ခရစ်ယာန်ကျော်စွာ ၇၀

70 GREAT CHRISTIANS Geoffrey Hanks

ဇမ်ခန့်ထွန်း (ဟင်းလေးအိုး)

မာတိကာ – ၁။ ကနဦးအသင်းတော် …

ပေတရုနှင့် ပေါလု (လွန်၊ အေဒီ ၆၅- ၆၈) ရော

မမြို့တမန်တော်ကြီးများ ….

အက်နေဆီးယပ်စ် (လွန် ၁၁ဝ-၁၁၇) အန္တိအုတ်မြို့ သင်းအုပ်ကြီး …….

ပိုလီကပ် (၆၉ ခန့် -၁၅၆) စမားနားမြို့ သင်းအုပ်ကြီး ..

အိုင်ရေးနီးယပ်စ် (၁၃၀-၂၀၀) လီးယွန်းမြို့ သင်းအုပ်ကြီး ၊

တာတူလျံ (၁၅၀-၂၂၅ ခန့်) မြောက်အာဖရိကမှ ဓမ္မဆရာကြီး ….

ဆီးပရီယန် (၂၀၀-၂၅၈) ကာသေ့ချ်သင်းအုပ်ကြီး ၊

၂။ ခရစ်ယာန်အင်ပါယာ ………………….

မဟာကွန်စတဲန်တင်း (လွန် ၃၃၇) ရောမဧကရာဇ် …….

ယူဆီးဘီးယပ်စ် (၂၆၃-၃၃၉) အသင်းတော်သမိုင်းဖခင်

အမ်ဘရိုစ် (၃၄ဝ-၃၉၇) မီလန်မြို့သင်းအုပ် ၊

ဂျေရုမ်း (၃၄၅ ခန့် -၄၂၀) ဗက်သလင်မြို့ ပညာရှင်………

သြဂတ်စတင်း (၃၅၄-၄၃၁) ဟစ်ပိုမြို့သင်းအုပ်

၃။ ဗြိတိန်သို ခရစ်ယာန်ဘာသာရောက်ရှိခြင်း ….

နီနီယန် (၃၆ဝ-၄၃၂ ခန့်) စကော့နိုင်ငံသား သာသနာပြု

ကိုလမ်ဘာ (၅၂၁ ခန့် – ၅၉၇) သာသနာပြုနှင့် ကျောင်းထိုင်ဘုန်းကြီး …………………

ပက်ထရစ် (၃၉ဝ-၄၆၁) အိုင်းရစ်တမန်တော် ………….

သြဂတ်စတင်း (လွန် ၆၄၀) ပထမဆုံး ကင်တာဘာရီဂိုဏ်းချုပ်ကြီး …………………..

အိုင်ဒင် (လွန် ၆၅၁) လင်းဒစ်(စ်)ဖိန်းသင်းအုပ် …………………………..

ဘိုနီဖေ့စ် (၆၈ဝ-၇၈၄) ဂျာမနီသို့ စေလွှတ်ခြင်းခံရသူ ..

မဟာအာလ်ဖရတ် (၈၄၆-၈၉၉) ဝက်ဆက်(စ်)ဘုရင်

၄။ သာသနာ့ဘောင်ဝင်မှု ကျယ်ပြန့်လာခြင်း ………………………

တင်နေဒစ် (၄၈၀-၅၅၀) အနောက်ပိုင်း သာသနာ့ဘောင်ဝင်ခြင်း၏ ဖခင် ……………

ဘားနဒ် (၁၀၉ဝ-၁၁၅၃) ကလဲရာဗို ကျောင်းထိုင်ဘုန်းကြီး ဖရန်စစ်(စ်) (၁၁၈၂-၁၂၂၆)

ဖရန်စစ်(စ်)ကန်ဂိုဏ်း တည်ထောင်သူ ……….

၅။ အသင်းတော်ပြုပြင်ပြောင်းလဲခြင်း …..

ဂျွန်ဝှစ်ကလစ်ဖ် (၁၃၃ဝ ခန့်-၁၃၈၄) အသင်းတော်ပြုပြင်ပြောင်းလဲခြင်း၏ မိုးသောက်ကြယ် ………….

မာတင်လူသာ (၁၄၈၃-၁၅၄၆) အသင်းတော်ပြုပြင် ပြောင်းလဲခြင်းကို စတင်သူ ……………………………………

ဂျွန်ကယ်ဗင် (၁၅၀၉-၁၅၆၄) အသင်းတော်ပြုပြင်ပြောင်းလဲသူနှင့် ဓမ္မပညာရှင်

ဝီလျံတင်းဒလ် (၁၄၉၄-၁၅၃၆) သမ္မာကျမ်းစာ ဘာသာပြန်သူ .

သောမတ်စ်ကရင်မာ (၁၄၈၉-၁၅၅၆) ကင်တာဘာရီဂိုဏ်းချုပ်ကြီး …………

ဂျွန်နော့စ် (၁၅၁၃-၁၅၇၃) စကော့လူမျိုး ပြုပြင်ရေးသမား

အက်နေဆီးယပ်စ်လိုယိုလာ (၁၄၉၁-၁၅၅၆) ဂျေဆွိအသင်းကို တည်ထောင်သူ .

 

၆။ ယုံကြည်ချက် ကွဲပြားသူများ …………

ဂျွန်ဘန်းယန်း (၁၆၂၈-၁၆၈၈) တရားဟောဆရာနှင့် စာရေးဆရာ ..

ဂျော့ချ်ဖောက်စ် (၁၆၂၄-၁၆၉၁) သဟာယအသင်းကို တည်ထောင်သူ ……………………………….

ပီးလ်ဂရင်းဖခင်ကြီးများ (၁၆၂၀) ကမ္ဘာသစ်

ဂျွန်အီးလီးယော့ (၁၆၀၄-၁၆၉၀) လူရိုင်းများထံ သာသနာပြုသူ ..

ဂျော့ခ်ျဝစ်ဖီးလ် (၁၇၁၄-၁၇၇၀) ဧဝံဂေလိဆရာ ……….

ဂျွန်ဝယ်စလေ (၁၇၀၃-၁၇၉၁) မက်သဒစ်ဝါဒကို တည်ထောင်သူ ………………………

 

၇။ ၁၉ ရာစု၏ သာသနာပြုခြင်းလှုပ်ရှားမှု

ဝီလျံကယ်ရီ (၁၇၆၁-၁၈၃၄) မျက်မှောက်ခေတ် သာသနာပြု လုပ်ငန်း၏ ဖခင် ………………………

ဟတ်ဆန်တေလာ (၁၈၃၂-၁၉၀၅) ပင်လယ်ရပ်ခြား သာသနာပြုခြင်း မိတ်သဟာယအဖွဲကို တည်ထောင်သူ

ဒေးဗစ်လီဗင်းစတုန်း (၁၈၁၃-၁၈၇၃) သာသနာပြုနှင့် နေရာသစ်စူးစမ်းလေ့လာသူ …………………………….

မေရီစလေဆာ (၁၈၄၈-၁၉၁၅) ကာလာဘာသို သာသနာပြုသူ ……………………………………………………

ဂျွန်ဝီလီယမ်စ် (၁၇၉၆-၁၈၃၉) တောင်ပင်လယ်ကျွန်းတွင် သာသနာပြုသူ

ဂျိမ်းစ်ချားမားစ် (၁၈၄၁-၁၉၀၁) နယူးဂီနီသို့ သာသနာပြုသူ..

မိုက်ကယ်ဆောလမွန်အလက်ဇန္ဒာ (၁၇၉၉-၁၈၄၅) ဂျေရုဆလမ်သင်းအုပ် ……………………………

ဝယ်လ်စလေဘေလီ (၁၈၄၆-၁၉၃၇) အနာကြီးရောဂါသည်များထံ သာသနာပြုခြင်းကို စတင်တည်ထောင်သူ

စီ တီ စတက် (၁၈၆၂-၁၉၃၁) အပြည်ပြည်ဆိုင်ရာ ဒပ်ဘလျူ၊ အီးစီ တည်ထောင်သူ ..

၈။ ၁၉ ရာစု လူမှုရေးပြုပြင်ပြောင်းလဲသူများ ……………

ဝီလျံဂီးလ်ဘားဖိုစ် (၁၇၅၉-၁၈၃၃) အများအကျိုးဆောင်သူနှင့် ပြုပြင်ရေးသမား ………………………..

အယ်လီဇဘက်ဖရိုင် (၁၇၈ဝ-၁၈၄၅) ထောင်တွင်း ပြုပြင်ရေးသမား ………….

ဂျော့ချ်မူလာ (၁၈၀၅-၁၈၉၈) ဘရိစတိုးတွင် ကလေးဂေဟာ များကို တည်ထောင်သူ ……………..

သောမတ်စ်ဘာနာဒို (၁၈၄၅-၁၉၀၅) ကလေးဂေဟာ တည်ထောင်သူ ……………………………………………….

ဝီလျံဘုသ် (၁၈၂၉-၁၉၁၂) ကယ်တင်ခြင်းတပ်ကို တည်ထောင်သူ

ကက်သရင်းဘုသ် (၁၈၂၉-၁၈၉ဝ) ကယ်တင်ခြင်းတပ်၏ မိခင် ……………………………………………

 

၉။ ၁၉ ရာစုနှင့် ၂၀ ရာစုက ကြီးကျယ်ထင်ရှားသော တရားဟောဆရာများ

စီ၊ အိပ်ချ် စပါဂျွန် (၁၈၃၄-၁၈၉၂) မီထရိုပိုလီတန် တာဘာနီကယ်လ်အသင်းတော်၏ သင်းအုပ်ဆရာ

သောမတ်စ်များမတ်စ် (၁၇၈၀-၁၈၄၇) စကော့လူမျိုး ဓမ္မဗေဒပညာရှင်နှင့် ပရဟိတဒါနရှင်………………

ဒီ၊ အယ်လ်၊ မူးဒီး (၁၈၃၇-၁၈၉၉) အမေရိကန် ဧဝံဂေလိဆရာ ………

စမစ်သ် ဝိဂလက်စ်ဝတ် (၁၈၅၉-၁၉၄၆) တရားဟောခြင်းနှင့် အနာရောဂါငြိမ်းခြင်းသာသနာ …………..

ဒေါက်တာ မာတင်လွိက်ဂျုံးစ် (၁၈၉၉-၁၉၈၁) ဝက်စ်မင်စတာဓမ္မာရုံ လန်ဒန်မြို့ ………………….

ဘီလီဂရေဟမ် (ဖွား-၁၉၁၈) ဧဝံဂေလိဆရာနှင့် ခရစ်ယာန်ဗိသုကာ –

လူးဝစ်(စ်)ပလောင်း (ဖွား-၁၉၃၄) အာဂျင်တီးနားနိုင်ငံသား ဧဝံဂေလိဆရာ

 

၁၀။ ၂၀ ရာစုသို့ ချဉ်းနင်းဝင်ရောက်ခြင်း ……………….

ဆာဒူးဆန်ဒါဆင့် (၁၈၈၉-၁၉၂၉/၃၃) အိန္ဒိယနှင့် တိဗက်သို့ ကယ်တင်ခြင်း သတင်းစကားဝေငှသူ

ဒေါက်တာ အိုင်ဒါဆအူဒါ (၁၈၇၀-၁၉၆၀) ဗဲလောဆေး ကျောင်းတည်ထောင်သူ ……………………………….

အေမီကာမိုက်ကယ် (၁၈၆၁-၁၉၅၁) ဒိုနာဗိုအသင်းကို တည်ထောင်သူ .

ဝတ်ချ်မဲင်းနီး (၁၉၀၃-၁၉၇၂) တရုတ်လူမျိုးသင်းအုပ်ဆရာနှင့် တရားဟော ဆရာ ………………………….

ဂလက်ဒီစ်အေးလ်ဝတ် (၁၉၃၀-၁၉၇၀) တရုတ်ပြည်သို သာသနာပြုသူ ………

ဂျဖရီဘူးလ် (ဖွား-၁၉၂၁) တိဗက်သို့ သာသနာပြုသူ .

ဂျက်ကီပူလင်ဂျာ (ဖွား-၁၉၄၄) နံရံပိတ်မြိုတော် ကော်လွန်သို့ သာသနာပြုသူ

 

၁၁။ ၂၀ ရာစုအသင်းတော်၏ ဆင်းရဲဒုက္ခခံရခြင်း ………………

ရုရှားက ဗင်းစ်မိသားစုအကြောင်း ……………………………………..

ရစ်ချက်ဝမ်ဘရန့် (ဖွား-၁၉၁၂) နိုင်ငံတကာ လွတ်ငြိမ်းခွင့်ကို ဖွဲ့စည်းတည်ထောင်သူ

ဘရာသာအင်ဒရူး (ဖွား-၁၉၂၈) ဖွင့်ထားသောတံခါးအသင်းကို တည်ထောင်သူ

နက်စိန့် (၁၉၂၃-၁၉၅၆) ခေါင်းဖြတ်မုဆိုးများထံ သာသနာပြုသူ ………….

ဂျင်နာနီလူဝမ် (လွန် ၁၉၇၇) ယူဂန်ဒါဂိုဏ်းချုပ်ကြီး ၊

ကော်ရီတင်းဘုမ်း (၁၈၉၂-၁၉၈၃) ခရစ်တော်၏ သံတမန်

 

ဇယားကွက်များ

ရောမဧကရာဇ်များလက်ထက်တွင် ခရစ်ယာန်များ ညှင်းပန်းသတ်ဖြတ်ခံရခြင်း

ကနဦးအသင်းတော်ရှိ အရေးပါသော မိစ္ဆာဝါဒများ ကနဦးအသင်းတော်ညီလာခံများ –

ကနဦး ယုံကြည်ခြင်းသန္နိဋ္ဌာန်များ ……………………….

အလယ်ခေတ်သာသနာ့ဘောင်ဝင်ခြင်း၏ ဘာသာရေးဂိုဏ်းများ

ပရိုတက်စတင့်နှင့် ရောမကက်သလစ်၏ ခြားနားချက်ကြီးများ ၊

၁၈-၂၀ ရာစုအတွင်း ဘာသာရေးပြန်လည်သက်ဝင်နိုးကြားလာခြင်း …………….

သာသနာပြု အသင်းများ ………………….

ခရစ်ယာန်ဘာသာဖြင့် အစပြုသော အသင်းအဖွဲ့များ ……………

၂၀ ရာစုတွင် ညှင်းပန်းနှိပ်စက်ခံရသော သာဓကအချို့

 

မြေပုံများ

ကနဦးအသင်းတော် ပျံ့နှံရောက်ရှိပုံ .. ………………………………………….

၆ ရာစုနှင့် ၇ ရာစုနှစ်များဆီက ဗြိတိန် …………………………

ရုရှား ………………

တောင်အမေရိက …………………………………………………..

ကနဦးအသင်းတော်

ခရစ်ယာန်အသင်းတော်သမိုင်းတစ်လျှောက်တွင် ခရစ်ယာန်များကို သီးခြားနေထိုင်သူများ ၊ နှင့်လမ်းမှားရောက်သူများ၊ အငြင်းသန်သူများနှင့် စစ်ပွဲဖန်တီးသူများဖြစ်သည်ဟူ၍ စွပ်စွဲ အညှင်းဆဲမခံရသော ရာစုဟူ၍ မရှိပေ။ အဆိုးဆုံးမှာ မရေတွက်နိုင်သော ယုံကြည်သူများ သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ညှင်းပန်းနှိပ်စက်ခံကြရ၍ ရက်စက်စွာ သေတွင်းသို အပိုခံကြရသည်။ သူတိုသည် ဘုရင်ခံများနှင့် ဘုရင်များရှေ့ တော် မှောက်အရောက် သစ္စာဖောက်ဖိုရန် ဆင့်ခေါ်ခြင်းခံကြရကာ ထိုသစ္စာဖောက်မှုမှ ရရှိလာ မည့်အကျိုး အမြတ်များ၊ သူရဘွဲနှင့် အန္တိမတန်ဖိုးရှိသော အရာများဖြင့် သွေးဆောင်အကျပ် ကိုင်ခြင်းခံရသော်လည်း သူတိုသည် သူတိုသခင်အပေါ်တွင် သစ္စာမဖောက်ကြပေ။ ဤရက် စက်ကြမ်းတမ်းသော တိုက်ခိုက်ခံရမှုသည် ကနဦးအသင်းတော်တွင်သာမကဘဲ အေဒီ ၄ ရာစုခန့်မှစ၍ မြေထဲပင်လယ်တစ်ဝိုက်မှ အင်နှင့်အားနှင့် အဆိုးဝါးဆုံးအခြေအနေသို ရောက်လာသည်။

ဂျေရုဆလမ်မှ အစပြုခြင်း ၊

 ခရစ်တော်သည် ရောမတို၏ အသေသတ်ခြင်း ခံရသည်မှန်သော်လည်း တကယ်တွင် ခရစ်တော်ကို မေရှိယအဖြစ် လက်မခံနိုင်၍ ပထမဆုံးအသင်းတော်ကို စတင်တိုက်ခိုက်ကြ သူများမှာ ယုဒအာဏာပိုင်များ ဖြစ်သည်။ ဂျေရုဆလင်မှအစပြု၍ ဘာသာဝင် (the Way) များကို ရိုက်နှက်ခြင်းနှင့် ထောင်သွင်းအကျဉ်းချ ခြင်းများပြုလုပ်ကာ သတေဖန်နှင့် ယာကုပ်တို့သည် ဦးဦးဖျားဖျား ကွပ်မျက်ခြင်းခံရသူများဖြစ်သည်။ ပေါလုသည် ကယ်တင်ခြင်း သတင်းစကားဝေငှခြင်းကြောင့် ထောင်သွင်းအကျဉ်းချခြင်းနှင့် ခဲဖြင့် ပေါက်သတ်ခြင်း များခံရ၏။

အစပိုင်းတွင် ရောမတိုသည် ခရစ်ယာန်ဘာသာနှင့်ယုဒဘာသာ၏ ခြားနားချက်များကို သတိမမူခဲ့ကြပေ။ ခရစ်ယာန်ဘာသာသည် ယုဒဘာသာ၏ အဆွယ်အပွားတစ်ခုဟုသာ ထင်မှတ်ခဲ့ကြ၏။ ရောမနိုင်ငံ၏ မူအရ အုပ်ချုပ်ခံနိုင်ငံသားများပင်ဖြစ်စေကာမူ လွတ်လပ် စွာကိုးကွယ်ခွင့်ပေးထားသောကြောင့် ခရစ်ယာန်များသည် ဂျူးလူမျိုးများနှင့် အခွင့်အရေး တန်းတူရကြသည်။ ထိုကြောင့် ယုံကြည်သူများသည် ရောမဥပဒေ၏ တရားဝင်အကာအကွယ် ရရှိရုံမက အန္တရာယ်အပေါင်းမှ အကာအကွယ်ပေးမှု ရရှိခဲ့ကြကြောင်း ဓမ္မသစ်ကျမ်း ထဲ၌ အခါအားလျော်စွာ တွေ့ရသည်။

တစ်ပါးအမျိုးသားခရစ်ယာန်များ (Gentile) ဧရာမကြီးထွားလာသည်နှင့်အမျှ ဘာသာကြီးနှစ်ခုသည် စင်ပြိုင်ပေါ်ထွန်းလာ၏။ အသင်းတော်သည် ဂျူးလူမျိုးတစ်စု၏ အဖွဲအစည်းမျှသာ မဟုတ်တော့သကဲ့သို ရဟူဒီဘုရားကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း၊ များ၏ တိုးတက်မှုမှာ ကြောက်ခမန်းလိလိဖြစ်လာသည်။ အထက်ပါ ဖြစ်ရပ်သည် နီရိုး (Nero) ဘုရင်က ပေါလုကို ရောမမြိုသို အမှုစစ်ရန် ခေါ်ယူခြင်း၏ ရလဒ်အသီး အပွင့် ဖြစ်သည်။

နောက်ဆုံးတွင် ရောမများက ခရစ်ယာန်များကို ကိုးကွယ်ရန် ဘုရားမရှိသော ဘုရားမဲ့များဖြစ်သည့် အပြင် ရောမနတ်သားများကိုလည်း ကိုးကွယ်ရန် ငြင်းဆန်သည်ဟု သတ်မှတ်လိုက်ကြသည်။ ပြည်သူပြည်သား များ၏ သင်္ကာမကင်းဖြစ်မှု ကြီးထွားလာသည် နှင့်အမျှ ယုံကြည်သူများသည် လူထုနှင့်ကင်းကွာလာကြ၏။ ဆပ်ကပ်ပွဲတက်ဖိုပင် ငြင်း ဆိုကြ၍ (ထိုဆပ်ကပ်ပွဲသည် ရောမနတ်သားများကို အစီအရီ စီတန်းထားကာ အရိုအသေ ပြုရသောပွဲဖြစ်သည်) တိုင်းသူပြည်သားများနှင့် ရောင်းရေးဝယ်တာကိစ္စများတွင် အခက် တွေ့လာကြကာ အဖွဲအစည်းထဲမှလည်း နှုတ်ထွက်ရသည်အထိ ဖြစ်လာသည်။

သူတို့သည် တစ်ပတ်တစ်ခါ “သိုဝှက်စွာ””တွေ့ဆုံကြရာတွင် အခြားတစ်ခုသော ဘုရင့်နိုင်ငံတော် အကြောင်းများ ပြောကြဆိုကြ၍ ဘုံပိုင်အစားအစာများကို စားသောက် ကြရာတွင်လည်း “အသားစား၍ အသွေးလည်းသောက်ပါ””ဟု ဆိုကြသောကြောင့် သူတိုသည် လူသားစားသော အရိုင်းအစိုင်းများ၊ ပြုစားတတ်သော စုန်းကဝေများဖြစ်ရမည် ဟု စွပ်စွဲခြင်းခံရပြန်သည်။ ခရစ်ယာန်များသည် ပလ္လင်ပေါ်က ဧကရာဇ်မင်းကြီးအတွက် ပူဇော်ထားသော အမွှေးနံ့သာကို အရိုအသေမပြုနိုင်သည့်အပြင် “အရှင်သခင်အဖြစ် လည်း အသိအမှတ်မပြုနိုင်သောကြောင့် ရောမကို သစ္စာဖောက်သူများဟု အခိုင်အမာဆိုကြလေသည်။ ခရစ်ယာန်ဘာသာသည် ဥပဒေအရ ပိတ်ပင်ခြင်းခံရသော ဘာသာဖြစ်ကြောင်း ထုတ်ပြန်ခြင်းခံရကာ တိုင်းပြည်က အသိအမှတ်မပြုတော့သဖြင့် ခရစ်ယာန်များ သည် လူ့အသိုင်းအဝိုင်း၏ ကြဉ်ခြင်းကို ခံကြရသည်။

 

ဧကရာဇ်ကိုးကွယ်ခြင်း

ဧကရာဇ်ကိုးကွယ်ခြင်းသည် ဂျူးလီးယက်ဆီဇာ (Julius Caesar) အုပ်ချုပ်သည့်ကာလ ဘီစီ ၄၂ တွင် သူ့ဆီးနိတ်လွှတ်တော်အမတ်များက သူ့ကို ရောမနတ်သားများသဖွယ် အရိုအသေပေးရာမှ စတင်လာ ခြင်းဖြစ်သည်။ ဧကရာဇ် သြဂတ်စတပ်စ်ဆီဇာ(Augustus Caesar ဘီစီ ၂၉၊ အေဒီ ၁၄) သည် ခရစ်တော်မွေးဖွားချိန်တွင် ဘုန်းမီးနေလတောက်ပြောင်သူဖြစ်၍ အီတလီတွင် သူ့ကို ကိုးကွယ်မှုအား ဟန့်တားသူဖြစ်သည်။ သူ့ကို ကိုးကွယ် ရခြင်းမှာ သူ၏ ဉာဏ်အမြော်အမြင်ကြီးမားခြင်း (သို) နတ်သား တစ်ပါးကဲ့သို အကာ အကွယ်ပေးနိုင်ခြင်းတိုကြောင့်ဖြစ်သည်။ သူ့ကို “သခင်”ဟုသာခေါ်ရ၍ သူ နတ်ရွာစံပြီး သော်လည်း သူသည် ဂုဏ်ပြုခံဖြစ်မြဲပင်ဖြစ်၏။ နီရိုး၊ နီရိုးဘုရင်သည် သြဂတ်စတပ်ဆီဇာ ၏ မြစ်တော် တော်၍ အကိုးအကွယ်ခံနတ်တစ်ပါးအဖြစ် လက်ခံထားကြ၏။ ခရစ်ယာန် များက ရာဇပလ္လင်ပေါ်ရှိ ဧကရာဇ်မင်းကို ပူဇော်ထိုက်သူ မဟုတ်ဟု ဆိုလိုက်သောအခါ ခရစ်ယာန်များသည် နိုင်ငံချစ်စိတ်မရှိသူများဖြစ်သည်ဟုဆို၍ ညှင်းပန်းနှိပ်စက်ခြင်းခံရ ရန် ပစ်မှတ်များဖြစ်လာကြသည်။

 

ရောမမြိုက ခရစ်ယာန်များ

ယုံကြည်သူများ များပြားလာသည်နှင့်အမျှ နှိပ်စက်မှုလည်း ကြီးထွားလာသည်။ ဧကရာဇ် မင်းနီရိုး၏ လက်ထက်တွင် ခရစ်ယာန်များနှိပ်စက်ခြင်း ဖြစ်ပွားလာ၏။ ရောမအစိုးရသည် ခရစ်ယာန်များကို ရာစုနှစ် နှစ်စုကျော် နှိမ်နှင်းသော်လည်း ခရစ်ယာန်များသည် ပျော့ မသွားချေ။ အေဒီ ၄ ရာစုအရောက်တွင် ညှင်းပန်းသတ်ဖြတ်မှုများ ငြိမ်သက်လာသော် လည်း ခရစ်ယာန်များသည် လောကီစည်းစိမ်၏ ဖမ်းစားခြင်း ခံရကာ ဝိညာဉ်ရေးဘက်တွင် ယိမ်းယိုင်ချည့်နဲ့လာသည်။

အေဒီ ၅၄-၆၈ အထိစိုးစံသော နီရိုးသည် ခရစ်ယာန်အသင်းတော်ကို ဖျက်ဆီးသည့် မင်းဆိုးမင်း ညစ်များထဲတွင် ပထမဆုံးဧကရာဇ်ဖြစ်သည်။ သက်တော် ၁၈ နှစ်တွင် အာဏာရပုဂ္ဂိုလ်တစ်ဦးဖြစ်လာ၍ သူ၏ အုပ်ချုပ်မှုပထမငါးနှစ်တွင် တိုင်းနိုင်ငံသည် သာယာ ငြိမ်သက်ခြင်းနှင့် တရားမျှတမှုအတိပြီးသော နှစ်များ ဖြစ်သော်လည်း သူသည် လိင်ပိုင်း ဆိုင်ရာ အကျင့်ပျက်သော လူငယ်တစ်ဦးဖြစ်သည်။ သူ၏ အာဏာလော ဘဇောက သူ့ကိုပျက်စီးစေ၏။ နိုင်ငံရေးသက်တမ်းရှည်စေဖိုရန် မိခင်အရင်းကို တင်းပုတ်ဖြင့် ရိုက်သတ် စေ၍ ညီတော်မောင်၏ အိမ်သူသက်ထားကို မောင်ပိုင်စီးကာ ကျန်မိသားစုဝင်များအား လုံးကိုလည်း သတ်ပစ်ခဲ့သည်။ အေဒီ ၆၅ တွင် သူ့လက်ဦးဆရာဘီနီကာ (Seneca)အား ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ဇွတ်အတင်းခိုင်း၏။

“ပေါ်ကြော့”ဧကရာဇ်သည် နည်းမျိုးစုံဖြင့် သာယာမှုကို ရှာကြံသူ ဖြစ်သည်။ သူသည် သူ့ကိုယ်ကိုယ် ဇဗ္ဗူတစ်ခွင် နှစ်ယောက်မရှိသော ဂီတပညာရှင်ကြီး၊ ကဗျာဆရာ ကြီးဟု သွေးနားထင်ရောက်နေသူဖြစ်ကာ တေးရေးဆရာပင်ဖြစ်လိုက်သေး၏။ သူသည် မြင်းလေးကောင်ကသော မြင်းပြိုင်ပွဲကို အလွန်မက်မော သူဖြစ်ရကား ဗာတီကန် (Vatican) ဘုရင့်ပန်းခြံဘေးတွင် ကိုယ်ပိုင်မြင်းပြိုင်ကွင်းကြီးတစ်ခုကို ပိုင်ဆိုင်သည်။ အေဒီ ၆၂ ခုနှစ် နိုင်ငံ့ဦးသျှောင် တာဝန်ယူရချိန်မှစ၍ နိုင်ငံတော်သည် ကျွမ်းထိုးမှောက်ခုံဖြစ် ကုန်သည်။

အေဒီ ၆၄၊ ဂျူလှိင်တွင် ရောမမြိုကြီး၏ သုံးပုံနှစ်ပုံခန့် မီးလောင်ပြာကျသွား သည်။ ဤရှို့မီး နှင့်ပတ်သက်၍ ထရွိင် (Troy) မြို မီးတိုက်ခံရသည့်အကြောင်း သူကိုယ် တိုင်စပ်ထားသောကဗျာကို မီးလျှံ၏ အလင်းရောင်ဖြင့် ရွတ်ဖတ်နိုင်ရန် ရှိမီးတရားခံမှာ နီရိုးကိုယ်တိုင်ဖြစ်သည်ဟူသော ကောလာဟလသည် ခိုင်လုံမှုမရှိပေ။ အံ့သြစရာကောင်း သည်မှာ ဧကရာဇ်သည် ဤမီးဘေးဒုက္ခသည်များကို သူ့ပန်းခြံအတွင်း၌ ပြန်လည်နေရာချ ထားရေး အစီအစဉ်များပင် ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ဧကရာဇ်သည် ယင်းကောလာဟလကို နှိမ်နှင်းမရသည်နှင့် ပြည်သူပြည်သားများ ၏ အော့ကြောလန် ခရစ်ယာန်များဘက်သို ဓားစာခံလုပ်ပစ်ရန် မြားဦးလှည့်လေသည်။ ယုံကြည်သူများသည် ဘာသာရေး ကြောင့်မဟုတ်ဘဲ ရှို့မီးတရားခံများအဖြစ် ဖမ်းဆီးခြင်း၊ စွဲချက်တင်ခြင်းများခံရကာ တချိုသည် ဖြောင့်ချက် မပေးမချင်း နှိပ်စက်ခြင်း ခံကြရရှာ ၏။ ရောမသမိုင်းပညာရှင် တက်တပ်စ် (Tacitus) က ခရစ်ယာန်များသည် ရွှမီးတရား ခံများအဖြစ် ဆန့်ကျင်ခံရခြင်းမှ နိုင်ငံတော်အပေါ်တွင် သစ္စာမဲ့သူများအဖြစ် “လူသားမျိုး နွယ်၏ ရန်ငြိုးသိုမုန်းတီးခြင်း”အဖြစ်သို ရောက်ရှိလာသည်ဟု နောင်နှစ်ပေါင်း ၅၀ ခန့် အကြာတွင် ကဗ္ဗည်းမှတ်တမ်းတင်ထားခဲ့သည်။ လူတိုင်း၏ အသိထဲတွင် ခရစ်ဟူသော နာမည်သည် ခိုက်တတ်သော မကောင်းဆိုးဝါးအလား ရှိလာသည်။ ခရစ်ဟူသော နာမည် အား ဝန်ခံအသိအမှတ်ပြုသည်နှင့် ထိုသူသည် အသေဆိုးဖြင့် သေရသည်ချည်းဖြစ်သည်။

ရောမနိုင်ငံသူနိုင်ငံသားများအတွက် ဖျော်ဖြေမှု အဖြစ် နီရိုးတင်ဆက်သော ပွဲတွင် ခရစ်ယာန်များ မည်သိုခံစားခဲ့ရကြောင်းကို တက်ဘီးတပ်စ်က ဤသို လက်ဆင့်ကမ်းခဲ့ သည်။ ဧကရာဇ်မင်းကိုယ်တိုင် စစ်ဝတ်တန်ဆာဖြင့် ဖျော်ဖြေရေးပွဲကြည့်ရှုရန် လူထုထဲ

အယူသည်း၍ ချောက်တွန်းတတ်သူတစ်ဦး

နီရိုးသည် ပြည်သူလူထုက ခရစ်ယာန်များဟုခေါ်၍ လူတန်းစားပေါင်းစုံ၏ အော့ကြောလန် ခြင်း ခံရသူများကို နှိပ်စက်နည်းမျိုးစုံဖြင့် ရက်စက်၏။ သူတိုသည် တိုင်ဘေးရီးယပ်စ် (Tiberius) စိုးစံချိန်တွင် ကျွန်ုပ်တို့၏ ဘုရင်ခံတစ်ဦးဖြစ်သော အယူသည်း၍ ချောက်တွန်း တတ်သူ မွန်းတီးယပ်စ်ပိလတ် (Pontius Pilate) လက်ထက်တွင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ် သည့် သေဒဏ်ပေးခံရသူ ခရစ်တော်၏ နောက်လိုက်များဖြစ်ကြသည်။ သူတိုသည် ဂြိုဟ် ဆိုးစတင်ဝင်ရောက်ရာ ဂျူးဒီးယား (Jude) နှင့် ရောမ(Rome) အပြင် ကမ္ဘာတစ်လွှား၊ ၌ အကျည်းတန်ခြင်းနှင့် အရှက်ရစရာများ ကြုံတွေ့ခဲ့ရသော်လည်း ကျော်ကြားထင်ရှား လာကြသည်။   

တက်ဆီးတပ်စ်၏ သမိုင်းမှတ်တမ်း (Annals) မှ

သို့ ရောက်လာသည်။ ခရစ်ယာန်များကို သားရဲအရေခွံများဖြင့် ရစ်ပတ်ကာ ခွေးများကို ကိုက်ဖဲစေသည်။ တချိုသည် ကားစင်တင်သတ်ခြင်း ခံရ၍ တချိုကား ကိုယ်လုံးပြည့် ၊ ကတ္တရာစေးများဖြင့် အလောင်းခံရကာ သံမှိဖြင့် ကားစင်တွင် အရိုက်ခံရ၏။ သူတိုသည် ညအမှောင်ကျလာသည်နှင့် လူ့မီးတိုင်များအဖြစ် အရှိခံကြရသည်။ ခရစ်ယာန်များနှင့် ပတ်သက်၍ တက်ဆီးတပ်စ်က ဤသို မှတ်ချက်ပြု၏။ “ရောမနိုင်ငံသားများပင်လျှင် ခရစ်ယာန်များအပေါ်၌ သနားကရုဏာသက်ကြရသည်အထိ ဖြစ်လာသည်။ နီရိုးလုပ်ခဲ့သ မျှသည် ပြည်သူ့ကောင်းကျိုးအတွက်မဟုတ်ဘဲ သူတစ်ဦးတစ်ယောက်၏ ရက်စက်မှု အပေါင်း သရဖူဆောင်းခြင်းသာလျှင်ဖြစ်သည်။”

 

ပေတရုနှင့် ပေါလု (လွန်၊ အေဒီ ၆၅-၆၈) ရောမမြို တမန်တော်ကြီးများ

တိကျသော အထောက်အထားပြစရာမရှိသော်လည်း တမန်တော်ကြီးပေတရုနှင့် ပေါလု တိုသည် ရောမမြို မာတုရများဖြစ်ကြသည်။ နောက်ဆုံးတွင် ရောမမြိုသို ရောက်ရှိလာ သည်ဆိုရုံမှအပ ဂျေရုဆလင်မြို ဟေရုဒ်၏ အကျဉ်းသားဘဝမှ လွတ်မြောက်လာချိန်နောက် ပိုင်းတွင် ပေတရု၏ လှုပ်ရှားမှုများမှာ အနည်းကျဉ်း သာ တွေ့ရသည်။ ပေတရုသည် ရောမမြို သာသနာလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်၍ ရောမအသင်း တော်တည်ထောင် သူဖြစ်သည်ဟု ပြောဆိုချက်များရှိသော်လည်း အထောက်အထားမခိုင်လုံပေ။ ပေါလု၏ တောင်းဆိုချက်အရ ရောမမြိုရှိ အသင်းသားများကို သွားရောက်အားပေးသည်ဟူသော အယူအဆတစ်မျိုးလည်း ရှိသည်။

ဂျေရုဆလင်မြို တွင် အဖမ်းခံထားရသော ပေါလုသည် ဧကရာဇ်မင်းထံတွင် တင်ထားသည့် အယူခံအရ အေဒီ ၅၉-၆၀ ဝန်းကျင်တွင် ရောမမြိုသို ရောက်ရှိလာသည်။ သူသည် နံရိုး၏ ရှေ့တော်မှောက်သို အစစ်အဆေးမခံရမီ ၂ နှစ်လုံးလုံး အထိန်းအသိမ်းခံရသည်။ အထိန်းအသိမ်းခံရသည်ဆိုသော်လည်း ကောင်းကောင်း၊ ကောင်းကောင်းစားရရုံမက ဧည့်သည်များနှင့်လည်း လွတ်လပ်စွာ တွေ့ဆုံခွင့်ကို ရသည်။

ပေါလုသည် အေဒီ ၆၂ တွင် တရားသေ လွတ်ငြိမ်းချမ်းသာခွင့်ရသည်နှင့် စပိန်သို ခရီးထွက်ခဲ့ဟန်တူသည်။ ထိုမှတစ်ဆင့် အာရှမိုင်းနားရှိ အသင်းတော်များသို ခရီးဆက် ခဲ့၏။ သူသည် တစ်ဖန်ပြန်၍ အဖမ်းခံရကာ ဤအကြိမ်တွင် ခရစ်ယာန်မုန်းတီးခြင်း ဒီရေ သည် မြင့်တက်လွန်းရကား ခရစ်တော်၏ နောက်လိုက် တမန်တော်ကြီးသည် သေဒဏ်ချ မှတ်ခြင်းခံရသည်။ ကွပ်မျက်ခံရသည့်ရက်စွဲ အတိအကျ မသိရသော်လည်း အေဒီ ၆၅ -၆၈ အတွင်းဟု ခန့်မှန်းရသည်။

ရောမမြို့နေစဉ်အတွင်း တမန်တော်ကြီးနှစ်ပါးသည် ဂယက်ရိုက်နိုင်သော သြဝါဒ စာများ အသီးသီးရေးသားခဲ့ကြသည်။ ပေတရုက သူ၏ ပထမဆုံးသြဝါဒစာထဲတွင် သူ၏ စာဖတ်သူများအား ခရစ်တော်၏ နာမဖြင့် နှိပ်စက်ခံရခြင်းသည် ရှက်ကြောက်စရာ မရှိကြောင်း ရေးသားထားသည်။ အေဒီ ၁၄ဝ ခန့်က ပါးပီးယပ်စ် (Papias) ၏ အဆိုအရ မာကုသည် ပေတရု စုဆောင်းသိုမှီးထားသော ခရစ်တော်၏ သွန်သင်ချက်နှင့် လုပ်ဆောင် ချက်များကို ကူးယူရေးသားခဲ့သည်ဟူ၏။ မာကု၏ အားကြိုးမာန်တက် ရေးသားထား သော ရှင်မာကုခရစ်ဝင်ကျမ်း၏ အဓိကဆိုလိုရင်းမှာ ခရစ်တော်၏ ဆင်းရဲဒုက္ခခံရသည့် အကြောင်းဖြစ်၍ ရောမမြိုရှိ ဆင်းရဲဒုက္ခခံရသည့် ယုံကြည်သူများအတွက် ရည်သန်ခဲ့ ဟန်တူသည်။

နီရိုး၏ ညှင်းပန်းနှိပ်စက်မှု အထွတ်အထိပ်ရောက်ချိန်တွင် ပေတရု အဖမ်းခံရ၍ ကားစင်တင်သတ်ခြင်း ခံရသည်ဆိုသည်မှာ ဒဏ္ဍာရီဆန်လှ၏။ အကြောင်းမှာ ကျမ်းဝင် မဟုတ်သော ကျမ်းတစ်စောင်၌ ပေတရုသည် သူ့အရှင်သခင်လို မသေထိုက်သောကြောင့် သူ့ကို ဇောက်ထိုးဆွဲ၍ သေရပါမည့်အကြောင်း ပြောသည် ဟူ၏။ ထိုကြောင့် သူတောင်း ဆိုသည့်အတိုင်း ဇောက်ထိုးဆွဲ၍ အသေသတ်ခြင်းခံရသည်ဟု ပါရှိသည်။

ထိုကျမ်းပယ်လာ ပေတရုကားစင်တွင် ဇောက်ထိုးဆွဲ၍ အသတ်ခံရသည်ဆိုခြင်းမှာ အစဉ်အလာအရ ဖြစ်နိုင်ခြေအတော်အတန်ရှိသည်။ သူ့အလောင်းကို ဗာတီကန်တောင် ကုန်းပေါ်တွင် သင်္ဂြိုဟ်၍ သူ့ဂူသင်္ချိုင်းအပေါ်တွင် ဝတ်ပြုစည်းဝေးရန် ဘုရားကျောင်း တစ်ဆောင် တည်ထားသည်။ နောင်အခါ ထိုဘုရားကျောင်းကို ဘာစီလီကာဖြင့် အစား ထိုး တည်ဆောက်၍ ယင်းဘာစီလီကာသည် ယနေ့ ကျွန်တော်တိုတွေ့မြင်ရသော စိန့် ပီတာ ဘာစီလီကာ (St. Peter basilica) အသစ်တည်ဆောက်ဖိုရန် ၁၆ ရာစုတွင် အဖျက်ဆီး ခံရသည်။

ပေါလုသည် ဒုတိယအကြိမ် ပြန်လည်အဖမ်းခံရပြန်ကာ လွတ်လမ်းမရှိတော့ပြီကို သိသောကြောင့် တိမောသေထံ၌ “ငါထွက်ခွာရဖို အချိန်တန်ပြီ””ဟု စာရေးအကြောင်း ကြား၏။ ရောမနိုင်ငံသားဖြစ်သည့်အတွက် ကားစင်တင်သတ်ခြင်း မခံရဘဲ ခေါင်းဖြတ် သတ်ခြင်းခံရသည်။ ကွပ်မျက်ခံရသည့်နေရာသည် မြိုအပြင်ဘက် Ostia လမ်းမကြီး၏ တံတိုင်းများပေါ်တွင်ဖြစ်ကြောင်း သေချာသည်။ အေဒီ ၄ ရာစုတွင် ဧကရာဇ်မင်းကွန်စ တဲန်တင်းက ပေါလု၏ အလောင်းသင်္ဂြိုဟ်ရာနေရာ၌ ဘာစီလီကာတစ်ခု တည်ဆောက် m St. Paul’s Outside the Walls ဘုရားကျောင်းဟူ၍ ယနေ့တိုင်ရှိသေးသည်။

နီရိုးကွယ်လွန်ချိန်အထိ ခရစ်ယာန်များ အတိုက်အခိုက်ခံရ၍ နောက်ဆုံးတွင် ဧကရာဇ်မင်းသည် ပြည်သူ့ချဉ်ဖတ်အဖြစ် မောင်းခတ်ခြင်းခံရကာ ရောမလွှတ်တော်က လည်း ဧကရာဇ်မင်းအား ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ဖိအားပေးခဲ့သည်။ နီရိုးလွန် သော် ခရစ်ယာန်များ အနှစ်သုံးဆယ်တိုင်အောင် ရွှေပြည်အေးခေတ်သို ရောက်ရှိလာ သည်မှာ အေဒီ ၉၅၊ ဧကရာဇ်မင်းဒိုမေးရှန်း (Domitian) ၏ ဒုတိယအကြိမ် ညှင်းပန်း နှိပ်စက်မှုလှိင်းလုံးကြီး ပြန်တက်မလာမီအချိန်ထိ ဖြစ်သည်။

ကနဦးယုံကြည်သူများ၏ မာတုရများအဖြစ် အသက်ပေးဆပ်ခြင်းသည် အင်ပါယာ တစ်ဝန်းရှိ ခရစ်ယာန်များနှင့် ရောမအသင်းတော်ကို ရှင်သန်ကြီးထွားစေကာ အသင်းတော် သည် “ကိုးစားထိုက်သောဘုရား၊ ထိုက်တန်သောဂုဏ်နှင့် ဝမ်းမြောက်ဖွယ်ရာသတင်း စကားများဖြင့် ဆက်လက်ရှင်သန်နေဦးမည်ဖြစ်သည်။

 

အက်နေဆီးယပ်စ် (လွန် ၁၁၀- ၁၁၇) အန္တိအုတ်မြို့ သင်းအုပ်ကြီး

ခရစ်တော်၏ နောက်လိုက်များကို ခရစ်ယာန်*ဟု ပထမဆုံး ခေါ်ဝေါ်သမုတ်သည်မှာ အန္တိအုတ် (Antioch) မြိုတွင် ဖြစ်သည်။ အန္တိအုတ်မြိုသည် ရောမအင်ပါယာ၏ တတိယအကြီးဆုံးမြိုဖြစ်၍ ဆီးရီးယား (Syria) နိုင်ငံ၏ ပြည်နယ်မြိုတော်ဖြစ်သည်။ ခရစ်ယာန်ဟူသော ဝေါဟာရသည် ဒိဋ္ဌိများက ခရစ်တော်၏ တပည့်သာဝကများကို အပြောင်အပျက်ပေးထားသော နာမည်ဖြစ်သည်။ ဝေါဟာရဇာစ်မြစ်မှာ လက်တင်စကား Christianoi ဖြစ်၍ ခရစ်တော်၏ နောက်လိုက်များ (သို) ခရစ်တော်၏ စစ်သည်တော်များ”ဟု အနက်ရသည်။ အေဒီ ၄ဝ ဝန်းကျင်တွင် ဤဝေါဟာရသည် ဘုံ သုံးစကား အဖြစ် တွင်ကျယ်လာသည်။

ခရစ်ယာန်ဟူသော ဝေါဟာရကို သမ္မာကျမ်းစာထဲတွင် သုံးခါသာတွေ့ရသည်။ တ ၁၁း၂၆။ တ ၂၆း၂၈။ ၁ ပေ ၄း၁၆

“ခရစ်ယာန်ဘာသာ”ဟူသော ဝေါဟာရကို စတင်အသုံးပြုသူမှာ အက်နေဆီး ယပ်စ် (Ignatius) ဖြစ်သည်။ ခရစ်ယာန်ဘာသာကို သက်ဝင်ယုံကြည်ခြင်းဆိုသည်မှာ ခရစ်တော်၏ နာမတော်ကို သစ္စာခံခြင်းဖြစ်သောကြောင့် ယုံကြည်သူများသည် ရောမ အာဏာပိုင်များနှင့် ပဋိပက္ခဖြစ်ကာ ခရစ်တော်ကို သစ္စာခံသူတိုင်းသည် တရားဥပဒေအရ အဆုံးစီရင်ခြင်း ခံကြရသည်။

ဧကရာဇ်ဒိုမေရှန်း (အေဒီ ၈၁-၉၆) သည် နီရိုးထက် အကြင်နာကင်းမဲ့သူဖြစ်သည် ဆိုလျှင် လွန်မည်မထင်။ သူက သူ့ကို “အရှင်သခင်နှင့် နတ်သားတစ်ပါး”ကဲ့သို ကိုး ကွယ်သင့်ကြောင်း တောင်းဆိုသည်။ သူ့ကို ကိုးကွယ်ရန် ငြင်းပယ်သူ ခရစ်ယာန်များနှင့် ဂျူးများသည် အပြစ်ပေးခြင်း ခံကြရ၍ သူ့ကို ကိုးကွယ်ရန် ငြင်းဆန်သော အိမ်တော်ပါ သားသမီးများလည်း ကွပ်မျက်ခြင်းခံကြရသည်။ ဒိုမေးရှန်းနတ်ရွာလားသော် နိုင်ငံတော် သည် တိုင်းရေးပြည်ရာကျွမ်းကျင်သော အုပ်ချုပ်သူများလက်သို ရောက်ရှိလာသည်။ နားဗား (Nerva) လက်ထက်တွင် နှစ်နှစ်တာကာလ ခေတ္တငြိမ်းချမ်း၍ ၄င်းနောက် ဧကရာဇ်မင်းတရာဂျန် (Trajan- အေဒီ ၉၈-၁၁၇) တက်လာသောအခါ သူ့အရင် နားဗား ခေတ်ကအတိုင်း ခရစ်ယာန်များကို တရားမျှတမှုပေးရန် တွန့်ဆုတ်လာ သည်။ သူ့သဘော ထားမှာ အာရှမိုင်းနား၏ အနောက်မြောက်ဘက် ဘီသီးနီးယား (Bithynia) ဘုရင်ခံ ပလီးနှီး (အငယ်) (Pliny the Younger) ၏ သဘောအတိုင်းသာ ဖြစ်ချေ၏။

ဘုရင်ခံသည် ဧကရာဇ်မင်းထံတွင် ခရစ်ယာန်များကို ခရစ်ယာန်ဘာသာဝင်ဖြစ်ခြင်း ကြောင့် ပြစ်ဒဏ်ချမှတ်သလော သိုတည်းမဟုတ် ရာဇဝတ်မှုကျူးလွန်သူများအဖြစ်ဖြင့် ပြစ်ဒဏ်ပေးသလောဟု စာရေးမေးမြန်း၏။ (ရာဇဝတ်မှုကျူးလွန်သူများဆိုသည်မှာ ပွဲတော် မင်္ဂလာ၌ တစ်ပါးသူ၏ စွပ်စွဲချက်ဖြစ်သော အသွေးနှင့်အသား စားသုံးသူ လူရိုင်းများကို ဆိုလိုသည်) ဧကရာဇ်သည် ခရစ်ယာန်များ အမှုစစ်သည့်နေရာတွင် တစ်ခါမျှ ရောက်ဖူးသူ မဟုတ်သည့်အပြင် ခရစ်ယာန်များနှင့်လည်း ဆက်ဆံဖူးခြင်းမရှိရကား အခက်တွေ့လေ ၏။ ဘုရင်ခံက သူ မည်သိုမည်ပုံ မှန်မှန်ကန်ကန် စုံစမ်းမေးမြန်းခြင်းများပြုလုပ်၍ အုပ်ချုပ် ကြောင်း ဧကရာဇ်မင်းအား ဤသို သံတော်ဦးလျှောက်တင်သည်။

ရှေ့တော်မှောက်ရောက်လာသူကို ပထမအကြိမ် ခရစ်ယာန်ဘာသာဝင်ဖြစ်သလားဟု အမိန့်တော် ရှိကြောင်း၊ ထိုလူက “ဟုတ်မှန်ကြောင်း”တင်လျှောက်လျှင် ဒုတိယနှင့်တတိယ အကြိမ် ထပ်၍ မေးရာ၌ ခရစ်တော်ကို ဆက်လက်ယုံကြည်ကိုးကွယ်နေမည်ဆိုက ပြစ် ဒဏ်ခံရမည်ဟု ဗြောင်ဖွင့်ပြောကြောင်း၊ ဆက်လက်၍ ကိုးကွယ်မည့်သူရှိပါက ချက်ချင်း ကွပ်မျက်ကြောင်းများဖြင့် ရေပက်မဝင်အောင် တင်လျှောက် သည်။ ထိုသို့ ကွပ်မျက်လိုက် သောအခါတွင် သူတိုသည် ခရစ်တော်ကို ကျိန်ဆဲရန် အသင့်ရှိနေရုံမက မင်းဧကရာဇ်၏ ဆင်းတုတော်ကို ကန်တော့ရန် ဖင်တကြွကြွဖြစ်နေကြသည်။ ယုံကြည်မှုကို စွန့်လွှတ်သူ တချိုသည် အသက်ချမ်းသာရာရကြသော်လည်း ဘုရင်ခံကိုယ်တိုင် အောချရလောက်အောင် ယုံကြည်မှု ပြင်းထန်သူတချိုလည်း ရှိသည်။ –

ဧကရာဇ်သည် ပလီးနီး၏ ခရစ်ယာန်များအပေါ် လိမ္မာပါးနပ်စွာ ကိုင်တွယ်ပုံကို သဘောကျကြောင်း ပြန်ကြားစာပေးပိုသည်။ သူက ခရစ်ယာန်များကို တကူးတက ရှာဖွေမနေစေဘဲ မည်သူမည်ဝါမှန်းမသိရသော ပစ်စာများဖြင့်လည်း ခရစ်ယာန်များကို အရေးမယူခဲ့ပေ။ အကယ်၍ ခရစ်ယာန်များအပေါ် စွပ်စွဲခြင်းများသည် စစ်မှန်သဖြင့် စီရင်ချက်ချကာ ပြစ်ဒဏ်ပေးရမည်ဆိုလျှင်ပင် ခရစ်ယာန်ဘာသာကို စွန့်လွှတ်သူအား လွတ်လပ်ခွင့် ပေးသည်။ ထိုကြောင့် ဥပဒေက မပြဋ္ဌာန်းသော်လည်း ခရစ်တော်ကို သစ္စာ ခံခြင်းသည် သေဒဏ်သာ လျှင်ဖြစ်သည်။

 

ဘုရားပိုက်ထွေးသူ

ဘီသီးနီးယားနှင့် ပွန်းတပ်စ် (Pontus) တွင် ရိုက်ခတ်သော ညှင်းပန်းနှိပ်စက်မှုသည် ဆီးရီးယားသို ရောက်လာချိန်တွင် အန္တိအုတ်မြိုရှိ သက်ကျားအိုသင်းအုပ်ဆရာကြီး အက်နေဆီးယပ်စ်သည် သူတို့၏ အဓိကပစ်မှတ်ဖြစ်လာ၏။ သူ့အစောပိုင်းဘဝအကြောင်း မသိရသော်လည်း သူ၏ အခန်းကဏ္ဍသည် ယနေ့တိုင် သက်ဝင်တုန်း၊ ရှင်သန်လှုပ်ရှား တုန်းပင်ဖြစ်သည်။

အက်နေဆီးယပ်စ်၏ မိဘနှစ်ပါးမှာ နတ်ကိုးကွယ်သူများဖြစ်သော်လည်း ရှင်မသဲ ခရစ်ဝင်ကျမ်း ၁၈၂ တွင် ခရစ်တော်ကိုယ်တိုင် ပွေ့ဖက်၍ ကောင်းချီးပေးသော ကလေး မှာ အက်နေဆီးယပ်စ်ဖြစ်နိုင်ကြောင်း အကြောင်းမှာ “ဘုရားပိုက်ထွေးသူ” (God bearer) ဟု အနက်ရသော သီအိုဖောယပ်စ် (Theophorus)သည် သူ၏ ဗတ္တိဇံခံသော နာမည်ဖြစ်သော ကြောင့်ပင်တည်း။ အက်နေဆီးယပ်စ်သည် အန္တိအုတ်မြိုတွင် ပေတရု ကိုယ်တိုင် သင်းအုပ်သိက္ခာတင်ပေးခြင်းခံရသူဟု သတင်းကြီးသူဖြစ်သည်။ ။

အက်နေဆီးယပ်စ်သည် တစ်ခါက တမန်တော်ကြီးရှင်ယောဟန်၏ နောက်လိုက် ၊ တပည့်ဖြစ်ဖူးကြောင်း နှင့် အေဒီပထမရာစုတွင် နှစ် ၄၀ ခန့် အန္တိအုတ်မြို၏ သင်းအုပ် ဆရာဖြစ်ဖူးကြောင်းမှာ သေချာသည်။ သူ့အကြောင်းနှင့်ပတ်သက်၍ စုဆောင်းမိသမျှမှာ သူ၏ နောက်ဆုံးနေ့ရက်များဖြစ်သော သေခြင်းတရားကို ရင်ဆိုင်ရန် ရောမမြိုသိုအသွား လမ်းပေါ်၌ သူရေးသားခဲ့သည့် ပေးစာခုနစ်စောင်သာ စုဆောင်းစရာရှိသည်။

လူပေါင်းအမြောက်အများထဲမှ အက်နေဆီးယပ်စ်ကို သီးသန့်ရွေးထုတ်၍ စစ်ဆေး ခြင်းပြုသည်မှာ ပဟေဠိဆန်လှသော်လည်း ခရစ်တော်အတွက် သူ၏ သက်သေခံချက်များသည် လူသိများသောကြောင့် ဖြစ်နိုင်သည်။ မည်သိုဆိုစေ သူသည် အန္တိအုတ်မြို၏ တစ်ဦးတည်းသော အချုပ်ခံ ခရစ်ယာန်တစ်ဦးဖြစ်သည်။ ဧကရာဇ်မင်းတရာဂျန်သည် အန္တိအုတ်မြိုသို တိုင်းခန်းလှည့်သည်နှင့် ကြုံကြိုက်သောကြောင့် အက်နေဆီးယပ်စ်၏ တောင်းဆိုချက်အရ သူ့ကို မင်းဧကရာဇ်ထံသို ဆောင်ကြဉ်းပေးကြ၏။

မင်းဧကရာဇ်က အက်နေဆီးယပ်စ်အား “မောင်မင်း၊ မင်းဘယ်သူလဲ၊ ဘယ်သူ့အား ကိုးနဲ့ ငါတိုချမှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်ပြီး အများတကာကို ဘာကြောင့် သူခိုး သေဖော်ညှိရသလဲ”ဟု အမိန့်တော်ရှိ၏။ သီအိုဖောယပ်စ်ကလည်း “ငါ၏ အားကိုးရာသည် ခရစ်တော်သာဖြစ်၏”ဟု ခွန်းတုံပြန်၏။

ဧကရာဇ်မင်းက “မောင်မင်းပြောတဲ့ ခရစ်တော်ဆိုတာ ပွန်းတီးယပ်စ်ပိလတ်က ကားစင်တင်သတ်ခဲ့တဲ့ တစ်ယောက်လား”ဟု အမိန့်တော် ရှိပြန်၏။

အက်နေဆီးယပ်စ်က ဟုတ်မှန်ကြောင်း လျှောက်တင်ပြီး “ကျွန်ုပ်အပြစ်အတွက် ကားစင်တင်သတ်ခြင်း ခံရသူပါ”ဟု ပြန်ဖြေသည်။

စစ်ဆေးခြင်းအမှုပြီးလျှင် မင်းဧကရာဇ်က သူ့ကို ဤသို ပြစ်ဒဏ်ချမှတ်သည်။ သံကြိုး ဖြင့် တုပ်နှောင်ကာ ရောမသို ခေါ်သွား၍ “တိုင်းသူပြည်သားများ နှစ်ထောင်းအားရဖြစ် စေရန်”သားရဲတိစ္ဆာန်များ၏ ဝါးမျိုခြင်းကို ခံစေသည်။

“ကျွန်ုပ်ကို တမန်တော်ကြီး ရှင်ပေါလုကဲ့သို ဂုဏ်ပြုသော အရှင့်ကို ကျေးဇူးတင် တယ်”ဟု ကျေးဇူး တော်အပေါင်းကို ချီးမွမ်းလျက် ဘုရားရှင်ထံ ဆက်ကပ်အပ်နှံလေ တော့သည်။

အက်နေဆီးယပ်စ်ကို အန္တိအုတ်မြိုတွင် ချက်ချင်းမကွပ်မျက်ဘဲ ရောမသို ခေါ် ဆောင်သွားရသည့် အကြောင်းမှာ သူ့ဇာတိမြိုတွင် ကွပ်မျက်ပါက သူရဲကောင်းတစ်ဦးပမာ ထင်ရှားပေါ်လွင်လာမည်ကို မလိုလား၍ ဖြစ်သည်။

အက်နေဆီးယပ်စ်ကို အခြားအကျဉ်းသားနှစ်ဦးနှင့် စစ်သားဆယ်ယောက်က ဝန်းရံ လျက် သံကြိုးများ ဖြင့် ချည်နှောင်ကာ ပေါလုကဲ့သို ရေကြောင်းခရီးဖြင့် မဟုတ်ဘဲ ကုန်းကြောင်းဖြင့် ခေါ်ခဲ့ကြသည်။ အာရှမိုင်းနား၏ မြောက်ဘက်လမ်းသို လိုက်၍ ဖီလာဒေးလ် ဖီးယား (Philadelphia) နှင့် စမာနာ (Smyrma) မှတစ်ဆင့် သရောစ် (Troas) သို့ရောက်လာသည်။ အစောင့်များက အခကြေးငွေယူခြင်းဖြင့် လွတ်လပ်ခွင့် ပေးထားခဲ့ဟန် တူသော်လည်း ရိုင်းစိုင်းစွာ ဆက်ဆံကြသည်ကို သူက ဤသို ဖော်ပြထားသည်။ “ကျား သစ် ၁၀ ကောင်နဲ့ ခရီးသွားရတာကမှ ပိုပြီး သက်သာဦးမယ်”

ခရီးစဉ်တစ်လျှောက် ရပ်နားရာနေရာများ၌ အက်နေဆီးယပ်စ်ကို ဧည့်သည်များနှင့် တွေ့ခွင့်ပေးသည်။ စမာနာမြို၌ ဒေသန္တရအသင်းတော်၏ သင်းထောက်ကြီးပိုလီကပ်နှင့်အချိန်အတန်ကြာ စကားစမြည်ပြော ခွင့်ရသည်။

အက်နေဆီးယပ်စ်က ထိုအတောအတွင်းတွင် ပေးစာအနည်းငယ်ကို ဖုတ်ပူမီးတိုက် ရေးသားနိုင်ခဲ့သည်။ ထိုစာပေများသည် သင်းအုပ်နှင့်ပတ်သက်၍ အသင်းတော်အတွင်း ရင်ဆိုင်နေရသောပြဿနာများကို သိမြင်နားလည်စေသည်။ ပေးစာများသည် ကသုတ် ကရက် ရေးထားသည်မှန်သော်လည်း ကျမ်းစာကို ပို၍ နားလည်စေသည်။

ပေးစာခုနှစ်စောင်ထဲမှ ငါးစောင်ကို လမ်းတစ်လျှောက်ရှိ သူ့ကို ကြိုဆိုအားပေးကြ သော ခရစ်ယာန်များက အာရှမိုင်းနားရှိ အသင်းတော်များသို ဖြန့်ဝေပေးရန် ရေးသားထား ခြင်းဖြစ်၍ တစ်စောင်မှာ ရောမမြိုရှိ အသင်းသားများအတွက် တင်ကူး၍ ရေးသားပေး ပိုခြင်းဖြစ်ကာ နောက်ဆုံးတစ်စောင်မှာ ပိုလီကပ်ကို နောက်ဆုံးနှုတ်ဆက်သည့်အနေဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။

အက်နေးဗီးယပ်စ်၏ ပေးစာများထဲတွင် ဓမ္မဟောင်းကျမ်းနှင့် ခရစ်ဝင်ကျမ်းများ အပြင် ပေါလု၏ သြဝါဒပေးစာများကို ပို၍ နှစ်သက်ကြောင်း ကိုးကားထားချက်များလည်း ၊ တွေ့ရသည်။

 

မှားယွင်းသော ယုံကြည်ခံယူချက်များ ၊

အက်နေဆီးယပ်စ်သည် ယုံကြည်သူအချိုကို အဖွဲနှစ်ဖွဲက မှားယွင်းသော ယုံကြည်ခံယူ ချက်များဖြင့် အနှောင့်အယှက်ပေးသောကိစ္စနှင့်ပတ်သက်၍ အတော်ပင် ပူပန်ခဲ့ရသည်။ ထိုကြောင့် အဆောတလျင် ကလောင်တံကိုင်၍ သူတို၏ သွန်သင်ချက်များကို ဤသို ဆန့်ကျင်တုံပြန်သည်။

ပထမတစ်ဖွဲမှာ ဂျူဒေးဇား (Judaisers) ခေါ် ဂျူးလူမျိုး ခရစ်ယာန်ဘာသာဝင်သူ များဖြစ်၍ ကယ်တင်ခြင်းရဖိုရန် ဂျူးကျင့်ထုံးများဖြစ်သော အရေဖျားလှီးခြင်းနှင့် ပြဋ္ဌာန်း ၊ ထားသော သားငါးရှောင် ကြဉ်ရေးဆိုင်ရာ ပညတ်ချက်များ လိုက်နာရန် လိုအပ်သည်ဟူ သော အဖွဲဖြစ်သည်။

နောက်တစ်ဖွဲ့မှာ ဒိုဆေးတစ် (Docetists ၏ ဂရိအနက်မှာ “တူသယောင်” seem ဖြစ်သည်) များဖြစ်၍ သူတိုသည် ခရစ်တော်၏ လူ့ဇာတိခံယူခြင်းကို ငြင်းပယ်ကာ ခရစ်တော်၏ ဇာတိသည် အစစ်အမှန်မဟုတ်၊ သူသည် လူသားတစ်ဦးနှင့်သာ တူသယောင် ရှိကြောင်း ထိုကြောင့် ကားတိုင်ပေါ်တွင် ခံစားရသော ဝေဒနာများနှင့် ရှင်ပြန်ထမြောက် ခြင်းဟူသော အရာများသည် ထင်ယောင်ထင်မှားဖြစ်ခြင်းသာလျှင်ဖြစ်သည်ဟု သွန်သင်ကြ လေသည်။ အက်နေဆီးယပ်စ်က “ခရစ်တော် ဝေဒနာခံစားခဲ့ရသည်မှာ စစ်မှန်ကြောင်း၊ သေခြင်းမာန်ကို အောင်မြင်၍ ရှင်ပြန်ထမြောက်ကြောင်း၊ ဇီဝိန်မချုပ်ငြိမ်းမီ ခံစားခဲ့ရသောဝေဒနာမှာလည်း အမှန်ဖြစ်ကြောင်း” ပြောဆိုချေပခဲ့သည်။

အထက်ပါ မှားယွင်းသော သွန်သင်ချက်များနှင့်ပတ်သက်၍ အက်နေးဗီးယပ်စ် က အသင်းတော်၏ စည်းလုံးခြင်းဆိုသည်မှာ မည်ရွေ့မည်မျှ အရေးကြီးကြောင်းနှင့် အသင်းသားများက သင်းအုပ်ဆရာ၏ စကားကို မြေဝယ်မကျ နားထောင်ရန် လိုအပ် ကြောင်းများဖြင့် နိုးဆော်တိုက်တွန်းခဲ့၏။

ယုံကြည်သူအချို့သည် သင်းအုပ်ဆရာမပါဘဲ အသင်းတော်၏ မင်္ဂလာဝတ်များဖြစ် သော ဗတ္တိဇံခံခြင်း (သို) ပွဲတော်မင်္ဂလာသုံးဆောင်ခြင်းများကို ကိုယ်တိုင်ဆောင်ရွက်နေ ကြသောကြောင့် အသင်းတော်၏ စည်းမျဉ်းနှင့်မညီကြောင်း အက်နေဆီးယပ်စ်က ဤ သို သွန်သင်သည်။ “ပွဲတော်မင်္ဂလာပေးခြင်း (Eucharist) သည် သင်းအုပ်ဆရာ၏ တာဝန် သာဖြစ်ကြောင်း (သို) သင်းအုပ်ဆရာသည် သူယုံကြည်ရသည့် ပုဂ္ဂိုလ်တစ်ဦး ကိုသာ လွှပေးနိုင်ကြောင်း” ဧဖက်မြိုရှိ အသင်းတော်ကို စာရေးအသိပေးသည်။ ဤနည်းဖြင့် သူသည် မှန်ကန်သော သမ္မာကျမ်းစာအပေါ်တွင် မျှော်လင့်ခြင်းရှိဖိုအတွက်သာမဟုတ်ဘဲ ဒေသန္တရအသင်းတော်ရှိ သင်းအုပ်ဆရာ၏ အရေးပါသော အခန်းကဏ္ဍကိုလည်း မြှင့်တင် ပေးခဲ့သည်။

                        သားရဲတိရစ္ဆာန်များထံ ပစ်လွတ်ခြင်းခံရသော ခရစ်ယာန်များ၏ နောက်ဆုံးဆုတောင်းခြင်း

သေခြင်းတရားသည် သူ့အတွက် ကြိုးစားအားထုတ်မှု၏ သရဖူနှင့် ခရစ်တော်ထံပါး သို အောင်မြင်စွာ ရောက်ရှိခြင်းဖြစ်ကာ မှန်ကန်သော နောက်လိုက်ငယ်သားကောင်းဖြစ် ခြင်းလည်း မည်၏။ “ငါသည် ဘုရားရှင်၏ အစေ့အဆန်ဖြစ်၍၊ သားရဲတိရစ္ဆာန်တို၏ ချွန်ထက်သော သွားများဖြင့် အမှုန့်ကြိတ်ခံရမည့် သန့်ရှင်းသောအစာ ဖြစ်သည်”ဟု ရေး သားခဲ့သည်။

အက်နေးဗီးယပ်စ်သည် သရောစ်မှ ဖိလိပိမြိုသို ထိုမှတစ်ဆင့် ရောမမြိုတိုင်အောင် ခေါ်ဆောင်ခြင်း ခံရသည်။ ရောမမြိုသိုရောက်လေသော် ယနေ့ ကိုလိုဆီယမ် (Colosseum) ဟု နာမည်ကြီးသော စက်ဝိုင်းပုံထိုင် ခုံတန်းသုံးထပ်ဖြင့် ဆောက်ထားသည့် ဖလေဗီယန် (Flavian) အမိုးပွင့် ပွဲကြည့်စင်သို ဆွဲခေါ်ခြင်းခံရသည်။ ထိုပွဲကြည့်စင်သည် အေဒီ ၈ဝ ဧကရာဇ်တိုင်းတပ်စ် (Titus) အုပ်ချုပ်သည့်ကာလ၌ ဖွင့်လှစ်ခြင်းဖြစ်၍ ရောမနိုင်ငံသူ နိုင်ငံသားအပေါင်းကို ဖျော်ဖြေရန် ဆောက်လုပ်ထားခြင်းဖြစ်ကာ ပရိသတ်ပေါင်း ၅ဝဝဝဝ ခန့်ဆုံသည်။ ရောမတစ်နိုင်ငံလုံးရှိ ရွှေပွဲလာဧည့်ပရိသတ်များသည် သားရဲတိရစ္ဆာန်များ အချင်းချင်း ကိုက်ဖြတ်စားသောက်ကြသည်ကိုလည်းကောင်း၊ လူလူချင်းသတ်ပုတ်၍ သူ နိုင်ကိုယ်နိုင် အပြိုင်ကြဲသော ပွဲများကိုလည်းကောင်း စက္ခုပသာဒအရသာခံကြည့်နိုင် ကြလေ၏။

အက်နေဆီးယပ်စ်၏ ဘဝဇာတ်သိမ်းကို အတိအကျမသိရပေ။ သိုသော် ဤသိုသော ပြောဆိုမှုများရှိသည်။ သူ့ကို ကြာပွတ်နှင့်ရိုက်၍ အကြင်နာကင်းမဲ့စွာ နှိပ်စက်ကလူပြုကာ အရေပြားကို ကြပ်ပူတိုက်ထားသော သံညှပ်ဖြင့် တစ်စစီဖြစ်အောင် ဆွဲဖြဲကြသည်။ နောက် ဆုံး ခြင်္သေ့များကို လွှတ်လိုက်သည့် တခဏချင်းတွင် သူ့အရိုးစုသာကျန်တော့၏။ ကောက် စု၍ ရသော အရိုးစုများကို ခရစ်ယာန်များက အန္တိအုတ်မြိုတွင် မြှုပ်နှံလိုက်ကြသည်။ သူကွယ်လွန်သော ရက်စွဲကို ဒီဇင်ဘာ ၁၉၊ ၁၁ဝ မှ ၁၁၇ ခုနှစ်အကြားဟု လက်ခံ ထားကြသည်။

ကိုလိုဆီယမ်တွင် မာတုရများ ရာပေါင်းများစွာ အသတ်ခံရသည်ဟု ယုံကြည်ကြ သော်လည်း ခိုင်လုံသည့်အထောက်အထား ပြစရာမရှိပေ။ အလယ်ခေတ် ရှုခင်းရှုကွက် ကြည့်ရှုသူများ ပြောလေ့ ပြောထရှိသော စကားမှာ “မာတုရများရဲ့ အမွေအနှစ်လိုချင် သလား၊ လိုချင်ရင် ကိုလိုဆီယမ်က မြေမှုန့်နဲ့ သဲမှုန့်ကို ယူလိုက်ပါ၊ အားလုံးဟာ မာတုရ တွေပါပဲ”ဟု ပြောစမှတ်ပြုကြသည်။

 

ပိုလီကပ် (၆၉ ခန့် -၁၅၆) စမားနားမြို့ သင်းအုပ်ကြီး

အေဒီဒုတိယရာစုတွင် ခရစ်ယာန်ဘာသာသည် ရောမအင်ပါယာ၏ ဟိုမှာဘက် အာရှ မိုင်းနား၊ မြောက်အာဖရိကနှင့် ပါလက်စတိုင်းကို ကျော်လွန်၍ မက်ဆိုပိုတေးမီးယားအထိ ပင် အတားအဆီးမဲ့ပျံ့နှံသည်။ ထိုအထဲမှ အာရှမိုင်းနားသည် ယုံကြည်ချက်ခံတပ် အခိုင်၊ မာဆုံးဖြစ်သော်လည်း တူရကီခေါ် ထိုနယ်မြေတွင် ယနေ့ ဝမ်းမြောက်ဖွယ်ရာ သတင်း စကားများ ဟောပြောခွင့်ကို ပိတ်ပင်ခံရနီးပါးဖြစ်သည်။

အာရှမိုင်းနားရှိ အသင်းတော်အကြောင်းနားလည်ရန် တမန်တော်ပေါလု၏ သုံးကြိမ် သုံးခါသော သာသနာခရီးစဉ်များကို ပြန်လည်ငဲ့စောင်းကြည့်ရပါမည်။ အန္တိအုတ်မြို (Pisidia) တွင် နှုတ်ကပတ်တော်ဝေ ငှခြင်းကို ဂျူးလူမျိုးများက ငြင်းပယ်သောကြောင့် ပေါလု၏ စိတ်ဝင်စားဖွယ်ကောင်းသော ဆုံးဖြတ်ချက်မှာ တစ်ပါးအမျိုးသားများထံတွင် နှုတ်ကပတ်တော်ဝေငှရန် တွန်းအားဖြစ်လာခြင်းဖြစ်သည်။ ပေါလုသည် မြိုတကာလှည့်၍ တရားဟောရာတွင် တောင်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များကို ဦးစားပေးသည်။ ထိုအချိန်မှစ၍ ခရစ်ယာန်ဘာသာသည် ထိုဒေသတစ်ဝိုက်တွင် လူသိများလာ၏။

အေဒီပထမရာစု ကုန်ခါနီးတွင် ဧဖက်အသင်းတော်၌ တမန်တော်ရှင်ယောဟန်သည် အသင်းသားများကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးလျက်ရှိသည်။ ညှင်းပန်းသတ် ဖြတ်မှုကာလတွင် သူသည် ပါတ်မိုစ် (Patmos) ကျွန်းသို ပြည်နှင်ဒဏ်ပေးခြင်း ခံရသည်။ သူသည် ထိုကျွန်းတွင် အာရှမိုင်းနားရှိ အသင်းတော်ခုနစ်ပါး သို့ပေးရန် ဗျာဒိတ်ကျမ်းကို ရေးသားခဲ့သည်။ သူသည် ပါတ်မိုစ်ကျွန်းမှပြန်လာကာ ဧဖက်မြိုတွင် နေထိုင်၍ ခရစ်တော် ၏ သာဝကကြီးဆယ့်နှစ်ပါးထဲတွင် သက်ဆိုးအရှည်ဆုံးဖြစ်သည်။

အေဒီဒုတိယရာစုတွင် ရောမများက လျင်မြန်စွာ ပျံ့နှံလာသော ခရစ်ယာန်ဘာသာ ကို နှိမ်နှင်းရန် စဉ်းစားကြတော့သည်။ အာရှမိုင်းနားရှိ ဘီသီးနီးယားဘုရင်ခံပလီးနီးက တရာဂျန်ထံ၌ “ဒီကပ်ဆိုးကြီးက မြိုပေါ်မှာတင် မဟုတ်တော့ဘဲ တောရွာနဲ့ ကျေးလက် ဒေသတွေကိုပါ ကူးစက်လာတယ်။ အခုဆိုရင် ကျွန်တော်တိုရဲ့ နတ်စင်၊ နတ်ကွန်းတွေကို တောင် ပစ်ထားခဲ့ရတော့မယ်”ဟု ညည်းတွားလေသည်။ အကြောင်းမှာ နတ်စင်၊ နတ် ကွန်းတွင် ပူဇော်သော ယဇ်ကောင်များအတွက် အစာဖြစ်သည့် မြက်ခြောက်များ ရောင်း အားကျသွား၍ စီးပွားရေးကပ်ဆိုက်လာသောကြောင့် ဖြစ်၏။

ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခြင်းပေါ်လစီသည် အာရှမိုင်းနားရှိ အသင်းတော် အတွက် အနည်းငယ်ပြေလျော့လာသည်။ ဧကရာဇ်မင်းများဖြစ်ကြသော ဟာဒရင် (Hadrian l17-138)၊ အင်တိုးနီးနပ်စ်ပိုင်း ယပ်စ် (Antoninus Pius-138-161) တိုသည် တရာဂျန်ထက် သက်ညှာမှုရှိကြသောကြောင့် အသတ်ခံရသူ မာတုရများလည်း ပိုနည်း လာသည်။

 

နတ်ကိုးကွယ်သူပင် ကြည်ညိုရသူ

အန်တိုးနီးနပ်စ်အုပ်ချုပ်သည့်ကာလတွင် မာတုရများနှင့်ပတ်သက်၍ အထင်ရှားဆုံးအဖြစ် အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ၄င်းမှာ စမာနာ (Smyma) မြိုရှိ သင်းအုပ်ဆရာဘာသက် ရှည်ပိုလီကပ် (Polycap- 69-156) အကြောင်းဖြစ်သည်။ သူသည် အနေရိုးသလောက် ယုံကြည်ချက်ပြင်းထန်သူဖြစ်၏။ ချစ်တပည့်များ၏ ချစ်ကြောက်ရိုသေခြင်းခံရသူဖြစ်ကာ သူ့ဖိနပ်သည်းကြိုးစွပ်ပေးရသူသည် အခွင့်ထူးရသူအဖြစ် ပီတိဖြစ်ကြ ရသည်အထိဖြစ်၏။ နတ်ကိုးကွယ်သူများပင် သူ့ကို ကြည်ညိုလေးစားကြကာ ဤသို ချီးကျူးစကားဆိုကြ သည်။ “သူဟာ ခရစ်ယာန်တွေရဲ့ဖခင်၊ ကျွန်တော်တိုရဲ့ နတ်ဘုရားတွေကို ဖျက်ဆီးသူ၊ ကျွန်တော်တိုကို ယဇ်ပူဇော်ခြင်း မပြုဖိုနဲ့ မကိုးကွယ်ဖို သွန်သင်ပေးသူဖြစ်တယ်”

ပေါလိကပ်သည် တမန်တော်ခေတ်ကို နောက်ဆုံးသိမီလိုက်သော အသင်းတော်ဖခင် တစ်ဦးဖြစ်သည်။ သူ၏ လူငယ်ဘဝတွင် တမန်တော်ရှင်ယောဟန်၏ သားတပည့်ဖြစ်ကာ ခရစ်တော်ကို ဖူးတွေ့ရသူများနှင့် ပေါင်းသင်းရခြင်းကို နှစ်သက်သူဖြစ်သည်။ သူ့တပည့် တပန်းများထံ၌ ခရစ်တော်၏ နိမိတ်လက္ခဏာများနှင့် သွန်သင်ချက်များကို မျက်မြင်ပုဂ္ဂိုလ် များမှတစ်ဆင့် သူကြားသိရသမျှကို မြိန်ရေရှက်ရေ ပြန်လည်ပြောပြတတ်သည်။ ပေါလိ ကပ်ကို သမ္မာကျမ်းစာအား တစ်သဝေမတိမ်းလိုက်နာသူနှင့် ရှင်ယောဟန်ထံမှ ခရစ်တော် နှင့် တမန်တော်များအကြောင်းကို လက်ဆင့်ကမ်းခြင်းခံရသူဖြစ်သည်ဟု အသိအမှတ် ပြုကြသည်။

အေဒီဒုတိယရာစုတွင် ခရစ်ယာန်များတွေ့ဆုံခြင်း

“သူတိုသည် တစ်ပတ်တွင်တစ်ခါ နေမထွက်မီ သံပြိုင်ဓမ္မတေးများဖြင့် ခရစ်တော်သည် ဘုရားဖြစ်သည်ဟု သီဆိုကြကာ ရာဇဝတ်မှုများဖြစ်သော ခိုးမှု၊ လုယက်မှုနှင့် မုဒိမ်းမှုများမှ ရှောင်ကြဉ်ရန်လည်း ကျမ်းသစ္စာဆိုကြသည်။ ထိုအပြင် နတ်ဘုရားများကို ကိုးကွယ်ရန် လည်း ငြင်းဆန်ကြ၏။ သူတိုသည် သီးခြားနေသူများဖြစ်၍ တစ်ပတ်တစ်ခါ တိုကနန်း ဆိတ်ကနန်း စားသောက်ခြင်းများပြုလုပ်ကြကာ ထိုအစာသည် သာမညဖြစ်သော်လည်း ဖြူစင် သောသဘောရှိသည်။”

ဘီသီးနီးယားဘုရင်ခံ ပလီးနီး၊ အေဒီ ၁၁၂

ပေါလိကပ်သည် အေဒီ ၁၅၅ တွင် ရောမမြိုရှိ သင်းအုပ်ဆရာအနီးဆီးတပ်စ် (Anecitus) ထံ အလည်အပတ်ရောက်ရှိစဉ် ဟိုးလေးတကျော် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။ ထိုအဖြစ်အပျက်မှာ တစ်ချိန်က ရောမအသင်းတော်တွင် အသင်းသားဖြစ်ဖူးသူသည် သူ၏ ခံယူချက်အမှားများ သွန်သင်ပေးမှုကြောင့် အေဒီ ၁၄၄ တွင် အသင်းတော်၏ ပယ်ကြဉ် ခြင်းခံရသူ မာဆီယွန် (Marcion) နှင့် မျက်နှာခြင်းဆိုင်ကာ ငြင်းခုံမှုတ စ်ခုဖြစ်ပွားခြင်း ဖြစ်သည်။ (မာဆီယွန်သည် ဓမ္မဟောင်းကျမ်းထဲက ဖန်ဆင်းရှင်ဘုရားနှင့် ချစ်ခြင်းမေတ္တာ ကိုသာ အလေးပေးဖော်ပြသူ ယေရှုခရစ်သည် မအပ်စပ်ဟုဆိုကာ ပေါလု၏ သြဝါဒစာများ ၊ ထဲမှ ဩဝါဒဆယ်စောင်နှင့် လုကာ၏ ခရစ်ဝင်ကျမ်းကိုသာ လက်ခံသူဖြစ်သည်။ ဒိုဆေး တစ်များကဲ့သို ခရစ်တော်ဆိုသူသည်

အသင်းတော်သမိုင်းတွင် တမန်တော်ခေတ်ကို သိမီသော အသင်းတော်ဖခင်ကြီး (Apostolic Fathers) သုံးဦးသာရှိသည်။ ရောမမြိုသင်းအုပ်ကြီး ကလီမင့်၊ အန္ဒာအုတ်မြိုသင်းအုပ်ကြီး အက်နေဆီးယပ်စ်နှင့် စမားနားမြို သင်းအုပ်ကြီး ပိုလီကပ် တို့ဖြစ်သည်။

ကမ္ဘာမြေကြီးပေါ်တွင် လုံးဝ ဥဿုံ မရှိဖူးကြောင်း၊ သေလည်း မသေးဖူးကြောင်းများကို သွန်သင်ပေးသူ ဖြစ်သည်) မာဆီယွန်က ပေါလိကပ်ထံတွင် “မိတ်ဆွေကြီး ကျွန်ုပ်ကိုမှတ်မိပါရဲ့လား”ဟုမေးရာ ပေါလိကပ်က “သိပ်မှတ်မိတာပေါ့ ၊ မင်းက စာတန်မာန်နတ်ရဲ့ သားကြီးသြရသပဲကို”ဟု ပြန်ပက် လိုက်သည်။

ဧကရာဇ်အန်တိုးနီးနပ်စ်ပိုင်းယပ်စ်ခေတ်တွင် ခရစ်ယာန်များ အနည်းငယ်သက်သာ ခွင့်ရသည့်အတွက် အသင်းတော်သည် ဝမ်းမြောက်ရွှင်လန်းခဲ့ရသည်။ သိုသော် စမာနာ တွင် ညှင်းပန်းသတ်ဖြတ်မှုဖြစ်ပွားကာ ခရစ်ယာန် ၁၂ နှစ်ဦး လူသတ်ကွင်း၌ အသတ် ခံကြရ၏။

ကွင်းတီးယပ်စ် (Quintius) သည် အစပိုင်းတွင် ခရစ်တော်အတွက် အသေခံကြ မည်ဟု အာပေါင်အာရင်းသန်သန်ဖြင့် ပြောနေသော်လည်း သားရဲတိရစ္ဆာန်များကို တွေ့ရ သည့်အခါတွင် သူ့သတ္တိများ သည် ကြက်ပျောက်ငှက်ပျောက် ပျောက်ကာ ဧကရာဇ်မင်းကို အရိုအသေပြုဖိုရန် ရောမများ၏ သွေးဆောင်ခြင်း၌ သက်ဆင်းရှာသည်။ ကျန်ဆယ့် တစ်ယောက်သည် သားရဲတွင်း၌ ပစ်ချခြင်း ခံရ၍ သူတိုအထဲမှ တစ်ယောက်သည် သားရဲ တိရစ္ဆာန်များကို နှင်တံကလေးဖြင့် ပြန်လည်တိုက်ခိုက်သည်။ သူ့သတ္တိကို မြင်ရသည်တွင် လူထုပရိသတ်သည် အလွန်ဒေါသထွက်ကြ၏။ သူတိုသည် ပေါလိကပ်ကို တွေ့အောင် ရှာ၍ ခြင်္သေ့တွင်းသို ပစ်ချရန် ပွတ်လောညံအောင် အော်ဟစ်တောင်းဆိုကြတော့သည်။

ယုံကြည်သူများသည် သင်းအုပ်ဆရာ၏ လုံခြုံမှုအတွက် ရတက်မအေးဖြစ်ကြရ သည်။ ထိုကြောင့် ကျေးလက်ဒေသရှိ လယ်ကွင်းများတွင် ရှောင်ပုန်းရန် တိုက်တွန်းကြ၏။ ပေါလိကပ်သည် သေခြင်းကို မကြောက်သော်လည်း ငယ်သားများကို တရားရေအေး တိုက်ကျွေးရမည်ဖြစ်သဖြင့် ပုန်းရှောင်ရန် သဘောတူလိုက်သည်။ သိုသော် ခရစ်တော်သည် ပေါလိကပ်ထံ၌ သေရဖို အချိန်နီးကပ်ကြောင်း အသိပေး၏။ သူမသေမီ သုံးရက်အလိုတွင် ပေါလိကပ်သည် အိပ်မက်ထဲ၌ သူ့ခေါင်းအုံး မီးစွဲလောင်သည်ကို တွေ့ရ၏။ သူသည် ထိုနိမိတ်လက္ခဏာကို ယုံကြည်၍ ခရစ်ယာန်များကို ဤသို အသိပေးသည်။ “ငါဟာ အရှင်လတ်လတ် မီးရှိခံရလိမ့်မယ်။” ထိုစကားကြားရသော ခရစ်ယာန်များအားလုံးသည် မှင်တက်မိကြကုန်၏။ လွတ်မြောက်ရန် အခွင့်အလမ်းရှိနေလျက်နှင့် သူသည် ငြင်းပယ် ၍ “ဘုရားအလိုတော်အတိုင်း ဖြစ်ပါစေ”ဟုသာပြောလေသည်။

ပေါလိကပ်၏ တပည့်တစ်ယောက်သည် ညှင်းပန်းနှိပ်စက်မှုဒဏ်ကို မခံနိုင်တော့၍ သူ့သခင် မည်သည့်အရပ်တွင်ရှိကြောင်း ဖော်ကောင်လုပ်လိုက်တော့သည်။ သူ့ကို ဖမ်းဆီး ရန် ရောမအရာရှိများ ရောက်လာချိန်တွင် ပိုလီကပ်က ခရီးဦးကြိုပြုကာ လောကဝတ်ကိုပြု၏။ ပေါလိကပ်၏ အသက်နှင့် တည်ငြိမ်ခြင်းကို တွေ့ကြရသော ထိုအရာရှိများသည် သူ့ကို ကြောက်ရွံရိုသေကြကာ အံ့အားသင့်ကြသည်။

သူသည် ရင်ဆိုင်ရမည့် ခံနိုင်ရည်စမ်းသပ်ပွဲကို အောင်မြင်နိုင်ရန် သူ့မိတ်ဆွေများနှင့် အချိန်တစ်နာရီယူ၍ ဆုတောင်းခြင်းအမှုကို ပြုလိုကြောင်း၊ ရောမအရာရှိမင်းများထံ၌ တောင်းလျှောက်သည်။ အသင့်ဖြစ်ပြီးချိန်တွင် အရာရှိမင်းများသည် သူ့ကို မြည်းပေါ်တင်၍ မြို အတွင်းသို ခေါ်ဆောင်လာကြ၏။ ခရီးစဉ်တစ်လျှောက်တွင် သူ့အား ခရစ်တော်ကို ငြင်းဆန်ရန် ဖျောင်းဖျနားချကြ၏။ အရာရှိမင်းများက “ဆီဇာသည် သခင်ဖြစ်၏””ဟု ပြောထွက်ရုံဖြင့် ကိုယ့်အသက်ကို ကယ်တင်ဖိုရန် မည်သည့်အတွက်ကြောင့် ဤမျှလောက် ခက်ခဲရသနည်းဟု ဒေါမနဿ ဖြစ်ကြသည်။

သို့သော် သူတို၏ အနူးအညွတ် တောင်းပန်ချက်များသည် ပေါလိကပ်ကို သေခြင်းမှ ဆယ်တင်လိုသော ဆန္ဒအမှန်များမဟုတ်ဘဲ အသင်းတော်၏ အမာခံပုဂ္ဂိုလ်ကြီးကို ယိုင်လဲ ၊ စေရန်သာဖြစ်၏။

 

လူသတ်ကွင်းအတွင်းဝယ်

အသက်လုပွဲများ ကျင်းပနေခိုက်တွင် လူသတ်ကွင်းထဲသို ဝင်လာသော ပေါလိကပ်၏ ကောင်းကင်မှ ကြားရသောအသံတော်မှာ “ပေါလိကပ် အားတင်းထားပါ၊ ယောက်ျားပီသ စမ်းပါ”ဟူ၍ဖြစ်သည်။ ထိုအသံတော် ကို အနီးအနားက ယုံကြည်သူတချိုလည်း ကြားကြ ရသည်။ သိုသော် အနီးအနားတွင် တစ်ဦးတစ်လေပင် မတွေ့ရသောကြောင့် ဘုရား၏ အသံတော်ဖြစ်ကောင်းဖြစ်နိုင်မည်ဟု တီးတိုးပြောကြသည်။

လူသတ်ကွင်းအတွင်းဝယ် သားရဲတိရစ္ဆာန်များအချင်းချင်းတိုက်ကြသော ပထမပွဲစဉ် သည် စောစောစီးစီး ပြီးသွားသောကြောင့် အာသာမပြေနိုင်သူ လူထုပရိသတ်မှာ အော်ဟစ် ဆူပူကြတော့သည်။ နယ်စားကြီးက ရှေ့တော်မှောက်သို ရောက်လာသော ပေါလိကပ် ကို ယုံကြည်ချက်စွန့်လွှတ်ရန် နားချ၏။ နယ်စားကြီးက ကြီးသူကို လေးစားဆိုသကဲ့သို သင်းအုပ်ဆရာကြီးကို ““ဒီအသက်အရွယ်အထိ နေလာနိုင်တဲ့ အတွက် ကျွန်တော်လေးစား ပါတယ်”ဟု နိဒါန်းပျိုးလိုက်၏။ ထိုနောက် “ငါနယ်စားကြီးသည် ဆီဇာ၏ နာမတော် မြတ်၌ ကျမ်းကျိန်သည်မှာ သင်းအုပ်ဆရာသည် နောင်တရ၍ “ငါသည် ဘုရားမဲ့ဝါဒီများ နှင့် ဝေးဝေးနေပါ မည်”ဟုဆိုလျှင် လွတ်ငြိမ်းချမ်းသာပေးမည်ဟုဆိုသည်။ ပေါလိကပ် သည် တုန်လှုပ်ခြင်းအလျင်းမရှိဘဲ ပွဲကြည့်ပရိသတ်ကို လက်ယမ်းပြကာ “ဘုရားမဲ့ဝါဒီ တွေနဲ့ ဝေးဝေးနေရမယ်”ဟု သံယောင်လိုက်၏။ နယ်စားကြီးက ပေါလိကပ်ကို “ခရစ် တော်ကိုသာ ဆဲရေးတိုင်းထွာလိုက်ပါ”လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဟု ထပ်ကာ ထပ်ကာအသနားခံနေတော့သည်။ ပေါလိကပ်က တည်ငြိမ်စွာ ဤသို ခွန်းတုံပြန်၏။ “၈၆ နှစ် တိုင်တိုင် အမှုတော်မြတ်ထမ်းရွက်ရာမှာ သစ္စာမပျက်ခဲ့တဲ့ ကျွန်တော့်ကို ကယ်တင်သူ အရှင်သခင်ကို ကျွန်တော် ဘယ်လိုအပြစ်တင် ကျိန်ဆဲနိုင်မှာလဲ”

အနူးအညွတ်တောင်းပန်မှုများနှင့် သားရဲတိရစ္ဆာန်များဖြင့် ခြိမ်းခြောက်မှုများရှိနေ သော်လည်း ပေါလိကပ်သည် မတုန်လှုပ်ပေ။ နောက်ဆုံးတွင် နယ်စားကြီးက မင်းမှုထမ်း တစ်ယောက်ကိုခေါ်၍ သုံးကြိမ်သုံးခါ မေးစေသော်လည်း ပေါလိကပ်က ခရစ်ယာန် တစ်ယောက်ဖြစ်ကြောင်းကိုသာ တွင်တွင်ပြောနေ၏။

ဤတွင် သားရဲတိရစ္ဆာန်များကိုပင် မစောင့်နိုင်ကြတော့ဘဲ သူမက်ခဲ့သည့်အိပ်မက် အတိုင်း သေဖိုရန် အကြောင်းဖန်လာကာ လူထုပရိသတ်က အရှင်လတ်လတ် မီးတင်ရှို့ရန် တောင်းဆိုကြလေသည်။ သစ်လုံးများကို ကမန်းကတန်းစုံပုံ၍ မီးတင်ရှိရန် စင်တစ်ခုကို အလျင်အမြန် ဆောက်ကြသည်။ ပေါလိကပ်က တည်တည်ငြိမ် ငြိမ်ပင် သူ၏ ဝတ်ရုံ တော်၊ ခါးစည်းကြိုးနှင့် အပေါ်အင်္ကျီများကို ချွတ်ချကာ ဖိနပ်သည်းကြိုးကိုလည်း ဖြေ လျော့လိုက်သည်။ သူ့တောင်းဆိုချက်အရ ချည်တိုင်တွင် သံမှိရိုက်ခြင်းမှ သက်ညှာခွင့် ရသည်။ သူက ဤသိုဆို၏။ “

မီးတောက်ကို ခံနိုင်အောင် ခံနိုင်ရည်ပေးတဲ့သူက မီးလျှံကိုလည်း ကြံ့ကြံ့ခံနိုင်အောင် အစွမ်းပေး ပါလိမ့်မယ်” မီးတောက်မီးလျှံများက သူ့ကို ရစ်ပတ်နွယ်တက်နေစဉ်တွင် ပေါလိကပ်က ကောင်းကင်ကို မော့ကြည့်၍ ဘုရားရှင်ကို ချီးမွမ်းထောမနာပြု၏။ ဘေးမှ ဝိုင်းကြည့်သူ များက ခန္ဓာကိုယ်မီးမကျွမ်းသည်ကို မြင်ကြသောအခါ လက်မရွံ ပါးကွက်သားတစ် ယောက်ကို စေခိုင်း၍ သူ့နှလုံးကို ဓားမြှောင်ဖြင့် ထိုးသွင်းကာ အဆုံးစီရင်ခိုင်းလိုက် သည်။

ခရစ်ယာန်များက အရိုးကို မြှုပ်နှံနိုင်ရန် သွားရောက်တောင်းဆိုသောအခါ ငြင်းလွတ် ခြင်းခံရ၏။ အကြောင်းမှာ “ကားတိုင်ပေါ်တွင် တင်သတ်ခြင်းခံရသူပမာ ထိုမာတုရကို ကိုးကွယ်မည်စိုးသောကြောင့် ဖြစ်သည်။ ထိုအခါ ခရစ်ယာန်များက “ကျွန်တော် တိုက ဘုရားသားတော် ယေရှုခရစ်ကိုသာ ကိုးကွယ်တာ ပါ”ဟုဆို၍ “မာတုရများ ကိုလည်း ခရစ်တော်ရဲ့ တပည့်သာဝကကြီးများလို လေးစားကြည်ညိုတယ်”ဟုဆို ကြ၏။ ပေါလိကပ်၏ အရိုးစုများကို ဂူသွင်းသဂြိုဟ်ခွင့်နှင့် နှစ်စဉ် သူ့မွေးနေ့ကျင်းပ နိုင်ရန် ရောမအစိုးရက ယုံကြည်သူများကို အခွင့် အရေးပေးခဲ့သည်။

ပေါလိကပ်၏ အသက်စတေးမှုကြောင့် ထို အရပ်တွင် ညှင်းပန်းသတ်ဖြတ်မှုများ လတ်တလော ငြိမ်သက်သွားသည်။ ရောမများ၏ တောင်းဆိုချက်များကို အပြင်ပန်းအား ဖြင့် လိုက်လျောညီထွေစွာနေ ကြသဖြင့် တစ်စုံတစ်ယောက်၏ အပြစ်တင်ခြင်းမှလည်းကောင်း၊ သေခြင်းမှလည်းကောင်း လွတ်မြောက်ကြသည်။

ယုံကြည်သူများ၏ ဘဝတွင် ရွေးချယ်စရာနှစ်မျိုးနှင့် ကြုံနေရ၏။ တစ်မျိုးမှာ ခရစ်တော်ဖြစ်၍ နောက်တစ်မျိုးမှာ ဆီဇာဖြစ်သည်။ ခရစ်တော်ကို သခင်အဖြစ် အသိ အမှတ်ပြုသူမှာ အများစုဖြစ်သော်လည်း အဖိုးအခကား သေခြင်းနှင့် သေခြင်း၏ အခြား မဲ့၌ ဂုဏ်ကျက်သရေအပေါင်းဖြင့် ခညောင်းသော သရဖူရရှိရေးဖြစ်သည်။

 

အိုင်ရေးနီးယပ်စ် (၁၃ဝ-၂ဝဝ) လီးယွန်းမြို့ သင်းအုပ်ကြီး

ခရစ်ယာန်အသင်းတော် စတင်ပေါ်ပေါက်ချိန်မှစ၍ မိစ္ဆာအယူရှိသူများနှင့် မကြာခဏ ပြဿနာတက်ခဲ့ရသောကြောင့် အချိုသော ဓမ္မသစ်ကျမ်းသြဝါဒများသည် ထိုယုံကြည် ခံယူချက်အမှားများကို တိုက်ဖျက်ရန် ရေးသားထားခြင်းဖြစ်သည်။ ဒုတိယရာစုတွင် ဒိဋ္ဌိများဖြစ်သော နောစ်တစ် (Gnostics) နှင့် ဒိုဆေးတစ် (Docetists) တိုသည် အသင်းတော်ကို စိုးရိမ်ဖွယ်ကောင်းလောက်အောင် ခြိမ်းခြောက်လာ သောကြောင့် အသင်းတော် သည် ယိမ်းယိုင်ချည့်နဲ့လာ၏။ သိုသော် ဘုရားရှင်၏ ကောင်းမြတ်ခြင်းကြောင့် ဒိဋ္ဌိဝါဒီများ သည် ဒိဋ္ဌိဝါဒအစား အသင်းတော်အတွက် ပို၍ ကောင်းကျိုးပြုကြသည်။ ဤဒုတိယ ရာစုတွင် ပညာတတ်အချို ခရစ်ယာန်ဘာသာသို ပြောင်းလဲလာကြ၍ လွဲမှားသော ခံယူချက်များကို တွန်းလှန်နိုင်သော ပါရမီရှင်များဖြစ်ကြသည်။

ဂျပ်စတင်မားတား၊ အိုင်ရေးနီးယပ်စ်၊တာတူးလျံနှင့် ဆီးပရီယန်တိုသည် တိုက်ပွဲ ခေါင်းဆောင်များဖြစ်ကြသည်။ သူတိုသည် ယုံကြည်ချက်ကို ခုခံရုံတင်မဟုတ်ဘဲ မည် သည့်ခံယူချက်သည် သိသင့်သည်ဟု ထုတ်ပြန်ပေးသူများနှင့် ခရစ်ယာန်ယုံကြည်ချက်ကို အနက်ပြန်ပေးသော အသင်းတော်ကို ခွန်အားပေးသူများဖြစ်ကြသည်။

ယုံကြည်မှုကို ခုခံကာကွယ်သူ

လီယွန်း (Lyons) မြိုက သင်းအုပ်ဆရာကြီး အိုင်ရေးနီးယပ်စ် (Irenaeus) သည် ဒုတိယရာစုတွင် ခရစ်ယာန်ယုံကြည်ချက်ကို ခုခံကာကွယ်သူများထဲ၌ ထူးချွန်ပြောင် မြောက်သူ ဖြစ်သည်။ သူသည် ခရစ်ယာန်အယူဝါဒပြန့်ပွားရန် ဦးလည်မသုန် ကြိုးစား သူဖြစ်၏။ အာရှမိုင်းနား၏ အနောက်ဘက် သင်္ဘောဆိပ်ရှိရာ စမားနား (Smyrna) ဇာတိဖြစ်၍ ဗျာဒိတ်ကျမ်း ၂၈-၁၁ တွင် တွေ့ရသော စမားနားမြို့ အသင်းတော်၏ အသင်းသားတစ်ဦးဖြစ်ကြောင်း တမန်တော်ရှင်ယောဟန်၏ ပေးစာထဲတွင် တွေ့ရသည်။

စမားနားသည် ဖွံဖြိုးတိုးတက်သော မြိုဖြစ်၍ ခရစ်ယာန်များကို ရန်လိုသော ဂျူး လူမျိုးများစွာ နေထိုင်ရာနှင့် တရားဇရပ်ရှိသည့်မြို ဖြစ်သည်။ ဤမြိုသည် အသက်ရှည်ပိုလီကပ် အသက်စတေးခံရသော မြိုဖြစ်၍ ထိုအချိန်၌ အိုင်ရေးနီးယပ်စ်သည် ထိုမြိုတွင် ရှိခဲ့ဟန်တူသည်။ အိုင်ရေးနီးယပ်စ်သည် ဆယ်ကျော်သက်အရွယ်တွင် ပိုလီကပ်ထံမှ နည်း နာသင်ယူသူ လူငယ်တစ်ဦးဖြစ်ကာ ဧဖက်မြိုရှိ ရှင်ယောဟန်၏ တရားဟောချက်များကို သင်းအုပ်ကြီး ပြန်ပြောင်းပြောပြစဉ်ကာလကို ကြားယောင်နေတတ်သူဖြစ်သည်။ အေဒီ ၁၉ဝ ဝန်းကျင်တွင် ဘာသာမဲ့ဖြစ်သွားသော ရောမမြိုနေ သူ့မိတ်ဆွေဖလော်ရီးနပ်စ် (Florinus) ထံ၌ ဤမည်သော စာတစ်စောင်ကို ရေးသားပေးပိုသည်။ “မြင့်မြတ်သော ပေါလိကပ်၏ တရားရေအေး တိုက်ကျွေးရာနေရာ၊ ဝင်ထွက်သွားလာသည့်နေရာနှင့် ကိုယ်တော်ကို ဖူးတွေ့ရသူတို ပြောဆိုခဲ့သည့်စကားများကို သူ ယခုထက်တိုင် ကြားယောင် နေသေးကြောင်းနှင့် သူကြားသိခဲ့ရသမျှမှာ ကိုယ်တော့်အကြောင်းချည်းသာလျှင်ဖြစ် ကြောင်း …”

တမန်တော်များနှင့်ပတ်သက်၍ အရေးကြီးသော အထောက်အထားပြနိုင်သူမှာ ဒုတိယရာ စုအကုန်ပိုင်းတွင် ခရစ်တော်ကို သိမီသော ရှင်ယောဟန်ထံမှတစ်ဆင့် ပေါလိ ကပ်၏ သားတပည့်ဖြစ်သူ အိုင်ရေးနီးယပ်စ်တစ်ဦးသာ ကျန်တော့သည်။

အိုင်ရေးနီးယပ်စ်သည် ဒုတိယရာစုတွင် ရောမမြိုသို ပြောင်းရွှေ့ကာ ခရစ်ယာန်ယုံ ကြည်မှုကို ခုခံကာကွယ်ရာ၌ ထင်ရှားသော ဂျပ်စတင်မားတား (Justin Martyr) ထံ၌ ပညာဆည်းပူးခဲ့ဟန်ရှိသည်။ ဂျပ်စတင်မားတားသည် ပါလက်စတိုင်းရှိ နတ်ကိုးကွယ်သူ မိဘများမှ မွေးဖွား၍ ခရစ်ယာန်ဘာသာ၏ ယုံကြည်ချက်ကို အကျိုးသင့်၊ အကြောင်း ၊ သင့်စဉ်းစားကာ ရောမအစိုးရနှင့် ပြည်လည်သင့်မြတ်ရန် တောင်းဆိုသော ပထမဆုံး ခရစ်ယာန်စာရေးဆရာဖြစ်သည်။ အေဒီ ၁၅၅ တွင် ဧကရာဇ်အန်တိုးနီးနပ်စ်ပိုင်းယပ်စ် ထံ၌ First Apology ပေးစာထဲတွင် ခရစ်ယာန်ဘာသာသည် တစ်ခုတည်းသော ယုတ္တိတန်သည့် အခြေခံယုံ ကြည်ချက်အမှန်ဖြစ်ကြောင်းနှင့် Second Apology ပေးစာ ထဲ၌ ခရစ်ယာန်များအပေါ်တွင် ဆန့်ကျင်စွပ်စွဲ ခြင်းများအားလုံးကို အသေးစိတ် အချက် အလက်များ ပြုစု၍ ရေးသားချေပထားသည်။ ခရစ်ယာန်ဖြစ် ခြင်းကြောင့် နှိပ်စက် ခံရမူအတွက် ဧကရာဇ် မားကပ်စ်သြရီးလီးယပ်စ် (Marcus Aurelius -AD 161180) ထံတွင် စောဒကတက်သဖြင့် အေဒီ ၁၆၅ ခန့်တွင် ကျာပွတ်နှင့်ရိုက်၍ ခေါင်း ဖြတ်သတ်ခြင်း ခံရသည်။

အိုင်ရေးနီးယပ်စ်၏ ရောမကို စွန့်ခွာရခြင်းမှာ ဤအဖြစ်ဆိုးများ ရှောင်ကွင်းလို၍ ဖြစ်ဟန်တူသည်။ သူသည် ဂေါလ် (Gaul) ၏ အနောက်ဘက် (အာရှမိုင်းနားမှ ဂရိတို၏ လက်တံရှည်အုပ်ချုပ်ခံဒေသ) ရုန်း (Rhone) မြစ်ဝှမ်းတွင် အခြေချနေထိုင်သည်။ သူ တိုသည် ကြံ့ခိုင်သော အသင်းတော်တစ်ခုကို တည်ထောင်၍ သူတိုအထဲမှပင် ခေါင်းဆောင်များ ရွေးခဲ့ကြသည်။ သူသည် ဂေါလ်မှ လီယွန်းသို ရွှေ့ပြောင်းလာကာ အသက်ကြီးပြီ ဖြစ်သော သင်းအုပ်ပွန်းတီးနပ်စ် (Pothinus) လက်အောက်၌ ကြီးကြပ်အုပ်ချုပ်သူဖြစ် လာသည်။

 

လီယွန်းမြို့ ဇာတ်စင်အကြွင်းအကျန်များ

 မားကပ်စ်ဩရီးလီးယပ်စ်၏ ခေါင်းဆောင်မှုဖြင့် ညှင်းပန်းနှိပ်စက်မှုသည် ၁၇၇ ခုနှစ်တွင် ဂေါလ်တောင်ပိုင်းသို ရောက်ရှိလာသည်။ အိုင်ရေးနီးယပ်စ်သည် ထိုအချိန်က အသင်းတော်ခံစားရသကဲ့သို အဆုံးစွန်သော ညှင်းပန်းသတ်ဖြတ်မှုများ ခံရနိုင် ကြောင်းနှင့် သူကိုယ်တိုင် ဘေးအန္တရာယ်နှင့် နီးကပ်နေ ကြောင်းကို သိသည်။ အ ကြောင်းပြစရာ မည်မည်ရရ မရှိသော်လည်း လူစုလူဝေးနှင့် ပရမ်းပတာ ရမ်းကား တတ်သူတချိုက ခရစ်ယာန်များကို ရန်လိုတိုက်ခိုက်ခြင်းများနှင့် ရာဇဝတ်တရားသူ ကြီးများထံသို ဆွဲခေါ်ခြင်းများ ပြုလုပ်လာသည်။ ရိုက်နှက်ဆုံးမကြသော်လည်း ယုံ ကြည်သူများသည် ခရစ်တော်အပေါ်တွင် သစ္စာရှိမြဲရှိကြသည်။ လီယွန်းမြိုက အသက် ၉ဝ ကျော် သင်းအုပ်ပွန်းတီးနပ်စ် အပါအဝင် ထောင်သွင်းအကျဉ်း ချခံရသော ယုံကြည် သူများသည် အသက်ရှူကျပ်ကာ မွန်း၍ သေကြ၏။ မွန်း၍ သေသော ယုံကြည် သူအယောက် ၄၅ ဦးထဲတွင် ပွန်းတီးကပ်စ် (Ponticus) ခေါ် အသက် ၁၅ နှစ် အရွယ် ကောင်လေးတစ်ယောက် ပါသည်။ သူတိုသည် အလောင်းကောင်များကို မီးရှိ၍ ပြာများကို ရုန်းမြစ်အတွင်းသို ပစ်ချကာ “ရှင်ပြန်ထ မြောက်ခြင်း”တည်းဟူသော ပြောဆိုချက်ကို ငြင်းပယ်ရန် ကြိုးစားကြ၏။

မာတုရများထဲတွင် သတ္တိအပြောင်မြောက်ဆုံးသူမှာ ဘလင်ဒီနာ (Blandina) ခေါ် ငွေဝယ်ကျွန်ကလေး မလေးတစ်ယောက်ဖြစ်သည်။ သူ့ကို နှိပ်စက်နေစဉ်တွင် “ကျွန်မဟာ ခရစ်ယာန်တစ်ယောက်ဖြစ်တယ်၊ ကျွန်မတို့ ယုတ်ညံ့တာဆိုလို ဘာမှမလုပ်ခဲ့ဘူး”ဟုပြော ၏။ သူ့ကို ကျာပွတ်နှင့်ရိုက်၍ ခရစ်တော်ကို အတင်းအဓမ္မ စွန့်လွှတ်ခိုင်းကာ နောက်ဆုံးတွင် ပွဲကြည့်စင်ဝိုင်းရှိ ချည်တိုင်တွင် ချည်၍ နွားသိုးရိုင်းတစ်ကောင်ကို ဝှေ့သတ်စေသည်။ ကလေးမလေး၏ ရဲစွမ်းသတ္တိက ခရစ်ယာန်များကို အားတက်စေသည်သာမက ရက်စက် ကြမ်းကြုတ်သော မိစ္ဆာဒိဋ္ဌိများကိုပင် နားမလည်နိုင်အောင် အံ့အားသင့်စေသည်။ ဖြစ်ပျက်၊ ပုံအဖုံဖုံကို အိုင်ရေးနီးယပ်စ်က အာရှနှင့်ဖရီဂျီယာ (Phrygia) ကျေးလက်တောရွာနေ သူ၏ ရဲဘော်ရဲဘက်များထံမှ ကြားရသမျှ ရေးသားထားခြင်းဖြစ်မည်ဟု ယူဆရသည်။

သူသည် ဂေါလ်သို ပြန်လာချိန်တွင် လီယွန်းမြို၏ သင်းအုပ်အဖြစ် ရွေးချယ်ခံရကာ အသင်းတော် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ကြိုးစားသည်။ သူက အသင်းတော်ကို တိုက်ခိုက်၍ တစ်ပြည်လုံးပျံ့နှံလျက်ရှိသော မိစ္ဆာအယူတစ်မျိုးဖြစ်သည့် နောက်တစ်ဝါဒကို တိုက်ခိုက်ရန် နှစ်အတန်ကြာ ကျမ်းအစောင်စောင်ကို ကြိုးစားပြုစုရေး သားသည်။ မော်ကွန်းတင်ရလောက်သော သူ့ကျမ်းငါးတွဲသည် ဂေါလ်ရှိ ခရစ်ယာန်များ အတွက် ရည်သန်ခဲ့ဟန်ရှိပြီး စာဖတ်သူဦးရေလည်း များပြားသည်။

အိုင်ရေးနီးယပ်စ်သည် နောက်တစ်ဝါဒကို အသေးစိတ် လေ့လာဖူးသူတစ်ယောက် ဖြစ်သောကြောင့် ထိုဝါဒ၏ အားနည်းချက်ကို ကောင်းစွာသိသည်။ ဒိဋ္ဌိများကို ဆန့် ကျင်ခြင်း (Against Heresies) အမည်ရစာအုပ်တွင် “နှစ်တစ်ဝါဒနှင့်ပတ်သက် သော မှားယွင်းသည့်သွန်သင်ချက်များသည် အမှောင်ချ ထားခြင်းခံရသော်လည်း ယခု အချိန်တွင် ဘုရားရှင်၏ ကျေးဇူးတော်ကြောင့် ပေါ်လွင်၍ လာချေပြီတကား”ဟု ရေးထားသည်။ ကျမ်းငါးကျမ်းထဲမှ နှစ်ကျမ်းသည် မိစ္ဆာဝါဒကို တိုက်ဖျက်ရန်ဖြစ်ပြီး ကျန်သုံးကျမ်းမှာ ခရစ်ယာန် အခြေခံယုံကြည်ချက်ဓမ္မဗေဒနှင့်ပတ်သက်သော မေးခွန်း များနှင့် ခရစ်ယာန်တိုစောင့်ထိန်းအပ်သော တရားဒေသနာများဖြစ်သည်။

 

မိစ္ဆာဝါဒ

ဒုတိယရာစုအတွင်းရှိ မိစ္ဆာဝါဒများအားလုံးတွင် အသိမ်မွေ့ဆုံးနှင့် ကြောက်စရာအကောင်း ဆုံးမှာ နောက်တစ်ဝါဒ (Gnosticism) ဖြစ်သည်။ ထိုဝါဒသည် ဒီ ၈၀-၁၅၀ အတွင်းက ခေါင်းထောင်ထလာသော မိစ္ဆာဝါဒီများ၏ ဒဿနိကဆိုင်ရာအတွေးအခေါ်နှင့် ခရစ်ယာန် ဘာသာကို ရောသမမွှေထားသောဝါဒဖြစ်၏။ ဤဝေါဟာရသည် ဂရိဘာသာမှ ဆင်းသက် ၍ “အသိပညာ”ဟု အနက်ရကာ နောင်တစ်ဝါဒီများက ထိုသိပညာကို “ကယ်တင် ခြင်းလမ်းစဉ်”ဟု ခေါ်ကြသည်။ (နောက်တစ်ဝါဒသည် ယနေ့ အချိန်တွင်လည်း အသွင် အမျိုးမျိုး၊ အခေါ်အဝေါ် အဖုံဖုံဖြင့် ရှိ၍ သူတိုတွင် ကိုယ်ပိုင်ခေါင်းဆောင်များ ကိုယ်စီ ရှိကြသည်) မာဆီယွန်နှင့် ဗယ်လင်တီးနပ်စ် (Valentinus) တိုသည် ထင်ရှားသော နောင် တစ်ခေါင်းဆောင်များဖြစ်ကြ၏။ ကိုယ့်အစုနှင့် ကိုယ် စာပေအရေးအသားများ ကိုယ်စီရှိ၍ (မျက်မှောက်ခေတ် အယူလွဲမှားသူများဟုခေါ်သော cults နှင့် အလားသဏ္ဍာန်တူသည်) သူတစ်ပါးက ဓမ္မသစ်ကျမ်းထဲမှ အချိုတစ်ဝက်ကို သမ္မာကျမ်းစာများအဖြစ် အသုံးပြုစဉ် တွင် သူတိုသည် လိုရာဆွဲသွင်း၍ အနက်ပြန်ကြ၏။

အိုင်ရေးနီးယပ်စ်၏ နောစ်တစ်များနှင့် အငြင်းအခုံ အဖြစ်ရဆုံးပြဿနာမှာ အတိုက် အခိုက်ခံရသော ခရစ်ယာန်အယူဝါဒကြောင့်ဖြစ်သည်။ သူသည် ခရစ်ယာန်ယုံကြည်ချက် ကို အခြေခံတကျဖြစ်စေရန် သက်ဝင်ယုံကြည်မှု စည်းမျဉ်းဥပဒေကို နောင်လာနောက်သား များအတွက် ပထမဆုံးမူကြမ်းရေးဆွဲ၍ အကျဉ်းချုံး ပြုစုပေးသူဖြစ်သည်။ ထိုမူကြမ်းသည် နောင်အခါ ရေးဆွဲသော အခြေခံယုံကြည်ချက် များအားလုံး၏ စံဖြစ်လာသည်။ ဤနည်း ဖြင့် မည်သူမဆို ခရစ်ယာန်ဘာသာနှင့် တခြားမိစ္ဆာအယူဝါဒများကို မည်သည်က အမှန် ဖြစ်သည်ကို စီစစ်နိုင်ကြသည်။

အေဒီ ၁၈ဝ တွင် ပြုစုသော ထိုမူကြမ်းထဲ၌ ဘုရားရှင်သည် ကမ္ဘာကြီးကို ဖန်ဆင်း သူအဖြစ်လည်း ကောင်း၊ သားတော်ယေရှုခရစ်တော်သည် အသွေးအသားနှင့် သေဆုံးသော လူသားအဖြစ်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ အစီအမံဖြစ် သော လူသားကယ်တင်ခြင်းစီမံကိန်းကို အကောင်အထည်ဖော်သူအဖြစ်နှင့်လည်းကောင်း အလေးအနက်ဖော်ပြသည်။ ခရစ်တော်နှင့်စပ်လျဉ်း၍ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင် ဘုံအထက်ဘဝဂ်သို တက်ကြွတော်မူခြင်းနှင့် နောင်အနာဂတ်ကာလတွင် ကောင်းကင်ဘုံမှ တစ်ဖန် ပြန်လည်ပေါ်တော်မူမည့်အကြောင်းများလည်း ထည့်သွင်းထားသည်။ ခရစ်တော် သည် ရာနှုန်းပြည့် လူသားဖြစ်၍ ရာနှုန်းပြည့် ဘုရားလည်းဖြစ်သည်ဟု အသားပေး၍ ရေးသားရခြင်းမှာ မိစ္ဆာဝါဒီများ ဖြစ်သော နောစ်တစ်နှင့် ဒိုဆေးတစ်များ၏ ခရစ်တော် သည် လူသားတစ်ဦးနှင့်သာ “တူသယောင်”ရှိသည် ဟူသော အမြင်မှားမှုကို ချေပရန် ရည်ရွယ်ရင်းစွဲ ရှိသောကြောင့်ဖြစ်သည်။

နောစ်တစ်များသည် “လျှိဝှက်အသိပညာ” (secret knowledge- အသိပညာဖြင့် ကယ်တင်ခြင်း ရရှိနိုင်သည်ဟူသော လျှိဝှက်ချက်)နှင့်ပတ်သက်လျှင် သူတိုသည် တမန်တော်ကြီးများ၏ သီးသန့်လက်ဆင့်ကမ်း ရွေးချယ်ခံသူများဖြစ်သည်ဟု ဆိုကြ၏။အိုင်ရေး နီးယပ်စ်သည် ထိုအချိန်က လက်ခံပြီးကြပြီဖြစ်သော ခရစ်ဝင်လေးကျမ်းလာ “ခရစ်တော် ၏ စစ်မှန်သော သမ္မာတရား” (body of truth) အကြောင်းဖြင့် သူတို၏ အယူမှားမှုကို ပြန်လည်တိုက်ခိုက်သည်။ သူ့အဆိုအရ “လျှိဝှက်အသိပညာ”သည် မည်သည့်အရာကို မျှထပ်မံဖြည့်စွက်ခြင်း မပြုနိုင်သကဲ့သို လျော့နည်း၍လည်း မသွားစေနိုင်ဟူ၍ဖြစ်သည်။

ဒုတိယရာစုထက်ဝက်ခန့်တွင် အီစတာ (Easter) ပွဲတော်ရက်ကျင်းပရေးနှင့်ပတ် သက်သော အတွင်းတိုက်ပွဲများဖြစ်ပွားချိန်တွင် အိုင်ရေးနီးယပ်စ်က ကမ္ဘာလုံးဆိုင်ရာ အသင်းတော်အတွက် စည်းမျဉ်းများ ရေးပေးခဲ့သည်။

အီစတာပွဲတော်ရက်ကို အာရှမိုင်းနားအသင်းတော်က သောကြာနေ့ (Lord’s Passion) တွင် ကျင်းပ၍ ထိုရက်သည် ဂျူးလူမျိုးတို၏ ပသခါ (Passover) ပွဲတော်ရက် ဖြစ်သော Nisan ၁၄ ရက်နေ့နှင့်ထပ်တူကျကာ ထိုနေ့သည် ခရစ်တော်ကားစင်တင်သတ် ခြင်းခံရသော နေ့ဖြစ်သည်။ အခြားအသင်းတော်များက အီစတာပွဲတော်ကို ပသခါပွဲကျ ရောက်သော တနင်္ဂနွေနေ့တွင် ကျင်းပကြ၏။ ပသခါပွဲသည် ရက်စွဲအတိအကျမရှိသော ကြောင့် အာရှမိုင်းနားမှ ရောမအသင်းတော်သို အလည်အပတ်ရောက်လာသူများက အခြားယုံကြည်သူများ၏ ဥပုသ်စောင့်ကာလနှင့် မတူကွဲပြားသည်ကို မြင်တွေ့ရသဖြင့် စိတ်ရှုပ်ထွေးကြသည်။

အေဒီ ၁၉ဝ ခန့်တွင် အသင်းတော်အတွင်း၌ ပြဿနာကြီးတစ်ခုပေါ်လာပြန်သည်။ ထိုပြဿနာမှာ ရောမမြို သင်းအုပ်ဆရာက အာရှအသင်းတော်များကို ခရစ်ယာန် မိတ် သဟာယအဖွဲမှ ထုတ်ပစ်ခြင်းကြောင့်ဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ဒေါသအိုး ပေါက်ကွဲသော အိုင်ရေးနီးယပ်စ်သည် (အိုင်ရေးနီးယပ်စ်အနက်မှာ ငြိမ်းချမ်းရေးဖြစ် သည်) ရောမသို ငြိမ်းချမ်းရေးတမန်အဖြစ် ရောက်လာ၏။ အိုင်ရေးနီးယပ်စ်ရောက် လာချိန်တွင် ရောမမြိုမှ သင်းအုပ်ဆရာ၏ လုပ်ဆောင်ချက်မှာ ပြောင်းပြန်လှန်ပစ်သလို ဖြစ်သွားသည်။ အကြောင်းမှာ အဖွဲ နှစ်ဖွဲသည် ကျင့်စဉ်အသီးသီးဖြင့် စခန်းဆက်သွား ကြရန် သဘောတူ ကြသောကြောင့်ဖြစ်၏။ နှစ်များမကြာမီ အာရှနိုင်ငံ၏ ကျင့်စဉ်များ တိမ်ကောပျောက်ကွယ်သွားသည်။

ဒုတိယရာစုအကုန် အိုင်ရေးနီးယပ်စ်ကွယ်လွန်ချိန်တွင် အသင်းတော်သည် အန္တရာယ် ရန်စွယ်အသွယ်သွယ်ကြားမှ ခိုင်မာတောင့်တင်းလာ၏။ ထိုစဉ်က နှစ် ၂၀၀ လိုသေးသော ၄ ရာစုတွင် ပြုစုမည့် ပိုမိုကောင်းမွန်၍ စနစ်ကျသော အခြေခံယုံကြည်ချက်မူမရှိမီ အိုင် ရေးနီးယပ်စ်ပြုစုပေးခဲ့သော သက်ဝင်ယုံကြည်မှုဆိုင်ရာ စည်းမျဉ်းဥပဒေသည် အသင်း တော်ကို အယူမှန်ဝါဒလမ်းကြောင်းပေါ်သို့ ရောက်အောင် အတော်အတင့် ပေးစွမ်းနိုင် ခဲ့သည်။ အိုင်ရေးနီးယပ်စ်သည် ဘုရားအတွက် လိုအပ်သော အချိန်တွင် ကွက်တိဝင်လာ သူဖြစ်၏။ သူသည် စိန်ခေါ်ချက်များကို တုံပြန်သူနှင့် အသင်းတော်ပြန်လည်အား ကောင်းလာစေရန် အသုံးတော်ခံသူ အသင်းတော်ဖခင်တစ်ဦးဖြစ်သည်။

တာတူလျံ (၁၅၀-၂၂၅ ခန့်) မြောက်အာဖရိကမှ ဓမ္မဆရာကြီး

“မာတုရဖြစ်စဉ်ဟာ ကျွန်တော်တိုကျောင်းကို လူတွေစိတ်ဝင်စားဖို့အတွက် တည်ကြက် ဖြစ်ပြီး ခရစ်ယာန်တွေရဲ့ သွေးစက်ဟာ မျိုးစေ့ဖြစ်တယ်” ဟု ပြောဆိုခဲ့သူမှာ ဒုတိယ ရာစုကုန်ဆုံးချိန် ကနဦးအသင်း တော် ဖခင်များထဲမှ စာရေးအားကောင်းသူ တာတူလျံ (Tertullian) ဖြစ်သည်။ တာတူလျံသည် ခရစ်ယာန်များ ညှင်းပန်းနှိပ်စက်ခံရသည်ကို မျက်မြင်တွေ့ရသူဖြစ်၍ မာတုရများ၏ သေခြင်းသည် မယုံကြည်သူများအပေါ်တွင် အကျိုးဆက်သက်ရောက်မှုများရှိသည်ဟု ယုံကြည်သူလည်းဖြစ်သည်။ ထိုအတွက်ကြောင့် ပင် သူသည် ယုံကြည်သူတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။

ရောမအစိုးရက အသင်းတော်ကို ဖျက်ဆီးနေသော်လည်း မာတုရများ၏ အသက် စတေးမှုသည် ယုံကြည်သူများကို လူကြည်ညိုစရာများ ဖြစ်စေသည်သာမက ခရစ်တော်ကို လက်ခံသူဦးရေ ပိုမိုများပြားလာစေသည်။ ဒိဋ္ဌိများသည် ယုံကြည်သူအမျိုးသား များ၊ အမျိုးသမီးများနှင့် ကလေးငယ်များ၏ သတ်ကွင်းထဲက သေခြင်းတရားကို ရဲရဲ ဝံ့ဝံ့ရင်ဆိုင်ပုံအား တွေ့ရသောအခါ အလွန်အံ့အားသင့်ကြသည်။ (ရူးမိုက်ခြင်းသက်သက် ဖြစ်သည်ဟု ပြောဆိုသူများလည်း ရှိ၏) ရောမအစိုးရ၏ သေဒဏ်ပေးခြင်းသည် မာတုရ များကို မွေးဖွားပေးရန်မဟုတ်ဘဲ ခရစ်တော်ကို ငြင်းဆန်ဖိုရန်သာဖြစ်သည်။ သူတိုအထဲ မှ ယုံကြည်မှုကို စွန့်လွှတ်သူရှိသလို မစွန့်လွှတ်ဘဲ သေခြင်းကို ရင်ဆိုင်ရန် အသင့်ပြင် ထားသူများလည်း ရှိသည်။

လူတချို့က မာတုရများကို မနာလိုသည်အထိဖြစ်ကာ ယုံကြည်သူများသည် ခရစ်တော်၏ သတိပေးစကားများကိုပင် မေ့လျော့လျက် “မာတုရသရဖူ”ရဖိုရန် သားရဲ တိစ္ဆာန်များ၏ ကိုက်သတ်ခြင်းကို ခံကြ၏။ ဒုတိယရာစုတွင် မာတုရများ၏ ခံယူချက် အမှားသည် အတော်ပင်ကြီးထွားကာ မာတုရများသည် ရာထူးအလိုက် အဆင့်ဆင့် “ယုံကြည်ခြင်းသူရဲကောင်းများအဖြစ် သူကောင်းပြုခြင်းခံရရန် ခရစ်တော်၌ သေခြင်း သာလျှင် အမြင့်မြတ်ဆုံးသော ဂုဏ်ပြုခံရခြင်းဖြစ်သည်ဟု ခံယူကြသည်။ မာတုရများ အသတ်ခံရသည့် အခါသမယကို “တစ်စုံတစ်ရာ၏ အဦးအစနေ့” (Birthday) အဖြစ် သတ်မှတ်ကာ (ဤစကားစုသည် တာတူလျံ၏ မူပိုင်ဖြစ်၏) အီစတာပွဲတော်ကဲ့သို နှစ်စဉ် ကျင်းပလေ့ ရှိသည်။

ယုံကြည်သူများ၏ လွှမ်းမိုးခြင်းခံရသူ

တာတူလျံသည် ၁၆ဝ ခုနှစ်ခန့်တွင် ကာသေ့ချ် (Carthage) ၌ မွေးဖွား၍ (ယခု မြောက် အာဖရိက တူးနစ်) အလွန်ခိုင်မာတောင့်တင်းသော အသင်းတော်ရှိသည့် ရောမမြိုတွင် ကြီးပြင်းသူဖြစ်သည်။ ကြွယ်ဝချမ်းသာ၍ မိစ္ဆာအယူကိုယူသော မိဘနှစ်ပါးက သူ့ကို ကောင်းစွာ ပညာသင်စေကာ သူသည် ဂရိနှင့်လက်တင် ဘာသာစကားများကို ထုံးလိုချေ ရေလိုနှောက်နိုင်သူဖြစ်သည့်အပြင် သမိုင်းဘာသာရပ်နှင့် ဒဿနိကဗေဒဆိုင်ရာ ကျမ်းများ နှံစပ်ကျွမ်းကျင်၍ ဥပဒေပညာကိုလည်း သင်ယူသူဖြစ်သည်။ သူသည် ရောမသို ပြောင်း ရွှေ့ကာ ဥပဒေပညာရှင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုစဉ် ယုံကြည်သူများ၏ သေရဲ၊ စွန့်ရဲဘဝများကို မြင်တွေ့ရာမှ ၁၉၅ ခုနှစ်ခန့်တွင် ခရစ်ယာန်တစ်ယောက်ဖြစ်လာသည်။

နောင်အခါတွင် သူက ခရစ်ယာန်ဘာသာနှင့်ပတ်သက်သော စာပေများကို လေ့ လာ၍ သူ၏ ဥပဒေပညာနှင့် စာပေရေးသားခြင်း အတတ်ပညာများဖြင့် အသစ်တွေ့ရှိ သော ခံယူချက်များကို စတင်ကျင့်သုံး သည်။ ရံခါဆိုသလို ကာသေ့ချ်သို ပြန်၍ ဒေသန္တရ အသင်းတော်တွင် ရိုးရိုးကုပ်ကုပ် နေတတ်သည်။

သာမန်အသင်းသားဘဝဖြင့် အချိန်တိုအတွင်း နေပြီးနောက် သင်းထောက်လူကြီး အဖြစ် သိက္ခာတင်ခြင်းခံရကာ တရားဟောဆရာနှင့် သင်ကြားပိုချသူဖြစ်လာ၍ အချို သော သူ့အရေးအသားများသည် တရားဟောချက်အဖြစ် ကျန်ရစ်၏။

မြောက်အာဖရိကတွင် ဧကရာဇ်ကွန်မိုးဒပ်စ် (Commodus) စိုးစံချိန် ၁၈ဝ-၁၉၂ ခုနှစ်တစ်လျှောက် အသင်းတော်သည် ခေတ္တငြိမ်သက်သော်လည်း သူ့ကို ဆက်ခံသူ ဆပ်တီးမီးယပ်စ်ဆာဗေးယပ်စ် (Septimius Severus 193-211) လက်ထက်တွင် လေနီ ကြမ်းများ ဝင်လာပြန်သည်။ သူက ၂၀၂ ခုနှစ်တွင် တိုင်းသူပြည်သား ခရစ်ယာန်များ ၊ နှင့် ဂျူးများကို ဘာသာတရားများ စွန့်လွှတ်ရန် အမိန့်ပြန်တမ်းထုတ်ပြန်ရာမှ ညှင်းပန်း သတ်ဖြတ်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်၏။ သင်းအုပ်တာတူလျံသည် ယုံကြည်သူများကို ပုန်းအောင်းမနေကြရန် တိုက်တွန်း၏။ ထိုကြောင့် သူ အဖမ်းမခံရသော်လည်း ယုံကြည်သူ များမှာ အဖမ်းအဆီးခံကြရ၍ ကာသေ့ချ်သတ်ကွင်းထဲတွင် ကွပ်မျက်ခြင်းခံကြရသည်။

တာတူလျံနှင့်ပတ်သက်၍ ၂၀၂ ခုနှစ်၊ ညှင်းပန်းသတ်ဖြတ်သည့်ကာလတွင် အဖြစ် အပျက်တစ်ခု ဖြစ်ပွားသည်။ ထိုအဖြစ်အပျက်မှာ တာတူလျံသည် ကာသေ့ချ်အသင်းတော်ကို ထားပစ်ခဲ့ကာ ခြိုးခြံစွာ နေထိုင်သော မွန်တားနစ်အဖွဲ သို ဝင်ရောက်ခြင်းဖြစ်သည်။ ထို အဖွဲကို တည်ထောင်သူမှာ မွန်တားနပ်စ် (Montanus) ဖြစ်၍ သူသည် ခရစ်တော် ဒုတိယ အကြိမ် ပြန်ကြွလာရန် လက်တစ်ကမ်းသာလိုတော့ကြောင်း သန့်ရှင်းသောဝိညာဉ်တော်က သူ့ကို ကိုယ်စားပြုပြောခိုင်းသည်ဟု သူ့ကိုယ်သူ ယုံကြည်သူဖြစ်သည်။ ဤအဖွဲအစည်း ၏ တောင်းဆိုချက်ဖြစ်သော ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းစံထားများက တာတူလျံကို ဆွဲဆောင်ထားဟန်ရှိ၏။ ယင်းအဖွဲ အစည်းက နောက်အိမ်ထောင်ပြုခြင်းနှင့် ကြီးလေး သော အပြစ်များကို ဗတ္တိဇံခံခြင်းက အစဉ်အမြဲ ခွင့်လွှတ်နိုင်သည်ဆိုခြင်းကို တားမြစ်၏။ တာတူလျံက ခရစ်ယာန်များသည် စစ်မှုမထမ်းသင့်ကြောင်း၊ ကပွဲရုံသို မသွားသင့်ကြောင်း၊ လူထုပျော်ပွဲရွှင်ပွဲများကို ရှောင်ကြဉ်သင့်ကြောင်းနှင့် မိစ္ဆာဝါဒီများ ကျင်းပလေ့ရှိသော ဘာသာရေးအခမ်းအနားများတွင် မပါဝင်သင့်ကြောင်းများဖြင့် ထပ်မံဆော်သြသည်။

တာတူလျံက ကျင့်ဝတ်ဆိုင်ရာစည်းမျဉ်းများကို တင်းတင်းကြပ်ကြပ် ချမှတ်သော်လည်း သူ့အတွင်းအဇ္ဈတ္တကား အလွန်နူးညံ့သူဖြစ်၏။ ခရစ်ယာန်များက ဆင်းရဲတွင်းနက် သူများ၊ သက်ကြီးရွယ်အိုများ နှင့် မိဘမဲ့ကလေးငယ်များကို ပြုစုစောင့်ရှောက်သည့်အပြင် သူတို၏ ဧည့်ဝတ်ကျေပုံများကို မြင်တွေ့ကြရသော မိစ္ဆာဝါဒီများက “ကြည့်စမ်း ဟိုမှာ ခရစ်ယာန်တွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်ကြ သလဲဆိုတာ”ဟူသော ပြောဆိုသံမျိုးကြားရလျှင် သူ့စိတ်သည် ဖရဏာပီတိ ဂွမ်းဆီထိသကဲ့သို ဖြစ်ရသူဖြစ်၏။

တာတူလျံ၏ ဘဝတွင် အမှတ်ရစရာဟူ၍ ကာသေ့ချ်တွင် နေစဉ်အတွင်းက သူပြုစု ရေးသားခဲ့သော စာပေလုပ်ငန်းနှင့် ခရစ်ယာန်ကမ္ဘာအတွင်းရှိ မိစ္ဆာဝါဒီများကို တိုက်ခိုက်သော အသင်းတော်၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ခြင်းပင်ဖြစ်သည်။ သူ့ဘဝဇာတ်သိမ်းပိုင်း တွင် ခြိုးခြံစွာ နေထိုင်ကျင့်ကြံသော ရသေ့ရဟန်းဘဝကို ပယ်စွန့်ကာ “တာတူးလျံဝါဒီ များ” (Tertullianists) ဟူ၍ ဂိုဏ်းခွဲငယ်တစ်ခု တည်ထောင်သည်။ ခရစ်ယာန်ဘာသာ ၏ ခေတ်ရေစီးကြောင်းပြောင်းလဲမှုအရ ဤဝါဒသည် သူသေဆုံးပြီး နှစ် ၂၀၀ ကျော်တွင် ပျောက်ကွယ်သွားသည်။

ယုံကြည်ချက် ခုခံကာကွယ်သူ

တာတူလျံသည် သြဂတ်စ်တင်းခေတ် ၄ ရာစုမတိုင်မီ ဒုတိယရာစုတွင် အနောက်တိုင်း၌ အဓိကအကျဆုံး ဓမ္မပညာရှင်ဖြစ်၍ စာရေးအားကောင်းသူအဖြစ် သတိတရရှိကြသည်။ သူသည် အာဖရိကန်အသင်းတော်ဖခင် များထဲတွင် ဂရိဘာသာအစား လက်တင်ဘာသာဖြင့် ပထမဆုံးစာရေးသူဖြစ်၍ သူ၏ ၃၆ စောင်ရှိသော ကျမ်းအစောင်စောင်ကို ပြုစုရေးသား ခြင်းဖြင့် ဂုဏ်ရောင်ပြောင်သူဖြစ်သည်။ သူသည် ထိုကျမ်းများကို ဇွဲနပဲကြီးစွာ ရေးသား ထားခြင်းဖြစ်ကာ သူ၏ ဘုကျကျ ရေးဟန်များကြောင့် သူ့ကို “လူ့ဂွစာတာတူလျံ” ဟူ၍ တံဆိပ်ကပ်ကြသည်။

တာတူလျံသည် ခရစ်ယာန်ဘာသာဖြစ်စတွင် ခရစ်ယာန်ဘာသာကို ကလောင်တံ ကိုင်၍ ခုခံကာကွယ်သည်။ သူသည် ဒုတိယရာစုအတွင်းရှိ “ယုံကြည်ချက်ခုခံကာကွယ် သူများ”ထဲတွင် တစ်ဦးအပါအဝင်ဖြစ်၍ ခရစ်ယာန်ဘာသာကို ရှေ့တစ်လျှောက် ဉာဏ် နှင့်ယှဉ်၍ ကာကွယ်သွားရန် ဘဝပေးတာဝန်ဖြစ်သည်ဟု ခံယူသူဖြစ်သည်။ ထိုအချိန်က ယုံကြည်သူများသည် မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့်ကိုပင် မရကြချေ။ ထိုအချိန်မှစ၍ ယုံကြည် ချက်ကို ခုခံကာကွယ်သူများသည် ခရစ်ယာန်ဘာသာနှင့်ပတ်သက်၍ ဖြစ်ပွားလာသမျှကိစ္စ များတွင် ဖြေရှင်းပေးရန်နှင့် မဟုတ်မမှန် စွပ်စွဲခြင်းနှင့်ရန်လိုမှုများကို ဆန့်ကျင်တုံပြန်ကြ၏။

တာတူလျံက မျှတမှုမရှိသော ခရစ်ယာန်များအတွက် ရောမဥပဒေဘောင်အတွင်း မှ ခုခံကာ ကွယ်ပေး၏။ သူက ခရစ်ယာန်များသည် တရားခွင်တွင် ကိုယ်တိုင်လျှောက်လဲခွင့်မရကြောင်းနှင့် ရာဇဝတ်မှုတရားခံများအဖြစ် သေဒဏ်ပေးခြင်းများသည် ဥပဒေနှင့်မညီ ကြောင်း မေးခွန်းထုတ်ခဲ့သည်။ ထိုအပြင် ခရစ်ယာန်များသည် လူကောင်းသူကောင်းများ ဖြစ်၍ ဘုရင်ကြီးအပေါ်တွင် သစ္စာရှိသူများ ဖြစ်ကြောင်း၊ ဘုရင်ကြီးအတွက် ဆုမွန်ကောင်း တောင်းပေးသူများဖြစ်ကြောင်းနှင့် သူတော်ကောင်း ယောင်ဆောင်သော ဗောင်းတော်ညိတ် စိတ်တော်သိသူများနှင့်လည်း မတူကြောင်းများကို ရုံးတော်သို တင်လျှောက်သည်။

ခရစ်ယာန်များသည် ရုတ်တရက်ဖြစ်ပွားသည့် ကပ်ဘေးများဖြစ်သည်ဟူသော စွဲ ချက်အပေါ်တွင် တာတူလျံက အကြောက်အရွံမရှိ ထေ့လုံးငွေ့လုံးများကို လှိုင်လှိုင်သုံး ကာ ချေပပြောဆိုသည်။ သူက “ခင်ဗျားတိုလုပ်ပုံကိုလည်း ကြည့်ဦးလေ၊ တိုင်ဘာမြစ် (Tiber) ရေကြီးရင် ခရစ်ယာန်တွေကြောင့် ဖြစ်ရတာတဲ့။ ဟော နိုင်းမြစ်ကြီး (Nile) ရေ ခန်းပြန်တော့ ခရစ်ယာန်တွေကြောင့် ခန်းရတာဖြစ်ရပြန်ရော”ဟုဆိုကာရှိသေး “ခရစ် ယာန်တွေကို ခြင်္သေ့ဆီပို့လိုက်ပါ”ဟု အော်ဟစ်ကြသည်။ ထိုရောအခါ သူက ခနဲ့သံဖြင့် “ဘာရယ် ခရစ်ယာန်တွေအားလုံးကို ခြင်္သေ့တစ်ကောင်စီပိုရမယ် ဟုတ်စ”ဟုပင် ရိသဲ့သဲ့ပြောလိုက်သေးသည်။

တာတူလျံ၏ လုပ်ဆောင်ချက်များထဲတွင် နာစ်တစ်ကဲ့သိုသော ခရစ်တော်ကို ဘုရား အဖြစ် လက်မခံနိုင်သည့် မိစ္ဆာဝါဒီများကို တိုက်ခိုက်သည့်အပြင် “ပုဂ္ဂိုလ်ကြီးသုံးပါးပါ ဝင်သော အစုတစ်စု”ဟူသော သုံးပါးပေါင်းတစ်ဆူ၏ ကွဲပြားမှုများကို ရှင်းပြပေးခြင်း လည်းပါသည်။ သူ့အရေးအသားများသည် အသင်းတော်နှင့်ဆိုင်သော တန်ဖိုးရှိသည့် ပြု အပ်ဖွယ်ရာ ရင်းမြစ်အချက်အလက်များဖြစ်သည်။ ကနဦးအသင်းတော်ကာလအတွင်း သူ၏ ဗတ္တိဇံခံယူခြင်းအပေါ် ယုံကြည်ချက်မှာ ဗတ္တိဇံခံခြင်းသည် အပြစ်များကို ကုစား၊ ပေးသည်ဟူ၏။

ယနေ့ အသုံးပြုနေကြသော ဓမ္မဗေဒဆိုင်ရာဝေါဟာရများအတွက် ခရစ်ယာန်ဘာသာ သည် တာတူလျံအပေါ်၌ ကျေးဇူးဆပ်မကုန်နိုင်ရာ။ သူသည် “ပုဂ္ဂိုလ်ကြီးသုံးပါးသည် တူညီသော အနှစ်သာရ သိုတည်းမဟုတ် ၄င်းပုဂ္ဂိုလ်ကြီးများ၏ အခြေခံဒြပ်ဝတ္ထုများသည် တူညီ၍ တစ်လုံးတစ်ဝတည်း ဖြစ်သည်””ဟူသော ဖော်မြူလာမှ သုံးပါးတစ်ဆူ (Trinity) ဟူသည့် ဝေါဟာရကိုလည်းကောင်း၊ မင်္ဂလာဝတ် (Sacrament)၊ ရှင်ပြန်ထမြောက်ခြင်း (Resurrection), အာပတ်ဖြေခြင်း (Penitence) နှင့် ဓမ္မသစ်ကျမ်းစာ၏ အချို့တဝက်ကို ဓမ္မသစ်ကျမ်း (New Testament) ဟုလည်းကောင်း အမည်သညာ သမုတ်ပေး၍ စကား လုံးအသစ်များကို တီထွင်ပေးခဲ့သည်။

သူ၏ ဓမ္မအမြင်တချိုသည် မသေချာသော အန္တရာယ်များသည့်အလုပ်ကို အရဲစွန့်၍ လုပ်ရသည် များလည်း ရှိ၏။ ပမာပြုစရာတစ်ခုမှာ ဗတ္တိဇံခံခြင်းသည် အသစ်တစ်ဖန်မွေး ဖွားခြင်းနှင့် ကယ်တင်ခြင်းဖြစ်သည်ဟု ဆိုသောကြောင့် အလောင်းကောင်များနှင့် နိုစို အရွယ် ကလေးငယ်များကို ရေဖျန်းမင်္ဂလာပေးခြင်းတည်းဟူသော မှားယွင်းသည့် ယုံ ကြည်မှုများ ဝင်လာလေသည်။ တာတူလျံသည် သူ့ဘဝတွင် အမှားတချိုကို ပြုမိသည် မှန်သော်လည်း စာပေဟင်းလေးအိုးကြီးတစ်ဆူဖြစ်ကြောင်းကိုကား သံသယဖြစ်စရာ အကြောင်း မရှိပေ။ သူသည် အသင်းတော်၏ လုပ်ငန်းဆောင်တာများတွင် အားကိုးအား ထားပြုရသူတစ်ဦး ဖြစ်သည်။

တာတူလျံသည် ခရစ်ယာန်ဘာသာကို ကြံ့ကြံ့ခံကာကွယ်သူအဖြစ် အမှတ်ရကြမည် ဖြစ်သည်။ ရောမအစိုးရက အသင်းတော်ကို ဇောင်းပေး၍ ဖျက်လိုဖျက်ဆီးလုပ်လာ သောကြောင့် သူက ရောမကို ဤသို ခြိမ်းခြောက်စကားဆို၏။ “ကျွန်တော်တိုကို ညှင်း ပန်းနှိပ်စက်လေ ကျွန်တော်တိုဟာ ပွားလေပါပဲ၊ ခရစ်ယာန်တွေရဲ့ သွေးစက်ဟာ မျိုးစေ့ ဖြစ်တယ်ဆိုတာ ခင်ဗျားတို သိထားကြစမ်းပါ”

 

ဆီးပရီယန် (၂၀၀-၂၅၈) ကာသေ့ချ်သင်းအုပ်ကြီး

ကာသေ့ချ်သည် မြောက်အာဖရိကရှိ ရောမစီရင်စုဖြစ်၍ အီဂျစ်မှ မြေထဲပင်လယ်ကမ်းရိုး တန်းတစ်လျှောက် ယနေ့ မိုရိုကို (Morocco) အထိ ကျယ်ပြန့်သည်။ လူနေထူထပ်သော မြိုများဖြင့် တင်းကျမ်းပြည့်ကာ အီတလီနှင့် ရောမကို စားနပ်ရိက္ခာတင်ပိုပေးသော မြိုဖြစ်သည်မှာ ယနေ့တိုင် ကျွန်ုပ်တိုကို အံ့အားသင့်စေသည်။ အဓိကဘာသာစကားမှာ လက်တင်ဘာသာဖြစ်၍ ရောမယဉ်ကျေးမှုသည် လူ့ဘောင်အဖွဲ အစည်းအားလုံးထဲတွင် နက်ရှိင်းစွာ အမြစ်တွယ်၏။

မြောက်အာဖရိက အသင်းတော်သမိုင်းအစသည် မထင်မရှားဖြစ်၏။ ဒုတိယရာစု အကုန်ပိုင်းတွင် ကာသေ့ချ်အနီး Scilli မှ နိုင်ငံတော်၏ အကိုးအကွယ်ခံပုဂ္ဂိုလ်များကို ကိုးကွယ်ရန် ငြင်းဆန်ခြင်းကြောင့် ခရစ်ယာန် ၁၂ ဦး ကွပ်မျက်ရာမှ တစ်ဟုန်ထိုးကျော် ကြားလာခြင်းဖြစ်သည်။ သူတို၏ စိတ်ဓာတ်သည် ယိမ်းယိုင်ခြင်း အလျင်းမရှိ၊ သူတိုသည် ခရစ်တော်ကိုသာ ကိုးကွယ်မည့်အကြောင်း ကြွေးကြော်လိုက်ကြပုံမှာ “ဆီဇာကို ဆီဇာလို ၊ လေးစားပြီး ဘုရားရှင်တစ်ပါးထဲကိုပဲ ကိုးကွယ်မယ်”

ကွပ်မျက်ခြင်းများ ဆက်လက်ဖြစ်ပွား၍ ၂၀၂ ခုနှစ်တွင် အလက်ဇန္ဒြားယား (Alexandria) သို့ ရောက်လာရာတွင် ကာသေ့ချ်အပျိုတော် ပါးပီးတွား (Perpetua) နှင့် ဖီလစ်ဆီးတား (Felicita) တိုသည် လက်ချင်းချိတ်၍ သတ်ကွင်းသို အသတ်ခံရန် သွား ကြသည်။ မြောက်အာဖရိကအသင်းတော်၏ ခိုင်မာသော ရပ်တည်ချက်တစ်ခုမှာ ယုံကြည် ခြင်းဖြင့် မာတုရအဖြစ် သေဆုံးခြင်းဖြစ်၍ ထိုသေဆုံးခြင်းမျိုးသည် ထိုခေတ်၏ သည်း ခြေကြိုက်ဖြစ်သည်။ ဤအတွက်ကြောင့်ပင် အငြင်းပွားမှုများနှင့် သွေးကွဲမှုများဖြစ်လာ ကာ အသင်းတော်၏ စည်းလုံးမှုလည်း ဝါးအစည်းပြေသကဲ့သို ပျက်စီးသွားတော့၏။

ဒုတိယမွေးဖွားခြင်း

ဆီးပရီယန် (Cyprian) သည် တတိယရာစုတွင် မြောက်အာဖရိက၏ ထင်ရှားသော ခရစ်ယာန်များထဲတွင် တစ်ဦးဖြစ်သည်။ သူ့ကို တာတူလျံနှင့် တန်းတူထား၍ ဩဂတ် စတင်းကို ရောမစီရင်စု၏ အမာခံဒေါက်တိုင်ဟု တင်စားကြ၏။ ဆီးပရီယန်သည် သူ့ ဇာတိဖြစ်သော ကာသေ့ချ်အသင်းတော်တွင် ဧရာမဩဇာကြီးမားသူ ဖြစ်သည်။

ကာသေ့ချ်မြိုမှ မာတုရများ (၂၀၂ ခန့်) ၊

ကာသေ့ချ်ရှိ မေ့ရက်နိုင်စရာမရှိသော မာတုရဖြစ်စဉ်တစ်ခုမှာ အသက် ၂၂ နှစ်အရွယ်ရှိ မုဆိုးမပါးပီးထွားအကြောင်းဖြစ်သည်။ သူ့မိခင်သည် ခရစ်ယာန်ဖြစ်၍ ဖခင်မှာ နတ်ကိုး ကွယ်သူဖြစ်သည်။ ထောင်သွင်းအကျဉ်းချခံရစဉ် ကလေးတစ်ယောက် မီးဖွားသေး၏။ သူ့ဖခင်က သူ့ကို ယုံကြည်ချက် စွန့်လွှတ်ရန် နားချသော်လည်း အချည်းနှီးပင်ဖြစ်သည်။ သူ့ကို အကျဉ်းချထားရာ အခန်းကိုပင် (သူမ၏ ပြန်ပြောပြချက်အရ) “နန်းတော်တမျှ သာယာတယ်”ဟုဆို၏။ ဘုရင်ခံသည် သူမထံ၌ ကလေးငယ်ကို ငဲ့ညှာသောအားဖြင့် ဧကရာဇ်ကို ဦးညွတ်ရန် တောင်းပန်သည်ကိုပင် အမှုမထားချေ။ ခရစ်ယာန်လေးယောက် နှင့်အတူ သူ့ကို သားရဲတိရစ္ဆာန်များဖြင့် ရိုင်းစိုင်းစွာ ဆက်ဆံစေရန် အမိုးပွင့်ပွဲကြည့်စင် သို ခေါ်လာ၏။ ထိုနောက် တစ်ဦးနှင့်တစ်ဦး ကြင်နာစွာ ပွေ့ဖက်နမ်းရှုပ်ကြကာ ပါးကွက် သား၏ လက်တွင်း၌ သေပွဲဝင်ကြရရှာသည်။

ဆီးပရီယန်၏ အစောပိုင်းဘဝ မသိရသော်လည်း သူသည် ကာသေ့ချ်မြို နတ်ကိုး ကွယ်သူ၊ ကြေးရတတ်မိသားစုမှ မွေးဖွားသူဖြစ်ကြောင်း သိရသည်။ သူသည် အောင်မြင် သော နှုတ်မှုအတတ်ပညာ နည်းပြဆရာတစ်ပါးဖြစ်သည့်အပြင် လက်ဖျားငွေသီးသော ရှေ့နေတစ်ဦးလည်းဖြစ်၍ သူ့အာဝဇ္ဇန်းရွှင်မှုကြောင့် အပေါင်းအသင်းဝင်ဆံ့သူဖြစ်သည်။ အသင်းတော်လူကြီးတစ်ဦးနှင့် မိတ်ဆွေဖြစ်ရာမှ သူ၏ သက်လတ်ပိုင်းအရွယ် ၂၄၆ ခုနှစ် ခန့်တွင် ခရစ်တော်ကို ယုံကြည်လက်ခံသည်။ ဗတ္တိဇံခံပြီးနောက်တွင် “ကောင်းကင်ဘုံရှိ ဝိညာဉ်တော်၏ ဒုတိယမွေးဖွားပေးခြင်းက ကျွန်ုပ်ကို လူသစ်ဖြစ်စေသည်”ဟု သူ့အတွေ့ အကြုံကို ရေးသားထားသည်။

ပြောင်းလဲလာသော သူ့အသက်တာသည် မှတ်မှတ်ထင်ထင် ရှိ၏။ သူက သူ၏ စံပျော်ရာဥယျာဉ်များကို ရောင်းချ၍ မရှိဆင်းရဲသားများကို ပေးလှူ၏။ ယင်းအပြုအမူကြောင့် ရက်ရော၍ သဘောထားကြီးသော သူ့မိတ်ဆွေများက ဥယျာဉ်များကို ပြန်လည် ဝယ်ယူကာ မူလပိုင်ရှင်ထံတွင် ပြန်လည်အပ်နှံကြသည်။ သူ၏ ရာထူးဂုဏ်သိန်များအား လုံးကို စွန့်လွှတ်ပြီးသကာလ သူသည် ချိုငဲ့စွာ နေထိုင်၍ ကျမ်းစာလေ့လာခြင်းပြုကာ သူတော်ကောင်းကျင့်စဉ်ဖြင့် အသက်ရှင်နေထိုင်သည်။ များမကြာမီတွင် သူ၏ ခရစ်ယာန် အသက်တာသည် တိုးတက်လာသည်နှင့်အမျှ အသင်းတော်လူကြီးအဖြစ် တင်မြှောက်ခြင်း ခံရကာ ဤသည်ပင် မြောက်အာ ဖရိက၏ ခရစ်ယာန်အဖွဲ အစည်းအတွက် အရေးကြီးဆုံး ကဏ္ဍသစ်တစ်ရပ် ဖြစ်လာသည်။

သူ၏ ဇာတိချက်ကြွေမွေးရပ်မြေတွင် သင်းအုပ်ဆရာအဖြစ် မြှင့်တင်ခြင်းခံရမှုအတွက် သြဘာပေးသူရှိသကဲ့သို အမနာပပြောဆိုသူများလည်း ဒုနှင့်ဒေးပင် ရှိသည်။ သူ သင်းအုပ် ဆရာဖြစ်လာသောအခါ သူ့ကို ကြည်ဖြူသူ အသင်းတော်ကြီးများကပင် သူ့ကို အမြင် စောင်းလာကြ၏။ ဆီးပရီယန်သည် ကျေးလက်နေ သူ့ရဲဘော်ရဲဘက်တစ်ဦးဖြစ်သူ တာတူ လျံ၏ အထူးနှစ်သက်ခြင်းခံရသူဖြစ်၍ သူသည် တာတူလျံကို “ဆရာသခင်”ဟု အမြဲ ရည်ညွှန်းပြောဆိုလေ့ ရှိ၏။ သိုသော် သူက သူ၏ စံပြုပုဂ္ဂိုလ်ထက် အမြင်ပိုကျယ်၍ သူ၏ ရှုမြင်သုံးသပ်ချက်များမှာ ပို၍ လက်တွေ့ကျသောကြောင့် စီမံခန့်ခွဲမှု၊ ဉာဏ်အမြော် အမြင်ကြီးမားမှု၊ သိက္ခာသမာဓိ စသော အရည်အချင်းများတွင် သူ့ဆရာသခင်ထက် ပို၍ သာသည်။

 

ရှောင်ပုန်းခြင်း

ဆီးပရီယန်သင်းအုပ်ဆရာဖြစ်ပြီး တစ်နှစ်ခန့်အကြာတွင် နိုင်ငံတစ်ဝန်း၌ ညှင်းပန်းနှိပ် စက်မှုများ တစ်ခါပေါ်လာပြန်သည်။ ဧကရာဇ်ဒေးဆီးယပ်စ် (Decius) သည် သူ၏ တိုတောင်းသောအချိန် ၂ နှစ်တာ (၂၄၉- ၂၅၁) တွင် တိုင်းသူပြည်သားများအားလုံးကို နတ်သားများအား အမှန်တကယ် ကိုးကွယ်ပါသည်ဟူသော လက်မှတ် (လိုင်စင်) ပြု လုပ်ရန် အမိန့်ပြန်တမ်းတစ်ခု ထုတ်ပြန်သည်။ ဆီးပရီယန်သည် ခရစ်တော်၏ သတိပေး စကားများကို ပြန်လည်ကြားယောင်ကာ ကြောက်ဒူးတုန်လာသောကြောင့် မြို ကို စွန့်၍ တောပိုင်းတွင် ပုန်းအောင်းနေလေ၏။ သိုသော် သူ့သိုးစုများကိုကား ပေးစာများရေးသား ခြင်းဖြင့် စောင့်ရှောက်ခဲ့ရှာသည်။ အသင်းတော်ခေါင်းဆောင်အများစုမှာ ယုံကြည်ခြင်း ကြောင့် နှိပ်စက်ခံရန် ရွေးချယ်၍ နေရစ်ခဲ့ကြ၏။ ဤအခါသမယဝယ် ရောမ၊ အန္တိအုတ် နှင့် ဂျေရုဆလမ်ရှိ သင်းအုပ်ဆရာများသည် မာတုရများအဖြစ် အသတ်ခံခဲ့ကြရသည်။ ညှင်းပန်းသတ်ဖြတ်မှုကို ခုခံရန် မစွမ်းသာသူများက ထွက်ပြေးရန် နည်းလမ်းရှာကြ၏။ ခရစ်ယာန်အများစုသည် ယုံကြည်ခြင်းလျော့ကျလာ၍ တစ်ခါတစ်ရံတွင် နတ်သား များကို ပူဇော်ခဲ့ပြီဖြစ် ကြောင်း အတည်ပြုထားသော လိုင်စင်များကို ဝယ်ယူခြင်းဖြင့် လိမ် လည်ထွက်ဆိုကြသည်။ ဤသိုသော အခြေအနေများကြောင့် ထွက်ပြေးတိမ်းရှောင်သူ ခရစ်ယာန်များကို တစ်ချိန်က ထောင်သွင်းအကျဉ်းချခံဖူးသော “အာပတ်ဖြေဘုန်းကြီး များ” (Confessors) က သူတို၏ မျိုးတူလိုင်စင်အတုများ ထုတ်ပေးကာ ယုံကြည်ခြင်း အားနည်း၍ တိမ်းရှောင်သူများကို ခရစ်ယာန်မိတ်သဟာယအဖွဲသို ပြန်လည်ဆောင်ကြဉ်း လာနိုင်ခဲ့ကြသည်။

ညှင်းပန်းနှိပ်စက်မှု မုန်တိုင်းလွန်၍ အသင်းတော်ပြန်လည်ထူထောင်ရန် လိုအပ်လာ ချိန်တွင် ကာသေ့ချ်ရှိ “တိမ်းရှောင်သူ”များကို အသင်းတော်တွင် နဂိုအတိုင်း လက်ခံရန် ကိစ္စသည် အကျယ်လောင်ဆုံး မေးခွန်းဖြစ် လာ၏။ ဤအကြောင်းနှင့်ပတ်သက်၍ အများ တကာက မိုးခါးရေသောက်နေချိန်တွင် ထွက်ပြေးတိမ်းရှောင်သူ ဆီးပရီယန်အတွက် အတော်ပင် ကသိကအောက်နိုင်လှသည်။ အကြောင်းမှာ သူသည် သင်းအုပ်ဆရာတာဝန် များကို ထားခဲ့ကာ ညှင်းပန်းနှိပ်စက်သည့်ကာလတွင် မြို ကို စွန့်ခွာ၍ တိမ်းရှောင်သွား သောကြောင့်ဖြစ်သည်။

ယိုယွင်းပျက်စီးသော ကာသေ့ချ်မြို ပျက်

ဆက်လက်ဖြစ်ပွားနေသော ညှင်းပန်းသတ်ဖြတ်မှုများတွင် ဆီးပရီယန်သည် အကြောင်း အမျိုးမျိုးကြောင့် တိမ်းရှောင်နေသူများကို “အာပတ်ဖြေခြင်း””ဖြင့် လွတ်ငြိမ်းချမ်းသာ ခွင့်ရကြောင်း လူထုကို အသိပေးသည်။

အသင်းတော်ထဲမှ ခွဲထွက်သည့် အဖွဲအစည်းများထဲသို ဝင်ရောက်ပူးပေါင်းသူ မိစ္ဆာ ဝါဒီများနှင့် လူအချိုကို အသင်းတော်တွင် ပြန်လည်လက်ခံသင့်၊ မသင့် သူတို၏ ဗတ္တိဇံခံ ခြင်းသည် အကျုံးဝင်၏လော (သို) တစ်ဖန် ဗတ္တိဇံခံစရာလိုသလော ဟူသော ကိစ္စနှင့်ပတ်သက်၍ ဆီးပရီယန်သည် ဤသို အငြင်းအခုံပြုခဲ့သည်။ ဆီးပရီယန်က အသင်းတော် ပြင်ပတွင် ဗတ္တိဇံခံခြင်း မရှိနိုင်သကဲ့သို ကယ်တင်ခြင်းမရှိနိုင်ဟုဆိုကာ “အသင်းတော်ကို အမိမတော်ချင်သူသည် ဘုရားရှင်ကို အဖမတော်နိုင်”ဟု ဆို၏။

ဆီးပရီယန်၏ သွန်သင်ချက်သည် ဘေးဆီးရန်ကာခြင်းသာဖြစ်ကြောင်း အဓိပ္ပာယ် ကောက်လွဲသူ များလည်း ရှိ၏။ သူ့အမြင်သည် မြောက်အာဖရိကရှိ သင်းအုပ်ဆရာများ အကြားတွင် ရေပန်းစားသော်လည်း ရောမမြို သင်းအုပ်ဆရာအသစ်ကျပ်ချွတ် စတီဖင် (Stephen) ၏ ဆန့်ကျင်ခြင်းကို ခံရသည်။ စတီဖင်က မည်သူမဆို သုံးပါးတစ်ဆူ၏ နာမတော်မြတ်၌ ဗတ္တိဇံခံယူလျှင် လက်ခံ၍ ရကြောင်းနှင့် ပေတရုမှတစ်ဆင့် ဆက်ခံသူ များအားလုံးတွင် လုပ်ပိုင်ခွင့်ရှိကြောင်း အထောက်အထားဖြင့် ခိုင်မာစွာ ထောက်ပြသည်။ ညှိနှိင်းမရသည့်အဆုံးတွင် စတီဖင်လက်လျော့လိုက်ရသော်လည်း ရာစုသစ်အစပိုင်းမှ စ၍ သုံးပါးတစ်ဆူ နာမတော်ဖြင့် ဗတ္တိဇံခံခြင်းသည်သာလျှင် အမှန်ဖြစ်ကြောင်း လက်ခံ ကြသည်။

ဆီးပရီယန်၏ အချေအတင် ငြင်းခုံ ရသည့် ကိစ္စမှာ သင်းအုပ်ဆရာများဆိုင်ရာ ရွေးကောက်တင်မြှောက် ခြင်းနှင့် အခွင့်အာဏာအကြောင်းဖြစ်သည်။ ဆီးပရီယန်က အသင်းတော်စည်းလုံးခြင်းနှင့်ဆိုင်သော သူ၏ ဋီကာကျမ်းဘက်သို ဦးလှည့်၏။ သူက အသင်းတော်စည်းလုံးခြင်းဆိုသည်မှာ သင်းအုပ်ဆရာများ၏ အုတ်မြစ်တွင်သာ တည်မှီရ သဖြင့် တစ်ယောက်တစ်ပေါက် မဖြစ်သင့်ကြောင်း အဆိုတင်သွင်းသည်။ သူက ပေတရု သည် “တမန်တော်များ၏ လမ်းပြကြယ်””ဖြစ်သည်ဟု ဆိုကာ ထိုအပြင် ခရစ်တော်က “ကောင်းကင်နိုင်ငံ တံခါးသော့များ”ကို ယုံကြည်စွာ အပ်နှံခြင်းခံရသူဖြစ်သည်ဟုလည်း ဆို၏။ ထိုကြောင့် ရောမမြို သင်းအုပ်ဆရာများသည် အခြားသင်းအုပ်ဆရာများထက် ရာထူးဂုဏ်ရှိန်ကြီးမြင့်သည်ဟု ဆိုသည်။ သိုသော် ရောမမြို သင်းအုပ်ဆရာက အခြား သင်းအုပ်ဆရာများကို အထက်စီးဖြင့် ဆက်ဆံခြင်းအား မရှုစိမ့်နိုင်ပြန်ပေ။ ထိုကြောင့် မည်သူမဆို တစ်ဦးတည်းက ဆုံးဖြတ်ပိုင်ခွင့်ရှိသည်ဟု ဆိုပြန်လေသည်။

 

ပမာပေးခြင်းခံရသူ

၂၅၄ ခုနှစ်တွင် ဧကရာဇ်အသစ် ဗီလေးရီးယန်း (Velerian 254-259) နန်းတက်ကာ အသင်းတော်ကို ဖျက်လိုဖျက်ဆီး လုပ်လာ၏။ သူက အမိန့်ပြန်တမ်းနှစ်စောင် ထုတ် ပြန်ကာ ပထမပြန်တမ်းတွင် တိုင်းသူပြည် သားများအားလုံးက ရောမနတ်သားများကို ပူဇော်ရမည်။ ထိုအပြင် ခရစ်ယာန်များသည် စုရုံးမနေကြရန်နှင့် သုဿန်တစပြင်များ၌ တွေ့ဆုံခွင့်ကို တားမြစ်သည်။ ဒုတိယပြန်တမ်းမှာ ခရစ်ယာန်ဘုန်းကြီးများအားလုံးကို  သတ်ပစ်ရန် ဖြစ်လေသည်။

ဤအကြိမ်တွင် ဆီးပရီယန်သည် ကာသေ့ချ်ကို မစွန့်ခွာဘဲ အဖမ်းခံ၍ ဘုရင်ခံ၏ ရှေ့တော်မှောက်သို အရောက်သွင်းခြင်း ခံရသည်။ ပထမတွင် သူ့ကို နယ်နှင်ဒဏ်ပေး၏။ သိုသော် နောက်တစ်နှစ်ခန့်အကြာ ဘုရင်ခံအသစ်ရောက်လာချိန်တွင် အမှုကို ပြန်လည်စစ်ဆေးသည်။ အမှုစစ်ချိန်အတွင်း သူ့ကို စံအိမ်တော်တွင် ထားရှိကာ ယုံကြည်သူများက ဝိုင်းရံလျက် သူ၏ ဝေယျာဝစ္စများကို ပြုပေးကြ၏။ တိုတောင်းသော စစ်ဆေးချိန်တွင်ပရီယန်သည် ရောမ၏ ဘာသာရေးဓလေ့ထုံးတမ်းများဖြင့် လိုက်လျောညီထွေစွာ နေရန် အချိုသတ်ခြင်းခံရသော်လည်း သူက ခါးခါးသီးသီး ငြင်းပယ်၏။

ထိုအခါ ဘုရင်ခံအမိန့်ထွက်လာရာ “သင်သည် ဘုရားမသိ၊ တရားမရှိသော ဘဝ ဖြင့် အိုမင်းမစွမ်း ဖြစ်သော်လည်း ရောမဘာသာနှင့် နတ်ဘုရားများကို မခန့်လေးစားပြု သောကြောင့် သင့်ကို ပမာပေးစရာဖြစ်စေမည် …. တက်ဆီးယပ်စ် ဆီးပရီယားနပ်စ် (Thascius Cyprianus) ကို ဓားရှည်ဖြင့် ခေါင်းဖြတ်သတ်စေ”ဟု အမိန့်တော်ချမှတ် လိုက်သည်။

ဆီးပရီယန်လာရာလမ်းတစ်လျှောက်တွင် လူထုကြီးလည်း လိုက်ပါလာသည်။ သူ သည် ထိုလူပင် လယ်ကြီးကို မြင်လျှင် နတ်ကျသကဲ့သို တုန်နေလေ၏။ ထိုအခါ အသင်း တော်လူကြီး ဂျူလီယန် (Julian) က ပဝါတစ်ထည်ဖြင့် သူ့မျက်စိကို အုပ်ပေးသည်။ ဆီးပရီယန် ဇီဝိန်ကြွေသော် နောက်လိုက်ငယ်သားများက ညတွင်းချင်း မီးတုတ်များ ကိုင်ကာ မြေချကြသည်။

ဆီးပရီယန်သည် ၁၀ နှစ်တာ သင်းအုပ်ဆရာသက်တမ်းတွင် အသင်းတော်အတွင်းရှိ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ညှင်းပန်းသတ်ဖြတ်မှုတည်းဟူသော ခြိမ်း ခြောက်မှုများကို ကြံ့ကြံ့ခံကာ ရင်ဆိုင်ခဲ့သူဖြစ်သည်။ သူသည် ကောင်းကင်ဘုံတွင် လင်းလက်တောက်ပနိုင်ဖို အလိုငှာ လောကီရေးရာ များအပေါ်တွင် အနိုင်ယူသူဖြစ်၏။ သူ့အား အသင်းတော်ကို အုပ်ချုပ်ရန် ဘုရားရှင်၏ ခွဲခန့်မှတ်သားခြင်း ခံရသူဖြစ်သည်ဟု သတိရကြမည်ဖြစ်ကြောင်းနှင့် သူသည် သင်းအုပ်ဆရာတိုင်းအတွက် ရပိုင်ခွင့်ကို သူ့ကိုယ် ပိုင်ဆုံးဖြတ်ချက်ဖြင့် တိုက်ယူပေးခဲ့သူလည်းဖြစ်သည်။

အာဖရိကရှိ အသင်းတော်သည် ၇ ရာစုတွင် မွတ်ဆလင်များ၏ လုယက်ဖျက်ဆီး ခြင်းကိုခံရ၍ ဝတ်ကျောင်းအမြောက်အများ ဖျက်ဆီးခြင်းခံရကာ ဗလီများအဖြစ် အသွင် ပြောင်းခြင်း ခံကြရရှာသည်။ ခရစ်ယာန်အဖွဲအစည်းများလည်း ဟိုနားတစ်စု၊ ဒီနားတစ် စုဖြင့်သာ ကွက်ကျားကျန်ရှိနေလေရတော့ကား “မီးအိမ်ကို အရင်နေရာမှ ရွှေ့ယူလိုက် သည့်နှယ်သို” ရှိလေတော့သည်။

ရောမဧကရာဇ်များလက်ထက်တွင် ခရစ်ယာန်များ ညှင်းပန်းသတ်ဖြတ်ခံရခြင်း

ရောမဧကရာဇ်များလက်ထက်တွင် ခရစ်ယာန်များ ညှင်းပန်းသတ်ဖြတ်ခံရခြင်း (အဆက်)

ခရစ်ယာန်အင်ပါယာ

ဧကရာဇ်ဒိုင်အိုကလဲရှန်း (Diocletian) ၏ အုပ်စိုးမှုအကုန်ပိုင်းတွင် ခရစ်ယာန်ဘာသာ သည် ကျူပင်ခုတ် ကျူငုတ်မကျန်ရအောင် အရက်စက်ဆုံးချေမှုန်းခြင်းခံရသည်။ ယုံကြည် မှုကို လွယ်လွယ်နှင့် စွန့်လွှတ်သူများ ရှိသော်လည်း အသတ်ခံရသည့် မရေတွက်နိုင်သော မာတုရများလည်း ရှိ၏။ ဝတ်ကျောင်းများနှင့် ဘာသာရေးဆိုင်ရာ ကျမ်းဂန်အမြောက် အများမီးရှိဖျက်ဆီးခြင်းခံရကာ ယုံကြည်သူများကို ရေတွင် နှစ်သတ်ခြင်းများဖြင့် နှိပ်စက် ၏။ အမျိုးသားများကို သတ္တုတွင်းအလုပ်သမားများအဖြစ်လည်းကောင်း၊ အမျိုးသမီး များကို ပြည့်တန်ဆာများအဖြစ်လည်းကောင်း ပြစ်ဒဏ်ချမှတ်သည်။

ထိုအချိန်လောက်မှာပင် ရောမအင်ပါယာ၏ ဝေးလံသော ရှေ့တန်းတစ်နေရာ၌ နောင် အခါတွင် ရောမဧကရာဇ်များထဲ၌ အကြီးကျယ်ဆုံး ဘုရင်ဖြစ်လာမည့် လူငယ်လေးတစ်ဦး ရှိ၏။ သူ၏ စိုးစံချိန်မှစ၍ အသင်းတော်နှင့်နိုင်ငံတော်သည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး များဖြင့် ကဏ္ဍသစ်တစ်ရပ် ဖွင့်လှစ်နိုင်သောကြောင့် တိုင်းနိုင်ငံသည် အလျှံပယ်ကောင်း ချီးများ ခံစားရသည်။

 

မဟာကွန်စတဲန်တင်း (လွန် ၃၃၇) ရောမဧကရာဇ်

ကွန်စတဲန်တင်း (Constantine) သည် မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်သူဖြစ်၏။ အဖအမည်မှာ ကွန်စတဲန်းတီးယပ်စ် ကလိုယပ်စ် (Constantius Chlorus) ဖြစ်၍ အမိ ဟယ်လင်နာ (Helena) သည် အိမ်ဖော်ဖြစ်သောကြောင့် နိုင်ငံရေးအရ သူ့ဖခင်၏ ကွာ ရှင်းခြင်းကို ခံရသည်။ ကွန်စတဲန်းတီးယပ်စ်သည် ဧကရာဇ်အောက် အကြီးဆုံးဖြစ်၍ စပိန်၊ ဂေါလ်နှင့် ဗြိတိန်တိုကို ကောင်းစွာ အုပ်ချုပ်နိုင်သော စစ်သူကြီး လည်းဖြစ်သည်။ ဒိုင်အို ကလဲရှန်းနန်းစွန့်သော် သူသည် အနောက်တစ်ခွင်တွင် ဧကရာဇ်အဖြစ် တစ်နှစ်တာ စိုးမိုး အုပ်ချုပ်၍ ၃ဝ၆ ခုနှစ်တွင် ယော့ခ် (York) ၌ သေဆုံးသည်။ သူသေဆုံးချိန်တွင် သား တော်မောင်သည် သူ့ဘေးတွင်ရှိ၏။

ထိုအခါ ရောမစစ်သည်တော်များက ကွန်စတဲန်တင်းကို ဧကရာဇ်အသစ်ဖြစ်သည် ဟု ချက်ချင်း မောင်းခတ်လိုက်သောကြောင့် ရောမမြိုရှိ တရားရေးဆိုင်ရာ ဝန်ကြီး၊ ဝန်ငယ် များသည် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကြကုန်၏။ ကွန်စတဲန်တင်းသည် ဘေးအန္တရာယ် ပေါင်းများစွာကို ဖြတ်ကျော်ကာ ရောမသို ဘေးကင်းစွာ ရောက်လာနိုင်သောကြောင့် ဂုဏ် တက်သည်။

သူ့ဘဝတွင် ရောမသို ချီတက်လာရာလမ်းကြောင်း၌ ခရစ်ယာန်ဘာသာစစ်မှန် ကြောင်း သိသာစေသော အချက်ကြီးနှစ်ချက်ရှိ၏။ သူသည် “အနိုင်မခံ နေမင်းကြီး” တစ်ဆူတည်းကိုသာ ကိုးကွယ်ခဲ့သော်လည်း ကမ္ဘာမြေကြီးကို ပိုင်သတော်မူသူ နတ်မင်း ကြီးတစ်ပါးရှိသည်ကို သူ့ဖခင်ထံမှတစ်ဆင့် ကြားသိဖူးသည်။

တစ်နေ့ နေ့လယ်မွန်းတည့်ချိန်တစ်ရက်တွင် သူ့ဖခင်ကိုးကွယ်သော နတ်မင်းကြီးထံ ဤသိုဆုတောင်း၍ မေးလျှောက်၏။ “အရှင်နတ်မင်းကြီးသည် မည်သူဖြစ်ပါသနည်း ကျွန်ုပ်ကြုံတွေ့နေရသော အခက်အခဲပြ ဿနာများကို ယခုပင် ဖြေရှင်းပေးလော့။” ဆုတောင်းပြီးလျှင် အလွန်ထူးဆန်းသော လက္ခဏာတစ်ခုဖြစ်သည့် “ဤသင်္ကေတဖြင့် အနိုင် ယူပါ”ဟူသော စာတမ်းပါသည့် လက်ဝါးကပ်တိုင်တစ်ခုကို ကောင်းကင်ယံတွင် မြင် တွေ့ရ၏။ ထိုည သူ့အိပ်မက်ထဲ၌ ခရစ်တော်ကိုယ်ယောင်ပြကာ သူတွေ့ရှိခဲ့သော သင်္ကေ တအတိုင်းပြုလုပ်၍ ရန်သူများကို တိုက်ခိုက်ချေမှုန်းရန် စေခိုင်းခြင်းခံရသည်။ တပ်စ ခန်းချရာနေရာမှ ရောမသိုဝင်ရာ၌ သူ့စစ်သားများ၏ ဒိုင်းကာများအပေါ်တွင် သူ မြင် မက်ခဲ့သည့်အတိုင်း “ကောင်းကင်ဗိုလ်ခြေအရှင်ဘုရား၏ သင်္ကေတ”ကို ပြုလုပ်စေပုံ မှာ ဂရိဘာသာဖြင့် ခရစ်တော်ကို ရေးသားရာ၌ အသုံးပြုသော ပထမစာလုံး နှစ်လုံးဖြစ် သည့် ခိုင် -ရို (Chi-Rho) ကို ပြုလုပ်စေခြင်းဖြစ်သည်။

ထိုအချိန်မှစ၍ ရှေ့တစ်လျှောက်တွင် ကွန်စတဲန်တင်းသည် သူကိုယ်တိုင် ခရစ်ယာန် တစ်ဦးကဲ့သို ပြုကျင့်၍ သူ၏ ပေးစာများထဲတွင် ခရစ်ယာန်ဘာသာ အသုံးအနှုန်းများကို လှိင်လှိင်အသုံးပြုလာသည်။

တိုက်ပွဲဖြစ်ပွားရာနေရာသည် ရောမမြိုပြင် မီလ်ဗီယန် (Milvian) (၃၁၂ ခုနှစ်) တံတားတွင်ဖြစ်၍ ကွန်စတဲန်တင်းသည် ရန်သူများကို အပြတ်အသတ် အနိုင်ရကာ ထိုအချိန်မှစ၍ သူသည် အင်ပါယာ၏ ထက်ဝက်ဖြစ်သော အနောက်ပိုင်းဧကရာဇ်ဖြစ်လာ၍ (လိုင်ဆီးနီးယပ်စ် (Licinius) သည် ကျန်အရှေ့ပိုင်း၏ ဧကရာဇ်ဖြစ်သည်) ယင်းအောင် ပွဲသည် ခရစ်ယာန်များကိုးကွယ်သော ဘုရားကြောင့်ဖြစ်သည်ဟုဆိုကာ ထိုဘုရားကိုလည်း သူ အမျိုးမျိုးစမ်းသပ်သည်။ သူစမ်းသပ်သမျှလည်း ဘုရားရှင်က အဖြေပေးလေ့ ရှိ၏။

သူသည် နောက်ပိုင်းအဖြစ်အပျက်များ၌ ဘုရားရှင်ကို ယုံကြည်၍ “ပြောင်းလဲလာ သည်”ဆိုသော်လည်း ရောမနတ်ဘုရားများအပေါ်တွင် သစ္စာခံမြဲခံသောကြောင့် ဒွိဟ သံသယဖြစ်စရာများ ရှိ၏။ သူသည် ဧကရာဇ်ဖြစ်သည့်အပြင် တိုင်းပြည်၏ တရားဝင် “သာသနာပိုင်ဘုန်းတော်ကြီး” (Pontifex Maximus) လည်း ဖြစ်သည်။ ထိုခေတ်အခါ က ရောမဒင်္ဂါများပေါ်တွင် နတ်ဘုရားများ၏ ပုံတူများ သွန်းလုပ်စေကာမူ တချိုကို ခိုင်-ရိုဟု အမှတ်အသားပြုစေ၏။ သူသည် ကွန်စတင်တီနိုပယ်လ် (Constantinople) မြိုသစ်တည်ရာတွင် ရောမနတ်ဘုရားများ၏ ရုပ်ပွားတော်များကိုလည်း တည်ထားလေ့ ရှိသည်။

 

မျက်နှာသာပေးခံရခြင်း

မီလ်ဗီယန်တွင် အောင်ပွဲရပြီးနောက် သူသည် ခရစ်ယာန်ဘာသာကို ပြောင်းလဲရန် ဝါယမ စိုက်ကြိုးပမ်းသည်။ နိုင်ငံတော်၏ နတ်ဘုရားပူဇော်ခြင်း အစဉ်အလာကို ရုပ်သိမ်း၍ အသင်းတော်ကို မျက်နှာသာပေးကာ လူသားအကျိုး သယ်ပိုးဆောင်ရွက်ခြင်းလုပ်ငန်းများ တွင် အမှန်တကယ် အားသွန်ခွန်စိုက် လုပ်ဆောင်လာသည်။

တိုင်းသူပြည်သားများအပေါ်တွင် သူ၏ ပထမဆုံး အသိပေးကြေငြာချက်မှာ မိမိ ကြိုက်နှစ်သက်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိကြောင်းနှင့် ခရစ်ယာန် များကို ဂျူးများ၊ နတ်ကိုးကွယ်သူများနှင့် တန်းတူထားခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာ ပင် ညှင်းပန်းသတ်ဖြတ်သည့် ကာလအတွင်းက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခဲ့သည့် ပစ္စည်းပစ္စယများအားလုံးကိုလည်း ယုံကြည်သူများထံ ပြန်လည် အပ်နှံသည်။ ယင်းစီ ရင်ထုံးကို “မီလန်ပြန်တမ်း”(Edict of Milan) ဟုခေါ်၏။ သိုသော် ဤပြန်တမ်း မိတ္တူ တွေ့ဖူးသူတစ်ဦးတစ်ယောက်မျှ မရှိချေ။ အလွတ်သဘော ကြေညာချက်ဖြစ်ဟန် ရှိ၏။

နောင်အခါ ခရစ်ယာန်နီတိများဆိုင်ရာ ထပ်တိုးဥပဒေများကို ဆက်လက်ပြင်ဆင် ဆောင်ရွက်ကာ ထိုဥပဒေများကြောင့် လူ့အဖွဲ အစည်းကြီးတစ်ခုလုံး ပြောင်းလဲခဲ့သည်။ ထိုထပ်တိုးဥပဒေများမှာ ငွေဝယ်ကျွန်များ၏ ကိုယ်ပေါ်က အမှတ်အသားများနှင့် ရာဇဝတ် သားများ၏ မျက်နှာပေါ်က တံဆိပ်ရိုက် ခြင်းများကို တားမြစ်ခြင်းဖြစ်၏။ အကြောင်းမှာ “လူသားသည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသောကြောင့်ဖြစ်သည်”ဟူ၏။ ငွေဝယ်ကျွန်များအား ကားတိုင်တင်သတ်ခြင်းကိုလည်း တားမြစ်ကာ တစ်ဦးနှင့်တစ်ဦး သတ်ပုတ်၍ ပရိသတ်ကို ဖျော်ဖြေရသော ပွဲစင်များလည်း ဟန့်တားထား သည်။ အလိုမရှိသော ကလေးငယ်များကို သတ်ပစ်ခြင်းများလည်း မရှိတော့ပေ။ ထိုအပြင် ကာမေသုမိစ္ဆာစာရကံ ကျူးလွန်သူများ ကိုလည်း ပြင်းထန်သော ပြစ်ဒဏ်များအစား တည် ငြိမ်သာယာသော အိမ်ထောင်သည်များဖြစ်ရန် တိုက်တွန်းနှိးဆော်ထားချက်များလည်း ပါရှိသည်။

ဘုရင်က ပျူငှာစွာ ဆက်ဆံသည့်အတွက် အသင်းတော်သည် ကိုယ်၏ ကျန်းမာခြင်း နှင့် စိတ်၏ ချမ်းသာခြင်းသုခများ ရရှိသည်။ ဘုရင်သည် သမ္မာကျမ်းစာအသစ်များကို လည်း ကူးယူပွားစီးခွင့်ပြုကာ ခရစ်ယာန်ဘုန်းကြီးများကို တိုင်းပြုပြည်ပြု ပုဂ္ဂိုလ်ကြီးများ အဖြစ် နေရာပေး၍ တိုင်းပြည်၏ အခွန်တော်များကိုလည်း ကင်းလွတ်ခွင့်ပေးသည်။ (အရင်နတ်ဆရာများ ရရှိသော အခွင့်အရေးကဲ့သိုပင်တည်း) တိုင်းပြည်အခွန်ဘဏ္ဍာ၏ တချိုတစ်ဝက်ကို အသင်းတော်၏ ကုသိုလ်ဖြစ် အလှူဒါနလုပ်ငန်းအတွက် ခွဲဝေပေးသည်။

မာတုရများ လဲလျောင်းရာနေရာ၌ အသင်းတော်အဆောက်အအုံ အများအပြားစိုက် ထူသည်။ သန့်ရှင်းသောမြေကို ဂျေရုဆလမ်ဟု နဂိုအတိုင်း ပြန်လည်သမုတ်သည်။ (ရောမ များက အေလီယာ ကက်ပီတိုလီနာ (Aelia Capitolina)ဟု ပြောင်းလဲမှည့်ခေါ်ထား၏) ကွန်စတဲန်တင်းသည် ခရစ်တော်၏ ကားစင်တင်သတ်ခြင်းခံရသည့် နေရာအတိအကျကို ရှာဖွေကာ ထိုနေရာတွင် the Church of the Holy Sepulchre တည်ဆောက်သည်။ မင်းဧကရာဇ်က ရောမတွင် Vatican Hill & Ostra Way Outside the Walls အမည်ရ ဘာစီလီကာနှစ်လုံးကို ပေတရုနှင့် ပေါလုတို၏ အထိမ်းအမှတ်အဖြစ် တည် ဆောက်သည်။

ကွန်စတဲန်တင်းသည် သန့်ရှင်းသောမြေသို ဘုရားဖူးသွားခြင်းကို အားပေးသူဖြစ်၍ သူ့မိခင်ဟယ်လင်နာကို နဂိုရာထူးအတိုင်း ပြန်လည်ချီးမြှင့်မြှောက်စားကာ သူမသည် ရှေးခရစ်ယာန်များ၏ ကျက်စားရာနေရာများကို အပတ်တကုတ် ရှာဖွေသည်။ သူမသည် ဗက်လင် (Bethlehem) မြိုနှင့် သံလွင်တောင်ပေါ်ရှိ ဘာစီလီကာများတည်ဆောက် ရာတွင် တာဝန်ယူရသူဖြစ်သည့်အပြင် တစ်ဆင့်စကား တစ်ဆင့်ကြားဖြင့် ခရစ်တော်ကား စင်တင်သတ်ခံရသည့် နေရာမှန်ကို ရှာဖွေတွေ့ရှိသူလည်းဖြစ်သည်။

 

လူကြိုက်များသော ခရစ်ယာန်ဘာသာ

အသင်းတော်သည် ဦးစားပေးဆက်ဆံခံရခြင်းကြောင့် ခရစ်ယာန်ဘာသာသည် လူကြိုက်များ ရေပန်းစားလာသည်။ ခရစ်ယာန်များကဲ့သို အခွင့်အရေးရချင်သော နတ်ကိုးကွယ်သူများလည်း ခရစ်ယာန်ဘာသာဝင်အမည်ခံကာ မည်ကာမတ္တ ဘုရားကျောင်းတက်၍ အခွင့် အရေးယူကြသည်။ ကိုယ်ကျင့်တရား စံနှုန်းစံထားများ နိမ့်ကျနေသည့်နေရာ၌ စစ်မှန်သော ယုံကြည်ခံယူချက်သည် မှန်ကန်သော အပြုအမူထက် ပို၍ အရေးကြီး၏။

ဝတ်ပြုပွဲတွင် အနှစ်ထက် အကာကို အလေးပေးမှု (Formalism) များ ဝင်လာ၍ ဘုန်းကြီးများက ဆုတောင်းသရဇ္ဈာယ်ခြင်းများ အကြိမ်ကြိမ်ပြုလုပ်ခြင်းနှင့် ဝတ်ပြုသူ လူစုက ဘုန်းကြီးများ၏ ယင်းဆုတောင်းသရဇ္ဈာယ်ခြင်းများကို နားထောင်ကြရသည်။ ဘုန်းကြီးများက ဝတ်ရုံရှည်ကြီးများကို အသုံးပြုလာကြကာ ဖယောင်းတိုင်များနှင့် အမွှေး နံ့သာအသုံးပြုခြင်းများလည်း ဝင်လာသည်။ ဘာသာရေးဓလေ့ထုံးတမ်းများသည် ဝတ်ပြု ပွဲအစီအစဉ်များထဲသို တဖြည်းဖြည်း စိမ့်ဝင်လာကာ ယခင်နှစ်များဆီက ရိုးစင်းစွာ ဝတ် ပြုခြင်းများနေရာ၌ ၄င်းတိုသည် အစားထိုးဝင်လာကြကုန်၏။ ယင်းသိုသော အပြောင်းအလဲ တချိုကြောင့် ယုံကြည်သူအချိုသည် “သန့်ရှင်းသူတိုအား ပေးအပ်ခဲ့ပြီးဖြစ်သော ယုံကြည် ခြင်းတရား”မှ ယိမ်းယိုင်လျက်ရှိကြ၏။ အသင်းတော်က ကွန်စတဲန်တင်း၏ ဝိညာဉ်ရေး အာဏာစက် အသုံးချခြင်း ခွင့်ပြုချက်နှင့်ပတ်သက်၍ ဤသို တုံပြန်အဖြေပေးသည်။ အသင်းတော်ခေါင်းဆောင်များက သူတိုကိုယ်တိုင် ဆုံးဖြတ်သင့်သော အရေးကြီးသည့် ကဏ္ဍနှစ်ရပ်အပေါ်တွင် မင်းဧကရာဇ်က ဆုံးဖြတ်ခွင့်ပေးပါမည့်အကြောင်း အနူးအ ညွတ် မေတ္တာရပ်ခံကြသည်။

၃၁၃ ခုနှစ်တွင် ကာသေ့ချ်မှ ခရစ်ယာန်အဖွဲတစ်ဖွဲ က သူတို၏ သင်းအုပ်ဆရာ နှင့်ပတ်သက်၍ အငြင်းပွားကြသဖြင့် ဘုရင့်ထံ၌ အကူအညီတောင်းကြ၏။ ဒိုးတစ်ဝါဒီ (Donatists) များက ညှင်းပန်းနှိပ်စက် သည့်ကာလတွင် အသင်းတော်ကို သစ္စာဖောက်သူ စီဆီလီယန် (Caecillian) အား ကာသေ့ချ်သင်းအုပ်ဆရာ အဖြစ် လက်မခံလိုကြတော့ဘဲ ဒိုးတပ်စ် (Donatus) ကိုသာ ကာသေ့ချ်သင်းအုပ်ဆရာအဖြစ် အဆိုပြုထောက်ခံကြ၏။ ထိုကြောင့် ဧကရာဇ်က ၃၁၄ ခုနှစ်တွင် အာလ် (Arles-ဂေါလ်) ၌ သင်းအုပ် ဆရာများဆိုင်ရာ အစည်းအဝေးတစ်ရပ်ကို ခေါ်၍ စီဆီလီယံအပေါ် စွဲချက်များကို ဖျက် သိမ်းကာ သူ့အား သင်းအုပ်ဆရာတာဝန်ကို ဆက်လက်ထမ်းဆောင်စေသည်။

အလက်ဇန္ဒြီးယားမြိုတွင် ကျင်းပသော ညီလာခံတွင် သင်းအုပ်လူကြီး အေးရီးယပ်စ် (Arius) က ခရစ်တော်သည် ဘုရားလည်းမမီ၊ လူသားလည်းမကျ ကြားလူသာလျှင်ဖြစ် ၏ဟုဆိုကာ ငြင်းဆိုသောကြောင့် ၃၂၅ တွင် ဧကရာဇ်ကိုယ်တိုင် ကမကထပြု၍ အာရှ မိုင်းနား၏ အနောက်မြောက်ဘက် နိုင်ဆင်း (Nicaea) မြိုတွင် သင်းအုပ်ဆရာများညီလာခံ ကို တစ်ဖန်ပြန်လည်၍ ခေါ်သည်။ သင်းအုပ်အပါး ၃ဝဝ ခန့် တက်ရောက်သော ထိုညီလာခံ သည် ကမ္ဘာလုံးဆိုင်ရာ ပထမဆုံး အသင်းတော်ညီလာခံပင်ဖြစ်၏။

ထိုညီလာခံတွင် အဓိကဆွေးနွေးချက်မှာ ခရစ်တော်သည် ဘုရားအမှန်ဖြစ်၍ လူသား အစစ်လည်း ဖြစ်ကြောင်းကို ခရစ်ယာန်ယုံကြည်သူများက သံသယကင်းရှင်းစွာ လက်ခံ နိုင်ရန်ဖြစ်သည်။ ထိုကြောင့် အေးရီးယပ်စ်၏ ယုံကြည်ခံယူချက် မှားယွင်းကြောင်း ကြေငြာ ကာ အသားဆီးယပ်စ် (Athanasius) ၏ ခံယူချက်သာ အမှန်ဟု လက်ခံကြသည်။ အသာနေးဗီးယပ်စ်၏ ခံယူချက်ကို ဂရိဘာသာဖြင့် homoousion ဟုခေါ်၍ အနက်မှာ သားတော်သည် ဖခမည်းတော်နှင့် “ပါဝင်သောဒြပ်အမျိုးစားတစ်မျိုးတည်း” (သို) “တူ ညီသော အနှစ်သာရတစ်မျိုးတည်း”ဖြစ်သည်ဟူ၍ ဖြစ်၏။ ဒွိဟဖြစ်စရာ ယင်းစကားလုံး နှင့်ပတ်သက်၍ သင်းအုပ်ဆရာနှစ်ပါးမှအပ အားလုံး ယာယီသဘောတူကြသည်။

 

ခမ်းနားထည်ဝါခြင်းနှင့် ကြီးကျယ်မြင့်မြတ်ခြင်း ၊

ကွန်စတဲန်တင်းသည် ယခုအချိန်တွင် အသင်းတော်နှင့်နိုင်ငံတော်၏ ဦးသျှောင်အာဏာပိုင် ဖြစ်ကြောင်း သူကိုယ်တိုင် ထင်မြင်ယူဆလျက်ရှိသူဖြစ်သည်။ သူသည် ခမ်းနားထည်ဝါ ခြင်းနှင့် ကြီးကျယ်မြင့်မြတ်ခြင်း များအပေါ်တွင် အငမ်းမရ ယစ်မူးနေလေ၏။ ဧကရာဇ် ဖြစ်လာချိန်မှစ၍ ဦးရစ်သရဖူဆောင်းကာ သူ့ဝတ်ရုံများလည်း ပုလဲရတနာများဖြင့် အပြောက် မွမ်း၍ တန်ဆာဆင်၏။

သူသည် ရောမမြိုတွင် နေရသည်ကို ငြီးငွေ့လာသဖြင့် သူ၏ ဩဇာအရှိန်အဝါ ဖြန့်ကြက်နိုင်ဖိုရန် ရွှေဉာဏ်တော်စူးရောက်သောကြောင့် ၃၂၄ ခုနှစ်တွင် ကွန်စတင်တီ နိုပယ်မည်သော “ကွန်စတဲန်တင်းမြိုတော်သစ်”ကို တည်သည်။ ထိုမြိုတော်သည် လုံးဝ ပြီးဆုံးချိန် ၃၃၀ ခုနှစ်မှ အစ္စလမ်များ၏ ဖျက်ဆီးခြင်းခံရချိန် ၁၄၅၃ ခုနှစ်အထိ ရောမ တွင် ပြိုင်ဘက်ကင်းမြိုတော်ဖြစ်သည်။ ။

ကွန်စတဲန်တင်းသည် သူ၏ မြိုတော်သစ်၌ ကြာရှည်စွာ မစံစားရပေ။ သူ၏ နောက် ဆုံးနေ့များတွင် အသင်းတော်၌ ဗတ္တိဇံခံခြင်းနှင့် ရိုးရိုးဝတ်ရုံများကိုသာ ဝတ်ဆင်လေ တော့၏။ သူသည် ၃၃၇ ခုနှစ်၊ ပင်တေကုတ္တေပွဲတော်အတွင်း၌ ဘုန်းတော်ဝင်စားကာ ကွန်စတင်တီနိုပယ်လ်မြိုတော်၌ နိုင်ငံတော်ဈာပနာဖြင့် မြှုပ်နှံသဂြိုဟ်သည်။

နောင်အခါ သူ့ကို သမိုင်းတစ်လျှောက်တွင် အလွန်ရခဲသော“မဟာ”(Great) ခေါ် သူကောင်းဘွဲ ကို လေးစားသမုပြုခြင်းဖြင့် ပေးအပ်ချီးမြှင့်ခဲ့ကြ၏။ သူသည် ဧကရာဇ် တစ်ပါးအနေဖြင့် နိုင်ငံတော်ကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်သော စွမ်းရည်ရှိသူဖြစ်၍ ရောမအင်ပါယာသည် ဗဟိုက ချုပ်ကိုင်အုပ်ချုပ်ရသည့် တစ်ခုတည်းသော နိုင်ငံတော်ဖြစ် အောင် စွမ်းဆောင်နိုင်ခဲ့သည်။ သူသည် “ရာဇနှင်တံဖြင့် ငြိမ်းချမ်းစွာ အုပ်ချုပ်နိုင်သူ” ဖြစ်ကာ သူဖန်တီးယူထားသော ရောမနိုင်ငံတော်သစ်သည်လည်း ဆက်လက်ထွန်းကား လျက်ပင်ရှိသည်။

အသင်းတော်ကြီးတစ်ပါးအဖြစ် သူကြိုးစားထားသော စည်းလုံးခြင်းသည် မအောင် မြင်ပေ။ သူကိုယ်တိုင်အမှူးပြု၍ ကျင်းပသော နိုင်ဆင်းအငြင်းပွားမှုသည် သူကွယ်လွန်ပြီး တစ်ဖန်ပြန်၍ အငြင်းပွားကြပြန်သည်။ သူ့ကို အရှေ့ပိုင်းယုံကြည်သူများက “သူတော် စင်”အဖြစ်လည်းကောင်း၊ “တမန်တော်များနှင့်တန်းတူသူ”အဖြစ်လည်းကောင်း သတ် မှတ်ကြသည်။

 

ယူဆီးဘီးယပ်စ် (၂၆၃-၃၃၉) အသင်းတော်သမိုင်းဖခင်

တမန်တော်ဝတ္ထုသည် ပင်တေကုတ္တေမှသည် ရောမမြိုရှိ ပေါလုအကျဉ်းထောင်မှ လွတ်လာ ချိန်ဖြစ်သော အေဒီ ၆၂ အထိ အနှစ် ၃၀ ခန့်ရှည်ကြာသောကာလဖြစ်သည်။ ထိုအချိန် နှောင်းပိုင်းမှ အနှစ် ၃ဝဝ ရှိသော ခရစ်ယာန်အသင်းတော်သမိုင်းကို ဒုက္ခသုခမျိုးစုံကြားမှ မော်ကွန်းတင်လောက်အောင် ပြောင်မြောက်စွာ ရေးသားပေးသူမှာ စီဆီးရီယာ (Caesarea) မြိုသား ယူဆီးဘီးယပ်စ် (Eusebius) ဖြစ်သည်။ သူသာမရှိခဲ့လျှင် ထိုအစောပိုင်းနှစ်များ ဆီက အဖြစ်အပျက်များသည် ကျွန်ုပ်တိုသိနိုင်စရာအကြောင်း မရှိပေ။ သူ့ကျေးဇူးကား ဆပ်နိုင်ဖွယ်ပင် မရှိတော့။

ထိုခေတ်က မှတ်တမ်းမှတ်ရာများသည် တာရှည်မခံပေ။ တွေ့ရသမျှမှာလည်း ယူဆီး ဘီးယပ်စ်၏ တစ်ပတ်ရစ်လက်ရာများသာလျှင် ဖြစ်သည်။ ဤအကြောင်းသည် အလွန် စိတ်ဝင်စားဖွယ်ကောင်း၏။ ပထမသုံးရာစုအတွင်းရှိ စာရေးသူများက ပါပိုင်းရပ်စ်ခေါ် ပေပုရပိုက်များပေါ်တွင် ရေးသားကြကာ အလွန်ပျက်စီးလွယ်၏။ ၄ ရာစုအစတွင် နွား သူငယ်၊ သိုးသူငယ်များ၏ အရေခွံဖြင့် ပြုလုပ်ထားသော သားရေပုရပိုက်များပေါ်လာကာ ထိုအချိန်မှစ၍ ပေပုရပိုက်ကို သားရေပုရပိုက်များဖြင့် အစားထိုးနိုင် လာကြသည်။ တစ်ချိန် တည်းမှာပင် စာပေရေးသားခြင်းသည် ထိုသားရေလိပ်များမှ ရှေးလက်ရေးစာမူ (စာအုပ်) များအဖြစ်သို ရောက်ရှိလာခြင်းဖြစ်သည်။

ထိုကဲ့သို ဆင့်ကဲဖြစ်လာခြင်း၏ အကျိုးသက်ရောက်မှုကြောင့် ကနဦးအသင်းတော် အတွင်း ဖြစ်ပျက်ခဲ့သည့် ညှင်းပန်းနှိပ်စက်မှုနှင့် မာတုရများအဖြစ် အသက်စတေးရမှုများ မှအစ မိစ္ဆာဒိဋ္ဌိများအလယ် အကွဲအပြဲများအဆုံး မှတ်တမ်းတင်ထားသော ယူဆီးဘီးယပ်စ် ၏ အရေးအသားများမှာ အပျက်အစီးမရှိဘဲ ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။

 

ကြွယ်ဝချမ်းသာသော ပညာတတ်

တတိယရာစုတွင် ကြွယ်ဝချမ်းသာသော ပညာတတ်တချို ခရစ်ယာန်ဘာသာသို ကူး

ပြောင်းလာ ရသည့် အကြောင်းမှာ ယူဆီးဘီးယပ်စ်ကြောင့် ဖြစ်ဟန်ရှိ၏။ သူသည် ဧကရာဇ်ဂလဲနပ်စ် (Gallienus) စိုးစံချိန် ၂၆၃ ခုနှစ်တွင် ပါလက်စတိုင်း၌ မွေးဖွား၏။ ဗီလေးရီးယန်း၏ ညှင်းပန်းနှိပ်စက်ချိန် (၂၅၃-၂၅၉) သည် သူကွယ်လွန်သော ၂၅၉ ခုနှစ် တွင် အဆုံးသတ်သည်။ ဗီလေးရီးယန်၏ သားတော်သည် အသင်းတော်၏ ပစ္စည်းဥစ္စာများ၊ ကို ပြန်လည်အပ်နှင်း၍ ငြိမ်သက်ခြင်းကာလကို ပြင်ဆင်ပေးသည်။

ယူဆီးဘီးယပ်စ်၏ အစောပိုင်းနှစ်များအကြောင်း မသိရချေ။ သူသည် ခရစ်ယာန် မိသားစုမှဖြစ်ကြောင်း အထောက်အထားလည်း မရှိပေ။ ဟေရုဒ်မင်းကြီး (Herod the Great) တည်ထားသော မြိုဖြစ်သည့် အာဆီးရီယာမြိုတွင် ခရစ်ယာန်ဘာသာဆိုင်ရာ ပို ချချက်များ နာယူကာ ထိုမြို၌ပင် ဗတ္တိဇံခံယူသည်ဟု သိရသည်။ ၂၉၆ ခုနှစ်တွင် လူငယ်ကွန်စတဲန်တင်းနှင့် ဧကရာဇ်ဒိုင်အိုကလဲရှန်း (၂၈၄-၃ဝ၅) တို အရှေ့အင်ပါယာ တွင် တိုင်းခန်းလှည့်စဉ် သူ မြင်တွေ့ (တွေ့ဆုံစကားပြော) ခဲ့သည်။

သူ၏ လူငယ်ဘဝတွင် စီဆီးရီယာမြိုရှိ ပမ်းဖီးလပ်စ် (Pamphilus) ၏ လွှမ်းမိုး ခြင်းကို အထူးခံရ၏။ ပမ်းဖီးလပ်စ်သည် အသင်အပြကောင်းသော ပညာရှင်အဖြစ် ထင်ရှား သူဖြစ်သည်။ ပမ်းဖီးလပ်စ်သည် အလက်ဇန္ဒြီးယားမြိုမှ စီဆီးရီယာမြိုသို ပြောင်းရွှေ့ ကာ အထင်ကရစာကြည့်တိုက်နှင့် ဓမ္မဗေဒစာသင်ကျောင်း ဖွင့်လှစ်သည်။ ဆီးဘီး ယပ်စ်က ထိုကျောင်းတော်တွင် စာသင်သားတစ်ဦးဖြစ်ခဲ့ဟန်ရှိ၍ သူတိုသည် အလွန် ရင်းနှီးသော ဆရာတပည့်များဖြစ်ကြသည်။ ထိုအချိန်မှစ၍ ယူဆီးဘီးယပ်စ်သည် လောကီ၊ လောကုတ္တရာနှစ် ဖြာသော စာပေများကို အငမ်းမရ ဖတ်ရှုခဲ့သဖြင့် နောင် အခါတွင် သူ၏ ပင်ကိုယ်ရေးစာအုပ်များအတွက် အလွန်အထောက်အကူဖြစ်လာသည်။

ဆီးဘီးယပ်စ်သည် ပမ်းဖီးလပ်စ်၏ လက်အောက်တွင် နေစဉ်က ကျမ်းပိုဒ်တချို အမှားပြင်သည့်တာဝန်ကို ယူ၍ ပညာရှင်ဩရီဂျင် (Origen) နှင့်ပတ်သက်သော စာအုပ် များကိုလည်း ပြုစုခဲ့သည်။ သူ၏ ကျောင်းသားဘဝတွင် မှတ်ကျောက်တင်လောက်စရာ လုပ်ငန်းကြီးနှစ်ခု လုပ်ဆောင်ခဲ့၏။ ပထမမှာ သူ့ခေတ်အထိ ခြုံငုံသော ရာဇဝင်ဆိုင်ရာ သမိုင်းမှတ်တမ်း (Chronicle) ပြုစုခြင်းဖြစ်၍ နောက်တစ်မျိုးမှာ အတွဲဆယ်တွဲပါသော အသင်းတော်သမိုင်း (History of the Church) စာအုပ်ပြုစုခြင်းဖြစ်သည်။ ၂၃ဝ ခုနှစ်တွင် သင်းအုပ်ဆရာတာဝန်မှ အနားပေးခြင်းခံရကာ နောင်အခါတွင် အာဆီးရီ ယာမြို၌ အခြေချနေထိုင်သူ ဩရီဂျင်အကြောင်းကို ပမ်းဖီးလပ်စ်နှင့်အတူ ကာကွယ်ရေး သားခဲ့ကြသည်။

 

 

မဟာညှင်းပန်းသတ်ဖြတ်မှုကြီး

၃၀၃ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဒိုင်အိုကလဲရှန်းဦးဆောင်သော “မဟာညှင်းပန်းသတ်ဖြတ် မှုကြီး”သည် ပြတ်တောင်းပြတ်တောင်းဖြင့် ဆယ်နှစ်ဆယ်မိုးကြာလေ၏။ ထိုအဖြစ်အပျက် များကို မျက်မြင်တွေ့ခဲ့သူ ယူဆီးဘီးယပ်စ်က သူ၏ ကမ္ဘာ့သမိုင်းစာအုပ် (History) ထဲ၌လည်းကောင်း၊ ပါလက်စတိုင်းမာတုရများ (Martyrs of Palestine) စာအုပ်၌လည်း ကောင်း မှတ်တမ်းတင်ထား၏။ မတ်လတွင် ညှင်းပန်းသတ်ဖြတ်မှုသည် အာဆီးရီယာမြို သို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ၍ ယုံကြည်သူများသည် သူတို၏ ယုံကြည်ခြင်း ၊ အတွက် ပြစ်ဒဏ်ပေးခြင်းခံကြရကာ ထိုအထဲတွင် အသင်းတော်လူကြီးအဖြစ် သိက္ခာတင် ပေးခြင်းခံရသူ ယူဆီးဘီးယပ်စ်လည်း ပါဝင်သည်။

၂ နှစ်ခန့်အကြာတွင် ပြင်းထန်သော ပြန်တမ်းများ ထပ်ဆင့်ထွက်လာကာ ဝတ် ကျောင်းများ ဖျက်ဆီးခံရ၍ သမ္မာကျမ်းစာများ မီးတိုက်ခံရကာ ယုံကြည်သူများကို နှိပ် စက်ကွပ်မျက်သည်။

၃၀၈ ခုနှစ်အကုန်ပိုင်းတွင် ပမ်းဖီးလပ်စ်ကို ဖမ်းဆီး၍ နှိပ်စက်ကြ၏။ ထိုအချိန်တွင် ၊ ယူဆီးဘီးယပ် စ်သည် ထောင်ထဲတွင် ရှိခဲ့ဟန်တူ၏။ အကြောင်းမှာ ဆရာတပည့်နှစ်ဦးသား သည် ထောင်ထဲတွင် သူတို၏ ပေးစာရေးသားခြင်းခရီးကို ဆက်နှင်နိုင်ခဲ့သောကြောင့်ပင်။ ယူဆီးဘီးယပ်စ်က သူ၏ သမိုင်းမှတ်တမ်းထဲတွင် “ဆုတောင်းပတ္ထနာပြုရာအိမ်များကို အမြစ်မှ မြေလှန်ပစ်ခြင်း၊ ဘုရားရှင်မှုတ်သွင်းထားသော မြင့်မြတ်သမ္မာကျမ်းစာများ ဗိုလ် ပုံအလယ်တွင် မီးတိုက်ခြင်းနှင့် အသင်းတော်အသီးသီး၏ သင်းအုပ်ဆရာများ လည်း အရှက် မရှိ ဟိုတစ်စုဒီတစ်စု ပုန်းခိုနေခြင်းများ”ကို ကျွန်တော်တိုမျက်လုံးများဖြင့် တပ်အပ်မြင် ခဲ့ရသည်ဟု ကမ္ဗည်းတင်ထား၏။

၃၀၉ ခုနှစ်အစောပိုင်းတွင် ပမ်းဖီးလပ်စ်ကို ကွပ်မျက်၍ ယူဆီးဘီးယပ်စ်ကို အရပ် တစ်ပါးသို ထွက်သွားရန် လွှတ်ပေးလိုက်သည်။ သူက ညှင်းပန်းသတ်ဖြတ်မှုဖြစ်နေ သည့်ကာလတွင် အာဆီးရီယာမြိုမှ ထွက်ခွာခြင်းသည် ပိုကောင်းမည်ဟု ထင်သောကြောင့် ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။ သူသည် တာရာ (Tyre) သို ဦးတည် ထွက်ခွာ၍ ထိုမှ တစ်ဆင့် အီဂျစ်တောင်ပိုင်းသို ပြောင်းရွှေ့ကာ ထိုနေရာတွင် သေမင်းနှုတ်ခမ်းသို ရောက် လုနီးပါးဖြစ်ခဲ့သေး၏။ ထိုနေရာတွင် အဖမ်းခံရသော ဆွံအ နားမကြား ခရစ်ယာန်ဒုက္ခိတ အများအပြား သတ္တုတွင်းသို အပိုခံရသည်ကို မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရပြန်သည်။ သူလည်း ဖမ်းဆီးထောင်ချခြင်း ခံရ၏။ သိုသော် နောက်တစ်နှစ်တွင် ထောင်မှလွတ် မြောက်လာ၍ စီဆီးရီယာမြို သို ပြန်ရောက်လာသည်။ သူ၏ ထောင်သွင်းအကျဉ်းချခံရ ခြင်းနှင့် ထောင်ထဲမှ မည်သည့်အနာတရမှမရှိဘဲ ပြန်လည်လွတ်မြောက် လာခြင်းအကြောင်းကိုကား ဘာမျှ မသိရပေ။

တတိယရာစုအကုန်ပိုင်း တာရာ (Tyre )ညီလာခံတွင် သင်းအုပ်တစ်ပါးက ယူဆီး ဘီးယပ်စ်ကို ဘာသာရေးသွေဖည်သူ၊ သူရဲဘောနည်းသူဟု ဤသို ပြစ်တင်ကြိမ်းမောင်း သည်။ “ညှင်းပန်းနှိပ်စက်တဲ့ ကာလတုန်းက ခင်ဗျားကို ထောင်ထဲမှာ မတွေ့မိပါလား၊ အမှန် တရားအတွက် ငါက မျက်လုံးတစ်လုံး ဆုံးရှုးလိုက်ရတဲ့အချိန်မှာ မင်းကတော့ ဒေါင်ဒေါင် ကိုမြည်လို။ မာတုရတစ်ယောက်လို မခံရဲရုံတင် မဟုတ်ဘူး မဲ့တစ်ပေါက် တောင် မစွန်းဘဲ မင်းဟာ အသက်ရှင်ကျန်ရစ်ခဲ့တယ် ဒါဘာသဘောလဲ”ဟု ေ၏။

သူ၏ အရေးအသားများတွင် သူသည် အနှိပ်စက်ခံရသော်လည်း ဘာသာတရားမှ သွေဖည်သူမဟုတ်ကြောင်းမှလွဲ၍ ထောင်ထဲတွင် မည်သို ဖြစ်ခဲ့ကြောင်းကိုကား တစ်စွန်း တစ်စမျှပင် ရေးသားထားခြင်း မရှိပေ။ ၃၁၁ ခုနှစ် အလွန်တွင် ညှင်းပန်းနှိပ်စက်မှုများ ၊ ပပျောက်သွားကာ နောင် ၂ နှစ်ခန့်အကြာတွင် ကွန်စတဲန်တင်း၏ ဘာသာတရားတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြန်တမ်း သန္ဓေတည်လာ၏။

 

စာပေလှုပ်ရှားမှု

မယုံကြည်နိုင်လောက်အောင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ထို ၁၀ နှစ်တာကာလ သည် ယူဆီးဘီးယပ်စ်အတွက် စာပေလှုပ်ရှားမှု အကောင်းဆုံးအချိန်ဖြစ်သည်။ သူသည် ၊ စီဆီးရီယာနှင့် ဂျေရုဆလမ်စာကြည့်တိုက်များကို အားကိုးအားထားပြုကာ ရာဇဝင်မှတ် တမ်း၊ အသင်းတော်သမိုင်း၊ ပမ်းဖီးလပ်စ်၏ ဘဝ (Life of Pamphilus) ပါလက်စတိုင်း မာတုရများနှင့် ခရစ်ယာန်များအတွက် သီးသန့်စာအုပ် ၁၀ အုပ်ကို လွန်းပြန်ပြေးလွှားရင်း သုတေသနပြုကာ အပြီးသတ် ရေးသားနိုင်ခဲ့သည်။

အေဒီ ၃၁၄ တွင် ယူဆီးဘီးယပ်စ်သည် အာဆီးရီယာမြို၏ သင်းအုပ်အဖြစ် တင် မြှောက်ခြင်းခံရသောကြောင့် သူ့စာပေလုပ်ငန်းများ ခေတ္တရပ်နားထားရသည်။ ညှင်းပန်း နှိပ်စက်မှုကာ လပြီးဆုံးချိန်တွင် အသင်းတော်နှင့်ဆိုင်သော အမှုကိစ္စများအတွက် အ ဆောတလျင် ပြုဖွယ်ရှိသည်များကို ဦးစားပေးပြုလုပ်သည်။

သူသည် ကနဦးအသင်းတော်သမိုင်းတွင် လွန်စွာ ပျံ့နှံလျက်ရှိသော ယုံကြည်ခံယူ ချက်ဆိုင်ရာ အမြင်ကွဲလွဲမှုများအတွက် ကြားဝင်စေ့စပ်ပေးကာ အလုပ်များနေရှာသည်။ ၃၁၈ ခုနှစ်တွင် အလက်ဇန္ဒြီးယားမြို၌ ဘုန်းတော်ကြီးအေးရီးယပ်စ်က သူ့အမြင်ကို တင်ပြရာတွင် ခရစ်တော်သည် ဘုရားမဟုတ်ကြောင်း၊ ရှေးမဆွကလည်း သူမရှိဖူးကြောင်း သူသည် ကောင်းမှုနှင့် မကောင်းမှုကို ဒွန်တွဲပိုင်ဆိုင်သူဖြစ်ကြောင်း စသဖြင့် စည်းရုံးသော ကြောင့် အသင်းတော်သည် နှစ်ခြမ်းဗြန်းဗြန်းကွဲရန် တာစူနေလေ၏။ ထိုကြောင့် နိုင်ငံတော်ကို အပြိုအကွဲမခံနိုင်သူ ဧကရာဇ်က ၃၂၅ ခုနှစ်၊ မေလတွင် နိုင်ဆင်းညီလာခံကို ခေါ်ယူသည်။

ဤကိစ္စကို နိုင်ဆင်းညီလာခံမကျင်းပမီကတည်းက အန္တိအုတ်မြိုတွင် အလွတ် သဘောအစပျိုးခဲ့ကြဖူး၏။ ထိုစဉ်က ယူဆီးဘီးယပ်စ်က အေးရီးယပ်စ်ဝါဒီများထံ၌ သူ့အမြင်သည် သူတိုနှင့်ထပ်တူကျသည်ဟု ပြောမိသဖြင့် သူ့ကို အသင်းတော်မှ လတ် တလော ကြဉ်ထားသည်။ နိုင်ဆင်းညီလာခံကျင်းပချိန်တွင် ယူဆီးဘီးယပ်စ်ကို အမြင်မှန် ရနိုင်ရန် အခွင့်အရေးပေးထားကြောင်း ဧကရာဇ် ကွယ်လွန်ပြီးမှ ရေးသားထားသော သူ၏ ကွန်စတဲန်တင်း၏ ဘဝဖြစ်စဉ် (Life of Constantine) စာအုပ်ထဲ၌ တွေ့ရ၏။

နိုင်ဆင်းညီလာခံကို ဧကရာဇ်က ကမကထပြုဆောင်ရွက်ကာ ယူဆီးဘီးယပ်စ်က သူ့ဘေး၌ နေရာယူ၍ အဖွင့်အမှာစကား ပြောကြားသည်။ အဓိကပါဝင်သူများမှာ အေးရီး ယပ်စ်နှင့် သူ့ကို ပံ့ပိုးသူများတစ်ဖက်၊ အခြားတစ်ဖက်မှ အတိုက်အခံပြုသူမှာ အလက် ဇြီးယားမြို၊ သင်းအုပ်ဆရာ အာသာနေးဗီးယပ်စ် (အာသာနေးဗီးယပ်စ်သည် အေးရီးယန်း ဝါဒကို အပြင်းထန်ဆုံး တိုက်ခိုက်သူဖြစ်၏) ဖြစ်၍ ယူဆီးဘီးယပ်စ်ကို ကိုယ်စားပြု သော တတိယအဖွဲမှာ “ရှေးရိုးစွဲသမားများ” (conservative) ဖြစ်ကာ ကြားနေခြင်းကို ပို၍ နှစ်သက်သူများဖြစ်သည်။ အေးရီးယပ်စ်၏ ယုံကြည်ခံယူချက်သည် ချက်ချင်းဆို သလို နင်းချေပစ်ခြင်း ခံရ၏။

 

မြတ်နိုးတန်ဖိုးထားခြင်း ၊

သင်းအုပ်ဆရာနှင့် ဧကရာဇ်တိုသည် နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားကြသော မိတ်ဆွေ များဖြစ်ကြသည်။ ယူဆီးဘီးယပ်စ်သည် ကွန်စတဲန်တင်း၏ မြတ်နိုးတန်ဖိုးထားခြင်း ခံရကာ မကြာခဏ ချီးကျူးထောမနာပြုခြင်းလည်း ခံရသူဖြစ်သည်။ ဧကရာဇ်က ယူဆီး ဘီးယပ်စ်၏ နှိမ့်ချသော စိတ်ဓာတ်ကို မြင်သောအခါ သူ့ကို အန္တိအုတ်မြို ဂိုဏ်းအုပ် ဆရာအဖြစ် ခန့်အပ်သည်။ သူက ထိုရာထူးကို ငြင်းပယ်၍ ၃၃၅ ခုနှစ်တွင် တာရာ မြို၌ ကျင်းပမည့် ဒုတိယအကြိမ် ခရစ်ယာန်ညီလာခံအစည်းအဝေးတွင် သဘာပတိရာထူး ကိုသာ လက်ခံခဲ့သည်။

ယူဆီးဘီးယပ်စ်သည် အသင်းတော်နှင့်ဆိုင်သော တာဝန်ဝတ္တရားများဖြင့် ပိနေ သော်လည်း နိုင်ဆင်းညီလာခံပြီးသည့်နောက်ပိုင်းတွင် ကလောင်တံပြန်ကိုင်ကာ စာပေလုပ် ငန်းများကို ဇောက်ချလုပ်တော့ ၏။ ကွန်စတင်တီနိုပယ်လ်မြိုတော်သစ်၌ တည်ထောင်သော အသင်းတော်အတွက် အသုံးပြုနိုင်ရန် သားရေပု ရပိုက်ကျမ်းစာများ ၅၅ စောင်ကို သယ်ရပိုးရလွယ်ကူ၍ ဖတ်ရှုရာတွင်လည်း အဆင်ပြေသော သားရေလိပ် များဖြစ်အောင် ဧကရာဇ်အတွက် ပြန်လည်တည်းဖြတ်ပေးသည်။ ၃၃၅ ခုနှစ်တွင် ဂျေရု ဆလမ်မြိုရှိ သန့်ရှင်းသော ဂူဗိမာန်အသင်းတော် ဖွင့်ပွဲအခမ်းအနားတွင် ဧကရာဇ်နှင့် သင်းအုပ် ဆရာများက ယူဆီးဘီးယပ်စ်ကို ဂုဏ်ပြုခဲ့ကြသည်။

ယူဆီးဘီးယပ်စ်က ကွန်စတန်တင်း၏ ၁၃ ကြိမ်မြောက်နှစ်ပတ်လည် အနုမောဒနာ ပြုပွဲတွင် ခရစ်ယာန်နိုင်ငံတော်အကြောင်း ထည့်သွင်းပြောဆိုရာ၌ ဧကရာဇ်ကြီးသည် အသက်ရှင်သော ခရစ်တော်၏ ရုပ်ပုံလွှာဖြစ်သည်ဟု မြှောက်ပင့်ပြောဆို၏။

ကွန်စတဲန်တင်းလွန်သော် ယူဆီးဘီးယပ်စ်သည် ကွန်စတဲန်တင်း၏ ဘဝထုပ္ပတ် ကို ရေးသား၏။ ထိုစာသည် ကွယ်လွန်သူ၏ အတ္ထုပ္ပတ္တိအကျဉ်းနှင့် နာရေးကြော်ငြာ သဘော စတိမျှသာဖြစ်သော်လည်း ဘုရင်ကြီး၏ အရေးပါပုံကို ပုံကြီး ချဲ့ကာ ကမ္ဘာ ကြီးအတွက် ဘုရားရှင်၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်းနှင့် သူ၏ ကောင်းမြတ် ခြင်းများကို အမွှမ်းတင် ဖော်ကျူးထားခြင်းမျှသာဖြစ်သည်။

သူသည် သမိုင်းပညာရှင်တစ်ဦးအဖြစ်သာ ဂုဏ်သတင်းကျော်စောခဲ့သော်လည်း အသင်းတော်အတွက် သူလုပ်ဆောင်ခဲ့သော အရာများမှာ တန်ဖိုးဖြတ်၍ မရပေ။ သူသည် သမိုင်းမှတ်တမ်းကို ခန့်ခန့်ညားညား ပြုစုသော ပထမဆုံးစာရေးဆရာဖြစ်၍ အနာဂတ် သမိုင်းပညာရှင်များအတွက် ပုံစံဖော်လမ်းခင်းပေးခဲ့သူလည်း ဖြစ်သည်။ သူ၏ နိုင်ငံရေး စိတ်ကူးစိတ်သန်းက ဘိုင်ဇန်တီယမ် (Byzantium) ခရစ်ယာန်အင်ပါယာကို ဖန်တီးပုံ ဖော်ပေးသော်လည်း ဓမ္မဆိုင်ရာအတွေးအခေါ်များတွင်မူ သူ့ခေတ်ပြိုင် အယူမှားသူများနှင့် ထပ်တူကျသည်ဟု သင်္ကာမကင်းခံရသူဖြစ်သည်။ ယူဆီးဘီးယပ်စ်သည် ကွန်စတဲန်တင်း ကွယ်လွန်ပြီး ၂ နှစ်ပြည့်သော ၃၃၉ ခုနှစ်၊ မေလ ၃ဝ တွင် ကွယ်လွန်သည်။

 

အမ်ဘရိုစ် (၃၄ဝ- ၃၉၇) မီလန်မြို့သင်းအုပ်

၄ ရာစုအကုန်ပိုင်းတွင် အနောက်ပိုင်းခရစ်ယာန်ဘာသာ၌ လူသိများ ထင်ရှားသူမှာ မီလန် (Milan) မြို သင်းအုပ်ကြီး အမ်ဘရိုစ် (Ambrose) ဖြစ်သည်။ သူသည် သူ့ခေတ် အခါက စစ်မှန်သော ယုံကြည်ချက်ကို ကာကွယ်သော အချုပ်အခြာအာဏာပိုင်သသူဟု ညွှန်းဆိုခြင်းခံရသူဖြစ်၍ “သူ့ခေတ်သူ့အခါက အမှန်တရားအတွက် တုံးတိုက်တိုက် ကျားကိုက်ကိုက် ပြုမူဆောင်ရွက်တတ်သူဖြစ်သည်ဟု ဆိုစမှတ်ပြုကြ၏။ သိုတစေ လည်း အသက် ၃၄ နှစ်အထိ အသင်းတော်နှင့် ကင်းကွာနေခဲ့ရုံမက ဗတ္တိဇံခံခြင်းပင် မပြုရသေးသူ ဖြစ်သည်။

အမ်ဘရိုစ်သည် ရောမမြို ခရစ်ယာန်ဆွေကြီးမျိုးကြီးမှ ဆင်းသက်သူဖြစ်၏။ သူ၏ ဖခင်မှာ ရောမ၏ စံထားလောက်သော ပြည်နယ်ဖြစ်သည့် ဂါလီယာ (Gallia) ၌ စစ်ဗိုလ်တစ်ဦးဖြစ်၍ ဗြိတိန်၊ ဂေါလ်နှင့်စပိန်တို့ သည် ထိုအစုထဲတွင်ပါဝင်သည်။ အမ်ဘရိုစ် မိသားစုဝင်များသည် တစ်ဦးနှင့်တစ်ဦး အလွန်ချစ်ခင်၍ ရိုသေလေးစားသူများဖြစ်ကြ သည်။

သူ့ဖခင်ကွယ်လွန်သော် တစ်မိသားစုလုံး ရောမမြိုသိုပြောင်းရွှေ့ကာ အမ်ဘရိုစ်လည်း ထိုမြိုမှနေ၍ ပညာတတ်တစ်ယောက်ဖြစ်လာသည်။ သူသည် ထိုခေတ်က မြိုပေါ်နေလူ တန်းစား၏ အမြင့်ဆုံးရာထူးဖြစ်သော ဥပဒေပညာကို သင်ယူကာ အီတလီနိုင်ငံ၏ စည်း ကမ်းအလွန်သေသပ်သော ဘုရင့်ကိုယ်ရံတော်တပ်၌ ခန့်အပ်ခြင်းခံရသည်။ များမကြာမီ မီလန်မြို၌ ကောင်စစ်ဝင်တရားသူကြီး (ဘုရင်ခံနှင့်တူ၏) အထိ ရာထူးတိုးမြှင့်ခြင်းခံရ ကာ ထိုရာထူးတွင် မှန်ကန်စွာ အုပ်ချုပ်သူအဖြစ် လူသိများ ထင်ရှားသည်။

၃၇၄ ခုနှစ်တွင် သူ့ဘဝကို ပြောင်းလဲစေ၍ အသင်းတော်သမိုင်းကို တစ်မျိုးတစ်ဖုံ အကျိုးသက် ရောက်စေသော အလွန်အံ့အားသင့်ဖွယ် ဖြစ်ရပ်တစ်ခုရှိခဲ့သည်။ ၄င်းမှာ မီလန် သင်းအုပ်တစ်ပါး ကွယ်လွန်၍ သူ့အရိုက်အရာကို ဆက်ခံမည့်ပြဿနာနှင့်စပ်လျဉ်း၍ အသင်းတော်တွင် အဖွဲ နှစ်ဖွဲ စကားအချေအတင် ပြောဆိုငြင်းခုံကြခြင်းဖြစ်သည်။ မည်သိုမျှ ညှိနှိင်းမရသည့်အဆုံးတွင် ပြဿနာကို ဖျန်ဖြေပေးရန် ကောင်စစ်ဝန်အမ်ဘရိုစ် ကို ပင့်ရတော့သည်။ အမ်ဘရိုစ်က လူထုကို မိန့်ခွန်းပြောကြားစဉ် ကလေးသာသာပဲ ရှိသေးသည်ဟု လူတချို၏ အမနာပစကားများနှင့် “အမ်ဘရိုစ်သာ သင်းအုပ်ခန့်လိုက်” ဟူသော ဝိရောဓိအသံများ ညံနေ၏။ နောက်ဆုံးတွင် “ငါတိုသည် အမ်ဘရိုစ်ကို သင်း အုပ်အဖြစ် ခန့်ရမည်”ဟု လူထု၏ တစ်ခဲနက် ဩဘာပေးသံမှာ ဘုရားကျောင်းအတွင်း တွင် ပဲ့တင်ထပ်နေတော့သည်။

 

ဗတ္တိဇံခံခြင်း

အမ်ဘရိုစ်သည် လူထု၏ တောင်းဆိုချက်ကို ငြင်းဆန်ကာ ဘုရားကျောင်းထဲမှ သုတ်ခြေ တင်ထွက်သွားလေ၏။ ရက်များမကြာမီတွင် သူသည် အစိုးရဝန်ထမ်းဘဝကို စွန့်ကာ ရာထူးသစ်အတွက် ပြင်ဆင်သည်။ သူ၏ ပထမဆုံးလုပ်ရပ်မှာ သူပိုင်သမျှသော ပစ္စည်း ဥစ္စာနှင့် စည်းစိမ်ချမ်းသာများ စွန့်လွှတ်ကာ ဓမ္မဗေဒလေ့လာခြင်းဖြစ်သည်။ သူ့အတွက် ပြင်ဆင်ထားကြသော ဗတ္တိဇံခံမည့် အစီအစဉ်များကို တမင်တကာ အချိန်ဆွဲထားရသည့် ၊ အကြောင်းမှာ သူလက်ခံမည့် ရာထူးသစ်၏ တာဝန်သည် ကြီးလေးလွန်းသောကြောင့် ဖြစ်၏။ ရာထူးသစ်လက်ခံချိန်မှစ၍ ရှစ်ရက်မြောက်သောနေ့တွင် သူ့ကို သင်းအုပ်အဖြစ် တင်မြှောက်ကြသည်။

အမ်ဘရိုစ်သည် ကျော်ကြားသော တရားဟောဆရာတစ်ပါးဖြစ်လာ၍ တာဝန်ဝတ္တရားကို အလေးထားသူလည်းဖြစ်သည်။ သူ၏ တရားဟောချက်များတွင် ယုံကြည်သူများ အတွက် တည်ဆောက်စရာဖြစ်မည့်အကြောင်းများ၊ မတရားမှုမှ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးနှင့် ဖြူစင်စွာ အသက်ရှင်နိုင်ရေးများကို အဓိကထား ဆိုဆုံးမသည်။ သူ၏ နီတိတရားများကြောင့် ပြည်သူလူထု၏ ကိုယ်ကျင့်တရားများ မြင့်တက်လာသည်။ အစိုးရ ဝန်ထမ်းဘဝတွင် အရည်အချင်းရှိသူဖြစ်သည်နှင့်အညီ အသင်းတော်၏ အုပ်ချုပ်ရေးမှူး ကောင်းတစ်ယောက်အဖြစ် ကျော်ကြားထင်ရှားသည်။ သူ၏ သာသနာနယ်ပယ်ကိုလည်း တည်ကြည်မှန်ကန်ခြင်းများဖြင့် အုပ်ချုပ်သည်။

ကဗျာလင်္ကာစပ်ရာတွင်လည်း ပင်ကိုယ်အစွမ်းရှိသူဖြစ်သဖြင့် အမ်ဘရိုစ်သည် ဓမ္မ တေးများသီကုံးကာ လက်တင်ဓမ္မသီချင်းများ မွေးဖွားပေးသူဖြစ်လာသည်။ သူသီကုံးစပ် ဆိုထားသော ဓမ္မသီချင်း ၁၂ ပုဒ်သည် ဤရာစုတိုင် တည်မြဲလျက်ရှိ၍ O splendour of God’s glory bright နှင့် 0 Trinity တိုမှာ အထူးထင်ရှား၏။

အမ်ဘရိုစ်သည် သူ့ခေတ်အခါက ဧကရာဇ်ကို ဘာသာရေးတွင်လည်းကောင်း၊ လောကီရေးတွင်လည်းကောင်း လွှမ်းမိုးနိုင်စား၏။ မီလန်သင်းအုပ်ဖြစ်သော်လည်း “တရား စီရင်ပိုင်ခွင့်ရှိ ဘုန်းတော်ကြီး”ဖြစ်၍ ရာဇပလ္လင်ကို ကန့်လန့်ကာနောက်ကွယ်မှ ကြိုးကိုင် နိုင်စွမ်းရှိသော အာဏာရှိသူပင်ဖြစ်သည်။

သူသည် အနောက်ရောမအင်ပါယာကို အုပ်စိုးသော ဧကရာဇ်ဂရေးရှန်း (Gratian 373 -383) နှင့် အထူးရင်းနှီးကျွမ်းဝင်၍ အရှေ့ရောမအင်ပါယာကို အုပ်ချုပ်သော ဧကရာဇ် သီအိုဒိုးဆီးယပ်စ် (Theodosius 379-395) နှင့် အလွန်းသင့်သကဲ့သို ရောမ မင်းစိုးရာဇာ များအားလုံးနှင့်လည်း တည့်အောင်ပေါင်းနိုင်သူဖြစ်သည်။ ဂရေးရှန်းစိုးစံ ချိန်တွင် ရောမနိုင်ငံအတွင်းရှိ မိစ္ဆာဝါဒများအားလုံးကို သူကိုယ်တိုင်ဦးစီး၍ အမြစ် ပြတ်ချေမှုန်းသည်။ ဂရေးရှန်းသည် ကွန်စတဲန်တင်းမြတ်နိုးစွာ ခံယူထားသော သာသ နာပိုင်ဘုန်းတော်ကြီး (Pontifix Maximus) ဘွဲကို ငြင်းပယ်သော ပထမဆုံး ဧက ရာဇ် ဖြစ်သည်။

၂ နှစ်ခန့်ကြာသော် အမ်ဘရိုစ်က မိစ္ဆာဝါဒကို လွှတ်တော်အမတ်တစ်ဦး၏ အိမ် တော်ရာမှစ၍ “အောင်မြင်ခြင်း”နတ်ဘုရားမကို အမှန်တကယ် အမြစ်မှ (ရုပ်တုဖြစ် မည်) လှန်ပစ်နိုင်ခဲ့သည်။ ယင်းလွှတ်တော်အမတ်အကြီးအကဲ ဆိုင်းမားကပ်စ် (Symmachus) က ထိုရုပ်တုကို ပြန်ပေးရန် အနူးအညွတ်တောင်းပန်သော်လည်း အချည်း နှီးပင်ဖြစ်၏။ နောက်ဆုံးတွင် ဧကရာဇ်သီအိုဒိုးဆီးယပ်စ်က ရောမနိုင်ငံ၏ နတ်ဘုရား ကိုးကွယ်မှုဘာသာဟောင်းကို အနိုင်ရသည်။

 

မှန်ကန်သော ယုံကြည်ခြင်း

၄ ရာစုအကုန်တွင် မိစ္ဆာဝါဒက ခရစ်ယာန်ဘာသာကို ဒူးထောက်အရှုးပေးရတော့၏။ ကက်သလစ်ဘာ သာမှလွဲ၍ ခရစ်ယာန်ဘာသာကို မည်သည့်ပုံစံမျိုးနှင့်မျှ တည်ထောင်ရန် ဥပေဒေက ခွင့်မပြုတော့ပေ။

ဒုတိယရာစုကတည်းက ကက်သလစ်ဝေါဟာရမှာ ရေပန်းစားလာ၍ တမန်တော်များ ကိုယ်တိုင် ချမှတ်ပေးသော မှန်ကန်သည့်ယုံကြည်ခြင်းဖြစ်သည်ဟု တိုး၍တိုး၍ ယုံကြည် လာကြ၏။ ကက်သလစ်သည် မိစ္ဆာဝါဒများဖြစ်သော နောစ်တစ်ဝါဒ၊ အေးရီးယန်းဝါဒများ နှင့်ခေတ်ပြိုင်ဖြစ်သည်။ ကက်သလစ် အသင်းတော်သည် ခရစ်ယာန်နိုင်ငံအနှံအပြားရှိ အသင်းတော်များကို ကက်သလစ် (ကမ္ဘာလုံးဆိုင်ရာ) အသင်းဝင်ဖြစ်ဖိုအတွက် ယုံကြည်ချက်စည်း မျဉ်းများ လက်ခံရန်နှင့် သန့်ရှင်းသောစာပေများအားလုံးကို သဘောတူ အသိအမှတ်ပြုရန် တောင်းဆိုသည်။

၃၈ဝ ခုနှစ်တွင် ဧကရာဇ်သီအိုဒိုးဆီးယပ်စ်က ပေတရုက ရောမများကို သွန်သင် ပေးသော ယုံကြည်ချက်ကို လူမျိုးတကာက လက်ခံရမည်ဟု ပြန်တမ်းစာတစ်စောင်ထုတ် ခဲ့သည်။ ထိုအချိန်မှစ၍ ကက်သလစ်ဟူသော နာမည်မှာ နိုင်ဆင်းညီလာခံတွင် ဖော်ပြသော အကြောင်းအရာများကို ထောက်ခံသော အသင်းတော်များအတွက်သာဖြစ်ပြီး ကက်သလစ် ဘာသာမှာလည်း ရောမနိုင်ငံ၏ တရားဝင်ဘာသာဖြစ် လာသည်။ ရောမအသင်းတော်သည် အခြားအသင်းတော်များအပေါ်တွင် ဝိညာဉ်ရေးဆိုင်ရာ အခွင့်အာဏာ ပိုရှိသည်ဟု အခိုင် အမာဆိုကာ ရောမမြို သင်းအုပ်ဆရာကိုလည်း ပုပ်ရဟန်းမင်းကြီး (Pope) ဟု အမည် သညာသမုတ်သည်။

ကွန်စတဲန်တင်းလက်ထက်တွင် မိစ္ဆာဝါဒီများဖြစ်သော အေးရီးယန်းများ၏ ထိုးနှက် ချက်မှာ အပြင်းထန်ဆုံးဖြစ်သည်။ အေးရီးယန်းဝါဒီများက အမ်ဘရိုစ်ကျောင်းထိုင်ရာ မီလန် မြိုကိုပင် ခြေကုပ်ယူ လိုက်ကြသေး၏။ လူငယ် ဒုတိယမြောက် ဗယ်လင်တီးနီးယန်း (Valentinian II) ၏ မိခင်ဧကရာဇ်ဘုရင်မကြီး ဂျပ်စ်တီးနား (Justina) ဦးဆောင်၍ ၃၈၅ခုနှစ်တွင် မီလန်မြို ဘုရားကျောင်းကို အေးရီးယန်းဝတ် ကျောင်းအသွင်ပြောင်းရန် ကြိုး စားလာကြသည်။ ငြင်းဆိုမှုများ ရှိလာသောကြောင့် အေးရီးယန်းများက အကြမ်းဖက်လာ၏။ ထိုအခါ အမ်ဘရိုစ်က သူ့လူများကို စည်းရုံးကာ ထိုင်လျက်သား ဆန္ဒပြ၍ သူရေးစပ် ခဲ့သော ဓမ္မသီချင်းများကို သီဆိုကြလေ၏။ ယင်းအပြုအမူကြောင့် အေးရီးယန်းဝါဒ ထပ်မံကျရှုံးပြန်ကာ လုံးပါးပါးတော့သည်။

 

အသင်းတော်နှင့် နိုင်ငံတော်

ယခုအခါတွင် ပေမီဒေါက်မီ ခရစ်ယာန်အင်ပါယာကို တည်ထောင်နိုင်ပြီဖြစ်၍ နိုင်ငံတော် ၏ ဥပဒေကလည်း ယုံကြည်သူများကို ကာကွယ်ထိန်းသိမ်းပေးရန် တာဝန်ယူဆောင်ရွက်ရ သည်။ သီအိုဒိုးဆီးယပ်စ်လက်ထက်တွင် အသင်းတော်နှင့် နိုင်ငံတော်သည် စည်းလုံး၏။ အကြောင်းမှာ အမ်ဘရိုစ်သည် အသင်းတော်က အပေါ်စီးရအောင် ဘုရင်နှင့်အတိုက်အခံ ပြုခဲ့ရသောကြောင့်ဖြစ်သည်။ သင်းအုပ်ကြီးက “ဧကရာဇ်သည် ဘုရားပိုင်သတော်မူသော အရာများအပေါ်တွင် လက်ရှောင်ရမည်”ဟု ဧကရာဇ်ကို အကျပ်ကိုင်ထားသောကြောင့် ဖြစ်သည်။

၃၈၈ ခုနှစ်တွင် သင်းအုပ်ကြီးက ခရစ်ယာန်တချိုကို ဦးဆောင်၍ ရဟူဒီဝတ်ကျောင်း တစ်ကျောင်းမီးရှိကာ အနုကြမ်းစီး၍ ဖျက်ဆီးပစ်သည်။ ထိုကြောင့် ဧကရာဇ်က သင်းအုပ် ကြီး၏ အသုံးစရိတ်ဖြင့် ပြန်လည်ပြုပြင်ရန် အမိန့်ပေး၏။ အမ်ဘရိုစ်က ဧကရာဇ်ထံ၌ ဘာသာခြားများအား ကာကွယ်ပေးရကောင်းလားဟု စာရေးအကြောင်းပြန်၏။ ထိုအပြင် “သာသနာရေးသည် ပထမ၊ ပြည်သူ့အရေးသည် ဒုတိယ”ဟူသော မူဖြင့် ဧကရာဇ်ကို အာခံလေသည်။ ထိုအကြောင်းကို တရားဟောရာ၌ သီအိုဒိုးဆီးယပ်စ်၏ ရှေ့မှောက်တွင် ပင် ဗြောင်ဖွင့်ပြော၏။ ဧကရာဇ်ကို ပွဲတော်မင်္ဂလာ မပေးတော့ရန်လည်း ခြိမ်းခြောက်သ ဖြင့် ဧကရာဇ်က သူ့အမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ရသည်။

နောင် ၂ နှစ်အကြာတွင် ဘုရင့်တပ်မှူးအဖွဲသည် သက်ဆလောနိကိ (Thessalonica) မြိုရှိ အထင်ကရ ရထားစစ်သည်တစ်ဦးကို ကွပ်မျက်သည်။ ဒေါသဖြင့် ဆူဝေနေကြသော ပရမ်းပတာလူစုကလည်း ထိုတပ်မှူးကို ပြန်လည်သတ်ပစ်၏။ ထိုအခါ သီအိုဒိုးဆီး ယပ်စ်က ထိုပြစ်မှုကျူးလွန်သူများကို အစုလိုက်အပြုံလိုက် သတ်ပစ်ရန် အမိန့်ပေးသည်။ အမ်ဘရိုစ်သည် ယင်းသတ်ဖြတ်မှုကို တားဆီးရန် အလာကောင်းသော်လည်း အခါနှောင်း ခဲ့ရှာသဖြင့် သက်ဆလောနိကိမြိုသား ၇၀ဝ၀ အသတ်ခံရသည်။

အထက်ပါ ဖြစ်ရပ်နှင့်ပတ်သက်၍ သင်းအုပ်ကြီးက ဧကရာဇ်ကို အသင်းတော်မှ ရှစ်လ ကြဉ်ထားသည်။ နာတာလူးပွဲတော် (Christmas Day ) ရက်တစ်ရက်တွင် ဘုရားကျောင်းသို ဝင်လာသော ဧကရာဇ်သည် သင်းအုပ်ကြီးနှင့် ပက်ပင်းတိုးမိ၏။ ထိုအ ခါ သင်းအုပ်ကြီးက ဧကရာဇ်ကို အာပတ်မဖြေမချင်း ပွဲတော်မင်္ဂလာမသုံးဆောင်ရဟုဆို ကာ ဘုရားကျောင်းမှ နိုင်လေသည်။ ယင်းအဖြစ်အပျက်သည် လုံးဝဥသုံအမှန် ဖြစ်၊ မဖြစ်မသေချာသော်လည်း အမ်ဘရိုစ်သည် ဘုရင်ကြီးအား သြဇာအလွန်ညောင်းသည် ကို ပြသရာရောက်သည်။

အမ်ဘရိုစ်သည် သူ၏ နောက်ဆုံးနေ့များတွင် တိုင်းပြုပြည်ပြုစံပြပုဂ္ဂိုလ်အဖြစ်လည်းကောင်း၊ သင်းအုပ်တစ်ပါးအဖြစ်လည်းကောင်း ထင်ကျန်ရစ်ခဲ့သူဖြစ်သည်။ လူသားအကျိုး သယ်ပိုးရာတွင်လည်း သူ၏ လူနည်းစုအတွက်သာလျှင် မဟုတ်ဘဲ အများပြည်သူကောင်း ကျိုးကို စစ်မှန်စွာ စောင့်ရှောက်သူဖြစ်သည်။ သူ၏ တရားဒေသနာများမှာ လက်တွေ့ ကျ၍ လူသားတို၏ စိတ်နှလုံးကို တိုထိသည်။ အသင်းတော်သည် နိုင်ငံတော်၏ အထက် တွင် ရှိရမည်ဟူသော မူကိုလည်း ချမှတ်ပေးသူဖြစ်ကာ အသင်းတော်သည် စစ်မှန်သော ယုံကြည်ခံယူချက်နှင့် ခရစ်တော်အပေါ်တွင်သာ တည်မှီသော အသင်းတော်ဖြစ်ရန်လည်း အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။

အမ်ဘရိုစ်သည် မိစ္ဆာဝါဒကျဆုံးချိန်နှင့် အသင်းတော်ဆန်းသစ်ထချိန်ဖြစ်သော ၄ ရာစုအကုန်တွင် ဘုန်းဝင်စားသည်။

 

ဂျေရုမ်း (၃၄၅ ခန့် -၄၂၀) ဗက်လင်မြို့ ပညာရှင်

၄ ရာစုတွင် ရောမအင်ပါယာ၏ ထက်ဝက်ဖြစ်သော “အနောက်ပိုင်းအသင်းတော်သည် အရှေ့ပိုင်းအသင်းတော်ကဲ့သို မဟုတ်ဘဲ တိုးတက်မှုအလွန်နှေးကွေး၏။ ဂရိဘာသာ အသုံးပြုသော အရှေ့ပိုင်းအသင်းတော်က ယူဆီးဘီးယပ်စ်နှင့် ဩရီဂျင်ကဲ့သိုသော ပညာ ရှင်များကြောင့် အောင်လံစိုက်ထူနေချိန်တွင် လက်တင်အသင်းတော်သည် ထိုပညာ ရှင်များနှင့် နှိင်းစရာဟူ၍ နတ္ထိဖြစ်သည်။ သိုသော် အနောက်ပိုင်းက မွေးထုတ် ပေးလိုက်သော ဂျေရုမ်း (Jerome) သည် သူ့ဘ၀သက်တမ်းတစ်လျှောက်နှင့် နောင်ကာလအ ဆက်ဆက်တွင် ခရစ်ယာန်ကမ္ဘာကို အကြီးအကျယ်လွှမ်းမိုးသူဖြစ်လာသည်။

