများသည် ဂရိစကားအသံထွက် မှန်ကန်ဖို သင်ကြားပေးသည်။ သင်ကြားပေးသော ဘာသာရပ်များမှာ သင်္ချာ၊ နက္ခတ္တဗေဒ၊ ပထဝီ ဇီဝဗေဒ၊ သဒ္ဒါ၊ စာပေဝေဖန်မှုနှင့် စကားဟောပြောနည်း ပညာများဖြစ်သည်။ အဲလက်ဇန်းဒီးယားမြို့တွင် ယုဒလူမျိုး အသိုင်းအဝိုင်း ကျယ်ကျယ်ပြန့်ပြန့်ရှိသဖြင့် ယုဒလူမျိုးများ သင်ကြားလေ့လာရာ အချက်အခြာတစ် ခုဖြစ်ခဲ့သည်။ စက်တိုဂျင့် (Septuagint) ဟုခေါ်သည့် ဂရိလိုဘာသာပြန်ထားသည့် ဓမ္မဟောင်းကျမ်းကို ၃ဝဝ ဘီစီတွင် ဘာသာပြန်ဆိုပြီးခဲ့သည်။ ယုဒ(ခေါ်)ဂျူး တွေးခေါ်မှုပညာ ရှင်ဖိုင်လို သည် ၂ဝ ဘီစီမှ အေဒီ ၅ဝ အထိ အဲလက်ဇန်းဒီးယားမြိုတွင် နေထိုင်ခဲ့ပြီး စာသင်ကြားမှုနှင့် စာရေးသားမှုများ ပြုလုပ်ခဲ့သည်။

အဲလက်ဇန်းဒီးယားမြို့မှ ခရစ်ယာန်များအကြောင်းကို အေဒီ ၁၈၀ခုနှစ် မတိုင်မီက မကြားမိကြသေးပါ။ သမိုင်းကြောင်းအရ မာကုသည် ထိုမြိုသို ဧဝံဂေလိ တရားကို သယ်ဆောင်လာခဲ့သည်။ ထိုမြိုတွင်ရှိကြသည့် ယုဒလူမျိုးတို့သည် ယုဒနယ်တစ်ဝိုက်နှင့် ယေရုရှလင်မြိုမှ ဘုရားဖူးအပြန် ခရစ်တော်၏ ဧဝံဂေလိ တရားကို ယူဆောင်သူများဖြစ်နိုင်သည်။

အဲလက်ဇန်းဒီးယားအသင်းတော်သည် ရှေးယခင်ကတည်းက အမေးအဖြေ အားဖြင့် နှုတ်တိုက် သင်ကြားသည့် သာသနာတော် ဖွံဖြိုးခဲ့ခြင်းဖြစ်သည်။ ထိုမြို တွင် ပထမဦးဆုံးသော ခရစ်ယာန်ကျောင်းကို အေဒီ ၂ ရာစုအတွင်း စတင်ထူထောင် ခဲ့သည်။ အေဒီ ၁ရ၉ တွင် ပင်တေးနတ်စ်(Pantaenus)က အဲလက်ဇန်းဒီးယား အသင်းတော်၏ ကက်တစ်ဟယူမန်နယ်ကျောင်း (Catechumenal School)၏ ကျောင်းအုပ်အဖြစ် အေဒီ ၁၈၀ မှ ၂၀၀ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ကျောင်း၏ သင်ရိုးညွှန်းတမ်းကို ဘာသာရေးနှင့် လောကီပညာရပ်တို့ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲခဲ့သည်။ အဲလက်ဇန်ဒီးယန်းကယ်တာခစ်တီကယ်ကျောင်း(Catechetical School)များသည် ခရစ်ယာန်ဓမ္မပညာ ဖွံဖြိုးရန် စတင်ခဲ့သည့် အချက်အချာနေရာများဖြစ်သည်။ အသက်အရွယ်စုံ ခရစ်ယာန် မိန်းကလေး၊ ယောက်ျားလေးများအတွက် ခရစ်ယာန်တို၏ ယုံချက်များနှင့် အသင်းတော် ထုံးတမ်းအစဉ် အလာများကို သင်ကြားခံယူနိုင်သည့် အသင်းတော်ကျောင်း ဖြစ်လာသည်။ ဂရိရောမ ဂန္တဝင်စာပေများ၊ တွေးခေါ်ပညာရှင်များနှင့် ကာလိပ် တက္ကသိုလ် ပညာရပ်များကို လေ့လာကြရသည်။ ခရစ်ယာန်ဘာသာဝင် မဟုတ်သည့် ပညာတတ်အသိုင်းအဝိုင်းအတွင်း အကျွမ်းတဝင် ဝင်ရောက်နိုင် ပြင်ဆင် သင်ကြားပေးခြင်း ဖြစ်သည်။ ဧဝံဂေလိတရားကို မပျောက်ပျက် ထိန်းသိမ်းတတ်ရန်နှင့် ဝေငှကြတတ်ရန်လည်းသင်ကြားပေးသည်။ မည်သည့် အရာကိုမဆို မကြောက်ရွံဘဲ ပွင့်ပွင့်လင်းလင်း၊ ဂုဏ်အသရေရှိရှိ စဉ်းစားတွေးကို တတ်ခြင်းအားဖြင့် သာသနာပြုခြင်းတွင် ပါဝင်ကူညီနိုင်မည်ဖြစ်သည်။

 

၂) ဘုန်းတော်ကြီးကျောင်း ပညာရေး (Monastic Education)

ဘုန်းတော်ကြီးဘ၀၊ ရဟန်းဘ၀(Monasticism)သည် ဂရိစကား (Monos) ဆင်းသက်လာပြီး တစ်ဦးတည်းဟု အဓိပ္ပါယ်ရသည်။ မူရင်းမှာ ရဟန်းသည် ကန္တာရထဲတွင် မိမိတစ်ပါးတည်းနေရသည်။ ရဟန်းဘဝဟူသည် ခရစ်ယာန်များ အတွက်သာ သီးသန့်ခေါ်ဆိုလားသောအရာ မဟုတ်ပါ။ သိုသော် ခရစ်ယာန်အများစု သည် လောကကိုစွန့်လွှတ်ပြီး ဘုန်းတော်ကြီးဘ၀အဖြစ် မြုပ်နှံကာ တစ်ကိုယ်တည်း ဆိတ်ငြိမ်ရာအရပ်မှာနေပြီး ဆုတောင်းခြင်းနှင့် မိမိကိုယ်မိမိ စည်းကမ်းတကျ နေထိုင်ခြင်းဖြစ်သည်။ နောက်ပိုင်း တွင် တစ်ပါးတည်းချင်း မနေကြတော့ဘဲ ဘဝတူဘုန်းကြီးများ စုပေါင်းပြီး ကျောင်းတိုက်များတွင် အတူတကွ နေထိုင်လာ ကြသည်။ အမျိုးသမီးသီလရှင်များအနေဖြင့်လည်း ခရစ်ယာန်သီလရှင်ကျောင်း များတွင် နေထိုင်ကြ သည်။ ရှေးဦးရသေ့များသည် အာဒံ၏ကျဆုံးမှုအပေါ် ဆင်ခြင်ပြီး ဝိညာဉ်ရေးရာ မြင့်မားအောင်ပြုလုပ်ကြသည်။ ဤသိုကြိုးစားကျင့်ကြံ အားထုတ် ခြင်းသည် မိမိကိုယ်မိမိ စည်းကမ်းသတ်မှတ်ခြင်းဖြစ်သည်။ ဆုတောင်းခြင်း၊ တရားအားထုတ်ခြင်းနှင့် အခြားစည်းကမ်းထား လုပ်ဆောင်မှုများသည် ဘုရားသခင် ထံမှရရှိမည့် ပါရမီထူးများ ကို ရှာဖွေနေကြခြင်းဖြစ်သည်ဟု ခံယူကြသည်။

အေဒီ ၃ ရာစုလောက်တွင် ခရစ်ယာန်တို၏ဘဝသည် လွန်စွာကြမ်းတမ်း လှသည်။ အကျင့်စာရိတ္တ ပျက်ပြားမှု၊ ဒုစရိုက်များပြားမှု၊ အခွန်မြောက်မြား ၊ ပေးဆောင်ရမှုနှင့် ဥပဒေတင်းမာမှုများကြားတွင် နေကြရသည်။ အေဒီ ၂၅၀မှ ၃၅၀ အတွင်း ဘုရင်ဒီစီယပ်စ်ကာလအတွင်း ခရစ်ယာန်များ နှိပ်စက်ညှင်း ခံနေကြရသည်။

ဆီးရီးယားနှင့် အီဂျစ်တွင် စတင်ကာ ခရစ်ယာန်များသည် ကန္တာရများနှင့် တောင်များအပေါ်တွင် တစ်ဦးတည်းနေသည့် အလေ့အထများဖြစ်လာကာ ကမ္ဘာကိုလည်း ကြော်ငြာခဲ့သည်။ ကမ္ဘာမှ နိုင်ငံခြားသားများ နှင့် နိုင်ငံသားများ မည်သူမဆို လာရောက်ဖို့ ဖိတ်ခေါ်ကြသည်။ ရက်စက်ကြမ်းကြုတ်မှုအောက်မှ လွှတ်ရန် ထောင်ပေါင်းများစွာသော ခရစ်ယာန်တို့သည် ရသေ့၊ ရဟန်းဘဝကို ခံယူခဲ့ကြသည်။ ဘ၀အသစ်ကို ထူထောင်ရန်မဟုတ်ဘဲ တမန်တော်များ၏ဘဝကို ပြန်လည်ခံယူချင်သောကြောင့် ပြုလုပ်ကြသည်ဟု ခံယူကြ သည်။

တချိုသော ရသေ့ရဟန်းတို့သည် နာမည်ဆိုးဖြင့် ကျော်စောခဲ့ကြသည်။ အထူးသဖြင့် ခြိုးခြံ ကျင့်ကြံမှု တွင် အပြိုင်အဆိုင်ဖြစ်လာကြသည်။ လေးသော အဝတ်များကို ဝတ်ဆင်ပြီး ရေမပါ၊ အစားမပါဘဲ လူအများ ကြားထဲတွင် လှည့်ပတ် သွားလာနေကြသည်။ အချိုသော ရသေ့၊ ရဟန်းများသည် တရားဟောကောင်း သူများ ဖြစ်လာပြီး ဘုန်းတော်ကြီးဘဝကို အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခု အဖြစ် ထူထောင်လာ ကြသည်။

ရှေးဦးဘုန်းကြီးကျောင်းများသည် စာပေကျမ်းဂန်နှင့်ဆိုင်သည့် အသိပညာ များအပေါ် တန်ဖိုးထား ကြသည်။ ကျမ်းစာအရေးအသားများနှင့် ရွတ်ဆိုဖတ်ကြား ခြင်းကို လေ့လာကြသည်။ ကျမ်းစာလိပ်များမှ ကျမ်းများကိုလည်း ကူးရေးကြသည်။ ဝတ်ပြုကိုးကွယ်ခြင်းတွင် လိုက်နာရမည့်အချက်များကိုလည်း ရေးသား ကြသည်။ သီချင်းသီဆိုတတ်အောင် လေ့လာကြသည်။ အထူးသဖြင့် အသင်းတော်၏ ထုံးတမ်းစဉ်လာ ပွဲနေ့များ တွင် အချိန်မီသီဆိုနိုင်အောင် လေ့ကျင့်ကြသည်။

အလယ်ခေတ် အသင်းတော်များတွင် မြောက်မြားစွာသော ရဟန်းနှင့် သီလရှင်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ရဟန်းပြုခြင်းအလေ့အထမှာ ရှေးကျသော အချိန်ကာလမှစ၍ တဖြည်းဖြည်းတိုးတိုးပြီး လိုက်စားလာကြသည်။ အေဒီ ၂ ရာစုနှင့် ၃ ရာစုများလောက်ကပင်စ၍ လူတို့သည် လောကီရေးရာကိစ္စများနှင့် လူသာမန် ဘဝတိုကို စွန့်ပစ်စပြုလာကြ၍ မိမိတိုအိမ်များ၌လည်းကောင်း၊ ဆိတ်ကွယ်ရာဒေသ များ၌လည်း ကောင်း ပဌနာပြုခြင်း၊ တရားအားထုတ်ခြင်းများတိုကို ပြုလာကြလေ သည်။ ထိုအလေ့အထတို့မှာ ရောမနိုင်ငံတော်ကြီး ပြောင်းပြီးသောအခါ၌ သာ၍ တိုးတက်များပြားလာသည်။ တချို့သောလူတို့အဖို့ လူသာမန် ဘဝဖြင့် နေထိုင် ရခြင်းသည် အလွန်သက်သာ ချောင်ချိလွန်းသော ဘဝဖြစ်၍ နိုင်ငံတော်အစိုးရသည်။ မာတုရ အဖြစ် ခရစ်ယာန်တို့အား ညှဉ်းပန်းနှိပ်စက်ပြုလုပ်ခြင်း မရှိတော့သောအခါ၊ လူတိုသည် မိမိတိုကိုယ်ကို အမျိုးမျိုး သော နည်းလမ်းများဖြင့် ခြိုးခြံကျင့်သုံးကာ ညှဉ်းပန်းကြသည်။

တချို့သောလူတို့အတွက်မှာ ခရစ်ယာန်အဖြစ်ဖြင့် သာမန်လူလောက နေထိုင်ရခြင်းသည် ခဲယဉ်းလှ၍ တစ်ကိုယ်တည်း ဆိတ်ကွယ်ရာ၌လည်းကောင်း ရဟန်းကျောင်းများ၌လည်းကောင်း နေထိုင်ရခြင်းသည် သာ၍ သင့်လျော်သောအခါ ဖြစ်သည်ဟု ယူဆကြသည်။ ထိုသိုသော အယူအဆများကြောင့် အရပ်ရပ်ရှိ ခရစ်ယာန် အသင်းတော်များ၌ ယောက်ျားများအတွက် ရဟန်းကျောင်းများနှင့် မိန်းမများအတွက် သီလရှင်ကျောင်းများသည် အသင်းတော်၏ အစိတ်အပိုင်းအ ပေါ်ပေါက်လာခဲ့လေသည်။

အလယ်ခေတ်တွင် အိမ်ထောင်မိသားစုများမှ ဘာသာရေးဆိုင်ရာ သင်ကြားခြင်းများ၊ သွန်သင်ခြင်းများ အားနည်းလာသည်။ အိမ်ထောင်မပြုဘဲ မိမိတိုကိုယ်မိမိတို ခြိုးခြံနေထိုင်သူ များလာသည်။ တချို့လည်း သာသနာဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။ ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းများ တည်ထောင်ကာ ဝိညာဉ်ရေး အသက်တာအတွက် ပြင်းထန်စွာ ကျင့်ကြံအသက်ရှင်သူ များလာခဲ့သည်။

ခရစ်ယာန်သာသနာ ဘုန်းတော်ကြီးကျောင်းများမှ ဘုန်းတော်ကြီးများက လူများတို့၏ လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စများကို စိတ်ဝင်စား လာကြသည်။ ခရစ်ယာန်အသင်းတော်၏ တန်ခိုးအာဏာသည် အလယ်ခေတ် တစ်လျှောက်လုံး တဖြည်းဖြည်းချင်း တိုးတက်မြင့်မားလာခဲ့သည်။ အလယ်ခေတ်၏ ဘုရားဝတ်ပြု ကိုးကွယ်ခြင်းသည် အရေးကြီးသော ပညာရေးဆိုင်ရာ ဆက်သွယ်မှု တစ်ရပ်ဖြစ်နေသည်။ လူ့ဘဝ၏ အမြင့်မားဆုံးပန်းတိုင်မှာ ဘုရားသခင်၏ ရူပါရုံ ဖွင့်ပြမှုအပေါ်တွင် မူတည်နေကြောင်း ဘုန်းတော်ကြီးများက သင်ကြားပေးခဲ့ကြ သည်။

 

(၂) အလယ်ခေတ် (အေဒီ ၁၀၀၀ – အေဒီ ၁၃ဝဝ ခန့်)

(Middle Ages – AD 1000 to 1300)

၁၂ ရာစုခန့်တွင် အလယ်ခေတ်၏ တိုးတက်မှု မြင့်မားချိန်ဖြစ်သည်။ မြေရှင်ပဒေသရာဇ်များက လူများကို အုပ်ချုပ်ကြ၍ ခရစ်ယာန်ကျောင်းတော်က လူအများကို အသိပညာပေးသည်။ အလယ်ခေတ်၏ တိုးတက်မှု အမြင့်မားဆုံး အချိန်တွင် ပညာရှင်များ ပေါ်ထွန်းသည့်အပြင် လုပ်ငန်းတူအဖွဲ့များ ဂါ့လ်(Guild) များလည်း ပေါ်ပေါက်ခဲ့သည်။ တက္ကသိုလ်များသည်လည်း လုပ်ငန်းတူအဖွဲ့အသွင်ဖြင့် စတင်ပေါ်ပေါက်ခဲ့သည်။

အေဒီ ၁၂၀၀ ၌ ပညာရေးနှင့်ပတ်သက်သော ပြန်လည်ဆန်းသစ်မှု အသိပညာ လျင်မြန်စွာ တိုးတက်လာ မှုတို့သည် အနောက်ဥရောပတွင် တွန်းအား လာသည်။ အချိန်တော်ကြာကတည်းကပင် ပညာရှင်များသည် ဆရာများအဖြစ် မိမိတို့ဒေသတွင် မိမိတိုဘာသာ ပညာသင်ကြားပေးရင်း အသက်မွေးဝမ်းကျောင်းမှု ခဲ့ကြသည်။ ဤရာစုတွင် ဥရောပတစ်ခွင်ရှိ ပညာရှာမှီးလိုသူ တပည့်ခံလိုသူ မားသည် ထိုဆရာကြီးများထံသို့ လာရောက်စုရုံး ကြသည်။ ထိုသိုဖြင့် ပညာရှင် ဆရာကြီးများ၏ သိက္ခာနှင့် ကျော်စောသတင်းများသည် ပိုမိုမြင့်မားလာသည်။ ဆရာကြီးများ၏ အရေးပါ အရာရောက်မှုကိုလည်း လူအများက လက်ခံလာကြ လေသည်။

ထိုအချိန်က ဥရောပတခွင်တွင် ပညာရေးကိုလေးစား၍တန်ဖိုးထားမှု မြင့်မားလာသည်မှာ ပညာရေးနှင့် ပတ်သက်၍ အသက်မွေးဝမ်းကျောင်းမှု မပြုသော သူတိုသည်ပင်လျှင် ပညာရေးကို စိတ်ဝင်စားလာကြသည်။ အချိုသောသူတိုမှာ မိမိတို၏ အိုးအိမ်မိသားစုကြွယ်ဝမှုနှင့် သက်တောင့်သက်သာ နေနိုင်သည့် အခြေအနေတို့ ကိုစွန့်ပြီး ပညာရှာမှီးဘို့ ကြိုးစားလာကြသည်။ ငယ်ရွယ်သူများ သာမက အသက်ကြီးသူတိုပင်လျှင် ပညာရှာရန် တစ်ရပ်တစ်ကျေးသို သွားရောက် ခဲ့ကြသည်။ ထိုသို့သွားရောက်ပြီးနောက် ဆရာတစ်ဦး ကျောင်းတစ်ကျောင်းနှင့် ဘာသာရပ်တစ်ခုလောက်ကို လေ့လာရုံဖြင့် မလုံလောက်ကြတော့ဘဲ နောက် တစ်ကျောင်းသို ပြောင်းကာ၊ နောက်ဆရာတစ်ဦးကိုရှာ၍ ပညာဆည်းပူးကြပြန် သည်။ ထိုနည်းဖြင့် သူတို၏ အသိပညာနယ်ပယ်သည် ပိုမိုကျယ်ပြန့်လာမည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုကဲ့သို ပညာရှာမှီးလိုသော စိတ်ဇောထက်သန်စွာဖြင့် ဆရာကြီး များထံသို့ ကျောင်းသားများ စဉ်ဆက်မပြတ် ရောက်လာကြလေလေ အနောက်ဥရောပတွင် တက္ကသိုလ်များ ပေါ်ပေါက်လာရန် အဆင်ပြေချောမွေ့ လာလေလေဖြစ်သည်။ ။

အလယ်ခေတ်တွင် ပုပ်ရဟန်းမင်းများနှင့် ရောမနိုင်ငံတော်၏ ဧကရာဇ် များသည် တစ်ဖက်နှင့်တစ်ဖက် အားပြိုင်ခဲ့ကြရာ ခရစ်ယာန်ကျောင်းတော်သည် အတော်အတန် အင်အားလျော့ပါးသွားသည်အထိ ထိခိုက်ခဲ့ရ သည်။ သို့သော် ရဟန်းမင်းများနှင့် ဧကရာဇ်မင်းများ အားပြိုင်ခြင်းအားဖြင့် နှစ်ဖက်စလုံးတွင် အားသစ်များ တိုးပွားလာသည့်အပြင် အတွေးအမြင်အသစ်များ၊ စိတ်ဝင်စားမှု အသစ်များလည်း တိုးပွားလာသည်။ ထိုစိတ် ဝင်စားမှု အသစ်တို့ကြောင့် ယုတ္တိဗေဒ၊ ခရစ်ယာန်သာသနာရေးဆိုင်ရာ သာသာရပ်နှင့် ဥပဒေတို့ကို စိတ်ဝင်စား စွာလေ့လာသူများလာသည်။ ဤအကြောင်းအရာသည် သာသနာရေးနှင့် လူမှုရေးတို ပြေပြစ်စွာ ဆက်သွယ်ပေး နိုင်ရန် ကြိုးပမ်းခြင်း၏အစဖြစ်သည်။

စနစ်တကျသင်ကြားသောပညာရေး(Formal Education) ကို ဘုန်းတော်ကြီး ကျောင်းများ၊ ကသိဒရယ် ကျောင်းများနှင့် တက္ကသိုလ်များမှ သင်ကြားပေးခဲ့ကြသည်။ ထိုကျောင်းများကို အေဒီ ၁၂၀၀ အစတွင် စတင် တည်ထောင်ခဲ့ကြ၏။ အေဒီ ၅၀၀ မှ အေဒီ ၁ဝဝဝ အတွင်း ဘုန်းတော်ကြီးကျောင်းများသည် ဘာသာရေး သင်ခန်းစာများအပြင် ဝိဇ္ဇာပညာရပ်များကိုပါ သင်ကြားပေးခဲ့ကြသည်။ သို့သော် မြို့ကြီးများတွင် ကောလိပ်၊ အသင်းတော်ကျောင်းများနှင့် ကသိဒရယ်အသင်းတော်ကျောင်းများ တည်ထောင်ခဲ့ကြသည်။ သင်ရိုးညွှန်းတမ်း များမှာ ဝိဇ္ဇာပညာနှင့် လူသာပဓာနပညာများကို သင်ကြားပေးခဲ့ကြသည့်အပြင် ဓမ္မအတွေးအခေါ် ပညာရပ်များကိုလည်း သင်ကြားပေးခဲ့ကြ၏။

ဥရောပအုပ်စုငယ်များ စုစည်း၍ ခရူးဆိတ်စစ်ပွဲများ စတင်ဖြစ်ပွားသည် အေဒီ ၁၀၉၆ ခုနှစ်မှ ၁၂ရဝ ခုနှစ်အထိ အရှေ့အလယ်ပိုင်းဒေသသို စစ်ဆင်ရေး ရှစ်ကြိမ်တိုင် သွားရောက်ဆင်နွှခဲ့ရာ မကြားဖူး မသွားဖူးသော အရပ်သို့ သွား ရောက်ကာ နှစ်ရှည်လများနေထိုင်ရင်း အတွေ့အကြုံသစ်များကို ရရှိလာကြလေ သည်။ ဥရောပ ၏ မြေရှင်ပဒေသရာဇ်စနစ်မှာ ခရူးဆိတ်စစ်ပွဲများကြောင့် ပြောင်းလဲသွားသည်။ ဥရောပတွင် နေထိုင်စား သောက်မှုစနစ်များလည်း ပြောင်းလဲလာလေ သည်။

အလယ်ခေတ်၏ အမြင့်ပိုင်းဟုခေါ်ဆိုသော ၁၂ ရာစုသို ရောက်သည့်အခါ စီးပွားရေးဖြင့် အသက်မွေး ဝမ်းကျောင်းမှု ပြုသူများ တိုးတက်ထွန်းကားလာသည်။ မြေရှင်ပဒေသရာဇ်များ ပိုင်ဆိုင်သည့်မြေတွင် လုပ်ကိုင် နေသူ မြေကျွန်များ၊ ဆင်းရဲသား လယ်ယာစိုက်ပျိုးရေးသမားများသည် ခရူးဆိတ်စစ်ပွဲအပြီးတွင် မိမိတို့ လုပ်ငန်းများကို လက်လွှတ်ရသည်ဖြစ်၍ မြေရှင်ပဒေသရာဇ်များ ပိုင်ဆိုင်သော ဒေသများမှထွက်ကာ လွတ်လပ် သောမြို့များ တည်ထောင်၍ နေထိုင်ခဲ့ကြသည်။ ထိုမြိုများကို မြူနီစပယ်အဖွဲ့များဖြင့် အုပ်ချုပ်ခဲ့ကြသည်။

ထိုကဲ့သို့ ရှေးမူမပျက်နေထိုင်ရာမှ ဥရောပတွင် သီးခြားရပ်တည်သော မြို့ လူတန်းစားများ ထွန်းကားလာ သည့်အချိန်၌ ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်မှု တိုကို လေ့လာလိုစိတ် နည်းပါးသွားပြီး လောကီသားများ အတွက် လိုအပ်သော စိတ်ဝင်စားမှုများကို ဖြည့်ဆည်းသင်ကြားပေးမည့် ဘာသာရပ်များကို လေ့လာလိုသူ များပြားလာကြသည်။ ထိုသို့ဖြင့် အသိပညာနယ်ပယ် ကျယ်ပြန့်လာခဲ့ကြသည်။

အနောက်ဥရောပတွင် တက္ကသိုလ်များ ပေါ်ပေါက်လာကြခြင်းမှာ အရှေ့ အလယ်ပိုင်းဒေသများနှင့် တစ်နည်းတစ်ဖုံ ဆက်စပ်နေမှုကြောင့်ဖြစ်သည်။ အကြောင်းမှာ ကွန်စတင်တီနိုပယ်၊ ဆီးရီးယား၊ ၀ပ္ပလိနှင့် စပိန် တိုတွင် အနောက် ဥရောပမှာလက် ဂရိသိပ္ပံပညာဆိုင်ရာ၊ ဒဿနဗေဒဆိုင်ရာ ကျမ်းဟောင်းများကို သိမ်းလည်း သိုမှီးထားနိုင်ခြင်းကြောင့်ဖြစ်သည်။

ထိုကဲ့သို အနောက်ဥရောပမှ ပညာရှာမှီးလိုသောသူများလက်သို ရှေးဟောင်းစာပေများ ရောက်ရှိလာ နိုင်သည်မှာ စပိန်နိုင်ငံ၏ ကျေးဇူးကြောင့် ဖြစ်သည်။ စပိန်တွင် ဂရိဘာသာ၊ အာရဗစ်ဘာသာစကားများဖြင့် ရေးသား ထားသော ကျမ်းများကို လက်တင်ဘာသာသို ပြန်ဆိုရေးသားကြသည်။ စပိန်သည် ရိုမန်ကက်သလစ် ဘာသာဝင် အများစုနေထိုင်သော နိုင်ငံဖြစ်သော်လည်း ပိုးလူမျိုး မူဆလင်များလည်း ထင်ရှားသော ယဉ်ကျေးမှု တစ်ရပ်ကို ထူထောင်နိုင်ခဲ့ကြသည်။

ခရစ်နှစ် ၁၁၀၀ တွင် အသင်းတော်ပိုင် ကောလိပ်ကျောင်းများ ပေါ်ပေါက် လာခဲ့သည်။ ဝိဇ္ဇာဘာသာရပ် နှင့်ဆိုင်သော သင်ခန်းစားများပါဝင်ပြီး ခရစ်ယာန် ဓမ္မအတွေးအခေါ်ဆိုင်ရာ ပညာရပ်များကိုပါ ထည့်သွင်းရေးဆွဲ ထားသည်။ ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဂီတဆိုင်ရာကျောင်းများကို တည်ထောင်ခဲ့ကြ သည်။ အခြားအသင်းတော်ကြီးများတွင်လည်း အသင်းတော်ဝတ်ပြုစည်းဝေးတွင် ယောကျာ်းသံစုံသီဆိုနိုင်ရန် ယောက်ျားကလေးများကို သံစုံသီဆိုမှုသင်တန်းများ ပိုချခဲ့သည်။

အလယ်ခေတ်နောက်ဆုံးပိုင်းတွင် မူလတန်းကျောင်းများတွင် သဒ္ဒါနှင့် ခရစ်ယာန်ဓမ္မပညာများကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့သည်။ ချမ်းသာကြွယ်ဝ သည့် မိသားစုများမှလည်း မိမိတိုကိုယ်ပိုင် ဝတ်ပြုဆောင် များကို ဆောက်လုပ်ပြီး ကိုယ်ပိုင်ဘုန်းတော်ကြီးများကို ငှားရမ်းကာ ကလေးများအား ဓမ္မပညာရပ်များကို သင်ကြားပေးသည်။ ထိုကျောင်းများတွင် ကျမ်းစာများရွတ်ဆိုပြီး သီချင်းများ သီဆိုသောကျောင်းများအဖြစ် သိလာကြသည်။ အေဒီ ၁၂၀၀ အစတွင် တက္ကသိုလ် များသည် ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းများမှ စတင်ခဲ့ခြင်းဖြစ်ပြီး သင်ရိုးညွှန်းတမ်း များလည်း တိုးတက်မြင့်မားလာသည်။ ။

ခရစ်ယာန်တို့အတွက် ခရူးဆိတ်စစ်ပွဲအတွင်း မူစလင်များနှင့် ဆက်စပ်ပြီး အသိဉာဏ်ဖွံဖြိုးမှုဆိုင်ရာ ပညာရပ်များကို စိတ်ဝင်စားဖို လှုဆော်မှုပေးခဲ့သည်။ တက္ကသိုလ်များတွင် ဓမ္မပညာများထက် ဘဝပညာများ ဖြစ်သည့် ဥပဒေပညာ၊ ဆေးပညာများနှင့် အသင်းတော်ပြင်ပတွင် အသုံးဝင်သည့် အခြားလောကီပညာရပ် များကိုပါ သင်ကြားပေးကြသည်။

မင်းဧကရာဇ် စိုးမိုးအုပ်ချုပ်မှု၊ တန်ခိုးအာဏာ ပျက်စီးယိုယွင်းသွားသော်လည်း အသင်းတော်အဖွဲ့ အစည်း၏ တန်ခိုးအာဏာ လွှမ်းမိုးမှုသည် ဆက်လက် တိုးပွား လာကာ ဘာသာရေးကိစ္စတွင် စိတ်ဝင်စားသကဲ့သို လူမှုရေးရာကိစ္စနှင့် နိုင်ငံရေး များတွင်လည်း ဝင်ရောက်စွက်ဖက်လာသည်။ အထူးသဖြင့် အသင်းတော်ကို နစ်နာစေမှုများ၊ ဆန့်ကျင်ဘက် ပြုမှုများအတွက် တရားဥပဒေကြောင်းအရ အမြင့်ဆုံးသော တရားစီရင်ပိုင်ခွင့်ကို အသင်းတော်ကသာ ချုပ်ကိုင်ထားကြောင်း ကြေငြာခဲ့သည်။ အသင်းတော်၏ အာဏာကြီးထွားလာမှုသည် မြိုရွာအသီးသီး အထိ ကျယ်ပြန့်လာကာ အေဒီ ၁၃ဝ၂ ခုနှစ်တွင် အမြင့်ဆုံးသိုရောက်ရှိခဲ့သည်။ ဘုန်းကြီးများ ချုပ်ကိုင်ထားသည့် အလယ်ခေတ်ပညာရေးသည် လူတို၏ အသက်ရှင်မှုနှင့် တွေးခေါ်မြော်မြင်မှုအားလုံးအပေါ် လွှမ်းမိုးထားခဲ့သည်။

ဝတ်ပြုကိုးကွယ်ခြင်းသည် ပညာရေးကို ကြားခံထားသည့် အရေးကြီးသော အရာတစ်ခုဖြစ်သည်။ လူ့ဘဝ၏ အမြင့်ဆုံးသောပန်းတိုင်မှာ ဘုရားသခင်၏ ရူပါရုံကို သိမြင်ရန်ဖြစ်ကြောင်း အသင်းတော်က လေးလေးနက်နက် သင်ကြား ပေးသည်။ ဝတ်ပြုကိုးကွယ်ခြင်းတွင် အသုံးပြုသော ဘာသာရေးဆိုင်ရာ အထိမ်း အမှတ်များ၊ သင်္ကေတများသည် ယုံကြည်မှုအတွက် အထောက်အမပြုသော ပစ္စည်းများဖြစ်ခဲ့သည်။

ဝတ်ပြုကိုးကွယ်ခြင်းသည် ခရစ်ယာန်ဓမ္မပညာတွင် အမြင့်ဆုံးဆက်သွယ်မှု တစ်ခုဖြစ်ခဲ့သည်။ ဝတ်ပြုကိုးကွယ်ခြင်းတွင် ဘုရားသခင်နှင့် တိုက်ရိုက်ဆက်သွယ် ဝတ်ပြုကြရသော်လည်း ဘုရားကျောင်း အဆောက်အဦများ၏ ခမ်းနားစွာ တည်ဆောက်ထားမှု၊ ခရစ်တော်သက်တော်စဉ်များကို ပန်းချီ၊ ပန်းပုများအားဖြင့် ရေးဆွဲ၊ ထုလုပ်မှုများသည် ဝတ်ပြုကိုးကွယ်သူတိုအနေဖြင့် အသစ်သော သင်ကြားမှု အထောက်အကူ ပစ္စည်းများအားဖြင့် လေ့လာသင်ကြား ခံယူခဲ့ကြရသည်။

ဝတ်ပြုခြင်းပုံစံအမျိုးမျိုးတွင် နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်း၊ ခရစ်ယာန် ပွဲနေ့များကျင်းပခြင်း၊ ကိုယ်ကျင့်တရားနှင့်ဆိုင်သည့် ဘာသာရေးဆိုင်ရာ ပြဇာတ် များ၊ လျှိဝှက်ထူးဆန်းသော ပြဇာတ်များ ပြသခြင်းဖြင့် ဝတ်ပြုကိုးကွယ်ကြသည်။ စာပေနှင့်ပညာ နည်းပါးကြသည့် အသင်းသူအသင်းသားများအတွက် အနုပညာ အမျိုးမျိုးကို အသုံးပြုပြီး ဘာသာရေးဆိုင်ရာများ၊ စာရိတ္တဆိုင်ရာ သတင်းစကား များကို သင်ကြား ပြသပေးခဲ့ကြသည်။

စနစ်တကျ တည်ထောင်ထားသော ကျောင်းများရှိပြီး လူငယ်အနည်းစုကို ဘာသာရေးနှင့်ဆိုင်သော အသက်ရှင်များကို သင်ကြားပေးခဲ့ကြသည်။ ယခင်က ဘုန်းတော်ကြီးများ၏ နေအိမ်များတွင် စတင်သင်ကြား ခြင်းများ ပြုလုပ်ခဲ့ရာမှ ယခု ဘုန်းတော်ကြီးများ တည်ထောင်ထားသည့်ကျောင်းများတွင် ပြောင်းလဲ သင်ကြား ခဲ့ကြရသည်။ သင်ကြားခြင်းအမှုတော်မြတ်တွင် ဆက်ကပ်လိုသည့် ဘုန်းတော်ကြီးများ ခန့်အပ်ပြီး ခရစ်ယာန် ဘုရားကျောင်းများရှိသည့် ခရိုင် အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြသည်။

ခရစ်ယာန်ပညာရှင် လူငယ်များသည် ခရစ်ယာန်ဘာသာ အတွေးအခေါ် များအပြင် ခရစ်ယာန်အမြင်များ မှ လောကီနှင့်ဆိုင်သည့် အမှန်တရားအမြင်များ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းလေ့လာခဲ့ကြသည်။ ထိုကဲ့သို လေ့လာခြင်း အားဖြင့် နောက်ပိုင်းတွင် ခရစ်ယာန်ပိုင်းဆိုင်ရာ အတွေးအခေါ်များ၊ ဓမ္မအတွေးအခေါ်များ၊ စနစ်ကျလေ့လာရသည့် ဓမ္မအတွေးအခေါ်များ၊ သမ္မာကျမ်းစာကို အသေးစိတ် ခွဲခြားလေ့လာမှုများနှင့် ခရစ်ယာန်ပညာရှင်များ၏ ဓမ္မအတွေးအခေါ် အသစ်အဆန်း များကို ထုတ်ဖော်ရေးသားမှု လုပ်ငန်းများအတွက် များစွာအကျိုးသက်ရောက်မှု ရှိလာသည်။

 

(၃) အသိဉာဏ်များ ပြန်နိုးကြားလာသောခေတ်နှင့် ပြုပြင်ပြောင်းလဲရေး (အေဒီ ၁၃၀၀ – အေဒီ ၁၆ဝဝ ခန့်) (The Renaissance and The Reformation – AD 1300 to 1600)

ရီနေဆန်ခေတ်တွင် တက္ကသိုလ်များ ပိုမိုကြီးထွားလာသည်။ သင်ကြားမှု များတွင် ဂရိနှင့် ရောမခေတ် ကကဲ့သို စဉ်းစားတွေးခေါ်မှု၊ တန်ဖိုးနားလည်မှု စသည့် သဘောတရားများ ပါလာသည်။ လူသာ ပဓာနဟု ခေါ်ဆိုနိုင်သည့် လူ၏အစွမ်း၊ သဘာဝ၊ စိတ်ခံစားမှုနှင့် ဦးတည်ချက်ပန်းတိုင်ထားမှု စသည်တို ဖွံဖြိုးလာမှုကို အလေးပေး စဉ်းစားလာကြသည်။

၁၃ ရာစုမှစ၍ ၁၅ ရာစုအထိ အလယ်ခေတ်ဟုခေါ်ဆိုသော ကာလသည် ပြုပြင်ပြောင်းလဲရေးခေတ်ဟု ခေါ်ဆိုသည့်ကာလဖြစ်သည်။ အသိပညာဆိုင်ရာ စိတ်ဝင်စားမှု နိုးကြားခြင်း၊ ပညာရေးဆိုင်ရာ လှုပ်ရှားမှုများ တိုးတက်လာခြင်း တိုသည် ထိုခေတ်ကာလ၏ ထူးခြားချက်များဖြစ်သည်။ အေဒီ ၁၃ ရာစုမှစ၍ အသိပညာနှင့် ပတ်သက်သော စိတ်ဝင်စားမှုနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းသည် ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းများမှ လူပုဂ္ဂိုလ်များ ဦးစီးသော ကျောင်းများသိုလက်ပြောင်းသွားသည်ဟုဆိုနိုင်သည်။ ခရစ်ယာန်သာသနာရေးကို ပစ်ပယ်ခြင်း၊ မပြုသော်လည်း စာသင်ကျောင်းများတွင် လူမှုဘဝအတွက် ပညာရပ်များကို ပိုမိုအလေးပေး သင်ကြားလာခဲ့ကြသည်။

သင်ကြားရေးနှင့် ပညာရေးဆိုင်ရာ အဖွဲအစည်းများကို အုပ်ချုပ်သည့် စနစ်သည် ခရစ်ယာန်သာသနာ ရေးဆိုင်ရာ ပုဂ္ဂိုလ်များလက်မှ လူပုဂ္ဂိုလ် ပါရဂူ ဒေါက်တာများလက်သို့ ပြောင်းရွှေ့သွားလေသည်။ ထိုလူပုဂ္ဂိုလ် များသည် ယုတ္တိဗေဒ ကိုလိုက်စား၍ ဆင်ခြင်မှု အဓိကဝါဒဘက်သို့ ကိုင်းညွှတ်သောသူများ ဖြစ်ကြလေ သည်။ ဤသိုဖြင့် ကိုးကွယ်ယုံကြည်မှုကို အသားပေးလေ့လာသောစနစ်မှ ဒဿန ပညာရပ်များနှင့် ယုတ္တိဗေဒပညာရပ် များကို လိုက်စားသောခေတ်သို့ ပြောင်းလာသည်။

ပညာသင်ကြားရေးသည် ဘာသာရပ်ဆိုင်ရာ သင်ကြားခြင်းများကို အခြေခံ၍ ဖွဲစည်းထားသော်လည်း ကျောင်းတွင်တက်ရောက်၍ စာပေလေ့လာခြင်း၊ အားဖြင့် တစ်စုံတစ်ခုသော ပညာရပ်ဆိုင်ရာ ကျိုးကြောင်း ဆင်ခြင်မှုများကို ပိုင်ဆိုင်လာကြသည်။ ထိုကြောင့် စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာများကို လေ့လာ ပြီးနောက် မိမိသဘောပေါက်လာသည်တို့ကို တင်ပြနိုင်စွမ်း၊ အဖြေထုတ်နိုင်စွမ်း၊ ခွဲခြားစိတ်ဖြာနိုင်စွမ်းတို့ ရရှိလာကြသည်။

ပညာရေးနှင့်ပတ်သက်သည့် ခြေလှမ်းသစ်တစ်ရပ်ဖြစ်သော လူပုဂ္ဂိုလ်များ ဦးစီးသည့် တက္ကသိုလ်များ ပေါ်ပေါက်ခြင်းသည် အလယ်ခေတ်နှောင်းပိုင်း၏ ထူးခြားချက်တစ်ရပ်ဖြစ်သည်။ ထိုတက္ကသိုလ်များ ပေါ်ပေါက် လာသဖြင့် အသိပညာ နယ်ပယ်မှ လူအများသည် စုစည်းလာကြသည်။ ပညာရေးနယ်ပယ်တွင်သာ စုစည်းလာ ကြသည်မဟုတ် ပညာရေးနှင့် ကိုးကွယ်ယုံကြည်မှု၊ အနုပညာ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးနယ်ပယ်တို့ သည်လည်း စည်းရုံးမှုရှိလာကြသည်။ အလယ်ခေတ် တက္ကသိုလ်ကျောင်းသားများ၏ ထူးခြားသောလုပ်ရပ် တစ်ခုမှာ တက္ကသိုလ်ကျောင်း တစ်ခုမှတစ်ခုသို ပြောင်းခြင်းဖြင့် ပညာသင်ကြားရေးတွင် ထိခိုက်မှုမရှိနိုင်ပေ။ သူတိုခေတ်တွင် တက္ကသိုလ် တစ်ခုမှတစ်ခုသို ခြေလျင်ခရီးဖြင့် သွားတတ်ကြသည်။ ထိုသိုပြောင်းရွှေ့ခြင်း၏ အကြောင်းရင်းများမှာ ကျောင်းသားများ အနေဖြင့် အလွန်လေးစားသောဆရာ ပြောင်းရွှေ့သွားသောကြောင့် ဆရာပြောင်း သွားသည့် တက္ကသိုလ်သို့လိုက်၍ ပြောင်းရွေ့ခြင်းလည်းဖြစ်နိုင်သည်။

ထိုသို့ ခရစ်ယာန်ကျောင်းတော်၏ ဩဇာများ၊ အရိပ်အယောင်များနှင့် မကင်းသည့်တိုင် အလယ်ခေတ် တက္ကသိုလ်များသည် ခေတ်သစ်ပညာရေးနှင့် ယဉ်ကျေးမှုတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်များ ဖြစ်ခဲ့ကြသည်။ ထိုသိုခေတ်သစ် ပညာရေးနှင့် ယဉ်ကျေးမှုကို လွှမ်းမိုးသည်ဟုဆိုရာ၌ တိုက်ရိုက်လွှမ်းမိုးသကဲ့သို သွယ်ဝိုက်၍ လည်း လွှမ်းမိုးသည်။ တက္ကသိုလ်မှ ဆရာများသည် ပညာရပ် သင်ရိုးများကို ကောင်းစွာ ပေါက်မြောက် အောင်မြင်ပြီးသောသူများ ဖြစ်ကြသည်။ အလယ်ခေတ်တွင် တက္ကသိုလ်များနှင့် အခြေခံကျောင်းများ တစ်ခုနှင့် တစ်ခု ကွာဟမနေစေရန် တက္ကသိုလ်မှ ဆရာများကို စေလွှတ်၍ သင်ကြားစေသည်။ ဤသိုဖြင့် တက္ကသိုလ်များ သို့ ဝင်မည့် ကျောင်းသားများသည် အရည်အချင်း ပိုမိုမြင့်မားလာကြသည်။

၁၄ ရာစု၊ ၁၅ ရာစုနှင့် ၁၆ ရာစုများတွင် အသိပညာများ အသစ်တဖန် ပြန်လည်နိုးထလာခြင်း၊ မွေးဖွားလာခြင်းနှင့် သင်ကြားလေ့လာမှုဆိုင်ရာများ အသစ် အဆန်း ပေါ်ပေါက်လာသောခေတ်ဖြစ်သည်။ ရှေးဂရိနှင့် လက်တင်တို၏ ဂန္တဝင် စာပေ၊ ပန်းချီ၊ အနုပညာနှင့် တေးသီချင်းများကို စိတ်ပါဝင်စားသူများမှာ မူရင်းဒေသ ဖြစ်သည့် အီတလီနိုင်ငံတွင်သာမက ဥရောပတခွင်လုံး ပြန့်နှံလာသည့် ခေတ်ဖြစ် သည်။ ဤကဲ့သို လေ့လာမှုကျယ်ပြန့်လာသည်နှင့်အညီ လူသာ အဓိကဝါဒ ဖြစ်ခြင်း၊ လူပုဂ္ဂိုလ်တစ်ဦးချင်းစီအပေါ်နှင့် မိမိတိုနေထိုင်သည့် ကမ္ဘာလောကကြီး အပေါ်လေ့လာချင်စိတ်၊ စူးစမ်းလိုစိတ်များနိုးကြားလာသည့် ခေတ်ဖြစ်သည်။ ယခင် အလယ်ခေတ်ကလူအများ အမြဲတမ်းခံယူထားသည့် ထာဝရဘုရား၊ လူသားနှင့် ကောင်းကင်ဘုံတို့နှင့်ဆိုင်သည့် အသိပညာ၊ ခံယူချက်၊ ယုံကြည်ချက်များအတွင်းမှ ဖောက်ထွက်ကာ မိမိတိုနှင့် အနီးစပ်ဆုံးဖြစ်သော မိမိတိုကိုယ်တိုင် နေထိုင်နေကြ သည့် ကမ္ဘာလောကကြီးနှင့် လူသားများအပေါ်တွင်သာ ပိုမိုအာသီသထား စိတ်ဝင်စားလာကြသည်။ ။

လူတစ်ဦးချင်းစီ၏ ပင်ကိုယ်သဘောသဘာဝ ဖြစ်တည်မှုရှိခြင်းအပေါ် လွတ်လပ်စွာ လေ့လာလိုမှုနှင့် အခြားသူများ၏ ပြုမူမှုအပေါ် မည်ကဲ့သို ပြန်လည် တုန့်ပြန်သင့်သည်ကို ခွဲခြားစိတ်ဖြာလာတတ်ကြသည်။ ရှေးရိုး ထုံးတမ်း အစဉ်အလာ အရ တွေ့ကြုံလာသည့် အခက်အခဲပြဿနာများကို တန်ခိုးအာဏာ အရှိန်အဝါ ရှိသည့် ဘုန်းကြီးများကိုသာ အားကိုးခိုလှု၍ စီရင်ဆုံးဖြတ်ပေးမှုကို ခံယူကြရသည့် ထုံးစံကို တွန်းလှန်ကာ မိမိတို အသိဉာဏ်၊ အတွေ့အကြုံနှင့် စာပေဗဟုသုတများ အပေါ် အခြေခံလျက် ဖြေရှင်းလာကြသည့်ခေတ်ဖြစ်သည်။ ထိုကဲ့သို အသိဉာဏ်များ တိုးတက်မြင့်မားလာခြင်းအားဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဘဝ၏ အသိပညာနယ်ပယ် အသီးသီးတွင်လည်း ပြုပြင်ပြောင်းလဲ မှုများ ပေါ်ပေါက် လာခဲ့ကြသည်။

ပညာရေးဆိုင်ရာ လွှမ်းမိုးမှုကြောင့် လူတစ်ဦးချင်းစီ၏ အမြင်များ ကျယ်ပြန့် လာသည်နှင့်အမျှ မိမိတို၏ မြိုရွာများအတွက်လည်း တိုးတက်ဖွံဖြိုးအောင် လုပ်ဆောင်ချင်စိတ်များ ပေါ်ပေါက်လာကြသည်။ ပညာရေး မြင့်မားလာမှုအတွက် ချမ်းသာကြွယ်ဝသူများ၊ ကုန်သည်များနှင့် သူကြွယ်များမှလည်း အားပေးမှုများ၊ ကူညီထောက်ပံ့မှုများ ပေါ်ထွက်လာသည်။ ပညာရေးအပေါ်အလေးထားမှု၏ အကျိုးရလဒ်မှာ ဘုန်းတော်ကြီး များ၊ ဘုရင်များနှင့် အုပ်ချုပ်သူလူတန်းစားများ အတွင်း အားပြိုင်မှုများ၊ တင်းမာမှုများ လျော့ပါးလာပြီး နိုင်ငံအတွက်နှင့် လူမှုအဖွဲအစည်းများအတွက် ကျယ်ပြန့်စွာ လုပ်ဆောင်လိုစိတ်များ ပေါ်ပေါက်လာ ခဲ့သည်။ သိပ္ပံပညာတော်လှန်မှု စတင်လာမှုကြောင့် ဖန်ဆင်းရှင်ဘုရားအပေါ်မှာ အာရုံစူးစိုက်မှုထက် ဖန်ဆင်းခြင်းခံရသော ကမ္ဘာလောကကြီးကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုအတွက်သာ ပိုမိုအလေးထားလာကြသည်။ သိပ္ပံနည်းကျကျ လေ့လာမှုများ ပေါ်ပေါက်လာမှုကြောင့် ကျောင်းများတွင်လည်း သင်ကြားနေသည့် ဘာသာရပ် များထက် သင်ရိုးညွှန်းတမ်းအသစ်များ ပေါ်ထွက်လာသည်။ ဂီတပညာ၊ အဆောက်အအုံဆိုင်ရာ ဗိသုကာပညာ၊ စာပေပညာနှင့် အနုပညာရပ်အသီးသီးတွင် လက်တွေ့စမ်းသပ်ကာ သုတေသနပြုလုပ်မှုများအပေါ် ပိုမိုအာရုံစိုက်လာကြသည်။

၁၄ ရာစု ကုန်သည့်အချိန်တွင် အသင်းတော်သည် ဆုတ်ယုတ်သည့် ကာလအခြေအနေအဖြစ် တည်ရှိခဲ့သည်။ အသင်းတော်တွင် ဦးစီခေါင်းဆောင် ပြုလျက်ရှိသော ပုပ်ရဟန်းမင်း၊ သာသနာပိုင်နှင့် အောက်ပိုင်းတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ဘုန်းတော်ကြီးများအထိ ဖောက်ပြန်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြသည်ကိုတွေ့ရသည်။ စည်းစိမ်ဥစ္စာကို မက်မောခြင်း၊ သြဇာ အာဏာကို မက်မောခြင်း၊ ကိုယ်ကျင့်တရား ဖောက်ပြန်ခြင်း၊ အသင်းတော်က ချမှတ်ထားသော စည်းကမ်းဥပဒေများကို ဖောက်ဖျက်ခြင်း ပြုလုပ်ခဲ့ကြသည်သာမက လောကီဆိုင်ရာ လိုက်စားမှုအမျိုးမျိုးကိုလည်း ပြုလုပ်ခဲ့ကြသည်။

ပုပ်ရဟန်းမင်းကိုယ်တိုင်ကလည်း မိမိ၏ အာဏာတည်မြဲရေးအတွက် ဓမ္မခုံရုံးများကို အသုံးပြု၍ ပြုပြင်ပြောင်းလဲလိုသူများ၊ ဆန့်ကျင်သူများအား ရက်စက်စွာ အပြစ်ဒဏ်ပေး စီရင်ကွပ်မျက်ခဲ့သည်။ အသင်းတော်ကို ဦးဆောင်နေသူ သံဃာတော်များသည်လည်း အသင်းတော်အတွင်း၌ သမ္မာကျမ်းစာနှင့် မကိုက်ညီသော၊ တမန်တော်ကြီးများထံမှ ဆက်နွယ် ဆင်းသက်လာခြင်းရှိသော ကျင့်သုံးမှုများ ကိုလည်း ကျင့်သုံးခဲ့ခြင်း၊ ဘဏ္ဍာငွေရရန် အပြစ်ဖြေလွှာများကို အရောင်းအဝယ် ပြုလုပ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် အသင်းတော်၏ အခြေအနေသည် အဖက်ဖက်တွင် အနိမ့်ဆုံးအခြေအနေသို ရောက်ရှိခဲ့သည်။

အသင်းတော်အတွင်း၌ ဤသိုဖောက်ပြန်မှုများ ဖြစ်နေသည့်အချိန်တွင် ဥရောပတစ်ခွင်၌လည်း ၁၃ ရာစု မှ ၁၅ ရာစုအတွင်း အသိပညာ ပြန်လည် နိုးကြားခြင်းကြောင့် ဓမ္မပညာရှင်ကြီးများ ပေါ်ပေါက်လာခဲ့၏။ ဤသိုထွန်းကားလာမှုနှင့်အတူ သီဩလော်ဂျီဆိုင်ရာ စာပေများနှင့် အခြေခံကျသော ဓမ္မအတွေး အခေါ်များ ပြန်လည်ထွန်းကားလာသဖြင့် ဘာသာရေးဆိုင်ရာ ယုံကြည်ကျင့်သုံးမှု များကို သုံးသပ်တွေးတောဆင်ခြင်၍ သမ္မာကျမ်းစာနှင့် ချိန်ထိုးပြီး ရှင်းလင်းအောင် သင်ကြားသည့် တက္ကသိုလ်များ ပေါ်ပေါက်လာခဲ့သည်။

ဂျာမဏီနိုင်ငံ၌ စာပုံနှိပ်စက်ကို ခသ ၁၄၅ဝ ခန့်တွင်တီထွင်ခဲ့သဖြင့် သမ္မာကျမ်းစာနှင့် ဓမ္မစာပေများကို စောင်ရေအမြောက်အမြား ဈေးနှုန်းသက်သာ စွာဖြင့် ထုတ်ဝေနိုင်ခဲ့သဖြင့် လူများစွာတို့က ဖတ်ရှုလေ့လာ နိုင်ခဲ့ကြပြီး ယုံကြည် သူများအကြားတွင် ဘာသာရေးဆိုင်ရာ အသိဉာဏ်များ ပြန်လည်ရှင်သန်လာခဲ့၏။ ထိုကြောင့် အသင်းတော် ပြုပြင်ပြောင်းလဲရေးကို လိုလားသူများသည် အသင်းတော် တည်ရှိသည့် တိုင်းပြည် တိုင်းလိုလို၌ပင် တိုးပွားများပြားလာခဲ့သည်။ ၁၅ ရာစု အကုန်တွင် ကုန်သွယ်ရေးအတွက် ပင်လယ်ရေကြောင်း လမ်းသစ်တိုကို ရှာဖွေ တွေ့ရှိခဲ့သဖြင့် ဥရောပတိုက်ရှိ တိုင်းပြည်များသည် ကုန်သွယ်ရေးကို တိုးချဲ့ခဲ့ခြင်းနှင့် ကိုလိုနီနိုင်ငံများ ထူထောင်ခဲ့ခြင်းတိုကို စတင်လုပ်ဆောင်ကြသောကြောင့် စီးပွားရေး ကြွယ်ဝချမ်းသာမှုနှင့် တန်ခိုးအာဏာကြီးထွားလာမှုကြောင့် ပုပ်ရဟန်းမင်း၏ ဩဇာအာဏာအောက်တွင် မနေလိုကြတော့ချေ။

၁၅ ရာစုနှင့် ၁၆ ရာစုနှစ်များတွင် ဥရောပတိုက်၌ ပေါ်ပေါက်လာခဲ့သော ခေတ်သစ်နိုင်ငံများသည် တဖြည်းဖြည်း အင်အားကောင်းလာကြပြီး ၎င်းတို၏ နိုင်ငံအတွင်းရှိ လူများကိုလည်း စည်းရုံးလှုဆော်လာခဲ့ ကြသည်။ တိုင်းပြည်အတွင်းရှိ အသင်းတော်ဆိုင်ရာ လုပ်ငန်းများတွင် ပုပ်ရဟန်းမင်းက တာဝန်ယူ အုပ်ချုပ် ခြင်းထက် တိုင်းပြည်ကို နိုင်ငံရေးအရ အုပ်ချုပ်သောသူကသာ သက်ဆိုင်ရာနိုင်ငံ၏ အရေးအခင်းကို တာဝန်ယူ သင့်သည်ဟု လူအများက ယုံကြည်လာကြသည်။

ဘာသာရေးနှင့် ပညာရေးတွင် အများနှင့်ဆိုင်သော ဘာသာစကား ဖြစ်ခဲ့သည့် လက်တင်ဘာသာ စကားထက် မိမိတို့နိုင်ငံများတွင် အသုံးပြုလျက်ရှိသော တိုင်းရင်းဘာသာစကားများက ပိုမိုအရေးပါသည့်နေရာ ယူလာကြပြီး လေးနက်သော ဓမ္မသဘောတရားများပါသည့် စာပေများနှင့် ပညာရှင်များ ရေးသားခဲ့သည့် ပညာရပ်ဆိုင်ရာများကို ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန်နှင့် အခြားဘာသာ စကားများဖြင့် ထုတ်ခြင်းများ ပြုလုပ်ခဲ့ကြ၏။တက္ကသိုလ်များမှ ပညာရှင်များ သည်လည်း အသိပညာ အတတ်ပညာ အသစ်များမှ ရရှိလာသည့် နည်းလမ်း များကို အသုံးပြု၍ ရှေးကျသော ဘာသာစကားများနှင့် စာတမ်းအထောက်အထား များမှ လေ့လာတွေ့ရှိချက်များကို သမ္မာကျမ်းစာအား လေ့လာရာတွင် ထည့်သွင်း အသုံးပြုခဲ့ကြသည်။

ရီနေဆန်ခေတ် ခေါင်းဆောင်များနှင့် အတွေးအခေါ်သမားများ၏ အမြင်အ လူ့ဘဝတွင် ဘုန်းအရှိန်အဝါ မြင့်မားရေးနှင့် ကမ္ဘာလောကကြီးတွင် ပြီးပြည့်စုံစွာ ပျော်ရွှင်မှုရရေးသည်သာ အဓိကဖြစ်ကြောင်း မြင်တွေ့ခဲ့သည်။ ရီနေဆန်ခေတ်ပညာ ရေးမှာလည်း ပုဂ္ဂလိကတစ်ဦးချင်း ဖွံဖြိုးစေသည့် ပညာရေးဖြစ်သည်။ ဤအမြင် သည် လူ့အဖွဲအစည်းမှ ခွဲထွက်ပြီး၊ တစ်ဦးချင်းစီ၏ အရည်အသွေး တိုးတက် လာစေသော ပညာရေးအဖြစ် ရောက်ရှိလာခဲ့သည်။

ရီနေဆန်ခေတ်တွင် ပေါ်ထွက်လာသည့် မေးခွန်းတစ်ခုမှာ လူ၏ ဆင်ခြင်တုံအသိတရားနှင့် ခရစ်ယာန်တို၏ ယုံကြည်မှု မည်ကဲ့သို ဆက်စပ်မှု ရှိနေသနည်း ဟူသည့် မေးခွန်းပင်ဖြစ်သည်။ တချိုသော ရီနေဆန် အတွေးအခေါ် ပညာရှင်များ၏ အမြင်အရ လူ၏ဆင်ခြင်တုံတရားသည် ယုံကြည်မှုပိုင်းဆိုင်ရာထက် ပို၍တိုးတက် မြင့်မားနေသည်ဟု ဆိုခဲ့ကြသည်။ လူသားဝါဒ၊ သိပ္ပံပညာနှင့် အနုပညာတို့သည် ခရစ်ယာန်ဘာသာ မှ ဖော်ပြသည့် အမှန်တရားများနှင့် ထပ်တူထပ်မျှ ဖြစ်နေကြောင်း ဖော်ပြသူများလည်းရှိခဲ့သည်။

အလယ်ခေတ် ပညာရေးသင်ကြားရေးပုံစံတွင် အိမ်ထောင်စုမှ သင်ကြား ခြင်း၊ ဝတ်ပြုခြင်း၊ သင်းအုပ်ဆရာမှ သင်ကြားခြင်းနှင့် လမ်းပြညွှန်ကြားပေးမှု တို့ပါဝင်သည်။ အိမ်ထောင်စုမှ သင်ကြားခြင်းတွင် ကလေးများနှင့် လူကြီးများ အတွက် အမေးအဖြေပြု၍ သင်ကြားနည်း(catechism) အမျိုးမျိုးကို အသုံးပြုခဲ့ သည်။ အမေးအဖြေများမှာ စာဖြင့်ရေးသားထားသည့်ပုံစံများကို အသုံးပြုခဲ့ကြသည်။ မိဘများသည် ကလေး များအတွက် သင်ကြားပေးရန် တာဝန်ရှိသူများဖြစ်ကြသည်။ ဝတ်ပြုစည်းဝေးများတွင် ဆုတောင်းစာအုပ်များ (Liturgy)အပြင် တရား ဟောပြောခြင်းများသည်လည်း အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ခဲ့သည်။

သင်းအုပ်ဆရာများ၏ ဟောပြောခြင်းနှင့် သင်ကြားခြင်းသည် အသင်းသူ၊ အသင်းသားများအတွက် ခွန်အားရရှိနိုင်သည်။ ထိုကြောင့် သင်းအုပ်ဆရာသည် အသင်းသူ၊ အသင်းသားများအတွက် ပညာရေးဆိုင်ရာ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သည်။ အသင်းတော် ခေါင်းဆောင်များနှင့် မိဘများက ခရစ်ယာန်တို့၏ တစ်ဦးချင်း ယုံကြည်ခြင်းအတွက် ခွန်အားပေး လမ်းပြသူများဖြစ်လာသည်။ မန်ကက်သိုလစ်အသင်းတော်၏ ပညာရေးဆိုင် ရာပုံစံမှာ အပြစ်ဝန်ချတောင်းပန်ခြင်း ပင်ဖြစ်သည်။ ထိုလုပ်ရပ်သည် တစ်ဦးချင်းအတွက် လမ်းပြပေးမှု၊ သင် ကြားမှုများ ဖြစ်သွားတော့သည်။

ခရစ်ယာန်တို့၏ ယုံကြည်မှုအရင်းအမြစ်သည် သမ္မာကျမ်းစာ၏ တန်ခိုးတော်ကြောင့်ဖြစ်ကြောင်း အာရုံစူးစိုက်လာကြသည်။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်နိုင်သည့်အချက်ကို လက်ခံထားသည်။ ယုံကြည်ခြင်းနှင့် ယုံကြည်ချက် ကွာခြားမှုရှိသေးသည်။ ယုံကြည်ခြင်းသည် လက်တွေ့ကျင့်သုံး လိုက်လျှောက် ခြင်းဖြစ်သည်။ ယုံကြည်ချက်သည် ယုံကြည်သင့်သည့် အချက်အလက် အကြောင်းအရင်းများ၊ ဟန်ချက်များကို ဆိုလိုခြင်းဖြစ်သည်။ ဤနှစ်ခုစလုံးသည် အရေးကြီးသည့် အရာများဖြစ်သည်။ ကယ်တင်ခြင်းသည် လူတစ်ဦး ချင်း၏ ယုံကြည်မှုအပေါ်တွင် အခြေခံနေသည်။ တစ်ဦးချင်း ခရစ်တော်ကို ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံပြီး၊ ဝန်ခံဂတိပြုခြင်းအပေါ်တွင် မူတည်နေသည်။ ထိုအပြင် အသင်းတော်တွင် ပါဝင်အသက်ရှင်ရန်လည်း ပါဝင်သေး သည်။ ခရစ်တော်၏ အသင်းတော်နှင့် ခန္ဓာကိုယ်ချင်းဖြစ်ကြသည်။

ခရစ်ယာန်ဓမ္မပညာ၏ ရည်ရွယ်ချက်မှာ ခရစ်ယာန်တိုင်း ခရစ်တော်၏ အမှုတော်ဆောင်များဖြစ်ရန် သင်ကြားပေးခြင်းဖြစ်သည်။ နှုတ်ကပတ်တရားတော်ကို ယုံကြည်ခြင်းစိတ်ဖြင့် ဖတ်ရွတ်ခြင်းဖြင့် တရားတော်နှင့် ထိတွေ့နိုင်မည်။ ပညာရေး သဘောတရားအရ လူတစ်ဦးချင်းသည် အရေးကြီးပြီး သမ္မာကျမ်းစာ ဖတ်ကြားခြင်း သည် လူတိုင်းအတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခုဖြစ်သည်။

အိမ်ထောင်သည် အသင်းတော်၏လုပ်ငန်းကို ချဲ့ထွင်ယူပြီး မိမိအိမ်သူအိမ်သား များကို သွန်သင်ဆုံး မပေးသည့်နေရာဖြစ်သည်။ မာတင်လူသာ(Martin Luther)၏ အဆိုအရ အိမ်ထောင်၏ ဗဟိုမဏ္ဍိုင်သည် ကလေးများအား အပြန်အလှန် ကျမ်းပိုဒ်များကို ရွတ်ဆိုသွန်သင်ပေးခြင်းနှင့် မိဘများသည် သင်ကြားခြင်း တာဝန်ကို ယူကြရမည့်အချက်များပင်ဖြစ်သည်။

ပညာတတ်နိုင်သော သားကောင်းများ ထွက်ပေါ်လာရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ကျောင်းများ ပေါ်ထွက်လာသည်။ ထိုကျောင်းများကို နိုင်ငံတော်မှ ထောက်ပံ့ပြီး အသင်းတော်များနှင့်လက်တွဲ၍ လုပ်ဆောင်ခဲ့သည်။ နိုင်ငံတော်သည် ပညာရေးအဆင့်နှစ်ဆင့်ထားပြီး ထောက်ပံ့ခဲ့သည်။ အဆင့်နှိမ့် အလယ်တန်း ကျောင်းနှင့် အဆင့်မြင့် အလယ်တန်းကျောင်း နှစ်မျိုးခွဲပြီး တည်ထောင်ခဲ့သည်။ အဆင့်နိမ့်အလယ်တန်းကျောင်း တွင် ကလေးများ မည်ကဲ့သို စာဖတ်ရမည် ကိုသာသင်ပေးသည်။ အဆင့်မြင့် အလယ်တန်းကျောင်း၊ လက်တင် သဒ္ဒါကျောင်းနှင့် တက္ကသိုလ်များတွင် အနာဂတ်အတွက် အသင်းတော် ခေါင်းဆောင် များအဖြစ်လည်းကောင်း လူမှုရေးခေါင်းဆောင်များအဖြစ် သင်ကြားမှုပြုပေးသည်။ ပြုပြင်ပြောင်းလဲရေးသမားများဖြစ်သည့် ဆွစ်ဇာလန်နိုင်ငံမှ ဂျွန်ကယ်လဗင်(John Calvin)နှင့် စကော့တလန်နိုင်ငံမှ ဂျွန်နော့( John Knox )တို့ တည်ထောင်သည် ကျောင်းများတွင် ယောက်ျားကလေးများနှင့် မိန်းကလေးများ ရောနှောပါဝင်ခဲ့ကြသည်။

ခရစ်ယာန်ဓမ္မပညာတွင် ဆရာ၊ ဆရာမများသည် မရှိမဖြစ်သည့် အဆင် အတန်းတွင် ရှိနေပြီး ဆက်ကပ်အပ်နှံခြင်းနှင့် သင်ကြားခြင်းလုပ်ငန်းများကို လုပ်ကိုင်ကြရသည်။ ကယ်လဗင်အဆိုအရ သင်တန်း အောင်မြင်ထားသည့် သာသနာပြုဆရာများကို ဆရာများကဲ့သို လူ့အဖွဲအစည်းတွင် ပါဝင်လှုပ်ရှားမှုများ ပြုလုပ်စေလိုကြသည်။ လူ့အဖွဲအစည်းတွင် အဓိကပညာတတ် ပုဂ္ဂိုလ်များထဲတွင် သာသနာပြုဆရာများသည် ဆရာများ၏ ခေါင်းဆောင်များနှင့် ကျောင်းအတွက် အကြံဉာဏ်ပေးသူများဖြစ်လာကြသည်။ မှန်ကန်သော ယုံကြည်ချက်များကို သင်ကြားပေးသည့် သာသနာပြု သင်းအုပ်ဆရာများအဖြစ် မြှင့်တင်ပေးထား ကြသည်။ –

ပြုပြင်ပြောင်းလဲရေး ကာလအတွင်း ပညာရေးသည် ယုံကြည်သူတို့၏ အဖွဲအစည်းအတွက်ဖြစ်သည်။ တစ်ဦးချင်း ပညာရေးတိုးတက်မြင့်မားလာစေရန် ဖြစ်သည်။ ခရစ်ယာန်ဓမ္မပညာသည် လူတစ်ဦး၏ ဘုရားသခင်အပေါ် တုံပြန်ရန် ဖြစ်ပြီး ထိုမှတဆင့် လူတစ်ဦး၏ အရည်အသွေး စွမ်းအားမြင့်မားလာမှုအရ ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရပြီး၊ ပြည့်ဝစုံလင်သည့် လူသားအဖြစ် ရောက်ရှိ လာသည့်အခါ၊ ကျယ်ပြန့်သော လူ့ဘောင်အဖွဲအစည်းအတွင်းသို့ ဝင်ရောက် ဝေငှချဲ့ထွင်ရန် လိုအပ်လာတော့သည်။ ခရစ်ယာန်များသည် ဘုရားနှင့် အခြားသူများအပေါ် အစေခံများအဖြစ် ခေါ်ခံရသူများ ဖြစ်လာကြတော့သည်။

ရီနေဆန်ခေတ်နှင့် ပြုပြင်ပြောင်းလဲရေး ခေတ်နှစ်ခေတ်ကို နှိင်းယှဉ် ကြည့်မည်ဆိုခဲ့သော် နှစ်ခေတ်စလုံး ပြန်လည် ဆန်းသစ်မှုများကို ပြုလုပ်ခဲ့ကြသည်။ ရီနေဆန်ကာလတွင် ယဉ်ကျေးမှုဆိုင်ရာ၊ အသိဉာဏ်ပညာ ဆိုင်ရာတိုကို ပြန်လည် ဆန်းသစ်မှုများ ပြုလုပ်ကြပြီး၊ ပြုပြင်ပြောင်းလဲရေး ခေတ်ကာလတွင် ဘာသာရေး အတွေးအခေါ်များနှင့် အသင်းတော် အဆောက်အအုံပိုင်းဆိုင်ရာများကို အသစ် တဖန် ပြန်လည်ဆန်းသစ်မှုများ ပြုလုပ်ခဲ့ကြသည်။

 

၁) အလယ်ခေတ်တက္ကသိုလ်များတွင်အသုံးပြုသော သင်ကြားနည်းများ

(Teaching Methods from Universities of Middle Ages)

အလယ်ခေတ် တက္ကသိုလ်များတွင် အသုံးပြုသောသင်ကြားနည်းများမှာ ဟောပြောပို့ချခြင်း၊ ပြန်လည် တင်ပြခြင်း၊ အချေအတင် ဆွေးနွေးခြင်း၊ စောဒက တက်ခြင်း တိုဖြစ်ကြသည်။ ဟောပြောပို့ချခြင်းများတွင် နှစ်မျိုးနှစ်စားရှိသည်။ တစ်မျိုးမှာ သာမန်ဟောပြောပို့ချခြင်းနှင့် အထူးဟောပြောပို့ချခြင်း (ordinary & extraordinary) တို့ဖြစ်ကြသည်။

သာမန်ဟောပြောခြင်းကို ဆရာတစ်ဦးက ပိုချသင်ကြားရန် ပြဌာန်း ထားသည့်ဘာသာရပ် တစ်ခုကိုရွေး ချယ်ပြီး ဟောပြော သင်ကြားပေးခြင်းဖြစ်သည်။ အထူးဟောပြောခြင်းကို ဆရာများကသာမက ဘာသာရပ် ဆိုင်ရာ အထူး ကျွမ်းကျင်သူ ကျောင်းသားများလည်း ပါဝင်ဆောင်ရွက်သည်။ အထူးပို့ချသော ဘာသာရပ်များ သည် အများစုက စိတ်ပါဝင်စားသော ဘာသာရပ်ဖြစ်ရမည်။ သာမန်ဟောပြောပို့ချရာတွင် ဆရာကရှေ့မှ ဝါကျတစ်ကြောင်းစီကို ခေါ်ပေး၍ ကျောင်းသားများက လိုက်လံရေးကူးထားသော အကြောင်းအရာများကို ရှင်းလင်း ချက်များ၊ ကောက်ချက်ချ အဖြေထုတ်ခြင်းများ ထည့်သွင်း၍ ကျယ်ပြန့်စွာ ပိုချခြင်းကို အထူးဟောပြောပို့ချခြင်းဟုခေါ်သည်။ ။

အနယ်နယ်အရပ်ရပ်မှ ကျောင်းသားများသည် တက္ကသိုလ်ဖွင့်ခွင့် အမိန့်ရရှိထားသော နယ်များသို့ သွားကာ ပညာရှာကြရသည်။ ထိုနယ်များတွင် ပညာသင်ကြားသည့်နေရာများမှာ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းများ၊ ခရစ်ယာန် ဘုန်းတော်ကြီးကျောင်းများတွင် လစ်လပ်နေသော အခန်းများ၌ ပညာဆည်းပူး ကြရသည်။ ကျောင်းသားထိုင်ရန် ခုံမရှိသည့်နေရာများတွင် ကောက်ရိုးကို ဖြန့်ခင်းကာ ထိုင်ကြရသည်။ ထိုခေတ်ကစာအုပ်များသည် သားရေချပ်များပေါ် လက်ဖြင့်ရေးသားကြသော စာအုပ်ကိုကြည့်ကာ ခေါ်ပေးသည်ကို ကျောင်းသားက နောက်မှ အမှီလိုက်ကာ သူတို၏ သားရေချပ်စာအုပ်များတွင် ကူးရေးကြရသည်။

ခေတ်ကာလ တိုးတက်လာသည်နှင့်အမျှ သင်ကြားနည်းများလည်း ပြောင်းလဲလာသည်။ သာမန်ဟောပြောချက်များကို ထပ်ကာတလဲလဲ သင်ကြား ပေးနေပါက ကျောင်းသားများ စိတ်ဝင်စားမှု နည်းပါးသွားမည်ကို ဆရာများက ထည့်တွက်လာကြသည်။ ထိုသို ကြိမ်ဖန်များစွာ ဟောပြောခြင်းများ မဖြစ်စေရန် ပထမဟောပြောခဲ့သော ဆရာက သူ၏ကျောင်းသားများကို စုဝေးကာ ဟောပြော ချက်များတွင် ပါသည့်အချက်အလက်များထဲမှ အတွေးအခေါ်များ၊ အနှစ်သာရများကို ထုတ်ယူကာ ဆွေးနွေးတင်ပြစေသည်။ အတွေးအခေါ်ပိုင်းနှင့်ပတ်သက်၍ ဖြစ်နိုင်၊ မဖြစ်နိုင်သည့်အချက်များကို ထိုးထွင်းရှာဖွေကာ ဆွေးနွေးကြပြီး တစ်ဦး၏ အတွေးနှင့် နောက်တစ်ဦး၏ အတွေးတိုသည် ထိခိုက်ငြိစွန်းပွန်းရှလာကြသည်။ ထိုအချိန်တွင် အတွေးအခေါ်များ နိုးကြားလာကြမည်ဖြစ်သည်။ အတွေးသစ်များ လည်း မွေးဖွားလာမည်ဖြစ်သည်။ ဤနည်းသည် သင်ကြားနည်းများထဲတွင် အကောင်းဆုံးနည်း ဟုဆိုနိုင်သည်။ ။

အချေအတင်ဆွေးနွေးခြင်း၊ စောဒကတက်ခြင်းဆိုသည့် နည်းသည် များစွာအလေးထားခြင်းခံရသော သင်ကြားနည်းဖြစ်သည်။ အချေအတင် ဆွေးနွေး ငြင်းခုန်သည့်နည်းမှာ ကျောင်းသားများအနေဖြင့် တက်ကြွစွာ ပါဝင်ဆွေးနွေး ကြရသည်။ တစ်စုံတစ်ယောက်သည် စစ်တမ်းတစ်စောင်ကိုယူကာ ထိုစစ်တမ်းကို ဟိုဘက် သည်ဘက် အမြင်နှစ်မျိုးဖြင့် ရှုမြင်သုံးသပ်ကြရသည်။ တစ်ဖက်ကို သုံးသပ်ပြီးသည့်အချိန်တွင် နောက်တစ်ဖက် ကို ထပ်မံ၍ သုံးသပ်ကြရသည်။ ထိုနောက် နိဂုံးချုပ်ကောက်ချက်ကို ချကြရသည်။ ဤကဲ့သို အချေအတင် ဆွေးနွေးသည့်နည်းသည် တက္ကသိုလ်တွင်သာမက ခရစ်ယာန်ကျောင်းတော်များ၏ တရားဟောပလ္လင်များ အထိပင် ရောက်ရှိသွားခဲ့သည်။

 

(၄) အလယ်ခေတ် (အေဒီ ၁ရ၀၀ မှ အေဒီ၁၉၀၀) (Middle Ages – AD 1700 to 1900)

၁၅ ရာစုတွင် သိပ္ပံပညာနှင့် ကိုးကွယ်သည့်ဘာသာတိုသည် ဆန့်ကျင်သော အယူဝါဒများ မရှိကြသေးချေ။ လူတိုကို ဘေးအန္တရာယ်ဖြစ်စေမည့် ယူဆချက် များကို ဟောပြောသောသူတိုအား တချိုအသင်းတော် အာဏာပိုင်တို့က ညှဉ်းပန်း နှိပ်စက်ရန် ကြိုးစားကြသည်။ သို့ရာတွင် ဤသိပ္ပံပညာနည်း သစ်ကို ခေါင်းဆောင် လမ်းညွှန်သောသူအများမှာ အသင်းတော်ခေါင်းဆောင်များပင်ဖြစ်သည်။ အများသော ခေါင်းဆောင်တို့မှာ ပရိုတက်စတင့် ဂိုဏ်းဝင်များဖြစ်ကြသည့်အပြင် စိတ်ရောကိုယ်ပါ ခရစ်ယာန်အယူဝါဒကို ကြိုက်နှစ်သက်သူများဖြစ်ကြ၏။ အင်္ဂလန် နိုင်ငံတွင် သိပ္ပံပညာတိုးတက် ရှာဖွေသူတိုင်း သဘာဝလောကကြီးကို စူးစမ်းခြင်း အားဖြင့် ဘုရားသခင် အကြံအစည်နှင့် ဉာဏ်တော်ကို သာ၍သိနားလည်ရန် ကြိုးစားကြသည်။

အရာဝတ္ထုများသည် ဤစကြဝဠာတွင် အလွန်အရေးကြီးသော အစိတ် အပိုင်းများဖြစ်ကြောင်း သိလာကြသည်။ သက်ရှိသတ္တဝါတို့၏ အပြုအမူကိုနားလည်လိုက အသက်နှင့်စိတ်၊ နာမ်ဝိညာဉ်အကြောင်းကို လေ့လာသကဲ့သို ကိုယ်ခန္ဓာဗေဒနှင့်ဆိုင်သည့် လှုပ်ရှားပြောင်းလဲမှု အဆင့်ဆင့်တိုကို လေ့လာ သင့်ကြောင်း သိရှိလာကြသည်။ အထက်ပါပညာရှင်တို၏ ကြိုးစားအားထုတ် မှုကြောင့် သိပ္ပံပညာရှင်တို့၏ ကြံစည်ယူဆချက် အသစ်တို့နှင့် ခရစ်ယာန်အယူဝါဒ တို့သည် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုအချက်အလက်များ မပြောင်းလဲဘဲ ဆီလျော်ညီညွတ်လျက် ရှိနေကြသေးသည်။

၁၇ ရာစုတွင် အသစ်တွေ့ရှိမှုများမှာ သက်ရှိလူအပါအဝင် သတ္တဝါများနှင့် စပ်ဆိုင်သောပညာရပ်တို၌ ထွန်းကားအောင်မြင်ခဲ့ကြသည်။ သို့ရာတွင် ဓါတုဗေဒနှင့် ရပဗေဒပညာတိုတွင်ရှိသော ပြဿနာများကို မဖြေရှင်းနိုင်သမျှ သတ္တုဗေဒ ပသာသည် မတိုးတက်မထွန်းကားဘဲရှိနေသည်။ ၁၆၈၆ ခုနှစ်တွင် ဆာအိုင်းဇက် နယူတန်(Sir Isaac Newton)သည် စကြဝဠာအတွင်းရှိ မည်သည့်ဝတ္ထုပစ္စည်းမဆို တစ်ခုကိုတစ်ခု အချင်းချင်းဆွဲ ငင်လျက်ရှိသော သတ္တိအကြောင်းကို အသစ်တွေ့ သဖြင့် ပရင်းစီးပီးယာမက်သမဲကား (Principia Mathematica) စာအုပ်ကြီး တစ်အုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ သူ၏အဆိုမှာ လူသည် အမျိုးမျိုးသော ပညာရပ်တိုကို ရှာဖွေလေ့လာခြင်းအားဖြင့် ရှေးကနားမလည်နိုင်၊ အလွန်ရှုပ်ထွေးနေ သည်ဟုထင်ရသော အရာများကို လွယ်ကူစွာ ဖြေရှင်းပေးနိုင်သည်ဟုဆိုသည်။ သင်္ချာဘာသာရပ်ကိုအသုံးပြုခြင်းဖြင့်လည်း များစွာသော ပြဿနာများကို ဖြေရှင်း နိုင်ကြောင်း ဖော်ပြခဲ့သည်။

သိပ္ပံပညာရှင်တို့သည် ဓါတုဗေဒနှင့် ရူပဗေဒပညာရပ်များကို အသုံးချ လျက် အသစ်ရှာဖွေတွေ့ရှိသည့် ပညာတိုကို စက်မှုလက်မှုလုပ်ငန်းများနှင့် လူအများ အသုံးလိုသည့် အသုံးအဆောင် ထုတ်လုပ်ရေးတွင် အသုံးပြု ခဲ့ကြသည်။ လူတို့သည် မိမိတို့ ခွန်အားသက်သက်နှင့် လုပ်ရသော အလုပ်အကိုင်တို့ကို စက်ယန္တယားများဖြင့် လုပ်ကိုင်စေရန် တတ်မြောက်လာကြသည်။ စက်ယန္တရား ခေတ်ကြီးသို့ ပြောင်းလဲစပြုလာသည်။ သို့ရာတွင် စက်ယန္တရားသည် လူတို့၏ အစေခံဖြစ်ရမည့်အစား လူသည် စက်ယန္တရား၏ကျွန်အဖြစ် တဖြည်းဖြည်း ဖြစ်လာခဲ့သည်။

လူ၏သမိုင်းတွင် ဤပြောင်းလဲမှုသည် အကြီးမားဆုံးဖြစ်သည်။ စက်မှုလက်မှု ထွန်းကားသောနေ ရာတိုင်းတွင် လူတိုသည် ပိုမိုကြွယ်ဝချမ်းသာလာ၍ သက်သာချောင်ချိစွာ နေထိုင်နိုင်သည်။ လူများတို့သည် ပို၍ကျန်းမာစွာ နေရသဖြင့် အသက် ပို၍ရှည်လာကြသည်။ လူဦးရေလည်း လျင်မြန်စွာ တိုးပွားလာသည်။ လူသည် ဉာဏ်ပညာ ပို၍ကျယ်ပြန့်စွာ တတ်မြောက်သဖြင့် ကမ္ဘာကြီးကို သာ၍ ကြီးသော တန်ခိုးဖြင့် စိုးမိုးအုပ်ချုပ်ရသည်။ ဤကဲ့သို ပြင်ပအရာတို့သည် ပြောင်းလဲလျက်ရှိသကဲ့သို လူတို၏ နေထိုင်မှု အကျင့်စာရိတ္တနှင့် ယုံကြည်ချက် များသည်လည်း တဖြည်းဖြည်းချင်း ပြောင်းလဲလာကြသည်။ ၁၅ ရာစုတွင် လူတိုသည် ကမ္ဘာလောကမှစ၍ စကြဝဠာတိုကို အုပ်စိုးနိုင်သော နည်းဥပဒေများ အကြောင်း လေ့လာတွေ့ ရှိခဲ့ကြသည်။

၁၇ ရာစုကုန်လောက်တွင် ဒီးအစိတ်(Deist) အမည်ရှိသော လူတစ်စုသည် ဘုရားသခင်ကို တစ်မျိုးသော နည်းဖြင့် ယုံကြည်လာကြသည်။ ဘုရားသခင်သည် စကြဝဠာကို အုပ်စိုးသောအရှင်၊ ဥပဒေသတို့ကို သတ်မှတ် သော အရှင်ဟု အယူအဆရှိကြသည်။ ဤစကြဝဠာထဲတွင်မရှိ၊ စကြဝဠာအပြင်ဘက်တွင် ရှိ၍ ကိုယ်တော်တိုင် ဖန်ဆင်းထားသော ဥပဒေအထက်တွင်ရှိနေ၍ သူနှင့် မည်သိုမျှ မသက်ဆိုင်ဟု ယုံကြည်ကြလေသည်။ လူသည် ဘုရားသခင် ချမှတ်ထားသော ဥပဒေသတိုကို စဉ်းစား၊ ဆင်ခြင် တွေးဆခြင်းအားဖြင့် လူ့စိတ်သည် ဘုရား သခင်၏ အကြံဉာဏ်တော်ကို အတော်အတန် ရိပ်မိနိုင်သည်ဟုဆိုသည်။

ဤခေတ်တွင် လူတိုသည် ဘုရားနှင့် တဖြည်းဖြည်းချင်း ဝေးကွာလာကြ သည်။ ကမ္ဘာလောကတွင် သဘာဝတရားတို့နှင့်အညီ တည်လျက်ရှိသည်ဟူသော ယူဆချက်ကြောင့် ဘာသာတရား ကိုးကွယ်ခြင်းသည် လည်း သဘာဝတရား၏ ရည်ရွယ်ချက်ဖြစ်သည်ဟုယူဆကြသည်။ ကမ္ဘာကြီးကိုလည်း အလွန်ကြီးကျယ် ရှုပ်ထွေးသောစက်ယန္တရားကြီးဟု သဘောထား၍ ဘုရားသခင်သည် အရာခပ်သိမ်း ကို အစဉ်အားဖြင့် ကြည့်မြင်လျက်ရှိသည် ဟုယူဆကြသည်။ ဘုရားသခင်သည် အုပ်စိုးသောမင်းဟု ယူဆချက်မှာ တဖြည်းဖြည်း ကွယ်ပျောက်၍ ဤစကြဝဠာကြီးကို ဖန်တီးသော အင်ဂျင်နီယာကြီးကဲ့သို ယူဆပြန်ကြသည်။ သို့ရာတွင် အုပ်စိုး သော ဘုရင်နှင့် သူ၏တိုင်းသူပြည်သားများ ဆက်ဆံခြင်းသည် အင်ဂျင်နီယာ၊ စက်ဆရာနှင့် သက်မဲ့စက်ယန္တရား ဆက်ဆံမှုတိုမှာ လုံးဝမတူချေ။ ဤကဲ့သို ဖြစ်ခြင်းကြောင့် ဘာသာတရားနှင့် သိပ္ပံပညာတို့သည် သဘောထားကွဲ လွဲလျက် မဖြေရှင်းနိုင်သော ပြဿနာများ ပေါ်ပေါက်လာခဲ့သည်။

အနောက်တိုင်းတွင် ၁၈ ရာစုခေတ်ကို ပညာအလင်းခေတ်ဟု ခေါ်ကြသည်။ ဤရာစုခေတ်သည် အခြေခံသဘောတရားများ၊ လောကအမြင်များ ထွန်းကား ပေါ်ပေါက်ရာခေတ်ဖြစ်သည်။ အတွေးအခေါ်ပညာ ရှင်များပင်လျှင် အသိတရား၊ အရှိတရား၊ ကိုယ်ကျင့်တရား စသည်တို့နှင့် ပတ်သက်သော ပြဿနာများအပြင် လူမှုရေး၊ နိုင်ငံရေး၊ သမိုင်းဆိုင်ရာ ပြဿနာများကို တင်ပြဆွေးနွေးလာကြသည်။ စကြဝဠာ၊ လူ့အဖွဲအစည်းနှင့် လူ့သမိုင်းတို့၌ ပါဝင်သော လူသား၏ အခန်းကဏ္ဍကို နားလည်ရန် ကြိုးပမ်းလာကြသည်။ တစ်နည်းဆိုသော် ၁၈ ရာစုခေတ်သည် လူမှုရေးအသိစိတ်၊ နိုင်ငံရေးအသိစိတ် နိုးကြားလာသော ခေတ်ဟုဆိုနိုင်သည်။

ဤခေတ်သည် သိပ္ပံပညာကို အထူးလေ့လာသောခေတ်ဖြစ်၍ သင်္ချာ ပညာရှင်များ၊ နက္ခတ္တဗေဒပညာ ရှင်များ၊ ရူပဗေဒပညာရှင်များ၊ ဓာတုဗေဒ ပညာရှင်များ၊ ပါဏဗေဒပညာရှင်များကို မွေးထုတ်ပေးသော ခေတ်လည်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဥပဒေပညာရှင်များ၊ နိုင်ငံရေးပညာရှင်များ၊ စီးပွားရေး ပညာရှင်များ ၊ ရသပညာရှင်များ၊ စိတ်ပညာရှင်များ၊ ကိုယ်ကျင့်တရားပညာရှင်များ ထွန်းကားသည့်ခေတ်လည်းဖြစ်သည်။ အသိပညာကို တန်ဖိုးထားသော ခေတ်ဖြစ် သည်။ သိပ္ပံပညာရပ်များတွင်လည်းကောင်း၊ ဝိဇ္ဇာပညာရပ်များ တွင်လည်းကောင်း လူတို၏ အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အစဉ်အလာကို ချမှတ်ပေး ခဲ့သည့်ခေတ် ဖြစ်သည်။

၁၈ ရာစုခေတ်တွင် ပြင်သစ်ပြည်၌ ပညာအလင်းရောင် အထွန်းလင်းဆုံး ဟုဆိုနိုင်သည်။ ထိုအချိန်က ပေါ်ပေါက်ခဲ့သော ပညာရှင်တို၏ အယူအဆများသည် ပြင်သစ်တော်လှန်ရေးကို လမ်းကြောင်းပေးနိုင်ခဲ့၏။ ယင်းရာစုခေတ်သည် လူ့အခွင့် အရေး၊ လူတို၏တန်ဖိုးများကို ဖော်ထုတ်သည့်အချိန်ဖြစ်သည်။ လူတို၏ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်၊ သာတူညီမျှဖြစ်ခွင့်၊ ရင်းနှီးချစ်ခင်ခွင့် စသည့် ဝေါဟာရများသည် လူတိုင်းနှုတ်ဖျား၌ ရေပန်းစားချိန်ဖြစ်သည်။ ယင်းရာစုခေတ်ကို ရှုပ်ထွေးနေသော အယူအဆများ၊ အစွဲအလန်းများကို ဆင်ခြင်တုံတရားတည်းဟူသော အလင်းရောင်ဖြင့် ပျောက်ကွယ်စေသောခေတ်ဟု ဂျာမန်ပညာရှင်တိုက အနက်ဖွင့်ဆိုခဲ့ကြသည်။

ယင်းရာစုပညာရှင်များသည် အလယ်ခေတ်က ပညာရှင်များကဲ့သို အဖြစ် အပျက်များကို သဘာဝလွန် နည်းလမ်းများဖြင့် မဖြေရှင်းကြတော့ပဲ သဘာဝကျကျ ဖြေရှင်းရန်ကြိုးပမ်းခဲ့ကြသည်။ ပြဿနာခပ်သိမ်းကို ဖြေရှင်းရာတွင် အကြောင်းနှင့် အကျိုးဆက်စပ်၍ ဖြေရှင်းရန် ကြိုးပမ်းခဲ့ကြသည်။ ကျမ်းဂန်များ၊ ပုဂ္ဂိုလ်များကို ကိုးကားသော အလယ်ခေတ်ပညာနှင့် အခြေခံအားဖြင့် ကွာခြားလာသည်။ လူ့အတွေ့အကြုံ၊ လူ့ဆင်ခြင်ခြင်း တို့ကို ထည့်သွင်းစဉ်းစားလာကြသည်။ လူမှု ပြဿနာများကို အတွေးအခေါ်ရှုထောင့်မှ ဖြေရှင်းလာကြသည်။

၁၉ ရာစုခေတ်တွင် လူမှုရေးအသိစိတ်ဓာတ်နှင့် နိုင်ငံရေးအသိစိတ်ဓာတ် တို့ ပိုမိုနိုးကြားရှင်သန် လာသည်ကို တွေ့ရသည်။ ထိုခေတ်သည် အစစ်အမှန်တရား များ ရှာဖွေဆင်ခြင်ကြံဆနေသည့် ခေတ် မဟုတ်ချေ။ လူမှုရေးအမြင်၊ နိုင်ငံရေးအမြင်၊ ရှုထောင့်အမျိုးမျိုးမှ ဝေဖန်ဆန်းစစ်ထားသော သဘောတရား များကို တင်ပြလာကြသည့် ခေတ်ဖြစ်လာသည်။ ဥရောပနိုင်ငံအသီးသီးတွင် အမျိုးသားရေးဝါဒ ထွန်းကားလာခဲ့ သည်။ လူမှုရေးပြဿနာများကို အထူးကြိုးပမ်း ဖြေရှင်းနေချိန်ဖြစ်သည်။ လူ့အခွင့်ရေး၊ လွတ်လပ်ရေး၊ ညီမျှရေး၊ ပညာရေး စိတ်ပညာ စသည့် ပြဿနာများကို ကြိုးပမ်းဖြေရှင်းနေချိန်ဖြစ်သည်။

၁၉ ရာစုခေတ် အနောက်တိုင်း အတွေးအခေါ်သည် ဂျာမန်နာမ်ဝါဒ ထင်ရှားစေသော ဝါဒတစ်ရပ် ဖြစ်သည်။ ဂျာမန်နာမ်ဝါဒီ ထွန်းကားသောခေတ် ပြင်သစ်တော်လှန်ရေးနှင့် နပိုလီယန်စစ်ပွဲများ၏ ဂရက်ကြောင့် ဂျာမန်အတွေးအခေါ် ပညာရှင်တိုသည် လူမှုရေးပြဿနာများ၊ နိုင်ငံရေးပြဿနာများ၊ သမိုင်းကြောင်း ပြောင်းလဲ ရေးဆိုင်ရာ ပြဿနာများကို စိတ်ဝင်စားလာကြသည်။

၁၉ ရာစုခေတ် အတွေးအခေါ်တွင် ဆင်ခြင်ခြင်းဆိုင်ရာ ခံစားမှုဆိုင်ရာ (အတွင်းစိတ်)နှင့် လက်တွေ့ဆိုင် ရာ အယူအဆသုံးမျိုးကို တွေ့ရှိနိုင်သည်။ ဆင်ခြင် စဉ်းစားခြင်း နည်းလမ်းဖြင့်သာ အစစ်အမှန်တရားကို သိနိုင်သည်ဟု ဟေဂယ် (Hegel)က တွေးခေါ်ခဲ့သည်။ တချိုသော ပညာရှင်များကမူ ဆင်ခြင်ခြင်းအားဖြင့် အစစ်အမှန်တရားကို မသိနိုင်ဟုယူဆကြသည်။ အစစ်အမှန်တရားကို သက်သေ ပြ၍မရနိုင်။ ခံစားရုံသာ ခံစားလိုရနိုင်သည်ဟု ခံစားမှုဆိုင်ရာ၊ စိတ်ကူးယဉ်ဝါဒီ (Romanticist)များက ဝေဖန်ခဲ့သည်။

စိတ်ကူးယဉ်ဝါဒီတိုသည် အလိုလိုသိခြင်း(Intuition) သဘောကို အလေး အနက်ထားကြသည်။ အစစ်အမှန်တရားကို နားလည်ရန် အလိုလိုသိခြင်း သဘော သည် အရေးကြီးသည်ဟုယူဆကြသည်။ ဆင်ခြင်ခြင်းသဘောမှာ နဂိုတည်းက ရှိနေသော သဘောမဟုတ်သဖြင့် သဘာဝမကျဟုယူဆကြသည်။ ဆင်ခြင်ရုံဖြင့် အစစ်အမှန်တရားကို နားမလည်နိုင်ဟုဆိုသည်။ တနည်းအားဖြင့် စိတ်ကူးယဉ် ဝါဒသည် ဆင်ခြင်တုံတရား ထွန်းကားသောခေတ်ကို ဆန့်ကျင်၍ ပေါ်ပေါက် လာသော ဝါဒတစ်ရပ်ဖြစ်သည်။

၁၉ ရာစုတွင် ဆင်ခြင်ခြင်းနှင့် ခံစားမှုတိုကို အလေးအနက်မထားပဲ လက်တွေ့လုပ်ဆောင်မှုကို ရှာဖွေဖော်ထုတ်သည့် ပညာရှင်များ ပေါ်ပေါက်လာ သည်။ အထူးသဖြင့် နီချေ (Nietzche) ၊ လူမှုရေးနှင့် နိုင်ငံရေးပညာရှင် ကား(လ်)မတ်(စ်)(Karl Mark)နှင့် ဟန်နရီဘတ်ဆွန် (Henri Bergson) တိုသည် မက်တွေကို ဦးစားပေးသည့် ပညာရှင်များဖြစ်သည်။ ဤခေတ်တွင် အစစ်အမှန် တရားအကြောင်း ဆင်ခြင်ကြံဆပြီး စိတ်ကူးယဉ်နေရမည့်ခေတ် မဟုတ်တော့ဘဲ လမရေးအမြင်၊ နိုင်ငံရေးအမြင် ရှုထောင့်များက ဝေဖန်ဆန်းစစ် ထားသော သဘောတရားများကို တင်ပြလာကြသည့်ခေတ်ဖြစ်သဖြင့် သဘောတရားခေတ် ဟုခေါ်ကြသည်။

၁၉ ရာစုတွင် ပညာရှင်များသည် အမှတ်သညာ(concept)တို၏ အရေးကြီးပုံကို စဉ်းစားလာကြ၏။ ထိုသို စဉ်းစားရာတွင် သိမှုပညာ၊ ရှိမှုပညာ အဆောင်များမှ စဉ်းစားခြင်းထက် လူမှုရေးအသိဖြင့် ပိုမိုဆန်းစစ်လာ ကြသည်။ အပတ်သညာများသည် ပတ်ဝန်းကျင်အခြေအနေနှင့် ဆက်နွယ်နေကြောင်း ဆန်းစစ် လာကြသည်။ ထာဝရဘုရားဟူသော အမှတ်သညာနှင့် ပတ်သက်မှုကိုလည်း ဆးစစ်လာကြသည်။ တချိုသော အတွေးအခေါ် ပညာရှင်များမှာ ထာဝရဘုရားကို အရာခပ်သိမ်း၏ ပင်မအကြောင်းတရားအဖြစ် လက်မခံကြတော့ပေ။ ပညာရှင် အများစုမှာလည်း ဆင်ခြင်ခြင်းကို လက်ခံရာ၌ တရားသေလက်ခံခြင်းမဟုတ်ဘဲ ဆန်းစစ်ပြီးမှ လက်ခံကြခြင်းဖြစ်သည်။

၁၉ ရာစုတွင် ဘဝဖြစ်တည်မှုပဓာနဂိုဏ်း(Existentialism) စတင် ပေါ်ပေါက် ခဲ့သည်။ ဘဝဖြစ်တည်မှု ပဓာနဝါဒီ ကဲကီဂတ်(Kierkegaard) က ဟေဂယ်(Hagel)၏ အန္တဝိညာဉ်တော်ဝါဒ(absolute idealism)သည် ခမ်းနားသော တတ္တိကစနစ် ဖြစ်သည်ဟုဆိုသည်။ သိုသော် ယင်းစနစ်၏ အားနည်းချက်မှာ လူတစ်ယောက်စီ၏ ဘဝနှင့်ဆိုင်သော ပြဿနာများကို ကျေနပ်ဖွယ်ကောင်းအောင် ဖြေရှင်းပေးနိုင်စွမ်းမရှိဟု ကဲကီဂတ် ကဝေဖန်ခဲ့ သည်။ ပညာရှင်များ၏ အဓိက တာဝန်မှာ ဆင်ခြင်မှုသက်သက်ပေါ်တွင် အခြေခံထားသည့် သဘောတရားချည်း သက်သက်ဖြစ်သည့် တက္ကိက(metaphysic) စနစ်ကြီးများ တည်ဆောက်ရန် မဟုတ်ပေ။ လူ့ဘဝဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်သာ ဖြစ်သည်ဟု ယူဆခဲ့သည်။ ကဲကီဂတ် ဖော်ထုတ်ခဲ့သော ဘ၀ဖြစ်တည်မှု ပဓာနဝါဒကို နှစ်ဆယ် ရာစုခေတ်တွင် ပေါ်ပေါက်လာသော ပညာရှင်များက ဆက်လက် ပြုစုပျိုးထောင် ခဲ့ကြသည်။ ၁၉ရာစုခေတ် အနောက်တိုင်းတွင် နာမ်ဝါဒနှင့် ရုပ်ဝါဒတို အငြင်းပွားမှု ပြဿနာများရှိခဲ့သည်။

ခရစ်ယာန်ဘာသာသည် အနောက်တိုင်းသားတို့၏ ပြဿနာများကို ၁၉ရာစု မတိုင်မီက ဖြေရှင်းပေးနိုင်ခဲ့ သည်။ ထိုကြောင့် ခရစ်ယာန်ဘာသာသည် လူသားတို့၏ အားကိုးရာဖြစ်ခဲ့သည်။ သိုရာတွင် ၁၉ရာစု သိပ္ပံပညာ ထွန်းကား လာသည့်အခါ ခရစ်ယာန်ဘာသာ၌ ယုတ္တိမတန်သာ၊ သိပ္ပံနည်းမကျ သဘောများကို တွေ့လာသည်။ ထိုသိုတွေ့လာသောကြောင့် ဘာသာတရား၌လ. သံသယများဝင်လာ၍ တဖြည်းဖြည်း ယုံကြည်မှု ကင်းမဲ့လာပြန် သည်။ ထို ဘာသာတရားကို အားမကိုးတော့ဘဲ ပစ်ပယ်လိုက်ပြီးနောက် တိကျသေချာ ပေးနိုင်သည်ဟု ထင်မှတ် သော သိပ္ပံပညာကို အားကိုးလာကြပြန်သည်။

သိုရာတွင် သိပ္ပံပညာသည်လည်း လူ့ဘဝပြဿနာများကို တိတိကျက မဖြေရှင်းနိုင်ကြောင်း သိမြင်လာကြပြန်သည်။ အဘယ်ကြောင့် လူ့ဘဝဖြစ်စေ သနည်း။ ဘဝဆိုသည်မှာ အဘယ်နည်း။ မည်သူ့အ တွက်ကြောင့် အသက် နေရသနည်း။ အဘယ်ကြောင့် လူသတ်ပွဲများ၊ စစ်ပွဲများဖြစ်ရသနည်း။ လူတို့ အဘယ်ကြောင့် မပျော်ရွှင်ကြသနည်း။ ဤပြဿနာများကို သိပ္ပံပညာသည် ဖြေရှင်းချက် မပေးနိုင်ကြောင်းကို လူတို တွေ့မြင်လာကြသည်။ ထိုအခါ သိပ္ပံပညာကိုလည်း ဘဝ၏အားကိုးရာ မဟုတ်ဟု ယူဆကာ ပစ်ပယ်လိုက် ကြပြန်သည်။

မျက်မှောက်ခေတ်သည် လူဦးရေ အဆမတန် ထူထပ်သိပ်သည်းလာသော ခေတ်ဖြစ်၏။ ထိုအခါ လူသားထုကြီးကို ထိန်းချုပ်နိုင်သော ဝါဒ၊ စနစ်တိုကို ဖန်တီးလာရ၏။ ဝါဒစနစ်တိုဖြင့် ထိန်းချုပ်ကာ လူ့အဖွဲအစည်းသစ်များ တည်ဆောက် ရ၏။ ထိုသို ဖွဲစည်းတည်ဆောက်လာသော လူ့အဖွဲအစည်းများက ပြဌာန်းမှုများကို လူတစ်ဦးချင်းစီက ငုံခံနေရသည်။ လူ့အဖွဲအစည်းက ကောင်းသည်ဟု ပြဌာန်းလျှင် လူသားသည် လိုက်ကောင်းရ၍ လူ့အဖွဲအစည်းက ဆိုးသည်ဟု ပြဌာန်းဆုံးဖြတ်လျှင်လည်း လိုက်၍ ဆိုးသည်ဟုခံယူနေရ သည်။ လူ့အဖွဲ အစည်း၏ စိုးမိုး ပြဌာန်းခံရမှုကြောင့် လူသားတစ်ဦးစီ၏ အခန်းကဏ္ဍသည် သေးသိမ်မှေးမှိန် လာလာရသည်။ လူ့အဖွဲအစည်းကြီး၌ လူတို့၏ အနေအထားသည် ကြပ်တည်း ကျဉ်းမြောင်းလာသည်။ ဖြစ်ချင်၊ ရချင်သည်တိုကို မဖြစ်နိုင် မရနိုင်ကြောင်း ကြုံတွေ့လာရသည်။ လူတစ်ဦးစီ၏ ဆန္ဒများ၊ သဘောထားများ၊ ခံစားချက်များ သည်လည်း ကွယ်ပျောက်လာရသည်။ ထိုကြောင့် ဘဝဖြစ်တည်မှု ပဓာနဝါဒီများ သည် မိမိခံစားမှုများ၊ သဘောထားများကို ရှေ့တန်းတင်၍ ပေါ်လွင်လာအောင် ကြိုးပမ်းလာကြသည်။

ဘဝဖြစ်တည်မှု ပဓာနဝါဒီသည် ဆင်ခြင်ခြင်းတရားကိုလည်းကောင်း၊ ဘာသာတရားကိုလည်းကောင်း၊ သိပ္ပံပညာကိုလည်းကောင်း၊ စစ်မှန်ခိုင်မာသော၊ ကိုးစား၍ရသောအရာများ၊ ရပ်တည်ရာများမဟုတ်ဟု ယူဆကာ ပစ်ပယ်ကျောခိုင်း လိုက်သောအခါ အားကိုးရာ၊ ရပ်တည်ရာ၊ ယုံကြည်ရာမရှိတော့ပဲ မိမိတစ်ကိုယ် တည်းဖြစ် သွားသည်။ သို့ရာတွင် လောက၏ အချင်းအရာတို့သည် စစ်မှန်သည် ဖြစ်စေ၊ မစစ်မှန်သည်ဖြစ်စေ၊ တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ မိမိဘဝရှိနေခြင်း၊ ဖြစ်နေခြင်းမှာ အစစ်အမှန်ပင် ဖြစ်သည်ဟု ယူဆလာကြသည်။

 

၁) တနင်္ဂနွေကျောင်း (သို့ မဟုတ်) ဥပုသ်စာဖြေကျောင်း စတင်ပေါ်ပေါက်လာပုံ (Sunday School Movement)

ဥပုသ်စာဖြေကျောင်း စတင်ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းမှာ အေဒီ ၁၈ရာစု မစတင်မီ လောက်ကဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင် စက်မှုလက်မှု တော်လှန်ရေး ခေတ်ကာလဖြစ်လာသဖြင့် လယ်ယာ၊ ဥယျာဉ်၊ ခြံမြေများကို လုပ်ကိုင်နေရာမှ စက်ရုံ၊ အလုပ်ရုံများတွင် သွားရောက်လုပ်ကိုင်လာခဲ့ကြသည်။ အထူးသဖြင့် ချည်ထည်၊ ယက်ထည်စက်ရုံများတွင် များစွာ ဝင်ရောက်လုပ်ကိုင် ကြသည်။ မြိုကြီးများတွင် နေထိုင်ကြသည့် ဆင်းရဲသားတို့ သာ အများစု ဝင်ရောက်လုပ်ကိုင်ကြသည်။ အထူးသဖြင့် ဆင်းရဲသူ မိဘများက မိမိတို၏ ကလေးများကို အတင်းအဓမ္မ တိုက်တွန်းပြီး ဝင်ရောက်လုပ်ကိုင်ခိုင်းကြသည်။ စက်ရုံအတွင်း လုပ်ကိုင်ရင်း လူငယ်အရွယ် အများစုမှာ မတော်တဆ ထိခိုက် မှုကြောင့် ကိုယ်လက်အင်္ဂါ ချိုယွင်းခြင်း၊ သေဆုံးခြင်းများ ဖြစ်တတ်ကြသည်။ စက်ရုံများတွင် တစ်ပတ်လျှင် ခြောက်ရက်လုပ်ကြရသလို တစ်နေ့လျှင် (၁၂)နာရီ ပင်ပန်းစွာ လုပ်ကိုင်ကြရသော်လည်း လုပ်အားခ နည်းနည်းသာရကြသည်။ ဆင်းရဲသည့်ကလေး၊ လူငယ်များ ကျောင်းတက်ဖို အချိန်မပေးနိုင်ကြချေ။

ထိုအရွယ် ကလေး၊ လူငယ်များသည် အလုပ်အားလပ်သည့် တနင်္ဂနွေ နေ့တွင် လမ်းမပေါ်ထွက်ကာ ဆိုးသွမ်းကြပြီး ပြစ်မှုများပင် ကျူးလွန်လာကြသည်။ ပြစ်မှုများလာသည်နှင့်အညီ စက်ရုံ၊ အလုပ်ရုံနှင့် အကျဉ်းထောင်ကို အပြန်အလှန် ဝင်ထွက်သူများအဖြစ် ရောက်ရှိခဲ့ကြသည်။ ဂလော်ဇက်စတာမြိုမှာ ပစ်မှုအများဆုံး ဖြစ်သော မြို့တစ်မြို့ဖြစ်သည်။ အကြောင်းရင်းမှာ စက်ရုံအလုပ်ရုံများ များပြားသော ကြောင့်ဖြစ်သည်။

ရောဘတ်ရစ်(ခ်) (Robert Raikes (1736 – 1811))

ရောဘတ်ရစ်(ခ်)သည် ဂလော်ဇက်စတာမြို့သားတစ်ဦးဖြစ်သည်။ သူ၏ အဘိုးမှာ သင်းအုပ်ဆရာဖြစ်ခါ သူ၏ဖခင်မှာ ချမ်းသာကြွယ်ဝပြီး သတင်းစာနှင့် ဂလာဇက်စတာဂျာနယ်ကို ထုတ်ဝေသူဖြစ်သည်။ သူ၏ဖခင် ဆုံးပြီးသည့်နောက် သူ့ဖခင်၏ လုပ်ငန်းဖြစ်သော ပုံနှိပ်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့သည်။ အိမ်ထောင် ကျပြီး ကလေးရှစ်ယောက်၏ ဖခင်ဖြစ်ခဲ့သည်။ အယ်ဒီတာတစ်ဦးလည်း ဖြစ်ခဲ့သည်။ အထူးသဖြင့် ဥပဒေပိုင်းနှင့် သက်ဆိုင်၍ အပြစ်ဒဏ်ချမှတ်ခြင်းနှင့် အပြစ်ပေးခြင်းခံရသော အကျဉ်းသားများအပေါ် စိတ်ဝင်စားသည်။ မကြာခဏ အကျဉ်းထောင်သို သွားရောက်ပြီး အကျဉ်းသားများစာတတ်မြောက်ရေးအတွက် “အ”သုံးလုံးသင် ကြားပေးသည်။ တနင်္ဂနွေနေ့တိုင်း လမ်းမပေါ်ထွက်ကာ ဆိုးသွမ်း၊ ရိုင်းပြမှုများ ပြုလုပ်နေကြသည့် ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည့်ကလေး၊ လူငယ်များအပေါ် စိတ်ဝင်စားမှုရှိလာသည်။ ထိုသူများအတွက် ပြန်လည် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်ရန်အတွက် စိန့်ဂျွန်းနှစ်ခြင်းဘုရားကျောင်းမှ သင်းအုပ်ဆရာဖြစ်သူ သောမတ်(စ်)စတော့ (Thomas Stork) ထံတွင် အကူအညီ တောင်းခံခဲ့သည်။

 

အဦးဆုံးသော တနင်္ဂနွေကျောင်း (သို့ မဟုတ်) ဥပုသ်စာဖြေကျောင်း (Early Sunday School)

ရောဘတ်ရစ်(ခ်)က ပညာရေးသည် မကောင်းမှုဒုစရိုက်နှင့် အကျင့်ပျက် ယိုယွင်းမှုကို ပြုပြင်ရန်အတွက် အကောင်းမွန်ဆုံးသော လက်နက်တစ်ခုဖြစ်ကြောင်း ခံယူခဲ့သည်။ သူ၏ သီအိုရီကို လက်တွေ့ အကောင်အ ထည်ဖော်နိုင်ရန် အစမ်းသပ်ခံ ကျောင်းတစ်ကျောင်း တည်ထောင်ရန် လိုလာသည်။ ၁၇၈ဝ ခုနှစ်တွင် သူသည် သောမတ်စတော့နှင့် ပူးပေါင်းကာ ဆင်းရဲသော ကလေးများအတွက် တနင်္ဂနွေ ကျောင်းကို ဂလော်ဇက်စတာမြို့ တွင် စတင်ထူထောင်ခဲ့သည်။ အကျဉ်းထောင်နှင့် အနီးဆုံး လူစည်ကားသည့်နေရာကို ရွေးချယ်ကာ ကျောင်းကို ဖွင့်လှစ်ခဲ့သည်။

အသက် (၆)နှစ်မှ (၁၄)နှစ်အရွယ် မိန်းကလေး၊ ယောက်ျားကလေးများ စတင်တက်ရောက်ခဲ့ကြသည်။ ဤကျောင်းသည် တစ်ကိုယ်ရည် သန့်ရှင်းအောင် ပြုလုပ်တတ်သည့် အလေ့အထရရှိရန်နှင့် စာရေးဖတ်တတ် ဘိုရန် ဖြစ်သည်။ ခရစ်ယာန် ဓမ္မပညာရပ်ကိုလည်း သင်ယူရသည်။ သမ္မာကျမ်းစာ ဖတ်ရွတ်နိုင် ခြင်းနှင့် သင်ကြားခံယူမှုပြုကြရသည်။ ဆုတောင်းစာအုပ်ကို အလွတ်ကျက်မှတ် ရသည့်အပြင် ဝတ်ပြုစည်းဝေးသို ယူဆောင်လာကြရသည်။

ကျောင်း၏ အချိန်ဇယားမှာ နံနက်(၁၀)နာရီမှ ညနေ(၅)နာရီအထိ ဖြစ်သည်။ နေ့လည်စာ စားပြီးသည့် နောက်တွင် ဝတ်ပြုကိုးကွယ်ခြင်းတွင် ပါဝင်ပြီး ဆုတောင်းစာအုပ် ဖတ်ရွတ်ခြင်းနှင့် သွန်သင်ခြင်းကို နှစ်နာရီမျှ ခံယူကြရသည်။ ကျောင်းစတင်ဖွင့်လှစ်ချိန်တွင် ရောဘတ်ရစ်(ခ်) ကိုယ်တိုင်ပါဝင်ခဲ့ပြီး နောက်ပိုင်း တွင် သောမတ်စတော့နှင့် ညှိနှိုင်းကာ အမျိုးသမီးဆရာမ(၄)ဦးကို ပထမဦးဆုံး ခန့်အပ် ခဲ့သည်။ သူတို့သည် တစ်နေ့ကို တစ်သျှိလင်ရကြသည်။ ကျောင်းသူ၊ ကျောင်းသား အထဲမှလည်း အရွယ်ကြီးသူများနှင့် အထုံဝါသနာပါသူများက အခြားကလေး များအား ပြန်လည် သင်ကြားပေးကြရသည်။ တနင်္ဂနွေကျောင်း စတင်ဖွင့်လှစ် ချိန်တွင် တက်ရောက်လာသည့်ကလေးများမှာ ဆူပူသောင်းကျန်းကြ သဖြင့် စည်းကမ်းတင်းကြပ်မှုများ ပြုလုပ်ကြ ရသည်။

ရောဘတ်ရစ်(ခ်)နှင့် တစ်နှစ်တည်းမွေးသည့် ဝီလျံ(William Fox)သည် ဂလော့ဇက်စတာမြိုနှင့်နီးသည့် ကလက်ပတွန်(clapton)ရွာတွင် ဒုက္ခအခက်အခဲ အမျိုးမျိုး ကြုံတွေ့နေရသည့် ကလေးများအတွက် ပညာရေးလုပ် ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။ အောင်မြင်နေသော စီးပွားရေးသမားတစ်ဦး လည်းဖြစ် သည်။ သူအံ့ဩသည်မှာ သမ္မာကျမ်းကို ဖတ်ရွတ်သူ နည်းပါးနေခြင်း ဖြစ်သည်။ ၁၇၈၅ ခုနှစ်တွင် သူသည် တစ်လကြာကျင်းပသည့် နှစ်ခြင်းအစည်း အဝေးကို တက်ရောက်ကာ ဆင်းရဲချိုတဲ့သူများအတွက် သမ္မာကျမ်းစာကို မည်ကဲ့သို ဖတ်ရွတ်ရမည်ကို သင်ကြားပေးသည့်လုပ်ငန်းကို အတူတကွ အကောင်အထည် ဖော်ကာ လုပ်ဆောင်ခဲ့ကြသည်။ ထိုနှစ်ခြင်းမိသဟာယအဖွဲ့သည် အသင်းတော်၏ ပြင်ပလုပ်ငန်းဖြစ်သည့် ထိုပညာရေးလုပ်ငန်းကို အကောင်အထည် ဖော်လုပ်ဆောင် ခဲ့ကြသည်။

သူသည် ရောဘတ်ရစ်(ခ်)နှင့်လည်း အမြဲတမ်း စာအားဖြင့် အဆက်သွယ် ရှိကြပြီး တစ်ဦးနှင့်တစ်ဦး အားပေးညှိနှိင်း၊ အကောင်အထည်ဖော် လုပ်ဆောင် ခဲ့ကြသည်။ ၁ရ၈၅ ခုနှစ် သြဂုတ်လတွင် ကျင်းပသည့် နှစ်ခြင်းမိသဟာယ အစည်းအဝေးတွင် ဆင်းရဲသူများအတွက် သမ္မာကျမ်းစာ ဖတ်ရွတ်ခြင်းလုပ်ငန်းကို တနင်္ဂနွေကျောင်းများအားဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြ သည်။ သြဂုတ်လ(၃၀) ရက်တွင် ပထမဦးဆုံးသော တနင်္ဂနွေကျောင်း (သို့မဟုတ်) ဥပုသ်စာဖြေကျောင်း အဖွဲအစည်းကို အင်္ဂလန်နိုင် ငံတွင် စတင်ထူထောင်ခဲ့ကြ သည်။

 

၅။ ၂၁ရာစု ပညာရေး (21 Century Education)

ဂျာမန်ဘာသာစကားအရ ပညာရေးဟူသည် ဘေးလ်ဒန်(Bildung) ဟုခေါ်ဆိုသည်။ အတိအကျ ဘာသာပြန်ရလျှင် ဖွဲစည်းခြင်း၊ ပုံပေါ်အောင် ပြုလုပ်ပေးခြင်း၊ ပုံသွင်းခြင်းဖြစ်သည်။ ဝေဟန်ဘွန်ဟန်မ်ဘိုး (Wilhelm von Humboldt)၏ အမြင်အရ ဘေးလ်ဒန်သည် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးကို ပုံပေါ်အောင် စုစည်းပုံသွင်းပေးခြင်းပင်ဖြစ်သည်။ အသက်မွေးဝမ်းကျောင်းနှင့် ဆိုင်သည့် သင်တန်းနှင့်ကွာခြားသည်။ အဆင့်မြင့်ပညာရေး၏ ရည်ရွယ်ချက်မှာ ပညာရပ်ကို မြင့်မြင့်မားမား လေ့လာမှုကို ပြုလုပ်ခြင်းဖြင့် သိပ္ပံပညာ ရပ်တွင် တိုးတက်မြင့်မားလာစေရန်ဖြစ်သည်။ သိုသော် လူပုဂ္ဂိုလ်တစ်ဦးချင်း၏ ဘက်စုံ တိုးတက်မှုကို မျှော်မှန်း ပြီး သိပ္ပံနည်းကျကျ ပုံပေါ်အောင် စုစည်းပေးဘို အားနည်းနေသည်။

လူတစ်ဦးအနေဖြင့် မိမိတိုလေ့လာသည့် ဘာသာရပ်အပေါ်တွင် ကျွမ်းကျင် တတ်မြောက်မှုရှိပြီး ထိုပညာရပ်အားဖြင့် လုပ်ငန်းခွင်တွင် ထိရောက်စွာ အကျိုး သက်ရောက်မှု ပြုစေရေးကို မျှော်မှန်းသည်။ လူတို၏ ဘဝရပ်တည်ရေးအတွက် အထောက်အမဖြစ်စေမည့် ပစ္စည်းကိရိယာများ၊ နေရေးထိုင်ရေး၊ စားသောက်ရေး ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ တိုးတက်မြင့်မားလာရေးအတွက် သိပ္ပံနည်းကျကျ ဖော်ထုတ်လုပ်ဆောင်နိုင် ကြသည်။ ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန် ကျွမ်းကျင်စွာ လေ့လာမှုအပေါ် အခြေခံနေပါသည်။ ထိုကြောင့်အေဒီ ၁၉ရာစု ပညာရေးစနစ်မှာ ဘာသာရပ်အလိုက် ကျွမ်းကျင်သောသူများကို မွေးထုတ်ပေးသော ပညာရေး ဖြစ်ခဲ့ သည်။ ပညာရေးအဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ ဘွဲဒီဂရီများရယူကြ ပြီးနောက် အလုပ်ကောင်းများကို ရှာဖွေနိုင်ခဲ့ကြသည်။ ထိုကြောင့် ပညာရေးသည် အလုပ်ရရှိရေးအတွက် ဖန်တီးပေးနေသလိုဖြစ်နေသည်။ ပညာရည် မြင့်မြင့်မားမား မရရှိသူအဖို အရေးကြီးသော လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ခွင့် မရကြချေ။

စီးပွားရေးပညာရှင်တို့က မျက်မှောက်ခေတ်ကို အရင်းရှင်လူအဖွဲအစည်း (Capitalist Society)ဟု မခေါ်ကြတော့ပါ။ ထိုအစားပညာလူ့အဖွဲအစည်း (Knowledge Society) ဟုခေါ်လာကြသည်။ အများနားလည်နေ သော အရင်းရှင် လူ့အဖွဲအစည်းတွင် အရင်းအနှီးက အရာရာကိုဆုံးဖြတ်သည်။ အရင်းသည် အခရာဖြစ်သည်။ သော့ချက်ဖြစ်သည်။ မျက်မှောက်ခေတ်နှင့် လာမည့် အနာဂတ်တို့တွင် ပညာအားဖြင့်သာ အရာရာကို ဆုံးဖြတ်လာသည်။ ပညာသည် လူ့အဖွဲအစည်းတွင် အရေးပါအရာရောက်ဆုံးနှင့် ဗဟိုမဏ္ဍိုင်တစ်ခုဖြစ် လာသည်။

ကမ္ဘာလူ့အဖွဲ့အစည်းသည် ပညာလူ့အဖွဲ့အစည်း:(Knowledge society) ဆီသို ရွေ့သွားပြီးဟု ပီတာဒရပ်ကားကဆိုသည်။ လူ့အဖွဲ အစည်း တစ်ရပ်လုံး၏ ပင်မဗဟိုချက်သည် ကြွက်သားအရင်းပြုသူ လုပ်သားလူတန်းစားမှ ပညာတတ်လုပ်သား လူတန်းစားဆီသို ပြောင်းလဲသွားသည်။

ဆင့်ကဲဖြစ်စဉ်ပညာကို ဖော်ထုတ်သော ဒါဝင်သီအိုရီအရ ပညာမှန်သမျှ သည် လူသားတို အသက်ရှင်နေထိုင်ရေးအတွက်သာဖြစ်သည်။ ဘဝရုန်းကန်မှု ပြိုင်ပွဲတွင် အသက်ရှင် တည်တံ့ကျန်ရစ်ခဲ့လေ အောင် ပညာကိုရှာကြရသည်။ လေ့လာသင်ကြားကြသည်။ ရှာသောပညာတို့မှာလည်း အသက်ရှင်တည် တံ့ရေးကို အထောက်အကူပြုသော ပညာတိုသာဖြစ်သည်။ ထိုကဲ့သို ပညာကို ရှာဖွေ နေခြင်းသည် လူ့သဘာဝပင်ဖြစ်သည်ဟု ဒါဝင်ကဆိုသည်။ ယခင်ကဆိုလျှင် အထွေထွေဗဟုသုတရှိရုံမျှဖြင့် လူ့လောကတွင် အသက်ရှင် နေထိုင်နိုင်သော်လည်း ယခုတွင် ဤသိုမရတော့ပါ။ အထွေထွေသမား(Generalist)သည် အသက်ရှင် မတည်တံ့နိုင်။ ခက်ခဲလာသည်။ သီးသန့်ကျွမ်းကျင်သူတိုသည်သာ အသက်ရှင် တည်တံ့နိုင်သော ခေတ်ဖြစ်လာ သည်။

ယခင်ကတက္ကသိုလ်မှ သင်ကြားတတ်မြောက်ခဲ့သည့်ပညာဖြင့် အငြိမ်းစား ယူသည်အထိ တစ်သက်လုံး အလုပ်လုပ်စားလိုရသည့်ခေတ် ဖြစ်သော်လည်း ယနေ့ကျောင်းမှ သင်ကြားပေးလိုက်သောပညာနှင့် ဘဝရပ် တည်မှုအတွက် မလုံလောက်သဖြင့် အခြားလိုအပ်သော ပညာရပ်များကို အချိန်နှင့်အမျှ ရှာကြံရင်း အလုပ်လုပ် ကိုင်နေကြရသည်။

ယခုခေတ်၌ တစ်ကမ္ဘာလုံးရှိ လူအများက ပညာတိုးတက်မှုများကို အစွဲပြုပြီး ပညာခေတ်ဟုခေါ် ကြသည်။ သိပ္ပံနှင့် နည်းပညာတိုသည် အရှိန်အဟုန် ကြီးစွာ ပေါ်ထွန်းလာသည့်ခေတ်ဖြစ်သည်။ သိပ္ပံဟူသော စာတွေ့မှ နည်းပညာ ဟူသော လက်တွေ့သို ရောက်ကာ ထူးခြားပြောင်မြောက်စွာ သိပ္ပံပစ္စည်းများ ပေါ်ထွက်လာ သည်။ လျှပ်စစ်ပညာဟု သာမန်ခေါ်ကြသည့် အီလက်ထရွန်းနစ် ပစ္စည်းတိုသည် ပုံစံအမျိုးမျိုးဖြင့် ထွက်လာကြ ပြီး ယခုအခါ ကမ္ဘာကိုပင် လွှမ်းမိုး လျက်ရှိကြသည်။

အီလက်ထရောနစ်သိပ္ပံနှင့် နည်းပညာတို့၏ တိုးတက်မှုသည် ကမ္ဘာကြီး တစ်ခုလုံးတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ သတင်းနည်းပညာ(Information Technology-IT)သည် သတင်းဖြန့်ချိမှုတွင် ယုံရခက်လောက် အောင် တိုးတက် နေသည်။ ကွန်ပြူတာကို နိုင်ငံတိုင်း အသုံးပြုနေကြသည်။ ကွန်ပြူတာ မရောက်ရှိ သေးသော နိုင်ငံဟူ၍ မရှိသလောက်ပင် ဖြစ်နေသည်။ စာသင်ကျောင်းများတွင် ဘက်စုံပညာရေး အထောက်အကူ သိပ္ပံ ပစ္စည်း အသုံးပြုရေးသည် ပညာသင်ကြားရေး အစီအစဉ်တွင် မပါမဖြစ် သဘောထားကြသည်။ ပညာ သင်ကြားရေး၌ အတတ် ပညာကိုသာ ပညာဟု အသိအမှတ်ပြုလာကြသည်။ ထိုကြောင့် ပညာရေးနှင့် ပတ်သက် လာလျှင် ပညာဟူသည် အတတ်ပညာဖြစ်သည်။ အတတ်ပညာသည် သိပ္ပံနှင့် နည်းပညာတိုမှ ထွက်ပေါ်လာသော တတ်ကျွမ်းမှုကို ရည်ညွှန်းကြသည်။

သိပ္ပံနှင့် နည်းပညာတို့ကြောင့် လူသားတို့ လောကီအာရုံ ကာမဂုဏ် အမျိုးမျိုးတိုကို ခံစားလိုသော ဆန္ဒသည် ကောင်းမှုကုသိုလ် ပြုလိုသောဆန္ဒထက် ပို၍ဆွဲအားကောင်းလာသည်။ များစွာသောအရာတိုကို ကိုယ်ခန္ဓာစွမ်းအားအပြည့် မသုံးရဘဲ လိုရာကို အမြန်ရနိုင်သောကြောင့် လူသားတို၏ လောဘ၊ ဒေါသ၊ မောဟ အင်အားစုတို့သည် ပိုကဲလာကြသည်။ ထိုကြောင့် ကမ္ဘာတစ်ဝှမ်း၌ ဒုစရိုက်တို့သည် နေရာတစ်ကာတွင် ပွားများလာကြသည်။ မကောင်းမှု အင်အား ကြီးမားလာမှုကြောင့် ပျက်စီးမှုလည်း များလာသည်

အေဒီ ၂၀၀၀ နှစ်အစ၏ ကမ္ဘာကြီးသည် အဖက်ဖက်မှ ပြောင်းလဲမှုများ အလွန်မြန်ဆန်နေသည်။ ထိုအတူ လူသားများသည်လည်း အဖက်ဖက်မှ ပြောင်းလဲမှုများ မြန်ဆန်လျက်ရှိကြသည်။ ထိုသို့ မြန်ဆန် နေရခြင်းမှာ လူသားများ၏ မဟာဆင့်မြင့်နည်းပညာ(The Great Technology)၏ စွမ်းအားမြင့်မားခြင်းကြောင့် ဖြစ်သည်။

လူသားများ၏ ဦးနှောက်မှ အသိဉာဏ်ပညာရပ်များသည် တစ်နေ့တခြား ဆန်းကျယ်လာနေကြသည်။ နည်းပညာရပ်များသည်လည်း လျှင်မြန်စွာ ပြောင်းလဲ နေသည်။ ထိုသို လျှင်မြန်စွာ ပြောင်းလဲတိုးတက်နေ သောကြောင့် ဘာသာရပ် အသီးသီးတွင် ပညာ၏တန်ဖိုးသည် အထင်ရှားဆုံးဖြစ်လာသည်။ ပညာရှင်များသည် ရှေ့ဆုံးမှာ နေရာပေးခြင်းခံကြရသည်။

ကမ္ဘာ့ စက်မှုလက်မှုတိုးတက်သော အင်အားကြီးနိုင်ငံတချိုသည် (Diamond Theory)အရ စိန်၏ဖွဲစည်းပုံ သဘောတရားဖြင့် လူ့ဘောင်သဘော တရားရေး ပညာရှင်များက ဖွင့်ဆိုကြသည်။ စိန်၏ တန်ဖိုးအမြင့်ဆုံး အရည်အသွေး သည် စိန်၏ထိပ်ဖျား၌သာရှိ၏။ ကျန်အောက်ခြေသည် အရည်အသွေး တန်ဖိုးနည်း၏။ အရည်အသွေးကောင်း၍ တန်ဖိုးအရှိဆုံး ထိပ်ဖျားပိုင်းကလည်း အနည်းငယ်သာရှိသည်။ ထိုကြောင့် စိန်ကို ဥပမာပေး၍ စက်မှုအရင်းရှင် နိုင်ငံကြီးများတွင် လူနည်းစုဖြစ်သော ကုဋေသန်းပေါင်းများစွာ ချမ်းသာသော သူဌေးကြီးများသည် သူတို၏ စက်မှုလက်မှု လုပ်ငန်းပေါင်းများစွာတွင် မျိုးဆက်သစ် အတတ်ပညာရှင် လူငယ်များကို လခမြင့်မားစွာပေး၍ ခေါ်ယူကြသည်။

အယ်ဗင်တော့ဖလာ(Alvin Toffler)က လူ့သမိုင်းတွင် လှိုင်းသုံးလှိုင်း ဖြတ်သန်းခဲ့သည်ဟုဆို၏။ လယ်ယာစိုက်ပျိုးယဉ်ကျေးမှုကို အခြေခံသော ပထမလှိုင်း စက်မှုယဉ်ကျေးမှုကို အခြေခံသော ဒုတိယလှိုင်းနှင့် ၁၉၈၀ ပြည့်လွန်နှစ်များ နောက်ပိုင်းတွင် သတင်းခေတ်၊ အိုင်တီခေတ်၊ အာကာသခေတ်၊ အီလက်ထရော ခေတ်၊ စက်မှုလက်မှုလွန်ခေတ် စသည့် ယဉ်ကျေးမှုတိုကို အခြေခံသော တတိယလှိုင်းဟူ၍ လူ့ယဉ်ကျေးမှုသမိုင်းကို လှိုင်းသုံးလှိုင်းဖြင့် ခွဲခြားထား၏။

ထိုကြောင့် ယနေ့ကမ္ဘာရွာတွင် ပညာသည် အဓိကကျသည်။ ပညာသည် ဂလိုဘယ်သဘော ကိုဆောင်လာ၏။ အလုံးစုံကို ပညာက အဆုံးအဖြတ် ပေးလာ သည့်ခေတ် ဖြစ်လာသည်။ ဓနဥစ္စာအရင်းတို့၊ လက်ရုံးရည်တို့က နောက်တန်းသို့ ရောက်သွားသည်။ ပညာသည်သာ တန်ခိုး(Knowledge is power) ဖြစ်လာ၏။

ပညာရေးတွင် အတတ်ပညာတစ်ရပ်တတ်ရုံ၊ ဘွဲဒီဂရီရရုံနှင့် မလုံလောက်တော့၊ သုံးမရတော့ပါ။ အသစ်အသစ်သော နည်းပညာတို့နှင့် လိုက်လျော ညီထွေအောင် စဉ်ဆက်မပြတ် သင်ယူနေရတော့မည်။ ရှိပြီးသားအရည်အချင်းလောက်နှင့် အလုပ်အကိုင်တစ်ခုတွင် ရာသက်ပန်အလုပ်အကိုင်မြဲဖို့ အာမခံချက် မရှိတော့ပါ။ ထိုကြောင့် မိမိကိုယ်ရည်ကိုယ်သွေးကို အမြဲရှင်သန်အောင် လုပ်နေရ မည်။ ပညာရေးအစီ အစဉ်တိုသည် မည်သည့်အခါမှ ပြီးဆုံးသည်မရှိ စဉ်ဆက်မပြတ် သင်ယူနေရသော ရာသက်ပန်ပညာ ရေး(Continual Learning)သို ဦးတည်နေပါ သည်။ ။

အနာဂတ် ပြုပြင်ပြောင်းလဲမှုသည် စီးပွားရေးကို ဗဟိုပြုသော်လည်း ပညာရေးနယ်၌ အကျိုးသက် ရောက်မှု အများဆုံးရဘိုဖြစ်သည်။ အိုင်တီခေါ် သတင်းနည်းပညာ တော်လှန်ရေး၌ ဘဏ္ဍာအရင်း(Finance Capital)ထက် အသိဉာဏ်ပညာ(Intelectual Capital)နှင့် လူမှုအရင်း(Social Capital) တို့က ရှေ့တန်းသို့ ရောက်လာ၏။ အင်တာနက်မှ ရရှိသမျှ သတင်းအချက်အလက် (Information) ကို ပညာ (Knowledge) အဖြစ်သို့ ပြောင်းလွှဲရယူနိုင်သူများသာ ထိပ်တန်းရောက်လာသည်။ သင်ခန်းစာ တစ်ခုပြီးတိုင်း အသိအမြင်သစ်တစ်ခုရမှ အောင်မြင်သည်ဟုဆိုနိုင်သည်။

 

သမ္မာကျမ်းဆိုင်ရာ အခြေခံအုတ်မြစ်

(Biblical Foundations)

သီဩလိုဂျီပညာရေးတွင် ဘာသာရပ်များကို လေ့လာရာတွင် သမ္မာကျမ်းစာ သည် အခြေခံအုတ် မြစ်ဖြစ်သည်။ အထူးသဖြင့် ခရစ်ယာန်ဓမ္မပညာ သင်ကြား ခြင်းသည် သမ္မာကျမ်းစာကို မြစ်ဖျားခံပေသည်။ သမ္မာကျမ်းစာမှ ဓမ္မပညာ၏ အခြေခံသဘောတရားများ၊ မူရင်းရည်ရွယ်ချက်များ၊ မူရင်းနမူနာပုံစံများ၊ ပုပ်ထုံးများ စသော အကြောင်းအရာများကို ပြန်လည် သင်ယူနိုင်ပေသည်။ သမ္မာကျမ်းစာကို အသက်ရှင်သော နှုတ်ကပတ်တော်အဖြစ် ရှုမြင်ခြင်းသည် ခရစ်ယာန်ဓမ္မပညာ သင်ကြားခြင်း၏ အခြေခံပင်ဖြစ်သည်။ သမ္မာကျမ်းစာမှ ဖော်ပြသော ဘုရားသခင်နှင့် လူမျိုးတော်၏ ဆက်ဆံမှု၊ ဓမ္မဟောင်းကျမ်းမှ သွန်သင်ခြင်းများ၊ သခင်ယေရှု၏ သင်ကြားခြင်းများ၊ ဥပမာတော်များ၊ တမန်တော်များ၏ သွန်သင်ကြားမှုတိုမှာ ကျွန်ုပ်တို၏ ယနေ့ သင်ယူရသော ခရစ်ယာန်ဓမ္မပညာပင် ဖြစ်သည်။ သမ္မာကျမ်းစာဆိုင်ရာ အခြေခံအုတ်မြစ်သည် ဓမ္မပညာသင် ကြားရာတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တိုအတွက် အထောက အကူပင် ဖြစ်သည်။

ဓမ္မဟောင်းကာလ ဓမ္မပညာသင်ကြားခြင်းသည် အိမ်ထောင်မိသားစု စခဲ့ပေသည်။ အထူးသဖြင့် ဖခင်များက တာဝန်ယူဆောင်ရွက်ကြပေသည် တိုင်းတပါးမှ ပြန်လာသောအခါ ဓမ္မပညာသင်ရာဌာနများသည် တရားဇရပ်များ နှင့်ကျောင်းများအဖြစ် ပေါ်ပေါက်လာခဲ့သည်။ ထိုတရားဇရပ်များတွင် သင်ကြားပေး များသည် သက်ကြီးသူများ၊ ယဇ်ပုရောဟိတ်များ၊ ဖာရိရှဲများဖြစ်ကြသည်။ သို့ရာတွင် မိသားစုသည် အရေးပါသောကဏ္ဍ တွင်ပင် ရှိပေသေးသည်။ ထိုကြောင့် သင်ကြားခြင်းတွင် မိသားစုသည် အလွန်ရေးပါပေသည်။ ဓမ္မသစ်ကာလသို့ ရောက်ရှိလာသောအခါ အသင်းတော်သည် တိုးချဲ့လိုက်သော ဘုရားသခင်၏ မိသားစုဖြစ်သည်။ ထိုကြောင့် အသင်းတော်သည် ဓမ္မပညာသင်ကြားခြင်းကို အခြေခံကျကျ လုပ်ဆောင်သွားကြောင်း တွေ့ရသည်။

၁။ သင်ကြားခြင်း၏ မူလအစဖြစ်သော ဘုရားသခင် (God as educator)

ယနေ့ ကျွန်ုပ်တို့ သင်ကြားခံယူနေသော ဓမ္မပညာသည် လူသားများမှ စတင်ခြင်းမဟုတ်ဘဲ၊ ဘုရားသ ခင်မှ အစပြုခဲ့ခြင်းပင် ဖြစ်သည်။ သင်ကြားခြင်း၏ မူလအစဖြစ်သော ဘုရားသခင်သည် မိမိပုံသဏ္ဠန်တော်နှင့် အညီ လူကိုဖန်ဆင်းခဲ့ပြီး၊ ဖန်ဆင်းခြင်း လက်ရာများထဲတွင် လူသာလျှင် ဘုရား၏ပုံသဏန်နှင့်အညီ ဖန်ဆင်းခံ ရကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြခြင်းခံရသည် (က ၁း၂၆-၂၇)။ လူအား ဖန်ဆင်းခြင်းသည် ဆင့်ကဲဖြစ် စဉ်ကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်ချက်ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်၏ ပုံသဏန်တော်အား ပိုင်ဆိုင်သော သူသည် ဘုရားသခင်၏ အကျင့်တရား၊ အသိဉာဏ်ပညာ၊ စိတ်ခံစား မှုနှင့်ဆိုင်သော လုပ်ဆောင်ချက်များသာမက၊ တင့်တယ်လှပ၍ အသရေနှင့် ပြည့်ဝသော အသိပညာဉာဏ်နှင့် ပေါင်းသင်းဆက်ဆံမှု၏ ကိုယ်ပိုင်အရည်အချင်း ဆိုင်ရာ စသည်တိုကို ပုံရိပ်ထင်နေပါသည်။

ဘုရားသခင်သည် လူသားများအား သင်ကြားပေးရန် မတူညီကွဲပြားသော နည်းလမ်းများကို အသုံးပြုခဲ့သည်။ ဘုရားသခင်၏ သင်ကြားခြင်း၌ စိတ်ကူး စိတ်သန်းကောင်းသော စံပြဖန်တီးရှင်ဖြစ်ကြောင်း ကျွန်ုပ်တို ကောက်ချက်ချနိုင်သည်။ မတူညီသော နည်းလမ်းအမျိုးမျိုးဖြင့် ဘုရားသခင်သည် မိမိကိုယ်တိုင် ဖွင့်ပြတော် မူသည်။ ၎င်းသည် လူသားတိုအား အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ခုတည်းကိုသာ သင်ကြားပေးဖိုရန်အတွက် ကန့်သတ်ထားခြင်းမဟုတ်ပါ။ သမိုင်းတစ်လျှောက် ဘုရားသခင်သည် သင်ကြားခြင်း နည်းလမ်းအမျိုးမျိုးကို ပြုသည်။ ထိုကြောင့် ကျွန်ုပ်တိုသည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော် သည့်အခါ ဘုရားသခင် ဖော်ပြထားသော နည်းလမ်းများကို အခြေပြုသင်ကြားသင့်ပါသည်။

ဘုရားသခင်၏ သင်ကြားခြင်း၌အသုံးပြုခဲ့သော နည်းလမ်းများအား မိုက်ကယ်လောဆန် (Michael Lawsan) က အောက်ပါအတိုင်း စုစည်းထားပါသည်-

(၁) သူသည် စကားကို တိုက်ရိုက်ပြောသော ဘုရားဖြစ်သည်။ သူ၏စကားသံသည် ကောင်းကင်မှ တိုက်ရိုက်ကြားနိုင်သည်။(ထွက် ၃း၃) (He spoke directly and audibly form heaven.)

(၂) သူသည် ကျောက်တုံးကိုထွင်းပြီး ထိုအပေါ်မှာ စာရေးသော ဘုရားဖြစ်သည်။ (ဥပမာ ပညတ်တော်ဆယ်ပါး) (တရားဟော ၄း၁၃) (He wrote on tablets of stone.)

(၃) သူသည် လူ့ဇာတိကို ခံယူသောဘုရားဖြစ်သည်။ (ဥပမာ- သခင်ယေရှု) (မ ၁း၂၃။ ဟေရှာ ၉း၆)  (He become flesh.)

(၄) သူသည် သဘာဝလွန်အရာများနှင့် မိမိကိုယ်ကို ဖွင့်ပြသောဘုရားဖြစ်သည် (၃ရာ ၁၈း၂၁-၄ဝ၊ ၁၇း၁ရ-၂၄)။ (He revealed Himself in supernatural beings.)

(၅) သူသည် ထင်ရှားသော အိပ်မက်ရူပါရုံများကို ပေးသော ဘုရားဖြစ်သည်။ (ဥပမာ- ယာကုပ် က ၂၈း ၁ဝ-၁၅။ နေဗုခဒ်နေဇာ ဒံ ၄း၄-၁၂) (He gave vivid dreams and visions.)

(၆) သူသည် နန်းတော်နံရံ၌ စာရေးခဲ့သည်။ (ဥပမာ ဒံ ၅း၅) (He worte on the walls of a palace.)

(၇) သူသည် တိရိစ္ဆာန်များကို စကားပြောစေရန် ပြုလုပ်နိုင်သည်။ (ဥပမာ တော ၂၂း၂၈ ဗာလမ်၊ ဗာလက်) (He made an animal talk.)

(၈) သူသည် စစ်မှန်သောအသံတော်ကို လူသားပရောဖက်များမှတစ်ဆင့်ပြောစေသော ဘုရားဖြစ်သည်။ (ဥပမာ – ပရောဖက်များ) (တရားဟော ၄’၃၆။ ဟေရှာ ၂၂’၁၅။ ယေရမိ ၃’၁၁။ ယေဇ ၂၂း၂၈) (He voiced truth through human prophets.)

(၉) သူသည် ကဗျာစာပေများကိုလည်း စပ်ဆိုခဲ့သည်။ (ဥပမာ- တိတု ၁း၁၂။ တရားဟော ၃၂း၁-၄။ တော ၃၁း၁၉-၂၂)။ (He composed poetry.)