ဂျေရုမ်း၏ မိဘများသည် ခရစ်ယာန်လူကုံထံများဖြစ်၍ သူ၏ မွေးဖွားရာဇာတိ ဖြစ်သော ဒယ်လ်မေးရှား (Dalmatia- ယခု ခရိုအေးရှား) တွင် မြေရှင်များဖြစ်ကြသည်။ ဂျေရုမ်းသည် ကလေးဘဝတွင် ပညာကို ကောင်းစွာ သင်ယူခြင်းနှင့် ခရစ်ယာန်အခြေခံ ယုံကြည်ချက်များကို သွန်သင်ခြင်းခံရသော်လည်း အသက်ကြီးလာသည့်တိုင် ဗတ္တိဇံမခံ ခဲ့ပေ။ သူသည် ဆရာကောင်းတစ်ဦးထံတွင် ပညာနို့ရည်စို သောက်ခဲ့ရသောကြောင့် ရောမ မြို၏ ပညာတတ်တစ်ဦးဖြစ်လာကာ ထိုခေတ်က တက္ကသိုလ်ပညာနှင့်ညီသော စကားပြော အတတ်ပညာကျောင်းတွင်လည်း ဘွဲရသည်။ ရောမမြိုတွင် နေထိုင်စဉ်အတွင်း ဘာသာ

*အနောက်ပိုင်းအသင်းတော် Western Churcl သည် လက်တင်ဘာသာကို အသုံးပြုသောကြောင့် လက်တင် အသင်းတော်ဟု ခေါ်၍ ပုပ်ရဟန်းမင်းကြီးသည် အသင်းတော်၏ ဖခင်ဖြစ်သည်။ အရှေ့ပိုင်းအသင်းတော် Eastern Church သည် ဂရိဘာသာစကားကို အသုံးပြုသောကြောင့် ဂရိအသင်းတော်ဟုခေါ်သည်။

စကားနှင့် ဂန္တဝင်စာပေများကို စိတ်ဝင်စားခဲ့သောကြောင့် စီဆာရို (Cicero) နှင့် ဗာဂျီးလ် (Virgil) တို၏ စာပေလက်ရာများကို သည်းကြီးမည်းကြီး ဖတ်ရှုခဲ့သည်။

 

အကျင့်ပျက်လော်လည်ခြင်း ၊

မိဘ၏ အုပ်ထိန်းမှုအောက်မှ လွတ်ကင်းသော ဆယ်ကျော်သက်များနည်းတူ ဂျေရုမ်းသည် လွတ်လပ်မှုအရသာကို အပြည့်အဝခံစား၍ လူမျိုးပေါင်းစုံနေထိုင်သည့် မြိုပြတွင် တွေ့ လေ့တွေ့ထရှိသော ပြင်ပလောင်းရိပ်အောက်မှ ရုန်းမထွက်နိုင်ခဲ့ချေ။ မကြာမီ “ဆန္ဒရမ္မက် များ”နှင့် “အကျင့်ပျက်လော်လည်ခြင်း များက သူ၏ လူငယ်ဘဝကို တိုက်စားအမြစ် တွယ်လာ၏။ ထိုကြောင့် သူ၏ ငယ်ဘဝ မည်သိုဖြစ်ပျက်ခဲ့သည်ကို ရှင်းမပြခဲ့ပေ။

ယင်းအဖြစ်အပျက်များကြောင့် နောက်ဆုံးတွင် အရှက်ရကာ ခရစ်ယာန်တစ်ယောက် ဖြစ်ရန် ကတိကဝတ်ပြု၍ ၃၆၆ ခုနှစ်တွင် ဗတ္တိဇံခံသည်။ မိတ်ဆွေများစွာဖြင့် တနင်္ဂနွေ နေ့ရက်ပေါင်းများစွာကို မိတ်သဟာယဖွဲခြင်းဖြင့် အသုံးပြုပြီးလျှင် မာတုရများလဲလျောင်း ရာ ဂူသင်္ချိုင်းများကို ရှာဖွေလေ့လာကြသည်။

၄ ရာစုအတွင်းက ခရစ်ယာန်လူထုကြီး၏ ပြင်းထန်သော ယုံကြည်ချက်တစ်ခုမှာ လောကနှင့် အဆက်ဖြတ်ခြင်းဖြစ်၍ “ဘုရားရှင်နှင့် ခရစ်တော်အတွက်သာ လွတ်လပ်စွာ ပေးဆပ်နိုင်ဖို့ရန်” အသက်မွေးဝမ်းကျောင်းအတတ်ပညာများ၊ ထိမ်းမြားမင်္ဂလာပြုခြင်း နှင့် စည်းစိမ်ယစ်မူးခြင်းတိုကို စွန့်လွှတ်ခဲ့ကြသည်။ ယင်းအပြု အမူမှာ ခြိုးခြံခြင်းဝါဒ၏ ရောင်ပြန်ဖြစ်၍ ခရစ်ယာန်အသင်းတော်များသို ကူးစက်ပျံ့နှံလာခြင်းဖြစ်သည်။

သူ၏ ပညာရေးဆုံးခန်းတိုင်ချိန်ရောက်လတ်သော် ဂျေရုမ်းသည် လောကီဆန်သော တပ်မက်မှုများ အားလုံးကို စွန့်၍ တရားသဘောဖြင့် လေးလေးနက်နက် ဆင်ခြင်ရန် ဆုံးဖြတ် သည်။ ၃၇၀ တွင် မိသားစုများ၏ နေရပ်နှင့်မကွာလှမ်းသော အီတလီနိုင်ငံ အောလီယာ (Aquileia) သို ပြောင်းရွှေ့သည်။ ထိုမြိုရှိ ဘာသာရေးအဖွဲ အစည်းလူငယ်တချိုက သူ့ကို ခြိုးခြံခြင်းအသက်တာဖြင့် အသက်ရှင်ရန် သွေးဆောင်စည်းရုံးကြ၏။ ခြိုးခြံခြင်း၊ အသက်တာကို စမ်းသပ်၍ ၃ နှစ်လွန်သော် ထိုဝါဒသည် သူနှင့် ပနံမစားသောကြောင့်၊ ယင်းခြံခြင်းဝါဒ၏ ဘာသာရေးကျင့်စဉ်ကို စွန့်လွှတ်လိုက်သည်။

၃၇၄ ခုနှစ်တွင် အန္တိအုတ် (ဆီးရီးယား)မြိုသို တစ်ဖန် သူ၏ ရွေ့လျားစာကြည့် တိုက်ဖြင့် ခရီးထွက် ခဲ့ပြန်သည်။ ထိုစဉ် သူသည် အပြင်းဖျား၍ အိပ်မက်ထဲ၌ ဘုရားရှင်၏ ပလ္လင်တော်ရှေ့ဝယ် သူ့ကိုယ်သူ မြင်မက်သည်မှာ သူသည် ခရစ်ယာန်တစ်ယောက်မဟုတ် ဘဲ စီဆာရို၏ တပည့်တစ်ယောက်သာဖြစ်ကြောင်း ဘုရားရှင်၏ ပြစ်တင်ကြိမ်းမောင်းခြင်း ကိုခံရကာ “သင့်စိတ်နှလုံးသည် သင်မြတ်နိုးတွယ်တာရာတွင်သာရှိ၏”ဟု ဘုရားရှင်၏ အသံတော်ကို ကြားရဘိသကဲ့သို ရှိ၏။ တရားသူကြီးက ကြိမ်ဒဏ်အမိန့်ပေးစဉ်မှာ ဂျေရုမ်း သည် ဘုရားရှင်၏ ခွင့်လွှတ်ညှာတာမှုကို တောင်းလျှောက်လျက် နောင်ဘယ်သောအခါမှ လောကီစာပေများကို ဖတ်ရှုမည်မဟုတ်တော့ကြောင်း တောင်းပန်၏။ တုန်လှုပ်ချောက်ချား ဖွယ် ယင်းအိပ်မက်ကြောင့် ဂျေရုမ်းသည် ထိုအချိန်မှစ၍ ခရစ်ယာန်စာပေများကိုသာ အပတ်တကုတ် ကြိုးစားလေ့လာသည်။

“ဘုရားရှင်ကို ရှာဖွေဖိုအလိုငှာ” သူသည် ဆီးရီးယန်း သဲကန္တာရတွင်နေထိုင်သော ရသေ့ရဟန်းများ (hermits) အဖွဲသို ဝင်ပြန်၏။ ယင်းရသေ့ရဟန်းများသည် ဂူအသီးသီး တွင် နေထိုင်ကြ၍ စနေနှင့် တနင်္ဂနွေနေ့များတွင်သာ အတူတကွ ဝတ်ပြုကြသည်။ သူ သည် ကျမ်းစာသင်ယူရာ၌ အထောက်အကူဖြစ်စေရန် ထိုအချိန်က ဟီဘရူးဘာသာကို လေ့လာထားသည်။

ထိုမှတစ်ဖန် မြိုပြသိုပြန်လာ၍ အရှေ့ရောမအင်ပါယာ၏ မြိုတော်ဖြစ်သော ကွန်စ တင်တီနိုပယ်လ် မြို့တော်တွင် အခြေချကာ နာဇီယန်းဇပ်စ်မြိုသား ဂရီဂိုရီ (Gregory of Nazianzus) ထံ၌ တပည့်ခံသည်။ ဂရိဘာသာကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းသူ ဖြစ်သောကြောင့် ထိုအချိန်မှစ၍ သူ ဝါသနာထုံရာ စာပေလုပ်ငန်းတွင် ခြေစုံပစ်ဝင်သည်။ သူသည် ယူအီးဘီးယပ်စ်၏ ရာဇဝင်မှတ်တမ်းကို လက်တင်ဘာသာဖြင့် ပြန်လည်တည်း ဖြတ်ရေးသား၍ ဩရီဂျင်၏ အချိုသော လက်ရာများကိုလည်း ဘာသာပြန်သည်။

 

 

သမ္မာကျမ်းစာ စံမိခြင်း၊ မမီခြင်း တိုင်းတာမှု

ဂရိစကားလုံး ကာနွန် (Canon) ၏ အဓိပ္ပာယ်မှာ တံ (သို) စံ ဖြစ်၍ ဥပဒေစည်းမျဉ်းစည်း ကမ်းနှင့် ကျမ်းကြီးကျမ်းခိုင်များကို စံမီခြင်း၊ မမီခြင်း တိုင်းတာရာတွင် အသုံးပြုသည်။ ရဟူဒီကျမ်းစာများကို (ဓမ္မဟောင်း) နှစ်ပေါင်း ၂၀၀၀ ကျော်ခန့် ရေးသားပြုစုလာခဲ့ရာ ခရစ်တော်သက်ရှိထင်ရှားရှိချိန်ကာလ အေဒီပထမရာစုအထိပင် စံမီခြင်း၊ မမီခြင်း တိုင်း တာမှု ပြီးမြောက်ခြင်း မရှိသေးပေ။ အသင်းတော်သည် အထူးသဖြင့် တမန်တော် များ၏ အရေးအသားများကို ဘုရားမှုတ်သွင်းခြင်းဖြစ်သည်ဟု လက်ခံအတည်ပြု ရာတွင် ဓမ္မဟောင်းကျမ်းများကဲ့သို မဟုတ်ဘဲ အလွန်မြန်ဆန်လှ၏။ ခရစ်ဝင်ကျမ်းများနှင့် သြဝါဒ စာများကို ဒုတိယရာစုတွင် အသင်းတော်တိုင်းက လက်ခံပြီးကြ၍ ယင်း ၂၇ အုပ်ကို စံမီ ကျမ်းအဖြစ် ပထမဆုံးညွှန်းဆို မြွက်ကြားသူမှာ အာသာနေဆီးယပ်စ် (၃၆၇) နှင့် ရှမ်း (၃၈၃) တိုဖြစ်ကြသည်။ ထိုကျမ်းများကို ၃၉၃ ခုနှစ်၊ မြောက်အာဖရိက Hippo Regius အသင်းတော်ညီလာခံတွင် သမ္မာကျမ်း (စံမီကျမ်း) အဖြစ် လက်ခံခြင်းဖြစ် သည်။

 

 

ရောမမြို့တွင်း

 ဖိတ်ကြားချက်အရ ဂျေရုမ်းသည် ရောမသို ပြန်လာကာ သင်းအုပ်ဆရာ ဒါမားဆပ်စ် (Damasus) ၏ အတွင်းရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်၍ ဘာသာပြန်လုပ်ငန်းများ ပို၍ တွင်ကျယ်စွာ လုပ်ကိုင်လာနိုင်သည်။ သင်းအုပ်ဆရာ၏ တိုက်တွန်းချက်ဖြင့် ဓမ္မ သီချင်းများ ပြန်လည်ပြင်ဆင်၍ ဓမ္မဟောင်းကျမ်းကိုလည်း ဂရိနှင့် ဟီဘရူးဘာသာတို ဖြင့် နှိင်းယှဉ်လေ့လာသည်။

ရောမမြို့နေစဉ်အတွင်း မျိုးကြီးရိုးကြီးထဲမှ လူတချိုနှင့် ခင်မင်ခွင့်ရ၏။ ထိုအထဲမှ သူဌေးကတော် ပေါလာ (Paula) နှင့် သူ့သမီးသုံးယောက်တိုသည် ရုမ်းကို အထူး ခင်မင်ကြသည်။ ထိုမိသားစုသည် သူတိုအိမ်ကို ကျမ်းစာလေ့လာဖိုရန် အသုံးပြုစေ၍ ဂျေရုမ်းသည် သူတိုဆရာဖြစ်လာကာ သူတိုစိတ်ဝင်စားသော ခြိုးခြံခြင်းဝါဒကိုလည်း နားလည်အောင် ရှင်းပြသည်။

၃၈၃/၃၈၄ ခုနှစ်တွင် သင်းအုပ်ဆရာဒါမားဆပ်စ်က ရှိနှင့်ပြီးသော လက်တင် ကျမ်းများကို ပြန်လည်တည်းဖြတ်၍ သီးခြားစံမီကျမ်းမူသစ်တစ်စောင်ကို တာဝန်ယူပြု လုပ်ရန်တိုက်တွန်းသည်။ ထိုကြောင့် ဂျေရုမ်းက ခရစ်ဝင်ကျမ်းလေးကျမ်းကို ဘာသာ ပြန်ကာ မကြာမီပင် ပြီးဆုံးသွား၏။ ယင်းခရစ်ဝင်ကျမ်းများ ပုံနှိပ်ထွက်လာသောအခါ ချီးကျူးသြဘာပေးသူများရှိသကဲ့သို ခရစ်ဝင်ကျမ်းများကို ဖျက်ဆီးသူဟု စွပ်စွဲပြောဆိုသူ များလည်း ရှိသည်။ တစ်ပြိုင်နက်ထဲတွင် ရောမမြိုရှိ ဘုန်းတော်ကြီးများ၏ ရန်မူခြင်း ကိုလည်း ခံရ၏။ အရှက်တကွဲ အကျိုးနည်းဖြစ်စေမည့် ပုဂ္ဂိုလ်ရေးစော်ကားထိပါးမှုများ ရှိလာသောကြောင့် သူသည် ရောမကို စွန့်ခွာရန် ဆုံးဖြတ်သည်။

 

ဗူလ်ဂိတ်ကျမ်းစာ

ရောမနိုင်ငံ၏ ရုံးသုံးစကားမှာ လက်တင်ဘာသာဖြစ်သော်လည်း ဓမ္မသစ်ကျမ်းသည် ဂရိဘာသာဖြင့် ရေးသားထား၏။ ခရစ်ယာန်များ အနယ်နယ်အရပ်ရပ်သို ပျံ့နှံရောက်ရှိမှု ကြောင့် ဒုတိယနှင့် တတိယရာစုများ တွင် ဓမ္မသစ်ကျမ်းကို Latin, Syriac နှင့် Coptic ဘာသာအသီးသီးဖြင့် ဘာသာပြန်ကြသည်။ ဂျေရုမ်း၏ ဗူလ်ဂိတ်ကျမ်းမှာမူ “အဆီ အေမတည့်လှသော” လက်ဟောင်းလက်တင်ကျမ်းကို ပြန်၍ တည်းဖြတ်ထားခြင်း ဖြစ် သည်။ သိုသော် ကျမ်းပိုဒ်ခွဲခြင်းကိုမူကား ၆ ရာစုရောက်မှ သေချာစုစည်းပြင်ဆင်ထား ခြင်းဖြစ်၏။ ယင်း Latin Vulgate ကျမ်းစာသည် အနောက်ကမ္ဘာနှင့် အလယ်ခေတ် တစ်လျှောက်လုံး စံထားရသောကျမ်းစာဖြစ်၍ ပထမဆုံးအင်္ဂလိပ်ကျမ်းစာများကို ဘာသာပြန်ရာတွင် အဓိကအခန်းကဏ္ဍမှ နေရာယူသည့် ကျမ်းဖြစ်သည်။

 

သန့်ရှင်းသောမြေ

သူဌေးကတော်ပေါလာနှင့် ဘာသာရေးကိုင်းရှိင်းသော အမျိုးသမီးအချိုသည် ၃၈၆ ခုနှစ်၊ တွင် သန့်ရှင်းသောမြေ ဗက်သလင်၌ နေထိုင်ရန် သူနှင့်အတူလိုက်ပါလာကြသည်။ ပေါလာ ၏ စည်းစိမ်ဥစ္စာကို အသုံးပြု၍ တရားဇရပ်နှင့် စာပေလုပ်ငန်းများအတွက် အသုံးပြုနိုင် သော ဘုန်းတော်ကြီးကျောင်းတစ် ဆောင်တည်ဆောက်ကာ အမျိုးသမီးများအတွက်လည်း သီးသန့်သီလရှင်ကျောင်းတစ်ကျောင်း တည်ဆောက်သည်။

ရန်လိုမှုများအကြားမှ ရုမ်းသည် မကြာမီက ပြုလုပ်ထားသော ဟီဘရူးကျမ်းကို အခြေပြုကာ ဓမ္မဟောင်းကျမ်း စတင်ပြုစု၏။ သူသည် သူငယ်တော်ယေရှုခရစ်တော်ဖွား မြင်ရာ အသင်းတော် (Church of the Nativity) ၌ ဒေသနာတိုက်ကျွေးခြင်းကို တာဝန် ယူရခြင်း၊ ဟစ်ပိုမြို ပညာရှင်ဩဂတ်စတင်းအပါအဝင် သူ၏ ပေးစာများနှင့်ပတ်သက် သော ဓမ္မအတွေးအမြင်များဆိုင်ရာ ငြင်းခုံရသည့်အခါများ၌ ပါဝင်ရခြင်းနှင့် အနက်ဖွင့် ကျမ်းများကို ရေးသားပြုစုခြင်းတိုကြောင့် ဓမ္မဟောင်းကျမ်းပြုစုခြင်းမှာ နှေးကွေးခဲ့ရ၏။

သူပြုစုထားသော ကျမ်းသည် ၄၀၅/၄၀၆ ခုနှစ်တွင် ပြီးမြောက်ခြင်း မရှိသေးကြောင်း သေချာသည်။ တစ်ပါးသူက အဆုံးသတ်ပေးကြောင်းလည်း ခိုင်လုံသော အထောက်အထား ပြစရာရှိ၏။ ယင်းဘာသာပြန်ကျမ်း ကြီး ပြီးဆုံးချိန်နှင့်ပတ်သက်၍ သူ့မိတ်ဆွေအနည်း ငယ်က ကြိုဆိုလက်ခုပ်ဩဘာပေးသည်ဆိုရုံမှအပ ပြစ်တင်ဝေဖန်ခြင်းခံရသည်။ ထိုဘာသာ ပြန်ကျမ်းကို ဗူလ်ဂိတ် (Vulgate) ဟုခေါ်၍ စံမီကျမ်းအဖြစ် လက်ခံကြသော်လည်း ကက်သလစ်အသင်းတော်ကပင်လျှင် ၁၅၄၆ ခုနှစ်ရောက်ခါမှ “အစစ်အမှန်””ဖြစ်သည် ဟု လက်ခံအတည်ပြုခြင်းဖြစ်သည်။

မြောက်ပိုင်းအရိုင်းအစိုင်းများက ရောမနိုင်ငံသို လေနီကြမ်းများသဖွယ် ဝင်ရောက် လာသည်မှာ ဂျေရုမ်းအတွက် ကပ်ကမ္ဘာကုန်ဆုံးမည့် ရှေ့တော်ပြေးနိမိတ်များနှင့်ပင်တူ တော့၏။ ၄၁၀ ခုနှစ်တွင် ရောမစစ်သားများက မြိုကို ကာကွယ်နိုင်စွမ်းမရှိ၍ အရှုး ပေးလိုက်သည်တွင် ဂုဏ်သိက္ခာဟူ၍ မူးလို ရှူစရာပင်မရှိတော့ချေ။ ဘုရင်အာလာရစ် (Alaric) ၏ဂေါ့သ်  (Goths) များသည် ဘာသာရေးတွင် အေးရီးယန်းဘက် နွယ်သူများ: ဖြစ်သောကြောင့် ဝတ်ကျောင်းများနှင့် ခရစ်ယာန်များ၏ အမြတ်တနိုးထားသော အရာ များကို မဖျက်ဆီးခဲ့ကြပေ။ ဤသတင်းသည် ရောမပြည်နယ်များသို တောမီးပမာ တစ် မုဟုတ်ချင်းပျံ့နှံ၍ သူတိုဘဝများသည် မဟူရာညအလား မှောင်မိုက်သော်လည်း အသက် ချမ်းသာရာတော့ ရကြ၏။

ဂျေရုမ်းသည် ယခုအချိန်တွင် ရောင်းရင်းပေါလာလည်း မရှိတော့သည်ကတစ်ကြောင်း၊ စိတ်ထောင်း၍ ကိုယ်ကြသည်က တစ်ဖုံနှင့် ဇရာ၏ အထုအထောင်းကို အလူးအလဲခံရရှာသည်။ ၄၂၀ ခုနှစ် သူကွယ်လွန်ချိန်တွင် ရုပ်ကလာပ်ကို ခရစ်တော်မွေးဖွားရာ နေရာဟု ထင်ရသောကြောင့် အလှဆင်ထားသည့်လိုဏ်ဂူနှင့် ကိုက်အနည်းငယ်ကွာဝေး သော သူငယ်တော်ယေရှုခရစ်ဖွားမြင်ရာ အသင်းတော်၏ ဘုရားကျောင်းထဲ၌ မြှုပ်နှံ သဂြိုဟ်သည်။

ဂျေရုမ်းသည် အများနှင့်မတူ တစ်မူထူးသော စာရေးသူဖြစ်၍ အများနှင့် မကြာခဏ အငြင်းပွားရ သူလည်းဖြစ်သည်။ သူကွယ်လွန်ပြီး နှစ်ပေါင်းအတန်ကြာ သူဘာသာပြန် ထားသော ကျမ်းစာကို လူတွေ တန်ဖိုးထားရကောင်းမှန်းသိကြမှပင် လျှမ်းလျှမ်းတောက် နာမည်ကြီးသူဖြစ်သည်။ သူသည် အလွန်ကြီးမြတ်သော “ကနဦးအသင်းတော် ပညာရှင် ကဝိကြီး”လေးဆူထဲမှ တစ်ဆူအဖြစ် ယခုအခါတွင် အသိအမှတ်ပြုခြင်း ခံရသူဖြစ်သည်။

 

 

သြဂတ်စတင်း (၃၅၄-၄၃၁) ဟစ်ပိုမြိုသင်းအုပ်

အလယ်ခေတ်မှစ၍ ခရစ်ယာန်ဓမ္မဆရာများကို “အသင်းတော်၏ ဆရာကဝိအဖြစ် အသိအမှတ်ပြုကြသည်မှာ ယနေ့တွင် အယောက်ပေါင်း ၃၀ ရှိပြီဖြစ်သည်။ ဤဆရာ ကဝိကြီးများထဲတွင် သြဂတ်စတင်း (Augustine) သည် အထင်ပေါ်ဆုံးဖြစ်သည်ဆိုလျှင် လွန်မည်မထင်။ သြဂတ်စတင်းသည် တမန်တော်ပေါလုခေတ်မှသည် ကနဦးခရစ်ယာန် အသင်းတော်ကာလအချိန်အထိ ခရစ်ယာန်ဘာသာ၏ အရေးပါဆုံးပုဂ္ဂိုလ်လည်းဖြစ်သည်။ ယနေ့တိုင် အနောက်ပိုင်းခရစ်ယာန်လောကတွင် သူ့ဩဇာမှာ သက်ရောက်တုန်းပင်ရှိ သည်။

သြဂတ်စတင်း၏ မိဘနှစ်ပါးသည် ပုဂ္ဂိုလ်ရေးအသွင်မတူသော အိမ်ထောင်ဖက်များ ဖြစ်ကြ၏။ သူ့ဖခင် ပက်ထရစ် (Patrick) သည် နတ်ဘုရားကိုးကွယ်သူဖြစ်၍ လယ်ဧက အနည်းငယ်ကို ပိုင်ဆိုင်သူဖြစ်ကာ ဒေါသကြီးသူတစ်ဦးလည်းဖြစ်၍ ဇနီးအပေါ်တွင် အခါ အားလျော်စွာ ဖောက်ပြားတတ်သူဖြစ်သောကြောင့် ယင်းအပြုအမူသည် သူ့သားအပေါ်တွင် အတုမြင် အတတ်သင်ဆိုသလို ဖြစ်စေသည်။

သြဂတ်စတင်း၏ မိခင်မော်နီကာ (Monica) သည် အရွယ်နုစဉ်က ယမကာကျေး ကျွန်ဖြစ်ခဲ့ဖူး၏။ တစ်နေ့ သူမ မူးရူးနေစဉ်တွင် အိမ်ဖော်တစ်ယောက်က အပြစ်တင်ကြိမ်း မောင်းသည်။ ထိုအချိန်မှစ၍ မော်နီကာသည် ယမကာသားကောင်ဘဝမှ ကုန်းရုန်းထကာ သတင်းကောင်းကို လက်ခံရန် အသက်တာကို ပြင်ဆင်၏။ သူမသည် ဘာသာရေးကို အလွန်ကိုင်းရှိင်း၍ ဘုရားတရားကြည်ညိုကာ အဆက်မပြတ် ဆုတောင်းခြင်းဖြင့် အသက် တာကို လျှောက်လှမ်းသူဖြစ်လာသည်။ သြဂတ်စတင်း၏ အသက်တာလည်း ယုံကြည် သူမိခင်၏ ဇွဲနပဲကြီးစွာ ဆုတောင်းပေးခြင်းကြောင့် ပြောင်းလဲလာခြင်းဖြစ်သည်။

ဘဝပေးကောင်းသဖြင့် သြဂတ်စတင်း၏ ဖခင်က တက်လမ်းရှိသော သူ့သားကို သင့်တင့်လျောက် ပတ်သော ကျောင်းတစ်ကျောင်း၌ ထား၏။ သူ၏ ဇာတိချက်ကြွေမွေး ရပ်မြေမှာ မြောက်အာဖရိက တာဂက်စ် (Thagaste- ယခု အယ်ဂျီးရီးယား) ဖြစ်၍ အနောက်ကာသေ့ချ်နှင့် မိုင်အနည်းငယ်သာ ကွာဝေးသောကြောင့် သူ၏ ပညာရေးနှင့် ကြီးပြင်းရာ ပတ်ဝန်းကျင်မှာ ရောမအတိုင်းပင်ဖြစ်သည်။ စာတော်သည့်ကလေးဖြစ်သော် လည်း စည်းကမ်းအလွန်တင်းကျပ်သောကြောင့် ကျောင်းသားဘဝတွင် မပျော်ပိုက်ခဲ့ပေ။ အချိန်ရှိသမျှတွင် လက်တင်စာရေးဆရာများ၏ စာအုပ်များကို နောကျေနေအောင် ဖတ်ကာ ဂရိဘာသာစကားကိုလည်း သင်ယူသည်။

သူ့မိခင်က သူ့ကို ခရစ်ယာန်ဘာသာ၌ ပျော်မွေ့စေရန် ပံ့ပိုးကူညီပေးသည်။ ကလေးဘဝကတည်းက နှစ်ခြင်းခံမည့်သူများစာရင်းထဲ၌လည်း စာရင်းသွင်း ပေးရှာ၏။ သူသည် ဘုရားကျောင်းသို ယက်ကန်ယက်ကန်ဖြင့် ရောက်လာတတ်သော်လည်း တရား ၊ ဒေသနာ နာယူဖိုထက် ကောင်မလေးများထံတွင် အာရုံပိုရောက်နေတတ်၏။

 

ကာသေ့ချ်သို ပြောင်းရွှေ့ခြင်း

သြဂတ်စတင်းသည် ပညာဆက်လက်သင်ယူလိုစိတ် ပြင်းပြသောကြောင့် ကာသေ့ချ်သို့ ပြောင်းရွှေ့ကာ နှုတ်မှုအတတ်ပညာကျောင်း၌ ရက်ရောသော အိမ်နီးချင်းတစ်ဦး၏ အကူအညီဖြင့် ကျောင်းဆက်တက်သည်။ ဂရိတွေးခေါ်ပညာရှင်ပလေတို (Plato) ၏ စာအုပ်များကို ထဲထဲဝင်ဝင် လေ့လာ၍ လက်တင်စာရေးဆရာ စီဆာရို၏ လွှမ်းမိုးခြင်းကို လည်း ခံရသည်။

ကာသေ့ချ်တွင်နေစဉ် ဩဂတ်စတင်းသည် အိမ်စေအမျိုးသမီးတစ်ဦးနှင့် ၃၂ နှစ်လုံး လုံး လက်မထပ်ဘဲ ပေါင်းသင်းနေထိုင်ခဲ့သည်။ ကလေးတစ်ယောက် မလိုချင်ဘဲ ရသော် လည်း နောင်တွင် ထိုကလေးကို ဖူးဖူးမှုတ်ကြ၏။ ထိုကလေးနာမည်ကို အာဒီယိုဒေး တပ်စ် (Adeodatus) ဟု ခရစ်ယာန်နာမည်ပေးသည်။ အဓိပ္ပာယ်မှာ “ဘုရားပေးသော ရင်နှစ်သည်းချာ””ဟူ၍ ဖြစ်၏။

စီဆာရို၏ စာအုပ်များကို ဖတ်မိသည့်အချိန်မှစ၍ သူသည် နီတိအကြောင်းနှင့် ဘာသာရေးကို နက်ရှိင်းစွာ တွေးခေါ်ခြင်းပြု၏။ “ကျွန်ုပ်သည် ယခုမှ လမ်းမှန်သို ရောက် သည်”ဟုဆိုသည်။ သိုသော် ကျမ်းစာကို လက်မခံနိုင်ဘဲ ဘာသာရေးဂိုဏ်းခွဲငယ်တစ်ခု ဖြစ်သော မန်နီချီစ် (Manichess) ခေါင်းဆောင်သည့် အဖွဲ ထဲတွင် ၁၀ နှစ်နေကာ သူ တို၏ သွန်သင်ချက်ကို သဘောမတွေ့နိုင်၍ ထားခဲ့သည်။ ထိုအချိန်တွင် သူ၏ တောင်းဆု မှာ “မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနှင့် သူတော်ကောင်းကျင့်စဉ်ဖြင့် အသက်ရှင်နိုင် ရန်ဖြစ်၍… သိုသော် ယခု မဟုတ်သေး”ဟူ၍ ဖြစ်သည်။

သြဂတ်စတင်းသည် ၃၈၃ ခုနှစ်တွင် အီတလီနိုင်ငံ ရောမမြိုသို ပြောင်းရွှေ့ကာ ထိုမှတစ်ဖန် မီလန်မြိုသို ရောက်ရှိ၍ ထိုမြိုတွင် နှုတ်မှုကျွမ်းကျင်ဆရာအဖြစ်သင်တန်း ကျောင်း၌ နည်းပြဖြစ်လာသည်။ ထိုမြိုသို သူ၏ ချစ်သူရည်းစား သားသည်အမေနှင့် ဇွဲနပဲ ကြီးစွာ မနားတမ်း ဆုတောင်းပေးသော သူ၏ မွေးသမိခင်လည်း ရောက်လာသည်။ ယခု အချိန်တွင် သူသည် ဘုရင်ခံတစ်ပါးဖြစ်ချင်သောကြောင့် အရှုပ်ထုတ်ဟု ထင်ရသော သူ၏ ချစ်သူရည်းစား သားသည်အမေကို ကာသေ့ချ်သို ပြန်လွှတ်လိုက်သည်။ သိုသော် သူ့မျှော် မှန်းချက်များမှာ အထမမြောက်ခဲ့ပေ။

တစ်နေ့ မီလန်မြိုထဲသိုသွားစဉ် သူဖုန်းစားတစ်ယောက် ရယ်မောနေသည်ကို တွေ့ ရ၏။ ထိုအခါ “ဒုက္ခိတတစ်ယောက်ရဲ့ ပျော်ရွှင်မှုမျိုးတောင် ငါမရနိုင်ပါလား”ဟု သူ့ ကိုယ်သူ ဝမ်းနည်းစွာ မေးခွန်းထုတ်နေမိ၏။ သူဖုန်းစားသည် သေလွန်သော် မည်သည့် နေရာသို သွားရမည်နည်းဟုလည်း ထပ်ကွန့်၍ စဉ်းစားနေမိပြန်သည်။

နောက်ဆုံးတွင် သူ၏ ခရစ်ယာန်မိတ်ဆွေတစ်ဦးက မီလန်မြို ပညာရှင်သင်းအုပ်ကြီး အမ်ဘရိုစ်၏ တရားဒေသနာ နာယူရန် အချိုသတ်ခေါ်လာခဲ့သည်။ သတင်းကောင်းဝေ၄ ရာနေရာရောက်သည်နှင့် ဘာသာရေးနှင့်ပတ်သက်၍ သူ၏ အခက်အခဲပြဿနာများဖြစ် သော အပြစ်၏ မူလဇစ်မြစ်အကြောင်းနှင့် လောကတွင်ရှိသော ဆိုးယုတ်ခြင်းများအပြင် ခရစ်တော်၏ လူပုဂ္ဂိုလ်ဖြစ်ခြင်းအကြောင်းများကို လေ့လာမေးမြန်းသည်။ သမ္မာကျမ်းစာ ထဲရှိ အထူးသဖြင့် ပေါလု၏ သြဝါဒစာများကို ဒဿနအမြင်ဖြင့် သုံးသပ်ကာ အဖြေရှာ သည်။

တစ်နေ့တွင် “သူ၏ ယုတ်ညံ့မှု၊ စွန်းပေခဲ့သော မိုက်မှားမှုများနှင့် သူများမျက်ခုံး မွေးပေါ်တွင် စင်္ကြံလျှောက်ခဲ့ပုံများ” အတွက် အသိတရားဝင်လာ၍ သည်းထန်စွာ ငိုကြွေး သည်။ “ယူဖတ်ပါ၊ ယူဖတ်ပါ”ဟူသော ကလေးတစ်ယောက်၏ တစာစာအော်သံကဲ့သို့ သော အသံတစ်ခုကို ကြားရသောကြောင့် ကျမ်းစာကို လှန်လှောကြည့်လိုက်ရာ သူ့မျက် လုံးအစုံသည်”လောကီ အပျော်အပါးနှင့် ကာမရာဂကို စွန့်လွှတ်လျက် ခရစ်တော်၏ မျက်မှောက်တော်ဝယ် တိုးဝင်ချဉ်းကပ်ပါလော့”ဟူသော ကျမ်းပိုဒ်၌ တန့်နေလေ၏။ သူ့အပြစ်အတွက် လိပ်ပြာမလုံဖြစ်ကာ သြဂတ်စတင်းသည် ခရစ်တော်ထံပါး၌ တိုးဝင် ချဉ်းကပ်လျက် အသစ်သော အသက်တာပြောင်းလဲခြင်းကို ခံစားရသည်။ ထိုနှစ် ၃၈၈ အီစတာပွဲတော်တွင် သူ့သား အာဒိုယိုဒေးတပ်စ်နှင့်အတူ ဗတ္တိဇံမင်္ဂလာကို ခံယူသည်။

ဩဂတ်စတင်း ပြောင်းလဲချိန်တွင် သူ့အသက် ၃၂ နှစ် ရှိပြီဖြစ်၏။ သူတာဝန်ကျရာ မီလန်မြိုကို ထားခဲ့၍ သူ့သားနှင့် တာဂက်စ်သို ပြန်လာသည်။ ဘဝတစ်လျှောက် ဇွဲနပဲ ကြီးစွာ ဆုတောင်းပေးသော မိခင်လည်း ယခုအခါတွင် သူမ၏ ဆုတောင်းသံကို ဘုရားရှင် နားညောင်းတော်မူသောကြောင့် သေပျော်သူဖြစ်နေပြီ ဖြစ်သည်။ သြဂတ်စတင်းသည် သာသနာ့ဘောင်တွင် စိတ်တူကိုယ်တူ ခရစ်ယာန်များနှင့် စာပေလုပ်ငန်းများကို အချိန် ပိုင်းလုပ်ကာ ၃ နှစ်အကြာတွင် သိက္ခာတင်ခြင်းခံရ၏။ ယုံကြည်သူဖြစ်လာပြီး ၈ နှစ် အကြာ ၁၉၅ ခုနှစ်တွင် သင်းအုပ်ဆရာ ဗာလီးရီးယပ်စ် (Valerius) ၏ လက်ထောက် ကျောင်းထိုင်ဘုန်းကြီးဖြစ်ကာ နောက်တစ်နှစ်တွင် ဟစ်ပိုမြို၏ သင်းအုပ်ကြီးအဖြစ် လုပ်ကိုင်ဆောင်ရွက်သည်။

 

လွှမ်းမိုးမှု

မြောက်အာဖရိကတွင် ဟစ်ပိုမြိုသည် ကာသေ့ပြီးလျှင် အရေးပါဆုံးမြို ဖြစ်သည်။ သူ့ ခေတ်အခါတွင် အကျွမ်းကျင်ဆုံးနှင့် အဖြူစင်ဆုံး သင်းအုပ်အဖြစ် သြဂတ်စတင်း၏ ဂုဏ် သတင်းသည် မကြာမီတွင် ပျံ့နှံလွှမ်းမိုးသည်။ သူ၏ လက်ကျန်အသက်တာကို အသင်း တော်၏ လုပ်ငန်းဆောင်တာများအတွက်သာ အသုံးတော်ခံရန် သိန္နိဋ္ဌာန်ချ၍ ပင်မအသင်း တော်တွင်သာ တရားဒေသနာတိုက်ကျွေးခြင်းနှင့် အယူလွဲမှား သူတိုကို ပြင်းထန်စွာ တိုက် လှန်သည်။

သြဂတ်စတင်းသည် သူ၏ သင်းအုပ်ပထမသက်တမ်းတွင် အလွန်ထင်ရှားသော ဝန်ခံချက်များ (Confessions) စာအုပ်ကို ရေးသား၍ အေဒီ ၄၀၀ ခုနှစ်တွင် ဖြန့်ချိသည်။ ထိုစာအုပ်သည် ကဗျာဆန်သည့် စကားပြေအရေးအသားဖြင့် ဘုရားရှင်ထံ တင်လျှောက် သီကုံးထားသော ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်ကာ အီတလီတွင် သူ့မိခင်ဆုံးပါးသည့်အကြောင်းများဖြင့် တခမ်းတနား ဖွဲနွဲထားသည်။ နောက်ထပ် ထင်ပေါ်ထူးခြားသော ဋီကာကျမ်းမှာ ဘုရားမြိုတော် (City of God) အမည်ရစာအုပ်ဖြစ်၍ ထိုကျမ်းသည် ၄၁၀ ခုနှစ်တွင် ဖျက်ဆီးခံရသော ရောမမြိုအကြောင်းကို ကျောရိုးပြု၍ ၁၄ နှစ်တိုင်တိုင် ရေးသားထားခြင်းဖြစ်၏။ ယင်းစာအုပ်ထွက်လာချိန်တွင် ရောမအင်ပါယာက အယူ ဝါဒဟောင်းကို စွန့်ပယ်လျက် ယုံကြည်မှုအသစ်ကို လက်ခံရန် တောင်းဆိုမှု ဂယက်များ ထလာသည်။

ဘုရားမြိုတော်စာအုပ်ထဲတွင် သြဂတ်စတင်းက သမိုင်းဆိုင်ရာ အတွေးအမြင် အချက်အလက်များ ထည့်သွင်းထား၏။ သူက အဖွဲ အစည်းတစ်ခုသည် ဘုရားရှင်၏ အလိုတော်အတိုင်း လိုက်လျှောက်ခြင်းမပြုလျှင် ကောင်းချီးမခံစားရဘဲ ပျက်စီးခြင်း၊ ငါးပါးဖြင့် ပျက်စီးရမည့်အကြောင်းကို ဆန္ဒပြင်းပြစွာ တပ်လှန့်ထားသည်။ ထိုအပြင် လောကီဆန်သောမြိုနှင့် သုခဘုံမြို ဟူ၍ မြိုကြီးနှစ်မြို ရှိကြောင်း တစ်မြိုမှာ ရောမမြိုဖြစ်၍ နောက်တစ်မြိုမှာ ဘုရားမြိုတော် (ဤခေါင်းစီးမှာ ဆာလံကျမ်းမှ ထုတ်နုတ်ယူထားခြင်း ဖြစ်၏) ဖြစ်ကြောင်း ကွဲကွဲပြားပြား သိစေသည်။ လောကီနိုင်ငံမြိုကြီးများ ပျက်သုဉ်းကွယ် ပျောက်သွားသော်လည်း ဘုရားမြိုတော်မှာ ထာဝရ တည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်းဖြင့် သူ့စာအုပ်ထဲတွင် အသားပေးဖော်ပြထားသည်။

သြဂတ်စတင်းကို အလယ်ခေတ် ကက်သလစ်ဝါဒနှင့် မျက်မှောက်ခေတ် ပရိုတက် စတင့်ဝါဒတို၏ ဖခင်ကြီးဟု ဆိုကြသည်နှင့်အညီ သူ၏ အမြီးအမောက်မတည့်သော အသင်းတော်ဆိုင်ရာ ယုံကြည်ခံယူချက်ကို ကက်သလစ်အသင်းတော်က ဆုပ်ကိုင် ထား၍ ကျေးဇူးတော်ဆိုင်ရာ ယုံကြည်ခံယူချက်ကို ပရိုတက်စတင့်များ က ယုံကြည် လက်ခံသည်။ ကျေးဇူးတော်နှင့်ဆိုင်သော သူ၏ ယုံကြည်ခံယူချက်ဖြင့် ဘုရားရှင်၏ ကျေးဇူးတော် မလို လူသားသည် အခြေခံအားဖြင့် အကောင်းဖြစ်သောကြောင့် ကောင်းမှု ကို ကြိုးစားအားထုတ်လျှင် ကောင်းသောအသက်တာကို ပိုင်ဆိုင်နိုင်သည်ဟု အယူမှား ကို သွန်သင်သူ အင်္ဂလိပ်လူမျိုး ရောမမြို ဘုန်းကြီးပ လေးဂျီးယပ်စ် (Pelagius) ကို ကျေးဇူးတော်သက်သက်ကြောင့် သူ့အသက်တာပြောင်းလဲလာပုံဖြင့် ရှင်းပြ၏။

သြဂတ်စတင်းက ယင်းအယူမှားသွန်သင်ချက်ကို On The Spirit နှင့် The Letter and On Nature And Grace ကျမ်းနှစ်စောင်ဖြင့် ပြန်လည်ချေပကာ ထိုခေတ်က ရေပန်းစားသော “လူမှုရေးကျင့်ဝတ် စောင့်ထိန်းခြင်း ဖြင့် ဖြောင့်မတ်ခြင်းသို ရောက်၏”ဟူ သော အင်္ဂလိပ်လူမျိုးတို၏ ယုံကြည်ခြင်းသန္နိဋ္ဌာန်ကို ငြင်းပယ်၏။ ဩဂတ် စတင်းက ဘုရားရှင်၏ ကျေးဇူးတော်က သူ့ကို လွတ်မြောက်မှုမပေးမချင်း သူသည် အပြစ်နွံ၌ နစ် မွန်းသူဖြစ် ကြောင်းနှင့် ထိုအပြစ်နွံမှ လွတ်မြောက်ရန် အသစ်တစ်ဖန်မွေးဖွားဖို လိုအပ်

ပလေးဂျီးယပ်စ်

ပလေးဂျီးယပ်စ်သည် ဗြိတိန်တွင်နေထိုင်သော အိုင်းရစ်ဘုန်းတော်ကြီးဖြစ်၍ ၃၈၄ ခုနှစ်တွင် ရောမသို အလည်အပတ်ရောက်စဉ်က ရောမလူမျိုးများ၏ နိမ့်ကျသော လူနေမှုကို မြင်ရ သည်တွင် စိတ်ချောက် ချားလျက်ရှိကာ သူတိုအတွက် ကောင်းမွန်သော နီတိတရားများ သွန်သင်ပေးရန် လိုသည်ဟု ဆိုသူဖြစ်သည်။ သူသည် မွေးရာပါအပြစ်ရှိခြင်း ခံယူချက်ကို ငြင်းပယ်သူဖြစ်၍ သူ့အဆိုအရ လူသားသည် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၏ နောက် သို ကောက်ကောက်ပါအောင် လိုက်ကြသဖြင့်သာ အပြစ်သားများဖြစ်ကြရသဖြင့် ထို အပြစ်အတွက် ဘုရားရှင်၏ ကျေးဇူးတော်မလိုဘဲ အကောင်းကို ရွေးချယ်တတ်ရန်သာ လိုသည်ဟု ဆို၏။ ၄၁၀ ခုနှစ်တွင် ရောမမြိုသား အရိုင်းအစိုင်းများကို ချဉ်းကပ်သဖြင့် ရောမများက နှင်ထုတ်ကြကာ ကာသေ့ချ်သို ရောက်လာသည်။ ကာသေ့ချ်တွင် တစ်နှစ် နေပြီးနောက် ပါလက်စတိုင်းသို ပြောင်းရွှေ့ နေထိုင်၏။ ဂျေရုဆလမ် ခရစ်ယာန်ညီလာခံ အစည်းအဝေးတွင် လမ်းမှားရောက်သူဟု စွပ်စွဲခံရသည့်အကြောင်းကို မည်သိုပင် ရှင်း လင်းသော်လည်း သူ့ကို အာဖရိကန်ဘုန်းကြီးများက ပြစ်တင်ရှုတ်ချကာ ၄၁၆ ခုနှစ်တွင် အသင်းတော်မှ ကြဉ်ထားခြင်းခံရသည်။

ကြောင်းကို သူ့ဘဝဖြင့် မြင်သာအောင် ရှင်းပြသော်လည်း ပလေးဂျီးယပ်စ်သည် လက်မခံ နိုင်ခဲ့ပေ။ ပလေးဂျီး ယပ်စ်က လူသား၏ ဆန္ဒသည်သာ ပဓာနအကျဆုံးဖြစ်ကြောင်း ပြန် လည်ငြင်းခုံသည်။

သြဂတ်စတင်းရင်ဆိုင်ရသော နောက်တိုက်ပွဲတစ်ခုမှာ မိစ္ဆာဝါဒီများဖြစ်သော ဒိုနေ ၊ တစ် (Donatists) များဖြစ်၍ သူတိုအတွက်ကြောင့်ပင် အသင်းတော်ခံယူချက် စည်းမျဉ်း ကို ရေးဆွဲရခြင်းဖြစ်သည်။ ဒိုနေးတစ် များသည် ကွန်စတဲန်တင်းခေတ်ကတည်းက ကက်သလစ်အသင်းတော်မှ ပထုတ်ခံရသော ခွဲထွက်ရေး အဖွဲများ ဖြစ်သည်။ ဒိုနေးတစ် ဂိုဏ်းခွဲများသည် မြောက်အာဖရိကတွင် ခြေဦးတည့်ရာ လမ်းသလား၍ အသင်းတော် အဆောက်အအုံများနှင့် ဘုန်းတော်ကြီးများကို ဖျက်ဆီးသတ်ပစ်ကာ ဟစ်ပိုမြိုအနီး တစ်ဝိုက်၌ ကြီးစိုးမင်းမူ နေကြသည်။

ဒိုနေးတစ်များသည် မာတုရအဖြစ် အသက်စတေးရာ၌ ရဲရဲဝံ့ဝံ့ ပေးဆပ်ရဲခြင်းနှင့် “သန့်ရှင်းသော” အသင်းတော်တစ်ခုကို တည်ထောင်လိုမှုများက သူတိုကို ဖောက်ပြန် ရေးသမားများအဖြစ်မှ အဖတ်ဆယ်ပေး သကဲ့သို ရှိသည်။ သြဂတ်စတင်းက ဤအဖြစ် အပျက်ကို သမ္မာကျမ်းလာ ကောင်းသောမျိုးစေ့နှင့် တောမျိုးစေ့ တို့သည် ရိတ်သိမ်းခြင်း ကာလတိုင်အောင် အတူတကွ ရှင်သန်ရမည့်အကြောင်း လောကီဆန်သော ရောမမြိုနှင့်ဘုရားရှင်၏ သုခဘုံမြိုတိုသည် ကပ်ကမ္ဘာဆုံးတိုင်အောင် ဆက်လက်တည်မြဲနေမည်ဟု ပုံပမာပြုသည်။ ယခုအချိန်တွင် အပြစ်သားတိုင်းအတွက် ဘုရားရှင်၏ ခွင့်လွှတ်ခြင်း ၊ ကျေးဇူးတော်ရှိနေသော ကြောင့် အုပ်စိုးသူအစိုးရ၏ အမိန့်ကို မကောင်းမှုမှလွဲ၍ လိုက်နာ သင့်သည်ဟု ဆို၏။

သြဂတ်စတင်း၏ ဤအကြံပြုချက်ကြောင့် အသင်းတော်ထဲတွင် အယူမှန်သူနှင့် အယူမှားသူ ခရစ်ယာ န်များ ရောထွေးနေကြကာ အစိုးရကလည်း ဖမ်းဆီးထားသော ဒိုနေးတစ်များကို လွတ်ငြိမ်းချမ်းသာပေးလိုက်သ ဖြင့် နောင်အခါ ယင်းဒိုနေးတစ်များ နှင့်ပတ်သက်၍ မည်သည့်အကြောင်းမျှ မကြားရတော့ပေ။

သင်းအုပ်သက်တမ်း ၃၅ နှစ်တွင် သြဂတ်စတင်းသည် ကျမ်းအစောင်စောင် ၁ဝဝ ကျော်ပြုစု၍ ထိုအထဲတွင် ၅ စောင်မှာ မိစ္ဆာဝါဒတိုက်ဖျက်ရန်ဖြစ်သည်။ သူ၏ သွန်သင် ချက်များမှာ တမန်တော်ခေတ်မှစ၍ ပြိုင်စံရှားအဖြစ် အသိအမှတ်ပြုကြရကာ ကယ်တင် ခြင်းသတင်းစကားကို ခုခံကာကွယ်ပေးခြင်းအတွက် အသင်းတော်က ဩဂတ်စ်တင်းအပေါ် တွင် ဆပ်မကုန်သော ကျေးဇူးများ ယနေ့တိုင် တင်နေရဆဲဖြစ်သည်။ သူ၏ အရေးအသား များထဲမှ စာပိုဒ်အချိုကို ရောမကက်သလစ်က သူတို၏ ကိုယ်ပိုင်ယုံကြည်ခံယူချက်များ အဖြစ် ဖမ်းဆုပ်သိမ်းယူကာ ပရိုတက်စတင့်များကလည်း လူသား၏ ကြိုးစားအားထုတ် မှုမပါ ကျေးဇူးတော် သက်သက်ကြောင့်သာ ကယ်တင်ခြင်းရသည်ဟူသော ယုံကြည်ခြင်း ၊ ခံယူချက်ကို ကာကွယ်ပေးသူဖြစ်သည် ဟုဆို၍ ပီတိစားကာ ကြည်ညိုလေးစားကြသည်။

 

ကနဦးအသင်းတော်ခေတ် အရေးပါမိစ္ဆာဝါဒများ

ကနဦးအသင်းတော်ခေတ် အရေးပါမိစ္ဆာဝါဒများ (အဆက်)

 

ဗြိတိန်သို့ ခရစ်ယာန်ဘာသာရောက်လာခြင်း

 

ပထမ အနှစ် ၄၀၀

ဗြိတိန်တွင် ခရစ်ယာန်ဘာသာ မည်သည့်အချိန်ကမည်သို ပထမဆုံးအမြစ်တွယ်သည် ကို သေချာတပ်အပ်သိသူ မရှိပေ။ ၅ ရာစုအထိ ကြက်ဥအစ ရှာမရသကဲ့သိုဖြစ်ကာ ရှေးဟောင်းသုတေ သနအဖွဲများ၏ မဖြစ်စလောက် သဲလွန်စကလေးမျှသာရှိသည်။ ၁၃ ရာစုတွင် သမိုင်းအသိခေါင်းပါးမှုကြောင့် တမန်တော်ပေါလုနှင့် အရိမဒဲမြိုသား ယော သပ်တိုသည် ဗြိတိန်သို ခရစ်ယာန်ဘာသာ စတင်ယူဆောင်လာ သူများဖြစ်သည်ဟူသော ယုံတမ်းစကားလည်း ရှိခဲ့ဖူး၏။ သိုသော် ယင်းအဆိုပြုချက်သည် မခိုင်လုံပေ။

ဗြိတိန်သို ခရစ်ယာန်ဘာသာ ပထမဆုံးရောက်လာခြင်းသည် တတိယရာစုအစ တာတူလျံနှင့် ဩရီဂျင်တို၏ စာပေအရေးအသားမှဖြစ်နိုင်ကြောင်း အရိပ်အမြွက်ရှိသော် လည်း ခိုင်လုံမှုမရှိပြန်ပေ။ ဗယ်ရိုလာမင် (Verulamium) မြိုသား စစ်သည်တော် အရ်တန်း၊ (Alban) ၏ မာတုရဖြစ်စဉ်ကို မှတ်တမ်းတင်ထားသော ဆော့ဒ် (Bede) ၏ သမိုင်း မှတ်တမ်းသာလျှင် ခိုင်လုံသောမှတ်တမ်းဖြစ်သည်။

ခရစ်ယာန်ဘုန်းတော်ကြီးဆော့ဒ်ထံ၌ ခိုလှုပုန်းအောင်းသူ အရ်ဘန်းကို ညှင်းပန်းသတ် ဖြတ်သူများက တွေ့ရှိကာ ဖမ်းဆီးကွပ်မျက်သည်။ ဝရမ်းပြေးအရ်ဘန်းသည် ပုန်းခိုနေစဉ် တွင် ဘုန်းတော်ကြီးက တရားချသဖြင့် အသက်တာပြောင်းလဲ၏။ ထိုအဖြစ်အပျက်ရက်စွဲ မှာ ဒိုင်အိုကလဲရှန်းတန်ခိုးထွားချိန် ၃၀၄ ခုနှစ်ဟု ထင်ရသော်လည်း ထိုရက်စွဲကို ပြန်လည် စိစစ်သောအခါတွင် ဒေးဗီးယပ်စ် (Decius 249-251) ၏ စိုးစံချိန်ဖြစ်နိုင်ဖွယ် ပိုရှိသည် ဟု ထင်ကြပြန်သည်။ ၄ ရာစုတွင် ဗြိတိန်၌ သန္ဓေတည်စအသင်းတော်တစ် ခုရှိကြောင်း ခိုင်လုံသော အထောက်အထားရှိသည်။

 

ဘေ့ဒ် (၆၇၃-၇၃၅)

ဘေ့ဒ်ကို “အင်္ဂလန်အသင်းတော်သမိုင်း၏ ဖခင်ကြီး”ဟု ဝိဂြိုဟ်ပြုကြ၏။ ဘေ့ဒ်သည် အသက် ၇ နှစ်အရွယ်တွင် ဝဲမောက်သ် (Wearmouth) ဘုန်းကြီးကျောင်းသို စတင်ရောက် ရှိသည်။ ၆၈၂ ခုနှစ်တွင် ဂျာရို (Jarrow) သို့ ပြောင်းရွှေ့၍ ထိုနေရာတွင် အခါကြီးရက်ကြီး များ၌ ယော့ခ်သို ခေတ္တ ခဏ သွားရောက် လည်ပတ်တတ်သည်ဆိုရုံမှ တစ်ပါး အသက်ထက်ဆုံးနေထိုင်သွား၏။ သူ့ခေတ်အခါတွင် သော့ဒ်သည် အင်္ဂလန် နိုင်ငံ၏ မဟာပထဝီမြေကြီးပေါ်၌ ဓမ္မဒ၂ ဿနိကဆိုင်ရာ ကျမ်းဂန် (အနက်ဖွင့်ကျမ်း များအပါအဝင်) များကို အကောင်းဆုံး ဖြစ်အောင် လေ့လာရေးသားသူဖြစ်သည်။ ထိုအပြင် သဘာဝဖြစ်စဉ်များနှင့် သမိုင်းဝင် ဖြစ်ရပ်များကို ခေတ်ကာလအလိုက် မှတ်ထားသူလည်းဖြစ်၏။ သူ၏ အလွန်ထင်ရှားသော လက်ရာမှာ The Ecclesiastical History of the English Poeple စာအုပ်ဖြစ်၍ ထိုစာအုပ်သည် ကျွန်ုပ်တို၏ အင်္ဂလန်နိုင်ငံ ကနဦးခရစ်ယာန်ဘာသာအကြောင်း မှီငြမ်းပြုရာ ရင်းမြစ်စာအုပ်ဖြစ် သည်။ သူသည် ရှင်ယောဟန် ခရစ်ဝင်ကျမ်းကို ဘာသာပြန်၍ အပြီးသတ်နေစဉ် ကွယ်လွန်သည်ဟု သိရ၏။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းက “အမှုပြီးပြီ”ဟုဆို၏။ သေ ငယ်ဇောနှင့် မျောနေသူ ဗော့ဒ်ကလည်း “အမှန်ပေါ့”ဟုသာ ပြောနိုင်ရှာသည်။ ကျွန်ုပ်ကို ပညာပါရမီပေး၍ ချီးမြှင့်မြှောက်စားသော “ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိ ညာဉ်တော်သည် အစဉ်အဆက် ဘုန်းကြီးစေသောဝ်”ဟုဆိုလျက် သူ၏ နောက်ဆုံးထွက် သက်လေကို မှုတ်ထုတ်လိုက်သည်။ ၉ ရာစုတွင် သူသည် “အရှင်သူမြတ်”အဖြစ် ဂုဏ်ပြုခြင်းခံရ၏။

 

ဘာသာရေးလွတ်လပ်ခွင့် ၊

၃၁၃ ခုနှစ်တွင် မီလန်မြို၌ ကွန်စတဲန်တင်း၏ ဘာသာရေးလွတ်လပ်ခွင့် ကြေညာချက် အရ ဘာသာတရားများအားလုံး တရားဥပဒေဘောင်အတွင်း၌ တူညီသော အခွင့်အရေးရှိ သည်ဟုဆိုရာ၌ ဗြိတိန်အသင်းတော် (ရံခါတွင် ကဲလ်တစ်အသင်းတော်ဟုလည်း ညွှန်းဆို) လည်း အပါအဝင်ဖြစ်သည်။ ၃၁၄ ခုနှစ်တွင် သင်းအုပ်သုံးပါးဖြစ်သော ခ်မြိုသား အီဘိုးရီးယပ်စ် (Eborius of York)၊ လန်ဒန်မြိုသား ရက်စ်တီတူး တပ်စ် (Restitutus of London) နှင့် လင်ကွန်းမြိုက အာဒဲလ်ဖီးယပ်စ် (Adelphius of Lincoln) တိုသည် ကာသေ့ချ်မြိုက ပြဿနာနှင့်စပ်လျဉ်း၍ ဂေါလ်မြို အာလ် (Arles) ညီလာခံသို တက် ရောက်လာကြသည်။

၃၂၅ ခုနှစ်၊ နိုင်ဆင်းညီလာခံ၌ ဗြိတိသျှသင်းအုပ်ဆရာတစ်ပါးမျှ မတက်ရောက် သော်လည်း နောင်တွင် ဗြိတိန်နိုင်ငံကို အယူမှန်ဝါဒကိုင်စွဲသူများအဖြစ် လက်ခံသည်။ ဗြိတိသျှသင်းအုပ်ဆရာအချိုသည် ဆင်းရဲနွမ်းပါးလွန်းရကား နိုင်ငံ့ဘဏ္ဍာဖြင့် ၃၅၉ ခုနှစ် တွင် ရီမီးနီး (Rimini) ညီလာခံသို တက်ရောက်ရန် တောင်းဆိုကြသည်။ ၄ ရာစုတွင် အနောက်ပိုင်းလက်တင်အသင်းတော်၏ ကျင့်ထုံးမှ ခွဲထွက်၍ ခိုင်မာသည့် အုတ်မြစ်ပေါ် တွင်တည်သော အသင်းတော်တစ်ခုအဖြစ် ဖွဲစည်းရပ်တည်သည်။

ရောမမြိုပေါ်၌ တာဝန်ထမ်းဆောင်လျက်ရှိသူများနှင့် မြိုပြင်တွင် သီးသန့်နေထိုင်သော ရောမလူ့မလိုင်များထံတွင် အိမ်စေအဖြစ် ခရစ်ယာန်အများအပြား တွေ့ရသည်။ သူတိုသည် ရိုမာနို-ဘရီတန် (Romano- Britons = ရောမယဉ်ကျေးမှု၏ လွှမ်းမိုးခြင်းခံရသော ဗြိတိန်သား) များဖြစ်၍ ရောမလက်အောက်ခံ နိုင်ငံသားအများအပြားလည်း ရှိသည်။

Silchester (Hampshire) တွင် ရောမခံတပ် တွေ့ရှိခြင်းသည် ၃၆၀ ခုနှစ်ဝန်း ကျင်က ဗြိတိန်တွင် အစောဆုံး ဘုရားကျောင်းကြီးတစ်ခု ရှိခဲ့ဖူးကြောင်း သက်သေဖြစ် သည်။ ထိုပြဿနာကို ရှေးဟောင်းသု တေသနတူးဖော်ရေးအဖွဲက အမြင်ရှင်းသွားစေ၏။ ထိုဘုရားကျောင်းမှာ သေးငယ်သော ဘာစီလီကာပုံစံဖြင့် တည်ဆောက်ထား၍ ပလ္လင် တော်မှာ သစ်သားဖြင့် ပြုလုပ်ထားကာ ဘုရားကျောင်းအပြင်ဘက်တွင် ဝတ်တက်မည့် သူတိုင်း ခြေလက်သန့်စင်ရန် ရေအပြည့်ထားသော မြင်းစာခွက်ကန်ရှိသည်။ တစ်ချိန် တည်းမှာပင် ဝေလ (Wales) တောင်ပိုင်း ကားလ်ဝင် (Caerwent) ၌ အလားတူတွေ့ ရှိချက်များလည်း ရှိသည်။

 

ဗတ္တိဇံမင်္ဂလာခံယူရာ လှောင်ကန်

အေဒီ ၄ ရာစုတွင် Caversham (Berkshire) ရေတွင်းအောက်၌ နစ်မြုပ်နေသော ဗတ္တိဇံမင်္ဂလာခံယူရာ လှောင်ကန်တစ်ခုကို ရှေးဟောင်းသုတေသနအဖွဲများက တူးဖော်တွေ့ရှိ သည်။ ရောမအင်ပါယာတစ်ခုလုံးတွင် ထိုလှောင်ကန်မျိုး ခြောက်ခုသာရှိပြီး အားလုံး ဗြိတိန်ထွက်ချည်းဖြစ်၏။ ထိုလှောင်ကန်တွင် ခိုင်-ရို ဟူသော ထူးထူးခြားခြား စကားလုံး များရေးထိုးထား၍ အပေါ်သို မြှောက်ယူစဉ်က လေးလွန်းသောကြောင့် မြေခကွဲအက် သည်။

ဗြိတိန်တွင် အစောဆုံးတွေ့ရသော ခရစ်ယာန်ဘာသာဆိုင်ရာ ထင်ရှားသည့်အမှတ် အသားမှာ လားလင့်စတုန်း (Lullingstone) နှင့် ကင့် (Kent) တွင် တွေ့ရသော ရောမ ကျေးလက်စံအိမ်ဖြစ်၍ ၃၅၀ ခုနှစ်တွင်ဖြစ်သည်။ ခရစ်ယာန်များသည် ယင်းကျေးလက် စံအိမ်အပေါ်ထပ်ရှိ အခန်းများကို ဝတ်ပြုရန်အတွက် အသုံးပြု၍ နံရံဆေးရေးပန်းချီ နှစ်မျိုးဖြင့် အမှတ်အသားပြုကြသည်။ တစ်မျိုးမှာ ခိုင်-ရို ဖြစ်၍ နောက်တစ်မျိုးမှာ ယုံ ကြည်သူများ ဆုတောင်း၍ လက်မြှောက်နေပုံဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဒေါဆက် (Dorset) အနောက်ဘက် ဟင်တန် (Hinton) မြို စိန့်မေရီ၌လည်း အလားတူ ခရစ်ယာန် လှုပ်ရှားမှုများကို တွေ့ရသည်။

 

မိသ်ရေးဝါဒ

မိသ်ရေးဝါဒသည် ပါးရှန်းမှအစပြုသော “လျှိဝှက်နက်နဲ၍ မှော်ဆန်သည့်ဘာသာတရား” များထဲမှ တစ်မျိုးဖြစ်၏။ ယင်းဘာသာတရားသည် ဓမ္မသစ်ခေတ်နှင့် နှောင်းပိုင်းတွင် လူတိုင်း၏ ပါးစပ်ဖျားသို ရောက်လာကာ ခရစ်ယာန်ဘာသာနှင့် အတန်ငယ်တူသည့် လက္ခဏာရှိသော ဘာသာတရားဖြစ်သည်။ ထိုဘာသာ၏ လျှိဝှက်နက်နဲချက်မှာ “ကယ် တင်ခြင်းလမ်းစဉ်””ဖြစ်၏။ ယင်းဘာသာတရား၏ ယုံကြည်ချက်အရ ကယ်တင်ရှင်နတ် ဘုရားသည် သေ၏။ သိုသော် ပြန်ရှင်သည်ဟု ယုံကြည်ကြသည်။ မီးသရပ်စ် (Mithras) သည် နွားထီးသွေးဖြင့် အပြစ်များကို ဆေးကြောပေးသူအဖြစ် ဒဏ္ဍာရီသဖွယ် ရာဇဝင် တွင်သူနှင့် “ဖန်တစ်ရာတေသောဘဝ”ကို ပေးနိုင်သော လူသစ်ဇာတ်သွင်းပေးသူလည်း ဖြစ်သည်။ ဤဘာသာ တရားသည် အထူးသဖြင့် စစ်သားများ၏ သည်းခြေကြိုက် ဖြစ်၏။ မီးသရပ်စ်သည် လန်ဒန်မြိုနှင့် ဟေဒရင်တံတိုင်းတစ်လျှောက်ရှိ ခံတပ်များ တွင် ဝတ်ပြုကိုးကွယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အထောက်အ ထားများရှိသည်။ တတိ ယရာစုတွင် ပျံ့နှံလာသော မိသ်ရေးဝါဒသည် ခရစ်ယာန်ဘာသာနှင့် ယှဉ်ပြိုင်ဘက်ဖြစ် သည်။ သူသည် သူ၏ ဘုရားဇာတိကို သူ့နောက်လိုက်ငယ်သားများနှင့် သဏ္ဌာန်လုပ် ပွဲတော်တည်ရင်း မျှဝေလေ့ ရှိသည်။

ခရစ်ယာန်ဘာသာသည် ဗြိတိန်ကို မည်ကဲ့သို ဝင်ရောက်လာသနည်းဟူသော မေး ခွန်းမှာ ဦးနှောက်စားသည့်ပြဿနာဖြစ်၍ ထိုမေးခွန်းကို အဖြေပေးရာတွင်လည်း ရော် ရမ်းမှန်းဆချက်များသာလျှင် ဖြစ်သည်။ ဗြိတိန်သို ခရစ်ယာန်ဘာသာ ယူဆောင်လာသူ များမှာ ရောမစစ်သားများဖြစ်သည်ဟူသော ထင်ကြေးမှာလည်း ပုံပြင်မျှသာဖြစ်တော့ သည်။

အံ့သြစရာကောင်းသည်မှာ ထိုခေတ်က စစ်သားများသည် နက်နဲ၍ မှော်ဆန်သော ဘာသာရေး တစ်ခုခုတွင် ပါဝင်နေတတ်ခြင်းဖြစ်၍ မိသ်ရေးဝါဒ (Mithraism) သည် အထူးသဖြင့် စစ်သားများအကြားတွင် ရေပန်းစားနေလျက်ရှိ၏။ ထိုစစ်သားများထဲမှ တချိုမှာ ခရစ်ယာန်များ ဖြစ်ဟန်ရှိသော်လည်း သူတိုသည် သာကူးခရစ်ယာန်များသာဖြစ် ကြ၏။

ဗြိတိန်ကမ်းခြေများသို ခရစ်ယာန်ဘာသာကို သယ်ဆောင်လာသူများမှာ သာမန်လူ တန်းစားများဖြစ်ကြောင်း အဆိုပြုချက်မှာ ဖြစ်နိုင်ခြေ အများဆုံးဖြစ်သည်။ ပထမ ၃ ရာစု အထိ အင်ပါယာအဝှမ်း၌ သတင်းကောင်းကြားခဲ့သူများမှာ ကုန်သည်များဖြစ်ကြောင်း အများစုက ယုံကြည်ကြသည်။ ဂေါလ်ရှိ လီယွန်းနှင့် ဗီယန်း (Vienne) အသင်းတော် များတွင် အာရှမိုင်းနားမှ ရွှေ့ပြောင်းနေထိုင်လာသူ အရောင်းအဝယ်သမားများကြောင့် ဒုတိယရာစုတွင် ကယ်တင်ခြင်းသတင်းစကား ဗြိတိန်သို လွယ်ကူချော မောစွာ ရောက် လာသည်ဟုလည်း ဆိုကြပြန်၏။ ဘရိတန် (Britons) သားများသည် အရပ်တစ် ပါးသို ခြေဆန့်ခရီးထွက်ရင်း ခရစ်ယာန်များဖြစ်လာကြကာ မိမိအရပ်ဌာနေသို ပြန် ရောက်လာသောအခါတွင် သူတို၏ ယုံကြည်မှုအသစ်ကို တစ်ပါးသူနှင့် မျှဝေခံစား ကြရာမှ ဗြိတိန်တွင် ခရစ်ယာန်ဘာသာရှိလာကြောင်း အတွေးတစ်မျိုးလည်း ရှိသည်။ မည်သိုဆိုစေ ဗြိတိန်အသင်းတော်သည် မည်သည့်ဧဝံဂေလိသာသနာအဖွဲ အစည်း၏ အသီးအပွင့်မှ မဟုတ်ဘဲ သာမန်လူများက ခရစ်တော်၏ ကယ်တင်ခြင်းသတင်းစကားကို အချင်းချင်းဝေငှရာမှ ပေါက်ဖွားလာခြင်းဖြစ်ကြောင်းကား အလွန်သေချာသည်။

၄ ရာစုအကုန်တွင် ဥရောပတိုက်၌ ဂျာမန်မျိုးနွယ်စုများ ဆူပူသောင်းကြမ်းကြ၏။ ၄၀၁ ခုနှစ်တွင် ဂေါသလူမျိုး အာလာရစ် (Alaric the Goth) သည် အနောက်ရောမ အင်ပါယာကို တိုက်ခိုက်၍ အီတလီကို ကျူးကျော်ဝင်ရောက်သည်။ ၃၈၃ ခုနှစ်တွင် ရောမစစ်တပ်သည် ဗြိတိန်သို ပြောင်းရွှေ့ပြီးဖြစ်သော်လည်း မြိုတော်ကို ကာကွယ်ရန် ရောမသို ပြန်လည်ရောက်ရှိလာသည်။ ၄၁၀ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် အာလာ ရစ်က ရောမကို နိုင်သောကြောင့် ရောမအင်ပါယာလည်း ပျက်သုဉ်းသွားတော့၏။

 

ရောမတပ်မတော်အရာရှိ

ခရစ်ယာန်ဘာသာသို ပြဿနာတစ်စုံတစ်ရာမရှိဘဲ ရှောရှောရှုရှု ဝင်ရောက်လာသော ဗြိတိန်ရှိ ရောမလူဦးရေမှာ ဝင်လာမစဲ တသဲသဲဖြစ်သည်။ ပလေဂျီယန်ဂိုဏ်းခွဲမှာ ရောမ မြိုတွင် အစပြုသော ဂိုဏ်းခွဲဖြစ်၍ ဗြိတိသျှအသင်းတော်များကို ထိကပါးရိကပါးလုပ် လာသောကြောင့် ဥရောပတိုက်ရှိ ခရစ်ယာန်ခေါင်းဆောင်များမှာ အထိတ်တလန့်ဖြစ်ကြ ရသည်။ ၄၂၉ ခုနှစ်၊ ဂေါလ်ညီလာခံတွင် သင်းအုပ်ဆ ရာများ တွေ့ဆုံကြရာ၌ အခြေအနေ ကို သုံးသပ်၍ သင်းအုပ်နှစ်ပါးကို အသင်းတော်အကူအတွက် ပိုပေးရန် ဆုံးဖြတ်သည်။ ယင်းကိစ္စအတွက် ဗြိတိန်ကျွန်းဆွယ်များအကြောင်း နောကျေသူ ဩဆီရီမြိုသား ဂျမား နပ်စ် (Germanus of Auxerre) ကို ခေါင်းဆောင်ခန့်သည်။

ဂျမားနပ်စ်သည် သင်းအုပ်ဆရာမဖြစ်ခင်က ရောမတပ်မတော်အရာရှိဖြစ်၍ လက် အောက်ငယ်သား များကို ကောင်းမွန်စွာ အုပ်ချုပ်နိုင်သော အစွမ်းရှိသူဖြစ်သည်။ သူသည် ဘရီတန်တပ်မကြီးကို ဦးဆောင်၍ ပလေဂျီယန်များ၏ ခြိမ်းခြောက်မှုသာမကပဲ ကျူး ကျော်ဝင်ရောက်လာသူ ပစ် (Picts) များနှင့် ဆက်ဆွန် (Saxons) များကို တိုက်ထုတ် သူလည်းဖြစ်သည်။ သူက တပ်စုများကို စုရုံး၍ ရန်သူများကို လျင်မြန်စွာ ချုံခိုတိုက် ခိုက်ကာ “အာလေလုယာ အာလေလုယာ”ဟု ညာသံပေးသည်ကို ကြားရသော ပစ်များ သည် ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ထွက်ပြေးကြကုန်၏။ ထိုအခင်းသည် ၄၃၀ ခုနှစ်တွင်ဖြစ်ကာ Mold (Cheshire) တွင် ဖြစ်ခဲ့ဟန်ရှိသည်။

၄၄၇ ခုနှစ်တွင် ပြန်လည်ခေါင်းထောင်ထလာသော ပလေဂျီယန်ဝါဒကို နှိမ်နှင်းရန် ဂျမားနပ်စ်သည် ဗြိတိန်သို ပြန်လည်ရောက်ရှိလာသည်။ ဆက်ဆွန်ကျူးကျော်သူများက ထိုအရေးအခင်းတွင် လက်ပိုက်ကြည့်နေခဲ့သဖြင့် သူသည် ထပ်လောင်း၍ အောင်ပွဲခံပြန် သည်။ သိုသော် ရောမအစဉ်အလာများ ဖျက်ဆီးခံရ၍ နောက်ဆုံးတွင် အသင်းတော်သည် ငြိမ်သက်ခြင်းကာလသို ပြန်လည်ရောက်ရှိလာသည်။

ဘရစ်တန်အများအပြားသည် ရေကြည်ရာမြက်နုရာရှာရင်း အနောက်ဘက်တောင် ကုန်းများဖြစ်သော ဝေလ (သို) ကွန်ဝဲလ် (Cornwall) များတွင် အခြေချနေထိုင်ကြ၏။ ဗြိတိန်ခရစ်ယာန်အသင်းတော်သည် ကျူးကျော်ဝင်ရောက်မှုများကြောင့် နှစ်ပေါင်း ၁၅၀ မျှ ဘာသာရေးဘက်တွင် ယိုင်နဲ့လာလေသည်။ ထိုနေရာတွင် Jutes, Angles နှင့် Saxons တို၏ နတ်ဘုရားကိုးကွယ်မှုများ အစားထိုးဝင်ရောက်လာသည်။ အနောက်ဘက်တစ်ခွင် တွင် ဂူဒင် (Wodin) နှင့် သော် (Thor) ကဲ့သိုသော နတ်ဘုရားများ ကြီးစိုးနေချိန်တွင် အထူးသဖြင့် ဝေလနယ်၌ ခရစ်တော်ကို ထိုအရာများဖြင့် အစားမထိုးခဲ့ကြပေ။

ကျွန်ုပ်သည် ဤမျှရှုပ်ထွေးသော သမိုင်းအချက်အလက်များကို ဗြိတိသျှဘုန်းတော် ဗြိတိန်သို ခရစ်ယာန်ထာထာဝရောက်လာခြင်း ကြီးနှင့် သမိုင်းပညာရှင်ဖြစ်သူ ဂီးလ်ဒပ်စ် (Gildas) ၏ ၅၄၇ ခုနှစ်တွင် ဘရစ်တနီ (Brittany) မြို၌ အပတ်တကုတ် ပြုစုထားသော မှတ်တမ်းမှတ်ရာများမှတစ်ဆင့် သိထားရခြင်းဖြစ်သည်။ ထိုကာလ၏ အသင်းတော်သမိုင်းက ဝေလနယ်သူတော်ကောင်း နှစ်ပါးဖြစ်သော အီးလ်တက် (Illtyd) နှင့် ဒေးဗစ်ကို မွေးထုတ်ပေး၍ သူတိုနှစ်ဦးသည် နောင်အခါ ဝေလနယ်ကို ကာကွယ်စောင့်ရှောက်သော သူတော်စင်များအဖြစ် သတ်မှတ် ခြင်းခံရသူများဖြစ်သည်။ ဒေးဗစ် (၅၂ဝ-၅၈၈) သည် အီးလ်တက်၏ သားတပည့်ဖြစ် ၍ ဝေလဇာတိဖြစ်သည်။ သူသည် ဗြိတိန်တော်ဝင်မိသားစုမှဖြစ်ကာ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက သာသာနာ့ဘောင်ဝင်သူဖြစ်သည်။ သူသည် ပမ်းဘရောက်ရှိင်း ယား (Pembrokeshire) တွင် နေထိုင်သူဖြစ်၍ ဂလင်းရိုဆင် (Glyn Rosyn) တွင် ဘုန်းကြီးကျောင်းတစ် ကျောင်းတည်ကာ ယနေ့တွင် စိန့်ဒေးဗစ်ဘုန်းတော်ကြီးကျောင်းဟု အမည်တွင်သည်။

အီလ်တက်သည် ကဲလ်တစ် (Celtic) ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ဦးဖြစ်၍ ဘုန်းကြီး ကျောင်းများကို တည်ထောင်သူနှင့် ဧဝံဂေလိတရားဟောဆရာတစ်ပါးဖြစ်ကာ ၆ ရာစုတွင် ဗြိတိန်၌ သြဇာအလွှမ်းမိုးဆုံး ခရစ်ယာန်တစ်ဦးဖြစ်သည်။ သိုသော် သမိုင်းပညာ ရှင်ဗော့ဒ်က ဝေလအသင်းတော်သည် ဆက်ဆွန်လူမျိုး များထံ၌ သာသနာပြုလုပ်ငန်းလုပ်ဆောင်ရန် ချဉ်းကပ်မှုပင်မရှိဖူးကြောင်း စောဒကတက်သည်။ ဒေးဗစ်က စကော့တ လန်နှင့် အိုင်ယာလန်တိုအပြင် တစ်နေရာမှ အခြားတစ်နေရာသို သာသနာလုပ်ငန်းများ တိုးချဲ့ရမည်ဟုဆို၏။ ရောမမြို သာသနာလုပ်ငန်းက အိန်ဂဲလ်စ် (Angles) များနှင့် ဆက်ဆွန်များကို ကယ်တင်ခြင်းသတင်းစကားဝေငှရန် လျစ်လျူရှုထားကြသည်။

 

စကော့တလန်

ရောမများသည် ဗြိတိန်ကို သိမ်းပိုက်စဉ်က တောင်တန်းဒေသများဖြစ်သော စကော့တလန် အထိ ထိုးဖောက်ရန် ကြံရွယ်ခဲ့သော်လည်း ကယ်လီဒိုးနီးယန်း (Caledonians) များကို အောင်နိုင်ခဲ့ပြီးနောက် တပ်ခေါက်ခဲ့သည်။ အကြောင်းမှာ ပစ်များ၏ ရန်စကျူးကျော်မှုများ၊ ဆက်လက်ရှိနေသောကြောင့် သူတိုသည် မြောက်ဘက်ကို ကန့်လန့်ဖြတ်လျက် ဆိုးလ်ဝေး ဖစ်သ် (Solway Firth) မှ တိုင်း (Tyne) မြစ်ဝအထိ ခံတပ်များဖြင့် “တံတိုင်း”တည် ဆောက်ရန် ဆုံးဖြတ်ချက်ချလိုက်သောကြောင့်ဖြစ်၏။ ထိုတံတိုင်းသည် ၁၂ဝ ခုနှစ်တွင် ပြီးဆုံး၍ “ဟေဒရင်တံတိုင်း”(Hadrian’s Wall) ဟု အမည်သညာသမုတ်သည်။ ထိုတံတိုင်းကြီး ပိတ်နေသော်လည်း နယ်စပ်ကိုဖြတ်၍ ကုန်သွယ်ခြင်းကား ရှိမြဲပင် ဖြစ်သည်။ သိုသော် စကော့တလန်သည် ကယ်တင်ခြင်း သတင်းစကားနှင့် ဝေးခဲ့ရရှာ ၏။ သိုသော်လည်း ဂါးလဝေ (Galloway) (အနောက်တောင်ဘက်) တွင် ၄ ရာစု ကုန်ခါနီး၌ ခရစ်ယာန်လူစုကလေး ရှိနေခဲ့သည်။ ဤမှာပင် နီနီယန်၏ သာသနာပြုခြင်း ၊ ဇာတ်လမ်းဖြင့် စကော့တလန်နိုင်ငံ၏ ခရစ်ယာန်ဘာသာသမိုင်းကြောင်းကြီး အဖွင့် နိဒါန်း စတင်သည်။

 

နီနီယန် (၃၆ဝ-၄၃၂ ခန့်) စကော့နိုင်ငံသား သာသနာပြု

နီနီယန် (Ninian) သည် ကမ်ဘီရီယာ (Cumbria)နိုင်ငံ ဘုရင်ကြီး၏သားဖြစ်၍ ဆိုးလ် ဝေး (Solway) တောင်ကြား၌ ကြီးပြင်းသူဖြစ်သည်။ ကလေးဘဝမှစ၍ ခရစ်ယာန် ဘာသာ၏ သွန်သင်မှုအောက်၌ ကြီးပြင်းကာ အသက်ငယ်ငယ်နှင့်ပင် ဗတ္တိဇံခံသည်။ ဆယ်ကျော်သက်အရွယ်တွင် ရောမသို ဘုရားဖူးရင်း နှစ်အနည်းငယ် ကျမ်းစာသင်ယူ ရန် နေထိုင်ခဲ့သည်။

ခရီးမှပြန်လာချိန်တွင် Tours မြို သင်းအုပ်မာတင်နှင့် အနီးကပ်နေကာ တွေးခေါ် မှုပိုင်းတွင် သူ၏ လွှမ်းမိုးမှုကို ခံရသည်။ မာတင်သည် ဧဝံဂေလိတရားဟောဆရာဖြစ်၍ မာမွန်တီယာ (Marmoutier) အရပ်၌ ကျောင်းကြီးတစ်ဆောင် တည်ထောင်ကာ ထို နေရာသည် သတင်းကောင်းပျံ့နှံဖိုရန်အတွက် ဗဟိုချက်ဖြစ် လာသည်။

နီနီယန်သည် ဂါလိုဝေ (Galloway) သို ရောက်လာချိန်တွင် မာတင်၏ ဧဝံဂေလိ သာသနာပြုခြင်း ပုံစံအတိုင်း ဝတ်ကျောင်းနှင့် ဘုန်းကြီးကျောင်းတစ်ဆောင် တည်ဆောက် သည်း အဆောက်အအုံများမှာ သန့်စင်ထားသော အဖြူရောင် ကျောက်တုံးကျောက်ခဲများ ဖြင့် တည်ဆောက်ထားသောကြောင့် ထင်သာမြင် သာရှိသည်။ ထိုအဆောက်အအုံများကို ကင်ဒီဒါကာဆာ (Candida Casa) သိုမဟုတ် အိမ်ဖြူတော်ဟု အမည်သ မုတ်၏။ ယနေ့ ဗိုသွန်း (Whithorn) ဟုခေါ်သော ယင်းအဆောက်အအုံမှာ ရှေးအင်္ဂလိပ်လူမျိုးများက hwit-aern ဟုခေါ်၏။ ၃၉၇ ခုနှစ်တွင် သူ့ဆရာမာတင်လွန်သော် ထိုဘုန်းကြီးကျောင်း ကို မာတင်အထိမ်းအမှတ်အဖြစ် ရည်စူးလှူဒါန်းသည်။

နီနီယန်ရောက်လာချိန်တွင် ရောမစစ်တပ်သည် ရှေ့တန်းမှ ပြန်လည်ဆုတ်ခွာလာ ချိန်ဖြစ်သော်လည်း ဂါလိုဝေသည် ပျော်ရွှင်ငြိမ်သက်ခြင်းကာလဖြင့် အတိပြီး၏။ နီနီယန် သည် တောပိုင်းသား ပစ်များထံ၌ သာသနာပြုခရီးထွက်လာသောကြောင့် “ရုပ်တုကိုး ကွယ်မှုကို စွန့်လွှတ်ပြီး မှန်ကန်သော ယုံကြည်မှုအသစ်ကို လက်ခံသူ” ခရစ်ယာန်လူ ဦးရေ အများအပြားရှိလာသည်။

သူ့ဘဝတစ်လျှောက်တွင် သူပြောင်းလဲပေးခဲ့သူများအနက် ဒေသခံအိမ်ရှေ့မင်း တူးဒူဗာလပ်စ် (Tuduvallus) သည် အထင်ကရပုဂ္ဂိုလ်ဖြစ်၏။ နီနီယန်သည် အနှစ်သုံး ဆယ်ကျော် သတင်းကောင်းဝေငှခြင်းဖြင့် အနာဂတ်နိုင်ငံတော်အတွက် ဆက်လက်တာဝန် ထမ်းဆောင်သည်။ တရားဒေသနာဟောကြားရင်း ရောမတံတိုင်းနှင့် စကော့တလန်နိုင်ငံ ၏ အရှေ့ဘက်ပင် လယ်ကမ်းခြေတိုင်အောင် ခြေချနိုင်ခဲ့သည်။ ကယ်တင်ခြင်းသတင်း ကောင်းသည် ပင်လယ်ကို ဖြတ်၍ အိုင်ယာလန်နိုင်ငံ အရှေ့မြောက်ဘက် အာလ်စတာ (Ulster) တွင် နေထိုင်သော စကော့လူမျိုး (နောင်တွင် ထိုလူမျိုးစုများနေထိုင်ရာအရပ် သည် စကော့တလန်ဟု တွင်၏) များထံသို ရောက်ရှိလာသည်။

ကင်ဒီဒါကာဆာသည် ဘုန်းတော်ကြီးကျောင်းထက် ဝတ်ကျောင်းအသွင်ပိုဆောင် ကာ ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ ရုံးထိုင်ရာအရပ်ဖြစ်၍ ကဲလ်တစ်ခရစ်ယာန်ဘာသာဝင် များ၏ ပြဿနာအဖုံဖုံကို ဖြေရှင်းပေးရာနေရာလည်းဖြစ်သည်။ ဝေလနှင့် အိုင်ယာလန်ရှိ ကနဦးခရစ်ယာန်ယုံကြည်သူများအတွက် ဓမ္မပညာဆည်းပူးရာ အရေးပါသော ဗဟိုအချက် အချာလည်း ဖြစ်သည်။

နီနီယန်သည် ၄၃၂ ခုနှစ်ခန့်တွင် ကွယ်လွန်၍ ရုပ်ကလာပ်ကို ဘုန်းတော်ကြီးကျောင်း အတွင်း၌ မြှုပ်နှံသည်။ ဆော့ဒ်က သူ့ကို “ကြည်ညိုစရာအထိုက်ဆုံးသင်းအုပ်နှင့် စင် ကြယ် မြင့်မြတ်လွန်းသော လူသားဖြစ်သည်”ဟု ဝိဂြိုဟ်ပြု ချီးကျူးစကားဆိုသည်။ သူကွယ်လွန်သော်လည်း ဗိုသွန်းကျောင်းတော်ကြီးသည် အိုင်ယာလန်အသင်းတော်ကိုဆက်လက် စိုးမိုးအကျိုးပြုခဲ့သည်မှာ ၅ ရာစု ပက်ထရစ်စန်းထ လာချိန်တိုင်ဖြစ်သည်။

ဝှိသွန်းကျောင်းတော်ကြီး၌ ဧဝံဂေလိနှင့်ဆိုင်သော သင်တန်းပိုချမှုများသည် ၅ ရာစုနှင့် ၆ ရာစုတွင် အရိုင်းအစိုင်းများ၏ ကျူးကျော်ဖျက်ဆီးခြင်းခံရသည်။ ကဲလ်တစ် အသင်းတော်သည် နှစ်ပေါင်း ၁၅၀ ခန့် နတ်ဘုရားကိုးကွယ်မှုတွင် ပြန်လည်သက်ဆင်း ကာ ဗြိတိန်အသင်းတော်လည်း နတ်ကိုးကွယ်မှုတွင် ဒုံရင်းအတိုင်းဖြစ်လုနီးပါးဖြစ်ခဲ့၏။

ဗြိတိန်၏ အနောက်ဘက်တစ်ခွင်တွင် ရန်လိုတိုက်ခိုက်မှုမှ ထွက်ပြေးလွတ်မြောက် လာသော သာမန်ဘရိတန်ယုံကြည်သူအနည်းငယ် ကျန်ရှိနေသေး၏။ သိုသော် ရောမမှ ရရှိသော ယဉ်ကျေးမှု အဆင့်အတန်းမှာ များစွာ ဆုတ်ယုတ်ပျက်စီးသွား၏။ ထိုအခြေအနေ ၌ အိုင်ယာလန်ရှိ ပက်ထရစ်တည် ထောင်ထားသော အသင်းတော်ကို ကုန်းမြေတစ်ခုလုံး ကျူးကျော်ဖျက်ဆီးသူများက လက်လှမ်းမမီလိုက်ကြပေ။ ရာစုသစ်တွင် စကော့တလန် နိုင်ငံ၌ ဒုတိယအကြိမ် သြဇာအရှိန်အဝါကြီးသော သာသနာပြုခြင်းကို အိုင်အိုးနာမှ ကိုလမ်ဘာက စတင်လိုက်သည်။

 

ကိုလမ်ဘာ (၅၂၁ ခန့် -၅၉၇) သာသနာပြုနှင့် ကျောင်းထိုင်ဘုန်းကြီး

ကိုလမ်ဘာ (Columba) သည် ၅ ရာစုအစတွင် အိုင်ယာလန်ဘုရင် နားလ် (Niall) မှ ဆင်းသက်သော တော်ဝင်နွယ်ဖွားဖြစ်သည်။ သူသည် ဗိုသွန်းကျောင်းတော်ကြီးမှ ဘွဲရ ပညာတတ်တစ်ဦးဖြစ်သူ ဖီနီယန် (Finnian) ထံ၌ ပညာသင်ကြားသော မိုဗေးလ် (Moville) ဘုန်းတော်ကြီးကျောင်းထွက် ပညာတတ်ဖြစ်သည်။ မိုဗေးလ်မှ မိသ် (Meath) မြို့ ကလိုးနဒ် (Clonard ) သို ပြောင်းရွှေ့၍ ထိုနေရာတွင် သင်းထောက်လူကြီးအဖြစ် သိက္ခာတင် ခြင်းခံရသည်။ အသက် ၂၅ နှစ်တွင် ဒဲရီ (Derry) ၌ ဘုန်းကြီးကျောင်း တစ်ဆောင်ဖွင့်လှစ်၍ နောက် ၆ နှစ်၊ ၇ နှစ်ခန့်တွင် ဒူးရော (Durrow) ၌ နောက်ထပ် တစ်ဆောင်ဖွင့်လှစ်ပြန်သည်။ ကဲလ်စ် (Kells) ဘုန်းကြီး ကျောင်းအပါအဝင် သူ့အမည်ကို ခံ၍ တည်ထောင်ထားသော အဖွဲအစည်းမှာ ဒုနှင့်ဒေးဖြစ်၏။

သူ့ကို “ရွှေပြည်အေးသမားကိုလမ်ဘာ”(Columba the Dove) ဟု လူသိများ သော်လည်း ပြိုင်ဘက်ရန်သူများက သူ့ဗီဇစရိုက်ကို အော့ကြောလန်ကြ၏။ ၅၆၀ ခုနှစ် ခန့်တွင် လူမျိုးရေးအဓိကရုဏ်း မီးပွားလေးတစ်ခုဖြစ်သော လက်ရေးစာမူ မူပိုင်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားမှုဖြစ်ပွားရာ ထိုအခင်းတွင် သူပါဝင်သည်။ ယင်းပဋိပက္ခသည် မျိုးနွယ်စုပြဿနာဖြစ်လာလေ၏။ သူသည် ထိုအခင်းအတွက် စစ်ပြင်ဆင်ကာ ရန်သူပေါင်း ၁ဝဝဝ ကို ဖျက်ဆီးသတ်ပစ်၏။ ထိုအကျိုးဆက်ကြောင့်ပင် သူသည် နိုင်ငံကို စွန့်ခွာရကာ စစ်တလင်းတွင် သူသတ်ဖြတ်ပစ်ခဲ့သော အရေအတွက်နှင့်ညီသည့် မိစ္ဆာဒိဋ္ဌိများကို ခရစ်တော်ထံသို မပိုဆောင် နိုင်မချင်း နိုင်ငံသို ပြန်မလာရန် သိန္နိဋ္ဌာန်ချသည်။

သူသည် သွေးသောက်ဆယ့်နှစ်ဖော်နှင့် မြောက်စူးစူးသို ဦးတည်ရွက်လွှင့်ကာ နောက်ဆုံးတွင် စကော့တလန်ကမ်းခြေနှင့် အတန်ငယ်ဝေးသည့် ကျွန်းတစ်ကျွန်း၌ သောင် တင်သည်။ ထိုအရပ်ကို Hy (သို) Iowa ဟုခေါ်၍ ယနေ့တွင် အိုင်အိုးနာ (lona) ဟု ခေါ်သည်။ သူတိုသည် ရွက်လှေကို ဖျက်ဆီး၍ ကျွန်းပေါ်တွင် နေအိမ်ဆောက်၏။ ထို ကျွန်းမှာ စကော့တလန် ဘုရင့်နိုင်ငံတော် ဒါးလ်ရီယားဒါ (Dalriada) နှင့် နယ်နိမိတ်ချင်း ၊ ထိစပ်၍ အုပ်ချုပ်မင်းလုပ်သူမှာ ကိုလမ်ဘာ၏ ဖခင်ဘက်မှ အမျိုးတော်သူဖြစ်သည်။ ဒါးလ်ရီယားဒစ် (Dalriadic) ဘုရင် ကိုနားလ် (Conall) က ထိုကျွန်းကို ဘုန်းကြီး ကျောင်းအတွက် လှူဒါန်းချီးမြှင့်၍ သူတို အရှင်သခင်ဖြစ်သော ပစ်ဘုရင် ဘရုဒ် (Brude) က လက်ဆောင်ဖြစ်ကြောင်း အသိအမှတ်ပြုပေးသည်။

သူတို့ဘုန်းကြီးကျောင်းကို ကဲလ်တစ်ကျောင်းများအတိုင်း ပုံစံချ၍ သစ်သားဖြင့် ပြုလုပ်သည်။ ပျားအုံသဏ္ဌာန်ရှိသော တဲပုကလေးများနှင့် ဝင်းခြံတစ်ခုလုံးကို တံတိုင်း ခတ်ထား၏။ သူတို၏ နိစ္စဓူဝလုပ်ငန်းမှာ ထွန်ယက်စိုက်ပျိုးခြင်း၊ ငါးမျှားခြင်းနှင့် လက်ရေး စာမူများ ကူးယူခြင်းများအပြင် ပုံမှန်ဆုတောင်းခြင်းများဖြင့် အချိန်ကုန်လွန်စေသည်။ နောင်အခါတွင် ဓမ္မတေးများနှင့် ခရစ်ဝင်ကျမ်းများ ကူးယူရေးအတွက် တောင်းဆိုမှုများ ရှိလာသောကြောင့် သမ္မာကျမ်းစာကို လိုအပ်မှုအရ ဇွဲခတ်၍ ကူးယူကြ၏။

ကိုလမ်ဘာသည် မြောက်ပိုင်းသားပစ်များထံ၌ သာသနာပြုရန် စိတ်အားထက်သန်နေ သောကြောင့် ဘုရင်ကြီးကို ဦးစွာ စည်းရုံးချဉ်းကပ်သည်။ ဘုရင်ကြီးဘရုဒ်သည် အင်ဗား နက်စ် (Inverness) အနီး၌ နေထိုင်သူဖြစ်၍ ၂ နှစ်ကျော်ခန့်တွင် သာသနာပြုအဖွဲက သူ့ကိုတွေ့ဆုံရန် ဆုံးဖြတ်သည်။ ဘုရင်ကြီးက လက်ခံရန် တွန့်ဆုတ်နေသောကြောင့် ကိုလမ်ဘာက ဗော့ဒ်၏ အဆိုတစ်ခုဖြင့် မရရအောင် ဤသို တောင်းခံ၏။ “တစ်မျိုးသား လုံးက ခရစ်တော်ကို ယုံကြည်လက်ခံဖိုရန် သင်သည် ပုံပမာကောင်းသူဖြစ်ပါစေ။”

 

ပြောင်းလဲသောအသက်တာ

ကိုလမ်ဘာ၏ အတ္ထုပ္ပတ္တိပြုစုသူအဆိုအရ သူသည် ရည်မွန်သူ၊ သာသနာရေးအတွက် စိတ်ရော ကိုယ်ပါနှစ်ထားသူ၊ ဆင်းရဲတွင်းနက်သူများအပေါ်တွင် လွန်စွာ ကရုဏာသက် တတ်သူဖြစ်ကြောင်းဖြင့် သိရှိရသည်။ သူ၏ ဂုဏ်သတင်းသည် အလွန်ကျော်ကြားရကား အိုင်အိုးနာသို ရောက်လာသူ ဝေဒနာရှင်များ (သို) အတိဒုက္ခရောက်သူများမှာ ငြိမ်သက် ကျန်းမာခြင်း ခံစားကြရ၍ အိမ်အပြန်လှကြသူများချည်းဖြစ်သည်ဟု ဆိုစမှတ်ပြုကြ၏။ တစ်ခါက သူသည် နတ်ကိုးကွယ်သူများထံ၌ “ငါ့ရဲ့ ရှေးကဲလ်တစ်ဘုန်းကြီး (Druid) ဟာ ဘုရားသားတော်ယေရှုဖြစ်တယ်”ဟု ကြုံးဝါး၍ မှော်အတတ်နှင့် သဘာဝလွန် တရားကို ယုံကြည်သူများအား စိန်ခေါ်သည်။ သူတိုအထဲ၌ ရက်စက်စွာ ပြုစားတတ်သော ရှေးကဲလ်တစ်ဘုန်းကြီးများရှိနေသော်လည်း သူတိုသည် တုတ်တုတ်မျှပင် မလှုပ်ရဲကြချေ။ သူကိုးကွယ်သည့်ဘုရားသည် တန်ခိုးရှင်ဖြစ်သည်ဟုဆိုကာ ရိုသေသမုပင်ပြုကြ၏။

၅၈၅ ခုနှစ်တွင် ဘရုဒ်နတ်ရွာလားသော် ကိုလမ်ဘာသည် အားဘာနားသီ (Abermethy) ၌ ဘုရင်သစ်နှင့် မနှေးအမြန်မိတ်ဖွဲကာ တေးဆိုဒ် (Tayside) တစ်လျှောက်ရှိ လူမျိုးနွယ်စုများထံ၌ သာသနာပြုနိုင်ရန် အခွင့်ကောင်းယူလိုက်သည်။ စတြေးကလိုက် (Strathclyde) ရှိ ဘရိတန်ဘုရင်ကြီးက သူသည် ဘာနီးဆီးယား (Bermicia) (နော်သမ် ဘာလဲန်း) တွင် နန်းစံသော အင်္ဂလိပ်ဘုရင်နှင့် တိုက်ပွဲဖြစ်လျှင် အသက်ဆုံးရှုးနိုင်ဖွယ် ရှိ၊ မရှိ အမေးတော်ရှိ၏။ ကိုလမ်ဘာတုံပြန်လိုက်ပုံမှာ ငြိမ်းချမ်းစွာ အသက်ထွက်ရဖွယ် ရှိကြောင်းပင်ဖြစ်သည်။

၆ ရာစုတွင် စကော့တလန်၌ ကယ်တင်ခြင်းသတင်းကောင်း ယူဆောင်လာသူ ခရစ်ယာန်သာ သနာပြုအဖွဲ အများအပြားရှိသည့်အနက် ဂလက်စဂို (Glasgow) တွင် ရုံး ထိုင်၍ စတြေးကလိုက်နယ် ပယ်တစ်ဝန်းတွင် သာသနာပြုသူ ဧဝံဂေလိဓမ္မဆရာကင်တီ ဂန် (Kentigen) သည် ဟိုးဟိုးကျော်သူဖြစ်၍ သူ၏ သာသနာ့ရောင်ခြည်သည် ဂါလိုဝေ တောင်ပိုင်း အာဘာဒင် (Aberdeen) မြောက်ပိုင်းနှင့် အော့ခ်ဖေးစ် (Orkneys) အထိ တိုင်အောင် လူသိများ ထင်ရှားသည်။

သို့သော် ရွှေပြည်အေးသမားကိုလမ်ဘာသည် ကင်တီဂန်နှင့်မနှိင်းအပ်ရာ။ သူသည် ပစ်များထံ၌ သာသနာပြုသူဆိုရုံမဟုတ်ဘဲ စကော့တလန်နိုင်ငံနှင့် စကော့လူမျိုးများကို ပေါင်းစည်းပေးသူဖြစ်သည်။ သူသည် ၅၉၇ ခုနှစ်၊ ဇွန် ၉၊ အသက် ၇၆ နှစ်တွင် အိုင်အိုးနာ၌ ကွယ်လွန်အနိစ္စရောက်၏။ ထိုနှစ်သည် ရောမသာသနာပြု သြဂတ်စတင်းက အင်္ဂလိပ်လူမျိုးများကို ပြောင်းလဲပေးရန် ကင့် (Kent) တွင် အခြေချသောနှစ်ဖြစ်သည်။

 

အိုင်ယာလန်

အိုင်ယာလန်တွင် ၄ ရာစုအတွင်းက ခရစ်ယာန်ဘာသာရောက်ရှိပြီဖြစ်ကြောင်း အဆိုပြု ချက်မှာ ဖြစ်နိုင်ချေနည်း၏။ ဖြစ်နိုင်ဖွယ်ရာမှာ ရွှေ့ပြောင်းနေထိုင်သူများ၊ ဗြိတိန်မှ ကုန် သည်ကြီးများနှင့် ဥရောပတိုက်ကြီးအတွင်းရှိ လူများကြောင့် ဖြစ်ဟန်ရှိသည်။ အကြောင်း အမျိုးမျိုးနှင့် ကျွန်းပေါ်သို ရောက်လာသော နေရာအနှံပြန့်ကျဲသည့် ခရစ်ယာန်များ၏ ပျိုးပင်များ အပင်ပေါက်လာခြင်း ဖြစ်ဟန်တူ၏။

သေချာသော ပထမဆုံးအိုင်းရစ်အသင်းတော်သမိုင်းမှာ ၄၃၁ ခုနှစ်တွင်ဖြစ်၍ ပထမ ဆုံးသာသနာ ပြုအဖြစ် စေလွှတ်ခြင်းခံရသူမှာ ဩဇီရီမြို (ဂေါလ်) သင်းထောက် ပလားဒီးယပ်စ် (Palladius) ဖြစ်သော်လည်း ခရစ်ယာန်အဖွဲအစည်းများရှိရာ အရပ် တကာလှည့်၍ ခြေရှည်နေသောကြောင့် သူ့နေရာကို သြဇီရီသင်း ထောက်တစ်ဦးဖြစ်သူ ပက်ထရစ်က ဦးသွားသည်။ ပက်ထရစ်သည် အိုင်ယာလန်တွင် သာသနာပြုရန် နှစ် များမကြာမီက ဘုရား၏ ခေါ်သံကို ကြားရသူဖြစ်သည်။ သူသည် သြဇီရီသင်းအုပ်၏ လက်တင်ဆက်ကပ် ပေးခြင်းဖြင့် ချက်ချင်းဆိုသလို မြို ကိုခွာ၍ ဘုရားရှင်အတွက် ဆက် ကပ်အသုံးတော်ခံသည်။

 

ပက်ထရစ် (၃၉ဝ-၄၆၁) အိုင်းရစ်တမန်တော်

ပက်ထရစ် (Patrick) ၏ အစောပိုင်းဘဝသည် သူ၏ ဝန်ခံချက်များစာအုပ်ထဲမှ ကောက် သင်းကောက် သကဲ့သို လိုက်စုရခြင်းဖြစ်သည်။ သူ၏ လက်တင်အမည်မှာ ပက်ထရေး ဆီးယပ်စ် (Patricitus) ဖြစ်၍ အင်္ဂလိပ်နာမည်မှာ ဆူကတ် (Succat) (သို) ဆူရဲ (Sochet) ဖြစ်သည်။ သူသည် ဗြိတိန်ဇာတိဖြစ်၍ ဘရစ်စတိုး (Bristol) ရေလက်ကြား နှင့် စကော့တလန်အနောက်မြောက်၏ တစ်နေရာဖြစ်သော အနောက်ပင်လယ် ကမ်းရိုးတန်း အနီးတွင် သူ့နေအိမ်ရှိသည်။

သူ၏ မွေးဖွားရာအရပ်သည် Bannaven Tabemiae မည်သော ရွာစွန်ဇနပုဒ်ဖြစ်၍ မည်သည့်အခါတွင်မျှ အသိအမှတ်ပြုခြင်းမခံရပေ။ သိုသော် ရောမနှင့်ကား ဝေးဟန်မရှိ။ သူ့ဖခင်ကယ်ပါးနီးယပ်စ် (Calpurnius) သည် တရားသူကြီး (သို) အရပ်ဘက်အဖွဲ အစည်းများတွင် အာဏာရပုဂ္ဂိုလ်ဖြစ်ဟန်တူသည်။ တစ်မိသားစုလုံး ရောမနိုင်ငံသားများ ဖြစ်သောကြောင့် “မွေးရာပါလွတ်လပ်သူများ”လည်း ဖြစ်ကြ၏။ ဖခင်မှာ သင်းထောက် လူကြီးဖြစ်၍ အဘိုးမှာ ဒေသန္တရအသင်းတော်ကို ကွပ်ကဲရသော အသင်းတော်လူကြီး ဖြစ်ခဲ့ဖူး၏။ မိသားစုဝင် များသည် အသင်းတော်အတွက် ကျရာတာဝန်အသီးသီး၌ အကျိုး ပြုနေကြသော်လည်း ပက်ထရစ်သည် သူ့ကိုယ်သူ ယုံကြည်သူတစ်ယောက်ဟုပင် မသတ် မှတ်ခဲ့ပေ။

ငယ်နုစဉ်က ကျောင်းစာများထက် ဖခင်၏ လယ်ကွင်းများထဲတွင် ပို၍ ပျော်မွေ့လေ ၏။ ထိုကြောင့် အရွယ်ရောက်သော် ပညာရေး၌ နောက်ကောက်ကျခဲ့သဖြင့် သူ့ကိုယ်သူ “စာမတတ်သူ””ဖြစ်ကြောင်း မိုက်နောင်တကြီးစွာဖြင့် ဖွင့်ဟ၏။ ၄၀၅ ခုနှစ်တွင် အိုင်း ရစ်အဖွဲ တစ်ဖွဲ၏ ရှောင်တခင် ဝင်စီးခြင်းခံရ၍ ၁၆ နှစ်အရွယ် ပက်ထရစ်အပါအဝင် သုံပန်းအများအပြား အဖမ်းခံရသည်။

သူ၏ အရေးအသားများအရ ကျန်မိသားစုဝင်များမှာ အစအနပင် ရှာ၍ မရတော့ပေ။ တိုက်ရင်းခိုက်ရင်း ဆုံးပါးသွားကြဟန်တူ၏။ ပက်ထရစ်သည် အိုင်ယာလန်တွင် ယနေ့ အင်ထြီရင် (Antrim) ကောင်တီဘာလီမီနာ (Ballymena) အနီး ဆလဲမစ်ရှိ်(Slemish) မှ နတ်ကိုးကွယ်သူ လယ်သမားတစ်ဦး၏ ခိုင်းဖတ်အဖြစ် ၆ နှစ်တာ ဝက်များ ထိန်းကျောင်းခဲ့ရသည်။ သူ့အတွက် ထိုရက်များသည် ကုန်လွန်ခဲပါဘိခြင်း။ ပက်ထရစ်သည် ထိုအချိန်မှစ၍ သူ့အသက်တာကို ပြန်လည်သုံးသပ်ရင်း ဘုရားရှင်နှင့် မိတ်သဟာယဖွဲမှ ကို အစပြုတော့၏။

ထိုသို အမြင်မှန်ရလာခြင်းမှာ ယခင်က လေ့လာခဲ့သော ကျမ်းစာကြောင့်လည်းဖြစ် နိုင်သည်။ သူက “ဘုရားရှင်သည် ကျွန်ုပ်၏ မိုက်တွင်းနက်ခြင်းမှ လမ်းပြတော်မူပြီ၊ ကျွန်ုပ် သည် မိုက်မှားမှုကို သိရှိပြီဖြစ် သောကြောင့် ဘုရားရှင်ကို စိတ်နှလုံးအကြွင်းမဲ့နှင့် ချစ်ပါ ၏”ဟုဆိုသည်။ သူသည် ဘုရားရှင်ကို သိကျွမ်း၍ ဦးကျိုးသွားချိန်တွင် အရပ်တစ်ပါး၌ အဖမ်းခံရသည့်အတွက်ပင် ကျေးဇူးတော်ချီးမွမ်းလေ၏။ ထိုအချိန်မှစ၍ ဘုရားရှင်က သူ့ကို စောင်မတော်မူ၍ ခွန်အားသစ်များနှင့် နှစ်သိမ့်မှုကိုပေးသည်။ သူသည် ဘုရားရှင်၏ ချစ်ခြင်းမေတ္တာကို ပိုမိုသိရှိခံစားသည်နှင့်အညီ ဘုရားရှင်ကို ချစ်ကြောက်ရိုသေလာသည်။ သူတစ်ယောက်တည်း တောထဲတောင်ထဲတွင် လမ်းလျှောက်၍ ဆုတောင်းခြင်း စတင် ၏။ ရံခါတွင် တစ်ရက်အတွင်း၌ အကြိမ်တစ်ရာထက်မနည်း ဆုတောင်းသည့်အချိန် များပင် ရှိခဲ့သည်။

 

ကောင်းကင်ယံမှ အသံတော်

ပက်ထရစ်သည် တစ်ည အိပ်မောကျနေစဉ် လယ်တောကို စွန့်၍ သင့်အတွက် ပြင်ဆင်ပေး ထားသော ပင်လယ်ကမ်းခြေရှိ သင်္ဘောပေါ်သို သွားလော့ဟူသော အသံကို ကြားရ၏။ သူသည် အထက်ကောင်းကင် ယံမှလာသော အသံတော်ကို နာယူလျက် ကမ်းခြေသိုသွား လျှင် သင်္ဘောတစ်စင်းကို မြင်တွေ့ရသည်။ သင်္ဘောချည်တိုင်မှ ကြိုးများကို ဖြည်လိုက်စဉ် မာလိန်မှူး၏ ငြင်းပယ်ခြင်းကို ခံရသောကြောင့် ပက်ထရစ်သည် ဆုတောင်း၏။ ဆုတောင်း ပြီး၍ ပြန်လာသည်တွင် သူ့ကို သင်္ဘောကုန်းပတ်သန့်ရှင်းရေးသမားအဖြစ် လိုက်ပါခွင့်ပေး သည်။ နှစ်လလွန်သော် သင်္ဘောကြီးကို ထားခဲ့၍ ဂေါလ်တောင်ဘက် ပင်လယ်ကမ်းရိုး တန်းရှိ စိန့်ဟိုနိုရတ် (St. Ilonorat) ကျွန်း ဘုန်းတော်ကြီးကျောင်း၌ နှစ်အတန်ငယ် ကျမ်းစာသင်ကြားလေ့လာသည်။ ၄၁၄/၅ ခုနှစ်တွင် ဗြိတိန်သို ပြန်လာကာ ဆွေမျိုးသား ချင်းများနှင့် နေထိုင်သည်။

ဗြိတိန်တွင်နေစဉ် ဗစ်တိုးရီးကတ်စ် (Victoricus) အမည်ရှိ အိုင်းရစ်မိတ်ဆွေတစ်ဦး သည် သူ့အိပ်မက်ထဲ၌ အလည်လာ၍ စာတစ်စောင်ပေးဖတ်၏။ ထိုခဏ၌ ပင်လယ်အနီး ဖိုကလုသ် (Focuth) တောကြီးမျက်မည်းထဲတွင် “လူလေးရေ တိုဆီကို ပြန်လာပါ၊ တိုကို ချန်မထားပါနဲ့ဟူသော တစာစာအကူ အညီတောင်းသည့်အသံကို ကြားရ၏။ ပက်ထရစ် အိပ်မက်မှ လန့်နိုးကာ သူတို၏ ငိုညည်းသံက သူ့နှလုံးသားကို ထုတ်ချင်းပေါက်မတတ် နာကျင်စေသည်။ (ဤဖြစ်စဉ်နှင့် ပတ်သက်၍ ပက်ထရစ် ကျွန်ခံရာ အရပ်သည် အရှေ့ဘက်ပင်လယ်ကမ်းခြေအနီး ဆလဲမီရှ်လော သိုတည်းမ ဖတ် အနောက်ဘက်ဖိုကလုသ်လော မည်သည်က အမှန်ဖြစ်ကြောင်း မသဲကွဲပေ) –

ထိုအိပ်မက်နှင့်ပတ်သက်၍ ပက်ထရစ်သည် ဘုရားက သူ့ကို အိုင်ယာလန်တွင် သာသနာပြုရန်ဆင့်ခေါ် ခြင်းဖြစ်မည်ဟု ယုံကြည်လျက် သြဇီရီ (Auxerre) ကို ထားခဲ့ကာ သာသနာပြုလုပ်ငန်း အတွက် ပြင်ဆင်၏။ အမှန်တွင် အိုင်ယာလန်သည် ပလားဒီးယပ်စ် ၏ သာသနာနယ်ဖြစ်သော်လည်း သူက ပက်ထရစ်ကို နေရာပေး၏။

ပလားဒီးယပ်စ်က နေရာမပေးသည့်တိုင် ပက်ထရစ်သည် အိုင်ယာလန်သို သွားမည် သာဖြစ်သည်။ သြဇီရီသင်းအုပ်အသစ် ဂျာမားနပ်စ် (Germanus) က သူ့ကို “ခရစ် တော်၏ တမန်တော်” အဖြစ် ဆုတောင်းပေး၍ စေလွှတ်၏။ ထိုအချိန်သည် အိုင်ယာလန် တွင် သူ ကျွန်ခံရာမှ လွတ်လပ်ပြီး နှစ် ၂၀ ကျော်တွင်ဖြစ်သည်။

ပက်ထရစ်၏ သာသနာပြုချိန်တွင် အိုင်ယာလန်သည် နေရာအနှံ ပြန့်ကျဲသော ခရစ်ယာန်များ အနည်းငယ်ရှိသည်ဆိုသော်လည်း ဘုရားမရှိ တရားမသိသော သကောင့် သားများမှာ အများစုဖြစ်သည်။ သူ့ရည်ရွယ်ချက်မှာ ခရစ်ယာန်များကို အားပေးစကား ပြောရန်နှင့် ကယ်တင်ခြင်းသတင်းစကား မကြားရသေးသူများထံ၌ အရောက်သွားရန် ဖြစ်သည်။ အိုင်ယာလန်သည် နိုင်ငံရေးအရ ရောမအင်ပါယာထဲတွင် အကျုံးမဝင်ပေ။ ပက်ထရစ်သည် ရောမအင်ပါယာ၏ နိုင်ငံသားနှင့် ဘာသာယူသူဖြစ်သည်။ သိုသော် သူ သည် ရောမသာသနာ ပြန့်ပွားဖိုရန်အတွက် မဟုတ်ဘဲ ယခင်က ရုပ်တုဆင်းတုကိုးကွယ် သူများထံ၌ ကယ်တင်ခြင်းသတင်းကောင်း ဝေငှရန်ဖြစ်၍ “ဘုရားသားတော်များ”ဟု အခေါ်ခံရရန်သာ ရည်ရွယ်ရင်းစွဲ ရှိခဲ့သည်။

ပက်ထရစ်သည် အိုင်ယာလန်အရှေ့ဘက် ပင်လယ်ကမ်းခြေပေါ်သို ၄၃၃ ခုနှစ် တွင် ရောက်ရှိ၍ ဒေါင်းပက်ထရစ် (Downpatrick) တွင် နေထိုင်သူ ရွာသူကြီးဒီချူ (Dichu) က သူ့ကို ဝမ်းပန်းတသာ ကြိုဆိုခဲ့၏။ ဒီချူသည် ပက်ထရစ်ကြောင့် ကယ်တင် ခြင်းသတင်းစကားကို လက်ခံသော ပထမဆုံးပြောင်းလဲသူဖြစ်သည်။ ယနေ့တွင် ဆောလ် (Saul) ဟုတွင်သော နေရာ၌ သူကြီးက ပက်ထရစ်ကို ဘုရားကျောင်းအဆောက်အအုံ အဖြစ် အသုံးပြုနိုင်ရန် စပါးကျီတစ်ခုကိုပေးကာ အိုင်းရစ်ဘာသာဖြင့် Sabhallသည် “စပါးကျီ”ဟု အနက်ရ၏။

 

ဓာတ်တော်မွေတော်များ ကိုးကွယ်ခြင်း ၊

ပက်ထရစ်သည် ရောမမှ အိုင်ယာလန်သိုပြန်လာချိန်တွင် ကာသီဒြယ်အသစ်ဆောက်လုပ် ရာ၌ ဌာပနာဖိုရန် ဓာတ်တော်မွေတော်အချိုကို ယူဆောင်လာ၏။ ဓာတ်တော်မွေတော်များ ကိုးကွယ်စွဲလမ်းခြင်းကို ဒုတိယရာစုအလယ်လောက်မှစတင်၍ ကွန်စတဲန်တင်းက အသင်း တော်အတွင်း၌ ထိုအစွဲအလမ်းကို ခိုင်မာအောင် ကျင့်သုံးလမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ မာတုရများနှင့် သူတော်စင်များကို ကြည်ညိုခြင်း (သို) သူတိုနှင့်ပတ်သက်သော အရာဝတ္ထု တစ်ခုခုကို ဆောင်ထားခြင်းသည် ထိုလူ့အတွက် ကုသိုလ်ထူးများ ရရှိခြင်းနှင့် ထိုလူ၏ ဆုတောင်းသံသည် ဘုရားရှင်၏ ရွှေနားတော်အတွင်းသို ဝင်ရောက်ရန်အတွက် ချောဆီ ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ဓာတ်တော်မွေတော်ဆိုသည်မှာ မာတုရများ၏ အရိုးစု များ၊ ၃၂၆ ခုနှစ်က ကွန်စတဲန်တင်း၏ မိခင်ဟယ်လင်နာမိဖုရားကြီးက ရှာဖွေတွေ့ရှိထား သော ခရစ်တော်တင်သတ်ခံရသည့် ကားတိုင်၊ ဗတ္တိဇံယောဟန်၏ ဦးခေါင်း၊ ခရစ်တော် ၏ညီ ယာကုပ်ထိုင်ခဲ့သော ထိုင်ခုံနှင့် အခြားတူးဖော်ရရှိသော အရာများဖြစ်သည်။ ဓာတ် တော်မွေတော် စွဲလမ်းကိုးကွယ်ခြင်း အမြစ်တွယ်ခိုင်မာပုံမှာ ၇၈၇ ခုနှစ်ကြိမ်မြောက် အထွေထွေညီလာခံ၌ ဓာတ်တော်မွေတော်များ ဌာပနာခြင်းမရှိဘဲ ဗိမာန်တော် ဆက်ကပ် အပ်နှံသူ သင်းအုပ်ဆရာ မည်သူမဆို ရာထူးမှ ဖြုတ်ချခြင်းခံရမည် ဟူသတတ်။

သူကြီးဒီချူကို ပြောင်းလဲပေးနိုင်ခဲ့သောကြောင့် ပက်ထရစ်သည် မျှော်လင့်ချက် ကြီးစွာဖြင့် အာလ်စတာမြောက်ဘက်သို ခြေဆန့်ခရီးထွက်လာခဲ့၏။ သိုသော် Miliuce က သူလာသည့်အကြောင်းကိုကြားသော် သူသည် သာသနာပြုလုပ်ငန်းနှင့်မပတ်သက်လိုသ ဖြင့် သူ့နေအိမ်ကို မီးရှိကာ သူ့ကိုယ်သူ အဆုံးစီရင်လိုက်လေ၏။ ယင်းသည့်နောက်တွင် ပက်ထရစ်သည် ဘယ်ကိုပဲသွားသွား အခြားမျိုးနွယ်စုများကို ချဉ်းကပ်ခွင့်အမိန့်ရရန် ထို ဒေသ၏ အကြီးအကဲကိုသာ ခရစ်ယာန်ဘာသာသို ဦးစွာ သွတ်သွင်းနိုင်ရန် ကြိုးစားသည်။

ထိုအချိန်ကာလတွင် အိုင်ယာလန်သည် မျိုးနွယ်စုများအသီးသီးဖြင့် အုပ်စုလိုက်ဖွဲကာ မျိုးနွယ်စုအကြီးအကဲက အုပ်ချုပ်သည့်စနစ်ဖြစ်သည်။ သူတိုသည် အရှင်သခင် (သို) ဘုရင် ကို ထပ်ဆင့်၍ သစ္စာခံကြရသူများဖြစ်၏။ ဘုရင်များထဲ၌ ဘုရင်တစ်ပါးသည် အိုင်ယာ လန်၏ “အထွတ်အထိပ်ဘုရင်”ဟူသော ဂုဏ်ပုဒ်ဖြင့် မိသ် (Meath) ကောင်တီ တာရာ (Tara) y sedajempi ondcoqdim wêrsaogosos&Spae Laoghaire (Leary လီးယားရီဟု အသံထွက်) ကို သွားရောက်တွေ့ဆုံကာ ဘုရင်က သူ့စည်းရုံးမှုကို လက်ခံသော်လည်း ကယ်တင်ခြင်းသတင်းစကားကို လက်မခံခဲ့ပေ။ သူ့ညီအစ်ကိုများထဲမှ ကိုနဲလ် (Conall) နှင့် သားများက ခရစ်တော်ကို လက်ခံခဲ့ကြ၏။ ဘုရင်က လက်မခံသော်လည်း ယုံကြည်မှုအသစ် ဖြန့်ဖြူးရာတွင် ပက်ထရစ်အား သည်းခံခွင့်လွှတ်၍ လမ်းဖွင့်ပေး ခဲ့သည်။

ပက်ထရစ်သည် မိသ်မှ Connaught အနောက်ဘက်သို ခြေဆန့်ခရီးနှင်ခဲ့ရာ ဘုရင် လီးယာရီ၏ သမီးသုံးယောက်နှင့်တွေ့ဆုံ၍ သူတိုကို ဗတ္တိဇံပေးခဲ့သည်။ ထိုနယ်မြေတစ် ဝိုက်တွင် ၇ နှစ်တာ နေထိုင်ခဲ့သော ကြောင့် သူ့အိပ်မက်ထဲ၌ မြင်မက်ခဲ့သည့်ရွာတွင် ရောက် ခဲ့မည်မှာ မုချဖြစ်သည်။ ၄၄၁-၂ ခုနှစ်တွင် ရောမသိုသွား၍ အိုင်ယာလန်ကို ဂိုဏ်းအုပ် ဘုန်းတော်ကြီး၏ အာဏာစက်သက်ရောက်ရာ လက်အောက် ခံနယ်မြေအဖြစ် သတ်မှတ် ပေးရန် သင်းအုပ်ဆရာနှင့် လာရောက်ဆွေးနွေး၏။ သိုသော် အကောင်အထည် မပေါ်မီ သူ၏ သာသနာနယ်မြေသို ပြန်လာခဲ့သည်။

နောင် ၂ နှစ်တွင် သူသည် အာလ်စတာသို ခရီးနှင်၍ ထိုမှတစ်ဆင့် တောင်ကုန်း ပေါ်တွင် တည်ဆောက် မည့် ကာသီဒြယ်အရပ်ဖြစ်သော အားမာ (Armagh) သို ရောက် လာသည်။ သူသည် သာသနာပိုင်အဖြစ် ထိုနေရာမှ တစ်ကျွန်းလုံးကို ဖြန့်ကြက်အုပ်ချုပ်၏။ မြိုရွာများတွင် လူဦးရေနည်းပါးမှုကြောင့် တိုင်းပြည်အတွင်းရှိ မျိုးနွယ်စုများကို အုပ်စု လိုက်ခွဲပေးသည်။ ဆိုလိုသည်မှာ သာသနာပိုင်၏ ရုံးထိုင်ရာနေရာသည် ဘုန်းကြီးကျောင်း တွင်မဟုတ်ဘဲ ကာသီဒြယ်တွင်သာဖြစ်ကြောင်း၊ အာဏာရပုဂ္ဂိုလ်မှာလည်း သင်းအုပ်ဆရာ မဟုတ်ဘဲ ကျောင်းထိုင်ဘုန်းကြီးဖြစ်ကြောင်း များပင်ဖြစ်သည်။

ပက်ထရစ်သည် အိုင်ယာလန်တစ်နံတစ်လျား၌ ဘုန်းတော်ကြီးကျောင်းအများအပြား တည်ထောင်၍ ထောင်ချီရှိသော ဘုန်းကြီးများအတွက် နေရာထိုင်ခင်းစီစဉ်ပေးသည်။ ကျောင်းတိုင်းတွင် ကိုယ်ပိုင်စည်းမျဉ်းများ ရှိ၍ နတ်ကိုးကွယ်ရာမှ ခရစ်ယာန်ဖြစ်လာသူ များကို စည်းကမ်းတင်းကျပ်ပေး၏။ ကနဦးအိုင်းရစ်ဘုရား ကျောင်းများဖြစ်သော ဘုန်း တော်ကြီးကျောင်းများသည် သာသနာပြုသူများ၏ စတင်ရာနေရာ၊ သမ္မာကျမ်းစာလေ့လာ လိုသော ကျောင်းသားများ၏ ပညာဆည်းပူးရာနေရာအပြင် ခရစ်ဝင်ကျမ်းများ ကူးယူရေး၊ သားရာနေရာနှင့် သုခုမအနုပညာသည်များကို မွေးထုတ်ပေးရာနေရာ ဖြစ်လာခဲ့သည်။

ပက်ထရစ်၏ အသက်တာနှင့်ပတ်သက်၍ ကျွန်ုပ်တိုသိရှိရသမျှမှာ သူ၏ အသက် ကြီးပိုင်းတွင် ရိုးသားစွာ ရေးသားထားသော ဝန်ခံမှုများစာအုပ်နှင့် စတြေးကလိုက်ရှိ ဗြိတိသျှဘုရင် ကိုရိုးတီကပ်စ် (Coroticus) ထံ ပေးစာများမှတစ်ဆင့် သိရခြင်းသာဖြစ် သည်။ နှစ်မျိုးစလုံးမှာ လက်တင်ဘာသာနှင့် ရေးသားထားခြင်းဖြစ်၍ အရေးအသား မညက်ညောစေကာမူ ထိုခေတ်တွင် အသင်းတော်က သတ်မှတ်အသုံးပြုသော ဘာသာ စကားဖြင့် ဖြစ်၏။

ပက်ထရစ်သည် သူ၏ နောက်ဆုံးနေ့ရက်များကို မြောက်ပိုင်းတွင် အနေများ၍ ၄၅၇ ခုနှစ်ခန့်တွင် အိုင်းရစ်ကောင်စီအဖွဲခေါင်းဆောင်နေရာမှ ဆင်းပေးသည်။ နောင် ၄ နှစ်ကြာ မတ်လ ၁၇ တွင် ဘုန်းတော်ဝင်စား၍ ဒေါင်းပက်ထရစ်တွင် မြှုပ်နှံသဂြိုဟ်ကြ ကာ ထိုနေ့ကို ယနေ့တိုင် စိန့်ပက်ထရစ်နေ့အဖြစ် သတ်မှတ်သည်။

ပက်ထရစ်သည် ရောမအင်ပါယာအပြင်ဘက် အနောက်ပိုင်းအသင်းတော်ကို တည် ထောင်သူများထဲ၌ ထူးခြားသော စွမ်းရည်ရှိသူဖြစ်၏။ သူ၏ သာသနာအဖွဲသည် ဧဝံ ဂေလိတရားများ ဟောကြားဝေငှရာ၌ ပြင်းပြင်းပြပြရှိကာ ကဲလ်တစ်အသင်းတော်ကလည်း အနောက်ဥရောပတစ်ခွင်တွင် ကယ်တင်ခြင်းသတင်း စကားဝေငှရန်အတွက် ရဟန်းအများ အပြားကို စေလွှတ်သည်။ ပက်ထရစ်သည် သူ၏ ဝန်ခံမှုများစာအုပ်ကို ဤသို အဆုံး ကမ္ပတ်သတ်၍ သူ့စာဖတ်သူများကို အသိပေး၏။ “မည်သူတစ်ဦးတစ်ယောက်မျှသည် ကျွန်ုပ်၏ ပညာဉာဏ်ကင်းမဲ့မှုကို မကဲ့ရဲ့ကြစေ…. ဤသိုဖြစ်ရသည်မှာ ဘုရားကို ယုံ ကြည်ဖိုရန်အတွက် ဘုရား၏ လက်ဆောင်ဖြစ်သည်ဟုသာ သိမှတ်ကြကုန်လော့။”

 

လက်တင်ခရစ်ယာန်ဘာသာ အင်္ဂလန်သို့ရောက်ရှိခြင်း

ယနေ့ ကျွန်ုပ်တိုသိရသော လက်တင်ခရစ်ယာန်ဘာသာခေါ် ရောမကက်သလစ်အသင်း တော်သည် သြဂတ်စတင်း (Augustine) ၏ ထင်ရှားထူးခြားသော အရည်အချင်းများ ကြောင့် မွေးဖွားလာရခြင်းဖြစ်သည်။ အီသယ်ဘတ် (Ethelbert) နှင့် ကင့်ပြည်သူများက ထိုယုံကြည်မှုကိုလက်ခံ၍ ပုပ်ရဟန်းမင်းကြီး၏ ဝိညာဉ်ရေးအာဏာစက်၌ သက်ဆင်းကာ ရောမကက်သလစ်အသင်းသားများ ဖြစ်လာကြသည်။

၅ ရာစုအပြောင်းအလဲများသည် ခရစ်ယာန်နိုင်ငံတော်ကို အရှေ့နှင့် အနောက်ဟူ၍ အင်ပါယာကို ထက်ခြမ်းခွဲလိုက်သည့်နှယ် ဖြစ်သွားစေသည်။ အစဉ်အလာအရ ရောမ သင်းအုပ်ဆရာကို “ပုပ်ရဟန်းမင်း ကြီး”ဟုသာ ခေါ်ဝေါ်သုံးစွဲလာခဲ့ရာ ၄၅၁ ခုနှစ် ကာဆီ ဒွန် (Chalcedon) ညီလာခံ၌ ပုပ်ရဟန်းမင်းကြီးမဟာလီယို (Pope Leo the Great) က တရားဝင်အတည်ပြုလိုက်၏။ အခြားကျင့်စဉ်များဖြစ်သော ကားတိုင်သဏ္ဌာန် နဖူးနှင့် ရင်ဘတ် ဘယ်ညာတိုထိခြင်း၊ အာပတ်ဖြေခြင်း၊ ဝတ်ရုံရှည်ကြီးများရုံကာ ဖြည်းညှင်းစွာ လမ်းလျှောက်ခြင်း၊ မစ္ဆားပူဇော်ခြင်းနှင့်မေရီကို ကြည်ညိုခြင်းများသည် ထိုအချိန်၌ လက်ခံ ကျင့်သုံးပြီးကြပြီဖြစ်သည်။

ထိုခေတ်အခါက ဘုရင်များသည် နိုင်ငံရေး ဇ မရှိကြသောကြောင့် ပုပ်ရဟန်းမင်း များသည် ဝိညာဉ်ရေးတွင်သာမဟုတ်ဘဲ နိုင်ငံရေးဇာတ်ခုံပေါ်သို ဝင်ကကြရခြင်းဖြစ်သည်။ ၄၅၅ ခုနှစ်တွင် အာဖရိကလူရမ်းကားတချိုကြောင့် ရောမမြို အကာအကွယ်မဲ့နေချိန်တွင် ထိုလူရမ်းကားများ၏ အဓိပ္ပာယ်မဲ့ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့သူမှာ လည်း ပုပ်ရဟန်းမင်းကြီးလီယိုပင်ဖြစ်သည်။

ဗြိတိန်တွင် အင်္ဂလို-ဆက်ဆွန်ကျူးကျော်သူများက အရှေ့တစ်လွှားရှိ ခရစ်ယာန် ဘာသာကို ဖျက်လိုဖျက်ဆီးလုပ်သောကြောင့် အသင်းတော်သည် အနောက်ဘက်သို ဆုတ် ခွာခဲ့ရသည်။ ဥရောပတိုက်ရှိ ခရစ်ယာန်နိုင်ငံများမှာ အရိုင်းအစိုင်းများနှင့် မိစ္ဆာဒိဋ္ဌိများကြောင့် နတ်ကိုးကွယ်သူများ ဖြစ်ကြပြန်လေ၏။ ထိုကြောင့် ပုပ်ရဟန်းမင်းကြီးဂရီဂိုရီ (Pope Gregory- 590-604) က ထိုလူမျိုးနွယ်စုများကို “ခရစ်ယာန်ဓန သဟာယအဖွဲ” တွင် ပြန်လည်သွတ်သွင်းရန် အခက်တွေ့နေသည်။

၅၈၆ ခုနှစ်ဟု ခန့်မှန်းရသော တစ်ချိန်က ရောမမြိုလယ် ကျွန်ဈေးတွင် အသား အရောင်ဖျော့ တော့တော့နှင့် ချစ်စရာကောင်းသော နတ်ကိုးကွယ်သည့် အင်္ဂလန်နိုင်ငံ အင်္ဂလီ (Angli) အရပ်မှ ယောက်ျားလေးတစ်သိုက် ရောင်းစားခံကြရသည်ကိုကြည့် ရင်း ဂရီဂိုရီက ကရုဏာသက်နေမိ၏။ သူက “ဒီသူငယ်ကလေးတွေဟာ ကောင်းကင် တမန်များနဲ့လည်း တယ်တူသကိုး”ဟုဆို၍ ဘုရင်အေအာလာ (Aella) ၏ တိုင်းသူ ပြည်သားများ ဖြစ်ကြသည် မဟုတ်တုံလောဟု ဆို၏။

ထိုအချိန်မှစ၍ ဂရီဂိုရီသည် အခွင့်အခါသင့်ပါက အင်္ဂလန်သို သာသနာပြုသူများ စေလွှတ်ရန် စိတ်တုံးတုံးချသည်။ သူကိုယ်တိုင်အရောက်သွားရန်လည်း စီစဉ်သည်။ သို သော် မသွားဖြစ်ခဲ့ပေ။ နောက်ဆုံး ပုပ်ရဟန်းမင်းကြီးအဖြစ် အရွေးခံရချိန်မှသာ ယခင်က ရောမမြို စိန့်အင်ဒရူးစ်ကျောင်းတော်ကြီးရှိ ဩဂတ်စတင်းကို ရဟန်းအပါး ၄၀ နှင့်အတူ စေလွှတ်သည်။

 

 

 

 

သြဂတ်စတင်း (လွန်-၆ဝ၄) ပထမဆုံး ကင်တာဘာရီဂိုဏ်းချုပ်ကြီး

 သြဂတ်စတင်းသည် ၅၉၆ ခုနှစ်တွင် အင်္ဂလန်သို ထွက်လာရာ ပြင်သစ်ပြည်တောင်ပိုင်း တွင် အရိုင်းအစိုင်းများနှင့် တွေ့ရသဖြင့် ပြန်လာခဲ့ကြသည်။ သိုသော် ဂရီဂိုရီကနောက် တစ်ခေါက်ထပ်သွားရန် တွန်းအားပေး၏။ အဖွဲသားများသည် ကင့်နယ် စတူးဝါး (Stour) မြစ်ဝှမ်းအနီး Ebbsfleet အရပ်တွင် ခြေချနိုင်ခဲ့ကြသည်။

ဩဂတ်စတင်းသည် အင်္ဂလန်တောင်ပိုင်းတွင် တန်ခိုးအကြီးဆုံး ဘုရင်ဖြစ်သော အီသယ်ဘတ် (Ethelbert) က နွေးထွေးစွာ ကြိုဆိုနေသည်ကို တွေ့ရသောအခါ အလွန် အံ့အားသင့်သည်။ ဘုရင်ကြီးသည် သူ့ယဇ်ဆရာများ၏ အကြံပေးချက်အရ သာသနာပြု များကို မှော်ဆရာများက မပြုစားနိုင်ရန် ညီလာခံကို လဟာပြင်၌သာ ကျင်းပပြုလုပ်ခိုင်း လေ့ရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍ သြဂတ်စတင်းသည် ဘုရားကို ကိုးစားသူပီပီ တုန်လှုပ်ခြင်း အလျင်းမရှိပေ။ ဘုရင်သည် သူတွေးထင်ထားသကဲ့သို မဟုတ်ဘဲ လူယဉ်ကျေးတစ်ဦး ဖြစ်၍ အုပ်ချုပ်ရေးပိုင်းကို နိုင်နင်းသူလည်း ဖြစ်သည်။ သူ့ကြင်ယာတော်မှာ အင်္ဂလိပ် လူမျိုးများထံတွင် ကယ်တင်ခြင်းသတင်းစကား ဝေငှသော သာသနာပြုများရောက်လာရန် တစိုက်မတ်မတ် ဆုတောင်းနေသော ဖရန့်ကစ်ရှ် (Frankish) ဘုရင်၏ သမီးတော်ဘာ သာ (Bertha) အမည်ရှိ ခရစ်ယာန်အမျိုးသမီးတစ်ဦးဖြစ်သည်။

ဆက်ဆွန်လူမျိုးများ၏ နတ်ဘုရားများသည် သြဂတ်စတင်းတို ရောက်လာချိန်မှ စ၍ ဘုရားအသစ်ကို ဆန့်ကျင်ရန် တန်ခိုးမရှိကြတော့ပေ။ ဘုရင်က သြဂတ်စတင်း ၊ ထံ၌ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခရစ်ယာန်ဘာသာဝင်အဖြစ် အတင်းအကျပ် မသွတ် သွင်းရဟု မူတစ်ခု ချမှတ်ပေးသည်။ ယခုအချိန်တွင် သာသနာပြုလုပ်ငန်းများ စတင်ရန် ရွှေတံခါးကြီး ဖွင့်ဟလာပြီဖြစ်သည်။ ။

သြဂတ်စတင်းနှင့် ရဟန်းတော်များသည် ခရစ်တော်ကားစင်တင်သတ်ခံရသော သဏ္ဌာန်နှင့်တူသည့် အောင်လံကို မြှောက်ကာမြှောက်ကာဖြင့် ကင်တာဘာရီ (Canterbury) မြို ကို စီတန်းလှည့်လာ၏။ မျက်မြင်တစ်ဦးဖြစ်သူက ဗော့ဒ်က “သန့်ရှင်းသော ကားတိုင်နှင့် တန်ခိုးရှင်ခရစ်တော်၏ ပုံတူဖြင့်” စီတန်းလှည့်၍ မြိုထဲသို ရောက်လာချိန် တွင် သြဂတ်စတင်းက တိုင်ပေး၍ ဆုတောင်းပတ္ထနာအမှုပြုပုံမှာ “ကိုယ်တော်၏ ကရုဏာ တော်အစုံကို ခြေတော်ရင်းသို တိုးလျှိးတောင်းပန်၍ လျှောက်တင်လိုသည်မှာ တပည့် တော်တိုသည် အပြစ်သားများဖြစ်ကြသောကြောင့် ကိုယ်တော့်၏ အမျက်ဒေါသကို ဤမြို၊ ဤအရပ်မှ ဖယ်ရှားပေးတော်မူပါ အရှင်ဘုရား၊ အာလေလုယာ”ဟူ၍ဖြစ်သည်။ မိဖုရားကြီးဘာသာသည် စိန့်မာတင်ဘုရားကျောင်း၌ ဘုရင်ကြီးအတွက် နေ့စဉ်နှင့်အမျှ ဆုတောင်းဆက်ကပ်၍ ထိုဘုရားကျောင်းမှာ ရောမခရစ်ယာန်များ၏ ပထမဆုံး ဘုရားကျောင်းဖြစ်ကာ သြဂတ်စတင်း၏ သာသနာလုပ်ငန်း စတင်ရာနေရာလည်းဖြစ် သည်။ ရဟန်းတော်များမှာ ထိုနေရာတွင် တွေ့ဆုံ၍ ဂုဏ်တော်ချီးမွမ်းခြင်း၊ ဆုတောင်းစာ ရက်ဆိုခြင်း၊ မစ္ဆားပူဇော်ခြင်းနှင့် တရားဒေသနာကြားနာခြင်းများ ပြုလုပ်ကြသည်။ နှုတ်ကပတ်တော်ကြားနာသူဦးရေမှာ ကြောက်ခမန်းလိလိ များပြား၍ နတ်ကိုးကွယ်မှုကို စွန့်ပစ်ကြပြီးလျှင် “ခရစ်တော်၌ အချင်းချင်းစည်း လုံးညီညွတ်လာကြသည်။”

ပုပ်ရဟန်းမင်းကြီးဂရီဂိုရီက သင်းအုပ်တစ်ဦးထံပေးစာ၌ အင်္ဂလန်သို သြဂတ်စတင်း ရောက်သွားပြီး ပထမဆုံး ခရစ္စမတ်နေ့မှာပင် “လူထောင်ပေါင်းများစွာ”ဗတ္တိဇံခံခြင်း မှာ တကယ့်အံ့သြဘနန်းဖြစ်သည်ဟု ဆို၏။ ဩဂတ်စတင်းသည် ရောမတွင် အကူ အပံ့များ ထပ်မံတောင်းလျှောက်သည်။

 

ဂိုဏ်းချုပ်ကြီး

 သာသနာပြုလုပ်ငန်းများ အောင်မြင်လာသည်နှင့်အမျှ သြဂတ်စတင်းက သင်းအုပ်ဆရာ အဖြစ် သိက္ခာတင်ပေးရန် တောင်းဆို၏။ ၅၉၇ ခုနှစ်၊ ဆောင်းဦးတွင် အားလ် (ဂေါလ်)၌ ဘာသာရေးအခမ်း အနားတစ်ခုဖြင့် ခရီးရှည်ထွက်သည်။ သူ ပြန်ရောက်လာသောအခါ အချိန်တိုအတွင်း၌ ဂရီဂိုရီ၏ဖေးမမှုဖြင့် အင်္ဂလန်နိုင်ငံ၏ ဂိုဏ်းချုပ်ကြီးအဖြစ် အသိအမှတ် ပြုခြင်းခံရသည်။ ကင်တာဘာရီသို ပြန်လာရာတွင် ဘုရင်အီသယ်ဘတ်က သြဂတ် စတင်းကို ဝတ်ကျောင်းနှင့် နန်းတော်ဆောက်တည်နိုင်လောက်သော မြေအကျယ်ကိုပေး၍ မြိုအပြင်ဘက်တွင် ဘုန်းကြီးကျောင်းအတွက် မြေနေရာများ ထပ်မံ၍ ပေးလှူသည်။

သင်းအုပ်ဆရာသည် ပျဉ်ထောင်ဖြင့် ဝတ်ကျောင်းတစ်ဆောင် ဆောက်လုပ်၍ သန့် ရှင်းသော ကယ်တင်ရှင်အသင်းတော်ဟု ခေါ်စေသည်။ ထိုအချိန်မှစ၍ “ကနဦးအသင်း ၊ တော်ကာလက တမန်တော်များကို တုပ၍ စဉ်ဆက်မပြတ် ဆုတောင်းခြင်း၊ အစာရှောင် ခြင်းနှင့် တစ်ညလုံးမအိပ်ဘဲ နိုးကြားနေခြင်းအပြင် “အသက်တာကို ပြောင်းလဲစေ သော”အကြောင်းများကိုသာ တွင်တွင်ဟောတော့၏။

ဘုရင်အီသယ်ဘတ်သည် ဘာသာတရားအသစ်ကို နွေးထွေးစွာ ကြိုဆိုသည်။ သာသနာပြုများ၏ “ဖြူစင်သောအသက်တာ”နှင့် ခရစ်ယာန်ဘုရား၏ ဘုန်းတန်ခိုးသည် သူကိုးကွယ်ဆည်းကပ်သော ဘုရားထက် သာလွန်ကြောင်း အံ့သြဖွယ်ရာ နိမိတ်လက္ခဏာ များကိုလည်း တွေ့သိ၏။ ထိုကြောင့် ခရစ်တော်ကို လက်ခံ၍ ၆၀၁ ခုနှစ်၊ အီစတာပွဲ တော်တွင် စိန့်မာတင်ဘုရားကျောင်း၌ ဗတ္တိဇံခံခဲ့ဟန်တူသည်။ ဗတ္တိဇံခံသည့်နေရာ အတိအကျ မသိရသော်လည်း ထိုခေတ်က လူအများအသုံးပြု သည့်အတိုင်း ခဲသတ္တုဖြင့်ပြုလုပ်သော ကန်တိမ်ကလေးတွင် ဗတ္တိဇံခံခဲ့မည်ဟု ထင်စရာရှိ သည်။ ယင်းရေလှောင်ကန်၏ ဘေးတစ်ဖက်တစ်ချက်တွင် အစနှင့်အဆုံးဟု အနက်ရသော ဂရိဘာသာစကား အာလ်ဖာနှင့် အိုမီဂါ အမှတ်အသားပါရှိ၍ ရောမခေတ်နှင့် အလယ် ခေတ်တစ်လျှောက်တွင် အသုံးပြုခဲ့ကြသော ထိုလှောင်ကန်များမှာ ဘုရားကျောင်း အများအပြားတွင် ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ ဗတ္တိဇံခံမည့်သူသည် ထိုလှောင်ကန် ပေါ်တွင် မတ်တပ်ရပ်၍ ရေစင်သွန်းလောင်းခြင်းခံကာ ထိုနောက် နဖူးတွင် ကားတိုင်အ မှတ်အသားပြုလုပ်၍ အခမ်းအနားကို မစ္ဆားတရားပူဇော်ပေးခြင်းအစီအစဉ်ဖြင့် အဆုံး သတ်သည်။

သူ့ဆန္ဒအလျောက် ခရစ်တော်ကို လက်ခံသူများအား ဘုရင်ကြီးနှစ်သက်တော်မူ သည့်အကြောင်းကို ဆော့ဒ်က ဤသို ရေးသားထား၏။ “ဘုရင်ကြီးသည် ခရစ်ယာန်ဘာ သာသို ဝင်လာသူများအတွက် ရွှေစိတ်တော်ရွှင်လန်း၍ ယုံကြည်သူများကို ကောင်းကင် နိုင်ငံသားများသဖွယ် ပို၍ မြတ်နိုးတတ်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ ခရစ်ယာန်အဖြစ် အတင်းအကျပ် မသွတ်သွင်းခဲ့ပေ။”

 

သြဇာရှိသူ

ဂရီဂိုရီက သာသနာလုပ်ငန်းများကို ရောမမှ အင်္ဂလန်သို ရွှေ့ပြောင်းရန်အထိ စိတ်အား ထက် သန်နေမိ၏။ လန်ဒန်နှင့် ယော့ခ်တွင် မြိုကြီးသား ဂိုဏ်းအုပ်နှစ်ပါးစီခန့်အပ်၍ သင်းအုပ်ဆရာ ဆယ့်နှစ်ပါးစီဖြစ်ရန် အဆိုပြုသည်။

၊ဗြိတိသျှသင်းအုပ်များသည် သြဂတ်စတင်း၏ ထားရာနေ စေရာသွားမည့်သူများ ဖြစ်ကြကာ သူသည် သူတိုအပေါ်တွင် သြဇာအာဏာ အလွန်ရှိ၏။ ထိုကြောင့် ဂရီဂိုရီ၏ အစီအစဉ်များ အကောင်အထည် မပေါ်တော့ပေ။ သူသည် အီသယ်ဘတ်ကို ရိုသေသမုပြု ခြင်းအားဖြင့် လန်ဒန်သိုသွားရန် ဆုံးဖြတ်သော်လည်း ကင်တာဘာရီမှနေ၍ ထိုမှတစ်ဆင့် ကွပ်ကဲအုပ်ချုပ်သည်။ ၆၃၄ ခုနှစ်အထိ ယော့ခ်သည် ဂိုဏ်းချုပ်ကြီး၏ အာဏာစက် မသက်ရောက်ပေ။ နော်သမ်ဘရာ (Northumbria) တွင် ခရစ်ယာန်ဘာသာရောက်ရှိ လာမှ သက်ရောက်ခြင်းဖြစ်သည်။

၆၀၃ ခုနှစ်တွင် သြဂတ်စတင်းက ကဲလ်တစ်အသင်းတော်များကို တွေ့ဆုံရန် ကြိုး စား၍ ရောမအသင်းတော်၏ ကျင့်စဉ်များကို လက်ခံရန်နှင့် အင်္ဂလိပ်လူမျိုးများထံ ဧဝံဂေ လိတရားဝေငှခြင်းကို ကူညီပေးကြရန် ပထမအကြိမ် တီးခေါက်ကြည့်သည်။ သူတိုတွေ့ ဆုံရာ နေရာသည် Dyrham (ဂလက်စတာရှိင်း ယား) ဝက်သစ်ချရိပ်အောက်တွင် ဖြစ် သောကြောင့် ထိုအရပ်သည် “စိန့်ဩဂတ်စတင်း၏ ဝက်သစ်ချမြိုင်”ဟု အမည်တွင် သည်။ ကဲလ်တစ်များက ရောမသင်းအုပ်များကို သင်္ကာမကင်းဖြစ်သောကြောင့် ထို ချဉ်းကပ်မှု မအောင်မြင်ခဲ့ပေ။

တစ်ဖန် ဗြိတိသျှသင်းအုပ်ဆရာခုနစ်ပါးနှင့် ပညာဉာဏ်ကြီးမားသူအချို ဒုတိယ အကြိမ် ဝေလမြောက် ပိုင်း ဘင်းဂို (Bangor) အနီး၌ ညီလာခံတက်ရောက်ရန်အ တွက် ခရီးထွက်လာခဲ့ကြ၏။ သူတိုထွက်မလာမီတွင် သင်းအုပ်ဆရာများက ရသေ့တစ် ပါးထံ၌ အကြံအဉာဏ်ရယူရာ ထိုရသေ့က သြဂတ်စတင်းသာ ဘုရားလူ အမှန်ဖြစ်ပါ က သူတိုသည် သြဂတ်စတင်း၏ မြွက်ကြားချက်များကိုသာ နာယူရမည်ဖြစ်သည်ဟု ဆို၏။ အကယ်၍ သူသည် ဘုရားလူဖြစ်လျှင် ထိုင်နေရာမှ ထလာ၍ သူတိုကို ဖက်လဲ တကင်း နှုတ်ဆက်မည်ဟုလည်း ဆိုသည်။

ဗြိတိသျှသို ရောက်လာသောအခါ သြဂတ်စတင်းသည် ထိုင်မြဲထိုင်နေလျက်ရှိကာ အလိုမကျဟန် ရှိနေလေ၏။ ဧည့်သည်များကိုလည်း ခရစ်ယာန်လောကဝတ်ကိုပင် မပြုသ ဖြင့် သူ၏ ချဉ်းကပ်မှုကို ဗြိတိသျှတိုက ငြင်းဆိုလိုက်ကြသည်။ ကဲလ်တစ်အသင်းတော် ကို ရောမ၏ စောင့်ရှောက်လမ်းညွှန်မှုအောက်တွင် သွတ်သွင်းရန် မျှော်လင့်ချက်သည် နေ့ရွှေ့ညရွှေ့ဖြင့် ထိုရာစုပင် ကုန်လေ၏။

ဩဂတ်စတင်းသည် ကင်တာဘာရီတွင်နေစဉ် အက်ဆက် (Essex) ရှိ အရှေ့ဘက် ဆက်ဆွန်များထံ၌ သာသနာပြုခြင်းဆိုင်ရာလုပ်ငန်းများကို မြေစမ်းခရမ်းပျိုးခဲ့သေးသည်။ ထိုနေရာ၌ ဂိုဏ်းအုပ်ကြီးရုံးစိုက်ရာ လန်ဒန်တွင် သာသနာ့ဘောင်ဝင်ချိန်ကတည်းက လက်တွဲလာသူ ကူဖော်လောင်ဖက် မဲလီးတပ်စ် (Mellitus) သည် သင်းအုပ်အဖြစ် ခန့် အပ်ခြင်းခံရ၏။ အခြားရဟန်းတစ်ပါးဖြစ်သူ ဂျပ်စ်တပ်စ် (Justus) သည် ကင့်အနောက် ပိုင်း၌ သင်းအုပ်အဖြစ် စေလွှတ်ခြင်းခံရ၍ သူသည် ရိုချက်စတာ (Rochester) အရပ် တွင် ဂိုဏ်းအုပ်ဘုန်းတော် ကြီးရုံးအသစ်တည်ဆောက်သည်။

သာသနာလုပ်ငန်းများ ကျယ်ပြန့်လာသောအခါ ဝတ်ကျောင်းအသစ်များ ဆောက် လုပ်ခြင်းနှင့် အဟောင်းပြုပြင်ခြင်းများ ပြုလုပ်ကြရ၏။ သာသနာ့ရောင်ဝါအထွန်းတောက် ဆုံးချိန် ၆၀၄ ခုနှစ်တွင် သြဂတ်စတင်းကွယ်လွန်သည်။ ရုပ်ကလာပ်ကို ဘုရားကျောင်း အပြင်ဘက် စိန့်ပီတာနှင့် စိန့်ပေါလ်ဘုရား ကျောင်း၏ ကပ်ရပ်တွင် မြေမြှုပ်သဂြိုဟ်သည်။ (ထိုအချိန်တွင် ရောမဥပဒေအရ အဆောက်အအုံအတွင်း၌ အလောင်းကောင်မြေမြှုပ်ခြင်း ကို တားမြစ်၏) အင်္ဂလန်တွင် သူ၏ သာသနာပြုလုပ်ငန်းသည် သူကွယ်လွန်ပြီး ၇ နှစ် အထိသာခံသည်။

သြဂတ်စတင်းသည် ဧဝံဂေလိဆရာမဟုတ်ဘဲ ရဟန်းတစ်ပါးသာဖြစ်သည်။ အင်္ဂလန် သို သာသနာပြုသည်ဆိုသော်လည်း သူ့ဆန္ဒအလျောက်မဟုတ်ဘဲ ပုပ်ရဟန်းမင်း ဂရီဂိုရီကို မလွန်ဆန်နိုင်ခြင်း ကြောင့်သာလျှင်ဖြစ်သည်။ ရှင်သန်ကြီးထွားနေဆဲ အသင်းတော်ကို ထားရစ်ခဲ့သော်လည်း နတ်ကိုးကွယ်မှုများ တစ်စခန်းထလာပြန်၏။

၆၁၆ ခုနှစ်၊ အီသယ်ဘတ်ဘုရင်လွန်လေလျှင် သူ့အရိုက်အရာ Bretwalda (ဗြိတိန် ကို စိုးမိုးအုပ်ချုပ်သူ) ကို နော်သမ်ဘာဘုရင်အက်ဒွင် (Edwin) က ဆက်ခံ၏။ အက်ဒွင် သည် ကင့်တွင် နေထိုင်သော တော်ဝင်သွေးပါသူ ဘုရင်အီသယ်ဘတ်၏ တူမ ခရစ်ယာန် အမျိုးသမီးကောင်း အီသယ်ဘာဂါ (Ethelberga) ကို လက်ဆက်ထားသူဖြစ်၏။ အီသယ် ဘာဂါသည် အင်္ဂလန်မြောက်ပိုင်း၌ ခရစ်ယာန်ဘာသာပြန့်ပွားဖိုရန် ဩဂတ်စတင်း၏ ရဟန်းတစ်ပါးဖြစ်သူ ပေါလီးနပ်စ် (Paulinus) နှင့်အတူ လမ်းသစ်ဖောက်သူဖြစ်သည်။

 

အင်္ဂလန်မြောက်ပိုင်း

သြဂတ်စတင်း၏ သာသနာလုပ်ငန်းသည် ကင့်တွင် အောင်မြင်သော်လည်း အင်္ဂလန်တွင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာဘဲ နတ်ကိုးကွယ်မှုက ကြီးစိုးမင်းမူနေသေး၏။ ကင့် ပြီးလျှင် ကယ်တင်ခြင်းသတင်းစကား လက်ခံသောနိုင်ငံမှာ နော်သမ်ဘရာဖြစ်၍ ထိုမှ တစ်ဆင့် ဟဲဗီယက် (Cheviot) တောင်ကုန်းများမှ ပြန့်ကားလာကာ ဟမ်ဘာ (Humber) မြစ်အထိတိုင်ဖြစ်သည်။

သာသနာပြုလုပ်ငန်းကို ပြုရိုးပြုစဉ်ဗျူဟာအတိုင်း ဆက်လက်ကြိုးပမ်းကြရာ ဒေသခံ အကြီးအကဲ တစ်ဦးကို ပြောင်းလဲစေနိုင်ခဲ့၏။ ထိုအတွက်ကြောင့်ပင် အင်္ဂလန်နိုင်ငံတစ်ဝန်း ခရစ်ယာန်ဘာသာပြန့်ပွားရန် အားသစ်လောင်းသကဲ့သို ရှိသည်။ ၆၂၅ ခုနှစ်တွင် ကင့် မြိုသူ ခရစ်ယာန်အမျိုးသမီးကောင်း အီသယ်ဘာဂါကို နော်သမ်ဘရာဘုရင်အက်ဒွင်က လက်ထပ်ပေါင်းသင်းကာ ချစ်ဇနီးစိတ်အားထက်သန်သော ဘာသာရေးနှင့် ပတ်သက်၍ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးသည်။ ထိုအပြင် ခရစ်ယာန်ဘာသာ၏ မြတ်နိုးဖွယ်ရာ ကြန်အင်လက္ခဏာတစ်ခုခုကို တွေ့ရှိပါက သူကိုယ်တိုင် ထိုယုံကြည်မှုအသစ်ကို လိုလို လားလား လက်ခံမည်ဟု ဘုရင်ကြီးက တည်ကြည်လေးနက်စွာ ကတိပြုသည်။

ရောမမြို့က ရဟန်းပေါလီးနပ်စ်နှင့် ကင်တာဘာရီမြိုသူ အီသယ်ဘာဂါတိုသည် ကုန်းမြေသစ်တွင် သာသနာလုပ်ငန်းများကို တက်ညီလက်ညီ လုပ်ကိုင်ကြသဖြင့် အောင် မြင်မှုအသီးအပွင့်များ မြင်တွေ့ကြရ၏။ ထိုနှစ်အီစတာပွဲတော်တွင် နန်းညွန့်နန်းလျာကလေး တစ်ဦးတည်းမဟုတ်ဘဲ အခြား ၁၁ ယောက်သော တော်ဝင်မိသားစုဝင်များအားလုံးလည်း ဗတ္တိဇံခံကြသည်။

 

နတ်ကိုးကွယ်မှုကို ရှုတ်ချခြင်း

ဘုရင်ကြီးသည် Witan (တော်ဝင်ညီလာခံ)ကို ဆင့်ခေါ်၍ အသစ်မွေးဖွားလာသော ဘာသာ တရားအကြောင်း ဆွေးနွေး၏။ အစည်းအဝေးကို ယဇ်ဆရာကြီးမှအစ တက်ရောက်လာ သူများ၏ အကြံအဉာဏ်ကို တောင်းယူသည်။ တက်ရောက်လာသူများအားလုံးက နတ် ကိုးကွယ်မှုကို ရှုတ်ချ၍ ဘာသာတရားအသစ်ကိုသာ လက်ခံသင့်ကြောင်း တောင်းဆိုကြ သဖြင့် ထိုတောင်းဆိုမှုကို ဘုရင်ကြီးက သဘောတူသည်။ ဘုရင်ကြီးသည် နတ်ကိုးကွယ် မှုနှင့်တကွ နတ်ဆောင်၊ နတ်ကွန်းနှင့် နတ်ကနားများအားလုံးကို ဖျက်ဆီးရန် အမိန့်ပေး၏။ ဘုရင်ကြီးကိုယ်တိုင် ခရစ်ယာန်ဘာသာကို လက်ခံ၍ အခါကြီးရက်ကြီးများမှသာ အသုံး ပြုရန် သစ်ပျဉ်ဖြင့် ဆောက်ထားသော ဘုရားကျောင်း၌ ၆၂၇ ခုနှစ်၊ အီစတာပွဲတော် နေ့၌ ဗတ္တိဇံခံသည်။

ပေါလီးနပ်စ်သည် သူ့သာသနာလုပ်ငန်းကို ယော့ခ်တွင် ဗဟိုပြု၏။ ဘုရားကျောင်း ကို ပျဉ်ထောင်အိမ်မှ တဖြည်းဖြည်းနှင့် ကျောက်တုံးများဖြင့် ဆောက်ယူသည်။ နောင် ၆၂ နှစ်အကြာတွင် တော်ဝင်ပရိဝုဏ်မှထွက်၍ နော်သမ်ဘရာတစ်ဝန်း၌ အသင်းတော်များ ဖွဲစည်းတည်ထောင်သည်။

အက်ဒွင်သည် ၆၃၂/၃ ခုနှစ်တွင် ဟက်စ်ဟမ် (Hlexham) အနီး စစ်ပွဲ၌ အသတ် ခံရသောကြောင့် ပေါလီးနပ်စ်၏ နော်သမ်ဘရာ သာသနာပြုလုပ်ငန်းမှာ အချိန်တို အတွင်း ပျက်စီးခြင်းသို ရောက်ရလေ၏။ မိဖုရားအီသယ်ဘာဂါနှင့် တော်ဝင်မိသားစု အဖွဲသည် ပေါလီးနပ်စ်နှင့် ရေကြောင်းခရီးဖြင့် ကင့်သို လွတ်ရာလမ်းမှ ထွက်ပြေးလွတ် မြောက်ကာ နောင်ဘယ်သောအခါမှ ပြန်မလာကြတော့ချေ။

နော်သမ်ဘရာ သာသနာလုပ်ငန်းကို စိတ်ဖြင့် ရော်ရမ်းမှန်းဆကြည့်လျှင် နတ်ကိုး ကွယ်မှုများ ပြန်လည်ခေါင်းထောင်ထလာနိုင်စရာရှိ၏။ ပေါလီးနပ်စ်၏ သာသနာလုပ်ငန်းများ ဖျက်ဆီးခံရပုံကို ဗော့ဒ် တေးမှတ်ထားပုံမှာ “ကပ်ကြီးဆိုက်သောနှစ်”ဟူ၍ဖြစ် သည်။ ဘုရင်အသစ် သြစဝေါးလ် (Oswald) သည် ရန်သူတော် ကက်ဝါလွန်း (Cadwallon) ကို ဟေဒရင်တိုင်းအနီး၌ အောင်မြင်၍ သံတမန်နည်းဖြင့် စစ်ပြေငြိမ်းသည်။ ဘုရင်သည် ခရစ်ယာန်ဘုရားကို ယုံကြည်ကြောင်းပြသလိုသဖြင့် ဟက်ဖီးလ် (Heathfield) အရပ်၌ သစ်ဖြင့် ပြုလုပ်သော ကားတိုင်တစ်ခုကိုစိုက်ထူကာ အထိမ်းအမှတ်ပွဲ ကျင်းပသည်။

သြစဝေါးလ်သည် တော်ဝင်မျိုးနွယ်မှ ဆင်းသက်သူဖြစ်၍ မင်းပြစ်မင်းဒဏ်သင့်ကာ အိုင်အိုးနာ (lona) ကျွန်းပေါ်တွင် ၁၇ နှစ်တိုင်တိုင် ပြည်နှင်ဒဏ်ခံရသူဖြစ်သည်။ သူသည် အိမ်နိမ့်စံဘဝတွင် ရဟန်းတော်များ၏ မြေတောင်မြှောက်ပေးခြင်းနှင့် ခရစ်ယာန်ယုံကြည် ချက်ကို သူတိုထံမှ မြည်းစမ်းခွင့်ရခဲ့ခြင်းဖြစ်သည်။ ဘုရင်ဖြစ်လာသောအခါ နော်သမ်ဘရာ တွင် ခရစ်ယာန်ဘာသာထွန်းကားရေးကို အားကြိုးမာန်တက် လုပ်ဆောင်သည်။ သာသနာ ပြုများကို ကင်တာဘာရီတွင်မဟုတ်ဘဲ သူ၏ မျိုးနွယ်စုများနေထိုင်ရာ အိုင်အိုးနာသို သွားရောက်ဟောပြောစေသည်။

အိုင်အိုးနာတွင် ၁ နှစ်တာ သာသနာပြုသူ ရဟန်းကော်မန် (Corman) က အိုင်အိုး နာတွင် သာသနာပြုခြင်းမှာ တိုးတက်မှုအလွန်နှေးကွေးသည်ဟု ၆၃၄ ခုနှစ်တွင် ကျောင်း ထိုင်ဘုန်းကြီးကို အစီရင်ခံစာပိုသည်။ သူကပင် ဆက်လက်၍ သူ့တရားနာပရိသတ်မှာ အလွန်နည်း၍ မည်သည့်တုံပြန်မှုမျှ မရှိကြောင်း ထိုအပြင် အိုင်အိုးနာသားများနှင့်ပတ် သက်၍ သူ့အမြင်မှာ “အရိုင်းအစိုင်းကောင်များ၊ အစိုးမရသော ရက်စက်ကြမ်းကြုတ်သူ များနှင့် ပင်ကိုယ်စိတ်ရိုင်းရှိသူများ”ဖြစ်ကြသည် ဟူ၍ဖြစ်၏။

အိုင်အိုးနာမြိုမိမြိုဖများက ကော်မန်နှင့်ပတ်သက်သော ရဟန်းတော်အိုင်ဒင်၏ ဝေဖန်ချက်စကားများကို ကြားကြရာဝယ် ဇဝေဇဝါဖြစ်ကြကုန်၏။ အိုင်ဒင်က “မင်းဟာ တမန်တော်များရဲ့ စည်းမျဉ်းအတိုင်း မလိုက်နာဘူး။ သူတိုကို နိုရည်နဲ့တူတဲ့ နူးညံ့တဲ့ခံယူ ချက်ကို ပထမဆုံးပေးကမ်းရမယ်။ ဒါမှ သူတိုခွန်အားတွေရလာပြီး ဘုရားရှင်ရဲ့ ကြီးမြတ် ခြင်းနဲ့ ကောင်းမြတ်ခြင်းဂုဏ်ကျက်သရေကို နားလည်ခံစားနိုင်မှာပေါ့”ဟု အကြံပြုသည်။ ထိုစကားလုံးများကိုကြားရသော အိုင်အိုးနာမြိုမိမြိုဖများက ယခုမှပင် အစစ်အမှန်သာ သနာပြုသူနှင့် တွေ့ရပြီဟုဆိုက ကော်မန်နေရာ၌ အိုင်ဒင်ကို အစားထိုးလိုက်ကြသည်။

 

အိုင်ဒင် (လွန် ၆၅၁) လင်းဒစ်(စ်)ဖိန်းသင်းအုပ်

အိုင်ဒင် (Aidan) သည် ၆၃၅ ခုနှစ်တွင် သင်းအုပ်အဖြစ် သမုတ်ခြင်းခံရ၍ ဘမ်းဘတ်ခ် (Bamburgh) အရပ် ဘုရင်သြစဝေါးလ်ရှိရာ ရဲတိုက်သို ထွက်ခွာလာခဲ့သူဖြစ်သည်။ အရင်ကြီးက လင်းဒစ်(စ်)ဖိန်း (Lindisfarme) ကျွန်းအနီးတစ်ဝိုက်ကို သာသနာ့ဗဟိုရပ် အတွက် ပေးအပ်သည်။ နော်သမ်ဘရာတွင် လောင်းဒစ်(စ်)ဖိန်းသည် ယော့ခ်ထက် သာသနာဆိုင်ရာလုပ်ငန်းများအတွက် ပို၍ အချက်အချာကျကာ ဒုတိယအိုင်အိုးနာဟုပင် တင်စားခံရ၍ သာသနာပြုခြင်းနှင့် သင်ကြားရေး၏ ဗဟိုဘုန်းတော်ကြီးကျောင်းရှိရာ အရပ်လည်း ဖြစ်သည်။

ဘေ့ဒ်က အိုင်ဒင်၏ တရားနာလိုသူအများအပြားရှိကြောင်းနှင့် ထိုတရားနာပရိသတ် များမှာ ခရစ်ယာန်ဘာသာသို ကူးပြောင်းကြကြောင်းကို ဤသိုရေးမှတ်ထားခဲ့သည်။ အိုင်ဒင် တရားဟောထွက်လာရာ ခရီးတစ်လျှောက်၌ ရံခါဆိုသလို ဘုရင်ကြီးက ကြားခံဆောင်ရွက် ပေးသူအဖြစ် လိုက်ပါလာတတ်၍ သူ၏ ခင်းကြီးခင်းငယ်ပြုစုရန် ငယ်သားနှစ်ဦးလည်း ပါရှိသည်။ အိုင်ဒင်သည် ခြေလျင်ဖြင့်သာ ခရီးသွားလေ့ ရှိ၍ မကြာခဏ ရပ်နားရာနေရာ များ၌ အခြားခရီးသည်များကို ခရစ်ယာန်ဘာသာသိုဝင်ရန် အလောသုံးဆယ် တိုက်တွန်း တတ်သေးသည်။ ထိုခရီးသွားများမှာ ခရစ်ယာန်များဖြစ်ပါက ကောင်းမွန်စွာ အသက်ရှင် ကြရန်နှင့် ခရစ်ဝင်ကျမ်းများကို အသက်တာတွင် လိုက်လျှောက်နိုင်သူများဖြစ်ကြရန် တိုက်တွန်းနှိးဆော်သည်။ ခရီးစဉ်တစ်လျှောက်၌ တချိုကို ဗတ္တိဇံပေး၍ တချိုအား ခရစ် ယာန်ဘုန်းကြီးများအဖြစ် သိက္ခာတင်ပေးကာ အသင်းတော်အချို ကိုလည်း တည်ထောင် သည်ဟု ယူဆရ၏။

အိုင်ဒင်သည် အချိန်ကို အလဟသဖြုန်းတီးခြင်းနှင့် အနှစ်မရှိသော အာလာပ သလ္လာပ စကားပြောခြင်းကို ရှောင်ရှားသူဖြစ်သည်။ သူ့ကို အလွန်စင်ကြယ်မြင့်မြတ်သူအဖြစ် လူ တိုင်းက အသိအမှတ်ပြု၏။ သူသည် ကျေးလက်ဒေသများ၌ ရဟန်းများနှင့် လှည့်ပတ်ကာ ဆာလံကျမ်းများကို အခေါက်ခေါက်အခါခါ ရွတ်ဆိုခြင်းနှင့် တရားဒေသနာများကို နှလုံး သွင်းခြင်းများ ပြုလုပ်တတ်၏။ ဘုရင်နှင့် ပွဲတော်တည်နေစဉ်တွင်ပင် ခဏတစ်ဖြုတ် ထွက်၍ ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်းများ ပြုလုပ်တတ်ကာ (Eastertide ကာလ မှအပ) ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့ ညတိုင်း ၉ နာရီအထိ ပုံမှန်အစာရှောင်သည်။

သူသည် ချမ်းသာသူတစ်ယောက်မဟုတ်သောကြောင့် သူရရှိထားသော လက်ဆောင် ပဏ္ဏာများကို မရှိဆင်းရဲသားများအတွက် အသုံးပြု၏။ ရံခါတွင် မတရားသဖြင့် ခံရသည် ဟု သူအထင်ရှိသော ငွေဝယ်ကျွန်များကို ပိုက်ဆံပေး၍ ပြန်လည်ရွေးနှုတ်လျက်ရှိတတ် မည်။ ငွေရှင်ကြေးရှင်များနှင့် အာဏာရပုဂ္ဂိုလ်ကြီးများ၏ ကြိမ်းမောင်းခြင်းကိုလည်း “ဝ မကြောက်တတ်။ တစ်ခါသားတွင် ဘုရင်သြစဝင် (Oswin) (ဩစဝေါးလ်ကို ဆက်ခံ ၃) က အိုင်ဒင်ကိုပေးထားသော မြင်းကို သူက သူဖုန်းစားတစ်ဦးအား ပေးလိုက်သော ကြောင့် ဘုရင်ကြီးက သူ့ကို ဆူပူမိ၏။ ထိုအခါ အိုင်ဒင်က “အရှင်မင်းကြီး ဘယ်လို ပြောထွက်တာပါလိမ့်၊ အရှင်မင်းကြီးက ဘုရားသားထက် မြင်းမသားကို ပိုပြီးများ မြတ် နိုးနေသလား”ဟု ဆိုလိုက်သည်တွင် ဘုရင်ကြီးသည် အိုင်ဒင်၏ ခြေတော်ရင်း၌ ပျပ် ဝပ်လျက် အပြစ်ကို ဝန်ချတောင်းပန်ကာ နောင်ဘယ်တော့မှ သင်းအုပ်ကြီး၏ ရက်ရော သဘောထားကြီးခြင်းကို အပြစ်တင်မည် မဟုတ်တော့ကြောင်း ကတိပေးသည်။

 

ဆုတောင်းဆက်ကပ်သူ

အိုင်ဒင်သည် ဆုတောင်းခြင်း၏ တန်ခိုးတော်ကို ယုံကြည်ကိုးစားသူဖြစ်သည်။ တစ်ရံ ရောအခါက နတ်ကိုးကွယ်သူ မာစီယာ (Mercia) ဘုရင်က ဘမ်းဘတ်ချ်ကို လူသူ လက်နက်ဖြင့် ဝိုင်းဝန်းပိတ်ဆို၍ မြိုတော်ကို မီးတင်ရှိရာတွင် မီးတောက်မီးလျှံများသည် ဘုရင့်ရဲတိုက်ဘက်သို ဦးတည်လာ၏။ အိုင်ဒင်က ဆုတောင်းလိုက်သောအခါ တိုက်ခတ် နေသော လေလမ်းကြောင်းသည် ချက်ချင်းပြောင်း၍ မီးတိုက်သူများကို ထွေးလုံးရစ်ပတ် ကုန်သည်ဟူ၏။

၆၄၂ ခုနှစ်တွင် ဩစ်ဝက်စ်ထရီ (Oswestry) အနီး စစ်ပွဲ၌ သာသနာလုပ်ငန်း များတွင် အိုင်ဒင်၏ သစ္စာရှိသော လုပ်ဖော်ကိုင်ဖက် ဘုရင်သြစဝေါးလ်အသတ်ခံရသည်။ သိုသော် သူသည် ခရီးသွားမြဲသွား၍ တရားဟောမြဲဟော၏။ ရဟန်းတော်များကိုလည်း နေရာအနှံ စေလွှတ်သည်။ အိုင်ဒင်သည် သာသနာပြုအဖွဲတစ်ဖွဲကို ဦးဆောင်၍ Lindsey (Lincolnshire) သို ရောက်ရှိလာ၏။ သူစေလွှတ်သော ရဟန်းတော်များကလည်း သိမ်းမြစ် (Thames) တောင်ပိုင်းအထိ ရောက်ရှိကြောင်း ပြောဆိုကြသည်။

သူသည် မဲလ်ရိုစ် (Melrose)နှင့် ဂိတ်စ်ဟက် (Gateshead) ကဲ့သိုသော အရပ်ရှိ ဘုန်းတော်ကြီး ကျောင်းများကဲ့သို အမျိုးသားနှင့် အမျိုးသမီးများအတွက် ကျောင်းများ ထပ်ဆောက်ရန် တွန်းအားပေးသည်။ လောင်းဒစ်(စ်)ဖိန်းအရပ်ကဲ့သို နာမည်ကြီးကျောင်း တော်ရှိရာနေရာမှာ မှီဘီ (Whitby) တွင်ဖြစ်၍ ထိုနေရာတွင် ရဟန်းများနှင့် သီလရှင် များသည် ကိုယ်စီတရားအားထုတ်ရာ အခန်းငယ်ကလေးများထဲ၌ တရားတော်ကို အောက်မေ့ခြင်း၊ အစာရှောင်ဆုတောင်းခြင်းနှင့် အာပတ်ဖြေခြင်းများ ပြုလုပ်လေ့ ရှိသည်။

၆၅၁ ခုနှစ်၊ စက်တင်ဘာလတွင် အိုင်ဒင်သည် ခရီးသွားရင်းတန်းလန်း အပြင်းဖျား၍ လွန်လေ၏။ ရုပ်ကလာပ်ကို လဲင်းဒစ်(စ်)ဖိန်းတွင် မြေမြှုပ်သဂြိုဟ်သည်။

နော်သမ်ဘရာသည် နတ်ကိုးကွယ်မှုအောက်တွင် ခဏတာ ယိမ်းယိုင်ခဲ့သော်လည်း အိုင်ဒင်က ခရစ်ယာန်ဘာသာကို ပြန်လည်တည်ထောင်ကာ ကုန်းမြေ အနှံအပြားတွင် “သာသနာပြုအဖွဲငယ်ကလေးများ”ကို စေလွှတ်သည်။ လောင်းဒစ်(စ်)ဖိန်းသည် အိမ်နီး ချင်းဘုရင်များနှင့် ခမည်းခမက်တော်စပ်၍ မဟာမိတ်ပြုခြင်း ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အဆက်အသွယ်ရှာ၍လည်းကောင်း ခရစ်ယာန်ဘာသာကို ပြန့်ပွားအောင် ဆောင် ရွက်သည်။

အိုင်ဒင်ဆုံးပြီး မကြာမီတွင် လင်းဒစ်(စ်)ဖိန်း ရဟန်းတော်များသည် ဆိုဒ် (Cedd) ဦးဆောင်မှုဖြင့် မာစီယာဘုရင့်နိုင်ငံတော် (မိဒ်လဲန်းစ်) ၌ သာသနာပြုခွင့်ရ၏။ တော် ဝင်မိသားစုများထဲ၌ ခရစ်ယာန်များ ရှိနေခြင်းက သာသနာလုပ်ငန်းအတွက် အကျိုးထူးများစွာ ရှိသည်။

 

သာသနာပြုခြင်း

ယခုအခါ ဆိဒ်၏ နောက်ခြေလှမ်းမှာ အရှေ့ဆက်ဆွန် ဘုရင့်နိုင်ငံတော်တွင်ဖြစ်၍ ဟို အရင် နှစ် ၅ဝ ဆီက သြဂတ်စတင်း မြေစမ်းခရမ်းပျိုး၍ မအောင်မြင်ခဲ့သောအရပ်ဖြစ် သော်လည်း သူသည် အလွန်အောင် မြင်၏။ သူ့ကို လန်ဒန်ရုံးချုပ်က အရှေ့ဆက်ဆွန်များ ၏ သင်းအုပ်အဖြစ် သမုတ်သည်။ သူ၏ သာသနာ လုပ်ငန်းသည် သြဂတ်စတင်းထက် ပို၍ အောင်မြင်သည်မှာ ခရစ်ယာန်ဘာသာဝင်ဖြစ်သူ ဘုရင်ဆစ်ဘတ် (Sigbert )ကြောင့် ဖြစ်ဟန်တူသည်။

တောင်ပိုင်းဝက်ဆက်စ် (Wessex) ဘုရင့်နိုင်ငံတော်တွင် သာသနာပြုသူမှာ ပုပ် ရဟန်းမင်းကြီး ဟူနိုးရီးယပ်စ် (Pope Honorius) စေလွှတ်သော သင်းအုပ်ဆရာဘရီး နပ်စ် (Birinus) ဖြစ်သည်။ သင်းအုပ် ဆရာ၏ မျှော်လင့်ချက်အခြေခံအကြောင်းရင်းမှာ “သွန်သင်နိုင်သူ အရောက်အပေါက်နည်းပါးသော နေရာဒေသများတွင် အင်္ဂလိပ်လူမျိုး တို၏ နှလုံးသားထဲ၌ ကောင်းသောမျိုးစေ့ကြဲရမည်”ဟူ၍ဖြစ်၏။ သူ၏ သာသနာလုပ်ငန်း မှာ ဝက်ဝက်ကွဲမျှ အောင်မြင်၍ ဝက်ဆက်စ်ဘုရင်သည် ကယ်တင်ခြင်းသတင်းစကားကို လက်ခံကာ ဗတ္တိဇံခံယူ၍ ဒေါချက်စတာ (Dorchester) ကို ဘရီးနပ်စ်၏ ရုံးစိုက်ရာဌာန အဖြစ် ပေးအပ်သည်။ ယင်းရာစုနှစ်အကုန်ပိုင်းတွင် ရိပွန် (Ripon) မြိုသား ဝီလ်ဖရိဒ် Willrid) သည် ဆက်ဆွန်တောင်ပိုင်း၌ သာသနာပြုသည်။ သူသည်လည်း အလွန်အောင် ၊ မြင်၍ နတ်ကိုးကွယ်သူ အများအပြားကို ခရစ်ယာန် ဘာသာဝင်အဖြစ် သွတ်သွင်းပေးရာ၌ အဓိက တာဝန်ရှိသူဖြစ်သည်။

၈ ရာစုသို ရောက်သော် အင်္ဂလန်တစ်ဝန်းလုံးနီးပါး ခရစ်ယာန်နိုင်ငံဖြစ်လာ၍ နတ် ကိုးကွယ်သူ လူနည်းစုမှာလည်း တဖြည်းဖြည်း ပပျောက်သွား၏။ အိုင်ဒင်တည်ထောင်သော နော်သမ်ဘရာကဲလ်တစ် အစဉ်အလာနှင့် ကင့်ရောမအသင်းတော်များမှာ ကွဲလွဲမှုရှိ “ည်။ ပမာပြုရသော် သင်းအုပ်ဘုန်းကြီးများက ဦးရစ်သရဖူတပ်ဆင်ခြင်း၊ ဦးပြည်းရိတ်ခြင်းနှင့် အီစတာပွဲကျင်းပသော ရက်စွဲများ မတူကွဲပြားခြင်းတိုဖြစ်၏။

အင်္ဂလိပ်အသင်းတော်များဆိုင်ရာ ကနဦးတွေ့ဆုံဆွေးနွေးပွဲများအနက် အထင်ရှား ဆုံးခရစ်ယာန်ညီ လာခံမှာ ၆၆၄ ခုနှစ်တွင် ဝှစ်ဘီ (Whity) ၌ ကျင်းပသော ညီလာခံဖြစ် ၍ ထုတ်ပြန်ချက်အချိုကို အတည်ပြုသော တွေ့ဆုံဆွေးနွေးပွဲဖြစ်သည်။ ဘုရင်ဩစ်ဝေး Osway က သဘာပတိအဖြစ်ဆောင်ရွက်ကာ ရိုမင်အသင်းတော်ကို မျက်နှာလို မျက်နှာရ လုပ်၏။ သူသည် စိန့်ကိုလမ်ဘာထက် စိန့်ပီတာကို ပို၍ သဘောတွေ့သူဖြစ်သည်။ အကျိုးဆက်ကား အင်္ဂလန်တွင် ရိုမင်အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများ ပို၍ခိုင် မာလာခြင်းဖြစ်သတည်း။

 

ဘိုနီဖေ့စ် (၆၈ဝ-၇၈၄) ဂျာမနီသို စေလွှတ်ခြင်းခံရသူ

သာသနာပြုခြင်း စိတ်အားထက်သန်မှု ရှိ၊ မရှိသည် ကျန်းမာသန်စွမ်းသော အသင်းတော် ဖြစ်၊ မဖြစ်၏ အမှတ်အသားဖြစ်သည်။ ၇ ရာစုကုန်ဆုံးချိန်တွင် အင်္ဂလန်အသင်းတော် သည် တောင့်တင်းခိုင်မာလာ၍ စံပြုထိုက်သော အဖွဲအစည်းများနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးများအပြင် အုပ်ချုပ်သူ လူတန်းစား၏ ကြည်ညိုခြင်းခံရခြင်းအကြောင်းမှာ ဥရောပတိုက်ရှိ နိမ့်ပါးသော လူမျိုးနွယ်စုများထံတွင် အရောက်သွား၍ သတင်းကောင်း ဖြန့်ဝေခြင်းများနှင့် ကူညီဖေးမမှုများကြောင့်ဖြစ်သည်။ ထိုသိုဖြစ်ရသည်မှာ ဘုန်းတော်ကြီး ကျောင်းထွက် သာသနာပြုသူများကြောင့်သာမဟုတ်ဘဲ ဓမ္မပညာသင်ယူဖူးသူ အမျိုးသား၊ အမျိုးသမီးများ၏ တစ်တပ်တစ်အား ပါဝင်မှုကြောင့်လည်းဖြစ်သည်။

၇ ရာစုတွင် ရောမ၊ စကော့တလန်နှင့် အိုင်ယာလန် စသည့် နိုင်ငံများမှ ရဟန်း များ၏ အားထုတ်မှု ကြောင့် ခရစ်ယာန်ဘာသာ နိုးကြားထကြွလာကာ အင်္ဂလန်နိုင်ငံရှိ ကယ်တင်ခြင်းသတင်းစကား မကြားရသေး သူများထံ၌ ယူဆောင်ရန် ကြိုးစားကြ၏။ သက်နုအင်္ဂလန်အသင်းတော်သည် ဥရောပတိုက်အတွင်းက မိမိ၏ အိမ်နီးချင်းဖြစ်သော ဂျာမန်လူမျိုးနွယ်စုများထံ၌ ယင်းရာစုနှစ်မကုန်မီ သာသနာပြုများ စေလွှတ်သည်။

ဂျာမနီတွင် ခရစ်ယာန်ဘာသာသည် ၄ ရာစုကတည်းက ရောက်ရှိခဲ့ပြီးဖြစ်၏။ ရိုင်းမြစ် (Rhine) နှင့် ဒညုမြစ် (Danube) တစ်လျှောက်ရှိ မျိုးနွယ်စုများကို အေးရီးယန်း နှင့် ကက်သလစ်အယူက လွှမ်းမိုးထားသည်။ ၆ ရာစုအကုန်ပိုင်းတွင် အိုင်ယာလန် ကဲလ် တစ်အသင်းတော်သည် ဥရောပတစ်ခွင်၌ သာသနာပြုရန် လှည့်လည်ခရီးသွားကြ၏။ သူတိုအထဲမှ အရေးပါဆုံးသူမှာ ကိုလမ်ဘန် (Columban 543-615) ဖြစ်၍ သူသည် ပြင်သစ် (၅၉၀) နှင့် အီတလီအပြင် ရိုင်းနယ်တစ်လျှောက်တွင်လည်း သာသနာ ပြုဖူးသူ ဖြစ်သည်။

ဂျာမနီတွင် သူ၏ သာသနာပြုခရီး ထင်တိုင်းမပေါက်သဖြင့် ၆၆၄ ခုနှစ်၊ ဝှစ်ဘီ ကောင်စီအစည်းအဝေး တွင် အင်္ဂလိပ်သာသနာပြုများကို လွှထားလိုက်၏။ ၆၇၈ ခုနှစ် တွင် အင်္ဂလန်အသင်းတော်မှ သာသနာပြုသူ ရီပွန်မြိုသား ဝီလ်ဖရိဒ်သည် နိမ့်ကျသော လူမျိုးနွယ်စုများနှင့်အတူ ဖရီးရှား (Frisia- ယခု ဟော်လန်) တွင် သာသနာပြုရန် ၂ နှစ် နေထိုင်ခဲ့သည်။

သူ့တပည့်ဖြစ်သူ ဝီလီဘရော် (Willibrord) သည် ၆၉၀ ခုနှစ်တွင် သူ၏သာသ နာလုပ်ငန်းကို ဖရီးရှားအနောက်ဘက်တွင် ဆက်လက်၍ တာဝန်ထမ်းဆောင်သည်မှာ သူ ကွယ်လွန်ချိန် ၇၃၉ ခုနှစ်အထိဖြစ်သည်။ သူ၏ သာသနာလုပ်ငန်းသည် ပုပ်ရဟန်းမင်းကြီး ၏ ကူညီစောင်မမှုကို ရရှိကာ ၆၉၅ ခုနှစ်တွင် ဖရီရှန်သားများ၏ ဂိုဏ်းချုပ်ကြီးအဖြစ် တင်မြှောက်ခြင်းခံရ၍ ရုံးသရက် (Utrecht) တွင် ရုံးထိုင်သည်။

 

ဝီလီဘရောဒ် (၆၅၈-၇၃၉)

ဝီလီဘရောဒ်သည် နော်သမ်ဘရာဇာတိဖြစ်၍ ရီပွန်ကျောင်းတော်ကြီးမှ ဝီလ်ဖရိဒ် လက် ထွက် ပညာတတ်ဖြစ်သည်။ ၆၇၈ ခုနှစ်တွင် အိုင်ယာလန်သို ပြောင်းရွှေ့ကာ ရက်သ်မဲလ် စီဂျီး (Rathmelsigi) ဘုံကျောင်း၌ ၁၀ နှစ်နေပြီးနောက် ဘုန်းတော်ကြီးအဖြစ် သိက္ခာ တင်ပေးခြင်းခံရသည်။ ၆၉၀ ခုနှစ်တွင် တပည့်လက်သား ၁၂ ယောက်နှင့် ဖရီရှာအရပ် တွင် သာသနာပြုရန် ထွက်ခွာ၍ နောင်အခါ ပုပ်ရဟန်းမင်းကြီး၏ မျက်နှာသာပေးမှု ကြောင့် ဖရီရှာဂိုဏ်းချုပ်ကြီးအဖြစ် လျာထားခြင်းခံရကာ ယူသရက်တွင် ကာသီဒြယ် ဆောက်လုပ်ရန် မြေနေရာရရှိသည်။ ၆၉၈ ခုနှစ်တွင် Echtemach လူဇင်ဘာ့ဂ်အရပ်၌ ဘုန်းတော်ကြီးကျောင်း တစ်ဆောင်ဖွင့်လှစ်ကာ ဒိန်းမတ်နိုင်ငံ ဟယ်လီဂိုလန် (Heligoland) နှင့် တူရင်ဂီယာ (Thuringia) တွင်လည်း သာသနာပြုသည်။ သူ့ကို “ဖရီရှန် များထံ၌ သတင်းကောင်းသယ်ဆောင်သူ တမန်တော်အဖြစ် လူသိများသည်။

အထက်ပါ ပုဂ္ဂိုလ်များထက် သာသနာပြုလုပ်ငန်းတွင် ပို၍ အရေးပါသူမှာ အရိုးခံ စိတ်ရှိ၍ နှိမ့်ချသော အင်္ဂလန်နိုင်ငံမှ ရဟန်းတော် ဘိုနီဖေ့စ် (Boniface) ဖြစ်သည်။ သူသည် ထောင်ချီရှိသော လူပေါင်းမြောက်မြားစွာကို ပြောင်းလဲစေပြီး ဝတ်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများကို တည်ဆောက်ကာ အသင်းတော်ဆိုင်ရာ အုတ်မြစ်များကို လည်း ချမှတ်ပေးခဲ့သည်။

 

ခရစ်ယာန်အဆုံးအမအောက်၌ ပြုစုပျိုးထောင်ခြင်းခံရသူ

ဒေဗွန် (Devon) နယ်ဖွား ဝိန်းဖရစ်သ် (Wynfrith) သည် ခရစ်ယာန်မိဘနှစ်ပါးမှ မွေးဖွား၍ (ဘိုနီဖေ့စ်အမည်သည် နောင်အခါမှ ပုပ်ရဟန်းမင်းကြီးပေးသော နာမည်ဖြစ် သည်) အက်ဇီတာ (Exeter) ဘုန်းတော်ကြီးကျောင်းတွင် ကလေးဘဝမှစ၍ သာသနာ

ဘောင်ဝင်သူဖြစ်၏။ သူသည် လူတော်ကလေးဖြစ်၍ အသက် ၁၄ နှစ်အရွယ်တွင် လူမှု အဖွဲ အစည်းများ၌ အသင်းဝင်သူဖြစ်နေပြီဖြစ်သည်။ အသက် ၂၂ နှစ်အရွယ်တွင် အက်ဇီတာ၌ သင်ရိုးကုန်သောကြောင့် Nursling (ဝင်ချက်စတာအနီး) တွင် ဆက် လက်၍ ပညာသင်ယူရန် ပြောင်းရွှေ့သည်။ အရည်အချင်းရှိသူဖြစ်သောကြောင့် သင်း ထောက်မှ တစ်ဆင့် အသင်းတော်လူကြီးအဖြစ် သိက္ခာတင်ပေးခြင်းခံရသည်။

၇၁၅ ခုနှစ်၊ အသက် ၃၅ တွင် ဝိန်းဖရစ်သ်သည် ကျောင်းထိုင်ဘုန်းကြီးထံ၌ ဘုရားရှင်က သူ့ကို ရပ်ခြားတိုင်းတစ်ပါးအတွက် အသုံးတော်ခံရန် ဘုရား၏ အသံတော် ကို ကြားရကြောင်း အသိပေး၏။ သူ့မျှော်မှန်းချက်များ မအောင်မြင်သဖြင့် ရဟန်းတော် တစ်စုနှင့် ဝေးလံသီခေါင်၍ ဘေးအန္တရာယ်များဖြင့် ပြွန်းတီးသောအရပ်သို စွန့်စားထွက် ခွာလာကြသည်။ နှစ်များလွန်သော် သူသည် ဝီလ်ဖရစ်၊ ဝီလီဘရော်နှင့် သာသနာပြု သူများ၏ လှုပ်ရှားမှုများကို စိတ်ဝင်စား၍ ဘုရားရှင်က သူ့ကိုလည်း ထိုသူများကို အသုံး ပြုသကဲ့သို ကယ်တင်ခြင်းသတင်းစကား ပျံ့နှံရန် တစ်ထောင့်တစ်နေရာတွင် အသုံးပြု မည်ဟု ယုံကြည်သည်။

အနောက်ဖရီးရှား ဂိုဏ်းချုပ်ကြီးဝီလီဘရော်က ဝိန်းဖရစ်ကို အခြွေအရံများထည့် ပေးကာ များမကြာမီတွင် သူ၏ ဘူမိနက်သန်အောင်မြေဖြစ်သော မြောက်ပိုင်းဂျာမနီ ရှေးဆက်ဆွန်များရှိရာ အရှေ့ဖရီးရှားသို စေလွှတ်သည်။ ခရီးစဉ် ၄ လပြည့်လေလျှင် ယူးသရက်အရပ်ရှိ အံ့အားသင့်စရာ ဖျက်ဆီးခံဝတ်ကျောင်းအများအပြားနှင့် နတ်ကိုး ကွယ်မှုများ ပြန်လည်ခေါင်းထောင်ထလာသည်ကို တွေ့ရသောကြောင့် ဂိုဏ်းချုပ်ကြီး ကိုပင် အသိမပေးတော့ဘဲ ထိုအရပ်၌ စွန့်စား၍ သာသနာပြုရန် စိတ်တုံးတုံးချတော့၏။

ဝိန်းဖရစ်နှင့်ပတ်သက်သော ကောလာဟလများကို ကြားရသည်တွင် ပုပ်ရဟန်းမင်း ကြီးအသစ် ဒုတိယမြောက် ဂရီဂိုရီက ဂျာမနီလူမျိုးနွယ်စုများကို စိတ်ဝင်တစားရှိလာသည်။ ဝိန်းဖရစ်သည် သူ့အစီအစဉ် ဖြစ်မြောက်ရေးအတွက် ရောမမြိုကို သွား၍ ပုပ်ရဟန်းမင်း ကြီးထံ၌ အခွင့်တောင်းရန် ဆုံးဖြတ်၏။ ၇၁၈ ခုနှစ်၊ ဒီဇင်ဘာတွင် ရောမမြိုသို ရောက် ရှိကာ လူထု၏ ထောက်ခံမှုကို အရယူနိုင်ခဲ့၏။ ဆက်သွန်များအပေါ်တွင် ဝိန်းဖရစ်၏ စိတ်အားထက်သန်မှုကို ပုပ်ရဟန်းမင်းကြီး နှစ်ထောင်းအားရဖြစ်သောကြောင့် ခရစ်တော် အတွက် ဥရောပတစ်ခွင်၌ သာသနာပြုရန် တာဝန်ပေးသည်။ ဝိန်းဖရစ်ကို ဘိုနီဖေ့စ်ဟု နာမည်သစ်ပေးကာ (နာမည်သစ် ရွေးချယ်မှုအတွက် မည်သည့်ဖြေရှင်းချက်မျှ မရှိပေ) ဖရီရှားအရပ်၌ သာသနာပြုသူ ဝီလီဘရော်နှင့် ဝေးရာအရပ်သို စေလွှတ်သည်။

ဝီလီဘရော်နှင့်အတူနေစဉ် ၂ နှစ်အတွင်း၌ ဘိုနီဖေ့စ်သည် ဖရန့်ကစ်() (Frankish) ဘာသာစကားကို လေ့လာသည်။ ထိုနောက် ရိုင်းနှင့် လဲန့် (Lahn) တောင်ကြား ခရီးစဉ်တစ်လျှောက်၌ သူအခြေချမည့်နေရာကို ရှာတွေ့သွားသည်။ သူသည် အဲမွန်ဘာ့ဂ် (Amoneburg) မှ ယုံကြည်ခြင်း၌ သင်းကွဲလမ်းမှားနေသော သေးငယ်သည့် ခရစ်ယာန် အဖွဲအစည်းတစ်ခုနှင့် လုပ်ငန်းစတင်ခြင်းသည် ကောင်းမွန်သော အစပြုခြင်းဖြစ် မည်ဟု ခံစားရ၏။

 

အောင်မြင်မှု

ဘိုနီဖေ့စ်၏ တရားဒေသနာများကြောင့် ယုံကြည်သူများတိုးပွားကာ ခရစ်ယာန်ဘာသာ ဝင်အဖြစ်မှ ယုံကြည်ခြင်းအားနည်း၍ နတ်ကို ပြန်လည်ကိုးကွယ်သူများလည်း အမြင် မှန်ရလာကြသည်။ သူ၏ အောင်မြင်မှုကို ကြားရသော ပုပ်ရဟန်းမင်းကြီးသည် သူ့ကို သင်းအုပ်ဆရာအဖြစ် ရာထူးတိုးပေးကာ ယုံကြည်သူလူသစ်များကို ခရစ်ယာန်ဘာသာဝင် အဖြစ် အသိအမှတ်ပြု သွတ်သွင်းခြင်းများ ပြုလုပ်သည်။ သိုသော် သူ့အတွက် သီးသန့် သာသနာနယ်မြေဟူ၍ သတ်သတ်မှတ်မှတ် မရှိသေးရကား ဘိုနီဖေ့စ်အတွက် တာဝန်ယူ ဆောင်ရွက်ပေးနိုင်သူမှာ ဘုရားရှင်နှင့် ပုပ်ရဟန်းမင်းကြီးသာလျှင် ရှိကြောင်းလည်း သူ သိသည်။

အဲမွန်ဘာက်တွင် သာသနာလုပ်ငန်းများ အားကောင်းလာသည်နှင့်အမျှ ဘုရားကျောင်း အသစ်တည် ဆောက်မှုများလည်းပြုလုပ်ကာ ယုံကြည်ခြင်းလည်း အသစ်တစ်ဖန်ပြန်၍ မွေးဖွားလာ၏။ သိုသော် သူသည် ထိုအရပ်နှင့်အလှမ်းမဝေးသော ရှေးနတ်ဘုရားကိုးကွယ် သည့် ဘိုသားရီ (Borthari) လူမျိုးနွယ်စုများထံ၌ ကယ်တင်ခြင်းသတင်းစကားဝေငှရန် စိတ်အားထက်သန်နေ၏။ ထိုလူမျိုးတိုက ဂေစမာ (Geismar) အရပ်တွင်ရှိသော ဝက်သစ်ချပင်အိုကြီးကို သော် (Thor) ဘုရားအဖြစ် ကိုးကွယ်ဆည်းကပ်ကြသဖြင့် ယင်း ဝက်သစ်ချပင်အိုကြီးက သူ၏သာသနာလုပ်ငန်းကို များစွာ အနှောင့်အယှက်ဖြစ်စေသည်။ ဘိုနီဖေ့စ်သည် ယင်းဝက်သစ်ချပင်အိုကြီးကို မဖြိုချနိုင်မချင်း သူ၏ သာသနာလုပ်ငန်းများ တိုးတက်မှုမရှိနိုင်ကြောင်းလည်း ကောင်းစွာသိ၏။

ထိုကြောင့် အပြင်းအထန် ဆန့်ကျင်နေကြသည့်ကြားက ရန်လိုသော မိစ္ဆာဒိဋ္ဌိများ၏ ရှေ့မှောက်တွင် ပုဆိန်တစ်လက်ဖြင့် တစ်ချက်တည်း ခုတ်လှဲလိုက်၏။ (ထိုတခဏချင်း တွင် လေပြင်းမုန်တိုင်းကြီး တိုက်ခတ်လျက်ရှိသည် ဟူသတတ်) ဘေးမှ ဝိုင်းကြည့် သူများက လက်ခုပ်လက်ဝါးတီး၍ ဘုရားရှင်ကို ချီးမွမ်းကြ၏။ ထိုနောက် ထိုဝက်သစ်ချ ပင်ကြီးကို ခန်းမကြီးအတွက် ချက်ချင်းဆိုသလို ခုတ်ပိုင်းလိုက်ကြသည်။

နောင်နှစ်များတွင် ဟစ်(Hesse) နှင့် တူရင်ဂီယာ (Thuringia) များသို သာသနာ ပြုခရီးစဉ်များ အသီးသီးထွက်ခဲ့ကြရာ အသင်းတော်များဆိုင်ရာ တိုးတက်မှုအကြောင်းကို အင်္ဂလန်နှင့် ရောမမြိုရှိ မိတ်ဆွေသင်္ဂဟများထံ၌ စာဖြင့် အဆက်အသွယ်ပြု၍ အကြောင်း ကြားသည်။ ခရီးစဉ်တစ်လျှောက်တွင် ခရစ်ယာန်ဘာသာ၌ အမြစ်တွယ်လောက်ပြီဟု ယူဆရသော်လည်း ခရစ်ယာန်ဘာသာမှ သွေဖယ်၍ “အစွန်းရောက်သူ” အချို ကိုလည်း တွေ့ရသည်။ သူက ထိုသူများ၏ အခက်အခဲကို သွားရောက်ကူညီကာ ယုံကြည်မှုအား သစ်များ လောင်းပေးခဲ့သည်။

ပုပ်ရဟန်းမင်းကြီးအသစ်သည် ၇၃၂ ခုနှစ်တွင် သူ့ကို ဂိုဏ်းချုပ်ကြီးရာထူးတိုး ပေးသော်လည်း သူ့အတွက် သာသနာပိုင်နယ်မြေဟူ၍ မရှိသေးပေ။ နယ်လှည့်သင်းအုပ် ဆရာဘဝအတွက် ယင်းရာထူးသည် သူ၏ အနုညာတဘဝက အထီးကျန်မှုများကို အနည်းငယ် ကုစားပေးသကဲ့သိုကား ရှိ၏။ သူသည် ဖရန့်ဘုရင် “နှက်တံကြီးချားလ်စ်” (Charles the Hammer) ၏ အထောက်အပံ့ကို အပြည့်အဝမရခဲ့ရှာသဖြင့် သူ့အတွက် သီးသန့်သာသနာနယ်မြေဟူ၍ မရှိခဲ့ခြင်းဖြစ်သည်။

အင်္ဂလန်နိုင်ငံရှိ သာသနာလုပ်ငန်းဆိုင်ရာ လုပ်ဖော်ဆောင်ဖက်မိတ်ဆွေများနှင့် စာ အဆက်အသွယ် ပြုလုပ်ခြင်းက သူ့ကို နှစ်သိမ့်မှုပေး၏။ သူသည် သူရင်ဆိုင်ရသော အခက် အခဲများနှင့်ပတ်သက်၍ အကြံအဉာဏ်တောင်းခြင်းအပြင် သူနှင့် “ရုပ်တုကိုးကွယ်သူ ဂျာမန်များအတွက်” ဆုတောင်းပေးကြရန်လည်း ပန်ကြားသည်။

သူ၏ သာသနာရပ်ဝန်းသည် ကျယ်ပြန့်လာကာ ရိုင်းအနောက်ဘက်ကို ကျော်လွန်၍ Frank land (ပြင်သစ်) ထိတိုင်အောင် လျှံကျလာသည်။ သူသည် ဆက်ဆွန်များ၏ နှလုံး သားကို သိမ်းပိုက်နိုင်သူလည်းဖြစ်၍ ထောင်ချီရှိသော သူ့သိုးစုများသည် သင်းအုပ်ဆရာ သိုးထိန်း၏ ကြည့်ရှုစောင်မမှုကို လိုအပ်သူများလည်း ဖြစ်ကြသည်။ သူသည် ဧဝံဂေလိ လုပ်ငန်းများ ပိုမိုလုပ်ဆောင်ကာ ဖရိုဖရဲဖြစ်နေသော သင်းကွဲအစုများကို ပြန်၍ ပေါင်း ထုတ်ပေး၏။

သူ၏ “သာသနာလုပ်ငန်း” ဆက်လက်တည်မြဲနိုင်ဖိုရန် ဘာသာရေးအဆောက် အအုံများဖြစ်သော ဘုန်းကြီးကျောင်းများနှင့် သီလရှင်ကျောင်းများကို ဦးစားပေးတည် ဆောက်သည်။ ၇၄၄ ခုနှစ်တွင် ပြောင်ပြည်နယ် ဖူလ်ဒါ (Fulda) အရပ်၌ သူ့တပည့် တစ်ယောက်တည်ထားသော ဘုန်းကြီးကျောင်းမှာ အထင်ရှားဆုံးဖြစ်၏။ ဘုရားကျောင်း အတွက် မြေတစ်ကွက်ကို ပုပ်ရဟန်းမင်းကြီးက ခွဲဝေပေး၍ တစ်နှစ်အတွင်း သာသနာ့ ဘောင်ဝင်ခြင်း အစပြုသော်လည်း ထိုဘုရားကျောင်းကြီးသည် ၁၀ နှစ်အချိန်ပေး ဆောက် လုပ်ရ၏။ အစီအစဉ်များအားလုံးမှာ ဘင်နေဒစ် (Benedict) ၏ လက်အောက်တွင်သာဖြစ်သည်။

 

အသစ်တစ်ဖန် ပြန်လည်စတင်ခြင်း

သူ့ဘဝနေဝင်ချိန်တွင် ဘိုနီဖေ့စ်သည် ဖရန့်ကစ်(ရှ်)ဘုရင်များ၏ ကူညီထောက်ပံ့မှုကို ရ၏။ Poitiers အရပ်၌ ၇၃၂ ခုနှစ်တွင် ကျူးကျော်သူမွတ်စလင်များကို အနိုင်ပိုင်းသူ နှတ်တံကြီးချားလ်စ်သည် ခရစ်ယာန်သာသနာပြုလုပ်ငန်းအတွက် အရင်နှစ်များဆီက ထောက်ပံ့ပေးခဲ့သူဖြစ်သည်။ နောင်အခါတွင် နှက်တံကြီးချားလ်စ်၏ သားနှစ်ယောက်က ဖရန့်ကစ်(ရှ်) အသင်းတော်ကို ပြုပြင်ပြောင်းလဲရန် ဘိုနီဖေ့စ်ကို ပင့်ဖိတ်ကြ၏။ ထို အချိန်မှစ၍ ဖရန့်လဲန်တစ်ခုလုံး ဘာသာရေးအသစ်တစ်ဖန်ပြောင်းလဲကာ ဉာဏ်နှင့်ယှဉ် သော အသက်တာဖြင့် အတိပြီး၏။

ဘိုနီဖေ့စ်သည် ဆက်ဆွန်လူမျိုးများထံ၌ ထင်သလောက် ခရီးမပေါက်သောအခါ ဖရီးရှားဘက်သို ခြေဦးပြန်လှည့်လာသည်။ သူ့အမြင်အာရုံများမှုန်ဝါး၍ အသက် ၇၄ နှစ် အရွယ်ရှိသော်လည်း မိစ္ဆာဒိဋ္ဌိများ၏ ခြိမ်းခြောက်မှုက သူ့ကို မဟန့်တားနိုင်ပေ။ ၇၅၄ ခုနှစ်၊ ပင်တေကုတ္တေပွဲအပြီးတွင် စေတနာ့ဝန်ထမ်းအယောက် ၅၀ စုစည်း၍ သာသနာ ပြုရာ အောင်မြင်မှုအကြီးအကျယ်ရသော်လည်း ထိုခရီးစဉ်သည် သူ၏ နောက်ဆုံးခရီး ဖြစ်ရရှာ၏။

ယုံကြည်သူလူသစ်များကို နောက်တစ်နေ့တွင် ဗတ္တိဇံပေးနိုင်ရန်အတွက် တွန်း (Boorn) မြစ်ကမ်းဘေး၌ တစ်ညတာ စခန်းချကြ၏။ မနက်စောစောတွင် “အလွန် ကြောက်မက်ဖွယ်ကောင်းသော ညာသံပေးသည့်အသံများ”ညံနေတော့၏။ ရဟန်းများလည်း တဲများထဲမှ ထကာ ပြန်လည်တိုက်ခိုက်ကြသည်။ ထိုအခါ ဘိုနီဖေ့စ်က သူ့နောက် လိုက်များကိုခေါ်၍ ပြန်လည်မတိုက်ခိုက်ရန် ဤသို နားချသည်။ “ဂေသရှေမန် ဥယျာဉ်အတွင်းက ခရစ်တော်ရဲ့ ထုံးကို နှလုံးမူကြပါ”

ထိုတဒင်္ဂတွင် တစ်ဖွဲလုံးမှာ မာတုရများအဖြစ် အသတ်ခံကြရသည်။ ဘိုနီဖေ့စ် သည် စာအုပ်တစ်အုပ်ဖြင့် ဦးခေါင်းခွံကို တစ်ချက်တည်း အရိုက်ခံရ၍ သွေးပင်မထွက်ဘဲ သေဆုံးခဲ့ရသည်။ နောင်တွင် ရုပ်ကလာပ်ကို ပြန်လည်တူးဖော်ကာ ဖူလ်ဒါတွင် မြှုပ်နှံသဂြိုဟ် ၍ သူ့ကိုမြှုပ်နှံရာ ဂူဗိမာန်ဓမ္မာရုံသည် ဘုရားဖူးများအတွက် အထွတ်အမြတ်ထားရာနေရာ ဖြစ်လာသည်။

သူသည် ကဲလ်တစ်အသင်းတော်၏ ကြဲထားသော ပျိုးပင်များကို ရိတ်သိမ်းသူသာ လျှင်ဖြစ်သည်ဟု ဆိုကြစေကာမူ အခြားသူများနှင့်နှိင်းစာလျှင် သူသည် “ဂျာမနီတမန် တော်”ဟု ပို၍ ခေါ်ထိုက်ပေ၏။ သူ၏ ကြီးမားသော အားထုတ်မှုကြောင့် ဂျာမန်အသင်း ၊ တော် ပြန်လည်မွေးဖွားရခြင်းဖြစ်သည်။ ‘

 

မဟာအာလ်ဖရတ် (၈၄၉-၈၉၉) ဝက်ဆက်(စ်)ဘုရင် ၊

အင်္ဂလန်သည် ခရစ်ယာန်နိုင်ငံဖြစ်သည်နှင့်အညီ ပြဋ္ဌာန်းဥပဒေများနှင့် ထုံးတမ်းဓလေ့ များမှာ ခရစ်ယာန်ယုံကြည်ချက်မှ ဆင်းသက်ပေါက်ဖွားလာခြင်းဖြစ်သည်။ ၉ ရာစု တွင် ခရစ်ယာန်ဘာသာသည် ကြမ်းကြုတ်ခက်ထန်သော ဒိန်းမတ်သားဗိုင်ကင်းများ (Vikings of Denmark) ဖြစ်ကြသည့် မိစ္ဆာဒိဋ္ဌိကျူး ကျော်သူများ၏ စိန်ခေါ်နှောင့်ယှက် မှုကို အလူးအလဲ ခံရ၏။ ထိုသူများသည် သူတို၏ ရှေးဆက်ဆွန်ဘိုးဘေး များထက်ပင် ပို၍ ရက်စက်ကြသည်။ သိုသော် အင်္ဂလန်သည် ဝက်ဆက်(စ်)ဘုရင် အားလ်ဖရတ် (Alfred) ၏ ခေါင်းဆောင်မှုအောက်၌ အသက်ချမ်းသာရာရကြ၍ သူ၏ အုပ်စိုးချိန် ၂၈ နှစ်တာတွင် ရန်သူများကို ပင်လယ်ပြင်သို ပြန်လည်မောင်းချကာ အင်္ဂလိပ်လူမျိုးများကို ပေါင်းစည်း၍ ခရစ်ယာန်ဘာသာကိုလည်း ပြန်လည်တည့်မတ်ပေးခဲ့သည်။

အာလ်ဖရတ်သည် ၈၄၉ ခုနှစ်တွင် Wantage (အောက်စ်ဖိုဒ်ရှိင်းယား) ၌ မီးရှူး သန့်စင်ဖွားမြင်၍ ဝက်ဆက်(စ်)ဘုရင် အီသယ်ဝှစ်(ဖ်) (Ethelwulf) ၏ သားယောက်ျား ၄ ယောက်ထဲမှ အငယ်ဆုံးဖြစ်သည်။ မိဘများသည် ခရစ်ယာန်ကောင်းများဖြစ်ကြသော ကြောင့် သားများကိုလည်း ဘာသာရေးအသိပညာများကို ငယ်စဉ်ကတည်းက ခွံကျွေး သူများဖြစ်ကြ၏။ အာလ်ဖရတ်သည် အရွယ်ရောက်လာသည့် အခါ ဘာသာရေးကို အထူးခုံမင်လိုက်စားသည်။ ထိုကြောင့်လည်း ဘုရင်ဖြစ်လာချိန်တွင် အသက်တာနေထိုင် မှုပုံစံနှင့် တာဝန်ယူရသည့်အခန်းကဏ္ဍမှာ ယုံကြည်ခြင်းက သူ့အတွက် ရှေ့ဆောင်မီးခွက်ဖြစ်လာသည်။

မျက်နှာသာရသော သားဖြစ်သောကြောင့် တရားစီရင်ရာနေရာသည် သူ့အတွက် လာသင်ယူရာနေရာသဖွယ်ဖြစ်လာ၏။ မမ်းစ်ဘယ်ရီ (Malmesbury) မှ အောလ်ထမ် Adhem) သီကုံးထားသော ဓမ္မသီချင်းများ သင်ယူနေရသော်လည်း သူ့အသက် ၁၂ (သို့) ၁၃ နှစ်အရွယ်ထိတိုင် စာမဖတ်တတ်ပေ။ စာဖတ်တတ်သည့်အခါတွင် ကမ္ဘာသစ် တွေ့ရှိသူကဲ့သိုဖြစ်ကာ စာကို အငမ်းမရ ဖတ်နေတော့၏။ ထိုအချိန်မှစ၍ ဘုရား ကျောင်းတွင် ဆုတောင်းလာကြသူများထံ၌ တပည့်ခံ၍ လေ့လာသည်။

ငယ်စဉ်က ရောမမြိုသို အလည်အပတ်ရောက်ဖူးသော်လည်း ရက်စွဲအတိအကျမသိ ရပေ။ ပထမတစ်ခေါက်တွင် ဖခင်၏ စေခိုင်းချက်အရဖြစ်၍ လအနည်းငယ်ခန့်သာနေကာ အင်္ဂလိပ်ကောလိပ်၌ တည်းခို၏။ နောက်တစ်ခေါက်တွင် ဖခင်နှင့်ဖြစ်၍ ၁ နှစ် ခန့်မျှကြာ သည်။ တမန်တော်ပေတရုနှင့် ပေါလုတို၏ ဂူသင်္ချိုင်းများသို ရောက်ခဲ့ကြဟန်တူ၍ စိန့်ပီ တာဘုရားကျောင်းအတွက် ရွှေနှင့် ငွေများကို လက်ဆောင်အဖြစ် ယူဆောင်ကြသည်။

၈၅၈ ခုနှစ်တွင် သူ့ဖခင်ကွယ်လွန်၍ မိသားစုများ ယင်းအဖြစ်ဆိုးကြောင့် ဝမ်းနည်းနေစဉ်တွင် အာလ်ဖရတ်၏ အစ်ကို ၃ ယောက်စလုံးလည်း ဝမ်းတွင်းပါရောဂါဖြင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို အသီးသီးတိမ်းပါးသွားကြ၏။ အင်္ဂလန်သမိုင်းတစ်လျှောက် ၌ အမှောင်မိုက်ဆုံးအချိန်ဖြစ်သော သူ့အသက် ၂၂ နှစ်အရွယ်တွင် သူသည် ဝက်ဆက်(စ်) ဘုရင့်နိုင်ငံတော်၏ ထီးဆောင်းမင်းအဖြစ် နန်းတက်သည်။

ဒိန်းမတ်ဗိုင်ကင်းများက ၇၉၃ ခုနှစ်တွင် လောင်းဒစ်(စ်)ဖိန်းကို လုယက်တိုက်ခိုက် ပြီးချိန်တွင် သူတို၏အဓိကပစ်မှတ်မှာ အင်္ဂလန်ဖြစ်သည်။ သူတိုသည် ပင်လယ်ကမ်းခြေ အနီးရှိ မြိုများကို စတင်ဖျက်ဆီး၍ ဝတ်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို လုယက် ဖျက်ဆီးကာ ခရစ်ယာန်ဘာသာကို နင်းချေပစ်ပြီး နတ်ဘုရားကိုးကွယ်မှုကို နဂိုအတိုင်း ဖြစ်စေသည်။ ၈၆၅ ခုနှစ်တွင် Ivar the Boneless ၏ ခေါင်းဆောင်မှုဖြင့် ကြီးမားသော ဗိုင်ကင်းစစ်တပ်ကြီးသည် အရှေ့အင်္ဂလီယာသိုတိုင် အောင်မြင်စွာ ချီတက်နိုင်ခဲ့ကြ၏။ သူတိုသည် ၈၆၆ ခုနှစ်တွင် ယော့ခ်ကို ကျွန်ပြု၍ နော်သမ်ဘရာကို နင်းချေပစ်ကာ မာစီ ယာကို သိမ်းပိုက်၍ ၈၇၂ ခုနှစ်တွင် လန်ဒန်ကို ကျွန်ပြုသည်။

 

အောင်ပွဲဆင်ခြင်း

၈၇၁ ခုနှစ်တွင် ဘုရင်ဖြစ်လာသော အာလ်ဖရတ်သည် ဝက်ဆက်(စ်)ကို ရန်မူ၍ တစ်စ အစစ တိုးပွားလာသော ဗိုင်ကင်းများကို ဘုရင်ဖြစ်စ ပထမနှစ်တွင် ၉ ကြိမ်မျှ တိုက် ဆင်ရ၏။ ၈၇၈ ခုနှစ်၊ အယ်သာဏီ (Athelney) စိမ့်တောတွင် တစ်ဆောင်းခို ပြီးနောက် သူ၏ တပ်မကြီးကို ပြန်လည်စုစည်းကာ ချုံပင်နမ် (Chippenham) တောင် ဘက် အီဒင်တန် (Edington) တိုက်ပွဲ၌ ဗိုင်ကင်းများကို အပြတ်အသတ် အောင်ပွဲဆင် ကာ ငြိမ်းချမ်းရေးစကားဆိုသည်။ ယင်းစစ်ပြေငြိမ်းရေးသည် ဒိန်းမတ်သားများအတွက် အရေးကြီးသော အလှည့်အပြောင်းတစ်ခုဖြစ်လာ၏။

စစ်ရှုံးသူ ဗိုင်ကင်းဘုရင် ဂူသရမ် (Guthrum) နှင့် မျိုးနွယ်စုအကြီးအက် ၂၉ ဦး တိုသည် ခရစ်ယာန်ဘာသာကို လက်ခံကြရ၏။ သူတိုသည် ဗတ္တိဇံခံကြရကာ ဂူသရမ်ကို အားသဲလ်စတင် (Athelstan) ဟု သူ့ခေါင်းကိုင်ဖခင် အာလ်ဖရတ်က ခရစ်ယာန်နာမည် ပေးသည်။ များမကြာမီတွင် အာလ်ဖရတ်ကို လွတ်လပ်သော အင်္ဂလန်နိုင်ငံ လူ့ဘောင် အဖွဲအစည်း၏ ခေါင်းဆောင်အဖြစ် တင်မြှောက်ကြကာ ဒိန်းမတ်သားများ၏ အာဏာစက် ကွင်းထဲ ကျရောက်သူများအားလုံးကလည်း အသိအမှတ်ပြုလက်ခံကြရသည်။ ဝက်ဆက်စ် ဘုရင်ကို ဤသို အသိအမှတ်ပြုခြင်းသည် နောင်အခါတွင် စည်းလုံးသော အင်္ဂလိပ်အမျိုး သားရေးကို လမ်းဖွင့်ပေးသကဲ့သို ရှိသည်။

ဒိန်းမတ်သားများနှင့် ငြိမ်းချမ်းရေး အရယူနိုင်မှုအတွက် အာလ်ဖရတ်သည် သူ့ နိုင်ငံတော်ကို ပြန်လည်တည်ဆောက်ရန်နှင့် အရံအတားများပြုလုပ်ရန် အထောက်အကူ ဖြစ်စေသည်။ သူသည် ချီချက်စတာ (Chichester) တွင် ရောမ၏ အရံအတားပုံစံ (သို) ပရိုချက်စတာ (Porchester) အရပ်ရှိ ရောမဆက်ဆွန်များ၏ ကမ်းခြေခံတပ်များသဖွယ် ရေသွယ်မောင်းများနှင့်တောင်ကမူများကို သူ၏ သစ်တပ်ဖြင့် ကာရံပိတ်ဆိုစေ၍ ခံတပ် အသစ်များ ဆောက်လုပ်စေသည်။

ထိုနောက် ရန်သူတော်များနှင့် ပင်လယ်ပြင်တွင် ထိပ်တိုက်တွေ့ပါက အနိုင်ရနိုင်ရန် သင်္ဘောများဖြင့် ရေတပ်ကို ဖန်တီး၏။ သူရေးဆွဲသော ထိုသင်္ဘောပုံစံမှာ ဒိန်းမတ်သား များ၏ ရွက်လှေအရှည်ကြီးများထက်ပင် သာ၍ကောင်းသည်။ အစပထမတွင် သူ့လူများ ကို ဖရီရှန်းသားပင်လယ်ပျော်သမားများထံ၌ အတတ်ပညာများ သင်ယူစေ၏။ သူအုပ် စိုးသည့်ကာလကုန်ဆုံးချိန်တွင် သင်္ဘောကြီးများမှာ မီးဖိုဆောင်များဖြင့် အခန်းဖွဲ၍ အင်္ဂလိပ်ရေတပ်သုံးသင်္ဘောများဖြစ်လာကာ ရေချ၍ ရွက်လွှင့်စေသည်။ ယနေ့အချိန်တွင် အာလ်ဖရတ်ကို “အင်္ဂလိပ်ရေတပ်၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုကြသည်။

အာလ်ဖရတ်သည် ကြီးကျယ်သော ဘုရင့် နိုင်ငံတော်၌ ဘုရင်ဖြစ်လာသောအခါ နိုင်ငံအဝှမ်းရှိ ပြည်သူပြည်သားများ၏ လူမှုဖူလုံရေးအတွက် မိမိအစွမ်းရှိသမျှ ဆောင် ရွက်သည်။ အထူးသဖြင့် တိုင်းသူပြည်သားများသည် ခရစ်ယာန်ယုံကြည်ခြင်းမှ လမ်းမှား ရောက်သွားမည်ကို သူ အလွန်စိုးရိမ်သည်။ ထိုကြောင့် တိုင်းသူပြည်သားများကို သမ္မာ ကျမ်းစာ၏ အဆုံးအမ ပညတ်ချက်များအတိုင်း လိုက်နာရန် ဆော်သြတိုက်တွန်းသည်။

ခရစ်ယာန်ဘုရင်တစ်ပါးဖြစ်သည်နှင့်အညီ အာလ်ဖရတ်သည် တိုင်းသူပြည်သား များအတွက် ပုံသက်သေကောင်းဖြစ်ရန် ကြိုးစားအသက်ရှင်သည်။ အခါတစ်ပါးတွင် ဗိုင်ကင်းမျိုးနွယ်စု အကြီးအကဲတစ်ဦးက ကတိပျက်သည်။ ထိုအခါ အာလ်ဖရတ်က သွားရောက်တိုက်ခိုက်၍ သူ့မိသားစုကို သုံပန်းအဖြစ် ဖမ်းဆီးကာ မေတ္တာပြသည့်အနေ ဖြင့် ဓားစာခံများကို ကျွန်မပြုဘဲ ငွေထုပ်များပေးကာ ပြန်လွှတ်ပေးခဲ့သည် ဟူ၏။

အာလ်ဖရတ်က ခိုးဆိုးဓားပြများဖျက်ဆီးထားသော ဘာသာရေးအဆောက်အအုံများ ကို ပြန်လည်တည်ဆောက်လိုလှ၏။ အကြောင်းမလှစွာပင် ယနေ့တွေ့ရသော ဆက်ဆွန် ဝတ်ကျောင်းများသည် သူတည်ဆောက်ထားကြောင်း အထောက်အထားမရှိပေ။ သိုသော် ဝင်ချက်စတာ (Winchester) ဓမ္မရုံ၊ အဲသယ်ဏီ ဘုန်းတော်ကြီးကျောင်းနှင့် ရဲဖ်ဘာရီ (Shaftesbury) Soqcompê:ąp:3028 apopseoos?00:cas empê:ąp:GS သည်မှာ သေချာ၏။ သူ့အိမ်တော်ရာတွင် အင်္ဂလိပ်ရဟန်းတော်များထားရှိရန် စိတ်ကူးမှာ အကောင်အထည်မဖော်နိုင်သော်လည်း အရပ်တစ်ပါးသို စေတနာ့ဝန်ထမ်း သာသနာပြု များကိုကား စေလွှတ်နိုင်ခဲ့၏။ သူသည် တိုင်းတစ်ပါးမှ ပညာရှင်များ၊ ကျောင်းဆရာများ နှင့် ဓမ္မဆရာများကို မရအရခေါ်ယူ၍ ဝက်ဆက်(စ်)၏ ချမ်းသာကြွယ်ဝမှုကို လေ့လာစေ ၊ သည်။

 

ပေးကမ်းစွန့်ကြဲသူ

အာလ်ဖရတ်သည် သူ၏ ဝင်ငွေတစ်ဝက်ကို ဘုရားရှင်အတွက် ခွဲဝေသတ်မှတ်ကာ ကျန် တစ်ဝက်ကို လေးပုံ ပုံ၍ မရှိဆင်းရဲသားများအတွက် တစ်ပုံ၊ သူ့ဘုန်းတော်ကြီးကျောင်း အတွက် တစ်ပုံ၊ စာသင်ကျောင်းအတွက် တစ်ပုံနှင့် အိမ်နီးချင်း မာစီယာဘုန်းတော်ကြီး ကျောင်းများနှင့် အခြားနေရာများတွင် တစ်ပုံကို အသုံးပြုသည်။ ဖခင်၏ ရက်ရောမှုကို စံထား၍ ရောမသို လက်ဆောင်ပဏ္ဏာများ ပေးကမ်းစွန့်ကြဲကာ နှစ်တိုင်း ပုပ်ရဟန်းမင်း ကြီးထံသို သံအဖွဲစေလွှတ်၍ အသင်းတော်နှင့် အင်္ဂလိပ်ကောလိပ်အတွက် လိုအပ်သည် များကို ဆက်ကပ်လှူဒါန်းသည်။

အာလ်ဖရတ်သည် လက်တွေ့ကျသူဖြစ်၍ သူ၏ ထိုးထွင်းသိမြင်တတ်သော ဉာဏ် ရည်ကို ဘုရားရှင်အတွက် ဆက်ကပ်အသုံးတော်ခံသည်။ သူသည် ဖယောင်းတိုင်ကို တီထွင်ကြံဆသူဖြစ်၍ အချိန်သတ်မှတ်ရာတွင် အသုံးပြုစေသည်။ ထိုအပြင် နွားသိုးဦးချို အဖြူများကို ဖန်သားကဲ့သို ပါးလှပ်နေအောင် ရွေဘော်ထိုးစေ၍ မီးအိမ်ငယ်များအဖြစ် လည်း ပုံဖော်ဖန်တီးသည်။ ဘုရားရှင်အတွက် အချိန်တစ်ဝက်ကို ခွဲဝေအသုံးပြုကာ နိုင်ငံ တော်နှင့်ပတ်သက်သော လုပ်ငန်းဆောင်တာများအတွက်လည်း တာဝန်ကို မလစ်ဟင်း စေသူဖြစ်သည်။

အာလ်ဖရတ်သည် တိုင်းသူပြည်သားများကို ရင်ဝယ်သားကဲ့သို ပိုက်ထွေး၍ မျှမျှ တတဖြစ်စေရန် လိမ္မာပါးနပ်စွာ အုပ်ချုပ်၏။ ဘုရင်တစ်ပါးဖြစ်သည်နှင့်အညီ ဝီတ) (Witan) အရပ်မှ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ၏ အာဏာပိုင်များ၊ အသင်းတော်လူကြီးများ၊ နှင့် အရေးပါသော သာမန်အသင်းသားများက ဝန်းရံလျက်ကူညီကြသည်။ သူ၏ အုပ် ချုပ်မှုကာလအဆုံးပိုင်းတွင် “ပညတ်တော်ဆယ်ပါး”နှင့် “ခရစ်တော်၏ ကိုယ်ချင်းစာ တရား” (Golden Rule of Jesus) များကို အခြေပြု၍ ကျင့်ဝတ်သီလဆိုင်ရာ ဥပဒေ၊ သစ်တစ်ရပ်ကို ရေးသားပြဋ္ဌာန်းသည်။ ယင်းဥပဒေကို ပြဋ္ဌာန်းရခြင်း၏ အဓိကရည် ရွယ်ချက်မှာ တိုင်းသူပြည်သားများ၏ ဘာသာရေးနှင့် အသက်တာသည် ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းကဲ့သို ခွာမရဘဲ ကပ်နေစေရန်ဖြစ်သည်။

ပြဋ္ဌာန်းထားသော ဥပဒေသစ်နှင့်ပတ်သက်၍ ဘုရင်ကြီးသည် သူ့တစ်ယောက်တည်း ၏ သဘောအတိုင်း တဇွတ်ထိုးမလုပ်ဘဲ ဝက်ဆက်(စ်)ဘုရင့်နိုင်ငံတော်အဝန်းရှိ တတ် သိသူများနှင့် စုဝေးတိုင်ပင်ခြင်းဖြစ်သည်။ မကျေနပ်သူများကို အုပ်ချုပ်ရေးအဖွဲနှင့် ပေးတွေ့ကာ ညှိနှိင်းစေ၏။ ထိုဥပဒေကို လက်မခံနိုင်သူများအား ဘုရားရှင်ကို ဆန့်ကျင် အာခံသူများဖြစ်သည်ဟု ကြေညာ၏။

အာလ်ဖရတ်၏ စာပေလိုက်စားမှုမှာ အခါနှောင်းသည်ဟု ထင်ရသော်လည်း သူ၏ ပညာဉာဏ်ရည်ဉာဏ်သွေးမှာ အတော်ပင် မြင့်မားလျက်ရှိ၏။ အင်္ဂလိပ်စာပေနှင့်ပတ် သက်လျှင် အုတ်မြစ်ချပေးသူမှာ အာလ်ဖရတ်ဖြစ်သည်ဟု ယနေ့တိုင် ပြောဆိုသူများပင်ရှိ သည်။ သူသည် ဆက်ဆွန်အစဉ်အလာများနှင့် ရိုးရာပုံပြင်များကို အခြေခံ၍ ရေးသား ထားသော ကဗျာများနှင့် တောဝက်သိုးနှင့် နဂါးများကို သတ်ဖြတ်သော သူရဲကောင်းများ ၊ အစရှိသည့် ပုံပြင်များကို တယုတယ သိမ်းဆည်းထား၏။

၈၉၂ ခုနှစ်မှ သူကွယ်လွန်ချိန် ၈၉၉ ခုနှစ်အတွင်း၌ သူသည် လက်တင်ကျမ်းကြီး ငါးကျမ်းကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည်။ ထိုအထဲတွင် ဂရီဂိုရီ သည် ဂရိတ် ၏ Cura Pastoralis ခေါ် သင်းအုပ်ဆရာများ၏တာဝန်များ အမည်ရ စာအုပ်မှာ အထူးထင်ရှားသည်။ သူကိုယ်တိုင်လည်း ဆော့ဒ်၏ အင်္ဂလိပ်အသင်းတော်သမိုင်းနှင့် စိန့် ဩဂတ်စတင်းအကြောင်း သိကောင်းစရာ စာအုပ်နှစ်အုပ်ကို ဘာသာပြန်သည်။ သူ အနှစ်သက်ဆုံးစာအုပ်မှာ Manual ဖြစ်၍ နောက်ဆုံးတစ်အုပ်မှာ ကျမ်းစာ၌ ဝင်စား ပျော်ဝင်ခြင်းဟု အနက်ရသော စာအုပ်ဖြစ်ကာ ယခု ရှာမရတော့ပေ။

အာလ်ဖရတ်သည် ပညာရေးကို ဦးထိပ်ထားသူဖြစ်ကြောင်းကား သိသာထင်ရှား ၏။ သားထွေး အီသယ်ဝှစ် (Ethelwerd) ကို ဖခင်ကြီးတည်ထောင်ထားသော ကျောင်း ၊ တော်ကြီး၌ ပညာရှာ စာအံစေသည်။ ကလေးငယ်သည် လက်တင်နှင့် ဆက်ဆွန်စာအုပ် များကို သင်အံရ၏။ အာလ်ဖရတ်က ထိုကျောင်းတော်ကို ကျွန်မဟုတ်သူ ကလေးများ အတွက်သာရည်သန်၍ ပုံစံဖော်လမ်းခင်းပေးခဲ့၏။ အကယ်စင်စစ် ထိုသို မဖြစ်သင့်ပေ။

ဘုရင်တစ်ပါးအဖြစ် အာလ်ဖရတ်သည် ရိုသေထိုက်သူတစ်ဦးဖြစ်၏။ ရောမများ ဝင်ရောက်သိမ်းပိုက်နေထိုင်၍ ပျက်စီးခြင်းငါးပါးဖြင့် တိမ်ကောလုသော လန်ဒန်ကို ၈၈၄ ခုနှစ်တွင် ပြန်လည်သိမ်းပိုက်သည်။ တံတိုင်းများ ပြန်လည်တည်ဆောက်ကာ လူစု၍ သိမ်းမြစ်တစ်လျှောက်ကို ခိုင်မာစွာ ကာကွယ်၏။ ယင်းလုပ်ဆောင်ချက်သည် သမိုင်းတွင် အလွန်အရေးပါလှ၏။ အကြောင်းမှာ လန်ဒန်ကို အနာဂတ်အတွက် မြိုတော်ဖြစ်ရန် ပြင်ဆင်ပေးသကဲ့သို ရှိသောကြောင့်ပင်တည်း။ ။

အာလ်ဖရတ်ကို “မဟာ”ဟု ဝိဂြိုဟ်ပြုခြင်းသည် သူ့အောင်မြင်မှုနှင့်စာလျှင် အံ့သြ စရာမရှိပေ။ ထိုက်တန်ပေ၏။ သူသည် ရက်စက်ကြမ်းကြုတ်သော လူရိုင်းများကို ပြား ပြားဝပ်သွားအောင် နှိမ်နှင်းသူသာ မဟုတ်ဘဲ အင်္ဂလန်နိုင်ငံ၏ ခရစ်ယာန်ဘာသာကို အုတ်မြစ်ချပေးသူလည်းဖြစ်သည်။ သူကွယ်လွန်သောအခါ ရုပ်အလောင်းကို ဝင်ချက်စတာ ကာသီဒြယ်၌ မြှုပ်နှံ၍ နောင်အခါ သူတည်ထောင်သော ဓမ္မာရုံသို ပြောင်းရွှေ့သည်။ ဝက်ဆက်(စ်)အမည် ပျောက်ကွယ်လုသည်မှန်သော်လည်း အင်္ဂလန်၏ သက်ဦးဆံပိုင် ဘုရင်မင်းဆက်သမိုင်းတွင် အာလ်ဖရတ်သည် နေမင်းတစ်ဆူကဲ့သို ထွန်းတောက်နေမည့် သူဖြစ်သည်။ သူ့သချင်းစာတွင် ဤသို ကမ္ပည်းထိုးထား၏။ “ကျွန်ုပ်အသက်ရှင်စဉ် ကာလတွင် လူ့အဖိုးတန် တစ်ယောက်ဖြစ်အောင် အသက်ရှင်ခဲ့သည်။ ကျွန်ုပ်သေ လွန်သော် ကျွန်ုပ်ပြုခဲ့သော ကောင်းမှုကုသိုလ်များကို နောင်လာနောက်သားများ သတိရကြစေ။

 

 

 

 

 

 

 

 

 

သာသနာ့ဘောင်ဝင်မှု ကျယ်ပြန့်လာခြင်း

 

မူလအစ

ဆိတ်ငြိမ်ရာအရပ်၌ သီးသန့်နေထိုင်၍ ဆုတောင်းခြင်း၊ တရားထိုင်ခြင်းနှင့် ဘုရားကို ရှာဖွေခြင်း စသည့် ကျင့်စဉ်များသည် ရာစုနှစ်များဆီက ဘာသာရေးသမားများ၏ ပွဲတွေ့အကြိုက်ဖြစ်သည်။ တတိယရာစုမှစ၍ ခရစ်ယာန်များသည် အဖွဲအစည်းက ချမှတ် ပေးသော စာအုပ်ကြီးအတိုင်း ဘုရားကို မရှာကြတော့ဘဲ ခရစ်တော်၏ အသက်တာ နှင့်တူအောင် အားထုတ်ကျင့်ကြံနိုင်ရန် လောကီချမ်းသာများကို ပယ်စွန့်ကြ၏။ ထိုနောက် ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို အသီးသီးခိုလှုကြသည်။

ဘုန်းကြီးကျောင်း (monastery) နှင့် ဆင်တူဝေါဟာရအချိုသည် ဂရိဘာသာမှ ဆင်းသက်၍ အနက်မှာ “တစ်ခု”(သို) “အထီးတည်း”ဟူ၍ဖြစ်သည်။ အဓိပ္ပာယ်မှာ လူသူနှင့်ဝေးရာ (သို) သီးသန့်နေထိုင်ခြင်းဟူသော သဘောကိုဆောင်၏။ ထိုကဲ့သို အ သက်ရှင်သူများကို အစောဆုံးတွေ့ရသောနေရာမှာ အီဂျစ်သဲကန္တာရတွင်ဖြစ် ၍ သူတိုသည် ခြိုးခြံစွာနေထိုင်သော ရသေ့များဖြစ်ကာ အဖွဲအစည်းနှင့် အဆက်အဆံမလုပ်ကြ သူများဖြစ်သည်။ နောင်အခါတွင် ရဟန်းတော်များသည် “ကျောင်းတစ်ကျောင်းထဲ၌ အတူတကွ စုစည်း၍” (coenobitic) တရားအားထုတ်ကြ၏။ (ထိုစကားလုံး၏ ဂရိအနက်မှာ “တစ်မိုးအောက်၌ အတူနေထိုင်သူများ” ဟူ၍ ဖြစ်သည်) ယခုအချိန် တွင် ရဟန်းများသည် သီးသန့်မနေတော့စေကာမူ ဘာသာရေးအရိပ်ကို ခိုလှု၍ သူ တို၏ တရားအားထုတ်ရာ နေရာကို ဘုန်းကြီးကျောင်းဟုပင် ဆက်လက်ခေါ်ဝေါ်သုံးစွဲလေ့ ရှိကြသည်။

“ ခရစ်ယာန်တချိုက ဤကျင့်စဉ်၏ မူလအစသည် ခရစ်ဝင်ကျမ်းဖြစ်သည်ဟုဆိုကြ၏။ အဆိုအရ ခရစ်တော်သည် သီခေါင်သောအရပ်၌ လွန်စွာ မွတ်သိပ်လျက်ရှိနေသော် – မည်သည့်အစာအာဟာရကိုမျှ မမှီဝဲဘဲ ရက်ပေါင်းလေးဆယ် ဧကစာရီကျင့်သည်ဟု ၏။ ထိုအပြင် ရံခါဆိုသလို ခရစ်တော်၏ ဆိတ်ငြိမ်ရာအရပ်၌ တစ်ကိုယ်တည်းအလင်း ပေါက် ဆုတောင်းခြင်းသည် ခရစ်တော်က တပည့်တော်တိုကို တင်းကြပ်စွာ သီလစောင့် သွန်သင်ခြင်းဖြစ်၍ လောကီဥစ္စာပိုင်ဆိုင်လိုမှုများကြောင့် ခလုတ်မထိ ဆူးမငြိဘဲ လိမှာရစ်ကြရန် လမ်းပြဖော်ဆောင်ပေးခြင်းဖြစ်သည်ဟု ဆိုကြသည်။ ခရစ်တော်၏ ယင်းအပြုအမူကို  အကောက်မှားမိသော ကြောင့် တောထွက်၍ ဧကစာရီကျင့်သော ရသေ့ ရဟန်းများနှင့် သာသနာ့ဘောင်ဝင်မှုများ ကျယ်ပြန့်လာ ခြင်းဖြစ်သည်။

ဤရဟန်းများထဲမှ ဩဇာအရှိဆုံးမှာ အသက် ၁၈ နှစ်အရွယ်ရှိ လူငယ်အန်ထော်နီ (Antony 251-356) ဖြစ်၍ သူသည် သူပိုင်သမျှသော ကြွယ်ဝမှုများအားလုံးကို ကျော ခိုင်းကာ အီဂျစ်လွင်တီးခေါင်အရပ်တွင် ဧကစာရီကျင့်သူဖြစ်၏။ သူ၏ နောက်လိုက်များ က အခန်းငယ်ကလေးများအသီးသီးတွင် သူ့ဩဇာအောက်၌ တရားအားထုတ်ကြသည်။ ဤရဟန်းများသည် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအပြင် ကျမ်းစာလေ့လာခြင်း နှင့် ငြိမ်ဝပ်စွာ တရားအားထုတ်ခြင်းများ ပြုလုပ်ကြသည်။ တစ်ကိုယ်ရေတစ်ကာယ ရဟန်း ဘဝတွင် အန်ထော်နီသည် များစွာ အခက်တွေ့၏။ သူ၏ အမြင်အာရုံ၌ မျက်နှာဖုံးစွပ်ထား သော သားရဲတိစ္ဆာန်များက သူ့ကိုတိုက်ခိုက်ကြသည်ဟု ထင်မှတ်မှားကာ ဂနာမငြိမ် စိတ် ချောက်ချားနေတတ်သည်။ သိုသော် သူသည် အသက်ရာကျော်နေရ၍ “ရဟန်းဘဝ နေထိုင်မှု၏ ဖခင်”ဟု လူသိများသည်။

အုပ်စုခွဲ၍ ရဟန်းဘောင်ဝင်ခြင်းကို စတင်ကျင့်သုံးသူမှာ ပါခိုးမီးယပ်စ် (PachomTits 290-346) ဖြစ်၍ သူသည် ၃၁၃ ခုနှစ်တွင် စစ်တပ်မှ အနားယူပြီးနောက် ခရစ်တော် ကို လက်ခံသူဖြစ်သည်။ သူသည် ခဏတာ ရဟန်းဝတ်ဖူးသူဖြစ်၍ နိုင်းမြစ်ကမ်းပေါ်တွင် မေးတင်ထားသော တာဘင်နီဆီ (Tabennisi) ဘုန်းကြီးကျောင်းကို တည်ထောင်သူဖြစ် ။ ထိုကျောင်းတွင် ရဟန်းအပါး ၃၀၀၀ က တစ်ပြိုင်နက်ထဲတွင် သီတင်းသုံးနိုင်သည်။ သူချမှတ်ထားသော “ဥပဒေ”မှာ ရဟန်းများသည် တစ်မိုးအောက်တွင်သာ အတူတကွ နေထိုင်ရန်နှင့် နောင်အခါအတွက် ဘုန်းကြီးကျောင်း၌ တူညီမျှတသော စည်းမျဉ်းများ ချမှတ်နိုင်ရန်ဖြစ်သည်။

သိုသော်လည်း နောင်တွင် စီဆီးရီယာ (Caesarea) ၏ သင်းအုပ်ဖြစ်သူ ကက်ပဒိုစီ မြိုသား ဘာဆီးလ် (Basil of Cappadocia) သည် အရှေ့ပိုင်းအသင်းတော်၏ ရဟန်းကျင့်စဉ်နှင့်ပတ်သက်လျှင် ကျေးဇူးရှင်ဖြစ်သည်။ အကြောင်းမှာ သူချမှတ်ထားသော စည်းမျဉ်းများကို ယနေ့တိုင်အောင် ဂရိဩသိုဒေါက်စ် (Greek Orthodox) အသင်း တော်က ကျင့်သုံးလျက်ရှိ၍ သူတို၏ အဓိကမဏ္ဍိုင်မှာ ဘာသာရေးကျင့်စဉ်များထက် သူတစ်ပါးအပေါ်တွင် ချစ်ခြင်းမေတ္တာပြရန်နှင့် သန့်ရှင်းစင်ကြယ်ရန်ဖြစ်သည်။ ထိုအပြင် ကျမ်းစာလေ့လာ ခြင်းနှင့် ဆုတောင်းခြင်းများလည်း ပြုကြရ၍ ထွန်ယက်စိုက်ပျိုးခြင်း၊ ဆင်းရဲသားများကို ကူညီစောင့်ရှောက် ခြင်းနှင့် ဖေးမခြင်းများသည် သူတို၏ သံမဏိစည်း ကမ်းများဖြစ်၏။ စည်းကမ်းတင်းကြပ်လွန်းသည်ဟု ထင်စရာရှိသော်လည်း တင်းကြပ်စွာ သီလစောင့်သော အစွန်းရောက် ရဟန်းတချိုကဲ့သိုကား မဟုတ်ပေ။

အနောက်ပိုင်းတွင် ယင်းကျင့်စဉ်သည် တိုးတက်မှုနှေးကွေး၏။ စတင်မိတ်ဆက်ပေး သူမှာ ပါခိုးမီးယပ်စ်နှင့် အန်ထော်နီတို၏ ရောင်းရင်းမိတ်ဆွေဖြစ်သူ အလက်ဇန္ဒြီးယား သင်းအုပ်ဆရာအာသ န္းဆီးယပ်စ် (၂၉၆-၃၇၃) ဖြစ်သည်။ ဤကျင့်စဉ်သည် ရောမမြို သိုရောက်ရှိသည်မှာ ကြာပြီဖြစ်၍ မီလန်မြို သင်းအုပ်အမ်ဘရိုစ်နှင့် ဗက်လင်မြို ပညာ ရှင် ဂျေရုမ်းတိုသည် ဤကျင့်စဉ်ကို ပိုးမွေးသကဲ့သို မွေးယူသူများဖြစ်ကြသည်။

၄ ရာစုတွင် နတ်ကိုးကွယ်သူ ရောမနှင့် ဂရိတို၏ စည်းမရှိသော မေထုန်မှီဝဲခြင်း ကြောင့် ခရစ်ယာန် လူငယ်အမျိုးသား၊ အမျိုးသမီးများသည် အိမ်ထောင်မပြုကြတော့ ဘဲ ခရစ်ယာန်အသိုင်းအဝိုင်းကို စွန့်ခွာကာ တောထွက်ကြ၏။

Tours မြိုသား သင်းအုပ်ဆရာမာတင်သည် ဥရောပဘုန်းတော်ကြီးကျောင်းများ၏ ဖခင်ဖြစ်သည်။ “မဟာဘုံကျောင်းတော်ကြီး””ဟုတွင်သော သူတည်ထောင်ထားသည့် မာမွန်တီယာ (Marmoutier) အရပ်ရှိ ဘုန်းကြီးကျောင်းမှာ နောင်အခါတွင် ဗြိတိန်ကဲလ် တစ်အသင်းတော်၊ ဗိုသွန်း (Whithom) မြိုသား နီနီယန်၊ အိုင်အိုးနာမြိုသား ကိုလမ်ဘာ နှင့် အိုင်ယာလန်နိုင်ငံသား ပက်ထရစ်တို၏ ဧဝံဂေလိသာသနာလုပ်ငန်းအတွက် ဗဟို ကျောင်းကြီးဖြစ်လာသည်။

အမှန်ဆိုလျှင် “အနောက်ပိုင်းသာသနာ့ဘောင်ဝင်ခြင်း၏ ဖခင်”ဟု သမိုင်းတွင်သူမှာ အီတလီအနောက်အလယ်ပိုင်း နာဆီယာမြိုသား (Nursia) ဘင်နဒစ်ဖြစ်သည်။ သူသည် အလယ်ခေတ် ရဟန်းဘောင်ဝင်ခြင်းကို တည်ထောင်သူနှင့် နှောင်းရာစုများအတွက် ကောင်း မွန်သော စည်းမျဉ်းစည်းကမ်းများကို ချမှတ်ပေးသူလည်းဖြစ်သည်။

 

ဘင်နဒစ် (၄၈ဝ-၅၅၀) အနောက်ပိုင်းသာသနာ့ဘောင်ဝင်ခြင်း၏ ဖခင်

ဘင်နဒစ် (Benedict) သည် ရောမအင်ပါယာ ကျဆုံးပျက်သုဉ်းရန် တာစူနေချိန်ဖြစ် သော အကြမ်းဖက်မှုများ ဖောင်းပွချိန်နှင့် ပြုပြင်ပြောင်းလဲခြင်း၏ စပ်ကူးမတ်ကူးကာလတွင် မွေးဖွားသူဖြစ်သည်။ လူပျိုဘဝတွင် နေအိမ်မှထွက်၍ ရောမမြိုတွင် ပညာသင်၏။ ရောမသားများ၏ ပျက်စီးယိုယွင်းသော နေထိုင်မှုကို စိတ်ပျက်သောကြောင့် ဘုရားကို ရှာဖွေရန် ကျောင်းထွက်၏။ ရောမမြိုအရှေ့ဘက် ဆူဘာစီယို (Subacio) အနီး တောင် ခါးပန်းတစ်ခု၏ ဂူအတွင်း၌ တောထွက်တရားကျင့်သည်။ ရဟန်းရိုမေးနပ်စ် (Romants) သည် သူ၏ တစ်ဦးတည်းသောအဖော်နှင့် စားရေးသောက်ရေးကို တာဝန်ယူဆောင်ရွက် ပေးရသူဖြစ်သည်။

သိုးထိန်းများကတစ်ဆင့် ဖြန့်ဝေပေး၍ သူနာမည်ကြီးလာချိန်တွင် အဝန်းအဝိုင်းနှင့် ဖြစ်လာသည်။ ဗီကိုဗာရို (Vicovaro) ၌ ဘုန်းကြီးကျောင်းတစ်ဆောင်တည်ကာ သူကပင် ကျောင်းထိုင်ဘုန်းကြီးလုပ်၏။ ရဟန်းတော်များ၏ နေထိုင်မှုအဆင့်အတန်း မြှင့်တင်လိုဇော ကြောင့် အမြင်မှားမှုများ ရှိလာသည်။ ရဟန်းတော်များက ဝိုင်အရက်ထဲတွင် အဆိပ်ခပ်၍ သတ်ပစ်ရန် ကြိုးစားသည်ကို သိသောကြောင့် ဆူဘာစီယိုသို လှည့်ပြန်ရန် ဆုံးဖြတ်သည်။

နောက်တစ်ကြိမ် အားနီးအန်း (Aniane) တောင်ကြား၌ ကျောင်းတစ်ဆောင်တည် ပြန်၍ သူတိုအသက်တာကို ဆုတောင်းခြင်းဖြင့်သာ ဆက်ကပ်လိုသော ရဟန်းတော်များကို အဖွဲငယ် ၁၂ ဖွဲခွဲ၍ စုဝေးစေ၏။ သူ၏ စင်ကြယ်ခြင်းဂုဏ်သတင်းကြောင့် ဝန်တိုတတ် သော ဘုန်းကြီးတစ်ပါး၏ ရန်လိုမှုကို ခံရပြန်သည်။ ဝန်တိုမစ္ဆေရိယစိတ်ကြီးသော ဘုန်းတော်ကြီး၏ အဆိပ်ခပ်မှုကြောင့် ဘင်နဒစ်သည် နောက်တစ်ခါထပ်ပြောင်းရန် အကြောင်းဖန်လာပြန်၏။ ထိုကြောင့် ရောမနှင့် နေပယ်စ် (Naples) အကြား လမ်းခု လတ်တစ်နေရာဖြစ်သော မွန်တီကာစီနို (Monte Cassino) ၌ အခြေချသည်။ ၅၂၉ ခုနှစ်တွင် ရှေးခံတပ်တံတိုင်း များအတွင်း၌ ကျောင်းသစ်တည်ကာ ၅၅၀ ခုနှစ်ခန့် ခေါင်း ချသည်အထိ ထိုနေရာတွင်ပင် နေသွား၏။

 

သာမန်ထက် သာလွန်သောအသက်တာ

မွန်တီကာစီနိုတွင် ကျောင်းထိုင်စဉ် လက်တွေ့ကျကျ အလွန်အရေးပါသော ဘင်နေဒစ်စည်း မျဉ်းကို ရေးဆွဲခဲ့သည်။ ထိုစည်းမျဉ်းကို ဥရောပတစ်ခွင်၌ ကျယ်ပြန့်စွာ အမြတ်တနိုး လက်ခံကြ၏။ ဘင်နဒစ်မတိုင်မီ နှစ် ၂၀၀ ကတည်းကစ၍ ဘုန်းကြီးကျောင်းနှင့်ပတ် သက်သော လိုက်နာရန်စည်းမျဉ်းစည်းကမ်းများ အများအပြားရှိခဲ့သည်။ ဘင်နဒစ်က ထိုရှိနှင့်ပြီးသော စည်းမျဉ်းများကို ရောသမမွှေကာ ကိုယ်ပိုင်စည်းမျဉ်းတစ် ခုကို ရေးသားချ မှတ်သည်။ ရဟန်းတော်များသည် “လူသာမန်ဘဝမှ သာမန်ထက် သာလွန်သောအသက် တာ ဖြင့် အသက်ရှင်ကြရသူများဖြစ်သည်ကိုလည်း သိနားလည်၏။ သူသည် သူ့စည်း မျဉ်းကို “သာသနာဘောင်စဝင် သူများအတွက် ရည်ရွယ်ထားခြင်း ဖြစ်၍ စည်းမျဉ်း တစ်ခုလုံးသည် သမ္မာကျမ်းစာကို အခြေပြုထား ခြင်းဖြစ်သည်။

ဘင်နေဒစ်စည်းမျဉ်းသည် အပိုင်းကြီး ၇၃ ပိုင်း ပါဝင်သော နီတိကျမ်းသက်သက် မဟုတ်ဘဲ သူ့အမြင်သစ်များကို ထည့်သွင်းထားသည်။ တစ်ကျောင်းလုံးက ကျောင်းထိုင် ဘုန်းကြီး၏ စကားကို မြေဝယ်မကျ လိုက်နာကြရ၍ ဘုရား၏ အမှုတော်မြတ်အတွက် ဆက်ကပ်အပ်နှံထားရ၏။ လိုက်နာရသော အဓိကမဏ္ဍိုင်ကြီးသုံးခုမှာ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းနှင့် ဘုရားရှင်၏ အမှုတော်မြတ် opus Dei အတွက် အစေခံခြင်းတို ဖြစ်သည်။ ဘုရားရှင်ကို နေ့စဉ်ရက်ဆက် ချီးမွမ်းထောမနာပြုရ၏။ အစပိုင်းတွင် စားဝတ် နေရေးအတွက် ကာယအလုပ်များနှင့် ကျောင်းတော်ကြီးကို ထိန်းသိမ်းခြင်းများ ပြုလုပ် ကြကာ နောက်ပိုင်းတွင် ဉာဏအလုပ်ဖြစ်သော စာပေရေးသားခြင်းနှင့် စာအုပ်များ ကူးယူခြင်းအပြင် လက်ရေးစာမူများ အနက်ပြန်ခြင်းနှင့် သင်ကြားရေးများကို ဇောင်းပေး ၍ လုပ်ကြ၏။

သာသနာ၏ဘောင်ဝင်မည့် ရဟန်းတော်များက တည်ကြည်လေးနက်စွာ ကတိ ကဝတ်သုံးမျိုးကို အဓိဋ္ဌာန်ပြုကြရ၏။ ၄င်းတိုမှာ ကိုယ်ကျင့်သီလကောင်း၍ မိမိအသက် တာကို ဘုရားရှင်အတွက်သာ ဆက်ကပ်အစေခံနိုင်သူဖြစ်ရန်၊ ကျောင်းထိုင်ဘုန်းတော်ကြီး ၏ စကားကို နာခံနိုင်သူဖြစ်ရန်နှင့် အခြားရဟန်းတော်များနှင့် အလိုက်သင့်နေထိုင်နိုင်သူ ဖြစ်ရန်တိုဖြစ်သည်။

ဘင်နေဒစ်ဂိုဏ်းဝင် ရဟန်းနက် (Black Monks သူတို၏ ဝတ်ရုံနက်ကို ရည် ညွှန်း) အဖွဲများက အစွန်းရောက်စွာ ခြိုးခြံနေထိုင်ခြင်းနှင့် ရသေ့ရဟန်းများကဲ့သို နေ ထိုင်ခြင်းကို မနှစ်သက်ကြပေ။ သူတိုသည် ဆန်းပြားစွာဝတ်ဆင်ကာ ဗိုက်ကြီးကားနေ အောင် အစာသွတ်၍ ကုလားသေကုလားမော အိပ်စက်ကြသည်။ ဘင်နေဒစ်စည်းမျဉ်း သည် တင်းကျပ်သည်မှန်သော်လည်း “အံ့သြဖွယ်ကောင်းလောက်အောင် နူးညံ့၏။”

သူကွယ်လွန်ပြီး အချိန်တိုအတွင်းတွင် ဘင်နဒစ်စည်းမျဉ်းသည် အနောက်ပိုင်း တစ်ခွင်ရှိ ဘုန်းတော်ကြီးကျောင်းများ၏ စံဖြစ်လာသည်။ မဟာဂရီဂိုရီသည် ဘင်နဒစ် ဂိုဏ်းဝင်ဖြစ်၍ သြဂတ်စတင်းသည် အင်္ဂလန်မှတစ်ဆင့် ဘိုနီဖေ့စ်ရှိရာ ဂျာမနီသို ဆောင် ယူသွားသူဖြစ်သည်။ နောက်ဆုံးတွင် အင်ပါယာအရှင် ရှားလမိန်း (Charlemagne) က တင်နေဒစ်စည်းမျဉ်းတစ်ခုတည်းကိုသာ အသုံးပြုရန် အမိန့်ထုတ်ဆင့်သည်။

“ဘုန်းတန်ခိုးအာနုဘော်နှင့် ပြည့်စုံသော ဘုရားသခင်သည် ဤဘုန်းတော်ကြီး ကျောင်းနှင့်အတူ ကျွန်ုပ်ပိုင်သမျှသော အရာအားလုံးကို လူရိုင်းများ၏ လက်အတွင်း၌ သက်ဆင်းစေမည်ကို ငါမြင်မက်သည်”ဟု တင်ကူးမြွက်ကြားသောကြောင့် ရဟန်းတော် များ ကြောက်ဒူးတုန်နေကြ၏။ ယင်းရာစုနှစ်မကုန်မီတွင် သူ တင်ကူးမြွက်ကြား ထားသည့်အတိုင်း မွန်တီကာစီနိုသည် မြောက်ပိုင်းလမ်းဘတ် (Lombards) များ၏ ဖျက် ဆီးခြင်းကို ခံရသည်။

ဘင်နေဒစ်က သူ့စည်းမျဉ်းကို ဘုန်းကြီးကျောင်း၏ လိုက်နာရန် ထုံးနည်းအတွက် မရည်ရွယ်သော်လည်း သိမ်မွေ့သော ထိုစည်းမျဉ်းကို ဘာသာရေးအဖွဲ အစည်း အများ အပြားက သူတို၏ ဘုန်းကြီးကျောင်းအတွက် လိုသလို ဆွဲယူအသုံးပြုကြ၏။ ထိုကြောင့် နှစ်အတန်ကြာလာသောအခါ ဘုန်းကြီးကျောင်းများသည် လောကီချမ်းသာခြင်း၌သာ တိုးတက်၍ သာသနာ့လုပ်ငန်းများ၌ မှေးမှိန်ဖျော့တော့လာသည်မှာ ၁၂ ရာစု ဘားနဒ် ကလဲရာဗိုး ခေတ်တိုင်ဖြစ်သည်။

 

ဘားနဒ် (၁ဝ၉ဝ-၁၁၅၃) ကလဲရာဗိုးကျောင်းထိုင်ဘုန်းကြီး

၁၁ ရာစုတွင် ဝိညာဉ်ရေးပြန်လည်နိုးကြားလာခြင်းသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူ များအပေါ်တွင် ပုပ်ရဟန်းမင်းကြီး၏ အာဏာစက်သက်ရောက်မှု ကြီးထွားစေရုံမဟုတ်ဘဲ ဘာသာရေးဂိုဏ်းအသစ်များကိုလည်း မွေးဖွားစေသည်။ ထိုအသစ်မွေးဖွားသော ဂိုဏ်းများ ထဲတွင် ကလူနီ (Cluny)ဂိုဏ်း (၉၁၀) ပြီးလျှင် သြဇာအလွမ်း ဆုံးမှာ ၁၀၉၈ ခုနှစ်တွင် တည်ထောင်သော ဆီစတားရှန်းဂိုဏ်း (Cistercians) လှုပ်ရှားမှုဖြစ်သည်။

၆ ရာစုမှစ၍ ဘင်နေဒစ်ဂိုဏ်းမှာ အထက်တန်းလွှာ လူ့မလိုင်များ၏ သည်းခြေ ကြိုက်ဖြစ်၍ သူတိုကပင် ဘုန်းကြီးကျောင်းအများအပြားနှင့် မြေနေရာအတွက် ငွေပဒေ သာပင် စိုက်ထူပေးကြသည်။ ကျောင်းတော်ကြီး မှာ လောကီချမ်းသာ၌ ယစ်မူးလာသည် နှင့်အမျှ ဘာသာရေးအားထုတ်မှုများ လျော့ကျလာသည်။ ကလူနီဂိုဏ်းသည် ထိုသိုလျော့ ကျလာသော ဘင်နေဒစ်စည်းမျဉ်းကို ပြန်လည်တည့်မတ်ရန် ရည်ရွယ်ချက်ဖြင့် ဖွဲစည်း တည်ထောင်သော ဂိုဏ်းဖြစ်သည်။ ကလူနီများက ပညာရေးနှင့် ထုံးတမ်းအစဉ်အလာ များကို ပယ်စွန့်၍ နေ့စဉ် မစ္ဆားတရားပူဇော်ခြင်းနှင့် ဝတ်တက်စာများ ရွတ်ဆိုခြင်းဖြင့် အစားထိုးကာ ဝတ်ကျောင်းများကို ကြီးကျယ်ခမ်းနားစွာ ဆောက်လုပ်တည်ထားကြ၏။

၁၁ ရာစုအကုန်ပိုင်းတွင် ဘင်နေဒစ်ဂိုဏ်း၏ ဘုန်းကြီးကျောင်းဝိနည်းများကို ပြုပြင် လိုသော လှုပ်ရှားမှုတစ်ခု Burgundy (ပြင်သစ်)အရပ် ဆီးတော (Citeaux) ၌ တွေ့ရ၍ ယင်းလှုပ်ရှားမှုကို ဆီစတားရှန်း ဂိုဏ်းဟုခေါ်သည်။ ထိုအဖွဲ၏ ရည်ရွယ်ချက်မှာ တင်နေ ဒစ်စည်းမျဉ်းကို မူလအတိုင်း ကျင့်သုံးလိုက်နာရန်နှင့် ဆိတ်ဆိတ်နေခြင်းနှင့် ဆင်းရဲစွာ နေထိုင်ခြင်းဖြင့် ရိုးစင်းစွာ ဘုရားကို ရှာရန်ဖြစ်၏။

ဆီးတောအရပ်ရှိ ရဟန်းတော်များသည် လောကနှင့် အဆက်ဖြတ်ချင်သူများဖြစ် သည့်လျော်ညီစွာ သူတိုကျောင်းများကို “လူသူနှင့်ဝေးရာ၌သာ” တည်ထားပေးရန် မိန့် ကြားကြ၏။ သူတိုသည် လက်ဆောင်အဖြစ် မြေနေရာနှင့် ငွေကြေးဥစ္စာကို လက်မခံရ သည့်အပြင် ပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုများကိုလည်း ခွင့်မပြုပေ။ ဘုရားကျောင်းများကို ရိုးရှင်း စေရန် ပြတင်းပေါက်များသည် အမွမ်းအပြောက်များဖြင့် ပုံဖော်ထားသော ရောင်စုံမှန်များ ဖြင့်လည်းကောင်း၊ လူသွားစင်္ကြန်လမ်းကို ဘုရားကျောင်းအခင်းများဖြစ်သော ရွှေနှင့် ငွေများကဲ့သို မှန်စီပန်းဖော်ပန်းချီပုံစံမျိုးဖြင့်လည်းကောင်း မဖြစ်ရန်လည်း တားမြစ်ကာ ပလ္လင်ပေါ်တက် မည့်ပုဂ္ဂိုလ်သည် ပန်းပွင့်ထိုးထားသော အဝတ်များကို မဝတ်ရဘဲ ရိုးရိုး ရှင်းရှင်း ဝတ်ဆင်ရမည်ဟုလည်း ဆိုသည်။ ။

ယင်းကဲ့သိုသော တင်းကျပ်သည့် စည်းမျဉ်းများဖြင့် တည်ထားသော ကျောင်းများ အနက် ကလဲရာဗိုး (Clairvaux) တွင် ၁၁၁၅ ခုနှစ်၌ ဘားနဒ် (Bernard) တည်ထောင် သောကျောင်းမှာ အထင်ရှားဆုံးဖြစ်သည်။ သူသည် အလယ်ခေတ်အသင်းတော်ကို အလွန် သြဇာညောင်းသော တရားဟောဆရာနှင့် စာရေးဆရာဖြစ်၍ ဆီစတားရှန်းလှုပ်ရှားမှုကို ကျယ်ပြန့်စေသူလည်း ဖြစ်သည်။

 

အလွန်တော်သောကျောင်းသား

ဘားနဒ်သည် ဒီဂျွန် (Dijon) အနီး၌ မွေးဖွား၍ ဖခင်မှာ ချာတီလွန် (Chatillon) မြင်း ‘စီးမှူးမတ်တစ်ဦး ဖြစ်သော်လည်း မျိုးရိုးမြင့်သူကား မဟုတ်ပေ။ မိခင်မှာ သီလအားကောင်း သူဖြစ်ကာ အချိန်ရှိသမျှတွင် ဆင်းရဲသားများကို ကူညီရင်း သားခြောက်ယောက်နှင့်သမီး တစ်ယောက်တိုကို ပြုစုပျိုးထောင်ရသော တာဝန်ကို မလစ်ဟင်းစေသူဖြစ်သည်။ ဘားနဒ် သည် ငယ်စဉ်ကတည်းက အမှုတော်အတွက် မိဘများ၏ လျာထားခြင်းခံရသူဖြစ်သည်။ ထိုကြောင့် ကောင်းမွန်သော ပညာရေးနှင့် တန်းနိမ့်ဝိဇ္ဇာပညာရပ်များဖြစ်သော နှုတ်မှု အတတ်ပညာ၊ ယုတ္တိဗေဒပညာနှင့်သဒ္ဒါကိုလည်း သင်ယူရသည်။ သူသည် စာတော်သည့် ကျောင်းသားဖြစ် သော်လည်း ဆတ်ဆတ်ထိမခံသူဖြစ်၍ အရှက်လည်းကြီးကာ သဘောထား ကြီးသူလည်းဖြစ်သည်။

အသင်းတော်အတွက် ဆက်ကပ်အစေခံရန် တွန်းအားပေးသူ မိခင်သည် ၁၁၀၄ ခုနှစ်တွင် ကွယ်လွန် သောကြောင့် သူ့မျှော်မှန်းချက် ရွှေတောင်ကြီးမှာ အခိုက်အတန့် လဲပြို ကျ၏။ သိုသော် ၁၁၁၁ ခုနှစ်၊ သူ့အသက် ၂၁ နှစ်တွင် ရဟန်းတစ်ပါးဖြစ်ရန် ရုတ်တရက် ဆုံးဖြတ်လိုက်သည်။ သူသည် အခြေခိုင်နေပြီဖြစ်သော ကနီဂိုဏ်းတွင် ပါဝင်ရမည့်အစား ဆင်းရဲသားများနှင့် အညတရများဖြင့် ဖွဲစည်းထားသော ဆီးတောတွင် ကျောင်းထိုင် ဖြစ်ရန် ရွေးချယ်သည်။ သူက ဤသိုဆို၏။ “ကျွန်ုပ်သည် ကလူနီအစား ဆီစတားရှန်းကို ရွေးချယ်သည်။” အကြောင်းမှာ “ကျွန်ုပ်၏ ပျော့ညံ့သော ကိုယ်ကျင့်တရားသည် ပြင်းထန်သော ဆေးဝါးမှီဝဲရန် လိုအပ်သောကြောင့်ဖြစ်၏”

ဆီးတောသိုဝင်ရန် မိသားစုများက ဟန့်တားနေကြသော်လည်း သူ့စိတ်သည် အခြား သူများကိုပါ အပါဆွဲရန် ဆန္ဒများဖြင့် လောင်ကျွမ်းနေ၏။ သူသည် မိတ်ဆွေအယောက် သုံးဆယ်အပြင် သူ့ညီအစ်ကိုများနှင့် ဆွေမျိုးများကိုလည်း ဆွဲခေါ်လာသည်။ သူ၏ လူသစ် စုဆောင်းရေးသတင်းပျံ့နှံပုံကား “မိခင်များက သားများကို ဝှက်ထားရကာ ဇနီးသည်များ က ခင်ပွန်းသည်များကို ပုန်းရှောင်စေကြ၏”ဟူ၍ ပြောစမှတ်ပြုကြရသည် အထိဖြစ်သည်။

ဆီးတောက တောင်းဆိုသော စည်းမျဉ်းများအားလုံးကိုလိုက်နာရန် လူငယ်ဘားနဒ် အတွက် အလွန်ပင် ခက်ခဲလှ၏။ ကျန်းမာရေးအတွက် ပြဋ္ဌာန်းထားသော ကြေငြာချက်များ နှင့်ပတ်သက်၍လည်း သူ သဘောမတွေ့နိုင်ပေ။ တစ်ခါက ကောက်ရိတ်သိမ်းရာတွင် အားပြတ်၍ လဲဖူး၏။ ဆုတောင်း၍ အားပြန်ပြည့်လာကာမှ လုပ်ငန်းခွင်သို ပြန်လည်ဝင် ရောက်နိုင်ခဲ့သည်။

၁၁၁၅ ခုနှစ်တွင် ကျောင်းထိုင်ဘုန်းကြီးက လုပ်ငန်းစီမံချက်နှစ်မျိုးကို တိုးချဲ့ရန် ဆုံးဖြတ်၏။ လူငယ်ဘားနဒ်ကို ကျောင်းထိုင်ဘုန်းကြီးအဖြစ် တင်မြှောက်ကာ Bar-surAube မြောက်ပိုင်း ကလဲရာဗိုး (သို) “အလင်းချိုင့်ဝှမ်း၌ လုပ်ငန်းစီမံချက်တစ်မျိုးကို အပ်နှံသည်။ သူသည် ရဟန်းတော် ၁၂ ပါးနှင့် လူသူကင်းဝေးရာအရပ် ဆွန်း (Saone) တောင်ကြား၌ ဘုန်းကြီးကျောင်းကို တည်ဆောက်သည်။ ကျောင်းကို သစ်ပျဉ်ဖြင့် ယာယီ ပြင်ဆင်ကာ နောင်အခါတွင် ကျောက်တုံးကျောက်ခဲများဖြင့် ပြန်လည်တည်ဆောက် သည်။

ရဟန်းတော်များသည် ငွေရေးကြေးရေးနှင့် အစားအသောက် အနည်းငယ်မျှသာ ရှိသောကြောင့် ရိဆွေး၍ စုတ်ပြတ်နေသော အဝတ်အစားများနှင့် ဖိနပ်များကို ဝတ်ဆင် ကြရ၏။ အချိုရဟန်းတော်များဆိုလျှင် အာဟာရပြတ်၍ ဖျားနာသူနှင့် နလန်ပြန်မထူနိုင်လောက်အောင် စိတ်ဓာတ်ကျသူများလည်း ရှိသည်။ တစ်မနက်ခင်းတွင် ပုံမှန်ဆုတောင်း နေကျအတိုင်း ဘားနဒ်ဆုတောင်းနေစဉ် ဆွန်းတောင်ကြားမှ သူတိုသီတင်းသုံးရာ ဘုန်းကြီး ကျောင်းသို တသီတစ်တန်းကြီး လာကြကုန်သော လူအရွယ်စုံကို မြင်၏။ ထိုအချင်းအရာ ကို ရဟန်းတော်များအား ပြောပြ၍ ဘုရားရှင်ကို ယုံကြည်ကိုးစားသင့်ကြောင်း ထိုသို စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကိုးစားလျှင် သူတိုလိုအပ်သော အရာခပ်သိမ်းကို ဘုရားရှင် ပြင် ဆင်ပေးမည်ဖြစ် ကြောင်းဖြင့် ရဟန်းတော်တိုအား နှိးဆော်တိုက်တွန်း၏။

ဘားနဒ်၏ ဆုတောင်းသံကို ဘုရားရှင်နားညောင်းတော်မူသောကြောင့် ရှေ့ဆက်၍ သာသနာလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ကြသည်။ တစ်ခါက ဘုန်းကြီးကျောင်းမြေ တိုက်ထဲရှိ စားနပ်ရိက္ခာကွပ်ကဲသူတစ်ဦးက ငွေကြေးပြတ်လပ်ကြောင်း သူ့ကို ပြောပြ၏။ “ဘယ်လောက်လိုချင်သလဲ”ဟု ဘားနဒ်က မေးရာ “ဆယ့်တစ်ပေါင်”ဟု ခွန်းတုံပြန် ၏။ ဘားနဒ်က ယင်းကိစ္စအတွက် ဆုတောင်းပြီး တဒင်္ဂအတွင်း အမျိုးသမီးတစ်ဦး ရောက်လာ၍ သူ့ခင်ပွန်းသည်ကို ကုသပေးသည့်အတွက် ကျေးဇူးတင်စကားဆိုကာ ၁၂ ပေါင် လာပေးသွားသည်။

သူတိုသည် အစပိုင်းတွင် ပြဿနာပေါင်းစုံနှင့် ကြုံတွေ့ရသော်လည်း ၁၁၁၈ ခုနှစ် တွင် ကလဲရာဗိုး၌ သီလရှင်ကျောင်းကို တိုးချဲ့တည်ထောင်သည်။ စတင်တည်ထောင်ချိန် မှစ၍ ဘားနဒ်ကွယ်လွန်ချိန်အထိ ဥရောပတစ်ခွင်တွင် သီလရှင်ကျောင်းများ ၆၅ ကျောင်း ခန့် ဆက်လက်တိုးပွားသည်။ ကလူနီဂိုဏ်းသည် အထင်ကြီးလေးစားခြင်းခံရသော်လည်း ရဟန်းတော်များမှာ ဝတ်ပြုရန် ဝိနည်းနိဿရည်းများ၌ အားနည်း၏။ ထိုအားနည်းချက် ကို ကလဲရာဗိုးရဟန်းတော်များက ဖြည့်စွမ်းပေးကြ၏။ ဝတ်ရုံဖြူဝတ်သော ဆီးတော ရဟန်းတော်များကို သာမန်ပြည်သူများက လေးစားကြသောကြောင့် ဝတ်ရုံနက်ဝတ်သူ ကလူနီရဟန်းတချိုက (ဘင်နဒစ် ဂိုဏ်းဝင်သူများ) မနာလိုဝန်တိုဖြစ်ကြသည်။ ထို ကြောင့် ဂိုဏ်းနှစ်ဂိုဏ်း၏ ဆက်ဆံရေးမှာ ချဉ်တူးသွားသည်အထိ ဖြစ်သွားကြ၏။

ဘားနဒ်သည် တရားဟော၍ အနီးအနားတစ်ဝိုက်သို လှည့်လည်ခရီးသွားကာ တွေ့ သမျှလူကို သူ့ကျောင်းသို ဖိတ်ခေါ်၏။ သူ၏ ဂုဏ်သတင်းကျော်စောလာသည်နှင့်အမျှ ဧည့်သည်များလည်း ဝင်လာမစဲ တသဲသဲဖြစ်သည်။ အသင်းတော်ဆိုင်ရာ ပြုဖွယ်များ ကြောင့် ရပ်ဝေးသို မကြာခဏဆိုသလို ခရီးထွက်ရသေး၏။ ထိုကြောင့် များမကြာမီတွင် လူငယ်ကျောင်းထိုင်ဘုန်းကြီးအကြောင်း ရောမမြို သို ရောက်ရှိကာ ဘားနဒ်သည် သာ သနာကိစ္စများတွင် ပါဝင်ရသူဖြစ်လာသည်။

သူ့ကို အငြင်းပွားမှုများအတွက် ခုံသမာဓိအဖြစ် တင်မြှောက်ကြသည်။ ဥပမာ ရောမမြိုရှိ ပေတရု၏ အရိုက်အရာနှင့်ပတ်သက်၍ ပုပ်ရဟန်းမင်းကြီးနှစ်ပါး၏ ကတောက် ကဆတ်ဖြစ်မှုကြောင့် အသင်းတော်နှစ်ခြမ်းကွဲမည့်ဘေးကြီးသည် သူ၏ ကြားဝင်စေ့စပ် ပေးမှုကြောင့် အကွဲအပြဲမရှိခဲ့ခြင်းဖြစ်သည်။

သူသည် သန့်ရှင်းသောမြေ၌ ဘုရားဖူးသူများကို ကာကွယ်ရန်အတွက် ရေးဆွဲသော Knights Templar ညွှန်ကြားချက်အမိန့်ကို ဖော်ဆောင်အုတ်မြစ်ချသူများထဲတွင် ပါဝင် သည်။ ဘားနဒ်၏ အားပေးမှုကြောင့် Troyes ညီလာခံ (၁၁၂၈ ခုနှစ်) တွင် အသင်းတော် က ခရူးဆိတ်စစ်ပွဲဆင်နွှရန် သဘောတူအတည်ပြုသည်။ လိုက်နာရမည့် စည်းမျဉ်းများကို လည်း ဘားနဒ်ကိုယ်တိုင် ရေးဆွဲပေးခဲ့ဟန်တူ၏။ ထိုသူရဲကောင်းများနှင့် ပတ်သက်၍ သူက ဤသိုဆိုသည်။ “ဘုရားရှင်သည် ဤလူများကို သူ့အစေတော်ခံရန်နှင့် အသန့်ရှင်း ဆုံးသာသနာ့ဗိမာန်ကို စောင့်ရှောက်ရန် ရွေးချယ်ခြင်းဖြစ်သည်။”

 

 

 

အငြင်းပွားမှု

ဘားနဒ်သည် ပညာဉာဏ်ကြီးမားသော ဘင်နေဒစ်ဂိုဏ်းဝင် ပါရီမြိုသား ပီတာအာဘေး လာဒ် (Peter Abelard of Paris) ၏ ယုံကြည်ခြင်းနှင့် သုံးပါးတစ်ဆူအပေါ်တွင် အမြင် မှားမှုကြောင့် ယုံကြည်ခြင်းကို ဤသိုကာကွယ်ခဲ့၏။ ပညာရှင်ကြီးနှစ်ပါးသည် ဘုရင်ကြီး နှင့် ပြင်သစ်သင်းအုပ်ဆရာများရှေ့တွင် ငြင်းခုံသမှု ပြုကြရကာ နောက်ဆုံးတွင် အာဘေး လာဒ် ရှုးလေ၏။ ပီတာအာဘေးလာဒ်က “ဆီစတားရှန်းကို ငါအဖြေမ ပေးနိုင်ဘူး”ဟု ဆို၍ “ရောမကို အယူခံဝင်မယ်”ဟုဆို၏။ ပုပ်ရဟန်းမင်းကြီးက အာဘေးလာဒ်ကို ကွပ်မျက်၍ သူ့စာအုပ်များကို ဗိုလ်ပုံအလယ်တွင် မီးရှိဖျက်ဆီးစေသည်။

အသက် ၅၄ နှစ်တွင် ဘားနဒ်၏ ဩဇာသည် အထွတ်အထိပ်သို ရောက်၏။ ဥရောပ တစ်နယ်လုံး၌ သူ့နာမည်သည် ရပ်သိရွာသိဖြစ်၏။ သူသည် ဘုရင်များ၊ မင်းညီ မင်းသား များနှင့် ဘာသာရေးခေါင်းဆောင်များ အားလုံး၏ မိတ်ဆွေလည်းဖြစ်သည်။ ထိုသူအသီး၊ သီး၏ ပြဿနာပေါင်းသောင်းခြောက်ထောင်ကိုလည်း ကြားဝင်စေ့စပ်ပေးသူဖြစ်သည်။

အစ္စလာမ်မစ်များ တစ်ဖန်ခေါင်းထောင်ထလာချိန်ဖြစ်သော ဒုတိယခရူးဆိတ် စစ်ပွဲအတွက် ဥရောပနိုင်ငံပေါင်းစုံက ပြန်လည်တိုက်ခိုက်ရန် ဘားနဒ်ကိုယ်တိုင်က အားပေးအားမြှောက်လုပ်သည်။ ၁၁၄၅ ခုနှစ်တွင် “ခရစ်တော်၏ ရန်သူများကို ပြန်လည်တိုက်ခိုက်ရန် တိုက်ပွဲ နှိးဆော်စာကို အသင်းတော်များ၌ ဖြန့်ဝေ၍ အသိ ပေးသည်။ သူက ပြင်သစ်ဘုရင်နှင့် ဂျာမနီဧကရာဇ်မင်းကြီးကို ချက်ချင်းတိုက်ခိုက်ရန် အယုံသွင်းစည်းရုံး နှိးဆော်၏။ ထိုစစ်ပွဲသည် ၁၁၄၈ ခုနှစ်တွင် ပြီးဆုံး၍ ခရစ်ယာန်

ခရူးဆိတ်စစ်ပွဲများ ၊

၁၀၉၅-၁၂၉၁ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော ခရူးဆိတ်စစ်ပွဲ၏ အဓိကအကြောင်းရင်းမှာ သန့်ရှင်းသောမြေကို အစ္စလာမ်မစ်များ၏ စိုးမိုးမှုအောက်မှ လွတ်မြောက်စေရန်ဖြစ်သည်။ ၆၃၈ ခုနှစ်တွင် မွတ်စလင်များက ဂျေရုဆလမ်ကို သိမ်းပိုက်၍ နောင် ၂ နှစ်အကြာ တွင် ပါလက်စတိုင်းနှင့် ဆီးရီးယားကို ထပ်မံသိမ်းပိုက်ပြန်သည်။ သိုသော် ဘုရား ဖူးများကိုကား သွားမြဲသွားခွင့်ပြု၏။ တိုး၍တိုး၍ များပြားလာသော ဘုရားဖူးများကို Seljuk Turks များက အကြမ်းဖက်လာကာ ၁၀၇၁ ခုနှစ်တွင် ဂျေရုဆလမ်ကို ဝိုင်းဝန်းပိတ် ဆို၍ ခရစ်ယာန်များ၏ အထွတ်အမြတ်ထားရာနေရာများကို ဖျက်ဆီးကြသည်။ ခရူးဆိတ်စစ်သည်တော်များက ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် အရ်ဘန်း (Urban II) ကို အကူအညီတောင်း၍ “မိစ္ဆာဒိဋ္ဌိ”များကို အနိုင်တိုက်ကာ ဘိုးဘေးပိုင် မြေများအား ပြန်လည်ရယူရန် တောင်းဆိုသည်။ လမ်းခရီး၌ Rhinoland တစ်လျှောက် တွင်တွေ့ရသောဂျူးလူမျိုး ၁၂ဝဝဝ ကို အုပ်စုလိုက်သတ်ဖြတ်ရာ၌ ဘားနဒ်က ရဲဝံ့ စွာတားဆီးသော်လည်း သန့်ရှင်းသောမြေ၊ ဂျေရုဆလမ်၌ အခြေချနေထိုင်သူများကို အညှာအတာကင်းမဲ့စွာ သတ်ဖြတ်ကြ၏။ ပထမခရူးဆိတ်စစ်ပွဲတွင် ခရစ်ယာန်များ အနိုင်ရသော်လည်း နောက်စစ်ပွဲများတွင် အရှုးနှင့်သာ ရင်ဆိုင်ရသည်။ နောက်ပိုင်းတွင် စိတ်ဝင်စားမှုနည်းလာသောကြောင့် သန့်ရှင်းသောမြေသည် အာရပ်များ၏ လက်တွင်းသို ၁၂၉၁ ခုနှစ်တွင် သက်ဆင်းရတော့သတည်း။ ။

များက ခွက်ခွက်လန်အောင်ရှုးကာ ၂ နှစ်အတွင်း မိမိနေရပ်သို ပြန်လာခဲ့ကြသည်။ ထိုကိစ္စနှင့်ပတ်သက်၍ လူတကာက ဘားနဒ်ကို လက်ညှိးငေါက်ငေါက်ထိုးကာ အပြစ် ပုံချကြသဖြင့် သူသည် ဖြေမဆည်နိုင်ဖြစ်ခဲ့ရ၏။ –

ဘားနဒ်သည် သူအချစ်ရဆုံးမိတ်ဆွေများ ကွယ်လွန်၍ သူကိုယ်တိုင်ပြင်းစွာ ဖျားနာ လေ၏။ နှစ်များစွာကတည်းက သူ့ကို တွယ်ကပ်နေသော ရောဂါဘယများနှင့် ခြိုးခြံစွာ နေထိုင်ခဲ့မှုတိုက ယခုအချိန်တွင် သူ့ကို ပြင်းထန်စွာ ဒုက္ခပေးတော့သည်။ လအနည်းငယ် ခန့် ပြန်လည်သက်သာလာသလိုရှိသော်လည်း တဖြည်းဖြည်းနှင့် လုံးပါးပါးကာ ၁၁၅၃ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ကွယ်လွန်သည်။

သူ့ဘဝတစ်လျှောက်တွင် ဘားနဒ်သည် နှစ်လိုဖွယ်ကောင်းသော ကိုယ်ရည်ကိုယ် သွေးရှိသူအဖြစ် ထင်ရှား၏။ စည်းရုံးရေးအလွန်ကောင်း၍ သူ့အမိန့်ကို တစ်သဝေမ တိမ်းလိုက်နာကြရသည်။ သိုသော် သူသည် သည်းခံနိုင်မှုစွမ်းအား ချိုတဲ့သူဖြစ်၍ သူ့ ဒေါသသည် ငယ်ထိပ်သို လျင်မြန်စွာ ရောက်တတ်သူဖြစ်သည်။ သူ့မိတ်ဆွေများကို သူခင်တွယ်ပုံကား သူနှင့်မတည့်သူများ၏ ကောင်းကွက်ကို မတွေ့နိုင်သကဲ့သို သူ့မိတ် ဆွေများ၏ ဆိုးကွက်ကိုလည်း မမြင်တတ်သူဖြစ်သည်။ အမှန်တရားနှင့်ပတ်သက်လာ လျှင် ပြည်သူ့ဘက်တော်သားဖြစ်၍ မည်သည့်ပြဿနာမျိုးပင်ဖြစ်စေ သူ့အတွက် သေးမွှား လွန်းသည်ဟူ၍ မရှိချေ။

ဘားနဒ်သည် အခြားစာပေ ပညာရှင်များနည်းတူ ပေးစာပေါင်းများစွာ ရေးသား ချန်ထားခဲ့သူဖြစ်၍ အထင်ရှားဆုံး စာတမ်းတိုမှာ ဘုရားမေတ္တာ ဖြစ်သည်။ နားလည် ရန် ခက်ခဲသော ရှောလမုန်သီချင်းမှ တရားဒေသနာ ၈၄ ပုဒ်ကို ရေးသားထား၍ မေရီကို ဂုဏ်ပြုသော တရားဟောချက်ပေါင်းများစွာလည်း ပြုစုရေးသားခဲ့သည်။

ဘားနဒ်သည် သူ့ခေတ်အခါက ပြိုင်စံရှားအောင် သြဇာကြီးခဲ့သည်မှာ သံသယရှိ စရာမလိုသော်လည်း ၁၂ ရာစုအကုန်တွင် ဆီစတားရှန်း၏ ဩဇာမှာ အားပျော့လာသည်။ သိုသော် သူတို၏ ဂိုဏ်းကား ဘုန်းကြီးကျောင်း ၇၅ဝ တွင် သက်ဝင်လှုပ်ရှားနေသေး ၏။ အရေးပါသော တောရကျောင်းများ (cloistered monasteries) လျော့ပါးအားပျော့ လာသော်လည်း ရဟန်းတော်အသစ်များကား ရှိမြဲရှိလျက်ပင်ဖြစ်သည်။

ဖရန်စစ်(စ်) (၁၁၈၂-၁၂၂၆) ဖရန်စစ်(စ်)ကန်ဂိုဏ်း တည်ထောင်သူ

၁၂ ရာစုနှင့် ၁၃ ရာစုတွင် ဘုန်းကြီးကျောင်းများ၏ လွှမ်းမိုးမှုသြဇာကျဆုံးရခြင်းမှာ သူ တို၏ ချမ်းသာကြွယ်ဝခြင်းနှင့် လောကီဆန်လွန်းခြင်းတိုကြောင့်ဖြစ်သည်။ ယုံကြည်ခြင်း ဆိုသည်မှာ ဒွိဟသံသယဖြစ် စရာဖြစ်လာ၍ မှားယွင်းသော ခံယူချက်များမှာ နေရာအနှံ ပျံ့နှံရောက်ရှိ၏။ တစ်ချိန်တည်းတွင် “လူဦးရေတစ်ဟုန်ထိုး တိုးပွားလာခြင်း”က အနောက် ဥရောပကို မြိုကြီးမြိုငယ်များဖြင့် လျင်မြန်စွာ တိုးတက်စေသည်။ ဤပြဿနာများကို တိုက်ခိုက်ချေမှုန်း၍ ကျောင်းလှုပ်ရှားမှုအသစ်ကို မွေးဖွားပေးသူများမှာ ရဟန်းတော်များ ၊ မဟုတ်ဘဲ နယ်လှည့်ဘုန်းကြီးများဖြစ်သည်။ သူတို၏ ကြွေးကြော်သံမှာ ကျောင်းမှထွက်၍ ကမ္ဘာလောကကြီးထဲသို တိုးဝင်ကာ တရားဒေသနာတိုက်ကျွေးခြင်းနှင့် နာမကျန်းဖြစ်သူ များနှင့် ဆင်းရဲသားများကို ပြုစုစောင့်ရှောက်လော့ ဟူ၍ဖြစ်သည်။

ကုန်သည်သူဌေးတစ်ဦးဖြစ်သူ ပီတာဗေးဒေါ့စ် (Peter Valdes) သည် “လီယွန်းမြို သူဆင်းရဲများ”ဟူသော အဖွဲတစ်ဖွဲကိုတည်ထောင်ကာ သူ၏ ချမ်းသာကြွယ်ဝမှုကို ဆင်းရဲ သားများအား ပေးကမ်းစွန့်ကြဲသည်။ နောင်တွင် စပိန်နိုင်ငံသား Dominic de Guzman တည်ထောင်သော ဒိုမီနီကန် (Dominican) ဘုန်းတော်ကြီးများ အဖွဲက စာသင်ကျောင်းများ နှင့် တက္ကသိုလ်များတွင် ခရစ်တော်၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ကို ငြင်းပယ်သော အာလ်ဘာဂျန်းဆီယန် (Abligension) အယူသီးအဖွဲ ကို တော်လှန်သောတရားများ ဟောပြောကြသည်။

ထိုအဖွဲများထဲမှ အထင်ရှားဆုံးမှာ အာစီစီမှ ဖရန့်စစ်(စ်) (Francis of Assisi) တည် ထောင်သော လူနည်းစုဘုန်းတော်ကြီးများအဖွဲ ဖြစ်၍ သူတိုသည် ပြည်သူ့လေးစားကြည်ညို မှုကို ခံရသူများဖြစ်ကာ လွှမ်းမိုးမှုသြဇာမှာလည်း အကြီးမားဆုံးဖြစ်သည်။ သူသည် သူ ကွယ်လွန်ချိန်တွင် စံပြုထိုက်သော ဘာသာရေးကျင့်ထုံးသုံးမျိုးကို ချန်ရစ်ခဲ့သူဖြစ်၏။

ဖရန်စစ်(စ်)သည် အီတလီအလယ်ပိုင်း အမ်ဘီရီယာ (Umbria) မြိုမှ အောင်မြင် သော အဝတ်အထည်ကုန်သည်ကြီးတစ်ဦး၏ ဒုတိယသားဖြစ်၍ လိုတရ သူဌေးသားကလေး ဖြစ်သည်။ ဖခင်မှာ လောဘဇောဖြင့် လောင်ကျွမ်းနေသူတစ်ဦးဖြစ်ကာ အထက်စီးဖြင့် ဆက်ဆံတတ်သော လင်ယောက်ျားလည်း ဖြစ်၍ တစ်မြိုလုံးက အော့ကြောလန်ထားသူဖြစ် သည်။ ဖရန်စစ်(စ်) အသက်ရလာသော် ဖခင်ကို မုန်းတီးစိတ်များ ဝင်လာ၏။ သိုသော် ဖခင်၏ ကောင်းကွက်ကိုကား ရှာနေမြဲပင်။

 

ပေါ်ကြော့ကလေးဖရန်စစ်(စ်)

ဖရန်စစ်(စ်)သည် ပညာဉာဏ်ရည်ကောင်းသော်လည်း အသက် ၁၄ နှစ်အရွယ်တွင် ဖခင်၏ စီးပွားရေးလုပ်ငန်း၌ ခြေစုံပစ်ဝင်၏။ စီးပွားရေးဗျူဟာများကို လျင်မြန်စွာ တတ်ကျွမ်း သောကြောင့် ဖခင်က ငွေကို ရေလိုသုံးစေသည်။ လူငယ်ဘာဝ ငွေကို နည်းမျိုးစုံဖြင့် ဖြန်း တီးပစ်သော်လည်း ပေါ်ကြော့ကလေးသည် ဆင်းရဲသားများနှင့် သူဖုန်းစားများကိုကား ရက်ရောစွာ ပေးကမ်းတတ်သည်။

မိတ်ဆွေသူငယ်ချင်းများနှင့်ပျော်ပါး၍ အထက်တန်းကျကျနေထိုင်သော သူ့ဘဝသည် မြင့်မြတ်ခြင်းမဟုတ်ဘဲ စီးပွားရေးသမားတစ်ယောက်၏ သားပီသခြင်းသာဖြစ်ကြောင်း သူနားလည်၏။ သူ၏ချမ်းသာမှုက အဖော်အလှော်များဖြင့် ပတ်လည်ရံစေကာမူ သူ အ လွန်မက်မောသည့် မြင့်မြတ်ခြင်းသိုကား မရောက်နိုင်ရှာ။ ။

သူသည် သူ အလွန်အာသီသပြင်းပြသော မြင့်မြတ်ခြင်းသိုရောက်နိုင်ရန် သန့်ရှင်းသော မြေ၌ ခရူးဆိတ်စစ်သားအဖြစ် သွားရောက်အမှုထမ်းသော်လည်း ရက်အနည်းငယ်အတွင်း ညှိးနွမ်းစွာ အိမ်သို ပြန်ရောက်လာ၏။ ကက်သလစ်အသင်းတော်ကို စိတ်ဝင်တစားရှိလာ သောကြောင့် ရောမသို ဘုရားဖူးရန် ထွက်ခွာသည်။ လမ်းတစ်လျှောက်တွင် သူ အလွန် ရွံသော နူနာရောဂါသည်များကို အနမ်းဖြင့် နှုတ်ဆက်မေတ္တာပြ၏။ နောင်အခါ ရောင်းရင်း မိတ်ဆွေအချိုနှင့် တောထွက်ကာ ဧကစာရီကျင့်သည်။

တစ်ရက် ဆန်ဒါမီယာနို (San Damiano) ဘုရားကျောင်းသို လည်ပတ်ရောက် ရှိစဉ် ဒူးထောက်ဆု တောင်း၏။ ထိုစဉ် ညှင်သာသော အသံက ဤသို မြွက်ကြားသည်။ “ဖရန်စစ်(စ်)၊ ပျက်စီးလုနေပြီဖြစ်တဲ့ ငါ့အိမ်တော်ကို တွေ့သလား၊ အလျင်အမြန်ပြင်ပေး၊ ပါ။” မှင်သက်မိသော ဖရန်စစ်(စ်)က မဆိုင်းမတွပင် “အိုအရှင်၊ ကျွန်တော်မျိုး ဝမ်း မြောက်စွာဆောင်ရွက်အံ့”ဟု လွှတ်ကနဲ ဆိုလိုက်သည်။ သိုသော် ဖခင်၏ ငွေကြေးကို အသုံးပြုလိုသဖြင့် အိမ်တွင်းရေးမငြိမ်သက်မှုများဖြစ်လာသည်။ ဖခင်က အသင်းတော် ဆိုင်ရာ တရားပလ္လင်တွင် အမှုဖွင့်တိုင်ကြားသောကြောင့် သင်းအုပ်ဆရာက ဖရန်စစ်(စ်) ထံ၌ ဘုရားအမှုတော်အတွက် အမှန်တကယ် ဆက်ကပ်လိုလျှင် ဖခင်၏ ငွေကြေးများ အားလုံးကို ပြန်လည်အပ်နှံရမည်ဟု ဆို၏။

ဖရန်စစ်(စ်)သည် သူ့အဝတ်အစားများကို ချွတ်ချကာ (ဆောင်းတွင်းလေတဖြူးဖြူး တိုက်ခတ်ချိန်) သူပိုင်သမျှပစ္စည်းများနှင့် ငွေကြေးဥစ္စာများကို ဖခင်အား ပြန်လည်ပေး အပ်ချိန်မှစ၍ “ကျပ်မပြည့်သူ”အဖြစ် တံဆိပ်ကပ်ခြင်းခံရသည်။ သူက “ကျွန်ုပ်သည် ဘုရားအမှုတော်မြတ်အတွက် လုံးဝ အပ်နှံသည်”ဟုဆိုကာ ယခုအချိန်မှစ၍ “ကောင်းကင် ဘုံမှာရှိတဲ့ အဘ”သာလျှင် ကျွန်ုပ်၏ ဖခင်ဖြစ်၍ “Pietro Bernadone”သည် ကျွန်ုပ်၏ ဖခင်မဟုတ်တော့ဟု ဆိုလိုက်သဖြင့် လူထုကြီးသည် အလွန်အံ့အားသင့်ကြ၏။ ဒေါသ အိုးပေါက်ကွဲသော ဖခင်က သူ့အဝတ်အစားများနှင့် ပိုက်ဆံများကို ဆတ်ခနဲ ကောက်ယူ ကာ အိမ်သို ထွက်သွားလေသည်။

အဝတ်မရှိတော့သော ဖရန်စစ်(စ်)ကို သင်းအုပ်ဆရာတစ်ပါး၏ လယ်အလုပ်သမား တစ်ယောက်က သူ၏ သင်တိုင်းကို ပေးဝတ်၏။ ယခုအချိန်တွင် သူသည် အနာဂတ်ကို မည်ကဲ့သို စခန်းသွားရမည်ကိုပင် မသိတော့သော တစ်ကောင်ကြွက်ဖြစ်ရရှာသည်။ ထို အတွင်းတွင် ဘုရားကျောင်းအပျက်အစီးများကို ပြုပြင်ဖိုရန် လိုအပ်သော ပစ္စည်းပစ္စယ များအတွက် အလှူခံသော်လည်း အချည်းနှီးပင်ဖြစ်၍ မိမိ၏ ဝမ်းတစ်ထွာအတွက်ပင် တောင်းရမ်းစားသောက်နေရတော့ကား သူ့မိသားစုအပေါ်တွင် ပို၍ပို၍ စိတ်နာလာတော့ ၏။

 

ဘဝအလှည့်အပြောင်း

၁၂၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ ပွဲတော်ရက်တစ်ရက်တွင် ခရစ်ဝင်ကျမ်းကို ဖတ်နေစဉ် ခရစ်တော်က တပည့်တော်များကို စေလွှတ်ရာ၌ ငွေကြေးဥစ္စာကိုဖြစ်စေ၊ ပိုလျှံသော အဝတ် အစားများကိုဖြစ်စေ ယူငင်ခြင်းမပြုဘဲ ကောင်းကင်နိုင်ငံတော်အကြောင်းကိုသာ ဟော ပြောရမည်ဟု ပညတ်ထားသော ကျမ်းပိုဒ်ကို ဖရန်စစ်(စ်) တွေ့သည်။ သူက “စိတ်နှလုံး အကြွင်းမဲ့ဖြင့် ကျွန်ုပ်ရှာနေသည်မှာ ဤအရာပင်မဟုတ်တုံလော”ဟု ဆို၏။ နောက်ဆုံး တွင် သူသည် သူ့ဘဝအလှည့်အပြောင်းကို တွေ့သွားသည်။

ပြောင်းလဲလာသော အသက်တာကို သိသာစေရန် ခါးစည်းကြိုး၊ ဖိနပ်နှင့်တောင်ဝှေး ၊ တိုကို ဖယ်ရှား၍ ယောဂီရောင်သင်တိုင်းကို ဝတ်ဆင်၏။ သူ မျှဝေသောတရား ဒေသနာ သည် အကျဉ်းရုံးကလေးသာဖြစ်၍ တွေ့သမျှလူကို “ဘုရားရှင်ငြိမ်သက်ခြင်းပေးပါ စေ”ဟု ရိုးရိုးကလေးသာ နှုတ်ဆက်ခြင်းဖြစ်သည်။

ဖရန်စစ်(စ်)အပေါ်တွင် ထားသော အာစီစီမြိုသားများ၏ သဘောထားမှာလည်း ပြောင်းလဲ၍ လာ၏။ အရင်က “ကျပ်မပြည့်သူ”သည် ယခု မြို၏ ဂုဏ်ဆောင်ဖြစ်လာ သည်။ မကြာမီတွင် လူကုံထံတစ်ဦးသည် သူ၏ပိုင်ဆိုင်မှုများအားလုံးကို စွန့်ပစ်၍ ဖရန် စစ်(စ်)နောက်သို လိုက်၏။ နောက်တစ်နှစ်တွင် သူတိုအဖွဲ ၁၂ ဦးဖြစ်လာကာ သူတိုအထဲမှ ၂ ဦးသည် ဆွေကြီးမျိုးကြီးထဲမှ ဖြစ်၏။ အဖွဲသားများသည် အာစီစီမြို အပြင်ဘက်တွင် တဲထိုး၍ နေကြသည်။ ညသန်းခေါင်တွင်ထ၍ ဆုတောင်းခြင်းနှင့် နေ့ ဘက်တွင်အလုပ်လုပ်ခြင်း (သို) အလှူခံခြင်းများပြုကြသည်။ ရံခါတွင် အနီးမှ ဖြတ် သွားသူများကို ဘုရားရှင်အား ကြောက်ရွံရိုသေရန် တရားချခြင်းများနှင့် သူတိုအပြစ်များ အတွက် အာပတ်ဖြေခြင်းများပင် ပြုလုပ်စေသည်။

သူတို၏ လှုပ်ရှားမှု ကျယ်ပြန့်လာစေရန် တရားဝင်အသိအမှတ်ပြုခြင်းသည် မည်မျှ အရေးကြီးကြောင်း သူတိုသိကြသည်။ ထိုကြောင့် ၁၂၁၀ ခုနှစ်တွင် ညီအစ်ကိုဆယ့်နှစ် ဖော်သည် ရောမသို ဖိနပ်မပါ ခြေဗလာဖြင့် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံရန် ခြေကျင် လျှောက်လာခဲ့ကြ၏။ နောက်ဆုံးတွင် ပုပ်ရဟန်းမင်းကြီးက သူတိုလိုအင်ကို ဖြည့်ဆည်းပေး သည်။ ဖရန်စစ်(စ်)က ခရစ်ဝင်ကျမ်းများကို အခြေယူ၍ ရိုးစင်းသောနည်းနာ တစ်ခု ရေး ဆွဲသည်။ ၄င်းနည်းနာမှာ ကိုယ်တော်မှတစ်ပါး မည်သူ့ဩဇာမျှ မခံရန်ဖြစ်၏။ သူတိုသည် ပေးစရာရှိသမျှကို ဆင်းရဲသားများအား ပေးကမ်းစွန့်ကြဲပြီး သူတို၏ ပိုင်ဆိုင်မှုဟူသမျှမှာ နတ္ထိဖြစ်၍ ကားတိုင်လမ်းကို လျှောက်ရန်သာဖြစ်သည်။ ဖရန်စစ်(စ်)က ဆင်းရဲတွင်း တည်းဟူသော စည်းစိမ်စွန့်လွှတ် မှုကိုသာ တစိုက်မတ်မတ် ဆော်ဩ၍ ဤနည်းလမ်းကို လိုက်လျှောက်နိုင်ပါမှ လောကီတပ်မက်မှုနှင့်ကင်းလွတ်၍ ဘုရားရှေ့တော်မှောက်၌ ပျော် ရွှင်စရာအတိပြီးရချေမည်ဟု ဆို၏။

 

သနားစရာ ကလဲရာများ

၁၂၁၂ ခုနှစ်တွင် ဖရန်စစ်(စ်)၏ တရားဒေသနာကို အလွန်စိတ်ဝင်စားသော အာစီစီမြို ဆွေကြီးမျိုးကြီးထဲမှ သမီးပျိုတစ်ဦးရှိသည်။ ဖရန်စစ်(စ်)နှင့် ထိုကညာပျိုကလဲရာ (Clare) သည် အလွန်ပနံသင့်ကြ၏။ တစ်ညတွင် ကလဲရာ အိမ်မှ တိတ်တဆိတ်ထွက်၍ အရပ်ထဲ ရှိ သီလရှင်ကျောင်းသို ခိုးထွက်လာသည်။ သူ့မိဘများက သူ့ကို ပြန်ခေါ်၍ မရတော့ သဖြင့် ဖရန်စစ်(စ်)က သူ့ကို ကျောင်းတွင် လက်ခံရတော့၏။ ကလဲရာသည် အိမ်သို ခြေဦးပင် မလှည့်တော့ချေ။

ကလဲရာကို အားကျသူ တခြားမျိုးကြီးရိုးကြီးထဲမှ အမျိုးသမီးအချိုသည် သူ့ထံသို လာ၍ ပူးပေါင်းကြသည်။ သူမသည် ၃ နှစ်အတွင်းတွင် သီလရှင်ကျောင်းတိုက်အုပ်ကြီး ဖြစ်၍ ဖရန်စစ်(စ်)က ဆန်ဒါမီယာနိုဘုရားကျောင်းကို သူတို၏ ဌာနချုပ်အဖြစ်ပေးအပ် သည်။ သူတိုကို သနားစရာကလဲရာများဟု လူသိများ၍ ဖရန်စစ်(စ်)၏ ဆင်းရဲမွဲတေမှုလမ်း စဉ်နှင့် ဗြဟ္မစိုရ်တရားကို ဦးထိပ်ပန်ဆင်သူများဖြစ်ကြသည်။ ကောင်းသောအလုပ်ဟူ သမျှကို ကိုယ်စွမ်းရှိသလောက် လုပ်ကိုင်ကြ၍ ဖျားနာသူများကို ကိုယ်ဖိရင်ဖိ ပြုစုကြ၏။ ဖျားနာသူများကို ဤသိုပြုစုခြင်းက နောင်အခါတွင် ဆေးပညာကို လေ့လာရန် လမ်းခင်း ပေးသကဲ့သို ရှိသည်။

ဖရန်စစ်(စ်)နှင့်ပတ်သက်၍ ဒဏ္ဍာရီပုံပြင်များသဖွယ် ပါးစပ်ရာဇဝင်များစွာရှိ၍ မည်သည်က အမှန်ဖြစ်သည်ဟု ပြောရန်ပင် ခဲယဉ်း၏။ သိုသော် သူသည် သဘာဝတရား နှင့် ကျေးငှက်သာရကာများကို အလွန်ချစ်မြတ်နိုးသူဖြစ်ကြောင်းကား သေချာသည်။ တစ်ရံရောအခါက ခရီးစဉ်တစ်ခုတွင် သူ့ခရီးဖော်များထံ၌ ဤသိုပြောသည် ဟူ၏။ “လမ်းပေါ်မှာ ခဏရပ်စောင့်ပေးကြပါ၊ ချစ်နှမငယ် ငှက်ကလေးများနဲ့ စကားစမြည် သွားပြောလိုက်ဦးမယ်။” ချက်ချင်းဆိုသလိုပင် ငှက်ကလေးများလည်း သစ်ပင်ပေါ်မှ အောက်သို ဆင်းလာကြကာ ဖရန်စစ်(စ်)၏ သြဝါဒစကားကို နာကြ၏။ ထိုအခါ သူက “ဘုရားရှင် ဘုန်းကြီးပါစေ”ဟု ငှက်ကလေးများကို သင်ပေးသည်တွင် ငှက်ကလေး များသည် အလွန်ချိုသာစွာ တေးသီ၍ ပျံသွားကြသည် ဟူ၏။ သူသည် အိမ်မွေးတိရစ္ဆာန် များဖြစ်သော အထူးသဖြင့် ငှက်ကလေးများ၊ သိုးသူငယ်များနှင့် ယုန်ကလေးများကို ချစ်တတ်သူဖြစ်သော်လည်း သူ၏ ဒုတိယစည်းမျဉ်းက တားမြစ်ထားသောကြောင့် နေအိမ်တွင် မွေးမြူခွင့် မရပေ။

သူ့ဘဝနေဝင်ချိန်တွင် နယ်လှည့်ဘုန်းကြီးများအတွက် နယ်လှည့်တရားဟောရင်း ရွတ်ဖတ်သရဇ္ဈာယ်ရန် ဓမ္မသီချင်းတိုတစ်ပုဒ် ရေးသားသီကုံးပေးသည်။ ယင်းဓမ္မသီချင်း တိုထဲ၌ သူရိယနေမင်းကြီးကို အစ်ကိုကြီးအဖြစ်လည်းကောင်း၊ အာပေါဓာတ်ဖြစ်သော ရေကို အစ်မကြီးအဖြစ်နှင့်လည်းကောင်း၊ မဟာပထဝီမြေကြီးကို အမိအဖြစ်လည်းကောင်း၊ တင်စားထား၍ သူ မကွယ်လွန်မီကလေးတွင် “သေခြင်းတရားကို ချစ်စရာကောင်းသော နှံမငယ်”အဖြစ်လည်းကောင်း လင်္ကာတစ်ပုဒ် ထပ်မံဖြည့်စွက်ကာ အလုံးစုံအတွက် ဘုရား ရှင်ကို ချီးမွမ်းထောမနာပြုသည်။

ဖရန်စစ်(စ်)သည် ရံခါဆိုသလို အီတလီကမ်းခြေ၏ ဟိုမှာဘက်တွင် ကယ်တင်ခြင်း မကြာခဏ အားထုတ်၏။ ၁၂၁၄ ခုနှစ်တွင် မိုရိုကိုသို စတင်ခြေ ဆန့်ကာ မိုး (Moors) လူမျိုးများကို ခရစ်ယာန်ဘာသာသို သွတ်သွင်းသော ခရစ်ယာန် သူရဲကောင်းတစ်ဦးဖြစ်လိုလှ၏။ သိုသော် ကျန်းမာရေးချိုတဲ့မှုကြောင့် အာစီစီသို ပြန်လာ ခဲ့ရသည်။

၁၂၁၉ ခုနှစ်တွင် သန့်ရှင်းသောမြေ၌ မွတ်စလင်များကို ဒုတိယအကြိမ်အဖြစ် သွား ရောက်တရားချကာ အီဂျစ်နှင့် ပါလက်စတိုင်းကိုလည်း ရောက်ခဲ့သေး၏။ သိုသော် သူ၏ သာသနာပြုခရီးစဉ်သည် ထီးဖြူဖိနပ်ပါး ရုံသာရှိ၍ ညှိးနွမ်းစွာ အိမ်ပြန်ရောက် လာသည်။ နောက်တစ်ခါ စူလတန် (Sultan) ဘုရင်ကြီးကို ခရစ်ယာန်ဘာ သာသို သွတ်သွင်းရန် မိုက်ရူးရဲစွာ ကြိုးစားသေး၏။ ခရစ်ယာန်ဘာသာမှန်ကန်ကြောင်းလည်း မီးဖြင့် စမ်းသပ်မှုတစ်ခုပြုလုပ်သည်။ စူလတန်ဘုရင်က သူ့ကို နွေးထွေးစွာ ကြိုဆို သော်လည်း သူယူဆောင်လာသော သတင်းကောင်းကိုကား ယဉ်ကျေးစွာ ငြင်းပယ်၏။

ခရစ်တော်၏ လက်ဝါးကပ်တိုင် သံစွဲချက်နှင့်တူသော အမှတ်အသားများ

အဝေးမှပြန်လာ၍ အာစီစီသို ရောက်လာချိန်တွင် ဖရန်စစ်(စ်)သည် သူမရှိခိုက် ပြင်ဆင် ထားသော စည်းမျဉ်းတချိုကြောင့် နယ်လှည့်ဘုန်းကြီးများ၏ ခေါင်းဆောင်အဖြစ်မှ နှုတ် ထွက်ရသဖြင့် တောထွက်တရားကျင့်တော့သည်။ ခရီးရှည်ဖြစ်သော အရှေ့အလယ်ပိုင်းမှ ခြေကျင်ပြန်လာသူဖြစ်ရကား ကျန်းမာရေးယိုယွင်းပျက်စီးကာ အမြင်အာရုံများလည်း ဆိုးသထက် ဆိုးလာသည်။

၁၂၂၄ ခုနှစ်၊ စက်တင်ဘာလ အစာရှောင်ကာလတွင် ခရစ်တော်၏ လက်ဝါးကပ် တိုင် သံစွဲချက်နှင့်တူသော အမှတ်အသားများကို ရရှိသည်ဟုဆိုကာ ခရစ်တော်၏ ဒဏ်ရာဒဏ်ချက်များသည် သူ့ကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသည်ဟုဆို၏။ သူ့လက်များနှင့် ခြေထောက်များတွင် အနာတရ ရထားသည်ဟုဆိုကာ ထိုနေရာများကို ပတ်တီးစည်းထား ၍ ထိုအချိန်နောက်ပိုင်းတွင် သူသည် ခြေကျင်ဖြင့် လမ်းမလျှောက်တော့ဘဲ မြည်းသာ စီးတော့သည်။

သူ၏နောက်ဆုံးနေ့ရက်များကို ကလဲရာဆောက်ပေးသော တဲကလေးထဲ၌ပင် ကုန်ဆုံးစေ၏။ နောက်ဆုံးတစ်ကြိမ် ဆန်မာရီယာ (San Maria) ဘုရားကျောင်း၌ ဝတ် တက်၍ ၁၂၂၆ ခုနှစ်၊ အောက်တိုဘာ၊ ၃ ရက် နေဝင်ရီတရောအချိန်တွင် အသက်ထွက် သည်။ သူ့ရုပ်ကလာပ်ကို ဘာစီလီကာတစ်ခုတွင် ထား၍ လဲလျောင်းအနားယူစေသည်။

ဖရန်စစ်(စ်)သည် သူ မကွယ်လွန်မီ ညီအစ်ကိုများကို ဘုရားကျောင်းများ (သို) နေ ၊ ထိုင်ရန်အိမ်များ ပေးလှူသူရှိပါက လက်ခံရန် မှာကြားသော်လည်း “အဆောင်အယောင် များ မရှိစေရ”ဟု သတိပေးသည်။ သူ ကွယ်လွန်ချိန်တွင် သူ့စည်းမျဉ်းသည် ဆက်လက် ရှင်သန်နေသေးသော်လည်း မွဲတေခြင်းကို ရှေးရှုသော ကျင့်စဉ်ဖြစ်သောကြောင့် ဆက် လက်ထိန်းသိမ်းခြင်းငှာ မစွမ်းကြတော့သဖြင့် ရာစုနှစ်တစ်ခုကျော်သာ ခံတော့သည်။

ဖရန်စစ်(စ်)သည် တစ်ပါးသူကို ကိုယ့်ဘက်ပါအောင် ဆွဲဆောင်သိမ်းသွင်းရာ၌ အလွန်တော်သူဖြစ်သည်။ အများနှင့်မတူ တစ်မူထူးသော ကိုယ်ရည်ကိုယ်သွေးရှိသူလည်း ဖြစ်၏။ ခရစ်တော်နှင့်အတူနိုင်ဆုံး လူသားမှာလည်း သူပင်ဖြစ်သည်။ နူနာဝဲစွဲသူများကို နူးညံ့သိမ်မွေ့စွာ ဆက်ဆံပုံမှာ အထင်ရှားဆုံး သာဓကဖြစ်သည်။ “ခရစ်တော်ကိုယ်တိုင် သူတိုရှိရာအရပ်သို ကျွန်ုပ်ကို လမ်းပြခေါ်ဆောင်၏။ သူတိုကို ရွံစရာဟု ထင်ရသော် လည်း နမ်းရှုပ်ပြီးချိန်တွင် ချိုမြိန်ခြင်းကို ဖြစ်စေသည်”ဟူသော သူ့စကားသည် ပုံသက် သေပင်ဖြစ်တော့သတည်း။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အသင်းတော်ပြုပြင်ပြောင်းလဲခြင်း

 

ရိုမင်အသင်းတော်

၁၄ ရာစု အလယ်ခေတ်အသင်းတော်၏ အခြေအနေမှာ ဝမ်းနည်းဖွယ်ရာ နိမ့်ဆင်းယုတ်လျော့လာ၍ နိုင်ငံရေးနှင့် စီးပွားရေးတွင် လူတို၏ စိတ်ဝင်စားမှုက ဘာသာရေးယုံကြည် ချက်ကို ကျော်တက်နင်းချေ သွားသည်။ ကျောင်းတော်က အုပ်ချုပ်မင်းလုပ်သူများအပေါ် တွင် သူ၏ အာဏာတည်မြဲရေးသာ ပဓာနထားဆောင်ရွက်၍ ဘုရားရှင်၏ ပညတ်တရား များကို လွန်စွာ ညစ်ညမ်းစေသည်။ မှားယွင်းသော ဘာသာရေးအယူဝါဒများနှင့် ကျင့်စဉ် များ လျင်မြန်စွာ ပျံ့နှံကာ သမာသမတ်ကျသော သွန်သင်ချက်များ လျစ်လျူရှုခြင်း၊ ခံရ၏။

ဘုန်းကြီးကျောင်းများမှာ သိသာမြင်သာသော အသင်းတော်၏ ကြွယ်ဝချမ်းသာ မှုပြယုဂ်ဖြစ်သည်။ လူကုံထံများက အပြစ်များ ဖြေလွှတ်ဖိုရန်နှင့် သေလွန်ပြီးသူ တစ် ယောက်၏ ဝိညာဉ်လွတ်မြောက်မှုအတွက် မစ္ဆားတရားဟောပေးရန် ကြီးမားသော မြေနေရာများကို ရဟန်းတော်များထံ၌ တံစိုးလက်ဆောင်အဖြစ် ပေးလှူ၍ အလဲအလှယ် ပြုကြ၏။ အင်္ဂလန်တွင် နိုင်ငံ၏ အကျယ်ဝန်းဆုံး မြေပိုင်ရှင်များမှာ ဘုန်းကြီးကျောင်း များဖြစ်၍ ကုန်းမြေ၏ သုံးပုံတစ်ပုံခန့်ရှိသည်။ ဆီစတားရှန်းများသည် ပမာပြုစရာ မြေရှင်ကြီးများဖြစ်ကာ သီးကို အကြီးအကျယ်မွေးမြူ၍ အလွန်ချမ်းသာလာသူများဖြစ် ကြသည်။ သင်းအုပ်ဆရာများ၊ ကျောင်းထိုင် ဘုန်းကြီးများနှင့် ရဟန်းတော်များမှာ လောကီ ချမ်းသာ၌ နစ်မွန်းနေကြ၍ သူတို၏ လုပ်ဆောင်ဖွယ်များကိုပင် မေ့လျော့ကာ စိတ်အလို လိုက်၍ မိုက်တွင်းနက်ကြလေသည်။

သာသနာပိုင်များက ဘုရင်များနှင့် ဧကရာဇ်များကဲ့သို ငွေကို ရေလိုအပြိုင်သုံး လာ၍ ပြောင်ပြောင်ရောင်ရောင် ဝတ်ဆင်ကြ၏။ ဂိုဏ်းအုပ်ရာထူးနှင့် လင်မယားကွာ ရှင်းပြတ်စဲမှုများကို “ရောင်းကုန်”ကဲ့သို အသင်းတော်က အခွန်စည်းကြပ်ကာ ၄င်းမှ ရရှိငွေဖြင့် သာသနာပိုင်များက အနုသုခုမအတွက် ရက်ရောစွာ ထောက်ပံ့ပေးသည်။ ဤသိုဖြင့် အလွန်ခမ်းနားသော အဆောက်အအုံကြီးများကို တည်ထောင်ခြင်းဖြစ်ရာ ရောမမြိုရှိ စစ္စတင်း (Sistine) ဝတ်ပြုခန်းမသည် ထိုကဲ့သိုသော ဝင်ငွေဖြင့် ဆောက် တည်ထားသော အဆောက်အအုံဖြစ်သည်။

“မဟာဂိုဏ်းကွဲမှုကြီး” (the Great Schism 1378-1417) ကြောင့် ကျောင်း တော်သည် ပို၍ ဂုဏ်သိက္ခာညှိးနွမ်းကာ ယှဉ်ပြိုင်ဘက် ပုပ်ရဟန်းမင်းနှစ်ပါးတွင် တစ်ပါး က အာဗီနွန် (Avignon) တွင် အခြေချ၍ တစ်ပါးမှာ ရောမမြိုတွင် ရုံးထိုင်သည်။

သမ္မာကျမ်းစာနှင့် ဖီလာဆန့်ကျင်လျက်ရှိသော သွန်သင်ချက်များနှင့် ကျင့်စဉ်များ အပေါ်တွင်လည်း မကျေနပ်မှုများ ကြီးထွားလာသည်။

စတုတ္ထအကြိမ် လာတီရင် (Lateran) ညီလာခံ (၁၂၁၅) ၌ ပွဲတော်မင်္ဂလာတွင် အသုံး ပြုသော မုန့်နှင့်စပျစ်ရည်သည် သခင်ယေရှု၏ ခန္ဓာနှင့်အသွေးတော်အဖြစ် ပြောင်းလဲ သွားသည် (transubstantiation) ဟု သွန်သင်ခြင်းခံရသည့်အပြင် ခရစ်ယာန်ဘာသာ ဝင်သူတိုင်း အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် အာပတ်ဖြေရမည်ဟူသော ကျင့်စဉ်ကို ချမှတ်သည်။

မေရီ၏ အပျိုရည်မပျက်ဟု ယုံမှားခြင်းအစွဲနှင့် မေရီသည် အပြစ်မရှိဘဲ မွေးဖွားလာ သူဖြစ်သည်ဟု သွန်သင်ခြင်းက မေရီသည် မွေးရာပါအပြစ်မရှိသူဟု ဖော်ညွှန်းရာရောက် သည်။ နားဖြင့် ကြားနာ၍ အာပတ်ဖြေခြင်းနှင့် အခကြေးငွေဖြင့် ဝယ်ယူ၍ရသော အပြစ် ဖြေပြေစာ (indulgences) ကို ဈေးကွက်ဖောက်ခြင်းအပြင် ဘုန်းကြီးသည် (အသင်း တော်ကိုယ်စား) အပြစ်ကို ဖြေလွှတ်နိုင်စွမ်းရှိသူဟု အများက လက်ခံထားကြသည်။ ၁၂၃၂ ခုနှစ်တွင် ကျောင်းတော်က ယုံကြည်ချက် မှန်၊ မမှန်ကို စစ်ကြော၍ ဒဏ်ပေးခြင်း (Inquisition) များကိုလည်း စတင်ဆောင်ရွက်၏။

ကယ်တင်ခြင်းသည် ရောမအသင်းတော်တစ်ခုထဲ၏ မူပိုင်အဖြစ် ကျောင်းတော်က ပုံသွင်းခြင်းမှာ ထင်သလောက် ခရီးမရောက်ပေ။ ခရစ်ယာန်အများစု၏ ရင်ထဲ၌ မကျေနပ် မှုတည်းဟူသော မျိုးစေ့သည် အညွန့်ပေါက်လာ၏။

ပြည်သစ်ပြည်တောင်ပိုင်းမှ အဘီးဂျီးနစ်(စ်) (Albigenses) များနှင့် လီယွန်း မြိုမှ သူဆင်းရဲများသည် ကက်သလစ်အသင်းတော်၏ လှုပ်ရှားမှုများကို ရှုတ်ချခဲ့သူများဖြစ်သည်။ နယ်သာလန်တွင်လည်း သာတူညီမျှ ညီနောင်များအဖွဲက ပိုမိုကောင်းမွန်သော ခရစ်ယာန်အသက်တာကို လျှောက်လှမ်းနိုင်ရန် အခမဲ့ ဓမ္မကျောင်းများ ဖွင့်ပေးခဲ့သည်။ ယင်းညီနောင်များအဖွဲ မှ သောမတ်စ် အေ ကမ်းပစ်(စ်) (Thomas a Kempis) က ခရစ်တော်ကို တုပခြင်း (The Imitation of Christ) အမည်ရစာအုပ်ကို ရေးသား၏။ ထိုစာအုပ်ထဲတွင် ခရစ်တော်၏ လမ်းစဉ်ကို လိုက်ကာ သူ၏ သွန်သင်ချက်ကိုသာ လေးစား လိုက်နာရန် သူက တိုက်တွန်းနှိးဆော်ထားသည်။

ကက်သလစ်အသင်းတော်အတွင်းရှိ ပုဂ္ဂိုလ်ထူးအချိုပင် အသင်းတော်ကို ဆန့်ကျင် လာကြ၏။ Padua မြိုသား မာစီဂီလီယို (Marsiglio 1275-1342) က ၁၃၂၄ ခုနှစ် တွင် Defensor Pacis စာအုပ်ကို ရေးသားထုတ် ဝေ၍ ကျမ်းစာသည်သာ ယုံကြည်ခြင်းကို ကာကွယ်ရာ၌ အခရာအကျဆုံးဖြစ်သည်ဟု ဖော်ပြသည်။ မာစီဂီလီယိုနှင့် ခံယူချက်ချင်း ထပ်တူကျသူတစ်ဦးမှာ ဆာရေး (Surrey) William of Ockham (1285- 1347) ဖြစ်၍ သူသည် ဖရန်စစ်(စ်) ကန်ရသေ့တစ်ပါးဖြစ်ကာ နောင်အခါတွင် ပုပ်ရဟန်းမင်းကြီး ၏ ကြဉ်ခြင်းခံ ရသူဖြစ်သည်။

 

အဘီးဂျီးနစ်(စ်)

အဘီးဂျီးနစ်(စ်)များသည် ပြင်သစ်ပြည်တောင်ပိုင်း Albi မြို ကို ဗဟိုပြုသော အဖွဲအစည်း ဖြစ်၍ သူတို၏ အထွတ်အထိပ်ရောက်ချိန်မှာ ၁၂၀၀ ခုနှစ်ဝန်းကျင်တွင် ဖြစ်သည်။ ထို အဖွဲအစည်း၏ လှုပ်ရှားမှုကို အီတလီဘာသာဖြင့် ကက်သားရီ (Cathari ဂရိအနက်၊ မှာ “သန့်ရှင်းသူများ”)ဟုခေါ်၍ သူတို၏ တစ်ခုတည်းသောဆန္ဒမှာ ရိုမင်အသင်းတော်ကို ခြိမ်းခြောက်ရန်ဖြစ်လေသည်။ သူတို၏ အဆိုအရ အရာဝတ္ထုများအားလုံးမှာ အဆိုးချည်းသက်သက်ဖြစ်၍ ခရစ်တော်ပင်လျှင် ကောင်းကင်တမန်တစ်ပါး လောက်သာ ရှိသည်ဟု အထင်ရှိကာ ခရစ်တော်တွင် အမှန်တကယ် ရုပ်ခန္ဓာမရှိကြောင်း၊ ဝေဒနာခံစား ရခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဆိုသည်မှာလည်း အစစ်အမှန်မဟုတ်ကြောင်း၊ သူ၏ ကယ်တင်ခြင်းဆိုသည်မှာလည်း သွန်သင်ခြင်းမှသာလျှင်ဖြစ်ကြောင်းဖြင့် တွေးထင်ကြ သည်။ ၁၂၀၉ ခုနှစ်တွင် တတိယမြောက် ပုပ်ပါးယပ်စ် (Pope Pius III) အမိန့်ဖြင့် သူတိုကို အနှစ် ၂၀ မျှ ရက်စက်စွာ ချေမှုန်းကာ ပုပ်ရဟန်းမင်းကြီးက ဒိုမီနီကန်များကို သူတို၏ ယုံကြည်မှုစစ်ကြောရန် တာဝန်ပေးသည်။ ၁၄ ရာစုအကုန်တွင် အဘီးဂျီးနစ် (6) လှုပ်ရှားမှုမှာ လုံးဝ ပျောက်ကွယ်သွားတော့သတည်း။

 

အသင်းတော်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တော်လှန်သူများထဲတွင် ဂျွန်ဝိုကလစ်ဖ် သည် သူ့ခေတ်အခါက အထင်ပေါ်ဆုံးဖြစ်၍ သူသည် ရောမကက်သလစ်အသင်းတော်၏ ဘုန်းတော်ကြီးနှင့် အောက်စဖိုဒ်တက္ကသိုလ်၏ ဒဿနိကပညာနှင့် ဓမ္မပညာရှင်ဖြစ်သည်။ သူသည် ပညာရှင်တစ်ယောက် ဖြစ်သည့်အပြင် “အသင်းတော်ပြုပြင်ပြောင်းလဲခြင်း၏ မိုးသောက်ကြယ်”ဟု တင်စားခံရသူလည်းဖြစ်သည်။

 

ဂျွန်ဝိုကလစ်ဖ် (၁၃၃၀ ခန့် – ၁၃၈၄)

အသင်းတော်ပြုပြင်ပြောင်းလဲခြင်း၏ မိုးသောက်ကြယ်

ဂျွန်ဝိုကလစ်ဖ် (John Wyclif)သည် ယော့ခ်ရှိင်းယား (Yorkshire) မြောက်ဘက်တွင် မွေးဖွား၍ ဖခင်မှာ ဗိုကလစ်ဖ်အရပ်ရှိ မြေရှင်ကြီးတစ်ဦးဖြစ်သည်။ ဗိုကလစ်ဖ်သည် ၁၃၄၅ ခုနှစ်တွင် မာတွန် (Merton) ကောလိပ်၌ ပညာသင်ခဲ့ဟန်ရှိ၍ ၁၃၆၀ မှ ၁၃၆၂ ခုနှစ်အထိ ဘာလီယို (Balliol) ကောလိပ်တွင် ကျောင်းအုပ်ကြီးတာဝန် ယူသည်။ ၉ နှစ်တိုင် ပညာဆက်သင်၍ ၁၃၇၂ ခုနှစ်တွင် ပါရဂူဘွဲရသည်။ သူသည် “အောက်စဖိုဒ် ၏ အဖူးအညွန့် ဒဿနိကပညာတွင် ပြိုင်ဘက်ကင်းသူ၊ စည်းကမ်းသေဝပ်မှု၌ ပြိုင်စံ ရှားသူ”အဖြစ် ဖော်ညွှန်းခြင်းခံရသူဖြစ်၏။ သူ၏ ပညာပါရမီကြောင့် ၁၃၆၆ ခုနှစ်တွင် လင်ကက်စတာ (Lancaster ) မြို့စာ: John of Gaunt က ဘုရင့်အမူတော်ထမ်းအဖြစ် ခန့်အပ်သည်။

ဝှိကလစ်ဖ်သည် နိုင်ငံရေးသမားတစ်ဦးအဖြစ် မအောင်မြင်သော်လည်း သူချမှတ် သွားသော ဘုရင်သာလျှင် “စိုးမိုးအုပ်ချုပ်ပိုင်ခွင့်အာဏာ အပြည့်ရှိသူဖြစ်သည်ဟူသော မူကြောင့် ကျောင်းတော်၏ အမျက်သိုခြင်းခံရသည်။ ဘုရင့်အုပ်ချုပ်ခွင့်အာဏာသည် ဘုရားပေးဖြစ်သောကြောင့် ဘုရားရှင်၏ ကိုယ်စားလှယ်ဖြစ်သော ဘုရင်ကသာ ဘုန်းကြီး များအပေါ်တွင် စိုးမိုးအုပ်ချုပ်ခွင့်ရှိသည်ဟု ဆို၏။ အသင်းတော်ပြုပြင်ပြောင်းလဲရေး အတွက် တာဝန်ရှိသူမှာလည်း ဘုရင်ကြီးသာလျှင်ဖြစ်၍ ပုထုဇဉ်လူ သားမျှသာဖြစ်သော ပုပ်ရဟန်းမင်းကြီး၏ စကားကို နာခံစရာမလိုဟု ဆိုသည်။

ယင်းအယူဆဖြင့် ကျောင်းတော်ကို ထိုးနှက်၍ ပုပ်ရဟန်းမင်းကြီး၏ လုပ်ပိုင်ခွင့် များကို ကန့်သတ်ပေးလိုက်သော်လည်း ထိုခံယူချက်နှင့်ပတ်သက်၍ ဘုန်းကြီးများနှင့် လူဝတ်ကြောင် (Inity) များကိုကား ပန်ကြားတောင်းပန်၏။ ကျောင်းတော်က ၁၃၇၇ ခုနှစ်တွင် စိန့်ပေါလ်ဘုရားကျောင်း၌ သူ့ကို ဆင့်ခေါ်၍ သူ၏ သွန်သင်မှုအသစ် မှားယွင်းကြောင်း တောင်းပန်စေ၏။ ထိုအစည်းအဝေးသည် ပရမ်းပတာ လူတစ်စု၏ ကြားဝင် နှောင့်ယှက်မှုကြောင့် ပျက်ပြားခဲ့ရသည်။

သူသည် ပုပ်ရဟန်းမင်းကြီး၏ အခွင့်အာဏာနှင့်ပတ်သက်၍ အငြင်းအခုံမလုပ် သော်လည်း ၁၃၇၈ ခုနှစ်တွင် အသင်းတော်၏ မဏ္ဍိုင်ကြီးတစ်ခုဖြစ်သော ပွဲတော် နီလာကိစ္စဖြင့် သာသနာပိုင်များနှင့် ကွဲပြဲခဲ့ရသည်။ သူ့အဆိုအရ ပွဲတော်မင်္ဂလာထဲတွင် ရစ်တော်သည် အသွေးအသားအားဖြင့်မဟုတ်ဘဲ နာမ်ဝိညာဉ်အဖြစ်သာ ကိန်းဝပ်ခြင်း သည်ဟု ဆို၏။ ပွဲတော်မင်္ဂလာတွင် သုံးဆောင်သော မုန့်နှင့် စပျစ်ရည်သည် ခရစ် က်၏ အသွေးနှင့်အသား ဖြစ်မလာဘဲ ခရစ်တော်ကို ယုံကြည်ခြင်းဖြင့်သာ ခံစားထိ တွေ့နိုင်သည်ဟု ဆိုသည်။ ဤဖြစ်စဉ်တွင် ကယ်တင်ခြင်းရဖိုရန် မည်သည့်ဘုန်းကြီးကိုမျှ အမှီပြုစရာမလိုဘဲ ယုံကြည်သူတိုင်းက ခရစ်တော်ကို ယုံကြည်လက်ခံရန်သာ လိုအပ် သည်ဟု ဆိုရာရောက်သည်။

ပွဲတော်မင်္ဂလာနှင့်ဆိုင်သော သူ့အမြင်မှာ လက်ခံနိုင်ဖွယ်မရှိဟုဆို၍ အောက်စဖိုဒ် တင် အုတ်အော်သောင်းတင်းဖြစ်ကြကုန်၏။ သူက ၁၃၈၁ ခုနှစ်တွင် စာအုပ်တစ်အုပ် ရေး၍ သူ့ခံယူချက်ကို ကာကွယ်သော်လည်း သူ့ကို ထောက်ခံသူများ၏ စွန့်ပစ်ခြင်းကိုပင် ခံရကာ တက္ကသိုလ်ပရိဝုဏ်အတွင်းမှ အတင်းအဓမ္မနှင်ထုတ်ခြင်းခံရသည်။ သူ၏ ရန်သူ များက ချည်တိုင်တွင် မီးတင်ရှိရတော့မည်ဟု အူမြူးနေကြသော်လည်း John of Gaunt က ကာကွယ်ပေးသည်။ ၁၃၇၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးကို အာခံရာအရပ်ဖြစ်သော လူသာဝတ်သ် (Lutterworth) ၌ ပြန်လည်အခြေချနေထိုင်သည်။

ဝှိကလစ်ဖ်သည် လူကြီးရောဂါဖြင့် အသည်းအသန်ဖြစ်နေသော်လည်း ဧကန်စင်စစ် သူသည် သူ့ဘဝနေဝင်ချိန်တွင် အောင်မြင်သီးပွင့်သူဖြစ်သည်။ တစ်ချိန်က သူ့မိတ်ဆွေ ဘောင်းဘုန်းကြီးများ သူ့ထံသို လာရောက်လည်ပတ်ကြကာ နောင်တရရန် နားချ အကြံပေးကြ၏။ သူက ဤသိုဆိုသည်။ “ကိုယ်တော့်ကို အလုပ်အကျွေးပြုဖို ငါ အသက် ရှင်ရဦးမယ်။” မှန်ပေသည်။ သူသည် လုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်သူ ဟဲရားဖိုဒ်မှ နီးကိုးလပ်စ် (Nicholas of Hereford) နှင့်အတူ အလယ်ပိုင်းဒေသိယစကားဖြင့် သမ္မာ ကျမ်းစာကို လက်တင်ဘာသာမှ အင်္ဂလိပ်ဘာသာသို ပထမဆုံး ဘာသာပြန်ခဲ့ကြသည်။

သူကွယ်လွန်ပြီးနောက်ပိုင်းတွင် “ဗိုကလစ်ဖ်ကျမ်းစာ”ကို ပြန်လည်စိစစ်တည်း ဖြတ်၍ ထိုခေတ်က အသုံးတွင်ကျယ်သော ဘာသာဖြင့် ရေးသားထုတ်ဝေသည်။ ဝိက လစ်ဖ်က လောလတ်စ် (Lollards) များကို စနစ်တကျ ဖွဲစည်း၍ သူ၏ အယူအဆကို ဖြန့်ဖြူးစေ၏။ လောလတ်စ်များသည် “ဂုဏ်သိမ်မဲ့တရားဟောဆရာ” တစ်နည်းပြောရ လျှင် သင်းအုပ်ဆရာက တရားဟောခွင့်လိုင်စင် ထုတ်မပေးသူများဖြစ်သည်။ သူတိုသည် မြို၊ ရွာများအပြင် လမ်းဆုံလမ်းခွနှင့် လူစည်ကားရာနေရာများတွင် တရားဟောကြ၏။ ဗိုကလစ်ဖ်၏ ဝါဒဖြန့်လက်ကမ်းစာစောင်များနှင့် တရားဟောချက်များကို လက်တင် ဘာသာဖြင့် မဟုတ်ဘဲ အင်္ဂလိပ် ဘာသာဖြင့် ရေးသားထုတ်ဝေသည်။

လောလတ်စ်များ၏ အဓိကဦးတည်ရာမှာ အလယ်ပိုင်းဖြစ်သော်လည်း Bristol, Amersham နှင့် Windsor ကဲ့သို့သော အခေါင်အဖျားများကိုလည်း ‌ရောက်အောင်သွားခဲ့ကြသည်။ သူတိုက ယုံကြည်သူများအတွက် ဆုတောင်းခန်းကလေးများ ဖွင့်လှစ်ပေး ကာ သာသနာခရီး အဓွန့်ရှည်တည်တံ့ရန် ဆက်လက်ကြိုးစားကြ၏။ ၁၃၈၂ ခုနှစ်တွင် ဝတ်ရုံနက် ဘုန်းကြီးများညီလာခံ (Blackfriars Council) က သူတို၏ လှုပ်ရှားမှုကို ပြစ်တင်ရှုတ်ချကြသော်လည်း လောလတ်စ်များသည် ဆက်လက်တိုးပွားဆဲပင်ဖြစ်၏။

ဝှိကလစ်ဖ်သည် သူ မကွယ်လွန်မီ ၂ နှစ်အလိုတွင် လေဖြတ်ရောဂါ၏ ဖိစီးနှိပ်စက် ခြင်းကို အလူးအလဲခံရ၍ ၁၃၈၄ ခုနှစ်၊ ဒီဇင်ဘာလ ပွဲတော်မင်္ဂလာပေးနေစဉ် ရုတ်တရက် အမောဖောက်ကာ သုံးရက်အကြာတွင် ကွယ်လွန်သည်။ သူသည် ပြုပြင်ပြောင်းလဲရေး ဟူ၍ မည်မည်ရရ အကောင်အထည် မဖော်နိုင်ခဲ့သော်လည်း အသင်းတော်ပြုပြင်ပြောင်းလဲ ရေးအတွက် လမ်းခင်းပေးခဲ့သူဖြစ်သည်။

ဝှိကလစ်ဖ်၏ အာဘော်ကို ဥရောပတိုက်တွင် ဆင့်ပွားသူမှာ ဂျန်ဟတ်စ် (Jan Hus 1374-1415) ဖြစ်၍ သူသည် ယခု ချက်သမ္မတနိုင်ငံ ပရော့ဂ် (Prague) တက္ကသိုလ် ကျောင်းတော်ကြီးသားဖြစ်၏။ ဂျန်ဟတ်စ်သည် ယုံကြည်ခြင်းအတွက် သမ္မာကျမ်းစာသာ လျှင် ပဓာနကျကြောင်း တရားများ ဟောပြောကာ ပုံတူရုပ်တုများ အသုံးပြုခြင်းနှင့် အပြစ်ဖြေပြေစာ ရောင်းချခြင်းများကို ပြစ်တင်ရှုတ်ချသည်။ တရားမဟောရအမိန့် ထုတ် ဆင့်ခံရသောအခါ သူက ဤသိုဆို၏။ “ဘုရားရှင်က ဤမှန်သောစကားကို ကာကွယ် ဖိုရန် ကျွန်ုပ်ကို သဒ္ဓါတော်မူသည်ဖြစ်၍ ကျွန်ုပ်၏ အသက်နှင့်ကိုယ် တည်မြဲနေသရွေ့ကျွန်ုပ်တွင် ကာကွယ်ရမည့်တာဝန်ရှိသည်။ အထူးသဖြင့် သန့်ရှင်းသော သမ္မာကျမ်းစာကို ကျွန်ုပ်ကာကွယ်ရမည်။”ကျောင်းတော်က သူ့ကို စစ်ဆေး၍ ချည်တိုင်တွင် အရှင်လတ် လတ် မီးတင်ရှိသည်။

 

မာတင်လူသာ (၁၄၈၃-၁၅၄၆) အသင်းတော်ပြုပြင်ပြောင်းလဲခြင်း စတင်သူ

ပရိုတက်စတင့်တော်လှန်ရေးကို စတင်မွေးဖွားပေးသူမှာ မာတင်လူသာ (Martin Luther) ဖြစ်သည်။ အလယ်ခေတ်အသင်းတော်၏ မကျေနပ်ချက်များ မည်မျှပင်ပျံ့နှံနေသော် လည်း လူသာက ကျောင်းတော်ကို စိန်ခေါ်လိုက်ချိန်မှသာ ဥရောပတစ်လွှားတွင် ခရစ် ယာန်ဘာသာရေး ပြုပြင်ပြောင်းလဲမှု လှိင်းလုံးကြီး ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။ သူ့မတိုင်ခင် ကျောင်းတော်ကို အာခံသူများရှိခဲ့သော်လည်း လူသာက အပြစ်ဖြေပြေစာ ရောင်းချခြင်း (သို) holy trade ခေါ် “မွန်မြတ်သော ရောင်းဝယ်ဖောက်ကားခြင်း”ဟု သာမန်ပြည်သူများကို တစ်ပတ်ရိုက် ကုပ်သွေးစုပ်ခြင်းအား အပြင်းအထန် ကန့်ကွက်ချိန် မှစ၍ စတင်ခြင်းဖြစ်သည်။

သတ္တုတွင်းအလုပ်သမားတစ်ဦး၏ သားဖြစ်သူ လူသာသည် တူရင်ဂီယာ (Thuringia) ပြည်နယ် အိုင်ဆဲလ်ဗန် (Eisleben) ၌ မွေးဖွားသည်။ ဖခင်သည် သတ္တုတွင်း အလုပ်သမားတစ်ဦးဖြစ်သော်လည်း နောင်အခါတွင် လမ်းမကြီးဘေး၌ အိမ်ကြီးရခိုင်နှင့် နေနိုင်သော ကောင်စီဝင်တစ်ဦးဖြစ်သည်။ လူငယ်မာတင်သည် ကက်သလစ်အသင်းတော် ၏ အဆုံးအမအောက်၌ ကြီးပြင်းသူဖြစ်၍ ထိုခေတ်က အသင်းတော်၏ အယူသီးမှု၊ နတ်ဆိုးများကို ကြောက်ရွံမှု၊ ထာဝရငရဲကျခြင်းနှင့် ကောင်းမှုကြောင့် ငရဲငယ်မှ လွတ် မြောက်ခြင်းများက သူ့ကို လွှမ်းမိုးလျက်ရှိ၏။ ပွဲတော်မင်္ဂလာသည် မူရင်းအနှစ်သာရ ပျောက်ဆုံး၍ ဘာသာရေးထုံးတမ်းအရ ပုံမှန်ကျင်းပရသော အစဉ်အလာတစ်ခုမျှသာဖြစ် တော့ကာ ကယ်တင်ခြင်းဆိုသည်မှာလည်း ကျောင်းတော်က ချမှတ်သော အယူဝါဒကို မျက်စိမှိတ်နားပိတ် ယုံကြည်ဖိုရန်သာ ဖြစ်တော့သည်။

၁၅၀၁ ခုနှစ်၊ မာတင်၏ အသက် ၁၈ တွင် ဖခင်က အာလ်ဖတ် (Erfurt) တက္က သိုလ်၌ ဥပဒေပညာသင်စေ၏။ သူသည် ဥပဒေပညာရှင်တစ်ယောက်ဖြစ်ရန် အားခဲထား သော်လည်း မိတ်ဆွေတစ်ဦးနှင့် တောထဲ မြင်းအပျော်စီးစဉ်တွင် သူ့မိတ်ဆွေသည် မိုး ကြိုးထိ၍ သေဆုံးသွား၏။ ယင်းအဖြစ်အပျက်က သူ့ကို တုန်လှုပ်စေသောကြောင့် ဥပဒေ ကျောင်းသားဘဝကို စွန့်ကာ ဖခင်၏ ဆန္ဒကို အာခံ၍ အာလ်ဖတ်အရပ်ရှိ ဘုန်းကြီး ကျောင်း ၅ ကျောင်းထဲမှ သြဂတ်စ်တင်းဂိုဏ်း ရဟန်းအဖွဲ သို ဝင်ရောက်သည်။

 

သမ္မာကျမ်းစာရေးသားခြင်း ၊

ဓမ္မသစ်ကျမ်းသည် ပပိုင်းရပ်စ်လိပ်များပေါ်တွင် ရေးသားထား၍ ကော်လံများဖြင့် ခွဲထား ၏။ အက္ခရာများမှာ သေးငယ်၍ စကားလုံးများမှာလည်း ခွဲမထားဘဲ ကျပ်ညှပ်နေအောင် ရေးသားထားကာ ပုဒ်ဖြတ်၊ ပုဒ်ရပ် သင်္ကေတများသည် အလွန်သေးငယ်သောကြောင့် အဓိပ္ပာယ်အကောက်မှားစေနိုင်သည်။ အလယ်ခေတ် အထိ စကားလုံးခွဲခြင်း မရှိသေးပေ။ စကားလုံးခွဲလာသည်နှင့် ပုံနှိပ်စက်တီထွင်ခြင်းက နောက်မှ လိုက်လာ၏။ ၄ ရာစုတွင် အသုံးပြုသော စကားလုံးများမှာ မဆက်ဘဲ တစ်လုံးချင်း ဝိုင်း၍ ရေးရသော အရေးအသား ဖြစ်သောကြောင့် သားရေလိပ်များမှာ လေးလံ၍ ဝန်ကျယ်သည်။ ၉ ရာစု နှင့် ၁၅ ရာစု အကြားတွင် လက်ရေးဆက်နှင့်ရေးရသော စာလုံးသေးရေးသားဟန်အသစ် ပေါ်လာ၏။ စတီးဖိနပ်စ် (Stephanus) သည် ဓမ္မဟောင်းကျမ်းကို ၁၄၄၈ ခုနှစ်တွင်လည်းကောင်း၊ ဓမ္မသစ်ကျမ်းကို ၁၄၅၁ ခုနှစ်တွင်လည်းကောင်း အခန်းကြီး၊ အခန်းငယ် အသီးသီးခွဲပေး ၏။ ပထမဆုံးအုပ်စုံကျမ်းစာကို ၁၅၅၅ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။

၁၅ဝ၅ ခုနှစ်တွင် လူသာသည် ဆံချ၍ သာမဏေတစ်ပါးဖြစ်လာ၏။ သူ၏ အပြောအဟောစွမ်းရည်နှင့် သင်ပြမှုစွမ်းရည်ကို သတိပြုမိကြသောအခါ ပညာဆက် သင်ရန် အားပေးကြသည်။ ၁၅၀၇ ခုနှစ်တွင် ဘုန်းတော်ကြီးအဖြစ် သိက္ခာတင်ပေးခြင်း ခံရ၍ ဝှစ်တင်းဘဂ် (Wittenberg) တက္ကသိုလ်၌ ကိုယ်ကျင့်တရားဆိုင်ရာ အတွေးအခေါ် ပညာသင်ပေးကာ ၁၅၁၂ ခုနှစ်တွင် ဓမ္မဗေဒဘာသာရပ်၏ ပါမောက္ခအဖြစ် ရွေးချယ် ခြင်းခံရသည်။ သူသည် တမန်တော်ရှင်ပေါလု၏ သြဝါဒစာများကို သင်ပေး၍ သူကိုယ် တိုင် ပေးစာမြောက်များစွာကိုလည်း ရေးသားခဲ့သည်။ ဓမ္မသစ်ကျမ်းကို မူရင်းဘာသာ ဖြင့် လေ့လာနိုင်ရန် ဂရိဘာသာကို သင်ကြားလေ့လာသည်။

အပြင်ပန်းအားဖြင့်ကြည့်လျှင် လူသာသည် ဝီရိယရှိသူနှင့် အောင်မြင်သော ဘုန်းကြီး တစ်ပါးအဖြစ် ထင်စရာရှိသော်လည်း သူ့အတွင်းအဇ္ဈတ္တ၌ကား မေးခွန်းပေါင်းများစွာ လုံး ချာလိုက်နေ၏။ သူ့အရင် လူထောင်ပေါင်းများစွာကဲ့သိုပင် သူသည် ဘုရားရှင်နှင့်နီး စပ်နိုင်စေခြင်းငှာ သာသနာဘောင်သို ဝင်ရောက်သည်မှန်သော်လည်း ကျောင်းတော်၏ အပြစ်ဝန်ခံခြင်း၊ အာပတ်ဖြေခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းနှင့် မအိပ်စက်ဘဲ နိုးကြားနေခြင်းများက သူရှာဖွေနေသော ငြိမ်းချမ်းမှုကိုကား မပေးနိုင်ခဲ့ပေ။

 

ဘုရားဖူးခြင်း

၁၅၁၀ ခုနှစ်တွင် လူသာသည် အလုပ်သဘောဖြင့် ရောမသို ဘုရားဖူးခရီးထွက်လာ၏။ အပြစ်ဝန်ခံခြင်းနှင့် မစ္ဆားတရားပူဇော်ခြင်းအခမ်းအနားဖြင့် (တစ်နာရီအတွင်း ၇ မ်မျှ မစ္ဆားတရားပူဇော်သည်ကို တွေ့ခဲ့ရ၏) ကြုံကြိုက်သည်။ ခရစ်တော်ကို သေမိန့်ချ ၂ ပိလတ်၏ အိမ်တော်ရာဟု ယူဆရသော လှေကားထစ် ၁၂ ထစ်ရှိ စကာလာဆန်တာ Seala Sancta) ခေါ် လှေကားထစ်များပေါ်သို ဒူးထောက်တွားရင်း တိုးတိတ်ညင် သာစွာ *ပါတာနောစ်တာဟု တစ်ထစ်တက်ပြီးတိုင်း (ငရဲငယ်မှ ဝိညာဉ်လွတ်မြောက် မအတွက် အာရုံပြုရင်း) ရွတ်ဆိုခဲ့၏။ သူ့စိတ်အလျဉ်တွင်ကား ခွင့်လွှတ်ခြင်း ခံစားရသည်ဟု အာရုံမရပေ။

ထိုလှေကားထစ်များပေါ်သို တွားသွား၍ တက်နေစဉ် ဟဗက္ကုတ်ကျမ်းထဲမှ “ဖြောင့် မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်”ဟူသော ကျမ်းပိုဒ်က သူ့ငယ်ထိပ်ကို လာဆောင့်၏။ ထိုကျမ်းပိုဒ်က သူ့အတွင်းစိတ်ကို စိန်ခေါ်လိုက်သလိုရှိကာ ရင်ထဲတွင် ဗလောင်ဆူနေတော့သည်။

ငြိမ်းအေးမှု ရှာဖွေသူ၏ ဂျာမနီအပြန်ခရီးသည် စိတ်ပျက်ဖွယ်အတိပြီး၍ “ကျောင်း တော်တွင် ကောင်းကင်နိုင်ငံတံခါးသော့ ပျောက်ဆုံးပြီ””ဟူသော အသိက သူ့ကို လှုပ်နှိး သည်။ နောင်တွင် သူက ဤသိုဆိုသည်။ “ကျွန်တော်ဟာ ရောမမြိုကို ကြက်သွန်နီတွေ သယ်သွားပြီး ကြက်သွန်ဖြူတွေကို ပြန်သယ်လာတဲ့ အရူးတစ်ယောက်လိုပါပဲ။”

လူသာသည် ဤပြစ်မှုများအတွက် ဘုရားရှင်၏ တရားစီရင်ခြင်းက သူ့ကို ချမ်းသာ ပေးမည်

*Pater Noster လက်တင်ဘာသာဖြစ်၍ ကျွန်ုပ်တို၏ အဘ ဟု အနက်ရသည်။

မဟုတ်ကြောင်း စိတ်ထဲစွဲနေလေ၏။ တက္ကသိုလ်တွင် သူ၏ နည်းပေးလမ်းပြ ဆရာစတောပစ် (Staupitz) က ဘုရားရှင်သည် ခွင့်လွှတ်ခြင်းကရုဏာနှင့် ပြည့်စုံသူ၊ ဖြစ်သောကြောင့် အပြစ်သားပင် ဖြစ်လင့်ကစား ကြိုးစားအားထုတ်လျှင် ကယ်တင် ခြင်းနှင့် ထိုက်တန်ကြောင်း နှစ်သိမ့်အားပေးသဖြင့် ယင်းအကြံပြုချက်က သူ့ဝေဒနာကို အနည်းငယ်သက်သာစေသည်။ ၁၅၁၃ ခုနှစ်တွင် လူသာက ဟောပြောပိုချရန် ဆာလံ ကျမ်းထဲမှ မျက်မှန်းတန်းမိသော ကျမ်းပိုဒ်ကို ကောက်ဖတ်လိုက်သည်။ “အို… ထာဝရ ဘုရား တရားတော်နှင့်အညီ ကျွန်ုပ်ကို ကယ်တင်တော်မူပါ။”(ဆာလံကျမ်း- ၃၁း ၁)

ရှေးယခင်က သူနားလည်ထားသော ဖြောင့်မတ်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်အနာတ ရဖြစ်အောင် ဒဏ်ခတ်ခြင်းဖြစ်၍ ထိုအရာက သူ့စိတ်ကို ကသိကအောက်ဖြစ်စေသည်။ ရောမ ၁း၁၇ ကို ဖတ်မိသည်တွင် လူသားသည် ကြိုးစားအားထုတ်မှုကြောင့် မဟုတ်ဘဲ ယုံကြည်ခြင်းဖြင့်သာ ဖြောင့်မတ်ရာသိုရောက်ကြောင်း နားလည်လာသည်။ ထိုအချိန်မှစ၍ ဓမ္မသစ်ကျမ်း၏ ဖြောင့်မတ်ခြင်းဆိုသည်မှာ အနာတရဖြစ်အောင် ဒဏ်ခတ်ခြင်းမဟုတ်ဘဲ ဘုရားရှင်၏ သဘာဝတည်းဟူသော သနားကရုဏာတော်နှင့် ခွင့်လွှတ်မှုမှဖြစ်ကြောင်း ပိုမိုသဘောပေါက်လာသည်။ ဤအကြောင်းကို လူသာက ဤသိုရေးသားထား၏။ “ကိုယ့် ကိုယ်ကိုယ် အသစ်တစ်ဖန် မွေးဖွားသည်ဟု အသေအချာ ယုံကြည်သည်။ ကျွန်ုပ်သည် ပရဒိသုဘုံအဝင်တံခါးကို အားကုန်ဖွင့်၍ ဝင်ရောက်သည်။ ထိုအချိန်မှစ၍ သမ္မာကျမ်းစာ သည်သာ ကျွန်ုပ်၏ ရှေ့ဆောင် မီးခွက်ဖြစ်တော့သည်။”

လူသာက နှစ်ပေါင်းများစွာ ဖုံးကွယ်တိမ်မြုပ်ခြင်းခံရသော သတင်းကောင်းကို ပြန်လည်ဖော်ထုတ်ကာ မည်သည့်ဘာသာရေးထုံးဖွဲမှုကမျှ အပြစ်သားနှင့် ဘုရားရှင်ကို ပြန်လည်ပေါင်းထုပ်မပေးနိုင်ကြောင်းနှင့် ကယ်တင်ခြင်းသည် ဘုရားရှင်၏ အခမဲ့လက် ဆောင်ဖြစ်ကြောင်း သိကြားစေသည်။ ဘုရားရှင်က သူ့ကို ခရစ်တော်၌ ဖြောင့်မတ်သူ အဖြစ် အတိအလင်းကြေညာထားသောကြောင့် သူသည် ထာဝရငရဲကျခြင်း ခြိမ်းခြောက် မှုအောက်တွင် ရှိမနေတော့ပေ။

 

 

 

အပြစ်ဖြေပြေစာများ

လူသစ်ဖြစ်လာပြီး ၄ နှစ်အကြာတွင် လူသာက မှားယွင်းသောအယူဝါဒနှင့် အသင်းတော်၏ မှားယွင်းသောကျင့်စဉ်များကို မကျေနပ်၍ စိန်ခေါ်မှုတစ်ရပ်ပြုလုပ်၏။ စိန်ခေါ်ရသည့် အကြောင်းရင်းမှာ ရောမမြိုရှိ စိန့်ပီတာဘုရားကျောင်း ပြန်လည်တည်ဆောက်ဖိုရန်အတွက် အပြစ်ဖြေပြေစာများ (indulgences) ရောင်းချရန်ဟူသော မဟာစီမံကိန်းကြီးကြောင့်ဖြစ် သည်။ အလယ်ခေတ်လူသားသည် ငရဲငယ် (purgatory) တွင် ကျရောက်မည့် သူ့ဝိညာဉ် အတွက် ရတက်မအေးဖြစ်ရရှာ၏။ ထိုငရဲငယ်မှ လွတ်မြောက်ရန်နည်းလမ်းမှာ အခကြေး အင် အပြစ်များကို ဝယ်ယူဖြေလျော့ကာ အယူခံဝင်လျှင် ခရစ်တော်ကို ယုံကြည်ဖိုရန် နောင်တရစရာ ပင်မလိုဘဲ ကောင်းကင်နိုင်ငံသို ရင်ကော့ခေါင်းမော့ကာ ဝင်ရောက် ခင်ရှိသည်ဟု ယေဘုယျယုံကြည်ကြခြင်း ဖြစ်လေသည်။

ပုပ်ရဟန်းမင်းကြီး၏ အထောက်တော် တက်ဇယ်လ် (Tetzel) သည် ဝှစ်တင်းဘင်္ချာ အပြစ်ပြေစာများ ရောင်းချရန် ရောက်လာ၏။ သူ့အဆိုအရ သေလွန်ပြီးသူတစ်ဦး ယောက်၏ ဝိညာဉ်လွတ်မြောက်မှုအတွက် သူ၏ ဆွေမျိုးအသိုင်းအဝန်းက ဤပြေစာ လက်မှတ်များ ဝယ်ယူခြင်းဖြင့် ကောင်းကင်နိုင်ငံသို အရောက်ပိုနိုင်သည်ဟု အယုံသွင်း ၊ ၏။ ယင်းကိစ္စကို လူသာ လက်ပိုက်ကြည့်မနေနိုင်တော့။

၁၅၁၇ ခုနှစ် သူတော်စင်များနေ့ အကြိုရက်တွင် ဝှစ်တင်းဘဂ်ဘုရားကျောင်း၏ တံခါးဝ၌ အပြစ်ဖြေပြေစာရောင်းချခြင်းကို ရှုတ်ချသည့် သူ၏ နာမည်ကျော် စွဲချက် ၉၆ ချက်စာတမ်းကို ချိတ်ဆွဲထား၏။ ထိုစာတမ်းမိတ္တူများကို ဂိုဏ်းချုပ်ကြီးနှင့် ဂိုဏ်းအုပ် ဆရာတော်ကိုလည်း ပေးကာ သူတိုဆီမှ တုံပြန်ချက်ကို စောင့်မျှော်နေ၏။ လူသာ၏ ပြုမူ ချက်သည် ထိုခေတ်အခါက ပညာတတ်အသိုင်းအဝိုင်း၏ ပြုမူနေကျပုံစံအတိုင်းဖြစ်၍ သူ၏ ကန့်ကွက်ချက်များမှာ မည်သိုမျှ အရာမထင်ခဲ့ပေ။

ထိုစာတမ်းပါ သူ၏ အဓိကငြင်းဆိုချက်မှာ ကျောင်းတော်က စီမံပြုလုပ်သော အပြစ် ဖြေပြေစာက ငရဲငယ်တွင် ကျရောက်သော ဝိညာဉ်ကို လွှတ်မပေးနိုင်ဟူ၍ဖြစ်သည်။ သူက “ငရဲငယ်တွင် ကျရောက်သော သွားလေသူ၏ဝိညာဉ်က အလှူခံပုံးထဲသို ဒင်္ဂါး ပြားထည့်လိုက်သည့် တချွင်ချွင်မြည်သံကြားရလျှင် ချက်ချင်းဆိုသလို ငရဲငယ်မှ လွတ် မြောက်နိုင်သည် ဆိုခြင်းမှာ လူသား၏ လုပ်ဇာတ်မျှသာဖြစ်သည်”ဟု ဆို၏။

နောက်တစ်ရက် သူတော်စင်များနေ့ (နိုင်ဝင်ဘာ ၁)တွင် ဖရက်ဒရစ် (Frederick)က ကမကထပြု၍ ရဲတိုက်သို ရောက်လာသူများထံ၌ သူ့တွင် အပြစ်ဖြေပြေစာအဖြစ် ရောင်း ချရန် သန့်ရှင်းသော ဓာတ်တော်မွေ တော်များစွာ ရှိသည်ဟု ဆို၏။ (သူက နှစ်ပေါင်း ၁၂၇၇၉၉ နှင့် ၁၆၆ ရက်အတွက် အပြစ်ဖြေပေးနိုင်သော ဓာတ်တော်မွေတော်ပေါင်း ၂၀၀၅ ခု ရှိသည်ဆို၏) လူသာ၏ တိုက်ခိုက်မှုသည် ပုပ်ရဟန်းမင်းတစ်ပါးတည်းသာ “ဟုတ်တော့ဘဲ ဖရက်ဒရစ်ဘက်သို မြားဦးလှည့်လာသည်။ ဤတိုက်ခိုက်ဝေဖန်မှုကြောင့် ဆရာလူငယ်ပါမောက္ခ လူသာ၏ လုံခြုံမှုအတွက် စိုးရိမ်ရကြောင်း ဖရက်ဒရစ်က သတိပေးသည်။

 

အောစ်ဘဂ့်သို့

အစပိုင်းတွင် ဤဖြစ်စဉ်သည် ဒိုမီနီကန်ဂိုဏ်း (တက်ဇယ်လ်ပါဝင်သော) နှင့် သြဂတ် တင်းဂိုဏ်းဝင်ဘုန်းကြီးများအကြားတွင် ဖြစ်ပွားသော ကတောက်ကဆတ်ဟုသာ ထင် မှတ်မှားခဲ့ကြ၏။ အဖြစ်မှန်ကို သိသောအခါတွင် ဒဿမမြောက်ပုပ်လီယို (Pope Leo -X) က လူသာကို တွေ့ဆုံရန် ဆင့်ခေါ်သည်။ လူသာက ပုပ်ရဟန်းမင်းကြီး၏ သံအ မတ်နှင့်သာ အောစ်ဘဂ် (Augsburg) ဘုရင့်လွှတ်တော်အစည်းဝေး၌ တွေ့ဆုံရန် သ ဘောတူသည်။

နာမကျန်းဖြစ်သည့်ကြားက လူသာသည် အောစ်ဘဂ်သို လှည်းဖြင့် သုံးရက်ခရီးနှင် ခဲ့၏။ လူသာကို ရိုသေရင်းစွဲရှိသူ ကာဒီနယ်ကာတန် (Cajetan) က လူသာအား သူ့ အယူအဆကို စွန့်လွှတ်၍ နောင်ဘယ်သောအခါမှ သွန်သင်ခြင်းထပ်မပြုရန် ပုပ်ရဟန်းမင်း ကြီးက တောင်းဆိုကြောင်း အသိပေးသည်။ လူသာကလည်း ကျွန်ုပ်သွန်သင်သမျှသည် ကျမ်းစာနှင့် ဖီလာဆန့်ကျင်မဖြစ်သဖြင့် မကျေနပ်က စကားစစ်ထိုးပွဲကျင်းပမည်ဟု တောင်း ဆိုသည်။ အငြင်းပွားမှုမှာ အထွတ်အထိပ်ရောက်လာသည်နှင့် လူသာသည် အသင်း တော်မှ ဖယ်ကြဉ်ရန် ခြိမ်းခြောက်ခြင်းခံရကာ ကာတန်၏ စီရင်ချက်ကိုသာ စောင့်နေ တော့၏။ သူ့ဘက်တော်သားများသည် သူ၏ လုံခြုံမှုအတွက် အလွန်စိုးရိမ်ကြသဖြင့် ညလူခြေတိတ်ချိန်တွင် “ဘောင်းဘီမပါ ခြေဗလာ””ဖြင့် ဝှစ်တင်းဘဂ်သို ကသုတ်ကရက် ပိုဆောင်ပေးရန် စီစဉ်ကြ၏။

ကာဂျေတန်က လူသာကို ရောမ (သို) တိုင်းပြည်မှ နှင်ထုတ်ရန် ဖရက်ဒရစ်ကို အမိန့်ပေး၏။ လူသာက ဖြစ်လာသမျှ မီးစဉ်ကြည့်ကမည်ဟု ဆုံးဖြတ်ကာ ညလယ်စာ ဖြင့် နှုတ်ဆက်ပွဲကျင်းပ၍ ဖရက်ဒရစ်က သူ့ကို ကာကွယ်မပေးတော့ဟု သံသယဖြစ် နေမိ၏။ စားသောက်ပွဲမပြီးဆုံးမီ အောစ်ဘရုံ၌ ဆက်လက်နေထိုင်ရန်နှင့် သူ့ကို ကာ ကွယ်ပေးရန်အကြောင်းများ ရေးသားထားသော စာတစ်စောင်ရောက်လာသည်။

ဖရက်ဒရစ်သည် သူ့ဆရာ လူသာအပေါ်၌ မည်သည့်အတွက်ကြောင့် စိတ်ပြောင်း သွားရသည်ကို မသိကြရသော်လည်း အမှန်ဆိုလျှင် ဤအချိန်အထိ လူသာသည် လုံခြုံမှု ရှိ၍ မည်သည့်ပြုပြင်ပြောင်း လဲရေးမှလည်း မပြုရသေးပေ။ အပြစ်ပြေစာရောင်းချရန် စီစဉ်သူ တက်ဇယ်လ်၏ ဂုဏ်သိက္ခာသည် အဖတ်ဆယ်မရအောင် ရေတိမ်နစ်ကာ ကျောင်း တော်ကို အလွဲသုံးစားပြုမှုဖြင့် စွပ်စွဲခြင်းခံရသည်။ သူသည် နောက်တစ်နှစ်တွင် ကွယ်လွန် ကာ ယင်းကိစ္စနှင့် ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်သင့်ကြောင်း လူသာ၏ ပေးစာသည် သူ့အတွက် နှစ်သိမ့်မှုကို ရစေ၏။

၁၅၁၇ ခုနှစ်သည် အသင်းတော်ပြုပြင်ပြောင်းလဲရေး စတင်သော တရားဝင်ရက် စွဲဖြစ်သော်လည်း ထိုနှစ်မတိုင်မီအစောပိုင်းတွင် ဘုရားရှင်က ဗိုကလစ်ဖ်နှင့် ဟတ်စ်တို ကို အသုံးပြု၍ အသင်းတော် ပြုပြင်ပြောင်းလဲရေး စတင်ပြီးဖြစ်သည်။ ဉာဏ်သစ်လောင်း ကာလ (Renaissance) တွင် လူသားတို၏ သိလိုစိတ်ပြင်းပြလာသည်နှင့်အမျှ ခရစ်ယာန် များက ဓမ္မသစ်ကျမ်းကို ပြန်လည်စိစစ်၍ သူတို၏ ယုံကြည်ချက်နှင့် ချိန်ထိုးလေ့လာ ကြသည်။

လူသာသည် အသင်းတော်ပြုပြင်ပြောင်းလဲရေးကို ဖန်တီးသူမဟုတ်ဘဲ အသင်း တော်ပြုပြင်ပြောင်းလဲဖိုရန် ဘုရားရှင်အသုံးပြုသော ဘုရားရှင်၏ လက်ကိုင်တုတ်ဖြစ် သည်။ လူသာက သာသနာပိုင်များကို စိန်ခေါ်ခြင်းသည် ကျောင်းတော်ကို ကစဉ့်ကလျား ဖြစ်စေရုံမကဘဲ ဓမ္မဗေဒတိုက်ပွဲအသွင်သို ပြောင်းလဲသွား၏။ ဂျာမနီနှင့် ကျန်ဥရောပ နိုင်ငံများသို သူ့အာဘော် တစ်မုဟုတ်ချင်း လျင်မြန်စွာပျံ့နှံကာ သာမန်ပြည်သူများသာမက ဂျာမန်မင်းညီမင်းသားများကပါ သူ့နောက်၌ ရပ်တည်၍ သူ့ကို ဝိုင်းဝန်းကာကွယ်ပေး ကြသည်။

၁၅၁၉ ခုနှစ်တွင် ကက်သလစ်ဓမ္မပညာရှင် ဂျွန်အက် (John Eck) နှင့် ဟတ်စ်၏ နောက်လိုက်များဟု စွပ်စွဲခံရသော ဝှစ်တင်းဘရုံကျောင်းတော်ကြီးသားများအကြား စကားစစ်ထိုးပွဲကျင်းပသည်။ လူသာက ပုပ်ရဟန်းမင်းကြီး၏ အာဏာဆိုသည်မှာ ဘုရား ရှင်ထံမှမဟုတ်၊ ပုပ်ရဟန်းမင်းကြီး၏ အမိန့်ဖြင့်သာ အတည်ပြုသော အကြံအဖန်ရာထူး မျှသာဖြစ်၍ ရှေးယခင် နှစ် ၄၀၀ မှ စတင်လာခြင်းဖြစ်သည်ဟု ဆိုလိုက်သောကြောင့် စကား ၊ စစ်ထိုးပွဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ သည့်အပြင် ဂရိအသင်းတော် (သို) အရှေ့ ပိုင်းအသင်းတော်၏ ထက်ဝက်မျှက ပုပ်ရဟန်းမင်းကြီး (သို့) အသင်းတော်ကောင်စီ က ရေးဆွဲပြဋ္ဌာန်း ထားသော ကက်သလစ်ယုံကြည်ချက်နှင့် ပူးပေါင်းလိုခြင်း မရှိကြတော့ပေ။ လူသာက “သမ္မာကျမ်းကို လက်ကိုင်ပြုသော လူဝတ်ကြောင်တစ်ဦးသည် ပုပ်ရဟန်းမင်း ကြီး (သို့) အသင်းတော်ကောင်စီများထက် သာ၍မြတ်သည်”ဟု ရဲရဲ တင်းတင်း မြွက်ကြားလေသည်။

 

 

ပြုပြင်ပြောင်းလဲရေးထိုးစစ်

ယခုအချိန်တွင် လူသာသည် ပြုပြင်ပြောင်းလဲရေး ထိုးစစ်၏ တိုက်စစ်မှူးဖြစ်လာကာ ကျောင်းတော်က ချမှတ်သော ပုပ်ရဟန်းမင်းကြီးဟူသည် မမှားနိုင်ဟူသော ခံယူချက် (infallibility) ကို အပြင်းအထန် ကန့်ကွက်သည်။ နိုင်ငံရေးသမားများကလည်း ရောမ လက်အောက်မှ လွတ်မြောက်ရန် အကျိုးကို မျှော်၍ အားပေးအားမြှောက်ပြုကြသည်။ သူတိုက ဘာသာရေးချည်တိုင်မှ လွတ်မြောက်ရန်သာမဟုတ်ဘဲ လွတ်လပ်သော ဂျာမနီ နိုင်ငံဟူ၍ ဖြစ်လာရန်အထိ လိုချင်ကြ၏။

ပုံနှိပ်စက်ရှိလာသောကြောင့် (Gutenberg ကောင်းမှုဖြင့် လက်တင်ကျမ်းစာကို ၁၄၅၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့) လူသာက ဝေစာများနှင့် စာအုပ်များကို မပြတ် အောင် ထုတ်ဝေ၍ သူ့ရပ်တည်ချက် မှန်ကန်ကြောင်း ခုခံကာကွယ်သည်။ ၁၅၂ဝ ခုနှစ်တွင် သူသည် အထင်ရှားဆုံး လက်ကမ်းစာစောင်သုံးမျိုးကို ဖြန့်ချီ၍ နောင်တွင် ဓမ္မဗေဒဆိုင်ရာ ဒီပနီကျမ်း၊ သမ္မာကျမ်းအနက်ဖွင့်နှင့် ဝတ်ပြုကိုးကွယ်ခြင်းနှင့်ဆိုင်သော စာအုပ်များကို ဟောတစ်အုပ် ဟောတစ်အုပ် ထုတ်ဝေသည်။ သူ၏ အသက် ၄ဝ ပြည့်နှစ် (၁၅၂၃) တွင် နှစ်ပတ်လျှင် တစ်အုပ်နှုန်း ရေးနိုင်သော ကလောင်ရှင်ဖြစ်သည်။ ။

ဂျွန်အက်က ဆွပေးလိုက်သဖြင့် ရောမတွင် (၁၅၂ဝ ခုနှစ်၊ ဇူလိုင်) papal bull ခေါ် ပုပ်ရဟန်းမင်းကြီး၏ အမိန့်စာချွန်တော်အရ လူသာ၏ စာအုပ်များကို မီးရှိဖျက်ဆီးကာ သူ၏ နောက်တော်ပါးများကို အသင်းတော်မှ နှင်ထုတ်၍ သူ့ကို ရက်ပေါင်း ၆၀ အခွင့် အရေး ပေးထားသည်။

ဂျာမနီနှင့်အခြားမြို အများအပြားက ပုပ်ရဟန်းမင်းကြီး၏ အမိန့်စာချွန်တော်ကို လက်ခံရန် ငြင်းဆိုသည်ကို တွေ့ရ၏။ လူသာ၏ စာအုပ်များကို မီးရှိဖျက်ဆီးရာတွင် လည်း ထင်သလောက် ခရီးမရောက်ခဲ့ပေ။ မိုင်းစ် (Mainz) တွင် ယင်းအဖြစ်အပျက် အမှောင့်လုပ်ငန်းကို စာပေနှင့်အလှမ်းဝေးသော သုဘရာဇာများကို ခိုင်းစေလျက် ကျောင်း သားအယောက် ၅၀ ကလည်း လူသာကို ပုတ်ခတ်ရေးထားသော စာများကို ထိုမီးပုံ ထဲတွင်ပင် မီးတင်ရှိကြသည်။

ဒီဇင်ဘာ ၁၀ ရက်၊ မနက် ၉ နာရီတွင် ဝှစ်တင်းဘို၌ လူသာနှင့်တကွ အခြား ပါမောက္ခများနှင့် ကျောင်းသားများသည် ကျောင်းတော်က ပြဋ္ဌာန်းထားသော အသင်းတော်ဆိုင်ရာ စည်းမျဉ်းဥပဒေစာအုပ်များနှင့် ဂျွန်အက်၏ စာအုပ်များကို မီးတင်ရှိကြ ထိုနောက် လူသာသည် အများမြင်သာအောင် ရှေ့ထွက်လာ၍ ပုပ်ရဟန်းမင်းကြီး ၏ အမိန့်စာချွန်တော်ကို မီးလျှံထဲသို ပစ်ချကာ ပုပ်ရဟန်းမင်းကြီး၏ အခွင့်အာဏာကို ဖီဆန်ငြင်းပယ်လိုက်သည်။

အမှန်ဆိုလျှင် ဤပြစ်မှုအတွက် လူသာသည် ဖမ်းဆီးခြင်းနှင့် ကွပ်မျက်ခြင်းကို သင်ပေ၏။ သိုသော် ဖရက်ဒရစ်က လူသာသည် ဂျာမနီတွင် တရားမျှတစွာ စီရင်ချက်ကို ကြားနာခွင့်ရှိသည်ဟုဆို၏။ ပဉ္စမမြောက်ချားလ်စ်ဘုရင် (Charles V) နှင့် ကက်သလစ် ဘာသာကို လွန်စွာကိုင်းရှိင်းသူ စပိန်ဘုရင်တိုက ၁၅၂၁ ခုနှစ်၊ ဧပြီ တွင် ဝမ်းစ် (Woms)၌ ဘုရင့်လွှတ်တော်တွင် လူသာကို တွေ့ဆုံသည်။

 

ကျွန်ုပ် ဤနေရာတွင် မတ်တပ်ရပ်လျက်ရှိသည်”

အစိုးရမင်းများက လူသာ၏ ခရီးစဉ် လုံခြုံမှုအတွက် အာမဘန္တေခံသည်ဆိုသော်လည်း သူ့မိတ်ဆွေများမှာမူ ရတက်မအေးကြရ။ ထိုခရီးစဉ်နှင့်ပတ်သက်၍ လူသာက ဤသို ဆိုသည်။ “ဝမ်းစ်တွင် မိစ္ဆာဘီလူးများ မည်မျှပင်ရှိ၍ အမိုးအကာ အင်္ဂတေမည်မျှပင် ခိုင်ခံ့နေပါစေ ကျွန်ုပ်အရောက်သွား၍ ချေဖျက်ရမည်သာတည်း။”ဝမ်းစ်ခရီးစဉ်တစ်လျှောက် ၌ လူသာသည် လူထု၏ ဩဘာပေးခြင်းကိုရသည့်အပြင် သူ့ကို ဖူးတွေ့လိုကြသဖြင့် လမ်းမ ပေါ်သို ထွက်လာကြကုန်၏။

လွှတ်တော်အမတ်များရှေ့မှောက်သို ရောက်သောအခါတွင် ဧကရာဇ်ကိုယ်တိုင်အမှူး ပြ၍ သူ့အရေးအသားများအတွက် ဝန်ချတောင်းပန်စေသည်။ သူက အချိန်အနည်းငယ် ပေးရန် လျှောက်ထားကာ နောက်တစ်နေ့တွင် ကောင်စီလူကြီးများထံ၌ ကျွန်ုပ်၏ အပြု အမူအတွက် သမ္မာကျမ်းစာနှင့် ဖီလာဆန့်ကျင်ဖြစ်လျှင် ကျွန်ုပ်မှားယွင်းကြောင်း ဝန်ခံကာ ပြန်ရုပ်သိမ်းပါမည်။ သိုသော် ဘုရားရှင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်၏ သိစိတ်ကို ချည်နှောင်ပြီဖြစ်၍ ကျွန်ုပ်လိပ်ပြာသန့်သည်ဟု တုံပြန်၏။ ဤအဖြစ်ကို ထိုနှစ်တွင် သူက ဤသို ရေးသားထားသည်။ “ကျွန်ုပ်ဘာမျှ မတတ်နိုင်တော့ပါ။ ကျွန်ုပ် ဤနေရာတွင် မတ်တပ်ရပ်လျက်ရှိသည်။ ဘုရားရှင် ကျွန်ုပ်ကို ကယ်တော်မူပါ။”

လူသာကို ပြစ်ဒဏ်ချမှတ်ရန် ဧကရာဇ်၏အကြံ မအောင်မြင်ခဲ့ပေ။ ထိုကြောင့် လူသာကို ၂၁ ရက်အတွင်း ဝုစ်တင်းဘက်သို ပြန်လှည့်စေ၍ ဒိဋ္ဌိအဖြစ်ကြေငြာကာ အသင်း တော်မှ ဖယ်ကြဉ်ထား၏။ ထိုအပြင် ဆက်ဆွန်နီဒေသသို နယ်နှင်ဒဏ်ပေးသည်။ နောက် တစ်နေ့မနက်တွင် မင်းမှုထမ်းအယောက် ၂၀ ခြံရံလျက် လေးဘီးတပ်လှည်းကြီးဖြင့် တင်းဘဂ်သို ဦးတည်ခေါ်ဆောင်သွားကြသည်။ ခရီးပန်းတိုင်မရောက် ခင်စပ်ကြားတွင် ချုံခိုတိုက်ခိုက်ခြင်းခံရ၍ လူသာ ဖမ်းဆီးခြင်းခံရသည်။ သူသည် အလျင်အမြန်လှုပ်ရှားကာ သူ၏ ဟီဘရူးဓမ္မဟောင်းကျမ်းနှင့် ဂရိဓမ္မသစ်ကျမ်းတိုကို အပါဆွဲ၍ ပေါ့ဘာ့ဂ် (Wartburg) ရဲတိုက်သို သုတ်ခြေတင်ထွက်ပြေး၏။ သူ့ရန်သူများက အရိုးတခြား၊ အသားတခြား ဖြစ်လောက်ပြီထင်နေချိန်တွင် သူသည် ဖရက်ဒရက်၏ အရိပ်ကို ခိုလှု၍ လုံခြုံစွာ နေနေ ခဲ့ရသည်။

အထိန်းအသိမ်းခံနေရစဉ်ကာလတွင် လူသာသည် ဓမ္မသစ်ကျမ်းကို ဂျာမန်ဘာသာ သို ပြန်ဆိုနိုင်ခဲ့သော်လည်း သမ္မာကျမ်းအုပ်စုံကိုကား ၁၅၃၄ ခုနှစ်အထိ မပြီးနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် ထိုရဲတိုက်မှထွက်ခွာ၍ ပေါ်ထွန်းစ သက်နုဧဝံဂေလိအသင်းတော် ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းပေးရန် ဝှစ်တင်းဘရုံသို ပြန်လာခဲ့သည်။ သူ၏ ငယ်သားများက မူမမှန်သော အစွန်းရောက်သူများရှိ ကြောင်းနှင့် ထိုပြဿနာကို ဖြေရှင်းပေးပါမည့်အကြောင်း အကူအညီတောင်းကြ၏။ လူသာက ယင်းပြဿနာကို ဖြေရှင်းပေး၍ သူတိုကိုယ်ကိုယ် “ပရောဖက်”အမည်ခံ အစွန်းရောက်သူများလည်း တစ်ပတ်အတွင်း မြိုကို စွန့်၍ ထွက်ခွာကြသည်။

လူသာသည် ဝှစ်တင်းဘဂ်၌ ဖရက်ဒရစ်၏ ကာကွယ်ပေးမှုကြောင့် လုံလုံခြုံခြုံနေ ရကာ အသင်းတော်ပြုပြင်ပြောင်းလဲရေးမှာလည်း နေရာအနှံ တောမီးပမာ ပျံ့နှံရောက်ရှိ လျက်ရှိပြီး မင်းညီမင်းသားအ ချို့ပင် ဧဝံဂေလိအသင်းတော်သို လာရောက်ပူးပေါင်းကြ သည်။ လူသာသည် ကျောင်းတော်၏ ယုံကြည်ခံ ယူချက်နှင့် ကျင့်သုံးမှုများကို ပြုပြင်ပေး သည်ဆိုသော်လည်း ကက်သလစ်အသင်းတော်၏ အစဉ်အလာများ၊ အသင်းတော်၏ အဆောက်အအုံများ၊ ဝတ်ရုံရှည်ကြီးများ၊ ဖယောင်းမီးတိုင်များနှင့် ကက်သလစ်အစဉ် အလာအရ လူအများကြည်ညိုကိုးကွယ်ရာဖြစ်သော ကားတိုင်တင်ခံရသည့် ခရစ်တော်၏ ပုံတူများကိုကား ကြည်ညိုနေဆဲဖြစ်သည်။

 

အပြောင်းအလဲများ

မာတင်လူသာသည် သမ္မာကျမ်းဗဟိုပြုဝါဒနှင့် ခရစ်တော်အားဖြင့်သာ ကယ်တင်ခြင်းရနိုင် သည်ဟူသော ခံယူချက်ကို တစ်ဖန်ပြန်၍ တိုက်တွန်းနှိးဆော်ကာ ဝတ်ပြုနည်းအပြောင်း အလဲများ အထူးသဖြင့် မိစ္ဆားပူဇော်ခြင်းကို ပြုပြင်ပေးသည်။ သူသည် မွန်မြတ်သော ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ဋီကာကျမ်းတစ် စောင်ကိုပြုစု၍ ထိုကျမ်းထဲ၌ သမ္မာကျမ်းစာ ဖတ်ရှုခြင်းနှင့် ကျမ်းစာကို အသေးစိတ် ရှင်းလင်းချက်များ အသားပေးဖော်ပြသည်။ ထို အပြင် အပြန်အလှန်ဆုတောင်းရွတ်ဖတ်ရာ၌ အသုံးပြုရန် သင်းအုပ်ဆရာအတွက် Litany ခေါ် လက်စွဲစာအုပ်များဖြစ်သော ဖွင့်ဟဝန်ခံခြင်း၊ ထိမ်းမြားမင်္ဂလာပြုခြင်းနှင့် ဗတ္တိဇံခံခြင်း အစရှိသည့် စာအုပ်များကိုလည်း ပြုစုပေး၏။ ဝတ်ပြုကိုးကွယ်ရာတွင် အသုံးပြုသော ၂၄ပုဒ်ပါ ဓမ္မတေးများထဲတွင် သူရေးစပ်ထားသည့် A Safe Stronghold Our God is Sill အမည်ရ ဓမ္မတေးသည် ပရိုတက်စတင့်များ၏ စစ်ချီတေးအဖြစ် ယနေ့တိုင် ထင်ရှား သည်။

ဧကရာဇ်အရှင် ချားလ်စ်ဘုရင်ကြီးက ပြုပြင်ပြောင်းလဲရေးပြန့်ပွားမှုကို ပိတ်ဆို တားဆီးနေဆဲဖြစ်၏။ သူကိုယ်တိုင် ကမကထပြု၍ ကျင်းပသော ၁၅၂၆ ခုနှစ် စပိုင်းယာ Speyer) လွှတ်တော်တွင် အမှတ်မထင်ဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့်အမိန့်တစ်ရပ် ထွက်လာသည်။ (ချားလ်စ်ဘုရင်နှင့် ပုပ်ရဟန်းမင်းကြီးတို ပဋိပက္ခဖြစ်ခဲ့ကြဟန်တူ၏) ထိုအချိန်မှစ၍ ဂျာမနီတစ်ပြည်လုံးတွင် ဘာသာရေးလွတ်လပ်ခွင့် ရှိလာသည်။

၁၅၂၉ ခုနှစ်တွင် ဒုတိယအကြိမ် လွှတ်တော်ညီလာခံကို တစ်ခါပြန်ခေါ်၍ စည်းလုံး သော အသင်းတော်ကြီးကို ထူထောင်ကာ တိုင်းနိုင်ငံကို ထိပါးစော်ကားလာသော တူရကီ များကို တိုက်ခိုက်ချေမှုန်းရမည်ဟု မူဝါဒချမှတ်သည်။ လူသာက စာအုပ်တစ်အုပ်ရေး၍ ခရစ်ယာန်များပိုင် တိုင်းနိုင်ငံကို ကာကွယ်ရန်မှာ ဧကရာဇ်၏ တာဝန်ဖြစ်၍ ဂျာမန်လူမျိုး များက တက်ညီလက်ညီ အကူအညီပေးနိုင်သမျှ ပေးရမည်ဟု တိုက်တွန်းသည်။ ထိုညီလာ ခံတွင် ကက်သလစ်များက အသင်းတော်နှင့်ဆိုင်သော အရေးကိစ္စများကိုသာ အလေးထား ကြသဖြင့် အသင်းတော်ပြုပြင်ပြောင်းလဲရေးကို လက်ခံသောပြည်နယ်များတွင် သူတိုစိတ် ကြိုက် ဧဝံဂေလိအသင်းသားဖြစ်ခွင့်ရှိသော်လည်း အခြားပြည်နယ်များတွင်မူ ကက်သလစ် အသင်းတော်အတွင်း၌သာ ဆက်လက်ရှိနေသင့်သည်ဟုဆို၍ အသင်းတော်ပြုပြင်ပြောင်း ၊ လဲရေး ဆက်လက်မပြန့်ပွားရန် တားဆီးရမည်ဟု အဆိုပြု၏။ ဧဝံဂေလိဆရာတစ်ပါးဖြစ် သော လူသာကို ဆက်ခံသူ မဲလက်သွန် (Melanchthon) က ကက်သလစ်အသင်းတော် ၏ ယင်းအဆိုပြုချက်ကို ဆန့်ကျင်ကန့်ကွက်သော်လည်း အရာမထင်ဘဲ ရှိသဖြင့် ဘုရား ရှင်၏ နှုတ်ကပတ်တော်၏ အခွင့်အာဏာနှင့် ကောင်းကျိုး ဆိုးပြစ်ကို ခွဲခြားသိမြင်တတ် သောစိတ်က ပဓာနကျကြောင်း ရဲရဲတင်းတင်း ပြောဆိုငြင်းဆန်သည်။

 

လှုပ်ရှားမှုအသစ်

ပရိုတက်စတင့် (Protestant) ဟူသော ဝေါဟာရသည် စပိုင်းယာအရပ်မှစတင် သုံးစွဲခြင်းဖြစ်၍ ဘာသာရေးလှုပ်ရှားမှုအသစ်အတွက် အသုံးပြုသော အမည်သညာအဖြစ် ယနေ့တိုင် တွင်ကျန်ရစ်သည်။ ယခုအချိန်တွင် အသင်းတော်ပြုပြင်ပြောင်းလဲရေးသည် “ဂျာမနီနိုင်ငံ၏ ဟိုမှာဘက်သိုတိုင် ပြန့်ပွားကာ အခြားပရိုတက်စတင့်အဖွဲ များလည်းပေါ်ပေါက်လာသည်။ လူသာသည် ရေနှစ်ခြင်းကို အလေးအနက်ထားသော Anaban. tists များနှင့် ဝှစ်တင်းဘိုတွင် ၁၅၂၁ ခုနှစ်၌ ကွဲပြဲ၏။

ဇူးရစ်ချ် (Zurich) မှ ဇွင်းလီ (Zwingli) နှင့် သူ့နောက်လိုက်ငယ်သားများသည် လူသာကဲ့သို ကျမ်းစာသည်သာ အချုပ်အခြာအာဏာပိုင်ဖြစ်သည်ဟု လက်ခံသူများဖြစ် ကြသည်။ သိုတစေလည်း ပွဲတော်မင်္ဂလာ (eucharist) နှင့်ပတ်သက်၍ လူသာနှင့် ဇင်း တို၏ အမြင်များ ထပ်တူမကျသဖြင့် မစည်းလုံးနိုင်ကြပြန်ပေ။ လူသာက ပွဲတော်မင်္ဂလာ တွင် အသုံးပြုသော မုန့်နှင့်စပျစ်ရည်သည် ခရစ်တော်၏ အသွေးနှင့်အသားအဖြစ် ပြောင်း လဲမသွားသော်လည်း ၄င်းမုန့်နှင့် စပျစ်ရည်တိုအထဲတွင် ခရစ်တော်ကိန်းဝပ်သည် (Consubstantiation) ဟု ယုံကြည်၏။ ၁၅၃၀ ခုနှစ်တွင် လူသာကို ဆက်ခံသူ မဲလက်သွန်က အောစ်ဘဂ်ယုံကြည်ခြင်းဝန်ခံချက်ကို ရေးသားပြုစုကာ ၄င်းယုံကြည်ခြင်းဝန်ခံချက်သည် လူသာရင်အသင်းတော်၏ အခြေခံယုံကြည်ချက်များအဖြစ် ထင်ရှားသည်။

လူသာသည် သီလရှင်လူထွက်တစ်ဦးဖြစ်သူ ကေသီ (Kathe) နှင့် လက်ဆက်၍ သားသမီးခြောက်ဦး ပွားစီးကာ မိဘမဲ့ကလေး လေးယောက်ကိုလည်း ကျွေးမွေးသုတ် သင်လျက် ပျော်ရွှင်သော မိသားစုဘဝကို တည်ဆောက်နိုင်သူဖြစ်သည်။ သူသည် ကလေး များနှင့် ပျော်ရွှင်စွာ ခုန်ပေါက်မြူးထူးလေ့ ရှိတတ်ပြီး ကလေးများအား ဂီတနှင့်စာပေ ကို သင်ပေးသည်။ ထိုအပြင် စိတ်ကောင်းရှိသူနှင့် ဧည့်ဝတ်ကျေသော အိမ်ကြီးရှင် ဖခင်ကောင်းတစ်ဦးလည်း ဖြစ်၏။

သိုသော် လူသာ၏ စိတ်သည် ချစ်လုံးလုံး မုန်းလျားလျား စိတ်မျိုးဖြစ်၏။Peasant’s Mar ခေါ် လယ်သမားစစ်ပွဲတွင် သူ၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက် မအောင်မြင်သ ဖြင့် ရာဇဝတ်တရားသူကြီးများထံ၌ လယ်သမားများကို ကြမ်းတမ်းစွာ ဖိနှိပ်ရန် လူသာက တွန်းအားပေးလေ၏။ လယ်သမားကြီးများ ရက်စက်စွာ နှိမ်နှင်းခြင်း ခံရသောကြောင့် ဘရင်ဂျီဂိုဏ်းသားများက လူသာကို အပြစ်ပုံချသည်။ တစ်ဖန် ဂျူး များထံ၌ “ကျွန်ုပ်တိုနှင့်လာ၍ ပူးပေါင်းကြပါ””ဟူသော သူ၏ကမ်းလှမ်းချက် ငြင်း ပယ်ခံရပြန်သဖြင့် ခါးခါးသီးသီး ရန်မူသည်။ သူ့ဘဝနေဝင်ချိန်တွင် လူသာ၏ အော်ဂလီ ဆန်ချင်စရာကောင်းပုံကား “ဂျူးလူမျိုးများ၏ ဘုရားကျောင်းများနှင့် စာသင်ကျောင်း များကို မီးတိုက်၍ လူနေအိမ်များကို ဖျက်ဆီးစေကာ ဂျူးဓမ္မဆရာများကို တရား ၊ ဟောခွင့်ပိတ်ပင်လျက် သေရာပါလောက်သော ဒဏ်ရာအနာတရများပေးကြရန်” မြှောက်ပင့်ပေးခဲ့ လေ၏။

မည်သိုဆိုစေ ပုထုဇဉ်လူသားဖြစ်သော အမှားမကင်းသူ လူသာသည် မည်ရွေ့မည် မျှပင် မှားခဲ့သော်လည်း သူသည် ဘုရားရှင်အတွက် ဉာဏ်စွမ်း၊ ကိုယ်စွမ်းရှိသမျှပေးဆပ် ခဲ့သော ခရစ်ယာန်ကျော်စွာများထဲတွင် တစ်ဦးဖြစ်၍ အသင်းတော်အတွင်းသို ကယ်တင် ခြင်းသတင်းကောင်းကို ပြန်လည်ယူဆောင်ပေးသူဖြစ်သည်။ လူသာသည် သူအလွန်ချစ် ခင်စုံမက်ရသူ ချစ်ဇနီးကေသီရှိရာ အိမ်တော်၌ နောက်ဆုံးခရီးအတွက် ပြင်ဆင်ရင်း ဇာတိ မြေဖြစ်သော အိုင်ဆဲလ်ဗန်၌ ညှိးငယ်စွာ ဆုံးပါးရရှာသည်။သူ၏နောက်ဆုံးထွက်သက် ကို ရှူရှိက်ရင်း သူ့ဘဝအခြေတည်ရာ အုတ်မြစ်ဖြစ်သော ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃၁၆ ကို နားထဲတွင် ကြားယောင်နေခဲ့သည်။

လူသာရင်ဝါဒ (Lutheranism) သည် စကင်ဒီနေးဗီးယားတိုတိုင် ပြန့်နှံရောက်ရှိ ကာ နောင်အခါတွင် တိုင်းပြည်က အသိအမှတ်ပြုသောဘာသာ (State Church) ဖြစ် လာသည်။ အလယ်ခေတ်ကျောင်းတော်ကြီး၏ အစဉ်အလာမှ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သော ဆွစ်နိုင်ငံသားများက သူတို၏ အမြင်သစ်ကို ပြင်သစ်၊ ဟော်လန်နှင့် စကော့တလန် ၊ သိုတိုင် အောင်မြင်စွာ ဆင့်ပွားဖြန့်ချိလျက်ရှိနေချေပြီဖြစ်သည်။

 

ဂျွန်ကယ်ဗင် (၁၅၀၉-၁၅၆၄) ၊

အသင်းတော်ပြုပြင်ပြောင်းလဲသူနှင့် ဓမ္မပညာ ရှင် ၊

အသင်းတော်ပြုပြင်ပြောင်းလဲရေးသည် လူသာ စခဲ့သည်မှန်သော်လည်း သူ့ထံမှ ဖြာထွက် ကျလာခြင်း မဟုတ်ကြောင်းကို သိအပ်သည်။ ပြင်သစ်မှ Lele vre နှင့် ဆွေဇာလန်မှ ဇွင်းလီတိုက လူသာမတိုင်ခင် “သတင်း ကောင်းစစ်စစ်”ကို ဝေငှပြီးနေကြပြီဖြစ်၏။ ဆွစ်နှင့် ပြင်သစ်တို၏ ပြုပြင်ရေးနှင့် ဂျွန်ကယ်ဗင် (John Calvin) တွေ့ဆုံကာ ထိုနောက်မှ လူသာရင်ဝါဒက လိုက်လာခြင်းဖြစ်သည်။ ဤလှုပ်ရှားမှုများ၏ အဓိကရည်ရွယ်ချက်မှာ ဓမ္မသစ်ကျမ်း၏ အခြေခံအကြောင်းရင်းဖြစ်သော သမ္မာကျမ်းဆိုင်ရာ အမှန်တရားများ နေရာမှန် ပြန်လည်ရောက်ရှိရေးဖြစ်သည်။

ပြုပြင်ရေးသမားများထဲတွင် အခရာအကျဆုံးပုဂ္ဂိုလ်မှာ ဘာဆဲလ် (Basel) မြိုတွင် ပညာရှာမှီးသူ ဆွေဇာလန်နိုင်ငံသား ဇွင်းလီဖြစ်၍ သူသည် လူသားပဓာနဝါဒီ Wyttenbach ၏ သွန်သင်မှုအောက်၌ သမ္မာကျမ်းစာသည် တစ်ခုတည်းသော အုပ်စိုးခွင့်အာဏာ ရှိသည်ဟု လက်ခံသူဖြစ်သည်။ သူသည် ၁၅ဝ၆ ခုနှစ်တွင် သိက္ခာတင်ခြင်းခံရ၍ သူ၏ ဉာဏ်ပညာနှင့် အပြောအဟောစွမ်းရည်ကြောင့် ၁၅၁၈ ခုနှစ် ဇူးရစ်ချ် (Zurich) တွင် သင်းအုပ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ သူသည် ဆွစ်အသင်းတော်ပြုပြင်ပြောင်းလဲရေး ကာလမှ ၁၅၁၉ ခုနှစ်အထိ ဓမ္မသစ်ကျမ်းကို အကိုးအကားပြု၍ ကက်သလစ်အသင်း တော်၏ ယုံကြည်ခံယူချက်များနှင့် ကျင့်စဉ်များကို ထိုးနှက်တိုက်ခိုက်သည်။

အရပ်ဘက်အစိုးရက အသင်းတော်များကို ချုပ်ကိုင်ကာ “ဘုရားရှင်၏ နှုတ်က ပတ်တော်စစ်စစ်””ကိုသာ ဟောပြောရမည်ဟု ပညတ်၏။ အခြေခံမှု ၆၇ ချက် စကားစစ် ထိုးပွဲတွင် အရပ်ဘက်အာဏာပိုင်များသည် သူ့ဘက်က ရပ်တည်ပေးကာ ကက်သလစ် များ ရှုးနိမ့်သဖြင့် ၁၅၂၄ ခုနှစ်တွင် ရုပ်တုများ၊ ဓာတ်တော်မွေ တော်များနှင့် ကက်သလစ် အသင်းတော်ဆိုင်ရာ အထိမ်းအမှတ်များအားလုံးကို ရိုက်ချိုးဖျက်ဆီးကြသည်။ ဤပြုပြင် ပြောင်းလဲရေးလှုပ်ရှားမှုကြောင့် ဆွဇာလန်နှင့် ဇူးရစ်ချ်နေရာအနှံအပြား၌ ဧဝံဂေလိသတင်း ကောင်းရောက်ရှိသည်။ ကက်သလစ်ပိုင်နက်အတွင်းသို ယင်းဧဝံဂေလိသတင်းကောင်း ဖြန့်ဝေရန် ကြိုးစားမှုကြောင့် စစ်ဖြစ်ကာ ဇွင်းလီအသတ်ခံရသည်။

၁၅၃၁ ခုနှစ်၊ ဇွင်းလီကွယ်လွန်ပြီးနောက် ဂျီနီဗာ (Geneva) တွင် ကျမ်းစာကို အခြေပြုသွန်သင်သော ဘုရားရှင်စိုးမိုးသည့် အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ထောင်ရန် ကယ်ဗင်ကြိုးစား၏။ ထိုစနစ်ကြီး မအောင်မြင်ခဲ့သော်လည်း ကယ်ဗင်သည် ၂၀ ရာစုနှစ် တိုင်အောင် ကျွန်ုပ်တိုနှင့်ဆီဆိုင်သော ခရစ်ယာန်ယုံကြည်မှုဆိုင်ရာ ထုတ်ပြန်ချက်ကြီး တစ်ခုကို ပြဋ္ဌာန်းပေးခဲ့သည်။

ကယ်ဗင်သည် ပြင်သစ်လူမျိုးဖြစ်၍ ၇၆၈ ခုနှစ် ရှာလမိန်းဘုရင်အဖြစ် တင်မြှောက် ခံရာအရပ်ဖြစ်သော ပါရီအရှေ့မြောက်ဘက် နိယွန် (Noyon) မြို ကာသီဒြယ်ဘုရား ကျောင်း၌ ပညာဆည်းပူး၏။ သူ့ဖခင် (Gerard Causin က သားငယ်ကို (ကယ်ဗင်က သူ့အမည်ကို ရောမအနံ့အသက်ရစေရန် ကယ်ဗီးနပ်စ် (Calvinus) ဟု မှည့်၏) လက် မှုပညာသည်များအကြား၌ ပြည်သူ့အကျိုးဆောင်ရှေ့နေကြီးနှင့် သင်းအုပ်ဆရာ၏ အတွင်းရေး လက်ထောက်ဖြစ်ရန် မြေတောင်မြှောက်၏။ ဖခင်သည် သားအတွက် မျှော် မှန်းချက်ကြီးကာ အသင်းတော်တွင် အသုံးတည့်သူဖြစ်ရန် အလိုရှိသူဖြစ်၏။

အသက် ၂၂ နှစ်အရွယ်တွင် လူငယ်ဂျွန်သည် အသင်းတော်၏ ထောက်ပံ့ငွေရရှိသဖြင့် College des Cappettes အမည်ရှိ ဒေသကောလိပ်တွင် ပညာဆက်လက်သင်ယူစဉ် ၂ နှစ်အတွင်း၌ မိတ်ဆွေကောင်းများစွာ ရရှိသည်။ သူ့အသက် ၂၄ နှစ်တွင် ပါရီ (Paris) တက္ကသိုလ်၌ ပညာဆက်လက်သင်ယူရန် စေလွှတ်ခြင်းခံရကာ မာခေ(Marche) ကောလိပ် ၌ နာမည်ကျော်ဆရာကြီး မာတူရင်ကိုးဒီယာ (Mathurin Cordier) သည် သူ၏ လက် တင် ဘာသာနည်းပြဖြစ်၍ နောင်အခါ သူ့ကို ဘာသာဗေဒဆိုင်ရာ အသိပညာအုတ်မြစ် ချပေးသူလည်းဖြစ်သည်။

တစ်ဖန် မာကောလိပ်ထက် ပို၍ ကျော်ကြားထင်ရှားသော အလယ်ခေတ်ကျင့်စဉ် များဖြင့် ထုံမွှမ်းသည့် မွန်တေဂူ (Montaigu) ကောလိပ်၌ ပညာဆက်သင်၏။ ဂျွန် ၊ ကယ်ဗင်သည် ထိုကျောင်း၌ မနက် ၄ နာရီတွင် ထ၍ ဝတ်ပြုခြင်းဖြင့် နေ့သစ်ကိုဖွင့်ကာ သင်ကြားခြင်းများ ပြုလုပ်၍ ည ၈ နာရီတွင် အိပ်ရာဝင်ရသောကြောင့် ထိုကာလသည် ။ သူ့အတွက် အလွန်ပင်ခက်ခဲ၏။ အိပ်ရာများက သက်တောင့်သက်သာ မရှိသည့်အပြင် အစားအသောက်မှာလည်း မဝရေစာသာ စားရကာ ထိုအပြင် ကျောပွတ်နှင့်ရိုက်၍ ဒဏ် ပေးခြင်းများလည်း ရှိသည်။

ထိုမွန်တေဂူကျောင်းအုပ်ကြီးမှာ ဂျာမနီမှပြန့်ပွားလာသော ပြုပြင်ပြောင်းလဲမှုအသစ် ကို တူးတူးခါးခါး ငြင်းပယ်သူဖြစ်သော်လည်း ကယ်ဗင်သည် အသင်းတော်ဖခင်ကြီးများ၏ စာပေများကို လေ့လာခွင့်ရ သောကြောင့် စိန့်ဩဂတ်စတင်း၏ အရေးအသားများက သူ့အတွေးအခေါ်ကို အထူးလွှမ်းမိုးသည်။

လောကုတ္တရာပညာထက် လောကီပညာတွင် ပို၍ စားသာမည်ဟု အထင်ရှိသူ ဖခင်က သားတော်မောင်ကို အော်လင်းစ် (Orleans) တက္ကသိုလ်တွင် ဥပဒေပညာ သင်စေ၏။ အော်လင်းစ်တွင် ၁၅၃၃ ခုနှစ်၊ ပါရဂူဘွဲရသည်အထိ ပညာသင်ယူရင်း ၊ ဘာဂျာစ် (Bourges) တက္ကသိုလ် (၁၅၂၉ ခုနှစ်) တွင်လည်း အချိန်ပိုင်းသင်ယူသဖြင့် လူသားပဓာနဝါဒနှင့် လူသာရင်များ၏ လွှမ်းမိုးခြင်းကို ခံရသည်။

 

ပြောင်းလဲခြင်း

မည်သည့်အချက်က ကယ်ဗင်ကို ပရိုတက်စတင့်အမြင်ရစေ၍ ပြောင်းလဲခြင်းသို ဆောင် ကြဉ်းလာကြောင်းကိုကား တပ်အပ်သေချာ ပြောနိုင်သူမရှိပါ။ ၁၅၅၈ ခုနှစ်တွင် ထုတ်ဝေ သော သူ၏ ဆာလံကျမ်းအနက်ဖွင့် ကျမ်းဦးစကားတွင် ကယ်ဗင်က ဤသို ဖွင့်ဟထား သည်။ “ကျောင်းတော်၏ အယူသီးမှုအောက်တွင် ကျွန်ုပ်မည်မျှပင် ခေါင်းမာခဲ့စေကာ မူ သူ (ဘုရားရှင်)နှင့် တွေ့ဆုံရသည့် တခဏချင်းတွင် ကျွန်ုပ်၏ နှလုံးသားသည် သိမ်မွေ့ကျိုးနွံခြင်းနှင့် နာယူနိုင်သူဖြစ်သွားပါသည်။” ၁၅၃၃ ခုနှစ်၊ နိုင်ဝင်ဘာ ၁ ရက် နေ့သည် ကယ်ဗင်က ပရိုတက်စတင့်ဝါဒကို အတိအလင်းထောက်ခံသော ရက်စွဲအဖြစ် မှတ်သားသမုတ်ကြကာ ထိုအတွက်ကြောင့်ပင် သူသည် ပါရီကို စွန့်ခွာခဲ့ရ၏။ အစတွင် ပြင်သစ်တစ်ပြည်လုံး ခြေတိုအောင် လှည့်ပတ်ကာ Poitiers တွင် လူနည်းစုဖြင့် ဝတ်ပြု စည်းဝေးပွဲ စတင်၏။ ထိုနောက် စတားဘာ့ဂ် (Strasborng) သို ပြောင်းရွှေ့၍ အသင်း၊ တော်ပြုပြင်ပြောင်းလဲရေးခေတ် ပညာရှင်များထဲတွင် တစ်ယောက်ဖြစ်သူ မာတင်ဗူဆာ (Martin Bucer) နှင့် သိကျွမ်းသည်။ ၁၅၃၅ ခုနှစ်တွင် ကယ်ဗင်သည် ဘာဆဲလ်၌ ခိုလှု သူအဖြစ်ဖြင့် အခြေချနေထိုင်ကာ သူ့သင်ကြားရေးခရီးကို ဆက်နှင်သည်။

အထက်ပါအကြောင်းများကြောင့် ကယ်ဗင်သည် အခြေခံယုံကြည်မှုဆိုင်ရာ လက်စွဲ စာအုပ်တစ်အုပ်ရေးထုတ်ရန် ကြံရွယ်နေစဉ် ပြင်သစ်ပြည်၌ ညှင်းပန်းနှိပ်စက်မှုကြီးတစ်ခု ဖြစ်ပွားသဖြင့် အသင်းတော်ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ ယုံကြည်မှု၏ အဓိကအကြောင်း၊ ရင်းကို ခုခံကာကွယ်ရန် ပြင်ဆင်ရတော့သည်။ သူသည် Institues of the Christian Religion အမည်ရစာအုပ်ကို ၁၅၃၆ ခုနှစ်တွင် ထုတ်ဝေကာ ထိုစာအုပ်သည် အခြေခံ ကျစွာ စနစ်တကျ အသေးစိတ်ရှင်းလင်းထားသော ပရိုတက်စတင့်သွန်သင်မှု၏ ပွဲဦးထွက် စာအုပ်ဖြစ်၍ “အပြောင်မြောက်ဆုံး ပရိုတက်စတင့် ဓမ္မဗေဒ” စာအုပ်အဖြစ် ယနေ့တိုင် ထင်ရှားသည်။ ထိုစာအုပ်သည် တမန်တော်ကြီးများ၏ ယုံကြည်ခြင်း သန္နိဋ္ဌာန် (Apos s’ Creed) ကို အကိုးအကားပြု ရေးသားထားခြင်းဖြစ်ကာ ပြုပြင်ရေးသမားများက ကြည်သူများကို ကနဦးအသင်းတော်၏ ယုံကြည်မှုနှင့် ကျင့်စဉ်များအတိုင်း ပြန်လည် ဆောင်ကြဉ်းနိုင်ရမည်ဟု ပါရှိသည်။ ထိုစာအုပ်ကို ပထမအကြိမ်တွင် လက်တင်ဘာသာ ဖြင့် ထုတ်ဝေကာ အပိုင်းကြီးခြောက်ပိုင်း ခွဲထား၏။ နောက်ထုတ်အကြိမ်များတွင် ပြန် လည်ဖြည့်စွက်ချက်များပါရှိ၍ ဥရောပနိုင်ငံအတွင်းတွင် ဘာသာစကားအသီးသီးဖြင့် ပြန်ဆိုကြကာ နောက်ဆုံးထုတ်ဝေခြင်းမှာ ပြင်သစ်ဘာသာဖြင့်ဖြစ်၍ ၁၅၆၀ ခုနှစ်တွင် ဖြစ်သည်။

စကြားဘာ့ဂ်ခရီးစဉ်တွင် ကယ်ဗင်သည် ဝီလျံဖာရီးလ် (William Farel) နှင့် တွေ့ဆုံကာ ဂျီနီဗာသို ပင့်ဆောင်ခြင်းခံရ၏။ တစ်ညသာတည်းခိုရန် စိတ်ကူးသော်လည်း ဖာရိုးလ်က ဂျီနီဗာမြို၌ ပရိုတက်စတင့်ဝါဒထူထောင်ရာတွင် ကူညီရမည်ဟု အကျပ်ကိုင် တောင်းဆို၏။ ၁၅၃၅ ခုနှစ်တွင် ဖာရီးလ်၏ ဟောပြောပိုချမှုကြောင့် မြိုတော်ကောင်စီ ဝင်များ၏ အမိန့်ဖြင့် ဂျီနီဗာကို ပရိုတက်စတင့်မြိုတော်အဖြစ် တရားဝင်ကြေညာသည်။ ကက်သလစ်ဘုန်းတော်ကြီးက မြိုကို စွန့်ခွာရသော်လည်း မြိုတော်သူမြိုတော်သားများ က သူတို၏ ယုံကြည်မှုကို အခြားယုံကြည်ချက်တစ်မျိုးဖြင့် အစားထိုးရန် ဆန္ဒမရှိ ကြပေ။

မြိုတော်သည် ကောင်စီဝင်မင်းများအဆက်ဆက်၏ အုပ်ချုပ်ခြင်းခံရ၍ ကောင်စီဝင် မင်းများက မြိုသားများ၏ ကိုယ်ကျင့်တရား ပြုပြင်ပေးသည်ဆိုသော်လည်း ဟုတ်ဟုတ် | ညားညား မအောင်မြင်ခဲ့ပေ။ ကယ်ဗင်ရောက်လာချိန်အထိ အသင်းတော်နှင့်နိုင်ငံတော် အကြား ကူးလူးဆက်ဆံရေးမှာ ပြဒါးတစ်လမ်း သံတစ်လမ်းသာဖြစ်၏။

ကယ်ဗင်က ၁၅၃၆ ခုနှစ်နှင့် ၁၅၃၈ ခုနှစ်အကြားတွင် ယုံကြည်ခြင်းဆိုင်ရာ အခြေခံမူများကို ပြုစုရေးဆွဲ၍ ဓမ္မသစ်ကျမ်း၏ သွန်သင်မှုအတိုင်း အသက်ရှင်လိုက်နာ ကြရန် ဆော်သြသည်။ အသင်းသားများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း မလိုက်နာပါက အသင်းတော်မှ ဖယ်ကြဉ်ခြင်း ခံရမည်ဟု ဆိုသည်။

သူ၏ သာသနာလုပ်ငန်းတစ်လျှောက်၌ အချေအတင် အငြင်းခုံရဆုံးမှာ အသင်း တော်စည်းမျဉ်းစည်းကမ်းဖြစ်သည်။ အသင်းသားများက ခရစ်တော်၏ နောက်ဆုံးည စာစားပွဲကို ပုံမှန်ပြုရသော မိစားပူဇော်ခြင်းကဲ့သို ထင်မှတ်မှားလျက် အံချော်သော ခံယူ ချက်များဖြင့် တက်ရောက်လာကြ၏။ ကယ်ဗင်က ထိုသို ညစ်ညမ်းနေသော ခရစ်တော် ၏ ကို ကာကွယ်လိုသဖြင့် ကာကွယ်ရေးစနစ်တစ်ခု ချမှတ်သည်။ မြိုတော်ကောင်စီ များက သင်းအုပ်ဆရာများ၏ အလုပ်သည် အသင်းသားများ မည်သိုပြုမူ၍ မည် အမှားမျိုး ကျူးလွန်ကြသည်ကို ကြည့်ရှု၍ လမ်းမှန်ရောက်အောင် ပဲ့ပြင် ထိန်းကွပ်ရမည့် တာဝန်ရှိကြောင်း ထောက်ပြကြသည်။ ထိုအပြင် ကောင်စီဝင်များသည် ကယ် ဗင်လက်ဖြင့် ရေးထားသမျှကို ခြေဖြင့် နင်းချေပစ်ကြကာ ခရစ်တော်၏ နောက်ဆုံး ညစာစားပွဲ တက်ရောက်ချင်သူများကို တားဆီးခြင်းမပြုရဟု ကြေညာသည်။ ၁၅၃၈ ခု နှစ်၊ ဧပြီလတွင် ဖာရိုးလ်နှင့် ကယ်ဗင်တို မြိုကို စွန့်ခွာရမည်ဟု အမိန့်ထုတ်ဆင့်ခြင်း ၊ ခံရသည်။

 

ကယ်ဗင်ဝါဒ

ဂျွန်ကယ်ဗင်၏ ဓမ္မဗေဒတွင် မှတ်သားစရာအချက်သုံးချက်ရှိသည်။ ပထမ- လူတစ်ဦး တစ်ယောက်၏ ကယ်တင်ခြင်းဆိုင်ရာ အာမခံချက်သည် ဘုရားသခင်၏ တင်ကြို၍ ခွဲခန့် မှတ်သားခြင်းဖြစ်သောကြောင့် လုံခြုံသည်ဟူသော ယုံကြည်ခံယူချက်ဖြစ်၍ ၄င်းမှာ ပေါလု နှင့် ဩဂတ်စတင်းတို၏ ပေးစာများကို မှီငြမ်းပြုထားခြင်းဖြစ်သည်။ ကယ်ဗင်သည် သူ၏ အပြောင်မြောက်ဆုံး စာအုပ်ထဲတွင် “ထာဝရမပြောင်းလဲသော ဘုရားသခင်၏ အကြံအစည်ထဲ၌ ကယ်တင်ခြင်းခံရမည့်သူနှင့် ငရဲလားမည့်သူကို ဘုရားသခင်က ဆုံး ဖြတ်ပြီးဖြစ်ကြောင်း ကျွန်ုပ်တို သေချာတပ်အပ်သိသည်”ဟူ၍ ရေးထားသည်။ ဒုတိယယုံကြည်သူများသည် ဘုရားရှေ့၌ တူညီကြသည်ဖြစ်၍ ပရက်စ်ဘီတေးရီးယန်းအသင်း တော်၏ စီမံအုပ်ချုပ်ပုံအရ သင်းအုပ်ဆရာများ၊ အသင်းတော်အတွင်းရှိ သက်ကြီးဝါကြီး များ၊ သင်းထောက်လူကြီးများ (မရှိဆင်းရဲသားများအတွက် ယုံကြည်အားထားရသူ)နှင့် သင်ကြားပေးသူ ဆရာများဟူ၍ လေးမျိုးရှိသည်။ တတိယ- အကျင့်သီလကောင်းခြင်းကို စံထား၍ လောကီအရာ တပ်မက်ခြင်းများကို တင်းကြပ်စွာ တားမြစ်၏။ ဂျီနီဗာတွင် ကြာခိုခြင်းသည် သေဒဏ်အပြစ်ပေးနိုင်သော်လည်း မြင့်မြတ်စွာ လင်ယူသားမွေးခြင်းကို အလေးထားမှုကြောင့် ယနေ့ ကိုယ်ကျင့်တရားပျက်ယွင်းမှုဘေးမှ များစွာ တိုးတက်လျက် ရှိသည်။

ညှင်းပန်းနှိပ်စက်မှုကြောင့် စတားဘာ့ဂ်သို ရောက်လာသော ပြင်သစ်ခိုလှုသူများ ထံ၌ သာသနာလုပ်ငန်း စတင်ရန်အတွက် ကယ်ဗင်က ဖိတ်ခေါ်ခြင်းခံရ၏။ သုံးနှစ် တာကာလ သင်းအုပ်ဆရာနှင့် သင်ကြားရေး တာဝန်ကိုယူရင်း သူ၏အပြောင်မြောက် ဆုံးစာအုပ်ကို ခေါင်းဖြတ်အမြီးနှုတ်ကာ ပြန်လည်ထုတ်ဝေ၍ ဝတ်ပြုရာ၌ ဆာလံသီချင်း များသီဆိုခြင်းဖြင့် အသင်းသားများကို မိတ်ဆက်ပေး၏။

ယိုယွင်းပျက်စီးလာသော အခြေအနေကြောင့် ကယ်ဗင်မှန်ကန်ကြောင်းကို သိနေ ကြသော မြိုတော်ဝင်ကောင်စီအချိုက ကယ်ဗင်ကို ဂျီနီဗာသို ပြန်လာရန် အနူးအညွတ်မေတ္တာရပ်ကြ၏။ ကယ်ဗင်က လည်း သင်းအုပ်ဆရာများ၏ အခွင့်အာဏာကို လူများက မှု ဖြစ်စေလိုသဖြင့် ယင်းကမ်းလှမ်းချက်ကို လက်ခံသည်။

 

ဂျီနီဗာသို့ ပြန်လာခြင်း

နင်ပြန်ရောက်လာသောအခါ ဂျီနီဗာကို “ဘုရားကိန်းဝပ်ရာမြိုတော်”အဖြစ် ပြောင်း နိုင်ကာ ဓမ္မသစ်ကျမ်းကို စံထား၍ အသင်းတော်ကို ပြုပြင်သည်။ အသင်းတော်နှင့် င်ငံတော်၏ အခွင့်အာဏာဆိုသည်မှာ ဘုရားရှင်ထံမှ ဖြစ်သောကြောင့် အတူတကွ လက်တွဲဆောင်ရွက်သင့်ကြောင်း ဝိညာဉ်ရေးနှင့် ပြည်သူ့အာဏာဆိုသည်မှာ ကိုင်းကျွန်း မှီ၊ ကျွန်းကိုင်းမှီဖြစ်သင့်ကြောင်း စသည်ဖြင့် ဆိုဆုံးမ၏။

သူ၏ အသင်းတော်ဆိုင်ရာပြဋ္ဌာန်းချက်များ (၁၅၄၁ ခုနှစ်) တွင် အသင်းတော်ကို ဤသိုဤပုံ အုပ်ချုပ်ရမည်ဟု ဆို၏။ ကြည်ညိုအပ်သော အမှုတော်ကို အမှုဆောင်များဖြင့် ဖွဲစည်း၍ ထိုအဖွဲ က သင်းအုပ်ဆရာခန့်အပ်ရေးကို တာဝန်ယူရမည်။ မြိုတော်ကောင်စီ က သာသနာခုံရုံးကို အသင်းတော်သက် ကြီးဝါကြီးများဖြင့် ဖွဲစည်း၍ ထိုအဖွဲအစည်းက တရားရုံးကဲ့သို ကျင့်ဝတ်ဆိုင်ရာစည်းမျဉ်းများကို ထိန်းကွပ်ကြပ်မတ်ရမည်။ ဤအတိုင်း ၊ အသင်းတော်စည်းမျဉ်းကို လိုက်နာနိုင်ပါမှ ဘုရားရှင်ကို ဂုဏ်တင်ရာရောက်မည်ဟု ချပြ သည်။

တရားရုံးများသည် ယုံကြည်ခြင်းကို စစ်ကြော၍ ပြစ်ဒဏ်ခတ်ခြင်းနှင့် စင်စင်တူသည်။ ဟု ဝေဖန်ခြင်းခံရကာ အရေခြုံသီလကြောင်ဝါဒ (Pharisaism) နှင့် ကြောင်သူတော် ဝါဒ (hypocrisy) များကြောင့် ဂျီနီဗာမြို့တော်သည် ဖြစ်ချင်တိုင်းဖြစ်နေတော့၏။ ပြစ်ဒဏ်များမှာ ပြည်သူ့ခုံရုံးက ဆုံးဖြတ်သည်ဆိုသော်လည်း ကယ်ဗင်က ငယ်သည့်အမှုပင် ဖြစ်စေ ကြီးလေးသောပြစ်ဒဏ်ကို ချမှတ်ရန် ဆော်သြသည်။ နောင်တွင် အသင်းသားများကို ရာတရသည့်အရိပ်အယောင် မတွေ့ရမချင်း ခရစ်တော်၏ ညစာစားပွဲသို မတက်ရောက်ရ ( တားမြစ်ပိတ်ပင်သည်။ မည်သိုဆိုစေ အသင်းတော်ထဲတွင်ကား ဘုရားရှင်၏ နှုတ် ကပတ်တော်မှတစ်ပါး မည်သည့်အရာမျှ အရောမခံကြပေ။

 

သေဒဏ်

ကယ်ဗင် ပြင်သစ်ပြည်တင် စက်က သူ့မိတ်ဆွေဟောင်းတစ်ဦးဖြစ်သော စပိန်သမား “တော်ကြီး မိုက်ကယ်ကာတပ်စ် (Michael Servetus) ၏ ပြင်းထန်စွာ ဝေဖန်ထိုး ခြင်းကို ခံရ၏။ သသည့် သုံးပါးတစ်ဆူနှင့် ခရစ်တော်၏ ဘုရားဖြစ်ခြင်းကို ငြင်း သော စာတမ်းများကို ရေးသားသူဖြစ်သည့်အပြင် ကယ်ဗင်ကို ဂျီနီဗာတွင် တွေ့ဆုံရန် စိန်ခေါ်ခဲ့သူလည်းဖြစ်သည်။ ဆာဗေးတပ်စ်သည် ၁၅၅၃ ခုနှစ်တွင် ဖမ်းဆီးခြင်းခံရ၍ ချည်တိုင်တွင် မီးတင်ရှိခြင်းခံရ၏။ ကယ်ဗင်က ပြစ်ဒဏ်ကို အလျော့အတင်းလုပ်ရန် စိတ်ကူးမိသေးသော်လည်း သေဒဏ်ပင် ချမှတ်လိုက်သည်။

အီရားစမတ်စ် (၁၄၆၉-၁၅၃၆)

အီရားစမတ်စ် (Erasmus)သည် ပကာသနဖြင့် ယစ်မူးခြင်းကို ရှောင်ကြဉ်သော သဟာယ ညီနောင်များအဖွဲတွင် စိတ်မပါ့တပါ ဝင်ရောက်၍ ၁၄၈၆ ခုနှစ်တွင် Steyn ၌ ဩဂတ် စတင်းဂိုဏ်းဝင်သည်။ ထိုအရပ်၌ ဂန္တဝင်စာပေကြီးများနှင့် အသင်းတော်ဖခင်ကြီးများ၏ စာပေများကို လေ့လာဖတ်ရှု၏။ ၁၄၉၂ ခုနှစ်တွင် သိက္ခာတင်ခြင်းခံရ၍ ပါရီသိုပြောင်း ရွှေ့ကာ ထိုမှတစ်ဆင့် အောက်စဖိုဒ်တွင် ဓမ္မသစ်ကျမ်းကို သင်ယူသည်။ အီတလီတွင် ကာလအတန်ကြာနေထိုင်ပြီးနောက် ၁၅၀၉ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ကင်းဘရိတ်ချ်၌ ဓမ္မ ဒဿန (Divinity) ကို သင်ကြားပေးကာ ဂရိဘာသာကို ပထမဆုံးသင်ကြားပေးသူဖြစ် သည်။ ၁၅၁၅-၁၅၂၁ ခုနှစ်အထိ နယ်သာလန်တွင် နေထိုင်၍ ၁၅၁၆ ခုနှစ်တွင် သူ၏ ထင်ရှားကျော်ကြားသော ဂရိဘာသာဓမ္မသစ်ကျမ်းကို ထုတ်ဝေနိုင်ခဲ့သည်။ သူ၏ အသင်း တော်ဖခင်ကြီးများအကြောင်း ရေးသားမှုကြောင့် ခရစ်ယာန်ဘာသာဆိုင်ရာ အသိများ ပြန်လည်ရှင်သန်တိုးပွားကာ အသင်းတော်ပြုပြင်ပြောင်းလဲရေးဖြစ်ပေါ်လာရန် လမ်းခင်းပေး သကဲ့သို ရှိသည်။ သိုသော် ၁၅၂၄ ခုနှစ်တွင် အသင်းတော်ပြုပြင်ပြောင်းလဲရေး အငြင်း ပွားမှု၌ လူသာကို တိုက်ခိုက်၍ ကက်သလစ်အသင်းတော်ကို အာဏာအကွယ်ပေးမှုကြောင့် နှစ်ဖက်စလုံး၏ မုန်းတီးခြင်းကို ခံရသည်။

ကယ်ဗင်သည် ဂျီနီဗာတွင် ၂၄ နှစ်တာမျှနေထိုင်စဉ်အတွင်း ပရိုတက်စတင့်အကြောင်း ၊ နှင့်ပတ်သက်၍ စိန့်ပီတာကာသီဒြယ်၌ တစ်ပတ်လျှင် တရားဟောချက်ပေါင်းများစွာနှင့် နေ့စဉ်ရက်ဆက် ဟောပြောပိုချချက်များ ပြုလုပ်သည်။ ၁၅၅၉ ခုနှစ်တွင် Geneva Academy ကို စတင်ဖွင့်လှစ်ကာ ထိုကျောင်းတော်သည် ဥရောပအတွင်းရှိ ဓမ္မပညာလိုလားသူ ကျောင်းသားများကို အထူးဆွဲဆောင်နိုင်ခဲ့သည်။ သူသည် အနယ်နယ်အရပ်ရပ်က ပရိုတက်စတင့်ဒုက္ခသည်များ (အင်္ဂလန်မှလည်း အချို ရှိသည်) အတွက် နားခိုရာကို စီစဉ် ပေး၏။ သူ၏ အပြောင်မြောက်ဆုံးစာအုပ်ကို အကျယ်ချဲ့၍ အနက်ဖွင့်ကျမ်းအစောင်စောင် နှင့် အသင်းတော်ပြုပြင်ပြောင်းလဲရခြင်းအကြောင်းများကို ဖွင့်ဆိုရှင်းလင်းသည်။

လူသာကဲ့သို ကျမ်းစာသည်သာ တစ်ခုတည်းသော ယုံကြည်ကိုးစားရာဖြစ်ကြောင်း နှင့် ဘုရားရှင်သာ အချုပ်အခြာအာဏာပိုင်သူဖြစ်ကြောင်းကို ယုံကြည်လက်ခံသူဖြစ်သည်။သူသည် ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို ရောက်ရ၏ဟု သွန် သင်ကာ ကြိုတင်၍ ခွဲခန့်မှတ်သားခြင်း (predestination) နှင့် ရှေးမဆွက ရွေးနှုတ်တော် မူခြင်း (election) ယုံကြည်ခံယူချက်ကို ဆုပ်ကိုင်သူဖြစ်သည်။ သိုသော် လူသာနှင့် ပွဲတော်မင်္ဂလာခံယူခြင်း၌ အယူကွဲကာ သူက ပွဲတော်မင်္ဂလာတွင် ခရစ်တော်သည် နာမ် ဝိညာဉ်အားဖြင့်သာ ကိန်းဝပ် (spiritual presence of Christ) သည်ဟု ယုံကြည်၏။

ဂျီနီဗာသည် ကယ်ဗင်အားဖြင့် ပရိုတက်စတင့်ဝါဒ၏ ရေသောက်မြစ်အဖြစ် အသွင် ပြောင်းလာခြင်းဖြစ်၏။ ပြင်သစ်ပြည် Huguenots များသည် ကယ်ဗင်ဝါဒီအမြူတေများ အဖြစ် သူတိုကိုယ်ကိုယ် ခံယူဖွဲစည်း၍ ၁၆၆၂ ခုနှစ်တွင် ဟော်လန်ပြည်က ကယ်ဗင်ဝါဒ ကို တိုင်းပြည်က အသိအမှတ်ပြုသောဘာသာအဖြစ် မွေးစားယူလိုက်ကြကာ ထိုမှတစ်ဆင့် ကယ်ဗင်ဝါဒသည် ဥရောပကို ဖြတ်ကျော်၍ အမေရိကသိုတိုင် ခြေဆန့်ကာ ပြုံးရီတန်များ၏ သည်းခြေကြိုက်ဖြစ်လာသည်။

 

ဝီလျံတင်းဒလ် (၁၄၉၄-၁၅၃၆) သမ္မာကျမ်းစာ ဘာသာပြန်သူ

၁၆ ရာစု အသင်းတော်ပြုပြင်ပြောင်းလဲရေးသည် ကက်သလစ်အသင်းတော်က ယိုးစွပ် သကဲ့သို အသင်းတော်အတွင်း အသေးအဖွဲ ကလေးများ ပြုပြင်ရေးသက်သက်မဟုတ်ဘဲ ဘုရားရှင်၏ ဘုန်းတန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်နှင့် အမှန်တရားပြန်လည်တူးဆွ ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ သမ္မာကျမ်းဆိုင်ရာ အမှန်တရားများသည် အသင်းတော် အတွင်း၌ ပြန်လည်နေရာယူနိုင်ရေးနှင့် ခရစ်တော်အား ဖြင့် ဘုရားရှင်နှင့် လူသားပြန်လည် ရင်ကြားစေ့ရေးကို မွေးဖွားပေးခြင်းဖြစ်သည်။

ဉာဏ်သစ်လောင်းကာလ

အသင်းတော်ပြုပြင်ပြောင်းလဲရေးဖြစ်ပေါ်လာရန် ဘာသာရေးပြင်ပမှ အဓိကတွန်းအား ပေးခဲ့သောအရာမှာ ဉာဏ်သစ်လောင်းကာလဖြစ်သည်။ ဤဝေါဟာရအနက်မှာ ပြန် လည်မွေးဖွားခြင်း” (re-birth) ဖြစ်၍ အလယ်ခေတ်၏ ပြန်လည်ဆန်းသစ်လာသော အသိဉာဏ်နိုးကြားခြင်းများကို ရည်ညွှန်းသည်။ Turk များ၏ လက်အတွင်းသို ကွန်စတင် တီနိုပယ်ကျဆုံးချိန် ၁၄၅၃ ခုနှစ်တွင် ဂရိနှင့် လက်တင်စာပေပညာရှင်များ အနောက် ဘက်သို ပြေးထွက်လာရ၏။ ထိုအချိန်တွင် သူတို၏ သင်ယူမှုနှင့် ရှေးဟောင်းစာမူများကို သူတိုနှင့်အတူ တစ်ပါတည်း ယူဆောင်လာကြသည်။ ဤသည်မှစ၍ လူသား၏ ဆင်ခြင် တုံတရားသည် သိုလော သိုလောဖြင့် အစပျိုးကာ ၄င်းကို သင်ယူမှုအသစ် (New learning) ဟုခေါ်၍ ၄င်းသင်ယူမှုအသစ်ကို သက်ဝင်ယုံကြည်သူများအား လူသားပဓာနဝါဒီများ (Hlumanists) ဟုခေါ်သည်။

လူသားပဓာနဝါဒီများက ဂန္တဝင်စာပေကြီးများကို လေ့လာကြသဖြင့် လူသား၏ ဆင်ခြင်တုံတရားများ ကျယ်ပြန့်လာကာ ရှေးထုံးများကို ပြန်လည်ထိန်းသိမ်းရန် ဇော သန်လာကြ၏။ ဤလှုပ်ရှားမှုသည် အီတလီမှစတင်၍ ကျန်ဥရောပနိုင်ငံများသို လျင်မြန် စွာပျံ့နှံကာ ဟော်လန်နှင့် ဂျာမနီတွင် ဘာသာရေးအသွင်ဖြင့် ပို၍ တိမ်းညွတ်လျက် သမ္မာကျမ်းစာဘာသာပြန်ရန် အကြောင်းဖန်လာသည်အထိ ဖြစ်လာသည်။

ယင်းအတွက်ကြောင့် အင်္ဂလန်နိုင်ငံ၌ ဘာသာရေးကျောင်းများ မှိလိုပေါက်လာသည်။ ကင်းဘရိတ်ချ်တွင် ခရစ်တော်ကျောင်းနှင့် စိန့်ဂျွန်ကျောင်းများ၌ ထိုယုံကြည်မှုအသစ်ကိုသာ သင်ပြရမည်ဟူ၍ လည်းကောင်း၊ စိန့်ပေါလ်ကျောင်း၌ (တည်ထောင်သူ John Colet) “ကလေးငယ်များအား တန်းမြင့်စာပေများဖြစ် သော လက်တင်နှင့် ဂရိဘာသာကို သင်စေ ၏။” – ရိုတာဒမ် (Rotterdam) မှ အီရားစမတ်စ် (Erasmus) (၁၄၆၉-၁၅၃၆) သည် အထင်ရှားဆုံး ခရစ်ယာန်လူသားပဓာနဝါဒီတစ်ဦးဖြစ်ဟန်တူ၏။ သူသည် ကင်းဘရိတ်ချ် တွင် ဓမ္မဒဿနပညာနှင့် ဂရိဘာသာရပ်အတွက် အချိန်တိုပါမောက္ခအဖြစ် တာဝန်ထမ်း ဆောင်ကာ ၁၅၁၆ ခုနှစ်တွင် သူ၏ ဂရိဓမ္မသစ်ကျမ်းကို ပထမအကြိမ် ထုတ်ဝေသည်။ လူသာသည် သူ၏ ဂျာမန်ဓမ္မသစ်ကျမ်းဘာသာပြန်ရာ၌ အီရားစမတ်စ်၏ ဓမ္မသစ်ကျမ်း ကို မှီငြမ်းခဲ့ရသည်ဟူ၏။

အသင်းတော်ပြုပြင်ပြောင်းလဲရေးမတိုင်မီ အေ့ဒ် သက်ရှိထင်ရှားရှိစဉ်အခါ ၈ ရာစု က အင်္ဂလန်၌ ကျမ်းစာကို အုပ်အသီးသီးခွဲ၍ အင်္ဂလိပ်ဘာသာဖြင့် ဘာသာပြန်ပြီး ကြပြီဖြစ်သည်။ ထိုပြင် ၁၃၈၂-၈၈ ခုနှစ်တွင်လည်း ဗိုကလစ်ဖ်နှင့် သူ့မိတ်ဆွေများက ကျမ်းစာအုပ်စုံကို ဘာသာပြန်ပြီးစီး၍ လောလတ်စ်များ အသုံးပြုခဲ့ကြပြီဖြစ်၏။ သိုသော် ယခုတစ်ဖန် Latin Vulgate ကျမ်းမဟုတ်ဘဲ မူရင်းကျမ်းများဖြစ်သော ဟီဘရူး နှင့်ဂရိဘာသာများမှ ဘာသာပြန်ကျမ်းအသစ်လိုအပ်ကြောင်း ခံစားမိကြသည်။ ထိုကြောင့် ဝီလျံတင်းဒလ် (William Tyndale) က ယင်းလုပ်ငန်းအတွက် သူ့ဘဝကို မြှုပ်နှံ ထားလိုက်သည်။

 

ကျမ်းစာလေ့လာခြင်း

တင်းဒလ်သည် ၁၄၉၄ ခုနှစ်ဝန်းကျင် ဂလက်စတာရှိင်းယား (Gloucestershire) တွင် မွေးဖွားခဲ့ဟန်ရှိ၍ အရွယ်နုစဉ်ကတည်းက “ကျမ်းစာလေ့လာခြင်းကို ထူးထူးခြားခြား နှစ်ခုံမင်သူဖြစ်သည်။” သူသည် အောက်စဖိုဒ်မှ ၁၅၁၅ ခုနှစ်တွင် မဟာဝိဇ္ဇာ ဘွဲရရှိပြီးနောက် ကင်းဘရိတ်ချ်သို ပြောင်းရွှေ့၏။ ကင်းဘရိတ်ချ်တက္ကသိုလ်က သူ့ကို “လူသာရင်ဝါဒမှိင်းမိသူ ဟု တံဆိပ်ကပ်ကြသည်။ ကင်းဘရိတ်ချ်တွင် သူသည် “မြင်း ဖြူစံအိမ် (White Horse Inn) ကျောင်းသားများအဖွဲ့တွင် ပါဝင်၍ လူသာ၏ စာပေ! ကို အတူတကွ လေ့လာကြသည်။ ကျောင်းအာဏာပိုင်များသည် ထိုအဖွဲ၏ လှုပ်ရှားမှု ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ ၁၅၂၀ ခုနှစ်တွင် စိန့်မေရီဘုရားကျောင်းအပြင် ဘက်၌ လူသာ၏ စာအုပ်များကို မီးရှိသည်။

တင်းဒလ်သည် ၁၅၂၁ ခုနှစ်တွင် ဘုန်းတော်ကြီးရာထူးနှင့် ဆာဘွဲရ ဂျွန်ဝေါလ်ရှိ (John Walsh) ၏ သားနှစ်ယောက်အတွက် နည်းပြတာဝန်ပါ ပူးတွဲယူသည်။ သင်ပြမှု တာဝန်ယူရင်း ဘာသာပြန်လုပ်ငန်းနှင့် တရားဒေသနာတိုက်ကျွေးခြင်းလည်း ပြု၏။ သူသည် ဘရိစတိုး (Bristol) သို စွန့်စားထွက်ခွာကာ College Green တွင် တရားဒေသနာ တိုက်ကျွေးသူ ဘုန်းတော်ကြီးများက သူ၏ အဓိကသွန်သင်ချက်ဖြစ်သော “ယုံကြည် ခြင်းဖြင့်သာ ဖြောင့်မတ်ခြင်းသို ရောက်ရာ၏”တရားကြောင့် သူတိုဝင်ငွေများ ထိခိုက် လာသဖြင့် ဘုန်းတော်ကြီးများနှင့် အခင်းဖြစ်ပွား၏။ ဘုန်းတော်ကြီးများက Gloucester ရှိ Archdeacon ထံ၌ ဒိဋ္ဌိအဖြစ် စွပ်စွဲတိုင်ကြားသဖြင့် သူ့ကို သတိပေး၍ ပြန်လွှတ် လိုက်ကြသည်။

တစ်ခါသားတွင် သူ့အလုပ်ရှင် ဂျွန်ဝေါလ်ရှ်၏ ညနေစားပွဲဝိုင်း၌ အထူးဧည့်သည် အဖြစ် လာရောက်လည်ပတ်သူ ဘုန်းကြီးတစ်ပါးသည် တင်းဒလ်ကျမ်းစာကို ဘုရားရှင်၏ ပညတ်ချက်ကဲ့သို အိမ်ရှင်က ယုံကြည်လိုက်နာနေသည်ကို တွေ့သဖြင့် မရှုစိမ့်နိုင်ဖြစ်နေ၏။ တင်းဒလ်သည် သူ့အလုပ်ရှင် စိတ်ကသိကအောက်ဖြစ်နေသည်ကိုသိသော်လည်း သူ့ခံယူ ချက်အပေါ်တွင်သာ မားမားမတ်မတ် ရပ်တည်လျက်ရှိသည်။

ဘုန်းတော်ကြီးက “ငါတိုသည် ဘုရားရှင်၏ ပညတ်ချက်မလို၊ ပုပ်ရဟန်းမင်းကြီး၏ ပညတ်ချက်ရှိလျှင် သာ၍ ကောင်းသည်”ဟု ဆို၏။ ထိုအခါ တင်းဒလ်က “ကျွန်ုပ်သည် ပုပ်ရဟန်းမင်းကြီးနှင့် သူ၏ပညတ်ချက်များအားလုံးကို ငြင်းဆိုသည်။ ဘုရားရှင်သာ ကျွန်ုပ်ကို အသက်ရှည်ချမ်းသာခွင့်ပေးလျှင် လယ်တောထဲက ထယ်ထိုးသူကောင်လေး သည် သင်တိုထက် ကျမ်းစာကို ပိုမိုနားလည်အောင် ကျွန်ုပ်လုပ်ပြမည် ဟု ကြုံးဝါးသည်။

တင်းဒလ်သည် ယခုအချိန်တွင် သမ္မာကျမ်းဘာသာပြန်အသစ်ပြုလုပ်ရန် စိတ်တုံးတုံး ၂။ သူက ဤသိုရေးသည်။ “သာမန်အသင်းသားများကို အမှန်တရားသိစေရန်မှာ မဖြစ် နိုင်သောကြောင့် သမ္မာကျမ်းစာကို သူတို၏ မိခင်ဘာသာဖြင့် ရိုးရှင်းစွာ သူတိုရှေ့မှောက် သို ချပြရပေမည်။ ဤနေရာ၌ သူသည် ဝိုကလစ်ဖ်နှင့် သဘောထားချင်းတိုက်ဆိုင်သော် လည်း ဗိုကလစ်ဖ်၏ ဘာသာပြန်ကျမ်းစာသည် ကျယ်ပြန့်စွာ မပျံ့နှံနိုင်သည့် အပြင် အမှား အယွင်းများစွာရှိသည်။

ချည်တိုင်ဖြင့် ခြိမ်းခြောက်ခံရသော်လည်း တင်းဒလ်သည် မူရင်းဘာသာများကို အခြေပြု၍ ကျမ်းသစ်တစ်မျိုး ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း သိရှိနားလည်၏။ မကြာသေးမီက သူတို၏ ကလေးငယ်များကို ပဌနာတော်၊ ပညတ်တော်ဆယ်ပါးနှင့် တမန် တော်ကြီးများ၏ ယုံကြည်ခြင်းသန္နိဋ္ဌာန်များကို အင်္ဂလိပ်ဘာသာဖြင့် သင်ပေးသောကြောင့် မီးရှိခံရသော မိဘများရှိခဲ့စေကာမူ သူ့အလုပ် သူဆက်လုပ်သည်။

တင်းဒလ်က လန်ဒန်မြိုရှိ သင်းအုပ်ဆရာ တန်စတောလ် (Tunstalll) ထံ၌ အထောက်အပံ့ရလိုရငြား ဟုဆိုကာ ဂျွန်ဝေါလ်ရှ်မှတစ်ဆင့် ချဉ်းကပ်တီးခေါက်ကြည့်၏။ သူသည် ဘုရင့်ဘဏ္ဍာစိုးအထိပင် ပေါက်ရောက်သူဖြစ်သော်လည်း တန်စတောလ်ထံမှ အားပေးအားမြှောက်မှုမရှိကြောင်း သတင်းသာရောက်လာသည်။ သိုသော် ခရစ်ယာန် ကုန်သည်တစ်ဦးဖြစ်သူ ဟမ်ဖရီမွန်မော် (Humphrey Monmouth) က သူ၏နေ အိမ်သိုခေါ်သွားကာ ခြောက်လအထိ ကူညီထောက်ပံ့သည်။

သူ့လုပ်ငန်းအတွက် အင်္ဂလန်သည် လုံခြုံမှုမရှိသဖြင့် တင်းဒလ်သည် ဂျာမနီသို ပြောင်းရွှေ့ကာ ဇာတိမြေသို ပြန်လည်ခြေမချတော့ပေ။ သူသည် ဝှစ်တင်းဘဂ်သို ရောက် လာကာ လူသာနှင့် သူ၏ ဓမ္မသစ်ဘာ သာပြန်ကျမ်းနှင့်လည်း ဆုံခဲ့ဟန်ရှိသည်။ သူ့အတွင်း ရေးလက်ထောက် William Toye နှင့် စာမူကြမ်းများ ရေးဆွဲခဲ့ကြကာ ပြီးသမျှကို ဂျာမနီ နိုင်ငံတွင် အကြီးဆုံးပုံနှိပ်တိုက်ရှိရာ ကိုလုံး (Cologne) မြိုသို ယူဆောင်၍ ပုံနှိပ်ထုတ် ဝေရန် စီစဉ်ကြ၏။ ကိုလုံးမြိုသည် အသင်းတော်ပြုပြင်ပြောင်းလဲရေးကို အပြင်းထန်ဆုံး ဆန့်ကျင်သောမြို နှင့် စာအုပ်များကို ဆီးနိတ်လွှတ်တော်သို ဦးဦးဖျားဖျား ဆက်သရသော လျှိဝှက်အစီအစဉ်များရှိရာ မြိုဖြစ်သည်။

ပုံနှိပ်ထုတ်ဝေခြင်း တားဆီးခံရ၍ ပုံနှိပ်စက်နှင့် စာရွက်များကို ဖမ်းဆီးရန် အ ထက်မိန့်ကျလာသည်။ အန္တရာယ်ကို ကြိုမြင်သော တင်းဒလ်သည် ပုံနှိပ်ပြီး စာရွက်များ အချိန်မီကာကွယ်ထားနိုင်ခဲ့သည်။ သူသည် လူသာရင်မြိုတော်ဟု ခေါ်ဝေါ်သမုတ် ကြသော ဝမ်းစ် (Worms) တွင် ထွက်ပြေးတိမ်းရှောင်ကာ ၁၅၂၅ ခုနှစ်တွင် ပုံနှိပ်လုပ် ငန်းပြီးစီးသည်။ နောက်တစ်နှစ်တွင် မွန်မော်နှင့် သူ့မိတ်ဆွေများက အင်္ဂလိပ်ဓမ္မသစ် ကျမ်းများကို သင်္ဘောဖြင့် လန်ဒန်မြိုသို သယ်ဆောင်သွားကြကာ များမကြာမီတွင် မြို များနှင့် တက္ကသိုလ်များ၌ ပျံ့နှံရောက်ရှိသည်။

အင်္ဂလန်သို သွန်ကျလာသော ဓမ္မသစ်ကျမ်းများကို သာမန်ပြည်သူများ သူ့ထက်ငါ အလုအယက်ဝယ်ယူဖတ်ရှုကြကာ မိုးလင်းပေါက် ထိုင်ဖတ်သူများပင် ရှိခဲ့၏။ တစ်အုပ်ကို ငါးမတ်ပေးဝယ် သူများရှိကာ ရှင်ယာကုပ်ဩဝါဒစာနှင့် ရှင်ပေါလု၏ သြဝါဒစာများထဲမှ အခန်းကြီးအချိုကို ကောက်ရိုးလှည်း တစ်တိုက်စာနှင့် လဲဝယ်သူများပင် ရှိခဲ့သည်။ အုပ်ရေ အများအပြား ပုံနှိပ်ခဲ့သော်လည်း နှစ်အုပ်သာ ကျန်ရစ်သည်။

အသင်းတော်အာဏာပိုင်များသည် ဒေါသအမျက်ခြောင်းခြောင်းထွက်ကာ တန်စ တောလ်က “မိစ္ဆာဝါဒဖြန့်ဖြူးရေး”စာအုပ်များဟု ထုတ်ပြန်၍ ရက်များမကြာမီတွင် St.Paul’s Cross လူမြင်ကွင်း၌ မီးရှိဖျက်ဆီးသည်။ နောက်တစ်နှစ်တွင် ကင်တာဘာရီ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ဝေးလံသောအရပ်မှလာ၍ ဓမ္မသစ်ကျမ်းကို ဝယ်ယူနိုင်သမျှ ဝယ်ယူကာ အားလုံးကို မီးရှိဖျက်ဆီးသည်။ ဂိုဏ်းချုပ်ကြီးဝယ်ယူ၍ ရသမျှပိုက်ဆံ များအားလုံး တင်းဒလ်ထံ၌ ဒလဟော ပြန်ဝင်လာသောကြောင့် အသစ်အသစ်သော ပြန်လည်တည်းဖြတ်ကျမ်းများ ထုတ်ဝေနိုင်ခဲ့သည်။ တန်စတောလ်က တင်းဒလ်ဘာသာ ၊ ပြန်ကျမ်း၌ အမှားပေါင်း ၃ဝဝဝ ရှိသည်ဟု ထောက်ပြသော်လည်း ဂျိမ်းစ်ဘုရင်ကျမ်း စာခေါ် KJV ဓမ္မသစ်ကျမ်းတွင် ၉၀ ရာခိုင်နှုန်းနှင့် RSV ကျမ်းတွင် ၇၅ ရာခိုင်နှုန်းခန့် သည် တင်းဒလ်ရေးသားခဲ့သည့်အတိုင်း ကျန်ရစ်သည်သာဖြစ်၏။

 

လက်ရေးစာမူ ပျောက်ဆုံးခြင်း

၁၅၂၉ ခုနှစ်တွင် တင်းဒဲလ်က သမ္မာကျမ်းစာ၏ ပထမဆုံးငါးကျမ်း (Pentateuch) ကို အပြီးသတ်အချောကိုင်ခဲ့ပြီးသော်လည်း ဟမ်းဘာ့ဂ် (lumburg) ခရီးစဉ်၌ သင်္ဘော ပျက်၍ လက်ရေးစာမူများ ပျောက်ဆုံးခဲ့သည်။ ဒုတိယအကြိမ် တစ်ဖန်ပြင်ဆင်ရာ၌ သူ့မိတ်ဆွေအသစ် မားလ်စ်ကိုဗားဒဲလ် (Myles Coverdale) က အင်္ဂလန်တွင် ၁၅၃ဝ ခုနှစ်အထိ ကူညီသည်။ နောင်အခါတွင် ကျန်ဓမ္မဟောင်းကျမ်းများ ဆက်လက်ပြုစုကာ ရာဇဝင်ချုပ်ဒုတိယစောင်အထိ ပြီးစီးသည်။

တင်းဒဲလ်သည် ကျန်ဓမ္မဟောင်းကျမ်းများ ဆက်လက်ပြုစုနေစဉ်အတွင်း ကာဒီ ဝူးလ်ဆေး (Wolsey) က ဥရောပတစ်ခွင်တွင် သူလျှိများကို တင်းဒလ်ရှာပုံတော် စေကာ တွေ့သမျှ ပရိုတက်စတင့်စာအုပ်များကို ဝယ်၍ မီးရှိစေသည်။ ဘုရင့်အထောင် တော်များလည်း အငြိမ်မနေကြရ၊ တင်းဒဏ်ကို ရှာကြရသည်သာ။ – နောက်ဆုံးတွင် တင်းဒလ်သည် ၁၅၃၅ ခုနှစ်တွင် အန်းဝပ် (Antwerp) သို ပြောင်း ရွှေ့ကာ အင်္ဂလိပ်လူမျိုး ဟင်နရီဖီးလစ်(စ်) (Henry Phillips) က အကူအညီပေးရန် ခက် ကပ်လာသည်။ စင်စစ် ဖီးလစ်(စ်)သည် လူသာရင်ယောင်ဆောင်သူ စပိုင်တစ်ဦးသာဖြစ် ၏။ သူက တင်းဒလ်ကို လုံခြုံစွာ ဝှက်ထားပေးမည်ဟု မျှားခေါ်လာကာ ပဉ္စမမြောက် ချားလ်စ်ဘုရင်၏ ဗောင်းတော်ညိတ်စိတ်တော်သိ လူကြီးမင်းများထံ အပ်နှံလိုက်လေသည်။ တင်းဒလ်ကို ၁၆ လတိုင် ဘရပ်ဆဲလ် (Brussels) အနီး Vilvordeရဲတိုက်တွင် ထိန်း သိမ်းထားကာ ထိုအတောအတွင်းတွင် သူ့အတွက် စွပ်စွဲချက်များ ပြင်ဆင်ကြ၏။ သူက ဘုရင်ခံထံ၌ ပန်ကြားစာတစ်စောင်ရေးသား၍ ထိုပန်ကြားစာထဲတွင် အနွေးထည်များ ပိုပေးရန်၊ ညပိုင်းအတွက် အလင်းမီးအိမ်နှင့် အထူးသဖြင့် ဟီဘရူးကျမ်းစာ၊ ဟီဘရူး သဒ္ဒါနှင့် ဟီဘရူးအဘိဓာန်များကို သနားသဖြင့် ပေးဖတ်ရန် အနူးအညွတ်တောင်းဆို သည်။

အမှုစစ်ဆေးရာတွင် တင်းဒဏ်ကို ဒိဋ္ဌိအဖြစ် အတည်ပြု၏။ သိုသော် အာဏာပိုင် များက ၂ လ အချိန်ပေး၍ ယုံကြည်ချက်ကို စွန့်လွှတ်ရန် အချိန်ဆိုင်းခဲ့ကြသည်။ ၁၉၃၆ ခုနှစ်၊ အောက်တိုဘာတွင် မြေအောက်အကျဉ်းစခန်းမှ ဆွဲထုတ်၍ လည်ပင်းညှစ်သတ်ကာ အလောင်းကို မီးရှိသည်။ သူ နောက်ဆုံးပြောခဲ့သော စကားမှာ “ကိုယ်တော် အင်္ဂလန် ၊ ဘုရင်၏ မျက်လုံးတော်အစုံကို ဖွင့်ပေးလော့”ဟူ၍ ဖြစ်သည်။ အင်္ဂလန်နိုင်ငံတွင်မူ သောမတ်စ်ကရွမ်းဝဲလ် (Thomas Cromwell) က ဘုရင်ကြီး၏ အမိန့်တော်အရ Coverdale Bible နှင့် the Great Bible ကို အဂ်လန်နိုင်ငံ အသင်‌းတော်တိုင်း၌ ထားရှိရန်နှင့် သာမန်အ သင်းသားများ ဖတ်ရှုရန် တွန်းအားပေးနှိးဆော်သည်။

လန်ဒန်တွင် သူ၏ ကျမ်းစာအုပ်များ မီးရှိခံရချိန် သူ မကွယ်လွန်မီ ၁၀ နှစ်တွင် တင်းဒလ်က ဤသို ရေးသားခဲ့သည်။ “သူတို ဓမ္မသစ်ကျမ်းမီးရှိ နေသည်ကို ကြည့်နေရုံ မှတစ်ပါး ကျွန်ုပ် မည်သိုမျှ မတတ်နိုင်ခဲ့၊ ဘုရားရှင်အလိုရှိသည်ဆိုပါက ကျွန်ုပ်ကို မီးတင် ရှိမည်ဆိုလျှင်ပင် ကျွန်ုပ်ခံရဖိုသာ ရှိပေ၏။ သိုပေငြားလည်း ဓမ္မသစ်ကျမ်းဘာသာပြန် ခြင်းအမှုသည် ကျွန်ုပ်၏ တာဝန်သာဖြစ်သည်။” သူပြုစုခဲ့သော သမ္မာကျမ်းကို Coverdle က ပြီးမြောက်အောင် ဆက်လက်ဆောင်ရွက်၍ ၁၅၃၅ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့ သည်။ အင်္ဂလန်နိုင်ငံသည် ဤမှာပင် အစပြုကာ အသင်းတော်ပြုပြင်ပြောင်းလဲရေးလမ်းစပေါ် ရောက်လာ ခြင်းဖြစ်သည်။

 

သောမတ်စ်ကရင်မာ (၁၄၈၉-၁၅၅၆ ) ကင်တာဘာရီဂိုဏ်းချုပ်ကြီး

အင်္ဂလန်နိုင်ငံ၏ အသင်းတော်ပြုပြင်ပြောင်းလဲရေးသည် ဂျာမနီနှင့် ဆွေဇာလန်ကဲ့သို ဘာသာရေးလှုပ် ရှားမှုမှ စတင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပိုဆန်ကာ လူသာ (သို) ကယ်ဗင် တိ၏ လမ်းစဉ်မှကွဲထွက်၍ တစ်ရွာတစ်ပုဒ်ဆန်းဆိုသလို အင်္ဂလိပ်ပုံစံအတိုင်း ပြုပြင်မွမ်း မံကာ ဝင်လာခြင်းဖြစ်သည်။ ၁၅၂၁-၁၅၇၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံ့ ခေါင်းဆောင်များ၏ ဘတစ်ပြန် ကျားတစ်ပြန် တန်ပြန်တိုက်ခိုက်မှု များကြောင့် ကက် သလစ်ဘာဝင်သူပေါင်းအယောက် ၃၀၀ နီးပါးနှင့် ပရိုတက်စတင့်မာတုရများ ချည်တိုင် သို မြန်းခဲ့ကြရသည်။

ပထမမြောက်အယ်လီဇဘက် (Elizabath-1) စိုးစံချိန် (၁၅၅၈-၁၆ဝ၃) မတိုင် မီ တည်ငြိမ်၍ စည်းလုံးသော အင်္ဂလီကန်အသင်းတော် (Anglican Church) ပေါ်ပေါက် လာသည်။ ဤကာလ အင်္ဂလိပ် အသင်းတော်ပြုပြင်ပြောင်းလဲရေး ဗိသုကာကြီးများထဲ တွင် သောမတ်စ်ကရင်မာ (Thomas Carnmer) သည် အထင်ကရ ပုဂ္ဂိုလ်တစ်ဦး ဖြစ်၍ တည်ထောင်စ အင်္ဂလန်အသင်းတော် (Church of England) ၏ ဂိုဏ်းချုပ် ကြီးဖြစ်သည်။ သူသည် အင်္ဂလန်နိုင်ငံကို ပရိုတက်စတင့်ဝါဒဘက်သို တဖြည်းဖြည်း တိမ်းညွတ်လာအောင် ကြံဆောင်သူနှင့် လမ်းပြသူလည်းဖြစ်သည်။

ကရင်မာသည် နိုတင်ဟမ်ရှိင်းယား (Nottinghamshire) ပြည်နယ် Aslacton တောသူဌေးမိသားစုမှ မွေးဖွား၍ အသက် ၁၄ နှစ်ရွယ်တွင် ကင်းဘရိတ်ချ် Jesus College ၌ ပညာသင်သည်။ ၁၅၁၁ ခုနှစ်တွင် ပညာရှင်များ စုစည်းရာအဖွဲ ဖြစ်သော မြင်းဖြူစံ အိမ်တွင် ရောင်းရင်းတစ်ဦးဖြစ်လာကာ သူတိုသည် ထိုမြင်းဖြူစံအိမ်၌ လျှိဝှက်စွာ တွေ့ ဆုံကြ၍ စိတ်ကူးသစ်များနှီးနှောဖလှယ်ကြသည်။ အဋ္ဌမမြောက်ဟင်နရီဘုရင် (King Henry VIII) က သူ၏ ရာဇပလ္လင်ကို ဆက်ခံရန် သားယောက်ျားလေး လိုချင်လွန်းလှသ ဖြင့် ပုပ်ရဟန်းမင်းကြီးထံ၌ မယားကြီးကို ကွာရှင်းခွင့်ပြုရန် အသနားခံပေးမည့်သူအဖြစ် ကရင်မာကို ကင်တာဘာရီသို ရုတ်တရက် ဆင့်ခေါ်လိုက်ချိန်အထိ သိက္ခာသမာဓိကြီးမား သော ပညာရှင်ဘုန်း တော်ကြီး ကရင်မာသည် ကင်းဘရိတ်ချ်၌ အေးအေးလူလူ နေထိုင် သူဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကရင်မာက အသင်းတော်ကို “ရင်ဝယ်သားကဲ့သို ပိုက် ထွေးသူတောင် ဝင်ဘုရင်၏ အခွင့်အာဏာဖြစ်သည်ဟု ယုံကြည်သည်။ ကရင်မာက ဝက်စ်မင်စတာအက်ဘီ (Westminster Abbey) တွင် ဂိုဏ်းချုပ်ကြီးအဖြစ် တင်မြှောက် ခံရစဉ်က သူသည် ရိုမင်ကျောင်းတော်ကိုသာ နာခံရန် ကျမ်းကျိန်ခြင်းမဟုတ်ဘဲ ဘုရင် ကြီးအပေါ်တွင်လည်း သစ္စာခံပါမည်ဟု အခိုင်အမာ သစ္စာဆိုခဲ့ခြင်းဖြစ်သည်။ (သူက ဟင်နရီဘုရင်၏ ကွာရှင်းရေးအစီအစဉ်ကို ထောက်ခံကြောင်း အသိပေးခြင်းဖြစ်၏)

ကရင်မာ ရောမကို ကတိဖျက်လိုက်သည့်အတွက် ဟင်နရီသည် အသင်းတော်၏ အချုပ် အခြာအာဏာပိုင်ဖြစ်လာ၏။ သူ့ရည်ရွယ်ချက်မှာ ကက်သလစ်အသင်းတော်ကို အင်္ဂလန် တွင် ထူထောင်၍ သူသာလျှင် ထိပ်ခေါင်ဖြစ်ရန်နှင့် အဲန်းဘိုလင်း (Anne Boleyn) ကို လွယ်ကူချောမောစွာ လက်ဆက်နိုင်ရန်ဖြစ်သည်။ ၁၅၂၉-၁၅၃၆ ခုနှစ်အတွင်း “ပြု ပြင်ပြောင်းလဲရေးပါလီမန်”က အင်္ဂလန်တွင် အမှုတော်ဆောင်များ၏ အမိန့်ကိုသာ နာခံရန်နှင့် ရောမကျောင်းတော်၏ အခွင့်အာဏာကို ဖျက်ဆီးရန် ဥပဒေတစ်ထွေကြီး ပြုစုသည်။ အမှုတော်ဆောင်များ၏ ကျိုးနွံခြင်းဆိုင်ရာ အက်ဥပဒေ (၁၅၃၂) နှင့် အယူ ခံများဆိုင်ရာကန့်သတ်ချက် အက်ဥပဒေ (၁၅၃၃) များဖြင့် ဟန်နရီက အင်္ဂလိပ်အသင်း တော်၏ အာဏာကို ကန့်သတ်ပေးလိုက်သည်။

၁၅၃၃ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ကရင်မာက ဟင်နရီသည် အာရဂွန် (Aragon) မှ ကက်သရင်း (Catherine) ကို လက်ထပ်ယူခဲ့ခြင်းမှာ တရားမဝင်ကြောင်း၊ ယခုအခါ ကိုယ်ဝန်ရှိနေပြီဖြစ်သည့် အဲန်းကို ကြင်ယာတော်အဖြစ် မြှောက်စားတော်မူနိုင်ရန် လမ်း ဖွင့်ပေးခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက ဘုရင်ကြီးကို အသင်းတော်မှ ပယ်ကြဉ်ကာ သူ ၏ ကွာရှင်းပြတ်စဲခြင်းနှင့် နောက်အိမ်ထောင်သစ်ထူခြင်းကို တရားမဝင်ဟု ကြေညာ လိုက်သည်။

 

အချုပ်အခြာအာဏာပိုင်သသူ

နောက်တစ်နှစ်တွင် ပါလီမန်မှတစ်ဆင့် အက်ဥပဒေအထွေထွေကို ပြဋ္ဌာန်းခြင်းဖြင့် ရောမ အလုပ်အ ကျွေးပြုခြင်းကွင်းဆက်များ ဖြတ်တောက်ကာ ထိပ်ခေါင်တင် အက်ဥပဒေအရ ဟင်နရီသည် “အင်္ဂလန်အသင်းတော်၏ ရေမြေ့ရှင်သခင် အချုပ်အခြာအာဏာပိုင်သသူ” ဖြစ်လာသည်။ ဤနည်းဖြင့် ဘုရင်သည် အသင်းတော်၏ ခံယူချက်များ၊ ဝတ်ပြုကိုးကွယ် နှင့် သာသနာနယ်မြေများအပေါ်တွင် အာဏာအကုန်လွှအပ်ခြင်း ခံရသည်။ ဟင်နရီက အက်ဆက်မှူးမတ် သောမတ်စ်ကရွမ်းဝဲလ် (Thomas Cromwell, Earl of Essex) ကို အသင်းတော်ကိစ္စရပ်များတွင် တော်ဝင်အချုပ်အခြာအာဏာ သဿမေဓအခွန်စား ထောက်ပံ့ခံကြီးအကဲအဖြစ် ခန့်အပ်သောကြောင့် ဂိုဏ်းချုပ်ကြီးကရင်မာ၏ ရာထူးအ ဆင့်အတန်းမှာ ဆုတ်ယုတ်လျော့ပါးလာသည်။

သိုတစေလည်း နိုင်ငံအတွင်းရှိ ဘုန်းကြီးကျောင်းများက ပုပ်ရဟန်းမင်းကြီးကိုသာ သစ္စာခံကြသဖြင့် ၄င်းသည် ရောမကျောင်းတော်၏ အာဏာတည်မြဲနေသေးကြောင်း အထောက်အထားများပင် ဖြစ်တော့၏။ ဟင်နရီ၏ တည်ဆောက်ရေးကာလ ၁၅၃၆၁၅၃၉ ခုနှစ်များအတွင်းတွင် ကရုမ်းဝဲလ်က ဘုရင်ကြီးအား ဘုန်းကြီးကျောင်းများကို အရှိအရှိတိုင်း လှစ်ပြသောကြောင့် မြေနေရာများနှင့် သာသနာအဆောက်အအုံများစွာ မှာ ဘုရင်ပိုင်အဖြစ် သိမ်းဆည်းခြင်းခံရကာ ဘုရင့်ဘက်တော်သားများကို ချိုသာစွာ ပြန်လည်ရောင်းချသည်။

ဟင်နရီက ရောမကို ငြင်းဆန်ခဲ့ပြီးဖြစ်သော်လည်း ကက်သလစ်အသင်းတော်၏ ခံယူချက်များ ပြန်လည်ဝင်ရောက်လာမည်ကို စိုးရိမ်နေဆဲဖြစ်သည်။ ခေါင်းဆောင်အများစု မှာ ပရိုတက်စတင့်ဝါဒဘက်သို တိမ်းညွတ်ကာ ကရင်မာလည်း ပြုပြင်ရေးဘက်သို အာရုံရောက်လျက်ရှိသည်။ သိုသော် ဂိုဏ်းချုပ်ကြီးက အပြောင်းအလဲများကို အဆာ တလျင်မလုပ်ဘဲ လွန်လွန်ကဲကဲ မဖြစ်ရအောင် အစွန်းရောက်မှုများကို ရှောင်သည်။

ဘုရင်ကြီးက ပြုပြင်ပြောင်းလဲရေးပါလီမန်ကို ဖျက်သိမ်း၍ ခရစ်ယာန်ဘာသာ၏ အခြေခံမူများ (၁၅၃၆) ကို ထုတ်ဆင့်ခြင်းသည် လူသာရင်အောစ်ဘဂ်လွှတ်တော် (၁၅၃၀) ၏ လွှမ်းမိုးမှုကိုခံရကြောင်း သိသာသော အချက်ဖြစ်သည်။ ထိုအောစ်ဘဂ်လွှတ်တော်က သမ္မာကျမ်းစာ၏ အခွင့်အာဏာနှင့် ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ခြင်းသို ရောက်ကြောင်း ၊ ကို အသားပေးဖော်ပြကာ ပွဲတော်မင်္ဂလာတွင် မုန့်နှင့်စပျစ်ရည်သည် ခရစ်တော်၏ အသွေးနှင့်အသားအဖြစ်ပြောင်းလဲသည် (transubstantiation) ဆိုခြင်းကို ငြင်းပယ်၏။

အင်္ဂလန်အသင်းတော်က သမ္မာကျမ်းစာက သွန်သင်ခြင်းမရှိသော ဘုရားဖူးခရီး ထွက်ခြင်း၊ အလှူငွေကောက်ခံခြင်း၊ ဖယောင်းတိုင်မီးထွန်းခြင်းနှင့် ပုတီးစိပ်ဆုတောင်း ခြင်းများကို တားမြစ်၍ မလိုလားအပ်သော ဘာသာရေးဝတ်ပြုပွဲများ ရှောင်ကြဉ်ရန်နှင့် ရုပ်တုဆင်းတုများနှင့် ဓာတ်တော်မွေတော်များ တလွဲသုံးခြင်းကို ဆန့်ကျင်ကြသည်။ သိုသော် ကက်သလစ်အသင်းတော်၏ ကျင့်စဉ်များဖြစ်သော သူတော် စင်များ ကြည်ညို ခြင်းနှင့် ငရဲငယ်ယုံကြည်ခြင်းများကို ခွင့်ပြုသည်။

၁၅၃၈ ခုနှစ်တွင် ဟင်နရီ၏ အမိန့်တော်အရ ကရုမ်းဝဲလ်က မဟာကျမ်းတော် ကြီး (the Great Bible) ကို လူပြိန်းများ ဖတ်ရှုနိုင်ရန် အင်္ဂလန်တစ်ဝန်းရှိ ဘုရားကျောင်း တိုင်း၌ ထားရှိသည်။ သိုသော် ဘုရင်ကြီးသည် အသင်းတော်ပြုပြင်ပြောင်းလဲရေး၏ ခြိမ်းခြောက်မှုကို ကြောက်ရွံသဖြင့် ၁၅၃၉ ခုနှစ်တွင် လွှတ်တော်က အတည်ပြုသည့်ဥပဒေမှ ၆ ချက်ကို ထုတ်ဆင့်၍ ၄င်းဥပဒေမူ ၆ ချက်အရ ရှေးရောမယုံကြည်ချက်များနှင့် သေ ဒဏ်ပေးခြင်းများ ပြန်လည်ထားရှိသည်။ အထက်တန်းလွှာများကို မဟာကျမ်းတော်ကြီး ဖတ်ရှုခြင်းအား ပိတ်ပင်တားမြစ်၏။

ကရုမ်းဝဲလ်သည် ဘုရင်ကြီး၏ ရာဇမာန်ရှခြင်းခံရကာ ခေါင်းဖြတ်သတ်ခြင်း ခံရ သော်လည်း ကရင်မာကား ဘုရင်ကြီးနှင့် အပေးအယူတည့်လျက်ရှိ၏။ အကြောင်းမှာ ၁၅၄၄ ခုနှစ်တွင် သူသည် ဆုတောင်းပတ္ထနာရွတ်ဖတ်စာကို ထုတ်ဝေနိုင်ခဲ့ခြင်းကြောင့် ဖြစ်၍ ထိုဆုတောင်းပတ္ထနာရွတ်ဖတ်စာသည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေရန် ပထမဆုံး ခြေလှမ်းဖြစ်လာသောကြောင့်ပင်တည်း။

ကရင်မာနှင့်ပတ်သက်၍ ကန့်လန့်ကာနောက်ကွယ်တွင် တိုးတိတ်စွာ တော်လှန်ရေး တစ်ခုရှိနေ၏။ ၄င်းမှာ မြင်းဖြူစံအိမ်အဖွဲဝင်တစ်ဦးဖြစ်သူ နီကိုးလပ်စ်ရိဒ်လေ (Nicholas Ridley) သည် ကရင်မာ၏ ဘုန်းတော်ကြီးအဖြစ် တာဝန်ပေးခံရခြင်းဖြစ်သည်။ သူ၏ လွှမ်းမိုးမှုကြောင့်ပင် ဂိုဏ်းချုပ်ကြီးကရင်မာသည် ပွဲတော်မင်္ဂလာဆိုင်ရာအမြင်များ ပြောင်း လဲသွားခြင်းဖြစ်၏။ ပွဲတော်မင်္ဂလာတွင် မုန့်နှင့်စပျစ်ရည်သည် ခရစ်တော်၏ အသွေးနှင့် အသားအဖြစ် ပြောင်းသွားသည်ဆိုခြင်းကို စွန့်လွှတ်၍ ခရစ်တော်သည် နာမ်ဝိညာဉ်အဖြစ် သာ ကိန်းဝပ်၍ အသွေးအသားအဖြစ် ပြောင်းလဲမသွားကြောင်းကို လက်ခံလာသည်။ ထို ကြောင့် ပွဲတော်မင်္ဂလာကို ဘုန်းကြီးများအတွက်သာလျှင်မဟုတ်ဘဲ လူတိုင်းက တနင်္ဂနွေ နေ့ (Lord’s Day) တိုင်း သုံးဆောင်သင့်ကြောင့် ပြောဆိုသည်။

ဟင်နရီကွယ်လွန်သောအခါ သူ့အရိုက်အရာကို ကရင်မာကိုယ်တိုင် ပြုစုပျိုးထောင် ခဲ့သော ကလေးဘုရင် ဆဌမမြောက်အက်ဒွပ် (Edward VI) က ဆက်ခံသည်။ အက်ဒွပ် စိုးစံချိန်တွင် အင်္ဂလန်၌ ပရိုတက်စတင့်ဝါဒ ပို၍ ခိုင်မာစွာ အမြစ်တွယ်လာ၏။ သူ စံချိန်တွင် အရေးအပါဆုံး အမှတ်ရစရာပြု မူဆောင်ရွက်ချက်မှာ ကရင်မာ၏ ဦးဆောင်မှု ဖြင့်ပြုစုသော အင်္ဂလိပ်ဘာသာဖြင့် ပတ္ထနာတော်ဆုတောင်း စာအုပ်ကို (၁၅၄၉ ခုနှစ်) ထုတ်ဝေခြင်းဖြစ်သည်။ ထိုပတ္ထနာတော်စာအုပ်သည် လက်တင်ဘာသာဖြင့် ဝတ်ပြုပွဲများ ပြသော စာအုပ်ကို ရိုးစင်းစွာ အကျဉ်းချုံးဘာသာပြန်ထားခြင်းဖြစ်ကာ ဘုန်းကြီး လူဝတ်ကြောင်များအတွက် လမ်းညွှန်စာအုပ်ဖြစ်လာသည်။

 

 

ပြုပြင်ပြောင်းလဲခြင်း ၊

အတော်ဆုတောင်းစာအုပ်သစ်ထဲတွင် ဓမ္မတေးများပါဝင်၍ သင်ခန်းစာများကို သမ္မာ စာထဲမှသာလျှင် ထုတ်နုတ်ရမည်ဟု ပါရှိ၏။ “ပွဲတော်မင်္ဂလာ”ဝေါဟာရနှင့်ပတ် သက်၍ မုန့်နှင့်စပျစ်ရည်သည် ခရစ်တော်၏ အသွေးနှင့်အသားအဖြစ် ပြောင်းသွား၏ (transubstantiation) ဟူသော ခံယူချက်အစား မုန့်နှင့်စပျစ်ရည်တွင် ခရစ်တော်သည်  နာမ်ဝိညာဉ်အားဖြင့် ပါဝင်သည် (Consubstantiation) ဟူသော ခံယူချက်ကို ကျင့်သုံး ၏။ သိုသော် ထိုစာအုပ်ထဲတွင် ကက်သလစ်အသင်းတော်၏ အားနည်းချက်ကို ထောက်ပြ ထားခြင်းမရှိရကား တချိုအပိုင်းများ၏ အနက်မပြတ်သားမှုကြောင့် ကက်သလစ်အသင်း ၊ တော်၏ မစ္ဆားဝတ်တက်နည်းနှင့်ပင် တူသယောင်ရှိနေလေ၏။

ပီတာမာတား (Peter Martyr) နှင့် မာတင်ဗူဆာ (Martin Bucer စတား ဘော့ဂ်မှဖြစ်၍ ကင်းဘရိတ်ချ်တွင် နေထိုင်သူ) တို၏ အကြံပြုချက်အရ ယင်းပတ္ထနာ တော်စာအုပ်ကို ၁၅၅၂ ခုနှစ်တွင် ပြန်လည်တည်းဖြတ်၍ ထုတ်ဝေကာ ဤအကြိမ်တွင် အပျိုစင် (Virgin) ကို တိုင်တည်၍ ဆုတောင်းခြင်းနှင့် သူတော်စင်များ ကြည်ညိုခြင်းကို ဖျက်သိမ်းသည်။ ဒုတိယအုပ်ဖြစ်သော ဘုံဆုတောင်းစာအုပ် (Common Prayer) ကို ၁၅၅၉ ခုနှစ်၊ အယ်လီဇဘက်စိုးစံချိန်တွင် ပြုပြင်မွမ်းမံ၍ ၁၆၆၂ ခုနှစ်တွင် ကရင်မာ ကိုယ်တိုင်ဦးဆောင်ကာ ပြန်လည်စိစစ် တည်းဖြတ်ခဲ့ကြသည်။ –

၁၅၅၃ ခုနှစ်တွင် ကရင်မာနှင့် သင်းအုပ်ဆရာရိဒ်လေတိုက ယုံကြည်မှုဆိုင်ရာထုတ် ပြန်ချက် ၄၂ ချက်ကို ပြုစုရေးသားသည်။ နောင်အခါ ပြန်လည်လျော့ချ၍ ၃၉ ချက် အခြေခံမူကြီးများ (Thirty-nine Articles) ဟူ၍ ဖြစ်လာကာ ၁၅၇၁ ခုနှစ်တွင်မှ အပြီး တနိုင်ခဲ့ကြ၏။ သာတူညီမျှရေး အက်ဥပဒေ(Act of Uniformity) က အမှုတော် ဆောင်များအားလုံးကို ဤအခြေခံမူကြီးများအား လက်ခံရမည်ဟု တောင်းဆိုမှုကြောင့် (ကြီးအများအပြားက အင်္ဂလန်အသင်းတော်ကို စွန့်ခွာကြသည်။

နှမြောဝမ်းနည်းဖွယ်ရာတစ်ခုမှာ အက်ဒွပ်သည် ၁၆ နှစ်ပင် မပြည့်တတ်သေးဘဲ ပါသွားလေရာ သူ့အရိုက်အရာကို ဟင်နရီ၏သမီး မေရီကျူဒါ (Mary Tudor) က ဆက်ခံ၍ သူမသည် ကက်သလစ်ဝါဒ၌ တစ်ယူသန်လွန်းသူဖြစ်သည်။ မေရီသည် နီ၌ ကက်သလစ်ဘာသာဝင်သူများကို စုစည်းကာ ပုပ်ရဟန်းမင်းကြီးက ကက်သလစ်အသင်းတော်၏ ဘာသာရေးအခမ်းအနားများကို တစ်ဖန် ပြန်ယူဆောင်လာ၍ ညှင်း ပန်းသတ်ဖြတ်မှုများ ခေါင်းထောင်ထလာပြန်ကာ ပရိုတက်စတင့်အများအပြားသည် ။ ချည်တိုင်တွင် မီးရှိခံရကြ၏။ ‘

အင်းဝပ် (Antwerp) တွင် နေစဉ်က တင်းဒလ်၏ လက်ထောက်ဖြစ်ခဲ့ဖူးသူ ဂျွန် ရော်ဂျာစ် (John Rogers) သည် ပထမဆုံး ကွပ်မျက်ခံရသူဖြစ်၍ သူ့နောက်တွင် ဂလက် စတာ (Gloucester) မှ သင်းအုပ်ဆရာဟုပ်ပါး (Hooper) နှင့် အောက်စဖိုဒ်မှ သင်းအုပ် ဆရာရိဒ်လေ (Ridley) နှင့် လာတီမာ (Latimer) တိုလည်း ကွပ်မျက်ခံကြရသည်။ မီးရှိခံရစဉ်တွင် လာတီမာက ရိဒ်လေအား ဤသို အားပေးစကားပြောခဲ့၏။ “ဘုရားရှင် ရဲ့ ကရုဏာတော်ကြောင့် ဒီအခွင့်ထူးကို ငါတိုရရှိတာဖြစ်တဲ့အတွက် သတ္တိမွေးပါ၊ ဒီနေ့ ငါတိုထွန်းညှိလိုက်တဲ့ မီးရှူးတိုင်များဟာ အင်္ဂလန်မှာ ဘယ်တော့မှ ငြိမ်းသတ်နိုင်ကြမှာ မဟုတ်ဘူး”

ထောင်ထဲ၌ ၃ နှစ်နီးပါးအကျဉ်းကျပြီးနောက် ကရင်မာကို အောက်စဖိုဒ်မျှော်စင် ကြီးရှိရာ ချည်တိုင်သို ခေါ်လာခဲ့ကြ၏။ အာဏာပိုင်များက သူ့ယုံကြည်ချက်ကို စွန့်လွှတ် ရန် ဖိအားအမျိုးမျိုးပေးလျက်ရှိသည်။ သူသည် သူ၏ ယုံကြည်ချက်ကို စွန့်လွှတ်သော် လည်း မေရီက သူ့ကို ခေါင်းဖြတ်သတ်ခဲ့သည်ပင်ဖြစ်သည်။

ကရင်မာက စိန့်မေရီဘုရားကျောင်းရှိ အများပြည်သူရှေ့မှောက်၌ ဝန်ခံမည်ဆိုသော ကြောင့် ပါးကွပ်သားများမှာ ဒေါသပုန်ထလျက်ရှိကြသည်။ ဂိုဏ်းချုပ်ကြီးက သူ၏ ယုံ ကြည်ချက်ကို စွန့်လွှတ်ကြောင်း ကြေညာကာ ပုပ်ရဟန်းမင်းကြီးကို ဆန့်ကျင်သောစကား များ ပြောဆိုခဲ့သည်။

ကရင်မာကို စင်ပေါ်မှ ဆွဲချ၍ ထင်းပုံရှိရာသို ဦးတည်ဆွဲခေါ်သွားကြ၏။ သူ့ကို သံကြိုးများဖြင့် ချည်နှောင်လျက်ရှိကာ ထင်းပုံကို မီးမွှေးကြသည်။ သူ့ကို မီးစွဲလောင်သော အခါ၌ စာရွက်ပေါ်တွင် ဝန်ခံကြောင်းလက်မှတ်ထိုးသည့် သူ့ညာဘက်လက်ကို ဦးစွာလောင်ကျွမ်းစေ၏။ “တန်ဖိုးမဲ့ ညာဘက်လက်””ဟူသော ထပ်တလဲလဲအသံကိုလည်း သူ ကြားခဲ့ရသည်။ နောက်ဆုံးတွင် “သခင်ယေရှု ကျွန်ုပ်၏ ဝိညာဉ်ကို လက်ခံတော်မူပါ” ဟူသော အသံမှတစ်ပါး မည်သည့်အသံမှ ထွက်မလာတော့ပေ။

မေရီ၏ တိုတောင်းသော စိုးစံချိန် ၅ နှစ်အတွင်း သူမ၏ ညှင်းပန်းသတ်ဖြတ် မှုဆိုင်ရာလှုဆော်ရေး ဝါဒကြောင့် အင်္ဂလန်တစ်ပြည်လုံး ဂြိုဟ်ဆိုးဝင်ခဲ့သည်။ မေရီက အမှုတော်ဆောင် ၁၂၀၀ ကျော်ကို ရာထူးမှ ရပ်နားစေ၍ ပရိုတက်စတင့်အယောက်၂၀၀ ကို ချည်တိုင်သို ပိုကာ ရာပေါင်းများစွာသည် မိမိ၏ လုံခြုံရေးအတွက် ထွက်ပြေးတိမ်း ရှောင်ကြရ၏။ သိုသော် နောက်ဆုံးတွင် အင်္ဂလန်၌ အသင်းတော်ပြုပြင် ပြောင်းလဲရေး ခိုင်မာစွာ အမြစ်တွယ်လျက်ရှိသည်။

 

 

 

ဂျွန်နော့စ် (၁၅၁၃-၁၅၇၃) စကော့လူမျိုး ပြုပြင်ရေးသမား

စကော့တလန်ပြည်၏ အစောပိုင်းခရစ်ယာန်ဘာသာသည် ဘုရားကျောင်းအသွင်ဖြင့် မဟုတ် ဘဲ ဘုန်းကြီးကျောင်းပုံစံဖြင့် ကဲလ်တစ် (Celtic) များက အစပြုခဲ့ခြင်းဖြစ်သည်။ ၆၆၄ ဝစ်ဘီ (Whitby) ခရစ်ယာန်ညီလာခံအစည်းအဝေးအပြီး ရောမက အီစတာပွဲတော်ရက် သတ်မှတ်လိုက်ချိန်မှစ၍ ကက်သလစ်အသင်းတော်၏ ကျင့်စဉ်များ ဖြည်းဖြည်းချင်းဝင် ရောက်လာသည်။ ၁ဝ၉၃ ခုနှစ်တွင် ကွယ်လွန်သူ ဘုရင်မ မားဂရက် (Margaret) စိုး စံချိန်တွင် ကက်သလစ်ဝါဒသွတ်သွင်းမှုမှာ အတော်ပင် ခရီးပေါက်နေပြီ ဖြစ်၏။

အခြားတိုင်းပြည်များကဲ့သို စကော့တလန်နိုင်ငံ၏ ကက်သလစ်အသင်းတော်သည် အဝိဇ္ဇာအမှောင်ဖုံး မှုနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းများဘက်သို ယိုယွင်းဆုတ်ယုတ်လာ လျက်ရှိ၏။ သိုသော် ၁၆ ရာစုအတွင်း စကော့တလန်တောင်ပိုင်း၌ လောလပ်စ်တို၏ သွန်သင်မှုများက မျှော်လင့်ချက်လင်းရောင်ခြည်အနည်းငယ်ကို သယ်ဆောင်လာလျက် ဂျန်ဟတ်စ်၏ စိတ်ကူးအိပ်မက်များကို ပြည်တော်ပြန်ခရီးသွားများနှင့် ကျောင်းသားများ က ယူဆောင်လာကြသည်။

အသင်းတော်ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုသည် လျင်မြန်စွာ ပျံ့နှံကာ ၁၅၂၀ ခုနှစ် ဝန်းကျင်တွင် အခြေခိုင်နေပြီဖြစ်သည်။ ၁၅၂၅ ခုနှစ်တွင် အစိုးရက လူသာရင်ဝါဒဆိုင်ရာ စာအုပ်များကို ပြည်ဝင်ခွင့်တား မြစ်သည်။ ၁၅၂၈ ခုနှစ်တွင် လူသာ၏ စာသင်သား တပည့်နှင့် သွေးမကြောင်သော သတင်းကောင်းဝေငှသူ သူတော်ကောင်း ပက်ထရစ်ဟယ် မင်တန် (Patrick Hamilton) ၏ အသက်စတေးမှုက တစ်မျိုးသားလုံးကို လှုပ်နှိးလိုက် သည်။ သူသည် ဒိဋ္ဌိအဖြစ် စွပ်စွဲခြင်းခံရကာ စိန့်ဆာလ်ဗာတာ (St.Salvator) ကော လိပ် အရှေ့တွင် ချည်တိုင်၌ မီးရှိခြင်းခံရသည်။

၁၅၄၆ ခုနှစ်တွင် တရားဟောဆရာ ဂျော့ခ်ျဝစ်(စ်)ဟတ် (George Wishart) အပါ အဝင် အများအပြား စွပ်စွဲခြင်းခံရ၍ သေတွင်းသို အပိုခံကြရ၏။ သူ့ကို ကြိုးပေး မသတ်မီကလေးတွင် ပါးကွပ်သားက သူ့အား ခွင့်လွှတ်ပေးပါဟု ဒူးထောက်တောင်းပန် ခဲ့၏။ ဝစ်(စ်)ဟတ်က ပါးကွက်သား၏ ပါးပြင်ကို နမ်းကာ ဤသို ပြောခဲ့သော ဟူ၏။ ငါ့ အနမ်းဟာ နင့်ကို ခွင့်လွှတ်တဲ့သဘောဆောင်တယ်……. လုပ်စရာရှိတာ ဆက်လုပ် ပါ”

ဝစ်(စ်)ဟတ်၏ နောက်လိုက်တပည့်များထဲတွင် နောင်အခါ စကော့တလန်ပြည်၌ ပရိုတက်စတင့်ဝါဒကို အုတ်မြစ်ချမည့် လူမသိသေးသော ဂျွန်နော့စ် (John Knox) ဆိုသူ ပါဝင်သည်။ သူ၏ ခေါင်းဆောင်မှုကြောင့် စကော့တလန်ပြည်၌ ရောမကက်သလစ် ဝါဒကျဆုံးခြင်းသို ရောက်ရှိကာ ပရက်စ်ဘီတေးရီးယန်း (Presbyterian) မည်သော အသင်းတော်အုပ်ချုပ်ပုံစနစ်တစ်ခု ဖွဲစည်းတည်ထောင်လာခြင်း ဖြစ်သည်။

နော့စ်သည် အီဒင်ဘာရာ (Edinburgh) အနီး ဟယ်ဒင်တန် (Haddington) တွင် မွေးဖွား၍ စိန့်အင်ဒရူးစ် (St.Andrews) တက္ကသိုလ်၌ ပညာသင်ယူခဲ့သည်။ ထို ကျောင်းမှဘွဲရ၍ ဘုန်းကြီးအဖြစ် သိက္ခာတင်ခြင်းခံရသော် လည်း ရှင်ယောဟန်ခရစ်ဝင် ကျမ်း အခန်းကြီး ၁၇ ကို ဖတ်မိသောအခါမှ အမှန်တကယ် ပြောင်းလဲခဲ့သူဖြစ်လေ၏။

၁၅၄၃ ခုနှစ်တွင် သူသည် ပရိုတက်စတင့်ဝါဒ ထောက်ခံသူတစ်ဦးဖြစ်လာ၍ ဝစ်(စ်)ဟတ်၏ ရဲဘော်ရဲ  ဘက်တစ်ဦးနှင့် ကိုယ်ရံတော်အဖြစ် သူ့ကိုယ်သူ ပေးဆပ်သည်။ ထိုကြောင့်လည်း ဝစ်(စ်)ဟတ် အဖမ်းခံရချိန် ညသန်းခေါင်မတိုင်မီ ညနေခင်း၌ သူ့ဆရာ က ဤသို နှုတ်ဆက်စကားဆိုသည်။ “ယဇ်ကောင်အတွက် တစ်ယောက်ဆို လုံလောက် တယ်”

နာ့စ်သည် ဟူးရ်ဒေါက်ကလပ်စ် (Hugh Douglas) ၏ သားသုံးယောက်ကို နည်းပြလုပ်ခဲ့သူဖြစ်သည်။ ၁၉၄၆ ခုနှစ်တွင် ညှင်းပန်းနှိပ်စက်မှုများ ဆက်လက်ဖြစ်ပွား နေသောကြောင့် သူ့ကျောင်းသားများကို ပရိုတက်စတင့်များခိုလှုရာ အင်ဒရူးစ်ရဲတိုက်သို လုံခြုံစွာ ပုန်းခိုစေ၏။ ထိုအချိန်တွင် စကော့တလန်ကို ပြင်သစ်ဘုရင်၏ သားကြီးသြရသ ဒေါဖင် (Dauphin) ၏ ကြင်ယာတော် ပြင်သစ်သူ Mary of Guise က အုပ်ချုပ်သည်။

 

သင်္ဘောမီးဖိုခန်းကကျွန်

အင်ဒရူးစ်ရဲတိုက်တွင် ပုန်းခိုသူ ပရိုတက်စတင့်များသည် ပြင်သစ်စစ်တပ်၏ ဝန်းရံဖမ်းဆီး ခြင်းကို ခံရ၏။ ဖမ်းဆီးခံအကျဉ်းသားများနှင့်အတူ ရော့စ်သည် နိုတြီဒမ် (Notre Dame) သင်္ဘောပေါ်၌ သင်္ဘောမီးဖို ခန်းကျွန်အဖြစ် သက်ဆင်းရလေ၏။ ၁၉ လတိတိ သံခြေ ချင်းခတ်ခံရပြီးနောက် ၁၅၄၉ ခုနှစ်တွင် အင်္ဂလန်ရှိ သူ့မိတ်ဆွေများ၏ ကြားဝင်ပေးမှု ကြောင့် လွတ်မြောက်လာခဲ့သည်။

ဂျွန်နော့စ်သည် အင်္ဂလန်၌ ၅ နှစ်တာနေထိုင်စဉ် ကရင်မာက ဆဋ္ဌမမြောက်အက်ဒွပ် ဘုရင်ကိုမှီ၍ ရီစွမ်းအသင်းတော်တစ်ခုတည်ထောင်ရန် တာစူနေချိန်ဖြစ်သည်။ သူ၏ ၊ သာသနာလုပ်ငန်း ပထမခြေလှမ်းမှာ စကော့တလန်နယ်စပ်အနီးက ဘားဝိခ် (Berwick) တွင်ဖြစ်၍ ထိုမှတစ်ဆင့် နယူးကယ်ဆဲလ် (Newcastle) သို ပြောင်းရွှေ့သည်။ ၁၅၅၂ ခုနှစ်တွင် တော်ဝင်ဘုန်းတော်ကြီးနှင့် ကရင်မာ၏ လက်ထောက်ဖြစ်လာကာ ဘုံဆု

တောင်းစာအုပ်ကို ရေးဆွဲကြသည် (၁၅၅၂)။ ထိုခေတ်က အသင်းတော်ခေါင်းဆောင် များနှင့် ခင်မင်ရင်းနှီးမှုကြောင့် ရိုချက်စတာ (Rochester) တွင် ဂိုဏ်းအုပ်ရာထူး ပေး ကမ်းခြင်းခံရ၏။ သူသည် အသင်းတော်၏ အုပ်ချုပ်ရေးမှုနှင့်ပတ်သက်၍ အမြင်မ ကြည်လင်သဖြင့် ထိုရာထူးကို ယဉ်ယဉ်ကျေးကျေး ငြင်းပယ်ခဲ့သည်။

ကက်သလစ် မေရီကျူဒါနန်းတက်သော် သူသည် ၁၅၅၄ ခုနှစ်၊ ဇန်နဝါရီ၌ မူနှင့် ဆန့်ကျင်သော်လည်း အခြေအနေအရ ရှောင်တိမ်းရသည်။ Dieppe တွင် အတန်ကြာနေ ပြီးနောက် ဂျီနီဗာတွင် ကယ်ဗင်နှင့်တွေ့ဆုံ၏။ သူသည် ဖရန့်ဖတ် (Frankfurt) တွင် ဘာသာရေးဝတ်ပြုရန် လာရောက်သူ အင်္ဂလိပ်ခိုလှုသူများအတွက် သင်းအုပ်ဆရာအဖြစ် ကမ်းလှမ်းခြင်းကို ခံရ၏။

သူသည် ကယ်ဗင်၏ ဝတ်တက်စာ (liturgy) ကို မှီး၍ ကိုယ်ပိုင်ဝတ်ပြုနည်း စာအုပ်ပြုလုပ်ရန် ဆန္ဒရှိသော်လည်း ဝတ်တက်သူများက သဘောမတူကြဘဲ သူတိုက ဘုံဆုတောင်းစာအုပ်ကိုသာ ပို၍ နှစ်သက်ကြ၏။ ဝတ်တက်သူများက နာ့စ်ကို လွန်လွန်း သည်ဟုဆိုကာ ဤသို ကန့်ကွက်ကြသည်။ “သူတိုသည် အင်္ဂလိပ်အသင်းတော်ကိုသာ သစ္စာခံမည်။” နော့စ်က ဤသိုတုံပြန်၏။ “ခရစ်တော်ရဲ့ အသင်းတော်ကိုသာ သစ္စာခံ ဖို ကိုယ်တော် အလိုရှိတယ်ဆိုတာ သိမှတ်ကြပါ”