(၁၀) သူသည် တိကျမှန်ကန်သော ဂတိတော်များကို ပေးသောသူ ဖြစ်သည် (ယေရမိ ၃၃း၃) (He provided visual reminders of promises.)

ထိုကြောင့် ခရစ်ယာန်ဓမ္မပညာ တည်ရှိခြင်း၏ အကြောင်းအရာ ဘုရားသခင်သည် ဆရာတစ်ပါး ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည် ဖန်ဆင်းရှင်သာမက၊ သင်ကြားပေးသူ(Educator)အဖြစ် တွေ့မြင်နိုင်သည်။ ဘုရားသခင်၏ အလိုတော်သည် သင်ကြားခြင်း၌ အဓိကထားရန်ဖြစ်သည်။ ဘုရားသခင်၏ ဖွင့်ပြခြင်း(Revelation)သည် သင်ကြားခြင်း၏ အရင်းအမြစ်ဖြစ်သည်။

ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိကိုယ်ကို ဖွင့်ပြတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့အား အချိန်တိုင်း သင်ကြားပေးနေသည်။ ထိုကြောင့် ဘုရားသခင်သည် အရိုးရှင်းဆုံးသော ဆရာတစ်ဦးအဖြစ် ကျွန်ုပ်တို့အား သင်ကြားပေးနေခြင်းဖြစ်သည်။ တစ်ယာန်များ၏ သင်ကြားခြင်း တည်ရှိနေခြင်းမှာလည်း ဘုရားသခင်သည် ဆရာတစ်ပါး ဖြစ်နေသောကြောင့် ဖြစ်သည်။ အသင်းတော်၏ သင်ကြားခြင်းသည် ဘုရားသခင်ပြုခဲ့သော အမှုများကို ပြန်လည်ပြီး ဖော်ပြခြင်း၊ သင်ကြားခြင်း ဖြစ်ကြောင်း တွေ့ရသည်။ “ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်း ရှိတော်မူ၏။ ဘုရားသခင်ကဲ့သို အဘယ်သူ အုပ်ချုပ်နိုင်သနည်း။” (ယောဘ ၃၆း၂၂)

အို.. ထာဝရဘုရား မတရားသောသူတိုအဖို တွင်းတူးစဉ်အခါ၊ ဒုက္ခ နေ့ရက်ကာလနှင့် လွတ်မြောက်ချမ်း သာကို ပေးအံ့သောငှာ၊ ကိုယ်တော်ဆုံးမ၍၊ တရားတော်ကိုသွန်သင်သောသူသည် မင်္ဂလာရှိပါ၏ဟု ဖော်ပြထား သည် (ဆာ ၉၄း၁၂)။

ဘုရားသခင်၏ သင်ကြားပေးခြင်းရလဒ်သည် ကောင်းကြီးမင်္ဂလာဖြစ်ပြီး၊ ဘုရားသခင်၏ ကောင်းမြတ် တော်မူခြင်းကို သိဖို့ရန်က ပန်းတိုင်ဖြစ်သင့်သည်။ ဤအမှုအရာအားလုံးသည် ဘုရားသခင်သည် ကျွန်ုပ်တို့အား ရိုးရှင်းစွာ သင်ကြား ပေးခြင်းဖြစ်သည်။

ထိုကြောင့် ဆာလံဆရာက ဆာလံ(၂၅)တွင် ဘုရားသခင်အား “ကျွန်ုပ်ကို ပြညွှန်ပါ။ ကျွန်ုပ်ကိုသင်ကြား ပါ။ ကျွန်ုပ်ကိုဦးဆောင်ပါ။ ကျွန်ုပ်ကို သတိရပါ”ဟူ၍ ပြောခဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ညွှန်ကြား မိန့်တော်မူချက်များအား လက်ခံရရှိပြီးသောအခါ ကျွန်ုပ်တို့၏ တုံပြန်လာမည့် သဘောထားကို ဘုရားသခင် မျှော်လင့်လျက်ရှိသည်။

ဘုရားသခင်၏ သင်ကြားနေခြင်းသည် ပြုတော်မူသော ကောင်းချီးများကို လက်ခံရရှိရန်ဖြစ်ကြောင်း ဆာလံဆရာ နားလည်သိရှိပြီးဖြစ်သည်။ ထိုကြောင့် ဆာလံဆရာပေးသော သတင်းစကားအရ ကျွန်ုပ်တို့ သည်လည်း ဘုရားသခင် သွန်သင်မှုကို လက်ခံခြင်းဖြင့် ကောင်းချီးမင်္ဂလာ၏ အမှုအရာတစ်ခုဖြစ် ကြောင့် သွန်သင်မှုကို လက်ခံခြင်း ရရှိခံစားစေပါသည်။

သို့ဖြစ်၍ ကျွန်ုပ်တိုသည် ဘုရားသခင်၏ သွန်သင်တော်မူခြင်းကို ခံယူရန် ဘုရားဖော်ပြသည့် အရာများအား ရရှိရန် အလိုဆန္ဒရှိရပါမည်။ ထာဝရဘုရားမှသည် သူ၏ဘုန်းကို ကျွန်ုပ်တိုအား ထင်ရှားပြသစဉ် သူသည် ကျွန်ုပ်တိုအား သွန်သင် နေပါသည်။ ။

ဘုရားသခင်သည် ဆရာတစ်ပါး ဖြစ်တော်မူ၏။ သူ၏ အလိုတော်ကို လိုက်နာကျင့်ကြံခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်ပင်ဖြစ်သည်။ ကျွန်ုပ်တိုအား ဘုရားသခင်၏ အလိုတော်အတိုင်း လိုက်နာ၊ လိုက်လျှောက်ဖို့ရန် အလိုတော် ရှိသည်။ ဘုရား၏ အမိန့်တော်ကို နာခံလိုက်လျှောက်ခြင်းဆိုရာ၌ သတင်း အချက်အလက် (information) သက်သက်မဟုတ်ဘဲ၊ လက်တွေ့ကျင့်ကြံခြင်း (action) ဖြင့်သာ ကျွန်ုပ်တို့၏ ဘဝအသက်တာများကို ပြောင်းလဲစေခြင်း(transformation) ဖြစ်သည် (ဆာ၃၂း၈။ ဟေရှာ ၂း၃။ မိက္ခာ ၄း၂)။

 

(၁) တီထွင်ဖန်တီးသူ တစ်ဦးကဲ့သို့သော ဘုရားသခင် (God as Creative Designer)

ကမ္ဘာဦးကျမ်း၌ ဘုရားသခင်သည် လူများနှင့် ဆက်ဆံခြင်းများမှ ပညာရေး နည်းလမ်းများ ဖြစ်တည် လာသည်။

(ကမ္ဘာ ၁း၁)၌ “ဘုရားသခင်သည် အစအဦး၌ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” ဟုဖော်ပြရာတွင် ဘုရားသခင်သည် Educator တစ်ဦး အနေဖြင့် ဘာမျှမရှိသည့်အရာထဲမှ ကမ္ဘာကြီးအား ဖြစ်စေခဲ့သော ဘုရားဖြစ်သည်။ ဖန်ဆင်းရန် မည့်သည့်အရာဝတ္ထုပစ္စည်းမျှ မသုံးခဲ့ကြောင်း တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခြင်း မတိုင်ခင်ကတည်းက မည်သည့် အရာဝတ္ထု ပစ္စည်းမျှ မရှိသော ကြောင့်ဖြစ်သည်။

ဘုရားသခင်သည် အစီအစဉ်ကျနမှုမရှိသော အရာများကို စနစ်တကျ လုပ်ဆောင် ဖန်ဆင်းခဲ့သည်(က ၁း၁၊ ၂၊ ၃၁)။ ကျွန်ုပ်တို့အားလည်း ဘုရား ပုံသဏ္ဠာန်တော်နှင့်အညီ ဖန်ဆင်းခဲ့သည်။ ကျွန်ုပ်တို့သည်လည်း သင်ကြား ဘာသာရပ်နှင့်ဆိုင်သော အချက်အလက်များ၊ နေ့ရက်များ၊ လူပုဂ္ဂိုလ်များ၊ အယူအဆများ၊ နည်းဥပဒေများနှင့် အရင်းအမြစ်များမှာ အစီအစဉ်တကျ ရှိနေတတ်သည်။ ကျွန်ုပ်တို့အတွက် သင်ကြားခြင်း တာဝန်တွင် ထိုသို အစီအစဥ် တကျ မဖြစ်နေသောအရာများကို သင်ယူမှုအတွက် အစီအစဉ်တကျ၊ ဖြစ်အောင် ဖန်တီးပေးဖို တစ်ခန်းတစ်ကဏ္ဍ ပါဝင်နေပါသည်။

(ကမ္ဘာ  ၂)၌ လူကို ဘုရားသခင်ဖန်ဆင်းခြင်းတွင် အထက်ဖော်ပြသော ဖန်ဆင်းခြင်းသဘောနှင့် အနည်းငယ်ခြားနားမှုရှိပါသည်။ ဖန်ဆင်းပြီးဖြစ်သော အရာမှ အသစ်သော အရာတစ်ခုကို ဖန်ဆင်းခြင်း ဖြစ်လေသည်။ ထိုသို့သော ဖန်ဆင်းခြင်းမျိုးကို “တီထွင်ခြင်း” ဟုခေါ်နိုင်သည်။

(ကမ္ဘာ ၂း၇)တွင် ဘုရားသခင်က မြေမှုန့်ဖြင့်လူသားကိုဖန်ဆင်းပြီး (က ၂း၂၁-၂၂)။ ထိုသူ၏နံရိုးမှ လူမိန်းမကို ဖန်ဆင်းခဲ့သည်။ ဤလုပ်ဆောင် ချက်မှာ ယနေ့ သင်ကြားနေသူတို့အား ဆက်၍ ဖန်ဆင်းခြင်း လက်ရာများအား ဖန်တီးဖို ပြောနေသောကြောင့် ယနေ့သင်ကြားသူများကလည်း ဆက်လက် ထပ်ဆောင်ကြပါသည်။ Educator များက ဘာမျှမရှိ သည့်အထဲမှ တီထွင်ဖန်တီး၍ မဖြစ်နိုင်သော်လည်း ရှိပြီးသားအရာများကို တီထွင်ခြင်းအားဖြင့် အသစ်သော အရာများကို ဖန်တီးလုပ်ဆောင်နိုင်ပါသည်။

တီထွင်ဖန်တီးနိုင်ခြင်းမှာ သင်ကြားခြင်းအနုပညာ၏ အခန်းကဏ္ဍ တစ်ရပ်ပင်ဖြစ်ပါသည်။ ထိုကြောင့် Educator တစ်ဦးသည် ရှိနေပြီးသားဖြစ်သော အရာများကိုသုံး၍ အသစ်သောဖန်တီးမှုကို ပြုသူဖြစ်သည်။ အသက် ဝင်သော သင်ကြားမှုနည်းလမ်းများကို တပည့်များ၏ ဓမ္မပညာရေး သင်ကြားရေး ဘဝ အသက်တာ အတွက် သင်ကြားပေးရမည် ဖြစ်သည်။

ဓမ္မပညာ သင်ကြားသူများသည်လည်း ဘုရားပေးတာဝန်ကို တာဝန်ယူ လုပ်ဆောင်ရမည့်သူများ ဖြစ်သည်။ တည်ရှိနေပြီးသားအရာများထဲမှ တီထွင်ဖန်တီး ပေးရမည့် သူများဖြစ်သည်။ လက်ထဲ၌ရှိနေသည့် အရာများအား ပြင်ဆင်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း လုပ်ဆောင်မှုများအား ဆက်လက်၍ တီထွင်ဖန်တီး မှုကို ပြုရမည့် Educatorများပင် ဖြစ်ပါသည်။

ထိုကြောင့် ကျွန်ုပ်တို့သည် ဖန်ဆင်းရှင်၏ လုပ်ဖော်ဆောင်ဖက် Co-Creator များပင်ဖြစ်ပါသည်။ ကိုယ်တိုင် ဖန်ဆင်းရှင် ဖြစ်မသွားနိုင်ပါ။ ဖန်ဆင်းရှင်၏ ဖန်းတီးမှု တန်ဖိုးအတွင်းတွင် တာဝန်ရှိရှိပိုမိုဝေမျှ ပါဝင်တာဝန်ယူလာနိုင်ကြမည် ဖြစ်သည်။ (The more we know, the more we can share and partake responsible in the creativity of the creator.) ဖန်ဆင်းရှင်၏ ဖန်ဆင်းထားပြီးသော ဘောင်အထဲတွင် ထပ်ဆင့်တည်ဆောက် သင်ကြားခြင်းကို ပြုရမည်ဖြစ်သည်။ ဤကဲ့သို သင်ကြားရာ၌ တီထွင်ဖန်တီး နိုင်ရည်(creativity)သည် အရေးကြီးပါသည်။

ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ ကိုယ်ကျိုးစွန့်မေတ္တာကို အကောင်အထည်ဖော်ခြင်း (Creation is the embodiment of God’s sacrificial love) သည်။ ဘုရားသခင်သည် သူတစ်ခါမျှ မလုပ်ဖူးသော အလုပ်တစ်ခုကို လုပ်လိုက်ခြင်းဖြစ်သည်။ ပြန်၍ပင် အံ့သြသွားရပါသည်။ “အလွန်ကောင်းပေ၏”ဟု ပြောခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် မိမိ၏ ဖန်ဆင်းခြင်းထဲတွင် အမြဲ ပါဝင်လှုပ်ရှားမှုကို ပြုရတော့သည်။ ကင်းကွာနေ၍ မရတော့ပါ။ ဖန်ဆင်းပြီးရင် ပြီးရော၊ အစီအစဉ်တကျ လုပ်ပြီးရင်ပြီးရောဆိုသည့် သဘောမ ဟုတ်ပါ။ ဘုရား သခင်၏ ဖန်ဆင်းခြင်းအရာသည် သူ့ဂုဏ်သိက္ခာနှင့်သူ၊ သူ့တန်ဖိုး၊ သူ့လွတ်လပ် မှုနှင့်သူ ရှိသည်။ ၎င်းသည် ဘုရားသခင်၏ တီထွင်ဖန်တီးနိုင်ရည်(Creativity) ပင်ဖြစ်ပါသည်။ ။

ဘုရားသခင်သည် ၎င်း၏ဖန်ဆင်းခြင်းထဲတွင် အသက်ဝင်လှုပ်ရှား သွားလာနေရုံမက၊ ၎င်း၏ဖန်ဆင်း ခြင်းထဲကို သူကိုယ်တိုင် ဇာတိခံပြီး ဝင်ရောက် လာပါသည်။ ၎င်းမှာ တကယ့်မေတ္တာ၊ တကယ့်သတ္တိ၊ တကယ့် “တီထွင် ဖန်တီးမှု”” ပင်ဖြစ်သည်။ ဘုရားစင်စစ်မှ လူစင်စစ်ဖြစ်လာသည်။ တီထွင်ဖန်တီးမှု သည် ကျွန်ုပ်တို့ သင်ကြားရေး၌ တီထွင်ဖန်တီးမှုအတွက် အခြေခံ အကြောင်း ရင်း တစ်ရပ်ပင်ဖြစ်သည်။

ကျွန်ုပ်တို့၏ သင်ကြားခြင်းသည် ဖန်ဆင်းခြင်း၊ ဇာတိခံခြင်းတိုနှင့် နှီးနွယ်ဆက်စပ်မှု (creation incarnation relativity) အပေါ် အခြေခံမှသာ ကျွန်ုပ် တို၏ တီထွင်ဖန်တီးနိုင်ရည်သည် ပီပြင်စစ်မှန်ပြီး သက်ဝင်လှုပ်ရှားမှု ရှိလာပေမည်။ သင်ခန်းစာများကို ပြင်ဆင်ပြီးရင် ပြီးရောဆိုသည့် သဘောမျိုးမဟုတ်ဘဲ၊ ပြင်ဆင်ခြင်း၌ အလွန်ကောင်းပေ၏ ဟုဝန်ခံပြီး သင်ကြားခံယူသူ တပည့်များအပေါ် မေတ္တာစေတနာ အပြည့်အဝ ဇာတိခံယူကာ မိမိတို၏ တီထွင်ဖန်တီးမှု စွမ်းအား များအား တပည့်များအသက်တာ၌ အလင်းအဖြစ် ကူးပြောင်း ပြီး မိမိကိုယ်တိုင်လည်း အလင်းနှင့် ထိတိုက်ပေါက်ကွဲသွားရန် အရေးကြီးပါသည်။

၂။ ဓမ္မဟောင်းခေတ်ကာလ သင်ကြားခြင်းကိုပြုခဲ့သည့် ကိုယ်စားလှယ်များ (Education in the Old Testament: The Agents)

နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှု တိုးတက်အောင်မြင်ရခြင်း၏ ရလဒ်များသည် ထိုခေတ်အခါတွင် တည်ရှိခဲ့ သော ပညာရှင်များ၏ လက်ဆင့်ကမ်းပေးခဲ့ တန်ဖိုးမဖြတ်နိုင်သော ပညာများကို ရရှိခဲ့ခြင်းဖြစ်ပါသည်။

ဓမ္မဟောင်းကာလ ယုံကြည်သူအသိုင်းအဝိုင်းကို ပြုခဲ့သော ပညာရှင်များသည်လည်း အလွန်ကျယ် ပြန့်သော သမိုင်းရေးရာ အနေအထား အမျိုးမျိုးကြားမှ သင်ကြားခြင်းသင်ယူခြင်းအမှုကို လက်ဆင့်ကမ်းခဲ့ ဓမ္မဟောင်းကျမ်း ဖော်ပြချက်များ၌ တွေ့ရပါသည်။

လက်တင်အမေရိကန်(Latin American) ဓမ္မပညာရှင်တစ်ဦးဖြစ်သည့် ထိရပ်(စ်) ပရက်ဝါ့ခ် (Matias Preiswerk)မှ ဓမ္မဟောင်းခေတ်ကာလ ဓမ္မပညာ သင်ကြားခြင်း၌ ခေတ်ကာလအမျိုးမျိုးတွင် သင်ကြားပေး ခဲ့သော ကိုယ်စားလှယ်များ (Agents)များအား ‌ဖော်ပြထားပါသည်။ ၄င်းတို့မှာ ယဇ်ပုရောဟိတ်များ:(Priests) ပရောဖက်များ (Prophets) ၊ ပညာရှိများ (Wise Persons and Sages) ကျမ်းပြု ဆရာနှင့် ရဗ္ဗိများ(Scribes and Rabbis)နှင့် နိုင်ငံတွင်း နေထိုင်အသက်ရှင်သောလူများ(Nation/People) တိုဖြစ်ပါသည်။ ၎င်းတို၌ ပညာရေး ဆိုင်ရာ ထင်ရှားသောရည်ရွယ်ချက်(Distinct Purpose)၊ ပါဝင်သည့် အကြောင်းအရာ (Content)၊ နည်းလမ်း :(Method)၊ လူမှုအဖွဲ့အစည်းဆိုင်ရာ ညွန်ကြားချက်များ (Institutional Expression) အားဖြင့် ဖော်ပြသင် ကြားပေးခဲ့ကြသည်။ အောက်ဖော်ပြ ဇယားအားဖြင့် ဖော်ပြလိုပါသည်။ သိုရာတွင် တင်ပြသူအနေဖြင့် ထိုဇယား အတိုင်း ခေါင်းစဉ်များကို အစဉ်လိုက်မသွားဘဲ၊ ဓမ္မဟောင်းခေတ်ကာလ သင်ကြားခြင်းကို ပြုခဲ့သော ကိုယ်စား လှယ်များအားဖြင့်သာ ဆက်လက်၍ ဖော်ပြသွားပါမည်။

 

 

 

 

 

 

(၁) တိုရာကျမ်းများအားဖြင့် ယဇ်ပုရောဟိတ်များ၏ သင်ကြားမှု (The Priests: Education by the Torah)

ယဇ်ပုရောဟိတ်များသည် ဘာသာရေး ထုံးတမ်းများလုပ်ကိုင်ရာတွင် ကျွမ်းကျင်သူများဖြစ်ကြသည်။ ဘုရားနှင့်လူအား ဆက်သွယ်မှု ပြုပေးကြသူများဖြစ်ကြသည်။ ဘုရားနှင့်စပ်ဆိုင်၍ ပူဇော်ပသမှု၊ အပြစ်ဖြေမှုများ ကို ပြုလုပ်ပေးကြ သည်။ ထိုကြောင့် ယဇ်ပုရောဟိတ်များသည် သင်ကြားခြင်းတာဝန်နှင့် ကျမ်းစာအား ပေါင်းစည်းပြီး သင်ကြားပေးလေ့ရှိသည်။ ၎င်းတို (Torah) ဟုခေါ်သည့် သင်ကြားခြင်း၏ ရှေးဘိုးဘေးများဖြစ်သ ကဲ့သို့ တိုရ ပညတ္တိကျမ်းများအား ဘာသာပြန်ပေးရသူများလည်း ဖြစ်ကြသည်။ ပညတ္တိကျမ်း များသည် တစ်စုံတစ်ခုကို ထောက်ပြခြင်းလမ်းညွှန်ခြင်း(to point out)၊ သင်ကြားခြင်း (to teach) များကို ဖော်ပြသော ကြောင့် တိုရာသည် သင်ခန်းစာတစ်ခု(lesson)၊ ညွှန်ကြားခြင်းတစ်ရပ် (instruction) ဖြစ်ပါသည်။

ယဇ်ပုရောဟိတ်များသည် တိုရာနှင့် တိုက်ရိုက် ဆက်နွယ်လျက်ရှိသည်။ တိုရာမှ တချိုသောကိစ္စရပ်များ၊ ပြဿနာများနှင့် ကျင့်ကြံပြုမူမှုများ၊ ဝတ်ပြုကိုးကွယ် မှုများကို ညွှန်ကြားပေးပါသည်။ ဤညွှန်ကြားပေး ချက်သည် ယဇ်ပုရောဟိတ်တို၏ ထူးချွန်ကျွမ်းကျင်မှု ပညာရပ်ဖြစ်သည်။ ထိုကြောင့် ယဇ်ပုရောဟိတ်များသည် မြင့်မြတ်ခြင်း၊ နှိမ့်ကျခြင်း၊ သန့်ရှင်းခြင်း၊ မသန့်ရှင်းတိုကို ဆုံးဖြတ်ပေးကြရပြီး၊ ဖြောင့်မတ်မှုနှင့်အညီ ပြုပြင်သင်ကြားပေးလေ့ရှိသည် (ဝတ် ၁၀း၈-၁၀)။ –

မောရှေ့(Moses) သည် ယဇ်ပုရောဟိတ်တို၏ အဦးဆုံးသောသူဖြစ်ပြီး ကျမ်းပြုဆရာအားလုံးသည် မောရှေအား ဣသရေလနိုင်ငံ၏ အကြီးမြတ်ဆုံးသော ကျမ်ပြုဆရာတစ်ဦးအဖြစ်လည်း အသိအမှတ်ပြု ကြသည်။ ထိုကြောင့် အာရုန်သည် လည်း ယဇ်ပုရောဟိတ်၏အမှုကို ပထမဦးဆုံး လုပ်ဆောင်သူဖြစ်ရာ အမျိုးမျိုးသော ဥပဒေ၊ ပညတ်တိုမှာ မောရှေအားဖြင့် ရရှိခဲ့သော တိုရာမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် ယဇ်ပုရောဟိတ်တိုသည် ပြုပြင်ပြောင်းလဲခြင်း၊ ရှင်းလင်းခြင်း၊ အသုံးချခြင်းတိုဖြင့် တိုရာနှင့် ပတ်သက်ပြီး တာဝန်ရှိသူများ ဖြစ်ကြပါသည် (တရားဟော ၃၁း၉-၁၃)။

ယနေ့ ဓမ္မပညာကို သင်ကြားသူဆရာ/မများသည် ယဇ်ပုရောဟိတ် များကဲ့သို့ပင် သမ္မာကျမ်းစာနှင့် တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်နေရသည့်သူများပင် ဖြစ်သည်။ မိမိတို၏ တပည့်များ၏ ဘဝအသက်တာ၌ သမ္မာကျမ်း ဖော်ပြပါ လက်တွေ့အသုံးချရမည့် အကြောင်းအရာများအား သင်ကြားရာ၌ ကျွမ်းကျင်သူများ ဖြစ်ရန် လိုအပ်ပါသည်။

 

 

က။ မောရှေ- နည်းဥပဒေသများအားလိုက်နာရန်သင်ကြားသူ (Moses – The Teacher of the Law)

သွန်သင်ရေးအလုပ်သည် ဘုရားသခင် ခွဲခန့်မှတ်သား၍ လွှဲအပ်တော် မူသော အလုပ်ဟု မှတ်ယူထား ပေသည်။ ထာဝရဘုရားရှင် ကိုယ်တိုင် မောရှေကို သွန်သင်တော်မူခဲ့သည်။ “ယခုသွားလော့၊ သင်၏နှုတ်၌ ငါရှိ၍ သင်သည် အဘယ်သိုပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏” (ထွက် ၄း၁၂)။

မောရှေက မိမိ၏ အလုပ်တာဝန်ကို လက်ခံရန် တုံဆိုင်းနေသည့်အခါ ဘုရားသခင်က မောရှေအား “သင်တို သည် အဘယ်သိုပြုမည်ကို သွန်သင်မည်” (ထွက် ၄း၁၅)ဟူ၍ မိန့်တော်မူသည်။ ထိုနည်းတူစွာ ထာဝရဘုရားသည် မိမိလူမျိုးတော်အား အမျက်တော် ထွက်သောအခါ ဆရာတပည့်အား အမျက်ထွက် သည့် သဘောမျှသာဖြစ်ပေသည်။ ထာဝရဘုရားသည် လူမျိုးတော်ကို ဒဏ်ခတ်သောအခါ၌ပင်လျှင် သူတို့အနားမှာ ရှိနေတော်မူ၍ သူတိုအားလမ်းမှန်သို လိုက်သွား စေခြင်းငှာ လမ်းပြတော်မူဦးမည်ဖြစ်သည်။ –

ဘုရားသခင်သည် မောရှေအား ကိုယ်တိုင်ဖွင့်ပြ၍ သင်ကြားဆက်သွယ် ခဲ့သည်။ ဘုရားသခင်၏ လက်ရာတော်နှင့် ဖော်ပြ၍လည်း မောရှေအား ဖွင့်ပြခဲ့သည်။ ဣသရေလလူမျိုးတို ဖတ်နိုင်ရန် ဘုရားသခင်က လက်ချောင်းဖြင့်ရေးပြီး ပညတ်တော်(၁၀)ပါးကို ဣသရေလတိုအားပေးရန် သင်ကြားဆက်သွယ်ခဲ့သည်။ ၎င်းမှာ ဘုရားသခင်၏ လက်တော်နှင့်လုပ်သော အရာများဖြင့် ဖွင့်ပြသင်ကြား ပေးခဲ့ခြင်းဖြစ်သည်။

ဖွင့်ပြခြင်းတစ်ဖက်၌ စူးစမ်းရှာဖွေခြင်းလည်းရှိသည်။ မောရှေက ဘုရား သခင်၏ ဖွင့်ပြခြင်းကို လက်ခံရသောအခါ မောရှေက သူသည် မည်သူဖြစ်သည်ကို ရှာဖွေသိရှိသွားခဲ့သည် (ထွက် ၃း၃)။ ဘုရားသခင်က မောရှေအား ကိုယ်တိုင် ဖွင့်ပြခြင်းဖြင့် မောရှေသည် မိမိအကြောင်းကို များစွာသိမြင်လာခဲ့သည်။ သူကိုယ်တိုင် မည်သူဖြစ်သည်ကို သိမြင်ပြီး၊ သူတစ်ပါးအား ပြန်လည်ဖော်ပြခဲ့သည်။ ကိုယ်တိုင် သိမြင်ပြီးမှ သူတစ်ပါးအား ဖော်ပြနိုင်ပေမည်။

ဓမ္မပညာသင်ကြားသူသည် မိမိကိုယ်မိမိ အုပ်ချုပ်သူဖြစ်သည်ကို သိမြင်တတ်ရမည်။ မိမိတိုသင်ကြား သည့် အချိန်တိုင်း၌ မိမိတိုကိုယ် မိမိတို ဖော်ပြတတ်ရမည်။ သိမြင်တတ်ရပေမည်။ သင်ကြားခြင်း၌ ဖွင့်ပြရုံ သာမက သိမြင်တတ်ရပေမည်။

ဓမ္မပညာသင်ကြားသူသည် ဖွင့်ပြခြင်းသာမက စူးစမ်းသိမြင်ခြင်းကိုပါ ပြုလုပ်ရပေမည်။ သတင်း အချက်အလက်ကို ဝေမျှပေးသူဖြစ်ရုံမက ဓမ္မပညာ သင်ကြားသူသည် ဖွင့်ပြသူရော၊ စူးစမ်းရှာဖွေသိမြင်သူပါ ဖြစ်ရပေမည်။

ထိုကြောင့် ဘုရားသခင်သည် လူတိုအား အသိပညာပေးတော်မူသည် သာမက၊ ထိုသူတို့မှတစ်ဆင့် အခြားသူများအား ထိုအသိပညာကို လက်ဆင့်ကမ်း သင်ကြားပေးနိုင်ရန်လည်း နှိုးဆော်ပွဲပြင်တော်မူပေသည်။ “သူတစ်ပါးအား အတတ်သင်ပေးနိုင်မည့်အကြောင်း ဉာဏ်ကိုပေးတော်မူပြီ”(ထွက် ၃၅း၃၄)။ သို့ဖြစ်၍ သွန်သင်မှု လုပ်ငန်းမှာ ဂုဏ်အသရေရှိသည်ဟူ၍ လူအပေါင်းက မှတ်ယူကြသည်။

သင်ကြားမှု၏ အဓိကအခန်းကဏ္ဍမှာ ဘာသာတရားပင်ဖြစ်သည်။ ကလေး သူငယ်များသည် “ထာဝရ ဘုရားသခင်”နှင့် “လူမျိုးတော် ”တို့ သမိုင်းစဉ် တစ်လျှောက် မည်ကဲ့သို ပတ်သက်ဆက်နွယ်ခဲ့ကြောင်းကိုလည်း သင်ကြားခံရပါ သည်။ လူမျိုးတော်အတွက် ထာဝရဘုရားသခင်ချမှတ်ထားသော ပညတ်တရားများ (God’s Laws) များကိုလည်း သင်ကြားရပါသည်။ ထိုပြင် “ထာဝရဘုရားသခင် သည်” သန့်ရှင်းမြင့်မြတ်သည်ဖြစ်၍ သူ၏ လူမျိုးတော်ထံမှလည်း သန့်ရှင်း မြင့်မြတ်မှုကို အလိုရှိကြောင်းကိုလည်းကောင်း၊ ဘုရားသခင်၏ စည်းကမ်း နည်းလမ်း များ(The ways of the Lord)အတိုင်း အသက်ရှင်နေထိုင်ရန် လိုအပ်ကြောင်းကို လည်းကောင်း သွန်သင်ဆုံးမခံရပါသည်။ ။

ဘုရားနှင့်လူ မည်ကဲ့သို ဆက်ဆံရမည့်အကြောင်းများကို သင်ကြား ပေးရသည့်အပြင် လူသားအ ချင်းချင်း မည်သိုမည်ပုံ ပေါင်းသင်းဆက်ဆံရမည့် အကြောင်းများကိုပါ ယုဒကလေးသူငယ်များအား သင်ကြား ပေးပါသည်။ သုတ္တံကျမ်း၌ ယင်းကဲ့သို ဆုံးမစကားများဖြင့် ပြည့်ဝနေသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။

တရားဟောရာကျမ်းတွင် ဘုရားသခင်သည် မောရှေကိုပေးသော ပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန် ချက်တွင် သင်ကြားခြင်း(Teaching)နှင့် သင်ယူခြင်း(Learning) ကို အတူတွေ့ရှိရကြောင်း အောက်ပါ အချက် များအားဖြင့် ဖော်ပြပါသည်-

 

(က-၁) ဓမ္မပညာသင်ကြားခြင်းအခွင့်အာဏာ (An Educational Mandate)

(တရား ၆း၁-၂၊ ၄-၉) ဖော်ပြပါကျမ်းချက်သည် ခရစ်ယာန်ဓမ္မပညာ သင်ကြားခြင်းအတွက် အခွင့်အာ ဏာဖြစ်သကဲ့သို ယုဒလူမျိုးများအတွက် အရေးကြီးသော ပညတ်ချက်ဖြစ်သည်။

“အိုဣသရေလအမျိုး နားထောင်လော့၊ ငါတို၏ ဘုရားသခင်သည် တစ်ဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏” (တရားဟော ၆း၄)။

ဤစကားသည် ယုဒလူတို ဝတ်ပြုကိုးကွယ်ရာတွင် ဆိုရသည်သာမက၊ ဘာသာရေးကိစ္စတိုင်းတွင်လည်း ဤစကားသည် လွှမ်းမိုးလျက်ရှိသည်။

ဤစကားသည် ရှီမာ(Shema) ဟုခေါ်သော ယုံကြည်သက်ဝင်ကြောင်း က်(Confession of Faith)၏ ပထမဦးဆုံးသော စကားလုံးဖြစ်၍ ဘုရား က်ပြုရာတွင် အမြဲသုံးလေ့ရှိသည်။ ဤကျမ်းပိုဒ်ကို ““ကျမ်းစာရွက် ထည့် သားရေ ကြုတ်ငယ် (Phylacteries) ထဲတွင်လည်း ထည့်၍ထားကြသည် (မဿဲ ၂၃း၅)။ ကြုတ်ငယ်ကို ယုဒလူမျိုးများ နေ့စဉ်ဝတ်ပြုကိုးကွယ်ရာတွင် လက်ဝဲလက်မောင်း တင်သော်လည်းကောင်း၊ နဖူးတွင်သော် လည်းကောင်း ဝတ်ဆင်ရသောအရာ ဖြစ်သည် (တရားဟော ၆း၈)။ ဤစကားသည် ယုဒလူတိုအတွက် အလွန် အရေးပါသောကျမ်းဖြစ်လျှင် ယနေ့ ကျွန်ုပ်တို၏ ဓမ္မပညာသင်ကြားရေးအတွက် လည်း အရေးပါသော စကားတစ်ရပ်ပင်ဖြစ်ပါသည်။ နားထောင်ခြင်း(Hear) ဆိုသည့်စကားလုံးမှာ (Hebrew) ဘာသာစကားဖြစ်သည့် ရှီမာ(Shema) ဟုခေါ်၍ ဣသရေလလူမျိုးတော်အား သမိုင်းတွင် ဘုရားသခင်၏ ပြုပြင်ခြင်းများကို သတိရစေရန်၊ ဘုရားသခင်၏ ပညတ်တော်များကို သားသမီးတိုသင်ကြားရန် အဆုံး၌ ဘုရားသခင်ကို ချစ်ကြောက်လျက် အစေခံရန်၊ အဓိကမိန့်မှာတော် မူပေသည်။ မောရှေက ဘုရားသခင်ကို ယုံကြည် သည်သာမက၊ မိမိတို့အသက်တာ တွင် ဘုရားသခင်ကို အစဉ်ဆက်နွယ်နေသော လူမျိုးတော်ကို တိုက်တွန်း သွန်သင်ထားသည်။ ထိုကျမ်းချက်မှ ခရစ်ယာန်ဓမ္မပညာ သင်ကြားခြင်း၏ ပန်းတိုင်၊ အကြောင်းအရာ၊ ဆရာတပည့် အနေအထားတို့ကို ထိုးထွင်းသိမြင်စေသည်။ ထိုပညတ်တော်ကို လူမျိုးတော်သည် မျိုးဆက် တစ်ဆက်မှ နောက်တစ်ဆက်သို့ သင်ကြားရန် မိန့်မှာထားသည်။ ဓမ္မပညာသင်ကြားခြင်း၏ အဆုံးစွန်ဆုံးသော ပန်းတိုင်မှာ တစ်ဆူတည်းသော ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်းကို ပြုစုပေးရန်ဖြစ်သည်။

(တရား ၆း၁-၉)တွင် ကျမ်းရေးသူ၏ အဓိကအာရုံပြုထားချက်မှာ ဓမ္မပညာ သင်ကြားရာတွင် မိဘများသည် မရှိမဖြစ်သောအချက်ပင်ဖြစ်သည်။ ယုဒလူမျိုးတို၏ ဓလေ့တွင်လည်း ပထမအရာသည် မိဘပင်ဖြစ်သည်။ ဤကျမ်းချက်မှ ဓမ္မပညာသင်ကြားခြင်းတွင် အိမ်၏ကဏ္ဍ၊ မိဘတို၏ အခြေခံကျမှုများကို မီးမောင်း ထိုးပြထားပေသည်။ သမိုင်းတွင် ဓမ္မပညာသင်ကြားမှုသည် အသင်းတော်သို ရွေ့သွားသော်လည်း မိဘများ၏ အရေးပါမှုကို မျက်မှောက်ခေတ် ခရစ်ယာန် ပညာရှင်များက အလေးထားကြပေသည်။ အသင်းတော် မှာ သွန်သင်ပေးသော သင်ခန်းစာများကို လက်တွေ့ကျင့်ရန်မှာ အိမ်၌သာလျှင်ဖြစ်ရာ မိဘများ၏ လမ်းပြသွန် သင်မှုသည် အရေးပါပေသည်။

ဤကျမ်းချက်မှ ခရစ်ယာန်ဓမ္မပညာ သင်ကြားခြင်း၏ အနေအထားကို နေရာ၊ အချိန်အကန့်အသတ် မရှိသည်ကိုတွေ့ရသည်။ အိမ်တံခါး၊ မြိုတံခါးတွင် ရေးထားရမည်။ နဖူးသင်းကျစ်၌ ချီဆွဲထားရမည်။ အိပ်လျက် နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ ထိုပညတ်တိုကို အမြဲဖတ်ရွတ်ရမည်ဟု ဖော်ပြပါရှိလေရာ ဓမ္မပညာသင်ကြားခြင်းသည် ပုံစံတကျ စာသင်ခန်း သင်ကြားခြင်းသာမက၊ တပည့်တို့၏ ဘဝအသက်ရှင် ခြင်းနှင့်ဆိုင်ပြီး၊ နေရာမရွေး၊ အချိန်မရွေး၊ သင်ကြားရန်၊ မောရှေက တိုက်တွန်းထားပေသည်။ ခရစ်ယာန် ဓမ္မပညာ သင်ကြားရန် လိုအပ်သော အနေအထားပင်ဖြစ်သည်။

(က-၂) အသက်လမ်းကိုရွေးခြင်း (Finding Life)

(တရား ၃၀း၁၁-၁၈) ဖော်ပြပါကျမ်းချက်သည် ဣသရေလလူမျိုးတော်အား မောရှေအားဖြင့် မိန့်တော်မူချက်တစ်ခု ဖြစ်သည်။ ပညတ်တော်များကို လိုက်နာသော် ကောင်းကြီးမင်္ဂလာကို ခံရမည်ဖြစ်ပြီး၊ မလိုက်နာခဲ့သော ကျိန်ခြင်းကို ခံရမည် ဖြစ်ကြောင်း သတိပေးထားသည်။ ဘုရားသခင်သည် အသက်ရှင်ခြင်းနှင့် သေခြင်းကို ပေးထားသဖြင့် ဓမ္မပညာသင်ကြားခြင်းသည် ခရစ်တော်၏အသက်လမ်းကို တပည့်များရွေးချယ်ရန် ခွန်အားပေး၊ တိုက်တွန်းရန်ဖြစ်ပေသည်။ အသက်လမ်းကို ရွေးချယ်ရန် ချစ်ခြင်း၊ နားထောင်ခြင်း၊ ဘုရားသခင်ကို ခိုင်မြဲစွာ ဆုပ်ကိုင်ရန် စသည်တိုလိုပေသည်။ ဤရွေးချယ်ခြင်းသည် မလွဲမသွေ တွေ့ရမည်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည်သာလျှင် အသက်၏ အရင်းအမြစ် ဖြစ်သောကြောင့်ပင်ဖြစ်သည်။  (၁ယော ၅း၁၂)တွင် သားတော်ကို ရသောသူသည် အသက်ကိုရ၏ဟု ဖော်ပြထားပေသည်။

(က-2) နှုတ်ကပတ်တော်ကို တုန့်ပြန်ခြင်း (The Word of God and Human Response)

(တရား ၃၁၉-၁၃) ဖော်ပြပါကျမ်းချက်တွင် နှုတ်ကပတ်တော်မြတ်ကို ဖတ်ခြင်း၊ နားထောင်ခြင်း၏ အရေးကြီးခြင်းကို ဖော်ပြထားပါသည်။ လူမျိုးတော်သည် ဘုရားသခင်နှင့် ပြုထားသော ပဋိညာဉ်ကို အသစ်တစ်ဖန် ပြန်လည်၍ သတိရစေရန် ဖတ်ကြားခြင်းကို နားထောင်စေရန်ဖြစ်သည်။ လူမျိုးတော်သည် ကျမ်းစာတော်မြတ်ကို နားထောင်ပြီး၊ ဘုရားသခင်ကို ချစ်ကြောက်၍ ဘုရားသခင်၏လမ်းတော်ကို သတိဖြင့် လိုက်လျှောက်ရန် ဖြစ်သည်။ ကျမ်းတော်မြတ်နှင့် ပညတ်တော်တိုသည် ကြည်ကိုးစားရာဖြစ်၍ လူကြီးများ သာမက၊ လူငယ်ကလေးများ အားလုံးအတွက် ယုံကြည်ရာ အမွေအနှစ်ဖြစ်သည်။

ဓမ္မသစ်ကျမ်းစာတော်မြတ်တွင် သမ္မာကျမ်းစာတော်မြတ်၏ အရေးကြီး ခြင်းကို မြင်တွေ့ရသည် (၂တိ ၃း၁၄-၁၅)။ ပညတ်တော်များကို ပြန်လည် နားထောင်ခြင်းဖြင့် ယုံကြည်ခြင်း အမွေအနှစ်ကို လက်ဆင့်ကမ်း သင်ကြားခြင်း ဖြစ်သည်။ ထိုကြောင့် သမ္မာကျမ်းစာသည်သာ ဓမ္မပညာသင်ကြားရာတွင် မရှိမဖြစ် သော သင်ရိုးဖြစ်သည်။ ထိုနှုတ်ကပတ်တော်ကို မျိုးဆက်တစ်ဆက်သို လက်ဆင့်ကမ်း သွားရမည်။ ထိုနှုတ်ကပတ် တော်သည် သမ္မာတရား၏ အမြစ်ကျောက်ဖြစ်သည် (၁တိ ၃း၁၄-၁၆)။

 

(၂) ယုဒမိဘများ၏ သင်ကြားခြင်းအခန်းကဏ္ဍ (The Teaching role of Jewish Parents)

ယုဒလူမျိုးတို၏ သမိုင်းဦးအစ (ဟေဗြဲလူမျိုး ဟုခေါ်တွင်သည့်ကာလ)၌ မျက်မှောက်ကာလကဲ့သို့ စာသင်ကျောင်းများ မရှိသေးပါ။ ကလေးသူငယ်အများစုမှာ ပညာသင်ကြားမှုကို မိမိတို၏ နေအိမ်တွင်သာ ခံယူရရှိခဲ့ကြရပါသည်။

ကလေးငယ်များကို သင်ကြားပေးသူများမှာ သူတို၏ မိဘများကိုယ်တိုင် ဖြစ်ကြပါသည်။ သင်ကြား ပေးသော ဘာသာရပ်များမှာ “အရေး၊ အဖတ်၊ လက်မှုပညာနှင့် အိမ်တွင်းမှုပညာများ”ပင်ဖြစ်ကြပါသည်။ ယင်းသိုသော အခြေခံ ပညာများကို သင်ကြားပေးရင်း ကလေးသူငယ်များ၏ အသက်အရွယ် ပိုမိုရင့်ကျက် လာသောအခါ “မိမိတိုနိုင်ငံ၏ လူမှုရေးထုံးစံများ၊ အမျိုးသားသမိုင်း၊ နိုင်ငံ သားကောင်းအနေဖြင့် လိုက်နာရမည့်ကျင့်ဝတ်များ”ကို တစ်ဆင့်တိုးမြှင့် သင်ကြား ပေးရပြန်ပါသည်။ ။

ယုဒလူမျိုးများသည် မိမိတို့၏ သားသမီးများအား ပညာသင်ကြားပေးသည့် ကိစ္စကို အလွန်အ လေးထားပါသည်။ မိမိတို၏ သားသမီးများအား ကောင်းမွန် လုံလောက်စွာ ဆုံးမသွန်သင်ရန် မိဘတိုင်း၌ တာဝန်ရှိကြောင်း “ယုဒလူမျိုးများ” ခံယူထားကြပါသည်။ ။

ယုဒဘာသာ၊ ယုဒလူမျိုးတိုသည် အိမ်ထောင်၌ မိဘနှင့်သားသမီး ပေါင်းသင်းဆက်ဆံမှုကို အလွန် အရေးကြီးသော အကျင့်တရားနှင့်ဆိုင်သည့် အသက်ရှင်မှုအဖြစ် တန်ဖိုးထားခဲ့ကြသည်။ ဖခင်သည် အလွန်အရေးပါသော နေရာတွင် ပါဝင်၍ အိမ်ထောင်တစ်ခုလုံး၏ ဦးစီးအုတ်တံတိုင်းသဖွယ် အားကိုး ခိုလှုရသောသူ ဖြစ်သည်။ ဖခင်ဖြစ်သူက တိုရာခေါ် ဓမ္မဟောင်းကျမ်း(၅)ကျမ်းကို အလွတ်ရရုံသာမက၊ ဘာသာရေးကို နှုတ်တိုက် သွန်သင်ပေးသောသူဖြစ်သည်။ ယုဒအိမ်ထောင်သည် ဘာသာရေးနှင့် ကိုယ်ကျင့် တရား အတူတူတန်ဖိုးထား၍ လေးနက်စွာ သွန်သင်ခဲ့သည်။ (တရား ၆း၄-၈)တွင် သားသမီးတို့ကို မည်ကဲ့သို သွန်သင်ပေးရမည်ကို ဖော်ပြခဲ့သည်။ ဖခင်ဖြစ်သူသည် မိမိကိုးကွယ်သော ဘုရားသခင်၏ သွန်သင်သည့် တရားတော်နှင့် ကောင်းမြတ်သော အကျင့်တရား များကို မိမိကဲ့သို့ပင် လိုက်လျှောက်စေရန် သွန်သင်ပေးသော ဖခင်များဖြစ်သည် သာမက မိမိတတ်ကျွမ်းသည့် ပညာအရ အသက်မွေးဝမ်းကြောင်း သွန်သင်ပေးသော ဖခင်လည်း ဖြစ်သည်။ သိုးကျောင်းခြင်း (၁ရာ ၁၆း၁၁)၊ စပါးရိတ်ခြင်း (၄ရာ ၄း၁၈)၊ စောင်းတီးခြင်း (၁ရာ ၁၆း၁၈)။ မိခင်သည်လည်း မုန့်ဖုတ်ခြင်း၊ ချည်ငင်ခြင်း၊ ယက်ကန်းယက်ခြင်း (ထွက် ၃၅း၂၂-၂၆) စသည့် အတတ်ပညာများအား သင်ကြားပေးခဲ့သည်။ မိဘတိုသည် ဓမ္မဟောင်း၊ ဓမ္မသစ်ကာလများ၌ပင် သားသမီး များကို ဘာသာတရားနှင့် သမ္မာတရားကို ပညာရပ်တစ်ခုအနေဖြင့် သွန်သင်ပေး နိုင်ခဲ့သည်။ ယနေ့ မျက်မှောက် ကာလတွင် မိဘတို့သည် မိမိတို့သားသမီးများအတွက် မင်္ဂလာဖြစ်စေသောအရှင်၊ ကောင်းကြီးမင်္ဂလာကို ပြသပေးနိုင်သော အရှင်သခင်ကို သားသမီးတို၏ နှလုံးသားထဲသို ထည့်သွင်းပေးနိုင်ရန် အချိန်ကို အိမ်ထောင်မှာ မပေးနိုင်လျှင် ပေးနိုင်သော ဓမ္မပညာသင်ကျောင်းများကို အစဉ်အလေးထား ပိုဆောင်ပေးရန်လိုသည်။ သမ္မာတ ရားမှလွဲ၍ ကျွန်ုပ်တိုအား အဘယ်အရာမှ တည့်မတ်ကောင်းမွန်းသောလမ်းကို မပို့နိုင်ချေ။ ဆာလံဆရာကဲ့သို့ “အို ထာဝရ ဘုရား အထုံးအဖွဲတော်လမ်းကို အကျွန်ုပ်အား သွန်သင်တော်မူပါ။ အဆုံးတိုင်အောင် လိုက်သွားပါမည်။ ပညတ်တော်လမ်း၌ အကျွန်ုပ်ကို ပိုဆောင်တော်မူပါ။ ထိုလမ်းကို နှစ်သက်ပါ၏” (ဆာ ၁၁၉း၃၃-၃၅)ဟု ကိုယ် တော်၏ တရားကို မခြားမလပ် အစဉ်အမြဲ ကျင့်စောင့်ပါမည်ဟု ပြောနိုင်သောအခွင့်ရှိစေခြင်းငှါ ဘာသာယုံ ကြည်မှုနှင့် ကိုးကွယ်မှု၊ ဆည်းကပ်မှုကို တန်ဖိုးထား အမွေပေးနိုင်ရမည်။ ခရစ်ယာန် အိမ်ထောင်နှင့် ဓမ္မပညာ သည် ဘိုးဘေးတို့ ရှေးယခင်ကတည်းက ဘုရားသခင် ခွဲခန့်မှတ်သားပေးခဲ့သော ပညတ္တိကျမ်းများ၊ အနာဂတ္တိ ကျမ်းများပင်ဖြစ်သည်။ ရှေးဘိုးဘေးများ သမ္မာကျမ်းစာမှ ဖော်ပြသော ယုံကြည်ခြင်းနှင့် သမိုင်းကြောင်းကို ကျွန်ုပ်တို့ နားလည်ပြီး ကလေးများ၏ အနာဂတ်အတွက် လမ်းမမှားစေဘဲ လက်ရှိ “အတိတ်ကာလကတည်းက သမိုင်းတစ်လျှောက်လုံး ပါရှိခဲ့သော ဘုရားသခင်ကို ထာဝစဉ်ကိုးစားခိုလှုံ၍ ယုံကြည်ခြင်းမှတ်တိုင်ကို လူ့သမိုင်း တွင် အစဉ်မပြိုလဲဘဲ စိုက်ထူးသွားနိုင်ရန်မှာ မှတ်တိုင်ချန်ရစ်စရာ ယုံကြည်ခြင်းအမွေကို မိဘတို့ကပေးရန် တာဝန်ရှိသလို၊ သားသမီးတိုကလည်း မိဘကို ရိုသေလေးစား ခြင်းနှင့် သက်ဆုံးတိုင် ထာဝရဘုရားကို အစဉ်ယုံကြည်အားကို အပ်နှံနိုင်သော ဆုကျေးဇူးကောင်းချီးကို ခံယူနိုင်ရန် တာဝန်ရှိသည်။ ဘုရားပေးအမွေကို မိဘနှင့် သားသမီးတိုင်း အကောင်းဆုံးတိုးပွားစေရန်၊ ထိန်းသိမ်းပြုစုရန် ခရစ်ယာန်ဓမ္မပညာ လမ်းကြောင်း အနေဖြင့် အိမ်ထောင်အသီးသီးတို့၏ တာဝန်ပင်ဖြစ်သည်။

(၃) ပရောဖက်များ၏ သင်ကြားခြင်းအခန်းကဏ္ဍ (The Teaching role of Prophets)

အခြေခံလူ့အလွှာမှ ကလေးသူငယ်များနှင့် လူငယ်လူရွယ်များကို သူတို၏ မိဘများနှင့် လုပ်ငန်းခွင် ဆရာသမားများက အတတ်ပညာများ သင်ကြားပေးသည့် နည်းတူ အဆင့်မြင့်လူ့အလွှာများမှ ကလေးသူ ငယ်များနှင့် လူငယ်လူရွယ်များကို သူတို၏ မိဘများက အခကြေးငွေဖြင့် ငှားရမ်းထားသော အစောင့်/အထိန်း/ အအုပ်အချုပ်များ (Tutors/Guardians)တိုက နေအိမ်ထဲမှာပင် သူတိုအား သီးသန့် သင်ကြားပေးခဲ့ပါသည်။ နောက်ပိုင်း၌ အဆင့်မြင့် လူ့အလွှာဝင် မိဘများက မိမိတို၏ သားသမီးများကို သာ၍အဆင့်မြင့်သောပညာများ သင်ကြားပေးရန် “ဉာဏ်ပညာကျောင်းများ” (School of Wisdom)ကို တည်ထောင်လာကြပါသည်။

မိမိတို့၏ တပည့်တပန်းများအား ဘာသာရေးပညာများ သင်ကြားပေးရန် အလိုငှါ ပရောဖက်များသည် လည်း စာသင်ကျောင်းများ ဖွင့်လှစ်ခဲ့ကြပါသည်။

ပရောဖက်များ၏ စာသင်ကျောင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ ဖော်ပြချက်မှာ –

ယောရှုလက်ထပ် ဣသရေလလူတိုသည် ခါနန်ပြည်ကို သိမ်းပိုက်ရန် ဒန်မြစ်ကို ကူးဖြတ်ခဲ့ရာ ပထမဦးဆုံး ရောက်ရှိလာသောအရပ်ဒေသမှာ ပလအရပ်ဖြစ်သည်။ နောက်ဖြစ်လာမည့် စစ်ပွဲများ၏ ဌာနချုပ်လည်းဖြစ်သည်။ (ယောရှု ၄း၁၉။ ၆း၁၀။ ၁၀း၆)။

ခါနာန်ပြည်၌ ပထမဦးဆုံးပြုလုပ်သော ပဿခါပွဲကို ဂိလဂါလအရပ်တွင် ပြုလုပ်ခဲ့သည်။ ဂိလာဂါလ အရပ်သည်စစ်ဖြစ်ချိန်နှင့် ပြန်လည်နေရာချထားချိန်တို့တွင် ဣသရေလလူတိုအတွက် ဌာနအုပ်ချုပ်မှုဆိုင်ရာ ဗဟိုဌာနဖြစ်ခဲ့သည် (ယောရှု ၁၀း၆၊ ၉၊ ၁၅၊ ၄၃။ ၁၄း၆)။

ထိုနောက် ဂိလာလမြိုသည် က္ကသရေလပြည်၏ အရေးပါသော ဘာသာရေးဆိုင်ရာ မြို့တစ်မြိုဖြစ် လာသည်။ ထိုမြို့သည် ပါလတိနပြည် အလယ်ပိုင်းရှိ ရှမွေလ နှစ်စဉ် လည်ပတ်ရောက်ရှိလာသည့် မြို့လေးမြို့အနက် တစ်မြို့ဖြစ်သည်။ မောရှေ အနိစ္စရောက်ပြီးနောက် ဣသရေလနိုင်ငံ၏ ဘုရင်စနစ် မတိုင်မီ ရှမွေလသည် ယဇ်ပုရောဟိတ်၊ ပရောဖက်၊ တရားသူကြီးအဖြစ် ဗဟို အချက်အချာကျသောနေရာမှ ပါဝင်ခဲ့ သည်။ သူသည် နောက်ဆုံးသော တရားသူကြီး ဖြစ်ပြီး၊ ဘုရင်စနစ် ထူထောင်ရာတွင် အလင်းပေးသူ တစ်ဦး လည်းဖြစ်သည်။ ခေါင်းဆောင်တစ်ဦး၏ အရည်အချင်းနှင့် ပြည့်ဝသူတစ်ဦးဖြစ်သည်။ ရှမွေလ၏ ပရောဖက်ပြုချက်များကြောင့် ဣသရေလတိုင်းနိုင်ငံသည် ဝိညာဉ်ရေးရာ ပြန်လည် ရှင်သန်နိုးကြားလာသည်။ ရှမွေလတည်ထောင်ခဲ့သော ပရောဖက်ကျောင်းကို ဂိလဂါလမြို၌ တည်ထောင်ခဲ့ရာ ဧလိယနှင့် ဧလိရှဲတို၏ ခေတ်တိုင်အောင် တည်ရှိခဲ့သည် (၁ရာ ၇း၁၆-၁ရ။ ၄ရာ ၂း၁။ ၄း၃၈)။

ထိုကြောင့် ပရောဖက်ရှမွေလသည် ပရောဖက်ကျောင်း (ယခုအချိန်အခါအရ ကျမ်းစာကျောင်း)ကို ဂိလဂါလမြို၌ တည်ထောင်ခဲ့သည်။ ဧလိယနှင့် ဧလိရှဲ အချိန်အခါထိ ပရောဖက်ကျောင်းသားများအား သင်ကြား ခဲ့သည့်ပုံစံများကို နှုတ်ကပတ်သမ္မာကျမ်းစာထဲ၌ တွေ့မြင်ရပါသည်။

ဘီစီ (၉)ရာစု၏ အလယ်ပိုင်းကာလသိုရောက်မှသာ “နာမည်ကျော် ပရောဖက်များဖြစ်သော” ဧလိယ (Elijah) နှင့် ဧလိရှဲ(Elisha) တို၏ စွမ်းဆောင်မှု ကြောင့် ပရောဖက်ပြုမည့်ကိစ္စသည် ရှေ့တန်းသို့ရောက်လာ ပါသည်။ ။

ပရောဖက်ဧလိယအနေဖြင့် မှားယွင်းသောကိုးကွယ်ယုံကြည်မှု (false religion) ၏ စိန်ခေါ်ခြင်းကို ရင်ဆိုင်ရပြီး “ထာဝရဘုရားသခင်ထံထားရှိသော ဣသရေလတို၏ ယုံကြည်မှု (Faith in Israel’s God) ကို မြင့်တင်ရန် လိုအပ်လာ သည်ဟု သဘောပေါက်လာသည့်အတိုင်း ဆောင်ရွက်ခဲ့ရပါသည်။

ဧလိယမရှိတော့သည့်နောက်ပိုင်းတွင် သူ၏တပည့် “ဧလိရှ်”သည် သူ၏ လုပ်ငန်းကို ဆက်ခံလုပ်ဆောင် ခဲ့ပါသည်။ ပရောဖက်လောင်းသင်တန်းကျောင်းများသို လှည့်လည်၍ “ပရောဖက်သားများ” (Son of the Prophets)များကိုလည်း တိုက်တွန်းအားပေး သင်ကြားမှုပြုခဲ့ပါသည်။

ပရောဖက်ကျောင်းသားများနှင့် ပတ်သက်၍ ဧလိရှဲ၏ သင်ကြားခြင်း အခန်းကဏ္ဍအား (၄ရာ ၄း၃၈-၄၁)နှင့် (၄ရာ ၆း၁-၇)တွင် တွေ့ရပါသည်။ ပရောဖက်ကျောင်းသားများ စားမည့်ဟင်းအိုးသည် အဆိပ်ရှိသော ဟင်းအိုးကို သန့်ရှင်းစေခဲ့ခြင်းနှင့် ပရောဖက်ကျောင်းသားများ သင်ရသောစာသင်ခန်းကို ပြင်ရန် ပရောဖက် ကျောင်းသားတစ်ဦး ငှားလာသော ပုဆိန်ရေထဲကျသွားသောအခါ ရေပေါ်ကို ပြန်၍ပေါ်စေခဲ့သည်။ ဤအဖြစ် အပျက်အား ဓမ္မပညာသင်ကြားခြင်း အခန်းကဏ္ဍမှ ကြည့်သောအခါ ယနေ့ခေတ် ခရစ်ယာန်ဓမ္မပညာကို သင်ကြား နေသော ဆရာ/ဆရာမများ ရှိရမည့် သင်ကြားခြင်းဆိုင်ရာ ကျွမ်းကျင်မှုများနှင့် ဝိညာဉ်ရေးရာ ခေါင်းဆောင်မှု အကြောင်းအရာများအား လက်တွေ့ဖော်ပြနေပါသည်။

 

(က) သင်ကြားခြင်း၌ အသက်ရှင်ခြင်းအခွင့်ကို ပေးခဲ့သော ပရောဖက်ဧလိရှဲ (Elisha, The one who gives everlasting life through his Teaching)

ဧလိရှဲသည် ချမ်းသာကြွယ်ဝသော မိသားစုမှပေါက်ဖွားလာပြီး၊ မိဘ၏ လယ်၌ ကိုယ်တိုင်ထွန်း ယက်စိုက်ပျိုးသူ ဖြစ်သည် (၃ရာ ၁၉း၁၉-၂၁)။ ဧလိရှဲသည် လယ်သမားပီပီ ထွန်ယက်စိုက်ပျိုး၊ ကြဲ၊ ရေလောင်း၊ ရိတ်သိမ်း ခြင်း ကိစ္စများအား အခက်အခဲမရှိ လုပ်ကိုင်နိုင်သူဖြစ်သည်။

ဧလိယသည် မိမိ၏ဝတ်လုံကို ဧလိရှဲအပေါ်မှာ တင်သဖြင့် ဧလိရှဲသည် ဧလိယ၏ လက်ထောက်အဖြစ် နောက်တော်လိုက်သည်။ ဧလိယ၏ လက်အောက် တွင် အစေခံသောဧလိရှဲသည် “နှစ်ဆသောဝိညာဉ်”ကို သူ့ဆရာ၊ ဧလိယထံ တောင်းခံခဲ့သည် (၄ရာ ၂း၉)။ နှစ်ဆသော ဝိညာဉ်ကို တောင်းရသည့် ရည်ရွယ်ချက်မှာ သူ့ဆရာ၊ သခင်၏အလုပ်ကို ဆက်လက် လုပ်ဆောင်နိုင်ရန် ဖြစ်သည်။ အောင်မြင်ကျော်ကြားရန် မဟုတ်ပေ။ မိမိလုပ်နိုင်သည်ထက် ဘုရားတန်ခိုးနှင့် လုပ်ဆောင်ခြင်းက ပို၍ထိရောက်သည်ကို ဧလိရှဲ သဘော ပေါက်သည်။ ကြီးမားသော တာဝန်ဝတ္တရားများက သူ့ရှေ့တွင်ရှိနေကြောင်း ဧလိရှဲ နားလည်သည်။ ဧလိယ၏ ကြီးမားသော တန်ခိုးက သူ့အသက်တာအားဖြင့် ဆက်လက်စီးဆင်းရန် ဆန္ဒရှိသည်။

တပည့်သည် ဆရာထံမှ သင်ကြားခံယူရုံ သက်သက်မဟုတ်ဘဲ၊ သင်ကြား အရာကို တည်ဆောက် ရန်ဖြစ်ကြောင်း ဧလိရှဲက သွန်သင်ထားသည်။ သည် ဧလိယ၏ လုပ်ဖော်ဆောင်ဖက်တစ်ဦး ဖြစ်ရုံမကဘဲ၊ ဧလိယ အောက်တွင် သင်ကြားခံယူနေသောသူလည်း ဖြစ်သည်။ ဧလိယနောက်ကို လုံးလုံးလျားလျားလိုက်ကာ အစေခံခဲ့သည်။ ဧလိရှဲသည် တပည့်နောက်လိုက်ကောင်းဖြစ်ခဲ့သည်။ ခေါင်းဆောင်အဖြစ် လုပ်ဆောင်ရမည့် အချိန် ရောက်လာ သောအခါ ဧလိရှဲသည် ဧလိယနေရာတွင် ထိထိရောက်ရောက် ကောင်းစွာ ဦးဆောင်နိုင် ခဲ့သည်။ ယနေ့ တပည့်ဖြစ်ခြင်းသည် ထိရောက်သော အမှုတော်အတွက် သင့်ကို သင်တန်းပေးနေခြင်းဖြစ်သည်။ ထိရောက်စွာ အစေခံနေသော ခေါင်းဆောင် ဆရာကောင်းတစ်ဦးကိုရှာပါ။ သူ့ထံမှ ခံယူပါ။ ခံယူပြီးသောအခါ အခြားသူများ ၊ ကိုလည်း ယုံကြည်ခြင်းအမွေအနှစ် လက်ဆင့်ကမ်း ဝေငှရမည်ဖြစ်ကြောင်း ဖော်ပြ နေပါသည်။

ဧလိရှဲကဲ့သို့ အတွေ့အကြုံရှိပြီး၊ အသက်လည်းကြီး၍ နာမည်ရပြီးသော ပရောဖက်၏ အုပ်ချုပ်မှု အောက်တွင် ပရောဖက်သင်တန်းသားများရှိသည်။ သူတိုသည် အုပ်ချုပ်သူပရောဖက်နှင့် အတူရှိပြီး၊ ဗာလဘုရားအားကိုးကွယ်ခြင်းကို ဆန့်ကျင်၍ ဘုရားသခင် ထာဝရဘုရားအပေါ်တွင် နာခံခြင်း၊ သစ္စာရှိခြင်းကို သင်ယူရကြပါသည်။ သူတိုသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးအားဖြင့် ပရောဖက်ပြုနိုင်သူများ ဖြစ်ပါသည်။

၄ရာ ၄း၃၈         – ပရောဖက်ဧလိရှဲသည် လဂါလမြိုကို သွားသည့်အခါ ထိုပြည်သည် အစာခေါင်းပါးနေပါသည်။ ထိုအခါ ပရောဖက်ဧလိရှဲက ပရောဖက်ကျောင်းသားတွေ စားဖို့ရန် အိုးကိုပြင်ဆင်ပြီး ဟင်းချက်ရန်အတွက် ကျွန်(တပည့်)တစ်ဦးကို ပြောသည်။ ပရောဖက်(ဆရာ)ဖြစ်သည့် ဧလိရှဲသည် အစာခေါင်းပါးခြင်း ပြဿနာအား တပည့်များကို ဖြေရှင်းသင်ကြားပေးပါသည်) (Problem Solving)

၄ရာ ၄း၃၉         – တစ်စုံတစ်ယောက်သောသူ (One of them) ဟု ဖော်ပြထားပါသည်။ ပရောဖက် ကျောင်းသားများမှ တစ်ဦးဦးလည်း ဖြစ်နိုင် ပါသည်။ ထိုသူသည် လယ်ပြင်ကိုသွားပြီး၊ တောဗူးသီး၊ တောနွယ်ပင်များကို ခူးလာခဲ့ပါသည်။ ။ ချမ်းသာသောသူတို့၏ နေထိုင်အသက်ရှင်မှုနှင့် မတူကွဲပြား လျက် ပရောဖက်အမျိုးသားတိုသည် မိမိအလိုဆန္ဒကို ငြင်းပယ်ခြင်းနှင့် သစ္စာရှိစွာ အစေခံခြင်းတိုဖြင့် အသက်ရှင်ကြပါသည်။

၄ရာ ၄း၄၀         – ခူးလာသောဗူးသီးများအား မသိနားမလည်ဘဲ အိုးထဲမှာထည့်၍ ချက်ပါသည်။ ဟင်းကျက်ပြီး ဝိုင်းဝန်းစားသည့်အခါ “အို ဘုရားသခင်၏လူ အိုးထဲမှာသေဘေးရှိပါသည်”ဟု အော်ပြောပြီး၊ မစားနိုင်ကြတော့ပါ။ [သေဘေးရှိကြောင်းသိသည့်တပည့်) (ဤနေရာတွင်မူ တပည့်များ ဉာဏ်ရည်ကွဲပြားပုံကို ဖော်ပြနေပါ သည်။ မသိနားမလည်သော တပည့်များရှိသကဲ့သို သိကျွမ်း ခြင်း၌ ရင့်ကျက်သောသူများလည်း ရှိပါသည်။

၄ရာ ၄း၄၁         – ဤနေရာတွင် အသက်ရှင်ခြင်းကိုပေးခဲ့သည့် ဧလိရှဲ၏ သင်ကြားခြင်းတွင် တက်ကြွစွာ သင်ယူခြင်းဖြစ်စဉ် (Active Learning) ကိုတွေ့ရသည်။

မုန့်ညက်ကိုယူခဲ့ = တပည့်လုပ်နိုင်သည့် အလုပ်ကို လုပ်စေခြင်း ၊

အိုးထဲကိုထည့်    = ဆရာလုပ်ဆောင်ရမည့်အလုပ်ကို လုပ်ဆောင်ခြင်း

စားဖိုရန်ပြင်ဆင် = တပည့်လုပ်စေခြင်း

သေဘေးမရှိ      = တပည့်တို့၏ အသက်တာ၌ လက်တွေ့သဘောတရားအား ဆရာမှပြခဲ့ခြင်း ၊

(မုန့်ညက်)ဆိုသည့်အရာကို ထည့်ရမည်ဆိုသည့် ဆရာ၏အမြင်ပညာ၊ အကြားပညာ(knowledge)၊ ကျွမ်းကျင်မှုဆိုင်ရာ(Skill) ယုံကြည်ခြင်းဆိုင်ရာ အရည်အချင်း(Faith-qualification) လိုအပ်ပါသည်။ မုန့်ညက်ဆို သည်မှာ (Flour) ဂျုံမုန့်ဖြစ်သည်။ ဤဂျုံမှုန့်သည် (အသက်မုန့်-ခရစ်တော်) ပင်ဖြစ်သည်။ အိုးထဲတွင်ရှိသည့် မကောင်းသည့် အရာများကို ဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။

– သခင်ယေရှုက ငါသည် အသက်မုန့်ဖြစ်၏။

– ကောင်းကင်မှ ဆင်းသက်သောမုန့်ကို စားသောသူသည် သေခြင်းနှင့် ကင်းလွတ်၏ (ယော ၆း၅၀)။

ပရောဖက်ဧလိရှဲ၏ သင်ကြားခြင်းသည် တပည့်များ၏ ဘဝအသက်တာ အား အသက်ရှင်ခြင်းတရားကို လက်တွေ့ပြသ သင်ကြားလိုက်ခြင်းပင်ဖြစ်သည်။ တပည့်၏ ဘဝအသက်တာ၌ ခရစ်တော်ကိုရရှိပြီး ပြောင်းလဲ သော ဘဝအသက်တာ များဖြင့် အသက်ရှင်ရမည်ဖြစ်ကြောင်း ပရောဖက်လိရှဲ၏ သင်ကြားမှုမှ ဖော်ပြနေ ပါသည်။ ။

ပရောဖက်(ဆရာ) ဧလိရှဲသည် ပရောဖက်ကျောင်းသား (တပည့်)များအား သင်ကြားခြင်းနည်းလမ်းသည် အပြန်အလှန် သဘောဆောင်ခြင်း၊ အပြန်အလှန် မှီခိုအားထားခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတရားများ အားဖြင့် ပြီးမြောက် အောင်မြင်သော စာသင်ခန်းအဖြစ် မြင်တွေ့ရပါသည်။

ထိုသို့အောင်မြင်ခြင်းကိုရသော ပရောဖက်(ဆရာ) ဧလိရှဲသည် ထာဝရ ဘုရား၏လူ ဖြစ်သောကြောင့် တည်း။ ၎င်း၏အရည်အချင်း(၅)ခုကို တွေ့ရပါသည်

(၁) ဘုရားနှင့် ရင်းနှီးစွာ မိတ်သဟာယဖွဲ့ခြင်း။

(၂) ဘုရားနှင့် အတူခံစားခြင်း။

(၃) သန့်ရှင်းဖြောင့်မတ်သူ။

(၄) ဘုရားသခင်ထံမှ ဝိညာဉ်တော်ခံရသူ။

(၅) ထူးခြားသည့် ဝိညာဉ်ဆုကျေးဇူးကို ရရှိထားခြင်းနှင့် ဘုရား၏ အတည်ပြုမှုကို ခံရသူတစ်ဦး ဖြစ်ပါသည်။

ယနေ့ ခရစ်ယာန်ဓမ္မပညာကို သင်ကြားနေသော ဆရာ/ဆရာမများသည် မိမိ၏တပည့် နောက်မျိုးဆက် များအား ယုံကြည်ခြင်းအမွေကို လက်ဆင့်ကမ်း သင်ကြားမည့်သူများဖြစ်သည်။ မိမိတွင်ရှိသော ယုံကြည်ခြင်း အမွေများအား | လွှပြောင်းပေးရမည့်သူများ ဖြစ်ပါသည်။ ထိုကြောင့် တပည့်တို၏ ဘဝအသက်တာ သည် ခရစ်တော်၌ ပြောင်းလဲသူ ကြီးရင့်သူများ ဖြစ်လာမည်ဖြစ်ပါသည်။

ပရောဖက်များသည် သူတိုအချိန်တွင် လူမှုရေးရာ၌ ပညာပေးသူများဟု ခေါ်ဆိုနိုင်ပေသည်။ ပရောဖက် များသည် သူတိုတိုင်းပြည်၌ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းအတွက် ဘုရားသခင်၏ သနားခြင်း ကရုဏာ အကြောင်းများကို ဖော်ပြကြသည်။ တိုင်းပြည်အတွင်းနှင့် အပြင်ဘက်၌ရှိကြသော ယုံကြည်သူ အသိုင်းအဝိုင်း များ၊ အသက်ရှင်နေထိုင်ပုံတိုကို စေ့စေ့လေ့လာဆန်းစစ်ပြီး၊ သူတို အတွက် မျှော်လင့်ခြင်း၊ အမျက်ဒေါသနှင့် ခွန်အားပေးခြင်းတရား တို့ကို သင်ကြား ဟောပြောကြသည်။ ။

ပရောဖက်များတို့၏ သင်ကြား၊ ဟောကြားခြင်းတို့တွင် ဖိနှိပ်ညှဉ်းဆဲခြင်း ခံရသူများအတွက် မျှော်လင့်ခြင်းတရားနှင့် အပြစ်ပြုခြင်းအားဖြင့် ဘုရားသခင်၏ အမျက်ဒေါသ ရောက်ရှိလာခြင်းတို့ကို ဖော်ပြကြ သည်။ ပရောဖက်ဟေရှာယ ဖော်ပြချက်၌ တန်ခိုးရှင်ဘုရားသည် သူ့အား လမ်းညွှန်ချက်ကို ဤသို့ ဖော်ပြ ထားသည်။ “ငါသည် ပင်ပန်းသောသူအား မစခြင်းငှါ စကားပြောတတ်မည့် အကြောင်း၊ အရှင်ထာဝရဘုရား သည် နှုတ်သတ္တိအား ငါ့ကိုပေးတော်မူပြီ။ နံနက အစဉ်အတိုင်း ငါ့ကိုနှိးတော်မူပြီ၊ စာသင်သောသူကဲ့သို နားထောင်စေမည့်အကြောင်း ငါ့နားကို နှိုးဆော်တော်မူပြီ” (ဟေရှာ ၅ဝး၄)။ ဘုရားသခင်၏ စကား ကြားပြီး နောက် လက်ရှိဖြစ်ပျက်နေသော အခြေအနေအပေါ် မူတည်ပြီး၊ ခွန်အားပေးခြင်းတရားများကို သင်ကြားကြ သည်။

ပရောဖက် ယေဇကျေလကလည်း လေဝိလူများသင်ကြားရမည့် အခန်း များကို ဤသို ဖော်ပြထား သည်။ “ငါ၏လူတိုသည် သန့်ရှင်းသောအရာ၊ ရင်းသော အရာတိုကို၎င်း၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သော အရာ တို့ကို၄င်း၊ ပိုင်းခြား၍ သိစေခြင်းငှါ၊ သွန်သင်ကြရမည်” ဟူ၍ဖြစ်သည်။ ပရောဖက် ရဲ့ အဓိကအခန်းကဏ္ဍ သည် တိုင်းပြည်ရှိ လူထုတစ်ရပ်လုံး၏ လူမှုရေးနှင့်ဆိုင်သော ကျင့်ဝတ်၊ ဘာသာရေးနှင့်ဆိုင်သော ကျင့်ဝတ်များ ကို အစီအစဉ် ချမှတ်ခြင်းပင်ဖြစ်သည်။ ထိုကြောင့် ပရောဖက်မိက္ခာက “အချင်းလူ ကောင်းသောလမ်းကို ပြတော်မူပြီ၊ တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ ဘုရားသခင်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး အဘယ် ပူဇော်သက္ကာကို ထာဝရဘုရားတောင်းတော်မူသနည်း”ဟူ၍ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းနှင့် သနားခြင်းကရုဏာတိုသည် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတို၌ လွမ်းခြုံနေစေရန် နမူနာတရားကို ဖော်ပြထားသည်။ ပရောဖက်တိုသည် ဘုရားသခင်၏ တန်ဖိုးများကို လူသားများအပေါ် အကျိုးသက်ရောက်မှုရှိစေရန် အတွက် ယူဆောင်ပေးခြင်းသဘောဖြစ်သည်။

“ပရောဖက်များ” တို့သည် ထာဝရဘုရားသခင်၏ စိတ်တော်အလိုတော် တိုကို ဆင့်ဆိုဖော်ပြသူများ (သို့မဟုတ်) “လူမျိုးတော်”၏ သီလစရိုက် ကောင်းမွန် လာအောင် ဆုံးမသွန်သင်သော “ဆရာသမားများ”လည်း ဖြစ်ကြပါသည်။ “လူမျိုးတော်”က ပွဲနေ့များကို စောင့်ထိန်းခြင်း၊ ယဇ်ပူဇော်ခြင်း၊ ပဌာနာရွတ်ဆို ခြင်းတို့ကို ကျေပွန်အောင်ပြုလုပ်လျှင် “ထာဝရဘုရားသခင်” ကျေနပ်တော်မူပြီဟု ထင်မြင်ယူဆနေကြကာ “ပရောဖက်”တို့ က ဤအရာထက် ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ ကြင်နာသနားခြင်း၊ ချစ်ခြင်းမေတ္တာ ထားခြင်းတိုကိုသာ “ဘုရားသခင်” အလိုရှိတော်မူကြောင်း ဟောပြောသင်ကြား ခဲ့ကြပါသည်။ ထိုကြောင့် ဓမ္မပညာကိုသင်ကြားသော ဆရာ/မများ ပရောဖက်များ ကဲ့သို ဘုရားသခင် အသုံးပြုနေကြောင်းကို ခံယူကာ သင်ကြားခြင်း၌ အသက်ရှင် ခြင်းကို ပေးသောသူများ၊ မှန်ကန်ရာကို သမ္မာတရားနှင့်အညီ ဖွင့်ပြသင်ကြား ပေးနိုင်သူများ ဖြစ်ရပေမည်။

(၃) ပညာရှိသူများကဲ့သိုသော ဆရာများ (Counsels of the Wise: Education for living)

ဘုရားသခင်သည် မိမိ၏ အသက်ရှင်စေလိုသည့် အသက်တာမျိုးကို ရှေးဣသရေလလူတို့အား သင်ကြားလမ်း ညွှန်မှုပေးနိုင်ရန် လူအမျိုးမျိုးတို့ကို အသုံးပြုတော်မူခဲ့သည်။ မိမိ၏ပညတ်တရားသင်ကြားပေး ခြင်းနှင့် ကြီးကြပ်မှုပြု နိုင်ရန် ယဇ်ပုရောဟိတ်များကို အသုံးပြုတော်မူခဲ့သည် (တရားဟော ၃၃း၁၀။ မာလခိ ၂း၇)။

လူတို့၏ အမူအကျင့်များ ပြောင်းလဲစေရန် မှန်ကန်သော စိတ်နေ သဘောထားများ တိုးတက်စေဖို့ မိမိ၏ သတင်းစကားကို လူတို့ထံ တိုက်ရိုက် သယ်ဆောင်ရန် လူတိုအား နှိးဆော်ပေးသည့် ပရောဖက်များကို အသုံးပြု တော် မူခဲ့သည် (အာမုတ် ၃း၁-ရ၊ ၄း၁-၃၊ ၅း၁၄-၁၅)။

ထိုပြင် ပညာရှိဟူ၍ လူအများသိသော ဆရာများကိုလည်း အသုံးပြု တော်မူခဲ့သည် (ယေရ ၁၈း၁၈)။ ထိုသူတိုသည် ဘုရားသခင်ထံမှ အထူး ဖော်ပြခြင်းများမရှိဘဲ အသက်တာ၏ နေ့စဉ်အမှုကိစ္စများကို လေ့လာပြီး၊ တွေ့ရှိချက် အား အခြေခံကာ ထိုသူတို့သည် မိမိတိုသင်ကြားမှုကို နားထောင်သူတို့အား အကြံဉာဏ်များပေး ကြသည် (ဒေ ၁၂း၉-၁၀)။

သမ္မာကျမ်းအတွင်း ပညာတရား သွန်သင်ပေးသူဆရာများက ဘုရားတရား ရှိသူများဖြစ်ကြသည်။ မိုက်မဲ၍ လမ်းလွဲနေသော အသက်တာများအား မှန်ကန်၍ အဓိပ္ပါယ်နှင့် ပြည့်ဝသော အသက်တာများအဖြစ် ပြည့်ဝလာစေရန် ကူညီခဲ့ကြသည်။

ပညာရှိတိုသည် အမြော်အမြင်နှင့် ဉာဏ်ပညာကို ပိုင်ဆိုင်ကြသူများ ဖြစ်ကြသည်။ ၎င်းတို့သည် သင်ဆရာများဖြစ်ပြီး လုပ်ဆောင်မှုမှာ ရာစုအလိုက် ကွဲပြားခြားနားလေ့ရှိသည်။ ဤပညာရှိတို၏ သင်ကြားမှုကို အပိုင်းနှစ်ပိုင်းအားဖြင့် ဖော်ပြရလျှင် ထင်ပေါ်ခေတ်စားသော ဉာဏ်အမြော်အမြင်နှင့် အခြေခံပညာရေးဟူ၍ နှစ်ပိုင်းခွဲခြားရပါသည်။

ဉာဏ်အမြော်အမြင်အရ ဣသရေလလူမျိုးတို့ သည် သူတို့ ဘဝ အသက်တာတွင် ကျင့်ဝတ်၊ စကြဝဠာ၏ အနေအထားကို အခြေခံ၍ အဝေး အကြုံပေါ် တည်ဆောင်ခြင်းဖြစ်သည်။ ဉာဏ်ပညာ(Wisdom) တိုသည် စကားလုံး အား ဟေဗြဲဘာသာစကားအားဖြင့် ဦးစွာပထမ(First)၊ ကျွမ်းကျင်မှု(SRI) တစ်ခုခု၏ လက်တွေ့ကျကျ အတွေ့အကြုံ (The Practical Experience of Something) ပေါ်တွင် တည်ဆောက်ခြင်း ဖြစ်သည်။ ပညာရှိတို့၏ သင်ကြားမှု ပညာရပ်ဆိုင်ရာနှင့် အတွေ့အကြုံတိုမှာ အလွန်ဆက်နွယ်နေသော ဆက်ဆံမှုဖြစ်သည်။ ၎င်းတို့၏ သုတ္တံ့စကားများမှာ အတွေ့အကြုံများမှ ပေါ်ထွက်လာသော အသီးအပွင့်များ ဖြစ်ကြသည်။ ထိုမှတစ်ဆင့် နေထိုင်သွားလာမှုအနုပညာ (Art of Living) ကို နေ့စဉ်ပြဿနာအပေါ် အဖြေရှာရန် သုံးလေ့ရှိသည်။

၄င်းတို့၏ သင်ကြားမှုသည် ထာဝရဘု ရားကို ယုံ ကြည် ရန် ရှေ့ပြေးသင်ကြားချက်ဖြစ်သည်။ “ထာဝရဘုရားကို ကြောက်ရွံသောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏” (သု ၁း၇)။ ဤသွန်သင်မှုကို ပညာရှိတို့က သယ်ဆောင်ဘာ၍ မိမိတို့၏တပည့်များကို လက်ဆင့်ကမ်း ပေးခြင်းဖြင့် ဘဝအသက်တာများကို တရားသခင်အားဖြင့် ရင်ဆိုင်ရန် သွန်သင်ခြင်းဖြစ်သည်။ “လူသည် မိမိသွားသော လမ်းကို စိတ်ထဲမှာကြံစည်၏။ သို့သော်လည်း သူ၏ခြေရာတို့ကို ထာဝရဘုရား စီရင်တော်မူ၏” (သု ၁၆း၉)။ ထိုကြောင့် “ထာဝရဘုရားတစ် ဖက်၌ ဉာဏ်မတည်၊ ပညာမတည်၊ အကြံအစည်မတည်၊ တစ်ခုမျှမတည်နိုင်”ကြောင်း သုတ္တံ့ဆရာများက မိန့်မြွက်ခဲ့ပါသည် (သုတ္တံ့ ၂၁း၃၀-၃၁)။ ထိုပြင် ဉာဏ်ပညာအရာ၌ ပညာရှိများ ဖြစ်စေရန်၊ နောက်ဆုံးသော ကာလ၌ ပညာရှိဖြစ်စေလိုသော အဆုံးအမစကားကို နားထောင်၍ နည်းဥပဒေသကိုခံယူလော့ (သု ၁၉း၂၀)။ “သမ္မာတရားကိုဝယ်လော့။ မရောင်းနှင့် ပညာရှိတို့၏ ဆုံးမဩဝါဒကို၎င်း၊ ဉာဏ်ပညာသတ္တိတို့ကို၎င်း၊ ထိုအတူ ပြုလော့” (သု ၂၃း၂၃)။

ထိုကြောင့် သုတ္တံ့ဆရာများက ဉာဏ်ပညာဆိုသည်မှာ “အကြောင်းမူကား ပညတ်တော်သည် မီးခွက်ဖြစ်၏။ တရားတော်သည်အလင်းဖြစ်၏။ အပြစ်ကို ဖော်ပြတတ်သော ဩဝါဒစကားသည် အသက် လမ်းဖြစ်၏ (သုတ္တံ့ ၆း၂၃)။ အသက်တာ၏ လမ်းများကို ပြညွှန်ကြောင်း ပုံဖော် ဖော်ပြပါသည် (သု ၁၀း၁၇)။

သုတ္တံဆရာများမှ လူ့ဘဝအသက်ရှင်ရာ၌ နေ့စဉ်အသက်ရှင်ခြင်း၏ လက္ခဏာများ၌ ဘုရားသခင်ဖွင့် ပြခြင်း၊ အတွေ့အကြုံများအား တည်ဆောက်၍ ဉာဏ်ပညာ၌ ထူးချွန်သူများဖြစ်၍ အသက်လမ်းကို တွေ့ရှိသူ များဖြစ်ရန် သင်ကြားမှုတို့ကိုပြုကြောင်း တွေ့ရပါသည် (သု ၈း၃၂-၃၆)။

၎င်းတို့ သင်ကြားသည့်နေရာများမှာ လူပရိသတ်ရှေ့၊ သာမာန်လူများနှင့် ထိတွေ့နိုင်သည့် နေရာများတွင် သင်ကြားပေးပြီး (သု ၁း၂ဝ-၂၁။ ၈း၁-၃။ ဒေ ၁၂း၉-၁၀) မိမိတို့ ကိုယ်ပိုင်ကျောင်းများတွင်လည်း နည်းလမ်း အမျိုးမျိုးဖြင့် သင်ကြားပေးခဲ့ကြသည်။ တိုက်ရိုက်ညွှန်ကြားခြင်းဖြင့်လည်းကောင်း မေးခွန်းများ မေးမြန်းခြင်း ဖြင့်လည်းကောင်း၊ သင်ကြားပေးခဲ့ကြသည် (သု ၁း၂-၅။ ၅း၁။ ဒေ ၁း၃၊ ၁၀။ ၂း၂၂။ ၃း၉၊ ၂၁-၂၂)။ ထို့ပြင် ထင်ရှား သော စကားပုံများ၊ ခုဖော်ပြသည့် ဘာသာစကားများနှင့် ပဟေဠိဖွဲ့ခြင်းများကို အသုံးပြုခဲ့ကြသည် (သု ၁း၆။ ၈း၁။ ၁ဝး၁)။ နေ့စဉ်အသက်တာအတွင်း အမှန်တကယ်တွေ့ရှိခဲ့ရသည့် တွေ့အကြုံများနှင့် အခက်အခဲများအား သင်ခန်းစာများအဖြစ် ပြန်လည်သင်ကြားပေးခဲ့ကြသည် (သု ၂၄း၃၀-၃၄။ ဒေ ၄း၁၃-၁၆။ ၉း၁၃-၁၈)။ ဥပမာကို ဆောင်၍လည်း ပြောကြသည် (၂ရာ ၁၂း၁-၆)။

ထိုကြောင့် ပညာရှိများ၏ သင်ကြားမှုသည် နေ့စဉ်အသက်တာအတွင်း ကောင်းမွန်စွာ အသက်ရှင်နိုင်ရန် သင်ကြားပေးသည်။ အတွေးအခေါ်တစ်ခုတည်း ကိုသာ အဓိကထားခြင်းမျိုးမဟုတ်ဘဲ၊ လွတ်လပ်စွာ ရွေးချယ် ခွင့်ပြုသည့် သွန်သင်မှုမျိုးဖြစ်သည်။ ပညာရှိများ၏ သင်ကြားခြင်းပုံစံသည် အကြံပေးခြင်းမျိုး ဖြစ်သည်။ အတွေ့အကြုံအား အခြေခံ၍ သင်ကြားခြင်းဖြစ်သည်။

(၅) ကျမ်းပြုများကဲ့သို့သောဆရာများ (Scribes also served as teacher)

ယုဒလူ့ဘောင်(Jewish Society)၌ ကျမ်းပြုဆရာများ (ဝါ) ကျမ်းတတ် ဆရာများ (ဝါ) နိသျည်းဆရာများ (The Scribes) ဟုခေါ်သော သမ္မာကျမ်း သုတေသီများ (Bible Scholars) များ ပေါ်ပေါက်လာပါသည်။ Scribes ဟူသော ဝေါဟာရသည် ပြည်နှင်ခံကာလမတိုင်မီ (Before Exile) ၌ အတွင်းရေးမှူးများ (ဝါ) စာချီများ (Secretaries) များကို ရည်ညွှန်းပါသည်။ သိုရာတွင် ပညတ်တရားများကို ကျွမ်းကျင်တတ်မြောက်မှုကြောင့် “လေဝိလူများ” ကိုလည်း Scribes ဟုပင် ခေါ်ဝေါ်ခဲ့ကြပါသည်။ ။

ယုဒလူမျိုးများ၏ အစဉ်အလာသတ်မှတ်ချက်အရ ကျမ်းတတ်များသည် ပဋိညာဉ်ဟောင်းကာလမှ ပရောဖက်များနှင့် ဂုဏ်ရည်တူများဖြစ်ကြပါသည်။ သူတိုကို ယုံကြည်သူများများက ဥပဒေပညာရှင်များ (Lawyers)၊ ဥပဒေပါရဂူများ(Doctor of The Laws)၊ ရဗ္ဗိများ(Rabbis) ဟု အမျိုးမျိုးခေါ်ကြပါသည်။

သာမန်ယုဒလူများအတွက် အမြင့်ဆုံးပညာ ဆည်းပူးလေ့လာမှုကို ယုဒ ပညတ်တရားများမှ ရရှိပါသည်။ မူလက ယဇ်ပုရောဟိတ်များသည် ဆရာများ ဖြစ်ကြပြီး၊ ပဋိညာဉ်သစ်ကာလ ရောက်သောအခါ သွန်သင်မှု အပိုင်းကို ကျမ်းတ များက အများဆုံးလုပ်လာကြပါသည်။

ယုဒစာသင်သားများသည် မိမိတို့ ဆန္ဒအလျောက်ဖြစ်စေ၊ မိဘ အစီအစဉ်အရဖြစ်စေ ကျမ်းတတ်များ ရှိရာ တရားဇရပ်များသို သွားရောက်၍ ဘာသာရေး ပညာဆည်းပူးလေ့လာနိုင်ပါသည်။ သာမန်စာသင်များ အတွက် ဇရပ်များ၌ ဖွင့်လှစ်ထားသော ဘာသာရေးသင်တန်းများကို စာအုပ်အိမ် ( House of the Book) ဟု ခေါ်တွင်ပါသည်။

အခြေခံဘာသာရေးပညာများကို လေ့လာသင်ယူပြီးနောက် သာ၍ အဆင့်မြင့်သော ဘာသာရေးပ ညာရပ်များကို လေ့လာသင်ယူလိုသူ စာသင်သား များအတွက် နာမည်ကြီးရံများ(Famous Rabbis)၏ ညွှန်ကြားမှု အောက်၌ ထားသော လေ့လာရေးအိမ် (The House of Study) များကိုလည်း ဖွင့်လှစ် တည်ထောင်ထားပါသည်။ ပိုချသူဆရာများသည် ပထမ၌ စာသင်သားများကို စကားလုံးတစ်လုံးချင်း၊ ထိုနောက် ဝါကျတစ်ကြောင်းချင်း၊ ဆက်လက်၍ စာတစ်ပိုဒ်ချင်း ထပ်ခါတလဲလဲ နှုတ်တိုက်ချပေးပြီး ရွတ်ဆိုစေသည့်နည်းဖြင့် သင်ကြားပိုချ ပါသည်။ ဤနည်းဖြင့် စာသင်သားများသည် ပညတ်တရားများကို အာဂုံဆောင်နိုင်သည်အထိ တိုးတက်ရင့် ကျက်လာကြပါသည်။ စာသားများကို ရွတ်ဆိုရာ၌ ရွတ်ဆိုစေခြင်းမျိုး သက်သက်မဟုတ်ဘဲ၊ ယင်းတို၏ အဓိပ္ပါယ် များကိုလည်း ဆရာများက ဖွင့်ဆိုရှင်းလင်းပို့ချပါသည်။

က။ ဆရာကောင်းတစ်ဦးဖြစ်သူ ဧဇရ (Ezra- A Good Educator)

ဧဇရသည် ယဇ်ပုရောဟိတ်(Priest) တစ်ဦးဖြစ်သကဲ့သို ကျမ်းပြုဆရာ၊ ဆရာကောင်းတစ်ဦး ဖြစ်ပါသည်။ ကျမ်းပြုဆရာတိုသည် ကျမ်းပိုဒ်များကို အနက်ဖွင့်ခြင်း၊ တရားဝင် သင်ကြားပေးသော ဆရာများဖြစ်သကဲ့သို ဣသရေလနိုင်ငံ၏ ဝိညာဉ် ရေးရာ ခေါင်းဆောင်များလည်း ဖြစ်ကြသည်။ ကျမ်းပြု ဆရာများသည် ဥပဒေ ပါရဂူများ(Doctor of the Laws) တို၏ ရှေ့ပြေးများဖြစ်ကြသည်။ ကျမ်းပြုဆရာနှင့် ဥပဒေပါရဂူများသည် သမ္မာကျမ်းစာနှင့် ပတ်သက်သည့် အနက်ဖွင့်ခြင်းကို အချိန်နှင့် တပြေးညီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရသည်။ ထိုကြောင့် ကျမ်းပြုဆရာတို၏ တာဝန်မှာ တပည့်နောက်လိုက်များအား လက်ဆင့်ကမ်း အမွေကို ပေးခြင်းဖြစ်ပါသည်။

ဧဇရသည် သူ၏ ထူးချွန်သော သင်ကြားမှုကြောင့် ထင်ရှားသော ဆရာကောင်းတစ်ဦးအဖြစ် ဓမ္မဟောင်း ကာလ၌ ထင်ရှားကျော်ကြားခဲ့သည်။ ဣသရေလလူမျိုး (အထူးသဖြင့် ယုဒအမျိုးနှင့် ဗင်္ဃာမိန်အမျိုး) တို့သည် ဘီစီ(၅၈၇) အချိန်တွင် ဗာဗုလုန်သို့ ကျွန်ပြုဖမ်းဆီးခေါ်ဆောင်ခံရသည်။ သူတို့သည် မိမိတို တိုင်းပြည်သို့ အဖွဲ(၃)ဖွဲ့ဖြင့် ပြန်ရောက်လာခဲ့သည်။

ဇေရုဗဗေလသည် လုပ်ငန်းတာဝန်များကို ဦးဆောင်ဦးရွက်ပြုသူ တစ်ဦး ဖြစ်ခဲ့သည်။ (Zerubbabel was the man to lead the work.)

နေဟမိသည် မြိုရိုးပြန်လည် ပြုပြင်တည်ဆောက်သူတစ်ဦး ဖြစ်ခဲ့သည်။ (Nehemiah was the man to build the wall.)

ဧဇရသည် နှုတ်ကပတ်တော် သင်ကြားပိုချပေးသူတစ်ဦး ဖြစ်ခဲ့သည်။ (Ezra was a man taught the word.)

 

ခ။ ဆရာကောင်းဖြစ်သူ ဧဇရ၏ အရည်အချင်းများ (Ezra, abilities as a good Educator)

(၁)        မိမိနှလုံးသားကို ပြင်ဆင်မှုရှိသည်။ (He had a prepared heart) – (ဧဇရ၊ ၇း၁၀)တွင် “အကြောင်းမူကား ဧဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်း (The Law of Heart) စီရင်ထုံးဖွဲ့ တော်မူချက်တို့ကို ဣသရေလအမျိုးသား၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူ ဖြစ်၏ ဟု ဖော်ပြထားသည်။ အင်္ဂလိပ်ကျမ်းစာ(NIV)တွင် “Ezra had devoted himself” ဟုဖော်ပြထားသည်။ ငဇရ၏သွန်သင်မှုသည် သူ၏ ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်မှု၊ ဣသရေလလူမျိုးနှင့်ကျွမ်းဝင်မှု၊ ဣသရေလ လူမျိုးတို့၏ လိုအပ်ချက်စသည်တို အပေါ် အခြေခံပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိခြင်းသည်လည်း သူ၏အမှုတော်မြတ်၌ ဆက်ကပ်မှုအတွက် အဓိက အချက်အချာ ဖြစ်သည်။

(၂)        ဧဇရသည် ဘုရားသခင်၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်သူဖြစ်သည် (He sought the Law of the Lord) – (ဧဇရ၊ ၇း၁၀)ပါ ကျမ်းပိုဒ်ကို အင်္ဂလိပ်ကျမ်းစာ(NIV)တွင် “ဧဇရသည် ဘုရားသခင်၏ တရားတော်ကို ထိန်းသိမ်းစောင့်ရသော တာဝန်ကိုထမ်းရခြင်းအပေါ် မြတ်နိုးတန်ဖိုးထားသူ ဖြစ်သည်” (Ezra had devoted himself to the study and observance of the Law of the Lord)ဟု ဖော်ပြထား သည်။ ဧဇရ၏ အသက်တာတွင် “ဘုရားသခင်၏ တရားတော်”သည် အဓိက အချက်အချာပင်ဖြစ်သည်။ ဣသရေလလူမျိုးတိုအား ဘုရားသခင်၏ တရားတော်ကို သွန်သင်ရသည့် တာဝန်ကို ထမ်းဆောင်ရ သည့် မိမိသည် အရေးအကြီးဆုံးသော ဣသရေ လူမျိုးတိုအတွက် အရေးအကြီးဆုံးသော ပုဂ္ဂိုလ်ဖြစ် သည်ကို ဧဇရ သိရှိထား ဖြစ်သောကြောင့် မိမိကိုယ်တိုင် သူတစ်ပါးအား သွန်သင်မှုမပြုမီ ဘုရားသခင် နှုတ်ကပတ်တော်ကို သေချာစေ့စပ် ဖတ်ရှုဆင်ခြင်ခြင်း၊ အသက်တာ ဆင်ခြင်လိုက်လျှောက်မှုကို ဦးစွာပြုသည်ကို တွေ့ရသည်။

(၃)        ဧဇရသည် ဘုရားသခင်၏စကားကို နာခံသောသူဖြစ်သည် (He was obedient to God’s Word)-ဧဇရသည် ဘုရားသခင်၏ တရားတော်ကို နေ့တိုင်း ဖတ်ရဆင်ခြင်ပြီး ထိုတရားတော်အတိုင်း လိုက်လျှောက်အသက်ရှင်သည်။

(၄)       ဧဇရသည် ဘုရားသခင်၏စကားတော်ကို သွန်သင်သူဖြစ်သည် (He taught the word of God) – ဧဇရသည် ဣသရေလလူမျိုးတိုအား ဥပဒေစည်းမျဉ်း စည်းကမ်းကို သွန်သင်ရသော ဆရာတစ်ဦးဖြစ်ပြီး က္ကသရေလလူမျိုးတို၏ တရားသူကြီးအဖြစ်လည်း လုပ်ဆောင်ရန် ခေါ်ယူခြင်းခံရသောသူဖြစ်သည်။ ငဇရသည် သူ၏ တာဝန်များကို ကောင်းမွန်စွာ ထမ်းဆောင်ခဲ့သည်။

 

ဂ။ ဧဇရ၏ သင်ကြားခြင်းအမှုတော်မြတ်လုပ်ငန်း (Ezra, His Ministry)

တိုင်းတစ်ပါးမှ ပြန်လာပြီးသောအချိန်တွင် ဇရသည် ပဋိညာဉ်ကို ပြန်လည်ဆန်းသစ်စေရန် ပညတ်တော်များကို ဖတ်လေသည်။ (နေဟမိ၊ ၈း၁၈)တွင် ငဇရ၏ အမှုဆောင်ခြင်းသည် လူမျိုးတော်အား တရားတော်ကို နားထောင် စေ၍ မိမိတို အသက်တာကို အသစ်ပြုပြင်ရန်ဖြစ်သည်။ ဘုရားသခင်၏ စကားတော်ကို ကြားနာခြင်း၊ ဂရုပြုခြင်းသည် လူမျိုးတော်အတွက် အသက်တာကို အသစ်တစ်ဖန် ပြုပြင်ခြင်းဖြစ်သည်။ ဤနေရာတွင် မြင်ရသော ဓမ္မပညာ၏ ရှုထောင့်မှာ လေဝိသားများ၏ သွန်သင်ခြင်းပင် ဖြစ်သည်။ သူတို့သည် ဘုရား သခင်၏ စကားတော်ကို ရှင်းလင်းပြခြင်းဖြင့် လူများတို နားလည်စေသည်။ ဣသရေလလူများသည် သမ္မာကျမ်းစာ၏ သွန်သင်ခြင်းကို ရှင်းလင်းစွာ နားလည် သောအခါ ဘုရားသခင် နှစ်သက်သောအသက်တာဖြင့် တုံပြန် အသက်ရှင် လေသည်။ ခရစ်ယာန်ဓမ္မပညာ၏ အလုပ်မှာ လူများကို ဘုရားသခင်၏ ဖွင့်ပြတော်မူခြင်းကို နားလည်စေပြီး လူတစ်ဦးစီဖြစ်စေ၊ အဖွဲအစည်းဖြစ်စေ၊ ဘုရားသခင် လိုလားသော အသက်ရှင်ခြင်းကို သိမြင်စေခြင်းများ ပါဝင်သည်။

ဤကျမ်းချက်တွင် မြင်တွေ့ရသော ဆရာ၏ တာဝန်မှာ (၁) နှုတ်ကပတ် တော်ကို ကြေငြာခြင်း (ဖတ်ခြင်း၊ ဝေမျှခြင်း) (၂) ရှင်းလင်းပြောပြခြင်း (သမ္မာ ကျမ်းစာကို ရှင်းလင်းပြောပြခြင်း) (၃) တိုက်တွန်းခြင်း (လက်တွေ့ အသက်ရှင် ” ဖြစ်သည်။ တပည့်တို၏တာဝန်မှာ (၁) ဆရာ၏ သွန်သင်ပြခြင်း တို့ကို ဂရုပြု နားထောင်ခြင်းဖြင့် တရားတော်ကိုသိခြင်း၊ (၂) ဆရာ၏ ရှင်းလင်းပြခြင်းကို တုံပြန်ခြင်းဖြင့် နားလည်ခြင်း၊ (၃) ဆရာ၏တိုက်တွန်းခြင်းကို စိတ်နှလုံးပါလျက် နာခံခြင်းနှင့် (၄) ဘုရားသခင်ကို ထိတွေ့ ဝတ်ပြုကိုးကွယ် ရန်ဖြစ်သည်။ ယေဘုယျအားဖြင့် ဧဇရသည် ပညတ်တော်များကို ဖတ်သောအခါ လူများသည် မတ်တပ်ရပ်၍ နားထောင်သကဲ့သို့ ဆရာနှင့် တပည့်တို့သည် နှုတ်ကပတ်တော်ကို သင်သောအခါ လေးစားသမှုရှိရန် လိုပေ သည်။

ဧဇရ၏ အသက်တာတွင် ဖိနှိပ်မှုကြောင့် စိတ်ပျက်အားငယ်ခြင်း၊ ဆင်းရဲမှုကြောင့် အကျင့်စာရိတ္တ ပျက်စီးနေကြသော ဣသရေလလူမျိုးတိုအား ဘုရားသခင် နှစ်သက်သော အသက်တာဖြစ်လာရန် သွန်သင် လမ်းပြခဲ့ရာတွင် ခက်ခဲမှု၊ သည်းခံမှုများစွာ ကြုံတွေ့ခဲ့ရသည်။ ဧဇရအသက်တာ၌ သူတစ်ပါးကို မသွန်သင်မီ ကိုယ်တိုင် ကျင့်သုံးလိုက်လျှောက်ပြီးမှ သွန်သင်သည်ကို တွေ့ရသည်။ ဤတစ်ချက်သည် ကျွန်ုပ်တိုအတွက် ဆင်ခြင်လိုက်လျှောက်စရာ သင်ခန်းစာ ဖြစ်သည်။ ဆရာကောင်းတစ်ဦးသည် တပည့်တို့လိုအပ်ချက်၊ အားနည်းချက်များကို ဂရုပြုပြီး လမ်းညွှန်ပေး၊ မေတ္တာပြ သွန်သင်ပေးသည်ကို ဧဇရအသက်တာ၌ တွေ့ရသည်။ ကျွန်ုပ်တိုအနေဖြင့် နေ့စဉ်သမ္မာကျမ်းစာကို ဆင်ခြင်ဖတ်ရှုပြီး ဘုရားသခင်၏ စေခိုင်းချက်ကို နာခံရန် လိုအပ်ပါသည်။ ဧဇရသည် သူ၏ အသက်တာတွင် “သမ္မာကျမ်းစာကို တန်ဖိုးထား စောင့်ရှောက်သကဲ့သို ဣသရေလ လူမျိုးတို့ကိုလည်း သမ္မာကျမ်းစာကို တန်ဖိုးထားလိုက်လျှောက် ကျင့်သုံးရန် သွန်သင် ခဲ့သည်။

ယနေ့ ခရစ်ယာန်ဓမ္မပညာရေးကို သင်ကြားမှုကို ပြုနေသော ဆရာ/မများ နှုတ်ကပတ်တော်၏ အသက်ရှင်ခြင်းကို တန်ဖိုးထားလက်ဆင့်ကမ်း သင်ကြားမှုကို ပြုရမည်ဖြစ်ကြောင်း ဧဇရအသက်တာမှ ဖော်ပြနေပါသည်။

 

၃။ ဓမ္မသစ်ကာလဓမ္မပညာ (Education in New Testament)

ဓမ္မသစ်ကာလ ဓမ္မပညာသင်ကြားခြင်းသည် ဓမ္မဟောင်းခေတ်၏ပုံစံကို စွဲမြဲစွာ ဆောင်ရွက်သော်လည်း ခရစ်တော်၏ နောက်တော်လိုက်တိုမှာ (မသဲ ၂၈း၁၈-၂၀)ကို အခြေခံ၍ အားထုတ်ဆောင်ရွက်ကြပေသည်။ ယင်းသည် ခရစ်ယာန်ဓမ္မပညာနှင့်ဆိုင်၍ မဟာစေစားချက်ပင်ဖြစ်သည်။ တပည့်တော်ဖြစ်ခြင်းနှင့် ဆိုင်၍ အမှုတော်မှာ တစ်ပါးသူတို့ကို ခရစ်တော်ကို နာခံသော တပည့်တော်များ ဖြစ်စေရန်ဖြစ်သည်။ လူတစ်ဦးကို နာခံတတ်ရန် သွန်သင်ခြင်းသည် ခက်ခဲသောအလုပ်ဖြစ်သည်။ ခရစ်တော်၏ တပည့်တိုင်းသည် မိမိရှိရာအိမ်၊ အသင်းတော်၊ ကျောင်းတို၌ ထိုကဲ့သို တပည့်တော်ဖြစ်ခြင်းကို လုပ်ဆောင်နိုင်ရန် ခရစ်တော်က ငါသည် သင်တို့နှင့် အစဉ်မပြတ်ရှိမည်ဟု ဂတိတော်နှင့် အခွင့်အာဏာပေးခဲ့ သည်။ တပည့်တော်ဖြစ်ရန် သင်ကြားခြင်း၏ ရည်ရွယ်ချက်မှာ အသက်တာတွင် လက်တွေ့လုပ်ဆောင်ရန်၊ ယေရှုခရစ်တော်၏ သင်ကြားခြင်းများကို ပြန်လည် ဝေမျှခြင်း၌ လုံးဝတည်မှီပေသည်။ ယနေ့ ဓမ္မပညာအတွက် စိန်ခေါ်ချက်မှာ ခရစ်တော်၏ နာခံသော တပည့်တော် များသည် ခရစ်တော် သင်ကြားပေးသောအရာ အလုံးစုံကို သွန်သင်ခြင်း ခံရပါသလားဟူသော မေးခွန်းပင်ဖြစ် သည်။ ထိုတပည့်တော် များသည် သခင်ယေရှု၏ စကားတော်များကို နာခံသူများဖြစ်ရပေမည်။ အခြားသော သူများကိုလည်း မိမိခံယူထားသောအရာများကို ဝေမျှတတ်သူများ ဖြစ်ရပေမည်။

ဓမ္မသစ်ကျမ်းကို လေ့လာရာတွင် ဓမ္မဟောင်းကျမ်းပါ သင်ကြားမှုနည်းလမ်း ပုံစံအမျိုးမျိုးအပြင် သင်ကြားရေး လုပ်ငန်းပုံစံအသစ်ကိုပါ ထပ်မံတွေ့ရပါသည်။ ဓမ္မသစ်ကျမ်းပါ ခရစ်ဝင်ကျမ်းများနှင့် ဩဝါဒစာ စောင်များတွင် ခရစ်ယာန်တို၏ ယုံကြည်မှုကို ဆန့်ကျင်ဘက် အသိုင်းအဝိုင်းကြား၌ ပြန့်ပွားစေရန် ဆောင်ရွက်ခဲ့ သော သင်ကြားရေးလုပ်ငန်းကို ဖော်ပြထားပါသည်။ ထိုသို ဆောင်ရွက်ခဲ့ကြရာတွင် သခင်ခရစ်တော် ကိုယ်တော်တိုင် မိမိအား မကြိုဆိုသော လူ့အသိုင်းအဝိုင်း၌ သင်ကြားခြင်းအမှုတော်မြတ်အား ဆောင်ရွက်ခဲ့ရ ကြောင်းကို သူ၏သက်တော် စဉ်တစ်လျှောက် ရင်ဆိုင်ခဲ့ရသော အဖြစ်အပျက်များက ဖော်ပြနေပါသည်။ ဓမ္မသစ် ကျမ်းပါ သင်ကြားမှုပုံစံများအားဖြင့် ဓမ္မပညာရေးနှင့် ပတ်သက်သော သဘောထား များကို လေ့လာ နိုင်ပါသည်။ Kevin Giles ဟူသော ပုဂ္ဂိုလ်ကလည်း ဓမ္မသစ်ကျမ်း အရ ဘာသာရေးအသိုင်းအဝိုင်းရှိ ခေါင်းဆောင်တိုင်းသည် သင်ကြားရေး ဆရာများ ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။ ထိုခေါင်းဆောင်များတွင် ခရစ်တော်၏ သွန်သင်မှုများအား သင်ကြားနေသည့် အဝန်းအဝိုင်းသို ရောက်ရှိလာကြသော မန်တော်များ၊ ပရောဖက်များ၊ ဘုန်းတော်ကြီးများ၊ သင်းထောက်များ၊ အသင်းတော်လူကြီးများ၊ အမျိုးသမီးများ၊ အသင်းသူ အသင်းသားများနှင့် ကလေး များ အားလုံးပါဝင်ပါသည်။ အကြောင်းမှာ ထိုသူအားလုံးကို သွန်သင်မှုလုပ်ငန်းကို ဆောင်ရွက်သော ဆရာ၊ ဆရာမများ ဖြစ်စေလိုခြင်းပင်ဖြစ်ပါသည်။

 

(၁) သင်ကြားခြင်း၏ အရှင်သခင်ဖြစ်သော ခရစ်တော် (Jesus as Master Teacher)

သခင်ယေရှုခရစ်တော်ကို သင်ကြားပိုချပေးသော ပုဂ္ဂိုလ်ကြီးတစ်ပါး အဖြစ်ဖြင့် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုကြပါသည်။ အမှန်စင်စစ်မှာ ဆရာတစ်ပါးအဖြစ်သာမကဘဲ သူသည် တရားဟောဆရာတစ်ပါး၊ လူနာများကို ဆေးဝါးကုသပေးသော ဆရာဝန်တစ်ဦးနှင့် နတ်ဆိုးများကို နှင်ထုတ်ပေးသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါသည်။

သင်ကြားပေးသူ ဆရာတစ်ဦးအနေဖြင့် ကြည့်မည်ဆိုလျှင် သူသွန်သင်ပေးသောအရာများကို ကွင်းကွင်း ကွက်ကွက် ပေါ်လွင်အောင် တန်ခိုးအာဏာနှင့် ဟောပြောလေ့ရှိသည်ကို တွေ့ရပါသည်(မာ၊ ၁း၂၂)။ ထိုခေတ် ထိုအခါက ယုဒဘာသာရေး ခေါင်းဆောင်များက သခင်ယေရှုကို ဆရာတစ်ဦးအနေဖြင့် လက်ခံကြသည်သာမက သူ၏သြဇာအာဏာကို အံတုဖက်ပြိုင်မှုမပြုကြပါ။ သခင်ယေရှု အမှုတော်စတင်ဆောင်ရွက်သောအချိန်တွင် သက်တော်အားဖြင့် (၃၀)နှစ်ခန့်သာ ရှိပါသေးသည် (လု၊ ၃း၂၃)။

 

(၂) ခရစ်တော်၏ သွန်သင်ခြင်းနည်းလမ်းဗျူဟာများ (Jesus Teaching and Strategies)

သခင်ယေရှုသည် ဧဝံဂေလိတရားတော်ကို ဟောပြောသွန်သင်ဖိုရန် ယုဒပြည်နှင့် ဂါလိလဲပြည်နယ် ကျေးလက်တောရွာများသို လှည့်လည်သွားသည်။ သူ၏ဟောပြောချက်ကို ကြားနာရသူများက အလွန်သ ဘောကျကြပါသည်။ ယုဒဘာသာ၌ ပညာရှိရှိဆရာများကဲ့သို့ သခင်ယေရှုသည် သာမန်ဂုဏ်အင်္ဂါရပ် များကိုသာ ပြသနိုင်သည်သာမက ထူးခြားသော လက္ခဏာရပ်များကိုလည်း ထုတ်ဖော်ပြသနိုင်ပါသည်။ ။

(၂-၁)     သခင်ယေရှုသည် ဆရာတစ်ပါးအဖြစ်ဖြင့် တရားဇရပ်ကို အသုံးပြုပြီး သူ၏အမှုတော်ဆောင် လုပ်ငန်းကို အစပြုပါသည်(မ၊ ၉း၃၅)။ သိုသော် လည်း ယုဒဘာသာရေး ခေါင်းဆောင်များနှင့် ထိပ်တိုက် အငြင်းပွား စရာ ဖြစ်လာခြင်းကြောင့် သခင်ယေရှုကို တရားဇရပ်တွင် နောက်ထပ် လက်မခံတော့ပါ(မာ၊ ၂း၇၊ ၃း၆)။

ထိုကြောင့် မဿဲ၊ မာကု၊ လုကာ ခရစ်ဝင်ကျမ်း(၃)ကျမ်းက တရား ဇရပ် ပြင်ပနေရာများဖြစ်သော အောက်ပါနေရာဒေသများတွင် သခင်ယေရှုသည် သွန်သင်ဟောပြောလေ့ရှိကြောင်း ဖော်ပြထားပါသည်။

(က) ပင်လယ်ကမ်းနား (မာ၊ ၄း၁)

(ခ) တောင်ပေါ်ဒေသ (မ၊ ၅း၁)

(ဂ) လှေပေါ်တွင် (မ၊ ၁၃း၁-၂)

(ဃ) ကွင်းပြင် (လု၊ ၆း၁ရ)

ယုဒလူမျိုးပညာရှိ ဆရာသမားများက ထိုင်လျက်ဟောပြောလေ့ ရှိသကဲ့သို သခင်ယေရှုသည်လည်း ထိုင်လျက်အနေအထားနှင့် ဟောပြောသွန်သင်လေ့ရှိမည်ဟု ယူဆရပါသည်။

(၂-၂)     ဆုံးမဩဝါဒ ပေးသောအချိန်တွင် အဓိပ္ပါယ် ပိုမိုပေါ်လွင်စေရန် ယုဒ ‘ ဘာသာရေးခေါင်းဆောင် ရဗ္ဗိဆရာကြီးများက ဥပမာများကို အသုံးပြု သကဲ့သို သခင်ယေရှုသည်လည်း ဥပမာတော်များပေး၍ ဟောပြောပါ သည်။

ဂရိလူမျိုးများ လေးနက်ခက်ခဲသောအရာများကို စဉ်းစားနိုင်သကဲ့သို ယုဒလူမျိုးများသည် မစဉ်းစားနိုင် ကြဘဲ မျက်စိဖြင့်ရသော အရာများကိုသာ ဆင်ခြင်စဉ်းစားနိုင်ကြလေသည်။

သခင်ယေရှုသည် သူဟောပြောသောတရားတော်များကို လေးနက် မှန်ကန်စွာ နားလည်သဘော ပေါက်စေရန် လူ့လောကတွင် အမှန်တကယ် ဖြစ်ပျက်နေသောအကြောင်းအရာများ၊ ပုံဝတ္ထုများထဲမှ ထုတ်နှုတ် ၍ ဥပမာများကို ပေးလေ့ရှိပါသည်။

(၂-၃)     အကြောင်းအရာတစ်ခုခုကို ပြောပြရာတွင် သခင်ယေရှုသည် သိမြင်နိုင်သော အရာများကို အသုံးပြု၍ သွန်သင်ပါသည်။

 (က) ရောမဘုရင်ဧကရာဇ်၏ သြဇာကိုခံယူရန်နှင့်စပ်ဆိုင်၍ ငွေဒင်္ဂါးကို ပြသရင်း သွန်သင်ခဲ့ပါသည် (မ၊ ၂၂း၁၉-၂၁)။

(၂-၄)    သခင်ယေရှုသည် ဆုံးမသွန်သင်ဖိုရန်နှင့် သူ၏ အမှုတော်ဆောင်လုပ်ငန်းကို ဆက်လက် လုပ်ကိုင် ဆောင်ရွက်ဖိုရန် တမန်တော်များကို အဖော်အဖြစ် ရွေးချယ်ခေါ်ယူခဲ့သည် (မာ ၃း၁၄-၁၅)။

ထိုကြောင့် သခင်ခရစ်တော်၏ သွန်သင်ခြင်း နည်းလမ်းဗျူဟာများသည် ယနေ့ခေတ် ဓမ္မပညာသင်ကြား နေသော ဆရာ/ဆရာမများ ဆက်လက်၍ တီထွင် ဖန်တီးရမည့်လမ်းစများဖြစ်ပြီး၊ ဆက်လက်၍ သင်ကြားရမည့် သူများအားလည်း မွေးထုတ်ပေးရမည်ဖြစ်သည်။

 

(၃) ခရစ်တော်၏ တပည့်များဖြစ်လာစေရန် သင်ကြားခြင်း (To Become Jesus Disciples)

ခရစ်တော်၏ နောက်တော်လိုက် တပည့်တော်များအနေဖြင့် လိုက်နာ ဆောင်ရွက်ရမည့် သင်ကြားရေး လုပ်ငန်းအသစ်ကို (မဿဲ၊ ၂၈း၁၆-၂၀)တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ယင်းလုပ်ငန်းမှာ “ခရစ်တော်၏ တပည့်တော် များဖြစ်စေရန်သင်ကြားခြင်း”လုပ်ငန်းဖြစ်သည်။ ရည်ရွယ်ချက်မှာ တစ်ပါးသူများအား ခရစ်တော်ယေရှု၏ သွန်သင်မှုကို နာခံသောတပည့်တော်များ ဖြစ်လာစေရန် ဖြစ်ပါသည်။ ဤတာဝန်သည် တပည့်တော်တိုင်း ဆောင်ရွက်ရမည့် သင်ကြားရေး တာဝန်ဖြစ်ပါသည်။ နာခံမှုရှိသော တပည့်တော်များဖြစ် စေရန် သွန်သင်မှု၊ သင်ကြားမှု ဆောင်ရွက်ရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ သိုရာတွင် အိမ်၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေ၊ စာသင်ခန်း၌ဖြစ်စေ၊ ထိုထက်မက ပိုမို ကျယ်ပြန့်သော အသိုင်းအဝိုင်း ဝန်းကျင်၌ဖြစ်စေ ခရစ်တော်က အတူရှိမည် ဖြစ်ကြောင်း၊ အခွင့်တန်ခိုး အာဏာပေးမည်ဖြစ်ကြောင်း ကတိတော် ပေးထား ပါသည်။ တပည့်တော်ဖြစ်စေရန် သွန်သင်ခြင်းသည် သခင်ခရစ်တော်၏ ကိုယ်ပိုင် သင်ကြားရေး လမ်းညွှန်သင် ရိုးအပေါ်တွင် လုံးဝမူတည်နေပါသည်။ ယင်းသင်ရိုးမှာ မိမိတို ဘဝအသက်တာနှင့် တိုက်ရိုက်ပတ်သက်ပြီး ဘုရားသခင်၏ ဖွင့်ပြတော် မူသော သမ္မာတရားဖြစ်ပါသည်။

ခရစ်ယာန်ဓမ္မပညာရေးအတွက် စိန်ခေါ်ချက်မှာ “နာခံတတ်သော တပည့်တော်များသည် ခရစ်တော်၏ သွန်သင်ချက်များအတိုင်း သွန်သင်မှု၊ သင်ကြားမှု၊ ပြုစုမှုခံနေရပါရဲ့လား”ဟူသော မေးခွန်းပင်ဖြစ်ပါသည်။ ထိုသို့ ပြုစုသွန်သင်မှုမခံရပါက မိမိတို၏ ခရစ်ယာန်ဓမ္မပညာရေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ပြီး အားသစ်စိုက် ထုတ်၍ ပြုပြင်ပြောင်းလဲရပေမည်။

ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ကနဦးအသင်းတော်၏ သင်ကြားမှုလုပ်ငန်းကို မည်သိုဆောင်ရွက်သည် ကိုလည်း တွေ့ရှိရပါသည်။ ခရစ်ယာန်များအား တပည့်တော် ဖြစ်စေရန် သွန်သင်မှု သင်ကြားမှု လုပ်ငန်းအတွက် သင်ကြားရေးလက်စွဲသည့် ရှင်မဿဲခရစ်ဝင်ကျမ်းဖြစ်ပါသည်။ ယင်းလက်စွဲ(teaching manual)တွင် အောက် ဖော်ပြပါ သင်ရိုးညွှန်းတမ်း အပိုင်း(၅)ပိုင်း ပါဝင်ပါသည်။

 

အပိုင်း (၁) တောင်ပေါ်ဒေသနာမှ သွန်သင်သော ကျင့်ဝတ်များ (မဿဲ။ ၅း ၁-၇း၂၇)

အပိုင်းတွင် လူတစ်ဦးချင်းနှင့်ဆိုင်သော ကျင့်ဝတ်များ၊ လူမှုရေးနှင့် င်သော ကျင့်ဝတ်များ၊ လူ့ကျင့်ဝတ် နှင့် ပတ်သက်သော သခင်ခရစ်တော်၏ ယင်ခက်များ ပါဝင်ပါသည်။ ယင်းသွန်သင်ချက်များသည် ဘုရားသခင်၏ တော်၌ ပါဝင်ခြင်းနှင့်ဆိုင်သော ရူပါရုံ(ပန်းတိုင်)ကိုလည်း ဖော်ပြပါသည်။

 

အပိုင်း(၂) တပည့်တော်(၁၂)ပါး၏ တာဝန် (မဿဲ ၁၀း၁-၄၂)

ဤအပိုင်းတွင် တပည့်တော်(၁၂)ပါးအနေဖြင့် သာသနာပြုခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက် ရမည့် တာဝန်များကို ဖော်ပြထားပါသည်။ ခရစ်တော်က သူ၏ သာသနာလုပ်ငန်း ကျယ်ပြန့်စေရန်တွက် တပည့်တော်များအား စေလွှတ်ရာတွင် တိကျသော လမ်းညွှန်မှုများဖြင့် စေလွှတ်ကြောင်းကို တွေ့ရပါ သည်။

 

အပိုင်း(၃) ကောင်းကင်နိုင်ငံတော်နှင့်ဆိုင်သော ပုံဥပမာများ (မဿဲ၊ ၁၃း၁-၅၂)

ဤအပိုင်းတွင် ရွေးနှုတ်ကယ်မတော်မူခြင်း သမိုင်းကြောင်းနှင့် ကောင်းကင် နိုင်ငံတော်၏ သဘော သဘာဝကို ခွဲခြားနားလည်စေမည့် အသိဉာဏ်၊ ထိုးထွင်းဉာဏ်ကို ဖော်ပြထားပါသည်။ နိုင်ငံတော်သည် သေးငယ်သော အစပြုခြင်း ဖြစ်သော်လည်း ဆိုးသောဝန်းကျင်အလယ်၌ပင် ရှင်သန်ကြီးပွားသည့် အကြောင်း ကိုလည်း တွေ့ရပါသည်။ ဤသည်က သာသနာတော်၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဖွံဖြိုးတိုးတက်မှုကို နားလည်စေရန် ကူညီပေးပါသည်။

 

အပိုင်း(၄) အသင်းတော်စည်းကမ်း (မဿဲ၊ ၁၈း၁-၃၅)

ဤအပိုင်းသည် အသင်းတော်၏ စည်းကမ်းနှင့် ပတ်သက်သော ခရစ်တော်၏ ဟောပြောသွန် သင်ချက်များ ဖြစ်ပါသည်။ အသင်းသူ အသင်းသား အချင်းချင်း၊ တပည့်တော်အချင်းချင်း၊ ယုံကြည်ချစ်ခင်၍ တစ်ဦးနှင့်တစ်ဦးခံဝန် ပ်အသက်ရှင်မှု၊ သဘောသဘာဝကို ဖော်ပြထားပါသည်။ ချစ်ခြင်းနှင့် ပြည့်ဝသော၊ ကျန်းမာသော၊ သင့်မြတ်သော၊ တရားမျှတသော ဝန်းကျင်ဖြစ်စေရန် အတွက် စံနမူနာအဖြစ် ရွေးကောက် ခေါ်ယူခြင်းခံရသော တပည့်တော် အသိုင်းအဝိုင်းသည် သာသနာလုပ်ငန်းနှင့် ဆက်နွယ်နေကြောင်းကိုလည်း ဖော်ပြထားသည်။

 

အပိုင်း(၅) နောက်ဆုံးသောကာလ (မဿဲ၊ ၂၃း၁-၂၅း၄)

ဤအပိုင်းတွင် နောက်ဆုံးသောကာလနှင့် သက်ဆိုင်သည့် ခရစ်တော်၏ သွန်သင်ချက်များ ပါဝင်ပါ သည်။ နောက်ဆုံးသောကာလ အဖြစ်အပျက်များနှင့်အတူ မပျက်စီးနိုင်သည့် ဘုရားသခင်၏ နိုင်ငံတော်သည် မြေကြီးပေါ်တွင် တည်မည့် အကြောင်းကို ဖော်ပြထားပါသည်။ ဤအကြောင်းအရာသည်လည်း ရူပါရုံပန်း တိုင်ကို ညွှန်ပြနေပါသည်။

ဖော်ပြပါ အပိုင်း(၅)ပိုင်းသည် ခရစ်ယာန်အသက်တာအတွက် အဓိက ကျသော သွန်သင်ချက်များဖြစ်ပြီး ယင်းတိုကို ရူပါရုံ(ပန်းတိုင်) (Sharing Vision)၊ သာသနာလုပ်ငန်း:(Sharing Mission)၊နှင့် မှတ်သားစရာများ :(Sharing Memory)ဟူသော အကြောင်းအရာ(၃)မျိုးအဖြစ် စုစည်းနိုင်ပါသည်။ ခရစ်ယာန် ဓမ္မပညာရေးအတွက် ဓမ္မသစ်ကျမ်းပုံစံသည် ရူပါရုံ(ပန်းတိုင်)၊ သာသနာလုပ်ငန်းနှင့် မှတ်သားစရာများ လက်ဆင့်ကမ်းဝေငှခြင်းကို ဗဟိုပြုသည့် ပုံစံဖြစ်ပါသည်။ လောကအတွက် မိမိတိုအား ဘုရားသခင်၏ ရွေးကောက်ခေါ်ယူခြင်းအပေါ် သစ္စာရှိကြောင်း ဖော်ပြရန် ကြိုးစားလုပ်ဆောင်သည့် ခရစ်တော်၏ တပည့်တော် များက လက်ဆင့်ကမ်းဝေငှ သော ပုံစံလည်းဖြစ်ပါသည်။ ။

လက်ရှိဓမ္မပညာရေး၏ ကြိုးပမ်းအားထုတ်မှုနှင့် ပတ်သက်၍ ဖော်ပြရလျှင် ခရစ်ယာန်များကို ရွေးကောက်ခေါ်ယူ ထားခြင်းသည် မိမိတို၏ ရူပါရုံ(ပန်းတိုင်)၊ သာသနာလုပ်ငန်းနှင့် မှတ်သားစရာများကို အကျိုးရှိစွာ လက်ဆင့်ကမ်းဝေငှနိုင်မှု အတိုင်းအတာကို ပြန်လည် သုံးသပ်ရန်ဖြစ်ပါသည်။ ။

ရှင်မဿဲခရစ်ဝင်ကျမ်းက ဖော်ပြသော သင်ကြားရေးလုပ်ငန်းသစ်ဖြစ်သည့် “ခရစ်တော်၏ တပည့်တော်များဖြစ်စေရန် သင်ကြားခြင်း လုပ်ငန်းကို အကောင်း အထည်ဖော်ရာတွင် ရူပါရုံ(ပန်းတိုင်)၊ သာသနာလုပ်ငန်းနှင့် မှတ်သားစရာများ လက်ဆင့်ကမ်း ဝေငှခြင်းနည်းလမ်းဖြင့် အကောင်အထည် ဖော်ခဲ့ကြောင်း နားလe ရပါသည်။ သခင်ခရစ်တော်သည် သူ၏သင်ကြားရေးလုပ်ငန်းကို ဆောင်ရွက် ခဲ့ရာတွင် တစ်ဦးတည်း ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ တပည့်တော်များ တာဝန်ခွဲဝေ ဆောင်ရွက်စေခဲ့ကြောင်းကိုလည်း တွေ့ရှိရပါသည်။ တာဝန်ခွဲ တွင်လည်း တိကျသောတာဝန်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အား သေချာ ခွဲခန့်တာဝန်ပေးကြောင်းကိုလည်း တွေ့ရှိရပါသည်။ သခင်ခရစ်တော်၏ သင်ကြားရေး လုပ်ငန်းတွင် ဒေသခံလူများ နားလည်နိုင်မည့် ဥပမာများဖြင့် ရူပါရုံ(ပန်းတိုင်ကို ဖော်ပြကြောင်းကိုလည်း လေ့လာတွေ့ရှိရ ပါသည်။ ဥပမာများကိုလည်း ပိုမိုရှင်းလင်းစွာ နားလည်စေရန် အဓိပ္ပါယ်ဖွင့်ဆိုပြခဲ့ပါသည်။ ခရစ်ယာန်တို့ လိုက်နာ ရမည့် မှတ်သားစရာကျင့်ဝတ်များ၊ ပညတ်တော်များကိုလည်း သွန်သင်ပေးခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် သခင်ခရစ်တော်အား ဆန့်ကျင်သောသူများစွာ ရှိကြောင်းကိုလည်း လေ့လာတွေ့ရှိရပါ သည်။ ယနေ့ အသင်းတော်များ ရပ်တည်နေရသော အချိန်ကာလသည်လည်း ဆန့်ကျင်ဘက် အသိုင်းအဝိုင်းများ ရှိနေသော ကာလဖြစ်ပါသည်။ ခရစ်တော်၏ သွန်သင်ချက်များကို နာခံသော တပည့်တော်များ တိုးပွားလာစေရန် ဆောင်ရွက်နေရသော ယနေ့ ခရစ်ယာန်ဓမ္မပညာရေး လုပ်ငန်းသည် ရှင်မဿဲခရစ်ဝင်ကျမ်းက ဖော်ပြသော သင်ကြားရေးလက်စွဲကို အသုံးပြု ခြင်းဖြင့် ပိုမိုဖွံဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ပါသည်။

 

(၄) ဧမောက်ရွာလမ်းပေါ်မှ သခင်ယေရှု၏ သင်ကြားနည်း (Jesus Teaching Method: on the Road to Emmaus)

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်က ဆရာသခင်(သို) ဆရာတို၏အရှင် ဖြစ်တော်မူသော သခင်ယေရှုသည် မိမိ၏ အမှုတော်မြတ်လုပ်ငန်းတွင် သင်ကြားခြင်း အမှုတော်မြတ်လုပ်ငန်းအား အောင်မြင်စွာ လုပ်ဆောင်ခဲ့ ကြောင်း သခင်ယေရှု၏ သင်ကြားနည်းစနစ်များအားဖြင့် ဖော်ပြနေပါသည်။ ၎င်းသင်ကြားနည်းများသည် ယနေ့ခေတ် အသင်းတော်ကျောင်းများ၊ ပြင်ပပညာရေး သင်ကြားနည်းများ၏ အခြေခံဖြစ်ကြောင်း ဖော်ပြနေ ပါသည်။

က။ ဧမောက်ရွာလမ်း

ဧမောက်ရွာသည် ယေရုရှလင်မြို့၏ အနောက်ဘက်တွင် တည်ရှိပြီး၊ ယေရုရှလင်မြို့နှင့် ခရီးလေးတိုင် ကွာဝေးသည်။ မိုင်အားဖြင့် ခုနှစ်မိုင်ခန့် ကွာဝေးကြောင်း ဖော်ပြသည်။ တပည့်တော်နှစ်ဦးသည် နေဝင်ရာဘက်သို မျက်နှာမူ၍ ခရီးပြုနေပြီး ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ အလုံးစုံတိုကို ဆွေးနွေးပြောဆိုနေကြသည်။ “သခင် ယေရှုကို ဘာကြောင့်မမှတ်မိသလဲ။”

 

ခ။ သခင်ယေရှု၏ သင်ကြားနည်းလမ်း (လုကာ ၂၄း၁၃-၃၅)

၁၃        ထိုမှတပါး၊ တပည်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့်

ခရီးလေးတိုင်ကွာသော ဧမောက် အမည်ရှိသောရွာသို ထိုနေ့၌

V 14

Discussion

(ဆွေးနွေးခြင်း)

သွားကြစဉ်တွင်

၁၄        ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတိုကို အချင်းချင်းဆွေး

နွေးပြောဆိုကြ၏။

၁၅        ထိုသို့ဆွေးဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍

သူတိုနှင့်အတူ ကြွတော်မူ၏။

V 17

Opening inquiry

(မေးခွန်းမေးမြန်းခြင်း)

၁၆        ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော် ဖြစ်သည်ကို မသိကြ။

၁၇        ကိုယ်တော်ကလည်း၊ သင်တိုသည်ခရီးသွားလျက် အချင်းချင်းဆွေးနွေး

သော စကားကား၊ အဘယ်သို့ သောစကားနည်း။ အဘယ်ကြောင့် မျက်

နှာညှိးငယ်ကြသနည်းဟုမေးတော်မူလျှင်၊

V 18

Answer

(မေးခွန်းအား ပြန်ဖြေခြင်း)

(တပည့်)

၁၈        သူတို့တွင် ကလောဖ အမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို၌

ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို၌ဖြစ်ခဲ့ပြီးသော အကြောင်း

အရာတိုကို မသိသလောဟု ပြောဆို၏။

၁၉        ကိုယ်တော်ကလည်း အဘယ်အကြောင်းအရာ နည်းဟု မေးတော်မူလျှင်

ထိုသူတိုက နာဇရက်မြို့သား ယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူ

သည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့်

ပြည့်စုံသော ပရောဖက် ဖြစ်၏။

၂၀        ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်း

ကို ခံစေခြင်းငှါ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာကွပ်မျက်ကြပြီ။

၂၁။       ထိုသူသည် ဣသရေလအမျိုးကို ရွေးနှုတ်အံ့ သောသူဖြစ်သည်

ဟု ငါတို့သည် အထက်က မျှော်လင့်ကြပြီ။ ထိုမျှမက  ဤအ

ကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။ –

၂၂         ငါတို့၏ အပေါင်းအဘော် မိန်းမ အချို့တို့သည်လည်း သင်္ချိုင်း

တော်သို့ စောစောသွား၍

၂၃        အလောင်းတော်ကို မတွေ့လျှင်၊-သခင်ယေရှုသည်အသက်ရှင်

တော် မူ သည် ဟု ပြောသော ကောင်းကင် တမန် ထင်ရှားရာ

ရူပါရုံကို မိမိတို့မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊

ငါတို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။

 ၂၄       ထိုအခါငါတိုတွင် အချိုသောသူတိုသည် သင်္ချိုင်းတော်သို့သွား

၍ မိန်းမတို့ပြောဆိုသည့်အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်

ကို မမြင်ရဟု ပြောဆို ကြ၏။ –

V 25-27

Correction and

Clarification

 (ပြင်ဆင်ခြင်းနှင့် ရှင်းလင်းခြင်း) (ဆရာ)

၂၅        ကိုယ်တော်ကလည်း၊ ပရောဖက် ဟောပြောသော စကားများကို

ယုံနိုင်အောင်ဉာဏ်မရှိ စိတ်ခိုင်မာသောသူတို့၊

၂၆        ခရစ်တော်သည် ဤသိုပင်အသေခံ၍ မိမိဘုန်း စည်းစိမ်တော်ကို

ဝင်စားရမည် မဟုတ်လောဟု မိန့်တော်မူ၏။

၂၇        ထိုအခါ မောရှေ၏ ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌

ကိုယ်တော်ကိုရည်မှတ်၍ ရေးထား သမျှသော ကျမ်းစာချက်အနက်

ကို ရှင်းလင်းစွာ ဘော်ပြတော်မူ၏။

၂၈        ထိုတပည့် တော်တိုသည် သွားသော် ရွာအနီးသို့ ရောက်သောအခါ၊

ကိုယ်တော်သည်ထိုရွာကိုလွန်၍ သွားအံ့သောအခြင်းအရာကို ပြ

တော်မူလျှင် –

 ၂၉       ထိုသူတိုက အကျွန်ုပ်တိုနှင့် အတူဝင်၍နေပါ။ ညဦးယံအချိန်ရှိပြီ။

မိုယ်းလည်းချုပ်ပါသည် ဟူ၍ကိုယ်တော်ကို ကျပ်ကျပ်သွေးဆောင်ကြ၏။

ထိုကြောင့် သူတိုနှင့် အတူနေခြင်းငှာ ဝင်တော်မူ၏။

၃ဝ        စားပွဲ၌ သူတိုနှင့်အတူ လျောင်းတော်မူစဉ်၊ မုန့်ကိုယူ၍ ကျေးဇူးတော်ကို

V 30-31 Modeling (စံနမူနာပြခြင်း)

(ဆရာ)

ချီးမွမ်းပြီးမှ မုန့်ကိုဖွဲ၍ သူတို့အား ပေးတော်မူသည်တွင်၊ –

၃၁-      သူတိုသည်မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို သိကြ၏။

ထိုအခါ ကိုယ်တော်သည် ကွယ်တော် မူ၏။

၃၂        တပည့်တော်တိုကလည်း၊ လမ်းခရီး၌ ငါတိုနှင့် ဟောပြော၍

ကျမ်းစာအနက်ကို ဖွင့်ပြတော် မူသော အခါ၊ ငါတို့စိတ်နှလုံး

သည် ယိုဖိတ်မတတ်ဖြစ်သည် မဟုတ်လောဟု အချင်းချင်း

ပြောဆိုကြ၏

V 33-35

 The need for response

( သိရှီလာသော အရာကိုတုန့်ပြန်ခြင်း)

(တပည့်)

၃၃        ထိုတပည့်တော် နှစ်ယောက်တို့သည် ချက်ခြင်းထ၍ ယေရုရှလင်

မြို့သို့ပြန်ပြီးမှ၊ တစ်ကျိပ်တစ်ပါးသော သူတိုသည် အပေါင်းအဘော်

တိုနှင့်အတူ စုဝေး လျက်ရှိသည်ကို တွေ့ကြ၏။

၃၄        စုဝေးသော သူတိုကလည်း သခင် ဘုရားသည် အမှန်ထမြောက်

တော်မူပြီ ရှိမုန်အား ကိုယ်ကို ပြတော်မူပြီးဟု ပြောဆိုလျှင်၊

၃၅        ထိုတပည့်နှစ်ယောက် တိုသည် လမ်း၌ဖြစ်သော (တပည့်) အကြောင်း

အရာကို၎င်း၊ မုန့်ကိုဖဲ့စဉ်တွင် ထင်ရှားတော်မူကြောင်း ကို၎င်း၊ ပြန်ကြား

ကြ၏။

–           ဤဖြစ်ရပ်သည် ရှင်လုကာခရစ်ဝင်ကျမ်းတစ်ခုထဲမှာသာ ပါဝင်ပြီး ရှင်လုကာ၏ ကိုယ်ပိုင်အကြောင်း အရာ တစ်ခုဖြစ်ကာ ထူးခြားသည့် ဖြစ်ရပ် တစ်ခုဖြစ်သည်။

–           တပည့်တော်နှစ်ဦး သွားနေသည့်လမ်းသည် ယေရုရှလင်မြိုနှင့် ဆက်သွယ် နေသည် ဧမောက်ရွာလမ်းဖြစ်သကဲ့သို သခင်ယေရှု နောက်ဆုံးခရီးဖြစ်သည် ယေရုရှလင်သို့ ဝင်ရောက်ရာလမ်း (လု ၉း၅၁-၁၉း၂၅)အဖြစ် ပြန်လည် ညွှန်ပြ နေသည်။ ဤခရီးလမ်းသည် သခင်ယေရှု၏ သင်ကြားခြင်းနှင့်အတူ ခရီး ခြင်းအဖြစ် ဖော်ပြပြီး တမန်တော်ဝတ္ထု၏ Traveling ministry ကို ရည်ညွှန်း နေပါသည်။

–           ပရောဖက်ကျမ်းကစားများအား ပြည့်စုံစေခြင်း (လုကာ ၄း၁၆-၃၀၊ ဟေရှာယ ၆၁း၁-၂။ လုကာ ၂၄း၂၇။ လုကာ ၁၈-၂၃)။

–           သခင်ယေရှု သက်တော်ထင်ရှားစဉ် ပရောဖက်ကျမ်းစကားများ ပြည့် စေသကဲ့သို ရှင်ပြန်ထမြောက်ပြီး ထင်ရှားပြချိန်၌လည်း ပရောဖက်ကျမ်းစကား များ၏ အနက်အဓိပ္ပါယ်ကို ရှင်းလင်းပြခဲ့ကြောင်း ဖော်ပြသည်။

 

 

ဂ။ ပါဝင်သော အကြောင်းအရာများ (လုကာ ၂၄း၁၃-၃၅)

၂၄း၁၅               – ဆွေးနွေးခြင်း (discussion) တပည့်

၂၄း၁၇               – ပွင့်လင်းစွာ မေးမြန်းစုံစမ်းခြင်း (open inquiry)

  မေးခွန်းမေးခြင်း (question) ဆရာ ၂၄၁၈-၂၄

၂၄း၁၈-၂၄         – မေးခွန်းအား ပြန်ဖြေကြားခြင်း (answer) တပည့်

၂၄း၂၅-၂၇          – အမှားပြင်ခြင်းနှင့် ရှင်းလင်းခြင်း

  (correction and clarification) ဆရာ

၂၄း ၃၀-၃၁        – စံနမူနာပြု ပုံစံပြုလုပ်ခြင်း (role modeling)

  သရုပ်ပြခြင်း (demonstration) ဆရာ+တပည့်

၂၄း၃၃-၃၅         – ပြန်လည်တုန့်ပြန်ခြင်း(the need for response) တပည့်

 

ဃ။ ဧမောက်ရွာလမ်းပေါ်မှ သခင်ယေရှု၏ သင်ကြားခြင်း အနုပညာ လက်ရာများကို ယနေ့အသင်းတော် ကျောင်းများတွင် သင်ကြားနေသော ဓမ္မပညာ (4 step)အားဖြင့် ထုတ်ဖော်ခြင်း။

Step 1. အသက်တာ၏ လိုအပ်ချက် (Life Need)

အသုံးပြုသည့်နည်းလမ်း – question – open inquiry and answer

–      သခင်ယေရှုသည် ဧမောက်ရွာလမ်းပေါ်မှ တပည့်နှစ်ဦးအား သင်ကြားရာ၌ တပည့်များ၏ အသက်တာလိုအပ်ချက်များကို သိရှိထားပြီးဖြစ်သည်။

–      တပည့်များ၏ ဘဝအသက်တာ၌ နာဇရက်မြိုသား သခင်ယေရှုနှင့် ပတ်သက်သည့် အကြောင်းအရာ၊ သူတို မျှော်လင့်နေသော မေရှိယ၊ ရှင်ပြန်ထမြောက်ခဲ့သော အရှင်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိဘဲ ဖြစ်နေခြင်း။

–      ဒါကြောင့် သခင်ယေရှုက တပည့်တော်တွေကို ပထမအဆင့်အနေဖြင့် အဖွင့် မေးခွန်းကိုမေးခဲ့သည်။ အကြံဉာဏ်ထွက်ပေါ်စေရန် evocation ပြုလုပ်ခြင်းဖြစ်သည်။

၁၄း၁ရ – အချင်းချင်းဆွေးနွေးသောစကားသည်

မေးခွန်း – အဘယ်သိုသောစကားနည်း (ဆရာ/သခင်ယေရှု)

အဖြေ   – သင်သည် ယေရုရှလင်မြို၌ ဧည့်သည်ဖြစ်လျက်သာယခုအခါ ထိုမြို၌ဖြစ်ခဲ့ပြီးသော    အကြောင်းအရာတိုကို မသိသလော။ (တပည့်/ ကလောဖ)

အမေး   – အဘယ်အကြောင်းအရာနည်း (ဆရာသခင်ယေရှု)

အဖြေ   – နာဇရက်မြိုသား ယေရှုဖြစ်ခြင်း။

– နှုတ်သတ္တိနှင့် ပြည့်စုံသောပရောဖက်

– လက်ဝါးကပ်တိုင်တွင် တင်ခြင်းခံရ

– ရွေးနှုတ်ကယ်တင်မည့်အရှင်အဖြစ် မျှော်လင့်ထားခြင်း၊

– အမျိုးသမီးများ အလောင်းကို သွားကြည့်သော်လည်း မတွေ့ခြင်း

– ထိုအရှင်သည် အသက်ရှင်လျက်ရှိကြောင်းမြွက်ဆိုသည့်

– ကောင်းကင်တမန်များကို ဗျာဒိတ်ရူပါရုံ၌ တွေ့မြင်ရကြောင်း ပြောကြားခြင်း ၊

– လူအချို့ သင်္ချိုင်းသို သွားကြသော်လည်း မတွေ့(တပည့်)

– သခင်ယေရှုသည် တပည့်များ၏အဖြေကို စောင့်ပြီး နားထောင်သည် ။

– တပည့်များ ဘာကိုပြန်ဖြေမလဲ။ ဘာကို တုန့်ပြန်မလဲ ဆိုတဲ့အဖြေကို နားထောင်သည်။

– မေးခွန်းမေးရာတွင် ဆရာသည် မေးခွန်းအားသိချင်၍မေးခြင်း (သို့) မသိဘဲနှင့် မေးတာလည်း ရှိသည် (သို့) ဆရာသည် ကျောင်းသား ဘယ်လောက်ရှိလဲဆိုတာကို မေးခြင်းဖြစ်သည်။

– သခင်ယေရှုသည် မိမိတွင် အဖြေရှိထားပြီးသော မေးခွန်းကို မေးရာ၌ တပည့်များအတွက် စဉ်းစားတွေးခေါ်မှုပါသည့် higher order question အမျိုးအစားဖြစ်ကြောင်း တွေ့ရသည်။

 “ဆရာ/မတွေ မေးခွန်းမေးခြင်းဟာ ကျောင်းသား တွေအတွက် ဝေဖန်ပိုင်းခြား စဉ်းစားမှုကို မြင့်တင်နိုင်သလို စိတ်ဓာတ်လည်း ကျစေနိုင်ပါတယ်။ ဆရာမေးတဲ့ မေးခွန်းတွေ အတန်းအခြေအနေကို ဖန်တီးနိုင်သလို ဘာတန်ဖိုး အရှိဆုံးလဲ။ အမှားနဲ့အမှန် ဘယ်လိုသတ် မှတ်သလဲ။ ဘယ်အရာနဲ့ ဘယ်သူတို စီကဖြင့် အချက်အလက် အသိဉာဏ် ရနိုင်တယ်။ မရနိုင်ဘူးဆိုတာ အဆုံးအဖြတ် ပေးပါတယ်။ ကျက်ပြီးသား ပြန်ဖြေနိုင်တဲ့မေးခွန်းတို၊ တွေးခေါ်မှု ကန့်သတ်တဲ့ မေးခွန်းတိုက ကျောင်းသားတွေ အနေနဲ့ မိမိတိုကိုယ်ပိုင် စဉ်းစားဖို မလိုအပ်ဘူးလို ထင်စေ ပါတယ်။ ကျောင်းသားကို ပြန်စဉ်းစား၊ ခန့်မှန်း၊ ပြန်တည် | ဆောက်၊ စိတ်ကူး၊ တီထွင်၊ လေးလေးနက်နက် စဉ်းစားစေတဲ့ မေးခွန်းတွေက ကျောင်းသားတွေရဲ့ အတွေးအခေါ် အဆင့်အတန်းကို မြင့်စေပြီး သူတိုရဲ့ အတွေး အခေါ်တွေဟာ တန်ဖိုးရှိကြောင်း သူတိုဟာ နားလည်မှုတွေနဲ့ ယုံကြည်မှုတွေ ပါဝင်နိုင်မယ်လို သင်ပေးရာ ရောက်ပါတယ်။ မေးခွန်းတွေဟာ ကျောင်းသားတွေကို အသိဉာဏ်ဆိုတာ တသမတ် | တည်းမရှိဘဲ ပြောင်းလဲနိုင်တယ်လို သင်ပေးနိုင်ပါတယ်။

သခင်ယေရှုကိုယ်တော်တိုင် တပည့်များအတွက် မေးတဲ့မေးခွန်းတွေဟာ တပည့်တို၏ ဘဝအသက်တာ အတွက် တိကျပြတ်သားတဲ့ အလင်းတန်းတစ်ခု ပေါ်ထွက်လာစေသည်။

 

Step II. သမ္မာကျမ်းစာလေ့လာခြင်း (Bible Learning)

အသုံးပြုသည့်နည်းလမ်း – Correction and Clarification (အမှားပြင်ခြင်နှင့် ရှင်းလင်းခြင်း)

–      (၂၄း၂၅-၂၅)တွင် သခင်ယေရှုသည် တပည့်များရဲ့အမှားကို ပြင်ပေးနေ ကြောင်း တွေ့ရသည်။ “စိတ်နှလုံးခိုင်မာသောသူတို (သို) စိတ်နှလုံး ထိုင်းမှိင်းသောသူတိုကဲ့သို မဖြစ်ရန် ရှေ့ဦးစွာ အမှားကိုပြင်ပေးသည်။

–      ထိုနောက် မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို ၏ ကျမ်းစာထဲ၌ မိမိနှင့်ပတ်သက်သော အကြောင်းအရာများကို ပြန်၍ရှင်းပြသည်။

–      (၂၄း၂၅-၂၅) ကျမ်းပိုဒ်သည် (၂၄း၄၄-၄၉) ကျမ်းစာဖော်ပြချက်များနှင့် ထပ်မံတူနေပြီး ပရောဖက်တို၏ ကျမ်းစကားများပြည့်စုံကြောင်းကို ဖော်ပြနေသည်။ ဤအကြောင်းအရာများသည် (လု ၁-၂)တွင် ဖော်ပြသည့် မွေးဖွားခြင်းဆိုင်ရာအကြောင်းအရာ ဆက်စပ်မှုနှင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ အကြောင်းအရာ ဆက်စပ်မှုများ (လု ၂၄)အား ရောင်ပြန်ဟပ် သကဲ့သိုဖြစ်ကြောင်း ဖော်ပြသည်။

–      သခင်ယေရှု၏ သင်ကြားခြင်း၊ သမ္မာကျမ်းစာလေ့လာပြီး တပည့်များအား ရှင်းလင်းသင်ကြားရာ၌ ခိုင်မာသော သက်သေအထောက်အထား (document)၊ ကိုးကားချက်(reference)များ ခိုင်လုံကြောင်း တွေ့ရသည်။ (မောရှေ၏ ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်း၊ ဆာလံကျမ်း)

 

 

 

 

Step III. သင်ကြားနည်းလမ်း Role Modeling (or) Demonstration

သမ္မာကျမ်းစာသွန်သင်ချက်ကို ကျင့်သုံးခြင်း(Bible Application)

ဆရာတစ်ဦး သင်ကြားနည်းကောင်းရင် တပည့်များ လက်မလွတ်ချင်ကြပါ။ ဆရာသခင်ဖြစ်တဲ့ သခင်ယေရှုရဲ့ သင်ကြားခြင်းကောင်းတဲ့အခါ လမ်းခွဲရမယ့်နေရာ ရောက်ပေမယ့် သခင်ယေရှုကို တပည့်တော်တွေက ကျပ်ကျပ် သွေးဆောင်တယ် ဆိုတာတွေ့ရသည်။ သခင်ယေရှုကတော့ တပည့်တော် တွေထက်ပိုပြီး သိနှင့်နေပြီး သားဖြစ်ပါသည်။ ငါ့တပည့်တွေ ငါ့ရဲ့ရှင်းပြချက်(hearing) တစ်ခုတည်းနဲ့ဆိုရင်တော့ ၁ဝ ရာခိုင်နှုန်းလောက်ပဲရရှိမည်။ ဒါကြောင့် ဆရာသခင်ဖြစ်တဲ့ သခင်ယေရှုသည် ဤနေရာတွင် (၂၄း၃၀-၃၁) သင်ကြားနည်းအား စံနမူနာပုံစံ လက်တွေ့ပြုလုပ်သည် (role modeling) (or) demonstration သရုပ်ပြခြင်း။ ။

“စားပွဲမှာ တပည့်တော်တွေနဲ့အတူထိုင်တယ်။ မုန့်ကိုယူပြီး ကျေးဇူးတော် ချီးမွမ်းတယ်။ မုန့်ကိုဖဲ့ပြီးပေး တယ်” ဒီနေရာမှာ စုပေါင်းသင်ယူခြင်းရဲ့ သဘောကို တွေ့ရပါသည်။

 ““စုပေါင်းသင်ယူခြင်းဆိုတာ ကျောင်းသားတွေ အတွဲလိုက်ဖြစ်စေ၊ အုပ်စု ငယ်လေး တွေအလိုက်ဖြစ်စေ၊ တူညီတဲ့ပြဿနာ ဖြေရှင်းဖို၊ တူညီတဲ့ အကြောင်းအရာတစ်ခုဖြစ်လာဖို၊ ဒါမှမဟုတ် အတွေး အခေါ်အသစ်တွေ၊ ပေါင်းစပ်မှုအသစ်တွေ၊ ဒါမှမဟုတ် အများနဲ့ မတူတဲ့ တီထွင်မှုတွေလုပ်ဖို နှစ်ဦးနှစ်ဖက် နားလည်မှု အပေါ်မှာ တည်ပြီး အတူတူလုပ်ဆောင်တဲ့အခါမှာ ပူးပေါင်းသင်ယူမှု ဖြစ်ပါ တယ်။ စုပေါင်းသင်ယူခြင်းနဲ့ ရလဒ်ကောင်း များကို စုပေါင်းသင်ယူတဲ့ အခြေအနေတွေမှာ ပါဝင်ခြင်းဖြင့် ရလဒ်ကောင်းတွေ | ရနိုင်ပါတယ်

သခင်ယေရှုနဲ့ တပည့်တော်တွေရဲ့ စုပေါင်းသင်ယူခြင်းဆိုတဲ့ သရုပ်ပြခြင်း ကတော့ သင်ကြားခြင်း အနုပညာလက်ရာကို ဖော်ပြခဲ့ပါသည်။ ထိုကြောင့် သူတို သည် မျက်စိပွင့်လင်း၍ ကိုယ်တော်ဖြစ်သည်ကို တွေ့ကြ၏” Their eyes were opens.

–           တပည့်တော်တွေနဲ့ ဝေဝါးနေတဲ့အမြင်၊ ဒွိဟဖြစ်နေတဲ့ စိတ်သဘောထား တွေကို သခင်ခရစ် တော်(ဆရာ)က ရှင်းလင်းတဲ့အဖြေကို ပေးခဲ့သည်။

–           သခင်ယေရှု ပေးခဲ့တဲ့ သခင်ခန်းစာက တပည့်တွေရဲ့အသက်တာအတွက် Transformation ဖြစ်ခဲ့သည်။ တပည့်များအား နေ့စဉ်အသက်တာ အသက်ရှင်ခြင်း၌ သမ္မာကျမ်းစာ ဖော်ပြပါအမှန်တရားများကို ဆက်စပ်၍ ထိုးထွင်းသိမြင်ပြီး လှုပ်ရှားပါဝင် အသက်ရှင်ရန်အတွက် လမ်းညွှန်ပေး နေသည်။ “ထိုသူနှစ်ဦးတိုကလည်း လမ်း၌ဖြစ်ပျက်ခဲ့သည့် အကြောင်း အရာများနှင့် မုန့်ကိုဖုံးတော်မူစဉ် ကိုယ်တော်ဖြစ်ကြောင်း သိခဲ့ရပုံတိုကို ပြောပြကြ၏” (မြန်မာ့စံမီသမ္မာကျမ်း) လု ၂၄၃၀-၃၁။

 

Step IV. အသက်တာ၌ တုံ့ပြန်ခြင်း (Life Response)

တပည့်တော် (၂)ဦးအား အစဉ်အမှန်ဖြစ်တဲ့ ခရစ်တော်ကို ဘဝအသက်တာ ထဲမှာ ရရှိသွားတဲ့အခါ အမြင်သစ်၊ တွေးခေါ်မှုအသစ်တွေနဲ့ရရှိသွားတဲ့အခါ .. အချင်းချင်းကို ပြန်ပြီးပြောကြသည်။ “ယေရုရှလင်မြိုသို့ ပြန်သွားပြီး ဘုရားကို အံ့သြချီးမွမ်းလျက်… ဗိမာန်တော်သို ရောက်မြဲရောက်ကြ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းလျက်နေကြ၏။” (လုကာ ၂၄း၅၂-၅၃) နောက်ဆုံး၌ တပည့်တော်တို့သည် ဆက်ကပ်အပ်နှံသည့် အသက်တာဖြင့် ဝန်ခံဂတိပြုကြသည်ကို တွေ့ရှိရပါသည်။

သေခြင်းမာန်ကို အောင်မြင်တဲ့အရှင်၊ သခင်ယေရှုကို တပည့်တော်တွေ မှတ်မိသွားကြပါပြီ။ နေဝင်ရာကို မျက်နှာမူပြီး လျှောက်နေသည့် တပည့်တော်များကို သင်ကြားခြင်း၏ အရှင်သခင်ယေရှုသည် နေထွက်ရာကို ပြန်ပြီး မျက်နှာမူ လျှောက်လှမ်းစေခဲ့သည်။ .

သခင်ခရစ်တော်၏ သင်ကြားခြင်းနည်းလမ်းများသည် တပည့်တော် များ၏ ဝိညာဥ်မျက်စေ့ကို ဖွင့်ပေးပြီး သခင်ယေရှုကို ဦးနှောက်နှင့် သိကျွမ်းခြင်းမှ နှလုံးသားထဲစီးဝင်ပြီး လူတို့၏ဘဝအသက်တာ၌ လူ့အကျိုးပြု အသက်တာများဖြင့် ဆက်ကပ်အပ်နှံသွားကြသည်ကို တွေ့ရှိရပါသည်။

ယနေ့ ဓမ္မပညာသင်ကို သင်ကြားသူ(Educator) များသည် ခရစ်တော် ကိုယ်တိုင် သင်ကြားပေးခဲ့သည့် ဧမောက်လမ်းမှ ခရစ်တော်ကိုသိကျွမ်းခြင်း ဓမ္မပညာတရားများနှင့်အတူ လောကနယ်ပယ်၌ ခရစ်တော်၏ အစေကိုခံလျက် သူတစ်ပါးအတွက် ဓမ္မပညာအမြင်သစ်ကို ဖွင့်ပေးခြင်းဖြင့် ဆက်ကပ် အစေခံကြ ရပါမည်ဖြစ်ကြောင်း သုံးသပ်ဖော်ပြအပ်ပါသည်။

 

၄။ ခရစ်ယာန်ဓမ္မပညာတွင် အထူးကျွမ်းကျင်သူ တမန်တော်ကြီးရှင်ပေါလု (Paul as Christian Education Specialist)

ရှင်ပေါလု၏အချိန်တွင် ယုဒလူအများစုမှာ ပါလတိနထက် ဂရိဒေသ များတွင် ပို၍ အခြေခံနေထိုင်ခြင်း များကြသည်။ ဂရိ-ရောမခေတ်တွင် ပါလတိန ယုဒလူများမှာ ဟေဗြဲစကား(အာရေမိစကား)ကို အသုံးများပြီး ဂရိဒေသများတွင် နထိုင်သူများမှာ ဟေလသစကားကို အသုံးပြုကြသည်။ ဟေဗြဲစကားပြော ယုဒလူတိုသည် ပါလတိနမှ အနယ်နယ်အရပ်ရပ်သို ပြောင်းရွှေ့အခြေချ နေထိုင် သော်လည်း မိမိတို၏ ယဉ်ကျေးမှုဘာသာစကား ကို ထိန်းသိမ်းစောင့်ရှောက် သူများလည်းရှိခဲ့သည်။ ရှင်ပေါလု၏ မိဘများမှာ ထိုသိုသောသူများဖြစ်၍ ရှင်ပေါလု သည် ငယ်စဉ်ကပင် ဂရိယဉ်ကျေးမှု လွှမ်းမိုးသော ယုဒဘာသာတရားအောက် ကြီးပြင်းလာသူဖြစ်သည်။ ။

တမန်တော်ဝတ္ထုအရ သူသည် တာရှုမြိုသားဖြစ်သည် (တ၊ ၉-၁၁)။ (ဂလာတိ၊ ၁း၂၁၊ တ၊ ၁၆း၃ရ-၃၈ နှင့် ၂၂း၂၅-၂၉)တွင် ရှင်ပေါလုသည် ရောမနိုင်ငံသားအဖြစ် မွေးဖွားလာသူဖြစ်ကြောင်း ဖော်ပြသည်။ ရှင်ပေါလု ရောမနိုင်ငံသားဖြစ်ခြင်းသည် တာရှုမြိုသားဖြစ်ခြင်းကြောင့်မဟုတ်ဘဲ မိဘများ အားဖြင့် ထိုအခွင့်အရေးကို ရခြင်းဖြစ်သည်ဟု ဆိုကြသည်။

ရှင်ပေါလုသည် နာမည်ကျော်တာရှုမြိုတွင် ကြီးပြင်းလာသည် ဖြစ်သော ကြောင့် ဘာသာတရား အမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ လူအမျိုးမျိုးတိုကို တွေ့ကြုံခဲ့ရမည်ဖြစ်သည်။ ကျမ်းပညာရှင်အများစုက ရှင်ပေါလုသည် တာရှုမြိုတွင် ပညာကို ဆည်းပူးခဲ့သည်ဟု ယူဆသည်။ သူရေးသော ဂရိစကားသည် ကောင်း သူ၌ ဟေလနစ်များကဲ့သို သင်ယူလေ့လာနည်း အမေးအဖြေ ကျွမ်းကျင်မှု” ရှိ၏။ ဂရိကျမ်းစာမှ ကိုးကား၏။ ဂရိစကားနှင့် ရေးသားသော၊ ထိန်းသိမ်းထား ကျမ်းဘောင်မဝင်သော စာအုပ်များ(ကျမ်းပယ်)ကိုလည်း ကောင်းစွာသိ၏။ တာရှု ယဉ်ကျေးမှုထွန်းကားပြီး အလွန်ကောင်းသော ကျောင်းကြီးများရှိသည်။ စာရေးသားပုံသင်ကြားပုံစံများအားလုံးမှာ ဂရိပုံစံဖြစ်သော်လည်း ယုဒယောက်ျားလေးများလည်း သင်ယူနိုင် သော အခွင့်ရှိ၏။ ရှင်ပေါလုတဲရှင်ချုပ်သော အတတ်ပညာနှင့် သွယ်မှုပြုခြင်းကို ထိုမှသင်ယူထားခြင်း ဖြစ်နိုင်သည်(တ၊ ၁၈း၃)။ နောက်ပိုင်း ဧဝံဂေလိလုပ်ငန်းလုပ်ရာတွင် မိမိအသက်မွေးစရာဖို့ မည်သူ့ထံမှ အလှူကို တောင်းခံဘဲ မိမိအတတ်ပညာဖြင့် အသက်မွေးသည်ဟူသော ရှင်ပေါလု၏ ဝံ့ကြွားခြင်းက ထိုအချက်ကို ဖော်ပြလျက်ရှိသည်(၁သက်၊ ၂း၉။ ၁ကော၊ ၉း၁၄-၁၅ ကော၊ ၁၁၉)။ ရှင်ပေါလုသည် ထိုမျှမက သူနေထိုင်ရာ တစ်ပါးအမျိုးသား တို၏ ဘာသာတရားများကိုလည်း ကောင်းစွာသိပေသည်။

ထိုပြင် ရှင်ပေါလုသည် ပညာရေးတွင် စတိုးအစ်ဝါဒီများ (Stoicism) ၊ ဆင်းနစ်ဝါဒိများ (Cynicism) ဧပိကုရုဝါဒီများ (Epicureanism) ထံမှလည်း ကိုယ်ကျင့်တရားနှင့်ဆိုင်သော အယူဝါဒများကိုလည်း ရရှိခဲ့ပေမည်။ သာမန် လူတစ်ယောက်ဖြစ်သော ပေါလုအနေဖြင့် တစ်ပါးအမျိုးသားတို၏ သာမန် လူနေမှုဘဝပုံစံများ၊ အလုပ် လုပ်ပုံများ၊ စိုးရိမ်ပူပန်မှုများစသည်တိုကို ထိုသူတိုကြားထဲ သွားရောက်၍ သီးသန့်လေ့လာရန် မလိုအပ်တော့ပေ။ သူ၏ စာဖတ်ပရိတ်သတ် များထဲ ရှင်ပေါလုရေးသော စာစောင်များအရ ဂရိရောမ ထိုယဉ်ကျေးမှုအတွင်းရှိ အိမ်ထောင်မိသားစု၏ အရေးပါမှုကို ရှင်ပေါလုကောင်းစွာ နားလည်ကြောင်း ထင်ရှားသည်။ ။

ထိုမျှမက ရှင်ပေါလုသည် ယုဒဘာသာတရားနှင့် ကျမ်းစာများကို ကောင်းစွာ သိကျွမ်းနားလည်သူအဖြစ် ကြီးပြင်းလာခဲ့ကြောင်းမှာလည်း ရှင်းလင်းစွာ နားလည်ရန်ဖြစ်သည်။ (တ၊ ၂၂း၃) အရ ရှင်ပေါလုသည် ယေရုရှလင်တွင် ကြီးပြင်းလာပြီး သက်ကြီးသူ ဂါမလျလထံ (ခန့်မှန်း အေဒီ ၂၀-၅ဝ)တွင် ပညာဆည်းပူးခဲ့သည်။

ရှင်ပေါလုက မိမိသည်ဟေဗြဲလူစစ် တစ်ယောက်ဖြစ်ကြောင်း၊ ဖာရိရှဲ တစ်ယောက်ဖြစ်ကြောင်း ဖော်ပြ၏ (ဖိ၊ ၃း၅။ ၂ကော၊ ၁၁း၂၂)။ ဤဖော်ပြချက်က တမန်တော်ဝတ္ထုဖော်ပြချက်များဖြစ်သည့် ရှင်ပေါလုသည် ဖာရိရှဲသားဖြစ်၏(၂၃း၆)၊ လူငယ်ဘဝကပင် ဖာရိရှဲဖြစ်၏ဟူသော ဖော်ပြချက်တိုနှင့် ညီညွတ်လျက်ရှိသည်။ ဖာရိရှဲ (Pharisees) (ဂရိစကား Phrisa)၏ မူရင်းမှာ အာရေမိစကားဖြစ်သည်။ Prisayya (the separated ones)သီးခြားခွဲခြားထားသောသူများဟု အဓိပ္ပါယ်ရှိသည်။ အမည်နာမကို ထိုသူတိုရရှိခြင်းမှာ ကျင့်ဝတ်အ ရဖြစ်စေ၊ ဝတ်ပြုခြင်း အခမ်းအနားဆိုင်ရာအရဖြစ်စေ၊ မသန့်ရှင်းသော အရာမှန်သမျှနှင့် သီးခြားနေရန် စည်းမျဉ်းစည်းကမ်းများကိုတင်းကြပ်စွာ လိုက်နာရန် ပေါ်လစီချမှတ် လိုက်နာ ဖြစ်နိုင်သည်။ ၎င်းတိုသည် ဥပုသ်ဆိုင်ရာ ပညတ်များနှင့် အစားအသောက်ဆိုင် ပညတ်များကို အထူးလိုက်နာ စောင့်ထိန်းကြသည်။ ရှေးဘိုးဘေးများမှ ဆက်ခံခဲ့သော နှုတ်ပြောပညတ် (oral laws) များနှင့် မောရှေ၏ ပညတ်(written laws) များ နှစ်မျိုးစလုံးသည် ဘုရားသခင်၏ ဗျာဒိတ်ဖွင့်ပြချက်များပင်ဖြစ်ကြောင်း လက်ခံ၍ တန်းတူ တန်ဖိုးထားကြ သည်။ ပညတ်တော်များကို တသွေမတိမ်း လိုက်နာစောင့်ထိန်းကြပေသည်။ (ဂလာ၊ ၁း၁၄)တွင်ရှင်ပေါလုက ဘိုးဘေးတိုမှ ဆက်ဆံခဲ့သော ဥပဒေများဘက်၌ စိတ်အားထက်သန်သူ၊ သူ၏သက်ရွယ်တူများထက် ယုဒဘာသာ တရား၌ စိတ်အားထက်သန်သူ၊ သူ၏သက်ရွယ်တူများထက် ယုဒဘာသာတရား၌ ကျင်လည်သူဖြစ်ကြောင်း ဖော်ပြ၏။ ပါလတိနအပြင်ဘက်တွင်မူ ဖာရိရှဲဆရာများ အနေဖြင့် ပညတ်တော်ကို လွန်ကဲစွာ လိုက်နာသူများ ဖြစ်နိုင်လိမ့်မည် မဟုတ်ပါ။ ထိုပြင် ရှင်ပေါလုသည် ဟေဗြဲစကား(သို့မဟုတ်) အာရေမိစကား (သို့မဟုတ်) နှစ်မျိုးစလုံး ကောင်းစွာတတ်ကျွမ်းသူဖြစ်၏ (တ၊ ၂၁း၄၀။ ၂၂း၂။ ၂၆း၁၄)။

 

(၁) တမန်တော်ကြီးရှင်ပေါလုဖော်ပြခဲ့သော ခရစ်ယာန်ဓမ္မပညာရေးပုံစံနှင့် ရည်ရွယ်ချက် (Pattern and Purpose)

ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်းတွင် ပုံစံအားဖြင့် သုံးမျိုးတွေ့ရပေသည်။ သွန်သင်ခြင်း၊ ဆုတောင်းခြင်း၊ တိုက်တွန်းခြင်းဖြစ်သည်။ သွန်သင်ခြင်း အကြောင်း အရာသည် ခရစ်ယာန်ယုံကြည်ခြင်းကို စူးစိုက်၍ ဘုရားသခင်၏ ဆောင်ရွက် ခြင်းများကို ဖော်ပြပေသည်။ ဆုတောင်းခြင်းအရာမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ဆောင်ရွက်မှုကို ဦးစားပေးသည်။ တိုက်တွန်းခြင်းမှာ ယုံကြည်သူများသည် မိမိကိုယ်ကိုသိရန်နှင့် မိမိမည်သည့်အရာကို လုပ်ဆောင်ရမည်ကို သိရန်ဖြစ်သည်။

( ဧ ၄း၇-၁၆)တွင် အသင်းတော် သင်ကြားခြင်းအမှုတော်၏ ရည်ရွယ်ချက်ကို သိမြင်ရန် ဖော်ပြထား ပါသည်။ သင်ကြားခြင်းသည် စင်စစ် ဆုကျေးဇူးတစ်ခုပင် ဖြစ်ပါသည်။ ဓမ္မပညာသင်ကြားခြင်း၏ ရုတ်ခြည်း ရည်ရွယ်ချက်မှာ ယုံကြည်သူ များကို မိမိတိုခံစားရသော ဆုကျေးဇူးများအတိုင်း အသင်းတော်တွင်ဖြစ်စေ၊ လောကတွင်း၌ဖြစ်စေ၊ အစေခံရန်ပြင်ဆင်ပေးရန် ဖြစ်သည်။ ၁၆ ရာစုမှအ ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ် ဖြစ်သည်ဟူသော ခံယူချက်အရ တပည့်တော့ များသည် ပြင်ဆင်ခြင်း၊ သင်ကြားခြင်း၊ လေ့ကျင့်ခြင်းကို ခံယူလျက် ဘုရား ဆုကျေးဇူးများဖြင့် အစေခံရန်ဖြစ်သည်။ ထိုနောက်မှ ခရစ်ယာန်ဓမ္မပညာ သင်ကြားခြင်း၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ အသင်းတော်ကို တည်ဆောက် ဖြစ်သည်။ သန့်ရှင်းစင်ကြယ်ခြင်းသည် လူတစ်ဦးစီ၏ ဝိညာဉ်ရေး ကြီးထွားခြင်း ၏ အချက်အချာဖြစ်ပြီး၊ တစ်ဦးကိုတစ်ဦး လေးစားကာ စုပေါင်း ဆောင်ရွက်ခြင်း သည် အသင်းတော် အဖွဲ့ အစည်း၏ ကြီးထွားခြင်း အတွက်ဖြစ်သည်။ ထိုတည်ဆောက်ခြင်း သဘောတွင် အဓိကမှာ ညီညွတ်ခြင်းနှင့် ရင့်ကျက်ခြင်းဖြစ် သည်။ ညီညွတ်ခြင်းမှာ ဘုရားသခင်၏ သားတော် ဖြစ်သော ယေရှုခရစ်တော်ကို တညီတညွတ်တည်း ယုံကြည်ခြင်းဖြစ်သည်။ ရင့်ကျက်ခြင်းမှာ ခရစ်တော်၏ ပမာဏအတိုင်း ကြီးရင့်စေရန် ဖြစ်သည်။ အသင်းတော်သည် ထိုသိုရင့်ကျက်ရန် သမ္မာတရားကို သွန်သင်ခြင်း ဖြင့်လည်းကောင်း၊ ချစ်ခြင်းမေတ္တာကို ဝေမျှအသက် ရှင်ခြင်းဖြင့်လည်းကောင်း ရရှိပေသည်။ ထိုကြောင့် ဓမ္မပညာ၏ ရည်ရွယ်ချက်မှာ လူတစ်ဦးခြင်းနှင့် လူအများ ခရစ်ယာန်ယုံကြည်ခြင်း၌ ကြီးရင့်ခြင်းများ ပါဝင်ပေသည်။

 

(၂) ခရစ်ယာန်ဓမ္မပညာနှင့် ဆက်ဆံခြင်းပုံစံ (Supremacy of Relationship)

(ဖိလိပ္ပိ ၄း၈-၉)ကျမ်းချက်သည် ခရစ်ယာန်များအနေဖြင့် ကောင်းမြတ်သော စိတ်သဘောများကို နှလုံးသွင်း၍ မိမိ၏ ခံယူချက်နှင့် အသက်တာကို တည်ဆောက် ရန်ဖြစ်သည်။ ထိုနောက် ရှင်ပေါလုသည် နမူနာပုံစံဖြင့် အသက်ရှင်ခြင်းကို သင်ယူ၍ လက်တွေ့ကျင့်ကြံရန် ဖော်ပြထားပါသည်။ ထိုသင်ကြားခြင်းသည် ရည်ရွယ်၍သော်လည်းကောင်း၊ မရည်ရွယ်ဘဲသော်လည်းကောင်း၊ သင်ကြားခြင်း ဖြစ်သည်။ ဆရာများသည် ထိုသို ဆက်ဆံမှုပုံစံသင်ကြားခြင်းကို သတိမူသင့်ပေသည်။

ခရစ်ယာန်ဓမ္မပညာသည် သုံးပါးတစ်ဆူဘုရားနှင့် အခြားသောသူများနှင့် ဆက်ဆံခြင်းကို ဗဟိုပြုသည်။ (ယော ၁း၁၂-၁၅)တွင် ခရစ်တော်ဘုရားက ငါသည် သင်တိုကိုချစ်သည်နည်းတူ သင်တိုသည်လည်း အချင်းချင်း ချစ်ကြလော့ ဟူ၍ မိန့်တော်မူခဲ့ပေသည်။ ထိုမိန့်တော်မူချက်၊ သွန်သင်တော်မူချက်သည် ခရစ်ယာန်ဓမ္မပညာတွင် ဆက်ဆံခြင်းပုံစံ သင်ကြားခြင်း၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ခရစ်တော်ဘုရားသည် သူ၏တပည့်တော်များနှင့် ဆက်ဆံရာတွင် ဆရာတပည့် ပုံစံထက် မိတ်ဆွေကဲ့သိုဆက်ဆံကြောင်း သင်ကြားထားပါသည်။

တမန်တော်ရှင်ပေါလုက (၁သက် ၂းရ-၁၂)တွင် အမိအဖဆက်ဆံမှု ဒိုင်မင်းရှင်း(maternal and paternal dimension) သ ဘောကို ဖော်ပြပါရှိပါသည်။ အမိပုံစံတွင် ဂရုပြုခြင်းနှင့် ပြုစုခြင်းဖြစ်ပြီး၊ အဖပုံစံတွင် အားပေးခြင်း၊ နှစ်သိမ့်ခြင်း၊ တိုက်တွန်းခြင်းများပါဝင်ပါသည်။ ဆရာများအတွက် စိန်ခေါ်မှုမှာ ဆရာသည် တပည့်များကို မေတ္တာဖြင့် ဆက်ဆံ၍ အစေခံစိတ်ဖြင့် သင်ကြားရန်ဖြစ်သည်။ အပြန်အလှန်ဆက်ဆံခြင်းဖြင့် သင်ကြားရာတွင် ဆရာသည် မိမိအသက်တာဖြင့် နမူနာပြအသက်ရှင်ရန်လိုပေသည်။ နမူနာပြသည်ဟုဆိုရာတွင် ဆရာသည် စုံလင်၍ အပြစ်ကင်းစင်သောသူ ဖြစ်ရမည်ဟု မဆိုလိုပါ။ တပည့်များကို နားလည်နိုင်သူ၊ ခွင့်လွှတ် နိုင်သူ၊ သစ္စာရှိသူဟုဆိုလိုပါသည်။ ထိုသင်ကြားခြင်းပုံစံသည် မေတ္တာ စိတ်ဖြင့် သမ္မာတရားကို သင်ကြားခြင်း ဖြစ်သည် (ဧ ၄း၁၅။ ၁ပေ ၁း၂၂)။ သမ္မာတရားနှင့် ချစ်ခြင်းသည် ခွဲခြား၍မရပေ။

 

(၃) သန့်ရှင်းသောဝိညာဉ်တော်ထံမှ ဉာဏ်ပညာ (Wisdom from the Holy Spirit)

ဓမ္မပညာသင်ကြားခြင်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အခန်းကဏ္ဍကို ရှင်ပေါလုသည် အလေးထား ဖော်ပြထားသည်။ (၁ကော ၂း၆-၁၆)တွင် ရှင်ပေါလု၏ အဓိကသွန်သင်ချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်မပါ ရှိလျှင် သန့်ရှင်းသော ဝိညာဉ်မှလာသော ဤအကြောင်းအရာများကို မသိနိုင်ပေ။ ဓမ္မပညာကို သင်ကြားသူဆ ရာနှင့် တပည့်နှစ်ဘက်စလုံးသည် သန့်ရှင်းသော ဝိညာဉ်တော် အုပ်စိုးမှုကိုဝန်ခံရန် အရေးကြီးပေသည်။ ထိုမှသာ သမ္မာတရားကို နားလည် ပေမည်။ (ယော ၁၆း၁၃)တွင် သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော် ရောက်လာသောအခါ သမ္မာတရားကို သင်တိုအား အကြွင်းမဲ့သွန်သင် လိမ့်မည်ဟု ဖော်ပြသည်။

ထိုကြောင့် ထိရောက်သောသင်ကြားခြင်း၊ သင်ယူခြင်းများအတွက် သန့်ရှင်းသောဝိညာဉ်တော်၏ စဉ်ဆက် မပြတ်ရှိခြင်း၊ လုပ်ဆောင်ခြင်းသည် အရေးပါပေသည်။ စင်စစ်သင်ကြားခြင်းသည် ခရစ်တော်ထံမှ သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ရသော ဆုကျေးဇူးတစ်ရပ်ပင်ဖြစ်သည်။ (ရော ၁၂း၃-၈၊ ၁ကော ၁၂း၂၅-၃၁၊ ဧ ၄ ၄း၇-၁၃၊ ၁ပေ ၄း၁၀-၁၁)။ ဓမ္မသစ်ကျမ်းစာမှ မြင်ရသော ဓမ္မပညာသင်ကြားခြင်း၏ အခြေခံအုတ်မြစ်မှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ပါဝင်လုပ်ဆောင်ခြင်းဖြစ်သည်။

(ယာ ၃း၁၃-၁၈)တွင် အထက်မှလာသော ပညာနှင့် ဇာတိနှင့်ဆိုင်သော ၏ ခြားနားခြင်းများကို ဖော်ပြထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ဆိုင်သော ပညာသည် ယေရှုခရစ်၌ မြင်တွေ့ရသော ချစ်ခြင်းမေတ္တာဖြင့် ဖော်ပြထားသည်။ ထိုမေတ္တာသည် တစ်ပါးသူတိုကို ကောင်းကျိုးပြု၍ ဘုရား၏ဘုန်ကို ထင်ရှားစေသည်။ ထိုကြောင့် ဓမ္မပညာသင်ကြားရာတွင် ဆရာသည် ကလေးများကို ချစ်ခြင်းဖြင့် လုံလထုတ်၍ ကြိုးစားဆောင်ရွက်ခြင်း၊ ဆုတောင်း၍ ဝိညာဉ် ဆုကျေးဇူးကို တောင်းခံခြင်းဖြင့်၊ သမ္မာတရားကို နားလည်စေ သည်သာမက ဘုရားသခင်၏ ဘုန်းကိုလည်း ထင်ရှားစေမည်ဖြစ်သည်။

ဘုရားသခင်မှ အစပြုခဲ့သော ဓမ္မပညာရေး လုပ်ငန်းစဉ်ကြီးသည် အသက်ရှင်သော သမ္မာကျမ်းစာ၏ ဖွင့်ပြချက်၊ သမ္မာကျမ်းအခြေခံပင်ဖြစ်ပါသည်။ သမ္မာကျမ်းစာမှ ဖော်ပြသော ဓမ္မပညာ၏ အခြေခံ သဘောတ ရားများနှင့် မူရင်းရည်ရွယ်ချက်များအား ခေတ်အလိုက်ဖော်ပြခဲ့သော ရှေးဘိုးဘေးကိုယ်စားလှယ် ဆရာများအား ဖြင့် တွေ့မြင်ခဲ့ရပါသည်။ ဤအရာသည် ဓမ္မပညာသင်ကြားခြင်း၌ ကြီးမြတ်သော အမွေအနှစ်ဖြစ်ပါသည်။ ထိုကြောင့် ယနေ့ဓမ္မပညာကို သင်ကြား နေသော Educators များသည်

ဘုရားသခင် ဖွင့်ပြသည့် ဆန်းသစ်သည့် တီထွင်ဖန်တီးသင်ကြားမှုများကို အခြေခံပြီး တိုရာကျမ်းများအားဖြင့် ယဇ်ပုရောဟိတ်များ သင်ကြားမှု၌ နှုတ်ကပတ်တော် သမ္မာကျမ်းစာကိုသင်ကြားခြင်း၌ အထူးကျွမ်းကျင်သူများ ဖြစ်လာမည်။ သိုမှသာ တပည့်များ၏ ဘဝအသက်တာ၌ မှန်ကန်သော အသက်လမ်းကို ရွေးချယ်နိုင်ရန်အတွက် သွန်သင်မှုကို ပြုသောသူများဖြစ်ရန်၊

ယုဒမိဘများ၏ သင်ကြားခြင်းအခန်းကဏ္ဍများအား သိရှိနားလည်၍ Educator တစ်ဦးသည် မိဘကဲ့သို မိမိ၏တပည့်များအား မေတ္တာထားရန်၊

ထာဝရဘုရား၏ စေတမန်များဖြစ်သည့် ပရောဖက်များကဲ့သို သင် ခြင်းအမှု၌ ဘုရားသခင် ပြောစေလိုသည့် စကားများအား တယ် များ၏ ဘဝအသက်တာ၌ တည့်မတ်စွာ သွန်သင်မှုကိုပြုရန်၊

မိမိတို ဘဝအသက်တာ၏နေ့ရက်များ၌ ကျော်ဖြတ်ခဲ့ရသည့် အထိ အကြုံများမှ သင်ခန်းစာကိုယူပြီး၊ သင်ကြားခြင်းအမှုတော်တွင် သူတစ်ပါး အား ကောင်းသောအကြံဉာဏ်ကိုပေးသောသူများအဖြစ် ပညာရှိသော သူများကဲ့သိုသော ဆရာများဖြစ်ရန်၊

ဧဇရ ကဲ့သိုသော ကျမ်းပြုဆရာမ တစ်ဦးအဖြစ် ဆရာကောင်းတစ်ဦး၏ အရည်အချင်းများနှင့် ပြည့်မှီရန်၊

သင်ကြားခြင်း၏အရှင်သခင်ဖြစ်သော ခရစ်တော်၏ သင်ကြားနည်းလမ်း များအား ခေတ်နှင့်အညီ ဖော်ထုတ်အသုံးပြုရန်၊ ခရစ်ယာန်ဓမ္မပညာတွင် အထူးကျွမ်းကျင်သူ တမန်တော်ကြီးရှင်ပေါလု၏

ခရစ်ယာန်ဓမ္မပညာရေး၏ ပုံစံနှင့် ရည်ရွယ်ချက်များကို အခြေခံကာ မိမိ၏ တပည့်များအား အသင်းတော်ကို တည်ဆောက်သူများအဖြစ် ယုံကြည်ခြင်း၌ ကြီးရင့်သော အသက်တာများသို ပြောင်းလဲပေးရမည့် သူများ ဖြစ်ရပေမည်။ ။

အထက်ဖော်ပြပါ သမ္မာကျမ်းအခြေခံမှ ကောင်းသောအမွေအနှစ်များအား လက်ဆင့်ကမ်းသင်ကြားခြင်း အားဖြင့် ယနေ့ခေတ် ခရစ်ယာန်ဓမ္မပညာရေးအား ပိုမိုထိရောက်သော သင်ကြားပိုချခြင်း၌ ခံယူသူတပည့်များ  အတွက် လက်တွေ့ဘဝ အသက်တာတွင် ပြုပြင်ပြောင်းလဲသော ဘဝအသက်တာများအဖြစ် စစ်မှန်သော ပြောင်းလဲခြင်းကို ပြုနိုင်ပေမည်။

တွေးခေါ်မှုဆိုင်ရာ အခြေခံအုတ်မြစ်

(Philosophical Foundation)

၁။ တွေးခေါ်မှုဆိုင်ရာသဘောတရားနှင့် ခရစ်ယာန်ဓမ္မပညာ (Philosophy and Christian Education)

လူသားတို့အားဝန်းရံနေသည့်လောကကြီးအတွင်းရှိ တောတောင်သစ်ပင်၊ တိရိစ္ဆာန်၊ ရေမြေသဘာဝနှင့် လူတို၏ အခါအားလျော်စွာ လှုပ်ရှားနေမှု၊ ဖြစ်ပျက် ပြောင်းလဲနေမှုများသည် လူသားတို၏ အာရုံထဲတွင် အမြဲတမ်း ထင်ဟပ်လျက် ရှိနေတတ်သည်။ လူတစ်ဦးချင်းစီ၏ နေ့စဉ် ကိုယ်ပိုင်လုပ်ဆောင်နေရသည့် လုပ်ငန်းများကြောင့် ဖြစ်ပေါ်ခံစားနေရသည့် ခံစားချက်များနှင့် ပတ်ဝန်းကျင်၏ ပြောင်းလဲမှုဖြစ်စဉ်များ အမြဲတမ်း လွန်ဆွဲနေမှုကို ကြုံတွေ့နေကြရသည်။ မိမိ အတွက်လည်းကောင်း၊ မိသားစုများအတွက် လည်းကောင်း စားဝတ်နေရေးကိစ္စ များနှင့် ကျားကုတ်ကျားခဲ ကြိုးစားလုံးပမ်းပြီး တရားသဖြင့် ရှာဖွေစား သောက် နေပေမယ့် တိုးတက်ကြီးပွားမှုမရှိဘဲ၊ မတရားသဖြင့် လုပ်ဆောင်နေသူများ၏ လျင်မြန်စွာ တိုးတက်ပြောင်းလဲမှုများကို မြင်တွေ့နေရသည့်အခါ မိမိကိုယ်ပိုင် ခံယူထားသည့် တရားမျှတစွာ အသက် ရှင်ရမည့်အချက်ကိုပင် ပြောင်းလဲလျှင် ကောင်းမလားဟူ၍ အဆိုးနှင့်အကောင်း လွန်ဆွဲမှုများ တစ်ခါတစ်ရံတွင် ပေါ်ပေါက် လာတတ်ကြသည်။

သဘာဝဘေးဒဏ်ကြောင့်လည်းကောင်း၊ စစ်ဘေးစစ်ဒဏ်ကြောင့် လည်းကောင်း မိမိတိုပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ ဆုံးရှုးရသကဲ့သို မိမိတိုမိသားစု ဆွေမျိုးထဲမှ သေကျေမှုများနှင့် ကြုံတွေ့လာရသည့်အခါ ဘယ်သူမပြု မိမိမှု ဆိုသည့်စကားကိုပင် အသေးစိတ် စဉ်းစားဆင်ခြင်လာကြတော့သည်။ မိမိကိုယ်တိုင် ပြုမူသည့် ကောင်းကျိုးဆိုးကျိုးကို မိမိကိုယ်တိုင် ခံယူနေရခြင်းကို လက်ခံနိုင်ကြ သော်လည်း၊ သူတစ်ပါး ပြုမူသည့် ဆိုးကျိုးကြောင့် ကိုယ့်မှာ ဒုက္ခနှင့် တွေ့ကြုံနေရခြင်းကို လူတိုင်း မနှစ်မြိုနိုင်ကြချေ။ လက်မခံနိုင်ကြချေ။ သိုသော် တကယ်က ဖြစ်လာလျှင်လည်း မငြီးမငြူခံကြရမှာဘဲဟု လူတိုင်း၏ အတွေးထဲတွင် ရှိနေ ဖြစ်သည်။ လူတို သည် ဆင်ခြင်စဉ်းစားခြင်းအားဖြင့် မေးစရာမေးခွန်း မြောက်မြားစွာ ပေါ်ထွက်လာသကဲ့သို မိမိကိုယ်ပိုင် ခံစားချက်များ၊ အတွေ့အကြုံ များနှင့် သူတစ်ပါးတို၏ခံစားချက်၊ အတွေ့အကြုံများကို ညှိနှိင်းပြီး ဆုံးဖြတ်ချက်များ ချမှတ်လာတတ်ကြသည်။

ဖီလိုဆိုဖီ(Philosophy) ဆိုသည်မှာ ခေါမဘာသာစကားဖြစ်သည်။ ဖီလိုသည် မြတ်နိုးခြင်း၊ ဆိုဖီယာသည် အသိပညာဖြစ်ပြီး အဓိပ္ပါယ်မှာ အသိပညာကို မြတ်နိုးခြင်း၊ လေ့လာလိုက်စားခြင်း၊ အပတ်တကုတ် ရှာဖွေဆည်းပူးခြင်းဖြစ်သည်။ တွေးခေါ်မြော်မြင်ရာ၌ မိမိတိုထင်သလို ပရမ်းပတာ တွေးတောစိတ်ကူးယဉ်ခြင်း မျိုးမဟုတ်၊ ဖီလော်ဆိုဖီသည် စည်းကမ်းဘောင် စနစ်ဖြင့် တွေးခေါ်မြော်မြင် ရေးသဘောတရားပင်ဖြစ်သည်။ ။

ပညာရေးဆိုင်ရာ တွေးခေါ်မှုဟူသည် လက်တွေ့လုပ်ဆောင်မှုကို ထိန်းချုပ် ( ပေးနေသည့် တွေးခေါ်မှုကို စနစ်ကျအောင် ဖန်တီးပေးခြင်းဖြစ်သည်။ အတွေးအခေါ် ရှိတိုင်း လက်တွေ့ အကောင်အထည်မဖော်နိုင်သလို လက်တွေ့ အကောင်အထည် ဖော်နိုင်တိုင်း၊ တွေးခေါ်မြော်မြင်မှု မရှိမဖြစ်ရလေအောင် ပညာရေးက အတွေး အခေါ် အမြော်အမြင် ကောင်းကောင်းနှင့် လုပ်ငန်းများကို အကောင်အထည်ဖော် လုပ်ဆောင် နိုင်ရန် ကူညီပေးသည်။ ။

တွေးခေါ်မြော်မြင်ရေး သဘောတရားသည် ယေဘုယျအားဖြင့် အသိဉာဏ် ပညာကို စည်းစနစ်တကျ ထားရှိခြင်းဖြစ်သည်။ အထူးသဖြင့် အတွေးအခေါ် ပညာရှင်များ အနေဖြင့် ဉာဏ်ပညာ(Wisdom)၊ အသိပညာ(Epistemology)၊ အရှိပညာ (Ontology)မပြောင်းလဲသော နိစ္စထာဝရအမှန်တရား:(Ultimate Reality)၊ အဖြစ်တရား(Being) စသည့် အကြောင်းများကို စဉ်းစားတွေးခေါ်လျက စူးစမ်းရှာဖွေမှုများ ပြုလုပ်ကြသည်။ ယုံကြည်သူ ခရစ်ယာန်များ အနေဖြင့်လည်း ဘုရားသခင်သည် နေရာတကာတွင်ရှိသောဘုရား(Omnipresent)၊ အရာရာ သိမြင်တော်မူသောဘုရား(Omniscient)၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသောဘု (Omnipotent ) ဖြစ်ကြောင်း ဖော်ပြသည့်အပြင် ခရစ်တော်ကိုယ်တိုင်က သူသည် လမ်းခရီး(The Way)၊ အသက်(The Life)၊ အမှန်တရား( The Truth)ဖြစ်ပြီး ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို မရောက်နိုင်ကြောင်း သည် (ယောဟန် ၁၄း၆)။

ခရစ်ယာန်ဓမ္မပညာဆိုင်ရာ တွေးခေါ်မြော်မြင်မှု (သိုမဟုတ်) ပညာရေး ဆိုင်ရာ ခရစ်ယာန် တွေးခေါ်မြော်မြင်မှု အားလုံးတို့သည် သမ္မာကျမ်းစာမှ အခြေခံကာ စနစ်တကျ ပေါ်ထွက်လာသော သန့်ရှင်းသော ဝိညာဉ်၏ သွန်သင်မှုများပင်ဖြစ်သည်။ ခေါမအတွေးအခေါ်ရှင်များသည် ဖြစ်ပျက်ပြုပြင် ပြောင်းလဲ ၏နောက် ကွယ်မှ မပြောင်းလဲသော အမှန်တရားကြီးကို တွေးခေါ်မြော်မြင် အသည်။ ဤကမ္ဘာကြီးသည် အမြဲဖောက်ပြန် ပြောင်းလဲသည်ဖြစ်၍ ထိုလောက နောက်ကွယ်၌ အမြဲတည်၍ မဖောက်ပြန်သော အရာသည်ရှိရမည်။ ပြောင်းလဲ ပက်စီးနေသော အရာများသည် အမှန်တရားမဟုတ်။ အမှန်တရားသည် နိစ္စ၊ ထာဝရ မပြောင်းလဲမပျက်စီးရ စသဖြင့် အမှန်တရားဆိုင်ရာ ပြဿနာများနှင့်သာ တပေါင်းကာ စဉ်းစားအဖြေရှာခဲ့ကြသည်။ သူတို၏ အတွေးအ ခေါ်များကို သုံးသပ်လျှင် အမှန်တရား (ဝါ) မူလအခြေခံတရားသည် ဤသဘာဝရုပ် လောကကြီး အတွင်း၌သာ ရှိသည် ဟူသော အယူအဆကိုသာ လက်ခံထားကြသည်။

အရစ္စတိုတယ်လက်ထက်သို ရောက်လာသောအခါ ခေါမအတွေးအခေါ် များသည် သိပ္ပံဆန်လာသည်။ လူမှုအရေးအရာများ၊ လူ၏သိမှုဆိုင်ရာ နည်းလမ်း များကို တွေးခေါ်ခဲ့ကြသည်။ ခေတ်သစ်သိုရောက်သောအခါ အတွေးအခေါ်၏ ပုံသဏ္ဍာန်ပြောင်းလဲသွားသည်။ ရုပ်လောကကြီးနှင့် အဇ္ဈတ္တသန္တာန်တို ဆက်စပ်ပုံကို တွေးခေါ်လာကြသည်။ ဤလောကကြီးသည် ရှိသည်။ ထိုလောကကို လူသည် မည်သိုသိနိုင်သနည်း။ လူသိသော အရာသည် စစ်မှန်ပါသလောဟု သိမှုဆိုင်ရာ ပြဿနာသည် ကြီးကျယ်လာသည်။ အေဒီ ၂၀ရာစုအတွင်းသို ရောက်လာသော အခါ ဖီလိုဆိုဖီသည် သိပ္ပံပညာနှင့် တစ်သားတည်းဖြစ်နေကြောင်း တွေ့ရှိလာ သည့်အတွက် ဖီလိုဆိုဖီဆိုင်ရာ တွေးခေါ်ပုံနည်းလမ်းများမှာလည်း သိပ္ပံနည်းကျ ဖြစ်လာတော့သည်။

အိန္ဒိယရှေးဟောင်းစာပေများတွင် တွေးခေါ်မြော်မြင်ရေးပညာသည် မှန်ကန်သော အသိပညာကို ရှာဖွေခြင်း (သိုမဟုတ်) အမှန်ကိုသိမြင်ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ အမှန်တရားကို ခံစားသိမြင်လာသူသည် လွတ်လပ်မှုကို တွေ့ထိခံစားနိုင်၍ အမှန်တရားကို မသိသေးသမျှကာလပတ်လုံး ဤကမ္ဘာ လောကကြီးတွင် ဒုက္ခပင်လယ်ဝေနေဦးမည်ဟု ယူဆခဲ့ကြသည်။

အန္ဒိယဒဿနသည် အမှန်တရား (ဝါ) သစ္စာတရားကို ရှာဖွေကြရင်း ပေါ်ပေါက်လာသော ဆင်ခြင်တွေး ခေါ် မှုဖြစ်သည်။ အမှန်တရား (သိုမဟုတ်) သစ္စာတရားသည် လျှိဝှက်နက်နဲလွန်းသည်။ သာမန်အားဖြင့် လူတိုင်းသိရှိနိုင်ခြင်း မရှိချေ။ လွတ်မြောက်မှုရရှိပြီးသော ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်များကလည်း မှန်ကန်သော သစ္စာတရားများကို ရရှိနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေခဲ့ကြသူများ ဖြစ်သည်။

အတွေးအခေါ်ပညာရပ်တွင် ပုဂ္ဂလဓိဋ္ဌာန်ဝါဒ(Subjective) ဟူ၍ရှိသည်။ တစ်ဦးတစ်ယောက်၏ စိတ်အထင်ဖြင့် ဆုံးဖြတ်ခြင်းဖြစ်သည်။ အမှန်တရား တစ်ရပ်ကို လူတစ်ဦးက ပုဂ္ဂလိကခံစားချက်ဖြင့် တီတွင်ဖန်တီးယူခြင်းမျိုးဖြစ်သည်။ အမှန်အမှားကို ပုဂ္ဂလိကခံစားချက်ဖြင့် ဆုံးဖြတ်ခြင်းမျိုးဖြစ်သည်။ ဓမ္မဓိဌာန် (Objective)ဟူသည် အမှန်တရားသစ္စာတရား၊ တန်ဖိုးများနှင့် ဆုံးဖြတ်ချက်များ သည် လူပုဂ္ဂိုလ်တစ်ဦးချင်း အပေါ် မူမတည်။ အမှန်တရား ဟူသည်ရှိနေပြီးသား ဖြစ်သည်။ ထိုအမှန်တရားကို မသိသည့်အတွက်ကြောင့် အမှန်တရားဟူသည် မရှိတော့ဟု မဆိုနိုင်၊ လူတိုသည် အမှန်တရား၊ သစ္စာတရားကို မသိသော်လည်း ထိုတရား တို့သည် ရှိနေစမြဲဖြစ်သည်။ ထိုကြောင့် လူတိုသည် ရှိနေပြီးသား အရာများကို ရှာဖွေနေကြခြင်းသည်ပင် သိမှုပညာဖြစ်သည်။ ပညာကို ကိုယ်တိုင်ရှာတွေ့မှ ထိုပညာသည် ကိုယ်နှင့်စပ်ဆိုင်မှုရှိမည်ဖြစ်သည်။

တွေးခေါ်ခြင်း၊ စဉ်းစားခြင်း၊ ဗီဇရှိသောကြောင့် လူသားတိုတွင် သင်ယူခြင်း ဟူ၍ပေါ်ထွက်လာသည်။ တွေးခေါ်တတ်သောကြောင့် အမှားနှင့်အမှန်ကို ဝေဖန် ပိုင်းခြားနိုင်ကြသည်။ အမှန်တရားနှင့် ကောင်းမွန်သော အရာများကို မြတ်နိုးကြ သည်။ မှားသောအရာများကို စွန့်ပစ်လျက် မှန်သောအရာများကို ယူနိုင်ရန် သင်ကြားခံယူကြသည်။ မှန်ကန်သောအရာမှ ပိုမိုမှန်ကန်သော အရာသို့လည်း ကောင်း၊ ကောင်းမြတ်သော အရာမှ သာ၍ကောင်းမြတ်သော အရာသိုလည်းကောင်း ရောက်ရှိဖို ဆက်ကာဆက်ကာ သင်ကြားမှုများ၊ သွန်သင်မှုများ ပြုလုပ်ကြရသည်။ ထိုကြောင့် လူ့အသိုင်းအဝိုင်းသည် သင်ကြားလေ့လာသော အသိုင်းအဝိုင်း တစ်ခု ဖြစ်လာတော့သည်။

ဘုရားသခင်နှင့် လူတို့ မိတ်ဿဟာယဖွဲရာတွင် လူသားတို့သည် ဘုရားသခင်၏ သွန်သင်မှုကို ခံယူသော သူများဖြစ်ကြရန် ဘုရားသခင်က ပုံသွင်းပေးခဲ့သည်။ ထာဝရဘုရားသည် တစ်ဆူတည်းသော ဘုရားဖြစ် ကြောင်းကို သင်ကြားခံယူသည် သာမက ခေတ် အဆက်ဆက်သို လက်ဆင့်ကမ်း၍ ထိုယုံကြည်မှုကို ထပ်ဆင့်၍ သင်ကြားရန် ဘုရားသခင် မိန့်တော်မူခဲ့သည်။

ဘုရားသခင်သည် သူရွေးချယ်ခဲ့သော လူမျိုးတော်က သူ့အား ဥပက္ခာပြုလျက် လမ်းလွဲသောအခါ သွန်သင်လမ်းပြဖို့ရန် ပရောဖက်များကိုရွေးချယ်ခန့်ထားလျက် ဆုံးမခိုင်းသည်။ သိုသော် ရွေးချယ်ခြင်းခံရသော က္ကသရေလ သည် ခေါင်းမာလျက် မာန်မာနရှိသောကြောင့် သင်ကြားမှုကို ကြပါ။ သူတိုကိုယ်သူတို ပြည့်စုံသည် ဟုယူဆကာ ပရောဖက်များတို့၏ သင်မှုကို ဂရုမစိုက်ဘဲ၊ မိမိတို့ အလိုအတိုင်း အသက်ရှင်ခဲ့ကြသည်။

ခရစ်တော် အသက်ရှင်သည့်ကာလသို ကူးပြောင်းသည်အထိ သင်ကြား မှုသည် လုံးဝမပျောက် ကွယ်သွားပါ။ ခရစ်တော်၏ သုံးနှစ်တာ အမှုတော်ဆောင် သည့်ကာလတွင်ပင် သူ၏ ကိုယ်စွမ်း၊ ဉာဏ်စွမ်းနှင့် အချိန်ယူပြီး သွန်သင်ခြင်း အမှုကိုပြုခဲ့သည်။ ဟောပြောခြင်း၊ သင်ကြားခြင်းနှင့် ကုသခြင်းအမှုသည် ခရစ်တော် ၏ အမှုတော်ဆောင်ခြင်းတွင် အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ခဲ့ သည်။ သေခြင်းမှ ရှင်ပြန်ထမြောက် သော ယေရှုခရစ်တော် ကိုယ်တိုင် မှာကြား ခဲ့သည့်အတိုင်း သူ့ကိုယ်စား သန့်ရှင်းသော ဝိညာဉ်တော်သည် ဥပဇ္ဈယ်ဆရာကဲ့သို လူသားအားလုံးနှင့် အစဉ်အမြဲနေတော်မူပြီး သွန်သင်ခြင်းအမှုကို ထမ်းဆောင် နေသည်မှာ ယခုထက်တိုင်ပင်ရှိနေပါသည်။

အတွေးအခေါ်ပညာရှင် စိန့်သောမတ်အကွိင်းနစ် (St. Thomas Aquinas) အဆိုအရ တွေးခေါ်မြော်မြင် ရေး သဘောတရားဆိုသည်မှာ သီးခြားဝတ္ထုပစ္စည်း အကြောင်းအရာများမှ ထာဝရဘုရားသခင်ရှိခြင်းကို သာဓကပြရန်ဖြစ်၍ ဘာသာရေးပညာဆိုသည်မှာ ထာဝရဘုရားသခင်ထံမှ သီးခြားဝတ္တုပစ္စည်း အကြောင်း အရာများ၏ ပေါ်လာပုံကို ပြသရန်ဖြစ်သည်။ လောကတွင်သာမန် ဆင်ခြင်စဉ်းစား၍ မရနိုင်သော အရာများစွာ ရှိသည်။ သုံးပါးတစ်ဆူဘုရား၏ စကြဝဠာအား ဖန်ဆင်းပုံတိုကို ရိုးရိုးစဉ်းစားကြည့်၍မရနိုင်။ ၎င်းတိုသည် ဘာသာရေး နှင့်ဆိုင်သဖြင့် ဆင်ခြင်ခြင်းထက်သာလွန်သည်။ သိုသော် ဆင်ခြင်ခြင်းနှင့် လုံးဝဆန့်ကျင်သည် ဟူ၍လည်း မဆိုနိုင်ပေ။ ဘာသာတရားကို အံ့သြဘွယ်ရာများကို စဉ်းစားဝေဖန်ခြင်းသည် ယုံကြည်မှုနှင့် ဆန့်ကျင်သည်။ ကျွန်ုပ်တို ဘာသာတရားကို ယုံကြည်သက်ဝင်မှုမှန်သမျှ ကျွန်ုပ်တို၏ ဆန္ဒပေါ်တွင်မူတည်နေပြီး ကျွန်ုပ်တို၏ ဆန္ဒများသည်လည်း ဘုရားသခင်၏ အလိုဆန္ဒကြောင့်သာလျှင် ဖြစ်ပေါ် လာရသည်ဟုဆိုသည်။

လူသည် အရာခပ်သိမ်းအား မည်သိုမျှမသိနိုင်ချေ။ သိနိုင်စွမ်းလည်း ။ လူ၏ ဆင်ခြင်တုံတရားကား သိနိုင်သမျှကို သိခွင့်ရခဲ့ပေသည်။ သိုဖြစ်၍ တဦးတည်းက အရာခပ်သိမ်းကို ပြည့်စုံစွာ လေ့လာ၍မရနိုင်ကြောင်း အနောက်တိုင်း အတွေးအခေါ်က ယူဆသည်။

တွေးခေါ်မြော်မြင်မှုပညာ၏ လိုရင်းအဓိပ္ပါယ်ကို ဖော်ပြရလျှင် တွေးခေါ် မြော်မြင်မှုပညာသည် စကြဝဠာကြီးကိုလည်းကောင်း၊ စကြဝဠာကြီးတွင်နေထိုင်သော သက်ရှိသတ္တဝါများကိုလည်းကောင်း၊ စကြဝဠာကြီး၏ ယေဘုယျသဘောတရား၊ လူနှင့်ဘုရားသခင်၊ သဘာဝနှင့်ဘုရားသခင်၊ သဘာဝနိယာမ တရားနှင့်လူ စသည့် အကြောင်းအရာများကို လူ၏ဆင်ခြင်တုံတရားဖြင့် ဆက်စပ်လေ့လာသော ပညာရပ်ဖြစ်သည်။

၂။ အသိဉာဏ်ပညာ (Knowledge)

ဆိုကရေးတီးက အသိအလိမ္မာဉာဏ်ပညာသည်သာလျှင် အကောင်းဆုံး ဖြစ်သည်ဟုဆိုခဲ့သည်။ လူ့လောက ကောင်းကျိုးသယ်ပိုးဆောင်ရွက်ရန် အသိဉာဏ် ပညာလိုအပ်ပြီး၊ လုံလည်းလုံလောက်သည် ဟုယူဆသည်။ ပလေတိုအနေဖြင့် လူကို ဆင်ခြင်ဉာဏ်ရှိသော သတ္တဝါဟုမြင်ထားပြီး၊ စစ်မှန်သော အသိပညာသည် ဆင်ခြင်တုံအားဖြင့်ရသော အသိပညာမျိုး ဖြစ်သည်ဟုဆိုခဲ့သည်။ ပလေတို့၏ ဒိုင်ယာလက် တစ်နည်းအရ စစ်မှန်သော အသိပညာကို ဆိုလိုသော အာရုံသိ (Perception) နယ်ပယ်ကထွက်၍ ထိုထက်မြင့်မားသော ဉာဏ်သိ (ဝါ) ဓမ္မာရုံသိ (Conception)သို တက်လှမ်းရမည်ဖြစ်သည်။

ဂျွန်ဒူဝီ(John Dewey)အနေဖြင့် သင်ကြားခံယူရမည့် အသိပညာရပ်နှင့် လက်ရှိ သင်ကြားပြသမှု ပြုနေသည့်အချိန်အတွင်း ဆရာ၊ ဆရာမ၏ တွေ့ကြ ခံစားမှု နှစ်ခုစလုံးကို သဟဇာတညီမျှအောင် ပြုလုပ် တတ်ဘို လိုအပ်ကြောင်း ဖော်ပြခဲ့သည်။ သင်ကြားခံယူကြမည့် အကြောင်းအရာများထက် သင်ကြား နေကြသည့် တပည့်များနှင့် သင်ကြားပေးနေသည့် ဆရာများ တစ်ဦးနှင့်တဦး ညှိနှိုင်းဆောင်ရွက်မှု၊ နားလည် ဆက်သွယ်မှု တိုသည်လည်း အရေးပါ ရောက်ကြောင်း ဖော်ထုတ်ခဲ့သည်။

စပင်နိုဇာ(Spinoza)၏ ခံယူချက်အရ လူသည် သဘာဝ သဘာဝလောကတွင် မိမိကိုယ်တိုင် ပါဝင်နေရသည့်ကဏ္ဍကို မသိနားမလည်သောကြောင့်သာ တပ်မက်မှု၏ ကျေးကျွန်ဖြစ်လာရသည်ဟုဆိုသည်။ လူ လုံလောက်သည့် အသိပညာမရှိလေလေ တပ်မက်မှု၏ ကျေးကျွန်ဖြစ်လေ ဖြစ်သည်။ လူတွင် အသိတရားရှိ မှ လွတ်လပ်နိုင်မည်ဖြစ်သည်။ အသိတရား၏ အခြေခံမှာ ဆင်ခြင်မှုမဟုတ်၊ အတွေ့အကြုံသာဖြစ်သည်ဟု ပညာရှင်တစ်ချို့က ယူဆခဲ့ကြသည်။ အတွေ့အကြုံကို အခြေတည်မှသာ မှန်ကန်သော အသိပညာကို ရရှီနိုင်မည်ဖြစ်သည်။  မှန်ကန်သောအသိပညာကို မွေးဗီဇပါ ဝိဉာဏသဘောတရား များဖြင့်မရနိုင်၊ တကယ့်ဘဝထဲမှ ရရှိလာသော အတွေ့အကြုံများကို အခြေခံမှသာ ရရှိနိုင်မည်ဖြစ်သည်။

ဤနေရာတွင် လွတ်လပ်ခြင်းဆိုသည်မှာ လွတ်လပ်စွာ ရွေးချယ်နိုင်မှုကို ဆိုလိုခြင်းမဟုတ်။ လူသည် သဘာဝလောက၏ နိယာမတရားများအရ ပြုမူ ဆောင်ရွက်သဖြင့် လွတ်လပ်ခြင်းကိုသာ ဆိုလိုသည်။ လူတစ်ဦးချင်းသည် သဘာဝ လောကအတွင်းရှိ သတ္တိတစ်ခုသာဖြစ်သည့်အတွက် အကြွင်းမဲ့ လွတ်လပ်ခွင့်ကို မည်မဟုတ်။ တည်ငြိမ်နေရာမှ ပြန်လည် လှုပ်ရှားလာရန်အတွက် တစ်ခုခုက စေ့ဆော်ပေးမည့် စေ့ဆော်ရေး အထောက်အမ ရှိရပေမည်။ လူတိုသည်ပြင်ပ ပယောဂမပါဘဲ အကြွင်းမဲ့ လွတ်လပ်ခြင်းမရှိနိုင်ပါ။ လူသည် ခိုင်လုံသော (ဝါ) သိပ္ပံနည်းကျသော အသိပညာကို ရရှိမှသာလျှင် လွတ်လပ်သည်ဟုဆိုနိုင်သည်ဟု စပင်နိုဇာကမြင်သည်။

ကွန်ဖြူးရှပ်၏ ပညာရေးခံယူချက်အရ၊ အသိပညာသည် အသိပညာအတွက် မဟုတ်၊ လူတို၏ ဘဝတိုးတက်ဖွံဖြိုးမှုအတွက် ဖြစ်သည်ဟုဆိုသည်။ တွေးတော ဆင်ခြင်မှုမပါသော လေ့လာဆည်းပူးမှုမျိုးသည် အကျိုးမရှိပေ။ အလားတူပင် လေ့လာဆည်းပူးမှုမပါသော တွေးတောဆင်ခြင်မှုမျိုးသည်လည်း အဆိပ်သဖွယ် ကြောက်စရာကောင်းကြောင်း ဖော်ပြခဲ့သည်။

လူသည် မိမိ၏ ကိုယ်စွမ်းကိုယ်စမည်၍ မည်မျှရှိသည်ကို သိအောင် လုပ်ရမည်ဖြစ်သည်။ ကိုယ်တစ်ကယ်သိသောအခါမှ သိသည်ဟုပြောပါ၊ ကိုယ်မသိ သည်ကိုလည်း အမှန်တကယ် မသိသည့်အတိုင်း၊ မသိမှန်းသိအောင် လုပ်ဘို လိုသည်။ ဤနည်းကား အသိပညာရရာရကြောင်း ပြုလုပ်သည့်နည်းပင်ဖြစ်သည်။ ဤလောကတွင် မိမိလုပ်နေရသည့် အလုပ်ကို ဘာကြောင့်လုပ်နေရမှန်းမသိပဲ လုပ်နေသူတွေများလှသည်။ –

ကျွန်ုပ်တို့ကြားရသမျှထဲမှ အကောင်းကိုသာ ရွေး၍လုပ်တတ်ဘိုရန်လိုသည်။ မြင်ရသမျှ လေ့လာမှတ် သားထားရန်လိုသည်။ ထိုသိုမှတ်သား လေ့လာထားသမျှ သည် နောင်အခါ မှန်ကန်သောအသိတရား၊ ပညာများ ဖြစ်လာတတ် ယကသိပါသည်ထင်လျက်၊ မသိနိုင်သော အရာများလည်းရှိ၏။ မသိဟုထင်မှတ် လျက် သိနိုင်သည်များလည်းရှိသည်ဟု တရုတ်အတွေးအခေါ်ပညာရှင် ချောင်ဖူးကဆိုသည်။ ဆွန်ဇူးလက်ထက်တွင် လူ့လောက၏ ကောင်းကျိုးဆိုးကျိုး မှန်သမျှကို ပြုပြင်ဖန်တီးနိုင်သူသည် လူသာလျှင်ဖြစ်သည်ဟုမြင်ခဲ့သည်။ လူသားသည် မိမိ၏ ကြိုးပမ်းလုပ်ကိုင်မှု၊ လေ့ကျင့်သင်ကြားမှု၊ သွန်သင်ပဲ့ပြင်မှုများအားဖြင့် မိမိဘဝကို တိုးပွားခိုင်မာပြောင်မြောက်လာအောင် ဆင်ခြင်တုံတရားကို နှလုံးသွင်းထားသည်ဆိုသော်လည်း ဆရာကောင်း ထံတွင် ချဉ်းကပ်ရဦးမည်ဖြစ်သည် မိတ်ဆွေကောင်း နှင့်လည်း ပေါင်းဖက်ရမည်ဖြစ်သည်။

မော်စီတုန်းနှင့် လီနင်တို၏ သိမှုပညာသဘောတရားမှာ အာရုံသိမှ ဉာဏ်သိသို့ တက်လှမ်းပြီး ဉာဏ်သိမှ လက်တွေ့သို ကူးပြောင်းရန်ဖြစ်သည်။ လက်တွေ့ လုပ်ဆောင်မှု၏ အကျိုးသက်ရောက်မှုများကသာ လူ၏အသိ ပညာ များကို တိုးပွားအောင်လှုဆော်ပေးသည်။ အသိပညာသည် အတွေ့အကြုံမှ စသည်ဟု ဆိုရပေမည်။ လက်တွေ့များလေလေ အသိပညာတိုးပွားလေဖြစ်သည်။

အသိပညာနှင့် ပူးပေါင်းဆောင်ရွက်ရန် လက်နက်တစ်ခုမှာ စိတ်ဓာတ် ကြံ့ခိုင်မှု၊ မိမိစိတ်ကိုအစိုးရမှုနှင့် စိတ်အလိုကို မလိုက်မှုတိုပင်ဖြစ်သည်။ ယုံကြည်ချက် သည် လူသတ္တဝါများအား နိုးကြားထကြွအောင် လှုဆော်ပေးသော အကြောင်းတရားဖြစ်၏။ အနှောက်အယှက် အခက်အခဲများအကြား၊ လှုပ်ရှားရန်အတွက် လိုအပ်သော အားမာန်ဖြစ်၏။

လောကအရှိတရားနှင့် လူသား၏ အသိတရားပေါင်းစည်း ညီညွတ်မှုကို ဒဿနဆရာများက ကြိုးပမ်းရှာဖွေခဲ့ကြသော်လည်း အရှိတရား အစစ်အမှန်ကို လူသားသည် ဘယ်နည်းနှင့်မျှ သိလည်းမသိ၊ နားလည်းနားမလည်နိုင် ဖြစ်ခဲ့ကြ သည်။

ဒေါက်တာဝိုက်ကမန်က အတွေးအခေါ်နယ်မှ၊ ရှင်းရှင်းလင်းလင်း စဉ်းစား ခြင်းသည် ဉာဏ်ပညာ တိုးတက်မှု၏ ရန်သူပင်ဖြစ်သည်။ အကြောင်းမှာ မရှင်း မရှင်းစဉ်းစားမှ ရင်ထဲမှာ မကျေမနပ်ဖြစ်ပြီး ပိုပိုစဉ်းစားရင်း တိုးတက်လာနိုင်မည် ဖြစ်သည်။ အိုင်စတိုင်းသည် သူ၏ ရီလေတီဗတီသီအိုရီကို အစကတည်းက ပြတ်ပြတ်သားသား မြင်ခဲ့သည်မဟုတ်၊ သူ့စိတ်ထဲတွင် အသိဉာဏ်ကလေးတစ်ခု လက်ကနဲ ပွင့်မြူးခဲ့ရာကစပြီး ထိုစိတ်ကူးအိမ်မက်ကလေးကို တဖြည်းဖြည်း တကယ့်အမှန်တရားကြီးအဖြစ် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

ဘာထရန်ရပ်ဆယ် အတွေးအမြင်တွင် ထာဝစဉ် ပြောင်းလဲနေသော ပတ်ဝန်းကျင်ထဲတွင် အသက်ရှင်နေ သူတစ်ယောက်အဖို ဘဝအခြေပြောင်းလဲလျှင် အသိအမြင်လည်း ပြောင်းလဲလိုက်ရမည်ဖြစ်သည်။ အတွေးအ ခေါ် ပြောင်းလဲနေ သည်ပင် ယထာဘူတကျသည်ဟုဆိုသည်။

ဂျာမန်ဒဿနပညာရှင် ရှိပင်ဟောက်ဝါက အလုပ်ကိစ္စတိုကို ဆောင်ရွက် နေခြင်းသည် အသိဉာဏ်တို့၏ တိုက်တွန်းမှုတို့ကြောင့် လုပ်ကိုင်ဆောင်ရွက်နေခြင်းမဟုတ်၊ အတွင်းသဏ္ဍာန်သည် စိတ်ဆန္ဒ(တဏှာဆန္ဒ) ကြောင့်သာ လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။ လူတို့သည် မိမိတို့သိမြင်မှု၊ ဆင်ခြင်မူတို့ဖြင့် ပြုလုပ်ဆောင်ရွက်နေကြသည်ဟုလည်း ထင်တတ်ကြသည်။ စင်စစ်အားဖြင့် စိတ်ဆန္ဒ၏ (ဝါ) တဏှာလောဘ ခိုင်းစေမှုကြောင့် လုပ်ကိုင်ဆောင်ရွက်နေဖြင့်သာ ဖြစ်သည်ဟုဆိုသည်။

ဂျွန်လော့ခ်က ကောင်းမြတ်သော ဉာဏ်ပညာဟူသည် ပိုချခြင်း၊ သင်ယူခြင်းအားဖြင့်သာမရရှိနိုင်၊ စိတ်စွမ်းရည်မြင့်မားစေမှု၊ ပွင့်လင်းစိတ်၊ မှုတစိတ်၊ ထင်ကျယ်စိတ် တိုကို သုံးနိုင်မှသာ ရရှိနိုင်မည်ဟုဆိုသည်။ သိုမှသာ လူတိုသည် သင်ယူလေ့လာလိုစိတ်ကို မြင့်မားစေပြီး အတွေ့အကြုံအားဖြင့်လည်း ကြွယ်ဝ လာမည်ဖြစ် သည်။ ထိုကြောင့် ပညာရေး၏ ရည်မှန်းချက်သည် လူတိုအား ဆင်ခြင်တတ်သော သတ္တဝါများဖြစ်လာစေရန် ပြုစုပျိုးထောင် လေ့ကျင့်ပေးခြင်း ဖြစ်သည်။

 သြဂတ်စတင်းအဆိုအရ ထာဝရဘုရားသခင်၏ အကြောင်းကို သိခြင်းနှင့် မိမိ၏အကြောင်းကို သိခြင်းများသည်သာလျှင် သိသင့်သိထိုက်သော ပညာရပ်များ ဖြစ်သည်။ ထာဝရဘုရားသခင် အကြောင်းကို သိနိုင်ရန် အထောက်အပံ့ပြုရန် ယုတ္တိဗေဒ၊ ကိုယ်ကျင့်တရား၊ ပညာစသော အခြားသိပ္ပံပညာရပ်များသည်လည်း ၊ အထောက်အပံ့ပြုကြသည်။ လူတို့၏ အဓိကတာဝန်တစ်ရပ်မှာ ၎င်းတို့ ယုံကြည် သက်ဝင်သောဘာသာကို နားလည်ရန်ဖြစ်သည်။

သုတ္တံကျမ်း အခန်း(၂)နှင့် (၈)တွင် ဉာဏ်ပညာအကြောင်း ဖော်ပြသည့် ကျမ်းပိုဒ်ကြီးများကို တွေ့ရ၏။ ထိုကျမ်းပိုဒ်တိုတွင် ဉာဏ်ပညာ၏ သက်တမ်းသည် ဘုရားသခင်၏ သက်တမ်းနှင့် အတူတူပင်ဖြစ်သည်။ ဉာဏ်ပညာသည် လောကကို ဘုရားသခင် ဖန်ဆင်းတော်မူစဉ်အခါကပင်လျှင် ကိုယ်တော်နှင့်အတူ ရှိနေခဲ့သည် ဟု ဖော်ပြထားသည်။ ရှောလမုန်မင်း၏ ဉာဏ်ပညာတော်ဟု အမည်တွင်သည့်ကျမ်း၌ ပုံသဏ္ဌာန်{Eikon) ဟူသောစကားကို ဉာဏ်ပညာနှင့် ပတ်သက်၍ ဉာဏ်ပညာသည် သခင် ကျေးဇူးတော်၏ ပုံသဏ္ဍန်ကိုဆောင်သည် ဟုရေးသားထားသည်ကို တွေ့ရှိနိုင်၏။

ရှင်ပေါလုသည် ယုဒအမျိုးသားတိုအား သင်တို့သည် ဤဉာဏ်ပညာတော်၊ ဘုရားသခင်၏ ဉာဏ်ပညာတော်၊ ဘုရားသခင်နည်းတူ အသက်ရှည်သည့် ဉာဏ်ပညာတော်၊ ကမ္ဘာလောကကို ဖန်ဆင်းတော်မူ သည့် ဉာဏ်ပညာတော် လူတို့အား ပညာဉာဏ်ပေးသည့် ဉာဏ်ပညာတော်၏အကြောင်းကို တစ်သက်လုံး စဉ်းစားဆင်ခြင်၊ တွေးတောကြံဆကာ ရေးသားခဲ့သည်။

ဤဉာဏ်ပညာတော်သည် သခင်ယေရှုခရစ်၏ ကိုယ်ခန္ဓာတော်အားဖြင့် လူအပေါင်းတို တွေ့မြင်နိုင် သော ပုံသဏ္ဍန်ကိုဆောင်၍ လောကသို ကြွလာ တော်မူပြီဟု ပြောဆိုနေဘိသကဲ့သိုရှိသည်။ သခင်ယေရှုသည် ယုဒလူမျိုးတို့ တွေးတောကြံဆ မျှော်လင့်စောင့်စားလျက်နေသော အရှင်ပင်ဖြစ်သည်။

ရှင်ပေါလုက ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာ ရှိသမျှတိုသည် ဝှက်ထားလျက် ရှိကြ၏ ဟုဆိုထားသည်။ ပညာဟု မြန်မာပြန်သောစကား(Sophia)နှင့် ဉာဏ်ဟု မြန်မာပြန်သောစကား (Gnosis) တိုသည် အနက်အဓိပ္ပါယ် မတူကြပါ။ ဉာဏ် ဟူသောစကားသည် အမှန်တရားကို သိမြင်နိုင်စွမ်းကိုဆိုလိုသည်။ အမှန်တရားကို တွေ့နိုင်၊ ကြားနိုင်၊ သိရှိနိုင်သည့် စွမ်းရည်ပင်ဖြစ်၏။ ပညာ ဟူသောစကားမှာ အမှန်တရားဟု သိရှိလာခြင်းကို အတည်ပြု ဖော်ပြနိုင်သည့် စွမ်းရည်ဖြစ်သည်။ ဉာဏ်ပညာအပေါင်းကို ခရစ်တော်၌ ဝှက်ထားလျှက်ရှိသည် ဟုဆို၏။

ထိုးထွင်းသိနိုင်မှု၊ ဆင်ခြင်စဉ်းစား ကြံဆမှုနှင့်ဆိုင်သည့် အသိဉာဏ် အားဖြင့် လူတစ်ဦးနှင့်တစ်ဦး ဆက်သွယ်နိုင်သကဲ့သို စာအုပ်စာပေများမှလည်း ဟုသုတများကို ရယူနိုင်သည်။ ထိုအပြင် စူးစမ်းရှာဖွေမှုများ၊ နှုတ်အားဖြင့် ဆက်သွယ်မှုများ၊ နားထောင်မှုအားဖြင့်လည်းကောင်း၊ အပြန်အလှန် ဆွေးနွေး တိုင်ပင်ညှိနှိင်းမှုများ ပြုလုပ်နိုင်သည်။ နောက်ဆုံးတွင် လူတစ်ဦးစီတိုင်း မိမိကိုယ်မိမိ ထိုအသိဉာဏ်အားဖြင့် ဆက်သွယ်ပြုနိုင်ပြီး၊ အရာခပ်သိမ်းကို သတိရှိစွာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်သည်။ ထိုးထွင်းသိမြင်မှုမှာ ဆွေးနွေး တိုင်ပင်ခြင်း အားဖြင့်လည်းကောင်း၊ မိတ်ဆွေချင်း အပြန်အလှန် ပြောဆိုခြင်းအားဖြင့် လည်းကောင်း၊ တစ်ဦး ချင်းစဉ်းစားဆင်ခြင် အာရုံစူးစိုက်မှုပြုခြင်းအားဖြင့် ရရှိနိုင်မည်။

လွန်ခဲ့သည့် အနှစ်နှစ်ထောင်ကျော်က ဂရိပညာရှိကြီး အရစ္စတိုတယ်က လူသည် သဘာဝအားဖြင့် သိလိုသောဆန္ဒရှိသည် ဟုဆိုဖူးသည်။ လူသည် အရာရာ၌ သိချင်စိတ်ရှိသော သတ္တဝါဖြစ်သည်။ ထိုစိတ်ကြောင့် လည်း သိလာ တတ်လာသည်။ ထိုသို သိလာတတ်လာသောကြောင့် လူ၏ နေထိုင်မှုအခြေအ သည် တိုးတက်လာ ခဲ့သည်။ သိချင်သည့်အလျောက် စေ့ငှစွာ စုံစမ်းလေ့လာ သောကြောင့် အသိကိုရရှိလာသည်။ အသိရှိလာသော ကြောင့် အတတ် ရရှိလာသည်။ အသိ၊ အတတ်တိုကြောင့် ပညာထွန်းကားလာသည်။ ယခုအခါ အသိကိုလည်း ပညာဟုခေါ်ကြသည်။ ပညာဗဟုသုတ ဟုဆိုကြသည်။ အတတ် ကိုလည်း ပညာဟုခေါ်ကြသည်။ အတတ်ပညာ ဖြစ်လာသည်။

အသိနှင့် အတတ်တိုသည်ပညာပေါ်ထွန်းရာ၌အထောက်အမပြုသည်။ သို့သော် အသိချည်း ပညာမဟုတ်ပေ။ အတတ်ချည်းပညာမဟုတ်သေးပါ။ အသိနှင် အတတ် ပေါင်းစပ်ပြီးနောက် ထိုပေါင်းစပ်ချက်ကို အခြေပြုပြီး တွေးခေါ်မြော်မြင် ဆင်ခြင်သုံးသပ်ခြင်းတိုကို ပြုပြီးမှရရှိလာသော အဆီအနှစ်သည်သာလျှင် ပညာ ဖြစ်သည်။ ဉာဏ်ဆိုသည်မှာလည်း စင်စစ်အားဖြင့် အသိပင်ဖြစ်သည်။ အသိ နားတွင် အဆင့်ဆင့်ရှိသည်။ သာမန် အမြင်အတွေ့ဖြင့် သိသောအသိ။ စေစပ်စပ်ကြည့်မှ မြင်တွေ့သောအသိ၊ ထိုးထွင်း၍ မြင်သောအသိ၊ ဆင်ခြင် ဝေဖန်ပိုင်းခြား၍ သဘောတရားကို မြင်သောအသိတို့ဖြစ်သည်။

 

၃။ ပညာရေးဆိုင်ရာ အမြင်နှင့် ခရစ်ယာန်ဓမ္မပညာ (Educational Perspective and Christian Education)

ပညာရေးသည် ရှည်ဝေးသည့်လမ်းမကြီးအပေါ်တွင် စတင်ခြေလှမ်း လိုက်ခြင်းပင်ဖြစ်သည်။ ထိုလမ်းမကြီးမှတစ်ဆင့် ရည်မှန်းချက်များ၊ ဘဝ၏ တန်ဘိုးရှိမှုများကို မှန်ကန်စွာ ဆုံးဖြတ်တတ်ရန် ဦးတည်ပေးလိုက်ခြင်းပင်ဖြစ်သည်။ ပညာရေးဆိုင်ရာ တွေးခေါ်မြော်မြင်မှုများသည် လူတစ်ဦးချင်းစီ၏ မသိစိတ်များ အထဲတွင် နက်နက်နဲနဲ ဝင်ရောက်မြုပ်နှံနေမည်ဖြစ်သည်။ ထိုအရာများသည် ပညာရေးအပေါ် စဉ်းစားတွေးခေါ်ပြီး လက်တွေ့ အကောင်အထည်ဖေါ်မှုများ အပေါ်တွင် ထာဝစဉ် လွှမ်းမိုးနေမည်သာဖြစ်သည်။ လေ့လာရှာဖွေ စူးစမ်းတတ်မှုနှင့် စာဖတ်မှုစွမ်းရည်များကို စဉ်ဆက်မပြတ် လေ့ကျင့်မှုပြုလုပ်နေမှသာလျှင် ခံစားမှု အပြည့်၊ စဉ်းစားတွေးခေါ်မှုအပြည့်နှင့် ပြောဆိုနိုင်မည်ဖြစ်သည်။ .

ကျွန်ုပ်တိုအနေဖြင့် အိမ်တွင်လည်း ကောင်း၊ ကျောင်းတွင်းလည်းကောင်း၊ ရုံးများတွင်လည်းကောင်း နေ့စဉ် တွေ့ကြုံရင်ဆိုင်နေရသည့် ပြဿနာများကို နိုင်ရန်အတွက်သာမက ရေရှည်တွင် အသုံးဝင်နိုင်မည့် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များကို စဉ်းစားဖော်ထုတ်နိုင်ရန် ကျွန်ုပ်တို့ သင်ကြားတတ်မြောက် ထားသည့် ပညာရပ်များနှင့် အတွေ့အကြုံများမှ များစွာအထောက်အမပြုနိုင်မည်ဖြစ်သည်။ မည်သည့်ပညာကိုမဆို တတ်မြောက်သည်ထက် ဘဝတွင် ပြန်လည် အသုံးချနိုင်မှုနှင့် ဘဝတစ်ခုလုံးအတွက် အထောက်အမပြုနိုင်မည့် ပညာသည် သာလျှင် အရေးအကြီးဆုံးဖြစ်သည်။ သင်စရာပညာတွေ၊ သိစရာ ဗဟုတတွေ မကုန်မခန်းနိုင်ရှိ ပေသည်။ သိုသော် မိမိလုပ်ဆောင်နေရသည့် ကဏ္ဍနှင့် အဆီအလျော်ဆုံးပညာများ၊ ဗဟုသုတများသည်သာ အရေးအကြီးဆုံးနှင့် တတ်မြောက်ရန် အလိုအပ်ဆုံးသော ပညာရပ်များပင်ဖြစ်သည်။ အတွေးအခေါ်ပညာရှင် ဖြစ်သည်ထက် အတွေးအခေါ်ကို လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင် သူသည်သာ အလိုအပ်ဆုံးဖြစ် သည်။

ပညာရှင်ကြီးဆိုကရေးတီး၏ အဆိုအရ မိမိသည် ဘာကိုမျှ မသိသေး ပါလား ဆိုတာကို သိသောသူ ကိုသာလျှင် ပညာရှင်ဟုခေါ်ဆိုနိုင်သည်။ မိမိကိုယ်မိမိလည်း ပညာရှိ၊ ပညာတတ်ဟု မည်သည့်အခါမျှ မခေါ်ဆိုခဲ့ ပေ။ ပညာကိုလည်းကောင်း၊ ထိုးထွင်းဉာဏ်ကိုသော်လည်းကောင်း ချစ်မြတ်နိုးသူ – နေဖြင့်သာ ရပ်တည်ခဲ့သည်။ ရောဘတ်လင်း(Robert Lynd) ဆိုသူ၏အဆိုအရ အတွေးအခေါ်ပညာရှင် ဟူသည်မှာ အသိပညာရပ်ကို စွဲလန်းတမ်းတမှုအပြည့် ဖြင့် နှစ်သက်လိုလားသူဟု အဓိပ္ပါယ် ပြန်ဆိုခဲ့သည်။ သိပြီးသားတံခါးပေါက်မှဝင်ပြီး ဘာမျှမသိဘူးသေးသော တံခါးပေါက်များဆီသို အထပ်ထပ်ဖွင့်ကာ ဝင်သွားခြင်းကို ပညာဟုလည်း သာဓကပြနိုင်သည်။

ပညာရေး(Education) ဟူသော ဝေါဟာရသည် လက်တင်ဘာသာ စကားမှ ဆင်းသက်လာပြီး ရှေ့သိုဦး ဆောင်ခေါ်ယူမှု(to lead forth)ဟု အဓိပ္ပါယ် ရသည်။ ဆွဲထုတ်သည်ဟုဆိုသည်။ ဆိုလိုသည်မှာ တစ်ဦးက အခြားတစ်ဦးကို ဖြစ်စေ၊ အများကိုဖြစ်စေ လိုအပ်သည့် ပန်းတိုင်သိုရောက်ရလေအောင် ဦးဆောင်၍ ခေါ်ခြင်း၊ လူတစ်ဦးက (သိုမဟုတ်) ပစ္စည်းတစ်ခုခုက လူတစ်ဦး၏ နစ်မြုပ် ရှိသော စွမ်းရည် တို ကို ဆွဲထုတ်ပေးခြင်း ဖြစ်သည်။ ပညာရေးဟူသ ဆင်ခြင်ခြင်းနှင့် အတွေ့အကြုံရှိမှုကို ချိန်ဆ၍ အမှန်ကိုရွေးချယ်နိုင်ရေးပင်ဖြစ်သည်။

ချားလော့(တ်) မေစန်း(Charlotte Mason)က ပညာရေးသည် တွေ မြော်မြင်မှုအမြစ်မှ သီးလာသည့်အသီး ဖြစ်သည်ဟုဆိုသည်။ ခရစ်ယာန် များအတွက် စိန်ခေါ်ချက်တစ်ခုမှာ ပညာရေးဆိုင်ရာ အတွေးအခေါ်များသည် ခရစ်ယာန်တို့၏ လောကနှင့်ဆီလျော်မှုရှိပြီး အမြင်လည်း ရှင်းလင်း နေရမည် ဖြစ်သည်။ ခရစ်ယာန်တို၏ ဓမ္မပညာရပ်သည် လူ့လောကနှင့်မသက်ဆိုင်ဘဲ သီးခြားရပ်တည်နေရမည့် ပညာတစ်ရပ်မဟုတ်သလို လူသားအားလုံး ပညာရေးတွင်လည်း ခရစ်ယာန်များ ပါဝင်ပတ်သက်နေကြောင်း ဝန်ခံရမည် ဖြစ်သည်။ အာသာအက်ဖ်ဟိုမ်(Arthur F. Holmes)ဖြစ်သူ ခရစ်ယာန် အတွေးအခေါ်ပညာရှင်က ပညာရေးကို ဤကဲ့သို ဖေါ်ပြထားသည်။ (၁) ပညာရေးသည် သားတိုအတွက် ဘက်စုံဖွံဖြိုးစေရေးအတွက် ပုံဖော်ပေးသော အရာတစ်ခု သည်။ (၂) ပညာရေးသည် တစ်ဖက်သတ်အမြင်မှ အမြင်ကျယ်ကျယ် မြင်တွေ့နိုင်ရန် အာရုံအမျိုးမျိုးကို ဖွင့်ပြပေးခြင်းဖြစ်သည်။ (၃) ပညာရေးသည် အာရုံသိ၊ ဆင်ခြင်သိ၊ ဉာဏ်သိအားဖြင့် ရှာဖွေစူးစမ်းလျက် တစ်ဆင့်ပြီးတစ်ဆင့် ဇာစ်မြစ်ကို ထိုးဖောက်မွှေနှောက်ခြင်းဖြစ်သည်။ (၄) ကျွန်ုပ်တို စဉ်းစားတွေးခေါ်သော အက၊ တန်ဖိုးထားသောအရာနှင့် လုပ်ချင်သောအရာများကို လက်တွေ့ကျကျ ထွက်ပေါ်လာအောင် ပညာရေးအားဖြင့် လှုံဆော်ဖန်တီးပေးသည်။ “

ပညာရေးနှင့်ပတ်သက်သည့် စာတွေ့အဆိုအမိန့်များသည် လက်တွေ့ လုပ်ကိုင်ဆောင်ရွက်ရမည့် ပညာရေးလုပ်ငန်းများ၏ အခြေခံမူများ၊ စည်းမျဉ်း စည်းကမ်း ဥပဒေများပင်ဖြစ်သည်။ ဓမ္မပညာ၏ အဓိကအချက်မှာ မည်သည့် ဓမ္မပညာကဏ္ဍ၌မဆို စနစ်ကျသော သီအိုရီများ၊ မူဝါဒများ၊ အခြေခံသဘော တရားများဖြင့် လေ့လာချဉ်းကပ်ရန် လိုအပ်သည်။

ပညာရေး၌ သင်နည်း၊ သင်ရိုးညွှန်းတမ်းများ၊ အုပ်ချုပ်စီမံရေးနှင့် လက်တွေ့အစီအစဉ်များ ပါဝင်ရသကဲ့သို သင်ကြားခြင်းနှင့် သင်ယူခြင်းဆိုင်ရာ နည်းဗျူဟာများလည်းပါဝင်သည်။ သင်ခန်းစာနှင့် အသက်အရွယ်မျှတဖိုရန် လိုအပ်သည်။ ဆရာ တပည့် ဆက်ဆံရေး၊ ဆရာ၏ ပညာဗဟုသုတကြွယ်ဝမှု၊ ကျောင်းသားတို့၏ မိသားစုအခြေအနေ၊ ကျောင်းတွင်း ကျောင်းပြင် ဆက်ဆံရေး၊ ပြဿနာများ၊ ကျောင်း၌ပါဝင်မှု၊ လူမှုအသိုင်းအဝိုင်း၌ပါဝင်မှု စသည်တိုအထိ ပါဝင်သည်။

ပညာရေးတွင် နည်းစနစ်ကျသော ပညာရေး(Formal Education)၊ နည်းစနစ်မဲ့ ပညာရေး(Non formal Education)နှင့် နည်းစည်းစနစ်မကျသော ပညာရေး (Informal Education) ဟူ၍ရှိသည်။ နည်းစနစ်ကျသော ပညာရေးသည် စနစ်တကျ သုတ္တိရှိရှိနှင့် အစီအစဉ်တကျနှင့် အားလုံးအတွက် လုပ်ဆောင်ထားသည့် ပညာရေး ဖြစ်သည်။ ပညာသင်ကြားရေးဆိုင်ရာ အဖွဲ့အစည်းများဖြစ်ကြသည့် ကျောင်း၊ ကလပ်၊ တက္ကသိုလ်များနှင့် သင်ကြားလေ့လာမှုဆိုင်ရာ အတွေ့အကြုံများ ရယူနိုင်သည့် ကျောင်းခန်းများပါဝင်သည်။ ကျောင်းခန်းတွင်းမှ ကျောင်းသူ၊ သား တစ်ဦးချင်းစီ၏ အတွေ့အကြုံများ ဖလှယ်ကြခြင်း၊ သင်ခန်းစာများနှင့် ကျောင်းခန်းပြင်ပမှ ဗဟုသုတများဝေမျှခြင်း၊ ဆွေးနွေးခြင်းများကို နည်းစနစ်ကျ ပညာရေးက ဖန်တီးပေးထားသည်။

နည်းစနစ်မဲ့ ပညာရေးသည် စာသင်ကျောင်းများနှင့် ကျောင်းခန်းများမလိုဘဲ လူတစ်ဦး၏ ဘဝတစ်ခု လုံးနှင့် ဘဝတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများမှ သင်ခန်းစာယူရသည့် ဘဝပညာရေးဖြစ်သည်။ နည်းစနစ် မကျသော ပညာရေး ပုံစံတွင် ရည်ရွယ်ချက်မရှိ၊ ဦးတည်ချက်မရှိဘဲ အခြေအနေအရ သင်ကြားခံယူ လိုက်ရ သည့် ပညာရေးစနစ်တစ်ခုဖြစ်သည်။ နေ့စဉ်ဖြစ်ပျက်နေမှုများ၊ မီဒီယာများ၊ ယဉ်ကျေးမှုအနုပညာများ၊ ရိုးရာပွဲလမ်းသဘင်များမှ နည်းလမ်းအမျိုးမျိုးဖြင့် သင်ခန်းစာများ ရယူနေခြင်းသည်ပင် စနစ်မကျ (သိုမဟုတ်) စနစ်မဲ့ ပညာရေး ပုံစံမျိုး ဖြစ်နေသည်။

၁၈ရာစုနောက်ပိုင်း၊ ၁၉ရာစုအစလောက်တွင် ပက်စတာလော်ဒီ (Pestalozzi) နှင့် ဖရက်ဒရစ်ချ်ဖရိုဘယ် (Friedrich Froebel) တို့၏ ပညာရေးဆိုင်ရာ အဆိုများ ခိုင်မာလာခဲ့ကြသည်။ တပည့်အပေါ် ဗဟိုပြု သင်ကြားနည်းများနှင့် အတွေ့အကြုံအပေါ် အခြေခံ၍ ချဉ်းကပ်သင်ကြားနည်းများကို စတင် အကောင် အထည် ဖော်လာခဲ့ကြသည်။ သင်ကြားပေးမည့် အကြောင်းအရာထက် သင်ကြား ခံယူကြမည့် တပည့်များအပေါ် အခြေခံ၍ သင်ကြားနည်းများကို အကောင် ထည်ဖော် လုပ်ဆောင်ခဲ့ကြသည်။ သင်ကြားပြသမည့် ဘာသာရပ်ဆိုင်ရာ ည်းကမ်းအချက်အလက်များထက်၊ ထိုအချက်အလက်များကို မည်ကဲ့သို သင်ကြား သောသင်ကြားနည်းဖြင့် တပည့်များအားသင်ကြားပေးလျှင် ပို၍ထိရောက် နိုင်ကြောင်း ဖော်ထုတ်ခဲ့သည်။

ဩဂတ်စတတ်ဟာမန်ဖရန့် ဆိုသူကလည်း ဥရောပတခွင်လုံးအတွက် ပညာရေးဆိုင်ရာ သီအိုရီ တစ်ရပ်ကို ဖော်ထုတ်ခဲ့ပြန်သည်။ ပညာရေးဟူသည် အကြောင်းအရာတစ်ရပ် (သိုမဟုတ်) ဖြစ်စဉ်တစ်ရပ်ကို မှန်မမှန် စေ့စပ်သေချာစွာ စုံစမ်းလေ့လာပြီး တိကျခိုင်မာစွာ ဖော်ထုတ်ပေးနိုင်မည့် အသိဉာဏ်မျိုးဖြင့် လေ့လာယူနိုင်ရမည် ဟုဆိုသည်။ တစ်နည်းအားဖြင့် ပညာသင်ကြားပေးခြင်းနှင့် ပညာသင်ကြားခံယူခြင်းတွင် ပြင်းထန်သော စည်းမျဉ်းစည်းကမ်းများ၊ ဥပဒေများ၊ သတ်မှတ်ချက်များနှင့် ညွှန်ကြားချက် မြောက်မြားစွာ ခြံရံလျက်ရှိကြောင်း ဖော်ပြ ထားသည်။ ပညာတစ်ရပ်ကို မိမိခံစားချက်အပေါ် အခြေခံ၍ လေ့လာခြင်းထက ပညာရပ်၏ သဘောသဘာဝ၊ အခြေခံဆိုလိုရင်း အချက်အလက်များကို ဉာဏ်ဖြင့်လည်းကောင်း၊ သတ်မှတ် ထားသော စည်းကမ်းချက်များ အားဖြင့်လည်းကော ရှာဖွေဖော်ထုတ် လေ့လာတတ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

အိုင်းစတိုင်းပြောင်းဖော်ပြခဲ့သော ရီလေတီဗတီသီအိုရီအရ၊ လူသည် စကြဝဠာကြီး၏ အစိတ် အပိုင်းဖြစ်ပြီး စကြဝဠာနှင့် အစဉ်တွဲလျက်ရှိသဖြင့် မည်သည့်အခါမျှ ကင်းစွာမနေနိုင်ချေ။ စကြဝဠာကြီး တစ်ခုလုံးကို စုံလင်အောင် လေ့လာစူးစမ်း၍ မဖြစ်နိုင်။ မည်သည့်ပညာရပ်မဆို တစ်ခုနှင့်တစ်ခု နှိင်းယှဉ်၍သာ သိနားလည် င်မည်ဖြစ်သည်။ လူ၏ အသိဉာဏ်၊ စဉ်းစားဉာဏ်တိုသည် စကြဝဠာကြီး တစ်ခုလုံးကို သိနား လည်ရန် မလုံလောက်နိုင်ချေ။ လူသည် စကြဝဠာမှခွဲထွက်၍ တစ်ကိုယ်တည်းနေတတ်သော သတ္တဝါမဟုတ်။ စကြဝဠာနှင့် နေရာတိုင်းတွင် ဆက်သွယ်နေသည်။ ဤစကြဝဠာကြီးအတွင်း နေထိုင်ကြသော အခြားသူတို နှင့်လည်း ဆက်သွယ်လျက်ရှိနေ၏။ လူသည် ဤကမ္ဘာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် ကမ္ဘာမြေကြီးကို ပြောင်းလဲစေသကဲ့သို လူကိုလည်း ကမ္ဘာကြီးက ပြောင်းလဲလျက်နေလေသည်။

ဂျွန်ဂျူဝီက ပညာရေးသည် လူမှုအဆောက်အအုံ၏ လုပ်ငန်းဆောင်တာ *ရ တစ်ရပ်ဟု ဖွင့်ဆိုခဲ့သည်။ ဂျူဝီ၏ အလိုအရ လူမှုဘဝ သက်ဆိုးရှည်နိုင်ရန်၊ ယဉ်ကျေးမှုများ တည်ရှိရပ်တည်နေနိုင်ရန် ပညာရေးသည် မရှိမဖြစ် လိုအပ်ပါသည်။ ပညာရေးသည် လူမှုအမွေအနှစ်များနှင့် အခြားဖွံဖြိုးတိုးတက်စေသော အရာအား လုံးကို မျိုးဆက်တစ်ခုမှ အခြားမျိုးဆက်တစ်ခုသို လက်ဆင့်ကမ်း ကူးပြောင်းပေးခြင်းဖြစ်သည်။

ဓမ္မဟောင်းမှဖော်ပြသော ပညာဟူသည်မှာ ညွှန်ကြားခြင်း၊ သင်ကြား ခြင်းနှင့် ဦးတည်ရာအရပ်သို ညွှန်ပြခြင်း စသည်ဖြင့် ဖော်ပြထားသည်။ ကောင်းမွန် ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦး မည်ဟုဆိုထားသည် (ဓမ္မရာဇဝင်ပ ၁၂း၂၃)။ ရှေးယုဒလူမျိုးတို၏ ဘုရားနှင့်စပ်ဆိုင်သည့် အရာများကို သင်ကြား ရာတွင် အမိန့်ပေးသည့် သဘောဆောင်သည်။ မလုပ်မနေရဟူသည့် ရှောင်ရှား၍ မရနိုင်လောက်သည့် သဘောအထိ သက်ရောက်နေသည်။ လူကြီးများ အနေဖြင့် ကလေးသူငယ်သွားရာလမ်းဝ၌ သွန်သင်ဆုံးမရမည်။ သိုပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ လိုက်သွားလိမ့်မည်ဟု ဦးဆုံးသော ကလေးအရွယ်သည် အရေးကြီးဆုံးဖြစ်ခြင်းအပေါ် အချိန်မီ ဆုံးမရမည်ဖြစ်ကြောင်း ပညာရေးသည် မလွဲမရှောင် လုပ်ရမည့် သဘောကို ဖော်ပြနေသည်(သုတ္တံ့ ၂၂း၆)။

ပညာဟူသည် လက်တွေ့ တတ်မြောက်သည်အထိ သင်ကြားလေ့လာဘို ကိုလည်း ဓမ္မဟောင်းတွင် ဖော်ပြထားသည်။ ခါနန်ပြည်ကို တိုက်ခိုက် သိမ်းပိုက်ဖို ဣသရေလအမျိုးသား အစဉ်အဆက် စစ်အတတ် ကိုသင်၍ တတ်မြောက်ရန်ဟု ရေးထားရာ၌ မသင်ရသေးခင် စီစဉ်ထားသည့် သဘော ဖြစ်သည်။ မတတ်တတ်အောင် သင်ကြားခံယူရမည်ဖြစ်သည်။ စစ်ရေးသည် မိမိတစ်ဦးတည်း အရေးအတွက်မဟုတ်ပါ။ တစ်မျိုးသားလုံးအတွက် အသက်စွန့်ပြီး တိုက်ခိုက်ရမည့် အရေးဖြစ်သည့်အတွက် စစ်ရေးနှင့်စပ်ဆိုင်သော ပညာသင်ကြား ရေးတွင် စနစ်ကျခြင်း၊ စည်းကမ်းလိုက်နာခြင်း တိုကို အရေးအကြီးဆုံး ထည့်သွင်း ရမည့် အရာတစ်ခုဖြစ်သည်။ ဆွေစဉ်မျိုးဆက် အဆက်မပြတ် သင်ယူတတ်မြောက် ထားရမည့် ပညာတစ် ရပ်ဖြစ်ကြောင်း တွေ့ရသည် (တရားသူကြီး ၃း၁-၂)။

ပညာတရား၊ နည်းဥပဒေသတရားတိုကိုသိ၍ ဉာဏ်နှင့်ယှဉ်သော စကားကို နားလည်မည်အကြောင်း ပညာသွန်သင်ခြင်း၊ ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း မိုက်သောသူသည် လိမ္မာ၍ လူပျိုတိုသည် ပညာနှင့်ပြည့်စုံမည်အကြောင်း သုတ္တံကျမ်းအဖွင့်တွင် ဆိုထားသည် (သုတ္တံ့ ၁း၁-၂)။

ပညာတရားဟုဆိုရာတွင် ဉာဏ်ပညာနှင့်ပြည့်စုံခြင်း၊ ဉာဏ်အမြော်အမြင် ရှိခြင်း၊ အမှားအမှန် ပိုင်းခြားနိုင်သော ဉာဏ်ရှိခြင်းတိုကို ဆိုလိုသည်။ နည်းဥပဒေသ တရားမှာ အကြံပြုညွှန်ကြားခြင်း၊ အသိပေးခြင်း၊ ဆုံးမဩဝါဒပေးခြင်း၊ မှန်ကန်သည့် လမ်းကို ရှေ့ဆောင်လမ်းပြခြင်းများ ဟုဆိုလိုသည်။ ထိုအရာများကို နားလည်နိုင်ရန် ပညာအားဖြင့် သွန်သင်လမ်းပြသည့်အပြင် ဖြောင့်မတ်စွာ ကျင်ကြံနေထိုင်ခြင်း၊ တရားသဖြင့် စီရင်ဆုံးဖြတ်မှုတိုသည် ပညာ၏ အနှစ်သာရများပင်ဖြစ်သည်။

ဖန်ဆင်းရှင် ထာဝရဘုရားကို ယုံကြည်သူတိုင်း သိထားသင့်သည်မှာ ပညာနှင့် နားလည်နိုင်သောဉာဏ်ကို ထာဝရဘုရားသာလျှင် ပေးနိုင်သည်ဟု ခံယူထားသည်။ ထိုကြောင့် ပညာနှင့် ဉာဏ်၏ အချုပ်အခြာမှာ ထာဝရဘုရားကို ကြောက်ရွံခြင်းဖြစ်သည်။ ထာဝရဘုရားကို ကြောက်ရွံရိုသေလေးစားခြင်း၌ ကျင်လည်လျှင် ဘုရားသခင်ကိုသိသော ဉာဏ်နှင့်ပြည့်စုံနိုင်သည် (သုတ္တံ့ ၁း၅-၆)။ ထိုအပြင် ပညာသည် ကျွန်ုပ်တို့၏ နှလုံးသား ထဲသို့ ဝင်ရောက်ခြင်း၊ တစ်နည်းအားဖြင့် ဘုရားသခင်၏ ပညတ်ကို ကျွန်ုပ်တို၏ ကိုယ်အထဲ၌ သွင်းမိလျှင် သိချင်စိတ်ပြင်းပြလာပြီး သမ္မာတရားသည်လည်း ကျွန်ုပ်တိုကို ထိန်းသိမ်းသည့်အပြင် ဉာဏ်သည်လည်း စောင့်ရှောက်ကာ ဆိုးသောလမ်းမှ ကယ်တင်မည်ဖြစ်သည်။ ကျွန်ုပ်တိုကို ဘုရားသခင်၏ ပညာနှင့် ဉာဏ်တော်သည် ထိန်းသိမ်းကာကွ စောင့်ရှောက်သွားမည်ဟု ယုံကြည်သည် (သုတ္တံ့ ၁း၁ဝ-၁၁)။

ထာဝရဘုရားက မောရှေအား အဲဂုတ္တုပြည်တွင် ကျွန်ခံနေကြရသည်ဘ လူမျိုးတော်ကို ကယ်တင်ဖို့ ပြောသည့်အခါ မောရှေက သူသည် နှုတ်သတ္တိမရှိပါ။ နှုတ်လေးသောသူ စကားနှေးနှေး ပြောတတ်သောသူ ဖြစ်ကြောင်း ပြန်ပြောသည်။ ထိုအခါ ထာဝရဘုရားက လူ၏နှုတ်ကို ငါဖန်ဆင်းသည်။ ယခုသွားလော့။ သင်၏ နှုတ်၌ ငါရှိ၍ သင်သည် အဘယ်သို ပြောရမည်ကို ငါသွန်သင်မည်ဟု တော်မူသည်။ ဆရာက တပည့်ကို သွန်သင်ပေးခြင်းသည်။ တပည့်ကိုယ်တိုင် ပြောနိုင်ဆိုနိုင်အောင် သွန်သင်ပေးသည်ဟုသာ သိမြင်ကြသည်။ သိုသော် ဘုရား၏ သင်မှုမှာ မိမိကိုယ်တိုင် တပည့်၏ နှုတ်ထဲကိုသော်လည်းကောင်း၊ နှလုံးသားထဲ ကိုသော် လည်းကောင်း ဝင်ရောက်ပြီးတပည့်နှင့်အတူလုပ်ဆောင်ပေးနေခြင်းဖြစ်သည်။ အကြောင်းမှာ ထာဝရဘုရားသည် လူ၏ နှုတ်ကိုသော်လည်းကောင်း လူတစ်ကိုယ်လုံးကို သော်လည်းကောင်း ဖန်ဆင်းထားသဖြင့် ဖန်ဆင်းထားသောလူကို ဖန်ဆင်းရှင်က ဝင်ရောက်ကူညီနိုင်ကြောင်း၊ သွန်သင်ခြင်းတွင် သွန်သင်သူကိုယ်တိုင် ဝင်ရောက် ပါဝင်လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ထိုကြောင့် ပညာဟူသည်မှာ ထာဝရဘု ရားထံမှ ပညာကို ရယူရုံသာမက ထာဝရဘုရားကိုပင် ယူတင်ဝတ်ဆောင်လျက် မိမိဘဝကို ပြင်ဆင်ဖိုရန် ခွင့်ပြုပေးခြင်းဖြစ်သည် (ထွက်မြောက်ရာ ၄း၁ဝ-၁၂)။

ဖာရောဘုရင်၏ အိပ်မက်ကို နားလည်နိုင်သောဉာဏ်နှင့်အနက်ကို ဖတ်တတ်သည့် ယောသပ်ကို ဘုရားသခင်၏ ဝိညာဉ်တော်ကိုရရှိ၍သာ ဤကဲ့သို ပြုလုပ်နိုင်သလို ဘုရားသခင်သည် ဤအမှုအလုံးစုံတိုကို သင့်အားပြသဖြင့် သင်ကဲ့သို ဉာဏ်ပညာနှင့် ပြည့်စုံသောသူမရှိဟု ပြောဆိုခဲ့သည်။ လူတို၌ ကြုံတွေ့နေကြရသည့် ပြဿနာ အခက်အခဲများကို ဘုရားသခင်ထံမှ ရရှိနိုင်သည့် ဝိညာဉ်ဉာဏ်ပညာအားဖြင့် ဖြေရှင်းနိုင်ပါသည်။ ဘုရားသခင်ကို အစဉ်အမြဲ အားကိုး၍ အသက်ရှင်သူအတွက် ဘုရားသခင်ထံမှ ပညာသည် အစဉ်အမြဲ စီးဆင်းလျှက်ရှိနေပါသည် (ကမ္ဘာဦး ၄၁း၃ရ-၃၉)။ ဘုရားသခင်မူကား ဉာဏ်သတ္တ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော် မူ၏။ တန်ခိုးတော်၊ ဉာဏ်တော်နှင့်ပြည့်စုံ၍ များသောသူနှင့် မှားစေသောသူတိုကို ပိုင်တော်မူ၏ (ယောဘ ၁၂း၁၃၊ ၁၆)။

ဘုရားသခင်၏ တန်ခိုးတော်နှင့် ဘုရားသခင်၏ ပညာသည်ခရစ်တော်၏ တရားဖြစ်သည်။ ယုဒလူတိုသည် နိမိတ်လက္ခဏာကို တောင်းတတ်ကြ၏။ ဟေလသလူတို့သည် ပညာကိုရှာတတ်ကြ၏။ လူ၏ပညာသည် လူ၌ရှိသည့် အား ထုတ်နိုင်သလောက် ထွက်ပေါ်လာသည့် အသိပညာ၊ ဉာဏ်မီနိုင် ကက၊ လေ့လာဆည်းပူးနိုင်သလောက်၊ စဉ်းစားတွေးခေါ်နိုင်သလောက်အားဖြင့် အသိပညာ၊ အတတ်ပညာကို အဆင့်အတန်း သတ်မှတ် တတ်ကြသည့် လူ့စွမ်းအားကိုသာ အားကိုးလျက် ဖော်ထုတ်နိုင်သော ပညာကို လူ့ပညာ သတ်မှတ်နိုင်သည်။ ဘုရား၏ပညာ ဘုရား၏တန်ခိုးဆိုသည်မှာ ဘုရား ရှိသည့်စွမ်းအားတန်ခိုးများနှင့် ဘုရား၏ ဖန်ဆင်းပြုပြင်ခြင်းကို ဘုရား ပညာဟုသတ်မှတ်သည်။ ဘုရား၏ ဖြစ်တည်မှုသည် လူ့စွမ်းအားနှင့် ပညာ အပေါ်တွင် မူမတည်ဘဲ လူကသာ ဘုရား၏ စွမ်းအားပညာနှင့် ပြုပြင် ပြောင်း ပေးနိုင်မှုအပေါ် အခြေခံခြင်း သည်သာ ပညာ၏ မူရင်းအစစ်အမှန် ဖြစ်သည်။ ( ၁ကော ၁း၂၂-၂၅)။

၄။ သင်ကြားခြင်းဆိုင်ရာ ခရစ်ယာန်ဓမ္မပညာ (Teaching and Christin Education )

သင်ကြားခြင်းသည် အရေးကြီးသောကဏ္ဍမှာ ပါဝင်လျက်ရှိသည်။ “ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမဩဝါဒပေးကြလော့၊ ငါသည်လည်း ကပ်ကမ္ဘာကုန် သည့်တိုင် အောင် သင်တိုနှင့် အတူအစဉ် မပြတ်ရှိသည်” (မဿဲ၊ ၂၈း၂)။ ဤကျမ်းပိုဒ်၌ ခရစ်တော်ကိုယ်တိုင် “သင်ကြား ခြင်း၊ သွန်သင်ခြင်း”၏ အရေးကြီးပုံကို တပည့်တော်တိုအား အဓိက ထား၍ သွန်သင်ခဲ့ခြင်းဖြစ်သည်။

ဘုရားသခင်သည် သင်ကြားပြသသော ဆရာများနှင့်တူသော ဆရာ တစ်ပါးလည်းဖြစ်သည်။ နှုတ်က ပတ်တော်ကို လေ့လာရာတွင် သမိုင်းတလျှောက်၌ ဘုရားသခင်သည် သူ၏ဗျာဒိတ်တော်သံ ဖွင့်ဟချက်များကို လူသားတိုအား အချိန်တိုင်း ဖော်ပြခဲ့သည်။ ထိုသို ဖော်ပြသည့်နည်းလမ်းမှာ သွန်သင်ခြင်း၊ သင်ကြားခြင်း ပင်ဖြစ်သည်။

သင်ကြားရာတွင်လည်း လူသားများမှတဆင့် (ဥပမာ-အာဗြဟံ၊ မောရှေ့၊ သခင်ယေရှု၊ ပရောဖက်၊ ယဇ်ပုရောဟိတ်) သင်ကြားပေးခဲ့၏။ သင်ကြားခံရသူတို သည်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင် လမ်းပြမှုအားဖြင့် နားလည် သဘောပေါက်ခဲ့ကြသည်။

ခရစ်တော်အနေဖြင့် ဘုရားသခင်၏ အကြံအစည်တော်များကို သင် ပေးရာ၌ ဟောပြောခြင်း၊ သွန်သင် ခြင်း၊ ဩဝါဒများ၊ ပညတ်များ၊ ညွှန်ကြားခြင်း လမ်းပြခြင်းများအားဖြင့် ဖော်ပြခဲ့သည်။ တန်ခိုးနိမိတ်လက္ခဏာ များကို လက်တွေ့ ပြခြင်း၊ အနာရောဂါများကို ပျောက်ကင်းစေခြင်းအားဖြင့် သင်ကြားပြသခဲ့သည်။ ခရစ်ဝင်ကျမ်းကို ရေးသားခဲ့သူ ရှင်ပေါလု၏ သင်ကြားခြင်းနည်းမှာ ဟောပြောခြင်း၊ ဧဝံဂေလိလုပ်ငန်း ပြုလုပ်ခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းနှင့် ကြည့်ရှုထိန်းသိမ်းပေးခြင်းတို့ပင်ဖြစ်သည်။

ခရစ်တော်၏ ကိုယ်တော်ကို တည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ် မယ်အကြောင်း သန့်ရှင်းသူတိုကို ပြင်ဆင်ခြင်းအလိုငှာ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌ လည်းကောင်း၊ အချို့တို့ကို သာသနာပြုအရာ၌လည်းကောင်း၊ အချို့တို့ကို သင်းအုပ်အရာ၊ ဆရာအရာ၌လည်းကောင်း ခန့်ထားတော်မူ၏ (ဧဖက် ၄း၁၁)။ ဤကျမ်းပိုဒ်အရ ကြည့်မည်ဆိုလျှင် လူသားများအနေဖြင့် သားတော်ယေရှုကို သိကျွမ်းရန်၊ သားတော်ယေရှုကဲ့သို ပြည့်စုံရင့်ကျက်သူများဖြစ်လာရန် သင်ကြား ပေးနိုင်မည့် သူအမျိုးမျိုးကို ပတ်ဝန်းကျင်အမျိုးမျိုး၌ ခန့်ထားခဲ့ကြောင်းတွေ့ရသည်။

ခရစ်တော်ကိုယ်တိုင်ပင် သူ၏ သာသနာပြုသည့် သုံးနှစ်တာကာလအတွင်း ဆရာတစ်ဦးကဲ့သို ခံယူကာလုပ်ကိုင်ရင်း အချိန်ကုန်ခဲ့သည်။ ဘုရားသခင်၏ အကြောင်းကို နားလည်သဘောပေါက်ရန် လူအများအား ရှင်းလင်းပြောကြား ခဲ့သည်။ လူတို၌ ယုံကြည်မှုများ ကြီးထွားလာပြီး နေ့စဉ်အသက်တာ၌ မည်ကဲ့သို နေထိုင်အသက်ရှင်ရမည် စသည်တိုကို အဓိကထားပြီး ဟောကြား သွန်သင် ပြသခဲ့ပေ၏။ ချစ်ခြင်းမေတ္တာဖြင့်လည်းကောင်း၊ နှိမ့်ချခြင်းဖြင့်လည်းကောင်း၊ လက်တွေ့နေထိုင်ပြသခဲ့ပေ၏။ တန်ခိုးနိမိတ် လက္ခဏာများပြ၍ အနာရောဂါများကို လက်တွေ့ ပျောက်စေခဲ့၏။ သွန်သင်ခြင်းသည် အနာရောဂါ ပျောက်စေ ခြင်း ဆိုသည့် လက်တွေ့လုပ်ငန်းနှင့် တွဲနေပေသည်။ သခင်ယေရှု၏ သွန်သင်ခြင်းတွင် ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ရာ၌ မှန်ကန်သော ယုံကြည်ချက်၊ စစ်မှန်သော ခံယူချက်များအားဖြင့် ထူထောင်တတ် ရန် ကူညီလမ်းပြပေးခြင်း၊ များပါရှိသည်။ သခင်ယေရှု၏ ဟောပြောခြင်းသည် လူသားများ စိတ်မဝင်စားသေး သည့်အရာ၊ မသိသေးသည့်အရာများကို ပြောပြခြင်းပင်ဖြစ်ပါ၏။

“ဘုရားသခင် နိုင်ငံတော် တည်ထောင်ရန်” အကြောင်း ဟောပြောသွန်သင်ချက်များ၊ ဥပမာပေး ချက်များသည် တစ်ခါမျှ မကြားဘူးခဲ့သော ကြားနာသူ ပရိတ်သတ်များအတွက် ထူးဆန်းအံ့သြဘွယ်ရာများ ဖြစ်စေခဲ့သည်။ ဟောပြောမှု ရာတွင် စိတ်ဝင်စားမှုရှိစေရန် အကြောင်းအရာကို အတိုချုံး၍ “အမြန်နည်းဖြင့် ရှင်းပြရပေမည်။ သိချင်တတ်ချင်လာအောင် နိုးဆွပေးရမည်။ အကြောင်းအရာ တရပ်ကို ခြုံငုံဖော်ပြရမည်။ ဥပမာ-ခရစ်ယာန်ဘာသာ မှန်မမှန် အရေးကြီးမကြီး၊ လိုအပ်မှုရှိမရှိ၊ အမှားအမှန်ကို သေချာစွာ စဉ်းစားတတ်ရန်၊ အကြောင်းအရာ ခိုင်လုံစွာ ရှင်းပြရမည်ဖြစ်သည်။

သာသနာပြုခြင်းလုပ်ငန်း၌ အများအားဖြင့် ဟောပြောခြင်းသာများပေ ဥပမာ-သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်ကြောင်းသာ ပြောကြားကြပေ၏။ နားထောင်သူများသည်လည်း ဟောပြောခြင်းသည် ခိုင်လုံမှု ရှိ၊ မရှိကို တံ နားထောင်ရုံ နားထောင်တတ်ကြပေ၏။ ရှင်ပေါလုသည်လည်း ဒမသက်သွား လမ်းခရီး၌ ယေရှုနှင့် ကိုယ်တိုင်တွေ့ကြုံရသောအခါ၊ လေ့လာသုံးသပ်၍ သဘော ပေါက်လာပြီး၊ သခင်ယေရှုကဲ့သို သင်ကြားမှုများ၊ ကုသမှုများ ပြုလုပ်ခဲ့ပေ၏။

တစ်ခါတစ်ရံတွင် အိမ်တစ်အိမ်တွင် ညစဉ်ဆုတောင်းဝတ်ပြုကိုးကွယ်မှုကို လုပ်ရိုးလုပ်စဉ်အဖြစ်သာ ပြုခဲ့ခြင်းဖြစ်၍ လေးနက်မှုမရှိခဲ့ပေ။ ဤအချိန်တွင် မိသားစုဝင် တစ်ဦး ဆေးရုံတက်ရပါက ကျန်းမာလာစေဘို အဘဘုရားသခင်ထံ တောင်းခံ ခြင်းကို ညစဉ်ဆုတောင်း ဝတ်ပြုကိုးကွယ်ခြင်းတွင် လေးနက်စွာ ပြုလုပ် တောင်းခံ ကြခြင်းဖြင့် ယုံကြည်ခြင်း၊ အားကိုးခြင်း ဝိညာဉ်ခွန်အား ပြည့်ဝရန် ပို၍ ဖြစ်လာပေ၏။ ဤသို စိတ်ဓာတ်ပြောင်းလဲ အမြင်ပြောင်းလဲ၍ ပြုလုပ်လာခြင်း သည်ပင် လက်တွေ့သင်ကြားခြင်းကို ရရှိခဲ့ပေ၏။ ထို ကြောင့် သင်ကြားခြင်းသည် လက်တွေ့ပြုလုပ် အကောင်အထည်ဖော်နိုင်မှုအဆင့်ရောက်မှ ပြည့်စုံနိုင်မည် ဖြစ်သည်။

ခရစ်ယာန်ဓမ္မပညာကိုလည်း သင်ကြားခြင်း၌ သမ္မာကျမ်းစာထဲရှိ စာတွေ့ သီအိုရီများကို လက်တွေ့ ကျကျ ရှင်းလင်းသင်ကြားခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း၊ စဉ်းစားတွေးခေါ်ခြင်းဖြင့် သမ္မာကျမ်းစာ၏ အဓိကအချက်များကို အတွင်းကျကျ နားလည်လာမည်ဖြစ်သည်။

သမ္မာကျမ်းစာထဲရှိ ပုံဝတ္ထုများကို ရှင်းလင်းပြောပြခြင်း၊ ပါဝင်သည့် လူများ၏ စိတ်နေသဘောထားများ၊ ပြုမူကျင့်ကြံပုံများကို ဆန်းစစ်ဝေဖန်ခြင်း။ ဘုရားသခင်၏ မေတ္တာတော်နှင့် အကြံအစည်များကို ရှင်းလင်းပြော  ပြခြင်း၊ ပညတ်တော်များ၊ သခင်ယေရှု၏ တောင်ပေါ်ဒေသနာ၊ မင်္ဂလာတရားတော်များ ဥပမာ၊ ပုံပြင်များကို ခွဲခြားသိမြင်မှသာ သဘောပေါက်နားလည်ပြီး ဝိညာဉ်ခွန်အား တိုးပွား၍ ရင့်ကျက်သော ခရစ်ယာန် အသက်တာ ကို ရရှိပေမည်။

သမ္မာကျမ်းစာတော်မြတ်အတွင်းရှိ ဖန်ဆင်းခြင်း၊ လူတို၏အဖြစ်အပျက်များ၊ ဓမ္မရာဇဝင်များ၊ ပညတ်တော်များ၊ အပြစ်ပေးခြင်း၊ ပဋိညာဉ်စာချုပ်၊ ဩဝါဒ များ၊ ခရစ်တော်၏ ကယ်တင်ခြင်းတရား၊ ခရစ်တော်၏ အသက်တာ၊ ခရစ်တော်၏ ပညတ်ချက် ၊ မင်္ဂလာတရားတော်၊ တောင်ပေါ်ဒေသနာ၊ အဘဘုရား၏ မေတ္တာ၊ အကြံ အစည် တော်၊ ဗျာဒိတ်သံစသည့် စာတွေ့မှတ်တမ်းများသည် ရှေးက ယုဒ လူမျိုးတို့၏ သမိုင်းစဉ်တွင် လက်တွေ့ ပြုလုပ်ခဲ့သော အတွေ့အကြုံများ၏ ရောင်ပြန်ဟပ်မှုများပင် ဖြစ်ပေ၏။ ”

 ယုဒလူမျိုးတိုသည် မောရှေးခေတ် မတိုင်ခင်က အဲဂုတ္တုပြည်၌ ကျွန်များ ဖြစ်နေကြ၏။ ယင်းပြည်ရှိ နတ်ဘုရား များစွာကို ကိုးကွယ်ခဲ့ကြ၏။ မောရှေသည် အဘဘုရားသခင်၏ သွန်သင်စေခိုင်းချက်အရ ယုဒလူမျိုးတို့အား တစ်ဆူ တည်းသော ဘုရားသာရှိကြောင်း သွန်သင်၊ ပြောကြား၍ ယုံကြည်စေရန် ဘုရား သခင်ပေးသော တန်ခိုးနိမိတ်လက္ခ ဏာအမျိုးမျိုးကို လက်တွေ့ပြသပေးခဲ့ခြင်းဖြင့် သူတိုသည် အတွေးအ ခေါ်အယူအဆများ ပြောင်းလဲ၍ ဘုရားသခင်ကို ယုံကြည် ကိုးကွယ်ခဲ့ကြပြီး ဘုရားသခင်၏ လူမျိုးတော်အဖြစ် ရွေးကောက်ခြင်းခံခဲ့ကြရ၏။ မောရှေသည် ယုဒလူမျိုးတိုအား အတင်း အဘဘုရား ပိုဆောင်ပေးမည့် ခါနန်ပြည်သို ခေါ်ဆောင်ခဲ့ပေသည်။

တောထဲလှည့်လည်သွားစဉ် လမ်းခရီး၌ ယုဒလူမျိုးတိုသည် ဒုက္ခဆင်းရဲများ တွေ့ရ၍ စိတ်ဓာတ် အတွေးအခေါ်များ ပြောင်းလဲ၍ နွားရုပ်၊ နတ်ဘုရားရုပ်တုများ ထု၍ ပူဇော်ပသကိုးကွယ်ခဲ့ကြပြန်၏။ ဘုရားသခင်သည် မောရှေ့မှတစ်ဆင့် ပညတ်တော်ဆယ်ပါးကို ယုဒလူမျိုးတိုအတွက် သွန်သင်မိန့်မြွက်ခဲ့ရာတွင် တစ်ပါးသူတို၏ ယဉ်ကျေးမှု အတွေးအခေါ်ဖြစ်သော ရုပ်တုဆင်းတုကို မကိုးကွယ်ရန် အချက်ပါရှိခဲ့ပေသည်။ ဘုရား၏ ပညတ်တော်များကို ဖောက်ဖျက်သူများအား လက်တွေ့အပြစ်ပေးခြင်းဖြင့် ယုဒလူမျိုးတိုအား၊ တစ်ဆူ တည်းသော ဘုရားသခင် သည် အခြားဘုရားများစွာနှင့် ကွာခြားပုံကို လက်တွေ့ပြသခဲ့သည်။ ယုဒလူမျိုး များ သည် တစ်နိုင်ငံမှတစ်နိုင်ငံသို ပြောင်းနေရ၍ တစ်နိုင်ငံစီမှ ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံအသစ်များ၊ အတွေးအခေါ်အသစ်များကို သင်ကြားခံယူခဲ့ကြရသည်။

ခရစ်တော်လက်ထက်တွင် ဟောပြောခြင်း(Preaching)၊ သွန်သင်ခြင်း (Teaching)၊ အနာရောဂါ ပျောက်ကင်းစေခြင်း:(Healing)၊ တန်ခိုးနိမိတ်ပြခြင်း စသည့် လက်တွေ့ပြသမှုများနှင့်တွဲ၍ ပြုလုပ်ပြခဲ့ခြင်း ကြောင့် ဘုရားသခင်၏ မေတ္တာတော်နှင့် အကြံစည်တော်ကို ပြည့်စုံစွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

ခရစ်တော်သည် သာသနာပြုလုပ်ငန်းကိုမစခင် သူနှင့်အတူ လက်တွဲမည့် တမန်တော်(၁၂)ပါးတွင် တံငါသည်များ အပါအဝင် လူတန်းစားအမျိုးမျိုးကို သတိကြီးစွာဖြင့် ရွေးချယ်ခဲ့ရ၏။ သူတို့သည် စာပေသင် ကြားခဲ့ရခြင်း မရှိသော်လည်း လက်တွေ့ဘဝ အတွေ့အကြုံများကိုမူ ကောင်းစွာ သင်ကြားခဲ့ကြရသည်။ နောက်လိုက် တမန်တော်များအဖြစ် မည်ကဲ့သို နေထိုင်ရမည်ကို သင်ကြား ညွှန်ကြားပြသခဲ့ပေ၏။ တရားဒေသနာဟောခြင်း၊ သွန်သင်ခြင်း၊ အဘဘုရား၏ မေတ္တာတော် အကြံအစည်များကို ပြောပြခြင်း၊ အနာရောဂါများ ကင်းငြိမ်းစေခြင်း၊ တန်ခိုးနိမိတ်များပြခြင်းကို လက်တွေ့ပြုမူပြရင်း တမန်တော်များကို သင်ကြား ပေးခဲ့သည်။ နောက်ဆုံး ညစာစားပွဲ၌ တပည့်တော်များ၏ ခြေထောက်ကို ကိုယ်တိုင် ရေဖြင့် လိုက်လံဆေးပေးခြင်းဖြင့် နှိမ့်ချခြင်းသဘောတရား၊ အစေခံခြင်း သဘောတရားကို လက်တွေ့သင်ကြား ပြသခဲ့၏။

ရှင်ပြန်ထမြောက်ပြီးနောက် ကောင်းကင်သို ပြန်မကြွခင်၊ တပည့်တော် များကို သွန်သင်ညွှန်ကြား ခဲ့သောအချက်မှာ အရပ်ရပ်သိုသွား၍ အမှုတော်ဆောင်ရန်၊ လူမျိုးတကာတိုအား ဘုရားသခင်၏ မေတ္တာတော်နှင့် အကြံအစည်တော်ကို သိရှိနားလည်ပြီး အကောင်အထည်ဖော်ရန်၊ ဟောပြောသွန်သင်ခြင်းများ ပြုလုပ်ရန်နှင့် လက်တွေ့ ပြုမူနေထိုင်ရန်ဖြစ်သည်။

သခင်ယေရှု မိန့်မြွက်သကဲ့သို “အငယ်ဆုံးသောသူကို ပြုစုခြင်းသည် ငါ့ကိုပြုစုခြင်းပင်ဖြစ်သည်ဟု ဆိုရာ၌ မိဘမဲ့များ၊ မုဆိုးမများ၊ မရှိဆင်းရဲသား၊ မျက်မမြင်၊ နားမကြား၊ ဆွံအသူများ၊ အင်္ဂါချိုတဲ့သူများ၊ မကျန်းမာသူများ ကိုလည်း စေတနာဖြင့် လိုအပ်သည့်အရာများကို ဖြည့်စွက်လုပ်ကိုင်ပေးခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းခြင်း၊ ကုသခြင်းများ လုပ်ပေးခြင်းပင်ဖြစ်သည်။ မိမိတို ခရစ်ယာန်များမှတဆင့် အဘဘုရား၏ မေတ္တာတော်အကြံအစည်များကို လူများသိရှိနားလည် လက်ခံခြင်းရှိရန် လက်တွေ့ပြသခြင်းပင်ဖြစ်၏။

ထိုကြောင့် ယုံကြည်သူခရစ်ယာန်များသည် မိမိတို၏ ဘာသာတရားကို သူတစ်ပါးအား နားလည် စေလျက် ယုံကြည်လာရန် သင်ကြားရာတွင် နှုတ်ဖြင့် ဟောပြောနေ၍မပြီးပါ။ ကျမ်းစာတွင် လေ့လာရသမျှ ဓမ္မပညာအတွေ့ အကြုံများ စာတွေ့ သဘောတရားများကို မိမိကိုယ်တိုင် လက်တွေ့ ကျင့်သုံးနေထိုင်၍ ပုံသက်သေပြ သင်ကြားပါမှ သခင်ယေရှု သွန်သင်ခဲ့သော ဖြစ်စေချင်သော အဘဘုရား၏ မေတ္တာအကြံ အစည်များကို လူတိုင်းနားလည် ယုံကြည်၍ လက်ခံလာမည် ဖြစ်ပါသည်။

ဓမ္မပညာတွင် ဘုရားရှင်သည် အဓိကကျသည်။ ဘုရားအကြောင်းနှင့် သက်ဆိုင်သော ပညာရပ်များဖြစ် သည်။ ဓမ္မပညာကို ခံယူမည့်သူ၏ ဝိညာဉ်ရေးရာ ရှင်သန်နိုးကြားလာမှုသည် အရေးကြီးဆုံးဖြစ်သည်။ ဘုရားရှင်၏ အလိုတော်ကို ပိုမိုသိရှိခံစားလာတတ်ရန်ဖြစ်သည်။ ယုံကြည်သူအချင်းချင်း အသင်းတော်တွင် ၊ ဝိညာဉ်ရေးရာ တိုးတက်မှုဆိုင်ရာ အစီအစဉ်များ၌ ပါဝင်ကြခြင်းလည်း

သမ္မာကျမ်းစာတွင် ဓမ္မရေးရာ၊ ပညာရေးရာနှင့်ဆိုင်သည့် တာဝန်ကို ကြည်သူမိဘများက တာဝန်ယူကြ ရသည်။ ထာဝရဘုရားသည် တစ်ဆူ တည်းသော ဘုရားဖြစ်ကြောင်း၊ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ဖို မိဘများက တာဝန်ယူပြီး သားသမီးများအား သွန်သင် ပြသပေးရသည် (တရားဟော ၆၄-၉)။ ဘုရားသခင်ကို ယုံကြည်ကိုစားပြီး ပညတ်တော်များကို လိုက်လျှောက်ဘို မိဘဘိုး ဘေးများမှတဆင့် သားမြေး အစဉ်အဆက် လက်ဆင့်ကမ်း သင်ကြားပြသသွားကြရမည် (ဆာလံ ၇၈း၁-၈)

သမ္မာကျမ်းစာကဖော်ပြသည့် ဉာဏ်ပညာအမြော်အမြင်မှာ ကျိုးကြောင်း ဆင်ခြင်တုံဆိုင်ရာ အယူဝါဒ များအတွက်မဟုတ်ဘဲ နေ့စဉ်အသက်ရှင်ရာ လက်တွေ့ အမှုကိစ္စများနှင့် သက်ဆိုင်သည်။ ဉာဏ်ပညာ အမြော်အမြင်၏ အရင်းအမြစ်မှာ လူတို၏ တတ်ကျွမ်းခြင်းမဟုတ်ဘဲ ဘုရားသခင်အပေါ် ရိုသေလေးမြတ်၊ နာခံမှု ထားရှိခြင်းပင်ဖြစ်သည်။ ဘုရားသခင်သာလျှင် စစ်မှန်သောဉာဏ်ပညာ၏ အရင်းအမြစ်ဖြစ်ပြီး ပညာကိုရှာကြံသူများအား ပေးတော်မူသည် (သု ၁း၇၊ ၉း၁ဝ၊ ရော ၁၆း၂ရ၊ ၁ကော ၁း၃၀၊ ယာ ၁း၅-၈)။

၅။ သင်ကြားမှုဆိုင်ရာ သဘောတရား (Theory of Teaching)

 လူသားတိုင်းသည် သင်ကြားလေ့လာနေသူ၊ သင်ကြားခံယူနေသူများ ဖြစ်သကဲ့သို သင်ကြားပေးသူ၊ သင်ကြားပြသသူ ဆရာ/မများလည်း ဖြစ်ကြပေ၏။ အကြောင်းမှာ လူတိုင်းသည် လောက၌ အသက်ရှင်နေ ထိုင်မှုပြုနိုင်ရန် သင်ကြား လေ့လာမှုများပြုလုပ်ရပေမည်။ လူသားတိုင်းသည် ဘဝအကြောင်း လေ့လာ သင်ကြားနေသူ၊ သင်ကြားလိုသူများအတွက် အစဉ်သဖြင့် ပညာပေးနေသူများ သာဖြစ်သည်။

သင်ကြားခြင်းဆိုရာ၌ ညွှန်ကြားပြသခြင်း၊ ရှင်းလင်းဖော်ပြခြင်း၊ ခြင်းများရှိပေသည်။ ဤနည်းများဖြင့် အနည်းငယ်သာ သင်ကြားမှုရနိုင်သည်။ ကြားမှု၌ စောင့်ဆိုင်းနေရသလို လှုပ်ရှားရသည့်အချိန်များလည်း ရှိပေသည်။

သင်ကြားခြင်းသည် အဓိပ္ပါယ်ရှိပြီး ရည်ရွယ်ချက်ရှိသည်။ သင်ကြားမှု၏ အဓိကရည်ရွယ်ချက်မှာ သင်ကြားခံရသူသည် ရင့်ကျက်ပြည့်စုံသော အတွေ့အကြုံ များရရှိပြီး၊ ယင်းအတွေ့အကြုံများအားဖြင့် လူသားတစ်ဦးတွင် ရှိသင့်ရှိထိုက်သော အရည်အသွေး စွမ်းအားများ တိုးတက် ဖွံဖြိုးလာဖိုရန်ပင်ဖြစ်သည်။ ဆရာဖြစ်သူ၏ အလုပ်အကိုင် ကျွမ်းကျင်မှုသည် လွန်စွာအရေးကြီးလှသည်။

သင်ကြားခြင်းသည် သိပ္ပံပညာရပ်ကဲ့သို စည်းစနစ်ကျပြီး အနုပညာ လည်းဆန်လှသည်။ ဆရာတစ် ဦးအနေဖြင့် သိသင့်သိအပ်သည့် အရာများစွာရှိသည်။ မိမိသင်ကြားရမည့်ဘာသာရပ်၏ စစ်မှန်မှု၊ မှန်ကန်မှု ကိုလည်း ကောင်းစွာ သဘောပေါက် နားလည်ထားရန်လိုအပ်သည်။ သင်ကြားခြင်းသည် အရေးကြီးသော ကဏ္ဍမှ ပါဝင်လျက်ရှိသည်။

သီအိုရီယာ(Theoria)၊ လက်တွေ့(Praxis)နှင့် အကောင်အထည်ဖော်နိုင်မှု (Poiesis) တိုဖြစ်သည်။ သီအိုရီယာသည် စဉ်းစားဆင်ခြင်ခြင်းဖြင့် စူးစမ်းကာ အမှန်တရားကို ရှာဖွေခြင်းဖြစ်သည်။ သီအိုရီယာ (ဝါ) သဘောတရား ရေးဆွဲခြင်း ဆိုသည်မှာ ဘဝ၏ အခြေခံမူများကို နားလည်ခြင်းဖြင့် ဉာဏ်ပညာကို ရရှိခြင်းဖြစ်ပါ သည်။ သီအိုရီအသိပညာတစ်ခုကို ရရှိခြင်းသည် ရသူအဖို ပြည့်စုံသည့် ပျော်ရွှင်မှု တစ်ရပ်ဟုဆိုနိုင်သည်။

အရစ္စတိုတယ်က လက်တွေ့ဘဝကို ပရပ်စစ်(Praxis) ဟုခေါ်ဆိုခဲ့ပြီး ယင်းပရပ်စစ်မှာ လူ့အဖွဲအစည်း တချိုတွင် ဖြစ်ပေါ်သော တုန့်ပြန်ဆက်သွယ်မှု တစ်ရပ်ဟုဖော်ပြခဲ့သည်။ ပရပ်စစ်တွင် နှစ်ပိုင်းပါဝင်သည်။ လက်တွေ့လှုပ်ရှားမှုနှင့် ပြန်လည် တုံပြန်မှုတို့ဖြစ်သည်။ ပွိင့်စစ် (Poiesis) မှာ အကောင်အထည်ရရှိသည့် ဘဝပိုင်းဖြစ်ကြောင်း သူကဆိုပေသည်။ ဤနည်းအားဖြင့် လက်မှုပညာ၊ စွမ်းရည်နှင့် အနုပညာရပ်တစ်ခုခုကို ရရှိနိုင်ပေမည်။