ယင်းပဋိပက္ခကြောင့် နာ့စ် နှုတ်ထွက်ရသည်။ သူသည် ၁၅၅၅-၁၅၅၉ ခုနှစ်အထိ အင်္ဂလိပ်အသင်းတော်တွင် အမှုထမ်းဆောင်ခဲ့ရာအရပ်ဖြစ်သော ဂျီနီဗာသို ပြန်လာသည်။ ဂျနီဗာတွင် နေခဲ့သည့်အချိန်များသည် သူ့ဘဝ၏ အပျော်ဆုံးကာလများဖြစ်၏။

နာမည်ကျော် Geneva Bible ထုတ်ဝေနေစဉ်အတွင်း နာ့စ်က ဗွေဆော်ဦး တံပိုးမှုတ်သံ (First Blast of the Trumpet) အမည်ဖြင့် ကျမ်းတစ်စောင်ပြုစု စက်ဆုပ်ဖွယ်အမျိုးသမီးများ၏ “သဘာဝမကျသော အုပ်စိုးမှု”ကို ပြစ်တင်ရှုတ်ချသည်။

ဘုရင်မမေရီ ကွယ်လွန်သောအခါ နော့စ်ကို စကော့တလန်ရှိ ပရိုတက်စတင့်များ အား ခေါင်းဆောင်ရန် ဖိတ်ကြားသည်။ သူသည် ဒိဋ္ဌိတစ်ယောက်အဖြစ် တံဆိပ်ခတ်ခြင်း ခံရဖူးသူနှင့် ဝရမ်းပြေးအဖြစ် ကြေငြာခြင်း ခံရဖူးသူဖြစ်သောကြောင့် စိုးရိမ်နေမိ၏။ စကော့တလန်တွင် သက်ကျားအိုဘုန်းကြီးတစ်ပါးကို ဒိဋ္ဌိဖြစ်သည်ဟုဆိုကာ မီးရှို့သတ်ဖြတ်မှုကြောင့် ပရိုတက်စတင့်များက စိန့်အင်ဒရူးစ်အရပ်ရှိ ဘုန်းကြီးကျောင်း များနှင့် ဝတ်ကျောင်းများကို တိုက်ခိုက်ကြကာ ပါတ်သ် (Perth) မြို ကို ဖျက်ဆီးပစ်၍ အီဒင်ဘာ ရာမြို၏ ပုံရိပ်များ ကျေမွေမြေခခဲ့ရသည်။

အုံကြွမှု

၁၅၅၉ ခုနှစ်၊ လိဒ် (Leith) သို ဂျွန်နောင်ရောက်လာစဉ် ဘာသာရေးအုံကြွမှုသာမကဘဲ နိုင်ငံရေးအုံကြွမှုနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်က စကော့တလန်နိုင်ငံကို လိုရိန်း နယ်မှ မေရီ (Mary of Lorraine) က ရင်ခွင်ပိုက်အုပ်ချုပ်သူအဖြစ် ဦးစွာ အုပ်ချုပ်ကာ ထိုနောက် ၁၅၆၀ ခုနှစ်မှ ငယ်ရွယ်နုပျိုသူ ဘုရင်မ မေရီစတူးဝပ် (Mary Stuart) က ဆက် လက်အုပ်ချုပ်သည်။ သူတို၏ ရည်ရွယ်ချက်မှာ ပြင်သစ်၏ အကူအညီဖြင့် စကော့တလန် နိုင်ငံကို ကက်သလစ်ဘာသာအဖြစ် ဆက်လက်ထိန်းသိမ်းရန်ဖြစ်၏။

၁၅၅၇ ခုနှစ်တွင် ပြုပြင်ရေးသမားများက ပရိုတက်စတင့်ကာကွယ်ရေးအသင်းကြီး တစ်ခု တည်ထောင်ကာ နာ့စ်ကို ခေါင်းဆောင်တင်၍ စကော့သခင်များစွာနှင့် အင်္ဂလန် ဘုရင်မ အယ်လီဇဘက်က အနည်းကျဉ်းထောက်ပံ့သည်။ ။

“ပြည်တွင်းစစ်””ဖြစ်ပွားရာတွင် အယ်လီဇဘက်သည် အင်္ဂလိပ်ခြေမြန်တပ်များကို စေလွှတ်ကာ စကော့သခင်များက ရင်ခွင်ပိုက်အုပ်ချုပ်သူကို နန်းချသည်။ ၁၅၆၀ ခုနှစ်၊ ဇွန်လတွင် စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ကာ စကော့ပါလီမန်က ပရိုတက်စတင့်အမှုတော် ဆောင်များထံ၌ နိုင်ငံသားများအတွက် ယုံကြည်ခြင်းဝန်ခံချက်ပြုလုပ်ရန် ဆော်သြသည်။

နာ့စ်နှင့် အခြား ၅ ယောက်သည် စကော့လူမျိုးများအတွက် ယုံကြည်ခြင်းဝန်ခံချက် ကို ၄ ရက်အတွင်း ပြီးအောင် ရေးခဲ့ကြကာ ပါလီမန်က “တုနှိင်းမဲ့ ယုံကြည်ခံယူချက် အဖြစ် လက်ခံသည်။ ထိုယုံကြည်ခံယူချက်သည် နာ့စ်၏ အာဘော်အများစုဖြစ်၍ (သူ သည် ဂျီနီဗာယုံကြည်ခြင်းဝန်ခံချက်နှင့် ၃၉ ချက် အခြေခံမူများကို ပါဝင်ရေးဆွဲသူဖြစ် သည်) ယင်းယုံကြည်ခံယူချက်ကို စကော့တလန်အသင်းတော်၏ အခြေခံမူများအဖြစ် တရားဝင်အသိအမှတ်ပြုသည်။

အခြေခံမူ ၂၅ ချက်ပါဝင်သော ယုံကြည်ခြင်းဝန်ခံချက်က ဘုရားရှင်၏ နှုတ်ကပတ် တော်ဆိုင်ရာ ဘုန်းတန်ခိုးရှိခြင်း၊ ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသို ရောက်ခြင်း စသည် များကို မှန်ကန်သည်ဟု အသားပေးကာ ရှေးမဆွက ရွေးနှုတ်တော်မူခြင်းကို လက်ခံ၍ နှင့်စပျစ်ရည်သည် ခရစ်တော်၏ အသွေးနှင့်အသားအဖြစ် ပြောင်းလဲသည်ဆိုခြင်းကို ငြင်းပယ်၏။ မင်္ဂလာဝတ်များ (Sacraments) ထဲတွင် “ဗတ္တိဇံမင်္ဂလာနှင့် ပွဲတော်မင်္ဂလာ” နှစ်ပါးသာလျှင် အသိအမှတ်ပြုသည်။ ရာဇဝတ်တရားသူကြီးများသည် အမှားနှင့်အမှန်ကို ဆုံးဖြတ်ရန် တာဝန်ရှိသူများဖြစ်၍ “ဘုရားရှင်၏ လက်ထောက်များ”ဟုပင် ခေါ်ဝေါ် ကြကာ အသင်းတော်တစ်ပါးကို ဆက်လက်ရပ်တည်စေလိုလျှင်ဖြစ်စေ၊ ဖယ်ရှားသုတ်သင် လိုလျှင်ဖြစ်စေ အာဏာရှိသူများဖြစ်ကြသည်။

နောက်တစ်ဆင့်လှုပ်ရှားမှုမှာ အသင်းတော်အုပ်ချုပ်ပုံနည်းသစ်ကို အုတ်မြစ်ချခြင်း ဖြစ်၍ ၄င်းမှာ ရုပ်လုံးအဖြစ် ပေါ်လာသော ပထမဆုံး စည်းမျဉ်းစာအုပ်ဖြစ်သည်။ ထို စာအုပ်ကို မော့စ်ရေးဆွဲခဲ့ခြင်းဖြစ်၍ ကယ်ဗင်ဝါဒဆိုင်ရာ စိတ်ကူးစိတ်သန်းများနှင့် သမ္မာ ကျမ်းစာက ချပြထားသည့်အတိုင်း ပုံဖော်ထားခြင်းဖြစ်သည်ဟု သူတိုယုံကြည်သော သင်းအုပ်ကြီးများ (presbyters) က ချုပ်ကိုင်သည့် ပရက်စ်ဘီတေးရီးယန်းအသင်း တော်၏ အုပ်ချုပ်ပုံအတိုင်း စံပြုကာ ရေးဆွဲထားခြင်းဖြစ်သည်။

စကော့တလန်နိုင်ငံကို နယ်ပယ် ၁၀ ခုအဖြစ် ပိုင်းခြားသတ်မှတ်ကာ ကြီးကြပ်ရေး မှူး (သင်းအုပ်ဆရာမဟုတ်) အသီးသီးက အုပ်ချုပ်၍ အသင်းတော်၏ ထုံးနည်းဥပဒေကို အသင်းတော်ဆိုင်ရာ တရားရုံးများက စီရင်ဆုံးဖြတ်သည်။ ဒေသန္တရအုပ်ချုပ်ရေးရှိသည့် မြိုနယ်တိုင်းတွင် ဝတ်ကျောင်းနှင့် စာသင်ကျောင်းကိုယ်စီရှိ၍ ပညာရေးမှာ မသင်မနေရ စနစ်ဖြစ်ကာ ရတတ်သမျှသော အသပြာများကို ဆင်းရဲသားများ ပြန်လည်ထူထောင်ရေး အတွက် အသုံးပြုသည်။

မေရီသည် ပဋိပက္ခမီးစကို ဆက်လက်လောင်ကျွမ်းစေရန် ၁၅၆၁ ခုနှစ်၊ နိုဝင်ဘာ တွင် စကော့တလန်သို ပြန်လာ၏။ မေရီသည် သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပြန်၍ အသက် သွင်းရုံမဟုတ်ဘဲ များဝတ်ပြုခြင်းအခမ်း အနားကိုလည်း ဆက်လက်ကျင်းပနိုင်ရန် အလို သည်။ ခရီးစဉ်တစ်လျှောက်၌ သစ္စာရှိသော ကက်သလစ်များကို ချမှတ်ထားသည့်ဥပဒေ အား လိုက်နာခြင်းမပြုကြရန်နှင့် ပရိုတက်စတင့်ဝါဒကို တော်လှန်ဆန့်ကျင်ရန် ဆော်သြ သည်။

 

သေဒဏ်ချမှတ်ခြင်း

နော့စ်က မစ္ဆားပူဇော်ခြင်းကို ဆန့်ကျင်သောကြောင့် ဘုရင်မက ရှေ့တော်သိုဆင့်ခေါ်၏။ သူတို၏ တွေ့ဆုံပွဲအပြီးတွင် ဘုရင်မကို “ဘုရားရှင်၏ အမှန်တရားအား မျက်ကွယ် ပြုနိုင်သော သူမ၏ခေါင်း မာမှု”အတွက် နာ့စ်သည် မျက်ရည်များပင် လည်လာ၏။ ၁၅၆၃ ခုနှစ်တွင် မေရီက နော်စကို သစ္စာဖောက်မှုဖြင့် ဖမ်းဆီးထောင်ချ၍ လက်စား ချေနိုင်ပြီဟု တွေးထင်ခဲ့သော်လည်း ကောင်စီလူကြီးများက နာ့စ်ကို တရားသေလွှတ်ပေး လိုက်ကြသည်။

နော့စ်က ဒုတိယအကြိမ် အိုးအိမ်သစ်ထူထောင်၍ ပျော်ရွှင်နေချိန်တွင် (ပထမ ဇနီးသည် ၁၅၆၀ ခုနှစ်တွင် ကွယ်လွန်၏) မေရီသည် ဒန်လေ (Darnley) ပြီးလျှင် ဘုသ်ဝဲလ် (Bothwell) နှင့် လက်ဆက်ခဲ့သော်လည်း စလယ်ဝင်အိုး ဖင်မမည်းခင်က ကွဲကြပြန်လေသည်။

မေရီသည် ၁၅၆၇ ခုနှစ်၊ ဂျူလိုင်တွင် သားတော်မောင်ဆဌမမြောက်ဂျိမ်းစ် (James VI (နောင်အခါ အင်္ဂလန်၏ ပထမမြောက်ဂျိမ်းစ်ဘုရင် (James 1) အတွက် နန်းစွန့် ပေးရသည်။ အသင်းတော်အထွေထွေညီလာခံက မေရီကို လူသတ်မှုနှင့် မျောက်မထားမှု ကြောင့် သေဒဏ်ပေးရန် တောင်းဆိုကြကာ ထောင်သွင်းအကျဉ်းချထား၏။ အယ်လီဇ ဘက်ထံ ခိုလှုနိုင်ဖိုရန်အတွက် အင်္ဂလန်သို ထွက်ပြေးလွတ်မြောက်လာသော်လည်း အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်းခံရကာ ၁၅၈၇ ခုနှစ်တွင် ကွပ်မျက်ခြင်းခံရသည်။

ယခုအချိန်တွင် စကော့တလန် ပရိုတက်စတင့်အသင်းတော်သည် နိုင်ငံတော်တွင် နက်ရှိင်းစွာ အမြစ်တွယ်နေပြီဖြစ်၏။ စကော့လူမျိုးများ၏ တုနှိင်းမဲ့ယုံကြည်ခံယူချက်သည် ၁၆၄၇ ခုနှစ်၊ ဝက်စ်မင်စတာ ယုံကြည်ခြင်းဝန်ခံချက် (Westminster Confession) ဖြင့် အစားထိုးချိန်အထိ တည်တံ့ခဲ့သည်။

နာ့စ်သည် သူ့ဘဝနှောင်းပိုင်းတွင် ဒုက္ခတိမ်တိုက်ကြီးများ၏ ဖုံးအုပ်ခြင်းခံရကာ ပြင်းထန်သော ဘဝရိုက်ချက်များကြောင့် အားပျော့လာသည်။ အီဒင်ဘာရာကို စွန့်ခွာ၍ ပို၍ တိတ်ဆိတ်သော ဝန်းကျင်ရှိသည့် စိန့်အင်ဒရူးစ်သို ပြောင်းရွှေ့လာ၏။ ထိုအရပ်ရှိ ဂိုဏ်းချုပ်ကြီးများနှင့် ဂိုဏ်းအုပ်များ၏ နှောင့်ယှက်မှုခံရသော်လည်း သူသည် တုံပြန်ခြင်း အလျင်းမရှိဘဲ သူ့ကို ကာကွယ်ပေးရန်သာ တောင်းဆိုသည်။

စိန့်အင်ဒရူးစ်တွင် ခဏတာနေပြီးနောက် အီဒင်ဘာရာသို ပြန်လာကာ သူ၏ ဇီဝိန် ချုပ်ငြိမ်းရာ ကုတင်ပေါ်၌ သူ့ဇနီးထံ ကောရိန္တု သြဝါဒစာ ပထမစောင် အခန်းကြီး ၁၅ ကို ဖတ်စေပြီးလျှင် ရှင်ယောဟန်ခရစ်ဝင်ကျမ်း အခန်းကြီး ၁၇ ကို ဖတ်ပြစေလျက် “ကျွန်ုပ်၏ ပထမဆုံး မှီတွယ်ရာ ကျောက်ဆူးဖြစ်၏”ဟု ဆိုသည်။

သူသည် ၁၅၇၂ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် ကွယ်လွန်၍ သူ့အလောင်းကို သူ နှစ်ပေါင်းများစွာ တရားဒေသနာတိုက်ကျွေးရာနေရာဖြစ်သော St.Giles ဘုရားကျောင်း ပရဝဏ်အတွင်းရှိ သင်္ချိုင်း၌ မြေမြှုပ်သည်။ မြေမြှုပ်ပြီးချိန်တွင် မော်တွန် (Morton) မူးမတ်က ဤသို ဥဒါန်းကျူး၏။ “ဘဝတစ်လျှောက်တွင် မည်သူ့မျက် နှာကိုမှ မထောက် မသာ မကြောက်မရွံသော သူသည် ဤနေရာ၌ လဲလျောင်း၏။”

စကော့တလန်တွင် အသင်းတော်ပြုပြင်ပြောင်းလဲရေး စတင်ခါစက လူသာရင်ပုံစံ အတိုင်း ဝင်လာသည်မှန်သော်လည်း နာ့စ်၏ လွှမ်းမိုးမှုအောက်၌ ကယ်ဗင်ဝါဒဘက်သို ပို၍ တိမ်းညွတ်လာသည်။ ရာစု ၄ စုအကျော်တွင် ရော့စ်၏ယုံကြည်ခြင်းက စကော့တလန် သားများကို အထူးလွှမ်းမိုးလျက်ရှိကာ စကော့တလန်သားများကို တည်ငြိမ်ရင့်ကျက်သော လမျိုးများနှင့် ခိုင်မာသောအသင်းတော်ကို ပိုင်ဆိုင်သူများဖြစ်ရန် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

 

လိုယိုလာမှ အက်နေးဗီးယပ်စ် (၁၄၉၁-၁၅၅၆) ဂျေဆွိအသင်းတည်ထောင်သူ

၁၆ ရာစုတွင် အီတလီသံအမတ်တစ်ဦးက ဤသို မှတ်ချက်ပြု၏။ “နိုင်ငံအများအပြား က ပုပ်ရဟန်းမင်းကြီးကို မနာခံချင်ကြတော့သဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ဘုရားရှင် သာ ကြားဝင်စေ့စပ်မပေးပါက ထိုသူများသည် များမကြာမီတွင် ပျက်စီးခြင်းငါးပါးဖြင့် ပျက်စီးကြရလတ္တံ့။”

ရောမကက်သလစ်အသင်းတော်အတွင်း၌ လောကီအရေးများ တိုး၍တိုး၍လာခြင်း နှင့် အသင်းတော်၏ အကျင့်ပျက်ခြစားမှုအပုပ်နံ့များ မည်မျှပင် ထွက်နေစေကာမူ စစ်မှန် သော ဘာသာရေးကိုင်းရှိင်းမှုများကို လိုချင်တောင့်တသူများလည်း အများအပြားပင်ရှိသည်။ ဤကာလတွင် ဘာသာရေးဆိုင်ရာ ဂိုဏ်းသစ်များသည် အီတလီတစ်ပြည်လုံး၌ မှိလို ပေါက်လာ၏။ ၄င်းတိုအထဲတွင် စိန့်ဖရန်စစ်(စ်) (St.Francis) ၏ ခြိုးခြံချွေတာရေး ကို ပြုသော ကပူချင် (Capuchins) အဖွဲနှင့် ဘာနဘိုက်စ် (Barnabites) ခေါ် ကလေး သူငယ်ဆိုင်ရာ ပြုစုစောင့်ရှောက်ခြင်းနှင့် ပညာရေးကို အလေးပေးသူများအဖွဲသည် ထင်ရှား၏။

ထိုအဖွဲ များထဲမှ သြဇာအရှိန်အဝါ အကြီးမားဆုံးမှာ Oratory of Divine Love အဖွဲဖြစ်၍ ယင်းအဖွဲသည် အမှုတော်ဆောင်များနှင့် လူဝတ်ကြောင်များဖြင့် ဖွဲစည်းထားသော အဖွဲဖြစ်သည်။ သူတို၏ ရည်ရွယ်ချက်မှာ အတူတကွ ဆုတောင်းခြင်းများနှင့် အလှူ ဒါနပြုခြင်းများဖြင့် အသင်းတော်တွင် ဝိညာဉ်ရေးအသက်တာများ ပို၍ နက်ရှိင်းစွာ အမြစ် တွယ်ရန်ဖြစ်သည်။ |

ထိုလှုပ်ရှားမှုသည် ရောမမှအစပြုကာ မြိုများစွာသို လျင်မြန်စွာ ပျံ့နှံရောက်ရှိလျက် ပြီး များမကြာ မီတွင် ကျောင်းတော်၏ မျက်နှာသာပေးခြင်းခံရသည်။ ပုပ်ရဟန်းမင်းကြီးက ၄င်းတို၏ ဂိုဏ်းနှင့်ပတ်သက်၍ အစီရင်ခံစာ တင်ခိုင်းသည်ကို ဂရုပင်မစိုက်ဘဲ “သန့် ရှင်းသောအဘ” (ပုပ်ရဟန်းမင်းကြီးကို ဆိုလိုသည်) ကို ရှင်းရှင်းနှင့် ဘွင်းဘွင်း ဝေဖန် တိုက်ခိုက်လာသောကြောင့် ဘေးထုတ်ခြင်း ခံရသည်။

 

အသင်းတော်ပြုပြင်ပြောင်းလဲရေးကို တန်ပြန်တိုက်ခိုက်ခြင်း

 ဤလှုပ်ရှားမှုကို နောင်အခါတွင် အသင်းတော်ပြုပြင်ပြောင်းလဲရေးကို တန်ပြန်တိုက်ခိုက် ခြင်း (Counter-Reformation) ဟုခေါ်၍ ဦးဆောင်ဦးရွက်ပြုသူမှာ ယေရှုဂိုဏ်း: (Society of Jesus) ကို တည်ထောင်သူ စပိန်နိုင်ငံ လိုယိုလာမှ အက်နေဆီးယပ်စ်လိုး ပက်ဇ် (Ignatius Lopez of Loyola) ဖြစ်သည်။ ယင်းအဖွဲအစည်းသည် အခြားအဖွဲ အစည်းများထက် ကက်သလစ်အသင်းတော်အတွင်း၌ အသင်းတော်ပြုပြင် ပြောင်းလဲရေး တန်ပြန်တိုက်ခိုက်မှုများကို တည်ထောင်ရာတွင် ပို၍ တာဝန်ရှိကာ သူတို၏ ရည်ရွယ် ချက်မှာ ဥရောပအတွင်း၌ ကက်သလစ်ယုံကြည်ခြင်း တစ်ခါ ပြန်၍ ဖော်ဆောင်ရန်နှင့် ကက်သလစ်ယုံကြည်ခြင်းကို ကမ္ဘာအဝန်းသို ဖြန့်ကြက်ကာ “မိစ္ဆဝါဒ””ဖြစ်သော ပရို တက်စတင့်ဝါဒကို ယှဉ်ပြိုင်တိုက်လှန်ရန်ဖြစ်သည်။

အက်နေဆီးယပ်စ်သည် San Sebastian ၏ အနောက်တောင်အရပ်ရှိ ဘိုးဘွားပိုင် လိုယိုလာရဲတိုက်တွင် ထင်ရှားသော စပိန်မိသားစုမှ မွေးဖွားသူဖြစ်သည်။ သူ့ငယ်ဘဝတွင် လောကီရေးရာများနှင့် ပတ်သက်ဆက်နွယ်ဖူးသည်ဆိုရုံမှအပ လောကုတ္တရာဘက်တွင် မည်သည့်လှုပ်ရှားမှုမျိုးမျှ မရှိခဲ့ပေ။

၁၅၂၁ ခုနှစ်က စပိန်စစ်တပ်နှင့် ပြင်သစ်တိုဖြစ်ပွားသော ပမ်ပလိုနာ(Pamplona) ၊ စစ်ပွဲတွင် အမြောက်ဆံထိမှန်၍ သူ့ခြေတစ်လျောင်းလုံး ရစရာမရှိအောင် အစိတ်စိတ် အမြွှာမြွှာ ပျက်စီးခဲ့သည်။ ထိုဒဏ်ရာကြောင့် နလန်ပြန်ထနိုင်သည်အထိ လက်လှမ်းမီသမျှ စာအုပ်စာပေများကို သိမ်းကျုံး၍ ဖတ်ဖြစ်ခဲ့သည်။

ဖတ်စရာစာအုပ်များ ကုန်သောအခါ ဝိညာဉ်အစာဖြည့် စာအုပ်များဖြစ်သောလူးဒေါ့ဖ် (Ludolf) ရေးသားသည့် ခရစ်တော်၏သက်တော်စဥ် (Life of Christ) နှင့် သူတော်စင်များ၏ ထုံသင်းရနံ့. (The Flowers of the Saints) ossp&op:08a%. လှည့်လာသည်။ ယင်းစာအုပ်များဖတ်ရှုရာမှ သူ့ဘဝသည် သူတော်စင်များ၏ စိန်ခေါ် ခြင်းနှင့် ဘုရားရှင်က သူ့ဘဝကို သူတော်စင်များကဲ့သို ပြောင်းလဲပေးရန် တောင်းဆို သည်ဟု ခံစားမိသည်။ သူသည် ခရစ်တော်၏ စစ်သားကောင်းတစ်ဦးဖြစ်ရန် စိတ် တုံးတုံးချကာ ဘုရားရှင်အတွက် အစေခံရန် ဆက်ကပ်အပ်နှံလျက် ဘုရားရှင်၏ အလို တော်ကို စောင့်မျှော်ရင်း လုပ်သင့်သည်ကို တွေးကြံနေ၏။

အနည်းငယ်ခြေဆာသည်ကလွဲ၍ နေပြန်ကောင်းလာသောအခါ ဘာစီလိုနာတောင် ကုန်းများအထက်က နာမည်ကြီးဘုန်းကြီးကျောင်း မွန်ဆာရက် (Monserrat) သို ထွက် လာသည်။ ထိုနေရာသိုရောက်သော် သူ့ဓားရှည်ကို ထုတ်၍ ပလ္လင်ထက်၌ ချိတ်ကာ ရောင်နီဦးသန်းချိန်ကို စောင့်၍ မေရီ၏ ရုပ်တုရှေ့၌ ဝန်ခံချက်ပြုကာ တိုင်တည်သစ္စာစကား ၊ ဆိုသည်။

ထိုအရပ်မှ နီးစပ်ရာမြို မန်ရီဆား(Manresa) သိုထွက်ခွာကာ တစ်နှစ်တာဂူအောင်း၍ ဆုတောင်းခြင်းနှင့်တရားထိုင်ခြင်း (၁၅၂၂-၂၃ နှစ်ထိ) ပြုလုပ်သည်။ ဂူအောင်းစဉ် “စိတ် ဝိညာဉ်၏ တုန်လှုပ်ချောက်ချားဖွယ် မှော်ဆန်သောအမှောင်ည”များကို ဖြတ်သန်းပြီးချိန် တွင် လင်းရောင်ခြည်ထွန်းပလာ၍ ယုံကြည်ခြင်းခိုင်မာလျက်ရှိကာ ခရစ်တော်နောက်သို လိုက်ရန် ဆုံးဖြတ်ချက်ချသည်။

သူသည် ဝိညာဉ်ရေးဆိုင်ရာ လက်တွေ့ကျင့်သုံးမှုများ အမည်ရစာအုပ်တစ်အုပ်ကို ရေး၍ ၁၅၄၈ ခုနှစ်တွင် ထုတ်ဝေသည်။ ထိုစာအုပ်ကို သာသနာဘောင်ဝင်လိုသူများအတွက် လေးပတ်သင်တန်း လက်စွဲစာအုပ်အဖြစ် အသုံးပြုသည်။ ထိုစာအုပ်သည် မန်ရီးဆားတွင် ဂူအောင်းစဉ်က အတွေ့အကြုံများကို အခြေခံထားခြင်းဖြစ်၍ ပါဝင်သောအချက်အလက် များမှာ (၁) အပြစ်ဖြစ်ရခြင်းနှင့် အမှန်တကယ်ငရဲရှိခြင်း၊ (၂) ခရစ်တော်၏ နိုင်ငံတော်၊ (၃) ခရစ်တော်၏ ဇီဝိန်မချုပ်ငြိမ်းမီ ခံစားရသော ဝေဒနာနှင့် (၄) ခရစ်တော်၏ ရှင်ပြန်ထ မြောက်ခြင်းတိုဖြစ်သည်။

သူသည် ထိုနာမည်ကျော်စာအုပ်ကြီးကို ရေးထုတ်နိုင်ရန် ၁၅၂၄-၂၈ ခုနှစ်အထိ အာလ်ကာလာ (Alcala) နှင့် ဆလာမန်ကာ (Salamanca) တက္ကသိုလ်များ၌ ပညာကို ကြိုးစားသင်ယူသည်။ ပါရီတွင် ပညာသင်ချိန် (၁၅၂၈-၁၅၃၅ ခုနှစ်) အတွင်း၌ သူနှင့် ခေတ်ပြိုင် ကယ်ဗင်သည် မွန်တေဂူ (Montaigu) ကောလိပ်၌ ရှိနေခဲ့သော်လည်း တစ် ဦးနှင့်တစ်ဦး မသိခဲ့ကြပေ။

၁၅၃၄ ခုနှစ်၊ သြဂုတ်လ၌ ချီဆောင်ခြင်းပွဲတော်ကို Montmartre ဘုရားကျောင်း တွင် ကျင်းပ၍ မစ္ဆားတရားပူဇော်ခြင်းပြီးဆုံးသောအခါ ဇေဗီယာ (Xavier) အပါအ ဝင် အက်နေဆီးယပ်စ်နှင့် မိတ်ဆွေ ၆ ဦးတိုသည် ဆင်းရဲစွာနေခြင်းနှင့် ကိုယ်စိတ်စင် ကြယ်ခြင်းအတွက် ခိုင်မာသော သန္နိဋ္ဌာန်များချကာ ကက်သလစ် အသင်းတော်ကို တိုက် ခုက်လိုသူများအား နှိမ်နှင်းသည့် ပုပ်ရဟန်းမင်းကြီးကို ကူညီရန် သစ္စာဆိုကြသည်။ က်ဆီးယပ်စ်က သူသည် ခရစ်ယာန်စစ်သည်တစ်ဦးဖြစ်သောကြောင့် ကျောင်း တော်ကို ရန်လိုသူအပေါင်းအား ကာကွယ်တားဆီးရန် တာဝန်ရှိကြောင်းနှင့် လိုအပ်ပါက စ်တပ်ဖြင့်လည်း နှိမ်နှင်းရမည်ဟု ဆို၏။

ရံခါတွင် ဂျေဆွိ (Jesuits) ဟုလည်း ခေါ်သော ယေရှုဂိုဏ်းကို ၁၅၄၀ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီးက တရားဝင်အသိအမှတ်ပြုသည်။ ထိုအဖွဲ၏ ဖွဲစည်းပုံစည်းမျဉ်းသစ် မှာ ဆင်းရဲစွာနေခြင်းနှင့် ကိုယ်စိတ်စင်ကြယ်ခြင်း၌သာ သန္နိဋ္ဌာန်ပြုခြင်းမဟုတ်ဘဲ ပုပ်ရဟန်း မင်းကြီး၏ စကားကို မြေဝယ်မကျ လေးစားလိုက်နာရန်လည်းဖြစ်သည်။ အက်နေးဆီး ယပ်စ်က ထိုအဖွဲအစည်းကို ကျန်းမာ၍ ဉာဏ်ရည်ကောင်းသူ လူငယ်များသာစုစည်း၍ စစ်တပ်အသွင်ဖြင့် ဖွဲစည်းထားခြင်းဖြစ်သည်။ သူတိုသည် ရဟန်းများမဟုတ်သလို ဘုန်းကြီး များလည်း မဟုတ်ကြပေ။ ထိုအပြင် ထူးခြားသောဝတ်ရုံများလည်း ဝတ်ဆင်ခြင်းမပြုရ ဘဲ သူတို၏ ခေါင်းဆောင်က ချမှတ်ထားသော မူများအတိုင်းသာ ကျင့်ကြံအားထုတ်ကြ ရ၍ အတွင်းစိတ်ကောင်းခြင်းကိုသာ အလေးအနက်ပြုကြရသည်။

၁၅၄၁ ခုနှစ်တွင် အက်နေဆီးယပ်စ်သည် ဗိုလ်ချုပ်အဖြစ် ရွေးချယ်ခြင်းခံရ၍ ဖွဲစည်း ပုံစည်းမျဉ်း သစ်ရေးဆွဲရန် ရောမတွင် အတန်ကြာနေထိုင်၏။ ဂျေဆွိအသင်းဝင်သူတိုင်း လိုက်နာအပ်သော အဓိကအကျဆုံး လုပ်ငန်းစဉ်သုံးရပ်မှာ ပညာရေး၊ “မိစ္ဆာဒိဋ္ဌိ”များ ဖြစ်သော ပရိုတက်စတင့်များကို တော်လှန်ချေမှုန်းရေးနှင့် နိုင်ငံရပ်ခြားများဆီသို တောင်ပံ ဖြန့်ကြက်၍ သာသနာပြုရေးတိုဖြစ်သည်။

အဖွဲဝင်သင်တန်းသားအသစ်များကို ၁၅၄၂ ခုနှစ်တွင် ဖွင့်လှစ်သော Coimbra ကောလိပ်၌ ဦးစွာ သင်တန်းပေး၏။ အက်နေဆီးယပ်စ်က ကက်သလစ်ယုံကြည်ခြင်း ဖြန့်ကြက်ရာ၌ ပညာရေး၏ အရေးပါပုံကို သိမှတ်ရကား ဥရောပအနှံအပြား၌ ကောလိပ် များနှင့် တက္ကသိုလ်များကို လူဝတ်ကြောင်များအတွက် ဖွင့်လှစ်ပေးသည်။ သူတိုသည် ပညာ ရေးတစ်မျိုးတည်းသာ ဆောင်ရွက်ခြင်းမဟုတ်ဘဲ အသင်းတော်အတွက် စိတ်အားထက် သန်စွာ အမှုတော်ဆောင်မည့်သူများကိုလည်း မွေးထုတ်ပေးသည်။ ထိုကြောင့် များမကြာ မီ ဂျေဆွိကျောင်းဆင်းများ ဥရောပတစ်နံတစ်လျား၌ ကထိကများနှင့် ဩဇာအရှိန် အဝါကြီးမားသူများအဖြစ် နေရာအသီးသီး၌ ကောင်းစားကြသည်။

ထိုသူများသည် အသင်းတော်ပြုပြင်ပြောင်းလဲရေးကို တန်ပြန်တိုက်ခိုက်သူများအဖြစ် ဖွဲစည်း၍ ပရိုတက်စတင့်ဝါဒကို တိုက်ခိုက်ရာ၌ ခေါင်းဆောင်သူများဖြစ်ကြသည်။ သူတို သည် “ဘယ်နည်းကိုပင် သုံးရသုံးရ အောင်မြင်ဖိုသာပဓာန” ဟူသည့်မူကို လက်ကိုင်ထား ကာ ပရိုတက်စတင့်ဝါဒ၏ လက်အောက်ခံ နယ်မြေတချို ကို ပြန်လည်သိမ်းယူသည်။ အက်နေဆီးယပ်စ်က ကက်သလစ်သွန်သင်ချက်ကို ဖီဆန်သူ ဒိဋ္ဌိအချိုအား ကွပ်မျက်၍ စည်းရုံးရေးဝင်ကာ ပရိုတက်စတင့်များကို အနိုင်ယူရန် တွန်းအားပေးသည်။

 

သာသနာပြုခြင်းအားမာန်

ဂျေဆွိများသည် အစောပိုင်းနေ့ရက်များတွင် သာသနာပြုခြင်း အားမာန်အပြည့်ဖြင့် အမေရိက၊ အာဖရိကနှင့် အာရှနိုင်ငံများသို သာသနာရေးနယ်မြေချဲ့ထွင်ရန် ခရီးဆန့်ကြ သည်။ ဂျေဆွများ၏ ပထမ ဆယ်စုနှစ်သမိုင်းတွင် “အိန္ဒိယနှင့်ဂျပန်ပြည်၏ တမန်တော်” ဟု လူသိသော ဖရန့်စစ်ဇေဗီယား (Francis Xavier) သည် အထူးထင်ရှား၏။

ဇေဗီယာသည် ဘားစ်ခ် (Basque) အထက်တန်းလွှာမိသားစုမှ မွေးဖွား၍ လိုယို လာ၏ ရောင်းရင်းများထဲမှ တစ်ဦးဖြစ်ကာ သူတိုသည် ၁၅၃၄ ခုနှစ်၊ ပါရီတက္ကသိုလ် တွင် ဆင်းရဲစွာနေခြင်းနှင့် ကိုယ်စိတ်စင်ကြယ်ခြင်းအတွက် သိန္နိဋ္ဌာန်ချ၍ နတ်ကိုး ကွယ်သူများထံ၌ ကယ်တင်ခြင်းသတင်းကောင်းဝေငှရန် သူ့တိုကိုယ်ကိုယ် ဆက်ကပ်သူ များဖြစ်ကြသည်။ ဇေဗီယာသည် ဗီးနစ်မြို (Venice) တွင် ဘုန်းကြီးအဖြစ် သိက္ခာ တင်ခြင်းခံရပြီးနောက် လစ္စဘွန်း (Lisbon) မှ ၁၅၄၁ ခုနှစ်တွင် ရွက်လွှင့်၍ အရှေ့အိ န္ဒိယဘက်သို ထွက်ခွာကာ မေလတွင် ဂိုအာ (Goa) မြိုသို ဆိုက်ရောက်၍ ထိုနေရာကို ဌာနချုပ်အဖြစ်ပြုလုပ်ကာ ရုံးထိုင်သည်။ အိန္ဒိယတောင်ပိုင်းတစ်လျှောက်၌ တရားဒေ သနာတိုက်ကျွေးပြီးသော် သီရိလင်္ကာ၊ မာလာကာ (Malacca) နှင့် မိုလူကာကျွန်း (Molucca Islands) များသို ခရီးမဆက်မီ ဓမ္မကောလိပ်ကျောင်းတစ်ကျောင်းဖွင့် လှစ်၏။ သူသည် ၁၅၄၉ ခုနှစ်တွင် ဂျပန်ပြည်သို သာသနာပြုရန် ထွက်ခွာကာ ယုံ ကြည်သူအများအပြားရရှိ၍ ကက်သလစ်အသင်းတော်တစ်ခု တည်ထောင်သည်။ နောင် အခါ ထိုအသင်းသည် ညှင်းပန်းနှိပ်စက်မှုကို အလူးအလဲခံရ၏။

သူသည် တရုတ်ပြည်တွင် သာသနာပြန်လည်ထွန်းကားရန်အတွက် အလွန်ဇောသန် သူဖြစ်ရကား ၁၅၅၂ ခုနှစ်၊ ဂိုအာသို ပြန်ရောက်ချိန်တွင် တရုတ်ပြည်သို ခရီးဆက်ခဲ့ရာ လမ်းခုလတ်၌ ကွယ်လွန်၏။ လူအချိုက သူ့လုပ်ငန်းသည် နှမ်းဖြူးခြင်းမျှသာဖြစ်သည်ဟု မည်သိုပင် ဆိုကြစေကာမူ သူသည် လူအယောက်ပေါင်း ၇ဝဝဝဝဝ ကို ပြောင်းလဲစေ သူနှင့် ကက်သလစ်သာသနာပြုသူ အများအပြားအပေါ်၌ လွှမ်းမိုးမှုရှိသူဖြစ်ကြောင်းကား ငြင်း၍ မရပေ။

အခြားဂျေဆွိသာသနာပြုများက ဘရာဇီးနိုင်ငံ၌ ဆာအိုပါလို (Sao Paulo) ရှိ ၊ သစ်တည်ကာ မက်ဆီကိုနှင့် ကွီဘက် (Quebec) မြိုနေ ကနေဒီယန်နွယ်ဖွား အိန္ဒိယလူ နီများအကြား၌ သာသနာပြုကြသည်။ အာဖရိကသာသနာပြုခရီးစဉ် မအောင်မြင် လည်း ပေါ်တူဂီကုန်သည်များကြောင့် အာဖရိကတိုက်တွင် လူအနည်းငယ်ပြောင်းလဲ လာခဲ့သည်။

အသင်းကြီးသည် လျင်မြန်စွာ ပျံ့နှံကာ ၁၆၀၈ ခုနှစ်တွင် အသင်းဝင်သူပေါင်း

ယုံကြည်ခြင်း စစ်ကြော၍ဒဏ်ခတ်ခြင်း ၊

ယုံကြည်ခြင်းစစ်ကြော၍ဒဏ်ခတ်ခြင်း (Inquisiton)ဆိုသည်မှာ ၁၃ ရာစုက “မိစ္ဆာ ဒိဋ္ဌိ” များကို တရားဥပဒေအရ အရေးယူဖိနှိပ်နိုင်ရန် ဖွင့်လှစ်ထားသော ကျောင်းတော်၏ တရားရေးခုံ ရုံးဖြစ်သည်။ ထိုစနစ်ကို စပိန်ဘုရင်ဖာဒီနန် (Ferdinand) နှင့် ဘုရင်မအစ္စ ဘဲလာ (Isabella) တိုက ၁၄၇၉ ခုနှစ်တွင် ကျောင်းတော်၏ သဘောတူညီချက်ဖြင့် ပြန်လည်ရှင်သန်စေခဲ့ခြင်းဖြစ်၏။ ရည်ရွယ်ချက်မှာ ခရစ်ယာန်ဘာသာကို လက်ခံ၍ ဗတ္တိဇံခံသော ကက်သလစ်ဘာသာကို သက်ဝင်ယုံကြည်ဟန်ပြုသည့် ဂျူးဘာသာကို တိတ်တဆိတ်ကိုးကွယ်သော ဂျူးဘာသာဝင်၊ မရားနောစ် (Marranos) များနှင့် အ ဆင်ပြေစွာ ပေါင်းသင်းဆက်ဆံနိုင်ရန်ဖြစ်သည်။ ယင်းဂျူးလူမျိုးများသည် စပိန်အ ထက်တန်းလွှာများနှင့် ခမည်းခမက်တော်ကြသူများဖြစ်သည့်အလျောက် အတန်ကြီး သြဇာကြီးမားကြ၏။ သူတိုသည် သူတို၏ ဂျူးဘာသာလည်း လျှိဝှက်စွာ ထိန်းသိမ်း ထားသူများဖြစ်ကြသည်။ ဂျူးဘာသာကိုလည်း လျှိဝှက်စွာကိုး ကွယ်သူ ဂျူးလူမျိုး အယောက် ၁ဝဝဝ သည် ညှင်းဆဲခြင်းနှင့် မီးတင်ရှိခြင်းများ ခံကြရ၏။ (တချိုဘာသာ မပြောင်းသူ ဂျူးများ အတိုက်အခိုက်မခံခဲ့ရပေ) ဂျူးလူမျိုး ၅၀၀၀၀ ခန့်က ဘာသာ ပြောင်းယူကြ၏။ နောက်ဆုံး ၁၄၉၂ ခုနှစ်တွင် ဂျူးလူမျိုး အယောက်ပေါင်း ၉ဝဝဝဝ ခန့် တူရကီ၊ အီတလီနှင့် မြောက်အာဖရိ ကသိုတိုင် နှင်ထုတ်ခြင်းခံရ၏။ ကက်သလစ်ဘာ သာသို အဓမ္မသွတ်သွင်းခြင်းခံရသော်လည်း အစ္စလာမ်ဘာသာ ကို တိတ်တဆိတ်ကိုး ကွယ်သူ၊ မိုရီးစ်ကောစ် (Moriscos) များနှင့် နောင်အခါ ပရိုတက်စတင့်များလည်း ကက်သလစ်ဘာသာသို အလားတူ အဓမ္မသွတ်သွင်းခြင်းခံခဲ့ကြရသည်။ ၁၄၉၆ ခုနှစ် တွင် ပေါ်တူဂီများက ဂျူးများကို နှင်ထုတ်ပစ်ကြသည်။

၁၀၀၀၀၊ ကောလိပ်ကျောင်းပေါင်း ၁၀၆ နှင့် အိမ်ခြေနှင့် သာသနာပြုစခန်းပေါင်း ၈၆ ခုတိတိရှိလာသည်။ သိုသော် သူတို၏ ပေးဆပ်ရသောတန်ဖိုးမှာ အလွန်ကြီးမားလျက်ရှိ ကာ ဂျပန်နိုင်ငံ၏ အစောပိုင်းနေ့များဆိုလျှင် ဝတ်ကျောင်းများ ဖျက်ဆီးခံရ၍ ထောင် ၊ ပေါင်းများစွာ ကြိုးစင်ပေါ်တက်ကြရသည်။

ကဏ္ဍသုံးရပ်အဖြစ်ခွဲ၍ ၁၅၄၅-၁၅၆၃ ခုနှစ်အထိ တွေ့ဆုံဆွေးနွေးခဲ့သော ထရင့် (Trent) ညီလာခံသည် ၃၂၅ တွင် ကျင်းပသော နိုင်ဆင်းညီလာခံနောက်ပိုင်း၌ အရေးပါ ဆုံးဖြစ်၍ ပရိုတက်စတင့်အသင်းတော် ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာများ ညှိနှိင်းဆွေးနွေး၊ သကဲ့သို ကက်သလစ်အသင်းတော်၏ အစဉ်အလာယုံကြည်ခံယူချက် များလည်း ထပ်မံ၍ အဓိပ္ပာယ်ရှင်းလင်းသည်။ ဒုတိယကဏ္ဍဆွေးနွေးပွဲ (၁၅၅၁-၁၅၅၂ ခုနှစ်)၌ ပရိုတက် စတင့်အချို ရှိခဲ့သော်လည်း တစ်ဖွဲ နှင့်တစ်ဖွဲ နားလည်မှု မရခဲ့ကြပေ။

ကက်သလစ်အသင်းတော်၏ လှုပ်ရှားမှုကို ပံ့ပိုးပေးသော အဖွဲနှစ်ဖွဲ ရှိသည်။ ပထမ တစ်ဖွဲမှာ (၁၅၄၂ ခုနှစ်) သာသနာသန့်ရှင်းရေး (Inquisition) ဟုခေါ်သော နှိပ်စက်ခြင်း ၊ နှင့် ကွပ်မျက်ခြင်းကို လက်နက်အဖြစ် အသုံးပြုသူများဖြစ်ကာ “မိစ္ဆာဒိဋ္ဌိ”များကို လူ သူလက်နက်နှင့် နှိမ်နှင်းသူများဖြစ်သည်။ နောက်တစ်ဖွဲမှာ စာအုပ်စာရင်းထိန်းသိမ်းသူ များ (၁၅၅၉ ခုနှစ်) ဖြစ်၍ ကက်သလစ်အသင်းတော်က အယူမှားစေနိုင်သော စာအုပ် များနှင့် အန္တရာယ်ဖြစ်စေနိုင်သော စာအုပ်များအဖြစ် ကြေငြာထားသော စာအုပ်များကို ပြန်လည်သိမ်းယူသော အဖွဲ့ဖြစ်သည်။

ကက်သလစ်အသင်းတော်၏ လှုပ်ရှားမှုကြောင့် ရလာသောအကျိုးရလဒ်မှာ ပရိုတက် စတင့်များလက်ထဲ၌ သက်ဆင်းခဲ့သော နယ်မြေများ ပြန်လည်ရရှိခြင်း၊ ကက်သလစ်ယုံ ကြည်ခံယူချက်များအပေါ်တွင် အမြင်ပိုကြည်လင်လာခြင်းနှင့် ဘာသာရေးကိုင်းရှိင်းမှု များ ပြန်လည်ဆန်းသစ်လာခြင်းတိုဖြစ်သည်။ ပရိုတက်စတင့်ယုံကြည်ချက် ပျံ့နှံမှုမှာ ခဏတာ တုံဆိုင်းရပ်စဲသွား၍ ဥရောပသည် ဘာသာရေးကြောင့် နှစ်ခြမ်းကွဲလေ၏။

သိမ်းပိုက်ခံနယ်မြေများ ပြန်လည်ရရှိရေးတွင် ဆွေများလည်း စိတ်အားထက် သန်စွာ ပါဝင်ကြံဆောင် သူများဖြစ်၍ လိုအပ်ပါက လုပ်ကြံဖိုရန်ပင် ဝန်လေးသူများမဟုတ် ကြပေ။ အက်နေဆီးယပ်စ်က သူ့နောက်လိုက်တပည့်များထံ၌ “ကောင်းမှုအတွက် ဆိုးမှု ပြုခြင်းကို လက်သင့်ခံရမည်” (it is permisible to do evil that good may come) ဟု သွန်သင်သောကြောင့် သူ၏ ဒဿနက ယုတ်မာမှုမှန်သမျှကို လက်ယပ်ခေါ် သကဲ့သို ဖြစ်စေသည်။ ထိုကိစ္စကို မကျေနပ်နိုင်သူအများအပြားက သူတို၏ “တော်လှန် ရေးနှင့် လူထုအုံကြွ မှုဖြစ်စေသော အန္တရာယ်စနက်တံကြီး”ကို တိုက်ခိုက်ချေဖျက်ကြ သည်။ ၁၇၆၂ ခုနှစ်တွင် ပြင်သစ်ပါလီမန်က သူတို၏ ယုံကြည်ခံယူချက်ကို ပြစ်တင် ရှုတ်ချသည်။

ဂျေဆွိများသည် ၁၇၅၉ ခုနှစ်တွင် ပေါ်တူဂီနှင့် ၁၇၆၅ ခုနှစ်တွင် ပြင်သစ်မှ နှင် ထုတ်ခြင်းခံရ၍ ၁၇၆၇ ခုနှစ်တွင် စပိန်နှင့် ၄င်း၏ လက်အောက်ခံနိုင်ငံများမှ မောင်း ထုတ်ခြင်းခံရသည်။ ၁၇၇၃ ခုနှစ်၊ ဇူလိုင်လ၊ ၂၁ တွင် စုဒ္ဒဿမမြောက် ပုပ်ကလီးမင့် က (Pope Clement XIV) ပြန်တမ်းတစ်စောင်ထုတ်ပြန်ကာ ဘာသာရေးပြင်ပမှ ဝင် ရောက် စွက်ဖက်သူများအပါအဝင် ဂျေဆွိများကို ပြင်းထန်စွာ ဝေဖန်သည်။ (ဂျေဆွိ များသည် ပထမမြောက်အယ်လီဇဘက်ဘုရင်မ ကို လုပ်ကြံရန် သင်္ကာမကင်းခံရဖူး၊ ကြောင်း ဇာတ်လမ်းပင် ရှိခဲ့ဖူး၏)

၁၇၈၉ ခုနှစ်၊ တော်လှန်ရေးပြီးနောက် သတ္တမမြောက် ပုပ်ပါးယပ်စ် (Pope Pius VII) က ဂျေဆွများကို မူလရာထူး၌ ပြန်လည်ခန့်အပ်ရန် ခွင့်ပြု၏။ သူတိုသည် ၁၈၁၄ ခုနှစ်တွင် နာလန်ပြန်ထလာ၍ အင်္ဂလန်နှင့် အခြားဥရောပနိုင်ငံများအပြင် အမေရိကနှင့် သူတိုကျင်လည်ကျက်စားခဲ့ရာ သာသနာနယ်မြေများ၌ သူတို၏ လှုပ်ရှားမှုကို ပြန်လည် အသက်သွင်းကြ၏။ တစ်ဖန် ပြင်သစ်နှင့် စပိန်မှ နှင်ထုတ်ခြင်းခံရပြန်သဖြင့် သူတို၏ အဓိကမဏ္ဍိုင်ကြီးဖြစ်သော ပညာရေးတစ်မျိုးတည်းကိုသာ ဆက်လက်လုပ်ဆောင်နိုင် တော့သည်။

 

ပရိုတက်စတင့်နှင့် ရိုမင်ကက်သလစ်၏ ခြားနားချက်ြီးများ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ယုံကြည်ချက်ကွဲပြားသူများ

 

ပြူ ရီတန်အုံကြွမှု

ပထမအယ်လီဇဘက် နန်းတက်ချိန် ၁၅၅၈ ခုနှစ်မှစ၍ ပရိုတက်စတင့်ဝါဒသည် နဂိုအတိုင်း ပြန်လည်အားကောင်းလာ၍ မေရီကျူဒါ၏ ကက်သလစ်ယုံကြည်ခြင်း ပြန်လည်သွတ်သွင်း မှု ကြိုးစားအားထုတ်ခြင်းမှာ တစ်စခန်းရပ်တော့၏။ အင်္ဂလန်အသင်းတော်သည် နိုင်ငံ တော်ဘာသာဖြစ်လာကာ အသင်းတော်ပြုပြင်ပြောင်းလဲရေးမှာလည်း စိတ်ရှိသလို လုပ် ကိုင်လာနိုင်ကြသည်။

အင်္ဂလန်တွင် အသင်းတော်ပြုပြင်ပြောင်းလဲရေးများ မည်သိုပင် ဇောက်ချ၍ လုပ်သည် ပဲဆိုဆို အသင်းတော်အတွင်း၌ ဆက်လက်ကျင့်သုံးနေသေးသော ကျမ်းဝင်မဟုတ်သည့် အသင်းတော်ကျင့်စဉ်တချိုကို တက်တက်ကြွကြွ “ဖယ်ရှားသန့်စင်”လိုသူ အများအပြားရှိ သည်။ သူတိုသည် အင်္ဂလန်အသင်းတော်၏ အမျိုးသားရေးအောက်တွင် တစ်လုံးတစ်ဝတည်း ထိန်းသိမ်းစောင့်ရှောက်ခြင်းခံရသည်ဟု အထင်ရှိသော်လည်း ဂျီနီဗာယုံကြည်ခံယူချက် ပြုပြင်ပြီးချိန်တွင် ကွဲသွားကြသည်။ ထိုသို ယုံကြည်ချက်ကွဲပြားသူများ (dissenters) ကို စင်ကြယ်သူများ (Puritans) ဟုခေါ်၍ သူတို၏ လှုပ်ရှားမှုမှာ ၁၅၅၉ ခုနှစ်မှ ၁၆၆၂ ခုနှစ်အတွင်းက ရေးဆွဲခဲ့သော သာတူညီမျှရေးအက်ဥပဒေကို အခြေခံထားခြင်း သည်။

အယ်လီဇဘက်၏ ဘာသာရေးမူဝါဒမှာ အစွန်းနှစ်ဖက်ကို ရှောင်သော အလင်း အလတ်လမ်းစဉ်ဖြစ် သည်။ သူသည် ကက်သလစ်ဝတ်ကျောင်းများသို တက်ကာ မစ္ဆား တရားပူဇော်ခြင်းနှင့် အပျိုစင်မေရီထံ၌ ဆုတောင်းခြင်းများ ပြုလုပ်နော်လည်း မရိုက် စတင့်ဘာသာအား ပြန်လည်ထူထောင်လိုလှ၏။ အချုပ်အခြာ အာဏာပိုင်အက်ဥပဒေ Acts of Supremacy) အရ သူ့ကို အင်္ဂလန်အသင်းတော်၏ အခရာအကျဆုံးသူအဖြစ် ကြေငြာခြင်းခံရပြီး‌ေနာက် သာတူညီမျှ‌ရေးအက်ဥပ‌ဒေ  (Acts of Uniformity)အရ သူမzက အဋ္ဌမမြောက် အက်ဒွပ်ဘုရင်၏ ဒုတိယဆုတောင်းစာအုပ်ကို ပြန်၍ အသုံးပြုသည်။

နောင် ၄ နှစ်အကြာ ၁၅၆၃ ခုနှစ်တွင် လူသာရင်နှင့် ကယ်ဗင်ဝါဒမှ ခွဲထွက်သော ပရိုတက်စတင့် ယုံကြည်ခံယူချက်အဖြစ် ၄၂ ချက် အခြေခံမူများကို ပြဋ္ဌာန်း၍ အခါ ပြန်လည်လျှော့ချကာ ၃၉ အခြေခံမူကြီးအဖြစ် ခံထားပြဋ္ဌာန်းသည်။ ၁၉၅၇ ခုနှစ်မှ ထိုအခြေခံမူကြီးများသည် အမှုတော်ဆောင်များ၏ ယုံကြည်မှုကို တိုင်းတာရန်အဖြစ် ထားရှိသည်။

ကက်သလစ်ဆန့်ကျင်ရေးအပြုအမူကြောင့် ပုပ်ရဟန်းမင်းကြီးက အယ်လီဇဘက်ကို ၁၅၇ဝ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် လန်ဒန်နန်းတော်အဝင်တံခါးဝ၌ အသင်းတော်မှ ဖယ်ကြဉ်ကြောင်း အမိန့်ပြန်တမ်းစာကပ်သည်။ ပုပ်ရဟန်းမင်းကြီးက အယ်လီဇဘက် က သူ၏ အသင်းတော်အကြီးအကဲရာထူး (Supreme Head of the Church) ကို လုယူ မှုနှင့် အသင်းတော်၏ ဓလေ့ထုံးတမ်းများ စော်ကားသည်ဟု စွပ်စွဲအကြောင်းပြခဲ့သည်။

 

လမ်းရိုးမလိုက်သူများ

ဖြူရီတန်များသည် ဘုရင်မနှင့် အငြင်းပွားခဲ့ကြသကဲ့သို အက်ဒွပ်ဘုရင် နန်းတက်ချိန်မှ ၍ သူတို၏ ခွဲထွက်ရေးအသံမှာ နေရာအနှံ ကျယ်လောင်ကျယ်လောင်ဖြစ်လာသည်။ ၁၅၅ဝ ခုနှစ်တွင် ဂလက်စတာ (Gloucester) သင်းအုပ်ဆရာဟုပ်ပါး (Hopper) က ဤသိုတောင်းဆိုခဲ့သည်။ “အသင်းတော်သည် ရှေးရိုးအတိုင်း ပင်ဖြစ်ရန်နှင့်“ဖယောင်း တိုင်များ၊ ဝတ်ရုံရှည်ကြီးများ၊ ကားတိုင်များနှင့် ပလ္လင်တော်ကို ဖယ်ရှားပစ်ရန်” ဆယ်လီ တက် အကြဉ်ခံရပြီးနောက်ပိုင်းတွင် သူတိုက ဘုံဆုတောင်းစာအုပ်သည် နှုတ်ကပတ် တော်၏ အင်္ဂါရပ်များနှင့်မညီဟု အကြောင်းပြကာ ဗျူဟာသစ်ဖြင့် တိုက်ခိုက် ပြန် သည်။

ဘုံဆုတောင်းစာအုပ်ထဲတွင် အယ်လီဇဘက်က ပွဲတော်မင်္ဂလာသုံးဆောင်ရည်တွင်း ဓမ္မအမှုတော် ဆောင်များက “သင်တိုင်းဖြူများ (သို) ပွဲတက်ဝတ်ရုံရှည်ကြီးများနှင့် ဝတ်ဆင်ကြရမည်ဟူသော အပိုဒ်ငယ်တစ်ခု ထည့်သွင်းထားသည်ကို လူသိပ်မသိ လည်း ဤအတွက်ကြောင့်ပင် ပြုံးရီတန်များ၏ မကျေနပ်မှုများ အစပျိုးလာခြင်းဖြစ်သည်။ သူတို၏ အခြားမကျေနပ်ချက်များမှာ “ဘုန်းကြီး” (priest) ဟူသည့် ဝေါဟာရကို အသုံးပြုခြင်း၊ ပွဲတော်မင်္ဂလာသုံးဆောင်စဉ် ထိုင်နေရမည့်အစား ဒူးထောက်နေရခြင်း၊ သူတော်စင်များ၏ နေ့ရက်များ ကျင်းပခြင်းနှင့် မွေးကင်းစကလေးငယ်ကို ရေဖျန်းမင်္ဂလာ ပေးခြင်းနှင့်ဆက်နွယ်သော ကျင့်စဉ်များ ဆက်လက်ကျင့်သုံးနေခြင်းတိုဖြစ်သည်။ ထိုအပြင် ထိမ်းမြားမင်္ဂလာပြုချိန်တွင် အသုံးပြုသော လက်စွပ်နှင့် “ကျွန်ုပ်၏ ခန္ဓာကိုယ်အား သင့် ထံ၌ ဝကွက်အပ်နှံလိုက်ပြီ””ဟူသော စကားစုကို သုံးနှုန်းပြောဆိုခြင်းအပြင် မတ်တပ်ရပ် ရင်း ခရစ်ဝင်ကျမ်းများသာ ဖတ်ရှု၍ ဓမ္မဟောင်းကျမ်းကို မျက်ကွယ်ပြုခြင်းလည်း ဆန့် ကျင်ကြသည်။

တစ်ဖန် အယ်လီဇဘက်သည် “အနာဂတ်ကို တင်ကြို၍ မြွက်ကြားခြင်း””ပြုသူများ နှင့် ကတောက်ကဆဖြစ်ရပြန်၏။ အကြောင်းမှာ သူတို၏ ဘာသာရေးဆိုင်ရာ ကျမ်းစာ လေ့လာခြင်းနှင့် တရားပွဲများကို နိုင်ငံတော်က တရားမဝင်ဟု ဆိုလိုက်သောကြောင့်ဖြစ် သည်။ သူမ၏ ကြိုးပမ်းမှုများ မအောင်မြင်ရခြင်း၏ တစ်စိတ်တစ်ဒေသမှာ စာနာစိတ် ကြီးမားသူ ပြုရီတန်တစ်ဦးဖြစ်သော ဂိုဏ်းချုပ်ကြီးအက်မန်ဂရင်ဒယ် (Edmund Grindal) က အတူပူးပေါင်းနှိမ်နှင်းရန် ငြင်းဆိုလိုက်သောကြောင့် ဖြစ်၏။

ပြူရီတန်များ၏ ဆန့်ကျင်ရေးကို လှုဆော်ဆွပေး၍ တွန်းအားပေးသူမှာ ကင်းဘရိတ်ချ်တက္ကသိုလ် ဓမ္မဒဿနကထိကဆရာ သောမတ်စ်ကတ်ရိုတ် (Thomas Cartwright1535-1603) ဖြစ်၍ သူသည် ရှေ့တန်းခေါင်း ဆောင်တစ်ဦးဖြစ်သည်။ သူက နိုင်ငံတော်အစိုးရသည် သမ္မာကျမ်းစာအပေါ်တွင် အမှီပြုခြင်းမရှိသည့်အပြင် ဥပဒေနှင့် ဆန့်ကျင်သည်ဟု ကြေငြာလိုက်သောကြောင့် ရာထူးမှ ဖယ်ရှားခြင်းခံရသည်။ တိုင်းနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ကာ ၁၅၈၅ ခုနှစ် အခွင့်အခါသင့်၍ နေရပ်သို ပြန်လာသည်အထိ အန်းဝပ် (Antwerp) တွင် နေထိုင်သည်။

 

ခွဲထွက်ရေးသမားများ

 ပြူရီတန်များသည် သူတို၏ အဖွဲအစည်းအတွင်းရှိ ပြုပြင်ရေးများနှင့်သာ ရောင့်ရဲနေချိန် တွင် ကျောင်းတော်ကို စွန့်ခွာရန်အထိ ဆုံးဖြတ်သော အဖွဲများလည်းရှိသည်။ ထိုသူများ ကို ခွဲထွက်ရေးသမားများ (Separatists) ဟုခေါ်၍ နောင်အခါ ကျောင်းတော်နှင့် နိုင်ငံ တော်၏ ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရသူများဖြစ်သည်။ ရောဘတ်ဘရောင်း (Robert Browne) on cala:caos&q63200szisas ning so:qè:&p:Sap:m (နောင်အခါတွင် အင်ဒီပင်းဒင့်ဟု လူသိသည်) ဒေသန္တရ အဖွဲအစည်းတိုင်းတွင် လွတ်လပ် ခွင့်ရှိရမည်ဟု ယုံကြည်ကြသည်။

ဟင်နရီဘာရိုး (Henry Barrowe) ဦးဆောင်သော နောက်ခွဲထွက်ရေးအဖွဲ တစ်ဖွဲ့တွင် လူထုက ရွေးကောက်တင်မြှောက်သော သင်းထောက်အုပ်များကို အာဏာကုန် ဆင်ပေးထားသည်။ သူတိုသည် ကွန်ဂရီဂေးရှင်းနေးလ်လှုပ်ရှားမှု၏ “ညာတောင်ပံ” Rigth Wing) များဖြစ်၍ အင်္ဂလန်အသင်းတော်၏ အုတ်ရော ရော ကျောက်ရောရော အနှောပါဝင်ခြင်းကို အင်နာဘပ်တစ်(စ်)များနှင့်အတူ သဘောတူသူများဖြစ်ကြသည်။

 

၃၉ ချက် အခြေခံမူ

အင်္ဂလန်အသင်းတော်များအားလုံးရှိ အမှုတော်ဆောင်များက ဤယုံကြည်ခံယူမှုထုတ် ပြန်ချက်များအပေါ်တွင် ယေဘုယျ သဘောတူခဲ့ကြသော်လည်း လူဝတ်ကြောင်များနှင့် ကားမသက်ဆိုင်ပေ။ ကိုယ်ပိုင်ဝတ်ကျောင်း အသစ် ဖွင့်လှစ်ပွဲတွင် တာဝန်ရှိပုဂ္ဂိုလ်က ဤ ၃၉ ချက် အခြေခံမူကို ပထမဆုံးရွတ်ပြရသည်။ ဤအခြေခံမူ များကို ၁၅၇၁ ခုနှစ် တွင် တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်၍ ကယ်ဗင်ဝါဒကို အတန်အတင့် ထင်ဟပ်ပေါ်လွင် စေလျက် ကက်သလစ်ဝါဒနှင့် အင်နာဘပ်တစ်(စ်)ဝါဒများကိုလည်း ကိုယ်စားပြုနိုင်ရန် အလယ်အလတ်လမ်းကို ဦးတည်ရေးဆွဲထားခြင်းဖြစ်သည်။ ဘုရင်မအယ်လီဇဘက်ထံ၌ အကြံပြုချက်များ တောင်းဆိုရာတွင် သူက စာပိုဒ်ငယ် ၂၉ (တက်ကြွသော ယုံကြည်မှု ကြောင့် ဆိုးသွမ်းယုတ်မာမှုကို ရှောင်ကြဉ်ရန် ထည့်သွင်းထားသောအ ပိုဒ်) ကို ဖျက်သိမ်း ၍ ကက်သလစ်အသင်းတော်ကို တိုက်မြဲတိုက်ခိုက်သော်လည်း စာပိုဒ်ငယ်တချိုကိုကား ပြင်ဆင်ပေးကာ ၁၅၇၁ ခုနှစ်တွင် စာပိုဒ်ငယ် ၂၉ ကိုလည်း ပြန်လည်ထည့်သွင်းစေ၏။ စာပိုဒ်ငယ် ၉ သည် ၄ ရာစုဆီက ပလေဂျီယန် (Pelagian) ၏ “မူလအပြစ် (သို) မွေး ရာပါအပြစ်”နှင့်ဆိုင်သော အယူမှားမှုကို သတိပေးထားသည့် စာပိုဒ်ငယ်ဖြစ်သည်။

 စကော့ဘုရင်မ မေရီကွယ်လွန်ပြီးနောက်ပိုင်း အင်္ဂလန်ကိုသိမ်းပိုက်ရန် ကက်သ လစ်များက တစ်ကြိမ်ကြိုးစားလာပြန်၏။ ၁၅၈၈ ခုနှစ်တွင် စပိန်မှ ဒုတိယမြောက်ဖီလစ် ဘုရင် (Phillip II) က စစ်သင်္ဘောအစင်း ၁၃၀ ဖြင့် ထိုးစစ်ဆင်သည်။ အင်္ဂလိပ် ရေတပ်၏ သေနင်္ဂဗျူဟာ ပိုင်နိုင်ကျွမ်းကျင်မှုနှင့် လေနီကြမ်းများတိုက်ခတ်မှုကြောင့် စပိန် စစ်ရှုးသည်။

၁၆ဝ၃ ခုနှစ်၊ အယ်လီဇဘက်ကွယ်လွန်သည်နှင့် စကော့ဘုရင်မ မေရီ၏ သား ပထမဂျိမ်းစ်ဘုရင် (James ) က ပလ္လင်တော်ကို ဆက်ခံ၏။ သူသည် ပရက်စ်ဘီတေး ရီးယန်းတစ်ဦးကဲ့သို သွန်သင်ခြင်းခံရသော် လည်း အင်္ဂလီကန်အသင်းတော်ကို လျင်မြန်စွာ ခံယူလိုက်သောကြောင့် ရှေ့တစ်လျှောက် သူတိုကို စာနာထောက် ထားမည်ဟု အထင်ရှိ ကြကုန်သော ပြူ ရီတန်များ၏ မျှော်လင့်ချက်ရွှေတောင်ကြီးမှာ ပြိုကျပျက်စီးခဲ့ရသည်။

သူတို့သည် စကော့တလန်မှ အင်္ဂလန်သိုသွားသော ဘုရင်ကြီး၏ ခရီးစဉ်တစ်လျှောက် နောက်မှ တကောက်ကောက်လိုက်ကာ သူတိုကို ရောမအသင်းတော်၏ ရိုးရာဓလေ့ များနှင့် အခမ်းအနားများဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကြီး”မှ သက်သာခွင့်ပေးရန် အသနားခံ တင်ပြတောင်းဆိုကြ၏။ (နှစ်တစ်ထောင်အသနားခံလွှာဟု လူသိသည်) ဤအတွက်ကြောင့်ပင် ဟမ်တန် (Hampton) တရားရေးညီလာခံ (၁၆၀၄ ခုနှစ်)၌ အင်္ဂလိပ်သင်း အုပ်ဆရာနှင့် ပြုရီတန်ခေါင်းဆောင်များအကြား ပြုပြင်ရေးဆွေးနွေးညှိနှိင်းမှုများပြု လုပ်ရန် အကြောင်းဖန် လာသည်။ ထိုညီလာခံ၌ တချိုကို ပြုရီတန်များအလိုကျ လိုက် လျောခဲ့သော်လည်း အဆင်ပြေခြင်း မရှိခဲ့ကြပေ။

သိုသော် ထိုညီလာခံပြုလုပ်ခြင်း၏ အကျိုးထူးတစ်ခုမှာ အမိန့်တော်ဖြင့် ပြုလုပ်အပ် သော သမ္မာကျမ်းစာ (Authorised Version) ထုတ်ဝေနိုင်ခြင်းဖြစ်သည်။ ပြုရီတန်အကြီး အကဲဖြစ်သူ ဂျွန်ရေးနိုလ်စ် (John Rainolds) ၏ တိုက်တွန်းချက်ဖြင့် ဘုရင်ကြီးက သမ္မာကျမ်းမှုသစ်တစ်မျိုး ပြုလုပ်ရန် အမိန့်ပေးစေခိုင်းသည်။ ပြင်ဆင်တည်းဖြတ်သူ အယောက်ပေါင်း ၅၄ ဦးက ၁၅၆၈ ခုနှစ်က ထုတ်ဝေသော Bishop’s Bibie ကိုအခြေ ပြု၍ ပြန်လည်တည်းဖြတ်ကာ ဟီဘရူးနှင့် ဂရိဘာသာဖြင့် ရှင်းပြရန် လိုအပ်ပါမှ အ သုံးပြုနိုင်ရန် အနားသတ်မျဉ်း အမှတ်အသားများ ချန်လှပ်ထားသည်။ ထိုကျမ်းကို ရံခါ တွင် ဂျိမ်းစ်ဘုရင်ကျမ်းစာ (King James Bible) ဟုခေါ်၍ ၁၆၁၁ ခုနှစ်တွင် ထုတ်ဝေ ကာ သူ့အရင်ကျမ်းပြန်များအားလုံး၏ နေရာ၌ လျင်မြန်စွာ အဝင် နေရာယူနိုင်သော ကျမ်းဖြစ်သည်။

ယင်းညီလာခံက ဘုရင်ကြီး၏ ပွင့်လင်းမြင်သာသော စိတ်ကို အမှတ်ရသည်။ စကော့တလန်တွင် ပရက်စ်ဘီတေးရီးယန်းဝါဒသွတ်သွင်းရန် ကြိုးစားလာချိန်တွင် ဂျိမ်းစ် ဤသိုပေါက်ကွဲသည်။ “တကယ်လိုများ စကော့တလန်မှာ ပရက်စ်ဘီတေးရီးယန်း သာသနာစီရင်စုတစ်ခု တည်ထောင်ဖို ခင်ဗျားတိုရဲ့ ချိန်ရွယ်မှုကို ဘုရားရှင်နဲ့ နတ်ဆိုးကိုယ် တိုင် သဘောတူကောင်းတူနိုင်မှာပါ။ ဒါပေမဲ့ ငါရှင်ဘုရင်ကြီး သဘောမတူနိုင်ဘူး။ တစ်ခါတွင် သူက ဤသိုခြိမ်းခြောက်၏။ “ငါသည် သူတိုကိုယ်ကိုယ် လိုက်လျောညီထွေ ဖြစ်အောင် နေစေမည် သိုတည်းမဟုတ် အားလုံးကို ပြည်နှင်ဒဏ်ပေးမည် သိုတည်း မဟုတ် ထိုထက်ဆိုးဝါးသော ပြစ်ဒဏ်ပေးမည်။”

အင်္ဂလန်အသင်းတော်တွင် ဝတ်ပြုခွင့် မရတော့သဖြင့် ယုံကြည်သူအဖွဲတစ်ဖွဲက တိုင်းတစ်ပါးသို ပြောင်းရွှေ့ရန် စိတ်ဆုံးဖြတ်ကြသည်။ အစတွင် ဟော်လန်သို ပြောင်း ရွှေ့၍ ထိုမှတစ်ဆင့် မက်ဆာချူးဆက် ပြည်နယ် (Massachusetts) ပလီမက်သ် (Plymouth) ၏ လက်အောက်ခံနယ်မြေ အမေရိကသို ရောက်လာသည်။ ဂျိမ်းစ်ဘုရင်ကပြုရီတန် များကို အင်္ဂလန်အသင်းတော်၏ စံနှင့်အညီ နေထိုင်ရန် ဆော်သြတောင်းဆို၍ လျှင် အသင်းတော်၏ အကြီးအကဲဖြစ်ကြောင်း သိမှတ်စေသည်။ ဘုရင်ကြီး၏ တောင်းဆိုမှုကို အမှုတော်ဆောင် အယောက်ပေါင်း ၂၀၀၀ နီးပါးက ငြင်းဆို၍ ထိုငြင်း ဆိုသူများထဲမှ အယောက် ၃၀၀ မှာ အသက်နှင့်ကိုယ် အိုးစားကွဲကြရကာ ထောင် နန်းစံကြရသူအချိုလည်း ရှိသည်။

 

 

အိုလီဗာကရွမ်းဝဲလ် (၁၅၉၉-၁၆၅၈ ခုနှစ်)

ပြည်တွင်းစစ်သည် ချားလ်စ်ဘုရင်၏ ဘက်တော်သားများ (Cavaliers) က ပါလီမန်ကို ထောက်ခံသော Roundheads ခေါ် ပြူရီတန်အဖွဲကို တိုက်ခိုက်သော စစ်ပွဲဖြစ်သည်။ ၁၆၄၀ ခုနှစ်တွင် ကရွမ်းဝဲလ်သည် (အင်ဒီပင့်ဒင့်) ပါလီမန်အဖွဲဝင်အဖြစ် အရွေးခံရကာ ပြူရီတန်ဘက်တော်သားတစ်ဦးဖြစ်၍ ပါလီမန်က ပြဋ္ဌာန်းသော အသင်းတော်အဆောက် အအုံများနှင့် ဘဏ္ဍာတိုက်များ ဖျက်ဆီးရေးတွင် ကူညီသူဖြစ်သည်။ သူက ၁၆၄၄ ခု နှစ်တွင် ကျောင်းတော်နှင့် သာသနာပိုင်များကို ဆန့်ကျင်သော “ဘာသာရေးသမား များ” စံပြတပ်ဖွဲ တစ်ဖွဲ အသစ်ဖွဲစည်းသည်။ ၁၆၄၅ ခုနှစ်တွင် နေ့စ်ဘီ (Naseby) ၌ ဘုရင်ကြီးကို အနိုင်ပိုင်းကာ ချားလ်စ်ဘုရင်ကို အကူအညီပေးရန် တောင်ပိုင်းမှရောက် လာသူ ပြန့်ကြဲ စကော့စစ်တပ်ကိုလည်း ၁၆၄၈ ခုနှစ်တွင် ပရက်စ်တွန် (Preston) ၌ အပြတ် ချေမှုန်းနိုင်ခဲ့သည်။ ဘုရင်ကြီးကွပ်မျက်ခံရ (၁၆၄၉ ခုနှစ်) ပြီးနောက် ကရွမ်းဝဲလ် က အိုင်ယာလန်ကို နှိမ်နှင်းကာ စကော့တပ်များကို ကစဉ့်ကလျားဖြစ်အောင် တိုက်ထုတ် ၍ ၁၆၅၁ ခုနှစ်တွင် ဂူစတား (Worcester) ၌ ဘုရင့်သားတော်ကို အောင်မြင်သည်။ ၁၆၅၃ ခုနှစ်တွင် ပါလီမန်ကိုဖျက်သိမ်း၍ ကာကွယ်သောအရှင်သခင် (Lord Protectror) ဘွဲခံယူသည်။ နိုင်ငံ့ခေါင်းဆောင်ဖြစ်လာချိန်တွင် စစ်အာဏာဖြင့် အုပ်ချုပ်သောကြောင့် ပြည်သူပြည်သားများ မကျေနပ်ကြချေ။

၁၆၂၅ ခုနှစ်တွင် ဂျိမ်းစ်၏ သားတော် ပထမချားလ်စ်ဘုရင် (Charles 1) နန်းတက် သောအခါ ပြုံးရီတန်များ ညှင်းပန်းနှိပ်စက်မှု ပို၍ ခံစားရ၏။ ရောမကက်သလစ်သူ ပြင် သစ် မင်းသမီး (princess) နှင့် လက်ဆက်ခြင်းကလည်း သူနှင့် ပါလီမန်အကြားရှိ ပြဿနာကို တစ်စတစ်စ ကြီးထွားစေသည်။ သူသည် နောက်ဆုံးတွင် ပါလီမန်၏ အကူ အညီမပါဘဲ အုပ်ချုပ်ရန် စိတ်ပိုင်းဖြတ်ကာ ၁၆၂၉-၄၀ နှစ်အထိ ၁၁ နှစ်ကို စိတ်ကြိုက် အုပ်ချုပ်ခဲ့သည်။ ဤကာလတစ်လျှောက်တွင် *ဟိုင်းချော့ချ် (High Church) ဂိုဏ်း ချုပ်ကြီးဝီလီ ယန်လောက်ဒ် (William Laud) ၏စိတ်ကူးဖြင့် ဖော်ဆောင်ထားသော ဘုရင့်အာဏာသည် ဘုရားရှင်ထံမှ ဖြစ်သည်ဟူသည့် “ဘုရားပေးသည့် ဘုရင်များ၏ အုပ်စိုးခွင့်အာဏာ” (Divine Right of Kings) ဖြင့် အုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ ဂိုဏ်း ချုပ်ကြီးသည် အသင်းတော်ပြုပြင်ပြောင်းလဲရေးမတိုင်မီက အင်္ဂလန်အသင်း တော်၏ ဝတ် တက်နည်းကျင့်ထုံးများကို ပြန်လည်သယ်ဆောင်လာသောကြောင့် ပြုရီတန်များနှင့် စစ်မက်ဖြစ်ပွားသည်အထိ ဖြစ်လာခြင်းဖြစ်သည်။

ဘုရင်နှင့် ပါလီမန်အကြားရှိ အက်ကြောင်းကြီးမှာ အလွန်ကြီးမားရကား ကုစားမရ သည့်အဆုံး၌ ပြည်တွင်းစစ် (၁၆၄၂-၄၉ ခုနှစ်) သို ဦးတည်၍ သွားလေ၏။ ၄င်းပြည် တွင်းစစ်သည် အမျိုးသားရေးကို ထက်ခြမ်းကွဲစေပြီး နှစ်ဖက်စလုံးတွင် အပျက်အစီး အများအပြားရှိသည်။ ဘုရင့်ဘက်တော်သားများကို ဆံရှည် (Cavaliers) ဟုခေါ်၍ ပါလီ မန်ဘက်တော်သားများကို ဆံတို (Roundheads) ဟု မှည့်ခေါ်ရသည့်အကြောင်းမှာ သူ တို၏ ဆံပင်ပုံစံကြောင့်ဖြစ်သည်။

ဝက်စ်မင်စတာတွေ့ဆုံပွဲ၌ ရေးဆွဲကြသော ယုံကြည်ခြင်းဝန်ခံချက်ကို ၁၆၄၇ ခုနှစ် တွင် ပရက်စ်ဘီတေး ရီးယန်းအသင်းတော်က သူတို၏ ယုံကြည်ခြင်းထုတ်ပြန်ချက်အဖြစ် လက်ခံအတည်ပြုသည်။ ယင်းယုံကြည်ခြင်း ဝန်ခံချက်သည် အရိုးရှင်းဆုံးနှင့် မွန်မြတ်သော အမှန်တရားတင်ပြရာ၌ စနစ်အကျဆုံးအဖြစ်သတ်မှတ်ကာ အသင်းတော်ပြုပြင်ပြောင်းလဲ ရေး ဓမ္မဗေဒ၏ အချိုမြိန်ဆုံး အသီးအပွင့်လည်းဖြစ်သည်။

ရက်အတန်ကြာသော် စစ်ပွဲသည် ပုံစံတစ်မျိုးပြောင်းလာကာ ပါလီမန်နှင့်စစ်တပ်များ လမ်းခွဲ၍ စကော့များနှင့် ဘုရင်သည် သင့်မြတ်ခြင်းသို ရောက်လေ၏။ အိုလီဗာကရွမ်းဝဲလ် (Oliver Cromwell) on olgoodws:ąp:m Gulion&qp:en ns69:ać şeč ရေးအမြင်များကို ထောက်ခံကာ ဝင်တိုက်ပေးသောကြောင့် တော်ဝင်တပ်များ ရှုးနိမ့်၍ ဘုရင်ကြီးလည်း အဖမ်းခံရကာ ၁၆၄၉ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၀ ရက်နေ့တွင် ဝှိက်ဟောလ် (Whitehall) ၌ ချားလ်စ်ဘုရင် ကွပ်မျက်ခြင်းခံရသည်။

ချားလ်စ်ဘုရင် ကွပ်မျက်ခံရသဖြင့် အင်္ဂလန်ကို အုပ်ချုပ်မည့်ဘုရင်မရှိခိုက် ကရွမ်း ဝဲလ်က အင်္ဂလန်နိုင်ငံ အစိုးရ (Commonwealth government) တစ်ခုကို တည်ထောင် ၍ သူကပင် ခေါင်းဆောင်နေရာယူလိုက် သော် လည်း “ကက်သလစ်ဘာသာ၏ တရားဓမ္မ

* ဘာသာရေးဓလေ့ထုံးတမ်းများနှင့် အခမ်းအနားများပါသော ဝတ်ပြုနည်းကို ဦးစားပေးသည့် အသင်းတော် များကို (High Church) ဟုခေါ်၍ အင်္ဂလန်အသင်းတော်နှင့် ကက်သလစ်အသင်း တော်ကဲ့သိုသော အသင်းတော် များကိုခေါ်သည့် ဝေါဟာရဖြစ်သည်။ ပရိုတက်စတင့်အသင်းတော်များ ကိုကား Low Church ဟုခေါ်သည်။

ကျင့်ထုံးများနှင့် သာသနာပိုင်ဂိုဏ်းချုပ်ကြီးရာထူး (Popery and Prelacy) ပပျောက်သည်ဆိုရုံမှအပ ပြုရီတန်တိုက စစ်မှန်သော လွတ်လပ်စွာ ဘာသာရေးကိုးကွယ်ခွင့် မရခဲ့ကြပေ။ ကရွမ်းဝဲလ်၏ အစမ်းကာလ အုပ်ချုပ်မှု မအောင်မြင်သဖြင့် ၁၆၆၀ ခုနှစ် င် စတူးဝပ်တော်ဝင်မင်းဆက် (House of Stuart) ရာဇပလ္လင်ပေါ်သို တစ်ခါပြန်ရောက်လာ၏။

ဝက်စ်မင်စတာ ယုံကြည်ခြင်းဝန်ခံချက်

ပြူရီတန်များနှင့် အင်္ဂလန်အသင်းတော်အကြားရှိ အသင်းတော်အုပ်ချုပ်ပုံဆိုင်ရာ ဘာသာ ရေးအခမ်း အနားနှင့်ပတ်သက်၍ စိတ်ဝမ်းကွဲမှုအက်ကြောင်းကြီးမှာ တိုး၍တိုး၍ ဆိုးလာ လေ၏။ ချားလ်စ်ဘုရင်က “ဟိုင်းချော့ချ်ဘက်ကို မျက်နှာသာပေးကာ ဂိုဏ်းချုပ်ကြီး ဝီလီယမ်လောဒ်နှင့် မဟာမိတ်ပြု၍ ၁၆၃၃ ခုနှစ်တွင် စကော့တလန်ပြည် ပရက်စ်ဘီတေး ရီးယန်းအသင်းတော်၌ ဘုံဆုတောင်းစာအုပ်ကို ပြဋ္ဌာန်းရန် ကြိုးစားရာမှ နောက်ဆုံးတွင် ပြည်တွင်းစစ်သို သက်ဆင်းကြရသည်။ ပြုံးရီတန်များ၏ တောင်းဆိုချက်အရ ၁၆၄၃ ခုနှစ်နှင့် ၁၆၄၉ ခုနှစ်အကြားတွင် ပါလီမန်က ဝက်စ်မင်စတာ၌ တွေ့ဆုံပွဲတစ်ခုကို စီစဉ် ကျင်းပပေးသည်။ ယင်းတွေ့ဆုံပွဲ၏ အရေးပါသော အောင်မြင်မှုမှာ ဝက်စ်မင်စတာ ယုံ ကြည်ခြင်းဝန်ခံချက် (Westminster Confession) ရရှိခြင်းဖြစ်၍ ၄င်းဝက်စ်မင်စတာ ယုံကြည်ခြင်းဝန်ခံချက်ဖြင့် ၃၉ ချက် အခြေခံမူများကို အစားထိုးရန် ရည်ရွယ်ခဲ့ကြသည်။ ယင်းယုံကြည်ခြင်းဝန်ခံချက်သည် ကယ်ဗင်ဝါဒထက် ပို၍ပြင်းထန်ကာ၊ ကယ်ဗင်၏ သွန် သင်ချက်နှင့်လည်း အနည်းငယ်ကွဲလွဲမှုရှိသည်။ စကော့တလန်အသင်းတော်သည် ယခင်က ဂျွန်နောစ်ရေးဆွဲပေးခဲ့သော ယုံကြည်ခြင်းဝန်ခံချက်ကို ဝက်စ်မင်စတာ ယုံကြည်ခြင်း ဝန်ခံချက်ဖြင့် အစားထိုးလိုက်ကြကာ အင်္ဂလန်တွင် တစ်စိတ်တစ်ဒေသကို ယာယီအဖြစ် သာ လက်ခံသည်။

 

ရစ်ချက်ဘက်စ်တာ (၁၆၁၅-၁၆၉၁) ပြုရီတန်ဘုန်းတော်ကြီး

ပြု ရီတန်များ၏ အင်္ဂလန်အသင်းတော် တော်လှန်မှုသည် ၁၇ ရာစုလောက်မှစ၍ ဖြည်း ၁။ ” အောင်ပွဲဆင်လျက်ရှိသည်။ အင်္ဂလန်အသင်းတော်ကို တော်လှန်သူများထဲ၌ အောက်လတ်တော်အမတ်များ အများအပြားပါရှိ၍ အထူးသဖြင့် ကင်းဘရိတ်ချ်တကွ ဆင်းများလည်း ပါရှိသည်။ ထိုသူများထဲမှ တချိုသည် တရားဟောဆရာများနှင့် ကများဖြစ်ကာ ထိုသူများ၏ အချိုသောစာအုပ်များမှာ ယနေ့တိုင် လူကြိုက်များ နေဆဲဖြစ်သည်။

သိုသော်လည်း ထိုလှုပ်ရှားမှု၏ တိုင်းပြည်အပေါ် နက်ရှိင်းစွာ အကျိုးသက်ရောက် ပုံမှာ ဘာသာတ ရားဟူသည် အလွန်ကျဉ်းမြောင်းပေစွတကားဟူ၍ ခံစားလာကြရခြင်းဖြစ် ၏။ နောင်အခါ ထိုသူများကို “ပျော်ရွှင်မှုဖျက်ဆီးသူများ”ဟု ကင်ပွန်းတပ်၍ သမ္မာကျမ်း စာကို ကျင့်ဝတ်ဆိုင်ရာ စည်းမျဉ်းများကဲ့သို အတင်းအကြပ် လိုက်နာရန် အသုံးပြုသူများ အဖြစ် စွပ်စွဲကြသည်။ သမ္မာကျမ်းစာအပေါ် သူတို၏ အလေး အမြတ်ထားလွန်းမှုကြောင့် သူတိုကို ရံခါတွင် “ခရစ်ယာန်”နှင့်တူသော “စင်ကြယ်သူ” (Puritan) ဟူသော ဝေါဟာရဖြင့် နောက်ပြောင်သရော်ကြ၏။ သိုသော် ထိုဝေါဟာရသည် ဂုဏ်သိက္ခာ၏ အမှတ်အသားဖြစ် လာသည်။

 

ဦးဆောင်ဦးရွက်ပြုသူ

၁၇ ရာစုတွင် ပြုရီတန်လှုပ်ရှားမှုကို ဦးဆောင်ဦးရွက်ပြုသူတစ်ဦးပေါ်လာရာ ထိုသူမှာ ရစ်ချက်ဘက်စ် တာ (Richard Baxter) ဖြစ်သည်။ သူသည် စာရေးအားကောင်းသူတစ်ဦး ဖြစ်သောကြောင့် သူ့စာအုပ်များမှာ ဂန္ထဝင်စာပေများဖြစ်၍ သူရေးစပ်ထားသော ဓမ္မ သီချင်းများမှာလည်း ထင်ရှားသည်။

ရှပ်ရှိင်းယား (Shropshire) တွင် မွေးဖွားသူ ရစ်ချက်ဘက်စ်တာ၏ ငယ်ဘဝ ဘာသာရေးယူဆချက်နှင့် ပတ်သက်၍ သူ့ဖခင်၏ ကျေးဇူးကား အလွန်ကြီးမားပေ၏။ ဘက်စ်တာ၏ ဖခင်သည် လောင်းကစားကို အလွန်မက်မောသူဖြစ်သော်လည်း ရစ်ချက် ၉ နှစ်ပြည့်သောနှစ်တွင် “သမ္မာကျမ်းစာကို ကိုယ်တိုင်လေ့လာဖတ်ရှု ခြင်း””ဖြင့် အသက် တာပြောင်းလဲသည်။ သူသည် ဘုရားတရားကြည်ညိုသူဖြစ်လာသည်နှင့် “ပြူ ရီတန်ဟု သောအမည်ကို ဆဲရေးတိုင်းထွာ”တတ်သော်လည်း သူ့သားကို ကျေးဇူးသိတတ်သူတစ်ဦး ဖြစ်ရန် အမြဲသတိပေး ဆုံးမတတ်၏။ ဖခင်၏ ခြေရာအတိုင်း ဘက်စ်တာသည် သမ္မာ ကျမ်းစာလေ့လာခြင်းနှင့် အခြားစာအုပ်များ ဖတ်ရှုခြင်းကို အရသာခံနိုင်လာသည်။

ဘက်စ်တာ ဆယ်ကျော်သက်အရွယ်တွင် ပြုရီတန်စာရေးဆရာများ၏ စာအုပ် များကို အငမ်းမရ ဖတ်ရှုကာ ရစ်ချက်စိပ်စ် (Richard Sibbes) ၏ The Bruised Red စာအုပ်ကိုဖတ်ရှုခြင်းဖြင့် အသက် ၁၅ နှစ်ဝန်းကျင်တွင် ခရစ်တော်ကို လက်ခံသည်။ သူ့ကို တက္ကသိုလ်သိုပိုရန် ဖခင်၏ အစီအစဉ်များမှာ မည်သည့်အခါတွင်မှ အထမမြောက်ခဲ့တော့ဘဲ လူဒ်လိုး (Lullow) အရပ်ရှိ ဒေသန္တရအမှုတော်ဆောင်အချို၏ လက်အောက် သာနေတော့၏။

သူသည် အမှုတော်ဆောင်များလက်အောက်၌ ပျော်ရွှင်စွာ ပညာရေးခရီးကို ဆက်လက်နှင်၍ စာအုပ် အများအပြားဖတ်ရှုကာ သူ့တွေးခေါ်နိုင်မှုကိုလည်း ကျယ်ပြန့်စွာ ဖြန့်ကြက်ထား၏။ ကျန်းမာရေးချူ ချာသောကြောင့် တစ်ခါက သေမင်းနှုတ်ခမ်းဝသိုတိုင် ရောက်ခဲ့ဖူးသော်လည်း တောင့်ခံကာ အသက်ဆက် ရှင်ကျန်ရစ်ခဲ့သဖြင့် သူ၏သင်ကြား ရေးခရီးကို ဆက်နှင်နိုင်ခဲ့သည်။

ဘက်စ်တာသည် ၁၆၃၈ ခုနှစ်တွင် ဒတ်လေ (Dudley) ၌ ကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ချုပ် ရေးမှူးအဖြစ် ကမ်းလှမ်းခြင်းနှင့် သင်းထောက်လူကြီးအဖြစ် အရည် အချင်းပြည့်မီသည်ဟုဆိုကာ သိက္ခာတင်ခြင်းခံရ၏။ သူသည် သင်ကြားရေးနှင့် သင်ယူ ရေးကို တစ်ပြိုင်တည်းပြုကာ တွေ့သမျှလူများကို ခရစ်တော်ထံသို ပိုဆောင်ပေးရန်လည်း အာသီသအလွန်ပြင်းပြသည်။ နောက်တစ်နှစ်တွင် သူသည် ဘရိချ်နော့သ် (Bridgnorth) ၌ သင်းထောက် ဘုန်းတော်ကြီး၏ လက်ထောက်နှင့် ၁၆၄၁ ခုနှစ်တွင် ကစ်ဒါမင်းစတား (Kidderminster) ၌ အခြေချနေထိုင်ရန် ခန့်အပ်ခြင်းခံရကာ ထိုနေရာနှင့် သူ့နာမည် သည် အမြဲဒွန်တွဲလျက်ရှိနေတော့၏။

ယင်းနှစ်များအတွင်း ဘက်စ်တာသည် သူ့ကို ပါဝင်ရန် တောင်းဆိုသော အသင်း တော်၏ အခမ်းအနားများအပေါ်တွင် သံသယဖြစ်လျက်ရှိကာ ကျိုးကြောင်းညီညွတ်ခြင်း ၊ မရှိ စဉ်းစားသည်။ သူ၏ ရပ်တည်ရာ ခရစ်ယာန်ဘာသာ အုတ်မြစ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏ အမှန်တရားကိုပင် မေးခွန်းထုတ် နေမိတော့သည်။ ထိုကာလကို ဖြတ် သန်းရင်းနှင့်ပင် “ဘုရှားရှင်ထံ၌ ပျောက်ဆုံးဝိညာဉ်များ ပိုဆောင်နိုင်ဖိုရန် အလွန်ဇော သန်နေခဲ့သည်။” သူသည် အသစ်တစ်ဖန် ခွန်အားယူ၍ တရားဒေသနာတိုက်ကျွေး သောအခါတွင် လူအများအပြား ပြောင်းလဲလာသည်။

အပြစ်နှင့်ပတ်သက်၍ သွန်သင်ခြင်းနှင့် သစ်မွေးဖွားခြင်းလိုအပ်ကြောင်းကို သူက ခရစ်ဝင်ကျမ်းများ ကိုးကား၍ ပွင့်လင်းစွာ တင်ပြသဖြင့် အင်္ဂလီကန်ဘုန်းကြီးများ၏ ရန် ခြင်းခံရကာ ထိုအတွက်ကြောင့်ပင် တရားရုံးသို ရောက်ရ၏။ ရန်လိုမှုများအကြားမှ သူ၏ သာသနာလုပ်ငန်းအောင်မြင်လျက်ရှိစဉ် ၁၆၄၂ ခုနှစ်၌ ပြည်တွင်းစစ်ဖြစ်ပွားသော ပါလီမန်ဘက်တော်သားအဖြစ် အတင်းအကြပ် စေခိုင်းခြင်းခံရသည်။ ဘုရင်ကို ဖြတ်ခန့် က သူ့တွင် စာနာစိတ်ဟူ၍ မြူတစ်မှုန်မျှပင် မရှိခဲ့ပေ။ အကြောင်းမှာ သူသည် “ဆံတို အဖွဲ” ဖြစ်သောကြောင့်ပင်တည်း။ ။

ဘက်စ်တာသည် ကစ်ဒါးမင်းစကားကို စွန့်ခွာ၍ ပါလီမန်စစ်ဘက်ဆိုင်ရာ ဘုန်းတော် ကြီးဖြစ်လာကာ စစ်သားများအတွက် မရပ်မနား အလုပ်လုပ်ပေးသည်။ ကရွမ်းဝဲလ်၏ စံပြတပ်သားသစ်အဖွဲ (New Model Army ၁၆၄၅-၄၇ ခုနှစ်) တွင် ဘုန်းတော်ကြီး အဖြစ် ခန့်အပ်ခြင်းခံရစဉ် သူသည် ဗိုလ်ချုပ်ကြီးနှင့်စကားပြောခွင့် အကြိမ်ပေါင်းများစွာ ရခဲ့သော်လည်း ဘယ်တော့မှ နှစ်ယောက်အတူနေခွင့်မကြုံခဲ့ပေ။ဤ ၂ နှစ်တာကာလ တွင် ဘက်တော်သည် ဗိုလ်မှူးကြီးဝါးလေ (Whalley) ၏ တပ်ရင်းနှင့်အတူ တိုင်း ပြည်အနှံ သူတိုနှင့် သွားလာလှုပ်ရှား ကာ ဒဏ်ရာရသူများနှင့် သေအံ့ဆဲဆဲ လူနာများထံ ၌ သတင်းကောင်းခြင်းကို ပြုသည်။

၁၆၄၇ ခုနှစ်တွင် နာမကျန်းဖြစ်လာပြန်၍ နာလန်ပြန်ထချိန်တွင် ယနေ့တိုင် ဝယ်လိုအားကောင်း နေဆဲဖြစ်သော သူ၏ ပထမဆုံးစာအုပ် The Saints? Everlasting Rest ဘက်သို အာရုံရောက်နေ၏။ ထိုစာအုပ်ကို ကစ်ဒါးမင်းစတားသို ပြန်ရောက်ချိန်တွင် အပြီးသတ်၍ ၁၆၅၀ ခုနှစ်တွင် ထုတ်ဝေသည်။ ယင်းအတွက် ကြောင့်ပင် ကစ်ဒါးမင်းစတား တွင် သာသနာပြုလုပ်ငန်းများ ပြန်လည်စတင်မည်လောဟု အမေးရှိကြသော လူ ၂၆၅ ဦး တို၏ တိုးမြဲလက်မှတ်ပါသည့် စာတစ်စောင်ကို ရရှိသည်။ ကစ်ဒါးမင်းစတားတွင် သူ့ကို နွေးထွေးစွာ ကြိုဆိုကြသည့်အတွက် ပီတိဖြစ်ရသော်လည်း ပျော်ရာတွင်မနေရဘဲ သူ့ တာဝန်ကျရာနေရာတွင်သာ နေထိုင်ရန် ပြန်လာ၍ သူ့တာဝန်ကိုသာ ဆက်လက်ထမ်းဆောင်သည်။ အင်္ဂလန်ဘုန်းတော်ကြီးကို အမှီသဟဲပြုကာ ခရစ်ဝင်ကျမ်းများ ဟောပြောရင်း သိုးအုပ်များထံ၌ သိုးထိန်းကြီးတစ်ဦးပမာ ကျင့်ကြံအားထုတ်၏။

ဘက်စ်တော၏ သာသနာပြုချိန်ကား အင်္ဂလန်နိုင်ငံအစိုးရ (၁၆၄၉-၁၆၆၀) လ ထက်တွင်ဖြစ်၏။ ပထမချားစ်လ်ဘုရင် ကွယ်လွန်သောအခါတွင် ဘုရင်စနစ်ရပ် သွား၍ အင်္ဂလန်သည် “လွတ်လပ်သောအစိုးရ” (Free State) ဟူ၍ ဖြစ်လာသည့် ဤသိုဖြစ်နေသည်ကို မကျေနပ်နိုင်သူမှာ ကရွမ်းဝဲလ်ဖြစ်၍ သူသည် လက်နက်ကိုင် သည်တော် အချိုနှင့် ပါလီမန်အစည်းအဝေးသိုသွားကာ အာဏာသိမ်းလေ၏။ သူသည်။ ၁၆၅၈ခုနှစ်၊ သူကွယ်လွန်ချိန်အထိ ကာကွယ်သော အရှင်သခင်အဖြစ် စိုးမိုးအုပ်ချုပ်ကာ သူ့သားက သူ့အရိုက်အရာကို ဆက်ခံသည်။

 

အံကြိတ်သည်းခံခြင်း

အင်္ဂလန်နိုင်ငံအစိုးရ၏ အုပ်စိုးချိန် ၅ နှစ်တွင် ကရွမ်းဝဲလ်က အင်္ဂလန်အသင်းတော်ကို ကယ်ဗင်ဝါဒ ဆန်သော ဘာသာရေးဖြင့် အစားထိုးရန် ရည်သန်ခဲ့၏။ သူသည် ကက်သ လစ်ဘာသာ၏ တရားဓမ္မကျင့်ထုံးများနှင့် သာသနာပိုင်ဂိုဏ်းချုပ်ကြီးရာထူးအတွက် နေရာအနည်းငယ် ပေးမိသည်မှလွဲ၍ ယင်းအပြောင်းအလဲကို ယုံကြည်သူများအားလုံးက သည်းခံခွင့်လွတ်ကြသည်။ ကရွမ်းဝဲလ်က သာသနာရေးနှင့်ဆိုင်သော လုပ်ငန်း၌ အင်္ဂလန်အသင်းတော်၏ ဘုံဆုတောင်းစာအုပ်အသုံးပြုခြင်းကို တားမြစ်၍ ပြင်းထန်သော ပြစ်ဒဏ်များပေးကာ အမှုတော်ဆောင်များ တာဝန်မှ အနားပေးခြင်းခံကြရ၏။ ထိုအမှု တော်ဆောင်များကို Triers ကော်မတီက ထောက်ခံသော ပရက်စ်ဘီတေးရီးယန်းများ၊ ကွန်ဂရီဂေးရှင်းရေးလ်နှင့် နှစ်ခြင်းအမှုတော်ဆောင်များဖြင့် အစားထိုးလိုက်ကြသည်။

အင်္ဂလီကန်ဘုန်တော်ကြီးများ၏ ကျောင်းများ၊ တရားဟောခွင့် (သို) မင်္ဂလာဝတ်ပြု လုပ်ခြင်းများသည် ပိတ်ပင်တားဆီးခြင်းခံရ၍ ဝတ်ကျောင်းများ ထိပါးစော်ကားခြင်း ခံရသည်။ ကရွမ်းဝဲလ်လက်ထက်တွင် ယုံကြည်သူများသည် ဂိုဏ်းအုပ်ဘုန်းတော်ကြီး၏ အုပ်ချုပ်မှုမှ လွတ်ကင်းသော မည်သည့်စနစ်မျိုးမဆို ကိုယ်နှစ်သက်ရာတစ်ခုခုကို ရွေးချယ် ခွင့်ရှိသည်နှင့်အမျှ ယုံကြည်ချက် ကွဲပြားသူများအတွက်ပင် နေရာရှိသည်။ ကွက်ကာများ (Quakers) ကိုမူ “ဘုရားတရားကို ပြစ်မှားပြောဆိုသူများ”ဟုဆိုကာ ဘေးထုတ်ထား ကြ၏။ မည်သိုဆိုစေ အင်္ဂလီကန်အသင်းတော်ကိုလည်းကောင်း၊ ကက်သလစ်အသင်း တော်ကိုလည်းကောင်း သူတို၏ သိုသိုသိပ်သိပ် တွေ့ဆုံပွဲများကိုကား အနှောင့်အယှက် မပြုကြပေ။

အထက်ပါအဖြစ်အပျက်များသည် နှစ်ပေါင်းများစွာ အံကြိတ်သည်းခံလာခဲ့ခြင်း များဖြစ်၏။ ရစ်ချက်ဘက်စ်တာက ကရွမ်းဝဲလ်ကို ဤသို ဝေဖန်စကားဆိုသည်။ “မည် သိုဆိုစေ သူသည် အကောင်းကိုသာ ပေးချင်သူဖြစ်၍ သတင်းကောင်းဖြန့်ဝေရာ၌လည်းကောင်း၊ ဘာသာတရားရှိသေကိုင်းရှိင်းခြင်း မြှင့်တင်ရာ ၌လည်းကောင်း သူ့အရင်လူများ ထက် သာလွန်သူဖြစ်၏။” ကရွမ်းဝဲလ်က နှစ်ပေါင်း ၄၀၀ မျှ နှင်ထုတ်ခံရသော ဂျူးလူမျိုးများကို အင်္ဂလန်သို ပြည်ဝင်ခွင့်ပြန်ပေး၍ သူတိုအတွက် ဘုရားရှိခိုးကျောင်း များ (Synagogues) ကိုပင် ပြန်လည်ဖွင့်လှစ်ပေးသည်။ ပြည်သူပြည်သားများ၏ ကျင့် ဝတ်သိက္ခာမြှင့်တင်ပေးခြင်းအနေဖြင့် စိန်ခေါ်သူ နှစ်ဦး၏ စီးချင်းထိုးခြင်းကို ဖျက်သိမ်း၍ ကျိန်ဆိုခြင်းနှင့် မူးယစ်ဆေးဝါးသောက်စားခြင်းများကိုလည်း ပြစ်ဒဏ်အဖြစ် သတ်မှတ် ပေးသည်။

၁၆၅၃ ခုနှစ်တွင် ဘက်စ်တာသည် ဝတ်ပြုသူလူစုက သူတို၏ ဝိညာဉ်ရေး၊ ကျန်းမာ ချမ်းသာခြင်း ရှိ၊ မရှိ ဆန်းစစ်နိုင်ရန် ဘာသာရေးသင်ကြားမှု အမေးအဖြေလက်စွဲကျမ်းကို မိတ်ဆက်ပေးရန် ကစ်ဒါးမင်းစတားသို ပြန်လာသည်။ သူ့လက်စွဲကျမ်းက မြိုနေလူထုကို အကြီးအကျယ်ပြောင်းလဲစေ၏။ “တနင်္ဂနွေနေ့တွင် လမ်းမများပေါ်၌ မင်းမဲ့ဆန်ဆန် ပြုမူမှုများအစား ရာချီသော မိသားစုများ၏ ဆာလံသီချင်းကျူးသံများနှင့် အထက် ဘဝဂ်သိုတိုင် ညံနေသော တရားဒေသနာတိုက်ကျွေးသည့် အသံတိုကိုသာ သင်ကြားရ ပေလိမ့်မည်”ဟု ပြောစမှတ်ပြုကြသည်။

 

သာတူညီမျှအက်ဥပဒေ

တည်ထောင်ပြီး အသင်းတော်တိုင်းတွင် တူညီသော အောက်ပါ ပြဋ္ဌာန်းချက် ၄ ချက်ကို လိုက်နာရမည်ဟု ပါရှိသည်။

(၁) ၁၅၄၉ – ဘုံဆုတောင်းစာအုပ်ကို တရားပွဲတိုင်း၌ မပျက်မကွက် ထားရှိရန်

(၂) ၁၅၅၂ – လိုတိုးပိုလျော့ ဘုံဆုတောင်းစာအုပ်ကို ဝတ်ပြုရာ၌ အသုံးပြုရန်နှင့် ပျက်ကွက်သူကို ပြစ်ဒဏ်ပေးရန် အမိန့်ချမှတ်

(၃) ၁၅၅၉ – ၁၅၅၂ က ဘုံဆုတောင်းစာအုပ် (ပြန်လည်မွမ်းမံချက်များပါသည့်) ကို အသုံးပြုရန် ပျက်ကွက်သူအား ၁၂ ပဲနိ ဒဏ်ခတ်ရန် အမိန့်ချမှတ်

(၄) ၁၆၆၂ – ကရွမ်းဝဲလ်က တားမြစ်သော ဘုံဆုတောင်းစာအုပ်ကို ပြန်လည်သွတ် သွင်းကာ စိန့်ဗသောလမဲနေ့ မတိုင်မီရက် (သြဂုတ်၊ ၂၄) တွင် အမှုတော်ဆောင်များ အားလုံးကို ဆင့်ခေါ်၍ ကျောင်းထိုင်ဘုန်းတော်ကြီး၏ သိက္ခာတင်ခြင်း မခံရသေးသူများကို ပရိသတ်ဗိုလ်ပုံအလယ်တွင် အရှက်ခွဲသည်။ ပရက်စ်ဘီတေးရီး ယန်းအမှုတော်ဆောင် အများ အပြားမှာ အခွင့်အရေးကို လက်လွှတ်မခံနိုင်သောကြောင့် ဘုန်းတော်ကြီး၏ သိက္ခာတင် ပေးခြင်းခံကြသော်လည်း အမှုတော်ဆောင် အယောက်ပေါင်း ၂၀၀၀ ခန့်က သူတို၏ ရာထူးဂုဏ်သိမ်ကို စွန့်လွှတ်ကြ၏။ နောင်အခါ ကလဲရင်ဒန်ဓမ္မသတ်ဟု လူသိသော ဥပဒေ ကို ပြဋ္ဌာန်းကာ (၁၆၆၄-၁၆၆၅) ထိုဥပဒေဖြင့် အသင်းတော်ကို ပို၍ တင်းကျပ်စွာ ပဲ့ကိုင် ကြပ်မတ်သည်။

ဘက်စ်တာ၏ အခြားထင်ရှားသော လုပ်ဆောင်ချက်တစ်ခုမှာ ဂူစတာအမှုတော် ဆောင်များဆိုင်ရာအ သင်းကို ဖွဲစည်း၍ သင်းအုပ်ဆရာများကို စုစည်းကာ အယူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည်။ ထိုတွေ့ဆုံပွဲအပြီးတွင် The Reformed Pastor အမည်ဖြင့် စာအုပ်တစ်အုပ် ထုတ်ဝေကာ ယင်းစာအုပ်သည် အလွန် လူကြိုက်များခဲ့သည်။ ထိုစာအုပ်ပြီးလျှင် A Call To The Unconverted စာအုပ်ကို ဆက်လက်ထုတ်ဝေ၍ ထိုစာအုပ်သည် အိမ်ထောင်မိသားစုဝင်များအားလုံးကို ကယ်တင် ခြင်းရစေသော စာအုပ်အဖြစ် သိကြသည်။

ကရွမ်းဝဲလ်လွန်သော် သူက သက်ဦးဆံပိုင်ဘုရင်စနစ်ကို ပြန်လည်ဆောင်ကြဉ်းလာ သဖြင့် ဂိုဏ်းချုပ်များ၏ အုပ်ချုပ်ရေးစနစ် ပြန်လည်ခေါင်းထောင်ထလာကာ ထောင်သွင်း အကျဉ်းချခံရခြင်းသာ အဖတ်တင်၏။ ၁၆၆၀ ခုနှစ်တွင် ချားလ်စ် ၂ က လွှတ်ပေးရန် စိတ်ကူးထားသော်လည်း ပြုံးရီတန်နှိပ်ကွပ်မှုများ မကြာမီ စတင်သည်။ သာတူညီမျှရေး အက်ဥပဒေ (၁၆၆၂) အရ အမှုတော်ဆောင်များက ဘုံဆုတောင်းစာအုပ်ကို သဘော တူကြရ၏။ ရစ်ချက်ဘက်စ်တာအပါအဝင် လူပေါင်း ၂၀၀၀ ခန့်က ထိုဥပဒေကို ဆန့် ကျင်ကာ လမ်းရိုးမလိုက်ခြင်းဝါဒကိုသာ ရွေးချယ်ကြ၏။

ပြုရီတန်များသည် ကွန်ဗင်တီကယ်ဥပဒေ (Conventicle Act-1664) အရ ဖိနှိပ် မှုကို ဆက်လက်ခံ နေရဆဲဖြစ်ကာ ယင်းဥပဒေသည် ဘုံဆုတောင်းစာအုပ်ကို အသုံးမပြု သော ဘာသာရေးတွေ့ဆုံပွဲများကို တားမြစ်သော ဥပဒေဖြစ်၍ ၅ မိုင်အက်ဥပဒေ (Five Mile Act-1665) ဟူသော ဥပဒေတစ်ရပ်လည်း ရှိသေး၏။ ယင်း ၅ မိုင်အက်ဥပဒေက အမှုတော်ဆောင်များကို သူတို၏ သာသနာပြုရာမြို သိုတည်းမဟုတ် နေရပ်မှ ၅ မိုင် အတွင်းသာ လည်ပတ်ခွင့်ပေး၍ ၅ မိုင်ကျော်လာလျှင် နှင်ထုတ်ခွင့်ရှိသော ဥပဒေဖြစ် သည်။ လမ်းရိုးမလိုက်သူများအတွက် ပြစ်ဒဏ်သည် ကြီးလေးလွန်းရကား ဘက်စ်တာ ဒုက္ခရောက်တော့သည်။ ၁၆၆၂ ခုနှစ်မှ ၁၆၈၇ ခုနှစ်အထိ ထောင် ၂ ကြိမ် အချခံရ၍ ဒုတိယအကြိမ်တွင် နာမည်ဆိုးဖြင့် ကျော်စောသော တရားသူကြီးမင်း ဂျက်ဖရီစ် (Jelferys) ၏ “စစ်ဆေးမေးမြန်းခြင်းကို ခံရသည်။

သူသည် ကက်သလစ်ဘုရင် ဂျိမ်းစ် ၂ ကို ပရိုတက်စတင့်ဘုရင် William of Orange က အစားထိုးချိန်ဖြစ်သော ၁၆၈၈ တော်လှန်ရေးကာလတွင် ထောင်မှ လွတ်လာ သည်။ သူ့လက်ကျန်သက်တမ်းကို စာပေရေးသားခြင်းဖြင့် ကုန်လွန်စေလျက် စာစောင် ပေါင်း ၂၀၀ ကျော်ကို ရေးသားနိုင်ခဲ့သည်။ ညှင်းပန်းနှိပ်စက်မှုဒဏ်များနှင့် ကျန်းမာရေး ချူချာမှုတိုကြောင့် သေမင်းနှင့်အကြိမ်ကြိမ်သတ်ပုတ်ခဲ့ရရာ ၁၆၉၁ ခုနှစ်တွင် ကွယ်လွန် ၏။ သာတူညီမျှရေးအက်ဥပဒေကြောင့် ပြူ ရီတန်ဝါဒ မြေမြှုပ်ခြင်းခံရကာ လမ်းရိုးမလိုက် သူအဖွဲများမှာ ရက်စက်စွာ ချေမှုန်းခြင်းခံရ၍ ဘာသာတရားကွဲပြားမှုကို သည်းခံခွင့် ပြုသော အက်ဥပဒေ (Act of Toleration-1689) က အထိုက်အလျောက် ကာကွယ်ပေးသည်မှန်သော်လည်း ဘာသာရေးလွတ်လပ် ခွင့်ကိုမူကား အပြည့်အဝ မရခဲ့ကြပေ။

ပြူရီတန်ဝါဒက ဗြိတိန်နိုင်ငံ (Great Bratain) ကို အကြီးအကျယ်လွှမ်းမိုးလျက် ရှိ၏။ အထူးသဖြင့် လွတ်လပ်မှုနှင့်ဒီမိုကရေစီဆိုင်ရာ စိတ်ကူးစိတ်သန်းများသည် ကိုလိုနီ နိုင်ငံဖြစ်သော အမေရိကသို ပျံ့နှံရောက်ရှိကာ သူတို၏ သရုပ်သကန်များဖြစ်သော ရိုးသား ဖြောင့်မတ်ခြင်း၊ ကိုယ်စိတ်စင်ကြယ်ခြင်းနှင့် လုံလဝီရိယရှိခြင်းတိုမှာ ဤရာစုနှစ်တိုင် တရစ်ရစ်ဝဲလည်လျက်ပင် ရှိနေသေးသည်။

 

ဂျွန်ဘန်းယန်း (၁၆၂၈-၁၆၈၈) တရားဟောဆရာနှင့် စာရေးဆရာ

သက်ဦးဆံပိုင်ဘုရင်စနစ် ပြန်လည်တည်ထောင်ချိန် ၁၆၆၀ ခုနှစ်၊ နောက်ပိုင်းတွင် ဥပဒေ တထွေကြီးပြဋ္ဌာန်းကာ ဘုံဆုတောင်းစာအုပ်ကို ပြန်လည်အသုံးပြုရန် သွတ်သွင်းခြင်းနှင့် အသုံးပြုရန် ငြင်းဆိုသူများကို ပြင်းထန်သော ပြစ်ဒဏ်ပေးရမည်ဟု ပါရှိသည်။ ယင်း ဥပဒေများကို ကလဲရင်ဒန်ဓမ္မသတ် (Claredon Code) ဟုခေါ်၍ ထိုဓမ္မသတ်သည် ပြူရီ တန်တော်လှန်ရေးကို အဆုံးသတ်စေသော အချက်ပြမီးနှင့် အင်္ဂလန်အသင်းတော်ကို ဆန့် ကျင်သွေဖည်သူများအား မြေအောက်အသင်းတော်အဖြစ် တွန်းပိုလုနီးပါး ဖြစ်စေသည်။

မိမိ၏ ရာထူးဂုဏ်သိမ်ကို မစွန့်လွှတ်နိုင်သော ပုဂ္ဂိုလ်တချိုက နိုင်ငံတော်အပေါ်၌ သစ္စာခံကာ အပေးအယူလုပ်၍ ကောင်းစားနေကြသော်လည်း ရာဇဝတ်တရားသူကြီးက ပြစ်ဒဏ်မချမှတ်ခြင်း ထိုဥပဒေကို တော်လှန်အာခံသော အစိုးရအဖွဲများလည်းရှိသည်။ ဤအဖြစ်အပျက်များမှာ အရှေ့အင်္ဂလီယာတွင်ဖြစ်၍ ကွန်ဂရီဂေးရှင်းနေလ်အသင်းတော် ပေါင်း ၃၆ ခုအနက် အသင်းတော် ၁၄ ခုကသာ ဘုရင်စနစ်ကို ပြန်လည်လက်ခံသည်။

ယုံကြည်မှုကွဲပြားသော ယုံကြည်သူအများအပြားသည် ထိုဥပဒေများကို ငြင်းဆန်မှု ကြောင့် ညှင်းပန်းနှိပ်စက်ခြင်း (သို) သတ်ဖြတ်ခြင်းခံကြရ၍ ထောင်ဒဏ်လောက်နှင့်ပြီး သူတချိုလည်းရှိ၏။ လန်ဒန်မျှော်စင်တွင် အကျဉ်းခံရသူများထဲမှ ကွက်ကာဂျော့ချ်ဖောက်စ် နှင့် ဝီလျံပင်းတိုနှစ်ဦးက No Cross, No Crown အမည်ရ ဂန္ထဝင်စာအုပ်ကြီးကို ထောင်ထဲတွင် ရေးသားခဲ့ကြသည်။ ချားလ်စ် ၂ အင်္ဂလန်သိုမပြန်မီ ၆ လ ကတည်းက ထိုထောင်ထဲသို ကြိုရောက်နှင့်နေခဲ့သူမှာ တရားဟောဆရာနှင့် စာရေးဆရာဖြစ်သော ဂျွန်ဘန်းယန်း (John Bunyan) ဖြစ်၍ သူသည် ထောင်သွင်းအကျဉ်းခံရစဉ်ကာလတွင် မယုံကြည်နိုင်လောက်အောင် အောင်မြင်သူဖြစ်သည်။

 

နှိမ့်ချသောမိဘများ

ဘန်းယန်းသည် ဘက်ဖို့ဒ် (Belford) တောင်ပိုင်းမှ တစ်မိုင်ဝေးသော အယ်စတိုး (Ei stow) အရပ်ရှိ နှိမ့်ချသော မိဘများမှ မွေးဖွား၍ ၁၆၂၈ ခုနှစ်၊ နိုဝင်ဘာလ၊ ၃၀ ရက်နေ့ တွင် ဗတ္တိဇံခံသည်ဟု ဘုရားကျောင်း မှတ်တမ်းတွင် ရှိသည်။ သူသည် Buignon (သို) Bonyon (ဤစကားလုံးသည် သတ်ပုံမျိုးပေါင်း ၃၄ မျိုးရှိ၏) မျိုးရိုးမှ ဆင်းသက်သူ ဖြစ်၍ သူတိုသည် ၁၂ ရာစုမှ ဘက်ဖိုဒ်ရှိင်းယား (Bedfordshinre) တွင် အခြေချနေ ထိုင်သူများဖြစ်ကာ ပစ္စည်းဥစ္စာများ လုံးပါးပါးလာသည်မှာ ဘန်းယန်းအဘိုးပိုင် တဲငယ် တစ်လုံးသာ ကျန်သည်အထိဖြစ်သည်။

ဂျွန်၏ ဖခင် သောမတ်စ်ဘန်းယန်း (Thomas Bunyan) သည် အရပ်တကာ ခြေ တိုအောင်လှည့်၍ ကရားအိုးများနှင့် အိုးခွက်ပန်းကန်များပြုပြင်သော အိုးပေါက်ဖာသူဖြစ် ၍ ဂုဏ်ရောင်မဲ့ အလုပ်သမားဟု လူအထင်သေးခံရသော်လည်း ဘန်းယန်းမျိုးနွယ်စုသည် ဘိုးဘွားပိုင်လယ်မြေ၌ ခြံနှင့်ဝန်းနှင့်နေနိုင်သော လက်မှုပညာသည်များအဖြစ် လူသိသည်။ ဘန်းယန်းသည် “နွမ်းပါးသူ သားသမီးများ၏ နှုန်းထားအတိုင်း ကျောင်းတွင် အရေး အဖတ်သင်ကြားကာ အရေးအဖတ်ပင် ကောင်းကောင်းမတတ်မီ သူ့စာအုပ်များကို ထား ရစ်ခဲ့ရလေ၏။ မူလတန်းဘဝမှာပင် ကျောင်းနုတ်ခံရသော်လည်း သူ့ဖခင်က လုပ်ငန်းခွင် တွင် သင်ပေးသောကြောင့် စာတတ်မြောက်ကာ စာမတတ်မှုကြောင့် အရှက်ရခြင်းများ လည်း မကြာမီ ပျောက်ကွယ်သွားတော့သည်။

သူ့အသက် ၄၄ နှစ်တွင် အင်္ဂလန်သည် ပြည်တွင်းစစ် (၁၆၄၂ ခုနှစ်) သို သက်ဆင်း ခဲ့ရသောကြောင့် နောင် ၂ နှစ်တွင် သူသည် ပါလီမန်ဘက်မှ ကူတိုက်ပေးရန် စစ်ထဲဝင် ရသည်။ သူသည် “လက်နက်ကိုင်ဆောင်နိုင် သူများ”ထဲမှ တစ်ယောက်ဖြစ်သောကြောင့် ဘက်ဖိုဒ်တောင်ပိုင်းမှ ၁၂ မိုင်ဝေးသော ပက်နဲလ် (Pegnell) ဆိပ်ကမ်းမြို စောင့်တပ်တွင်တာဝန်ချခြင်း ခံရသည်။ စစ်ပွဲဟူ၍ တစ်ခါသားမျှ မနွှခဲ့ရသော်လည်း သူ့ကိုယ်စား အစောင့်တာဝန်ကျ တပ်သားတစ်ယောက် ခေါင်းကျည်ထိ၍ သေဆုံး၏။ နောင်အခါ သူသည် ထိုအဖြစ်အပျက်ကို ဘုရားရှင်၏ ကရုဏာတော်ဟု မှတ်ယူခဲ့သည်။

အကူတပ်များ ဖျက်သိမ်းသည်နှင့် စစ်ပြန်ကြီးဘန်းယန်းသည် သူ့လုပ်ငန်းခွင်သိုပြန် ဝင်၏။ များမကြာမီ သူ့အသက် ၂၀ အရွယ်ခန့်တွင် သူသည် ဘာသာတရားကိုင်းရှိင်းသော မိကောင်းဖခင် သမီးပျိုတစ်ယောက်နှင့် လက်ဆက်သည်။ သူနှင့် သူ့ဇနီးတို၏ မွဲချက်ကား “မီးဖိုချောင်သုံး ပန်းကန်ခွက်ယောက်များပင် မရှိကြကုန်သော အမွဲတကာ့ ထိပ်ခေါင် ဟု စံတင်ရလောက်အောင် မွဲပြာကျသူများဖြစ်ကြသည်။ သူတို၏ ပိုင်ဆိုင်သမျှ စည်း စိမ်ချမ်းသာမှာ သူ့ယောက္ခမကွယ်လွန်မီက ပေးထားသော သူ့အိမ်သူသက်ထားပိုင် ဘာ သာရေးစာအုပ်နှစ်အုပ်မျှသာ ဖြစ်လေသည်။

 

မိုက်တွင်းနက်ခြင်းများ

လင်မယားနှစ်ယောက်သား အတူထိုင်၍ ထိုစာအုပ်များကို ဖတ်လိုက် ဆွေးနွေးလိုက်နှင့် သာယာနေကြ၏။ ဘန်းယန်းသည် သူ့ချစ်ဇနီးနှင့်အတူ တစ်ရက်လျှင် နှစ်ကြိမ်ကျ ဘုရား ကျောင်းတက်၍ ဆုတောင်းခြင်းများနှင့် ဓမ္မသီချင်းများကို လှိက်လှိက်လှဲလှဲ သီဆိုသည်။ သိုသော် ရံခါဆိုသလို “ဖရုသဝါစာဆဲဆိုခြင်း၊ ကျိန်ဆိုခြင်း၊ မုသားစကားဆိုခြင်းနှင့် ဘုရားရှင်၏ သန့်ရှင်းသော နာမတော်ကို ပုတ်ခတ်ပြောဆိုခြင်း”များအတွက် ဝန်ခံချက် ပေးတတ်သည်။ သူတိုပိုင် ယင်းစာအုပ်နှစ်အုပ်သည် သူ အလွန်တောင့်တသော ဘုရားရှင် နှင့် ဆက်နွယ်မှုအတွက် ပေါင်းကူးပေးသော တံတားဖြစ်သည်။ သူ မပြောင်းလဲမီ ၃ နှစ် အထိ သူသည် မိုက်တွင်းနက်နေဆဲဖြစ်ကာ ကြောက်ရွံခြင်းနှင့် သံသယစိတ်များ၏ ထိုး ၊ နှက်ခြင်းနှင့် မိုက်မဲမှုများ သိုလှောင်ထားမှုကြောင့် သူသည် စိတ်သောကရောက်ရ၏။ ကျမ်းစာစဖတ်သည်နှ င့်တစ်ပြိုင်နက်တွင် သူသည် စာတန်မာရ်နတ်၏ နှောင့်ယှက်ခြင်းကို “တစ်နာရီအတွင်း၌ အကြိမ် ၂၀ မျှ ခံစားရသော ဟူ၏။”

စနေဥပုသ်နေ့ စောင့်ထိန်းရန် ပျက်ကွက်ခြင်းသည် ကြီးလေးသောအပြစ်ဖြစ်သည်ဟု သော တရားဒေသနာကို နာကြားပြီး နောက်တစ်ရက် တနင်္ဂနွေနေ့တွင် စိမ်းစိုသော လယ်ကွင်းပြင်၌ “ကျည်းသားရိုက်ခြင်း”ဖြင့် ပျော်ရွှင်စွာ ဆော့ကစားနေစဉ် ကောင်းကင် အသံတော်တစ်ခုက “သင့်အပြစ်များကို စွန့်ပစ်၍ ကောင်းကင်ဘုံသို သွားမည်လော ? တည်းမဟုတ် သင့် အပြစ်များနှင့် ငရဲအိုင်သို ဆင်းမည်လော”ဟု အမေးတော်ရှိ ဘန်းယန်းက ဤသိုခံစားရသည်။ “သခင်ယေရှုက ကျွန်ုပ်ကို ကြည့်ရှုနေသည် ၍ သူ့စကားတော်ကို လိုက်နာခြင်းမရှိပါလျှင် ကျွန်ုပ်အား သောကအကြီးအကျယ် ရောက်စေရန် ခြိမ်းခြောက်ခြင်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်မှစ၍ သူ့အပြောအဆို အမှုအ အနီးအနားရှိ လူများကို အံ့အားသင့်စေ၍ သူ၏ “ဘာသာတရားကိုင်း သူ့ကို ဂုဏ်တက်စေကာ “ငါ့လို ဘုရားသခင်အလိုတော်အတိုင်း အသက် သူ ဇတွင် နှစ်ယောက်မရှိနိုင်”ဟု သွေးကြီးနေ၏။

 တစ်ရက်သော် နွမ်းပါးသူအမျိုးသမီးတစ်စု၏ အသစ်သော မွေးဖွားခြင်းအကြောင်း ဆွေးနွေး ကြသည်ကို အမှတ်မဲ့ကြားမိရာမှ ပြောင်းလဲခြင်းအမှန်ကို ရှာဖွေတော့၏။ သူသည် တမ်းစာကို စဖတ်သည်နှင့် သူ့ဘဝ၏ မိုးသောက်ချိန်သို ရောက်ရှိပြီဖြစ်ကြောင်း သိရှိကာ စစ်မှန်သော ကယ်တင်ခြင်းဆိုသည်မှာ ခရစ်တော်ထံမှသာလျှင်ဖြစ်ကြောင်း သိမှတ်တော့ သည်။ ထိုအမှန်တရားကို သိရှိသည်နှင့်တစ်ပြိုင်နက်တွင် “သူ့ကို ချည်နှောင်ထားသော သံကြိုးများ ကျွတ်ကျကာ ဝမ်းမြောက်စွာပင် ဘုရားဂုဏ်တော်ကို ချီးမွမ်း၏။”

၁၆၅၃ ခုနှစ်တွင် ဘက်ဖိုဒ်၌ သင်းအုပ်ဆရာဖော့ဒ် (Gifford) ၏ စိန့်ဂျွန်းဘုရား ကျောင်းတွင် လမ်းရိုးမလိုက်သူများအဖွဲ၌ ဝင်ရောက်ပူးပေါင်းသည်။ ယင်းဘုရားကျောင်း သည် ကွန်ဂရီဂေးရှင်းရေး လ်အသင်းတော်ဖြစ်သော်လည်း ယုံကြည်သူများ၏ ဗတ္တိဇံခံခြင်း ကျင့်စဉ်များနှင့် “နှုတ်ကပတ်တော်လက်ခံသူ” မည်သူကိုမဆို ကြိုဆိုသောအသင်းတော် ဖြစ်သည်။ ဘန်းယန်း၏ တရားဟောအထုံပါရမီကို မကြာမီ သိမှတ်ကြသဖြင့် ၁၆၅၇ ခုနှစ်တွင် သင်းထောက်အဖြစ် ခန့်အပ်ကာ ထိုအချိန်မှစ၍ သူသည် အိုးပေါက်ဖာရင်း လူထုရှေ့ထွက်၍ တရားဟောကာ သူ့မိသားစုကို ရှာကျွေး၏။ လူရာပေါင်းများစွာမှာ အိုးပေါက်ဖာသူ တရားဟောဆရာ၏ တရားနာရန်လာရောက်စုရုံးကြကာ ဓမ္မဆရာ အချိုက သူတို၏ တရားဟောစင်မြင့်များကို အသုံးပြုစေခဲ့ကြသော်လည်း တချိုကား သူ့အောင်မြင်မှုအပေါ်တွင် အရှက်ရကြ၏။

၁၆၆၀ ခုနှစ်တွင် ဒုတိယချားလ်စ်ဘုရင် နန်းပြန်တက်လာသည်နှင့် ဆုတောင်း စာအုပ်သည် တစ်ခါ ပြန်၍ သြဇာညောင်းလာပြန်ကာ လမ်းရိုးမလိုက်သူများ ညှင်းပန်း ခြင်းခံရပြန်သည်။ ဘန်းယန်းသည် စပါးကျီများ၊ တန်းလျားများနှင့် လဟာပြင်များ၌ သူ့သာသနာပြုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သည်။ သူသည် ဘယ်နေရာတွင်မဆို တွေ့သမျှလူများအပေါ်၌ ဆုတောင်းပေးခြင်းနှင့် တရားချခြင်းများ ပြုတတ်၏။ ထိုအကျိုး ဆက်ကား ထိုနှစ် နိုဝင်ဘာလတွင် သူ့ကို ဖမ်းဝရမ်းထုတ်ခြင်းခံရ၍ တစ်ရက်တွင် တရား ဟောရန် စတင်ချိန်၌ အဖမ်းခံရသည်။ ။

တရားသူကြီးမင်းက သူ့ကို တရားမဟောဘဲ နေမည်ဟု ကတိပေးလျှင် ဘုရင့်နန်း တက်ပွဲ အစဉ်အလာအရ လွှတ်ပေးမည်ဟု ဆိုသောအခါ သူသည် ခေါင်းမာစွာ ငြင်းပယ် ၈။ သူက ဘုရားရှင်၏ စကားတော်ကို မနာခံသည်ထက်စာလျှင် ကျွန်ုပ်၏ မျက်ခုံးမွှေးများ အပေါ်၌ ရေညှိတက်သည်အထိ ထောင်ထဲ၌ပင် နေမည်ဟု ဆို၏။ နောက်ဆုံးတွင် သူ့ကို “ဥပဒေဘောင်၏ အပြင်ဘက်တွင် လူစုလူဝေးဖြင့် လျှိဝှက်ဘာသာရေးဂိုဏ်းထောက်ခံ သူနှင့် အင်္ဂလန်အသင်းတော်၏ အမျိုးသားဘာသာရေးကို ကန့်ကွက်သူ”အဖြစ် စွဲချက် တင်ကာ ၁၆၆၆ ခုနှစ်အထိ ဘက်ဖိုဒ်ထောင်၏ အပေါက်စောင့်နေထိုင်သော အခန်းငယ်၌ နေစေ၏။

 

ထောင်မှ လွတ်မြောက်ခြင်း

ဘန်းယန်း၏ ထောင်တွင်းပထမနှစ်တွင် သူ့ကို မိသားစုများထံ အလည်အပတ်သွားခြင်း နှင့် စေ့စပ်ကြောင်းလမ်းခြင်းများ၌ တရားဟောခွင့်ပေးကာ တစ်ခါကဆိုလျှင် လန်ဒန်အထိ ပင် သွားရောက်လည် ပတ်၍ ယုံကြည်သူများကို တရားဒေသနာ တိုက်ကျွေးဖူးလေ၏။ သူ၏ လည်ပတ်ရေးခရီးမှာ သိုသိုသိပ်သိပ်နှင့် လျင်မြန်စွာ သွားလာလှုပ်ရှားရခြင်းများ ဖြစ်ရကား နောင်တွင် အပေါက်စောင့်ရန်ပင် ခွင့်မပြုကြတော့ပေ။ လုပ်ငန်းခွင်သို မရောက် နိုင်သော်လည်း ဘန်းယန်းသည် ထောင်ထဲ၌ ပြုလုပ်သော ထိုးယက်ဇာရှည်ကြီးများကို ခေါင်းရွက်ဗျက်ထိုးဈေးသည်များထံ၌ ရောင်းရငွေဖြင့် သူ့မိသားစုကို စောင့်ရှောက်သည်။

သူသည် ကလောင်တံကိုင်ကာ စာအုပ်အများအပြားနှင့် ဝေစာများအပြင် သူ့ဝိညာဉ် ရေးအသက်တာနှင့်ပတ်သက်သော “ကရုဏာတော်သည် အပြစ်ကြီးသူကိုပင် ရစ်ပတ် Goo@goos:8)” (Grace Abounding To The Chief Of Sinners) savaSq033ęd ကို ၁၆၆၆ ခုနှစ်တွင် ထုတ်ဝေသည်။ ထိုနှစ်တွင် လွတ်လပ်မှုအတွက် ခဏတာ ပျော် ရွှင်ခဲ့ရသော်လည်း တရားဒေသနာတိုက်ကျွေးခြင်းကြောင့် ပြန်လည်အဖမ်းခံရကာ တက်ဖိုဒ်၌ ၆ နှစ် ထောင်နန်းစံရပြန်လေ၏။ ထို ၆ နှစ်တာ အားလပ်ချိန်တွင် သူသည် ကလေးကဗျာများအပါအဝင် စာအုပ်ပေါင်းများစွာ ရေးသားနိုင်ခဲ့သည်။

ဘက်ဖိုဒ်အသင်းတော်က ၁၆၇၁ တွင် ဘန်းယန်းကို သူတို၏ သင်းအုပ်ဆရာအဖြစ် ရွေးချယ်ရသည့်အကြောင်းမှာ သူ့ယုံကြည်ချက် ခိုင်ကြည်မှုကြောင့် ဖြစ်နိုင်သကဲ့သို အာ တတ်သည့် သူ့ဉာဉ်ကြောင့်လည်း ဖြစ်နိုင်သည်။ နောက်တစ်နှစ်တွင် ဘုရင်က လ မလိုက်သူများ ပြစ်ဒဏ်ပေးခြင်းကို ဆိုင်းငံ့သည်။ သူတိုသည် သူတိုအဖွဲ ထဲမှ အသ သူတစ်ဦး၏ ဥယျာဉ်ခြံ စပါးကျီ၌ တွေ့ဆုံကြကာ စိန့်ဂျွန်းဘုရားကျောင်းကို အရင်အ ဖြစ်ရန် ပြန်လည်ကြိုးစားကြ၏။ သူသည် သင်းအုပ်တာဝန်ယူရင်း နယ်လှည့်တရား ခြင်းကို ဆက်လက်ဆောင်ရွက်သည်။

တရားနာပရိသတ်၏ တောင်းဆိုချက်အရ ဘန်းယန်းသည် မကြာခဏ လန်ဒန်သို သွားကာ လူထုပရိသတ်အများအပြားကို တရားဒေသနာတိုက်ကျွေးတတ်၏။ ရံခါတွင် လူ အယောက်ပေါင်း ၁၂ဝဝ ခန့်က ဆောင်းမနက်ခင်း ၇ဝဝ နာရီတွင် တရားနာတတ် ကြ၍ တနင်္ဂနွေနေ့များတွင် နေအိမ်မဆုံ၍ ပြန်လှည့်ရသူမှာ ရာချီရှိတတ်သည်။

ဘုရင့်ဆိုင်းငံ့ကာလ ကြေငြာချက်မှာ အလွန်တိုတောင်းရကား ၁၆၇၅ ခုနှစ်တွင် | ဘန်းယန်း တစ်ခါ ပြန်၍ အဖမ်းခံရပြန်ကာ အောစ် (Ouse) မြစ်ကို ပေါင်းကူးဆောက် ထားသော ဘက်ဖိုဒ်တံတားထောင်၌ အကျဉ်းချခြင်းခံရ၏။ အကျဉ်းခံကာလ ၆ လတွင် ဘန်းယန်း သူ၏ အပြောင်မြောက်ဆုံးစာအုပ်ဖြစ်သော *Pilgrim’s Progress စာအုပ်ကို မွေးဖွားသန့်စင်သည်။ သူသည် ထိုစာအုပ်ကို သူအကျဉ်းကျရာ “ဒုက္ခဘုံ”မှ အလွန် ပျော်ရွှင်စရာကောင်းသော ခရစ်ယာန်ခရီးစဉ်ဖြစ်သည့် ပျက်စီးခြင်းမြိုတော်မှ မွန်မြတ် ကောင်းမွန်သော မြိုတော်သစ်ဆီကို စိတ်ကူးဖြင့် ရော်ရမ်းတမ်းတ၍ စိတ်ကူးပုံဖော် ထားခြင်းဖြစ်သည်။ ပထမပိုင်းကို ၁၆၇၈ ခုနှစ်တွင် ထုတ်ဝေ၍ ၁၆၈၄ ခုနှစ်တွင် ထုတ် ဝသောဒုတိယပိုင်းတွင် ခရစ်ယာန်များ၏ ဘုရားဖူးခရီးကို ပုံဖော်ထားသည်။ သူ၏ ဒုတိယနာမည်ကြီးစာအုပ်မှာ မွန်မြတ်သောစစ်ပွဲ (The Holy War) ဖြစ်၍ ယင်းစာအုပ် သည် ရူပကအလင်္ကာဖြင့် ဖွဲဆိုထားသော ဘာသာရေးကျမ်းဖြစ်ကာ ၁၆၈၀ ခုနှစ်တွင် ထုတ်ဝေသည်။

သူကွယ်လွန်ချိန် ၁၆၈၈ ခုနှစ်အထိ ဘန်းယန်းသည် သူ့သာသနာပြုလုပ်ငန်းကို စပါးကျီ (၁၇၀၇ ခုနှစ်တွင် အုတ်တိုက်ဖြင့် အစားထိုးသည်) ကိုသာ ဆက်လက် အသုံးပြု၍ နောင်အခါတွင် ထိုနေရာသည် ဘက်ဖိုဒ်ဆုံဆည်းရာဟု တွင်၏။ သူ့ကို “ဘက်

* ဆရာကြီး ဦးဖေမောင် ၏ ဖခင် ဦးဖေက လောကဧည့်သည်အမည်ဖြင့် ဘာသာပြန်သည်။

ဖိုဒ်ဘိရှော့ပ်” (Bishop Bedford) ဟု ချစ်စနိုးခေါ်ကြရခြင်းမှာ ဘက်ဖိုဒ်အသင်း နှင့် လန်ဒန်ဆင်ခြေဖုံးရပ်ကွက်ရှိ အသင်းတော်များကို ပေါင်းစည်းပေးသူများထဲ၌ တစ်ဦး ဖြစ်သောကြောင့်ဖြစ်သည်။

ဘန်းယန်းသည် သူ့တရားဟောအထုံပါရမီကို အလွန်အားကျသူ ကြူ ရီတန်တိုင်းပြ ပြည်ပြု ပုဂ္ဂိုလ် ဒေါက်တာဂျွန်အိုဝင် (Dr.John Owen) နှင့် မိတ်ကောင်းဆွေကောင်းများ၊ ဖြစ်ကြသည်။ ချားလ်စ်ဘုရင်က အိုးပေါက်ဖာသူတစ်ယောက်၏ စကားကို နားထောင်သော အိုဝင်ကို အလွန်အံ့အားသင့်ကြောင်း ထုတ်ပြောရာတွင် ဒေါက်တာက ဤသို ခွန်း တုံပြန်၏။ “အိုးပေါက်ဖာသူ နေရာရဖိုဆိုလျှင် ကျွန်ုပ်လေ့လာခဲ့သမျှ အရာအားလုံးကို ဝမ်းမြောက်စွာပင် စွန့်လွှတ်၍ ဘေးထွက်ထိုင်နေအံ့။”

ဘန်းယန်းသည် ပညာရေးတွင် ချိုတဲ့စေကာမူ သူ၏ စာအုပ်များတွင် ဖန်တီးနိုင်မှု ပင်ကိုယ်စွမ်းရည်နှင့် ထိုးထွင်းသိမြင်တတ်သော ပါရမီရှိကြောင်း အထင်းသား တွေ့ရ သည်။ သူ၏ လောကဧည့်သည် စာအုပ်သည် နာမည်ကျော် ခရစ်ယာန်စာအုပ်များထဲ ၌ ပထမဆုံးဝတ္ထုအဖြစ် အသိအမှတ်ပြုရသော စာအုပ်ဖြစ်၍ ဘာသာစကားပေါင်း တစ် ရာကျော်ဖြင့် ဘာသာပြန်ထားသည်။

သတင်းကောင်းဝေငှသူတစ်ဦးအနေဖြင့် ပျောက်ဆုံးဝိညာဉ်များ ကယ်တင်ရေးမှ တစ်ပါး အခြားမရှိပြီဟု ခံယူထားသော ဘန်းယန်းသည် နှုတ်ဆိတ်နေရသော လွတ်လပ် မူကို ငြင်းပယ်၍ ညှင်းပန်းမှုကို ရွေးချယ်သည်။ သူကွယ်လွန်သည့်နှစ်တွင် စာအုပ် ၆ က်ဝေ၍ ၁၆ အုပ်ကို လက်ရေးစာမူဖြင့် အသင့်ထုတ်ရန် ထားရစ်ခဲ့သည်။ သူသည် တစ်ယောက်နှင့် သားအကြားတွင်ရှိသော ငြင်းခုံမှုကို ကျေအေးရန်အတွက် သွားရာ လမ်းခရီး၌ လန်ဒန်အရောက်တွင် ကွယ်လွန်၏။

နောက်တစ်နှစ်တွင် ဘာသာရေးကွဲပြားမှုကို သည်းခံခွင့်ပြုသော အက်ဥပဒေအရ ယုံကြည်ချက် ကွဲပြားသူများနှင့် လမ်းရိုးမလိုက်သူများ နှိပ်ကွပ်မှု အဆုံးသတ်၍ လွတ် လပ်စွာ ကိုးကွယ်ခွင့်ကို ပေးအပ်ချီးမြှင့်သည်။ ၄င်းသည် ခေတ်သစ်တစ်ခု စတင်ခြင်းနှင့် အသီးသီးသော ဘာသာရေးတရားများ ပေါ်ပေါက်ရန် လှေကားထစ်များပင် ဖြစ်တော့ သတည်း။

 

ဂျော့ချ်ဖောက်စ် (၁၆၂၄- ၁၆၉၁) သဟာယအသင်းတည်ထောင်သူ

အင်္ဂလန်နိုင်ငံတွင် ပြည်တွင်းစစ်နှင့် အင်္ဂလန်အစိုးရလက်ထက်တွင် မှန်ကန်သော ခရစ် ယာန်ဘာသာကို တိုက်ခိုက်ရန် သွေးထိုးမှုများ ကြီးထွားလာသည်။ ဘာသာရေးဂိုဏ်း ခွဲငယ်အမြောက်အမြား ပေါ်ထွက်လာသောကြောင့် ဘာသာရေးမြင်ကွင်းမှာ အလွန်ရှုပ် ထွေး၍လာ၏။ တချိုအဖွဲများမှာ မကြာခင် ကွယ်ပျောက်သွားသော်လည်း မကွယ်ပျောက် ဘဲရှင်ကျန်ရစ်သော အဖွဲများလည်းရှိကာ ထိုသူတိုကပင် အင်္ဂလန်အမျိုးသားရေးသမိုင်း ကို ပေါင်းစပ်ဖွဲစည်းခဲ့ကြသည်။

ဘာသာရေးနှင့် နိုင်ငံရေးဆိုင်ရာ သာတူညီမျှရေး ဦးဆောင်သူများ (Levellers) အဖွဲသည် ၁၆၄၇ ခုနှစ်တွင် ထင်ပေါ်ကျော်စောလာသည်နှင့်အမျှ စစ်တပ်၏ ထောက်ပံ့ မှုကိုလည်း အကြီးအကျယ်ရသူ များဖြစ်ကြသည်။ ထိုအဖွဲ သည် ဆာရေးမြို (Surrey) မှ ဖြစ်၍ “ဝါဒနှင့်လက်တွေ့ကျင့်သုံးမှုတွင် အင်္ဂလိပ်သမိုင်း၏ ပထမဆုံးကွန်မြူနစ်များ” ဖြစ်ကြကာ သူတိုသည် လူထု၏ လယ်ယာမြေများကို သိမ်းပိုက်၍ သီးပင်စားပင်များ ပျိုးကာ ရလာသမျှ သစ်သီးဝလံများကို လူထုအတွက် ပြန်လည်ဝေငှပေးသည်။ သူတို၏ နေအိမ်များ ဖြိုချခံရခြင်းနှင့် ပြောင်းပင်များ ခြေဖဝါးအောက် နင်းခြေခံရခြင်းတိုကြောင့် ထိုအဖွဲ၏ အစီအစဉ်မှာ အထမမြောက်ခဲ့တော့ပေ။ သူတို၏ ခေါင်းဆောင် ဂျွန်လီဘန် (John Lilburne) သည် ဒီမိုကရေစီစနစ်ဖြင့် ပါလီမန်ကို ဖွဲစည်းရန် သဘောတူထောက်ခံ သူဖြစ်၍ ဘုရားရှင်၏ မျက်မှောက်တော်၌ လူသားအားလုံး တန်းတူဖြစ်သည်ဟု ယုံကြည် သူဖြစ်သည်။ သူက လူတိုင်းတွင် ပါလီမန်ကိုယ်စားလှယ်များကို မဲပေးပိုင်ခွင့်ရှိ သည်ဟု အထွန့်တက်၏။ မျှော်စင်တွင် ထောင်နန်းစံခဲ့ဖူးသူ လီဘန်သည် အဖွဲသားများနှင့် တစ်ခါ အဖမ်းခံရ ပြန်ကာ ၄င်းတို၏ လှုပ်ရှားမှု အားပျော့လာ၍ ၁၇၆၀ ခုနှစ်အထိသာ ရပ် တည်နိုင်ခဲ့ကြသည်။

ရန်းတားများ (Ranters) သည် “ဘုရားသခင်သည် သက်ရှိသတ္တဝါတိုင်း၌ အခြေခံ အားဖြင့် တည်ရှိ၏”ဟူ၍ သွန်သင်သူများဖြစ်ကာ သူတို၏ ရေပန်းစားချိန်မှာ တိုတောင်း ၍ ဒုတိယချားလ်စ်ဘုရင် စိုးမိုးအုပ်ချုပ်သည့်ကာလ (the Restoration) တွင် မရှိကြ တော့ပေ။

ထိုအပြင် ဆီကာများ (Seekers) ဟူသော အဖွဲတစ်ဖွဲရှိပြန်၍ သူတိုသည် လမ်းရိုး မလိုက်သူ အသင်းသားများကို အထူးဆွဲဆောင်နိုင်သော အဖွဲဖြစ်သည်။ သူတိုသည် ဘုရားရှင်က တမန်တော်အသစ်များကို ဘိသိတ်မြှောက်ချိန်နှင့် အသင်းတော်အသစ်ထူထောင်ပေးမည့်အချိန်ကို စောင့်မျှော်နေသူများဖြစ်ကာ ခရစ်ယာန်များ၏ တနင်္ဂနွေဥပုသ် နေ့အစား ဂျူးလူမျိုးများ၏ ဥပုသ်ရက် (Jewish Sabbath) ကို လိုက်နာစောင့်ထိန်းသော စနေနေ့တွင် ဥပုသ်သီလစောင့်သူ ခရစ်ယာန်များ (Sabbatarians) ဖြစ်ကြသည်။

အဆိုးဝါးဆုံးအဖွဲမှာ ၄ ရာစုက ခရစ်တော်၏ ဘုရားဖြစ်ခြင်းကို ငြင်းပယ်သော အယူမှား အေးရီးယန်းဝါဒ (Arianism) ပြန်လည်ခေါင်းထောင်ထလာခြင်းဖြစ်၏။ ၄င်းသည် ပိုလန်မှ ဖောင်းစတပ်စ် ဆိုဆေးနပ်စ် (Faustus Socinus -၁၅၃၉-၁၆၀၄) ၏ သွန်သင်ချက်ဖြစ်၍ နောက်ရာစုနှစ်တွင် အင်္ဂလန်သို ဆိုက်ဆိုက်မြိုက်မြိုက် ရောက် လာလေသည်။

ဂျွန်ဘီဒဲလ် (John Biddle) ဆိုသူက သန့်ရှင်းသောဝိညာဉ်တော်၏ ဘုရားဖြစ် ခြင်းနှင့် အပြစ်လွှတ်ခြင်းကို ငြင်းပယ်၍ လူသား၏ မွေးရာပါအပြစ်နှင့်ဆိုင်သော ယုံ ကြည်ခံယူချက်ဆိုင်ရာ အချက်ကြီး ၁၂ ချက်ပါသည့် ဝါဒဖြန့်စာစောင်ကို ၁၆၄၇ ခုနှစ် တွင် ထုတ်ဝေသည်။ ဘီဒဲလ်သည် သူ့အယူအဆကြောင့် သေဒဏ်ပေးခြင်းခံ ရသော်လည်း သူ့မိတ်ဆွေ ပါလီမန်ဘက်တော်သားများက အချိန်မီ ကယ်တင်နိုင်လိုက်သည်။ ၁၆၅၂ ခုနှစ်မှ သူ့နောက်လိုက်များသည် တနင်္ဂနွေနေ့တွင် ပုံမှန်ဝတ်တက်ကြသော်လည်း ဘာသာ ရေးကွဲပြားမှုကို သည်းခံခွင့်လွှတ်သော ဥပဒေ (၁၆၈၉) က သုံးပါးတစ်ဆူ ငြင်းဆန်သူ တိုအား ပယ်ကြဉ်ထားသောကြောင့် သူတို၏ တွေ့ဆုံဝတ်တက်ပွဲမှာ တရားမဝင်နိုင်သေး ပေ။ တိုးတက်မှုနှေးကွေးသော ထိုလှုပ်ရှားမှု၏ ပထမဆုံး ဝတ်တက်ရာနေရာမှာ လန်ဒန် မြို Essex ဓမ္မာရုံတွင်ဖြစ်၍ ၁၇၇၃ ခုနှစ်တွင် ဖြစ်သည်။ သူတိုကို ဘုရားတစ်ဆူတည်း ရှိသည်ဟု ယုံကြည်လက်ခံသူများ (Unitarians) ဟူ၍ ၁၈၁၃ ခုနှစ်ရောက်ကာမှ တရား ဝင် အသိအမှတ်ပြုသည်။

 

ကွက်ကာများ

အထက်ပါလှုပ်ရှားမှုများထက် အရေးအပါဆုံးမှာ ပြည်တွင်းစစ်အတွင်းက မွေးဖွားသော က (Quaker) များဖြစ်သည်။ ထိုလှုပ်ရှားမှုကို တည်ထောင်သူ ဂျော့ချ်ဖောက်စ် ove Fox) သည် အင်္ဂလန်အသင်းတော်၏ လွဲမှားသော ယုံကြည်ချက်မှ ကင်းလွတ် ထဲတွင် တစ်ဦးဖြစ်၍ အင်္ဂလန်မြောက်ပိုင်းရှိ ဆီကာများ (Seekers) အသင်းတွင် “အမှန်တရား”ရှာဖွေရန် အသင်းဝင်သူဖြစ်သည်။

ဖောက်စ်သည် လက်စတာရှိင်းယားနယ် (Leicestershire) ဖယ်နီဒရေတန် (Fenny Drayton) တွင် မွေးဖွား၍ သူ့မိဘများမှာ ပြုံးရီတန်များဖြစ်ကြကာ ဖခင်သည် ရက်ကန်းသမားဖြစ်၍ သူ့ယုံကြည်ချက် ခိုင်ကျည်မှုကြောင့် သူ့ကို “တော်တည့်မှန်ကန် သော ခရစ်ယာန်ကောင်း”ဟု ချစ်စနိုးခေါ်လေ့ ရှိကြကာ မိခင်သည် “မာတုရများကို ကူညီစောင်မသူ”” ဖြစ်သည်။

သူပိုင်ဆိုင်ထားသော အတန်းပညာမှာ သေးငယ်၍ မပြောပလောက်သော်လည်း သူသည် “ဣသိက္ခာနှင့် တည်ငြိမ်ရင့်ကျက်ခြင်း၌ သာမန်ကလေးများနှင့်မတူ ထူးခြား သည်။” သူ့အသက် ၁၁ နှစ်တွင် ဘုရားရှင်ထံ၌ “စင်ကြယ်ခြင်း”အသက်တာကို ရရှိရန် ငိုယိုတောင်းပန်ခဲ့သည်။ သူ့မိဘများက အင်္ဂလန်အသင်းတော်၏ သာသနာလုပ်ငန်းအတွက် ရည်သန်ခဲ့ကြသော်လည်း မှန်းချက်နှင့် တလွဲဖြစ်ခဲ့သည်။ သူသည် အရင်က ကျွဲ၊ နွား၊ ဆိတ် မွေးမြူခြင်းနှင့် သိုးမွေးထည်များ ရောင်းချခြင်းဖြင့် အသက်မွေးသူထံ၌ ဖိနပ်ချုပ် သူအဖြစ် အလုပ်သင်၍ နောင်အခါ ထိုသူ၏ ရောင်းကုန်ကိုယ်စားလှယ်ဖြစ်လာသည်။

တစ်ရက်တွင် ပြုရီတန်နှစ်ဦးက စားသောက်ရန် ခေါ်ဖိတ်သောကြောင့် သူတိုဝိုင်း တွင် သွားထိုင်မိ၏။ သူတို၏ ဘာသာရေးခံယူချက်နှင့် ကိုယ်ကျင့်တရားကွာဟမှုကို မြင် တွေ့ရာတွင် ထိုနေရာမှ ချက်ချင်းဆိုသလို ထွက်လာခဲ့သည်။ ထိုညမှစ၍ ဘုရားရှင်က သူ့အလုပ်ကို စွန့်၍ ဝိညာဉ်ရေးခရီးစဉ် စတင်ရန် ဖိတ်ခေါ်ကြောင်း သူ ခံစားမိသည်။ ထိုနေ့မှာ ၁၆၄၃ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ဖြစ်၍ သူ့အသက် ၁၉ နှစ်ပြည့်ခါ စသာ ရှိသေး၏။

သူသည် ပြီးပြည့်စုံခြင်းကို ဓမ္မဆရာများနှင့် ခွဲထွက်ရေးသမားများထံ၌ အကြံဉာဏ် တောင်းယူ၍ သုံးနှစ်သုံးမိုး လိုက်ရှာသော်လည်း ကျေနပ်ရောင့်ရဲခြင်းကား မရရှိခဲ့ပေ။ သူတို၏ “တစ်ဆင့်ခံ” (second hand) သြဝါဒများကိုသာ နာယူခဲ့ရသည်။ သူသည် ထို တစ်ဆင့်ခံအဖြေများကို အသိအမှတ်မပြုနိုင်သည့်အပြင် တစ်ဆင့်ခံဩဝါဒသည် ကယ်တင် ခြင်းအတွက် အာမခံချက်လည်း မရှိ၊ ထိုနည်းဖြင့် အပြစ်ကိုလည်း မနိုင်စကောင်းဟု သိ မြင်သည်။ ထိုကြောင့် ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်းဘက်သို လှည့်လာ၍ အဖြေ မှန်ရရှိရေးအတွက် စိတ်ငြိမ်ရာနေရာများ၌ သွားရောက်ရှာဖွေသည်မှာ သူ “အလင်း ပေါက်ချိန်” (penings) ၁၆၄၇ ခုနှစ်အထိဖြစ်၍ သူ့အသက် ၂၃ နှစ်ရောက်မှ ဝိညာဉ် ရေးပဋိပက္ခကို ဖြေရှင်းနိုင်ခဲ့သည်။

ဂျာနယ်တစ်စောင်တွင် သူက ဤသိုရေးသားခဲ့၏။ “ကျွန်ုပ်၏ မျှော်လင့်ချက်များ လွှင့်ထွက်သော အခါတွင် ကျွန်ုပ်သည် ကူကယ်ရာမဲ့သူဖြစ်သွားရတော့၏။” သိုပေသော် လည်း “ခရစ်တော်ယေရှုသည် သင့်အခြေအနေအလုံးစုံကို သိကျွမ်းသူဖြစ်သည်” ဟု သော အသံတော်ကို ကျွန်ုပ်ကြားရချိန်တွင် “ကျွန်ုပ်သည် အပျော်လွန်၍ မခုန်ပေါက် မနေနိုင်ခဲ့။”

နောင်တွင် သူက ကျွန်ုပ်ရရှိသည့် ငြိမ်းချမ်းရေးမှာ ကျမ်းစာမှမဟုတ်ဘဲ ခရစ်တော် ၏ ဖွင့်ပြပေးခြင်းကြောင့်သာ ဖြစ်သည်ဟု ဆို၏။ “ခရစ်တော်သည် ကျွန်ုပ်ကို အလင်း ပေါက်စေသူဖြစ်ခြင်းကပင် ကျွန်ုပ် သူ့ကို ယုံကြည်ရန်အကြောင်းဖြစ်ကာ သူကပင် ကျွန်ုပ်ကို သူ့ဝိညာဉ်တော်နှင့် ဘုန်းအသရေကို ပေးတော်မူသည်”ဟု ဆို၏။ ယခင်က သူထားရစ်ခဲ့သော တစ်ဆင့်ခံဩဝါဒက သူ့နှလုံးသားကို နွေးထွေးစေ၍ သူ့အသက်တာ ပြောင်းလဲရန်အတွက် ဘဝအလှည့်အပြောင်းတစ်ခုတော့ ဖြစ်ခဲ့၏။

သူသည် အချိန်မဆိုင်းဘဲ နယ်လှည့်တရားဟောဆရာအဖြစ် သာသနာလုပ်ငန်း စတင်၍ “ကမ္ဘာဆုံးထိ တိုင် သတင်းကောင်းဝေငှရန်” တိုက်တွန်းနှိးဆော်သည်။ သူက “ခရစ်တော်သည် မိစ္ဆားပူဇော်ပွဲနှင့် စာအုပ်ကြီးထဲတွင် နှစ်ပေါင်းများစွာ လှောင်ပိတ်ခံ ထားရ၏”ဟု မောင်းခတ်ကာ “ခရစ်တော်သည် သင့်ပရောဖက်၊ ယဇ်ဆရာ (priest) နှင့် ရှင်ဘုရင်ဖြစ်သည်။ သူ့စကားတော်ကို နာခံကြပါ”ဟု ဆော်ဩသည်။ ဖောက်စ်၏ ဆော်ဩချက်ကြောင့် လူရာပေါင်းများစွာ “ယုံကြည်ချက်ခိုင်မြဲလာ၏။ သူသည် လဟာပြင်များ (သို) ပြုရီတန်တရားပွဲများနှင့် နီးကပ်သော နေရာများ၌ ဟောပြောခြင်း ပြု၍ တစ်မူထူးသော သူ၏တရားဒေသနာက လူအများကို ဆွဲဆောင်သည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းထဲမှ နှစ်ခြင်းဆရာယောဟန်အား “အလင်းသက်သေ ဖြစ်လော့”ဟူသော စာပိုဒ်ကို သူက ဤသို ထင်မှတ်၏။ “လူသားတိုင်း ခရစ်တော်၏ အံ့ဖွယ်အလင်းရောင်ဖြင့် ဉာဏ်အလင်း ရသူများ”နှင့် ခရစ်တော်ကို သစ္စာစောင့်သိသူ တိုင်း “အာဒံ (Adam) ၏ အပြစ်မကျမီအချိန်က ပြီးပြည့်စုံသော အခြေအနေ (state of perfection) ကဲ့သို ပြည့်စုံစေမည်။” သူ၏ ပြီးပြည့်စုံခြင်း တွေးတောမှန်းဆချက်က ပြူရီတန်များကို မကျေမနပ်ဖြစ်စေခဲ့သော်လည်း ဖောက်စ်က သူသည် ကြားခံလူ မပါဘဲ ဘုရားရှင်ထံမှရသော ဗျာဒိတ်တော်ဖြစ်ကြောင်း ပြောဆိုချေပသည်။ ဤအတွက် ကြောင့် သူသည် ဘုရားကျောင်းလှေကားထစ် များပေါ်မှ တွန်းချခြင်းခံရ၍ တုတ်များနှင့် အရိုက် ခံရကာ ကြေးဝါ ဖြင့် ချုပ်ထားသော ကျမ်းစာဖြင့် ဦးခေါင်းအထုခံရသည်။

 

ထောင်သွင်းအကျဉ်းချခြင်း

သူသည် စိန့်မေရီဘုရားကျောင်းတွင် “ဘုရားကျောင်းအတွင်း ဆူပူစေမှုဖြင့် ၁၆၄၉ ခုနှစ်တွင် နိုတင်ဟမ် (Nottingham) ၌ အကျဉ်းချခြင်းခံရသည်။ ၁၆၅၀ ခုနှစ်၊ အောက်တိုဘာတွင် တစ်ဖန် အဖမ်းခံရပြန်ကာ ဒါးဘီး (Derby) တွင် ရာဇဝတ် တရား သူကြီး ဂါဗက်စ်ဘင်းနက် (Gervase Bennet) ၏ ရှေ့တော်မှောက်သို အရောက် သွင်း ခြင်းခံရသည်။ သူသည် “ဘာသာတရားကို ပုတ်ခတ်ပြောဆိုမှု””ဖြင့် စွဲချက်တင်ခြင်းခံရ သောအခါ သူက ရာဇဝတ်တရားသူကြီးထံ၌ “နှုတ်ကပတ်တော်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်သူ”ဟု ပြောင်ပြောင်တင်းတင်းပင် ပြောချလိုက်၏။

ဇဝနဉာဏ်ရွှင်သူ ရာဇဝတ်တရားသူကြီးမင်းကလည်း ဖောက်စ်နှင့် သူ့နောက်လိုက် များကို ကွက်ကာများဟု နာမည်ပြောင်ဖြင့် ပြန်ပက်ကာ ကင်ပွန်းတပ်ပေးလိုက်သော ကြောင့် ယနေ့တိုင် ကွက်ကာဟု တွင်သည်။ (ကွက်ကာစကားလုံးဖြစ်ပေါ်လာပုံ ရှင်း လင်းချက်နောက်တစ်မျိုးမှာ ကွက်ကာအမျိုးသားများနှင့် အမျိုးသမီးများ တွေ့လေ့တွေ့ ထရှိသော အချိန်များတွင် “သူတိုကြုံတွေ့ရသည့် ဒုက္ခသုက္ခ”များကြောင့် ကြောက်ဒူးတုန် ခဲ့ကြရာမှ ထွက်လာသော “ညည်းညူသံများ၊ သက်ပြင်းချသံများနှင့် မျက်ရည်များ” ကို ဘာသာရေးစိတ်ခံစားမှုအဖြစ် မြင်သာအောင် ပြုလုပ်ရာမှ ဤဝေါဟာရဖြစ်ပေါ်လာ သည်ဟုလည်း ဆိုကြ၏)

အစပိုင်းတွင် သူတိုကို “အလင်း၏ ရင်နှစ်သည်းချာများ” (Children of light) ဟု ခေါ်ဝေါ်ကြောင်း မှတ်တမ်းများရှိ၍ နောင်တွင် “အမှန်တရား၏ ဆွေသဟာများ” (Friends of Truth) ဟု အစားထိုးကာ ထိုစကားလုံးကို (ရှင်ယောဟန် ၁၅၁၄) က “အဆွေများ” (Friends) ကို အကျဉ်းချုံး၍ ယူထားခြင်းဖြစ်သည်။ ၁၆၅၂ ခုနှစ်၊ မေလသည် ထိုလှုပ်ရှားမှု အစပြုသော အစစ်အမှန် ရက်စွဲအဖြစ် သတ်မှတ်ကြသည်။ မိလဲန်းစ် (Midlands) မြောက်ပိုင်းနှင့် ယော့ခ်ရှိင်းယား (Yorkshire) တွင် ၅ နှစ်တာ တရားဟောပြီးနောက် ဖောက်စ်သည် လန်ကက်ရှိင်းယား (Lancashire) ရှိ ပင်ဒဲလ် ) (Pendle) တောင်ကုန်းသို ရောက်လာသည်။ သူသည် ထိုတောင်ကုန်းပေါ်မှ ““မြစ်ကမ်း ပါးဘေးတွင် အဖြူရောင်ဝတ်ကောင်းစားလှများဖြင့် ကိုယ်တော့်ထံပါးသို ရောက်လာသူ လူစုလူဝေးကို မြင်၏။” ထိုအချိန်မှစ၍ သူ့သာသနာလုပ်ငန်းအတွက် ခွန်အားသစ်များ ရရှိကာ မြောက်ပိုင်းသား ထောင်ပေါင်းများစွာ ပြောင်းလဲကြကုန်၏။ ထိုသူများမှာ အသင်းတော်အတွင်းရှိ အလယ်အလတ်တန်းစားများ၊ ဆီကာများနှင့် ရင်းစားများဖြစ်ကြ သည်။ သူသည် ၁၆၅၄ ခုနှစ်တွင် သာသနာပြုအယောက် ၆၀ ကို စေလွှတ်၍ ပါရီနှင့် တောင်ပိုင်းကောင်တီများသို နယ်လှည့်ခရီးထွက်သည်။

ဖောက်စ်သည် ဝေလ (Wales) နှင့် စကော့တလန်သို ခြေစကြာဆန့်ခဲ့ရာ (၁၆၅၇ ခုနှစ်) သူ့နောက်လိုက်အချို လည်း အိုင်ယာလန်၊ အမေရိကနှင့် ဥရောပတိုက်အပြင် သန့် ရှင်းသောပြည် (Holy Land ပါလက်စတိုင်း) နှင့် အီဂျစ်သိုတိုင်အောင် (၁၆၆၁ ခု နှစ်) ပေါက်ရောက်ခဲ့ကြသည်။ အရက်သေစာရှောင်ကြဉ်သော ကွက်ကာများက တမူ ထူးသော နည်းသစ်များဖြင့် သူတို၏ သတင်းစကားကို ဝေငှခြင်းပြု၏။ ဖောက်စ်သည် လိူဖီးလ် (Lichfield) မြိုပေါ်တွင် ဖိနပ်မပါ ခြေဗလာဖြင့် လမ်းလျှောက်ရင်း “ကပ် ဘေးသင့်သော သွေးသံရဲရဲမြို”ဟု ငိုယိုနေမိကာ ဂျိမ်းစ်နေလာ (James Naylor) သည် ဝဲလ်စ် (Wells) နှင့် ဂလက်စတန်ဘာရီ (Glastonbury) မြိုများတစ်လျှောက် ရွှများ လူးပေ၍ “ဟောဆန်နာ” (Hosanna) နှင့် “သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” (Holy, Holy, Holy) ဟူ၍ သုံးကြိမ်သုံးခါ သံပြိုင်ကြွေးကြော်သူ အမျိုးသမီးများအဖွဲနှင့်အတူ မြင်းစီး၍ လိုက်လာသောကြောင့် ထောင်သွင်းခံရသည်။

ကွက်ကာများသည် တစ်မူထူးသော ဓလေ့ထုံးတမ်းများနှင့် ဟန်အမူအရာများဖြင့် သူတိုကိုယ်ကိုယ် ပြင်ဆင်ကြသည်။ သူတိုသည် ကောင်းမွန်သော အဝတ်အစားများကို ဝတ်ဆင်ရန် ငြင်းဆန်ကြကာ ရာဇဝတ်တရားသူကြီးများရှေ့တွင် သူတို၏ ဦးထုပ်များကို ချွန်ရန်လည်း ငြင်းဆန်ကြ၍ သူတိုကိုယ်ကိုယ် လူနေမှုအဆင့်အတန်းမြင့်သည်ဟု အထင် ရောက်သော အထက်တန်းလွှာများနှင့် စကားပြောလျှင် “thee” နှင့် “thou” ဟူ၍သာ သုံးနှုန်းတတ်ကြသည်။ သူတို့သည် ရက်များနှင့် လများအတွက် ဒိဋ္ဌိအမည်သုံးခြင်းကို တင်ကြဉ်၍ ကျမ်းကျိန်ခြင်းကိုလည်း ရှောင်ကြဉ်ကြသည်။ သူတိုသည် စစ်ထဲဝင်ခြင်း ပဲကြဘဲ အသင်းတော်ကို စစ်ဆန့်ကျင်ရေးဝါဒီ ပေါ်လစီဘက်သို ပြန်လှည့်လာရန်လည်းဖိအားမပေးကြပေ။

သူတိုအဖွဲ ညှင်းပန်းနှိပ်စက်ခြင်းခံရသည်မှာ အံ့သြစရာမရှိပေ။ အကြောင်းမှာ သူ တိုသည် တရားပွဲများကို အနှောင့်အယှက်ပေးခြင်းနှင့် ဆယ်ဖိုတစ်ဖိုပေးရန် ငြင်းဆန်ခြင်း၊ တိုကြောင့် ထောင်ချခြင်းနှင့် ပရမ်းပတာလူစု၏ ရိုက်နှက်ခြင်းများခံကြရသည်။ ထိုကာလ က လူပေါင်း ၂၁၀၀ ခန့် အကျဉ်းချခြင်းခံရ၍ ၄င်းတိုအထဲမှ ကွက်ကာများ ၃၂ နှစ်ယောက် သေဆုံးသည်။ ဒုတိယချားလ်စ်ဘုရင် လက်ထက်တစ်လျှောက်လုံး၌ လမ်းရိုးမလိုက်သော ဂိုဏ်းခွဲငယ်များကဲ့သို သဟာယအသင်းများလည်း တရားဝင်အသိအမှတ်ပြုခြင်း မရှိ ခဲ့ပေ။

သူတို၏ ဝတ်ပြုရာနေရာများ ဖျက်ဆီးခံရသော်လည်း သူတိုသည် ဝတ်ပြုမြဲပင်ဖြစ်၍ ဖြိုဖျက်ခံရသော အုတ်ပုံများအကြားမှပင် အသင်းသားဦးရေ တိုး၍တိုး၍ လာသည်။ ယင်း အကြောင်းနှင့်ပတ်သက်၍ ဘက်စ်တာက ဤသိုရေး၏။ “လူအများအပြား ကွက်ကာ အသင်းသို တိုးဝှေ့ဝင်ကြ၏။ အကြောင်းမှာ ကွက်ကာများသည် တားမြစ်ထားသည့်အကြား မှ ဝတ်ပြုပွဲကို ဆက်လက်ကျင်းပ၍ အကျဉ်းကျစရာ ရှိလျှင်လည်း ပျော်ပျော်ရွှင်ရွှင်ပင် အကျဉ်းခန်းထဲသို ဝင်ကြသောကြောင့်ဖြစ်သည်။” ဤနှစ်များအတွင်းတွင် ဖောက်စ်က သဟာယအသင်းအတွက် စည်းမျဉ်းများကို ဤသိုချမှတ်၏။ သင်းအုပ်ဆရာ၏ လုပ်ငန်း ဆောင်တာများဆိုင်ရာ အစည်းအဝေးကို တစ်လလျှင်တစ်ကြိမ် ကျင်းပရန်နှင့် စည်းမျဉ်း စည်းကမ်းများဆိုင်ရာ အစည်းအဝေးကို လေးလတစ်ကြိမ် ပြုလုပ်ရန်၊ ထိုအပြင် ၁၆၆၈ ခုနှစ်မှ လန်ဒန်တွင် တစ်နှစ်လျှင် တစ်ကြိမ်ကျ အသင်းသားများအားလုံး စည်းဝေးရမည် ဟု မူသစ်ချမှတ်သည်။

၁၆၆၉ ခုနှစ်တွင် ဖောက်စ်သည် သူ့ဝါဒကို သက်ဝင်ယုံကြည်၍ သူ့ထက် ဆယ်နှစ် ကြီးသော မုဆိုးမ မာဂရက်ဖဲလ် (Margaret Fell) ကို ထိမ်းမြား၍ သာယာသော အိမ်ထောင်ဘဝကို ထူထောင်သည်။ လန်ကက်ရှိင်းယားတွင် ရှိသော သူ့ဇနီး၏ အိမ်တော်ရာ စဝပ်မိုးခန်းမကြီး (Swarthmore Hall) သည် သူ့ဌာနချုပ်အဖြစ် ဘဝပြောင်းရတော့၏။ သူသည် မအားမလပ်သည့်အကြားမှပင် သူ့အမြင်သဘောထားများ ကျယ်ပြန့်ဖို ရန် လက်ကမ်းစာစောင်များကို ပုံမှန်ထုတ်ဝေ၍ သင်းအုပ်ဆရာဆိုင်ရာ စာစောင်အများအပြား လည်း ရေးသားကာ သူစေလွှတ်ထားသော သာသနာပြုများကို ခွန်အားပေးသည်။

သဟာယအသင်းများသည် “ပျော်ရွှင်စွာ ကမ္ဘာပတ်ရမည်”ဟု ယုံကြည်သည်နှင့် အညီ ဖောက်စ်သည် သူစေလွှတ်သော သာသနာပြုများထံ ခွန်အားပေးရန် ဘာဘဒေါ (Barbados)၊ ဂျမေကာ (Jamaica)၊ ဗာဂျီးနီးယား (Virginia) နှင့် နယူးအင်္ဂလန် (New England) သို တိုင်အောင် ၁၆၇၁- ၇၃ ခုနှစ်အထိ သွားရောက်၍ နယ်သာလန် နှင့် ဂျာမနီသိုလည်း သွားရောက်လည်ပတ်သည်။ ၁၆၈၂ ခုနှစ်တွင် ပင်ဆယ်ဗေးနီးယား (Pennsylvania) လက်အောက်ခံနယ်မြေများ၌ တစ်ဆူတည်းသော ဘုရားကိုသာ ကို ကွယ်ရမည်ဟု ချမှတ်ထားသော ဘာသာရေးဆိုင်ရာ ခွင့်ပြုချက် မူပိုင်ခွင့်ကို ချားလ်စ် ၊ ဘုရင်က ကွက်ကာ ဝီလျံပင် (William Penn) အား ပေးအပ်ချီးမြှင့်သည်။

 

ဝီလျံပင်း (၁၆၄၄-၁၇၁၈)

ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦး၏ သားကြီးသြရသ ဝီလျံပင်းသည် အင်္ဂလီကန်၏ ကျင့်စဉ် များကို ငြင်းပယ်သောကြောင့် အောက်စ်ဖိုဒ်တက္ကသိုလ်မှ ၁၆၆၁ ခုနှစ်တွင် ကျောင်းထုတ် ခံရသည်။ သူသည် ၁၆၆၅ ခုနှစ်တွင် ကြားနာသော တရားဒေသနာကြောင့် ကွက်ကာ တစ်ဦးဖြစ်ကာ ထိုအချိန်မှစ၍ သူ့ယုံကြည်ခံယူချက်အသစ်ကို ကာကွယ်ရန် စာပေများ ရေးသားခဲ့သည်။ အင်္ဂလီကန်ယုံကြည်ခံယူချက်ကို တိုက်ခိုက်မှုကြောင့် ၁၆၆၉ ခုနှစ်တွင် မျှော်စင်၌ အကျဉ်းချခံရကာ ထိုစဉ် သူ၏ ဂန္တဝင်စာအုပ်ကြီးဖြစ်သော No cross, No Crown စာအုပ်ကို ရေးသားခဲ့သည်။ ၁၆၈၁ ခုနှစ်တွင် ဒုတိယချားလ်စ်ဘုရင်က သူ့ ဖခင်၏ ကျေးဇူးကို ဆပ်သည့်အနေဖြင့် အရှေ့နယူးဂျာစီ (New Jersey) နှင့် ပင်ဆယ် ဗေးနီးယားကို မူပိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများ ပေးကမ်းသည်။ သူက ဘုရားတစ်ဆူ တည်းကိုးကွယ်သောဝါဒ (monotheism) နှင့် သဟဇာတဖြစ်သည့် ပုံစံတူဘာသာရေး များအားလုံးကို လွတ်လပ်စွာ ကိုးကွယ်နိုင်ရန် ဖွဲစည်းပုံတစ်ရပ်ကို ရေးဆွဲသည်။ သူသည် ဖီလာဒဲဖီးယား (Philadelphia) မြိုကို တည်ထောင်ပြီး ၁၆၈၄ ခုနှစ်၌ အင်္ဂလန်သို ပြန် လာသော်လည်း ၁၆၉၂ ခုနှစ်တွင် သူ၏ ဘုရင်ခံရာထူး ပြန်လည်ရုတ်သိမ်းခြင်းခံရသည်။

ကွက်ကာများ၏ အဓိကကျသော ယုံကြည်ခံယူချက်မှာ “အတွင်းစိတ်အလင်း (Inner Light) ဖြစ်၍ ယင်းအတွင်းစိတ်အလင်းထဲတွင် အတွင်းစိတ်အသိတရား (သို) ထူးခြားသော ကယ်တင်ခြင်းတရား ပါဝင်သည်။ အတွင်းစိတ်အလင်း၏ “လူသားတိုင်း ဉာဏ်အလင်းရကြသည်”ဟူသော ခံယူချက်က ကယ်ဗင်၏ ရှေးမဆွက ရွေးနှုတ်ခြင်း ယုံကြည်ခံယူချက်ကို ပစ်ပယ်ရာရောက်ကာ ထိုအလင်းနောက်ကို လိုက်သူများ ပြီးပြည့်စုံသော အခြေအနေသိုတိုင် ရောက်နိုင်သည်ဟု သွန်သင်သည်။ ထိုကြောင့် အ စိတ်အလင်းက အပြစ်ဖြေလွှတ်ပေးနိုင်၍ အပြစ်ကိုလည်း အနိုင်ယူနိုင်သဖြင့် ယင်း အတွင်းစိတ်အလင်းသည် ကိုယ်ကျင့်တရား အားကောင်းမှုသို့ တိုင်အောင် လမ်းညွှန်ပေးသည်။

သူတို့၏ ကိုယ်ကျင့်တရားကောင်းမှု ဘာသာရေးခံယူချက်မှ မွေးဖွားသော အောင် တစ်ခုမှာ ကွက်ကာများသည် ယုံကြည်အားထားလောက်သော ကုန်သည်များအဖြစ် ထင်ရှားလာခြင်းဖြစ်၍ “စီးပွားရေးလောကတွင် သင့်တင့်လျောက်ပတ်သောတန်ဖိုး” (Just price) ကို စတင်ကျင့်သုံးသူများနှင့် ဘဏ်လုပ်ငန်းတွင် အောင်မြင်သူများဖြစ်စေ သည်။ သူတို၏ ကလေးငယ်များကို ကျောင်းထားသကဲ့သို မရှိဆင်းရဲသားများကိုလည်း ကျောင်းထားပေးကြသည်။ သူတိုသည် ဖီလာဒဲဖီးယား (ဖီလာဒဲဖီးယားအနက်မှာ ညီ ရင်းအစ်ကိုသမျှ ချစ်ခင်ကြင်နာခြင်း) နှင့် ပင်ဆယ်ဗေးနီးယား (Pennsylvania) ရှိ မြီးကောင်ပေါက် ကျွန်ကုန်ကူး ခြင်းစနစ်ကို အပြင်းအထန် ဆန့်ကျင်သူများလည်းဖြစ်ကြ ၏။

ဖောက်စ်ကွယ်လွန်ချိန် ၁၆၉၁ ခုနှစ်တွင် ကွက်ကာဦးရေမှာ ၁ဝဝဝဝဝ ခန့်အထိ တိုးလာ၍ ဘာသာရေး ကွဲပြားမှုကို သည်းခံခွင့်ပြုသော ဥပဒေက ညှင်းပန်းနှိပ်စက်မှုများကို သက်သာစေကာ ယုံကြည်မှုကွဲပြားသူများ ကဲ့သိုသော အဖွဲများလည်း နောက်ရာစုမှစ၍ တဖြည်းဖြည်းနှင့် သက်သာရာရကြတော့သည်။

 

ပီးလ်ဂရင်းဖခင်ကြီးများ (၁၆၂၀) ကမ္ဘာသစ်

အင်္ဂလန်အသင်းတော်တွင် ပြုရီတန်များ ရှိနေသေးသော်လည်း ယုံကြည်ချက်ကွဲပြားသူ များသည် “ရိုမင်ကက်သလစ်၏ အယူသည်းခြင်း”မှ အပြီးအပိုင် နှုတ်ထွက်ရန် စိတ်ပိုင်း ဖြတ်ထားရုံမဟုတ်ဘဲ ဓမ္မသစ်၏ စံနှုန်းအတိုင်း အသင်းတော်ကို ဖွဲစည်းတည်ထောင်ရန် အထိတာစူနေကြ၏။ သူတိုသည် ရှင်ပေါလု၏ သြဝါဒစာများထဲမှ “ထိုသူတိုအထဲမှ ထွက်၍ … အသီးအခြားနေကြလော့”ဟူသော ကျမ်းပိုဒ်ကိုယူ၍ သီးခြားနေသူများ (Separatist) ဟု ထင်ရှားကြသည်။ ထိုလှုပ်ရှားမှုကို အစပိုင်းတွင် “ဘရောင်းဝါဒ”” (Brownism) ဟု လူသိ၍ တည်ထောင်သူမှာ ကင်းဘရိတ်ချ်ကျောင်းဆင်း ရောဘတ် ဘရောင်း (Robert Browne) ပင်ဖြစ်သည်။ ၁၇ ရာစုတွင် ကွန်ဂရီဂေးရှင်းနေလ် (သို) အင်ဒီပင့်ဒင့်အသင်း ဟူ၍ဖြစ်လာကာ ထိုအသင်းကို ထောက်ခံသူများထဲ၌ အိုလီဗာ ကရွမ်းသည် တစ်ဦးဖြစ်သောကြောင့် ၄င်းသည် သူတိုအတွက် ဝံ့ကြွားစရာ ပင်ဖြစ်တော့၏။

သီးခြားနေသူများအဖွဲကို အယ်လီဇဘက်၏ စိုးစံချိန်အစောပိုင်း၌ လန်ဒန်တွင် တွေ့ ရှိနိုင်၍ ၁၅၈၀ ခုနှစ်အတွင်း၌ ပြုံးရီတန်ဓမ္မဆရာ ဂျွန်ဂရင်းဝုဒ် (John Greenwood) ၏ ဦးဆောင်မှုဖြင့် အလားတူလှုပ် ရှားမှုတစ်ခု လန်ဒန်မြိုပေါ်တွင် ပေါ်ပေါက်ရာ ထိုအဖွဲ ဦးဆောင်သူက ဘုရင်မအား အသင်းတော်၏ အကြီးအကဲအဖြစ် အသိအမှတ်မပြုသောကြောင့် ကြိုးပေးသတ်ခြင်းခံရသည်။

ဟော်လန်သို့

၁၅၉၃ ခုနှစ်တွင် အသက် ၁၆ နှစ်ကျော်၍ ဝတ်တက်ရန် ငြင်းဆန်သူများ သိုတည်းမဟုတ် တရားမဝင် ဘာသာရေးပွဲတက်ရောက်သူများ (အင်္ဂလန်အသင်းတော်ပြင်ပ အသင်းတော် များကို ဆိုလိုသည်) ကို သုံးလအတွင်း၌ အင်္ဂလန်အသင်းတော်သို ပြန်လည်ဝင်ရောက် ရမည်ဟုဆို၏။ ပျက်ကွက်သူကို တိုင်းပြည်မှနှင်ထုတ်ရန်နှင့် အကယ်၍ အင်္ဂလန်သို ပြန်လာလျှင် ကြိုးပေးသတ်မည်ဟု လျှိဝှက်ဘာသာ ရေးလှုပ်ရှားမှု အက်ဥပဒေက ပြ ဌာန်းသည်။ ယင်းပြဋ္ဌာန်းချက်သည် သီးခြားနေသူများ အများအပြားကို ဘာသာရေးလွတ် လပ်ခွင့်ရှိသော ဟော်လန်သို ပြောင်းရွှေ့ရန်အကြောင်းဖြစ်လာစေသည်။ ထိုကာလက အကျဉ်းချခံရသော ခေါင်းဆောင်များထဲမှ တစ်ဦးမှာ လန်ဒန်မြို၏ “ရှေးဦးအသင်းတော်”မှ သင်းအုပ်ဆရာ ဖရန့်စစ်(စ်)ဂျွန်ဆန် (Francis Johnson) ဖြစ်သည်။ သူ၏ အသင်းသားများမှာ ဟော်လန် သိုပြောင်းရွှေ့၍ သူလွတ်မြောက်လာချိန် ၁၅၉၇ ခုနှစ် မှ ပြန်ဆုံခွင့်ရကြသည်။

သီးခြားနေသူ နာမည်ကျော်ခေါင်းဆောင်နောက်တစ်ဦးမှာ ဂျွန်ရော်ဘင်ဆန် (John Robinson 1572-1625) ဖြစ်၍ သူသည် ကင်းဘရိတ်ချ်ကျောင်းဆင်းတစ်ဦးဖြစ်ကာ နော်ဝှစ်ချ် (Norwich) ဒေသ၏ “ကထိက”” ဖြစ်၍ “တစ်မြိုလုံး၏ ချစ်ကြောက်ရိုသေ ခြင်းကို ထိုက်ထိုက်တန်တန် ရသူဖြစ်သည်။” သူသည် အင်္ဂလန်အသင်းတော်၏ သိက္ခာ တင်ပေးခြင်း ခံရသူဖြစ်သော်လည်း ပြုံးရီတန်တစ်ဦးဖြစ်လာ၍ ဂိန်းစ်ဘာရာ (Gainsborough- လင်ကွန်းရှိင်းယား) အရပ်ရှိ “စုပေါင်းအသင်းတော်”များနှင့် သွားရောက် ပူးပေါင်းသူဖြစ်သည်။

၁၆၀၆ ခုနှစ်တွင် စခရိုဘီ (Scrooby-နိုတင်ဟမ်ရှိင်းယား)၌ သင်းအုပ်အကူအတွက် ပြောင်းရွှေ့၏။ ထိုအရပ်တွင် နောင်အခါ *ဖီလ်ဂရင်းဖခင်ကြီးများ (Pilgrim Fathers)၊ ဖြစ်ကြမည့် ဘရူးစတား (Brewster) နှင့် ဘရက်ဖော့ဒ် (Bradford) ကဲ့သိုသော ခေါင်းဆောင်ကြီးများနှင့်တွေ့ဆုံခဲ့သည်။ အစိုးရက တည်ထောင်စ

*ဘုရားရှင်ကို လွတ်လပ်စွာ ကိုးကွယ်လိုသဖြင့် လွတ်လပ်စွာ ကိုးကွယ်ခွင့် မရသော အင်္ဂလန် နိုင်ငံမှ အမေရိကသို ထွက်ခွာလာသူများကို Pilgrim Fathers ဟု ခေါ်သည်။ သူတိုသည် ဘုရားဖူးများ မဟုတ်ကြပေ။ ယင်းသည်ကြောင့် ဘုရားဖူးဖခင်ကြီးများဟု မသုံးဘဲ ပီးလ်ဂရင်း (Pilgrim) ဖခင်ကြီးများဟုသာ အသံလှယ်၍ သုံးထားသည်။

သီးခြားအဖွဲများ ပစ်ရန် ဆုံးဖြတ်ချက်ချ၏။ ညှင်းပန်းနှိပ်စက်မှုဖြင့် ခြိမ်းခြောက်ခံရသည့် သောအသင်းတော် နှစ်ပါးက အင်္ဂလန်ကိုစွန့်ခွာ၍ ပျော်ရွှင်လွတ်လပ်စွာ ဝတ်ပြု ရသော ဟော်လန်သို ထွက်လာခဲ့ကြသည်။

ဂိန်း’စ်ဘာရာအဖွဲသည် ၁၆၀၇ ခုနှစ်တွင် ဦးဦးဖျားဖျား လွတ်မြောက်သွားကြသော် လည်း စခရိုဘီ ယုံကြည်သူများမှာ အစိုးရခွင့်ပြုချက်မရဘဲ နယ်ကျော်မှုဖြင့် ဘော်စတွန် Boston) နှင့် ဟားလ် (Hall) တွင် နှစ်ကြိမ်အဖမ်းခံထိသည်။ သူတိုသည်အဖွဲ နှစ်ဖွဲ၊ သုံးဖွဲ့ခွဲ၍ နောက်ဆုံးတွင် အမ်စတာဒမ် (Amsterdam) သိုရောက်လာသော်လည်း ထိုနေရာ တင် အခြေအနေမဟန်ခဲ့ကြချေ။ သီးခြားနေသူများ အသင်းတော်သည် ထိုနေရာရောက်မှ ကွဲပြဲလျက်ရှိကာ ရော်ဘင်ဆန်နှင့် ဘရူးစတားတိုသည် လေဒင် (Leyden) သို ထွက်လာ ခဲ့ကြ၏။ သူတိုအဖွဲသည် ၁၆၂၀ ခုနှစ်အထိ ထိုနေရာတွင် အတူယှဉ်တွဲနေထိုင်၍ လူပေါင်း ၃ဝဝ ခန့် တိုးပွားလျက်ရှိကာ ထိုအချိန်မှစ၍ ပီးလ်ဂရင်းဖခင်ကြီးများ၏ ခရီးစဉ်အစပြု သည်။

 

လေဒင်

အစပိုင်းတွင် ခိုလှုသူများသည် ဆင်းရဲမွဲတေလွန်းကြသော်လည်း လမ်းရိုးမလိုက်သူများ၏ သင်ပေးမှုကြောင့် ဖျင်ကြမ်းရက်လုပ်သူများ၊ စက်ချုပ်သမားများ၊ ပန်းရံသမားများအဖြစ် အချိန်တိုအတွင်း၌ အသက်မွေးဝမ်းကျောင်းပြုနိုင်သူများ ဖြစ်လာကြသည်။ သူတိုသည် ယေဘုယျအားဖြင့် စိတ်ဓာတ်ကြံ့ခိုင်သူများနှင့် အခြေခံဉာဏ်ပညာ ထက်မြက်သူများဖြစ် ကြကာ သူတို၏ ဇွဲလုံလ၊ ခြိုးခြံချွေတာခြင်းနှင့် လွတ်လပ်ခြင်းတိုက သူတိုကို အောင် မြင်မှုလမ်းစဆီသို တွန်းပိုပေးသည်။

ထိုနေရာတွင် အဆင်ပြေကြသော်လည်း ပီးလ်ဂရင်းများသည် ပြဿနာများစွာ ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ကာ နောက်ဆုံးတွင် ခိုလှုစရာနေရာသစ်ကို လိုက်ရှာ ရန် လိုအပ်လာသည်အထိ ရန်စခြင်းခံရသည်။ သူတို၏ ကလေးများတွင် ဒပ်ခ်ျ (Dutch) များ၏ အကျင့်ဆိုးများ ကူးစက်လာရန် ကြောက်ရွံကြရသည့်အပြင် ထိုနေရာတွင် ဆက်နေပါက နောက်မျိုးဆက်များက သူတို၏ တစ်မူထူးသော ကိုယ်ကျင့်တရားများကို ရရှိပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။ ထိုအပြင် ဒပ်ချ်စစ်တပ်တွင်လည်း အမှုထမ်းများ ဖြစ်လာနိုင်သည် မဟုတ်ပါလားဟု တွေးပူကြ၏။ ထိုကြောင့် ဟိုဘက်သည်ဘက် မျှမျှ တတဖြစ်အောင် စဉ်းစားကြရာတွင် နောက်ဆုံး၌ “ခရစ်တော်၏ ကောင်းကင်နိုင်ငံ အကြောင်းကို ဝေးလံသော အရပ်သို သယ်ပိုးရန်ဟူသော မျှော်လင့်ချက်က အနိုင်ရသွား တော့၏။””

စွန့်ခွာရန် စိတ်ပိုင်းဖြတ်ထားကြသော်လည်း ၁၆၀၇ ခုနှစ်က တွေ့ရှိထားသော ဂျိမ်းစ် တောင်း (Jamestown) လက်အောက်ခံနယ်မြေ ဂူယာနာ (Guiana) သိုတည်းမဟုတ် ဗာဂျီးနီးယား မည်သည်ကို ရွေးရမည်နည်းဟု မဝေခွဲနိုင်ဖြစ်ကြသေးသည်။ နောက်ဆုံးတွင် ဗာဂျီးနီးယားကို ရွေးချယ်ကာ လိုအပ်သည်များကိုစီစဉ်ရန် အင်္ဂလန်သို သံတမန်နှစ်ဦး စေလွှတ်သည်။ စေလွှတ်ခံသူနှစ်ဦးမှာ ရော်ဘင်ဆန်နှင့် ဘရူးစတားတိုပင်ဖြစ်၍ လန်ဒန်တွင် သူတိုကို အကူအညီပေးနိုင်မည့်သူမှာ အရှင်အက်ဒွင်ဆန်းဒီစ် (Edwin Sandys) ဖြစ်၏။ သီးခြားနေသူများသည် ကုန်သွယ်မှု (သို) ငွေရေးကြေးရေးနှင့်ပတ်သက်လျှင် အတွေ့အကြုံ မရှိကြရကား ညှိနှိင်းမရဘဲ ဖြစ်နေ၏။ သိုသော် ဝိသမလောဘကုန်သည် ကြီးများနှင့် ဗာဂျီးနီးယားကုမ္ပဏီက ဗြိတိသျှကိုလိုနီဖြစ်သော ဗာဂျီးနီးယားနယ်ရှိ အမေရိက သို ငွေကြေးအချိုယူကာ ပေးဝင်၏။

အံ့သြစရာကောင်းသည်မှာ သီးခြားနေသူအများစုသည် အားလုံးအဆင်သင့်ဖြစ်ခါမှ စာချုပ်ပါ မသေချာသော သတ်မှတ်ချက်များနှင့် ရှေ့တွင် ဖြတ်သန်းရမည့် ကြောက်ရွံ ဖွယ်ရာ စွန့်စားခန်းခရီးစဉ်ကြောင့် ယင်းအစီအစဉ်ကို ရုတ်တရက် ဖျက်သိမ်းလိုက်သည်။ ထိုကြောင့် ဖျက်သိမ်းလိုက်သော လစ်လပ်နေရာများ အတွက် ကိုယ်စားလှယ်များက လန်ဒန်ရှိ ဆက်လက်ထွက်ခွာချင်သူများအတွက်ဟု ဆိုကာ သူတို၏ ဘာသာရေးယုံကြည် ခံယူချက်ကိုပင် အလေးမထားတော့ဘဲ လက်မှတ်ထိုးလိုက်သောကြောင့် နောက်ဆုံးတွင် အင်္ဂလီကန်နှင့် ပြုံးရီတန်ယုံကြည်သူများ ရောနှောပါဝင်လာကြခြင်းဖြစ်သည်။

ထွက်ခွာရန် အချိန်စေ့လျှင် အသင်းတော်ကို ကြည့်ရှုရန် ကျန်ရစ်သူသင်းအုပ်ဆရာ ရော်ဘင်ဆန်က “လူထုကြီး၏ စိတ်သိမ်ငယ်ခြင်းနေ့”ကို ဦးဆောင်ကျင်းပ၏။ သူက ဇေရမှတ်စာ ၈၂၁ ဖြင့် ခွန်အားပေးကာ သူတိုသည် ဂုဏ်တော်ချီးမွမ်းခြင်းနှင့် ဘုရားရှင် ၏ ကျေးဇူးတော်ကို ထုတ်ဖော်မြွက်ကြားခြင်းများပြု၍ သင်းအုပ်ဆရာက သူတိုကို ကောင်းချီးပေး၏။ “သူတိုသည် တစ်ယောက်နှင့်တစ်ယောက် ပါးပြင်များကို အနမ်းမိုး များ ရွာချခြင်း၊ မျက်ရည်များဖြင့် ပွေ့ဖက်နှုတ်ဆက်ခြင်းများပြုကာ ခွဲခွာကြရသည်။” ထိုနေ့မှာ ၁၆၂ဝ ခုနှစ်၊ ဇူလိုင်လထဲတွင် ဖြစ်၏။ ဟော်လန်မှ စပိဒ်ဝဲလ် (Speedwell) နှင့် လန်ဒန်မှ မေဖလားဝါး (Mayflower) သင်္ဘောနှစ်စင်းကို စင်းလုံးငှားခဲ့ကြသည်။ စပိဒ်ဝဲလ်နှင့် မေဖလားဝါးသည် ဆောက်ဟမ်တန် (Southampton) တွင် ဆုံ၍ ခရီးသည် ပေါင်း ၁၄၀ ဖြင့် စတင်ခရီးထွက်သည်။

 

ခရီးစဉ်

သူတိုသည် ဆောက်သ်ဟမ်တန်မှ သြဂုတ်အလယ်လောက်တွင် စတင်၍ ထွက်ခွာကာ သိပ်မကြာ ခင်မှာပင် အရှိန်နှင့်ပြေးသော စပိဒ်ဝဲလ်သင်္ဘောသည် စိမ့်ပေါက်ပေါက်၍ လက်သီ (Dartmouth) တွင် ပြုပြင်ရန် နားရတော့သည်။ ရက်များမကြာမီ စပိဒ်ဝဲလ်သ‌ေဘာ တစ်ခါ ပြန်၍ ရေဝင်လာပြန်သောကြောင့် ပလီမက်သ် (Plymouth) သို လာခဲ့သည်။ ထိုအချိန်မှစ၍ ထိုသင်္ဘောကို ပစ်ထားခဲ့ကာ ခရီးသည် ၁၀၂ ယောက် က မေဖလားဝါးသင်္ဘောပေါ်သို ကျပ်ညှပ်နေအောင် ကူးစီးလာကြ၏။ ပလီမက်သ် နယ်ခံများ၏ ဧည့်ဝတ်ကျေပွန်မှုကြောင့် အလွန်ပျော်ခဲ့ကြသော်လည်း မေဖလားဝါးသင်္ဘော သည် စက်တင်ဘာတွင် ထိုနေရာမှ ပြန်လည်ထွက်ခွာသည်။

ခရီးစဉ်မှာ ကြမ်းတမ်း၍ သက်တောင့်သက်သာမရှိခြင်းကြောင့် လမ်းခရီး၌ ခရီးသည် တစ်ဦးနှင့် သင်္ဘောလုပ်သား ၄ ဦး ကွယ်လွန်၏။ အမေရိကသိုရောက်ရန် အချိန်နှစ်လ ကြာ၍ သင်္ဘောလုပ်သားများ၏ မှားယွင်းမှုကြောင့် Cape Cod တွင် ကျောက်ဆူးချမိကြ သည်။ သင်္ဘောလုပ်သားများက ဗာဂျီးနီးယားသို ရောက်ရန် တောင်ပိုင်းသို မိုင် ၂၀၀ ခန့် လိုသေးသောကြောင့် ဖီလ်ဂရင်းများကို ကမ်းပေါ်သို မောင်းထုတ်ကြ၏။ သူတိုသည် “အလွန်ကျယ်ပြော၍ မာယာများသော ပင်လယ်ပြင်ကြီးကို ဖြတ်သန်းနိုင်ခွင့် ပေးသော ဘုရားရှင်၏ ကျေးဇူးတော်ကို ဒူးထောက်ချီးမွမ်းကြကုန်၏။” ယနေ့တွင် ထိုကျောက်ဆူး ချရာနေရာကို Provincetown Harbour ဟု ခေါ်သည်။

ဗာဂျီးနီးယားသိုတိုင်အောင် သင်္ဘောဆက်မသွားရခြင်းမှာ ဗာဂျီးနီးယားကုမ္ပဏီက ထိုနေရာ၌ ရပ်နားခွင့်ဆိုင်ရာ သြဇာအာဏာမရှိသောကြောင့် ဖြစ်သည်။ သူတိုသည် ထို အရပ်တွင် တစ်ယောက်တစ်ပေါက် မဖြစ်ရအောင် မရှိမဖြစ် လိုအပ်သော ဖွဲစည်းပုံရေး ဆွဲကာ ဥပဒေဖြင့် အကာအကွယ်ပြု၏။ သင်္ဘောပေါ် တွင်ပါလာသော အသက်ကြီးပိုင်း ခရီးသည် အမျိုးသားများအားလုံးက ညီညွတ်စွာ လက်မှတ်ရေးထိုးသော ထိုဥပဒေကို မေဖလားဝါး သဘောတူညီချက် (Mayflower Compact) ဟုခေါ်သည်။

ယင်းစာချုပ်သည် လက်အောက်ခံနယ်ပယ်သစ်နှင့် လက်အောက်ခံနိုင်ငံသားများက ဂျိမ်းစ်ဘုရင်နှင့် ရာဇပလ္လင်ကို သစ္စာစောင့်သိကြောင်း အမှတ်အသားဖြစ်ကာ ဒီမိုကရေစီ စနစ်ကို အခြေခံသော ဖွဲစည်းအုပ်ချုပ်ပုံ ရေးဆွဲရန်အတွက်လည်း အခြေခံမူကြီးဖြစ်လာ သည်။ ထိုစာချုပ်သည် ကိုလိုနီထူထောင်ရန်အတွက်နှင့် လိုအပ်သော ဥပဒေများ ပြဋ္ဌာန်း ရေးဆွဲရန်အပြင် “ခရစ်ယာန်ယုံကြည်ချက် တိုးတက်မြှင့်တင်ရေးနှင့် ကျွန်ုပ်တို၏ ဘုရင် နှင့် အင်္ဂလန်နိုင်ငံတော်ကို ဂုဏ်ရောင်ပြောင်စေသည်”ဟု ဖော်ပြထားသည်။

နိုဝင်ဘာလအလယ်သို ရောက်လျှင် ဆောင်းတွင်းက လျင်မြန်စွာ ချဉ်းကပ်လာ သည့် အစားအ သောက်များ မဖြစ်စလောက်သာ ကျန်တော့သည့်အပြင် ပတ်ဝန်းကျင်မှာ လည်းအုံဆိုင်းညိုမှိင်း၍ နေ၏။ သို့သော် သူတို့၏ ယုံကြည်ချက်နှင့် ဇွဲသတ္တိတိုဖြင့်  အခက်အခဲမှန်သမျှကို ကျော်လွှားဖြတ်သန်းရမည်ဟု အားတင်းထားကြသည်။ သူတိုသည် အသင်းတော်လူကြီး ဂျွန်ကာဗာ (John Carver) ကို ယာယီအစိုးရအတွက် ဘုရင်ခံအဖြစ် ရွေးချယ်တင်မြှောက်ကာ မိမိတိုအခြေချမည့် ဇာတိမြေကို လေ့လာကြည့်ရှုကြသည်။ ပင်လယ်အော်တစ်လျှောက်ကို မကြာခဏ လေ့လာရင်း နှစ်ပတ်မျှကြာပြီးနောက် သူတို နောက်ဆုံးဆိုက်ကပ် သည့်ကမ်းခြေကို ပလီမက်သ် (Plymouth) ဟုခေါ်ဝေါ်သမုတ် ကြကာ ထိုနေရာ၌ သစ်လုံးအိမ်များတည် ဆောက်ကြ၍ မြေကြီးပေါ်သို ဆင်းသက်ခြင်း အမှတ်တရအဖြစ် (ဒီဇင်ဘာ၊ ၂၁ ရက်) “ဘိုးဘေးများနေ့” (Forefathers’ Day) ကို ကျင်းပကြသည်။

 

ကျေးဇူးတော်နေ့

မေဖလားဝါး သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးသူများသည် နွေဦးရောက် သော် ၁၉ ဦးသာကျန်ရှိ၍ အိမ်ထောင်သည် ၁၈ ယောက်ထဲမှ ၁၄ ယောက် တိမ်းပါးသွား ကြကာ ကျန်လူများက ဆောင်းတွင်းကုန်သွားသောအခါတွင် ဆိပ်ကမ်းခွန်ကို စတင်ကောက် ခံကြသည်။ သူတိုသည် ပတ်ဝန်းကျင်ကို သေချာလေ့လာ၍ စိုက်ပျိုးမွေးမြူရေးပညာရပ် များကို လေ့လာကာ ရလာသော ငွေကြေးဖြင့် ဆိပ်ကမ်းခွန်အကြွေးများ ပေးဆပ်ကြ၏။ ၁၆၂၁ ခုနှစ်၊ ပထမဆုံး ကောက်ရိတ်သိမ်းချိန်၌ ကျေးဇူးတော်ချီးမွမ်းပွဲ အခမ်းအနား ကျင်းပကာ ကြက်ဆင်ရိုင်းသားအပါအဝင် သားငါးစုံလင်သော စားသောက်ဖွယ်ရာများ ဖြင့် ဘုရားရှင်ထံ ကျေးဇူးတင်စကားဆိုကြ၏။

ထိုကျေးဇူးတော်ချီးမွမ်းပွဲကို အစဉ်အလာတစ်ရပ်အနေဖြင့် နိုဝင်ဘာလ၏ ၄ ပတ် မြောက် ကြာသပတေးနေ့တွင် ပုံမှန်ကျင်းပကာ “ကျေးဇူးတော်နေ့” (Thanksgiving Day) ဟုခေါ်သည်။ ကာဗာကွယ် လွန်သောအခါ ဝီလျံဘရက်ဖော့ဒ် (William Bradford) ကို ဘုရင်ခံအဖြစ် ရွေးချယ်ကာ တစ်နှစ်လျှင် တစ်ကြိမ်ကျ ပုံမှန်ရွေးကောက်ခြင်း ပြုကြရသော်လည်း သူကွယ်လွန်ချိန် ၁၆၅၇ ခုနှစ်အထိ သူပင် ဘုရင်ခံဖြစ်သည်။ သူသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်၍ အထူးသဖြင့် ပီးလ်ဂရင်းသမိုင်းပညာရှင်အဖြစ် သတိရ ကြသည်မှာ မလွဲပေ။

မက်ဆာချူးဆက်ဘေးကုမ္ပဏီက ၁၆၂၉ ခုနှစ်တွင် နယူးအင်္ဂလန်သို ပြောင်းရွှေ့ချင် သူ ပြုံးရီတန်အယောက် ၄၀၀ ကို အကူညီများစွာ ပေးခဲ့ကြသည်။ နှစ် ၂၀ အတွင်း၌ အတ္တလန္တိတ်ကို ဖြတ်ကျော်၍ လာရောက်အခြေချသူ ထောင်ပေါင်းများစွာ ရှိသည်။ သူတိုအထဲမှ တစ်ယောက်မှာ လန်ဒန်ဖွား ဂျွန်ဟားဗတ် (John Harvard) ဖြစ်၍ ၁၆၃၈ ၊ ခုနှစ်တွင် သူ့နာမည်ကို ယူ၍ “ကျောင်း (သို) ကောလိပ်”ဖွင့်ကာ “အင်္ဂလိပ်များနှင့်  လူနီရိုင်းလူငယ်များကို အသိပညာနှင့် ဘာသာရေးကိုင်းရှိင်းသူများ”ဖြစ်အောင် သွန် သင်ပေးသည်။

ပီးလ်ဂရင်းဖခင်ကြီးများက အမေရိကတွင် နယူးအင်္ဂလန်ကို တည်ထောင်၍လွတ် လပ်စွာ ဝတ်ပြုကိုးကွယ်နိုင်ရန် နေရာကိုသာ လာရောက်ရှာဖွေကြခြင်းဖြစ်သည်။ သို့သော် အမှန်တကယ် သူတိုလုပ်ခဲ့ သည်မှာ ဤမျှသာမဟုတ်ခဲ့။ သူတိုသည် အမေရိကန် နိုင်ငံအတွက် လိုအပ်သော ရင်းမြစ်များဖြစ်သည့် ဒီမိုကရေစီ၏ စံနှုန်းစံထား၊ ဘာသာရေး လွတ်လပ်ခွင့်၊ ငြိမ်းချမ်းရေးနှင့် အမေရိကန်လူမျိုးများအတွက် အဖိုးတန်အမွေအနှစ်မှန် သမျှကို အုတ်မြစ်ချပေးခဲ့သူများဖြစ်ကြသည်။ အကယ်၍များ ကမ္ဘာသစ် (New World အမေရိကတိုက်ကိုဆိုလိုသည်) သည် ဘုရားရှင်ထံ၌ ကျေးဇူးတင်စကားဆိုမည်ဆိုလျှင် အမေရိကန်သမိုင်းကို အရုဏ်ကျင်းပေးခဲ့သူများကိုလည်း မမေ့အပ်ပေ။

 

ဂျွန်ဟီးလီးယော့ (၁၆၀၄-၁၆၉၀) လူနီရိုင်းများထံ သာသနာပြုသူ

ပီးလ်ဂရင်းဖခင်ကြီးများသည် မြောက်အမေရိကမြေပေါ်သို ကနဦးခြေချသော ခရစ်ယာန် များ မဟုတ်ကြဘဲ သူတိုမရောက်မီ သာသနာပြုအဖွဲများ ရောက်နှင့်ပြီးခဲ့ပြီဖြစ်သည်။ မလိုအပ်ဘဲ သာသနာပြု သူများနှင့် ကပ်ပါလာသောအရာမှာ အမြတ်အစွန်းသာကြည့်တတ်သော ကုန်သွယ်သူများဖြစ်၍ ကမ္ဘာသစ်သို ရောက်လာသော ဥရောပသားများ၏ သွေး စုပ်ခြယ်လှယ်မှုကြောင့် ဒေသခံတိုင်းရင်းသားများ၏ လူဦးရေနှင့် သူတို၏ ကယ်တင်ခြင်း သတင်းကောင်းမှာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။

အမေရိကကို ရှာဖွေတွေ့ရှိချိန်နှင့် အသင်းတော်ပြုပြင်ပြောင်းလဲရေး စတင်ချိန်မှာ အတူတူပင်ဖြစ် သည်။ ဘာသာရေးပြန်လည်ဆန်းသစ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ ကျယ်ပြန့်လာခြင်းတည်းဟူသော ဖြစ်စဉ်နှစ်ရပ်ကလည်း ကမ္ဘာသစ်ကို ဖွင့်လှစ် ပေးရန်နှင့် နောက်ဆုံးတွင် အမေရိကန်ပြည်ထောင်စု (Unite State) ဟူ၍ ဖြစ်လာရန် အထောက်အကူဖြစ်စေသည်။ ။

ငွေရှင်ကြေးရှင် စပိန်ဘုရင်၏ အထောက်အပံ့ဖြင့် ခရစ္စတိုဖာကိုလမ်ဘတ်စ် (Christopher Columbus) သည် အိန္ဒိယသို သွားရာလမ်းကြောင်းရှာရန် ၁၄၉၂ ခုနှစ်၌ အနောက်စူးစူးသို ရွက်လွှင့်သည်။ သူသည် အိန္ဒိယကို မတွေ့ဘဲ အမေရိကနှင့် ထပ်မံ၍ စူးစမ်းရှာဖွေရန် လမ်းစများသာ တွေ့ခဲ့၏။ စပိန်သည် ကက်သလစ်တိုင်း ပြည်ဖြစ်သည့် အားလျော်စွာ သူတို၏ ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ ဒေသခံတိုင်းရင်းသားများကို “သူတို၏ သန့်ရှင်းမွန်မြတ်သော ဘာသာရေးကို လက်ခံ၍ နိမ့်ကျလွန်းသော သူတို၏ ကိုယ်ကျင့်တရားများကို မြှင့်တင်ပေးရန် တာဝန်ယူဆောင်ရွက်လိုကြခြင်းဖြစ်သည်။”

အင်္ဂလန်က ဗာဂျီးနီးယားတွင် မဖွင့်လှစ်မီကတည်းက ကက်သလစ်များသည် ဖ ရီဒါ (Florida) နှင့် နယူးမက္ကဆီကို (New Mexico) တွင် ကက်သလစ်တက္ကသိုလ် ဓမ္မဗေဒဆိုင်ရာ ကျမ်းစာကျောင်းနှစ်ကျောင်း ဖွင့်လှစ်ပြီး၍ ဒေသိယဘာသာစကား ဖြင့် ကျမ်းစာကို ဘာသာပြန်ရန်ပင် အစပြုနေကြပြီဖြစ်သည်။ ပြင်သစ်ကလည်း ရာစုတွင် မြောက်အမေရိကတိုက်ကို ဝင်ရောက်ကျူးကျော်လာသည်။ စူးစမ်းရှာ ကာသီယာ (Cartier) နှင့် ချမ်းပလိန်း (Champlain) တိုသည် စိန့်လောရင့်စ် (S lawrence) သို ရွက်လွှင့်၍ တောင်ဘက် မစ္စစ္စပီမြစ် (Mississippi) တို မစုန်ဆင်း ကနေဒါ (Canada) ၌ ဝါဒဖြန့်စာစောင်များကို ဖွေးဖွေးလှုပ်အောင် ဖြန့်ခဲ့ကြသည်။ ။ တိုသည် ကက်သလစ်ဘာသာ ပို၍ ကျယ်ပြန့်ရန် လမ်းခင်းပေးခဲ့ကြသောကြောင့် ရှိမင် ကက်သလစ်အသင်းတော်က အောင်ပွဲအလီလီ ပန်ဆင်နိုင်ခဲ့သည်။

 

ပရိုတက်စတင့် ခရစ်ယာန်ဘာသာ

အခါနှောင်းသော်လည်း ပရိုတက်စတင့်ခရစ်ယာန်ဘာသာသည် အင်္ဂလိပ်၏ ကိုလိုနီရပ်ဝန်း ဖြစ်သော အရှေ့မြောက်ဘက် ပင်လယ်ကမ်းခြေပိုင်း၌ အမေရိကကို တွေ့ရှိရန် အကြောင်း ဖန်လာ၏။ သူတို၏ ပထမဆုံးကိုလိုနီမှာ ဗာဂျီးနီးယားဖြစ်၍ ဘုရင်မ အယ်လီဇဘက်ကို ဂုဏ်ပြုသောအားဖြင့် ထိုနာမည်ဖြင့် မှည့်ခေါ်ထားခြင်းဖြစ်သည်။ ဗာဂျီးနီးယား၏ အမိန့် ပြန်တမ်းမှာ အင်္ဂလီကန်အသင်းတော် တည်ထောင်ရန် ဖြစ်သော်လည်း ပြုံးရီတန်အသွင် ပိုဆောင်သည်။

ဗာဂျီးနီးယားအမိန့်ပြန်တမ်းအရ တစ်ရက်လျှင် နှစ်ကြိမ်ကျ ဝတ်ပြုရန် ဝတ်ကျောင်း တက်ခြင်းမှာ မဖြစ်မနေ လုပ်ရမည့်အလုပ်ဖြစ်၍ ဘုရားတရားကို ပြစ်မှားပြောဆိုခြင်း၊ ကြာခိုခြင်းနှင့် ဥပုသ်နေ့ ချိုးဖောက်ခြင်းတိုကို ကြီးလေးသောပြစ်ဒဏ်အဖြစ် သတ် မှတ်သည်။ ယင်းအမိန့်ပြန်တမ်းထဲတွင် ပထမမြောက် ဂျိမ်းစ်ဘုရင်သည် ခရစ်ယာန်ဘာသာ ပြန့်ပွားရန် ရည်ရွယ်ချက်ဖြင့် စာပိုဒ်တစ်ကြောင်း ထပ်မံဖြည့်စွက်သော် လည်း လိုက်နာ ခြင်းမရှိခဲ့ကြ။ ဗာဂျီးနီးယားကို လက်အောက်ခံနယ်မြေအဖြစ် သိမ်းပိုက်ခါစက အလက်ဇန္ဒာ တွံတေကာ (Alexander Whitaker) သည် လူနီရိုင်းများထံ၌ ပီးလ်ဂရင်းဖခင်ကြီး များနှင့် ကယ်တင်ခြင်းသတင်း ကောင်းဝေငှရန် ကြိုးစားခဲ့သော်လည်း လူနီရိုင်းစစ်ပွဲများ ကြောင့် အထမမြောက်ခဲ့ပေ။

ပထမမြောက်ချားလ်စ်ဘုရင်က မက်ဆာချူးဆက်ဘေးကုမ္ပဏီကို ၁၆၂၉ ခုနှစ် တွင် အမိန့်ပြန်တမ်းထုတ် ပေးစဉ်က ကိုလိုနီနယ်မြေသို သွားရောက်အခြေချမည့်သူများ သည် “ဒေသခံတိုင်းရင်းသားများကို အသိပညာနှင့် မှန်ကန်သော ဘုရားကိုသာ ချစ် ေကြာက်ရိုသေရန်၊ လူသားမျိုးနွယ်၏ ကယ်တင်ရှင်ဖြစ်ကြောင်းနှင့် ခရစ်ယာန်ယုံကြည် သာ အနိုင်ယူခြင်းနှင့် တိုက်တွန်းလှုဆော်ရန်များ ပါရှိကာ ဘာသာတရားကိုင်း သာ ပုံသက်သေကောင်းများဖြစ်ကြရန် သဘောတူထားချက်များ ပါရှိသည်။

 

စိတ်အားထက်သန်စွာ သာသနာပြုခြင်း

အထက်ပါသာသနာပြုများသည် “ဒေသခံတိုင်းရင်းသားများအပေါ်တွင် အောင်မြင်မှု ရှိရကား ဘော်စတွန်အနီး ရောစ်ဘာရီ (Roxbury) တွင် နယူးအင်္ဂလန်၏ သာသနာပြု သတစ်ဦးက သူကိုယ်တိုင် ထိုလုပ်ငန်းကို အစပြုရန် ဆုံးဖြတ်၏။ ရောစ်ဘာရီသင်းအုပ် ဆရာ ဂျွန်ဟီးလီးယော့ (John Eliot) သည် ၁၆၄၆ ခုနှစ်မှ သူကွယ်လွန်ချိန် ၁၆၉၀ နှစ်အထိ ယင်းလူနီရိုင်းများ (Red Indians) ထံ၌ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ အလုပ် လုပ်ကာ ဒေသခံတိုင်းရင်းသားများကို စိတ်အားထက်သန်စွာ သာသနာပြုသော ပထမဆုံး ပရိုတက်စတင့် ခရစ်ယာန်ဖြစ်သည်။

အဲလီးယော့သည် အင်္ဂလန်နိုင်ငံ ဟော့ဖိုဒ်ရှိင်းယား (Hertfordshire) မှဖြစ်၍ အော်လီ ကန်စည်းရုံး ရေးသမား တောသူဌေးတစ်ဦး၏ သားဖြစ်သည်။ သူသည် ကင်းဘရိတ်မြို ယေရှုကောလိပ်မှ ၁၆၂၂ ခုနှစ်တွင် ကျောင်းပြီးသောအခါ ချမ်းစ်ဖိုဒ် (Chelmsford) အ Little Baddow ရှိ သဒ္ဒါသင်ကျောင်း၌ လက်ထောက်ဆရာ ဖြစ်လာကာ ကျောင်း ပိုင်ရှင် သိက္ခာတော်ရ ဆရာသောမတ်စ်ဟူကာ (Thomas Hooker) ၏ မိတ်ဆက်ပေးမှု ဖြင့် လမ်းရိုးမလိုက်သူများ၏ ခံယူချက်များဖြင့် ရင်းနှီးလာခဲ့သည်။

အင်္ဂလန်အသင်းတော်၏ ဓမ္မဆရာအဖြစ် သိက္ခာတင်ပေးခြင်း ခံရပြီးနောက် သူသည် အင်္ဂလန်ကို စွန့်ခွာ၍ ကမ္ဘာသစ်သို စွန့်စားထွက်ခွာရန် စိတ်ပိုင်းဖြတ်၏။ ၁၆၃၁ ခုနှစ်တွင် စတင်၍ ရွက်လွင့်ထွက်ခွာကာ ရောစ်ဘာရီအရောက်တွင် “ကျောင်းဆရာအဖြစ် ခန့်အပ်ခြင်းခံရ၍ ထိုနေရာတွင် သေတစ်ပန်သက်ဆုံး နေထိုင်သွား၏။

နှစ်များမကြာမီ အဲလီးယော့သည် လူနီရိုင်းများထံ၌ လက်တွေ့ကွင်းဆင်းရန် စတင် သည်။ သူသည် အင်္ဂလိပ်အိမ်တွင် အခြေခံလူနီရိုင်းကောင်လေး၏ အကူအညီဖြင့် လူနီရိုင်း ဘာသာစကားများ လေ့လာသင် ယူသည်။ သင်ယူချိန် ၂ နှစ်တာပြီးဆုံးသွားလျှင် လူနီရိုင်း များထံ၌ တရားဒေသနာတိုက်ကျွေးရန်အထိပင် သူ့ကိုယ်သူ ယုံကြည်စိတ်ချသည်။

၁၆၄၆ ခုနှစ်တွင် အနောက်ဘော်စတွန်မှ မိုင်အနည်းငယ်လှမ်းသော ပီကွပ် (Pequot) များထံတွင် ပထမဆုံး တရားဒေသနာတိုက်ကျွေးခွင့်ရသည်။ ထိုတရားဒေသနာကို လူနီရိုင်းများက စိတ်ဝင်စား ကြသောကြောင့် သူတိုထံ၌ မကြာခဏ သွားရောက်လည် ပတ်ကာ တရားဒေသနာတိုက်ကျွေးခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့၏။ သူ၏ သွန်သင်ချက်ကို နာယူနိုင်စွမ်းရှိကြသော လူနီရိုင်းများမှာ ယုံကြည်သူများဖြစ်လာ၍ များကြာမီတွင် “ဆုတောင်းသော လူနီရိုင်းများ””ဟုပင် အသံများထွက်လာသည်။ သာသ နာပြုလုပ်ငန်း အောင်မြင်သည်ဟု ကြားသိရချိန်တွင် သူ့ကျောင်းများနှင့် ဒေသခံလူနီရိုင်း များအတွက် ကူညီဖော်ရသော ပရိုတက်စတင့်အမှုဆောင်များနှင့် စေတနာရှင်များထံမှ ထောက်ပံ့ငွေများ စတင်ရောက်လာသည်။

 

ဒေးဗစ်ဘရိန်းနာ့ဒ် (၁၇၁၈-၁၇၄၇)

အဲလီးယော့က လူနီရိုင်းများအကြား၌ သာသနာပြုသကဲ့သို နှစ်ပေါင်းအတန်ကြာတွင် သူ ခြေရာနင်း၍ လူနီရိုင်းများထံ သာသနာပြုသူတစ်ဦးမှာ ဒေးဗစ်ဘရိန်းနာ့ဒ် (David Brain. erd) ဖြစ်သည်။ သူသည် Connecticut Hartford oz& Giess&sp:0 68:50:9 အသက် ၂၁ နှစ်တွင် လမ်းလျှောက်နေစဉ် ဘုရားရှင်၏ အလင်းနှင့်ချစ်ခြင်းမေတ္တာက တိုထိသည်ဟု ခံစားမိရာမှ ပြောင်းလဲသူဖြစ်သည်။ ပြောင်းလဲပြီး ၃ နှစ်ကြာ၍ တရား ဟောခွင့်လိုင်စင်ရလျှင် စကော့တလန်ရှိ SPCK အဖွဲ ၏ စေခိုင်းချက်အရ လူနီရိုင်း များထံသိုသွား၍ သာသနာပြုသည်။ အလုပ်လုပ်စဉ် သူသည် အခက်အခဲမြောက်များစွာ နှင့် ဒုက္ခမျိုးစုံကို ခါးစည်းခံခဲ့ရသည်။ သူသည် ခရော့စ်ဝခ်ဆုန် (Crossweeksung) နှင့် နယူးဂျာစီရှိ လူနီရိုင်းများကြားတွင် သာသနာပြုသူဖြစ်၍ မည်မျှပင် အတိဒုက္ခရောက် ခဲ့သော်လည်း လူနီရိုင်းအယောက် ၇၈ ဦးကို ဗတ္တိဇံပေးခဲ့သောကြောင့် ကျေနပ်ပီတိဖြစ် ခဲ့ရသည်။ သိုသော် ကျန်းမာရေးချူချာသောကြောင့် မကြာမီ တီဘီရောဂါဖြင့် ကွယ် လွန်၏။ သူ့ကို ထင်ရှားသော သာသနာပြုသူများထဲတွင် တစ်ဦးအဖြစ် အသိအမှတ် ပြု ကြကာ သူ၏နေ့စဉ်မှတ်တမ်းအရ သူသည် လူနီရိုင်းများအတွက် အသက်စွန့်၍ အလုပ် လုပ်ချင်သူ အများအပြားပေါ်ထွက်ရန် “ဆုတောင်းနေသူ”ဖြစ်ကြောင်း တွေ့ရသည်။

သူ့လုပ်ငန်းနှင့်ပတ်သက်၍ သူပိုသမျှသတင်းမှာ အင်္ဂလန်တွင် အီးလီးယော့ ဝေစာ များ (Eliot Tracts) ဟု လူသိသည်။ ယင်းဝေစာများက နီရိုင်းများအပေါ် စိတ်ဝင်စားမှု ကိုတက်ကြွစေပြီး ၁၆၄၉ ခုနှစ်တွင် လန်ဒန်၌ “လူနီရိုင်းများအကြား၌ ခရစ်ယာန် ဘာသာ အောင်မြင်စွာ မီးရှူးသန့်စင်ဖွားမြင်ခြင်း”ဟူသော အဓိပ္ပာယ်ဆောင် သည့် အသင်းတစ်ခုပင် တည်ထောင်ဖြစ်ကြကာ အသင်းနာမည်ကို “နယူးအင်္ဂလန်ရှိ လူနီရိုင်း ၊ များထံ၌ ကယ်တင်ခြင်းသတင်းကောင်း ရောက်ရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ၊ ဖြင့် ဝိုင်းဝန်းမြှင့်တင် ရေး”ဟုပေးသည်။

မည်သိုဆိုစေ လူနီရိုင်းများထံ သာသနာပြုခြင်းသည် လွယ်ကူသောအလုပ်ကား ၊ မဟုတ်ခဲ့ပေ။ ဘာသာစကားခက်ခဲသည့်အပြင် မျိုးနွယ်စုတိုင်းတွင် ကွဲပြားသော ဒေသိယ စကားအသီးသီးရှိကြသေးသည်။ အဲလီးယော့သာသနာပြုချိန်အထိ သူတိုတွင် စနစ်ကျ ဘာသာစာပေလည်း မရှိချေ။ ထိုအပြင် လူနီရိုင်းတိုသည် စားကျက်ကို လှည့်လည် ဖေသော လူမျိုးစုဖြစ်သောကြောင့် ကောင်းမွန်သော ပညာရေးပေးရန် အစီအစဉ်မှာ မဖြစ်နိုင်ခဲ့ပေ။

 အဲလီးယော့၏ အာသီသမှာ ““ဝိညာဉ်များကို ဆယ်တင်ရေး” တစ်မျိုးတည်းသာ က်ဘဲ သူ့တရားဒေသ နာများ၌ လူနီရိုင်းများ၏ လူနေမှုစနစ် တိုးတက်ရန်လည်း အားလျော်စွာ ထည့်ဟောတတ်သောကြောင့် သူတို၏ လူနေမှုအဆင့်အတန်းမြင့်တက် လာသည်ကို တွေ့ရ၏။ သူသည် လူနီရိုင်းများအတွက် မြိုနယ်အသီးသီး (ဆုတောင်းရာ (၅) တည်ပေး၍ ပထမဆုံးမှာ နေးတစ် (Natick) တွင်ဖြစ်၍ ထိုနောက် နယူးအင်္ဂလန် တစ်လျှောက်တွင် ဖြစ်သည်။ သူသည် ခရစ်ယာန်ဘာသာသို ကူးပြောင်းလာသူများကို အိမ်ရာအတည်တ ကျဖြစ်အောင် နေအိမ်များ တည်ဆောက်ရန်၊ အဝတ်အစားများ ဝတ်ဆင် ရန်နှင့် သူတိုကိုယ်ကိုယ် အလုပ်လုပ်တတ်ရန်လည်း တိုက်တွန်းနှိးဆော်ကာ သူတိုနေထိုင် ရာအသီးသီး၌ ကိုယ်ပိုင်အုပ်ချုပ်ရေးကိုပင် ဖော်ဆောင်ပေး၏။

လန်ဒန်ရှိ ပူးပေါင်းဆောင်ရွက်သူများက အဲလီးယော့၏ အစီအစဉ်အတွက် ငွေကြေး ပံ့ပိုးမှုနှင့် တရားဟောဆရာများလည်း ထပ်မံပိုပေးကာ စာသင်ကျောင်းများ အများအပြား ၊ ဖွင့်လှစ်၍ လူနီရိုင်း ကောလိပ်ပင် ဖွင့်လှစ်ပေးခဲ့ကြသည်။ နောင်အခါ လူနီရိုင်းတချိုကို ဟားဗတ်ကောလိပ် (Havard College) သို ပို၍ သူတို၏ ပညာရေးကို ဆုံးခန်းတိုင် အောင် သင်ကြားစေကာ တချိုကို တရားဟောဆရာများအဖြစ် မြေတောင်မြှောက်ပေး သည်။ ဤလုပ်ငန်းများအားလုံးကို အဲလီးယော့က ရောစ်ဘာရီ၌ သင်းအုပ်ဆရာတာဝန် ကို မလစ်ဟင်းစေဘဲ ကြီးကြပ်ပေးခြင်းဖြစ်၍ နေးတစ်သိုလည်း ရက်သတ္တပတ်၊ နှစ်ပတ် လျှင် တစ်ကြိမ်ကျ သွားရောက်ကာ လူနီရိုင်းများ ကောင်းစားဖိုရန်အတွက် နေ့မနား၊ ည မအား အလုပ်လုပ်ခဲ့သည်။

သူလုပ်ခဲ့သမျှထဲတွင် အပြောင်မြောက်ဆုံးမှာ သူကိုယ်တိုင် တီထွင်ပေးထားသော အက္ခရာကို သုံး၍ အယ်လ်ဂွန်ကွီယန် (Algonquin) ဘာသာစကားဖြင့် သမ္မာကျမ်းအုပ်စုံ ဘာသာပြန်ပေးခြင်းဖြစ်ကာ ၁၆၆၃ ခုနှစ်တွင် ထုတ်ဝေနိုင်ခဲ့သည်။ ထိုသမ္မာကျမ်းစာကို နယူးအင်္ဂလန် ကင်းဘရိတ်ချ်တွင် ထုတ်ဝေ၍ အမေရိက တိုက်တွင် ပထမဆုံးထုတ်ဝေ သာ ပထမဆုံးကျမ်းစာဖြစ်သည်။ သူသည် အစပထမတွင် ဆာလံကျမ်းထဲမှ ကျမ်းပိုဒ် ကို ယူ၍ ယုံကြည်မှုပြဋ္ဌာန်းစာအုပ် (Catechism) ကို ၁၆၅၃ ခုနှစ်တွင် ပြုစုခဲ့ပြီး ” ဓမ္မသစ်ကျမ်းကို ၁၆၆၁ ခုနှစ်တွင် ပြုစု၍ နောက်ဆုံးတွင် သမ္မာကျမ်း၏ ကျန် များကို ပြုစုသည်။ ဓမ္မသစ်ကျမ်းကို ၁၆၈၀ ခုနှစ်တွင် ပြန်လည်တည်းဖြတ်ကာ ဓမ္မဟောင်းကျမ်းကို ၁၆၈၂ ခုနှစ်နှင့် ၁၆၈၅ ခုနှစ်အကြားတွင် ပြန်လည်ပြင်ဆင်သည်။ လူနီရိုင်းများအတွက် ၁၆၆၆ ခုနှစ်တွင် သဒ္ဒါစာအုပ်ကိုပင် ထုတ်ဝေပေးကာ ဘက်စ်တာ on Call To The Unconverted q€ 698 (Bayly) on Practice of Piety osgos များကိုလည်း ထိုနှစ်တွင် ပုံနှိပ်ထုတ်ဝေသည်။

 

အကျယ်ချုပ်ခြင်း ၊

 “ဆုတောင်းရာမြိုများ” တိုးတက်များပြားလာကာ ၁၆၇၄ ခုနှစ်တွင် ဆုတောင်းရာမြို သစ် ၁၄ ခု ထပ်တိုးလာ၍ ခရစ်ယာန်ဘာသာသို ဝင်ရောက်သူပေါင်းမှာ ခန့်မှန်းခြေ ၃၆၀၀ ခန့်ရှိသည်။ ပထမဆုံး ဝတ်ကျောင်းကို နေးတစ်၌ ၁၆၆၀ ခုနှစ်တွင် တည်၍ လူနီရိုင်း တာကာဝမ်ဘော့ (Takawombait) ကို သင်းအုပ်ဆရာအဖြစ် ခန့်အပ်သည်။ ကယ်တင်ခြင်းသတင်းကောင်းဖြန့်ဝေမှုမှာ စစ်ဖြစ်ပွားမှုကြောင့် နှောင့်နှေးကြန့်ကြာသွားလေ၏။

၁၆၇၅-၇၆ ခုနှစ်တွင် လူနီရိုင်းခေါင်းဆောင်ကြီး ဘုရင်ဖိလစ် (King Philip) က နယ်ချဲ့သမားများကို တိုက်ထုတ်ကာ လူပေါင်းထောင်ဂဏန်းခန့် အသတ်ခံကြရ၍ မက်ဆာ ချူးဆက်ရှိ မြိုပေါင်းတစ်ဝက်ခန့်မှာ ပြာပုံဘဝရောက်ခဲ့ရသည်။ သစ္စာစောင့်သိနေသည့် ကြားမှာပင် “ဆုတောင်းသော လူနီရိုင်းများမှာ သားကောင်အဖြစ် သင်္ကာမကင်းခြင်း ခံရ၍ ဘော်စတွန်ဆိပ်ကမ်းရှိ ရွှေသမင်ကျွန်း (Deer Island) တွင် အကျယ်ချုပ်ခြင်းခံကြရ သည်။ သူတိုသည် ထိုကျွန်း၌ “သည်းခံခြင်း၊ နှိမ့်ချခြင်းနှင့် ဘာသာတရားကြည်ညို ခြင်းစသော ခန္တီပါရမီများကို မွေးမြူကာ ညည်းညူခြင်းပင်မပြုဘဲ” သူတိုကို အိမ်ပြန် ခွင့်ပြုချိန် ၂ နှစ်တိုင် ဆိတ်ဆိတ်နေခဲ့ကြသည်။ သိုသော် အဲလီးယော့၏ လုပ်ငန်းမှာ နာလန် ပြန်မထူနိုင်လောက်အောင် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခြင်းခံရသည်။ လူနီရိုင်း များသည် ခရစ်ယာန်ဘာသာတွင် သစ္စာရှိစွာ တွယ်ကပ်နေရစ်ကြသော်လည်း သတင်းကောင်းဖြန့်ဝေမှုမှာ တစ်စတစ်စဖြင့် တိမ်းပါးသွားသည်မှာ နောက်ရာစုနှစ်ထက်ဝက် ခန့်အရောက်တွင် ယုံကြည်သူ လူနီရိုင်းများ တစ်မိသားစုသာ ကျန်တော့သည်အထိ ဖြစ်သည်။

အီးလီးယော့သည် အသက် ၈၆ နှစ်တိုင် အသက်ရှင်သော်လည်း ရောစ်ဘာရီရှိ လူနီရိုင်းများနှင့် ပတ်သက်သော လုပ်ငန်းဆောင်တာမှန်သမျှကို သူ့မိသားစုက တာဝန်ယူ ထားခြင်းဖြစ်သည်။ အသက်ထွက် ခါနီးတွင် သူက “ငါသည် အိမ်တော်သို ရောက်လုနီး ပြီ””ဟုဆို၍ သူနောက်ဆုံးပြောခဲ့သော စကားမှာ “ဝမ်းမြောက်စွာ ကြိုဆိုကြပြီ”ဟူ၍ ဖြစ်သည်။ သူသည် ၁၆၉ဝ ခုနှစ်၊ မေလ၊ ၂၀ ရက်နေ့တွင် ကွယ်လွန်သည်။ သူ၏ မနား မနေကြိုးစားခဲ့သော လုပ်ငန်းများကြောင့် သူ့ကို “လူနီရိုင်းများထံ သာသနာပြုသူ ဟု ကားဆိုကြ သည်။ ဘက်စ်တာက “ကျွန်ုပ်သည် ဤဝသုန်မြေကြီးပေါ်တွင် သူ့ ဂုဏ်ပြုထိုက်သူ တစ်ဦးတစ်ယောက်ကိုမျှ မတွေ့မိသေး”ဟု ဆို၏။ ထိုအပြင် လေးယော့ထက်မြင့်မြတ်သူ၊ စစ်မှန်သူနှင့် စိတ်နှလုံးနူးညံ့သိမ်မွေ့သူ တစ်ဦး က လူ့ဘုံခန်းဝါတွင် အသက်မရှင်ခဲ့ဖူးသေး”ဟုလည်း ချီးကျူးရေးသား  ထားသည်။

အီးလီးယော့က လူနီရိုင်းများကို သိုသိုသိပ်သိပ်ဖြင့် ချဉ်းကပ်၍ အလုပ်လုပ်ခဲ့သကဲ့ နောင်အခါ အမေရိကတွင်လည်း လူမည်းများ (Negroes) ကို ညင်ညင်သာသာချဉ်း ၍ ပြောင်းလဲပေးကြသည်။ လူဦးရေထူ ထပ်များပြားလာသည်နှင့်အမျှ ဥရောပမှ ရွှေ့ ပြောင်းရောက်လာသူများမှာ အင်္ဂလန်မှ နှစ်ခြင်းများနှင့် ကွက်ကာ များ၊ စကော့တလန်မှ မနက်စ်ဘီတေးရီးယန်းများ၊ ဆွစ်ဇာလန်မှ မင်နိုးနိုက်စ်များ (Mennonites) နှင့် ဂျာမနီမှ လသာရင်များဖြစ်ကြသည်။ ကမ္ဘာ့အလယ်ဗဟိုတွင် နေထိုင်လျက်ရှိသော ဂျူးများပင် ရောက်လာကြသည်။ ဤအချိန်မှစ၍ အစဉ်အလာအရ ကိုးကွယ်သော ဘာသာတရားများမှာ တိုက်စားခြင်းခံရ၍ နောက်ရာစုသစ်တွင် အသင်းတော်များသည် ခြားနားမှုပင် မရှိတော့ ဘဲ ပြုန်းတီး၍ နေလာကြသည်မှာ “မဟာနိုးထမှုကြီး” (Great Awakening) တိုင်အောင် ဖြစ်တော့၏။

 

ဂျော့ချ်ဝှစ်ဖီးလ် (၁၇၁၄-၁၇၇၀) ဧဝံဂေလိဆရာ

၁၈ ရာစုက မဟာနိုးထမှုကြီးသည် အတ္တလန္တိတ်၏ ဘေးတစ်ဖက်တစ်ချက်ကို အကြီး အကျယ် အကျိုးသက်ရောက်မှုရှိစေ၍ အမေရိကမှ စတင်သော ယင်းနိုးထမှုမှာ အင်္ဂလန် နှင့် ဂျာမနီသိုလည်း မနှေးအမြန်ရောက်လာသည်။ ထိုနိုးထမှုသည် အသင်းတော်၏ ဝိညာဉ် ရေးအသက်တာကို အဟုန်ပြင်းစေရုံမဟုတ်ဘဲ သာသနာပြုလုပ်ငန်းများ လုပ်ဆောင်ရန် လည်း တွန်းအားအသစ်များပေးကာ လူမှုရေးအဆောက်အအုံကြီးကိုပါ နွေးထွေးစေ သည်။

နိုးထမှုဖြစ်လာခြင်း၏ နောက်ကြောင်းပြန်လိုက်လျှင် ကိုလိုနီများ၏ အခန်းကဏ္ဍ မှာ ချန်လှပ်ထား၍ မရစကောင်းပေ။ ဥရောပသားများ၏ အုံလိုက်ကျင်းလိုက် ရွှေ့ပြောင်း လာမှုနှင့် လူဦးရေ အဆမတန် ကြီးထွားလာမှုတိုက အစဉ်အလာအရ ကိုးကွယ်သော ဘာသာရေးကို ချိုးဖျက်ပစ်သလိုရှိကာ အင်္ဂလန်အသင်းတော်သည် နယ်ချဲ့သမားအဆင့် မျှသာ ရောက်ရတော့ကား သူတို၏ဘာသာရေးစိတ်အား ထက်သန်မှုများ ပျောက်ဆုံး၍ အသင်းသားဦးရေမှာလည်း နည်းသထက် နည်းလာလေသည်။

‘ သိုသော်ငြားလည်း ပြုံးရီတန်တိုသည် သူတို၏ အခြေခံယုံကြည်ချက်များကို ဆရာ လက်ထိန်း သိမ်းနိုင်ရုံမကဘဲ သူတို၏ ယုံကြည်ခံယူချက်မှာ ဆန်းသစ်တက်ကြွလာ အဖွဲများထက် ကိုယ်ကျင့်တရားပိုင်းတွင် လူရိုသေ ရှင်ရိုသေအဖြစ် မှတ်ကျောက်တင်ခံ ရသည်။ ၁၆၇၉ ခုနှစ်တွင် ဘော်စတွန် ခရစ်ယာန်ညီလာခံ အစည်းအဝေး၌ “ဘာသာ ရေးကိုင်းရှိင်းမှု အားအင်”ဝမ်းနည်းဖွယ်ရာ နိမ့်ပါးကျဆင်းလာသဖြင့် ဘုရားရှင်ထံ၌ ““ဝိညာဉ်တော်သွန်းလောင်းဖိုရန် ဆုတောင်းကြ၏။ ဆုတောင်းပြည့်သည်ဆိုသော်လည်း ပထမဆုံး နိုးထမှုမှာ ပြုံးရီတန်လှုပ်ရှားမှုအတွင်းမှ မဟုတ်ဘဲ နယူးဂျာစီတွင် နေသော ဒပ်ချ်စကားပြောသူများအတွင်းမှ စတင်ခြင်းဖြစ်သည်။ သင်းအုပ်ဆရာ သီအိုဒိုး ဖရီး လင်ဟူဆင် (Theodore Frelinghuysen) ၏ ပြောင်းလဲချိန် တန်ပြီ တရားဒေသနာကြောင့် ၁၇၂၆ ခုနှစ်မှစ၍ လူအများအပြား ပြောင်းလဲခြင်းသို ရောက်ကြကုန်၍ ဘုရား တရားကြည်ညိုသူများအဖြစ် နေ့ချင်းညချင်း အသွင်ပြောင်းကြကုန်သည်။

ထိုနှစ်ထဲတွင်ပင် နယူးဘရန်းစ်ဝခ် (New Brunswick) မှ ဂီးလ်ဘတ်တင်းနက် (Gilbert Tennet) သည် အလားတူ ဝမ်းမြောက်ဖွယ်ရာအသီးအပွင့်များ ခူးဆွတ်ခွင့်ရကာ ၁၇၃၄ ခုနှစ်တွင် ဓမ္မပညာရှင် ဂျွန်နသန် အက်ဝပ်စ် (Jonathan Edward) က မက်ဆာ ချူးဆက် နော့သ်ဟမ်တန် (Northampton) တွင် နိုးထမှုတစ် ခုကိုစတင်၏။ ဘုရားရှင် သည် အက်ဝပ်စ်၏ အံ့ဖွယ်ပြောင်းလဲမှုများကို ဇာတ်ကြောင်းပြန်ခြင်း (A Narrative Of Surprising Conversions) တရားဒေသနာကို အမေရိကနှင့် အင်္ဂလန်တွင် ထိရောက် စွာ အသုံးပြုသည်။

 

နယ်လှည့်တရားဟောဆရာ

မည်သိုပင်ဖြစ်စေကာမူ နိုးထမှုကို အဓိကပံ့ပိုးပေးသူမှာ ဂျော့ခ်ျဝှစ်ဖီးလ် (George Whitefield) ဖြစ်၍ သူသည် လက်အောက်ခံနိုင်ငံများ၌ အသစ်တစ်ဖန် နိုးကြားမှုကို ဆောင် ကြဉ်းသူဖြစ်ကာ ဗြိတိသျှကျွန်းများတွင် ဧဝံဂေလိနိုးကြားမှုကို သယ်ဆောင်လာသူဖြစ် သည်။ ဗြိတိန်နှင့် အမေရိကတွင် ၃၅ နှစ်တာ နယ်လှည့်တရား ဟောဆရာအဖြစ် လှည့် လည်ပြီးနောက် တရားဟောနည်းဗျူဟာများကို ပြောင်းကာ လူထုဧဝံဂေလိ လုပ်ငန်း အတွက် လမ်းဖွင့်ပေးသည်။

ဝှစ်ဖီးလ်သည် ဂလက်စတာမြို ဘဲလ်အင်း (Bell Inn) တွင် မွေးဖွား၍ မိဘများမှာ ပြတိုက်စောင့်များ ဖြစ်သည်။ ကျောင်းတွင် သူ စိတ်အဝင်စားဆုံးမှာ ပြဇာတ်ဖြစ်၍ သူသည် ဇာတ်လိုက်အဖြစ် သရုပ်ဆောင်ခြင်းကို နှစ်သက်ကာ ရံခါဆိုသလို မြိုမိမြိုဖများ၏ ရှေ့ တွင်လည်း စကားပြောရန် ဖိတ်ကြားခြင်း ခံရတတ်သည်။ သူ့အသက် ၁၅ နှစ်အရွယ်တွင် မိခင်၏ အလုပ်ကို အကူအညီပေးရန် ကျောင်းထွက်ရသော်လည်း နောင် ၃ နှစ်တွင် ဖိုဒ် ပမ်းဘရုခ် (Pembroke) ကောလိပ်၌ ကျောင်းပြန်တက်ရန် ဖျောင်းဖျခြင်း ကြောင့် ကျောင်းနေဖက် မိတ်ဆွေများကို အကူအညီပေးကာ သူတို၏ ထောက်ပံ့ငွေဖြင့် ကျောင်းနေခဲ့ရသည်။

 

ဂျွန်နသန်အက်ဝပ်စ် (၁၇၀၃-၁၇၅၈)

ဂျွန်နသန်အက်ဝပ်စ်သည် ယေးလ် (Yale) တက္ကသိုလ်မှ ၁၇၂၀ ခုနှစ်တွင် ကျောင်း ပြီးသောအခါ ဓမ္မပညာကို ဆက်လက်သင် ယူ၍ နယူးယောက်ရှိ ပရက်စ်ဘီတေးရီး ယန်း အသင်းတော်တွင် သင်းအုပ်ဆရာ တာဝန်ယူသည်။ သူသည် ယေးလ်တွင် ကထိကအဖြစ် ၂ နှစ်တာ တာဝန်ယူပြီး နောက် နော့သ်ဟမ်တန် ကွန်ဂရီဂေးရှင်း နေးလ်အသင်းတော်တွင် သင်းအုပ်ဆရာ (သူ့အဘိုး) ကို ကူညီရန် ပြောင်းရွှေ့သည်။ ၁၇၂၉ ခုနှစ်တွင် အသင်းတော်တာဝန် အလုံးစုံကို လက်ပြောင်းယူသည်။ ကယ် ဗင်ဝါဒီတစ်ဦးဖြစ် သည်နှင့်အညီ အက် ဝပ်စ်သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို ရောက်ရ၏ ဟူသော တရားကိုသာ တွင်တွင်ဟော၍ ၁၇၃၄ -၃၅ ခုနှစ်များနှင့် ၁၇၄၀ ခုနှစ်တွင် (ဝှစ်ဖီးလ်နှင့်အတူ) သူ့အသင်းတော်၌ နိုးထမှုတစ်ခု မွေးဖွားသည်။ သိုသော် သူသည် အသင်းဝင်ခြင်း ဥပဒေများကို တင်းကျပ်စွာချမှတ်၍ “မပြောင်းလဲသူများ”ကို ပွဲတော် မင်္ဂလာအသုံးမ ပြုစေသောကြောင့် အသင်းဝင်သူများက သူ့ကို အသင်းတော်မှ နှင်ထုတ် ပစ်သည်။ ၁၇၅ဝ ခုနှစ်တွင် သာသနာပြုအဖြစ် ဟူဆာတောနစ် (Housatonic) လူရိုင်များရှိရာ စတော့ ဘရိချ် (Stockbridge) သို သွား၍ ၁၇၅၈ ခုနှစ်၊ သူ မကွယ်လွန်မီ ၃ လတာကို ယူးဂျာစီ (ယခု ပရင်စတွန်တက္ကသိုလ်) ကောလိပ်၌ ပါမောက္ခချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၇၅၄ ခုနှစ်တွင် ထုတ်ဝေသော Freedom of the Will စာအုပ် ကြောင့် သူ့ကို အမေရိက၏ အကြီးကျယ်ဆုံး ဓမ္မပညာရှင်အဖြစ် လူသိများ၏။