ပလေတိုသည် သင်ကြားပိုချရာ၌ ဆိုကရေးတီးနည်းကို အသုံးပြုပြီး စာသင်သားများအား နှီးနှောဖ လှယ်စေခြင်း၊ အုပ်စုအလိုက် ဆွေးနွေးစေခြင်းနှင့် ပြဿနာများကို ကိုယ်တိုင် တွေးတော အဖြေရှာစေခြင်းတိုကို ပြုလုပ်ခဲ့သည်။ သူ၏ ကျောင်း၌သင်္ချာ၊ ဂျီဩမေတြီ၊ ယုတ္တိဗေဒနှင့် ဒဿနပညာတိုကို သင်ကြား ပေးပြီး နိုင်ငံရေးပညာကို အလေးထားပိုချကြသည်။

ဘရာဇီးလ်လူမျိုး ခရစ်ယာန်ဓမ္မပညာရှင် ပေါ်လီရိုဖယ်ရီ(Paulo freire) က ဖိနှိပ်ခြင်းခံရသော သူများ သွန်သင်ခြင်း (Pedagogy of the oppressed) ခေါ်သူ၏ စာအုပ်ထဲတွင် စစ်မှန်သော သွန်သင်ခြင်းသည် လူတစ်ဦး၏ တွေးခေါ်မှုကို လှုံ့ဆော်ခြင်း၊ ဆွပေးခြင်းဖြစ်သည် ဟုပြောသည်။ တစ်နည်းဆိုသော သင်ကြားခြင်း ဆိုသည်မှာ လူတစ်ဦးအား ငြိမ်သက်တိတ်ဆိတ်စွာနေရာမှ တွေးခေါ်တတ် ရန် အမြင်ဖွင့်ခြင်း ဖြစ်သည်ဟုဆို ခဲ့သည်။ စစ်မှန်သော သင်ကြားမှုသည် တဖတ်သတ် ပေးကမ်းခြင်းမဟုတ်ပါ။ လူတစ်ဦးတစ်ယောက်သည် မိမိ၏ စစ်မှန်သော အခြေအနေကို တွေ့မြင်လာပြီး ထိုအခြေအနေကို ပြောင်းလဲခြင်း ပြုလုပ်ရန် စတင်လိုက် ခြင်းဖြစ်သည်။ သူ၏ ကံကြမ္မာကို သ ဖန်တီးရာမှ သူကိုယ်တိုင် ဖန်တီးရန် စတင်လိုက်ခြင်းဖြစ်သည်။ ဘုရားသ ခင်က သူ၏ ပုံသဏ္ဌန်တော်နှင့်အညီ ဖန်ဆင်းထားသော လူသားများသည် မိမိတို၏ အရေးကို မိမိတိုက ဖန်တီးကြရမည်ဖြစ်သည်။ “

ဗြိတိသျှသမိုင်းပညာရှင်ကြီး အက်ဒွပ်ဂစ်ဗန်း(Edward Gibbon,173797)က လူတိုင်း၌ပညာ သင်ယူမှုသည် နှစ်မျိုးရှိသည်။ ပထမသည် သူတစ်ပါးက မိမိအား သင်ကြားပေးခြင်းဖြစ်သည်။ နောက်တစ် မျိုးကမူ မိမိက သူတစ်ပါးကို သင်ကြားပေးခြင်းဖြစ်သည် ဟုဆိုသည်။ သူတစ်ပါးထံမှ သင်ယူခြင်းလုပ်ငန်းကို လူတိုင်း ငယ်စဉ်ကတည်းက ပြုလုပ်ခဲ့ကြသည်။ ကျောင်း၌ အတတ်ပညာတိုကို သိကျွမ်းနားလည်အောင် သင်ယူရသည်။ ကျောင်းမနေသော်လည်း လုပ်ငန်းခွင် တစ်ခုခုမှာ လုပ်ငန်းတတ်ကျွမ်းသူ ဆရာထံမှ လုပ်ပုံ လုပ်နည်းကို သင်ယူရသည်။ ထိုသိုသင်ယူနေစဉ် မိမိပင်ကိုယ်ဉာဏ်ဖြင့် ထိုးထွင်း၍သိမြင်အောင် တတ်ကျွမ်း အောင် လုပ်ယူရသည်။

သင်ကြားလေ့လာမှုအဆင့်ဆင့်တွင် သင်ကြားခံယူသူမှာ ပထမ အရေးကြီးဆုံးဖြစ်၏။ သင်ကြားပေးသူ သည် ဒုတိယလူဖြစ်သည်။ သင်ကြားရာ၌ ဦးတည်ချက်ရှိရပေမည်။ သင်ကြားပေးသူဆရာသည် သင်ကြားခံ ရသူ၏ လိုအပ်ချက်များကိုသိ၍ သင်ကြားပေးနိုင်သူဖြစ်ရမည်။

သင်ကြားပေးသူဆရာသည် အရာရာကို တတ်သိလေ့လာထားသည့် ရှင်ဖြစ်ရပေမည်။ စာတွေ့ လက်တွေ့နှစ်မျိုးလုံး၌ အတွေ့အကြုံပြည့်ဝသူ၊ လေ့လာမှုရှီထားသူဖြစ်ရမည်။ ဆရာသည် တပည့်များထက် ပို၍တတ်သိ ထားရမည် အရာရာကိုလေ့ကျင့် လေ့လာမှုများ ပြုလုပ်ထားရမည်။ ဆရာသည် တိကျပြတ်သား၊ မှန်ကန်စွာ ဆုံးဖြတ်နိုင်သူဖြစ်ရမည်။ သို့သော် တပည့်နှင့်ဆရာ ရင်းနှိးစွာဆက်ဆံမှုကြောင့် တိကျပြတ်သားစွာ ပြုလုပ်ရမည့်အချိန်တွင် ခက်ခဲမူများ တွေ့ရတတ်သည်။

ဤကဲ့သို စာတွေ့နှင့် လက်တွေ့သင်ကြားပေးခြင်းမှ ရရှိလာသော ပြည့်ဝစုံလင်သည့် ခရစ်ယာန်အ သက်တာကို ပတ်ဝန်းကျင်ရှိ လူများတွေ့ရှိ၍ လေ့လာသင်ကြားသောအခါ သန့်ရှင်းသော ဝိညာဉ်တော်၏ ထိတွေ့သင်ကြား ပေးမှုကြောင့် ဘုရား၏ မေတ္တာ၊ အကြံအစည်တော်ကို တစ်နေ့တစ်ခြား သိ နားလည်လာပြီး ယုံကြည်ခြင်း ဖြစ်လာမှု အကောင်အထည်ကို ရရှိနိုင်ပေမည်။ လက်တွေ့ ဝါဒ(Pragmatism) သဘောတရားကို အမေရိကန်လူမျိုး ဓမ္မနှင့် စိတ်ပညာပါရဂူ ဝီလီယံနာဂျိမ်းက အေဒီ ၁၉ရာစုအထိ ဖော်ထုတ်ခဲ့ပေ၏။ အတွေ့အကြုံသည် စာတွေ့အရင်ဖြစ်နှင့်ပြီး စာတွေ့သည် အတွေ့အကြုံ၏ ရောင်ပြန်ဟပ်မှုသာဖြစ်သည်။ ၎င်းတို၏ မှန်ကန်မှုကို လက်တွေ့ အသုံးချနိုင်မှု ဖြင့်သာ ဖော်ပြခဲ့သည်။ ၎င်းအယူအဆကို ဂျွန်ဒူဝီ(John Dewey) ကပညာရေး သီအိုရီနှင့် စပ်လျဉ်း၍ လက်ခံကျင့်သုံးခဲ့၏။ ဤနည်းကို အသုံးချခံ ကိရိယာစနစ် ဟုခေါ်သည်။ လုပ်ကိုင်ဆောင်ရွက်မှုတိုမှာ အဖြေ၏ အသုံးခံမှုသာဖြစ်ပြီး အကျိုး သက်ရောက်မှုဖြင့်သာ ဝေဖန်ဆန်းစစ် နိုင်ပေသည်။

ယနေ့ခေတ်တွင် ပတ်ဝန်းကျင် လူ့လောကကြီးထဲ၌ ကလေး၊ လူရွယ်၊ လူကြီးများကို မကောင်းမှု၊ အနှောက်အယှက်များ လွှမ်းမိုးနေသည်ကိုတွေ့ရ၏ (ဥပမာ- မူယစ်ဆေးဝါးများ သုံးစွဲခြင်း၊ ပြစ်မှုများ ကျူးလွန်ခြင်း)။ ထိုကြောင့် ပတ်ဝန်းကျင်ရှိ သက်ရှင်နေထိုင်သောလူများကြား၌ ဝိညာဉ်ခွန်အား ပြည့်ဝလျက် ကောင်းသော အသက်ရှင်ခြင်းနှင့် ပြည့်ဝစုံလင်ပြီး ရင့်ကျက်သော ခရစ်ယာန်များ အဖြစ် နေထိုင်နိုင်ရန် ဓမ္မဆရာများသည် အသက်အရွယ်အလိုက် ကျမ်းစာတွင် ပါရှိသည့် အကြောင်းအရာများကို ခွဲခြမ်းစိတ်ဖြာ၍ သွန်သင်၊ ဟောပြော ညွှန်ကြားလမ်းပြပေးခြင်းဖြင့် လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်ရမည် ဖြစ်သည်။ အသင်းတော်ကျောင်း၊ လူငယ်အစည်းအဝေး၊ မိန်းမအစည်းအဝေး၊ အသင်းတော် ဝတ်ပြုကိုး ကွယ်ခြင်း အစည်းအဝေးများ၌ လက်တွေ့ ဟောပြော သင်ကြားပေးရမည်ဖြစ်သည်။

စကောလာစတစ်(Scholastic) တွေးခေါ်မြော်မြင်ခြင်းသည် ဘဝ၏ လုပ်ဆောင်မှု ဟုခေါ်ဆိုသည့် အသိတရား အမှန်ကိုပေး၏။ လက်တွေ့ဘဝ ဆိုသည်မှာ ထင်မြင်ချက်ကို ပြုလုပ်နိုင်သည့်အတွေ့အကြုံများ ကိုသာ ပေးပါသည်။ ။ ထိုကြောင့် သိရှိနားလည်ဘို့အတွက် သီအိုရီမှ လက်တွေ့ သို့ သွားခြင်းက အကောင်းဆုံး ဖြစ်ပါသည်

ဤအယူအဆကြောင့် ဓမ္မပညာတွင် သီဩလော်ဂျီပညာနှင့် ပညာရေးကို သီးတစ်ခြားထားရှိပါသည်။ သီဩလော်ဂျီသည် လက်တွေ့ သင် ယာရှင်များမှတဆင့် အခြားသူများကို ပံ့ပိုးနိုင်ရန် သင်ကြားပေးသည်ဟု ယူဆကြသည်။ ဘာသာတရားကို နှုတ်ကပတ်တော်၊ သီဩလော်ဂျီနှင့် သမိုင်း ကြောင်းများကို နှုတ်ဖြင့် ပိုချခြင်း ဖြင့်လည်းကောင်း၊ အခြားသော သင်ကြားမှုဆိုင်ရာ ဂစ်များကို တည်ထွင်ကြံဆခြင်းအားဖြင့် မျိုးဆက်သစ်များ ကို ဆက်လက် အားပေးရမည်ဖြစ်သည်။ သင်ကြားထားသည့် အကြောင်းအရာများကို အခြေအနေ အမျိုးမျိုး တွင် ပြန်လည် အသုံးပြုတတ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ အတွေးအခေါ်အယူအဆ ပြောင်းလဲသွားလျှင် လုပ်ကိုင်ပုံများလည်း ပြောင်းလဲသွား တတ်ပေသည်။

သင်ကြားခြင်းသည် သင်ကြားမှုဆိုင်ရာ ဝန်းကျင်အခြေအနေပေါ် မူတည်နေသည်။ ယဉ်ကျေးမှု၊ အတွေးအခေါ်၊ လက်ရှိတိုင်းပြည်အနေအထား၊ သင်ကြားသူနှင့် သင်ကြားခံရယူသူ၏ နောက်ခံသမိုင်း၊ ဘာသာစကားပြောင်းလဲမှု၊ အတွေ့အကြုံ ကွာခြားမှုများအပေါ်မူတည်၍ သင်ကြားပေးမှုနှင့် သင်ကြားခံယူမှု ဆိုင်ရာများ ပြောင်းလဲသွားသည်။ အလယ်ခေတ်၌မူ လက်တင်ဘာသာဖြင့် ရေးထားသော ကျမ်းစာတော်မြတ်ကို ဘုန်းတော်ကြီးများကသာ ဖတ်ခွင့်ရကြပြီး၊ သူတိုဖတ်ပြသလောက်ကိုပဲ သာမန်လူများအနေဖြင့် နားထောင်ကြ ရပြီး ဝိညာဉ် ခွန်အားယူခဲ့ကြရသည်။ သူတိုပြောသလိုလုပ်မှသာ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရမည့်အ ကြောင်း သင်ကြားပေးခဲ့ကြသည်။ နောင်တွင် လူတိုင်းကျမ်းစာကို ဖတ်ခွင့်လေ့လာခွင့်ရရှိသည့်အခါ ယေရှုခ ရစ်ကို ယုံကြည်သူတိုင်း ဘုရားသခင်ထံမှ ကယ်တင်ခြင်းတရားကို တိုက်ရိုက်ရရှိနိုင်ကြောင်း သိရှိနားလည် လာရပေ၏။

တိုင်းပြည်တစ်ပြည် တိုးတက်လာဖိုရန်အတွက် ပညာရေးစနစ်သည် အမကကျသည်။ ခေတ်အခြေ အနေအပေါ်မူတည်၍ လက်တွေ့ကျကျ သင်ကြား ပေးကြရသည်။ သင်ကြားရာတွင် သင်ကြားပေးသူနှင့် သင်ကြားခံရသူ နှစ်ဦး စလုံးသည် တိုင်းပြည်၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတိုကို သိရှိနားလည်ထားရန် လိုအပ်ပေသည်။ မြန်မာပြည်၌ ဓမ္မပညာကို သင်ကြားပေးရာတွင် နိုင်ငံခြားမှ သာသနာပြုများရေးထားခဲ့သော စာပေကျမ်းစာများကို မှီငြမ်းပြီးမှသာ သင်ကြားနေရဆဲဖြစ်သည်။

သမ္မာကျမ်းစာကို သင်ကြားပေးမည့်ဆရာ၏ နောက်ခံသမိုင်းနှင့် ခေတ် အချိန်ကာလသည် အရေးကြီးပေသည်။ သင်ကြားခံရသူလည်း အရေးကြီးနေသည်။ သင်ကြားပေးသူသည် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးတွင် ခိုင်လုံသည့်အတွေ့အကြုံ အထောက်အထားများရှိနေမှသာ ဘုရားအကြောင်း သင်ကြားခံရသူ၏ ပြဿနာကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ သမ္မာကျမ်းစာကို သင်ကြားလေ့လာ၍ တတ်သိ ထားခြင်းဖြင့် ဝိညာဉ်ရေးရာ၌ ခွန်အားပြည့်နေပြီး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကိစ္စများ၌ ကြုံတွေ့နေရသော အခက်အခဲ များကို တည်ငြိမ်စွာဖြင့် လက်တွေ့ ဖြေရှင်းနိုင်ပေမည်။ ထိုကြောင့်၊ သင်ကြားခြင်းသီအိုရီနှင့် လက်တွေ့ သီအိုရီ နှစ်ခုလုံး ပြုလုပ်ပေါင်းစည်းပြီးမှသာ အခက်အခဲများကို ဖြေရှင်းနိုင်ခြင်းနှင့် အကောင်အထည်ဖော်မှုများ ကိုပြုလုပ်နိုင်ပေမည်။

စာတွေ့ (Theory) အပေါ်လက်တွေ့အကျိုးသက်ရောက်မှုကိုကြည့်ပါက ပညာရေးဆိုင်ရာလက်တွေ့ ဆောင်ရွက်မှုက စာတွေ့သမားများအတွက် အချက် အလက်များကို ပံ့ပိုးပါသည်။ စာသင်ကြားခြင်း သီအိုရီ၏ အဓိကကျသော လုပ်ငန်းဖြစ်သည့် ခွဲခြမ်းစိတ်ဖြာခြင်း၊ တန်ဘိုးကို စိစစ်မှုနှင့် သမူဟပြုမှုတိုကို လက်တွေ့ကျင့် သုံးမှုက ပံ့ပိုးပေးပါသည်။

ထိုကြောင့် ဓမ္မပညာရပ်ပိုင်းတွင် လက်တွေ့နှင့် သီအိုရီနှစ်ရပ်စလုံးကို သင်ရိုးညွှန်းတမ်းများ၊ အစီအ စဉ်များတွင် ထည့်သွင်းရေးဆွဲရန် လိုအပ်ပါသည်။ ဤနည်းဖြင့် ရည်မှန်းချက်များနှင့် ယူဆချက်များကို ရယူနိုင် ပေမည်။ သီအိုရီ များကို လက်တွေ့စမ်းသပ်ရန် လိုပါသည်။ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေ သူများအနေဖြင့် သီအိုရီရေးဆွဲသူများထံမှ ညွှန်ကြားမှုများကို ခံယူရန် လိုအပ်သကဲ့သို သီအိုရီရေးဆွဲသူ များကလည်း လက်တွေ့ ဆောင်ရွက်နေသူများ၏ ရှုဒေါင့်ကိုလည်း ကြည့်သင့်ပါသည်။ ဤသိုအားဖြင့် သင်ကြားခံသူများအနေဖြင့် အသစ်သောဆက်စပ်မှု သဘောတရားကို ရရှိစေပါသည်။

ပညာရေးတွင် သီအိုရီများကို လက်တွေ့မပါဘဲ သင်ကြားခြင်းသည် ကျိုးကြောင်းမ သက်ဆိုင်သည့် သဘော ဖြစ်နိုင်သကဲ့သို သီအိုရီမပါဘဲ လက်တွေ့ ဆောင်ရွက်မှုကလည်း ပြည့်စုံနိုင်မည် မဟုတ်ချေ။

ထိုကြောင့် ယုံကြည်သူ ခရစ်ယာန်များအနေဖြင့်လည်း ဓမ္မဆရာများ ကသာ သွန်သင်နိုင်သူ၊ သင်ကြားနိုင်သူ မဖြစ်စေဘဲ၊ ယုံကြည်သူခရစ်ယာန်တိုင်းက ကိုယ်တိုင် နှုတ်ကပတ်ကျမ်းစာကို လေ့လာသင် ကြားပြီး၊ နှုတ်ကပတ်တော်ထဲရှိ အကြောင်းအရာများ၊ ပညတ်တော်များ၊ ခရစ်တော်၏ ဒေသနာတရားတော်။ ဧဝံဂေလိ ကယ်တင်ခြင်းတရား၊ မင်္ဂလာတရားတော်များကို ခွဲခြမ်းစိတ်ဖြာ၍ တိကျစွာ နားလည်သဘောပေါက် သည်အထိ လေ့လာ၍ လိုက်နာပြုကျင့်ရပေမည်။

ကျောင်းများ၊ ဆေးရုံများ၊ ရုံးဌာနများ၊ လူမှုရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသော ယုံကြည်သူများ သည် မိမိတို့၏ သက်ဆိုင်ရာဌာန ဝန်းကျင်များ၌ နှုတ်ကပတ်တော်ထဲမှ သင်ကြားတတ်သိခဲ့ရ အချက်များ အတိုင်း လိုက်နာကျင့်သုံးနေထိုင်ပြုမူ၍ လက်တွေ့ပြသခြင်းဖြင့် ခရစ်ယာန်တို့၏ ရင့်ကျက်သော အသက်တာကို လည်းကောင်း၊ အဖဘုရား၏ မေတ္တာအလင်းတော်ကို ဝန်းကျင်ရှိ လူများအား သိမြင်လာစေမည်ဖြစ်သည်။ ဥပမာ-ဆေးရုံတွင် တာဝန်ထမ်းဆောင်သော ဆရာမသည် မိမိ ကြည့်ရှုပြုစုပေးရသော လူနာများအား၊ သခင်ယေရှုကဲ့သိုပင် မေတ္တာဖြင့် စိတ်ရှည်သည်းခံပြီး ပြုစုကုသပေးခြင်းဖြင့် လည်းကောင်း၊ ဆုတောင်းပေးခြင်း ဖြင့်လည်းကောင်း၊ လိုအပ်နေသော အရာများကို ဖြည့်စွက်ပေးခြင်းဖြင့်လည်းကောင်း၊ ပြုမူလုပ်ကိုင် အသက် ရှင်ပြခြင်းဖြင့် ခရစ်ယာန် ဆိုသည်မှာ မေတ္တာပြည့်ဝပြီး၊ စိတ်ရှည်၊ သည်းခံခြင်းဖြင့် အစေခံနိုင်ကြသော လူများဖြစ်ကြောင်းကို ပတ်ဝန်းကျင်ရှိလူများသည် ခရစ်ယာန်များမှတဆင့် ဘုရားသခင်၏ မေတ္တာတော်၊ အကြံအစည်ကို လက်တွေ့ သိမြင်လာနိုင်ပါသည်။

 

၆။ ပညာရေးနှင့် အတွေ့အကြုံ (Education and Experience)

အတွေ့အကြုံအပေါ် အခြေခံ၍ လေ့လာမှုပြုနိုင်သည်။ အတွေ့အကြုံ သည်သာ ဆရာတစ်ဦးဖြစ်သည်။ ပင်ကိုယ် အသက်ရှင်မှုဆိုင်ရာ အတွေ့အကြုံ များသည် လေ့လာမှုအတွက် အထောက်အမဖြစ်နိုင်သည်။ မိမိ အတွေ့အကြုံ အပေါ် အခြေခံ၍ သင်ကြားပြသမှုသည်လည်း ထိရောက်သော သင်ကြားမှု တစ်ခုဖြစ်ပါသည်။ သင်ကြားပြသည့် သင်ခန်းစာနှင့် သင်ကြားပြသသူ၏ အတွေ့အကြုံတို တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိရန်လိုအပ် ပါသည်။ ဖရိုဘယ်၏ ပညာရေးဆိုင်ရာ ဦးတည်ချက်တွင် တီထွင်ကြံဆမှုဆိုင်ရာ အတွေ့အကြုံ အမျိုးမျိုး အပေါ် အခြေခံ၍ အလယ်တန်းကျောင်းတွင်ရှိ ကလေးများကို သင်ကြားပြသ နေကြသည်။ ပီယာဂျေး၏ သီအိုရီတွင်လည်း သင်္ချာသင်ကြားမှုပြုရာတွင် တီထွင်ကြံဆမူ အတွေ့အကြုံများကို ကလေးများ ကိုယ်တိုင်ပြု လုပ်ခြင်းဖြင့် ပညာ သင်ကြားရေးတွင် ထူးခြားစွာ တတ်မြောက်မှုများကို တွေ့ရသည်။ နှုတ်တိုက်ပြော၍ သင်ကြားခြင်းနှင့် စိတ်ကူး ယဥ်ဆန်စွာ သင်ကြားသည်ထက် မျက်မြင်အရ သချာ် နံပါတ်စဥ်များကို လက်တွေ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်ကိုင်စေခြင်းဖြင့် ဆိုလိုရင်း အချက်အလက်နှင့် အသိတရားများကို ပိုင်ဆိုင်ရယူနိုင်သည်။

ကလေးများ၏ လိုအပ်ချက်အပေါ်တွင် အခြေခံပြီး အတွေ့အကြုံကို ဗဟိုပြု သင်ကြားမှုပြုခြင်းသည် သာ မှန်ကန်သော သင်ကြားမှုဖြစ်နိုင်သည်။ ဤသင်ကြားမှုမှာ မူလတန်း၊ အလယ်တန်းအရွယ် ကလေးများ အပြင် အထက်တန်း ကျောင်းသူ၊ ကျောင်းသားများအထိ သင်ကြားပြသမှု ပြုလာတော့ စနစ်ဖြင့် ချဉ်းကပ် သင်ကြားမှုပြုသည်ထက် သင်ကြား ခံယူသည့် ကျောင်းသားများ၏ အတွေ့အကြုံများအပေါ် အခြေခံပြီး၊ သင်ကြားပေး မည့်ဘာသာရပ်များကို ချင့်ချိန်ရေးဆွဲ သင်ကြားပေးသင့်သည်။ အကဲဒမစ် ပညာရေးဟူသည် လူ၏ အသိတရားပိုင်းဆိုင်ရာ ဖွံဖြိုးမှုအတွက် သင်ကြားပေးခြင်း ဖြစ်ပြီး၊ အတွေ့အကြုံဆိုင်ရာ ဖွံဖြိုးမှုအတွက် အားနည်းနေပြန်သည်။

ဘာသာစကားဆိုင်ရာ သဒ္ဒါသင်ကြားသည့် ကျောင်းများတွင်ပင် သိပ္ပံနည်းကျ လက်တွေ့စမ်းသပ် ပြုလုပ်ခန်းထဲတွင် ကိုယ်တိုင်ရိုက်နှိပ်၊ မြင်တွေ့ ပြောဆိုခြင်း၊ အတွေ့အကြုံများဖြင့် ပို၍ထိရောက်စွာ နားလည်သဘောပေါက် နိုင်သည်။ ဒုတိယကမ္ဘာစစ်တွင် စစ်သားသစ်များကို သိမ်းသွင်းပြီး၊ ပညာရပ်များကို မြန်ဆန်ထိရောက်စွာ ပေးနိုင်ခဲ့သည်။ အဖွဲငယ်များခွဲပြီး၊ လက်နက်ကိရိယာများ ကိုင်တွယ်နည်း၊ ပစ်နည်းများနှင့် အခြားစစ်ဗျူဟာများကို လက်တွေ့ကျကျ လုပ်ကိုင်၊ သင်ယူကြရသည်။ စစ်မြေပြင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအပေါ် အခြေခံ၍ သင်ကြားမှုများကို ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ပရောဖက်ဆာ ဂျဲစောတီအီး၏ အဆိုအရ မိမိသည် တက္ကသိုလ် ကျောင်းသားများအတွက် သင်ကြားပေးနေသည့် ဆရာတစ်ဦးသာမဟုတ်၊ သာမန် လူတန်းစားများအတွက် အသိပညာပေးနိုင်သည့် မိတ်ဆွေတစ်ဦးလည်းဖြစ်ကြောင်း ၊ ပြောဆိုထားသည်။ ဆင်ခြင်တုံအားဖြင့် စဉ်းစားတွေးခေါ်နိုင်မှုသည် စာအုပ် စာတမ်းများမှ ထွက်ပေါ်လာခြင်းထက် ဘဝအတွေ့အကြုံများ၊ ဘဝသင်ခန်းစာများ အားဖြင့် မှန်ကန်စွာ ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။ အတွေ့အကြုံအပေါ် ဗဟိုပြု သင်ကြားခြင်းနှင့် သင်ကြားခံယူခြင်းများ ပြုလုပ်နိုင်သည်။

စိတ်ပညာ၏ ညွှန်ပြချက်အရ၊ ပုဂ္ဂလိကဆိုင်ရာ ကိုယ်ရည်ကိုယ်သွေး များတွင်၊ ပင်ကိုယ်စွမ်းရည်များ၊ စဉ်းစားတွေးခေါ်မှုများ၊ ခံစားချက်များနှင့် လိုအင်ဆန္ဒတိုသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်မှုရှိနေကြသည်။ ဤပင်ကိုယ်ဆိုင်ရာ အရည်အသွေးများသည် ဝန်းကျင်နှင့် ဆက်နွယ်မှုရှိပြန်သည်။ မိမိအသက်ရှင် တွေ့ကြုံခံ စားခဲ့ရသည့် အိမ်ထောင်မိသားစုများ၊ မိတ်ဆွေများနှင့် လုပ်ငန်းပိုင်းဆိုင်ရာ အဖွဲအစည်းများအတွင်းမှ အဖွဲ့ ဝင်အဖြစ် တွေ့ကြုံမှုများလည်း လွှမ်းမိုးနေတတ်သည်။ လေ့လာသင်ကြားမှု အရည်အသွေးများအပေါ်တွင် သင်ကြားမှုဆိုင်ရာ တိုးတက်မှုအဆင့်ဆင့်တွင်လည်း ဤပုဂ္ဂလိက သားများအပေါ်တွင်လည်းကောင်း၊ ဝန်းကျင်နှင့် ဆက်သွယ်မှုကြောင့် သည့် အတွေ့အကြုံများအပေါ်၌ အခြေခံနေခြင်းဖြစ်သည်။

ပညာသင်ကြားမှုဆိုင်ရာ ဖွံဖြိုးမှုအဆင့်ဆင့်တွင်လည်း လူတစ်ဦး၏ ဂလိကအသိဉာဏ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုအတွက်သာမက ခံစားချက်များနှင့် လိုအင်ဆန္ဒများ ဖွံဖြိုးတိုးတက်လာစေရေးအတွက်လည်းပါရှိသည်။ ငယ်ရွယ်စဉ် ကလေး ကတည်းက အိမ်ထောင်မိသားစုတွင်း၌ ပေါင်းသင်းဆက်ဆံ နေထိုင် ရသည် အတွေ့အကြုံများသည် ကြီးပြင်းလာသည့်အခါ လူမှုရေးရာနယ်ပယ်တွင် များစွာ အကျိုးသက်ရောက်နိုင် သည့်အပြင် မသိစိတ်မှ များစွာပေါ်ထွက်လာနိုင်မှုရှိကြောင်း တွေ့ရသည်။

လူအများနှင့် ဆက်သွယ်ဆက်ဆံနိုင်ရန် ဘုရားရှင်ကိုယ်တိုင် မိမိကိုယ်မိမိ ရွေးချယ်တော်မူသည်။ ခရစ်ယာန်ဓမ္မပညာသည် ဘုရားသခင်၏ အမှန်တရား များကိုသာ လေ့လာခြင်းမဟုတ်၊ ထိုအမှန်တရား၊ သစ္စာတရားနှင့် ဆက်သွယ် ဆက်ဆံနိုင်ရန်အတွက်လည်း စပ်ဆိုင်နေသည်။ အမှန်တရား၊ သစ္စာတရားကို လူကရှာဖွေ၍ ထိုအတိုင်း ပြုမူကြံစည် ကြိုးစားလိုက်လျှောက်သည်ထက် အမှန်တရား၊ သစ္စာတရားဖြစ်သော ဘုရားကိုယ်တော်တိုင်နှင့် လူသားတို ဆက်ဆံ ဆက်သွယ်ပြီး အတုံအပြန် တွေ့ကြုံခံစားနေကြရခြင်းသည်ပင် ခရစ်ယာန် ဓမ္မပညာ၏ အနှစ်သာရတစ်ခုဖြစ်သည်။ ဘဝ၏ အခြေအနေရပ်အသီးသီးထဲတွင် လည်းကောင်း၊ အတွေ့အကြုံ အမျိုးမျိုးထဲတွင်လည်းကောင်း၊ ဘုရားနှင့်လူ ဆက်သွယ်နေကြခြင်းပင်ဖြစ်သည်။

ရှေးဘိုးဘေးတိုသည် နက်နဲသော ယုံကြည်ခြင်းနှင့် ဗျာဒိတ်ရူပါရုံများ ရှိကြသည်။ မိမိတိုနှင့်တစ်ခေတ်ထဲ အသက်ရှင်သူများ၏ လှောင်ပြောင်ရယ်မောခြင်း ခရလောက်အောင် ယုံကြည်ခြင်းခိုင်မာလှသည်။ ယဉ်ကျေးမှု မမြင့်မားသေးသည့် လူမှုအဖွဲအစည်း တစ်ရပ်လုံး လက်ခံနိုင်လောက်သည့် ယုံကြည်ခြင်းအဆင့်သို ရောက်ရှိလာသည့်တိုင် အာဗြဟံသည် ကြိုးစားသင်ပြလမ်းပြခဲ့သည်။ ထာဝရဘုရား သတိုင်က အာဗြဟံအား မိမိစေလွှတ်သည့်ပြည်သို သွားခိုင်းသည်။ ထိုပြည်မှ လူမျိုးကြီးတစ်မျိုးအဖြစ် မြှင့်တင်ပေးမည်။ ကမ္ဘာမြေကြီးအပေါ်တွင် ရှိကြသည့် မိသားစုအိမ်ထောင်တိုင်း မိမိတို့အားချီးမွမ်းထောပနာ ပြုကြလိမ့်မည်ဟု ကြိုတင် မိန့်မြွက်ခဲ့သည်။ အတွေးအခေါ်တစ်ရပ်သည် အခြားသော အတွေးအခေါ်များနှင့် ဆက်စပ်မှုရှိသကဲ့သို အတွေ့အကြုံ တစ်ရပ်သည်လည်း အခြားသော အတွေ့အကြုံများအပေါ်မှ မှီတွယ်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ အကျိုးအကြောင်း ဆက်စပ်မှုသည် အပြန်အလှန် ဒွန်တွဲလျက်ရှိနေပေသည်။ အသိပညာတစ်ရပ်ကို လက်တွေ့ကျကျ နားလည် သဘောပေါက်နိုင်မှုအတွက် အသိဉာဏ်ရှိ အပြန်အလှန် ဆွေးနွေးခြင်းကို အထူးပြုလုပ်သင့်သည်။

အတွေ့အကြုံအားဖြင့် အခြေခံသည့် ပညာရေးစနစ်သည် ကျယ်ပြန့်ပြီး စည်းစနစ်မကျနိုင်ချေ။ လူ၏ခံစားမှုအပေါ် မူတည်နေသည်။ အတွေ့အကြုံတိုင်း သည်လည်း ပညာရေးမဖြစ်နိုင်ချေ။ အဆိုးအကောင်း အတွေ့အကြုံ မည်မျှရှိရှိ ထိုအထဲမှ သင်ခန်းစာယူ ဖြစ်ချင်မှလည်း ယူတတ်ကြပေမည်။ အတွေ့အကြုံ ကောင်းနှင့် အတွေ့အကြုံဆိုးသည် လူများအပေါ် ဖြားယောင်းသွေးဆောင်နေသည့် ဖြစ်စဉ်ကြီးနှစ်ခုဖြစ်နေသည်။ အကောင်းအဆိုးကို ခွဲခြားရွေးချယ်ပြီး လုပ်ဆောင် ဖိုရန်မှာ လူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်အခွင့်အရေး တစ်ရပ်ဖြစ်သည်။ အကောင်းကို အဆိုးထင်၊ အဆိုးကို အကောင်းထင်တတ်သည့် လူတစ်ဦးအတွက် ဆင်ခြင် စဉ်းစားနိုင်သည့် အသိတရားရှိမှုနှင့် စိတ်ခံစားချက်ကို စနစ်တကျ ခွဲခြား မရွေးချယ်နိုင်သည့် အနေအထား မျိုးဖြစ်နေတတ်သည်။

အတွေ့အကြုံသည် အကောင်းဆုံးသော ဆရာသမားတစ်ဦးဖြစ်သလို ဉ်းစားဆင်ခြင်ဉာဏ် မရှိသူတို၏ ကျောင်းလည်း ဖြစ်နိုင်သည်ဟု ဆိုရိုးစကား ရှိခဲ့သည်။ အတွေ့အကြုံတစ်ခုတည်းနှင့် ပညာရေးသည် မလုံ လောက်နိုင်ချေ။ ခရစ်ယာန်ပညာရှင်တို၏ အမြင်အရ လူတစ်ဦး၏ အတွေ့အကြုံ အဆိုးအကောင်း သည် အခြားသူတစ်ဦးအတွက် အကောင်းအဆိုး ရွေးချယ်ရာတွင် ညွှန်ကြားပြသ ပေးနိုင်သည်။ ကိုယ့်အရှုံးသည် သူတစ်ပါးအတွက် အမြတ်ဖြစ်သွားနိုင်သေးသည်။

လက်တွေ့ကျသည့်အသိဉာဏ်ပညာသည်သာအသုံးဝင်သည်။ ထိုပညာ သည် ရုတ်တရက်ပေါ် ပေါက်လာသည့် အခြေအနေအရပ်ရပ်ကို ပညာဉာဏ်ဖြင့် သတိရှိစွာ ဖြေရှင်းတတ်ဘို ကူညီပေးသည်။ ဉာဏ်ပညာကို ချစ်မြတ်နိုးသူသည် တစ်ဆင့်ပြီးတစ်ဆင့် မြင့်မားသည့် အသိဉာဏ်ပညာကို ရှာဖွေနေဆဲ ဖြစ်သည်။ ရှာရင်းနှင့်ပင် တဖြေးဖြေး ထူးဆန်းအံ့သြဘွယ်ဖြစ်ရပ်များကို သိမြင်ခံစားနေရခြင်း ပင်ဖြစ်သည်။ ဘဝ၏ အမြင့်မားဆုံးသော ထူးဆန်းအံ့သြဘွယ်ရာ ဖြစ်ရပ်ဆန်းများကို တွေ့မြင်ခံစားရသူတစ်ဦးအနေဖြင့် စိတ်၏ ငြိမ်သက်မှုကို ရရှိလာနိုင်မည်ဖြစ် သည်။ အသိဉာဏ်ဖြင့် ဆင်ခြင်စဉ်းစား ဆုံးဖြတ်မှုအားဖြင့်သာ မိမိစိတ်ကို ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။ ဘုရားနှင့်ဆိုင်သည့် စကားအရဆိုလျှင် အရာ ခပ်သိမ်း ခရစ်တော် အားဖြင့် ငြိမ်သက်မှုရရှိလာခြင်းဖြစ်သည်။

ထိုးထွင်းသိနိုင်သည့် ဉာဏ်ပညာဟူသည် ဘဝ၏ အတွေ့အကြုံနှင့် အသိဉာဏ်ပညာနှစ်ခု ပူးပေါင်းခြင်းအားဖြင့် ရရှိလာသည့် အစွမ်းသတ္တိတစ်ရပ်ပင်ဖြစ်သည်။ ထိုဉာဏ်ပညာသည် သာမန်အသိပညာ တစ်ရပ်ကို ဆည်းပူးမှုထက် ပို၍အရေးကြီးပြီး တန်ဘိုးရှိသည်။ မသိသေးသောအရာကို သိအောင်လုပ် သည်ထက် သိပြီးသား၊ ရှိပြီးသား အသိဉာဏ်ပိုင်းဆိုင်ရာကို ဆီလျော်စွာ ပြန်လည် ဖော်ထုတ် အသုံးချနိုင် မှုပင်ဖြစ်သည်။ အသိပညာ အချက်အလက်များကို ဦးနှောက်မှ အလွတ်ကျက်မှတ်ထားနိုင်မှုထက် ပို၍တန်ဘိုးရှိပေသည်။ စကားလုံးများကိုသာ အလတ်ရွတ်ပြီး ကျက်မှတ်ထားနိုင်မည်ဖြစ်ပြီး ထိုကျက် မှတ်ထားသည် စကားလုံး တစ်လုံးစီ၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်မှု မရှိပါက အချည်းနှီးသက် သက်ပင် ဖြစ်လိမ့်မည်။ အကြောင်းအရာ အချက်အလက်ထက် အဓိပ္ပါယ်အနှစ်သာရကို သိရှိပြီးသဘောပေါက် နားလည်နိုင်ခြင်းသည်သာ အရေးအကြီးဆုံးဖြစ်သည်။

ကျွန်ုပ်တို ရှာဖွေလေ့လာနေသည့် အသိပညာတစ်ရပ်၊ အတွေ့အကြုံတစ်ခု (သိုမဟုတ်) စာအုပ် တစ်အုပ်မှ အကြောင်းအရာတစ်ရပ်ကို မိမိဆင်ခြင်ဉာဏ်ဖြင့် စဉ်းစားကာ မိမိအသိနှင့် ထပ်တူထပ်မျှပြုနိုင်ဘို အလွန်အရေးကြီးလှသည်။ မိမိသိထားပြီးသား အသိတရားများ၊ အတွေ့အကြုံများအပေါ် ထပ်ဆင့်၍ မိမိ မသိသေးသောအရာများကို နားလည်သဘောပေါက်အောင် ပြုလုပ်ရခြင်းဖြစ်သည်။ နားမလည်လည်အောင် အထပ်ထပ်အဖြေရှာ ကြိုးပမ်းခြင်းပင်ဖြစ်သည်။ ဘဝတွင် ဆီလျော်စွာ မည်ကဲ့သို အသုံးချနိုင်မည့် အဆက်အစပ်ကို ဆက်စပ်ပေးနိုင်ဖို့မှာ လွန်စွာခက်ခဲလှသည်။ ခက်ခဲသည့်အလျောက် ထပ်တူပြုနိုင်မည်ဆိုပါ ကလည်း ထူးဆန်းအံ့သြဘွယ်ရာ ဖြစ်ရပ်တစ်ခု ထွက်ပေါ်လာပေလိမ့်မည်။ ဥပမာ၊ ဆရာဝန် တစ်ဦးအနေဖြင့် မိမိကျောင်းတွင် လေ့လာခဲ့ရသည့် စာတွေ့လက်တွေ့ ခွဲစိတ် ရမှုများကို လုပ်ကွင်းအတွင်း ဆီလျော်စွာ အသုံးချမှုအမျိုးမျိုး ပြုလုပ်ရပေသည်။ တစ်ခါတစ်ရံ သင်ကြားထားသော အရာများနှင့် တစ်ထပ်တည်း ပြုလုပ်နိုင်သော်လည်း တစ်ခါတစ်ရံတွင်တော့ မိမိ၏ အတွေ့အကြုံအားဖြင့် တီထွင်ကြံဆပြီး ရသည့် အရာများလည်းရှိတတ်သည်။ ထိုကြောင့် မိမိသင်ကြားတတ်မြောက် ထားသည့် အသိပညာရပ်များအပေါ်တွင် ဂုဏ်ယူဝါကြွားမှုပြုသည်ထက် မိမိ၌ရှိသည့် ညာရပ်များကို လက်တွေ့ကျကျ အန်ဝင်ဂွင်ကျဖြစ်အောင် လက်တွေ့ကျကျ အသုံးချနိုင်မှုရှိခြင်းအားဖြင့်သာ လူ့လောကကို ပြန်လည် အကျိုးပြု နိုင်မည်ဖြစ်သည်။

 

၇။ ယုံကြည်မှုဆိုင်ရာ ခရစ်ယာန်ဓမ္မပညာ (Faith and Christian Education)

စိန့်အော်ဂတ်စတင်းက ထာဝရဘုရား၏ တည်ရှိခြင်းကို ဆင်ခြင်ခြင်းအားဖြင့် (ဝါ) ဆင်ခြင်ဉာဏ်ဖြင့် မသိနိုင်ပါ။ ထာဝရဘုရားကို ယုံကြည်သက်ဝင်ခြင်း အားဖြင့်သာ သိနိုင်သည်။ လူတိုအတွက် အမွန်မြတ်ဆုံးသော အလေးအနက် ဆုံးသော အသိပညာဆိုသည်မှာ ထာဝရဘုရားအကြောင်းနှင့် မိမိဘဝအကြောင်း သိခြင်းပင်ဖြစ် သည်။

စင်စစ်အမွန်မြတ်ဆုံးသော အသိပညာဆိုသည်မှာ ထာဝရဘုရားနှင့် လူတို ဆက်သွယ်ခြင်းကို သိမြင် ခြင်းပင်ဖြစ်သည်။ အကွိုင်းနပ်စ်သည် ဆင်ခြင်ခြင်းတရား (ဝါ) ဆင်ခြင်ဉာဏ်ကို အလေးထားသူ ဖြစ်သော်လည်း အဆုံးစွန်သော အမှန် တရားကို ထာဝရဘုရားအပေါ် သက်ဝင်ယုံကြည်မှုဖြင့်သာ သိနိုင်သည်ဟု ယူဆသူ ဖြစ်သည်။

သောမတ်စ်အဂ္ဂီနပ်စ်သည် ခရစ်ယာန်ဘာသာအတွက် သက်ဝင်ယုံကြည်မှု နှင့်ဆိုင်ပြီး တင်ပြရာ၌ အဆင့်နှစ်ဆင့်အားဖြင့် ဖော်ပြခဲ့သည်။ ပထမအဆင့်မှာ အခြေခံများကို တည်ဆောက်ရာ၌ တွေးခေါ်မှုဆိုင်ရာ အခြေခံများကို အသုံးပြုရန် ဖြစ်ပြီး၊ ဒုတိယအဆင့်မှာ ခရစ်ယာန်တို့၏ သွန်သင်ချက်များအားဖြင့် ပြည့်စုံအောင် ပြုလုပ်ရမည်ဖြစ်သည်။ ပထမအဆင့်ကို ဆင်ခြင်တုံတရားဖြင့် တည်ဆောက်ပြီး ဒုတိယအဆင့်ကို သက်ဝင်ယုံ ကြည်မှုဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ ဖန်ဆင်းရှင် ဘုရားအကြောင်း စဉ်းစားရာတွင် လူတိုဉာဏ်နှင့် မှီနိုင် သလောက် အစွန်းဆုံ ဆင်ခြင်တွေးတောနိုင်သလို လူ့ဉာဏ်ဖြင့် မမှီနိုင်လောက်သည့် သုံးပါးတစ်ဆူဘုရား၊ အပြစ်လွှတ်ခြင်း၊ ကယ်တင်ခြင်းနှင့် ကောင်းကင်နိုင်ငံတော် စသည့် ဘာသာရေး ဆိုင်ရာ ယုံကြည်ချက်များ ကိုတော့ သက်ဝင်ယုံကြည်မှုအားဖြင့်သာ သိရှိနားလည် နိုင်ကြောင်း ဖော်ပြခဲ့သည်။

ကျွန်ုပ်စဉ်းစားသည် ထိုကြောင့် ကျွန်ုပ်တိုသည် ဟူသောအဆိုသည်။ ဒေးကား၏ တွေးခေါ်မှုတွင် အဓိကအကျဆုံးသော အတွေးအခေါ်ဖြစ်သည်။ အကယ်၍ ထာဝရဘုရားသခင်သည် လုံးဝပြည့်စုံသော ဘုရားသခင် အမှန်ဖြစ်လျှင် ထိုဘုရားသခင်သည် အမှန်တကယ် ရှိရပေမည်။ အကယ်၍ ထိုဘုရားသခင်သည် အမှန်တကယ်မရှိပါက ယင်းဘုရားသခင်သည် ပြီးပြည့်စုံသော ဘုရားမျိုး မဖြစ်နိုင်ပေ။ ဤအချက်သည် ဒေးကား အတွေးအခေါ်တွင် ဘုရားကိုသိသော အချက ဘုရားရှိသည် ဟူသောအချက်သို ဒေးကား ရောက်လာ ခြင်းဖြစ်ပေသည်။ ထို ဘုရားသခင်သည် ဒေးကား၏ စိတ်ကူးထဲ၌သာ ရှိနေခြင်းမဟုတ်။ စိတ်ကူး ပြင်ပ၌လည်း အမှန်တကယ် တည်ရှိနေပေသည်။

လူသားသည် ပြီးပြည့်စုံမှုမရှိသော အတိုင်းသိ သတ္တဝါသာဖြစ်သည်။ လူသား၏ စိတ်ကူးသည်လည်း အတိုင်းမသိသော စိတ်ကူးသာဖြစ်သည်။ သို့ရာတွင် သား၏ စိတ်ကူးထဲ၌ အတိုင်းမသိသော ဘုရားတည်းဟူသော စိတ်ကူး ပေါ်ပေါက်နေခြင်းမှာ လူသားက ဖန်တီးသော စိတ်ကူးမဟုတ်တန်ရာပေ။ ထိုကြောင့် အဆိုပါ အတိုင်းမသိသော ဘုရားတည်းဟူသော စိတ်ကူးကို ဖန်တီးပေးသူမှာ ထာဝရဘုရားသခင်သာ ဖြစ်သည်ဟု ဒေးကားက မြင်သည်။

ဒေးကားကမူ ဘုရားသခင်သည် ကမ္ဘာလောကထက်လည်း သာလွန်၏။ ကမ္ဘာလာကကိုလည်း ပြုပြင် ဖန်တီးနိုင်၏။ အနန္တအဆုံးမရှိသောဂုဏ်ဖြင့် ပြည့်ဝ၍ အရာခပ်သိမ်း၏ မူလအခြေခံတရားဟူ၍ ကမ္ဘာနှင့် ဘုရား သခင်ကို ခွဲခြားဖော်ပြ ခဲ့သော်လည်း စပင်နိုဇာက ဘုရားနှင့် သဘာဝတရားကိုလည်းကောင်း၊ ကမ္ဘာကြီး တစ်ခုလုံးကိုလည်းကောင်း ခွဲခြားခြင်းမရှိ။ ရှိရှိသမျှ မြင်မြင်သမျှ အားလုံးပါဝင်သည့် သဘာဝတရားကြီး သည် ပင်လျှင် ဘုရားသခင် ဖြစ်သည်ဟုဆိုလေသည်။ သဘာဝတရားသည် ဘုရားဖြစ်၍ ဘုရားသခင်သည်လည်း သဘာဝတရားဖြစ်၏။ သို့ရာတွင် ဘုရားသခင်သည် မိမိ၏ ပင်ကိုယ်သဘာဝမှာ ခြားနားသော အခြား ပစ္စည်းကို ထုတ်လုပ်သည့်သဘောနှင့် ဖန်တီးခြင်း ပြုပြင်ထားခြင်းလည်း မရှိချေ။ သူမှအပ သီးခြားကင်းလွတ်သော ပစ္စည်းဟူ၍လည်းမရှိချေ။ မြင်မြင်သမျှ တွေ့သမျှ အရာခပ်သိမ်းတိုသည် ဘုရားသခင်ပင်ဖြစ်ကြောင်း ထင်ရှားသည်။ ဘုရားသခင်သည် ထာဝရ တည်ရှိသော ခပ်သိမ်းသောအရာဝတ္ထုကြီးပင်ဖြစ်ပေသည်။

စပင်ဒိုဇာက အမှီအတွယ်ကင်းမဲ့စွာ ရပ်တည်နိုင်သော သီးခြားကင်းလွတ်မှု ရှိသော အရာဟူ၍ ဤလောကတွင် ဘုရားသခင်မှအပ မည်သည့်အရာမျှ မရှိချေဟုဆိုသည်။ ဘုရားသခင်သည်သာလျှင် တသီးတခြား တည်နေနိုင်သော ခပ်သိမ်းသော အရာဖြစ်သည်။ ထိုဘုရားထံမှ အခြားခပ်သိမ်းသော ဝတ္ထုပစ္စည်း ဟူ၍လည်း သီးခြားမရှိ။ စိတ်နှင့်ရုပ်သည် သီးခြားရပ်တည်နိုင်သော ဝတ္ထုပစ္စည်း များလည်းမဟုတ်။ ၄င်းတိုသည် အမှန်စင်စစ် ဘုရားသခင်၏ ဂုဏ်အင်္ဂါ(၂)ရပ်သာ ဖြစ်သည်။ ဘုရားသခင်သည် အလုံးစုံ (ဝါ) ခပ်သိမ်းသော အရာဝတ္ထုဖြစ်သည့် အားလျော်စွာ သူသာလျှင် အတွေးနှင့် အတိုင်းအဆ စသည် ဂုဏ်အင်္ဂါနှစ်ရပ် စလုံးကို ပိုင်ဆိုင်သူလည်းဖြစ်သည်။ ရုပ်ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း ဘုရားသခင်က ပိုင်ဆိုင်ထားသည်။ လောကကြီးမှာ မြင်မြင်သမျှ အရာခပ်သိမ်းတို့သည်လည်း ဘုရားသခင်ပေါ်၌ တည်နေခြင်းသာဖြစ်သည် ။ ခပ်သိမ်းသောအရာဝတ္ထုဆိုသည်မှာ ကိုယ့်သဘာဝနှင့် ကိုယ် သီးခြားကင်းလွတ်စွာ အမှီအတွယ်မဲ့ ရပ်တည်နိုင်သောအရာဖြစ်သည်။ တစ်စုံတစ်ရာက ပြုပြင်ဆန်တီးခြင်းမရှိ။ မိမိဘာသာမိမိ ပြုပြင်ဖန်တီး စီမံနိုင်ခြင်းလည်းရှိ၏။ အရာခပ်သိမ်း၏ မူလ အကြောင်းတရားလည်း ဖြစ်ပေသည်။ တစ်လောကလုံးတွင် ခပ်သိမ်းသော အရာဝတ္ထုဟူ၍ တစ်ခုတည်းရှိပေသည်။ ဤဝတ္ထုပစ္စည်းကြီးသည် အတုမဲ့အဆုံးမဲ့ ထာဝရ သဘောတရားကြီး ဖြစ်ပေသည်။ ၎င်းကို စပင်နိုဇာက သဘာဝတရားဟူ၍ လည်းကောင်း ဘုရားသခင် ဟူ၍လည်းကောင်း ခေါ်လေသည်။

စိန့်ဩဂပ်စတင်း အလိုအရ ထာဝရဘုရားသည် ၎င်း၏ဆန္ဒအရ ဘာမျှမရှိသည့် သုညသဘောမှ စကြဝဠာကြီးကို ဖန်ဆင်းခဲ့သည်။ ထိုကြောင့် ဖန်ဆင်းခြင်းသည် ဘုရားသခင်၏ လွတ်လပ်သောစိတ်ဆန္ဒအရ ပြုလုပ်ခြင်း ပင်ဖြစ်သည်။ ထာဝရဘုရား၏ အသွင်သဏန်သည် ဖန်ဆင်းထားသည့်အရာတို၏ အသွင်သဏ္ဠန်တို့နှင့် လုံးဝမတူသော်လည်း ၎င်းသည် နေရာတိုင်းတွင် ဝိညာဉ် သဘောအဖြစ် ရှိ၍နေသည်။ လူတို၏ ဆင်ခြင်သိဖြင့် ထာဝရဘုရားသခင်ကို မသိနိုင်ပါ။ ထိုအပြင် မည်သည့် စကားလုံးနှင့်မျှလည်း ထာဝရဘုရား၏ ဂုဏ်တော်၊ အရည်အချင်းတိုကို အပြည့်အဝ ဖော်ပြနိုင်စွမ်းမရှိပါ။

တဖန်စိန့်ဩဂပ်စတင်းက ထာဝရဘုရားသည် ကောင်း၏။ အရည်အချင်း ဟူ၍ ကန့်သတ်ချက်မရှိ။ ၎င်းသည် ကြီးကျယ်၏။ သို့သော် အရည်အတွက်အားဖြင့် ကန့်သတ်၍မရ။ ၎င်းသည် နေရာတိုင်းတွင်ရှိ၏။ သို့သော် မည်သည့်နေရာဟူ၍ ကန့်သတ်၍မရ။ ၎င်းသည် ထာဝရရှိနေ၏။ သို့သော် ထာဝရ ဟူသော အချိန်ကာလ ကိုဘောင်ခတ်၍ မရ။ ၎င်းသည် ပြောင်းလဲခြင်းအားလုံး၏ အခြေခံဖြစ်သည်။ သို့သော် ၎င်းသည် မပြောင်းလဲ၊ မဖေါက်ပြန်ချေ။

သောမတ်စ်အိုနပ်စ်သည် တွေးခေါ်မြော်မြင်ရေး သဘောတရားနှင့် ဘာသာတရားတိုကို ခွဲခြား၍ပြခဲ့သည်။ ၎င်းအလိုအရ တွေးခေါ်မြော်မြင်ရေး သဘောတရားဆိုသည်မှာ သီးခြားရုပ်ဝတ္ထုပစ္စည်း အကြောင်းအရာများမှ တစ်ဆင့် ထာဝရဘုရားသခင် ရှိခြင်းကို သာဓကပြရန်ဖြစ်၍ ဘာသာတရားဆိုသည်မှာ ထာဝရဘုရားသခင်မှတစ်ဆင့် သီးခြားရုပ်ဝတ္ထုပစ္စည်းများ ရှိလာခြင်းကို ပြရန် ဖြစ်သည်။

ဝီလျံသည် ဘုရားကျောင်းတော်နှင့် ဆန့်ကျင်သည့် သဘောထားကို ရှောင်လိုသောကြောင့် ဆင်ခြင်ခြင်းနှင့် ယုံကြည်သက်ဝင်ခြင်းတိုကို ခွဲခြား၍ ပြခဲ့သည်။ ဆင်ခြင်ခြင်းသည် လောကီပညာ ရပ်များဖြစ်သော သိပ္ပံပညာနှင့် တွေးခေါ်မြော်မြင်ရေး သဘောတရားများနှင့်သာဆိုင်သည်။ ဘာသာရေးနှင့် မဆိုင်ချေ။ ဘာသာရေးသည် သက်ဝင်ယုံကြည်ခြင်းနှင့်သာ ဆိုင်သည်ဟုဆိုခဲ့သည်။ လောကုတ္တရာ ယုံကြည်မှုနှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခြင်းကို ဆင်ခြင်တုံတရား (သို့မဟုတ်) တွေးခေါ်မြော်မြင်ရေးသဘော တရားတို့နှင့် မရောနှောစေသင့်ဟု ဆိုလိုခြင်းဖြစ်သည်။ လောကီပညာနှင့် လောကုတ္တရာ ယုံကြည်မှုတိုကို တသီး တခြားစီထားရန်ပင်ဖြစ်သည်။

ခရစ်ယာန်ဓမ္မပညာသည် ယုံကြည်ခြင်း ခိုင်မြဲလာစေရန်ဖြစ်သည်။ မိမိ၏ ယုံကြည်ခြင်းကို အခြားသော သူများအား ဝေငှပေးရန် အဆင့်အထိ ကြိုးစားရမည်။ ယုံကြည်ခြင်းသည် ဘုရားပေးသော ဆုကျေးဇူးတစ် ခုဖြစ်သည်။ ခရစ်တော်ကို ယုံကြည်နိုင်ဖိုရန်မှာ ခမည်းတော်၏ သွေးဆောင်ခြင်းကြောင့်ဖြစ်သည် (ယောဟန် ၆း၄၄)။ ရှင်ပေါလုက ကယ်တင်ခြင်းသို ရောက်ရခြင်းမှာ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ဖြစ်ပြီး၊ ကိုယ့်အလိုအလျောက် မဟုတ်ဘဲ၊ ဘုရားသခင် သနားတော်မူသောကြောင့်ဖြစ်သည် (ဧဖက် ၂း၈)။ ယုံကြည်ခြင်းသည် ဘုရားသခင်၏ စကားကို ကြားနာခြင်းအားဖြင့် ဖြစ်သည်ဟု ရှင်ပေါလုကဆိုသည် (ရောမ ၁၀း၁ရ)။

၈။ ခရစ်ယာန်ဓမ္မဆိုင်ရာ ပညာရှင်များ (Educators for Christian Education)

(၁) မာတင်လူသာ (Martin Luther (1483-1546)

မာတင်လူသာသည် ဂျာမဏီနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်သည်။ လူသာ အနေဖြင့် ရိုမင်ကသလစ် ဘုန်းတော်ကြီးများ၏ တန်ခိုးအာဏာကြီးမားမှုကို ပြုပြင်ပြောင်းလဲပစ်နိုင်သူဖြစ်ခဲ့သည်။ လူတိုင်းသည် မိမိ၏ ကယ်တင်ခြင်းကို မိမိကိုယ်တိုင် လွတ်လပ်စွာ ရယူနိုင်ကြောင်း သွန်သင်ခဲ့သည်။ မိမိကိုယ်တိုင် သမ္မာကျမ်းစာကို ကိုင်တွယ်ဖတ်ရှုနိုင်သည်။ လူတိုင်း မိမိတိုကိုယ်တိုင် ဓမ္မပညာ များကို ရယူနိုင်ပြီး ရိုမန်ကက်သလစ်၏ ယုံကြည်ချက်များကို ပြုပြင်ပြောင်းလဲ ပစ်သည့် ပရိုတက်စတင့်အဖွဲကြီး စတင်ပေါ်ပေါက်လာခဲ့သည်။ လူသာ၏ ဘဝတစ်လျှောက်၊ ပညာရေးဆိုင်ရာ သဘောတရားများကို ဖော်ထုတ်ခဲ့သူ တစ်ဦး ဖြစ်သည်။

လူသာ အမြင်အရ ပညာရေးသည် မသင်မနေရပညာရေး ဖြစ်သင့်သည့် အပြင် နိုင်ငံတော်၏ ထောက်ပံ့မှုကို အပြည့်အဝရသင့်သည် ဟုဆိုသည်။ ပညာရေးသည် ဘုရားသခင်အား ယုံကြည်မှုအတွက် စဉ်းစားစရာအကြောင်းတစ်ရပ် ဖြစ်သင့်သည်ဟုဆိုသည်။ ပညာရေး၏ ရည်ရွယ်ချက်မှာ ကလေးအရွယ် ကတည်းက ခရစ်ယာန်တို၏ အကျင့်စရိုက်နှင့် လျော်ညီစွာ ဖွံဖြိုးစေပြီး ဘုရား သခင်၊ အသင်းတော်၊ နိုင်ငံတော်နှင့် လူအဖွဲအစည်း တစ်ရပ်လုံးအတွက် အစေခံကောင်းများဖြစ်ဖို သင်ကြားခြင်းဖြစ်သည်။ ၁၅၂၁ မှ ၁၅၃၄ ခုနှစ် အတွင်း သမ္မာကျမ်းစာကို ဂျာမန်ဘာသာစကားဖြင့် ဘာသာပြန်ဆိုခဲ့သည်။ ဂျာမန်သမ္မာကျမ်းစာတွင် ရေးသားထားသည့် မူရင်းလက်ရာ ဂျာမန်စာပေများသည် ခေတ်သစ် ဂျာမန်ဘာသာစကား ပေါ်ပေါက်လာရေး အတွက် အထောက်အကူ ဖြစ်ခဲ့သည်။

လူသာ၏ ကျောင်းများတွင် ဂရိနှင့် ဟေဗြဲစာပေများကို လေ့လာရသည်။ သမ္မာကျမ်းစာမှ ဂျာမန်ဘာသာ စကားများကို ကျွမ်းကျင်စွာ လေ့လာခြင်းဖြင့် ရိုမန်ကက်သလစ်၏ အချုပ်နှောင်မှ လွတ်စေလိုသည်။ လူသာ၏ ကျောင်းများတွင် ဆရာများ၏ သင်ကြားမှုထက် ကျောင်းသားများ၏ လေ့လာလိုစိတ်ကို ဖော်ထုတ် ပေးသည်။ သူ၏အမြင်အရ ကျောင်းများသည် ယဉ်ကျေးမှုအနုပညာနှင့် ခရစ်ယာန် တို၏ ယုံကြည်ခြင်းအပေါ်တွင် အခြေခံသော လူအဖွဲအစည်းများ ဖြစ်ပေါ်လာရန် သင်ကြားပေးသော ဆရာများအဖြစ် မွေးထုတ်ပေးခြင်း ဖြစ်သည်။ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို ဘုန်းကြီးကျောင်းများ၊ ဘုရားရှိခိုးကျောင်းများမှသာ ခံယူသည် သာမက ကျောင်းများမှလည်း သင်ကြားခံယူနိုင်ကြသည်။ သူ၏ ရည်ရွယ်ချက်မှာ လူထုထံမှရရှိသည့်ငွေ၏ (၄၀)ရာခိုင်နှုန်းကို ကျောင်းများတွင် အသုံးပြုစေလိုသည်။ ကျောင်းဆရာတစ်ဦး၏ အရည်အသွေးထဲတွင် သီချင်းသီဆိုနိုင်ခြင်းလည်း ပါဝင် သည်။ လူသာ၏ ကျောင်းတိုင်းတွင် ဓမ္မသီချင်းများကို ဦးဆောင်သင်ကြားပေး နိုင်သူရှိရမည်ဖြစ်သည်။ လူသာကိုယ်တိုင် သီချင်းအပုဒ်(၄၃)ပုဒ်ပါသည့် ဓမ္မသီချင်း စာအုပ်ကို ပုံနှိပ်ထုတ်ဝေ ထားပြီးဖြစ်သည်။ ကျောင်းဆရာများသည် ဘုရားသခင် နှင့်အတူ လုပ်ဆောင်နေသည့် လုပ်ဖော်ဆောင်ဖက်များ ဖြစ်သည်ဟု ခံယူထား သည်။

လူသာ၏ စိတ်တွင် ခံယူချက်မှာ တိရိစ္ဆာန်များကို လေ့ကျင့်သင်ကြား ပေးနိုင်သည်။ လူသည် အသိဉာဏ်ပညာ ဖွံဖြိုးတိုးတက်အောင် လေ့လာသင်ကြား ခံယူနိုင်သည်။ မိမိ၏ ဆင်ခြင်ဉာဏ်ဖြင့် အမှားအမှန် ခွဲခြားသင်ယူ၊ ခံယူနိုင်သည်။ သူ၏ ပညာသင်ကြားနည်းမှာ နှုတ်တိုက်သင်ကြားပေးခြင်း၊ အပြန်အလှန် ရွတ်ဆို ရသည့် ဘာသာရေးဆိုင်ရာ အနှစ်သာရအချက်အလက်များ၊ အမျိုးမျိုးသော သင်ကြားမှုဆိုင်ရာ လှုပ်ရှားမှုများနှင့် ကျောင်းသားများကိုယ်တိုင် ပါဝင်လုပ်ဆောင် ည်းလမ်းများဖြစ်သည်။ အထူးသဖြင့် သမ္မာကျမ်းစာတွင်းမှ စကားလုံးများကို လေ့လာခြင်း၊ ဓမ္မသီချင်းသီဆိုခြင်းနှင့် လက်မှုအနုပညာအမျိုးမျိုး ထပ်ဆောင်ခြင်းများသည် လက်တွေ့ကျသည့် လုပ်ငန်းများဖြစ်သည်။

လူသာသည် ခရစ်ယာန်ဓမ္မပညာတွင် ဦးဆောင်၊ လွှမ်းမိုးခဲ့သည်။ ဝိတက်စတင့် ဘာသာဝင်များတွက် သမ္မာကျမ်းစာကို ဂျာမန်ဘာသာစကားဖြင့် ဘာသာပြန်ဆိုခဲ့သည်။ အိမ်ထောင်မိသားစုများနှင့် နိုင်ငံတော် အနေဖြင့် ပညာရေး လုပ်ငန်းများကိုအဆင့် မြှင့်တင်ပေးရန် တွန်းအားပေးခဲ့သည်။ ဝတ်ပြုကိုးကွယ် ခြင်းတွင် သီဆိုနိုင်ရန် ဓမ္မတေးသီချင်းများ ရေးစပ်ခဲ့သည်။

 

(၂) ဂျွန်အေးမိုစ် ကိုမင်းနီးယပ်စ် (John Amos Comenius (AD. 1592-1670))

ဂျွန်အေးမိုစ် ကိုမင်းနီးယပ်စ် သည် ယခုခေတ် ချက်ကိုစလိုဗားကီးယားနိုင်ငံ အလယ်တွင်ရှိသည့် မိုရေးဗီးယာနယ်သား ပရိုတက်စတင့်ဂိုဏ်းဝင် ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ သူ၏ ယုံကြည်ချက်မှာ လူသည် ဖန်ဆင်းခြင်း ခံရသောအရာထဲတွင် အမြင့်ဆုံးသောသူဖြစ်သလို ဘုရားသခင်၏ သဘော သဘာဝနှင့် ဆက်နွယ်နေသဖြင့် ဘုရားနှင့် အပြန်အလှန် ဆက်သွယ်ခွင့် ရှိသူလည်းဖြစ်သည်။

လူသည် ပြုလုပ်နိုင်၊ ပြောနိုင်၊ စဉ်းစားတွေးခေါ်နိုင်၊ ကြံစည်ဖန်တီးနိုင်၊ ပိုင်ဆိုင်ရယူနိုင်၊ အရည်အသွေး ကိုယ်စီရှိနိုင်သော်လည်း မကောင်းမှုလည်း ပြုလုပ်နိုင်ခြင်းကြောင့် မြင့်မားသည့် အရည်သွေးအထိ ရောက်အောင် ကြိုးပမ်း နေရသည်။ သိုသော် မည်သိုမျှ အမြင့်ဆုံးအထိ မရောက်နိုင်ပါ။

ကိုမင်းနီးယပ်စ်က လူစိတ်တွင် အကန့်အသတ်မရှိ စဉ်းစားနိုင်သော စွမ်းအားရှိသည်။ အသိပညာ၊ ဗဟုသုတ ရယူလိုခြင်းမှာ လူ၏သဘာဝပင်ဖြစ်သည်။ လူသည် ပညာရပ်အသီးသီးကို ဆည်းပူးခြင်းအားဖြင့် စွမ်းအားများ မြင့်မား လာကြောင်း သိမြင်လာကြသည်။ ထိုကြောင့် စစ်မှန်သောလူသား (အခြား သတ္တဝါများနှင့် မတူသော)အဖြစ် တက်လှမ်းနေကြသည်။ သူ၏ ပညာရေးဆိုင်ရာ “မှန်းချက်မှာ တစ်လောကလုံးနှင့်ဆိုင်သော အသိပညာကို ရယူခြင်းပင်ဖြစ်သည်။

သူသည် သာမန်ရိုးရိုးကျောင်းများကို ထူထောင်ရန် အားပေးသည်။ ထောင်တွင်းရှိ မိဘများသည် မိမိတို၏ သားသမီးများကို အတတ်ပညာမျိုးစုံကို စနစ်တကျ သင်ကြားပေးရန် မစွမ်းဆောင်နိုင်သဖြင့် တစ်လောကလုံးနှင့်ဆိုင်သော အသိပညာရယူရန် ကျောင်းများသို စေလွှတ်ကြရသည်။ ထိုကျောင်းများတွင် သိပ္ပံနှင့် ဝိဇ္ဇာပညာရပ်များအပြင် ဘာသာစကား၊ ပြည်သူ့နီတိနှင့် ဘာသာရေး ဆိုင်ရာ တွေးခေါ်မှုများကို သင်ကြားခံယူကြရသည်။ လူတစ်လုံး သူတစ်လုံး ဖြစ်အောင် စာသင်ကျောင်းများက လုပ်ဆောင်ပေး ရမည်ဖြစ်သည်။ စာကို အလွတ် ကျက်မှတ်ပြီး အခြားသူများ၏ အာဘော်ကိုချည်း ရယူနေသည်ထက် မိမိကိုယ်တိုင် ကလည်း မှန်ကန်စွာ နားလည်သဘောပေါက်ရန် လိုအပ်သည်။

ကိုမီးနီးယပ်စ်၏ အယူအဆအရ သင်ကြားပေးရမည့် ဘာသာရပ်များသည် ကလေးများ၏ အသက်အရွယ်အလိုက် တိုးတက်ဖွံဖြိုးမှုသဘာဝနှင့် ကိုက်ညီစေရ မည်။ အလွယ်ကူဆုံးကစပြီး အခက်ဆုံးအထိ အဆင့်ဆင့်တက်ပြီး သင်ကြား ပေးရမည်။ သိပြီးသား အကြောင်းအရာများမှ မသိသေးသော အကြောင်းအရာ များကို ကူးပြောင်းဆက်သွယ်ပြီး သင်ကြားပေးရမည်။ သင်ယူမည့် ကလေးများ၏ အာရုံ(၆)ပါး တိုးတက်ဖွံဖြိုး မှုကို အစဉ်သတိပြု သင်ကြားရမည်ဟုဆိုသည်။ ဝေါဟာရများကို အက္ခရာများ အသံထွက်များနှင့်သာမက စိတ်ဝင်စားဖွယ်ရာပုံ များနှင့် ပြသသင်ကြားခြင်းဖြင့် ကလေးများ၏ သင်ယူမှု စိတ်ဓာတ် ပိုမိုနိုးကြားလာ စေမည်ဖြစ်သည်။

ကိုမီးနီးယပ်စ်က ပညာသင်ကြားမှုသည် လူမှုအဖွဲ့ အစည်းတွင် ပါဝင်သူတိုင်းအတွက် အရေးကြီးသည့် လုပ်ငန်းတစ်ရပ် ဖြစ်သည်ဟုယူဆသည်။ အရေးကြီးဆုံးမှာ သင်ကြားမှုသည် အနုပညာဟု ဆိုလိုသည့် အယူအ ဆဖြစ်သည်။ သင်ကြားမှုအောင်မြင်သည်နှင့်အမျှ လူမှုအဖွဲအစည်းတစ်ခုလုံး အကျိုးကျေးဇူး ခံစားရမည်ဖြစ် သည်။ ပညာရေး၏ ကောင်းမြတ်သော အကျိုးကျေးဇူးများကြောင့် ပျော်ရွှင်ချမ်းမြေ့ဘွယ်ရာကောင်းသည့် လောကီလောကုတ္တရာ အကျိုးစီးပွား ဖြစ်ထွန်းနိုင်မည်ဖြစ်သည်။ ။

ပညာရေးအပေါ်တွင် ၎င်း၏အမြင်မှာ အပြုသဘောအားဖြင့် လေ့လာ သင်ကြားသည့် အတွေ့အကြုံကို ရယူရန်ဖြစ်သည်။ ပညာကို လွတ်လပ်စွာရယူခြင်း၊ ပျော်ရွှင်ကြည်နူးစွာ ရယူခြင်းနှင့် သာယာဖွယ်ရာ စိတ်မျိုးဖြင့် ရယူသင့်ကြောင်း ဖော်ပြခဲ့သည်။ ပညာရေး၏ ခံယူချက်မှာ စည်းကမ်းရှိရန်၊ မကောင်းမှုကို လျော့ပါးစေရန် ထိန်းသိမ်းပေးခြင်းဖြစ်သည်။

ပညာရေးသည် သဘာဝတရား၏ စနစ်တကျ တည်ရှိနေမှုအပေါ် အခြေခံနေသည်။ လူတို့၏ သဘော သဘာဝကို အရှိအရှိအတိုင်း သဘောပေါက် နားလည်ထားရမည်ဖြစ်သည်။ လေ့လာမှု နည်းပါးနေသေးသည့် ကလေးအရွယ် များကို တင်းကြပ်စွာ သင်ကြားပေးမှုများ မပြုလုပ်သင့်ပေ။

(၈) ဂျင်းဂျက်ရူးဆိုး (Jean Jacques Rousseau (1712-178)

 ဂျင်းဂျက်ရူးဆိုးသည် ဆွစ်ဇာလန်ပြည်ဖွား ပြင်သစ် အတွေးအခေါ် ပညာရှင်တစ်ဦးဖြစ်သည်။ ရူးဆိုး၏ ခေတ်ကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် အတန်းအစားခွဲခြားမှု၊ မညီမျှမှုများရှိခဲ့ သည်။ ယင်းကာလတွင် လူသား ဖွံဖြိုးတိုးတက်မှုကို အသင့်အတင့် အားပေးအားမြှောက် ပြုနေသော် လည်း အမှန်တကယ် လွတ်လပ်ခွင့် ရရှိသူများမှာ အုပ်ချုပ်သူများနှင့် အထက်တန်းလွှာများသာဖြစ်သည်။ ထိုကြောင့် ရူးဆိုးက လူသားသည် လွတ်လပ်စွာ မွေးဖွားလာသော်လည်း နေရာအနှံ၌ အချုပ်အနှောင် ခံနေရသည် ဟုဆိုသည်။

ရူးဆိုးက လူသည် ဆိုးသွမ်းသော သဘာဝနှင့် မွေးဖွားလာသည် ဆိုသည်ကို လက်မခံပေ။ လူသား၏ ပင်ကိုယ်သဘာဝသည် ဖြူစင်သန့်ရှင်းသည်။ လွတ်လပ်သည်။ သိုရာတွင် ကလေးငယ်ဘဝမှစပြီး သဘာဝလော ကနှင့် မကင်းကွာ နိုင်သဖြင့် မလွတ်လပ်တော့ပဲ ဆိုးသွမ်းနေသော ဝန်းကျင်ကသာ ကလေးငယ်၏ ဘဝကို ဖျက်ဆီးနေသည်ဟုဆိုသည်။ ထိုကြောင့် လူသား၏ ပင်ကိုယ်ဗီဇ၊ စိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားမှုများကို သဘာ ဝအလျောက် ဖွံဖြိုးတိုးတက်စေသော ပညာမျိုးကိုသာ လိုလားသည်။

သူရေးသားခဲ့သည့် အီးမား(Emile)ကျမ်းတွင် မွေးစအရွယ်ကလေးမှ လူငယ်ဘဝအထိ စူးစမ်းရှာဖွေ၊ စမ်းသပ်မှုများကို တင်ပြထားသည်။ ထိုကျမ်းတွင် ဘုရားသခင်သည် အရာခပ်သိမ်းကို ကောင်းမွန်အောင် ပြုလုပ်ခဲ့ပြီး လူသားသည် အကောင်းများကို အဆိုးဖြစ်စေခဲ့သည်။ ထိုကျမ်း၌ အပင်ငယ်ကလေးများကို ပြုစုပျိုးထောင်ခြင်းဖြင့် ဖွံဖြိုးရှင်သန်စေသကဲ့သို့ လူသားအားလည်း ပညာရေးဖြင့် ဖြိုးစေရမည်ဟုဆိုသည်။ ။

ရူးဆိုးက ပညာရပ်များကို ရယူနိုင်သည့် အရင်းအမြစ်သုံးရပ်မှာ သဘာဝ၊ လူသားနှင့် အရာဝတ္ထုများ ဟုဆိုသည်။ မွေးစက မည်သည့်အရာမျှမသိသော်လည်း များအားဖြင့် ကြီးထွားလာရန်နှင့် လိုအပ်သည့် ပညာရပ်များသည် ကျွန်ုပ်တို့ထံသို့ သဘာဝအားဖြင့်လည်းကောင်း၊ လူများအားဖြင့်လည်းကောင်း၊ အရာဝတ္ထုများမှတစ်ဆင့် ရရှိလာခဲ့သည်။

လူသား၏ စွမ်းအင်များနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို လူ့သဘာဝ ပညာရေး(The Education of Nature)က ပေးအပ်ထားသည်။ ယင်းသဘာ ပညာရေးသည် လူတိုလေ့ကျင့် သင်ကြားပေးသော ပညာရေးထက် လည်းကောင်း၊ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများမှ တွေ့ထိရသော အတွေ့အကြုံများထက်သော်လည်းကောင်း သာလွန်သည်ဟုဆိုသည်။ ထိုကြောင့်လည်း ရူးဆိုးက ပညာရေးကို သဘာဝအဓိက ပညာရေးဟုသတ်မှတ် ခဲ့သည်။

ရူးဆိုးသည် ကလေးများနှင့် ပတ်သက်၍လည်း မြောက်မြားစွာ ရှာဖွေ လေ့လာထားသည်။ ကလေးများ ကိုအသက်ရှင်နေထိုင်ရန် ပြုစုစောင့်ရှောက်သလို ကလေးများ ကိုယ်တိုင်ကလည်း မိမိတိုကိုယ်ကို မိမိတို့ ထိန်းသိမ်းကာကွယ်ပြီး၊ ပတ်ဝန်းကျင်နှင့် အံဝင်ဂွင်ကျ နေထိုင်နိုင်တတ်သည့် အခြေအနေသို ရောက်ရှိ ရန်လည်း လိုအပ်သည်။ မိမိကြီးထွားလာမှုအတွက် မိမိကိုယ်မိမိလည်း တာဝန်ယူ တတ်ရန်လိုအပ်သည်။ သူတို့အနေဖြင့် အနာဂတ်အတွက် မိမိတိုကံကြမ္မာကို မိမိတို့ ဖန်တီးသင့်သည်။ ချမ်းသာမှုနှင့် တွေ့ကြုံရသကဲ့သို၊ ဆင်းရဲမှုနှင့် လည်း ရင်ဆိုင်သင့်သည်။ ။

ပညာရေးဟူသည် အခြားလူများ၏ လူမှုရေးဆိုင်ရာ အတွေ့အကြုံ များမှလည်း ရနိုင်သကဲ့သို၊ ဖြစ်ပျက်နေသည့် အရာဝတ္ထုများအပေါ်၌ ခံစားကြည့် နိုင်သည့် အာရုံငါးပါးအားဖြင့်လည်း ရရှိနိုင်သည်ဟု ရူးဆိုးကဆိုသည်။ ကလေး များ၏ သဘောသဘာဝအရ တိုးတက်လာမှုကို ဟန့်တားထိန်းချုပ်ထား နိုင်ခွင့်မရှိပေ။ မိမိတို့၏ သဘာဝ အချိန်ဇယားကြီးကိုလည်း မမေ့ထားသင့်ပေ။ ကလေးများ မိမိတို့၏ သဘာဝအလျောက် တိုးတက်လာနိုင်မှု အတွက် လိုအပ်မည့် အထောက်ပံ့မှုများနှင့် သင့်လျော်သည့် အတွေ့အကြုံများကို ရှာဖွေပေးသင့်သည်။

ရူးဆိုးက လူသည် သဘာဝလူသား(natural man)နှင့် လူ့လောကလူသား (social man or citizen)မှ တစ်ခုခုကို ရွေးချယ်ရမည်ဖြစ်သည်။ သဘာဝလူသားမှာ လူရိုင်းတစ်ယောက်မဟုတ်ပေ။ သူ့ပင်ကိုယ်သဘာဝ၏ ထိန်းကျောင်း ညွှန်ကြားမှု များကို ခံစားရသော လူသားတစ်ယောက်သာဖြစ်သည်။ ယင်းသဘာဝ လူသား သည် မိမိပတ်ဝန်းကျင်၏ လွှမ်းမိုးချုပ်ကိုင်မှုများမှ ကင်းလွတ်သည်။ လောက လူသားမှာ လူ့အဖွဲ့အစည်းအတွင်း တည်ရှိပြီးဖြစ်သော ဓလေ့ထုံးတမ်း များအတိုင်း လိုက်နာနေထိုင်ရသောသူသာဖြစ်သည်။ သို့သော် လူသည် ထိုနှစ်မျိုးစလုံးကို နေ့စဉ် အပြန်အလှန် ရွေးချယ်နေကြရသူများဖြစ်သည်။

 

(၅) ဟာရေ့ဘွတ်(ရှ်) နဲ(လ်) (၁၈၀၂-၁၈၅၆)

ဘွတ်(ရှ်)နဲ(လ်) ခရစ်ယာန်ပြုစုပျိုးထောင်ခြင်းနှင့်ဆိုင်၍ လေ့လာခဲ့သူ တစ်ဦးဖြစ်သည်။ လူမှုသိပ္ပံဘာ သာရပ်အပေါ်တွင် အတွင်းကျကျ လေ့လာထားသူတစ်ဦး ဖြစ်သည်။ မိမိအချိန်ကာလက နာမည်ကြီးနေသော ပြူရီတန်တို့၏ အရိုးစွဲခံယူထားသည့် ဧဝံဂေလိလုပ်ငန်းတွင် ပြောင်းလဲခြင်းသည် အရေးကြီးဆုံးဟု ခံယူထား မှုကို ဝေဖန်တုံပြန်ခဲ့သည်။ လူတစ်ဦး၏ ပြောင်းလဲခြင်းသည် ငယ်စဉ်တည်းက ဘဝအခြေအနေပေးမှုနှင့် ပတ်ဝန်းကျင်၏ ပြုစုပျိုးထောင်ပေးမှုအပေါ် များစွာအခြေခံနေကြောင်း ဖော်ပြခဲ့သည်။

 ၁၈၄ဝ-ခုနှစ်၊ ဝန်းကျင်ကတည်း ဧဝံဂေလိနှင့် သာသနာပြုခြင်းဆိုင်ရာ လုပ်ငန်းများ ပြန်လည်ရှင်သန် နိုးကြားလာခဲ့သည်။ ၁၉ ရာစုအတွင်း နိုးကြားရေး ဆိုင်ရာ ဝါဒသည် လူတစ်ဦးချင်း၏ စာရိတ္တကောင်းမွန်ရေးနှင့် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ပြန်လည်နိုးကြားလာသော အသက်တာများဖြစ်ရန် လှုံ့ဆော် ပေးခြင်းဖြစ်သည်။ အထူးသဖြင့် အမေရိကန်နိုင်ငံတွင်ယောနသန် အက်ဒွက် (Jonathan Edwards) နှင့် ဂျော့ဝှိုက်ဖီး:(George Whitefield) တို့သည် နမည်ကြီး သူများဖြစ်ခဲ့ကြသည်။

ဤကဲ့သို ပြန်လည် နိုးကြားရေးလှုပ်ရှားမှု ပေါက်လာရခြင်း အကြောင်း ရင်းမှာ လူအများ၏အကျင့် စာရိတ္တပျက်ပြားနေမှု၊ ကလေးများအနေဖြင့် ခရစ်ယာန် အသက်တာအားဖြင့် ကြီးပြင်းလာမှု နည်းပါးလာ ခြင်းကြောင့် ဤအကျင့်ဟောင်းမှ ခရစ်တော်အားဖြင့် ဘဝအသစ်သို တဖန်ပြန်လည်မွေးဖွား ရှင်သန်လာစေရန် ဖြစ်သည်။ အထူးသဖြင့် ငယ်ရွယ်သည့်ကလေးများအပေါ် ခရစ်တော်၌ တမဟုတ်ခြင်း ပြုပြင်ပြောင်းလဲစေရန် တင်းကြပ်စွာ စေခိုင်းခြင်းအပေါ်တွင် ဘွတ်(ရှ်)နဲ(လ်) အနေဖြင့် ဘဝင်မကျဖြစ်ခဲ့သည်။ ပြောင်းလဲခြင်းသည် ငယ်ရွယ်စဉ်အချိန်မှစ၍ ကြေးပြင်းလာသည်အထိ တဖြည်းဖြည်းချင်း တိုးတက်ပြောင်းလဲလာစေရန် ဖြစ်သည်။ ထိုကဲ့သို့ တိုးတက်မြင့်မားလာစေရန် မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်မှ ဝိုင်းဝန်းကူညီ ပြုစုပျိုးထောင်ပေးမှသာ တစ်ဆင့်ချင်း ပြောင်းလဲလာမည် ဖြစ်သည်။ ခန္ဓာအရ ကြီးထွားဖွံ့ဖြိုးမှုအတွက်လည်း ထိုနည်းတူ ဖြစ်သလို ဝိညာဉ်ပိုင်းဆိုင်ရာ ယုံကြည်ခြင်း၊ တိုးတက်လာမှုတွက်လည်း ထိုနည်းတူ ပြုစုပျိုးထောင်ပေးရမည်ဟု ဘွတ်(ရှန်(လ်) ကခံယူထားသည်။

ဘွတ်(ရှ်)နဲ(လ်)သည် ၁၈၃၈-ခုနှစ်မှစတင်ကာ ဟတ်ဖို့တွင်ရှိသည့် မြောက်ကွန်ဂရီ‌ဂေးရှင်း အသင်းတော်တွင် အမှုဆောင်နေသည့် သင်းအုပ်ဆရာတစ်ပါးဖြစ်သည်။ ၁၈၄၅-ခုနှစ်တွင် ခရစ်ယာန်ပြုစုပျိုး ထောင်ခြင်း စာအုပ်ကို ရေးသားပြီး အကျယ်တဝင့် ဖြန့်ချိခဲ့သည်။ သူ့စာအုပ်အပေါ် ဝေဖန်သူအများလည်း တဟုန်ထိုး ပေါ်ပေါက်လာခဲ့ကြသည်။ သူ၏စာအုပ်တွင် လူတစ်ဦးချင်းစီသည် လူ့အဖွဲအစည်းအတွင်း တစ်လုံးတစ်ဝတည်း စုစည်းထားသည့် အင်္ဂါအစိတ်အပိုင်း များ(organic unity) ဟုမြင်သည်။ လူတစ်ဦးနှင့် တစ်ဦး ဆက်စပ်မှု၊ ပတ်သက်မှု၊ ဆက်နွယ်နေမှုတိုသည် လူ့ဘဝအသက်ရှင် ရပ်တည်ရေးအတွက် အခြေခံကျ သော မူလအရင်းအမြစ်တစ်ခုဖြစ်သည်။ လူအများနှင့် ရင်းနှီးခင်မင်စွာ ပေါင်းသင်းနေထိုင် တတ်မှုသည်ပင်လျှင် လူတို့၏ စွမ်းအားမြင့်မားမှု တစ်ရပ်ဖြစ်သည်။

လူကြီးများ၏လောကဖြစ်သည့် မိခင်၊ ဖခင်၊ မိသားစု၊ မိတ်ဆွေ အသိုင်း အဝိုင်းတို၏ ဘဝအတွေ့အကြုံ အဆိုး၊ အကောင်းများသည် လူငယ်အရွယ်၊ ကလေးအရွယ်များအထိ စီးဆင်းလျက် ဆက်နွယ်၊ ဆက်စပ်မှုရှိ ကြောင်းကို သစ်ပင်၏ပင်စည်သည် အကိုင်းအခက်များအထိစီးဆင်း ဆက်နွယ်နေကြောင်း ဘွတ်(ရှ်)နဲ(လ်)က ဖော်ပြခဲ့သည်။ မိဘနှင့် ပတ်ဝန်းကျင်၏ အသက်ရှင်မှုသည် ကလေးများအတွက် နမူနာယူစရာများဖြစ်သလို၊ မှန်ကန်သည့် နည်းလမ်းများ အားဖြင့် ပြုစုပျိုးထောင်ပေးခြင်းသည်လည်း ကလေးများအတွက် မမေ့နိုင်သည့် သင်ခန်းစာများအဖြစ် ဘဝတစ်သက်တာ ခံယူသွားနိုင်မည်ဖြစ်သည်။ မိဘများ ကိုယ်တိုင်က ခရစ်ယာန် အသက် တာအတိုင်း အသက်ရှင်နေခြင်းသည်ပင်လျှင် ကလေးများအတွက် ခရစ်ယာန်အသက်တာကို ခံယူလိုက် လျှောက်ဖို့ရန် လက်တွေ့ သွန်သင်ပြသနေခြင်းဖြစ်သည်။

ဦးဆုံး မိမိကိုယ်ပိုင်သိအောင်၊ ရှိအောင်လုပ်ပါ။ ပြီးလျှင် ထိုအတိုင်း အသက်ရှင်ပါ။ အခြားသူအားလည်း ထိုအတိုင်း သွန်သင်ပါ။ သင်ယူသူကလည်း ထိုအတိုင်းအသက်ရှင်ပါ။ ဘွတ်(ရှ်)နဲ(လ်)၏ သင်ကြားခြင်းသည် သင်ကြားခံယူသူ အနေဖြင့် လက်တွေ့ လိုက်လျှောက် အသက်ရှင်လာတတ်သည့်တိုင်အောင် ပြုစုပျိုးထောင်ပေး၊ ကူညီပံ့ပိုးပေးခြင်းဖြစ်သည်။

ငယ်ရွယ်သောကလေးများအတွက် အဦးဆုံးသော ခရစ်ယာန်တို၏ ယုံကြည်မှုကို အခြေချပေးနိုင်သည့် အရာမှာ မိဘများပင်ဖြစ်သည်။ မီးမဖွားမီ မိခင်၏ ကိုယ်ဝန်အတွင်းမှာပင် မိခင်၏ စိတ်ပိုင်းဆိုင်ရာ ဗီဇသဘာဝ အားဖြင့် ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို အစပြုနေခြင်းဖြစ်သည်။ ဘွတ်(ရှ်)နဲ(လ်) အလေးထားခဲ့သည့်အရာမှ ခရစ်ယာန်ဓမ္မပညာ လုပ်ငန်း၏အစသည် ခရစ်ယာန် အိမ်ထောင်နှင့် ခရစ်ယာန်မိဘများမှ စတင်ခြင်းဖြစ်ကြောင်း အခိုင်အမာခံယူခဲ့သည်။

ခရစ်ယာန်ဓမ္မပညာရပ်သည်လည်း လူနှင့်ဘုရား တွေ့ကြုံခံစားကြရသည့် အတွေ့အကြုံများကို လူအချင်းချင်းပြန်လည် ဖလှယ်ခြင်းအားဖြင့် ဘုရားအကြောင်းကို သိရှိခံစားလာရသလို လူအချင်းချင်း အပေါ်တွင်လည်း အသစ်သော တွေ့ကြုံခံစားမှုများ ရရှိလာနိုင်ကြောင်းကို ယုံကြည်သည်။ သမ္မာကျမ်းစာမှ ဖော်ပြသည့် လူနှင့်ဘုရား အပြန်အလှန် တွေ့ကြုံခံစားမှုများကို လေ့လာခြင်းဖြင့် လည်း ဘုရားရှင်နှင့်မိမိ အပြန်အလှန်ဆက်သွယ်၊ ကြုံတွေ့နိုင်ကြောင်း သိမြင်ခံစားလာနိုင်မည်ဖြစ်သည်။ လူတစ်ဦးနှင့်တစ်ဦး အပြန်အလှန် အတုံအပြန် တွေ့ဆုံဖလှယ်မှုသည် ခရစ်ယာန် ဓမ္မပညာအတွက် အရေးပါသလို ဘုရားနှင့် ထိတွေ့ခံစားနိုင်သည့် အခြေခံအကြောင်းရင်းလည်းဖြစ်သည်။

 

(၅) ချောအဲလ်ဘတ်ကိုး (George Albert Coe (AD. 1862-19510)

ကိုးသည် ပရိုတက်စတင့်အသင်းတော်မှ ထင်ရှားသည့် ခရစ်ယာန် ပညာရှင်တစ်ဦးဖြစ်ခဲ့သည်။ သူသည် လွတ်မြောက်ခြင်း သီသော်လော်ဂျီ (liberal theology)အပေါ်အခြေခံသည် လူမူရေးဆိုင်ရာ သတင်းကောင်း :(social gospel) လှုပ်ရှားမှု၏ လွှမ်းမိုးမှုခံရသူတစ်ဦးဖြစ်သည်။ ခရစ်ယာန်ဓမ္မပညာကို လူမှုရေးဆိုင်ရာ သီအိုရီအပေါ် အခြေခံထားသည်။ ကိုးသည် ဘွတ်(ရှ်) နဲ(လ်)၏ ပြုစုပျိုးထောင်ခြင်း ပုံစံအပေါ်တွင် အခြေခံမှု ရှိသော်လည်း မိမိ၏ မိတ်ဆွေဖြစ်သူ ဒူဝီပညာရေးဆိုင်ရာ သဘောတရားအပေါ်တွင်လည်း လက်ခံထားမှုရှိသည်။

ဒူဝီက ပညာရေးသည် လူတစ်ဦးချင်းစီ၏ မိမိနှင့်ဆိုင်သည့် လူမျိုးနွယ်စုတွင် ပါဝင်ခြင်းနှင့် ထိုမှရရှိနိုင် သည့် အသိပညာများနှင့်လည်း သက်ဆိုင်မှု ရှိနေသည် ဟုဆိုသည်။ ထိုကဲ့သို့ မိမိတို့နှင့်ဆိုင်သည့် ရိုးရာယဉ် ကျေးမှုများအပေါ် အခြေခံလျက် အတွေ့အကြုံအသစ်များကို ထပ်ဆင့်တည်ဆောက်ခြင်းဖြစ်သည်။ ပညာရေး သည် ဦးစွာခံယူထားသည့် ဘာသာစကားရပ်အပေါ်တွင် အခြေခံလျက် လေ့လာမှု တိုးတက်မြင့်မား လာခြင်းဖြစ်သည်။

ကိုးသည် ဘွတ်(ရှ်)နဲ(လ်) ခံယူထားသည့် ရှေးဦးပညာ သင်ကြားပေး များမှာ အိမ်ထောင်မိသားစု အတွင်းရှိ လူများသာဖြစ်ကြပြီး အိမ်အတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပေါင်းသင်းဆက်ဆံ၊ ဆက်သွယ်၊ ဆက်နွယ်နေသည့် ကို လက်ခံထားသည်။ ခရစ်ယာန် အိမ်ထောင်မိသားစုအတွင်းရှိ မိဘ၊ ညီအစ်ကို မောင်နှမ အချင်းချင်းအပေါ်ထားသည့် ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း စသည့် သဘာဝကျကျ အသက်ရှိနေမှု များမှတဆင့် သဘာဝလွန် ဖြစ်သော ဘုရားသခင်၏ ဂုဏ်တော်၊ ကျေးဇူးတော်များကို တဖြည်းဖြည်းချင်း နားလည်သဘောပေါက်၊ ခံယူလာနိုင်ကြမည်ဖြစ်သည်။ လူအချင်းချင်းအပေါ်တွင် ထားသည့် ယုံကြည်မှုအပေါ် အခြေခံကာ ဘုရားသခင်အပေါ် ယုံကြည်ကိုးကွယ်မှု အဆင့်အထိ မြင့်မားလာနိုင်မည်ဖြစ်သည်။

ခရစ်ယာန် ဓမ္မပညာရပ်သည်လည်း မိမိမွေးဖွားစဉ်က ဦးစွာခံယူရရှိသည့် ခရစ်ယာန်တို့၏ အတွေ့အ ကြုံများအပေါ် များစွာအခြေခံနေပါသည်။ ပညာရေး အားလုံးသည်လည်း လူတစ်ဦးနှင့်တစ်ဦး လူမှုပေါင်းသင်း ဆက်ဆံရေးတွင် အပြန်အလှန် အကျိုးသက်ရောက်မှုအားဖြင့် ပေါ်ထွက်လာသော လုပ်ငန်းတစ်ရပ် ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံ ဖလှယ်ယူကြရင်း အမှားအမှန်၊ အဆိုးအကောင်းကို ဝေခွဲ၊ ဆန်းစစ်ယူ နေကြခြင်းဖြစ်သည်။

ဒူဝီက အသစ်တဖန် ပြန်လည်ဖန်တီးပေးနေသည့် ပညာသည် လူမှု ပေါင်းသင်းဆက်ဆံမှုနှင့် လူ့လော ကကြီးကို အသစ်တဖန် ပြန်လည် တည်ဆောက် ပေးနေပြီး ဆုံးခန်းတိုင်အောင် ရောက်ရှိအောင် တစ်ဆင့်ပြီး တစ်ဆင့် အသွင်သဏ္ဍာန် ကူးပြောင်းပေးနေခြင်း ဖြစ်သည်ဟုဆိုသည်။ ပညာသည် သင်၍မကုန်နိုင်ခြင်းမှာ အသစ်အသစ်သော တွေးခေါ်မှုများ၊ စဉ်းစားမှုများမှ အသစ်အသစ်သော ဖန်တီး မှုများ အသွင်သဏ္ဍာန် အမျိုးမျိုးအားဖြင့် ပေါ်ထွက်လာလေ၊ ထိုအသစ်သော အရာများကို လေ့လာ၍ မကုန်နိုင်ဖြစ်သည်။

အသစ်တဖန် ပြန်လည်တည်ဆောက်ခြင်းကို အဲလ်ဘတ်ကိုး ဘုရားသခင်၏ ဒီမိုကရေစီ (democracy of God) (သို့မဟုတ်) ဘုရားသခင်၏ နိုင်ငံတော် ဟုဆိုလိုသည်။ ပြန်လည် တည်ဆောက်မှုနှင့် စဉ်ဆက်မပြတ် ပြန်လည် တည်ဆောက်နေမှုသည် ဘုရားသခင်၏ နဂိုမူလ အရင်းအမြစ်ပင်ဖြစ်သလို ဘုရားသခင်၏ လုပ်ငန်း လည်းဖြစ်သည်။ ခေတ်တစ်ခေတ်တွင် ရောက်ရှိလာသည့် လူသားများ၏ လုပ်ဆောင်သွားသည့် အဆိုး၊ အကောင်းများကို နောက်တစ်ခေတ် တွင် ရောက်ရှိလာသည့် လူများအားဖြင့် ဘုရားသခင်ကအသစ်တဖန် ပြန်လည် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းကို ပြုလုပ်နေရခြင်းဖြစ်သည်။

ကိုးက ခရစ်ယာန်ဓမ္မပညာသည် ဘာသာရပ်တစ်ခုအနေဖြင့် ရပ်တည်ခဲ့ပြီး ထိုဘာသာရပ်ကို လူတို့ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ပေးနေခြင်းမဟုတ်။ ကမ္ဘာကြီးကို ခေတ်အဆက်ဆက် အသစ်တဖန် ပြန်လည်ဖန်တီးပေးနေသော (creative) ပညာဖြစ်သည်။ အသွင်သဏ္ဌာန် ကူးပြောင်းပေး (transmissive) သောပညာရပ်မဟုတ်ပါ။ ယခင်ခေတ်က အကြောင်းအရာများကို ယခုခေတ်ကို ကူးပြောင်းပေးသလို ယခုခေတ်က အကြောင်းအရာများကို နောင်တစ်ခေတ်တွင် ကန်ရစ်အောင် ချန်ရစ်ထားခဲ့ခြင်းဖြင့် ပညာ တစ်ရပ်ကို လက်ဆင့်ကမ်း ကူးပြောင်း ဆက်ခံပေးနေသည့် ဓမ္မပညာရပ်မဟုတ်ပါ။ ယခင်က မဖြစ်သေးသော အရာများ၊ မရှိသေးသောအရာများ ယခုရှိလာပြီး၊ ယခုမဖြစ်သေး၊ မရှိသောသည့်အရာများ နောင်ကာလတွင် အသစ်အသစ် ပေါ်ပေါက်လာမည့် အသစ်တဖန် ပြန်လည် ဖန်တီးပေးနေသည့် ဓမ္မပညာတစ်ရပ်ဖြစ်သည်။

 

လူမှုရေးဆိုင်ရာအခြေခံအုပ်မြစ်

(Sociological Foundation)

၁။ လူမှုရေးဆိုင်ရာ ခရစ်ယာန်ဓမ္မပညာ (Sociological Christian Education)

ပီတာဘာဂါနှင့် သောမတ်လုမန် အဆိုအရ အမှန်တရားကို လူမှုရေးပိုင်း ဆိုင်ရာထဲတွင် တည်ဆောက် တတ်ရန်လိုသည်။ အမှန်တရားဟုဆိုရာ၌ အရည် အသွေးမြင့်မားမှုပိုင်းဆိုင်ရာကို ရည်ညွှန်းခြင်းဖြစ်သည်။ သိမြင်နိုင်သော သဘာဝအကြောင်းခြင်းရာနှင့် ထူးခြားသည့် အဖြစ်အပျက်များကို မိမိကိုယ်တိုင် သိမြင်မှတ် သားလျက် မိမိဆန္ဒအလိုက် လွတ်လပ်စွာ ခံယူတတ်ခြင်းကိုဆိုလိုသည်။ လူမှုရေးပိုင်းဆိုင်ရာ အသိအမြင်မှရယူ မှုသည် လူမှုရေးလောကထဲတွင် အမှန် တရားကို တည်ဆောက်မှုပြုခြင်းဆိုင်ရာ အဆင့်ဆင့်ကို ခွဲခြားစိတ်ဖြာ တတ်ခြင်းဟု ဆိုလိုသည်။ ဤအလုပ်သည် ခရစ်ယာန် ပညာရှင်များအတွက် အရေးကြီးသော လုပ်ငန်းတစ် ရပ်ဖြစ်သည်။

ပညာရေးဟူသည် အသိပညာကို ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း တစ်ရပ်ဖြစ်သည်။ ခရစ်ယာန် ပညာရှင်များအနေဖြင့်လည်း မိမိ၏ တပည့်များကို မည်သည့်အရာသည် မှန်ကန်မှုဖြစ်ကြောင်း ရှာဖွေတတ်ရန် လိုသည်။ အသိပညာကို ရှာဖွေတတ်ရန်နှင့် ဝေမျှတတ်သူများဖြစ်သင့်သည်။ အသိပညာဟုဆိုရာတွင် သဘာဝအ တွက် မရှိမဖြစ် လိုအပ်သည့် အသိပညာရပ်များဖြစ်ရန်လိုသည်။ ဘာဂါနှင့်လုမန်တို့၏ အဓိပ္ပါယ်ဖွင့်ချက်အရ အသိပညာဟူသည် စစ်မှန်၊ မှန်ကန်သော ထူးခြားသည့် အဖြစ်အပျက် အကြောင်းအရာများကို တိကျသေချာစွာ သိရှိထားရန် လိုအပ်သလို ယေဘုယျလက္ခဏာများနှင့် အရည်အသွေးများကိုလည်း ပိုင်ဆိုင်ထားရန်လိုသည်။

ခရစ်ယာန်ပညာရှင်များအနေဖြင့် ဘုရားပိုင်းဆိုင်ရာ အသိပညာရပ်ကို ရှာဖွေလျက် ဝေမျှတတ်ရန်လို သည်။ ထိုမျှမက ဘုရား၏ နှုတ်ကပတ်တော်ဆိုင်ရာ အသိပညာရပ်များနှင့် ခရစ်ယာန် အဖွဲ့အစည်းတိုင်းအတွက် သိမြင်၊ ခံစားမူပိုင်းဆိုင်ရာ အမှန်တရား၊ အသိတရားများကိုလည်း ရှာဖွေစူးစမ်းတတ်ရန်လိုသည်။ ခရစ်ယာန် အသိုင်းအဝိုင်းဟူသည် လူမှုရေးဆိုင်ရာ လူအဖွဲ့အစည်း တရပ်ပင်ဖြစ်သည်။ နောက်ခံသမိုင်းကြောင်းများ ရှိကြပြီး။ လက်ရှိအခြေအနေတွင်လည်း အသက်ရှင် လှုပ်ရှားနေကြသူများဖြစ်ကြသည်။ ခေတ်အဆက်ဆက် တွင်လည်း လူ့အဖွဲ့အစည်းတစ်ရပ်အနေဖြင့် စုစည်းခိုင်မာ ကျစ်လစ်မှုရှိကြောင်း သိသာ နိုင်ခဲ့သည်။ အဖြစ်အပျက် အကြောင်းအရာအမျိုးမျိုးထဲတွင် မှုတစ်ရပ်ရှိနေပြီး ခရစ်ယာန်ဓမ္မပညာ သမိုင်းကြောင်းမှ သဘောတရားရေးရာနှင့် နှင့် လက်တွေ့ ပိုင်းဆိုင်ရာများကို ဖော်ထုတ်ပေးလျက် ရှိကြောင်း တွေ့မြင်ရသည်။ ခရစ်ယာန်ဓမ္မပညာရပ်တွင် လူမှုရေးဆိုင်ရာ အုတ်မြစ်တစ်ရပ်ကိုချရာ၌  သတိကြီးစွာဖြင့် လုပ်ဆောင်ရမည် ဖြစ်သည်။

ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင် နည်းလမ်း မြောက်မြားစွာရှိသည်။ ဂျီအိပ်ချ်ဘန်တော့ အမြင်အရ ယဉ်ကျေးမှုကို နှစ်ပိုင်းခွဲခြားထားသည်။ လူမှု အဖွဲအစည်း တစ်ရပ်တည်း၌ပင်လျှင် အဆင့်မြင့်မားသော ယဉ်ကျေးမှုနှင့် အဆင့် စွန်သော ယဉ်ကျေးမှု ဖြစ်ပေါ်လျက်ရှိနေကြောင်း တွေ့ရသည်။ မြင့်မားသော ယဉ်ကျေးမှုပိုင်းဆိုင်ရာတွင် လောကီရေးရာ၌ ပါးနပ်ကျွမ်းကျင်၍ ခေတ်ဆန်သော လူစုများနှင့် ငွေရှင်ကြေးရှင် လူဂုဏ်တန်များ၏ အသက်ရှင်မှုဆိုင်ရာ နည်းလမ်းများ ပါဝင်သည်။ အဆင့်နိမ့်သော လူ့ယဉ်ကျေးမှုအဖွဲ့အစည်း တွင် အလုပ်သမား လူတန်းစားများ အများစုပါဝင်ကြသည်။ ဘန်တော့၏ အမြင်အရ ဤကဲ့သိုသော လူတန်းစားနှစ်ရပ်အတွက် ခြားနားသော ပညာရပ်များကို ပြင်ဆင်ပေးရန်လိုသည်။ အဓိကအကြောင်းရင်းမှာ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ခြားနားနေမှုကြောင့်ဖြစ်သည်။

အမြင့်ဆုံးသော အသိဉာဏ်ပညာမှာ ဘုရားသခင်၏ နက်နဲသော အကြောင်းအရာများပင်ဖြစ်သည်။ ထိုအရာများကို လူ၏ ဆင်ခြင်းစဉ်းစားနိုင်မှု အားဖြင့် မရနိုင်ပါ။ ဘုရားသခင်၏ ဖြစ်တည်ခြင်းကို သိနိုင်ရန် ဘုရားသခင်၏ အလိုတော်ကို သိမြင်လိုခြင်း၊ ဝန်ခံလိုသည့် ဆန္ဒရှိခြင်းနှင့် ဘုရားရှင်ကို ယုံကြည်ခြင်း အားဖြင့် နာခံလိုက်လျှောက်သည့် အသက်တာများရှိရန်လိုသည်။ ဘုရားဟူသည် လူတို၏ အစွန်းဆုံးသော ဆင်ခြင်ဉာဏ်၊ အသိဉာဏ်များထက် ပိုမိုမြင့်မားနေသဖြင့် ကိုယ်တိုင် ဖွင့်ပြပေးသည့် ရူပါရုံများအားဖြင့်သာ သိမြင်နိုင်မည် ဖြစ်သည်။

ခရစ်ယာန်များသည် သမိုင်းတစ်လျှောက် ဘုရားသခင်ထံ အပ်နှံခြင်း၊ အပြစ်ဝန်ချတောင်းပန်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခံနေရသည့်အထဲမှ သည်းခံခြင်းများစွာဖြင့် အသက်ရှင်လာခဲ့ကြသည်။ ဘုရားသခင် ပေးထားသည့် ဂတိတော်များအတိုင်း လုပ်ဆောင်နေခြင်းဖြစ်သည်။

ကလစ်ဖာဂါ၏ ယဉ်ကျေးမှု ဟူသည့်အဓိပ္ပါယ်မှာ အဖွဲအစည်းတစ်ရပ် ထဲတွင် ထည့်သွင်းဖော်ပြထား သည့် အမှတ်အသားများသာလျှင်ဖြစ်သည်။ တစ်ဆင် ပြီးတစ်ဆင့် တစ်ခေတ်ပြီးတစ်ခေတ် အဆက်ဆက် အမွေဆက်ခံရရှိထားသည့် အမှတ်အသားများသာလျှင် ဖြစ်သည်ဟုဆိုသည်။ လူတို၏ အသက်ရှင်မှုပုံစံ အမှတ်အသားများလည်း ပါဝင်သည်။ လူအချင်းချင်း ဆက်သွယ်မှုပုံစံများ၊ မပျောက်မပျက်နိုင်ပဲ အမြဲတည် စေရန် ထုတ်ပြန်ထားသည့် ဥပဒေစည်းကမ်း သတ်မှတ်ချက်များနှင့် လူတို၏ အသိပညာများ၊ အတတ်ပညာများ အပြင်၊ ဘဝအပေါ်၌ မည်ကဲ့သို သဘောထားသည့် အသိတရား၊ ခံယူချက်များ တိုးတက် ဖွံဖြိုးလာမှု အဆင့်ဆင့်ကို ယဉ်ကျေးမှုတစ်ရပ်အနေဖြင့် လက်ခံယုံကြည်ထား ကြသည်။ ထိုကြောင့် ယဉ်ကျေးမှုတစ်ရပ်တွင် ခေတ်တစ်ခေတ်၏ ယဉ်ကျေးမှု ပိုင်းဆိုင်ရာ ထူးခြားသည့် လက္ခဏာများနှင့် လူတို၏ ကမ္ဘာအမြင်အသီးသီးတိုကို စုပေါင်းဖွဲ့စည်းထားခြင်းပင်ဖြစ်သည်။

ကမ္ဘာ့အမြင်ရပ်ဟုဆိုရာ၌ လူတစ်ဦး၏ အမြင်နှင့် ပြုလုပ်ပုံနည်းလမ်း များတွင် အမှန်တကယ် ဖြစ်နိုင် သည့် အခြေအနေရပ်များနှင့် လိုရင်းအချက်အလက်များ ပြည့်စုံပြီး လွယ်ကူစွာ နားလည်နိုင်သည့် သဘောတရား များလည်း ပါဝင်နေကြောင်း တွေ့ရှိရသည်။ တစ်နည်းအားဖြင့် အပြုအမူနှင့် အတွေးအခေါ်သဘောတရား နှစ်ရပ်စလုံး သဟဇာတညီမျှစွာ ဖြစ်ပေါ်နေသည့် လူ့အဖွဲအစည်းတစ်ရပ်တွင် ယဉ်ကျေးမှုဆိုင်ရာများ တိုးတက် မြင့်မားမှုရှိကြောင်း တွေ့ရှိရသည်။

အန်အိတ်(ချ်) ဗီဗာစလူဝစ်၏ အဆိုအရ ခရစ်ယာန်များအတွက် ယဉ်ကျေးမှု သည် ဘာသာတရား၌ ရိုသေကိုင်းရှိင်းမှုရှိရန်ဖြစ်သည်။ ဘာသာတရားနှင့် ဘုရားအပေါ်၌ သစ္စာရှိခြင်း၊ ရိုးသားဖြောင့်မတ် မှန်ကန်မှုရှိ ခြင်းနှင့် မှန်ကန်စွာ ဝတ်ပြုကိုးကွယ်တတ်ရန်တိုဖြစ်သည်။ ထိုကဲ့သိုဘုရားအပေါ်၌ လက်ခံထားရသည့် ရိုသေ ကိုင်းရှိင်းမှုများမှ ကမ္ဘာ့လူသားများ အချင်းချင်းအပေါ်၌ ထားရမည့် ယဉ်ကျေးမှု တစ်ရပ်အနေဖြင့် တိုးတက် ပြောင်းလဲ လက်ခံယူလာကြရခြင်းဖြစ်သည်။ ဘုရား အပေါ်၌ ထားရမည့် စိတ်ထားများအတိုင်း လူသားအချင်း ချင်းအပေါ်၌ ထားလာ တတ်ခြင်းအားဖြင့် လူတို့၏ ယဉ်ကျေးမှုများ တိုးတက်မြင့်မားလာခဲ့ကြသည်။

လူသည် ဘုရား၏ သဏ္ဌာန်တော်အရ ဖန်ဆင်းခြင်းခံရသူဖြစ်သဖြင့် ဘုရား၏ သဏ္ဌာန်တော်ကိုလည်း လူသားချင်း၌ ဖော်ပြလာတတ်ကြသည်။ ဘုရား၏ အလိုတော်အတိုင်း လုပ်ကိုင်လာနိုင်ခြင်းတစ်ရပ်ကို လူ့ယဉ်ကျေးမှုသမိုင်းတွင် ဖော်ထုတ်လာနိုင်ခဲ့သည်။ ယဉ်ကျေးမှုဟူသည် လုပ်ငန်းတစ်ရပ်ဖြစ်သည်။ သဘာဝ တမာကြီးနှင့် လူ့အဖွဲအစည်းတစ်ရပ်လုံးထဲတွင် အရာတစ်ခုခုကို ပေးစွမ်းရသည့် လုပ်ငန်းတစ်ရပ်ပင်ဖြစ်သည်။ မှားယွင်းစွာ လုပ်ကိုင်နေသည့် လူ့အဖွဲအစည်း တွင်းတွင် အမှန်တရားကို ဖော်ထုတ်ပေးနေခြင်းဖြစ်သည်။ ခရစ်ယာန်များ အနေဖြင့် ဤလုပ်ငန်းကို အထူးဂရုတစိုက် ပြုလုပ်တတ်ရန်လိုသည်။ ထိုးထွင်း ကြံဆလျက် တီထွင်ဆန်းသစ်မှုအားဖြင့်လည်းကောင်း၊ ကိုယ်ပိုင်ခံစားချက်များကို ဖော်ပြခြင်းအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေနိုင်သော အပြုအမူများကို ပြုလုပ်တတ်ရန် လိုအပ်သည်။

ခရစ်တော်သည် မြင့်မားသော ယဉ်ကျေးမှုနှင့် နိမ့်သော ယဉ်ကျေးမှုရှိသည့် လူတန်းစားတို့ကို စုစည်းပေးသောသူ တစ်ဦးဖြစ်ခဲ့သည်။ အထူးသဖြင့် ခရစ်တော်ကို ကိုယ်စားပြုသည့် အသင်းတော်သည် ယဉ်ကျေးမှုဆိုင်ရာများကို စုစည်းဖလှယ် ထုတ်ပေးရာ ဌာနကြီးတစ်ခုအသွင် ရပ်တည်လျက်ရှိဖိုရန် လိုအပ်သည်။ ခရစ်ယာန် တို့၏ ယုံကြည်ချက်အရ လူသည် ဘုရားသခင်၏ သဏ္ဠာန်အတိုင်း ဖန်ဆင်းခြင်း ခံရသူများဖြစ်သည်။ ဘုရားကို မယုံကြည်သူများ အနေဖြင့်တော့ လူသည် တိရိစ္ဆာန်မှ ဆင့်ကဲဖြစ်စဉ်အားဖြင့် လူဖြစ်လာကြသူများဖြစ်သည်။

ခရစ်ယာန်များ၏ လူမှုရေးအမြင်အရ လူတစ်ဦးချင်းစီ လွတ်လပ်ခွင့် ရှိကြသလို တာဝန်လည်းရှိ ကြသည် ဟုမြင်သည်။ လူ့အဖွဲအစည်းတစ်ရပ်သည် လူတို့၏ အသိစိတ်များနှင့် အပြုအမူများအားဖြင့် တည်ဆောက်ထားသော အရာဖြစ်သည်ဟု လူအများစုကမြင်သည်။ ခရစ်ယာန်များ အနေဖြင့် ဒုက္ခပြဿနာ အခက်အခဲများ၏ အဖြေကို လူမှုရေးပညာအားဖြင့်သာမက နှုတ်ကပတ်တော် အားဖြင့်လည်း ဖြေရှင်းနိုင် ကြောင်း ယုံကြည်ကြသည်။ လူသည် မိမိကိုယ်တိုင် ဒုက္ခအခက်အခဲ ကြုံဘူးသဖြင့် မိမိကဲ့သို ဒုက္ခရောက်သူကို ပြန်လည်၍ ကူညီမစနိုင် ပါသည်။ ။

ခရစ်ယာန် လူမှုရေးရာသည် အကောင်းမြင်ဝါဒဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ မပြည့်စုံခြင်း များကို ဘုရားသခင်၏ အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံစားကြရသောကြောင့် ခရစ်ယာန်တို့သည် အကောင်းအားဖြင့်သာ အဆိုးကို နိုင်ကြသူများဖြစ်သည်။ ဥပမာ၊ ဝေလျံကယ်ရီ၊ ဝေလျံဝေလ်ဘာဖို့နှင့် အီဘရာဟင် လင်ကွန်း တို့သည် ကျွန်အရောင်းအဝယ်လုပ်ငန်းကို ရပ်တံ့သွားအောင် ပြုလုပ်နိုင် သူများဖြစ်ပြီး လူ့အဖွဲအစည်းနှင့် လူ့သမိုင်းကြောင်းကို ပြုပြင်ပြောင်းလဲပေးနိုင်သူများ ဖြစ်ကြသည်။

ခရစ်ယာန်အမြင်အရ လူတိုင်းသည် တန်ဖိုးရှိပြီး လူ့အသိုင်းအဝိုင်းကို တိုးတက်အောင် လုပ်ဆောင်နိုင်သူ များဖြစ်သည်။ လူ့အဖွဲအစည်းထက် လူတစ်ဦး ချင်းစီသည် ပို၍တန်ဖိုးရှိသည်။ စီအက်စ် လူဝစ်(C.S. Lewis) ဆိုသူက ဖန်ဆင်းရှင် ဘုရားကို မယုံကြည်သူတို့က တိုင်းပြည်၊ အဆင့်အတန်းနှင့် ယဉ်ကျေးမှု မြင့်မား ခြင်းသည် လူတစ်ဦးချင်းစီထက် ပို၍အရေးကြီးကြောင်း ခံယူခဲ့ကြသည်။ ခရစ်ယာန် တို့က လူတစ်ဦးချင်းစီ၏ တန်ဖိုးရှိမှုကို ပိုအလေးထား၏။ ခရစ်ယာန်တို့၏ လူမှုဆိုင်ရာတွင် လူသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းခံရသူများအဖြစ်ဖြင့် လူမှုအသိုင်းအဝန်းတစ်ရပ်လုံးနှင့် ယုံကြည်သူ အဖွဲအစည်းများအတွင်း တန်ဖိုး ရှိသူများဖြစ်ကြပြီး မိမိတို့ကို ဖန်ဆင်းသည့် ဘုရားနှင့်လည်း အပြန်အလှန် ဆက်သွယ်ခွင့်ရှိသူများအဖြစ် ခံယူထားကြသည်။

 

.၂။ လူမှုဆက်ဆံရေးနှင့် ကိုယ်ကျင့်တရား (Social and Moral)

ကိုယ်ကျင့်တရားပညာကို လေ့လာရာတွင် အခြေခံအားဖြင့် တန်ဘိုးများ၊ အယူအဆများ၊ ကောင်းခြင်း၊ ဆိုးခြင်း၊ မှန်ခြင်း၊ မှားခြင်း၊ ကောင်းမြတ်ခြင်း တရားနှင့် တရားမျှတမှုဟူသော အယူအဆများဖြစ်သည်။ ကိုယ်ကျင့်တရား ပညာသည် တစ်ခေတ်နှင့်တစ်ခေတ် မတူဘဲ အစဉ်ပြောင်းလဲ တိုးတက်လျက် ရှိသော လူ့အဖွဲအစည်း အသီးသီးရှိ လူ့ကျင့်ဝတ် စည်းကမ်းများကို ဝေဖန်သော အမြင်ဖြင့် လေ့လာသုံးသပ် အကဲဖြတ် သော ပညာရပ်ဖြစ်သည်။ကိုယ်ကျင့် တရားဆိုသည်မှာ နေ့စဉ်ဘဝတွင် လူတို လိုက်နာကျင့်ကြံနေသော စည်းကမ်းမျိုး ဖြစ်သည်။

လူဟူသည် အသိုက်အဝန်းနှင့် နေထိုင်ရှင်သန်ကြရပြီး အသိုင်းအဝိုင်း အတွင်း၌သာ ကြီးထွားရှင်သန် နိုင်သော လူသားတို့သည် လူလူချင်း ဆက်ဆံမှု၊ လူမှုဆက်ဆံရေး အမျိုးမျိုးကို စုစည်းကြုံတွေ့နေကြရသည်။ လူသည် အခြားသူ များနှင့် စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ တစ်နည်းတစ်ဖုံ ဆက်ဆံရသည်။ ထိုအခါ သူ့အကျိုးကိုယ့်အကျိုး နစ်နာပျက်စီးမှု၊ ကောင်းကျိုးပြုမှု စသည်တို့ကို ကြည့်ပြီး ထိုသူ၏ အပြုအမူများကို မှားမှန်၊ ကောင်းဆိုး ဆုံးဖြတ်လာကြရသည်။ ထိုကြောင့် ကိုယ်ကျင့်တရားများသည် လူမှုဆက်ဆံရေးဘဝမှ ပေါက်ဖွား လာနိုင်ကြောင်း ထင်ရှားသည်။

ဂျွန်လော့(၁၆၃၂-၁၇၀၄)၏ ကိုယ်ကျင့်တရား အယူအဆများမှာ လူသည် မွေးကတည်းက ဗီဇအသိဉာဏ်သဘောများပါသည် ဟူသောအမြင်ကို လက်မခံချေ။ ထိုနည်းတူ ကောင်းမှု၊ ဆိုးမှု၊ အကုသိုလ် စသည်တို့သည် မွေးကတည်းက ပါလာသည်မဟုတ် ဟုယူဆခဲ့သည်။ ကောင်းမှု၊ ဆိုးမှု စသည်တိုသည် ဘဝအတွေ့အကြုံများထဲကသာ ရလာသည်ဟုမြင်သည်။ လူတို့လိုက်နာအပ်သည့် ကျင့်ထုံး၊ သီလ၊ ဓလေ့ ထုံးစံတို့သည် မိမိတို့၏ ပတ်ဝန်းကျင်လောက၊ လူမှု၊ ထုံးတမ်းအစဉ်အလာတို့၏ သွန်သင်မှုအားဖြင့်သာ ရရှိလာကြသည်။ လူကြီး မားသည် မိမိတိုလိုချင်သည် ဓလေ့ကျင့်ထုံးများကို ကလေးငယ်တို့၏ စိတ်တွင်းသို့ သွတ်သွင်းပေးခြင်းဖြင့် သူတို ကြီးလာသောအခါ ထိုအစဉ်အလာတိုသည် သူတို၏ စိတ်တွင် စွဲမြဲနေတတ် ပေသည်။ ။

တရုတ်အတွေးအခေါ်ပညာရှင်များ၏ အဆိုအရ အကျင့်စာရိတ္တပိုင်းကို လောကသဘာဝထက် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနှင့်ဆိုင်သည့် ပြဿနာများကို ဦးစားပေးစဉ်းစားသည်။ အရာရာကို ဥပဒေနှင့် ချုပ်ကိုင်သည် ထက် လူ၏ အကျင့်သိက္ခာနှင့် စောင့်စည်းမှုတရားများကိုပါ ဦးစားပေးခြင်းဖြစ်သည်။ လူ့အဖွဲအစည်းအတွင်း နေထိုင်ကြသော ပုဂ္ဂိုလ်တိုင်း ကိုယ်စီတာဝန်နှင့် ကိုယ့် အခန်းကဏ္ဍကို သိမြင်ပြီး တိကျလိုက်နာရန် ကြံဆောင် ရမည်။ မိမိကောင်းကျိုး ထက်၊ လူ့အဖွဲ့အစည်း၏ ကောင်းကျိုးက သာလွန်မွန်မြတ်သည်ဟုမြင်သည်။

လူ၏ပင်ကိုယ်သဘာဝမှာ ပတ်ဝန်းကျင်ပေါ် မူတည်နေပြီး လူ့သဘာဝ ကောင်းမှုဆိုးမှုသည်လည်း ဝန်းကျင်နှင့်ဆက်နွယ်နေသည်။ ဝန်းကျင် အခြေ အနေပေါ် မူတည်ကာ လူ၏ သဘောသဘာဝနှင့် စိတ်ဓါတ် ရေးရာများကို မှန်းဆယူနိုင်သည်။ တရားဥပဒေ၊ လူ့ကျင့်ဝတ်တိုမှာ လူတို၏ ထုံးစံများ၊ စီမံဖန်တီးချက်များပင် ဖြစ်ကြပြီး လူ့အဖွဲအစည်းအတွင်း ဖြစ်ပေါ်နေသော လူမှုရေး၊ နိုင်ငံရေး၊ စာရိတ္တရေး၊ တရားဥပဒေထုံးတမ်း စည်းကမ်းတိုသည် လူကဖန်တီးသော တရားများသာဖြစ်ကြသည်ဟုမြင်သည်။

ဒျူဝီ၏ အဆိုအရ ကိုယ်ကျင့်တရားပညာသည် လူ့အဖွဲအစည်းကို အခြေခံ | ရသည်။ ထိုကြောင့် လူမှုရေး အဖြစ်အပျက်များ ပြောင်းလဲသည်နှင့် တန်ဖိုးများ၊ ရည်မှန်းချက်များ၊ နှုန်းစံများသည်လည်း လိုက်ပါပြောင်းလဲသည်ဟု တင်ပြခဲ့သည်။ လူ့အဖွဲအစည်းနှင့် ပတ်သက်၍ ဒျူဝီက တစ်သီးပုဂ္ဂလနှင့် လူ့အဖွဲ့အစည်းသည် အပြန်အလှန် ဆက်စပ်နေသည် ဟူသောအမြင်ကို လက်ခံခဲ့သည်။ လူ့အဖွဲ့အစည်းတွင် တစ်သီးပုဂ္ဂလ လူသားတို့သည် အရေးကြီးသောကဏ္ဍမှ ပါဝင်နေသည့် အတွက် ၎င်းတို့ကြိုးစားသလို တိုးတက်လာနိုင်သည်။ ထိုကြောင့် လူ့အပြုအမူများသည်လည်း မိမိတို့အချင်းချင်းနှင့် အပြန်အလှန် ဆက်နွယ်မှုရှိနေသည်။

ဒျူဝီအဆိုအရ အဖြစ်အပျက်များ၊ အခြေအနေများသည် တစ်ခုနှင့်တစ် မည်သည့်အခါမျှ တူညီမှု မရှိကြပေ။ အပြုအမူတစ်ခုသည် အခြေအနေ တစ်ခုတွင် မှန်သော်လည်း အခြေအနေ ပြောင်းသွားသောအခါ မှန်ချင်မှမှန်ပေမည်။ ထိုကြောင့် ကိုယ်ကျင့်တရားနှင့် တန်ဖိုးဆုံးဖြတ်ချက်များသည် အခြေအနေအရပ်ရပ်နှင့် ဆက်နွယ်လျက်ရှိသည်။ လူသားနှင့် သက်မဲ့ပတ်ဝန်းကျင်တို ညီညွတ်မှုမရှိလာ သောအခါ ပြဿနာပေါ်လာသည်။ ဤပြဿနာသည် ပတ်ဝန်းကျင် အခြေအနေ ပြောင်းသည်နှင့် လိုက်ပါပြောင်းလဲနေပေသည်။ ထိုကြောင့် အခြေ အနေအမျိုးမျိုးကို သုံးသပ်၍ ကိုယ်ကျင့်တရားအပေါ် ဆုံးဖြတ်ချက်များကို ချမှတ်ရသည်။

 ယန်ပေါဆက်သည် လူတစ်ဦးချင်းစီတို တွင် လွတ်လပ်မှုရှိသည်ဟု တင်ပြုပြီးသည့်နောက် ယင်းနှင့် တစ်ဆက်တည်း လူသားတို၏ တာဝန်ဝတ္တရားရှိခြင်း၊ ကိုလည်း ဖော်ပြသွားလေသည်။ လူသည် မိမိ၏ လွတ်လပ် သော အပြုအမူအားဖြင့် မိမိ၏ အနှစ်သာရ အရည်အချင်းကို ဖန်တီးနိုင်၏။ ထိုကြောင့် မိမိ၏ဘဝအတွက် မိမိသည် လုံးဝတာဝန်ရှိသည်။ တစ်ဖန် မိမိ၏ဘဝအတွက် တာဝန်ရှိသည်ဟုဆိုရာ၌ မိမိတစ်ဦးတည်းအတွက် သာမကဘဲ လူသားအားလုံးအတွက် တာဝန်ရှိလေသည်။ အဘယ့်ကြောင့်ဆိုသော် မိမိတစ်ဦးချင်းအတွက် လွတ်လပ်စွာ ရွေးချယ်ပြုလုပ် လိုက်ခြင်းသည်ပင် လူသားအားလုံးအတွက် ရွေးချယ်ခြင်းသဘော သက်ရောက် သွားသည်။ တစ်စုံတစ်ခုကို ရွေးချယ်ခြင်းသည် တန်ဖိုးတခုကို သတ်မှတ်ခြင်း ဖြစ်ပေသည်။ အဘယ့်ကြောင်ဆို သော် လူသည် မိမိအတွက် ပို၍ကောင်းမည် ထင်ရာကိုသာ ရွေးချယ်စမြဲဖြစ်၍ တစ်ဖန် အများအတွက် ပိုကောင်းမွန်မှသာ မိမိတစ်ဦးတည်းအတွက်လည်း ပိုမိုကောင်းမွန်နိုင်မည် ဖြစ်သောကြောင့် တစ်စုံ တစ်ခုကို ရွေးချယ်လိုက်ခြင်းသည် မိမိတစ်ဦးတည်းအတွက်သာမဟုတ်ဘဲ လူသားအားလုံးအတွက် ဖြစ်တော့သည်။

မိမိပြုမူဆောင်ရွက်သော လုပ်ငန်းတိုတွင် အခြားလူတို၏ ဝိုင်းဝန်းကူညီမှုကို ရရှိမည်ဟု မျှော်လင့်ချက် မထားသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူများ သည်လည်း လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ ပြုလုပ်နေထိုင် ပိုင်ခွင့် ရှိကြသောကြောင့် ဖြစ်သည်။ အတွေးအခေါ်အယူအဆနှင့် ရည်မှန်းချက်များ တူညီသည့် မိမိ၏ မိတ်ဆွေ အပေါင်းအသင်းများအပေါ်တွင် အထိုက်အလျောက် အားကိုးနိုင်သော်လည်း၊ မိမိနှင့် မနီးစပ်သူများကိုကား လုံးဝအားထား၍ မဖြစ်နိုင်ချေ။ လူသားတို့၏ ကောင်းသောသဘောသဘာဝ လူသားတို၏ လူ့ဘောင်အကျိုးတွင် စိတ်ဝင်စားမှု စသည်တို့ကို အားထားမှုမပြုနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် လူတို့သည် လွတ်လပ်၍ မည်သည့် လူ့သဘာဝအမျိုးအစားကိုမျှ အခြေခံအဖြစ် မှတ်ယူခြင်း လူတိုင်း မပြုနိုင်သောကြောင့်ဖြစ်သည်။

စင်စစ်လူတစ်ဦး၏ အကျင့်သီလသည် ပေါင်းသင်းဆက်ဆံမှု နယ်ကျယ် လယ်နှင့်အမျှ လူမှုပြဿနာ အခက်အခဲများအား မည်သိုမည်ပုံ ရင်ဆိုင် တောင်းသည်ကို ကြည့်၍ ထိုပုဂ္ဂိုလ်၏ စိတ်ဓာတ်အနုအရင့် အကျင့် သီလ အတိမ်အနက်ကို ဆုံးဖြတ်ရပေလိမ့်မည်။

ခေတ်တစ်ခေတ် (သိုမဟုတ်) နေရာဒေသတစ်ခု၌ ကောင်းသည်ဟု လူတို့ သိမှတ်ထားသောအမှုသည် အခြားခေတ်တစ်ခေတ် (သို့မဟုတ်) တိုင်းပြည်၏ မကောင်းမှု ဖြစ်နေတတ်သည်။ အကျင့်သီလနယ်၌ တစ်ခေတ် နှင့်တစ်ခေတ်၊ တစ်နေရာနှင့်တစ်နေရာ၊ လူတို အမြင်မတူခြင်းမှာ ပတ်ဝန်းကျင်အခြေအနေနှင့် အသိအမြင်မတူ သောကြောင့်ဖြစ်၏။ ကိုယ်ကျင့်တရားသည် လူ့လောကအတွက် ဖြစ်ပေါ်လာသော လောကပါလတရားဖြစ်၍ ပုံသေရပ်တည်မနေဘဲ ရှင်သန် လှုပ်ရှားနေသည်။ လူကလောက ပြောင်းလဲနေသည်နှင့်အမျှ လူတို၏ အကျင့်သီလ သည်လည်း အမြဲပြောင်းလဲနေရသည်။

လူ့သမိုင်းအစ ရှေးပဝေသဏီက လူတို့၏ ကိုယ်ကျင့်တရားမှာ ဓလေ့ ထုံးစံနှင့် ခွဲခွာ၍မရချေ။ ဓလေ့ထုံးစံ၏သဘောမှာ ကနဦးမူလက အကြောင်း အကျိုးနှင့်ယှဉ်၍ ဖြစ်ပေါ်ခဲ့သည် မှန်သော်လည်း ကာလပရိစ္ဆေဒကြာလာသောအခါ အကြောင်းတရားသည် ပျောက်ကွယ်၍ ထုံးစံသည်သာကျန်ရစ်ခဲ့သည်။ ဤသိုဖြင့် ဓလေ့ထုံးစံမှ ပေါက်ဖွားလာသော ကိုယ်ကျင့်တရားသည်လည်း အကြောင်းအကျိုး ရှင်းပြရန်မလို တော့ဘဲ အကောင်းအဆိုး၊ အမှားအမှန်မှာ ၎င်း၏ ပကတိ ဂုဏ်လက္ခဏာတစ်ရပ် ဖြစ်လာတော့သည်။

စေတနာကို ကြည့်၍ အမှုတစ်ခုကို အကောင်းအဆိုး ဝေဖန်ဆုံးဖြတ်ရန်မှာ လွယ်ကူသော ကိစ္စမဟုတ် ချေ။ ကာယကံရှင်သည်သာ မိမိ၏ စေတနာမှန်မမှန် သိရှိနိုင်သည်ဖြစ်၍ အလွန်ကြီးလေးသော အမှားများပြု သော ပုဂ္ဂိုလ်တို့သည်လည်း ကနဦးမူလက စေတနာကောင်းဖြင့် မိမိတို့ပြုခဲ့ပါသည် ဟုပြောကြစမြဲဖြစ်၏။ သို့ရာတွင် နိုင်ငံ၏ တရားဥပဒေသည် စေတနာသန့်သန့်ဖြင့် ပြုခဲ့သော မှားယွင်းမှု များကို ခွင့်လွှတ်မည်မ ဟုတ်ချေ။

စေတနာသည် အခါခပ်သိမ်း ယုံကြည်စိတ်ချရသောတရား မဟုတ် သောကြောင့် သတိပညာဖြင့် ထိန်းကွပ်ပေးရန် အရေးကြီး၏။ သတိပညာ ရှေ့ဆောင်သော ကိုယ်ကျင့်တရားသည် အများအားဖြင့် လွဲမှားမည်မဟုတ်ချေ။ ယခုခေတ် ကမ္ဘာ့လူသားများ ရှေးကထက် ပို၍ကိုယ်ကျင့်တရား ပြောင်းလဲ တိုးတက်လာခြင်းမှာ ရှေးကလူများထက် ပို၍စိတ်ကောင်းစေတနာ ရှိလာသော ကြောင့် မဟုတ်ဘဲ အသိအမြင် တိုးတက်လာသောကြောင့်ဖြစ်၏။

အသိပညာ အမြော်အမြင်ရှိပါလျက် ပတ်ဝန်းကျင်မှ ကာမအာရုံများ သွေးဆောင်ဖျက်ဆီးခြင်းကို ခံရကြသော လူတို၏ ပျော့ညံ့မှုသည် သတိချွတ်ယွင်း မှုကြောင့်ဖြစ်သည်။ အသိအလိမ္မာနှင့် လျော်ညီစွာ ပြုလုပ်သင့်သောကိစ္စကို စွဲစွဲမြဲမြဲ သတိကပ်ထားပါက လမ်းမမှားနိုင်ပေ။ သတိကင်းမဲ့သောကြောင့်သာလျှင် အမှန်တရားကို မျက်ခြည်ပြတ်၍ စိတ်ယုတ်စိတ်ညံ့များကို အရှုံးပေးရခြင်းဖြစ်သည်။

လူ၏ အသိဉာဏ်၊ ဆင်ခြင်ဉာဏ်တို့သည် မလိုလောဘ၊ အစွဲတဏှာ၊ ဒေါသတို့၏ နောက်လိုက် အစေ အပါးများဖြစ်တတ်သေးသည်။ ဆင်ခြင်ခြင်းတရား သည် အစွဲတဏှာ အစရှိသည့် မသိစိတ်၏ စွမ်းအားတွေ ခိုင်းသမျှ ပြုရသည့် ကျေးကျွန်ဘဝသို ရောက်သွားတတ်သေးသည်။ ဘာသာရေးအပေါ် အခြေခံ ထားခဲ့သော လူ့ကျင့်ဝတ်တရားတိုသည် တစ်ဖက်တွင် တကယ်အစစ်အမှန် တည်ရှိနေ၏။ အခြားတစ်ဖက်တွင် သိပ္ပံနှင့်နည်း ပညာ တိုးတက်မှုတိုကလည်း တကယ်အစစ်အမှန်ဖြစ်နေ၏။ ဤအစစ်အမှန်နှစ်ခုကြားတွင် စေ့စပ်၍ မရသော ဝိရောဓိရှိသည်ဟု မြင်သူများရှိသကဲ့သို ဤအစစ်အမှန်နှစ်ခုကို သမူဟပေါင်းစပ် ပေးရမည်ဆိုသော အယူအဆ လည်းရှိကြပါသည်။ ။

လူ၌ သဘာဝလိုအပ်ချက်များနှင့် လူမှုရေး လိုအပ်ချက်များရှိကြသည်။ လူ့ကျင့်ဝတ်တရားသည် ဤလိုအပ်ချက်တိုနှင့် လိုက်လျောညီထွေဖြစ်အပ်သည်။ ဤလိုအပ်ချက်များ ဖြည့်ဆည်းနိုင်မှ စိတ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မားလာမည်။ အူမတောင့်မှ သီလစောင့်နိုင်မည်ဟု တချိုသော လူမှုရေးဆိုင်ရာ ပညာရှင်များက ဆိုကြသည်။ ကွန်ဖြူးရှပ် သွန်သင်ချက်အရ လူသားအချင်းချင်း၏ ဆက်ဆံရေး သည် ရဲန် သဘောတရား အပေါ်တွင် တည်ထားသည်။ ရဲန် သဘောအားဖြင့် ဆက်ဆံမှုသည် လူသားအချင်းချင်း ချစ်ခင်ကြင်နာမှုကို ဖြစ်ပေါ်စေသည်။ ရဲန် ဆိုသော သဘောတရားမှာ လူပီသခြင်း၊ လူစိတ်ဓာတ်မွေးမြူခြင်း၊ လူဆန်ခြင်း၊ လူ့သိက္ခာနှင့်အညီ ကျင့်ခြင်း၊ လူ့အခွင့်အရေးကို ကာကွယ်ခြင်း စသော မွန်မြတ်သည့် စိတ်ထားများပါဝင်သည်။ ရဲန်သဘောကို ဆိုင်အို(hsi ao) (ခေါ်) သူတစ်ပါးအပေါ်တွင် ကြင်နာထောက်ထား သနားငဲ့ညှာတတ်မှုနှင့် တိုင်(Ti) (ခေါ်) ညီရင်းအစ်ကို ချစ်ခြင်းသဘော နှစ်ရပ်စလုံးအဖြစ် မှတ်ယူနိုင်သည်။

ချွန် ဆိုသော သစ္စာရှိသောသဘောမှာ လူ၏ စိတ်အနေအထားနှင့်ဆိုင်၍ ထိုစိတ်ဓာတ်အင်အားမျိုးကို ကိုယ်တိုင် ရိုးသားစွာ ကျင့်ကြံခြင်းအားဖြင့် ရရှိနိုင်သည်။ ရူ (ခေါ်) ပရဟိတသဘောမှာ ကိုယ်မှအပဖြစ်သော လောကကြီးကို ရှုမြင်နားလည် နိုင်စွမ်းနှင့် လောကသတ္တဝါများအပေါ် ကြင်နာတတ်မှုမှ ပေါက်ဖွားသော စိတ်ဓာတ်အင်အား ပင်ဖြစ်သည်။ ချွန်နှင့်ရူ သဘောမှာ ရဲန် လမ်းစဉ်ကို ကျင့်သုံးပုံ ကျင့်သုံးနည်းများဖြစ်သည်။ ထိုကျင့်သုံးပုံမှာ သူတစ်ပါးအပေါ်၌ မိမိကိုယ်နှင့် ထပ်တူပြုရန်၊ မိမိအပေါ်၌ မပြုစေလိုသကဲ့သို သူတစ်ပါးကို လည်း မပြုမူရန် ဖြစ်သည်။ ဤသဘောတရားသည် ကွန်ဖြူးရှပ်၏ အတွေးအမြင်အားလုံး၏ ဗဟိုအချက်အချာ ဖြစ်ရုံသာမက တရုတ်ယဉ်ကျေးမှုတစ်ရပ်လုံးကို လွှမ်းမိုးနေသော သဘောတရားပင်ဖြစ်သည်။

တရုတ်အတွေးအခေါ်ပညာရှင် မင်းစိယပ်(ဘီစီ ၃ရ၂-၂၈၉)က ပညာရေး ဆိုသည်မှာ ကိုယ်ကျင့်တရား ကောင်းမွန်အောင် ပြုစုပျိုးထောင်ပေးခြင်းသာ ဖြစ်သည်ဟုဆိုသည်။ လူနှင့်တိရိစ္ဆာန်တို့၏ ခြားနားမှုမှာ မိမိ၏ သဘာဝ အနေအထားကို ပယ်မှု၊ မပယ်မှု ဆိုသည့် အချက်ကလေးသာဖြစ်သည်။ လူသား စင်စစ်တိုသည် လူ့သဘာဝကို ထိန်းသိမ်းနိုင်သူများဖြစ်၏။ ထိုထက် ပို၍ကြီးမြတ် သူတိုမှာ မိမိတို၏ ကလေးဘဝက ထားရှိသည့် နှလုံးသားမျိုးကို မပျောက်မပျက်ဘဲ ထိန်းသိမ်းထားသူများဖြစ်ကြသည်။

ဤလောကတွင် မွန်မြတ်ခြင်း တရားနှစ်ပါးရှိသည်။ ယင်းတိုမှာ ကောင်းကင်နိုင်ငံတော်က အသိအမှတ် ပြုသော မွန်မြတ်ခြင်းနှင့် လူ့လောကက အသိအမှတ်ပြုသော မွန်မြတ်ခြင်း တရားတို့ဖြစ်ကြ၏။ ကောင်းကင် နိုင်ငံတော်က အသိအမှတ်ပြုသော မွန်မြတ်ခြင်းဆိုသည်မှာ အကြင်နာကရုဏာတရား ပွားများခြင်း၊ တရားမျှ တမှုရှိခြင်း၊ ချုပ်တည်းအပ်သောတရားနှင့် အညီကျင့်ခြင်း၊ သစ္စာတရားမြဲမြံခြင်းဖြစ်ပြီး၊ လူ့လောကက အသိအမှတ်ပြုသော မွန်မြတ်ခြင်းမှာ ရာထူးဌာနန္တရကြီးခြင်း၊ မင်းစိုးရာဇာဖြစ်ခြင်း စသည်တို့ဖြစ်သည်။

ခရစ်ယာန်တို့၏ ကျင့်ဝတ်ပိုင်းဆိုင်ရာတွင် ခရစ်တော်က ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ဆီးခြင်းငှာမဟုတ် ပြည့်စုံစေရန် ကြွလာရခြင်းဖြစ်သည် ဟုဆိုခဲ့သည်။ လူ၏ ကျင့်ကြံပြုမူချက်တို့သည် ဘုရားသခင်ရှေ့၌ မိုက်မဲသောအရာ ဖြစ်သည်။ လူ၏ အကျင့်ကောင်းသောကြောင့် ဘုရားသခင် ရွေးကောက် ခေါ်ယူသည်မဟုတ်ပဲ၊ ဘုရားသခင်၏ တန်ခိုးတော်နှင့် ပညတ်တော်တည်းဟူသော ခရစ်တော်၏ တရားတော်အားဖြင့် ခေါ်ယူခြင်းဖြစ်သည်။ လောကီ၌ မိုက်မဲသော သူများ၊ တော်သောသူများ၊ ဆင်းရဲသူများ မရေရာသောသူတို့ကိုပင်လျှင် အသိအမှတ်ပြုပြီး ရွေးကောက်နိုင်သေးသည်။ ထိုကြောင့် မိမိအကျင့်သီလနှင့် ပြည့်စုံကြောင်း ဝါကြွားလိုသော် ဘုရားအားဖြင့်သာ ဝါကြွားနိုင်စရာရှိသည် (မဿဲ ၅း၁၇-၂၀)။

ခရစ်တော် ဘွန်သင်ညွှန်ပြာသည့် ကျင့်ဝတ်ပိုင်းဆိုင်ရာတွင် ဘုရားသခင်၏ ဖြောင့်မတ်မှန်ကန်မှုနှင့် မေတ္တာအပေါ်၌ အခြေခံ၍ ကောင်းကင်ဘုံ၌ရှိသော သင်တိုအဘသည် စုံလင်သည့်နည်းတူ ကျွန်ုပ်တိုသည်လည်း စုံလင်ခြင်းရှိရန် ရည်ရွယ်ခဲ့သည်။ ကျွန်ုပ်တိုသည် လူ့လောကသို ရောက်ရှိလာသည့်အချိန်တွင် လူ့ဇာတိအားဖြင့် မွေးဖွားခြင်းကို ခံကြရသကဲ့သို မွေးရာပါ ဇာတိပကတိ စိတ်သဘောထား မြောက်များစွာ ပါလာခဲ့သည်။ ဇာတိ စိတ်သဘောထားများတွင် ကိုယ်ကျင့်တရား ဖေါက်ပြန်မှုများ၊ စာရိတ္တချိုယွင်းမှုများ မြောက်များစွာ ပါရှိလာ ခဲ့သည်။ သိုသော် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသစ်တဖန် ပြန်လည် မွေးဖွားခြင်း တည်းဟူသော ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် လူသစ် စိတ်သစ် ဖြစ်လာခဲ့သည်။ ကျွန်ုပ်တို၏ စိတ်တွင်ရှိသည့် လူ့ဇာတိ စိတ်အရ ဖေါက်ပြန်မှုများ၊ ကိုလည်း ဝိညာဉ်တော်၏ လမ်းပြသွန်သင်မှုကို ခံယူခွင့်ပေးခြင်းဖြင့် လူတို့၌ ကောင်းသော အကျင့်စာရိတ္တများ၊ ကိုယ်ကျင့်တရားကောင်းများ ပေါ်ထွက်လာမည် ဖြစ်သည် (မဿဲ ၅း၄၈)။

ခရစ်တော်၏ သွန်သင်မှုတွင် ညီအစ်ကိုချင်း အမျက်ထွက်ခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျိန်ဆဲခြင်းကိုပင်လျှင် ခွင့်မပြုချေ။ ထာဝရဘုရားထံသိုချဉ်းကပ်မည်ဆိုပါက ဦးဆုံး မိမိညီအစ်ကိုချင်း အပြစ်တင်စရာရှိမရှိ စစ်ဆေး ကြည့်ပြီး ခရစ်တော်ထံသို တိုးဝင်ချဉ်းကပ်နိုင်ခွင့်ရှိသည်ဟု သွန်သင်ခဲ့သည် (မဿဲ ၅း၂၁-၂၆)။

လူ၌ရှိသောအသက်ဝိညာဉ်၏တန်ဖိုးသည် စာရိတ္တဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးမှု မဖြစ်စေရလေ အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သင့်သည်။ တစ်နည်းအားဖြင့် အကျင့်စာရိတ္တကောင်းဖြင့် နေထိုင်နိုင် ခြင်းသည်ပင်လျှင် မိမိ၌ ရှိသည့် အသက်ဝိညာဉ်ကို မပျက်မစီးရလေအောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက် နေခြင်းဖြစ်သည်။ ထိုကြောင့် လူသည် စကြဝဠာတွင်ရှိသည့် အရာခပ်သိမ်းကို ပိုင်အုပ်စိုးနိုင်သောသူ ဖြစ်သော် လည်း မိမိ၏ စာရိတ္တ ဖောက်ပြန် ချို့ယွင်းမှုရှိခဲ့လျှင် နောက်ဆုံး မိမိ၏ အသက်ဝိညာဉ်ပါ ဆုံးရှုံးသွားနိုင်သည် (မာကု ၈း၃၅-၃၈)။

ရှင်ပေါလု၏ သွန်သင်ချက်တွင် မိမိခန္ဓာကိုယ်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု မပြုပဲ၊ နည်းလမ်းအမျိုးမျိုးအားဖြင့် ပျက်စီးအောင် ပြုလုပ်ခြင်းပင်လျှင် ဖောက်ပြန်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် ဘုရားသခင် ပေးသနားသည့် ခန္ဓာကိုယ်ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ထဲ၌ ကျိန်းဝပ်လျက်ဤလောက၏ ကောင်းကျိုးကို ကျွန်ုပ်တို့နှင့် တကွ ပြုလုပ်ရန်ရှိသည်။ ကျွန်ုပ်တို့က ဘုရားသခင် ပေးထားသည့် နည်းလမ်းအမျိုးမျိုးဖြင့် ဖျက်ဆီးပစ်နေခြင်းသည်ပင် လူ၏ အကျင့် ဖောက်ပြန်နေခြင်း ဖြစ်တတ်သည်။ မိမိတို့ ခန္ဓာကိုယ်ကို မိမိတို့ ကိုယ်တိုင်မပိုင်ပဲ ဆိုင်သာဆိုင်နေရသည်။ ဤခန္ဓာကိုယ်ကြီးကို သန့်ရှင်းစင်ကြယ်စွာ ဂရုတစိုက် ထားနိုင်ခြင်းသည် မိမိကိုယ်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း ဖြစ်သကဲ့သို့ ဘုရားသခင်၏ ဝိညာဉ်တော်ကိန်းဝပ်ရာ ခန္ဓာဗိမာန်ကိုလည်း ပြုစုရာရောက်သည် (၁ကော ၃း၁၆-၁၇)။

လောက၌ ပညာဉာဏ်မြင့်မား၍ ပညာအတတ်အမျိုးမျိုးကို တတ်မြောက် ကျွမ်းကျင်သော လောကီပညာ တတ်တိုသည် မိမိတိုကိုယ်မိမိတို တတ်မြောက် ထားသော ပညာများအားဖြင့် ဝါကြွားလျက် ပညာကို ပေးသနားတော်မူသော ဘုရားကို စော်ကားပြစ်မှားလျှင်လည်း ထိုသူသည် ဘုရားအပေါ်၌ စာရိတ္တအားဖြင့် ဖောက်ပြန်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို ဖောက်ပြန်ခြင်းသည် မိမိတတ်ကျွမ်း ထားသည့် ပညာအပေါ်၌ ဝါကြွားဝမ်းမြောက်မှုပြုလျက်၊ တတ်ထားသည့်ပညာနှင့် ကိုက်ညီသည့် အကျင့်သီလကို မထိန်းသိမ်း မစောင့်ရှောက်ပဲ၊ မှန်ကန်သည့် နေရာတွင် အသုံးချရမည့်အစား၊ ပညာမာနတက်နေခြင်းသည်ပင် အကျင့်စာရိတ္တ ဖောက်ပြန်နေခြင်းဖြစ်သည်။ အဓိကမှားယွင်းမှုမှာ ဘုရားသခင်အားဖြင့် ရရှိ ထားသည့် ပညာအမျိုးမျိုးကို ဘုရားသခင်အတွက်မဟုတ်ပဲ ကိုယ်ကျိုးတစ်ခု တည်းအတွက် အသုံးချခြင်းသည်ပင်၊ ဘုရားကို စော်ကားခြင်း၊ ဘုရားအပေါ်၌ သစ္စာမရှိဘဲ ဖောက်ပြန်ခြင်းပင်ဖြစ်သည် (၁ကော ၃း၂ဝ-၂၃)။

 

၃။ သင်ကြားမှုဆိုင်ရာ လူမှုရေးပညာ (Teaching and Sociology)

လူတိုင်းသည် ဆရာဖြစ်သကဲ့သို လေ့လာနေသူများလည်းဖြစ်သည်။ အသက်ရှင်နေရခြင်းသည် လေ့လာမှုပြုနေရန်အတွက်ဖြစ်သည်။ ဘဝမှ ကြုံတွေ့သမျှကို လေ့လာနေသူများဖြစ်သည်။ ထိုနည်းတူ လူတိုင်းသည် ပညာပေး ရသူများဖြစ်သည်။ ပညာရေးဆိုင်ရာ အဆင်ဆင့်ကို ကျောင်းများတွင် စတင် ၊ ပေးကြ သည်။ ဤအဆင့်ဆင့်ကို ကျောင်းခန်းအတွင်းရှိ ဆရာ၊ ဆရာမများက အကောင်အထည်ဖော်ကြရသည်။ ကန့်သတ်ထားသည့် အချိန်ကာလအတွင်း လေ့လာသင်ယူသူများ၏ အသိဉာဏ်ဖွံဖြိုးမှုအတွက် ပြင်ဆင်လုပ် ဆောင် ပေးနေရခြင်းဖြစ်သည်။ ပညာရေးဆိုင်ရာ ဦးတည်ချက်ကို တိတိကျကျ အကောင် အထည်ဖော်ပေးနေ ရခြင်းဖြစ်သည်။

သင်ကြားခြင်းသည် မည်သည့်အရာနည်း။ ထိရောက်သည့် သင်ကြား ပေးမှုနှင့် ကျွမ်းကျင်စွာ သင်ကြား ပေးမှုဟူသည် မည်ကဲ့သို့နည်း။ သင်ကြား ပေးခြင်းဖြင့် မိမိအတွက် မည်ကဲ့သိုသော ရလဒ်များရသနည်း။ ကျေနပ် အားရဘွယ်ရာဖြစ်သလော။ မည်သည့်အရာသည် မိမိအတွက် စိတ်ပျက်စရာ ဖြစ်သနည်း။ ဤကဲ့သို့ သော မေးခွန်းများကို ကြိုးစား၍ဖြေဆိုပေးရန်လိုသည်။

သင်ကြားခြင်းသည် အမျိုးမျိုးဖြစ်နိုင်သည်။ ဆရာသည်လည်း လူအမျိုးမျိုးထဲတွင် ပါဝင်သူတစ်ဦးဖြစ် သည်။ သင်ကြားခြင်းဟူသည် ညွှန်ကြားပြသ ပေးခြင်း၊ ဖြေရှင်းပေးခြင်းနှင့် ပြောကြားပေးခြင်းဖြစ်သည်။ သင်ကြားခြင်းသည် လက်တွေ့ လုပ်ဆောင်သည့် အချိန်ရောက်သည့်တိုင်အောင် စောင့်စားရခြင်း ဖြစ်သည်။ ဆရာသည် မိမိ သင်ကြားပေးလိုက်သည့် တပည့်များအားဖြင့် မိမိကိုယ်မိမိ တည်ဆောက်ရခြင်း၊ အဆင့်အတန်း တိုးတက်ခြင်းကို ရယူခြင်းဖြစ် သည်။ တပည့်များမှ အားကိုးအားထားပြုခြင်း၊ အကျိုးသက်ရောက်စေခြင်းနှင့် ပညာရပ်အပေါ် တန်ဘိုးထားခြင်းတိုသည် ဆရာတစ်ဦးအတွက် တန်ဘိုး မြင့်မားလာစေခြင်း ဖြစ်သည်။

ဆရာသည် လေ့လာခြင်းခံနေရသူတစ်ဦးဖြစ်သည်။ မိမိ၏ တပည့် များထက် ပို၍သိထားသင့်သည်။ သို့သော်လည်း မိမိအနေဖြင့် အားလုံးကို မသိနိုင်ကြောင်း သိထားဘို့လည်းလိုသည်။ ဆရာသည် တပည့်များ၏ နမူနာအဖြစ် သတ်မှတ်ခြင်း ခံနိုင်သော်လည်း အမှားပြုလုပ်တတ်သူလည်းဖြစ်သည်။ သူသည်လည်း လူသားတစ်ဦးဖြစ်သည်။ ဆရာသည် စံအဖြစ် သတ်မှတ်ခြင်းခံရသော်လည်း၊ ဆရာတပည့် ဆက်ဆံရေးတွင် ရင်းနှီးလွန်းအားကြီးသဖြင့် စံအဖြစ် သတ်မှတ် ထားဖို့ရန် ခက်ခဲသည်။

သင်ကြားခြင်းသည် မည်သည့်အရာနည်း။ ဆရာသည် မည်သို့သောသူနည်း။ မျက်မမြင်များနှင့် ဆင်တစ်ကောင်၏ ရှေးဟောင်းပုံပြင်တစ်ခုရှိသည်။ ဘုရင်ကြီးတစ်ပါးသည် မိမိ၏ ပညာရှိခြောက်ဦးအား၊ မိမိတိုင်းပြည်သို့ ရောက်ရှိလာသည့် တိရိစ္ဆာန်သည် မည်သည့် အကောင်ဖြစ်ကြောင်း စုံစမ်းခိုင်းသည်။ ထိုပညာရှိခြောက်ဦးမှာ မျက်စိမမြင်သူများဖြစ်ကြသည်။ မျက်မမြင်ခြောက်ဦး ရောက်လာပြီး ဆင်ကို နေရာအနှံစမ်းသပ်ကြည့်ကြသည်။ တချိုသည် ဦးခေါင်း၊ – ခြေ၊ လက်၊ ဝမ်းဗိုက်၊ အစွယ် စသည့်နေရာများကို စမ်းသပ် ကြသည်။ ထိုမျက်မမြင်ခြောက်ဦးတို့၏ စိတ်ကူးထဲတွင် မတူညီသော ရုပ်ပုံများ ပေါ်လျက်ရှိနေ ကြသည်။ ရှင်ဘုရင်ထံ ပြန်ရောက်လာကြသည့်အခါ တစ်ဦးစီက တို့၏ မတူညီသောအမြင်များကို ဖော်ပြကြသည်။ ရှင်ဘုရင်ကြီးသည် အံ့သြသွားပြီး သူတို့စမ်းသပ်ကြည့်သည့် အကောင်ကြီးသည် မည်သည့် အကောင်ကြီးလဲဟု မိမိကိုမိမိ မေးကြည့်လိုက်သည်။

ထိုပုံပြင်အတိုင်း ဆရာ၊ ဆရာမတို၏ သင်ကြားခြင်းကို ပြီးပြည့်စုံစွာ နားလည်ရန် ခက်ခဲလှသည်။ မျက်မမြင်ခြောက်ဦးကဲ့သို သင်ကြားပြသပေးသည့် ဆရာ၊ ဆရာမများသည် မိမိတို အမြင်အမျိုးမျိုးဖြင့် သင်ကြားပေးနေခြင်း ဖြစ်သည်။ ဆရာ၊ ဆရာမများသည် မိမိတို့၏ သင်ကြားပြသမှုအပေါ်တွင် ကန့်သတ်မှုများရှိကြောင်း သိသင့်သည်။ မည်ကဲ့သို ကျွမ်းကျင်စွာ သင်တတ် သည်မဆို၊ အတိုင်းအတာ တစ်ရပ်အထိသာလျှင်ဖြစ်သည်။ ။

ထိုကြောင့် မိမိ၏ တိုင်းတာမှုကို ကျော်လွန်ပြီး မိမိ၏ အရည်အသွေး ထပ်မံတိုးတက်မြင့်မားလာ စေရန်နှင့် ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန် ကြိုးစားမြှင့်တင်တတ်ဖိုလိုပေသည်။ သင်ကြားရင်း ရှာဖွေလေ့လာ စမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် ဆရာ၊ ဆရာမများ၏ အရည်အသွေးများ မြင့်မားတိုးတက် လာနိုင်သည်။ မိမိ၏ အမြင်တစ်ခုတည်းဖြင့် အရာခပ်သိမ်း ခြုံငုံ၍မပြင်နိုင်ပါ။ အရာရာတိုင်းအပေါ်တွင် မိမိတစ်ဦးတည်း၏ အမြင်အားဖြင့် အမှားအမှန်ကို ကောက်ချက်မချနိုင်ပါ။ အကြောင်းအရာတစ်ရပ်၊ အဖြစ်အပျက်တစ်ခုသည် ဘဝတစ်ခုလုံးကို မချုပ်ကိုင်နိုင်ပါ။ ထိုနည်းတူ ကဏ္ဍအားလုံးအတွက် ထိရောက်မှု ရှိနိုင်မည့်၊ ပြီးပြည့်စုံသောအရာတစ်ခုကို ဖန်တီးယူလို မရနိုင်ချေ။ ဥပမာ၊ တစ်အိမ်ထောင်လုံးအတွက် အကျိုးသက်ရောက်မှုပြုနိုင်ပည့် အရာတစ်ခုတည်းကို မဖန်တီးနိုင်ပါ။ ကွဲပြားခြားနားနေသည့် လူများ၊ အတွေးအခေါ်များ၊ အခြေအနေ များကသာ အိမ်ထောင်တစ်ခုလုံးကို အကျိုးသက်ရောက်မှုရှိအောင် ဖန်တီးနိုင်ပါ သည်။

သင်ကြားခြင်းသည် စွမ်းအား အပြည့်အဝရှိဖိုလိုသည်။ အသံနေ အသံထားမှအစ၊ အချက်အ လက်ခိုင်မာမှု၊ မိမိပြောဆိုမှုအပေါ်တွင် ယုံကြည်စိတ်ချ မှုရှိခြင်း စသည်တိုပါဝင်သည်။ မိမိ သင်ကြားပေးရသည့် လူအများအပေါ်တွင် စေတနာအပြည့်အဝဖြင့် ပညာရစေလိုမှု၊ အသိအမြင် ရစေလိုသည့် စိတ်ဆန္ဒ ပြင်းပြနေဖို့ ရန်လိုသည်။ နားထောင်နေသည့် လူတိုသည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ တချို့မှာ မိမိတို့စိတ်ကပင် သိချင်တတ်ချင်စိတ် ပြင်းပြသကဲ့သို တချိုမှာ အပေါ်ယံ ဗဟုသုတသဘောဖြင့် နားထောင်တတ်ကြသည်။ သိုသော် သင်ပြပေးသူအဖိုမှာ ထိုနှစ်မျိုးစလုံးအတွက် အတိုင်းအတာတစ်ခုအထိ တိုးတက် စေလိုမှုအတွက် မျှော်ကိုး၍ သင်ကြားပေးသင့်သည်။ အဆုံးသတ် ဆုံးဖြတ်ချက် ချပေးမှုကိုဆရာ၊ ဆရာမများအနေဖြင့် ပေးသည်ထက်၊ မိမိတို့ကိုယ်တိုင်ကပင် ဆုံးဖြတ်ချက်ချ မှတ်ယူမှုကို အားပေးသင့်သည်။ တပည့်များအနေဖြင့် မိမိတို ကိုယ်ပိုင်ဆုံးဖြတ်မှုများ တစ်ဦးနှင့်တစ်ဦး တူညီမည်မဟုတ်သော်လည်း မိမိတို့ အတိုင်းအတာအရ၊ သဘောပေါက်မှု၊ ဆုံးဖြတ်ချက်ချမှတ်လိုမှု၊ ကြိုးစားလုပ်ဆောင် လိုမှုများအပေါ်တွင် ဆရာ၊ ဆရာမများအနေဖြင့် အားပေးအားမြှောက်ပြုသင့်သည်။

သင်ကြားမှုသည် သင်ကြားပေးသူဘက်မှ တရားသေသတ်မှတ် အဖြေရှာ ထုတ်ပေးမည်ဟု မျှော်လင့် ချက် တစ်ခုတည်းဖြင့် ဆုံးဖြတ်သင်ကြားခြင်းမျိုး မဟုတ်ချေ။ သင်ကြားသူများဘက်မှ ခံစားချက်များ၊ သိမြင် ချက်များ၊ ဆွေးနွေး တိုင်ပင်မှုများ အပေါ်တွင်လည်း အခြေခံလျက်၊ ဖြစ်သင့်သောအရာ၊ ဖြစ်နိုင်ချေ ရှိသော အကြောင်းအရာများကို တပည့်များ ကျေနပ်ဖွယ်ရာ အတိုင်းအတာအထိ ဝိုင်းဝန်းအဖြေရှာပေးခြင်းသည် ပို၍ထိရောက်သော သင်ကြားနည်းတစ်ရပ် ဖြစ်နိုင်သည်။ ဆရာ၊ ဆရာမတစ်ဦးတည်းကသာ ဦးဆောင်ပြီး တပည့်အများစုကို သင်ကြားပေးနေမည်ဆိုပါက၊ တပည့်များနှင့် အပြန်အလှန် မေးမြန်းဖို့ရန် အချိန်မပေး နိုင်တော့ချေ။

မိမိနှင့် ရင်းနှီးပြီးသား တပည့်များအနေဖြင့် မကြောက်မရွံဘဲ ဆရာ၊ ဆရာမများနှင့်အပြန်အလှန်မေး မြန်း ဖြေဆိုနိုင်သော်လည်း မရင်းနှီးသေးသော သူများအဖို့ မေးချင်လျက်နှင့် မေးလိုက်လျှင် မှားသွားပြီး အခြားသူများ ဝိုင်းလှောင်ပြောင်ခံရမည်ကိုစိုးသဖြင့် မမေးဖြစ်သော သူအများလည်း ရှိတတ်သည်။ တချို့မှာ သူတစ်ဦးတည်း မေးခွန်းပေါင်း မြောက်မြားစွာကို ဒိုင်ခံမေးနေတတ်သူများလည်း ရှိသည်။ မိမိအမေးကို ဆရာများက ပြန်ဖြေကြားလေလေ၊ (သို့မဟုတ်) ခက်ခက်ခဲခဲ စဉ်းစားဖြေဆိုပေးလေလေ မိမိ၏အမေးအတွက် ဂုဏ်ယူပြီး ထပ်ခါထပ်ခါ မေးတတ်လေလေ ဖြစ်တတ်သေးသည်။ အပြန်အလှန် မေးမြန်းဖြေဆိုခြင်းသည် တပည့် အများအတွက် အကျိုးသက်ရောက် စေမည့်အရာများဖြစ်လျှင် ပိုသင့်လျော်ပေမည်။

သင်ကြားမှုတွင် ဆရာက မိမိတစ်ဦးတည်းပဲ ပြောဆိုနေခြင်းသည်လည်း မသင့်လျော်သလို၊ မိမိက မပြောရဘဲ တပည့်များမေးသည့် အကြောင်းအရာများ ကိုချည်း အချိန်ယူဖြေဆိုနေပြန်လျှင်လည်း သင်ကြားမှု၏ ရည်ရွယ်ချက်ကို မရောက်ဘဲ ဖြစ်တတ်သေးသည်။ မည်သိုဆိုစေ သင်ကြားမှုတိုင်းတွင် အဓိပ္ပါယ် ရှိသော အကြောင်းအရာများ၊ အဓိကကျသော အကြောင်းအရာများနှင့် ပါဝင်သင့် သကဲ့သို ပုံစံအမျိုးမျိုးဖြင့် ပြောင်းလဲသင်ကြား ပြသသင့်သည်။ သင်ကြားမှုတွင် ဆရာဆရာမများအနေဖြင့်တပည့်များ၏ အရည်အသွေး များတိုးတက်မြင့်မားလာစေရန် လမ်းပြပေးခြင်းဖြစ်သည်။ ထိုနည်းတူ အတွေ့အကြုံအမျိုးမျိုး တွေ့ကြုံရခြင်း အားဖြင့် မိမိကိုယ်မိမိ ယုံကြည်စိတ်ချမှုများ၊ လုပ်ရည်ကိုင်ရည်များ ဖွံဖြိုးတိုးတက်လာကြမည် ဖြစ်သည်။ မည်သည့် အကြောင်းအရာကိုမဆို လေ့လာသင်ယူခြင်းအားဖြင့် မိမိ၏ အရည်အသွေးများ တိုးတက်မြင့်မားမှုကို တိုင်းတာနိုင်သလို၊ မိမိမလုပ် နိုင်သေးသည့် အရာများ၊ မသိသေးသည့်အရာများ ရှိသေးကြောင်း သိမြင်လာပြီး လူသည် ကန့်သတ်မှုဘောင်အတွင်းမှ လေ့လာခံယူနေကြရခြင်းဖြစ်ကြောင်း သိမြင် ခံစားလာတတ်ဘို့လိုသည်။

လူတွင် ခန္ဓာပိုင်းနှင့် ဝိညာဉ်ပိုင်းနှစ်ခုစလုံး ပါဝင်နေကြသည်။ ကန့်သတ် မှုရှိသည့် စွမ်းအားများကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်။ လူတိုင်းသည် သူတစ်ပါးကို လေ့လာနေသူများ ဖြစ်သကဲ့သို့ သူတစ်ပါး၏ လေ့လာမှုကို ခံနေကြ သူများလည်းဖြစ်သည်။ မိမိတို့ကိုယ်ပိုင် ခံယူထားကြသည့် အမှန်တရားများ၊ လှပမှုများ၊ ကောင်းမြတ်မှုများနှင့် သူတစ်ပါးကိုချစ်ခြင်း၊ သူတစ်ပါး၏ အချစ်ကို ခံရခြင်း၏ အပေါ်တွင်မူတည်၍ တီထွင်ကြံဆမှုများ၊ အကောင်အထည်ဖော်မှုများကို ပြုလုပ်တတ်ကြသည်။ လူတိုင်းသည် စွမ်းအားမြင့်မားစွာ စဉ်းစားတွေးခေါ်သူများ၊ ကြံဆတတ်သူများ၊ အရာရာကို သိမှတ်ချင်သူများ၊ တည်ဆောက်လိုသူများနှင့် အရာရာကို ရှာဖွေ၊ လေ့လာသူများဖြစ်ကြသည်။

လူသည် မိမိကိုယ်မိမိ၊ နည်းလမ်းအမျိုးမျိုးအားဖြင့် ကြံစည်ဖန်တီး နေကြသူများဖြစ်သလို၊ သူတစ်ပါး၏ ဖန်တီးမှုကိုလည်း ခံနေကြရသူများဖြစ်သည်။ မိမိ၏ အလိုဆန္ဒအတိုင်း လုပ်ခွင့်ရသည့် အချိန်များရှိ သကဲ့သို သူတစ်ပါး၏ လိုဆန္ဒအတိုင်း အသက်ရှင်ပေးရသည့် အချိန်များလည်းရှိကြသည်။ လူ့သမိုင်းတ လျှောက် တွင် လူသည် မိမိတို့၏ အလိုဆန္ဒအတိုင်း အသက်ရှင်ကြရသည်ထက်သူတစ်ပါး၏ အလိုဆန္ဒနှင့် ဖန်တီးမှုကြောင့် ဒုက္ခအမျိုးမျိုး ကျရောက်ခဲ့ရပြီး အသက်ပေါင်း မြောက်မြားစွာကိုလည်း ပေးဆပ်ခဲ့ကြရသူများ ဖြစ်ခဲ့ကြရသည်။

မည်သို့ပင်ဆိုစေ လူတို့၏ လုပ်ဆောင်ချက်များကို ရှာဖွေကြည့်ရှုရခြင်းဖြင့် မည်ကဲ့သိုသောခေတ်တွင် အသက်ရှင်ခဲ့သည့် လူများသည် မည်ကဲ့သိုသော အတွေးခေါ်များ၊ စဉ်းစားမှုများနှင့် အဓိပ္ပါယ်ရှိရှိ အသက်ရှင်မှုရှိ၊ မရှိကို တိုင်းတာနိုင် သည်။ ယနေ့ခေတ် လူများ မှန်ကန်စွာ အသက်ရှင်နေထိုင်နိုင်ရေးအတွက် သင်ကြားပြသပေး ချင်လျှင် ယခင်က လူများ မည်ကဲ့သို အသက်ရှင် နေထိုင်ခဲ့ကြပုံ များကို ပြန်လည် ရှာဖွေလေ့လာခြင်းဖြင့် နှိုင်းယှဉ်ကြည့်နိုင်မည်ဖြစ်သည်။ လူတစ်ဦး၏ အကောင်းမွန်ဆုံး လုပ်ဆောင်နိုင်မှုသည် ထိုလူ မည်ကဲ့သိုသောသူ ဖြစ်သည်ကို ညွှန်ပြနေခြင်းဖြစ်သည်။

သင်ကြားခြင်းသည် သိပ္ပံနည်းကျဖြစ်သလို၊ အနုပညာလည်းဆန်လှသည်။ ထိုအရာနှစ်ခုစလုံးကို ဆရာ၊ ဆရာမများအနေဖြင့် သိထားသင့်သည်။ သင်ကြား သူသည် မိမိသင်ကြားပြသပေးရမည့် ဘာသာရပ်အပေါ်တွင် ဆင်ခြင်တုံ အပြည့်အဝဖြင့် တာဝန်ရှိကြောင်း သိထားသင့်သလို၊ သင်ကြားလေ့လာမှုဆိုင်ရာ နည်းပညာများကို လည်း သိထားသင့်သည်။ အထူးသဖြင့် သင်ကြားမှုဆိုင်ရာ စိတ်ပညာပိုင်းနှင့် သင်ကြားပေးသူ၊ လေ့လာသူတို့ နှင့်ဆိုင်သည့် စိတ်ပိုင်း ဆိုင်ရာများကို လေ့လာထားသင့်သည်။ တစ်ဆင့်ပြီးနောက်တစ်ဆင့် သင်ကြား ပေးရမည့်နည်း လမ်းများကိုလည်း သိထားသင့်သည်။

ဆရာတစ်ဦးအနေဖြင့် မိမိသိသမျှ အကြောင်းအရာများကို အတန်းထဲတွင် ပြောဆိုနေပါက မည်သိုမျှ အကျိုးသက်ရောက်နိုင်မည် မဟုတ်ပေ။ လေ့လာခံယူသူ အတွက် အသိဉာဏ်ပညာကြွယ်ဝမှု၊ ကျွမ်းကျင်လာမှု နှင့် တစ်ဦးချင်း၏ အရည် အသွေး မြင့်မားလာဖို့လည်း လိုအပ်သေးသည်။ သိပ္ပံနည်းကျကျ သင်ကြား ပြသမှုနှင့် အနုပညာဆံဆံ ပြုမူသင်ကြားမှု နှစ်ခုစလုံးကို အသုံးပြုပြီး သင်ကြားနိုင်ဖို ရှုပ်ထွေးနက်နဲလှသည်။ အသိပညာ တစ်ရပ် ရရှိရန်အတွက် သာမန်အားဖြင့်၊ လူတိုင်းသည် မိမိတို့ကိုယ်တိုင်လည်း ဖတ်ရှုလေ့လာမှုပြုနိုင်မှ သင်ကြားလေ့လာမှု အတွက် အထိရောက်ဆုံးသော နည်းလမ်းတစ်ခုဖြစ်နိုင်သည်။

သို့သော် အနုပညာဆန်ဆန် လေ့လာမှုပြုရာတွင် လေ့လာသူကိုယ်တူ ကြိုးပမ်းအားထုတ်မှုများ၊ တီထွင်ကြံဆမှုများ ပါဝင်လာသည်။ ဥပမာ၊ စာအုပ် ထဲတွင်ရှိသည့် စာလုံးများကို မျက်လုံးနှစ်လုံးဖြင့် တစ်ချိန်လုံး ဖတ်ရှုနေရုံမဟုတ်ဘဲ စာထဲတွင်ပါသည့် အကြောင်းအရာများကို ပြန်လည်ရေးသားကြည့်ခြင်း၊ အရေးကြီးသည့် အချက်အလက်များကို ပုံစံအမျိုးမျိုးဖြင့် ဇယားများရေးဆွဲချခြင်း၊ ပိုမိုမှတ်မိစေရန် ရုပ်ပုံများအဖြစ် ဖန်တီးခြင်း၊ သံစဉ်များရေးထည့်ခြင်း၊ သီချင်းများ ခြင်း၊ တချိုမှတ်သားစရာ အချက် အလက်များကို ဇာတ်လမ်းများအဖြစ် ဖန်တီးကာ ရုပ်ရှင်၊ ဗီဒီယိုအခွေအဖြစ်ထုတ် လုပ်နိုင်ခြင်း၊ မိမိမှတ်သား နားလည်ထား သမျှကို အခြားသောသူအား ပြန်လည်ရှင်းပြ၊ နားထောင်ခိုင်းခြင်း စသည့် လုပ်ဆောင်မှု များသည် မိမိအသိဉာဏ်မြင့်မားလာမှုအတွက် ဗဟုသုတများကို ဦးနှောက်အတွင်း စွဲမြဲစွာမှတ်သားမှုများ ဖြစ်ပေါ်နေစေရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုနေရခြင်းဖြစ်သည်။ ထိုသိုအသုံးပြုရာတွင် အနုပညာဆိုင်ရာရသခံစားမှုများ၊ အာရုံငါးပါးအားဖြင့် လှုံ့ဆော်ပေးမှုများ၊ အလင်္ကာအမျိုးမျိုးကို အသုံးပြု ကြရခြင်းဖြစ်သည်။ အလင်္ကာဟု ဆိုရာ၌ ထပ်တူပြု၍ ပြောဆိုခြင်း၊ ခိုင်းနှိုင်း ပြောဆိုခြင်းနှင့် ဥပမာပေး၍ ပြောဆိုခြင်း စသည်တို့ဖြစ်သည်။ ထိုအရာများ အားလုံးသည် အနုပညာဆန်ဆန် ဖန်တီးလျက် လေ့လာခြင်းမျိုးဖြစ်သည်။

ထိုနည်းတူ သင်ကြားပြသပေးသူသည်လည်း အနုပညာဆိုင်ရာ နည်းလမ်း အမျိုးမျိုးကို သင်ကြားမှု ဆိုင်ရာ နည်းလမ်းများအဖြစ် သတ်မှတ်ကာ အသုံးချ နိုင်သည်။ ခက်ခဲနက်နဲသည့် အကြောင်းအရာများကို နားလည်သဘောပေါက်အောင် သင်ကြားပြသပေးနေရသည့် အချိန်မျိုးတွင် နှုတ်မှရှင်းပြနေရုံမဟုတ်ဘဲ၊ တပည့်များ မျက်စိဖြင့်မြင်နိုင်၊ မှတ်သားနိုင်မည့် သင်ကြားမှုဆိုင်ရာ အထောက်အကူ ပစ္စည်း များကို အသုံးပြုခြင်းဖြင့် ပိုမိုနားလည် သဘောပေါက်အောင် ပြုလုပ်နိုင်သည်။ အနုပညာဖန်တီးမှုအပေါ် အခြေခံ၍ သင်ကြားပြသနိုင်မည်ဆိုလျှင် ပို၍စိတ်ဝင် စားစရာ၊ မှတ်သားဘွယ်ရာများ လွယ်လင့်တကူ ဦးနှောက်အတွင်း စွဲမှတ်သွားစေ နိုင်မည်ဖြစ်သည်။

အကောင်းဆုံးသော အနုပညာရှင်သည် သိပ္ပံပညာနည်းကျမှု ရည်ရွယ်ချက်၊ ဦးတည်ချက်ရှိမှုအပေါ်တွင် များစွာအခြေခံနေပါသည်။ အနုပညာသည် ဓါးသွား နှစ်ဖက်သွားရှိသကဲ့သို ဖြစ်နေသည်။ ကောင်းသည့် ဦးတည်ချက်၊ ရည်ရွယ်ချက် တစ်ခုခုကို နားလည်သဘောပေါက်အောင် အနုပညာဖန်တီးမှုကို အသုံးချနိုင် သကဲ့သို မကောင်းသည့် ဦးတည်ချက်၊ ရည်ရွယ်ချက်များကိုလည်း အနုပညာ ဖန်တီးမှုအားဖြင့် လူအများ စိတ်ဝင်စားအောင် ပြုလုပ်၍ ရနိုင်ပြန်သည်။ တချိုသောဆရာ၊ ဆရာမများအနေဖြင့်လည်း မှားယွင်းပြီး မခိုင်မာသည့် အချက် အလက်များကို တပည့်များ စိတ်ဝင်စားအောင် အနုပညာဖန်တီးမှုကို အသုံးချပြီး သင်ကြားပြသပေးကြသည်။

သို့သော် မှားယွင်းသော အချက်အလက်များကို တပည့်များအနေဖြင့် စိတ်ပါဝင်စားစွာ၊ စိတ်လှုပ်ရှားစွာ ဦးနှောက်အတွင်း စွဲမှတ်မှုများ ဖြစ်သွားတတ် သည်။ ထိုကြောင့် မည်သည့်ဘာသာရပ်ကို သင်ကြားပေးသည့် ဆရာ၊ဆရာမ ဖြစ်သည်မဆို၊ ထိုဘာသာရပ်ကို သင်ကြားခြင်းအားဖြင့်၊ လောကကြီးအတွက် လူသားများအ တွက်၊ မိမိပတ်ဝန်းကျင်အတွက်၊ အကောင်းဖြစ်စေဖို့နှင့် မှန်ကန်စွာ အသက်ရှင်တတ်ဖိုအတွက် ကူညီလမ်းပြ ထောက်မမှုသာ ဖြစ်သင့်သည်။

ဘာသာရပ်တစ်ခု (သို့မဟုတ်) အကြောင်းအရာတစ်ရပ်ကို သင်ကြားပြသ ပေးသူကိုယ်တိုင်ပင်လျှင် အသိပညာပိုင်းမြင့်မားမှု၊ စိတ်ထားပိုင်းဆိုင်ရာ မှန်ကန်မှ လိုအပ်သည့်အပြင်၊ ဝိညာဉ်ရေးရာ တိုးတက်မှုကိုလည်း ကြိုးစား လုပ်ဆောင်ထား ရမည်ဖြစ်သည်။ ဘာသာရပ်တစ်ခုကို တပည့်များ နားလည် သဘောပေါက်ပြီး၊ လက်ခံယူသွားနိုင်ဖိုရန် လွန်စွာခက်ခဲလှသည်။ သင်ကြားပေးသူ ဆရာနှင့်၊ လက်ခံယူသူ တပည့်တိုအကြားတွင် အနှောက်အယှက် အတားအဆီးများ ရှိနိုင် သေးသည်။ တစ်ခါတစ်ရံတွင် သင်ကြားပေးရမည့် ဘာသာရပ်သည် လွန်စွာ ကောင်းသော်လည်း ဆရာနှင့်တပည့် ဆက်ဆံရေး မပြေလည်မှုကြောင့်၊ ဆရာ ကလည်း ကောင်းစွာ မသင်ပေးချင်တော့သလို၊ တပည့်ဘက်မှလည်း ကောင်းစွာ မခံယူကြတော့ချေ။

မည်သို့ဆိုစေ သင်ကြားမှုတွင်သင်ကြားသူရော၊ လေ့လာနေသူရော၊ မိမိတိုနှစ်ဦးစလုံး လုပ်ဆောင်ရမည့် ကဏ္ဍ၊ လိုက်နာရမည့်ကဏ္ဍ နှစ်ခုစလုံး အရည်အသွေး မြင့်မားတိုးတက်လာစေရန်ပင်ဖြစ်သည်။ ထိုနည်းတူ တစ်ဦးချင်း၏ အတွေးအခေါ်နှင့် စူးစမ်းရှာဖွေလိုသည့် စွမ်းရည်များ မြင့်မားလာပြီး၊ မည်သည့် အလုပ်ကိုမဆို ကောင်းအောင် လုပ်ဆောင်လာနိုင်မည်ဖြစ်သည်။ ဆရာ၊ ဆရာမ တစ်ဦးအနေဖြင့် မိမိလုပ်ဆောင်နေရသည့် လုပ်ငန်းသည် လူအများနှင့် တိုက်ရိုက် ဆက်ဆံနေရသည့် လုပ်ငန်းဖြစ်သလို၊ လူတို့၏ ကိုယ်ရည်ကိုယ်သွေးများ ကို မြင့်မားလာအောင် ပြုလုပ်ပေးနေရသည့် လုပ်ငန်းဖြစ်ကြောင်း သိဖို့လိုသည်။ ထိုနည်းတူမိမိကိုယ်တိုင်လည်း တိုးတက် မြင့်မားလာသင့်သည်။

သင်ကြားခြင်းသည်တွင် သင်ကြားပေးလိုသည့် အချက်အလက်များ သည်သာ အရေးကြီးသည်မဟုတ်။ ထိုအချက်အလက်များကို တပည့်များအနေဖြင့် နားလည်သဘောပေါက်အောင် မည်ကဲ့သို့သော သင်ကြားနည်း ဖြင့် သင်ကြား ပေးဖိုလည်း အရေးကြီးသေးသည်။ ထိုကြောင့် သင်ကြားပေးသောဆရာ၊ ဆရာမ သင်ကြား ပေးလိုသည့် အချက်အလက်၊ သင်ကြားနည်းနှင့် တပည့်တိုသည် အလုပ်တစ်ခုကို အားလုံး စုပေါင်းလုပ် ဆောင်နေကြသူများ ဖြစ်ကြသည်။ တစ်ခုကောင်း၊ တစ်ဦးကောင်း လုပ်ဆောင်၍မရချေ။ ဆရာ၊ ဆရာမ ကောင်းနေရုံဖြင့် မကောင်းလာနိုင်သလို၊ သင်ကြားပေးရမည့် အချက်အလက်များ ရှိသော်လည်း၊ သင်ကြားနည်း မကောင်းလျှင်လည်း မထိရောက်နိုင်ပါ။ တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်သွယ်ပံ့ပိုးမှုများ လိုအပ်သည်။ ထိုကဲ့သို သင်ကြား၊ လေ့လာမှု အဆင့်ဆင့်တွင် သိပ္ပံနည်းကျမှုနှင့် အနုပညာအသုံးချမှု၊ နှစ်မျိုးစလုံးကို အသုံးချ တတ်ဖို လိုအပ်ကြောင်း သိထားသင့်သည်။

မည်သည့် သင်ကြားပြသမှုကို ပြုလုပ်သည်မဆို ဆရာ၊ ဆရာမတစ်ဦး၏ တွေးခေါ်မှု၊ တီတွင်ကြံဆမှု၊ လေ့လာထားမှုနှင့် လက်တွေ့လုပ်ဆောင်မှုတိုသည် တစ်ဦးနှင့်တစ်ဦး ကွာခြားမည်ဖြစ်သည်။ ဆရာ၊ ဆရာမ တစ်ဦးအနေဖြင့် မိမိ ဘဝတွင် တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ၊ လေ့လာဆည်းပူးခဲ့သမျှတို့သည်။ မိမိသင်ကြား ပြသမှုအတတ်ပညာနှင့် ဆက်နွယ်မှုရှိနေပြန်သည်။ အချုပ်အားဖြင့် ဆိုသော် ဆရာ၊ ဆရာမကောင်း တစ်ဦး ဖြစ်လာဖိုအရေးသည် ငယ်စဉ် ကလေးဘဝ ကတည်းက ဖြည်းဖြည်းချင်း စတင်လာခဲ့ရသလို အရွယ်နှင့် အမျှ ပြည့်စုံအောင် ကြိုးစားလုပ်ဆောင်နေရသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း သိထားသင့်သည်။

 

၄။ ယဉ်ကျေးမှုနှင့် ခရစ်ယာန်ဓမ္မပညာ (Culture and Christian Education )

ယဉ်ကျေးမှု(Culture)ကို အဘိဓာန်များတွင် လေ့ကျင့်မှုနှင့် အတွေ့အကြုံ တိုကြောင့် ကာယ၊ ဉာဏနှင့် စိတ်ဓါတ် တိုးတက်ဖွံဖြိုးလာမှုဟုဖော်ပြကြသည်။ ဘဝကို ရှုမြင်မှု၊ စဉ်းစားဆင်ခြင်မှုအပေါ် မူတည်ပြီး စိတ်ခံစား မှုနှင့် ပြုမူဆောင်ရွက် ပုံများ၊ ဓလေ့ထုံးစံများနှင့် ဘာသာတရား ယုံကြည်မှုများကို စုပေါင်းလျက် လူအုပ်စု တစ်စုနှင့်တစ်စု ခွဲခြားထားရှိမှုကို ယဉ်ကျေးမှုဟုခေါ်သည်။

ယဉ်ကျေးမှုသည် ဘာသာစကား၊ လူတိုအသုံးပြုသော ရုပ်ဝတ္ထုပစ္စည်းများ၊ ပျော်ပွဲရွှင်ပွဲမှအစ ရိုးရာပူဇော်ပဿပွဲဆိုင်ရာ အခမ်းအနား ကျင်ပခြင်းများအဆုံး ကာလကြာရှည်စွာ တည်ရှိလာခဲ့သော ဓလေ့ထုံးစံများ၊ အများအကျိုး ဆောင်ရွက်သော အဖွဲ့အစည်းများ၊ ဘာသာစကား၊ သမိုင်း၊ သတ်မှတ်ချက် တန်ဖိုးနှင့် အနုပညာ ဖန်တီးမှုများမှတဆင့် မျိုးဆက်တစ်စုနောက်မှ နောက်မျိုးဆက်တစ်စုသို ကူးလူးဆက်ဆံ ပြန့်ပွားလာခြင်းဖြစ်သည်။

ထိုကြောင့် လူမျိုးစုတို့သည် မိမိတို၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို မထိန်းသိမ်း၊ မစောင့်ရှောက်နိုင်ပါက ထွန်းသစ်လာသော ဓလေ့ထုံးတမ်းယဉ်ကျေး များက နေရာယူ အစားထိုးသွားနိုင် ပေသည်။ မိမိယဉ်ကျေးမှုကို ထိန်းသိမ်းမှုသည် မိမိလူမျိုး လုံးဝမပျောက်ကွယ်သွားမှုကို ကာကွယ်ရာရောက်ပေ သည်။ ယဉ်ကျေးမှု၏ အဓိပ္ပါယ်အောက်တွင် ယုံကြည်ကိုးကွယ်သည့် ဘာသာ တရားလည်း တစ်ခုအပါအ ဝင်ဖြစ်သည်။

မြန်မာတို့ သတ်မှတ်သော ယဉ်ကျေးမှုဟူသော စကားတွင် ခေတ်အခြေ အနေအရ၊ လူတို့၏ ဆင်ယင် ထုံးဖွဲ့မှု၊ ပန်းချီ၊ ပန်းပု၊ လက်မှုအတတ်ပညာ၊ ဆို၊ က၊ ရေး၊ တီး စသော သုခုမအနုပညာရပ်များ၊ တွေးခေါ်မြော် မြင် ယူဆ ကြသော စာပေရေးရာများနှင့် လူနေမှုစနစ်နှင့် ဝတ်စားဆင်ယင်မှုသည် လူမျိုး၏ ဂုဏ်သိက္ခာနှင့် ယဉ်ကျေးမှုကို မီးမောင်းထိုးပြသော အရာများဖြစ်သည်။

ယဉ်ကျေးသော လူသားတစ်ဦးအနေဖြင့် ဝန်းကျင်မှ လူအများ၏ ခံစားချက်၊ ပြုမူချက်များကို မိမိအနေဖြင့် ထပ်တူပြု ခံစားပြုမူနိုင်သကဲ့သို မိမိ၏ ခံယူချက်၊ ခံစားချက်များကိုလည်း ဝန်းကျင်မှ လူအများ အား ခံစားစေခြင်း၊ ခံယူအောင် ပြုလုပ်နိုင်ခြင်းသည်လည်း လွန်စွာအရေးပါသော အချက်တစ်ချက်ပင် ဖြစ်သည်။ ထိုကြောင့် လူတစ်ဦးချင်းကို ဝန်းကျင်အခြေအနေက လွှမ်းမိုးပြုပြင် ပေးနေသလို လူတစ်ဦးချင်း ကလည်း ဝန်းကျင်အခြေအနေရပ်ကို လွှမ်းမိုးပြုပြင် နိုင်မှုများလည်း ရှိလေသည်။ ဤကဲ့သို တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်နွယ်နေမှုကို စူးစမ်း ရှာဖွေသည့်ပညာရပ်မှာ လူမှုဆက်ဆံရေးပညာရှင်တို့၏ အလုပ်တစ် ခုပင်ဖြစ်သည်။

နောက်ဝိသေသတစ်ခုမှာ လူတို့၏ မတူညီသည့် ယဉ်ကျေးမှုဆိုင်ရာနှင့် လူ့အဖွဲအစည်းများ အကြောင်းပင်ဖြစ်သည်။ လူ့အဖွဲ အစည်း အသိုင်းအဝိုင်း တစ်ခုအတွင်း၊ နေထိုင်ကြသည့် အဖွဲဝင်အချင်းချင်း၊ အသက်ရှင် နေထိုင်မှု နည်းလမ်းများ ကွာဟချက်များ မများရလေအောင် နည်းလမ်းအမျိုးမျိုးဖြင့် ပုံစံသတ် မှတ်မှုများ ပြုလုပ်ကြရသည်။ ယုံကြည်မှုပုံစံများ တန်ဖိုထားမှုများ၊ ပြုမူလုပ်ကိုင်မှုများ တူညီအောင် ညှိနှိင်း သတ်မှတ်ပေးထားခြင်းဖြင့်၊ အဖွဲဝင် အချင်းချင်း မကွဲမပြားဘဲ အသက်ရှင်ရပ်တည်နိုင်မည်ဖြစ်သည်။ ထိုကြောင့် ယဉ်ကျေးမှုပုံစံခြင်း တူညီသည့်လူအများ စုစည်းနေထိုင်ကြသည့် အလေ့အထကို တွေ့မြင်ကြရပေမည်။ ။

ဓမ္မပညာရပ်ကို တစ်ဆင့်ပြီးတစ်ဆင့် နားလည်လာနိုင်ရန်အတွက် လူမှုအဖွဲအစည်း ပိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဟူသည့် အချက်နှစ်ချက်ကို သိရန်လည်းလိုအပ်သည်။ လက်တွေ့ကျသည့် ခရစ်ယာန် ဓမ္မပညာတွင် ယဉ်ကျေးမှုပိုင်းဆိုင်ရာ အချက်အလက် များစွာပါရှိကြောင်းတွေ့ရသည်။ ဘုရား၏ ဖန်ဆင်းခြင်းကို ခံရ သည့် ကမ္ဘာအတွက် ဘုရားပေးသည့် ယဉ်ကျေးမှုတစ်ရပ်ဖြစ်ပါသည်။ ဘုရားက လူကို ယဉ်ကျေးမှု အသစ်များ ဖန်တီးနိုင်စွမ်းရှိသည့် အရည်အသွေး၊ အစွမ်းသတ္တိများ ပေးထားခဲ့သည်။ လူ့အဖွဲအစည်းတစ်ရပ်ကို ခေတ်အဆက်ဆက် ဖွဲ့စည်းတတ်ရန်လည်း အသိပညာပေးအပ်ခဲ့သည်။ လူ၌ ကြံစည်ဖန်တီးနိုင်စွမ်းဟူသည့် သတ္တိထူးများကိုလည်း အသုံးချနိုင်ကြသည်။

ခရစ်ယာန်ဘာသာ ဟူသည် ယဉ်ကျေးတိုးတက် ဖွံဖြိုးနိုင်စွမ်း မရှိသည့်စိတ်ကူးယဉ်ဆန်ဆန် ဘာသာတစ်ရပ်အဖြစ် ရပ်တည်နေခြင်းမဟုတ်၊ လူ့ဘဝ အသီးသီးနှင့် ဆက်စပ်မှုရှိနေပြီး သဘာဝကျသည့် လူ့အဖွဲအစည်း တစ်ရပ်ကို ပေါ်အောင် ဖန်တီးတတ်သည့် ဘာသာတစ်ခုဖြစ်ကြောင်း တွေ့ရသည်။

ရေသန်ဝီလျံ၏ အမြင်အရ ယဉ်ကျေးမှုဟူသည် မိမိပညာပေးလိုသည့် အရာကို အချိန်ကာလပေါင်း နှစ်တာရှည်စွာ အချိန်ယူပြီးမှ သမိုင်းကြောင်းနှင့် လူ့အဖွဲအစည်း တစ်ရပ်လုံးကို ပြုပြင်ပြောင်းလဲနိုင်ကြောင်း မြင်သည်။ ထိုကြောင့် ပညာရေးပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဟူသည် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုနှင့် ယဉ်ကျေးမှု ပိုင်းဆိုင်ရာ ပြောင်းလဲမှုတို ထိပ်တိုက်တွေ့ဆုံကာ အကြိတ်အနယ်ပြုပြင်ပြောင်းလဲ ယူရသော အလုပ်တစ်ခုပင်ဖြစ်သည်။

လူအချင်းချင်း ဆက်သွယ်မှုပုံစံများ၊ မပျောက်မပျက်နိုင်ဘဲ အမြဲတည်စေရန် ထုတ်ပြန်ထားသည့် ဥပဒေစည်းကမ်း သတ်မှတ်ချက်များနှင့် လူတို၏ အသိ ပညာများ၊ အတတ်ပညာများအပြင် ဘဝ၏အပေါ်၌ မည်ကဲ့သို သဘောထားသည့် အသိတရားခံယူချက်များ တိုးတက်ဖွံဖြိုးလာမှု အဆင့်ဆင့်ကို ယဉ်ကျေးမှုတစ်ရပ် အနေဖြင့် လက်ခံယုံကြည်ထားသည်။ ထိုကြောင့် လူ့ယဉ်ကျေးမှုဟူသည် ခေတ်အဆက်ဆက် စနစ်အဆက် ဆက်ပေါ်တွင် အခြေခံ၍ တစ်ခေတ်ပြီးတစ်ခေတ်၊ တစ်စနစ်ပြီးတစ်စနစ်အပေါ် အခြေခံ၍ တိုးတက်ပြောင်းလဲ လာခြင်းဟုလည်း ခေါ်ဆိုနိုင်သေးသည်။ ထိုကြောင့် ယဉ်ကျေးမှုတစ်ရပ်တွင် ခေတ်တစ်ခေတ်၏ ယဉ်ကျေးမှုပိုင်း ဆိုင်ရာ ထူးခြားသည့် လက္ခဏာများနှင့် လူတို၏ ကမ္ဘာအမြင်ရပ် အသီးသီးတို့ကို စုပေါင်း ဖွဲ့စည်းထားခြင်း ပင်ဖြစ်သည်။

ယဉ်ကျေးမှုဆိုင်ရာ ထူးခြားသည့် အရည်အချင်းများကို ဖော်ထုတ်ပေးသည့် လူ့အဖွဲအစည်းတစ်ရပ်တွင် မိမိဘဝ၏ အရည်အသွေးများနှင့် အကျင့်စာရိတ္တများ ရောနှောလျက်ရှိကြောင်း တွေ့ရှိရသည်။ ထိုအပြင် အလှအပအနိဌာရုံနှင့် စပ်ဆိုင်သည့် စိတ်ဝင်စားဘွယ်ရာများကို လူတို၏ လုပ်ကိုင်မှုပြုမူပုံ နည်းလမ်း များတွင် တွေ့ရှိနိုင်ခြင်း၊ ခံစားနိုင်ခြင်းများလည်း ပါဝင်လျက်ရှိပါသည်။

ဂါ(တ်)အမြင်အရ ခရစ်ယာန်ပညာရှင်များ၏ ခရစ်ယာန်ယုံကြည်ခြင်း ဆိုင်ရာ အချက်အလက်များတွင် ယဉ်ကျေးမှုစနစ်တစ်ခုတည်းအပေါ်အခြေခံ၍ သွန်သင်မှုများဖြစ်ကြောင်း တွေ့ရှိရသည်။ ခရစ်ယာန်တို့၏ ဘဝ အသက်ရှင်မှုနှင့် အမြင်များကို သမိုင်းကြောင်းအဆက်ဆက်တွင် ရုပ်လုံးဖော်ကာ အဖွဲအစည်း အသီးသီးအတွင်း ထည့်သွင်းပေးနေကြောင်း တွေ့မြင်ရသည်။ ထိုအရာများတွင် သာမက သဘာဝလွန်ကဲမှု ဖြစ်စဉ်များဆိုင်ရာ ဖြစ်ရပ်များကိုလည်း လူ့သမိုင်းကြောင်း အဆက်ဆက်တွင် ထည့်သွင်း အကောင်အထည်ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။

လူ၏ ဉာဏ်အားသည် အလွန်တိုးတက် ကောင်းမွန်လာသည့်အလျောက် ယဉ်ကျေးမှုသည် လူ၏ သဘာ ဝစိတ်များထက် အဆတစ်ရာမက တိုးတက်ခဲ့သည်။ လူ၏ သဘာဝစိတ်တို့မှာမူ လူ၏ ရုပ်နာမ်နှစ်ပါးတွင် ချည်နှောင်ထားပြီး အလွန် အတက်နှေးခဲ့သည်။ တစ်ဖက်တွင်မူ ဘာသာစကား တိုးတက်မှု၊ အသိပညာများ ဖွံဖြိုးတိုးတက်မှု၊ သိပ္ပံပညာတိုးတက်မှု၊ ဗဟုသုတတိုကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်းနိုင်မှုကြောင့် ယဉ်ကျေးမှုသည် တစ်ရှိန်ထိုး တိုးတက်ခဲ့လေသည်။ လူ၏ သဘာဝစိတ်တိုသည် ယဉ်ကျေးမှုအခြေအနေတိုနှင့် အံဝင်ခွင်ကျ မဖြစ်တော့ပေ။ လူမှုရေးနယ်ပယ် အသီးသီးတွင်ပင် ပဋိပက္ခများ၊ တင်းမာမှုများ ဖြစ်ပွားဖိုရန် အတွက် တာဆူနေပေသည်။ ။

ကိုးကွယ်မှုဘာသာတရားချင်း အပြန်အလှန် နှီးနှောမှုသည် အထူးသဖြင့် ၂၀ ရာစုနှောင်းပိုင်းကျမှသာ ပြန်လည် ဆန်းသစ်လာသော အမြင်တစ်ခုဖြစ်သည်။ အကြောင်းမှာ နှစ်ဆယ်ရာစုစောစောပိုင်းအထိ ကာလများ အတွင်း အနောက်နိုင်ငံ များကသာ တစ်ကမ္ဘာလုံးကို စိုးမိုးခဲ့ကြပြီး၊ အရာရာကို အနောက်တိုင်းစံနှုန်းများ ဖြင့်သာ တိုင်းတာရှုမြင်ခဲ့ကြသည်။ သိပ္ပံနှင့်နည်းပညာ တိုးတက်မှုကို အခြေခံလျက် မိမိတိုသာလျှင်မှန်သည်၊ မြင့်သည်၊ တိုးတက်ဖွံဖြိုးသည် ဟုခံယူခဲ့ကြသည်။ ထိုအမြင်သည် လူမှုရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ နယ်ပယ်အသီးသီးအတွင်း၌သာမကဘဲ ဘာသာရေးနယ်ပယ်အတွင်းသို့ပါ ထိုးဖောက်ဝင်ရောက်လာ တော့သည်။

ခရစ်ယာန် ယုံကြည်ခြင်း ဖော်ပြချက်များ၊ ဓမ္မသဘောတရားများကိုလည်း အနောက်တိုင်း အတွေး အခေါ်များအပေါ် အခြေခံပြီး တည်ဆောက်ဖော်ထုတ်လာကြသည်။ ထိုအခါ မိမိတို့ အနောက်တိုင်းအမြင်၊ ယုံကြည်မှုသည်သာ အမှန်ဆုံး ပြီးပြည့်စုံသည့် အဆုံးစွန်ဆုံးသော အမှန်တရားရှိသည်။ အခြားသော မများသည် မှားယွင်းသည် (သို့မဟုတ်) ပြည်စုံမှုမရှိ။ အခြားသော ကျေးမှုများသည် နိမ့်ကျသည်။ ခေတ်နှင့်ဆီလျော်မှုမရှိ စသည်ဖြင့် မိမိတို၏ ဖြင့်သာ အခြားယုံကြည်မှုစနစ်များ၊ ယဉ်ကျေးမှုများအား တိုင်းတာ လျက် တန်ဖိုးဖြတ် သတ်မှတ်လာကြသည်။

ဤတွင် ဘာသာတရားချင်း အပြန်အလှန် နှီးနှောဖလှယ်မှုများ၊ အနှစ်သာရများ ပျောက်ကွယ်လျက်၊ အမှန်တရားကို တစ်ဖက်သတ် အမြင်ဖြင့်သာ ရှုမြင်လာကြရာ၊ မိမိကမှန်လျှင် မှားသူက မိမိဖက်သို့ ကူးပြောင်းဝင်ရောက် လာရမည် ဟူသော ဘာသာသွင်းခြင်း သာသနာသာလျှင် လွှမ်းမိုးလာခဲ့ပါသည်။ ယခုအခါ မိမိတို၏ တစ်နိုင်ငံတည်းရှိ အိမ်နီးချင်း၊ ဆွေမျိုးရင်းချာတို ကိုးကွယ်သည့် ဘာသာတရားများနှင့် ထိတွေ့ခွင့် ရလာခြင်းသည် ထူးခြားသော ဘုရားရှင်၏ ဖွင့်ပြမှုအဖြစ်ခံယူလျက် အပြန်အလှန် နှီးနှောဖလှယ်မှု လမ်းစရရှိ လာသည်ဟု နားလည်ရသည်။ ။

ခရစ်ယာန် ဓမ္မပညာ၏ လုပ်ငန်းတစ်ရပ်မှာ ခရစ်ယာန်များ၏ အဖွဲအစည်း အတွင်း ထူးခြားသည့် အရည်အချင်းများကို ဖော်ပြထုတ်ဖော်ရန်လည်းဖြစ်သည်။ ခေတ်အဆက်ဆက် လူ့ယဉ်ကျေးမှုဆိုင်ရာ တိုးတက်ဖြစ်ပေါ်နေသည့် အဖွဲအစည်း အတွင်း ခရစ်ယာန်တို၏ ထူးခြားသောဖြစ်စဉ်များ၊ ဖြစ်ရပ်များကိုပါ ရောပြွန်း ဆက်နွယ်မှု ပြုလိုက်ခြင်းပင်ဖြစ်သည်။ ခရစ်ယာန်အဖွဲ့အစည်းအတွက် ထူးခြားသော ယဉ်ကျေးမှု၊ ဓလေ့ပိုင်းဆိုင်ရာများ သီးသန့်မရှိခဲ့ပေ။

သို့သော် လူ့သမိုင်းကြောင်းနှင့် လူ့အဖွဲအစည်းအတွင်းတွင် လူအများ ခံယူထားသည့် ယဉ်ကျေးမှု အခြေအနေရပ်ထဲမှာပင် ခရစ်တော်၏ ထူးခြားသော ဖြစ်ရပ်များကို ခရစ်ယာန်များအားဖြင့် ထူးခြားစွာ ဖော်ပြ၊ ထုတ်ဖော်ပြသခြင်းအားဖြင့် လူ့အဖွဲအစည်းတစ်ရပ်လုံး၏ ယဉ်ကျေးမှုတစ်ရပ်အဖြစ် တိုးတက်မြင့်မားစွာ လက်ခံ ရရှိလာနိုင်ခဲ့ကြသည်။ ဘုရား၏ မြင့်မြတ်လှသည့် အကျင့်စရိုက်၊ ဂုဏ်ပုဒ်များကို လူသားတို့၏ လူ့ယဉ် ကျေးမှုစရိုက်အတွင်းတွင် ပါဝင်ရောယှက်လျက် ထူးခြားစွာ ဖော်ပြဖော်ထုတ်ပေးခြင်းသည်ပင် ယဉ်ကျေးမှု တစ်ရပ်ကို လူ့အသိုင်းအဝိုင်း အဖွဲအစည်းအတွင်း ဖော်ထုတ်ပေးခြင်း တစ်ရပ်ဖြစ်ကြောင်း လက်ခံရရှိနိုင် လေသည်။

 

၅။ ယုံကြည်သူအဖွဲ့ အစည်း (Faith Community)

ယုံကြည်သူများ ဘာသာရေးအားဖြင့် ဆက်စပ်နေရုံမက အခြားလူမှု အဖွဲ့အစည်း များတွင်လည်း ပါဝင်ပတ်သက်လျက်ရှိကြသည်။ ကမ္ဘာ့လူဦးရေ များပြားမှုရှိသကဲ့သို့ လူမှုအဖွဲ့အစည်းများလည်း များပြားစွာ တိုးတက်လာကြသလို တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ နှင့် တစ်ဖွဲ၊ ဆက်သွယ်ရေးမှာလည်း လျင်မြန်စွာ တိုးတက် ပြောင်းလဲလာကြသည်။ ဆက်သွယ်ရေးလမ်းကြောင်းအရ မြန်ဆန်လွန်းလှသဖြင့် ကမ္ဘာကြီးသည် တစ်ရွာနီးနီး အဖြစ် သတ်မှတ်ခဲ့ကြသည်။ မိမိသိချင်ရာ လုပ်ချင်ရာ များကို ကမ္ဘာ့အဖွဲအစည်းများမှ လျှင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်သည်။ ပြည်တွင်း၊ ပြည်ပ အဖွဲအစည်းများ လျှင်မြန်စွာ ဆက်သွယ်နိုင်ခြင်းအားဖြင့် ယုံကြည်သူ အဖွဲအစည်း အချင်းချင်းအတွက်လည်း များစွာ အကျိုးသက်ရောက်မှုရှိလာသည်။

ကျေးရွာအသင်းတော်တွင် လယ်ယာစိုက်ပျိုးခြင်းသည် ဘုရားသခင်ပေးသော အသက်မွေးဝမ်းကျောင်း တစ်ခုဖြစ်ကြောင်း ဟောပြောမည်ဖြစ်သည်။ စိုက်ပျိုးရေး အားဖြင့် အသက်မွေးဝမ်းကြောင်း ပြုခြင်းသည် ဘုရားသခင် နှစ်သက်သော လုပ်ငန်းတစ်ရပ်ဖြစ်သည်။ ပညာတတ် လူ့အသိုင်းအဝိုင်းအနေဖြင့် အမှန်တရားသည် ဘုရားသခင်၏ ဆုကျေးဇူးဖြစ်ကြောင်း သွန်သင်ကြမည်ဖြစ်သည်။ အဆင့်အတန်း နိမ့်သည့် အသင်းတော်တွင် ခရစ်တော် ကြိုက်နှစ်သက်သည့် နှိမ့်ချခြင်းသည်သာ အဓိကကျကြောင်း အားပေးမည်ဖြစ်သည်။ လူငယ်များ အတွက် ဘုရားသခင် ပေးသည့် လျှင်မြန်ဖျတ်လတ်မှုအားဖြင့် တာဝန်အသီးသီးကို ထမ်းဆောင်ရန် သွန်သင်ပေး မည်ဖြစ်သည်။ ယုံကြည်ခြင်းသည် မိမိတို့ နေ့စဉ်အသက်ရှင် ရပ်တည် နေသည့် လုပ်ငန်းပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်လည်း ဆက်နွယ်လျက် ရှိနေပါသည်။ ။

ယုံကြည်ခြင်းအားဖြင့် နေ့စဉ်အသက်ရှင် လုပ်ကိုင်နေမှုအပေါ်တွင် မှန်ကန်သည့် ဆန်းသစ်မှုများ၊ အပြောင်းအလဲများကို ဖန်တီးနိုင်မည်ဖြစ်သည်။ မြေဝယ်ကျွန်များ ကျေးကျွန်များကို ပိုင်ဆိုင်သည့်ခေတ်က ဘုရား၏အလိုတော်ကြောင့် ကျွန်စနစ် ဟူသည် တည်ရှိရသည် ဟုခံယူခဲ့ကြသည်။ အေဒီ ၁၉ ရာစု ရောက်လာ သည့် အခါ အမေရိကန်မှ ဆန့်ကျင်ရေးသမားများက သမ္မာကျမ်းစာတွင် လူကို ကျွန်ပြု ခြင်းကို ခွင့်မပြုကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်အပေါ်တွင် စိတ်ဝင်စားလာကြသည်။ အေဒီ ၂ဝ ရာစုလောက်တွင်တော့ မိမိတိုတိုင်းပြည်၏ အများပြည်သူ အခွင့်အရေး လှုပ်ရှားမှုကြောင့် လူမဲခရစ်ယာန် ဘုရားရှိခိုးကျောင်းများနှင့် အခြားခရစ်ယာန် ဘုရားရှိခိုးကျောင်းများမှ ကျွန်စနစ်ကို ဖျက်သိမ်းဖို့ တရားဝင်တောင်းဆိုခဲ့ကြသည်။ ခရစ်ယာန်တို၏ ဓမ္မပညာသင်ကြားမှုကဏ္ဍသည် ဘုရားကျောင်းဝင်းမှ တစ်နိုင်ငံလုံး၏ လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်အထိ ကျယ်ပြန့်ခဲ့သည်။

အေဒီ ၁၆ ရာစုကတည်းက စီးပွားရေးဆိုင်ရာ ကဏ္ဍများတွင် အသစ်တဖန် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသည်။ လူသာ၊ ကယ်လ်ဗင်၊ အဲန်နာဘက်ပတစ် များနှင့် အခြား ပြုပြင်ပြောင်းလဲရေးသမားများက လောကီရေးဆိုင်ရာ အသက် မွေးဝမ်းကြောင်း လုပ်ငန်းများကို မှန်ကန်ဖြောင့်မတ်စွာ၊ သန့်ရှင်းစင်ကြယ်စွာ လုပ်ကိုင်ကြဖို သွန်သင်ဆုံးမခဲ့သည်။ ထိုလောကီလုပ်ငန်းများပင်လျှင် ဘုရားနှင့် တိုက်ရိုက်ပတ်သက်မှု ရှိနေ သည့်အပြင် တစ်ဦးချင်း၏ လုပ်ကိုင်မှုကို ဘုရားက အဆိုးအကောင်း ဆုံးဖြတ်ပေးနေသည်ဟု သင်ပေးနေကြ သည်။ မိမိတိုလုပ်ကိုင် နေသည့် လုပ်ငန်းတိုင်းသည် ဘုရားသခင်၏ နိုင်ငံတော် တည်ထောင်ခြင်းအတွက် အရေးကြီးကြောင်း သွန်သင်ခဲ့ကြသည်။

မာတင်လူသာ ကိုယ်တိုင် ဘုန်းကြီးကျောင်းမှ နှုတ်ထွက်ပြီး အိမ်ထောင်ပြု ခဲ့သည်။ ဘုန်းကြီးများ လောကီရေးရာနှင့် မစပ်ဆိုင်သည့် အိမ်ထောင်မပြုရ ဥပဒေကိုပင် ချိုးဖောက်ကာ ပြုပြင်ပြောင်းလဲမှု တစ်ရပ်အနေဖြင့် ဘာသာရေး အဖွဲ့အစည်းတွင် ပေါ်ပေါက်လာခဲ့သည်။ အသင်းတော်များ၊ ဘုန်းကြီးကျောင်း များနှင့် စပ်ဆိုင်သည့် နယ်ပယ်တွင် အခြားသိသာထင်ရှားသည့် တီထွင်ဖန်တီးမှုများလည်း မြောက်မြားစွာ ဖြစ်ပွားခဲ့သည်။ ခရစ်ယာန်တိုအတွက် သွန်သင်ချက်သည် အသင်းတော် အတွင်း၌သာမက လူမှုရေး၊ စီးပွားရေးအပြင် နိုင်ငံပြုပြင် ပြောင်းလဲရေးအတွက် ကိုပင် ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

ခရစ်ယာန်တို့၏ ယုံကြည်ခြင်းသည် မိမိတိုပုဂ္ဂိုလ်ရေးအရ မကျေနပ်ချက်ကြောင့် သူတစ်ပါးအကျိုး ပျက်စီးဆုံးရှုးစေမှုနှင့် ဆက်နွယ်နေတတ်သည်။ မိမိဖြစ်ချင်သည့် ဆန္ဒပြင်းပြမှုကို ဘုရားသခင်၏ အလိုတော် ရှိမှုနှင့် အတင်းညှိယူကာ အမှန်ဟု ယူဆပြီး တုံပြန်တတ်ကြသည်။ ဟစ်တလာနှင့် နာဇီတပ်ဖွဲ့ ၏ ဂျူးလူမျိုး ခြောက်သန်းကျော်ကို သတ်မှုသည်လည်းကောင်း၊ ကုကပ်ကလင်းဆိုသည့် အဖွဲ့ဝင် လူဖြူများက လူမည်းများကို သတ်ဖြတ်မှု စသည့် ဖြစ်ရပ်များမှာ မိမိတို၏ လူမှုရေးရာ မကျေနပ်ချက်များကို ခရစ်တော်ဘုရား၏ သွန်သင် ချက်များနှင့် ဘောင်ဝင်အောင် ညှိနှိင်းဆုံးဖြတ်ကာ လုပ်ဆောင်သည့် လုပ်ကြံမှုပင်ဖြစ်သည်။ မိမိကိုယ်ပိုင်ဆန္ဒကို အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်အထိ ရရှိအောင် ခေတ်အဆက်ဆက်ယုံကြည်ကိုးကွယ်လာသည့် ဘုရား၏ သမ္မာကျမ်းမှ သက်သေအထောက်အထား များကို ခေတ်နှင့်ဆီလျော်အောင် ညှိနှိင်းပြီး အဖြေကိုဆွဲထုတ်ကာ လက်တွေ့ အကောင်အထည်ဖော်နေကြခြင်းပင်ဖြစ်သည်။

 

(၁) တစ်ကမ္ဘာလုံးနှင့်ဆိုင်သော အဖွဲ့အစည်း (Global Community)

ခရစ်ယာန်ဓမ္မပညာ၏ ရည်ရွယ်ချက်မှာ လူတစ်ဦးချင်းဖြစ်စေ၊ အများဖြစ်စေ နောင်တရခြင်း၊ ဆုတောင်းခြင်း ဘုရားသခင်၏ နိုင်ငံတော်အတွက် အသက်ရှင် ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။ မာတင် လူသာ၏ မှန်ကန်သော သင်ကြားမှုမှာ ချစ်ခြင်းမေတ္တာအပေါ်တွင် အခြေခံသော ယုံကြည်ခြင်းဖြစ်သည်။ မှန်ကန်သော သင်ကြားခြင်းတွင် ဘုရားသခင်၏ ကျေးဇူးပြုခြင်း၊ သနားကြင်နာခြင်းသာမက တားဆီးဟန့် တားမှုများကို ပယ်ရှားခြင်းနှင့် အထင်အမြင်မှားသော အရာများကို အမှန်ပြုပြင်ပေးခြင်းများ ပါဝင်သည်။ အသင်းတော်၏ သင်ကြားခြင်းသည် မေတ္တာ အပေါ်၌ အခြေခံသော ယုံကြည်မှုရှိခြင်းကို သက်သေထူနေခြင်း ဖြစ်သည်။ ဘုရား၏ ကျေးဇူးနှင့် သနားကြင်နာခြင်းသည် လူတို၏ ပြုမူလုပ်ဆောင်ချက်နှင့် စိတ်ချ သေချာ လောက်သည့် သင်ကြားခြင်း၊ ဟောပြောခြင်းများ အပေါ်တွင် မူမတည်ပါ။ လူတို၏ အထင်အမြင်နှင့် သင်ကြားနေ၊ ဟောပြောနေသည့် ဘုရားသခင်၏ ကျေးဇူးပြုခြင်းနှင့် သနားဂရုဏာရှိခြင်းကို အမှန်ကို မြင်နိုင် အောင် ပြုလုပ်ခြင်း သည်သာ အရေးအကြီးဆုံးဖြစ်သည်။

မာတင်လူသာနှင့် ကယ်လ်ဗင်တို၏ သင်ကြားခြင်းမှာ အသင်းတော်၏ အသင်းဝင်များအနေဖြင့် ဧဝံဂေလိသတင်းကောင်းကို မှန်ကန်စွာ နားလည်ရန် ဖြစ်သည်။ သို့သော် အေဒီ ၁၇ နှင့် ၁၈ ရာစု ရောက်လာသည့်အခါ ဧဝံဂေလိ သတင်းကောင်းကို မှန်ကန်စွာ နားလည်သဘောပေါက်သည်ထက် မိမိဘဝ အတွေ့အကြုံအားဖြင့် ဘုရားနှင့်ထိတွေ့ခြင်း လက်တွေ့မှန်ကန်စွာ အသက်ရှင် ပြခြင်းအားဖြင့်သာ ဧဝံဂေလိတရားကို အစစ်အမှန် ဖော်ထုတ်လာနိုင်မည် ဟုမြင်လာကြသည်။ ဆလိုင်းမားကားက သင်ကြားခြင်း၏ ဦးတည်ချက်မှာ ဘုရားသခင်ကို သိဖိုရန်ပင်ဖြစ်သည်။ ဘုရားသခင်ကို သဘောပေါက် နားလည် သည်ထက် မိမိဘဝတစ်ခုလုံး ဘုရားသခင်အပေါ်တွင် လုံးဝဥဿုံ မှီခိုအားကိုး လာရန်ပင်ဖြစ်သည်။ ဘာသာတရား ကိုင်းရှိင်းမှုသည် ဘုရားအကြောင်းကို နားလည်သည်ထက် ဘုရားကို မှန်ကန်စွာ မြင်နိုင်ခြင်းနှင့် မိမိကိုယ်မိမိ အမြင်မှန် ရရှိခြင်းလည်းပါဝင်သည်။ နှုတ်အားဖြင့် ဘုရားအကြောင်းကို သွန်သင်သည်ထက် ဘုရား၏မေတ္တာကို ခံယူရရှိခြင်းနှင့် ဘုရား၏မေတ္တာကို မှန်ကန်စွာ ပြန်လည် တုံ့ပြန်မှုသာလျှင် အရေးကြီးဆုံးဖြစ်သည်။

အေဒီ ၁၉ရာစုနောက်ပိုင်းတွင် အသင်းတော်ကျောင်းများ၏ ရည်ရွယ်ချက်မှာ လူတစ်ဦး၏ ကိုယ်ရည် ကိုယ်သွေး မြင့်တက်လာခြင်း၊ သမ္မာကျမ်းစာအပေါ်တွင် နားလည်သဘောပေါက်ခြင်း အသင်းတော်၌ ပါဝင်ခြင်းနှင့် ပြည်သူ့နီတိ သင်ကြား ပါဝင်သည်။ အေဒီ ၂၀ ရာစုအစောပိုင်းတွင် လူ၏ အကျင့်စာရိတ္တဖွံ့ ဖြိုးလာမှု၊ သမ္မာကျမ်းစာသင်ကြားမှုဆိုင်ရာ သင်ထောက်ကူ ပစ္စည်းအရည်အသွေး များဖြင့် တက်လာမှု၊ အသင်းတော်၏ ပါဝင်မှု မြင့်မားလာမှုနှင့် လူ့အဖွဲအစည်း၏ ဥဿုံဖွံဖြိုးမှုအတွက်လည်း အကောင်အထည်ဖော် လာကြသည်။

ဂျော့ချ်အဲလ်ဘတ်ကိုးက ခရစ်ယာန်ဓမ္မပညာသည် ဖန်ဆင်းရှင်ဘုရား အကြောင်းကို တစ်ကမ္ဘာလုံး နားလည် သဘောပေါက်သည်အထိ သွန်သင်လမ်းပြ ပေးရမည်ဟုဆိုသည်။ စီးမောနှင့် မီလာ(Seymour & Miller) တို့၏ ခရစ်ယာန် မပညာအပေါ်တွင် ချဉ်းကပ်နည်း(၅)မျိုးရှိကြောင်း ဖော်ပြထားသည်။ ဘာသာရေး ဆိုင်ရာ သင်ကြားပြသခြင်း၊ ယုံကြည်သူအဖွဲအစည်း၊ ဝိညာဉ်ရေးရာဖွံဖြိုးမှု၊ လွတ်မြောက်မှုနှင့် အနက် အဓိပ္ပါယ်ရှင်းလင်း ဖော်ပြခြင်းတို့ဖြစ်သည်။

ဘာသာရေးဆိုင်ရာ သင်ကြားပြသခြင်း၏ ရည်ညွှန်းချက်မှာ ခရစ်ယာန်တို၏ ဘာသာတရားအပေါ် နားလည်သဘောပေါက်မှုအဆင့်မှ လက်တွေ့ အသက်ရှင်မှု အဆင့်သို့ ကူးပြောင်းနိုင်ရန်ဖြစ်သည်။ လေ့လာသူ သည် သင်ကြားမှုအပေါ်တွင် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသည်။ အကြောင်းမှာ သင်ကြားပြသမှုအပေါ်တွင် မိမိကိုယ်တိုင် ခံယူ၍ ပြုပြင်ပြောင်းလဲမှုကို ဦးတည်ခြင်းဖြစ်သည်။

ယုံကြည်သူ အဖွဲအစည်းဆိုင်ရာ ချဉ်းကပ်မှုမှာ ယုံကြည်သူ အဖွဲအစည်းအတွင်း လူအစုအဝေးတိုနှင့် တွေ့ဆုံမှု၊ တွေ့ကြုံမှုအတွင်းမှ မိမိ၏ ကိုယ်ပိုင်ယုံကြည်မှုအတွက် များစွာ အထောက်အမရရှိနိုင်သည်။ မိမိကိုယ်တိုင်ပါ ဝင်ရောယှက်ခြင်းအားဖြင့် လေ့လာခံယူခြင်းသည် သင်ကြားမှုအတွက် အထိရောက်ဆုံးသော နည်းလမ်းတစ်ရပ် ဖြစ်သည်။ ခရစ်ယာန်အချင်းချင်းနှင့် တွေ့ဆုံလျက် အစီအစဉ်အမျိုးမျိုးတွင် ပါဝင်လှုပ်ရှား သည့် အတွေ့အကြုံများက မိမိ၏ ယုံကြည်မှုအတွက် မှတ်ကျောက် တင်ပေးနေသည့် အရာများဖြစ်သည်။

ဝိညာဉ်ရေးရာ ဖွံဖြိုးမှုနည်းလမ်းမှာ ဝိညာဉ်ရေးရာ ရင့်ကျက်ခြင်းအားဖြင့် ယုံကြည်ခြင်းတွင် တိုးတက်ကြီး ထွားလာရန်ဖြစ်သည်။ လူတစ်ဦး၏ ဥဿုံဖွံဖြိုးမှုတွင် စိတ်လှုပ်ရှားမှု၊ အကျင့်စာရိတ္တနှင့် ဝိညာဉ်ရေးရာ အစရှိသည်တို ပါဝင်သည်။ လူ၏ဖွံဖြိုးမှုအဆင့်ဆင့်တွင် တစ်ခုနှင့်တစ်ခု အနည်းနှင့်အများ ဆက်နွယ်မှုများ ရှိနေသည်။ ဝိညာဉ်ရေးရာဆိုင်ရာ သွန်သင်ပေးနေသည့် အသင်းတော်များသည် အခြားဖွံဖြိုး မှုဆိုင်ရာများကိုလည်း သတိထားသင်ပေးသင့်သည်။ လူတစ်ဦးချင်း စီအတွင်း မတူညီနိုင်သည့် အချက်များကို သိမြင်နိုင်ခြင်းသည် အလွန် အရေးကြီး သည်။ တစ်ဦးချင်းစီ၏ လိုအပ်ချက်ကို ရှာဖွေဖြည့်ဆည်းပေးခြင်းသည် ဓမ္မပညာ သင်ကြားရေးအတွက် လွန်စွာအရေးပါသည်။ ။

လွတ်မြောက်မှုဆိုင်ရာ နည်းလမ်းမှာ အသင်းတော်နှင့် အသင်းသူ၊ အသင်းသား များအတွင်း ပြုပြင် ပြောင်းလဲသင့်သော အရာများကို ပြောင်းလဲကြရန်ဖြစ်သည်။ လူများအနေဖြင့် လူမျိုးရေး၊ လိင်ကွဲပြားမှု၊ စီးပွားရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာအတွင်း ဖိနှိပ်ချုပ်ချယ်မှု ရှိ၊ မရှိ သတိထားသင့်သည်။ တစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်နှင့် အဖွဲ့အစည်းအတွင်း လွတ်လပ်ခွင့်မတူညီမှု၊ ဘာသာရေးနှင့် လောကီရေးရာ ကွာခြားမှုတိုကို ခွဲခြားသိထားရမည်။ ဓမ္မပညာ၏ ပန်းတိုင်မှာ လူသားတိုင်း တရားမျှတမှု၌ တိုးတက်မြင့်မား လာရန်ဖြစ်သည်။

အနက်အဓိပ္ပါယ် ဖွင့်ဆိုမှုဆိုင်ရာနည်းလမ်းမှာ လက်တွေ့ ဖြစ်ပျက်နေသည့် လောက၏ ဖြစ်စဉ်နှင့် သမ္မာကျမ်းစာမှ ဖော်ပြချက်တို၏ ဆက်စပ်မှုကို မိမိတို ဆင်ခြင်တုံအရ အနက်အဓိပ္ပါယ်ဖွင့်ကာ အမှန်တရားကို ရှာဖွေဖော်ထုတ် နေကြ သည်။ နေ့စဉ်ဖြစ်ပျက်မှု ဖြစ်စဉ်၏ နောက်ကွယ်မှ လုပ်ကိုင်လှုပ်ရှားမှုနေသည့် ဘုရားရှင်၏ ပါဝင်နေမှုကိုလည်း အလေးထား စဉ်းစားလာကြဖို တွန်းအားပေးခြင်း ဖြစ်သည်။

ခရစ်ယာန်ဓမ္မပညာသည် ယုံကြည်သူတစ်ဦးချင်းစီ (သို့မဟုတ်) ယုံကြည်သူ အဖွဲအစည်းအနေဖြင့် နေ့စဉ်ကြုံတွေ့နေရသည့် အဖြစ်အပျက်များတွင် မိမိတို၏ ယုံကြည်ခြင်းအားဖြင့် အောင်မြင်စွာ အသက်ရှင်နိုင် မှုအတွက် ကူညီပံ့ပိုးပေးပါ သည်။ ပညာရေးဟူသည် လူတစ်ဦးတစ်ယောက်၏ အတွေ့အကြုံနှင့် အဖွဲ့တစ်ဖွဲ့၏ အတွေ့အကြုံအပေါ် စံထားလျက် ဆွေးနွေးတိုင်ပင် အဖြေရှာသည်ထက် လူ့အဖွဲ အစည်းတစ်ရပ်လုံး အကျိုးရှိမည့်အရာများကို ကျယ်ပြန့်စွာ စဉ်းစားလုပ်ဆောင် ပေးနေခြင်းဖြစ်သည်။ ထိုနည်းတူ ခရစ်ယာန် အဖွဲအစည်းများအနေဖြင့်လည်း မိမိတိုတစ်ဦးတည်း တစ်စုတည်း တိုးတက်ဖိုအတွက်သာ ပြုလုပ်နေခြင်းမျိုး မဟုတ်ဘဲ၊ အခြားကျယ်ပြန့်သော လူ့အဖွဲအစည်းများတွင်လည်း ပါဝင်ကာ အကျိုးဆောင် ပေးကြရမည် ဖြစ်သည်။

အေဒီ ၂၀ ရာစုခေတ်တွင် ပေါ်ပေါက်လာသည့် ဘာသာ၊ လူမျိုးမခွဲခြားရေး၊ ပြလူနေမှုစနစ်၊ စက်မှုလက်မှု ထွန်းကားလာမှု၊ ဆင်းရဲမွဲတေမှု၊ စစ်အာဏာရှင် စနစ်နှင့် ကမ္ဘာ့အနှံအပြား လွတ်လပ်မှု စသည်တို့သည် ခရစ်ယာန်ဓမ္မပညာကို ရိုက်ခတ်လာကြသည်။

လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု မခွဲခြားသည့် မူဝါဒထုတ်ပြန်မှုကြောင့် နိုင်ငံ အသီးသီး၊ နေရာအသီးသီးမှ ရွေ့ပြောင်းလာသည့် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု မတူသူများကို ဖွံဖြိုးသည့်နိုင်ငံများမှ လက်ခံခေါ်ယူခွင့်ပြု မှုကြောင့် အခက်အခဲနှင့် ရင်ဆိုင်နေကြရပြန်သည်။

 

၆။ လူမှုရေးအမြင်နှင့် ပညာရေး (Sociology and Education)

ဒန်းကင်းအမြင်အရ ပညာရေးသည် အဆင့်သုံးမျိုးရှိသည်။ ပညာရေးသိပ္ပံ၊ ဆရာများဆိုင်ရာ သီအိုရီနှင့် ပညာရေး၏ လက်တွေ့ကျမူတို့ဖြစ်သည်။ ပညာရေးသိပ္ပံတွင် စူးစမ်းမှုများပါဝင်သည်။ ယခင်ကပြုခဲ့သည့် အကြောင်း အရာများကို ပြန်လည်ဖော်ထုတ်ကာ စစ်ဆေးခြင်းဖြစ်သည်။ ထိုအလုပ်မှာ မူလဇာစ်မြစ်များကို သိပ္ပံနည်းကျကျ ဆွဲထုတ်ပြီး ကောက်ချက်ချမှတ်ခြင်းဖြစ်သည်။ စိတ်ပညာ၊ လူမှုရေး၊ မနုဿဗေဒ၊ ဇီဝဗေဒ၊ စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံ ဆိုင်ရာ ပညာရပ်များအားဖြင့် မူလဇာစ်မြစ်ကို ရှာဖွေရသည်။

ဆရာများဆိုင်ရာ သီအိုရီတွင် ယခင်၊ ယခုနှင့် ရှေ့ဖြစ်မည့် အခြေ အနေမှန်ကို သိအောင်ဖော်ထုတ်ခြင်း ဖြစ်သည်။ ဤသီအိုရီသည် ဆရာတစ်ဦး၏ သဘာဝကျကျ ဆင်ခြင်သုံးသပ်မှု၊ တီတွင်ကြံဆမှုနှင့် စိတ်ကူး စိတ်သန်း ကောင်းမှု ရှိ၊ မရှိကို ဖော်ထုတ်ပေးသည်။ လက်တွေ့ကျသော သင်ကြားရေးတွင် မိမိပြု သင်ကြားရ မည့်အရာများကို အစီအစဉ်တကျ ရေးဆွဲထားခြင်းများ ပါဝင်သည်။ သင်ကြားမှု အစမှအဆုံးအထိ မိမိကိုယ်ပိုင် အနုပညာဆန်ဆန် ကြံစည် ဖန်တီးမှုများ ပါဝင်သည်။ ကျောင်းသူ၊ ကျောင်းသားများ၏ အခြေအနေအပေါ် အခြေခံပြီး ဆရာများ၏ အတွေ့အကြုံများအားဖြင့် ပညာရပ်များကို ဖော်ထုတ်ပေးခြင်း ဖြစ်သည်။

လူတစ်ဦးအနေဖြင့် အသိပညာ၊ အတတ်ပညာအမျိုးကို မိမိတို့ ပတ်ဝန်းကျင်မှ လူများ၊ အဖွဲ့အစည်းများ၊ ယုံကြည်ခံယူချက်တူသောသူများ၏ ထောက်ပံ့ပေးမှု၊ ဖန်တီးမှု၊ ပြောင်းလဲပေးမှုနှင့် အမှားအမှန် ဝေဖန်ပေးမှု အားဖြင့်ရရှိနိုင်ပါသည်။ အသိတရားကို နည်းလမ်းအမျိုးမျိုးအားဖြင့် ရယူနိုင်ပါသည်။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ စဉ်းစားဆင်ခြင် တွေးခေါ်ခြင်းများ၊ သိလိုမှုကြောင့် မေးမြန်းခြင်းများ၊ ဝေဖန်ပိုင်းခြား ခြင်းများ၊ အချက်အလက်များ စုဆောင်းခြင်းများနှင့် မိမိ၏ အတွေ့အကြုံများအားဖြင့် အသိအမြင် ဗဟုသုတ များကို ရယူနိုင်ပါသည်။

ပီအိပ်ခ်ျဟတ်(စ်) အမြင်အရ ပညာရေးကို ယဉ်ကျေးမှုပိုင်းဆိုင်ရာ လွတ်လပ်မှုဟူ၍ သိရှိနားလည်ထား သည်။ ထိုကဲ့သို့သော ပညာရေးတွင် တစ်ဖွဲနှင့်တစ်ဖွဲ ထူးခြားသော ယဉ်ကျေးမှုများနှင့် ရှိရင်းစွဲ ယဉ်ကျေးမှု အချင်းချင်းဖလှယ်၍ ပညာရယူနိုင်ခြင်း၊ အသိပညာရယူနိုင်သည့် ပညာရေးမျိုးကို နှစ်သက်လိုလားသည်။ အဆင့်အတန်းတူ ယဉ်ကျေးမှုတူသည့် လူ့အဖွဲအစည်း အချင်းချင်းဖလှယ်သည်ထက် မတူညီသော အဆင့်အ တန်းနှင့် ယဉ်ကျေးမှု ကွာခြားသည့် လူ့အဖွဲအစည်းနှစ်ရပ် အချင်းချင်း ယဉ်ကျေးမှုခြင်း ဖလှယ်ရယူနိုင် ခြင်း သည်ပင် အသိပညာတစ်ရပ်အနေဖြင့် လက်ခံထားသည်။ ဟတ်စ် အဆိုအရ “ယဉ်ကျေးမှု”ဟူသည် လူတစ်ဦး၏ လွတ်လပ်စွာ အသက်ရှင်နေထိုင်သည့် နည်းလမ်းများပင်ဖြစ်သည်။

ပညာရေးပညာရှင်များ၏ အလုပ်မှာ မိမိ၏ တပည့်များအပေါ် သြဇာလွှမ်းမိုး နိုင်မှုနှင့် ဆီလျော်သော ဖြစ်နိုင်ဘွယ်ရာရှိသော အကြောင်းအရာများကို စံချိန်မီ သင်ကြားပြသရသည့် လုပ်ငန်းတစ်ရပ်သာဖြစ်ပြီး၊ ခေတ်အခြေအနေနှင့် လူ့အဖွဲအစည်း တစ်ရပ်လုံးကို ချက်ချင်းလက်ငင်း ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည့် ပညာရှင်များမဟုတ်ကြောင်း ဝန်ခံရပေမည်။ လူမှုပညာရှင်များသည် လူမှု အဆောက်အအုံများဖြစ်သည့် အိမ်ထောင်၊ အသင်းအဖွဲများနှင့် နိုင်ငံတော် အဖွဲအစည်းအတွင်းရှိ လူတို့၏ အပြန်အလှန် လူမှုဆက်ဆံရေး များကို လေ့လာရန် စိတ်ဝင်စားကြသည်။ လူမှုအဆောက်အအုံတစ်ခု စတင်ဖြစ်ပေါ်လာမှု၊ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ လုပ်ပိုင်ခွင့်အာဏာ၊ တစ်ဦးချင်းနှင့် မည်ကဲ့သို ဆက်နွယ်နေမှုတို့ကို ဖော်ထုတ်ကြသည်။ လူမှုရေးပညာသည် လူ့အဖွဲ့အစည်းများနှင့် လူမှုအဆောက် အအုံအတွင်းရှိ လူတို၏ အပြုအမူများ၊ စံထားမှုများ၊ ဖြစ်တည်မှုများနှင့် ဖွံဖြိုးလာမှုများကို လေ့လာသော ပညာတစ်ရပ်ဖြစ်သည်။ တစ်နည်းအားဖြင့် လူတို့၏ သဘောသဘာဝကို လေ့လာခြင်းဖြစ်သည်။

ထိုအပြင် အဖွဲ့ အစည်းတစ်ရပ် ဖွဲ့စည်းထားပုံ၊ ပြုမူဆက်ဆံပုံ၊ စည်းစနစ်ရှိမှု မရှိမှုများနှင့် ပြောင်းလဲ လာပုံများကို ရှာဖွေသလို အဆင့်အတန်း ခွဲမှုများ၊ ဥပဒေများ၊ ဘာသာရေးဆိုင်ရာများနှင့် လမ်းလွဲနေမှုများကို ဖော်ထုတ်ကြ သည်။ လူမှုရေးပညာသည် ဆေးပညာ၊ စစ်ပညာ၊ ဥပဒေပညာ၊ သင်ကြားမှုဆိုင်ရာ ပညာနှင့် စက်မှုလက်မှု အတတ်ပညာများကဲ့သို တိုးတက်လာခဲ့သည်။

ပြင်သစ်အတွေးအခေါ်ပညာရှင် ဩဂတ်ကွန့်(Auguste Comte)က ပြင်သစ်တော်လှန်ရေးအပြီး လူတို့၏ ပြဿနာများနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေလိုစိတ်ပေါ်လာသည်။ လူမှုရေးအရ ဖြစ်နိုင်ချေရှိသည့် အရာများ အပေါ်တွင်သာ အဖြေရှာခဲ့သည်။ ယုတ္တိရှိသည့် သက်သေများအားဖြင့် အမှား အမှန်ကို ဆုံးဖြတ်ခဲ့ သည်။ လူမှုရေးပညာသည် အချက်အလက်များကို စုဆောင်းခြင်း၊ ခွဲခြားစိတ်ဖြာ တွေးခေါ်တတ်ခြင်းအားဖြင့် နောက်ဆုံး၌ တွေ့ကြုံ နေရသည့် ဒုက္ခအခက်အခဲများကို ကျော်ဖြတ်လွန်မြောက်နိုင်ရန်ဖြစ်သည်။

လူမှုရေးပညာဆိုသည်မှာ လူ့အဖွဲအစည်းအတွင်းရှိ လူသားများ၏ ပေါင်းသင်းဆက်ဆံရေးသာမက၊ လူသားအချင်းချင်း အပြန်အလှန်ဆက်သွယ်မှု (အသက်အရွယ်၊ ကျား၊ မ၊ လူတန်းစားအရွေး)သည်လည်း အကျုံးဝင်ပေသည်။ လူမှုရေးပညာသည် လူတစ်ဦးတစ်ယောက်နှင့်သာ သက်ဆိုင်ခြင်း၊ လူတစ်ဦး တစ်ယောက် ကိုသာ စိတ်ဝင်စားခြင်းမဟုတ်ဘဲ လူအဖွဲအစည်းကြီး (Social Groups) တစ်ခုလုံးနှင့်လည်း သက်ဆိုင်ပေသည်။

လူမှုရေးပညာကို လေ့လာသောအခါ အောက်ပါအချက်(၃)ချက်ကို တွေ့မြင်နိုင်ပါသည်။ ပထမအချက် မှာ ကမ္ဘာပေါ်ရှိ လူသားအားလုံးတိုသည် ကွဲပြားမှု များပြားစွာ ရှိကြသော်လည်း ဘုံလူသားများဖြစ်ကြသည်။ အသားအရောင်၊ ရိုးရာဓလေ့၊ ဘာသာစကား၊ ဘာသာအယူဝါဒများ၊ စီးပွားရေး စသည့် ကွဲပြားမှု များစွာရှိကြ သော်လည်း လူသားများ၏ ဖွဲစည်းပုံ၊ စိတ်နေသဘောထားတိုသည် တူညီကြပါသည်။ သိုဖြစ်၍ လူသားအား လုံးတို့ကို ခွဲခြား၍မရနိုင်ပါ။

ဒုတိယအချက်မှာ ကမ္ဘာပေါ်ရှိ လူသားအားလုံးတိုသည် တစ်ခုတည်းသော ဘုံစွမ်းအင်ကို အသုံးပြုကြ သည်။ လူသားများ အသုံးပြုသော လေ၊ ရေ၊ သယံဇာတပစ္စည်း၊ တောတောင်၊ သစ်ပင်နှင့် မြေကြီးမှစ၍ ခပ်သိမ်းသော သယံဇာတ ကုန်ကြမ်းတို့သည် အတူတူပင်ဖြစ်ကြသည်။

တတိယအချက်မှာ လူသားအားလုံးတိုသည် ဘုံပြဿနာများ ရင်ဆိုင် နေရခြင်းဖြစ်သည်။ ကွဲပြား မှုများစွာအထဲမှ တူညီသော ပြဿနာများမှာ ဆင်းရ နွမ်းပါးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ သေစေတတ်သည့် ရောဂါအမျိုးမျိုး၊ လူမှုရေးတရား မျှတမှုကင်းမဲ့ခြင်း၊ အကြမ်းဖက်မှုများ လူသားများအား ဒုက္ခ ပေးနေသော အရာများဖြစ်သည်။

စိတ်ပညာဆိုင်ရာ အခြေခံအုတ်မြစ်

(Psychological Foundation)

စိတ်ပညာ (Psychology)

စိတ်ပညာဆိုသည်မှာ လူသားတို့၏ အပြုအမူများနှင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်များကို သိပ္ပံနည်းကျ လေ့လာခြင်းဖြစ်ပါသည်။ လူသားတို၏ အတွေ့ အကြုံနှင့် လူသားတို၏ ဆက်နွယ်မှုများကိုလည်း လေ့လာခြင်း ဖြစ်သည်။ လူသားတို၏ အပြုအမူနှင့် အတွေ့အကြုံကို လေ့လာရာ၌ ရှုမှတ်လေ့လာခြင်းနှင့် မှတ်တမ်းတင်ခြင်းနည်း စနစ်ကို အသုံးပြုပါသည်။ ။

စိတ်ပညာတွင် လေ့လာသော အခြေခံအကြောင်းအရာများမှာ အာရုံသိမှု၊ သင်ယူခြင်း၊ မှတ်ဉာဏ်၊ စေ့ဆော်မှု၊ စိတ်လှုပ်ရှားမှု၊ ဉာဏ်ရည်ကို တိုင်းတာခြင်း၊ ကိုယ်ရည်ကိုယ်သွေးနှင့် ယင်းကိုယ်ရည်ကိုယ်သွေးကို အကဲဖြတ်ခြင်း၊ စိတ်ပိုင်း ဆိုင်ရာ ဖွံဖြိုးမှု၊ ဆေးဘက်ဆိုင်ရာ စိတ်ပညာတို့ ပါဝင်ပါသည်။

စိတ်ပညာတွင် အထူးပြုနယ်ပယ် များစွာလည်းရှိပါသည်။ ယင်းတို့မှာ အကြံပေးစိတ်ပညာ၊ ဇီဝစိတ်ပညာ၊ စမ်းသပ်မှုစိတ်ပညာ၊ ပညာရေးနှင့် ကျောင်းစိတ်ပညာ၊ ဖွံဖြိုးမှုစိတ်ပညာ၊ စက်မှုနှင့် အဖွဲအစည်း ဆိုင်ရာ စိတ်ပညာ၊ ကိုယ်ရည်ကိုယ်သွေးစိတ်ပညာ၊ တရားဥပဒေရေးရာ စိတ်ပညာ စသည်တို့ ဖြစ်ပါသည်။

လူသားဖွံဖြိုးမှုနှင့် ခရစ်ယာန်ဓမ္မပညာ (Human Development and Christian Education)

ခရစ်ယာန်ဓမ္မပညာသည် အသင်းတော်၏ ပြုစုပျိုးထောင်ခြင်း သင်ကြားခြင်း၊ အမှုတော်သာ သနာဖြစ်သည်။ ခရစ်ယာန်ဓမ္မပညာသည် လူသားတစ်ဦး ပဋိသန္ဓေရှိ သည်အချိန်မှ သေဆုံးပြီး(တမလွန်ဘဝ) အထိ ယုံကြည်စိတ်မှု ရရှိစေသော အမှုတော်သာသနာဖြစ်သည်။ ခရစ်ယာန်ဓမ္မပညာလုပ်ငန်းသည် လူသားတစ်ဦး၏ ကာယ၊ ဉာဏ၊ စိတ္တ၊ ဝိညာဏ၊ ပေါင်းသင်းဆက်ဆံရေး ဘက်စုံကြီးထွားရန် ပြုစုပျိုးထောင် ပေးပါသည်။ လူတကိုယ်လုံး ကြီးထွားရင့်ကျက်ရန် ပို့ဆောင်ပါသည်။ ကျွန်ုပ်တို တစ်ဦးစီသည် ရင့်ကျက်သောလူအဖြစ်သို့ ရောက်ရန်(ဧဖက် ၄း၁၃) ခရစ်ယာန် ဓမ္မပညာက ပံ့ပိုးပါသည်။ သူငယ် ဣဇက်သည် ကြီးပွားကြောင်း(ကမ္ဘာ ၂၁း၈)၊ ဟာဂရ၏ သားငယ်သည် ကြီးပွား၍ လေးသမားဖြစ်သွားကြောင်း (ကမ္ဘာ ၂၁း၂၀) ဖော်ပြသကဲ့သို (လုကာ ၂း၅၂)တွင် သခင်ယေရှုကိုယ်တိုင် ဘက်စုံဖွံဖြိုးမှု အဆင့်ဆင့်ဖြင့် ကြီးထွားလာကြောင်း အလေးအနက် ဖော်ပြထားသည်ကို တွေ့ရသည်။ ယေရှုသည် အစဉ်အတိုင်းကြီး၍ (ကာယ)၊ ပညာတိုးပွားလျက် (ဉာဏ်)၊ ဘုရားရှေ့ (ဝိညာဏ)၊ လူတိုရှေ့ (လူမှုဆ (အကျင့်စာရိတ္တ /စိတ္တ)တော်မူ၏ ဟုဆိုခြင်းဖြင့် လူသားများကို ပြုစုပျိုးထောင်ရာ၌ ဘက်စုံညီညွတ်မျှတစွာ ဖွံဖြိုးရန် အရေးကြီးကြောင်း သမ္မာကျမ်းစာက မီးမောင်းထိုး ဖော်ပြထားသည်။

လူသားတစ်ဦး မွေးစမှ ကြီးထွားရင့်ကျက်လာရန် ကာယ၊ ဉာဏ၊ ဝိညာဏ၊ စိတ္တ၊ လူမှုဆက်ဆံရေး၊ ကိုယ်ကျင့်တရား မျှတစွာဖွံဖြိုးရန် လိုပါသည်။ ဝန်းကျင်နှင့် ထိတွေ့ဆက်ဆံ တုံပြန်မှုများသည်လည်း ကြီးထွားရင့်ကျက်ရန် ထောက်ကူပါသည်။ ခရစ်ယာန်ဓမ္မပညာသည် လူသားတို၏ ဘက်စုံဖွံဖြိုးရေးကို ဦးတည်ပါသဖြင့် လူသားဖွံဖြိုးမှုဆိုင်ရာ သီအိုရီများသည် ခရစ်ယာန်ဓမ္မပညာ ပြုစုပျိုးထောင်ခြင်း အမှုတော်အတွက် အထောက်အကူဖြစ်စေပါသည်။ ခရစ်ယာန် ဓမ္မပညာပိုချသူများသည် ဖွံဖြိုးမှုဆိုင်ရာ သီအိုရီများနှင့် ရင်းနှီးကျွမ်းဝင်ခြင်းအားဖြင့် သင်ကြားခံယူသူ၏ အသက်အရွယ်၊ ဖွံဖြိုးမှုအဆင့်များတွင် မည်သည့်အရာ သင်ကြားမည်၊ မည်သို သင်ကြားမည်၊ မည်သို ပြုစုပျိုးထောင်ပေးမည် ဟူသော လမ်းကြောင်း ကို သိရှိနားလည်စေသည်။

လူသားဖွံ့ဖြိုးမှုဆိုင်ရာသီအိုရီများ (Human Development Theories)

ဒဿနိကပညာရှင်များက လူသားတို့၏ သဘောသဘာဝ၊ ပင်ကိုယ် အတွေ့အကြုံ၊ အတွေးအမြင်များကို စူးစမ်းလေ့လာပြီး၊ မိမိတို့၏ သီအိုရီများကို ဖော်ပြသည်။ စိတ်ပညာရှင်များက လူသားတို့၏ မှတ်ဉာဏ်၊ ကျိုးကြောင်း ဆင်ခြင်ခြင်း၊ တွေ့ထိခြင်း၊ ရမ္မက်၊ လှုံ့ဆော်မှု၊ အစွမ်းသတ္တိ၊ စိတ်အလိုလိုက်ခြင်း၊ ရင့်ကျက်ခြင်း များအပေါ် မူတည်၍ စူးစမ်းလေ့လာကာ မိမိတို၏ သီအိုရီများကို ဖော်ထုတ်သည်။

ပညာရှင်များသည် မိမိအသက်တာကိုရင်း၍ ဖွံဖြိုးလာမှု၏ လျှိဝှက် ဆန်းကြယ်ခြင်း လမ်းစများကို ဖော်ထုတ်ကြသည်။ ကလေးငယ်တစ်ဦး မည်သိုသော လူကြီးအမျိုးအစားသို ပြောင်းလဲသွားကြောင်း၊ ပြောင်းလဲ သွားစေသည့် ဆက်နွယ်မှု ဖွံဖြိုးစေသော လွှမ်းမိုးမှုကို ဖော်ပြလိုသော ရည်ရွယ်ချက်ဖြင့် စူးစမ်းလေ့လာကြခြင်း ဖြစ်သည်။ စူးစမ်းလေ့လာမှုများစွာက လူသားဖွံဖြိုးမှုသီအိုရီ များစွာထွက်ပေါ် လာစေသည်။ သီအိုရီတစ်ခုစီသည် ရှုထောင့်မျိုးစုံကို ကျေနပ်ဖွယ်ထိတွေ့သည် ဟုမဆိုနိုင်ပါ။ ဖွံဖြိုးမှုသီအိုရီတစ်ခုစီက လူသားဖွံဖြိုးမှုအကြောင်း နားလည်ရန် ကျွန်ုပ်တို့အား ကူညီပံ့ပိုးပေးပါသည်။

ဖွံဖြိုးမှုသီအိုရီများသည် လုပ်ဆောင်ချက်(၃)မျိုးကို ဖော်ပြသည်။ (၁) အပြုအမှုတစ်ရပ် (သို့မဟုတ်) အပြုအမှုများတွင် ပြောင်းလဲမှုရှိကြောင်းဖော်ပြခြင်း၊ (၂) အပြုအမှုများ၏ ဆက်နွယ်ခြင်းများတွင်လည်း ပြောင်းလဲမှု ရှိကြောင်း ရှင်းလင်းခြင်း၊ (၃) ပြောင်းလဲဖွံဖြိုးလာမှု လမ်းကြောင်းအကြောင်း ရှင်းလင်းတင်ပြခြင်း များ ပါဝင်ပါသည်။

၁။ ဂျင်းပြာရေး၏ သိမှတ်ဉာဏ်ရည်ဖွံဖြိုးမှု (Cognitive Development – Jean Piaget)

ဂျင်းပြာရေးသည် ၁၈၉၆-ခုနှစ်တွင် နယူးရဲတဲလ်(Newchatel)၊ ဆွစ်ဇလန် (Switzerland) နိုင်ငံတွင် မွေးဖွားခဲ့ပါသည်။ ဖခင်သည် သမိုင်းပညာရှင်တစ်ဦးဖြစ်၍ မိခင်သည်လည်း ဉာဏ်ရည်ထက်မြက်သူ၊ ကြိုးစားအားထုတ်သူနှင့် ကြင်နာသူ တစ်ဦးဖြစ်ပါသည်။ ငယ်စဉ်ဘဝကပင် ငှက်များနှင့် ခရုများကို စတင်သတိပြု လေ့လာခဲ့သည်။ အသက်(၂၁)နှစ်အရွယ်တွင် သိပ္ပံ(Natural Sciences) ဘာသာရပ် ဖြင့် ဒေါက်တာဘွဲ့ ရခဲ့သည်။ ကျောင်းပြီး၍ စိတ်ပညာနှင့် ဒဿနိကဘာသာရပ်များ လေ့လာခဲ့ပြီး၊ ကလေးများကို (၂)နှစ် သုတေသနပြု လေ့လာခဲ့သည်။ ကလေး စိတ်ပညာ (၅)နှစ်လေ့လာ၍ စာနယ်များ ထုတ်ဝေဖြန့်ချီခဲ့၏။ ကလေး စိတ်ပညာရှင်အဖြစ် ဥရောပတွင် လူသိများလာသည်။

သူ၏ ကလေးသုံးဦးနှင့် အခြားကလေးများကို သုတေသနပြုရာမှ သိမှတ် ဉာဏ်ရည်ဖွံဖြိုးမှုစာအုပ်များ ထုတ်ဝေခဲ့သည်။ ၁၉၆၉-ခုနှစ်တွင် အမေရိကန်စိတ်ပညာအဖွဲ့အစည်း (American Psychological Association)
မှ ဂုဏ်ပြု ( The Distinguished Scientific Contribution Award) ပေးအပ်ခဲ့သည်။ ၁၉၈၀-ခုနှစ် သေဆုံးချိန်ထိ ကလေးစိတ်ပညာနှင့် ပတ်သက်၍ စာအုပ်(၄၀) ရေးသားနိုင်ခဲ့သည်။

ဂျင်းပြာရေးသီအိုရီသည် အသိဉာဏ်ဖွံဖြိုးမှု၏ အဓိကကျသော အခန်း ကဏ္ဍကို ဖော်ပြသည်။ အသိဉာဏ်ဖွံဖြိုးမှုသည် ပူးပေါင်းဆက်နွယ်မှု၊ ပေါင်းစပ် မှုဖြင့် ကိုယ်တိုင်ကိုယ်ကျ သင်ယူလေ့လာခြင်း၏ ယူဆချက်များကို တန်ဖိုးထား ဖော်ပြသည်။ ဂျင်းပြာရေး သုတေသနတွေ့ရှိချက်သည် ကလေးငယ်များ၏ အံ့သြဘွယ်ရာတွေးခေါ်မှု၊ ပတ်ဝန်းကျင်နှင့် ကျယ်ပြန့်စွာ ဆက်သွယ်နိုင်မှု၊ ဂေဟဗေဒနှင့် ကျိုးကြောင်းညီညွတ် မှုရှိခြင်း တိုကို မီးမောင်းထိုးဖော်ပြသည်။

ဂျင်းပြာရေး၏ သိမှတ်ဉာဏ်ဖွံဖြိုးမှု သီအိုရီသည် မွေးကင်းစကလေး၏ မွေးရာပါလှုံ့ဆော်မှုမှစ၍ အသက်(၁၅)နှစ်ထိ လေ့လာထားခြင်းကို အဆင့်လေးဆင့်ဖြင့် ဖော်ပြထားသည်။

(၁) မွေးစမှ နှစ်နှစ်အရွယ်၊ အသိအာရုံအားဖြင့် လှုပ်ရှားသောအဆင့် (Sensorimotor Stage)

မွေးစကလေးငယ်သည် ပင်ကိုယ်မွေးရာပါ လှုဆော်မှုဖြင့် အလိုအလျောက် တုံပြန်တတ်သည်။ ကလေးငယ်၏ နှုတ်ခမ်းကို တိုထိသည်နှင့် စုပ်ယူခြင်း၊ ခြေထောက်ကလေးကို ထိရုံနှင့် ခြေကန်လှုပ်ရှားခြင်း လက်ညှိးကို လက်ထဲ ထည့်ရုံနှင့် ဖမ်းယူစုပ်ကိုင်စမ်းသပ်သည်။ ဤကဲ့သိုသော အပြုအမှုများကို ကြိမ်ဖန် များစွာလုပ်ဆောင်နိုင်ခြင်းဖြင့် အသိအာရုံဖြင့် လှုပ်ရှားမှုပြုနိုင်သော ထိုးထွင်းဉာဏ် ရှိလာပြီး မှတ်မိလာသည်။

ဤအရွယ်သည် မိမိတိုအနားရှိ အရာဝတ္ထုများကိုတုံပြန်သင်ယူရာတွင် လက်ဖြင့်ဆုပ်ကိုင် စမ်းသပ်ခြင်း၊ ပါးစပ်ထဲထည့်၍စုပ်ခြင်းအာရုံများတိုဖြင့် လှုပ်ရှားမှု ပြုနိုင်သော ထိုးထွင်းဉာဏ်ရှိလာသည်။ မကြာမီ အရာဝတ္ထု များကို ရှာဖွေခြင်း/ လူကြီးများနှင့် အတူတူပုန်းတမ်း ကစားခြင်းတို့ဖြင့် တိုးတက်မှု ရှိလာသည်ကို တွေ့ရသည်။

ဤအရွယ်အဆင့်တွင်၊ ကလေးသည် မှီခိုအားထားမှု လျော့နည်းလာပြီး၊ ပိုမိုစူးစမ်း ရှာဖွေလေ့လာသည်။ (၈-၁၂)လအရွယ်၌ ကလေးငယ်သည် မိမိ စိတ်ဝင်စားသော ပစ္စည်းရှိရာသို့ အတားအဆီးများရှေ့တွင် ရှိလင့် ကစား တွန်းလှန် ဖယ်ရှား၍ ကြိုးစားရယူသည်။ (၁၂-၁၈)လအရွယ် ရောက်သောအခါ အပြုအမူ ပြောင်းလဲလာ သည်။ အရာဝတ္ထုများကို အမြင့်နေရာအမျိုးမျိုးမှ ပစ်ချသောအခါ ကြားရသောအသံ ကွာခြားချက်များကို လေ့လာသည်။ လမ်းလျှောက်တတ်စအရွယ် ဖြစ်လာသောအခါ၊ အရာဝတ္ထုများကို ပိုမိုဆွဲငင်ရယူနိုင်ပြီး ဖြစ်သည်။ (၁၈-၂၄) လများတွင် ကလေးငယ်သည် ပြဿနာငယ်တစ်ခုကို မဆောင်ရွက်မီ၊ စဉ်းစား လာစပြုလာ သည်။ ဤအချက်သည် နောက်တစ်ဆင့်အရွယ်သို ကူးပြောင်းရန် အဆင်သင့်ဖြစ်သော လက္ခဏာပင်ဖြစ် ပါသည်။ ။

(၂) ခွဲခြမ်းစိတ်ဖြာနိုင်သော ဉာဏ်မမီသေးသောအဆင့် (၂-၇)နှစ် (Prcoperational Stage)

ဤအဆင့်တွင် ကလေးငယ်သည် မိသားစုအသုံးပြုသော ဘာသာ စကားကို စ၍အသုံးပြုတတ် လာပြီးဖြစ်၍၊ လူနှင့် အရာဝတ္ထုများကို အမည်ဖြင့် ခေါ်တတ်လာသည်။ မြင်တွေ့သမျှသောအရာကို မိမိ၏ မှတ်ဉာဏ်တွင် ပုံရိပ် ဖော်တတ်လာနိုင်ပြီဖြစ်သည်။ ဤအဆင့်၏ အစောပိုင်းအရွယ်တွင် တစ်ကိုယ် ကောင်းဆန် စိတ် ရှိသေးသည့်အတွက် တစ်ပါးသူ၏ ရှုထောင့်မှနေ၍ မကြည့်တတ် သေးပါ။ ကြားရသောစကားနှင့် အသံများ ကို လိုက်ပြောခြင်းကို နှစ်သက်၏။ တစ်ဦးတည်း အပြောကျင့်သည်။ မိခင်ပြောသမျှကို တု၍ပြောလေ့ရှိသည်။

ပုံဆောင်၍ ကစားတတ်သည်။ အရုပ်ကို စောင်ဖြင့်ပတ်၍ ကလေးအဖြစ် ကစားခြင်း၊ သစ်သားတုံးကို လက်ဖြင့်တွန်း၍ မော်တော်ကားရုပ်အဖြစ် ကစားခြင်း၊ ဆေးခန်းရောက်ဖူးသော ကလေးသည် ဆရာဝန်လုပ် တမ်း ကစားခြင်းတို့ကို ပြုလုပ်တတ်သည်။ ထိုနောက် စိတ်ကူးယဉ်ကစားဖော်ဖြင့် ကစားတတ်သည်။ ဖြစ်ရပ်မှန်၌ ပိတ်ပင်ခံရသမျှကို စိတ်ကူးယဉ်ကစားခြင်းထဲ၌ ထည့်၍ပြုမူတတ်သည်။

ဤအဆင့်၏ နောက်ပိုင်းအရွယ်တွင် အခြားကလေးများနှင့် ကစားတတ် လာသည်။ အာရုံစူးစိုက်နိုင်မှုမှာ အကြောင်းအရာတစ်ခုကို တစ်ချိန်လျှင် တစ်ခုသာ အာရုံစိုက်နိုင်သည်။ ထိုကြောင့် စဉ်းစားဝေဖန်တတ်သော ဉာဏ်မဟုတ်ဘဲ ဖြတ်ထိုးဉာဏ်ဖြင့်သာ ဆုံးဖြတ်လုပ်ကိုင်တတ်သေးသည်။ အလေးချိန်၊ ထုထည်၊ အလျားအနံ၊ အကွာအဝေးကို နားမလည်နိုင်သေးသည့်အတွက်၊ အမြင်အာရုံ၌ ရွေ့သွားသော အရာဝတ္ထုကို ပြန်၍ မူလနေ ရာသို့ အာရုံဖြင့် ရွှေ့ကြည့်နိုင်စွမ်း မရှိသေးပါ။

 

(၃) အဖြစ်မှန်ကို ခွဲခြားနိုင်သော သိမှတ်ဉာဏ်ရည်အဆင့် (၇-၁၁)နှစ် (Concrete Operational Stage)

ယုတ္တိရှိသော အကျိုးအကြောင်းများအပေါ် ဖြစ်နိုင်မဖြစ်နိုင်ကို စဉ်းစား တွေးခေါ်တတ်ပြီး အရာဝတ္ထု များကို အမျိုးအစား ခွဲခြားတတ်ခြင်း၊ အစီအစဉ်တကျ ပြုတတ်ခြင်း၊ ထုထည်အလေးချိန် ပမာဏတို့ကို တိုင်းတာလာနိုင်ပြီးဖြစ်သည်။ အသိအာရုံများအပေါ် မူတည်လျက် ဉာဏ်ရည်နှင့်ဆိုင်သော ဆောင်ရွက်မှုကို ပြုသည်။ နိယာမတရားများကို မဖော်ထုတ်နိုင်သေးသကဲ့သို၊ ယုတ္တိရှိစွာ သိနိုင်မည့် အရာများကိုလည်း စိတ်ကူးမကြည့်တတ်သေးပေ။ အချိန်အပိုင်းအခြားကို သိလာ သောကြောင့် ရာဇဝင်သမိုင်းများကို လေ့လာနိုင် သည်။ မိမိ၏အိမ်၊ ကျောင်း၊ ရပ်ကွက်၊ မြိုနယ်များ သိကျွမ်းလာသောကြောင့် ပထဝီဘာသာရပ်ကို လေ့လာ နိုင်ပြီးဖြစ်သည်။

 

(၄) စနစ်တကျ လေ့လာသင်ယူနိုင်သောဉာဏ်ရည်အဆင့် (၁၁-၁၅နှစ်) (Formal Operational Stage)

ဤအရွယ်ကလေးသည် နိယာမတရားများ၊ ယူဆချက်များ၊ အရာဝတ္ထုများ နှင့်ဆိုင်သော အခြေခံစနစ်များကို စဉ်းစားလက်ခံတတ်လာပြီးဖြစ်သည်။ ယခင် အဆင့်တွင် အရာဝတ္ထုများကို အမျိုးအစား ခွဲခြင်း၊ အစီအစဉ်တကျထားခြင်း၊ ထုထည်တိုင်းတာခြင်းတိုကို မျက်မြင်ပြုလုပ်နိုင်သော်လည်း ယခုအဆင့်တွင် မမြင်ရဘဲ ဆောင်ရွက်နိုင်စွမ်းရှိလာသည်။ စံထားစနစ်ဖြင့် အရာဝတ္ထုများကို အမျိုးအမည်ခွဲနိုင်ခြင်း၊ ဆွေးနွေးရန် မေးခွန်းများကို မိမိ၏ အတွေ့အကြုံများဖြင့် ဆက်စပ်၍ဖြေကြားနိုင်ခြင်း၊ မြေပုံများကို အချိုးစကေးဖြင့် ချဲ့၍ကျဉ်း၍ ဆွဲတတ် လာခြင်း၊ မီးရထားပုစ္ဆာများကို တွက်ချက်နိုင်ခြင်း၊ အမှတ်သင်္ကေတ လက္ခဏာ များ၏ အဓိပ္ပါယ်ကို နားလည်နိုင်စွမ်းရှိခြင်းတို့သည် ဤအဆင့်၏ လက္ခဏာများ ဖြစ်သည်။

ဂျင်းပြာရေးသီအိုရီနှင့် ခရစ်ယာန်ဓမ္မပညာ

ဂျင်းပြာရေး၏ သီအိုရီသည် စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှုအတွက် လွှမ်းမိုးမှု ရှသော အရေးပါသည့်အဆင့် များကို ဖော်ပြသည်။ မတူညီသော အဆင့်များသည် ပတ်ဝန်းကျင်အပေါ် ကလေးငယ်၏ အသိဉာဏ်တိုးတက်မှု အဆင့်ဆင့်ကို ဖော်ပြသည်။ ထိုအဆင့်များကို လေ့လာခြင်းဖြင့် စစ်မှန်သော သင်ယူမှုသည် သင်ကြားပေးသော ဆရာထံမှလာခြင်းမဟုတ်၊ ကလေးကိုယ်တိုင်က သင်ယူခြင်းဖြစ်ကြောင်း ဂျင်းပြာရေးက တင်ပြသည်။ ကလေးများသည် ကိုယ်တိုင်လုပ်ကိုင် ဆောင်ရွက်ခြင်း၊ မည်သိုဖြစ်ပျက်နေသည်ကို မိမိတိုဘာသာ နားလည် အောင် ကြိုးစား ဖန်တီးခြင်းဖြင့် အကောင်းဆုံးသင်ယူသည် ဖြစ်သောကြောင့်၊ ကလေး များကို အုပ်ထိန်းသူများ၊ မိဘများ၊ ဓမ္မပညာ သင်ကြားပိုချသော ဆရာ၊ ဆရာမများ က စူးစမ်းလေ့လာစေခြင်း၊ သိလိုစိတ်ပြင်းပြအောင် ဖန်တီးပေးခြင်း၊ ပြဿနာကို ဖြေရှင်းစေခြင်းအမှုများကို ဖန်တီးပေးသော ဝန်းကျင်ကို ပြင်ဆင်ပေးရမည်။ ဦးဆောင်သူများက အနည်းငယ်သာ သင်ကြားပေးပြီး၊ ကလေးကိုယ်တိုင် လက်တွေ့စမ်းသပ်လုပ်ကိုင်နိုင်ရန် လမ်းကြောင်းတည့်ပေးရမည်။ ပြာရေးက လူမှုဆက်ဆံရေးသည်လည်း ကလေး၏ သင်ယူမှုတန်ဖိုး များစွာရစေ ကြောင်း ဖော်ပြသည့်အတွက် အခြားသူများနှင့်ပေါင်းသင်း ဆက်သွယ်ခြင်းသည်လည်း ကလေး၏သင်ယူမှုကို တိုးတက်စေကြောင်း လေ့လာတွေ့ရှိရသည်။

ကစားခြင်းသည် သိမှုဆိုင်ရာ ဖွံဖြိုးမှုအတွက် အကောင်းဆုံး သင်ယူနည်း ဖြစ်သည်။ ပထမအဆင့်မွေး စမှ နှစ်နှစ်အရွယ် ကလေးများအတွက် ထိတွေ့ ကိုင်တွယ်ဆော့ကစားစရာ ပစ္စည်းများစီစဉ်ပေးခြင်း၊ ကစားနေ စဉ် လူကြီးမိဘများက စကားစမြည်ပြောခြင်း၊ သူ၏လုပ်ဆောင်ခြင်းကို သတိပြုခြင်းဖြင့် ပံ့ပိုးပေးရမည်။ ဦးနှောက်ဖွံဖြိုးမှုသည်လည်း ဘာသာစကားဖွံဖြိုးမှုနှင့် ဆက်နွယ်နေပါသောကြောင့် မိသားစုဘာသာစကား တတ်မြောက်စေပြီးမှ ဒုတိယဘာသာစကားကို အစပျိုးရန် ဖြစ်သည်။ ကလေးများကို အချိန်ပေး၍ စကားများ များပေးခြင်း အခြားသများ စကားပြောဆိုသည်ကို နားထောင်စေခြင်းဖြင့် ဉာဏ်ရည် တိုးတက်စေနိုင်ပါသည်။

ဒုတိယအဆင့်အရွယ် ကလေးများအား စာအုပ်ဖတ်ပြခြင်း၊ ရုပ်ပုံပါသော သမ္မာကျမ်းပုံပြင်ပြောခြင်း၊ ဓမ္မပညာနှင့်ဆိုင်သော စကားလုံးအသစ်များ၊ စကား အသုံးအနှုန်းများ ထိတွေ့စေခြင်းဖြင့် စာဖတ်လိုစိတ် ဖြစ်ပေါ်စေပြီး စိတ်ကူးဉာဏ်နှင့် ဖန်တီးမှု တိုးတက်စေနိုင်ပါသည်။ အိမ်ထောင်ဝတ်ပြုခြင်းတွင် ကျမ်းစာအုပ်၊ သီချင်းစာအုပ် သယ်ယူစေခြင်း၊ ကျမ်းချက်ရွတ်ဆိုစေခြင်း၊ သီချင်းဆိုစေခြင်းဖြင့် ကလေးများ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ခွင့် ရရှိစေနိုင်သည်။

တတိယအဆင့် ကလေးများအား ပုံပြင်ပြောစေခြင်း၊ ပြဇာတ်/သရုပ်ဆောင် ခြင်းများကို ဦးဆောင်ခွင့် ပေးခြင်း၊ သမ္မာကျမ်းမြေပုံများ လေ့လာစေခြင်းဖြင့် သမ္မာကျမ်းစာမှ သင်ယူခွင့်ရရှိစေပါသည်။ ကျမ်းပုံပြင်နှင့် ပတ်သက်၍ မေးခွန်းမေးရာ၌ အဖြေတစ်ခုထက်ပိုသော မေးခွန်းများမေးပေးခြင်း၊ စဉ်းစားစေသော မေးခွန်းများ မေးပေးခြင်းဖြင့် ဆန်းသစ်စွာ စဉ်းစားစေနိုင်ပါသည်။

 စတုတ္ထအဆင့်ရှိ ဆယ်ကျော်သက်များသည် တွေးခေါ်နိုင်စွမ်းရှိလာပြီး ဖြစ်သဖြင့် သမ္မာကျမ်းစာကို ကိုယ်တိုင် ဖတ်ရှုလေ့လာခြင်း၊ ပြန်လည်တင်ပြ ဆွေးနွေးခြင်းများ၊ အဖွဲ့ခွဲတင်ပြခြင်းများ ပြုလာနိုင်သည်။ ဆွေးနွေးရန် မေးခွန်း များကို မိမိတို အတွေ့အကြုံဖြင့် ဆက်စပ်ဖြေကြားနိုင်သည်။

အသင်းတော်ဓမ္မပညာကျောင်း သင်ရိုးညွှန်းတမ်းများ၊ မူကြိုကျောင်း သင်ခန်းစာများ၊ အသင်းတော်၏ သမ္မာကျမ်းစာလေ့လာခြင်း အစီအစဉ်များသည် တပည့်ဗဟိုပြု တပည့်များ ပါဝင်လုပ်ဆောင်နိုင်သော သင်ခန်းစာအစီအစဉ်များ ဖြစ်သင့်ပါသည်။ သင်ကြားနည်းစနစ်များကိုလည်း ခေတ်နှင့်အညီ ဆန်းသစ်တီထွင် သင်ကြားပေးသင့်ပါသည်။

၂။ သာယာမှုနှင့်စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု-ဆစ်ဂမန်ဖရိုက်

(Psycho sexual Development – Sigmund Freud)

ဆစ်ဂ္ဂမန်ဖရိုက်(Sigmund Freud)သည် ၁၈၅၆-ခုနှစ်တွင် မော်ရေးဗီးယား (Moravia)နိုင်ငံ ဖရက်ဘတ် (Freiberg)တွင် မွေးဖွားခဲ့ပြီး ဗီးယားနား :(Vienna) မြို့သို့ မိသားစုနှင့်အတူ ပြောင်းရွေ့ခဲ့သည်။ သိုးမွေးကုန်သည် မိသားစု၏ သားသမီး (၈)ဦးအနက် အကြီးဆုံးသားဖြစ်သည်။ သမိုင်း၊ စာပေ၊ ဒဿနိကဗေဒတိုကို အထူးစိတ်ဝင် စားခဲ့သည်။ ဆေးတက္ကသိုလ်တက်ခဲ့ပြီး Eels (ငါးရှဉ့်)များအပေါ် သုတေသနပြုခဲ့သည်။ ဆေးကျောင်းသား ဘဝ တွင် လူ၏ ဦးနှောက်ဆန်းကြယ်ပုံကို လေ့လာသုံးသပ် သုတေသနပြုရာမှ Psychoanalytic သီအိုရီကို ဖော်ထုတ်ခဲ့သည်။ ဦးနှောက်ပုံမမှန်သော (nervous disorder) လူနာများကို အိပ်မွေ့ချ ကုသပေးရင်း သုတေ သနပြုခဲ့သည်။ လူသားတို၏ မသိစိတ်၊ လူသားတို့၏ လိုအင်ဆန္ဒများကို ရှာဖွေဖော်ထုတ်ပြီး လူနာများ၏ အရေးကြီးသော နောက်ကြောင်းအဖြစ်အပျက်များ စားချက်များကို စူးစမ်းခဲ့သည်။ လူနာများ၏ အိပ်မက်နှင့် ကလေးဘဝ တွေ့အကြုံများကို လေ့လာ၍ “The Intepretation of Dream” အိပ်မက် ခြင်း စာအုပ်ကို စတင်ထုတ်ဝေခဲ့သည်။ အစပိုင်းတွင် အသိမှတ်ပြုခြင်း မခံခဲ့ရသော်လည်း ပထမကမ္ဘာစစ် နောက်ပိုင်းတွင် နိုင်ငံတကာ အသိအမှတ် ပြုခြင်းခံရသည်။

Frued သည် လူသားတို့၏ ပင်ကိုယ်စရိုက် ဖွဲစည်းတည်ဆောက်ပုံ ကဏှာသုံးမျိုးဖြစ်သော ID မသိစိတ်၊ Ego အတ္တစိတ်နှင့် Super Ego ဩတ္တပ ရှင်းစိတ်တိုကို ဖော်ထုတ်ခဲ့သည်။ ID မသိစိတ်သည် စိတ်ပညာစွမ်း အင်များကို သိုလှောင်ထားပြီး၊ အခြားနှစ်ခု Ego နှင့် Super Ego လုပ်ဆောင်ခြင်းအတွက် အားပေးသည်။ ID သည်ကိုယ်ပိုင်စိတ်ခံစားချက် ဆန္ဒကိုသာသိသည်။ ဥပမာဗိုက်ဆာသောသူသည် အစားအစာကို စိတ်ကူးသည်။ Ego အတ္တစိတ်က အပြင်လောကနှင့် အတွင်းစိတ်ကို ခွဲခြားသိမြင်သည်။ ဗိုက်ဆာသောသူသည် ဆာလောင်မှုကို ဖယ်ရှားနိုင်ရန် အစားအစာကိုရှာဖွေစားသောက်ရမည်။ Ego က အပြုအမူကိုထိန်းချုပ်၍ တုံပြန်မည့် ပတ်ဝန်းကျင် အခြေအနေကို ရွေးချယ်သည်။ Ego ၏ အဓိကတာဝန်မှာ ID ၏လိုအပ်ချက်နှင့် ပတ်ဝန်းကျင် အခြေအနေကို ညှိနှိင်းပေးခြင်းဖြစ်သည်။ Super Ego ဩတ္တပရှင်းစိတ်သည် လူမှုဝန်းကျင် စံသတ်မှတ်ချက်များ၊ ထုံးစံဥပဒေများ၊ ပြီးပြည့်စုံမှုကို ကိုယ်စားပြုသည်။ စံသတ်မှတ်ချက်များအပေါ် အသိစိတ်ရှိခြင်းဖြစ်သည်။ Super Ego ၏ အဓိက လုပ်ငန်းစဉ်သည် ID၏ ဆန္ဒများကို တားမြစ်ပြီး၊ Ego အား လက်တွေ့ကျသော အကြောင်းအရာနေရာတွင် စံသတ်မှတ်ချက်အတိုင်း ပြုလုပ်ခြင်းကို အစားထိုး ခိုင်းကာ၊ ပြီးပြည့်စုံမှုအတွက် ကြိုးစားရန်ဖြစ်သည်။ ဆာလောင်နေသောကြောင့် ခိုးယူစားသောက်ခြင်းသည် မှားကြောင်း အသိတရားရှိခြင်း ဖြစ်သည်။ ယေဘူယျအားဖြင့် ID သည် ပင်ကိုယ်စရိုက် ဇီဝဗေဒဆိုင်ရာ အစိတ်အပိုင်း၊ Ego က စိတ်ပညာဆိုင်ရာ အစိတ်အပိုင်း၊ Super Egoက လူမှုဝန်းကျင်ဆိုင်ရာ အစိတ် အပိုင်းဟု သတ်မှတ်နိုင်သည်။

လူသားတစ်ဦးသည် ID မသိစိတ်၊ Ego အတ္တစိတ်၊ Super Ego ဩတ္တပရှင်းစိတ်သုံးမျိုး ဖွံဖြိုးလာသည် နှင့်အမျှ သာယာမှုနှင့် စိတ်ပိုင်းဆိုင်ရာ အဆင့်ဆင့်ကို ကျော်ဖြတ်ရသည်။ Frued သည် မွေးစအရွယ်မှ ဆယ်ကျော်သက် နှောင်းပိုင်း အရွယ်ထိလေ့လာ၍ ပင်ကိုယ်စရိုက် တိုးတက်လာမှုကို အဆင့်(၅)ဆင့်ဖြင့် ဖော်ပြထားသည်။

(၁) မွေးစမှတစ်နှစ်အရွယ်၊ နှုတ်အဆင့် (Oral Stage)

ဤအရွယ်တွင် ကလေးငယ်၏ အကြီးမားဆုံးသော စိတ်ကျေနပ်မှုမှာ နှုတ်ခမ်း၊ ပါးစပ်၊ လျှာနှင့် သွားဖုံးနေရာများမှ ရရှိသော ကျေနပ်ပြည့်ဝမှုဖြစ်သည်။ ဆာလောင်သည်ဖြစ်စေ၊ မဆာလောင်သည်ဖြစ်စေ၊ လက်ကိုဖြစ်စေ၊ အရာဝတ္ထုကို ဖြစ်စေ၊ ဖမ်းယူစုပ်ကိုင် ပါးစပ်နှင့်စုပ်ယူတတ်သည်။ ပါးစပ်နှင့်စုတ်ခြင်း၊ စားခြင်း၊ လျှာဖြင့်ထိခြင်းသည် ကလေးငယ်၏ သာယာမှုဖြစ်သည်။

(၂) (၁-၃)နှစ်အရွယ် စအိုအဆင့် (Anal Stage)

ဤအရွယ်အချိန်တွင် ကလေးငယ်၏ အကျေနပ်ဆုံးသော ပြည့်ဝမှုမှာ နောက်ဖေးသွားသော စအိုကြွက် သားများကို ထိန်းချုပ်၊ လွှတ်ထုတ်နိုင်မှုပင် ဖြစ်သည်။ နောက်ဖေးစွန့်ခြင်း အလေ့အထကို အောင်မြင်စွာ လေ့ကျင့်ပေး နိုင်ခဲ့ပါက၊ ဤအဆင့်ကို ကျေနပ်မှုပြည့်ဝစွာ ကျော်ဖြတ်နိုင်သည်ဟု ဖရိုက်က ပြောပြသည်။

(၃) (၄-၆)နှစ်အရွယ် လိင်အင်္ဂါတန်ဆာအဆင့် (Phallic Stage)

ကလေးငယ်သည် ဤအရွယ်၌ သာယာမှုခံစားချက်ကို မိမိ၏ လိင်အင်္ဂါ တန်ဆာကို ကိုင်တွယ်ဆော့ ကစားရာမှ ရရှိသည်။ ဤအရွယ်၌ လိင်တူမိဘနှင့် ဆက်စပ်ယူ၍ မိမိကိုယ်ကို သိရှိလာသည်နှင့်အမျှ ကျန်းမာ သော လူကြီးဘဝသို ဖွံဖြိုးတိုးတက်လာနိုင်သည်။

ဖရိုက်က ဤအရွယ်ပထမပိုင်းသုံးဆင့်တွင် ပြည့်ဝကျေနပ်မှု မရရှိခဲ့လျှင် နောက်ဖွံဖြိုးမှုအတွက် အခက်အခဲ ရှိနိုင်သည်ဟုဆိုပါသည်။

(၄) (၆-ဆယ်)ကျော်သက်ဦးပိုင်းအရွယ် ငုတ်လျှိသောအဆင့် (Latency Stage)

ဤအရွယ်ကျောင်းနေ ကလေးများသည်၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအတတ် ပညာများကို လေ့လာဆည်းပူးကြိုးစားအားထုတ် နေရ၍၊ ယခင်သုံးဆင့်တွင် ခံစားသော သာယာမှုများသည် ဆယ်ကျော်သက် အရွယ်ရောက်သည့်တိုင် ငုတ်လျှိးနေသည်ဟု ဖရိုက်ကဆိုပါသည်။

(၅) ဆယ်ကျော်သက် နှောင်းပိုင်းအရွယ် အင်္ဂါစပ်စုံလင်သောအဆင့် (Genital Stage)

ဤအရွယ်သည် လိင်ဖိုမဆက်ဆံလိုသောဆန္ဒ နိုးကြားလာသော အရွယ် ဖြစ်၍ ဤအရွယ်၌ စိတ်အနှောင့်အယှက် မပေါ်ပေါက်ပါက ထိုလူငယ်သည် ကျန်းမာသော သာမန်လူကြီးဘဝသို ကောင်းမွန်စွာ ရောက်ရှိနိုင်သည်။

ဆစ်စ်ဂမန်ဖရိုက် သီအိုရီနှင့် ခရစ်ယာန်ဓမ္မပညာ

ဆစ်စ်ဂ္ဂမန်ဖရိုက် သီအိုရီသည် ရှေးအကျဆုံး သီအိုရီဖြစ်၍ မိမိ၏ လိင်မှုဆိုင်ရာ စိတ်ပညာသည် များစွာ ဝေဖန်ခြင်းခံရသည်။ ဆစ်စ်ဂ္ဂမန်ဖရိုက်၏ သီအိုရီသည် လူနာများအား ဆေးကုသခြင်းမှ ထွက်ပေါ်လာသည် ဖြစ်သောကြောင့် သူ၏ နောက်လိုက်များက ဤသီအိုရီအား ဆေးကုသခြင်း၌ အသုံးပြုခဲ့ကြသည်။ ဖရိုက်ကိုယ် တိုင်က ဆေးကုသခြင်းဖြင့် လုံးလုံးပျောက်ကင်းမည်ဟု မယူဆပါ လူ့အဖွဲအစည်း၏ အခြားပံ့ပိုးမှုများသည် လည်း မရှိမဖြစ် လိုအပ်ကြောင်း ဖရိုက်ကဖော်ပြသည်။ ဖရိုက်သီအိုရီသည် ဆေးကုသခြင်းအပြင် တရားဥပ ဒေရေးရာ၊ စာပေ၊ ဘာသာရေးနှင့် ပညာရေးကဏ္ဍများအပေါ်တွင်လည်း လွှမ်းမိုးမှုရှိပါသည်။

လက်စုပ်၊ တွေ့ကရာပစ္စည်း စုပ်တတ်သော ပထမအဆင့်မွေးစမှ တစ်နှစ် အရွယ်သည် အကြောင်း အမျိုးမျိုးကြောင့် လုံလောက်သော ကျေနပ်သာယာမှု မရခဲ့ပါက ထိုနှုတ်အာသီသ မရခဲ့ခြင်းအတွက် ကြီးပြင်း လာသည့်အခါ(unmetneed) တစ်နည်းနည်းဖြင့် ဖြေဖျောက်ရန် ကြိုးစားကြသည် (ဥပမာ- လက်သဲကိုက်ခြင်း၊ စာသင်ခန်းထဲတွင် ခဲတံကိုက်ခြင်း၊ ဆေးလိပ်သောက် ခြင်း၊ အရက်သောက်ခြင်း၊ အစားကျူးခြင်း၊ နှုတ်လှန်ထိုး ခြင်း)။ ထိုကြောင့် ၄င်းအဆင့်တွင် နှုတ်အာသီသ ဖြေဖျောက်နိုင်မှုကို မိဘများအနေဖြင့် အထူးဂရုပြုရန် လိုပါသည်။ မိဘများအနေနှင့် ကလေးစိတ် ကျေနပ်မှုရရန် – ကလေးဆာလောင်သည့်အခါ အချိန်မှီ နို့တိုက် ပေးခြင်း၊ လုံလောက်၍ အဟာရမျှတသော အစားအစာ ပြည့်ဝစွာကျွေးခြင်း၊ နို့မထွက်သော မိခင်များ၊ နို့မုန့်ဝယ်တိုက်ရန် ငွေကြေးမတတ်နိုင်သော မိခင်များအတွက် အသင်းတော်မှ အာဟာရစီစဉ်ပေးခြင်း၊ နို့တိုက်မိခင်နှင့် ကလေးအတွက် အာဟာရ ထောက်ပံ့မည့် အဖွဲအစည်းများနှင့် ချိတ်ဆက်ပေးခြင်းစသည်တို ပြုလုပ်ပေးနိုင် ပါသည်။

တစ်နှစ်မှ သုံးနှစ်အရွယ်ကလေးများသည် အကြောင်းအမျိုးမျိုးကြောင့် နောက်ဖေးစွန့်ခြင်း အလေ့အထကို ကောင်းစွာမပြုလုပ်နိုင်ပါက၊ လူရှေ့တွင် အပေါ့အလေးသွားခြင်း ပြုလုပ်တတ်ပါသည်။ ကလေးများ အပေါ့အလေးသွား လိုသော အချိန်တွင် နောက်ဖေးအိုးထိုင်ပေးခြင်း၊ သန့်စင်ခန်းတက်စေခြင်း၊ မိမိဘာသာ အပေါ့အလေးသွားပြီး သန့်ရှင်းရေးလုပ်စေခြင်း၊ ထိုအချိန်တွင် လူကြီးမှ စိတ်ရှည်စွာ စောင့်ပေးခြင်း၊ ပြီးလျှင် ဆပ်ပြာနှင့်လက်ကို စင်ကြယ်စွာ ဆေးစေခြင်း၊ ကလေး မကြာခဏ အပေါ့အလေးသွားဖို့ တောင်းဆို ခြင်းကို ဆူပူကြိမ်းမောင်းခြင်းမှ ရှောင်ရှားခြင်း စသည်တို့ဖြင့် ကူညီပံ့ပိုးပေးနိုင်သည်။