နှစ်အတန်ကြာသော် ဝှစ်ဖီးလ်သည် ဘုရားရှင်ကို မွတ်သိပ်လျက်ရှိကာ သူ့ဘဝတွင် ရည်ရွယ်ချက် တချိုရှိသည်ကို ကောင်းစွာ နားလည်သဘောပေါက်လာသည်။ ထိုအချိန် မှစ၍ သူသည် ပုံမှန်ဥပုသ်စောင့်ခြင်းနှင့် ဆုတောင်းခြင်းများ ပြုလုပ်ကာ တစ်ရက်လျှင် နှစ်ကြိမ်ကျ ဆုတောင်းရာနေရာများ၌ ဝတ်တက်၏။ သူသည် အောက်စ်ဖိုဒ်ရှိ အင်္ဂလန် အသင်းတော်တွင် ဝင်ရောက်၍ အမှုတော်ဆောင်ရန် စီစဉ်ထားရကား သူနှင့် ရည်ရွယ် ချက်ချင်းတူသူ “မက်သဒစ်များ” (Methodists) ဟု လူသိသော အဖွဲတွင် သွားရောက် မိတ်ဖွဲ ၏။

သန့်ရှင်းသော အသင်းအဖွဲ (Holy Club) ဟု နာမည်ပြောင်ဖြင့် ခေါ်ဝေါ်ကြသော ဝယ်စလေညီအစ်ကို (Wesleys) က ဘာသာရေးအသင်းတစ်ခုကို ဖွဲစည်းတည်ထောင် ကာ ဝှစ်ဖီးလ်သည် သူတို၏ လှုပ်ရှားမှုများ၌ အားတက်သရော ပါဝင်သည်။ သူ့နှလုံးသား သည် ဘုရားရှင်နှင့် ပို၍ ဝေးကွာသည်ကို သိမှတ်သောကြောင့် စာအုပ်များကို ဖတ်ရှုခြင်း ဖြင့်သာ ပြဿနာ၏ ရင်းမြစ်ကို ရှာ၍ ““ကြားခံလူမပါဘဲ ယေရှုခရစ်တော်ကို အတွေ့ အကြုံဖြင့် ရှာဖွေသည်။” သိုသော် ၃ နှစ်မပြည့်မီ ၁၇၃၅ ခုနှစ်၊ ခရစ်ယာန်ဝါတွင်းကာလ (Lent) ၌ “ဘုရားရှင်သည် ကျွန်ုပ်၏ ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားပေးကာ သားတော်အား ဖြင့် ယုံကြည်ခြင်းအသက်တာကို ပေးသနားတော်မူသည်”ဟု ဆို၏။

ဝှစ်ဖီးလ်သည် အသက် ၂၁ နှစ်အရွယ်တွင် ပြောင်းလဲ၍ သူ့ရည်သန်ရာဖြစ်သော သာသနာလုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် ဂလက်စတာသင်းအုပ် ဘင်ဆင် (Benson) က ပြဋ္ဌာန်းဥပဒေအရ အသက်မပြည့် သေးသော်လည်း သိက္ခာတင်ပေးရန် စီစဉ်သည်။ ၁၇၃၆ ခုနှစ်၊ ဇန်နဝါရီလ၊ တနင်္ဂနွေနေ့တစ်ရက်တွင် သူ ဗတ္တိဇံခံရာ ဘုရားကျောင်း၌ ပထမဆုံး တရားဟောခွင့်ရ၏။ သူ့တရားဒေသနာကို လှောင်ပြောင်သူတချို ရှိသော်လည်း အများအပြားက သူ့ကို သဘောကျကြသည်။ များမကြာမီတွင် သင်းအုပ်ဆရာထံ၌ ဝှစ် ဖီးလ်၏ တရားဟောချက်ကြောင့် လူ ၁၅ ယောက် “အရူးထ”သည်ဟူသော (အ သက်တာ ပြောင်းလဲခြင်းဖြစ်သည်) အပြစ်တင်သံများ ရောက်လာသောကြောင့် သင်းအုပ်ဆရာက အရူးထခြင်း ဟုတ်၊ မဟုတ် နောက်တစ်ပတ် တနင်္ဂနွေနေ့ရောက် လျှင် သိရမည်ဟုသာ ခွန်းတုံပြန်၏။

လူငယ်အမှုတော်ဆောင်ကို တရားဒေသနာတိုက်ကျွေးရန် လန်ဒန်နှင့် ဘရိစတိုး (Bristol) ရှိ အသင်းတော်အများအပြားက ဖိတ်ခေါ်သည့်အပြင် အသင်းအဖွဲများဖြင့် ဖွဲစည်းထားသော ဘာသာရေးအ သစ်များကလည်း သူ့ကို ကြိုဆိုကြသည်။ သူ၏ တရား ဒေသနာဖြစ်သော အသစ်မွေးဖွားခြင်းနှင့် ယုံကြည်ခြင်းဖြင့်သာ ဖြောင့်မတ်ခြင်းသိုရောက် ၏ ဟူသော သတင်းစကားကြောင့် ““ကြားနာသူများ၏ အသိစိတ်နှလုံသားတို့မှာ လင်းလက်တောက်ပလာကြ၏။ သိုသော် သူ့ကို ဆန့်ကျင်သူများနှင့် သူတို၏ တရား အာပလ္လင်ကို အသုံးပြုရန် ငြင်းဆိုသူများလည်း ရှိသည်။

နောက်တစ်နှစ်တွင် ဝှစ်ဖီးလ်သည် ရပ်ခြားသို သာသနာပြုသော ဝယ်စလေများကို ကူညီရန် ဂျော်ဂျီယာ (Georgia) ၏ ကိုလိုနီဆဗားနား: (Savannah) သို့ရွက်လွှင့် ရောက်လာသော်လည်း သူတို အိမ်ပြန်နှင့်ကြပြီဖြစ်သည်။ သူသည် ထိုအရပ်၌ ခဏတာ ထိုင်စဉ် မိဘမဲ့များ၏ လိုအပ်ချက်များကို သိမှတ်သောကြောင့် အဆောက်အအုံတည် ပေးရန် မတည်ငွေကို အင်္ဂလန်၌ သွားရောက်အလှူခံသည်။

 

 

 

လဟာပြင်ဝယ်

၁၇၃၉ ခုနှစ် အစောပိုင်းတွင် အနောက်ပိုင်းပြည်နယ်၌ နယ်လှည့်တရားဟောစဉ် သူ့ အတွက် တရားဟောပလ္လင်များ တားမြစ်နေသေးသည်ကို တွေ့ခဲ့ရ၏။ ဘက်သ် (Bath) နှင့် ဘရိစတိုးတွင် သူ အသုံးပြုမည့်ပလ္လင်များကို ဖယ်ရှားပစ်ကြသောကြောင့် အစဉ်အလာ ကို ချိုးဖောက်၍ လဟာပြင်၌ တရားဟောရတော့သည်။ ဝေလတွင် ဧဝံဂေလိဆရာများ ကလည်း ဤနည်းကို အသုံးပြု၍ အောင်မြင်မှုပင် ရခဲ့ဖူးကြ၏။ ထိုကြောင့် စနေနေ့ညနေ ပိုင်းတစ်ရက်တွင် ကိန်းစ်ဝဒ် (Kingswood) ရှိ မြေပြင်ပေါ်၌ မိုင်းတွင်းအလုပ်သမား များထံ တရားဟောရန် ဆုံးဖြတ်သည်။

သူသည် တောင်ခါးပန်းတစ်ခုအပေါ်တွင် မတ်တပ်ရပ်ကာ လူအယောက် ၂၀ ခန့်ရှိ သော မိုင်းတွင်းအလုပ်သမားများနှင့် “သိုးထိန်းမရှိသော သိုးများသဖွယ်” ကြည့်ရှုစောင်မ မည့်သူမရှိသည့် သူတို၏ မိသားစုများထံ၌ တရားဟောလေတော့၏။ ထိုသို ရင်ဖိုရသော အတွေ့အကြုံကို သူ့နေ့စဉ်မှတ်တမ်း၌ ဤသို ရေးသားထားသည်။ “တရားနာကြားသူတို အဖို လဟာပြင်ကြီးအပေါ်ဝယ် မိုးတိုးမတ်တပ်ဖြင့် သွန်သင်နေသော ကျွန်ုပ်ရုပ်သွင်သည် သခင့်အတွက် နှစ်လိုဖွယ်ရှိမည်မှာ ဧကန်မုချပင်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်သည်။”

ဝှစ်ဖီးလ်သည် အမေရိကသို ပြန်လာရန် စိတ်စောနေလျက်ရှိကာ သူ မရှိခိုက် ဘရိ စတိုးကို စောင့်ရှောက်ရန် ဝယ်စလေများအား ချဉ်းကပ်ဖိတ်ခေါ်သည်။ ဂျွန်ဝယ်စလေ (John Wesley) သည် လဟာပြင်ရှိ တရားနာပရိသတ်ကြီးကိုမြင်လျှင် မှင်သက်မိသ လိုပင်ရှိကာ သူတိုနှစ်ဦးစလုံးတွင် နက်ရှိင်း၍ ကွဲပြားသော ဘာသာရေးအတွေးအခေါ်များ ကိုယ်စီရှိကြသည်။ ဝှစ်ဖီးလ်သည် ကိုလိုနီနယ်သို ၁၇၃၉ ခုနှစ်မှ ရောက်ခဲ့သော် လည်း သူ မရောက်မီကတည်းက တရားဟောကောင်းသူအဖြစ် သတင်းကြီးသူဖြစ်သည်။ နယူး အင်္ဂလန်တွင် အသက် ၂၅ နှစ်မျှသာရှိသေးသော ဧဝံဂေလိဆရာ၏ တရားနားထောင်ဖိုရန် လူအုပ်ကြီးမှာ လာရောက်စုရုံးကြ၍ သူသည် တစ်လကျော်ကာလတွင် နေ့ရက်စဉ် လူပေါင်း ၈၀၀၀ ကို တရားဟောလျက်ရှိသည်။ အင်္ဂလီကန်အမှု တော်ဆောင်များ၏ အတိုက် အခိုက်ခံရသော်လည်း သူ့ခရီးစဉ်သည် အံ့သြဘနန်း အောင်မြင်မှုရရှိ၍ အများအပြား ပြောင်းလဲကြသည်။

သူ၏ အပြောအဟော အထုံပါရမီကြောင့် လူတိုင်းက သူ့ကို အားကျရှုစားခဲ့ကြ၏။ သူ့ကို ထင်ရှားသော ပုံနှိပ်တိုက်ပိုင်ရှင်၊ ဖန်တီးရှင်နှင့် စာရေးဆရာဖြစ်သော ဘင်ဂျမင် ဖရန့်ကလင် (Benjamin Franklin) က သူ၏ တရားဟောစွမ်းရည်ကို ဤသို ဂုဏ်ဖော် ဖူးသည်။ “သူ့တရားဟောချက်သည် ကျွန်ုပ်တိုနေထိုင်ရာ လူ့ပတ်ဝန်းကျင်ကို ချက်ချင်းဆို သလို အံ့ဖွယ်ကောင်းလောက်အောင် မှောက်လှန်နိုင်စွမ်း၏။” တစ်ရံရောအခါက ဝှစ်ဖီးလ် သည် မိဘမဲ့များအတွက် အလှူခံရာနေရာ၌ ဖရန့်ကလင် လာရောက်နားထောင်မိသောကြောင့် သူ့တွင်ပါလာသမျှသော ရွှေနှင့် ငွေများအားလုံး အလှူခံပုံးထဲသို ထည့်မိလျက် သားဖြစ်သွားသည် ဟူသတတ်။

နိုးထမှုကြီး (Awakening) အထွတ်အထိပ်သို ရောက်ချိန်မှာ ၁၇၄၀-၄၁ ခုနှစ်ဖြစ် ၍ ဝှစ်ဖီးလ်နှင့် ဂျွန်နသန်တိုနှစ်ယောက် ကိုလိုနီနယ်များ၌ အမှုတော်ဆောင်ချိန်ဖြစ်သည်။ လူထောင်ပေါင်းများစွာ ပြောင်းလဲ၍ ဝတ်ကျောင်းအသစ်အများအပြားလည်း တည်ထောင် ကာ ထိုနိုးထမှုသည် နယူးအင်္ဂလန်တောင်ပိုင်းမှ ဗာဂျီးနီးယားအထိတိုင် ပျံ့နှံရောက်ရှိ သည်။ အမှုတော်ဆောင်တစ်ဦးက ဤသို ရေးသားခဲ့၏။ ““ကျွန်ုပ်တို၏ ပိုချချက်များမှာ စီးဆင်းပျော်ဝင်လျက် ကျွန်ုပ်တို၏ ဥပုသ်နေ့များမှာလည်း ဝမ်းသာစရာအတိပြီးကာ ကျွန်ုပ်တို၏ ဝတ်ကျောင်းများ တိုးတက်များပြားလာသည့်အပြင် ကျွန်ုပ်တို၏ အမှုတော် ဆောင်များလည်း အသက်တာ အသစ်ကို ပိုင်ဆိုင်နိုင်ကြပြီးသကာလ သူတိုလုပ်ငန်းတွင် စိတ်နှစ်နိုင်ကြပြီဖြစ်သည်။”

အင်္ဂလန်သိုပြန်လာချိန် ၁၇၄၁ ခုနှစ်တွင် ဝှစ်ဖီးလ်သည် သူနှင့် ဝယ်စလေတိုအကြား ရှိ အခြေအနေများ မဟန်တော့ကြောင်း သိ၏။ ဂျွန်ဝယ်စလေက ဝှစ်ဖီးလ်မရှိခိုက် ဝှစ်ဖီးလ် ၏ ယုံကြည်ရာဖြစ်သော ရွေးနှုတ်ခြင်း နှင့် ရှေးမဆွက ခွဲခန့်မှတ်သားခြင်းဆိုင်ရာ အယူဝါဒ များနှင့်ပတ်သက်၍ ပုတ်ခတ်တိုက်ခိုက်ခဲ့လင့်ကစား ဝှစ်ဖီးလ်က သူတို၏ ကွဲပြားမှုများကို တစ်ယောက်နှင့်တစ်ယောက် ထိန်းသိမ်းပေးသင့်ကြောင်း နားချသည်။ ဝှစ်ဖီးလ်ကို စကော့တလန်နှင့် ဝေလမှ အမှုတော်ဆောင်များက ကူညီပံ့ပိုးသကဲ့သို ထိုအချိန်မှစ၍ ဝယ်စလေသည် သူ့အမှုတော်ဆောင်လုပ်ငန်းကို အင်္ဂလန်၌သာ အခြေချ၍ ဇောက်ချလုပ် သွားရန် စိတ်တုံးတုံးချတော့သည်။

မည်သိုပင်ဖြစ်ခဲ့ဖြစ်ခဲ့ ဝှစ်ဖီးလ်က ဝယ်စလေညီအစ်ကို၏ ကောင်းကွက်ကိုသာ ပြောဆိုခဲ့ကြောင်း နောင်အခါတွင် သူတိုကိုယ်တိုင်က ဝန်ခံခဲ့ကြသည်။ လန်ဒန်ရှိ ဝှစ်ဖီးလ်ကို ထောက်ပံ့သူများက သူ့သာသနာလုပ်ငန်းအတွက် ယာယီစခန်းချရာ တဲအိုကို ၁၇၅၆ ခုနှစ်တွင် Tottenham Court Road ၌ အုတ်တိုက်ဖြင့် အစားထိုးပေးကြသည်။အောင် မြင်မှုများ ဆက်တိုက်ရပြီးနောက် ဝှစ်ဖီးလ်သည် စကော့တလန်တွင် ၁၄ ကြိမ်မျှ ခရီးထွက်ကာ ပထမဆုံးအကြိမ်မှာ ၁၇၄၁ ခုနှစ်တွင်ဖြစ်သည်။ ဒုတိယအကြိမ် မှာ နောက်တစ်နှစ်တွင်ဖြစ်၍ ထိုအကြိမ်တွင် ဂလက်စ်ဂိုအနီး ကမ်ဘတ်စ်လန် (Cambuslang) တွင်ဖြစ်ကာ ထူးခြားပြောင်မြောက်သော နိုးထမှုကြီးကို စွမ်းဆောင်နိုင်ခဲ့သည်။ သူ၏ အထင်ရှားဆုံး ခရီးစဉ်နှစ်ကြိမ်မှာ ပွဲတော်မင်္ဂလာကို လဟာပြင်တွင် ကျင်းပပြု လုပ်သောပွဲတွင်ဖြစ်၍ တစ်ကြိမ်လျှင် လူပေါင်း ၂ဝဝဝဝ ခန့် တက်ရောက်သည်။

အားလုံး၏ အစေခံသူ

 ဝှစ်ဖီးလ်၏ ဝေလ (Wales) နှင့် ဆက်နွယ်ပတ်သက်မှုမှာ ဟိုးဝဲလ်ဟားရစ်(စ်) (Howell Harris) a နှင့် ဒေနီယယ်လ်ရောလင်း (Daniel Rowland) တို့ကြောင့် အဆင်ချောလျက်ရှိကာ သူတို၏ တရားဟောချက်ကြောင့် နိုးထမှုများလည်း ဖြစ်လာသည်။ လူ ထောင်ပေါင်းများစွာ ပြောင်းလဲ၍ ဘာသာရေးအသင်းအဖွဲ အသစ်များ လည်း ပေါ်ပေါက် လာသည်။ ဝှစ်ဖီးလ်သည် ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ၁၇၄၃ ခုနှစ်တွင် တရား ဝင်အသင်းအဖြစ် ဖွဲစည်းကာ ၄င်းကို ကယ်ဗင်ဝါဒဆန်သော မက်သဒစ်အသင်း (Cal Ministic Methodist Association) ဟုခေါ်၍ (ယနေ့တွင် လအသင်းတော်၏ ပရက်စ် ဘီတေးရီးယန်းအသင်းတော်ဟု ခေါ်သည်) ၁၇၄၃ ခုနှစ်၊ နယူးအင်္ဂလန်သို သူပြန်လာချိန်တွင် တိုင်ကြားစာပေါင်း မြောက်များစွာမှာ အသင်းတော်အတွင်း၌ ရှိနေ ခဲ့၏။

သူသည် အမေရိကအတွက် ပိုလိုအပ်သည်ကတစ်ကြောင်း၊ အမေရိကတွင် မည် သည့်ဂိုဏ်းဂဏကမဆို ဧဝံဂေလိဆရာများကို လွတ်လပ်စွာ အကူအညီပေးလိုသည်က တစ်ကြောင်းတိုကြောင့် ကယ်ဗင်ဝါဒဆန်သော မက်သဒစ်အသင်းတော်၏ ခေါင်းဆောင် ရာထူးကို စွန့်လွှတ်ခဲ့တော့၏။ ဝယ်စလေများနှင့်လည်း အဆက်အဆံ မလုပ်ချင်တော့သ ဖြင့် သူ့ရေပန်းစားမှုမှအစ အရာအားလုံးကို ထားပစ်ခဲ့သည်။ သူက “ဝှစ်ဖီးလ်နာမည် သည် တိမ်ကောပျောက်ကွယ်သွားကာ ခရစ်တော်သာလျှင် ဘုန်းကြီးရန်နှင့် ကျွန်ုပ်သည် အားလုံး၏ အစေခံသူသာဖြစ် ရလိုပါ၏”ဟုပင် မြွက်ကြားခဲ့သည်။ သူသည် တစ်ဦး ချင်းလိုက်လုပ်ရသော အလုပ်များကိုသာ စိတ်ဝင်စားတော့ရကား ကယ်ဗင်ဝါဒဆိုင်ရာ မက်သဒစ်ဓမ္မာရုံများကို ပိုင်ဆိုင်သူ ဟန်တင်ဒန်မှူးမတ်ကတော် (Countess of Huntingdon) ထံ၌သာ အလုပ်လုပ်၍ ၁၇၆၈ ခုနှစ်တွင် ထရီဗီကာ (Trevecca) ၌ တရားဟော ဆရာများအတွက် ကောလိပ်ကျောင်းတစ်ကျောင်း ဖွင့်လှစ်သည်။

ဇွဲလုံလကြီးမား၍ အကြမ်းပတမ်းခံနိုင်သူအဖြစ် တွိက်ဖီးလ်သည် တရားဟောရန် ခရီးစဉ်တစ်ခု၏ စာရင်းထဲတွင် ပါဝင်၏။ သိုသော် ထိုခရီးစဉ်က သူ့အသက်ကို နုတ်ယူ ပစ်သည်။ သူသည် နယူးအင်္ဂလန် နယူးဘာရီပို (Newburyport) ၌ အောက်တိုဘာလ ၁၅ ရက်နေ့၊ ၁၇၇၀ ပြည့်နှစ်တွင် ကွယ်လွန်ကာ ထိုနေရာ၌ပင် မြေမြှုပ်သဂြိုဟ်လုံး ကြသည်။

သူ၏ နောက်ဆုံးဈာပနအခမ်းအနား၌ ဂျွန်ဝယ်စလေက ဝှစ်ဖီးလ်၏ သနား တတ်ခြင်းနှင့် ညှာတာစိတ်ရှိခြင်းများကို ဟောပြောသက်သေခံ၍ သူသည် “ကိုယ် သွေးယိုစိမ့်ခြင်းကို ယုံကြည်၍ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာဓာတ်ရေကြ သူ့နှလုံးသားထဲ၌ ပျံ့နှံစီးဝင်လျက်၊ သနားကြင်နာတတ်သော စိတ်အပြည့်နှင့် ကိုယ်ကျိုး မဖက်သော လူသားတိုင်းကို ချစ်မြတ်နိုးသူဖြစ်သည်”ဟု သူ့ဂုဏ်အင်ကို ဖော်ကျူးသည်။

 

ဂျွန်ဝယ်စလေ (၁၇ဝ၃-၁၇၉၁) မက်သဒစ်ဝါဒတည်ထောင်သူ

ဝစ်ဖီးလ်သည် ၁၈ ရာစုတွင် သတင်းကောင်းပြန်လည်နိုးကြားဖိုရန် ဆော်သြသူများ အနက် အထင်ရှားဆုံး တရားဟောဆရာအဖြစ် လူအများက သိကြသော်လည်း ဂျွန်ဝယ် စလေ (John Wesley) သည် ထိုလှုပ်ရှားမှုဆင့်ပွားပေးသူနှင့် စည်းစနစ်ကျစွာ ပေါင်း စည်းပေးသူဖြစ်သည်။ ။

သတင်းကောင်းပြန်လည်နိုးကြားမှုမှာ အင်္ဂလန်အသင်းတော်မှ စတင်သော်လည်း လမ်းရိုးမလိုက် သူများ၏ အသင်းတော်များအထိ ပျံ့နှံသက်ရောက်၏။ ဝယ်စလေသည် အင်္ဂလီကန်ဘုန်းတော်ကြီးအဖြစ် သိက္ခာတင်ခြင်း ခံရသော်လည်း သူကွယ်လွန်ပြီးနောက် ပိုင်းတွင် သူ၏ အမည်ခံသော ဘာသာရေးဂိုဏ်းခွဲအသစ်တစ်မျိုး ပေါ်ထွန်းလာသည်။

ဝယ်စလေသည် ငယ်စဉ်တောင်ကျေးကလေးဘဝမှစ၍ ဘုရားက သူ့အသက်တာကို အလိုရှိကြောင်း သိမှတ်၏။ ဖြစ်ပုံမှာ ၁၇၀၉ ခုနှစ်တွင် အိပ်ဝပ်ခ် (Epworth- လင် ကွန်းရှိင်းယား) ရှိ သူတိုအိမ် မီးသင့်ပျက်စီးခြင်းမှ စတင်သည်။ မီးရှိန်အမြင့်ဆုံးအချိန် တွင် အိမ်ပေါ်၌ ကျန်ခဲ့သော ၆ နှစ်သား ဂျွန်သည် အပေါ်ထပ်ပြတင်းပေါက်မှ ပေါ်လာ သောကြောင့် ရွာထဲရှိ လယ်သမားအချိုက လူများကို လှေကားသဏ္ဌာန်ပြုလုပ်ကာ ဘေး ကင်းစွာ ကယ်ထုတ်နိုင်ခဲ့ကြသည်။ ထိုအချိန်မှစ၍ သူ့မိခင်ဆူဆန်နာ (Susanna) က “မီးထဲမှ ကယ်နှုတ်ခြင်းခံရသူ” (ဇာခရိ ၃၂) ဟု ဖော်ညွှန်းတတ်ကာ ထိုစကားလုံးမှာ ကလေးငယ်၏ စိတ်ထဲ၌ သံမှိဖြင့် ရိုက်ထားသကဲ့သို စွဲလေတော့၏။

ဂျွန်၏ ဖခင် သိက္ခာတော်ရ ဆရာဆင်မြူရယ်လ်ဝယ်စလေ(Samuel Wesley)သည် အိပ်ဝတ်သ်၌ ပါမောက္ခချုပ်ဖြစ်၍ မိဘများမှာ ပြူ ရီတန်များဖြစ်သော်လည်း သူသည် အင်္ဂလီကန်အမာခံကြီးဖြစ်သည်။ ဂျွန်၏ မိခင်မှာ ပါမောက္ခကြီး၏ ကလေး ၁၉ ယောက် ကို ဝမ်းနှင့်လွယ်ထားရသူဖြစ်သော်လည်း ဇွဲသတ္တိနှင့် ခွန်အားအပြည့်ရှိကာ သူ့မိသားစုကို တည်ကြည်မှန်ကန်ခြင်းနှင့် ချစ်ခြင်းမေတ္တာဖြင့် နွေးထွေးစွာ စီမံအုပ်ချုပ်နိုင်သော အာဂ အမျိုးသမီးတစ်ဦးဖြစ်သည်။ သူသည် နေ့စဉ်ရက်ဆက် ကလေးတစ်ဦးချင်းစီအတွက် အချိန်ကို သီးသန့်ထား၍ ကျမ်းစာနှင့် ဆုတောင်းစာအုပ်ကို သွန်သင်ခြင်းများပြုလုပ်ကာ ကလေးများ တိုးတက်ရာတိုးတက်ကြောင်းအတွက် လမ်းပြပဲ့ကိုင်သူဖြစ်သည်။

ကောင်းမှုကုသိုလ်များ

ဂျွန်နှင့် သူ့ညီချားလ်စ် (Charles) တိုသည် လန်ဒန်ကျောင်းမှ ထွက်၍ ချာတာဟောက်စ် (Charterhouse) နှင့် ဝက်စ်မင်စတာတွင် အောက်စဖိုဒ်သို ရောက်သည့်တိုင် ကျောင်း တက်နေစဉ်၌ မိခင်ဆူဆန်နာက ပေးစာများ ရေးသားခြင်းဖြင့် အားပေးလေ့ ရှိ၏။ ညီ အစ်ကိုများ၏ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာဖိုရန်လည်း အကြံဉာဏ် ကောင်းများပေးခြင်းနှင့် ဆိုးညစ်သော လောကီအရာများနှင့် မထိတွေ့စေရန်လည်း တတွတ်တွတ် မှာကြားတတ် သည်။ ဤသိုသော လမ်းညွှန်မှုများကြောင့် ဝယ်စလေသည် အင်္ဂလီကန်ဝါဒ၏ အဆုံးအမ အောက်၌ အမြစ်တွယ်လျက်ရှိကာ “ကောင်းမှုကုသိုလ်များသည် ကယ်တင်ခြင်းအတွက် မရှိမဖြစ် လိုအပ်သည်ဟူသော စိတ်ကူးများ စိမ့်ဝင်လာ၏။ သူ့အသက် ၂၂ နှစ်တွင် သူ့ ဖခင်က သိက္ခာတင်ရန် (၁၇၂၅ ခုနှစ်) ဇွတ်အတင်းခိုင်း သောကြောင့် ပထမဆုံးအနေဖြင့် သူ့ဘဝတွင် “မှန်ကန်သော ဘာသာရေးတိုမည်သည် နှလုံးသားအတွင်းမှသာ””ဖြစ်ကြောင်း သိမှတ်ကာ သူကိုယ်တိုင်လည်း “အတွင်းစိတ်မြင့်မြတ်မှု”” ရရှိရန်အတွက် သီးသန့်နေသည်။ ။

သူသည် အောက်စ်ဖိုဒ် လင်ကွန်းကောလိပ်တွင် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲဝင် တစ်ဦးနှင့် ဂရိဘာသာပြဆရာတစ်ဦးဖြစ်လာသည်။ ထိုစဉ် ခရစ်အသင်းတော်တွင် ကျောင်း တက်နေသူ သူ့ညီချားလ်စ်က လာရောက်ဆက်သွယ်ကာ သူတိုနှစ်ဦးသည် ထိုတက္ကသိုလ် ၌ နှစ်အတန်ကြာ အတူနေခဲ့ကြ၏။ ၁၇၂၉ ခုနှစ်တွင် ချားလ်စ်သည် စိတ်တူကိုယ်တူ ကျောင်းနေဖက်များနှင့် ဘာသာရေးအဖွဲတစ်ဖွဲကို ဖွဲကာ “သန့်ရှင်းသူများအဖွဲ” (Holy Club) ဟူ၍ အမည်သမုတ်သည်။ သူတိုသည် အချိန်ရှိသမျှကို ဆုတောင်းခြင်းနှင့် ကျမ်း စာလေ့လာ ခြင်းဖြင့် အသုံးပြုကာ ကောင်းမှုကုသိုလ်များဖြစ်သော အကျဉ်းသားများထံ သွားရောက်လည်ပတ်၍ ခွန်အားပေးခြင်း၊ နွမ်းပါးသော မိသားစုများကို ရိုင်းပင်းကူညီ ခြင်းနှင့် နာမကျန်းသူများကိုလည်း ဂရုတစိုက်ပြုစု ကြသည်။ သူတို၏ တစ်နေ့တာအချိန် တွင် မိနစ်တိုင်းကို အကျိုးရှိအောင် စီမံခန့်ခွဲထားခြင်းဖြစ်၍ သူတို၏ ဘဝနေနည်းမှာ စာအုပ်ကြီးဆန်လွန်းသောကြောင့် သူတိုကို “စည်းစနစ်ကျလွန်းသူများ” (Methodists) ၊ ဟုခေါ်သည်။

 

သာသနာပြုခြင်း

၁၇၃၄ ခုနှစ်တွင် ဝယ်စလေသည် ဘုရားရှင်က သူ့ကို ဂျော်ဂျီယာ (Georgia) ၏ ကိုလိုနီဖြစ်စ လူနီရိုင်းများထံ သာသနာပြုရန် စေခိုင်းသည်ဟု အာရုံရ၏။ ထိုကြောင့် ၁၇၃၅ ခုနှစ်၊ အောက်တိုဘာတွင် ရွက်လွှင့်ထွက်ခွာကာ ရေကြောင်းခရီး၌ ကမ္ဘာသစ်သို့ ယုံကြည်ချက်ကွဲငြားလူများ ပြောင်းရွှေ့လာသူ မိုရေးဗီးယန်း (Moravian) ခရစ်ယာန်များနှင့်တွေ့ဆုံသည်။ သူတို နှင့် စကားစမြည်ပြောကြရာမှ သူသည် ကယ်တင်ခြင်း စိတ်ချမှုမရှိသေးကြောင်း သိမှတ် ကာ ထိုစဉ် မုန်တိုင်းများကျလာသဖြင့် သူသည် သေဖိုရန်ပင် အဆင်သင့်မဖြစ်ခဲ့သေးချေ။

ဝယ်စလေသည် ဂျော်ဂျီယာ၏ ကိုလိုနီရပ်ဝန်းများ၌ အလျော့အတင်းမရှိသော စည်း မျဉ်းများချမှတ်သောကြောင့် လူနီရိုင်းများမှာ တိုးတက်ခြင်းအလျင်း မရှိခဲ့ကြ။ အသင်းတော် ကပင် သူ့ကိုဆန့်ကျင်သော အမိန့်စာထုတ်ပြန်သောကြောင့် သူသည် သာသနာပြုခြင်း မျှော်မှန်းချက်များကို လက်လျော့လိုက်ကာ ရုတ်ချည်းဆိုသလို အင်္ဂလန်သို ပြန်ချလာ သည်။ သာသနာပြုခြင်းနှင့်ပတ်သက်၍ သူ၏ နေ့စဉ်မှတ်တမ်းတွင် ဤသို ရေးသားထား ၏။ “ကျွန်ုပ်သည် အမေရိကသို သွား၍ လူနီရိုင်းများကို ပြောင်းလဲပေးလိုလှသော်လည်း ကျွန်ုပ်ကို မည်သူက ပြောင်းလဲပေးမည်နည်း။”

ဘုရားရှင်က ဝယ်စလေ၏ ငိုညည်းသံကို ကြား၍ မကြာခင် အဖြေပေး၏။ သူသည် လန်ဒန်ရှိ မိုးရေးဗီးယားတစ်ယောက်ဖြစ်သူ ပီတာဘိုလာ (Peter Bohler) နှင့် ကယ်တင်ခြင်းဆိုင်ရာအကြောင်းများကို အကြိမ်ပေါင်းများစွာ အချေအတင်ဆွေးနွေး သည်။ သူကိုယ်တိုင် မပြောင်းလဲသေးမှန်းသိသော်လည်း ယုံကြည်ခြင်း ရရှိဖိုရန် တရား ဟောမြဲဟောသည်။ ဘိုးလာက ဤသိုဆို၏။ “ယုံကြည်ခြင်းရသည့်တိုင်အောင် ဟောပါ။ ထိုသိုပြုလျှင် ယုံကြည်ခြင်းရရှိ၍ ယုံကြည်ခြင်းကို ဟောပြောသူဖြစ်ပါလိမ့်မည်။”

၁၇၃၈ ခုနှစ်၊ မေလ၊ ၂၄ ရက်နေ့တွင် ဝယ်စလေသည် “စိတ်မပါလှသော်လည်း ” အယ်လ်ဒါးစ်ဂိတ် (Aldersgate) လမ်းမပေါ်တွင် လူသာ၏ ရောမအနက်ဖွင့်ကျမ်းကို ဖတ်နေကြသော မိုရေးဗီးယန်းအဖွဲသို သွားရောက်နားထောင်၏။ သူ့ပြောပြချက်အရ  သူသည် “၉ နာရီမထိုးခင် ၁၅ မိနစ်အလို၌ ဘုရားရှင်က သူ့နှလုံးသားကို တိုထိ၍ ခရစ်တော်ကို ယုံကြည်စေသည်ဟု ဆိုသည်။ ကျွန်ုပ်နှလုံးသားသည် ထူးကဲသော ခံစားမှု ကို ခံစားရသည်။ ကျွန်ုပ်သည် ခရစ်တော်ကို ယုံကြည်စိတ်ရှိလာ၍ ကျွန်ုပ်၏ အပြစ် များကို ဖယ်ရှားပေးသည်ဟု မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချမှုရှိလာကာ ပညတ်တရားနှင့် သေခြင်းမှ လွတ်မြောက်ပြီဟု ခံစားရသည်။” ထိုရက်များမတိုင်မီ သုံးရက်အလိုတွင် သူ့ ညီချားလ်စ်သည် ထူးကဲသော အတွေ့အကြုံကို ရုတ်တရက် ခံစားရကာ ပြောင်းလဲသည်။ ထိုကြောင့် ညီအစ်ကိုနှစ်ယောက် ယုံကြည်ခြင်း၌ ပူးပေါင်း၍ ခရစ်တော်၌ ယုံကြည် ခြင်းအသစ် ရရှိကြသည်။

 

အလှည့်အပြောင်း

ယင်းအဖြစ်အပျက်များသည် မက်သဒစ်ဝါဒကိုသာ မွေးဖွားပေးခြင်း မဟုတ်ဘဲ အင်္ဂလိပ် သမိုင်းကို တစ်မျိုးတစ်ဖုံဖြစ်လာရန် အလှည့်အပြောင်းများအနက် တစ်ခုဖြစ်သည်။ သမိုင်း ပညာရှင်တစ်ဦး၏ အဆိုအရ အင်္ဂလန်သည် ထိုရာစုနှစ်အကုန်တွင် ပြင်သစ်တော်လှန်ရေး ကဲ့သိုသော အခြေအနေမှ လွတ်မြောက်နိုင်ခဲ့သည် ဟုဆို၏။ လအနည်းငယ်အတွင်း ဝယ်စလေသည် အောက်စ်ဖိုဒ်က သန့်ရှင်းသူများအဖွဲတွင် မိတ်ဆွေတစ်ဦး ဖြစ်သူ ဝှစ်ဖီးလ် နှင့်တွေ့ဆုံသည်။ ဝှစ်ဖီးလ်သည် သူ့အရင် ၃ နှစ်ကတည်းက ပြောင်းလဲသူဖြစ်၍ ဘရိတ် လဟာပြင်ပွဲများ၌ အောင်ပွဲရနေသူဖြစ်ကာ အသင်းပေါင်းများစွာလည်း ဖွဲစည်းတည် ဆောင်သူဖြစ်သည်။ သူက ဝယ်စလေကိုဖိတ်ခေါ်ကာ သူ အမေရိကတွင် မိဘမဲ့ဂေဟာ တည်ထောင်၍ ပြန်လာသည်အထိ ဘရိစတိုးတွင် တာဝန်ယူပေးရန် ဖိတ်ခေါ်သည်။

အစတွင် ဝယ်စလေက “သူနှင့် အလွန်စိမ်းသော လဟာပြင်တရားဟောပွဲ”သည် ၊သူနှင့် လမိုင်းမကပ်ဟု ထင်မှတ်မှားခဲ့၏။ “ဝိညာဉ်ဆယ်တင်ရေးဆိုသည်မှာဝတ်ကျောင်း ၊ ၌သာ ပြုမြဲထုံးစံရှိသည်ဖြစ်၍” သူက သင့်တင့်လျောက်ပတ်သော နေရာကိုလို ခဲ့၏။ သိုသော် နှစ်ရက်လွန်ပြီးနောက် ဝှစ်ဖီးလ်ပြုနေကျအတိုင်း လူပေါင်း ၃၀၀၀ ကို ကယ်တင်ခြင်းဆိုင်ရာ ဝမ်းမြောက်ဖွယ်သတင်းကို အများသုံးလမ်းမကြီးများပေါ်၌ ကြွေးကြော်တော့၏။” လဟာပြင်တရားဟောပွဲ အောင်မြင်မှုက ဝယ်စလေ၏ စိတ်ကို ပြောင်းလဲပေးကာ ထို အချိန်မှစ၍ ရှေ့တစ်လျှောက် တရားနာမည့် ပရိသတ်ကို မြင် သည်နှင့် တရားစဟောတော့သည်။ တစ်ကြိမ်လျှင် လူပေါင်း ၈၀၀၀ ခန့် လာရောက်တရား နာကြသည်။ သူ့အတွက် တရားဟောပလ္လင်ပိတ်ပင်မှုများ တိုး၍တိုး၍ လာသော်လည်း သူသည် ဘုရားကျောင်းအတွင်း၌ တွေ့ရခဲသော လူတန်းစားတစ်ရပ်ဖြစ်သည့် ကျောက်မီး သွေးတွင်းအလုပ်သမားများ၊ သံရည်ကျိုစက်အလုပ်သမားများ၊ ဗိုင်းငင်သူများနှင့် ရက်ကန်း သမားများထံ၌ တရားရေအေး အမြိုက်ဆေးကို ကြည်ရွှင်စွာပင် တိုက်ကျွေး၏။

မကြာခင် ဧဝံဂေလိဆရာနှစ်ပါးသည် အခြေခံကျသော ဓမ္မဗေဒဆိုင်ရာကွဲပြားမှုများ ကိုယ်စီရှိသည်ကို သိမှတ်ကြသည်။ သူတိုသည် ဓမ္မအမှုတော်ဆောင်များအနေဖြင့် ၃၉ ချက် အခြေခံမူကြီးများကို နှစ်ယောက်အတူ လက်ခံထားကြသော်လည်း ထိုအခြေခံမူကြီး များသည် ကယ်ဗင်ဝါဒဘက်သို ပို၍ တိမ်းညွတ်သည်။ ဝှစ်ဖီးလ်က ကယ်ဗင်ဝါဒဘက် ယိမ်းသော်လည်း ဝယ်စလေသည် အာမေးနီးယန်းဝါဒကို ပို၍ နှစ်သက်သူဖြစ်ရကား ကြို တင်၍ ခွဲခန့်မှတ်သားခြင်းကို အပြတ်ငြင်းကာ ဘုရားရှင်၏ အချုပ်အခြာအာဏာသည် လူသားတိုင်းကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပေးထားသောကြောင့် ခရစ်တော်၏ သေ ခြင်းမှာ ရွေးနှုတ်ခံသူ လူနည်းစုအတွက်သာမဟုတ်ဘဲ လူသားအားလုံးအတွက်ဖြစ်သည်ဟု ဆို၏။ ဝယ်စလေက လူသားတိုင်းအတွက် သနားခြင်းဂရုဏာတော်ဟူသော တရားဒေသနာ ဖြင့် ဝှစ်ဖီးလ်အား ပေါ်ပေါ်တင်တင် တိုက်ခိုက်ခြင်းကို ဝှစ်ဖီးလ်က ပေးစာဖြင့် တုံပြန်ကာ အများပြည်သူမသိရအောင် တောင်းဆိုသော်လည်း ဝယ်စလေက သူ့တောင်းပန်ချက်ကို မသိကျိုးကျွန်ပြုသည်။

ဝှစ်ဖီးလ် အမေရိကမှ ရောက်လာလျှင် သူတိုနှစ်ဦးသည် အခင်အမင်မပျက်နေကာ ကိုယ့်ယုံကြည်ရာကို “နည်းလမ်းနှစ်သွယ်ဖြင့် ဟောပြောပိုချရန် သဘောတူကြသည်။ ၄စ်ဖီးလ်သည် ၁၇၄၃ တွင် ဟိုးဝဲလ်ဟားရစ်(စ်)နှ င့် ဆက်သွယ်ကာ ဝေလ၏ ကယ်ဗင် ဝါဒဆန်သော မက်သဒစ်အသင်းကို တည်ထောင်၍ နောက်တစ်နှစ်တွင် ဝယ်စလေက လည်း “ညီညွတ်သော အသင်းအဖွဲများ အမည်ဖြင့် တစ်နိုင်ငံလုံးအနှံ အသင်းများဖွဲကာ တစ်နှစ် တစ်ကြိမ် ညီလာခံကျင်းပ၍ ဘုရားအမှုတော်ကို အကောင်းဆုံးနည်းများဖြင့် သယ်ပိုးရန် ဆုံးဖြတ်ချက်ချသည်။ ဘရိစတိုးတွင် မက်သဒစ်ဝါဒတည်ထောင်စက ဝယ်စလေသည် ကမ္ဘာ့နေရာအနှံ အပြားတွင် မက်သဒစ်ဝါဒကို တည်ထောင်ရမည်ဟု ယုံကြည်သည်နှင့်အမျှ သူသည် နယ် လှည့်၍ သာသနာပြုခြင်းကို အင်္ဂလန်အပါအဝင် စကော့တလန်နှင့် အိုင်ယာလန်သို တစ်နှစ်လျှင် အကြိမ် ၂၀ ခရီးထွက်၏။ သူသည် မြင်းစီး၍ မိုင်ပေါင်း ၂၅ဝဝဝဝ ခန့် ခရီး ထွက်ရင်း တရားဒေသနာပေါင်း ၄ဝဝဝဝ မျှ ဟောပြောကာ သူ့ခရီးစဉ်များကို အသေးစိတ် မှတ်သားလျက် နောင်အခါတွင် ထိုအကြောင်းများကို သူ၏နေ့စဉ်မှတ်တမ်း၌ ထည့်ရေး၏။ ထိုအပြင် သူရေး သားခဲ့သော သမ္မာကျမ်းအနက်ဖွင့်များမှာလည်း ဂန္ထဝင်ကျမ်းကြီးများအ ဖြစ် ကျန်ရစ်သည်။

သင်းအုပ်ဆရာများနှင့် အမှုတော်ဆောင်များက ဝယ်စလေနှင့် သူ၏ ဒေသန္တရတရား ဟောဆရာများကို ဝိုင်းကြဉ်ထားကြသည်ဆိုသော်လည်း ရံခါတွင် အင်္ဂလီကန်အသင်းတော် နှင့် အလွန်းသင့်ကြ၏။ ပရမ်းပတာလူ စုများကလည်း သူတို၏ ကယ်တင်ခြင်းတရားမှ လွဲ၍ အထက်စီးဆန်သော သူတိုအပြုအမူများကို မနှစ်သက်ကြ သောကြောင့် သူတို၏ နေအိမ်များနှင့် အစည်းအဝေးကျင်းပရာ နေရာများကို လုယက်ခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်ကာ မကြာခဏလည်း တိုက်ခိုက်တတ်သေးသည်။

 

ဉာဏ်ကြီးရှင်

အကယ်စင်စစ် ဝှစ်ဖီးလ်သည် ပြောင်းလဲလာသူ သူ့ငယ်သားများအတွက် ရေရှည်တွင် မည် သိုရပ်တည် ရမည်ဟူသော ကြိုမြင်နိုင်စွမ်းမရှိခဲ့သော်လည်း ဝယ်စလေသည် ဤနေရာတွင် ဉာဏ်ကြီးရှင်ပီသစွာ သူ့တပည့် လက်သားများထံ၌ သူ “ခူးယူထားသည့် အသီးများကို ထိမ်းသိန်းစောင့်ရှောက်ရန် လူများ”ကို အဖွဲများခွဲစေ သည်။ သူသည် ၁၇၄၀ ခုနှစ်မှစ၍ ထိုအဖွဲ ကို အသီးသီးခွဲကာ အဖွဲ တစ်ဖွဲ တွင် သင်းအုပ်ဆရာတာဝန် ယူနိုင်သော ဆရာ တစ်ပါးစီခန့်အပ်၍ ထိုသင်းအုပ်ဆရာများသည် အလှည့်ကျ တာဝန်ယူရကာ ယင်းအစီ အစဉ်ကို သူကပင် စီမံကွပ်ကဲ၏။ ဤနည်းဖြင့် သူသည် ထိုအဖွဲကို ပိုင်နိုင်စွာ အုပ်ချုပ် ကာ လက်ထောက်များ၊ ဒေသန္တရတရားဟောဆရာများနှင့် အဖွဲ ခေါင်းဆောင်များကို သူ ကိုယ်တိုင်ရွေးချယ်သည်။ စည်းကမ်းလိုက်နာ ခြင်းမရှိဟု အထင်ရှိသူများကို ထုတ်ပစ်ကာ တစ်နှစ်တစ်ကြိမ် ညီလာခံခေါ်၍ လိုအပ်သော အကြံဉာဏ် (အထက်စီးလေသံမသုံးဘဲ) များကိုလည်း ပေးစေသည်။

ဝယ်စလေ၏ သတင်းကောင်းဖြန့်ဝေခြင်းနှင့်ပတ်သက်၍ ပြည်သူကို အထူးတလည် ယက်ရိုက်ခဲ့သည် များလည်း ရှိ၏။ သူသည် ထောင်သားများနှင့် သူဆင်းရဲများအိမ်သို သွားရောက်လည်ပတ်ကာ သတင်းကောင်းဝေငှခြင်း၊ အခမဲ့ဆေးကုခန်းများ ဖွင့်လှစ်ပေး နွမ်းပါးသူကို ကူညီရန် “သူစိမ်းတစ်ရံဆံ၏ မိတ်ဆွေအသင်းများ”ကိုလည်း တည် ကာ ကျွန်ကုန်ကူးခြင်းကိုလည်း ဆန့်ကျင်သည်။ ဝှစ်ဖီးလ်ကဲ့သို အခြေခံယုံကြည်မှု နှစ်မျိုးဖြစ်သော အသစ်မွေးဖွားခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို ရောက်၏ သောတရားကိုသာ ဟော၏။ သိုသော် သူ့နောက်လိုက်ငယ်သားများကို ပြီးပြည့်စုံသော ခရစ်ယာန်အသက် တာရရှိရန် ရည်ရွယ်ချက်ဖြင့် တွန်းအားပေးလျက်ရှိကာ ယုံကြည်သူ များသည် “ရုပ်လောကအပြစ်” (outward sin) မှ လွတ်မြောက်သင့်သည်ဟု ထောက်ခံ ပြောဆို၏။ ဤခံယူချက်တွင် ဂျော့ချ်ဖောက်စ်နှင့် အမြင်ခြင်း ထပ်တူကျသည်။

 

အမေရိကရောက် မက်သဒစ်ဝါဒ

အမေရိကသို မက်သဒစ်ဝါဒ သယ်ဆောင်သူမှာ အိုင်းရစ်ဒေသန္တရ တရားဟောဆရာ ဖိလစ်အမ်ဘာရီ (Philip Embury) ဖြစ်၍ သူသည် ၁၇၆၆ ခုနှစ်တွင် နယူးယောက်ရှိ သူ့အိမ်၌ မက်သဒစ်အသင်းကို စတင်တည် ထောင်သည်။ ထိုဝါဒသည် အိမ်နီးချင်း ပင်ဆယ် ဗေးနီးယားနှင့် မေရီလဲန်း (Maryland) သိုရောက်ရှိ၏။ ၁၇၇၁ ခုနှစ်တွင် ဝယ်စလေက ဘာမင်ဟမ် (Birmingham) မှ ဒေသန္တရတရားဟောဆရာတစ်ပါးဖြစ်သော ဖရန့်စစ် အက်စ်ဘာရီ (Francis Asbury) ကို တိုးပွားလာနေသော အဖွဲများအား ကြီးကြပ်ရန် စေလွှတ်သည်။ လွတ်လပ်ရေးတိုက်ပွဲကာလ (၁၇၇၆-၈၃) ဖြစ်သော်လည်း ထိုလှုပ်ရှားမှု ကျယ်ပြန့်လာပုံမှာ ၁၇၇၅ ခုနှစ်တွင် အသင်းသားဦးရေ ၃ဝဝဝ မှ ၁၇၉၀ ခုနှစ်တွင် အသင်းသား ၆ဝဝဝဝ အထိ တိုးလာသည်။ ဝယ်စလေသည် အမေရိကရောက် မက်သဒစ် ဝါဒ ဘောင်ကျော်သွားမည်ကို စိုးရိမ်လျက်ရှိသောကြောင့် စိတ်ကြီးဝင်နေသော ဆရာနှစ်ပါး ကို သိက္ခာတင်ပေးရန် လန်ဒန်သင်းအုပ်ဆရာကို ခိုင်း၏။ အဆင်မပြေသဖြင့် သူကိုယ်တိုင် “လက်တင်ဆုတောင်းပေး”ကာ ဒေါက်တာသောမတ်စ်ကုတ် (Dr.Thomas coke) အား အက်စ်ဘာရီကိုကူညီရန် သီးသန့်ထားသည်။ ၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာတွင် ဘာလ်တီမိုး (Baltimore) ညီလာခံ၌ အက်စ်ဘာရီနှင့် ကုတ်တိုကို မက်သဒစ်အစကော်ပယ်အသင်းတော် (Methodist Episcopal Church) ၊ သင်းအုပ်များအဖြစ် ခန့်အပခြင်း ဝယ်စလေ မကျေနပ်နိုင်ခဲ့ပေ။

ဝယ်စလေသည် ဇီဝိန်ချုပ်ငြိမ်းခါနီးတိုင်အောင် ခရီးထွက်နေသူဖြစ်ရကား “ယခု အချိန်တွင် ဦးခေါင်းမှ သည် ခြေဖျားတိုင်အောင် ယိုယွင်းပျက်စီးလာ၍ သက်ကျားအိုကြီးတစ်ဦး”ပင်ဖြစ်တော့၏။ သူ၏ နောက်ဆုံး တရားဟောရာနေရာမှာ လက်သာဟက် (Leatherhead) တွင် ဖြစ်၍ ၁၇၉၁ ခုနှစ်တွင်ဖြစ်ကာ နောင် ၅ ရက်အကြာတွင် အပြင်း ဖျားတော့၏။ သူ မကွယ်လွန်မီ “ဘုရားရှင် ကျွန်ုပ်တိုနှင့်အတူ ပါရှိခြင်းသည် အကောင်းဆုံးဖြစ်သည်”ဟူသော အသံကို နှစ်ကြိမ်တိတိ ကြားရသည်ဟူ၏။

အသင်းတော်တည်ထောင်ချိန် ၁၇၈၄ ခုနှစ်မှစ၍ သူကိုယ်တိုင် “လက်တင်ဆုတောင်း ပေးသော””တရားဟောဆရာနှစ်ပါးက ပင်လယ်ရပ်ခြား တိုင်းတစ်ပါးနှင့် စကော့တ လန်တွင် ဝါဒဖြန့်ရန် ငြင်းဆိုကြ၏။ သူမကွယ်လွန်မီ အင်္ဂလန်ပြည်နေရာအချိုတွင် ပွဲတော်မင်္ဂလာများ အသုံးပြုနိုင်ရန်လည်း စီစဉ်ပေးခဲ့သည်။ ၁၇၉၅ ခုနှစ်တွင် ညီလာခံက တရားဟောဆရာများသည် ခရစ်တော်၏ နောက်ဆုံးညစာ စားပွဲကို ကျင်းပနိုင်ရန် ဆုံးဖြတ် ချက်ချကြသောကြောင့် ထိုဆုံးဖြတ်ချက်က မက်သဒစ်ဝါဒနှင့် အင်္ဂလန် အသင်းတော်၏ နောက်ဆုံးကွင်းဆက်ကို ဖြတ်ချလိုက်သကဲ့သိုရှိကာ ၄င်းသည် ဗြိတိန်နိုင်ငံ ဝယ်စလီယန် မက်သဒစ်အသင်းတော် (Wesley Methodist Church of Britain) ပေါ်ထွန်းလာရန် ရှေ့တော်ပြေးသာ ဖြစ်တော့သည်။

၁၈-၂၀ ရာစုအတွင်း ဘာသာရေး ပြန်လည်သက်ဝင်နိုးကြားလာခြင်း

 

 

၁၈-၂၀ ရာစုအတွင်း ဘာသာရေး ပြန်လည်သက်ဝင်နိုးကြားလာခြင်း (အဆက်)

၁၈-၂၀ ရာစုအတွင်း ဘာသာရေး ပြန်လည်သက်ဝင်နိုးကြားလာခြင်း (အဆက်)

၁၈-၂၀ ရာစုအတွင်း ဘာသာရေး ပြန်လည်သက်ဝင်နိုးကြားလာခြင်း (အဆက်)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၉ရာစုသာသနာပြုခြင်းလှုပ်ရှားမှု

 

ကနဦးအသင်းတော်ကာလတွင် ခရစ်ယာန်များသည် ခရစ်ဝင်ကျမ်း၏ စိန်ခေါ်မှုဖြစ်သော မဟာစေခိုင်းချက်အရ “လူမျိုးတကာကို နောက်လိုက်ဖြစ်စေခြင်း”နှင့်ပတ်သက်၍ အား တက်သရော ပါဝင်လုပ်ဆောင်ကြသည်ကို တွေ့ရ၏။ တတိယရာစုတွင် ရောမအင်ပါယာ တစ်ဝန်း၌ ဧဝံဂေလိတရား ရောက်ရှိ၍ အသင်းတော်အများအပြား တည်ထောင်ကြ ကာ ခရစ်ယာန်ဘာသာသည် မြေထဲပင်လယ်လောက၏ ဘာသာတရားများထဲမှ လက်ခံ နိုင်စရာအဖြစ် စံတင်အသိအမှတ်ပြုခြင်း ခံရသည်။

ဤသို့ သာသနာပြုလုပ်ငန်းများ အားတက်သရော ပါဝင်လှုပ်ရှားမှု တဖြည်းဖြည်းနှင့် ယုတ်လျော့လာ ကာ ရာစုနှစ်ပေါင်းများစွာတိုင်အောင် နယ်ပယ်သစ်မရှာနိုင်ဖြစ်ခဲ့ကြ သည်။ အသင်းတော်ပြုပြင်ပြောင်း လဲရေးကလည်း ပရိုတက်စတင့်အသင်းတော်များအတွက် ရပ်ခြားသို သာသနာပြုရန်အထိ တွန်းအားပေး နိုင်ခဲ့သောကြောင့် ရပ်ဝေးသာသနာပြု ခြင်းကို ဆွီများက လက်ဦးမှုယူလိုက်ကြသည်။ သူတိုသည် သာသနာပြုစခန်းများကို အိန္ဒိယနှင့် အရှေ့ဖျားဒေသ (Far East) များ၌ တည်ထောင်သည့်အပြင် တောင်အမေရိ က ၌ သာသနာပြုနိုင်ရန်လည်း လမ်းခင်းပေးခဲ့ကြသည်။ ၁၇ ရာစုတွင် အမေရိကအလယ် ပိုင်းနှင့် မြောက်အမေရိကကို စပိန်၊ ပေါ်တူဂီနှင့် ပြင်သစ်တပ်များက အနိုင်ရလိုက်သော ကြောင့် ရိုမင်ကက်သလစ်၏ နယ်ပယ်ကို အလွန်ကျယ်ပြောစေသည်။

၁၇ ရာစုနှင့် ၁၉ ရာစုအကြားတွင် ပရိုတက်စတင့်အသင်းတော်များသည် ရပ်ဝေး သာသနာပြုလုပ်ငန်း များ လုပ်ဆောင်ရန် ပြင်ဆင်ကြ၏။ ခရစ်ယာန်ဘာသာသည် ဥရောပအတွက် သာ ကန့်သတ်ထားသည်ဟု ယူဆထားကြသော်လည်း ဤရာစုနှစ်များမှစ၍ က်စတင့်များသည် သတင်းကောင်း မကြားသိရသေးသော လူမျိုးများတံ၌ သတင်း ကင်းဝေငှရန် တဖြည်းဖြည်းနိုးထ၍ လာကြသည်။ မလိုအပ်ဘဲ သာသနာပြုခြင်းနှင့် မှာပါလာတတ်သည်မှာ ကိုလိုနီစနစ်ဖြစ်သော်လည်း သာသနာပြုများ၏ လွတ်လပ်စွာ စားခွင့်တာဝန်ကို ယူပေးသူများမှာလည်း သူတိုပင်ဖြစ်သည်။ မည်သိုဆိုစေ ခရစ်ယာန် လာသည် ဒေသခံတိုင်းရင်းသားများ၏ လူနေမှုစနစ် မြင့်တင်ပေးသော ကိရိယာတန် အာပလာဖြစ်သည်ဟူ၍ကား ထင်မှတ်စရာတော့ ရှိ၏။

 

 

အိန္ဒိယ

ဥရောပတိုက်ရှိ ပရိုတက်စတင့်အသင်းတော်များသည် ဥရောပကမ်းခြေ၏ ဟိုမှာဘက်တွင် သာသနာပြုလုပ်ငန်းများကို တက်တက်ကြွကြွလုပ်ဆောင်ရန် အစတွင် စိတ်ဝင်စား မှုရှိခဲ့ကြသော်လည်း ယင်းနေရာများ၏ သီးခြားဖြစ်နေမှုနှင့် အစစအရာရာ ချိုတဲ့ကင်း မဲ့မှုတိုကြောင့် သူတို၏ ကြိုးစားမှုများမှာ အမှန်တကယ်ထိရောက်သော အကျိုးသက် ရောက်မှုမရှိခဲ့ပေ။ ၁၅၅ဝ ခုနှစ်တွင် ဆွီဒင်ဘုရင်က လပ်လဲန် (Lapland) တွင် သာသနာ ပြုများကိုစေလွှတ်၍ ၁၆၂၀ ခုနှစ်တွင် ဒိန်းမတ်ဘုရင်က ဒိန်းမတ် နိုင်ငံသား ခရစ်ယာန် ဘုန်းကြီးများကို အိန္ဒိယသို စေလွှတ်ကာ ဟိန္ဒူ (Hindus) များထံ၌ သတင်းကောင်းဝေငှ စေ၏။ ဒပ်ချ်တိုက သူတို၏ လက်တံရှည်ကိုလိုနီများဖြစ်သော အိန္ဒိယနှင့် အရှေ့ အိန္ဒိယ (East Indies) ၌ သာသနာပြုစခန်းများ တည်ဆောက်သည်။ ဂျာမနီနိုင်ငံ ဘာသာရေးတက်ကြွသူများ (Pictist) က လူသာရင်သာသနာပြုအဖွဲကို ဖွဲစည်းကာ (၁၇၀၅ ခုနှစ်) အိန္ဒိယသို စေလွှတ်၍ ဟန်းဟတ် (Herrnhut) ရှိ မိုရေးဗီးယန်း အသင်းတော်က ကမ္ဘာတစ်ဝန်း၌ သာသနာပြုများကို ဖြန့်ကြက်စေလွှတ်သည်။

၁၇ ရာစုအကုန်ပိုင်းတွင် ဗြိတိန်နိုင်ငံရှိ ပြူရီတန်လှုပ်ရှားမှုကြောင့် မိမိဥခွံထဲမှ ထွက်၍ မိမိနှင့်သက်ဆိုင်သူများထံ၌ သာသနာပြုခြင်းလုပ်ငန်းကို အစပြုလာခဲ့ကြရာ ယင်းသည် အင်္ဂလီကန်အ သင်းတော်၏ ပထမဆုံးခြေလှမ်းပင်ဖြစ်သည်။ ၁၆၉၈ ခုနှစ်တွင် “ခရစ်ယာန်အသိပညာ ဖြန့်ဖြူးသောအသင်း” (Society for the Propagation of Christian Knowledge SPCK) က ခရစ်ယာန်ပညာရေးနှင့် ကျမ်းစာဝေငှခြင်းများ ဆောင်ရွက်သည်။ ထိုကဲ့သိုပင် ရပ်ခြားသို သာသနာပြုသော အင်္ဂလီကန်အသင်းတော်က လည်း ၁၇၀၁ ခုနှစ်တွင် ကယ်တင်ခြင်းသတင်းကောင်း ဖြန့်ဖြူးသောအသင်း (Society for the Propagation of the Gospel SPG) ဟူ၍ အသင်းဖွဲကာ ပါဝင်ဆောင်ရွက်ကြသဖြင့် “နတ်ကိုးကွယ်သူများနှင့် အယူမှားသူများ အများအပြား ပြောင်းလဲသည်။

SPCK အလုပ်သမားများကို အိန္ဒိယမှ ဒိန်းမတ်ခရစ်ယာန်ဘုန်းကြီးများက ခိုက်အတန့် ထောက်ပံ့ပေးထားသော်လည်း SPG ခေါ် ကယ်တင်ခြင်းသတင်း ဖြန့်ဖြူးသောအသင်းသည် အင်္ဂလန်အသင်းတော်၏ ပထမဆုံးသာသနာပြုအဖွဲဖြစ်သ ထိုအဖွဲသည် ဗြိတိသျှအင်ပါယာ၏ တိုက်ခွဲငယ်များ၌ ရှေ့တော်ပြေးအဖြစ် ကူးသန်း ရောင်းဝယ်ကြသော ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီမှ ခရစ်ယာန်ဘုန်းကြီးများ ဖြစ်ကြ သောကြောင့် အိန္ဒိယရှိ သူတို၏ သတင်းကောင်းမှာ လူကြိုက်နည်းသည်။

၁၇၉၂ ခုနှစ်အထိ အိန္ဒိယနိုင်ငံတွင် ထဲထဲဝင်ဝင် သာသနာပြုခြင်း မရှိသေးပေ။ သိုသော် ထိုနှစ် အောက်တိုဘာတွင် ဝီလျံကယ်ရီ (William Carey) ဦးဆောင်သော နှစ်ခြင်းဆရာ ၁၂ ဦးအဖွဲသည် Kettering (Northants) ၌ တွေ့ဆုံကြ၏။ သူတိုသည် “သတင်းကောင်းဖြန့်ဖြူးသော သီးသန့်နှစ်ခြင်းအဖွဲ” (Particular Baptist Society for the Propagating of the Gosple) ကိုဖွဲကာ ယခု နှစ်ခြင်းသာသနာပြုအဖွဲ (Baptist Missionary Society) ဟု လူသိသည်။ ထိုအဖွဲ၏ ဆုံးဖြတ်ချက်ဖြင့် ကယ်ရီ၏ အိန္ဒိယ သာသနာပြုခရီးစဉ် အစပျိုးသည်မှာ အတ္တလန္တိတ်၏ အစွန်းနှစ်ဖက်မှ သာသနာပြုလုပ်ငန်း များ ပွင့်ထွက်သွားသည်အထိဖြစ်၍ ထိုအဖြစ်အပျက်သည် “လူသားသမိုင်းတစ်လျှောက် တွင် ဖြစ်ပွားသော ကမ္ဘာအနှံ အကျယ်ပြန့်ဆုံး လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်၍ ၄င်းက ခရစ်ယာန်ဘာသာကို အရေးပါအောင် ပြောင်းလဲပေးကာ ကမ္ဘာ့ဘာသာကြီးများထဲတွင် အကြီးဆုံးဖြစ်အောင်လည်း စွမ်းဆောင်ပေးနိုင်ခဲ့သည်။” (Great Christian Leadersp 307)

 

 

ဝီလျံကယ်ရီ (၁၇၆၁-၁၈၃၄) မျက်မှောက်ခေတ် သာသနာပြုလုပ်ငန်း၏ဖခင်ကြီး

နောင်အခါ ရွာငယ်ဇနပုဒ်၌ ကျောင်းအုပ်ကြီးဖြစ်သူ ရက်ကန်းသမားတစ်ဦး၏ သား ဖရီသည် အသက် ၁၇ နှစ်တွင် ပညာရေးဆုံးခန်းတိုင်လေကာ ခြံစောင့်သမားဖြစ်လာ ၍ နောင်တွင် ဖိနပ်ချုပ်သမားအဖြစ် အလုပ်သင်ဝင်သည်။ အင်္ဂလီကန်အသင်းသားဖြစ် သော်လည်း မိတ်ဆွေတစ်ဦး၏ လမ်းပြခေါ်ဆောင်မှုဖြင့် အင်ဒီပင့်ဒင့်ဝတ်ကျောင်းများ တက်ရာမှ ပြောင်းလဲသူဖြစ်သည်။ ဘာသာဗေဒနှင့်ပတ်သက်၍ သူ့တွင် ဗီဇအစွမ်းအစ ပါလာသည်ကို သိမှတ်သောအခါ ဓမ္မသစ်ကျမ်းနှင့် ဂရိဘာသာကို လေ့လာ၍ သူ့ကိုယ်သူ ပြင်သစ်နှင့် ဒတ်ချ်ဘာသာကို ဖတ်တတ်ရန် သင်ယူကာ လက်တင်နှင့် ဟီဘရူးကိုလည်း စတင် လေ့လာသည်။

၁၇၈၅ ခုနှစ်တွင် သူသည် ကက်ထားရင်း (Kettering) အနီး မော်လ်တွန် (Moulton) နှစ်ခြင်း ဘုရားကျောင်း၌ လခစားမဟုတ်သော လူဝတ်ကြောင်သင်းအုပ်ဆရာ (lay pastor) ဖြစ်လာကာ နောင် ၂ နှစ်တွင် သိက္ခာတင်ခြင်းခံရ၍ ၁၇၈၉ ခုနှစ်တွင် လက်စတာ (Leicester) အရပ် ဟာဗေး (Harvey) လမ်းရှိ အသင်းတော်သို ပြောင်းရွှေ့ သည်။ နော့သ်ဟမ်တန် (Northampton) အမှုတော်ဆောင်များအသင်း၏ အသင်းဝင်တစ်ဦး အနေဖြင့် ရံခါတွင် ကယ်တင်ခြင်းမခံရသော နတ်ကိုးကွယ်သူများထံ၌ ညီရင်းအစ်ကိုစိတ် ဖြင့် သတင်းကောင်းသယ် ဆောင်ရန် ဆွေးနွေးတတ်သည်။ ထိုခေတ်ကာလ၏ ယေဘုယျ ခံယူချက်ဖြစ်သော မဟာစေခိုင်းတော်မူချက် သည် တမန်တော်များအတွက်သာဖြစ်သည်ဟူ သည့် ခံယူချက်အပေါ်တွင် ကယ်ရီ၏ အမြင်သည် ကွဲပြား၏။ တစ်ခါက သူ့အယူဆကို မတ်တပ်ရပ်ဆွေးနွေးနေစဉ် ဝါရင့်အမှုတော်ဆောင်တစ်ဦးက “ထိုင်လိုက်စမ်းပါ ကောင် ကလေး”ဟု ပိတ်ထားလိုက်၏။ ထိုသူက “တကယ်လိုများ ဘုရားရှင်က နတ်ကိုးကွယ် သူတွေကို အမှန်တကယ် ပြောင်းလဲစေချင်တယ်ဆိုရင် ခင်ဗျားရဲ့ အကူအညီ မပါဘဲနဲ့ လည်း လုပ်နိုင်ပါလိမ့်မယ်”ဟု ရင့်သီးစွာ ပြောလိုက်လေသည်။

သူ၏ အယူအဆကို တင်ပြနိုင်ရန်အတွက် သူသည် ၁၇၉၁ ခုနှစ်၊ မေလတွင် “နတ် ကိုးကွယ်သူများ ပြောင်းလဲဖိုရန်အတွက် တာဝန်ရှိသော ခရစ်ယာန်များထံသို စုံစမ်းမေး မြန်းခြင်း”အမည်ဖြင့် ခေါင်းစည်းတပ်ကာ ကျမ်းတစ်စောင်ပြုစု၍ ထိုကျမ်းထဲတွင် သမ္မာ ကျမ်းစာ၏ သွန်သင်ချက်များကို အဓိကအချက်အဖြစ် ဖော်ပြကာ သာသနာပြုခြင်း မဟာဗျူး ဟာများကိုလည်း ထည့်သွင်းထားသည်။ သုံးပတ်ကြာပြီးနောက် နိုတင်ဟမ် (Nottingham) တွင် ဟေရှာယ ၅၄၂ ကို အခြေပြု၍ သူ၏ နာမည်ကျော် တရားဟောချက်ဖြစ် သော “ဘုရားရှင် ထံမှ ကြီးမားသော အရာများကို မျှော်လင့်၍ ဘုရားရှင်အတွက် ကြီးမားသောလုံလဝါယမအားစိုက်ထုတ်ပါ (expect great things from God attempt great things for God)တရားဖြင့်လူအပေါင်းကို နှိးဆော်တိုက် တွန်းသည်။

တောင်ပင်လယ်ကျွန်းစုအစား အိန္ဒိယသိုသွား၍ သာသနာပြုရန်မှာ ကယ်ရီ၏ ဦးစား၊ ပေးပစ်မှတ်ဖြစ်သည်။ အကြောင်းမှာ ယခင်က ဘင်္ဂလားနယ် (Bengal) တွင် တာဝန် ထမ်းဆောင်ဖူးသော ရေတပ်ခွဲစိတ်ဆရာဝန်ဟောင်း ဂျွန်သောမတ်စ် (John Thomas) သည် ထိုနေရာသို ပြန်သွားရန် စီစဉ်ထားသော ကြောင့်ဖြစ်၏။ သူသည် နှစ်ခြင်းအဖွဲနှင့် ပူးပေါင်း၍ စေတနာ့ဝန်ထမ်း ကယ်ရီနှင့် သူ့ဇနီးနှင့် ကလေး ၄ ယောက်ဖြင့် အဖွဲကျကာ ၁၇၉၃ ခုနှစ်၊ ဇွန်တွင် ဒိန်းမတ်သားပိုင် လှေဖြင့် ရွက်လွှင့်ထွက်ခွာသည်။ အိန္ဒိယရောက်စ အစောပိုင်းနှစ်များ၏ ကြမ်းတမ်းလှပုံမှာ သူ့သားငယ် ပီတာ (Peter) သည် ဝမ်းကိုက် ရောဂါဖြင့် ကွယ်လွန်၍ စိတ်မနှံသူ သူ့ဇနီး၏ ရောဂါမှာလည်း ပို၍ဆိုးရွားကာ သောမတ်စ် သည် အားကိုးလောက်သူ မဟုတ်သည့်အပြင် သူတိုတွင် ပါလာသမျှငွေကြေးများကို ဖြန်း တီးပစ်လေသည်။

ကယ်ရီက သူ့မိတ်ဆွေတစ်ဦးထံ၌ ဤသိုစာရေး၏။ “ကျွန်ုပ်သည် ခရစ်ယာန်မိတ် ဟူ၍ လုံးဝ မရှိသော ထူးဆန်းထွေပြားသည့် အရပ်တစ်ကျေး၌ ထီးတည်းနေရကာ စားနေ ကြီးသော မိသားစုအတွက် ဘာဆိုဘာမျှ လုပ်မပေးနိုင်ခဲ့။” သိုသော် သူသည် ထိုအခြေ အနေများထဲမှ သူ့ယုံကြည်ချက်ကို စွဲမြဲစွာဆုပ်ကိုင်ကာ “ဘုရားရှင်က လိုအပ်တာမှန်သမျှ လုံလောက်စွာ ထောက်ပံ့ပေးသည် ဟု ကြွေးကြော်နိုင်ခဲ့၏။

 

အင်္ဂလိပ်နှစ်ခြင်းများ

တော်ပြုပြင်ပြောင်းလဲရေးက ရေနှစ်ခြင်းဆိုင်ရာ မူကွဲများကို တစ်ဖန်ပြန်လည် စရာ ဖြစ်စေသည်။ အင်နာဘတ်ပတစ် (Anabaptists) များက သူတို၏ ကလေး မား နှစ်ခြင်းပေးသည်ကို ငြင်းပယ်၍ ယုံကြည်သူများ၏ ရေနှစ်ခြင်းသွန်သင်ချက် တဖန်ပြန်လည် ခိုင်မာစေသည်။ သူတို၏ ဦးဆောင်မှုကို နောက်မှ လိုက်လာသူများမှာ ညီအစ်ကိုများနှင့် မင်းနိုးနိုက်စ် (Mennonites) တိုဖြစ်၏။ အင်္ဂလန်တွင် နှစ်ခြင်း နှစ်မျိုးရှိသည်။ ပထမတစ်ဖွဲမှာ လမ်းရိုးမလိုက်သူ ဂျွန်စမစ်သ် (John Smyth) တည် ထောင်သော အမယ်စုံနှစ်ခြင်းများ (General Baptists) ဖြစ်၍ သူသည် ဂိန်းစ်ဘာရာ (Gainsborough) မှ အမ်စတာဒမ် (Amsterdam) တွင် ခိုလှုရန် ခေါင်းဆောင်သူဖြစ်ကာ ယုံကြည်သူများ၏ ရေနှစ်ခြင်းမူကို တစ်ဖန်ပြန်၍ ဖော်ဆောင်သူဖြစ်သည်။ သူ့နောက် လိုက်များသည် ၁၆၁၂ ခုနှစ်တွင် အင်္ဂလန်သိုပြန်လာ၍ လန်ဒန်မြို စပီးတယ်လ်ဖီးလ်စ် (Spitalhelds) တွင် ပထမဆုံး နှစ်ခြင်းအသင်းတော်ကို တည်ထောင်ကြသည်။ ဒုတိယ တစ်ဖွဲမှာ သူတို၏ သီးခြားအပြစ်လွှတ်ခြင်းဆိုင်ရာ ယုံကြည်ချက်ကြောင့် သူတိုကို သီးခြားနှစ်ခြင်းများ (Particular Baptists) ဟုခေါ်၏။ ထိုယုံကြည်ချက်တွင် ခရစ်တော် သည် ရွေးနှုတ်ခံသူများအတွက်သာ အသေခံခြင်းဖြစ်၍ သူတိုသည် ကယ်ဗင်အင်ဒီပင့်ဒင့် အသင်းတော်၏ အစွယ်အပွားများဖြစ်ကာ ၁၆၃၃-၃၈ ခုနှစ်တွင် စတင်တည်ထောင်၍ ဂျွန်စပီးလ်စ်ဘာရီ (John Spilsbury) သည် သူတို၏ သင်းအုပ်ဆရာဖြစ်သည်။ ၁၈ ရာစု တွင် နှစ်ခြင်းအများအပြားမှာ ယူနီတေးရီးယန်းဝါဒ (Unitarianism) ခေါ် ဘုရားတစ်ဆူ တည်းဝါဒီများအဖြစ် သက်ဆင်းကြကုန်၏။

ရာစုသစ်နှင့်အတူ အင်္ဂလန်မှ သာသနာပြုအသစ်များ ရောက်လာသည့်အတွက် ကယ်ရီ၏ အခြေအနေမှာ စတင်၍ ကောင်းလာ၏။ သူတိုသည် လိုင်စင်မဲ့အလွတ်တန်း သာသနာပြုများဖြစ်သောကြောင့် ဗြိတိသျှများနှင့် ပူးပေါင်း၍ မရဘဲဖြစ်ကာ ကာလကတ္တား (Calcutta) မြို့ မြောက်ဘက်ဆီရမ်းပူးလ် (Serampore) တွင် ဒိန်းမတ်သားများပေးကမ်းသော အိမ်တစ်လုံးကို လက်ခံရရှိသူများဖြစ်ကြသည်။ ကယ်ရီသည် သူ၏ သာသနာ ပြုလုပ်ငန်း ပို၍ ကောင်းမွန်စေရန်အတွက် သူတိုနှင့် သွားရောက်ပူးပေါင်း၏။ အသစ် ရောက်လာသော သာသနာပြုများထဲ၌ သူနှင့် သိနှင့်ပြီးသူ ပုံနှိပ်တိုက်ပိုင် ဝီလျံဝပ်၌ (William Ward) နှင့် Joshua Marshman တို ပါဝင်သည်။

သူတိုသုံးဦးသားမှာ အလွန်အတွဲညီသော ဆီရမ်းပူးလ် ကြယ်သုံးပွင့်”များဖြစ် လာ၍ ဘာသာပြန်ခြင်းနှင့် သတင်းကောင်းဝေငှဖြန့်ချိရေးတွင် တက်ညီလက်ညီ အလုပ် လုပ်ကြသည်။ ယင်းအတွက်ကြောင့်ပင် တစ်ဦးတစ်ယောက် ပြောင်းလဲရာမှ ရသည့်ပီ မျိုးကို ကယ်ရီ မခံစားရပေ။ သိုသော် ထိုနှစ်အတွင်းတွင် ဟိန္ဒူအမျိုးသားနှစ်ဦးက ခရစ်တော်ကို လက်ခံလာကြ၏။ ၁၈ဝ၃ ခုနှစ်တွင် အိန္ဒိယလူမျိုး ၂၅ ဦးက ရေနှစ်ခြင်းခံ၍ ၁၈၂၅ ခုနှစ်တွင် လူပေါင်း ၇ဝဝ ယုံကြည်သူဖြစ်လာကာ အချိုဆိုလျှင် သူတို၏ အသက် ကိုပင် ရင်းကြရ၏။ သူသည် ဟိန္ဒူဘာသာ (Hinduism) ကို မထိခိုက်စေဘဲ ခရစ်တော် ၏ ကားတိုင်အကြောင်းကိုသာ အဓိကထား ပြောဆိုသောကြောင့် လူအချို ခရစ်ယာန် ဘာသာသို ဝင်လာခြင်းဖြစ်သည်။

အိန္ဒိယဘာသာဖြင့် သမ္မာကျမ်းစာများ ရှိသင့်သည်ဟု သိမှတ်သောကြောင့် ကယ်ရီ က အချိန်ရှိသမျှ ဘာသာပြန်လုပ်ငန်းအတွက် အသုံးပြုသည်။ ဘင်္ဂါလီ (Bengali) ဘာသာဖြင့် ဓမ္မသစ်ကျမ်းကို ၁၈၀၁ ခုနှစ်၊ မတ်လတွင် ပထမဆုံးထုတ်ဝေကာ ကျမ်း ပိုဒ်ပေါင်းအစုံစုံကို ဘာသာပေါင်း ၃၄ ဘာသာဖြင့် ဘာသာပြန်၍ အုပ်စုံသမ္မာကျမ်းကို ဘာသာစကားပေါင်း ခြောက်ဘာသာဖြင့်လည်းကောင်း၊ ကျမ်းစာ၏ အချိုအပိုဒ်များကို ဘာသာပေါင်း ၂၄ ဘာသာဖြင့်လည်းကောင်း ပြန်ဆိုသည်။ သမ္မာကျမ်းစာဘာသာပြန် ခြင်းသည် လိုအပ်မှုအရ အသော့နှင်၍ ရေးသားရခြင်းကြောင့် အမှားမကင်းသော်လည်း အံ့သြဖွယ်ရာ ပြီးမြောက်ခြင်းသို ရောက်၏။

သူ၏ ဘာသာပြန်လုပ်ငန်းကြောင့်ပင် ကယ်ရီသည် ကာလကတ္တားမြို ဖော့ဒ်ဝီလျံ (Fort William) ကောလိပ်တွင် ဘင်္ဂါလီဘာသာနှင့် သက္ကသ (Sanskrit) ဘာသာပြဆရာ အဖြစ် ကမ်းလှမ်းခြင်းခံရသည်။ ယင်းရာထူးက သူ့အတွက် လိုအပ်သောဝင်ငွေကို ထောက် ပံ့ပေးနိုင်ရုံမဟုတ်ဘဲ သူ့အတွက် သဒ္ဒါစာအုပ်များ၊ အဘိဓာန်များ ထုတ်ဝေရေးအတွက် နှင့် အရှေ့တိုင်းစာအုပ်များ ဘာသာပြန်နိုင်ရေးအတွက် အထောက်အကူ ဖြစ်စေသည်။ သိုသော် ၁၈၁၂ ခုနှစ်တွင် သူ့ပုံနှိပ်တိုက် မီးရှိခံရ၍ သူ့စာရွက်သိုလှောင်ခန်းနှင့် ကယ်ရီ ရေးလက်စ စာမူတစ်ထပ်ကြီးမှာ မီးထဲပါသွားသည်။ သူက “အနှစ်နှစ်အလလ ကြိုးစား ထားသမျှ တစ်ညတည်းဖြင့် ဝါးမျိုခံရသည်”ဟု တကယ်စိတ်မကောင်းစွာ ရေးသား ခဲ့သော်လည်း ထိုမီးလျှံများက သူ့ယုံကြည်ချက်ကို နှစ်မြုပ်မသွားစေဘဲ ပျောက်ဆုံးသွား သော သူ့စာမူများကို တစ်ဖန်ပြန်၍ ရေးသားနိုင်ခဲ့သည်။

သူသည် ၁၈၁၉ ခုနှစ်တွင် အိန္ဒိယ ခရစ်ယာန်ကျောင်းသားများအတွက် ဆီရမ်ပူးလ် ကောလိပ်တည် ထောင်သည်။ သူ့ရည်ရွယ်ချက်မှာ အိန္ဒိယသားများအချင်းချင်း ဧဝံဂေလ သတင်းကောင်း ဝေငှနိုင်ရန်ဖြစ် သော်လည်း ခရစ်ယာန်မဟုတ်သော နေ့ကျောင်းသားများ လက်ခံခြင်းကြောင့် စိတ်မချမ်းမသာဖြစ်ခဲ့ရ၏။ အောင်မြင်သော ထိုကောလိပ်ကျောင်းကို ၁၈၂၇ ခုနှစ်တွင် ဒိန်းမတ်ဘုရင်က သူတိုကိုယ်ကိုယ် ဘွဲဒီဂရီများ အပ်နှင်းပိုင်ခွင့်ပေးသနားသည်။

 

 

အိန္ဒိယရိုးရာယဉ်ကျေးမှု

ကယ်ရီသည် အိန္ဒိယလူမျိုးတို၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို စိတ်ဝင် တစားလေ့လာ၍ လူမှုပြုပြင်ရေးများ ပြုလုပ်ရာတွင်လည်း မကြောက်မရွံ ပါဝင်သည်။ သူသည် အလိုမရှိသော ကလေးငယ်များ သတ်ဖြတ်ခြင်းနှင့် ကလေးငယ်ကို ပြည့်တန်ဆာ အဖြစ် ရောင်းစားခြင်းများကို ပြင်းထန်စွာ ဆန့်ကျင်၍ ဟိန္ဒူပြုပြင်ရေးသမားများ၏ ဥပဒေတားမြစ်ချက်ဖြစ်သော (၁၈၂၉) ဆာတီး (Sati) ခေါ် လင်ယောက်ျား၏ အလောင်း မီးရှိရာ မီးပုံထဲသို ကျန်ရစ်သူမုဆိုးမကို အရှင်လတ်လတ် ခုန်ဆင်းစေသည့် ဓလေ့ဆိုး ကြီး ဖျက်သိမ်းရာတွင်လည်း ပါဝင်ကူညီခဲ့သည်။

ကယ်ရီသည် အခြေခံအားဖြင့် ဘာသာဗေဒပညာရှင်ဟုသာ ထင်စရာရှိသော်လည်း သူ့ခေတ်အခါက သာသနာပြုသူများအတွက် အကြံကောင်း ဉာဏ်ကောင်းများကို စတင် ဖော်ဆောင်သူဖြစ်သည်။ သူက သာသနာပြုများသည် တတ်နိုင်သရွေ့ သူတိုကိုယ်ကိုယ်သာ ရပ်တည်ပေးစေချင်သည်နှင့်အမျှ စံပြအဖြစ် သူကိုယ်တိုင် မဲနယ်စက်ရုံတွင် မန်နေဂျာ အဖြစ် အလုပ်လုပ်သည်။

သူသည် ဒေသခံများကိုယ်တိုင်က သူတို၏ အသင်းတော်ကို ကောင်းမွန်စွာ ရှင်သန် ကြီးထွားအောင် ပြုစုနိုင်၍ မိမိဘာသာစကားဖြင့် သမ္မာကျမ်းစာကို ပိုင်ဆိုင်သော ဌာနေ တိုင်းရင်းအသင်းတော်တစ်ခု တည်ထောင်နိုင်ရန် အထူးလိုလား၏။ ထိုအပြင် အမျိုးသမီး များကို အသုံးပြု၍ သာသနာပြုခြင်းများ လိုအပ်သည်ကိုလည်း သိမှတ်၏။ သိုသော် အိန္ဒိယတိုင်းရင်းသူ အမျိုးသမီးများသည် အများအားဖြင့် ယောက်ျား၏ အုပ်ထိန်းမှု အောက်၌ ငြိမ်ဝပ်စွာ နေရသူများဖြစ်ရကား အမျိုးသမီးချဉ်းကပ်မှုမှာ မအောင်မြင်ပေ။

ကယ်ရီကို “မျက်မှောက်ခေတ် သာသနာပြုလုပ်ငန်း၏ ဖခင်ကြီး” (Father of Modern missions) ဟူ၍ လူသိသည်မှာ သူ၏ ထူးခြားပြောင်မြောက်သော ဘာသာ ပြန်လက်ရာများကြောင့် မဟုတ်ဘဲ အနာဂတ်သာသနာပြုလုပ်ငန်းများအတွက် လမ်းပြ နိုင်သော သာသနာပြုခြင်းဆိုင်ရာ စိတ်ကူးစိတ်သန်းများနှင့် ခံယူချက်သဘောတရားကို လှစ်ပြနိုင်သော စာရေးဆရာတစ်ယောက် ဖြစ်သောကြောင့်ဖြစ်သည်။

ကယ်ရီ၏ အောင်မြင်သော သာသနာပြုလုပ်ငန်းကြောင့် ဤမည်သော ပရိုတက် စတင့်သာသနာပြုအဖွဲများ လျင်မြန်စွာ ပေါ်ပေါက်လာသည်။ London Missionary Society (1795), Church Missionary Society (1799) နှင့် British and Foreign Bible Society (1804)။ စကော့တလန်၊ ဥရောပတိုက်နှင့် အမေရိကန်ပြည်ထောင်စုကလည်း သာသနာပြုလုပ်ငန်းများ လုပ်လာကြသည်။ သာသနာပြုအဖွဲများသည်။ အရင်က မကြားသိရဖူးသေးသော ကမ္ဘာ့အစွန်အဖျားသိုတိုင် ရောက်လာကြကာ ခရစ် ယာန်ဘာသာသည် ကမ္ဘာ့ဘာသာကြီးတစ်ခုအဖြစ် အသွင်ပြောင်းလာတော့သတည်း။

 

ဟတ်ဆန်တေလာ (၁၈၃၂-၁၉၀၅) ပင်လယ်ရပ်ခြား သာသနာပြုခြင်းမိတ်သဟာယအဖွဲ့ ကို တည်ထောင်သူ

ဟတ်ဆန်တေလာ (Hudson Taylor) သည် သူ့ဘဝနေဝင်ချိန်တွင် အသက်ကြီးပိုင်း အမှု တော်ဆောင်တစ်ဦး၏ သတိပေးစကားကို ပြန်လည်အမှတ်ရမိသည်။ ““မင်းကို နောက် ကွယ်က ထောက်ပံ့မည့်အသင်းအဖွဲမရှိဘဲ တရုတ်ပြည်သွားမယ်ဆိုတာ ရူးမိုက်ခြင်းသက် သက်ပဲ။ ကိုယ့်အလုပ်နဲ့ကိုယ် မနိုင်မနင်းဖြစ်နေကြတဲ့ ကမ္ဘာကြီးမှာ မင်းကို ဘယ်သူကမှ သတိရတော့မှာ မဟုတ်ဘူး။ မင်းရဲ့ သာသနာပြုလုပ်ငန်းလည်း ၇ နှစ်တောင်ခံမှာ မဟုတ် ဘူး။” ထိုအမှုတော်ဆောင်၏ စကားသည် မှား၏။ တရုတ်ပြည်အတွင်းပိုင်း သာသနာ ပြုအဖွဲ (China Inland Mission) သည် ရှင်သန်စီးဆင်းကာ ၁၉ဝဝ ပြည့်နှစ်တွင် နိုင်ငံခြားသာသနာပြုအဖွဲများ၏ ထောက်ပံ့ကြေးတစ်ဝက်ခန့် ရ၍ လူထောင်ပေါင်း များစွာက ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံလာကြသည်။

တေလာသည် ၁၈၆၅ ခုနှစ်တွင် တရုတ်ပြည်အတွင်းပိုင်း သာသနာပြုအဖွဲကို တည် ထောင်ကာ သူ့အရင်က သာသနာပြုများနှင့် လုံးဝ ကွဲပြားစေသည်။ ဥပမာအနေဖြင့် သူသည် ဘာသာရေးဂိုဏ်းပေါင်းစုံက လက်ခံသော သာသနာပြုအဖွဲများဖြင့် ဖွဲစည်း တည်ထောင်၍ သိက္ခာတော်ရဆရာများအစား သာမန်အသင်းသား သာသနာပြုများကို အသုံးပြု၏။ ရန်ပုံငွေကောက်ခံခြင်းမပြုဘဲ “ယုံကြည်ခြင်း”ကို ဦးထိပ်ထားသော သာသနာ ပြုခြင်းဖြစ်ကာ လန်ဒန်၏ အသိအမှတ်ပြု မဟုတ်သော်လည်း သူတိုသည် သာသနာပြု အဖွဲများ၏ အာရုံစိုက်ခြင်း ခံရသူများဖြစ်သည်။

 

တရုတ်ပြည်

တရုတ်ပြည်တွင် အစောဆုံးသာသနာပြုခြင်းမှာ ၇ ရာစုတွင်ဖြစ်၍ တရုတ်ပြည်၏ အနောက် မြောက်ဘက်တွင်ဖြစ်ကာ ကြာရှည်စွာ ရပ်တည်နိုင်ခြင်း မရှိခဲ့ပေ။ တစ်ဖန် ၁၃ ရာစုတွင် ဖရန်စစ်(စ်)ကန် (Franciscan) ဘုန်းကြီးများက မွန်ဂိုများ (Mongols) ကို ပြောင်း ပေးရန်ဟုဆိုကာ သာသနာပြုကြပြန်သည်။ သိုသော် မွန်ဂိုများသည် နောက်ဆုံးတွ° အစ္စလာမ်ဘာသာသို ဝင်ရောက်ကုန်ကြသဖြင့် သာသနာပြုခြင်း တစ်စခန်းရပ်ရပြန်သည်။

တရုတ်ပြည် သာသနာပြုခြင်းနှင့်ပတ်သက်၍ ၁၆ ရာစုတွင် ဂျေဆွိသာသနာပြုအဖွဲ့ ထပ်ရောက်လာကာ သူတိုသည် အရင်သာသနာပြုများထက် ပို၍ အောင်မြင်သဖြင့် ၁၆၉၂ ခုနှစ်တွင် တရုတ်လူမျိုး ခရစ်ယာန်များ အတွက် အယူဝါဒကွဲပြားမှုအပေါ် သည်းခံ ခြင်းဆိုင်ရာ ပြန်တမ်းကိုပင် အောင်မြင်စွာ ထုတ်ပြန်ပေးနိုင်ခဲ့သည်။ သိုသော် ၁၇၇၃ ခုနှစ် တွင် ပုပ်ရဟန်းမင်းကြီးက ယေရှုအသင်း (ဂျေဆွိ)ကို ထိုနေရာမှ ဖယ်ရှားကာ ရာစုနှစ် ထက်ဝက်ခန့်မတိုင်မီ တရုတ်ပြည်သို ရောမအသင်းတော်ကို စေလွှတ်သည်။

ထိုအချိန်လောက်မှာပင် ပရိုတက်စတင့်များက တရုတ်ပြည်ကို စိတ်ဝင်စားလာသော ကြောင့် ၁၈ဝ၇ ခုနှစ်တွင် လန်ဒန်သာသနာပြုအသင်းက ရောဘတ်မိုရီဆန် (Robert Morison) ဖြင့် ရပ်ဝေးသာသနာပြုခြင်းကို အပြုသည်။ မိုရီဆန်သည် နော်သဘောန်း (Northumberland) တွင် ၁၇၈၂ ခုနှစ်၌ မွေးဖွား၍ သက် ၄၂ နှစ်တွင် ကျောင်းတွက် ခဲ့သော်လည်း အသက်တာပြောင်းလဲပြီး နောက်ပိုင်းတွင် ချိုတဲ့သော သူ့ပညာရေးကို လုံလကြီးစွာ ဖြည့်စွက်သည်။ ။

မိုရီဆန်သည် သူ့အသက် ၁၉ နှစ်တွင် LMS (London Missionary Society) က သူ့ကို သာသနာပြုအဖြစ် အသုံးပြုရန် ခေါ်ဖိတ်သောကြောင့် သူသည် ဆေးပညာနှင့် နက္ခဗေဒကို လေ့လာသင်ယူ၍ လန်ဒန်ရှိ တရုတ်ကျောင်းသားတစ်ဦးထံ၌ တရုတ်ဘာသာ စကားအခြေခံကို သင်ယူသည်။ တရုတ်ပြည်အတွင်းပိုင်းသို နိုင်ငံခြားသားများကို ပေးမဝင် သောကြောင့် နှစ်ပြည်ထောင် သဘောတူစာချုပ်ပါ ဆိပ်ကမ်းမြိုငါးမြိုမှ တစ်မြိုဖြစ်သော ကင်ဘုံ (Canton) တွင်သာ နေရ၏။ ကန့်သတ်ချုပ်ချယ်မှုများကြားမှ သူသည် တရုတ် ဘာသာကို လေ့လာ၍ အရှေ့အိန္ဒိယကုမ္ပဏီ၌ စကားပြန်အဖြစ် အလုပ်လုပ်၏။ နောက် ဆုံးတွင် တရုတ်သဒ္ဒါစာ အုပ်၊ အဘိဓာန်စာအုပ်နှင့် သမ္မာကျမ်းစာကို ဘာသာပြန် ထုတ်ဝေနိုင်ခဲ့သည်။

တရုတ်ပြည်သို့ အခြားသာသနာပြုအဖွဲများ ရောက်လာသည်မှန်သော်လည်း သူ့ စစ်ပွဲ (Opium Wars 1840-42) နောက်ပိုင်းမှ ရောက်လာခြင်းဖြစ်ကာ ထိုအချိန်တွင် သာသနာပြုများ တရုတ်ပြည်သို တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်သွားလာခွင့် ရရုံမဟုတ် တော့ဘဲ အစိုးရက တရားဝင် အကာအကွယ်များပင် ပေးနေချိန်ဖြစ်သည်။ ဤအတွက်ကြောင့်ပင် ၁၈၆၅ ခုနှစ်၌ ဟတ်ဆန်တေလာက ယနေ့ ပင်လယ်ရပ်ခြား သာသနာပြုခြင်း မိတ်သဟာယအဖွဲ (Overseas Missionary Fellowship) ခေါ် တရုတ်ပြည်အတွင်း ပိုင်း သာသနာပြုအဖွဲကို ဖွဲစည်းတည်ထောင်နိုင်ခြင်း ဖြစ်သည်။

 

 

ဆေးသင်တန်း

ဟတ်ဆန်တေလာသည် ယော့ရှိင်းယား ဘရင်းစလေ (Bransley) တွင် မွေးဖွားသူဖြစ် သည်။ သူသည် ၁၇၇၆ ခုနှစ်တွင် မက်သဒစ်အသင်းတော်ကို သက်ဝင်ယုံကြည်သော မျိုးရိုးမှ ဆင်းသက်သူဖြစ်၍ သူ့ဘေး (အဘိုး၏ အဖေ) ဂျိမ်းစ် (James) သည် Staincross Ridge တွင် ကျမ်းပိုဒ်တစ်ပိုဒ်ကို နှလုံးသွင်းရာမှ ပြောင်းလဲသူဖြစ်သည်။ မျိုးရိုး စဉ်ဆက် မက်သဒစ်၌သာ သက်ဝင်ယုံကြည်သူများဖြစ်သည်နှင့်အညီ ဟတ်ဆန်၏ ဖခင် သည် ဘရင်းစလေတစ်ဝိုက်၌ လူသိများသော တရားဟောဆရာဖြစ်၏။ လူကလေးတေ လာက Cheapside ရှိ သူတို၏ အိမ်သုံးဆေးဝါးနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင် နောက်ဖေးဇည့်ခန်းတွင် တရားဟောဆရာများ၏ သုံးလတစ်ကြိမ် တွေ့ဆုံပွဲစကားဝိုင်း၌ ရပ်ဝေးသာသနာပြုခြင်း ဆွေးနွေးပွဲများတွင် အထူးသဖြင့် တရုတ်ပြည်အကြောင်း ဆွေး နွေးချိန်ဆိုလျှင် စိတ်ဝင်တစား နားထောင်နေတတ်သည်။

သူ့အသက် လေး၊ ငါးနှစ်တွင် ဟတ်ဆန်က “ကျွန်တော်ကြီးလာရင် တရုတ်ပြည် ကို သာသနာပြုသွားမယ်”ဟု ပြောဆိုတတ်သော်လည်း သူ၏ ကျန်းမာရေးက သူ့မျှော် လင့်ချက်ကို တားဆီးနေသကဲ့သို ရှိ၏။ သိုသော် သူ့အသက် ၁၇ နှစ်တွင် သူသည် ဝေစာ များကို ဖတ်ရှုရာမှ အမှန်တကယ် ပြောင်းလဲလာသည်။

သူသည် ဘုရားရှင်နှင့် နက်ရှိင်းစွာ မိတ်သဟာယဖွဲ့လိုသူဖြစ်သဖြင့် ငယ်စဉ်ကတည်း က ဆုတောင်းဆက်ကပ်သူဖြစ်သည်။ တစ်ညနေခင်းတွင် သြဇာပါသော အမိန့်တော်တ ကို ဤသိုကြား၏။ “ဒါဆို ငါ့အတွက် တရုတ်ပြည်သွားပါ။” ထိုအချိန်မှစ၍ သူ့ သည် ဘုရားရှင်ကို နာခံရန်သာ အသင့်ရှိနေတော့၏။

သူသည် တစ်ခါက လိုအပ်သမျှကို သူကိုယ်တိုင် စီစဉ်၍ ထွက်ခွာရန် ပြင်ဆင်၏။ ထိုအခါသူ၏ Sunday School ဆရာက ပြည်ကြီးတရုတ် (Mandarin) ဘာသာစကားဖြင့် ရေးထားသော ရှင်လုကာခရစ်ဝင်ကျမ်းနှင့် ပေးစာများနှင့် သူအသုံးပြုနေ ဓမ္မသစ်ကျမ်းကိုပေး ကာ ထိုအချိန်မှစ၍ သူသည် တရုတ်လူမျိုးတို့၏ ကျင့်ကြံနေထိုင်ပုံ ဖြင့် နေထိုင်နိုင်ရန် စတင်ကျင့်ယူသည်။

 ဘရင်းစလေရှိ ကွန်ဂရီ‌ဂေးရှင်းနေလ် အမှုတော်ဆောင်ဆရာက Medhurst ၏ တရုတ် ပြည်အကြောင်းရေးထားသော စာအုပ်ကို ထုတ်ငှားကာ ထိုစာအုပ်သည် ဆေးပညာ သာသနာပြုရာ၌ အလွန်အသုံးတည့်သော စာအုပ်ဖြစ်သည်။ သူ၏ ဒုတိယလှုပ်ရှားမှု ဟားလ်မြို (Hull) တွင် ဆေးပညာ သင်ယူခဲ့စဉ်က သူနှင့် ခပ်ကင်းကင်းနေခဲ့သူ ဒေါက်တာဟာဒီ (Dr. Hardey) ၏ အတွင်းရေးလက်ထောက် တာဝန်ယူရန်ဖြစ်၍ ထို ထက်အရေးကြီးသည်မှာ နောက်တစ်နပ်စာထမင်းအတွက် ဘုရားကို ပို၍ ကိုးစားတတ်ရန် ဖြစ်လေသည်။ –

ဤရက်ပိုင်းတွင် တေလာသည် ခြိုးခြံစွာ နေထိုင်စားသောက်၍ သူ့လစာ၏ သုံး ပုံနှစ်ပုံကို ပေးကမ်းလှူဒါန်းသည်။ သူသည် သူဆင်းရဲအိမ်၌ တည်းခို၍ ပုပ်အဲ့အဲ့ပေါင် မုန့်နှင့် ပန်းသီးများသာ နေ့လယ်စာအဖြစ် စားသုံးမှီဝဲကာ ဖခင်၏ လက်သုံးစကားဖြစ် သော “သုညဘဝမှ အစပြုပါ”အဆိုကို လိုက်နာနိုင်ရန် ကြိုးစား၏။ ဤနည်းအတိုင်း သူသည် တရုတ်ပြည်တွင် ကြုံတွေ့ရမည့် အခက်အခဲများအတွက် သူ့ကိုယ်သူ ဒူပေနာပေ ခံနိုင်ရန် ကျင့်သားရအောင် နေထိုင်အားထုတ်သည်။

 

ယုံကြည်ခြင်း

ဟားလ်မြို၏ အနုံချာဆုံးရပ်ကွက်တွင် အလုပ်လုပ်နေစဉ် တနင်္ဂနွေညနေပိုင်းတစ်ရက်၌ သေအံ့ဆဲဆဲ အမျိုးသမီးတစ်ဦးထံ၌ သူ့ကို ပင့်ခေါ်ကြ၏။ ထိုအိမ်သိုရောက်၍ ဆုတောင်း ပေးပြီးလျှင် ဆာလောင်နေသော ထိုမိသားစုအတွက် ထမင်းဖိုးပေးခဲ့သင့်သည်ဟု ခံစားရ ၏။ သူသည် မိမိအိတ်ကပ်ကို နှိက်ယူလိုက်ရာ သူ့ဖခင်ထည့်ပေးထားသော နောက်ဆုံး ဒင်္ဂါးပြားကို စမ်းမိသောကြောင့် တောင်တောင်အီအီ စဉ်းစားမနေဘဲ ပေးကမ်းလိုက်ပြီး နောက် ဘုရားရှင်က ကျွန်ုပ်လိုအပ်သမျှ ထောက်ပံ့ပေးမည်ဟု ဖြေသိမ့်၏။

နောက်တစ်နေ့မနက်တွင် စာပိုသမားတစ်ယောက်က အလှူရှင်မသိရသော လက် အိတ်တစ်စုံနှင့် ဗြိတိသျှရွှေဒင်္ဂါးတစ်ဝက်ပါသော အထုပ်တစ်ထုပ် သူ့အတွက် ယူလာ သည်။ သသည် ဝမ်းမြောက်စွာ “Praise the Lord” ဟု ဂုဏ်တော်ချီးမွမ်း၏။ ဤ အဖြစ်အပျက်က သူသည် ဘုရားရှင်ကို ပို၍ ကိုးစားတတ်စေကာ တရုတ်ပြည်သို သွားရန် သူ့ဆုံးဖြတ်ချက်လည်း ခိုင်မာစေသည်။

တေလာသည် လန်ဒန်တွင် ဆေးသင်တန်းပြီး၍ တရုတ်လူမျိုးများဆိုင်ရာ ဧဝံဂေလိ သာသနာပြုအသင်း  (Chinese Evangelisation Socieyt-CES) က သူ့လျှောက်ထား ချက်ကို လက်ခံသောကြောင့် ၁၈၅၃ ခုနှစ်၊ စက်တင်ဘာတွင် တရုတ်ပြည်သို ရွက်လွှင့် ထွက်ခွာသည်။ ဟတ်ဆန်တေလာသည် ရှန်ဟိုင်းနင်ပို (Shanghai-Ningpo) ပင်လယ် ကမ်းခြေတွင် ကျန်းမာရေးချိုတဲ့မှုကြောင့် အိမ်ပြန်အပိုခံရချိန်အထိ ၇ နှစ်နီးပါးနေခဲ့၏။ အစတွင် လန်ဒန်သာသနာပြုအသင်း၏ စုပေါင်းခြံဝင်း၌ နေသော်လည်း ပြဿနာအခါခါ တက်သောကြောင့် အကြိမ်ကြိမ်အခါခါ ပြောင်းရွှေ့ခဲ့ရသည်။

ဘာသာစကားသင်ကြားမှုကို လအနည်းငယ် ပြင်းထန်စွာ သင်ကြားပြီးနောက် တေလာသည် ဝေစာများဖြန့်ဖြူးသောအဖွဲတွင် ပါဝင်၍ နောင်အခါ နယ်လှည့်ဧဝံဂေလိ ဆရာများအဖွဲ နှင့် သွားရောက်ပူး ပေါင်းသည်။ တရုတ်ဘာသာဖြင့် ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သည့်အခါတွင် သူပြောင်းလဲ ပေးသူများထဲမှ တစ်ဦးနှင့် နယ်လှည့်တရားပွဲများ ကို သူကိုယ်တိုင်တာဝန်ယူ ဟောပြောနိုင်လာ သည်။ ဆေးပညာကို ဆက်လက်လေ့လာ၍ သူ့ဆေးပေးခန်းမှလည်း အခွင့်အခါသင့်သလို တရားဟောလေ့ ရှိသည်။

ဤနှစ်များအတွင်းတွင် သူ့လုပ်ငန်း၌ ပို၍ အဆင်ပြေစေရန် အရေးပါသော ဆုံးဖြတ် ချက်သုံးမျိုးကို ချမှတ်သည်။ ပထမမှာ တရုတ်လူမျိုးတစ်ဦးကဲ့သို အသွင်ပြောင်း၍ သူ တို၏ နေပုံထိုင်ပုံနှင့် ဒေသခံများကဲ့သို ဝတ်စားဆင်ယင်ခြင်းဖြစ်၏။ ဤနည်းဖြင့် သူသည် တရုတ်များကို ချဉ်းကပ်ရာ၌ ပို၍ အဆင်ပြေသော်လည်း သူနှင့် ဥရောပသားများ အကြားတွင် ယင်းအပြုအမူကြောင့် အဖုအထစ်ကလေးများ ရှိလာခဲ့သည်။

၁၈၅၈ ခုနှစ်၊ ဇန်နဝါရီလတွင် သူသည် စာသင်ရင်း သာသနာပြုသူ မာရီယာဒိုင်ယာ (Maria Dyer) ကို လက်ထပ်ယူသည်။ ကလေးခြောက်ယောက်မွေးသော်လည်း သုံး ယောက်မှာ သူမကိုယ်တိုင် ကွယ်လွန်သော ၁၈၇၀ ခုနှစ်၊ ဇူလိုင်လမတိုင်ခင်က ဆုံးပါး သွားကြ၏။ နောက်ဆုံးတွင် သူသည် CES ခေါ် တရုတ်လူမျိုး များဆိုင်ရာ ဧဝံဂေလိ သာသနာပြုအသင်း၏ ငွေကြေးပေါ်လစီကြောင့် အလုပ်မှ နှုတ်ထွက်ကာ စတာလင်ပေါင် ၁ဝဝဝ ခန့် ကြွေးတင်သွားသဖြင့် သူခံယူထားသည့် ဥပဒေသများနှင့် ကွဲလွဲစွာ အသက် ရှင်ရပ်တည်ဖိုပင် ငွေကြေးချေးယူရတော့သည်။

သူသည် ယခုအချိန်တွင် လုံးဝလွတ်လပ်သူတစ်ဦးဖြစ်၍ လိုအပ်သမျှကို ကိုယ်တော် ထံ၌ တောင်းလျှောက်ရန်သာ ရှိတော့သည်။ သူသည် သမ္မာကျမ်းစာထဲမှ စကားလုံးနှစ်လုံး ကို သားရေလိပ်ပေါ်တွင် ရေး၍ သူ့ဧည့်ခန်းတွင် ချိတ်ကာ ထိုစကားလုံးတိုဖြင့် သူ၏ယုံ ၊ ကြည်ချက်ကို အားဖြည့်၏။ ထိုစကားလုံးတိုမှာ ဧဗေနေဇာ (Ebenezer- ထာဝရဘုရား သည် ငါတိုကို ယနေ့တိုင် မစတော်မူပြီ) နှင့် ယေဟောဝါယိရေ ( Jehovah- Jireh ကိုယ်တော်ပြင်ဆင်ပေးလိမ့်မည်) တိုဖြစ်သည်။

 

စေတနာ့ဝန်ထမ်း ၊

တေလာသည် ဘွဲလက်မှတ်ရဖိုရန်အတွက် လန်ဒန်ကို ပြန်၍ လန်ဒန်ဆေးရုံကြီးတွင် ပညာဆက်လက် သင်ယူသည်။ နှင်ပိုဒေသိယစကားဖြင့် ဓမ္မသစ်ကျမ်း ဘာသာပြန် စတင်သော်လည်း လူငယ်လူရွယ်များကို တရုတ်ပြည်သို စေတနာ့ဝန်ထမ်းများအဖြစ် စေလွှတ်ရန် အားထုတ်မှုများက ပို၍ ခရီးရောက်သည်။

ဆောင်းမဝင်မီ ပရိုတက်စတင့်သာသနာပြုများသည် ၁၁၅ ယောက်မှ ၉၁ ယောက် အထိ လျော့ကျနေသော ကြောင့် တစ်လလျှင် ဘုရားမသိဘဲ သေဆုံးကြသူ တရုတ်လူမျိုး တစ်သန်းခန့်အတွက် သူ့နှလုံးသားသည် မီးဟုန်းဟုန်းတောက်လောင်လျက်ရှိသည်။

တစ်ခါက စနေ၊ တနင်္ဂနွေ အားလပ်ရက်တွင် တေလာသည် ဘရစ်တန် (Brighton) ရှိ သူ့မိတ်ဆွေများထံ တစ်ကိုယ်တည်း လာရောက်ကာ တည်းခို၍ တနင်္ဂနွေနေ့မနက်တွင် ကမ်းခြေသို လမ်းလျှောက်ထွက်လာသည်။ သူ့အတွင်းစိတ်၌ကား သာသနာပြုများအတွက် အလွန်ပူလောင်လျက်ရှိသောကြောင့် ကိုယ်တော်ထံ၌ ပြင်းပြစွာ ဆုတောင်း၏။ ထိုနောက် သူ၏ ကျမ်းစာအုပ်ကို ဖွင့်ကာ ဤသို ရေးမှတ်သည်။ “၁၈၆၅ ခုနှစ်၊ ဇွန်လ၊ ၂၅ ရက် နေ့တွင် ဘရစ်တန်ရှိ စိတ်ဆန္ဒပြင်းပြ၍ ကျွမ်းကျင်သော သာသနာပြုသူ ၂၄ ဦးအတွက် ကျွန်ုပ်ဆုတောင်းသည်။”

နောက်နှစ်ရက်တွင် သူသည် စတာလင်ပေါင် ၁ဝ ဖြင့် ဘဏ်စာရင်းဖွင့်ကာ “တရုတ် ပြည်အတွင်းပိုင်း သာသနာ”ဟု အမည်သမုတ်၏။ လက်ကမ်းစာစောင်တစ်စောင်ထဲတွင် သူ ဤသိုရေးသည်။ “ကျွန်ုပ်တို၏ ပြင်းပြသောဆန္ဒနှင့် ရည်ရွယ်ချက်မှာ ခရစ်တော်၏ စံချိန်စံညွှန်းကို တရုတ်ပြည် ပြည်နယ်ဆယ့်တစ်ခုနှင့် တာတာရီ (Tartary) တရုတ်လူ မျိုးများထံ၌ စိုက်ထူနိုင်ရေးပင်ဖြစ်သည်။”

တေလာသည် သာသနာပြု ၁၈ ယောက်ကို သူနှင့်အတူ ရှန်ဟိုင်း (Shanghai) သို အပါခေါ်ခဲ့ကာ လုပ်ငန်းပြန်လည်စတင်သည်။ ၁၈၆၆ ခုနှစ်တွင် သာသနာပြု စခန်းကို နှစ်နေရာတွင် တည်၍ ၁၈၇၂ ခုနှစ်တွင် သာသနာပြုစခန်းများ ၁၃ နေရာအထိ တိုး ချဲ့ကာ ၁၈၈၄ ခုနှစ်တွင် သာသနာပြု စခန်း ၇၀ ကျော်နှင့် သာသနာပြုသူ အယောက် ၈၀ မှ ၉၀ အထိဖြစ်လာကာ တရုတ်လူမျိုး အယောက် ၁၀၀ ခန့်ကလည်း ပါဝင်ကူညီ သည်။

အခါအားလျော်စွာ ဘုရားရှင်ထံ၌ သူ၏ ဆုတောင်းချက်မှာ သာသနာပြုများတိုးပွား များပြားရန်ဖြစ်၍ အဆောတလျင် လိုအပ်ချက်ဟု သူခံစားရသော အရာမှာ “သက်ရှိ သတ္တဝါများအားလုံးထံသို” သတင်းကောင်း ဝေငှရန်ဖြစ်သည်။ သူ့တောင်းဆုအတွက် ဘုရားရှင်တုံပြန်သည့်အထဲတွင် စိတ်လှုပ်ရှားဖွယ်အကောင်းဆုံးမှာ “ကင်းဘရိတ်ချ်ခုနှစ်ဖော်”ဟု ထင်ရှားသော အထက်တန်းလွှာ တက္ကသိုလ်ကျောင်းသား ခုနစ်ဦး၏ သာသနာ ပြုအဖြစ် ကမ်းလှမ်းချက်ဖြစ်၍ ၄င်းက ဗြိတိန်နှင့် အမေရိကကို အတော်ပင် ဂယက်ထ စေနိုင်သည်။

၁၈၉၀ ခုနှစ်တွင် သာသနာပြု အယောက် ၁ဝဝဝ အတွက် သူ၏ ဆုတောင်းသံကို ဘုရားရှင်က ၁၁၅၃ ယောက်ဖြင့် အဖြေပေးကာ အများစုမှာ အမျိုးသမီးများဖြစ်သည်။ တေလာသည် သာသနာပြုအမျိုးသမီးများ၏ အသုံးဝင်ပုံကို ရှေးမဆွက သိထားနှင့်သူဖြစ် ကာ သူတိုသည် အတားအဆီးများကြားက တရုတ်အမျိုးသမီးကို ချဉ်းကပ်ရာတွင် ပို၍ အသုံးဝင်သူများဖြစ်ကြသည်။

 

ဘုရားရှင်၏ နည်းဟန်

သာသနာပြုဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ သာသနာပြုလုပ်ငန်းအတွက် ငွေရေး ကြေးရေး ဝန်ပိ၍ ရိက္ခာပြတ်လပ်တတ်သော်လည်း လုံးဝ ပြတ်တောက်သွားသည်ဟူ၍ ကား မရှိခဲ့ချေ။ တေလာက “ဘုရားရှင်သည် သူ့နည်းသူ့ဟန်အတိုင်း ဖြည်းဖြည်းနှင့် မှန်မှန်သာ အလုပ်လုပ်သူဖြစ်သောကြောင့် အချိန်မီ ထောက်ပံ့ပေးလိမ့်မည်”ဟု ယုံကြည် ၍ ငွေရေးကြေးရေးအတွက် မည်သူ့ဆီကမှ လက်ဖြန့်မတောင်း ဘဲနေကာ ဆုတောင်းခြင်း တစ်ခုတည်းကိုသာ အားကိုးသည်။ တေလာအကြောင်း ကြားသိကြရသော အခြားခရစ် ယာန်နိုင်ငံများက သူ့ကို ထောက်ပံ့ရန်ပြင်ဆင်ကြသည်။ သူသည် အမေရိက၊ ဆွီဒင်နှင့် သြစတေးလျခရီးစဉ်တွင် သူ့လုပ်ငန်းအကြောင်း ပြောဆိုရာ၌ လက်ဆောင်အဖြစ် ငွေကြေး သာမဟုတ်ဘဲ တရုတ်ပြည်သို လိုက်ပါမည့် အမျိုးသားများနှင့် အမျိုးသမီးများကိုပါ ရရှိ သည်။

တေလာသည် လန်ဒန်သို ဆွေးနွေးညှိနှိင်းပွဲများအတွက် ပုံမှန်သွားနေရသော်လည်း တရုတ်ပြည် သာသနာပြုလုပ်ငန်းကို ၁၉၀၂ ခုနှစ်တိုင်အောင် စီမံအုပ်ချုပ်သည်။ ယင်းအပြု အမူသည် အစဉ်အလာအရ မှားယွင်းသော်လည်း “ခရစ်ယာန်သဟာယကောင်စီ၏ စီစဉ်ပေးမှုဖြစ်သောကြောင့် ခရစ်ယာန်သဟာယကောင်စီ ညွှန်ကြားရေးမှူးသည် ဖိအား ပေးခြင်းခံရ၏။

သာသနာပြုလုပ်ငန်းသည် ရန်လိုမှုများနှင့် လူထုအုံကြွမှုများကြောင့် ရံခါဆိုသလို အဆက်ပြတ် တတ်သော်လည်း ၁၉ဝဝ ပြည့်နှစ်တွင် ပြည်ပြဩဇာအာဏာနှင့် တိုင်းတစ် သားတို၏ ကြီးစိုးလွှမ်းမိုးမှုကို မခံနိုင်၍ တရုတ်လူမျိုးတို၏ ပုန်ကန်ထကြွမှုကြီး (BOX။ Rebellion) ဖြစ်ပွားသည်အထိ အသက်တစ်ချောင်းမျှ မဆုံးရှုးရသေးပေ။ ““ပြည်ပ ဆိုးများ”ပုန်ကန်မှုကြောင့် သာသနာပြု ၅၈ ယောက်နှင့် ကလေး ၂၁ ယောက်မှာ အစုအပြုံလိုက် သတ်ဖြတ်ခြင်းခံရသည်။ အခင်းဖြစ်ချိန်တွင် တေလာသည် လန်ဒန်တွင်ကြားရသော သတင်းကြောင့် သူသည် ယူကျုံးမရဖြစ်သော်လည်း ယင်းတိုက်ခိုက် မသည် မျှော်လင့်ချက် လုံးလုံးမဲ့သွား သည်အထိကား မဟုတ်ခဲ့ပေ။ ပုန်ကန်မှု အစော ဇင်းတွင် သူ ဤသို ရေးခဲ့သည်။ “ကောင်းသောစိတ်က မွန်မြတ်သော အလုပ်များကို အားကြိုးမာန်တက်လုပ်ပြီဆိုလျှင် ယုတ်ညံ့သော စိတ်ကလည်း သွက်လက်စွာ လှုပ်ရှားလာ မည်ပင်ဖြစ်သည်။” (If the Spirit of Good works mightily we may be sure that the spirit of evil will also be active.)

ယခုအချိန်တွင် သူ့ကျန်းမာရေးမှာ တစ်နေ့ရွှေ၊ တစ်နေ့ငွေဆိုသလို ဖြစ်တော့သည်။ သူ၏ ဒုတိယဇနီးမှာ ၁၉ဝ၄ ခုနှစ်တွင် ဆုံးပါးသွားကာ သူသည် တရုတ်ပြည်သို နောက် ဆုံးခေါက်အနေဖြင့် ပြန်လာ၍ နောက်တစ်နှစ် ဇွန်၊ ၁ ရက်နေ့တွင် ကွယ်လွန်၏။ သူ့ရုပ် ကလာပ်ကို ချင်ကီယံ (Chinkiang) တွင်ရှိသော မိသားစုဝင်များက မြေမြှုပ်သဂြိုဟ် သည်။

ဟတ်ဆန်တေလာ၏ ယုံကြည်ခြင်းနှင့် ဘုရားရှင်ထံ ဆက်ကပ်အပ်နှံနိုင်မှုသည် ၁၉ ရာစု သာသနာပြုသူများအားလုံးအတွက် အတုယူဖွယ်ဖြစ်ကာ ခရစ်ယာန်အသင်းတော် များအတွက်လည်း လှုဆော်မှုပေးသော ရေသောက်မြစ်ကြီးဖြစ်သည်။

သူ့ဘဝနေဝင်ချိန်တွင် တစ်ခါက “သူသည် ရံခါတွင် “ဘုရားရှင်ကို ကိုးစားခြင်းက မူအရတော့ ကောင်းပါရဲ့။ ဒါပေမဲ့ အလုပ်တော့ မဖြစ်ဘူး”ဟု ပြောဆိုသူများနှင့် ကြုံရတတ်သည်ဟု ဆို၏။ ဘုရားရှင်က ကျွန်ုပ်အတွက် အလုပ်လုပ်ခဲ့၍ အလုပ်လုပ်ဆဲ ဖြစ်သောကြောင့် ဘုရားရှင်ကို ကျေးဇူးတင်တယ်ဟု သူက ထိုလူများကို ပြန်ထုချေ၏။” သူ့အရင်က ဂျော့ချ်မူလာ (George Muller) ကဲ့သို သူ့ဘဝသည် ဘုရားရှင်အမှန် တကယ် အသက်ရှင်ကြောင်းပြသော သက်သေသာဓက ဖြစ်သည်။

 

ဒေးဗစ်လီဗင်းစတုန်း (၁၈၁၃-၁၈၇၃) သာသနာပြုနှင့် နေရာသစ်စူးစမ်း လေ့လာသူ

အာဖရိကတိုက်ကို “အမှောင်လွှမ်းသောတိုက်” (Dark Continent) ဟု သိကြရ သော်လည်း ဒုတိယရာစုကတည်းက သတင်းကောင်း ရောက်ရှိပြီဖြစ်သည်။ သိုသော် နောင်နှစ်ပေါင်း ၁၇၀၀ အထိတိုင် ယင်းအမှောင်ထုကြီးကို ဖယ်ရှားရှင်းလင်းခြင်းကား မရှိ ခဲ့ကြပေ။

ဒေးဗစ်လီဗင်းစတုန်း (David Livingstone) ၏ အာဖရိကအလယ်ပိုင်းခရီးစဉ် သုံးခေါက်က ယူဂန်ဒါ (Uganda) နှင့် ဒိုင်ယာ (Zaire) ကဲ့သိုသော နေရာများအထိ ပရိုတက်စတင့်သာသနာပြုများအတွက် လမ်းဖွင့်ပေးခဲ့သလိုရှိကာ တစ်ချိန်တည်းမှာ အခြားသာသနာပြုအသင်းများသည် တောင်အာဖရိကနှင့် အနောက်အာဖရိကဒေသ အထိ ထိုးဖောက်ရန် လမ်းစရှာနေကြသည်။

 

 

 

အာဖရိက

အာဖရိကတွင် ခရစ်ယာန်ဘာသာရှိကြောင်း ခိုင်လုံသော ပထမဆုံး အထောက်အထားမှာ အေဒီ ၁၈ဝ ခန့်က ညှင်းပန်းနှိပ်စက်ခံရသော မြောက်အာဖရိကအသင်းတော်ကိုကြည့်ခြင်း အားဖြင့် သိနိုင်သည်။ ထိုအသင်းတော်သည် မွတ်စလင်ကျူးကျော်သူများ၏ ချေမှုန်း ခြင်းခံရကာ ၇ ရာစုတွင် လုံးဝဖျက်ဆီးခြင်း ခံရသည်။ ဘီဇင်တိုင် (Byzantine) သာသနာက ၄ ရာစုတွင် အီသီယိုးပီးယား၌ အသင်းတော်တစ်ခုတည် ထောင်ကာ ထို အသင်းတော်သည် အားနည်းဆုတ်ယုတ်လာသော်လည်း ယနေ့တိုင် ရှိသေးသည်။ ၁၃ ရာစုနှင့် ၁၇ ရာစုအကြားတွင် ဂျေဆွိများ၊ ဖရန်စစ်(စ်)စကန်များနှင့် ကပူချင်များသည် အစ္စလာမ်များ၏ ဆန့်ကျင်ခြင်းကို ရဲရဲရင်ဆိုင်ကာ အာဖရိကပင်လယ်ကမ်းခြေ တချို နေရာများတွင် ရိုမင်ကက်သလစ်ဝါဒကို သွားရောက် ဖြန့်ဖြူးကြသည်။

တောင်အာဖရိကတွင် ဒတ်ချ်များက ကိပ် (Cape) စီရင်စု၌ ၁၆၅၂ ခုနှစ်တွင် အသင်းတော်အများအပြား ထူထောင်၍ သူတို၏ ဘုန်းကြီးများကို စောင့်ရှောက်စေကာ ၁၇၃၇ ခုနှစ်တွင် မိုရေးဗီးယန်းများက ကိပ်၌ သာသနာပြုများ စေလွှတ်၍ လန်ဒန်သာ သနာပြုအသင်းကလည်း ၁၇၉၉ ခုနှစ်တွင် ထိုနေရာ၌ပင် သာသနာပြုစခန်းဖွင့်လှစ် သည်။

၁၉ ရာစုအထိ အာဖရိက၏ အတွင်းပိုင်းသို စွန့်စားရောက်ရှိသော ဥရောပသား မှာ ကျွန်ကုန်ကူးသ မားများသာဖြစ်၍ သူတိုကိုယ်ကျိုးအတွက်သာ ကြည့်တတ်သော အာရပ်များ (Arabs) နှင့် ဖြစ်သည်။ လီးဗင်းစတုန်း တောင်အာဖရိကသို ရောက်ရှိလာ ချိန်မှစ၍ လန်ဒန်သာသနာပြုအသင်းညွှန်မှူးများ၏ စေခိုင်းချက်အရ သူသည် ပြုပြင်ရေး များကို စတင်အကောင်အထည်ဖော်ကာ မြောက်ပိုင်းသို ပြောင်းရွှေ့၍ သာသနာပြုစခန်း အသစ်များ ဖွဲစည်းတည်တည်ထောင်သည်။

 

ဘာသာတရားကိုင်းရှိင်းသောမိဘများ

လီဗင်းစတုန်းသည် ဂလက်စဂို (Glasgow) ၏ အရှေ့တောင်ဘက်မှ မိုင်အနည်းငယ်လှမ်းသော ဘလင်သာယာ (Blantyre) တွင် ဆင်းရဲသော်လည်း ဘာသာရေးကိုင်းရှိင်းသူ မိဘ များမှ မွေးဖွားကာ စကော့တလန်ဘုရားရှိခိုးကျောင်းမှ ကြီးပြင်းသူဖြစ်သည်။ ၁၀ နှစ်သား တွင် အရပ်ထဲရှိ ဝါကြိတ်စက်၌ ““ဗိုင်းငင်သူ”အဖြစ် မနက် ၆ နာရီမှ ည ၈ နာရီအထိ အလုပ် လုပ်သည်။ ပညာကို လက်ကုန်နှိက်ချင်သူ ဖြစ်သောကြောင့် အလုပ်ပြီးသည်နှင့် ကုမ္ပဏီကဖွင့်သော ညကျောင်းတွင် ၈ နာရီမှ ၁၀ နာရီအထိ တက်ရောက်သင်ကြားပြီး အိမ်ပြန်ရောက်လျှင်လည်း သူ့အမေက သူ့လက်ထဲမှ စာအုပ်ကို မသိမ်းမချင်း ညနက်သန်း ခေါင်အထိ စာထိုင်ဖတ်နေတတ်သည်။ လုပ်ငန်းခွင်တွင်လည်း ဗိုင်းငင်စက်အပေါ်၌ စာအုပ်ကလေးတင်ကာ စာဖတ်ခွင့်ပင်ရသေး၏။ သူ အဓိကစိတ်ဝင်စားသည်မှာ သိပ္ပံ ပညာနှင့် ခရီးသွားခြင်းဖြစ်သော်လည်း ဂန္တဝင်စာရေးဆရာကြီးများ၏ စာအုပ်များကိုလည်း ဖတ်ဖြစ်သည်။

သူပြောင်းလဲလာပြီး ဆယ်ကျော်သက်အရွယ်လောက်တွင် တရုတ်ပြည်သို သွား၍ ဆေးပညာဖြင့် သာသနာပြုတစ်ဦးဖြစ်ရန် အမြဲပြင်ဆင်ထားလေ့ ရှိ၏။ သူ့အလုပ်က ဂလက်စဂိုဆောင်းတွင်း၌ ဆေးပညာနှင့် ဂရိဘာသာကို သင်ကြားနိုင်ရန် သူ့ကိုယ်သူ ထောက်ပံ့နိုင်သည့်အပြင် နွေရာသီ၌ ဓမ္မဗေဒသင်ယူနိုင်ရန်လည်း ဖူလုံ၏။ သူသည် ဆရာဝန်တစ်ဦးအဖြစ် အရည်အချင်းပြည့်မီသောကြောင့် လန်ဒန်သာသနာပြုအသင်းက တရုတ်ပြည်သို ဆေးပညာဖြင့် သာသနာပြုသွားရန် လက်ခံသည်။

သို့သော် သူ၏ တရုတ်ပြည်ခရီးစဉ်မှာ ဘိန်းစစ်ပွဲကြောင့် အထမမြောက်ခဲ့။ ထိုကြောင့် သူသည် နောင်အခါ သူ့ယောက္ခမဖြစ်လာမည့် တောင်အာဖရိကတွင် သာသနာပြုသူ ရောဘတ်မိုးဖတ် (Robert Moffat) ကို ဆက်သွယ်သည်။ သူသည် သာသနာပြုရုံး ကို ကူရူမန် (Kuruman) သို ရောက်ရှိပြီး များမကြာမီတွင် မြောက်ပိုင်းသားများဖြစ် ဆက်ချူအာနာ (Bechuana) များဘက်သို ပို၍ အာရုံရောက်သည်။ အစတွင် သာသနာပြုရုံးက သူ့ကို မည်သည့်ဥရောပအသင်းအဖွဲမျှ မရှိသောနေရာ၌ ဒေသခံများ၏ ဘာသာစကား၊ လိုက်နာအပ်သော ထုံးတမ်းနှင့် အလေ့အထများကို ၆ လ သင်ယူစေသည်။ သူက ယင်းသင်ကြားမှုကို တွက်ဆ၍ မရနိုင်လောက်သော အကျိုးအမြတ်ဟု ခံယူသည်။

သူသည် ဘာကွီးနား(Bakuena) မျိုးနွယ်စုခေါင်းဆောင်စီခီလီ (Sechele) ကိုချဉ်းကပ်မိတ်ဖွဲ၍ ခရစ်ယာန် ဘာသာကို ပြောင်းယူစေသည်။ ထိုမျိုးနွယ်စုခေါင်းဆောင်က သူ့လူမျိုးများကိုလည်း ခရစ်ယာန်သာသာသို ဝင်ရမည်ဟု အကြံပြု၍ မဝင်သူကို ကြိမ်ဒဏ် ပေးမည်ဟုလည်း ခြိမ်းခြောက်၏။ သိုသော် ယင်းခြိမ်းခြောက်မှုကို ပြန်ရုပ်သိမ်းခဲ့ရသည်။ လီဗင်းစတုန်းသည် ထိုနေရာကို ဗဟိုပြု၍ အခြားမျိုးနွယ်စုများထံသို အရောက်သွားကာ သူ၏ ဆေးပညာဖြင့် လူများကို ကုသခြင်းနှင့် ရှိသလောက်လူများအပေါ်တွင် သတင်းကောင်းဆိုခြင်းများ ပြုလုပ်၏။ ဒေသခံများသည် ပယောဂဆရာများ၏ လွှမ်းမိုးခြင်းကို အထူးခံရသည်ဖြစ်ရကား လီးဗင်းစတုန်း၏ စကားကို နားမဝင်နိုင်ဘဲဖြစ်ကြကာ ၄ နှစ် ပတ်လုံး မိုးခေါင်ခြင်းနှင့်ပတ်သက်၍ “ဘုရားရှင်၏ နှုတ်ထွက် စကား”တွင် တာဝန်ရှိ | သည်ဟု သူတို၏ အတွေ့အကြုံအရ စွပ်စွဲကြလေ၏။

အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များကို ဖမ်းဆီး၍ လုပ်ခမရသော အလုပ်သမားများ အဖြစ် ကျွန်ကုန်ကူးခြင်းပြဿနာများကို များမကြာမီတွင် လီဗင်းစတုန်း က သတိပြုမိသဖြင့် သူသည် သူမြင်တွေ့ခဲ့ရသမျှကို အမှားအယွင်းမရှိအောင် ဂရုတစိုက် ပြုစု၍ အင်္ဂလန်သို အစီရင်ခံစာပိုသည်။ သူက ဖြစ်နိုင်မည်ဆိုလျှင် ယင်းကျွန်းဈေး၌ ဥရောပကုန်ပစ္စည်းများကို တရားဝင်အရောင်းမြှင့်တင်ရေး ပြုလုပ်နိုင်ပါက ကျွန်ကုန်ကူး ခြင်းများ ရပ်တန့်သွားတန်ကောင်းရဲ့ ဟု ကောက်ချက်ဆွဲပြကာ ထိုသို ပြုလုပ်ခြင်းဖြင့် နီဂရိုးများကို “အတူတကွ ပူးပေါင်းသော လူမျိုးများထဲသို” သွတ်သွင်းရာရောက်၍ ဤအခြင်းအရာကပင် သူတိုကို “လူယဉ်ကျေးများနှင့် ခရစ်ယာန်ဘာသာဝင်များ”ဖြစ် စေမည်ဟု ဆို၏။

 

ထိမ်းမြားခြင်း

လီဗင်းစတုန်းသည် မအားမလပ်သည့်ကြားက မေရီမိုးဖတ် (Mary Moffat) ကို ထိမ်း မြားကာ မိသားစုဘဝလေးကို ပိုင်ဆိုင်၏။ သူတိုသည် ရံခါဆိုသလို မျိုးနွယ်စုများနှင့် ၊ ရောနှောနေလေ့ ရှိကာ ထိုအချိန်မျိုးတွင် သူ့ဇနီးသည် “အိမ်ဖော်တစ်ဦး”ကဲ့သို မရှိမဖြစ် လိုအပ်သော အိမ်ရှင်မဖြစ်သည်။ သိုသော် ၁၈၅၂ ခုနှစ်တွင် သူတိုလုံခြုံရေးအတွက် ကိပ်ကောင်း (Cape Town) မှ သင်္ဘောဖြင့် အင်္ဂလန်သို အိမ်ပြန်လွှတ် လိုက်သည်။

သူ့မိသားစုကို အိမ်ပြန်လွှတ်ပြီးသည်နှင့် သူသည် အာဖရိကအတွင်းပိုင်းသို ကုန်သွယ်ဖို ရည်ရွယ် ချက်ဖြင့် ထွက်လာကာ အတ္တလန္တိတ်ပင်လယ်ကမ်းခြေကို တခြားလမ်းကြောင်းမှ ရှာဖွေရန် ဆုံးဖြတ်သည်။ ဗင်းစတုန်းသည် အထမ်းသမား ၂၇ ယောက်နှင့် ကလာဟာရီ (Kalahari) သဲကန္တာရကြီးကို ဖြတ်၍ မာကိုလိုလို (Makololo) လူမျိုး များ၏ ရွာသာကြီး လင်ယတီ (Linyati) သို ရောက်လာကြသည်။ ထိုအရပ်မှ ယခင်က လူဖြူများ မရောက်ဖူးသေးသော တောနက်ကြီးသို ရောက်ရှိကာ နောက်ဆုံးတွင် St. Paulo de Loanda ကမ်းခြေသို ၁၈၅၄ ခုနှစ်၊ မေလတွင် ရောက်ရှိသည်။ ထိုခရီးစဉ် ၂ နှစ်ကြာ၏။

ထိုခရီးစဉ်ကြောင့် လီးဗင်းစတုန်းသည် အပြင်းဖျား၍ အင်္ဂလိပ်လူမျိုးတစ်ဦးထံ၌ သက်သာသည်အထိ ၃ လ အနားယူခဲ့သည်။ သူသည် အိမ်ပြန်ရန် ကမ်းလှမ်းချက်ကို ငြင်း ပယ်၍ ဆက်လက်ခရီးထွက်ရန်ပြင်ဆင်ကာ ယခုတစ်ကြိမ်တွင် ဇမ်ဘီဇီ (Zambezi) မြစ် ရိုးတစ်လျှောက်ကို လိုက်၍ အရှေ့ပင်လယ်ကမ်းခြေသိုသွားရန် လမ်းစကို ရှာဖွေတွေ့ရှိ၏။ မိုင်ပေါင်း ၂၅ဝဝ နီးပါးမျှ ဆန်တက်လာခဲ့ပြီးနောက် ၁၈၅၆ ခုနှစ်၊ မေလတွင် ဇမ်ဘီဇီ မြစ်ဝ ကွာလီမိန်း (Quilimane) သိုရောက်သည်။ ထိုတွေ့ရှိချက်ကြောင့် သူသည် အင်္ဂလန် သိုပြန်လာ၍ မိသားစုနှင့်အတူ ခရစ်စမတ်ချိန်ခါကို ပျော်ရွှင်စွာ အသုံးပြုသည်။ သူသည် သူ့ကိုယ်သူ နိုင်ငံ့သူရဲကောင်း တစ်ဦးပမာ ထင်မှတ်၍ ဝိတိုရိယဘုရင်မကြီး (Queen Victoria) ၏ ဖိတ်ခေါ်ခြင်းကိုခံရကာ အောက်စ်ဖိုဒ်နှင့် ကင်းဘရိတ်ချ်မှ ဂုဏ်ထူးဆောင် ဘွဲများ အများအပြားရရှိသည်။ သူ့ခရီးစဉ်နှင့်ပတ်သက်၍ သာသနာပြုခြင်း ခရီးရှည်နှင့် တောင်အာဖရိကရှိ သုတေသနပြုချက်များ: (Missionary Travels And Researches in South Africa) ဟု စာအုပ်တစ်အုပ်ထုတ်ဝေသည်။

လီဗင်းစတုန်းသည် အာဖရိကသို ပြန်လာရန်စီစဉ်၍ တုန်လှုပ်ဖွယ်ရာ ကျွန်ကုန်ကူး ခြင်းကို ကြိုးစားဖယ်ရှားပစ်ရန် ဆုံးဖြတ်၏။ သူ၏ ရည်ရွယ်ချက်ဖြစ်သော “ကုန်သွယ် မှုနှင့် ခရစ်ယာန်ဘာသာအတွက် လမ်းပွင့်စေရန်”စေတနာ့ဝန်ထမ်းများ ခေါ်ယူသည်။ သူ၏ တောင်းဆိုမှုကြောင့် အာဖရိကအလယ်ပိုင်းတွင် သာသနာပြုတက္ကသိုလ်များဖွင့်လှစ်ကာ ထိုကျောင်းများမှ နီယာဆာလဲန်း (Nyasaland- ဗော်လဝီ) နှင့် ဇန်ဇီဘာ (Zanzibar) သို စုံစမ်းလေ့လာရေးခရီးများ စေလွှတ်သည်။

 

ဒုတိယအကြိမ် ခရီးထွက်ခြင်း

လန်ဒန်သာသနာပြုအသင်းက သူ့ရည်သန်ရာဖြစ်သော စူးစမ်းလေ့လာခြင်းနှင့် ကုန်သွယ် မှုအတွက် မထောက်ပံ့နိုင်မှန်းသိသောအခါ ဗြိတိသျှအစိုးရထံ၌ ကောင်စစ်ဝန်တစ်ဦးအဖြစ် ခန့်အပ်ပေးရန် တောင်းဆို၏။ ၁၈၅၈ ခုနှစ် နွေဦးတွင် အိပ်တောင်းသို ရွက်လွှင့်၍ သူ့ ဇနီးနှင့် သားငယ်ကိုထားခဲ့ကာ ဇမ်ဘီဇီမြစ်ရိုးတစ် လျှောက် ဆန်တက်လာခဲ့သည်။ သူ က ဇမ်ဘီဇီမြစ်ရိုးအတိုင်း လှေဖြင့် ဆန်တက်လျှင် အတွင်းပိုင်းသို ဝင်ရောက်နိုင်မည်ဟု ထင်မှတ်ခဲ့၏။ သိုသော် သူ့ထင်မြင်ချက်မှာ ပါစင်အောင် လွဲသွားချေသည်။ သူသည် ဧရာမရေတံခွန်ကြီးတစ်ခုနှင့် ပက်ပင်းတိုးမိသောကြောင့် ဇမ်ဘီဇီမြစ်၏ မြစ်လက် တက်တစ်ခုအတိုင်း မြောက်ဘက်သို ဆန်တက်သည်။

သူ၏ ဒုတိယအကြိမ်ခရီးထွက်ခြင်းသည် အရှုးနှင့်သာရင်ဆိုင်ရသောကြောင့် အစိုးရက သူ့ကို အိမ်ပြန်ခေါ်သည်။ သူ့ဇနီးသည် သူ့ကိုတွေ့ဖိုရန်လာသော လမ်းခုလတ်၌ ကိုယ်ပူ၍ အသက်ပါထွက် သွားသောကြောင့် သူ့ဝမ်းနည်းခြင်းသည် တစ်ပူပေါ်တစ်ပူဆင့် ဆိုသလို ဖြစ်သွား၏။ သိုသော်လည်း သူသည် သင်းအုပ်ဆရာ မက်ကင်ဇီ (Mackenzie) နှင့် အာဖရိကအလယ်ပိုင်း သာသနာပြုတက္ကသိုလ်မှ သာသနာပြုများနှင့် ဆုံတွေ့ခွင့်ရ သောကြောင့် ပီတိဖြစ်ကာ သူတိုကို မာဂိုမီရို (Magomero) သို သာသနာပြုရန် ဦးဆောင်နိုင်ခဲ့သည်။

သူ၏ အစီအစဉ်ကို အစိုးရကလည်း အားပေးအားမြှောက်ပြုကာ လီးဗင်းစတုန်း သည် ၁၈၆၄-၁၈၆၅ ခုနှစ်အထိသာ အနားယူသည်။ သူသည် လစာမဲ့ကောင်စစ်ဝန်တစ်ဦး အဖြစ်နှင့် လုပ်ပိုင်ခွင့်အနည်းငယ်ဖြင့် ဒေသပထဝီဝင်ဆိုင်ရာ တော်ဝင်အသင်း (Royal Geographical Society) ၏ ထောက်ပံ့ကြေးယူကာ အာဖရိကသို့ နောက်ဆုံးအကြိမ် ပြန်လာခဲ့သည်။ သူသည် ယနေ့ ခရစ်အသင်းတော် (Christ Church) ကာသီဒြယ်ကြီး အဖြစ် ထိုးထိုးထောင် ရပ်တည်ရာနေရာဖြစ်သော ဇန်ဇီဘာကျွန်ဈေးကို နောက်ဆုံးအနေ ဖြင့် ကြည့်ရှုရန် ခဏတာ ရပ်နားကာ ထိုနေရာမှ တောနက်ကြီးအတွင်းသို နီယာဆာ (Nyasa) ကန်များနှင့် တန်ဂန်ယီကာ. (Tanganyika) အကြားရှိ ကုန်းမြေကို စူးစမ်းလေ့လာရန် ရွည်ရွယ်ချက်ဖြင့် ခြေလျင်ထွက်လာခဲ့သည်။

နှစ်အတန်ကြာမျှ လီးဗင်းစတုန်း၏ အကြောင်းကို မည်သူမျှ မကြားသိကြရသဖြင့် သေပြီဟု ဒေသခံများ၏ ကောလာဟလကိုပင် ယုံရမလိုဖြစ်နေသည်။ သူ့ကို နောက်ဆုံး တွင် နီယာဆာအိုင် ကမ်းခြေအပေါ်က ယူဂျီဂျီ (Ujiji) တွင် နယူးယောက်သတင်းစာ ဆရာ အိပ်ချ်၊ အမ်၊ စတန်လေ (H.M.Stanley) က တွေ့ရှိခဲ့သည်။

နွားလှည်းဖြင့် ခရီးရှည်နှင်၍ သူ နောက်ဆုံးကြိုးစားရှာဖွေခဲ့သည်မှာ လိုအာပူလာ (Luapula) မြစ်၏ မြစ်ဖျားခံရာသည် နိုင်းမြစ် (Nile) မဟုတ်လျှင် ကွန်ဂိုမြစ်(Congo) ဖြစ်ရမည်ဟူ၍ ဖြစ်သည်။ သိုသော် အားအင်ကုန်ခမ်းနေပြီဖြစ်သော သူ့ကိုတစ်မနက် ခင်း သူ့အိပ်ရာဘေး၌ ဒူးထောက်ဆုတောင်းနေရင်းတန်းလန်း သေဆုံးနေသည်ကို တွေ့ရ ၏။ ဒေသခံများက သူ့နှလုံးကို ထုတ်၍ ထိုအရပ် ချီတမ်ဘို (Chitambo) ၌ မြှုပ်နှံကာ တပည့်နှစ်ဦးဖြစ်သော ဆူစီ (Susi) နှင့် ချူမာ (Chuma) တိုက သူ့အလောင်းကို အဂ်လန်သို့ သယ်ပိုးနိုင်ရန် ကမ်းခြေအထိ သွားရောက်ပိုဆောင်ခဲ့ကြသည်။ သူသည် ၁၇၈၃ ခုနှစ်၊ မေ၊ ၁ ရက်နေ့တွင် ကွယ်လွန်၍ ၁၈၇၄ ခုနှစ်၊ ဧပြီ၊ ၁၈ ရက်တွင် ဝက်စ်မင်စတာ က်ဘီ (Westminster Abbey) ၌ ဂူသွင်းသဂြိုဟ်သည်။

လူအများစုက လီးဗင်းစတုန်းကို သတ္တိခဲနယ်သစ်ရှာဖွေသူဟု သတိရကြမည်မှန်သော် လည်း မျက်မှောက်ခေတ် သူ့ကို ဝေဖန်သုံးသပ်သူများက သူသည် ဥရောပကိုလိုနီအုပ်ချုပ် ရေးစနစ်ကို ဖော်ဆောင်သူ ဖြစ်သည်ဟု ကောက်ချကြ၏။ သူသည် အစပိုင်းတွင် အာဖရိက၌ သာသနာပြုတစ်ဦးအဖြစ် သွားရောက် ခဲ့ခြင်းဖြစ်၍ သာသနာပြုကျောင်းများ ဖွင့်လှစ်ရန်သာ အားခဲထားရင်း နယ်မြေမကျွမ်းကျင်သော သာသနာပြုများအတွက် လမ်း ကြောင်းဖောက်ပေးခဲ့သူဖြစ်သည်။ တကယ်တမ်းဆိုလျှင် သူသည် သူ့လုပ်ငန်းဖြစ်သော သာသနာပြုသူတစ်ဦးအဖြစ်သာ သူ့ကို သတိရအောက်မေ့ရန် ပိုလိုချင်ပေလိမ့်မည်။

သာသနာပြုလုပ်ငန်း စတင်ခါစကတည်းက သူသည် White Cape ၏ ကိုလိုနီ နယ်များတွင် ခိုင်မာတောင့်တင်းသော အသင်းတော်များကို ထားရစ်ခဲ့၍ မျိုးနွယ်စုများ ထံသို အရောက်သွားကာ အာဖရိကအတွင်းပိုင်းတွင် ခေတ်မီလူ့အဖွဲအစည်းနှင့် ခရစ်ယာန် ဘာသာ၏ လွှမ်းမိုးမှုရှိအောင် လမ်းဖွင့်ပေး ချင်လိုလှ၏။

သူသည် သူမုန်းတီးသော ကျွန်ကုန်ကူးခြင်းစနစ်က သူ့ကို အမြဲနာကျင်စေလျက် ရှိကာ မှန်ကန်သော စီးပွားရေးစည်းရုံးလှုပ်ရှားမှုနေရာ၌ နောက်ဆုံးတွင် ကျွန်ကုန်ကူးခြင်း သာ အစားထိုးဝင်ရောက်လာလေသည်။ သူရေးသားခဲ့သော သူ၏ နောက်ဆုံးစကားမှာ “အဝေးတစ်နေရာကနေ ငါ နောက်ဆုံးဆန္ဒပြုနိုင်တာကတော့ ဘုရားရှင်ရဲ့ ကောင်းချီး မင်္ဂလာသည် လူသားတိုင်းအပေါ်တွင် သက်ရောက်၍ ကမ္ဘာကြီးမှာ ပေါ်ပေါ်ထင်ထင် ကြီးဖြစ်လာတဲ့ ပြည်တည်နာကို အမေရိကန်၊ အင်္ဂလိပ်လူမျိုး (သို) တူရကီလူမျိုးတွေထဲ မှာ ကူညီကုသပေး နိုင်သူ ပေါ်ပေါက်ပါစေသော်”ဟူ၍ ဖြစ်သည်။

 

မေရီစလေဆာ (၁၈၄၈-၁၉၁၅) ကာလာဘာသို့ သာသနာပြုသူ

မျက်မှောက်ခေတ် သာသနာပြုလှုပ်ရှားမှုသည် ၁၈ ရာစုတွင် မွေးဖွား၍ သာသနာပြုသူ – အမျိုးသားများ ချည်းဖြစ်သည်။ အရပ်တစ်ပါးသို သာသနာပြုရန် ဘုရားရှင်အသုံးပြုသော အမျိုးသားများကြောင့် ရပ်ခြားသို ရောက်လာသူ အမျိုးသမီးများရှိသော်လည်း ၉. သာသနာပြုအမျိုးသမီးဟူ၍ မကြားရသေးပါ။ သိုသော် ယင်းရာစုထဲမှာပင် အမျိုး သမီးများ၏ လွတ်လပ်ခွင့်မှာ တဖြည်းဖြည်းချင်း ပွင့်အာလာ၍ လင်းအရုဏ်ကျင်း တော့သည်။

လင်းအရုဏ်ကျင်းလာသောအခါ အမျိုးသမီးများသည် စေတနာ့ဝန်ထမ်းများ သာသနာပြုရန် ပြင်ဆင်ကြ၏။ ဟတ်ဆန်တေလာသည် တရုတ်ပြည်အတွင်းပိုင်း သာသ ကို ၁၈၆၅ ခုနှစ်တွင် တည်ထောင်စဉ်က သူသည် ရပ်ခြားသို သာသနာပြုရန် သီးသည်။ အမျိုးသမီးများကို တရုတ်ပြည်အတွင်းပိုင်းရှိ အမျိုးသမီးများထံ၌ သာသနာပြုနိုင်၏ ပြင်ဆင်ပေးကာ ထိုအချိန်မှာပင် မေရီစလေဆာ (Mary Slessor) သည် ကာလာ (Calabar) သို သွားရန် ၁၈၇၅ ခုနှစ်၌ လျှောက်လွှာတင်၍ အခက်အခဲမရှိဘဲ ရှောရော ရှုပင် လက်ခံကြသည်။ သာသနာပြုဘုတ် အဖွဲက နောက်ဆုံးတွင် အမျိုးသမီးများ၏ ဆောင် ရွက်မှုဖြင့် နိုးထမှုဖြစ်ကာ သတင်းကောင်းပျံ့နှံမည်ဟု တွေးတောမှန်းဆချက်သည် မှန်သ ယောင်ရှိလာ၏။ အဘယ့်ကြောင့်ဆိုသော် သာသနာပြုရန် လျှောက်လွှာ တင်သူဦးရေမှာ အမျိုးသားများထက် အမျိုးသမီးများ ပို၍ များသောကြောင့်ပင် ၊

မေရီစလေဆာသည် သာသနာပြုတစ်ဦးဖြစ်ရန် လျှောက်ထားစဉ်က အားနည်းချက် နှစ်မျိုးရှိသည်ဟု ခံစားရ၏။ တစ်မျိုးမှာ အမျိုးသမီးဖြစ်ရခြင်းဖြစ်၍ နောက်တစ်မျိုးမှာ စာသင်ကျောင်းတွင် အလုပ်လုပ်နေသောကြောင့်ဖြစ်သည်။ သိုသော် သူသည် ဇွဲနပဲကြီးစွာ ဆုတောင်းဆက်ကပ်သောကြောင့် အခက်အခဲမှန်သမျှကို ကျော်လွှားနိုင်ခဲ့ကာ “လူဖြူ သင်္ချိုင်း”ဟု နာမည်ကြီးသော အနောက်အာဖရိကသို ထွက်ခွာရန် ဆုံးဖြတ်နိုင်ခဲ့သည်။

 

စကော့တလန်

မေရီ၏ စကော့တလန်တွင် နေရသော ငယ်ဘဝသည် ကုန်းကောက်စရာမရှိလောက်အောင် မွဲတေ၍ ဆာလောင်မွတ်သိပ်ခြင်းနှင့် ချိုတဲ့ခြင်းများကို အမြဲလိုလို ခံစားခဲ့ရ၏။ မောင်နှမ ခုနှစ်ယောက်အနက် သူသည် ဒုတိယသမီးဖြစ်၍ သုံးယောက်မှာ ဆုံးပါးသွားကြကာ အရက်သမားဖခင်သည် အလုပ်ပြုတ်သောကြောင့် ဘောဒန် (Aberdeen) ကို စွန့်ခွာ၍ ဒန်ဒီး (Dundee) သို အလုပ်ရှာရန် ပြောင်းရွှေ့ခဲ့ရသည်။

သူတို၏ အိမ်သစ်မှာ ရေ၊ မီးနှင့် အိမ်သာမပါသော အခန်းကျဉ်းကလေးတစ်ခန်းသာ ဖြစ်၏။ ထိုအခန်းထဲတွင် အပေါစား ပရိဘောဂအနည်းငယ်သာရှိကာ သူတိုသည် ကြ ပြင်ပေါ်တွင်သာ အိပ်ရာခင်း၍ အိပ်ကြရသည်။ တနင်္ဂနွေဥပုသ်နေ့များတွင် မိခင်က ကလေး များကို ဘုရားကျောင်းသို ခေါ်သွားလေ့ ရှိကာ ထိုအချိန်သည် သူတိုအတွက် လွတ်လပ် ချိန်ဖြစ်၍ မေရီအတွက်ကား ကယ်တင်ခြင်းသတင်းကောင်းကို ပထမဆုံးအကြိမ် ကြား ခြင်းဖြစ်သည်။

သူ့အသက် ၁၀ နှစ်ပြည့်လျှင် မေရီသည် ကျောင်းတွင် နေ့ဝက်၊ စက်ရုံတွင် နေ အလုပ်လုပ်သော “နေ့ဝက်အလုပ်သမအဖြစ် အလုပ်ဝင်လုပ်သည်။ သူ့အသက် ၁၄နှစ်ပြည့်သောအခါ တစ်ပတ်လျှင် ၅၈ နာရီခန့် ရက်ကန်းစင်၌ အလုပ်လုပ်၏။ သည် တစ်ခါက ကာလာဘာမှ သာသနာပြုတစ်ဦး၏ တရားဒေသနာကို နာ သာသနာပြုခြင်းနှင့်ပတ်သက်၍ စိတ်ဝင်စားလာခြင်းဖြစ်သည်။ သူသည် သက်အရွယ်တွင် ခရစ်ယာန်ဘာသာတစ်ဦးဖြစ်လာကာ ထိုအချိန်မှစ၍ သူ အားကျသော ဒေးဗစ်လီဗင်းစတုန်းအကြောင်းကို ဖတ်ရှု၍ ခွန်အားယူသည်။

မေရီသည် သူမသာ တကယ်တမ်း သာသနာပြုတစ်ဦးဖြစ်လိုလျှင် ချိုတဲ့သော ပညာရေးကို ထပ်ဖြည့်ရမည်မှန်း သိသောကြောင့် ဘုရားကျောင်းစာကြည့်တိုက်မှ စာအုပ်များကို ငှားဖတ်တော့၏။ ထိုအပြင် တစ်ပတ်လျှင် နှစ်ညတက်ရသော ညကျောင်း ၊ ၌လည်း စာသင်သည်။ “ အသင်းတော်၏

အသင်းတော်၏ အမှုတော်ဆောင်တစ်ဦးက သူမ၏ အရည်အချင်းကို သတိပြုမိ သောကြောင့် ဆန်းဒေးစကူးလ်အကူနှင့် လူငယ်လှုပ်ရှားမှုများ၌ ပါဝင်ရန် ဖိတ်ခေါ်သည်။ သူသည် နောင်အခါ လူကြီးတန်းတွင် စကားပြောရန် ဖိတ်ခေါ်ခြင်းခံရပြန်ကာ သူ၏ ပညာ ရေးနိမ့်ပါးမှုကြောင့် သူ့ထက် “အတန်းမြင့်သူများ”ရှေ့တွင် အာစေးမိသူကဲ့သို ရှိနေလေ၏။

၁၈၇၄ ခုနှစ်တွင် လီဗင်းစတုန်းကွယ်လွန်ကြောင်း ကြားသိရသောအခါ ကာလာဘာ အကြောင်းသည် သူ့ခေါင်းထဲသို တစ်ဖန်ပြန်၍ ဝင်လာ၏။ သူသည် သူတိုအတွက် ပေးစရာဟူ၍ ဘာမျှမရှိသဖြင့် ထိုစိတ်ကူးကို တစ်နှစ်ခန့် မေ့ထားလိုက်သည်။ သိုသော် သူဆုတောင်းလိုက်တိုင်း “ကာလာဘာ””ဟူသော စကားလုံးမှာ အမြဲပါလာတတ်၍ နောက်ဆုံးတွင် ဘုရားက အနိုင်ရကာ သူမကို “အမျိုးသမီးသာသနာပြုသူ”အဖြစ် လက်ခံကြ၏။ ၁၈၇၆ ခုနှစ်၊ သြဂုတ်တွင် ကာလာဘာသို ရွက်လွှင့်ထွက်ခွာကာ ယနေ့ အာဖရိက အနောက်ပိုင်း နိုက်ဂျီးရီးယား (Nigeria) ၏ အရှေ့တောင်ပိုင်းတစ်နေရာ တွင်ဖြစ်သည်။

အနောက်အာဖရိကသည် ရှေးပဝေသဏီကတည်းက ကျွန်ကုန်ကူးခြင်းနှင့် နှီးနွယ် ခဲ့ကြကာ ထောင်ချီသော လူမည်းများသည် အတ္တလန္တိတ်ကို ဖြတ်ကျော်၍ အမေရိကနှင့် အနောက်အင်ဒီးကျွန်းစု (West Indies) အထိ သယ်ယူရောင်းချခြင်း ခံကြရသည်။ ယင်း ကျွန်ကုန်ကူးခြင်းကို ၁၇၉၂ ခုနှစ်တွင် ဆီရာလီယွန် (Sierra Leone) က စတင်ဆန့် ကျင်ကာ ထိုနေရာသည် ပြန်ပိုခံရသော ကျွန်ပြေးများအတွက် “လွတ်လပ်သော ပြည်နယ်” အဖြစ် သတ်မှတ်သည်။ နောင်အခါ ၁၈၄၀ ခုနှစ်တွင် အင်္ဂလီကန်နှင့် မက်သဒစ် ယိုရှုဘ (Yoruba) သာသနာပြုများက နိုက်ဂျီးရီးယားတွင် ကျွန်စနစ်ဖျက်သိမ်းရန် တစ်ဖန် ကြိုး စားလာကြပြန်၏။ သိုသော် ထိုအချိန်က ဗြိတိသျှပိုင်နက် မဟုတ်သေးသောကြောင့်ထိရောက်စွာ ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ကြပေ။

ကာလာဘာ သာသနာပြုလုပ်ငန်းသည် ၁၈၄၆ ခုနှစ်တွင် စကော့တလန် သာသ ပြုအသင်းကို မှီ၍ တည်ထောင်ခြင်းဖြစ်ကာ ပထမဆုံး သာသနာပြုများထဲတွင် လူဖြူများ နှင့် အာဖရိကန်နွယ်ဖွား ဂျမေကန်များ (Jamaicans) များ ပါဝင်သည်။ သူတိုသည် ထိုနေရာ၌ မျိုးနွယ်စုများအကြားတွင် ကျွန်ကုန်ကူးမှု ခိုင်မာစွာ အမြစ်တွယ်ခြင်းကြောင် အကြမ်းဖက်မှုနှင့် ဆိုးယုတ်ခြင်းများ ဖြစ်ပွားနေသည်ကို တွေ့ခဲ့ကြသည်။

ကာလာဘောမျိုးနွယ်စုများသည် မိုးကောင်းကင်၊ နေနှင့် မိုးနတ်မင်းကြီးအပါအဝင် သစ်ပင်များ၊ ကျောက်ဆောင်ကြီးများနှင့် ပင်လယ်များတွင် ဝိညာဉ်ရှိသည်ဟု ယုံကြည်သူ များ (animists) ဖြစ်ကာ ၄င်းကို ရှိခိုးပူဇော်သူများလည်းဖြစ်သည်။ အာဖရိကန်များသည်အောက်လမ်းပညာနှင့် လူများကို ပြုစား၍ ရက်စက်တတ်ကြသော်လည်း အလွန်ကြင်နာ တတ်သူများနှင့် ဧည့်ဝတ်ကျေပွန်သူများလည်း ဖြစ်ကြပြန်သည်။

မေရီ၏ ကာလာဘာသို ပထမဆုံးခရီးစဉ် ၃ နှစ်တွင် ပြောစမှတ်ပြုလောက်စရာဖြစ် ရပ်မရှိပေ။ ထို ၃ နှစ်တွင် သူမသည် ပတ်ဝန်းကျင်နှင့် အကျွမ်းတဝင်ဖြစ်အောင် ကြိုးစား၍ သာသနာပြုစခန်းရုံးစိုက်ရာနေရာများရှိ အမျိုးသမီးများ၏ အိမ်များတွင် သွားရောက်လည် ပတ်ကာ သူတို၏ ကျောင်းများတွင် စာသင်ပေးသည်။ သူသည် နိုင်ဂျာကွန်ဂိုဘာသာစကား (Efik) ကို သင်ယူကာ လျင်မြန်စွာ တတ်ကျွမ်းသောကြောင့် လူတိုင်းအံ့ဩ ကြရ၏။ သူမ သည် အရပ်သုံးစကားကို မွှတ်နေအောင် ပြောနိုင်ရုံမဟုတ်ဘဲ သူတို၏ လေယူလေသိမ်း အတိုင်း တစ်သဝေမတိမ်း ပြောဆိုနိုင်ပြီး သူတို၏ ခြေဟန်လက်ဟန်ပြ အဓိပ္ပာယ်များလည်း တတ်ကျွမ်းလိုက်သေးသည်။ ထိုနေရာ၌ ဒုတိယနှစ်သိုရောက်သော် ငှက်ဖျားရောဂါမိကာ အပြင်းဖျားသောကြောင့် နာလန်ပြန်ထနိုင်ချိန်တွင် ကုန်ဆုံးသွားသော မိမိအားအင်များ ရင်း စား ပြန်ဖြည့်ရန်အတွက် စကော့တလန်သို ပြန်ပိုခံရသည်။

 

ကာလာဘာသို့ ပြန်လာခြင်း

မေရီသည် ကာလာဘာသို ပြန်လာရာ၌ အိုးလ်တောင်း (Old Town) သာသနာပြုရုံးစိုက် ရာနေရာ၌ တာဝန်ပေးခြင်း ခံရသောကြောင့် သူ့စိတ်ကူးများကို အကောင်အထည်ဖော် နိုင်တော့မည်ဟု ကြည်နူးနေ၏။ သူမသည် လျင်မြန်စွာ လုပ်ငန်းစတင်ကာ သာသနာ ပြုရုံး အသစ်သုံးဆောင်ဖွင့်လှစ်၍ ကျောင်းဆရာမနှင့် အိမ်တိုင်ရာရောက်ကြည့်ရှုသည့် သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ကာ ဆေးများပေးဝေခြင်းနှင့် မိုင်အနည်းငယ်ဝေးသော သာသနာနယ်မြေများသို ခြေလျင်လျှောက်၍ တနင်္ဂနွေဥပုသ်နေ့တိုင်း ဝတ်ပြုပွဲ လေး ကြိမ် ပုံမှန်ကျင်းပပေးသည်။

သူမ၏ အရေးပါသော ဆုံးဖြတ်ချက်တစ်ခုမှာ “ဒေသခံများဆီသို ရောက်အောင်သွားပါ ဟူ၍ဖြစ်ကာ ယင်းစိတ်ကူးသည် ထိုအချိန်က မည်သည့်သာသနာပြု အသင်းက ဆောင်ရွက်ခြင်းအလျင်း မရှိခဲ့သေးပေ။ သူသည် ဝန်ကျယ်၍ လေးလံသော သူ့အဝတ် အစားများကို ချွတ်ပစ်ကာ ရိုးရိုးချည်ထည်စဖြင့် ပြုလုပ်သော အင်္ကျီများနှင့် ကင်းဗတ်စ ဖိနပ်များသာ ဝတ်ဆင်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ဖိနပ်ပင် မစီးဘဲနေကာ သူ၏ ရွှေရောင် ဆံပင်အခွေအကောက်ကလေးများကို ညှပ်၍ ဆံတိုကလေးဖြင့် ဖြစ်နေတတ်သည်။ သူသည် ပြည်ပသွင်းကုန် အစားအစာများကို တဖြည်းဖြည်း လျှော့ချသောကြောင့် ၄င်းက သူ့ အချိန်နှင့် ပိုက်ဆံကို အကုန်သက်သာစေကာ လက်ဖက်ရည်သည် သူမအတွက် တစ်မျိုး တည်းသော နတ်သုဓာပင်ဖြစ်တော့၏။

မေရီသည် အတန်းထဲက နောက်ကြောင်းများကြောင့်ထင့် သူ၏ သာသနာပြုဖော်များ ထက် ဒေသခံ များနှင့် နေရသည်ကို ပို၍ ပျော်ပိုက်၏။ ဒေသခံများက သူမအား လက်ခံ သည်ကို သိသောအခါ သူတို၏ အခက်အခဲများကို မျှဝေခံစားပေး၍ သူတိုကို အကူအညီ နှင့် အကြံဉာဏ်များကို ပေးသည်။ ဤနည်းဖြင့် သာသနာပြုခြင်းသည် တရားဟောခြင်း ထက် သာ၍ ထိရောက်သည်ဟု သူမ ခံစားရ၏။

သူမ၏ အချိန်အများစုမှာ သူတို၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များအတွက် ပို၍ အသုံး ပြုကာ သူ၏ ဆေးပညာသည် ဖျားနာသူများကုသဖိုရန်အတွက် အတော်ပင် အသုံးတည့်၏။ တစ်ရံရောအခါက သေငယ်ဇော နှင့်မျောနေသော ရွာသူကြီးကို ပြုစုရန် ဖိတ်ကြားခြင်းခံ ရကာ အကယ်၍များ ထိုရွာသူကြီး အသက်ထွက်သွား သည်ရှိသော် ပြဿနာမှန်သမျှ သူ ခေါင်းခံရန်ဖြစ်လေသည်။ သူမသည် ပထမဆုံးအနေဖြင့် လက်ဖွဲများ၊ အဆောင်များနှင့် သူ့အိပ်ရာဘေးပတ်လည်တွင် ပူဇော်ပသရန်ထားထားသော ကြက်သားများကို ဖယ်ရှား ပစ်ကာ ဆေးတစ်မျိုးကို တိုက်ပြီးနောက် ချိုပေစွဟင်းချိုအနည်းငယ်ကို တိုက်လိုက်သော အခါ လူနာသည် သက်သာလာ လေတော့၏။ ထိုနည်းဖြင့် မသက်သာခဲ့လျှင် အသက်စတေး ခံရမည့် ရွာသူကြီး၏ မယားများသည် လွန်စွာ ဝမ်းမြောက်ကြရကား သူမထံ၌ ဘုရားရှင်နှင့် “စာအုပ်”အကြောင်း သင်ကြားလိုကြောင်း ပြောလာကြသည်။

မေရီသည် ရံခါဆိုသလို ကြောက်မက်ဖွယ်အခင်းများနှင့်လည်း ကြုံရတတ်ကာ ထို အမျိုးတွင် ကြားဝင်၍ ဖြေရှင်းပေးတတ်သည်။ တစ်ခါက အမျိုးသမီးတစ်ဦးကို မျောက် မထားသည်ဟု မှားယွင်းစွာ စွပ်စွဲ၍ ပွက်ပွက်ဆူနေသော ဆီဖြင့် လောင်းချကာ အပြစ်ပေး ပေါ်တွင် တုံးလုံးပက်လက် တုတ်ချည်ထား၏။ မေရီသည် ဓားစာခံအမျိုးသမီး နှင့် သူ့ကိုနှိပ်စက်မည့်သူ၏ ရှေ့တွင် မတ်တပ်ရပ်ကာ ထိုလူနောက်ပြန်မလှည့်မချင်း သူ့ကို မနာတမ်းကြည့်၏။ ယင်းအပြု အမူကြောင့် လူဖြူဘုရား၏ စွမ်းပကားသည် အလွန်ကြီး မားပေစွတကားဟု လူတိုင်း အံ့အားသင့်ကြကုန်၏။

သူမ၏ မိခင်နှင့်ညီမ ဆုံးပါးသွားသဖြင့် မေရီသည် လွတ်လပ်စွာ သွားလာလှုပ်ရှား ကာ ပို၍ အတွင်းဘက်ကျသော ထိတ်လန့်စရာကောင်းသည့် အိုကိုယုံ (Okoyoung) လ မျိုးများရှိရာသို ထွက်ခွာသည်။ ထိုလူမျိုးစုသည် အဲဖစ် (Eriks) များနှင့် တရားဝင်စစ် ပွဲဆင်နွှနေကြသူများဖြစ်သည်။ သူသည် ထိုစစ်ပွဲမှ မိဘမဲ့ကလေးငါးယောက်ကို ဘယ် အဖွဲ၏ သဘောတူညီချက်ဖြင့် အီကင့်ချ် (Ekenge) ရွာသို ခေါ်ဆောင်သွားသည်။

အီကင့်ချ်တွင် အတန်ကြာအောင် လူမျိုးစုခေါင်းဆောင် အီဒမ် (Edem) နှင့်ခေါင်သူ ကြီးများ၏ စောင်မမှုကြောင့် အမျိုးသမီးများထားရန် သီးသန့်ခြံဝင်းတွင် သူ့ကို နေထိုင် ခွင့်ပြု၏။ ထိုကာလမှာ သူမကိုယ်ပိုင်တဲမရှိချိန် လအနည်းငယ်သာဖြစ်၍ သူ၏ခြေဟန် လက်ဟန်တတ်ကျွမ်းမှုကြောင့် မကြာခင် သူတိုနှင့် အဖွဲ ကျသွားတော့သည်။ –

 အိုးလ်တောင်းရှိ အဲဖစ်များကဲ့သိုပင် အီကင့်ချ်တွင် သူမသည် လူအများအပြားကို ကုသ၍ “စာအုပ်”အကြောင်းလည်း သွန်သင်ပေးကာ အရေးအဖတ် သင်ယူချင်သူ လူ အချိုပင် ရှိကြ၏။ ကြီးလေးသော ပြစ်ဒဏ်စီရင်ရာတွင်လည်း သူ့ကို တက်ရောက်ရန် ဖိတ်ကြားတတ်ကာ ယင်းဖိတ်ကြားချက်သည် တုန်လှုပ်ချောက်ချားဖွယ် အတိပြီး၏။ အကြောင်းမှာ ထိုအခါမျိုးတွင် သူမသည် ခေါင်သူကြီး၏ ဆုံးဖြတ်ချက်ကို ထောက်ပြခြင်း ၊ အားဖြင့် သေဒဏ်မှ လွတ်မြောက်သွားသူများပင် ရှိသောကြောင့်ပင်တည်း။ ယောက်ျား ရင့်မကြီးများက ခေါင်သူကြီးများနှင့် ပယောဂဆရာများကို ရင်ဆိုင်ရဲသော အစွမ်းသတ္တိ မှာ သူမ၏ ဘုရားရှင်ထံမှ ရရှိခြင်းဖြစ်မည်ဟု ယုံကြည်ကြသည်။

မည်သိုဆိုစေ မေရီသည် သူတို၏ ရက်စက်သော အပြုအမူများနှင့် နေသားကျသည် ဟူ၍ မရှိဘဲ ဘာသာရေးနှင့်ပတ်သက်၍ သူတိုအတွင်း၌ နက်ရှိင်းစွာ အမြစ်တွယ်သော အမှောင့်ပယောဂနှင့် အယူသည်းခြင်းများသည် ဘုရားရှင်၏ တန်ခိုးတော်ဖြင့်သာ ပြောင်း လဲနိုင်မည်ဟု ယုံကြည်၏။ အီကင့်ချ်များက သူမကို တဖြည်းဖြည်း လက်ခံသောအခါမေရီသည် သူတို ကို ကယ်တင်ခြင်းသတင်းကောင်းဖြင့် ယဉ်ပါးအောင် အလွန်အားစိုက် ကြိုးပမ်းဆောင်ရွက်သည်။

အာဖရိကတွင်နေရသော နှစ်များအတွင်း၌ မေရီသည် ရွှင်လန်းတက်ကြွသောစိတ်ဖြင့် ယုံကြည်ချက်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ တစ်ခါက သူ ဤသိုရေး၏။ “ခရစ် သန့်ရှင်းသောဝိညာဉ်တော်သည် ဤနေရာ၌ ရှိ၏။ ကျွန်မသည် သူ၏ ချစ်ခြင်းမေတ္တာရိပ်၌ အမြဲတမ်းကျေနပ်၍ ပျော်ရွှင်ရပါသည်။” သူမသည် ဘုရားရှင်နှင့် ရင်းနှီးမှုကို ” သိမ်းကာ ဖယောင်းတိုင်မီးဖြင့် ကျမ်းစာဖတ်ခြင်းနှင့် ကြယ်တာရာများအောက်၌ တစ်ကိုယ် ရေတစ်ကာယ ဆုတောင်းခြင်းများလည်း ပြုတတ်၏။

သူမ၏ လူမျိုးစုဥပဒေကို ရင်းနှီးကျွမ်းဝင်ခြင်းနှင့် ဘာသာရေးအသိပညာကြောင့် မမကို ၁၈၉၈ ခုနှစ်တွင် အစိုးရက အာပတ် (Akpap) ရှိ မျိုးနွယ်စုတရားရုံးကို တရားဝင်တာဝန်ယူပေးရန် ဒုကောင်စစ်ဝန်အဖြစ် ခန့်အပ်သည်။ ထိုနည်းတူစွာ အိုက်ယုံလူမျိုး ၊ ကလည်း သူ့ကို တန်ဖိုးထားသည့်အနေဖြင့် “လူသားအားလုံး၏ မိခင်ကြီး”ဟု အနက်ရသော Eka Kpukpro Owa ဂုဏ်ပုဒ်ပေးသည်။

အသက်ထောက်လာပြီဖြစ်သော မေရီသည် တိုး၍တိုး၍ ချည့်နဲ့လာကာ နောက်ဆုံး တွင် “အို အဖဘုရားရှင် တပည့်တော်မကို သွားခွင့်ပြုပါ”ဟု တိုးလျှိးတောင်းပန်ကာ ပြိုလဲကျသွား၏။ သူ့ကို Duke Town သချိုင်း၌ သင်္ဂြိုဟ်စဉ် ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် အလံများအားလုံး ရွက်တိုင်တစ်ဝက်အထိသာ လွှင့်ထူထား၏။

ယနေ့တွင် မေရီစလေဆာသည် ကာလာဘာလူမျိုးများအတွက် သူ့ကိုယ်စွမ်းကိုယ် စဖြင့် တည်ထောင်ထားသော ဆေးရုံကြီးကြောင့် လူသေသော်လည်း နာမည်မသေဘဲ၊ ရှင်ကျန်ရစ်သည်။ သူမ၏ ကြိုးပမ်းမှုကြောင့် ကျောင်းများဖွင့်လှစ်ကာ အမြွှာပူးကလေး များသည် သေခြင်းမှ ရှင်ကျန်ရစ်ခဲ့ကြရ၍ အမြဲလိုလိုမူးယစ်သောက်စားခြင်းနှင့် သူ့အ သက်သတ်ခြင်းများသည် အတိတ်မြင်ကွင်းတစ်ခုသာဖြစ်တော့ကာ စီးနင်းတိုက်ခိုက် ခြင်းနှင့် တိတ်တခိုး ကျွန်ကုန်ကူးခြင်းများလည်း ရပ်တန့်သွားတော့၏။ အထက်ပါအဖြစ် အပျက်များအားလုံးမှာ လူမျိုးနွယ်စုများကို “ဘုရားရှင်”နှင့် “စာအုပ်”အကြောင်း သင်ပေးခဲ့ခြင်းကြောင့်သာလျှင်ဖြစ်သည်။

 

ပစိဖိတ်ကျွန်းစုသို သာသနာပြုခြင်း

 အသင်းတော်သမိုင်းတစ်လျှောက်တွင် ယုံကြည်သူအများအပြားက သူတို၏ ကယ်တင် ရှင်အတွက် အန္တိမတန်ဖိုးဖြစ်သော သူတိုအသက်များကို ပေးဆပ်ခဲ့ရကြောင်း တွေ့ရသည်။ ယခု ပစိဖိတ်ကျွန်းစုသို ဧဝံဂေလိသတင်းကောင်းဖြန့်ဝေသော သာသနာပြုများ၏ ဖန် မှုကြောင့် အသက်စတေးခံရသူများအကြောင်းကို သီးသန့်ဖော်ပြပါမည်။ ထိ တွင် ရက်စက်စွာ အသတ်ခံရသူများ အများအပြားခဲ့ရှိသော်လည်း ၁၉၀၀ ခု ပစိဖိတ်ကျွန်းစု၏ ခရစ်ယာန်ဦးရေမှာ ရာခိုင်နှုန်းအားဖြင့် အမေရိကပြည်ထောင်စု သိုမ ဗြိတိန်နိုင်ငံထက် ပို၍များ၏။

 ပစိဖိတ်ကျွန်းစု (Pacific Island) သည် အဓိကအားဖြင့် အပိုင်းကြီးသုံးပိုင်း ဖွဲစည်းထား၏။ ပိုလီနီးရှား (Polynesia) သည် မိဒ်ဝေး (Midway) ကျွန်းနှင့် နယ လန်အကြားတွင် တည်ရှိ၍ မိုက်ခရိုနီးရှား (Micronesia) မှာ ဂျပန်ပြည်၏ တောင် ဘက်တွင်တည်ရှိကာ မယ်လနီးရှား (Melanesia) ၏ လူဦးရေအများစုမှာ အသားမှ သူများဖြစ်သည်။ မယ်လနီးရှားရှိ အထူးသဖြင့် နယူးဂီနီနှင့် အင်ဒိုနီးရှားသည် ကမ်းကုန်အောင် ရက်စက်သူများ စတင်ပေါ်ပေါက်ရာနေရာဖြစ်သည်။ ပစိဖိတ်ကျွန်းစုကို ပထမဆုံး စိတ်ဝင်စားအောင် နိုးကြွစေသူမှာ ကမ္ဘာကို ရေကြောင်းဖြင့် ပတ်သူ ဗိုလ်ကြီးဂျိမ်းစ်ကုတ် (James Cook -1728-79) ဖြစ်၍ သူသည် ဆင်းဒဝစ်ခ်ျ (Sandwich) ကျွန်းသို ရောက် စဉ်က အသတ်ခံရသူဖြစ်သည်။ ကုတ်၏ ရှာဖွေတွေ့ရှိခြင်းနောက်တွင် သာသနာပြုများနှင့် ကုန်သည်များ ပစိဖိတ်သို ရောက်လာကြခြင်းဖြစ်ကာ ခရစ်ယာန်သာသနာပြုများက ကယ်တင်ခြင်းသတင်း ကောင်း ဖြန့်ဝေဖိုရန် ရောက်ရှိသကဲ့သို လောဘဇောတက်သော ကုန်သည်များကလည်း ကျွန်များ ဖမ်းဆီးကာ ရောင်းချခြင်းဖြင့် ပေါကြွယ်ဝရန်အတွက် ရောက်ရှိကြခြင်းဖြစ်သည်။

၁၇၇၆ ခုနှစ်တွင် ကက်သလစ်အသင်းတော်က တဟီတီ (Tahiti) သို သာသနာပြု များ စေလွှတ်သော်လည်း လအနည်းငယ်ခန့်တွင် ပြည်လည်ရုပ်သိမ်းသည်။ လန်ဒန် သာသနာပြုအသင်းကလည်း စိတ်ဝင်စားသောကြောင့် ၁၇၉၆ ခုနှစ်တွင် “ကိုယ်စားလှယ် များ”ကို ကျွန်းစုအသင်းဆီသို စေလွှတ်ကာ နောက်တစ်နှစ်တွင် တဟီတီသို ပိုလွှတ် သည်။

များမကြာမီတွင် အခြားသာသနာပြုအဖွဲများ ပစိဖိတ်ကျွန်းစုသို သာသနာပြုရန် ပြုဆင်းလာကြကာ တိုအထဲတွင် ပစ်ပတ်စ်ဖခင်များ (Picpus Fathers) ဟုခေါ်သော အခြားကက်သလစ်အဖွဲများလည်း ပါဝင်၍ သူတိုကို ခရစ်တော်နှင့် မေရီတို၏ ရွှေနှလုံး တော်အသင်း (Society of the Sacred Hearts of Jesus and Mary) ဟုလည်း လူသိများသည်။ သူတိုကို ပါရီတွင် Rue de Picpus ဟု ကင်ပွန်းတပ်၍ ၁၈၈၅ ခုနှစ်တွင် အမေ့အိမ် ဖွင့်လှ စ်ကာ ချိုတဲ့သောကလေးငယ်များကို ပညာရေးဝန်ဆောင်မှုပေးသည်။ ကက်သလစ်အသင်းတော်က ပစိဖိတ်ကျွန်းစုတွင် သာသနာပြုလုပ်ငန်းကို ၁၈၂၇ ခုနှစ် တွင် တဖန်ပြန်လည်စတင်ကာ ပစ်ပတ်စ်ဖခင်များက တောင်ပစိဖိတ်ကျွန်းစုတွင် သူ အဖွဲဝင်များကို နေရာအသီးသီးဖြစ်သော ဟာဝိုင်အီ (Hawai 1827) ဂမ်ဘီယာ . (Gambia Islands 1834) မာကားဆပ်စ်ကျွန်း (Marquesas 1838) နှင့် တဟီတီ (၄၁) စသည့်နေရာများတွင် စေလွှတ်ခဲ့ကြသည်။

ပစိဖိတ်ကျွန်းစုတွင် သာသနာပြုသူတိုင်း ကြုံတွေ့ရသော အခက်အခဲသုံးမျိုးရှိသည်။ မင်းတိုမှာ အသင်းဌာနချုပ်ရှိရာနှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ဥရောပသားများ အတွက် အပူပိုင်းဒေသမှ ရရှိတတ်သောရောဂါဆန်းများနှင့် ဒေသခံများ၏ ရက်စက်ကြမ်း ကြတ်ခြင်းတိုဖြစ်၏။ ဒေသခံအများစုမှာ ခေါင်းဖြတ်မုဆိုးများ သိုမဟုတ် လူသားစားများ ဖြစ်ကြသည်။ နယူတဲဘရစ်ဒစ်(စ်)(New Hebrides) ရှိ အဲရမန်ဂါ (Eromonga) ကျွန်း သည် “မာတုရကျွန်း”ဟု သတင်းကြီး၏။ အဘယ့်ကြောင့်ဆိုသော် သာသနာပြုအများ အပြား အသတ်ခံရသော နေရာဖြစ်သောကြောင့်ဖြစ်သည်။ ဒေသခံခရစ်ယာန်များ သတင်းကောင်းဝေငှရန် မယ်လနီးရှား လူမျိုးမိတ်ဆွေများနှင့် လာရောက်ကြသည်ကိုပင် ချမ်းသာ မပေးကြပေ။

သိုသော် ပစိဖိတ်ကျွန်းသို ရောက်လာသော စကော့တလန်သား ဂျွန်ပါတွန် (John Paton) နှင့် နိုဗာစကိုရှာ (Nova Scotia) မှ ဂျွန်ဂယ်ဒီ (John Geddie) တိုသည် မဲ့ တစ်ပေါက် မစွန်းဘဲ ဒေသခံများ၏ အထင်ကြီးလေး စားခြင်းကိုပင် ခံရသူများဖြစ်ကြ သည်။ ဂျွန်ဂယ်ဒီ၏ မှတ်သားလောက်သော အရေးအသားတစ်ခုမှာ “ထိုမြေပေါ်သို သူ ခြေချသော ၁၈၄၈ ခုနှစ်တွင် ခရစ်ယာန်တစ်ယောက်မျှမရှိသော်လည်း ထိုမြေကို သူစွန့် ခွာချိန် ၁၈၇၂ ခုနှစ်တွင် ထိုနေရာ၌ နတ်ကိုးကွယ်သူတစ်ယောက်မျှမရှိတော့”ဟူ၍ဖြစ် သည်။ ပစိဖိတ်ကျွန်း၏ အထင်ရှားဆုံး မာတုရများမှာ ဂျွန်ဝီလီယမ်စ် (John Williams) နှင့် ဂျိမ်းစ်ချားမားစ် (James Chalmers) တိုဖြစ်ကာ နှစ်ဦးလုံးမှာ လန်ဒန် သာသနာပြု အသင်း၏ စေလွှတ်သူများဖြစ်၍ သူတို၏ ကွယ်လွန်ချိန်မှာ အနှစ် ၆၀ ခန့်ကွာဝေးသည်။

 

ဂျွန်ဝီလီယမ်စ် (၁၇၉၆-၁၈၃၉) တောင်ပင်လယ်ကျွန်းတွင် သာသနာပြုသူ

 ဝီလီယမ်စ်သည် မိဒလ်ဆက်စ် (Middlesex) အရပ်ရှိ တိုတင်ဟမ်ဟိုက်ခရော့စ် (Tottenham High Cross) ခရစ်ယာန်မိသားစုမှ ကြီးပြင်းသူဖြစ်သည်။ ငယ်စဉ်ကတည်းက ဓမ္မသီချင်းများ ရေးစပ်ခြင်းနှင့် ဆုတောင်းခြင်းများ၌ ပျော်ပိုက်သော်လည်း ဆယ်ကျော် သက်အရွယ်သိုရောက်သော် ငယ်ဘဝက ယုံကြည်မှုများ ပျောက်ဆုံးသွား၏။ သိုသော် အသက် ၁၈ နှစ်အရွယ်တွင် မိုးဖီးလ်တာဘာနီကယ်လ် (Moorfields Tabernacle) ၌ ပြောင်းလဲသည်။ သူ့ကို ၁၈၁၆ ခုနှစ်တွင် လန်ဒန်သာသနာပြုအသင်းက ပစိဖိတ်ကျွန်းစုတွင် သာသနာပြုအဖြစ် ခန့်အပ်သည်။

ဂျွန်ဝီလီယမ်စ် (John Williams) သည် သူ့ဇနီးကို ခေါ်ကာ ၁၈၁၇ ခုနှစ် တဟီတီအနီးရှိ သာနာပြုရုံးစိုက် ရာနေရာ၌ သာသနာပြုအချိုနှင့် ရွက်လွှင့်ထွက်ခွာသည် နောင်တွင် Rainten ဘုရင်၏ ဖိတ်ခေါ်ချက်အရ လီးဒ် (Leeward) ကျွန်းတွင် သာသ ပြုရုံးတစ်ခု စိုက်ထူသည်။ ဒေသခံများက ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပျော်ရွှင်စွာ ခံယူသော်လည်း အတွင်းသားအထိ မထိုးဖောက်နိုင်ဘဲ အပေါ်ယံတွင် တဝဲလည်လည်ဖြစ်နေကြ၏။ သူတို၏ ကိုယ်ကျင့်တရားမှာ လွန်စွာ နိမ့်ပါးသည့်အပြင် အများစုမှာ ပျင်းရိလေးကန်၍ အလွန်လိုင်းမှိင်းသူများ ဖြစ်ကြသည်။

ဝီလီယမ်စ်သည် သူတိုကို ပို၍ တွန်းအားပေးလေ့ ရှိကာ လှေများ ပြုလုပ်တတ်ရန် နှင့် ကြံပင်များ စိုက်ပျိုးတတ်ရန်လည်း သင်ပေးသည်။ သူသည် ပုံနှိပ်စက်ပင်တည်ပေးကာ ရှင်လုကာခရစ်ဝင်ကျမ်းကို ထုတ်ဝေ၍ သူတိုဘာသာဖြင့် လွယ်ကူရိုးစင်းသော စာအုပ်များ ကိုလည်း ထုတ်ပေးကာ ပညာရေး၌ သူတိုစိတ်ပါဝင်စားလာအောင် အားကြိုးမာန်တက် ဆောင်ရွက်သည်။

သိုသော် ဝီလီယမ်စ်သည် အခြားကျွန်းစုများတွင် ရှိသော နတ်ကိုးကွယ်သူများထံသို ရောက်အောင်သွား ဖိုသာ စိတ်စောနေလျက်ရှိ၏။ သူ့အကြံအစည်ကို သာသနာပြု အသင်းက ပယ်ချလိုက်သောအခါ ယင်းကိစ္စကို မီးစဉ်ကြည့်ကရန် ဆုံးဖြတ်လိုက်သည်။ သူသည် အမွေရထားသော ပိုက်ဆံများနှင့် စက်လှေတစ်စင်းဝယ်ကာ တောင်ပစိဖိတ်ကျွန်းစုဆီသို့ ဒေသခံများနှင့် ကောင်းရောင်းကောင်းဝယ်လုပ်နိုင်ရန် စွန့်စားထွက်ခွာလာသည်။ သူ၏ ပထမဆုံးရည်ရွယ်ချက်မှာ ရာရိုတွန်ဂါ (Rurotonga ပိုလီနီးရှားတွင် အရက်စက်ဆုံးလူ များ ကျက်စားရာ နေရာ) ကျွန်းကို ရှာရန်ဖြစ်၍ ထိုနောက်တွင် ၁၁ နှစ်တာကာလ (၁၈၂၁ -၃၂) ကို တောင်ပစိဖိတ်အတွင်း၌ ရွက်လွှင့်ကာ သာသနာပြုစခန်းများ တည်ထောင် ခဲ့သည်။

ငွေရေးကြေးရေး အခက်အခဲကြောင့် သူ့စက်လှေကို ရောင်းလိုက်ရသော်လည်း ၊ ဆက်လက် ခရီးထွက်ဖိုကိုသာ အားခဲထားသဖြင့် ဆယ့်ငါးပတ်အချိန်ယူကာ လှေတစ်စင်း ပြုလုပ်၍ ဆက်လက်ခရီးနှင်သည်။ သူသည် တဟီတီကျွန်းရှိ အရိုင်းကျွန်း (Savage Islands) ရန်ကင်းကျွန်း (Friendly Islands) နှင့် ဆာမိုအာကျွန်း (Samoa) သို့တိုင် လှည့်လည်ခရီးနှင်ကာ ရာရိုတွန်ဂါသို ပြန်လှည့်မလာမီတွင် ဓမ္မသစ်ကျမ်းကို ဘာသာပြန် နိုင်ခဲ့သည်။

သူအိမ်ပြန်၍ အနားယူချိန် ၁၈၃၄ ခုနှစ်တွင် သူ့စွန့်စားရေးခရီးစဉ်ကြောင့် သူ လျှမ်းလျှမ်းတောက် နာမည်ကြီးနေသည်ကို လန်ဒန်သာသနာပြုအသင်းကသိသဖြင့် သူ၏ ကုန်သွယ်မှုနှင့်ဆိုင်သော လှုပ်ရှားမှုများ အတွက် ထောက်ပံ့ရန် ပြင်ဆင်ကြကာ သင်္ဘော အသစ်တစ်စင်းကိုပင် ဝယ်ပေးရန် မဲပေးကြ၏။ ထိုပြင် ရာရိုတွန်ဂါ၌ ဓမ္မကောလိပ်ကျောင်း ဆောက်ဖိုရန်နှင့် တဟီတီတွင် စာသင်ကျောင်းဆောက်ဖိုရန်အတွက် လိုအပ်သော ပိုက်ဆံ များကိုလည်း စရန်ငွေအဖြစ် ထုတ်ပေးရန် ကမ်းလှမ်းကြသည်။

သူပြန်လာချိန် ၁၈၃၇ ခုနှစ်တွင် သူသည် သာသနာပြုစခန်းများရှိရာ နေရာများ၌ အားသစ်လောင်း ရန်အတွက် လှည့်လည်ခရီးထွက်ကာ နယူတဲဘရစ်ဒစ်(စ်)တွင်လည်း သာသနာပြုစခန်းအသစ်တည်ရန် ကြိုးစား၏။ ကျွန်းတချိုတွင် ဂျွန်ပါတွန်နှင့် ဂျွန်ဂယ် ဒီတိုက ဧဝံဂေလိမျိုးစေ့များ ကြဲချခဲ့ပြီးဖြစ်ရာ သူတိုနှစ်ဦးစလုံးသည် အသက်ရှင်ကျန်ရစ် ခဲ့ရုံမဟုတ်ဘဲ သူတိုပျိုးထားသော အသီးအပွင့်များပင် မြင်တွေ့ခွင့်ရသူများဖြစ်ကြ၏။ သိုသော် ဝီလီယမ်စ်နှင့် သူ့လုပ်ဖော်ကိုင်ဖက် ဂျိမ်းစ်ဟားရစ်(စ်) (James Harris) တိုသည် အဲရမန်ဂါရှိ ဒီလွန်ပင်လယ်အော် (Dillon Bay) ၌ ၁၈၃၉ ခုနှစ်၊ နိုဝင်ဘာ၊ ၂၀ တွင် ဒေသခံများ၏ သတ်ဖြတ်စားသုံးခြင်းခံရသည်။ သာသနာပြုများ၏ အကြွင်းအကျန်များကို ကပ္ပတိန်ခရော်ကာ (Croker) က သွားရောက်စုဆောင်းကောက်ယူကာ ဆာမိုအာနိုင်ငံ ယူပိုလူ (Upolu) ကျွန်းရှိ အာပီယာ (Apia) ၌ မြှုပ်နှံသဂြိုဟ်လိုက်ကြသည်။ –

ဝီလီယမ်စ်ကို မျက်မှောက်ခေတ် သာသနာပြုများထဲ၌ အအောင်မြင်ဆုံးတစ် ယောက်အဖြစ် သတ်မှတ် ကြသည်။ ပညာရေးချိုတဲ့စေကာမူ သူသည် တောင်ပစိဖိတ်ကျွန်းစုရှိ ကွဲပြားခြားနားသော ဘာသာစကားများကို သင်ကြားတတ်မြောက်ကာ သူတို၏ ဓလေ့ထုံးတမ်းနှင့် လိုက်လျောညီထွေအောင် နေထိုင်တတ်သူလည်း ဖြစ်၏။ ဒေသခံ များ၏ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရာရဖိုအတွက်သာ ဦးထိပ်ထားသော သူ့ရည်ရွယ်ချက်

ကြောင့် သူသည် တောင်ပစိဖိတ်ကျွန်းသူကျွန်းသားများ၏ နှလုံးသည်းပွတ်၌ အစဉ် ကိန်းအောင်းနေ မည်ဖြစ်သည်။

ဓမ္မသစ်ကျမ်းဘာသာပြန်အပြင် ၁၈၃၇ ခုနှစ်၊ ဧပြီ၌ သူသည် A Narrative Or Missionary Enterprise In The South Sea Islands, With Remarks On The Natural History Of The Islands, Origin, Languages, Traditions And Usages Of The Inhabitants အစရှိသော စာအုပ်များကို ထုတ်ဝေကာ ထိုစာအုပ်များသည် ပညာရှင်များနှင့် သိပ္ပံပညာရှင်များ၏ ချီးကျူးထောမနာပြုခြင်းပင် ခံရသည်။ အဖိုးမဖြတ် နိုင်သော သူ၏ တွေ့ရှိချက်များကြောင့် သာသနာပြုများထဲမှ အောင်မြင်သူတစ်ဦးမှာ ဂျိမ်းစ်ချားမားစ်ဖြစ်၍ သူသည် ဝီလီယမ်စ်ကဲ့သိုပင် အသေဆိုးနှင့် သေရသူဖြစ်သည်။

 

ဂျိမ်းစ်ချားမားစ် (၁၈၄၁-၁၉၀၁) နယူးဂီနိသို သာသနာပြုသူ

ဂျိမ်းစ်ချားမားစ် (James Chalmers) သည် စကော့လူမျိုးဖြစ်၍ ကွန်ဂရီဂေးရှင်းနေလ် အသင်းဝင်သူ တစ်ဦးဖြစ်ကာ ဝတ်ကျောင်းထဲတွင် ဖီဂျီ (Fiji) မှ သာသနာပြုတစ်ဦး၏ ပေးစာတစ်စောင်ဖတ်ရှုခြင်းကို ကြားနာရာမှ သာသနာပြုတစ်ဦးဖြစ်ရန် ဆယ်ကျော်သက် အရွယ်ကတည်းက စိတ်ဆုံးဖြတ်သူဖြစ်သည်။

ထိုစာစောင်ဖတ်ရှုခြင်း အစီအစဉ်ပြီးသော် သင်းအုပ်ဆရာက ဤသို အဆုံးသတ် မေးခွန်းထုတ်၏။ “နောင်တစ်ကြိမ်ကြိမ်မှာ အဲဒီလူသားစားတွေဆီကို ကယ်တင်ခြင်း ၊ သတင်းကောင်းသွားရောက်ဝေငှမည့် ကောင်လေးတစ်ယောက်ယောက်တော့ ကျွန်ုပ်တို အထဲမှာ ရှိတန်ကောင်းရဲ့။” လူလေးဂျိမ်းစ်က သူ့နှလုံးသားထဲ၌ ထိုကောင်လေးမှာ သူဖြစ်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။

ထိုအချိန်မှ ၁၀ နှစ်ခန့်အကြာ ၁၈၆၆ ခုနှစ်တွင် ချားမားစ်သည် သူ၏ သတိုသမီး နှင့် တောင်ပစိဖိတ် ဘက်ကိုရွက်လွှင့်ကာ သင်္ဘောပျက်၍ ရာရိုတွန်ဂါ (Rarotonga) တွင် သောင်တင်နေလေ၏။ ကုန်းပေါ်တက်ရန် ဒေသခံတစ်ဦးက ခေါ်သွားစဉ် သူ့ကို အာရှ အရှေ့ပိုင်းနှင့် တောင်ပစိဖိတ်ဒေသတွင် အလွယ်သုံး ကပြားအင်္ဂလိပ် စကား (pidginEnglish) ဖြင့် “လူကြီးမင်းက ဘယ်လိုနာမည်မျိုးကို ပိုင်ဆိုင်ထားတာပါလိမ့် ဟုမေးရာ “ချားမားစ်”ဟု သူက ဖြေသည်။ ယင်းအသံကို ကြိုးစား၍ သံယောင်လိုက်ဆိုကြည့် ရာမှ ထိုဒေသခံသည် သူ့ကို “တမိတ်” (Tamate) ဟု ကြေညာလိုက်သည်။ ထိုအ ချိန်မှစ၍ ကျွန်းသူကျွန်းသားများအကြားတွင် သူသည် တမိတ်အဖြစ် ထင်ရှား၏။

ချားမားစ်သည် ရာရိုတွန်ဂါ၌ အနေကြာလာသောအခါ သူတို၏ ဘာသာစကားကို တတ်မြောက်လာ၍ ဓလေ့ထုံးတမ်းနှင့် ဥတုရာသီဖြင့်လည်း နေသားကျလာသည်။ သို သော် ကယ်တင်ခြင်းသတင်းကောင်း မကြားရသေးသော မျိုးနွယ်များရှိသည်ကိုလည်း နယူးဂီနီ (New Guinea) တွင် နေခဲ့စဉ်ကကဲ့သိုပင် သတိရသည်။ တစ်ခါက သူ ဤ သိုရေး၏။ “ခရစ်တော်နှင့် သူ၏ ကားတိုင်ဆီသို ကျွန်ုပ်ပို၍ နီးလာလေ နတ်ကိုးကွယ်သူ များအပေါ်တွင် ကျွန်ုပ်၏တာဝန် ပို၍ ကြီးလာလေဖြစ်သည်။”

၁၈၇၇ ခုနှစ်တွင် ချားမတ်စ်သည် နယူးဂီနိ၏ အရှေ့တောင်ဘက် ပါပူအာ (Papua) သို ရွက်လွှင့်၍ ဆူးအား (Suau) လူသားစားရွာကလေးသို ရောက်လာကာ ရွာခံများက နွေးထွေးစွာ ကြိုဆိုကြသည်။ သူသည် ရွာခံများနှင့် စကားလက်ဆုံကျလျက်ရှိကာ အတော်ပင်ရင်းနှီးလာကြသည်။ ကိစ္စတစ်ခုဖြင့် ရွာခံများ၏ ရန်ရှာခြင်းကို ခံရသော်လည်း ၊ ရွာသူကြီးက သူ့အသက်ကို ကယ်ခဲ့၏။ သူသည် သူတိုကို တရားဒေသနာ မတိုက်ကျွေး ဖြစ်လိုက်သော်လည်း စံမီသော ခရစ်ယာန်အသက်တာကို လက်တွေ့ပြသခွင့်ရခဲ့သည်။

သာသနာပြုအသင်းက သူ့ကို မီးသင်္ဘောငယ်တစ်စင်းပေးသောကြောင့် ပင်လယ်ကမ်း ခြေတစ်လျှောက် ရွာပေါင်း ၁၀၅ ရွာတွင် မနားတမ်း ခရီးထွက်ကာ သတင်းကောင်းဝေငှ ခွင့်ရသည့်ရွာများတွင် ခဏတာ တည်းခိုတတ်သည်။ သူ၏ လေ့လလာရေးခရီးစဉ်ကို မှတ်စုစာအုပ်ထဲ၌ တေးမှတ်ထားကာ မည်သည့်ရွာမှ လုံခြုံစွာ ပြန်လာရကြောင်းနှင့် မည် သည့်ရွာတွင် ကျောင်းဆရာပိုသရကြောင်း စသဖြင့် မှတ်တမ်းတင်ထား သည်။ တစ်ခါ သားတွင် ဒေသခံများ၏ ဝိုင်းဝန်းခြင်းခံရကာ ထိုလူများက တိုင်းရင်းအမေရိကန်များက လက်နက်အဖြစ် အသုံးပြုသောပုဆိန်များနှင့် ဓားများကို တောင်းဆို၍ မပေးနိုင်လျှင် သူ နှင့် သူ့ဇနီးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်၏။ “မင်း ငါတိုကို သတ်ချင်သတ်လိုရ တယ်။ ဒါပေမဲ့ မင်းတိုလိုချင်တဲ့ပစ္စည်းတော့ ငါတိုဆီက ဘယ်တော့မှ မရဘူးမှတ်ပါ” ဟု ပြန်ပြောလိုက်သောကြောင့် သူ့ကို ပြန်လွှတ်ပေးလိုက်၏။ နောက်တစ်ရက်တွင် သူ တိုသည် တောင်းပန်ရန် ရောက်လာကြကာ မိတ်ဆွေများဖြစ်သွားကြသည်။

၁၈၇၉ ခုနှစ်တွင် အချိန်အတန်ကြာ ဖျားနာလျက်ရှိသော သူ့ဇနီးကွယ်လွန်သော ကြောင့် ခဏတာအတွင်း ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရသည်။ သိုသော် အိမ်ပြန်အနားယူ မည့်အစား သူသည် မော်စ်ဘီ (Moresby) ဆိပ်ကမ်းသို ပြောင်းရွှေ့၍ သူ့စိတ်ကို အလုပ်ထဲတွင် နှစ်ထားလိုက်သည်။ “ခရစ်တော်အတွက် အလုပ်လုပ်နိုင်ရန် ကျွန်ုပ်၏ ဝမ်းနည်းခြင်းကို မြေမြှုပ်လိုက်ပြီ”ဟု သူ့ဖခင်ကို ပြောခဲ့၏။ ယခုအချိန်တွင် သူ၏ အဓိက ရည်ရွယ်ချက်မှာ “ရှေ့ပြေး”တစ်ယောက်ဖြစ်ကြောင်း အခိုင်အမာယုံကြည်လာသော

ကြောင့် မျိုးနွယ်စုများထံတွင် ခရီးသွားခြင်း၊ မိတ်ဖွဲခြင်းနှင့် အခြားသူများက သူ့နောက် ကိုလိုက်ရန် ပြင်ဆင်ပေးခြင်းတိုကိုသာ တစိုက်မတ်မတ် ဆောင်ရွက်တော့၏။

သူနေထိုင်ရာ ကမ်းခြေတစ်လျှောက်တွင် တမိတ်သည် ဟိုးဟိုးကျော်လျက်ရှိကာ ဒေသခံများ၏ ချစ်ကြောက်ရိုသေခြင်းလည်း ခံရသည်။ ရံခါဆိုသလို ရွာများတွင် စကား ပြောရန် ဖိတ်ကြားခြင်း ခံရတတ်ကာ တစ်ခါတစ်ရံတွင် နတ်ကိုးကွယ်သူများ၏ နတ် ဘုံနတ်နန်း၌ ဖြစ်တတ်သည်။ တစ်ခါက သူ့လက်ထောက် အကူများထဲမှ တစ်ယောက်က ညလုံးပေါက် တရားဟော၍ (ချားမားစ်အိပ်မောကျနေ၏) တရားပွဲပြီးဆုံးချိန်တွင် လူများ ဤသို ကြွေးကြော်ကြသည်။ “ရန်မူတိုက်ခိုက်ခြင်းတွေ ရှိတော့မှာ မဟုတ်ဘူး၊ လူ သားစားခြင်းလည်း ရှိတော့မှာမဟုတ်ဘူး၊ ငါတိုဟာ ငြိမ်းချမ်းရေးကို မွတ်သိပ်လျက် ရှိပါကြပါတယ်။” ၁၈၈၂ ခုနှစ်တွင် ချားမားစ်က သူ၏ သာသနာနယ်မြေတွင် “ဇာတ်တူသား ကင်ချက်စရာ ဖိုအိုးများပျောက်ပျက်၍ သွေးစိမ်းရှင်ရှင်စားသောက် ပွဲများ ရပ်တန့်သွားကာ လူသားစားချင်စိတ်များနှင့် ဦးခေါင်းခွံလိုချင်မှုများလည်း မရှိတော့ ပြီ”ဟု သာသနာပြု အသင်းကို ဖြစ်ကြောင်းကုန်စင် အစီရင်ခံသည်။

ချားမားစ်သည် ၁၈၈၆ ခုနှစ်နှင့် ၁၈၉၄ ခုနှစ်တွင် အင်္ဂလန်သို ပြန်၍ နှစ်ကြိမ် အနားယူသည်။ နောက်ကြောင်းအတွက် ရတက်မအေးသဖြင့် သူပြန်လာတိုင်း ဤသိုဆို ၏။ “ဘုရားမသိသောလူရိုင်းများ ထောင်ချီရှိနေသမျှ ငါဘယ်တော့မှ အနားမယူနိုင်။”

၁၉၀၁ ခုနှစ်၊ ဧပြီ၊ ၇ တွင် ချားမားစ်သည် အိုလီဗာတွမ်ကင်းစ် (Oliver Tompkins) နှင့် လက်ထောက် အဖွဲတစ်ဖွဲဖြင့် ဂေါရီဘာရီ (Goaribari) ကျွန်းသို ရွက်လွှင့် ထွက်ခွာလာကြသည်။ နောက်မနက်တွင် သူနှင့် တွမ်ကင်းစ်တိုသည် ကမ်းပေါ်တက်၍ ဒေသခံများဆီသို သွားရောက်လည်ပတ်သဖြင့် ဒေသခံများ၏ ဖမ်းဆီးခြင်းကို ခံရ၏။ သူတိုကို အိမ်ကြီးတစ်လုံးထဲသို ခေါ်ဆောင်ကာ ကျောက်သားဖြင့် ပြုလုပ်သော တင်းပုတ် ဖြင့် ရိုက်နှက်သတ်ဖြတ်၍ ဦးခေါင်းများကို ဖြတ်ကာ ကျန်သည့်ခန္ဓာကိုယ်များကို အပိုင်း ပိုင်းပြတ်အောင် ခုတ်ထစ်၍ ထိုနေ့အတွက် ချက်ပြုတ်ရန် အသင့်ထားရှိသည်။

ထိုသတင်းကြားရသူတိုင်း တုန်လှုပ်ချောက်ချားကြသော်လည်း သူတိုနေရာကို အစားဝင်ယူရန် စေတနာ့ဝန်ထမ်းများ အများအပြားပေါ်လာသည်။ “တမိတ်ဆုံးရှာပြီ” ဟု လူတိုင်း ငိုကြွေးကြသော်လည်း “သူ့လုပ်ငန်းသည် မသေဘဲ ဆက်လက်လုပ်ဆောင် မည့်သူများ ရှိနေဦးမည်သာဖြစ်သည်။”

 

 

အရှေ့အလယ်ပိုင်း

၇ ရာစုမှစ၍ ခရစ်ယာန်ဘာသာအစပျိုးရာ ပါလက်စတိုင်း (Palestine) အပါအဝင် အရှေ့အလယ်ပိုင်း (Middle East) သည် အစ္စလာမ်၏ လက်အောက်ခံဖြစ်လာကာ ခရစ်ယာန်များ ထိုးဖောက်မဝင်နိုင်အောင် အကာအကွယ်ချထားသော နေရာလည်းဖြစ် သည်။ သိုသော် ၁၉ ရာစုသို ရောက်ချိန်တွင် ဧဝံဂေလိနိုးကြားမှု၏ တွန်းအားကြောင့် သာသနာပြုများသည် အစ္စလာမ်နှင့် ဂျူးဘာသာဝင်များဆီသို ကယ်တင်ခြင်းသတင်း ကောင်းဝေငှရန် ခြေကုပ်ယူနိုင်ပြီဖြစ်သည်။

သာသနာပြုများထဲမှ အစ္စလာမ်မစ်ခံတပ်ကို ပထမဆုံးသွားရောက်ထိုးဖောက်သူမှာ ကင်းဘရိတ်ချ် ကျောင်းတော်ကြီး၏ ဘာသာဗေဒပညာရှင် ဟင်နရီမာတင် (Henry Martyn) ဖြစ်သည်။ သူသည် အိန္ဒိယတွင် တာဝန်ထမ်းဆောင်ပြီးသောအခါ ပါးရှား (Persia) သို ၁၈၁၁ ခုနှစ်တွင် ပြောင်းရွှေ့၍ ရှရာဇ် (Shiraz) ၌ ၁ နှစ်ခန့်နေကာ အသက် ၃၁ နှစ်ပင် မပြည့်တတ်သေးသော သေအံ့ဆဲဆဲ အချိန်တွင် ဓမ္မသစ်ကျမ်းကို ဘာသာပြန် နိုင်ခဲ့သည်။ ၁၈၂၁ ခုနှစ်နှင့် ၁၈၄၁ ခုနှစ်အကြားတွင် ဂျူးလူမျိုးခရစ်ယာန် ဘာသာဝင် တစ်ယောက်ဖြစ်သော ဂျိုးဆက်ဝှစ်(ဖ်) (Joseph Woli) သည် အရှေ့အလယ်ပိုင်း၌ စူးစမ်းလေ့လာရေးခရီး လေးကြိမ်တိတိထွက်ကာ ဂျူးလူမျိုးများထံသို သွား၍ ကယ်တင် ခြင်းသတင်းစကား သွားရောက်ဝေငှသည်။ အမေရိကန်သာသနာပြု အသင်းကလည်း ထိုနေရာကို စိတ်ဝင်စားသောကြောင့် ဆေးခန်းနှင့် စာသင်ကျောင်းများကို တူရကီနှင့် ဆီးရီးယား (Syria) တွင် ဖွင့်ပေးကာ ဘေရွတ် (Beinit) ၌ ဆီးရီးယန်း ပရိုတက်စတင့် ကောလိပ် (ယခု အမေရိကန်တက္ကသိုလ်) ကို ဖွင့်လှစ်ပေးသည်။

အရှေ့အလယ်ပိုင်း သာသနာပြုအသင်း၏ ရည်ရွယ်ချက်မှာ အိုမင်းဟောင်းနွမ်းနေပြီဖြစ်သော ခရစ်ယာန်အသင်းတော်များကို ခွန်အားပေးရန်နှင့် လန်းဆန်းတက်ကြွလာစေ ရန်ဖြစ်၍ အဓိကအားဖြင့် အီဂျစ်ကိုဖြစ်သည်။ သိုသော် ခရစ်ယာန်အများစု၏ အာရုံစိုက် ရာနေရာမှာ ရာစုနှစ်ပေါင်းများစွာ တံခါးပိတ်လုနီးပါးဖြစ်သော သန့်ရှင်းသော မြေကိုဖြစ် သည်။ အသင်းတော်သည် နှစ်ပေါင်း ၁၈၀၀ နီးပါးခန့် ဂျူးလူမျိုးများထံတွင် မေရှိယ (Messiah) အကြောင်းဝေငှရန် ပျက်ကွက်ခဲ့ရာ ယခုမှ နိုးကြားတက်ကြွလာကြခြင်း ဖြစ်သည်။

အေဒီ ၇ဝ ဂျေရုဆလင်ဖျက်ဆီးခံရပြီးနောက် ဂျူးလူမျိုးခရစ်ယာန်များအပါအဝင် နေရာအနှံ ပြန့်ကြဲရောက်ရှိသော ဂျူးများကို ပါလက်စတိုင်းက ဝင်ခွင့်ကန့်သတ်သည်။ စိတ်ဝင်စားစရာကောင်းသည်မှာ ကွန်စတဲန်တင်းသည် ဂျူးလူမျိုးတို၏ သန့်ရှင်းသော နေရာများကို ပြန်လည်ပေးအပ်ခြင်းဖြစ်၏။ သိုသော် ၆၃၈ ခုနှစ်တွင် ထိုနေရာများသည် အာရပ်လက်အောက်သို ကျရောက်ရပြန်၏။ လိပ်ခုံးပုံအမိုးပါသော ကျောက်သားအဆောက် အအုံကြီးတည်ဆောက်ချိန် (၆၈၅-၇ဝ၅) နောက်ပိုင်းတွင် ဂျေရုဆလမ်သည် အစ္စလာမ် ၏ တတိယမြောက် အသန့်ရှင်းဆုံးမြိုတော်ဖြစ်လာကာ မွတ်စလင်များက သန့်ရှင်း သောမြိုဟု နေရာပေး ကင်ပွန်းတပ်လိုက်ကြ၏။

အလယ်ခေတ်တွင် ဘုရားဖူးခရစ်ယာန်များကို ကာကွယ်ရန်နှင့် အစ္စလာမ်တိုလက် ထဲမှ သန့်ရှင်းသော မြေကို ပြန်လည်ရယူနိုင်ဖိုအတွက် အနောက်ဥရောပမှ စတင်ကာ ကရူးဆိတ်စစ်ပွဲများ ဖြစ်ပွားခဲ့သည်။ ဂျေရုဆလမ်သည် ၁၀၉၉-၁၁၈၇ ခုနှစ်အထိ ခရစ်ယာန်များ၏ ထိန်းချုပ်မှုအောက်၌သာ ရှိ၍ အခြားစစ်ဆင်ရေး များ ရှုးနိမ့်ကာ ၁၂၉၁ ခုနှစ်တွင် အာရပ်များ၏ ထိန်းချုပ်မှုအောက်သို ပြန်လည်ရောက်ရှိသည်။

 

ရွေးနှုတ်ခံသူများ

ပါလက်စတိုင်းတွင် ရှိသော လူနည်းစု ဂျူးများကို မည်သူကမျှ ဧဝံဂေလိသတင်းစကား မျှဝေရန် ကြိုးစားခြင်းမရှိ၍ ခရူးဆိတ်စစ်ဆင်ရေးထွက်သူများပင် လမ်းခုလတ်၌ ပက်ပင်း ကြုံတွေ့ရသော်လည်း သူတိုကို “ခရစ်တော်ကို သတ်သူများ”ဟုသာ မှတ်ယူကြကုန်၏။ ဤဝမ်းနည်းဖွယ်ရာသဘောထားမှာ ရာစုနှစ်ပေါင်းများစွာ တိုင်အောင် ခိုင်မြဲတွယ်ကပ်နေ လျက်ရှိသည်။ ၁၈၀၉ ခုနှစ် ခရစ်ယာန်ဘာသာမြှင့်တင်ရေးဆိုင်ရာ လန်ဒန်အသင်းက ဂျူးလူမျိုးများအကြားတွင် သာသနာပြုရန် သေသေချာချာ ဖွဲစည်းကာ “ရွေးနှုတ်ခံသူ များ”ဟု အမည်သမုတ်သည်။ လန်ဒန်သာသနာပြုအသင်း၏ အဆွယ်အပွား သာသနာ ပြုအသင်း အသစ်ကို ၁၈၁၃ ခုနှစ်တွင် အင်္ဂလီကန်အသင်းကဲ့သို ပုံစံပြောင်းကာ ယနေ့ တွင် ဂျူးလူမျိုးများအကြား၌ သာသနာပြုသော အသင်းတော်ဟု လူသိများသည်။

၁၉ ရာစု ထာထနာပြုခြင်းလှုပ်ရှားမှု သိုပေငြားလည်း ၁၉ ရာစု ပါလက်စတိုင်း၏ ဂျူးလူဦးရေမှာ နှိင်းစာ၍ မရလောက် အောင် အတော်ပင်နည်းနေသေး၏။ ၁၈၈ဝ ခု နှစ် ခန့်မှန်းဦးရေမှာ ၂၄၀၀၀ ခန့် ဖြစ်၍ လန်ဒန်သာသနာပြုအသင်းမှ လူးဝစ်(စ်)ဝေး (Lewis Way) က ၁၈၂၃ ခုနှစ် တွင်သန့်ရှင်းသောမြေ၌ သာသနာပြုလုပ်ငန်းကို မြေစမ်းခရမ်းပျိုးခဲ့သေးသည်။ ၁၈၃၃ ခုနှစ်တွင် သာသနာပြုနီကိုလေဆန် (Nicolayson) ၏အိမ်ကို ဝတ်ပြုရာနှင့် တရား ဟောရာနေရာအဖြစ် အသုံးပြုကြသောကြောင့် တူရကီအစိုးရက အောင့်အီးသည်းခံနေ သော်လည်း သင်္ကာမကင်းသော မျက်လုံးများဖြင့် ဒေါက်ထောက်ကြည့်နေ၏။

၁၈၃၅ ခုနှစ်တွင် သာသနာပြု အသင်းက ဂျေရုဆလမ်၌ အင်္ဂလီကန်ဝတ်ကျောင်း ၊ တစ်ဆောင်တည်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ကာ ၁၈၄၂ ခုနှစ်တွင် လုပ်ငန်းစတင်၏။ တူရကီအာဏာပိုင်များက အဖျက်အမှောင့် လုပ်လာသဖြင့် ၁၈၄၉ ခုနှစ်တိုင် ရည်စူး လှူဒါန်းနိုင်ခြင်း မရှိခဲ့။ ယင်းအင်္ဂလီကန်ဝတ်ကျောင်းအတွက် ဂိုဏ်းအုပ်ကြီးရာထူးကို ပရိုတက်စတင့်ဘာသာဝင်တစ်ဦးဖြစ်သူ ပရပ်ရှား (Prussia) ဘုရင်က ပရပ်ရှားနှင့် အင်္ဂလိပ်အသင်းတော်များအကြားတွင် အဆင်ပြေအောင် ညှိနှိင်းယူကာ အိမ်ရှေ့စံနှစ် ၊ ပါးထဲမှ တစ်ပါးကို ဂိုဏ်းအုပ်ခန့်ရန် အဆိုပြု၏။ သူ့အဆိုပြုချက်ကို လက်ခံကြသဖြင့် ယခင်က ပရပ်ရှားနိုင်ငံသားတစ်ဦးဖြစ်သော ဂျူးလူမျိုး ခရစ်ယာန်ဘာသာဝင်သူ သိက္ခာတော်ရ မိုက်ကယ်ဆောလမွန်အလက်ဇန္ဒာ (Michael Solomon Alexander) ကို ဂျေရုဆလမ်၏ ပထမဆုံး အင်္ဂလီကန်ဂိုဏ်းအုပ်ကြီးအဖြစ် တင်မြှောက်ကြသည်။

 

မိုက်ကယ်ဆောလမွန်အလက်ဇန္ဒား (၁၇၉၉-၁၈၄၅) ဂျေရုဆလမ်ဂိုဏ်းအုပ်ကြီး

အလက်ဇန္ဒား (Alexander) သည် ပိုစ်နန် (Posnen -ယခု ပိုလန်) အနီး၌ မွေးဖွား၍ မိဘများမှာ စည်းကမ်းကြီးသော ဂျူးလူမျိုးများဖြစ်ကာ ဖခင်မှာ ရှေးရိုးစွဲဂျူးဓမ္မဆရာ ဖြစ်သည်။ သူသည် ရဟူဒီဘာသာ၏ ရှေးရိုးစွဲ ဥပဒေသများအောက်တွင် ထိန်းကျောင်း ကြပ်မတ်ခြင်းခံရကာ အသက် ၁၆ နှစ်တွင် ဂျူးဓမ္မသတ်စီ ရင်ထုံးပေါင်းချုပ်ကျမ်း (Talmud) သင်ပြဆရာဖြစ်လာ၏။ ထိုအချိန်မှစ၍ ဂျူးလူမျိုးတို၏ ယုံကြည်ချက်ကို စစ်ကြော ၍ သိုလောသိုလော ဖြစ်လာသဖြင့် ဖခင်ကွယ်လွန်ပြီးနောက်ပိုင်းတွင် အိမ်မှထွက်သွား၏။ အသက် ၂၀ တွင် ဖခင်၏ ဇာတိဖြစ်သော အင်္ဂလန်သိုလာ၍ ကိုချက်စတာ (Colchester) တွင် ဂျူးမိသားစုတစ်စုကို စာသင်ပေးသည်။

ကိုချက်စတာတွင် ဓမ္မသစ်ကျမ်းကို စတင်လေ့လာခွင့်ရကာ သူ့စိတ်ထဲ၌ သံသယများ နှင့် မေးခွန်း ပေါင်းများစွာ အစီအရီပေါ်လာကြသည်။ နော်ဝစ်ချ် (Nowwich) တွင် ရဗ္ဗိ(Rabbi ရဟူဒီဓမ္မဆရာ) အဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ပလီမက်သ် (Plymouth) တွင် ယဇ်ဆရာတာဝန်ယူရသဖြင့် ဘာသာရေးနှင့်ပတ် သက်သော ရှုပ်ထွေးနေသည့် သူ့ စိတ်ကို မကြာခဏ မောင်းထုတ်နေရ၏။

သူသည် အင်္ဂလီကန်သင်းထောက် ဘုန်းတော်ကြီးတစ်ပါးထံ၌ ဟေဗြဲသင်ခန်းစာ များကို မေးစမ်းကြည့်ရာ ၄င်းသင်ခန်းစာသည် ဆာလံ ၂၂ နှင့် ဟေရှာယ ၅၃ တိုဖြင့် နှီးနွယ်နေကြောင်း သိရသောအခါ အလက်ဇန္ဒားသည် မေရှိယအကြောင်းနှင့် တစ်ခါကြုံ ရပြန်၏။ ထိုကြောင့် အင်္ဂလီကန်အသင်းတော်တွင် သိုသိပ်စွာ ညပိုင်းဆုတောင်းပွဲများ တက်ရောက်ရန်အထိ စဉ်းစားထားသည်။ သူ၏ အကြံအစည်ကြောင့် သူနှင့် စေ့စပ်ထား သော အမျိုးသမီးနှင့် သူမ၏ မိသားစုများမှာ အထိတ်တလန့် ဖြစ်ကြကုန်၏။

အံ့သြစရာကောင်းသည်မှာ ထိမ်းမြားခြင်းအထမြောက်ပြီး ၁ နှစ်အတွင်း၌ လူငယ် ရိုသည် ခရစ်တော်ကို မေရှိယ *Messiah အဖြစ် လက်ခံခြင်းဖြစ်သည်။ ထိုကြောင့် ၊ သူ့ကို အလုပ်မှ ခေတ္တရပ်နားခိုင်းကာ ရဟူဒီ ဘုရားရှိခိုးကျောင်းရှိ ပဋိညာဉ်သေတ္တာ (Ark) ရှေ့သိုမသွားမီ ခရစ်ယာန်ဘုရားကို ကျိန်ဆဲရန် တိုက်တွန်း ခြင်းခံရသည်။

သူသည် ခရစ်ယာန်တစ်ယောက်ဖြစ်ကြောင်း သိစေရန် အများပြည်သူရှေ့မှောက် – စိန့်အင်ဒရူးစ်ဘု ရားကျောင်းရှေ့၌ ၁၈၂၅ ခုနှစ်၊ ဇွန်လတွင် ဗတ္တိဇံခံ၏။ နောက် ငါးလ အကြာတွင် လက်ထပ်ပြီးစ သူ့ဇနီးကလည်း ခရစ်တော်ကို လက်ခံကာ အက်ဇီတာ (Exeter) ၌ ဗတ္တိဇံခံသည်။ ထိုနေရာတွင် လုံခြုံမှု မရှိတော့သောကြောင့် အလက်ဇန္ဒား ၊ သည် ဒပ်ဗ္ဗလင် (Dublin) တွင် ဟီဘရူးစာသင်ဆရာအဖြစ် ပြောင်းရွှေ့ကာ သူ့ယုံကြည် ရာအသစ်အကြောင်းကို အချိန်ပေးလေ့လာသည်။ ဂိုဏ်းချုပ်ကြီး၏ တိုက်တွန်းချက်အရ ၁၈၂၇ ခုနှစ်၊ ဒီဇင်ဘာလတွင် သူ့ကို အင်္ဂလန်အသင်းတော်၏ ဘုန်းတော်ကြီးအဖြစ် သိက္ခာတင်ပေးသည်။

ရဟူဒီဓမ္မဆရာတစ်ဖြစ်လဲ ခရစ်ယာန်ဘုန်းတော်ကြီးသည် ခရစ်တော်၏ ကယ်တင် ခြင်းသတင်း စကားကို သူ့လူမျိုးများထံသို အရောက်သယ်ပိုးနိုင်ရေးအတွက် တစ်ပိုင်းသေ နေသူဖြစ်၏။ များမကြာမီ ဂျူးလူမျိုးများအကြား၌ သာသနာပြုသော ခရစ်ယာန် ဘာသာမြှင့်တင်ရေးဆိုင်ရာ လန်ဒန်အသင်းနှင့်မိတ်ဖွဲ ကာ သူတိုနှင့် သိက္ခာတော်ရဆရာ W Ayerst ၏ အကူအညီဖြင့် သူ့မွေးရပ်မြေ၌ တာဝန်ပေးခံရသည်။

သူသည် ပိုစ်နန်တစ်ဝိုက်၌ သုံးနှစ်တာ ပျော်မြူးစွာ အသုံးပြုချိန်ကာလတွင် ညီ ရင်းအစ်ကိုတမျှ ချစ်ခင်ရသူများထံ၌ “ကယ်တင်ခြင်းသတင်းစကား မဝေငှတတ်သော် လည်း ရိုကျိုးစွာ နေထိုင်သည်။

*Messiah ဟီဘရူးစကားဖြစ်၍ ကယ်တင်ရှင်ဟု အနက်ရကာ Christ ခရစ်တော်ဆိုသည်မှာ ဂရိဘာသာဖြင့် ဘိသိက်ပေးသူဟု အနက်ရသည်။

” သူအပျော်ရွှင်ရဆုံးမှာ သူ့ညီနှင့် သူ့ညီမသုံးယောက်က သူ့ကို နွေးထွေးစွာ ကြိုဆို၍ သူတိုနှင့် ပြန်လည် ပေါင်းစည်းနိုင်သော အခွင့်ထူးကို ရရှိ ခြင်းကြောင့်လည်းဖြစ်သည်။

၁၈၃ဝ ခုနှစ်တွင် အလက်ဇန္ဒားကို အင်္ဂလန်သို ပြန်ခေါ်၍ လန်ဒန်မြို၏ အရှေ့ဘက် ဆင်ခြေဖုံးရပ်ကွက်ရှိ ဂျူးလူမျိုးများထံ၌ အလုပ်လုပ်စေ၏။ သူသည် ပက်တီကုတ် (Petticoat) လမ်းနှင့် ဘက်သ်နလ်ဂရင်း (Bethnal Green) အရပ်ရှိ အပီစကော်ပယ်လ် ဂျူး ဓမ္မာရုံတွင် တရားပွဲများ ကျင်းပသည်။ သူ၏ တရားပွဲများသည် ဂျူးလူမျိုးအများအပြား အတွက် စိတ်ဝင်စားစရာဖြစ်၍ တရားပွဲအပြီးတွင် ဆွေးနွေးခြင်းနှင့် စကားအချေအတင် ပြောဆိုငြင်းခုံခြင်းများလည်း ပြုလုပ်တတ်ကြသည်။

၁၈၃၂ ခုနှစ်တွင် လန်ဒန်ဘုရင့်ကောလိပ်၌ ဟီဘရူးဘာသာနှင့် ရဟူဒီဓမ္မဆရာများ သုံးစာပေ (Rabbinic Literature) ပါမောက္ခအဖြစ် ခန့်အပ်ခံရခြင်းက သူ့ကို ဂုဏ် အကြီးအကျယ်တက်စေသည်။ ရာထူးဂုဏ်ရှိန် မည်မျှပင်ကြီးနေသော်လည်း သူသည် အရှေ့ဘက်ဆင်ခြေဖုံးရပ်ကွက်ရှိ ဂျူးလူမျိုးများထံ၌ သွားရောက်တ ရားချခြင်းကိုကား ပြုမြဲပြု၏။ သူသည် ““ကြီးကျယ်မြင့်မြတ်သော ဘာသာတရား”ကို ဟောပြောရန်အတွက် ဘယ်သောအခါမှ မေ့လျော့ခြင်းမရှိသကဲ့သို သူတိုထံ၌ ဝေစာများ (သို) ကျမ်းပိုဒ်များ ၊ ပေးဝေရန်လည်း အမြဲသတိရှိသူဖြစ်သည်။

သူသည် ထိုအချိန်က ဓမ္မသစ်ကျမ်းကို ဟီဘရူးဘာသာဖြင့် ပြန်လည်တည်းဖြတ်သူ များထဲတွင် ပါဝင်၍ ဆုတောင်းစာအုပ်ကို ဟီဘရူးဘာသာဖြင့် ဘာသာပြန်ပေးခြင်းက လည်း လန်ဒန်နှင့် ဂျေရုဆလမ်အတွက် အဖိုးအနံ့ပင်ဖြစ်တော့သည်။

အသင်းကြီး၏ သာသနာပြုများထဲမှ တစ်ဦးဖြစ်သူ ဒေါက်တာမက်ကော (Dr. McCaul) ကို ဂျေရုဆလမ်သင်းအုပ်အဖြစ် ခန့်အပ်ရန်ဆုံးဖြတ်ခဲ့ကြစဉ်က သူသည် ယဉ်ယဉ်ကျေးကျေးငြင်းပယ်၍ ဂျူးလူမျိုးခရစ်ယာန်ဘာသာဝင်သူ အလက်ဇန္ဒားကို ခန့် အပ်လျှင် ပို၍သင့်တော်မည်ဖြစ်ကြောင်း အကြံပြု၏။ သူ၏ အကြံပြုချက်ကို လက်ခံအ တည်ပြုကာ အလက်ဇန္ဒားကို ၁၈၄၁ ခုနှစ်၊ နိုဝင်ဘာတွင် မဟာလန်ဒန် တောင်ပိုင်းရှိ လမ်းဘတ်သ် စံအိမ်တော် (Lambeth Palace) တွင် သင်းအုပ်အဖြစ် ခန့်အပ်သည်။

 

ဂျေရုဆလမ်

သင်းအုပ်ကြီးနှင့် သူ့မိသားစုများ ဂျေရုဆလမ်သို ရောက်လာချိန်မှာ ၁၈၄၂ ခုနှစ်တွင် ဖြစ်၍ ဂျက်ဖာအဝင်ပေါက် (Jafla Gate) မှ သူ့ကို သေနတ်များ ပစ်ဖောက်ခြင်းဖြင့် အရိုအသေပေးကြကာ စစ်ဘက်အရာရှိကြီး Pasha က သင်းအုပ်ကြီးသည် သူ၏ “မျက်စိ အောက် အပျောက်မခံနိုင်လောက်အောင် မြတ်နိုးရသူဖြစ်ကြောင်း” ထုတ်ဖော်ပြောဆို သည်။ သာသနာတော်၏ သဘောသကန် သရုပ်မှန်ကို နားလည်ကြကုန်သော ဂျူးလူမျိုး များသည် သူတို၏ မျိုးနွယ်စုအတွက် ဝမ်းမြောက်ပီတိဖြစ်ကြ၏။

သူ၏ အခြေအနေမှာ အကြမ်းသုံးသဘောမျှသာဖြစ်ခြင်းနှင့် အတွေ့အကြုံ နုနယ် နေသေးခြင်းများရှိ သော်လည်း များမကြာမီ အောင်မြင်မှုအသီးအပွင့်များ ဆွတ်ခူးနိုင် ခဲ့သည်။ အသင်းတော်အဆောက်အအုံ အသစ်တည်ဆောက်ချိန်တွင် ယာယီတရားပွဲ များကို ဓမ္မာရုံ၌ ကျင်းပ၏။ သူသည် မတ်လတွင် သိက္ခာတင်ခြင်းခံရ၍ မေလတွင် ဂျူးမိသားစုတစ်စုကို ဗတ္တိဇံပေးကာ အောက်တိုဘာတွင် ကျူးကလေး ၈ ယောက်ကို ခရစ်ယာန်ဘာသာ၌ သွတ်သွင်း၍ ဂျူးလူမျိုး ခရစ်ယာန်ဘာသာဝင်သူ နှစ်စုံကိုလည်း ထိမ်းမြားခြင်းပြုပေးခဲ့သည်။

နောက်ထပ် သူပြောင်းလဲပေးသူများမှာ တိုင်ဘေးရီးယပ်စ် (Tiberias) မှ ဂျူး အဖွဲက စေလွှတ်သော ကိုယ်စားလှယ်များဖြစ်၍ ဖောက်ပြန်ရေးသမား အလက်ဇန္ဒားကို ဂျူးဘာသာ (Judaism) သို ပြန်လည် သွတ်သွင်းရန် ဖိအားပေးဖို တာဝန်ရှိသော ရဗွီဆရာ သုံးပါးဖြစ်ကာ နောက်ဆုံးတွင် သူတိုသည် ခရစ်ယာန်များ ဖြစ်သွားကြ၏။ သူတို၏ အကူအညီနှင့် ထောက်ပံ့ပေးမှုကြောင့် သူသည် ခရစ်ယာန်ဘာသာသို ပြောင်းလဲလာသူ များအဖို “စက်မှုလက်မှုလုပ်ငန်းတည်ထောင်ပေးကာ အလုပ်လုပ်စေ၏။ ကျမ်းစာများ ဝေငှနိုင်ရန်အတွက် ကုန်လှောင်ရုံတစ်ခုတည်သည့်အပြင် ၁၈၄၄ ခုနှစ်တွင် ဆေးပေးခန်း ကို “မရှိဆင်းရဲသား ဂျူးလူနာများဆေးရုံ”အဖြစ် အသွင်ပြောင်း၏။

ဝမ်းနည်းဖွယ်ကောင်းသည်မှာ ၁၈၄၅ ခုနှစ်၊ နိုဝင်ဘာတွင် သူ၏ သာသနာရပ်ဝန်း ဖြစ်သော တောင်ပိုင်းသို ခရီးထွက်နေစဉ် အီဂျစ်၌ နှလုံးသွေး ရုတ်တရက် ပြတ်တောက် ကာ ကွယ်လွန်သွားလေ၏။ သူ၏ သင်းအုပ်တာဝန်ထမ်းဆောင်ချိန် တိုတောင်းလှသော် လည်း ဂျေရုဆလမ်ရှိ ဂျူးလူမျိုးခရစ်ယာန်ဘာသာဝင်သူ ၃၁ ဦးက သူ့ဇနီးထံ၌ ဤသို ပေးစာများ အသီးသီးရေးသားခဲ့ကြသည်။ “ကျွန်တော်တိုသည် ခရစ်တော်၌ ဖခင်ကြီး တစ်ဦး ဆုံးရှုးရသည်ဟုသာ မထင်မှတ်ကြ၊ အစ်ကိုကြီးတစ်ဦးနှင့် မိတ်ဆွေကောင်းတစ်ဦး ကို ဆုံးရှုးရသည်ဟုလည်း ခံစားကြရပါသည်။”

ရဗွီဆရာသည် ယေရှုကို မေရှိယအဖြစ် ယုံကြည်လက်ခံလာချိန်မှစ၍ သူ့ပေးဆပ် မှုသည် တစ်ပါးအမျိုးသားများ (Gentiles) နှင့် လားလားမျှ မသက်ဆိုင်တော့သကဲ့သို ရှိ၏။ သူသည် ဂျူးဘာသာမှ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ကာ ဂျူးဘာသာကို သစ္စာ ၊ ဖောက်သူ (သို) သွေဖည်သူတစ်ဦးဖြစ်လာ၍ သူ့မိသားစုနှင့် အသိုင်းအဝန်းမှ ခွဲထွက်သူ ဖြစ်သည်။ အစတွင် သူ့ညီနှင့် ညီမများ၏ စွန့်ပစ်ခြင်းခံရကာ သူ့ဇနီးက ခရစ်တော်ကို ယုံကြည်လက်ခံသောအခါ ပြန်ပေးဆွဲရန် ကြိုးပမ်းလာသည်အထိ ဖြစ်လာသည်။

သူ့ဘဝတစ်လျှောက်လုံးတွင် သူသည် တမန်တော်ကြီးပေါလုကဲ့သို “သူ့နှလုံးသားက အစ္စရေးလူမျိုးများ ကယ်တင်ခြင်းရဖိုအတွက်သာ ဘုရားရှင်ထံ၌ မွတ်သိပ်စွာ ဆုတောင်း ပေးခဲ့သူဖြစ်သည်။” အလက်ဇန္ဒားသည် သူ့ဘာသာတရား၏ ဇစ်မြစ်ကိုကား ပယ်စွန့်ခြင်း မရှိခဲ့ပေ။ သူသည် ရဟူဒီဘာသာတရား၏ တရားဓမ္မနှင့် ရဟူဒီဓမ္မဆရာများသုံး စာပေကို အလွန်မြတ်နိုးသူဖြစ်သည်။ သူသည် ခံယူချက်အသစ်ဖြင့် သူ့လူမျိုးများကို သိမ်းသွင်းသူ ဖြစ်ကာ သူတို၏ သမ္မာကျမ်းစာများဖြစ်သော တာလ်မွတ်ခေါ် ဂျူးဓမ္မသတ်စီရင်ထုံးပေါင်း ချုပ်ကျမ်းကို အကိုးအကားပြုသူလည်း ဖြစ်သည်။

သူသည် ဂျေရုဆလမ်၏ ပထမဆုံးနှင့် တစ်ပါးတည်းသော ဂျူးလူမျိုးသင်းအုပ် ဆရာဖြစ်ကာ “လူ့ဘောင်လောက၌ အတောက်ပဆုံးကြယ်ပွင့်အဖြစ် ထင်ရှားကျော် ကြားမည့်သူဖြစ်သည်။

 

ဝယ်လ်စလေဘေလီ (၁၈၄၆-၁၉၃၇) အနာကြီးရောဂါသည်များထံ သာသနာပြုခြင်း စတင်တည်ထောင်သူ

စစ်မှန်သော သာသနာပြုခြင်း ကြိုးစားအားထုတ်မှုများထဲတွင် ဧဝံဂေလိသတင်းစကား ဝေငှ ခြင်းနှင့် လူသားတို၏ ရုပ်ပိုင်းဆိုင်ရာချမ်းသာရာရဖိုသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသော ကွင်းဆက်များဖြစ် ကြသည်။ ခရစ်တော်သည် သူ၏ တမန်တော်ကြီးဆယ့်နှစ်ပါးကို စေလွှတ်ရာ၌ ဘုရားရှင်၏ နိုင်ငံတော် အကြောင်း ဝေငှဖိုရန်သာ တန်ခိုးနှင့် အခွင့်အာဏာ ပေးထားသည်မဟုတ်ဘဲ နာမကျန်းဖြစ်သူများ ပျောက်ကင်းစေနိုင်ရန်လည်း အစွမ်းပေး ထားသည်။ ဟီဘရူးလူမျိုးများ၏ အစဉ်အလာ အတွေးအခေါ်အရ ရုပ်နှင့်နာမ်သည် အခြေခံ အားဖြင့် ပေါင်းစည်းထားခြင်းဖြစ်သောကြောင့် ခရစ်တော်သည် ဝိညာဉ်ကယ်တင်ရေး အတွက်သာမဟုတ်ဘဲ လူသား၏ ပဓာနကျသော လိုအပ်ချက်များကိုလည်း ဖြည့်ဆည်း ပေးရန် လာခဲ့ခြင်းဖြစ်သည်။

ကနဦးမှစ၍ ခရစ်တော်၏ နှစ်ပင်လိမ်စေခိုင်းချက်မှာ ကယ်တင်ခြင်းသတင်းစကား ဟောပြောဝေ ငှရန်နှင့် နာမကျန်းသူ (သို) အကူအညီလိုအပ်သူများကို တာဝန်သိစိတ်ဖြင့် ကူညီဖြည့်ဆည်းပေးရန်ဖြစ်သည်။ ကျွန်ုပ်တိုသည် ဤနည်းအတိုင်း အမျိုးမျိုးသော အသင်း အဖွဲ များ တည်ထောင်၍ ကွဲပြားခြားနားသော အကူအညီများ ကျယ်ပြန့်စွာ ဆောင်ရွက် ပေးနိုင်ရန်ဖြစ်သည်။

ပထမရာစုက ရောမများ၏ ကိုယ်ပိုင်လူအိုရုံများအတိုင်း အသင်းတော်သည် ၄ ရာစု တွင် ပုံတူကူးချကာ ပရဟိတလုပ်ငန်းများ စတင်လာကြသည်။ ၃၆၁ ခုနှစ်တွင် ရောမ နိုင်ငံသား ကြေးရတတ် ခရစ်ယာန်အ မျိုးသမီးတစ်ဦးက သူမ၏ အိမ်ကို လူအိုရုံအဖြစ် အသုံးပြုစေကာ ၃၇ဝ ခုနှစ်တွင် အက်ဒီဆာ(ဆီးရီးယား) မြိုသူမြိုသား နွမ်းပါးသူများ အတွက် ဆေးရုံတစ်ရုံဖွင့်ပေး၍ စီဆီးရီယာ (Caesarea) နှင့် ကွန်စတင်တီနိုပယ်တွင် မသန်စွမ်းသူများ၊ ဒုက္ခိတများ၊ မိဘမဲ့များနှင့် သက်ကြီးရွယ်အိုများအတွက် ဆေးရုံခုနစ် ရုံတည်ဆောက်ပေးသည်။ ထိုလှုပ်ရှားမှုသည် အနောက်သို ပျံ့နှံရောက်ရှိကာ ဘာသာရေး အစဉ်အလာကဲ့သို ဆက်လက်၍ စခန်းသွားလျက်ရှိ၏။

 

အနာကြီးရောဂါ

အနာကြီးရောဂါ (leprosy) သည် ပထမဆုံး သီးသန့်အကုသခံရောဂါဖြစ်၍ ၄ ရာစုအကုန် တွင် ထိုဝေဒနာရှင်များအတွက် ပထမဆုံးဆေးရုံကို အာဆီးရီယာ (ကက်ပဒိုဆီယာ) တွင် သင်းအုပ်ဆရာ ဘာဆီးလ် (Basil) က ဖွင့်လှစ်ခဲ့သည်။ သူသည် လာဇရုထုံးကို နှလုံးမူ သောဂိုဏ်းတည်ထောင်သူအဖြစ် ထင်ရှားကျော် စောသူဖြစ်၍ အနာကြီးရောဂါသည်များ ကို ကြည့်ရှုစောင်မဖိုရန်အတွက် သူ့ဘဝကို ဆက်ကပ်ပေးလှူထား သူဖြစ်သည်။ အလယ် ခေတ်တွင် လာဇရုထုံးနှလုံးမူသော ဂိုဏ်းက “နူနာသည် ကွန်းခိုရိပ်များ” အများအပြား ကို ပြင်သစ်နှင့် ကျန်ဥရောပနိုင်ငံများတစ်လျှောက်တွင် ဖွင့်လှစ်ကာ ဖရန်စစ်စကန် များသည် ထိုအချိန်က သူတော်ကောင်းကျင့်စဉ်ဖြင့် ရမ္မက်ကို ချိုးနှိမ်သောဂိုဏ်းတွင် အနာကြီးရောဂါသည်များကို ပြုစုစောင့်ရှောက် နေကြပြီဖြစ်သည်။

အနာကြီးရောဂါသည်များထံ၌ အလုပ်လုပ်သော ပရိုတက်စတင့်များမှာ ဂျာမနီနိုင်ငံရှိ မိုရေးဗီးယန်း များဖြစ်၍ အများစုမှာ အနာကြီးရောဂါသည်များမရှိသည့်နေရာတွင် နေထိုင်သူများဖြစ်ကြသည်။ ၁၇၃၂ ခုနှစ်တွင် ဇင်ဇန်းဒေါ့ဖ် (Zinzendorf) ကောင်တီက “မုံညှင်းစေ့သဖွယ် အရိပ်အာဝါသကောင်းသောဂိုဏ်း”ဟူ၍ သာသနာပြုအသင်းတစ်ခု ကို တောင်အာဖရိက ကိပ်ကိုလိုနီတွင် ဝေဒနာရှင်များအတွက်တည်ထောင်ကာ လုပ်ငန်း စတင်၏။ သူတိုသည် ဂျေရုဆလမ်တံတိုင်းအပြင်ဘက်တွင်လည်း ဆေးရုံတစ်ရုံ တည် ဆောက်ကာ ၄င်းသည် ပါလက်စတိုင်းအတွင်းရှိ အနာကြီးရောဂါသည် လူနာများအား လုံးအတွက် ရည်ရွယ်တည် ဆောက်ထားခြင်းဖြစ်သည်။

အိန္ဒိယတွင် အနာကြီးရောဂါသည် ဝေဒနာရှင်များကို အဓိကထား ကြိုးစားကုသပေး သော သီးသန့်အဖွဲများသည် ကာလကတ္တားနှင့် Benares တွင်ရှိကာ ၁၈၆၉ ခုနှစ်တွင် လူငယ်သာသနာပြု ဝယ်လ်စလေဘေလီ (Wellesley Bailey) က ယင်းအနာကြီးရောဂါ သည်များရှိရာ ဒုက္ခသည်စခန်းကို ပထမဆုံးအကြိမ် သွားရောက်ရာမှ သူတိုနှင့်အတူ အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် အားထုတ်လာခြင်းဖြစ်သည်။

 

အကျိုးရှိသော လုပ်ငန်းတစ်ခုခု

ဘေလီသည် ဒပ်ဗ္ဗလင်အနောက်တောင်ပိုင်း အာဆီးလက်စ် (Abbeyleik) တွင် မွေးဖွား၍ ဖခင်မှာ စတြတ်ဘေလီ (Stradballey) တွင် အိမ်ခြံမြေအရောင်းကိုယ်စားလှယ်တစ်ဦး ဖြစ်၏။ သူသည် သူ့အစ်ကို ၃ ယောက်နှင့်တကွ အိုင်ယာလန်အသင်းတော်တွင် နှစ်ခြင်း ခံ၍ အသက် ၂ဝ တွင် ပြောင်းလဲသည်။ သြစတေးလျသို မထွက်ခွာမီည ဂရေဗ်ဆင် (Gravesend) တွင် သင်္ဘောစောင့်နေစဉ် အဖြစ်အပျက် တစ်ခုဖြစ်ပွားခဲ့၏။ ထိုအဖြစ် အပျက်ကြောင့် “သြစတေးလျသွား၍ ချမ်းသာအောင် ကြိုးစားမည်ဟု အားခဲထား သမျှမှာ ပျက်ပြားလျက် အိုင်ယာလန်သို ပြန်လာခဲ့ရသဖြင့် အကျိုးရှိသော အလုပ် တစ်ခုခုကိုလုပ်ရန် ဖခင်က နိုးဆော်တိုက်တွန်းသည်။

ယခုအချိန်တွင် ဘုရားရှင်က သူ့ကို အလုပ်တစ်ခုခုညွှန်ပြပေးမည်ဟု ယုံကြည် လျက် အိန္ဒိယတွင်ရှိသော စစ်တပ်အရာရှိ သူ့အစ်ကိုကြီးထံသို ရွက်လွှင့်ထွက်ခွာလာ သည်။ ဤသို ထွက်ခွာလာရသည့်ရည်ရွယ်ချက်မှာ ဟိန္ဒူဘာသာစကား လေ့လာ၍ ရဲအရာရှိကြီးလုပ်ရန်ဖြစ်သော်လည်း မည်သည့်အခါမှ အထမမြောက်ခဲ့ပေ။ သူသည် CMS ၏ သာသနာပြု ဂျာမန်လူမျိုး သိက္ခာတော်ရဆရာ ရူတာ (Reuther) ၏ အိမ်တွင် တည်းခိုစဉ်က သူ့ပတ်ဝန်းကျင်တွင် အမှန်တကယ် အကူအညီလိုအပ်သော နွမ်းပါးချိုတဲ့ သူများကို မြင်တွေ့မိရာမှ ဘုရားရှင်က သူ့ကို ရဲသားတစ်ယောက်အစား သာသနာပြုသူ တစ်ဦးအဖြစ် ပို၍ အလိုရှိကြောင်း သိမှတ်ခဲ့သည်။