လေးနှစ်မှ ခြောက်နှစ်အရွယ် ကလေးများသည် လိင်တူမိဘနှင့် ဆက်စပ် အတုယူတတ်သည်။ ဤအရွယ်ကလေးငယ်များအား ဆရာသမားမိဘများကကလေးများ၏ လိင်အင်္ဂါများသည် ဘုရားပေးသော ကိုယ်အင်္ဂါဖြစ်ကြောင်း သိရှိရန် မိမိတို့၏ ကိုယ်ခန္ဓာအကြောင်း ပြောပြသင်ကြားပေးခြင်း။ မိမိတို့၏ လိင်အင်္ဂါ များကို သန့်ရှင်းစွာထားရန် ပြောကြားပေးခြင်း၊ မိမိတို၏ ကိုယ်ခန္ဓာကို သူတစ်ပါး ကိုင်တွယ်ခြင်း၊ ပွတ်သပ်ပေး ခြင်းကို လက်မခံငြင်းဆိုရန် သင်ကြားပေးရမည်။ ကလေးက မိမိလိင်အင်္ဂါ ကိုင်တွယ်ဆော့ကစားသည့်အခါ ဆူပူကြိမ်းမောင်းခြင်း မပြုပဲ နားလည်ပေးရမည်။ ကလေးသည် လူကြီးကိုကြောက်၍ ပြန်မပြောနိုင်ခြင်း၊ မျိုသိပ်ခံစားရခြင်းများကို ကစားခြင်းဖြစ်သာ ဖော်ပြနိုင်သည်ဖြစ်သောကြောင့် ကစားစရာစီစဉ်ပေးနိုင်သည်။ ကစားနည်း၊ အမူအရာသီချင်းများ သင်ကြားပေး ခြင်းဖြင့် မိမိတို အာရုံစူးစိုက်မှုကို ရယူနိုင်သည်။

ဤပထမသုံးဆင့်ကို ကလေးများ ကောင်းစွာကျော်ဖြတ်နိုင်ရန် အသင်းတော် ဓမ္မပညာကျောင်းမှ သော်လည်းကောင်း၊ မူကြိုကျောင်းမှ သော်လည်းကောင်း၊ ဆရာမိဘ တွေ့ဆုံဆွေးနွေးပွဲများ၊ မိဘပညာပေး အစီအစဉ်များ ပြုလုပ်ပေးသင့်ပါ သည်။

ခြောက်နှစ်မှ ဆယ်ကျော်သက်ဦးပိုင်း၊ ယခင် သုံးဆင့်ခံစားရသော သာယာမှု ငုတ်ကျိုးနေသည့်အချိန် တွင် လူကြီးမိဘများ သတိမထားမိ၊ ဂရုမစိုက်မိပါက အိမ်ထောင်ကျသွားသော ကလေးများလည်းရှိသည်။ ထိုကြောင့် ဤအရွယ် ကလေးများသည် ပညာရေး၌ စိတ်ဝင်စားရန်၊ အတတ်ပညာတစ်ခုခု ဆည်းပူးရန်၊ ဆရာမိဘများက လမ်းကြောင်းပေးရမည်။ ဖရိုက်၏ ယူဆချက်များသည် စူးစမ်း ရှာဖွေမှုဆောင်ရွက်ရန် တွန်းအားဖြစ်ပြီး ဆရာမှ တပည့်များ၏ စိတ်သဘောထားကို သိမြင်စေသောကြောင့် ပညာရေးအတွက် လွှမ်းမိုးမှုဖြစ်စေသည်။ ကလေးနှင့် လူငယ်များ ပြဿနာဖြစ်ရခြင်းအကြောင်း သိနားလည်ခြင်းဖြင့် အတန်းထဲ တွင် ဆရာနှင့်တပည့် ဆက်ဆံရေး ပြေပြစ်နိုင်ပါသည်။ ဓမ္မဆရာ၊ ဆရာမများသည် လည်း ဤအရွယ်က လေးများအား နားလည်ပေးခြင်းဖြင့် ဘာသာတရား သွန်သင်ချက်များ၊ သမ္မာကျမ်း ဖော်ပြချက်များကို ပိုမိုထိရောက်စွာ သင်ကြားပေးနိုင် ပါသည်။

ဆယ်ကျော်သက် နှောင်းပိုင်းအရွယ်သည် လိင်စိတ်နိုးကြားသော အရွယ် ဖြစ်သောကြောင့် လိင်ပညာနှင့် ပတ်သက်၍ ဆရာဝန်များခေါ်ဖိတ်၍ ယောက်ျားလေး၊ မိန်းကလေးသီးသန့်ခွဲကာ လိင်ပညာပေး အစီအစဉ်ပြု လုပ်ပေးရန်၊ ခရစ်ယာန် အိမ်ထောင်နှင့်ပတ်သက်၍ အိမ်ထောင်ဖက်ရွေးချယ်ခြင်း၊ ချစ်သူဘဝသန့်ရှင်းစွာ ကျော်ဖြတ်ခြင်း၊ လိင်စိတ်နိုးကြွစေသော ဗွီဒီယိုဇာတ်လမ်းများ ရှောင်ရှားခြင်း၊ မိမိကိုယ်ခန္ဓာသည် ဘုရားသခင် ၏ ဗိမာန်တော်ဖြစ်သောကြောင့် မိမိကိုယ်ခန္ဓာကို တန်ဖိုးထားရန်လိုကြောင်း ပညာပေးသင်တန်းများ၊ ဆွေးနွေး ခြင်းများ ပြုလုပ်ပေးရန် လိုပါသည်။

၃။ အဲရစ်အဲရစ်စင်၏ လူမှုရေးဆက်ဆံရေးနှင့်စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှု

(Psycho Social Development: Erik Erikson)

Erik Erikson သည် ၁၉၀၂-ခုနှစ်၊ ဂျာမနီနိုင်ငံတွင် မွေးဖွားခဲ့ပါသည်။ ပန်းချီဝါသနာကြောင့် ကျောင်းမနေပဲ၊ နှစ်ပေါင်းများစွာ ပန်းချီပညာကို လေ့လာခဲ့ပါ သည်။ သူ၏ ပန်းချီပညာကြောင့် Vienna (ဗီယာနာ)ရှိ စိတ်ပညာတက္ကသိုလ်တွင် ပန်းချီပညာပိုချရန် ဆရာအဖြစ် ခေါ်ယူခြင်းခံရသည်။ မိမိ၏ ကိုယ်ပိုင် သင်တန်းဖွင့်လှစ်၍ ဤအစီအစဉ်တွင် စိတ်စီစစ်မှုဘာသာရပ်ကို သင်ကြားခဲ့သည်။ သူသည်အခြားသော စိတ်စီစစ်မှု ပညာရှင်များထံမှလည်း သင်ယူခဲ့သည်။

၁၉၃၃-ခုနှစ်တွင် Boston၏ ပထမဦးဆုံးကလေးစိတ် စီစစ်မှုပညာရှင် ဖြစ်လာပြီး၊ Harvard Medical School မှစ၍ အခြားသော တက္ကသိုလ်များတွင် လည်း နေရာရလာခဲ့သည်။ Behavioral Scienceကို သင်ယူပြီး Sanfrancisco ၌ စိတ်ရောဂါနှင့်သက်ဆိုင်သော အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

Erikson ၏ စိတ်ဝင်စားမှုသည် ဒုက္ခပေးတတ်သော စစ်သားများ၊ အနှောက်အယှက်ပေးသော ကလေးများနှင့် ဆယ်ကျော်သက်များကို ဦးစိုက်၍ သုတေသနပြုခဲ့သည်။ ထိုနောက် ကလေးသူငယ်ဆိုင်ရာ စာအုပ်များ ထုတ်ဝေခဲ့ သည်။

အဲရစ်အဲရစ်စင်၏ အယူအဆ အတွေးအခေါ်များသည် ဂျင်းပြာရေး၊ ဖရိုက်၊ အခြားအပြုအမှုဆိုင်ရာ တွေးခေါ်ရှင်များနှင့် မတူပါ။ ဂျင်းပြာရေးနှင့် ဖရိုက်က လူသားတစ်ဦး၏ အသက်တာကို ဆယ်ကျော်သက်အထိ လေ့လာ၍ အဲရစ်အဲရစ်စင်က အသက်တာတစ်လျှောက်လုံးကို အရေးပေး လေ့လာတင်ပြီး ဖရိုက်က ကလေး ဘဝ အာသီသ မပြည့်သောကလေးသည် ကြီးလာသည့်အထိ ပြင်မရဘဲ ပါရှိလာနိုင်သည် ဟုဆိုသည်။ အဲရစ်စင်ကမူ မည်သည့်အဆင့်၌ ကျေနပ်မှုမရသော်လည်း မေတ္တာဂရုဏာဖြင့် ပြုစုပေးပါက တစ်ဖြည်းဖြည်း ပြန်လည် ဖြည့်စွမ်းပေးနိုင်မည် ဟုဆိုသည်။ အဲရစ်စင်၏ အတွေးအခေါ်က သစ်ဆန်းနေ၍ ပိုမိုကျယ်ပြန့်စွာ ကလေးငယ်၏ မိဘ၊ မိသားစုဝင်များ၊ မိတ်ဆွေ၊ လူမှုဝန်းကျင်နှင့် ယဉ်ကျေးမှု အပေါ် အခြေခံထားသည်။ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများသည် ကလေးငယ်၏ အပြုအမှုအပေါ် လွှမ်းမိုးထိတွေ့ကြောင်း အဲရစ်စင်က ဖော်ပြသည်။ အဲရစ်စင် အဓိကစိတ်ဝင်စားမှုသည် လူမှုရေးတွင် ရပ်တည်မှုနှင့် အချိန်နှင့်အမျှ ပြောင်းလဲ သော မိမိကိုယ်မိမိ သိမြင်မှုပင်ဖြစ်သည်။

အဲရစ်စင်က ကလေးဘဝမှ လူကြီးဘဝအထိ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးတိုးတက်မှုကို အဆင့်(၈)ဆင့်ဖြင့် ဖော်ပြသည်။

(၁) မွေးစမှ တစ်နှစ်အရွယ် (အကြမ်းဖျင်းအားဖြင့်)

(အခြေခံယုံကြည်ကိုးစားစိတ်၊ ယုံကြည်ကိုးစားစိတ်ကင်းမဲ့ခြင်း)

(Basic Trust Versus Basic Mistrust (Roughly Birth to 1 Year)

မွေးစကလေးငယ်၏ အလုပ်သည် ယုံကြည်ကိုးစားစိတ် ရရှိလိုခြင်း ဖြစ်သည်။ ယုံကြည်ကိုးစားမှုရရှိမှု၊ မရရှိမှုသည်၊ မွေးစကလေးငယ်နှင့် မိခင် ဆက်သွယ်မှုအပေါ်တွင် မူတည်သည်။ ကလေးငယ် ဆာလောင် သည့်အခါ၊ ကြောက်ရွံသည့်အခါ၊ နာကျင်သည့်အခါ မိခင်၏ ဖြည့်ဆည်း ချော့မြူပေးခြင်းသည် ကလေးငယ် အတွက် အခြေခံ ယုံကြည်ကိုးစားမှု ရရှိလာနိုင်သည်။ မိခင်၊ ဖခင်၊ ပြုစုစောင့်ရှောက်သူများထံမှ ယုယမှုကို ကျေနပ်သည်အထိ ရရှိသည်နှင့်အမျှ မျှော်လင့်ခြင်းပါရမီ ခိုင်လာစေသည်။

 

(၂) အသက် (၂နှစ် မှ ၃နှစ်) (အကြမ်းဖျင်းအားဖြင့်)

ကိုယ်ပိုင်ဆုံးဖြတ် ပြောဆိုလုပ်ကိုင်နိုင်စိတ်/ရှက်စိတ်

 Autonomy Versus Shame And Doubt (Roughly 2 to 3 Year)

ကလေးငယ်သည် ကြွက်သား ဦးနှောက်အာရုံကြော ဖွံ့ဖြိုးလာ သည်နှင့်အမျှ စကားပြောလာ၊ လမ်းလျှောက်လာပြီး၊ ရယူခြင်းနှင့်ပေးဝေခြင်း၊ ချုပ်ထိန်းထားခြင်းနှင့် လွှတ်ပေးခြင်းကို လုပ်ဆောင်တတ် လာသည်။ အပေါ့သွားခြင်း အလေးသွားခြင်းကို ကောင်းစွာလုပ်ဆောင်နိုင်ပါက လိုလားစိတ် ကျေနပ်စိတ်ရရှိပြီး မိမိကိုယ် ဖွံဖြိုးတိုးတက်မှု ရှိလာမည်ဖြစ်ပြီး၊ ကိုယ်ပိုင် ဆုံးဖြတ်လုပ်ကိုင်နိုင်သည်။ မိသားစုလူမှုဝန်းကျင်၏ ကောင်းမြတ်သော နေမှုပုံစံသည် ကလေးငယ်အား ကိုယ်ပိုင်လုပ်ပိုင်ခွင့်ရရှိစေပြီး၊ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေသည်။

 

(၃) အသက် (၄နှစ် မှ ၅နှစ်) (အကြမ်းဖျင်းအားဖြင့်)

စတင်လုပ်ဆောင်လိုစိတ် အပြစ်တင်ခံရစိတ် Initiative Versus Guilt (Roughly 4 to 5 Year)

ကလေးသည် မိမိမည်ကဲ့သို ပုဂ္ဂိုလ်ဖြစ်လာမည်ကို ရှာဖွေသည်။ မိဘ များကို အားကျအတုယူကာ စိတ်ကူးယဉ်၍ စတင်လုပ်ဆောင်လိုစိတ် ရှိလာသည်။ မိမိ စိတ်ကူးယဉ်သောအရာကို စတင်လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရရှိသည့်အခါ အပြစ်တင်ခံရစိတ်ကို ကျော်လွှားနိုင်သည်။ နောင်အခါတွင်လည်း အခြားအရာ များကို စတင်လုပ်ဆောင်နိုင်ပြီး မိမိပန်းတိုင်ရောက်ရှိရန် လုပ်ရည်ကိုင်ရည်ရှိကြောင်း ယုံကြည်စိတ်ချမှုရှိလာသည်။

 

(၄) အသက် ၆နှစ် မှ အပျိုဖော်/လူပျိုဖော်ဝင်သည်အထိ (အကြမ်းဖျင်းအားဖြင့်) ကြိုးစားအားထုတ်လိုစိတ်အားငယ်စိတ် Industry Versus Inferiority (Roughly 6 Years to Puberty)

ဤအရွယ်သည် ကြိုးစားအားထုတ်သောအရွယ် စတင်လာပြီးဖြစ်သည်။ ကျယ်ဝန်းသော စက်ဝန်းထဲသို ဝင်လာပြီး၊ ကလေး၏ ဆက်သွယ်မှုမှာ ရွယ်တူ သူငယ်ချင်းများ၊ ဆရာ၊ ဆရာမများသို တိုးချဲ့လာသည်နှင့်အမျှ မိမိသင်ယူနိုင်သမျှ သူရရှိမည်ကို ယုံကြည်သည်။ ကျောင်းတွင်း အတတ်ပညာများကို သင်ယူရသည် သာမက မိမိလမ်း၊ ရပ်ကွက်၊ အိမ်နှင့် ပတ်ဝန်းကျင်ရှိရာများကိုလည်း လေ့လာ သင်ယူခွင့်ရရှိလာသည်။ ထိုအတတ် ပညာများကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင် ခြင်းဖြင့် အထူးကျွမ်းကျင်ခြင်း ပါရမီရှိကြောင်း ခံစားရရှိစေသည်။ ထိုကဲ့သို မလုပ်ဆောင်နိုင်ပါက အားငယ်စိတ်၊ မိမိကိုယ်ကို မကျေနပ်စိတ်များ ဖြစ်လာမည်။ ကလေး၏ အခြေခံယုံကြည်စိတ်၊ လုပ်ပိုင်ခွင့် စတင်လုပ်ဆောင်လိုသော စိတ်များ သည် လူမှုဝန်းကျင်သို ဝင်ရောက်နိုင်ရန် ပြင်ဆင်မှုများပင်ဖြစ်သည်။

(၅) ဆယ်ကျော်သက်အရွယ်

မိမိရပ်တည်သော ကဏ္ဍကို သိရှိစိတ်၊ ရှုပ်ထွေးစိတ် Identity and Repudiation Versus identity Diffusion (Adolescence)

ဆယ်ကျော်သက်အရွယ်များ၏ မိမိကိုယ်ကိုယုံကြည်မှု၊ လုပ်ကိုင်ခွင့်ရရှိမှု၊ စတင်လုပ်ဆောင်မှု၊ ကြိုးပမ်းစိတ်ရှိခြင်းများသည် မိမိကိုယ်ကို သိရှိလာဖို့ ကြိုးစားခြင်း၌ အမြင့်ဆုံးအချိန်ဖြစ်သည်။ မိမိကိုယ်ခန္ဓာ လျင်မြန်စွာ ကြီးထွားလာခြင်း၊ သာရေးအတွက် ဆုံးဖြတ်ချက်ချရခြင်း၊ လုပ်ငန်းခွင်အတွက် ပြင်ဆင်ရခြင်းတိုက မိမိရပ်တည်ရမည့် ကဏ္ဍကို သိရှိသောစိတ်နှင့် ရှုပ်ထွေးစိတ် ဖြစ်ပေါ်သောအရွယ် ဖြစ်သည်။ မိမိနှင့်သက်တူ ရွယ်တူ သူငယ်ချင်းများ၊ အသင်းတော်နှင့် မိမိဝန်းကျင်နှင့် ဆက်သွယ်ခြင်းဖြင့် မိမိရပ်တည်သောကဏ္ဍကို သိရှိအောင် ကြိုးစားသည်။ မိမိ မိသားစု၊ ကျောင်း၊ ဝန်းကျင်က ဆယ်ကျော်သက်အရွယ်များကို အသိအမှတ်ပြု ပေးခြင်းဖြင့် မိမိရပ်တည်သော ကဏ္ဍကိုသိ၍ သစ္စာရှိခြင်းပါရမီ ရင့်ကျက်လာသည်။

(၆) သက်ရွယ် (အသက်၂၁နှစ်-၃၅နှစ်)

ရင်နှီးကျွမ်းဝင်စိတ်၊ သီးခြားနေလိုစိတ်

Intimacy and Solidarity Versus Isolation (Young Adulthood)

သက်ရွယ်များသည် လိင်တူများနှင့်သော်လည်းကောင်း၊ လိင်ကွဲများနှင့်သော် လည်းကောင်း ပေါင်းသင်းဆက်ဆံရာတွင် အလေးထား၍ ရင်နှီးကျွမ်းဝင်စိတ်များ တည်ဆောက်ကြသည်။ အိမ်ထောင်ပြုခြင်း သာမက လုပ်ငန်းခွင်၌ လက်တွဲ လုပ်ဆောင်သူများအားဖြင့် ပူးပေါင်းဆောင်ရွက်မှုရရှိသည်။ သူတိုအစား ကျွန်ုပ်တို ဟူသော ချစ်ခင်ရင်းနှီးမှုရရှိကြပြီး ချစ်ခြင်းမေတ္တာ ပါရမီရင့်ကျက်လာသည်။ သက်ရွယ်လူငယ်တစ်ဦး သည် ဤအရွယ်တွင် အများနှင့် ချစ်ခင်ရင်းနှီးမှု မတည်ဆောက်နိုင်ပါက သီးခြားနေလိုစိတ် ဖြစ်ပေါ်တတ်ပြီး၊ အေးစက်စက် ပေါင်းသင်းရ ခက်သူအဖြစ် ရောက်ရှိသွားနိုင်သည်။

(၇) သက်လတ်အရွယ် (အသက် ၃၅နှစ် ၆၀အရွယ်)

ပေးဆက်လိုစိတ် မလှုပ်ရှားအောင်းနေစိတ်

Generativity Versus Stagnation and Self-Absorption (Middle Adult hood)

ဤအရွယ်သည် မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ရန် စိတ်ဝင်စားသည်။ အိမ်ထောင်ရှိ သားသမီး များကို ပြုစုပျိုးထောင်ခြင်း၊ အိမ်ထောင်မရှိသူများ ၊ လည်း အခြားသော ကလေးသူငယ်၊ လူငယ်များကို ပြုစုပျိုးထောင်ပေးခြင်းဖြင့် ဂရုဏာပါရမီ ရင့်ကျက်လာသည်။ ပေးဆက်ခွင့်မပြုသူ၊ ပေးဆက်ခွင့် မရရှိသော ၀တ်ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိပြီး၊ မေတ္တာမပြတတ်သူသော ပုဂ္ဂိုလ်၊ ပါးနှင့် မပေါင်းသင်းတတ်သော ပုဂ္ဂိုလ်အဖြစ်သို့ ရောက်ရှိနိုင်သည်။

(၈) သက်ကြွယ် (အသက် ၆၀အထက်)

သမာဓိဖြင့် ပီတိစိတ်မျှော်လင့်ရာမဲ့စိတ် Intrigrity Versus Despair (Late Adulthood)

ဤနောက်ဆုံးအဆင့်ရှိ သက်ကြွယ်များသည် မိမိအသက်ရှင်ခဲ့သော အသက်တာကို ပြန်လည်ဆန်း စစ်သော အရွယ်ဖြစ်သည်။ ကောင်းသော အသက်တာ၌ အသက်ရှင်သူ၊ သူတပါးကို ပြုစုပျိုးထောင်ပေးသော အသက်တာ ပိုင်ဆိုင်ခဲ့သူသည် သမာဓိရှိစွာ ပီတိဖြာမည်။ ထိုအခါ ဉာဏ်အမျှော်အမြင်နှင့် ပြည့်စုံသောပါရမီ ရင့်ကျက်လာသည်နှင့်အမျှ မိမိထံရောက်လာသူများကို အကြံဉာဏ်ကောင်းပေးနိုင်သည်။ မိမိ ကောင်းစားရေးကို သာ ကြည့်ရှုခဲ့သူသည် စိတ်ပျက်၍ မျှော်လင့်ခြင်းကင်းမဲ့မည်။ သေခြင်းတရား နီးကပ်လာခြင်းကိုလည်း ကြောက် ရွံမည်။ သူတပါးကိုလည်း ယုံကြည်မှု ကင်းမဲ့လာနိုင်ပါသည်။

အဲရစ်အဲရစ်စင်၏ သီအိုရီနှင့် ခရစ်ယာန်ဓမ္မပညာ

ဘာသာရေးသွန်သင်ချက်များသည် ကမ္ဘာကြီးထဲ၌ ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းရှိရန် တွန်းပိုသော အရာဖြစ်ကြောင်း အဲရစ်စင်ကဖော်ပြသည်။ အသင်းတော်၏ သွန်သင်ချက်များသည်လည်း လူယဉ်ကျေးမှုဝန်း ကျင်တွင် သက်ရှင်နေထိုင်ရန် လမ်းကြောင်းပေးသောအရာဖြစ်သည်။

အဲရစ်စင်၏ သီအိုရီကလူတစ်ဦးအား ဘုရားသခင်၌ ကြီးထွားနိုင်ရန် ကူညီပေးသည်။ ဤသီအိုရီက ခရစ်ယာန်ဓမ္မပညာရှင်တစ်ဦးအား အပြုအမှုဆိုင်ရာ လိုအပ်ချက်များ ကြီးထွားဖွံဖြိုးရန် လိုအပ်ချက်များကို သိရှိစေလျက် သင်ကြား ချိန်တွင် ထိုလိုအပ်ချက်များကို မည်ကဲ့သို ဖြည့်ဆည်းပေးရမည်ကို နားလည် စေသည်။ ပထမအဆင့်အရွယ် ကလေးမွေးစမှ (၁)နှစ်သည် အခြေခံ ယုံကြည် ကိုးစားစိတ် မရရှိနိုင်ပါက ဒွိဟစိတ် ဖြစ်ပေါ်လာနိုင်သည် ဖြစ်သောကြောင့် ကလေး လိုအပ်ချက်ရှိတိုင်း မိသားစုဝင်များက ဖြည့်ဆည်းပေးရမည်။ မိခင်ဖခင် များက ကလေးငယ်အား နီးနီးကပ်ကပ်ပွေ့ချီခြင်း၊ ထွေးပိုက်ခြင်း လိုအပ်သကဲ့သို့ ကျွေးမွေးသည့် အခါတွင်လည်း နွေးထွေးသည့် ခန္ဓာကိုယ်ထိတွေ့မှု ရရှိစေရမည်။ ကလေးငယ်သည် အကြောင်းအမျိုးမျိုး ကြောင့် ငိုသည့်အခါ (သို့) ဂျီကျသည့်အခါ သူတို့၏ စိတ်ဒုက္ခကို ချက်ချင်းတုံပြန် ဖြေရှင်းပေးရမည်။

ဒုတိယအဆင့် (၂)နှစ်မှ(၃)နှစ်အရွယ် ကလေးသည် ကိုယ်ပိုင်ဆုံးဖြတ် လုပ်ကိုင်ခွင့်မရရှိပါက အရှက်နှင့်သံသယ ရရှိနိုင်သောကြောင့် ကလေးကို အုပ်ထိန်း သူများက လွန်ကဲစွာ ထိန်းချုပ်ခြင်းမပြုပဲ၊ မိမိတိုဘာသာ ဆုံးဖြတ်လုပ်ဆောင်နိုင်ရန် အားပေးပါ။ မိမိတို နေ့စဉ်လုပ်ဆောင်နေကျ လုပ်ငန်းများ၊ အမြင်အသစ်ဆန်းများကို လုပ်ဆောင်စေပါ။ သူငယ်ချင်းများနှင့် ဝေမျှယူခြင်း၊ အကူအညီမလိုပဲ အိမ်သာ သွားခြင်း လေ့ကျင့်ပေးပါ။

တတိယအဆင့် (၄)နှစ်မှ (၅)နှစ် အရွယ် ကလေးသည် လမ်းကြောင်းနှစ်ခု (အကောင်း၊ အဆိုး) အနက်တစ်ခုသို့ ဦးတည်သော အရွယ်လည်း ဖြစ်သည့်အတွက် စတင်လုပ်ဆောင်သည့်အခါ ရည်ရွယ် ချက်ရှိသည့် ပါရမီမျိုးဖြင့် လုပ်ဆောင်နိုင်ရန် ရည်မှန်းချက်ထားရှိစေပါ။ ၎င်းရည်မှန်းချက်သည်  ကလေး၏စွမ်းအင်နှင့် ကိုက်ညီသည့် ရည်မှန်းချက်ဖြစ်စေပါ။ တတ်နိုင်သမျှ အမှီအခိုကင်းပြီး၊ လွတ်လပ်စွာ လုပ်ဆောင်နိုင်မှုကို အားပေးပါ။ ကလေး၏အမှားကို အာရုံမစိုက်ဘဲ အောင်မြင်မှုကို အားပေးပါ။

စတုတ္ထဆင့် (၆)နှစ်မှ အပျိုပေါ်လူပျိုပေါ်ဝင်စအရွယ်သည် မိမိကြိုးစား အားထုတ်မှုကို စတင်လာသော အရွယ်ဖြစ်သည်။ သူနှင့် ဆက်နွယ်ပတ်သက် နေသော ဆရာသမား/သူငယ်ချင်းများထံမှ အသိပညာများရရှိ နိုင်မည်ဟု ယုံကြည်သည်။ အသိပညာ ကျွမ်းကျင်မှုများရရှိရန် မေးမြန်းသွယ်ဝိုက်၍ သင်ယူသည်ဖြစ်သော ကြောင့် သင်ယူစရာဝန်းကျင် ဖန်တီးပေးရမည်။ ကိုယ်တိုင် ကိုယ်ကျ ကြိုးစားလုပ်ဆောင်လိုသော ကလေးကို မိမိလုပ်လိုသောအရာ လုပ်ဆောင်ခွင့် ပေးနိုင်သည်။ မိမိတို စိတ်ကူးထားသောအရာကို လုပ်ဆောင်ခြင်းဖြင့် ရင့်ကျက် လာမည်။ အပြိုင်အဆိုင် လုပ်ဆောင်ရသော အစီအစဉ်များအားဖြင့် ဝေမျှခြင်း၊ ပေးဆပ်ခြင်း၊ မျှတမှုများခံစားရမည်။ ဓမ္မပညာ ဆရာ၊ ဆရာမအနေဖြင့် မေတ္တာ ထားခြင်း၊ အစေခံခြင်း၊ တရားမျှတခြင်း တန်ဖိုးများကို ကလေးများ၏ ကြိုးပမ်း လိုစိတ်အတွင်းသို့ ထည့်သွင်းပေးနိုင်ပါသည်။ ။

ပဉ္စမ ဆယ်ကျော်သက်အရွယ်များသည် “ငါဘယ်သူလဲ၊ ငါဘယ်သွား နေလဲ”ဟူသော မေးခွန်းသိရှိဖို ကြိုးစားချိန်ဖြစ်၍၊ အဖြေရှာမတွေ့ပါက စိတ်ရှုပ်ထွေး မှုနှင့် ရင်ဆိုင်ရတတ်သည်။ မိမိတို၏ ယုံကြည်ခံယူချက်၊ မိမိတို၏ တန်ဖိုး၊ မိမိတို၏ ရည်ရွယ်ချက်ပန်းတိုင်များ သိရှိနိုင်ရန် ခရစ်ယာန်ဓမ္မပညာ ဆရာ၊ ဆရာမများမှ ကူညီပံ့ပိုးပေးရမည်။ အသင်းတော်အစီအစဉ်များ၌ ပါဝင်စေခြင်းဖြင့် “သူ့၏ စွမ်းရည်ကျွမ်းကျင်မှု၊ မိမိတို့ ရပ်တည်သောကဏ္ဍကို သိရှိလာနိုင်သည်။

ဆဌမ သက်ရွယ်များသည် အလုပ်အကိုင်အစပြုခြင်း၊ အိမ်ထောင်ကျပ် သားသမီး ပြုစုပျိုးထောင် ကြသော အရွယ်ဖြစ်သည်။ မိသားစုဝင်များ၏ ပြဿနာများ ဒုက္ခများကို ရင်ဆိုင်ဖြေရှင်းရချိန်လည်းဖြစ်သည်။ အိမ်ထောင်ကျသည်ဖြစ်စေ တစ်ဦးတည်းနေသည်ဖြစ်စေ ချစ်ခြင်းမေတ္တာ တည်ဆောက်ကြသော အရွယ်ဖြစ် သည်။ အသင်းတော် ဝတ်ပြုကိုးကွယ်ခြင်းတွင် ပါဝင်သောကြောင်းအရာ လေ့လာ စေခြင်း၊ အသင်းတော်တွင် မိသဟာယဖွဲခြင်း၊ အိမ်ထောင်မပြုမီ/အိမ်ထောင်ကျပြီး ဆွေးနွေးအကြံပြုခြင်းများ၊ အထူးဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ အစီအစဉ်များ ပြုလုပ်ပေးနိုင်သည်။ မိသားစုသင်တန်းများသည်လည်း အချင်းချင်းမိသဟာယဖွဲ့ နိုင်သော အခွင့်အရေး ရရှိစေနိုင်သည်။

သတ္တမ သတ်လတ်ရွယ်များသည် သူတစ်ပါးကို ပေးဆပ်လိုသော ဆန္ဒရှိသူများဖြစ်သည်။ သားသမီးများ ၏ စားဝတ်နေရေး၊ ပညာရေး အလုပ်အကိုင် ရရှိရေး၊ အိမ်ထောင်ချပေးခြင်း တာဝန်များ၊ ရပ်ရွာ သာရေးနာရေး များတွင် ပါဝင် ဦးဆောင်သော အရွယ်ဖြစ်သည်။ ဤအရွယ်များကို သမ္မာကျမ်းစာလေ့လာခြင်း အစီအစဉ်များ တွင် ပါဝင်ဆွေးနွေးစေခြင်း၊ ဝေမျှစေခြင်းပြုနိုင်သည်။ အသင်းတော်တွင်း သက်လတ်အဖွဲ့ ဖွဲ့စည်းပေးခြင်းဖြင့် သက်လတ်သီချင်းအဖွဲ့၊ သက်လတ် အိမ်လှည့်အဖွဲ့၊ သက်လတ် လူနာကြည့်ရှုအစီအစဉ်များ ပြုနိုင်ကာ၊ မိမိ အသက်တာကို ပေးဆပ်၊ ဆက်ကပ်နိုင်ပါသည်။

အဌမ သက်ကြီး၊ သက်ကြွယ်များ သမာရှိသော အရွယ်ဖြစ်ရန် အသင်းတော်မှ သက်ကြွယ်ကျမ်းစာ လေ့လာခြင်းများ၊ မိမိတို၏ တန်ဘိုးရှိသော အတွေ့အကြုံ ဝေမျှခြင်းများ၊ ဆွေးနွေးခြင်းများ ပြုလုပ်ပေး နိုင်သည်။ သက်ကြွယ်များ အစီအစဉ် ပြုလုပ်ပေးသော ဝန်းကျင်သည် နေရာထိုင်ခင်း သက်တောင့်သက်သာ ဖြစ်စေမည့် နေရာ၊ မိမိတို ဝေမျှလိုသောအရာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ တစ်ဦးနှင့်တစ်ဦး လေးစားမှုပြုရာ၊ ဝေမျှဦးဆောင်ရန် တာဝန်ပေးအပ်ခံရခြင်း စသည်တို ပါဝင်နေစေ ရမည်။ သက်ကြီးသက်ကြွယ်များတွင် ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲများ အာဟာရဆိုင်ရာ ဟောပြောခြင်းများ၊ သက်ကြွယ်များအတွက် အသင်း တော် ဆေးခန်းဖွင့်ပေးခြင်း၊ ဆေးထောက်ပံ့ပေးခြင်း၊ သက်ကြွယ်အိမ်များသို သွားရောက် လည်ပတ်ခြင်း၊ အားပေးခြင်းပြုနိုင်သည်။ ဤအစီအစဉ်များအားဖြင့် သက်ကြွယ် များသည် မျှော်လင့်ရာမဲ့သူမဖြစ်ပဲ၊ ငြိမ် သက်ခြင်းဖြင့် မျှော်လင့်ခြင်း ရရှိနိုင်သည်။

 

ကိုယ်ကျင့်တရားဆိုင်ရာ ဖွံဖြိုးမှု (လောရင့်(စ်) ကိုးလ်ဘတ်)

Moral Development (Lawrence Kohlberg)

လောရင့်စ်ကိုးလ်ဘတ်သည် ဘရွန့်ဗဲလေ(Bronxville)၊ နယူးယောက် (New York)တွင် ကြီးပြင်းခဲ့ပါသည် (၁၉၂၅-၁၉၈၅)။ မက်ဆာချူးဆက် (Massachusetts)ရှိ Andover Academy အထက်တန်းကျောင်း တက်ရောက် ခဲ့သည်။ ၁၉၄၈-ခုနှစ်တွင် ချီကာကို(Chicago)တက္ကသိုလ် တက်ရောက်ခဲ့ပြီး ဝင်ခွင့်စာမေးပွဲတွင် ရရှိသော အမှတ်သည် သတ်မှတ်ထားသည့် အဆင့်ထက် မြင့်မားလွန်းသဖြင့် ဘာသာရပ်တချိုဖြင့် တစ်နှစ်အတွင်း ဘွဲ့ ရရှိခဲ့သည်။ ဂျင်းပြာရေး၏ ကိုယ်ကျင့်တရားဆိုင်ရာ သုတေသနပြုခြင်းများကို စိတ်ဝင်စားခဲ့ပြီး၊ သုတေသန စတင်ခဲ့သည်။ ကလေးငယ်များနှင့် ဆယ်ကျော်သက် ခုနှစ်ဆယ်ကျော် မျှကို ဆယ်နှစ်ကျော်အတွင်း တွေ့ဆုံ မေးမြန်း၍ ဒေါက်တာဘွဲ့ စာတမ်း (Doctoral Dissertation) ပြုစုခဲ့ပြီး၊ သူ၏ ကိုယ်ကျင့်တရားဆိုင်ရာ သီအိုရီကို စတင် ဖော်ထုတ်သည်။ ကိုးလ်ဘတ်သည် ချီကာကိုတက္ကသိုလ်(၁၉၆၂-၁၉၆၈)၊ ဟားဘတ် တက္ကသိုလ်(၁၉၆၈-၁၉၈၅ခုနှစ်များတွင် အသက်သေဆုံးသည့်အထိ သင်ကြားပိုချခဲ့ သည်။

ကိုးလ်ဘတ်၏ သီအိုရီကို မတင်ပြမီ ဂျင်းပြာရေး၏ ကိုယ်ကျင့်တရား ဆိုင်ရာသီအိုရီကို တင်ပြလို ပါသည်။ ဂျင်းပြာရေးသည် ကိုယ်ကျင့်တရားနှင့်ဆိုင်၍ အရွယ်သုံးရွယ်၏ ဖွံဖြိုးမှုအဆင့်ကို ဖော်ပြသည်။ ငယ်ရွယ်သောကလေး၊ ကလေးကြီးနှင့် ဆယ်ကျော်သက်များကို အထူးပြုလေ့လာပြီး သုတေသနပြုထားသည်။

 

ဂျင်းပြာရေး၏ ကိုယ်ကျင့်တရားဆိုင်ရာ သီအိုရီ

ပထမအဆင့် ကလေးငယ်များ (၃နှစ်မှ-၆နှစ်)သည် ကိုယ်ကျင့် တရားနှင့်ဆိုင်သော စည်းကမ်းချက်များ ပြည့်စုံ၍ တိကျမှုရှိသောကြောင့် တသဝေမတိမ်း လိုက်နာရမည် ဟုခံယူသည်။ စည်းကမ်းများသည် လူကြီးများ က ချမှတ်ထားသည် ဖြစ်သောကြောင့် ပြောင်းလဲမရနိုင်ဟု ယုံကြည်ပြီး၊ စည်းကမ်း ဖောက်ဖျက်လျှင် အပြစ် ဒဏ်ပေးမှုကို ခံယူရမည်ဟု ဆုံးဖြတ်သည်။ ပြစ်ဒဏ် ပေးခြင်း လိုအပ်၍ ပြင်းထန်သင့်သည် ဟုယုံကြည်သည်။ ကလေးငယ်များက ဆိုးသောသူသည် အစဉ်အမြဲ နာကျင်မှုခံစားရမည်ဟု ယုံ၍ သူတို့ အတွက် ကိုယ်ကျင့်တရား သည် ကြောက်ရွံအပေါ် မူတည်သည်။ ကလေးငယ်သည် လိမ်လည်ခြင်း အဓိပ္ပါယ်ကိုနားမလည်ပါ။ လူကြီး မကြိုက်သော အချက်ဖြစ်သာ စဉ်းစားသည်။

ဒုတိယအဆင့် ကျောင်းနေအရွယ် (၇-၁၁)နှစ်ကလေးများသည် တစ်ဖက်သတ် လေးစားမှုမှ အချင်းချင်း လေးစားမှုသို ပြောင်းလဲလာသော ကာလဖြစ်သည်။ တစ်စုံတစ်ဦးက သဘောတူညီလျှင် စည်းကမ်းကို ပြောင်း လဲနိုင်သည်ဟု နားလည် သည်။ စည်းကမ်းကို ကြောက်စရာမလို၊ စည်းကမ်းသည် တိကျစရာမလို၊ အချင်းချင်း ညှိနှိင်း၍ အသုံးပြုရန်ဖြစ်သည် ဟုခံယူသည်။ ကစားကြစဉ် အချင်းချင်း သဘောတူညီမှုအပေါ် မျှတခြင်းသ ဘောကို သင်ယူပါသည်။

တတိယအဆင့်သည် အသက်တဆယ့်နှစ်နှစ်အထက် ကလေးများ ပါဝင်၍ စနစ်တကျ လေ့လာသင် ယူနိုင်သော ဉာဏ်ရည်ရှိသောကြောင့် ယူဆချက်၊ နက်နဲစွာ တွေးခေါ်ချက်များကို စဉ်းစားနိုင်စွမ်းရှိသည်။ ဤအဆင့်ရှိ လူငယ် များသည် အပြန်အလှန် လေးစားတတ်လာသည်။ စည်းကမ်းချက်များသည် အခြေအနေပေါ် မူတည်၍ ပြုပြင်ပြောင်းလဲနိုင်ကြောင်း ခံယူသည်။

Kohlberg (ကိုးလ်ဘတ်)၏ ကိုယ်ကျင့်တရားဆိုင်ရာဖွံဖြိုးမှုအဆင့်များ

Kohlberg သည် ကိုယ့်ကျင့်တရားဆိုင်ရာ ဖွံဖြိုးမှုအဆင့်များကို Level အဆင့်အတန်းစား သုံးမျိုး၊ step အဆင့်ခြောက်ဆင့်ဖြင့် ဖော်ပြထားသည်။

၁။ အများ သဘောတူညီချက်ကို မမှီသေးသော အဆင့်အတန်းအစား (Preoperational Level)

(က) အဆင့်တစ် (၃-၆နှစ်) အပြစ်ဒဏ်နှင့် နာခံခြင်း (Punishment and Obedience)

ကစားဖော်၏လုပ်ရပ်ကို တိုင်ပြောမည် (ဝါ) မတိုင်ပြောမည်အကြောင်း ကလေးငယ်အား မေးသောအခါ တိုင်ပြောမှဖြစ်မည်၊ မဟုတ်ရင် ကျွန်တော်ပါ အရိုက်ခံရမည်””ဟု ပြန်ပြောသော အရွယ်ဖြစ်သည်။ ကိုယ်ကာယ အပေါ် သက်ရောက်လာမည့် အကျိုးဆက်များအပေါ် မူတည်၍ စဉ်းစားဆုံးဖြတ်ခြင်း ဖြစ်သည်။

 

(ခ) အဆင့်နှစ် (၆-၁ဝနှစ်) သာယာမှုအတွက် အသုံးပြုသော ရိုးစင်းခြင်း (Naive Instrumental Hedonism)

ကစားဖော်၏ လုပ်ရပ်ကို တိုင်ပြောမည် (ဝါ) မတိုင်ပြောမည်အကြောင်း ကလေးငယ်အား မေးသောအခါ “အခြားသူများနှင့် သင့်မြတ်စွာ နေသွားနိုင်ဖို့ အတွက် ကျွန်တော် တိုင်မပြောဘူး”ဟူ၍ ပိုမိုကြားဖွယ်ရှိသည်။ ဤအဆင့် အရွယ်တွင်ရှိသော ကလေးများသည်။ မည်သိုသော အခြေအနေမျိုးများပင် ဖြစ်ပါလေစေ၊ လူတိုင်းမျှတသော ဝေစုကိုရရှိစေသော တရားမျှတမှုအပေါ် မြင့်မားစွာ ဖွံဖြိုးတိုးတက်လာသော သဘောရှိကြသည်။

 

၂။ အများသဘောတူညီချက်ကို မီသောအဆင့်အတန်းအစား (Conventional Level)

(က) အဆင့်သုံး (၁ဝ-၁၅နှစ်) အချင်းချင်းအပြန်အလှန်သဘောတူညီခြင်း (Interpersonal Concordance)

လူငယ်တစ်ဦးအနေဖြင့်၊ အခြားသူများ၏ ရှုမြင်သုံးသပ်ချက်နှင့် ရည်ရွယ်ချက်များကို နားလည်နိုင် စွမ်းရှိပြီး ထည့်သွင်း စဉ်းစားတတ်လာသည်။ တရားမျှတမှုဟု ဆိုရာ၌၊ အခြားသူများ၏ သဘောမတူညီမှုနှင့် နာကျင်ထိခိုက်မှုကို ရှောင်လွဲခြင်း အပါအဝင် မှန်ကန်သောအရာ အများအားဖြင့် ပါဝင်သည်။ ဤအရွယ်အဆင့် တွင်ရှိသော လူငယ်များသည် မိမိတို၏ ကိုယ်ကျင့်တရားနှင့် ဆိုင်သော ထောက်ကူအားပေးမှုကို ပေးနိုင်မည့် သက်တူရွယ်တူအဖွဲ့များနှင့် နီးကပ်မှုရှိကြသည်။

(ခ) အဆင့်လေး (၁၅-၂ဝနှစ်) ဥပဒေနှင့် ငြိမ်ဝပ်ပိပြားရေး (Law and Order)

မိတ်ဆွေတစ်ဦး၏ လုပ်ရပ်ကို တိုင်မည်၊ မတိုင်မည်မှာ၊ ထိုလုပ်ရပ်သည် ကို ချိုးဖောက်ခြင်း ရှိ၊ မရှိ (သိုမဟုတ်) လူထုငြိမ်ဝပ်ပိပြားရေးကို ကယှက်ခြင်း ရှိ၊ မရှိ အပေါ်မူတည်၍ စဉ်းစားဆုံးဖြတ်သည်၊ တရားမျှ တရေးမှာ မိမိတာဝန်ဝတ္တရားကို တာဝန်ကျေ ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း မိမိ၏ အဖွဲ့အစည်းတွင် ထားရှိသော တန်ဖိုးများကို ထိန်းသိမ်းခြင်းဖြင့်လည်းကောင်း၊ တည်တံ့ခိုင်မြဲစေသည်။

၃။ အများသဘောတူညီချက်ထက် သာလွန်သောအဆင့် အတန်းအစား (Post Conventional Level)

(က) အဆင့်ငါး (အသက် ၂၀အထက်)လူမှုရေးဆိုင်ရာ အပြန်အလှန် သဘောတူညီချက် (Social Contract)

လူမှုရေးအဖွဲ အစည်းသည်၊ အပြန်အလှန် အကျိုးခံစားမှုအတွက် မတူညီသော သဘောထားခံ ယူချက်များ ရှိကြသောသူများတိုတွင် သဘော တူညီချက် ဖြစ်လာသည်။ ထိုကြောင့် လူနည်းစုများ အပါအဝင် တစ်ဦးချင်းစီတိုင်း တို၏ အခွင့်အရေးကို လေးစားပြုမူခြင်းအပေါ် တည်လာသည်။ မိတ်ဆွေတစ်ဦး၏ လုပ်ရပ်အကြောင်းကို တိုင်မည်။ မတိုင်မည်မှာလည်း ထိုလုပ်ရပ်၏ အကြောင်းရင်း အပေါ်တွင်လည်းကောင်း၊ ဖြစ်နိုင်ဖွယ်လုပ်ဆောင်ချက် တစ်ခုစီသည် မိတ်ဆွေ အပေါ်အပြင်၊ ထိုထက်ကျယ်ပြန့်သော ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှု များကိုပါ စဉ်းစားချက်အပေါ်တွင်လည်းကောင်း မူတည်သည်။ ထိုကြောင့် တရား မျှတရေးသည်၊ တစ်ဦးချင်း၏ အခွင့်အရေးများကို ကာကွယ်တားဆီးပေးခြင်း သဘောကိုဆောင်သည်။

(ခ) အဆင့်ခြောက် -လူသားတစ်ရပ်လုံးနှင့်ဆိုင်သော ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရားများ: (Universal Moral Principles)

ဤအဆင့်ကို ရောက်ရှိသောသူ အလွန်နည်းသောကြောင့် အသက်အရွယ် မသတ်မှတ်ထားပေ။ ရိုသေကျိုးနွံမှုမှာ ထူးကဲသည်။ သိုသော် လူမှုရေးအဖွဲအစည်း အတွက်သာ မဟုတ်ဘဲ၊ လူသားအားလုံးနှင့် လူမှုအဖွဲအစည်းများအားလုံးကို စည်းနှောင်စေသော ကိုယ်ကျင့်တရားဆိုင်ရာ သဘောတရားများအတွက် ဖြစ်သည်။ အခြေအနေ တစ်ခုတွင်ရှိသော တရားမျှတရေးမှာ၊ ပုဂ္ဂိုလ်များအားလုံးကို နည်းလမ်း အဖြစ် အသုံးပြုခြင်းမဟုတ်ဘဲ အကျိုးခံစားမှုရှိစေရန် စဉ်းစားချက်ဖြင့် တောင်းဆိုချက်များ အားလုံးအပေါ် ညီမျှသော စဉ်းစားချက်ပါရှိသည်။

ကိုးလ်ဘတ်သီအိုရိ နှင့် ခရစ်ယာန်ဓမ္မပညာ

ကိုယ်ကျင့်တရားဆိုင်ရာ ဖွံဖြိုးမှုသည် မိမိကိုယ်တိုင် တန်ဖိုးထားမှု၊ မိမိကိုယ်သိမြင်မှု၊ အခြားသူများ အပေါ် မည်သို ဆက်ဆံသင့်သည်ဟူသော အချက်များပါဝင်သည်။ လူ့အဖွဲအစည်း၏ လူမှုရေး၊ ယဉ်ကျေးမှု၊ စည်းကမ်း ဥပဒေ စံထားချက်အပေါ် ကလေးငယ်၏ သဘောထားနှင့် သူတစ်ပါးအပေါ်ပြုမူဆက်ဆံမှု ဖွံဖြိုးလာသော ဖြစ်စဉ်ဖြစ်သည်။ ကိုယ်ကျင့်တရားသည် မိမိတို အသက်တာ၌ အမှားနှင့်အမှန် အဆိုးနှင့် အကောင်း ရွေးချယ်အသက်ရှင်နိုင်သော နည်းလမ်းကိုဖော်ပြသည်။ ကလေးငယ်များသည် အမှားနှင့်အမှန် ရွေးချယ် အသက်ရှင်နိုင်ရန် လူကြီးမိဘများ၏ တာဝန်ဖြစ်၍ မိဘပြုခြင်း၏ ပန်းတိုင်လည်း ဖြစ်သည်။ မိသားစုအတွင်း နေထိုင်သက်ရှင်ခြင်းဖြင့် ကလေးငယ်များသည် ဘာသာစကား ကျွမ်းကျင်မှု၊ တန်ဖိုးထားမှု၊ ကိုယ်ကျင့်တရား၏ တန်ဘိုးများကို သင်ယူရရှိနိုင်သည်။ မိသားစုဝင်တစ်ဦး၏ အပြုအမူသည် အခြားမိသားစုဝင် တစ်ဦး၏ အပြုအမူအပေါ် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း လွှမ်းမိုးမှုရှိသော ကြောင့် အိမ်ထောင်မိသားစုဝင်များ၏ အပြုအမူသည် အပြောထက် လက်တွေ့ အသက်ရှင်ပြရန် လိုအပ်ပါ သည်။ မိဘများသည် သားသမီးအပေါ် ကောင်းသော ပြုမူဆက်ဆံခြင်းများဖြင့် သားသမီး များ ကိုယ်ကျင့်တရား ကောင်းမွန်လာစေပါသည်။

အသက်(၃-၆)နှစ်အရွယ် ကလေးများအတွက် ကိုယ်ကျင့်တရား ကောင်းခြင်း၊ ဆိုးခြင်းက အပြစ်ပေးမှု ရှိ၊ မရှိ အပေါ်ခြေခံသည်။ နာခံခြင်းနှင့် အပြစ်ဒဏ်ကို ရှေးရှုသည်။ ဤအရွယ်သည် အပြစ်ဒဏ်ကို “ငါ” ဘယ်လို ရှောင်မလဲဟု စဉ်းစားသော အရွယ်ဖြစ်သည်။ ဤအရွယ်ကလေးသည် စိတ်ကူး ယဉ်ခြင်းနှင့် ပြင်ပ၌ ဖြစ်ခြင်း အကြောင်းကို ခွဲတတ်သေးသောကြောင့် အတ္တဆန်သော အရွယ်ဟု ခေါ်တွင်ထားသည်။ မိဘဓမ္မပညာဆရာ မများသည် ဤအရွယ် ကလေးကို ကိုင်တွယ်ရာ၌ ကလေးငယ်၌ အတ္တစိတ်ရှိသည်ကို ကလေးက သိရှိလက် ခံသလို လူကြီးမိဘများကလည်း လက်ခံ၍ “ငါ့ပစ္စည်း ငါ့ကစားစရာ” ဟူသော ငါစိတ်ဓာတ်ရှိခြင်းအတွက် မိမိဥစ္စာပစ္စည်းကို ရိုသေစွာထိန်းသိမ်းရန် သင်ကြားပေးရာတွင် အတ္တဆန်သော ဤအခြေအနေမှသည် သူတစ်ပါးကိုလည်း ဝေမျှနိုင်ရန် လမ်းကြောင်းပေးရမည်။ ကလေးများအား ဆုံးမသွန်သင်သည့်အခါ ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းထက် ကလေးများ နားလည်အောင် မေတ္တာဖြင့် ပေးရမည်။ ကလေးများ နာခံမှုရှိရန် အကျိုးအကြောင်းရှင်းပြရမည်။ ကလေးများအား မိမိဥစ္စာပစ္စည်းကိုင်တွယ်မှုနှင့် ပတ်သက်၍ စည်းကမ်းပေးရာ၌ မိမိကစားစရာများ ကစားပြီးလျှင် ပြန်သိမ်းရန်၊ မိမိအဝတ်အစားများ ချွတ်ပြီးလျှင် ပြန်သိမ်းရန်၊ သူငယ်ချင်းများနှင့် ကစားစရာ ဝေမျှကစားရန် လေ့ကျင့်ပေးရမည်။

ကလေးများ ကိုယ်ကျင့်တရား ဖွံဖြိုးတိုးတက်စေရန် မိတ်ဆွေသူငယ်ချင်း များသည် အရေးကြီးသော အခန်းကဏ္ဍတွင်ရှိသည်ဟု ဂျင်းပြာရေးကဆိုပါသည်။

ကလေးများသည် ကစားဖော်များအားဖြင့် အသိဉာဏ် ဖွံဖြိုးလာသည့်အပြင် ကစားဖော်များအားဖြင့် ခေါင်းဆောင်ပြုခွင့်ရခြင်း၊ ဆုံးဖြတ်ချက် ချနိုင်ခွင့်ရခြင်းဖြင့် ကိုယ်ကျင့်တရား ဖွံဖြိုးလာနိုင်ပါသည်။

(၆-၁၀)နှစ် ကလေးများသည် မိဘထက် ကစားဖော်သူငယ်ချင်းကို ပိုခင်တွယ်သော အရွယ်ဖြစ်သည်။ ဖွံဖြိုးလာနိုင်သူ ဖြစ်သောကြောင့် ဆရာ၊ မိဘများသည် ကလေးများအား စည်းကမ်းချမှတ်ရာတွင် ကလေးနှင့် အတူတူ စည်းကမ်း ရေးဆွဲသင့်သည်။ ကလေးများအားဓမ္မပညာကျောင်းအစီအစဉ်တွင် အဖွဲလိုက်ကစားခြင်း၊ အဖွဲလိုက် သမ္မာကျမ်းစာပြိုင်ပွဲ ပြုလုပ်ပေးခြင်း၊ သက်တူ ရွယ်တူ ကစားဖော်များနှင့် တွေ့ဆုံပွဲကျင်းပပေးခြင်း (မွေးနေ့ပွဲများ၊ မိတ်ဆုံ စားခြင်းများ၊ ကစားပွဲများ၊ အခြားသူများ၏ အမြင်နှင့် ခံစားချက်များကို လေ့လာနိုင်ရန် ဖန်တီးပေးခြင်း၊ သူခိုးဇာတ်လမ်းများ၊ လူသတ်တိုက်ခိုက်ခြင်း ဇာတ်လမ်းများသည် တစ်နည်းမဟုတ်တစ်နည်း ကလေးများ၏ ကိုယ်ကျင့်တရားကို ပျက်စီးစေနိုင်သော ကြောင့် ရုပ်မြင်သံကြား အသုံးပြုရာ၌ လူကြီးမိဘများ က ရုပ်မြင်သံကြား အသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများကိုလည်း အသိပညာ ပေးသင့်သည်။ သင့်မြတ်စွာ နေထိုင်ခြင်း၊ ပြန်လည်သင့်မြတ်သော ညီအစ်ကိုများ သမ္မာကျမ်း ပုံပြင်များပြောပြခြင်း။ (အာဗြဟံနှင့် လောတ၊ ဧသောနှင့် ယာကုပ်)

(၁ဝ-၁၅)နှစ်အရွယ်၊ (၁၅-၂၀)နှစ်အရွယ် လူငယ်များသည် အခြားသူများ၏ သုံးသပ်ချက်၊ ရည်ရွယ်ချက် ကို လေ့လာစဉ်းစားချိန်တွင် မီဒီယာများ၊ အွန်လိုင်း ဂိမ်းများ၊ Facebook စသည့်တိုတွင် နစ်မျောနေပါသဖြင့် တန်ဖိုးရှိသော အချိန်များကို ဖြုန်းတီးခြင်း၊ သူတစ်ပါးနှင့် ပေါင်းသင်းဆက်ဆံမှု ဆုံးရှုံးလာခြင်း၊ ပညာရေး ထိခိုက်လာခြင်း၊ ကိုယ်ပိုင်လွတ်လပ်ခွင့် ပျောက်ဆုံးလာခြင်း၊ နည်းပညာ အသုံးချ အကြမ်းဖက်မှုများနှင့် ရင်ဆိုင်နေရပါသည်။ အင်တာနက် လိင်မှုဆိုင်ရာ လှုဆော်မှုပြုသော ဓာတ်ပုံ၊ ဗွီဒီယိုများသည်လည်း လူငယ်များ၏ ကိုယ်ကျင့်တရားကို လွန်စွာထိခိုက်စေသောကြောင့် ဓမ္မပညာဆရာ၊ ဆရာမများအနေဖြင့် မီဒီယာများ၏ ကောင်းကျိုး၊ ဆိုးကျိုးကို လူငယ်များ မှန်ကန်စွာ သိနားလည်ရန် အသိပညာပေး ဟောပြော ခြင်းများ အကြံပြု ဆွေးနွေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

လူငယ်များအား အသင်းတော်၏ ဆုတောင်းပွဲများတွင် ပါဝင်စေခြင်း၊ လူငယ်များ သီးသန့် အစာရှောင် ဆုတောင်းအစီအစဉ်များ ပြုလုပ်ပေးခြင်း ကျပန်း စကားပြောပြိုင်ပွဲများ၊ စကားရည်လုပြိုင်ပွဲများ၊ တေးသရုပ် ဖော်ကပွဲများ ကျင်းပပေးခြင်း လူငယ်များအား ကျမ်းစာသင်တန်းများ၊ နွေရာသီသင်တန်းများတွင် ပါဝင်စေခြင်း ခေတ်ပေါ်ဓမ္မတေး သင်ကြားပေးခြင်းဖြင့် အသင်းတော်တွင် ပျော်မွေ့စေခြင်း သက်ရွယ်စုံ ဝတ်ပြု အစီအစဉ်များတွင် ပါဝင်စေခြင်း၊ အသင်းတော်၏ မိသဟာယ အစီအစဉ်များတွင် ပါဝင်စေခြင်း လူမျိုးစုဆိုင်ရာ ရိုးရာဓလေ့ထုံးစံများ ထိန်းသိမ်းခြင်း အစီအစဉ်တွင် ပါဝင်ခြင်း ရပ်ကွက်၊ လူမှုရေး၊ သာရေး၊ နာရေး အစီအစဉ်များတွင် ပါဝင်ကူညီစေခြင်း တိုဖြင့် စီစဉ်ပေးရမည်။

အသက်(၂၀)အထက် အရွယ်သည် တစ်ဦးစီတိုင်း၏ အခွင့်အရေးကို လေးစားမှုပြုလာပြီး တိုးတက် ကျယ်ပြန့်သော ဝန်းကျင်အပေါ် သက်ရောက်မှုကို စဉ်းစားလာသောကြောင့် ဓမ္မဆရာ၊ ဆရာမများအနေဖြင့် အသက်(၂၀)အထက် အရွယ်များ၏ ကိုယ်ကျင့်တရား တိုးတက်လာရန်-ကစားပွဲများ၊ ပန်းချီရေးဆွဲခြင်းများ၊ ဂုဏ်တော်ချီးမွမ်းခြင်းများ ပြုလုပ်ပေးခြင်း၊ ပျော်ပွဲစားထွက်ခြင်း၊ အားသစ်လောင်း အစီအစဉ် ပြုလုပ်ပေးခြင်း၊ ဥယျာဉ်၊ သစ်ပင်စိုက်ပျိုးခြင်း၊ ငါးမျှားခြင်း၊ အသင်းတော် စာကြည့်တိုက် ဖွင့်ထားပေး၍ စာဖတ်စေခြင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ ဟောပြောပွဲ ကျင်းပပေးခြင်း၊ မွေးနေ့ပွဲများ၊ တွေ့ဆုံပွဲများ၊ မိသားစုအချင်းချင်း တွေ့ဆုံရန် ညစာအတူတူစားခြင်း၊ သမ္မာကျမ်းစာလေ့လာခြင်း ပြန်လည် တင်ပြဆွေးနွေးခြင်း၊ ဆုတောင်း အဖွဲ့ဖွဲ့ပေးခြင်း၊ ရပ်ကွက်သာရေး၊ နာရေးများကို နှိးဆော်ခွင့်ပေးခြင်း၊ သဘာဝဘေးဒဏ် ခံရသောသူများကို ကူညီသော လူမှုရေးအဖွဲ့အစည်းများတွင် ပါဝင်ဆက်ကပ်စေခြင်းတို့ စီစဉ်ပေးရမည်။

နောက်ဆုံးအဆင့် လူသားတစ်ရပ်လုံးနှင့်ဆိုင်သော ကိုယ်ကျင့်တရား သဘောတရားများ ရယူပိုင် ဆိုင်နိုင်ရန်အတွက်- ကျမ်းစာဖတ်၊ ဆုတောင်း အစီအစဉ်များ ပြုလုပ်ပေးခြင်း၊ နေ့စဉ်ဝတ်ပြုခြင်း လမ်းညွှန်များ စီစဉ်ပေးခြင်း၊ အခြားဘာသာဝင်များနှင့် မိသဟာယဖွဲခြင်း၊ ဘာသာပေါင်းစုံ ဆုတောင်းပွဲများ၌ ပါဝင်ခြင်း (ဥပမာ- သဘာဝဘေး အန္တရာယ်ရင်ဆိုင်နေရသူများ၊ စစ်ဘေးရှောင် များအတွက်) အခြားဘာသာတရားများ လေ့လာခြင်း မိမိ၏ ဝိညာဉ်ရေးရာကို ပြန်လည် ဆန်းစစ်သုံးသပ်နိုင်သော Christian Meditation Center စီစဉ်ပေးရန်၊ ဝိညာဉ်ရေးရာ ပြည့်ဝစေမည့် ဝိညာဉ်ရေးဆိုင်ရာ သင်တန်းများ စီစဉ်ပေးခြင်း အချင်းချင်း ယိုင်းပင်းကူညီနိုင်ခွင့်၊ အချင်းချင်း ဂရုစိုက်ခွင့်ရရှိစေခြင်း၊ အသင်းတော် အမှုဆောင်စာရင်းတွင် ပါဝင်စေလျက် ခေါင်းဆောင်မှုနေရာ ရရှိစေခြင်း၊ လူမှုရေးလိုအပ်ချက်များ ပါဝင်ဖြည့်ဆည်းခွင့် ရရှိစေခြင်း စသည်တို စီစဉ်ပေးနိုင်ပါသည်။

ဘာသာတရားသည် ကိုယ်ကျင့်တရား လုပ်ငန်းဆိုင်ရာကို တည်ဆောက် ပေး၍ ကိုယ်ကျင့်တရားဆိုင်ရာ စည်းကမ်းကို လိုက်နာစေပါသည်။ ခရစ်ယာန် သမ္မာတရားအားဖြင့် ရင့်ကျက်သောသူသည် လူမှုအဖွဲအစည်း၊ မိမိရပ်ကွက်ထဲတွင် အမြစ်တည်စိမ့်ဝင်လျက်၊ ယင်းအဖွဲ့အစည်းသည် လူသားအားလုံးအတွက် ရပ်တည် သောအဖွဲ့ အစည်းအဖြစ် မြင်တွေ့ခံစားသူဖြစ်သည်။

ယုံကြည်ခြင်းဖွံဖြိုးမှု-ဂျိမ်းစ်ဖောင်လာ

Faith Development – JAMES W. FOWLER

ယုံကြည်ခြင်း

ယုံကြည်ခြင်းသည် ဘာသာရေးနှင့်သာ သက်ဆိုင်သော ဝေါဟာရ မဟုတ်ပါ။ လူသားတိုင်းတွင် ယုံကြည်ခြင်း (သို့မဟုတ်) ယုံကြည်ချက်ရှိသည်။ ဘုရားသခင်သည် လူကို ယုံကြည်နိုင်သော သတ္တဝါအဖြစ် ဖန်ဆင်းထားသည်။ ယုံကြည်ခြင်းတွင် အတွေးအခေါ်၊ စိတ်အာရုံခံစားချက်၊ စိတ်ထက်သန်မှု တိုပါဝင် သည်။ ယုံကြည်ခြင်းသည် ဖြစ်လာခြင်းဖြစ်စဉ်(process of becoming) ဖြစ်သည့်အတိုင်း ဖွံဖြိုးရင့်ကျက်လာနိုင်သော အရာဖြစ်သည်ဟု ဂျိမ်းဖောင်လာက ဆိုထားသည်။ ယုံကြည်ခြင်းသည် နုနယ်သောအဆင့်မှ ရင့်ကျက်ခိုင်မာသော အဆင့်သို ဖွံဖြိုးနိုင်ပါသည်။

ဂျိမ်းဖောင်လာ

ဂျိမ်းစ်ဖောင်လာသည် အမေရိကန်နိုင်ငံတွင် ၁၉၄၀-ခုနှစ်၌ မွေးဖွားသည်။ ဟားဗတ်တက္ကသိုလ်တွင် ပညာသင်ယူပြီး ဟားဗတ် တက္ကသိုလ်နှင့် ဘော်စတွန်ကောလိပ်တွင် စာချပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါ သည်။ သီဩလော်ဂျီပညာရှင် တစ်ဦးလည်းဖြစ်၍ အေမိုရီတက္ကသိုလ် (Emory University) တွင် သီဩ လော်ဂျီနှင့် လူသားဖွံဖြိုးမှု ပရော်ဖက်ဆာအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ယုံကြည်ခြင်းနှင့် အကျင့်သီလ သုတေသနဌာန၏ ဒါရိုက်တာ တစ်ဦးအဖြစ်လည်း အနားယူသည်အထိ တာဝန်ယူခဲ့သည်။

ဂျိမ်းစ်ဖောင်လာသည် ဂျင်းပြာရေး၊ အဲရစ်အဲရစ်စင်ကိုးလ်ဘတ်တို့၏ ဖွံဖြိုးမှုဆိုင်ရာ သီအိုရီများကို လေ့လာပြီး၊ မိမိ၏ ယုံကြည်ခြင်းဆိုင်ရာ ဖွံဖြိုးမှုကို သုတေသန စတင်ပြုလုပ်ခဲ့သည်။

ဂျိမ်းဖောင်လာ၏ ယုံကြည်ခြင်းအဆင့်များကို မတင်ပြမီ John Westerhoff (III)၏ ယုံကြည်ခြင်းအဆင့် များကို ဦးစွာတင်ပြလိုပါသည်။

ဂျွန်ဝက်စ်တာဟော့၏ ယုံကြည်ခြင်း ဖွံဖြိုးမှုအဆင့်များ

Faith Development – John Westerhoff (III)

၁။ ကိုယ်တွေ့ယုံကြည်ခြင်းပုံစံ (Experienced Faith)

ရှေးဦးကလေးငယ်များ၊ မူကြိုကလေးများသည် ကိုယ်တွေ့ယုံကြည်ခြင်းပုံစံ ရလွယ်ဆုံးဖြစ်သည်။ လူသားအားလုံး အသက်အရွယ်မရွေးအတွက်လည်း အခြေခံ ကျသော ပုံစံဖြစ်သည်။ ကလေးငယ်သည် ယုံကြည်စိတ်ချရရှိမှု အတွေ့အကြုံ၊ ချစ်ခြင်းမေတ္တာရရှိမှု အတွေ့အကြုံ၊ လက်ခံခြင်း အတွေ့အကြုံများအားဖြင့် ယုံကြည်ခြင်းကို အစပြုသင်ယူရရှိသည်။ ကလေးငယ်သည် ယုံကြည်ခြင်းရှိသူနှင့် ဆက်ဆံရခြင်းဖြင့် ထိုသူထံမှာ လေ့လာရှုမှတ်သည်။ ကလေးသည် စဉ်းစား တွေးခေါ်ပြီး တီတွင်ဖန်တီးကာ ပြန်လည်တုံပြန် ပြုမူတတ်သည်။ မိမိတို၏ ပြုမူချက်ဖြင့် မိမိအတွေ့အကြုံကို ပြန်လည် စမ်းသပ်မှုပြုသည်။

ကျွန်ုပ်တို့၏ ကိုယ်တွေ့ ယုံကြည်ခြင်းပုံစံသည် အခြားယုံကြည်ခြင်း ရှိသူများနှင့် ဆက်သွယ်ခြင်းမှ ရရှိသည် ဖြစ်သောကြောင့် ကလေးငယ်များအတွက် မည်သိုသော ပတ်ဝန်းကျင်၊ မည်သိုအတွေ့အကြုံ၊ မည်သိုဆက်သွယ်မှု ဖန်တီး ပေးပါမည်ဟူသော အချက်သည်၊ အလေးအနက် စဉ်းစားစရာ မေးခွန်းဖြစ်လာ သည်။ ကျွန်ုပ်တိုသည် ပြောသည့်အတိုင်း လုပ်ဆောင်၍ လုပ်ဆောင်သည့်အတိုင်း ပြောခြင်းဖြင့် အခြားသူများ နှင့် ခရစ်ယာန်ယုံကြည်ခြင်း အသက်တာကို ဝေမျှနိုင်ပါသည်။

၂။ ဆက်သွယ်ပေါင်းစည်းသော ယုံကြည်ခြင်းပုံစံ (Affiliative Faith)

ကိုယ်တွေ့ ယုံကြည်ခြင်းပုံစံကို ရယူပိုင်ဆိုင်နိုင်သော ကလေးသူငယ် များသည် ဆက်သွယ်ပေါင်းစည်း သော ယုံကြည်ခြင်းပုံစံသို့ ရယူနိုင်သည်။ ဤအချိန်တွင်သူသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းကို ရှာဖွေရယူ ခြင်းဖြင့် အသိုင်းအဝိုင်းနှင့် သက်ဆိုင်ကြောင်း ဖော်ပြသည်။ အသိုင်းအဝိုင်းထဲတွင် မိမိ မည်သူမည် ဝါဖြစ်ကြောင်း ဖော်ပြလိုသည်။ မိမိကို အသိအမှတ်ပြုစေလိုသည်။ လူအသိုင်းအဝိုင်း၌ တက်ကြွစွာပါဝင် လုပ်ဆောင်ဖြင်းဖြင့် မိမိ အသက်တာအတွက် အထောက်အကူဖြစ်စေသည်။ ဤယုံကြည်ခြင်းပုံစံကို ရယူထား သူသည် လူမှုအသိုင်းအဝိုင်း၏ လုပ်ဆောင်မှုများ၊ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ရန် လိုအပ်သည်။ ။

ဤယုံကြည်ခြင်းပုံစံ၏ ဒုတိယလက္ခဏာမှာ ဘာသာရေးအဖွဲ့အစည်း၏ ချစ်ခင်မှု၊ လွှမ်းမိုးမှု ခံရခြင်း ဖြစ်သည်။ ချစ်မေတ္တာပါသော လုပ်ဆောင်မှုသည် စဉ်းစားဖို့၊ တွေးခေါ်ဖို့ အရင်းအနှီးကျသော အရာဖြစ်သည်။ ဘာသာရေး အသိုင်းအဝိုင်း၌ ချစ်ခင်စွာပါဝင် လုပ်ဆောင်ခြင်းဖြင့် ကြောက်ရွံရိုသေခြင်း၊ စူးစမ်းမိခြင်း၊ အံ့ဩမှု၊ ရိုကျိုးတတ်သော ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များကို ရရှိခံစားမိသည်။

ဤယုံကြည်ခြင်းပုံစံ၏ တတိယလက္ခဏာသည် လုပ်ပိုင်ခွင့် ရရှိလိုခြင်း ဖြစ်သည်။ မိမိလုပ်ဆောင်ချက် အပေါ် အသိအမှတ်ပြုခံရခြင်း၊ အတည်ပြုခံရခြင်း ရရှိဖိုလည်း လိုအပ်သည်။ မိမိကိုယ်ရည်ကိုယ်သွေးကို သိရှိခြင်းနှင့် လုပ်ပိုင်ခွင့် ရရှိခြင်းသည် ဒွန်တွဲလျက်ရှိသည်။

၃။ ထိုးထွင်းရှာဖွေသော ယုံကြည်ခြင်းပုံစံ (Searching Faith)

ဆက်သွယ်ပေါင်းစည်းသော ယုံကြည်ခြင်းပုံစံကို ရရှိသော ဆယ်ကျော်သက် နှောင်းပိုင်းအရွယ် ပုဂ္ဂိုလ်များသည် ထိုးထွင်းရှာဖွေသော ယုံကြည်ခြင်းပုံစံသို တိုးချဲ့ တက်လှမ်းနိုင်သည်။ ထိုးထွင်းရှာဖွေသော ယုံကြည်ခြင်းပုံစံ၌ လက္ခဏာ သုံးမျိုးတွေ့ရှိရသည်။ ပထမလက္ခဏာများ သံသယစိတ်ဖြစ်သည်။ ယုံကြည်သူ အဖွဲအစည်း၏ ယုံကြည်ခြင်းမှ မိမိယုံကြည်ခြင်းသို တက်လှမ်းရာ၌ ယုံကြည်ခြင်းနှင့် ဆိုင်သော မေးခွန်းများ မေးလာသည်။ စိတ်ဓာတ်ကျခြင်း သံသယစိတ်များ ကျော်လွှားနိုင်ရန် အခြားသူများနှင့် ပေါင်းသင်းဆက်သွယ်၍ ဉာဏ်အမျှော်အမြင် ဖလှယ်ရန် လိုအပ်သည်။

ဒုတိယလက္ခဏာမှာ စမ်းသပ်လေ့လာ သုံးသပ်မှုပြုခြင်းဖြစ်သည်။ ယုံကြည်သူ အဖွဲ့အစည်း၏ လုပ်ပိုင်ခွင့် လုပ်ဆောင်ချက်များအပေါ် လေ့လာ သုံးသပ်ပြီး၊ မိမိဉာဏ်အမျှော်အမြင်က ထုံးထမ်းစဉ်လာကို ပြုပြင်ပြောင်းလဲ လိုသော ဆန္ဒဖြစ်လာသည်။ ထိုသို့ဖြင့် မိမိတို့၏ ကိုယ်ပိုင်ယုံကြည်ခြင်းသို ဦးတည်လာသည်။

တတိယလက္ခဏာမှာ အခြားသူများနှင့် အခြားကိစ္စရပ်များအတွက် ပေးဆပ်လိုခြင်းဖြစ်သည်။ မိမိတို့၏ အသက်တာကို သူများအား ပေးဆပ်ခြင်းဖြင့် အောင်မြင်ခဲ့သည့်အချိန်များ၊ ကျရုံးခဲ့သည်များလည်းရှိပေမည်။ စူးစမ်းခွင့်၊ စမ်းသပ်လေ့လာခွင့်၊ ပေးဆပ်ခွင့်မရရှိခဲ့လျှင်၊ ယုံကြည်သူအဖွဲ အစည်းနှင့် ဆက်သွယ်လိုစိတ် လျှော့သွားပြီး အသင်းတော်ပြင်ပသို ရောက်သွားနိုင်သည်။

 

၄။ ကိုယ်ပိုင်ယုံကြည်ခြင်းပုံစံ (Owned Faith)

ထိုးထွင်းရှာဖွေသော ယုံကြည်ခြင်းပုံစံကို ရရှိခဲ့သောသူ သက်ကြီး ဝင်စအရွယ်(၂၀နှင့်အထက်)များသည် ကိုယ်ပိုင်ယုံကြည်ခြင်းပုံစံသို ထပ်ဆင့်ရယူနိုင် သည်။ ဤယုံကြည်ခြင်းပုံစံသို ပြောင်းလဲခြင်းသည် ခံစားမှုအ လိုဆန္ဒအရ သော်လည်းကောင်း၊ ရုတ်တရက်သော်လည်းကောင်း၊ အသိဉာဏ်အမျှော်အမြင်နှင့် သော်လည်း ကောင်း၊ တဖြေးဖြေးသော်လည်းကောင်း ကူးပြောင်းနိုင်သည်။ သံသယ စိတ်များဖြင့် ကျော်ဖြတ်စဉ်၊ ကိုယ်ပိုင်ယုံကြည်ခြင်းပုံစံသည် အသိဉာဏ်အမြင်ပွင့် ခြင်းဖြင့်လည်းကောင်း ပေါ်လာပြီး မိမိလုပ်ဆောင်ချက် အသစ်များဖြင့် ယုံကြည်ခြင်း ပုံစံကို ဖော်ပြသည်။ မိမိ၏ ကိုယ်ရေးကိုယ်တာတွင်လည်းကောင်း၊ လူမှုရေး လုပ်ဆောင်ရာတွင် ဤယုံကြည်ခြင်း ပုံစံကိုဖော်ပြလိုသည်။ မိမိတို အပြောဖြင့်သော် လည်းကောင်း၊ အလုပ်ဖြင့်သော်လည်းကောင်း သက်သေဖြစ်စေခြင်းငှာ ဤယုံကြည် ခြင်းက တွန်းပို့သည်။ ဤယုံကြည်ခြင်း ပုံစံ၌ ယခင်ပုံစံသုံးမျိုး ပပျောက်သွားသည် မဟုတ်ပါ။ သူ၏ယုံကြည်ခြင်း အသက်တာ၌ တစိတ်တဒေသအပြင် အသစ်သော နည်းလမ်းဖြင့် ပါဝင်လျက်ရှိသည်။ ဤယုံကြည်ခြင်းပုံစံသို ရောက်ရန် အချိန် ကြာမြင့်စွာ ရယူရ မည်ဖြစ်သည်။ ယုံကြည်သူ အသိုင်းအဝိုင်း၏ ပံ့ပိုးမှု အတွေ့အကြုံများက ယုံကြည်ခြင်းကို တို ချဲ့လာစေသည် ဖြစ်သောကြောင့် ယုံကြည်သူ အချင်းချင်း ပံ့ပိုးပေးရမည်ဖြစ်သည်။

ဂျိမ်းဖောင်လာ၏ ယုံကြည်ခြင်းဖွံဖြိုးမှု အဆင့်များ

JAMES FOWLER’S

မွေးရာပါယုံကြည်ခြင်း (Primal Faith)

ဂျိမ်းစ်ဖောင်လာ၏ မွေးရာပါ ယုံကြည်ခြင်းအကြောင်း ခံယူချက်သည် အရစ်အဲရစ်စင်၏ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံဖြိုးမှု၏ ပထမအဆင့်ဖြစ်သော ယုံကြည်အားကိုးစိတ် ရှိခြင်းမရှိခြင်း ဟူသောအချက်မှ ထွက် ပေါ်လာသည်။ ရာပါ ယုံကြည်ခြင်းသည် ယုံကြည်စိတ်ချမှု ရရှိရန်အတွက် အခြေခံဖြစ်သည်။ မိဘများ၏ ယုံကြည်ခြင်းသည် ကလေးငယ်များ ယုံကြည်စိတ်ချမှုရရှိရန် ကူညီပေး သည်။ ကလေးငယ်များသည် ဂရုပြု ခြင်း၊ ချစ်ခြင်းခံရခြင်း၊ ပျော်ရွှင်မှုရရှိခြင်းဖြင့် မိမိကိုယ်ကို ချစ်ခြင်းခံထိုက်သူအဖြစ် ယုံကြည်လာသည်။ ကလေးငယ်သည် အမြင်အကြားများကို သိမြင်ခံစားလာသည်နှင့်အမျှ အရာဝတ္ထုများနှင့် သူတို့အား ပြုစုသူ များကို သိမှတ်လာသည်။ ပြုစုသူများသည် မိမိတိုအား စိတ်ချမှုရှိစိတ်၊ စိုးရိမ်စိတ် ဖြစ်စေသူများအဖြစ် နားလည်လာသည်။ မိဘများအား ယုံကြည်စိတ် ရှိခြင်းဖြင့် ပြုစုသူအပေါ် နားလည်စွာ တုံပြန်လာသည်။

ဤယုံကြည်ခြင်းသည် မမွေးခင်ကပင် စတင်သည်ဟု ဂျိမ်းစ်ဖောင် လာခံယူသည်။ မိဘများက ကလေးငယ်ကို အမှန်တကယ်လိုချင်သော စိတ်ရှိ ထားပြီး၊ မမွေးခင်ကပင် ကလေးနှင့် စိတ်ချင်းဆက် သွယ်နိုင်သည်။ ဤအချက်သည် ယုံကြည်မှုအတွက် အဆင့်တစ်ခုဖြစ်ပြီး ထိုအချက်အားဖြင့် မိသားစုအတွင်း ယုံကြည်မှုကို မြှင့်တင်စေနိုင်သည်။

 

၁။ ဖြတ်ထိုးဉာဏ်သုံး ပုံရိပ်ဖော်သော ယုံကြည်ခြင်း (၂နှစ် မှ ၆နှစ်) (Intuitive – Projective Faith)

အသက်(၂)နှစ်ဝန်းကျင်မှစ၍ ကလေးငယ်သည် ဘာသာစကား စတင် အသုံးပြုလာပြီးဖြစ်၍ ယုံကြည်ခြင်းကျင့်စဉ်များကို သင်ယူလာသည်။ ဤဉာဏ်ရည် အဆင့်ရှိ ကလေးများသည် အကျိုးအကြောင်း ကွဲပြားစွာ နားမလည်သေးသည့် အတွက် စိတ်ကူးဉာဏ်နှင့် အဖြစ်မှန်ကို ခွဲခြားသိမြင်ရန် ခက်ခဲသော အရွယ် ဖြစ်သည်။ မိမိတို တွေ့ရသော အတွေ့အကြုံကို မိမိတိုအတွေးဖြင့် အဓိပ္ပါယ် ဖော်ထုတ်ကြသည်။ စိတ်ကူးယဉ် ခြင်းသည် ပုံရိပ်ဖော်သော ယုံကြည်ခြင်းကို ဖြစ်လာရန် အထောက်အကူပေးသည်။ အတွေ့ဆိုင်သော ယုံကြည်ခြင်းမျိုးလည်း ဖြစ်သည်။ စိတ်ကူးယဉ်ခြင်းသည် စစ်မှန်ခြင်းပုံရိပ် ဖြစ်လာရန် ပုံဖော်ပေးသည့် စွမ်းအားဖြစ်သည်။ ဤတွန်းအားသည် ယုံကြည်ခြင်း ဖွံဖြိုးမှုသာမက အခြား သင်ယူမှုများအတွက်လည်း တွန်းအားတစ်ခုဖြစ်သည်။ အကယ်၍ ကလေးငယ် သည် ဘာသာရေးကျင့်စဉ်များ၊ ဘာသာရေး အထိမ်း အမှတ်များ၊ ဘာသာရေး ကိုင်းရှိင်းသော မိသားစု/ဝန်းကျင်၌ ကြီးထွားခွင့်ရရှိမည်ဆိုပါက ဘုရားနှင့်ဆိုင်သော ပုံရိပ်/ပုံသဏ္ဠန်ကို ပုံဖော်ယူနိုင်ပြီး၊ မိမိတို့၏ ယုံကြည်ခြင်းကို တည်ဆောက် နိုင်သည်။

 

၂။ ဒဏ္ဍာရီ-စာသားဆန်သော ယုံကြည်ခြင်း (၆နှစ်မှ ၁၂နှစ်) (Mythic-Literal Faith)

မူလတန်းနှင့် အလယ်တန်းအဆင့် ရောက်နေသော ကလေးများတွင် ဤယုံကြည်ခြင်း ဖွံဖြိုးလာသည်ကို တွေ့ရသည်။ ဂျိမ်းစ်ဖောင်လာက ဒဏ္ဍာရီ စာသားဆန်သော ယုံကြည်ခြင်း ဟုခေါ်ခြင်းသည် ပုံပြင်ဒဏ္ဍာရီ အခန်းကဏ္ဍ အရေးကြီးခြင်းကို မီးမောင်းထိုးပြလို၍ဖြစ်သည်။ ဒဏ္ဍာရီပုံပြင်များသည် ရိုးရာ ထုံးတမ်း အစဉ်အလာ ဘာသာရေးကျင့်စဉ်များ၊ ဘုရား၏ လုပ်ဆောင်မှုများကို ဖော်ပြသည်။ ဤအရွယ်သည် ပုံပြင်များကို စီစဉ်တကျ ပြောဆိုနိုင်ပြီး ပုံပြင်ထဲမှ သင်ခန်းစာယူတတ်သော်လည်း ပုံပြင်များကို စာသားအတိုင်း အဓိပ္ပါယ် ကောက်ယူ တတ်သည်။ စာသားနှင့် ကိုက်ညီမှု ရှိ မရှိ မိဘနှင့်ဆရာများကို ဝေဖန်မှုပြုတတ် သည်။ ဤဉာဏ်ရည် အဆင့်တွင်ရှိသော ကလေးများသည် အကျိုးအကြောင်းနှင့် ဖြစ်နိုင်မဖြစ်နိုင်ကို ခွဲခြားလာနိုင်ပြီဖြစ်၍ တကယ့် ဖြစ်ရပ်မှန်ကမ္ဘာနှင့် စိတ်ကူး ယဉ်ကမ္ဘာတိုကို ခွဲခြားတတ်စပြုလာသည်။ သူများနေရာမှနေ၍ ရှုမြင်တတ်လာ သည် အပြန်အလှန်ရှိမှ တရားမျှတမှုရှိသည် ဟုခံယူသည်။ မိမိအပေါ် သူတပါး၏ ထင်မြင်ချက်ကို လက်ခံသည်။ တွေ့ကြုံရသောအရာ ဖြစ်ပျက်သောအရာများကို လေ့လာသုံးသပ်၍ ဖြစ်ရပ်မှန်ကို ဖော်ထုတ်သည်။ ဘာသာရေးရှုထောင့်မှ တန်ဖိုး ဖော်ထုတ်နိုင်ပြီး ဘာသာဝန်းကျင်၌ ကြီးထွားခွင့်ရသော ကလေးသည် ကျမ်းပုံပြင်ကို မိမိပုံဝတ္ထုအသွင် စဉ်းစားဖော်ထုတ်သည်။ ပုံပြင်လေ့လာခြင်း၊ ယုံကြည်ချက်များကို ရွတ်ဆိုခြင်း ဘာသာရေး ကျင့်စဉ်များတွင် ပါဝင်ခြင်းဖြင့် ပါဝင်သက်ဆိုင်ကြောင်း ခံစားလာသည်။ အသိုင်းအဝိုင်း၌ ပါဝင် သက်ဆိုင်ခြင်း တန်ဖိုးထားခံရခြင်းကို ဂရုစိုက်တတ်လာသည်။ အခြားသူများ၏ နေရာမှနေ၍လည်း ရှုမြင် တတ်လာသည်။

 

၃။ အများဆုံးနည်း ခံယူချက်ကို ပေါင်းစပ်အသွင်ပြောင်းယူခြင်း (၁၂နှစ်-၁၈နှစ်) (Cynthetic-Conventional Faith)

ဤယုံကြည်ခြင်းကို ဆယ်ကျော်သက် အပျိုဖော်၊ လူပျိုဖော်အရွယ်များတွင် တွေ့ရှိရသည်။ ဤအရွယ် သည် ဉာဏ်ရည်အဖွံဖြိုးဆုံးအရွယ်ဖြစ်သောကြောင့် တွေးခေါ်ချက်၊ ယူဆချက်၊ သင်္ကေတများ၏ အဓိပ္ပါယ်ကို နားလည်နိုင် စွမ်းရှိလာပြီး လည် သုံးသပ်တုံပြန်မှုပြုနိုင်သည်။ မိမိတို့၏ ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့် နှင့်အမျှ အခြားသူများ၏ သဘောထား အခြားအဖွဲများ၏ အမြင်များကို သုံးသပ်သည်။ ဝေဖန်ပိုင်းခြား နိုင်စွမ်းရှိသည်။ အခြားသူများနှင့် ပေါင်းသင်း၍ မိမိတို့၏ အမြင်ခံစားချက်များကို ဖော်ပြခြင်းဖြင့် လက်ခံဝေမျှခွင့်ရရှိကာ ကျေနပ်မှုရရှိကြသည်။ ပေါင်းသင်းဆက်ဆံခြင်းသည် မိမိတိုအတွက် တန်ဖိုးထား စရာဖြစ်သည်။ မိမိတို အားကျသူ အတုယူလိုသောသူများ၏ အတွေးအခေါ် ခံယူချက်တန်ဖိုး၊ ယုံကြည်ချက်နှင့် ပေါင်းစပ်၍ မိမိ၏ ယုံကြည်ခြင်းပုံစံအဖြစ် ပြောင်းယူလက်ခံတတ်သည်။ အခြားအဖွဲ့၊ လူမှုဝန်းကျင်၊ အသင်းတော်အစရှိသော အဖွဲ့အစည်းများ၏ ယုံကြည်ချက်ကို လက်ခံရာ၌ သေချာစွာ စဉ်းစားတွေးခေါ်ခြင်း မဟုတ်ပဲ အများဆုံးနည်းဖြစ်၍ မိမိအတွက် ခံယူခြင်းဖြစ်သည်။ အများထံမှ ရရှိသော ခံယူချက်ကို ကိုယ်ပိုင် သဏန်အဖြစ်ခံယူသည်။ ဤအရွယ်သည် ဘုရားသခင်နှင့် ဆက်သွယ်မှု၌ ရင့်ကျက်လာသည်။

 

၄။ တစ်ဦးချင်းနှင့်ဆိုင်သော သုံးသပ်မှုပြုယုံကြည်ခြင်း (သက်ရွယ်) ၊ (Individuate – Reflective Faith)

ဤအဆင့်(၄)သည် အဆင့်(၃)မှာထက် ဂျင်းပြာရေး၏ စနစ်ကျစွာ ခွဲခြား သိမြင်နိုင်ခြင်း ဉာဏ်ရည် အဆင့်ကို အသုံးပြုများသည်။ မိမိကိုယ်တိုင် ရွေးချယ်သော ယုံကြည်ခံယူချက်အပေါ် တန်ဖိုးထားမှုနှင့် ယုံကြည်ခြင်းများကို စနစ်ကျကျ ပုံစံဖော်ယူပြီး အခြားဖြစ်နိုင်ဖွယ် အခြေအနေများနှင့်လည်း နှိင်းယှဉ်ကြည့် တတ်သည်။ ယခင်ထားခဲ့သော တန်ဖိုးနှင့် ယုံကြည်ချက်များကို ယခုအသိစိတ်ဖြင့် သေချာစွာ ပိုင်းခြားသုံးသပ်မှုပြုလာသည်။ ထိုကြောင့် ဤပုဂ္ဂိုလ်များသည် မိမိမည်သူ ဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ထုတ်ခြင်း၊ မိမိ မှန်သည်ထင်သော စံထားချက်များကို သုံးသပ်ခြင်း စသည်တိုကို ပြုလာသည်။ မိမိအတွေးနှင့် အပြင်သဏန် မိမိ ယုံကြည်ချက်နှင့် လုပ်ဆောင်ချက်၊ မိမိအရှိနှင့် ခံဝန်ကတိပြုချက် စသည်တိုကို နှစ်ဖက်လုံးမျှတစွာ စဉ်းစား တွေးတောသည်။ အခြား အခြားအဖွဲအစည်းများနှင့် မိမိကိုယ်ကို နှိင်းယှဉ်လျှက် အဓိပ္ပါယ်ကို ရှာဖွေရယူတတ် လာသည်။

၅။ ဆက်စပ်၍ ပေါင်းစပ်ယူသော ယုံကြည်ခြင်း (အသက်၃၀ကျော်) (Conjunctive Faith)

အဆင့်(၄)မှာကဲ့သို့ မိမိတွေးတောဆင်ခြင်၍ ခံယူခဲ့သော ယုံကြည်ချက်၊ တန်ဖိုးထားချက်များ တို့၏ စနစ်တွင် ကန့်သတ်ချက်များရှိကြောင်း သတိပြုလာသည်။ အရာခပ်သိမ်းတွင် အမှန်တရား၏အချုပ်သည် သတ်မှတ်/ကန့်သတ်ချက် ရှိကြောင်း ရှုမြင်သုံးသပ်စွမ်းနိုင်မှုမှ အဓိပ္ပါယ်ဖော်ထုတ် နားလည်နိုင်လာသည်။ မိမိကိုယ်ကို အခြားသူများနှင့်နှိင်းယှဉ်၍ အဓိပ္ပါယ်ထုတ်ဖော်ခဲ့ခြင်းမှာ ယခုအခါ ပွင့်လင်းမှုရှိစွာ အများ၏ သဘောထားအမြင် သုံးသပ်ချက်များနှင့် ဆက်စပ်၍ စပ်တတ်လာသည်။ ဝိရောဓိ(Paradox) သဘောတရား များကို နားလည် ခံနိုင်စွမ်းရှိလာသည်။ အမှတ်လက္ခဏာနှင့် သင်္ကေတများ(Symbols)၏ အဓိပါယ် ဖော်ညွှန်းချက် အမျိုးမျိုးတို့ကို နားလည်နိုင်စွမ်း ပို၍ရှိလာသည်။

ယခင်က ယူဆချက်များအဖြစ် အမှတ်လက္ခဏာ သင်္ကေတများအပေါ် ယခဲ့ရသော အရာများ လျော့ နည်းသွားသော ယုံကြည်ခြင်းအဆင့်ဖြစ်သည်။ ဝက်ခဲ့သော သဘောထားခံယူချက်များနှင့် ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ သဘောတရားကို ဆက်စပ်တွေးတော စဉ်းစား၍ ယုံကြည်ခြင်း နက်နဲလာသည်။

၆။ တလောကလုံးနှင့်ဆိုင်သော ယုံကြည်ခြင်း သမ္မာကျမ်းစာနှင့်ဆိုင်သော ယုံကြည်ခြင်း (Universalizing Faith)

ဤယုံကြည်ခြင်း အဆင့်(၆)သို့ ရောက်သောသူ အလွန်ရှားပါးပါသည်။ အဆင့်(၅) ယုံကြည်ခြင်းအပေါ် အခြေပြုတည်ဆောက်လျက်၊ တလောကလုံးနှင့် ဆိုင်သော ယုံကြည်ခြင်းအဆင့်သည် အဖက်ဖက်မှ ခြုံငုံ၍ အရှိအတိုင်း ရှုမြင် သုံးသပ်သော အမြင်မျိုး(အမြင်ပေါက်ခြင်း)၏ အကြောင်းရင်းကို နားလည်လာသည်။ ဘုရားအများထဲတွင် ပုဂ္ဂိုလ်တော် တစ်ပါးရှိကြောင်းကို နားလည်သိမှတ်သည်။ လူအားလုံးနှင့် အဖွဲ့စုများ ပါဝင်သော ဤထူးကဲသည့် ရှုမြင်သုံးသပ်ခံယူချက် အပေါ်တွင် အရာခပ်သိမ်းသည် အခြေခံသည်။

တစ်လောကလုံးနှင့်ဆိုင်သော ယုံကြည်ခြင်းသည် တစ်ကမ္ဘာလုံးနှင့် ဆိုင်သော လူမှုအဖွဲအစည်းကို အမှူးပြု၍ ဂရုဏာဂရုပြုခြင်းသို့ ဦးတည်လာသည်။

ဤအဆင့်(၆)သို့ ရောက်သော ပုဂ္ဂိုလ်များသည်၊ အရှိကိုအရှိအတိုင်း အဖက်ဖက်မှ သုံးသပ်ရှုမြင် တတ်မှုများနှင့် အမှန်တရားများကြားတွင်ရှိသော တင်းမာမှုကို လက်ခံနိုင်သည့်အတွက် တစ်ကမ္ဘာလုံးနှင့်ဆိုင် သော လူမှုအဖွဲအစည်း ကို ကိုယ်စားပြုသော နေရာများ၌ မိမိကိုယ်တိုင် အနစ်နာခံနိုင်သော သတ္တိရှိကြ သည်။

သူတို့သည် တစ်လောကလုံးနှင့်ဆိုင်သော လူမှုအသိုက်အဝန်းထဲ၌ ကြသော လူသားတို၏ တန်ဖိုးကို လျော့ပါးစေခြင်း၊ သိမ်ငယ်စေခြင်း၊ ငြင်းပယ်ခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း တို့ကိုပြုသော လူမှုအဖွဲအစည်းများအပေါ် အထူးခံစား သိရှိလွယ်သည်။ ထိုကြောင့် ဤအဆင့်တွင်ရှိသော ပုဂ္ဂိုလ်များသည်။ တစ်လောကလုံးနှင့်ဆိုင်သော လူမှုအသိုက်အဝန်းအပေါ် လက်ရှိအသက်တာ မမြင်နိုင်သေးသော ရူပါရုံကို ပေါ်လွင်ထင်ရှားစေရန်အတွက် အံ့သြဖွယ်ကောင်း လောက်အောင် ပြောရဲဆိုရဲကြသော ပုဂ္ဂိုလ်ထူးများပင် ဖြစ်ကြသည်။

မိမိကိုယ်ကို ငြင်းပယ်စွန့်လွတ်ခြင်းဖြင့် လူသား၏ ဘဝမှန်၊ အဖြစ်မှန် တရား၌ ဘုရားသခင်၏ မြင့်မြတ်သော အကြံအစည်တော်ကို ပေါ်လွင်စေခြင်း၊ ထာဝရအသက်တာကို အားလုံးသာတူညီမျှ မျှဝေခံစားနိုင်ရန်အတွက် ပါဝင် ရောယှက်ခြင်း၊ အသစ်ပြုပြင်ခြင်းခံရသော ကမ္ဘာလောကကြီးကို ရရှိစေရန် အတွက် ကိုယ်ကျိုးမဲ့သနား ကြင်နာစိတ်ထားရှိသော သဘောထားပိုင်ရှင်များပင် ဖြစ်ကြသည်။

ယုံကြည်ခြင်းသီအိုရီများနှင့် ခရစ်ယာန်ဓမ္မပညာ

လူသားတစ်ဦး ကြီးထွားဖွံဖြိုးလာသည်နှင့်အမျှ ယုံကြည်ခြင်းသည် ပိုတိုးပွားလာည်။ ယုံကြည်ခြင်း ပုံစံသည် သစ်ပင်ပင်စည်ဖြတ်ပိုင်းတွင် တွေ့ရသော သစ်ပင်သက်တမ်းကို ဖော်ပြသော ကွင်းများနှင့်တူသည်။ သစ်ပင်ကြီးထွား လာသည်နှင့်အမျှ ကွင်းဟောင်းများကို မချန်ခဲ့ပဲ ကွင်းသစ်နှင့်အတူ ပေါင်းယူ သွားသကဲ့သို့ လူတို၏ ယုံကြည်ခြင်းပုံစံသည် ပုံစံဟောင်းနှင့်အသစ် ပေါင်းစပ် ပါရှိသွားသည်။

John Wester Holf သီအိုရီအရ ကလေးငယ်သည် ယုံကြည်ခြင်းရှိ သူလူကြီးနှင့်ဆက်ဆံ၍ ထိုသူထံမှ သင်ယူသည်ဖြစ်သောကြောင့် လူကြီးများသည် ကလေးများနှင့် ဆက်ဆံစဉ်၊ လက်တွေ့ အသက်ရှင်ပြဖို့ လို သည်။ လူကြီး၏ ပြောဆိုခြင်း၊ ပြုမူခြင်း ကလေးအပေါ် ကိုင်တွယ်မှုများ (ယုယပိုက်ထွေးမှုများ)သည် ကလေးများ၏ အတုယူသင့်သော ပြုမူပြောဆိုခြင်းဖြစ်၍ သတိပြုရပေမည်။ မိသားစုမှတဆင့် အသင်းတော် အစီအစဉ် (သက်ရွယ်စုံလင်)တွင် ကလေးသူငယ် လူငယ်များပါဝင်ရန် အခွင့်အရေး ဖန်တီးပေးရမည်။ အခက်အခဲပြဿနာများ ရင်ဆိုင်ရသည့်အခါတွင်လည်း အခြားသူများနှင့် ဆက်သွယ်ခွင့်ရခြင်းဖြင့် အခက်အခဲ ကျော်လွှားနိုင်ခွင့် ရရှိလျက် ယုံကြည်ခြင်း တည်ဆောက်ခွင့်ရမည်။ ယုံကြည်ခြင်း ဆိုင်ရာမေးခွန်များ ပါဝင်သော ဆွေးနွေးပွဲများတွင် လူငယ်များ ကိုယ်တိုင် ပါဝင်ဆွေးနွေး အဖြေရှာစေမည့် အစီအစဉ်များ အသင်းတော်မှစီစဉ် ပေးနိုင်သည်။ သက်ကြီးများအတွက်လည်း မိမိတို၏ ယုံကြည်ချက်ကို ဖော်ထုတ်နိုင်မည့် အစီအစဉ်များ ထည့် သွင်းရေးဆွဲ၍ အကောင်အထည်ဖော်နိုင်သည်။

ခရစ်ယာန်ဓမ္မပညာသည် မမွေးမီမှ တမလွန်ဘဝအထိ ရည်ရွယ်၍ ၂es Fowler ကလည်း ယုံကြည်ခြင်း ဖွံဖြိုးမှုသည် မမွေးမိကပင် စတင်သည်ဟုဆိုထားသောကြောင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် မိသားစုဝင်များ သတိပြုစရာ၊ သတိထားစရာ အချက်ဖြစ်သည်။ မွေးဖွားလာမည့် ကလေးငယ်အား လိုလားစွာ လက်ခံခြင်း၊ မွေးဖွားလာမည့် အချိန်အတွက် လိုအပ်သည်များကို ဝမ်းမြောက်စွာ ပြင်ဆင်ထားခြင်း၊ မိသားစုများက နေ့စဉ်ဆုတောင်းပေးခြင်းသည် လွန်စွာ အရေးကြီးပြုသင့်သော အရာဖြစ်သည်။ အခြေအနေအမျိုးမျိုးကြောင့် ကိုယ်ဝန်ဆောင် ရခြင်း (ချစ်သူနှင့် ကိုယ်ဝန်ရသွားခြင်း၊ အနိုင်ကျင့်ခံရခြင်းကြောင့် ကိုယ်ဝန် လွယ်ရခြင်းကြောင့် လူမှုဝန်းကျင်မှ ပယ်ထားခြင်း၊ မိသားစုများ၏ ဆူပူကြိမ်းမောင်း ရက်စက်ခြင်းကြောင့် မွေးလာမည့် ကလေးငယ်၏ ယုံကြည်စိတ်ချမှု ထိခိုက်နိုင် သည်။ မွေးဖွားလာသော ကလေးငယ်များအား မိခင်ဖခင်များက နီးနီးကပ်ကပ် ပွေ့ချီခြင်း၊ ကျွေးမွေးသုတ်သင်သည့်အခါတွင် နွေးထွေးသည့် ခန္ဓာကိုယ် ထိတွေ့မှု ရစေခြင်း၊ ကလေးငယ် ငိုချိန်၊ ဂျီကျချိန်တွင် ကလေးငယ်၏ စိတ်ဒုက္ခကို ချက်ခြင်း၊ ဖြေရှင်းပေး၍ သက်သာစေခြင်းဖြင့် ယုံကြည်စိတ်ချမှုကို ပိုင်ဆိုင်လာနိုင်သည်။ မိဘကိုယုံကြည်အားကိုးလာခြင်းမှသည် ဘုရားသခင်ကို ယုံကြည် လာနိုင်ရန် လမ်းစဖြစ်သည်။ မိဘထံမှ မေတ္တာနှင့် အားကိုးလောက်သော ဂရုစိုက်မှုဖြင့် သူတစ်ပါးကိုယုံ တတ်လာသည်။ ။

(၂)နှစ်နှင့် (၆)နှစ်အရွယ် ကလေးများသည် မိဘများနှင့် ထိတွေ့ရခြင်း၊ အသင်းတော်လူကြီးများ၊ ဆရာ/မများနှင့် ထိတွေ့ဆက်ဆံရခြင်းဖြင့် ဘုရားသခင်ကို သိလာသည်။ အိမ်ထောင်ဝတ်ပြုခြင်းတွင် ပါဝင်ရခြင်းဖြင့် ဘုရားသခင်ရှိခြင်းကို မိမိတို အသက်တာတွင် သိမြင်လာရန် လမ်းစဖြစ်သည်။ ဒဏ္ဍာရီပုံ ပြင်များနှင့် ကျမ်းပုံပြင်များသည် ကလေးငယ်များအား ကြောက်စိတ်ကင်းခြင်းနှင့် ကောင်းမြတ် သောအကျင့် ဖြစ်စေသောကြောင့် စိတ်ကူးယဉ်ချက်သို ဆွဲဆောင်သော ပုံပြင် ပြောခြင်းဖြင့် ကျမ်းပုံပြင်ထဲမှ ပုဂ္ဂိုလ်အား အတုယူစေနိုင်သည်။ (ရှမွေလလေးကဲ့သို့၊ ဒါဝိဒ်လေးကဲ့သို့၊ မောရှေလေးကဲ့သို့)

ခြောက်နှစ်နှင့် ဆယ်နှစ်နှစ်အရွယ် ကလေးကြီးများသည် ဖြစ်ရပ်မှန် ပုံပြင်များ၊ ရဲဝံ့သစ္စာရှိသော ပုံပြင်များ၊ တရားမျှတမှုရှိသော ပုံပြင်များ၊ လေ့လာရခြင်းဖြင့် အသက်တာ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိပြီး၊ မိမိတို့ အသက်တာ၌ တူပြန်ရှင်သန်ကြီးထွားနိုင်သည်။ (ဒါဝိဒ်၊ ပျောက်သောသား) ပိုမိုပြည့်စုံသော ပုံပြင်များကိုလည်း နားလည်လာသည်။

အသက်(၁၂)နှစ်မှ(၁၈)နှစ် လူငယ်များအား သမ္မာကျမ်းစာ နှစ်သက်ခြင်း၌ ကြီးထွားရန် မိတ်ဆက်ပေးပါ။ သမ္မာကျမ်းအပေါ် အမြင်ရှုထောင့်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ ဝေမျှပေးပါ။ ကျမ်းပိုဒ်များ၏ ဆိုလိုရင်း၊ ဘဝအသက်တာ နှင့်ဆိုင်သော မေးခွန်းများ ဆွေးနွေးခြင်းနှင့် အကြံပြုချက်များ မိတ်ဆက်ပေးပြီး၊ သမ္မာကျမ်း ဆိုင်ရာ အဖြေရှာစေပါ။ အသင်းတော်ဝတ်ပြုခြင်း၊ အထူးနေ့များ ဘာသာရေးပွဲတော်များ၊ ဘာသာရေး ကျင့်စဉ် များတွင် လူငယ်များ ပါဝင်ခွင့် ပေးခြင်း၊ ဆောင်ရွက်ခွင့်ပေးခြင်းဖြင့်၊ ဘာသာရေး အသိုက်အဝန်း၌ မိမိတိုအား အသိအမှတ်ပြုခြင်းကို ခံစားရရှိစေသည်။ ။

သက်ရွယ်နှင့် သက်လတ်များအတွက် သမ္မာကျမ်းစာသည် အသက်တာ လမ်းညွှန်အဖြင့် မြင်ရန်နှင့် အသက်တာ လမ်းညွှန်အဖြစ် အသုံးပြုရန် ကူညီပေးပါ။ သမ္မာကျမ်းလေ့လာသည့်အခါ သမ္မာကျမ်းအနက် ဖွင့်ဆိုချက်၊ ဝေဖန်စစ်ဆေးချက် များကို အသုံးပြုပြီး ဆွေးနွေးစေခြင်း၊ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်ခွင့်၊ မေးမြန်းနိုင်ခွင့် ရှိစေပါ။ သက်လတ်အရွယ်များသည် သမ္မာကျမ်းဆိုင်ရာ အမှတ်သင်္ကေတများ ဥပမာကို စိတ်ဝင်စား၍ ထိုသင်္ကေတများကို ဝတ်ပြုခြင်းအစီအစဉ်၌ အသုံးပြုနိုင် သည်။ သမ္မာကျမ်းအဓိပ္ပါယ်အပြင် မိမိတို၏ အတွေအကြုံနှင့်လည်း ဆက်စပ် ဆင်ခြင်ရန်လိုအပ်သည်။

သက်ကြီးများသည် မိမိတစ်ဦးချင်းစီ အသက်တာသာမက တစ်ကမ္ဘာလုံး နှင့်ဆိုင်သော လူ့အဖွဲ့အ စည်းအား ဂရုပြုခြင်းသို့ ဦးတည်လာသောကြောင့် သမ္မာကျမ်းချက်ကို အနက်ဖွင့်ဆိုရာ၌ တစ်ကမ္ဘာလုံးအတွက် တရားမျှတရေး၊ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာဖော်ဆောင်သည့် ဆွေးနွေးပွဲများ၊ ဝေမျှခြင်းများ၊ စီစဉ်ပေး နိုင်သည်။

ဓမ္မတွေးခေါ်မှုဆိုင်ရာ အခြေခံအုတ်မြစ်

(Theological Foundations)

ခရစ်ယာန်တွေးခေါ်မှုသည် အခြားသော ဘာသာရပ်များကဲ့သို အရင်းအမြစ် (သို့) အဓိကအချက်အလက် အချို့အပေါ် မှီခို၍ လုပ်ဆောင်ရသော ဘာသာရပ် တစ်ခုဖြစ်သည်။ ဓမ္မတွေးခေါ်မှုသည် ဦးစွာပထမ သမ္မာကျမ်း စာကို အခြေပြု ပါသည်။ သမ္မာကျမ်းစာသည် ဓမ္မတွေးခေါ်မှုအတွက်သာမက ယုံကြည်သူ ခရစ်ယာန် တစ် ယောက်ချင်းစီတိုင်း၏ နေ့စဉ်ဘဝအတွက်ပါ အလွန်အရေးပါလျက်ရှိပါသည်။ ခရစ်ယာန်ဓမ္မပညာကို ဓမ္မတွေး ခေါ်မှုရှုထောင့်အားဖြင့် လေ့လာသောအခါ ခရစ်ယာန်ဓမ္မပညာရှင်များက ထူးခြားသော ဝိသေသရပ်တည် မှုများဖြင့် ဖော်ပြကြပါ သည်။ ယုံကြည်သူခရစ်ယာန်တိုင်းသည် မိမိတို၏ ရပ်တည်မှုကို ဖော်ထုတ်လိုပါက ဤထူးခြားသော ဝိသေသလမ်းများကို လေ့လာလျက် ကျင့်သုံးလိုက်လျှောက်ရန် အထူးလိုအပ်ပါသည်။

၁။ ဓမ္မတွေးခေါ်မှု ထူးခြားသော ဝိသေသရပ်တည်မှုလေးခု (Four Theological Distinctives)

ခရစ်ယာန်ဓမ္မပညာကို ဓမ္မတွေးခေါ်မှုရှုထောင့်အားဖြင့် ဧဝံဂေလိ ခရစ်ယာန်ဓမ္မပညာရှင်များသည် ထူးခြားသော ဝိသေသရပ်တည်မှု လေးခုဖြင့် အလေးထားဖော်ပြပါသည်။ ၎င်းတိုမှာ သမ္မာကျမ်းစာ၏ တန်ခိုး အာဏာ၊ ပြောင်းလဲ ခြင်း၏ လိုအပ်မှု၊ ယေရှုခရစ်တော်၏ ကယ်တင်ခြင်းအမှုတော်နှင့် ဘာသာရေး ကိုင်းရှိင်း ခြင်းတို့ဖြစ်သည်။ ဤထူးခြားသော ဝိသေသရပ်တည်မှု တစ်ခုစီတိုင်းကို ဘုရားသခင်၏ ဆုကျေးဇူးတစ်ခုအဖြစ် ရှုမြင်ရမည်ဖြစ်ပြီး အသင်းတော်က ဘုရားသခင်၏ အမှုတော် တိုးတက်ဖိုရန်အတွက် ဤလောကကမ္ဘာကြီး ထဲတွင် လုပ်ဆောင်ရမည်ဖြစ်သည်။

(၁) သမ္မာကျမ်းစာ၏ တန်ခိုးအာဏာ (Biblical Authority)

ခရစ်ယာန်ဓမ္မပညာသင်ကြားရာတွင် သမ္မာကျမ်းစာသာလျှင် အချုပ်အခြာ တန်ခိုးအာဏာအရှိဆုံး ဖြစ်သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ ဘုရားရှင်က လူသားများအား အဆက်အသွယ်ပြုခြင်းဖြစ်ပြီး ဘုရား သခင်၏ အလိုတော်ကိုဖော်ပြသော စာအုပ်ဖြစ်ပါသည်။ သမ္မာကျမ်းစာ ဖတ်ကြား ခြင်းအားဖြင့် ဘုရားသခင်၏ အလိုတော်ကို သိရှိနားလည်နိုင်သောကြောင့် နှုတ်ကပတ်တော် ဟူ၍ ခေါ်ဆိုခြင်းလည်းဖြစ်သည်။

သမ္မာကျမ်းစာသည် ဘုရားသခင် နှုတ်ကပတ်တော်ဖြစ်ပြီး ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအတွက် အချုပ်အခြာဖြစ်သည်ဟု ယုံကြည်လက်ခံသောအခါ သမ္မာ ကျမ်းစာတော်ရှိ စကားလုံးများ(letters)ကို “၏၊ သည်”ဟူ၍ တစ်ခုမှမလွဲဘဲ မှန်ကန်သည်ဟု မခံယူကြပါ။ သမ္မာကျမ်းစာကို ကိုးကွယ်သောသူများ (Bible Worshipers) မဟုတ်ပါ။ သမ္မာကျမ်းစာကို ကိုးကွယ်သောသူများ (Biblicists) လည်း မဟုတ်ကြပါ။ စာလုံးအတိုင်း(letters) ဝေါဟာရအတိုင်း ယုံကြည်ခြင်းသည် ခရစ်ယာန်ဘာသာကို ဓမ္မသတ်တရား (legalism)ကဲ့သို ယူဆခြင်းဖြစ်သောကြောင့် လူသားများကို အကျိုးပြုမည့်အစား ပျက်စီးစေသည်ဟု ယုံကြည်ကြပါသည်။ စာလုံးသည် လူကို အကျိုးမပြုဘဲ သေစေလျက် ထိုစာလုံးများက ဖော်ပြသော သဘောတော်(spirit)ကသာ လူကိုအကျိုးပြု အသက်ရှင်စေသည်ဟု ယုံကြည် လက်ခံကြပါသည် ( ၂ကော ၃း၆)။

သမ္မာကျမ်းစာကို အချုပ်အခြာအဖြစ် လက်ခံရသည့်အကြောင်းမှာ ဤသမ္မာကျမ်းစာ၏ နောက်ကွယ် တွင် ခရစ်တော်ဘုရား ရပ်တည်ပြီး သမ္မာကျမ်းစာ အားလုံးတိုသည် ခရစ်တော်၏ အလိုတော်နှင့် သဘောတော် ကို ထုတ်ဖော်ခြင်း သိုတည်းမဟုတ် ခရစ်တော်ကို သက်သေခံခြင်းသာ ဖြစ်သည်ဟု ယုံကြည် လက်ခံသော ကြောင့်ပင် ဖြစ်သည်။ ထိုကြောင့် သမ္မာကျမ်းစာကို ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအတွက်ဖြစ်စေ၊ အသက်ရှင် ခြင်းအတွက်ဖြစ်စေ ယုံကြည်လက်ခံခြင်း ပင်ဖြစ်ပါသည်။ အကြောင်းမှာ ကျမ်းစာတော်သည် ခရစ်တော်၏ အလိုတော်ကို ဖော်ထုတ်ရန်အတွက် သန့်ရှင်းသော ဝိညာဉ်တော်၏ မှုတ်သွင်းခြင်းခံခဲ့ပါသည် (၂တိ ၃း၁၆)။ ထိုကြောင့် သမ္မာကျမ်းစာတော်၏ အချုပ်အခြာဖြစ်ရခြင်းအကြောင်းမှာ ခရစ်တော်၏ အချုပ်အခြာဖြစ်ခြင်း ပေါ်တွင် လုံးလုံးလျားလျား အခြေခံလျက်ရှိပါသည်။

သမ္မာကျမ်းစာကို အချုပ်အခြာ၊ တန်ခိုးအာဏာ အရှိဆုံးဖြစ်သည်ဟု အတွင် အတွေးအတောကင်းမဲ့စွာ စာစကားအတိုင်း လုပ်ဆောင်ခြင်းကို မဆိုလိုပါ။ ဆီလျော်သင့်တော်သော တွေးတောမှု၊ ကျင့်သုံးမှုဖြင့် သမ္မာ ကျမ်းစာ၏ အဓိပ္ပါယ်ကို နားလည်ရန်ဖြစ်သည်။ သမ္မာကျမ်းစာကို ဘုရားသခင်၏ မှုတ်သွင်း တော်မူခြင်းအဖြစ် ခံယူ၍ ခရစ်ယာန်ဓမ္မပညာက ယုံကြည်သူများ၏ အတွေးအမြင်၊ ခံယူကျင့်ဆောင်မှုကို ဖြစ်စေရပါမည်။ သမ္မာကျမ်းစာသည် ယုံကြည်သူများ၏ လောကအမြင်တွင် အမြင့်ဆုံး၊ အချုပ်အခြာအကျဆုံးဖြစ်ပြီး၊ သမ္မာတရားကို စစ်ဆေးရာတွင်လည်း သမ္မာကျမ်းစာသာလျှင် လက်ကိုင်ဖြစ်သည်။ အသက်တာ၏ ကျင့်သုံးမှုတွင်လည်း သမ္မာကျမ်းစာကို အခြေခံ၍ စဉ်းစားဆုံးဖြတ်ကြသည်။

ထိုထူးခြားမှု၏ အန္တရာယ်တစ်ခုမှာ သမ္မာကျမ်းစာကို တရားသေယူဆ ခြင်းဖြင့် ယုံကြည်ခြင်းအသေ ဖြစ်ခြင်း၊ စာစကားများအတိုင်း လိုက်နာပါက အသက်တာနှင့် မကိုက်ညီခြင်းများ ဖြစ်စေနိုင်ပါသည်။ တစ်ခါတစ်ရံ တွေးတောခြင်း၊ အားနည်းပြီး အတင်းအဓမ္မ ယုံချက်ကို သွတ်သွင်းခြင်းသဖွယ် ဖြစ်စေပါသည်။ တွေးတောဆင်ခြင်မှုကို အားနည်းစေခြင်း၊ မေတ္တာဖြင့် နာခံခြင်းစိတ်ဓာတ် နည်းပါးခြင်း တိုကို ထိပါးစေပါသည်။

(၂) ပြောင်းလဲခြင်း၏ လိုအပ်မှု (The Necessity of Conversion)

ပြောင်းလဲခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၏ အချက်အချာကျသော သွင်ပြင်လက္ခဏာတစ် ခုဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး(၃)တွင် ယေရှုနှင့်နိကောဒင် တို့သည် ပြောင်းလဲခြင်း (သို့) ဒုတိယမွေးခြင်း အကြောင်း အရာကို ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည် အပြစ်၌သေနေသောသူများဖြစ်၍ ပြောင်းလဲခြင်း (သို) ဒုတိယအကြိမ် မွေးဖွားရန် လိုအပ်သည်။ ပြောင်းလဲခြင်း (သို) ဒုတိယအကြိမ် မွေးဖွားခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ဆောင်ရွက်သော အမှုတစ်ခုဖြစ်သည်။ သခင်ယေရှုကို ယုံကြည်သည့်အခါ ဝိညာဉ်ရေး ပြန်လည်မွေးဖွားခြင်း ဖြစ်ပေါ်လာပြီး ခရစ်တော်အားဖြင့် ကယ်တင်ခြင်း ကို၎င်း၊ ဝိညာဉ်တော်အားဖြင့် အသက်တာသစ်ကို၎င်း၊ ထာဝရအသက် စိတ်ချမှု ကို၎င်း၊ အပြစ်ရှိသော အသက်တာ ဟောင်းအပေါ် အောင်မြင်မှုကို၎င်း ရရှိလာသည်။ သိုရရှိခြင်းသည် ဘုရားရှင်၏ အသစ်ဖန်ဆင်းတော်မူခြင်းခံရ၍ မှန်သောအရာများကိုသာ လုပ်ဆောင်ရန်နှင့် စာတန်နှင့်သူ၏နောက်လိုက်များ၏ တိုက်ခိုက်ခြင်းမှ လုံခြုံမှု ရရှိစေရန်အတွက်ဖြစ်သည်။

ပြောင်းလဲခြင်းသည် အသစ်သော ဦးတည်ချက်တစ်ခုဆီသို ရွေ့လျားခြင်း ဖြစ်သည်။ ဤပြောင်းလဲ ခြင်းတွင် ခန္ဓာ၊ စိတ်၊ ဝိညာဉ်၊ အသိဉာဏ်၊ ကိုယ်ကျင့် တရားတို့ အားလုံးပါဝင်သည်။

ခရစ်ယာန်ဓမ္မပညာ သင်ကြားခြင်းနှင့် ပြုစုပျိုးထောင်ခြင်းတိုတွင် ပြောင်းလဲ ခြင်းအတွက် အာရုံစိုက် လုပ်ဆောင်ရမည်ဖြစ်သည်။ သွန်သင်ခြင်းသည် သမ္မာ တရားနှင့် အသက်တာကို တစ်လုံးတစ်ဝတည်းဖြစ်စေရန် ပြုစုပေးသော အရာဖြစ် သည်။ ပြုစုပျိုးထောင်ခြင်းမှာ လူတစ်ဦးနှင့်တစ်ဦးကြားတွင် မေတ္တာအားဖြင့် လည်း ကောင်း၊ ဝိညာဉ်ရေးရာ အာဟာရတိုက်ကျွေးခြင်းများ အားဖြင့်လည်းကောင်း၊ အပြန်အလှန် ဝေငှခြင်းဖြစ်သည်။ ထိုသင်ကြားခြင်းနှင့် ပြုစုပျိုးထောင်မှုတွင် ဆရာ၊ မိဘ၊ အတုယူရမည့်သူ၊ တပည့်တော်များသည် ဆက်ကပ်အပ် နှံရမည့် သူများဖြစ်ပြီး၊ သင်ယူသူတပည့်များသည် မိမိတို၏ အသက်တာကို သေချာစွာ ဆင်ခြင်၍ ခရစ်တော် ဘုရားကို မိမိ၏ သခင်၊ ကယ်တင်ရှင်ဖြစ်ကြောင်းကို ဝန်ခံသူများဖြစ်စေရပါမည်။

သင်ကြားခြင်းဖြင့် သမ္မာကျမ်းစာမှ ယုံကြည်ချက်များဖြစ်သော အထူးသဖြင့် ခရစ်တော်ဘုရား၏ မွေးဖွားခြင်း၊ အသက်တာ၊ အမှုတော်လုပ်ငန်း (သွန်သင်ခြင်း၊ ဟောပြောခြင်း၊ ကုသခြင်း)၊ ဝေဒနာခံစားရခြင်း၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း တို၌ မြင်ရသော ဘုရားသခင်၏ ကြီးမားသော ကယ်တင်တော်မူခြင်း အမှုတော်ကို ဝေမျှပေးရပါမည်။ ထိုသိုသော ယုံကြည်ခြင်း အခြေခံသင်ကြားရာတွင် ကိုယ်တိုင် အသက်တာ တုံပြန်မှု၊ ဝန်ခံမှုတို့သည် အစဉ်အမြဲ အလေးအနက်ထားရန် လိုပေ သည်။ အသင်းတော်သင်ကြားခြင်း၊ အမှုတော်၏ သော့ချက်ကျသော ရည်ရွယ်ချက်မှာ စာသင်သားများကို ပြောင်းလဲသော အသက်တာသစ်ကို ရရှိစေရန်ဖြစ်သည်။ ခရစ်ယာန်ဓမ္မပညာသည် တပည့်များ၏ အသက်တာတွင် ကိုယ်တိုင်ကိုယ်ကျ ခရစ်တော် ဘုရားကို မိမိသခင် ကယ်တင်ပိုင်ရှင်အဖြစ် ထိတွေ့သော အတွေ့အကြုံ ရစေရန် လမ်းညွှန်ပေးခြင်းဖြစ်သည်။ ခရစ်ယာန်ဓမ္မပညာ၏ သဘောတရားမှာ အသိပညာ၊ ခံစားမှု၊ စိတ်အလိုဆန္ဒအရ လုပ်ဆောင်ခြင်း စသော ယုံကြည်ခြင်း ၊ ဆိုင်ရာ ရှုထောင့်များပါဝင်သည်။ Dietrich Bonhoeffer ကလည်း အဓိကအချက်မှာ ဝိညာဉ်ရေး တစ်ခုတည်းကိုသာ ကြည့်သော အပေါစား ကျေးဇူးတော်တိမ်သော တော်ဖြစ်ခြင်းမျိုး မဖြစ်စေရန် သတိပေးခဲ့ ပါသည်။ သွန်သင်ခြင်း၏သဘောမှာ ဥဿုံကယ်တင်ခြင်း ရရှိစေရန် ဖြစ်သောကြောင့် ခရစ်‌တော်၌ ယုံကြည်ခြင်း ကို တာဝန်ရှိရှိ တန်ဖိုးသိသိ လုပ်ဆောင်ရန်ဖြစ်သည်။

(၃) ယေရှုခရစ်တော်၏ ကယ်တင်ခြင်းအမှုတော် (The Redemptive work of Jesus Christ)

ဓမ္မဟောင်းခေတ်တွင် ဘုရားသခင်သည် ဣသရေလူမျိုးတိုကို အဲဂုတ္တုပြည်မှ ကယ်နှုတ်ဆောင်ယူ ခြင်းတည်းဟူသော ကြီးမြတ်သည့် ရွေးနှုတ်ကယ်တင်ခြင်းအမှုကို အစပြု ကြားဝင်ဆောင်ရွက်ခဲ့သည်။ ထိုသိုကယ်နှုတ်ရခြင်းမှာ ကတိထားတော်မူရာ မြေ၌ ပြည့်ဝစုံလင်သော အသက်တာကို ခံစားစေရန်ဖြစ်သည်။ ဓမ္မဟောင်းကျမ်း ထဲရှိ အပြစ်ဒုစရိုက်မှ ရွေးနှုတ်ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကျမ်းညွှန်းများသည် ယေရှုခရစ် တော်အားဖြင့် ပြီးမြောက်သည့် အပြစ်ဒုစရိုက်မှ ရွေးနှုတ်ကယ်တင်ခြင်းကို ညွှန်ပြနေသည်။ ။ –

လူသားအချင်းချင်း ရွေးနှုတ်ကယ်တင်ခြင်း မပြုနိုင်ပါ။ ကျွန်ုပ်တိုအားလုံး သည် အပြစ်တရား၏ ကျွန်များဖြစ်ကြသည်။ သိုသော်လည်း ခရစ်တော်သည် သူ၏အသွေးတော်၊ သူ၏အသေခံခြင်းအားဖြင့် ကျွန်ုပ်တိုအတွက် အဖိုးအခကို ပေးဆပ်ခဲ့သည်။ ကျွန်ုပ်တိုကို ရွေးနှုတ်ကယ်တင်ခြင်း၏ ရည်ရွယ်ချက်မှာ အပြစ် တန်ခိုးမှ လွတ်မြောက်စေရန်နှင့် အစေခံအသက်တာဖြင့် အသက်ရှင်ရန်ဖြစ်သည်။ နောက်ဆုံးသော ရှင်ပြန်ထ မြောက်ရာနေ့၌သာ ကျွန်ုပ်တိုသည် ထိုအသက်တာကို အပြည့်အဝရရှိမည်ဖြစ်သည်။ ။

ဤခေါင်းစဉ်သည် ခရစ်ယာန်ဓမ္မပညာနှင့် ယုံကြည်ချက်ကို ဆက်စပ် ပြောဆိုခြင်းဖြစ်သည်။ သမိုင်းအတွင်းမှ ခရစ်တော်ကို ရေခံမြေခံနှင့် လျော်ညီစွာ တွေ့မြင်နိုင်စေရန်ဖြစ်သည်။ အမျိုးမျိုးသော ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသော လူမှုနောက်ခံများကြားမှ ခရစ်တော်အပေါ် သစ္စာရှိမှုကို စေ့စေ့စပ်စပ် စစ်ဆေးရန် (သိုမဟုတ်) ရှာဖွေရန် လိုအပ်ပါသည်။ ဘုရားသခင်၏ ရွေးနှုတ် ကယ်တင်ခြင်း အလုပ်ကို အတိတ်သမိုင်းတွင်း၌သာ ရှာဖွေသိရှိရန်မဟုတ်ဘဲ၊ ယနေ့မျက်မှောက်တွင်လည်း ထိုအကြောင်း အရာများကို ခံစားသိရှိရန် လိုအပ်ပေသည်။

Sara Little က ဓမ္မတွေးခေါ်မှုနှင့် ခရစ်ယာန်ဓမ္မပညာ ဆက်သွယ်မှု၏ အရေးပါမှု(၅)ချက်ကို ဖော်ပြပါသည်။

(၁) ဓမ္မတွေးခေါ်မှုသည် ခရစ်ယာန်ဓမ္မပညာတွင် ထည့်သွင်းသင်ကြားရမည်အကြောင်းအရာဖြစ်သည်။

(၂) ဓမ္မတွေးခေါ်မှုသည် ခရစ်ယာန်ဓမ္မပညာ သင်ကြားရာတွင် သင်ရမည့်အရာ၊ သင်ကြားနည်း စသောအရာ များကို တိုင်းတာရန် ဆန်းစစ်ရန်အတွက် မှီငြမ်း ကိုးကားရန်ဖြစ်သည်။

(၃) ဓမ္မတွေးခေါ်မှုသည် ခရစ်ယာန်ဓမ္မပညာအပေါ်တွင် လွှမ်းမိုးနိုင်ခြင်းမရှိပေ။ ဓမ္မပညာသည် မိမိကိုယ်တိုင် ရပ်တည်သည်။ ။

(၄) ဓမ္မတွေးခေါ်မှုပြုခြင်းမှာ မိမိ၏ မျက်မှောက်အတွေ့အကြုံကို ခရစ်ယာန် ယုံကြည်ခြင်း၊ ဖွင့်ပြခြင်းတိုဖြင့် တုန့်ပြန်ရန်ဖြစ်သည်။

(၅) ဓမ္မတွေးခေါ်မှုနှင့် ခရစ်ယာန်ဓမ္မပညာမှာ သီးသန့်စီစဉ်တည်ရှိသော်လည်း ဘုရားသခင် နိုင်ငံတော် တည်ထောင်ရေးအတွက် အပြန်အလှန် ဆက်သွယ်မှုရှိ သည်။

Thomas H. Groom သည် ခရစ်ယာန်ဓမ္မပညာနှင့်ဆိုင်သော မေးခွန်း(၆)ခုကို မေးခဲ့သည်။

(၁) ခရစ်ယာန်ဓမ္မပညာ၏ သဘောသဘာဝမှာ အဘယ်နည်း။ (သဘာဝနှင့် အကြောင်းအရာ)

(၂) ခရစ်ယာန်ဓမ္မပညာသည် အဘယ်ကြောင့် မရှိမဖြစ် လိုအပ်ပါသနည်း။ (ရည်ရွယ်ချက်) ၊

(၃) ဘယ်နေရာတွင် ဓမ္မပညာကို လုပ်ဆောင်ရမည်နည်း။ (ရေခံမြေခံ)

(၄) မည်ကဲ့သို လုပ်ဆောင်ရမည်နည်း။ (နည်းစနစ်)

(၅) ဘယ်အချိန်တွင် ခရစ်ယာန်ဓမ္မပညာကို လုပ်ဆောင်သင့်သနည်း။ (အဆင်သင့်ဖြစ်ခြင်း)

(၆) မည်သူသည် ခရစ်ယာန်ဓမ္မပညာတွင် အပြန်အလှန် အကျိုးပြုနေသနည်း။ (ဆက်ဆံရေး)

ထိုမေးခွန်းများအားဖြင့် ခရစ်ယာန်ဓမ္မပညာသည် ဓမ္မတွေးခေါ်မှုဆိုင်ရာ အချင်းအရာများဖြစ်သော အသင်းတော်ရေးရာ လေ့လာမှု(Ecclesiology)၊ ကယ်တင်မှုဗေဒ(Soteriology)၊ နောက်ဆုံးသောကာလ လေ့လာမှု(Eschatology)၊ လူသားမျိုးနွယ်လေ့လာမှု(Anthropology)၊ ခရစ်ဗေဒ(Christology)၊ ထာဝရဘုရား ဆိုင်ရာ သွန်သင်ချက်(Doctrine of God)၊ ကျမ်းစာ(Scripture) စသည်တိုနှင့် ပတ်သက်စေပါသည်။ ခရစ်ယာန်ဓမ္မပညာသည် ဓမ္မတွေးခေါ်မှုကို ထောက်မသကဲ့သို ဓမ္မတွေးခေါ်မှုသည်လည်း ခရစ်ယာန်ဓမ္မပညာကို ကူညီထောက်ပံ့ပါသည်။ ဓမ္မ တွေးခေါ်မှုသည် ခရစ်ယာန်ဓမ္မပညာ၏ သဘောတရားနှင့် လက်တွေ့ တုံပြန်ရန် အတွက် လက်နက်ကိရိယာတစ်ခုဖြစ်သည်။

(၄) ဘာသာရေးကိုင်းရှိင်းခြင်း (Piety)

ဘာသာရေးကိုင်းရှိင်းခြင်းသည် ဘုရားသခင်၌ ဆက်ကပ်အပ်နှံခြင်းဖြစ်ပြီး အမျိုးမျိုးသော ပြုမူလုပ် ဆောင်ချက်များအားဖြင့် ခရစ်ယာန်အသက်တာကို အလေးထားခြင်းဖြစ်သည်။ ခရစ်ယာန်သမိုင်းတလျှောက် ဘာသာရေး ကိုင်းရှိင်း ခြင်းကို ကွဲပြားခြားနားစွာ ဖော်ပြမှုများနှင့် အလေးထားမှုများ တွေ့ရသည်။ ဤဝေါဟာရ ကို တစ်ခါတစ်ရံ “ဝိညာဉ်ရေးကြွယ်ဝမှု”နှင့် ဆင်တူထား၍ သုံးလေ့ရှိသည်။

ခရစ်ယာန်ဓမ္မပညာသည် ဘာသာရေးကိုင်းရှိင်းခြင်းကို အလေးထား ခြင်းဖြင့် လူတစ်ဦးစီ၏ ယုံကြည် မှုကို ဖွံဖြိုးကြီးပွားစေပါသည်။ ဤနေရာတွင် သတိပြုသင့်သည်မှာ လူမှုရေးဆိုင်ရာ ဓမ္မတွေးခေါ်မှုကို လျစ်လျူရှု ခြင်းဖြင့် ဘုရားသခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သောသဘောကို အားနည်းစေနိုင်ပါသည်။ ထိုမှသာမက ယဉ် ကျေးမှု ဆိုင်ရာနှင့် သက်ဆိုင်မှုများကိုလည်း အားနည်းတတ်စေပါ သည်။ ယဉ်ကျေးမှုအကြောင်းနှင့်ဆိုင်၍ H. Richard Niebuhr က ခရစ်တော်နှင့် ယဉ်ကျေးမှုအကြား ဆက်သွယ်မှု(၅)ခုကို ဆိုထားပါသည်။

(၁) ခရစ်တော်သည် အာဏာအရှိဆုံးဖြစ်သည်။ (Christ against culture. Christ is the sole authority; the claims of culture are to be rejected)

(၂) ခရစ်တော်နှင့်ကိုက်ညီသော အကောင်းဆုံး ယဉ်ကျေးမှုကို ရွေးချယ်ရမည်။ (Christ of Culture. The Christian system is not different from culture in kind but only in quality; the best culture should be selected

to conform to Christ.)

(၃) ခရစ်တော်နှင့် ယဉ်ကျေးမှုကြား ပြည့်စုံ၊ ဖြောင့်ဖြူးမှု မရှိသော်လည်း ဘုရားရဲ့ ကျေးဇူးကရုဏာသည် ယဉ်ကျေးမှုအပေါ် ပြည့်စုံ၊ ပြည့်ဝနေပါသည်။ (Christ above culture. The reception of grace perfects and completes culture thought there is not a “smooth curve or continuous line” between them.)

(၄) ခရစ်တော်နှင့် ယဉ်ကျေးမှု နှစ်ခုစလုံးသည် တန်ခိုးအာဏာ ရှိသောကြောင့် နာခံရမည်။ (Christ and culture in paradox. Both are authorities to be obeyed; the believer, therefore, lives with this tension.)

(၅) ခရစ်တော်၌ လူသည် ရွေးနှုတ်ခံရသည့်အတွက် ဘုရားသခင်၏ ဘုန်းတော် ထွန်းလင်းဖို့ရန်နှင့် ဘုရားသခင်၏ ရည်ရွယ်ချက် တိုးမြှင့်ဖိုရန်အတွက် ယဉ်ကျေးမှုကို အသစ်ပြန်၍လုပ်နိုင်သည်။ (Christ the transformer of culture. Culture reflects the fallen state of persons; in Christ, persons are redeemed

and culture can be renewed so as to glorify God and promote God’s purposes.)