နောက်ဆုံးတွင် မှန်ကန်သည့်အလုပ်တစ်ခုကို ပြောင်းလုပ်ရန် စိတ်ကို အခိုင်အ မာ ဆုံးဖြတ်ကာ အမေရိကန် ပရက်စ်ဘီတေးရီးယန်းသာသနာအသင်းတွင် အလုပ်ဝင် လျှောက်သဖြင့် သူတိုက အမ်ဘာလာ (Ambala) တွင် ကျောင်းဆရာအဖြစ် လက်ခံသည်။

သာသနာပြုအသင်းကို ဦးဆောင်သူ သိက္ခာတော်ရ ဒေါက်တာ ဂျေအိပ်ခ်ျ မော်ရီဆန် (JH Morrison) (ဇန်နဝါရီလ “ဆုတောင်းဆက်ကပ်ခြင်း ရက်သတ္တပတ်”ဦးဆောင် သူများထဲမှ တစ်ဦး)က လူငယ်သာသ နာပြုသူကို ဆုတောင်းခြင်းနှင့်ပတ်သက်၍ အတန်ကြီး လွှမ်းမိုးထား၏။ တစ်ခါက ဘေလီသည် သူ့ဆရာနှင့် နူနာသည်အယောက် ၄၀ ၏ ခိုလှု ရာနှင့် ပြုစုစောင့်ရှောက်ရာ အနာကြီးရောဂါဒုက္ခသည်စခန်းသို လာရောက်၏။ ထိုနူနာ သည်များသည် ချုံပုတ်ငယ်ဘေးရှိ တန်းသုံးတန်းပါသော တဲအိမ်များတွင် နေထိုင်ကြကာ လမ်းမကြီးနှင့် မဝေးလှသော်လည်း လူမြင်ကွင်းတွင် မနေကြရပေ။ ထိုမြင်ကွင်းကြောင့် စိတ်အလွန်ထိခိုက်သော ဘေလီက ဤသိုသုံးသပ်မိသည်။ “အကယ်၍များ ခရစ်တော် ကဲ့သို အလုပ်လုပ်သူ ကမ္ဘာလောကတွင် ရှိခဲ့မည်ဆိုပါက ထိုသူသည် သနားစရာကောင်း သော ဤဝေဒနာရှင်များဆီသိုသွား၍ ကယ်တင်ခြင်းသတင်းစကား သွားရောက်သယ် ဆောင်ခြင်းဖြင့် နှစ်သိမ့်ပေးသင့်သည်။”

 

ကိုယ်ဖိရင်ဖိပြုစုခြင်း သာသနာ

ဘေလီသည် အခါအားလျော်စွာ နူနာသည်စခန်းသို သွားရောက်သောအခါ သူတို၏ လိုအပ် ချက်များကို သိလာသည်။ သူသည် ပထမဆုံးအနေဖြင့် ကယ်တင်ခြင်းသတင်းစကားကို ဝေငှခြင်းပြု၍ သင့်တင့်လျောက် ပတ်သော နေရာထိုင်ခင်းကို စီစဉ်ပေးကာ အစားကောင်း၊ အသောက်ကောင်းများကို ပေးကမ်းလှူဒါန်း၍ အဝတ်အစားနှင့် လိုအပ်သော ဆေးကုသ မှုကိုလည်း ပေးသည်။ သူ၏ ကိုယ်ဖိရင်ဖိပြုစုခြင်း သာသနာကြောင့် အနာကြီးရောဂါ သည်များပြောင်းလဲကာ ရေနှစ်ခြင်းပင် ခံကြ၏။

သူသည် ၁၈၇၁ ခုနှစ်တွင် သူနှင့်စေ့စပ်ထားသော အဲလေ့စ်ဂရေဟမ် (Alice Grahame) နှင့် ထိမ်းမြားကာ နှစ်ဦးသား နူနာဒုက္ခသည်စခန်းတွင် ဆက်လက်၍ အလုပ် လုပ်ကြသည်။ သိုသော် များမကြာမီ ဘေလီဇနီးသည် ၏ ကျန်းမာရေးအခြေအနေ ကြောင့် ၁၈၇၃ ခုနှစ်တွင် အိုင်ယာလန်သို ပြန်လာခဲ့ကြရသည်။ ဒပ်ဗ္ဗလင်ရှိ မန်းစတောင်း (Monkstown) အစည်းအဝေးခန်းမတွင် သူ့ကို တရား‌‌ဟောဖို့ ဖိတ်ကြားသည့်အတွက် သူသည် အနာကြီးရောဂါသည်များအကြောင်း ဟောပြောသည်။ သူ့ဟောကြားချက် နားထောင်သော ပင်း (Pim) အမည်ရ ညီအစ်မသုံးယောက်က သူ့အတွက် အလှူခံ ပေးကာ သူ့လုပ်ငန်းအတွက် တစ်နှစ်လျှင် အနည်းဆုံး စတာလင် ပေါင် ၃၀ ခန့်ရ၍ ကောက်ခံရရှိသော ငွေပမာဏမှာ လျင်မြန်စွာ တိုးပွားလာသည်။ သူသည် ရသမျှထို မေတ္တာလက်ဆောင်များကို သေချာစွာ စာရင်းမှတ်၍ “အိန္ဒိယရှိ အနာကြီး ရောဂါသည် များ” အမည်ဖြင့် ဘဏ်စာရင်းဖွင့်သည်။

ဘေလီသည် အနာကြီးရောဂါဝေဒနာရှင်များအတွက် အလုပ်ကောင်းကောင်းလုပ် နိုင်ရန် စကော့တလန်အသင်းတော်၏ သာသနာပြု အသင်းကြီးနှင့် ဆက်သွယ်ကာ ၁၈၇၅ ခုနှစ်တွင် အိန္ဒိယသို့ ပြန်လာ၍ ဟိမဝန္တာ (Himalayas) တောင်ခြေရှိ ချာမ်းဘား (Chamba) ၌ အလုပ်လုပ်သည်။ သူ့ဇနီးနှင့်အတူ နူနာဒုက္ခသည်စခန်းလေးတစ်ခု ဖွင့်လှစ်ကာ ကုန်ကျစရိတ်၏ ထက်ဝက်ကို အစိုးရက ကျခံပေးမည်ဆိုသဖြင့် ထိုသတင်းကြောင့် သူတိုအားတက်ခဲ့ကြသည်။

အချိန်တိုအတွင်းတွင် ဘေလီသည် မြောက်ပိုင်းဒေသရှိ တိုက်ခွဲငယ်များတွင်ရှိသော အနာကြီးရော ဂါသည်များအတွက် လောက်ငအောင် ရိက္ခာတင်ပေးသူဖြစ်လာ၏။ ပထမ တွင် သာသနာပြုမိတ်ဆွေ တစ်ဦးဖြစ်သော ဒေါက်တာနယူတန် (Dr.Newton) နှင့် “ကျသဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကူညီ နိုင်ကြသည်။ ငွေရေးကြေးရေးအခက် များကြောင့် နယူတန်က ဘေလုံထံ၌ အကူအညီတောင်းသဖြင့် ဘေလီက သာသနာပြု ပင်း၏ ရန်ပုံငွေဖြင့် ကူညီကာ ဆင်းမလား (Simal) တောင်ကုန်းများရှိ ဆဘူသာ  (Sabutha) တွင် ဒုက္ခသည်များနားနေဆောင်ကို ဆောက်လုပ်ပေးသည်။

ဖခင်ကြီးဒေမင် (၁၈၄ဝ-၁၈၈၉)

ဖခင်ကြီးဒေမင် (Father Damien) သည် ဘယ်လ်ဂျီယံနိုင်ငံသားဖြစ်၍ ကက်သလစ် ဘုန်းတော်ကြီး တစ်ပါးဖြစ်ကာ ဟာဝိုင်ယီရှိ မိုလခိုင် (Molokai) ကျွန်းတွင် အနာကြီး ရောဂါသည်ဝေဒနာရှင်များအကြား၌ သေတပန်သက်ဆုံး အလုပ်လုပ်ခြင်းကြောင့် သူ ကွယ်လွန်ပြီးမှ ကျော်စောထင်ရှားသူဖြစ်သည်။ သူသည် ၁၈၆၃ ခုနှစ်တွင် ဟာဝိုင်ယီသို စေလွှတ်ခြင်းခံရကာ ကိုယ်ပိုင်ဝတ်ကျောင်းဖြင့် ၉ နှစ်နေပြီးသောအခါ၌ အနာကြီးရောဂါ သည်များရှိရာသို စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်အလုပ်လုပ်သူဖြစ်သည်။ ဘုန်းတော် ကြီးက ကျွန်းသား များကို ဤသိုပြော၏။ “ငါ မင်းတိုအတွက် ဖခင်ကြီးတစ်ဦးပါလာ တယ်၊ သူဟာ မင်းတိုကို အလွန်ချစ်မြတ်နိုး သူနဲ့ မင်းတိုနဲ့ သေအတူ၊ ရှင်မကွာ နေမည့်သူ ဖြစ်တယ်။ အသက် ၃၃ နှစ်အရွယ် လူငယ်ဘုန်းတော်ကြီးသည် ဝတ်ကျောင်းတစ်ဆောင် တည်ဆောက်ကာ သေအံ့ဆဲဆဲလူနာများကို နှစ်သိမ့်ပေးခြင်း၊ ခေါင်းတလားများ ပြုလုပ် ပေးခြင်းနှင့် လူသေအလောင်းမြှုပ်နှံရန် တွင်းများတူးပေးခြင်း (ပထမ-၆ နှစ်အတွင်း၌ လူပေါင်း ၁၆၀ဝ ခန့် သေဆုံး) များပြုလုပ်ကာ သန့်ရှင်းလတ်ဆတ်သော ရေနှင့် နေအိမ် အသစ်များ ဆောက်လုပ်စီစဉ်ပေးသည့် အပြင် ဆေးရုံတစ်ရုံ၊ စာသင်ကျောင်းတစ်ကျောင်း နှင့် မိဘမဲ့ဂေဟာတစ်ဆောင်လည်း ဖွင့်လှစ်ပေးခဲ့သည်။ သူသေဆုံးသည့်သတင်းကြောင့် ကမ္ဘာက အနာကြီးရောဂါသည်များကို ပထမဆုံး အာရုံစိုက်လာခြင်းဖြစ်သည်။

၁၈၇၉ ခုနှစ်တွင် ဘေလီသည် ချာမ်းဘားမှ သူလုပ်ငန်းအသစ်စတင်ရာ ဝါဇီရဘတ် ၊ (Wazirabad) သို ရွှေ့ပြောင်းသဖြင့် နောင်အခါ ချာမ်းဘားဒုက္ခသည်စခန်းကို အစိုးရက သိမ်းယူလိုက်သည်။ ထိုအတောအ တွင်းတွင် အရှေ့အိန္ဒိယ၌ သာသနာပြုသူ ဂျာမန်တစ်ဦး ထံမှ အနာကြီးရောဂါသည် လူနာများကို မည်သိုမည်ပုံ ပြုစုစောင့်ရှောက်ရမည်ဖြစ်ကြောင်း အကြံပေးစာနှင့် ပူရူလီယာ (Purulia) မှ သူတိုအတွက် လိုအပ်သော ကုသိုလ်ဖြစ် ရိပ်သာများ တည်ဆောက်ပေးရန် ကမ်းလှမ်းချက်များ ရောက်လာသည်။

အိန္ဒိယရှိ အနာကြီးရောဂါသည်လုပ်ငန်း ကြီးထွားလာသည်နှင့်အမျှ အဖွဲအစည်းတွင် လခမယူသော ဝန်ထမ်းအင်အားနှင့် ဆက်လက်ခရီးနှင်ရသည်မှာ ရေရှည်တွင် အဆင်မပြေ နိုင်ခဲ့ပေ။ စေတနာ့ဝန်ထမ်းများ အင်္ဂလန်သို ပြန်ကြသောအခါ သူသည် “အိန္ဒိယရှိ အနာ ကြီးရောဂါသည်များထံ သာသနာပြုသောအသင်း”၏ အတွင်းရေးမှူးတာဝန်ကို ယူရန် ဆုံးဖြတ်သည်။ ထိုအချိန်မှစ၍ သူသည် နူနာသည်စခန်းတွင် အလုပ်လုပ်မည့်အစား အီဒင်ဘာရာ သာသနာပြုအဖွဲနှင့် ဆက်သွယ်ကာ ခရီးရှည်များ ထွက်၏။

အတွင်းရေးမှူးတာဝန်ဖြင့် အိန္ဒိယသို ပထမဆုံးခရီးစဉ် (၁၈၈၆-၈၇) ကြောင့် လုပ် များ ပို၍ ကျယ်ပြန့်လာသည်။ ဘေလီသည် အမျိုးမျိုးသော ခရစ်ယာန်သာသနာပြုများ ကို နည်းလမ်းပေါင်းစုံဖြင့် ကူညီရာ၌ အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ အနာကြီးရောဂါ ဝေဒနာ င်များကို အထူးဂရုတစိုက်ကူညီ၏။ အထူးသဖြင့် အနာကြီးရောဂါသည် မိဘများမှ မွေး သော ကျန်းမာသည့်ကလေးများအတွက် နေအိမ်များဆောက်ပေးကာ သီးသန့်ထား၍ မြေတောင်မြှောက်ပေးသည်။

၁၈၈၉ ခုနှစ်သည် သာသနာပြုသမိုင်း၏ အရေးပါသော ရက်စွဲတစ်ခုဖြစ်သည်။ အကြောင်းမှာ ထိုနှစ် ဧပြီလတွင် မိုလခိုင်ကျွန်း၏ ဖခင်ကြီးဒေမင် တိမ်းပါးသွားသောကြောင့် နူနာသည်များထံ သာသနာပြုလုပ် ငန်းများ ကမ္ဘာ့အနှံအပြား၌ လုပ်ဆောင်ရန် ပြည်သူကို နှိးဆွပေးသကဲ့သို ဖြစ်သောကြောင့်ပင်တည်း။ ထိုလထဲတွင် ဝယ်စလေယံမက် သဒစ်သာသနာပြုအသင်းက ဘေလီထံ၌ မြန်မာနိုင်ငံ (Buma) ရှိ အနာကြီးရောဂါသည် များအတွက် ကွန်းခိုရိပ်များ တည်ဆောက်ပေးရန် တောင်းဆို၏။ ထိုတောင်းဆိုမှုသည် အိန္ဒိယ၏ နယ်ပယ်ကို ကျော်၍ ပထမဆုံး စွန့်စားလုပ်ရသော အလုပ်ဖြစ်သည်။ နောက် တောင်းဆိုချက်တစ်ခုမှာ ဒေါက်တာဒန်ကင်မိန်း (Dr. Duncan Main) ထံ၌ အကူအညီ တောင်းလာသော နားနေဆောင်မရှိသည့် အနာကြီးရောဂါဝေဒနာရှင်များအတွက်ဖြစ်၍ တရုတ်ပြည် ဟန်ချို (Hang Chow) ဆေးရုံအတွက် CMS က တောင်းဆိုထားခြင်းဖြစ် သည်။ ထိုတောင်းဆိုမှုကြောင့် နားနေဆောင်တစ်ဆောင်နှင့် ထိုရာစုအကုန်ပိုင်းတွင် သာသနာပြုအသင်းက တရုတ်ပြည်တွင် အနာကြီးရောဂါသည်များအတွက် ကွန်းခိုရိပ်သာ ၇ ခု ထပ်မံတည်ဆောက်ပေးသည်။ ထိုအပြင် ဂျပန်နိုင်ငံမှ ၁၈၉၄ ခုနှစ်၊ တောင်အာဖရိ ကမှ ၁၈၉၄ ခုနှစ်၊ တောင်အမေရိကမှ ၁၈၉၅ ခုနှစ်၊ ဆူမားကြား (Sumatra) မှ ၁၉၀၀ ခုနှစ်နှင့် ကိုးရီးယားမှ ၁၉၀၈ ခုနှစ်တိုတွင် အကူအညီများ အသီးသီးလာတောင်းကြ သည်။

ကမ္ဘာတစ်ဝှမ်းရှိ အနာကြီးရောဂါသည်များအတွက် ငွေကြေးထောက်ပံ့ပေးသော နိုင်ငံများမှာ အမေရိက၊ ကနေဒါနှင့် သြစတေးလျတိုဖြစ်သည်။ အိန္ဒိယတွင် နိုင်ငံတော် အစိုးရက သူ့လူမျိုးများအတွက် သီးသန့်ရန်ပုံငွေထည့်၍ ကူညီသည်။ အိန္ဒိယနိုင်ငံရှိ အနာကြီးရောဂါသည်များတွက် ဘေလီတိုအဖွဲ နောက်ဆုံးအလုပ် လုပ်သွားကြသော နှစ်မှာ ၁၉၁၃-၁၄ ခုနှစ်တွင် ဖြစ်သည်။

သူအနားယူချိန် ၁၉၁၇ ခုနှစ်တွင် ဘေလီက ဤသို မြွက်ကြား၏။ “ဘုရားရှင်ဟာ လေးလံတဲ့ ဝန်ထုပ်တွေကို ပေါ့ပါးစေသူဖြစ်တယ်။ ဘုရားရှင်က ကျွန်ုပ်ကို အဲဒီလေးလံ ၇ ဝန်ထုပ်တွေ သယ်ပိုးနိုင်ဖို ခွန်အားတွေ ပေးသူဖြစ်တယ်။”

အနာကြီးရောဂါက လူသားများကို နှစ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့သော်လည်း ယခုအချိန်တွင် ထိုရောဂါကို ရပ်တန့်စေနိုင်သည့် ဆေးဝါးများ ထုတ်လုပ်နိုင်နေပြီဖြစ် သည်။ ယနေ့တွင် ကမ္ဘာတစ်ဝှမ်းရှိ အနာကြီးရောဂါသည်ပေါင်း ခန့်မှန်းခြေမှာ ၁၂ သန်း ခန့်ရှိသော်လည်း ၃ သန်းခန့်ကသာ ဆေးကုသမှု ခံယူရ၏။ ထိုကြောင့် အစိုးရများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲများက အနာကြီးရောဂါကို သာသနာပြု အသင်းများနှင့် ပူး ပေါင်းကာ ဆက်လက်တိုက်ပွဲဝင်ရဦးမည်ဖြစ်သည်။

 

စီ တီ စတတ် (၁၈၆၂-၁၉၃၁) အပြည်ပြည်ဆိုင်ရာ ဒပ်ဘလျူ အီး စီ တည်ထောင်သူ

၁၉ ရာစုအဆုံးပိုင်းနှစ်များသည် အင်္ဂလန်အသင်းတော်၏ ရွှေထီးဆောင်းချိန်ဟုဆိုလျှင် မှားမည်မဟုတ်ပေ။ ၁၈၅၉ ခုနှစ်၊ အာလ်စတာ (Ulster) နိုးကြားခြင်းသည် ဗြိတိသျှ ကျွန်းများတစ်လျှောက် ပျံ့နှံရောက်ရှိကာ လူတန်းစားပေါင်းစုံကို လွှမ်းမိုးလျက်ရှိ၍ ပရဟိတနှင့် ကုသိုလ်ဖြစ် အလှူဒါနများသည် ခရစ်ယာန်များအတွက် အခြေခံကိုယ်ကျင့် တရားများ ဖြစ်လာသည်။

၁၉ ရာစု ဒုတိယထက်ဝက်၏ လေးပုံသုံးပုံခန့် ကုသိုလ်ဖြစ်အလှူဒါနမှာ ဧဝံဂေလိ သတင်းစကား၏ ထူးခြားသော ဝိသေသကြောင့်ဖြစ်သည်။ ထိုဒါနရှင်အများအပြားမှာ စပါဂျွန် (Spurgeon) နှင့် မူးဒီး (Moody) တို၏ တရားဒေသနာကြောင့် လူမှုဆိုင်ရာ ကုသိုလ်ဖြစ်လုပ်ငန်းတွင် တွန်းအားအသစ် ရရှိသူများဖြစ်ကြသည်။

အထက်ပါ ဖြစ်ရပ်များထက် ပို၍ အရေးပါသောအရာမှာ အသက်တာအသစ်များကို ရရှိပိုင်ဆိုင် ကြခြင်းဖြစ်၍ ဗစ်တိုးရီးယားဘုရင်မခေတ်တွင် အသင်းတော်သည် လူရိုသေ ရှင်ရိုသေ ဖြစ်လာခြင်းဖြစ်သည်။ ကယ်တင်ခြင်းသတင်းစကားသည် ဝတ်ကျောင်းသို ရောက်မလာနိုင်သူများ၏ နှလုံးသားကို တိုထိရုံသာမဟုတ်ဘဲ ဘုရားကျောင်းထိုင်ခုံများ ပေါ်တွင် နှစ်ပရိစ္ဆေဒပေါင်းများစွာ အနှောင့်အယှက်ကင်းကင်းဖြင့် မိန့်မိန့်ကြီးထိုင်နေသူ များကိုပါ လှုပ်နိုးသဖြင့် အသင်းသားဦးရေ တိုးတက်များပြားသည့်အပြင် တစ်မျိုးသားလုံး ၏ ကိုယ်ကျင့်တရား စံနှုန်းမှာ ဘဝသစ်တွင် အင်အားအသစ်နှင့် ပြည့်ဝလာကြသည်။

စတတ်မိသားစု

မူးဒီး၏ တရားဒေသနာ လာရောက်နာကြားသူ ထောင်ပေါင်းများစွာထဲတွင် ဝိလ်ရှိင်းယား (Wiltshire) Soosascuns (Tedworth Hall) i onoS8w3:04:28: ၂ဝင်သည်။ အက်ဒဝပ်စတတ် (Edward Studd) သည် အိန္ဒိယတွင် စိုက်ပျိုးခြံမြေ ပိုင်သူဖြစ်၍ ၁၈၇၅ ခုနှစ်တွင် အမှန်အကန် ပြောင်းလဲလာသူဖြစ်ကာ နောက်တစ်နှစ်တွင် သားသုံးယောက်ထဲမှ အကြီးဆုံးဖြစ်သူ ကင်းဘရိတ်ချ် ခရစ်ကတ်ကစားသမား အီတန် (Eton) က ခရစ်တော်ကို လက်ခံလာသည်။

အက်ဒဝပ်၏ သားသုံးယောက်ထဲမှ အထွန်းပေါက်ဆုံးမှာ ချာလီ (Charlie) သို မဟုတ် (စီတီ)ဖြစ်၍ သူသည် နောင်အခါ အာဖရိကသာသနာ၏ နှလုံးသည်းပွတ် (Heart of Africa Mission) အသင်းတည် ထောင်သူဖြစ်သည်။ သူသည် အင်္ဂလန်၏ အတော်ဆုံး စွယ်စုံရပညာရှင်များထဲတွင်လည်း တစ်ဦးဖြစ်၍ ၁၈၈၂-၈၃ ခုနှစ် ဆောင်းတွင်းခရီးစဉ်၌ သြစတေးလျရှိ MCC အသင်းနှင့်ကစားရာမှ “ပြာပုံအတိ””ဖြစ်ခဲ့သော သူတိုအသင်း ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်ပေးခဲ့သူလည်းဖြစ်သည်။

၆ နှစ်ခန့် ဘာသာရေးစိတ်ထက်သန်မှု လျော့ကျပြီးချိန်တွင် စီတီသည် ကင်းဘ ရိတ်ချ်ရှိ မူးဒီး၏ တရားဒေသနာကြောင့် ဘုရားရှင်ထံသို ခြေဦးပြန်လှည့်လာနိုင်ခဲ့၏။ ယခုအချိန်တွင် သူ့ဘဝကို “ပျောက်ဆုံးဝိညာဉ်”များအတွက်သာ ဆက်ကပ်အပ်နှံထား၍ သူ့မိတ်ဆွေများက ကယ်တင်ခြင်းသတင်းစကား နာကြားနိုင်ဖိုရန် မူးဒီးထံသို ခေါ်ဆောင် လာတတ်ကာ အနည်းဆုံး လူ ၂ ဦး ပြောင်းလဲသည်ဟု သိရသည်။ သူ့အသက်တာတွင် တန်ခိုးစွမ်းအားနည်းနေသေးသည်ကို သိမှတ်သောအခါ သူ့ဘဝကို ခရစ်တော်ထံ၌ ဝကွက်အပ်နှံထားသည်။ ထိုသိုပြုမူပြီးချိန်တွင် ဘုရားရှင်၏ သန့်ရှင်းသောဝိညာဉ်တော်က သူ့အတွင်း၌ ကိန်းအောင်းလျက်ရှိကာ “ငြိမ်းချမ်းခြင်းကို ပြည့်ပြည့်ဝဝ ခံစားရ၏။” ထိုအချိန်မှစ၍ ရှေ့တစ်လျှောက်တွင် သူ့ဘဝလမ်းကြောင်းအသစ်ပေါ်သို လုံးလုံး လျားလျား ရောက်လာတော့၏။

စတတ်သည် တရုတ်ပြည်သို သာသနာပြုတစ်ဦးအဖြစ် အခေါ်ခံရသောအခါ ဟတ် ဆင်တေလာ (ဟတ်ဆင်တေလာသည် ထိုအချိန်က အင်္ဂလန်တွင်ရှိ၏)က တရုတ်ပြည် အတွင်းပိုင်းသာသနာ၏ လုပ်ဖော်ကိုင်ဖက်အဖြစ်လက်ခံသည်။ တရုတ်ပြည်တွင်သာသနာ ပြုရန် ဆက်ကပ်ထားသူ ကင်းဘရိတ်ချ် ကျောင်းနေဖက် စတန်လေစမစ်သ် (Stanley Smith) နှင့် မထင်မှတ်ဘဲ တွေ့ဆုံကာ များမကြာမီ လူမှုရှေ့ဆောင်အဖွဲ လူငယ် ၅ ဦး နှင့် မိတ်ဆွေဖြစ်သွားကြ၏။ ထိုသူများကို မကြာမီ ကင်းဘရိတ်ချ်ခုနစ်ဖော် (Cambridge Seven) ဟု လူသိ၍ သူတိုသည် ဧဝံဂေလိသတင်းစကားကို နိုင်ငံတစ်ဝန်း၌ မနားတမ်းဖြန့်ဖြူးလျက်ရှိရာ အထူးသဖြင့် အီဒင်ဘာရာတက္ကသိုလ်ကျောင်းသားများကို အကြီး အကျယ်လွှမ်းမိုးလျက်ရှိသည်။ ယခုအချိန်တွင် စီ တီ စတတ်နာမည်သည် ရပ်သိရွာသိ ဖြစ်၍ သူသည် သာမန်တရားဟောဆရာဖြစ်သော်လည်း သူ၏ သက်သေခံချက်များက လူထုကြီးကို ဖမ်းစားလျက်ရှိကာ အများအပြားမှာ မိမိအလိုအလျောက် အရပ်တစ်ပါး၌ သာသနာပြုရန် လာရောက်အပ်နှံကြသည်။

ကင်းဘရိတ်ချ်ခုနစ်ဖော်သည် တရုတ်ပြည်သို ရွက်လွှင့်ထွက်ခွာကာ ၁၈၈၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရှန်ဟိုင်းသို ရောက်လာသည်။ တရုတ်ပြည်အတွင်းပိုင်း သာသနာပြု အသင်း၏ သဘောတူညီချက်အရ တရုတ်လူမျိုးများကဲ့သို ဝတ်စားခြင်းနှင့် ဆံပင်ကို ၊ ကျစ်ဆံမြီးထားရ၏။ စတတ်၏ ကြီးမားသော ခြေဖဝါးအတွက် ရှူးဖိနပ်ပြုလုပ်ခြင်းသည် တရုတ်လူမျိုးများအကြား၌ ပွဲကျစရာပင်ဖြစ်တော့သည်။ သူ၏ တရုတ်ပြည်ရောက် အစော ပိုင်းရက်များသည် ခက်ခဲသည်မှန်သော်လည်း သူသည် ခရစ်ယာန်ဘာသာ၌ လျင်မြန်စွာ ကြီးထွားရင့်ကျက်လာသည်။

စတတ်သည် သူ၏ ၂၅ နှစ်ပြည့်မွေးနေ့တွင် အမွေအမြောက်အများ ရရှိသဖြင့် ခရစ်တော်၏ သွန်သင်ခြင်းကို လိုက်နာသောအားဖြင့် ခရစ်ယာန်ဘာသာလုပ်ငန်း ကျယ် ပြန့်ဖိုရန်အတွက် အလှူဒါနပြုရန် ဆုံးဖြတ်၏။ ထိုကြောင့် ၁၈၈၇ ခုနှစ်၊ ဇန်နဝါရီ၊ ၁၃ တွင် စတာလင်ပေါင် ၅ဝဝဝ စီပါသော ချက်လက်မှတ်များကို Moody, Muller, Holland of Whitechaple နှင့် Booth-Tucker of India တို့ လေးဦးကို အသီးသီးပို့ပေး၏. ထို့ပြင် အခြားချက်လက်မှတ်များကို Barnardo, Archibald Brown a အမျိုးသမီးနှစ်ဦးဖြစ်သော Mcpherson နှင့် Smyly တိုကိုလည်း ပိုပေးကာ လက်ကျန် ငွေများကို တရုတ်ပြည်အတွင်းပိုင်းသာသာနာ (CIM) အတွက် ပေးလှူသည်။

လအနည်းငယ်အကြာတွင် သူသည် တရုတ်ပြည်အတွင်းပိုင်း၌ သာသနာပြုတစ်ဦး ဖြစ်သော ပရက်ဆီ လာစတီးဝပ် (Priscilla Stewart) နှင့် စုလျားရစ်ပတ်၍ အိပ်ရာခင်း အချိုနှင့် ၅ ဒေါ်လာမျှသာ သိမ်းထားကာ လက်ကျန်ငွေများအားလုံးကို စွန့်ကြဲ၏။ သူတို့၏ အိမ်ထောင်သည်ဘဝကို ကိုယ်တော့်ကိုသာ ကိုးစား၍ ယုံကြည်ခြင်းအသက်တာ ဖြင့် လျှောက်လှမ်းအစပြုနိုင်ရန် ရည်ရွယ်ချက်ဖြင့် ထိုသို ပြုလုပ်ခြင်းဖြစ်သည်။

ကြင်စဦးဇနီးမောင်နှံများ၏ အစောပိုင်း အိမ်ထောင်သည်ဘဝ ၁၈၈၇ မှ ၁၈၉၄ ခုနှစ်အထိသည် အလွန်ပင် ခက်ခဲကြမ်းတမ်းခဲ့၍ “ရပ်ခြားမိစ္ဆာများ”အဖြစ် သူတိုအသက် ကို ရန်ရှာရန်လည်း ကြောက်ရွံခဲ့ကြ ရသေးသည်။ သိုသော် နောက်ဆုံးတွင် အသက်မသေ ဘဲ ရှင်ကျန်ရစ်ကာ ရုပ်သေပြစက်အသုံးပြု၍ တရုတ်လူမျိုးများထံ ဧဝံဂေလိသတင်းစကား ဟောပြောဝေငှကာ အများအပြားက ခရစ်တော်ကို လက်ခံကြသည်။ စတတ်က သူ့ အချိန်အများစုကို ဘိန်းဖြတ်ရာနေရာများ၌ အသုံးပြုကာ ဘိန်းစွဲသူပေါင်း ၈၀၀ ကို ၇ နှစ်ကျော် အချိန်ပေး၍ ပြုစုကုသခဲ့သည်။

 

ကျန်းမာရေးချူချာသူ

စတတ်၏ ဘဝတစ်လျှောက်တွင် ကျန်းမာရေးချူချာခဲ့သော်လည်း ဘယ်သောအခါမှ စိတ် ဓာတ်မကျခဲ့ပေ။ သူနှင့် သူ့ဇနီးတို တရုတ်ပြည်တွင်နေစဉ်က နှစ်ယောက်စလုံးအပြင်းဖျား ခဲ့ကြရာ ၁၈၉၃ ခုနှစ်တွင် စတတ် သေမတတ်ဖြစ်ခဲ့၏။ တရုတ်ပြည်တွင်နေစဉ်က ပရက်ဆီလာသည် မိန်းကလေး ၄ ဦးကို ဆရာဝန်တစ်ဦးတစ်ယောက်၏ အကူအညီ မပါဘဲ မီးဖွားခဲ့သည်။ သူတိုသည် ဖျားနာသူကလေးတစ်ဦးချင်းကို ဆီဖြင့် လိမ်းကျံကာ ကုသသော်လည်း သဘာဝမကျသော ထိုကုသမှုနှင့် အစာအဟာရမလုံလောက်မှုတိုကြောင့် ၁၈၉၄ ခုနှစ်တွင် အင်္ဂလန်သို ပြန်လာခဲ့ရ၏။ နားနေခွင့် ၄ နှစ်အတွင်း၌ စတတ်သည် မူးဒီး၏ ဖိတ်ခေါ်ချက်အရ အမေရိကရှိ ကောလိပ်များသို ၁၈ လတိုင် လှည့်လည်၏။ ကင်းဘရိတ်ချ်ခုနှစ်ဖော်တိုကြောင့် အမေရိကတွင် ကျောင်းသားနိုးထမှုကြီး နေရာအနှံ ပျံ့နှံလျက်ရှိသည်။

သူသည် တရုတ်ပြည်သို ပြန်လာချင်သော်လည်း အိန္ဒိယသို ကယ်တင်ခြင်းသတင်း စကားဖြန့်ဝေနိုင်မည့် အစီအစဉ် ပျက်ပြားသွားမည်စိုးသောကြောင့် အိန္ဒိယသိုသာ ဒုတ် ဒုတ်ထိလာခဲ့သည်။ ၁၉၀၀ ခုနှစ်နှင့် ၁၉ဝ၆ ခုနှစ်အကြားတွင် အိန္ဒိယမြောက်ပိုင်း တီယာဟုပ် (Tirhoot) တွင် ၆ လနေထိုင်၍ ထိုနောက် အိန္ဒိယတောင်ပိုင်း သြတာကမန် (Ootacamund) ၌ သင်းအုပ်ဆရာတာဝန်ယူသည်။ ထိုစဉ် စိတ်ဝင်စားဖွယ်အကောင်း ဆုံးမှာ သူ့သမီး ၄ ယောက်တိုသည် တစ်ရက်ထဲတွင် သူတို၏ ဥယျာဉ်ခြံအတွင်း၌ နှစ်ခြင်းပေးနိုင်လောက်သည့် တွင်းတစ်ခုတွင် အမိကာမိုက်ကယ် (Amy Camichael) အပါအဝင် ထိုနေရာ၌ အများပြည်သူရှေ့မှောက်တွင် ရေနှစ်ခြင်း ခံခဲ့ကြသည်။

စီတီ၏ ပန်းနာရင်ကြပ်ရောဂါ ထလာပြန်သဖြင့် စတတ်မိသားစုသည် အိန္ဒိယမှ အင်္ဂလန်သိုပြန်ရန် အကြောင်းဖန်လာပြန်၏။ ယခုအချိန်တွင် သူ့အသက် ၅ဝ ရှိ၍ ကျန်းမာ ရေးချိုတဲ့နေသောကြောင့် အိမ်တွင် အနားယူချိန်တန်နေပြီဖြစ်သည်။ သိုသော် လီဗာပူးလ် နေအိမ်တွင် ချိတ်ဆွဲထားသော “လူသားစားများက သာသနာပြုများကို စားလိုမဝသေး” ဟူသည့် ရယ်ရွှင်ဖွယ်စာတမ်းက သူ့ကို အာဖရိကသိုသွားရန် လိုအပ်ကြောင်း စိန်ခေါ်နေ သယောင်ရှိသည်။ သူသည် အာဖရိကအတွင်းပိုင်းသို ရောက်ဖူးသူများဖြစ်သော ကုန်သည် များ၊ မုဆိုးများနှင့် အရာရှိ မင်းမှုထမ်းများကို သွားရောက်စုံစမ်းမေးမြန်းသဖြင့် ထိုနေရာ ၌ ကယ်တင်ခြင်းသတင်းစကား သွားရောက်ဝေငှသော မည်သည့်ခရစ်ယာန်မှ မရောက် သေးကြောင်း သိရ၏။ ထိုကြောင့် ၁၉၁၀ ခုနှစ်အကုန်ပိုင်းတွင် ဆူဒန် (Sudan) တောင် ပိုင်းသို အခြေအနေကို ကြိုတင်သွား ရောက်ကြည့်ရှုရန် တစ်ကိုယ်တည်း ထွက်လာခဲ့သည်။ လီဗာပူးလ်ကို စွန့်ခွာထွက်လာချိန်တွင် ဘုရားရှင်က ဤသို စကားဆိုသည်။ “ဒီခရီး စဉ်ဟာ ဆူဒန်အတွက်သက်သက်မဟုတ်ဘူး၊ ဧဝံဂေလိသတင်းစကား မရောက်သေးတဲ့ တစ်ကမ္ဘာလုံးအတွက် ဖြစ်ရမယ်။”

စတတ်သည် ဆူဒန်တွင် သာသနာပြုအသင်းကြီးက စေလွှတ်သော ခါတွမ်မြို သင်းအုပ်ဆရာဂိုအိန်း (Gwynne of Khartoum) အပါအဝင် သာသနာပြုများနှင့်လည်း ဆက်သွယ်သည်။ သူသည် ဆူဒန်၏ ဟိုမှာဘက်တွင် ရှိသော ဘယ်လဂျီယမ်ကွန်ဂို (ယခု ဇိုင်ယာ) တွင် ကယ်တင်ခြင်းသတင်းစကား လုံးလုံးမကြား သိရသေးသော လူအုပ်ကြီး ၊ ရှိနေသေးကြောင်းလည်း တွေ့ရှိခဲ့သည်။

သူသည် ထိုလူအုပ်ကြီးကို အာဖရိက၏ နှလုံးသည်းပွတ်ဟု အမည်သမုတ်ကာ ဘုရားရှင်က သူ့ကို ထိုလုပ်ငန်းအတွက် အလိုရှိကြောင်းလည်း သိမှတ်၏။ စတတ်သည် ၁၉၁၃ ခုနှစ်တွင် အာဖရိကသို ပြန်လာကာ သူ့ဇနီးမှာ အားနည်းလွန်းနေသေးသဖြင့် ၊ လိုက်ချင်သော်လည်း မလိုက်နိုင်ခဲ့ရှာ။ ထိုကြောင့် သူက ကင်းဘရိတ်ချ်ကျောင်းဆင်း ၊ လူငယ် အာလ်ဖရတ်ဘက်စ်တန် (Alfred Buxon) ကို ခေါ်လာခဲ့သည်။ သူတိုသည် အထမ်းသမားများနှင့် စက်ဘီးများ စီးကာ ကင်ညာ (Kenya) နှင့် ယူဂန်ဒါကို ဖြတ်၍ ကွန်ဂိုသို ဝင်သွားကြ၏။ (စတတ်သည် မော်တော်ကားစီးရန် လက်ခံသည်အထိ ထို စက်ဘီးကိုသာ အသုံးပြုခဲ့သည်)

သာသနာပြုအသင်းဌာနကို လူဦးရေအလွန်ထူထပ်သော နာလာ (Nala) တွင် တည် ထောင်၏။ ထိုနေရာသည် လွန်ခဲ့သော ၁၀ နှစ်က ဒေသခံတိုင်းရင်းသားများက စစ်သား များကို သတ်ဖြတ်ကာ ချက်ပြုတ် စားသောက်ကြသော နေရာဖြစ်သည်။ ဘာသာစကား အခက်အခဲရှိသော်လည်း အဆက်အသွယ်ပြု လုပ်နိုင်ကြ၏။ စတတ်သည် ကျန်းမာရေး အခြေအနေကြောင့် အနားယူရန် အိမ်ပြန်လာခဲ့သည်။ သူ့ဇနီးက သူမရှိခိုက် အချိန်ကိုအလဟဿဖြုန်းတီးမပစ်ဘဲ အဖွဲအစည်းအသစ်တစ်ခုကို တည်ထောင်ကာ အလုပ်ကောင်း ကောင်းတစ်ခု လုပ်နေလျက်ရှိသည်။ ဌာနချုပ်များကို လန်ဒန်တောင်ပိုင်းရှိ နော်ဝုဒ် (Norwood) အထက်ပိုင်းတွင် တည်ထောင်ကာ ဧဝံဂေလိသတင်းစကား မရောက် သေးသောနေရာများအတွက် ထိုနေရာမှ အကူအညီတောင်း ပေးလျက်ရှိသည်။

 

 

ကင်းဘရိတ်ချ်ခုနှစ်ဖော်

၁၈၈၄ ခုနှစ်၊ ထုတ်ပြန်ကြေညာချက်အရ လူမှုရေးဦးဆောင်ဦးရွက်ပြုသူ လူငယ်ခုနှစ်ဦး (ခြောက်ဦးမှာ ကင်းဘရိတ်ချ်ကျောင်းဆင်းများဖြစ်သည်) ၏ တရုတ်ပြည်အတွင်းပိုင်းသို သာသနာပြုရန် ဆက်ကပ်မှုက အတော်ပင် ဂယက်ရိုက်ခဲ့၏။ ကင်းဘရိတ်ချ်တွင် ဟတ် ဆင်တေလာနှင့်တွေ့ဆုံပွဲ၌ ဘွဲကြိုကျောင်းသား အယောက် ၅၀ ကျော်က သာသနာ အတွက် ပေးဆပ်ရန် ကမ်းလှမ်းလာကြ၏။ လန်ဒန်၊ အီဒင်ဘာရာနှင့် အင်္ဂလန်မြောက် ပိုင်းရှိ ကင်းဘရိတ်ချ်သား သာသနာပြု အယောက် ၄၀ တိုက အီဇက်တာဟောလ်တွင် ညီနောင်ခုနှစ်ဖော်ကို လာရောက်နှုတ်ဆက်ကြ၏။ သူတိုသည် နတ်ကိုးကွယ်သူများအကြား ၊ တွင် ခရစ်တော်သည် ဘုရင်ဖြစ်ကြောင်း သွားရောက်၍ သိမှတ်စေလော့ဟူသော သီချင်း ကို သီဆို၍ ညီနောင်ခုနစ်ဖော်ကို တရုတ်ဘာသာ ဓမ္မသစ်ကျမ်းများ ပေးကမ်းကြသည်။ ညီနောင်ခုနစ်ဖော်ထဲမှ လူသိများသူ စီ တီ စတတ်မှာ အင်္ဂလန်၏ နာမည်ကျော် ခရစ်ကက် သမားဖြစ်၍ သူက ဦးဦးဖျားဖျား ဤသိုမိန့်ခွန်းချော၏။ “ဒီမှာရှိတဲ့ အားလုံးကို ကျွန်တော် ပြောချင်တာက ဘုရားရှင်ထံမှာ အလုံးစုံအပ်နှံပါ၊ ဒါမှသာ ဘုရားရှင်က သင်တိုကို အသုံး ပြုမှာ ဖြစ်ပါတယ်။ သူတိုအထဲမှ လူသိများသူ နောက်တစ်ဦးမှာ CIM ၏ ညွှန်မှူး၊ တေလာကို ဆက်ခံသူ ဒစ်ဆွန်ဟိုးစ် (Dixon Hoste) ဖြစ်သည်။ ညီနောင်ခုနစ်ဖော်တို ၏ တရုတ်ပြည်စွန့်ခွာချိန်မှာ ၁၈၈၅ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၅ တွင်ဖြစ်သည်။

 

အနစ်နာခံခြင်း

စတတ်က မဂ္ဂဇင်းတစ်စောင်၌ ဤသိုဆောင်းပါးရေး၏။ “ခရစ်တော်က ကျွန်တော်တိုကို “ပေါ့ပေါ့နေ၊ ပေါ့ ပေါ့ စားသူများအဖြစ် အလိုရှိသည် မဟုတ်ဘဲ အပြစ်သားများကို နောင်တရအောင် စွမ်းဆောင်နိုင်သူများ အဖြစ်သာ အလိုရှိသူဖြစ်သည်။ နတ်ဆိုးက တင်း ကျပ်စွာ ဆုပ်ကိုင်ဖမ်းချုပ်ထားသူများနှင့် သေမင်းခံတွင်းသို ရောက်ရှိနေသူများကို သည်း ကြီးမည်းကြီး လုယူ၍ ခရစ်တော်အတွက် စစ်သင်တန်းပေးကာ ဘုရားရှင်၏ စစ်သား များဖြစ်စေရန်လည်း အလိုရှိသည်။ သိုသော် ဤသိုဖြစ်လာနိုင်ရန်အတွက် အနစ်နာခံနိုင် ဖိုကား အထူးလိုအပ်လှ၏”ဟု သူ့ဆောင်းပါးကို အဆုံးသတ်သည်။

စတတ်သည် စကားပြောလျှင် အလွန်ပြတ်၍ သူ့လက်အောက်ငယ်သားများထံ၌ ဘုရားရှင်ထံ သူတိုအသက်တာကို ပုံအပ်ထားရမည်ဟု မကြာခဏ တိုက်တွန်းတတ်သည်။ ကွန်ဂိုမှထွက်လာချိန် ၁၉၁၆ ခုနှစ်တွင် သူ့သမီး အဲဒစ် (Edith) အပါအဝင် သာသနာပြု ၈ ဦးနှင့် အဖွဲ ကျကာ သူတိုသည် “ခရစ်တော်အတွက် ဖျတ်လတ်တက်ကြွသော သူရဲ ကောင်းများ””ဖြစ်ကြသည်။ စတတ်က သူ့လက်ကျန်အချိန်ကို နာလာတွင်လည်း ကောင်း၊ နောင်အခါ အီဘမ်ဘီ (Ibambi) တွင်လည်းကောင်း ဗဟိုပြု၍ အလုပ်လုပ်၏။ သာသနာလုပ်ငန်း ရှင်သန်ကြီးထွားလာသည်နှင့်အမျှ လူထောင်ပေါင်းများစွာက“ကောင်း၊ ကင်လားရာလမ်း”ကို လက်ခံကြကာ ရေနှစ်ခြင်းခံကြ၍ သာသနာရုံးများကိုလည်း ထပ် ၍ထပ်၍ ဖွင့်လျက်ရှိသည်။

စတတ်ကို သာသနာပြုအသင်းက အိမ်ပြန်ခေါ်၍ သူ၏ အာဖရိကသာသနာ၏ နှလုံး သည်းပွတ်သည် “အကြောင်နိုင်ဆုံး သာသနာပြု အသင်းများထဲတွင် တစ်ခုဖြစ်သည်”ဟု ဆိုခဲ့ကြသော်လည်း သူသည် ကျန်းမာရေးအားနည်းနေသည့်ကြားမှ အချိန်ရှိခိုက် လုံလ စိုက်ကာ ဘုရားရှင်အတွက် ဦးဆွေးဆံမြည့်သည်အထိ အလုပ်လုပ်သွားသူဖြစ်သည်။

မည်သိုဆိုစေ ၁၉၂၂ ခုနှစ်တွင် သူ၏သာသနာလုပ်ငန်းမှာ တောင်အမေရိက၊ အာရှအလယ်ပိုင်းနှင့် အနောက်အာဖရိက စသော ကမ္ဘာ့နေရာအချိုတွင် တိုးချဲ့ဖွင့် လှစ်ကာ ကမ္ဘာလုံးဆိုင်ရာ ဧဝံဂေလိဖြန့်ချိရေး ကြိုးပမ်းဆောင်ရွက်မှု (WEC- World Evangelisation Crusade) ဟူ၍ နာမည်သစ်ပေး၏။ နှစ်များမကြာသေးမီက အိန္ဒိယသို တိုင် ပျံ့နှံရောက်ရှိကာ ထိုအပြင် ခရစ်ယာန်စာပေလှုပ်ရှားမှု (Christian Literature Crusade) အထိပင် ဖြာထွက်လျက်ရှိ၏။ ။

၁၂ နှစ်ကြာ ခွဲခွာခဲ့ရပြီးနောက် စတတ်ဇနီးသည် သူ့ခင်ပွန်းသည်ရှိရာ အီဘမ်ဘီသို နှစ်ပတ်အချိန်ပေး၍ သွားရောက်လည်ပတ်၏။ ထိုအချိန်သည် ဇနီးမောင်နှံတို၏ နောက် ဆုံးအတူနေရခြင်းဖြစ်တော့၏။ ထိုအချိန်မှ ခရစ်ယာန်အချိုသည် သူတို၏ ဆရာသခင် (Bwana Mukubwa “Big Boss”) က သူတိုအတွက် အနစ်နာခံကာ ကယ်တင်ခြင်း သတင်းစကား လာရောက်ဝေငှကြောင်း သိမှတ်ကြတော့သည်။

သူ့ဘဝနေဝင်ချိန် ၂ နှစ်တာတွင် စတတ်၏ ကျန်းမာရေးအခြေအနေမှာ လျင်မြန်စွာ ယိုယွင်းပျက်စီးလာ လျက် သူ့ကိုယ်ပူသည် ကျသည်ဟူ၍ မရှိတော့ဘဲ မကြာခဏ နှလုံး အမောဖောက်လာသည်။ တနင်္ဂနွေနေ့ တစ်မနက်ခင်းတွင် အာဖရိကန်များအတွက် ၅ နာရီမျှ တွေ့ဆုံစကားပြောကာ ထိုအပတ် ကြာသပတေးနေ့တွင် ကွယ်လွန်သည်။

စတတ်၏ အဓိကတောင်းဆိုချက်မှာ ယုံကြည်သူအားလုံး၏ အသက်တာသည် သန့် ရှင်းစင်ကြယ်၍ စံပြဖြစ်ရန်နှင့် ဘုရားရှင်အတွက် လိုလိုချင်ချင်ဖြင့် ဆက်ကပ်အပ်နှံနိုင် ကြရန်ဖြစ်သည်။ ထိုကြောင့် သူ၏ တောင်းဆိုမှုစံနှုန်းကို မကျေနပ်သူများရှိ၏။ သိုသော် အာဖရိက၏ နှလုံးသည်းပွတ် အသင်းတော်တွင် သူဖြစ်စေချင်သည့်အတိုင်း ဝိညာဉ်တော် နှင့်ပြည့်ဝကြသည်ကို Bwana (ဆရာသခင်) မြင်တွေ့သွားခဲ့ရသည်။

သာသနာပြုအသင်းများ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၉ ရာစု လူမှုရေးပြုပြင်ပြောင်းလဲမှုများ

 

ဧဝံဂေလိနိုးကြားသက်ဝင်ချိန်အတွင်း ကောင်းမှုပြုသူများထဲတွင် လွှမ်းမိုးမှုသြဇာအကြီး မားဆုံးပုဂ္ဂိုလ်များကို ခရစ်ယာန်များက “သူတော်စင်များ”ဟု ခေါ်ဝေါ်သမုတ်ကြ၍ နောင်အခါ ထိုဝေါဟာရကို ကလာဖန်ဝါဒတူလူစု (Clapham Sect) ဟု ပြောင်းလဲခေါ် ဝေါ်ကြသည်။ သူတိုသည် ကြွယ်ဝချမ်းသာသော အင်္ဂလီကန်ဧဝံဂေလိဆရာများဖြစ်၍ ဝက်စ်မင်စတာအနောက်တောင်ဘက်မှ သုံးမိုင်ဝေးသော ကလာဖန်ရွာတွင် နေထိုင်သူများ ဖြစ်ကြကာ ကိုယ်ပိုင်ဝတ်ကျောင်း၌ ဝတ်ပြုကြသူများဖြစ်သည်။ ‘ ထိုဂုဏ်ပုဒ်သည် သူတို၏ ကြိုးစားအားထုတ်မှု အသီးအပွင့်ဖြစ်ကာ သူတိုခေါင်း ဆောင်မှာ ဝီလျံဂီးလ်ဘားဖိုစ် (William Wilberforce) ဖြစ်၍ သူသည် “အော့နှလုံး နာစရာ ကူးသန်းရောင်းဝယ်ရေး””ဖြစ်သော ကျွန်ကုန်ကူးခြင်းစနစ်ကို ၁၉ ရာစုအစပိုင်းမှ စ၍ ဗြိတိသျှအင်ပါယာအတွင်း အဆုံးသတ်စေသူဖြစ်သည်။

 

ဝီလျံဂီးလ်ဘားဖိုစ် (၁၇၅၉-၁၈၃၃) အများအကျိုးဆောင်သူနှင့် ပြုပြင်ရေးသမား

ပီးလ်ဘာဖိုစ်သည် ဟိုရှိင်းယား ဟားလ် (Hall) မြို တွင် မွေးဖွား၍ ထိုခေတ်အခါက ထိုမြိုသည် ကြွယ်ဝချမ်းသာသော အရေးပါသည့် သင်္ဘောဆိပ်ဖြစ်သည်။ သူ၏ မိသားစု မျိုးရိုးကို ပြန်လည်တူးဆွကြည့် မည်ဆိုလျှင် ဆက်ဆွန်ခေတ်အထိ ခြေရာကောက်လိုရ သော အောင်မြင်သည့် ကုန်သည်မျိုးရိုးဖြစ်၍ သူ့အဘိုးမှာ သူတိုမြို၏ မြိုတော်ဝန်ရာထူးကို နှစ်ကြိမ် ထမ်းဆောင်ဖူးသူဖြစ်သည်။ ဝီလ်ဘားဖိုစ်သည် ငယ်ရွယ်စဉ်က ချူချာ၍ မျက်စိအားမကောင်းခဲ့သော်လည်း ဉာဏ်ရည်အလွန်ထက်သည်။ သူသည် အသက် ၇ နှစ် တွင် အရပ်ထဲက သဒ္ဒါစာသင်ကျောင်း၌ အပိုခံရ၍ အရေးအဖတ်၊ ပြင်သစ်၊ ဂဏန်းသင်္ချာ နှင့် လက်တင်ဘာသာကို သင်ယူရကာ နှုတ်မှုအတတ်ကျွမ်းကျင်မှုကြောင့် အခြားကျောင်း များအတွက် စံပြဖြစ်သည်ဟု ဆရာများ၏ ချီးကျူးခြင်း ခံရသူဖြစ်သည်။

သူ့အဖေကွယ်လွန်ပြီး နောက်တစ်နှစ်တွင် သူ့ဦးလေးနှင့် အဒေါ်တိုနေထိုင်ရာ ဝင်ဘယ် ဒန် (Wimbledon) တွင် အပိုခံရ၏။ သိုသော် လူကလေးသည် မက်သဒစ်ဝါဒကို စိတ်ဝင် စားသည်ဟုသိရသောကြောင့် သူ့အမေက အိမ်သိုပြန်ခေါ်လာခဲ့သည်။ သူ့အဘိုးက ဤသို သတိပေး၏။ “တကယ်လိုများ ဘီလီ (Billy- ဝီလျံကို အတိုကောက်ခေါ်သော နာမည် ဖြစ်သည်) သာ မက်သဒစ်တစ်ယောက်ဖြစ်လာခဲ့မယ်ဆိုရင် ငါ့ရဲ့ ခြောက်ပဲနိတော့ရတော့ မှာ မဟုတ်ဘူး။” သူ့ဘာသာရေးလိုက်စားမှု အဆင်မပြေဖြစ်သောအခါ အသက် ၁၂ နှစ် အရွယ်တွင် ပျော်ပွဲရွှင်ပွဲများ၊ အခမ်းနားဆုံးပါတီပွဲများ၊ ဖဲကစားခြင်းနှင့် ယော့ခ်မြို မြင်း ပြိုင်ပွဲများဖြင့် အပျော်ရှာမိတော့၏။ ခဏတာ စိတ်သက်သာရာတော့ရသည်။

သူသည် ပေါ့ကလင်တန် (Pocklington) မှ ကျောင်းပြီးသောအခါ ကင်းဘရိတ်ချ စိန့်ဂျွန်းကောလိပ်၌ ကျောင်းပြီးသည်အထိ ဆက်တက်၏။ သူသည် ဖြတ်ထိုးဉာဏ်ကောင်း နှင့် မှတ်ဉာဏ်ကောင်းကို ပိုင်ဆိုင်ထားသော်လည်း အလုပ်မကြိုးစားဘဲ ဖဲကစားခြင်းနှင့် လောင်းကစားခြင်းဖြင့်သာ အချိန်ကုန်လေ့ ရှိသည်။ တေလေဘဝတွင် နောင်အခါ ဝန်ကြီး ချုပ်ဖြစ်မည့် ဝီလျံပစ် (William Pitt) နှင့် တွေ့ဆုံ၏။ သူ့အသက် ၂ဝ၊ ၁၇၈၀ ခုနှစ်တွင် ဟားလ်၌ MP (ပါလီမန်ဥပဒေပြုအမတ်) ဖြစ်လာချိန်မှစ၍ သူ့တာဝန်ကို နိုင်အောင်ထမ်း ရွက်ကာ လန်ဒန်လူမှုရေးလောကထဲသို ခြေစုံပစ်ဝင်သည်။ သူသည် ရံခါဆိုသလို အထက် တန်းလွှာများနှင့် ကြေးရတတ်များအိမ်တွင် ဖိတ်ခေါ်ခြင်းခံရကာ အခမ်းနားဆုံး ပါတီပွဲ များ၏ ပျိုတိုင်းကြိုက်နှင်းဆီ ခိုင်ဖြစ်လာသည်။ သူ၏ နှစ်လိုဖွယ်ကောင်းခြင်း၊ ရယ်ရွှင် ဖွယ်များ ပြောတတ်ခြင်း၊ ဇဝနဉာဏ်ရွှင်ခြင်းနှင့် အသံကောင်းဟစ်တတ်ခြင်းတိုကြောင့် လူချစ်လူခင်ပေါ၏။

၁၇၈၄-၈၅ တွင် သူသည် ဟားလ်မြိုမှ ဥရောပသို ခရစ်ယာန်ကျောင်းဆရာ အိုက် ၊ မက်မီလ်နာ (Isaac Milner) နှင့် နှစ်ကြိမ်အတူ ခရီးထွက်ရာတွင် နှစ်ယောက်သား ကျမ်း စာအတူဖတ်ခဲ့ကြသည်။ ဒုတိယခေါက်ခ ရီးစဉ် ပြီးဆုံးသောအခါ ပီးလ်ဘားဖိုစ်သည် “တင်းပြည့်ကျပ်ပြည့် ယုံကြည်သူတစ်ဦးဖြစ်လာကာ ဘုရားရှင်၏ ဆန္ဒတော်နှင့်အညီ သူ့အသက်တာကို ဘုရားရှင်အတွက် အသုံးတော်ခံရန် ဆက်ကပ်အပ်နှံသည်။ သူ့ဦးတည် ရာအသစ် ဆုံးဖြတ်ချက်သတင်းကြောင့် ဝီလျံပစ်ပင်လျှင် နှစ်ထောင်းအားရဖြစ်သည်။ ဟားလ်မြိုတွင်ရှိသော သူ့မိခင်သည် ကြားရသမျှ သတင်းများအတွက် စိတ်အနှောင့် အယှက်ဖြစ်ရသော်လည်း သတင်းအမှန်ကို သိရသောအခါ ဝမ်းသာလုံးဆိုသွားသည်။

ထိုအချိန်မှစ၍ ဝီလ်ဘားဖိုစ်သည် သူ၏ ခရစ်ယာန်မိတ်ဆွေများဖြစ်ကြသော ကလာ ဖန်မှ တွန်တန်စ် (Thorntons) နှင့် လန်ဒန်မြို စိန့်မေရီဝူးနူတ်သ် (Woolnoth) တွင် နေထိုင်သူ ဂျွန်နယူတန် (John Newton) တို၏ ကူညီပံ့ပိုးမှုကိုရသည်။ နယူတန်က သူ့ ရာထူးကို ဘုရားရှင်အတွက် အသုံးပြုရန်နှင့် နိမိတ်ဖတ်စာတစ်စောင်ကို ဤသိုရေးသည်။ “ဘုရားရှင်က သင့်ကို သူ့အသင်းတော်ကောင်းစားဖိုနှင့် အင်္ဂလိပ်လူမျိုး ကောင်းစားရေး အတွက် မြှောက်စားခြင်းဖြစ်သည်ဟု ယုံကြည်မျှော်လင့်ရကြောင်း …….။”

နောက် ၂ နှစ်တွင် ဘုရားကို အလုပ်အကျွေးပြုရသည်မှာ အလွန်ကောင်းမြတ်တော် မူကြောင်း သူ့နေ့စဉ် မှတ်တမ်း၌ ဤသို ရေးမှတ်ထား၏။ “ဘုန်းတန်ခိုးနှင့် ပြည့်စုံသော ဘုရားရှင်က ကျွန်ုပ်ကို ကျွန်ကုန်ကူးခြင်း ဖိနှိပ်မှုဖြေလျော့ရန်နှင့် ဓလေ့ထုံးတမ်းများ (ကိုယ်ကျင့်တရားများ) ပြုပြင်ပြောင်းလဲရန် သဒ္ဓါတော်မူသည်။” သူသည် ဤလုပ်ငန်းကြီး နှစ်ခုကို သူ့ဘဝနေဝင်ချိန်အထိ ဆောင်ရွက်သွားကာ တိုက်ပွဲများ ကောင်းကောင်းတိုက် နိုင်ရန်အတွက် ပါလီမန်ရာထူးတွင် နေမြဲနေ၏။

ဝီလ်ဘားဖိုစ်သည် ထိုအချိန်က ကလာဖန်ရှိ တွန်တန်စ်တိုအိမ်တွင် ဆုတောင်းခြင်း နှင့် ကျမ်းစာဖတ်ခြင်းအသင်းဖြစ်သော သူတော်စင်များအဖွဲတွင် ပါဝင်၍ သူတိုသည် ကယ်တင်ခြင်းသတင်းစကား ဝေငှခြင်းအပြင် ကျွန်ကုန်ကူးခြင်း စနစ်ဖျက်သိမ်းရန် အလွန် ဆန္ဒပြင်းပြသူများ ဖြစ်ကြသည်။ အောက်လွှတ်တော်တွင် ဝီလ်ဘားဖိုစ်၏ ရှိန်စော်နှင့် လွှမ်းမိုးနိုင်မှုကို သိမှတ်ကြကုန်သော အဖွဲသားများက သူ့ကို ကျွန်ကုန်ကူးခြင်းတော်လှန် သော လှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ်ခန့်ကာ ပစ် ကိုယ်တိုင်ကလည်း အားပေးသော ကြောင့် လက်ခံသည်။ ၁၇၈၇ ခုနှစ်တွင် ကျွန်ကုန်ကူးခြင်း ဖျက်သိမ်းရေးကော်မတီကို ဖွဲကာ ကျွန်စနစ်ဖျက်သိမ်းရန် ပြင်ဆင်ကြ၏။

သူသည် ၁၇၈၈ ခုနှစ်တွင် အပြင်းဖျားသောကြောင့် အောက်လွှတ်တော်တွင် တင်ပြ မည့် အကြောင်းအချိုကို မတင်ပြရသော်လည်း နောက်တစ်နှစ် မေလတွင် ပါလီမန်လွှတ် တော်၌ ကျွန်ကုန်ကူးခြင်း၏ ဆိုးရွားမှုအကြောင်း သုံးနာရီခွဲခန့် မနားတမ်းပြောခဲ့သည်။ နောင်အခါ ထိုမိန့်ခွန်းကို ဤသိုဖော်ပြကြ၏။ “ကြားနာသူတိုင်းကို ကျအောင် ဟောနိုင် သော မိန့်ခွန်း။”ထင်ရှားကျော်စောသူ ဂျေရမီဘင်သမ် (Jeremy Bentham) အရှင် ကာနင် (Lord Canning) နှင့် ဂလက်စတာမြိုစား (Duke of Gloucester) တိုသည် ကျွန်စနစ်တော်လှန်ချိန်မှစ၍ သူနှင့် မဟာမိတ်လာပြုကြ၏။ ဂျွန်ဝယ်စလေက သူ့ဘဝ နောက်ဆုံးအချိန် ခုတင်ပေါ်မှ ဤမည်သော စာတစ်စောင်ဖြင့် သူ့ကို တိုက်တွန်းသော် ဩသည်။ “ဘုရားရှင်၏ နာမတော်ဖြင့် အော်ဂလီဆန်ချင်စရာ ထိုယုတ်မာမှုကို ဆန့် ကျင်ချေမှုန်းပါ။”

ကျွန်ကုန်ကူးမှုကို ဗြိတိသျှသင်္ဘောများဖြင့် ၁၇၁၃ ခုနှစ်မှစ၍ သယ်ဆောင်လာခြင်း ဖြစ်ကာ အတ္တလန္တိတ်ကို ဖြတ်ကျော်၍ သယ်ယူခြင်းခံရသော ကျွန်ပေါင်းမှာ အယောက် ၁ဝဝဝဝဝ ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ ၁၇၇၁ ခုနှစ်တွင် ဗြိတိသျှသင်္ဘောများ သီးသန့် ဖြင့် သယ်ယူခြင်းခံရသော ကျွန်ပေါင်းမှာ ၅ဝဝဝဝ ရှိသည်ဟု မှတ်တမ်းရှိ၏။ “ကျွန်ကုန် ကူးရာလမ်းကြောင်း”တစ်လျှောက် သေဆုံးသူများစာရင်းမှာ အတော်ပင်မြင့်၍ နောက် ဆုံးပန်းတိုင်သို ရောက်သွားသူဦးရေမှာ ၄ဝ ရာခိုင်နှုန်းခန့်သာရှိကာ သင်္ဘောလှေလှော်သား အများအပြား သေဆုံးကြ၍ တချိုမှာ ခြေဦးတည့်ရာ ထွက်ပြေးကြကုန်၏။

ပါလီမန်

၁၇၉၁ ခုနှစ်မှစ၍ ကျွန်စနစ်ဖျက်သိမ်းရေးဆိုင်ရာ ဥပဒေကြမ်းကို ပါလီမန်တွင် တင်ပြရာ ကျွန်စနစ်ဖျက်သိမ်းရေးဝါဒီများက ၁၁ ကြိမ်တိုင်တိုင် မဲအသာဖြင့် အနိုင်ရကာ တစ်ကြိမ်က ဆိုလျှင် ၁၇ မဲဖြင့်သာ အနိုင်ရ၏။ (ကျွန်စနစ်ဖျက်သိမ်းရေး ထောက်ခံသူများသည် လူရွှင် တော်အော်ပရာဇာတ်အသစ်ကပွဲ၌ သွားရောက်သောကြောင့်ဖြစ်သည်) ပါလီမန်ဥပဒေပြု အမတ်များက ကျွန်စနစ်ဖျက်သိမ်းရေးကို ထောက်ခံမည်ဆိုလျှင် စီးပွားရေးကျဆင်းနိုင် သည်ဟု ကန့်ကွက်သူများက ဆို၏။ သိုသော် ထိုလှုပ်ရှားမှုသည် တဖြည်းဖြည်းနှင့် အောင် ပွဲဆင်ကာ ၁၈ဝ၇ ခုနှစ်တွင် အောက်လွှတ်တော်အမတ်များက ကျွန်စနစ်ဖျက်သိမ်းရေး ဥပဒေကြမ်းကို ကန့်ကွက်မဲ ၁၆ မဲနှင့် ၂၈၃ မဲဖြင့် တောင်ပြိုကမ်းပြို အနိုင်ရသွားတော့ သည်။

ဤနှစ်များအတွင်း၌ ကလာဖန်ဝါဒတူ လူစုသည် ကျွန်စနစ်ဖျက်သိမ်းရေးဝါဒီများ အတွက် အစီအစဉ်တစ်ခုကို ရေးဆွဲပေး၏။ ထိုအစီအစဉ်မှာ ကိုလိုနီနယ်မြေရှိ ထောင် ပေါင်းများစွာသော ငွေဝယ်ကျွန်များအနက် အင်္ဂလန်ရှိ ငွေဝယ်ကျွန်ပေါင်း ၁၄ဝဝဝ ကို လွတ်မြောက်စေရန်နှင့် သူတိုအတွက် လိုအပ်သော အခြေချရန် နယ်မြေကို စီစဉ်ပေးရေးဖြစ်သည်။ သူတို၏ တိုက်တွန်းချက်အရ ကိုလိုနီနယ်ဖြစ်သော အနောက်အာဖရိကရှိ ဆီရာ လီယွန် (Sierra Leone) တွင် လွတ်လပ်သော ကျွန်များ ပေးနေစေ၍ ထိုနေရာကို လွတ် လပ်သော မြိုတော် (Freetown) ဟု ခေါ်တွင်စေသည်။ ကနဦးအစတွင် ထိုနေရာသည် သဘာဝဘေးဒဏ်နှင့် ပြဿနာအမျိုးမျိုးကြောင့် အဆင်မပြေလှသော်လည်း ၁၇၉၂ ခုနှစ် တွင် အမေရိကမှ ယခင်က ကျွန်ဖြစ်ခဲ့ဖူးသူ အယောက်ပေါင်း ၁၁၃၁ ဖြင့် ပြန်လည်အား ဖြည့်သည်။

ထိုအတောအတွင်း၌ ဝီလ်ဘားဖိုစ်သည် သူ့လက်ထက်တွင် ကြီးစိုးမင်းမူနေသေး သော အကုသိုလ်ဒုစရိုက်နှင့် အကျင့်စာရိတ္တပျက်ပြားမှုများကို တိုက်ခိုက်ရန် အားခဲထား၏။ သူက ကြီးလေးသော ပြစ်မှုအတွက် ကြိုးပေးသတ်ခြင်းသည် ပြဿနာ၏ ဇစ်မြစ်ကို အနည်း ငယ်မျှ မကောင်းစေနိုင်သောကြောင့် “အကုသိုလ် ဒုစရိုက်ကို မွေးဖွားပေးသော လိင်ပိုင်း ဆိုင်ရာ ကိုယ်ကျင့်တရားပျက်ပြားမှုကို ဟန့်တားကာ ကွယ်လျှင် ပို၍ ထိရောက်မည်ဖြစ် ကြောင်း” ကောက်ချက်ဆွဲပြသည်။ သူက ဘုရင့်အကူအညီဖြင့် ၁၇၈၇ ခုနှစ်၊ ဇွန်လ တွင် မောင်းခတ်သတိပေးသူများအသင်း (Proclamation Society) ကို ဖွဲစည်းတည် ထောင်၏။ ထိုအသင်း၏ ရည်ရွယ်ချက်မှာ စီးချင်းထိုး၍ ယှဉ်ပြိုင်အနိုင်လုပွဲများ ကျင်းပ ခြင်း၊ ထီထိုးခြင်း၊ အရက်သေစာသောက်စားခြင်း၊ ဘာသာရေးကို ပုတ်ခတ်စော်ကားခြင်း ၊ နှင့်“လက်သင့်ခံ၍ မရသောကျင့်ကြံနေထိုင်ခြင်းများကို တည်ဆဲဥပဒေအရ အတင်း အကြပ် လိုက်နာစေရန်ဖြစ်သည်။ များမကြာမီတွင် ဝီလ်ဘားဖိုစ်သည် အမျိုးသားတစ်ရပ် လုံး၏ အသိစိတ်ထဲ၌ ပြည်သူ့ကိုယ်ကျင့်တရားဆိုင်ရာ ပဲ့ကိုင်ရှင်နှင့် ကျွန်စနစ်ကို တော် လှန်သော ဥပဒေမူကြမ်း တင်သွင်းသူအဖြစ် ကျော်စောထင်ရှားသည်။

သူသည် ပါလီမန်တွင် လူသားကောင်းကျိုးကို အားသွန်ခွန်စိုက် မနားမနေ ဆောင် ရွက်ခြင်းများကြောင့် တနင်္ဂနွေနေ့ကိုပင် မတရားအလုပ် လုပ်ခိုင်းရန်အထိ စဉ်းစားလာ သည်။ သိုသော်လည်း ထိုသိုပြုမူလိုက်ပါက သူဆင်းရဲများ၏ သာယာမှုများကို ကန့်သတ် ပေးသကဲ့သို ရှိမည်စိုးသောကြောင့် တစ်ပတ်တွင် တစ်ရက် နားခွင့်ပြု၏။

သူ့ဘဝအတွက် အခါနှောင်းသော်လည်း အရေးကြီးဆုံးတစ်ခုဖြစ်သော အိမ်ထောင် ပြုခြင်းကို အသက် ၃၈ နှစ်တွင်ပြုကာ သူ့ဇနီးသည် ဘဏ်မန်နေဂျာတစ်ဦး၏ သမီးဖြစ်၍ နာမည်မှာ ဘာဘရာစပွန်နာ (Barbarat Spooner) ဖြစ်ကာ သူတိုသည် ကလာဖန်မြို တရမ်းဖီးလ် (Broomfield) လမ်းမကြီးပေါ်တွင် နေထိုင်ကြသည်။ အိမ်ထောင်ရေးသက် တမ်းတစ်လျှောက် ခြေရည်လက်ရည် မတူကြသော်လည်း သူမသည် သူ့ခင်ပွန်းသည်ကို ၁၅ နှစ်တိုင်တိုင် ပျော်ရွှင်ခြင်းစစ်စစ်”ကိုသာ ပေးခဲ့သူဖြစ်သည်။

 

ကျွန်စနစ် ဖျက်သိမ်းခြင်း

အင်္ဂလန်တွင် ကျွန်စနစ်ဖျက်သိမ်းပြီးနောက် အခြားကျွန်စနစ်အဖွဲအစည်းများ ဖျက်သိမ်းရန် ဆက်လက်တိုက်ပွဲဝင်ကြကာ အနောက်အင်ဒီးကျွန်းစုရှိ ထောင်ချီသော ကျွန်များကို လွတ် ငြိမ်းခွင့်ပေးသည်။ ကျွန်စနစ်ဖျက်သိမ်းရေးသည် အတော်ပင် ခရီးရောက်နေပြီဖြစ်သော် လည်း အင်္ဂလန်နှင့် ပြင်သစ်စစ်ပွဲ (၁၇၉၃-၁၈၁၅) ကြောင့် ဖင့်နှေးခဲ့ရ၏။ သိုသော် ၁၈၁၅ ခုနှစ်တွင် ချုပ်ဆိုသော ဗီယင်နာသဘောတူညီချက်စာချုပ် (Treaty of Vienna) အရ ကျွန်ကုန်ကူးမှုကို ဝိုင်းရှုတ်ချကာ အမြန်ဆုံး အဆုံးသတ်ရန် သဘောတူကြသည်။

ယခုအချိန်တွင် ဝီလ်ဘားဖိုစ်သည် အောက်လွှတ်တော်အမတ်ရာထူး၌ ရှိနေသေး သော်လည်း အိုမင်းမစွမ်းပြီဖြစ်သောကြောင့် ကျွန်စနစ်ဖျက်သိမ်းရေးလှုပ်ရှားမှုကို ဖိုးဝဲလ် ဘတ်စ်တန် (Fowell Buxton) အား လွှထားရ၏။ သူသည် ၁၈၂၅ ခုနှစ်တွင် ကျန်းမာ ရေးအခြေအနေကြောင့် နိုင်ငံရေးလောကမှ အငြိမ်းစားယူသော် လည်း ဖခင်ကြီးတစ်ဦး ပမာ တတ်နိုင်သည့်ဘက်မှ ဆက်လက်၍ ဦးဆောင်တိုက်ပွဲဝင်ပေးတုန်းပင် ရှိသည်။

ကျွန်စနစ်ဖျက်သိမ်းရေးဆိုင်ရာ ဥပဒေကြမ်းကို ပါလီမန်တွင် ၁၀ နှစ်တာ ကြိုးစား ခဲ့ကြပြီးနောက် ဗြိတိသျှကိုလိုနီများ၌ အောက်လွှတ်တော်အမတ်များက ရွေးချယ်ခန့်အပ် ထားသော အောက်လွှတ်တော် အမတ်အသစ်၏ ကူညီပံ့ပိုးမှုဖြင့် ၁၈၃၃ ခုနှစ်၊ ဂျူလိုင်တွင် ရုပ်လုံးပေါ်လာသည်။ ဝီလ်ဘားဖိုစ်၏ အလေးအနက် မေတ္တာရပ်ခံချက်ကြောင့် ကျွန်ပိုင် ရှင်များကို စတာလင်ပေါင် သန်း ၂၀ နစ်နာကြေးပေးရန်လည်း စာပိုဒ်ငယ်တစ်ခုကို ထည့် သွင်းပေးကာ ထိုသိုပြုလုပ်ပါမှ တရားမည်ဟုလည်း သူက ဆို၏။

အထက်ပါသတင်းသည် သေအံ့မူးမူး ဝီလ်ဘားဖိုစ်ဆီသို ရောက်လာသောအခါ သူက ဤသိုပြောဆို၏။ “စတာလင်ပေါင် သန်း ၂၀ နဲ့ ကျွန်စနစ်ဖျက်သိမ်းဖို အလိုတူ ကြတဲ့ အင်္ဂလန်ကို မြင်တွေ့နိုင်ဖိုရန် အသက်ရှင်ခွင့် ပေးသော ဘုရားရှင်ကို ကျွန်တော် ကျေးဇူးတင်တယ်။”

ထိုသတင်းကြားပြီး နောက်လေးရက်တွင် သူကွယ်လွန်ကာ သူ့ရုပ်ကလာပ်ကို ဝက်စ် မင်စတာအက် ဘီဘုရားကျောင်း၏ မြောက်ဘက် သူ့မိတ်ဆွေဝီလျံယံပစ်၏ ဘေး၌ ဂူသွင်း သဂြိုဟ်သည်။ အထက်လွှတ် တော်နှင့် အောက်လွှတ်တော် နှစ်ခုစလုံး သူ့ဈာပနအခမ်း၊ အနား တက်ရောက်ဖိုအတွက် လုပ်လက်စအ လုပ်များကို ခေတ္တရပ်နားကြ၍ တလားထမ်း များအကြားတွင် ဗြိတိသျှပါလီမန် အထက်လွှတ်တော်၏ သဘာပတိနှင့် အောက်လွှတ် တော်ဥက္ကဋ္ဌတိုကိုလည်း တွေ့ရသည်။

ဧကန်စင်စစ် ဝီလ်ဘားဖိုစ်သည် ကျွန်စနစ်ဆန့်ကျင်ရေး စတင်ခဲ့သူကား မဟုတ်ပေ။ အမှန်ဆိုလျှင် ကွက်ကာများသည် ကျွန်စနစ်ဆန့်ကျင်ရေး လမ်းသစ်ဖောက်ခဲ့သူများဖြစ် သူသည် ထိုလှုပ်ရှားမှု၏ ဦးဆောင်ဦးရွက်ပြုသူအဖြစ် အရွေးခံရခြင်းမှာ သူ၏ ဖယ်ရှိခြင်း၊ ကျော်စောထင်ရှားခြင်း၊ လုံလဝီရိယ ကောင်းခြင်းနှင့် ယုံကြည်မှုပြင်း ထန်ခြင်းတိုကြောင့်ဖြစ်သည်။

သူ၏ အောင်မြင်မှုအပေါ် မရှုဆိတ်နိုင်သူအချိုက သူသည် သူတော်ကောင်း တင်ဆောင်သူသာ ဖြစ်သည်ဟု စွပ်စွဲကြကာ “ကျွန်များ”ကို သူ့အိမ်၊ သူ့အလုပ်ရုံများ သူ့ကျောက်မီးသွေးတွင်း အလုပ်သမားများ အဖြစ် အသုံးပြုသည်ဟု ထောက်ပြ ကြသော်လည်း ထိုသူတိုမှာ လူနည်းစုသာဖြစ်သည်။ သူသည် လူသားအကျိုးပြုလုပ် ငန်းများကို ကျယ်ပြန့်စွာ ထောက်ပံ့ပေးသူနှင့် အလှူဒါနနှင့်ဆိုင်သော ကုသိုလ်ဖြစ် အဖွဲအစည်းများအတွက်လည်း ရက်ရောစွာ ပေးကမ်းသူဖြစ်သည့်အပြင် ဒုက္ခရောက်သူ တစ်ဦးတစ် ယောက်ချင်းကိုလည်း ငဲ့ညှာသနားတတ်သူဖြစ်သည်။

ကမူးရှူးထိုးပြုမူ၍ ပေးကမ်းစွန့်ကြဲတတ်သည့် သူ့ဉာဉ်သည် သံသယရှိစရာမလို သော သူ့မွေးရာပါကြင် နာသနားတတ်ခြင်းနှင့် သူ၏ ရိုးသားမှုဖြစ်ကာ ထိုအပြုအမူက သူ့ကို ခင်တွယ်စရာကောင်းစေသည်ဟု သူ့ပြိုင်ဘက်များကပင် ပြောယူကြရသည်။ သူ သည် သူမတူသော ရာထူး၌ စံနေရသော်လည်း လူတန်းစားပေါင်း စုံ၏ ရိုသေခြင်းကို ခံရ သည်။ သူ၏ ကျွန်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် စီသုံးလုံးသွန်သင်ချက်တစ်ခု မွေး ဖွားကာ ၄င်းစီသုံးလုံးမှာ ခရစ်ယာန်သာသနာ (Christianity)၊ အဆင်ပြေချောမွေ့မှု (convenience) နှင့်  လူမူဘဝသာယာဝပြောရေး (civilisation) ဟူ၍ ဖြစ်ကာ ယင်း: အချက်သုံးချက်သည် အနာဂတ်အာဖရိက သာသနာ လှုပ်ရှားမှုကို ပုံဖော်ရာတွင် အတော် ပင် အကူအညီရ၏။

 

အယ်လီဇဘက်ဖရိုင် (၁၇၈ဝ-၁၈၄၅) ထောင်တွင်းပြုပြင်ရေးသမား

 လွန်ခဲ့သော နှစ် ၂၀၀ ခန့်မှစ၍ လူသားအကျိုးပြုလုပ်ငန်းများကို ကိုယ်ထူကိုယ်ထစနစ် ဖြင့် စွန့်စားလုပ်ကိုင်လာခဲ့ကြသဖြင့် အစိုးရ၏ ဟာကွက်သည် လယ်ပြင်ဆင်သွားသကဲ့ သို သိသာလွန်းလှ၏။ သာမန်ပြည်သူပြည်သားတို၏ ကိုယ်စွမ်းကိုယ်စဖြင့် အစပြုသော ထိုလုပ်ငန်းကို နောင်အခါ အစိုးရက လက်ပြောင်းတာဝန်ယူရန် တရားဥပဒေအရ အမိန့် ထုတ်ဆင့်သည်။ ပုဂ္ဂိုလ်တစ်ဦးချင်းက သီးခြားရပ်တည်၍ စွန့်စားလုပ်ကိုင်လာသောအခါမှ အစိုးရသည် သဘာဝဘေးဒဏ်နှင့် အခြားကိစ္စရပ်များ၌ လက်ပိုက်ကြည့်မနေသင့်တော့ သဖြင့်သာ ပါဝင်လာခြင်းဖြစ်သည်။

ထောင်တွင်းအခြေအနေများသည် နိုင်ငံတော်၏ ညံ့ဖျင်းမှု ပြယုဂ်များပင်ဖြစ်ကာ ထိုအခြေအနေများကို အရေးတယူ ပြုပြင်ပေးရန် ဂျွန်ဟောင်းဝပ် (John Hloward) နှင့်အယ်လီဇဘက်ဖရိုင် (Elizabeth Fry) တိုက နိုင်ငံတော်ကို လှုဆော်တိုက်တွန်းသည်။

ထောင်အကြောင်းနှင့်ပတ်သက်၍ ပြန်လည်ငဲ့စောင်းကြည့်မည်ဆိုလျှင် ရှေးအီဂျစ် ခေတ်ကတည်းက ကျမ်းစာထဲ၌ ရံခါဆိုသလို တွေ့ရမည်ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင် က အကျဉ်းသားများထံ သွားရောက်လည် ပတ်ခြင်းသည် “သူတော်ကောင်း”တို၏ အမှတ်အသားတစ်ခု ဖြစ်သည်ဟု သွန်သင်ထားသော်လည်း ခရစ်ယာန်သာသနာလုပ်ငန်း နှင့် မအပ်စပ်ဟု ထင်လာခဲ့ကြသည်မှာ နှစ်ပေါင်းအတော် ပင် ကြာခဲ့ချေပြီဖြစ်သည်။

အင်္ဂလန်တွင် အတိဒုက္ခရောက်သော အကျဉ်းသားများသည် ၁၈ ရာစုတွင် မည်သူ တစ်ဦးတစ်ယောက် ၏ အာရုံစိုက်ခြင်း မခံရပေ။ ၁၇၀၁ ခုနှစ်တွင် ခရစ်ယာန်အသိပညာ ပြန့်ပွားရေးအသင်းက ထောင်တွင်းဆိုးညစ်မှုများကို လှစ်ဖော်၍ ပြုပြင်ရန် ဆန္ဒရှိခဲ့ကြ သော်လည်း အနည်းငယ်သာ ပြုပြင်ခွင့်ရသည်။ ဝယ်စလေနှင့် ဝှစ်ဖီးလ်အပါအဝင် မက် သဒစ်အသင်းဝင်သူအချိုသည် အကျဉ်းသားများထံတွင် သွားရောက်လည်ပတ်ကာ အကူ အညီလိုအပ်သူ အကျဉ်းသားများအတွက် ပိုက်ဆံများ ကောက်ခံ၍ ထောက်ပံ့ပေးခြင်းနှင့် ကယ်တင်ခြင်းမရသေးသူများကို တရားဒေသနာတိုက်ကျွေးခြင်းအပြင် သေဒဏ်ကျခံသူ များကို သွားရောက်နှစ်သိမ့်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ထောင်တွင်းပြုပြင်ရေးသမားများထဲတွင် အထင်ရှားဆုံးပုဂ္ဂိုလ်မှာ ဧဝံဂေလိဆရာ ဂျွန်ဟောင်းဝပ်ဖြစ်၍ အကျဉ်းသားများ၏ အတိဒုက္ခရောက်မှုကို ပထမဆုံး မြင်တွေ့သူဖြစ် သည်။ သူသည် နိုင်ငံအနှံ ခရီးထွက်သူဖြစ်ကာ နိုင်ငံတော်အကျဉ်းထောင်များ အစီရင်ခံစာ အရ (၁၇၇၇) ထောင်တွင်းပြုပြင်ရေးကို ယာယီသာ လုပ်ဆောင်ရသော်လည်း ပြုပြင်ရေး အချို လုပ်နိုင်ခဲ့၏။ ဤလုပ်ငန်းကို အယ်လီဇဘက်ဖရိုင်က ဆက်လက်ထမ်းဆောင်ကာ နိုင်ငံတော်အကျဉ်းထောင်များ၏ အခြေအနေမှာ စိတ်ပျက်ဖွယ်လိလိဖြစ်သော်လည်း သူမ၏ ကြိုးစားအားထုတ်မှုကြောင့် ပြုပြင်ပြောင်းလဲမှုများကို ရေရှည်လုပ်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

 

ကွက်ကာစီးပွားရေးသမားမျိုးရိုး

အယ်လီဇဘက်ဂါ (Elizabeth Gurney) သည် ချမ်းသာသော မိသားစုမှ မွေးဖွားသူ ဖြစ်၍ သူမ၏ ဖခင်မှာ အောင်မြင်သော ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ကာ သူ့မိခင်လည်း ဘဏ်လုပ်ငန်းနှင့်ကြီးပွားသော ဘာကလေး (Barclays) မိသားစုမှဖြစ်သည်။ သူတို သည် ရှည်လျားသော သမိုင်းကြောင်းရှိသည့် ကွက်ကာစီးပွားရေးသ မားမျိုးရိုးမှဖြစ်၍ တနင်္ဂနွေဥပုသ်နေ့တိုင်း နော်ဝစ်ခ်ျ (Norwich) ဂုတ်လမ်း၌ သဟာယများ ဆုံတွေ့ရာအိမ် တွင် အမြဲတမ်း ဝတ်တက်ကြသော်လည်း ဘာသာရေးကို နက်နက်ရှိင်းရှိင်း လိုက်စားသူများ မဟုတ်ကြပေ။

အောလ်ဟမ်ဟော (Earliam Hall) ရှိ သူတိုနေအိမ်သည် ဝင်ဆုမ် (Wensum) မြစ် ကမ်းပါးဘေးတွင်ရှိကာ နော်ဝစ်ချ်သားများ ကျက်စားရာနေရာများထဲမှ တစ်ခုဖြစ်သည်။ အယ်လီဇဘက်သည် တောက်ပြောင်သော အဝတ်အစားများ ဝတ်ဆင်ခြင်းနှင့် ပါတီပွဲ တက်ခြင်းများ၌ သာယာသူဖြစ်ကာ သူနှင့်တွဲကချင်သူကို ခေါင်းခေါက်ရွေးနိုင်သူဖြစ် သည်။ ထိုကြောင့်ပင် ဂါနေမိသားစုများကို ရိုးစင်းသောကွက်ကာ (Plain ရိုးရှင်းသော ကွက်ကာများသည် ပါတီပွဲတက်ခြင်းကို မနှစ်သက်ကြသူများနှင့် ဝတ်စားရာတွင်လည်း မီးခိုးရောင်နှင့် အညိုရောင်သာ ဝတ်ဆင်ကြသူများဖြစ်သည်) အစား “လျှပ်ပေါ်လော် လည်သော” ကွက်ကာ (Gay) ဟု ခေါ်ကြသည်မှာလည်း မဆန်းပေ။ သူတိုသား သမီးများသည် လျော့တိလျော့ရဲ ထိုဘာသာရေးစည်းမျဉ်းကိုပင် လိုက်နာခြင်း မရှိခဲ့ကြ။ ၂ နာရီခန့်သာတက်ရသော တနင်္ဂနွေဥပုသ်နေ့ ဝတ်ပြုချိန်များသည် အယ်လီဇဘက် အ တွက် ရှည်ကြာ၍ ပျင်းစရာကောင်းကာ ဝတ်ပြုပွဲပြီးလျှင် သူသည် အူမြူးနေတတ်၏။

မည်သိုဆိုစေ အယ်လိဇဘက်သည် သူမ၏ ဆယ်ကျော်သက်အရွယ်တွင် ကွေကာ များက “ရှာဖွေသူ”ဟု ခေါ်ဝေါ်သမုတ်သူတစ်ယောက်ဖြစ်လာ၍ ဘာသာရေးက လူ့ အသက်တာကို ပြောင်းလဲစေနိုင်သည်ဟု ခံစားရသောကြောင့် ဘုရားအမှန်ကို ငတ်မွတ်စွာ ရှာဖွေ၏။ သူမအသက် ၁၇ နှစ်တွင် သူမ၏ နေ့စဉ်မှတ်တမ်း၌ သူမတွင် ဘာသာရေး မရှိဟု ရေးမှတ်ထားကာ သူမ၏ ရှာဖွေရေးခရီးစဉ်မှာလည်း ထိုနေရာတွင်ပင် နိဋ္ဌိတံသွား သည်။

သိုသော်လည်း ၁ နှစ်အတွင်း၌ သူမအသက်တာ ပြောင်းလဲသွားသည်။ သူမသည် အမေရိကန်တရား ဟောဆရာ ဝီလီယံဆာဗေရီ (William Savery) ၏ ကယ်တင်ခြင်း တရားဒေသနာကို နာကြားရာမှ နက်ရှိင်းစွာ နိုးဆွခြင်းခံရကာ ဘုရားတစ်ဆူရှိကြောင်း ၊ သိမှတ်၍ ယေရှုသည် သူ့ကို ကယ်တင်ဖိုရန်အတွက် အသေခံခြင်းကို ပထမဆုံး စကြား မိခြင်းဖြစ်လေသည်။ လအတန်ကြာသော် ကွက်ကာတွေ့ဆုံပွဲတစ်ခု၌ သူမကို “မျက်မမြင် သူများကို အလင်းပေးသူ၊ ဆွံအနားမကြားသူများကို ပျောက်ကင်းအောင် ကုသနိုင်သူနှင့် ခြေမသန်စွမ်းသူများကို ပြန်လည်ထူထောင်ပေးသူ””ဖြစ်မည်ဟု ဟောကိန်းထုတ်ကြရာ သူမသည် ဘုရားရှင်က သူ့ကို မွန်မြတ်သော အလုပ်တစ်ခု ပေးလုပ်စေမည်ဟု ခံစားရ သည်။

သူမသည် ဘုရားရှင်အတွက် အသုံးတည့်သူတစ်ဦးဖြစ်လိုသဖြင့် နော်ဝစ်ချ်တစ်ဝိုက် ရှိ ကုသိုလ်ဖြစ်အ လှူဒါနများဖြင့် လုပ်ငန်းစတင်ရန် ကြိုးစားကာ အာလ်ဟမ်ဟောအနီး တစ်ဝိုက်တွင် နေထိုင်သော ဆင်းရဲသား ကလေးငယ်များကို ဆန်းဒေးစကူးလ်တွင် စာသင် ပေးခြင်းဖြင့် လုပ်ငန်းအစပြုသည်။ နော်ဝစ်ချ်ရှိ နာမကျန်းဖြစ်သူများထံ၌ သွားရောက် လည်ပတ်ကာ သူတိုကို ကျမ်းစာဖတ်ပြခြင်းနှင့် ဆင်းရဲတွင်းနက်သူ များအတွက် အဝတ် အစားများ ပေးကမ်းလှူဒါန်းသည်။ သူမသည် ရှရော့ပ်ရှိင်းယားပြည်နယ် ကိုးလ်ဘရော့ ဒဲလ်မြိုရှိ ယုံကြည်မှုပြင်းထန်သော ကွက်ကာများ၏ လွှမ်းမိုးမှုကြောင့် ““ရိုးစင်းသော”” ကွက်ကာတစ်ဦး ဖြစ်လာကာ ထိုအချိန်မှစ၍ သူမ၏ အပျော်ဘဝကို စွန့်လွှတ်၍ ပို၍ တင်းကျပ်သော ကွက်ကာပုံစံအတိုင်း အဝတ်အစားနှင့် ကတ်ဦးထုပ်ကို သူ့ဘဝတစ်လျှောက် လုံး မချွတ်တမ်း ဝတ်တော့သည်။

သူ့အသက် ၂ဝ တွင် လက်ဖက်ခြောက်၊ ကော်ဖီနှင့် ဟင်းခတ်အမွှေးအကြိုင် ကုန် သည်ကြီးတစ် ဦးဖြစ်သော ဂျိုးဇက်ဖရိုင် (Joseph Fry) နှင့် ထိမ်းမြားကာ မြိုကြီးတွင် သွားရောက်နေထိုင်ကြသည်။ သူမသည် ဇနီးကောင်းတစ်ယောက်နှင့် မိခင်ကောင်းတစ်ဦး ဖြစ်ရန် ဘဝကို မြှုပ်နှံထားသဖြင့် နှစ်များကြာလာသောအခါ စိတ်မသက်မသာဖြစ်ခြင်း၊ နှင့် ဝမ်းနည်းပူဆွေးခြင်းများ ကြီးထွားလာကာ “အသုံးတည့်သော အသက်တာ အတွက် ဆက်ကပ်ထားခြင်းနှင့် ပို၍ ဝေးကွာသည်ဟု ခံစားရ၏။ ၁၈၀၈ ခုနှစ်တွင် ဖရိုင်မိသားစု သည် မြိုကြီးစွန့်ခွာကာ ပလက်ရှက် (Plasher- အက်ဆက်စ်) သို ပြောင်းရွှေ့ရာ၌ အဆင်သင့်သဖြင့် ထိုနယ်တစ်ကြောအတွက် တစ်ဖန် လုပ်ငန်းစတင်နိုင်ခဲ့၏။ သူမသည်ကျောင်းတစ်ကျောင်းဖွင့်၍ စာသင်ဆရာ တစ်ဦးကို အခပေးငှားကာ နာမကျန်းဖြစ်သူ များအတွက် ရည်စူး၍ “စွပ်ပြုတ်ဟင်းချို” လှူဒါန်းပေးဝေသည်။ ၁၈၁၁ ခုနှစ်တွင် ဘားကင်း (Barking- အက်ဆက်စ်) ရှိ ကွက်ကာများက (လစာမဲ့) သာသနာပြုသူအ “ထည့်သွင်းသတ်မှတ်ကာ”များမကြာမီ နိုင်ငံအနှံ အားပေးစကားပြောရန် ဖိတ် ကြ၏။ သူမ သွားလေရာအရပ်တိုင်း၌ “ဘုရားရှင်၏ ကရုဏာတော်သည် လသားအားလုံး အတွက်ဖြစ်သည်”ဟု အားလုံးကို ပျော်ရွှင်စွာ အားပေးစကားပြော၏။

၁၈၁၃ ခုနှစ်တွင် နယူးဂိတ် (Newgate) ထောင်သို သွားရောက်လည်ပတ်သူ အမေရိကန်ကွက် ကာတစ်ဦးဖြစ်သော စတီဖင်ဂရီးလက် (Stephen Grellet) ကြောင့် သူမသည် နယူးဂိတ်အကျဉ်းထောင် အခြေအနေများကို ပထမဆုံး သတိပြုမိခြင်းဖြစ်သည်။ စတီဖင်က သူမြင်တွေ့ခဲ့ရသမျှ တုန်လှုပ်ချောက်ချားဖွယ် အခြေအနေအရပ်ရပ်ကို အယ်လီဇဘက်ထံ၌ စီကာပတ်ကုံး ပြောပြလျက်ရှိသောကြောင့် သူမသည် ထောင်သို ချက်ချင်းလိုက်သွား၏။ သူမသည် ကွက်ကာအမျိုးသမီးအဖွဲနှင့် နယူးဂိတ်ထောင်သို သွားကာ ဖျားနာသူအမျိုးသ မီးများနှင့် ကလေးများအတွက် အဝတ်အစားများပေးကမ်း၍ ကောက်ရိုးသန့်များဖြင့် ကောင်းကောင်းအိပ် စက်နိုင်ရန်အတွက် ထောင်မှူးကို ငွေများ ပေးခဲ့သည်။

နယူးဂိတ်ထောင်အတွင်းရှိ အမျိုးသမီးဆောင်ဘက်တွင် အမျိုးသမီး ၃ဝဝ နှင့် ကလေးငယ်များကို အခန်းလေးခန်းခွဲ၍ ပြွတ်သိပ်နေအောင် သိပ်ထားကာ သူတို၏ အိပ်ဆောင်များအတွင်း၌ပင် ရတတ်သမျှသော စားစရာအနည်းငယ်ကို ချက်ပြုတ်စား သောက်ကြသည်။ ထိုခေတ်အခါက အမျိုးသမီးအကျဉ်းသားများကို အမျိုးသားများနှင့် အတူ ပေးရောနေလေ့ရှိကာ သူတိုသည် လောင်းကစားခြင်း၊ အရက်သေစာသောက်စား ခြင်း၊ ရန်ဖြစ်ခြင်း၊ ကခုန်ခြင်းနှင့် သီချင်းဆိုခြင်းများဖြင့် အော်ဟစ်ဆူညံနေတတ်ကြ သည်။ ထိုထောင်ထဲတွင် အပြစ်ကင်းသူနှင့် အပြစ်ရှိသူကို ရောနှောပေါင်းထည့်ထားကာ အများအပြားမှာ ထောင်ဝင်သွားချိန်ကထက် ထောင်မှ ပြန်ထွက်လာချိန်တွင် ပို၍ပင် ခက်ထန်ကြမ်းတမ်းလာကြ၏။

 

နယူးဂိတ်သို ပြန်လာခြင်း

ထောင်ထဲသို ပုံမှန်သွားရောက်ချိန်မှစ၍ အယ်လီဇဘက်သည် သူမ၏ မိသားစုနှင့် အခြား တာဝန်ဝတ္တရားများကြောင့် ၁၈၁၇ အထိ နယူးဂိတ်သို ပြန်မလာနိုင်ခဲ့ချေ။ သူမသည် စိတ်အားထက်သန်သော အမျိုးသမီးအချိုနှင့် ကလေးများအတွက် စာသင်ကျောင်းတစ် ကျောင်းဖွင့်လှစ်ရန် တက်ကြွနေ၏။ အမျိုးသမီးများနှင့် အသက်အနည်းငယ်ရသော ကလေးမများကလည်း သူတိုကို အတန်းများခွဲ၍ ဇာထိုးခြင်းနှင့် အချုပ်အလုပ်ပညာ သင်ပေးရန် တောင်းဆိုကြသည်။ သူတိုသည် အဖွဲ ၁၂ ဖွဲခွဲကာ အဖွဲတိုင်းတွင် သူတိုကို  ကြီးကြပ်ရန် “အတန်းခေါင်းဆောင်အသီးသီးခန့်၍ သူတိုကလေးများအတွက် အဝတ် ချုပ်လုပ်နည်းသင် ယူစေကာ ဝင်ငွေပင် အနည်းကျဉ်းရကြသည်။ ဤနည်းဖြင့် ထောင် သားအမျိုးသမီးများသည် ကိုယ့်သိက္ခာကို အနည်းငယ် လေးစားသူများဖြစ်လာကြ၏။

သူတိုသည် သူတို၏ လုပ်အားခဖြင့် ဖရိုင်၏ ထောင်တွင်းကုန်ခြောက်ဆိုင်၌ လက် ဖက်ခြောက်နှင့် သကြားကဲ့သိုသော ဇိမ်ခံပစ္စည်းများကို ဝယ်ယူနိုင်ကြကာ တစ်ကိုယ်ရေ သန့်ရှင်းရေးများလည်း ပြုတတ်လာ ကြသည်။ ကွက်ကာအမျိုးသမီးများကော်မတီက ရသမျှပိုက်ဆံကို ကျောင်းရန်ပုံငွေအဖြစ် ထားရှိကာ အဖွဲဝင်များထဲမှ အနည်းဆုံးတစ် ယောက်သည် ထောင်ထဲသို နေ့တိုင်း သွားရသည်။ –

အယ်လီဇဘက်၏ ထောင်တွင်းပြုပြင်ရေးလုပ်ငန်းများထဲတွင် အရေးအပါဆုံးမှာ ထောင်တွင်း ကျမ်းစာဖတ်ခြင်းဖြစ်သည်။ နေ့တိုင်း မနက် ၉ နာရီနှင့် ညနေ ၆ နာရီတွင် ထောင်သားများအားလုံးသည် ခေါင်းလောင်းသံဖြင့် ဆင့်ခေါ်ခြင်း ခံရကာ အတူတကွ ဆုတောင်းခြင်းနှင့် ဖရိုင်၏ ကျမ်းစာဖတ်ခြင်းကို နားထောင်ကြရသည်။ အခက်ထန်ဆုံး ရာဇဝတ်သားများပင်လျှင် သူမ၏ ကရုဏာသက်ဖွယ်အသံကြောင့် အရည်ပျော်ကြသည် ဟု ပြောစမှတ်ပြုကြသည်။

အမျိုးသမီးများအားလုံးက သူမ၏ ကြိုးစားအားထုတ်မှုကို ဖြည့်ဆည်းမပေးနိုင်ခဲ့ ကြသော်လည်း သူမ ကြံစည်ထားသည့်အတိုင်း စီမံချက်များ အောင်မြင်သည်ချည်း ဖြစ်သည်။ အမျိုးသမီးများကော်မတီက အင်္ဂလန်နိုင်ငံအနီးတစ်ဝိုက်ရှိ အခြားထောင်များ ကို ကူညီရန် အစီအစဉ်ရေးဆွဲကာ အယ်လီဇဘက်သည် စကော့တလန်အထိ ခရီးထွက်၍ ထောင်များ စစ်ဆေးခြင်းနှင့် တရားဒေသနာတိုက်ကျွေးခြင်းများ သွားရောက် ပေါင်း စည်းဆောင်ရွက်သည်။

နယူးဂိတ်တွင် သူ့အောင်မြင်မှုကြောင့် ၁၈၁၈ ခုနှစ်၌ သူမကို အောက်လွှတ်တော် အထူးစုံစမ်းရေးကော် မတီက ဖိတ်ကြား၍ အကျဉ်းထောင်များ၏ အခြေအနေကို တင်ပြ စေကာ ထိုနောက်တွင် အထက်လွှတ် တော်ကိုလည်း တင်ပြ၏။ နောင်အခါ ဥရောပသို ဆက်လက်ခရီးနှင်ရာ ရုရှားသိုတိုင်အောင် ရောက်သည်။ သူမသည် ပြင်သစ်ဘုရင် လူဝီ ဖီလစ် (Louis Philippe) နှင့်တွေ့ဆုံကာ ပရပ်ရှားဘုရင်က သူမကို “သူ့မိတ်ဆွေ အဖြစ် သဘောထားမှတ်ယူသည်။

၁၈၁၈ ခုနှစ်၊ နွေရာသီတွင် နယူးဂိတ်မှ အမျိုးသမီးတစ်သိုက်ကို ဆိုးဝါးသည့် သယ်ယူစနစ်ဖြင့် သြစတေးလျသို ရွက်လွှင့်ပိုဆောင်ရန် ပြင်ဆင်ကြသည်ကို သူမက ပထမဆုံး တွေ့မြင်ခဲ့ရသည်။ ယခုအခါ ဘုရင်ခံသည် သူ့မိတ်ဆွေဖြစ်သဖြင့် ပိုမိုကောင်း မွန်သော သယ်ယူရေးစနစ်ဖြင့် စီစဉ်ပေးရန် ဖျောင်းဖျနားချသည်။ သူမ၏ လူသားဆန်သော ကြင်နာသနားတတ်ခြင်းကြောင့် အမျိုးသမီးများသည် ညင်ညင်သာသာဖြင့် သင်္ဘော ပေါ်သို တက်သွားကြရကာ ထောင်တွင်း၌လည်း ဣန္ဒြေရရ နေကြ၏။

 

တစ်သက်တစ်ကျွန်း ပြည်နှင်ဒဏ်ခံရခြင်း

 ရှေ့ဖုံးခါးစည်း (သို) ဝက်ပေါင်ခြောက်တစ်ခြမ်း ခိုးယူသော ရာဝဇတ်သားများကို တစ်သက် တစ်ကျွန်းအဖြစ် ပြည်နယ်ဒဏ်ချမှတ်နိုင်ကာ အာလူး ၁ ပေါင် (သို) ရှူးဖိနပ်တစ်ရံ ခိုးယူ သူများကို ထောင် ၁၄ နှစ် ချမှတ်နိုင်သည်။ ထိုရာဇဝတ်သင့်အကျဉ်းသားများကို ၁၇၇၆ ခုနှစ်အထိ အမေရိကန်ကိုလိုနီများ၌ ပိုကြသော်လည်း နောင်အခါ သြစတေးလျဘာ့တနီ ပင်လယ်အော် (Botany Bay) သို ပိုလွှတ်သည်။ အမျိုးသမီးအကျဉ်းသားများသည် သံကြိုးဖြင့် အတူတကွ ချည်နှောင်ခြင်းခံရကာ အကာမပါသော လက်တွန်းလှည်းဖြင့် Deptford အရပ်ရှိ သင်္ဘောများဆီသို ခေါ်ဆောင်ခြင်း ခံကြရသည်။ ရှည်လျားသောခရီး စဉ်ဖြစ်သည့် သြစတေးလျအထိ နာမကျန်းဖြစ်နေကြသော်လည်း ဆေးကုသမှု မရကြ ပေ။ ပြစ်ဒဏ်သင့်ရာ ကိုလိုနီနယ်သို ရောက်သွားသော်လည်း ကျွန်များကဲ့သို ပြုမူဆက် ဆံခြင်းခံရ၍ နေရာထိုင်ခင်းနှင့် သင့်တင့်လျောက်ပတ်သော အလုပ်လည်း မရရှိကြပေ။ ဤမတရားပြုခြင်းများအားလုံးကို အယ်လီဇဘက်က မှန်ကန်အောင် တည့်မတ်ပေးသဖြင့် အမျိုးသမီးများကို Hackney နားအထိ ရထားတွဲများဖြင့် သင်္ဘောဆိပ်သို အတုပ်အနှောင် မရှိဘဲ သွားလာစေ၏။ သူတိုလက်ထဲ၌ ကျမ်းစာအုပ်များ ကိုင်ဆောင်ထားကြသည်ကို လည်း သူမ တွေ့ရကာ သူတိုတစ်ဦးချင်းဆီကို ချုပ်အပ်များနှင့် အချုပ်အလုပ်အတွက်နှင့် ဇာထိုးရန် လိုအပ်သော ပစ္စည်းပစ္စယများကိုလည်း ပေးအပ်ကာ ကော့တနီပင်လယ်အော် သိုရောက်လျှင် ထိုပစ္စည်းများဖြင့် ပြောင်းလဲမှုများ အဆောတလျင် ပြုလုပ်နိုင်ခဲ့ကြသည်။ သူမသည် ထိုစနစ်ဆိုးကို တိုက်လှန်သောကြောင့် နောက်ဆုံးတွင် ထိုစနစ်ပျောက်ကွယ် သွားသည်။

ဘော့တနီပင်လယ်အော်သို ရောက်ရှိသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဆင်းရဲဒုက္ခဖြင့် တစ်ဖန်ပြန်လည်ဆုံတွေ့ရကြောင်း အကြောင်းကြားစာတစ်စောင်ကို ဖရိုင် ရရှိသည်။ သူမ၏ တိုင်ကြားခြင်း ကြောင့် အစိုးရသည် ချက်ချင်းဆိုသလို အမျိုးသမီးများ အတွက် အလုပ်ခန့်ခြင်းနှင့် နေရာထိုင်ခင်းများ သီးသန့်စီစဉ်ပေးကြသည်။

သူမ၏ ဖျားနာချိန်မှလွဲ၍ အယ်လီဇဘက်သည် ၂၅ နှစ်လုံးလုံး လန်ဒန်ကို စွန့်ခွာ ၍ အမျိုးသမီးများကို သယ်ဆောင်သော အကျဉ်းသားတင်သင်္ဘောအားလုံးကို လိုက်လံ စုံစမ်းရာ သင်္ဘောပေါင်း ၁၂၆ စင်းနှင့် အကျဉ်းသားပေါင်း ၁၂၀၀၀ ရှိသည်ဟု သိရသည်။ သူမ၏ ကြိုးစားမှုကြောင့် ၁၈၃၇ ခုနှစ်မှစ၍ အကျဉ်းသားသယ်ဆောင်မှုမှာ တဖြည်းဖြည်းချင်း လျော့နည်းလာ၍ ၁၈၅၄ ခုနှစ်တွင် လုံးဝ ရပ်တန့်သွားသည်။

အယ်လီဇဘက်သည် သူမ၏ ရှိသမျှအချိန်ကို သူများအကျိုးဆောင်ရင်း ဘုရားရှင် အတွက် အသုံးတည့်သူတစ်ဦးဖြစ်ရန် ကြိုးစားကာ လူသားအကျိုးပြုလုပ်ငန်းများလည်း တည်ထောင်သည်။ ၁၈၁၉ ခုနှစ်တွင် အိုးမဲ့အိမ်မဲ့များအတွက် ညပိုင်းကွန်းခိုရိပ်သာနှင့် ၁၈၂၄ ခုနှစ်တွင် ဒေသအလိုက် ချိုငဲ့သူများကို ကူညီသောအသင်းကို နေရာအနှံဖွင့်လှစ်ကာ သူနာပြုလေ့ကျင့်ရေးဌာနနှင့် ကုသိုလ်ဖြစ် အလှူဒါနပြုသူ ပရိုတက်စတင့်ညီအစ်မ များအသင်းကို ၁၈၄၀ ခုနှစ်တွင် ဖွင့်လှစ်သေးသည်။ သူမသည် မရပ်မနား အလုပ်လုပ် ခဲ့ခြင်းကြောင့် ခြေကုန်လက်ပန်းကျ၍ ပင်ပန်းနွမ်းလျကာ စိတ်အေးသက်သာစွာဖြင့် ရမ်စ်ဂိတ် (Rammsgate) တွင် ကွယ်လွန်၍ သူ့အလောင်းကို ဘားကင်းရှိ ကွက်ကာသင်္ချိုင်း တွင် သဂြိုဟ်သည်။

 

ဂျော့ချ်မူလာ (၁၈၀၅-၁၈၉၈) ဘရိစတိုးတွင် ကလေးဂေဟာများကို တည်ထောင်သူ

ဘုန်းကြီးကျောင်းများ ခေတ်ပျက်ချိန်နောက်ပိုင်း ၁၅၃၆-၄ဝ တွင် အလယ်ခေတ်က ဆင်းရဲ သားများကို ကူညီထောက်ပံ့သော ကုသိုလ်ဖြစ် အလှူဒါနလုပ်ငန်းအချိုမှာ ဆက်လက် ရပ်တည်နေသေးသည်။ ထိုကြောင့်ပင် ကျေးလက်ဒေသမှ မြိုပေါ်သို ရောက်လာသော လေလွင့်သူဦးရေမှာ အဆမတန် မြင့်တက်လာနေသဖြင့် လူမှုရေးပြဿနာများ ရင်ဆိုင် နေကြရ၏။ မြိုပေါ်နေသူအချိုက စိတ်ပျက်ဖွယ် ထိုနိုင်ငံသားလေလွင့်သူ များအတွက် ဂေဟာများ၊ ကလေးများအတွက် စာသင်ကျောင်းများ၊ ဖျားနေသူများအတွက် ဆေးရုံများ နှင့် သက်ကြီးရွယ်အိုထူထောင်ရေးများ ဖွဲစည်းတည်ထောင်ပေးကာ နောက်ဆုံးတွင် အမျိုးသားရေးပေါ်လစီအဖြစ် မူဝါဒရေးဆွဲရန် အစိုးရကို လွှပြောင်းသည်။

၁၆၀၁ ခုနှစ်တွင် ပြဋ္ဌာန်းသော ဆင်းရဲသားများ ထောက်ပံ့ကူညီရေးဥပဒေ (Poor Law) အောက်တွင် အိုးအိမ်မဲ့ ကလေးများအတွက် အလုပ်သင်စီမံချက်များ ထူထောင် ပေးကြ၍ နေရာထိုင်ခင်းများအတွက်ပါ ထောက်ပံ့ပေးထားသော်လည်း မအောင်မြင်ခဲ့ပေ။ ၁၉ ရာစုအရောက်တွင် အိုးအိမ်မဲ့ကလေးများ အဆမတန် တိုးပွားများပြားလာကာ အများအပြားက မေတ္တာဓာတ်ခေါင်းပါးသော အလုပ်ပေးရာဂေဟာများထက် လမ်းဘေး ၏ လွတ်လပ်မှုကို ပို၍ ခုံမင်ကြလေ၏။

လူသားအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရင်း ဧဝံဂေလိပြန်လည်နိုးကြားခြင်းများ သည် စာသင် ကျောင်းများကို ငွေကြေးထောက်ပံ့ခြင်းနှင့် ဆန်းဒေးစကူးလ်လှုပ်ရှားမှုကို မွေးဖွားစေကာ ဂျော့ချ်မူလာ (George Muller) က ဘရိစတိုး (Bristol) တွင် မိဘမဲ့ ကျောင်းများကို ပထမဆုံး အကြီးအကျယ်ဖွင့်လှစ်ချိန် ၁၈၃၆ ခုနှစ်မတိုင်မီအချိန်ထိဖြစ်သည်။ သူ၏ အောင်မြင်မှုက ခရစ်ယာန်အများအပြားကို သက်ဝင်ထကြွအောင် လှုဆော် ပေးကာ အထူးသဖြင့် ဒေါက်တာဘာနာဒို (Barnardo) ကိုဖြစ်၍ စက်မှုတော်လှန်ရေး ကြောင့် အကူအညီလိုအပ်သော စားရမဲ့ သောက်ရမဲ့ ကလေးထောင်ပေါင်းများစွာကို ကူညီရန် ကြိုးစားခြင်းက သက်သေပင်ဖြစ်သည်။

 

ခရစ်တော်ဘက်တွင်သာ

မူလာသည် ပရပ်ရှာ (Prussia) တွင် မွေးဖွားကြီးပြင်းသူဖြစ်၍ လူသာရင်အသင်းတော် တွင် ဗတ္တိဇံခံသူဖြစ်သည်။ သိုသော် သူ၏ ဘာသာရေးယုံကြည်ချက်မှာ သာမန်ကာလျှံ မျှသာဖြစ်၍ အစောပိုင်း သူ့ဘဝသည် စရိုက်ဆန်လှ၏။ သူ၏ ဆယ်ကျော်သက် ဟားလ် ဘားစတတ် (Halberstadt) ကာသီဒြယ်ကျောင်းသားဘဝတွင် လိမ်လည်မှုဖြင့် သုံးပတ် ထောင်ကျဖူးသည်။ သိုသော် သူ့အကျင့်ဆိုးများကို ပြုပြင်ရန် စိတ်ကူးပင်မရှိသေးပေ။ ဟာလေ (Halle) တက္ကသိုလ်တွင် သင်းအုပ်ဆရာတစ်ပါးဖြစ်ရန် သင်တန်းတက်စဉ်က တစ်ညနေတွင် ကျမ်းစာဖတ်ရာမှ ထိုကျမ်းပိုဒ်အားဖြင့် သူ့အသက်တာ ပြောင်းလဲကာ ထို အချိန်မှစ၍ သူ့ဘဝ၏ “အကုသိုလ်စရိုက်များ”ကို ပယ်စွန့်ကာ “ခရစ်တော်ဘက်တွင် သာ ရပ်တည်တော့၏။”

သူသည် ဂျူးလူမျိုးများထံ သာသနာပြုသူတစ်ဦးဖြစ်ရန် စိတ်ကူးဖြင့် အင်္ဂလန်သို ၁၈၂၉ ခုနှစ်တွင် လာရောက်ကာ ဂျူးလူမျိုးများထံ၌ သာသနာပြုသော လန်ဒန်အသင်း၊ နှင့် ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေသဖြင့် ဒေဗွန် (Davon) နယ်ရှိ တိုင်းမက်သ် ၊ (Teignmouth) oze cu 6$ (Ebenezer) opp:empe:en we:spdæosposos ယူရန် စိတ်ပိုင်းဖြတ်လိုက်သည်။ သူသည် အက်ဇီတာ (Exeter) နယ်သူ မေရီဂရပ်စ် (Mary Groves) နှင့် ထိမ်းမြားပြီး သုံးပတ်အကြာတွင် သူနှင့် သူ့ဇနီးတိုသည် “သူ တို၏ လိုအပ်ချက်များအားလုံးအတွက် ဘုရားရှင်ကိုသာ အမှီသဟဲပြုကြရန် ဆုံးဖြတ် ကြ၏။ လစာယူမည့်အစား ဝတ်ကျောင်းထဲ၌ သေတ္တာငယ် တစ်လုံးထားကာ သူတို၏ လိုအပ်ချက်မှန်သမျှကို ဘုရားရှင်ထံ၌သာ တောင်းလျှောက်ကြသည်။

သူ့မိတ်ဆွေ ဟင်နရီခရိခ် (Henry Craik) သည် မူလာကို ဘရိတ်စတိုး၌ တရား ဟောရန် ဖိတ်ကြားကာ (မူလာသည် ယခင်က ဘရိတ်စတိုးတွင် ညီအစ်ကိုများလှုပ်ရှား မှုအသင်းကို ဦးဆောင်သူများထဲမှ တစ်ဦးဖြစ်သည်) နောင်အခါ “ဘုရားရှင်က ကျွန်ုပ်ကို ဘရိတ်စတိုးတွင် အလုပ်လုပ်စေချင်ကြောင်း ကျွန်ုပ်ကောင်းကောင်းသိသည်””ဟု သူက ဆို၏။ ၁၈၃၂ ခုနှစ်တွင် မူလာမိသားစုသည် ဘရိတ်စတိုးသို ပြောင်းရွှေ့ကာ ဂရိတ် ဂျော့ချ် (Great George) လမ်းရှိ Bethesda ဘုရားကျောင်း၌ ခရိခ်နှင့်အတူ သာသနာ လုပ်ငန်းများ အတူလုပ်ကိုင်ကြကာ အကြွေးတင်သည်ဟူ၍ မရှိခဲ့ဖူးပေ။ သူတို၏ သာသနာ လုပ်ငန်းအောင်မြင်လျက်ရှိကာ ပထမတစ်နှစ်ထဲတွင် အသင်းသားဦးရေ ၁၀၉ ယောက် ရှိလာ၍ ထိုအထဲမှ ၆၅ ယောက်မှာ ပြောင်းလဲပြီးသူများဖြစ်ကြသည်။

 ၁၈၃၄ ခုနှစ်တွင် မူလာက ရပ်နီးရပ်ဝေးအတွက် သမ္မာကျမ်းဆိုင်ရာ အသိပညာ OG:69:3800€: (Scriptural Knowledge Institution for Home and Abroad) ကို တည်ထောင်ရန် ဆုံးဖြတ်သည်။ သူ၏ ရည်ရွယ်ချက်မှာ ကယ်တင်ခြင်း သတင်း စကားကို ပညာရေး၊ စာပေနှင့် သာသနာပြုခြင်းများဖြင့် ပြန့်ပွားစေရန်ဖြစ်သည်။

မူလာသည် နောက်တစ်နှစ်တွင် မိဘမဲ့ဂေဟာ စတင်ဖွင့်လှစ်ရန် ကြံစည်စိတ်ကူးထား သော်လည်း မည်သူ့ကိုမျှ ပြောမပြခဲ့ချေ။ တိုင်းမက်သံနှင့် ဘရိစတိုးလမ်းမများပေါ်တွင် စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားသော ကြမ်းပိုးတေလေ ကလေးငယ်အများအပြားသည် ၁၈၃၂ ခုနှစ်၊ ကာလဝမ်းရောဂါကြောင့် အိုးအိမ်မဲ့များဖြစ်သွားကြသည်ကို သူ သတိပြုမိ၏။

ထိုအဖြစ်အပျက်နောက်ပိုင်းတွင် သူသည် “အိုးအိမ်မဲ့ကလေးများနှင့်ပတ်သက်၍ ဆုနာနာတောင်းကာ” ကလေးများကို အမှန်တကယ် ကူညီချင်မည့် လူကောင်းသူကောင်း များပေါ်ပေါက်ရေးနှင့် မြေနှင့် အိမ်ရာအဆောက်အအုံအတွက် စတာလင်ပေါင် ၁၀၀၀ ရရှိရန် ဆုတောင်းခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းများ ပြုလုပ်သည်။ သူ၏ ထိုလှုပ်ရှား မှုကို စတင်စေသော အကြောင်းမှာ စာနာရိုင်းပင်းတတ်မှု တစ်မျိုးတည်း သာမဟုတ်ဘဲရင်သည် အသက်ရှင်သော ဘုရားဖြစ်ခြင်းနှင့် သူ့ကို ကိုးစားသူများအပေါ်၌ သစ္စာ ဖြစ်ကြောင်းလည်း သိစေလိုသောကြောင့်ဖြစ်သည်။

 မူလာသည် ကလေးများအတွက် လိုအပ်သမျှကို ဆုတောင်းခြင်းဖြင့်သာ ဖြေရှင်းရန် ပြအပ်သော ငွေကြေးကို တစ်စုံတစ်ယောက်ထံမှ မဟုတ်ဘဲ ဘုရားရှင်ထံ၌သာ တောင်း ၊ သောက်ရန် စိတ်ပိုင်းဖြတ်ထား သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ၁၈၃၅ ခုနှစ်၊ ခင်ဘာတွင် လူထုရှေ့၌ ချပြသဖြင့် သူတိုလည်း သဘောတူကြ၏။ ထိုနှစ်ဧပြီလတွင် အသက် ၇ နှစ်မှ ၂၂ နှစ်အကြားရှိ မိန်းကလေးအယောက် ၃၀ နှင့် ပထမဦးဆုံး ဂေဟာ သစ်ဖွင့်လှစ်ကာ နိုစိုကလေးငယ်များအတွက် ဒုတိယဂေဟာကို နိုဝင်ဘာတွင် ဖွင့်လှစ်၍ ယောက်ျားလေးများအတွက် နောက်တစ်နှစ် စက်တင်ဘာတွင် ဂေဟာ ၇ လုံး ထပ်မံ ဖင်လှစ်သည်။ ဂေဟာသုံးခုစလုံးမှာ ဘရိစတိုးမြို ဝီလ်ဆင် (Wilson) လမ်းမ ပေါ်ထွက်ဖြစ်သည်။

ပထမ ၂ နှစ်အတွင်း၌ ငွေရေးကြေးရေးသည် နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ လိုသည် ထက်ပင် ပိုလျှံနေသော်လည်း နောင် ၁၀ နှစ်အတွင်းတွင် စုံစမ်းခြင်းအမျိုးမျိုးကို ခံစားကြ ရသည်။ လက်ထဲတွင် ချူးတစ်ပြားသာ ကျစ်ကျစ်ပါအောင် ဆုပ်ထားရသောအချိန် များ၌ သူတို၏ ဆုတောင်းသံကို ဘုရားရှင်က လက်မနှေးဘဲ အဖြေပေးခဲ့သည်ချည်းဖြစ် ၏။ အထင်ရှားဆုံးသာဓကတစ်ခုမှာ တစ်မနက်ခင်း၌ နံနက်စာ စားသုံးရန်ပြင်ဆင်သည့် အခါသမယတွင်ဖြစ်သည်။ ဖြစ်ပုံမှာ စားသောက်ကုန်သိုလှောင်ရာ ဗလာအခန်းနှင့် ပိုက်ဆံ တစ်ပြားမှ မရှိချိန်တွင် မူလာက ဤသိုဆို၏။ “ချစ်သောအဖ ကိုယ်တော်ရှင် ချကျွေးမည့် မုန့်ပဲသရေစာအတွက် ကိုယ်တော့်ကို ကျေးဇူးတင်တယ်။” ဆုတောင်း၍ ပြီးလျှင် မုန့်ဖုတ် သမားတစ်ဦးသည် ညကတည်းက သူတိုလိုအပ်သည်ကို ထောက်ပံ့ပေးရန် ကိုယ်တော်စေ ခိုင်းသည်ဟုဆိုကာ လတ်ဆတ်သော ပေါင်မုန့်များ ပေးကမ်းရန် ရောက်လာ၏။ တစ်ဆက် တည်းပင် နိုပိုသမားတစ်ဦးက သူ့လှည်းဝင်ရိုးကျိုး သွားသဖြင့် သူ့နိုများကို ယူဆောင် ကြပါမှ သူသည် လှည်းကို ပြန်ပြင်လိုရမည်ဖြစ်ကြောင်း သူတိုကို သွားရောက်အကူ အညီတောင်းသည်။

ယခုအချိန်တွင် မူလာသည် ကလေး ၁၃၀ ကို နေ့တိုင်း ထိန်းသိမ်းစောင့်ရှောက်နေ ရကာ သူတိုသည် အစားအသောက် ဆင်းရဲသော်လည်း ပျော်ကြ၏။ အကြောင်းမှာ ထို ခေတ်က အခြားကလေးများနှင့်နှိင်းစာလျှင် သူတို၏ ဘဝသည် လုံခြုံခြင်းရှိသည့်အပြင် ရင်မိဘမဲ့ဂေဟာတွင် ကြီးပြင်းကြသူများထံမှ သူတို မည်သိုမည်ပုံကောင်းစားကြကြောင်း ခရစ်ယာန်အသိပညာများ တိုးပွားကြကြောင်း ပေးစာများ ရရှိခြင်းကြောင့် လည်းဖြစ် သည်။ အချိန်ကြာလာသည်နှင့်အမျှ အရွယ်ရောက်လာသော ယောက်ျားလေးများနှင့် မိန်းကလေးများက ဂေဟာကို စွန့်ခွာသွားကြကာ သူတိုကို ဖေးမကူညီနိုင်မည့် ခရစ်ယာန် များနှင့်အတူ အလုပ်လုပ်ကြသည်။

 

ဂေဟာသစ်

 ၁၈၄၅ ခုနှစ်တွင် ဝီလ်ဆင်လမ်းနေအိမ်သည် ဘေးအိမ်များ၏ ငြူစူခြင်းခံရသဖြင့် “အဆင် မပြေသောကြောင့် မူလာသည် ကလေးများအတွက် ပို၍ အဆင်ပြေမည့်မြေနေရာအကျယ် ကို ရှာဖွေရတော့ သည်။ သူနှင့် သူ့ဇနီးတိုသည် ထိုမြေနေရာအသစ်အတွက် ဆုတောင်းကြ ကာ သူတို၏ အစီအစဉ်အသစ်ကို လုပ်ဖော်ကိုင်ဖက်များအား အသိပေးကြ၏။ အကယ် စင်စစ် ဝီလ်ဆင်လမ်းရှိ အိမ်များမှာ ငှားရမ်းထားရခြင်း သာဖြစ်သောကြောင့် ကလေး ၃၀၀ အတွက် ဂေဟာသစ်ဆောက်နိုင်ရန် စတာလင်ပေါင် ၁ဝဝဝဝ ရရှိနိုင်ရန် ဆုတောင်းကြ သည်။

ဆုတောင်းပြည့်သဖြင့် ဘရိစတိုးမြို ဆင်ခြေဖုံးရပ်ကွက်ရှိ အက်ရှလေဒွန်း (Asheley Down) ထံ၌ ငွေအပြီးချေ၍ ဝယ်ယူကာ ထိုနေရာသည် လေကောင်းလေသန့်ရရှိ သည့်အပြင် မြေနေရာလည်း ကျယ်ဝန်း၏။ ထိုဂေဟာသစ်ကို ၁၈၄၉ ခုနှစ်၊ ဇွန်လတွင် ဖွင့်လှစ်နိုင်ရန် ကြိုးစားကြကာ ပရိဘောဂအသုံးအဆောင် များအပါအဝင် အားလုံးပြီးဆုံး ချိန်တွင် စတာလင်ပေါင် ၇၇၆ ပိုသေးသည်။ ၁၈၇၀ ခုနှစ်တွင် ဂေဟာကြီး ၅ လုံး ထပ်မံတည်ဆောက်ကာ ကလေးပေါင်း ၂၀၅၀ ကိုပြုစုပျိုးထောင်သည်။ ထိုဂေဟာကြီး ၅ လုံးသည် ငွေအပြီးချေ ထားခြင်းဖြစ်ရာ ထိုငွေများမှာ ဆုတောင်းခြင်း၏ အသီးအပွင့် များဖြစ်သည်။

သူ့ဇနီးသည် ၁၈၇၀ ခုနှစ်တွင် လွန်ကာ မူလာသည် ထိုအချိန်မှစ၍ ဂေဟာများ အတွက် အလုပ်တာဝန် ခွဲဝေပေးရေးဖြင့် အလွန်အလုပ်များသည်။ သူသည် နောက်အိမ် ထောင်သစ်ထူကာ လုပ်ငန်းဆောင်တာအဝဝကို သူ့တွဲဖက်ဒါရိုက်တာလည်းဖြစ်၍ သမက် လည်းဖြစ်သော ဂျိမ်းစ်ရိုက် (James Wright) ကို လွှထား၏။ ထိုနောက် နှစ်ရှည် လများကတည်းက ရင်ဝယ်ပိုက်ထားခဲ့သော သူလိုချင်တောင့်တသည့် ခရီးသွားခြင်းကို လွတ်လွတ်လပ် လပ် ပြုနိုင်ကာ အရပ်တစ်ပါးသို ထွက်၍ ကယ်တင်ခြင်းသတင်းစကားကို ဟောကြားဝေငှသည်။ သူ့အသက် ၇၀ တွင် ကမ္ဘာ့အစွန်အဖျားသိုတိုင်အောင် မနားတမ်း ခရီးထွက်၏။ သူ့ရည်ရွယ်ချက်မှာ ငွေကြေးအလှူခံရန်မ ဟုတ်ဘဲ ကယ်တင်ခြင်းမရသေး သူများထံ၌ ကယ်တင်ခြင်းသတင်းစကား ဝေငှရန်နှင့် ခရစ်ယာန်အကျိုး သယ်ပိုးရန်ဖြစ် ကာ အထူးသဖြင့် ယုံကြည်သူလူငယ်များကို ခွန်အားပေးရန်ဖြစ်သည်။

မူလာသည် ငွေကြေးနှင့်ပတ်သက်လာလျှင် လုံးဝ အတိမ်းအစောင်းမခံသူဖြစ်ပြီး ၁၈၃၄ ခုနှစ်က သူ ပထမဆုံး ချမှတ်ထားသည့်မူများကို တသဝေမတိမ်း လိုက်နာသူ ဖြစ်သည်။ အတင်းအဖျင်းပြောခြင်းကို ရှောင်ရှားသူဖြစ်၍ သူရရှိထားသော ငွေကြေး များကိုလည်း ဤသိုထုတ်ဖော်သူဖြစ်၏။ ၁၈၃၄ ခုနှစ်မှ သူကွယ်လွန်ချိန် ၁၈၉၈ ခုနှစ် အထိ စုစုပေါင်းဝင်ငွေမှာ စတာလင်ပေါင် ၁၄ဝဝဝဝဝ နီးပါးရှိ၍ အများစုမှာ မိဘမဲ့များ အတွက် ထည့်ဝင်လှူဒါန်းထားသော ငွေများဖြစ်သည်။ ၁၈၃၁ ခုနှစ်နှင့် ၁၈၈၆ ခုနှစ် အကြားရှိ သူ့ကိုယ်ပိုင်ဝင်ငွေမှာ စတာလင်ပေါင် ၁၅၁ ဖြစ်၍ ၁၈၃၁ ခုနှစ်နှင့် ၁၈၇၇ အကြားရှိ ဝင်ငွေမှာ စတာလင်ပေါင် ၄၂၆ဝ ရှိသည်။ သူသည် စတာလင်ပေါင် ၃ဝဝ ယူကာ လက်ကျန်ငွေပေါင်း စတာလင်ပေါင် ၈၁ဝဝဝ ကို ခရစ်ယာန်များအတွက် လိုအပ် သလို အသုံးပြုရန်နှင့် အကူအညီလိုအပ်သော မယုံကြည်သူများအတွက်ပင် ထားပေး ခဲ့သေးသည်။

 

 

 

ရပ်နီးရပ်ဝေးအတွက် သမ္မာကျမ်းဆိုင်ရာ အသိပညာဖြန့်ဖြူးရေးအသင်း

 မူလာက ၁၈၃၄ ခုနှစ်၊ ဖေဖော်ဝါရီ၊ ၂၅ ရက်နေ့ သူ့နေ့စဉ်မှတ်တမ်း၌ ဤသိုမှတ်၏။ “ယနေ့တွင် ကျွန်ုပ်သည် ဆုတောင်းခြင်းဖြင့် သာသနာပြုခြင်းဆိုင်ရာ အဖွဲအစည်းအသစ် တစ်ခုကို တည်ထောင်ရန် စေခိုင်းခြင်းခံရကာ ကျွန်ုပ်တိုဘက်မှ ပြုအပ်ဖွယ်များလည်း ရှိသည်။” ယင်းအဖွဲ အစည်းကို တည်ထောင်ရာတွင် ရည်ရွယ်ချက် လေးမျိုးရှိ၏။ (၁) အရွယ်ရောက်ပြီးသူနှင့် ဆန်းဒေးစကူးလ် ဆရာ/မများသည် ငွေကြေးပေးကမ်းခြင်းနှင့် ရယူခြင်းဖြင့် ခရစ်ယာန်များဖြစ်ကြောင်းကို သက်သေထူရမည်။ (၂) ကျမ်းပိုဒ်များကို ဈေး နှုန်းချိုသာစွာ ရောင်းချခြင်း (သို) အဖိုးအခမယူဘဲ ပေးကမ်းခြင်းပြုရမည်။ (၃) တစ်သီး ပုဂ္ဂလအနေဖြင့် သာသနာပြုများကို ငွေကြေးအကူအညီပေးရမည်။ (၄) ဝေစာများကို အင်္ဂလိပ်ဘာသာဖြင့် ဖြန့်ဝေခြင်းနှင့် ဘာသာစကားများစွာဖြင့် ဖြန့်ဝေနိုင်ရန် ကြိုးစားရ မည်။ နံပါတ်ငါးကိုလည်း မူလာကိုယ်တိုင် ထည့်သွင်းထားခြင်းဖြစ်ကာ မိဘမဲ့ဂေဟာများ အတွက် ဦးတည်ရေးထားခြင်းဖြစ်သည်။ သူတို၏ လုပ်ငန်းထဲတွင် ပြောင်းလဲခြင်းမရသေးသူ များ မပါဝင်ရန်၊ သူတိုဆီမှ မည်သည့်ငွေကြေးအကူအညီမှ မယူရန်အပြင် မည်သည့်ပစ္စည်း ကိုမှ အကြွေးဖြင့် မယူရန်လည်း ခေါင်းဆောင်များက ဆုံးဖြတ်ကြသည်။

သူရရှိထားသော ကောင်းချီးမင်္ဂလာများမှာ ဆုတောင်းနာခြင်းဖြင့်သာ ရရှိခဲ့ခြင်းများ ဖြစ်သည်။ သူ့အကြောင်း သူကိုယ်တိုင် ဇာတ်ကြောင်းပြန်ချက်များအရဆိုလျှင် ဘုရားရှင် ၏ ထောက်ပံ့ပေးခြင်းများမှာ ပြောမကုန်သော သက်သေများဖြစ်ကာ သူ၏ဆုတောင်းသံကို ဘုရားရှင်က ချက်ချင်းလက်ငင်း အဖြေပေးခဲ့ ပေါင်းမှာ အကြိမ်ရေ ၃ဝဝဝဝ ကျော်ရှိသည်ဆို၏။ ဘုရားရှင်အပေါ် သူ၏ယုံကြည်ချက်သည် ဟတ်ဆင်တေလာ၊ ဘာနာဒို နှင့် စပါဂျွန် တိုကဲ့သိုပင် ယုံကြည်သူ ထောင်ပေါင်းများစွာကို လှုဆော်ပေးနိုင်သောကြောင့် သူ၏ သာသနာလုပ်ငန်းသည် ကျယ်ပြောစွာ ပျံ့နှံလျက်ရှိ၏။

သူ၏ ကြိုးစားအားထုတ်မှုတစ်ခုဖြစ်သော သမ္မာကျမ်းဆိုင်ရာ အသိပညာဖြန့်ဖြူး ရေးအသင်းလုပ် ငန်းမှာ ခရစ်ယာန်များအတွက် အတော်ပင် အကျိုးရှိခဲ့သည်။ တရုတ် ပြည်အတွင်းပိုင်သာသနာ၏ အစောပိုင်း နှစ်များတွင် သူသည် ဟတ်ဆင်တေလာကို ငွေ ကြေးဖြင့် နောက်ကွယ်မှ ပံ့ပိုးသော အကျိုးတော်ဆောင်နှင့် သာသနာပြု ၁၈၉ ယောက် ကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့သူဖြစ်သည်။ ထိုအပြင် ကျောင်းသား ၉ဝဝဝ ရှိသော ကျောင်းပေါင်း ၁ဝဝ ကို လိုလေသေးမရှိရအောင် ထောက်ပံ့ပေးကာ ဝေစာပေါင်း ၄ သန်း နှင့် သမ္မာကျမ်းစာအုပ်ရေ ထောင်ပေါင်းများစွာကိုလည်း ဖြန့်ဝေသူဖြစ်သည်။

ဘရိစတိုးတွင် မူလာသည် ကလေးပေါင်း ၂ဝ၅ဝ ကို နေ့စဉ်နှင့်အမျှ ကျွေးမွေးသုတ် သင်၍ အဆောက်အအုံအတွက် ကုန်ကျစရိတ်လည်း သူကပင် တာဝန်ယူ၏။ သူကွယ် လွန်ချိန်တွင် မိဘမဲ့ကလေးပေါင်း ၂၀၀၂၄ ကို ပညာတတ်နှင့် ခရစ်ယာန်ယုံကြည်ခြင်း၌ အမြစ်တွယ်အောင် ပြုစုပျိုးထောင်နိုင်ခဲ့သည်။

လူတို၏ ဓမ္မတာအတိုင်း မူလာကို ဝေဖန်သူများ ရှိလာသည်။ တချိုက စည်းကမ်း ကြီးလွန်းသည်ဟု အပြစ်တင်ကြကာ “ဆင်းရဲသားများကိုပေးသော ပညာရေးသည် သူ တို၏ လူမှုအဆင့်အတန်းထက် ပိုမြင့်သည်”ဟု စောဒကတက်ကြသူများလည်း ရှိ၍ အချိုက ထိုမိဘမဲ့ဂေဟာများသည် “ဘာသာရေးကို အတင်းအကျပ် လိုက်နာစေသော နေရာ”” ဖြစ်သည်ဟု အမနာပပြောကြသည်။ အကယ်၍သာ ထိုကလေးများက ဂေဟာ တွင်နေဖို ငြင်းဆန်ခဲ့ကြမည်ဆိုလျှင် မဝရေစာသာ စားခဲ့ကြရသည့် ထောင်ချီသော ထို ကလေးများသည် ဘဝသစ်တွင် အစပြုနိုင်ကြမည် မဟုတ်ပေ။

၁၈၇၄ ခုနှစ်တွင် ဂျာနယ်တစ်စောင်၌ မူလာက ဤသိုရေး၏။ “ဘုရားရှင်က ကျွန်ုပ်ကို အသုံးပြု၍ ဤလုပ်ငန်းကို ထူထောင်ကာ ဘုရားရှင်သည် ကျွန်ုပ်ကို တစ်နှစ် ပြီးတစ်နှစ် ထိုလုပ်ငန်းကြီးထွားရန်အတွက် လမ်းပြပြီးသကာလ ယင်းလုပ်ငန်းအခွန့်ရှည် ဖိုရန် ကူညီသည့်အပြင် ဤလုပ်ငန်းနှင့်ပတ်သက်၍ ကျွန်ုပ်သည် သူ့ကို မှီခိုအားထား သောကြောင့် ရှုတ်ချခြင်း မခံစားရပေ။” မူလာ၏ ယုံကြည်ခြင်းသည် မည်သည့်ခေတ် တွင်မဆို ခရစ်ယာန်များအတွက် “လေးစားထိုက်သော””စိန်ခေါ်မှုတစ်ရပ်ဖြစ်ကာ ဘုရား ရှင်၏ သစ္စာတော်ခိုင်ကြည်မှုနှင့် စစ်မှန်ခြင်းကို မြင်တွေ့စေသော နှိးဆော်သတိပေးစာပင် ဖြစ်တော့သည်။

 

သောမတ်စ်ဘာနာဒို (၁၈၄၅-၁၉၀၅) ကလေးဂေဟာတည်ထောင်သူ –

ရာစုအတွင်းတွင် အင်္ဂလန်၌ အိုးအိမ်မဲ့ကလေးများ ထိတ်လန့်စရာကောင်းလောက်အောင် အရေအ တွက်များပြားသည်။ ကိန်းဂဏန်းဖြင့် အတိအကျမသိရသော်လည်း လန်ဒန် အရေးပိုင်းခရိုင်တစ်ခုထဲတွင် လမ်းမပေါ်၌ အသက်ရှင်ကျက်စားသူ အသက် ၁၆ နှစ် အနယ် ယောက်ျားလေးနှင့် မိန်းကလေးဦးရေမှာ ၃ဝဝဝဝ ခန့်ရှိသည်ဟု မှတ်တမ်းရှိသည်။ သတိုအပြင် အိမ်ရာမရှိသော်လည်း အိမ်ငှားနေနိုင်သူ အခြား ၁၅၀၀၀ ခန့် ရှိသေး၏။ အပြင် သိမ်းမြစ် (River Themes) တောင်ပိုင်း၌ “ဆိုးပေကလေးများ”ကို နေရာ အနှံတွေ့နိုင်သကဲ့သို လမ်းဘတ် (Lambeth) နှင့် ဆော်ဝါ့ခ် (Southwark) ကဲ့ သိုသော နေရာများ၌လည်း အုံလိုက်ကျင်းလိုက် တွေ့ရတတ်သေးသည်။

ဆိုးပေကျောင်းများနှင့် မြိုပေါ်ရှိ သာသနာပြု အသင်းများ၏ ဆောင်ရွက်မှုကြောင့် ၁၉ ရာစု ဒုတိယထက်ဝက်ခန့်တွင် ဘဝပေးမကောင်းသူ အိုးအိမ်မဲ့ကလေးများသည် ချားလ်စ်ဒစ်ကင်းစ် (Charles Dickens) ၏ စာအုပ်များကို တိုး၍တိုး၍ စိတ်ဝင်စားလာ ကြသည်။ ဧဝံဂေလိသာသနာပြုအသင်းများ၏ ကြိုးပမ်း ဆောင်ရွက်မှုကြောင့် အောက်ပါ ဂေဟာများ (Homes) ပေါ်ပေါက်လာသည်။ ဖီဂင် (Fegan) ၏ ကြမ်းပိုးတေလေ ကောင်လေးများအတွက် ဂေဟာ (၁၈၇၀)၊ လန်ဒန်အရှေ့တောင်ပိုင်း ဒပ်ဖိုဒ်မြို ရဲဖ်ဘာရီ (Shafiesbury) ဂေဟာ (၁၈၄၃)၊ ဒပ်ဗ္ဗလင်မြို St.Giles အရပ်ရှိ Smyly ဂေဟာ (၁၈၅၂)၊ စကော့တလန်ရှိ ဝီလျံကွာရီယာ (William Quarrier) ဂေဟာ (၁၈၆၄) နှင့် မန်ချက်စတာနှင့် ဆာဖိုဒ် (Salford) ခိုကိုးရာအိမ်များသည် ဆိုးပေထိန်းသိမ်း ရေးကျောင်းများမှ အစပြုသော ဂေဟာများဖြစ်သည်။

ဘာသာရေးဂိုဏ်းခွဲများနှင့်ပတ်သက်ဆက်နွယ်သော အခြားဂေဟာများမှာ ဝယ်စလီ ယံအမှုတော်ဆောင် ဒေါက်တာဘိုမင်စတီဖင်ဆန် (Dr.Bowman Stephenson) တည် ထောင်သော အမျိုးသားရေးဆိုင်ရာ ကလေး သူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာ (၁၈၆၉)၊ စပါဂျွန်ဂေဟာ (၁၈၆၇)၊ အင်္ဂလန်အသင်းတော်၏ နုငယ်သူအသင်း (၁၈၈၁) လမ်းဘတ်တောင်ပိုင်းတွင် ရူးဒေါ့ဖ် (Rudolph) ညီအစ်ကိုများအပြင် ကက်သလစ် အသင်းတော်နှင့် High Church ညီအစ်မများက အသေးစားဂေဟာများ တည်ထောင်ကြသည်။

 

သာသနာပြုသင်တန်း

သောမတ်စ်ဘာနာဒို (Thomas Bamardo) သည် အီတလျံအနွယ်ဝင်သူဖြစ်ကာ ဒပ်ဗီလင် Dublin) တွင် မွေးဖွား၍ သားမွေးထည်ကုန်သည် မိသားစုမှဖြစ်သည်။ မိဘနှစ်ပါးမှာ စိန့်အင်ဒရူးစ်ဘုရားကျောင်းတွင် ပုံမှန်ဝတ်တက်သူများဖြစ်၍ သူတိုအသက်တာတွင် ဘာသာရေးသည် ထိပ်ဆုံးမှ တစ်ပြေးနေသော်လည်း လူရွယ်သောမတ်စ်က သူ့အသက် ၁၆ နှစ်၌ သူ့ကိုယ်သူ ဘာသာမဲ့တစ်ယောက်ဟု ကြွေးကြော်ခဲ့လေ၏။

သိုသော် အချိန်တိုအတွင်းတွင် သူသည် ခရစ်တော်ကို လက်ခံ၍ ပြောင်းလဲလာ သည်။ သူသည် ဖွင့်ထားသော ပလီမက်သ်ညီအစ်ကိုများအဖွဲတွင် သူ့အစ်ကိုနှစ်ယောက် နှင့် သူတိုမြိုအတွင်းရှိ ဆင်းရဲသားများထံ အလုပ်လုပ်နိုင်ရန်အတွက် ၄ နှစ်တာ ဆက် ကပ်အပ်နှံပြီး ဆိုးပေကျောင်းတွင်လည်း စာသင်ပေးခြင်းနှင့် ဆင်းရဲသားရပ်ကွက်များတွင် ကယ်တင်ခြင်းသတင်းစကားဝေငှခြင်းများ ပြုလုပ်သည်။ ဒပ်ဗ္ဗလင်တွင် လာရောက်လည် ပတ်သူ ဟတ်ဆင်တေလာနှင့် စကားစမြည်ပြောဆိုပြီးချိန်တွင် သာသနာပြုတစ်ဦးဖြစ်ရန် စိန်ခေါ်ချက်ကို သူ လက်ခံသည်။

သူ၏ ၂၁ နှစ်ပြည့်မွေးနေ့ မတိုင်မီကလေး ၁၈၆၆ ခုနှစ်၊ ဧပြီလတွင် တရုတ်ပြည် သို ရွက်လွှင့်ရန် ပြင်ဆင်နေကြသော လူသစ်စုဆောင်းရာအဖွဲသို သွားရောက်ခဲ့သော်လည်း တေလာက သူ့ကို ဆရာဝန်တစ်ဦးဖြစ်ရန် အရင်ကြိုးစားစေချင်ကြောင်း ဖြောင်းဖျနားချ ကာ နေရစ်ခိုင်းလေ၏။ စိတ်ပျက်လက်ပျက်နှင့် ဘာနာဒိုသည် လန်ဒန်အရှေ့ပိုင်းရပ်ကွက် လန်ဒန်ဆေးရုံကြီးတွင် စာရင်းသွင်းကာ ကုန်သွယ်ရေးလမ်းမကြီးဘေးရှိ အခန်းနှစ်ခန်း ကို ငှားရမ်းသည်။ ကာလဝမ်းရောဂါ ဖြစ်ပွားနေချိန်တွင် ဆေးကျောင်းသားများသည် ဆရာ ဝန်များနှင့်အတူ ဆင်းရဲသားရပ်ကွက်ရှိ နေအိမ်များ၌ တစ်အိမ်တက်ဆင်း ဆေးကုသရာ မှ ဘာနဒိုသည် စတက်နေ (Stepney) ရပ်ကွက်အတွင်းရှိ ထိတ်လန့်တုန်လှုပ်စရာ မြင် ကွင်းများကို မြင်တွေ့ခဲ့ရသည်။

သူသည် ဆစ်ဒနီ (Sidney) လမ်းရှိ ပလီမက်သ်ညီအစ်ကိုများအဖွဲတွင် သွားရောက် ပူးပေါင်းကာ တနင်္ဂနွေနေ့များတွင် ကျမ်းစာဖြန့်ဖြူးခြင်းနှင့် လူအများရှိရာ လမ်းကြိုလမ်း၊ ကြားများ၌ တရားဟောသည်။ အရပ်ပုသော်လည်း (သူ့အရပ်သည် ၅ ပေ ၃ လက်မ သာရှိ၏) တစ်စုံတစ်ယောက်၏ ခြိမ်းခြောက်လှောင် ပြောင်ခြင်းကြောင့် စိတ်ပျက်အား လျော့တတ်သူ မဟုတ်ပေ။

 

ဆိုးပေကျောင်း

ဘာနာဒိုသည် အရင်က မြင်းဇောင်းအဖြစ် အသုံးပြုသော တင်းကုပ်တစ်ခုငှားကာ ဆိုးပေ ကျောင်းတစ် ကျောင်း ဖွင့်လှစ်၏။ များမကြာမီ ထိုကျောင်း၌ ပညာနိုရည်မှီဝဲချင်သူ ကျောင်းသားများ ခန်းလုံးပြည့်ရောက် လာကာ ဆရာ့ထက် အသက်ကြီးသူများပင်ပါသည်။ ဤနေရာတွင် ဘာနာဒိုသည် ၁၀ နှစ်အရွယ် ဂျင်ဂျားဗီးစ် (Jim Jarvis) နှင့် ဆုံကာမှ အိုးအိမ်မဲ့ကလေးများ၏ အတိဒုက္ခကို ပထမဆုံး တီးမိခေါက်မိခြင်းဖြစ်သည်။ သိုသော် ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် သူ့တွင် အစွမ်းမရှိဟုလည်း ခံစားနေမိပြန် ၏။

အိုးအိမ်မဲ့ဖြစ်ရခြင်း၏ ပြဿနာရင်းမြစ်မှာ လုပ်အားခအနည်းငယ်သာရခြင်း၊ အလုပ် လက်မဲ့ဖြစ်ခြင်း နှင့် အရက်သေစာသောက်စားခြင်းတိုကြောင့်ဖြစ်သည်။ အချိုကလေးများ ဆိုလျှင် အတင်းအကျပ် တောင်းစားခိုင်းခြင်း (သို) မိဘများက မိသားစုဝင်ငွေရနိုင်ရန် အတွက် ဈေးပေါပေါဖြင့် ရောင်းစားခြင်း များပင်ရှိသည်။ အိမ်ပေါ်မှ နှင်ချခြင်းခံရသော ကလေးထောင်ပေါင်းများစွာ လမ်းပေါ်သို ရောက်သွားကြကာ ဆယ်ကျော်သက်အရွယ် ပင်မရောက်မီ သေဆုံးကြသည်။

ဘာနာဒိုသည် သူ့မြင်းဇောင်းတဲကုပ်နှင့် ဆန့်ကျင်ဘက်အရပ်တွင်ရှိသော ဂျူးဗာ နားလ် (Juvenile) သာသနာပြုအသင်း၏ တဲကုပ်နှစ်လုံးရှိ အခြေအနေကို သွားရောက် လေ့လာသည်။ သူသည် ထိုအရပ်ရှိ ယောက်ျားကလေးများနှင့် မိန်းကလေးများအတွက် အလုပ်များပင် ရှာပေးသော်လည်း ဧကန်စင်စစ် ဤဟာသည် ပြဿနာ၏ ရင်းမြစ်ကို အဖြေမပေးနိုင်ခဲ့ပေ။ ပြဿနာ၏ ရင်းမြစ်ကို ဖြေရှင်းနိုင်သောနည်းလမ်းကား လိုမြဲလိုနေ သေး၏။ ဤသို ရှုပ်ထွေးပွေလီနေသည့်အကြားမှပင် သူသည် တရုတ်ပြည်သို သွား၍ သာသနာပြုတစ်ဦးဖြစ်ရန် အိပ်မက်ကား သူ့နှလုံးသားထဲ၌ သိမ်းထားလျက်ပင် ရှိသေး သည်။

တစ်နေ့ ဝန်ကြီးချုပ်က ဆင်းရဲသားကလေးများကို ပြုစုပျိုးထောင်သည့်အတွက်ဟု ဆိုကာ စတာလင်ပေါင် ၁ဝဝဝ ပေးရန် ကမ်းလှမ်း၏။ သူက ထိုပိုက်ဆံယူရေး၊ မယူ ရေးကို ၁၀ ရက်ကြာ စဉ်းစားချင့်ချိန်ပြီးမှ လက်ခံယူသည်။ ဘာနာဒိုသည် ယခုအခါ တရုတ်ပြည်အတွင်းပိုင်းသို သာသနာပြုရန်ကိစ္စကို ဘေးခေါက်ထားကာ လန်ဒန်အရှေ့ ပိုင်းခရိုင်က လူငယ်လူရွယ်များကိုသာ အာရုံစိုက်တော့သည်။

ဆေးပညာဆက်လက်သင်ယူရင်း ဘာနာဒိုသည် တစ်ပတ်လျှင် သုံးကြိမ်မျှ သာ သနာပြုအသင်း၌ တရားဟောလျက်ရှိကာ လူငယ်ပေါင်း ၅၀၀ ကို ညစဉ်ညတိုင်း ဆု တောင်းဆက်ကပ် တွေ့ဆုံခြင်းများ ပြုပေး၏။ ၁၈၇၀ ခုနှစ်၊ နွေဦးတွင် လူပေါင်း ၁၅ဝ ပြောင်းလဲကာ နှစ်ခြင်းခံကြသဖြင့် တိုး၍ တိုး၍လာသော သူတိုအတွက် အိပ်စရာ နေရာ အခက်တွေ့ရပြန်သည်။

နေရာထိုင်ခင်းအတွက် အတန်ကြာစဉ်းစားပြီးနောက် စတက်နေရပ်ကွက်ထဲရှိ အိမ် ကြီးတစ်လုံးကိုငှား ကာ မိဘမဲ့ဂေဟာအဖြစ် အသုံးပြုနိုင်ရန် သာသနာပြုအသင်းက လူအချိုနှင့် ဝိုင်းပြင်ဆင်ကြ၍ ထိုနေရာသည် သူတိုအတွက် ပထမဆုံး အတူနေထိုင်ရာ အိမ်ကြီးဖြစ်လာသည်။ သူ့ကို “ဘုရားတရားလမ်းပြပေးသူ အစ်ကိုကြီး”အဖြစ် ကြည်ညို လေးစားကြကာ သူ့ဇနီးက အိမ်ကြီးရှင်တာဝန်ကိုယူ၍ သူသည် ဆင်းရဲသားရပ် ကွက်ရှိ ယောက်ျားလေးများကို နှစ်ညတာအချိန်ယူကာ သွားရောက်ရှာဖွေ၍ သူ့အကူအညီကို လက်ခံပေးရန် သွားရောက်နားချသည်။ (လူလွတ်တစ်ဦးကဲ့သို အိုးအိမ်မဲ့ကောင်လေးများ ကို အမြော်အမြင်ကြီးစွာ ထိန်းကွပ်ပဲ့ကိုင်သည်) ၊

အစောပိုင်းရက်များတွင် ဘာနာဒိုသည် ဘယ်တော့မှ အကြွေးမတင်ရအောင် စိတ်ပိုင်း ဖြတ်ထားသော ကြောင့် ထောက်ပံ့ကြေးလောက်အောင် မရမချင်း ဂေဟာတွင် ယောက်ျား လေး ၂၅ ယောက်သာ ကန့်သတ်လက် ခံ၏။ သိုသော် သူတိုအထဲမှ မကြာခဏ အစာ တောင်းတတ်သူ” ကာရိုစ် (Carrots) သည် ရက်အနည်းငယ် အတွင်း၌ သေဆုံးသွားလေ ၏။ ထိုအဖြစ်အပျက်ကြောင့် ဘာနာဒိုသည် မူးမေ့၍ သတိပင်လစ်သွားကာ ယင်းအဖြစ် ဆိုးအတွက် သူ့ကိုယ်သူ အပြစ်တင်သည်။ “ငါ့အိတ်ကပ်ထဲမှာ တစ်သျှီလင် (သို) စား သောက်ခန်းထဲမှာ ပေါင်မုန့်တစ်လုံးပင် မရှိစေဦးတော့” နောင် ဘယ်ကလေးကိုမှ အငတ် မခံစေရဘူးဟု မြည်တမ်းသည်။ မကြာမီတွင် ဂေဟာအပြင်ဘက်၌ အသိပေးကြေငြာ စာကြီးတစ်ခုကို ဤသို ချိတ်ဆွဲထား၏။ စားရမဲ့၊ သောက်ရမဲ့ကလေး မရှိစေရ။ ထိုအချိန် မှစ၍ ရှေ့တစ်လျှောက် ကလေးများနှင့် ပြည့်ကျပ်နေတော့၏။

 

သာမန်ပြည်သူများအသင်းတော်

သူ၏ စီမံကိန်းနောက်တစ်ခုမှာ လန်ဒန်အရှေ့ပိုင်းခရိုင်တစ်နေရာတွင် သာမန်ပြည်သူများ ၊ အသင်းတော် (People’s Church) တစ်ခု တည်ထောင်ရန်ဖြစ်သည်။ သူသည် ဆင်းရဲ သားများအပေါ် ကုပ်သွေးစုပ်နေသော အရက်၏ ဆိုးကျိုးများကို သတိပေးတပ်လှန့်ချင် သောကြောင့် အီဒင်ဘာရာရဲတိုက်ဘေးရှိ အကြီးကျယ်ဆုံး “ယမကာနန်းတော်”” ဘေးတွင် ဧဝံဂေလိတရားပွဲ ကျင်းပ၏။ တရားပွဲအောင်မြင်သောကြောင့် အရက်ဆိုင်ပိတ် လိုက်ရသည်။ ဘာနာဒိုသည် ထိုယမကာနန်းတော်ကြီးကို ဝယ်ယူရန် ရန်ပုံငွေရှာ၍ ၁၈၇၃ ခုနှစ်တွင် ဝယ်ယူလိုက် ကာ ထိုအဆောက်အအုံကို ဝတ်ကျောင်းအသွင်ပြောင်း၍ ဆင်းရဲသားများက အသားများကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန် ဈေးဆိုင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်သည်။

ထိုအသင်းတော်တွင် အသင်းသားဦးရေ ၃၀၀ ခန့်ရှိကာ သူတိုသည် ဘာနာဒိုအား သင်းအုပ်အဖြစ်ခန့်အပ် ရန် ဆန္ဒပြု၍ သူသည် အသင်းတော်ကို ဦးဆောင်ကာ ရံခါဆိုသလို ကြီးထွားလာနေသော အသင်းသားများအိမ် တွင် တစ်ရက် ၄ နာရီအချိန်ပေး၍ သွားရောက် လည်ပတ်တတ်သည်။ တနင်္ဂနွေဥပုသ်နေ့တွင် ဝတ်ပြုစည်းဝေး တက်ရောက်သူဦးရေမှာ ၂၀၀၀ ခန့်ရှိ၍ အများစုမှာ ပြောင်းလဲပြီးသူများဖြစ်ကြသည်။ ယမကာနန်းတော်ကြီး သည် ထူးခြားသော လူမှုရေးပြဿနာများ ကိုင်တွယ်ရာနေရာနှင့် အရှေ့ဖျားရပ်ကွက်ရှိ ဆင်းရဲမွဲတေခြင်း ပပျောက်အောင် စီမံရာနေရာဖြစ်လာသည်။

ထိုနှစ်ထဲတွင် ဘာနာဒိုသည် ရစ်ချ်မွန် (Richmond) သူ စီးရီအဲမ်းစလီ (Syric Elmslie နှင့် လက်ဆက်ကာ ထိုနောက် အဲလ်ဖိုဒ် (Ilford) တွင် မိန်းကလေးများဂေဟာ ကို ပထမဆုံး အတူတကွ တည်ထောင်ကြသည်။ မိန်းကလေးများအတွက် နေအိမ်ကို တန်းလျားပုံစံအတိုင်း ပြုလုပ်ထားခြင်းဖြစ်ရာ နောင်အခါ အဆင်မပြေဟု ထင်သောကြောင့် သူတိုကောင်းဖိုအတွက် ပတ်လည်ဝန်းရံကာ မိသားစုပုံစံအတိုင်း ပြန်လည်ပြုပြင်ပေး သည်။

အဲလ်ဖိုဒ်အရပ်တွင် ရွာတစ်ရွာတည်ရန် သူ၏ ဆုတောင်းသံကို ဘုရားရှင်က နား ညောင်းတော်မူသဖြင့် မိန်းကလေးများအတွက် တဲကုပ်ကလေးများဖြင့် အဖွဲလိုက်ခွဲ၍ အဖွဲတစ်ဖွဲစီတွင် သူတိုကို ကြည့်ရှုစောင်မမည့် “အမေ”တစ်ဦးကျပေးထားသည်။ ထို သို မိသားစုပုံစံအတိုင်း ပြုလုပ်ပေးသောအခါ အောင်မြင်မှုရလာသဖြင့် သူသည် စီမံကိန်း များကို တိုးချဲ့လာသည်။ အချိန်အတန်ကြာ သူတိုကို ကြည့်ရှုစောင်မသည့် အမေများနှင့် ထားပြီးနောက် ၁၈၈၆ ခုနှစ်တွင် အသက် ၅ နှစ်မှ ၉ နှစ်အတွင်းရှိ ကလေးငယ်များကို သူတိုအား ထိန်းသိမ်း စောင့်ရှောက်နိုင်မည့် ရွာသားများနှင့် လတ်ဆတ်သောလေ ရှူရှိက် နိုင်ရန်အတွက် အဆောင်နေပုံစံ အတိုင်းထားရန် အစီအစဉ်ဆွဲသည်။

ဆရာဝန်တစ်ဦးအနေဖြင့် ဘာနာဒိုသည် ကလေးများ၏ ကျန်းမာရေးကို အထူးဂရု စိုက်၏။ ၁၈၇၆ ခုနှစ်၊ ခွဲစိတ်ဆရာဝန်အဖြစ် အရည်အချင်းပြည့်မီချိန်တွင် စတက်နေ နေအိမ်၌ ဖျားနာသူကလေးများအတွက် ဆေးရုံတစ်ရုံဖွင့်ကာ နောင် ၂ နှစ်အကြာတွင် အခမဲ့ဆေးခန်းဖွင့်၍ ဆေးကုသရင်း အမှုတော်ဆောင်သည်။ ဘာနာဒို၏ ဇနီးက အသင်း တော်အတွင်းရှိ သက်ကြီးအမျိုးသမီးများနှင့် အဖွဲတစ်ဖွဲတည်ထောင်ကာ ဖျားနာသူများကို ဆေးကုသခြင်းနှင့် မရှိဆင်းရဲသားများအိမ်တွင် သွားရောက်လည်ပတ်ခြင်းများ ပြုလုပ် ကြ၏။

ဘာနာဒိုသည် နှစ်အတန်ကြာသော် ကင့် (Kent) တွင် ကလေးများအတွက် ဂေဟာ တစ်ဆောင်ကို ဖွင့်ကာ (၁၈၈၃)၊ မသန်မစွမ်းသူများအတွက် ဂေဟာနှစ်ဆောင်ကို ထပ် ဖွင့်၍ (၁၈၈၇)၊ ကုသ၍ မရနိုင်သော ရောဂါသည်များအတွက် ဂေဟာတစ်ဆောင် (၁၈၉၄) နှင့် ယောက်ျားလေးများအတွက် သင်္ဘောသားသင်တန်း ကျောင်း (၁၉၀၃) ဖွင့်လှစ်ပေးခဲ့သည်။

ဂေဟာမှ ကြီးပြင်းသူအချို သည် ကနေဒါနှင့် သြစတေးလျကဲ့သိုသော ရပ်ခြား၌ ဘဝသစ်ထူထောင်ခွင့်ရကြ၏။ ဂျင်ဂျားဗီးစ်နှင့်ဆုံတွေ့ပြီး နောက်ပိုင်းတွင် ဘာနာဒိုသည် သူ့ကလေးအချိုကို အန်နီမက်ဖာဆန် (Annie Macpherson) ဆိုသူ အမျိုးသမီးတစ်ဦးထံ ၌ အပ်ကာ ၁၈၈၂ ခုနှစ်မှစ၍ ရပ်ခြားသို ထွက်သော အစီအစဉ်တစ်ခု စတင်၏။ ၆ နှစ် အတွင်းတွင် ကလေးပေါင်း ၂၄ဝဝ ကို အင်ပါယာတစ်ဝန်း၌ အခြေချနေထိုင်နိုင်ရန် စီစဉ်ပေးကာ အများအပြားမှာ အောင်မြင်သော လယ်သမားများ၊ စီးပွားရေးသမားများ နှင့် ဥပဒေပညာရှင်များ ဖြစ်သွားကြ၏။

သူ၏ အောင်မြင်မှုကြောင့် ဝေဖန်မှုအမျိုးမျိုးခံရကာ သူ့ကို အတင်းအဖျင်းပြောသူ များ (ထိုအထဲတွင် အသင်းလူကြီးများလည်းပါ၏) က မဟုတ်မတရား စွပ်စွဲပြောဆို၍ တိုက်ခိုက်ကြသည်။ သမာဓိခုံရုံးအဖွဲက သူ့အပေါ် စွဲချက်များမှာ သူ၏ အလုပ်ကြိုးစား လွန်းမှုကြောင့် အထင်မှားခြင်းဖြစ်သည်ဟုဆိုကာ အပြစ်မှ ခွင့်လွှတ်သည်။ သူ့လုပ်ဖော် ကိုင်ဖက်များက သူသည် အလုပ်ကြိုးစားလုပ်ကိုင်ရန် ကြီးကြပ်စီ မံသူဖြစ်သောကြောင့် သူ့အမှားများသည် သူတိုအတွက် လေးစားစရာပင်ဖြစ်ကာ သူတိုကိုလည်း အလုပ်ကြိုး စားရန် လှုဆော်ပေးသည်ဟုပင် ပြောဆိုကြ၏။

သူ့ဘဝတွင် အရေးအကြီးဆုံးမှာ ကလေးများ၏ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရာရဖို ဖြစ်၍ အများအပြား က သူ့ကို ကြည်ညိုကြသည်။ သူသည် သူတို၏ ဦးခေါင်းပေါ်က ခေါင်မိုးလုံဖိုအတွက်သာ စီစဉ်ပေးသူမဟုတ်ဘဲ သူတို၏ ဝိညာဉ်ပိုင်း လိုအပ်ချက်များကို ၊ ဖြည့်ဆည်းပေးသူလည်းဖြစ်သည်။ သူသည် တောင်းဆိုမှုတစ်ခုကို လိုက်လျောသောအား ဖြင့် သာမန်ပြည်သူများအသင်းတော်တွင် သင်းအုပ်ဆရာတာဝန်နှင့် မိဘမဲ့ကျောင်း၏ အဓိကတာဝန်ရှိသူအဖြစ် ဦးဆွေးဆံမြည့်သည်အထိ ထမ်းရွက်သွားသူဖြစ်သည်။

 

ဝီလီလျံဘုသ် (၁၈၂၉-၁၉၁၂) ကယ်တင်ခြင်းတပ်တည်ထောင်သူ

၁၈၈၃ ခုနှစ်တွင် ဧဝံဂေလိဆရာများသည် လန်ဒန်မြို စွန့်ပစ်ခံသူများ၏ ခါးသီးသော ငို သံ (The Bitter Cry of Outcast London) ဟု ခေါင်းစည်းတပ်ထားသော တစ်ပဲနိတန်ဝေစာ၏ စိန်ခေါ်ခြင်းကို ခံကြရသည်။ လန်ဒန်ကွန်ဂရီဂေးရှင်းရဲလ်အသင်းက ထုတ်ဝေသော ထိုဝေစာ၏ ထောက်ပြချက်အရဆိုလျှင် ဧဝံဂေလိဆရာ များသည် သူတို ၏ ဝတ်ကျောင်းများကိုသာ ဂရုတစိုက်ရှိကြပြီး ဆင်းရဲသားများမှာ နစ်သထက်နစ်၍ ထို ဆင်းရဲသားများနှင့် ဝတ်ကျောင်းများအကြားရှိ ကွာဟမှုမှာ ကျယ်သထက် ကျယ်လာသည် ဟူ၍ ဖြစ်သည်။

လူနေမှုအဆင့်အတန်း ပပ်ကြားအက်ကွဲကြောင်းကြီးသည် နေရာအနှံအပြား ဖြစ် ပွားလျက်ရှိကာ အထူးသဖြင့် လန်ဒန်အရှေ့ဖျားခရိုင်၌ ပရဟိတလုပ်ငန်းကိုယ်စား လှယ်များ မှန်းခြေအရ ၅ဝဝ ခန့်ရှိကာ အရှေ့ဖျားခရိုင်အတွက် နှစ်စဉ် စတာလင်ပေါင် ၃.၅ သန်းခန့် အသုံးပြု၍ ဒါနပြုကြသော်လည်း တရိရိတက်လာသော ဆင်းရဲမွဲတေခြင်း ၊ အတိဒုက္ခကို ကုစားမပေးနိုင်ခဲ့ပေ။

ခရစ်ယာန်အသင်းတော်များသည် အိမ်ယာမဲ့သူများနှင့် ဆင်းရဲသားများထံ၌ ဧဝံ ဂေလိသတင်းစကား ပြောကြားဝေငှရန် ကြိုးစားမှု မရှိခဲ့ကြချေ။ ထိုအခြေအနေတွင် ဝတ်ကျောင်းသို ရောက်မလာနိုင်သူ ထောင်ပေါင်းများစွာထံ၌ ကယ်တင်ခြင်းသတင်းကောင်း၊ သွားရောက်ဝေငှသူများမှာ ကယ်တင်ခြင်းတပ် (Salvation Army) ဖြစ်သည်။

သူတို၏ လုပ်ငန်းအောင်မြင်မှုများကို လူသိများလာသောအခါ အသင်းတော်အသီး သီးကလည်း လူမှုရေးအသိစိတ်ဖြင့် ချဉ်းကပ်လာကြ၏။ သိုသော် သူတိုလောက်ကား အောင်မြင်မှု မရခဲ့ကြ။

အရှေ့ဖျားခရိုင် ၊

ကနဦးအစက လန်ဒန်အရှေ့ပိုင်း ခရစ်ယာန်သာသနာနယ်ဟု လူသိသော လန်ဒန်အရှေ့ဖျား ခရိုင်တွင် ကယ်တင်ခြင်းတပ်က သာသနာပြုခြင်း စတင်၏။ သာသနာပြုခြင်း စတင် သော ခုနှစ်မှာ ၁၈၆၅ ခုနှစ်တွင်ဖြစ်၍ ဦးဆောင်ဦးရွက်ပြုသူမှာ ဝီလျံဘုသ် (William Booth) ဆိုသူဖြစ်ကာ သူသည် ယခင်က Methodist New ၏ အမူတော်ဆောင်ဟောင်းတစ်ယောက်နှင့် နယ်လှည့်ဧဝံဂေလိဆရာတစ်ပါးဖြစ်ခဲ့သည်။ သူသည် အစပထမတွင် အသုံးမပြုတော့သော ကွက်ကာသင်္ချိုင်းမြေ၌ တဲထိုးကာ ထိုနယ်တစ်ဝိုက်ရှိ အညတရများထံတွင် တရားဒေသနာတိုက်ကျွေးခြင်းပြု၍ အထူးသဖြင့် မျက်မမြင်သူ တောင်းစားများထံ၌ တရားထွက်ဟောသော အခါတွင် သူတိုအလွန်စိတ်ဝင်စားကြသည်ကို တွေ့ရ၏။ သူသည် ကိုယ်ထိလက်ရောက် စော်ကားမှုများကို ဆန့်ကျင်သောကြောင့် ထို နှစ်ကုန်တွင် လက်ဝှေ့သမား ပီတာမန်း (Peter Monk) နှင့် သန့်ရှင်းရေးအလုပ်သမ ယစ်ထုတ်ကြီး မားသားမိုးလ် (Mother Moore) တို အပါအဝင် ခရစ်တော်ကို လက်ခံ သူ အယောက်ပေါင်း ၆၀ က သူ့ကို ဝန်းရံလျက်ရှိသည်။

အစောပိုင်းတွင် ဘုသ်သည် သာသနာပြုခြင်းအတွက် မရှိမဖြစ်လိုအပ်သော အသွင် ပြောင်းရေး လမ်းစဉ်နှစ်မျိုးကို သင်ယူ၏။ ပထမှာ သူသည် ကယ်တင်ခြင်းသတင်းစကား တင်ပြဝေငှပုံကို ပြောင်းလဲပစ်ရန် လိုအပ်ကြောင်း သိရှိခြင်းဖြစ်သည်။ ဘုသ်သည် ဝတ် ကျောင်းထဲ၌ တရားဟောလျှင် ဝတ်စုံအပြည့်နှင့်သာ ဟောတတ်သူဖြစ်ရာ မကြာသေးမီ က ပြောင်းလဲလာသူ ဂျပ်စီ ခေါင်းရွက်ဗျက်ထိုးဈေးသည်များထံ၌ ကယ်တင်ခြင်းသတင်း စကားဝေငှပေးရန် ဖိတ်ခေါ်ခြင်းခံရသောအခါ ထိုဝတ်စုံများနှင့်ဆိုလျှင် နေရာမကျဖြစ် တတ်သဖြင့် သူတိုနှင့် တစ်သားတည်းဖြစ်အောင် ဝတ်ဆင်သည်။ ဤနည်းဖြင့် နှစ်အတန် ကြာသောအခါ အညတရများထံ၌ ဧဝံဂေလိတရားကို ချဉ်းကပ်ဝေငှနိုင်ခဲ့သည်။

နောက်တစ်မျိုးမှာ ပြောင်းလဲလာသူများကို အသင်းတော်များတွင် သွတ်သွင်းရေး ဖြစ်၍ ထိုအစီအ စဉ်မှာ မအောင်မြင်ခဲ့ပေ။ သူ့ဇနီး ကက်သရင်း (Catherine) ၏ စွမ်း စွမ်းတမံကူညီမှုဖြင့် သူသည် ခရစ်ယာန် ဘာသာဝင်စ သူတိုနှင့် ရင်းနှီးကျွမ်းဝင်ရာ ပတ်ဝန်း ကျင်ဖြစ်သည့် အရှေ့ဖျားခရိုင်၌ “စခန်းများ”အသီးသီး ဖွင့်ပေး၍ ပြုစုပျိုးထောင်ပေး ခြင်းဖြစ်သည်။

သာသနာပြုခြင်းစတင်ပြီး မကြာမီတွင် ဘုသ်သည် ဆင်းရဲသားများကို အလွယ် တကူ ကြည့်ရှုနိုင်ရန် သူတိုနှင့် လက်လှမ်းမီရာအရပ်ဖြစ်သော ဟက်နေ (Hackney) တွင် သူ့မိသားစုကိုခေါ်ကာ အခြေချနေထိုင်၏။ သူ့ဌာနချုပ်ကို ကျိုက်ချာပယ်လ်လမ်း (Whitechapel Road) အမှတ် ၂၇၂ တွင် ဖွင့်လှစ်သည်။

၁၈၆၈ ခုနှစ်၊ ခရစ်စ္စမတ်မနက်ခင်း ဟွက်ချာပယ်လ်မှ တရားဟောအပြီးတွင် ဆင်းရဲသားများ သောက်စားမူးယစ်၍ ပျော်ပါးကြသည်ကို မြင်တွေ့ရသဖြင့် သူသည် စိတ်မကြည်မသာဖြင့် အိမ်ပြန်လာခဲ့ကာ နောက်တစ်ခါ ဒါမျိုးမဖြစ်သင့်တော့ဟု ဆုံးဖြတ် ၏။ နောက်တစ်နှစ် ခရစ်စ္စမတ်ချိန်ခါတွင် ဆင်းရဲသား အယောက် ၃၀၀ အတွက် ညနေ စာကို ကက်သရင်းနှင့် တပ်မိသားစုများက သူတိုအိမ်တွင် ချက်ပြုတ် ကျွေးမွေးကြသည်။ ဤအပြုအမူသည် သာသနာပြုလုပ်ငန်း၏ အဦးအစ လူမှုရေးလှုပ်ရှားမှု ဖြစ်၏။

လူသားတိုမည်သည် အူမတောင့်မှ သီလစောင့်နိုင်သူများသာဖြစ်ကြောင်းကို သိ မတ်သဖြင့် သူသည် “သက်သာချောင်ချိရေး”ဆိုင်တစ်ဆိုင်ဖွင့်ကာ ၂၄ နာရီပတ်လုံး ပူပူ နွေး အစာများကို ရောင်းချပေးလျက်ရှိ၏။ ထိုအပြင် အသားငါးသုံးမျိုးကို ဈေးနှုန်း ရှိသာစွာဖြင့် ဝယ်ယူနိုင်ရန် “ကုန်ပဒေသာဆိုင်”ငါးခုကိုလည်း တည်ထောင်ပေးသည်။

အထက်ပါ ခရစ်ယာန်သာသနာပြု အသင်းကို ခရစ်ယာန်စစ်သွေးကြွများဟုခေါ်၍ အဖွဲအစည်းထဲ တွင်လည်း စစ်တပ်သုံးဝေါဟာရများကိုသာ အသုံးပြုကြ၏။ သူတိုသည် “ဟာလေလုယာစစ်တပ်”အတွင်း၌ “ဘုရားရှင်အတွက် တိုက်ပွဲဝင်သော” စစ်သွေးကြွ များဖြစ်ရာ ဘုသ်သည် သူတို၏ “ဗိုလ်ချုပ်” (General) ဖြစ်သည်။ ၁၈၇၈ ခုနှစ်တွင် ဘုသ်က သူတို၏ သာသနာပြု အသင်းကို “စေတနာ့ဝန်ထမ်းတပ်” (Volunteer Amy) ဟု အမည်သမုတ်သည်ကို သူ့လက်ထောက်ဗိုလ်ကလေး (Lieutenant) ဂျော့ချ် ရေတန် (George Railton) က ကန့်ကွက်၏။ ထိုကြောင့် ဘုသ်သည် “စေတနာ့ဝန်ထမ်း” နေရာကို “ကယ်တင်ခြင်း” (Salvation) ဖြင့် အစားထိုးကာ ယနေ့တိုင် ထိုအမည်ဖြင့် တွင်သည်။

၁၈၇၉ ခုနှစ် အစောပိုင်းတွင် ပြောင်းလဲလာသူဦးရေမှာ ရေတွက်၍ရသော ထောင် ဂဏန်းသာရှိသေး၍ စခန်းပေါင်း ၈၁ စခန်းရှိကာ အချိန်ပြည့် ဧဝံဂေလိဆရာ ၁၂၇ ဦးရှိ၍ တစ်နှစ်တွင် ဝတ်ပြုပွဲကြိမ်ပေါင်း ၇၅၀၀၀ ခန့် ကျင်းပနိုင်ခဲ့ကြသည်။ ဘုသ်က ဤမျှ လောက်သာ မဟုတ်နိုင်ဟု စောဒကတက်သည်။ ထိုကြောင့် ဆာလစ်(စ်)ဘာရီ (Salisbury) တွေ့ဆုံပွဲ၌ တပ်သားများထံ ဖြေရှင်းချက်တောင်းသည်။ လဟာပြင်တွင် ပြုလုပ် မည့် ထိုတွေ့ဆုံပွဲတွင် ဘေးအန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသောကြောင့် ကယ်တင်ခြင်းတပ် သားကောင်း ဝီလျံဖရိုင် (William Fry) နှင့် သူ့သားသုံးယောက်တိုက ကိုယ်ရံတော် များအဖြစ် စောင့်ကြပ်တာဝန်ကို ယူကြ၏။

 

 

 

တပ်ဘင်ခရာတီးဝိုင်း ၊

သူတိုသည် ဝတ်ပြုပွဲတိုင်းတွင် ဂီတတူရိယာများနှင့် အဆိုရှင်များကို တစ်ပါတည်းယူ ဆောင်သော တပ်ဘင်ခရာတီးဝိုင်းကို ပထမဆုံး ဖွဲစည်းကြသည်။ အစပိုင်းတွင် သူတို ဗိုလ်ချုပ်က ထိုစိတ်ကူးကို သဘောမတွေ့လှသော်လည်း နောက်ဆုံးတွင် လက်ခံ၏။ သိုသော် “အကောင်းဆုံးသံစဉ်မှန်သမျှဟာ ဘာဖြစ်လို လောကသီချင်းတွေချည်း ဖြစ်ရသ လဲကွာ”ဟု ညည်းတွားဖူးသည်။ များမကြာမီတွင် ဘုသ်၏ သွားလေရာ တရားပွဲ၌ တပ် ဘင်ခရာတီးဝိုင်းသည် နောက်မှတကောက်ကောက် လိုက်ပါလာသောကြောင့် လူအများ ၏ အာရုံကို ပို၍ ဖမ်းစားနိုင်ခဲ့သည်။

 

တပ်မတော်ဂီတ

၁၈၇၈ ခုနှစ်တွင် ဖွဲစည်းတည်ထောင်သော တပ်ဘင်ခရာတီးဝိုင်း၏ ရည်ရွယ်ချက်မှာ ထူးဆန်းသော တူရိယာမျိုးစုံဖြစ်သည့် ကောနက်ခရာများ၊ အမဲလိုက်ရာတွင် အသုံးပြုသော အချက်ပေးခရာများ၊ ဘင်ဂျိုများနှင့် တမ်ဗိုးရင်းများဖြင့် ရိုးစင်းစွာ ဂုဏ်တော်ချီးမွမ်းနိုင် ရန်ဖြစ်သည်။ (“hymn” ဓမ္မတေးကို ဝတ်ကျောင်းထဲတွင်သာ အသုံးပြုရန် တားမြစ်ထား ၏) ယခင်က တ ယောပညာရှင် Under Richard Slater နှင့် Sir Arthur Sullivan တိုသည် ထိုခေတ်က နာမည်ကြီးတေးသီချင်းများ၏ သံစဉ်ကိုယူကာ (မူပိုင်ခွင့် ပြဿနာ မရှိ) တပ်တွင်းသီချင်းများအဖြစ် အသုံးပြုခဲ့ကြသည်။ The Old Folk At Home” သီချင်း of “Joy, Freedom, Peace and Ceaseless Blessing” အဖြစ်လည်းကောင်း၊ စကော့တလန်သီချင်းတပုဒ်ဖြစ်သော“Here’s to Good Old Whisky” သိချင်းကို “Storm the Forts of Darkness” အဖြစ်လည်းကောင်း ဆီလျော်အောင် ပြန်လည်သီကုံး ကြသည်။ ဘုသ်သည် သူတို၏ သီချင်းရယူပုံမျိုးကို တင်းပြည့်ကျပ်ပြည့် လက်မခံနိုင်သေး သော်လည်း ၁၈၈၂ ခုနှစ်၊ ဂူစတာ (Worcester) ကပွဲရုံ၌ Champagne Charlie သီ ဆိုသော ကိုယ်ပိုင်သံစဉ် “Bless His Name, He Sets Me Free” သီချင်းကို နား သောတဆင်ရာမှ လောကီသီချင်းများတွင်သာ အကောင်းဆုံး သံစဉ်များရှိသည် မဟုတ်ကြောင်း အမှတ်ရလာသည်။ တစ်နှစ်အတွင်းတွင် တပ်တွင်းဂီတဌာန၌ ကိုယ်ပိုင်သံ စဉ်ဖြင့် သီချင်းများ သီကုံးရေးစပ်သော အဖွဲမှာ ၄၀၀ ခန့်ရှိ၍ သူတိုတွင် တင်ဆက်အ သုံးတော်ခံနိုင်သည့် နာမည်ကျော် တေးသီချင်းပေါင်း ၈၈ ပုဒ်ရှိသည်။

ရှေးယခင်ကတည်းက တပ်သားများသည် တပ်မတော်၏ အင်္ဂါရပ်များကို ထင်သာ မြင်သာအောင် ပုံဖော်ခဲ့ကြ၏။ ညီလာခံအစား တပ်မတော်က စစ်ကောင်စီပုံစံအတိုင်း အုပ်ချုပ်ကာ ရာထူးနှင့် အဆင့်အ တန်းများကို နောက်မှပေးသည်။ ၁၈၇၈ ခုနှစ်တွင် ကက်သရင်းဘုသ် (Catherine Booth) က ညီလာခံစခန်း အတွက် အောင်လံဒီဇိုင်း ဆွဲကာ ယင်းအောင်လံသည် တပ်မတော်၏ စံနှုန်းစံထားဖြစ်လာသည်။ ထိုအောင်လံ၏ အောက်ခံမှာ ကြက်သွေးရောင်ဖြစ်၍ အလယ်တွင် နေမင်းကြီးတစ်လုံးပါရှိ၏။ နောင်အခါ ထိုနေမင်းကြီးကို ကြယ်တစ်လုံး ဖြင့်အစားထိုးကာ “အသွေးတော်နှင့် ဝိညာဉ်တော်မီး” (Blood and Fire) ဟု စာတမ်း ရေးထိုးထားသည်။ ၁၈၈ဝ ခုနှစ်တွင် စံမီသော တူညီဝတ်စုံကို စတင်ဝတ်ဆင်ကာ ပထမဆုံးပြောင်းလဲသူများကို သိသာမြင်သာအောင် ဝတ်စုံအပြည့်ဝတ်ဆင်စေ၍ အမျိုးသမီးများကို မေးသိုင်းကြိုးပါသော ဦးထုပ်ကို ဝတ်ဆင် စေသည်မှာ ယနေ့တိုင်ဖြစ်သည်။

တပ်မတော်သည် အောင်မြင်မှုခြေလှမ်းပေါ်သို မာန်ဟုန်ပြင်းပြင်းဖြင့် ခရီးနှင်နေစဉ် ကာလ ၁၈၈ဝ ခုနှစ် မှစ၍ ဆယ်စုနှစ်တစ်စုအတွင်းတွင် ကိုယ်ထိလက်ရောက် စော်ကား မှုများ အများအပြား ခံခဲ့ရသည်။ ၁၈၈၂ တစ်နှစ်အတွင်း၌ တပ်မတော်စစ်သားပေါင်း ၆၆၉ ယောက် အတိုက်အခိုက်ခံရ၍ အဆောက်အအုံ ၆၀ မှာ တစ်စစီဖြစ်အောင် ဖြိုချ ဖျက်ဆီးခြင်းခံရသည်။ တစ်နိုင်ငံလုံးရှိ စနစ်တကျ စီတန်းလှည့်လည်သော တပ်မတော် သားများသည် လူစုခွဲခံရခြင်းနှင့် သူတို၏ စည်းဝေးပွဲများ ဖြိုခွဲခံရခြင်းများအပြင် ဟေးစ် တင်း (Hastings) တွင် အမျိုးသမီးတစ်ဦးမှာ အသက်ထွက်သည်အထိ ကန်ကျောက် ခံရသည်။

ထိုသိုသော အခြေအနေများကြောင့် ဂူတင်း (Worthing) တွင် အကြာရှည်ဆုံး စစ်ပွဲတစ်ပွဲကို ဆင်နွှကြရသည်။ ၁၈၈၄ ခုနှစ်တွင် “အမာခံတပ်မတော်သား” ၄၀၀၀ သည် ၃ လကြာ မနားတမ်းတိုက်ပွဲဝင်ကြ၏။ နောက်ဆုံးတွင် အမိန့်အရ တပ်မတော်သား များကို ဘရစ်တန် (Brighton) သို ပြန်လည်ခေါ်ယူသည်။ ၁၈၉၀ ခုနှစ်တွင် ရာဇဝတ် တရားသူကြီးက သူတိုကို အနိုင်ပေးသောကြောင့် တပ်မတော်သားများသည် ကိုယ်ထိ လက်ရောက် စော်ကားမှုများမှ ကင်းလွှတ်လျက် အင်္ဂလန်၏ လမ်းမကြီးများတစ်လျှောက် တွင် သူတို၏ အောင်မြင်မှုကို လူသိစေရန် စီတန်းအင်အားပြကာ ချီတက်လျက်ရှိကြသည်။

ယခုအချိန်တွင် ဘုသ်သည် သူ့စိတ်ကူးအိပ်မက်ကို ကျယ်ပြန့်စွာ ဖြန့်ကြက်ထားနိုင် ရန် “ကမ္ဘာတစ်ဝန်းတွင် လက်နက်စွဲကိုင် တိုက်ပွဲဝင်ရမည်”ဟု ကြွေးကြော်၏။ သိုသော် အကြောင်းတိုက်ဆိုင်၍ သူ့အရင် ရပ်ခြားသို ရောက်သွားသူများရှိသည်။ ၁၈၇၈ ခုနှစ် တွင် အာမုတ်စ်ရှယ်လီ (Amos Shirley) သည် အလုပ်လုပ်ရန် အမေရိကသို ပြောင်း ရွှေ့နေထိုင်၏။ သူသည် သူ့ဇနီးနှင့် သမီးကိုခေါ်၍ ဖီလာဒဲဖီးယား (Philadelphia) တွင် အသုံးမပြုတော့သော စက်ရုံဟောင်းတစ်ခုကို ငှားရမ်းကာ ကယ်တင်ခြင်းတပ်အသွင်ဖြင့် ဝတ်ပြုစည်းဝေးပွဲများ ကျင်းပပြုလုပ်သည်။ နောင် ၂ နှစ်တွင် ဂျော့ချ်ရေလ်တန်သည် နယူးယောက်သို ရွက်လွှင့်ကာ ကယ်တင်ခြင်းတပ်ကို ဖွင့်လှစ်၍ သူ့နောက်တွင် အင်္ဂလန် နိုင်ငံ အနယ်နယ်အရပ်ရပ်မှ လူ ၁၀ ယောက် ထပ်ရောက်လာ၏။

ထိုအပြင် ဗိုလ်ချုပ်၏ သမီးကြီး ကိတ်ဘုသ် (Kate Booth) သည် ၁၈၈၁ ခုနှစ် တွင် ပြင်သစ်သို တိုက်ပွဲဝင်ရန်””တပ်သားအချိုကို ဦးဆောင်၍ ထွက်သွားကာ ဘာသာ စကားသုံးမျိုးကို မွှတ်နေအောင် ပြောနိုင် သူ ဗိုလ်မှူးဖရက်ဒရစ်တော့ကာ (Major Fredcrick Tucker) သည် နောက် ၁ နှစ်တွင် အိန္ဒိယရှိ ဟိန္ဒူလူမျိုးများနှင့် ဆစ်ခ် (Sikhs) ဘာသာဝင်များထံ ဘာသာရေးတိုက်ပွဲဆင်နွှရန် ထွက်ခွာ၏။ အခြားရုံးစိုက်ရာနေရာများ မှာ သြစတေးလျနှင့် နယူးဇီလန်တွင်ဖြစ်၍ ထိုအချိန်လောက်တွင်ပင် အင်္ဂလန်ရှိ တပ်သား အချိုမှာ ဆွစ်ဇာလန်၊ ဂျာမနီ၊ ဟော်လန်နှင့် စကင်ဒီနေးဗီးယားသိုတိုင် ထိုးဖောက်ဝင် ရောက်သည်။ ၁၈၉၁ ခုနှစ်တွင် တပ်မတော် အရာရှိ (officers) အယောက် ၁ဝဝဝဝ သည် နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် ခိုင်မာစွာ ရပ်တည်နေနိုင်ကြပြီဖြစ်သည်။

ဘုသ်သည် မည်သည့်အချိန်တွင်ဖြစ်စေ အကူအညီလိုအပ်သူများကို ကူညီရန်အသင့် ဖြစ်နေတတ်သည်။ တစ်ခါက အချိန်နောက်ကျ၍ ပြန်လာရာ လန်ဒန်တံတားကို ဖြတ်ကူး နေစဉ် လမ်းဘေးတစ်နေရာ၌ သတင်းစာများဖြင့် ဖုံးအုပ်လျက် အိပ်ရန် ကြိုးစားနေသူ၊ တစ်ဦးကို မြင်၏။ နောက်တစ်နေ့တွင် သူ့သားကိုခေါ် ကာ ထိုလူ့အတွက် တစ်ခုခုလုပ်ပေး ရန် ခိုင်းသည်။ ဘရမ်းဝဲလ် (Bramwell) က ကုန်လှောင်ရုံတစ်ခုဝယ်ကာ ထိုကုန် လှောင်ရုံသည် ကယ်တင်ခြင်းတပ်၏ ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်သော ပထမဆုံး သား ငါးဆိုင်နှင့်တွဲထားသည့် အိုးအိမ်မဲ့ တည်းခိုရိပ်သာဖြစ်လာသည်။ ထိုအချိန်က အင်္ဂလန် တွင် အိုးအိမ်မဲ့သူနှင့် ငတ်ပြတ်သူဦးရေပေါင်းမှာ ၃ သိန်းခန့်ရှိသည်ဟု ခန့်မှန်းရ၏။

ထိုအခြေအနေများကို လူသိရှင်ကြားဖြစ်အောင် သတင်းစာအယ်ဒီတာတစ်ဦးဖြစ်သူ ဒပ်ဘလှူတီစတက် (WT Stead) နှင့်ပေါင်း၍ ဘုသ်ကအင်္ဂလန်၏ In Darkest England and The Way Out အမည်ရ စာအုပ်တစ်အုပ် ရေးသားထုတ်ဝေကြသည်။ ထိုစာ အုပ်ထဲတွင် ဘုသ်က ဆင်းရဲသားများ မည်သိုအသက်ရှင်ရပုံကို အကြမ်းဖျင်းရေးသား ထား၍ ထိုကံဆိုးမိုးမှောင်ကျမှုများကို မည်သို ကုစားရမည်အကြောင်း ဘုသ်၏ အကြံ ပြုချက်များ ပါရှိသည်။

ဘုသ်က “လှည်းဆွဲမြင်းရပိုင်ခွင့်” (Cab-Horse Charter) ဟူသော အစီအစဉ် တစ်ခုကို ရေးဆွဲ၍ လှည်းဆွဲခြင်းတိုင်းက အစားအစာ၊ နေရာနှင့် အလုပ်ကို ရရှိသ ကဲ့သို လူသားများအတွက် ထိုအခွင့်အရေးမျိုးကို စီစဉ်ပေးနိုင်လျှင် အတိုင်းထက်အလွန် ဝမ်းမြောက်ဖွယ်ရာဖြစ်မည်အကြောင်း ရှင်းပြသည်။ ယင်းအစီအစဉ် အတွက် ပြည်သူများ ထံမှ ကောက်ခံရရှိသော ထည့်ဝင်လှူဒါန်းငွေမှာ အနည်းဆုံး စတာလင်ပေါင် ၁ဝဝဝဝဝ နှင့် နှစ်စဉ် ထိုစီမံကိန်းအတွက် ထည့်ဝင်လှူဒါန်းငွေမှာ စတာလင်ပေါင် ၃ဝဝဝဝ ရှိ သည်။

ပြည်သူများ၏ အားတက်သရောပါဝင်မှုကြောင့် သူ့ရည်မှန်းချက်များ အောင်မြင် သည်။ သိုသော် လော့ဒ်ရဲဖ်ဘာရီ (Lord Shailesbury) နှင့် သောမတ်စ်ဟတ်စ်လေ တို (Thomas Hukley) ကဲ့သိုသော တိုင်းသိပြည် သိပုဂ္ဂိုလ်ကြီးများက သူ၏ စိတ်ကူး စိတ်သန်းများကို တိုက်ခိုက်လာကာ “လေပေါ်တိုက်ဆောက်ခြင်းသာ ဖြစ်သည်”ဟု ဆိုကြ၏။ သိုသော် ဝင်စတန်ချာချီ (Winston Churchill) နှင့် ကာဒီနယ်မန်းနင်း (Cardinal Manning) တိုက ထောက်ခံသဖြင့် သူ့အလုပ်ကို ဆက်လုပ်ရန် ဆုံးဖြတ်သည်။

 

တပ်မတော်အသွင်ဆောင်သော အသင်းတော်

အင်္ဂလီကန်အသင်းတော်သည် ဘုသ်၏ တပ်မတော်အသွင်ဆောင်သော အသင်းတော်ကို နှစ်ခြိုက်သဘော ကျသဖြင့် ပရက်စ်ဘီတေးရီးယန်းမှလာသူ စကော့လူမျိုး အောင်မြင်သော စီးပွားရေးသမား ဝီလ်ဆင်ကာလီ (Wilson Carlile 1847-1942) ၏ ခေါင်းဆောင်မှု ဖြင့် အဖွဲအစည်းတစ်ခု တည်ထောင်သည်။ ကာလီသည် ၁၈၇၄ ခုနှစ်တွင် မူးဒီ၏ တရား ပွဲမှ တိုထိခြင်းခံရကာ ၁၈၇၈ ခုနှစ်တွင် အင်္ဂလန်အသင်းတော်၌ သိက္ခာတင်ပေးခြင်းခံရ သူဖြစ်သည်။ သူသည် လန်ဒန်မြို Kensington မှ လူဝတ်ကြောင်များကို စုစည်းကာ လဟာပြင်၌ ဆလိုက်မီးရောင်အောက်တွင် တရားပွဲများ ကျင်းပပေး၏။ ၁၈၈၂ ခုနှစ်တွင် သူနှင့် စိတ်တူကိုယ်တူ အင်္ဂလီကန်နှစ်ဦးနှင့် တပ်မတော်အသွင်ဆောင်သော အသင်း တော်ကို တည်ထောင်ကာ “အရာရာကိုစွန့်လွှတ်၍ ခရစ်တော်အတွက် ပေးဆပ်ချင်သော တက်ညီလက်ညီ အလုပ်လုပ်မည့်” စေတနာ့ဝန်ထမ်းများခေါ်ယူသည်။ သူတိုသည် ကယ် တင်ခြင်းတပ်ကို စံပြုကာ အလုပ်လုပ်သူများဖြစ်သည်နှင့်အညီ အိုးအိမ်မဲ့များနှင့် ဆာ လောင်မွတ်သိပ်သူများကို အဓိကထားပြုစုရင်း ဧဝံဂေလိတရားဝေငှသည်။ ကာလီသည် ၁၉၂၆ ခုနှစ်တွင် မြောက်အမေရိက၌ တပ်ခွဲများဖွင့်လှစ်နိုင်ရန် အမေရိကန်ပြည်ထောင်စု နှင့် ကနေဒါသို သွားရောက်ခရီးဆန့်သည်။

ဝီလျံသည် ပြည်တော်သာ စီမံကိန်း (Welfare State) ကို ဆွဲထားသည်မှာ အနှစ် ၂၀ ပင် ရှိ၍ သူသည် ဘဏ်ချေးငွေအနည်းငယ်ကို ယူကာ အလုပ်လက်မဲ့ပြဿနာကို ဖြေ ရှင်းပေးသည်။ ၉ နှစ်အတွင်း၌ တပ်မတော် သည် အလုပ်သမား ၉၀၀၀ အတွက် အလုပ် ရှာပေးခြင်းနှင့် ညစဉ်ညတိုင်း အမျိုးသားနှင့် အမျိုးသမီးပေါင်း အယောက် ၃၀၀၀ အတွက် ယာယီတည်းခိုရန် နေရာကို စီစဉ်ပေးနိုင်ခဲ့ကြသည်။

၁၈၉၀ ခုနှစ်တွင် ဘုသ်၏ အနီးကပ်ဆုံး အဖော်အဖက်ဖြစ်သူ သူ့ဇနီးကွယ်လွန်သွား လေ၏။ သူသည် မည်မျှပင် ပရိဒေဝမီးတောက်လောင်စေကာမူ သူ့လုပ်ငန်းကိုကား မလစ်ဟင်းစေခဲ့ပေ။ ယခုအချိန်တွင် ပို၍ လွတ်လပ်လာသဖြင့် ကမ္ဘာတစ်ဝန်းရှိ တပ် အင်အားကို လှည့်လည်ကြည့်ရှုရန် ခရီးများ ဆက်တိုက်ထွက်သည်။ ၁၉ဝ၄ ခုနှစ်နှင့် ၁၉၀၇ အကြားတွင် ဗြိတိန်သို မော်တော်ကားဖြင့် သုံးကြိမ်ခရီးထွက်ရာ ထိုခရီးမိုင် ပေါင်းမှာ ၅၀၀၀ ခန့်ရှိ၍ မိန့်ခွန်းပေါင်း ၄၀၀ နီးပါး မိန့်ကြားခဲ့သည်။

ဗိုလ်ချုပ်ဘုသ် လုပ်ခဲ့သမျှထဲတွင် ဝမ်းနည်းဖွယ်ရာအကောင်းဆုံးဖြစ်ရပ်တစ်ခုမှာ ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ အသက် ၁၃ နှစ်အရွယ်ရှိသော မိန်းကလေးအချိုကို ရပ်ခြားသို လူကုန်ကူးခြင်းအမှုအား မှောက်လှန်ပစ်ရန် ဘရမ်းဝဲလ် နှင့် ဒပ်ဘလှူတီစတက်တို ကြိုးစားစဉ်ကဖြစ် သည်။ ထိုအချိန်က အသက် ၁၃ နှစ်မှ ၁၆ နှစ်အရွယ်ရှိ မိန်းကလေးများသည် မိမိဆန္ဒအတိုင်းသာ နေနိုင်ခွင့်ရှိကြသဖြင့် သူတို၏ အစီအစဉ်မှာ ကမောက်ကမဖြစ်၍ စတက်သည် ပြည့်တန်ဆာအမျိုးသမီး ငယ်တစ်ဦးကို ဂုဏ်သိက္ခာညှိးနွမ်းစေမှုဖြင့် ထောင်ချခံရသည်။

အခြေခံအားဖြင့် ဘုသ်သည် ဧဝံဂေလိဆရာတစ်ပါးဖြစ်သော်လည်း ဘုရားရှင်၏ ချစ်ခြင်းမေတ္တာ အကြောင်းကိုသာ ဝေငှပြောကြားသူ မဟုတ်ဘဲ ဒုက္ခရောက်သူများကို လက်တွေ့ အကူအညီပေးသူလည်း ဖြစ်သည်။ ဘာနာဒိုကဲ့သိုပင် ဧဝံဂေလိလုပ်ငန်းနှင့် လူမှုရေးဆောင်ရွက်ချက်တိုမည်သည် ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းကဲ့သိုဖြစ်သည်ဟု အမြင် ရှိသူဖြစ်သဖြင့် သူသည် ထိုအရာနှစ်ခုကို ဘယ်တော့မှ ခွဲခြားခြင်း မပြုခဲ့ပေ။ တစ်ခါ သားတွင် ဘုသ်က ဘာနာဒိုကို ဤသိုပြောဖူးသည် ဟူ၏။ “မင်းက ကလေးငယ်တွေ ကို ကြည့်ရှုစောင့်ရှောက်တယ်၊ ငါက အရွယ်ရောက်ပြီးသူတွေကို ကြည့်ရှုစောင်မတယ်။ တကယ်တမ်းပြောရရင် တိုနှစ်ယောက်ဟာ ကမ္ဘာကို ပြောင်းလဲမှုတွေဖြစ်တယ်”

ဘုသ်ကွယ်လွန်သောအခါ သူ့ဈာပနအခမ်းအနားကို လန်ဒန်အနောက်ပိုင်း အိုလံပီ ယာတွင် ကျင်းပ၏။ ယခင်က ပြည့်တန်ဆာဘဝမှ သူ့ကို ကယ်တင်ပေးခဲ့သူမှာ ကယ် တင်ခြင်းတပ်များဖြစ်ကြောင်း ဝန်ခံသော နုံချာစုတ်ပြတ်သော်လည်း ရိုးရိုးယဉ်ယဉ်နှင့် ဣန္ဒြေရရဝတ်ဆင်သည့် အမျိုးသမီးတစ်ဦး၏ ဘေးတွင် ဘုရင်မမေရီသည် မည်သူ့ ကိုမျှ အသိမပေးဘဲ တိုးတိုးတိတ်တိတ်ကလေး လာထိုင်သည်။ အခေါင်းမြေချချိန်တွင် ထို ပြည့်တန်ဆာအမျိုးသမီးသည် ညှိးနွမ်းသော ဇော်မွှားပန်းသုံးပွင့်ကို အခေါင်းဖုံး ပေါ်သို မဝံ့မရဲတင်လိုက်၏။ ဘုရင်မကြီးက စပ်စပ်စုစုဖြင့် ထိုအမျိုးသမီးထံ၌ “ ဒီဗျာ ပနအခမ်းအနားမှာ မင်းဘာတွေယူခဲ့သေးလဲဟင်””ဟုမေးရာ ထိုပြည့်တန်ဆာအမျိုး သမီးက “အို .. သိပ်ဟုတ်တာပေါ့ရှင်၊ သူ ကျွန်မတိုကိုချစ်လို ကျွန်မတို ဒီနေရာမှာ လာကြတာပဲလေ”ဟု ခွန်းတုံပြန်၏။

ကက်သရင်းဘုသ် (၁၈၂၉-၁၈၉ဝ) ကယ်တင်ခြင်းတပ်၏ မိခင်

ကယ်တင်ခြင်းတပ်သည် ကက်သရင်းဘုသ် (Catherine Booth) ၏ အကူအညီမပါလျှင် ပေါ်ပေါက်နိုင်ဖွယ်ရာ မရှိပေ။ ဝီလျံဘုသ်ကို ကယ်တင်ခြင်းတပ်တည်ထောင်သူဟု လူ အများက သိမှတ်ကြသော်လည်း တကယ်တမ်းဆိုလျှင် ထိုအောင်မြင်မှုအတွက် လင်နှင့် သား၏ စုပေါင်းအားထည့်မှုမှာ ဆတူလောက်ကျပေလိမ့်မည်။ ထိုသိုဖြစ်ရခြင်းမှာလည်း ထိုခေတ်က အမျိုးသမီးထုကြီး၏ “ကျား၊ မ အခွင့်အရေးတန်းတူရခြင်း” (equality of the sexes) လှုပ်ရှားမှုကြောင့် ဖြစ်နိုင်ပေသည်။ ၁၉ ရာစုအလယ်လောက်တွင် အမျိုး သမီးများ၏ လွတ်လပ်ခွင့်ဆိုင်ရာ လှုပ်ရှားမှုများ ပေါက်ကွဲထွက်လာသောအခါ ကက်သ ရင်းမန်းဖော့ဒ် (Catherine Mumford) သည် ၁၈၅၁ ခုနှစ်၌ ကလောင်တံကိုင်၍ ထို အကြောင်းခြင်းရာအသစ်အတွက် တိုက်ပွဲဝင်သည်။

ဖလောရင်းစ်နိုက်တင်ဂေးလ် (Florence Nightingale) ၏ သူမဘဝတစ်လျှောက် ပေးဆပ်ခဲ့ရသော အလုပ်၊ ဘရွန်တီ (Bronte) ညီအစ်မများ၏ စာပေအရေးအသားများ နှင့် အခြေခံကျကျ ရေးသားထားသော ဂျွန်စတော့မီးလ် (John Stuart Mill) ၏ တန်း တူဖြစ်ရေး ကြိုးပမ်းမှုများက အတိုင်းအတာတစ်ခုထိ လှုဆော်ပေးနိုင်ခဲ့သော်လည်း သာတူညီမျှရေးသည် သဘောတရားအဆင့်တွင်သာ ရှိသေး၏။ ရာစုနှစ်ကဲ့သိုပင် တန်း တူဖြစ်ရေး ယုံကြည်ချက်သဘောထားပျံ့နှံမှုမှာ အချိန်ကြာမြင့်လာသည်နှင့်အမျှ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သော သူနာပြုလုပ်ငန်းနှင့် ပညာရေးတိုတွင် စိမ့်ဝင်ပျံ့ နှံရောက်ရှိလာသည်။

အသင်းတော်အများစုတွင် အမျိုးသမီးများကို ပလ္လင်ပေါ်တက်ခွင့်ပိတ်ပင်ထားသော ကြောင့် ကက်သရင်းကို တရားဟောရန် ဖိတ်ကြားသောအခါ ရန်လိုမှုများ တွေ့ရ၏။ သိုသော် အမျိုးသမီးထုကြီးသည် ဆန်းသစ်သော အမျိုးသမီးတရားဟောဆရာမ၏ တရား ဟောချက်ကို သဘောကျကြသည့်အပြင် သူမ၏ တရားဟောအထုံပါရမီကိုလည်း တန်ဖိုး ထားကြသည်။ သူမသည် ပလ္လင်ပေါ်မှ တရားမဟောရစေကာမူ မြေပြင်တွင် မတ်တပ် ရပ်လျက် သမ္မာကျမ်းဆိုင်ရာ အခြေခံအကြောင်းအရင်းများနှင့် ဘုရားရှင်၏ စေခိုင်းချက် ကို အချက်ကျကျ ဟောကြားတတ်သောကြောင့် သူ့ခေတ်အခါက ထင်ရှားသော တရား ဟောဆရာများထဲတွင် တစ်ဦးဖြစ်လာသည်။

ဝီလျံဘုသ်သည် ပြောင်းလဲလာသူအမျိုးသမီးများ၏ စွမ်းဆောင်ရည်မှာ အမျိုးသား များနှင့် ထပ်တူကျသည်ကို သိသဖြင့် တစ်ခါက ဤသို မှတ်ချက်ပြု၏။ “ငါ့တပ်ထဲက အတော်ဆုံးစစ်သားတွေဟာ အမျိုးသမီးတွေသာဖြစ်တယ်။” ၊

၁၈၈ဝ ခုနှစ်တွင် တပ်စခန်းအများအပြားကို စောင့်ကြပ်ရန် အမျိုးသမီးအရာရှိများကို သင်တန်းပေး၏။ သူတိုအထဲမှ အချိုနာမည်များသည် တပ်မတော်သမိုင်းတွင် ထင်ကျန် လျက်ရှိ၏။ ထိုသူတိုမှာ ဝူတင်း (Worthing) တွင် အမာခံတပ်သားအဖြစ် ၂ လတာ အာခံ တိုက်ပွဲဝင်သူ ဗိုလ်ကြီးအက်ဒါစမစ်သ် (Ada Smith)၊ ကင်စတန် (ကနေဒါ) တွင် ည ရက်စဉ် လူပေါင်း ၁၂၀၀၀ ကို တရားရေအေး တိုက်ကျွေးသူ ဗိုလ်ကြီးအက်ဘေ တွမ်ဆန်  (Abbie Thompson) နှင့် ၁၈၈၂ ခုနှစ်တွင် ဟေးစ်တင်း (Hastings) ၌ တပ်မတော် သားများထဲတွင် မာတုရအဖြစ် ပထမဆုံး အသတ်ခံရသူ အမျိုးသမီးဆူဆာနာဘက်တီ (Susannah Beaty) တိုဖြစ်သည်။

တပ်မတော်၏ “ညွှန်ကြားချက်အမိန့်များနှင့် စည်းမျဉ်းစည်းကမ်းများ”အရ “ယောက်ျား”နှင့် “မိန်းမ”အကြားတွင် ကွဲပြားခြားနားခြင်းမရှိစေဘဲ မည်သည့်လုံမပျို လေး (Lassie) မဆို ခရစ်ယာန်ဘုန်းကြီး၊ အယ်ဒီတာ (သို) ဗိုလ်ချုပ်ပင်လျှင် ဖြစ် နိုင်၏။

 

နှင်ထုတ်ခံရခြင်း

မန်းဖော့ဒ်မိသားစုသည် လင်ကွန်းရှိင်းယား (Lincolnshire) မှ လန်ဒန်တောင်ပိုင်း ဘရစ်(စ်)တန် (Brixton) သို ပြောင်းရွှေ့လာပြီးချိန်တွင် အသက် ၁၇ နှစ်ရှိသော ကက်သ ရင်းသည် ယုံကြည်ခြင်းရှိလာ၍ သူမအသက်တာ ကို “ဘုရားရှင်အတွက် ပုံအောထားရန်” ဆုံးဖြတ်၏။ သူမသည် ဘရစ်(စ်)တန် မက်သဒစ်အသင်းတော်၌ ပါဝင်၍ သူမ၏ အတန်း ခေါင်းဆောင်က သူမအား မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ဆုကျယ်ကျယ်တောင်း တတ်ရန်နှင့် လူထုရှေ့ထွက်၍ စကားပြောတတ်ရန် ကူညီသည်။ အငြင်းပွားစရာကိစ္စ တစ်ခုကြောင့် သူမ မက်သဒစ်အသင်းတော်မှ နှင်ထုတ်ခံရသဖြင့် အနီးအနား၌ရှိသော “Reform Movement” ၌ ပါဝင်သည်။ ။

ဤနေရာတွင် ကက်သရင်းသည် ဝီလျံဘုသ်နှင့် တွေ့ဆုံကာ ဘုသ်သည် ထိုအချိန် က ဝယ်စလီယံအသင်းတော်မှ ပူပူနွေးနွေး အထုတ်ခံရချိန်ဖြစ်သည်။ သူတိုနှစ်ဦးသည် စေ့စပ်လမ်းကြောင်းကာ နောက်တစ်နှစ် ၁၈၅၅ ခုနှစ်၊ ဇူလိုင်တွင် Stockwell New Chapel ၌ စုံဖက်ခြင်းပြုကြ၏။ စေ့စပ်ကြောင်းလမ်း ပြီးချိန်နှင့် စုံဖက်ချိန်အကြား ခေတ္တ ခွဲခွာရချိန်တွင် နှစ်ဦးသား ပေးစာများအသီးသီးဖြင့် စာအပေးအယူလုပ် ကြကာ ကက် သရင်း၏ အရေးအသားမှာ “စာပေအဆင့်အတန်း အလွန်မြင့်သည်”ဟု ပြောဆိုမှုများ ရှိသည်။ သူတို၏ ပေးစာများသည် တစ်ဦးနှင့်တစ်ဦး ချစ်ကြောင်း၊ ကြိုက်ကြောင်း များသာမဟုတ်ဘဲ ယုံကြည်ခြင်းနှင့် ဘဝအသက်တာအတွက် အရေးပါသော ဆွေးနွေး ချက်များဖြစ်သည့် နောင်အနာဂတ်ကာလတွင် အမှုတော်မြတ် ထမ်းရွက်ရာ၌ မောင်တစ်ထမ်း၊ မယ်တစ်ရွက်အဖြစ် ခိုင်မာသောအုတ်မြစ်များ ချမှတ်နိုင်မည့် အခြေခံသဘောတရားများ ဖြစ်သည်။

ဝီလျံဘုသ်သည် Methodist New Connexion အသင်းတော်တွင် နယ်လှည့်ဧဝံ ဂေလိဆရာအဖြစ် နှစ်အတန်ကြာ အမှုတော်ဆောင်၏။ ဆန့်ကျင်မှုများအကြားမှ ဘရိဟောက်စ် (Brighouse) တွင် ကြီးကြပ်ရေးမှူးဖြစ်လာကာ နောင်အခါ ဂိတ်စ်ဟက် (Gateshead) ၏ နယ်လှည့်တရားဟောဆရာများထဲမှ တစ်ဦးဖြစ်လာသည်။ ကက်သ ရင်းသည် ဤနေရာတွင် သူမ၏ အထုံပါရမီကို ပထမဆုံးပြသရန် အခွင့်ထူးရခဲ့သည်ဟု ဆိုရလိမ့်မည်။ သူမသည် ကလေးတန်းနှင့် လူလတ်တန်းများကို လဟာပြင်တွင် တရား ဟောခြင်းနှင့် တစ်အိမ်တက်ဆင်းစနစ်ဖြင့် ဘာသာရေးအကြောင်း ဟောပြောဝေငှခြင်းများ ကို သင်ကြားပေးကာ အသင်းတော်က ရံခါဆိုသလို မသိချင်ယောင်ဆောင်၍ ကျော်ဖြတ် သွားကြသော အိမ်များ၌လည်း ရောက်အောင်သွားသည်။

၊ ဂိတ်စ်ဟက်ခေါင်းဆောင်များက ကက်သရင်း၏ အပြုအမူကို အတော်ပင် နှစ် ထောင်းအားရဖြစ်ကာ တစ်ခါဖူးမျှ မရှိခဲ့သော အခွင့်အရေးဖြစ်သည့် အထူးဝတ်ပြုစည်း ဝေးပွဲအတွက် မိန့်ခွန်းပြောရန် သူမကို ဖိတ်ခေါ်ကြသည်။ အစဉ်အလာနှင့် မကိုက်ညီ သောကြောင့် သူမက ထိုဖိတ်ခေါ်ချက်ကို ငြင်းသော်လည်း အတင်းပြောခံရခြင်းက မလွတ်သဖြင့် နောင်အခါ ဤသို အခွင့်ထူးရခဲ့ပါက ဘုရားစကားကိုသာ နားထောင်မည် ဟု ဆုံးဖြတ်၏။

၁၈၆၀ ခုနှစ် Whit Sunday ဝတ်ပြုပွဲတွင် ဝီလျံက သူ့ဇနီးကို နတ်ဆိုးအား အနိုင် မယူစေဘဲ နင်းချေ ပစ်ရန် တွန်းအားပေးရင်း သူ့တရားဟောချက် အဆုံးသတ်မည်လုပ် စ သမသည် ပလင်ပေါ်သို တက်လာလေ၏။ သူမက သူ့ခင်ပွန်းသည်ထံ၌ ကျွန်မ “စကားတစ်ခွန်းပြောချင်တယ်””ဟု ဆိုသဖြင့် ဘုသ်က နောက်ဆုတ်ပေးလိုက်သည်။ သူမ၏ မိန့်ခွန်းကြောင့် တရားနာပရိသတ်အများအပြားမှာ ကျယ်လောင်စွာ အော်ဟစ်ငို ကြွေးကြသဖြင့် ဝီလျံက သူ့ဇနီးသည် ညနေပိုင်းဝတ်ပြုပွဲ၌ စကားပြောဦးမည်ဟု အသိ ပေးလိုက်သည်။

သူမ၏ တရားဟောချက်သတင်းမှာ မြောက်ပိုင်းတစ်ခွင်တွင် ပျံ့နှံလျက်ရှိ၍ သူမ ကို ဓမ္မာရုံများ၌ စကားပြောရန် ဖိတ်ကြားကြသည်။ ဝီလျံသည် အဖျားဝင်နေသဖြင့် ၉ ပတ်အနားယူရချိန်တွင် နာလန်ပြန်ထူနိုင်သည်အထိ သူ့တာဝန်များကို သူမကပင် ယူ၍ ကြီးကြပ်ပေး၏။ ထိုအချိန်မှစ၍ ရှေ့တစ်လျှောက် တစ်ဦးနှင့်တစ်ဦး ပို၍ ချစ်ခင်တွယ် တာလျက် ပျော်ရွှင်စွာ ခရီးအတူဆက်ကြသည်။ ကက်သရင်းကို စကားပြောရန် ဖိတ်ခေါ် သူများ ပို၍ များလာသည်နှင့်အမျှ သူမသည် ပို၍ ထင်ရှားလာသည်။

ဧဝံဂေလိတစ်ယောက်အဖြစ် လုပ်ငန်းပြန်လည်စတင်ရန် စိတ်စောလျက်ရှိသူ ဝီလျံ၏ တတိယအကြိမ် လျှောက်ထားချက်ကို New Connexion ညီလာခံက ထုတ်ပြန်ပေးရန် စောင့်ဆိုင်းနေသော်လည်း သူသည် အငြင်းပယ်ခံရ၏။ သူ့အဆိုပြုချက်ကို ညှိနှိင်းနေကြ ချိန်တွင် ညီလာခံခန်းမ၏ ဆင်ဝင်အောက်၌ ထိုင်နေသော ကက်သရင်းသည် ချက်ချင်း ၊ ထလာကာ ဝီလျံကို ခေါ်ထုတ်၍ “ခင်ဗျားတိုနဲ့တော့ ဒီတစ်သက် ဘယ်တော့မှ အလုပ် တွဲမလုပ်ဘူး”ဟု ဆိုလိုက်၏။ ဝီလျံသည် ကိုယ်တိုင်အလုပ်ထွက်စာတင်၍ New Connexion ကလည်း သူ့ကို အသုံးမပြုတော့ပေ။

ထိုသိုဖြစ်နေသည့်အကြားမှပင် ဘုသ်တိုသည် ကွန်ဝေါ (Cornwall) ရှိ ဟေလီ (Hayle) တွင် သက်ဝင်နိုး ကြားမှုတွေ့ဆုံပွဲ၌ ဖိတ်ကြားခြင်းခံရသဖြင့် သူတိုအတွက် တရား ဟောရန် နေရာများ ရှိလာသည်။ ထိုတရားပွဲ၌ လူပေါင်း ၇၀၀၀ ကျော်က အမှန် တကယ် ပြောင်းလဲကြကြောင်း ဝန်ခံကြ၏။ သူတိုသည် ထိုတရားပွဲ၌ အသစ်ပြောင်းလဲ လာသူများ၏ တန်ဖိုးကို သိမှတ်ကြသည်။ အကြောင်းမှာ ထိုသူများသည် ယခင်က သူ တို၏ မိတ်ဟောင်းဆွေဟောင်းများထံ တစ်ဆင့်ပြန်ပြောပြကြခြင်းနှင့် ထိုတရားပွဲ၌ သူ တို၏ ခံစားချက်များကို တစ်ဦးချင်း လွတ်လပ်စွာ ရင်ဖွင့်ခွင့်ရကြခြင်းကြောင့်ဖြစ်၏။

 

လန်ဒန်မြို

ဘုသ်တိုလင်မယားသည် ၁၈၆၅ ခုနှစ်၊ မတ်လတွင် လူအများအပြား၏ ဖိတ်ခေါ်ချက် အရ လန်ဒန်သို ရောက်ရှိလာကာ ရံခါတွင် အခြေအနေအရ ခွဲခွာရသည့်အချိန်များလည်း ရှိသည်။ ကက်သရင်းက သူမ၏ တရားပွဲများကို ဝတ်ကျောင်းသို ရောက်မလာနိုင်သူ များအတွက် လက်ကမ်းကြော်ငြာများ ဖြန့်ဝေကာ “အမျိုးသမီးတစ်ဦး၏ တရားဟော ချက်ကို လာရောက်နားထောင်ကြပါ”ဟု လူအများကို ဆွဲဆောင်ထား၏။ သူမ၏ တရား ပဲကို တက်လာ၍ ထူးထူးခြားခြား ပြောင်းလဲသူအချိုမှာ စပါဂျွန်၏ ‘Tabernacle အသင်း တော် (သို) Rotherhithe ဓမ္မာရုံမှ ဖြစ်ကြသည်။ ဝီလျံက အရှေ့ဖျားခရိုင်ရှိ ဆင်းရဲသား များထံ သွားရောက်နေချိန်တွင် ကက်သရင်းသည် အနောက်ဖျားခရိုင် အထက်တန်းလွှာ များထံ၌ သွားရောက်တရားဟောလျက်ရှိကာ သူတို၏ အစောပိုင်းရက်များသည် ထို အထက်တန်းလွှာများ၏ ကျေးဇူးနှင့် မကင်းချေ။

ကယ်တင်ခြင်းတပ်ဟူ၍ ဖြစ်လာရန် လူကုံထံအချို၏ ကူညီထောက်ပံ့မှုကို နှစ် အတန်ကြာ ယူခဲ့ရသည်။ ၃ နှစ်အတွင်း၌ ဘုသ်တိုသည် တရားဇရပ် ၁၃ ဆောင်ကို အရှေ့ဖျားခရိုင်တွင် တည်ကာ ကက်သရင်းသည် ထိုမျှလောက်နှင့် ရောင့်ရဲနိုင်ခြင်းမရှိ သဖြင့် Croydon Ramsgate နှင့် Hastings တိုတွင်လည်း စခန်းများကို ထပ်၍ တည်၏။ ထိုအပြင် အခြားဖိတ်ခေါ်ချက်များအရ မြောက်ဘက် အီဒင်ဘာရာတွင်လည်း တိုးချဲ့ဖွင့်လှစ်ကာ ထိုနေရာတွင် လူပေါင်း ၁ဝဝဝ ကျော် ပြောင်းလဲသည်။

သူတိုလုပ်ငန်းနှင့်ပတ်သက်လျှင် သူတိုနှစ်ဦးထမ်းရွက်ရသော တာဝန်ယူမှုမှာ အတူ တူပင်ဖြစ်သော် လည်း ကက်သရင်းသည် ကလေး ၈ ယောက်၏ မွေးသမိခင်ဖြစ်သော ကြောင့် အလေးသာသည်ဟု ဆိုရပေမည်။ သူမသည် ရံခါမှသာ ခရီးသွားနိုင်၍ အိမ်မှုကိစ္စ အဝဝအတွက် အချိန်ပေးရသည်။ သူတိုသည် တစ်ဦးနှင့်တစ်ဦး အစဉ်ချစ်ခင်၍ သစ္စာရှိ သူများဖြစ်ကြကာ ကလေးများသည် တပ်မတော်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်ရန် အသင့်ဖြစ်နေသူများ ဖြစ်ကြသည်။

နှစ်အတန်ကြာသော် ကက်သရင်းနှင့် ဝီလျံတိုသည် အဖျားရောဂါနှင့် သတ်ပုတ်ပွဲ၊ များ ဆင်နွှကြရကာ အရှေ့ဖျားခရိုင်တွင် နေနေသမျှကာလပတ်လုံး ကာလဝမ်းရောဂါနှင့် အူရောင်ငန်းဖျားရောဂါမှာ ပျောက်သည် ဟူ၍ မရှိခဲ့ပေ။

ဝီလျံသည် ၁၈၇၀ ခုနှစ်တွင် အူရောင်ဖျားငန်းရောဂါကြောင့် ဗုန်းဗုန်းလဲနေစဉ် ကက်သရင်းသည် Peole’s Mission Hall ၌ တရားပွဲများကို ဦးဆောင်ကျင်းပသည်။ သိုသော် ၁၈၇၅ ခုနှစ်၌ ရင်ဆိုနာရောဂါက ကက်သရင်းကို ဖြုန်းစားကြီး ထိုးနှက်လာ ချိန်တွင် ဝီလျံသည် သူမဘေးတွင် ၅ လတိုင်တိုင် နေပေးရသဖြင့် ထိုအချိန်သည် သူတို နှစ်ဦးအတွက် အကောင်းဆုံး အနားယူချိန်ပင် ဖြစ်တော့၏။

ကက်သရင်းသည် “တပ်မိခင်”ဟု မှတ်တမ်းဝင်သူတစ်ဦးဖြစ်သည်နှင့်အညီ ကယ် တင်ခြင်းတပ်သို ဝင်လာသော ပြောင်းလဲစသူများကို ဇွဲနပဲကြီးစွာ တစိုက်မတ်မတ် လိုက်ကာ ဝီလျံနှင့်အတူ ပြုစုပျိုးထောင်၍ ရဲဘော်ရဲဘက်များအကြားတွင် မိသားစုအငွေ့ အသက်များရအောင် ဖန်တီးပေးသူဖြစ်သည်။

ပြောင်းလဲစသူများ၏ ခိုင်မာသော ခံယူချက်များမှာ ဖြည်းဖြည်းချင်း စိမ့်ဝင်၍ သွားကာ သူတိုတစ်ဦးချင်းစီသည် “ညီအစ်ကိုအား စောင့်ရှောက်သူ”များ အသီးသီးဖြစ် သွားကြ၍ တပ်မတော်သား သက်တမ်းတစ်လျှောက် သနားကရုဏာကို အထူးအလေး ထားရသည်။ သူမသည် တပ်မကြီးများကို စစ်ဆေးရန် နယ်လှည့်သောအခါ အရာရှိ အရာခံများနှင့် တွေ့ဆုံတိုင်ပင်ခြင်းနှင့် သူတို၏ နေပုံထိုင်ပုံများ၊ ကျန်းမာရေးနှင့် စိတ် ချမ်းမြေ့ခြင်း ရှိ၊ မရှိတိုကို စုံစမ်းမေးမြန်းတတ်သည်။

အမျိုးသမီးအရာရှိများ

ကယ်တင်ခြင်းတပ်အတွင်း၌ အမျိုးသမီးများ၏ ပုံရိပ်ကြီးမားမှုမှာ အံ့သြစရာမဟုတ် ပေ။ ကနဦးမှစ၍ ကက်သရင်းသည် အမျိုးသမီးများ၏ တရားဟောခွင့်အတွက် မားမား မတ်မတ် ရပ်တည်ပေးခဲ့သော်လည်း ၁၈၇၄ ခုနှစ်အထိကား အမျိုးသမီးများကို နှစ်ပတ် လည်အစည်းအဝေး ကိုယ်စားလှယ်များအဖြစ်သာ တက်ရောက်ခွင့်ပြုသည်။ နောက် ၂ နှစ်ကြာသော် ယခင်က လက်ထောက်အကူအဖြစ်သာ အသုံးပြုခဲ့ကြသော အမျိုးသမီး များကို တပ်စခန်းများ၌ ဧဝံဂေလိဆရာမများအဖြစ် တာဝန်ပေးသည်။

ထုံးစံအတိုင်း ကက်သရင်းက အမျိုးသားများကဲ့သို အမျိုးသမီးများကိုလည်း အရာ ရှိများဖြစ်အောင် သင်တန်းပေးရမည်ဟု ဆို၏။ ထိုကြောင့် အမျိုးသမီးအရာရှိလောင်း သင်တန်းကို သူမ၏ ဒုတိယသမီး အဲမ်မာ (Emma) ကို ဦးဆောင်ခိုင်း၍ သူမသည် ထို သင်တန်းကျောင်းသို လက်ချာရိုက်ရန် ပုံမှန်သွားလေ့ ရှိသည်။ တပ်မတော်သားများထဲ တွင် ပထမဆုံး မာတုရမှာ ဟေးစ်တင်းမှ အမျိုးသမီးတစ်ဦးဖြစ်၍ သူမသည် နောက်ဖေး လမ်းကြားအမှောင်ထဲ၌ သေသည်အထိ ကန်ကျောက်ခံရသည်။ အခြားတစ်ယောက်မှာ ဝူတင်းမှ ဗိုလ်ကြီးအတ်ဒါစမစ်သ်ဖြစ်၍ သူမသည် ကြက်ဥပုပ်များနှင့် သုတ်ဆေး များဖြင့် ပစ်ပေါက်ခြင်း ခံရသူဖြစ်သည်။

ကက်သရင်း၏ တရားဟောစွမ်းပကားသည် လက်ဖျားခါလောက်စရာ ဖြစ်၍ သူမသည် “ပြည့်ဝသော ကယ်တင်ခြင်း”ကို ယုံကြည်သူတစ်ဦးဖြစ်သည့်အလျောက် ၁၈၆၁ ခုနှစ်တွင် အသက်ငယ်ငယ်နှင့် ဘုရားရှင်ထံ၌ လုံးဝ ဆက်ကပ်အပ်နှံထားသူဖြစ် သည်။ သူမသည် ““ဖြူစင်သန့်ရှင်းသော တွေ့ဆုံခြင်း”ကို အပတ်စဉ် ပြုလုပ်ကာ သူ့ ရဲဘော်များထံ၌ ဘုရားရှင်နှင့်အတူ သာ၍ဝေးရာဆီကို သွားရန် တွန်းအားပေးလေ့ ရှိ ၏။ ကက်သရင်း၏ တရားဟောချက်တိုင်းသည် အသက်ပါလွန်းလှသဖြင့် လူထောင် ပေါင်းများစွာက ကယ်တင်ခြင်း သတင်းကောင်းကို အာရုံပြုနိုင်လာကြသည်။

လုပ်ငန်းများ တွင်ကျယ်လာသည်နှင့်အမျှ လုပ်စရာတာဝန်များမှာ ပို၍ ဝန်ပိလာသဖြင့် ကက်သရင်း သည် တစ်ခါတစ်ရံတွင် သူ့ခင်ပွန်းသည်ကိုပင် မေ့တတ်လေ၏။ မောပန်း နွမ်းနယ်ခြင်းနှင့် စိတ်ဖိစီးမှုများကြောင့် မည်မျှပင် ဘေးကျပ်နံကျပ်ဖြစ်စေကာမူ ကက် သရင်းက ကြံ့ကြံ့ခံသည်။ တစ်ရံရောအခါက အချိန်ကြာကြာ တရားဟောသောကြောင့် ယိုင်လဲမသွားအောင် တချိုက သူ့အပေါ်ဝတ်အင်္ကျီမှ ထိန်းကွပ်တည့်မတ်ပေး ရသည်ဟူ၏။ ၁၈၈၈ ခုနှစ်၊ ဖေဖော်ဝါရီတွင် ဘရစ်စတိုး၌ သူမ၏ နောက်ဆုံးတရားပွဲတွင် လူ ၈ဝဝ

ပြောင်းလဲ၍ ထိုအကြိမ်သည် သူမတွင် ကင်ဆာရောဂါရှိကြောင်းကို ပထမဆုံးသိရသော အကြိမ်လည်း ဖြစ်သည်။ အသိနောက်ကျသဖြင့် ကုသမှုခံယူသော်လည်း ကင်ဆာရောဂါက သူ့တစ်ကိုယ်လုံးကို ဝါးမျိုလျက်ရှိနေပြီဖြစ်သည်။

သေမင်းတမန်သည် သူတိုအိမ်တံခါးပေါက်သို ရောက်လာသောအခါ မိသားစုများ သူမဘေး၌ စုရုံး၍နေကြကာ သူမကြိုက်နှစ်သက်သော ဓမ္မတေးများ (hymns) ကျူး ရင့်ခြင်းနှင့် ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။ ၁၈၉ဝ ခုနှစ်၊ အောက်တိုဘာလ၊ ၄ ရက်နေ့တွင် သူမအခြေအနေမှာ အတော်ပင် ဆုတ်ယုတ်လာ၍ သူမ၏လက်က သူ အလွန်တရာမှ ချစ်မြတ်နိုးရသူ ခင်ပွန်းသည်ဝီလျံကို အားကုန်ဆုပ်ကိုင်ကာ အသက်ထွက် တော့သည်။ ကယ်တင် ခြင်းတပ်၏ မိခင်ကြီး၊ အမျိုးသားတစ်ရပ်လုံး၏ မိခင်ကြီးသည် အိမ်တော်သို သွားနှင့်လေချေပြီဖြစ်သည်။

ဝီလျံစတက်က သူမအကြောင်းကို ဤသို ကမ္ဗည်းမှတ်တမ်းတင်၏။ “သူမသည် သူမအရင်က မည်သည့်အမျိုးသမီးကမျှ မစွမ်းဆောင်နိုင်ခဲ့သော ဘာသာရေးအသက်တာ ဖြင့် သူ့ခေတ်အခါက အလွှမ်းမိုးနိုင် ဆုံးသူဖြစ်ကာ သူမနှင့် သူ့ခင်ပွန်းသည်တိုသည် ကမ္ဘာအနှံ အသင်းတော်ကြီးတစ်ခုကို တည်ထောင်နိုင်ရန် ရေရှည်မျှော်တွေးချက်ဖြင့် နိုင်ငံတစ်ဝန်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်များ၌ပါမကျန် တပ်သားသစ်များကို စု ဆောင်းကြသည်။ သူတိုတည်ထောင်သော ကယ်တင်ခြင်းတပ်သည် ကျွန်ုပ်တိုခေတ်၌ အံ့သြဖွယ်ရာတစ်ခုပင် ဖြစ်လေတော့၏။”

 

 

 

 

 

 

 

 

 

 

 

ခရစ်ယာန်ဘာသာဖြင့် အစပြုသော အသင်းအဖွဲ့များ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၉ ရာစု နှင့် ၂၀ ရာစုက ကြီးကျယ်ထင်ရှားသော

တရားဟောဆရာကြီးများ

 

တရားဟောခြင်းအတတ်ပညာသည် သမ္မာကျမ်းစာ၏ ကောင်းသတင်းကို ဖြန့်ဝေရန်အတွက် ဘုရားရှင်အသုံးပြုသော အဓိကကျသည့် ပါရမီဖြစ်သည်။ ကိုယ်တော်နှင့် သူ့သာဝကကြီး များသည် ကယ်တင်ခြင်းသတင်းစကား ကြားနာချင်သူများထံ၌ သွားရောက်ဝေငှခြင်း ၊ ပြုကြကာ တမန်တော်ကြီး ရှင်ပေါလုကဲ့သို သာမန်ယုံကြည်သူများ၏ ကိုယ်တွေ့သက်သေ ခံချက်များကလည်း ကယ်တင်ခြင်းသ တင်းစကား လျင်မြန်စွာ ပျံ့နှံဖိုရန် အထောက်အကူ များစွာ ဖြစ်စေသည်။

အသင်းတော်၏ အစောပိုင်းရက်များတွင် တရားဟောခြင်းကို အများအားဖြင့် လဟာ ပြင်တွင်သာ ပြုလုပ်ကြရသည်ဖြစ်ရာ ရောမအင်ပါယာက ညှင်းပန်းနှိပ်စက်မှုစတင်သော အခါ အန္တရာယ်ကြားမှ တိတ်တိတ်ကလေးလုပ်ရသော အလုပ်ဖြစ်လာသည်။ခရစ်ယာန် များသည် ဝတ်ကျောင်းများကို လွတ်လပ်စွာတည်ဆောက်ခွင့်ရကြချိန်တွင် ဝတ်ကျောင်း ၊ အတွင်းရှိ ပလ္လင်ပေါ်က တရားကိုသာ အမြတ်တနိုးထားကြပြန်၏။ အကယ်စင်စစ် ခရစ်ယာန်ဘာသာအား ကမ္ဘာအနှံအပြား၌ တည်ထောင်၍ ကမ္ဘာ့ဘာသာကြီးဖြစ်အောင် စွမ်းဆောင်ခဲ့ကြသူများမှာ အသင်းတော်အဆောက်အအုံ၏ အပြင်ဘက်တွင် လှုပ်ရှား၍ လူထုကြီးဆီသို အရောက်သွားခဲ့ကြသော သာသနာပြုဆရာများနှင့် ဧဝံဂေလိဆရာ များက အများစုဖြစ်သည်။

အသင်းတော်ပြုပြင်ပြောင်းလဲချိန်မှစ၍ အမျိုးသားကောင်းများ အများအပြားနှင့် အချိုအမျိုးသမီး ကောင်းများ ပေါ်ထွန်းလာကြကာ သူတို၏ တရားဒေသနာတိုက်ကျွေး ခြင်းကြောင့် သူတိုအသက်ကိုပင် ပေးဆပ်ရသော သမိုင်းတွင်ကျန်ရစ်သူများလည်းရှိသည်။ ဝိညာဉ်ရေးလျော့ကျလာချိန်တိုင်းတွင် နှုတ်ကပတ်တော်ဝေငှ၍ အသင်းတော်ကို ကျန်းမာ သန်စွမ်းစွာ နေရာမှန်ပြန်ရောက်နိုင်ရန် ယုံကြည်ချက်ပြင်းထန် သူများကို ဘုရားရှင်က ပေါ်ပေါက်စေခဲ့သည်ချည်းဖြစ်၏။ ဤဖြစ်စဉ်သည် အထူးသဖြင့် ၁၉ ရာစုက အဖြစ် အပျက်ဖြစ်၍ အသင်းတော်သည် ဆင့်ကဲဖြစ်စဉ် သီအိုရီသွန်သင်ပေးခြင်းနှင့် ဂျာမန်တက သိုလ်များက ပြင်းထန်စွာ တိုက်ခိုက်လာသော “အပြင်းစားကျမ်းစာဝေဖန်မှုကို ခံရစဉ် ကဖြစ်သည်။ မည့်သိုပင်အတိုက်အခိုက်ခံရသော်လည်း သမ္မာကျမ်းစာ၏ မှန်ကန်သော အယူဝါဒသည် ပြန်၍ ဦးလှည့်လာနိုင်ကာ အသင်းတော်သည် နာလန်ပြန်ထနိုင်ခဲ့၏။

သမိုင်းသည် ဘုရားရှင်၏ နှုတ်ကပတ်တော်ကို ယုံကြည်ရန် သက်သေဖြစ်၍ ဘုရား ရှင်၏ အနှိမ့်ချဆုံး အစေခံများကြောင့် လူအများက ဘုရားရှင်၏ ကြီးမြတ်ကြောင်းများကို သိမှတ်လာကြသည်။ ဤခေတ်ကာ လတွင် ဘုရားရှင်၏ အစေခံများထဲမှ ထင်ရှားကျော် ကြားသူတစ်ဦးမှာ တရားဟောဆရာ ချားလ်စ်ဟတ် ဒွန်စပါဂျွန် (Charles Haddon Spurgeon) ဖြစ်သည်။ လူထောင်ပေါင်းများစွာက သူ့တရားဒေသနာကို အလွန်နှစ်ခြိုက် ကြ၏။ သူသည် ဧဝံဂေလိယုံကြည်ခြင်းကို ခိုင်မာစွာ ကာကွယ်သူတစ်ဦးဖြစ်သည်။

 

စီ၊ အိပ်ချ် စပါဂျွန် (၁၈၃၄-၁၈၉၂) မီထရိုပိုလီတန်တာဘာနီကယ်လ် အသင်းတော်၏ သင်းအုပ်ဆရာ ၊

စပါဂျွန်ကို “နောက်ဆုံးပြုရီတန်”ဟုခေါ်ကြ၏။ မကြာသေးမီက ပြုံးရီတန်များကို ဆက်ခံ သူများရှိသေးသောကြောင့် ယင်းအဆိုသည် မှားသည်ဟု ဆိုစရာရှိသော်လည်း စပါဂျွန် သည် အင်္ဂလိပ်ခရစ်ယာန်သာသနာ၏ အစဉ်အလာခံယူချက်ကို အခိုင်အမာလက်ခံသူဖြစ် သည်။ အင်္ဂလန်အသင်း တော်အတွင်း၌ ပြုံးရီတန်များ၏ တော်လှန်ရေးလှုပ်ရှားမှုသည် ။ ရာစုနှစ်တစ်စုအထိ ရှင်သန်ခဲ့သော်လည်း ၁၆၆၂ ခုနှစ်တွင် သာတူညီမျှရေးအက်ဥပဒေ ကြောင့် အဆုံးသတ်ခဲ့ရသည်။ ယင်းသာတူညီမျှရေးအက်ဥပဒေက အမှုတော်ဆောင်အား လုံး ဘုံဆုတောင်းစာအုပ်ကို သဘောတူကြရန် တောင်းဆို၏။ ထိုအခြေအနေတွင်

Higher Criticism* ဆိုသည်မှာ ကျမ်းစာကို ဘယ်ခေတ်ဘယ်အချိန်မှာ ဘယ်သူက ဘာအတွက် ရေးထားသလဲ ဟူသော သံသယစိတ်များစွာဖြင့် ကျမ်းစာကို ချဉ်းကပ်ဝေဖန် မှုမျိုးဖြစ်၍ တစ်နည်းပြောရလျှင် ကျမ်းစာကို အယုံအကြည်မရှိခြင်းဖြစ်လေသည်။ Lower Criticism ဆိုသည်မှာ ကျမ်းစာကို သက်ဝင်ယုံကြည်သော်လည်း လက်ရေး စာမူနှင့် ကျမ်းချက်များအပေါ် အငြင်းပွားဖွယ်သံသယရှိခြင်းကို ခေါ်ကာ Textual Criticism ဟု လည်းခေါ်သည်။

မကျေမနပ်ချက်များ ပြွမ်းတီးနေသော်လည်း ပြုံးရီတန်တိုသည် နောက်ရာစုတွင် ဝှစ် ဇီးလ်နှင့် ဝယ်စလေတို၏ ဧဝံဂေလိဆိုင်ရာ ပြန်လည်သက်ဝင်နိုးကြားမှု တရားဟောချက် နှင့် ၁၉ ရာစုတွင် စပါဂျွန်၏ တရားဟောချက် များကြောင့် သူတို၏ စိတ်များပြန်လည် သစ်ဆန်းနိုင်လာခြင်းဖြစ်သည်။

စပါဂျွန်သည် ထင်ရှားကျော်ကြားသော ပြူ ရီတန်များ၏ စာပေအရေးအသားများကို နှံစပ်အောင် လေ့လာထားသူဖြစ်သဖြင့် သူ၏ ဓမ္မအတွေးအမြင်များမှအစ သူတို၏ လွှမ်းမိုး ခြင်းကို ခံရသည်။ သူ့တရား ဟောချက်သည် သူတိုကဲ့သိုပင် သမ္မာကျမ်းစာ၏ အခွင့် အာဏာနှင့် ကယ်တင်ရှင်အတွက်သာဖြစ်၏။ သူ့ကို “ယေရှုအကြောင်း မပြောရလျှင် ပြောစရာဘာမှမရှိသူ”ဟု ပြောစမှတ်ပြုကြသည်။ သူ၏ ပထမဆုံး မီထရိုပိုလီတန်တာ ၊ ဘာနီကယ်လ် (Metropolitan Tabernacle) တရားဟောပွဲတွင် သူက ဤသိုဆို၏။ “ဒီအိမ်တော်ရဲ့သာသနာလုပ်ငန်းဟာ ဘုရားရှင်နဲ့ လူသားအကြားကို ရင်ကြားစေ့ပေးတဲ့ ယေရှုခရစ်တော်ရဲ့ လက်အောက်မှပဲ ရှိရမယ်။”

 

ငယ်စဉ်တောင်ကျေး ကလေးဘဝ

စပါဂျွန်သည် အက်ဇက်စ် ကျေးလက်ဒေသတွင် မွေးဖွားကြီးပြင်းကာ သူ့ဘိုးဘေးများ အင်္ဂလန် အသင်းတော်ကို လက်မခံနိုင်သော ခွဲထွက်ရေးသမားများဖြစ်၍ သူ့ဖခင်နှင့် အဘိုးတိုမှာ အင်ဒီပင့်ဒင့် အမှုတော်ဆောင်များဖြစ်ကြသည်။ သူ၏ ငယ်စဉ်တောင်ကျေး၊ ကလေးဘဝတွင် သူ့အဘိုးနှင့် အဘွားတိုဖြင့် နေရကာ အသက် ၇ နှစ်တွင် သူ့မိဘ များက အိမ်ကို ပြန်ခေါ်လာခဲ့ကြ၍ သူ့မိခင်က သူ့ကလေးများကို ကျမ်းစာဖတ်ပြခြင်း နှင့် တစ်ဦးချင်းအတွက် ဆုတောင်းပေးခြင်းများ ပြုလုပ်ပေးလေ့ ရှိ၏။ ချားလ်စ်အတွက် ကိုကား ဤသို ဆုတောင်းပေးတတ်သည်။ “အိုအရှင် ကျွန်မသားလေးဟာ ကိုယ်တော် အတွက်သာဖြစ် စေပါ။”

၁၈၄၉ ခုနှစ်၊ သူ့အသက် ၁၅ နှစ်တွင် သူ့အမေ ဆုတောင်းပြည့်သည်။ သူသည် တစ်ခါက အပြစ်သင့် သောကြောင့် တနင်္ဂနွေနေ့ တစ်မနက်ခင်းတွင် ကိုလ်ချက်စတာ (Colchester) ရှိ ရှေးဦးမက်သဒစ်ဓမ္မာရုံ၌ အာပတ်ဖြေဖိုရန်အတွက် သွား၏။ ထို အရပ်ရှိ တရားဟောဆရာသည် ကျမ်းစာဖတ်နာသူနှင့် တရားဒေသနာကို တိုတိုတုတ် တုတ်နှင့်သာ ဟောတတ်သူဖြစ်သည်။ သိုသော် သူမျှဝေသော တရားဒေသနာဖြစ်သည့် “ငါ့ ကို မျှော်ကြည့်၍ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့” ကျမ်းပိုဒ်က စပါဂျွန်၏ နှလုံးသားကို တိုထိသောကြောင့် သူပြောင်းလဲသည်။

သူသည် ၁၈၅၀ ခုနှစ်၊ မေတွင် လခ် (lark) မြစ်အတွင်း၌ ရေနှစ်ခြင်းခံ၍ ဤသိုသော ကတိက ဝတ်စကားကို ဆိုသည်။ “ခရစ်တော်၏ နိုင်ငံတော်ကျယ်ပြန့်ဖိုရန်အတွက် ဘာပဲကြုံရကြုံရ ကျွန်ုပ်လုပ် ဆောင်ပါမည်။ ပထမဆုံး တရားဒေသနာတိုက်ကျွေးစဉ်က သူ့အသက်မှာ ၁၆ နှစ်ဖြစ်၍ တရားနာပရိသတ်မှာ လယ်သမားများနှင့် သူတို၏ ဇနီး မယားအနည်းငယ်သာဖြစ်ကာ တဲဗာရှမ် (Teversham) အရပ်ရှိ သက်ငယ်တဲကုပ် ကလေးအတွင်းတွင်ဖြစ်သည်။ များမကြာမီတွင် အနီးအနားမှ သူ့ကို လာရောက်ပင့်ဖိတ် ကြ၏။