ရှေးယခင်ကပင် ခရစ်ယာန်များသည် ကွဲပြားခြားနားနေသော ယဉ်ကျေးမှု အသိုင်းအဝိုင်းများဖြစ်သော ယုဒယဉ်ကျေးမှု၊ ဂရိယဉ်ကျေးမှုများကြားတွင် နေထိုင် အသိုင်းအဝိုင်းများဖွင့် ခဲ့ပါသည်။ ထိုသို နေထိုင်ကြ သော်လည်း ခရစ်ယာန်များသည် တူညီသော ယဉ်ကျေးမှုများ ဖော်ထုတ်ခြင်းဖြင့် လူများကို ပြောင်းလဲစေ နိုင်ခဲ့ပါသည်။

ယနေ့ခေတ် ခရစ်ယာန်များသည်လည်း ကွဲပြားခြားနားနေသော ယဉ်ကျေးမှု များကြားတွင် နေထိုင်နေ ရသော်လည်း မိမိတို၏ ယဉ်ကျေးမှုနှင့် ကိုက်ညီသော ဓမ္မပညာရပ်ကို သွန်သင်ရန်လိုပါသည်။ အဘယ်ကြောင့် ဆိုသော် ကလေးသူငယ် များသည် တီဗွီ၊ ရေဒီယို၊ ရုပ်ရှင်၊ စာအုပ်များ၊ မဂ္ဂဇင်းများ စသည့် လူထု ဆက်သွယ်ရေး ကဏ္ဍများသည် သူတို၏ ယုံကြည်မှုများကို ဖိအားပေး စိန်ခေါ် နေကြပါသည်။ ထိုကြောင့် မိဘများ၊ သင်းအုပ် ဆရာများ၊ ကစားဖော် ကစားဖက်များ၊ အိမ်နီးနားချင်းများ၊ ပြုစုစောင့်ရှောက်သောသူများသည် ဤသူငယ် များ၏ ယုံကြည်မှုကို အကာအကွယ်ပေးနိုင်သူများ ဖြစ်ရပါမည်။ ။

လူငယ်များသည်လည်း မိမိတိုကို သွန်သင်ထားသော အရာများနှင့် ဆန့်ကျင်၍ မိမိတိုအတွက် အသစ်သော ပြောင်းလဲမှုများကို လက်ခံယုံကြည် လာကြသည်။ လူကြီးများသည်လည်း မိမိတိုအတွက် အကြမ်းထည်ဖြစ်နေသော ယုံကြည်မှုများကို လက်ခံလာကြပြီး ကွဲပြားနေသော ယဉ်ကျေးမှုများကြားတွင် ယဉ်ကျေးသိမ်မွေ့စွာ နေထိုင်ကြသည်။

ခြားနားနေသော ယဉ်ကျေးမှုများကြားတွင် နေထိုင်နေရသော်လည်း ဓမ္မပညာဘာသာရပ်သည် ကလေး၊ လူငယ်၊ လူကြီးများအတွက် တရားမျှတသော ဝန်းကျင်ကမ္ဘာကြီးဖြစ်အောင် တည်ဆောက်နေထိုင်နိုင်စေရန် ကြိုတင် လုပ်ဆောင် မှုများ၊ အနာဂတ်ဖြစ်နိုင်ခြေများကို ကြိုတင်ရေးသား ပြုစုတင်ပြခြင်းများ၊ အကျင့်များကို ပြုပြင်ပေးမှုများ၊ အသိပညာပေးမှုများနှင့် အမြင်များကို အကောင်းဆုံး၊ ဖြစ်အောင် စည်းကမ်းသတ်မှတ် ပေးခြင်းများ စသည့် သွန်သင်လုပ်ဆောင်မှုများ၊ ရှိရမည်ဖြစ်သည်။

 

၂။ အများလက်ခံထားသော အခြေခံအုတ်မြစ် (An Orthodox Foundation) (၁) ဘုရားသခင် ဖန်ဆင်းရှင် (God the Creator) ”

ဘုရားသခင်သည် စကြဝဠာနှင့် လူသားများကို ဖန်ဆင်းသော အရှင်သခင်ဖြစ်သောကြောင့် အသက်၏ အရင်းအမြစ်သည် ဘုရားသခင်ဖြစ်သည် (က ၁း၁-၃၁)။ လူသားသည်လည်း ဘုရားသခင်အပေါ် တာဝန်ရှိသော ဖန်ဆင်းခံ လူသားများဖြစ်သည်။ ဘုရားသခင်သည် လူတစ်ယောက်စီတိုင်းကို ဖန်ဆင်းတော် မူခဲ့ခြင်းကြောင့် ခပ်သိမ်းသောသူတို၏ အဘအဖြစ် သမ္မာကျမ်းစာတော်ထဲ၌ ဖော်ပြထားပါသည်။ ဖခင်အဖြစ်နှင့် ဘုရားသခင် သည် သနားခြင်း၊ ချစ်ခြင်းမေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှုတိုနှင့် ပြည့်ဝစုံလင်တော်မူသည်။ မိမိ လူမျိုးတော် အပေါ် ထားရှိသည့် ဘုရားသခင်၏ နက်နဲသော မေတ္တာတော်ကို သားသမီးအပေါ် ထားရှိသည့် မိခင်တစ်ဦး၏ နူးညံ့သိမ်မွေ့၊ ညင်ညင်သာသာဆုံးမသွန်သင်တတ်သော မေတ္တာနှင့် နှိင်းယှဉ်ထားပါသည်။ ဘုရားသခင်၏ လူသားနှင့်ဆိုင်သော ဤလက္ခဏာရပ်များ အားလုံးသည် လူသားတိုကို ဘုရားသခင်၏ သက်တော် နှင့်အညီ ဖန်ဆင်းထားသည် ဟူသော ယူဆချက်ကို နားလည်စေရန် ကျွန်ုပ်တိုအား အထောက်အမပေးပါသည်။ ။

ဘုရားသခင်၌ မျက်နှာတော်ရှိ၍ ကျွန်ုပ်တိုကို မေတ္တာကျေးဇူးတော်နှင့် ပြုံးရယ်ပြု၍ စိတ်ချမှုကိုပေး လျက်ရှိသည်။ ဘုရားသခင်၌ ကြားတတ်သော နားရှိတော်မူပြီး ကျွန်ုပ်တို ဆုတောင်းချိန်၌ နားညောင်းတော် မူလျက်ရှိသည်။ ဘုရားသခင်၌ မြင်တတ်သော မျက်လုံးရှိတော်မူပြီး၊ မြေကြီးပေါ်၌ ဖြစ်ပျက် သမျှသော အရာတိုကို ရှုမြင်တော်မူသည်။ ဘုရားသခင်၌ နှုတ်ကပတ်တော်နှင့် အသံတော်ရှိ၍ ကျွန်ုပ်တို့အား နှုတ်မြွက်၍ ပြောကြားလျက်ရှိကြောင်းကို သေချာစွာ သိစေသည်။ အလွန်အရေးကြီးသော အချက်မှာ ကိုယ်တော်သည် ကျွန်ုပ်တိုအား ကယ်တင်တော်မူခြင်း၊ လမ်းပြတော်မူခြင်း၊ ထောက်တော်မူခြင်းနှင့် ကာကွယ် တော်မူခြင်း တို့ကို၎င်း လက်တော်သည် အပြစ်ဒဏ်ပေးခြင်းနှင့်တကွ ဆုံးမတော်မူ ခြင်းကို၎င်း ပြုနိုင်ပါသည် (နေ ၁း၆)။ ။

ဘုရားသခင်သည် လူ့ဇာတိခံယူ၍ လူသားများကို ရွေးနှုတ်ကယ်တင် မူသော အရှင်သခင်ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်သည် လူသားများအတွက် ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်း၊ လွတ်မြောက်ခြင်းအတွက် အရင်းအမြစ်ဖြစ်သည်။

ဘုရားသခင်၏ အသွင်သဏ္ဍာန်တော်နှင့်အညီ အသက်ရှင် လိုက်လျှောက် ဖိုရန်နှင့် ဖြောင့်မတ်သော၊ တရားမျှတသော၊ လွတ်မြောက်သော လောကကမ္ဘာကြီး တည်ထောင်ဖိုရန်အတွက် ခရစ်ယာန်ဓမ္မပညာရှင် များကို ဘုရားသခင်က ရွေးနှုတ် ပြီး တာဝန်ခွဲဝေ ခန့်ထားပေးပါသည်။ လူသားများ ကယ်တင်ခြင်းရဖို့ရန်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်း အမှုတော်မြတ်ကို ဆက်လက်သွန်သင် လုပ်ဆောင် ရန်မှာ ဓမ္မပညာဘာသာရပ်၏ ရေရှည်လုပ်ငန်း တစ်ခုဖြစ်သည်ကို ခရစ်ယာန် ဓမ္မပညာရှင်များ သိရှိဖိုရန်ဖြစ်သည်။

 

(၂) ယေရှုခရစ်တော် (Jesus Christ) (တ ၁၇း၃)

“ယေရှု””၏အဓိပ္ပါယ်မှာ ကယ်တင်ရှင်ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို အပြစ်မှကယ်နှုတ်ရန် ကြွလာသည်။ “ခရစ်တော်” ဟူသည်မှာ “ဘိသိက်ပေးခြင်း ခံရသူ”ဟု အဓိပ္ပါယ်ရသည်။ ယေရှုခရစ်တော်သည် ဘုရား သခင်၏ နှုတ်ကပတ်တော်ကို မြွက်ဆိုသည့်အခါ ပရောဖက်ကဲ့သို၎င်း၊ မိမိကိုယ်ကို ၊ ယဇ်ပူဇော်သည့်အခါ ယဇ်ပုရောဟိတ်ကဲ့သို၎င်း၊ စိုးစံတော်မူသည့်အခါ ဘုရင် ကဲ့သို၎င်း ဆောင်ရွက်တော်မူသော ဘုရားသခင်၏ ဘိသိက်ပေးခြင်း ခံရသူ ဖြစ်သည်။ –

ယေရှုခရစ်တော်သည် ဘုရားသခင်၏ အလိုတော်ကိုဆောင်ရန် ကြွလာ ခဲ့သည်။ ထိုအလိုတော်ကား ကျွန်ုပ်တိုအား ဘုရားသခင်နှင့် ရန်ငြိမ်းစေရန်အလိုငှာ ကားတိုင်ပေါ်၌ နာကျင်မှုကို ခံစား၍ မိမိအသက်ကို ပေးခြင်းဖြစ်သည်။ ဘုရား သခင်သည် ကိုယ်တော်အား သေခြင်းမှ ထမြောက် စေတော်မူပြီး မိမိ၏ လက်ျာတော် ဘက်၌ ထိုင်စေတော်မူသည်။ တနေ့သောအခါ လူသားတိုကို တရားစီရင်ရန် ယေရှုခရစ်တော်သည် ပြန်ကြွ လာတော်မူမည်။ ခရစ်တော်ကို ယုံကြည်သူများသည် ကိုယ်တော်၏ နာမတော်ကို အမှီပြု၍ “ခရစ်ယာန်” ဟူသောအမည်ကို ခံယူထားကြသည်။

ယေရှုခရစ်တော်အား ယုံကြည်လက်ခံသော သူတိုင်းသည် ထာဝရအသက် ကိုရ၏။ အဘယ်ကြောင့် ဆိုသော် ယေရှုခရစ်တော်သည် ထာဝရအသက်ကို ပေးသောအရှင် ဖြစ်သောကြောင့် ခရစ်ယာန်ဓမ္မပညာသည် လူသားအားလုံး အသက်ရှင်သော နှုတ်ကပတ်တော်ကို သိရှိရန်နှင့် ယေရှုခရစ်တော်၌ ကြီးထွား ကျက်သော သူများဖြစ်စေရန် ဆောင်ရွက်ရမည်ဖြစ်သည်။ ခရစ်ယာန် ပညာရှင်များသည်လည်း လူသားများ ယေရှုခရစ်တော် နှင့် ရင်းနှီးကျွမ်းဝင်ပြီး ခရစ်တော်နည်းတူ အသက်တာကို ဆက်ကပ်ဖိုရန် ကူညီဆောင်ရွက်ပေးရပါမည်။ ခရစ်တော်၌ အသစ်သော အသက်တာအားဖြင့် အသက်ရှင်ရန်နှင့် မိမိတို၏ သခင်အား ဝမ်းမြောက်စွာ အစေခံ ခြင်းရှိရန် ခရစ်ယာန်ဓမ္မပညာရှင်များနှင့်များအားလုံး တာဝန်ဖြစ်သည်ကို ခရစ်ယာန်ဓမ္မပညာလုပ်ငန်းကို လုပ်ဆောင် နေသူများ သိရှိရမည်ဖြစ်သည်။ ပံ့ပိုးရမည်ဖြစ်သည်။ ကူညီရမည်ဖြစ်သည်။ ခရစ်တော်သည် သူ၏သာသနာ့လုပ်ငန်းတွင် စံပြဖြစ်ခဲ့သည်။ သူ၏ အသက်တာနှင့် သွန်သင်ခြင်းသည် ဆရာများနှင့် တပည့်များအာလုံးအတွက် အတုယူဖွယ်ရာ၊ မှတ်သားဖွယ်ရာဖြစ်သည်။ သင်ကြားခြင်းနှင့် သင်ယူခြင်းကို ခရစ်တော်၏နာမတော် ထင်ရှားဖိုရန်နှင့် နိုင်ငံတော် ကျယ်ပြန့်ဖိုရန်အတွက် လှုပ်ရှားမှုများဖြစ်သည် ဟူ၍ ထင်မြင်ရမည်ဖြစ်သည်။

 

(၃) သန့်ရှင်းသော ဝိညာဉ်တော် (The Holy Spirit) (လု ၄း၁)

ခမည်းတော်နှင့် သားတော်ကဲ့သိုပင် သန့်ရှင်းသော ဝိညာဉ်တော်သည် ပြည့်ဝစုံလင်၍ ထင်ရှားသော ဘုရားသခင် ကိုယ်တိုင်ပင်ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ထာဝရဖြစ်သည်။ နေရာတိုင်းတွင် ရှိတော်မူသည်။ တန်ခိုးနှင့် လည်းကောင်း၊ တရားမျှတမှုနှင့်လည်းကောင်း၊ ကောင်းမြတ်ခြင်းအလုံးစုံနှင့် လည်းကောင်း၊ သဗ္ဗညုတဉာဏ်တော်နှင့်လည်းကောင်း ပြည့်စုံတော်မူသည်။ ခမည်းတော်သည် ဖန်ဆင်းရှင် ဖြစ်ပြီး သားတော်သည် ရွေးနှုတ်ကယ်တင်တော် မူသော အရှင်ဖြစ်သကဲ့သို အကျွန်ုပ်တိုကို အသက်တာသစ်တွင် လျှောက်လှမ်း နိုင်စေရန် သန့်ရှင်းသော ဝိညာဉ်တော်သည် စင်ကြယ်စေသောသူဖြစ်သည် (၂ကော ၃း၁၅)။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား သွန်သင်သည်။ 8န်အားပေးသည်။ နှစ်သိမ့်မှုပေးသည်။ ကျွန်ုပ်တို့ အတွက် ဘုရားသခင်ထံ တောင်းလျှောက်ပေး၍ သမ္မာတရားကို အကြွင်းမဲ့သွန်သင်သည်။

သန့်ရှင်းသော ဝိညာဉ်တော်သည် သခင်ယေရှုအထဲ၌ အသက်ရှင်၍ တော်၏ အမှုတော်လုပ်ငန်းအတွက် တန်ခိုးနှင့်ပြည့်စုံစေသည်။ သခင်ယေရှု ကောင်းကင်သို ပြန်ကြွသွားပြီးနောက် ကျွန်ုပ်တို၏ နှလုံးသား၌ အစဉ်  အမြဲ ကိန်းဝပ်တည်ရှိစေရန် ဝိညာဉ်တော်ကို စေလွှတ်ခဲ့သည်။ ဝိညာဉ်တော်သည် အသင်းတော်၌ သော်လည်း ကောင်း၊ ခရစ်ယာန်တစ်ဦးချင်းစီ၌၎င်း တည်နေသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် တာဝန်များစွာရှိသည်။ ယင်းတို့မှာ (က) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရေးသားရန် ဉာဏ်ပညာပေးခြင်းနှင့် ထိုကျမ်းစာအားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်တကယ် စကား ပြောလျက်ရှိသည်ကို လူသားတို၏ နှလုံးသား၌ သေချာစွဲမြဲစွာ နားလည်စေခြင်း၊ (ခ) ကျွန်ုပ်တိုအား ဝိညာဉ်ရေးဆိုင်ရာ ပြန်လည် မွေးဖွားခြင်းအလိုငှာ ပိုဆောင် လမ်းပြုခြင်း၊ (ဂ) ခရစ်တော်၏ တည်ရှိခြင်းကို ကျွန်ုပ်တိုအားဖော်ပြခြင်း၊ (ဃ) ကျွန်ုပ်တိုအား ဘုရားသခင်နှင့် အစဉ်ထိတွေ့နေစေခြင်း၊ (င) ခရစ်ယာန်အသက်တာဖြင့် အသက်ရှင်ရန်နှင့် သက်သေခံရန် ကျွန်ုပ်တို့အား တန်ခိုးပေးခြင်း၊ (စ) ဆုကျေးဇူးတော် များကိုပေးခြင်းတိုဖြစ်သည် (တ ၁း၅။ ၁ကော ၁၂း၁။ ဂ ၅း၂၂။ ဧ ၅း၁၈)။

ခရစ်ယာန် ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်သူများ၊ ကျောင်းသား၊ ကျောင်းသူများသည် မိမိ၌ သော်လည်းကောင်း၊ တပါးသူ၌လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်လုပ်ဖို့ရန်နှင့် အသက်တာတွင် ထိရောက်သော လုပ်ဆောင်မှု များရှိရန် ဆုတောင်းပေးခြင်း၌ အမြဲအာရုံစူးစိုက်မှုများ ရှိရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် စစ်မှန်သော အသက်တာကို တည်ဆောက်ရမည်ဖြစ်သည်။ ထိုကြောင့် ဓမ္မပညာကို သင် ကြားနေသူများသည် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် အသက်တာပြောင်းလဲသော လုပ်ငန်းများတွင် သတိပြုလုပ်ဆောင်ရန် လိုအပ်ပါသည်။

 

(၄) ရေးသားထားသော ဘုရားသခင်၏ နှုတ်ကပတ်တော် (The Written Word of God)

သမ္မာကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၏။ ဘုရားသခင်သည် ပရောဖက်များနှင့် တမန်တော်များအားဖြင့် အတိတ်မှ အဖြစ်အပျက်များ အနာဂတ် အဖြစ်အပျက်များကို မှန်ကန်တိကျစွာ ဟောပြောထား ပါသည်။ ထိုကြောင့် သမ္မာကျမ်းစာသည် ယုံကြည်ကိုးစားထိုက်၏။ ထာဝရ တည် သည်။ အမှားကင်း၍ ပြည့်စုံသည်။ ကယ်တင်ခြင်းအတွက် ကျွန်ုပ်တိုကို စဉ်းစား သည်။ အသက်တာ အတွက် စိတ်ချရသော လမ်းညွှန်တစ်ရပ်ဖြစ်သည်။ ဘုရား သခင်၏ နှုတ်ကပတ်တော်သည် တန်ခိုးရှိ၍ ကောင်း ကျိုးရလဒ်များကို ဖြစ်ပေါ် စေပါသည်။ နှုတ်ကပတ်တော်သည် ဖြောင့်မှန်သည်ဖြစ်၍ ယုံကြည်အားကိုးရပါသည် (ဟေရှာ ၅း၁၁)။

သမ္မာကျမ်းစာသည် ခရစ်ယာန်ဓမ္မပညာ ဘာသာရပ်အတွက် မရှိမဖြစ် သော စာအုပ်တစ်အုပ်ဖြစ်သည်။ သမ္မာကျမ်းစာသည် ယုံကြည်မှုနှင့် အတွက် လုံလောက်သော လမ်းပြမှုကိုပေးသော စာအုပ်လည်းဖြစ်သည်။ ဤစစ်မှန်သော သမ္မာတရားများကို အတွေးအခေါ်နှင့် ကျင့်သုံးမှုပညာရပ်များနှင့် စည်း ဆက်စပ်ပေးရပါမည်။ ထိုပြင် ဘာသာရပ်အားလုံးကို ရေးဆွဲရာတွင်လည်းကောင်း၊ စည်းကမ်းဥပဒေများ ချမှတ်ရာတွင်လည်းကောင်း သမ္မာတရားနှင့် ကိုက်ညီမှုရှိစေရန် သတိပြုဆောင်ရွက်ရမည်ဖြစ်သည်။ ဤအရာများသည် သမ္မာ ကျမ်းစာနှင့် ဆိုင်သော ဓမ္မပညာလုပ်ငန်းများဖြစ်သည်။

 

(၅) အသင်းတော် (The Church)

အသင်းတော်သည် ခရစ်တော်ကို ယုံကြည်၍ ဘုရားသခင် နိုင်ငံတော် သားများဖြစ်ပြီး ဘုရားသခင်ကို ကိုးကွယ်ရန် စုဝေးနေသော ဘုရားသခင်၏ လူစုလူဝေးကိုခေါ်သည် (ဧ  ၂း၁၉)။ အသင်းတော်ဆိုသည်မှာ သခင်ခရစ်တော်၏ အသေခံခြင်းအားဖြင့် ရွေးနှုတ်ခြင်းခံရသော ယုံကြည်သူ လူစုလူဝေးဖြစ်သော ဘုရားသခင်၏ လူများဖြစ်ပါသည် (၁ပေ ၁း၁၈-၁၉။ ၁ကော ၁း၂၊ ၁၀း၃၃။ ၁ပေ ၂း၄-၁၁)။ လောကထဲမှ ခေါ်ထုတ်ခြင်းခံရပြီး ဘုရားသခင်၏ နိုင်ငံတော်ထံသို ဝင်ရောက်ခွင့်ရသော လူစုကိုခေါ်သည်။ အသင်းတော်သည် ဘုရားသခင်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ကျိန်းဝပ်သည့် ဗိမာန်တော်လည်း ဖြစ်ပါသည် ( ၁ကော ၃း၁၆)။ လောက၏ ဖောက်ပြန်မှုများဖြစ်သော ညစ်ညမ်းမှုများနှင့် သီးခြားနေရန်ဖြစ်သည်။ အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်ပါသည် (၁ကော ၆း၁၅-၁၆။ ၁၀း၁၆-၁၇၊ ၁၂း၁၂-၂ရ)။ ခရစ်တော်၌ တစ်လုံးတစ်ဝ တည်း ရှိရမည်ဖြစ်သည်။ အသင်းတော်သည် သခင်ခရစ်တော်၏ သတို့သမီးဖြစ်သည် ၂ကော ၁၁း၂။ ဧ ၅း ၂၂-၂၅။ ဗျာ ၁၉းရ-၉)။ သခင်ယေရှုသည် အသင်းတော်ကို ချစ်ခင်မြတ်နိုး နှစ်သက်ခြင်းနှင့် ရင်းနှီးမှုရှိခြင်းကြောင့် အသင်းတော်သည်လည်း သစ္စာရှိစွာ ပြန်လည်၍ ချစ်ခင်မြတ်နိုးခြင်းဖြင့် ရိုသေလေးစားကြောင်းကို ဖော်ပြရ ပါမည်။ အသင်းတော်သည် ဝိညာဉ်မိတ်သဟာယဖွဲ့ခြင်းကို ပြုလုပ်ပါသည် (၂ကော ၁၃း၁၄။ ဖိ ၂း၁)။ ဝိညာဉ် မိတ်သဟာယတွင် ဝိညာဉ်တော်၏ ကျိန်းဝပ်ခြင်း၊ တဉ်၌ တစ်လုံးတစ်ဝတည်းရှိခြင်းနှင့် သန့်ရှင်းသော ဝိညာဉ် တော်၏ ဗတ္တိဇံတို့ ပါဝင်ပါသည်။ မြင်တွေ့ရသော မေတ္တာဖြင့် တစ်ဦးကိုတစ်ဦး ဂရုစိုက်လျှင် လုပ်ဆောင်ခြင်း များ ရှိရမည်ဖြစ်သည်။ အသင်းတော်သည် ဝိညာဉ်ပိုင်းဆိုင် အမှုတော်ကို ပြုလုပ်ခြင်းဖြစ်ပါသည်။ ဆုကျေးဇူး များအားဖြင့် တစ်ဦးကိုတစ် လိုအပ်မှုများ ပြုလုပ်ဆောင်ရွက်ခြင်းများဖြစ်သည်။ အသင်းတော်သင် ဝိညာဉ် တိုက်ပွဲ ဆင်နွဲရသည့် ဘုရားသခင်၏ တပ်မတော်ဖြစ်သည် ( ၆း၁၇) သန့်ရှင်းသော ဝိညာဉ်တော် ပြည့်ဝခြင်း အားဖြင့် ဘုရားသခင်၏ အသက်ရှင်သော နှုတ်ကပတ်တော်ကို အသုံးပြု၍ အမှောင်နိုင်ငံ၏တန်ခိုး၊ စာတန်၏ အုပ်စိုးမှုအောက်တွင် ရောက်ရှိနေသော လူများကို ကယ်တင်သော စစ်သူရဲကဲ့သို့ လုပ်ဆောင် နိုင်ရမည့် နေရာဖြစ်သည် (တ ၂၆း၁၈။ ဧ ၆း၁၀-၁၈)။ သမ္မာတရားကို ဆုပ်ကိုင်၍ သမ္မာတရားကို ရှုပ်ထွေးစေရန် ပြုလုပ် သော သူများနှင့် မိစ္ဆာပရောဖက်များ၏ရန်ကို ကာကွယ်ပြီး၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းကို ပြုလုပ်ရမည့် နေရာလည်းဖြစ်သည် (ဖိ ၁း၁၆။ ယု ၁း၃)။

အသင်းတော်သည် ယဉ်ကျေးမှုအမျိုးမျိုးမှ လာသောသူများ၊ လူမျိုးစု များဖြင့် ဖွဲ့စည်းထားသော ခရစ်တော်၏ ဖြောင့်မတ်ခြင်းတရားအပေါ်တွင် တည်ထောင်ထားသော သန့်ရှင်းသော လူစုတစ်စုဖြစ်သည်။ သင်ကြားခြင်းအတွက် ကွဲပြားသော ဆုကျေးဇူးများ၊ သင်ယူမှုအတွက် ခြားနားသော ထိုးထွင်းသိမြင် နိုင်ခြင်းများ ဖြင့် ခရစ်တော်၏ဘုန်းတော် ထင်ရှားဖိုရန်အတွက် ထင်ပေါ်ကျော်ကြား နိုင်ပါသည်။ အသင်းတော်သည် လေ့လာ နိုင်သော၊ ပညာပေးနိုင်သောနေရာ (Learning or Education Centre) တစ်ခုလည်းဖြစ်ပါသည် ခရစ်ယာန်ဓမ္မပညာ ဌာနသည် အသင်းတော်၏ သာသနာလုပ်ငန်းအသင်းတော်၏ တာဝန်များ၊ အသင်းတော်၏ ရည်ရွယ်ချက်များ ပြည့်ဝစုံလင်ဖို့ရန်အတွက် ကြိုးစားလုပ်ဆောင် ရမည်ဖြစ်သည်။

(၆) တညီတညွတ်တည်းဖြစ်ခြင်း (The Unity) (ဧ  ၄း၁၃)

ကျွန်ုပ်တို့နှင့် ဘုရားသခင်အကြား ကျွန်ုပ်တို့နှင့် အခြားသူများအကြား ရန်လိုမုန်းတီးခြင်း ဟူသော အတားအဆီးများကို ဖယ်ရှားပေးသော ခရစ်တော်၌ ရှိသည့် ကျွန်ုပ်တို၏ ညီညွတ်မှုအပေါ် အခြေခံ၍ သမ္မာ ကျမ်းစာတော်က ခရစ်ယာန် များအတွင်း တစ်လုံးတစ်ဝတည်း ရှိကြသည်ဟုဆို၏ (ဖိ ၃း၁၁)။ အသင်းတော်၏ ဆုတောင်ခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ ကိုယ်ချင်းစာစိတ် မှန်ကန်သော ဆုံးဖြတ်ချက် ချမှတ်ခြင်း စသည်တိုသည် ကနဦးအသင်းတော်၏ တစ်လုံးတဝတည်းရှိမှုကိုဖော်ပြ၍ ၎င်းကို ဓမ္မသစ်ကျမ်း၌ လှပစွာချယ်မှုန်း၏။

ဘုရားသခင် ပေးသနားတော်မူသော တညီတညွတ်တည်းရှိခြင်း ဆုကျေးဇူးကို အခြေခံလျက် အသင်းတော်အတွင်း ညီညွတ်ရေးကို လုပ်ဆောင်ကြရန် ရှင်ပေါလုက ခရစ်ယာန်များအား တိုက်တွန်းထား၏။ ခရစ်တော်အားဖြင့် တစ်ဦးနှင့်တစ်ဦး မေတ္တာရှိရန်လိုသည်။ ညီညွတ်မှု ရှိလာသောအခါ တစ်ဦးကိုတစ်ဦး လက်ခံနိုင်ပြီး၊ တစ်ဦးနှင့်တစ်ဦး သက်ဆိုင်သည်ဟူသော သဘောကြောင့် တစ်ဦး၏ အဓိက လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည်။ ထိုအပြင် ကျွန်ုပ်တို့၏ အသက်တာကို အသီးသီးစေပြီး ကျွန်ုပ်တို့၏ သက်သေခံခြင်း ကိုလည်း ကြီးစွာသော ထိရောက်မှု ဖြစ်စေသည်။ ဘုရားသခင်၏ ပွဲတော်၌ ပါဝင်ခြင်းသည် ညီညွတ်ခြင်းကို မျက်မြင် သာဓက တစ်ခုပင်ဖြစ်သည်။

အငြင်းပွားခြင်း၊ မျက်နှာလိုက်ခြင်း၊ ဝိညာဉ်ရေး၌ ရင့်ကျက်မှုမရှိခြင်း (သို့မဟုတ်) သူတော်ကောင်း ယောင်ဆောင်ခြင်း တိုသည် ညီညွတ်မှုကို ပျက်ပြား စေသည်။ ညီညွတ်မှုရှိရေးအတွက် လုပ်ဆောင်ရန် ကျွန်ုပ် တို့ကို ဘုရားသခင်သည် တွန်းအားပေးနေသည်။ ဤတွန်းအားပေးမှုကို လုပ်ဆောင်ရန် ယုံကြည်သူ ဘုရား သားသမီးများ၏ တာဝန်များဖြစ်သည်ကို ခရစ်ယာန်ဓမ္မပညာက လမ်းညွှန်ပြသ နိုင်ရမည်။ ခရစ်တော်၏ ဘုန်းတော်၊ နာမတော်သည် ခရစ်ယာန်များ၏ တညီ တညွတ်တည်း၊ တစ်လုံးတစ်ဝတည်း ပေါင်းစည်းနေ ထိုင်ခြင်းအားဖြင့် ထွန်းလင်း တောက်ပနိုင်ရမည်။ တစ်လုံးတစ်ဝတည်းရှိစေရန် ဘုရား၏ သားသမီးသည် ဘုရားနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ လူသားအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် ဖြောင့်မတ်မှန်ကန်သော စိတ်နေသဘောထားများ ရှိရန်လိုသည်။ ဤလိုအပ်မှု များကို ကူညီပံ့ပိုးဖြည့်ဆည်းပေးရန်မှာ ဓမ္မပညာလုပ်ငန်း၏ အခန်းကဏ္ဍတစ်ခု ဖြစ်သည်။

(၇) အပြစ်များကို ခွင့်လွှတ်ခြင်း(The Forgiveness of Sins) (မိက္ခာ ၇း၁၉)

ခွင့်လွှတ်ခြင်း ဟူသည် အသစ်တဖန်စတင်ခြင်း၊ ဒုတိယအကြိမ် အခွင့် အရေးပေးခြင်း ဟူသော သဘောဖြစ်သည်။ ဘုရားသခင်သည် သိနာတောင်ပေါ်တွင် မိမိကိုယ်ကို အပြစ်ခွင့်လွှတ်ခြင်း၌ နှစ်သက်အား ရတော်မူသော ဘုရားသခင်အဖြစ် ဖော်ပြတော်မူခဲ့သည်။ ထာဝရဘုရားသည် ချစ်သနားခြင်း မေတ္တာတော်နှင့် ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော် မူသောကြောင့် ကျွန်ုပ်တို၏ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်း၊ ပြစ်မှားခြင်း အမျိုးမျိုးတို့ကို လုံးဝလွှတ်တော်မူပါသည်။ ဓမ္မဟောင်းကာလတွင် တိရစ္ဆာန်တိုကို ပူဇော်ခြင်းအားဖြင့် ကြိုတင်အရိပ်ပြခဲ့သည့် ကားတိုင်တော်ပေါ်၌ ခရစ်တော်၏ အသွေးတော်သွန်းလောင်းခြင်းသည် တစ်ကြိမ်တည်းနှင့် အပြီး ပူဇော်သည့် ယဇ်ပူဇော်ခြင်း ဖြစ်ပါသည်။ ယုံကြည်သူများသည် အပြစ်ကင်းစင် မည်အကြောင်းနှင့် အပြစ်တန်ခိုး၏ ထိန်းချုပ်မှုမှ ကင်းလွတ်မည်အကြောင်း ခရစ်တော်သည် ကျွန်ုပ် တို အား အတ္တလွန်ကဲခြင်း၊ မုန်းတီးခြင်း၊ လိမ်လည်လှည့် ဖြားခြင်းနှင့် မာနထောင်လွှားခြင်း စသည့် ခပ်သိမ်းသော အပြစ်ဒုစရိုက်များကို ကားတိုင်တော်ပေါ်၌ ရိုက်ထားပြီး ဖြစ်သည်။

ကျွန်ုပ်တို့သည် မိမိတို၏ အပြစ်ဒုစရိုက်တိုအတွက် အမှန်တကယ် နောင်တရ၍ ဝန်ခံလျှင် ထိုအပြစ်များ မှ လွှတ်ရန် ဘုရားသခင်ကို အမှီပြုနိုင်သည်ဟု သမ္မာကျမ်းစာတော်က ရှင်းလင်းစွာ ဖော်ပြထားသည် (ဆာ ၃၂း၅၅)။ အပြစ် လွှတ်ခြင်း တန်ခိုးတော်အားဖြင့် အသက်တာ ပြောင်းလဲလာသောသူတိုသည် မိမိတို့ကို ပြစ်မှားသော မည်သူကိုမဆို ခွင့်လွှတ်ရမည်ဟု သမ္မာကျမ်းစာတော်က ကျွန်ုပ်တိုအား သတိပေးထားသည်။ ကျွန်ုပ်တိုသည် ချည်နှောင်ခြင်းမရှိ ခွင့်လွှတ် တတ်သောသူများဖြစ်ကြရမည်။

အပြစ်လွှတ်ခြင်းနှင့် ပတ်သက်သော အကြောင်းအရာများကို ခရစ်ယာန် ဓမ္မပညာဘာသာရပ်၏ လုပ်ငန်းစဉ်များတွင် ဆွေးနွေးသွန်သင်ရမည်ဖြစ်သည်။ ပြန်လည်သင့်မြတ်ခြင်း၊ အမှုတော်သည် ယုံကြည်သူ ခရစ်ယာန် တစ်ဦးစီတိုင်း၏ အသက်တာတွင် တည်ဆောက်လုပ်ဆောင်ရမည့် အမှုတစ်ခုဖြစ်သည်ကို မီးမောင်း ထိုးပြရမည်မှာ ဓမ္မပညာ၏ လုပ်ငန်းတစ်ခုဖြစ်သည်။

 

(၈) ရှင်ပြန်ထမြောက်ခြင်း (The Resurrection) (၁ကော ၁း၂၀)

သဂြိုလ်ခဲ့သော ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာသည် သုံးရက်မြောက်သော နေ့တွင် ဘုန်းအသရေနှင့် ပြည့်စုံသောကိုယ်ခန္ဓာဖြင့် ထမြောက်တော်မူကြောင်းကို  ဓမ္မသစ်ကျမ်းတွင် အခိုင်အမာ ပြောဆိုထားသည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက် ခြင်းက ကိုယ်တော်သည် ဘုရားစင်စစ်ဖြစ်ကြောင်းကို ထင်ရှားစေ၏။ ကိုယ်တော် သည် ကျွန်ုပ်တိုကို လက်ခံကြောင်း ကျွန်ုပ်တိုကို စိတ်ချစေသည်။ မှောင်မိုက် တန်ခိုးနှင့် မရဏာ သေခြင်းအပေါ် ကိုယ်တော်၏ အောင်ခြင်းကို သက်သေပြသည်။ ကျွန်ုပ်တိုကို သေခြင်းတရားအပေါ် အောင်ခြင်း အခွင့်နှင့် ရှင်သန်သော မျှော်လင့်ခြင်းကိုပေးသည်။ နောက်ဆုံးသောနေ့၌ ထမြောက်စေဦးမည်ဟုလည်း အာမခံတော်မူသည်။

တစ်နေ့သောအခါ ခရစ်ယာန်များသည်လည်း ထမြောက်တော်မူသော ခရစ်တော်၏ ခန္ဓာတော်နည်းတူ ခန္ဓာအသစ်ရရှိမည်ဟု ဓမ္မသစ်ကျမ်း၌ ကတိပြု ထား၏။ လူတစ်ယောက်သည် ခရစ်ယာန် ဖြစ်လာသောအခါ အသက်တာသစ်သို ထမြောက်ပြီးဖြစ်သည်။

Theodore Olson က ခရစ်ယာန်အိမ်ထောင်တွင် ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်းသည် ဘုရားသခင်၏ ရှင်းလင်းသော ချစ်ခြင်းတရားကို ဖော်ပြသော သင်္ကေတဖြစ်သည်။ ရှင်ပြန်ထမြောက်ခြင်း၏ အဓိပ္ပါယ်သည် စွမ်းရည် ခွန်အား၊ စိတ်ဓာတ်မြင့်တင်ပေးခြင်း၊ ဖန်တီးနိုင်သော စွမ်းအားရှင်ဖြစ်သည်။ အခက်အခဲများ ထဲတွင်လည်းကောင်း၊ မကောင်းမှုအလုံးစုံထဲတွင်လည်းကောင်း၊ ခရစ်တော်၏ ရှင်ပြန်ထ မြောက်ခြင်းသည် ရှင်သန်မှုကို အပြည့်အဝပေး နိုင်သည်။

ခရစ်ယာန်ဓမ္မပညာရှင်များသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို နားလည်ပြီး ယုံကြည်သူ ခရစ်ယာန်များအား ရှင်ပြန်ထမြောက် ခြင်း၏ အဓိပ္ပါယ်ကို လေးလေးနက်နက် သိရှိတန်ဖိုးထားရန် လမ်းပြသွန်သင် ရမည်ဖြစ်သည်။

 

(၉) ထာဝရအသက်တာ (Life Everlasting)

ဘုရားသခင် ပြုစေလိုသောအရာနှင့် ပညတ်တော်များကို သိရှိ၍ နာခံ လိုက်လျှောက်သောသူများသည် ထာဝရအသက်ကို ရမည်ဖြစ်သည်။ ထိုသူတိုမှာ ဆာလောင်သူများကို ကျွေးမွေးသူ၊ အဝတ်အချည်းစည်းရှိသူကို အဝတ်ပေးသူ၊ ထောင်တွင်း အကျဉ်းကျနေသူများထံ အလည်သွားသူနှင့် ဒုက္ခဆင်းရဲရောက် သူများအား ကယ် တင်သူများဖြစ်သည်။

ခရစ်တော်ကို ယုံကြည်သောကြောင့် ဒုက္ခဆင်းရဲခံရသောသူတိုသည် ချမ်းသာခြင်းကိုလည်းကောင်း၊ ဘုရားသခင်၏ သက်သေကို ယုံကြည်သော သူတိုသည် ထာဝရအသက်ကိုလည်းကောင်း ရကြမည်။ နိုင်ငံတော်ကို ဝင်စား ထိုက်သူများလည်းဖြစ်သည် (၁သက် ၁း၅)။ ခရစ်တော်၏ စကားတော်ကို နားထောင်၍ သားတော်ကို စေလွှတ်တော်မူသော ဘုရားသခင်ကို ယုံကြည်သော သူသည် ထာဝရအသက်ကိုရပြီး အပြစ်စီ ရင်ခြင်းမှ လွတ်မည်ဖြစ်သည်။ သေခြင်းမှ အသက်ရှင်ခြင်းသို ကူးပြောင်းသောသူဖြစ်သည် (ယော ၅း၂၄၊ ၈း၂၄၊ ၈း၃၁)။ အဆုံးတိုင်အောင် တည်ကြည်သောသူသည် ဖြောင့်မတ်ခြင်းတရားတည်ရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို မြင်ရမည် (၂ပေ ၃း၁၃)။ ယုံကြည်သူများသည် ကောင်းကင်တမန်များနှင့် အတူတကွ ဘုရားသခင်နှင့် သိုးသူငယ်တိုအား ဂုဏ်တော်ကို အစဉ်မပြတ် ချီးမွမ်းကြမည် (ဗျာ ၉-၁ရ၊ ၁၁း၁၅-၁ရ၊ ၁၂း၁၀-၁၂၊ ၁၄း၂၊ ၁၅း၃၊ ၁၉း၁-၁၀)။

ထိုကြောင့် ခရစ်ယာန်ဓမ္မပညာသည် လူသားတိုင်း၏ အသက်တာ ထာဝရအသက် ရရှိပိုင်ဆိုင် နိုင်ဖိုရန်အတွက် မီးမောင်းထိုးပြရမည်ဖြစ်သည်။ လူတစ်ဦး၏ ကြိုးစားအသက်ရှင်သော အသက်တာသည် ဘုရားသခင်၏ အကြံ အစည်တော်၊ ရည်ရွယ်ချက်တွင် ပါဝင်နေကြောင်း သိရှိဖိုရန်အတွက် ခရစ်ယာန် ဓမ္မပညာက ဂရုပြုလမ်းညွှန်ရမည်ဖြစ်သည်။

 

၃။ ပြုပြင်ပြောင်းလဲသူများ၏ ဓမ္မပညာအပေါ် ထားရှိသောအမြင်

ပြုပြင်ပြောင်းလဲသော ဓမ္မပညာရှင်များသည် ပညာရေးနှင့်ဆိုင်သော ဓမ္မတွေးခေါ်မှု ထူးခြားသော ဝိသေသ(၃)ခုကို ဖော်ပြပါသည်။ ၎င်းတို့မှာ (၁) ဖန်ဆင်းခြင်း၊ ပဋိညာဉ် (၂) လူသားကျဆုံးခြင်းနှင့် (၃) ကယ်တင် ခြင်းပဋိညာဉ် ဟူ၍ဖြစ်သည်။

(၁) ဖန်ဆင်းခြင်းပဋိညာဉ် (The Covenant of Creation)

ထာဝရဘုရားသခင်သည် ဖန်ဆင်းရှင်နှင့် အဘခမည်းတော်ဖြစ်သည်။ ထာဝရဘုရားသခင်သည် စကြဝဠာကြီးနှင့် လူမျိုးတကာတို၏ ဖန်ဆင်းရှင်ဖြစ်သည်။ သမ္မာကျမ်းစာတော်မြတ်က ဘုရားသခင်သည် အစဦး၌ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းပြီး၊ လူကိုလည်း မိမိ၏ပုံသဏန်တော်နှင့်အညီ ဖန်ဆင်းကြောင်း ဖော်ပြသည် (က ၁း၁-၃၁)။ ဘုရားသခင်၏ ဖန်ဆင်းသော လုပ်ဆောင်ချက်သည် ကိုယ်တော်၏ တန်ခိုးတော်နှင့် ဉာဏ်ပညာတော်ကို ဖော်ပြလျက်ရှိသည်။ ဘယ်သူမျှ မဆီးတားနိုင်သော ခွန်အားတန်ခိုးရှိသည် (၆ရာ ၂၀း၆)။ လူတို့၏ အသက်ရှင် ခြင်းနှင့် လှုပ်ရှားခြင်းသည် ကိုယ်တော်အားဖြင့်သာဖြစ်သည် (တ ၁၇း၂၈)။ ခန္ဓာနှင့် စိတ်၊ ဝိညာဉ်နှင့် ခပ်သိမ်းသောအရာတိုကို လုပ်ဆောင်သူဖြစ်သည် (ရော ၁၁း၃၆)။ မင်္ဂလာနှင့် အမင်္ဂလာအမှုများသည် ဘုရားသခင်၏ နှုတ်တော် ထွက်အတိုင်းဖြစ်သည် (မြည် ၃း၃၈-၃၉)။ “မြေကြီးတပြင်လုံးကို အစိုးရသောမင်း (ဆာ ၄၇း၇)ဖြစ်သည်။ သမ္မာကျမ်းစာတော်မြတ်ထဲတွင် အရေးကြီးဆုံးသော ခမည်းတော် ထာဝရဘုရားသခင်၏ လုပ်ဆောင်ချက်မှာ အပြစ်ရှိသော လူသာများအားလုံး ထာဝရကယ်တင်ခြင်းရရန်အတွက် သားတော် သခင်ယေရှုခရစ်တော်ကို လောကသို့ စေလွှတ်တော်ခြင်း အမှုဖြစ်သည် (ယော ၃း၁၆)။ ခရစ်တော်သည် ၊ ပြစ်ရှိသောလူသားများအတွက် အသေခံခဲ့သည် (ရော ၅း၈)၊ ဘုရားသခင်သည် လူသားများအား ထာဝရ အသက်ကို အဖိုးအခမယူဘဲ (ရော ၆း၂၃) သားတော် လူသားများအားဖြင့် ပေးခဲ့သည်။

လူသားသည် ဘုရား၏ ပုံသဏ္ဠန်တော်နှင့်အညီ ဖန်ဆင်းထားသောကြောင့် ဘုရား၏ဘုန်းတော်ကို ဖော်ပြရန် သင်ကြားပေးရပါမည်။ ပုံသဏ္ဠန် တော်ကို ဆောင်သောသူများဖြစ်သောကြောင့် နိုင်ငံတော်ကို တည်ဆောက်ရန် တာဝန်ရှိပေသည်။ ပညာရှင်များသည် ဂေဟဗေဒ၊ ဘာသာရေးနှင့်ဆိုင်သော တာဝန် ဝတ္တရားများ၊ နိုင်ငံရေး၊ အလှတရား၊ အသိပညာ စသည်တို့ကို ဆက်နွယ်သင်ကြားပေးရန် တာဝန်ရှိသည်။ အသက်တာတွင် ခရစ်ယာန်တို့၏ လောကအမြင် ရှင်းလင်းသိသာရန် သင်ပေးရမည်ဖြစ်သည်။

 

(၂) လူသားကျဆုံးခြင်း (The Fall)

“စကြဝဠာနှင့် ကမ္ဘာမိုးမြေကို ဖန်ဆင်းစိုးစံတော်မူ၍ လူသတ္တဝါတို၏ ကာလအပိုင်းအခြားကို မှတ်သားတော် မူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဖန်ဆင်းခြင်းခံရသော အရာအားလုံးတွင် လူသားကို အထွဋ်အထိပ် နေရာတွင် ထား၏။ လူသည် ဖန်ဆင်းခြင်းကို ခံစက ပုံသဏန်တော်နှင့်အညီ ဖန်ဆင်းခြင်း ခံရလျက် မြင့်မားသော ဂုဏ်သိက္ခာရှိ၍ သန့်ရှင်းစင်ကြယ်၏။ သိုသော်လည်း ဖန်ဆင်းတော်မူသောအရှင်၏ ပညတ်တော်ကို ဖန်ဆင်းခံ လူသားသည် မိမိ၏ ဆန္ဒအလျောက် ရွေးနှုတ်၍ ဖောက်ဖျက်လွန်ကျူးသောကြောင့် အပြစ်စီရင်ခြင်းနှင့် အမျက်တော်ကို ခံထိုက်သောသူများဖြစ်ကြသည်ဟု ယုံကြည်လက်ခံပါသည် (ကမ္ဘာ ၃း၁-၆။ ဟေရှာယ ၃း၆။ ရော ၁း၁၈)။

ဘုရားသခင်အပေါ် မယုံသင်္ကာ၊ သံသယစိတ်ဝင်လာအောင် စာတန်သည် မြွေပုံသဏန်အဖြစ် သရုပ်ဆောင်ပြီးလူသား၏နှလုံးသားထဲတွင် စတင် မျိုးစေ့ချခြင်းအားဖြင့် အပြစ်တရားသည် ပေါ်ပေါက်လာပြီး ဖြစ်သည် (ယော ၈း၄၄။ ရောမ ၁း၂ဝ။ ၂ကော ၁၁း၃။ ဗျာ ၁၂း၉)၊ မကောင်းမှုအရာအားလုံးအတွက် အပြစ် ဟူသော ဝေါဟာရစကားလုံးကို သုံးစွဲခြင်းဖြစ်သည်။ လူသားသည် ဘုရားသခင်အပေါ် သံသယစိတ် ပေါ်လာ သောအခါ အလိုတော်ကို ကျောခိုင်းခြင်း၊ နားမထောင်ခြင်းကြောင့် မိမိစိတ်အလိုအတိုင်း ပကာသနရုပ်ဝါဒများကို ဦးစားပေးလာသောကြောင့် လူသားသည် မြင့်မြတ်သော စိတ်နေသဘောထားမှ ကျဆင်း လာသဖြင့် လူလူချင်းဆက်ဆံခြင်း၊ အသက်ရှင်မှု၌လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဆက်ဆံခြင်း၌လည်းကောင်း၊ လူမဆန်တော့ဘဲ ကာကွယ် ထိန်းသိမ်းရမည့်အစား ကမ္ဘာပေါ်ရှိ လူသားများနှင့် ပတ်ဝန်းကျင်ကိုပါ ဒုက္ခ ပေးလာသည်။ ထိုကြောင့် လူသားများသည် အပြစ်၌ ကျဆင်းသော အသက်တာကို သော်လည်းကောင်း၊ ကျဆင်းသော အကျိုးဆက်များကိုသော်လည်းကောင်း ကြုံတွေ့ ရပါသည်။

လူသားသည် ဘုရားကို တော်လှန်ပုန်ကန်ခြင်း၊ ဘုရား၏စကားကို နာခံရန် ငြင်းဆန်၍ မိမိအလို အတိုင်းနေခြင်း စသည်ဖြင့် လူသားသည် မိမိ၏ တာဝန်ကို ရှုတ်ထွေးစေကာ ငြင်းဆန်ခြင်းများ ဖြစ်စေပါသည်။ လူသည် လွတ်လပ်စွာ အခွင့်အာဏာကို ရသည့်အားလျော်စွာ ပညာရေးသည်လည်း လွတ်လပ်ခွင့်ကို ဖွံဖြိုးစေ သော အမြင့်ဆုံး ပန်းတိုင်ဖြစ်သည်ကို သိရှိရမည်ဖြစ်သည်။ ပညာရှင်များအနေဖြင့် ဘုရားသခင်၏ စံနှုန်းထား များနှင့် ထိုစံကို မလိုက်နာခြင်း အကျိုးအကြောင်းများကို အဓိကထား၍ သွန်သင်ရမည်ဖြစ်သည်။

 

(၃) ကယ်တင်ခြင်းပဋိညာဥ် (The Covenant of Redemption)

လူသားများအားလုံး ပျက်စီးခြင်းသို ရောက်ခြင်းကို ဘုရားသခင် အလိုမရှိသောကြောင့် အပြစ်သားဖြစ်သော လူသားများကို ပြန်လည်ကယ်တင်ရန် အကြံရှိလာခဲ့ပါသည်။ ထိုကြောင့် ဘုရားသခင်သည် သားတော် ယေရှုခရစ်တော်ကို လူ့ဇာတိခံယူစေပြီး လူသားများကို ကယ်တင်ရန် ဤလောကသို စေလွှတ်ခြင်း အမှုကို ပြုခြင်းဖြစ်ပါသည် (မဿဲ ၁း၂၃။ လုကာ ၂း၁-၂၀။ ယော ၃း၁၆)။

လူသားများသည် မိမိတို အပြစ်ဒုစရိုက်မှ မိမိတိုကိုယ်မိမိတို လုံးဝ မကယ်တင်နိုင်ကြောင်း နှစ်ခြင်း များက နက်နက်နဲနဲ ခံယူကြပါသည်။ အပြစ်ရှိ လူသားများတိုသည် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်းအကြောင်း ရင်းမှာ ကျေးဇူးတော် သက်သက်ကြောင့်သာလျှင် ဖြစ်ပါသည် (ရော ၄း၄-၅။ ဧဖက် ၂း၈-၁၀)။ ထိုကျေးဇူး တော်ကို သားတော်အားဖြင့် ထင်ရှားရာ၊ သားတော်ကို ယုံကြည် လက်ခံသော သူတိုင်းသည် ကယ်တင်ခြင်း ရရှိမည်ဖြစ်ပါသည်(ယော ၃း၁၆)။

ခရစ်တော်၌ရရှိသော ကယ်တင်ခြင်းတရားတွင် ဘုရားရှင် ဆောင်ရွက် သည့် အမှုတော်များရှိသည့် နည်းတူ လူသားများမှ ပါဝင်တုန့်ပြန်ရမည့် အခန်း ကဏ္ဍလည်း ပါရှိပါသည်။ ထို ကြောင့် အသစ်ပြုပြင်ခြင်း (Regeneration)နှင့် နေ့စဉ်အသက်ရှင်စေခြင်း(Sanctification) အမှုတော်ကို ယုံကြည်သူ လူသား များမှလည်း စွဲမြဲတည်ကြည်ခြင်း (Perseverance)အားဖြင့် တုံပြန်ရမည် ဖြစ်ပါသည်။

ခရစ်တော်ရရှိသော ကယ်တင်ခြင်းတွင် အဓိကလှုပ်ရှားပြီး အမှုတော်ကို ဆောင်ရွက်သော ပုဂ္ဂိုလ်မှာ ဝိညာဉ်တော် ဘုရားသာဖြစ်ပါသည်။ ဝိညာဉ်တော် ဘုရား၏ အမှုတော်ဆောင်ခြင်းကို လူသားများမှ ပြန်လည်ပြီး ပါဝင်တုံပြန်ခြင်း ၊ သာဖြစ်ပါသည်။ ဝိညာဉ်တော်ဘုရား၏ အဓိကပါဝင် အမှုတော်ဆောင်ခြင်းကို လူသားများမှ အစဉ်တုံပြန်ခြင်းအားဖြင့် တစ်နေ့သောအခါ ပြည့်စုံကြွယ်ဝသော ဘုန်းတော်သို ဝင်စားရမည်ဖြစ်ပါသည်။

ထိုကယ်တင်ခြင်း ဓမ္မသဘောတရားမှာ ဘုရားသခင်၏ အသစ်တဖန် ဖန်ဆင်းခြင်းဖြင့် လူသားများကို ဘုရားသခင်က မျှော်လင့်ခြင်းကိုပေးပါသည်။ ဘုရားသခင်၏ ကြီးမားသော မေတ္တာဖြင့် ပြုမူဆောင်ရွက်ခြင်း သည် လူသားသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ သဘာဝလောကနှင့် လူသားအချင်းချင်း၊ ဘုရားနှင့်ပြည့်ဝ ဝမ်းမြောက်စွာ အသက်ရှင်ခွင့်ကို ရရှိပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ခရစ်တော်၌ လူသည် အသစ်ပြုပြင်ခြင်းကို ခံရပေသည်။ ခရစ်ယာန်များအတွက် ကျေးဇူးတော်မှာ လူသည် နောင်တနှင့် အပြစ်လွှတ်ခြင်း အခွင့်ကိုရပြီး၊ နိုင်ငံတော်၌ ပါဝင်သောအခွင့်၊ မိမိ၏ ရေခံမြေခံ အားဖြင့် တည်ဆောက်ခြင်းငှာ ခေါ်ယူခြင်းကို ခံရပေသည်။ ခရစ်ယာန်ဓမ္မပညာ၏ အလုပ်မှာ လူကို မိမိ၏ ဆုကျေးဇူးများအားဖြင့် အစေခံရန် ပြင်ဆင်ပေးရန်ဖြစ်ပြီး ယေရှုခရစ်တော်ကို အရှင်သခင်၊ ဘုရားအဖြစ်လက်ခံရန်၊ အားပေးတိုက်တွန်းရန် ဖြစ်သည်။ ဘဝတလျှောက်လုံးမှာ ခရစ်ယာန်ဓမ္မပညာ သင်စရာ အကြောင်းအရာ များနှင့် ပြည့်နေပြီး၊ မိမိတို၏ ယဉ်ကျေးမှုနှင့် ဘုရား၏ အမှုတော်မြတ်ကို ရှုထောင့်အသွယ်သွယ်ဖြင့် ဆက်စပ်သိမြင်ဖိုရန် လုပ်ဆောင်ရန် ဖြစ်သည်။

 

၄။ လွတ်မြောက်ခြင်း ဓမ္မတွေးခေါ်မှု (Liberation Theology)

လွတ်မြောက်ခြင်း တွေးခေါ်မှု(Liberation Theology)သည် သတင်းကောင်း၊ (gospel)အား စီးပွားရေး၊ ဝိညာဉ်ရေး၊ နိုင်ငံရေးနှင့် လူမှုရေး စသော ဖိနှိပ် ချုပ်ချယ်မှု ပုံစံအားလုံးမှ လွတ်မြောက်ခြင်းအဖြစ် ရှုမြင် ကြသော ၂၀-ရာစု၏ အမျိုးမျိုးသော ဓမ္မတွေးခေါ်မှု လှုပ်ရှားမှုများဖြစ်ပါသည်။ ၎င်းတို့က လက်တွေ့ကျခြင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုမှ လွတ်မြောက်စေသည့် လက်တွေ့ကျသော နည်းလမ်း များကို အဓိကထားကြပါသည်။

လွတ်မြောက်ခြင်း ဓမ္မတွေးခေါ်မှုသည် ဓမ္မသဘောတရားများကို ရေခံ မြေခံနှင့် ဆက်စပ်ခံယူခြင်း၊ ယုံကြည်မှုသည် လူ့သမိုင်းတွင် သက်ဝင်နေခြင်း၊ လူမှုရေးနှင့် လက်တွေ့ လုပ်ဆောင်ခြင်းများကို ဦးစားပေး သည်။ ခရစ်တော်၏ တရားတော်ကို လက်တွေ့ကျကျ သမိုင်းတွင် လုပ်ဆောင်ရန် တွန်းအားပေးသည်။ ခရစ်တော်၏ တပည့်စစ်ဖြစ်ခြင်း ကိုသာ ခံယူရုံမျှမက စွန့်လွှတ်ပူဇော်ဆက်ကပ်ရန် ဦးစားပေးသည်။ သမ္မာကျမ်းစာတွင်ရှိသော ဘုရားသည် လွတ်မြောက်ခြင်းကို ပေးသော ဘုရားဖြစ်သောကြောင့် ခရစ်တော်သည် လွတ်မြောက်စေသောအရှင် ဖြစ်သည့် အားလျော်စွာ လူမှုဘဝလွတ်မြောက်မှုကို ဆောင်ရွက်ရန် ဘုရားပေး တာဝန်အဖြစ် လက်ခံကြသည်။ ထိုကြောင့် ခရစ်ယာန်ဓမ္မပညာသည် ထိုဓမ္မသဘော တရားများကို ရည်ညွှန်းသင်ကြားရန်ဖြစ်သည်။

 

(၁) ပေါ်လိုဖရီယာထံမှ ထိုးထွင်းသိမြင်နိုင်ခြင်းများ(Insights from Paulo Freire)

ပေါ်လိုဖရီယာသည် ဘရာဇီးလူမျိုး ပညာရေးအတွေးအခေါ်နှင့် လူမှုရေး ပညာရှင်တစ်ဦးဖြစ်သည်။ ဆင်းရဲသော ဘဝအတွေ့အကြုံကို ရင်ဆိုင်ခဲ့ ရသောကြောင့် သူသည် ဆင်းရဲသားများ၏ လူမှုဘဝအတွက် ပညာရေးဖြင့် ဆက်ကပ် ဆောင်ရွက်ခဲ့သည်။ ဆင်းရဲသားများအတွက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက် ခဲ့သောကြောင့် စစ်အာဏာရှင်များ၏ ထောင်ချခံရခြင်း၊ ပြည်နှင်ဒဏ် ခံရခြင်းများ ခံခဲ့ရပါသည်။ ပြည်နှင်ဒဏ် ခံရသော်လည်း ပညာရေးနှင့်ပတ်သက်သော လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ သူ့ကိုယ်သူ ခရစ်ယာန် လူသားအကျိုးအတွက် မြှုပ်နှံသူတစ်ဦးအဖြစ် ရည်ညွှန်းပြီး သူ၏ ပညာရေးအတွေးအခေါ်များသည်လည်း လူသားအကျိုးအတွက် (သို့) လူသားများအပေါ် အလွန်ထားဖိုးထားခြင်းကို ဖော်ပြပါ သည်။ သူ၏ ပညာရေး သီအိုမှာ “Cultural Action for freedom” လွတ်မြောက်မှု အတွက် ယဉ်ကျေးမှုဆိုင်ရာ လုပ်ဆောင်မှု ဖြစ်သည်။

သူ၏ ပညာရေးအယူအဆတစ်ခုမှာ စာသင်သားများသည် အစဉ်အလာ အားဖြင့် ဆရာ၏လက်အောက် မှာ ရှိခြင်းဖြင့် တပည့်များ၏ စွမ်းအားနှင့် လုပ်ဆောင်မှု တိုကို ကန့်သတ်ထားသည်။ တပည့်သည် မိမိကိုယ်တိုင် ဝန်းကျင်လောကကို သိမြင်တုံ့ပြန်တတ်ရန်ဖြစ်သည်။ အထူးသဖြင့် “Conscientization” ဟုခေါ်သော အပြုသဘောရှိသော ကိုယ်ပိုင်ခံယူမှုကို လူမှုဝန်းကျင် လူ့အဖွဲအစည်းနှင့် ဆက်သွယ်မှု တိုးတက်စေရန်ဖြစ်သည်။ ဤဝေါဟာရအသုံးအနှုန်းကို ယခုအခါ “transformation” “ပြုပြင်ပြောင်းလဲခြင်း” ဟုခေါ်ဝေါ်၍ စာသင်သားများ သည် ဆက်လပ်စွာ ဦးဆောင်သင်ယူရန်ဖြစ်သည်။ ပြဿနာဖြေရှင်းရာတွင်လည်း တပည့်သည် လွတ်လပ်စွာ ဆရာနှင့်ဖြစ်စေ၊ အချင်းချင်းဖြစ်စေ အပြန်အလှန် ထိတွေ့ဆက်ဆံ၍ ဖြေရှင်းရန်ဖြစ်သည်။ သူဖော်ပြခဲ့သော ခေတ်ဟောင်းပညာရေး အယူအဆမှာ “Banking Method” ဖြစ်သော ဆရာ၏ ဦးဆောင်သင်ကြားခြင်း – တပည့်များသည် ဆရာ၏အတွေးအခေါ်၊ အပြုအမူများကို လေ့လာ သင်ယူရသော နည်းတစ်ခုဖြစ်သည်။ ပေါ်လိုဖရီယာ၏ ပညာရေးအမြင်မှာ ဆရာနှင့်တပည့်သည် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန်ဖြစ်သည်။

သူ၏ ဓမ္မတွေးခေါ်မှုအမြင်မှာ ဘုရားသခင်ကို လူသားများ လွတ်မြောက် ဖို့ရန်အတွက် အဆက်အသွယ် ပြုလုပ်ပေးသော ဖန်ဆင်းရှင်ကဲ့သို့မြင်သည်။ ဟေဗြဲလူမျိုးများအတွက် သော်လည်းကောင်း၊ လူသားအားလုံး ကယ်တင်ခြင်းရဖို့ လူသားတစ်ဦးကဲ့သို့ လုပ်ဆောင်ပေးသော ဘုရားတစ်ဆူဖြစ်သည်။ ဘုရားသည် ဖန်ဆင်းခံလူသားနှင့် ကမ္ဘာကြီး ဆက်လက် လှုပ်ရှားမှုဖြစ်စဉ်တွင် အတူတကွ ပါဝင်လုပ်ဆောင်နေသည်။

ခရစ်တော်သည် ဖိနှိပ်ခံရသူများအတွက် မိမိအသက်ကို ပေးလှူပြီး ရွေးနှုတ်ကယ်တင်သူ တစ်ဦးအဖြစ် ဖြစ်သည်။ အပြစ်ကိုမူ ဖိနှိပ်ခံလူသားများ မိမိတို လွတ်မြောက်မှုအတွက် လူတွေကိုလည်းကောင်း၊ ဘုရားကို သော်လည်းကောင်း ဆန့်ကျင်ခြင်းအပြစ်မြင်သည်။ ကယ်တင်ခြင်းကို လူသားများ ဝန်းကျင်တွင် စစ်မှန်သော လွတ်မြောက်မှု လူသားကို လူသားအဖြစ် တန်ဖိုးထားရှိခြင်းအတွက် လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ ခရစ်ယာန်တို့ ၏ သတင်းကောင်းသည် ဖိနှိပ်ခံ လူသားများအတွက် ကြေငြာချက်တစ်ခုဖြစ်သည်။

သူ၏ သွန်သင်မှုမှာ လွတ်မြောက်ခြင်းကို ပညာရေးဖြင့် စတင်ရမည်။ သူ၏ ပညာရေးအတွေးအခေါ်မှာ လူသားတစ်ဦး၏ သိမြင်တတ်သော အတွေးအခေါ် အယူအဆပေါ်တွင် အဓိကထား ဖော်ပြထားသည်။ မှန်ကန် သော အတွေးအခေါ် အယူအဆ(right thinking)သည် မှန်ကန်သော လှုပ်ရှားမှု (right action)တစ်ခုကို ဦး တည်နိုင် ပြီး မှန်ကန်သော အသက်တာ(right life) ကို တည်ဆောက်သွားနိုင်သည်။

ခရစ်ယာန်ဓမ္မပညာ၏ ဓမ္မတွေးခေါ်မှုကို Nels F.S Ferre က သုံးပါးတစ်ဆူ သော အယူဝါဒအပေါ်တွင် အခြေခံထားပါသည်။ Ferre ၏ အတွေးအခေါ်၊ အယူအဆမှာ ဘုရားသခင်ကို ပညာသင်ပေးသူ(God as Educator)၊ ယေရှု ခရစ်တော်ကို စံပြ(Jesus as Exemplar)နှင့် သန့်ရှင်းသော ဝိညာဉ်တော်ကို နည်းပြဆရာ(Holy Spirit as Tutor)အဖြစ် နားလည်သဘောပေါက်ပါသည်။ ကျွန်ုပ်တိုသည် အများအားဖြင့် ဘုရားသခင်ကို ဖန်ဆင်းရှင်၊ အရှင်သခင်၊ တရားသူကြီးနှင့် အုပ်ချုပ်သူအဖြစ်လည်းကောင်း၊ ယေရှုခရစ်တော်ကို ကယ်တင်ရှင် ရွေးနှုတ်သူ၊ မေရှိယအဖြစ်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကို နှစ်သိမ့် ပေးသူ၊ တတ်စွမ်းနိုင်သူ၊ မျက်မှောက်တွင်ရှိသူအဖြစ်လည်းကောင်း ခံယူကြသည်။ ထိုအပြင် ယေရှုခရစ်တော်ကိုလည်း ဆရာတစ်ဦး အဖြစ် တရားဇရပ်များတွင်၎င်း၊ လူပရိသတ်များနှင့် တပည့်တော်များကို သွန်သင်သူတစ်ဦးအဖြစ် လက်ခံကြ သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း ကျွန်ုပ်တို သမ္မာကျမ်းစာလေ့လာရာတွင် လမ်းပြသူအဖြစ် လက်ခံကြပါသည်။ သိုသော်လည်း Ferre က ခရစ်ယာန်ဓမ္မပညာ သည် ကျွန်ုပ်တို၏ အတွေးအခေါ် အယူအ ဆများထက် သာလွန်နေသည်ကို “သုံးပါး တစ်ဆူအကြောင်းကို ဓမ္မတွေးခေါ်မှုအမြင်”ဖြင့် နှိုင်းယှဉ်ထားသည်။

ကျွန်ုပ်တို့အနေဖြင့် ဓမ္မပညာရပ်ကို အလေးထားလေ့လာရန်လိုသည်။ ဓမ္မပညာကို လေ့လာသင်ယူရာ တွင်လည်း ဘုရားသခင်၊ ယေရှုခရစ်တော်နှင့် သန့်ရှင်းသောဝိညာဉ်တော် သုံးပါးလုံးအပေါ် အခြေခံ၍ သင်ယူရ မည်ဖြစ်သည်။ လုပ်ဆောင်ရမည်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာ၌ မည်သို့ ပညာ များကို ပေးနေသနည်း။ ယေရှုခရစ်တော်က မည်သိုသော အသက်တာဖြင့် ကျွန်ုပ်တို့ကို အသက်ရှင်ပြသွား သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တိုကို မည်သိုလမ်းပြပိုဆောင်နေပါသနည်း စသည်တိုကို အခြေခံ၍ လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုဖြစ်သည်။

 

(၂) မာသာထရီဇာ၏ အသက်တာမှ ထိုးထွင်းသိမြင်နိုင်ခြင်းများ။ (Insights from Mother Teresa)

မာသာထရီဇာဟု ကျော်ကြားလာသည့် အဂ္ဂနီဂွန်ဇာဘီယာဗူး (Agnes Gonxha Bojaxhiu)ကို ၁၉၁၀ ပြည့်နှစ် သြဂုတ်လတွင် ယခု ယူဂိုဆလားဗီးယား နိုင်ငံထဲတွင်ရှိသည့် စကိုပီယေ(skopje)မြို့ကလေးတွင် အယ်လဗေးနီးယန်းလူမျိုး လူကုံထံမိဘများမှ မွေးဖွားသည်။ သူမသည် ငယ်စဉ်ကပင် ဘာသာတရား လွန်စွာကိုင်းရှိင်းပြီး ဆင်းရဲသားများအပေါ် သနားကြင်နာစိတ် ကြီးမားခဲ့သည်။

ထိုကြောင့် အသက်(၁၈)နှစ်အရွယ်တွင် အိုင်ယာလန်နိုင်ငံ ဒပ်ဗလင်မြို့ရှိ လော်ရက်တိုသီလရှင် ကျောင်းသို့ တက်ရောက်ခဲ့သည်။ ထိုကျောင်း၌ အင်္ဂလိပ်စာ သင်ယူပြီး ၁၉၂၈-ခုနှစ်အတွင်းမှာပင် သူမအား အိန္ဒိယပြည် ဟိမဝန္တာတောင်ခြေရှိ ဒါဂျီလင်တောင်စခန်းမြို့ကလေးသို့ သီလရှင်ငယ်အဖြစ် လေ့ကျင့် သင်ကြားရန် ပို့ပေးလိုက်သည်။ ၁၉၃၁ ခုနှစ်တွင်မှု ကာလကတ္တားမြို့၌ လော်ရက်တိုသိလရှင်အဖွဲ့က ထူထောင်ထားသည့် ကွန်ဗင့်ကျောင်းတွင် ဆရာမအဖြစ် တာဝန် ထမ်းဆောင်ရပြီး နောင်တွင် ထိုကျောင်း၌ ကျောင်းအုပ်ဆရာမကြီး ဖြစ်လာသည်။

စစ္စတာထရီဇာအခန်းမှ လှမ်းကြည့်လိုက်လျှင် ဆင်းရဲသားရပ်ကွက်ကို မြင်နေရသည်။ အမှိုက် သရိုက်များ၊ ဟင်းလင်းအိမ်သာများ၊ ကျောင်းဝင်ပြင်ဘက်ရှိ စုတ်ပြတ်ပေကျံသော ကလေးသူငယ်များ၊ ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း၊ ရောဂါဘယ ထူပြောခြင်း၊ ဆင်းရဲဒုက္ခနွံအိုင်ထဲမှ ကလေးသူငယ်များ၊ ဂီလာနများကို မရှုစိမ့် နိုင်သည့် စစ္စတာသည် ကျောင်းဆင်းချိန်များတွင် အနီးရှိရပ်ကွက်ထဲသို အိမ်သုံး ဆေးဝါး ပစ္စည်းကိရိယာ များ ကိုင်ဆောင်သွားရောက်ကာ မိမိတတ်စွမ်းသမျှ စောင့်ရှောက်ကူညီလေ့ရှိခဲ့သည်။

၁၉၆၄-ခုနှစ်၊ တစ်နေ့တွင် ဒါဂျီလင်သို့ ရထားဖြင့် အသွားခရီးလမ်းတွင် သူ့အား ဘုရားသခင်ထံမှ မိန့်ကြားခိုင်းစေသော စကားသံကို သူပီပီသသကြီး ကြားလိုက်ရသည်။ သူ့အား ကွန်ဗင့်ကျောင်းကို စွန့်ခွာ၍ သူဆင်းရဲသားများ အကြားတွင် နေထိုင်ကာ သူဆင်းရဲသားတို့အား စောင့်ရှောက်ကူညီရန် မိန့်ကြားခိုင်းစေသော အသံဖြစ်သည်။ စစ္စတာထရီဇာ မိမိစိတ်အာရုံ၌ ပြင်းပြင်းပြပြ ပီပီပြင်ပြင် ဖြစ်ပေါ်နေသည့် ကရုဏာလုပ်ငန်းကို ကျောင်းသင်ခန်းပြင်ပ၌ သီးခြားလွတ်လပ်စွာ လုပ်ကိုင်နိုင်ရန်အတွက် အိန္ဒိယရှိ ရိုမန်ကက်သလစ် ခရစ်ယာန် အကြီးအကဲ များထံတွင် နှစ်နှစ်မျှကြာအောင် စိတ်ရှည်ရှည် ဇွဲရှိရှိဖြင့် ခွင့်ပြုချက်တောင်းခံခဲ့သည်။ ထိုနောက် တွင် အိန္ဒိယပြည် အရှေ့မြောက်ပိုင်းရှိ ပတ္တနာမြို့တွင် အခြေခံဆေးပညာ သင်တန်းတက်ပြီးနောက် ကာလ ကတ္တားမြို့ ဆင်ခြေဖုံးရှိ ဆင်းရဲသားရပ်ကွက်များ ဆီသို့ အလျှင်အမြန် ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျန်းမာရေး ချိုတဲ့ကြသည့် ကလေးများနှင့် လူကြီးလူငယ်များကို တတ်စွမ်းသမျှ ပြုစုကုသရင်း ကျောင်းမနေ နိုင်သော ကလေးများအား စာသင်ကြားပေးရန် သူကြိုးစားကြည့်သည်။ ဘင်္ဂါလီ ဆင်းရဲသားရပ်ကွက်ရှိ မြေ ကွက်လပ်တစ်ခုတွင် ကလေးသူငယ် လေးငါးခြောက် ယောက်မျှ စုစည်း၍ စာသင်ကြားပေးရာမှ သူမ၏ ပထမဆုံး စာသင်ကျောင်းလေး ဖြစ်ပေါ်လာသည်။ အစပထမတွင် ကလေးများအား ဘင်္ဂါလီအက္ခရာများကို မြေကြီးပေါ်မှာပင် တုတ်ချောင်းဖြင့်ခြစ်၍ သင်ပြပေးခြင်းဖြစ်၏။ မြေတလင်း စာသင်ကျောင်း ကလေးကို ကလေးမိဘများ မြင်မိကြသည့်အခါ သီလရှင်မကြီး၏ စေတနာနှင့် စိတ်ထက်သန်မှုများ ကူးစက်ကာ တဖြည်းဖြည်း သူတစ်ခုငါတစ်စ ဝိုင်းကူကြခြင်းဖြင့် စားပွဲ၊ ကုလားထိုင်၊ သင်ပုန်း စသည်များနှင့် ကျောင်းပုံစံ ပီပီသသဖြစ်ပေါ်လာသည်။

စင်စစ် ဤသည်ပင်လျှင် မာသာထရီဇာ၏ အခြေခံလုပ်ငန်း ပုံစံဖြစ်လေ သည်။ နေရာတစ်ခုတွင် ဘာလိုအပ်နေသလဲ သူကြည့်သည်။ ထိုနောက် လိုအပ်သောအရာကို အနီး၌ လက်ငင်းရှိနေသော အခြေခံများဖြင့် ဘယ်လောက် လက်တွေ့ဖြည့်ဆည်းနိုင်သလဲ ကြည့်ကာ ဖြည့်ဆည်းနိုင်သလောက် သူဖြည့်ဆည်း မည်။ သူဖြည့်ဆည်းဆောင်ရွက်သည့် လုပ်ငန်းကောင်းသည်၊ အကျိုးရှိသည်။ ဝိုင်းဝန်ကူညီသင့်သည် ဟူသော လူများမြင်လာလျှင် ဝင်လာကြမည်၊ ဝိုင်းကူကြ မည်။ မာသာထရီဇာ၏ လက်သုံးစကားအရမူ သူမ၏ အလုပ်လမ်းညွှန်မှာ “လိုအပ်ချက်နှင့်လျော်ညီစွာ” လုပ်ကိုင်ခြင်းပင်ဖြစ်သည်ဟုဆိုသည်။ မာသာထရီဇာ သည် လုပ်ငန်းပေါင်းများစွာကို သည်နည်းအတိုင်း အစပျိုးခဲ့သည်။ သည်နည်း အတိုင်းပင် ယနေ့အထိ ဆက်လက် လည်ပတ်စေခဲ့သည်။

အဆင်းရဲဆုံး လူသားများကို စောင့်ရှောက်ကူညီခြင်းသည် ဘုရားသခင် အား အလုပ်အကျွေးပြုခြင်း ဖြစ်သည် ဟူသော ယုံကြည်ချက်ဖြင့် စေတနာ စိတ်ထက်သန်စွာ ဆောင်ရွက်ခဲ့သည့် ကုသိုလ်ဖြစ်လုပ်ငန်း များနှင့်အတူ သူမ၏ အသင်းအဖွဲ့သည်လည်း လျင်မြန်စွာပင် ကြီးထွားတိုးတက်လာခဲ့သည်။ ကလေး သူငယ် ပြုစုစောင့်ရှောက်ရေးဂေဟာမှ လုပ်အားရှင်များက ဆေးရုံတွင် မိခင် ထားရစ်ခဲ့သည့် ကလေး၊ ဆင်းရဲလွန်း သဖြင့် မိမိတို့ မကျွေးမွေး မစောင့်ရှောက် နိုင်ပါဟု မိဘကိုယ်တိုင် လာရောက်အပ်နှံသည့် ကလေးများကို အသက်ရှင်မှု၊ လုံ ခြုံမှု၊ အစာအာဟာရနှင့် မေတ္တာအကြင်နာ ရရှိစေမှုအတွက် တာဝန်ယူ ဆောင်ရွက်လျက် ရှိသကဲ့သို အနာကြီးရောဂါသည် စခန်းများတွင် တာဝန်ယူထားကြ သူတို့ကလည်း ဝေဒနာသည်များ ရောဂါသက်သာပျောက်ကင်းရေး၊ ယင်းတို့အား စိတ်ဓာတ်မြှင့်တင်ပေးရေး၊ ရောဂါကြောင့် ကိုယ်လက်အင်္ဂါ ချိုတဲ့နေသူများ ဖြစ်စေကာမူ လုပ်နိုင်စွမ်းရှိသရွေ့ အလုပ်လုပ်ချင်လာအောင်၊ လုပ်တတ်လာအောင် လေ့ကျင့် ထူထောင်ပေးရေး လုပ်ငန်းများကို စနစ်တကျ စီမံဆောင်ရွက်လျက် ရှိကြသည်။ တောင်းရမ်းခြင်း၊ ခိုးဝှက်ခြင်း တို့ဖြင့် အဓိကရပ်တည် ရှင်သန်ခဲ့ကြသည့် အနာကြီးရောဂါသည်များကို စိုက်ပျိုးရေးသမားများ၊ လက်သ မားများ၊ ရက်ကန်းသမားများ စသည်ဖြင့် ဖြစ်လာအောင် ပြောင်းလဲပေးနိုင်ခြင်းကား ချီးကျူးဖွယ် အောင်မြင်မှုတစ်ရပ်ဖြစ်သည်။ လူတကာ ထိတ်လန့်ကြောက်ရွံကာ မထိချင်း မတိုချင်း၊ အနားမကပ်ချင်ကြသည့် အေအိုင်ဒီအက်စ်ရောဂါသည်များအား သေဒဏ်စီရင်ခံရမည့်နေ့ရက် မတိုင်မီကာလအတွင်း ဝေဒနာအတန် အသင့် သက်သာစေမှု၊ လူ့အသိုက်အဝန်း၏ ပြစ်ပယ်ခံရခြင်းဒဏ် လျော့ပါးစေမှုနှင့် နောက်ဆုံးအချိန်တိုင် မေတ္တာကရုဏာ တရားကို ထိတွေ့ခံစားသွားရစေမှုတို အတွက် အေအိုင်ဒီအက်စ်ရောဂါသည် ဂေဟာစခန်းများ ထူထောင်ဖွင့်လှစ်ပေးခြင်း များကို ဆောင်ရွက်ခဲ့သည်။

ကမ္ဘာ့အဆင်းရဲဆုံး ဆင်းရဲသားများအား ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ နေရေးသေရေး အထိ ဘက်စုံထောင့်စုံမှ ကူညီစောင့်ရှောက် ပေးနေသည့် မာသာထရီဇာ၏ ကရုဏာလုပ်ငန်းကြီးမှာ ကြီးထွား သထက် ကြီးထွား လျက်ရှိသည်။ မာသာထရီဇာနှင့် သူ၏ ကရုဏာရှင်အဖွဲ့သားတို့ကား ဘုရားသခင် သည် မိမိညွှန်ပြ ပျိုးထောင်ပေးခဲ့သော ကရုဏာလုပ်ငန်းကြီး ထာဝရရပ်တည် ရှင်သန်အောင် ထိန်းသိမ်း စောင့်ရှောက် တော်မူလိမ့်မည်ဟု စိတ်ချယုံကြည်ထားကြပေသည်။

မာသာထရီဇာသည် ကိုယ်ကျိုးမငဲ့သူ၊ အသက်တာပေးဆပ်သူ၊ နှိမ့်ချ ခြင်းဖြင့် ပြည့်ဝသူနှင့် ပေးဆပ်သော အသက်တာရှိသူတစ်ဦးဖြစ်သည်။ မာသာ ထရီဇာကဲ့သို ဓမ္မပညာရှင်များသော်လည်းကောင်း၊ ဓမ္မပညာကို သင်ယူနေကြ သူများသော်လည်းကောင်း မိမိအသက်တာကို တည်ဆောက် အသက်ရှင်ရန် ဖြစ်သည်။

၅။ လူပုဂ္ဂိုလ်နှင့် ဆိုင်သော ဓမ္မတွေးခေါ်မှုအမြင်

လူကို ဘုရားသခင်၏ ပုံသဏ္ဠန်တော်နှင့်အညီ ကိုယ်၊ စိတ်၊ ဝိညာဉ် ဟူသော အပိုင်း (၃)ပိုင်းဖြင့် ဖန်ဆင်းထားကြောင်းကို သမ္မာကျမ်းစာထဲတွင်ဖော်ပြထားပါသည် (၁သက် ၅း၂၃။ ဟေဗြဲ ၄း၁၂)။ ဘုရားသခင်သည် လူသား များကို ဖန်ဆင်းပြီးနောက် တာဝန်များကိုလည်း အပ်နှံခဲ့ကြောင်းတွေ့ရပါသည်။

(၁) ဘုရားသခင်သည် လူကို သူ၏ ပုံသဏန်နှင့်အညီ ဖန်ဆင်းခဲ့ခြင်းသည် လူသည် ဘုရားသခင်အား မေတ္တာဖြင့် ဆက်နွယ်ပတ်သက်မှုကို ကြီးထွား တိုးတက်၍ ထာဝရတည်စေခြင်းဖြင့် ဘုရားသခင်ကို သူ၏ သခင်နေရာတွင် ထားကာ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်ဖြစ်ပါသည်။ ဘုရားသခင်သည် လူသားများအား သူ၏ ဘုန်းတော်ကို ထင်ရှားစေ၍ ရှေ့တော်၌ သန့်ရှင်းဖြောင့်မတ်စွာ အသက်ရှင်ခြင်းကို တွေ့မြင်လိုသော ဆန္ဒရှိသော် လည်း ဘုရားသခင်ကို ပုန်ကန်ရန် အာဒံနှင့်ဧဝကို စာတန်သည် အောင်မြင်စွာ သွေးဆောင်ဖြားယောင်း နိုင်ခဲ့ပါသည်။ ထိုကြောင့် ကယ်တင်ရှင်ကို စေလွှတ်၍ ကမ္ဘာသားများကို ရွေးနှုတ်ခြင်းကို ပြုလုပ်မည်ဟူသော ကတိတော်ကို ဘုရားသခင်ပေးခဲ့ရခြင်းဖြစ်ပါသည်။

(၂) လူသားများသည် ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်၍ ဘုရားသခင်ကို အရာခပ်သိမ်းထက် ပို၍ချစ်ရန် ဘုရားသခင် အလိုတော်ရှိပါသည်။ ချစ်ခြင်း မေတ္တာနှင့် ပတ်သက်သော မိန့်တော်မူချက်သည် ပညတ်တော်တွင် အကြီးမြတ်ဆုံး ပညတ်ဖြစ်ပါသည် (ဝတ် ၁၉း၁၈။ တရား ၆း ၄-၅။ မ ၂၂း၃ရ-၄၀။ ရော ၁၃း၉-၁၀)။

(၃) ဧဒင်ဥယျာဉ်ထဲတွင် ဘုရားသခင်သည် မင်္ဂလာဆောင်ခြင်း အမှုအရာကို စတင်တည်ထောင်ခဲ့ပါသည် (က ၂း၂၁-၂၄။ မင်္ဂလာဆောင်ခြင်းအမှုသည် တစ်လင်တစ်မယားစနစ်ဖြစ်သော ဇနီးနှင့်ခင်ပွန်းတို့၏ အသက်တာ ပေါင်းဖက် ခြင်းဖြင့် အိမ်ထောင်အဖြစ် တည်ထောင်ရမည်ကို ဘုရားသခင် ဖော်ပြခဲ့ခြင်းဖြစ် ပါသည် (မ ၁၉း၅-၉။ ဧ ၅း၂၂-၃၃)။ လက်ထပ်ထိမ်းမြားပြီးလျှင် လူသားတို့ကို “အချင်းတို့ များပြားစွာမွေးဖွားကြလော့၊ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့”ဟု ဘုရားသခင် မိန့်တော်မူခဲ့ပါသည် (က ၁း၂၈။ ၉းရ)။ ယောကျာ်းနှင့်မိန်းမ တို့သည် ဘုရားသခင်ကို ကြောက်ရွံခြင်းအားဖြင့် မျိုးဆက်များ ပြန့်ပွားရေးကို အိမ်ထောင်ပြုခြင်းအားဖြင့် သာ လုပ်ဆောင်ရမည်။ ဘုရားသခင်ကို ကြောက်ရွံသော မိသားစုအားဖြင့် သားသမီးများကို ပြုစုပျိုးထောင်၍ မေတ္တာဖြင့် တစ်ယောက်နှင့်တစ်ယောက် ဆက်ဆံသော မိသားစုကို လောကထဲတွင် တည်ထောင်ရန် ဘုရားသခင် အလွန်ဦးစားပေး ဆောင်ရွက်လိုပါသည်။ ဧဒင်ဥယျာဉ်ထဲတွင်လည်း အာဒံသည် တိရစ္ဆာန်များကို အမည်ပေး၍ ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ပေးခြင်းကို ခံခဲ့ရပါသည် (က ၂း၁၅၊ ၁၉-၂၀)။ ဘုရားသခင်သည် သူ၏သားသမီးများအား သူ၏ ရည်ရွယ်ချက်ကို ပြည့်စုံစေရန် ကမ္ဘာလောကကို ထိန်းသိမ်း စောင့်ရှောက် ရာတွင် လူသားများအားလုံးပါဝင်၍ လောက၌ရှိသောအရာများကို ဘုရား သခင်ထံ ဆက်ကပ်ခြင်း နှင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသည့် စီမံမှုအားဖြင့် ဖန်ဆင်းထားသောအရာများကို ထိန်းသိမ်းခြင်းတို့ကို မျှော်လင့်လျက် ရှိပါသည် (ဆာ ၈း၆-၈။ ဟေဗြဲ ၂းရ-၈)။ )

(၄) ကမ္ဘာလောကကြီးထဲသို့ အပြစ်တရား ဝင်ရောက်လာခဲ့သဖြင့် သားတော်ကို ဘုရားသခင်စေလွှတ်၍ ပြန်လည်ရွေးနှုတ်ခဲ့ပါသည်။ ထိုကဲ့သို့ မေတ္တာဖြင့် ပြန်လည်ရွေးနှုတ်ခြင်း သတင်းစကားကို ဝေငှသက်သေခံရန် ခရစ်တော်၏ သက်သေခံများဖြစ်သော ဘုရားသခင်၏ လူများကို မြေကြီးစွန်းတိုင်အောင် ဟောပြော၍ (မ ၂၈း၁၈-၂၀။ တ ၁း၈)။ လောက၏အလင်း၊ လောက၏ သားများ အနေဖြင့် အသက်ရှန်ရန် (မ ၅း၁၃-၁၆) ဘုရားသခင် တာဝန်ပေးအပ်ခဲ့ပါသည်။

 

၆။ မိဘများနှင့် ဓမ္မတွေးခေါ်မှုအမြင်

(၁) ကလေးများကို ပြုစုစောင့်ရှောက်ရာတွင် ဘုရားသခင်သည် စံနမူနာကောင်း

သမ္မာကျမ်းစာတွင် ဘုရားသခင်ကို လူသားများ၏ ဖခင်နှင့်မိခင်ကဲ့သို ရေးသားဖော်ပြပါသည်။ မိခင်၊ ဖခင် ကဲ့သို့ ဖော်ပြခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းနှင့် စောင့်ရှောက်သူ၊ ကာကွယ်စောင့်ထိန်းသူအဖြစ် တာဝန်ယူ ဆောင်ရွက် နေသောကြောင့်ဖြစ်သည်။ ပရောဖက်ဟောရှေက ဘုရားသခင်အား ချစ်ခင်မြတ်နိုး သောသူ၊ ကြင်နာယုယစွာ ဆက်ဆံသောသူ၊ ကွယ်ကာစောင့်ရှောက်သောသူအဖြစ် အခန်းကြီး(၁၁)၊ အခန်းငယ်(၁-၄)တွင် ဖော်ပြထားသည်။ ထိုကြောင့် ဖခင် ဖြစ်ရခြင်းတွင် ဘုရားသခင်ကို စံထား၍ မိမိတို့၏ တာဝန်များကို လေးလေးနက်နက် ဆင်ခြင်ရမည်ဖြစ်သည်။ ဘုရားသခင်သည် မိဘများအတွက် စံနမူနာ ဖြစ်သည်။

(၂) ကောင်းသော အမွေအနှစ်များကို လက်ဆင့်ကမ်းပေးသော တာဝန်ဝတ္တရား

“ကိုယ့်သားတိုအား ပြောကြားလော့။ သူတိုသည် သူတိုသားတိုအား ပြောကြစေ။ သူတိုသားတို့သည် လည်း ဆက်နွယ်သော အခြားသူတိုအား ပြောကြစေ” (ယောလ ၁း၃)။

မိဘတိုင်းသည် သားသမီးများကို အမွေဥစ္စာများ အမြဲချန်ပေးလျက်ရှိသည်။ သမီးများသည် မိဘများ ချန်ပေးခဲ့သော ကောင်းသောအမွေများကို သော်လည်းကောင်း၊ ဆိုးသောအမွေများကို သော်လည်းကောင်း အမြဲယူကြပါသည်။ ထိုကြောင့် မိဘတို့ ချန်ပေးခဲ့သော အမွေသည် ကောင်းသောအမွေအနှစ်များဖြစ်ဖို့ရန် အမြဲ သတိပြုရမည် ဖြစ်သည်။

သားသမီးများအတွက် မိဘများအနေဖြင့် ဝိညာဉ်ရေးရာ၊ စိတ်ပိုင်းဆိုင် လူမှုရေးဆိုင်ရာ အမွေအနှစ်များ သည် သားသမီးများကို ချန်ထားပေးရန် အမွေကောင်းများဖြစ်သည်။ ဝိညာဉ်ရေးရာ အမွေအနှစ်ကို ချန်ထားရာ တွင် ခိုင်မာသော ယုံကြည်မှုအုတ်မြစ်ကို စိုက်ထူပေးရန်ဖြစ်သည်။ စိတ်ပိုင်းဆိုင်ရာ အမွေအနှစ်ကို ချန်ပေးရာ တွင် ခရစ်တော်၌ ကြံ့ခိုင်ကျန်းမာသော စိတ်ဓာတ်ကို ပြုစုပျိုးထောင် ချန်ထားပေးရန်ဖြစ်သည်။ လူမှုရေးဆိုင်ရာ အမွေအနှစ်ကို ချန်ပေးရာတွင် ခရစ်တော် တစ်လုံးတစ်ဝတည်းဖြစ်သော ပေါင်းသင်းဆက်ဆံရေးကို ချန်ထားပေး ရန် ကောင်းသော အမွေအနှစ်များဖြစ်သည်။ “သင်တို့၏ ဘုရားသခင်ထာဝရဘုရား ရှေ့တော်၌ ရပ်နေကြသော အခါ ကိုယ်တိုင် မြင်သောအရာတိုကို မမေ့မလော နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်း ကိုယ်ကိုကို ယ် သတိပြုကြသော ကိုယ်စိတ်နှလုံးကို ကြိုးစား၍ စောင့်ရှောက်ကြလော့။ ထိုအရာတို့ကို သားမြေးတို့ အားလည်း သွန်သင်ကြလော့” (တရား ၄း၉)။

 

(၃) ဘုရားသားသမီးများကို သွန်သင်ရန် တာဝန်ဝတ္တရား

သားသမီးများ ဘက်စုံဖွံဖြိုးတိုးတက်ရန်အတွက် ဦးဆောင်ရန်မှာ မိဘများ၏ တာဝန်ဖြစ်သည်။ ဤအရာသည် မိဘများအတွက် ဘုရားပေးတာဝန် ဖြစ်သည်ကိုလည်း မိဘများက လက်ခံရမည်ဖြစ်သည်။

“ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏ သားသမီးတိုအား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက် ထလျက်ရှိသည်ဖြစ်စေ ထိုစကားကို ပြောရမည် (တရား ၆း၆-ရ)။

ဘုရားသခင်၏ လူများသည် ဘုရားသခင်၏စကားကို နှလုံးသွင်းရန် ဘုရားသခင်သည် ပြင်းပြသော ဆန္ဒရှိပါသည်။ ဘုရားသခင်၏စကားကို နှလုံး သွင်းနိုင်ရန် နှုတ်ကပတ်တော်ကို နေ့စဉ်လေ့လာ ဖတ်ရှုခြင်းဖြင့် သာ ပြုလုပ်နိုင် ပါသည်။ ဘုရားသခင်အား ချစ်ကြောင်း ဖော်ပြနိုင်သည့် အဓိကလုပ်ဆောင်မှုတစ်ခုမှ သားသမီးတို့ကို ဝိညာဉ်ရေးရာ၌ ပြုစုပျိုးထောင်ပေးပြီး၊ ဘုရားသခင်နှင့် သစ္စာရှိစွာ လိုက်လျှောက်နိုင်ရန် ကြိုးစား၍ ပြင်ဆင်ပေးခြင်းဖြစ်သည်။ ဘုရားသခင်အား ရိုသေကိုင်းရှိင်းမှုရှိစေရန် သားသမီးတိုကို သင်ကြားပေး ခြင်းအမှုသည် မိဘများ၏ အဓိက တာဝန်ဖြစ်ပါသည်။ ဝိညာဉ်ရေးနှင့်ဆိုင်သော သွန်သင်မှုကို မိခင်နှင့်ဖခင် နှစ်ယောက်စလုံး ပါဝင်၍ မိမိတို၏အိမ်တွင် အဓိကပြုလုပ်ရမည်။ သားသမီးများသည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့်ချစ်၍ ရိုသေကြောက် ပြီး ဘုရားသခင် အလိုတော်အတိုင်း အသက်ရှင်လိုက် လျှောက်ရန် ရည်ရွယ်၍ များမှသွန်သင်မှုကို ပြုလုပ်ရမည်။ ယုံကြည်သူ တစ်ယောက်အနေဖြင့် အရာသိမ်းသည် ဘုရားသခင်၏ အလိုတော်နှင့် ဆက်စပ်မှုရှိကြောင်း ဖော်ပြလျက် ဘုရားသခင်အား အဓိကထားသည့် သွန်သင်မှု ကို သားသမီးတို့အား ကြိုးစား၍ သွန်သင်ပေးရမည်။

သားသမီးများ နေ့စဉ်အသက်တာတွင် ထက်မြက်ဖိုရန် ထိုးထွင်းသိမြင် င်ဖိုရန် လိမ္မာပါးနပ်ဖိုရန်အတွက် မိဘများက သွန်သင်ရမည်ဖြစ်သည်။

(၄) ဘုရားကို ရိုသေကိုင်းရှိင်းသော အသက်တာတွင် စံနမူနာကောင်းဖြစ်ရန် တာဝန်ဝတ္တရား

မိဘများ၏ အသက်တာသည် သားသမီးများအတွက် စံနမူနာများဖြစ် သည်။ (သုတ္တံ့ ၂၀းရ)တွင် “ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို လိုက်၍ သူ၏ သားစဉ်မြေးဆက်တိုသည် မင်္ဂလာရှိကြ၏” ဖြောင့်မတ်သော သူသည် သမ္မာတရားနှင့်အညီ ဂုဏ်သိက္ခာရှိရှိ အသက်ရှင်သည်။ ထိုသူ၏ သားစဉ်မြေး ဆက်များသည်လည်း ဖြောင့်မတ်ခြင်းအမွေ ပတ်ဝန်းကျင်၌ ကြီးထွား ကြသောကြောင့် မင်္ဂလာရှိကြသည်။ မိဘများ၏အသက်တာမှ သင်ခန်းစာများ ရရှိကြသည်။

ဘုရားသခင်ကို ရိုသေကိုင်းရှိင်းသော အသက်တာသည်၊ –

(၁) ဘုရားသခင်ကို အမြဲတမ်းကိုးစားသည်။

(၂) ဘုရားသခင်၏ ဘုန်းတော်ထင်ရှားဖိုရန်အတွက် ဘုရား၏ သက်တော်နှင့်အညီ ဘုရားပေးတာဝန်ဝတ္တရား များကို အမြဲတမ်း ကျေပွန်စွာ ထမ်းဆောင်သောသူ ဖြစ်သည်။ ။

(၃) ဘုရားသခင်၏သရုပ်ကို အမြဲတမ်းဖော်ဆောင်ပြီး မိမိ၌ သူတပါးဘုရားကို မြင်စေသည်။ မိမိ၌ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသည်။

(၄) မိမိအသက်တာ၌ ဘုရားသခင်သည် မှန်ကန်သောအုပ်ချုပ်သူအဖြစ် မှတ်ယူ၍ ဘုရား၏ပညတ်တော်ကို အမြဲနှလုံးသွင်း အသက်ရှင်လိုက်လျှောက်သောသူ ဖြစ်သည်။

(၅) ဘုရား၌ အမြဲသတိရှိသူဖြစ်သည်။

(၆) အခြေအနေတိုင်း ပြဿနာတိုင်းတွင် ဘုရားကို မိမိ၏ အားကိုးအားထားရာအဖြစ် လက်ခံ၍ ဘုရား၌ အမြဲအဖြေရှာသူဖြစ်သည်။

(၇) ဘုရားကိုသိသည်၊ ဘုရားကိုချစ်သည်၊ ဘုရားအတွက် အမြဲအသက်ရှင်သူဖြစ်သည်။

ဘုရားကို ရိုသေကိုင်းရှိင်းသော အသက်တာသည် သားသမီးများအပေါ် အကျိုးသက်ရောက်မှု များစွာရှိသည်။ “သင်တိုနှင့်တကွ သားမြေးတိုသည် ချမ်းသာရခြင်းငှာ၎င်း၊ သင်တို၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်၌ အသက်တာရှည်စေခြင်းငှာ၎င်း၊ ယနေ့ ငါမှာထားသော ပညတ်တရားတော် တိုကို စောင့်ရှောက်ကြရမည်” (တရား ၄း၄၀)။

မိမိ၏ သားသမီးများ ဘုရားတရား ရိုသေကိုင်းရှိင်းဖိုရန်အတွက် မိမိ ကိုယ်တိုင် ဘုရားဝတ်၌မွေ့လျော်ပြီး မိမိသားသမီးများကို အမြဲလမ်းပြရှင်အဖြစ် ရပ်တည်နေရမည်ဖြစ်သည်။

(၅) ကရုဏာ (သို့) ရိုင်းပင်းမှုနှင့် နူးညံ့သိမ်မွေ့မှုကိုပြရန် တာဝန်ဝတ္တရား။

သားသမီးများကို ချစ်ခြင်းသည် မိဘများအတွက် အဓိကတာဝန် အလုပ်တစ်ခုဖြစ်သည်။ သားသမီးများကို ချစ်သည်ဟု ဆိုရာတွင် သားသမီးများ၏ လိုအပ်မှုများကို မိဘများက ကူညီပေးခြင်း၊ ကြင်နာစွာ ပေါင်းသင်းဆက်ဆံခြင်း၊ ခွင့်လွှတ်ခြင်းများ ပါဝင်သည်။ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ရေးရာများ၏ လိုအပ်မှုများကို ကရုဏာ၊ နူးညံ့သိမ်မွေ့မှုများဖြင့် ကူညီရန်ဖြစ်သည်။

“အဘသည် သားတိုကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသည် ကြောက်ရွံသောသူတိုကို သနားစုံမက်တော်မူ၏” (ဆာ ၁၀၃း၁၃)။

ဖခင်များက မိမိရင်သွေးငယ်၏ မသိနားမလည်မှုကို အစဉ်သနား ခွင့်လွှတ်သကဲ့သို ကောင်းကင်ဘုံရှင် ဘုရားသခင်ကလည်း ဖန်ဆင်းထားသော လူများ၏ အားနည်းချက်များကို သနားသဖြင့် နားလည်ခွင့်လွှတ် ပါသည်။ မိဘများ အနေဖြင့် မိမိသားသမီးများ အသိဉာဏ်ဗဟုသုတ အားနည်းချိန်တွင် ကရုဏာ စိတ်ဖြင့် သွန်သင်ညွှန်ကြားခြင်း၊ ဖျားနာချိန်များတွင် ဂရုစိုက်မှုများ၊ ဆုံးရှုးမှုများနှင့် ကြုံတွေ့ရချိန်များတွင် နှစ်သိမ့်မှု ပေးခြင်း၊ စိတ်အနှောက်အယှက် ဖြစ်ချိန်များတွင် အကူအညီပေးခြင်း၊ သားသမီးများအပေါ် ကရုဏာစိတ်၊ နူးညံ့သိမ်မွေ့မှုများ ဖော်ပြခြင်းဖြင့် သူတို၏ မှားယွင်းနေမှုများအထဲမှာ အမှန်တရားများကို သိရှိနိုင် ပါသည်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရားသခင်၏ ကရုဏာ၊ နူးညံ့ သိမ်မွေ့စိတ်သည် မိဘများအားလုံး၏ စိတ်ထဲ တွင် ကိန်းဝပ်နေရမည်ဖြစ်သည်။

ခရစ်တော်၏ သာသနာလုပ်ငန်းကိုလည်း ကရုဏာ (သို့) ရိုင်းပင်းမှုဖြင့် ပါသည်။ ဒုက္ခရောက်နေသော သူများ၊ မကျန်းမမာသောသူများ၊ ဆင်းရဲသားများ စသော လိုအပ်နေသည့်သူများကို ကရုဏာ၊ မေတ္တာဖြင့် သာသနာပြုခဲ့ပါသည်။ သားသမီးများအပေါ် ကရုဏာမေတ္တာထားရာတွင် ခရစ်တော်၏ လူသားအားလုံး အပေါ် ထားရှိသောစိတ်ဓာတ်ကို ပြန်လည် ဆင်ခြင်ရမည်ဖြစ်သည်။ ခရစ်တော်သည် သူငယ်များကို ချစ်သည်။ လက်ခံသည်၊ ပွေ့ချီသည်၊ ကောင်းချီး ပေးသည့်နည်းတူ မိဘများသည် သားသမီးအပေါ် ထားရှိရမည့် ဂုဏ်အင်္ဂါရပ်များကို လက်တွေ့ လုပ်ဆောင်ရမည်ဖြစ်သည်။

“ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ် ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်း စိတ်ရှိကြလော့” (လုကာ ၆း၃၆)။

“အဘတို ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ထိုသိုပြုလျှင် သူတို့သည် အားလျော့စိတ် ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်”(ကော ၃း၂၁)။

 

(၆) လမ်းညွှန်ရန်၊ ဆုံးမသွန်သင်ရန်နှင့် စည်းကမ်းလေ့ကျင့်ပေးရန် တာဝန်ဝတ္တရား

မိဘတိုင်း သားသမီးများကို မမိုက်မဲစေလိုပါ။ မိုက်မဲဆိုးသွမ်းလျှင်လည်း အမြဲဆုံးမသွန်သင်ရန် တာဝန်ရှိ ပါသည်။ မိမိ၏ မိုက်မဲ၊ ဆိုးသွမ်းမှုကို လမ်းညွှန်ရန်၊ လမ်းမှန်သိုရောက်အောင် လေ့ကျင့်ပေးရန် မိဘတိုင်း ပြုရ မည့် တာဝန်ဝတ္တရား ဖြစ်သည်။ မိဘတိုင်း သားမသီးကို အောင်မြင်သော အသက်သိုရောက်အောင် လေ့ကျင့်ပြင် ဆင်ပေးရပါမည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်သော စွမ်းရည်၊ သွန်သင် ဆုံးမမှုကို လေးစားရန်၊ သူတစ်ပါးအတွက် စဉ်းစားဆင်ခြင်သုံးသပ်ရန်နှင့် ဘုရားထံ ဆက်ကပ်အပ်နှံသော အသက်တာများရှိစေရန် မိဘများက သွန်သင်ဆုံး မရပါမည်။

လမ်းညွှန်ရန်ဆိုသည်မှာ မှားယွင်းနေသော အမူအကျင့်၊ အလေ့အကျင့်၊ အကျင့်စရိုက်များကို မှန်ကန် ခြင်းသို့ ရောက်အောင် ညွှန်ပြရမည်။ ခန္ဓာ၊ စိတ်၊ ဝိညာဉ် ကျန်းမာသန်စွမ်းရန် ကူညီပံ့ပိုးရမည်။ ဥပမာ-စားချိန်၊ အိပ်ချိန်၊ စာဖတ်ချိန်၊ လေ့ကျင့်ချိန်၊ အနားယူချိန်၊ ဝတ်ပြုချိန်၊ ပေါင်းသင်းဆက်ဆံချိန်၊ ကစားချိန်၊ တကိုယ်ရေ သန့်ရှင်းချိန် စသော နေ့စဉ်လုပ်ဆောင်ရမည့် အရာများကို လမ်းညွှန်ပေးရမည်။

ဆုံးမသွန်သင်ရန် ဆိုသည်မှာ မှားယွင်းနေသော ကျင့်ဝတ်၊ ကိုယ်ကျင့် တရား၊ စာရိတ္တများတွင် အသက်ရှင် ကျင်လည်နေခဲ့ပါလျှင် အားမလျော့ဘဲ ဆုံးမသွန်သင်ရန်ဖြစ်သည်။ ထိုနည်းတူ ဤမှားယွင်းနေသော လမ်းများသို မရောက်ဖိုရန်ကိုလည်း မိဘများဘက်မှ သွန်သင်ရမည်ဖြစ်သည်။ ဤသို ဆုံးမသွန်သင်ချိန်တွင် မိမိစွမ်းအား၊ ခွန်အားကို အားမကိုးဘဲ ဘုရားကို ဦးထိပ် ထားပြီး ကိုးစား၍ ဘုရားရဲ့ တန်ခိုးအာဏာဖြင့် ဆုံးမသွန်သင်ရမည် ဖြစ်သည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် မိသားစု၏ စွမ်းအင်၊ တန်ခိုး၊ ခွန်အား ရှင်သန်မှုကိုပေးနိုင်သော အရှင်သခင် တစ်ဦးဖြစ်သည်ကိုလည်း သိရှိရမည်ဖြစ်သည်။

စည်းကမ်းသည် လူ၏တန်ဖိုးဖြစ်သည်။ စည်းကမ်းသည် သားသမီးများ လမ်းမှားသိုမရောက်ဖိုရန် သွန်သင်ခြင်း ဖြစ်သည်။ စည်းကမ်းဖြင့် သွန်သင်ရာတွင် သားသမီးများ လေးလေးနက်နက် လုပ်ဆောင်ရန် ပို၍လေးစားတတ်ရန် ကောင်းသော ပေါင်းသင်းဆက်ဆံမှုပြုရန်ကို ဦးတည်ရမည်ဖြစ်သည်။ မိဘကိုယ်တိုင် ကလည်း ပုံသက်သေကောင်း ဖြစ်ခြင်းအားဖြင့် သားသမီးကို လေးလေးနက်နက် လေ့ကျင့် ပေးရန်လိုသည်။

“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သိုပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွဲ၊ လိုက်သွားလိမ့်မည်” (သုတ္တံ့ ၂၂း၆)။

 

၇။ အသင်းတော်၏ တာဝန်ဝတ္တရားနှင့် ဓမ္မတွေးခေါ်မှုအမြင်

အသင်းတော်၏ တာဝန်ဝတ္တရားသည် မိမိ၏ပတ်ဝန်းကျင်တွင်ရှိသော မိသားစုများအားလုံး ခန္ဓာ၊ စိတ်၊ ဝိညာဉ် ကျန်းမာသန်စွမ်းဖိုရန် လုပ်ဆောင်ပေးရန် ဖြစ်သည်။ မိသားစုများအားလုံးသည်လည်း မိမိဝန်းကျင် အတွက် တန်ဖိုးရှိသော အသက်တာ တည်ဆောက်ဖိုရန်အတွက် ပညာ၊ ဉာဏ်၊ အသိတရားများကို ပြုစုပျိုး ထောင်ပေးရန်လိုသည်။

အသင်းတော်သည် ခရစ်တော်၏ ခန္ဓာ၊ ဘုရားသခင်၏ မိသားစုဖြစ်သည့် အားလျော်စွာ အသင်းသူ၊ အသင်းသားများအားလုံး ကောင်းချီးမင်္ဂလာ၊ ဆုကျေးဇူး ရရှိဖိုရန်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အားဖြင့် ပြုစုပျိုးထောင်ရမည် ဖြစ်သည်။ အသင်းတော်သည် မိသားစုများ လုံခြုံစိတ်ချမှု ရရှိဖိုရန်အတွက် စောင့်ရှောက်မှုပေးသော ဘုရား၏ ဥယျာဉ်တစ်ခုဖြစ်ရပါမည်။ အသင်းတော် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရား များ တချို့ကိုလည်း ဖော်ပြလိုပါသည်။

 

(၁) ဝတ်ပြုကိုးကွယ်ခြင်း၊ မိတ်သဟာယဖွဲခြင်း၊ သက်သေခံခြင်း၊ သင်ကြား ခြင်း၊ အစေခံခြင်း၊ အမှုတော်လုပ်ငန်းများတွင် ကလေး၊ လူငယ်၊ လူကြီး အားလုံးပါဝင်ရန် အခွင့်အရေးပေးခြင်း။

သားသမီးများကို ဘုရားသခင်၏ ဆုကျေးဇူးအဖြစ် လက်ခံခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် တန်ဖိုးထား ခြင်းများ ရှိရမည်။ သားသမီးများ၏ ဝိညာဉ်ရေး ခင်သန်ဖွံဖြိုးဖိုရန်အတွက် ပြုစုပျိုးထောင်ပေးခြင်းနှင့် သားသမီးများကို ဘုရားသခင်၏ ချစ်ခြင်း၊ ကျေးဇူးကရုဏာတော်နှင့် ဘုရားသခင်နှင့် အမြဲမိတ်သဟာယ ပြုမှုရှိစေရန် သွန်သင်ရမည်။ မိမိ၏ ယုံကြည်မှုဝန်းကျင်ကို ပျော်ရွှင်မှုများနှင့် ပြည့်ဝရန်၊ လုံခြုံစိတ်ချမှုရရန် သေသေချာချာ လုပ်ဆောင်ရမည်။ မိမိတို နေထိုင်သော ဝန်းကျင်နှင့် ကမ္ဘာကြီး သာသနာတိုးတက် ပြန့်ပွားရန် အတွက် မိသားစု၊ လူကြီး၊ လူငယ်၊ ကလေးမကျန် အမှုတော်လုပ်ငန်း လုပ်ဆောင်ရန် တွန်းအားပေးရမည်။ မိသားစုတိုင်း၏ ဘုရားပေးသော စွမ်းရည်များကို အသိ အမှတ်ပြုပြီး သစ္စာရှိသော ဘုရားသခင်၏ ငယ်သား ကောင်းများအဖြစ် သာသနာ လုပ်ငန်း ဖွံဖြိုးတိုးတက်စေရန် လုပ်ဆောင်ဖိုရန်အတွက် သူတို၏ အသက်တာထဲ၌ လည်းကောင်း၊ ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ထဲ၌လည်းကောင်း၊ ယုံကြည်မှုရှိသော ဝန်းကျင်ထဲ၌လည်း ကောင်း၊ သက်သေခံကောင်းများဖြစ်ရန် အသင်းတော်က ဦးဆောင်၍ လုပ်ဆောင်ရမည်ဖြစ်သည်။ မိသားစုအ တွက် ထိရောက်သော ဦးဆောင်မှုပြုနိုင်ဖိုရန်အတွက် ခေါင်းဆောင်ကောင်းများကိုလည်း အရည်အချင်း မြှင့်တင် ပေးခြင်း၊ ပံ့ပိုးပေးခြင်းများကိုလည်း လုပ်ဆောင်ပေးရမည်။

(၂) ချစ်ခင်ကြင်နာသော လုံခြုံစိတ်ချသော မိသားစုများဖြစ်ရန် ဖန်တီးပေးခြင်း

အသင်းတော်သည် မိဘများကို သားသမီးများအား ပြုစုပျိုးထောင်ဖိုရန် အတွက် ပံ့ပိုးကူညီရမည့် တာဝန်ဝတ္တရားရှိသည်။ အနာဂတ်သားသမီးများ ပြုစုပျိုးထောင်ဖိုရန်အတွက် အသင်းတော်သည် မိသားစုများကို အဖက်ဖက်မှ ပါဝင်ကူညီနိုင်သည်။ သားသမီးများနှင့် မိဘအကြား အပြန်အလှန် လေးစားမှုရှိရန် ပြုပြင်ထိန်း သိမ်းပေးခြင်း၊ မိဘများသည် သားသမီး၏ စွမ်းရည်နှင့် ဆုကျေးဇူးများကို အသိအမှတ်ပြုခြင်း၊ တန်ဖိုးထားခြင်း ရှိစေရန် ပံ့ပိုးပေးခြင်းများရှိရမည်။ မိဘများ၊ သားသမီးများ၏ ဝိညာဉ်ရေးရာ ဖွံဖြိုးတိုးတက်ဖိုရန်အတွက် ပံ့ပိုးပေးခြင်းများ ရှိရမည်။ မိသားစုများ စွမ်းရည်မြင့်မားရေး၊ အသိပညာတိုးတက်ရေးနှင့် အရင်း အမြစ်များ ရှိဖိုရန်အတွက် အသင်းတော်က ချစ်ခင်ကြင်နာသော အိမ်ထောင်ဖြစ်ဖို့ ပံ့ပိုးပေးခြင်းများရှိရမည်။ မိသားစုတိုင်း ဂုဏ်ရှိဖိုရန် တန်ဖိုးရှိရန် အကာအက ပေးရမည်။ မိဘများကိုလည်း မိဘပြုခြင်းဆိုင်ရာ ပညာပေးအစီအစဉ် အလုပ်များ၊ ပညာရပ်များနှင့် မိသားစုအတွက် အားသစ်လောင်း အစီအစဉ်အတွက် အချိန်ယူ လုပ်ဆောင် ပေးခြင်းများရှိရမည်။ မိဘများကို အားပေးကူညီမှု အခက်အခဲများ ကူညီဖြေရှင်းပေးခြင်းများရှိရမည်။ အသင်း သားများ အားလုံး လည်း မိမိကိုယ်တိုင် မိသားစုအတွက် ပါဝင်လုပ်ဆောင်တတ်သောသူဖြစ်ရင် ပြုစုလေ့ကျင့် ပေးခြင်းများရှိရပါမည်။

(၃) အရည်အသွေးကောင်းသော ပညာရေးကို အားပေးခြင်း

ကလေးတိုင်း မိမိအသက်တာအတွက် အသိဉာဏ်၊ လူမှုရေး၊ စိတ်ပိုင်း ဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ကောင်းသောပညာသင်ယူရန် အခွင့်အရေးရှိသည်။ အသင်းတော်သည် ဤပညာရပ်များ ရရှိဖိုရန် စီမံ လုပ်ဆောင်ပေးရန်လိုသည်။ ထိုကြောင့် အသင်းတော်က မိဘများကို သားသမီး များအား မွေးကင်းစမှ စတင် ပညာသင်ပေးရန်နှင့် မိဘများသည် ပထမဦးဆုံးသော ဆရာဖြစ်ကြောင်း မိဘများအား ပံ့ပိုးကူညီပေးရမည်။ သားသမီးများအတွက် ပညာရေးပိုင်းဆိုင်ရာ လိုအပ်မှုများကို ပံ့ပိုးပေးရမည်။ သားသမီး များ ရရှိသော ပညာဖြင့် အသက်မွေးဝမ်းကြောင်း ပြုနိုင်ဖိုရန်အတွက် သားသမီးများနှင့် သူတိုကို ကြည့်ရှုပြုစုနေ သူများကိုပါ ပညာပေးရမည်။ သားသမီးများ လုံခြုံသော၊ ကောင်းသော ကျောင်းပညာရေးစနစ် ရရှိဖို့ရန်အတွက် ကိုလည်း စီမံပေးနိုင်ရမည်။ ကျောင်းတွင်းသာမက ကျောင်းပြင်ပတွင်လည်း လေ့လာတတ်သော ပညာကိုပါ သင်ယူတတ်ရန်အတွက် လမ်းပြနိုင်ရမည်။ သားသမီးများကို နားလည်အောင် သင်ကြားပေးရမည်။ ကွဲပြားနေ သော ယဉ်ကျေးမှုနှင့် ဘာသာစကားများကို လေးစားတတ်ရန်နှင့် ကမ္ဘာရှုထောင့်အမျိုးမျိုးကိုလည်း လေ့လာ သင်ယူရန် လေ့ကျင့် ပျိုးထောင်ပေးရမည်။

(၄) ကောင်းသော နေရာထိုင်ခင်းနှင့် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကို အထောက်အပံ့ပေးခြင်း

မိသားစုများအားလုံး ကျန်းမာသော ဝန်းကျင်တွင် နေထိုင်နိုင်ရန်အတွက် ကူညီရန် အသင်းတော်က တာဝန်ရှိပါသည်။ ထိုကြောင့် အသင်းတော်က နေထိုင်ရန် အခက်အခဲရှိသော မိသားစုများကို ကူညီပံ့ပိုးမှု များရှိရပါမည်။ ကျန်းမာသန်စွမ်းပြီး တန်ဖိုးရှိသော လူသားတစ်ဦးအဖြစ် ရပ်တည်အသက်ရှင်ဖို့ရန် အကာ အကွယ်ပေးမှုများကို အာရုံစိုက်ရမည်။ သားသမီးတိုင်း ဆာလောင်မှု မရှိစေရန် ထပ်ဆောင်ရမည်။ ထိရောက် သော ကျန်းမာရေးစောင့်ရှောက်မှုများ၊ အာဟာရ ပိုင်းဆိုင်ရာ ပညာပေးအစီအစဉ်များကို ပြုလုပ်ပေးရမည်ဖြစ် သည်။ ကျန်းမာရေးပြုစု စောင့်ရှောက်မှု ကုန်ကျစရိတ်များကို အသင်းတော်က ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

 

သင်ရိုးညွှန်းတမ်းဆိုင်ရာ အခြေခံအုတ်မြစ်

(Curricular Foundations)

၁။ သင်ရိုးညွှန်းတမ်း၏ အဓိပ္ပါယ် (Definition of Curriculum)

သင်ရိုးညွှန်းတမ်းဆိုတဲ့ ” Curriculum ” စကားလုံးသည် လက်တင်ဘာသာ စကားဖြစ်တဲ့ “currere” မှဆင်းသက်ပြီး၊ “ပြေးရန်”ဟု အဓိပ္ပာယ် သက်ရောက် ပါသည်။ ပညာရေးအရ အခေါ်အဝေါ်မှာ “ပြေးရန်လမ်း ကြောင်း” သို့နည်းမဟုတ်၊ “လေ့လာသင်ယူရန် လမ်းကြောင်း” ဟု အဓိပ္ပာယ်ဖွင့်ဆိုရမှာ ဖြစ်ပါသည်။ သင်ရိုးညွှန်းတမ်းသည် သင်ကြားသူ ဆရာ၊ ဆရာမများနှင့်အတူ၊ သင်ကြားခြင်း ခံယူရသော ကျောင်းသား၊ ကျောင်းသူများအားလုံး မိမိတိုရောက်ရှိချင်သော ပညာရပ်၏ ရည်မှန်းချက် ပန်းတုံးတိုင်သို ပြီးမြောက်အောင် အတူတကွ ရောက်ရှိခြင်းဖြစ်သည်။ သင်ရိုးညွှန်းတမ်း၏ ထူးခြားသော လက္ခဏာနှစ်ရပ်မှာ အစီအစဉ် ရေးဆွဲပြီးစီးခြင်းနှင့် ၎င်းရေးဆွဲသော အစီအစဉ်ရေးဆွဲခြင်းမှာ ရည်ရွယ်ချက်ရှိသော အရာများဖြစ်ရပေမည်။ ရည်ရွယ်ချက်ပြည့်မှီသော အစီအစဉ် ရေးဆွဲခြင်း၌ သင်ကြားပိုချသူ ဆရာ၊ ဆရာမများနှင့် သင်ကြားမှုခံယူသူ တပည့်များအားလုံးတိုသည် ခရစ်ယာန်ဓမ္မပညာရပ်၏ ရည်ရွယ်ချက် ပြည့်ဝစုံလင်ရန် အတူတကွ ပန်းတိုင်သို ရောက်ရှိခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဆရာ၊ ဆရာမ များသာ ပန်းတိုင်ရောက်ရှိသော်လည်း တပည့်များ မရောက်ရှိပါလျှင် အောင်မြင် သောအရာ မဟုတ်ပေ။

သင်ရိုးညွှန်းတမ်းသည် ပညာရေးနှင့် ပတ်သက်သော ညွှန်ကြားချက် ဖြစ်သည်။ ၎င်းညွှန်ကြားချက်သည် အဆင့်ဆင့်၊ သေသေသပ်သပ် အသေးစိတ် စီစဉ်သော ပညာရေးပန်းတိုင်ကို ရယူခြင်းဖြစ်သည်။ ထိုကြောင့် သင်ကြားပိုချ သူများအနေဖြင့် ဓမ္မပညာနှင့်ဆိုင်သော ပန်းတိုင်သိုရောက်ရှိရန် တပည့်များအား ခန္ဓာပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးရာ၊ အသိပညာဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ၊ ဘက်စုံဖွံဖြိုးရန် ကူညီလမ်းညွှန်ပေးရမှာဖြစ်သည်။ ဤသို့ပန်းတိုင် ရောက်ရှိရန် လည်း သင်ကြားပိုချသော ဆရာ၊ ဆရာမများသည် အသိပညာ၊ ဗဟုသုတ ကြွယ်ဝ ၍၊ စံချိန်မှီသော သင်ကြားသူများ ဖြစ်ရပါမည်။ ခေါင်းဆောင်သူများသည် မကြောင်းရာ ပညာရပ်များသာမက အပြင်ဗဟုသုတများကိုပါ သိရှိမှု၊ ကျွမ်းကျင် ပညာရှင်အဆင့်ဖြစ်ရန် လိုအပ်သည်။ –

သင်ရိုးညွှန်းတမ်းသည် သင်ကြားသူ ဆရာ၊ ဆရာမများ၊ ပညာရှင်များ၊ သင်းအုပ်ဆရာများ၊ ခေါင်းဆောင်များနှင့်အတူ နောက်လိုက် ကျောင်းသူ၊ ကျောင်းသားများ၊ အသင်းသူ၊ အသင်းသားများအားလုံး တိုသည် အချိန်ကို ကောင်းစွာစီမံခန့်ခွဲ၍ မိမိတိုရည်မှန်းသော ပန်းတိုင်သို့ အတူတကွ ရောက်ရှိရန် အခြေခံ ကျသော လိုအပ်ချက်ဖြစ်သည်။ တချို့သောသူများက “သင်ရိုးညွှန်းတမ်း” ဆိုတာ မလိုအပ်ပါဘူး။ ငါတို့ သမ္မာကျမ်းစာဘဲ သင်ရင်ဖြစ်တာပဲဟု ပြောကြသည်။ ဤကဲ့သို့ မလိုအပ်ကြောင်း အသင်းတော်များ၊ ခရစ်ယာန် အဖွဲအစည်းများတွင် ပြောစမှတ်ပြုကြသည်။ ဒါကြောင့် ရလဒ်မှာ ဓမ္မပညာရပ်၌ ကျရှုံးသောရလဒ်များ ရရှိကြသည်။ အသင်းတော်၌ အပတ်စဉ် နံနက်အာရုံဦးဝတ်ပြုခြင်း၊ သုံးလအတွက် တရားဟောမည့်သူများ၊ အထူးဆုတောင်းမည့်သူများ၊ သဘာပတိများ၊ အလှူငွေ ဆက်ကပ်ရမည့်သူများ စတဲ့ ကြိုတင်အစီအစဉ် ရေးဆွဲသော သင်ရိုးညွှန်းတမ်းများ ရှိခဲ့လျှင် ပြေးလမ်းကြောင်းများရှိခဲ့လျှင် အလွန်ပင် ထိရောက်အောင်မြင်သော အသင်းတော် ဖြစ်မည်။ ထိုကြောင့် ခရစ်ယာန်ဓမ္မပညာတွင် သင်ရိုးညွှန်းတမ်းကို နားလည်ရန် မည်ကဲ့သို့ ရွေးချယ်ရန်နှင့် မည်ကဲ့သို ထိရောက်စွာဖြင့် သင်ရိုး ညွှန်းတမ်းကို အသုံးပြုရန် ခေါင်းဆောင်များ နားလည်ရမည်။

သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းသည် ခံစားချက် သက်သက်သာ မဟုတ်ဘဲ၊ လက်တွေ့ကျကျ လုပ်ဆောင် ရန် အသင်းတော်များ၊ အဖွဲချုပ်များ၊ နယ်တာဝန်ခံ များက လုပ်ဆောင်သင့်ပါသည်။ ပေါလ်ဗီးရက်(Paul Viet)က လူ့ဘဝကြီးက သင်ရိုးညွှန်းတမ်း တစ်ခုလိုပါဘဲဟု မီးမောင်းထိုး သတိပေးထားသည်။ လူတစ်ဦးတွင် ရည်ရွယ် ချက်များ၊ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းများ မရှိပါက ကမ္ဘာကြီးပေါ်မှာ အဆင်းရဲဆုံး ယုံကြည်သူတစ်ဦးအဖြစ် ထင်ကျန်မှာဖြစ်သည်။ ကျွန်ုပ်တို့ ဤကမ္ဘာ ကြီးတွင် အသက်ရှင်နေထိုင်စဉ် လူသားအားလုံးသည် ဘဝခရီးတွင် ခရီးသွားများ ဖြစ်ကြသည်။ ကျွန်ုပ်တို့ရှိတဲ့နေရာမှာ ဘုရားသခင်အတွက် ကောင်းသောအစေခံများ စကြရပါ မည်။ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၏ အကျိုးကျေးဇူးမှာ သင်ကြားသူနှင့် သင်ယူမှုခံယူသူများအတွက် လမ်းညွှန်ပေးခြင်း၊ ကြွယ်ဝပြည့်စုံအောင်မြင် ပန်းတိုင်ရောက်ရှိရန် စွမ်းဆောင်နိုင်စေသည်။ –

–      “သင်ရိုးညွှန်းတမ်း”သည် ယာဉ်နှင့်တူပါသည်။ ၎င်းအားဖြင့် ပညာရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရပါသည်။ ““ဆရာ”သည် ယာဉ်မောင်းနှင့်တူသည်။ ကားကောင်းကို ကျွမ်းကျင်သော ယာဉ်မောင်းက မောင်းလျှင် ပန်းတိုင်သို့ မြန်မြန်ရောက်နိုင်သည်။

–      သင်ရိုးညွှန်းတမ်းဆိုသည်မှာ ရှင်းလင်းပြတ်သားသော ပန်းတိုင်များ ပြီးမြောက် အောင်မြင်ရန်အတွက် ရေးဆွဲထားသော သင်ယူမှုအစီအစဉ်များ၏ သင်ရိုး တစ်ခုဖြစ်သည်။

–      ထိရောက်ကောင်းမွန်သော ခရစ်ယာန်သင်ရိုးညွှန်းတမ်းအတွက် လေးနက်သော ရည်ရွယ်ချက်၊ တိကျသော လုပ်ဆောင်မှုများ၊ လက်တွေ့လုပ်ဆောင်နိုင်သော နည်းဗျူဟာများ၊ ခိုင်လုံသော အကြောင်းအရာ မာတိကာနှင့် ရိုးသားသော အကဲဖြတ်စစ်မှုတို လိုအပ်ပါသည်။ ။

–      သင်ရိုးညွှန်းတမ်းဆိုသည်မှာ ကျောင်းသားများ ရရှိနိုင်အောင် ပြုလုပ်ထားသော အကြောင်းအရာ တစ်ခုဖြစ်သည်။

–      သင်ရိုးညွှန်းတမ်းဆိုသည်မှာ ကျောင်းသားများ၏ သင်ယူမှုအတွေ့အကြုံများကို စီစဉ်ရေးဆွဲခြင်းနှင့် လမ်းညွှန်ခြင်းတို့ ဖြစ်သည်။

–      သင်ရိုးညွှန်းတမ်း ဆိုသည်မှာ ပါဝင်သူ (သို့) ကျောင်းသားတစ်ဦး၏ အမှန်တကယ် အတွေ့အကြုံများ ဖြစ်သည်။

–      ယေဘုယျအားဖြင့် သင်ရိုးညွှန်းတမ်းများတွင် သင်ယူမှုအတွက် သင်ထောက်ကူ များနှင့် အတွေ့အကြုံများ နှစ်မျိုးစလုံး ပါဝင်ပြီး၊ သီးခြားသဘောအားဖြင့် ခရစ်ယာန်ဓမ္မပညာအတွက် သင်ကြားမှုအတွက် အသုံးပြုရန် ရေးဆွဲထားသော အကြောင်းအရာ တစ်ခုဖြစ်သည်။

–      သင်ရိုးညွှန်းတမ်းဆိုသည်မှာ အပြုအမူများ ပြောင်းလဲရန် ရည်ရွယ်လျက် ဆရာ၏ လမ်းညွှန်ပြသ မှုအားဖြင့် သင်ကြားမှုလုပ်ငန်း အစီအစဉ်များ ဖွဲစည်းထားမှု တစ်ခုဖြစ်သည်။

–      “သင်ရိုးညွှန်းတမ်း”ဆိုသည်မှာ ကျောင်းတွင်းကျောင်းပြင် တို တွင် ကျောင်းသားများ သင်ယူရရှိသည့် အတွေ့အကြုံအားလုံးကို ဆိုလိုသည်

 

၂။ ကောင်းမွန်သော ခရစ်ယာန်ဓမ္မပညာသင်ရိုးညွှန်းတမ်း၏ ထူးခြားသော လက္ခဏာများ (Characteristics of a Good Christian Education Curriculum)

ခရစ်ယာန်ဓမ္မပညာ၏ အဓိကဦးတည်ချက်မှာ လူသားအားလုံးသည် ဘုရားသခင်၏ ဖော်ပြချက် အားဖြင့်၎င်း၊ ဘုရားသခင်၏ အပြစ်ကြွေးမှ ကယ်တင်ခြင်း မေတ္တာကို သားတော် ယေရှုခရစ်တော်၌ ဖော်ပြခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားအားဖြင့် စစ်မှန်သော ဘုရားသခင်ကို သိကျွမ်းခြင်း ရှိရန် ဖြစ်သည်။ ထိုအပြင် ခရစ်ယာန် ဓမ္မပညာအားဖြင့် လူသားများအားလုံးသည် မည်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင်နေရပါစေ ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာဖြင့် တုံပြန်ရန်၊ ခရစ်ယာန် လူမှုအဖွဲအစည်းမှာ ဘုရားသခင်၏ သား၊ သမီးများ ကဲ့သို ခိုင်မာစွာ အမြစ်တွယ်ရန်၊ ပေါင်းသင်းဆက်ဆံမှု နယ်ပယ်များတွင်လည်း ဘုရားသခင်၏ အလိုတော်ကို နာခံအသက်ရှင်သူများ၊ ဤလောကကမ္ဘာကြီး၌ တပည့်တော်စစ်အနေဖြင့် အသက်ရှင်ခြင်းနှင့် ခရစ်ယာန်တို၏ မျှော်လင့်ခြင်း၌ တည်ရှိရန် ရည်ရွယ်ချက်ထားရှိသည်။ အဓိက အချက်အချာကျသော ရည်ရွယ် ချက်မှာ ခရစ်ယာန် ယုံကြည်သူများ ဘက်စုံဖွံဖြိုးတိုးတက်သူများ ဖြစ်ရပေမည်။ ထိုကြောင့် သင်ရိုးညွှန်းတမ်းဆိုသည်မှာ ယုံကြည်သူများသည် ကောင်းသော လူပုဂ္ဂိုလ်များ ဖြစ်ဖိုရန်အတွက်ကိုသာ မရည်ညွှန်းဘဲ၊ ခရစ်တော်၌ လူသစ်အဖြစ် ပြောင်းလဲခြင်း၊ ခရစ်တော်၌ ကယ်တင်ခြင်း ရရှိခဲ့ပြီး ဘုရားသခင်၏ အလိုတော် အတိုင်း လုံးလုံး ဆက်ကပ်အပ်နှံမည့်သူများ၊ သမ္မာကျမ်းစာအတိုင်း အသက်ရှင်၍ အသင်းတော်အတွက်၎င်း၊ ကမ္ဘာကြီးအ တွက်၎င်း ထိရောက်စွာ ပါဝင်ကြဖိုရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ကောင်းသော သင်ရိုးညွှန်းတမ်း တစ်ခု၏ ထူးခြားသော လက္ခဏာအင်္ဂါရပ်များကို အောက်ပါအချက်များဖြင့် ဖော်ပြလိုပါသည်။

.

(၁) ကောင်းမွန်သော သင်ရိုးညွှန်းတမ်း တစ်ခုသည် ခရစ်ယာန်ဖြစ်ခြင်း၏ ရည်ရွယ်ချက်နှင့် မာတိကာပါရှိ ရမည်။ A Good Curriculum must be Christian aim and content)

၁)         ခရစ်ယာန်တို့၏ အသက်ရှင်ခြင်း အခြေခံ အရင်းအမြစ်မှာ ယေရှုခရစ်တော်အားဖြင့် ဧဝံဂေလိသတင်းကောင်းများ ထုတ်ဖော်ခြင်း ဖြစ်သည်။

ခရစ်ယာန်တို၏ အသက်ရှင်ခြင်း အရင်းအမြစ်တွင် ယုံကြည်သူ တစ်ဦးစီတိုင်းသည် ဘုရားသခင်နှင့် တစ်ဦးစီ ရင်းနှီးကျွမ်းဝင်မှုရှိရန် ပါဝင်သည်။ ထိုပြင် ကောင်းမွန်သော ဓမ္မပညာသင်ရိုးညွှန်းတမ်းတွင် ခရစ်ယာန်တို၏ မိသဟာယဖွဲခြင်းအစီအစဉ်၊ ကမ္ဘာပေါ်မှာ ဖြစ်ပျက် နေသော အကြောင်းအရာများ၊ ကမ္ဘာ့သမိုင်းကြောင်းများ၊ ဘုရားသခင်၏ ပညတ်တော်များကို နားလည်ခြင်း၊ စကြဝဠာ၏ အံသြဖွယ်အ ရာများနှင့် ခက်ခဲရှုတ်ထွေးခြင်းများ အားလုံးပါဝင်ရမည်ဖြစ်သည်။ဝဝံဂေလိသတင်းကောင်း များကို ပြောကြားရာ၌ တစ်ဦးချင်းစီ၊ ဘုရားသခင်ကို မသိသေးသော လူများနှင့် ထိပ်တိုက် ရင်ဆိုင်ရသောအခါ အသိပညာကြွယ်ဝစွာဖြင့် ယုံကြည်ခြင်း၊ မျှော်ခြင်းနှင့် ချစ်ခြင်းမေတ္တာအပြည့်ရှိသော အဖြေများနှင့် ရှင်းလင်းတုံ့ပြန်ရမည်။

 

 ၂) ကောင်းမွန်သော ခရစ်ယာန်ဓမ္မပညာ၏ သင်ရိုးညွှန်းတမ်းတွင် သမ္မာကျမ်းစာသည် အမှန်တရား၏ အခြေခံအရင်းအမြစ်ဖြစ်ပြီး ဘုရားသခင်အကြောင်း၊ လူသားအကြောင်း၊ ကမ္ဘာကြီးအကြောင်း များအသုံး ပြုရမည်။

သင်ရိုးညွှန်းတမ်းအတွင်း၌ သမ္မာကျမ်းထဲမှ အတွေးအခေါ် အကြောင်းအရာများနှင့် ပြိုင်ဘက်ကင်း သော သတင်းအချက်အလက် များရှိသည်။ သမ္မာကျမ်းအားဖြင့် အရေးကြီးသော နည်းလမ်းများအား သင်ရိုးညွှန်းတမ်းက ဖြေရှင်းပေးသော အရာများမှာ –

–      သင်ရိုးညွှန်းတမ်းတွင် လေ့လာသင်ယူသူများသည် သမ္မာကျမ်းစာကို ဘုရားသခင်၏ မိမိကိုယ်ကို ထိရောက်သော ဖော်ပြချက်များအ မှတ်တမ်းတင်ခြင်းနှင့် ဘုရားသခင်၏ လူသားအားလုံးကို ကြီးသော ကယ်တင်ခြင်းအကြောင်း နားလည်ရန်ဖြစ်သည်။

–      သင်ရိုးညွှန်းတမ်းအားဖြင့် သင်ယူသူသည် သမ္မာကျမ်းစာ၏ မူ ခြင်းနှင့် ဖွံဖြိုးတိုးတက်မှုရှိသော နည်းလမ်းများကို နားလည် ဆန်းစစ်ချက်များကို တန်ဖိုးထားခြင်း စသည်တိုကို လေ့လာရမည်။

–      သင်ယူ လေ့လာသူများသည် သမ္မာကျမ်းစာက အမြင့်မားဆုံး လူ့ကျင့်ဝတ်နှင့်ဆိုင်သော တန်ဖိုးကို လူမှုအသိုက်အဝန်းတွင် ထုတ်ဖော်ပြောကြားနိုင်စွမ်းရှိကြောင်း ဖော်ပြနိုင်ရမည်။ သမ္မာကျမ်းစာ၏ အသုံး ဝင်ပုံမှာ လူငယ်နှင့် လူကြီးများအတွက် အကောင်းဆုံး အကြံပြု ပေးနိုင်သော သင်ရိုးညွှန်းတမ်း နှင့် ကလေးသူငယ်များ အတွက် အကောင်းဆုံး လူ့ကျင့်ဝတ်ဆိုင်ရာ အခြေခံသဘောတရား ဥပဒေသ များဖြင့် လမ်းညွှန်ခြင်းများကို အထူးသဖြင့် သင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းအသုံးပြုရမည်။

–      လေ့လာသင်ယူသူများအဖို့ သမ္မာကျမ်းစာလေ့လာခြင်းသည် နေ့စဉ် အတွေ့အကြုံများအတွင်း သမ္မာ ကျမ်းစာအားဖြင့် ဆက်စပ်ချိန်ထိုးပြီး လေးနက်သော အသက်တာရှိရပေမည်။ သမ္မာကျမ်းစာနှင့် စပ်လျဉ်းသော အတွေ့အကြုံများအားဖြင့် ကလေးသူငယ်များကို ကောင်းစွာ အုတ်မြစ်ချ သင်ကြား ပေးခြင်းဖြင့် တဖြည်းဖြည်းနှင့် သမ္မာကျမ်းစာက လမ်းညွှန်ပေးသွားမည်ဖြစ်သည်။

–       သင်ကြားသူ ဆရာ၊ ဆရာမ များအနေဖြင့် သမ္မာကျမ်းစာသည် သူတို၏ ကိုယ်တွေ့အသက်တာ၌ ဘဏ္ဍာတိုက်ကဲ့သို တန်ဖိုးရှိခြင်း၊ အဖွဲလိုက် လူအများအတွက်လည်း သမ္မာကျမ်းစာအားဖြင့် စစ်မှန် သော ဝတ်ပြုခြင်းဖြစ်စေသည်။

–      လေ့လာသင်ယူသူများအဖို့ သမ္မာကျမ်းစာက စက်ယန္တရားကဲ့သို လွယ်ကူစွာ ကူညီဆောင်ရွက်ပေးနိုင်ပြီး၊ လူသားများ တစ်ဦးနှင့်တစ်ဦး ကောင်းစွာ ရင်းနှီးကျွမ်းဝင်မှုများ ဖြစ်စေနိုင်ပါသည်။

၃) ကောင်းမွန်သော သင်ရိုးညွှန်းတမ်း တစ်ခုသည် ခရစ်ယာန်တို့၏ သမိုင်းကြောင်း အမွေအနှစ်များနှင့် ယုံကြည်မှုဆိုင်ရာ ဩဝါဒ များကို ကျယ်ပြန့်စွာ အသုံးပြုခြင်း ပါဝင်သည်။

ရာစုနှစ်များ၏ သမိုင်းကြောင်းများကို နားလည်ရန်နှင့် အသင်းတော် များ၏ တဖြည်းဖြည်း တိုးတက်မှု များကို သိရှိရန် ခရစ်ယာန် ယုံကြည်သူ များအတွက် မရှိမဖြစ် လိုအပ်သော အချက်ဖြစ်သည်။ သင်ရိုးညွှန်းတမ်း ကို အသုံးပြုခြင်းဖြင့် ကြီးမားသော ကိုယ်ပိုင်သင်္ကေတများကို အသုံးပြုသော အတ္ထုပတ္တိများ၊ တေးဂီတများ၊ အနုပညာလက်ရာများ၊ ဗိသုကာပညာများ၊ ခရစ်ယာန်ဓမ္မမင်္ဂလာ စာပေများနှင့် ဝတ်ပြုခြင်းများကို ပို၍ သိကျွမ်းမှုရှိလာသည်။ ယခု မျက်မှောက်ခေတ်၏ ခရစ်ယာန်သာသနာ တစ်ရပ်လုံး လှုပ်ရှားမှုနှင့်ဆိုင်သော စည်းလုံးလှုပ်ရှားမှုများကိုလည်း ပို၍ နားလည် သည်။ ပြည်ပသို့ သာသနာပြုခြင်းအဖွဲများနှင့် ရာစုနှစ်များ စွာအတွင်း. အသင်းတော်များ၏ အားတက်သရောရှိသော အရေးပါမှုများကိုလည်း သင်ရိုးညွှန်းတမ်းထဲတွင် ကျယ်ပြန့်စွာ တွေ့ရှိနိုင်သည်။ အသင်းတော်များ ဧဝံဂေလိ သတင်းကောင်းနှင့်ဆိုင်သော သာသနာပြုခြင်း အကြောင်းများ ကိုလည်း လေ့လာသိရှိနိုင်သည်။ ဤသင်ရိုးညွှန်းတမ်း၊ မာတိကာများ အသုံးပြုခြင်းဖြင့် လေ့လာသင်ယူသူများ၏ သိခြင်းဆိုင်ရာ လုပ်နိုင်စွမ်း ပမာဏများကို ကျယ်ကျယ်ပြန့်ပြန့် တဖြည်းဖြည်း ထုတ်ဖော်ပေးလိမ့်မည်။

၄) ခရစ်ယာန်ဓမ္မပညာ၏ သင်ရိုးညွှန်းတမ်းနှင့်ဆိုင်သော ထူးခြားသည့် အင်္ဂါရပ်များမှာ လေ့လာ သင်ယူသူများအဖို့ အသင်းတော်နှင့် အဓိပ္ပာယ်ရှိသော ဆက်နွယ်မှုရှိခြင်း၊ အသင်းတော်၏ အစီအစဉ် များတွင် ပူးပေါင်းပါဝင်ခြင်းများကို ညွှန်ကြားပေးသည်။

ကလေးသူငယ်များကို နိုစိုကလေးအရွယ်မှ လမ်းလျှောက်ကာစ ကလေးအရွယ်၊ မူကြိုကလေးများ အရွယ်မှစ၍ ကြီးရင့်သော အသက် အပိုင်းအခြားသိုတိုင်အောင် မိမိတို လုပ်ဆောင်ရမည့် တာဝန်ဝတ္တရား များကို သိရှိလာမည်။ သင်ရိုးညွှန်းတမ်း မာတိကာများဖြင့် သင်ကြားမှု များသည် သက်ရွယ်စုံ ယုံကြည်သူများ အား မိတ်ဆွေချင်းရင်းနှီးမှုများ၊ ဝတ်ပြုကိုးကွယ်ခြင်းများ၊ လေ့လာသင်ယူခြင်းများနှင့် အစေခံ လုပ်ဆောင် ခြင်းများကို အသင်းတော်များအတွင်း၌ တရွေ့ရွေ့တိုးတက်သော အတွေ့ အကြုံများကို ပေးစွမ်းနိုင်သည်။

၅) ကောင်းသော ခရစ်ယာန်တစ်ဦးစီဖြစ်ရန်မှာ သင်ရိုးညွှန်းတမ်းက လေ့လာသင်ယူသူများအား အကောင်းဆုံး အကြွင်းမဲ့ ယုံကြည်ချက် ရှိရန်နှင့် ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းများရှိရန် စသည့် အတွေ့အကြုံများဖြင့် ဦးဆောင်ပေးစွမ်းသည်။

သင်ရိုးညွှန်းတမ်းသည် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဘုရား သခင်နှင့် မရှိမဖြစ် အကျွမ်းဝင်ခြင်း ရှိရန်နှင့် လှုပ်ခါနေသော လူမှုကွန်ယက် အတွင်း ခိုင်မာတည်ကြည်သော လွှမ်းမိုးခြင်းရှိရန် လမ်းညွှန်ပေး လိမ့်မည်။ သင်ရိုးညွှန်းတမ်းအားဖြင့် ဘုရားသခင်သည် တစ်ဆူတည်းဖြစ်တော်မူသော ဘုရားရှင်ဖြစ်ကြောင်း အကန့်အသတ်ရှိသော လူသားတို၏ ဘုရားသခင် အပေါ်ထားရှိသော အသိပညာကို လိုအပ်သလို ဆက်စပ်သိ ရှိစေမှာ ဖြစ်ပါသည်။ ၎င်းသင်ရိုးညွှန်းတမ်းသည် ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်သော ဖွင့်ပြချက် တရားတော်များကို ပေးစွမ်းပြီး၊ လူသားများသည် အမြဲတစေ လက်ခံရရှိဖိုရန် အသိအမှတ်ပြုပေးလိမ့်မည်။

(၂) ကောင်းသော သင်ရိုးညွှန်းတမ်းသည် ကြီးထွားရင့်ကျက်သော လူသားတို့၏ လိုအပ်ချက်များကို စီမံညွှန်ကြားပေးသည်။ (A Good Curriculum is directed to the needs of growing persons.)