သူ့အသက်ငယ်သေးသော်လည်း ရွာသားများက စပါဂျွန်ကို သဘောကျကြသဖြင့် ကင်းဘရိတ်ချ်အနီး ဝါးတားဘိခ်ျ (Waterbeach) နှစ်ခြင်းဓမ္မာရုံ၌ သူတို၏ သင်းအုပ် ဆရာအဖြစ် ဖိတ်ခေါ်ကြသည်။ ထိုဖိတ်ခေါ်ချက်ကို လက်ခံပြီးချိန်တွင် အသင်းသားဦးရေ ၄ဝ မှ ၁ဝဝ အထိ တစ်ဟုန်ထိုးတက်သွား၏။ စပါဂျွန်သည် နေ့တိုင်း မနက်အစော ကြီးထ၍ ဆုတောင်းခြင်းနှင့် ကျမ်းစာဖတ်ခြင်းကို ပုံမှန်ပြုသည်။ ထိုကြောင့် ဘုရားရှင်၏ နှုတ်ကပတ်တော်ဆိုင်ရာ အသိပညာများ တိုးပွားကာ အခြေခံကျသော ယုံကြည်ချက် များကို လျင်မြန်စွာ ဖမ်းဆုပ်နိုင်ခဲ့သည်။ သူသည် ကျမ်းစာကျောင်းတက်ဖိုရန် စိတ်ကူး ရှိသော်လည်း မတက်ခဲ့ရချေ။

ဝါးတားဘိချ်တွင် နှစ်နှစ်အမှုတော်ဆောင်ပြီးချိန်၌ သူ၏ “သူငယ်တရားဟော ဆရာ”(boy preacher) အဖြစ် ကျော်ကြားထင်ရှားမှုမှာ လန်ဒန်သိုတိုင်အောင် ပျံ့နှံရောက် ရှိသဖြင့် ဆော့သ်ဝါ့ခ် (Southwark)  ရှိ New park လမ်း၊ နှစ်ခြင်းအသင်းတော်၌ သင်းအုပ်ဆရာအဖြစ် ဖိတ်ခေါ်ခြင်းရသည်။ အသက် ၁၉ နှစ်သာ ရှိသေးသော စပါဂျွန် သည် ယိုယွင်းပျက်စီးနေသော ထိုအသင်းတော်၌ သင်းအုပ်ဆရာလုပ်ငန်းကို ၁၈၅၄ ခုနှစ်၊ မတ်လမှစ၍ သူကွယ်လွန်ချိန်အထိ နောက်ပိုင်း ၃၈ နှစ်တာ အမှုတော်ဆောင်ခဲ့ သည်။

သူက သူ့အသက်အရွယ်နုပျိုခြင်းနှင့် အတွေ့အကြုံနည်းပါးခြင်းကြောင့် “ဒီအရာ များအတွက်နဲ့ ကျွန်တော့်အသုံးဝင်မှုကို မနှောင့်နှေးစေပါနဲ့””ဟူ၍ ဆုတောင်းသည်။ သူသည် ဝှစ်ဖီးလ်ကို စံနမူနာယူကာ နေထိုင်ကျင့်ကြံ၍ အချိန်တိုအတွင်း လန်ဒန်မြို ပေါ်တွင် နာမည်အကြီးဆုံး တရားဟောဆရာဖြစ်လာသည်။ မကြာခဏ ပြုလုပ်သော တရားပွဲများကြောင့် ဝတ်ကျောင်းပြည့်လာသဖြင့် မကြာခင် အဆောက်အအုံဥပစာကု တိုးချဲ့ရန်လိုလာ၏။ ဘုရားကျောင်းတိုးချဲ့စဉ် ၃ လတာ၌ လူအုပ်ကြီးသည် စထရင် (Stran) ရှိ အက်ဇက်တာ ဟောလ်၌ ဝတ်တက်ကြကာ တနင်္ဂနွေဥပုသ်နေ့တိုင်း လူပေါင်း ၄၅၀၀ တက်ရောက်သောကြောင့် ထိုင်ခုံပြည့်သည်။ ဝတ်ကျောင်းကို တိုးချဲ့ ကြ လည်း လုံလောက်သော အခန်းကျယ်ကိုကား မရနိုင်ခဲ့ကြပေ။

အခန်းမလုံလောက်သဖြင့် ဝတ်တက်ရာနေရာကို ဆာရီ (Surrey) ပန်းခြံရှိ ဂီတခန်းမ ကြီး၌ ပြောင်းရွှေ့ကာ ထိုစဉ် ဘုရားကျောင်းအသစ်တည်ဆောက်ရန် ဆွေးနွေးကြ၏။ ထို ဂီတခန်းမကြီးထဲတွင် ပြုလုပ်သော ပထမဆုံး တနင်္ဂနွေနေ့တွင် လူပေါင်းခန့်မှန်းခြေ ၂၂၀၀၀ ခန့်တက်ရောက်လာသဖြင့် ထိုင်ခုံ ၁၂၀၀၀ သာ ပြင်ဆင်ထားသောကြောင့် အားလုံးမဝင်ကြ ရပေ။ ဝတ်တက်နေစဉ် သမယ၌ ““မီး မီး မီး”ဟု နောင်ပြောင်ကျီစယ်ခြင်း ခံရသဖြင့် အဖြစ်ဆိုးတစ်ခုနှင့် ကြုံခဲ့ရသည်။ ထိုမီးလန့်သံကြောင့် အများအပြား ခြေဦးတည့်ရာ လန့်ပြေးကြသဖြင့် လူ ၇ ဦးသေဆုံးကာ ၂၈ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရကြသည်။ စပါဂျွန်သည် မူးမေ့မလိုပင် ဖြစ်သွားသောကြောင့် ပလ္လင်ပေါ်မှ သယ်ယူလာခဲ့ကြကာ ကရော်ဒန် (Croydon) ရှိ သူ့မိတ်ဆွေတစ်ဦး၏ အိမ်၌ သက်သာသည်အထိ အနားယူ သည်။ စာနယ်ဇင်းတိုက မည့်သိုပင် အတင်းအဖျင်းရေးကြစေကာမူ သူက နှစ်ပတ် အတွင်း၌ ပို၍ ကြီးမားသော လူအုပ်ကြီးကို တရားပြန်ဟောနိုင်ခဲ့သည်။

 

မီထရိုပိုလီတန် တာဘာနီကယ်

ဘုရားကျောင်းအသစ်ဆောက်ဖိုရန် အဆိုပြုချက်များကို ၁၈၅၈ ခုနှစ်၌ သဘောတူကြ ၏။ “ဂရိဘာသာစကားသည် မွန်မြတ်၏”ဟူသော အဆိုကို နှစ်သက်သဖြင့် စပါဂျွန်က ဂရိဆန်သောဒီဇိုင်းပုံစံဖြင့် တည်ဆောက်ရန် တောင်းဆိုသည်။ မိထရိုပိုလီတန်တာဘာ နီကယ်လ်သည် ၁၈၆၁ ခုနှစ်၊ မတ်လတွင် ဖွင့်လှစ်ကာ ထိုခေတ်က အင်္ဂလန်အသင်း တော်မှ ခွဲထွက်သော ဝတ်ကျောင်းများထဲတွင် အကြီးဆုံးဖြစ်၍ လူပေါင်း ၅၀၀၀ ဆုံ သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ထိုဘုရားကျောင်းသည် စပါဂျွန်ကွယ်လွန်ပြီး ၆ နှစ် အကြာတွင် မီးဖြင့် ဖျက်ဆီးခြင်းခံရကာ ဒုတိယကမ္ဘာစစ်ပြီးမှသာ ပြန်လည်တည်ဆောက် နိုင်ခဲ့ကြသည်။

စပါဂျွန်၏ အမှုတော်ဆောင်သက်တမ်းတစ်လျှောက်တွင် တရားဟောပွဲတစ်ကြိမ်လျှင် တရားနာသူ ပျမ်းမျှ ၅၀၀၀ ကျော်တက်ရောက်၍ ပထမဆုံး တရားနာပရိသတ်များကို လက်မှတ်ဖြင့်သာ ဝင်ခွင့်ပြုသည်။ ဝတ်ကျောင်းထဲ၌ နှစ်အတန်ကြာ အော်ဂင်ပင် အသုံး မပြုဘဲ ပုံသေသံတစ်ခုသာထွက်သော သံညှိခွတံ (tuning fork) ဖြင့်သာ သီချင်းဆိုကြ သည်။ စပါဂျွန်၏ စိတ်ဝင်စားဖွယ်အကောင်းဆုံး တရားပွဲမှာ အသံအောအောကြီး ဖြင့် ဟောပြောပွဲခန်းမကြီးတစ်လျှောက် အားလုံးကြားအောင် ပြောနိုင်သော အသံအောင်သူ သူဌေးကြီးတစ် ဦးနှင့်တွဲ၍ ဒေသနာဝေၾစဉ်ကဖြစ်သည်။ သူသည် အခါကြီးရက်ကြီး များ၌ ရံခါဆိုသလို စိတ်လှုပ်ရှားဖွယ် ကောင်းလောက်အောင် တရားဟောစင်မြင့်ကို အပေါ် အောက်ဖြတ်လျှောက်၍ လမ်းသလားရင်း တရားဟောတတ်ကာ သူပြောလိုက်သည် စကားလုံးများအတိုင်း ဟန်အမူအရာလုပ်ပြသည်။ လက်ကိုင်ပဝါကို ဝှေ့ယမ်းပြတတ်သော သူ့ဝသီက လူအချိုကို နေမထိထိုင်မသာဖြစ်စေကာ သိုသော် ထိုသို ပဝါကို ဝှေ့ယမ်း ပြလိုက်ခြင်းက သူ့တရားဟောချက်၏ အဓိကသော့ချက်ကို ရုပ်လုံးဖော်ခြင်းဖြစ်သည်။

သူ၏ တရားဒေသနာများအပေါ် တရားနာပရိသတ်၏ တုံပြန်ချက်သည် အားရစရာ ဖြစ်၍ သူ့အစောပိုင်းနှစ်များတွင် နောင်အခါ သူ့ဇနီးဖြစ်လာမည့် ဆူဆာနာတွမ်ဆန် (Susannah Thompson) အပါအဝင် ရာပေါင်းများစွာက သူ၏အသင်းသားအဖြစ် ခံယူကြသည်။ အသင်းတော်သည် ကျန်းမာသန်စွမ်းစွာ ကြီးထွား၍ ၁၈၅၄ ခုနှစ်တွင် အသင်းသား ၂၃၂ ရှိရာမှ ၁၈၇၅ ခုနှစ်တွင် အသင်းသားဦးရေ ၄၄၁၇ ဖြစ်လာသည်။ စပါဂျွန်ကွယ်လွန်ချိန်တွင် အသင်းသားပေါင်း ၅၃၀၇ ယောက်ရှိသည်။

သူသည် တရားဒေသနာများကို စနေနေ့ညပိုင်းနှင့် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းများ၌ ပြင်ဆင်ကာ ထိုပြင်ဆင်ချက်များကို တနင်္ဂနွေနေ့တိုင်းတွင် လက်ရေးတိုဖြင့် ရေးသားထား ၍ တနင်္လာနေ့မနက်တွင် ပြန်လည်တည်းဖြတ်ကာ ကြာသပတေးနေ့တွင် စာအုပ်အဖြစ် ထုတ်ဝေသည်။ ထိုတရားဟောချက်များကို ဘာသာစကားအချိုဖြင့် ဘာသာပြန်ကြကာ (ကျွန်ကုန်ကူးခြင်းဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖျက်သိမ်းပြီးသော် လည်း) သြစတေးလျ နှင့် အမေရိကသိုတိုင် ရောင်းချလျက်ရှိသည်။ သူ၏ တရားဟောချက်များကို ၁၉၁၇ ခုနှစ်အထိ အပတ်စဉ်ထုတ်ဝေ၍ ထိုအချိန်အထိ ရောင်းရသမျှစာအုပ်ပေါင်းမှာ အုပ်ရေ သန်း ၁၀၀ ကျော်သည်။

သူ၏ သာသနာလုပ်ငန်းတစ်လျှောက်တွင် စပါဂျွန်သည် စာရေးအားကောင်းသူဖြစ် ၏။ သူသည် လစဉ်ထုတ်ဝေသော ဓားရှည်နှင့် သံလက် မဂ္ဂဇင်းကို တည်းဖြတ်၍ စာအုပ် အချိုနှင့် အနက်ဖွင့်ကျမ်းအချိုကို ရေးသားကာ တရားဒေသနာအတွက် မှတ်စုများထုတ် သည့်အပြင် ကျောင်းသားများအတွက် ဟောပြောချက် များ ပြုလုပ်ပေး၏။ ခံယူချက် အယူဝါဒနှင့်ပတ်သက်လျှင် ကယ်ဗင်ဝါဒီစစ်စစ်တစ်ဦး ဖြစ်သည်နှင့်အညီ ကျေးဇူးတော် အကြောင်းကိုသာ တွင်တွင်ပြောသူဖြစ်၍ ထိုဝါဒကို အဆုံးတိုင်အောင် ရဲရဲဝံ့ဝံ့ ကာကွယ် ၏။

ယုံကြည်ခံယူချက်ဆိုင်ရာ အမြင်များကို ရင်ထဲရှိသည့်အတိုင်း တုံးတိတိပြောချ တတ်သဖြင့် အသင်းတော်လူကြီးများနှင့် အယူဝါဒဆိုင်ရာတိုက်ပွဲ နှစ်ကြိမ်တိုင် ဆင်ဖို ခဲ့ဖူးသည်။

ပထမအကြိမ်မှာ “ဗတ္တိဇံခံခြင်းဖြင့် အသစ်တစ်ဖန်မွေးဖွားခြင်းဆိုင်ရာ မှားယွင်းသော ယုံကြည် မှု”အကြောင်းဖြစ်၍ ရှင်မာကုခရစ်ဝင် ၁၆း၁၅-၁၆ ကို အခြေပြုကာ တိုက်ခိုက် စဉ် ၁၈၆၄ ခုနှစ်တွင်ဖြစ်သည်။ စပါဂျွန်က ဘုံဆုတောင်းစာအုပ်၏ သွန်သင်ချက်တစ်ခု ဖြစ်သော ကလေးငယ်တစ်ဦးသည် ဗတ္တိဇံခံပေးခြင်းဖြင့် အသစ်တစ်ဖန် မွေးဖွားခြင်းရ သည်ဟူသော အဆိုကို ထောက်ပြ၏။ သူ့ပြောဆိုချက်အရဆိုလျှင် အင်္ဂလန်အသင်းတော် ထဲရှိ ဧဝံဂေလိဓမ္မအမှုတော်ဆောင်များထဲတွင် ဗတ္တိဇံခံခြင်းသည် အသစ်တစ်ဖန် မွေးဖွား ပေးသည်ဟု လက်မခံနိုင်ဘဲ အသင်းတော်ထဲတွင် နေမြဲနေသူများသည် မရိုးသားရာကျ ပေမည်ဟု ဆိုသည်။ သူ့က ဤသိုဆို၏။ “ကလေးတွေကို ခရစ်တော်ဆီ ပိုပေးတာဟာ ရေနှစ်ခြင်းပေးတဲ့ ရေတည်အိုးကြီး မဟုတ်ပါဘူး။”

ဒုတိယအကြိမ်သည် ပထမအကြိမ်ထက် ပို၍ ပြင်းထန်ကာ ၁၈၈၇ ခုနှစ်ကဖြစ်ပွား သော “ဆုတ်ယုတ်လာသည့် အငြင်းပွားမှု”ဟု လူသိသော နှစ်ခြင်းသမဂ္ဂ၏ ခွဲထွက်ရန် ခြိမ်းခြောက်မှုဖြစ်သည်။ စပါဂျွန်က ခေတ်ရေစီးကြောင်းပြောင်းလဲမှုအရ အချိုသောနှစ်ခြင်း အမှုတော်ဆောင်များ၊ ဘုရားကျောင်းများနှင့် ဓမ္မဗေဒကောလိပ်ကျောင်းများတွင် စိမ့်ဝင် ပျံ့နှံလာသော မျက်မှောက်ခေတ်သမ္မာကျမ်းဆိုင်ရာ ဝေဖန်မှုများကို တိုက်ခိုက်စဉ်ကဖြစ် သည်။ သူ့အဆိုအရ အသစ်ဝင်လာသော လစ်ဘရယ်သီဩလော်ဂျီက သမ္မာကျမ်းစာ ၏ အခွင့်အာဏာနှင့် ခရစ်တော်၏ ဘုရားဖြစ်ခြင်းကို ငြင်းဆန်သည့်အပြင် ကယ်ဗင်ဝါဒကို အားပျော့စေ၍ နှစ်ခြင်းသမဂ္ဂ၏ ရပ်တည်ရာကိုပါ ခြိမ်းခြောက်သည်ဟု ဆို၏။

လူအများအပြားက စပါဂျွန်ထံ၌ နှစ်ခြင်းသမဂ္ဂ၏ ပြဿနာအခြေအနေအတွက် တစ်ခုခုကို ဘယ်နည်းဖြင့်မဆို ဖြေရှင်းပေးရန် တိုက်တွန်းစာများ ရေးသားပေးပိုကြသည်။ သူက ဓားရှည်နှင့် သံလက် မဂ္ဂဇင်း၌ “ကျွန်ုပ်တိုယုံကြည်ခြင်း၏ ရန်သူများ”အမည် ဖြင့် ဆောင်းပါးတစ်ပုဒ်ရေး၍ တိုက်ခိုက်ကာ ပြုရီတန်၏ ရပ်တည်ရာကို ကာကွယ် သည်။

၁၈၈၈ ခုနှစ်၊ ဧပြီလတွင် City Temple ၌ ကျင်းပသော နှစ်ခြင်းသမဂ္ဂအစည်း အဝေးတွင် လူအများစုက စပါဂျွန်ကို အပြစ်တင်တိုက်ခိုက်ကြသည်။ ထိုအစည်းအဝေးပွဲ ကို သတိထားမိသူအချိုက သမဂ္ဂသည် “အမြင့်မြတ်ဆုံးလူသားနှင့် ယုံကြည်ခြင်း ဖခင် ကြီးကို ပြစ်မှားမိကြချေပြီတကားဟု ဆိုကြ၏။ သူ့မိတ်ဆွေ အများအပြားက သူ့ကို စွန့်ပစ်ကြသော်လည်း ဧဝံဂေလိမဟာမိတ်အသင်းက သူ့ကို ပံ့ပိုးရန်ခေါ်ကာ သမ္မာကျမ်းစာ ၏ အခြေခံအမှန်တရားများကို သက်သေထူစေသည်။ ထိုအချိန်တွင် ဘာသာရေးဂိုဏ်းခွဲ တစ်ခုကို တည်ဆောင်ရန်အထိ အကြံအစည်ရှိခဲ့သော်လည်း စပါဂျွန်သည် ထိုစိတ်ကူး ကို မောင်းထုတ်ပစ်လိုက်၏။ သိုသော် အင်ဒီပင့်ဒင့် ဧဝံဂေလိအသင်းတော်များဆိုင်ရာ သဟာယအဖွဲ ကို ၁၉၂၂ ခုနှစ်တွင် E.J Poole-Connor ၏ ဦးဆောင်မှုဖြင့် တည် ထောင်သောအခါ နှစ်ခြင်းသမဂ္ဂကို ထားခဲ့သူများနှင့် စပါဂျွန် ပါဝင်လာသည်။

ဘုရားရှင်၏ အမှုတော်ကို ဆက်လက်သယ်ပိုးနိုင်ရန် စပါဂျွန်သည် အခြားနှစ်ခြင်း ကျောင်းများ၌ ဝင်ရောက်ဖိုရန် အရည်အချင်းမပြည့်မီသူ ကျောင်းသားများအတွက် ကင်းဘားဝဲလ် (Camberwell) တွင် သင်းအုပ်ဆရာအဖြစ်သင် ကောလိပ်ကို တည် ထောင်သည်။ သူသည် ထိုကျောင်း၌ အပတ်စဉ် ဟောပြောပိုချလျက်ရှိကာ နောင်အခါ ထိုပိုချချက်မှတ်စုများကို ကျောင်းသားများထံ ပိုချချက်များ (Lectures to my Students) အမည်ဖြင့် ပုံနှိပ်ထုတ်ဝေသည်။ သူကွယ်လွန်ပြီးနောက်ပိုင်း ထိုကျောင်းကို နော်ဝုဒ် (Norwood ) တောင်ပိုင်းသို့ ပြောင်း‌ရွေ့ကာ စပါဂျွန်ကောလိပ် (Spurgeon’s College) ဟု နာမည်ပြောင်းသည်။

မိဘမဲ့ဂေဟာ ၊

သူသည် ၁၈၆၆ ခုနှစ်တွင် စတာလင်ပေါင် ၂၀၀၀၀ လက်ဆောင်ရသဖြင့် စတော့ဝဲလ် (Stockwell) ၌ အိုးအိမ်မဲ့ယောက်ျားလေးနှင့် မိန်းကလေးပေါင်း ၅ဝဝ အတွက် နေအိမ် နှင့် ပညာရေးဝန်ဆောင်မှုပေးသည်။ ထိုနှစ်ထဲတွင် အရပ်တကာလှည့်၍ သမ္မာကျမ်းစာ များ၊ ဘာသာရေးစာပေများကို ဈေးနှုန်းချိုသာစွာ ဖြန့်ဝေရောင်းချသောအသင်း (Colportage-Association) ကို တည်ထောင်၏။ တစ်နှစ်ထဲတွင် ဖြန့်ဝေရောင်းချသူ ၉၁ ဦးက ကျမ်းစာအုပ်ရေပေါင်း ၂၃၀၀၀ ရောင်းချနိုင်ခဲ့ကြသည်။

တာဘာနီကယ်လ်အဖွဲဝင်များက သူ့အား မြတ်နိုးလေးစားတန်ဖိုးထားခြင်းကို ပြသ လိုသည့်သဘောဖြင့် စတာလင်ပေါင် ၆ဝဝဝ ကျော်ကို သူ၏ သင်းအုပ်ဆရာသက်တမ်း ၂၅ နှစ် အမှတ်တရအဖြစ် ပေးအပ်သည်။ သူသည် ထိုငွေများဖြင့် မြိုပြ၏ ညစ်ပတ်နံ စော်ခြင်း၊ မီးခိုးနှင့် မြူမှုန်ပေါင်းနေသော မွန်းကြပ်ခြင်းများနှင့်ဝေးရာ နော်ဝုဒ်၏ အထက် ဘက် ဖြူလာတောင်ကုန်းမှ အနည်းငယ်လှမ်းသော နေရာတွင် အိမ်တစ်လုံးနှင့် ခြံဝင်းကျယ် တစ်ခု ဝယ်ယူသည်။ သူ့အိမ်ကို ဝက်စ်ဝုဒ် (West wood) ဟု အမည်ပေးကာ ထိုအိမ်မှ နေ၍ ဆာရေးမြို ကို အပေါ်စီးမှ လှပစွာ မြင်တွေ့နိုင်၏။ သူသည် ချစ်စရာနှင်းဆီခြံကို ပြုစုရင်း သူ၏ နောက်ဆုံးနေ့များကို နားအေးပါးအေး နေခွင့်ပေးသော ဘုရားရှင်ကို ကျေးဇူးတင်မဆုံး ဖြစ်နေသည်။

ဆုတ်ယုတ်လာသည့် အငြင်းပွားမှုနောက်ပိုင်း စပါဂျွန်၏ ကျန်းမာရေးမှာ အဆက် မပြတ် ယိုယွင်းလာသဖြင့် သက်သာသည်အထိ ပြင်သစ်ပြည်တောင်ပိုင်းတွင် အနားယူ စေကြ၏။ သူသည် ၁၈၉၂ ခုနှစ်၊ ဇန်နဝါရီတွင် မင်းတုန်း (Mentone) ၌ ကွယ်လွန် သဖြင့် သူ့ရုပ်အလောင်းကို အင်္ဂလန်သို ပြန်သယ်လာကာ နော်ဝုဒ်အနောက်ပိုင်း သုဿန်၌ သာသနာပြုဆရာ ရောဘတ်မောဖတ်၏ ဘေးတွင် မြှုပ်နှံသဂြိုဟ်သည်။

စပါဂျွန်ကို “တရားဟောဆရာများ၏ အရှင်”(Prince of Preachers) ဟု ဝိဂြိုဟ် ပြုကြသည်။ ၁၈၉၈ ခုနှစ်တွင် Free Church အယ်ဒီတာတစ်ဦးက ဤသို ထုတ်ဖော် ရေးသား၏။ “သူ၏ တရားဟောချက်များကို စိတ်ဝင်တစားနှင့် အံ့အားသင့်ခြင်းများဖြင့် ဆက်လက်သင်ကြား သင်ယူနေကြရမည်ဖြစ်ကာ နောက်ဆုံးတွင် သူ့စာပေများကို ဤ၊ ရာစုနှစ်တိုင် လေ့လာနေရဆဲဖြစ်သော တုနှိင်းမဲ့ ခရစ်ယာန်စာပေများအဖြစ် ထင်ကျန် ရှိနေမည်မှာ မလွဲဧကန်ဖြစ်သည်”

 

 

 

သောမတ်စ်များလ်မာစ် (၁၇၈ဝ-၁၈၄၇) စကော့လူမျိုး ဓမ္မပညာရှင်နှင့် ပရဟိတဒါနရှင်

ခရစ်ယာန်ဘာသာဝင်သူစစ်စစ်တစ်ဦးဖြစ်ရန် အရေးပါသော အဓိကလိုအပ်ချက်များမှာ အသစ်မွေးဖွားခြင်းတည်းဟူသော နောင်တတရားဖြင့် ဘုရားရှင်ထံ တိုးဝင်ခြင်းနှင့် ခရစ်တော်၏ အပြစ်ပြေ ငြိမ်းရန် ပေးဆပ်သော သေခြင်းတရားကို လက်ခံရန်ဖြစ်သည်။ သောမတ်ချားလ်မာစ် (Thomas Chalmers) သည် အထက်ပါလိုအပ်ချက်များနှင့်ပြည့် စုံသော ဖစ် (ife) ကောင်တီထဲရှိ ကီလ်မာနီ (Kilmany) အသင်းတော်၏ အမှုတော် ဆောင်တစ်ဦးဖြစ်၏။ သူသည် ကယ်တင်ခြင်းသတင်းစကား ဝေငှရာ၌ ထင်ရှားကျော် ကြားသူဖြစ်၍ ၁၉ ရာစုအတွင်းက စကော့တလန်ကို ဦးဆောင်သော အသင်းတော်လူ ကြီးတစ်ဦးဖြစ်သည်။

 ချားလ်မာစ်သည် သူ့မွေးဖွားရာဇာတိဖြစ်သော ဖစ်ကောင်တီ အဲင်းစတားသာ (An struther) ဘုန်းတော်ကြီးကျောင်း၌ စိတ်မပါလှသော်လည်း ကျောင်းတက်ကာ အသက် ၁၂ နှစ်အရွယ်တွင် စိန့်အင်ဒရူးစ်တက္ကသိုလ်၌ ဝင်ရောက်သည်။ ပထမစာသင်နှစ် ၁ နှစ် အတွင်း၌ သူသည် အားကစားကိုသာ လိုက်စားသော်လည်း လက်ထောက်သင်္ချာပါမောက္ခ ဂျိမ်းစ်ဘရောင်း (James Brown) ၏ လွှမ်းမိုးမှုခံရချိန်မှ မီးခဲပြာဖုံးဖြစ်နေသော သူ့အသိ ဉာဏ်သည် လျင်မြန်စွာ ကြီးထွား၍ သူ့ဉာဏ်ရည်ဉာဏ်သွေးမှာ “ပွင့်အာ”ထွက်လာ သည်။ သူသည် စာပေကို ကျယ်ပြန့်စွာ လိုက်စားကာ ပြည်သူ့နီတိနှင့် နိုင်ငံရေးကို ပြင်းပြစွာ စိတ်ဝင်တစား လေ့လာသည့်အပြင် သင်္ချာဘာသာကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသည်။

ဂျွန်နသန်အက်ဝပ်စ်၏ စာပေအရေးအသားများကြောင့် ၁၇၉၅ ခုနှစ်တွင် အမှု တော်ဆောင်တစ်ဦး ဖြစ်ရန် ရည်ရွယ်ချက်ဖြင့် ကျမ်းစာသင်ကျောင်း၌ နာမည်သွင်းသည်။ သိုသော် ၁၇၉၉ ခုနှစ်တွင် အစမ်းခန့်သ ဘော အထူးခွင့်ပြုချက်ဖြင့် အီဒင်ဘာရာ၌ သူ အလွန်စိတ်ဝင်စားသော သင်္ချာဘာသာရပ်သင်ယူရန်သွားကာ ထိုနေရာ၌ စာသင်နှစ် ၁ နှစ်လုံး သင်္ချာဘာသာနှင့် ဓာတုဗေဒဘာသာရပ်များကို သင်ယူလေ့လာသည်။

ချားလ်မာစ်သည် သင်္ချာနှင့် ဓမ္မဗေဒကို နှစ်အတန်ကြာ ပူးတွဲယူကာ အခက်အခဲ မရှိ အောင်မြင်ခဲ့၏။ ၁၈၀၁-၀၂ ခုနှစ်၊ ဆောင်းတွင်း၌ အင်ဒရူးစ်တက္ကသိုလ် သင်္ချာဌာန တွင် လက်ထောက်ရာထူးကို လက်ခံကာ တစ်ချိန်တည်းမှာပင် ကီလ်မာနီ၌ အသင်းတော် လုပ်ငန်းတာဝန်အတွက် ၁၈ဝ၃ ခုနှစ်တွင် ရွေးချယ်ခံရသည်။ ။

သူသည် ကျောင်းဆရာတစ်ဦးအနေဖြင့် ကျောင်းသားများကို တက်ကြွအောင် လှု ဆော်ပေးနိုင်သူ ဖြစ်ကာ“ကျောင်းသားများကိုလည်း သံယောဇဉ်ကြီးသူဖြစ်သည်။” သို သော် နောင်အခါ သူ့ကို “အလုပ်ညံ့ ဖျင်းသူ” ဟုဆိုကာ အလုပ်ထုတ်မည့် ပါမောက္ခနှင့် ကား မတည့်ချေ။ ချားလ်မာစ်သည် စိန့်အင်ဒရူးစ်သို ပြန်လာ၍ နောက်တစ်နှစ် စာသင် နှစ်တွင် ပြိုင်ဘက်အတန်းများ ဖွင့်လှစ်၏။ သူ၏ အောင်မြင်မှုက သူ၏ အရည်အချင်းနှင့် ဖြူစင်ရိုးသားမှုကို သတိထားမိသည်။ သိုသော် သူသည် စာသင်နှစ်တစ်နှစ် ပြီးဆုံး ချိန်တွင်ကား စာဆက်မသင်တော့ပေ။

 

ကပ်ကြီးဆိုက်သောနှစ်

၁၈၀၉ ခုနှစ်တွင် ချားလ်မာစ်ကိုယ်တိုင် ကပ်ဘေးကြီးတစ်ခုနှင့်တွေ့ဆုံရ၏။ ထိုနှစ်တွင် သူ့အစ်ကိုနှင့် အစ်မတိုသည် ရှေ့ဆင့်နောက်ဆင့် တိမ်းပါးသွားကြရာ သူတို၏ ဝမ်းနည်း ပူဆွေးမှုများကို ခရစ်ယာန်ယုံကြည် မှုက နှစ်သိမ့်ပေးနိုင်ခဲ့သည်။ သူကိုယ်တိုင် သေမင်း နှုတ်ခမ်းဝမှ မမျှော်လင့်ဘဲ ပြန်လည်လွတ်မြောက် လာသောအချိန်တွင် သူသည် “တမလွန် ဘဝ၏ အရေးပါမှုကို” မစဉ်းစား၍ မရတော့ချေ။

ထိုအချိန်မှစ၍ သူ့စိတ်သည် သူဖတ်ထားသော ပါစကယ်လ် (Pascal) ၏ ဘာသာ တရားကို ဆင်ခြင်စဉ်း စားခြင်းနှင့် ဝီလ်ဘားဖိုစ်၏ ခရစ်ယာန်ဘာသာကို လက်တွေ့ကျ ကျ လေ့လာသုံးသပ်ချက် စာအုပ်များကပေး သော လူသား၏ ကျဆုံးခြင်းနှင့် ကျဆုံးသူ လူသားအတွက် အပြစ်လွှတ်ခြင်း လိုအပ်ကြောင်းများကို စဉ်းစားဆင်ခြင်လာသည်။ ထိုနောက်တွင် သူသည် အသစ်မွေးဖွားခြင်းကို ရကာ သူ့အသက်တာတွင် ဘုရား၏ စကား ကို နာခံရန် ဆက်ကပ်အပ်နှံသည်။

အမှုတော်ဆောင်ဆရာ၏ ပြောင်းလဲမှုကောင်းသတင်းသည် ဒေသန္တရအသင်းတော်၏ အနီးတစ်ဝိုက်တွင် ပျံ့နှံလျက်ရှိကာ သူ၏ တနင်္ဂနွေဥပုသ်နေ့ ဝတ်ပြုစည်းဝေးပွဲများကို လူ အများအပြား လာရောက်နား ထောင်ကြသည်။ ချားလ်မာစ်၏ တရားဟောချက်များ ပြောင်းလဲကာ ဝတ်တက်လာသူများကို သူအဓိကထားဟောသော တရားမှာ ဘုရားရှင် ပေးသော အသက်တာအသစ်ကို လက်ခံကြရန်ဖြစ်သည်။ သူသည် သင်းအုပ်ဆရာတစ်ပါး ၏ တာဝန်များကို အလွန်စိတ်အားထက်သန်စွာ ထမ်းဆောင်၍ ဒေသန္တရကျမ်းစာအသင်း ၏ ရုံးခွဲတစ်ခုတွင် အသင်းဝင်ကြေးအဖြစ် တစ်ပတ်လျှင် တစ်ပဲနိပေး၍ ကျမ်းစာကို ဆက် လက်သင်ယူ၏။

၁၈၁၄ ခုနှစ်တွင် အောက်ရုံးတရားသူကြီးများက သရွန် (Tron) အသင်းတော်၏ လစ်လပ်နေရာအတွက် သူ့ကို ရွေးချယ်ကြရာ ကန့်ကွက်သူမရှိ လက်ခံကြသည်။ သူသည် တရားဟောဆရာသက်သက် မဟုတ်ဘဲ အမှုတော်ဆောင်များ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးသူဖြစ်၏။ တနင်္ဂနွေနေ့နှင့်ကြားရက်များတွင် ဝတ်ပြုစည်းဝေးပွဲများကို ဦးဆောင် ကာ မရေတွက်နိုင်သော အများအကျိုးဆောင် အဖွဲများကိုလည်း ဦးဆောင်၍ ဆင်းရဲသား များ၏ ပြဿနာများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ရှာဖွေသည်။

ချားလ်မာစ်သည် ဘုရားကျောင်း ၂၀ ကျော် တည်ဆောက်ရန် အောက်ရုံးတရားသူ ကြီးများထံ တောင်းလျှောက်ပန်ကြားရာ သူတိုက စိန့်ဂျွန်ဘုရားကျောင်းတစ်ခုတည်း အတွက်သာ သဘောတူခွင့်ပြု၍ ထိုကျောင်း၌ သူ့ကို အမှုတော်ဆောင်အဖြစ် ကမ်းလှမ်း သည်။ အရပ်ဘက်အာဏာပိုင်များ၏ တောင်းဆိုမှုကြောင့် ယင်းဘုရားကျောင်းဆောက် လုပ်ခြင်းပင် မပြီးသေးသော်လည်း ၁၈၁၉ ခုနှစ်၌ သူတို၏ ကမ်းလှမ်းချက်ကို သူ လက်ခံ သည်။

သူသည် သရွန်တွင်နေစဉ်ကကဲ့သို ဥပုသ်စာဖြေကျောင်းစတင်ကာ စာမဖတ်တတ်သူ ကလေးများအ တွက် နေ့ကျောင်းများ ဖွင့်ပေး၍ ထိုနေရာကို သူစွန့်ခွာချိန်တွင် နေ့ကျောင်း သား အယောက် ၇၀၀ အထိရှိလာ သည်။ အမျိုးသမီးများကို အိမ်ထောင်ထိန်းသိမ်းခြင်း အတတ်ပညာနှင့် အလုပ်လက်မဲ့များအတွက် အလုပ်ရှာပေး၏။ သူသည် အသင်းတော် လူကြီးများနှင့် ဒေသန္တရအသင်းတော်ရှိလူများကို သွားရောက်တွေ့ဆုံ၍ သူတို၏ဝိညာဉ် ပိုင်းနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ပြဿနာများကို ကူညီနေစဉ်တွင် သင်းထောက်လူ ကြီးများက လူများ၏ ရုပ်ဝတ္ထုလိုအပ်မှုကို ဖြည့်ဆည်းပေးကြသည်။

 

ရပ်ခြားသာသနာပြုများ

ချားလ်မာစ်သည် ရပ်ခြားသာသနာပြုလုပ်ငန်းများကို အားတက်သရော ပံ့ပိုးကူညီသူဖြစ် သည်။ ၁၈၁၂ ခုနှစ်က ဆီရမ်ပူးလ်တွင် ကယ်ရီ၏ ပုံနှိပ်တိုက်နှင့် စာရွက်သိုလှောင်ရုံဖျက် ဆီးခံရစဉ် ချားလ်မာစ်သည် ဒန်ဒီး (Dundee) တွင် သာသနာပြုများဆိုင်ရာ နှစ်ပတ်လည် အစည်းအဝေးအတွက် တရားဟောရန် ဖိတ်ကြားခံရသဖြင့် ယင်းတရားပွဲမှ ကောက်ခံရရှိ သော အလှူငွေများကို ကယ်ရီ၏ လုပ်ငန်းအတွက် ပေးလှူစေသည်။ အရှေ့အိန္ဒိယကုမ္ပဏီ က အိန္ဒိယရှိ သာသနာပြုလုပ်ငန်းကို တားမြစ်ခြင်းအား ငြင်းဆန်ပေးရန် ဝီလျံဂီးလ်ဘား ဖိုစ် က ပါလီမန်ကို ဖျောင်းဖျရန် ကြိုးစားစဉ်ကလည်း သူသည် ကီလ်မာသီ၌ ၁၈၁၇ ခုနှစ်တွင် အသနားခံစာ တစ်ခုကို ရေး၍ အားပေးထောက်ခံခဲ့သည်။ လန်ဒန်သာသနာပြုအသင်းက သူ့ကို ၁၈၁၇ ခုနှစ်၊ မေ ၁၄ တွင် မြိုတော်လန်ဒန်၌ နှစ်ပတ်လည်အစည်းအဝေးတွင် တရားဟောရန် ပင့်ဖိတ်ကာ မနက် ၇ နာရီ တွင် ဓမ္မာရုံ၌ လူပြည့်လျှံနေ၏။ သူသည် စိန့်အင်ဒရူးစ်၌ အချိုသော အသင်းအဖွဲများနှင့် ဆက်နွယ်မှုရှိကာ အိန္ဒိယတွင် စကော့တ လန်အသင်းတော်၏ ပထမဆုံး သာသနာပြုသူ အလက်ဇန္ဒားဒပ်ဖ် (Alexander Duil) ကို သိက္ခာတင် ပေးစဉ်က သဘာပတိအဖြစ် ဆောင်ရွက်သည်။ သူသည် မိုရေးဗီးယန်း သာသနာပြုများအတွက် စတာလင်ပေါင် ၅၀၀ ကို သူတိုလုပ်ငန်းအတွက် ရန်ပုံငွေရှာပေး ကာ ဂျူးလူမျိုးများထံ သာသနာပြုများဖြစ်သော စကော့တလန် အသင်းတော်ကိုလည်း ပါဝင်ကူညီသည်။

သူသည် အောက်ရုံးတရားသူကြီးများကိုဖျောင်းဖျ၍ သာသနာစီရင်စုအတွက် ဆင်းရဲ သားဥပဒေကို သီးသန့်ဖယ်ထုတ်စေကာ ဆင်းရဲမွဲတေမှုပပျောက်အောင် စီစဉ်သည်။ ထိုအစီ အစဉ်တွင် ပါဝင်ရသူများမှာ သာသနာစီရင်စုအသင်းသားများထဲမှ စေတနာအလျောက် ထည့် ဝင်သူများဖြစ်၍ ရသမျှကို လစာမဲ့ လက်ထောက်အကူများအား ပေးဝေကြ၏။သာသနာ စီရင်စုတစ်ခုချင်းစီကို ခရိုင်အသီးသီးဖြင့် ခွဲထား၍ သင်းထောက်တစ်ဦးချင်းက လိုအပ် သည်များကို စီစဉ်ပေး၏။ ထိုစီမံကိန်းအောင်မြင်သဖြင့် ကုန်ဈေးနှုန်းများ ကျဆင်းကာ လူမွဲဦးရေလည်း လျော့နည်းလာသည်။ သူ၏ သာသနာလုပ်ငန်းအောက်တွင် မှန်ကန်သည့်ဘာ သာရေးနိုးကြားခြင်းရှိ၍ လူအများအပြားက ခရစ်တော်ကို လက်ခံကြကာ ခရစ်ယာန် ဝတ်ပြုစည်းဝေးပွဲများ၌ သူတိုဘာသာသူတို လာရောက်တရားနာကြ၏။

၁၈၂၃ ခုနှစ်တွင် ချားလ်မတ်စ်သည် ရေရှည်အကျိုးမျှော်တွေးလျက် စိန့်အင်းဒရူးစ်၌ ကိုယ်ကျင့်တရားဆိုင်ရာ ဒဿနိကဗေဒပါမောက္ခအဖြစ် ကမ်းလှမ်းခြင်းကို လက်ခံ၏။ သူ၏ ပိုချချက်တိုင်းကို ဆုတောင်းခြင်းဖြင့် အစပြုကာ သူ့အဟောအပြောကောင်းမှုကို လက်ခုပ်ဩဘာဖြင့် ကြိုဆိုကြသော ကျောင်းသားအများအပြားရှိသည်။ သူသည် မြိုထဲ အနှံလှည့်ပတ်ကာ အခြေအနေကိုလေ့လာ၍ စနေနေ့ည နေပိုင်း စာသင်ကျောင်းနှင့် သာသ နာပြုလုပ်ငန်း စတင်၏။ ပထမစာသင်နှစ်တစ်ဝက်ပြီးလျှင် စိန့်ဂျွန်သို ပြန်လာ၍ ၆ ပတ်အတွင်း၌ ယခင်က သာသနာစီရင်စုများကို ကူညီကာ တွန်းအားများပေးသည်။

အီဒင်ဘာရာတွင် လစ်လပ်သောဓမ္မဗေဒဆရာနေရာ၌ သူ့ကို ခန့်ထားရန် တစ်ခဲနက် ထောက်ခံကြသဖြင့် သူသည် ထိုကမ်းလှမ်းချက်ကို လက်ခံကာ ၁၈၂၈ ခုနှစ်မှ ၁၈၄၃ ခုနှစ်အထိ သင်ကြားရေးတာဝန်ယူသည်။ ထိုအချိန်သည် စကော့တလန်အသင်းတော် သမိုင်းတွင် အရေးကြီးဆုံးအချိန်နှင့် အနှောင့်အယှက်များ ခံရချိန်လည်းဖြစ်၏။ သူ့ ခေါင်းဆောင်မှုအောက်တွင် အသင်းတော်တည်ထောင်ရေးခြေလှမ်းများ စတင်ကာ လူဦးရေများ ပြားလာသည်နှင့်အမျှ ဝတ်ကျောင်း ၂၀၀ ကျော် တည်ဆောက်နိုင်ခဲ့ကြ၏။

သိုသော် ၁၈၃၀ ခုနှစ်အတွင်း၌ စကော့တလန်အသင်း၏ အကွဲအပြဲကြောင့် ပုံပိုး ကူညီမှုများနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာဖြစ်လာသည်။ ၁၇၁၂ ခုနှစ်က ထုတ်ပြန်သော အရှင်မွေးစားမှု (Patronage Act) အက်ဥပဒေအရ မြေပိုင်ရှင်တစ်ဦးသည် သူ့ကို လူအများက မနှစ်သက်ကြစေကာမူ သာသနာစီရင်စုသို အမှုတော်ဆောင်တစ်ပါးကို သူ့သဘော အတိုင်း ခန့်အပ်နိုင်သော အခွင့်အာဏာရှိ၏။ ၁၈၃၄ ခုနှစ်တွင် အထွေထွေညီလာခံက ထိုဗီတိုအာဏာ (Veto Act) ကို ပယ်ဖျက်၏။ ထိုအငြင်းပွားမှုသည် ဘာသာရေးမှုခင်း အသွင်ပျောက်ပြီး တရားရုံးအထိရောက်ကာ အထက်လွှတ်တော်က ကိုင်တွယ်ရသည်အထိ ဖြစ်လာသည်။

၁၈၄၃ ခုနှစ်၊ မေတွင် အစိုးရက အသင်းတော်ကို လွတ်လပ်ခွင့်ပေးရန် ငြင်းဆို၍ အမှုတော်ဆောင် ၄၇ဝ ကျော်နှင့် သင်းထောက်လူကြီး ၄ဝဝ ကျော်အပြင် ရပ်ခြားတွင် သာသနာပြုသူများအားလုံးကို လွတ်လပ်သော စကော့တလန်အသင်းတော်ပုံစံဖြင့် ဖွဲစည်း စေသည်။ သူတိုသည် အဆောက်အအုံများကို မလွှသာ၍ ပေးအပ်လိုက်ရကာ နိုင်ငံတော် ၏ ပြင်ပလူများအဖြစ် သူတိုကိုယ်ကိုယ် သတ်မှတ်လိုက်ကြ၍ ဘုရားရှင်ကိုသာ ကိုးစား ကြတော့သည်။

 

စကော့တလန်အသင်းတော်

 အလယ်ခေတ်တွင် စကော့တလန်အသင်းတော်သည် ရောမလက်အောက်တွင်ဖြစ်ကာ ကင်တာဘာရီ၏ လွှမ်းမိုးရန် ကြိုးစားလာမှုကို ခုခံကာကွယ်ခဲ့ကြသည်။ ၁၅၅၉ ခုနှစ်၊ ဂျွန်နောစ် စကော့တလန်သို ပြန်လာပြီးနောက်တွင် သူက သင်းအုပ်များအစား သင်း ထောက်လူကြီးများကို အခွင့်အာဏာအပ်နှင်းသော ပရက်စ်ဘီတေးရီးယန်းအသင်းတော် ပုံစံအတိုင်း စကော့တလန် ရီစွမ်းအသင်းတော်တစ်ခုကို တည်ထောင်သည်။ ၁၇ ရာစု အတွင်း စတူးဝပ်ဘုရင်များ၏ စကော့တလန် အပီစကော်ပယ် သွတ်သွင်းလိုမှုများ မအောင်မြင်ဘဲဖြစ်ကာ အီဒင်ဘာရာရှိ “Drunken Parliament” က ဒုတိယချားလ်စ် ဘုရင်၏ အလိုတော်ကို လိုက်လျောသော ၁၆၆၀ ခုနှစ်အထိတိုင်ဖြစ်သည်။ ၁၆၈၉-၉၀ ခုနှစ်၊ တော်လှန်ရေးကြီးကြောင့် ပရက်စ်ဘီတေးရီးယန်းအသင်းတော်ကို ပြန်လည်တည် ထောင်ကာ အသင်းတော်၏ အခွင့်အာဏာကို ပြန်လည်အသိအမှတ်ပြုသည်။ ဝက်စ်မင် စတာ ယုံကြည်ခြင်းဝန်ခံချက်ကို စကော့အသင်းတော်က ယုံကြည်ခြင်းဝန်ခံချက်အဖြစ် လက်ခံသည်။ စကော့တလန်အသင်းတော် အစိတ်စိတ်အမြွာမြွာ ကွဲသွားပြီး နောက် အသင်း အဖွဲများစွာ ပေါ်ပေါက်ကာ ထိုအထဲမှ ၁၉၀၀ ခုနှစ်တွင် ပေါ်ပေါက်သော စည်းလုံး လွတ်လပ် သော  အသင်းတော်နှင့် လွတ်လပ်သော စကော့တလန်အသင်းတော်တိုသည် စည်းလုံး၍ လွတ်လပ်သောအသင်း အဖြစ် ဖွဲစည်းကာ အသင်းသားအချိုမှလွဲ၍ ၁၉၂၀ ခုနှစ်တွင် စကော့တလန်အသင်းတော်၌ ပြန်လည်ပူးပေါင်း ကြသည်။

ချားလ်မာစ်သည် အသင်းတော်ပြိုကွဲပျက်စီးစဉ်က ပြည်သူများဘက်မှ မားမားမတ် မတ်ရပ်တည်ပေးသောကြောင့် သူ့ကို လွတ်လပ်သော အသင်းတော်ကို ပထမဆုံးကြားဝင် စေ့စပ်သူဟု ခေါ်ကြ၏။ သူသည် တက္ကသိုလ်ရှိ သူ့ရာထူးမှ အနားယူကာ သူ့လက်ကျန် သက်တမ်းကို ခိုင်မာသော အုတ်မြစ်၌တည်သော အသင်းတော်အတွက် ဆက်ကပ်အပ်နှံ သည်။ လွတ်လပ်သောအသင်းတော်၏ ဓမ္မဗေဒဆိုင်ရာအသင်းကြီး၌ ကျောင်းအုပ်ကြီး နှင့် ဓမ္မဒဿနဆရာအဖြစ် ခန့်အပ်ခြင်းခံရကာ အသင်းတော်၏ အနာဂတ်သင်းအုပ်ဆရာ များအတွက် ပြင်ဆင်လုပ်ကိုင်၏။

၁၈၄၇ ခုနှစ်၊ ကောလိပ်စာသင်နှစ်ပြီးဆုံးချိန်တွင် အသင်းတော်ကိစ္စဖြင့် လန်ဒန်သို သွား၍ ပြန်လာသောအခါ တနင်္လာနေ့မနက်တွင် အထွေထွေအစည်းအဝေးအတွက် ပြင် ဆင်သည်။ အိပ်ရာဝင်ချိန်တွင် “မနက်ဖြန်မနက် ဝတ်ပြုပွဲကို ငါတက်နိုင်ဦးမှာပါ” ဟုဆိုသော်လည်း ထိုညတွင်ပင် ဆုံးရှာ၏။

 

ဒီ၊ အယ်လ်၊ မူးဒီး (၁၈၃၇-၁၈၉၉) အမေရိကန် ဧဝံဂေလိဆရာ

ဒွိုက်လီမင်မူးဒီး (Dwight Lyman Moody) သည် အခြားသူများနှင့်စာလျှင် မျက်မှောက် ခေတ် လူထုဧဝံဂေလိလှုပ်ရှားမှုကို တည်ထောင်သူဖြစ်သည်ဟု ဆိုရပေမည်။ ဝှစ်ဖီးလ်နှင့် ဝယ်စလေတိုသည် သူ့အရင်က လူထုကြီးကို ဆွဲဆောင်နိုင်ခဲ့ကြသကဲ့သို သူနှင့် ဘာ သာရေးသီချင်းများဖြင့် နယ်ပယ်သစ်ထိုး ဖောက်သူ ဆန်းတိုကလည်း လူထုကို အ လွန်ဆွဲဆောင်နိုင်ခဲ့ကြသည်။

မူးဒီမိသားစုသည် မက်ဆာချူးဆက်ပြည်နယ် နော်ဖီးလ် (Northifield) တွင် လယ်လုပ်သူများဖြစ်၍ ဖခင်အရက်သမားကြီး ကွယ်လွန်သောအခါတွင် အတော်ပင် ရုန်း၊ ကန်ခဲ့ရသူများဖြစ်ကြသည်။ မိခင်မှာ ယူနီတေးရီးယန်းအသင်းသားဖြစ်၍ သူမ၏ ကလေးများကို ကျောင်းသို ပိုထားသော်လည်း မူးဒီးကိုကား ရံခါဆိုသလို ပိုက်ဆံအရှာ ထွက်ခိုင်း၏။ ထိုကြောင့်ပင် သူ၏ ပညာရေးနိမ့်ပါးခဲ့ရကာ သူ့ဘဝတွင် တစ်ခါတစ်ရံ စာလုံးပေါင်းသတ်ပုံကို မှန်အောင် မပေါင်းတတ်ခြင်းနှင့် လုပ်ငန်းခွင်ထဲတွင် ပညာတတ် များနှင့် ကတောက်ကဆဖြစ်ခဲ့ရခြင်း ဖြစ်သည်။

သူ့အသက် ၁၇ တွင် အိမ်မှထွက်ကာ ဘော်စတွန် (Boston) ရှိ သူ့ဦးလေး၏ ဖိနပ် ဆိုင်၌ အလုပ်သွားလုပ်သည်။ နောက်တစ်နှစ် ကွန်ဂရီဂေးရှင်းနယ်လ်အသင်းတော်၏ ဧဝံ ဂေလိအစည်းအဝေး၌ သူ၏ ဆန်းဒေးစကူးလ်ဆရာသည် ဖိနပ်ဆိုင်သိုသွား၍ သူ့ကို အပါ ခေါ်ခဲ့ကာ သူကဲ့သိုပင် ဘုရားအမှုတော်အတွက် ဆက်ကပ်ရန် တိုက်တွန်းနှိးဆော်၏။ သူသည် အမှုတော်ဆောင်ရန် ချက်ချင်းဆိုသလို ဆုံးဖြတ်လိုက်ချိန်မှစ၍ လူသစ်ဖြစ်လာသည်။ ၁၈၅၆ ခုနှစ်တွင် သူဌေးကြီးတစ်ဦးဖြစ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ချီကာဂိုသို ပြောင်း ရွှေ့သည်။ သူသည် နယ်လှည့်အရောင်းကိုယ်စားလှယ်အဖြစ် အလုပ်လုပ်ရင်း ပလီမက်သံ အသင်းတော်တွင် ပါဝင်ကာ ဧဝံဂေလိလုပ်ငန်းထဲ၌ သူ့ကိုယ်သူ နှစ်မြှုပ်၍ ရံခါတွင် လမ်း ပေါ်မှဆွဲခေါ်လာသော လူများနှင့်အတူ ဘုရားကျောင်း၏ ရှေ့ဆုံးခုံတန်းများတွင် ထိုင် တတ်သည်။

သူသည် ကလေးများကို ဘာသာရေးအသိပညာ ပေးချင်လွန်းသဖြင့် Wells Streets သာသနာပြု အသင်းတွင် ဆန်းဒေးစကူးလ်ဆရာအဖြစ် တာဝန်ထမ်းဆောင်ကာ ပထမဆုံး အကြိမ်တွင် လမ်းပေါ်က ဆိုးပေယောက်ျားကလေး ၁၈ ယောက်ဖြင့် စတင်သည်။ ဆန်းဒေး စကူးလ်ခန်းထဲတွင် မကြာခဏ ဆူညံနေတတ်ကြသော်လည်း ကလေးများသည် စကား တတွတ်တွတ်ပြောခြင်းနှင့် သီချင်းဆိုခြင်းများတွင် ပျော်မွေ့ကြကာ အထူးသဖြင့် မူးဒီး၏ ကရုဏာတရား၊ ချော့မော့အားပေးမှုနှင့် အခြားနည်းလမ်းများက သူတိုကို ဖမ်းယူထား သည်။ ထိုကလေးများ အယောက် ၆၀၀ ခန့်ရှိသောအခါ မူးဒီးက ထိုလုပ်ငန်းကို ထားခဲ့၍ ဧဝံဂေလိလုပ်ငန်း၌ အချိန်ပြည့်အမှုတော်ဆောင်တစ်ဦးဖြစ်ရန် ဆက်ကပ်အပ် နှံသည်။

သူသည် ကလေးငယ်များနှင့် လူငယ်များအတွက်ရည်စူး၍ ညပိုင်းအစီအစဉ်တစ်ခု ကို စတင်ရင်း အသစ်ဖွဲစည်းထားသော YMCA အသင်းတွင် နေ့ခင်းပိုင်းသာသနာပြု အလုပ်များ လုပ်ကိုင်သည်။ ခရစ်တော်အတွက် ဝိညာဉ်များကို ရူးလောက်အောင်ရှာဖွေ သောကြောင့် ချီကာဂိုတွင် သူ့ကို “အရူးမူးဒီး”ဟုပင် ခေါ်ကြ၏။ ပြည်တွင်းစစ်ကာလ (၁၈၆၁-၆၅) တွင် သာသနာပြုလုပ်ငန်း ပို၍ ကျယ်ပြန့်လာသည်။ အီလီနွိင်း (Illinois) လမ်းမကြီးပေါ်ရှိ သူ၏ ဆန်းဒေးစကူးလ် တိုးတက်လာ၍ သူသည် YMCA ဝန် ထမ်းတစ်ဦးအနေဖြင့် စစ်သည်စုများ တပ်စခန်းချရာနေရာများ၌ တရားရေအေးတိုက်ကျွေး ခြင်းများ ပြုလုပ်ကာ နောင်အခါ ရှေ့တန်းစစ်မျက်နှာတွင် ဒဏ်ရာရ နှစ်ဖက်စစ်သည်များ ထံ၌ သတင်းကောင်းဝေငှသကဲ့သို လွတ်လပ်သော ငွေဝယ်ကျွန်များထံ၌လည်း ထိုအတိုင်း ပင် ပြုမူလုပ်ဆောင်သည်။

၁၈၆၂ ခုနှစ်တွင် သူသည် အားလပ်ရက်ယူ၍ အင်္ဂလိပ်ဖွား အီမာရီဗီးလ် (Emma Revell) ကို လက်ဆက်ကာ သူတိုသည် ဘဝတစ်လျှောက်တွင် အလွန်အတွဲညီသူများဖြစ်၍ “နှစ်ယောက်တစ်အိပ်မက် နှစ်ကိုယ့်တစ်စိတ်များဖြစ်ကြသည်။”မူးဒီး၏ ဇနီးသည် သူ့အမျိုးသားခရီးထွက်ရာ၌ ရံခါတွင် လိုက်ပါတတ် သော်လည်း သူတို၏ ပထမဆုံး အင်္ဂလန်ခရီးမှာ ဆရာဝန်၏ ညွှန်ကြားချက်အရ ဖြစ်သည်။ အီမာ၏ ပန်းနာရင်ကြပ် ရောဂါထလာသဖြင့် ဆရာဝန်၏ အကြံပြုချက်အရ ရေကြောင်းခရီးရှည်ထွက်ကာ ပင်လယ်လေကို ရှူရှိက်ရန် မူးဒီးတိုလင်မယားသည် “အင်္ဂလန်”သို ခရီးဆန့်ရန် အခွင့်အခါသင့် ခဲ့ခြင်းဖြစ်သည်။

လန်ကက်ရှိင်းယား (Lancashire) ရှိ ခါးပိုက်နှိက်ဘဝမှ ပြောင်းလဲလာသူ ဟာရီ မိုးလ်ဟောက်စ် (Harry Moorhouse) သည် ချီကာဂိုရှိ မူးဒီးအိမ်သို ရောက်လာ၍ Illinois Street Church တွင် မူးဒီး၏ ဖိတ်ခေါ်ချက်အရ မဝံ့မရဲဖြင့် တရားဟောခွင့်ရ ၏။ မိုးလ်ဟောက်စ်၏ တရားဒေသနာကြောင့် တရားနာပရိသတ်များ နှစ်ထောင်းအားရ ဖြစ်ကြသော်လည်း စင်စစ်တွင်ကား သင်းအုပ်ကြီး၏ တရားဟောချက်နှင့်ကွဲပြား၏။ မူးဒီးက ဘုရားရှင်သည် အပြစ်ကို ရွံရှာသကဲ့သို အပြစ်သားများကိုလည်း မုန်းတီးသည် ဟုဆိုကာ မိုးလ်ယောက်စ်က ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၁၆ ကို အခြေပြု၍ ဘုရား ရှင်က အပြစ်သားများပင်ဖြစ်လင့်ကစား ချစ်မြဲချစ်လျက်ရှိသည်ဟု ဟောကြား၏။

မိုးလ်ဟောက်စ်တရားဒေသနာကြောင့် မူးဒီရမ်းဆ၍ ဆုပ်ကိုင်ထားသော အစွဲ မှာ အစိတ်စိတ်အမြွာမြွှာကွဲသွားကာ မိုးလ်ဟောက်စ်ထံ၌ ကျမ်းစာကို မည်သို ဖတ်ရှုလေ့ လာရမည်နည်းဟုပင် အကြံတောင်း၏။ နောက်တစ်နှစ် ညီလာခံအစည်းအဝေး၌ ညီလာခံ တက်ရောက်လာသူများထံ၌ ဤသိုဆိုသည်။ “လူတစ်ဦးတစ်ယောက်မှာ သာမန်ကာလျှံ အသိဉာဏ်လောက်သာ ရှိနေပေမယ့် တကယ်လိုသာ အဲဒီလူက ချစ်ခြင်း မေတ္တာအပြည့် အဝရှိနေမယ်ဆိုရင် အဲဒီလူဟာ အောင်မြင်မှုကိုရဖို မလွဲပါဘူး။”

၁၈၇၁ ခုနှစ်၊ အောက်တိုဘာတွင် ချီကာဂိုမြိုကြီးမီးလောင်မှုကြောင့် မူးဒီး၏ အိမ်အပါအဝင် ဝတ်ကျောင်းနှင့် အသစ်ဖွဲစည်းထားသော YMCA အဆောက်အအုံများ ၊ ပျက်စီးသွားသည်။ သိုသော် မူးဒီးသည် ဆိုးဝါးသော ယင်းအဖြစ်ဆိုးအတွက် ဘုရား၏ အစီအစဉ်ကို သိသောကြောင့် ဝမ်းနည်းပူဆွေးမနေဘဲ သာသနာပြုလုပ်ငန်းကို ထားခဲ့ကာ အမှုတော်ဆောင်လုပ်ငန်းကို ပို၍ ကျယ်ပြန့်အောင် လုပ်ဆောင်သည်။

 

အင်္ဂလန်သို ပြန်လာခြင်း ၊

 အနားယူရန်နှင့်သင်ကြားလေ့လာရန် မူးဒီးသည် ၁၈၇၁ ခုနှစ်၊ နွေတွင် အင်္ဂလန်သို အလည် အပတ်သွား၏။ သူသည် လန်ဒန်မြိုအသင်းတော်များ၏ တရားဟောရန် ဖိတ်ကြားချက်ကို လက်ခံကာ အံ့အားသင့်စရာကောင်းလောက်အောင် အောင်မြင်မှုရသည်။ တစ်ပတ်ခန့်ကြာ သောအခါ အသင်းတော်များထဲမှ အသင်းတော်တစ်ပါးတွင် ခရစ်တော်ကို လက်ခံသူ အသင်းသားဦးရေ အယောက် ၄၀ဝ ရှိသည်ဟု သိရ၏။

သူ၏ အမှုတော်ဆောင်လုပ်ငန်းကို နှစ်ထောင်းအားရဖြစ်သော အထင်ကရ ခရစ်ယာန် ပုဂ္ဂိုလ်သုံးဦးက သူ့ကို နယ်လှည့်၍ တရားဟောရန် သင့်ကြောင်း အဆိုပြုကြကာ ကုန် ကျစရိတ်ကို သူတိုတာဝန်ယူမည်ဟု ဆို၏။ ဒပ်ဗ္ဗလင်မြိုက ဟင်နရီဗာလေ (Henry Varley) က သူ့ကို ဤသိုပြောသည်။ “ဘုရားရှင်က လုံးဝ ဆက်ကပ်အပ်နှံထားနိုင်သူ တစ်ဦးနဲ့ ကမ္ဘာလောကကြီးကို မကြုံစဖူးတဲ့အရာတွေကို ပြုချင်နေတယ်။” ဗာလေ၏ စကားလုံးများသည် မူးဒီးကို စိန်ခေါ်နေသယောင်ရှိကာ ဘုရားရှင်အသုံးပြုမည့်သူမှာ သူပင်ဖြစ်ရမည်ဟု ဆုံးဖြတ်၏။ သူသည် ချီကာဂိုအသင်းတော်သို ဖိတ်ခေါ်ထားသော သီချင်းဆို ကောင်းသူ အိုင်ရာဆန်း (Ira Sankey) နှင့် မိတ်ဆွေဖြစ်သည်။ ၁၈၇၃ ခုနှစ်တွင် သူတိုနှစ်ဦးသည် လုပ်ငန်းစတင်ရန် အင်္ဂလန်သို လာရောက်ကြသော်လည်း ထိုအချိန်ထိ မူးဒီးက မည်သူတစ်ဦးတစ်ယောက်မျှ၏ ဖိတ်ခေါ်ခြင်းကို ပြန်ကြားခြင်း မရှိသေးရကား မည်သည့်ကြိုတင်စီစဉ်မှုမျှ မရှိခဲ့ပေ။

ယော့ခ်မြို အစည်းအဝေးတွင် မူးဒီးသည် YMCA အတွင်းရေးမှူးနှင့်တွေ့ကာ အစီအစဉ်များကို ကမန်းကတန်း ချမှတ်သည်။ ဒေသခံဘုန်းကြီးနှစ်ပါးက အမေရိကန် နှစ်ဦးအပေါ်တွင် သင်္ကာမကင်းဖြစ်ကြသော် လည်း မူးဒီး၏ ရိုးရိုးမှန်မှန် တရားဟောချက်နှင့် ဆန်း၏ စိတ်ဓာတ်နိုးကြားတက်ကြွစေသော ဓမ္မတေးများ ကြောင့် လူအများအပြား ပြောင်းလဲသည်။ ကိန်းကြီးခန်းကြီးနိုင်လှသူ လူငယ်အမှုတော်ဆောင် အက်ဖ်ဘီမေယာ (FB Meyer) သည် ထိုအမေရိကန်စုံတွဲကြောင့် အလွန်အံ့အားသင့်ကာ သူတိုဆီမှ ကြား နာသင်ယူခဲ့ရသမျှနှင့် သူ၏ သာသနာပြုပြုခြင်းကို ပုံစံပြောင်းသည်။

ယော့ခ်မြိုတွင် ကျင်းပသော တရားပွဲပြီးဆုံးချိန်တွင် သူတိုသည် ဆန်းဒါးလန်း inderland) နှင့် နယူးကယ်ဆဲလ် (Newcastle) သို ဆက်သွား၍ ထိုနေရာတွင် လွတ်လပ်သော စကော့တလန်အသင်းတော်၏ အမှုတော်ဆောင်တစ်ပါးက အီဒင်ဘာရာ ဒတ်ခေါ်သည်။ မူးဒီးက ထိုဖိတ်ခေါ်ချက်ကို စိတ်မသိုးမသန့်ဖြင့် လက်ခံ၏။ ရက်သ ပတ်ခြောက်ပတ်မျှ တရားပွဲကျင်းပကြကာ လူအများအပြားက လာရောက်နားထောင် ကြသည်။ –

 မြောက်ပိုင်းနယ်စပ်ဒေသတွင် ကယ်ဗင်ဝါဒကို ခိုင်မာစွာ ဆုပ်ကိုင်ထားကြမှန်းသိသော်လည်း မူးဒီးသည် ဘုရားရှင်က လူတိုင်းကယ်တင်ခြင်းရဖိုရန် အလိုရှိသည်ဟုဆိုကာ တရားဒေသနာတိုက်ကျွေး၍ ရလဒ်ကောင်းများလည်း မျှော်လင့်၏။ အစည်းအဝေးပြီး ဆုံးချိန်တိုင်းတွင် ဘုရားရှင်၏ တန်ခိုးတော်ကြောင့် အသက်တာပြောင်းလဲချင်သူများကို “ကိုယ်ရေးလက်ထောက်”တစ်ဦးက “ကယ်တင်ခြင်းစိတ်ချမှု ရှိ၊ မရှိ စုံစမ်းမေးမြန်းရာ အခန်း” (inquiry room) သို ခေါ်သွား၍ လမ်းညွှန်ချက်များ ထပ်မံပြုလုပ်ပေးသည်။ အများအပြားက သူတိုရာထူးများကိုစွန့်ကာ သူတိုကိုယ်ကိုယ် ခရစ်တော်အတွက် ပေးဆပ် ကြ၏။ ချမ်းသာသော လူငယ်လုပ်ငန်းရှင်အချိုက သာသနာပြုနိုင်ရန် (သို) လန်ဒန် အရှေ့ပိုင်းခရိုင်ရှိ ဆိုးပေကလေးများထံ၌ အလုပ်လုပ်နိုင်ရန်အတွက် သူတို၏ အသက်မွေး ဝမ်းကြောင်းအလုပ်များကိုပင် ထားပစ်ခဲ့ကြသည်။

 

 

ကျော်ကြားမှု ၊

အမေရိကန်နှစ်ဦး၏ ကျော်ကြားမှုပျံ့နှံပုံမှာ အီဒင်ဘာရာမှ ဒန်ဒီ အထိဖြစ်၍ ထိုမှတစ် ဆင့် ဂလက်စဂိုနှင့် စကော့တလန်မြောက်ပိုင်းသို တိုင်အောင်ဖြစ်သည်။ အိုင်ယာလန်နှင့် အင်္ဂလန်၏ အနယ်နယ်အရပ်ရပ်သို ဖိတ်ကြားခြင်းခံရကာ လန်ဒန်တွင် အအောင်မြင် ဆုံးဖြစ်၏။ အသင်းတော်လူကြီးများ၏ ဆန့်ကျင်ခြင်းနှင့် ဝေဖန်ခြင်းများ မည်သိုပင် ညံနေစေကာမူ အိစ်လင်တန် (Islington) စိုက်ပျိုးရေးခန်းမရှိ တရားပွဲမှာ လူအများအ ပြား ကြိတ်ကြိတ်တိုးဝင်ကြရသည်အထိဖြစ်၏။ ထိုမှတစ်ဆင့် မူးဒီးသည် လန်ဒန်အရှေ့ ပိုင်းခရိုင်သို ရောက်လာကာ အရှင်ရဲဖ်ဘာရီ (Shaltesbury) ၏ အကြံပြုချက်အရ ဟေမားကက် (Haymarket) အရပ်ရှိ ဘုရင်မဇာတ်ရုံတွင်လည်း တရားပွဲကျင်းပ၏။ ထိုတရားပွဲ၌ ဆင်းရဲချမ်းသာမရွေး ကယ်တင်ခြင်းသ တင်းစကားကို ကြားနာကြရသည်။ ဘုရင်မဇာတ်ရုံတွင် ကျင်းပသော သီးသန့်တရားပွဲမှ လူကုံထံ အများအပြားနှင့် သြဇာ အရှိန်အဝါကြီးမားသူအချို ပြောင်းလဲခြင်းရကြကုန်၏။

မူးဒီး၏ ပုံတိုပတ်စများကို အသုံးပြုကာ ရိုးရိုးကလေးတရားဟောခြင်းက အင်္ဂလန် ရှိ ဝတ်ကျောင်းပုံမှန်သွားသူများအတွက် အသစ်အဆန်းဖြစ်နေ၍ ဆန်း၏ “ဓမ္မ သီချင်းများကလည်း သူတိုကို အလွန်ဆွဲဆောင်နိုင်ခဲ့သည်။ သူတို၏ တရားပွဲကြောင့် အင်္ဂလိပ်အသင်းတော်မှာ အသင်းသားဦးရေ များပြားလာရုံမဟုတ်ဘဲ မူး၏ အထောက် အပံ့နှင့် အကြံပြုချက်များကြောင့် လူမှုရေးလုပ်ငန်းများတွင် တတပ်တအား ပါဝင်လာကြ သည်။

 

ဆန်ကေး

 အိုင်ရာဒီ၊ ဆန်ကေး (၁၈၄ဝ-၁၉၀၈) သည် သာယာနာပျော်ဖွယ်ရှိသော အသံရှင်ဖြစ် ၍ မက်သဒစ်အသင်းတော်၏ သံစုံအဖွဲ ခေါင်းဆောင်ကြီးဖြစ်ကာ ၁၈၇၀ ခုနှစ်တွင် ချီ ကာဂိုသို မူးဒီး၏ ဖိတ်ခေါ်ခြင်းခံရသူဖြစ်သည်။ ၁၈၇၃-၇၅ ခုနှစ်တွင် သူတိုနှစ်ဦး ဗြိတိန် သိုသွား၍ ဆန်း၏ ဓမ္မသီချင်းအသစ်များကြောင့် ကြီးမားသော အောင်မြင်မှု ရခဲ့ ကြသည်။ စာမျက်နှာ ၈၆ မျက်နှာပါသည့် မွန်မြတ်သော (Sacred) ဓမ္မသီချင်းများကို ၁၈၇၃ ခုနှစ်၊ စက်တင်ဘာတွင် ထုတ်ဝေကာ ကော်ပီတစ်ခုကို ခြောက်ပဲနိဖြင့်ရောင်းချ၍ ၁၈၇၅ ခုနှစ်၊ ဇန်နဝါရီ ၁ တွင် ထပ်မံဖြည့်စွက်၍ ပြန်လည်ထုတ်ဝေ၏။ ပထမ ၆ လ အတွင်း၌ ရောင်းရသမျှမှာ စတာလင်ပေါင် ၅၆ဝဝ ဖြစ်၍ အားလုံးကို ချီကာဂိုမြို မုဒုံ ၏ ဝတ်ကျောင်းတည် ဆောက်ရာ၌ အသုံးပြုသည်။ သူတို၏ သီချင်းများမှာ အမေရိကန် ဓမ္မတေး (Gospel) များကို အစားထိုးယူထားခြင်းဖြစ်သောကြောင့် မူပိုင်ခွင့်နှင့်ငြိစွန်းကာ အမေရိကတွင် ထုတ်ဝေခွင့်မရှိပေ။ သူတိုသည် နှစ် ၅၀ အတွင်းတွင် ကော်ပီသန်း ၅၀ -၈ဝ အထိ ရောင်းချနိုင်ခဲ့ကြ၏။ နောင်အခါရရှိသော စာမူခများကို ဟာမွန်တောင်ကုန်း ကျောင်းနှင့် အခြားစီမံကိန်းများအတွက် သုံးစွဲကြသဖြင့် မိတ်ဆွေနှစ်ဦး ကွဲပြဲခဲ့ရသည်။ တိုတောင်းသောအချိန် ၁၈၇၉ ခုနှစ်တွင် ဆန်းသည် မူဒီးနှင့် မပေါင်းတော့ဘဲ တစ်စင်ထောင်ကာ လုပ်ငန်းပြန် လည်စတင်ရန် အင်္ဂလန်သို လာရောက်သော်လည်း အောင် မြင်မှုမရတော့ပေ။ ၁၉၀၀ ခုနှစ်အစပိုင်းတွင် ဆန်ကေး၏ အသံမှာ သုံးမရတော့ဘဲဖြစ် သွားကာ အမြင်အာရုံများပါ ကွယ်ပျောက်ခဲ့ ရသော်လည်း သူ့မိတ်ဆွေကြီးထက်ကား ၉ နှစ်ခန့် အသက်ပိုရှည်၏။

အမေရိကတွင် မူးဒီးနှင့်ဆန်းတိုသည် ၁၈၆၄ ခုနှစ်နှင့် ၁၈၈၁ ခုနှစ်အကြားတွင် ဧဝံဂေလိနိုးကြားမှုဆိုင်ရာ တရားပွဲများကို မြိုကြီးများဖြစ်သော နယူးယောက်၊ ဖီလာဒဲ ဖီးယားနှင့် ဘော်စတွန်မြိုများ၌ ကျင်းပကြ၏။ အင်္ဂလန်ခရီးစဉ်မှပြန်လာပြီး နောက်ပိုင်းတွင် မူးဒီး၏ တရားဟောချက်များမှာ အနှစ်ရှိလာ၍ သူကိုယ်တိုင်လည်း ပို၍ ရည်မွန်လာသည်။ ၊ မည်သည့်နေရာတွင်ဖြစ်စေ သူ တရားစဟောလိုက်သည်နှင့် နိုးကြားမှု မီးတောက်မီးလျှံ မှာ တောက်လောင်နေစမြဲဖြစ်ကာ သူသည် အမျိုးသားတစ်ရပ်လုံး၏ သူရဲကောင်းဖြစ် လာသည်။ သူ၏ ဖွားရာဇာတိဖြစ်သော နော့သ်ဖီးလ်၌ အိမ်တစ်လုံးတည်ကာ ထိုနေ ရာသည် သူ့သာသနာလုပ်ငန်းများ၏ ဗဟိုချက်ဖြစ်လာသည်။

၁၈၇၉ ခုနှစ်တွင် သူသည် ဆင်းရဲကျပ်တည်းသော မိသားစုများမှ မိန်းကလေးများ အတွက် စာသင်ကျောင်းဖွင့်ပေးကာ နောင်နှစ်နှစ်အကြာတွင် ယောက်ျားလေးများအတွက် Mount Hermon School ကို ဖွင့်လှစ်၍ နှစ်ကျောင်းစလုံးသည် ဆန်း၏ မွန်မြတ် သော ဓမ္မသီချင်းစာမူခမှ ရရှိသော ရန်ပုံငွေများဖြင့် ရပ်တည်ခြင်းဖြစ်သည်။

မူးဒီးနှင့်ဆန်းတို၏ ဒုတိယအကြိမ် အင်္ဂလန်ခရီးစဉ်ဖြစ်သော ၁၈၈၁-၈၄ ခုနှစ် တွင် ပထမခရီးစဉ်ကဲ့သို အောင်မြင်မှုမရတော့သော်လည်း မှတ်မှတ်ထင်ထင်ကား ရှိ၏။ လန်ဒန်တွင် လေပြင်းမုန်တိုင်း နောက်တစ်ကြိမ်ပြန်လာချိန်၌ သူတိုသည် ကင်းဘရိတ်ချ တက္ကသိုလ်တွင်ရှိ၍ ယင်းမုန်တိုင်းသည် ထိုအရပ်တိုင်အောင် ရောက်လာသည်။

ထိုမုန်တိုင်းကြောင့် တရားပွဲအနှောင့်အယှက်ဖြစ်ရသော်လည်း နောက်ဆုံးညတွင် ကျောင်းသားအ ယောက် ၇ဝဝ မတ်တပ်ရပ်ကာ “သူတိုသည် တိုထိခြင်းခံရသည်”ဟု ဆိုကြ၏။ ထိုတရားပွဲရလဒ်ကား တက္ကသိုလ်ဘွဲကြိုကျောင်းသားတစ်ဖွဲသည် “ကင်းဘ ရိတ်ချ်ခုနှစ်ဖော်”ဟုဖြစ်လာကာ တရုတ်ပြည်သို သာသနာပြုသူများဖြစ်လာကြသည်။

သူတိုနှစ်ဦး အမေရိကသို ရောက်လာသောအခါ နော့သ်ဖီးလ်တွင် ၁၈၈၆ ခုနှစ်၌ ကျောင်းသားညီလာ ခံကျင်းပရာ အင်္ဂလန်ရှိ ကျောင်းသားများ၏ သတင်းသည် အတော် ပင် ဂယက်ရိုက်လျက်ရှိ၏။ ထိုအတွက် ကြောင့်ပင် ကျောင်းသားအယောက်တစ်ရာက ရပ်ခြားတွင် သာသနာပြုရန် စိတ်အားထက်သန်စွာ တရားဝင်လက်မှတ်ရေးထိုးကြကာ သူတိုဆောင်ပုဒ်မှာ “ဤမျိုးဆက်ဖြင့် ကမ္ဘာတစ်ဝန်းသို သာသနာပြု ခြင်း”ဟူ၍ဖြစ် သည်။ ဤကျောင်းသားများ၏ အများအကျိုးဆောင်လှုပ်ရှားမှုသည် အမေရိကကို ဖြတ် ကျော်၍ ဥရောပအထိတိုင် ပျံ့နှံကာ အင်္ဂလန်တွင် ခရစ်ယာန်ကျောင်းသားများ လှုပ်ရှားမှု အဖြစ် မွေးဖွား၍ နောင်အခါ ညီညွတ်သော တက္ကသိုလ်များအဖွဲဟူ၍ဖြစ်လာသည်။ မူးဒီးတည်ထောင်သော အခြားလုပ်ငန်းနှစ်ရပ်မှာ ချီကာဂိုမြို မိုးဒီးကျမ်းစာအသင်း (၁၈၈၆) နှင့် မူးဒီးပုံနှိပ်တိုက် (၁၈၉၅) တိုဖြစ်၍ ထိုပုံနှိပ်တိုက်မှထွက်သော စာအုပ်များ ကို တိရစ္ဆာန်ဆွဲသောလှည်းဖြင့် လှည့်ပတ်ရောင်းချကာ ကယ်တင်ခြင်းသတင်းစကားကို ဤနည်းဖြင့် ဖြန့်ဝေသည်။

မူးဒီးသည် အမေရိကနှင့်အင်္ဂလန်သို ခရီးအကြိမ်ကြိမ်သွားသော်လည်း သူ့လုပ်ငန်း ဆိုင်ရာ စိတ်ပင်ပန်း မှုနှင့် အဝလွန်ပြဿနာကြောင့် အပယိကဖျားနာမှုများ မကြာခဏ ခံစားရလေ့ ရှိ၏။ သူသည် ကင်းဆပ်စ် (Kansas) တွင် အဖျားဝင်သဖြင့် နော့သ်ဖီးလ် သိုပြန်လာရာ အသက် ၆၂ နှစ်တွင် ကွယ်လွန်၏။

အင်္ဂလိပ်ခရစ်ယာန်သာသနာအတွက် သူလုပ်ဆောင်ပေးခဲ့သည်မှာ ခရစ်တော်ကို လက်ခံသူဦးရေ တိုးပွားစေရန်အတွက်သာမဟုတ်ဘဲ သူ့နောက်ကွယ်တွင် တစ်သီးပုဂ္ဂလ အနေဖြင့်လည်းကောင်း၊ အဖွဲအစည်းများဖြင့်လည်းကောင်း၊ မျိုးဆက်များအဆက်ဆက်က ဘုရားရှင်၏ သာသနာတော်မြတ်အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ချင်အောင် လှုဆော် ပေးနိုင်ခဲ့ခြင်း ပင်ဖြစ်သည်။

 

စမစ်သ် ဝိဂလက်စ်ဝတ် (၁၈၅၉-၁၉၄၆) တရားဟောခြင်းနှင့် အနာရောဂါငြိမ်းခြင်းသာသနာ

 ၁၉ ရာစုအကုန်ပိုင်းတွင် ခရစ်ယာန်များအပေါ် တိုး၍တိုး၍ အကြီးအကျယ်သက်ရောက်မှု ရှိသော လှုပ်ရှားမှုတစ်ခုရှိကာ ထိုဂယက်သည် ယနေ့တိုင်အောင် ရိုက်ခတ်လျက်ပင် ရှိနေ သေး၏။ ထိုလှုပ်ရှားမှုကို ကနဦးအစက ပင်တီကော်စတယ်ဝါဒ (Pentecostalism) ဟု လူသိ၍ “သန်းရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝခြင်း (သိုမဟုတ် ဝိညာဉ်တော် ဗတ္တိဇံခံ ခြင်း)”ကို အလေးပေးသူများဖြစ်ကြသည်။ သူတိုသည် ရာစုနှစ်ပေါင်းများစွာ မေ့ပျောက် ခြင်းခံရသော ပင်တေကုတ္တေနေ့က တမန်တော်ကြီးများရရှိသည့် အခွင့်အရေးမျိုးကို ခရစ်ယာန်ယုံ ကြည်ချက်ရှိသူတိုင်းက ရရှိသင့်သည်ဟု ဆိုကြသူများဖြစ်သည်။

ရံခါတွင် ဒုတိယကောင်းချီးဟု ညွှန်းဆိုတတ်ကြသော ဝိညာဉ်တော် ဗတ္တိဇံခံခြင်းက ဝိညာဉ်တော်၏ ဆုကျေးဇူးများဖြစ်သော အထူးသဖြင့် အခြားသော ဘာသာစကားပြော ခြင်းနှင့် အနာရောဂါငြိမ်းခြင်းကို ပြန်ရစေသည်ဟု ဆို၏။ ဤလှုပ်ရှားမှုကို ဝါရင့်အသင်း တော်ဂိုဏ်းခွဲများက ဆန့်ကျင်အတိုက်အခံပြု ကြသော်လည်း သူတိုက ကမ္ဘာနှင့်အဝန်း အသင်းတော်အများအပြားကို တည်ထောင်နိုင်ခဲ့ကြသည်။ ။

ပင်တီကော်စတယ်ဝါဒသည် လောစ်အိန်းဂျလိစ် (Los Angeles) မြို အဇူဆာ (Azusa) လမ်းမကြီးပေါ်တွင် ၁၉၀၆ ခုနှစ်၌ စတင်သည်ဟု ယေဘုယျ သိရသည်။ ၁၈ ရာစုတွင် ဂျွန်ဝယ်စလေက သန့်ရှင်းသောဝိညာဉ် တော်သည် “သူ့နှလုံးသားကို ထူးထူး ခြားခြား နွေးထွေးမှုပေးကာ” သူဝေငှသည့်သတင်းစကားနှင့်အတူ ပါရှိသည်ဟုဆို၏။ တစ်ဖန် ဘုသ်နှင့် စီ၊ တီ စတတ်တိုကလည်း သူတို၏ သာသနာလုပ်ငန်းတွင် ဝိညာဉ် တော်၏ ဆုကျေးဇူးများကို ရရှိသူများဖြစ်ကြကာ ယင်းဆုကျေးဇူးများကို လိုချင်လျှင် ရှာဖွေတောင်းလျှောက်ကြ ရန်လည်း တိုက်တွန်းဆော်သြတတ်ကြသည်။

ရာစုနှစ်ထက်ဝက်ခန့်ကြာသောအခါ ထိုလှုပ်ရှားမှုသည် ပင်တီကော်စတယ်အသင်း တော်များအတွင်း၌ ကန့်သတ်ဘောင်ခတ်ခြင်းများ ရှိလာသည်။ ၁၉၅၀ ခုနှစ်ဝန်းကျင်တွင် အခြားခရစ်ယာန်ဂိုဏ်းခွဲများက သန့်ရှင်းသောဝိညာဉ်တော်၏ ဗတ္တိဇံခံခြင်းကို စိတ်ဝင် စားလာကြ၏။ သစ်ဆန်းပင်တီကော်စတယ် (သို) ကာရစ်စ်မဲတစ်လှုပ်ရှားမှုသည် တစ်ဖန် ပြန်၍ စန်းထပျံ့နှံလာကာ ရိုမင်ကက်သလစ်နှင့် ပရိုတက်စတင့်အသင်း တော်များကို လမ်းမိုးလာ၏။ သစ်ဆန်းပင်တီကော်စတယ်က အလွန်အံ့အားသင့်ဖွယ်ကောင်းသော ဘုန်းတန်ခိုးများကို ကနဦးအသင်းတော်ကာလအတိုင်း ပြန်လည်ရရှိသည်ဟု ဆိုသဖြင့် လူအများအပြားက ထိုလှုပ်ရှားမှုကို နှစ်သက်သဘောကျကြ၏။

အေဂျီ (Assemblies of God) အသင်းသည် သစ်ဆန်းပင်တီကော်စတယ်အသင်း တော်များထဲမှ တစ်ခုဖြစ်၍ ယခုအချိန်တွင် ဗြိတိန်၌ အကြီးမားဆုံး ဂိုဏ်းခွဲတစ်ခုဖြစ် သည်။ အေဂျီအသင်းသည် ၁၉၂၄ ခုနှစ်တွင် သိက္ခာတော်ရဆရာ အလက်ဇန္ဒားဘားဒီ (Alexander Boddy) ၏ ခေါင်းဆောင်မူဖြင့် ဆက်တိုက်ကျင်းပသော All Saints Parish Church, Monkwearmouth နှင့်  Sunderland တရားပွဲတို့မှ ပေါက်ဖွား လာခြင်းဖြစ်သည်။ အေဂျီအသင်းတော်ထဲတွင် အမှုတော်ဆောင် ၆၀၀ ကျော်ရှိ၍ ဘုရားကျောင်းများလည်း ထိုမျှလောက်ပင်ရှိကာ ဒေသန္တရအသင်းတော်များက ကမ္ဘာ တစ်ဝန်းသို သာသနာပြု အများအပြား စေလွှတ်သည်။

ဝိညာဉ်တော် ဗတ္တိဇံခံခြင်းရရှိသော တန်ခိုးထွားသည့်စံပြပုဂ္ဂိုလ်များအနက် ဝိဂလက်စ် ဝတ် (Wigglesworth) သည် တစ်ဦးဖြစ်ကာ သူသည် အေဂျီအသင်းတော်၏ ဧဝံဂေလိ ဆရာတစ်ပါးဖြစ်၍ သူ၏ သာသနာလုပ်ငန်းသည် မည်သည့်ဂိုဏ်းခွဲနှင့်မဆို ဘောင်ခတ် ကန့်သတ်ထားခြင်းမရှိပေ။ သူ၏တရားဒေသနာကြောင့် ထူးခြားစွာ ပြောင်းလဲမှုများ နှင့် အနာရောဂါငြိမ်းခြင်းများ ရကြသဖြင့် အသင်းတော်အများအပြားက သူ့ကို ဖိတ် ခေါ်ကြ၏။

 

ယုံကြည်ခြင်းဖြင့်သာ

 ဝိဂလက်စ်ဝတ်သည် ယော့ခ်ရှိင်းယား (Yorkshire) နယ် အလုပ်သမားလူတန်းစား မိသားစုမှ အာလ်စတာ (Ulster) နိုးထမှုဖြစ်ပွားချိန် ၁၈၅၉ ခုနှစ်တွင် မွေးဖွားသည်။ သူ့ မိဘနှစ်ပါးမှာ လူကောင်းသူ ကောင်းများဖြစ်ကြသော်လည်း ခရစ်ယာန်များ မဟုတ်ကြပေ။ သူ၏ ခရစ်ယာန်ယုံကြည်မှုသည် ဝယ်စလေယန်မက်သဒစ် အဘွားဆီမှ ရခဲ့ဟန်တူ၏။ သူသည် ငယ်ရွယ်စဉ်ကတည်းက သူ့အဘွားတက်သော တရားပွဲများနောက်ကို တကောက် ကောက်လိုက်ရာမှ သူ့အသက် ၈ နှစ်တွင် ခရစ်တော်သည် သူ့အပြစ်အတွက် အသေခံ ခဲ့ကြောင်းကို သိလာခဲ့သည်။ “ဘုရားရှင်သည် ကျွန်ုပ်တိုအတွက် ဤမျှဆိုးဝါးသော အခြေ အနေမှ “ယုံကြည်ခြင်းဖြင့်သာ” ကယ်တင်နိုင်မည့် နည်းလမ်းကို ချမှတ်ပေးခဲ့သည်” ဟု ဆို၏။

ထိုနေ့မှစ၍ သူသည် ပျောက်ဆုံးဝိညာဉ်ရှာဖွေသူတစ်ဦးဖြစ်လာကာ သူ ပထမဆုံး ရှာဖွေတွေ့ရှိသူမှာ သူ့မိခင်ပင်ဖြစ်သည်။ ဖခင်မှာ ဘာသာရေး၌ စိတ်တိမ်းညွတ် တတ် သူမဟုတ်သော်လည်း သူ့သားလေးယောက်ကိုကား အင်္ဂလီကန်ဝတ်ကျောင်းသို တက် ခွင့်ပြုသူဖြစ်ကာ စမစ်သ်သည် အသက် ၁၀ နှစ်တွင် အသင်းသားဖြစ်ခွင့်ရသူဖြစ်၏။ သင်းအုပ်ဆရာက လက်တင်ဆုတောင်းပေးနေစဉ် “ဘုရားရှင် သူနှင့်အတူပါရှိကြောင်း သိမှတ်ကာ” ထိုအဖြစ်အပျက်ကို နောင်ဘယ်သောအခါမှ မမေ့ချေ။

အသက် ၁၃ နှစ်အရွယ်တွင် စမစ်သ်၏ မိသားစုများသည် ဘရက်ဖော့ဒ် ( Bradford) သို ပြောင်းရွှေ့ကာ သူလည်း ဝိညာဉ်ရေးအသက်တာထဲ၌ ပို၍ နက်ရှိင်းစွာ တိုးဝင် ၏။ သူသည် လူများကို ခရစ်တော်ထံပိုရန် အလွန်ဇောသန်နေလျက်ရှိကာ သူနှင့်ရွယ်တူ ယောက်ျားလေးများထံ၌ ကယ်တင်ခြင်းသတင်းစကားဝေငှရန် ကြိုးစားလျက်ရှိ၏။ သူသည် နောင်အခါ ကယ်တင်ခြင်းတပ်ဟု ထင်ရှားကျော်ကြားလာမည့် ခရစ်ယာန်သာ သနာပြုများ နှင့်ချိတ်ဆက်သည်။ အကြောင်းမှာ သူတိုသည် ကယ်တင်ခြင်းမရသေးသူများနှင့်ပတ်သက် လျှင် အတော်ပင် သြဇာလွှမ်းမိုးနိုင်သည်ဟု ထင်သောကြောင့်ဖြစ်သည်။ သူသည် လီဗာပူး ၌ အချိန်တိုခရီးထွက် ပြီးနောက် ဘရက်ဖော့ဒ်သို ပြန်လာကာ ပိုက်ပြင်သော အလုပ်ကို လုပ်သည်။

သူ့အသက် ၂၃ နှစ်တွင် ကယ်တင်ခြင်းတပ်မှ အရာရှိတစ်ဦးဖြစ်သူ ပေါ်လီ ဖီးသား စတုန်း (Polly Featherstone) နှင့် ထိမ်းမြားသဖြင့် သူမသည် ပြန်တမ်းဝင်အရာရှိ ဘဝကို စွန့်ရတော့၏။ သူတိုနှစ်ဦးသည် ဘရက်ဖော့ဒ်အရပ်ရှိ ခရစ်ယာန်တစ်ဦးတလေပင် မရှိသေးသောအရပ်၌ သာသနာပြုစခန်းတစ်ခုဖွင့်၏။ စမစ်သ်က နောင်တရသော အပြစ် သားကို ခရစ်တော်ထံသို ပိုဆောင်နိုင်ရန် လမ်းညွှန်ချက်ပေးနေစဉ် ပေါ်လီက စိတ်အား ထက်သန်သော ဧဝံဂေလိဆရာနှင့် နာမည်ကျော်တရားဟောဆရာ သူ့အမျိုးသားကဲ့သိုပင် တရားဒေသနာတိုက်ကျွေးသည့် တာဝန်ကို ယူသည်။

အအေးလွန်သော ဆောင်းရာသီတစ်ခါ၌ စမစ်သ်သည် ပိုက်ပြင်ဆရာဘဝကြောင့် ကောင်းစားသဖြင့် ဘိုးလင်း (Bowland) လမ်းရှိ အိမ်ကြီးရခိုင်ကိုဝယ်ကာ သူတို၏ သာသနာလုပ်ငန်းကို ပြောင်းရွှေ့သည်။ ထိုအရပ်တွင်နေစဉ်က ဝိဂလစ်စ်ဝတ်သည် “ဘုရား ရှင်၏ အံ့ဖွယ်ကျန်းမာခြင်း”ကို ထိတွေ့ခံစားခဲ့ရသည်။ ဖြစ်ပုံမှာ ပေါ်လီနာမကျန်းဖြစ် သောအခါ စမစ်သ်က လိဒ်စ် (Leeds) အရပ်ရှိ အနာရောဂါငြိမ်းခြင်းဆိုင်ရာ တရားပွဲ သို ခေါ်ဆောင်သွား၏။ သူမနေပြန်ကောင်းလေလျှင် နှစ်ပေါင်းများစွာ အံကြိတ်သည်းခံလာခဲ့သော သူ့လိပ်ခေါင်းရောဂါလည်း လုံးဝ ပျောက်ကင်းသွားလေ၏။ ထိုအချိန်မှစ၍ ရှေ့တစ်လျှောက် မည်သည့်ဆေးဝါးကိုမျှ မမှီဝဲဘဲ နေရန်နှင့် မည်သည့် ဆရာဝန်ဆီကိုမျှ မသွားရန် သူတို ဆုံးဖြတ်ကြ၏။

သူတို၏ ဆုံးဖြတ်ချက်ကို မကြာခင် စမ်းသပ်ခြင်းခံရရန် အကြောင်းဖန်လာသည်။ စမစ်သ်သည် နှာစေးချောင်းဆိုး၍ အပြင်းဖျားသဖြင့် တရားပွဲမှ အိမ်သို ပြန်သယ်လာ ခဲ့ကြသည်။ သူက ပေါ်လီထံ၌ သူ အိမ်ပြန်ရခါနီးပြီဖြစ်သောကြောင့် ဆရာဝန်ကို သေမှု သေခင်းဆိုင်ရာ စုံစမ်းစစ်ဆေးရန် အပင့်ခိုင်း၏။

ဆရာဝန်က သူ့ရောဂါသည် အူတက်ရောင်ရောဂါ ဖြစ်သဖြင့် ပြန်လည်ကောင်းလာ တော့မည် မဟုတ်ဟု အသိပေးသည်။ သိုသော် ယုံကြည်သူအမျိုးသမီးနှင့် အမျိုးသား တစ်ဦးတို သူ့ကို ကြည့်ရှုရန်လာကြကာ သူတိုက နတ်ဆိုးပူးခြင်းခံရသည်ဟုဆို၍ စမစ်သ်၏ ကိုယ်ပေါ်တွင် လက်တင်ကာ ဤသိုအော်ဟစ်ကြသည်။ “ယေရှုနာမနဲ့ ဒီနတ် ဆိုးကို နှင်ထုတ်တယ်၊ အသင်နတ်ဆိုး ထွက်သွားပါ။” စမစ်သ်၏ ဝေဒနာသည် နှုတ် ယူပစ်သကဲ့သို ချက်ချင်းဆိုသလို ပျောက်သွားသဖြင့် အောက်ထပ်သို ဆင်း၍ သူ့ဇနီးထံ၌ “ငါကျန်းမာပြီ”ဟူပြော၏။

 

အခြားသော ဘာသာစကားပြောခြင်း

သူတိုနှစ်ဦးစလုံး ဘရက်ဖော့ဒ်၌ နှစ် ၂၀ ကျော် သာသနာပြုကာ လဟာပြင်၌ တရား ဟောခြင်းနှင့် ဖျားနာသူအတွက် ဆုတောင်းပေးခြင်းများ ပြုလုပ်ကြသည်။ ထိုအချိန်တွင် ဆန်းဒါးလန်း၌ လူများက ဝိညာဉ်တော် ဗတ္တိဇံခံခြင်းနှင့် အခြားသော ဘာသာစကားများ ပြောကြသည်ဟူသော သတင်းရရှိသဖြင့် သူလည်း ထိုဆုကျေးဇူးများကို သူ့အတွက် လို အပ်သည်ဟု ဆို၏။ Monkwearmouth ရှိ အင်္ဂလီကန်အသင်းတော်တွင် လေးရက်တာ တရားပွဲကြီးပြီးဆုံး၍ အိမ်ပြန်လာခါနီး၌ သူသည် “ပင်တေကုတ္တေနေ့က သူတိုရရှိသည့် အတိုင်း စစ်မှန်သည့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဗတ္တိဇံပေးခြင်းကို ရရှိသည်။

ထိုအဖြစ်အပျက်များကြောင့် သူ၏ သာသနာလုပ်ငန်း တစ်မျိုးတစ်ဖုံပြောင်းသွားကာ အရင်ကထက် အသက်တာတွင် ဝိညာဉ်တော်နှင့် ပို၍ နီးကပ်လာ၏။ မကြာခင် သူ့ ဇနီးကလည်း အလားတူ ဆုကျေးဇူးများရကာ များမကြာမီတွင် အဖွဲ အစည်းများနှင့် တစ်သီးပုဂ္ဂလများထံမှ နိုင်ငံအနှံ စကားပြောရန် ဖိတ်ခေါ်ခြင်းခံရသည်။

နိုင်ငံအနှံ ဖိတ်ခေါ်ခြင်းများခံရသောအခါ သူ၏ စီးပွားရေးအလုပ်ကို စွန့်ပစ်ထား၍ “ယုံကြည်ခြင်းဖြင့် အသက်ရှင်ရန် စတင်သည်။ သူသည် ဘယ်အခါတွင်မှ “ခပ်စုတ် စုတ်”မနေတော့ရန် (သို) ဒူးဆစ်များပေါ်သော ဘောင်းဘီရှည်များကို မဝတ်ဆင်တော့ရန် ဘုရားရှင်ထံ၌ သူ့အခြေအနေကို ချပြတောင်းဆိုသည်။ ဆုတောင်းပြည့်သဖြင့် အမြဲ သစ်လွင်တောက်ပနေတော့၏။

ဝိဂလက်စ်ဝတ်သည် ဧဝံဂေလီဆရာတစ်ပါးအဖြစ် နာမည်ကြီးလာသည်နှင့်အမျှ တရားဟောရာတွင်လည်း ပို၍ ထိရောက်လာသည်။ သူသည် လူများကို ခရစ်တော်ထံ အရောက်ပိုနိုင်သော နည်းလမ်းများအားလုံးကို အသုံးပြုကာ အလုပ်လုပ်၏။ သူ၏ နေ့စဉ် အသက်တာ၌လည်း ကိန်းကြီးခန်းကြီးနိုင်လှကာ ပန်းခြံတွင် လမ်းလျှောက်ခြင်း (သို) ရထားဖြင့် ခရီးသွားခြင်းများပြုတတ်သည်။ လူထုကို စကားပြောရာတွင် အိမ်တွင်စကား ပြောသကဲ့သို ရိုးရိုးရှင်းရှင်း ပြောတတ်သော်လည်း တရားဟောရာတွင်မူ လုံးဝ ခြားနား၏။ တရားဟောသောအခါ အပေါ်ကုတ်အင်္ကျီကို အမြဲလိုလိုချွတ်ကာ ရှပ်အင်္ကျီလက်တိုဖြင့် သာ တရားဟောသောကြောင့် ပရိသတ်၏ ဝေဖန်မှုကိုခံရသော်လည်း သူ၏ တရား ဒေသနာကြောင့် မကြာခင် ဘဝင်ခိုက်အောင် ကြည်နူးကြရသည်ချည်းဖြစ်သည်။

 

 

ဘုရားရှင်ကို ယုံကြည်ရန်လိုအပ်ခြင်း

သူ၏ အဓိကတရားတော်မှာ ဘုရားရှင်ကို ယုံကြည်ရန် လိုအပ်ခြင်းဖြစ်၍ သူ၏ သွန်သင် ချက်အရ ခိုင်ကြည်ပြတ်သားသော ယုံကြည်ချက်ဖြင့် ဆုတောင်းလျှင် တိကျသေချာသော ရလဒ်ကောင်းများကို ယူဆောင်ပေးနိုင်သည်ဟူ၍ဖြစ်ကာ သူ့တရားနာပရိသတ်များကို ဤသို ခွန်အားပေးတတ်၏။ “ဘုရားရှင်ထံတော်ပါးမှ လိုချင်တာကို တောင်းယူပါ၊ ရမယ် လိုလည်း ယုံကြည်ထားကြပါ၊ ရပြီးရင်လည်း ဘုရားရှင်ကို ကျေးဇူးတင်စကားဆိုပါ။” သူရရှိထားသော အနာရောဂါငြိမ်းခြင်း ဆုကျေးဇူးကြောင့် လူထောင်ပေါင်းများစွာ သူ့တရားပွဲများ၌ အနာရောဂါငြိမ်းခြင်း ရရှိနိုင်ရန်သက်သက်ဖြင့် သူ့ထံ၌ လာရောက်ကြ ၏။ သူသည် လူနာများအတွက် အလွန်ကရုဏာသက်ကာ“ကရုဏာဒေါသဖြင့် လောင် ကျွမ်းလျက်” သူတိုအတွက် ဆုတောင်းပေးလျက်ရှိသည်။

နှစ်များကြာလာသောအခါ ခြေမသန်စွမ်းသူများ လမ်းထလျှောက်ခြင်း၊ နားပင်းသူများ ပြန်ကြားရခြင်း၊ မျက်ကန်းသူများ၏ အမြင်များ ပြန်ပွင့်လာခြင်းနှင့် နတ်ဆိုးများ နှင်ထုတ် ခြင်းများအပြင် ကင်ဆာရောဂါ သည်များ ပျောက်ကင်းခြင်းနှင့် သေဆုံးပြီးသူများပင် ပြန် လည်သက်ဝင်လှုပ်ရှားမှုများရှိသည်။ သူ၏ ကုထုံးနှင့်ပတ်သတ်၍ အငြင်းပွားစရာရှိသော် လည်း သူ့ရည်ရွယ်ချက်မှာ ဘုရား၏ ဘုန်းတန်ခိုး ထင်ရှားဖိုအတွက်သာလျှင်ဖြစ်၏။ ရံခါဆိုသလို သူ့လက်ကိုင်ပဝါကို လူနာများထံ ပေးပိုခြင်းအားဖြင့် ထိုသူများ၏ ရောဂါ များ ပျောက်ကင်းသည်ဟုလည်း ပြောဆိုကြ၏။ ခြေမသန်စွမ်းသူများအတွက် ဆု တောင်းပေးပြီးလျှင် သူတို၏ တုတ်ကောက်များကို ပစ်ချစေကာ တချိုဆိုလျှင် ခန်းမ ကြီးကိုပင် ပတ်ပြေးနိုင် ကြသည်ဟူသတတ်။

သူ့ဇနီးကွယ်လွန်ချိန် ၁၉၁၃ ခုနှစ်၊ နောက်ပိုင်းတွင် ဝိဂလက်စ်ဝတ်သည် ကမ္ဘာ့ အနှံအပြားသို ခရီးများ ထွက်လာသည်။ ခရီးစဉ်တိုင်းကို ကြိုတင်အသိပေးခြင်း မရှိဘဲ တရားပွဲများမှာ ကတိုက်ကရိုက် စီစဉ်ရသည်ချည်းဖြစ်၏။ ဤနည်းဖြင့် တိုက်ကြီးငါး တိုက်တွင် သွားရောက်လည်ပတ်ကာ ပြောင်းလဲခြင်းရသူ (သို) အနာရောဂါငြိမ်းခြင်းရသူ ထောင်ပေါင်းများစွာ ရှိလာသည်။

သူကိုယ်တိုင် နာဖျားမကျန်းဖြစ်သောအခါ ဆရာဝန်၏ ကြည့်ရှုစောင်မခြင်းကို ဆက်တိုက်ဆိုသလို ငြင်းဆန်၍ အသက် ၇၂ နှစ်ရှိလာသောအချိန်တွင် သဲခြေ၌ ကျောက် တည်သောရောဂါကို ခံစားရသော်လည်း တစ်ကိုယ်တည်းဆုတောင်းခြင်းဖြင့် တိုက်လှန် ၏။ ဤရောဂါကြောင့် လပေါင်းများစွာ နာကျင်ခံစားရသော် လည်း သူ့ကုထုံးဖြစ်သော ဆုတောင်းခြင်းသက်သက်ဖြင့် ပြန်လည်သက်သာလာသည်။ သူ၏ ကျန်းမာရေး ဒေါင်၊ ဒေါင်မြည်ပြန်ဖြစ်လာကာ သူကွယ်လွန်ချိန်ဖြစ်သော အသက် ၈၇ နှစ်အရွယ်ထိ သွား တစ်ချောင်းပင် မကျိုးမပဲ့ဘဲ အကောင်းပကတိ ရှိနေသေး၏။

ဝိဂလက်စ်ဝတ်သည် “ဘုရား၏ ဂုဏ်သရေရှိလူကြီးလူကောင်း”ဟု သမုတ်ခြင်း ခံရသည့်အပြင် သူ့ကို စာနာထောက်ထားတတ်သူ၊ တစ်ကိုယ်ကောင်းမဆန်သူနှင့် သဘော ထားကြီးသူဟုဆိုကြ၍ “ဘုရားရှင်၏ မွှေးပျံ့ရနံ့”ဟုလည်း တင်စားခေါ်ဝေါ်ကြသည်။ သူ့ဈာပနအခမ်းအနားတွင် Elim ကျမ်းစာကျောင်း၏ လက်ထောက်ဘုန်းကြီး ဂျိုးဆက် စမစ်သ် (Joseph Smith) က ဤသိုဆို၏။ “သူထွက်ခွာသွား၍ လောကတွင် မရှိတော့ သော်လည်း သူသွားမည့်နေရာသို တန်းတန်းမတ်မတ် ရောက်ရှိသွားပြီးဖြစ်သည်။ အစ်ကိုကြီး ဝိဂလက်စ်ဝတ်သည် သာမန်ပုဂ္ဂိုလ်တစ်ဦးမျှသာ မဟုတ်ဘဲ ဘုရားရှင်ကို ယုံကြည်သော ကြောင့် သူ ယုံကြည်သော ဘုရားရှင်၏ ချီးမြှင့်မြှောက်စားခြင်းကို ခံရသူဖြစ်သည်။”

 

ဒေါက်တာမာတင်လွိက်ဂျုံးစ် (၁၈၉၉-၁၉၈၁) ဝက်စ်မင်စတာဓမ္မာရုံ လန်ဒန်မြို

“ဧဝံဂေလိ”ဟူသော ဝေါဟာရမကို သူတို၏ ယုံကြည်ခံယူချက်များအား အခြားအရာ များထက် ဓမ္မသစ်ကျမ်းတွင်သာ အခြေတည်သည်ဟု ယုံကြည်သော ပရိုတက်စတင့်ခရစ် ယာန်များနှင့် ခရစ်တော်၏ အပြစ်လွှတ်ခြင်း အသက်စတေးမှုကြောင့် ကယ်တင်ခြင်း ၊ ရသည်ဟု ခံယူထားသူများကို ညွှန်းဆိုရာ၌ အသုံးပြုသည်။ ပရိုတက်စတင့်အသင်း တော်များ၏ နိုးထချိန်ဖြစ်သော ၁၈ ရာစုတွင် ဤဝေါဟာရမှာ ပို၍ တွယ်ကျယ်လာကာ သမ္မာကျမ်းစာ၏ အခြေခံကျသော အမှန်တရားများကို လိုက်နာသည့် ခရစ်ယာန်များဟု လည်း အဓိပ္ပာယ်ထွက်သည်။

 

သတင်းကောင်းဝေငှသူများ ၊

 ဝိညာဉ်ရေးနိုးကြားမှုက လမ်းရိုးမလိုက်သူများ (Nonconformist) ကိုသာ တိုထိသည် မဟုတ်ဘဲ အင်္ဂလီကန်အသင်းတော်ကိုလည်း တိုထိကာ သူတိုကပင် “ဧဝံဂေလိ””ဟု သောဝေါဟာရကို စတင်အသုံးပြုကြခြင်းဖြစ်သည်။ စင်စစ် ဤဝေါဟာရကို ရှေးယခင်က သင်းအုပ်ဆရာ ဘာကလေ (Berkeley) အသုံးပြုပြီးဖြစ်ကာ အင်္ဂလီကန်အသင်းတော် ထဲတွင် ဦးဆောင်ဦးရွက်ပြုသူအချိုက “သတင်းကောင်းဝေငှသူ များအဖွဲ”ဟူ၍ အဖွဲ အစည်းတစ်ခုပင် ဖွဲစည်းတည်ထောင်ခဲ့ကြသည်။ ထိုအဖွဲ ကို ခေါင်းဆောင်သူများမှာ ကလာဖန်ဂိုဏ်းအဖွဲဝင် ဝီးလ်ဘားဖိုစ် . Truro o Samuel Walker, Huddersfield မှ Henry Venn နှင့် Oney မှ John Newton တိုဖြစ်ကြသည်။

အခြားဂိုဏ်းဂဏမှ ယုံကြည်သူများကိုလည်း “ဧဝံဂေလိ”ဟူသော ဝေါဟာရက ဆွဲဆောင်ထားရာ သူတိုသည် နောင်အခါတွင် သတင်းကောင်းဝေငှသူများဖြစ်ကြ၏။ သတင်းကောင်းဝေငှရာတွင် လမ်းရိုးမလိုက်သူများ၏ ယုံကြည်ခြင်းခံယူချက်နှင့် အင်္ဂလ် ကန်များ၏ ကျင့်စဉ်များသည် မတူကွဲပြားသည် မှန်သော်လည်း ကယ်တင်ခြင်းသတင်း ကောင်းဝေငှရာ၌ အတူပူးပေါင်းဆောင်ရွက်နိုင်ကြသည်။

ဧဝံဂေလိလုပ်ငန်း၏ အဓိကသော့ချက်မှာ ဝိညာဉ်ရေးတစ်ခုတည်းသာဖြစ်သော် လည်း အလှူဒါနလုပ်ငန်းများနှင့် တွဲလုပ်လေ့ ရှိကြသည်။ ရလဒ်မှာ ၁၉ ရာစုကို ရွှေခေတ် ဟု တင်စားခေါ်ဝေါ်ကြ ရသည်အထိဖြစ်၏။ ထိုအတွက်ကြောင့်ပင် မျက်မှောက်ခေတ် သာသနာလှုပ်ရှားမှုနှင့် ကြီးမားသော ခရစ်ယာန်အဖွဲ အစည်းများ ပေါ်ထွန်းလာကာ ပရဟိတလုပ်ငန်းများကို ကျယ်ပြန့်စွာ လုပ်ကိုင်လာနိုင်ကြခြင်းနှင့် လူမှုရေးလှုပ်ရှားမှုများ အဖြစ် ခရစ်ယာန်စာပေများလည်း တိုးတက်လာခြင်းဖြစ်သည်။

ဧဝံဂေလိသတင်းကောင်း စတင်ဝေငှချိန်မှစ၍ ခရစ်ယာန်များအားလုံးက တရား ဟောဆရာကြီးများ ဖြစ်ကြသော ကင်းဘရိတချ်မှ ချားလ်ဆိုင်မွန် (Charles Simeon ) နှင့် မီထရိုပိုလီတန် တာဘာနီကယ်လ်မှ စီ အိပ်ချ် စပါဂျွန်တိုက မွန်မြတ်သော အမှန်တ ရားကို အဓိပ္ပာယ်ဖွင့်ဆို ရှင်းလင်းပေးခဲ့ကြသဖြင့် မျိုးဆက်များ အဆက်ဆက် ယနေ့တိုင် ဝမ်းမြောက်ကြရခြင်းဖြစ်၏။

မကြာသေးမီနှစ်များဆီက ထင်ရှားကျော်ကြားသော ဧဝံဂေလိယုံကြည်ခြင်းဆိုင်ရာ ခေါင်းဆောင် တစ်ဦးမှာ မာတင်လွိက်ဂျုံးစ် (Martyn Lloyd-Jones) ဖြစ်သည်။သူ သည် လန်ဒန်မြို ဝက်စ်မင်စတာဓမ္မာရုံရှိ ကယ်ဗင်ဝါဒဆန်သော မက်သဒစ်နောက်ခံရှိသူ တရားဟောဆရာဖြစ်၍ “နောက်ပေါက်ပြူရီတန်”တစ်ဦးလည်း ဖြစ်၏။ သူသည် ထို ဓမ္မာရုံ၌ ဒေါက်တာကမ်ဘဲလ်မော်ဂန် (DrCampbell Morgan) ကို ဆက်ဆံသူဖြစ်ကာ ထိုနေရာတွင် ၂၉ နှစ်တာ အမှုတော်ထမ်းဆောင်သူဖြစ်သော်လည်း သူ့လွှမ်းမိုးနိုင်မှုသည် ထိုပလ္လင်တော်၏ ကန့်သတ်ဧရိယာကို ကျော်လွန်၍ ပျံ့နှံရောက်ရှိသည်။

 

လူများ၏ဝိညာဉ်ရေးကို ပို၍စိတ်ဝင်စားသူ

မာတင်လွိက်ဂျုံးစ်သည် လန်ဒန်မြို St.Bartholomew’s ဆေးရုံကြီး၌ တော်ဝင်ဆရာဝန် ဆာသော မတ်စ်ဟိုဒါ (Sir Thomas Horder-နောင်အခါ အရှင်ဖြစ်သူ)၏ လက်အောက် ၊ တွင် အရည်အချင်းပြည့်မီသော ဆရာဝန်တစ်ဦးဖြစ်လာ၏။ ဘတ်စ်မြို (Barts) တွင် ဆရာ၊ ဝန်သင်တန်းတက်စဉ်က တရားဟောနည်း နိဿရည်းနှင့် သင်းအုပ်ဆရာလုပ်ငန်းများကို တတ်မြောက်ခဲ့သဖြင့် ဘုရားရှင်က သာသနာလုပ်ငန်းအတွက် ပြင်ဆင်ပေးခြင်းဖြစ်မည်ဟု ယုံကြည်၏။

ဟိုဒါက သူ့ကျောင်းသားများကို အမေးအဖြေများ စဉ်တိုက်ပြုလုပ်စေ၍ အဖြေ ရှာနည်း (Socratic Method) ဖြင့် အရိုးစွဲနေအောင် ပြုလုပ်ပေးကာ နိဂုံးတွင် အမှန် ရအောင် သင်ပေး၏။ လွိက်ဂျုံးစ်က တရားဟောရာ၌ ဤနည်းကို အသုံးပြုကာ လူ များ၏ ဝိညာဉ်ရေးဆိုင်ရာပြဿနာများကို ဖြေရှင်းပေးရာတွင် အမှုတော်ဆောင်များအား ဤနည်းဖြင့် ချဉ်းကပ်ကြရန်လည်း အကြံပေးလေ့ ရှိသည်။

၁၉၂၂ ခုနှစ်တွင် သူသည် ဟိုဒါ၏ ဟာလေလမ်းမကြီးပေါ်ရှိ ဆေးဝါးဆိုင်ရာ အကြီး အကဲအဖြစ် ခန့်အပ်ခြင်းခံရသည်။ သိုသော် သူက လူများ၏ ရုပ်ပိုင်းဆိုင်ရာ ရောဂါများ ထက် ဝိညာဉ်ရေးကို ပို၍ စိတ်ဝင်စား၏။ အမှုတော်ဆောင်လောကထဲသို ဝင်လာရန် ဖိတ်ခေါ်ခြင်းခံရသဖြင့် ၁၈ လ အချိန်ပေးစဉ်းစားပြီးနောက် ဖိတ်ခေါ်ချက်ကို လက်ခံ သည်။

အသက် ၂၇ နှစ်အရွယ်တွင် ဓမ္မဗေဒဆိုင်ရာ စနစ်တကျ သင်ယူခြင်းမရှိသော် လည်း သူ့ဇာတိဖြစ်သော ဝေလနယ် Talbot သင်္ဘောကျင်းအနီး ဆန်းဖီးလ်စ် (Sandfields) အရပ်ရှိ Bethlehem Forward Movement Mission Church တွင် သင်းအုပ် ဆရာဖြစ်လာသည်။

သင်းအုပ်ဆရာဖြစ်လာချိန်မှစ၍ လွိက်ဂျုံးစ်သည် လူများကို လူမှုရေးလှုပ်ရှားမှုများ ဖြင့် မဆွဲဆောင်ရန်ဆုံးဖြတ်ကာ ကယ်တင်ခြင်းသတင်းစကား ဖြန့်ဝေဟောပြောခြင်းဖြင့်သာ ခရစ်တော်ထံ ပိုဆောင်ပေးနိုင်ရန် ကြိုးစား၏။ သူက အလုပ်သမားလူတန်းစားက မည် သည့်တရားဟောချက်မျိုးပင် ဖြစ်စေကာမူ နာယူလက်ခံနိုင်မည်ဟု ယုံကြည်သည်။ ထိုကြောင့် သူတတ်မြောက်သော “ဆေးပညာဖြင့် ချဉ်းကပ်ကာခရစ်ယာန်ဘာသာ ၏ ယုတ္တိယုတ္တာရှိခြင်းကို တရားနာသူများနားလည်အောင် ရှင်းပြသည်။

သူသည် ပြောင်းလဲလာသူများအတွက် မည်သည့်မက်လုံးကိုမျှ မပေးသော်လည်း သူ၏ တရားဟောချက်ကြောင့် လူအများအပြားက ခရစ်တော်ကို လက်ခံကြသည်။ ၁၉၂၉ ခုနှစ်တွင် လူပေါင်း ၇ဝ ပြောင်းလဲကာ ၁၉၃၀ ခုနှစ်တွင် ၁၁၈ ဦး ပြောင်းလဲလာ၏။ ဆန်းဖီးလ်စ်တွင်နေစဉ် ၂၂ နှစ်တာကာလ၌ အသင်းသားဦးရေ ၉၃ ဦးမှ ၅၃၀ အထိ တိုး ပွားကာ တနင်္ဂနွေဥပုသ်နေ့ ဝတ်တက်သူဦးရေလည်း ၈၅ဝ အထိ ဖြစ်လာသည်။

၁၉၃၅ ခုနှစ်တွင် သူသည် ညီညွတ်သောတက္ကသိုလ်များအဖွဲ IVF (ယခု UCCF) နှင့်ပူးပေါင်းကာ ထိုအလုပ်ကို အသက်ထက်ဆုံး လုပ်သွား၏။ သူသည် ပထမဆုံးနှစ်ပတ် လည်ညီလာခံ၌ စိတ်မပါ့တပါ ဖြင့် မိန့်ခွန်းပြောကြားရာ ၁၉၃၉ ခုနှစ်တွင် ထိုအဖွဲအစည်း ၏ ဥက္ကဋ္ဌဖြစ်လာသည်။ သူသည် ဥက္ကဋ္ဌရာထူးသက်တမ်း အတွင်း၌ IVF နှင့်ပတ်သက်၍ စိတ်ကူးသစ်တစ်ခုကို ဖော်ဆောင်သည်။ ထိုစိတ်ကူးသစ်မှာ အားကစားသမား များနှင့် ခရစ်ယာန်ဘာသာကို ဆန့်ကျင်သော ပညာတတ်များကို ဖယ်ထုက်ကာ ကျမ်းစာတွင် တည်သော ခိုင်မာကျစ်လျစ်သည့် ယုံကြည်ခံယူချက်ကို တည်ထောင်ခြင်းဖြစ်၍ သူတို၏ ယုံကြည်ချက်ကို မြဲမြံစွာ ဆုတ်ကိုင်ထားကြရန်လည်း တိုက်တွန်းသည်။ ကျောင်းသားများ ကို သူတိုသင်ယူသောဘာသာအား ဆက်စပ်တွေးခေါ်တတ်ရန် သင်ပေးကာ မိရိုးဖလာ အသက်မွေးပညာရပ်များဖြစ်သည့် ဆေးပညာ (သို) ခရစ်ယာန်လုပ်ငန်းတွင်သာ အချိန်ပြည့် လပ်ဘဲ ခေတ်ရေစီးကြောင်းအရ ဝင်လာသော ပညာရပ်များကို သင်ယူရန်လည်း အကြံ ပြု၏။

IVF ဥက္ကဋ္ဌအနေဖြင့် သူသည် ၁၉၃၉ ခုနှစ်၌ နိုင်ငံတကာဆိုင်ရာ ဧဝံဂေလိကျောင်း ၊ သားများမိတ်သဟာယအဖွဲ (IFES) ကို တည်ထောင်ကာ ကွဲပြားခြားနားသော လူမျိုး များနှင့် ဂိုဏ်းဂဏများမှ ခရစ်ယာန်ကျောင်းသားအဖွဲများကို လုံခြုံသောအရိပ်အာဝါသ အောက်၌ အတူတကွ စုစည်းသည်။ သူသည် ၁၉၄၇ မှ ၁၉၅၉ ခုနှစ်အထိ သဘာပတိ အဖြစ် ဆောင်ရွက်စဉ် IFES ၏ တောင်းဆိုမှုကြောင့် ယုံကြည်ချက်နှင့် လုပ်ဆောင် ချက်ဆိုင်ရာ အခြေခံမူကြီးကို ရေးဆွဲခဲ့ကာ ယင်းသည် သူလုပ်ဆောင်ခဲ့သည့် ကြီးမား သော အောင်မြင်မှုများထဲတွင် တစ်ခုဖြစ်သည်ဟု သူ့မိတ်ဆွေများက အသိအမှတ်ပြုကြ သည်။ ထိုထုတ်ပြန်ချက်တွင် ထည့်သွင်းထားသော ကြေငြာချက်တစ်ခုဖြစ်သည့် ဧဝံဂေလိ ဆိုင်ရာ “မှန်ကန်သော အသင်းတော်”ဟူသည့် ယူဆချက်နှင့်ပတ်သက်၍ နောင်အခါ ကြီးမားသော ငြင်းခုံမှုဖြစ်ပွားခဲ့သည်။

 

ကြင်နာတတ်သော ဆရာဝန်

မည်သိုဆိုစေ မာတင်လွိက်ဂျုံးစ်ကို ဝက်စ်မင်စတာဓမ္မာရုံက အမှုတော်ဆောင်သည့် “ကြင် နာတတ်သော ဆရာဝန်”ဟု လူအများအပြားက သတိတရရှိကြသည်။ သူသည် ၁၉၃၉ ခုနှစ်တွင် အမှုတော် ဆောင် ကမ်းဘဲလ်မော်ဂင်နှင့်တွဲဖက်၍ သူ့လုပ်ဖော်ကိုင်ဖက် အနား ယူချိန်ဖြစ်သော ၁၉၄၃ ခုနှစ်မှ ထိုဓမ္မာရုံတွင် တာဝန်အပြည့်ယူသည်။ စစ်အတွင်းက ဓမ္မာရုံကြီး ဖျက်ဆီးခံရသဖြင့် အသင်းသူအသင်းသား အများအပြား လျော့နည်းသွား၏။ ၁၉၄၅ ခုနှစ် စစ်ကြီးပြီးဆုံးသွား၍ အခြေအနေပြန်ကောင်းလာသောအခါ အသင်းသူ အသင်းသားများ ပျမ်းမျှအားဖြင့် တနင်္ဂနွေဥပုသ်နေ့မနက်တွင် ၁၅၀၀ ခန့် ပြန်ရှိလာ၍ ညနေပိုင်းတွင် ၂၀၀၀ ခန့် ရှိလာသည်။

သူ၏ တရားဒေသနာသည် ကျမ်းစာတစ်ခုတည်းတွင်သာ တည်မှီ၍ ကျမ်းပိုဒ်များ ကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းဖြစ်၏။ ထိုကြောင့် သူ့တရားနာပရိသတ်များ၏ စိတ်ကို နိုးကြွစေနိုင်ကာ သူတိုကို ဝိညာဉ်အစာ လုံလောက်အောင် မဖြည့်တင်းနိုင်မည် ကိုစိုးသဖြင့် အပြင်းအထန် ကြိုးစားသည်။ သူ့တွင် ဟာသဓာတ်ခံကောင်းကောင်းရှိ သော်လည်း သူ၏ တရားဟောချက်များထ3 ရယ်စရာပုံတိုပတ်စကို ထည့်မသုံးဖူးပေ။ သူသည် သင်းအုပ်ဆရာနှင့်ဆိုင်သော တရားဒေသနာကို တနင်္ဂနွေဥပုသ်နေ့ မနက်ပိုင်း တွင် ဟော၍ ညနေပိုင်းတွင် ဧဝံဂေလိဆိုင်ရာအကြောင်းများကိုဟော၏။ မြိုပေါ်နေ ရာချီသော အမှုတော်ဆောင်များနှင့် ဆင်ခြေဖုံးရပ်ကွက်ရှိ လူအများအပြားကို ရောမသြ ဝါဒစာနှင့် ဧဖက်သြဝါဒစာကို နှစ်ပေါင်းများစွာ သောကြာနေ့ညနေတိုင်း ကျမ်းပိုဒ်ငယ် တစ်ခုချင်းစီကို လေ့လာသင်ကြားပေး၏။

ဓမ္မာရုံတွင်တာဝန်ကျစဉ် ဒေါက်တာကို ကျေနပ်မှုပေးသော အရာနှစ်ခုရှိသည်။ တစ်ခုမှာ အမှုတော်ဆောင်များက သူ့ကို ညီရင်းအစ်ကိုတမျှ သဘောထားဆက်ဆံခြင်းဖြစ် ၍ သူသည် သင်းအုပ်ဆရာများ၏ သင်းအုပ်ဆရာကြီးဖြစ်ခြင်းကြောင့်ဖြစ်သည်။ နောက် တစ်ခုမှာ နှစ်စဉ် ကျင်းပသော ပြူရီတန်ညီလာခံ၌ အယူဝါဒဆိုင်ရာ စာတမ်းများကို ဖတ် ကြားနိုင်ခွင့်ရခြင်းဖြစ်၏။ သူက ယုံကြည်သူများသည် သူတို၏ ပရိုတက်စတင့်အယူဝါဒ ကို မမေ့ကြရန် ဆော်သြတတ်ကာ ခရစ်ယာန်များက အသင်းတော်သမိုင်းကို သိထား သင့်ကြောင်းလည်း အလေးထား ဆိုဆုံးမသည်။

ဒေါက်တာသည် ဘီလီဂရေဟမ်၏ ဧဝံဂေလိဆိုင်ရာတရားပွဲများ တက်ရောက်ရန် ငြင်းဆိုမှုနှင့်ပတ် သက်၍ အသင်းသားများကို စိတ်ပျက်မိ၏။ အကြောင်းမှာ အသင်းသား များသည် ဂရေဟမ်၏ တရားပွဲသို တက်ရောက်ကြသဖြင့် သူ့အသင်းသားများလျော့နည်း လာခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့်ပင် ၁၉၆၆ ခုနှစ်တွင် ကျင်းပသော ဘာလင်မြို ကမ္ဘာ့ကွန်ဂရက် ဧဝံဂေလိအစည်းအဝေးကို မတက်ရောက်ရန် ဆုံးဖြတ်၏။ ထိုအစည်း အဝေးကို မတက်ရောက်လိုသောအကြောင်းမှာ “ထိုင်ခုံများပေါ်မှ ဆင်းလာခဲ့ကြပါ”ဟူ သော သူတို၏ ဖိတ်ခေါ်သံကြောင့်ဖြစ်သည်။ သူ့အဆိုအရ တရားပွဲများက ဝိညာဉ်ရေး ကို အနည်းကျဉ်းမျှသာ တိုးတက်မှုပေးသည်ဟူ၏။

၁၉၆၆ ခုနှစ်မှစ၍ ဒေါက်တာသည် အမှုတော်ဆောင်လောကအတွင်းရှိ အငြင်း ပွားမှုဂယက်တိုင်း၌ ပါဝင်လာ၏။ အမှုတော်ဆောင်များဆိုင်ရာ အမျိုးသားညီလာခံတွင် မှန်ကန်သော အသင်းတော်ဆိုင်ရာ ယုံကြည်ခံယူချက်ဖြစ်သော သူ၏ရပ်တည်ချက်အ သစ်ကို ကြေညာသည်။ သူသည် ကမ္ဘာ့အသင်းတော်များ ကောင်စီ (WCC) ကဲ့သိုသော လှုပ်ရှားမှု များဖြစ်လာရန် နှိးဆော်သူဖြစ်လာ၏။

သူ၏ ကျန်းမာရေးအခြေအနေကြောင့် ဒေါက်တာသည် ၁၉၆၈ ခုနှစ်တွင် ဝက်စ်မင် စတာ ဓမ္မာရုံမှ အနားယူကာ ကျန်ရှိသော သူ့အသက်တာ၌ စာအုပ်များထုတ်ဝေခြင်းနှင့် သေးငယ်သော အသင်းတော်များ၏ ဖိတ်ခေါ်ချက်အရ ခွန်အားပေးရန် ခရီးများထွက် သည်။ သူ မကွယ်လွန်မီတစ်ရက်တွင် ဆေးကုသခြင်းကို ရပ်နားကာ “ဂုဏ်ကျက်သရေ အပေါင်းနဲ့ ခညောင်းတဲ့ အရပ်ကိုသွားဖို ငါ့ကို ဆွဲမထားကြပါနဲ့”ဟု သူ့မိသားစုကိုပြော ၍ စိန့်ဒေးဗစ်နေ့တွင် သူ့အိပ်ရာထက်၌ ငြိမ်းချမ်းစွာ အသက်ထွက်သည်။

မာတင်လွိက်ဂျုံးစ်၏ မြေးလည်းဖြစ်၍ သူ၏ အတ္ထုပ္ပတ္တိရေးသားသူလည်းဖြစ်သော ခရစ်တိုဖာက် သာဝိဒ် (Christopher Catherwood) က ဒေါက်တာဂျုံးစ်နှင့်ပတ် သက်၍ ဤသိုဆို၏။ ဒေါက်တာဂျုံးစ်ကို သူ၏ ဝေလလူမျိုးဖြစ်ခြင်း၊ ကယ်ဗင်ဝါဒဆန် သော မက်သဒစ်နောက်ခံရှိခြင်းအပြင် တက်ကြွသော စိတ်အားမာန်ရှိခြင်းနှင့် ကြီးမြတ် သော ဉာဏ်ပညာများကို စုစည်းပိုင်ဆိုင်ထားသော ရှာမှရှားသူဖြစ်ကြောင်းတို ကို မသိ လျှင် သူ့ကို နားလည်နိုင်စရာ အကြောင်းမရှိဟု ဆို၏။ ယင်းသည့်ကြောင့်ပင် သူ၏ တရားဟော ချက်များကို လူကြိုက်များရခြင်းဖြစ်သည်။ သူသည် ဧဝံဂေလိဝေငှခြင်းလုပ် ငန်း၌ ခရစ်ယာန်ဘာသာ၏ အခြေခံ သဘောတရားကို နေရာမှန်ရောက်အောင် ပြန်လည် ထားရှိရာတွင် အခြားမည်သူမဆိုထက် သာကြောင်းကား မလွဲဧကန်ဖြစ်သည်။ သူသည် ကျမ်းစာကို အနက်ဖွင့်ဟောကြားရာ၌ ပြိုင်စံရှားသူနှင့် ပြုရီတန်ရီဖွမ်းခံယူချက်ကို ၂၁ ရာစု ခရစ်ယာန်များ နားလည်အောင် ရှင်းပြပေးသူလည်းဖြစ်သည်။

 

ဘီလီဂရေဟမ် (ဖွား-၁၉၁၈) ဧဝံဂေလိဆရာနှင့် ခရစ်ယာန်ဗိသုကာ

၁၉ ရာစုတွင် ဗြိတိန်နှင့် အမေရိက၌ ပရိုတက်စတင့်ဝါဒ ရှင်သန်ကြီးထွားလျက်ရှိကာ ၁၈၅၉ ခုနှစ်၊ နိုးကြားမှုက ပရဟိတလုပ်ငန်းအများအပြားနှင့် လူမှုရေးလှုပ်ရှားမှုများကို မွေးဖွားပေးရန် တွန်းအားများဖြစ်စေ သည်။ တစ်ချိန်တည်းတွင် ချားလ်စ်ဒါဝင် (Charles Darwin) နှင့် ဂျွန်စတော့မီးလ် (John Stuart Mill တို့ကဲ့သို့သော စာရေးဆရာများ: က ဘာသာရေးဒွိဟစိတ်ဖြစ်စေသော မျိုးစေ့များကို ကြဲဖြန့်ကြ၏။ ထိုအပြင် ဂျာမန်ဓမ္မ ဗေဒပညာရှင်များ၏ ကျမ်းစာဝေဖန်မှုများကြောင့် ဝတ်ကျောင်းပုံမှန်တတ်နေသူများပင် ယောင်လည်လည်ဖြစ်ကုန်ကြသည်။

လစ်ဘရယ်ဝါဒသည် ၂၀ ရာစုတိုင်အောင် ဆက်လက်ပျံ့နှံလျက်ရှိ၏။ ဓမ္မပညာရှင် များဖြစ်သော ကားလ်ဘတ် (Karl Barth) နှင့် အမီးလ်ဘရာနာ (Emil Brunner) တို့ က အသင်းတော်ကို သမ္မာကျမ်းစာ၌ ဦးလှည့်ရန် ကြိုးစားလာကြသော်လည်း သူတို၏ အမြင်သည် အယူမှန်ဝါဒနှင့် ဝေးသထက်ဝေးလေ၏။ ခရစ်တော်နှင့် တမန်တော်များထံ မှ လက်ဆင့်ကမ်းလာခဲ့သော ခရစ်ယာန်ယုံကြည်ချက်မှာ မေးခွန်းထုတ် စရာဖြစ်လာကာ “ဘုရားရှင်အနိစ္စရောက်ပြီ”” (God is dead) ဟူသော အယူလွဲမှားခြင်းနှင့် “အထက် မိုးကောင်ကင်၌ဘုရားရှိခြင်းကို ငြင်းပယ်ကာ သင်းအုပ်ဆရာ ဂျွန်ရော်ဘင်ဆင် (John Robinson) ၏ Honest to God စာအုပ်က အထူးသဖြင့် ဧဝံဂေလိဆရာများကို အထိတ် တလန့် ဖြစ်စေသည်။

ခရစ်ယာန်ယုံကြည်ခြင်း မည်မျှပင် သည်းကြီးမည်းကြီး အတိုက်အခိုက်ခံရသော် လည်း ထိုစိန်ခေါ်ချက် ကို ခရစ်ယာန်များက တုံပြန်ချေပနိုင်ခဲ့ကြ၏။ ၁၉၂၈ ခုနှစ်တွင် ညီညွတ်သော တက္ကသိုလ်များဆိုင်ရာ ဧဝံဂေလိသမဂ္ဂအဖွဲ သည် တက္ကသိုလ်များတွင် လစ်ဘရယ်ဝါဒကို တိုက်ဖျက်ရန်အတွက် လာရောက်စုရုံးကြကာ ဒေါက်တာလွိင်ဂျုံးစ် ခေါင်းဆောင်သော နိုင်ငံတကာဆိုင်ရာ ဧဝံဂေလိကျောင်းသားများ မိတ်သဟာယအဖွဲက လည်း ၁၉၃၉ ခုနှစ်တွင် အလားတူ လှုပ်ရှားမှုများ ကျင်းပသည်။ ၁၉၄၀ ခုနှစ်၊ အစော ပိုင်းမှစ၍ ကျမ်းစာကိုအခြေပြုသော ဓမ္မဗေဒလှုပ်ရှားမှုများ ပြန်လည်သက်ဝင်လာ၍ ဘုရားရှင်၏ နှုတ်ကပတ်တော်တည်း ဟူသော သမ္မာကျမ်းစာ၏ ဂုဏ်အင်္ဂါသည် နေရာမှန် ပြန်ရောက်လာကာ အယူမှန်ယုံကြည်ခြင်းလည်း ပြန်လည်အားကောင်းလာသည်။

သံသယရှိစရာမလိုလောက်အောင် အလွန်ထင်ရှားကျော်ကြားသော စစ်ပြီးခေတ် အမေရိကန်ဧဝံ ဂေလိဆရာမှာ ဘီလီဂရေဟမ် (Billy Graham) ဖြစ်သည်။ သူသည် ဒီ အယ်လ်မူးဒီးခေတ်နောက်ပိုင်း အအောင်မြင်ဆုံး ဧဝံဂေလိဆရာတစ်ပါးဖြစ်၍ နိုင်ငံတကာ တွင် ခရစ်ယာန်ဗိသုကာကြီးအဖြစ် ဂုဏ်သတင်းကျော်စောသူဖြစ်သည်။ နှုတ်ကပတ်တော် အပေါ်တွင် မားမားမတ်မတ် ရပ်တည်ခြင်းကြောင့် လူအများအပြားကို ခရစ်တော်ထံ၌ ဆောင်ကြည်းနိုင်သည့်အပြင် ဧဝံဂေလိတရားစစ်စစ်ကို ပြန်လည်ထူထောင် ရာ၌ အခရာ ကျသူဖြစ်၍ ခရစ်ယာန်အတွေးအခေါ်နှင့် သွန်သင်ချက်ကို လမ်းမှန်ရောက်အောင် ပြန် လည်သယ်ပိုးသူလည်းဖြစ်သည်။

 

 

 

 

လမ်းဘေးတရားဟောဆရာ၊

ဘီလီဂရေဟမ်သည် မြောက်ကိုရိုလိုင်းနား ရှားလော့ (Charlotte) အနီး လယ်သမား ၁၉ ရာစုနှစ် ၂၀ ရာစုထ ကြီးကျယ်ထင်ရှားလာတရားတောဆရာကြီးများ မိသားစုမှ မွေးဖွားသော တောသားကလေးဖြစ်သည်။ ငယ်စဉ်က နွားတင်းကုပ်သန့်ရှင်းရေး သမား၊ တိရစ္ဆာန်ချေးကျုံးသမားနှင့် ကောက်ရိုးပုံ မတင်သော အလုပ်များ အပြင် နိုညှစ် ခြင်းနှင့် တိရစ္ဆာန်ထိန်းကျောင်းခြင်းကို တာဝန်ယူရသူဖြစ်သည်။ သူ့မိခင်နှင့် ဖခင်သည် စကော့လူမျိုး ပရက်စ်ဘီတေးရီးယန်း ရှေ့ဆောင်သူများဖြစ်၍ ဘီလီသည် (အိမ်နာမည် Billy Frank) ငယ်စဉ်ကတည်းက ဝတ်ကျောင်းပုံမှန်တက်သူဖြစ်သည်။ သူသည် အသက် ၁၆ နှစ်တွင် ရှားလော့၌ ဆံဖြူဧဝံဂေ လိဆရာ မိုဒီကာဇိုလာဟမ် (Mordecai Fowler Ham) ၏ တရားပွဲမှ ပြောင်းလဲခြင်းရသည်။

စည်းကမ်းတင်းကျပ်သော ကျမ်းစာကျောင်းတစ်ကျောင်း၌ အချိန်တို သင်တန်းတက် ပြီးနောက် ဘီလီသည် တမ်ပါမြို (Tampa)၊ ဖလော်ရီဒါ (Florida) ကျမ်းစာသင်ကျောင်း ၌ ဆက်လက်ပညာသင်ယူ၍ ထိုနေရာတွင် ပထမဆုံး လမ်းဘေး၌ တရားဟောခွင့်ရ၏။ အသက် ၂၁ နှစ်တွင် နှစ်ခြင်းအမှုတော် ဆောင်ဆရာအဖြစ် သိက္ခာတင်ခြင်း ခံရသည်။ ထိုနောက် ချီကာဂိုမြို ဝီတန် (Wheaton) ကောလိပ်၌ ကျောင်းဆက်တက်ကာ ၁၉၄၃ ခုနှစ်တွင် မနုဿဗေဒအထူးပြုဘာသာရပ်ဖြင့် ကျောင်းပြီး၏။ ထိုနှစ်တွင် သူ့ထက် တစ်နှစ် စော၍ ကောလိပ်ကျောင်းသိုရောက်သော တရုတ်ပြည်သာသနာပြု ခွဲစိတ်ဆရာဝန် ပ ရက်စ်ဘီတေးရီးယန်းတစ်ဦး၏ သမီးဖြစ်သူ ရုသ်ဘဲလ် (Ruth Bell) နှင့် ထိမ်းမြား သည်။

ချီကာဂိုမြို ဆင်ခြေဖုံးရပ်ကွက်ရှိ သေးငယ်သောနှစ်ခြင်းဘုရားကျောင်း၌ ၂ နှစ်တာ သင်းအုပ်ဆ ရာတာဝန်ယူပြီးချိန်တွင် သူသည် “အပြောအဟောကောင်းသူ တရားဟော ဆရာ”အဖြစ် ထင်ရှားကျော် ကြားလာသည်။ သူသည် မြောက်ပိုင်းနှစ်ခြင်း ဓမ္မကျောင်း ဆရာ တိုရီဂျွန်ဆင် (Torrey Johnson) က သီချင်းများထုတ်လွှင့်သော တနင်္ဂနွေနေ့ည ပိုင်း ရေဒီယိုအသံလွှင့်အစီအစဉ်ကို လွှပြောင်းတာဝန်ယူရန် ဖိတ်ကြား၏။ ၁၉၄၅ ခုနှစ် တွင် ဂျွန်ဆင်က Youth for Christ ကို ဖွဲစည်းတည်ထောင်ကာ တစ်ပတ်တစ်ခါ စနေ နေ့ည၌ စုရုံးကြ၍ ထိုအစီအစဉ်တွင် ဘီလီကို အချိန်ပြည့်အမှုတော်ဆောင်အဖြစ် ခန့်အပ် သည်။

အမေရိကအနှံ ခရီးထွက်ပြီးနောက် ၁၉၄၆ ခုနှစ်တွင် ဘီလီသည် အင်္ဂလန်နှင့် ဥရောပ သို ခရီးတို ထပ်ထွက်၏။ နေရာအနှံ ပတ်မွှေပြီးနောက် ၁၉၄၆-၄၇ ခုနှစ်၊ ဆောင်းတွင်း တွင် သူနှင့် ကလိဖ်ဘာရိုးစ် (Clim Barrows) တိုသည် ဗြိတိသျှနိုင်ငံအတွင်းရှိ ၂၁ မြို့တွင် တရားပွဲအကြိမ်ပေါင်း ၃၆၀ ကျော် ကျင်းပ၏။

ခရီးထွက်ရာမှ အိမ်သို ပြန်ရောက်လာသောအခါ ဧဝံဂေလိလုပ်ငန်းဆိုင်ရာအသင်း တစ်ခုကို ပုံဖော်ရန် စတင်သည်။ ဘီလီသည် ကလဖ်ဘာရိုးစ်နှင့် ဂရယ်ဒီဝီလ်ဆင် (Grady Wilson သည် ဘီလီနှင့်အတူ တရားပွဲတစ်ခုမှ ပြောင်းလဲသူဖြစ်၏) တိုအပြင် အဆိုရှင် တစ်ဦးဖြစ်သူ Bev Shea ကိုလည်း ဖိတ်ကြား၏။ သူသည် ထိုသူများနှင့် ချီကာဂို၌ မြိုလုံးကျွတ်ပတ်ကာ တရားပွဲများ အလီလီကျင်းပသည်။ တရားပွဲများ မအောင်မြင်သော် လည်း (သူ့မိတ်ဆွေနှစ်ဦး “ဗိုင်းဗိုင်းလဲကျသွားမတတ်ဖြစ်ကြသည်) သူတိုအဖွဲ ကွဲမသွား ကြပေ။ သူတိုသည် သူတိုကျဆုံးရသည့်အကြောင်းကို ခေါင်းချင်းရိုက် အဖြေ ရှာကြ၏။

ဘီလီ၏ သာသနာလုပ်ငန်းသည် ၁၉၄၉ ခုနှစ်၊ လော့စ်အိန်ဂျလိစ်မြို ရွက်ဖျင်တဲ့ တရားပွဲမှ တစ်ဆစ်ချိုး ပြောင်းသွားခဲ့သည်။ ဘီလီသည် ဝိညာဉ်ရေးကပ်ဆိုက်ကာလကို ကျော်လွန်ကာ သူ့တရားဟောချက်များက အောင်မြင်မှုရလာ၏။ တရားပွဲကို သုံးပတ် အတွက်သာ အစီအစဉ်ဆွဲထားသော်လည်း တရားနာလူထုက ရှစ်ရက်ထပ်နေရန် တောင်း ဆိုကြသည်။ အံ့သြဖွယ်ကောင်းသည်မှာ ယင်းတရားပွဲမှ သတင်းမီဒီယာသမား စတူးဝပ် ဟမ်းဘလင်း (Stuart Hamblen) နှင့် မီကီကိုဟင် (Micky Cohen) ၏ လူမိုက်ကြီး ဂျင်ဗော့စ် (Jim Vaus) တိုပြောင်းလဲလာသဖြင့် သူ အလွန်နာမည်ကြီးသွားသည်။

 

ပုံစံသစ်ပြောင်းခြင်း

 ယခုအချိန်တွင် အမေရိကန်ပြည်ထောင်စု နေရာအနှံအပြားမှ တောင်းဆိုချက်အရ သူသည် လူထုဧ ဝံဂေလိလုပ်ငန်းကို ပုံစံပြောင်း၍ ခိုင်ခိုင်မာမာ ခြေကုပ်ယူရန် လိုအပ်ကြောင်း သိမှတ်သည်။ ထိုကြောင့် ၁၉၅၀ ခုနှစ်တွင် ဧဝံဂေလိလုပ်ငန်းဆိုင်ရာ ဘီလီဂရေဟမ် အသင်း ကို ဖွဲစည်းကာ မင်နီယာပိုလစ် (Minneapolis) ၌ ဌာနချုပ်တည်သည်။ သူ့ အဖွဲအ စည်းများကို အဖွဲ နှစ်ဖွဲ ခွဲ၍ အဖွဲဝင်များကို လစာယူကြမည့်အစား ကျေနပ်ဖွယ် မရှိ ၊ သော်လည်း လူထုကပေးသော မေတ္တာလက်ဆောင်များသာ ယူစေ၏။ တရားပွဲ သော ဝေါဟာရကို campaign ဟုသုံးမည့်အစား “crusade”ဟု ပြောင်းသုံးကာ ကိုယ် ရေးလက်ထောက် (personal workers) ဟု မသုံးဘဲ “အကျိုးဆောင်ကြီး” (Counsellor) ဟု ပြောင်းလဲခေါ်ဝေါ်သုံးစွဲသည်။ သူသည် ဒေသန္တရအသင်းတော်၏ တာဝန်ရှိ ပုဂ္ဂိုလ်ကြီးများက ဦးစွာဖိတ်ခေါ်ခြင်းမရှိဘဲ မြိုကြီးတွင် တရားပွဲမလုပ်ရန်လည်း ဆုံး ဖြတ်သည်။

၁၉၅၂ ခုနှစ်တွင် ကျင်းပသော ဝါရှင်တန်တရားပွဲမှာ အမေရိကန်ကွန်ဂရက် အထက် လွှတ်တော် အဆောက်အအုံ၏ လှေကားထစ်များပေါ်တွင် ကျင်းပခြင်းဖြစ်၍ ထိုတရား ပွဲမှ ဘီလီသည် နိုင်ငံရေးလောက၏ အထင်ကရပုဂ္ဂိုလ်ကြီးများကိုရရှိကာ အမေရိကန်၏ အနာဂတ်သမ္မတလောင်းများဖြစ်သော ရစ်ချက်နက်ဆင် (Richard Nixon) နှင့် လင်ဒန် ဂျွန်ဆင် (Lyndon Johnson) တိုပါဝင်သည်။ ဘီလီသည် ခရစ်ယာန်ခေါင်းဆောင်ကြီး များ၏ အားပေးမှုကို လိုလားတန်ဖိုးထားကာ သမ္မတကြီးများဖြစ်ကြသော အိုက်ဆင်ဟားဝါး: (Eisenhower) နှင့် ကနေဒီ (Kennedy) တို့ထံ၌ အမေရိကန်များ ဘုရားရှင်ထံ ပြန်လည်ခြေဦးလှည့်နိုင်ရန် ခေါ်ဆောင်ဖို တွန်းအားများ ပေးသည်။

နောက်တစ်နှစ်တွင် တန်နက်ဆီ (Tennessee) ၌ လူဖြူလူမည်းပေါင်းစည်း၍ တ ရားပွဲတစ်ခုကျင်း ပနိုင်ရန် အလေးအနက် တိုက်တွန်းနှိးဆော်ကာ တိုက်ပွဲဝင်သဖြင့် အရေး ပါသော အောင်မြင်မှုတစ်ခုကို ဆွတ်ခူးနိုင်ခဲ့၏။ ၁၉၅၄ ခုနှစ်တွင် အမေရိကန်ပြည်ထောင် စု တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အရ အမေရိ ကန်ပြည်ထောင်စု၏ မည်သည့်စာသင် ကျောင်းတွင်မဆို ကျောသားရင်သားမခွဲခြားရဟု တားမြစ်သည်အထိ ဖြစ်လာသည်။

သူ့အသက် ၃ဝ တစ်ဝိုက်တွင် ဘီလီသည် အမေရိက၏ ဧဝံဂေလိလုပ်ငန်းကို ဦးဆောင် ကာ မီဒီယာလုပ်ငန်းဖြင့် ရပ်ဝေးသာသနာလုပ်ငန်းများကို တိုးချဲ့နိုင်ခဲ့၏။ သူ၏ ရေဒီယို အသံလွှင့်အစီအစဉ်ဖြစ်သော Hour of Decision သည် အောင်မြင်စွာ လွှင့်ထုတ်နိုင်ကာ My Answer ခေါ် နေ့စဉ်သတင်းစာ၌ ပင်တိုင်ဆောင်း ပါးရှင်အဖြစ် တစ်ပတ်တစ် ကြိမ် စာရေးသည်။ ထိုအပြင် သူ၏ အရောင်းရဆုံးစာအုပ်ဖြစ်သော Peace with God စာအုပ်ကိုလည်း ထုတ်ဝေကာ Mr.Texas နှင့် Oiltown USA ဧဝံ‌ဂေလိရုပ်ရှင်လုပ်ငန်းကိုလည်း လုပ်ကိုင်၏။

၁၉၅၄ခုနှစ်၊ မတ်လတွင် ဧဝံဂေလိဆိုင်ရာ ညွန့်ပေါင်းအဖွဲက လန်ဒန်မြို၊ ဟာရင်ဂေး (Harringay) ဇာတ်ရုံ၌ လဟာပြင်တွင် သုံးလတာ တရားပွဲလုပ်ရန် ဘီလီကို ဖိတ်ခေါ်၏။ အမေရိကန်များ၏ လက်ချက်ဟု ထင်ရသော အသင်းတော်အချိုက ထောက် ပံ့ရေးအတွက် တွန့်ဆုတ်နေခဲ့ကြသော်လည်း တရားပွဲအ ထမြောက်ခဲ့သည်။

သူသည် စကော့တလန်၊ လန်ဒန် (Wembley) နှင့် ကင်းဘရိတ်ချ်တက္ကသိုလ်တွင် သွားရောက်လည်ပတ် စဉ် ၁၉၅၅ ခုနှစ်၌ ဗြိတိသျှတွင် တရားပွဲများကို ဆက်တိုက်ကျင်းပ နိုင်ခဲ့၏။ လန်ဒန်တွင် မိဖုရားကြီးနှင့် တော်ဝင်မင်းသမီး မားဂရက် (Margaret) တိုနှင့် တွေ့ဆုံကာ ဝင်ဆာ (Windsor) ရဲတိုက်တွင် မိဖုရားကြီး၏ ဖိတ်ခေါ်ချက်အရ တရားဟော ခွင့်ရသည်။ ထိုအချိန်မှစ၍ တရားပွဲများကို မန်ချက်စတာတွင် (၁၉၆၁)၊ Earls Court လန်ဒန်တွင် (၁၉၆၆)၊ Sheffield တွင် (၁၉၇၃) နှင့် အင်္ဂလန်၏ သာသနာမြေ ငါးနေရာ ၌ (၁၉၈၄) တွင် တရားပွဲအသီးသီး ကျင်းပခွင့်ရ၏။ သူ၏ အစီအစဉ် အသစ်ဖြစ်သော Mission 89 ကို အင်္ဂလန်နိုင်ငံ အသင်းတော်ပေါင်း ၅၀၀ ကျော်နှင့် အရပ်ဘက်ခေါင်း ဆောင်များက သဘောတူလက်မှတ်ထိုးကြသည်။ တရားပွဲများကို မြိုတော်၏ အဓိက ကျရာ သုံးနေရာ၌ ကျင်းပကာ ထိုအထဲတွင် Earls Court သည် လန်ဒန်၏ သြဇာခံဖြစ် ၍ ဗြိတိန်တွင် ၅၁ နေရာ၌ ကျင်းပကာ အာဖရိကတိုက်တွင် နိုင်ငံပေါင်း ၃၀ ၌ ကျင်းပ ၏။ အလားတူ သာသနာပြုခြင်းကို ၁၉၉၁ ခုနှစ်တွင် စကော့တလန်၌ ကျင်းပ၍ ဂလက်စဂိုနှင့် အာဘာဒင်တွင် ဖြစ်သည်။

 

ကမ္ဘာအနှံသာသနာပြုခြင်း

ဘီလီသည် ၁၉၅၉ ခုနှစ်မှစ၍ ကျယ်ကျယ်ပြန့်ပြန့် ခရီးထွက်သည်။ သြစတေးလျနှင့် နယူးဇီလန်တွင် (၁၉၅၉)၊ အာဖရိကတွင် (၁၉၆၀)၊ ဂျပန်နှင့် အိန္ဒိယတွင် (၁၉၆၆)၊ စင်ကာပူတွင် (၁၉၆၈)၊ ဘရာဇီးတွင် (၁၉၇၄)နှင့် အရှေ့အာရှ၌ (၁၉၇၅) တိုဖြစ်သည်။ သူ ပထမဆုံးသွားရောက်ခဲ့သော ကွန်မြူနစ်နိုင်ငံမှာ ယူဂိုဆလားဗီးယားတွင်ဖြစ်၍ ၁၉၆၆ ခုနှစ်တွင်ဖြစ်ကာ ထိုနောက် ဟန်ဂေရီ (၁၉၇၇) ရိုမင်ကက်သလစ် အသင်းတော်၏ ဖိတ် ခေါ်ချက်အရ ပိုလန်တွင် (၁၉၇၈) နှင့် အရှေ့ဂျာမနီနှင့် ချက်ကိုစလိုဗားကီးယားတွင် (၁၉၈၂) တွင် သွားရောက်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် “နျူကလီယာကပ်ဘေးကြီး” ပပျောက် ရေးအတွက် မော်စကိုမြို ဘာသာမတူသူ ညီလာခံတက်ရောက်မှုအမှားကြောင့် ပြင်း ထန်စွာ ဝေဖန်ခံရ၏။

ဧဝံဂေလိလုပ်ငန်း တိုးချဲ့နိုင်ဖိုရန် သူသည် ဘာလင်မြို ဧဝံဂေလိလုပ်ငန်းဆိုင်ရာ ကမ္ဘာ့ညီလာခံကို (၁၉၆၆ ခုနှစ်) စတင်၍ ထိုညီလာခံမှ လိုဇန် (Lausanne) ညီလာခံ (၁၉၇၄ ခုနှစ်) ကျင်းပရန် စိတ်ကူးရကာ ထိုညီလာခံတွင် ကမ္ဘာ့ခရစ်ယာန်ခေါင်းဆောင်အများအပြားကို ခေါ်ယူ၍ ဧဝံဂေလိလုပ်ငန်းနှင့် လူမှုရေးလှုပ်ရှား မှုအတွက် ဆွေးနွေး တိုင်ပင်ကြ၏။ ထိုအပြင် ၁၉၈၃ ခုနှစ်တွင် အမ်စတာဒမ် (Amsterdam) ညီလာခံ၌ နယ်လှည့်ဧဝံဂေလိဆရာ ၄ဝဝဝ ကိုခေါ်ယူကာ အများစုမှာ တတိယကမ္ဘာမှဖြစ်၍ သူ တိုကို ခွန်အားများ ပေးသည်။

ဘီလီသည် သူအမှားလုပ်မိကြောင်း ဝန်ခံသော်လည်း သူတိုကိုလည်း အမှားလုပ် မိလျှင် တောင်းပန်တတ်ရန် သွန်သင်သည်။ သူသည် စစ်မှန်သော အခြေခံယုံကြည်ချက် – မရှိသူများကို သူ၏ တရားဟောစင်မြင့်အား ပေးသုံးရန် အသင့်ဖြစ်နေတတ်သဖြင့် ဝေဖန် ခံရခြင်းဖြစ်၏။ ထိုအပြင် လူမှုရေးလုပ်ငန်းဖြင့် ကယ်တင်ခြင်းသတင်းကောင်းဝေငှခြင်း (Social gospel) အတွက်လည်း အပြစ်တင်စွပ်စွဲခြင်း ခံရသည်။

သူသည် နိုင်ငံရေးလောကထဲသို ဝင်လာရန် ရံခါဆိုသလို ဖိတ်ခေါ်ခြင်းခံရသည်။ အကယ်၍ နိုင်ငံရေးလောကထဲသို ဝင်လိုက်လျှင်လည်း သူ၏ ထက်မြက်စူးရှသောစိတ်နှင့် ဥပဓိရုပ်ခံက ပြိုင်ဘက်ကို အလွယ်တကူ အလဲထိုးနိုင်ခြေရှိ၏။ သိုသော် သူသည် ဘုရား ရှင်အသုံးပြုသော နေရာတွင်သာ သစ္စာရှိစွာ နေခဲ့သည်။ ထိုကြောင့်ပင် ခရစ်ယာန်ယုံ ကြည်ချက်ကို လူသန်းပေါင်းများစွာအား ဝေငှနိုင်ခွင့်ရကာ အများအပြားမှာ အချိန် ပြည့်အမှုတော်ဆောင်များဖြစ်လာကြ၍ တချိုသည် ကျရာတာဝန်ကို ကျေပွန်စွာ ထမ်း ဆောင်နိုင်သူများ ဖြစ်ကြသည်။

သူ၏ လုပ်ငန်းနှင့်ပတ်သက်၍ ၁၉၅၉ ခုနှစ်တွင် ဤသို အကျဉ်းချုပ်၍ သုံးသပ်ထား ၏။ “တရားပွဲများ၏ ရလဒ်မှာ မြိုပေါ်နေဘဝကိုသာ ပြောင်းလဲပေးသည် မဟုတ်ဘဲ တစ်ဦးတစ်ယောက်ချင်းစီ၏ ဘဝအသက်တာကို အမြဲတစေ ပြောင်းလဲပေးနိုင်ခဲ့သည်။ အသင်းတော်အများအပြား ပြန်၍ သက်ဝင်နိုးထလာကြကာ အမှုတော် ဆောင်များ၊ ကလည်း အမြင်သစ်များ ရရှိကြသည်။”

 

လူးဝစ်(စ်)ပလောင်း (ဖွား-၁၉၃၄) အာဂျင်တီးနားနိုင်ငံသား ဧဝံဂေလိဆရာ

ခရစ်ယာန်ဘာသာသမိုင်းတစ်လျှောက်တွင် အခါအားလျော်စွာ ကနဦးအသင်းတော်၏ ယုံကြည်ချက်နှင့် ကျင့်စဉ်များဘက်တွင် ပြန်လှည့်ရန် ကြိုးစားမှုများရှိခဲ့သည်။ ၁၉ ရာစု ထက်ဝက်ခန့်တွင် အသင်းတော် အများအပြား၏ ပင်မရေစီးကြောင်းကြီးသည် ဝိညာဉ်ရေး ၌ သေဆုံးခြင်းနှင့် ဧဝံဂေလိနိုးကြား မှုများ၌ ယိမ်းယိုင်ချည့်နဲ့လာကြ၏။ ထိုသိုဖြစ်နေစဉ် ၁၈၂၇ ခုနှစ်တွင် Brethren (ပလီမက်သံ) ခရစ်ယာန်က နိုးထမှုဖြစ်ရန် ကြိုးစားလာ သ လပ်ကီးမကို ခေါင်းဆောင်သူများမှာ ကယ်ဗင်ဝါဒခံယူချက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော အင်္ဂလီကန်အမှုတော်ဆောင်များဖြစ်ကြ၍ သူတိုသည် ရိုးစင်းသော ခရစ်ယာန်ဝတ် ပြုခြင်းပုံစံနှင့် အစဉ်အလာကို ပြန်လည်ကျင့်သုံးရန် လိုချင်ကြ၏။ ၁၈၃ဝ ခုနှစ်နှင့် ၁၈၃၅ ခုနှစ်အကြားတွင် ထိုလှုပ်ရှားမှုပျံ့နှံကာ အင်္ဂလန်နှင့် အိုင်ယာလန်ရှိ ပလီမက်သ်နှင့် ဒဗ္ဗလင်မြိုတွင် တရားပွဲများကို အဓိကထား ကျင်းပသကဲ့သို ဆွီဇာ လန်၊ ဂျာမနီနှင့် ပြင်သစ်တွင်လည်း ကျင်းပကြသည်။

မကြာခင်တွင် ထိုလှုပ်ရှားမှုအတွင်း၌ ဆန့်ကျင်သော ဂိုဏ်းနှစ်ခု ကွဲထွက်လာ၍ ၁၈၄၉ ခုနှစ်တွင် “Open”နှင့် “Exclusive” Brethren ဟူ၍ ပြိုကွဲကာ ပြန်မပေါင်း နိုင်ကြတော့ပေ။ Open Brethern သည် သာသနာပြုခြင်းလုပ်ငန်းကို ဦးထိပ်ထားသူများ၊ ဖြစ်၍ အချိုသော Brethren များသည် သူတို၏ ခံယူချက်ကို ဖြန့်ကြက်ဖိုရန်အတွက် ကမ္ဘာ့နေရာအနှံအပြားသို ရွှေ့ပြောင်းနေထိုင်ကြ၏။ သူတို၏ တရားပွဲများကို နယူးဇီလန်၊ အိန္ဒိယတောင်ပိုင်းနှင့် ဇမ်ဘီယာ (Zambia) အပြင် အာဂျင်တီးနားကဲ့သိုသော နိုင်ငံ များ၌ ကျင်းပကြကာ နိုင်ငံ၏ ဒုတိယအကြီးဆုံး ပရိုတက်စတင့်အဖွဲများအဖြစ် ရပ်တည် ကြသည်။

နောက်တစ်ဖွဲ၏ သာသနာပြုသူမှာ ချားလ်စ်ရော်ဂျာစ် (Charles Rogers) ဖြစ်၍ သူသည် ရှဲလ် (Shell) ဓာတ်ဆီကုမ္ပဏီ၏ အလုပ်အမှုဆောင်တစ်ဦးဖြစ်ကာ အာဂျင် တီးနားသို Brethern အဖွဲကို တည်ထောင်ရန် ရောက်လာသူဖြစ်သည်။ သူ၏ အမှုတော် ဆောင်လုပ်ငန်းကြောင့် လူးဝစ်(စ်) ပလောင်း (Luis Palau) ၏ မိဘများက ခရစ်တော် ကို လက်ခံကြကာ ပလောင်းလည်း ထိုအချိန်မှစ၍ ဝိညာဉ်ရေးတွင် အမြစ်တွယ်၏။ နောင် အခါ Brethren ၌ ကြီးပြင်းရခြင်းနှင့် အင်္ဂလီကန်နေ့ကျောင်း အတွေ့အကြုံများကြောင့် ဂိုဏ်းခွဲများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်လာသည်။

လူးဝစ်(စ်)ပလောင်းသည် အာဂျင်တီးနား၏ မြိုတော် ဗျူနိုအေရီ (Buenos Aires) မြို၏ အစွန်ဘက်မြို နယ်တစ်ခုတွင် မွေးဖွား၍ သူ့မိသားစုသည် သေးငယ်သော Brethren ဝတ်ပြုခြင်း၌ ပါဝင်ကြသည်။ သူ့ဖခင်သည် အောင်မြင်သော ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုကို ပိုင်ဆိုင်ကာ သူပြောင်းလဲပြီး နောက်ပိုင်းတွင် သူ၏ ကုန်တင်ကားများဖြင့် စနေ၊ တနင်္ဂနွေနေ့များ၌ ယုံကြည်သူအချိုနှင့် အနီးအနားက ရွာများတွင် သွား၍ သက်သေခံခြင်း နှင့် ဝေစာပေးဝေခြင်းများ ပြုလုပ်ကြသည်။

လူငယ်လူးဝစ်(စ်)သည် များမကြာမီအချိန်တွင် ဘာသာရေးကို စိတ်ဆန္ဒပြင်းပြစွာ လေ့လာဆည်း ပူးသဖြင့် စာသင်ကျောင်းနှင့် လမ်းမကြီးများပေါ်တွင် လူကြီးများ၏ ပြောင်လှောင်ခြင်းကို ခံရသည်။ သူသည် အသက် ၁၃ နှစ်တွင် ပြောင်းလဲ၍ သူ့ဘဝတွင် ဒုတိယ အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်သည်။

ဗျူနိုအေရီတွင် ဗရင်ဂျီဘာသာဝါဝင်ပွဲတော်ရက် ကျင်းပချိန်၌ သူ့အသက် ၃၆ နှစ်ရှိကာ ထိုအချိန်တွင် သူက ဤသိုဆုံးဖြတ်၏။ “ငါဟာ ယေရှုခရစ်တော်ကိုပဲ အလုပ် အကျွေးပြုပြီး ငါ့အသက်တာကို အမှုတော်မြတ် အတွက်ပဲ ဖြစ်စေမယ်။” ထိုဆုံးဖြတ်ချက် ချမှတ်ပြီးချိန်မှစ၍ ရှေ့တစ်လျှောက်တွင် ကိုယ်တော့်ကို အလုပ် အကျွေးပြုရန် စတင်၏။ နောက်တစ်နှစ်တွင် ကျောင်းမှထွက်ကာ လန်ဒန်ဘဏ်၌ အလုပ်လုပ်၍ ထိုနေရာတွင် စပိန် ဘာသာနှင့် အင်္ဂလိပ်ဘာသာပြောတတ်သော သူ၏ အရည်အချင်းကို အသုံးပြုနိုင်ခဲ့သည်။

တစ်ည အနာဂတ်ကို မည်သိုစခန်းသွားရကောင်းမည်နည်းဟု စဉ်းစားခန်းဝင်နေစဉ် ဒီကွေဒေါ (Ecuador) နိုင်ငံ၏ မြိုတော် ကွီတို (Quito) HCJB မှ ဘီလီဂရေဟမ်၏ ရေဒီယိုအသံလွှင့်ချက်ကို ကြားမိသဖြင့် ငယ်အိပ် မက်ဖြစ်သော လူများကို ခရစ်တော် အကြောင်းပြောပြရန် စိတ်ကူးမှာ တစ်ဖန်ပြန်လည်အားကောင်းလာ၏။ ထိုကြောင့် သူ ဤသိုဆုတောင်းသည်။ “အရှင်ဘုရား အခု ကျွန်တော်ကြားရတဲ့ ဒီအစီအစဉ်ကြောင့် ကျွန်တော့်ကို အားသစ်လောင်းပေးသလို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ကျွန်တော့်ကိုလည်း ဒီရေဒီယိုအသံလွှင့်ခြင်းနဲ့ အရှင်ဘုရားဆီ လူများကို ပိုဆောင်နိုင်သူဖြစ်စေတော်မူပါ။” များမကြာမီ မုဆိုးမသူ့မိခင်နှင့် သူ့ညီမများကို ခေါ်၍ ကိုးဒိုဘာ (Cordoba) သို ပြောင်းရွှေ့ကာ တက်ကြွသော Brethren အဖွဲများနှင့် ပူးပေါင်းသည်။

သူသည် ဆန်းဒေးစကူးလ်ကြီးကြပ်ရေးမှူးဖြစ်လာသောအခါ အခြားလုပ်ငန်းများကို လည်း အလောတကြီး လုပ်ဆောင်၍ သေးငယ်သော လမ်းဘေးတရားပွဲအဖွဲများနှင့် ရွက်ဖျင်တဲထိုးကာ ကျင်းပသော တရားပွဲများ၌ ပါဝင်ကာ Christian Meditation ဟု ခေါ်သော ၇ မိနစ် ရေဒီယိုအသံလွှင့်အစီအစဉ်ကို ဖော်ဆောင်သည်။

 

ကန့်သတ်ကာလ ကုန်ဆုံးချိန်

သူသည် အလုပ်ကို မည်သိုပင် ကြိုးစားသော်လည်း မဆိုစလောက်သော အောင်မြင်မှုသာ ရရှိ၍ တစ်ညလုံး ဘုရားရှင်ထံ ဆုတောင်းနေသော်လည်း ဘာမှထူးခြားမလာပေ။ ဘုရား ရှင်၏ လုပ်ငန်းအတွက် ကျွန်ုပ်သည် ယုတ်မာသူတစ်ယောက်ဖြစ်နေပြီလောဟုပင် အတွေး ပေါက်မိ၏။ ထိုကြောင့် ဘုရားရှင်ထံ၌ ကျွန်ုပ်ကို ကောင်းချီးပေးပါ။ မပေးလျှင်ကား ကျွန်ုပ် တရားဟောတော့မည် မဟုတ်ဟုဆို၍ ဘုရားရှင်ကို ရက်သတ်ပေးလိုက်၏။ ကန့်သတ် ရက်ကုန်ဆုံးချိန်တွင် မည်မည်ရရ ဘာမှဖြစ်မလာခဲ့ပေ။

ပလောင်းသည် သူ၏ အနာဂတ်တွင် ဘီလီဂရေဟမ်၏ တရားပွဲများကဲ့သို တရားပွဲ ကျင်းပနိုင်ရမည်ဟု ယုံကြည်၏။ ဘုရားရှင်က သူ့ကို တစ်နေ့သောအခါတွင် လက်တင် အမေရိက၌ ကယ်တင်ခြင်းသတင်း ကောင်းကို လူအုပ်ကြီးထံ၌ တရားဟောရန် အလိုရှိ သည်ဟု စိတ်အာရုံ၌ မြင်မက်သည်။

ပထမခြေလှမ်းအနေဖြင့် သူသည် ဘဏ်လုပ်ငန်းကိုထားခဲ့၍ SEPAL ခေါ် အမေရိ ကန်အခြေပြု ရပ်ခြားသာသနာပြုလုပ်ငန်းဆိုင်ရာ လက်တင်အမေရိကဌာနခွဲကို သွား ရောက်ဆက်သွယ်၏။ လက်တွေ့စမ်းသပ်ချက်အနေဖြင့် ဧဝံဂေလိအသင်းတော်မရှိသေး သော အာဂျင်တီးနားရှိ အွန်းခံတီးဗို (Oncativo) မြို ကလေးတွင် အသင်းတော်ထူထောင် ရေးစီမံကိန်း၌ ပါဝင်သည်။ ထိုအသင်းက တရားပွဲများကို ဆက်တိုက်ဆိုသလို ကျင်းပ ကာ တရားဟောဆရာမှာ ပလောင်းဖြစ်သည်။

သူတို၏ တရားပွဲ ပထမညတွင် တရားနာပရိသတ်ထဲမှ လူ ၇၅ ဦးကို ခရစ်တော် အတွက်ပေးဆပ်ကြရန် ဖိတ်ခေါ်သော်လည်း ၃၅ ဦးကသာ လက်မြှောက်သဘောတူကြ ၏။ တချိုက သူ့အကြောင်း ကောင်းကောင်းမသိ ကြသေးသောကြောင့် မရွံမရဲဖြစ်နေကြ ဟန်ရှိသဖြင့် နောက်ထပ်နာရီဝက် အချိန်ပေးစည်းရုံးကာ ဒုတိယအ ခေါက်တွင် ၃၇ ဦးက သဘောတူကြောင်း လက်မြှောက်၍ ထောက်ခံသည်။ ရက်သတ္တပတ်ကုန်ဆုံးချိန်တွင် ယုံကြည်သူအယောက် ၇၀ ပါဝင်သော အသင်းတော်တစ်ခုကို တည်ထောင်ကာ နောင် အခါ ထိုလူများက အနီးတစ်ဝိုက်ရှိမြိုများတွင် သွား၍ အသင်းတော်များကို တည်ထောင် ကြသည်။

ဧဝံဂေလိလုပ်ငန်းကို ပြင်းပြစွာ ဆက်လက်လုပ်ကိုင်ချင်သော်လည်း ပလောင်းသည် အော်ရီဂွန်ပြည်နယ် ပေါ့တလန်ဆိပ်ကမ်းမြို (Portland Oregon) မာလ်နိုမာ (Multnomah) ဓမ္မကျောင်း၌ ကျမ်းစာသင်ရန် နားချခံရသည်။ သူ၏ ပထမဆုံး အမေရိကန် ခရီးစဉ်သည် လွယ်ကူလှသည် မဟုတ်ပေ။ အိမ်လွမ်းရောဂါများ ခံစားရသည့်အပြင် အမေရိကန်ယဉ်ကျေးမှုနှင့်ယဉ်ပါးအောင် မနည်းကျင့်ယူရသည်။ သူ့အိမ်ရှင် ရေးစတက် မင် (Ray Siedman) က သူ့ကို သားအရင်းတမျှ ချစ်ခင်ကာ အတိုင်းအတာတစ်ခုထိ သည်းခံခြင်းနှင့် အချိုအိမ်များ၏ အခြေအနေအမှန်ကို သိစေသည်။ မာလ်နိုမာတွင် ကျောင်းနေစဉ် ပလောင်းသည် ကျောင်းနေဖက် ပက်စကော ဖီးလ် (Pat Scofield) ကို လက်ထပ်ယူသည်။

ကျမ်းစာကျောင်းပြီးသောအခါ ရပ်ခြားသာသနာပြု အဖွဲများက သူတိုကို ဒီထရွိက် (Detroit) အသင်းတော်၌ သင်တန်းဆက်တက်စေကာ ထိုနောက် သူ့ကို နှစ်လခွဲကျင်းပ သော ဖရက်ရှ်နို (Fresno) တရားပွဲ၌ ဘီလီဂရေဟမ်၏ စကားပြန်အဖြစ် တာဝန်ပေး သည်။ နောက် ၁ နှစ်တွင် ရပ်ခြားသာသနာပြုအဖွဲက ကိုလမ်ဘီယာ (Columbia) တွင် ဧဝံဂေလီလုပ်ငန်းနှင့် အသင်းတော်ထူထောင်ရေးအတွက် သင်တန်းပေးရန် စေလွှတ်ကာ သူက ထိုအလုပ်ကို သူ၏ ပန်းတိုင်ဖြစ်သော လူထုဧဝံဂေလိလုပ်ငန်းဖော်ဆောင်ရေး အတွက် ကြားခံခုတုံးအဖြစ် သဘောထားလိုက်သည်။

လူထုဧဝံဂေလိလုပ်ငန်းကို ကြံစည်နေစဉ်အတွင်း၌ သူသည် အီကွေဒေါနိုင်ငံ ကွီတို မြိုမှ ရေဒီယိုအသံလွှင့်ဌာနဖြစ်သော HCJB ၏ ဖိတ်ကြားချက်ကို လက်ခံကာ မှန်းခြေ အရ သန်း ၂၀ ခန့်ရှိသော ကမ္ဘာတစ်ဝန်းရှိ စပိန်စကားပြောသူများအတွက် ကယ်တင်ခြင်း ၊ သတင်းစကားကို ပုံမှန်အသံလွှင့်ချက်များဖြင့် စတင်ဆောင်ရွက်သည်။ သူသည် Responde ခေါ် တီဗီဖန်သားပြင်ပေါ်မှ ဝိညာဉ်ရေးဆိုင်ရာ ဆွေးနွေးလမ်းညွှန်မှု အစီအစဉ် တစ်ခု၌လည်း ပါဝင်ကာ အလားတူအောင်မြင်၏။

ယခုအချိန်တွင် ပလောင်း အသက် ၃၀ ရှိပြီဖြစ်၍ သူ တစ်ချိန်လုံး ရင်ဝယ်ပိုက် ထားခဲ့သော ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် အကြောင်းဖန်လာသည်။ ဖြစ် ပုံမှာ ကိုလမ်ဘီယာနိုင်ငံရှိ ခရစ်ယာန်အဖွဲ တစ်ဖွဲ က သူတို၏ မြိုတော်ဖြစ်သော ဘိုဂို တာ (Bogota) ၌ တရားပွဲလာလုပ်ပေးရန် ဖိတ်ခေါ် ခံရခြင်းဖြစ်၏။ ပလောင်း၏ တရားပွဲ လေးညမြောက်တွင် လူပေါင်း ၈၆၅ ယောက် ပြောင်းလဲသည်ဟု မှတ်တမ်းရှိ၏။ နောက် ဆုံးတွင် သူသည် အခက်အခဲများကို ထိုးဖောက်ကျော်လွှားနိုင်ခဲ့ကာ သူ စိတ်စောသော ကရောက်နေခဲ့ရသော အရာတစ်ခုကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သည်။

 

မက္ကဆီကို

လုပ်ငန်းလွဲအပ်ခံရပြီးချိန်တွင် လူးဝစ်(စ်)ပလောင်းက မက္ကဆီကို မြို (Mexico) အနှံအပြား ၌ စေလွှတ်ရန် အဖွဲများကိုဖွဲ၍ သူတိုသည် တရားပွဲအတွက် ဇာတ်စင်များကို ဆောက် ကြကာ တရားပွဲ ၁၄ ပွဲ ပြုလုပ်၍ လူပေါင်းအယောက် ၁ဝ၄၀၀၀ ကို ဆွဲဆောင်ထား နိုင်ခဲ့ကြသည်။ အသစ်ဖွဲစည်းသော အသင်းသည် တရားပွဲကို မည်သိုပြုလုပ်ရကြောင်း၊ မည်သိုလမ်းညွှန်ချက်ပေးရကြောင်းနှင့် ငွေကြေးအတွက် ဘုရားရှင်ကို မည်သိုကိုးစားရကြောင်းများကို သင်ယူရသည်။ သူတိုသည် မက္ကဆီကိုမှ အခြားလက်တင်အမေရိကနိုင်ငံ များသို ပြောင်းရွှေ့ကာ အချိုသော အဝေးရောက်သူများမှလွဲ၍ သူတိုသည် ၁၉၇၈ ခုနှစ်အထိတိုင် ထိုနေရာတွင်သာ နေကြ၏။

ထိုနှစ်တွင် ပလောင်းသည် ရပ်ခြားသာသနာပြုအဖွဲမှ နှုတ်ထွက်ကာ သူ၏ ကိုယ်ထူ ကိုယ်ထဖြင့် အသင်းဖွဲ၍ ဥရောပ၊ အရှေ့အာရှနှင့် အမေရိကန်ပြည်ထောင်စုတို၏ ဖိတ် ကြားချက်ကို အနှောင်အဖွဲကင်း ကင်းဖြင့် လက်ခံသည်။ သူသည် တိုက်ကြီး ၅ တိုက် တွင် သွားရောက်ကာ နိုင်ငံပေါင်း ၂၅ နိုင်ငံ၌ လူပေါင်း ၈.၂ သန်းကျော်ကို တရားရေ အေးအမြိုက်ဆေး တိုက်ကျွေးနိုင်ခဲ့သည်။

သူ၏ အင်္ဂလန်ခရီးစဉ်နှစ်ကြိမ်ဖြစ်သော ၁၉၈၃ ခုနှစ်နှင့် ၁၉၈၄ ခုနှစ်သည် အကြာ ရှည်ဆုံးတရား ပွဲများဖြစ်၍ Tell Wales ခရီးစဉ်တွင် ၆ ပတ်မျှ တရားပွဲကျင်းပကာ လူပေါင်း ၇၈ဝဝဝ က ကယ်တင်ခြင်း သတင်းစကားကို ကြားကြရသည်။ သူသည် ရှားပါး အခွင့်အရေးဖြစ်သော ဟန်ဂေရီနိုင်ငံ၏ မြိုတော် ဘူဒါပက် (Budapest) ၌ တရားပွဲ ကျင်းပခွင့်ရကာ လူပေါင်း ၁၂ဝဝဝ က သူ့တရားကို လာနာကြ၍ အယောက် ၁၀၀၀ က သူ၏တရားဒေသနာအပေါ်တွင် တုံပြန်မှုရှိကြကာ USSR တရားပွဲတွင် လူပေါင်း ၄ဝဝဝဝ ကို တရားရေအေး တိုက်ကျွေး၍ ၈၅ဝဝ က ကယ်တင်ခြင်းသတင်းစကားကို ကောင်းမွန်စွာ တုံပြန်ကြ၏။

အကယ်၍သာ သင်သည် သူ၏ အောင်မြင်မှုသော့ချက်ကို သွားမေးလျှင် သူသည် ကျမ်းစာကျောင်းက သူ့ဆရာ အမှောင်ခွင်းပြီး အလင်းဆောင်သူ Major lan Thomas က မကြာခဏ ကိုးကားတတ်သော ကျမ်းပိုဒ်ဖြစ် သည့် ဂလာတိသြဝါဒစာ ၂း၂၀ ကိုသာ ညွှန်းဆိုပေလိမ့်မည်။ ဤကျမ်းပိုဒ်၏ အမှန်တရားသည် နောက်ဆုံးတွင် သူ့အပေါ်၌ သက်ရောက်ကာ သူသည် သူ့ဘဝကို လက်မြှောက်အရှုးပေးကာမှ ဘုရားရှင်က သူ့ကို အသုံးပြု၍ သူ၏ သာသနာလုပ်ငန်းလည်း ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ “ကျွန်ုပ်၏ အကြီးမားဆုံးဝိညာဉ်ရေး ရုန်းကန်မှုသည် နောက်ဆုံးတွင် အောင်မြင်ခဲ့ချေပြီတကား၊ ဘုရားရှင်သည် ဘုရားရှင်ဖြစ်၍ လူးဝစ်(စ်) ပလောင်းသည် သူ့ကို မှီခိုအားထားရသူ သာဖြစ်သည်ဟု ဆို၏။

 

 

၁၀

၂၀ ရာစုသို ချဉ်းနင်းဝင်ရောက်ခြင်း

 

၁၉ ရာစုသည် သာသနာပြုခြင်းကို အကြီးအကျယ်လုပ်ဆောင်ကြသော ရာစုနှစ်ဟု သမုတ် ကြသည်မှာ ၁၈၇၅ ခုနှစ်၊ ကဲဇင့်ခ် (Keswick) ညီလာခံနောက်ပိုင်းမှဖြစ်ကာ ထိုအချိန် မှစ၍ ယင်းလှုပ်ရှားမှုသည် အဟုန်ပြင်း စွာ စတင်လှုပ်ရှား၏။ ထိုအတွက်ကြောင့်ပင် ဒုတိယ မဟာနိုးထမှုကြီးဖြစ်ပွားကာ ၄င်းသည် မြောက်အာဖရိက၌ ၁၈၅၇ ခုနှစ်တွင် စတင်၍ ထိုမှတစ်ဆင့် အတ္တလန္တိတ်ကို ဖြတ်ကျော်ကာ ဗြိတိန်နှင့် ကမ္ဘာ့အနှံအပြားသို ချဉ်းနင်း ဝင် ရောက်ခြင်းဖြစ်သည်။ ထိုသိုဖြစ်လာရခြင်းမှာ ဟတ်ဆင်တေလာ၏ ယုံကြည်မှုဖြင့် သာသနာ ပြုခြင်း (တရုတ်ပြည်အတွင်းပိုင်းသာသနာသည် ၁၈၆၅ ခုနှစ်တွင် တည်ထောင်ခြင်းဖြစ် ၏) နှင့် မူးဒီး၏ တရား ဟောချက်ဖြင့် ကူညီမှုများအပြင် ၁၈၈၆ ခုနှစ်၌ ဖွဲစည်းတည်ထောင်သော စေတနာ့ဝန်ထမ်း ကျောင်းသားလှုပ် ရှားမှုများကြောင့် ဖြစ်ကြောင်း၊ သံသယရှိစရာပင် မလိုချေ။

၂၀ ရာစုအစပိုင်းတွင် ကမ္ဘာတစ်လွှား၌ ပရိုတက်စတင့်နှင့် ကက်သလစ်သာသနာပြု များက နေရာ အနှံအပြားသို ထိုးဖောက်ဝင်ရောက်လျက်ရှိကြ၏။ ပရိုတက်စတင့်သာသနာ ပြုများက အာဖရိက၊ အိန္ဒိယနှင့် အာရှတို၌ ထိုးဖောက်ဝင်ရောက်ကာ သူတိုသည် ဘာသာ ရေးဂိုဏ်းပေါင်းစုံမှဖြစ်၍ သူတို၏ ရည်ရွယ်ချက်မှာ ဌာနေတိုင်းရင်းအသင်းတော်များကို ထူထောင်ရန်ဖြစ်သည်။ သူတိုက တရားဒေသနာတိုက်ကျွေးခြင်းအပြင် စာသင်ကျောင်း များနှင့် ဆေးရုံများကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။ ထိုအပြင် ပို၍ ခေတ်မီသော လယ်စိုက် ခြင်းများနှင့် ဒေသခံများ၏ ဘာသာစကားကို စနစ်တကျဖြစ်အောင် ပြုပြင်ပေး၍ စာပေရေးသားခြင်းနှင့် ကျမ်းစာဘာသာပြန်ခြင်းများ ပြုလုပ်ပေးခဲ့ကြသည်။

သာသနာပြုများ၏ ကြိုးစားအားထုတ်မှုကြောင့် လမ်းပန်းဆက်သွယ်ရေးမှအစ အရာရာကောင်း မွန်လာသဖြင့် ကယ်တင်ခြင်းသတင်းစကား မကြားရသေးသော သန်းချီ ရှိသည့်နေရာများသို သတင်းကောင်း ရောက်လာသည်။ ခေတ်မီနည်းပညာနှင့် နည်းစနစ် များဖြင့် ဧဝံဂေလိလုပ်ငန်းကို ဖြန့်ဝေကာ ဘုရားရှင်၏ စေခိုင်းချက်အရ လူမျိုးတကာ တိုကို နောက်လိုက်များဖြစ်စေရန် အလုပ်သည် အသင်းတော်၏ အခြေခံ အကျဆုံး အလုပ် ပင်ဖြစ်တော့၏။

 

အိန္ဒိယ

ခရစ်ယာန်ဘာသာသည် အိန္ဒိယတွင် အမြစ်တွယ်ရန် နှေးကွေးလှ၏။ ဝီလီယံကယ်ရီနှင့် ဟင်နရီမာတင် တိုကဲ့သိုသော ရှေ့ဆောင်သာသနာပြုကြီးများ ရောက်ခဲ့လင့်ကစား ၁၉ ရာစုအလယ်လောက်ရောက်ခါမှပင် ကြီးမားသော သာသနာပြုအဖွဲများက အိန္ဒိယတိုက် ငယ်တွင် ခြေကုပ်ယူနိုင်ကြခြင်းဖြစ်သည်။ ထိုသို ခြေကုပ်ယူနိုင်သည်နှင့် သာသနာပြု အဖွဲများ ငါးရာထက်မနည်းရှိလာကာ အိန္ဒိယပရိုတက်စတင့် အသင်းတော် သည် အဓိက အားဖြင့် မဒရပ်စ် (Madras) တွင် အများဆုံးတွေ့ရ၍ လူဦးရေအားဖြင့် ၁ဝဝဝဝဝ ခန့် ရှိသည်။ ဆက်လက်တိုးပွားလာရာ ၁၉ ရာစုအဆုံးပိုင်းနှင့် ယနေ့အချိန်တွင် ခရစ်ယာန် ဘာသာဝင်သူပေါင်း (ရိုမင်ကက်သလစ်နှင့် ဩသိုဒေါ့စ်အသင်းတော်များအပါအဝင်) အားလုံးမှာ ၂၇ သန်းရှိ၍ ထိုအထဲတွင် ၁၁ သန်းမှာ ပရိုတက်စတင့်များဖြစ်သည်။

၁၉ ရာစုတွင် တည်ထောင်သော အသင်းတော်များ၌ အနောက်နိုင်ငံသားများက အစဉ်အလာအရ သူတို၏ အင်္ဂလိပ်စာကို စာသင်ကျောင်းများတွင် သင်ကြားပေးကြသည်။ အသင်းတော်ကို ဦးဆောင်ဦး ရွက်ပြုသူများသည် သာသာနာပြုများ၏ လက်အောက်၌ ဖြစ်၍ ခရစ်ယာန်ဘာသာမှာ ဝတ်စားဆင်ယင်မှုမှအစ ရပ်ခြားတိုင်းတစ်ပါး ကိုလိုနီအုပ် ချုပ်မှုစနစ်ကို အဓွန့်ရှည်စေသည်ဟုပင် ထင်မှတ်စရာရှိ၏။ ခရစ်ယာန်ဘာသာ ယူသူအများ စုမှာ ဇာတ်နိမ့်သူများနှင့် တောတောင်ရေမြေများကို သက်ရှိသဖွယ် ကိုးကွယ်သူများ (animist) ဖြစ်၍ ဇာတ်မြင့်သူ ဟိန္ဒူဘာသာဝင်အနည်းငယ်လည်း ရှိသည်။ ထိုကြောင့် အိန္ဒိယအမျိုးသားများထဲမှ အိန္ဒိယနိုင်ငံရှိ အသင်းတော်အတွက် အားကိုးလောက်စရာလူ မရှိပေ။

အိန္ဒိယတွင် ကယ်တင်ခြင်းသတင်းစကားသယ်ပိုးနိုင်ရန် ပထမဆုံးကြိုးစားမှုမှာ ၁၇ ရာစုတွင်ဖြစ်၍ Robert de Nobili ခေါ် ကက်သလစ်သာသနာပြုသူဖြစ်ကာ သူသည် ဒေသခံများ၏ ဝတ်စားဆင်ယင်မှုနှင့် သူတို၏ ရိုးရာများအတိုင်း နေထိုင်ပြုမူ၍ ဟိန္ဒူစာပေနှင့် သူတို၏ ယုံကြည်မှုများကို လေ့လာသည်။ နောင်အခါ နှစ်ခြင်းသာသနာပြု ဝီလီယံ ကယ်ရီက အိန္ဒိယလူမျိုးများအတွက် ဧဝံဂေလိသတင်းကောင်းဝေငှခြင်းနှင့် သူတိုအတွက် ဌာနေတိုင်းရင်းအသင်းတော်များကို တည်ထောင်နိုင်ရန် ဆီရမ်းပူးလ်၌ ကောလိပ်ကျောင်း၊ တစ်ကျောင်း တည်ထောင်ပေးသည်။

 

ဆာဒူးဆန်ဒါဆင့် (၁၈၈၉-၁၉၂၉/၃၃) အိန္ဒိယနှင့် တိဗက်တွင် ကယ်တင် ခြင်းသတင်းစကားဝေငှသူ

ဆစ်ခ် (Sikh) ဘာသာမှ ပြောင်းလဲလာသူ ဆန်ဒါဆင်း (Sundar Singh) သည် အိန္ဒိယ နိုင်ငံ ခရစ်ယာန်အသင်းတော်၏ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်ဖြစ်ကာ သူသည် အိန္ဒိယအသင်းတော်က သူ့နည်းသူ့ဟန်ကို မသုံးဘဲ အနောက်တိုင်းဆန်လွန်ခြင်းကို ဆန့်ကျင်သူဖြစ်သည်။ သူသည် ဝတ်ကျောင်းများ၌ ဝတ်ပြုပုံများ၊ ဓမ္မသီချင်းများနှင့် ဝတ်ကျောင်းအဆောက်အအုံ များကအစ အင်္ဂလိပ်ပုံစံယူထားခြင်းကို မရှုဆိတ်နိုင်သူ လည်းဖြစ်သည်။ သူသည် ခရစ် ယာန်ဘာသာယူသူများက အနောက်နိုင်ငံသားများကဲ့သို ဝတ်စားဆင်ယင်ကြကာ အသင်း သားများသည် သာသနာပြုများ၏ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုများတွင်သာ မှီခိုကြ ရသည်ကို မလိုလားချေ။

ထိုအတွက်ကြောင့်ပင် ဆန်ဒါဆင့်သည် ဝတ်ကျောင်းတက်ခြင်းမရှိဘဲ သူ့အသက် တာကို သန့်ရှင်းဖြူ စင်သူတစ်ဦးအဖြစ်သာ နေထိုင်၍ ခရစ်ယာန်ဆာဒူး (Sadhu -ဟိန္ဒူ သူတော်စင်)အဖြစ် သူအချစ်ပိုသော မြောက်ပိုင်းအိန္ဒိယနှင့် တိဗက်များထံတွင် မကြာခဏ ဆိုသလို ခရီးထွက်လေ့ ရှိသည်။

ဆန်ဒါတိုမိသားစုသည် ပန်ဂျပ် (Punjab) ပြည်နယ်မှဖြစ်၍ ဆစ်ခ်လူမျိုးအသိုင်း အဝန်းတွင် အဆင့်အတန်းကြီးသူများဖြစ်ကာ သူ့ဖခင်သည် မျိုးနွယ်စုခေါင်းဆောင်နှင့် မြေရှင်ကြီးတစ်ဦးဖြစ်၍ သူ့မိခင်မှာ ဘာသာရေးကိုင်းရှိင်းသော သူတော်စင်မတစ်ဦးဖြစ် သည်။ သူမသည် ဘာသာတရားတိုင်း၌ သူ့အားသာချက် နှင့်သူ ကောင်းမှုများရှိသည်ဟု ယုံကြည်သူဖြစ်သောကြောင့် သူ့သားကိုလည်း မည်သည့်ဘာသာပင်ဖြစ်စေ အမှန်တရား ကိုသာ တွေ့အောင်ရှာရန် တိုက်တွန်းတတ်၏။

ဆန်ဒါသည် ငယ်စဉ်ကတည်းက ဆုတောင်းစာကို သူ့မိခင်ထံ၌ အလွတ်ရွတ်ပြတတ် ကာ သူ့ကို နောင်တစ်ချိန်တွင် ဆာဒူးဖြစ်မည်ဟု ဟောကိန်းထုတ်တတ်သော ဟိန္ဒူသူတော် စင်တစ်ဦးထံ၌ မိခင်နှင့်အတူ နှစ်ပတ်တစ်ကြိမ် ပုံမှန်သွားရောက်တတ်၏။ သိုသော် သူတိုအိမ်တွင် ခရစ်ယာန်ကျောင်းဆရာများ ဝင်ချည်ထွက်ချည်ပြုခြင်းကိုလည်း သူ့မိခင်က ကြည်ဖြူသည်ပင်ဖြစ်သောကြောင့် သားအမိနှစ်ယောက်စလုံး သူတိုကြားခဲ့ရသော စကား များကြောင့် မည်သိုမျှ မခံစားခဲ့ကြရပေ။ စင်စစ် ဆန်ဒါသည် အသက် ၁၂ နှစ် အရွယ်တွင် ခရစ်ယာန်သာသနာပြုကျောင်း၌ ကျောင်းနေဖူးကာ ကျမ်းစာသင်ခန်းစာကို ပင် ကျေကျေညက်ညက် တစ်ခေါက်သင်ခဲ့ဖူးသူဖြစ်လေသည်။

နောင် ၂ နှစ်တွင် ဘုရားတစ်ဆူကဲ့သို သူအားကိုးသော သူ့မိခင်ဆုံးပါးသွားလေရာ သူ့ကမ္ဘာသည် ပြိုကွဲပျက်စီးသွားလေ၏။ သူတော်စင်ကြီးကလည်း သူ့ကို မနှစ်သိမ့်နိုင်ဘဲ ဖြစ်ကာ သူ့ဒေါသမှာ ခရစ်ယာန်များ အပေါ်တွင် ရောက်သွားသည်။ သူသည် အကြမ်း ဖက်လာကာ ယုံကြည်သူများကို တိုက်ခိုက်ခြင်းနှင့် သူတို၏ တရားပွဲများကို ဖြိုခွဲခြင်းများ ပြုလုပ်၍ ထိုအပြင် လူဆိုးလူမိုက်ယောက်ျားလေးအချိုနှင့် တရားဟောဆရာများ ကို ဈေး ၊ တန်းတွင်မြင်လျှင် ခဲများဖြင့် ပေါက်သတ်ကြကာ သူတိုကို ဆန့်ကျင်ကြရန်လည်း အော် ဟစ်တောင်း ဆိုသည်။ သူ့ဒေါသသည် အထွက်အထိပ်သို ရောက်သဖြင့် ဓမ္မသစ်ကျမ်းကို ဝယ်ယူ၍ သူ့မိတ်ဆွေများ၏ ရှေ့တွင် မခန့်လေးစားလုပ်ကာ တစ်ရွက်ပြီးတစ်ရွက် ၆ဆုတ် မီးရှိသည်။

 

ပြောင်းလဲခြင်း

ဆန်ဒါသည် ၃ ရက်နှင့် ၃ ည အခန်းအောင်းကာ ဘုရားက သူ၏ ဆုတောင်းသံကို နားညောင်း၍ ကိုယ်ထင်ပြရန်၊ ကိုယ်ထင်မပြနိုင်လျှင် သူတိုရွာကို မနက် ၅ နာရီတွင် ပုံမှန်ဖြတ်သန်းသော ရထားအောက်၌ ပစ်လဲချကာ သူ့ဘဝကို အဆုံးစီရင်ရန် အစီအ စဉ်ဆွဲထား၏။ ဘုရားကို ရက်သတ်ပေးလိုက်ချိန် မရောက်မီ ကြီးမားသော အလင်း ရောင်သည် သူ့အခန်းအတွင်းသို ဝင်လာ၏။ လူပုံသဏ္ဌာန်ဖြင့် ဝင်လာသော ထိုသူ သည် ကရစ်(စ)နား (Krishna) (သို) သူကိုးကွယ်သော နတ်ဘုရားများထဲမှလည်း မဟုတ်ဘဲ ခရစ်တော်ဖြစ်နေသည်။ ခရစ်တော်က “မင်း ငါ့ကို ဘယ်အချိန်ထိ ညှင်းပန်း နေဦးမှာလဲဟု အမေးရှိကာ ငါ မင်းကိုကယ်ဖို လာခဲ့တာပဲဟု ဆို၏။ မင်းဟာ ဘယ်လို ဆုတောင်းရမယ်ဆိုတာ သိနေလျက်နဲ့ ဘာလိုဆုမတောင်းသလဲဟုဆို၍ ငါဟာ လမ်းခ ရီးဖြစ်တယ်” ဟု ကိုယ်တော်က မိန့်ဆိုသည်။

သူ့မိသားစုသည် သူ၏ ပြောင်းလဲခြင်းအပေါ်၌ အလွန်အံ့အားသင့်ကြသည်။ အခု ကျွန်တော် ခရစ်ယာန် တစ်ယောက်ဖြစ်ပြီး ခရစ်တော်မှတစ်ပါး ဘယ်ဘုရားကိုမှ အလုပ် အကျွေးပြုတော့မှာ မဟုတ်ဘူး”ဟု ဆိုလိုက်၏။ သူ့အပေါ်တွင် ခြိမ်းခြောက်မှုများ၊ တိုက် ခိုက်မှုများနှင့် ပုဂ္ဂိုလ်ရေးစော်ကားပုတ်ခတ်မှု များရှိသော် လည်း ဆန်ဒါသည် သူ့ဆုံးဖြတ် ချက်အမှန်တရားအပေါ်၌သာ ဆက်နေ၏။ သူ့မိသားစုကို အရှက်ရစေသည်ဟုဆို ကာ သူ့ ဖခင်က သူ့ကို အိမ်မှနှင်ထုတ်၍ သူနှင့်မသက်ဆိုင်တော့ဟု ဆိုသည်။ သူ့ဖခင်သည် သူ နောက်ဆုံးအ စားအစာထဲတွင် အဆိပ်ခတ်ကာ နောက်တစ်နေ့မနက်တွင် သူသည် စ၍ အန် တော့၏။ သူ့ပါးစပ်မှ သွေးစိမ်းများ တစိမ့်စိမ့်ယိုထွက်နေကာ ဘေးရွာရှိ သင်းအုပ်ဆရာနေ အိမ်ရောက်သည်အထိ တွားသွား၍ ထိုနေရာတွင် သက်သာသည့်အထိ နေသည်။

သူ့အသက် ၁၆ နှစ်ပြည့်နေ့ ၁၉ဝ၅ ခုနှစ်၊ စက်တင်ဘာလ ၃ တွင် လာဟိုး (Lahore) မြို အင်္ဂလီကန် အသင်းတော်၌ ဗတ္တိဇံခံကာ ထိုနောက် သူ့ရှေ့ရေးအတွက် ဘုရားရှင်၏ ဆန္ဒခံယူရန် ဆင်းမလား (Simla) တောင်ကုန်းများ၌ တစ်လသွားနေ၏။ ထိုနေရာမှ ပြန် လာသောအခါ အဝါရောင်ဝတ်ရုံကြီးကို ရုံ၍ အိန္ဒိယဆာဒူးအဖြစ် ကျင့်ကြံရန် ဆုံးဖြတ် သည်။ သူ့ရည်ရွယ်ချက်မှာ အိန္ဒိယဘုရားကျောင်းများကို အသစ်တစ်ဖန်ပြောင်းလဲ၍ ကယ်တင်ခြင်းသတင်းစကားကို အိန္ဒိယအသုံးအနှုန်းများဖြင့်သာ ဟောကြားရန်ဖြစ် သည်။ ဤနည်းဖြင့် ခရစ်ယာန်ဆာဒူးတစ်ယောက်ဖြစ်ခြင်းထက် ပိုကောင်းသောအရာသည် မရှိ နိုင်ဟု ဆို၏။

ခရစ်ယာန်ဆာဒူးအဖြစ် သူ ပထမဆုံးသွားရောက်သောရွာမှာ သူ့မွေးရပ်ဇာတိပင် ဖြစ်၍ ဟိန္ဒူဇာတ်မြင့် အိမ်တချိုက သူ့ကို ကြိုဆိုကြသော်လည်း သူ့မိသားစုများက အိမ် ရိပ်ကိုပင် အနင်းမခံကြပေ။ နောင်အခါ သူ့နားကိုပင် သူမယုံနိုင်လောက်သော စကား တစ်ခွန်းကို သူ့ဖခင်ထံမှာ ကြားရ၏။ ထိုစကားမှာ “ငါလည်း ခရစ်တော်ကို ချစ်ပါပြီ။” ဟူ၍ ဖြစ်သည်။

သူပြောင်းလဲလာပြီးချိန်မှစ၍ သူတိုရွာနှင့်ထိလုနီးပါးဖြစ်သော တိဗက်တွင် ကယ်တင် ခြင်းသတင်း စကားဝေငှရန် သွားချင်နေ၏။ သူ၏ ပထမဆုံးခရီးစဉ်မှာ ဟိမဝန္တာ (Himalayas) တောင် ခြေရင်းတွင်ဖြစ်၍ သူသည် ထိုနေရာ၌ ရင့်ရင့်သီးသီး ဆက်ဆံခြင်းခံရ သည်။ ရံခါတွင် လမ်းခရီးတစ်လျှောက်ရှိအိမ်များက သူ့ကို လေးစားသမှုပြုကြသော်လည်း ခရစ်တော်အကြောင်းပြောရန် စကားစလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း မောင်းထုတ် ခံရ၏။ သိုသော် ထိုသူများကို ကျိန်ဆဲခြင်းမပြုသကဲ့သို သူ့ကို တိုက်ခိုက်သူများအား နှုတ် ဖြင့်ပင် မပြစ်မှားချေ။ ထိုကြောင့် သူတိုက အခြားဆာဒူးများကဲ့သိုပင် သူ့ကို ပြန်ဖိတ် ခေါ်ကြ၍ ခွင့်လွှတ်ရန် တောင်းပန်ကြသည်။

ဗတ္တိဇံခံပြီး ၁၈ လအကြာတွင် ဆန်ဒါ တိဗက် (Tibet) သို ပထမဦးဆုံး ခရီး ထွက်နိုင်ခဲ့၏။ မိုရေးဗီး ယန်းသာသနာပြုနှစ်ဦးက သူ့ကို တီဗက်ဘာသာစကားအနည်း ငယ်သင်ပေးကာ လူငယ်စကားပြန် တစ်ဦးထည့် ပေးသည်။ သူတိုနှစ်ဦးသည် တစ်ရွာဝင် တစ်ရာထက်ကြကာ ရွာသားများနှင့်ပင် ရင်းနှီးနေကြပြီဖြစ်သော်လည်း ရွာသားများက ခရစ်တော်အကြောင်းကိုကား အစမခံကြပေ။ သိုသော် ခရစ်တော်အကြောင်း လက်ခံသူတစ်ဦး ကား ရှိ၏။ ထိုသူမှာ လားမား (Lama တိဗက်ဗုဒ္ဓဘာသာကြီး) ဖြစ်၍ သူ့ဘုန်းကြီးကျောင်းရှိ သံဃာတော်များထံ၌ သူပြောချင်သမျှကို ပြောခွင့်ပြု သူဖြစ်သည်။ ထိုနောက်ပိုင်း၌ သူသည် ၁၉၀၈ ခုနှစ်နှင့် ၁၉၂၉ ခုနှစ်အကြားတွင် တိဗက် သို နှစ်စဉ် စွန့်စား၍ သွားသည်ဟူ၏။ သူ၏ တိဗက်နှစ်စဉ်ခရီးမှာ ဖြစ်နိုင်ဖွယ်မရှိဟု ဆိုကြကာ “ဟုတ်ကော ဟုတ်ပါ့မလား”ဟု ရံခါတွင် မေးခွန်းထုတ်တတ်ကြသည်။ သူ့ ခရီးစဉ်တွင် သူသည် ရိုက်နှက်ခြင်း၊ ထောင်သွင်းချခြင်းနှင့် သေမင်းနှင့်အကြိမ်ကြိမ်စစ် ခင်းခဲ့သော်လည်း ပြန်လည်လွတ်မြောက်လာခဲ့ကာ တရားဟောမြဲဟောနိုင်ခဲ့သည်။

တစ်ခါသားတွင် သံဃာတော်များ၏ ဖမ်းဆီးခြင်းခံရ၍ တွင်းဟောင်းတစ်ခုထဲ၌ ပစ်ချခြင်းခံရကာ သူ့အရင်နှိပ်စက်ခံရသော ဓားစာခံများ၏ ပုပ်ဟောင်နံစော်သော အနံ့များ ဖြင့် သေဆုံးရန် စွန့်ပစ်ခြင်းခံရသည်။ သူ့ကို ပိတ်လှောင်ထားသော သော့တံကို လားမား ကြီးကိုယ်တိုင် သိမ်းထားခဲ့သော်လည်း ၃ ရက်မြောက်သော ည၌ သူသည် ဆန်းကြယ် စွာ လွတ်မြောက်သွား၏။ ထိုနည်းနှင်နှင် ကယ်တင်သူမသိရဘဲ လွတ်မြောက်သွား သည်မှာ အနည်းဆုံးသုံးကြိမ်ရှိသည်ဟု ဆင်ယာစီ (Sannyasi) သာသနာပြုအဖွဲများက ဆိုသည်။ ထိုအဖွဲမှာ ခရစ်တော်၏ လျှိဝှက်နောက်လိုက်များဖြစ်၍ မျက်မှောက်ခေတ် ထူးဆန်းသော အိန္ဒိယခရစ်ယာန် လျှိဝှက်ဂိုဏ်းလှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်သည်။

အခြားအဖြစ်အပျက်နောက်တစ်ခုမှာ သူစိမ်းတစ်ယောက်နှင့် ဆောင်းတွင်းကြီး၌ တောင်ထိပ်တွင် ခရီးသွားစဉ်ကဖြစ်သည်။ ဆန်ဒါသည် ဒဏ်ရာရသူတစ်ဦး၏ အော်သံ ကြောင့် ထိုလူကို ကယ်တင်ရန်သွားစဉ် သူ့ခရီးသွားဖော်က နှင်းမုန်တိုင်းကိုရှောင်နိုင်ရန် သုတ်ခြေတင်၍ ထွက်သွားလေ၏။ မုန်တိုင်းလွန်သော် သူ့ခရီးသွားဖော်မှာ အအေးလွန်၍ ခဲသေနေသည်ကို တွေ့ရကာ သူနှင့် ဒဏ်ရာရသူတို အသက်ရှင်ကျစ်ရန်၏။

 

ကောလိပ်ကျောင်း

၁၉၀၉ ခုနှစ်တွင် လာဟိုးမြို စိန့်ဂျွန်းကောလိပ်၌ သာသနာလုပ်ငန်းအတွက် ကျမ်းစာသင် ရန် ဖျောင်းဖျခြင်းခံရသဖြင့် ကျောင်းတတ်သည်။ သင်းအုပ်ဆရာဖြစ်လျှင် သာသနာပိုင် နယ်မြေတစ်ခုတွင် သာနေရ၍ တိဗက်သို ခရီးမသွားရတော့မှန်းသိသဖြင့် သိက္ခာတင်ပေး ခြင်းကို ငြင်းဆို၏။ ကောလိပ်ကျောင်းက ပေးလိုက်သော အမှုတော်ဆောင်တစ်ယောက် အတွက် လုပ်ငန်းဆိုင်ရာ စိတ်ကူးစိတ်သန်းများမှာ ရှေးယခင် ကတည်းက သူ့ခံယူချက် ဖြစ်သော အနောက်တိုင်းခရစ်ယာန်ဘာသာသည် အိန္ဒိယအတွက် အံ့မဝင်ခွင်မကျ ဟူသော သူ့ခံယူချက်နှင့် ထပ်ထူကျ၏။

ကောလိပ်တက်နေစဉ်အတွင်း ဆန်ဒါကို သောမတ်ကမ့်ပစ်(စ်)၏ ခရစ်တော်ကို တုပခြင်း စာအုပ်က အတော်ပင် လွှမ်းမိုးသောကြောင့် ဝိညာဉ်ရေးအားသစ်လောင်းနိုင်ရန် ကိုယ်တော်ပြုမှုခဲ့သကဲ့သို ရက် ၄ဝ အစာရှောင်ရန် ဆုံးဖြတ်သည်။ ပြန်ပေါ်မလာတော့ သဖြင့် သူ့ကို သေပြီဟု ကြေညာပြီးချိန်တွင် ကမ္မဋ္ဌာန်းရုပ် အသွင်ဖြင့် တောတွင်းတစ်နေ ရာ၌ ချည့်နဲ့နေသော သူ့ကို ပြန်တွေ့ရ၏။ နေပြန်ကောင်းလာသောအခါ သူ နှစ်စဉ်ပြု နေကျအတိုင်း တိဗက်သို ထွက်လာခဲ့သည်။ ထိုတိဗက်ခရီးစဉ်သည် ဘုရားရှင်၏ ဝိညာဉ် တော်က ခွန်အားသစ်ပေးခြင်းဖြစ်မည်ဟု နောင်အခါ ပြောဆိုမှုများရှိ၏။

ဆန်ဒါ၏ ကျော်ကြားမှုသည် အိန္ဒိယကို ကျော်လွန်၍ ၁၉၁၉ ခုနှစ်နှင့် ၁၉၂၂ ခုနှစ် အကြားတွင် သူသည် အရှေ့အာရှနှင့် ဥရောပကိုလည်းကောင်း၊ အမေရိကနှင့် သြစတေး လျကိုလည်းကောင်း သွားရောက်လည် ပတ်သည်။ သူသည် အနောက်နိုင်ငံများအပေါ်တွင် အတော်ပင် စိတ်ပျက်ခဲ့ရ၏။ အကြောင်းမှာ သူတို၏ ရုပ်ဝတ္ထုပိုင်း တိုးတက်သလောက် ဝိညာဉ်ရေးတွင် ထိုးကျနေသောကြောင့်ဖြစ်သည်။ အထူးသဖြင့် သူတိုသည် တစ်ဦးနှင့် တစ်ဦး ခွဲခြားဆက်ဆံခြင်းနှင့်မညီညွတ်ခြင်းများက သူ့ကို အလွန်စိတ်ညစ်စေသည်။ “ဒီ ကမ္ဘာကြီးမှာတောင် အတူတူမနေနိုင်ကြတဲ့ ခရစ်ယာန်တွေဟာ ဘယ်လိုလုပ်ပြီး ကောင်းကင် နိုင်ငံမှာ အတူတူနေနိုင်မယ်လို မျှော်လင့်လိုရမလဲ”ဟုပင် မေးခဲ့သည် ဟူ၏။ (How do Christians expect to live together in Heaven when they cannot live together on earth?)