ကြီးထွားလာသော လူသားများ၏ မတူညီသော အသက်အပိုင်း အခြားတို၏ တိကျသော လိုအပ်ချက် များ တိုကို တူညီသော အသိပညာများ ကျန်နေစေမည်။ သင်ရိုးညွှန်းတမ်းအတွင်း၌ ဘုရားသခင်၏ ဥပဒေသ ပညတ်တော်များက လူသား တိုကို ဖွံဖြိုးတိုးတက်စေရန် ပုံသွင်းပေးသည်။ အသက် ခြောက်နှစ်အရွယ်နှင့် အသက် သုံးဆယ့်ခြောက်နှစ်အရွယ် တို့ကို ဆက်စပ်သင်ကြားပေးရသော နည်းလမ်းများ မတူနိုင်သလို၊ မတူညီ သော အတွေ့အကြုံများနှင့် ပြောကြား သင်ပြရမှာဖြစ်သည်။ ကောင်းသော သင်ရိုး ညွှန်းတမ်း သင်ကြားပိုချသူ များ၏ လိုအပ်ချက်များကို အောက်ပါအတိုင်း ဖော်ပြပါမည်။

၁) လုံခြုံမှုရှိသော အာရုံခံစားမှု (Sense of security)

ခရစ်ယာန် ဓမ္မပညာ၏ သင်ရိုးညွှန်းတမ်းတွင် အမှန်တကယ် အရေးကြီးသော အရာတစ်ခုမှာ လူများကို နက်ရှိင်းသော လုံခြုံမှုပေးရန် ဖြစ်သည်။ ကောင်းမွန်သော သင်ရိုးညွှန်းတမ်းတွင် လုံခြုံသော ခံစားမှုသည် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝရန်၊ ၎င်းချစ်ခြင်းမေတ္တာသည် ကြီးထွားသော လူသားအားလုံးတို၏ လိုအပ်ချက်များကို ဖြည့်စွက်ပေးရမည်။ ကလေး တစ်ဦး ကြီးထွားလာဖိုရန် သူ့အတွက် လုံလောက်ပြည့်စုံသော ချစ်ခြင်း ၊ မေတ္တာ ရရှိခံစားနိုင်စေရန် ပေးစွမ်းရမည်။ ပြည့်ဝသော လုံခြုံမှုဆိုသည်မှာ ခရစ်တော်၌ ယုံကြည်ခြင်းရှိ၍ ဘုရားသခင် နှင့် အကျွမ်းဝင် မိသဟာယ ရန်၊ လူသားတို၏ ချစ်ခြင်းမေတ္တာ အတွေ့အကြုံ အရင်းအမြစ်များကို ပြုစုပျိုး ထောင်ပေးရန်၊ မိဘအုပ်ထိန်းသူများ၏ ချစ်ခြင်းမေတ္တာ၊ ဆရာသမားများ၏ ချစ်ခြင်းမေတ္တာ၊ မိတ်ဆွေ သူငယ်ချင်းများ၏ ချစ်ခြင်း မေတ္တာအားဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို တပည့်များနှင့် ဆက်သွယ်ပေး ရမှာ ဖြစ်သည်။ လူသားသည် စကြဝဠာ၌ လုံခြုံစွာ နေထိုင်ရန် ဖန်ဆင်းရှင် ဘုရားသခင်ကို ယုံကြည်ကိုးစား ခြင်းနှင့် ဘုရား သခင်၏ ပညတ်တော်များကို သိရှိရန်ဖြစ်သည်။ လူတစ်ဦးချင်းစီတိုင်း တို့သည် ဝိညာဉ်ရေးနှင့် ဆိုင်သော၊ ဘာသာရေးနှင့်ဆိုင်သော လုံခြုံမှုများ၊ ခိုင်မာစွဲမြဲစေရန် မတည်ငြိမ်သော လူမှုကွန်ယက်ကြား တည်ကြည် ခိုင်ခံ့သော ခရစ်ယာန်တို၏ ယုံကြည်ခြင်းနှင့် ထိရောက်ကောင်းမွန်သော ခရစ်ယာန်အသက်ရှင် ခြင်းဖြင့် တည်ဆောက်ကြရမှာဖြစ်သည်။

၂) ပိုင်ဆိုင်မှုရှိကြောင်း အာရုံခံစားမှု (Sense of belonging)

လူသားများသည် လူမှုကွန်ယက်၌ အသက်ရှင်သောသူများ ဖြစ်ကြသည်။ လူသားဆိုရာတွင် တစ်ဦးတစ်ယောက်တည်း နေထိုင်၍ မရပေ။ သူသည် တစ်စုံတစ်ခုသော လူ့အဖွဲအစည်း၊ အဖွဲဝင်များအတွင်း ရေတွက်ဝင်သောသူဟု ခံစားရစေရန် လိုအပ်သည်။ သူသည် တန်ဖိုးရှိသူ တစ်ဦးအဖြစ်ခံစားရန် လိုအပ်ပြီး၊ သူလုပ်ဆောင်သော အရာပေါ် မမူတည်ဘဲ သူ၏ ဖြစ်ခြင်းအပေါ် မူတည်ကြောင်းသိရှိရန် လိုအပ်သည်။ လူသား သည် သူ၏ငယ်ရွယ်စဉ် ကလေးလေးဘဝမှသည် အသက်ကြီးရင့်သည် တိုင်အောင် သူသည် ပိုင်ဆိုင်မှုရှိကြောင်း အာရုံခံစားမှုကို တိုးချဲ့ရမည်။ ကောင်းမွန်သော သင်ရိုးညွှန်းတမ်းမှာ လူတစ်ဦးချင်း စီတိုင်းသည် အသင်းတော်၏ အသင်းဝင်သူများဖြစ်ကြောင်း၊ သူတိုကို နှစ်သိမ့်သက်သာ ခြင်း၊ လုံခြုံမှုရှိခြင်း၊ ကိုယ်ကျင့်တရား လမ်းညွှန် ချက်ရှိခြင်း၊ တစ်ယောက် တည်းမဟုတ် အသင်းတော်၌ရှိသော အလွန်ချစ်ခင်သော အဖွဲဝင်များ၊ ရှိကြောင်း၊ အကျိုးကျေးဇူးရှိသော အကြောင်းရင်းရှိခြင်းနှင့် အခြေခံကျသော ခရစ်ယာန် ယုံကြည်ချက်များရှိကြောင်း လမ်းညွှန်ဦးဆောင်ပေးသည်။

၃) တည်ကြည်သော ကိုယ်ကျင့်တရား လမ်းညွှန်ချက် (Clear moral guidance)

ကျွန်ုပ်တို့၏ ယခုမျက်မှောက် ကမ္ဘာကြီးသည် ကိုယ်ကျင့်တရား များ လျော့ရဲမှုနှင့် မတူညီသော ကိုယ်ကျင့်တရားများရှိခြင်း၊ ကောင်းမွန်သော အသက်ရှင်ခြင်းကို ခြိမ်းခြောက်သည့် အခက်အခဲ အရိပ်လက္ခဏာ များ ရှိနေပေသည်။ ထိုကြောင့် ခရစ်ယာန်ဓမ္မပညာ၏ သင်ရိုးညွှန်းတမ်း က ကောင်းမြတ်သော အကျင့်စာရိ တ္တများနှင့် အသက်ရှင်ရန် တစ်ဦးချင်းစီ ကိုလည်းကောင်း၊ လူအများအဖွဲ့လိုက်ကိုလည်းကောင်း ကြီးမားသော တာဝန်ကို သယ်ဆောင်ပေးနေသည်။ ကောင်းသော သင်ရိုးညွှန်းတမ်းမှာ ကလေးငယ်များနှင့် ဆက်ကျော် သက်များအတွက် သူတို၏ လုပ်ဆောင်နိုင်သော စွမ်းရည်ထက် ပိုမိုကြီးမား၍ မလုပ်ဆောင်နိုင်သော ဝန်ထုပ် ဝန်ပိုး မဖြစ်စေရန်၊ တစ်နည်းအားဖြင့် လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် တွန်းအား ပေးသည်။ မည်သိုပင် ဖြစ်စေကာမူ သင်ရိုးညွှန်းတမ်းက လူသားတို့ကို ကောင်းသော အကျင့်သိက္ခာဖြင့် အသက်ရှင်ရန် သက်ရွယ်စုံအတွက် လမ်းညွှန်စီစဉ်ပေးသည်။ ကောင်းသော စာရိတ္တဖြင့် အသက်ရှင်ရန်၊ တည်ကြည်သော ကိုယ်ကျင့်တရားရှိရန် ကောင်းမွန်သော သင်ရိုး ညွှန်းတမ်းက ဟန့်တားမှုမဖြစ်စေဘဲ၊ ချောမောစွာဖြင့် စွမ်းအားအပြည့်နှင့် လူသားတိုအတွက် ဦးဆောင်လမ်းညွှန်ပေးမှာ ဖြစ်သည်။

 

၄) ခရစ်ယာန်ဖြစ်ခြင်း၏ အရင်းခံအကြောင်း (Christian motivation)

သင်ရိုးညွှန်းတမ်းရှိပြီး လက်တွေ့လုပ်ဆောင်ခြင်းသည် လူသားက မိမိကိုယ်ကို အမြင့်မားဆုံး သစ္စာစောင့်သိသူအဖြစ် ရှာဖွေတွေ့ရှိစေပြီး၊ ဤခရစ်ယာန်တို၏ သမ္မာတရား မပြောင်းလဲခိုင်မာသော သက်သေခံချက် ဖြစ်ပေါ်လာစေသည်။ သခင်ခရစ်တော်သည် သူ၏ အသက်ကို လုံးလုံး အသက်ပေး ချစ်မြတ်နိုးခြင်းကို လူသားတို့အဖို့ ပြုလုပ်ပေးခဲ့သည်။ ခရစ်တော်၏ အသက်ပေး ရွေးနှုတ်ကယ်တင်ခြင်းသည် လူသားတို၏ ဘဝတစ်ခုလုံး ကယ်တင်ရန်အတွက်နှင့် လူသားတိုအပေါ် ဘုရားရှင်၏ ချစ်မြတ်နိုးခြင်း တန်ဖိုးကို လည်း သိရှိရန်ဦးတည်သည်။ ဤကဲ့သို ခရစ်တော်၏ အသက်စွန့် ချစ်မြတ်နိုးခြင်း အတွေ့အကြုံသည် ခရစ်ယာန် ကလေး၊ လူငယ်၊ လူကြီး တိုအတွက် တပည်တော် စစ်ဖြစ်ခြင်းငှာ ခေါ်ဆောင်ပြီး၊ အသက်အရွယ် မတူခြင်း ကြောင့်လည်း မတူညီသော ဝိညာဉ်ရေးရာ ကြီးထွားမှုနှုန်းများ ဖြစ်ပေါ်စေသည်။

 

၅) ခရစ်ယာန်ဩဝါဒများကို သိနားလည်မှု (Knowledge of Christian Doctrines)

အများအားဖြင့် ယခုခေတ်မှာ ဘာသာရေးနှင့် ပတ်သက်၍ လူအတော်များများသည် ကိုယ့်ကျင့်တရား မရေမရာ ရှုတ်ထွေးခြင်း ယုံကြည်ခြင်းနှင့်ပတ်သက်၍ မခိုင်မြဲဘဲ ယိမ်းယိုင်တတ်ကြသည်။ ကောင်း၍ သစ္စာရှိသော လူတွေဖြစ်သော်လည်း မကြာမခဏ အားနည်းချက်ကျွန် ခရစ်ယာန် တစ်ဦးဖြစ်ခြင်း၏ အနှစ်သာ ရကို အဓိပ္ပာယ်ကောင်း မဖွင့်ဆိုနိုင်ကြချေ။ ထိုကြောင့် ကောင်းမွန်သော သင်ရိုးညွှန်းတမ်းသည် ခရစ်ယာန် ဩဝါဒများ၊ အယူဝါဒများကို အသက်အရွယ်စုံအား ပညာပေး နိုင်သည်။ ၎င်းသင်ရိုးညွှန်းတမ်းသည် လေ့လာ သင်ယူသူများအား သြဝါဒ များနှင့် သူတို၏ အသက်ရှင်မှု အတွေ့အကြုံများအကြား လက်တွေ့ အသုံးဝင်ခြင်းနှင့် မရှိမဖြစ်လိုအပ်သော ဆက်နွယ်မှုများကို ပြုလုပ်ပေး သည်။

 

၆) ခရစ်ယာန်တို့၏ လက်တွေ့ လုပ်ဆောင်ချက် အတွေ့အကြုံ (Experience in Christian Action)

လူတိုင်း လိုအပ်သော ကြီးထွားရင့်ကျက်ခြင်း ဆိုသည်မှာ မိမိ တစ်ဦးတစ်ယောက်ချင်းသည် ချစ်မြတ်နိုးခံထိုက်ခြင်းနှင့် အကျိုးရှိသော သူများဖြစ်ခြင်းကို သိရှိဖိုရန်သာမက အခြားသော လူသားများ သည်လည်း အရေးကြီးသော လူပုဂ္ဂိုလ်များဖြစ်ကြောင်း တန်ဖိုးထားရမှာဖြစ်သည်။ ဒါမှသာလျှင် လူမှုကွန် ယက်တွင် စိတ်ဝင်စားစရာ ကောင်းခြင်းနှင့် လူသားတိုင်း သက်ဆိုင် ပတ်သက်မှုရှိကြောင်း ဖြစ်လာပေမည်။ ခရစ်ယာန် ဩဝါဒများနှင့် အသိပညာပေးခြင်းဖြင့် လုံလောက်မှု မရှိပေ။ လူတိုင်းကို တန်ဖိုးထားခြင်းသည် လေ့လာသင်ယူသူများအား သခင်ယေရှု၏ သင်ကြား ခြင်းများကို တကယ့် နိုးကြားတက်ကြွသော လက်တွေ့ အသက်ရှင်မှု ဖြစ်စေသည်။ ငယ်ရွယ်သော အချိန်မှစတင်၍ စာရိတ္တပိုင်းဆိုင်ရာ သွန်သင်ပေးခြင်းသည် အသက် အရွယ် ကြီးရင့်သည့်တိုင်အောင် ဆက်လက် တိုးတက်မှုရှိသော လုပ်ငန်းစဉ်ဖြစ်ပြီး ကောင်းမွန်သော ခရစ်ယာန် ဖြစ်လာစေသည်။

(၃) ကောင်းမွန်သော သင်ရိုးညွှန်းတမ်းတစ်ခုတွင် ကြီးထွားသော ဥပဒေသဘောထားများပါဝင်သည် (A Good Curriculum takes into account the Laws of growth.)

ခရစ်ယာန်ယုံကြည်ခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ ကူညီမစမှုဖြင့် ဧဝံဂေလိ သတင်းကောင်းများ ပြုလုပ်နိုင်ခြင်း၊ စာရီတ္တ ကောင်းသော အမူအကျင့်များ သင်ယူနိုင်ခြင်း စသည်တို့ကို တွန်းအားပေး နိုင်သည်။ ၎င်းယုံကြည်ခြင်းသည် ခရစ်ယာန်တို့၏ ဓမ္မဉာဏ် ထိုးထွင်း သိခြင်းနှင့်အတူ လူသားတို့ ၏ ကန့်သတ်ချက်ရှိသော ကျွမ်းကျင်မှ နယ်ပယ် ။ တွင် တိုးတက်ကြီးပွားမှုရှိရန် အာရုံစိုက်လေးစားမှု ရှိစေသည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် လူသားတိုကို ယုံကြည်သူ ခရစ်ယာန်ဖြစ်လာစေရန် အဓိက အခြေခံကျ သော အာရုံခံစားမှုကို ပေးစွမ်းနိုင်သည်။ သိပ္ပံနည်းကျဖြင့် ဘုရားသခင် ဖန်ဆင်းထားသော ကမ္ဘာကြီးကို သိပ္ပံ အခြေခံသဘောတရား များဖြင့် လူတစ်ဦးချင်းစီတိုင်းကို ဘုရားသခင်၏ ထိရောက်သော ဖော်ပြမှုနှင့် ခရစ်ယာန် ယုံကြည်ခြင်းတိုကို သာ၍တိကျသော အဖြေများ ထုတ်ဖော်ပေး နိုင်သည်။ ၎င်းသည် ကြီးထွားရင့်ကျက်သော ယုံကြည်သူများ၏ ဥပဒေသ များဟု အဓိပ္ပာယ် ပေါ်လွင်စေသည်။

 

၁) သူတစ်ပါးနှင့်၎င်း၊ ကမ္ဘာကြီးနှင့် အပြန်အလှန် ဆက်နွယ်ခြင်း (Interrelatedness with others and with the world)

လေ့လာသင်ယူမှုသည် သိရှိလျက်ဖြစ်စေ၊ မသိရှိလျက်ဖြစ်စေ အချိန်တိုင်း ဆက်လက် လုပ်ဆောင် ရမည့် အရာဖြစ်သည်။ သင်ရိုး ညွှန်းတမ်းရှိခြင်းဖြင့် ၎င်းလုပ်ဆောင်နိုင်သော အဓိကတာဝန်တစ်ရပ်မှာ သိရှိခြင်းဆိုင်ရာ မြင့်မားသောအဆင့်ကို သာ၍ တိုးမြှင့်ပေးစွမ်းနိုင်သည်။ သင်ရိုးညွှန်းတမ်းရှိခြင်းဖြင့် အခြားလုပ် ဆောင်ပေးနိုင်သော အကြောင်းမှာ ခရစ်ယာန်ဓမ္မပညာ၏ ရည်ရွယ်ချက် ပန်းတိုင်များကို တိကျမှန်ကန်စွာ ရည်ရွယ်ချက်မှန်မှန်ဖြင့် လုပ်ဆောင်ပေးမည်။ ၎င်းသည် လက်တွေ့ လုပ်ဆောင်ရမည့် လှုပ်ရှားမှု ညွှန်ကြားချက် ဖြစ်သည်။ ဤလှုပ်ရှားမှု သည် အပေါ်ယံလုပ်ဆောင်ရမည့် အခန်းကဏ္ဍ ဖြစ်ရုံမျှမဟုတ်ဘဲ။ အမှန်တကယ် လက်တွေ့လုပ်ဆောင်ရန် အလေးထားမှု လိုအပ်ပြီး၊ လူတစ်ဦးချင်းစီတိုင်း ကောင်းသော သဘောထား၊ ကောင်းသော အယူအဆ၊ ကောင်းမွန်သော ရည်ရွယ်ချက်များ တည်ဆောက်နိုင်သည် တိုင်အောင် ညွှန်ပြ ပေးမည်။ လူသားများသည် တစ်ဦးတစ်ယောက် တည်း သီးသန့်နေထိုင်ရန် မဖြစ်စေနိုင်ချေ။ ထိုကြောင့် သင်ရိုးညွှန်းတမ်း ၏ လုပ်ငန်းတာဝန်မှာ ယုံကြည်သူများ ဖြစ်လာကြဖို့ တစ်ဦးနှင့်တစ်ဦး၊ ဤကမ္ဘာကြီး၌ အပြန်အလှန် ဆက်နွယ်မှုရှိရန် လုပ်ဆောင်ပေးသည်။

၂) ကြီးပွားတိုးတက်မှု ပုံစံများနှင့် အပြောင်းအလဲ အမျိုးမျိုး (General growth patterns and variations)

ကောင်းမွန်သော သင်ရိုးညွှန်းတမ်းသည် ရည်မှန်းထားသော မတူညီသည့် သက်ရွယ်စုံအတွက် ရင့်ကျက် မှုရရှိရန် စီမံကိန်း အတွေ့ အကြုံများကို တိုးတက်ကြီးထွားစေလိမ့်မည်။ လူကြီးများ၏ စိတ်ကူး များနှင့် အတွေ့အကြုံများသည် ကလေးငယ်များနှင့် လူငယ်များကို ဖိအားမပေးသင့်ပေ။ ကလေးသူငယ် တစ်ဦးသည် သူ၏ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခြင်း ဉာဏ်ရည်ဖြင့် ကလေးအလျောက်သာ ဘုရား သခင်၏ စစ်မှန်စွာ တည်ရှိခြင်းကို ပုံဖော်နိုင်မည်။ လူကြီး၏ အတွေး အခေါ် ဉာဏ်ရည်ကို ကလေး၏ စဉ်းစားတွေးခေါ်မှုက မှီနိုင်မည် မဟုတ်ချေ။

ထိုကြောင့် ကောင်းသော သင်ရိုးညွှန်းတမ်းတစ်ခုမှာ လေ့လာ သင်ယူသူများအတွက် သူတို့၏ စိတ်ဝင်စားမှုများ၊ လိုအပ်ချက်များနှင့် ၎င်းတိုစုပ်ယူနိုင်စွမ်း ပမာဏများနှင့် ဆက်နွယ်ပြီး အဓိပ္ပာယ်ရှိသော သင်ယူခြင်း ဖြစ်ရမည်။ ကျယ်ပြန့်သော ကြီးပွားတိုးတက်မှု ပုံစံများတွင် ကလေးငယ်များနှင့် လူငယ်များ၏ သိရှိခြင်း ကွဲပြားခြားနားမှုရှိခြင်းကြောင့် သင်ကြားမှု ပုံစံများကို အသက်အရွယ်အလိုက် အပြောင်းအလဲ လုပ်ဆောင် ပေးရမည်။ သင်ရိုးညွှန်းတမ်းသည် တစ်ဦးချင်းစီ၏ မတူညီသော လိုအပ်ချက်၊ စိတ်ဝင်စားမှု၊ သင်ယူခံရခြင်း ပမာဏစွမ်းရည်ကိုကြည့်ပြီး အသက်အရွယ် အလိုက် သီးခြားခွဲကာ လိုတိုးပိုလျှော့ သင်ကြား မှုဖြစ်ရမည်။

) အရည်အသွေးကွဲပြားသော သဘာဝတရား ကြီးထွားမှု (Uneven nature of growth)

လူတစ်ဦးချင်းစီတိုင်းသည် ဤတိုးတက်သလိုလိုနှင့် ဆိုးဝါး သော ကမ္ဘာကြီးတွင် စိတ်လှုပ်ရှားမှုပိုင်း ဆိုင်ရာ၊ ကိုယ်ခန္ဓာဖွံဖြိုးခြင်းဆိုင်ရာနှင့် ယုံကြည်ခြင်းအရာတို့၌ ဖွံဖြိုးတိုးတက်ရန် သင်ယူနေရပေမည်။ တိုးတက်မှု လျင်မြန်နေသည့် ကမ္ဘာ့ရေစီးကြောင်းတွင် မူလအခြေအနေ ဆိုးသို ပြန်မရောက်ရန် သင်ယူမှုစွမ်း ရည်များ တိုးမြှင့်ခြင်း၊ ခုခံကာကွယ် ခြင်းနှင့် ခွန်အားပေး တိုက်တွန်းခြင်းများကို မကြာခဏ လုပ်ဆောင် ပေးရမည်။ ထိုကြောင့် သင်ရိုးညွှန်းတမ်းသည် ရုတ်တရက်ပြောင်းလဲခြင်း အတွေ့အကြုံ၊ ထိုးဖောက်စွမ်းသော အာရုံခံစားမှု၊ ပို၍ တိတ်ဆိတ် ငြိမ်သက်ခြင်းနှင့် တဖြည်းဖြည်းပို၍ တိုးတက်သော အတွေ့အကြုံရှိစေရန် ဖွဲ့စည်းတည်ဆောက်ပေးလိမ့်မည်။

၄) ကြုံဆုံပြီးသော အတွေ့ အကြုံ၏ သင်ယူမှု သတ်မှတ်ချက် ဝေါဟာရများ (Learning in terms of past experience)

လူတစ်ဦးစီတိုင်းသည် လူသားမျိုးနွယ်စုကြီးမှ ဆင်းသက် လာသူများဖြစ်သည်။ ကောင်းမွန်သော ခရစ်ယာန်ဓမ္မပညာ၏ သင်ရိုး ညွှန်းတမ်းသည် လူတစ်ဦးချင်းစီတိုင်း၏ တွေ့ကြုံဖူးသော အတွေ့အကြုံ ဟောင်း များ၊ လေ့လာသင်ယူမှုများကို ခရစ်ယာန် သမိုင်းကြောင်းတွင် အကောင်းဆုံးမြင်သာအောင် ဖော်ပြနေသည်။ ဥပမာအားဖြင့် သင်ယူခြင်း များတွင် အမှန်တကယ် အကျိုးပြုသော အချက်များမှာ ၎င်းတို ဆည်းပူး သိရှိခဲ့သော စာဖတ်ရှုခြင်း၊ အများအရှေ့မှာ စကားပြောစွမ်းရည်ရှိခြင်း၊ နံရံကပ် ပိုစတာများပြုလုပ်နိုင်ခြင်း စသည့်အရာများ သည် ခရစ်ယာန် ဓမ္မပညာတွင် သာ၍ထိရောက်စွာ အသုံးပြုနိုင်သည်။ မိမိတို့ရှိပြီးသား တတ်ကျွမ်းမှုများဖြင့် ခရစ်ယာန် ဓမ္မပညာ၏ လုပ်ဆောင်မှုများကို ပိုမို ထင်ဟပ်ပေါ်လွင်စေသည်။

၅) တစ်ချိန်တည်းတွင် များစွာသင်ယူလေ့လာခြင်း (Learning many things at once)

လူသားတို့၏ ဖြစ်တည်မှုသည် ခက်ခဲရှုတ်ထွေးလှသော နယ်ပယ် များ၌ သင်ယူလေ့လာခြင်းများသည် တစ်ကြိမ်တည်းတွင် တစ်ခုသာ သင်ယူခြင်းဖြစ်စဉ်ကို တိုးတက်မြင့်မားအောင် ဆက်သွယ် လုပ်ဆောင် ရမည်။ သင်ကြားမှုတစ်ခုတွင် သင်ယူသူများသည် မတူညီသော အတွေ့အကြုံများ ရရှိခံစားကာ၊ ၎င်းအားဖြင့် တာရှည်ခံခိုင်မာသော သက်ရောက်မှု အကျိုးဆက်ကို ရရှိကြမှာဖြစ်သည်။ ဥပမာအားဖြင့်၊ ဆရာမတစ်ဦး၏ စာသင်ခန်းအတွင်း ဆရာမက ဘုရားသခင်၏ နူးညံ့သိမ်မွေ့ခြင်းအကြောင်း သင်ကြားနေသည်။ တပည့်က ဘုရားသခင်၏ ဂရုပြုခြင်းကို ဝမ်းမြောက်စွာ သင်ယူရရှိပြီး၊ တခြားသူများကို ဤတပည့်က ကြင်နာခြင်းများနှင့် ဘုရားသခင်၏ နူးညံ့သော ဂရုပြုခြင်းကို ဝမ်းမြောက်စွာ လက်ဆင့်ကမ်း ပေးသူများဖြစ်လာမည်။ ထိုကြောင့် ကောင်းသော သင်ရိုးညွှန်းတမ်း ပြုစုခြင်းကို လျစ်လျူမရှုသင့်ပေ။

၆) ကောင်းမွန်သော သင်ရိုးညွှန်းတမ်းတွင် အရေးကြီးသော အရင်းခံ အကြောင်းပါရှိသည်။ (A Good Curriculum takes into account the importance of motivation)

ကျေနပ်မှု၊ ကြင်နာခြင်း၊ သင်ယူခြင်းအရည်အသွေး အောင်မြင်ရန်၊ စာသင်သားများ၏ ရည်ရွယ်ချက်များ၊ အစီအစဉ်များကို ဝေငှခြင်းဖြင့် သူတို၏ သိမှုဆိုင်ရာ ကြီးထွားမှုပမာဏကို တိုးချဲ့ ကြီးမား စေသည်။ သင်ယူမှုများများရှိလေလေ၊ အတွေ့အကြုံနည်းလမ်း များလေလေ၊ လူသားများကို ပို၍ တိုးတက်စေ လေလေ ဖြစ်စေသည်။ တစ်နည်းအားဖြင့် သင်ယူသူများသည် ရည်ရွယ်ချက်အပြည့်နှင့် အစီအစဉ်များကို အဖွဲလိုက် သင်ယူခြင်းဖြင့် တစ်စုံတစ်ခုသောအရာကို သင်ယူရရှိမည်။ စကားအားဖြင့် များများမပြောလဲ သင်ယူမှုတွင် အရင်းခံအကြောင်းတစ်ခုမှာ ရည်ရွယ်ချက်နှင့် စိတ်ဝင်စားမှုရှိစေသော လှုံ့ဆော်မှုသည် စွမ်းအားကြီးသော အပိုင်းတစ်ခု ဖြစ်သည်။

(၄) ကောင်းမွန်သော သင်ရိုးညွှန်းတမ်းသည် အိမ်တွင်းအတွေ့အကြုံများဖြင့် အလုပ်လုပ်ဆဲဖြစ်သည်။ (A Good Curriculum work in and through home experiences.)

အိမ်သည် ဘာသာရေး၏ ရှေးဦးဆရာဖြစ်သည်။ အိမ်ထောင် မိသားစုသည် ရှေးဦးဆရာဖြစ်သော် ငြားလည်း ခရစ်ယာန်ပြုစုပျိုးထောင်ခြင်း သင်ကြားမှုတွင် ကလေးငယ်များ ကောင်းစွာမရရှိပါက အောင်မြင် မည်မဟုတ်ပေ။ ထိုကြောင့် ကောင်းမွန်သော သင်ကြားမှုမရရှိလျှင် ကလေး အများစုမှာ အခက်အခဲ ပြဿနာများနှင့် ရင်ဆိုင်ကြရမှာဖြစ်သည်။ ခရစ်ယာန် ပညာ၏ ရည်ရွယ်ချက်များကို အိမ်ထောင်ကများစွာ အချိန်ပေးပြီး သင်ကြား ရမှာဖြစ်သည်။ ကောင်းသော သင်ရိုးညွှန်းတမ်းသည် မိသားစုဝင်များ အားလုံး ခရစ်ယာန်ဖြစ်ခြင်း၊ ဖွံဖြိုးကြီးထွားသူများဖြစ်ရန် လမ်းညွှန်ပြသသော တာဝန်ကို လက်ခံထားလိမ့်မည်။

(၅) ကောင်းမွန်သော သင်ရိုးညွှန်းတမ်းသည် လူမှုအဖွဲ့ အစည်း ပြင်ပလူများကို ထောက်ပံ့လမ်းညွန်ပေးသည် (A Good Curriculum provides guidance for community outreach.)

ကောင်းမွန်သော သင်ရိုးညွှန်းတမ်းသည် လူမှုအဖွဲအစည်းရှိ လူတစ်ဦးစီကို ကြီးမားသော အကျိုးသက် ရောက်မှုဖြစ်စေသည်။ ပြင်ပသို့ ရောက်သော လူများအတွက် ထိရောက်သော ဓမ္မပညာရပ်၏ အခန်းကဏ္ဍ သည် ကြီးထွားသော လူ့အသက်တာများ ဖြစ်လာစေရန် လူမှုကွန်ယက်၏ ပြုပြင်မွမ်းမံ ခြင်းများ ခံယူခြင်းဖြင့် သင်ရိုး ညွှန်းတမ်းက လမ်းညွှန်ထောက်ပံ့မှာ ဖြစ်သည်။ သင်ရိုးညွှန်းတမ်းအားဖြင့် လေ့လာသူများအဖို့ လူမှုအဖွဲ့အ စည်းတွင် ခရစ်ယာန်တို့၏ အတွေးအခေါ်များအား စိန်ခေါ်ချက်များကို သာ၍ထိရောက်မှု ရှိစွာ ဖြေရှင်းပေး နိုင်လိမ့်မည်။ ကောင်းသော သင်ရိုးညွှန်းတမ်းရှိခြင်းဖြင့် ယခုမျက်မှောက် လူ့အသိုက်အဝန်းတွင် အတွေးအခေါ် နိမ့်ပါးသော သူများ အဖြစ်မှ အတွေးအခေါ် မြင့်မားသော ခရစ်ယာန် လူမှုအဖွဲအစည်းကို မြှင့်တင် ပေးမှာဖြစ် သည်။ ၎င်းအားဖြင့် ခရစ်ယာန် ရည်ရွယ်ချက်ပန်းတိုင်များကို လူမှုအဖွဲ့အစည်းတွင် ကောင်းစွာဖော်ထုတ်နိုင်ပြီး၊ ဘုရားသခင်၏ ထာဝရ အလိုတော်ကို အခြေခံနိုင်ပေလိမ့်မည်။ ဤလက်တွေ့ နည်းလမ်းများဖြင့် လူမှုအခက်အခဲ များနှင့် ရင်ဆိုင်တွေ့ကြုံရလင့်ကစား၊ လေ့လာ သင်ယူသူများကို ခရစ်ယာန်ဓမ္မပညာ၏ ဦးတည်ချက်များ ပြည့်ဝစုံလင်စေရန် လမ်းညွှန်မှုပေးလိမ့်မည်။

.

(၆) ကောင်းမွန်သော သင်ရိုးညွှန်းတမ်းသည် လူသားတို၏ ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်မှ ဘာသာတရား အမွေအနှစ်အဖြစ်သို့ ကျယ်ပြန့်စွာအသုံးပြုနိုင်လိမ့်မည်။ (A Good Curriculum will make large use of the cultural heritage of mankind in addition to the religious heritage.)

အသင်းတော်၏ သူရဲကောင်းများအကြောင်း အတ္ထုပတ္တိများနှင့် ကိုယ်တိုင်ရေး အတ္ထုပတ္တိ များသည် သင်ရိုးညွှန်းတမ်းကို ကြီးမားစွာ အကု အညီပေးသည်။ သမိုင်းရာဇာဝင်များသည် ကမ္ဘာပေါ်တွင် သက်ရှိထင်ရှား ခဲ့သော လူတို၏ လှုပ်ရှားမှုများကို ဘုရားသခင်၏ ကြီးမားသော လက်တော် ထဲတွင်ရှိကြောင်း ယုံကြည်လောက် ဖွယ် အနှစ်သာရကို မီးမောင်းထိုးဖော် ၊ ထုတ်စေနိုင်သည်။ လူ့သမိုင်းကြောင်းများကို ကြည့်လျှင် အကျင့်စာရိတ္တ ကျဆင်းသူနှင့် ဝိညာဉ်ရေးရာ အားနည်းချက်ရှိသူများသည် ကိုယ်ခန္ဓာပိုင်း ဆိုင်ရာ အားနည်းသူများထက် သာ၍ ကျရှုံးမှုဖြစ်ကြောင်း အများတွင် မကြာခဏ တွေ့ရှိနိုင်သည်။ ထိုပြင် ယဉ်ကျေးမှုအနှစ်သာရ အနုပညာ တတ်စွမ်း မှုများ၊ ဖြစ်သည့် လှပသော အနုပညာလက်ရာများ၊ တေးဂီတများ၊ ပန်းချီရေးဆွဲခြင်းများနှင့် ပန်းပုထုဆစ်ခြင်း များသည် သင်ရိုးညွှန်းတမ်းကို ပို၍ထိရောက်သော အလုပ်ဖြစ်စေပြီး၊ လူတို့အား ကြီးထွားရင့်ကျက်သော လူ့စာရိတ္တကို ထင်ပေါ် စေမှာ ဖြစ်ပါသည်။

(၇) ကောင်းမွန်သော သင်ရိုးညွှန်းတမ်းတစ်ခုသည် လုံးဝဥဿုံပညာရေး စနစ်၊ ဟန်ချက်ညီမျှခြင်းနှင့် နည်းဥပဒေသ အစီအစဉ်များ စသည့် အရည်အချင်းများကို ပိုင်ဆိုင်သည်။ (A Good Curriculum possesses the qualities of comprehensiveness, balance, and sequence.)

လုံးဝဥသုံပညာရေး စနစ်ဆိုသည်မှာ ကျောင်းတစ်ကျောင်းတွင် ဉာဏ်ရည်အမျိုးမျိုးရှိသော တပည့်များ အတူတကွ ပညာသင် ခွင့်ရှိသည်။ စည်းစနစ်တကျ မရှိသော စုဆောင်းပစ္စည်းများ (သို့မဟုတ်)  မပြီးပြည့်စုံ သေးသော ချဉ်းကပ်နည်း အတွေ့အကြုံများမှာ အစလည်းမရှိ အဆုံးလည်းမရှိ ဖြစ်တတ်သည်။ ကောင်းမွန်သော သင်ရိုးညွှန်းတမ်းတွင် ပုံစံတကျနှင့် ဖွဲစည်းတည်ဆောက်မှုပုံစံ ကောင်းစွာရှိသည်။ ၎င်းသင်ရိုးတွင် အတွင်းပိုင်း ကျကျ ကိုက်ညီခြင်း၊ မရှိမဖြစ် လိုအပ်သော အခန်းက စုံလင်မှု ရှိခြင်းသည် သင်ရိုးညွှန်းတမ်း တစ်ခုလုံးကို အဓိပ္ပာယ်ရှိစေပြီး ကောင်းစွာ လမ်းညွန်မှုပေးနိုင်သည်။ ထိုကြောင့် နည်းဥပဒေသ အစီအစဥ်ကောင်းစွာရှိခြင်း၊ လိုတိုးပိုလျော့ ဟန်ချက်ညီခြင်း၊ ဉာဏ်ရည် အမျိုးမျိုးရှိသော တပည့်တိုင်းအတွက် ပြည့်စုံသော ပညာရေး စသည်တိုသည် ကောင်းမွန်သော သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ရန် တိုင်းတာသောစံများနှင့် ပြည့်စုံသည်။

 

၁)         လုံးဝဥဿုံ ပြည့်စုံသော သင်ရိုးညွှန်းတမ်းတွင် အောက်ပါ အကြောင်းရင်း လေးချက်က အဆုံးအဖြတ်ပေးနေသည်။

က။ ပြင်ဆင်မှုရှိသော သင်ရိုးညွှန်းတမ်းသည် ခရစ်ယာန်သင်ကြားခြင်း၏ ရှုထောင့်ကဏ္ဍများတွင် အသက်အရွယ်စုံအတွက် အာရုံစိုက်ခြင်း ဖြစ်ပေါ်စေသင့်သည်။

ခ။ သက်ရွယ်စုံအတွက် သူတို၏ အတွေ့အကြုံ ဧရိယာများသည် သင်ရိုးညွှန်းတမ်းထဲတွင် တွေးတောဆင်ခြင်မှုများ ပါဝင်သင့်သည်။

ဂ။ ခရစ်ယာန်ဓမ္မပညာ၏ ရည်ရွယ်ချက်များ ဦးတည်ချက်များသည်လည်း သင်ရိုးညွှန်းတမ်း ရေးဆွဲရာတွင် သက်ရွယ်စုံအတွက်အာရုံစူးစိုက် စိတ်ဝင်စားမှုများ ရရှိစေသင့်သည်။

ဃ။ သက်ရွယ်စုံကို သင်ကြားမှုတန်ဖိုးသည် တစ်ဦးစီတိုင်းအတွက်သမ္မာကျမ်းစာ အသိပညာများသည် သင်ရိုးညွှန်းတမ်းထဲတွင် ပါဝင်သင့်သည်။

၂)         ကောင်းမွန်သော သင်ရိုး ညွှန်းတမ်းတွင် အသက်ရွယ်စုံအတွက် အရေးကြီးသော အတွေ့အကြုံများ ပါဝင်စေသင့်သည့် အပြင် ခရစ်ယာန် ဧဝံဂေလိဆိုင်ရာ သတင်းကောင်းနှင့် ဆိုင်သော အကြောင်းအရာ များလည်း ပါဝင်စေသင့်သည်။ ၎င်းပါဝင်မှုများကို ဧရိယာ တစ်ခုစီတိုင်းနှင့် အကြောင်းအရာ တစ်ခုစီ တိုင်းအဖို့ အချိန်ကို မည်မျှ အသုံးပြုသင့်ကြောင်း ဂရုစိုက်ရမှာဖြစ်သည်။ ဟန်ချက်ညီမျှသော သင်ရိုး ညွှန်းတမ်းတွင် အောက်ပါ ဆုံးဖြတ်ချက် များ ပါဝင်ရမှာဖြစ်သည်။

က။ သင်ခန်းစာ တစ်ပိုင်းပြီးတစ်ပိုင်းသည် တစ်ခုစီ၏ လိုအပ်ချက်နှင့် အကျိုးသက်ရောက်မှုရှိသော အရေးကြီးသော အလေးထားမှု များသည် အခြားသော သင်ခန်းစာတစ်ခု၏ လိုအပ်ချက်များကို ဆက်လက် ပံ့ပိုးမှုဖြစ်စေရမည်။ (ဥပမာ) သခင်ယေရှု၏ အသက်တာနှင့် သူ၏ သင်ကြားမှုများ (သို့မဟုတ်) ဘုရားသခင် ဖန်ဆင်းခြင်းအကြောင်း)

ခ။ အရေးကြီးသော လိုအပ်ချက် တစ်ခုစီတိုင်းသည် ခရစ်ယာန် ပင်ကိုယ်အရည်အသွေး တိုးတက်မြှင့်မားစေရန်နှင့် ခရစ်ယာန်၏ ယုံကြည်ခြင်းကို မီးမောင်းထိုးဖော်ပြရမည်။ (ဥပမာ) ရှင်ပေါလု ရေးသော စာစောင်များ (သို့မဟုတ်) သုတ္တံကျမ်း)

ဂ။ သတ်မှတ်ထားသော သင်ကြားမှုအချိန်တွင် ရုပ်ဝတ္ထုပစ္စည်းများကို လိုသလို အသုံးပြုခြင်းနှင့် စိတ်ဝင်စားမှုအပိုင်းကို အသိပညာ ကြွယ်ဝစေရန် ထောက်ပံ့ပေးရမည်။

ဃ။ သင်ကြားချိန်၏ နာရီကြာချိန်သည် သင်ကြားမှုစတင်ချိန်မှ အဆုံးတိုင် ပြီးစီးသည်အထိ ထိရောက်သော သင်ကြားမှုဖြစ်ရန် သယ်ဆောင်သွားနိုင်ရမည်။

 

၃)         ကောင်းမွန်သော သင်ရိုးညွှန်းတမ်းတွင် အချိုသော အဖွဲအစည်းမှ အတွေးအခေါ် ပုံစံများကို ဂရုတစိုက် ထည့်သွင်းရမည်။ ၎င်း အတွေးအခေါ်ပုံစံများသည် သေချာသော အချိန်ကာလ အပိုင်း အခြား (သိုမဟုတ်) ထိရောက်သော ကြိုတင်ပြင်ဆင်မှုများသည် ပါဝင်ရမည်။ စဉ်းစားဆင်ခြင်မှုရှိသော ဂရုပြုခြင်းသည် ခရစ်ယာန် ယုံကြည်ချက်နှင့် ခရစ်ယာန်၏ ထူးခြားသောလက္ခဏာ ဖွံဖြိုး တိုးတက် အောင် လိုအပ်ချက်များကို အမျိုးမျိုး ကူညီပေးရမှာ ဖြစ်သည်။

က။ ဆရာနှင့် သင်ယူသူများအကြား တိုးတက်မှုရှိသော အစီအစဉ်များ ရှိစေရန် သင်ခန်းစာများကို ထပ်ခါထပ်ခါ သင်ကြားခြင်းမှ ရှောင်ရှားရန်ဖြစ်သည်။

ခ။ ရာသီနှင့်အလိုက်ကွဲပြားသော ဝေါဟာရများကို အသုံးပြုရန် စိတ်ဝင်စားစရာကောင်းသော အကျိုးရှိမည့် အချိန်ကို ပြင်ဆင် မည်။ (သင့်လျော်သော သင်ခန်းစာများကို သင့်လျော် ရာသဥတုများနှင့် သင့်တော်သော အချိန်တွင် သင်ကြားရန် လိုအပ်သည်။)

ဂ။ သင်ကြားမှုနည်းလမ်းများကို အမျိုးမျိုး တီထွင်ကြံဆခြင်းနှင့် သင်ကြားမှုခံယူသောအခါ လန်းဆန်းမှုရှိစေရန် လေ့လာမှုရှိ ရမည်။

ဃ။ သင်ရိုးညွှန်းတမ်းအတိုင်း အနီးစပ်ဆုံး သင်ကြားမှုများသည် သင်ကြားသူများ တဖြည်းဖြည်း တိုးတက်မှုရှိလာစေသည်။

င။ မကြာခဏ တဖြည်းဖြည်းတိုးတက်လာသော သင်ယူမှုသည်သက်ရွယ်စုံ လေ့လာသူများကိုအဖို့ ပို၍ ဆွဲဆောင်မှုရှိအောင်နှင့် လက်တွေ့ကျသော ပြောင်းလဲမှုရှိရန် ထောက်ပံ့ပေးသည်။

 

(၈) ကောင်းမွန်သော သင်ရိုးညွှန်းတမ်းတစ်ခုသည် လက်တွေ့ကျကျ လုပ်ဆောင်ခြင်း၊ ဆွဲဆောင်မှု ရှိသော ရုပ်ပစ္စည်းများ အသုံးပြုခြင်း၊ အသုံးဝင်ခြင်းသည် သင်ကြားသူများနှင့် လေ့လာ ခံယူသူများ နှစ်ဘက်စလုံးကို များစွာ ကူညီထောက်ပံ့ပေးသည်။ (A Good Curriculum provides practical and attractive materials, and thereby is usable, in order to be of most help to all the various types of persons it serves, both leaders and learner.)

ကောင်းမွန်သော သင်ရိုးညွှန်းတမ်းသည် ရှင်းလင်းသော အစီအစဉ်များနှင့် တိကျသောလမ်းညွှန်မှု၊ နည်းလမ်းများကို ပေးစွမ်းနိုင်သည်။ ၎င်းသင်ရိုးညွှန်းတမ်းသည် ကျေနပ်အားရစရာ ကောင်းသော၊ အရေးပါသော နည်းလမ်းများ ပါဝင်သည့် မာတိကာရှိခြင်းနှင့် ထိုမာတိကာကို သာ၍ ကြီးမားသော ထိရောက်စေသည့် ပညာ ရေးကဏ္ဍများ ဖြစ်ပေါ်စေသည်။ ထိုကြောင့် သင်ရိုးညွှန်းတမ်းသည် အထွေထွေလိုအပ်မှုနှင့် လူအများနှင့် ဆိုင်သော ပညာရေးတွင် အကောင်းဆုံး ဆွဲဆောင်မှုရှိသော သင်ကြားမှု ပစ္စည်းများနှင့် နှိင်းယှဉ်သင်ကြားပေး သင့်သည်။

 

(၉) ကောင်းမွန်သော သင်ရိုးညွှန်းတမ်းက ကျောင်းတစ်ကျောင်းရှိ အမျိုးမျိုးသော ဉာဏ်ရည်ရှိသည့် တပည့်များကို၎င်း၊ မတူညီသော သင်ကြားမှုပုံစံအမျိုးမျိုးဖြင့် ကျောင်းသားတိုင်း ယုံကြည်လက်ခံလာစေရန် ဆွဲခေါ်နိုင်သည်။(A Good Curriculum aware the multiple intelligences of the pupils and plan different methods so that every students would be persuaded to learn.)

ခရစ်ယာန်ဓမ္မပညာ၏ အဓိကရည်ရွယ်ချက်မှာ အသက်အရွယ် တိုင်းအတွက် ပညာပေးခြင်းဖြစ်သည်။ ခရစ်ယာန် ဓမ္မပညာရှင်များသည် ခရစ်ယာန်ယုံကြည်ချက်နှင့် ကျင့်သုံးခြင်းများကို ခရစ်ယာန်တို့၏ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်းတိုကို သိရှိရန် သင်ကြားပေးနေသည်။ ကောင်းမွန်သော သင်ကြားမှုဖြစ်ရန် ခရစ်ယာန်တို့၏ အခြေအမြစ်ဖြစ်သော သခင် ခရစ်တော်ကို ယုံကြည်ခြင်းနှင့် သမ္မာတရား၏ အခြေခံဖြစ်သော သမ္မာ ကျမ်းစာကို အခြေခံရန်ဖြစ်သည်။ တပည့်များ၏ မတူညီသော အစွမ်းအစ များမှာ သီချင်းဆိုခြင်း၊ ကခုန်ခြင်း၊ ပန်းချီဆွဲခြင်း၊ ပြဇာတ်ပြခြင်းနှင့် တူရိယာအမျိုးမျိုးကို တီးမှုတ်တတ်ခြင်း စသည်တိုကို ပြုလုပ်ကြ သူများဖြစ် သည်။ ထိုကြောင့် သင်ကြားသူ ဆရာများသည် တပည့်များ၏ ဝါသနာ များကို သတိပြုရန်နှင့် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်များပေးခြင်း စသည် တိုကို လုပ်ဆောင်စေရမှာ ဖြစ်သည်။ တပည့်များ၏ လုပ်ချင်လိုစိတ်များကို လျစ်လျူမရှုသင့်ပေ။ ဓမ္မပညာရှင် များအနေဖြင့် သင်ရိုးညွှန်းတမ်းများကို ကောင်းစွာ သိရှိပြီး၊ ထိရောက်သော သင်ရိုးညွှန်းတမ်းများကို ရေးဆွဲရန် မိမိတို၏ သက်ဆိုင်ရာ အသင်းတော်များအတွက် ပံ့ပိုးသူများဖြစ်ရမည်။ ကောင်းမွန်သော သင်ရိုးညွှန်းတမ်းသည် သင်းအုပ်ဆရာများ၊ ဓမ္မပညာ ရှင်များ၊ ဆရာ၊ ဆရာမများနှင့် ခေါင်းဆောင်များအတွက် သိုးထိန်းအဖြစ် အမှုဆောင်ခြင်း၊ ဓမ္မပညာရပ်များ၏ အခန်းကဏ္ဍများ နှင့် ဦးဆောင်မှု စွမ်းရည်ရှိသော နယ်ပယ်များအတွင်း ကောင်းစွာ ကူညီပေးနိုင်သည်။ ယနေ့ခေတ် အသင်း တော်များရှိ အသင်းတော်၏ ညွှန်ကြားရေးမှူးများ(တာဝန်ခံ)၊ ဆရာများနှင့် ကျမ်းစာကျောင်း ကထိကများ အတွက် ကောင်းသော သင်ရိုး ညွှန်းတမ်း အစီအစဉ်များ ချမှတ်ပေးရန် လိုအပ်သည်။ ကောင်းသော သင်ရိုးညွှန်း တမ်းသည် ယခုခေတ် ပညာရေးအတွက် မရှိမဖြစ် အရေးပါ သည်။ ကောင်းမွန်သော သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်းသည် အကျင့်စာရိတ္တ ပိုင်းဆိုင်ရာ၊ ဘာသာရေး ဓမ္မပညာရပ်များကို သာ၍ထိရောက်စွာ လွှမ်းမိုးမှု ရှိရမည်။ ထိရောက်ကောင်းမွန်သော သင်ရိုးညွှန်းတမ်းဖြစ်ရန် ဓမ္မပညာရှင်များသည် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး၊ ဝိညာဉ်ရေးရာ၌ စံပြ ပုဂ္ဂိုလ်များ ဖြစ်ကြရန် လိုအပ်သည်။

 

၃။ ဖုံးကွယ်ထားသော (သို့) လျှိဝှက်သော သင်ရိုးညွှန်းတမ်း (The Hidden Curriculum)

အဲလစ်ဇဘတ်ဗေးလန့်(စ်)(Elizabeth Vallance)သည် ဖုံးကွယ်ထား သော သင်ရိုးညွှန်းတမ်းတွင် ပညာရေး၌ မပါဝင်သောအရာ (သင်ခန်းစာအတွင်း မပါဝင်သော)နှင့် စနစ်တကျ ရပ်တည်ချက်ရှိသော ပညာရေး ၏ သက်ရောက်မှု များ၌ မပါဝင်သော အရာများကိုလည်း၊ အခြားသော ဗဟုသုတပိုင်းဆိုင်ရာ ပညာရပ်များ ထည့်သွင်းပါရှိကြောင်း ဖော်ထုတ်သည်။ ၎င်းပြင်ပဗဟုသုတ ပညာရပ်များဖြင့် ကိုးကားသင်ကြားခြင်းသည် လုံလောက်သော အရာများဟု မယူဆနိုင်သော်လည်း သင်ရိုးညွှန်းတမ်းအတွက် ရှင်းရှင်းလင်းလင်း ပြည့်စုံစွာ ဖော်ပြနိုင်စွမ်းသည်။ ၎င်းပြည့်စုံသော သင်ရိုးညွှန်းတမ်းသည် အတည်တကျဖြစ်ခြင်း (သို့မဟုတ်) အများပြည် သူများ လက်ခံနိုင်သော ရည်ရွယ်ချက်များနှင့် ပညာရေးနှင့် ပတ်သက်သော အရေးကြီးသည့် ညွှန်ကြားချက်များ ပါဝင်သည်။

ဗေးလန့်(စ်)သည် ဖုံးကွယ်ထားသော သင်ရိုးညွှန်းတမ်းအတွင်း စဉ်းစားဆင်ခြင်မှု သုံးမျိုးကို တင်ပြထား သည်။

(၁)       ဖုံးကွယ်ထားသော သင်ရိုးညွှန်းတမ်းတွင် ပညာရေးနှင့်ဆိုင်သော စကားစပ်များ၊ ဆရာ၊ ဆရာမနှင့် တပည့်များ အပြန်အလှန် တုံပြန်စကားပြောခြင်း၊ စာသင်ခန်းကို လှပစွာ စိတ်ဝင်စားဖွယ် ဖွဲစည်း တည်ဆောက်ခြင်း၊ သင်ကြားသည့် ပညာရေးအတွင်း လူမှုအဖွဲအစည်းတစ်ခုလုံး၏ တန်ဖိုးထားရမည့် လူမှုစနစ် တည်ဆောက်သော ပညာရေးများပါဝင်သည်။

၂)        ဖုံးကွယ်ထားသော သင်ရိုးညွှန်းတမ်းတွင် ကျောင်းများ၊ အသင်းတော်များ၊ (သိုမဟုတ်) နေအိမ်များ၊ တန်ဖိုးရှိသော ပညာရပ်များကို ရှာမှီးရရှာသော ဥစ္စာ၊ လူ့အဖွဲအစည်းတစ်ခု၏ စံများ၊ တရားဥပဒေ နှင့်ညီသော လူမှုဖွဲစည်း တည်ဆောက်ပုံများပါရှိသည်။ ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား များ၊ လူမှုအဖွဲအစည်းများအားလုံး ပညာရေးတွင် ပူးပေါင်းလုပ်

(၃)       ဖုံးကွယ်ထားသော သင်ရိုးညွှန်းတမ်းတွင် မတူညီသော ဒီဂရီများ ရည်ရွယ်ချက်ရှိရှိ ဖြည့်စွက်ပညာရေး များဖြစ်စေ၊ အတော်အသင့်ရှိသည့် မရည်ရွယ်သောတခြားဖြည့်စွက် သင်ရိုးညွှန်းတမ်း စီစဉ်မှုများဖြင့် ထပ်ပေါင်းခြင်းသည် ပို၍နက်ရှိင်းသော အကျိုးရလဒ်များရရှိနိုင်သည်။ ပုံမှန် သင်ရိုးညွှန်းတမ်းအပြင် သမိုင်းကြောင်းနှင့်ဆိုင်သော လူမှုရေးအသုံးဝင်မှုဆိုင်ရာ ပညာရေးများကို မတူညီသော လူမှုအဖွဲအစည်း တွင် နက်နက်ရှိင်းရှိင်း မြှုပ်ဝင်၍ အသုံးပြုနိုင်သည်။ ဆရာ၊ ဆရာမသည် လိုအပ်လျှင် လိုအပ်သလို သင်ခန်းစာများကို လိုတိုးပိုလျှော့ သင်ကြားနိုင်သူဖြစ်ရမည်။

ဤဖုံးကွယ်ထားသော (သို့) လျှိဝှက်သော သင်ရိုးညွှန်းတမ်းကို ပို၍ သိသာထင်ရှားနားလည် သဘော ပေါက်ရန် တင်ပြလိုသည်။ ကျောင်းသင်ခန်းစာ အတွင်း ရည်ရွယ်ချက်ရှိရှိ ဖြည့်စွက်ပညာရေးအပြင်၊ အတော်အ သင့်ရှိသော မရည်ရွယ်သည့် တခြားဖြည့်စွက် သင်ရိုးညွှန်းတမ်း စီစဉ်မှုများကို ဆိုလိုသည်။ ဥပမာဆိုရလျှင် ဘုရားသခင်သည် ဤကမ္ဘာမြေကြီးကို လက်လွတ်စပယ်၊ ပြီးလျှင် ပြီးရော ဟူ၍ ဖန်ဆင်းထားခြင်း မဟုတ်ပါ။ ပဋ္ဌမနေ့၌ အလင်းနှင့်အမှောင်ကို နေ့နှင့်ည ဟူ၍လည်းကောင်း၊ ဒုတိယနေ့၌ မိုးမျက်နှာကြက်ကိုလည်းကောင်း၊ တတိယနေ့၌ ကုန်းမြေနှင့် ကုန်းမြေမှပေါက်သော သစ်ပင်သစ်သီးများကို လည်းကောင်း၊ စတုတ္ထနေ့၌ အလင်းအိမ်အကြီး “နေ”နှင့် အလင်းအိမ်အသေး “လ”တိုကိုလည်းကောင်း၊ ပဉ္စမနေ့၌ လေထဲ၌ရှိသော ငှက်တိရစ္ဆာန်များနှင့် ရေထဲရှိ ရေသတ္တဝါများကိုလည်းကောင်း၊ ဆဋ္ဌမနေ့၌ လူနှင့် သားရိုင်းတိရစ္ဆာန်များကို လည်းကောင်းဖန်ဆင်းပြီး သတ္တမနေ့၌ ဘုရားသခင်သည် ဖန်ဆင်းခြင်း အမှုအရာ များကို မလုပ်ဆောင်ဘဲ ငြိမ်ဝပ်စွာနေပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ဖန်ဆင်းခြင်းအမှုကို စနစ်တကျနှင့် ပြေးလမ်းကြောင်း တစ်ခုပေါ် ကောင်းစွာ လုပ်ဆောင်ခဲ့ကြောင်း သိနိုင်ပါသည်။ ထိုကြောင့် ခရစ်ယာန်ဓမ္မပညာရှင်များ၊ ဓမ္မတ က္ကသိုလ်ကထိကများသည်လည်း သင်ကြားရေး၌ မာတိကာ၊ သင်ရိုးညွှန်းတမ်း များဖြင့် ကောင်းစွာ ရေးဆွဲသင်ကြားရန် လိုအပ်ပေသည်။ ၎င်းသင်ကြားမှုကို ပံ့ပိုးရာ၌ လျှိဝှက်သော သင်ရိုးညွှန်းတမ်းများကိုလည်း ထည့်သွင်းအသုံးပြုရမှာ ဖြစ်သည်။

ကျွန်ုပ်တို “ယုံကြည်ခြင်း အကြောင်း သင်ကြားမည်ဆိုပါစို။ ၎င်း “ယုံကြည် ခြင်း အကြောင်းကို သမ္မာကျမ်းအတွင်း၌ ဖော်ပြနိုင်သလို ဥပမာအားဖြင့် တခြားနည်းလမ်းတစ်ခုကို ဖော်ပြနိုင်သည်။ အဘိုးအိုတစ်ဦး မှာ နားမကြားသော်လည်း ဗိမာန်တော်သို့ အပတ်စဉ် တက်ရောက်ခဲ့သည်။ အခြားသူများက အဘိုးအိုအား နားမကြားသော်လည်း အဘယ်ကြောင့် ဗိမာန်တော်သို့ အပတ်စဉ် တက်ရောက် ပါသနည်း” ဟုမေးရာ အဘိုးအိုမှ ကျွန်ုပ်နားမကြားသော်လည်း ကျွန်ုပ်ဗိမာန်တော်၌ လာရောက်ထိုင်ခြင်းဖြင့် နောင်လာနောက်သားများသည် ကျွန်ုပ်အားဖြင့် ဘုရား သခင်သည် အသက်ရှင်သောဘုရား၊ ကိုးကွယ်ခြင်းအမှုကို ခံထိုက်သော ဘုရားဟု သိရှိ၍ ကျွန်ုပ်ကဲ့သို လုပ်ဆောင်ကြရန်ဖြစ်သည်။ ဤအရာသည် မိသားစုအတွင်း အဘိုးအိုတစ်ဦး၏ လျှိဝှက်သော သင်ရိုးညွှန်းတမ်းအတွက် ပံ့ပိုးပေးနေခြင်း ဖြစ်သည်။

ဆရာ၊ ဆရာမများ၏ သင်ကြားပေးမှုဖြင့် လက်တွေ့ လုပ်ဆောင် အသက်ရှင်သော တပည့်များအ ကြောင်း ဆက်လက်တင်ပြလိုသည်။ တစ်ခါက ဆရာမတစ်ဦးသည် ဂျူနီယာအရွယ် တပည့်များအား ဆယ်ဖို့တစ်ဖို့ ပေးလှူကြရန် သင်ကြားပေးခဲ့သည်။ ကျောင်းသားတစ်ဦးမှာ နောင်တစ်ပတ်တွင် အလှူငွေ (၃ဝဝ) ကျပ်ကို ဗိမာန်တော်၌ ထည့်ဝင်ပြီး သူ၏ဆရာမကို သူသည် မုန့်ဖိုး (၃ဝဝဝ)ကျပ် ရ၍ ဆယ်ဖို့တစ်ဖို့ကို ဗိမာန် တော်၌ ပေးလှူခဲ့ကြောင်း ပြောပြခဲ့သည်။ လျှိုဝှက်သင်ရိုးညွှန်းတမ်းမှာ သူ၏ ဆရာမကိုယ်တိုင် ဆယ်ဖို့ တစ်ဖို့ ပေးလှူ ဆက်ကပ်သည့် စံပြပုဂ္ဂိုလ်ဖြစ်နေသောကြောင့်ပေတည်း။ ။

တခြားအကြောင်းအရာတစ်ခုမှာ စစ်မှန်သော ပြောင်းလဲခြင်းဆိုသည်မှာ နှုတ်ကပတ်တော်တန်ခိုးနှင့် မိမိကိုယ်ကို သိရှိခြင်းဖြင့် ကောင်းသော ခရစ်ယာန် တစ်ဦးအဖြစ် ဆက်လက် ရှင်သန်ရပ်တည်ခြင်းဖြစ်သည်။ သင်ရိုးညွှန်းတမ်း၏ ကိုးဆယ်ရာခိုင်နှုန်း (၉၀%)မှာ စံချိန်မီသော ဆရာ၊ ဆရာမဖြစ်သည်။ စံချိန်မီသော ဆရာကောင်းသည် စံချိန်မီသော တပည့်များကို မွေးထုတ်ပေးမှာ ဖြစ်သည်။ တစ်ခါက တပည့်တစ်ဦး၏ ရင်ဖွင့်သံမှာ ဆရာမတစ်ဦး၏ သင်ကြားခဲ့သော တပည့်များအဖွဲ့သည် အများအားဖြင့် အရက်မသောက်၊ ကွမ်းမစား၊ ဆေးလိပ် မသောက်ကြသော လူငယ်များတစ်စုအဖြစ် ရပ်တည်နေကြသည်။ အဘယ်ကြောင့် ဆိုသော် သမ္မာတရား၏ ထိရောက်သော တန်ခိုးနှင့် ဆရာ၊ ဆရာမမှတဆင့် ဘုရားရှင်၏ မေတ္တာတော်ကို ဖော်ညွှန်းနေသော စစ်မှန်သော လမ်းညွှန်မှုကို လက်ဆင့်ကမ်းပေးခဲ့သောကြောင့် ဖြစ်သည်။ နောက်တက် လူငယ်များမှာမူ တရားနှင့်အညီ လက်တွေ့ အသက်ရှင်မှုမှာ အားနည်းကြောင်း ပြောဆိုသည်။ ကောင်းသော ဆရာ၊ ဆရာမများအတွက် ကောင်းသော သင်ရိုးညွှန်းတမ်းဖြင့် တပည့်များ ရည်မှန်းချက် ပန်းတိုင်သို့ ပို၍ထိရောက်စွာ ရောက်ရှိနိုင်မှာ=တဖြစ်သည်။

၄။ သင်ရိုးမာတိကာ (Syllabus)

 – “သင်ရိုးမာတိကာ”မှာမူ ဘာသာရပ် တစ်ခုချင်းအလိုက် သင်ယူရမည့် သင်ခန်းစာခေါင်းစဉ် စာရင်းသာ ဖြစ်သည်။

ပညာရေး

– အသိပညာ၊ ကျွမ်းကျင်မှု၊ စိတ်ဓာတ်တစ်ခုခုအားလုံး ပြုပြင်ပြောင်းလဲခြင်း နည်းစဉ်။

သင်ယူခြင်း၊

– သင်ယူသူကိုယ်တိုင် သင်ယူပါမှ သင်ယူမှုဖြစ်မြောက်မည်။

သင်ကြားခြင်း ၊

– သင်ယူမှု လွယ်ကူစေရန် အကူအညီပေးခြင်း နည်းစနစ်ဖြစ်သည်။

 

သင်ရိုးညွှန်းတမ်းအခြေခံမူ

– ဆီ လျော်မှုရှိခြင်း (Relevance)

– အ လျော့အတင်းလုပ်နိုင်ခြင်း (Flexibility)

– လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ညှိနှိုင်းနိုင်ခြင်း (Adaptability)

– ဒေသထူးခြားချက် (Land specificity)

– အကျိုးပြုနိုင်မှု (Socially useful productive work and social service)

 

သင်ရိုးညွှန်းတမ်းတည်ဆောက်ပုံ

– သင်ရိုးညွှန်းတမ်းတည်‌ဆောက်ပုံ (Curriculum Construction)

– သင်ရိုးညွှန်းတမ်းအကောင်အထည်ဖော်ပုံ (Curriculum Implementation) –

သင်ရိုးညွှန်းတမ်းအကဲဖြတ်ပုံ (Curriculum Evaluation)

 

သင်ရိုးညွှန်းတမ်းတည်ဆောက်ပုံ

သင်ရိုးညွှန်းတမ်းကို မကျေနပ်လျှင် (သို) မကျေမနပ်ဖြစ်လာလျှင် သင်ရိုးညွှန်းတမ်း ပြုပြင်ပြောင်း လဲခြင်း(Curriculum Reform)ကို လုပ်ရပါသည်။ သင်ရိုးညွှန်းတမ်း တည်ဆောက်ရာတွင် ခေတ်မီပညာရေး နည်းပညာအရ သင်ယူ တိုအတွက် လိုအပ်ချက်များ(Needs) အပေါ်အခြေခံ၍၊

– ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ (Aims and Objectives)

– အ ကြောင်းအရာ (Content) ၊

– သင်နည်း (Method)

– တတ်မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်း (Evaluation) ဟူသည့် နယ်ပယ်များကိုပါ လိုအပ်သလို ပြုပြင်ပြောင်းလဲရပါသည်။

၅။ သင်ရိုးညွှန်းတမ်း အကောင်အထည်ဖော်ပုံ

– သင်ကြားသင်ယူမှုနှင့် ပတ်သက်ပြီး ရှင်းလင်းခိုင်မာသော ထင်မြင်ယူဆချက် ပေါ်တွင် အခြေခံခြင်း။ ။

– ကလေး၏ ကြီးထွားဖွံဖြိုးမှုနှင့် ကိုက်ညီမှုရှိခြင်း။

– ကလေးများ၏ အမျိုးမျိုးသော မတူကွဲပြားသော ဉာဏ်ရည်၊ စွမ်းရည်နှင့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် လမ်းညွှန်အစီအစဉ်များသည် ကလေးအားလုံးကို ကိုယ်စားပြုနိုင်ခြင်း။

– သင်ရိုးညွှန်းတမ်းတစ်ခု၏ ရည်ရွယ်ချက်သည် ကျစ်လျစ်ပြည့်စုံသော၊ တိကျသော လမ်းညွှန်မှုပေး ခြင်း၊ နားလည်နိုင်သော၊ လွယ်ကူစွာ အသုံးချ နိုင်သော လွယ်ကူစွာ ပြီးမြောက်နိုင်သော၊ ပြောင်းလွယ်ပြင်လွယ်ရှိသော အရာဖြစ်ခြင်း။

– သင်ရိုးညွှန်းတမ်းတစ်ခု၏ ရည်ရွယ်ချက်သည် ကနဦးသင်ယူမှုများနှင့် အကျုံးဝင်ခြုံငုံမိခြင်း၊ ပေါင်းစပ်အသုံးချနိုင်ခြင်း။

– နမူနာများ၊ ဥပမာများနှင့် အရင်းအမြစ်များအတွက် အကြံပြုလမ်းညွှန်မှုများနှင့် ပြည့်စုံမှုရှိခြင်း။

– ရည်ရွယ်ချက်နှင့် အကြောင်းအရာများသည် သမ္မာကျမ်းစာကို အခြေခံ၊ သခင်ခရစ်တော်ကို ဗဟိုပြု သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုများအားဖြင့် ခရစ်တော်၌ ရင့်ကျက်ကြီးထွားလာစေခြင်း။

– ဧဝံဂေလိတရားကို လက်ခံတုံပြန်လိုသော စိတ်သဘောထားများ ပြုစု ပျိုးထောင်ပေးနိုင်ခြင်း။

– ကလေးများ၏ ဘဝရှင်သန်ရာ ကဏ္ဍတိုင်းတွင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အကြံအစည် တော်နှင့် ရည်ရွယ်ချက်များကို သိရှိခံစားနိုင်မှု ဆီသို ခေတ်နှင့်လျော်ညီသော သင်ကြားမှုနည်းလမ်း များအားဖြင့် ကလေး တစ်ဦးချင်းစီ၏ အသက်တာအဆင့်ဆင့်တိုင်းတွင် ကြီးထွားဖွံဖြိုးနိုင်ရန် လမ်းညွှန်မှုများ ပေးနိုင်ခြင်း။

– သခင်ခရစ်တော်အားဖြင့် ဘုရားသခင်ကို သိကျွမ်းခြင်း၊ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းအရာများတွင် ကလေးများ ကြီးထွားဖွံဖြိုးစေခြင်း။

– ခရစ်ယာန်တို၏ အမွေအနှစ်များ၊ ယဉ်ကျေးမှုအမွေအနှစ်များ ထည့်သွင်း အသုံးပြုခြင်း။ ။

ခရစ်ယာန်တို၏ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုများကို လက်ဆင့်ကမ်း သိရှိစေခြင်း။

– လူမှုအသိုင်းအဝိုင်းတွင် ဖြစ်ပေါ်နေသော ပြဿနာများနှင့် ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် လက်တွေ့နည်းလမ်းများ ဖော်ထုတ်ညွှန်ပြပေးနိုင်ခြင်း။

– ကလေးတို့၏ ဘက်စုံဖွံဖြိုးမှု (ခန္ဓာပိုင်း၊ စိတ်ပိုင်း၊ လူမှုရေးပိုင်း၊ ခံစားမှုပိုင်း၊ ဝိညာဉ်ရေးပိုင်း)ကို အခြေခံသော သင်ကြားသင်ယူမှု ဖြစ်စေခြင်း။ ။

– ကလေးတို၏ ဘဝအသက်တာတွင် လက်တွေ့ အသုံးချနိုင်သော သင်ယူမှု ဖြစ်စေခြင်း။

– အကြောင်းအရာများ စုံလင်ခြင်း၊ မျှတခြင်း၊ ဆက်နွယ်ခြင်း၊ အစီအစဉ် စနစ်တကျဖြစ်ခြင်း။ ။

– ဆရာများ၊ မိဘများ၊ ပညာရှင်များနှင့် သက်ဆိုင်သူများ အားလုံး ပါဝင်သည့် ကျယ်ပြန့်စွာ ပူးပေါင်းရေးဆွဲခြင်း။

– သင်ရိုးညွှန်းတမ်းခု၏ ရည်ရွယ်ချက်သည် သင်ယူမှုအား အောက်ပါအတိုင်း ဖြစ်ထွန်းစေရန် ဖွဲစည်းသင့်ခြင်း။

၁။ တာရှည်ခံမှု (durable)

၂။ အရေးပါအရာရောက်မှု (Significant)

၃။ ကူးပြောင်းအသုံးချနိုင်မှု (Transferable)

၆။ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်းနှင့် ပတ်သက်၍ အခြေခံမေးခွန်းများ

(၁) မည်သည့် အရာများကို သီးခြားသင် သင့်ပါသနည်း။

– ဗဟုသုတ၊ နားလည်မှု၊ တန်ဖိုးများနှင့် ကျွမ်းကျင်မှုနယ်ပယ်များကို ရွေးချယ်ပြဌာန်းခြင်း။ ။

– ကျမ်းစာနှင့် သီဩလော်ဂျီအခြေခံများသည် ခရစ်ယာန်အသက်တာတွင် ကြုံတွေ့ရမည့် နယ်ပယ်များအတွက် ပြဌာန်းပေးရန် လိုအပ်ခြင်း။

– အသက်အလွန်ငယ်သည့် ကလေးအရွယ်တွင်ပင် သီဩလော်ဂျီသဘော တရားများကို ကလေးများအားဖြင့် ခံစားနိုင်ခြင်း။

 

(၂) မည်သည့်အတွက်ကြောင့် ဤနယ်ပယ်များကို သင်ကြားရသနည်း။

– ယေဘုယျရည်ရွယ်ချက်များနှင့် သီးခြားရည်ရွယ်ချက်များအတွက် ကျမ်းစာ လေ့လာခြင်း၊ ဆုတောင်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုကို ခံယူခြင်းနှင့် ကလေး၏ လိုအပ်ချက်များကို ဂရုပြု ဆန်းစစ်သုံးသပ် အကဲဖြတ်ခြင်း။ ။

– လိုအပ်ချက်များသည် ဘုရားသခင်၏ တောင်းဆိုမှုများနှင့် ကျွန်ုပ်တို့၏ ဘုရားပေးတာဝန်များနှင့် အမြဲတမ်း နှိုင်းယှဉ်ချိန်ထိုးရန် လိုအပ်ခြင်း။

– ယဉ်ကျေးမှုက လိုအပ်ချက်များကို ဖွင့်ဆိုနိုင်သည့်အတွက် ကျမ်းစာ တန်ဖိုးများနှင့် ဆက်နွယ်မှုထဲတွင် မေးခွန်းထုတ်ခြင်း။

(၃) မည်သည့် နေရာတွင် သင်ကြားမည်နည်း။

– လက်ရှိအရင်းအမြစ်များနှင့် ကန့်သတ်ချက်များအတွင်း ကျိုးကြောင်း ဆီလျော်စွာ အကောင် အထည်ဖော်ဆောင်မှုအတွက် အခြေအနေအချိန်အခါ နေရာများသည် အကျိုးသက်ရောက်မှုရှိခြင်း။

– သီးခြားယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး အချက်အလက်များကို ထည့်သွင်း စဉ်းစားရန် လိုအပ်ခြင်း၊

– သင်ကြားမှု ရေခံမြေခံက ရှင်းလင်းသည့် ကန့်သတ်ချက်များ ချမှတ် ခြင်းဖြင့် သင်ရိုးအတွက် ဆုံးဖြတ်ချက်များကို အကျိုးသက်ရောက်စေခြင်း။

(၄) မည်ကဲ့သို သင်ကြားမည်နည်း။

– သင်ကြားမှုနှင့် ပိုမိုသင့်တော်သည့် နည်းလမ်းများကို အသုံးပြုခြင်း။

– သင်ကြားမှုအထောက်အကူပြု ပစ္စည်းများကို အသုံးပြုခြင်း။

– အခြားသော အခြေအနေများတွင် သင်ယူမှုကူးပြောင်းခြင်း (transfer of training) ရနိုင်ရန် အထောက်အကူဖြစ်စေမည့် သင်ကြားပေးရမည့် သင်ရိုးပါအကြောင်းအရာများ ပေါင်းစုမှုနှင့် သင်ရိုး၏ အမျိုးမျိုးသော အစိတ်အပိုင်းများနှင့် အပြန်အလှန် ချိတ်ဆက်မှုများကို ထည့်သွင်း စဉ်းစားခြင်း။

(၅) မည်သည့်အချိန်တွင် အမျိုးမျိုးသော နယ်ပယ်များကို သင်ကြားသင့် သနည်း။

– အသက်အရွယ်နှင့် ဝိညာဉ်ရေးရာ ရင့်ကျက်မှုများကို စဉ်းစားခြင်း။

– ကနဦးသင်ယူထားမှုများ၊ မျှော်လင့်ထားသည့် သင်ယူမှုများနှင့် မျှော်လင့် မထားသည့် အဖြစ်အပျက်များတို့၏ အချိန်ကိုက် ဖြစ်မှုသည် အရေးကြီးခြင်း။

(၆) မည်သူကကြားပြီး မည်သူကသင်ယူမည်နည်း။

– သင်ယူမည့်ကလေး၏ ဘဝအသက်တာနှင့် လိုအပ်ချက်များကို နားလည် ခြင်းက သင်ရိုးရွေးချယ်မှုနှင့် ဖွံဖြိုးမှုတို့အတွက် အထောက်အကူပေးမည့် အရေးကြီးသည့် အခြေခံဖြစ်ခြင်း။

– ဆရာများအနေဖြင့် မိမိတို၏ သီးခြားဆုကျေးဇူး၊ အားသာချက်နှင့် အားနည်းချက်များကို နားလည်ရန် လိုအပ်ခြင်း၊

 

(၇) မည်သည့်ဖွဲစည်းမှုက အားလုံးကို အတူတကွပေါင်းစည်းပေးမည်နည်း။

– အစီအစဉ်ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ပြန်လည်သုံးသပ် အကဲဖြတ်ခြင်းများကို ပညာရေးဆိုင်ရာ အတွေ့အကြုံ တစ်ခုအဖြစ် ညီညွတ်စွာ၊ ပေါင်းစည်းစွာနှင့် ရလဒ်ကောင်းများရရှိရန် မည်သည့်မူက ထောက်ပံ့ပေးမည်နည်း။ ။

– ကျမ်းစာ၊ သီဩလော်ဂျီနှင့် ဖီလော်ဆော်ဖီများ၏ ထူးခြားဂုဏ်အင်များက စကြဝဠာဆိုင်ရာ ထူးခြားမှုရှိခြင်းနှင့် သစ္စာရှိသော ခရစ်ယာန်ဓမ္မပညာနှင့် ဆက်နွယ်သည့် အရာတိုင်းအတွက် အမှန်တရား ဖြစ်ခြင်းများကို ဖော်ပြ နိုင်သော ဤမူကို ဖော်ထုတ်နိုင်ရန် နည်းလမ်းများအဖြစ် ထောက်ပံ့ ပေးနိုင်ခြင်း၊

 

၇။ သင်ရိုးညွှန်းတမ်းအကဲဖြတ်ပုံ (Curriculum Assessment)  Authentic Assessment လက်တွေ့ /စစ်မှန်သော အကဲဖြတ်ခြင်း ၊

ကျောင်းသားများအနေဖြင့် ကျောင်းမှသင်ယူရရှိလာသော ပညာ ဗဟုသုတ အကြောင်းအရာများကို ကျောင်းပြင်ပ ပတ်ဝန်းကျင်တွင် ရင်ဆို တွေ့ကြုံရမည့် အမှန်တကယ်ဖြစ်ရပ်များတွင် လက်တွေ့ အသုံးချနိုင် သည် စွမ်းဆောင်မှုများ(Performance)ကို စစ်ဆေးအကဲဖြတ်နည်းဖြစ်သည်။

 

Traditional Assessment စာတွေ့ သမရိုးကျ အကဲဖြတ်ခြင်း

သင်ယူတတ်မြောက်ထားမှုများကို မှတ်မိသမျှ ပြန်လည် ဖြေဆိုရသည့် သမားရိုးကျစစ်ဆေး အကဲဖြတ်ခြင်းဖြစ်သည်။

 

Traditional Assessment ၏ ဂုဏ်ရည်များ (Attributes of TA)

၁။ သမားရိုးကျစစ်ဆေးခြင်းများဖြစ်သည့် Multiple choice item, True-Flase item, Matching item, Completion item များဖြင့် စစ်ဆေးခြင်း

၂။ အချိန်တိုအတွင်း စာတွေ့အသိများကို လက်တွေ့တွင် မည်မျှအသုံးချနိုင်မည်ကို  ကြံဆသိရှိနိုင်ခြင်း (Contrived)

၃။ သင်ယူတတ်မြောက်ထားမူများကို မှတ်မိသမျှဖြေဆိုရခြင်း (Recall/ Recognition)

၄။ စစ်ဆေးအကဲဖြတ်မေးခွန်းများကို ဆရာများကပြုစုရခြင်း(Teacher-Structured)

၅။ စာတွေ့အသိကိုသာ အကဲဖြတ်သဖြင့် သင်ယူတတ်မြောက်မှုကို ဖော်ပြသည့် သွယ်ဝိုက်သော သက်သေအထောက်အထားကိုသာ ရရှိနိုင်ခြင်း (Indirect Evidence)

Authentic Assessment ၏ ဂုဏ်ရည်များ (Attributes of AA)

၁။ ကျောင်းသားများကို အလုပ်ပေး၍ လုပ်ဆောင်ချက်ကို စစ်ဆေးအကဲဖြတ်ခြင်း။ (Performing a task)

၂။ လုပ်ဆောင်ရသော လုပ်ငန်းများသည် လက်တွေ့ဘဝတွင် တွေ့ကြုံရင်ဆိုင်နေရသော ပြဿနာရပ် များဖြစ်ခြင်း။ (Real-life)

၃။ စာတွေ့ဗဟုသုတများကို မိမိကိုယ်တိုင် တည်ဆောက်ယူပြီး လက်တွေ့ လုပ်ငန်းများ၊ လုပ်ဆောင်ချက် များတွင် ပြန်လည်အသုံးချခွင့်ရရှိခြင်း။ (Construction/Application)

၄။ အကဲဖြတ်စစ်ဆေးရသည့် အကြောင်းအရာများသည် ကျောင်းသားများ၏ လုပ်ဆောင်ချက်အပေါ်တွင် မူတည်ခြင်း။ (Student-structured)

၅။ လက်တွေ့ဘဝတွင် အမှန်တကယ် အသုံးချနိုင်ခြင်းရှိ/မရှိ စစ်ဆေးအကဲဖြတ်ခြင်း ဖြစ်သောကြောင့် ကျောင်းသားများထံမှ တိုက်ရိုက်သက်သေ အထောက် အထားရရှိခြင်း။ (Direct Evidence)

 

AA နှင့် TA တို့ကို ပေါင်းစည်းအသုံးပြုခြင်း

သင်ခန်းစာပါ အကြောင်းအရာများကို စာတွေ့ဗဟုသုတအနေဖြင့် သိရှိခြင်း၊ TA စနစ်ဖြင့် စစ်ဆေး အကဲဖြတ်နိုင်ခြင်း၊ ကျောင်းပြင်ပ လုပ်ဆောင် ချက်များတွင် အသုံးချနိုင်သည့် စွမ်းရည်များကို စစ်ဆေးရန် AA စနစ်ဖြင့် စစ်ဆေးအကဲဖြတ်နိုင်ခြင်း။

 

AA နှင့် TA တို့၏ ခြားနားခြင်း

သမားရိုးကျစစ်ဆေးခြင်း (TA) သည် သင်ယူတတ်မြောက်ထားသည့် သင်ခန်းစာအားလုံးမှ နမူနာ ယူစစ်ဆေးခြင်း(Representative sample) ဖြစ်သည် အတွက် စွမ်းရည်များ လုပ်ဆောင်မှုများအားလုံးကို စစ်ဆေးခြင်း မပြုလုပ်နိုင်ပါ။ သင်ကြားမှု အားနည်းချက်များကို ပြန်လည်သုံးသပ်နိုင်ခြင်း၊ ကုစားသင်ပြပေး ခြင်းများ အားနည်းပါသည်။ (Discourage from Teaching)

AA စနစ်တွင် အမှန်တကယ် လုပ်ဆောင်နိုင်ခြင်းရှိ/မရှိ၊ နေ့စဉ် ဖြစ်ရပ်များကို ဖြေရှင်းနိုင်ခြင်း(Real-life Performance)ကို စစ်ဆေးအကဲဖြတ်ခြင်းမှ ရရှိလာသော ရလဒ်များကို အခြေခံ၍ ဆရာများအနေဖြင့် သင်ပြမှုပုံ စံများကို ပြောင်းလဲကျင့်သုံးနိုင်သည့် အခွင့်အလမ်းကို ရရှိပါသည်။ (Encouraged to teach to the test)

တပည့်များ၏ ပါဝင်သော သာသနာလမ်းကြောင်းများမှာ ကလေး သူငယ်များ ဝတ်ပြုကိုးကွယ်ခြင်း၊ လူငယ်အဖွဲ နှင့် နွေရာသီအဖွဲများ စသည်တို ပါဝင်ကြသည်။ ဤမတူညီသော အဖွဲဝင်များသည် ကွဲပြားခြား နားသော သင်ရိုး ညွှန်းတမ်းများကို အသုံးပြုကြသည်။ ခဏခဏထပ်သော သင်ကြားမှုများနှင့် ထိန်ချန်ခြင်း များကို ရှောင်ရှားရမည်။ ခရစ်ယာန်ဓမ္မပညာကော်မတီများသည် သင်ရိုးညွှန်းတမ်းဆိုင်ရာ ပစ္စည်းများကို ရွေးချယ်၍ ကြီးကြပ်နိုင်ရမည်။ အဓိကမှာ ဓမ္မပညာကျောင်းသည် သာသနာ၏ အကျိုးသက်ရောက်မှု ရှိစေရန် သက်ရွယ်စုံ အတွက် ကောင်းစွာ အကျိုးဖြစ်ထွန်းစေရမည်။ သင်ရိုးညွှန်းတမ်း၏ ကိုးဆယ် ရာခိုင်နှုန်း (၉၀)မှာ ဆရာ၊ ဆရာမများဖြစ်သည်။ အကောင်းဆုံးသော သင်ရိုး ညွှန်းတမ်းကို ဂရုမပြုပါက စံချိန်မမီသော ဆရာ၊ ဆရာမများသည် စံချိန်မမီသော တပည့်များကိုသာ မွေးထုတ်ပေးမှာဖြစ်သည်။ ကောင်းသော ဆရာ၊ ဆရာမ တစ်ဦးမှာမူ စံချိန်မမီသော သင်ရိုးညွှန်းတမ်းကိုလည်း အောင်မြင်စွာ သင်ကြား ပိုချနိုင်သည်။ ထိုကြောင့် ကောင်းသော ဆရာ၊ ဆရာမသည် ပို၍တော်မည်။ အကောင်းဆုံးသင်ကြားပိုချ ပေးနိုင်ပေမည်။ ကောင်းသော ဆရာ၊ ဆရာမများ အတွက် ကောင်းသော သင်ရိုးညွှန်းတမ်းတစ်ခုဖြင့် ပို၍ထိရောက်စွာ ပေါင်းစည်း သင်ကြား ပေးနိုင်မှာဖြစ်သည်။

အဓိကအရေးအကြီးဆုံး အကြောင်းအရာတစ်ခုမှာ ခရစ်ယာန်ဓမ္မပညာ ဌာနအတွက် မရှိမဖြစ်လို အပ်သည်မှာ သင်ရိုးညွှန်းတမ်းဖြစ်သည်။ ၎င်းသင်ရိုး ညွှန်းတမ်းကို အသုံးပြုဖို ရွေးချယ်ရာတွင် ဆုတောင်း ခြင်းနှင့် ရွေးချယ်ပြီး၊ ဆရာ၊ ဆရာမများက တပည့်များ၏ ဝိညာဉ်ရေးရာ တိုးတက်မြင့်မားစေရန် ကူညီလမ်း ညွှန်ပေးရမှာ ဖြစ်သည်။ အကောင်းဆုံးသင်ရိုးညွှန်းတမ်းပစ္စည်းများသည် ကျွမ်းကျင်မှုရှိသော၊ ဘုရားသခင်ကို ချစ်ကြောက်ရိုသေပြီး၊ တပည့်များကိုလည်း မေတ္တာထားနိုင်သော ဆရာ၊ ဆရာမများနေရာတွင် အစားမထိုးနိုင် ပေ။ ခရစ်ယာန် ဓမ္မပညာရှင်များသည် တပည့်များနှင့် ဘုရားသခင်၏ လူများအတွက် စံပြပုဂ္ဂိုလ် များဖြစ်ရမည်။

သင်ရိုးညွှန်းတမ်းသည် လေ့လာသင်ယူခြင်း လှုပ်ရှားမှုအဖွဲအစည်း တစ်ခုဖြစ်သည်။ ခရစ်ယာန်ဓမ္မ ပညာရှင်များ၊ ဆရာ၊ ဆရာမများသည် သင်ရိုး ညွှန်းတမ်းများရေးဆွဲသင့်သည်။ သင်းအုပ်ဆရာများ၊ အမှုတော်ဆောင်များပင် နိုးကြား၍ အသက်ရှင်သော အသင်းတော်များအဖြစ် ဘုရားသခင်ရှေ့၊ လူတိုရှေ့၌ ရပ်တည်ရန် သင်ရိုးညွှန်းတမ်းကို ကောင်းစွာရေးဆွဲရန် လိုအပ်သည်။ အသင်းတော် သည် ကိုယ်ခန္ဓာနှင့်ဆိုင် သော၊ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးရာ၊ အသိဉာဏ် နှင့်ဆိုင်သော ဘဏ်စုံဖွံဖြိုးတိုးတက်ရန် လိုအပ်သည်။ ဓမ္မပညာရှင်များ၊ ကျမ်းစာကျောင်း ဆရာ၊ ဆရာမများ၊ ခေါင်းဆောင်များသည် သင်ရိုးညွှန်းတမ်း များကို ရေးဆွဲသင်ကြားရန် အရေးကြီးသည့် ကဏ္ဍ၌ပါဝင်သည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းမွန်သော သင်ရိုး ညွှန်းတမ်းသည် ဆရာ၊ ဆရာမများနှင့် တပည့်များကို အတူတကွပြေးရန် လမ်းကြောင်းဖြင့် ပန်းတိုင်သို့ အောင်မြင်မှုအပြည့်နှင့် အရောက်ချီလှမ်း ရောက်ရှိနိုင်မှာဖြစ်သည်။ အကယ်၍ သင်ရိုးညွှန်းတမ်း မရှိပါက ဆရာ၊ ဆရာမများနှင့် တပည့်များအတွက် လှော်တက်မပါသော လှေငယ်လေးပမာ ဦးတည်ရာမရှိဘဲ၊ ပြည့်စုံသော အောင်မြင်ခြင်းကို ရရှိမှာမဟုတ်ချေ။ ထိုကြောင့် သင်ရိုးညွှန်းတမ်းသည် အရေးကြီးဆုံးသော ကဏ္ဍတစ်ခု အဖြစ် သင်ကြားခြင်းနှင့် လေ့လာသင်ယူမှုအတွက် ရပ်တည်နေမှာဖြစ်သည်

 

Requirements:

  1. Punctual in attendance. (15%)
  2. Presentation. (25%)
  3. Do research work on written curriculum. (20%)
  4. Share insights with colleagues. (10%)
  5. Design own curriculum on a given session or class. (30%)

 

Class Schedule

  1. 11th October, 2017 Introducing the course Meaning of Curriculum
  2. 18th October, 2017 Principles of Good Curriculum
  3. 25th October, 2017            Multiple Intelligences Theories
  4. 1st November, 2017 Teaching Methods based on MI Theories
  5. 8th November, 2017 Steps in Lesson Planning Writing Lesson Plan (Group Work)

6.15th November, 2017             Designing a Curriculum for the Church

  1. 22nd November, 2017 Curriculum Evaluation (lecture)
  2. 29th November, 2017 Curriculum Evaluation
  3. 6th December, 2017 Presentation on Relevant and Effective Teaching Methods
  4. 10th January, 2018 Workshop on Teaching Aids for Bible Lessons
  5. 17th January, 2018 Meeting with MBC CEd. Department
  6. 24th January, 2018 Designing a Lesson Plan

13.31s January, 2018                 First Draft Checking

  1. 7th February, 2018 Closing and Submitting Lesson Plans to MBC CEd. Department

 

 

အသင်းတော်ဓမ္မပညာကျောင်း သင်ခန်းစာပြင်ဆင်နည်း

(Church School Lesson Preparation)

ပြီးပြည့်စုံသော သင်ရိုးညွှန်းတမ်းရရှိဖို၊ သင်ခန်းစာခေါင်းစဉ်များ ပါဝင်သော မာတိကာ (Syllabus) ရေးဆွဲရပါသည်။ ကောင်းမွန်သော သင်ရိုးမာတိကာ စနစ်တကျ သင်ကြားပိုချနိုင်မည့် သင်ခန်းစာခေါင်းစဉ်ကို ရွေးချယ်ရပါသည်။ သင်ခန်းစာခေါင်းစဉ်များကို ထိရောက်စွာရောက်ရှိနိုင်မည့် သင်ခန်းစာပြင်ဆင်နည်း (Lesson Preparation) အဆင့်ဆင့်ကိုလည်း ပြင်ဆင်ထားရမည်။

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်သင်းချုပ်၊ ခရစ်ယာန်ဓမ္မပညာဌာနသည် လွန်ခဲ့သော နှစ်ပေါင်း(၃၆)နှစ် ခန့်မှစတင်၍၊ David. C. Cook Pattern သင်ကြားနည်း အဆင့်ဆင့်ကို ဆရာမကြီးဒေါ်ရသီတင်တင်လှမှတဆင့် စတင်မိတ်ဆက်ခဲ့ပါသည်။ အသင်းတော် ဓမ္မပညာကျောင်းအတွက်သော်လည်းကောင်း၊ နွေဥတုကျမ်းစာ သင်ကျောင်းအတွက်သော်လည်းကောင်း၊ သင်ခန်းစာများ ထုတ်ဝေရာ၌  David. C. Cook သင်ကြားနည်း အဆင့်ဆင့်ကို သင်ခန်းစာရေးသားပြုစုခြင်း၊ လူ/ဒေအဖွဲ့ချုပ်များသို လက်ဆင့်ကမ်းခြင်း၊ အသင်းတော် ကျောင်းနည်းပြ သင်တန်းပြုလုပ်ခြင်းဖြင့် နည်းပြများမွေးထုတ်ခြင်း၊ နယ်များတွင် ဆရာဖြစ်သင်တန်း များ လက်တွေ့သင်ကြားပိုချခြင်းဖြင့် ထိရောက်မှုရှိကြောင်း တွေ့ရှိရပါသဖြင့် David. C. Cook သင်ကြားနည်း အဆင့်ဆင့်ဖြင့် အသင်းတော်ကျောင်းသင်ခန်းစာ ပြင်ဆင်နည်းကို မိတ်ဆက်ပေးလိုပါသည်။

ဤသင်ခန်းစာပြင်ဆင်နည်းဖြင့် ထုတ်ဝေထားသော ကေဂျီ၊ ပရိုင်မာရီ၊ ဂျူနီယာ၊ လူငယ်အသင်းတော် ကျောင်းသင်ခန်းစာများသည် ခရစ်ယာန်ဓမ္မပညာ အခြေခံမဏ္ဍိုင်ကြီးများကို အခြေခံထားပါသည်။ နှစ်ခြင်း အသင်းချုပ် ဓမ္မပညာဌာန ည ယခင်က ပုံနှိပ်ထုတ်ဝေခဲ့သော အသင်းတော်ကျောင်း သင်ခန်းစာများကို ခေတ် နှင့်လျော်ညီသော သင်ကြားနည်းစနစ်များနှင့် ပြန်လည်ပြုစုကာ၊ ဆရာကိုင်၊ တပည့်ကိုင်၊ သီချင်းခွေများဖြင့် ပြန်လည်ထုတ်ဝေလျက် ဖြန့်ချီခြင်းဖြင့် အကျိုးကျေးဇူးရှိကြောင်း တွေ့ရှိရပါသည်။ ထို ကြောင့် David.C.Cook သင်ခန်းစာ ဆင်နည်းအဆင့်များကို မိတ်ဆက်ပေးလိုပါသည်။

သင်ခန်းစာ ပြင်ဆင်မည်ဆိုပါက သင်ခန်းစာအချောမရေးမီ သင်ခန်းစာ ကျောရိုး (Out line) ရေးဆွဲရမည်။ ရေးဆွဲမည့်သင်ခန်းစာကျောရိုးမှာ

အပိုင်းခေါင်းစဉ်              ။

ရည်ရွယ်ချက်                ။

သင်ခန်းစာ (၁)               ။ (ခေါင်းစဉ်)

ဦးတည်ချက်                  ။

ကျမ်းညွှန်း                     ။

သီချင်း                          ။

လိုအပ်သောပစ္စည်းများ   ။

ဆရာပြင်ဆင်ချက်          ။ သမ္မာကျမ်းနောက်ခံသမိုင်း။

။ အနက်ဖွင့်ဆိုချက်။

။ ဆရာအာရုံပြုရန်။

အတန်းမစမီအချိန်          ။

ပို့ချချိန်                          ။ (၁) အသက်တာ၏ လိုအပ်ချက် (နိဒါန်း)

(၂) သမ္မာကျမ်းစာလေ့လာခြင်း။

(က) ပုံဝတ္ထု

(ခ) ရွှေကျမ်းချက်

(၃) ကျမ်းစာသွန်သင်ချက်ကို အသက်တာ၌ကျင့်သုံးခြင်း။

(၄) အသက်တာ၌ တုံပြန်ခြင်း။

ဝတ်ပြုကိုးကွယ်ခြင်း       ။

သင်ခန်းစာကျောရိုးတွင် ပါရှိသော အချက်တစ်ချက်ဆီကို ပို၍နားလည် စေရန် ရှင်းလင်းတင် ပြလိုပါသည်။

အပိုင်းခေါင်းစဉ်              ။ မိမိသင်ရမည့်အသက် အရွယ်များနှင့် ကိုက်ညီမည့် ခေါင်းစဉ်။

ရည်ရွယ်ချက်                ။ သင်ကြားမည့်တပည့်များအတွက် မည်ကဲ့သို အကျိုးရှိ စေမည်ဖြစ်ကြောင်း ဖော်ပြသည့်ရည်ရွယ်ချက်။

သင်ခန်းစာ(၁)                ။ ခေါင်းစဉ်ရေးဆွဲရန်။

ဦးတည်ချက်                  ။ ဦးတည်ချက်ချမှတ်ခြင်းတွင် အပိုင်း(၃)ပိုင်း ပါဝင်သည်။

(1)Knowledge – အသိပညာ

(2) Attitude – သဘောထားခံယူချက်

(3) Action – လုပ်ဆောင်ချက်

ဥပမာ- တပည့်များသည် ဟန္နဆုတောင်းခြင်း အကြောင်း လေ့လာ၍ မိမိတိုသည် ဘုရားသခင်ထံအား အားကိုးလိုစိတ်ဖြင့် နေ့စဉ် ဆုတောင်းရန်။

ကျမ်းညွှန်း                     ။ လေ့လာမည့်အကြောင်းအရာဖေါ်ပြသောကျမ်းပိုဒ်။

ရွှေကျမ်းချက်                 ။ ခေါင်းစဉ်၊ ဦးတည်ချက်၊ တပည့်များ အသက်အရွယ်နှင့် ကိုက်ညီသောကျမ်းချက်။ ။

သီချင်း                          ။ ခေါင်းစဉ်၊ တပည့်များ၊ အသက်အရွယ်နှင့် ကိုက်ညီသော သီချင်း။ ။

လိုအပ်သောပစ္စည်းများ   ။ အသုံးပြုမည့်ပစ္စည်းများရေးမှတ်ထားပြီး စုဆောင်းထားရန်။

ဆရာပြင်ဆင်ချက်          ။ သင်ခန်းစာပုံပြင်၊ သမ္မာကျမ်းအကြောင်းအရာ၏ နောက်ခံသမိုင်းကို လေ့လာရန် သင်ကြားချိန်အတွက်ပြင်ဆင် ဆက်ကပ်ဆုတောင်းရန်။ ။

အတန်းမစမီအချိန်          ။ ကြိုဆိုနှုတ်ဆက်ခြင်း၊ ရုပ်ပုံလေ့လာစေခြင်း၊ ကစားစေခြင်း၊ အပျော်သီချင်းများ သီဆိုစေခြင်း၊ နာမည်စာရင်းခေါ်ခြင်း။

ပိုချချိန် ။

ပို့ချနည်း(၁)

အသက်တာ၏လိုအပ်ချက်(Life need) ဟုခေါ်ပါသည်။ ဤပို့ချနည်း အားဖြင့် ဤသင်ခန်းစာကို သင်ကြားရန် တပည့်များအသက်တာ၌ အမှန် လိုအပ်ကြောင်း ပေါ်လွင်လာ သည့်တိုင်အောင် ဖေါ်ထုတ်ရပါမည်။ ဤပိုချနည်းသည် သင်ခန်းစာခေါင်းစဉ်ကို တပည့်များ နားလည်ရန်အတွက် နိဒါန်းပျိုးပေးသောသဘောလည်း ဖြစ်ပါသည်။ ဤပို့ချနည်းကို အကောင်အထည်ဖော်ရာ၌ အောက်ပါနည်းလမ်းများကို တလှည့်စီ အသုံးပြုနိုင် ပါသည်။

(က) မေးခွန်းမေးခြင်းနည်း။

သင်ခန်းစာနှင့်ပတ်သက်၍ တပည့်များ လက်ရှိနားလည်ခံယူချက်များ၊ လက်ရှိအခြေအနေတို့ကို ပေါ်လွင် စေသော မေးခွန်းများမေးရန်ဖြစ်ပါသည်။

ဤမေးခွန်းများသည် အတိတ်၊ ပစ္စုပ္ပန်၊ အချိန်ကာလကို ဖေါ်ပြသောမေးခွန်း ဖြစ်ရမည်။

 

(ခ) ရုပ်ပုံကားချပ်သုံးခြင်းနည်း။ ။

အသက်တာနှင့်ဆိုင်သော ကျင့်စဉ်၊ ပြုမူဆောင်ရွက်ခြင်း၊ စိတ်နေ သဘောထား စသည်တိုကို ဝေမျှနိုင် ရန် ရုပ်ပုံများပြ၍ မေးမြန်းကြည့်ပါ။

 

(ဂ) အသက်တာမှာ ဖြစ်ပျက်သော အဖြစ်အပျက်များပြောခြင်း။

နောဧခေတ် ရေလွှမ်းမိုးခြင်းအကြောင်း သင်ဖို့ရာ၊ နိဒါန်းအနေဖြင့် မိုးရွာခြင်း၊ ရေကြီးခြင်းအကြောင်း များကို တပည့်များအား ပြောစေခြင်း။

 

(ဃ) ဝတ္တုပစ္စည်းအသုံးပြုခြင်း။

“ယေရှုသည် အလင်း” သင်ခန်းစာကိုသင်ရန် နိဒါန်းအနေဖြင့် အလင်း ပေးသော ဖယောင်းတိုင်၊ လက်နှိပ်ဓါတ်မီး၊ လျှပ်စစ်မီးချောင်း၊ မီးလုံးများအားပြ၍ ၎င်းတို၏ အကျိုးကျေးဇူးကို ဖေါ်ပြစေရန်။

ပိုချနည်း (၂)

သမ္မာကျမ်းစာလေ့လာခြင်း (Bible Learning)ဟုခေါ်ပါသည်။ သင်ခန်းစာခေါင်းစဉ်က ဖော်ပြထားသော အကြောင်းအရာများကို သမ္မာကျမ်းစာထဲ၌ မည်သိုဖော်ပြထားကြောင်းသိရန် တပည့်များအား လေ့လာစေခြင်း ဖြစ်သည်။ ဤပို့ချနည်းကို သင်ကြားရာ၌ တပည့်များနားလည် တတ်မြောက်ကြောင်း ပေါ်လွင်၍၊ တပည့်များ၏ ပါဝင်မှုလုပ်ဆောင်ချက်ကိုလည်း ဖေါ်ပြထားသည်။

ဤပို့ချနည်းကို အကောင်အထည်ဖေါ်သော နည်းလမ်းများမှာ-

–      ပုံပြောခြင်းနှင့် မေးခွန်းပြန်မေးခြင်း (အငယ်တန်းများ)

–       ကျမ်းစာဖတ်ခြင်းနှင့် ပြန်ပြောစေခြင်း (အလယ်တန်း)

–      ကျမ်းစာလေ့လာခြင်းနှင့် ပြန်လည်တင်ပြစေခြင်း ဆွေးနွေးခြင်း (အကြီးတန်း)

၂။ ပုံပြင်ရေးပြခြင်း (အကြီးတန်း) ၊

၃။ စာရင်းပြုစုခြင်း (ဥပမာ- တမန်တော် ၁၂ပါး အမည်ကို အစီအစဉ်လိုက် ပြန်လည်ဖော်ပြခြင်း)

၄။ သရုပ်ဖော်ခြင်း။

၅။ ပြဇာတ်ပြုခြင်း။

၆။ တစ်ဦးချင်းဇာတ်ဆောင်နေရာမှ ခံစားချက်အကြောင်းအရာများကို ဖော်ပြခြင်း။

၇။ ကွက်လပ်ဖြည့်ခြင်း။

၈။ အမှားအမှန် ရွေးချယ်ခြင်း။

၉။ အတန်းထဲတွင် ဆွေးနွေးခြင်း။

၁၀။ အဖွဲ့ခွဲ ဆွေးနွေးခြင်း။

၁၁။ အရုပ်ကား အရောင်ခြယ်ခြင်း။

၁၂။အရုပ်ဆွဲခြင်း၊ ပန်းချီဆွဲခြင်း (ဖန်ဆင်းခြင်း)

 

ပို့ချနည်း (၃)

ကျမ်းစာသွန်သင်ချက်ကို အသက်တာ၌ ကျင့် သုံးခြင်း(Bible Application) ဟုခေါ်ပါသည်။ ကျမ်းဖော် ပြချက်သည် မိမိတိုအသက်တာ၌ မည်သိုအဓိပ္ပါယ်ရှိကြောင်း တပည့်များဆင်ခြင်ပြီး၊ မိမိတို မည်ကဲ့သို ဆက် လက် အသက်ရှင်ရမည်ကို စဉ်းစားရန် ရည်ရွယ်ပါသည်။ ။

တပည့်များသည် မိမိတို့အသက်တာ၌ အခက်အခဲပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့လာသောအခါ ကျမ်းစာမှ သွန်သင်သည့်အတိုင်း ဖြေရှင်းနိုင်ဖို ဤသင်ကြားနည်းက ကူညီပေးမည်ဖြစ်သည်။

ဤသိုပိုချနည်းက တပည့်များအား

၁။ သမ္မာကျမ်းစာဖေါ်ပြချက်သည် ကျွန်ုပ်တိုအား ဘာပြောနေသနည်း။

၂။ ဤဖေါ်ပြချက်သည် ကျွန်ုပ်တိုအတွက် မည်သိုအဓိပ္ပါယ်ရှိသနည်း။

၃။ ထိုအချက်ကို ကျွန်ုပ်၏နေ့စဉ်အသက်တာ၌ ဘယ်ကဲ့သိုကျင့်သုံးမည်နည်း ဟူသောမေးခွန်းသုံးခုကို ဖော်ထုတ်ပေးနိုင်ရန် ကူညီထောက်မပေးလိမ့်မည် ဖြစ်သည်။ ဤပိုချနည်းတွင် အသုံးပြုနိုင်သော နည်းများမှာ

 

(က) မေးခွန်းမေးခြင်းနည်း။

အနာဂတ်တွင် မိမိတို့ လုပ်ဆောင်မည့်လုပ်ငန်းများ ဖေါ်ပြရန် မေးခွန်းများဖြစ်ရမည်။

မှတ်ချက်           – ပိုချနည်း (၁) မေးခွန်းများနှင့် ကွာခြားခြင်းကို သတိပြုစေလိုသည်။

– ပိုချနည်း (၁) ဘာလုပ်ခဲ့သလဲ။ ယခုပိုချနည်း (၃) ဘာဆက်လုပ်မလဲ။

 

(ခ) အဖြစ်အပျက် (သို့မဟုတ်) ပုံပြင် အဆုံးသတ်စေခြင်း။

တပည့်များသည် အဖြစ်အပျက်တစ်ခု (သိုမဟုတ်) ပုံပြင်တစ်ပုဒ်ကို နားထောင်ပြီး ထိုအဖြစ် အပျက်တစ်ခု (သို့မဟုတ်) ပုံပြင်တွင် ကိုယ်တိုင် ပါဝင် ခံစားကြည့်ကာ မိမိကိုယ်တိုင်ဖြစ်လျှင် မည်သိုလုပ် ဆောင်မည်ကို ဖေါ်ပြရန်ဖြစ်သည်။

(ဂ) ဆွေးနွေးခြင်း။

မိမိတို့ တွေ့ကြုံရသောပြဿနာများ တင်ပြလျက်၊ အတူတကွ ဆွေးနွေး၍ အဖြေရှာစေခြင်း။

 

ပိုချနည်း (၄)

အသက်တာ၌ တုံပြန်ခြင်း(Life Response)ဟုခေါ်ပါသည်။ တပည့်များ သည် ဤသင်ခန်းစာ သင်သည့် နေ့မှစ၍ မိမိအသက်တာ၌ မည်သိုတုံပြန်မှု နေထိုင်အသက်ရှင်မည်ကို ဘုရားသခင်နှင့် ကတိပြုဆုံးဖြတ် ချက်ချ လာသည်အထိ ဤအပိုင်းက ပိုဆောင်ပါမည်။ ဤပိုချနည်းသည် တပည့်များအား အသက်တာ သစ်သို့ ပိုဆောင် မည့် အပိုင်းဖြစ်သည်။

ဤပိုချနည်း သင်ကြားခြင်းအားဖြင့် တပည့်များတိုသည် မိမိတို ပြုမိသော အမှားများကို ပြုပြင်ခြင်း၊ မိမိတိုလိုအပ်များကို သိမြင်လျက် ဖြည့်စွက်ခြင်း၊ မိမိတိုအားနည်းချက်များကို ပြင်ဆင်ခြင်း အမှုများပြုလျက် မိမိတိုအသက်တာ၌ မည်ကဲ့သို ရှေ့ဆက်လျှောက်လှမ်းမည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။ ပို့ချနည်း(၃)တွင် ၎င်းတို့ကို သွန်သင်စိန်ခေါ်နေသော အချက်များကို မည်ကဲ့သို့ တုံပြန်အသက်ရှင် မည်ကို ဤပိုချနည်း(၄)တွင် ဆုံးဖြတ် ချက်ချတတ်ရန် ရည်ရွယ်ပါသည်။ ။

ဤပိုချနည်းတွင် အသုံးပြုသောနည်းလမ်းများ

(က) ဆုတောင်းချက်ရွတ်ဆိုရန်။ (အငယ်တန်း)

(ခ) ဆုတောင်းချက်ရေးသားခြင်း။ (အကြီးတန်း)

(ဂ) ဆက်ကပ်သီချင်း သီဆိုခြင်း။ (အကြီးတန်း)

ဤပို့ချနည်းတွင် အသုံးပြုသော သီချင်းများသည် စိန်ခေါ်ချက် သီချင်းများဖြစ်စေရမည်။

(ဂ) ကဗျာရွက်ဆိုခြင်း။

(ဃ) ကတိဝန်ခံချက် ရွက်ဆိုခြင်း။ (အငယ်တန်း)

ကတိဝန်ခံချက် ရေးသားခြင်း။ (အကြီးတန်း) ၊

အတန်းကြီးများအတွက် ပိုချနည်းတွင် စကားပြေရေးသားခြင်း၊ စီစာကုံးရေးသားခြင်း၊ ဆုတောင်းချက်၊ ကတိဝန်ခံချက်ရေးခြင်း စသော နည်းများကိုလည်း အသုံးပြုနိုင်ပါသည်။

 

ဝတ်ပြုကိုးကွယ်ခြင်း။

ဝတ်ပြုကိုးကွယ်ခြင်းသည် သင်ကြားချိန်၏ အမြင့်ဆုံး ထိပ်စွန်ဖြစ်ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းတွင် အသုံးပြုသောကျမ်းစာ၊ ပုံပြင်၊ သီချင်း၊ ဆုတောင်းချက် များသည် သင်ခန်းစာ၏ အဓိကအချက်ကို အထောက် အကူဖြစ်ရမည်။ ဝတ်ပြု ကိုးကွယ်ခြင်းအားဖြင့် တပည့်များသည် သင်ခန်းစာမှ စိန်ခေါ်ချက်များကို တုံပြန်ဖို့၊ ဆက်ကပ်သော အချိန်လည်းဖြစ်သည်။

နိဂုံး

 

မည်သည့် ပညာရပ်မဆို အတိမ်အနက်ရှိပါသည်။ ပညာတစ်ရပ်၏ သဘောသဘာဝကို ကျယ်ကျယ် ပြန့်ပြန့် ရှာဖွေလေ့လာ ဖော်ထုတ်ကြရသည်။ ခေတ်အဆက်ဆက် လက်ဆင့်ကမ်း သင်ကြားပေးခြင်းအားဖြင့် ပညာ၏ အရည် အသွေးကို မြင့်မားတိုးတက်လာစေနိုင်သည်။ ပညာများ မပျောက်မပျက်သွားစေရန် နည်းလမ်းအမျိုးမျိုးအားဖြင့် ထိန်းသိမ်းကာကွယ်နိုင်မှုသည်လည်း အရေးပါလှသည်။ စကြာဝဠာအတွင်းရှိ အရာရာတိုင်းနှင့်ဆိုင်သည့် အကြောင်းအရာများ၊ ရေမြေ တောတောင်သဘာဝ၊ သစ်ပင်၊ တိရိစ္ဆာန်၊ လူတိုနှင့်ဆိုင်သည့် အကြောင်းအရာ များ၏ သဘောသဘာဝကို ရှာဖွေခြင်းအပြင် ဝိညာဉ်အမျိုးမျိုး၊ ဘုရား အမျိုးမျိုးနှင့် ဆိုင်သောအရာများ၊ ယခုဘဝ၊ နောက်ဘဝနှင့်ဆိုင်သည့် အကြောင်းအရာများကို ရှာဖွေဖော် ထုတ်ခြင်းဖြင့် ပညာ၏ နယ်ပယ်ကျယ်ဝန်းနေကြောင်းကို လူတိုင်းခံယူ နိုင်မည် ဖြစ်သည်။

လူတို့၏ တွေးခေါ်၊ ကြံစည်၊ စိတ်ကူး၊ တည်ထွင်မှုများကြောင့် ပေါ်ပေါက် လာသည့် ပစ္စည်းကိရိယာများ၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦ အမျိုးမျိုးတိုမှစ၍ နောက်ဆုံးပေါ် နည်းပညာရပ်များ လည်း ကျယ်ပြန့်လာခဲ့သည်။ ထိုအရာခပ်သိမ်းကို မည်ကဲ့သိုအကျိုးရှိစွာ၊ နည်းပညာအမျိုးမျိုးအားဖြင့် အကျွမ်းတဝင်အသုံးပြုနိုင်သည့် ပညာရပ်များလည်း ထပ်ဆင့်ပေါ်ပေါက်လာသည်။ ထိုအပြင် အသုံးပြုသူတို့၏ စိတ်ရင်းစေတနာ၊ မှန်ကန်စွာ သဘောထားတတ်မှုန်း ဆိုင်သည့် လူတို၏ စိတ်ပိုင်းဆိုင်ရာအမျိုးမျိုး၊ ရုပ်ပိုင်းဆိုင် ရာလှုပ်ရှားမှုနှင့်ဆို ပညာရပ်များလည်း ပေါ်ထွက်လာသည်။ ဘုရားပိုင်းဆိုင်ရာ နာမ်ဝိညာဥ လူများအပေါ် လွှမ်းမိုးနိုင်မှုများလည်း ထင်ရှားပေါ်ပေါက်လာသဖြင့် ဝိညာဥ်ပိုင်း ဆိုင်ရာပညာရပ်များလည်း ထွန်းကားလာ ကြသည်။

ခရစ်ယာန်ဓမ္မပညာရပ်သည် လူနှင့်ဘုရား အပြန်အလှန်ဆက်သွယ်ကာ ဘောင်လောကအတွင်း ကောင်းကျိုးများကို လုပ်ဆောင်နေရသလို နောင်ဘဝ လည်း ပြင်ဆင်မှုအမျိုးမျိုး လုပ်ဆောင်နေရသည့် ပညာရပ်ဖြစ်သည်။ လောကကြီးအတွင်းသို ကျွန်ုပ်တို မဝင်ရောက်လာခင်ကတည်းက လူအသီးသီး တို၏ လုပ်ဆောင်မှုများနှင့် ဘုရား၏ ပါဝင်လုပ်ဆောင်ခဲ့မှုများကို လေ့လာကြရသလို၊ ယခု ကျွန်ုပ်တို့တစ်ဦးချင်း အသက်ရှင်စဉ် လူနှင့်ဘုရား ပူးပေါင်းလုပ်ဆော နေမှုများကို ရှာဖွေလေ့လာသည်။ အမြင့်မားဆုံးနှင့် အဆုံးစွန်ဖြစ်သော ပညာရပ်ဖြစ်သည့် နောင်တမလွန်ဘဝတွင်ဖြစ်မည့် အကြောင်းအရာများကို ဘုရား၏ ဗျာဒိတ်ရူပါရုံအားဖြင့် ဖော်ပြမှုတိုကိုလည်း ယုံကြည်ခြင်းအားဖြင့် သိရှိနိုင်မည်ဖြစ်သည်။

ခရစ်ယာန်ဓမ္မပညာဟူသည် ခရစ်ယာန်များ၏ ဓမ္မပိုင်းဆိုင်ရာကို ပညာရပ်တစ်ခုအနေဖြင့် လေ့လာရသလောက် ဘုရားနှင့်စပ်ဆိုင်သောအရာသည် ခရစ်တော်လက်ထက်ကမှ စတင်ခဲ့ခြင်းမဟုတ်ဘဲ၊ ကမ္ဘာဦးအစ ဘုရားဖန်ဆင်း ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ လောကကြီးအတွင်း ခေတ်ခြေအနေများ ပြောင်းလဲတိုင်း ဘုရား၏ ပါဝင်လုပ်ဆောင်မှုများလည်း ပြောင်းလဲခဲ့ရသည်။ ခေတ်အဆက်ဆက်တွင် ပြောင်းလဲခဲ့သည့် လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ ဘာသာရေးများအတွင်း၊ လူတို့ ၏ ပါဝင်ပတ် သက်နေမှုများကို ဖော်ပြသည့် သမိုင်းကြောင်းများကို လေ့လာခြင်းအားဖြင့် ယခင်က ဖြစ်ပျက်ခဲ့မှု များနှင့် ယနေခေတ်၏ ဖြစ်ပျက်နေမှုကို နှိင်းယှဉ်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ဘုရား၏အလိုတော်ကို လူတို၏ လုပ်ဆောင်နေသည့် ဘာသာရေးဆိုင်ရာ သုံးတမ်းဓလေ့များ၊ ဝတ်ပြုကိုးကွယ်ခြင်းများနှင့် ဘာသာရေးဆိုင်ရာ အသင်းအဖွဲ့အတွင်းမှသာလျှင် ဖော်ပြနေခြင်းမဟုတ်ဘဲ၊ တစ်ကမ္ဘာလုံး ကောင်းကျိုးခံစား “Yသည့် တိုးတက်မှု၊ ဖွံဖြိုးများ၊ အသစ်အဆန်းများမှလည်း ရှာဖွေဖော်ထုတ် ကြသည့်အပြင် လူတို တွေ့ကြုံရင်ဆိုင်နေကြရသည့် ဆိုးကျိုးများ၊ ပျက်စီးမှုများ၊ ဆုံးရှုံးမှုများအတွင်းမှ ဘုရားသခင် ဖြစ်စေလိုသည့်အရာများနှင့် လူတို၏ အလိုဆန္ဒများဖြစ်သော လောဘ၊ ဒေါသ၊ မောဟများကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး ကို ခွဲခြားလျက် ရှာဖွေဖော်ထုတ်ကြဘို့ လိုသည်။

ဖန်ဆင်းရှင်ဘုရားနှင့် စပ်ဆိုင်သည့် အကြောင်းအရာများကို ခရစ်ယာန် နူတ်ကပတ်တော်မှ ဖော်ပြမှုများ အားဖြင့်သာ သိမြင်ကြရသည်မဟုတ်၊ ဘာသာတရားအသီးသီးတိုမှ ဖော်ပြသည့် အကြောင်းအရာများထဲမှ ဘုရား၏ နက်နဲသောအရာများကိုလည်း ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။ လူတို့၏ တွေးခေါ် မြော်မြင်မှုများ၊ စဉ်းစားမှုများ၊ အလိုအလျောက် သိမြင်မှုများ (Institution) နှင့် အတွေ့အကြုံများ၊ ခံစားမှုများမှလည်း ဘုရား၏ ဖွင့်ပြနေမှုများကို မြင်တွေ့နိုင်မည် ဖြစ်သည်။

သို့သော် အသိဉာဏ်ပညာ မြင့်မားလာပြီး အရာရာ၌ ဖွံဖြိုးတိုးတက် လာသည့်ခေတ်သို့ ရောက်ရှိလာ သည့်အခါ လောက၌ ဖြစ်ပေါ်နေသည့် သဘာဝ တရားကြီး၊ စကြာဝဠာအတွင်းရှိ ဂြိုလ်၊ နက္ခတ်တာရာများသည် လူတိုနှင့် ဆက်စပ်နေမှုများ၊ လူ၏ စွမ်းအားများအားဖြင့် အရာရာကို သိမြင်နိုင်သည့် ဉာဏ်ကိုရရှိနိုင်မှု၊ စသည့် အရာတိုသည် ဖန်ဆင်းရှင်ကပေးသော တန်ခိုးများကြောင့်ဟု မတွက်ကြတော့ဘဲ မိမိတို့ စွမ်းအားကြောင့် သာဟုခံယူလျက် ဘုရား၏ စွမ်းအားများကို မိမိကိုယ်ပိုင်စွမ်းအားအဖြစ် ဖော်ထုတ်ကာ အသုံးပြုနေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

နောက်ဆုံးတွင် မည်သည့် အသိပညာမဆို လူတို၏ စွမ်းအားမြင့်မားမှု ကြောင့် ဖြစ်ပေါ်လာသည်ဟုသာ ဝန်ခံကြပြီး ဖန်ဆင်းရှင်ဘုရားကြောင့်ဟု မဝန်ခံရဲကြပေ။ လူတို၏ စိတ်စွမ်းအားမြင့်မားခြင်း၊ လူအချင်းချင်း၏ စိတ်သဘောကို သိမြင်နိုင်သည့် စိတ်ပညာများ၊ လူ၏ခန္ဓာပိုင်းကို အသေးစိတ် ရှာဖွေဖော်ထုတ် နိုင်သည့် ဆေးပညာရပ်များသည်လည်း လူတို၏ ပင်ကိုယ်ကြိုးစားမှု၊ တွေးခေါ်မှု၊ ရှာဖွေခွဲစိတ်မှု၊ စက်ယန္တရားများ နည်းပညာစွမ်းအားများ၊ လူတို တည်ထွင်ထားသည့် ကွန်ပြူတာများ၊ ဂြိုလ်တုများကြောင့်သာ စွမ်းဆောင်နိုင် ကြောင်း ဝန်ခံလာခဲ့ကြ သည်။ လူတို၏ အောင်မြင်စွာ လုပ်ဆောင်နိုင်မှုကို လူတိုကပဲ ဂုဏ်ယူဝင့်ကြွား ကြမည် ဖြစ်ပြီး၊ လူတို၏ ဆုံးရှုးမှုများ၊ မအောင်မြင်မှုများ၊ ဒုက္ခပြဿနာ ရင်ဆိုင် နေရမှုများကိုလည်း လူတို၏ စွမ်းအား၊ အသိဉာဏ်အားဖြင့်သာ ဖြေရှင်းကြမည်ဟု ကြွေးကြော်ကြသည်။ လူ့စွမ်းအားများ၊ သဘာဝအချင်းအရာများနှင့် မဆိုင်သည့် အခြားသောစွမ်းအားများ၊ တန်ခိုးများ၊ ဘုရားများကို မလိုအပ်ဘဲ၊ မိမိဘဝကို မိမိ၏ ကာယ၊ ဉာဏစွမ်းအားများအားဖြင့်သာ အဖြေရှာကြမည်ဟု ဝန်ခံသည့် ကာလသို ရောက်ရှိလာပြီဖြစ်သည်။

ခရစ်ယာန်ဓမ္မပညာမှာ ဖော်ပြနေသည့် ဖန်ဆင်းရှင်ဘုရား၏၊ တန်ခိုးတော် ကျေးဇူးတော်၊ အပြစ်လွှတ် ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၊ ကယ်တင်ခြင်း၊ ရွေးကောက်ခြင်း၊ အလိုတော်စသည့် ဘုရားဘက်မှ လုပ်ဆောင်နိုင်သည့် တန်ခိုးတော်များ ကိုအားမကိုးတော့ဘဲ၊ လူ့အရေးအရာကို မည်သည့်ဘုရားကမှ လာမကယ်နိုင်။ ကိုယ်လုပ်မှကိုယ်ရမည်၊ ကိုယ့်ဘဝကို ကိုယ်တိုင်ကယ်မှရမည်ဟု လူ့စွမ်းအားသာ ပဓာနဟု ခံယူကာ ပညာမတတ်သူ၊ အသိဉာဏ်နည်းသူ၊ ပစ္စည်းဥစ္စာမကြွယ်ဝသူ၊ မကျန်းမာသူ၊ စွမ်းဆောင်နိုင်မှုမရှိ သူတို့အပေါ်တွင် အရာရာကိုစွမ်းဆောင်နိုင်သူ၊ ပြည့်ဝစုံလင်သူများကသာ လွှမ်းမိုးမှုပြုနေကြသည်ကို တွေ့ကြရမည်ဖြစ်သည်။ မဖွံ့ဖြိုးမှုကို ဖွံဖြိုးမှုအားဖြင့်၊ ဆင်းရဲမှုကို ချမ်းသာမှုအားဖြင့်၊ အကျင့်သီလမရှိမှုကို ဂုဏ်သိက္ခာအကျင့်သီလ ကောင်းမှုများအားဖြင့်သာ ပြုပြင်ပြောင်းလဲနိုင်သည်ဟု ခံယူနေကြသည်။

ခရစ်ယာန်ဓမ္မပညာ၏ ဖော်ပြမှုအရ ဖန်ဆင်းရှင်ဘုရားက လူကိုပေးထားသည့် စွမ်းအားများ၊ ဝိညာဉ်သဘောထားများဖြစ်သည့် ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်း၊ သည့်ခံခြင်း၊ အနစ်နာခံခြင်း၊ ကူညီမစခြင်း၊ ဘုရားကိုဝန်ခံခြင်း ဘုရားပေးသော အသိဉာဏ်၊ ပါရမီများ၊ စွမ်းအားများ၊ စသည်တိုကို လူတိုသည် နားမလည်ကြတော့ဘဲ၊ နားလည်အောင်လည်း သင်ကြားခံယူမှု၊ ယုံကြည်မှုမရှိကြသဖြင့် ဘုရားဖန်ဆင်း ထားသော လောကကြီးတွင် ဘုရားမပါဝင်ရဘဲ၊ လူသားများ သက်သက်ကသာ ဖန်တီးပြုပြင်နေသော ကမ္ဘာကြီးအဖြစ်သို ရောက်ရှိနေပြီဖြစ်သည်။

ထိုကြောင့် ခရစ်ယာန်ဓမ္မပညာသည်၊ ဖန်ဆင်းရှင်အမှန်ကိုသိရန်၊ ဝန်ခံရန်၊ မိမိတို့ကိုမိမိတို မပိုင်ဘဲ၊ စပ်ဆိုင်နေရသည့် လူ့ဘဝနှင့် လူ့လောကအကြောင်း၊ လူအများသေဆုံးပြီးနောက် ခန္ဓာကလောကတွင် ကျန်ရစ် ပြီး ဝိညာဉ်က ဘုရားထံ ပြန်သွားမည်ဆိုသည့် ဓမ္မပညာပိုင်းကို လူအများသိရှိနားလည်၊ ဝန်ခံလာအောင် နည်းလမ်းအမျိုးအားဖြင့် သင်ကြားပိုချပေးနေရခြင်းသည်ပင် ခရစ်ယာန်ဓမ္မပညာ၏ လုပ်ငန်းတစ်ရပ် ပင်ဖြစ်သည်။

ထိုကြောင့် ဘုရားအကြောင်းကို ပညာရပ်တစ်ခုအနေဖြင့် သင်ကြားနေရင်း လူတို့အကြောင်း၊ လူ့လောကအကြောင်း၊ လူ့သဘောသဘာဝအကြောင်း၊ လူတို မတီးထားသည့် အရာဝတ္ထုများ၊ ပစ္စည်းများ အကြောင်း၊ လူတို့အုပ်ချုပ် မင်းလုပ်နေသည့်နိုင်ငံများ၊ လူတို့ သတ်မှတ်ရေးဆွဲထားသည့် ဥပဒေများ၊ လူအများ ကူးတက်စေမည့် ပညာရေးများ၊ လူတို အသက်ရှင်၊ နေထိုင်ရေးအတွက် က်ပံ့ပေးသည့် အစားအသောက်များ၊ နေရာထိုင်ခင်းများ၊ လူအချင်းချင်း ၁၊ ဆက်သွယ်နေထိုင်ကြခြင်း စသည့် အကြောင်းအရာများကိုလည်း လေ့လာ ခံယူ သိထားကြရမည်ဖြစ်သည်။ ထိုအကြောင်းအရာများတွင်လည်း ရားရှင်၏ ပါဝင်နေမှုကို ထောက်ပြပေးရန် လိုသည်။

ဘုရားသခင် အုပ်စိုးသည့် ကောင်းကင်နိုင်ငံတော်နှင့် မိမိကိုယ်တိုင် ဖန်ဆင်းထားသော လူ့လောက နိုင်ငံတော်အကြောင်းကို ခရစ်ယာန်တိုင်း သိရှိထားနှင့်သည့်အလျောက် ဘုရားသခင်၏ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို မိမိဖန်ဆင်းထားသော မြေကမ္ဘာကြီးနှင့် စကြာဝဠာကြီးအပေါ်တွင် ပြည့်စုံနိုင်ရန် ဖန်ဆင်းရှင်ကို ယုံကြည်ကိုးကွယ်သူများအနေဖြင့် ဖန်ဆင်းရှင် ဘုရားနှင့် အတူတွဲဖက် လုပ်ဆောင်နေခြင်းသည် ပင် ခရစ်ယာန်ဓမ္မပညာ၏ စွမ်းအား တစ်ရပ်ပင်ဖြစ်သည်။

ထိုကြောင့် ခရစ်ယာန်ဓမ္မပညာ၏ အခြေခံအုတ်မြစ်များ အကြောင်းကို လေ့လာခြင်းအားဖြင့် ခေတ်အခြေအနေ အမျိုးမျိုးပြောင်းလဲမှုအတွင်းမှ ဘုရားနှင့် စပ်ဆိုင်သည့်အကြောင်းများကို ဖော်ထုတ်နိုင် သကဲ့သို လူတို့၏ လူမှုအဆောက် အအုံများ ပေါ်ပေါက်လာခြင်း၊ လူတစ်ဦးချင်း၏ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေး ပိုင်းဆိုင်ရာ တို၏ နက်နဲမှုတစ်စိတ်တစ်ပိုင်းကို လေ့လာခံယူနိုင်ကြမည့်အပြင် သင်ကြားမှု အားဖြင့် တတ်မြောက် နိုင်မှု၊ တိကျသော သင်ရိုးညွှန်းတမ်းများ ရေးဆွဲလျက် သင်ကြားခြင်းကြောင့် ကျွမ်းကျင်မှုကို ရယူနိုင်မှု စသည်တို့ အားဖြင့် ခရစ်ယာန် ဓမညပညာရပ်တွင် ကျွမ်းကျင်သော ဆရာ၊ ဆရာမကောင်းများ ပေါ်ပေါက် လာကြမည် ဖြစ်သည်။

ကျမ်းကိုးစာရင်း

သမိုင်းကြောင်းဆိုင်ရာ အခြေခံအုတ်မြစ်

 

ခရစ်ယာန်စာပေ CLC ၊ သမ္မာကျမ်းအဘိဓာန်။ ရန်ကုန်မြို၊ ခရစ်ယာန်စာပေ CLC ၊ ၁၉၉ဝ။

ဦးသာကျော်၊ သိက္ခာတော်ရ။ ခရစ်တော်သံတမန် (ပထမတွဲ)၊ ရန်ကုန်မြို့။ နှစ်ခြင်းသာသနာစာပေတိုက်၊ ၁၉၉၈။

ဆိုင်မွန်ပေါင်ခန်းအင်၊ သိက္ခာတော်ရဆရာဒေါက်တာ။ သီဩလော်ဂျီဆောင်းပါးများ။ ရန်ကုန်မြို၊ မြန်မာနိုင်ငံ                    နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ပုံနှိပ်တိုက်၊ ၂၀ဝရ။

ရှန်အောရ် ဗန်နင်း၊ ဆလိုင်း။ ဒဿနိကဗေဒနှင့် ခရစ်ယာန်သက်ဝင်ယုံကြည်မှု။ ရန်ကုန်မြို။

အောင်ခင်ဦး၊ တက္ကသိုလ်။ နိုင်ငံရေးအတွေးအခေါ်နှင့် လူမှုရေးသမိုင်း၊ ရန်ကုန်မြို၊ လုပ်အားပုံနှိပ်တိုက်၊ ၁၉ရဝ။

မတင်ဝင်း၊ ဒေါက်တာ။ အတွေးမှန်ကူကွက်များ၊ ရန်ကုန်မြို၊ အောင်ပါရမီ ပုံနှိပ်တိုက်၊ ၂၀၀၆။

ရစ်ချက်နွမ်ပြန်။ အသင်းတော်သမိုင်း (ကနဦးခေတ်မှငါးရာစုအထိ)။ ရန်ကုန်မြို့၊ နှစ်ခြင်းပုံနှိပ်တိုက်၊ ၂၀၁၁။

တက်တိုးနှင့်အခြားကလောင်များ။ ဒရွတ်တိုက်ဆွဲခေါ်ခြင်းနှင့် ပညာဆိုင်ရာ ဆောင်းပါးများ၊ ရန်ကုန်မြို၊ စန္ဒာဝင်းပုံနှိပ်တိုက်၊ ၂၀၁၄။

ကျော်ဝင်း။ ပညာ၊ ပညာရေးနှင့် စိန်ခေါ်ကြသူများ၊ ရန်ကုန်မြို၊ စေတနာ အော့ဖ်ဆက်၊ ၂၀၀၆။

အောင်လှထွန်း၊ ဦး၊ ဒေါက်တာ။ အသင်းတော်သမိုင်းအတွဲ (၂) ခသ ၁ဝဝဝ-၁၈ဝဝ၊ ရန်ကုန်မြို ZoRo Digital;          Printing Service, ၂၀၁၅။

လင်းစိန်၊ ဦး။ ခရစ်ယာန်ဓမ္မပညာနိဒါန်း၊ ရန်ကုန်မြို၊ နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ပုံနှိပ်တိုက်၊ ၂၀၀၂။

ခင်ဆက်ရီ၊ ဒေါ်၊ နှင့် တင်တင်ထွန်း၊ ဒေါ်။ အနောက်တိုင်း ဒဿနပညာ (ဒုတိယတွဲ)၊ ရန်ကုန်မြို၊ ဘာသာပြန်နှင့်             စာအုပ်ထုတ်ဝေရေးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ၁၉၈ရ။

ခင်မာလာ၊ ဒေါ်။ အနောက်တိုင်းဒဿနဗေဒသမိုင်း၊ ရန်ကုန်မြို၊ သိန်းသန်းဦး ပုံနှိပ်တိုက်၊ ၂၀၁၅။

နန္ဒသိန်းဇံ။ ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာ။ ရန်ကုန်မြို၊ ထွန်းသီရိပုံနှိပ်တိုက် ၁၉၇၅။

လင်းစိန်၊ ဦး။ ခရစ်ယာန်ဘာသာနှင့် သိပ္ပံပညာ။ ရန်ကုန်မြို၊ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်ပုံနှိပ်တိုက်၊ ၁၉၅၆။

Prevost, James E. Reed Ronnie. A History of Christian Education. USA: Broadman & Holman, 1993.

Religious Education A Comprehensive Survey. ed. by Marvinj. Taylor. New York: Abingdon Press, 1960.

Pazmino, Robert W. Foundational Issues in Christian Education. U.S.A: Baker Book House Company,          1988.

 

သမ္မာကျမ်းဆိုင်ရာ အခြေခံအုတ်မြစ်

Doherty, Sam. How to Teach A Bible Lesson to Children. Lisburn, Northern Ireland: Child Evangelism          Fellowship, 2001.

Introduction to Biblical Christian Education, ed. by Werner C. Craendorf. Chicago: Moody Press, 1981.

Christian Education Foundations for the Future. ed. by Robert C. Clark, Lin Johson and Allyn K. Sloat.         Chicago: Moody Press, 1991

The Christian Educator’s Handbook on Teaching: A Comprehensive Rosource on the Distinctiveness of      True Christian Teaching. ed. by Kenneth O. Cangle and Howard G. Geridricks. Michigan: Baker   Books, 1988.

Yount, William R. Call to Tach: An Introduction to the Misnistry Teaching, Nashville, Tennessee: Broadman & Holman Publisher, 1999.

Pazmino, Robert W. Foundational Issue in Christian Education; An Introduction in Evangelical                                       Perspective. 2nd ed. Grand Rapid Michigan: Baker Books, 1997.

________________ God Our Teacher: Theological Basics in Christian Education. Grand Rapid, Michigan: Baker Book, 2001.

Gangel Kenneth 0. Understanding Teaching. Wheation, Illinoise: Evangelical Teacher Training                                        Association, 1981.

The Interpreter’s Dictionary of the Bible: An Illustrated Encylopedia. New York: Abingdon Press, 1962.

Paulus Vimala. Introducing Christian Education. 2nd ed. Banglore: The Church of South India Counil for                    Child Care, 1993.

Preiswerk, Matias. Educating in the Living Word: A Theoretical Framework for Christian Education. New York: Orbis Book, 1987.

ကေဖ၊ တက္ကသိုလ်။ သမ္မာကျမ်းစာခေတ် ယုယသဏ္ဠန်၊ ယုဒဟန်ပန်။ ရန်ကုန်၊ တင်တင်ချစ်ပုံနှိပ်တိုက်၊ ၂၀၁၀။

ကြည်ကြည်ဒင်၊ ဒေါ်၊ ဆရာမ။ ဓမ္မဟောင်းကျမ်းသီဩလော်ဂျီ။ ရန်ကုန်၊ မြန်မာနိုင်ငံခရစ်ယာန်ဓမ္မတက္ကသိုလ်၊     ၂၀ဝရ။

————။ ပညတ္တိကျမ်းနှင့်ရာဇဝင်ကျမ်းများ။ ရန်ကုန်၊ မြန်မာနိုင်ငံ ခရစ်ယာန်ဓမ္မတက္ကသိုလ်၊ ၂၀၁၄။ ထီး

ခူ၊ ဒေါ်။ ဓမ္မစာပေပဒေသာကျမ်း (ခေါ်) ခေဆုဗင်ကျမ်း။ ရန်ကုန်၊ မြန်မာနိုင်ငံ ခရစ်ယာန်ဓမ္မတက္ကသိုလ်၊ ၂၀၁၃။

မြမြသက်၊ ဒေါ်။ တမန်တော်ကြီးရှင်ပေါလု၏ နားလည်ရန်ခက်ခဲသော သင်ကြားချက်များ။ ရန်ကုန်၊                   မြန်မာနိုင်ငံခရစ် ယာန်ဓမ္မတက္ကသိုလ်၊ – ၂၀၁၄။

လှိုင်ဘွား၊ ဒေါက်တာ။ အလုံးစုံသော သစ္စာရှိသောအားထုတ်မှု။ Spiritual News Letter, 2013.

ဝင်းမောင်၊ ဦး၊ ဆရာ။ ခရစ်ယာန်ဓမ္မပညာ။ ရန်ကုန်၊ အခန်းတွင်းသင်ကြားခြင်း မှတ်စု၊ ၂၀၀၅။

ဝေဖန်ပိုင်းခြားစဉ်းစားရန် စာဖတ်ခြင်းနှင့် စာရေးခြင်း (RWCT) ။ ရန်ကုန်၊ မြန်မာနိုင်ငံသားများ ဆရာအတတ်             ပညာသင်တန်း၊ ၂၀၁၃။

လင်းစိန်။ ခရစ်ယာန်ဓမ္မပညာနိဒါန်း။ ရန်ကုန်၊ မြန်မာနိုင်ငံအသင်းတော်များကောင်စီ၊ ပညာရေးနှင့်ဆက်သွယ်ရေး             ယူနစ်၊ အသင်းတော်တွင်းကန့်သတ်။

သမ္မာကျမ်းစာမှ သင်ခန်းစာယူစရာ အမျိုးသားအမျိုးသမီးများ၏အသက်တာ။ ဘာသာပြန်သူ၊ စွမ်ဇာခိုင်။           အသင်းတော် တွင်းကန့်သတ်ထုတ်ဝေသည်။

သာထွန်းဦး၊ ဒေါက်တာ။ သမ္မာကျမ်းလာခေါင်းဆောင်များထဲမှ သင်ယူခြင်း။ ရန်ကုန်၊ တူဒေးစာအုပ်တိုက်၊          ၂ဝ၁၅။

အယ်ဝါး၊ ဒေါက်တာနှင့် ဒေါက်တာအယ်နာမေးဖ။ သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေးနှင့် အမျိုးသမီးမျက်         လုံးများ၊ ရန်ကုန်၊ အလင်းအိမ်၊ စာအုပ်(၇)၊ ၂၀၀၁။

ပြည့်ဝသောအသက်တာ၊ လေ့လာရန် အထောက်အကူပြု သမ္မာကျမ်းစာ။ အယ်ဒီတာချုပ်ဒေါ်နယ်(လ်)စီ၊                         စတမ့်(စ်)။ Springfield, Missouri: Life Publishers International, ၂၀၁၃

ဖလင်းမင်း၊ ဒွန်။ သမ္မာကျမ်းအဘိဓာန် (က-အ)။ ဘာသာပြန်သူ CLC ။ ရန်ကုန်၊ ခရစ်ယာန်စာပေစင်တာ CLC        [၂၀၀၈။

မက်ဒေါ်နယ်၊ ဝီလီယံ၊ ယုံကြည်သူသမ္မာကျမ်းအနက်ဖွင့်၊ ဓမ္မဟောင်း၊ ဘာသာပြန်သူ၊ ဆွိးဆွိးကျော်နှင့်   တိမောသေအဲင်း။ ရန်ကုန်၊ ဧဝံဂေလိစာပေစင်တာ ELC၊ ၂၀၁၂။

သမ္မာကျမ်း၊ မြန်မာ့စံမီသမ္မာကျမ်းစာ။ သမ္မာကျမ်းလက်စွဲ။ ဘာသာပြန်သူ CLC တည်းဖြတ်သူ ပက် နှင့်   ဒေးဗစ်အလက်ဇန္ဒား။ 1st Myanmar ed. ရန်ကုန်၊ ခရစ်ယာန်စာပေစင်တာ၊ ၂ဝဝရ။

Cully, Iris V. and Kending Brubalier Cully, eds. Harper’s Encylopedia of Religions Education. San Francisco:             Harper and Row, Publishers, 1990.

 

တွေးခေါ်မှုဆိုင်ရာ အခြေခံအုတ်မြစ်

ဆန်းလွင်။ ဖီလော်ဆော်ဖီ ကကြီး ခခွေး၊ ရန်ကုန်မြို၊ ညွန့်ညွန့်အော့ဖ်ဆက်၊ ၂၀၀၀။

ဆိုင်မွန်ပေါင်ခန်းအင်၊ သိက္ခာတော်ရ ဒေါက်တာ။ သီဩလော်ဂျီဆောင်းပါးများ။ ရန်ကုန်မြို၊ မြန်မာနိုင်ငံ             နှစ်ခြင်းခရစ်ယာန်အသင်းချုပ် ပုံနှိပ်တိုက်၊ ၂ဝဝရ။

ရန်အောရ် ဗန်နင်း၊ ဆလိုင်း။ ဒဿနိကဗေဒနှင့် ခရစ်ယာန်သက်ဝင်ယုံကြည်မှု၊ ရန်ကုန်မြို။ ။

အောင်ခင်ဦး၊ တက္ကသိုလ်။ နိုင်ငံရေးအတွေးအခေါ်နှင့် လူမှုရေးသမိုင်း၊ ရန်ကုန်မြို့၊ လုပ်အားပုံနှိပ်တိုက်၊ ၁၉၇ဝ။

သူရိန်ထက်လင်း။ ပညာရေးအတွေးဒဿနအမြင်၊ ရန်ကုန်မြို၊ သီဟပုံနှိပ်တိုက်၊ ၂၀၀၄။

စိုးဦး( ဒဿန)။ အိန္ဒိယဒဿနနိဒါန်း၊ ရန်ကုန်မြို၊ စိန်ကြယ်ပုံနှိပ်တိုက် ၂ဝဝ၄။

တက်တိုး၊ ဘဝပညာ။ ရန်ကုန်မြို၊ ရာပြည့်အော့ဖ်ဆက်။ ၂၀၀၀။

ခင်ဆက်ရီ၊ ဒေါ် နှင့် တင်တင်ထွန်း၊ ဒေါ်။ အနောက်တိုင်းဒဿန (ဒု)၊ ရန်ကုန်မြို၊ အဆင့်မြင့်ပညာဦးစီးဌာန၊           ၁၉၈ရ။

ဆန်းလွင်။ ကမ္ဘာ့အတွေးအခေါ်ပညာရှင်ကြီးများ။ ရန်ကုန်မြို၊ ၁၉၆၅။

ဦးစိန်ဖေ။ ကောလောသဲသြဝါဒစာနှင့် သက်သာလောနိတ်ဩဝါဒစာ၊ ရန်ကုန်မြို၊ သမီးနှင့်သား ပုံနှိပ်တိုက်၊           ၁၉၈၃။

ဆန်းလွင်။ တရုတ်တွေးခေါ်ရှင်ကြီးများ၊ ရန်ကုန်မြို၊ နေလရောင်အော့ဖ်ဆက်၊ ၂၀၀၀။

လင်းစိန်။ သင်ကြားခြင်းနှင့် လေ့လာခြင်း၊ ရန်ကုန်မြို၊ မြန်မာနိုင်ငံ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်ပုံနှိပ်တိုက်၊       ၂၀၀၂။

Pazmino, Robert W. Foundational Issues in Christian Education. U.S.A: Baker Book House Company,        1988.

Buttrick, George Arthur. “Forms of Education” The Interpreter’s Dictionary of the Bible. Nashville:           Abingdon Press, 1996.

Hubery, Douglas S. The Experiential Approach To Christian Education. London: Cox & Wyman Ltd, 1967.

 

လူမှုရေးဆိုင်ရာအခြေခံအုတ်မြစ်

ငြိမ်းချမ်းသူ။ ဗုဒ္ဓယဉ်ကျေးမှုဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ရန်ကုန်မြို၊ ဆုမြတ်ပုံနှိပ်တိုက်၊ ၂၀၁၅။

အေးမောင်၊ ဦး၊ စိတ်ပညာနှင့် ကိုယ်ကျင့်တရား၊ ရန်ကုန်မြို၊ ပွင့်ဦးပုံနှိပ်တိုက်၊ ၁၉၉၈။

နန္ဒသိန်းဇံ။ မနက်ဖန်များကိုဖြတ်သန်းနေသောစိတ်ကူးများ၊ ရန်ကုန်မြို၊ စွယ်တော် ပုံနှိပ်တိုက်၊ ၂၀၀၃

မောင်စူးစမ်း။ ဦးဏှောက်ကိုဆွခြင်း၊ ရန်ကုန်မြို၊ သင်းလဲ့ဝင်းပုံနှိပ်တိုက်၊ ၂၀၀၂။

မရန်ခွန်ဆိုင်း၊ သိက္ခာတော်ရ ဒေါက်တာ။ မြန်မာနိုင်ငံသမိုင်း၌ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ ထိတွေ့မှုဖြစ်စဉ်အကျဉ်း၊ ရန်ကုန်မြို၊ ယုဒဿန်သုတေသနဌာန၊ ၂၀၁၃။

ဆန်းလွင်။ တရုပ်တွေးခေါ်ရှင်ကြီးများ၊ ရန်ကုန်မြို၊ နေလရောင်အော့ဖ်ဆက် ၂ဝဝဝ။

ဆိုင်မွန်ပေါင်ခန်းအင်၊ သိက္ခာတော်ရ ဒေါက်တာ။ ၂၁ရာစု ခရစ်ယာန် ဓမ္မအတွေးအခေါ်၊ ရန်ကုန်မြို့၊        နှစ်ခြင်းသာသနာစာပေ၊ ၂၀၀၉။

Pazmino, Robert W. Foundational Issues in Christian Education. U.S.A: Baker Book House Campany,        1988.

Miller, Donalde E. Story and Context An Introduction to Christian. USA:Abingdon Press, 1987.

Pullias, Earl V. and James D. Young. A Teacher is Many Things. USA Indiana Univeraity Press, 1968.

စိတ်ပညာဆိုင်ရာ အခြေခံအုတ်မြစ်

Miller, Patricia.H. Theories of Developmental Psychology. New York: W.H. Freeman and Company, 1983.

Crain, William. Theories of Development, Concepts and Applications. New Jercy: Prentice Hall, 1992.

Johnson, Eric.L. Psychology & Christianity. Secunderabad, Authentic books, 2010.

Pazmino, Robert. W. Foundational issues in Christian Education. United States of America: Baker Book    House Company, 1988,

Kohlberg, Lowrence. The Psychology of Moral Development (Volume II). San Francisco: Harper & Row.    Publishers. 1927.

Westerholf, John (II). Will Our Childien Have Faith. Seabury Press, 1976.

 

ဓမ္မတွေးခေါ်မှုဆိုင်ရာ အခြေခံအုတ်မြစ်

Christian Education in the Bamboo Grove, ed. by Daniel J. Adams. Jeonju: Hanil University Press, 2008.

Pazmino, Robert W. Foundational Issues in Christian Education: An Introduction in Evangelical    Perspective. Michigan: Baker Books, 1997.

Vailaace, Nove. A Theology of Children. New Zealand: The Royal New Zealand Plunket Society Publishing,            2005.

Spurgeon. The Treasury of David, Vol. 2. Mclean : Macdonald Publishing Company, 1989.

Lines, Timothy Arthur. Functional Images of Religious Educator. Birmingham: Religious Education Press, 1992.

Rethinking Christian Education. ed. by David S. Schuller. St. Louis: Missoun Chalice Press, 1993.

ပြည့်ဝသောအသက်တာ၊ လေ့လာရန် အထောက်အကူပြု သမ္မာကျမ်းစာ။ သမ္မာကျမ်းစာ။

နှစ်ခြင်းအသင်းတော်များ၏ အခြေခံယုံကြည်ချက်နှင့်ကျင့်သုံးမှု(၂၀၁၃)။

စနစ်ကျသော ဓမ္မတွေးခေါ်မှု၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ သီဩလော်ဂျီပညာဌာန(၂၀၁၂)။

ဖေမြင့်။ မဟာဂရုဏာရှင်များ၊ စာပေလောကစာအုပ်တိုက်၊ ၁၉၉၆။

ဝင်းမောင်၊ ဦး။ ခရစ်ယာန်ဓမ္မပညာ၊ အခန်းတွင်းသင်ကြားခြင်း မှတ်စု။ ရန်ကုန်၊ မြန်မာနိုင်ငံခရစ်ယာန်    ဓမ္မတက္ကသိုလ်၊ ၂ဝဝ၅။

သင်ရိုးညွှန်းတမ်းဆိုင်ရာ အခြေခံအုတ်မြစ်

Pun, Angela. . Designing A Curriculum. Unpublished Lecture, M.Div Class, Myanmar Institute of Theology                 Yangon, November 2011.

Johnson, Lin. “Understanding and Using Curriculum” in Christian education: Foundations for the Future, ed. Robert E.Clark. Chicago: Moody Press, 1991.

Clark, Rrobert E. Supervising Children’s Ministers in Childhood Education in the Church. Chicago: Moody press, 1986.

Colson, Howard P. and Raymond M.Rigodon, Understanding Your Church’s Curriculum. Nashville:               Broodman, 1981.

Pazmino, Robert W. Foundational Issues in Christian Education. Michigan: Baker Books, 1997.

Leave a Reply

Your email address will not be published. Required fields are marked *