၁၉၂၅-၁၉၂၇ ခုနှစ်အထိ ဆန်ဒါသည် ဆင်းမလားတောင်ကုန်းတွင် အနားယူ၍ ထိုအချိန်တွင် စာအုပ်များနှင့် ဝေစာများကို ရေးသားခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် တိဗက် သိုသွားရန် ကြိုးစားသော်လည်း ကျန်းမာရေးကြောင့် ပြန်လှည့်လာခဲ့ရ၏။ ၁၉၂၉ ခုနှစ်၊ ဧပြီတွင် နောက်ဆုံးတစ်ခေါက် ကြိုးစား၍ သွားပြန်ကာ ဤအချိန်တွင် ခြေရာခံ၍ ပြန်မရ နိုင်တော့ဘဲ ပျောက်ခြင်းမလှ ပျောက်လေတော့၏။ တချိုက Kailas Ranges ခရစ်ယာန် ရသေ့များနှင့်ပူးပေါင်းသည်ဟု ယုံကြည်ကြ၍ တချိုကလည်း ကယ်တင်ခြင်းသတင်းစကား ဝေငှခြင်းကြောင့် မာတုရအဖြစ် အသတ်ခံရခြင်းဖြစ်မည်ဟု ဆိုကြသည်။ သူ၏ သေဆုံးရ ခြင်းအကြောင်း နှင့်ပတ်သက်၍ ယနေ့တိုင် ပဟေဠိဆန်နေဆဲဖြစ်ကာ မည်သူကမှ အတိ အကျမသိပေ။ နောက်ဆုံးတွင် သူ အဖန်ဖန်အလီလီ ကြိုတင်ဟောခဲ့သော စကားမှာ ပြည့်စုံခြင်းသို ရောက်သည်ဟုသာ ဆိုရချိမ့်မည်။ ၄င်းမှာ “ငါဟာ ဘယ်တော့မှ တိဗက် ကနေ ပြန်လာနိုင်မယ်လို မမျှော်လင့်ဘူး”ဟူ၍ ဖြစ်သည်။

 

ဒေါက်တာအိုင်ဒါဆအူဒါ (၁၈၇၀-၁၉၆၀)ဗဲလောဆေးကျောင်းတည်ထောင်သူ

အသက် ၁၉ နှစ်အရွယ် အိုင်ဒါဆူဒါ (lda Studder) ၏ အနာဂတ်စိတ်ကူးမျှော်လင့် ချက်များ တစ်ည တည်းဖြင့် ကြမ်းတမ်းစွာ ရိုက်ချိုးပစ်ခြင်းခံရ၍ ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲက သူ့လက်ကျန်သက် အနှစ် ၇ဝ ကို ပုံဖော်ပေးသည်။ ဘုရားရှင်က သူ့ကို အလွန်စိတ်ဝင်စားဖွယ်ကောင်းသော စကားကိုဆိုကာ သူ့ဘဝရှေးရေးအတွက် ဘုရားရှင်လမ်းညွှန်ပေးသောအရာကို သူမ ကျေနပ်စွာခံယူသည်။

၁၈၉၀ ခုနှစ်တွင် သူမ၏ သာသနာပြုမိဘများနေထိုင်ရာ အိန္ဒိယတောင်ပိုင်းသို အလည်အပတ် ရောက်လာစဉ် သွေးရူးသွေးတန်းဖြင့် အမျိုးသမီးဆရာဝန်ကို လိုက်ရှာသော လူကြီးသုံးဦး သူတိုအိမ်သို ရောက်လာ၏။ တစ်ဦးမှာ ဗြာဟ္မဏအနွယ်ဝင်ပုဏ္ဏား (Brahmin) ဖြစ်၍ အခြားတစ်ဦးမှာ မွတ်စလင်ဖြစ်ကာ နောက်တစ်ဦးသည် ဟိန္ဒူဖြစ်၏။ တစ်ဦးချင်းက သူတို၏ ကာယအလုပ်သမ ဆယ်ကျော်သက် ဇနီးမယားများကို ကယ် တင်ပေးရန် လာရောက်အကူအညီတောင်းကြခြင်းဖြစ်သည်။ သူမသည် ဆေးပညာဆိုင်ရာ အသိပညာ (သို) ကျွမ်းကျင်မှုမရှိသောကြောင့် သူတိုကို ကူညီချင်ဇောဖြင့် သာသနာပြု ဆရာဝန် သူ့ဖခင်ကို သွားရောက်ခေါ်ယူသည်။ ထိုအမျိုးသားသုံးဦးစလုံးက ငြင်းဆို၍ ဗြဟ္မဏအနွယ်ဝင်ပုဏ္ဏားက ဤသိုဆို၏။ “ငါ့ မိန်းမရဲ့မျက်နှာကို အခြားယောက်ျား တစ်ယောက်က မြင်တာထက်စာရင် သေသွားတာကမှ ပိုကောင်းဦးမယ်ဗျ”

အချိန်မီသေးသော်လည်း သူတိုအတွက် ဘာမှလုပ်မပေးနိုင်ခဲ့ခြင်းကြောင့် နောက် တစ်နေ့တွင် ထိုအမျိုးသမီးသုံးဦးစလုံး ကွယ်လွန်သည်ကို သူမတွေ့ရကာ ဝမ်းနည်ပက်လက် ဖြစ်ခဲ့ရသည်။ သူမလုပ်ပေးနိုင်သည်မှာ တစ်ခုတည်းသာရှိ၏။ သူမက သူ့မိဘများထံ၌ ဤသိုပြောသည်။ “ကျွန်မ အမေရိကသွားပြီ ဆရာဝန်ဖြစ်အောင်လုပ်မယ် ပြီးမှ အိန္ဒိယ အမျိုးသမီးတွေကိုကယ်ဖို ဒီကို ဆက်ဆက်ပြန်လာခဲ့မယ်”” ၊

အိုင်ဒါသည် ဆေးပညာဖြင့် သာသနာပြုသောမျိုးရိုးမှ ဆင်းသက်သူဖြစ်သောကြောင့် ဤလုပ်ငန်းနှင့် ကား စိမ်းလှသူမဟုတ်ပေ။ သူ့အဘိုးသည် ၁၈၁၉ ခုနှစ်တွင် အမေရိကမှ အိန္ဒိယသို သွားသော ပထမဆုံးသာသနာပြုဆရာဝန်ဖြစ်ကာ ဆကူဒါမိသားစုဝင်အယောက် ၃ဝ မှာ သာသနာပြုလုပ်ငန်း၌ နှစ်ပေါင်း ၁၀၀၀ ခန့် ပါဝင်ကြသူများဖြစ်ကြသည်။ သူမ ၏ ဖခင်သည် Arcot သာသနာပြုများနှင့်အတူ သူ့ညီအစ်ကိုသုံး ယောက်ဖြင့် လုပ်ငန်း စတင်ကာ အိုင်ဒါက ဖခင်၏ ခြေရာကို နင်းနိုင်ရန် ကြိုးစားသည်။ မိခင်အသင်းတော် သာသနာပြုဘုတ်အဖွဲ၏ အကူအညီဖြင့် အိုင်ဒါသည် ၁၈၉၅ ခုနှစ်တွင် ဖီလာဒဲဖီးယား အမျိုးသမီးဆေးကျောင်း၌ တက်ခွင့်ရကာ နောက်ဆုံးနှစ်ကို ကိုနေးလ် (Cornell) ဆေး ကျောင်းသို ပြောင်းရွှေ့တက်ရောက်သည်။ ကျောင်းပြီးသောအခါ ဖခင်၏ လက်အောက်၌ လက်တွေ့ ကွင်းဆင်း၍ ဖခင်က ကာလဝမ်းရောဂါကာကွယ် ဆေးထိုးသူအဖြစ် အသုံး ပြုခဲ့သည်။

သူမ၏ အရည်အချင်းကိုသိသော သာသနာပြုဘုတ်အဖွဲက သူ့ဖခင်၏ တာဝန်ကျရာဖြစ်သော ဗဲလော (Vellore) ၌ ဆေးရုံတစ်ရုံ ဖွင့်လှစ်ရန် အကြံပြုကြသည်။ ထိုအရပ် ရှိ ထောင်ချီသော ဟိန္ဒူနှင့် မွတ်စလင် အမျိုးသမီးများက အခြားအမျိုးသမီးတစ်ဦး၏ ကုသခြင်းကိုသာ ခံယူကြသောကြောင့် ၁၈၉၉ ခုနှစ်တွင် အိုင်ဒါသည် လိုအပ်ချက်အရ ဗဲလောကို စွန့်ခွာ၍ ရန်ပုံငွေရှာရန် ထွက်ခွာ၏။

အမျိုးသမီးဆရာဝန်တစ်ဦးအနေဖြင့် လူများ၏ အားကိုးမှုရဖိုဆိုသည်မှာ လွယ်ကူလှ သည်ကား မဟုတ်ပေ။ ဒေသခံများက သူမကို နှံစပ်ကျွမ်းကျင်သော သူ့ဖခင်ထက် ပို၍ နှစ်သက်ကြ၏။ တစ်ခါက ယုံယ့်ကလေးကျန်တော့သော အသက်ကြီးပိုင်း လူနာအမျိုး သမီးတစ်ဦးကို ကြည့်ရှုပေးရန် ပင့်ဖိတ်ခြင်းခံရသည်။ သူမက ထိုလူနာကို ကိုယ်ဖိရင်ဖိ ပြုစု၍ ချစ်ခြင်းမေတ္တာပြကာ ပြုစုသဖြင့် လူနာ၏ နောက်ဆုံးအချိန်အတွက် မိသားစုများ ကို နှစ်သိမ့်မှု ပေးနိုင်ခဲ့၏။

အိန္ဒိယသိုပြန်ရောက်၍ များမကြာမီ အိုင်ဒါ၏ ဖခင်ကွယ်လွန်သွားသဖြင့် သူသည် မည်သူ့အကူအ ညီမှမပါဘဲ သူတစ်ယောက်တည်းက ဆေးပေးခန်းတစ်ခုကို ဖွင့်လှစ်၏။ သူမ၏ ဘန်ဂလိုတွင် လူနာတစ် ယောက်၏ အသက်ကို မကယ်တင်နိုင်ခဲ့သဖြင့် လူများက သကို အယုံအကြည် သိပ်မရှိကြသေးပေ။ သိုသော် နှစ်ပတ်အတွင်း၌ သူမ၏ ဆေးပေး ခန့်ရေတင် တီဘီ၊ အူရောင်ငန်းဖျား၊ ဖက်ခွက်နာ၊ မျက်စိနာ၊ ကင်ဆာနှင့် အနာကြီးရောဂါ ကာလဝမ်းရောဂါနှင့် ငှက်ဖျားရောဂါအပြင် အပယိကဖျားနာမှုများအဆုံး ရောဂါသည်ပေါင်းစုံ သူ့ဆေးပေးခန်းရှေ့တွင် လာရောက်တန်းစီနေကြသော်လည်း သူက အချို ကိုသာ ကုသနိုင်ခဲ့သည်။

လူအများစု၏ ဖျားနာရခြင်းအကြောင်းရင်းမှာ အဟာရချိုတဲ့ခြင်း၊ လူနေထူထပ်လွန်း ခြင်းနှင့် မိလ္လာရေနှုတ်မြောင်းစနစ်များ မကောင်းခြင်းတိုကြောင့်ဖြစ်၏။ ဤအဖြစ်ဆိုးများ အပြင် သူတိုရင်ဆိုင်ရသော အခြားပြဿနာများ ရှိသေးသည်။ ထိုပြဿနာများမှာ ရှေး ဟောင်းအယူသီးမှုများ၊ ရမ်းကုသမားများဖြင့် ကုသခြင်းများနှင့် အသိဉာဏ်ခေါင်းပါးမှု များအပြင် လူနာများသည် နောက်ဆုံးအခြေအနေရောက်ခါမှ သူ့ဆီသို ရောက်လာကြ သဖြင့်လည်း အဖိတ်အစဉ် များပြားရခြင်းဖြစ်သည်။

ဇာတ်မြင့်ပညာတတ်ဟိန္ဒူများက သူမထံ ကုသရန်ကြောက်တတ်ကြသည့်အပြင် သွားမကုကြရန်လည်း တားမြစ်တတ်သဖြင့် အိုင်ဒါ၏ သည်းခံနိုင်မှုမှာ ရံခါဆိုသလို လွှင့်ထွက်သွားတတ်၏။ အိမ်တစ်အိမ်၌ အပျို ဖော်ဝင်စ မိန်းကလေးတစ်ဦး၏ မျက်နှာ အကြောသေသည်ကို ချိုးငှက်တစ်ကောင်သတ်၍ အသွေးကို သူမခေါင်းပေါ်တွင် လောင်း ချခြင်းဖြင့် ကုသ၏။ အိုင်ဒါတွေ့ခဲ့သော အခြားတစ်ခုမှာ ဒဏ်ရာကို သေချာ ဆေးပြီးနောက် အနာပေါ်တွင် သန့်ရှင်းသော ပြာမှုန့်ဖြင့်အုပ်ကာ ကုသခြင်းဖြစ်သည်။ သူတိုသည် စား

ကောင်းသောက်ဖွယ် တည်းခင်းဧည့်ခံပွဲများ၌ စုရုံးတတ်ကြသော်လည်း ဆေးယူရန် ဆေး ပေးခန်းသို ဘယ်တော့မှ ပေါ်မလာတတ်ကြချေ။

 

အမျိုးသမီးဆေးရုံ

 ဗဲလောအမျိုးသမီးဆေးရုံကို ၁၉၀၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖွင့်လှစ်သည်။ ဆေးရုံကို Mary Taber Schell ဆေးရုံဟုခေါ်၍ အလှူရှင်ကြီးများက ခုတင် ၃ဝ ပါသော လူနာ ဆောင်နှစ်ဆောင်ကို တည်ဆောက်ပေးကာ လူနာဆောင်တစ်ဆောင်မှာ မရှိဆင်းရဲသား လူနာများကို အခမဲ့ ကုသပေးသောအဆောင်ဖြစ်၍ အခြားအဆောင် တစ်ခုမှာ ငွေကြေး တတ်နိုင်သော ဇာတ်မြင့်ဆိုသူများအတွက်ဖြစ်သည်။ ဆလိုမီ (Salomi) ခေါ် ဒေသခံ တစ်ဦးတည်းနှင့် အလုပ်လုပ်ခြင်းဖြစ်သော်လည်း အိုင်ဒါသည် အကြီးစားခွဲစိတ်မှုပေါင်း ၂၁ ကြိမ်နှင့် အသေးစိတ် ခွဲစိတ်မှု ၄၂၈ ကြိမ်ပြုလုပ်ကာ တစ်နှစ်အတွင်း လူနာပေါင်း ၁၂၃၅၉ ယောက်ကို ကုသပေးခဲ့သည်။

ဤအချိန်လောက်မှာပင် သူမသည် သဘာဝဘေးဒဏ်နှစ်မျိုးကို ရင်ဆိုင်ရသောကြောင့် ဆေးရုံ၏ ဥစ္စာရင်းမြစ်များ ဆုံးရှုးရသည်။ ပထမတစ်မျိုးမှာ ၁၀ နှစ်အတွင်း၌ မိုးမဆို စလောက်သာ ရွာသောကြောင့် ကပ်ဘေးသင့်ခြင်းဖြစ်၍ နောက်တစ်မျိုးမှာ အကျိတ်ထွက် သော ပုလိပ်ရောဂါဖြစ်ကာ သုံးပတ်အတွင်း၌ အသက်ပေါင်းလေးရာ နှုတ်ယူခံရခြင်းဖြစ် လေသည်။ သူမက ဒေသခံများကို အကူအညီပေးရန် ကမ်းလှမ်းသော် လည်း ဒေသခံ အများအပြားက သေမင်းတမန် နတ်ဘုရားမဖြစ်သော ကဲလ် (Kale) နတ်ကွန်း၌ သွား ရောက်စု ရုံးကြကာ နေကောင်းကျန်းမာရန်အတွက် ဆုတောင်းခြင်းနှင့် လက်ဆောင်ပဏ္ဏာ များ သွားရောက်ဆက်သ ကြသည်။

နောင် ၂ နှစ်ကြာသောအခါ ခုတင် ၄၂ ခုပါသော အိပ်ဆောင်ကို တိုးချဲ့၍ အိုင်ဒါကို ဆရာဝန်တစ် ယောက်က လာရောက်ကူညီကာ သူနာပြုသင်တန်းပေးကြ၏။ သူနာပြု သင်တန်းဆင်းသူ အိန္ဒိယအမျိုးသမီး လူငယ် ၁၁ ဦးက သူ့ကို အကူအညီများပေးလာကြ သည်။ ထိုအချိန်တွင် သူမသည် သူနာပြုသင်တန်းကျောင်း နှစ်ကျောင်းဖွင့်လှစ်၍ သူတိုရွာ ရှိ ဆေးပညာဆိုင်ရာလုပ်ငန်းတစ်ခုကို ဖွဲစည်းစီစဉ်ရန် စတင်သောကြောင့် အနီးဝန်း ကျင်ရှိ အမျိုးသားများ၊ အမျိုးသမီးများနှင့် ပို၍ ရင်နှီးလာသည်။

အားလပ်ရက်အတွင်း သူမ အမေရိကန်ပြည်ထောင်စုသိုသွား၍ ငွေကြေးရန်ပုံငွေ ရှာကာ သူနာပြု သင်တန်းကျောင်းလေးတစ်ခုဖွင့်လှစ်၍ အစကနဦးတွင် ကျောင်းသူ ၁၅ ယောက် လာရောက်ကြသည်။ ၄ နှစ်အတွင်း၌ ဆေးရုံတွင် သူနာပြု ၁၈ ဦးရှိ၍ သူ တိုအထဲမှ ၄ ဦးမှာ အရည်အချင်းပြည့်မီကာ ၃ ဦးက ဝမ်းဆွဲဆရာမအဖြစ် စာရင်းပေး ကြ၏။

အိုင်ဒါသည် မော်တော်ကားတစ်စီး ရလိုက်ခြင်းကြောင့် ရှေးယခင်က လုံလုံလောက် လောက် မထောက်ပံ့နိုင်ခဲ့သော ရွာများတွင် ပုံမှန်သွားရောက်လည်ပတ်နိုင်ကာ ထောက် ပံ့မှုများလည်း ပေးနိုင်လာသည်။ သူမသည် ရွာပေါင်း ၅၀ ကို လှည့်လည်ရန်အတွက် ဗုဒ္ဓဟူးနေ့တိုင်းကို သီးသန့်ခွဲကာ သူမ၏ ခရီးစဉ်ကို “လမ်းဘေး”ဟု အလွယ်သိကြ သည်။ အစပိုင်းတွင် ကြောက်နေကြသော ရွာသားများပင် ရွေ့လျားဆေးပေး ခန်းလာသော အခါ ပုံမှန်ရပ်နားလျက်ရှိသည့်နေရာ၌ တန်းစီစောင့်နေတတ်ကြ၏။ သူတိုသည် အပယိက ဖျားနာမှုများနှင့် အခြေအနေအမျိုးမျိုးကြောင့် ရောက်လာသူများဖြစ်ကြသည်။ သူ့တို၏ ရောဂါများမှာ ဝမ်းကိုက်ခြင်း၊ မျက်မမြင်ခြင်း၊ ဝဲခြောက်ရောဂါ၊ ခြေမသန်ခြင်း၊ ပြည် တည်နာခြင်း၊ အရိုးကျိုးခြင်း၊ ဆင်ခြေထောက်ရောဂါ၊ နူနာရောဂါနှင့် အသားပိုတိုဖြစ် သည်။ သူသည် သူတိုအားလုံးကို ဆုတောင်းခြင်းနှင့် ချစ်ခြင်းဖြင့် ကောင်းမွန်စွာပြုစု ဆက်ဆံကာ များမကြာမီ ဇာတ်ပျက်သူများကို ကုသပေးပြီးမှသာလျှင် သူဌေးသူ ကြွယ်ခေါ်သူများနှင့် ဇာတ်မြင့်သူများကို ကုသပေးသည်။

လူများကို ကောင်းမွန်စွာ ကုသပေးခြင်းကြောင့် ရွာသားတစ်ဦးက အိုင်ဒါအား “ကောင်းမှုကိုသာပြုသော ဗိဿနိုး (Vishnu) ဝင်စားသူ” အက်ဗာ (Atvar) ဟု ခေါ်၏။ သူမ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက“မင်းရော အဲဒီလိုပဲထင်သလား”ဟုမေး သည်။ သူမက “ကမ္ဘာကြီးမှာ ကောင်းမှုပြုတဲ့ Atvar တွေအကြောင်း မင်းကြား ဖူးသလား”ဟုမေးရာ ထိုအခါ ရွာသားက တွေးတွေးဆဆဖြင့် “မကြားဖူးဘူး”ဟု အ ဖြေပေးလေ၏။

 

လူတန်းစားခွဲခြားသောဇာတ်စနစ်

အိန္ဒိယနိုင်ငံတွင် လူတန်းစားခွဲခြားခြင်းကို ဥပဒေအရတားမြစ်သော်လည်း လူဦးရေ အများစုအတွက် အရေးကြီးသော လူမှုရေးပြဿနာ ဖြစ်နေသေး၏။ ဟိန္ဒူဇာတ်စနစ်၏ မူလဇစ်မြစ်မှာ သီးသန့်လူတန်းစား (သို) အသားအရောင်ကွဲပြားမှုဖြစ်သော်လည်း ယင်း ဇာတ်စနစ်က အိန္ဒိယနိုင်ငံ နေရာအနှံအပြားသို ဝင်ရောက်နေရာ ယူသည်။ ဟိန္ဒူလူမျိုး တိုင်း Jati ခေါ် မွေးရာပါဇာတ်ခွဲခြားခြင်းနှင့် Varna ခေါ် သီးသန့်လူတန်းစားများ အဖြစ် မွေးဖွားလာကြရ၍ သူတိုမွေးဖွားလာရာဇာတ်၏ တရားဓမ္မတော်ကို လိုက်နာကြ ရသည်။ ဟိန္ဒူဇာတ်စနစ်ကို လေးမျိုးခွဲခြားထား၏။ (၁) Brahmins တိုမှာ အမြင့်ဆုံး ဗြာဟ္မဏပုဏ္ဏား ဘာသာရေးသမားများဖြစ်၍ (၂) Kshatriyas တိုမှာ စစ်သူကြီးနှင့် အုပ်ချုပ်သူလူတန်းစားများဖြစ်ကာ (၃) Vaisyas များသည် လယ်သမားများ၊ ကုန်သည် ကြီးများနှင့် အငယ်တန်း အစိုးရအမှုထမ်းများဖြစ်၍ (၄) Sudras များမှာ ကျွမ်းကျင်ရာ မရှိသော ကျပန်းအလုပ်သမားများဖြစ်ကြသည်။ ထိုအပြင် “ဇာတ်နိမ့်သူများ” ခေါ် ဇာတ်ပျက်သူများ (သို) တိုထိ၍မရသူ များလည်း ရှိသေးကာ သူတိုသည် အောက်ခြေ သိမ်းအလုပ်ကို လုပ်ရသူများဖြစ်၏။ ဟိန္ဒူများသည် မိမိနှင့်ဇာတ်တူသူများကိုသာ ကြင် ဖော်အဖြစ် ပေါင်းဖက်ခွင့်ရှိသည်ဟု မျှော်လင့်ကြသော်လည်း ဘာသာရေးခေါင်းဆောင် ကြီး ဂန္ဒီ (၁၈၆၉-၁၉၄၈) ၏ ကြိုးစားမှုကြောင့် ဇာတ်စနစ်သည် ယနေ့တွင် တဖြည်း ဖြည်း ဖဲ့ခြွေခြင်းခံရကာ အစဉ်အလာအဟောင်းများသည် စိတ်ကူးသစ်များ၏ တိုက်စား ခြင်းကို ခံနေရသည်။

ကြောက်စရာကောင်းသည့် ကူးစက်တတ်သော အပြင်းဖျားငန်းဖမ်းရောဂါဝေဒနာ ရှင်ကို လမ်းဘေး ချရပ်၍ စားပွဲခုံပြင်ဆင်ကာ ထိုလူနာ၏ ကူးစက်ရောဂါကို ပျောက်ကင်းအောင် ကုသပေးသကဲ့သို ရံခါဆိုသလို သူမသည် ရွာတစ်ရွာနှင့် တစ်ရွာအကြားတွင် လူနာ၏ လိုအပ်ချက်အရ ရပ်နားပေးတတ်သည်။ အိုင်ဒါ ကုသပေးခဲ့သောလူနာက နောက် တစ်ပတ်တွင် ဆေးရုံအတွက် ဆန်အိတ်ကြီးတစ်လုံးနှင့် သူမအလာကို စောင့်နေ၏။

လုပ်ငန်းအောင်မြင်လာသည်နှင့်အမျှ ဆေးရုံမှာ ပို၍ ကျဉ်းကြပ်လာသဖြင့် အိုင်ဒါ က ဆေးရုံအသစ်အ တွက်သာလျှင်မဟုတ်ဘဲ မဖြစ်နိုင်လောက်သော အိပ်မက်ဖြစ်သည့် ဆေးကျောင်းတစ်ဆောင် ဆောက်လုပ်ရန်ပင် စိတ်ကူးပုံဖော်ကြည့်သည်။ သူ့အဆိုပြုချက် ဖြစ်သော” အိန္ဒိယအမျိုးသမီးများကို ဆေးပညာပေးဖို”သည် “သူ့ကို ထောက်ပံ့သော ဘုတ်အဖွဲ က မည့်သည်နည်းနှင့်မျှ သဘောမတူနိုင်”ဟုဆို၏။ သိုသော် ထိုအစီအစဉ်ဖြစ် မြောက်သဖြင့် အိုင်ဒါဆငူဒါသည် ထိုဆေးကျောင်း၏ ပထမဆုံး ကျောင်းအုပ်ဖြစ်လာ သည်။ ထိုစီမံကိန်းမှာ ၁၉၁၄ ခုနှစ်တွင် ဖြစ်ပွားသောစစ်ကြောင့် ဖင့်နှေးခဲ့ရသော်လည်း ၁၉၁၈ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့၏။ ကျောင်းသူ ဦးရေ ၁၇ ယောက်ဖြင့် စတင်ကာ နောင် အခါ ၁၄ ယောက်နှုတ်ထွက်၍ အခြားကျောင်းသူများက ဘွဲ အသီးသီးရကြကာ ဆုရသူ ၆ ဦးပင် ရှိခဲ့သည်။ ဤရလဒ်မှာ အမျိုးသားဆေးကျောင်း၏ ရလဒ်ထက်ပို၍ ကောင်း၏။

ဗဲလောဆေးရုံကြီးမှာ လူနာဆောင်များနှင့် ပံ့ပိုးဝန်ဆောင်မှုများ ပို၍ တိုးတက် ကောင်းမွန်လာသည်။ ဒေါက်တာအိုင်ဒါက ၁၉၂၄ ခုနှစ်အထိ မြိုပြင်၌ ဧက ၂၀၀ ကျယ် သော မြေနေရာတွင် ဆေးရုံကြီးကို တည်ဆောက်နိုင်ရန် တောင်းဆိုသည်။ ၁၉၂၈ ခုနှစ်၊ မတ်လတွင် မဒရပ်စ် (Madras) ဘုရင်ခံက ဆေးရုံဖွင့်ပွဲ ပြုလုပ်ပေး၏။ ခက်ခဲရှုပ်ထွေး မှုများအကြားမှ ဒေါက်တာအိုင်ဒါ၏ အစွမ်းအစကြောင့် ခုတင် ၁၃ဝဝ၊ သုတေသနပြုရန် အဆောက်အုံတစ်လုံး၊ အတွဲလိုက်ရှိသော ခွဲစိတ်ခန်း ၁၄ ခန်းနှင့် စကယ်လ် (Schell) မျက်စိဆေးရုံတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်။

သူမ၏ စိတ်ကူးအိပ်မက်မှာ ဆေးပညာသင်တန်းကျောင်းကို ကောလိပ်အသွင်ဖြင့် မြှင့်တင်၍ ဒီပလိုမာလိုင်စင်သမားတော်အစား အဆင့်မြင့်ပညာရေးကို ပေးကမ်းရန်ဖြစ်၍ ထိုအစီအစဉ်ကို အဆောတ လျင်အကောင်အထည်ဖော်ရန် လိုအပ်သည်ဟုဆိုကာ အစိုးရက လည်း ဒီပလိုမာသင်တန်းကို ဆက်လက်၍ ခွင့်မပြုတော့ပေ။ သူမ၏ အစီအစဉ်နှင့်ပတ် သက်၍ အမေရိကရှိ သာသနာပြုဘုတ်အဖွဲက ဆန့်ကျင်ကာ ထိုကောလိပ်ကျောင်းအသစ် သည် အမျိုးသမီးများအတွက်သာလျှင်မဖြစ်စေဘဲ အမျိုးသားများအတွက်လည်း ဖြစ်စေရ မည်ဟုဆို၏။

အမျိုးသမီးများအတွက်ဟုဆိုကာ ရှေးမဆွက ရုန်းကန်ခဲ့ရသော အမျိုးသမီးအချိုက အိုင်ဒါကို သစ္စာဖောက်သူဟု ယိုးစွပ်ချင်ကြ၏။ ယင်းအစီအစဉ်ကို နှစ်ပေါင်းများစွာ စကားအချေအတင် ငြင်းခုံဆွေး နွေးခဲ့ကြရာ နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခုကို ချ မှတ်နိုင်ခဲ့ကြသည်။ ၁၉၄၂ ခုနှစ်တွင် အမျိုးသမီးများကို စတင်ရန် ခွင့်ပြုကာ ၁၉၄၇ ခု နှစ်တွင် မဒရပ်စ်တက္ကသိုလ်နှင့်တွဲဖက်၍ အမျိုးသားကျောင်းသားများကို လက်ခံ သည်။ သင်တန်းကျောင်းများကို တဖြည်းဖြည်းတိုးချဲ့၍ ယနေ့တွင် ဆေးဘက်ဆိုင်ရာ အကူ သင်တန်း၊ သူနာပြု သင်တန်းနှင့် ဆေးပညာရပ်ဆိုင်ရာနယ်ပယ်များ အများအပြားရှိပြီ ဖြစ်သည်။

၁၉၃၈ ခုနှစ်တွင် သာသနာပြုတစ်ဦးက သူမကို ကမ္ဘာတစ်ဝန်းရှိ ဆုတောင်းသူ များအဖွဲက ဗဲလောကို အကူအညီပေးရန် ကမ်းလှမ်းချက်ကို အိုင်ဒါက ဤသိုပြန်စာရေး ၏။ “ဟိုအရင်က ကျွန်မထမ်းပိုးခဲ့တဲ့ ဝန်ထုပ် ဝန်ပိုးကြီးလို ဖြစ်နေပါဦးမယ်။”ယခုအ ချိန်တွင် ဗြိတိသျှ၏ ပင်မအခွဲဖြစ်သော ဗဲလောမိတ်ဆွေများက ထိုဆေးရုံကြီး၏ လိုအပ် ချက်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ဗဲလောသည် နိုင်ငံတကာ၌ ထင်ရှားကျော်ကြား၍ ကမ္ဘာ့အနှံအပြားမှ ဆရာဝန်များက ဗဲလောဆေးရုံကြီး၏ တီတွင်မှုများနှင့် ဆေးပညာရပ်ဆိုင်ရာ နည်းပညာ သစ်များကိုလေ့လာရန် ရောက်လာကြသည်။ ဗဲလောသည် အထူးသဖြင့် အနာကြီးရောဂါသည် ပြန်လည်: (Paul Brand) သည် ခြေလက်မသန်စွမ်းသူနှင့် တွန့်လိမ်ရှုတွသော ခြေထောက်များကို နဂိုအတိုင်းဖြစ် အောင် ခွဲစိတ်ရာ၌လည်း အလွန်တော်၍ ပုံပျက်ပန်းပျက်ဖြစ်သော မျက်နှာကို လှပအောင် ပြုပြင်ခွဲစိတ်ရာ၌လည်း နာမည်ကြီး၏။

ဗဲလောဆေးရုံမှ အနားယူချိန်တွင် အိုင်ဒါသည် ရှေးယခင်ကတည်းက တည်ထောင် ထားသော အင်္ဂါနေ့ ကျမ်းစာသင်တန်းကို ဆက်လက်ဦးဆောင်သည်။ သူမသည် ၁၉၆၀ ခုနှစ်၊ မေလ၌ အသက် ၉၀ တွင် ဇီဝိန်ချုပ်ငြိမ်းရာ သူသည် သူ့လူနာများ၏ အမှန်တကယ် ချစ်ခင်ရသူနှင့် ကျောင်းသူကျောင်းသားများ၏ လေးစားခြင်းခံရသည့် “ကြီးမြတ်သော ပုဂ္ဂိုလ်””ကြီး တစ်ဦးဖြစ်သည်။

အေမီကာမိုက်ကယ်( ၁၈၆၁-၁၉၅၁) ဒေါနဗိုအသင်းတည်ထောင်သူ

ဟိန္ဒူဘာသာသည် နှစ်ပေါင်းထောင်ကျော်ကတည်းက အိန္ဒိယတောင်ပိုင်း၏ ဘာသာ တရားတွင် ဒေသခံများအတွင်း၌ နက်ရှိင်းစွာ အမြစ်တွယ်နေပြီးဖြစ်ရာ ဇာတ်ခွဲခြားမှုစနစ် က လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို လွှမ်းမိုးလျက်ရှိသည်။ ခရစ်ယာန်ဘာသာသည် အိန္ဒိယ သို ၄ ရာစုကတည်းက ရောက်ရှိပြီးဖြစ်သော်လည်း ထိုနိုင်ငံအပေါ်၌ မဆိုစလောက်သာ အကျိုးပြု၍ ၈ ရာစုတွင် အစ္စလာမ်၏ တိုက်ခိုက်ခြင်းကို ခံရ၏။ ဟိန္ဒူဘာသာက တစ်ဆူ တည်းသော ဘုရားကို ကိုးကွယ်သူများအား ကိုယ်ထိလက်ရောက်ကျူးလွန်၍ တချိုနယ် ပယ်တွင် ဖြစ်သမျှ ကံစီမံရာအတိုင်းဟုသာ လက်ခံတတ်ကြသဖြင့် လူမှုရေးနှင့် ဆေး ပညာဆိုင်ရာတိုး တက်မှုများ နှေးကွေးခဲ့ရသည်။

မျက်မှောက်ခေတ်အိန္ဒိယသည် ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်ပေးသော နိုင်ငံ တစ်နိုင်ငံဖြစ်၍ ကိုယ်ကြိုက်နှစ်သက်ရာ ယုံကြည်ချက်ကို ခံယူကျင့်သုံးခွင့်ရှိသည်ဆိုသော် လည်း ဟိန္ဒူစစ်သွေးကြွများကမူ ဘာသာအယူဝါဒကူးပြောင်းခြင်းကို ပြင်းထန်စွာ တား မြစ်နှိပ်စက်ခဲ့ဖူး၏။ လူကြိုက်များသော ဟိန္ဒူဘာသာသည် ရုပ်တုကိုးကွယ်သော ကျင့်စဉ်များရှိသော်လည်း ဒဿနဆိုင်ရာအတွေးအခေါ်နှင့် လျှိဝှက်ဆန်းကြယ်၍ နက်နဲသော သဘောတရားများပါရှိသောကြောင့် ၄င်းက အနောက်နိုင်ငံများကို အလွန်ဆွဲဆောင်နိုင် ခဲ့သည်။ ယနေ့ အိန္ဒိယနိုင်ငံလူဦးရေ၏ ခရစ်ယာန်ဘာသာဝင်သူပေါင်းမှာ ၂.၆ ရာခိုင် နှုန်းပျော့ပျော့သာရှိ၍ မွတ်စလင် ဦးရေမှာ ၁၂ ရာခိုင်နှုန်းရှိသည်ဟု သာသနာပြုများက ဆိုသည်။ ဇာတ်မြင့်သူဟိန္ဒူများက ကယ်တင်ခြင်းသတင်း စကားအပေါ်တွင် အနည်းငယ် သာ တုံပြန်မှုရှိ၍ ခရစ်ယာန်ဘာသာသို ဝင်လာသူအများစုမှာ “တိုထိ၍ မရသူများ (သို မဟုတ်) ဇာတ်နိမ့်သူများသာဖြစ်ကာ သူတိုသည် ဇာတ်စနစ်၏ လွတ်မြောက်ရာလမ်း ကို ရှာဖွေသူများ လည်းဖြစ်ကြသည်။ မွတ်စလင်များသည် ခရစ်ယာန်ဘာသာသို အုပ်စု လိုက်ဝင်လာကြသူများဖြစ်ကာ ခရစ်တော်ကို လက်ခံသော ခရစ်ယာန်သက်သေများ ဖြစ်ကြသည်။

 

တစ်ဘဝလုံး စိုက်လိုက်မတ်တတ်လုပ်သောအလုပ် ၊

အေမီကာမိုက်ကယ် (Amy Carmichael) အိန္ဒိယသို ရောက်ရှိချိန် ၁၈၉၅ ခုနှစ်တွင် ဘာသာရေးဆိုင်ရာ အခက်အခဲများနှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသည်။ သာသနာပြု ကျောင်းရှိ သာသနာပြုများက ဟိန္ဒူဘာသာ ဝင်သူသော်လည်းကောင်း အစ္စလမ်ဘာသာ ဝင်သူသော်လည်းကောင်း တစ်ဦးတစ်ယောက်ကိုမျှ ပြောင်းလဲ အောင် မစွမ်းဆောင်နိုင်ခဲ့ ကြချေ။ အခြားသာသနာပြုကျောင်းတစ်ခုရှိ ကျောင်းသားမိဘများသည် သူတို၏ ကလေး ၊ များ ခရစ်ယာန်ဘာသာဝင်များဖြစ်ရန် စိုးရိမ်ခြင်းအလျင်းမရှိခဲ့ကြချေ။ အကြောင်းမှာ ခရစ်ယာန် ကျောင်းဆရာများသည် အူရဒူ (Urdu) ဘာသာစကားမပြောတတ်ကြသည့် အပြင် သာသနာပြုကျောင်း၏ ဝန်ထမ်းများမှာ ဟိန္ဒူ၊ မွတ်စလင်နှင့် ပြောင်းလဲခြင်းမရှိ သော “ခရစ်ယာန်များ”ဖြစ်သောကြောင့်ပင်တည်း။ ။

၁၉၀၁ ခုနှစ်တွင် လူငယ်သာသနာပြုအေမီက သူမ၏ တစ်ဘဝလုံး စိုက်လိုက် မတ်တတ်လုပ်မည့် လုပ်ငန်းဖြစ်သော နတ်ဘုရားများကို အလုပ်အကျွေးပြုရန် ““ကြင်ဖော် အဖြစ် ပေါင်းသင်းစေခြင်းဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် ဗိမာန်စောင့်ကလေးများ (Temple children) ဖြစ်သော မိန်းကလေးများနှင့် ယောက်ျားလေးများကို ကယ်တင်ရန် စတင်သည်။ ဆိုးဝါးသော ထိုအဖြစ်အပျက်က သာသနာပြုခြင်းနှင့် အစိုးရကို ထိတ် လန့်တုန်လှုပ်ခြင်းဖြစ်စေကာ ထိုအပြုအမှုကို ဥပဒေအရ နှိမ်နင်းရန်လည်း တွန်းအား ပေးကြသည်။

အေမီသည် အိုင်ယာလန်မြောက်ပိုင်း လူလတ်တန်းစားမိသားစုမှ မွေးဖွား၍ သူမ၏ တရားကို ကြောက်ရွံသော ပရက်စ်ဘီတေးရီးယန်းများ ဖြစ်ကြသည်။ သူမ၏ ငယ်စဉ်ကလေးဘဝ အသက် ၃ နှစ်အရွယ်က အိပ်ရာဝင်ဆုတောင်းသောအခါ တွင် “အဖဘုရား သမီးနဲ့အတူလာထိုင်ပါ”ဟူသော သူ့ဆုတောင်းသံကို ပြန်ပြန်အမှတ် ရမိသည်။ သိုသော် အသက် ၁၆ နှစ်ရောက်ခါမှ သူမ၏ အနာဂတ်ဘဝကို “ဘုရားရှင် အတွက် မြှုပ်နှံရန်” မှန်ကန်စွာ ပုံစံဖော်နိုင်ခဲ့သူဖြစ်၏။

အေမီကာမိုက်ကယ်တို့မိသားစု မန်ချက်စတာသို ပြောင်းရွှေ့ချိန်တွင် အေမီသည် အင်းကုတ်စ် (Ancoats) ရှိ ဖရန့်ခရောစ်လေ (Frank Crossley) ကို သွားရောက်မိတ် ဖွဲ၍ ဆင်းရဲသားရပ်ကွက်တွင် အလုပ်လုပ်ရန် သူမဘဝကို မြှုပ်နှံထား၏။ သူမသည် ၁၈၈၈ ခုနှစ် ကဲဇင့်ခ် (Keswick) ညီလာခံကို ပထမဆုံးတက်ရောက် လာရာမှ ကဲဇင့်ခ် တည်ထောင်သူများထဲမှ တစ်ဦးဖြစ်သူ ရောဘတ်ဝီလ်ဆင် (Robert Wilson) ၏ ဘဝ လက်တွဲဖော်ဖြစ်လာသည်။ ဤအဖွဲနှင့်ချိတ်ဆက်မိသောကြောင့် ကဲဇင့်ခ်၏ ထောက်ပံ့ ကြေးဖြင့် ပထမဆုံးရွေး ချယ်ခံ သာသနာပြုတစ်ဦးဖြစ်လာသော်လည်း သူမသည် တရုတ် ပြည် (သို) အာဖရိက မည်သည့်နေရာတွင် သွားသင့်သည်ကို မဝေခွဲနိုင်သေးပေ။ “တံခါး များကို ခေါက်ပါ”ဟူသော နည်းဥပဒေသအရ ၁၈၉၃ ခုနှစ်တွင် ဂျပန်သို ရွက်လွှင့်ထွက် ခွာလာသော်လည်း အပြင်းဖျားသောကြောင့် အင်္ဂလန်သို ပြန်လာခဲ့ရသည်။

၁၈၉၅ ခုနှစ်တွင် သူမကို အင်္ဂလန်အသင်းတော် ဇင်နားနာ (Zenana) သာသနာပြု အသင်းက အိန္ဒိယ တောင်ပိုင်း ကောင်းမွန်သော ရာသီဥတုရှိရာ ဘင်္ဂလော (Bangalore) တွင် သာသနာပြုအဖြစ် လက်ခံသည်။ သူမသည် အိန္ဒိယတိုက်ခွဲ၏ အစွန်းအဖျား ဖြစ်သော တင်းနားဗယ်လီ (Tinnevelly) ခရိုင်တွင် အခြေချ၍ ထိုအရပ်ရှိ သိက္ခာတော်ရ ဆရာနှင့် ဆရာကတော် ဝါကာ (Walker) တို၏ ရွာစွန်ရွာဖျားထွက်သော ဧဝံဂေလိလုပ် ငန်း၌ သွားရောက်ပါဝင်သည်။ ။

များမကြာမီ အေမီက ခရစ်ယာန်ဘာသာယူသူ အမျိုးသမီးတစ်ဖွဲကို ရရှိ၍ ထို အဖွဲ ကို သူမက Starry Cluster ဟုမှည့်ခေါ်သည်။ သူတိုသည် အနီးပတ်ဝန်းကျင်ရှိ ရွာများတွင် ထွက်၍ ကယ်တင်ခြင်းစကားကြားချင်သူ အမျိုးသမီးများနှင့် ကလေးငယ် များထံ သတင်းကောင်း သွားရောက်ဝေငှသည်။ ဆယ်ကျော်သက် မိန်းကလေး နှစ်ဦးမှာ ယုံကြည်သူများဖြစ်ချင်ကြသဖြင့် သူတိုအိမ်မှ ခိုးဆင်းလာကြကာ ဝါကာတိုနေထိုင်ရာ ဘန်ဂလိုသို လာရောက်ပုန်းခိုကြသောကြောင့် အကြမ်းဖက်မှုများဖြင့် ခြိမ်းခြောက်ခံရသ ဖြင့် သူတိုအားလုံး ဒေါန (Dohnavur) သို ပြောင်းရွှေ့ရန် အကြောင်းဖန်လာခြင်းဖြစ်၏။

 

ဗိမာန်စောင့်ကလေး

၁၉၀၁ ခုနှစ်တွင် အေမီက ဗိမာန်စောင့်ဘဝမှ ထွက်ပြေးလွတ်မြောက်လာသူ အသက် ၁၇ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးကို တစ်ညတွင် ခရစ်ယာန်အမျိုးသမီးတစ်ဦးမှတစ်ဆင့် ပထမဆုံးကယ်တင်ခဲ့သည်။ ကလေးမလေး ပရီနာ (Preena) သည် ဇာတ်မြင့်တစ်ဦးဖြစ် သောကြောင့် ခရစ်ယာန်အမျိုးသမီးပေး သောအစာကို ဇာတ်ပျက်ခံမစားဘဲနေကာ ထိုည ကို ဗိုက်ဟောင်းလောင်းနှင့် အိပ်ပျော်အောင် ကြိုးစား၏။ နောက်မနက်တွင် ထိုကလေးမကို အေမီဆီသို ခေါ်သွားသောအခါ အေမီက ထိုကလေးမလေးအား သူမ၏ ပေါင်ခွင်ပေါ်တွင် တင်၍ အနမ်းပေးသဖြင့် ကလေးမလေးက အံ့သြမှင်သက်မိရာမှ “သမီးမေမေ နမ်းသ လိုနမ်းတဲ့ ဒီအန်တီက ဘယ်သူလဲဟင်”ဟု မေး၏။ ပရီနာသည် ဗိမာန်စောင့်ဘဝမှ တစ်ကြိမ်လွတ်မြောက်လာ ခဲ့ဖူးသူ ဖြစ်သော်လည်း သူ့မိခင်၏ ရင်ခွင်ထဲမှ မျက်ရည်လည် စွဲဖြင့် ပြန်လည်ဆွဲထုတ်ခြင်းခံရသူဖြစ်ကာ ဒဏ်ပေးသည့်အနေဖြင့် သေးငယ်သော သူ့ လက်နှစ်ဖက်တွင် သံပူကပ်၍ တံဆိပ်ရိုက်ခြင်း ခံရဖူးသူဖြစ် လေသည်။

ဗိမာန်စောင့်အမျိုးသမီးကြီးများက ကလေးမလေးကို ချော့ချီတစ်ခါ ခြောက်ချီတစ် လှည့်ဖြင့် ခေါ်ကြ၍ “Missie Ammal”ခေါ် “ကလေးထိန်းသူ အေမီကာမိုက်ကယ်ကို ခြိမ်းခြောက်ကြသော်လည်း ကလေးမက ထောင်ထဲတွင် နေရသည်ထက် ဤနေရာတွင် နေရာသည်ကမှ ပို၍ ကောင်းမည်ဟုဆိုသည်။ နောက်တစ်ဖန် ဗိမာန်စောင့်အမျိုးသမီး ကြီးများ ပြန်လာကြသောအခါတွင် ပရီနာက ခိုင်မာစွာ ဤသိုဆို၏။ “သမီး သူတိုနဲ့ လိုက်မသွားချင်ဘူး”

မိခင်အသစ်

ထိုနေ့မှစ၍ အေမီသည် သူမ၏ မိခင်ဖြစ်လာကာ သူ့ဘဝတစ်လျှောက်လုံး သူမနှင့်သာ အတူနေတော့ သည်။ ဗိမာန်စောင့်များအကြောင်းကို ကြားမိသောအခါ အေမီက ပြည့် တန်ဆာဘဝဖြင့် နိဂုံးချုပ်ရမည့် အကူအညီမဲ့ကလေးများအကြောင်းကို လိုက်လံစုံစမ်း ၏။ သူမ လိုက်လံစုဆောင်းမိသမျှမှာ ဗိမာန်တော်ထဲတွင် ပျော်ရွှင်မှုမရှိဘဲ ထိမ်းမြား ကြရသော စုံတွဲများ (သို) စွန့်ပစ်ခံရသော ဇနီး (သို) မုဆိုးမအကြောင်းများဖြစ်၍ ထို သိုပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ နတ်ဘုရားက ဖျားနာခြင်းမှ သက်သာခြင်းပေးရန် မျှော်လင့်ချက်ကြောင့် ဖြစ်သည်ဟု ဆိုကြ၏။

ထိုအပြင် မိန်းကလေးများကို အကနှင့် သီချင်းဆိုတတ်ရန် သင်ကြားပေးကာ နတ် ဘုရားများ စီတန်းလှည့်လည်ပွဲ၌ ဖျော်ဖြေစေ၍ တချိုကို မွန်မြတ်သော မီးရှူးမီးပန်းများ သယ်ယူစေကာ တချိုက နွားမြီးများဖြင့် ရုပ်တုများကို ယပ်ခတ်ပေးရလေ့ ရှိ၏။ အဆိုး ဆုံးမှာ ထိုကလေးမများသည် အမျိုးသားများ၏ ရမ္မက်အာသာပြေရန်အတွက် အသုံးတော် ခံရခြင်းဖြစ်၍ အေမီ ထုတ်မပြောဝံ့သော အပြုအမူများလည်း ရှိသေးသည်။

သူမ၏ ကောင်းသတင်းကြောင့် ဗိမာန်တော်၌ အစေခံရန် ယူငင်ခြင်းခံရလောက် သည့် အန္တရာယ် ကျရောက်နိုင်ဖွယ်ရှိသော ကလေးငယ်များကို မိဘများက သူမဆီ ယူ ဆောင်လာကြ၏။ သူမ၏ အမျိုးသမီးများ အဖွဲက သူမသည် မိခင်စိတ်ရှိသူနှင့် ကလေး များကို လူဖြစ်အောင် မြေတောင်မြှောက်သူဖြစ်ကြောင်းများကို လူအများအား သိစေသည်။ သူမက ဒေါနဗိုအပြင်ဘက် သန့်ရှင်းသပ်ရပ်သောနေရာ၌ ပထမဦးဆုံး အဆောက်အအုံ ကိုဝယ်ယူကာ နောင်အခါ ကလေးများ ပို၍ များပြားလာသောကြောင့် နေအိမ်များတိုးချဲ့၍ သူတိုနေထိုင်ရာခရိုင်ရှိ နေရာအနှံအပြား၌ ကလေးထိန်းသိမ်းရေးစခန်းများ ဆောက် လုပ်သည်။ ထိုအထဲမှ တစ်ခုမှာ ကလေးများ၏ ကျန်းမာရေးအတွက် ရေရှည်မျှော်တွေး လျက် Neyyoor ရှိ လန်ဒန်သာသနာပြု အသင်းဆေးရုံကြီး၏ ဘေးတွင် ဆောက်လုပ်ထား ခြင်းဖြစ်သည်။ ၁၉ဝ၆ ခုနှစ်တွင် မိသားစုဝင်အယောက် ၇ဝ ရှိလာသော်လည်း ကာလ ဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် ကလေး ၁၀ ယောက် တိမ်းပါးသွားရှာ၏။ ၁၉၁၃ ခုနှစ် တွင် ကလေးစုစုပေါင်း ၁၄ဝ ယောက် ဖြစ်သည်။

ကလေးထိန်းသိမ်းရေးစခန်းများအပြင် အခြားဆောက်လုပ်မည့်အဆောက်အအုံစီမံ ကိန်းများထဲ၌ ဒေါဗိုအထက်ဘက် ဆိတ်ငြိမ်ရာအရပ် ဂနိုင်တောထဲတွင် စုံတောမြိုင်ဂေဟာ လည်းပါဝင်၍ ထိုဂေဟာကို အလုပ်သမားများနှင့် ကလေးများ အနားယူနိုင်ရန် ဆောက် လုပ်ခြင်းဖြစ်ကာ ကာယ၊ ဉာဏ မသန်စွမ်းသူ များအတွက် လှပသော ရှုခင်းများဖြစ်သည့် တောင်တန်းကြီးနှင့်ပင်လယ်ပြာကို ကြည့်ရှုနိုင်ရန် ပင်လယ် ကမ်းခြေ၌ နွေရာသီစံအိမ် သုံးလုံးကို ထပ်မံဆောက်လုပ်ပေးသည်။ နောင်အခါ သာသနာပြုများနေထိုင်ရာ ပရိဝုဏ် အတွင်း၌ ဆုတောင်းရာအိမ်တစ်လုံးကို ထပ်မံတည်ဆောက်၍ တည်ဆောက်သမျှ အဆောက် အအုံများထဲတွင် အခမ်းနားအကြီးကျယ်ဆုံးမှာ “ကောင်းကင်ဘုံက ချပေးသနားတော်မူ သော ကျန်းမာခြင်း ရရှိသည့်နေရာ”ဟုခေါ်သည့် ဆေးရုံသစ်ဖြစ်သည်။

အေမီသည် ငယ်စဉ်တောင်ကျေးကလေးဘဝကတည်းက စာသင်ကျောင်းတွင် မည် သို ဆုတောင်း ရမည်ကို သင်ကြားတတ်မြောက်ပြီးဖြစ်၍ သူမ၏ အစောပိုင်းဘဝ ဘဲလ်ဖတ် (Belfast) တွင်နေစဉ်က ဘုရားရှင်ကို ကိုးစားခြင်းလျှိဝှက်ချက်အား သိထားသူဖြစ်သည်။ ဆုတောင်းခြင်းမပါသော တောင်းလျှောက် မှုမှလွဲ၍ သူမလိုအပ်သမျှကို ဘုရားရှင်နားညောင်း ၊ ခဲ့ကြောင်း သူမ၏ နေ့စဉ်မှတ်တမ်း၌ တွေ့ရသည်။ ဆေးရုံတည်ဆောက်ပြီးချိန်တွင် အလုပ် သမားများနှင့် ကလေးများက စတာလင်ပေါင် ၁၀၀၀၀ ရဖိုအတွက် ဝိုင်းဆုတောင်း ကြ၏။ “ရှင်ယောဟန်သြဝါဒစာ ပထမစောင် ၅၁၄-၁၅ နှင့်အညီ ကောင်းကင်ဘုံက ချပေးသနား တော်မူသော ကျန်းမာခြင်းရရှိသည့် နေရာအတွက် သူတိုတောင်းထားသော စတာလင်ပေါင် ၁ဝဝဝဝ ကို ရရှိသဖြင့်”သူတိုအားလုံး လက်မှတ်ရေးထိုးကြောင်းအေမီက သူမ၏ မှတ်တမ်းစာအုပ်၌ ရေးသားထား၏။

ဆေးရုံသစ်ဆောက်ပြီးသောအခါ အေမီသည် ကလေးများ၏ အနာဂတ်ကောင်း စားရေးအတွက် ပူရပြန်၏။ ဆေးရုံသည် နောက်ဆုံးတွင် ဒေါနဗိုယောက်ျားကလေးများ နှင့် မိန်းကလေးများကို “ပျောက်ဆုံး ဝိညာဉ်ကိုချစ်သော ဧဝံဂေလိများသင်တန်းပေးရာ” အဖြစ် အသုံးပြုသည်။ ဒေါနဗို၏ အစောပိုင်းရက်များမှာ ကမ္ဘာ့နေရာအနှံအပြားမှ အကူအညီများကို တောင်းခံထားခြင်းဖြစ်၍ ရံခါတွင် လူတချိုသည် အကူအညီပေးချင် သော စိတ်ကောင်းရှိကြသော်လည်း တွန့်ဆုတ်ခဲ့ခြင်းများရှိသည်။ တချိုမှာ ဝိညာဉ်ရေး အားနည်းခြင်းကြောင့် ဖြစ်၍ တချိုကား စိတ်သွားသော်လည်း ကိုယ်မပါနိုင်သော ငွေကြေး မတတ်နိုင်သူများဖြစ်ကြသည်။

၁၉၂၅ ခုနှစ်တွင် အေမီသည် CEZMS အဖွဲမှ နုတ်ထွက်၍ ဒေါနအသင်းကို ၊ ခိုင်ခိုင်မာမာ ဖွဲစည်းသည်။ သူမ၏ ရည်ရွယ်ချက်မှာ ကလေးများ၏ ကိုယ်ကျင့်တရားဆိုင် ရာ ပဲ့ကိုင်ထိန်းသိမ်းရေးနှင့် အိန္ဒိလူမျိုးများက ဘုရားရှင်၏ ချစ်ခြင်းမေတ္တာကို နားလည် ရန် ပြသဖိုဖြစ်သည်။ သူ့လုပ်ငန်းကြောင့် သူမကို Amma ခေါ်“အမေ ””ဟု ခေါ်ကြ၍ ထိုစကားလုံးသည် အလုပ်သမားများနှင့် ကလေးများက သူမကိုခေါ်သည့် ဝေါဟာရဖြစ် သည်။ သူမသည် ကလေးများကို ရေချိုးပေးခြင်းနှင့် ဖျားနာမှုများရှိပါက ကိုယ်ဖိရင်ဖိ ပြုစုကာ ကလေးများနှင့် အားလပ်ချိန်တွင် ကစားခြင်းအပြင် သူတိုကို ဆိတ်ငြိမ်ရာ တော ထဲသို ခေါ်သွား၍ တိရစ္ဆာန်များကို ချစ်တတ် ရန်နှင့် သဘာဝတရားကို မြတ်နိုးတတ်ရန် လည်း သင်ကြားပေးသည်။

ဒုက္ခိတဘဝ ၁၉၃၁ ခုနှစ်၊

 အောက်တိုဘာ၊ ၂၄ ရက်၊ မနက်ခင်းတွင် အေမီက အထူးသဖြင့် သူမ၏ လုပ်ငန်းနှင့်ပတ်သက်၍ ဆုတောင်းခြင်းပြုသည်။ “ကိုယ်တော်အလိုရှိတဲ့အတိုင်း ကျွန်မ ကို အသုံးပြုတော်မူပါ။ ကျွန်မကို ဘုရားရှင်လိုအပ်သလို အသုံးတည့်မယ့်နေရာမှာ အသုံး ပြုတော်မူပြီး ကျွန်မချစ်တဲ့ကလေးတွေကို စောင်မပေးတော်မူပါ”ဟူ၍ သူမ အနူးအညွတ် တောင်းပန်ခဲ့ရှာသည်။ ထိုရက်ညနေပိုင်းတွင် သူမလဲကျ၍ ခြေဆစ်ရိုးကျိုးသွားသဖြင့် အိန္ဒိယတွင် ၃၆ နှစ်လုံးလုံး တစ်ခါဖူးမျှ မပျက်ကွက်ခဲ့သော သူ့လုပ်ငန်းလစ် ဟာ၍သွား ကာ သူမ၏ တစ်ဘဝလုံး ဒုက္ခိတဘဝဖြင့် ဖြတ်သန်းရတော့သည်။

အေမီသည် သူ့ဘဝ၏ လက်ကျန်သက် နှစ် ၂၀ ကို အခန်းအောင်း၍ သူမ၏ အိပ်ရာ ထက်မှပင် မိသားစုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့၏။ အပြင်မထွက်နိုင်သော်လည်း ပေးစာများ ရေးသားခြင်းဖြင့် ကမ္ဘာကြီးနှင့် အဆက်အသွယ်လုပ်ကာ သူများ၏ အကူ အညီဖြင့် ပေးစာပေါင်းထောင်ချီ ရေးခဲ့သည်။ စာအုပ်ပေါင်းအမြောက်အများကို ရေးထား ပြီးဖြစ်သော်လည်း ဒုက္ခိတဘဝဖြင့်ပင် စာအုပ် ၁၃ အုပ်ကို ထပ်မံရေးထုတ်နိုင်ခဲ့၍ စိစစ် တည်းဖြတ်ခြင်းလုပ်ငန်းနှင့် ကဗျာလင်္ကာများကိုလည်း ရေးသားထုတ် ဝေနိုင်ခဲ့သည်။

ဗိမာန်တော်၌ “ကလေးချင်း လက်ထပ်ထိမ်းမြားခြင်းမှာ ယခုအချိန်တွင် တရား ဝင်မဟုတ်တော့သော် လည်း လုံးဝ ကွယ်ပျောက်သွားခြင်းမျိုးကား မဟုတ်သေးသောကြောင့် အမျိုးသမီးများအဖွဲ က စွန့်ပစ်ခံက လေးများကို ထိန်းသိမ်းရန် နေအိမ်များ ဖွင့်လှစ်လျက် ပင် ရှိသေး၏။ အေမီသည် ဘုရားရှင်ကို ချစ်ကြောက်ရာ၌ စံပြုထိုက်သူဖြစ်၍ သူမ၏ ဒေါနဗိုအဖွဲဝင်များထဲတွင် တစ်ဦးမှလွဲ၍ ကျန်အားလုံးမှာ အေမီကိုယ်တိုင် မြေတောင် မြှောက်ထားသော ကလေးများဖြစ်ကာ သူတိုသည် သူမ၏ အပြင်းပြဆုံးဆန္ဒကို ဖြည့်ဆည်း ပေးသူများ ဖြစ်ကြသည်။

 

တရုတ်ပြည်

ဤရာစုတွင် တရုတ်ပြည်အတွင်းရှိ ခရစ်ယာန်အသင်းတော်များသည် အကြမ်းဖက်တိုက် ခိုက်ခြင်း အမြောက်အများ ခံစားကြရကာ ရာချီသော သာသနာပြုများနှင့် တရုတ် လူမျိုးခရစ်ယာန်အများအပြား သေဆုံးကြရသည်။ ၁၉၄၉ ခုနှစ်၊ ကွန်မြူနစ် (Communist) အုပ်ချုပ်မှုစနစ်အောက်၌ ညှင်းပန်းနှိပ်စက်မှုများ ရှိခဲ့သော်လည်း အသင်းတော် သည် တိုးပွားဆဲပင်ဖြစ်၏။ ၁၉၇၇ ခုနှစ်မှစ၍ တရုတ်လူမျိုး သန်းပေါင်းများစွာက

ခရစ်တော်ကို ယုံကြည်၍ ယခုအချိန်တွင် တရုတ်ပြည်၌ ကွန်မြူနစ်ပါတီဝင်ဦးရေထက် တရုတ်လူမျိုးခရစ်ယာန် လူဦးရေ ပို၍ များပြားသည်။

တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ်ကွယ်လွန်သောအခါ တစ်ခါက ဗြိတိသျှသာသနာ ပြုတစ်ဦးက သူ့အသက်ကို ကယ်တင်ခဲ့သော ပရိုတက်စတင့်တစ်ဦးဖြစ်သူ ဒေါက်တာ ဆွန်ယက်ဆင် (Dr.Sun Yat-Sen) က မန်ချူးမင်း ဆက်ကို သမ္မတနိုင်ငံဖြင့် အစား ထိုးလိုက်သည်။ ဆွန်ယက်ဆင်ကွယ်လွန်ပြီး နိုင်ငံရေးကသောင်း ကနင်းဖြစ်ချိန် ၁၉၂၅ ခုနှစ် နောက်ပိုင်းတွင် အမျိုးသားရေးဝါဒီဖြစ်သူ ခရစ်ယာန်ဘာသာဝင် ဗိုလ်ချုပ်ချန် ကေရှိတ် (Chiang Kai-Shek) က စိုးမိုးအုပ်ချုပ်သည်။ ဗြိတိသျှအစိုးရနှင့် သာသနာပြုများကို ဆန့်ကျင်ခြင်းများ မြင့်တက်လာသဖြင့် အသက်ပေါင်းများစွာ သေကျေပျက်စီးကြရ၍ အမျိုးသားရေးဝါဒီများနှင့် မော်စီတုံး (Mao Tse-tung) ဦးဆောင်သော ထွန်းသစ်စ ကွန်မြူနစ်ပါတီအကြားတွင် ပြည်တွင်းစစ်ဖြစ်ပွား၏။ ၁၉၃၀ ခုနှစ်တစ်ဝိုက်တွင် ဂျပန် များက တရုတ်ပြည်နေရာအနှံအပြားကို ဝင်ရောက်ဖျက်ဆီးကာ အခြေအနေများ ပို၍ဆိုး ရွားသော်လည်း ၁၉၄၅ ခုနှစ်တွင် ဂျပန်များကို တိုက်ထုတ်နိုင်ခဲ့ကြသည်။ ထိုအတော အတွင်း၌ ကွန်မြူနစ်ပါတီက ချန်ကေရှိတ်ကို ၁၉၄၆ ခုနှစ်တွင် ထိုင်ဝမ် (Taiwan) သို မောင်းထုတ်နိုင်ခဲ့သည်။

၁၉၅၁ ခုနှစ်အထိ ထောင်ချီသော သာသနာပြုများက ကြီးမားသော အခက်အခဲ ပေါင်းစုံကြားမှ တရုတ်ပြည်နေရာအနှံအပြားတွင် အသင်းတော်များ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် ဆေးရုံများကို တည်ထောင်ပေးခဲ့ကြသည်။ တရုတ်ပြည်အတွင်းပိုင်း သာသနာပြုအဖွဲမှတစ်ပါး သာသနာပြုများမှာ အသင်းတော်ဂိုဏ်းပေါင်းစုံမှဖြစ်၍ အင်္ဂလီကန်၊ နှစ်ခြင်း၊ မက်သဒစ်၊ ပရက်စ်ဘီတေးရီးယန်းနှင့် ကွန်ဂရီဂေးရှင်းရဲလ်အသင်း တော်များနှင့်အတူ ကက်သလစ်အသင်းတော်လည်း တက်ကြွစွာ ပါဝင်သည်မှာ ယနေ့ တိုင်ဖြစ်သည်။

ဤအဖွဲများထဲမှ တရုတ်ပြည်တွင် ခိုင်မာသော တရုတ်အသင်းတော်ကို တည်ထောင် လိုသူ ခရစ်ယာန်များရှိ၍ ထိုသူများထဲမှ တစ်ဦးမှာ သေးငယ်သော ခရစ်ယာန်အသင်း အဖွဲ လှုပ်ရှားမှုကို ဦးဆောင်သော ဝတ်ချ်မဲင်းနီး (Watchman Nee) ဟု လူသိပိုများသူ Ni Shu-tsu ဖြစ်သည်။

 

ဝတ်ချ်မဲင်းနီး(၁၉၀၃-၁၉၇၂) တရုတ်လူမျိုး သင်းအုပ်ဆရာနှင့် တရားဟောဆရာ ဝတ်ချ်မဲင်းနီးသည်

ခရစ်ယာန်မည်ကာမတ္တမိသားစုမှ မွေးဖွားသူဖြစ်၍ ဖူချို (Foochow) ရှိ ထရီနီတီ (Trinity) ကောလိပ် ကျောင်းသားဘဝ အသက် ၁၈ နှစ်အရွယ်တွင် ပြောင်းလဲ သူဖြစ်သည်။ သူသည် တက္ကသိုလ်ပညာရေးကို ထားပစ်ခဲ့ကာ သူကိုယ်တိုင် ကျမ်းစာလေ့ လာခြင်းနှင့် ဧဝံဂေလိလုပ်ငန်းအတွက် ပေးဆပ်အပ်နှံခြင်းတိုကြောင့် သူ့ကျောင်းနေဖက် အများအပြားကို ခရစ်တော်ထံပါးသို ရောက်အောင် ပိုနိုင်သူဖြစ်သည်။ –

နှစ်များမတိုင်မီကတည်းက သူ့တွင် ဆုကျေးဇူးနှစ်မျိုးရှိ၍ ထိုအရည်အချင်းများက သူ၏ သာသနာလုပ်ငန်းကို အလွန်အကျိုးပြုကာ အောင်မြင်သော တရားဟောဆရာနှင့် စာရေးဆရာအဖြစ် ထင်ရှားစေသည်။ သူ ပါရမီချွန်ရာ တရားဟောဆရာလုပ်ငန်းတွင် သူက တရားနာသူများကို ကယ်တင်ခြင်းသတင်းစကားအား အရိုးရှင်းဆုံးနှင့် နားလည် လွယ်အောင် ရှင်းပြတတ်ခြင်းအပြင် ကျမ်းစာကို အသေးစိတ်ရှင်းလင်းချက်ပေးသူလည်း ဖြစ်ကာ သူ၏ သွန်သင်ချက်များသည် အသက်ဝင်ပြီးသကာလ ပုံတိုပတ်စများနှင့် အရွှန်း အသောများဖြင့် ဝေဝေဆာဆာရှိသောကြောင့် သူ၏ တရားနာပရိသတ်များကို ဓမ္မသစ် ကျမ်း၏ အခြေခံသဘောတရားများဘက်သို ပြန်လည်ဆွဲခေါ်သွားနိုင်ခြင်းလည်းဖြစ် သည်။

သူ၏ အစောပိုင်းနှစ်များတွင် နိုးကြားခြင်းအမည်ရ မဂ္ဂဇင်းတစ်စောင်ကိုထုတ်ကာ နောင်အခါ ခရစ်ယာန်များသို ဟူ၍ အမည်ပြောင်းလဲသမုတ်သည်။ ထိုစာပေလုပ်ငန်းက သူ၏ တရားဟောချက်များအပြင် အခြားစာရေးဆရာများ၏ တရားဟောချက်များကို လည်း စာအုပ်အဖြစ်ထုတ်ဝေပေး၏။ သူ၏ တရားဟောချက်များကို စုဆောင်း၍ စာအုပ် များအဖြစ် ထုတ်ဝေကာ The Spiritual Man, The Normal Christian Life နှင့် Sit, Walk,Stand စာအုပ်များမှာ ခရစ်ယာန်ဂန္ထဝင်စာပေများအဖြစ် ယနေ့တိုင် ရှင်သန် သက်ဝင်ဆဲဖြစ်သည်။

နီးသည် ၁၉၂၈ ခုနှစ်တွင် ဖူချိုမှ နှစ်ပြည်ထောင်သဘောတူညီချက်အရ တရုတ် နှင့်အင်္ဂလိပ်ပိုင် ရှန်ဟိုင်း (Shanghai) ဆိပ်ကမ်းသို ပြောင်းရွှေ့လာကာ ထိုနေရာကို သာသနာလုပ်ငန်း၏ ဗဟိုအဖြစ် သတ်မှတ်၍ ဘဝတစ်လျှောက်လုံး ထိုနေရာတွင်ပင် အခြေချနေထိုင်၏။ ဤနေရာသည် လူမျိုးပေါင်းစုံ စတည်းချရာ နေရာဖြစ်သောကြောင့် သူက ဝမ်သုံးလီ (Wen Teh Li) အမည်ရှိ မြိုတွင်းလမ်းကြားတစ်နေရာ၌ အဖွဲ အစည်း တစ်ခုကို ဖွဲစည်းတည်ထောင်သည်။ လုပ်ငန်းကျယ်ပြန့်လာသောအခါ ရုံးခန်းများနှင့် တည်း ခိုရန်နေရာအတွက် အဆောက်အအုံဥပစာကို တိုးချဲ့သည်။

 

ညီနောင်များဖြင့် ချိတ်ဆက်ခြင်း

၁၉၃၀ ခုနှစ်တွင် နီးသည် “လန်ဒန်ညီနောင်များအဖွဲ”၏ ပါတနာတစ်ဦးဖြစ်သူ စီးပွား ရေးသမား ချားလ်စ် အာလ် ဘာလိုး (Charles R Barlow) နှင့် အချိတ်အဆက်ရ၏။

နီးသည် ၁၉၃၃ ခုနှစ်တွင် ထိုအဖွဲ၏ အကြံအဉာဏ်နှင့် အထောက်အပံ့ရရှိနိုင်ရန် အင်္ဂလန်သို ခရီးထွက်လာရာ နယူးယောက်ရှိ ဂျိမ်းစ်တေလာ (James Taylar) ၏ ခေါင်း ဆောင်မှုအောက်က “တစ်သီးပုဂ္ဂလအမှန်တရား” (Exclusive) ကိုသာ စွဲကိုင်ထား သူများဖြစ်ကြောင်း မမျှော်လင့်ဘဲ သိလိုက်ရ၏။

အင်္ဂလန်တွင်နေစဉ်က နီးသည် လန်ဒန်တောင်ပိုင်းရှိ Honor Oak ခရစ်ယာန်မိတ် သဟာယအဖွဲဝင် ယုံကြည်သူများနှင့် ပွဲတော်သုံးဆောင်ခွင့်ရခဲ့သည်။ ထိုအပြုအမှုကို သိသော လန်ဒန်ညီနောင်များအဖွဲက သူ့ထံ၌ “မိတ်သဟာယအဖွဲဖြင့် သဘောတူညီချက်ယူ သောကြောင့်”ဝတ္တရားအရ သူ့ကို လန်ဒန်ညီနောင်များအဖွဲမှ ရုပ်သိမ်းပယ်နှုတ်ကြောင်း စာရေးအကြောင်းကြား၏။ မည်သိုဆိုစေ သူသည် Honor Oak နှင့်ကား အဆက် အသွယ် မပြတ်ရှိကာ သူတို၏ ဝတ်ပြုနည်းပုံစံအတိုင်း ဝတ်ပြုပုံစံနမူကိုယူသည်။

နီးသည် တရုတ်လူမျိုးအသင်းတော်များရှိ ဂိုဏ်းဂဏခွဲရေးနှင့်ပတ်သက်၍ ကြုံတွေ့ ရသော ဒုက္ခအတွက် အတော်ပင်စိတ်ဆင်းရဲလျက်ရှိကာ တင်းကျပ်လွန်းခြင်းမရှိသော ဝတ် ပြုခြင်းမိတ်သဟာယအဖွဲတစ်ဖွဲကို တည်ထောင်ချင်လိုလှ၏။ သူသည် Open ညီနောင် များအဖွဲက စာရေးဆရာများ၏ လွှမ်းမိုးခြင်းကို ခံရသူဖြစ် သောကြောင့် တနင်္ဂနွေနေ့ည နေပိုင်းတွင် ဝတ်ပြုပွဲတစ်ခုကျင်းပကာ ထိုဝတ်ပြုပွဲတွင် မည်သူမဆို ဘုရားရှင်အား လွတ် လပ်စွာ ကြည်ညိုခြင်းဖြင့် ဆုတောင်းခြင်းနှင့် ဂုဏ်တော်ချီးမွမ်းခြင်းပြုလေသည်။ သူက ဤအပြု အမူသည် ဓမ္မသစ်၏ စံနှုန်းစံထားနှင့် ပို၍ နီးကပ်စေသည်ဟု ဆို၏။

ရှန်ဟိုင်းရှိ အသင်းသားဦးရေများပြားလာသောအခါ အပြောင်းအလဲများပြုလုပ်ရန် လိုလာသည်။ အသင်းတော်အတွင်းရှိ အသင်းသားများကို “မိသားစုများ” (နေအိမ် အဖွဲ များ)အဖြစ် အဖွဲ ၁၅ ဖွဲခွဲကာ ပွဲတော်မင်္ဂလာသုံးဆောင်ခြင်း၊ ဆုတောင်းခြင်းနှင့် သွန်သင်ခြင်းကို ပြုရန်အတွက် တစ်ပတ်လျှင် သုံးကြိမ်တွေ့ဆုံကြသည်။ မိသားစုတိုင်းတွင် ယုံကြည်သူ ၂၀၀ မှအထက် ပါဝင်တတ်၍ အဖွဲခွဲများလည်း ရှိသေးသည်။

နီး၏ ကွပ်ကဲမှုအောက်တွင် အသင်းတော်သည် အသင်းတော်လူကြီးများက“မိသားစု” တိုင်းကို အုပ်ချုပ်၍ အစ်ကို (သို) အစ်မတစ်ယောက်က ထိန်းကွပ်ပဲ့ကိုင်ပေးရသည်။ သူတိုအဖွဲ ထဲတွင် အချိန်ပြည့်တမန်တော်များရှိ၍ သူတိုသည် ဧဝံဂေလိသတင်းစကား မရောက်သေးသော နိုင်ငံ၏ အချိုနေရာများ၌ ခရီးသွားကြရကာ လူများကို ခရစ်ယာန် ဘာသာဝင်သူများဖြစ်စေလျက် အသင်းတော်အသစ်များကို တည်ထောင်ကြ၏။ ၁၉၄၀ ခုနှစ်တစ်ဝိုက်တွင် ရှန်ဟိုင်းအသင်းတော်နှင့် မိတ်သဟာယအဖွဲလာသော အသင်းအဖွဲမှာ ၄၇၀ ရှိ၍ သူတိုကို “သေးငယ်သော ခရစ်ယာန်အသင်းအဖွဲ “( The little Flock) ဟု ချစ်စနိုးမှည့်ခေါ်ကြကာ ဝတ်ပြုပွဲတွင် ညီနောင်များ၏ ဓမ္မသီချင်းစာအုပ်ကို အသုံးပြုကြသည်။

သေးငယ်သော ခရစ်ယာန်အသင်းအဖွဲသည် တရုတ်ပြည်အတွင်းရှိ လှုပ်ရှားမှုများ ထဲမှ တစ်ခုဖြစ်၍ Jesus Family, Spiritual Gifts movement နှင့် True Jesus Church အစရှိသည့် လှုပ်ရှားမှုများလည်းရှိကာ သူတိုအားလုံးမှာ ရပ်ခြားသာသနာပြု များ၏ အမှီအခိုကင်းကင်းဖြင့် တိုးတက်မှုလိုချင်သူများဖြစ်ကြကာ သူတို၏ ရည်ရွယ် ချက်မှာ ဓမ္မသစ်၏ မူလရင်းမြစ်၌ ပြန်ဦးလှည့်ရန်ဖြစ်သည်။ သူတိုက အသင်းတော်များ ဂိုဏ်းဂဏခွဲခြင်းသည် အနောက်တိုင်းဆန်လွန်းခြင်းဖြစ်သည်ဟုဆိုကာ ဂိုဏ်းဂဏများ ခွဲကြမည့်အစား ခရစ်တော်၏ ခန္ဓာကိုယ်၌ တစ်လုံးတစ်ဝတည်းဖြစ်ရန် ပို၍ လိုလားကြ သည်။

သေးငယ်သော ခရစ်ယာန်အသင်းအဖွဲ အသင်းတော်များ၏ ထူးခြားသော အင်္ဂါရပ် တစ်ခုမှာ ဧဝံဂေလိလုပ်ငန်းကို ဇောင်းပေးလုပ်ခြင်းဖြစ်၍ ယုံကြည်သူအယောက်တိုင်းက ဧဝံဂေလိလုပ်ငန်းကို လုပ်ဆောင်ရန် မျှော်လင့်ကြ၍ တစ်ရက်တွင် အနည်းဆုံး လူတစ်ဦး ထံ၌ သက်သေခံရန် တွန်းအားပေး ကြခြင်းဖြစ်သည်။ အခြား ဧဝံဂေလိလုပ်ငန်းတစ် ခုမှာ တမန်တော်ဝတ္ထုထဲက တမန်တော်များ၏ ရပ်ခြားသိုသွား၍ ဧဝံဂေလိလုပ်ငန်းလုပ် ကိုင်ခြင်း နိယာမကို အခြေခံခြင်းဖြစ်၍ ထိုဥပဒေကို ၁၉၄၀ ခုနှစ်တစ်ဝိုက်တွင် အကောင် အထည် ဖော်ခဲ့ကြသည်။ ယုံကြည်သူအဖွဲများက တရုတ်ပြည်၏ ဝေးလံသီ ခေါင်သော အရပ်ဒေသ၌ သာသနာပြုခြင်းကို အသင်းတော်၏ အထောက်အပံ့ဖြင့် သုံးလတာအစမ်းသဘောဖြင့် ဧဝံဂေလိတရားကို သွားရောက်ဝေငှသေး၏။ သူတို၏ ရည်ရွယ်ချက်မှာ ခရစ်တော်ကို လက်ခံသူဦးရေများ ပြားတိုးပွားရန်နှင့် အသင်းတော်တည်ထောင်ရန်ဖြစ် သော်လည်း ထိုစီမံကိန်း မအောင်မြင်ခဲ့ပေ။ ထိုကြောင့် အခြားအသင်းအဖွဲ အသစ်များ စတင်သည်။

 

စစ်ပွဲ

ဂျပန်များက ရှန်ဟိုင်းကို ၁၉၄၁ ခုနှစ်တွင် သိမ်းပိုက်သောအခါ အသင်းတော်သည် ပြင်း ထန်စွာ နှိပ်ကွပ်ခြင်းခံရ၍ အသင်းတော်များအပေါ်တွင် ကန့်သတ်ချက်များ တစ်ခုပြီးတစ်ခု ထုတ်ဆင့်ကာ ရန်ပုံငွေလည်း လျော့နည်းလာသောကြောင့် တမန်တော်များသည် ကြီးစွာ သောဒုက္ခကို ခံကြရ၏။ ထိုအခြေအနေကြောင့် နီးသည် ဘုရားရှင်က သူ့ကို စီးပွားရေး သမားတစ်ယောက်အဖြစ် ခေါ်ဆောင်ခြင်းဖြစ်မည်ဟု အထင်ရောက်ကာ အိမ်သုံးဆေး ဝါးနှင့် အလှကုန်ပစ္စည်းရောင်းသူ သူ့အစ်ကို၏ အကူအညီဖြင့် ဆေးဝါးဖော်စပ်ခြင်း နှင့် ဆိုင်သော ကုမ္ပဏီတစ်ခုတည်ထောင်သည်။ စီးပွားရေးလုပ်ငန်းအောင်မြင်သော်လည်း အသင်းတော်နှင့်ပို၍ ဝေးသွားသဖြင့် နောက်ဆုံးတွင် သင်းထောက်လူကြီးများက အတန်ကြာ စဉ်းစားအဖြေရှာ၍ သူ့ကို ဝမ်သဲ့လီ၌ တရားမဟော တော့ရန် သွားရောက်ပြော ဆိုကြသည်။

နီးသည် ဝမ်သုံလီနှင့် အဆက်ပြတ်သွားသော်လည်း အခြားနေရာအများအပြား၌ အမှုတော်ဆောင် လုပ်ငန်းကို ဆက်လက်လုပ်ကိုင်ကာ စစ်ပွဲပြီးဆုံးချိန်တွင် ကုမ္ပဏီ၏ အမြတ်ငွေများကို ရှန်ဟိုင်းအသင်းတော်သို ပြန်လည်လှူဒါန်းသည်။ နောင်အခါ သူနှင့် အခြားစီးပွားရေးသမားများ၏ လက်ပြောင်းလွှအပ်ပေးခြင်းကြောင့် အသင်းတော် ကြွယ်ဝချမ်းသာလာလျက်ရှိ၏။ ၁၉၄၈ ခုနှစ်တွင် နီးသည် သင်းထောက်လူကြီးများနှင့် ပြန်လည်သင့်မြတ်ကာ သဟာယအဖွဲတွင် နွေးထွေးစွာ ပြန်လည်ကြိုဆိုခြင်း ခံရသည်။

၁၉၄၉ ခုနှစ်၊ အောက်တိုဘာလတွင် ကွန်မြူနစ်ပါတီက အမျိုးသားရေးအစိုးရကို ဖြုတ်ချ၍ တရုတ်ပြည် သူ့သမ္မတနိုင်ငံကို တည်ထောင်ချိန်တွင် အသင်းတော်၏ ကုန်သွယ် ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှုရှိလာကာ ပို၍လည်း ဆွဲဆောင်နိုင်ခဲ့၏။ အစပထမ တွင် အတူတူပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အုပ်ချုပ်မှုစနစ် အသစ်ကြောင့် မျှော်လင့် ချက်ကြီးတစ်ခွဲသားဖြင့် ပျော်ရွှင်ခဲ့ကြရသော်လည်း နောင် ၂ နှစ်အကြာတွင် အခြေအနေ မှာ ပြောင်းပြန်လှန်ပစ်သကဲ့သို ဖြစ်သွား၍ တရုတ်လူမျိုးများ၏ အသင်းတော်များမှာ ကွန်မြူနစ် ထိန်းချုပ်မှုအောက်သို ရောက်သွားလေ၏။

အစိုးရက အသင်းတော်အတွက် ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်သာ ဝါဒဖြန့်ခြင်း အစရှိသော ကိုယ့်ကိုယ်ကိုယ် ပြု ပြင်ပြောင်းလဲခြင်း လှုပ်ရှားမှုသုံးမျိုးကို ချမှတ်ပေးကာ ဘာသာရေးဆိုင်ရာအမှုကိစ္စများကို အစိုးရဌာနက ကြီးကြပ်ကွပ်ကဲသည်။ ၄င်းသည် အသင်းတော်ကို ဖိနှိပ်ရန်နှင့် သာသနာ ပြုများကို တရုတ်ပြည်မှ နှင်ထုတ်နိုင်ရန် အကြောင်းရှာခြင်းဖြစ်၍ နိုင်ငံခြားသားများအား လုံးကို “နယ်ချဲ့သူများ”အဖြစ် ပထုတ်လိုက်ခြင်းဖြစ်သည်။ ခရစ်ယာန်စာသင်ကျောင်း များ၊ ဆေးရုံများနှင့် အခြားပစ္စည်းဥစ္စာများကိုလည်း ပြည်သူပိုင်အဖြစ် သိမ်းသည်။

ဤကာလတွင် သေးငယ်သော ခရစ်ယာန်အဖွဲနှင့် Jesus family အသင်းတော်များ က ကြိုးဆွဲရာကရ သည့် ရုပ်သေးအသင်းတော်ဖြစ်သော အမျိုးသားရေးဆိုင်ရာ ခရစ်ယာန်အသင်းတော်၌ ပါဝင်ရန် ဖိတ်ကြားခြင်းကို အပြတ်ငြင်းလိုက်သောကြောင့် ထောင် ချီသော အသင်းသားများ သတ်ဖြတ်ခြင်း (သို) ထောင်သွင်းအကျဉ်းချခြင်းများ ခံကြ ရ၏။ အသင်းတော်များအားလုံးကို အစည်းအဝေးထိုင်စေ၍ ရံခါတွင် ကွန်မြူနစ်လက်ကိုင် တုတ်များ ရောနှောပါဝင်စေကာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ခြင်းနှင့် ကွန်မြူနစ် စနစ်ကို ခံယူကြရန် တိုက်တွန်းစေသည်။ သင်းအုပ်ဆရာနှင့် ခေါင်းဆောင်များကို နိုင်ငံ ခြားသားများ၏ “ဦးတည်ရာမဲ့ ပြေးလွှားနေသောခွေးများ”ဟု တင်စားကာ နီးကို ကြီးမားသော လျှိဝှက်ချက်ကို ခေါင်းဆောင်သော အဆိပ်ရှိသည့် တန်ပြန်တော်လှန်ရေး သဘောတရားများကို ဖြန့်ဖြူးသူဟု စွပ်စွဲသည်။

 

မှားယွင်းသောစွပ်စွဲချက်များ

 နီးသည် ၁၉၅၂ ခုနှစ်တွင် ဖမ်းဆီးခြင်းခံရ၍ ၄ နှစ်တာ “ကွန်မြူနစ်ဝါဒသွတ်သွင်းခြင်း” ကို ကြမ်းတမ်းစွာ ခံရ၏။ သူ့ကို အမှုစစ်နေစဉ် ၁၉၅၆ ခုနှစ်အတွင်း၌ ကွန်မြူနစ်ဝါဒကို လက်ခံကြသော ယုံကြည် သူများအပါအဝင် အစိုးရ၏ မှားယွင်းသော စွပ်စွဲချက်ပေါင်းစုံ ခံရသည်။ အခြားအသင်းတော်မှ အသင်းသားများနှင့်အတူ ရှန်ဟိုင်းမြို ဗဟိုအကျဉ်း ထောင်တွင် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခြင်းခံရသည်။ ထောင်သွင်းအကျဉ်းချခံရစဉ် ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုကို ပြင်းထန်စွာခံရသော်လည်း ကိုယ့်တော်အပေါ် တွင် သစ္စာမပြတ် ရှိသည်ဆိုရုံမှတစ်ပါး သူ့အကြောင်းကို မသိရပေ။

လွတ်မြောက်ချိန်တန်ပြီဖြစ်သော်လည်း သူ့ထောင်သက်ကို ပို၍ ဆွဲဆန့်ထား၏။ ၁၉၆၇ ခုနှစ်တွင် လွတ်မြောက်သင့်သော်လည်း ထိုနှစ်တွင် ယဉ်ကျေးမှုတော်လှန်ရေးဖြစ် ပွားပြန်သဖြင့် ထိုတော်လှန်ရေးက အသင်းတော်ကို အပြင်းအထန်တိုက်ခိုက်ကာ ဝတ်ပြု စည်းဝေးပွဲများမှာ ကျင်းပခွင့်မရတော့သည့်အပြင် ဘာသာရေးအဆောက်အအုံများကိုလည်း “နိုင်ငံပိုင်အဖြစ် သိမ်းယူသည်။ ကွန်မြူနစ်များက နီးထံ၌ တရားဟောခြင်းမပြုတော့ လျှင် လွှတ်ပေးမည်ဟု ကမ်းလှမ်းသော်လည်း နီးက ခေါင်းမာစွာ ငြင်းဆန်၏။ ထိုကြောင့် သူ့ကို တရုတ်ပြည်အတွင်းပိုင်း အခြားထောင်တစ်ခုသို ပြောင်းရွှေ့ကာ အသက် ၆၉ နှစ်တွင် ကွယ်လွန်သည်။

သာသနာပြု အများအပြားက ဝတ်ချ်မဲင်းနီး၏ ထူးကဲကောင်းမွန်သော ကျမ်းစာသွန် သင်ချက်နှင့် မှန်ကန်သော ခရစ်ယာန်မိတ်သဟာယဖွဲမှုကို သူ၏ အသင်းသားများအတွင်း ၌ တွေ့ကြရသဖြင့် ဝမ်းသာအယ်လဲ ချီးကျူးစကားပြောသူများရှိသော်လည်း ထိုလှုပ်ရှား မှုကို ဝေဖန်သော အခြားဂိုဏ်းဂဏများလည်း ရှိသည်။ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သော တရုတ်ပြည်ကြီးလည်း ယခုအချိန်တွင် ပြေလျော့၍ သွားလေတော့၏။ မည်သိုဆိုစေ နီးသည် ကွန်မြူနစ်စနစ်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကြားမှ တရုတ် ပြည်တွင် ဌာနေတိုင်းရင်းဖြစ် အသင်းတော်ကိုတည်ထောင်သော ထင်ရှားသည့် ခရစ်ယာန် ခေါင်းဆောင်ကြီး တစ်ဦးဖြစ် သည်ကိုကား ငြင်း၍ မရပေ။

ဂလက်ဒီးစ်အေးလ်ဝတ် (၁၉ဝ၃-၁၉၇ဝ) တရုတ်ပြည်သို သာသနာပြုသူ

၁၉ဝဝ ပြည့်နှစ်တွင် တရုတ်ပြည်ရှိ ခရစ်ယာန်များကိုဆန့်ကျင်သော ရက်စက်ကြမ်းကြုတ် သည့် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားကာ သာသနာပြုများနှင့် ဒေသခံတရုတ်လူမျိုး ယုံကြည် သူများက စိုးရိမ်ထိတ်လန့်ဖွယ် ခံစားခဲ့ကြရသည်။ “ဘောက်ဆာများ” (Boxers) ဟု လူသိသော “တရားမျှတသော စုံညီလက်သီးများ”ခေါ် လျှိဝှက်ဂိုဏ်းသည် တရုတ် ပြည်အတွင်းရှိ နိုင်ငံခြားသားများ အထူးသဖြင့် ယုံကြည်သူများကို တိုက်ခိုက်ဆန့် ကျင်ကြ ၏။ သူတိုသည် ဓားရှည်ကြီးများကို ဝင့်ကာဝင့်ကာ မြိုများနှင့် ရွာများ တစ်လျှောက်ရှိ ဘုရားကျောင်း အဆောက်အအုံများနှင့် သာသနာပြုများ၏ နေအိမ်များကို ဒေါသတကြီး ဖျက်ဆီးကာ သာသနာပြုများနှင့် သူတို၏ မိသားစုများကို အညှာအတာကင်းမဲ့စွာ သတ် ဖြတ်ကြသကဲ့သို ရာချီသော တရုတ်လူမျိုးခရစ်ယာန် များကိုလည်း ချမ်းသာမပေးကြပေ။

စာနာထောက်ထားတတ်သော ဉာဏ်ရွှင်သူ တရုတ်လူမျိုးတစ်ဦးက ကြီးထွားလာ သော ပုန်ကန်မှုကို အနောက်ဘက်ပြည်နယ်များသို ကူးမလာရန် တားဆီး၍ တောင်ပိုင်း ပြည်နယ်သိုပိုသော စာစောင်ထဲတွင်ပါသည့် “ခရစ်ယာန်များအားလုံးကို သတ်ပစ်ကြပါ” ဟူသော အက္ခရာစကားလုံးကို “ခရစ်ယာန်များအားလုံးကို ကာကွယ်ကြပါ”ဟု ပြင်ပေး လိုက်၏။ ပုန်ကန်မှုအဆိုးဝါးဆုံးဖြစ်ပွားရာပြည်နယ်မှာ ပီကင်းအနောက်တောင် ဘက်ရှိ ရှန်စီ (Shansi) တွင်ဖြစ်၍ ထိုနေရာသည် သာသနာပြုလုပ်ငန်းကို စူးစူးစိုက်စိုက် ကြိုးပမ်း ရာနေရာဖြစ် သည်။ ထိုနေရာသည် တစ်ချိန်က စီ တီ စတတ်နှင့် နာမည်ကျော် “ကင်း ဘရိတ်ချ်နှစ်ဖော်”ထဲမှ စာန်လေစ မစ်သ်တို၏ တရုတ်ပြည်အတွင်းပိုင်းသာသနာရုံးများ ၊ ဖွင့်လှစ်ရာနေရာဖြစ်၍ နှစ်ခြင်းများ၊ သန့်ရှင်းသော ဆွီဒင်အသင်းနှင့် ကက်သလစ် များကြီးစိုးရာနေရာလည်း ဖြစ်ခဲ့သည်။ တရုတ်လူမျိုး ယုံကြည်သူများက ဓားစာခံများကို သူတိုအသက်ကိုပင် ပဓာနမထားဘဲ သိုဝှက်ပေးကြသော်လည်း သာသနာပြု ၁၈၈ ယောက် နှင့် သူတို၏ ကလေးငယ်များ အကြင်နာကင်းမဲ့စွာ သတ်ဖြတ်ခြင်းခံရကာ အများအပြား ခေါင်းဖြတ်သတ်ခြင်း (သိုမဟုတ်) သေသည်အထိ ထုသတ်ခြင်းများ ခံကြရ၏။

ပုန်ကန်မှုကြီးပြီးဆုံးသွားသော် ခရစ်ယာန်များသည် ထိုပြည်နယ်သို ပြန်လာကြ၍ နိုးထမှုကြီးတစ် ခုဖြစ်ပွားကာ နောက် ၆ နှစ်အကြာတွင် ပရိုတက်စတင့်များ နှစ်ဆတိုး ပွား၍ ဘောက်ဆာများ၏ သတ်ဖြတ် ခြင်းခံရသော မာတုရများလည်း ဆယ်စုနှစ်အတွင်း တွင် အများအပြား တိုးပွားလာသည်။ သိုသော် အကြမ်းဖက်မှုကား ပပျောက်မသွားဘဲ နိုင်ငံရေးအခြေအနေအမျိုးမျိုးကြောင့် နောင်နှစ်များတွင် ယုံကြည်သူများသည် ကွန်မြူနစ် တော်လှန်ရေးသမားများနှင့် ဂျပန်ကျူးကျော်သူများလက်ချက်ကြောင့် သေမင်းနှင့် တစ်ဖန် ရင်ဆိုင်ကြရပြန်သည်။

လှုံ့ဆော်စေခိုင်းမှု

၁၉၃၂ ခုနှစ်တွင် *ဂလက်ဒီးစ်အေးလ်ဝတ် ခေါ် အသက် ၂၇ နှစ်ရှိ ရဲဝံ့သော တည်းခို ခန်းဧည့်ကြို အမျိုးသမီးတစ်ဦးသည် မည်သည့်သာသနာပြု အသင်းမှသော်လည်းကောင်း၊ အသင်းတော်နောက်ခံ အထောက်အပံ့ (သို) ငွေရေးကြေးရေး အကူအညီသော်လည်း ကောင်းမရှိဘဲ ဘုရားရှင်၏ လှုဆော်စေခိုင်းမှုဖြင့် “ယေရှုခရစ်တော်၏ ကယ်တင်ခြင်း သတင်းစကား ဝေငှဖိုရန်” ရှန်စီပြည်နယ်သို ထွက်လာ၏။ သူ့အရင်က သာသနာပြု များကဲ့သို သေမင်း၏ခြိမ်းခြောက်မှုကို ခံရသော်လည်း အသက်ရှင်ကျန်ရစ်ကာ ခရစ် တော်အတွက် စွန့်လွှတ်စွန့်စားခဲ့သော သည်းထိတ်ရင်ဖိုစရာ သူမအကြောင်းကို ပြန် ပြောင်းပြောပြသည်။

အသက် ၂၆ နှစ်တွင် ပြောင်းလဲသူ ဂလက်ဒီးစ်သည် သူမ၏ အားလပ်ချိန်ကို ဧဝံ ဂေလိလုပ်ငန်းလုပ် ဆောင်သော သာသနာပြုများထံ သွားရောက်၍ သာသနာပြုများအ ကြောင်း စနည်းနာကာ မကြာခင် ယေရှု အကြောင်း မကြားဖူးသေးသော သန်းချီရှိသည့် တရုတ်လူမျိုးများထံတွင် ကယ်တင်ခြင်းသတင်းစကားဝေငှရန် ဆုံးဖြတ်၏။ သာသနာပြု အသင်းက သူမကို ဓမ္မဗေဒဆိုင်ရာဘာသာရပ်များ သင်ယူခြင်းမရှိသည့်အပြင် တရုတ် ဘာသာစကားကို ဘယ်တော့မှ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်မည်မဟုတ်ဟု ဆိုကာ သူမကို ငြင်းပယ်၏။

 *Gladys Aylward အကြောင်း အကျယ်ဖတ်ချင်သူများ ဆရာမောင်ထွန်းသူ ဘာသာပြန် ထားသော ဆဌမသုခရိပ်မြိုင် စာအုပ်ကို ဖတ်ရန်

သာသနာပြု အသင်းက သူမကို ငြင်းပယ်သော်လည်း ဂလက်ဒီးစ်သည် တစ်ကိုယ် တည်းထွက်လာရန် ဆုံးဖြတ်၍ တရုတ်ပြည်တွင် အသက်ကြီးသာသနာပြုတစ်ဦးက အကူတစ်ယောက်လိုနေသည်ဟု ကြားသိထားသဖြင့် ယင်းသည် ဘုရားရှင်က သူမအတွက် လမ်းခင်းပေးခြင်းဖြစ်မည်ဟု အခိုင်အမာယုံ ကြည်သည်။ အခက်အခဲမြောက်များစွာ ရှိသော်လည်း ယန်ချီ (Yangcheng) မြိုရှိ အသက် ၇၃ နှစ်အရွယ် ဂျင်နီလော်ဆန် (Jeannie Lawson) ထံရောက်ရန် ရထားစီး၍ ဥရောပနှင့် ရုရှားကို ဖြတ်သန်းလာခဲ့ရ ကာ တရုတ်နှင့် ရုရှားစစ်ပွဲကြောင့် နှစ်ကြိမ် အဖမ်းခံလုနီးပါး ဖြစ်ခဲ့သေးသည်။

ယန်ချီ၏ တည်နေရာမှာ ရှန်စီပြည်နယ်၏ တောင်ဘက်ပိုင်းတွင်ဖြစ်၍ တရုတ်လူ မျိုးများ၏ ယဉ်ကျေးမှုမွေးဖွားရာဒေသဖြစ်သည်။ ဤနေရာတွင် လော်ဆန်ကတော်နှင့် ဂလက်ဒီးစ်တိုက လားထိန်းများအတွက် တည်းခိုခန်းတစ်ခုဖွင့်လှစ်ကာ ထိုတည်းခိုခန်း တွင် လာရောက်တည်းခိုသူများကို ညစဉ်ရက်ဆက် ကျမ်းစာထဲက ပုံပြင်များကို ပြောပြ ခြင်းနှင့် ယေရှုနှင့်မိတ်ဆက်ပေးခြင်းများ ပြုလုပ်ကြ၏။ ဤရက်ပိုင်းတွင် သူတိုနှစ်ဦးသည် အနီးတစ်ဝိုက်ရှိ ရွာများတွင် လှည့်လည်၍ ရံခါဆိုသလို “ရပ်ခြားမိစ္ဆာများ”ဟု သင်္ကာ မကင်းခံရတတ်သော်လည်း တဖြည်းဖြည်းနှင့် လူများ၏ လက်ခံခြင်းကို ခံရသည်။

သာသနာပြုအသင်းက တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်မည်မဟုတ်ဟု ဆိုသော်လည်း ဂလက်ဒီးစ်သည် ဒေသိယစကားများကို လျင်မြန်စွာတတ်ကျွမ်းကာ တ ရားပင်ဟောနိုင်ခဲ့သည်။ သူမသည် တရုတ်အဝတ်အစားများ ဝတ်ဆင်၍ တရုတ်အစား အစာကိုသာစားပြီး သူမ၏ ဥရောပပုံစံကို ချွတ်ချကာ ဒေသခံတစ်ဦးနှင့်တူအောင် နေ ထိုင်သည်။ ဤအပြုအမူကြောင့်ထင့် နောင် ၄ နှစ်တာတွင် တရုတ်လူမျိုးများ၏ အမှုကို စ္စများကို ဖြေရှင်းပေးသူဖြစ်သည်အထိ မြှောက်စားခြင်းခံရ၍ သူ့ကို “စင်ကြယ်သော အမျိုးသမီး”ဟု အနက်ရသည့် တရုတ်နာမည် Ai-weh-deh ဟု ခေါ်ဝေါ်သမုတ် ကြ သည်။

လော်ဆန်ကတော်ဆုံးသောအခါ ဂလက်ဒီးစ်က လုပ်ငန်းကို တစ်ဦးတည်း တာဝန် ယူရ၏။ တည်းခိုခန်းတွင် လုပ်ခမရသော်လည်း နယ်စားကြီးက ဥပဒေထုတ်ပြန်ချက်အသစ် တွင် “ခြေစစ်သူ”အဖြစ် တာဝန်ယူပေးရန် တောင်းဆိုသောကြောင့် သူမ အလွန်ပျော် သွားသည်။ သူမ၏ တာဝန်မှာ နယ်တကာလှည့်၍ ငယ်ရွယ်သူမိန်းကလေးများ၏ ခြေ ထောက်များကို သေးငယ်အောင် ကြပ်စည်းထားခြင်းကို တားမြစ်ရန်ဖြစ်၍ သူမသည် ဤနည်းဖြင့် ပိုက်ဆံလည်းရကာ ခရစ်တော်အကြောင်းကိုလည်း သွန်သင်ပေးနိုင်ခဲ့သည်။ ဂလက်ဒီးစ်၏ လုပ်ငန်းကြောင့် အများအပြား ပြောင်းလဲခြင်းရကာ သူမက တည်းခိုခန်းကို ထပ်မံတိုးချဲ့၍ သာသနာ့ခန်းမကြီးအဖြစ် အသုံးပြုလျက် ရွာတိုင်းတွင် ယုံကြည်သူများ အုပ်စုလိုက်ဖွဲပြီး အသင်းတော်ပုံစံ အတိုင်း ဖွဲစည်းကာ အတူတကွ တွေ့ ဆုံကြသည်။ ဂလက်ဒီးစ်သည် ရွာတစ်ရွာသို ပြန်လာတိုင်း စနေနေ့တွင်သာ တွေ့ဆုံ၍ ဝတ်ပြုခြင်းနှင့် သွန်သင်ခြင်းကို ပြုရန်လည်း ပြောဆိုသည်။ နှစ်တိုင်း ဝေးလံသောအရပ်မှ ခရစ်ယာန်များကို ညီလာခံခေါ်၍ ဆုတောင်းခြင်းနှင့် ကျမ်းစာသင်ယူခြင်းများပြုလုပ်သည်။ ထိုတွေ့ဆုံပွဲများကို တရုတ်လူမျိုးခေါင်းဆောင်များနှင့် ဧဝံဂေလိဆရာများက ဦးစီးဦး ဆောင်ပြု၍ အသင်းတော်ဂိုဏ်းဂဏ အမျိုးမျိုးမှ ယုံကြည်သူများနှင့် သာသနာပြုများကို ဆွဲဆောင်နိုင်ခဲ့၏။

ဂလက်ဒီးစ်ကို မိဘမဲ့ကလေးများ ထိန်းကျောင်းသူအဖြစ် အများက သတိတရရှိကြ ၍ သူထိန်းကျောင်း ခဲ့သော ကလေးများမှာ မိဘများ၏ စွန့်ပစ်ခြင်းခံရသူများနှင့် စစ်ပွဲကြောင့် အိုးအိမ်မဲ့ရသူများဖြစ်သည်။ သူမ ပထမဆုံးဝယ်ယူလိုက်သော ကလေးမှာ ကိုးပဲနိပေးရ၍ များမကြာမီ ကလေးအများအပြား ရောက်လာသည်။ သူမ၏ မိသားစုဝင် ကလေးအရေအတွက်မှာ ယောက်ျားလေးနှင့် မိန်းကလေးပေါင်း ၁ဝဝ နီးပါးခန့်ရှိ၍ သူတိုအားလုံး သူမ၏ အစောင့်အရှောက်ခံများဖြစ်ကြသည်။ အစပထမတွင် တရုတ်လူမျိုး များက သူတိုပထုတ်လိုက်သော ကလေးများကို အသိုကြောင့် ဂလက်ဒီးစ်က လိုလိုလားလား ရှိသနည်းဟု နားမ လည်နိုင်ဘဲ ရှိကြ၏။ အကယ်၍များ သူမသာ ထိုကလေးများကို တာဝန်မယူခဲ့လျှင် ထိုကလေးများမှာ ကျွန်အဖြစ်ရောင်းစားခြင်း (သို) သေရဖိုသာရှိ တော့သည်။

 

ထောင်ဆူခြင်း

သူ ပါဝင်ကပြရသော အခြားဇာတ်လမ်းတစ်ပုဒ်မှာ မြိုထဲရှိ အကျဉ်းထောင်တွင် အလွန်အံ့ အားသင့်စရာကောင်းသော အကျဉ်းသားများ၏ အမှုတစ်ခုဖြစ်ပွားခြင်းဖြစ်သည်။ ဖြစ်ပုံ မှာ အကျဉ်းသား ချင်းရန်ဖြစ်ရာမှ တစ်ဦးက ပုဆိန်ဖြင့် အကျဉ်းသားနှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်လိုက် ခြင်းကြောင့် ထောင်ဆူခြင်းကိစ္စဖြစ်၏။ ထိုအမှုကို မည်သူတစ်ဦးတစ်ယောက် ကမျှ မဖျန်ဖြေရဲသဖြင့် နယ်စားကြီးက သူမ၏ ဘုရားရှင်က သူမကို စောင့်ရှောက်သည် ဟု ကြွေးကြော်သူ ဂလက်ဒီးစ်အား ထိုပြဿနာကို ကိုင်တွယ်ရန် သွားရောက်၍ ခေါ်ယူ စေသည်။

သူမသည် ကြောက်စရာကောင်းသော စိတ်မနှံသူ ထိုလူကြီးကို ရင်ဆိုင်၍ ငြိမ်သက် အောင် ဖျောင်းဖျ နိုင်ခဲ့ကာ ဒဏ်ရာရသူများကို ပြုစုကုသပေး၍ အကျဉ်းသားများကို ထောင် ထဲသို ပြန်ဝင်ရန် နားချနိုင်ခဲ့သည်။ ထိုအမှုပြီးလျှင် သူမက နယ်စားကြီးထံ၌ ထောင်သား များကို အလုပ်လုပ်ခိုင်းရန် တိုက်တွန်းလျက် ထိုသို အလုပ်ပေးလုပ်လျှင် သူတိုသည် ငွေ အချို ကိုလည်းရ၍ သူတိုကိုယ်ကိုယ်လည်း လေးစားမှုရှိလာမည် ဟုဆို၏။ ထိုအချိန်မှစ၍ သူမသည် ထောင်တွင်းသို ပုံမှန်လာရောက်လည်ပတ်ကာ ကယ်တင်ခြင်းသတင်းစကားကို ဝေငှနိုင်ခဲ့သည်။

၁၉၃၁ ခုနှစ်တွင် ဂျပန်စစ်သားများက တရုတ်ပြည် ရှန်စီပြည်နယ်များကို ကျူးကျော် ဝင်ရောက်လာ ကြ၏။ ဂျပန်စစ်သားများ ယန်ချီတောင်ဘက်သို ပြု ဆင်းလာကြကာ ကမ်းကုန်အောင် ရက်စက်ကြ၍ ယန်ချီမြိုသည် ရန်သူများ၏ ဝိုင်းဝန်းပိတ်ဆိုခြင်းခံရကာ တစ်ဖန် အမျိုးသားရေးဝါဒီများကလည်း လာရောက် သိမ်းပိုက်ကြပြန်သည်။ ဂလက် ဒီးစ်သည် မြို ကို လေကြောင်းမှ ဗုံးကြဲခြင်းခံရစဉ်က အထိနာသွားသော်လည်း အုတ်ခဲ ပုံများအကြားမှ ပြန်လည်ဆွဲထူကြကာ ဒဏ်ရာကို ရှေးဦးသူနာပြုနည်းဖြင့် ကြိုးစားကု သကြသည်။

ဂျပန်များထံမှ ကြားရသောသတင်းအရ သူမသည် “အလိုရှိသူ”ဖြစ်နေသဖြင့် ယန်ချီ ကို စွန့်ခွာမှဖြစ် မည်ဟု ဖျောင်းဖျနားချကြသည်။ နယ်စားကြီးက နောက်ဆုံးနှုတ်ဆက်ည စာစားပွဲကို ပြင်ဆင်ကာ ဧည့်သည်များ ရှေ့မှောက်တွင် ဂလက်ဒီးစ်ကိုးကွယ်သော ဘုရား ရှင်၏ တန်ခိုးတော်ကို သူကိုယ်တိုင်တွေ့ခဲ့ရပြီးဖြစ်သဖြင့် သူလည်း ခရစ်ယာန်တစ်ဦးဖြစ် ချင်သည်ဟုဆို၏။ မြိုစားကြီးက သူမအတွက် အစောင့်စစ်သားနှစ်ဦးနှင့် သုံးရက်စာ ရိက္ခာထည့်ပေးကာ ဂလက်ဒီစ်သည် သူ့ကလေးများနှင့် ရှန် (Sian) တောင်ကုန်းများကို ဖြတ်ကျော်၍ ချန်ကေရှိတ်ကတော်၏ မိဘမဲ့ကျောင်းရှိရာသို ထွက်လာခဲ့ကြသည်။

ကလေးငယ် ၁၀၀ နီးပါးခန့်ကို ဦးဆောင်၍ ဘေးအန္တရာယ်များ ပြွမ်းတီးပြီးသ ကာလ ရန်သူစစ်ကြောင်း နှင့်လည်း ပက်ပင်းတိုးမိနိုင်သော ခရီးရှည်ကြီးကိုစွန့်စားထွက် ခွာလာဖိုရန်မှာ အလွန်မိုက်ရူးရဲရာကျသည်။ သိုသော် ဘုရားရှင်သည် သူတိုကို အကာ အကွယ်ပေး၍ သူတိုလိုအပ်သမျှကို ဖြည့်ဆည်းပေးခဲ့၏၊ ရက်သတ္တပတ် ငါးပတ်ခွဲခန့် တွင် သူတို၏ နောက်ဆုံးပန်းတိုင်ကို ရောက်ကြသည်။ လမ်းဆုံးရောက်သည်နှင့်တစ် ပြိုင်နက် ဂလက်ဒီးစ်သည် သေလုနီးပါး မောပန်းနွမ်းနယ်လျက်ရှိကာ ရှန်မြို နှစ်ခြင်းဆေးရုံ တွင် သက်သာသည် အထိနေ၍ ထိုအတောအတွင်း CIM သာသနာပြုများနှင့် အတူ နေထိုင်သည်။ ယန်ချီသို ပြန်လာ၍ မရတော့ သဖြင့် သူမသည် ရှန်တွင်သာ အခြေချနေ ထိုင်ကာ ဘဝသစ်လှုပ်ရှားမှုအဖွဲများနှင့် ရှန်မြိုသို စုပြုံဝင်လာကြသော ခိုလှုသူများအတွက် ပြင်ဆင်ပေးသည့် အသင်းတော်တစ်ခုတွင် ပါဝင်၏။

 

သူတိုကိုချစ်သောဘုရားရှင်

သူမ၏ အထင်ရှားဆုံးလုပ်ဆောင်ချက်တစ်ခုမှာ တရုတ်ပြည်၏ အနောက်မြောက်ဘက် တွင် ခက်ခဲ ကြမ်းတမ်းသော လမ်းခရီးကို ကျော်ဖြတ်၍ တိဗက်လာမားဘုန်းကြီးအပါး ငါးရာနှင့်တွေ့ဆုံကာ ဧဝံဂေလိအ ကြောင်း ဝေငှခြင်းဖြစ်သည်။ တစ်ရံရောအခါက လာမား ဘုန်းကြီးတစ်ပါးက ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃း၁၆ ကို ကိုးကားထားသော ဝေစာ တစ်ခုကို ရရှိခဲ့ဖူးကာ ထိုအချိန်မှစ၍ ထိုလာမားဘုန်းကြီးများက “သူတိုကိုချစ် သော ဘုရားရှင်”ဆိုသူကို ငံ့လင့်တောင့်တနေကြ၏။ သူတိုက ထိုဘုရားရှင်သည် တစ်နေ့လျှင် ဤချစ်ခြင်း မေတ္တာအကြောင်းကို စုံစုံစေ့စေ့ ပြောပြနိုင်သူတစ်ဦး သူတိုဆီ ပိုပေးနိုင်မည် ဟု ယုံကြည်ကြကာ ဂလက်ဒီးစ် ရောက်လာချိန်တွင် သူတိုမျှော်နေသူမှာ သူမပင်ဖြစ်မည်ဟု ယုံကြည်ကြ၏။ သူမသည် ထိုလာမားဘုန်းကြီး များနှင့် ရက်သတ္တပတ် တစ်ပတ်ကျော်ခန့် အတူနေကာ ကယ်တင်ခြင်းသတင်းစကားကို ဝေငှသည်။ သိုသော် နောင်တွင် မည်သို ဖြစ်သည်ကိုကား သူမ မသိရတော့ပေ။ အကြောင်းမှာ ကွန်မြူနစ်များက လာမားဘုန်း ကြီးများကို နှင်ထုတ်လျက် သူတို၏ ဘုန်းကြီးကျောင်းများကို မီးတိုက်ဖျက်ဆီးပစ်သော ကြောင့်ဖြစ်သည်။

ဂျပန်ကျူးကျော်သူများ အားကောင်းနေဆဲမှာပင် သူမသည် အမျိုးသားရေးဝါဒီ စစ်တပ်၏ ခြေကုပ်ယူရာဖြစ်သော ဘိုအာချီ (Boa Chi) တွင် တစ်ဖန် ထွက်ချင်ပြန်၏။ သူမသည် အနာကြီးရောဂါ သည်များကို ကိုယ်ဖိရင်ဖိပြုစုနိုင်ရန် ကြိုးစားဆက်ကပ်ကာ တရုတ်ပြည်၏ ဒုတိယအကြီးဆုံးထောင် ထဲတွင်လည်း ဝင်ထွက်သွားလာခွင့်ရ၍ နောင် အခါ ထိုထောင်ထဲရှိ သကောင့်သားရာဇဝတ်ကောင်များ ခရစ်ယာန်များဖြစ်လာကြကုန်၏။

ဂလက်ဒီးစ်သည် နှစ် ၂၀ လုံးလုံး နားချိန်ဟူ၍မရှိဘဲ အလုပ်လုပ်ခြင်းနှင့် နာမကျန်း ဖြစ်ခြင်းများအပြင် တစ်ချိန်တစ်ခါဆီက ဂျပန်စစ်သားများ၏ ရိုက်နှက်ခြင်းများ ခံခဲ့ရသ ဖြင့် ခြေကုန်လက်ပန်းကျလျက် ပင်ပန်းနွမ်းနယ်နေသဖြင့် အင်္ဂလန်သို ပြန်၍ အနားယူချင် မိ၏။ ဖြစ်နိုင်လျှင်ကား သူမသည် တရုတ်ပြည်ကို ထားမသွားချင်ခဲ့ပေ။ အကြောင်းမှာ သူမ၏ “မိသားစု”အပြင် သူမ တရားဝင်မွေးစားထားသော ကလေး ၅ ယောက်လည်း ရှိနေသည်ဖြစ်ရာ သိုသော် အင်္ဂလန်သိုကား မပြန်၍ မရပေ။

ဂလက်ဒီးစ်သည် သူမ မရှိခိုက် အင်္ဂလန်၏ ဖြစ်ပျက်ပုံအဖုံဖုံကို အလွန်စိတ်ပျက်မိ ၏။ သူတိုသည် ဝတ်ကျောင်းတတ်ဖိုဝေးရော ကိုယ်ကျင့်တရားဟူ၍ မူးလို ရှုစရာပင် မရှိ လောက်အောင် ပျက်စီးခြင်းငါးပါးဖြင့် ပျက်စီးကြကုန်၏။ သူမက ဤနိုင်ငံအား မည် သည့်အချက်ကိုကြည့်၍ ခရစ်ယာန်နိုင်ငံဟု ခေါ်ဆိုနိုင်အံ့နည်းဟုပင် ညည်းတွားသည်။ ကွန်မြူနစ်များက တရုတ်ပြည်တစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့ကြသဖြင့် သူမ တရုတ် ပြည်သို ပြန်သွား၍ မရတော့ချေ။ ထိုကြောင့် အင်္ဂလန်တွင် ၈ နှစ်တာအချိန်ကို အကျိုး ရှိရှိ အသုံးပြုသည်။ သူမသည် မိုင်ထောင်ချီခရီးများထွက်၍ တရုတ်ပြည်ရှိ အသင်းတော် အကြောင်းကို လူအများအားပြောပြကာ လန်ဒန်ရှိ တရုတ်လူမျိုးအသင်းတော်ကိုလည်း ကြိုးစားပံ့ပိုးပေး၍ ဟောင်ကောင်နှင့် စင်ကာပူမှလာသော တရုတ်ကျောင်းသားများ၏ ဒုတိယမိခင်ဖြစ်လာပြန်သည်။

ဂလက်ဒီးစ်သည် အင်္ဂလန်မှ ၁၉၅၇ ခုနှစ်တွင် တရုတ်လူမျိုးအများအပြား ထွက် ပြေးရာ တိုင်ဝမ်သို ထွက်လာကာ ထိုနေရာတွင် သူမစောင့်ရှောက်ခဲ့သော အရွယ်ရောက် မိဘမဲ့များ အိမ်ထောင်အသီးသီးဖြင့် ဖြစ်ကြသည်ကို တွေ့ရ၏။ သူမသည် သူမ၏ ကျန် သက်တမ်းကို ထိုကျွန်းပေါ်ရှိ ဒုတိယမျိုးဆက်မှ မိဘမဲ့ကလေးများကို ထိန်းသိမ်းစောင့် ရှောက်ရင်း တိုင်ဝမ်တွင် သူ့ချစ်သူများနှင့် သူတိုအတွက် သူ့အချိန်များကို ပေးခဲ့သူများ အကြား၌ ကွယ်လွန်ခဲ့သည်။

 

ဂျဖရီဘူးလ် (ဖွား ၁၉၂၁) တိဗက်သို သာသနာပြုသူ

၁၉၅၀ ခုနှစ်တွင် တိဗက်သည် ပြည်သူ့လွှတ်မြောက်ရေးတပ်၏ ဝင်ရောက်သိမ်းပိုက်ခြင်း ခံရ၍ ကွန်မြူနစ်တရုတ်ကို ရိုကျိုးစွာ မှီခိုရသော နိုင်ငံတစ်နိုင်ငံဖြစ်လာသည်။ တိဗက်ဗုဒ္ဓ ဘာသာဘုန်းတော်ကြီး ဒလိုင်းလာမား (Dalai Lama) သည် ထောင်ချီသော ခိုလှုသူများ နှင့်အတူ အိန္ဒိယနယ်စပ်သို ထွက်ပြေး လွတ်မြောက်၏။ အကြောင်းမလှသူ အများအပြား ထဲမှ ခေါင်းဆောင်များကို ကွပ်မျက်၍ အခြားရာဂဏန်းခန့်မှာ ထောင်ထဲတွင် “ကွန်မြူ နစ်စနစ်ပုံသွင်းခြင်းခံကြရသည်။ ဓားစာခံများထဲတွင် အသက်ဆုံးရှုးရသူအချိုမှာ ခရစ်ယာန်များဖြစ်၍ အသက်ရှင်ကျန်ရစ်သူများမှာလည်း ကျွန်များကဲ့သို အသက်ရှင်ကြ ရသည်။

တိဗက်သည် ကယ်တင်ခြင်းသတင်းစကား အဝင်မခံသော နိုင်ငံတစ်နိုင်ငံဖြစ်၍ နိုင်ငံ၏ တည်နေရာ အနေအထားမှာ ဟိမဝန္တာ၏ မြောက်ဘက် မြင့်မား၍ တောင်ထူထပ်သော ကုန်းပြင်မြင့်တွင်ဖြစ်သည်။ အတိတ်ကာလက တိဗက်သို ထိုးဖောက်ဝင်ရောက်ရန် ခက်ခဲရသည့်အကြောင်းမှာ သဘာဝမြေအနေအ ထားကြောင့်သာလျှင် မဟုတ်ဘဲ နိုင်ငံ အတွင်းသို ဝင်ရောက်နိုင်ရန် အစိုးရ၏ ခွင့်ပြုချက် လိုအပ်သော ကြောင့်လည်းဖြစ်သည်။ ၁၉၄၀ ခုနှစ်၊ နောက်ပိုင်းတစ်လျှောက် တရုတ်၊ တိဗက်နယ်ခြားမျဉ်းဆိုင်ရာ အငြင်းပွားမှု ကြောင့် နိုင်ငံရေးမငြိမ်သက်မှုများဖြစ်ပွားရာ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ခရစ် ယာန်များက အရဲစွန့်ကာ တိဗက်ထဲသို ဝင်ရောက်ရန် ကြိုးစားကြသည်။ ။ –

 ၁၆၂၆ ခုနှစ်တွင် တိဗက်ထဲသို ခရစ်ယာန်ဘာသာကို စတင်မိတ်ဆက်ပေးသူမှာ ဂျေဆွသာသနာ ပြုတစ်ဦးဖြစ်၍ ၈ နှစ်အကြာတွင် ထိုသာသနာပြုသူ အဆိပ်ခတ်ခြင်း ခံရ၍ ကွယ်လွန်၏။ အခြားသာ သနာပြုများ၏ ကြိုးစားမှုများလည်း အရာမထင်ခဲ့ပေ။ ဤရာစုသို ရောက်ခါမှပင် ဧဝံဂေလိမျိုးစေ့ကို ကြဲချနိုင်ခြင်းဖြစ်၏။ နောင်အခါတွင် ခရစ်တော်ကို လက်ခံသူဦးရေ အနည်းငယ်ရှိလာသော်လည်း သာသနာပြုခြင်းလှုပ်ရှားမှု များအပေါ်တွင် ဗုဒ္ဓဘာသာဝင်များ၏ အခွင့်အာဏာမှာ တစ်ချက်လွတ်အမိန့်ပင် ဖြစ်ဆဲရှိ သည်။ ၁၉၀၈ ခုနှစ် နှင့် ၁၉၂၉ ခုနှစ်အကြားတွင် တစ်နှစ်တစ်ခေါက် တိဗက်သို ပုံမှန် ရောက်သူ ဆန်ဒါဆင်းပင်လျှင် သူ့ခရီးစဉ်တစ်လျှောက်၌ မည်သူတစ်ဦးတစ်ယောက်မျှ ပြောင်းလဲသည်ဟူ၍ ညွှန်းဆိုထားခြင်း မရှိပေ။

 

ဂျော့ချ်ပတ်တာဆန်နှင့်

 ဂျဖရီးဘူးလ် (Geoffrey Bull) သည် တိဗက်သို ကယ်တင်ခြင်းသတင်းစကား ယူဆောင် ရန် ၁၉၄၁ ခုနှစ်၊ စက်တင်ဘာလတွင် ရုပ်လုံးပေါ်အောင် အကောင်အထည်ဖော်နိုင်ခဲ့ သော်လည်း အာရှအလယ်ပိုင်းကို နောင် ၆ နှစ်နေမှ စွန့်ခွာနိုင်ခဲ့သည်။ သူသည် အလွတ် တန်း သာသနာပြုဆရာ ဂျော့ချ်ပတ်တာဆန် (George Patterson) နှင့်မိတ်ဖွဲ၍ သူတို နှစ်ဦးသည် ၁၉၄၇ ခုနှစ်၊ မတ်လတွင် တရုတ်ပြည်မှ ထွက်ခွာလာကြ၏။ သူတိုသည် ယန်စီ (Yangtze) မြစ်ကို ဖြတ်ကူး၍ Nanchang သိုမသွားမီ တရုတ်ပြည်အတွင်းပိုင်း သာသနာပြုများ နှင့် ရှန်ဟိုင်းတွင် အတူနေထိုင်ကြသည်။

သူတိုသည် Kangting တွင် ၁၈ လ နေထိုင်ကြစဉ်က ထိုအရပ်ဒေသတွင် နေထိုင်သော တိဗက်လူ မျိုးများထံ၌ သူတို၏ ဘာသာစကားကို လေ့လာသည်။ သူတို သည် အာဏာရှိသော အထက်တန်းလွှာထဲမှ ပန်ဒါ (Pangda) ခေါ် ညီအစ်ကိုနှစ်ဦးနှင့် မိတ်ဆွေများဖြစ်သွားကြကာ သူတိုက ဘူးလ်ကို သူတို၏ ခံတပ်ရှိရာ ပိုး (Po) သို ခေါ် ဆောင်၍ ထိုရွာသည် ယန်စီမြစ်တစ်ဖက်ကမ်းတွင်ဖြစ်၍ တိဗက်နယ်စပ်လည်းဖြစ်သည်။ သူသည် ဘာသာစကားကိုဆက်၍ လေ့လာကာ တိဗက်ဘာသာဖြင့် ဓမ္မသစ်ကျမ်းကို တစ်ခန်းပြီးတစ်ခန်း လေ့လာ၍ သိသလောက်မှတ်သလောက်နှင့် ကယ်တင်ခြင်းသတင်း စကား ဝေငှရန် စတင်၏။

သူ၏ ဦးတည်ရာအရပ်မှာ တိဗက်သိုဖြစ်သောကြောင့် ထွက်ခွာရန်အချိန်တန်ပြီဟု ယူဆ၏။ ၁၉၅၀ ခုနှစ်၊ ဇန်နဝါရီတွင် တရုတ်တပ်နီတော်၏ ရှေးပြေးတပ် နယ်စပ်သို ရောက်လာသောကြောင့် သူတိုရှေ့တွင် တိဗက်သိုဝင်ရန် စိတ်စောနေလျက်ရှိ၏။ နိုင်ငံ ရေးကပ်ဆိုက်ကာလဖြစ်သော်လည်း ဘူးလ်က သူ့ဦးတည် ရာကိုသွားရန် အားထုတ်၍ ပတ်တာဆန်သည် အိန္ဒိယမှလာသော အဖွဲ နှင့်ပူးပေါင်းကာ ဘူးလ်သည် ပန်ဒါတို၏ ခံတပ်ရှိရာသို သွားလေ၏။ ဘူးလ်က ကယ်တင်ခြင်းသတင်းစကား ဝေငှနိုင်ရန် အခွင့်အ ရေးကို ရှာကြံ၍ ဒေသခံများနှင့်မိတ်ဖွဲကာ ဆေးပေးခန်းတစ်ခုကို ဖွင့်လှစ်သည်။

 

တောင်းဆိုမှု

ဘူးလ်၏ ဆေးပေးခန်းအလုပ်ကို အဆောတလျင်ဖွင့်လှစ်ရန် တောင်းဆိုမှုများရှိကာ သူ၏ ဆေးပညာ ဆိုင်ရာကျွမ်းကျင်မှုသည်လည်းကောင်း၊ အထောက်အပံ့များသည်လည်းကောင်း၊ မလောက်မငဖြစ်သော်လည်း သူသည် ရိုးရိုးဒဏ်ရာအနာတရများ၊ ကူးစက်ရောဂါများ နှင့် မျက်စိနာသူများကိုကား နိုင်နိုင်နင်းနင်း ကုသနိုင်၏။ အမျိုးသားအများစု လာရောက် ကုသကြသောရောဂါမှာ သူတို၏ ဓလေ့ထုံးတမ်းအရ အမျိုးသမီးများကို သူသူငါငါ မျှဝေ အသုံးပြုခြင်းကြောင့် ရလာသော ကာလသားရောဂါနှင့် ဆီးပူညောင်းကျရောဂါဖြစ်၍ အခြားလူနာများမှာ အသားပုပ်နာပျံ့နှံခြင်းကို ကာကွယ်၍ ကုသပေးရသော အသေးစား ခွဲစိတ်မှုများဖြစ်သည်။ လူနာတချိုသည် ပြင်းထန်သောရောဂါသည်များ ဖြစ်တတ်ကြ၍ တစ်ခါက ပြင်းထန်စွာ မီးလောင်ဒဏ်ရာရထား သော အမျိုးသမီးတစ်ဦး၏ အသက်ကို ကယ်တင်ခဲ့ဖူး၏။

ဘူးလ်သည် ပိုးခံတပ်တွင် မည်မျှကြာအောင်နေသွားသည်မှာ မသေချာသော်လည်း သူ၏ သစ်လုံးအိမ် ကို တိုးချဲ့၍ ဝတ်ပြုရန်အတွက် အခန်းတစ်ခုကို ထပ်မံဆောက်လုပ်ကာ ထိုအခန်းကို ကျမ်းပိုဒ်များနှင့် ကျမ်းစာ ထဲရှိ ရုပ်ပုံများဖြင့် အလှဆင်ကာ ကလေးများ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ကြောင်းကား သေချာ၏။ သူတိုနေထိုင် ရာအရပ်ကို ဖြတ်သွားဖြတ် လာပြုကြသော တရုတ်လူမျိုး ဧဝံဂေလိဆရာနှစ်ပါးသည် သူနှင့် လာရောက်မိတ်ဖွဲ၍ ထို နေရာတွင် ပထမဆုံးအကြိမ်အဖြစ် ဝတ်ပြုပွဲကျင်းပနိုင်ခဲ့သည်။

သူသည် တရုတ်ပြည်အနောက်ပိုင်း ဘာတန် (Batang) သို ယုံကြည်သူနှစ်ဦးနှင့် ပြန်လာ၍ အချိန်အ တန်ကြာနေကာ အသင်းတော်လေးတစ်ခုတည်ထောင်၍ သူတိုအခက် အခဲပြဿနာများကို ဖြေရှင်းပေးသည်။ သူသည် ကွန်မြူနစ်အာဏာပိုင်များထံ၌ ဘာတန် တွင် သူရှိနေကြောင်း သတင်းပိုကာ သူ့အလုပ်ကို ဆက်လက် ခွင့်ပြုပါမည့်အကြောင်း တောင်းဆိုရာ သူတိုကလည်း ခွင့်ပြု၏။ သိုသော် ထိုခွင့်ပြုချက်သည် မုန်တိုင်းမလာခင် လေငြိမ်ခြင်းသာလျှင်ဖြစ်၏။

၁၉၅၀ ခုနှစ်၊ မေလတွင် တပ်နီတော်ကြီးချီလာကြောင်းသတင်းရကာ တရုတ်စစ်သား တပ်ခွဲများ ရွာမရောက်မီ သူသည် ပိုးခံတပ်သို ပြန်လည်ရောက်ရှိပြီးဖြစ်သည်။ သူသည် ခရစ်ယာန်သာသနာပြုတစ်ဦး ဖြစ်ကြောင်း သိစေကာ ကွန်မြူနစ်များက သူ့ကို ဘာဒုက္ခမှ မပေးကြသော်လည်း နိုင်ငံခြားသားတစ်ဦးဖြစ် သောကြောင့် သိသိသာသာ သင်္ကာမကင်း ခံရသည်။ သူသည် နယ်စပ်ကိုဖြတ်၍ တိဗက်သို ကူးရန်အတွက် မျှော်လင့်အားခဲထား ဆဲပင်ဖြစ်သည်။ ဇူလိုင်လကုန်တွင် ကွန်မြူနစ်များ ဆုတ်ခွာသဖြင့် သူသည် တိဗက်နယ် စပ်ကိုဖြတ်ကျော်ကာ ပင်လယ်ရေမျက်နှာပြင် အထက်ပေပေါင်း ၁၄ဝဝဝ ခန့်မြင့်သော တောထူထပ်သည့် Markham Gartok နယ်စပ်ခံတပ်တွင် အခြေချ၏။ သူသည် ထို နေရာမှ အတွင်းပိုင်းဖြစ်သော တိဗက်မြိုတော် လာဆာ (Lhasa) သိုသွား၍ ဆေး ပညာဖြင့် သာသနာပြုလုပ်ငန်းလုပ်ဆောင်နိုင်ရန် မျှော်လင့်တကြီး စောင့်ဆိုင်းသည်။

ထိုသို စောင့်ဆိုင်းနေစဉ်လပိုင်းတွင် တိဗက်လူမျိုးများက ဗုဒ္ဓဘာသာနှင့် ကွန်မြူနစ် ဝါဒ၏ အခွင့်အာ ဏာများကို အသုံးပြု၍ ကယ်တင်ခြင်းသတင်းစကားအပေါ်တွင် ဆန့် ကျင်ခြင်းများ ပြုလာသည်ကို ခံစားရ၏။ သူသည် ဗုဒ္ဓဘာသာ၏ ဘာသာရေးအခမ်းအနား များနှင့် ဘာသာရေးပွဲလမ်းသဘင်များကို ဂရုတစိုက်လေ့လာ၍ နတ်ဆိုး၏ ဘုန်းတန်ခိုး များကို ပိုင်ဆိုင်သည်ဟု ယူဆထားသော လာမားဘုန်းကြီးများကို ရင်ဆိုင်တွေ့ဆုံကာ ကယ် တင်ခြင်းအကြောင်းကို ဆွေးနွေးသည်။ သူသည် သာသနာပြုများအပေါ်တွင် ကွန်မြူနစ် များ၏ ရက်စက်ကြမ်းကြုတ်သော ပုန်းလျှိးကွယ်လျှိး အန္တရာယ်ပြုတတ်သည့် နည်းလမ်း များကို ခေါင်းထဲတွင် ထည့်ထား၍ များမကြာမီတွင် ကွန်မြူနစ်များက ဒုစရိုက်ပေါင်း စုံဖြင့် သူ၏ယုံကြည်ခြင်းအုတ်မြစ်ကို ခြိမ်းခြောက်လာတော့သည်။

 

အဖမ်းခံရခြင်း

အောက်တိုဘာတွင် ပြည့်သူလွတ်မြောက်ရေးတပ်များသည် နယ်စပ်ကိုဖြတ်၍ တိဗက်ထဲ သို ဝင်ရောက်သွား၏။ Gartok ဘုရင်ခံသည် သူ့ထက် အင်အားကြီးသောတပ်ကို မတား ဆီးနိုင်သောကြောင့် တိဗက်ထဲသို ပေးဝင်လိုက်ရသည်။ ဘူးလ်ကား အဖမ်းခံရ၍ အစောင့် အကြပ်ဖြင့် ဘာတန်သို စစ်မေးရန် ခေါ်ယူခြင်းခံရ၏။

သူ့ကိုယ်သူ မည်မျှပင် ကာကွယ်ပြောဆိုနေသော်လည်း သူ့ကို “ဗြိတိသျှနယ်ချဲ့ သမား”နှင့် စပိုင်ဟု စွပ်စွဲကြ၏။ သူ့ကို ဖမ်းဆီးလာသူများက သူအား ပစ်သတ်ခံရမည် ဟုပင် ခြိမ်းခြောက်နေကြသေးသည်။ သူသည် အဖမ်းခံရစဉ် နှစ်ရက်အတွင်း၌ စိတ် အလွန်ပင်ပန်းသဖြင့် “ဖယောင်းတိုင်မီးကဲ့သို” လောင်ကျွမ်းလျက်ရှိကာ အသက် ၂၉ နှစ်သာရှိသေးသော်လည်း ထိုအချိန်မှစ၍ သေမင်း၏ ချည်နှောင်ခြင်းကိုပင် မကြောက် တတ်တော့ပေ။

ဘာတန်တွင် နေစဉ်အတွင်း ကိုယ်တော်က ထိုထောင်ထဲတွင် ၃ နှစ်နေရမည်ဟု အရိပ်လက္ခဏာပြသဖြင့် ပရိဒေဝမီး လွန်စွာ တောက်လောက်လျက်ရှိသည်။ သူသည် သူ့ ကျမ်းစာအုပ်ကို သူနှင့်အတူ ယူဆောင်လာ၍ ကျမ်းစာဖတ်ခြင်းနှင့် ဆုတောင်းခြင်းကို ခွင့်ပြုသောကြောင့် ထိုအရာများဖြင့် သူ့ယုံကြည်ခြင်းကို အားဖြည့်သည်။ သိုသော် နောင် အခါ သူ့ကျမ်းစာအုပ်ကို သူ့ထံမှ ယူဆောင်သွားကြသည့်အပြင် ဒူးထောက် ဆုတောင်း ခြင်းလည်း ခွင့်မပြုတော့ပေ။ ဤအခြေအနေတွင် သူသည် သူအလွတ်ရထားသော ကျမ်း ပိုဒ်များဖြင့် ခွန်အားယူကာ အိပ်စက်ရန်လဲလျောင်းသည့် အချိန်မှသာလျှင် ဆုတောင်းရ တော့၏။

ဘာတန်တွင် တစ်ကိုယ်တည်း တိုက်ပိတ်ခံရသည်မှာ ၄၅ ရက်ဖြစ်၍ ထိုနောက် ဆောင်းတွင်းအ လယ်လောက်တွင် ချုံကင်း (Chungking) သို ပြောင်းရွှေ့ရန် ၄၄ ရက် ခြေကျင်လျှောက်ရသည်။ ချုံကင်းတွင် တစ်ရက်ပြီးတစ်ရက် စစ်အရာရှိများက သူ့ဘဝ နှင့် သူ့လုပ်ငန်းအကြောင်းအပြင် မည်သူနှင့်တွေ့ဆုံခဲ့ရသည် များကို စစ်မေးကာ သူ့နေ့စဉ် မှတ်တမ်းများ၊ ပေးစာများနှင့် စာရွက်စာတမ်းများကို သူ့အား တိုက်ခိုက်ရန်အ ထောက် အထားအတွက် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ၅ လတာ အဆက်မပြတ် မေးခွန်း များ တရစပ်စစ်မေး၍ “အတွေးအမြင်ပြောင်းလဲခြင်း”ရရန် မည်သိုပင် သွတ်သွင်းသော် လည်း သူ့ကို စစ်မေးသူများ၏ ကြိုးစားအားထုတ်မှုမှာ အချည်းနှီးပင်ဖြစ်သည်။

၁၉၅၁ ခုနှစ်၊ ဇူလိုင်တွင် ဘူးလ်သည် အသစ်ဆောက်လုပ်ထားသောထောင်တွင် “သီးသန့်ဝန်ခံ ခြင်းပြုလုပ်ရန်” ထောင်ပြောင်းရ၏။ ထိုထောင်ထဲတွင် မက်စ်ဝါဒဆိုင်ရာ (Marxist) ပြဋ္ဌာန်းစာအုပ်များနှင့် သတင်းစာများကို သူ့အတွေးအမြင်များပြောင်းလဲနိုင်ဖို ရန် ပေးဖတ်သည်။ စစ်မေးခြင်းများနေရာတွင် “တရုတ် လူမျိုးများကို ဆန့်ကျင်သော သူ၏ ရာဇဝတ်ပြစ်မှုများအတွက် စဉ်းစားဆုံးဖြတ်နိုင်ရန် အချိန်ပေးသည်။ သူ့ကို တစ်ကိုယ် တည်းထဲ ၁ နှစ်နီးပါးခန့် အခြားထောင်သားများနှင့်ခွဲ၍ ထားသဖြင့် သူသည် ပေါက် ကွဲလုနီးပါးဖြစ် ခဲ့၏။ နောက်ဆုံးတွင် အခြားထောင်သားများကို သူ့အခန်းကျဉ်းလေး ထဲသို ပြောင်းရွှေ့ခိုင်းရခြင်းမှာ နေရာအ လွတ်မရှိ၍မဟုတ်ဘဲ နည်းဗျူဟာအရသာဖြစ် သည်။

 

စစ်မေးခြင်းများ ၊

 အလုံပိတ်အကျဉ်းခန်းခေါင်းဆောင်က အကျဉ်းသားတစ်ဦးချင်းစီ၏ အတွေးအမြင်နှင့် ပတ်သက်၍ “တိုးတက်မှုရှိ၊ မရှိကို စစ်ဆေးမေးမြန်းသည်။ တစ်ဦးချင်းဆီက သူတို ဘဝကို သူတိုပြန်လည်စစ်ဆေး၍ သုံးသပ်ကြကာ အများအပြားက သူ့ကို ဝေဖန်ရေးစကား များဆိုကြ၍ သူ့အမှားများကို ဝေဖန်ထောက် ပြကြသည်။ ဘူးလ်သည် သူ့ယုံကြည်ခြင်းက သူ့အမှတ်အသားဖြစ်နေသောကြောင့် မည်သိုမျှ တိုးတက်ခြင်း မရှိသဖြင့် သူ့ကို ဘာသာရေး အယောင်ဆောင်သူ “ကမ္ဘာလှည့်စပိုင်”ဟု စွပ်စွဲကြသည်။ မည်သိုပင် စစ်ဆေး မေးမြန်း ခြင်းများပြုနေသော်လည်း သူ့သဘောထားကား ပြောင်းလဲ၍ မသွားပေ။

စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများဖြင့် အမြဲတမ်းဖိနှိပ်ခံရသဖြင့် ၁၉၅၃ ခုနှစ် တွင် စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုကြောင့် ကျမ်းစာကို အာရုံပြုရန် (သို) ဆုတောင်း ရန်ပင် ခက်ခဲသည်အထိဖြစ်သည်။ နောက်ဆုံးတစ်ခေါက် ပြင်းထန်စွာ ကိုယ်ထိလက် ရောက် ဆုံးမခြင်းခံရစဉ်က သူ့ယုံကြည်ချက် ပြိုလဲကျလု မတတ်ဖြစ်၍ မိမိယုံကြည်ခြင်း ကို စွန့်လွှတ်ခါနီးအထိပင် ဖြစ်ခဲ့သေး၏။ သိုသော် ထောင်ချီသော ယုံကြည် သူများက သူ့အတွက် ဆုတောင်းပေးကြမည်ဆိုသည်ကို သူသိ၍ ဘုရားရှင်က ပလ္လင်ပေါ်မှနေ၍ ကြားဝင် ဖျန်ဖြေပေးမည်ကိုလည်း သူသိသည်။ ထိုကြောင့် “သန်ခေါင်းထက် ညမနက်နိုင်” ဟု အားခဲထား၏။

နိုဝင်ဘာ ၁၁ တွင် သူ့ကို နေရာရွှေ့ ပေးမည်ဟု ပြော၍ ဒီဇင်ဘာ ၂ ရက်နေ့သည် သူ၏ တရားဝင် ဘေးအန္တရာယ်ကျရောက်သော နှစ်ပတ်လည်နေ့လည်းဖြစ်သည်။ ထိုရက် မှ ၉ ရက်မြောက်နေ့တွင် သူ့ကို ဘုရင်ခံ၏ ရှေ့တော်သို သွင်းစေ၍ ဘုရင်ခံက သူ့ပြစ် ဒဏ်ကို ဖတ်ကြားရာ၌ သူ့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အပြီးအပိုင်နှင်ထုတ်လိုက် သည်ဟူ၍ ဖြစ်၏။ ၁၉၅၃ ခုနှစ်၊ နာတာလူးပွဲတော်ရက် မတိုင်မီ သူသည် ဟောင် ကောင်သို လွတ်လပ်စွာ ရောက်သွားခဲ့သည်။

ဂျဖရီဘူးလ်သည် ဗြိတိသျှကိုလိုနီဖြစ်သော ဟောင်ကောင်တွင် ရက်သတ္တပတ် ၆ ပတ်အချိန်ယူ၍ လွတ်လပ်ခြင်းကို တဖြည်းဖြည်းနှင့် ကုစားညှိနှိင်းယူ၏။ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားသော်လည်း သူ့နှလုံးသား ပြောင်းလဲ၍ မသွားပေ။ လူပေါင်း ၂၀၀ ကျော် ခေါင်းထဲမှ အယူဟောင်းများကို ထုတ်ပစ်၍ အယူသစ်များကို ရိုက်သွင်းခြင်းခံရသော်လည်း သူ့ယုံကြည်ချက် ခိုင်မာကြောင်းကား အလွန်သေချာ၏။

သူသည် သူ၏ အချုပ်ခံကာလ ထိုသုံးနှစ်ကို ပြန်လည်ငဲ့စောင်းကြည့်လိုက်သော အခါတွင် “ဝိညာဉ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ အထုအထောင်းခံရခြင်းများမှာ ဘုရား၏ အလိုတော်ဖြစ်ကြောင်း သိမှတ်၏။ ခက်ခဲသောကာလတွင် ဘုရားရှင်အပေါ်၌ သူ၏ ယုံ ကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာသည် မည်သိုပင် အားပျော့နေစေကာမူ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာက သူ့ကို ပစ်မထားမှန်းလည်း သူသိသဖြင့် “ဘုရားရှင်အ ပေါ်တွင် သစ္စာ ရှိမြဲရှိခဲ့သည်။ နောက်ဆုံးတွင် ဂျဖရီဘူးလ်သည် လွတ်လပ်ခွင့်ရကာ ဘုရားရှင်၏ နှုတ်ထွက်စကားတော် တည်မြဲကြောင်း သူ သက်သေခံခဲ့သည်။

 

ဂျက်ကီပူလင်ဂျာ (ဖွား ၁၉၄၄) နံရံပိတ်မြိုတော်ကော်လွန်သို သာသနာပြုသူ

 ဗြိတိန်ရှိ ဧဝံဂေလိလှုပ်ရှားမှုသည် ဤရာစုနှစ်ထက်ဝက်ခန့်အထိ လွှမ်းမိုးမှုရှိကာ ၁၉၆၀ ခုနှစ်ဝန်း ကျင်တွင် ကာရစ်စမဲတစ် (Charismatic) လှုပ်ရှားမှုကြောင့် အသင်းတော်သည် တစ်ဖန် ပြန်လည်ရှင်သန်လာ၏။ ကယ်လီဖိုးနီးယားရှိ အင်္ဂလို-ကက်သလစ်များအတွင်းမှ စတင်ပေါက်ဖွားသော ထိုလှုပ်ရှားမှုသည် တဖြည်းဖြည်း နှင့် ပရိုတက်စတင့်ဂိုဏ်းဂဏများ အတွင်းသို ထိုးဖောက်ဝင်ရောက်လာ၍ နှစ်အနည်းငယ်အတွင်း၌ ရိုမင်ကက် သလစ်ဝါဒ အတွင်း အရေးပါလာသည်အထိဖြစ်သည်။

ယင်းလှုပ်ရှားမှုသည် ရံခါတွင် ဘာသာစကားများပြောခြင်းနှင့် အလွယ်တကူ နှီး၊ နွယ်ဆက်စပ်၍ ဝိညာဉ် တော်၏ ဆုကျေးဇူးများဖြစ်သော အထူးသဖြင့် ကျန်းမာခြင်းဆု ကျေးဇူးနှင့် ပေါက်ကွဲသံစဉ်များဖြင့် ဝတ်ပြုခြင်း အပြင် ဂီတဖြင့် ဝတ်ပြုခြင်း၊ ကခုန်ခြင်း၊ နှင့် အနုသုခုမများဖြင့် ဖော်ကျူးတတ်ကြရာ ဝယ်စလေတိုခေတ် ခံယူချက်နှင့်ကား မတူ ကွဲပြားလေတော့၏။

ထိုလှုပ်ရှားမှုက အသင်းတော်ဂိုဏ်းဂဏများကို နေရာအနှံအပြားတွင် ထက်ခြမ်းကွဲ စေသော်လည်း ခရစ်တော်တွင် အသစ်သောပေါင်းစည်းခြင်းကို သယ်ဆောင်ပေးကာ တချိုကိစ္စများတွင် အငြင်းပွားမှုကို ဖန်းတီးပေးလေ့ ရှိတတ်သည်။ သိုသော်ငြားလည်း ထိုလှုပ်ရှားမှုကို ယုံကြည်သော ထောင်ချီရှိသည့် သီးခြားလူပုဂ္ဂိုလ်ခရစ်ယာန်များက ယုံကြည်ခြင်းအားသစ်ပြန်ရနိုင်ကြကာ အသင်းတော်များလည်း သန့်ရှင်း သောဝိညာဉ်တော် ၏ ပြန်လည်ဆန်းသစ်စေခြင်းအားဖြင့် ချစ်ခြင်းမေတ္တာနှင့် ဘုန်းတန်ခိုးတွင် ထူးခြားပြောင် မြောက်စွာ ကြီးထွားလာကြသည်။

 

သန့်ရှင်းသောဝိညာဉ်တော်

သန့်ရှင်းသောဝိညာဉ်တော်၏ ဗတ္တိဇံပေးခြင်းကြောင့် လုံးလုံးလျားလျား ပြောင်းလဲလာ သူတစ်ဦးမှာ ဂျက်ကီပူလင်ဂျာ (Jackie Pullinger) ဖြစ်၍ သူမ၏ စီမံကိန်းအသစ်မှာ ဟောင်ကောင်မြိုရှိ သီးသန့်မြို တစ်မြိုဖြစ်သော နံရံပိတ်မြိုတော် ကော်လွန် (Walled City of Kowloon) တွင် အမှုတော်လုပ်ငန်း လုပ်ဆောင်ရန်ဖြစ်သည်။ ဂျက်ကီသည် သာသနာပြုလုပ်ငန်းတွင် မည်မျှပင် ဇွဲထက်သန်နေသော်လည်း ခရစ်တော်အကြောင်းပြော လိုက်သည်ဆိုလျှင် အဖက်မလုပ်ခြင်းနှင့် အထင်သေးခြင်းများ ခံရ၏။ သိုသော် ဝိညာဉ် တော်၏ ဗတ္တိဇံပေးခြင်းခံရပြီးနောက်ပိုင်းတွင် သူမပြောသမျှကို ယုံကြည်ကြ၍ ဆေးသ မားများလည်း သူမဆီ ဆေးဖြတ်ရန်လာကြကာ အံ့သြဖွယ်ရာကောင်းလောက်အောင် သူမ၏ ဆုတောင်းခြင်းများကို ဘုရားရှင်က နားညောင်းခဲ့သည်။

‘ ဂျက်ကီသည် တော်ဝင်ဂီတကောလိပ်၏ ကျောင်းသူဟောင်းတစ်ဦးဖြစ်၍ သာသ နာပြု အသင်းများက သာသနာပြုတစ်ဦးအဖြစ် လက်ခံရန် အရွယ်ငယ်လွန်သေးသည့် အပြင် အရည်အချင်းမရှိဟု သူမ၏ လျှောက်လွှာများကို လက်မခံဘဲနေကာ မည်သူမျှ ဂီတပညာရှင်မဖြစ်ချင်သည့်ခေတ်တွင် ဘုရားရှင်အသုံးပြု လိုက ဂီတပညာလည်း သာသ နာလုပ်ငန်းအတွက် အသုံးတည့်နိုင်ကောင်းရဲ့ဟု သူမခံစားနေမိ၏။ “ငါ့ ကို ကိုးစား ပါ၊ သိုပြုလျှင် သင့်ကို ငါလမ်းပြမည်”ဟု ဘုရားရှင်ဆိုခဲ့သည် မဟုတ်ပါလား။

အင်္ဂလီကန်အမှုတော်ဆောင်တစ်ဦး၏ အကြံပေးချက်ကြောင့် သူမသည် တရုတ်ပြည် သို အသွားလက် မှတ်အတွက်သာဝယ်၍ ဟောင်ကောင်သိုရောက်လာစဉ် တရုတ်ပြည် သည် ယဉ်ကျေးမှုတော်လှန်ရေးကြီးကို ဆင်နွှနေချိန်ဖြစ်သည်။ နံရံပိတ်မြိုတော်တွင် တနင်္ဂနွေဥပုသ်နေ့ ဝတ်ပြုစည်းဝေးချိန်၌ အော်ဂင်တီးသည့် အလုပ်တစ်ခုကို ရ၏။ အခကြေးငွေ အားဖြင့် မများလှသော်လည်း ဤဟာသည် အစပြုခြင်းဖြစ်သည်ဟု သူမ လက်ခံလိုက်၏။

၁၉၆၆ ခုနှစ်၊ ဂျက်ကီ ပထမဆုံးအကြိမ် ရောက်လာစဉ်က နံရံပိတ်မြိုတော်အတွင်း ရှိ ဆယ်ကျော် သက်လူဆိုးဂိုဏ်းများအတွက် လူငယ်ကလပ်တစ်ခုဖွင့်လှစ်၍ သူတိုအတွက် အလုပ်များကိုလည်း ရှာပေးကာ တရားရုံးရောက်သူများနှင့်လည်း တရားရုံးသို အတူ သွား၍ သူတို၏ မိသားစုများကိုလည်း တတ်နိုင်သည့်ဘက်မှ အကူအညီများပေးသည်။

သူမ၏ လူတိုင်းအပေါ်ထားသော စေတနာသဒ္ဓါတရားသည် ပျံ့နှံလျက်ရှိကာ မြိုတော်၏ အခြားနေ ရာမှလူများကလည်း သူမကို စတင်၍ ချဉ်းကပ်လာကြသည်။ သူ တိုက သူမသည် သူတိုဆီမှရသမျှကို ချူစားမည့် အနောက်တိုင်းသူတစ်ဦးဟုသာ ထင် မှတ်မှားခဲ့ကြ၏။ သူမက သူတိုတောင်းဆိုသမျှ ချက်ချင်း လက်ငင်း ဆောင်ရွက်မပေး နိုင်သောကြောင့် ဤနည်းလမ်းကို အသုံးပြုသည်။ ထိုနည်းလမ်းမှာ ခရစ်တော် အ ကြောင်းပြောပြနိုင်ရန် “ကလပ်သို ခေါ်ယူသွေးဆောင်ခြင်း”ဖြစ်၏။

ကလပ်သို အရောက်ခေါ်ယူနိုင်သော်လည်း ထင်တိုင်းခရီးမပေါက်နိုင်ဘဲ ရှိကာ ခရစ်တော် အကြောင်းပြောရန် စကားစလိုက်သည်ဆိုလျှင် မျက်လုံးပြူး မျက်ဆံပြူးဖြင့် တွေဝေ၍ စိုက်ကြည့်နေသူများ (သို) ခေါင်းတညိတ်ညိတ်လုပ်နေကြသူများနှင့် “အိုး….ဒါ သိပ်ကောင်းတာပဲ”ဟူ၍သာ တုံပြန်ကြ၏။ သူမ ပို၍ စိတ်ပျက်ရသည့် နောက်အကြောင်း တစ်ခုမှာ ထိုကျွန်းပေါ်တွင် သာသနာပြုစခန်းများတည်သွား၍ တစ်ဦးတစ်ယောက်ကိုမျှ ပြောင်းလဲအောင် မစွမ်းဆောင်နိုင်သည့်အပြင် တစ်ဖန်ပြန်တွေ့ရန် မျှော်လင့်ချက်မရှိ တော့သော သာသနာပြုအချို၏ စိတ်ဓာတ်များကြောင့်လည်းဖြစ်သည်။

တရုတ်လူမျိုး ခရစ်ယာန်နှစ်ယောက်၏ အားပေးမှုကြောင့် ဂျက်ကီသည် သန့်ရှင်း သောဝိညာဉ်တော်၏ ဗတ္တိဇံပေးခြင်းကိုခံရကာ ဘာသာစကားများပြောခြင်း ဆုကျေးဇူးကို ရရှိသည်။ ထိုဆုကျေးဇူးမရခင် ရက်သတ္တပတ်ခြောက်ပတ်ကတည်းက ထူးခြားဆန်းပြား သော အဖြစ်အပျက်တစ်ခုဖြစ်ပွားမည်ကို တင်ကြို၍ သူသိနေခဲ့၏။ ယခုအချိန်တွင် သူ တောင်းသမျှဆုကို ဘုရားရှင်က နားညောင်းတော်မူပြီဖြစ်သဖြင့် တရုတ်လူမျိုး ငယ်ရွယ် သူအမျိုးသမီးများ ခရစ်တော်ထံပါးသို ရောက်လာကြကုန်၏။

ခရစ်ယာန်ဘာသာယူသူ လူသစ်များအတွက် ဂျက်ကီက သာသနာပြုစခန်း၌ တနင်္ဂနွေနေ့ ညပိုင်းအစီ အစဉ်တွင် သူတိုကို အပတ်စဉ် ကျမ်းစာသင်ပေး၏။ ထိုဝတ် ကျောင်းထဲရှိ အသင်းသူအသင်းသားများက ထိုလူငယ်ဖုတ်သိုက်များကို မကြည်ဖြူနိုင် ကြသဖြင့် ဝါရင့်သာသနာပြုတစ်ဦး၏ အကြံပေးချက်အရ သူမ၏ ကိုယ်ပိုင်ဝတ်ပြုပွဲ အတွက် အခန်းတစ်ခန်းငှားရမ်းကာ တနင်္ဂနွေနေ့မနက်ပိုင်းတွင် ဝတ်ပြုခြင်းအစပြုသည်။ နောင်အခါ စနေနေ့ညနေပိုင်းတွင် ဝတ်ပြုဆုတောင်းစည်းဝေးပွဲများ ကျင်းပ၍ ခရစ်ယာန် အများအပြား လာရောက်တရားနာကြသည်။ သူတိုတွေ့ဆုံသော ထိုအခန်းကို “သုခဘုံ” ဟုခေါ်၍ နံရံပိတ်မြိုတော်၏ လုပ်ငန်းအတွက် ဆုံချက်ဖြစ်လာသည်။

 

မူးယစ်ဆေးဝါးများ

၁၈ ရာစုမှစ၍ တရုတ်အစိုးရက ဘိန်းလုပ်ငန်းအပေါ် ကာကွယ်တားဆီးရခြင်း၏ အကြောင်း ၊ များအနက် တစ်ခုမှာ မှန်းခြေအားဖြင့် နိုင်ငံ့လူဦးရေ၏ ၁၀ သန်းခန့်မှာ ဆေးစွဲသူများဖြစ် ခြင်းကြောင့်ဖြစ်၍ ထိုသိုဖြစ်ရခြင်းမှာလည်း နိုင်ငံ့အခွန်များကို မတန်တဆကောက်ခံခြင်း ကြောင့်ဖြစ်သည်။ ၁၈၃၉ ခုနှစ်တွင် တရုတ်အစိုးရက ဘိန်းကုန်ကူးခြင်းကို စတင်နှိမ် နင်းကာ ထိုနှစ်တွင် ဘိန်းပင်ထည့်ထားသော ကျွန်းသေ တ္တာကြီးအလုံး ၂ဝဝဝဝ ကို နိုင်ငံ တော်က သိမ်းယူ၏။ ဗြိတိသျှအစိုးရသည် အမြတ်များသော မူးယစ်ဆေး ဝါးလုပ်ငန်း ရပ် ဆိုင်းသွားမည်ကိုစိုးရိမ်သဖြင့် စစ်သည်ပေါင်း ၄၀၀၀ နှင့် စစ်သင်္ဘောများဖြင့် လက်ဦးမှု ယူ၍ ပြန်လည်ရယူရန် တိုက်ခိုက်ကာ ကုန်ကူးခြင်းဆိုင်ရာ အခွင့်အရေးများကို ပြန်လည် ထားရှိသည်။ နန်ကင်း သဘောတူညီချက်စာချုပ်အရ ဘိန်းကုန်ကူးခြင်းသည် ဆက်လက် ရှင်သန်ဖွံဖြိုးလျက်ရှိကာ ဟောင်ကောင်သည် မူးယစ်ဆေးဝါးလုပ်ငန်း၏ အခရာနေရာ ဖြစ်လာသည်မှာ ၁၉၄၀ ခုနှစ်တွင် ဘိန်းများ တရားမဝင်ဟု ကြေညာသည်အထိဖြစ်၏။ ၁၉၅ဝ တစ်ဝိုက်တွင် ဘိန်းဖြူနာမည်ကြီးလာ၍ ထိုဘိန်းဖြူသည် ဘိန်းထက်ပို၍ ဈေး သက်သာကာ အကြောထဲသွင်းယူနိုင်သကဲ့သို အငွေ့အဖြစ်လည်း ရှူသွင်းနိုင်သည့်အပြင် ပို၍လည်း အတက်မြန်သည်။ အစတွင် အိန္ဒိယမှ သယ်လာခြင်းဖြစ်၍ ယခုအချိန်တွင် ထိုင်း၊ မြန်မာနှင့် လာအိုနိုင်ငံများမှ သယ်ယူရောင်းချနေကြ၏။ ၁၉၈၁ ခုနှစ်မှစ၍ ဟောင်ကောင်အစိုးရက ထိုမူးယစ်ဆေးဝါးကုန်ကူးခြင်းကို တစ်နှစ်လျှင် စတာလင်ပေါင် သန်း၂၀ အကုန်ကျခံ၍ နှိမ်နှင်းသော်လည်း အမြစ်ပြတ်သွားသည်ဟူ၍ကား မရှိပေ။

နံရံပိတ်မြိုတော်အတွင်း သူမ၏ စွန့်စားဦးတည်ရာမှာ ဖိန့်ဖိန့်တုန်အောင်ကြောက် ကြရသော ထရစ် (Triad) ခေါ် လူဆိုးဂိုဏ်းများဖြစ်သည်။ ထိုလူဆိုးလျှိဝှက်ဂိုဏ်းမှာ ၁၇ ရာစုလောက်ကတည်းက ဖွဲစည်းထားသော အဖွဲဖြစ်၍ မန်ချူးမင်းဆက်ကို ဖြုတ်ချ သူများလည်းဖြစ်၏။ ယနေ့တွင် ထိုအဖွဲမှာ ရာဇဝတ်မှုကျူးလွန်သော လူဆိုးများဖြစ်၍ လောင်းကစားခြင်းနှင့် ဘိန်းခန်းများဖြင့် ငွေရှာသူများလည်းဖြစ်သည်။ တစ်ညတွင် ဂျက်ကီ၏ လူငယ်ကလပ်သည် လူရမ်းကားတချို၏ လက်သရမ်းခြင်းကြောင့် ဖျက်ဆီး ခံရရာ သူမက ထရစ်လူမိုက်တစ်ဦး ထံ၌ သွားရောက်တိုင်တန်းသောကြောင့် ၁၄ ကေ အမည်ရှိ ထရစ်လူမိုက်ဂိုဏ်းခေါင်းဆောင် ဂိုကို (Goko) က သူမ၏ ကလပ်ကို နောက် ထပ်အဖျက်အဆီးမခံရအောင် စောင့်ကြပ်ပေးရန် ““အသတ်အပုတ်ကျွမ်းကျင်သူ” တစ်ဦး ထည့်ပေးလိုက်သည်။

အသတ်အပုတ်ကျွမ်းကျင်သူ ဆေးသမား ဝင်ဆုမ် (Winsom) သည် ညတိုင်း ဂျက်ကီ၏ ကလပ်ကို စောင့်ကြပ်ပေးသော်လည်း အထဲသိုဝင်လာရန်ကား ငြင်းဆန်နေ၏။ ရက်သတ္တပတ် အတန်ကြာပြီးနောက် လူဆိုးလူမိုက်များကို တရားချနေသော ဂျက်ကီ၏ ပြောစကားများကို နားထောင်ရာမှ တစ်ညတွင် သူကိုယ်တိုင် ခရစ်တော်ထံပါးသို တိုး ဝင်ကြည့်ချင်ကြောင်း လာရောက်ပြောကြား၏။ ဂျက်ကီနှင့်အတူ ဆုတောင်းပြီးလျှင် ချက်ချင်းဆိုသလို ဝိညာဉ်တော်၏ ဗတ္တိဇံပေးခြင်းခံရ၍ ဘာသာရေးဆိုင်ရာ မည်သည့် အတွေ့အကြုံမှ မရှိသော်လည်း ဝင်ဆုမ်သည် ဘာသာစကားများ ချက်ချင်းပြောတတ်လာ သည်။ ၁ နာရီခွဲအတွင်းတွင် မည်သည့်ရောဂါ လက္ခဏာမျှမရှိဘဲ ဘိန်းစားဘဝမှ ကျွတ် လွတ်ခဲ့သည်။ သူသည် ဘုရားရှင်၏ တန်ခိုးတော်ကြောင့် ရင်းထခြင်း အလျင်းမရှိဘဲ လွတ်မြောက်သွားသော ဂျက်ကီ ပထမဆုံးတွေ့ရသည့် ဆေးသမားဖြစ်၏။

ထရစ်လူမိုက်ဂိုဏ်းခေါင်းဆောင် ဂိုကိုသည် ဂျက်ကီ၏ “အစွမ်း”ကြောင့် သူ့လူ မိုက်အဖွဲဝင်များ ဆေးသမားဘဝမှ ကျွတ်လွတ်ခြင်းအပေါ်တွင် အံ့အားသင့်ကာ ခရစ်တော် နောက်လိုက်ချင်သော သူ့ကောင်လေးများကိုလည်း အသာတကြည် လွှတ်ပေးထား၏။ နောင် ၁၀ နှစ်ကြာသောအခါ ဂိုကိုကိုယ်တိုင် ခရစ်တော်ကို ကိုးစားရန် လာရောက်ဆက် ကပ်အပ်နှံသည်။ ဂျက်ကီ၏ သာသနာလုပ်ငန်းသည် ထရစ်ဂိုဏ်းတစ်ခုတည်းတွင်သာ မဟုတ်ဘဲ ဆင်းရဲမွဲတေသူများနှင့် စားရမဲ့၊ သောက်ရမဲ့ဖြစ်သူများ၊ လမ်းပေါ်တွင် ကြုံရာ ခွေသူများ၊ ပြည့်တန်ဆာများနှင့် ဆေးစွဲသူများထံ၌လည်းဖြစ်သည်။ သူမသည် “ဝိညာဉ် နှင့် ခန္ဓာကိုယ်နွမ်းပါးသူများ”ကို ကြည့်ရှုစောင့်ရှောက်၍ သူတိုကို ချစ်ခြင်းတရား၊ ဘဝသစ်နှင့် မျှော်လင့်ချက်အ သစ်တိုကိုပေးသည်။ သူတိုအများစုမှာ ဆေးသမားများဖြစ်၍ သူမသည် သူတိုအများအပြားကို ခရစ်တော်ထံ ရောက်ရန် ကူညီပေးနိုင်ခဲ့၏။ ဟောင်ကောင်၊ သည် တစ်ချိန်က မူးယစ်ဆေးဝါးလုပ်ငန်း၏ အဓိကနေရာ ဖြစ်ခဲ့သောကြောင့် ကိုလိုနီနယ် တွင် ဆေးသမားပေါင်း အယောက် ၄၀၀၀၀ ခန့်ရှိသည်။

အသက် ၈ နှစ်အရွယ်မှစ၍ လမ်းပေါ်တွင် ကြုံရာခွေ တွေ့ရာစားသူ ဆေးသမား တစ်ဦးဖြစ်သော အသက် ၁၆ နှစ်အရွယ် Ah Tsoi နှင့် ဂျက်ကီတွေ့ဆုံသည်။ ဂျက်ကီ သည် ထိုကောင်းလေးအတွက် နေ့ရောညပါ မနားတမ်း အချိန်အများကြီးပေး၍ မူးယစ် ဆေးဝါးသားကောင်ဘဝမှ ကျွတ်လွတ်ရန် အားထုတ်ပေးသော်လည်း မအောင်မြင်ခဲ့ပေ။ သူမက ဆေးသမားများထံ၌ သူတိုကိုယ်တိုင်က လိုလိုလားလား ဖြတ်ချင်စိတ်ရှိပါမှ ဖြတ် လိုရနိုင်မည်ဟု ဆို၏။

သူမ၏ နောက်ခြေလှမ်းမှာ ဆေးဖြတ်သူများသည် ခရစ်ယာန်အသက်တာ၌ ကြီးထွား ရင့်ကျက်ရ မည့်အစား သူတိုကျင်လည်ကျက်စားခဲ့သော ဘဝများတွင် ပြန်လှည့်မသွား နိုင်ရန် ကာကွယ်သည့်အနေဖြင့် မိသားစုပုံစံအတိုင်းဖြစ်ရန် အိမ်တစ်လုံးစီစဉ်ပေးခြင်းဖြစ် ၏။ အစတွင် သူမသည် ထိုကောင်လေးများကို သူမ၏ တိုက်ခန်းသို ခေါ်သွားသောကြောင့် သူတိုကို ဂရုစိုက်ရလွန်းသဖြင့် အလွန်ပင်ပန်းသည်။ ထိုကြောင့် သက်သာရာနေရာတစ်ခုကို သူမအတွက် ရှာကြံ၏။ ဆေးစွဲသူများထံမှတစ်ဆင့် ကြားရသည်မှာ သူမသည် နာကျင် ခြင်းမရှိဘဲ ဆေးဖြတ်ပေးနိုင်သော အစွမ်းရှိသည် ဟူ၍ဖြစ်သဖြင့် အတောမသတ်နိုင်သော ဆေးဖြတ် ချင်သူယောကျာ်းလေးများ ရောက်လာကြရာ သူတိုအတွက် အိမ်နှစ်လုံး ထပ်မံ စီစဉ်ရသည်။

သူမ၏ လုပ်ငန်း ကျယ်ပြန့်လာသောအခါ အသင်းအဖွဲ တစ်ခုအဖြစ် ဖွဲစည်း၍ ထို အဖွဲနာမည်ကို စတီဖင်အသင်း (Society of Stephen) ဟုခေါ်ကာ (ရံခါတွင် အတို ကောက်ဖြင့် “စတီဖင်”ဟုလည်းကောင်း (သို) “SOS” ဟုလည်းကောင်း ခေါ်ဝေါ်အသုံး ပြု၏) ထိုအသင်းအဖွဲအတွက် သီလရှင်လူထွက်တစ်ဦးကို အချိန်ပြည့် အလုပ်သမားအဖြစ် ငှားရမ်း၍ ဆေးဖြတ်ရာနေအိမ်များကို စောင့်ကြပ်စေကာ ဂျက်ကီက နံရံပိတ်မြိုတော် အတွင်း၌သာ ပို၍ အချိန်ပေးလေ့ ရှိသည်။ သူမ၏ ဝန်ထုပ်ဝန်ပိုးကြီးကို တိုင်းသူပြည်သား အများအပြား ကလည်း ကူညီပံ့ပိုးကြ၏။ ကူညီဖော်အရဆုံးသူများမှာ “စတီဖင်” အသင်း ယောက်ျားလေးများဖြစ်၍ သူတိုသည် သူတိုကျရာအခန်းကဏ္ဍကို နိုင်အောင် ကနိုင်သူ များဖြစ်ကြသည်။ သူတိုက အသစ်ဝင်လာသူများကို နွေးထွေးစွာ ကြိုဆိုကြ၍ လက်တွေ့ အကူအညီများပေးသည့်အပြင် သူတိုနှင့်အတူ ဆုတောင်းခြင်းများလည်း ပြုကြသည်။ “ခရစ်တော်၏ ခန္ဓာကိုယ်”ဟူသော စကားစု၏ အနက်ကို ပထမဆုံးကြိမ်အဖြစ် ဂျက်ကီ လက်ခံ တန်ဖိုးထားသည်။

 

နံရံပိတ်မြို တော်

နံရံပိတ်မြိုတော်၏ တရုတ်အနက်မှာ “မည်းမှောင်ခြင်း””ဖြစ်၍ အစအဦးတွင် တံတိုင်းများ ဖြင့် အခိုင်အခံ့တည်ထားခြင်းဖြစ်သည်။ ယင်းနံရံပိတ်မြိုတော်သည် ဟောင်ကောင်ကျွန်း၏ အရှေ့ဘက်တွင် တည်ရှိ၍ ထိုနယ်မြေကို ကော်လွန်ဟုခေါ်ကာ ရှေးယခင်က ဗြိတိသျှ၏ အာဏာစက်ကျရောက်ရာ နေရာဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဂျပန်များက ထိုတံတိုင်းများကို ဖြိုချလိုက်သဖြင့် ယခုအချိန်တွင် ထိုတံတိုင်းများ မရှိတော့ပေ။ ၆ ဧက ကျယ်ဝန်းသော ထိုနယ်မြေကို ခံတပ်အသွင်ဖြင့် ဆက်လက်ထိန်း သိမ်းထားကြ၏။ ထို နံရံပိတ်မြို တော်သည် မြင့်မားသော အုတ်တံတိုင်းများဖြင့် လေးဖက်လေးတန် ကာရံတည် ဆောက်ထားခြင်းဖြစ်ရကား အလင်းရောင်အနည်းငယ်သာရရှိ၍ အစောင့်အကြပ်များ လည်း ချထားသည်။ ထိုမြိုတော်ထဲတွင် လူပေါင်း ၃၀၀၀၀ ခန့် ပြွတ်သိပ်နေအောင် နေကြသဖြင့် ကျန်းမာရေးနှင့် မညီညွတ်ပေ။ ဥပဒေအာဏာစက် မကျရောက်သည့်နေရာ ဖြစ်သဖြင့် ထိုနံရံပိတ်မြိုတော်သည် ဒုစရိုက်သမားများ၊ ဆေးသမား များနှင့် လောင်း ကစားသမားများအတွက် ပျော်စံရာသုခဘုံ ဖြစ်တော့၏။

ဆေးသမားများကို ကြည့်ရှုစောင့်ရှောက်ရသည်မှာ အချိန်ပေးရသောအလုပ်ဖြစ်၍ ဘဝသစ်တွင် လူသစ်ဖြစ်လာနိုင်ရန် ဆေးဖြတ်သူ ယောက်ျားလေးများသည် အနည်းဆုံး ၆ လမှ ၁၂ လအထိ အချိန်ပေးရသည်။ ၁၉၇၉ ခုနှစ်တွင် နံရံပိတ်မြိုတော်၌ မူးယစ်ဆေးဝါးပြဿနာ သိသိသာသာ ထိုးကျသွားသောကြောင့် ဂျက်ကီသည် ဗီယက်နမ်မှ ခို လှုသူအဖြစ် ရောက်လာကြသော ဒုက္ခသည်များနေထိုင်ရာ Tuen Mun ဒုက္ခသည်စ ခန်းတွင် ထောင်ချီသော ဒုက္ခသည်များအတွက် အလုပ်လုပ်ရန် ပေးဆပ်၏။ သူမသည် ဒုက္ခသည်စခန်းတွင် ဆေးခန်းဖွင့်သော သာသနာပြုဆရာဝန် ဒေါ်နယ်ဒေးလ် (Donald Dale) ကို ကူညီ၍ အင်္ဂလိပ်စာတတ် ချင်သူများအတွက် နေ့စဉ်အတန်းဖွင့်လှစ်ပေး ကာ ကျမ်းစာကိုလည်း သင်ကြားပေး၏။

၁၉၈၀ ခုနှစ်အစောပိုင်းတွင် မူးယစ်ဆေးပြဿနာ တစ်ခါဆိုးဝါးလာပြန်သဖြင့် သူမသည် နံရံပိတ်မြို တော်အတွက် ပို၍ အချိန်ပေးရပြန်သည်။ ဟောင်ကောင်အစိုးရက သူမ ယာယီနေထိုင်ရန်အတွက် အဆောက်အအုံ စီစဉ်ပေး၏။ Hang Fook စခန်းသည် ယုံကြည်သူများ၏ ကြိုးစားအားထုတ်မှုကြောင့် အခြေအနေပြန်လည်ကောင်းမွန်လာကာ ဆေးပြတ်ပြီးသူများအတွက် နေအိမ်အသစ်များ စီစဉ်ပေးသကဲ့သို မြိုထဲရှိ မရှိဆင်းရဲသား များအတွက်လည်း ထောက်ပံ့ပေးသည်။

ဘုရားရှင်က ဂျက်ကီ၏ လိုအပ်ချက်ကို နှစ်ပေါင်းများစွာ ထောက်ပံ့ပေး၍ အိုးစား ကြီးလာသော သူမ၏ “မိသားစု”များကို ဝင်ငွေဟူ၍ မည်မည်ရရမရှိဘဲ ရပ်တည်နေ နိုင်စေခဲ့သည်။ ရံခါဆိုသလို ငွေကြေးလက်ဆောင် လာပေးသူများကိုပင် သူမ မသိရချေ။ တစ်ရက်တွင် အမေးအမြန်းထူသူတစ်ယောက်က “မင်း ဘယ်ကနေ ပိုက်ဆံရသလဲ” ဟု မေးနေစဉ် လူတစ်ယောက်က တံခါးလာခေါက်၍ ဒေါ်လာတစ်ရာပါသော ငွေစက္ကူ အိတ်တစ်လုံး လာပေးသွားရာ သူတိုနှစ်ဦးစလုံး ထိတ်လန့်အံ့အားသင့်လျက်ရှိကြ၏။ ထိုအမေးထူသူကြီး မှာလည်း ကျေနပ်သွားတော့သည်။

နံရံပိတ်မြိုတော်တွင် ဂျက်ကီ၏ သာသနာလုပ်ငန်းမှာ ထိုနယ်မြေကို ပန်းခြံအဖြစ် အသွင်ပြောင်းလိုက်ချိန်အထိဖြစ်သည်။ ထိုနေရာတွင် ရာထူးရာခံရှိသူများနှင့် ငွေကြေး အကူအညီပေးနိုင်သူများ နေထိုင်ကြသည်။ ဂျက်ကီသည် ထိုနံရံပိတ်မြိုတော်အတွင်း နေထိုင်သူများအကြား၌ နှစ်ပေါင်း ၂၅ နှစ်ကျော် ဘုရားရှင်အတွက် အလုပ်အကျွေးပြုခဲ့၍ ထိုမှတစ်ဖန် သူ့အမှုတော်ဆောင်လုပ်ငန်းသည် ထိုနေရာကို ကျော်လွန်ကာ သူ မြေတောင်၊ မြှောက်ထားသော ယောက်ျားလေးများက ဟောင်ကောင်မြို နေရာအနှံအပြားတွင် အလုပ်လုပ်ကြ၍ မကာအို (Macau) အနီးတစ်ဝိုက်အထိပင် ရောက်ကြ၏။ သူမသည် ကမ္ဘာ့နေရာအနှံအပြားသို ခရီးထွက်၍ ဘုရားရှင်၏ ကျေးဇူးတော်ကို ရောက်ရာအရပ်တိုင်း ၊ တွင် သက်သေခံသည်။ ဆေးသမားများအကြားတွင် သူမ၏ လုပ်ဆောင်ချက်ကြောင့် ဘုရင်မကြီးက ဝမ်းသာစွာ အသိအမှတ်ပြုသည့်အနေဖြင့် MBE ခေါ် ဗြိတိသျှအင်ပါယာ သင်္ဂဟဘွဲကို အပ်နှင်းသည်။

နံရံပိတ်မြိုတော်တွင် ဂျက်ကီပူလင်ဂျာ၏ သာသနာလုပ်ငန်း၌ ထူးခြားသောအင်္ဂါ ရပ်နှစ်မျိုးမှာ ချစ်ခြင်းမေတ္တာနှင့် အစွမ်းတန်ခိုးဖြစ်သည်။ သူမသည် ဆေးသမားများကို ခရစ်တော်၏ ချစ်ခြင်းဖြင့် မေတ္တာပြ၍ ဘုရားရှင်၏ ဝိညာဉ်တော်ဘုန်းတန်ခိုးအားဖြင့် အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကြောင့် ပြောင်းလဲခြင်းနှင့် ကျန်းမာခြင်းများရရှိကြောင်း သိမှတ်စေသည်။ သာမန်ခရစ်ယာန်များ၏ အသက်တာကို ပြန်လည်သစ်ဆန်း စေလိုလျှင် ချစ်ခြင်းမေတ္တာနှင့် ဘုန်းတန်ခိုးတော်သည် အခရာအကျဆုံး လိုအပ်ချက်ဖြစ်ပေသည်။

 

 

 

 

 

 

 

 

 

 

 

၁၁

၂၀ ရာစုအသင်းတော်၏ ဆင်းရဲဒုက္ခခံရခြင်း

ခရစ်တော်က တမန်တော်ကြီးဆယ်နှစ်ပါးကို စေလွှတ်စဉ် သတိပေးခဲ့သည်မှာ “ငြိမ်သက် ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်မဟုတ်၊ ဓားကို စေလွှတ်အံ့သောငှာ ငါလာ သတည်း”ဟု မြွက်ကြားခဲ့သည်။ ခရစ်တော်ကြိုတင်၍ ဟောထားသကဲ့သို အမှန်တကယ် ရောက်ရှိလာကာ ကနဦးအသင်းတော်အချိန်ကာလမှစ၍ ခရစ်တော်၏ နောက်လိုက်များ သည် ခေတ်အဆက်ဆက် ညှင်းပန်းနှိပ်စက်ခြင်းခံကြရ၏။ သိုသော် ခရစ်တော်ကို ယုံ ကြည်ခြင်းအားဖြင့် ဆင်းရဲဒုက္ခခံရသော်လည်း ထိုညှင်းပန်းသတ်ဖြတ်မှုကြောင့် ကျဆုံး သူများသည် နောင်တစ်ချိန်တွင် ဂုဏ်ပြုခြင်း ခံကြရမည်ဖြစ်သည်။ ။

ညှင်းပန်းနှိပ်စက်မှုသည် ကျွန်ုပ်တို၏ ဤရာစုကိုလည်း ခြွင်းချက်အဖြစ် ချမ်းသာမ ပေးခဲ့ပေ။ J နှင့် M Hefley တို၏ By Their Blood စာအုပ်၏ ဖော်ပြချက်အရ ၂၀ ရာစုတွင် သူတို၏ ယုံကြည်ခြင်းကြောင့် သေဆုံးရ သော ခရစ်ယာန်များသည် ယခင်ရာ စုနှစ်များအားလုံးအတွင်းက သေဆုံးသူဦးရေထက် ပိုများသည်ဟု သိရ၏။ ခရစ်ယာန်များ မှာ ကိုယ်တော့်ကို ငြင်းပယ်မည့်အစား စစ်မှန်သော မာတုရများအဖြစ် သူတိုအသက် ကိုစွန့်လွှတ်ရန် ပို၍ လိုလားကြသည်။ တချိုမှာလည်း ခရစ်တော်အကြောင်း သက်သေခံ ခြင်းဖြင့် အသတ်ခံကြ ရ၏။ ယုံကြည်သူ အများအပြားမှာ သူတို၏ ယုံကြည်ခြင်းကြောင့် ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်ခြင်း၊ အစားအစာငတ်ပြတ်ခြင်းနှင့် ရိုက်နှက်ခြင်းများ ခံကြရသော်လည်း ဘုရားရှင်၏ ကျေးဇူးတော်ကြောင့် အသက်ရှင်ကျန်ရစ်သည်။

ခရစ်ယာန်ဘာသာကို အပြင်းထန်ဆုံး ဆန့်ကျင်သူများမှာ ဘာသာမဲ့ ကွန်မြူနစ်များ  (Communist) ဖြစ်၍ ရာစုနှစ်တစ်စုနီးပါးခန့် ယုံကြည်သူများကို လိုက်လံဖမ်းဆီး၍ အသင်းတော်ကို ခြေဖျက်ပစ်ရန် ကြိုးစားကြသည်။ အာဖရိကတွင် ခရစ်ယာန်များသည် မိစ္ဆာဒိဋ္ဌိများ၏ တိုက်ခိုက်ခြင်းခံရကာ ကယ်တင်ခြင်းသ တင်းစကား ဝေငှခြင်းလုပ်ငန်း မှန်သမျှ အာဖရိကမြေပေါ်မှ ဖယ်ထုတ်ရှင်းလင်းနိုင်ရန် ကြိုးစားကြသည်။ တစ်ဖန် ဥရောပတွင်လည်း ဂျူးလူမျိုးများကို လူမျိုးသုဉ်းသတ်ဖြတ်ရန် မီးလောင်တိုက်သွင်းစဉ်က ခရစ်ယာန်များက နာဇီများကို ဆန့်ကျင်ကြသဖြင့် တချို အသက်ဆုံးရှုးရပြန်၏။

သိုသော် ရှေးယခင် ရာစုနှစ်များဆီက တာတူလျံ၏ စကားလုံးများသည် ယနေ့ ထက်တိုင်အောင် စစ်မှန်စွာ အသံမြည်နေဆဲဖြစ်၏။ “မာတုရများ၏ သွေးစက်သည် အသင်းတော်၏ မျိုးစေ့ဖြစ်သည်။”

 

အရှေ့ဥရောပ

၁၉၁၇ ခုနှစ်၊ ဗော်ရှီဗစ် (Bolshevik) တော်လှန်ရေးကြောင့် အာဏာရလာသော ကွန်မြူ နစ်အစိုးရက ရုရှားနိုင်ငံအတွင်းရှိ ခရစ်ယာန်အသင်းတော်ကို စတင်ဖိနှိပ်သည်။ သို သော် နိုင်ငံသားတိုင်းကို သီအိုရီအရ သူတို၏ ယုံကြည်ခြင်းအား လွတ်လပ်စွာ ရွေးချယ် ခွင့်ပေး၍ ဥပဒေများမှာ ယုံကြည်သူများအတွက် အလွန်လေးလံလှ၏။

ဩသိုဒေါက်စ်အသင်းတော်က အုပ်ချုပ်မှုနည်းစနစ်အသစ်ကို လက်မခံနိုင်၍ ခုခံပြော ဆိုသဖြင့် ကွန်မြူနစ်များ၏ ပစ်မှတ်ဖြစ်လာကာ ဝတ်ကျောင်းများ မီးရှိခံရခြင်း၊ ဘုန်းကြီး ကျောင်းများ လုယက်ခံရခြင်းနှင့် အမှုတော်ဆောင်များနှင့် လူဝတ်ကြောင်များသည် နိုင်ငံ တော်ပုန်ကန်သူများအဖြစ် အမှုစစ်ဆေးခြင်းများ ခံကြရသည်။ သူတိုဖျက်ဆီးခဲ့သမျှ မသိရ သော်လည်း ထောင်ချီသော ဘုန်းတော်ကြီးများနှင့် သင်းအုပ်ဆရာ များမှာ အသတ်ခံကြ ရ၍ ဩသိုဒေါက်စ်ဝတ်ကျောင်းအများအပြား နိုင်ငံပိုင်အဖြစ် သိမ်းယူခြင်း (သို) အသေ ပိတ်ခြင်းများ ခံရသည်။

၁၉၂၈ ခုနှစ်တွင် ဘာသာရေးအသင်းအဖွဲ ဆိုင်ရာ ဥပဒေတစ်ရပ်ကို ထုတ်ပြန်၍ ထိုဥပဒေသစ်ဖြင့် အသင်းတော်ကို တိုက်ခိုက်သည်။ ထိုဥပဒေသစ်၏ အဆိုအရ ဘာသာ ရေးအဖွဲအစည်းများက အစိုးရကော် မတီတွင် မှတ်ပုံတင်ရမည်ဟု ပါရှိပြီး ကလေးငယ် များနှင့် လူငယ်များ၏ ဘာသာရေး လှုပ်ရှားမှုများကို ရပ်တန့်စေကာ သင်းအုပ်ဆရာက လည်း အစိုးရအငှားချထားသော “ဆုတောင်းရာအဆောက်အအုံများ”၌သာ တရားဟော ရမည်ဟု ပါရှိသည်။ ထိုဥပဒေက အသင်းတော်ကို လည်မျိုညှစ်သတ်သကဲ့သိုရှိကာ ယုံကြည်သူ များမှာ အကြောင်းပြချက်ဟူ၍ မည်မည်ရရ မရှိသော်လည်း ကွန်မြူနစ် တစ်ဦး၏ ဖမ်းဆီးခြင်းကို မည်သည့်အချိန်တွင်ဖြစ်စေ ခံရနိုင်သည်။

နောက် ၁ နှစ်တွင် စတာလင် ဝန်ကြီးချုပ်ဖြစ်လာကာ NKVD (နောင်အခါ KGB ဟုခေါ်သော စုံထောက်ပုလိပ်အဖွဲ) အဖွဲကို တိုးမြှင့်ထားရှိ၍ နိုင်ငံရေးအကျဉ်းသားများကို အတင်းအကျပ် စေခိုင်းရန် အလုပ်သမားစခန်းများ တိုးချဲ့ စေသည်။ ညှင်းပန်းနှိပ်စက်မှုကို ရှောင်ရှားနိုင်ခဲ့ကြသော အမှုတော်ဆောင်များ သည် ယခုအချိန်တွင် စေ့စေ့စပ်စပ် စစ်ဆေး ခြင်းခံကြရ၏။ သင်းအုပ်ဆရာများနှင့် ဘုန်းကြီးများသည် NKVD ၏ သီးသန့်ပစ်မှတ် ဖြစ်လာကာ လူမဆန်သော နှိပ်စက်နည်းများဖြင့် အများအပြား သေဆုံးကြရသည်။

 

ရုရှားက ဗင်းစ်မိသားစုအကြောင်း

အသင်းတော်ကို အပြင်မှ နှိမ်နင်းမရသဖြင့် အတွင်းပိုင်းမှ ဖျက်ဆီးနိုင်ရန် ခရစ်ယာန်ဖောက် ပြန်ရေးသမား များကို ရာထူးပေး၍ လျှိဝှက်ရဲများနှင့်ပူးပေါင်းစေကာ ဘဝတူ ယုံကြည်သူ မိတ်ဆွေများကို သစ္စာဖောက်စေသည်။ ဆိုက်ဘေးရီးယား (Siberia) မှ အမှုတော်ဆောင် တစ်ဦးဖြစ်သူ ပီတာဗင်းစ် (Peter Vins) သည် ၁၉၃၀ ခုနှစ်တွင် မော်စကိုမြို၌ ရုရှား နှစ်ခြင်းဆရာများ ညီလာခံတက်ရောက်လာစဉ် ကွန်မြူနစ်အရာရှိ များက ဖိတ်ကြားကာ နှစ်ခြင်းသမဂ္ဂအဖွဲတွင် အစိုးရ၏ ရွေးချယ်ခံပုဂ္ဂိုလ်နှစ်ဦးထဲမှ တစ်ဦးအဖြစ် အဆိုပြုကမ်း လှမ်းသည်။ သူသည် ထိုကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်သဖြင့် ရက်များမကြာမီ အ ဖမ်းခံရကာ Butyrki ထောင်ထဲတွင် ၃ လ စုံစမ်းစစ်ဆေးခြင်းခံရ၏။ နောက်ဆုံးတွင် အလုပ်ကြမ်းစခန်း၌ ထောင်ဒဏ် ၃ နှစ်ကျခံရန် အမိန့်ချခံရကာ အရှေ့ဖျားအရပ် Svetlaya ပင်လယ်အော်သို အပိုခံရသည်။

ဖခင်အဖမ်းခံရချိန်တွင် သား ဂျော်ဂီဗင်းစ် (Georgi Vins) မှာ ၂ နှစ်သားခန့်သာ ရှိသေး၍ သူ့မိခင်နှင့်အတူ ဒူးထောက်၍ ဤသို ဆုတောင်းသည်။ “ယေရှုရှင် ဖေဖေ့ကို ပြန်ခေါ်ပေးပါ။” ၁၉၃၃ ခုနှစ်တွင် ပီတာဗင်းစ် လွတ်မြောက်သော်လည်း သူ၏နိုင်ငံ ကူးလက်မှတ် အသိမ်းခံလိုက်ရသဖြင့် အလုပ်လုပ်ရန် အခက်တွေ့ကာ နှယ်နှင်ဒဏ်ခံရ သကဲ့သိုရှိ၏။

သူတိုမိသားစုသည် အခြားမြိုတစ်မြိုသို ရွှေ့ပြောင်းခွင့်မရမီ ဆင်းရဲကျပ်တည်းစွာ နေထိုင်ကြရကာ အပိတ်ခံရသော နှစ်ခြင်းဘုရားကျောင်းရှိ Omsk မြိုတွင် အိမ်တစ်လုံး ၊ တွေ့ထား၏။ သူတိုသည် Omsk မြို၏ ဆင်ဖြေဖုံးရပ်ကွက် အိမ်တစ်အိမ်တွင် ယုံကြည် သူများနှင့် တွေ့ဆုံကြ၍ ပီတာဗင်းစ်က သူ၏ သင်းအုပ် ဆရာတာဝန်ကို ဆက်လက် ထမ်းဆောင်ကာ ယုံကြည်ခြင်းအားနည်းသူများ (သို) ကွန်မြူနစ်များကို ကြောက်လန့်နေ သူများအား သွားရောက်အားပေးသည်။ ခရစ်ယာန်များ တွေ့ဆုံခြင်းမပြုရဟု တားမြစ် နေသည့်အကြားမှပင် ယုံကြည်သူများ ဆက်လက်တိုးပွားကာ ၁၉၃၆ ခုနှစ်တွင် ထိုမြို ၌ ခရစ်ယာန်အယောက် ၁၀၀၀ ခန့် ရှိလာသည်။

ခရစ်ယာန်များကို တစ်ခါဖမ်းဆီးပြန်သဖြင့် ပီတာဝင်းစ်သည် ရဲ၏ စောင့်ကြပ်ခြင်း ခံရကာ တစ်ဖန် ပြန်လည်အဖမ်းခံရရန် သေချာနေပြန်၏။ ထိုကြောင့် သူ့ဇနီး လီဒီယာ (Lidia) က ခရစ်ဝင်ကျမ်းတစ်ကျမ်းကို အပိုင်းပိုင်းဖြစ်အောင် ပြုလုပ်၍ သူ့ခင်ပွန်း၏ ကုတ်အင်္ကျီနှင့် ဘောင်းဘီရှည်အနားကွက်တွင် ထည့်ချုပ်ထားပေးလိုက်သည်။ တစ်ညနေ ခင်းတွင် NKVD ရဲများ သူတိုအိမ်သိုရောက်လာ၍ သူ့ကို ဖမ်းဆီးကြောင်း ဖမ်းဝရမ်း ထုတ်ပြသည်။ တာဝန်ရှိ ရဲအရာရှိတစ်ဦးက သူတိုအခန်းပတ်လည်ကိုကြည့်ကာ အညံ့ စားပရိဘောဂများကိုသာ တွေ့ရသဖြင့် အံ့သြနေ၏။ “ငါက မင်းတိုကို အကောင်းစား ပစ္စည်းတွေနဲ့ ဇိမ်ယူနေတဲ့ အမေရိကန်သာသနာပြုလို ထင်နေခဲ့တာ”ဟုဆို၍ ဤသို မှတ်ချက်ချသည်။ “တွေ့ရတာတော့ အတော်နွမ်းပါးပုံပဲ”

ရဲများက တစ်အိမ်လုံးကို မွှေနှောက်ရှာဖွေကာ ကျမ်းစာအုပ်တစ်အုပ်၊ ကိုယ်ရေး ကိုယ်တာပေးစာများနှင့် ဓာတ်ပုံများကို ယူသွားကြ၏။ လီဒီယာက မာတောင့်နေသော ပေါင်မုန့်တစ်ထုပ်ပေးရန် သူ့ကို စောင့်နေကာ သူက နွေးသွားအောင် သူ့ကုတ်အင်္ကျီကို ယူဝတ်၍ နောက်ဆုံး အတူတကွ ဆုတောင်းကြသည်။ သူ့ဖခင်ဆွဲထုတ် ခံရသောအခါ ဂျော်ဂီသည် ပန်းဥယျာဉ်ထဲသို ပြေးဆင်းသွားကာ မျက်ရည်များ သွင်သွင်စီးလျက် ရှိက် ငိုနေရာ “အမေ သားတော့ တစ်စက်ကလေးမှကို အသက်ရှင်ချင်စိတ် မရှိတော့ဘူး”ဟု ဆို၏။

ပီတာ၏ အမှုကို ၉ လ စစ်ဆေး၍ သူနှင့်အတူ အမှုစစ်ခံရသော ယုံကြည်သူ ၁ဝ ယောက်လည်း ရှိ၏။ သက်သေအထောက်အထား မခိုင်လုံသဖြင့် အမှုကို ရုတ်သိမ်းကာ သူတိုအားလုံးကို ပြန်လွှတ်လိုက်သည်။ ပီတာသည် သူ့မိသားစုနှင့်အတူ လွတ်လပ်ခြင်း အရသာကို နှစ်အနည်းငယ် ခံစားရ၏။

 

တစ်ဖန်အဖမ်းခံရခြင်း

၁၉၃၇ ခုနှစ်တွင် ပီတာ တစ်ဖန် အဖမ်းခံရပြန်၍ Omsk ထောင်တွင် အကျဉ်းချ ခြင်းခံရပြန်သည်။ အစပိုင်းတွင် သူ့မိသားစုနှင့် ဆက်သွယ်ခွင့်ပြုကာ ထောင်ဝင်စာတွေ့ ချိန်တွင် အထုပ်များကိုပင် ပိုခွင့်ပြု၏။ သိုသော် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခြင်း ခံရ သောအခါတွင် သူသည် အလွန်စရိုက်ကြမ်းသော အကျဉ်းသားများရှိရာ အလုံပိတ် အလုပ် ၊ ကြမ်းစခန်းသို အပိုခံရ၍ အဆက်အသွယ်များအားလုံး ပြတ်တောက် သွားလေတော့ သည်။ ၁၉၄၃ ခုနှစ်၊ ဒီဇင်ဘာ၊ ၂၇ ရက်တွင် အလုပ်ကြမ်းစခန်း၌ ကွယ်လွန်သည်ဟု ကြားသိရ၍ မည်သိုကွယ်လွန်သွားကြောင်းကိုကား မသိရချေ။ ထိုအချိန်တွင် သူ့အသက် ၄၅ နှစ်သာ ရှိသေးသည်။

၁၉၄၁ ခုနှစ်တွင် ဂျာမန်များက ရုရှားကို ကျူးကျော်ဝင်ရောက်သဖြင့် စတာလင်က NKVD များထံ၌ အမျိုးသားရေး ပေါင်းစည်းမှုအမည်ဖြင့် အထောက်အပံ့ရနိုင်ရန်၊ ခရစ်ယာန်များ နှိပ်စက်ခြင်းကို ရပ်ခိုင်း၏။ စစ်ကြီးပြီးဆုံးသောအခါ ယုံကြည်သူများကို နှိပ်စက်ခြင်းမပြုတော့ဘဲ လွှတ်ထားသည်။ ၁၉၅၆ ခုနှစ်၊ စတာလင်ကွယ်လွန်၍ ကရူး ရှပ်ဖ် (Krischev) အာဏာရလာသော ၃ နှစ်မြောက်တွင် အသင်းတော်သည် တစ်ဖန် တိုက်ခိုက်ခြင်း ခံရပြန်၏။

၁၉၈၀ ခုနှစ်တွင် ရုရှားမြေပေါ်မှ ဘာသာတရားများအားလုံးကို အမြစ်ပြတ် သုတ် သင်ရန် စတင်၏။ ကရူးရှပ်ဖ်အုပ်ချုပ်သည့်ကာလတွင် ထောင်ချီသော ဩသိုဒေါက်စ် ဝတ်ကျောင်းများမှာ အပိတ်ခံရခြင်းနှင့် ပြည်သူများအသုံးပြုနိုင်ရန် သိမ်းပိုက်ခြင်းခံရကာ ယုံကြည်သူများ အဖမ်းခံရခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ပစ်ခြင်းများခံကြရ၍ တချိုမှာ စိတ်ပိုင်းဆိုင်ရာ ဆေးရုံများသို အပိုခံကြရသည်။ အစိုးရက သင်းအုပ်ဆရာများကို စိတ် ကြိုက်ထိန်းချုပ်ကာ စည်းမျဉ်းအသစ်များထုတ်၍ အသင်းတော်သည် သူတိုလက်ခုပ်ထဲက ရေလို ဖြစ်နေသည်။

များမကြာမီ ဧဝံဂေလိနှစ်ခြင်းဆရာများနှင့် ဧဝံဂေလိခရစ်ယာန်များဆိုင်ရာ အ သင်းတော်များ သမဂ္ဂညီလာခံနှင့် နှစ်ခြင်းခေါင်းဆောင်များသည် အလားတူစည်းမျဉ်းများ ကို လက်ခံရန် ပျားရည်နှင့် ဝမ်းချခံကြရသည်။ “လွှတ်တော်မှ အတည်ပြုသည့် ဥပဒေ အသစ်များ”ခေါ် ထိုစည်းမျဉ်းမှာ အသင်းတော်၏ လုပ်ငန်းဆောင်တာများကို ထိန်း ချုပ်ရန်နှင့် အမှုတော်ဆောင်များ ထပ်တိုး၊ မတိုး စစ်ဆေးရန်ဖြစ်သည်။ စည်းမျဉ်းများအရ အသင်းသားများက အစိုးရထံ၌ မှတ်ပုံတင်ကြရ၍ အသင်းတော်များသမဂ္ဂညီလာခံတွင် မပါဝင်သော အသင်းတော်များကို တရားမဝင်ဟုဆို၏။ ကလေးငယ်များနှင့် လူငယ်များ ကို ထိန်းချုပ်ရသူများ အား ပို၍ တင်းကျပ်သော ကန့်သတ်ချက်များပေးသည်။

လွှတ်တော်က အတည်ပြုလိုက်သော ဥပဒေအသစ်ကြောင့် ဧဝံဂေလိအသင်းတော် များက အစိုးရကို တက်ညီလက်ညီ စိန်ခေါ်ကြ၏။ ပီတာ၏ သား ဂျော်ဂီဗင်းစ်နှင့် ဂျင်နားဒီကရူးချီကက်ဖ် (Gennadi Kryuchkov) တို ဦးဆောင်၍ ဧဝံဂေလိခရစ်ယာန် များနှင့် နှစ်ခြင်းဆရာများဆိုင်ရာ အသင်းတော်များညီလာခံအသစ်ကို ဖွဲစည်းတည်ထောင် သည်။ ထိုအချိန်တွင် အုပ်စုကွဲမှု အကြီးအကျယ်ဖြစ်နေသဖြင့် AUCECB မှ အသင်း တော်အများအပြားက သူတိုကို လာရောက်ပူးပေါင်းကြ၏။

ဂျော်ဂီသည် Kiev မြိုရှိ နှစ်ခြင်းသင်းအုပ်ဆရာ တစ်ပါးဖြစ်၍ ရံခါတွင် ရီဖွမ်းနှစ်ခြင်းဟု အညွှန်းခံရသော ECB အသင်းတော်၏ ခေါင်းဆောင်များထဲမှတစ်ယောက် ဖြစ်သည်။ ECB အသင်းသည် စတင်တည်ထောင် ချိန်မှစ၍ KGB ၏ တိုက်ခိုက်ခံပစ် မှတ်ဖြစ်၍ အစည်းအဝေးပွဲများ ဖျက်ဆီးခံရကာ ၁၉၆၁ ခုနှစ်မှစ၍ ရီစွမ်းနှစ်ခြင်း ဆရာများ ထုံးစံအတိုင်း ထောင်ထဲသို အယောက် ၂၀၀ ခန့် တစ်ပြိုင်နက်တည်း ဝင်ကြရ ၏။ အသင်းတော်သမဂ္ဂညီလာခံဆိုင်ရာ နှစ်ခြင်းထောင်သားများ မိတ်သဟာယအဖွဲ ကို လီဒီယာဗင်းစ်က ၁၉၆၁ ခုနှစ်မှစ၍ ဦးဆောင်ကာ ထောင်သားများကို ထောက်ပံ့ခြင်း နှင့် သူတိုအတွက် လိုအပ်သမျှကို စီစဉ်ပေး၏။ ဤလှုပ်ရှားမှုမှာ *သံကန့်လန့်ကာ နောက်ကွယ်မှ အကျဉ်းသားအခွင့်အရေးအတွက် ပထမဆုံး တိုက်ပွဲဝင်သောအဖွဲဖြစ်သည်။

၁၉၆၆ ခုနှစ်၊ မေလ၊ ၁၆၊ ၁၇ တွင် နှစ်ခြင်းကိုယ်စားလှယ်အယောက် ၅၀၀ သည် ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီအစည်းအဝေးတွင် တက်ရောက်လာကြသည်။ ဗင်းစ် နှင့် ကရူးချီကက်ဖ်တိုနှစ်ဦးက ဘုရားကျောင်းသစ်အတွက် ဘာသာရေးလွတ်လပ်ခွင့် ပေးရန် CCECB ကိုယ်စား အသနားခံကြ၏။ နှစ်ခြင်းကိုယ်စားလှယ် ၅ဝဝ သည် ရိုက် နှက်ခြင်းနှင့် ထောင်ချခြင်းခံရကာ ဗင်းစ်နှင့် ကရူးချီကက်ဖ်တိုကား အမှုစစ်ဆေးရန် ခေါ်ယူခြင်း ခံရ၏။

သူတို၏ မဟုတ်မတရားစွပ်စွဲထားသော ကလိမ်ဉာဏ်ဆင်အမှုစစ်ခြင်းမှာ ဒုတိယ နေ့ မနက် ၂ နာရီတွင် အချိန်တိုအတွင်း ပြီးဆုံးသွား၏။ သူတိုနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ အရ အမြင့်ဆုံးပေးနိုင်သော ပြစ်ဒဏ်ဖြစ် သည့် “အတင်းကျပ်ဆုံးအုပ်ချုပ်မှု”ရှိရာ စခန်း တွင် ၃ နှစ် အကျဉ်းကျခံစေရန် အမိန့်ချမှတ်လိုက်သည်။

*Iron Curtain : ဆိုဗီယက် ထိန်းချုပ်ထားသော အရှေ့ဥရောပနှင့် အနောက်ဥရောပတိုအကြား က အတွေးအခေါ် နယ်သတ်မျဉ်းဖြစ်၍ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန် ၁၉၄၅ မှ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန် ၁၉၉၁ ခုနှစ်အထိကို ခေါ်သည်။

နှစ်ခြင်းအကျဉ်းသားသဟာယ ကော်မတီက ထောင်ထဲတွင်ရှိသော ခရစ်ယာန်များ၏ အတိဒုက္ခရောက်ခြင်းကို ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ၏ အတွင်းရေးမှူးထံ၌ ကြားဝင်ဖျန်ဖြေပေးရန် စာရေးတောင်းဆိုသည်။

 

အလုပ်ကြမ်းစခန်း

ကုလသမဂ္ဂအတွင်းရေးမှူးထံ၌ စာရေးအကြောင်းကြားမှုကြောင့် သူတို၏ ခေါင်းဆောင် ဖြစ်သူ လီဒီယာဗင်းစ်သည် အဖမ်းခံရ၍ အလုပ်ကြမ်းစခန်းတွင် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခြင်း ခံရ၏။ ယုံကြည်သူများက အသက်ကြီး၍ အိုမင်းနေပြီဖြစ်သော သူမကို အထူးဂရုစိုက် ကြသည်။ သူမသည် ပြစ်ဒဏ်ကျသည်အထိ အသက်ရှင်ကာ ၁၉၇၄ ခုနှစ်တွင် ထောင်မှ ထွက်လာနိုင်ခဲ့၏။ သူမ၏သား ဂျော်ဂီမှာ ကျန်းမာရေးမကောင်း သဖြင့် ထောင်မှထွက် လာချိန်တွင် သူ၏ အူကျရောဂါကို နှစ်ကြိမ်တိုင် ခွဲစိတ်ကုသရသည်။ သူ ထောင်ထဲရောက် နေစဉ်တွင် သူ့မိသားစုသည် ဒုက္ခကို ခါးစည်းခံခဲ့ကြသည်။ နိုင်ငံခြားဘာသာစကားဖြင့် ဘွဲရသူ သူ့ဇနီးက ရေခဲမုန့်ရောင်းခြင်းဖြင့် ဝမ်းကျောင်းရကာ သူတို၏ သမီးသည် ကျောင်းတွင်အနိုင်ကျင့်ခံရ၍ သူတို၏သား ပီတာမှာ ပြစ်ဒဏ်နှစ်မျိုးဖြင့် ထောင်ထဲ ရောက်ခဲ့သည်။

၁၉၇၀ ခုနှစ်တစ်ဝိုက်တွင် မှတ်ပုံတင်မထားသော အသင်းတော်များကို ပစ်မှတ် ထား၍ ညှင်းပမ်းနှိပ်စက်မှု ဆက်လက်ဖြစ်ပွားကာ ခရစ်ယာန်များကို ဖမ်းဆီး၍ အရက် စက်ဆုံး နှိပ်စက်သည်ဟု မှတ်တမ်းများ ရှိသည်။ ဆိုဗီယက်အစိုးရ၏ အကြမ်းဖက်မှုများ လူသိရှင်ကြားဖြစ်လာသဖြင့် ပြည်ပနိုင်ငံများတွင် လူ့အခွင့်အရေးချိုးဖောက်သည် ဟူသော အသံများထွက်လာ၏။ ပြည်ပနိုင်ငံများ၏ ထင်မြင်ချက်များအပေါ်တွင် ဆိုဗီ ယက် ကြက်ခေါင်းဆိတ်မခံဖြစ်လာသည်မှာ အထူးသဖြင့် ၁၉၇၅ ခုနှစ်တွင် ချုပ်ဆိုသော Helsinki သဘောတူညီချက် နောက်ပိုင်းတွင်ဖြစ်သည်။

ဂျော်ဂီသည် ပြစ်မှုကျူးလွန်သူအဖြစ် သင်္ကာမကင်းခံရသဖြင့် ဆင့်ခေါ်ခြင်းခံရပြန် ကာ ဤအကြိမ်တွင် သူသည် အဖမ်းမခံဘဲ ပုန်းရှောင်နေလိုက်၏။ သိုသော် ၁၉၇၄ ခုနှစ်တွင် သူ့ကို “ကပ်ပါးကောင်”အဖြစ် စွပ်စွဲကာ ပြန်ဖမ်းသည်။ ကမ္ဘာ့အသင်းတော် များကောင်စီက နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲတွင် သူ့ကိုယ်စား ပန်ကြားပေးကာ မော်စကိုမြိုရှိ တရားမဝင် လူ့အခွင့်အရေးဆိုင်ရာကော်မတီကို တည်ထောင်သူ ထင်ရှား ကျော်ကြားသော ပညာရှင်တစ်ဦးဖြစ်သည့် ဒေါက်တာ Sakharov ကလည်း သူ့လွတ် မြောက်ရေးအတွက် ပန်ကြားတောင်းဆိုပေးသည်။ ၁၉၇၅ ခုနှစ်တွင် ဂျော်ဂီသည် အလုပ်ကြမ်းစခန်း၌ ၅ နှစ်နှင့် ဆိုက်ဘေးရီးယား တွင် ၅ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းခံရသည်။ ပြစ်ဒဏ်ထက်ဝက်ခန့် ခံရပြီးနောက် မော်စကို သို ရွှေ့ပြောင်းခြင်းခံ ရကာ ၁၉၇၉ ခုနှစ်၊ ဧပြီ၊ ၂၇ ရက်တွင် ဆိုဗီယက်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရ၍ နှစ်နိုင်ငံသဘောတူညီ ချက်အရ အမေရိကန်ပြည်ထောင်စုသို ပြည်နယ် ခံရ၏။ သူ အမေရိကန်ရောက်ပြီး ရက်သတ္တပတ် ၆ ပတ်အကြာ တွင် သူ့မိသားစုရောက် လာ၏။

ယခုအချိန်တွင် ဗင်းစ်သည် အမေရိကတွင် နေထိုင်၍ အလုပ်လုပ်လျက်ရှိကာ ဆိုဗီ ယက်ပြည်ထောင် စုတွင် သူကြုံတွေ့ရသကဲ့သို အခက်အခဲဖြစ်နေသော ခရစ်ယာန်များကို ကူညီရန် သူ့ဘဝကို ဆက်ကပ်အပ်နှံထား သည်။ ဝန်ကြီးချုပ်ဟောင်း ဂိုဘာချော့ပ် (Gor bachev) က ပုပ်ရဟန်းမင်းကြီးထံ၌ ဘာသာရေးများကို လွတ်လပ်ခွင့်ပေးရန် ကတိပြု ၏။ ၁၉၈၉ ခုနှစ်၊ အရှေ့ဥရောပ၌ ကွန်မြူနစ်ဝါဒကျဆုံးပြီး နောက်ပိုင်းတွင် ကျမ်းစာ များကို ဆက်တိုက်ဆိုသလို ထုတ်ဝေပေးရန် တောင်းဆိုမှုများရှိ၍ ပညာတတ်အများအ ပြားက ခရစ်ယာန်ဘာသာကို စိတ်ဝင်စားလာကြကာ ဝိညာဉ်ပိုင်းဆိုင်ရာ တန်ဖိုးထားမှု များလည်းတွေ့ရသည်။ သံကန့်လန့်ကာကို ပြန်လည်ရုပ်သိမ်းသည်ဆိုသော်ငြားလည်း မည် မျှကြာအောင် ရုပ်သိမ်းထားနိုင်ပေမည်နည်း။

ရစ်ချက်ဝမ်ဘရန့် (ဖွား -၁၉၁၂) နိုင်ငံတကာလွတ်ငြိမ်းခွင့်ကို ဖွဲစည်းတည်ထောင်သူ

၁၉၃၀ ခုနှစ်တစ်ဝိုက်တွင် နာဇီဝါဒ (Nazism) အထွတ်အထိပ်သို ရောက်လာကာ ဥရောပတစ်တိုက် လုံးနီးပါး သိမ်းယူ၍ ဂျူးလူမျိုး ၆ သန်းခန့် မျိုးသုဉ်းသွားအောင် သတ် ဖြတ်လိုက်ကြ၏။ ၁၉၃၉ ခုနှစ်၊ ဇန်နဝါရီတွင် တတိယဂျာမနီနိုင်ငံတော်ကြီး (Third Reich) ၏ စစ်ကြောင်းက အရှေ့ဥရောပတစ်ခုလုံးကို သိမ်းပိုက်ပြီးနောက် ဘော်လကန် (Balkans) သို ဆင်းချလာကာ ဖက်ဆစ်စနစ် (Fascist) တည်ထောင်သော နာဇီစစ် ပုလိပ်များကို လာရောက်ကူညီသည်။ သိုသော် သူတိုသည် ၁၉၄၅ ခုနှစ်တွင် ရုရှားများ၏ သိမ်းပိုက်ခြင်းခံရကာ ထိုနောက်တွင် ရုရှားများက နိုင်ငံအနှံအပြား၌ ကွန်မြူနစ်အစိုးရ စနစ်ကို “လွတ်လပ်စွာ တည်ထောင်ကြသည်။

နာဇီများ၏ တုန်လှုပ်ချောက်ချားဖွယ် ဂျူးလူမျိုးသုဉ်းသုတ်သင်ရေးကြီး ပြီးဆုံး သွားသော်လည်း ဆိုဗီယက်တို၏ ဖိနှိပ်ခြင်း စတင်လာပြန်ကာ ထောင်ချီသော ခရစ်ယာန် များ ညှင်းပန်းနှိပ်စက်ခြင်းနှင့် သေတွင်းသို အပိုခံကြရ၍ ကွန်မြူနစ်များက ဘာသာ တရားကို လုံးဝ ပပျောက်သွားအောင် ကြိုးစားကြ၏။ ဒုက္ခမျိုးစုံခံစားရသူများထဲတွင် ဂျူး လူမျိုးခရစ်ယာန်ဘာသာဝင်သူများမှာ နာဇီနှင့် ကွန်မြူနစ်တို၏ ပစ်မှတ်များဖြစ်ခဲ့ကြသည်။ ထိုအချိန်က ညှင်းပန်းနှိပ်စက်ခံရသူများထဲတွင် ရိုမေးနီးယား (Romania) သင်းအုပ် ဆရာ ရစ်ချက် (Richard) နှင့် သူ့ဇနီး ဆာဗီးနားဝမ်ဘရန့် (Sabina Wumbrand) တိုဇနီး မောင်နှံသည် အထူး ထင်ရှား၏။ သူတိုသည် ကွန်မြူနစ်အုပ်ချုပ်မှုအောက်တွင် ခရစ်တော် အတွက် သက်သေခံရန် အသက်ကိုပင် ပဓာနမထားဘဲ အမှုတော်ဆောင်သူများဖြစ်ကြ သည်။

ဝမ်ဘရန့်တိုဇနီးမောင်နှံသည် ဂျူးလူမျိုး သြသိုဒေါက်စ်မိသားစုမှဖြစ်သော်လည်း သူတိုဘိုးဘေးများ၏ ယုံကြည်ခြင်းကို စွန့်လွှတ်ကာ “ဘာသာမဲ့စစ်စစ်”များ ဖြစ်ကြ သည်။ ဂျူးဝတ်ကျောင်းတွင် လက်ထပ် ထိမ်းမြားခြင်းပြီးဆုံးသော် နှစ်ဦးသား ဘဝကို ပျော်ပျော်နေကြရန် ဆုံးဖြတ်ကြ၏။ ရစ်ချက်သည် အောင်မြင် သော စီးပွားရေးသမား တစ်ဦးဖြစ်၍ ငွေကို လေလိုသုံးသူဖြစ်ကာ နိုက်ကလပ်တက်ခြင်း၊ ကပွဲရုံများသွားခြင်းနှင့် ပါတီပွဲတက်ခြင်းတိုဖြင့်သာ အချိန်ဖြုန်းနေသူဖြစ်၏။

အပျော်မက်လွန်းသဖြင့် ၁ နှစ်အတွင်း၌ ရစ်ချက်သည် တီဘီရောဂါရ၍ ထိုရောဂါကို ကုသဖိုရန်နှင့် လေကောင်းလေသန့် ရှူနိုင်ရန် တောင်ပေါ်တွင် အနားယူ၏။ သူအနား ယူသည့်ရွာနားတွင် လက်သမားအဘိုးကြီး တစ်ဦးက သူ့ကို ကျမ်းစာအုပ်တစ်အုပ်ပေး၍ ခရစ်တော်နှင့် မိတ်ဆက်ပေးသည်။ ဘူခါရက် (Bucharest) သို ပြန်ရောက်သောအခါ ဘုရားရှင်ကို ဆက်လက်ရှာဖွေ၍ ဂျူးလူမျိုးများအကြားတွင် အမှုတော်ဆောင်လုပ်ငန်း လုပ်နေသူများထံ၌ ဝတ်ကျောင်းများတက်၍ နောက်ဆုံးတွင် ပြောင်းလဲခြင်းရကာ ဗတ္တိဇံ ခံသည်။ သူ့ဇနီးက သူ့ဆုံးဖြတ်ချက်အပေါ်တွင် မြည်တွန်တောက်တီးကာ သူတိုသည် ဂျူးလူမျိုးများဖြစ်ကြသဖြင့် ခရစ်ယာန်ဘာသာနှင့် လားလားမျှမဆိုင်ဟု အထွန့်တက် သည်။ ရစ်ချက် ရေနှစ်ခြင်းခံသည့်နေ့တွင် သူ့ဇနီးက မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် အထိ စိတ်ကူးခဲ့သော်လည်း သူမ၏ စိတ်များပြောင်းလဲကာ ခရစ်တော်ကို လက်ခံခဲ့သည်။

သူတိုနှစ်ဦးမှာ သူတို၏ ယုံကြည်ခြင်းကို ဘဝတူ ဂျူးလူမျိုးများထံ၌ ဝေငှရန် စိတ်စောလျက်ရှိကြကာ အခွင့်အခါသင့်လျှင် သင့်သလို ရထားပေါ်တွင်ဖြစ်စေ၊ ပန်းခြံ (သို) လမ်းမကြီးပေါ်တွင်ဖြစ်စေ ဝေငှကြ၏။ ရစ်ချက်က သူတို၏ မင်္ဂလာဆောင်ပွဲ ကို ဘိသိက်ပေးသူ ရိုဆရာကြီးထံ၌ ဖတ်ကြားရန် ပြင်းပြင်းထန်ထန် တားမြစ်ထားသော ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၅၃ ကို ဖတ်ကြား၍ ဂျူးဥပုသ်စဝင်သော သောကြာ နေ့ ညနေပိုင်းတွင်လည်း ဂျူးဝတ်ကျောင်းများသိုသွားကာ မေရှိယအကြောင်းကို ဂျူးလူ မျိုးများထံ၌ သွားရောက်ပြောကြားသည်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်စတွင် ရိုမေးနီးယားအစိုးရသည် ကြားနေနိုင်ငံအဖြစ် ရပ် တည်သော်လည်း ဂျူးဆန့်ကျင်ရေးများ ပြင်းထန်လာသောအခါတွင် ရုပ်သေးအစိုးရအဖြစ် ၁၉၄၀ ခုနှစ်၊ နိုဝင်ဘာ၌ နာဇီများကို အကူအညီများပေးလေတော့၏။ အစိုးရက အကူ အညီများပေးသည်နှင့် ချက်ချင်းဆိုသလို ဂျူးများ အဖမ်းခံကြရ၍ နှိပ်စက်ခြင်းနှင့် သူတို ၏ စီးပွားရေးလုပ်ငန်းများ ကျဆင်းလာကာ ငွေအလုံးအရင်းဖြင့် လက်သိပ်ထိုးနိုင်မှသာ လျှင် ညှင်းပန်းနှိပ်စက်မှုများ ရပ်သွားသည်အထိဖြစ်သည်။

နောက်တစ်နှစ်တွင် နာဇီစစ်သားများ ရိုမေးနီးယားသို ရောက်ရှိလာကြ၍ အုပ်စုဖွဲ ကာ သတ်ဖြတ်လုယက်ခြင်းများ စတင်လာပြန်၏။ သတ်ဖြတ် လုယက်ခံရသည့်အထဲတွင် အဆိုးဆုံးခံရသည်မှာ Jassy မြိုရှိ ဂျူးလူမျိုး ယုံကြည်သူများအဖွဲ ဖြစ်သည်။ ဂျူးလူမျိုး အယောက် ၄ဝဝဝ ကျော်မှာ မြို အတွင်း၌ သတ်ဖြတ်ခြင်းများနှင့် ပြည်နှင်ဒဏ်ပေးခြင်း များခံကြရ၍ စစ်ကြီးပြီးဆုံးချိန်တွင် သေဆုံးသူပေါင်း ၆ဝဝဝဝဝ ရှိသည့်အနက် ရိုမေးနီး ယားဂျူးလူမျိုးမှာ ၂၆ဝဝဝဝ ခန့်ရှိသည်။ ဘူခါရက်မြိုတော်တွင် နေထိုင်သူ ဝမ်ဘရန့် မိသားစုသည် ဤတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား မရခဲ့ကြပေ။ ထောင်ချ ခံရသူများပင် နှစ်ချီ၍ မကျဘဲ ရက်သတ္တပတ်အနည်းငယ်သာလျှင် ကျတတ်ကြ၏။

အင်္ဂလိပ်သာသနာပြု အသင်းတော် ချိတ်ပိတ်ခံရ၍ သင်းအုပ်ဆရာမရှိတော့သဖြင့် ရစ်ချက်သည် နော်ဝေနှင့် ဆွီဒင်သာသနာပြုတို၏ ကာကွယ်မှုအောက်တွင်ရှိသော အသင်းတော်တစ်ခု၏ သင်းအုပ်ဆရာအဖြစ် ခန့်အပ်ခြင်းခံရသည်။ ဤနည်းဖြင့် ရစ်ချက် သည် ဆက်လက်၍ တရားဟောခြင်း၊ အလည်အပတ်သွားခြင်းနှင့် ဂျူးလူမျိုးနှင့် ဂျူးလူ မျိုးမဟုတ်သူများထံ၌ သက်သေခံခွင့်ပင် ရခဲ့သည်။ ဂျာမန်စစ်သားများ မြိုတွင်းသို ဝင် လာသောအခါ သီးသန့်ထုတ်ဝေထားသော ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို စစ်သားများထံ၌ အခမဲ့ ပေးဝေနိုင်ခဲ့၏။ သူသည် သုံးကြိမ်အဖမ်းခံရသော်လည်း ထောင်ထဲတွင်ရက်သ တ္တပတ်၊ နှစ်ပတ် (သို) သုံးပတ်ခန့်သာလျှင် နေရ၍ လာဘ်ထိုးခြင်းဖြင့် ပြန်လည်လွတ် မြောက်ခဲ့သည်ချည်းဖြစ်သည်။

 

မြေအောက်အသင်းတော်

ဤနှစ်များအတွင်း ရိုမေးနီးယား၌ ယုံကြည်သူများသည် အစိုးရခွင့်ပြုချက်မရှိဘဲ သူ တို၏ နေအိမ်များ၌ ပုန်းလျှိးကွယ်လျှိးဖြင့် ဝတ်ပြုကြရကာ ၄င်းကို “မြေအောက်အ သင်းတော်”ဟုခေါ်သည်။ တစ်ခါက ခေါင်းဆောင် တစ်ဦးသည် ခွင့်ပြုချက်မရှိဘဲ ဝတ် တက်၍ တရားဟောနေစဉ် လျှိဝှက်ရဲက အိမ်ရှေ့တံခါးလာခေါက်သဖြင့် ယုံကြည် သူများ အနောက်ဘက်ပြတင်းပေါက်မှ ခုန်ဆင်းကြကုန်၏။

ရစ်ချက်က သာသနာရေးဝန်ကြီးထံ၌ သူတို၏ ဝတ်တက်ပွဲများကို ခိုးကြောင် ခိုးဝှက်မဟုတ်ဘဲ တရား ဝင် ကျင်းပခွင့်ရရန် သွားရောက်တောင်းဆိုသည်။ သူသည် အရဲ စွန့်၍ ထိုဝန်ကြီးကို ကယ်တင်ခြင်းသတင်း စကား ဝေငှရာ ထိုလူကြီး၏စိတ် ပြောင်းလဲ သွားသဖြင့် ထိုအချိန်မှစ၍ ထိုဝန်ကြီးသည် သူတို၏ မိတ်ဆွေနှင့် ကာကွယ်သူဖြစ် လာသည်။

အသင်းတော်အတွင်းရှိ ဂျူးလူမျိုးယုံကြည်သူများက ဂျူးဘာသာဆန့်ကျင်ရေးများ ပြုလုပ်လာသဖြင့် ရစ်ချက်သည် အသင်းတော်လူကြီးများ၏ မလိုမုန်းထားရန်ထောင်ခြင်း ကို တုံပြန်နိုင်ရန်အတွက် အမြဲပြင်ဆင် ထားခဲ့သည်။ တစ်ခါက သူ့ကို ကျမ်းစာများ ရောင်းချခွင့်ပေးသဖြင့် သူက ဩသိုဒေါက်စ်အသင်းတော်၏ ပြင်ပတွင် ရောင်းချသော် လည်း သူ၏ ဂျူးစိတ်ဓာတ်အမှန်ကို မြင်ရသည်ဟုဆိုကာ ဤသို အော်ဟစ်ကြလေ၏။ “ဒီဂျူးစုတ်တွေက ကျွန်တော်တို အထွတ်အမြတ်ထားတဲ့ ဘုရားကျောင်းနဲ့ ကယ်တင် ခြင်းသတင်းကောင်းကို မခန့်လေးစားလုပ်တယ်”ဟုဆိုကာ သူတိုစိုက်ထုတ်ထားသော ပိုက်ဆံများကို ပြန်တောင်းကြလေ၏။

မည်သိုဆိုစေ ဂျူးလူမျိုးများကို နှစ်နှစ်ကာကာ ချစ်ခင်သော သူတော်ကောင်း အသင်းတော် ခေါင်းဆောင်တချို ရှိသည်ကိုကား ရစ်ချက် ကောင်းကောင်းကြီးသိ၏။ ဩသိုဒေါက်စ်အချိုနှင့် လူသာရင် သင်းအုပ်ဆရာအချိုဆိုလျှင် နှိပ်စက်ခံရသည့်ကာလ၌ သူတိုအသက်ကိုပင် လောင်းကြေးထပ်ကာ ဂျူးများကို ကာကွယ်ထောက်ပံ့ခဲ့ကြသူများ ဖြစ်သည်။ အသင်းတော်ဂိုဏ်းဂဏတိုင်းတွင် “မမြင်မတွေ့ရသော အသင်းတော်”ဟုခေါ် သည့် ညီရင်းအစ်ကိုစိတ်ရှိသော စစ်မှန်သည့် ယုံကြည်သူများလည်းရှိ၍ သူတိုသည် နာဇီ တို၏ ခြိမ်းခြောက်မှုကိုပင် အလေးမမှုဘဲ ကယ်တင်ခြင်းသတင်းကောင်းအပေါ်တွင် သစ္စာ ရှိသူများ ဖြစ်ကြသည်။

စစ်ကြီးတစ်လျှောက် ဝမ်ဘရန့်တိုလင်မယားသည် နာဇီများ၏ သားကောင်များ ဖြစ် ကြကာ သူတိုသည် ဂျူးမိဘမဲ့ကလေးများ၊ ရိုမေးနီးယားပရိုတက်စတင့်များနှင့် ဂျပ်စီ (Gypsy) များကို ကယ်ထုတ်ခဲ့သူများဖြစ် ကြသည်။ ထိုအပြင် ၁၉၄၄ ခုနှစ်၊ ရုရှားများ အောင်ပွဲဆင်နေချိန်တွင် နာဇီအရာရှိကြီးများအတွက် ပုန်းခိုစရာ နေရာများပေး၍ ဂျာမနီသို ပြန်လည်ထွက်ခွာရန် ကူညီခဲ့သူများလည်း ဖြစ်ကြသည်။

စစ်ကြီးပြီးဆုံးသောအခါ ကွန်မြူနစ်အုပ်စိုးသူများက အုပ်ချုပ်မှု နည်းစနစ်အသစ် တစ်ခုကို ဖော်ဆောင်၏။ အာဏာပိုင်များက အစွန်းရောက်ဘာသာရေးဂိုဏ်းများ ညီလာခံ၌ အသင်းတော်ကို ဆွေးနွေးရန် ကမ်းလှမ်းကာ ကွန်မြူနစ်များက ဘာသာရေးကို သက် ညှာမှုပေးမည့်အပြင် အမှုတော်ဆောင်များကို လစဉ် ထောက်ပံ့ကြေးပေးမည်ဟုဆိုသည်။ ထိုညီလာခံတွင် တက်ရောက်သော သင်းအုပ်ဆရာ အယောက် ၄၀၀၀ က မတ်တပ် ထရပ်၍ အစိုးရသစ်ကို ဩဘာပေးကြကာ စတာလင် (Stalin) ကို ဂုဏ်ထူးဆောင် ဥက္ကဋ္ဌကြီးအဖြစ် တစ်ခဲနက် ထောက်ခံကြသည်။

သူ့ဇနီး၏ တိုက်တွန်းမှုကြောင့် ရစ်ချက်သည် ညီလာခံက တညီတညွတ်တည်း ထောက်ခံခဲ့ကြသော အဆိုကို ဆန့်ကျင်သဖြင့် အစွန်းရောက်ဘာသာရေးဂိုဏ်းများကို ဦးဆောင်သူ ဒေါသအမျက်ခြောင်းခြောင်း ထွက်နေ၏။ နောင်အခါတွင် အသင်းတော် အစည်းအဝေးပွဲများ၌ ရန်လိုသောလူငယ်တချို စိမ့်ဝင်လာကာ သူတိုက ဝတ်တက် များကို ဖျက်လိုဖျက်ဆီး လုပ်လာကြသဖြင့် ရစ်ချက်မှာ အတေးခံရသူတစ်ဦးဖြစ်လာ

ရစ်ချက်သည် နှစ်ပေါင်းများစွာကတည်းက ရုရှားတို၏ ဘာသာမဲ့ဝါဒဖြန့်ချိရေး အပေါ်တွင် သက်သေခံနိုင်ရန် တစ်ပိုင်းသေနေသူဖြစ်၏။ ယခုအချိန်တွင် ရုရှားစစ်သားများ ရိုမေးနီးယားအတွင်းသို သန်းချီ၍ ဝင်လာကြသဖြင့် သူအလွန်တောင့်တခဲ့သော မဟာ အခွင့်အရေးကြီးကို သူ ရရှိနေပြီဖြစ်သည်။ သူသည် ကယ်တင်ခြင်းသတင်းစကား ဝေငှနိုင်ရန် အလျင်အမြန်ပြင်ဆင်၏။ တစ်ကြိမ်တွင် ရုရှားစစ်ဗိုလ်တစ်ဦးနှင့်အတူ အမျိုး သမီးအရာရှိတစ်ဦးတိုနှင့် ဆိုင်တစ်ဆိုင်တွင် ဆုံကြသဖြင့် သူ့အိမ်သို အလည်အပတ်ခေါ် သည်။ သူတိုနှစ်ဦးသည် ထိုတစ်ရက်တည်းတွင် ပြောင်းလဲခြင်းရကြသဖြင့် ရုရှားများထံ တွင် သူ၏ မြေအောက်အမှု တော်ဆောင်လုပ်ငန်းကိုလည်း အကူအညီပေးကြသည်။

 

ရိုမေးနီးယားသို ပြန်လာခြင်း ၊

ပြည်နှင်ဒဏ်ခံရသည့် အချိန်တွင် ဝမ်ဘရန့်တိုမိသားစုသည် အနောက်ကမ္ဘာသို “မြေ အောက်အသင်းတော်၏ အသံ”ဟူသော လုပ်ငန်းတစ်ခု စတင်ကာ ကွန်မြူနစ်နိုင်ငံများ သို ခရစ်ယာန်သာသနာပြုလုပ်ငန်းတစ်ခုကို လုပ်ကိုင်ကြသည်။ သူတိုသည် နောင် ၂၅ နှစ် အကြာ ၁၉၉၀ ခုနှစ်၊ မေ၊ ၁၄ တွင် ရိုမေးနီးယားသို ပြန်လာခွင့်ရကြ၏။ သူတိုနှင့်အတူ ဒုက္ခကိုခါးစည်းခံခဲ့ကြသော မိတ်ဆွေများနှင့် အသိအကျွမ်းများက လေဆိပ်တွင် လာ ရောက်နှုတ်ဆက်ကြကာ ရစ်ချက်နှင့်အတူ ထောင်နန်းစံခဲ့ဖူးသော ယုံကြည်သူများလည်း ပါဝင်၍ ပြန်လည်ပေါင်းစည်းခြင်း ဝမ်းသာမျက်ရည်များ စီးကျခဲ့ကြသည်။ လူအုပ်ကြီး က လွတ်လပ်စွာ ဆုတောင်းခြင်းနှင့် ဓမ္မတေးများကျူးရင့်ကြကာ ဓမ္မတေးရေးဆရာ Moldoveanu နှင့် ရစ်ချက်တို ထောင်ထဲတွင် ရေးခဲ့ကြသော ဓမ္မသီချင်းတစ်ပုဒ်လည်း ပါသည်။ အနီးအနားရှိလူများက ထိုဖြစ်ရပ်ကို သွားရောက်ကြည့်ရှုကာ စစ်သားများနှင့် ရဲများပင် အံ့သြမှင်တက်မိကြ၏။ “ဒီလူတွေ ဘယ်သူတွေလဲ၊ ဘာပြုလို ဒီလောက်တောင် ပျော်နေကြတာလဲ”ဟု မေးကြသည်။ နောက်ဆုံးတွင် ဝမ်းဘရန့်မိသားစုသည် မွေးရပ် မြေသို လွတ်လပ်စွာ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ရစ်ချက်သည် ရုပ်သံအစီအစဉ်၌ စကားပြောရန်အထိ ဖိတ်ခေါ်ခြင်းခံရ၏။

ထိုရုရှားစစ်ဗိုလ်ကြီး၏ အကူအညီဖြင့် ရစ်ချက်သည် စစ်တန်းလျားများတွင် လျှိ ဝှက်စွာ တရား ဟောနိုင်သဖြင့် အများအပြားက ခရစ်တော်ကို လက်ခံကြသည်။ ကွန်မြူနစ် စနစ်အောက်တွင် အသင်းတော် သည် ညှင်းပန်းနှိပ်စက်ခြင်း တစ်ဖန် ခံရပြန်ကာ ယုံကြည် သူများသည် ပုန်းလျှိးကွယ်လျှိး လုပ်ရပြန်၏။ သူတိုသည် မည်သိုပင် ကန့်သတ်ချက်များ ရှိနေသော်လည်း ဧဝံဂေလိလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နိုင်ကြကာ ကွန်မြူနစ်များကို လည်း စာပေလုပ်ငန်းဖြင့် ဆက်လက်ဆွဲဆောင်နိုင်ခဲ့ကြ၏။

 

ပျောက်ဆုံးခြင်း

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၉ ရက်နေ့၊ တနင်္ဂနွေနေ့တစ်ရက် ဘုရားကျောင်းသို သွား နေစဉ် ရစ်ချက်သည် လျှိဝှက်ရဲများ၏ ဖမ်းဆီးခြင်းကို ခံရ၏။ သူ၏ မှတ်ပုံတင်စာရွက် စာတမ်းများနှင့် ပါလာသမျှကို ရဲများက ယူလိုက်ကြ၍ သူ့ကို နာမည်အသစ်ပေးလိုက် သည်။ သူသည် ၈ နှစ်ခွဲခန့် နောက်ကြောင်းပြန်လိုက်၍ မရလောက်အောင် ပျောက်ဆုံး သွား၏။ အစတွင် ငတ်မွတ်ခေါင်းပါးမှု ပြန်လည်ထူထောင်ရေးကူညီရန် ပိုက်ဆံများနှင့် ထွက်သွားခြင်းဖြစ်မည်ဟု ဆာဗီးနားကို အားပေးစကားဆိုကြ၍ နောင်တွင် ထောင်ထဲ၌ ဆုံးပါးသွားသည်ဟု သတင်းရပြန်သည်။

၁၉၄၈ ခုနှစ်နှင့် ၁၉၅၆ ခုနှစ်အကြားတွင် ရစ်ချက်သည် မကြာခဏ စစ်မေးခြင်း နှင့် ချောက်ချားဖွယ်ရာ ပုံစံအမျိုးမျိုးဖြင့် နှိပ်စက်ခြင်းခံရသည်။ သူသည် ဇောက်ထိုးဆွဲ၍ ခြေဖဝါးအရိုက်ခံရကာ “ရေခဲသေတ္တာ”ထဲတွင် ထည့်သိပ်ခြင်းနှင့် အရိုးများကွဲသည်အထိ ရိုက်နှက်ခြင်းခံရသည့်အပြင် တစ်ကိုယ်လုံးအနှံ မီးကျီးခဲဖြင့် အတိုခံရသည်။ သူ့ကို နှိပ်စက်သူများပင် နားချိန်ဟူ၍ မရှိခဲ့ကြ။ သူ လွတ်မြောက်လာသောအခါတွင် ပိန်ချုံးကျ သွားကာ လူမမာရုပ်သွင်ဖြစ်သွားသော်လည်း အံ့သြစရာကောင်းလောက်အောင် အသက် ရှင်ခဲ့သည်။ နောက်တစ်ဖန် သူ၏ မြေအောက်အသင်းသားတစ်ဦး၏ သစ္စာဖောက်မှုကြောင့်ထောင်မှလွတ်ပြီး ၃ နှစ်အကြာ တွင် အဖမ်းခံရပြန်၏။ ၅ နှစ်ခွဲ ထောင်နန်းစံပြီးနောက် ၁၉၆၄ ခုနှစ်တွင် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။

ဤအချိန်တွင် ဆာဗီးနားသည် အကျဉ်းချခြင်းခံရ၍ အမှုစစ်ဆေးခြင်းပင် မခံရဘဲ အလုပ်ကြမ်းစ ခန်းတွင် ထောင်ဒဏ် ၃ နှစ် ချမှတ်ခြင်းခံရသည်။ သူမသည် အကျဉ်းသား ခံနိုင်ရုံလောက်သာ အပေါက်များ ဖောက်ထားသည့် ကျဉ်းကျပ်သော ဗီရိုထဲတွင် ထည့် သိပ်ခြင်းခံရ၏။ တူးမြောင်းတူးခြင်းကို ကူညီစဉ် အစောင့်များက ဒညုမြစ် (Danube) အတွင်းသို ပစ်ချလိုက်သဖြင့် နံရိုးနှစ်ချောင်း ကျိုးသွားသည်။ သူတို၏သား မဟားလ် (Mihail) သည် မိဘမဲ့ကျောင်းတွင် ၃ နှစ်ထားခဲ့ရကာ သူ့ကို ထိန်းပေးရသော အမျိုး သမီးနှစ်ဦးမှာ ပုလိပ်များ၏ စောင့်ကြပ်ခြင်းခံရ၍ တစ်သက်လုံး ဒုက္ခိတဘဝရောက် အောင် ရိုက်နှက်ခံကြရ၏။ သူသည် ကွန်မြူနစ်ဝါဒသွတ်သွင်းခြင်းကို ဆန့်ကျင်သော စကားပြောသဖြင့် နှစ်ကြိမ်ကျောင်းထုတ်ခံရကာ ၂ နှစ်တာ ပညာရေးဆုံးရှုးခဲ့ရ၏။

ထောင်ထဲတွင် နှစ်ရှည်လများနေလျှင် ဖြစ်လာမည့် ဆိုးကျိုးကို သိသောကြောင့် ၁၉၆၅ ခုနှစ်တွင် နော်ဝေနိုင်ငံသား အစ္စရေးသာသနာပြုအသင်းက ဝမ်ဘရန့်တိုမိသားစု နိုင်ငံမှ ထွက်ခွာနိုင်ရန်အတွက် ရိုမေးနီးယားအစိုးရကို စတာလင်ပေါင် ၂၅၀၀ ပေးခဲ့သည်။ ရစ်ချက်သည် အပြင်မှနေ၍ သူ့လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လျှင် ပိုမိုကောင်းနိုင်ဖွယ် ရှိသည်ဟု စဉ်းစားမိသဖြင့် အမေရိကန်ပြည်ထောင်စုတွင် နေ၍ လွတ်လပ်သောကမ္ဘာမှ မြေအောက်အသင်းတော်အတွက် အလုပ်လုပ်ရန် ဆုံးဖြတ်၏။ သူသည် ကွန်မြူနစ်နိုင်ငံ များတွင်ရှိသော ယုံကြည်သူများအတွက် အကူအညီပေးနိုင်မည့် လမ်းကြောင်းတစ်ခုကို ရှာဖွေကာ ကွန်မြူနစ်ကမ္ဘာသို စေလွှတ်ရန် ခရစ်ယာန်သာသနာပြုအသင်းကို တည် ထောင်သည်။

၁၉၉၁ ခုနှစ်တွင် ကွန်မြူနစ်ဝါဒကျဆုံးသောအခါ အသင်းတော်ကို ဖျက်ဆီးရန် ဇောသန်နေသော ခရစ်ယာန်များ နေထိုင်သည့်နေရာများတွင် သာသနာပြုအသင်းက ကျယ်ပြန့်စွာ အလုပ်လုပ်ရန် ကြိုးစားကြ သည်။ သူတို၏ ကြောက်ရွံခြင်းနှင့် လိုအပ်ချက် များကို သိသဖြင့် ရစ်ချက်သည် သိက္ခာတော်အရ ဆရာ စတူးဝပ်ဟားရစ်(စ်)(Stuart Harris) နှင့်အတူ နိုင်ငံတကာဆိုင်ရာလွတ်ငြိမ်းခွင့် (Release International) ကို ၁၉၉၂ ခုနှစ်တွင် တည်ထောင်သည်။ သူတို၏ လုပ်ငန်းက မာတုရများနှင့် အကျဉ်းချခံရ သူများ၏ မိသားစုများကို ကူညီပံ့ပိုးပေးရုံသာမဟုတ်ဘဲ အသင်းတော်ကို ဖျက်လိုဖျက် ဆီးလုပ်၍ ကယ်တင်ခြင်းသတင်းစကား ဆန့်ကျင်သူများကိုပင် ခရစ်တော်ထံပါးသို ပို ဆောင်ခေါ်ယူနိုင်ခဲ့၏။

သူ ထောင်မှလွတ်လာချိန် ၁၉၅၆ ခုနှစ်တွင် သူ့မိဘများ၏ သက်သေခံခြင်းဖြင့် ခရစ်ယာန်တစ်ဦး ဖြစ်လာသူ သူ့သားက ဤသိုမေး၏။ “ဘေးဒုက္ခအမျိုးမျိုးကို ဒီလောက် ခါးစည်းခံခဲ့ရတာ အဖေဘာတွေကို သင်ယူခဲ့ရသလဲ” သူ့အဖေက ဤသို ခွန်းတုံပြန် သည်။ “ပထမဆုံးအနေနဲ့ကတော့ ဘုရားရှင်တစ်ပါး ရှိတယ်ဆိုတာ သိခဲ့ရတယ်၊ ဒုတိယ က ခရစ်တော်ဟာ ငါတိုရဲ့ ကယ်တင်ရှင်ဖြစ်တယ်၊ တတိယကတော့ ထာဝရအသက်ရှိ တယ်ဆိုတာလည်း သိခဲ့ရတယ်။ ပြီးတော့ စတုတ္ထအနေနဲ့ ပြောရရင်တော့ ချစ်ခြင်း မေတ္တာဟာ အကောင်းဆုံးနည်းလမ်းပါပဲကွဲ ” ငါ့သားရဲ့။

 

ဘရာသာအင်ဒရူး (ဖွား ၁၉၂၈) ဖွင့်ထားသောတံခါး အသင်းတည်ထောင်သူ

 လူ့အတွေးအခေါ်ကို တိုက်ဖျက်ရာ၌ အင်အားအကြီးမားဆုံးလက်နက်မှာ စာပေဖြစ် ကြောင်း သိရှိသော ကားလ်မက်စ် (Karl Marx) က ဤသိုမြွက်ကြားခဲ့၏။ “ငါ့ကို စစ်သားကောင်း ၂၆ ယောက်ပေးပါ။ ကမ္ဘာကြီးကို ငါအောင်နိုင်မယ်။” ကွန်မြူနစ်များ သည် ထိုအချိန်မှစ၍ ကွန်မြူနစ်သဘောတရားများအား စာပေကိုအသုံးပြု၍ အကျယ် ပြန့်ဆုံးဖြစ်အောင် လုပ်ဆောင်ကြ၏။ ၁၉၆၀ ခုနှစ်တစ်ဝိုက်တွင် အရှေ့တောင်အာရှ တစ်ခုထဲ၌ ကွန်မြူနစ်ဆိုင်ရာ အချိန်ပြည့် စာပေဖြန့်ချိသူမှာ အနောက်တိုင်းက တစ်ကမ္ဘာ လုံးသိုပိုဆောင်သော သာသနာ ပြုဦးရေထက် ပို၍များ၏။

ခရစ်ယာန်အသင်းတော်က ကမ္ဘာတစ်လွှားတွင် နှုတ်ကပတ်တော်ဖြန့်ချိခြင်းသည် ၊ ပို၍ပို၍ အရေးကြီး ကြောင်း သိမှတ်ကြသော်လည်း မကြာသေးမီနှစ်များဆီကမှ အဆာတလျင်ပြုလုပ်ရန် လိုအပ်ကြောင်း အသိ တရားဝင်လာကြခြင်း ဖြစ်သည်။ ၁၈၀၄ ခုနှစ် တွင် သာသနာပြုအသင်းများ၏ လုပ်ငန်းကို ကူညီထောက်ပံ့ ပေးနိုင်ရန် ဗြိတိသျှကျမ်းစာ အသင်းကို တည်ထောင်ခြင်းဖြစ်၏။ ထိုအဖွဲအစည်းတည်ထောင်ရခြင်း၏ ရည်ရွယ်ချက် မှာ ကျမ်းစာများကို ထုတ်ဝေဖြန့်ချိရန်နှင့် အခြားဘာသာစကားများဖြင့် ထုတ်ဝေနိုင်ရန် ဖြစ်သည်။ နောင်အခါ ကျမ်းစာထုတ်ဝေသော အသင်းများလည်း လိုအပ်မှုအရ အမျိုးမျိုး foss 300:00&qp:630) gog.yp: Scripture Gift Mission (1888), The Gideons (1899), Wycliffe Bible Translators (1934) နှင့် မကြာသေးမီက ဘရာသာအင်ဒရူး (Brother Andrew) တည်ထောင်သော ဖွင့်ထားသောတံခါး(ခေါ်) Open Doors တိုဖြစ်ကြသည်။

 

ကယ်တင်ခြင်းသတင်းစကားအတွက် ဆင်းရဲဒုက္ခခံရခြင်း ၊

အရှေ့ဥရောပတွင် ခရစ်ယာန်များ၏ အတိဒုက္ခရောက်မှုကို အင်ဒရူးက ၁၉၅၅ ခုနှစ်၊ နွေရာသီတွင် ဝါဆော (Warsaw) သို ရောက်လာစဉ်က ပထမဆုံးအကြိမ်အဖြစ် ခံစားရ ခြင်းဖြစ်သည်။ သူသည် ကွန်မြူနစ်လူငယ်တွေ့ဆုံပွဲတွင် ဖိတ်ကြားခြင်းခံရသော်လည်း ထိုပွဲတော်သို မတက်ရောက်ဘဲ ဝါဆောမြိုထဲရှိ ဘုရားကျောင်း ၅ ကျောင်းတွင် လျှိ ဝှက်စွာ ထွက်လာနိုင်ခဲ့၏။ နှစ်ခြင်းကျောင်းတစ်ကျောင်းတွင် တရားဟောပြီးသောအခါ သင်းအုပ်ဆရာက ဤသိုဆို၏။ “ကျွန်တော်တိုဆီ လာရောက်ပေးနိုင်တဲ့အတွက် ကျေးဇူး ပါဆရာ၊ ကျွန်တော်တိုက အချိန်တိုင်းလိုလို ကျွန်တော်တိုအဖွဲပဲ ရုန်းကန်နေရတယ်လိုကို ထင်နေမိတာဗျ”

ရုန်းကန်သည်ဟုဆိုရာ၌ အသင်းတော်သည် သံကန့်လန့်ကာ (Iron Curtain) ၏ နောက်ကွယ်တွင် ရှင်သန်နိုင်ရန် တိုက်ပွဲရခြင်းကို ဆိုလိုသည်။ အင်ဒရူးသည် ကယ်တင်ခြင်း ၊ သတင်းစကားအတွက် ဆင်းရဲဒုက္ခခံရခြင်းနှင့် အလွန်ဆိုးရွားသော အခြေအနေကို ကူညီနိုင် ၊ ရန် ပထမဆုံးအနေဖြင့် လမ်းစရှာကြံ သည်။ အခြေအနေကိုစဉ်းစားရင်း သူ့ကျမ်းစာအုပ်ကို ဖွင့်လိုက်သောအခါ သူ့မျက်စိအစုံသည် ဗျာဒိတ်ကျမ်း တစ်နေရာ၌ ကျရောက်လျက်ရှိ၏။ “မအိပ်ဘဲ စောင့်၍ နေလော့၊ ကျန်ရစ်၍ သေလုသောအရာတိုကို ပြုစုလော့။” ဘုရားရှင် သည် သူ့ကို ကြွင်းကျန်သော အသင်းတော်အတွက် ခေါ်တော်မူသည်ကို ရှင်းလင်းစွာ သိလိုက်သည်။

အင်ဒရူးသည် သံကန့်လန့်ကာနောက်ကွယ်တွင် ဒုတိယအကြိမ် ချက်ကိုစလိုဗားကီး ယား (Czechoslovakia) သို အလည်အပတ်ထွက်လာကာ ပို၍ဆိုးသော အခြေအနေကို မြင်တွေ့ရ၏။ ထိုနေရာတွင် သမ္မာကျမ်းစာများ ပြတ်လပ်သွားရုံသာမဟုတ်ဘဲ အစိုးရက အသင်းတော်ကို နိုင်ငံတော်နှင့် တစ်သားတည်း နေကြရန် ဖိအားပေးလျက်ရှိကာ ငြင်းဆန် သူများကို ထောင်ချ၏။ သူသည် မြိုတော် ပရာ့ဂ် (Prague) ရှိ နောက်ဆုံးဘုရားကျောင်း၌ စကားပြောခဲ့စဉ်က ခွက်ဖလားပုံစံရှိသော ရင်ထိုးတစ်ခုပေးခြင်းခံရကာ ၄င်းသည် ချက်ကို စလိုဗားကီးယားအသင်းတော်ရှိ ခရစ်ယာန်များ၏ “ဆင်းရဲဒုက္ခ ခွက်ဖလား” သတိပေး ချက်ဖြစ်သည်။

တစ်ကိုယ်ရေတစ်ကာယ သာသနာပြုသူ

 နှစ်များမကြာမီ ကြမ္မာဆိုးကို ရင်ဆိုင်နေရသော ယုံကြည်သူများကို နေရာအနှံအပြား၌ တွေ့ရှိရကာ အများအပြားက သူတို၏ ယုံကြည်ချက်ကြောင့် အန္တိမတန်ဖိုးကို ပေးဆပ် ကြရသည်။ ထိုသူတိုအတွက် သူဘာလုပ်ပေးနိုင်သည်ကို စဉ်းစားဆုံးဖြတ်၍ အင်ဒရူးသည် နှစ်အတန်ကြာ ကွန်မြူနစ်ကမ္ဘာ၌ တစ်ကိုယ်ရေ တစ်ကာယ သာသနာပြုရန် စတင်၍ ကျမ်းစာများ သယ်ယူကာ ခရစ်ယာန်များကို တွန်းအားပေး၍ ကယ်တင်ခြင်းသတင်း စကား ဝေငှသည်။

ဟော်လန်ရှိ ဆုတောင်းအဖွဲတစ်ဖွဲ၏ အားပေးမှုဖြင့် ၁၉၅၇ ခုနှစ်တွင် ကျမ်းစာအုပ် များနှင့် ဝေစာများကို ပြွတ်သိပ်နေအောင် တင်၍ ယူဂိုဆလားဗီးယား (Yugoslavia) သို ပထမဆုံးအကြိမ်အဖြစ် ခရီးထွက်သည်။ နယ်ခြားစောင့်များနှင့် နီးကပ်လာသောအခါတွင် ယနေ့တိုင် ကျော်ကြားထင်ရှားသော ဆုတောင်းချက်တစ်ခုကို ပြုသည်။ “ကိုယ်တော်ဘုရားရှင် လောကမှာနေစဉ်တုန်းက မျက်မမြင်တွေကို မြင်အောင် ပြုခဲ့ပါတယ်။ အခု အခါမှာတော့ မြင်နေတဲ့ မျက်လုံးတွေကို ကန်းအောင် လုပ်ပေးဖို ကျွန်တော်မျိုး ဆုတောင်း ပါတယ်အရှင်ဘုရား” (Lord, when you were on earth, you made blind eyes see. Now, I pray, make seeing eyes blind.) –

နယ်ခြားစောင့်များ၏ အမေးခံရသောအခါ သူသည် မုသားစကားကို မသုံးသော်လည်း သူတို၏ သင်္ကာမကင်းစိတ်ကို ရှောင်ရှားနိုင်ရန် စကားလုံးများကို သတိထားပြောဆိုသ ဖြင့် နယ်ခြားဂိတ်ကို ဖြတ်သန်းခွင့်ရသည်။ သူသည် ရက်သတ္တပတ် ၇ ပတ်ကို ထိုနိုင်ငံ တွင် လွတ်လပ်စွာ သွားလာခွင့်ရခဲ့၏။ ထိုနိုင်ငံတွင် နေစဉ်အတွင်း ကက်သလစ်ဝတ် ကျောင်းအပါအဝင် တရားပွဲကို အကြိမ် ၈၀ ကျင်းပနိုင်ခဲ့ကာ ကျမ်းစာများလည်း ဖြန့် ဖြူးနိုင်ခဲ့သည်။

ပိုလန်တွင် သင်းအုပ်ဆရာအများအပြား ထောင်နန်းစံကြရ၍ သာမန်အသင်းသား များလည်း ရဲများ၏ မျက်လုံးဒေါက်ထောက်ကြည့်ခြင်း ခံရသည်။ ခရစ်ယာန်များ အပေါ်တွင် လက်တုံပြန်မည်စိုးသဖြင့် တရားမဟောဘဲ နေသော်လည်း အင်ဒရူးသည် လာဘ်လာဘများ အသုံးပြုကာ “တံခါးမရှိ၊ ဓားမရှိ”ဝင်ထွက် သွားလာနိုင်သောကြောင့် ကျမ်းစာသွန်သင်ခြင်းအခွင့်ကိုပင် ရရှိခဲ့၏။ ထိုကြောင့် “အသုဘအခမ်းအနားနှင့် မင်္ဂလာဆောင်အခမ်းအနားများဖြစ်သော အခါသမယနှစ်မျိုးတွင်သာ ဧဝံဂေလိလုပ်ငန်းကို တရားဝင်လုပ် ကိုင်နိုင်၍ ဤအချိန်အခါမျိုးနှင့် ကြုံကြိုက်မှသာလျှင် ကယ်တင်ခြင်းသတင်း ၊ စကားကို အတိုချုံ၍ ဟောပြောခွင့်ရသည်။

သူသည် ဥရောပအနှံအပြားတွင် လှည့်လည်ခရီးသွားရာ၌ ကွန်မြူနစ်များက သူတို၏ နည်းနိဿယ များကို အသုံးပြုကာ ဖိအားပေးလျက်ရှိ၍ အထူးသဖြင့် လူငယ်များကို ဘုရား၊ ကျောင်းနှင့် အစေးမကပ်မိစေရန် နည်းပေါင်းစုံဖြင့် ဆွယ်ထားကြသည်။ ယုံကြည်သူ များက “အတုအယောင်အသင်းတော်”ဟုခေါ်သူများက ဘုရားရှင်ထံ သစ္စာခံသည့် အနေဖြင့် နိုင်ငံတော်အခမ်းအနားကို ခရစ်ယာန်ဘာသာရေးထုံးတမ်းစဉ်လာဖြင့် အစား ၊ ထိုးကျင်းပရန် ကြိုးစားကြ၏။

အင်ဒရူး၏ အသိပေးချက်အရ ဘူလ်ဂေးရီးယား (Bulgaria) နှင့် ရိုမေးနီးယား၊ (Romania) နှစ်နိုင်ငံသည် ညှင်းပန်းနှိပ်စက်မှုကို အလူးအလဲခံရသော နိုင်ငံများဖြစ်သည်။ သိုသော်လည်း သူသည် ထိုနိုင်ငံများသို ပြည်ဝင်ခွင့်ဗီဇာကို ရှောရှောရှုရှု ရနိုင်သည့်အပြင် ကျမ်းစာများကို သေတ္တာအပြည့်ဖြင့် သယ်ယူခွင့်ရခဲ့သည်။ ထိုနှစ်နိုင်ငံအနက် ယုံကြည် ၊ သူများက ရိုမေးနီးယားကို “ဘုရားမဲ့ဝါဒအား စနစ်တကျ ပြုစုပျိုးထောင်ရာနေရာ ဟု ခေါ်ဝေါ်ကြ၏။ ရိုမေးနီးယားတွင် အသင်းတော်ကို အလျှော့အတင်းမရှိဘဲ ထိန်းချုပ်ထားကာ ဝတ်ပြုစည်း ဝေးပွဲများ ကန့်သတ်ချုပ်ချယ်ခြင်းခံရသည့်အပြင် ဧဝံဂေလိလုပ်ငန်း ကို လည်း တားဆီးပိတ်ပင်ထားကြသည်။

 

မှောင်ခိုသွင်းခြင်းဆိုင်ရာ ကိုယ်ကျင့်တရား

ခရစ်ယာန်များက ရံခါဆိုသလို အင်ဒရူး၏ မှောင်ခိုလုပ်ငန်းနှင့်ပတ်သက်၍ ကိုယ်ကျင့် တရားဆိုင်ရာ မေးခွန်းများ ထုတ်တတ်ကြကာ ဥပဒေချိုးဖောက်ခြင်းဖြစ်သည်ဟု အငြင်း ပွားတတ်ကြ၏။ သူက သူသည် ဘုရားရှင်၏ မှောင်ခိုသမားတစ်ဦးဖြစ်ကြောင်း ဝန်ခံထား သော်လည်း သူ့အား မှောင်ခိုသမားဟု နာမည်တပ်ပေးလိုက်ကြသည်ကိုကား လုံးလုံးလျား လျား လက်မခံနိုင်ခဲ့ပေ။ မှောင်ခိုသွင်းခြင်းဆိုသည်မှာ တရားမဝင်သော လှုပ်ရှားမှုများဖြစ် သည့် ကုန်မှောင်ခိုသွင်းခြင်း (သို) မူးယစ်ဆေးဝါးသွင်းခြင်းများကို ခေါ်ခြင်းဖြစ်သည်ဟု သူက ဆို၏။ သူကပင် သူသည် “ကမ္ဘာကြီးတွင်မဟုတ်သော အစိုးရ”၏ ကိုယ်စားလှယ် ဖြစ်ကြောင်းနှင့် သူ့ရည်သန်ရာမှာ “ကိုယ်တော်၏ အချုပ်အခြာ အာဏာတည်တံ့ရန် လုပ်ဆောင်ခြင်း”ဖြစ်သည် ဟုဆိုကာ လူသား၏ စကားထက် ဘုရှား၏ စကားကို နာခံ ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ ခရစ်ယာန်တိုင်း အတွက် ပထမဆုံး အရေးစိုက်လုပ်ရ မည့်အလုပ်ဟု သူခံယူထားသည်မှာ ဘုရားရှင်က လူသားများကို စေခိုင်းထားသော “ရန် သူများ ကျူးကျော်ဝင်ရောက်နေထိုင်သည့် ဤကမ္ဘာကြီးကို ဘုရားရှင်အတွက် ပြန်လည် ရယူရန်ဖြစ်သည်။ ကျမ်းစာများကို သံကန့်လန့်ကာ၏ နောက်ကွယ်မှနေ၍ သယ်ယူပို ဆောင်နေရချိန်တွင် အင်ဒရူးသည် ဘုရားရှင်၏ အကာအကွယ်ရနိုင်ရန် ဆုတောင်း၍ အမှန်တရားကိုသာ ပြောတတ်သူဟုဆိုသော် လည်း အတင်းအကျပ် စစ်မေးခြင်းမျိုးမရှိ လျှင်ကား ရံခါတွင် မုသားကို အသုံးပြုချိန်လည်း ရှိ၏။ သူ့လုပ်ငန်းသည် ကျင့်ဝတ်ပိုင်း ဆိုင်ရာ အငြင်းပွားစရာမဟုတ်ဘဲ ဘုရားရှင်ပေးအပ်သော တာဝန်ကို ဝတ္တရားမပျက် သစ္စာ စောင့်သိခြင်းသာလျှင်ဖြစ်သည်ဟု သူက ဆိုသည်။

သူ၏ ကျမ်းစာအုပ်များကို ပထမဆုံးအကြိမ်ဝေၾစဉ်က အသင်းတော်ခေါင်းဆောင်များ သည် နောင်ဖြစ်လာမည့်အကျိုးဆက်ကို ကြောက်ရွံကြသဖြင့် လက်မခံခဲ့ကြပေ။ ဒုတိယ အပတ်တွင် ယုံကြည်သူများ မိတ်သဟာယ၌ ဝေမျှခွင့်ရသော်လည်း ရင်တမမဖြင့် လက်ခံကြခြင်းသာဖြစ်သည်။ မည်သိုဆိုစေ ယုံကြည်သူ များသည် ရပ်ခြားတိုင်းတစ်ပါးမှ သူတိုကို ဂရုစိုက်မှုရှိကြောင်းနှင့် ယုံကြည်ခြင်းအတွက် ရုန်းကန်လှုပ်ရှားသူမှာ သူတို သာလျှင် မဟုတ်ကြောင်းကိုကား သိကြရသည်။

အင်ဒရူးသည် ယခုအချိန်တွင် မထင်မရှားမိသားစုမှ တစ်ယောက်နှင့် အိမ်ထောင်ပြုကာ ထိုအမျိုးသ မီးကို သူ့လုပ်ငန်း၌ လုပ်ဖော်ကိုင်ဖက်တစ်ဦးအနေဖြင့် သူ့လုပ်ငန်းကိုကူညီရန် ယူထားခြင်း ဖြစ်ဟန်တူသည်။ သူနှင့်လက်တွဲလုပ်ခဲ့သူများထဲမှ ရုရှားစကားပြောတတ် သော ဒပ်ချ်လူမျိုး ဟန်းစ်ဂရူဘာ (Hans Grubar) သည် အားကိုးရသူတစ်ဦးဖြစ်ပြီး သူ၏ ဘာသာစကားကျွမ်းကျင်မှုကြောင့် ဆိုဗီယက်အသင်းတော်၌ အမှုတော်ဆောင်ခွင့်ရသည်။

အင်ဒရူးသည် ဆိုဗီယက်ယူနီယံ (Soviet Union) မော်စကိုမြို (Moscow) တွင် နေစဉ်က မိုင်ပေါင်း ၂၀၀၀ ရှိသော ဆိုက်ဘေးရီးယား (Siberia) မှ ကျမ်းစာအုပ်တစ်အုပ် တောင်းယူရန် သူ့ထံတွင် ကိုယ်တော်စေလွှတ် သည်ဟုပြောသော ခရစ်ယာန်တစ်ဦးနှင့် တွေ့ဆုံ၏။ အင်ဒရူးသည် ကျမ်းစာလိုအပ်သော ထိုယုံကြည်သူထံ၌ ရင်ပြင်နီ (Red Square) မှ သိပ်မကွာလှသောနေရာ တွင်ထားသည့် ကျမ်းစာအုပ်ပေါင်း အုပ်ရေ ၁၀၀ ကို ရုရှားတို၏ကားဖြင့် သယ်ယူစေသည်။ “နောက်တစ်ပတ်တွင်” သူ့ထံ၌ “ကျမ်းစာ အုပ်များ ရုရှားတစ်နိုင်ငံလုံးရှိ သင်းအုပ်ဆရာများ၏ လက်သို ရောက်မည်ဖြစ်ကြောင်း” အကြောင်းကြားစာရသည်။

ဤအောင်မြင်မှုကြောင့် အင်ဒရူးသည် အားတက်လာကာ ရုရှားအတွက် ကျမ်းစာ အုပ်ပေါင်း ၅၀၀၀ ဆက်လက်ထုတ်ဝေ၍ ၁၉၆၄ ခုနှစ်တွင် ဒပ်ချ် ကျမ်းစာအသင်း၏ အကူအညီဖြင့် မြေအောက်အသင်းတော် အတွက် အုပ်ရေ ၆၅၀ ကို ဦးဦးဖျားဖျား ထောက် ပံ့ပေးသည်။

 

 

 

 

ကြိုးစားရုန်းကန်သော အသင်းတော်

ဤအချိန်မှစ၍ သူ့အမှုတော်ဆောင်လုပ်ငန်းကို ကမ္ဘာတစ်လွှားတွင်ရှိသော ဆင်းရဲဒုက္ခခံရ သည့် အသင်းတော်အတွက် စတင်သည်။ ၁၉၆၅ ခုနှစ်တွင် ဗီယက်နမ်၊ တရုတ်၊ ကျူးဘား (Cuba) သို ခရီးထွက်၍ သူ့အဖွဲထဲမှ နှစ်ဦးက အယ်ဘေးနီးယား (Albania) သို ဝင်နိုင် ရန် စီစဉ်ကြကာ တွေ့ရသမျှ ကြိုးစားရုန်းကန်ရသည့် အသင်းတော်များက အနောက်တိုင်း ခရစ်ယာန်များ၏ အကူအညီလိုအပ်ကြသော်လည်း အဆက်အသွယ်ပြုလုပ်ရန် ကြောက် ရွံနေကြ၏။ သူတိုသည် ၁၉၇၄ ခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကသောင်းကနင်း ဖြစ်မှုတိုကြောင့် တော်လှန်ရေးသမားများက အသင်းတော်ကို တိုက်ခိုက်ကာ သာသနာပြု များကို နိုင်ငံအတွင်းမှ မောင်းထုတ်ပစ်ကြသော အာဖရိကဘက်သို ဦးလှည့်ရန် အာရုံ စိုက်လာသည်။

နှစ်များမကြာသေးမီက မိုဇမ်ဘစ် (Mozambique)၊ အီသီယိုးပီးယား (Ethiopia)၊ ယူဂန်ဒါ (Uganda) နှင့် အင်ဂိုလာနိုင်ငံ (Angola) များတွင် အုပ်စုကွဲမှုများနှင့်ပတ်သက် ၍ ယှဉ်ပြိုင်မှုများဖြစ်ခဲ့ရာ ထိုစစ်တလင်းတွင် ခရစ်ယာန်အသင်းတော်သည် မြေစာပင်ဖြစ်ခဲ့ရ၏။ အင်ဒရူးသည် သူတိုအတွက် ခွန်အားပေးခြင်းနှင့် ကျမ်းစာများ ထောက်ပံ့ပေး ခြင်းဖြင့် ကူညီသည်။ သူသည် မကြာသေးမီအချိန်က အမေရိကတိုက်အလယ်ပိုင်း (Central America) နှင့် တောင်အမေရိကသို ခရီးသွားရာ ထိုနိုင်ငံများရှိ အသင်းတော်များ လည်း အလားတူပြဿနာများနှင့် ရင်ဆိုင်နေကြရသဖြင့် ခက်ခဲသောအချိန်များအတွက် အသင့်ပြင်ထားကြရန်လည်း ဆော်သြသည်။

ဘရာသာအင်ဒရူးက အစိုးရမင်းလုပ်သူများနှင့် ဗိုလ်ချုပ်ကြီးများက ထိုစစ်မြေပြင် ကို တည်ငြိမ်အောင် မစွမ်းဆောင်နိုင်ကြသည်ကို ရှင်းပြ၏။ ထိုအပြင် ဝိညာဉ်ရေးတိုက် ပွဲဖြစ်သဖြင့် ဆုတောင်းခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် ဆက်ကပ်အပ်နှံမှုတည်းဟူသော လက်နက်များကို စွဲကိုင်ကာ အောင်ပွဲရရန်အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ရမည်ဟု လည်းဆိုသည်။ ဖွင့်ထားသောတံခါးက အင်ဒရူး၏ ၁၉၅၅ ခုနှစ် အိပ်မက်ကို ဖြည့် ဆည်းပေးနိုင်ရန်အတွက် သူတို၏ ယုံကြည်ခြင်းကြောင့် ဆင်းရဲဒုက္ခခံရသော ခရစ်ယာန် များကို ကူညီထောက်ပံ့ရန် ရှာဖွေနေဆဲဖြစ်သည်။ သူသည် ဖွင့်ထားသောတံခါးဟူသည့် နာမည်ကို ဗျာဒိတ်ကျမ်း ၃၈ မှ ခရစ်တော်ပြောဆိုခဲ့သည့် “အဘယ်သူမျှ မပိတ်နိုင်သောတံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ”ဟူသော ကျမ်းပိုဒ်ကို ယူထားခြင်းဖြစ်၍ ယုံ ကြည်သူများထံ၌ စိန်ခေါ်မှုများကို ခံနိုင်ရန် ထိုကျမ်းပိုဒ်ဖြင့် ခွန်အားပေးလေ့ ရှိသည်။

နောက်နှစ်များတွင် သူ့လုပ်ငန်းတိုးချဲ့၍ မွတ်စလင်ကမ္ဘာသို ခြေဦးလှည့်လာ သည်။ အရှေ့အလယ် ပိုင်းတွင် တက်ကြွစွာ အလုပ်လုပ်၍ ကျမ်းစာများ ဝေငှခြင်းနှင့် ခွဲခြား ဆက်ဆံခြင်းခံရသော နိုင်ငံများအတွင်းတွင် နေထိုင်ကြရသော ခရစ်ယာန်များထံ၌ တွန်း အားပေးရန် ယုံကြည်သူများကို တိုက်တွန်းနှိးဆော်သည်။ သူက ခရစ်ယာန်များထံ၌ အခါအားလျော်စွာ ဆုတောင်း၍ ကိုယ်တော့်ကို ရှာကြရန် တိုက်တွန်းကာ ဆုတောင်း ခြင်းက အရာအားလုံးကို ပြောင်းလဲစေနိုင်သည်ကိုလည်း အဖန်တလဲလဲ သတိပေးသည်။ “ဘုရားရှင်သည် အလုပ်လုပ်သူများနှင့် အတူရှိသည်”ဟုဆို၍ “သူ့အစီအစဉ်များကို ဘုရားရှင်က ပြီးမြောက်ခွင့်ပေးသည်ဟုလည်း ဆို၏။”

 

အီကွေဒေါ၊ တောင်အမေရိက

၁၆ ရာစုနှင့် ၁၇ ရာစု တွင် လက်တင်အမေရိက ရိုမင်ကက်သလစ်သာသနာပြုများက အောင်မြင်မှု အကြီးအကျယ်ရ၍ ဖရန်စဖစ်(စ်)ကန်ဘုန်းတော်ကြီးများနှင့် ဆွီဘုန်း ကြီးများ၏ ခိုင်မာစွာ ခြေကုပ်ယူနိုင် မှုကြောင့် အောင်နိုင်သူများဖြစ်ကြသော စပိန်နှင့် ပေါ်တူဂီများ မျက်စိပွင့်လာကြသည်။ သိုသော် စပိန်များ၏ တန်ခိုးအာဏာကျဆင်းခြင်း၊ နှင့် ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုများကြောင့် ကက်သလစ်သာသနာပြုများသည် အင်အား ချည့်နဲ့လာကာ ၁၉ ရာစုတွင် ရှိမင်အသင်းတော်က အများအပြားလက်လွှတ်ဆုံးရှုးရ၏။

ဤအတွက်ကြောင့် ထိုဒေသများကို ပရိုတက်စတင့်များက စိတ်ဝင်တစားရှိလာ၍ သာသနာပြုရန် စတင်လာကြခြင်းဖြစ်သည်။ ထိုသာသနာပြုများသည် အသင်းတော်ဂိုဏ်း ဂဏဟူ၍ မရှိကြဘဲ “ယုံကြည်ခြင်း ဖြင့် သာသနာပြုသူများ””ဖြစ်ကြကာ သူတိုသည် အများအပြားကို ပြောင်းလဲအောင် စွမ်းဆောင်နိုင်ကြသည့် အပြင် လူရိုင်းများနှင့် ရောနှော နေထိုင်ကြသော လူမျိုးနွယ်များအကြား၌ အခြေခံပညာရေးကိုပင် ပေးနိုင်ခဲ့ကြ သည်။ သိုသော် သန်းချီသော လူရိုင်းများထံသို ခရစ်ယာန်ဘာသာ မရောက်နိုင်သေးဘဲရှိကာ တချိုသည် အလွန်မြင့်မားသော တောင်ကုန်းတောင်တန်းများတွင် နေထိုင်ကြခြင်း (သို) တောထူထပ်သည့်နေရာများတွင် နေထိုင်ကြခြင်းကြောင့်လည်းဖြစ်၍ တချိုကား လူဖြူများ ၏ တိုးဝင်ထိုးဖောက်လာမှုကို အပြင်းအထန် ခုခံကာကွယ်ခြင်းကြောင့် သီးသန့်ကျန်ရစ် ခဲ့ခြင်းနှင့် မသိကျိုးကျွန်ပြုခြင်းများ ခံကြရခြင်းကြောင့် လည်းဖြစ် သည်။

လက်တင်အမေရိကရှိ ပရိုတက်စတင့်များထိုးဖောက်ရန် ခက်ခဲသော နိုင်ငံသုံးနိုင်ငံ ထဲတွင် အီကွေဒေါ (Ecuador) သည် တစ်ခုဖြစ်၍ တောင်ကုန်းတောင်တန်းများ ထူထပ် သော အနောက်ဘက်ကမ်းရိုးတန်းပေါ်တွင် တည်ရှိသည်။ ထိုနိုင်ငံ၌ ၁၆ ရာစုတွင် ကက်သလစ်သာသနာပြုသူများ ဝင်ရောက်ခဲ့ကြသော်လည်း မဖြစ်စ လောက် တိုးတက် ၊ မှုသာပေးနိုင်၍ ၁၆၆၇ ခုနှစ်တွင် ဂျေဆွဘုန်းကြီးတစ်ပါးသည် အတွင်းပိုင်းသို ဝင် ရောက်သဖြင့် အော်ကာ (Auca) လူရိုင်းများ၏ သတ်ဖြတ်ခြင်း ခံရသည်။ ၁၈၇၅ ခုနှစ်နှင့် ၁၉၂၅ ခုနှစ်အကြားတွင် ခေါင်းဖြတ်မုဆိုးများက လူရိုင်းများ၏ နေအိမ်များကို မီးရှိဖျက်ဆီး၍ အတင်းအဓမ္မလုယူခြင်းများပြုကာ မည်သည့်လူဖြူသာသနာပြုမျှ မဝင် နိုင်ရန် အိမ်တံခါးများကို ပိတ်ထားကြသည်။

၁၉၄၅ ခုနှစ်တွင် ဖရန့် (Frank) နှင့် မာရီယာဒရောင်း (Marie Drown) တို ဇနီး၊ မောင်နှံသည် ငယ်ရွယ်နုပျိုနေဆဲအရွယ်တွင် သတင်းကောင်းသာသနာပြုအသင်းနှင့် ချိတ် ဆက်၍ အီကွေဒေါနိုင်ငံ ဟီဗားရိုး (Jivaro) လူရိုင်းများထံတွင် သာသနာပြုအသင်း တစ်ခုတည်ထောင်ရန် သဘောတူကြ၏။ သူတိုသည် မာခူမာ (Macuma) အရပ်ကို ဌာန ချုပ်ပြုလုပ်ကာ ထိုနေရာသည် ၁၉၀၃ ခုနှစ်မှစ၍ သတင်းကောင်းသာသနာ ပြုအသင်းက အလုပ်လုပ်ခဲ့သောနေရာဖြစ်၍ ရှဲလ်မီရာ (Shell Mera) သို နက်စိန့်နှင့် မာဂျ်တို ရောက် မလာခင် ၃ နှစ်ကဖြစ်သည်။

ဒရောင်းတိုလင်မယားက ရန်လိုသော လူရိုင်းများထံတွင် ကယ်တင်ခြင်းသတင်း ကောင်း ယူဆောင်သွားခြင်းသည် မည်မျှအန္တရာယ်ရှိကြောင်း ကောင်းကောင်းသိထားသူ များဖြစ်ကြသည်။ ထိုအပြင် လူမျိုးနွယ်စုများအကြား၌ စစ်ပွဲများဖြစ်ခြင်းနှင့် ဟီဗားရိုးများ သည် ခေါင်းဖြတ်မုဆိုးများအဖြစ် သတင်းကြီး သူများဖြစ်သည်ကိုလည်း သိထားကြကာ သူတိုသည် အဆုံးမရှိသော စစ်ပွဲများ၊ ရောဂါဘယများ၊ ကပ်ရောဂါသင့်စေတတ်သော ပိုးမွှားများနှင့် အဆိပ်ရှိသော မြွေများရှိကြောင်းလည်း သတိပေးခြင်း ခံရသည်။ သိုသော် သူတိုလင်မယားသည် ထိုလူမျိုးများအကြားတွင် သူတိုကိုယ်ကိုယ် ထောက်ပံ့နိုင်၍ သူတို ကိုယ်ကိုယ် အစိုးရခြင်းနှင့် သူတိုကိုယ်ကိုယ် ယုံကြည်ခြင်းသဘောတရားများကို ဖြန့်ဖြူး နိုင်သော ကိုယ်တော့်ကို ယုံကြည်သည့် ဌာနေတိုင်းရင်း အသင်းတော်တစ်ခုကို သူတိုလင် မယားအားဖြင့် တည်ထောင်နိုင်ရမည်ဟု ယုံကြည်မှုရှိနေကြသည်။ နှစ်များအတန်ကြာပြီး နောက် သူတိုသည် သူတို၏ သာသနာပြု စခန်း တိုးတက်လာ သည်ကို တွေ့ရသည့်အပြင် ကယ်တင်ခြင်းသတင်းကောင်းကို စွမ်းဆောင်နိုင်ကြကာ လူရိုင်းများကလည်း သူတို၏ ဝတ်ပြု အစည်းအဝေးများကို သူတိုကိုယ်တိုင် ဦးဆောင်နိုင်ကြ၍ လယ်ယာစိုက်ပျိုးခြင်းနှင့် စာသင်ကျောင်းများကိုလည်း အစမ်းသဘော လုပ်ကြည့်ကြသည်။

ပရိုတက်စတင့်သာသနာပြု အချိုက အီကွေဒေါရှိ ဟီဗားရိုးနှင့် မီးချူအာ (Quichua) လူမျိုးများထံ၌ သာသနာပြုနိုင်ရန် အဆက်အသွယ်လုပ်၍ ချဉ်းကပ်ကြသော်လည်း အော်ကာများကို ကြောက်ရွံကြသဖြင့် အရောက်မသွားနိုင်ခဲ့ကြပေ။ ၁၉၅၀ ခုနှစ်တစ်ဝိုက် တွင် ရိုင်းစိုင်းကြမ်းကြုတ်သော လူသတ်သမားများနှင့် အဆက်အသွယ်ရ၍ သူတို၏ ကြိုးစားမှုလည်း တစ်ဖန် သက်ဝင်လှုပ်ရှားလာ၏။ သိုသော် အကျိုးဆက်ကား အမေရိကန် လူငယ် ၅ ယောက် သေဆုံးခြင်းသို ရောက်ကြရသည်။

 

နက်စိန့် (၁၉၂၃- ၁၉၅၆) ခေါင်းဖြတ်မုဆိုးများထံ သာသနာပြုသူ

အမေရိကန်လေတပ်၏ လေသူရဲတစ်ဦးဖြစ်သူ နက်စိန့် (Nate Saint) သည် လေကြောင်း သာသနာပြု အသင်း (Mission Aviation Fellowship -MAF) ၏ ကနဦးအသင်းဝင် သူ ဝါရင့်အဖွဲဝင်တစ်ဦးဖြစ်သည်။ ၁၉၄၈ ခုနှစ်တွင် သူ့ဇနီးမာ (Mari) နှင့် အီကွေဒေါ သို ထွက်လာကာ မြိုတော်ကြီတို (Quito) မှ အရှေ့တောင်ဘက် မိုင် ၁၅ဝ ရှိသော ရှဲလ် ရေနံကုမ္ပဏီက စွန့်ပစ်ထားသည့် ရှဲလ်မီရာ (Shell Mera) တွင် သေးငယ်သော လေယာဉ် တစ်စင်းဖြင့် အလုပ်လုပ်သူဖြစ်သည်။

နက်စိန့်သည် သူ၏ တီထွင်ကြံဆတတ်သော ဉာဏ်ဖြင့် နည်းပညာအသစ်များကို တီထွင်ကာ လုံခြုံစွာ ပျံသန်းနိုင်ရန်နှင့် သာသနာပြုလုပ်ငန်း ပို၍ လွယ်ကူအောင် ပြုလုပ် နိုင်ခဲ့သည်။ သူ၏ တီထွင်ကြံဆမှုနှစ်မျိုး ထဲတွင် တစ်မျိုးမှာ လောင်စာဆီစနစ်ဖြစ်၍ သေး ငယ်သော သူ့လေယာဉ်အတွက် အခြေခံလိုအပ်ချက် တစ်မျိုးဖြစ်သည်။ နောက်တစ်မျိုးမှာ “ခရုပတ်ပျံဝဲခြင်းနည်းပညာ”ဟု သူခေါ်သည့်နည်းဖြစ်၍ ၄င်းမှာ ရွက်ဖျင်တဲရှိရာ မြေပြင် ပေါ်ရှိ လူတစ်ဦးတစ်ယောက်၏ လက်ထဲမှ ရေပုံးကို ပျံဝဲနေသော လေယာဉ်ပျံပေါ်မှ ယူ နိုင်ရန် ခပ်နိမ့်နိမ့်ပျံသန်း၍ မောင်းနှင်သော နည်းပညာဖြစ်သည်။ သူတီထွင်သော ဒုတိယ နည်းပညာသည် အော်ကာလူရိုင်းများထံသို ရောက်နိုင်ရန် သူတို၏ ကြိုးစားမှုကို အထောက် အကူပြုသကဲ့သို သာသနာပြုစခန်းများ၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ၌ လည်း အလွန်အသုံးတည့်သည်။

ရှဲလ်မီရာသို နက်စိန့်ရောက်လာချိန်မှစ၍ သီးသန့်လိုဖြစ်နေသည့် တောတွင်းသာသ နာပြုစခန်းများ၏ လုပ်ငန်းမှာ အသစ်တစ်ဖန် စတင်နိုင်ကြ၏။ ယခင်က သာသနာပြု များသည် ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်ကြကာ ထောက်ပံ့ပေးခြင်းနှင့် ဆေး ဝါးဆိုင်ရာ အကူအညီများကို ပေးလိုလျှင်လည်း အချိန်ကြာမြင့်စွာ ယူရသည်။ သိုသော် ယခုအချိန်တွင် သူတိုလိုအပ်သမျှကို မိနစ်ပိုင်းအတွင်း လေယာဉ်ပျံဖြင့် အကူအညီပေးနိုင် လာ၏။ ဤနည်းဖြင့် သာသနာပြုများ၏ လုပ်ငန်းဆောင်တာများမှာ ပိုကောင်းလာ၍ လုံခြုံမှုလည်းရှိလာကာ ပို၍လည်း ကျန်းမာလာကြသည့်အပြင် စွမ်းဆောင်နိုင်အားလည်း ပို၍ ကောင်းလာ၏။

 

 

ဘုရားရှင်ရွေးပေးထားသောနေရာ ၊

၁၉၅၂ ခုနှစ်တွင် ရောင်းရင်းနှစ်ဦးဖြစ်သူ ဂျင်အီးလီးယော့ (Jim Elliot) နှင့် ပက်ဖလီးမင်း (Pete Fleming) တိုနှစ်ဦးသည် အီကွေဒေါသို ရွက်လွှင့်ထွက်ခွာလာကြကာ သူတိုနှစ် ဦးမှာ ရောင်းရင်းများဖြစ်ကြသော်လည်း သူကအဖြူဆို ကိုယ်ကအမည်းဟု ဆိုရလောက် အောင် ဂျင်က ကျောင်းတွင် နပန်းသတ်ချန်ပီယံဖြစ်၍ ပက်က ပညာပါရမီရင့်သန်သူ ဖြစ်သဖြင့် ကောလိပ်ပါမောက္ခတစ်ဦးဖြစ်ရန် မျှော်လင့်ခြင်းခံရသူဖြစ်သည်။ သိုသော် သူတိုနှစ်ဦးသည် ခရစ်တော်ကို အလုပ်အကျွေးပြုနိုင်ရန်အတွက် အတူတကွ ဆုံးဖြတ် ချက်ချသူများ ဖြစ်ကြ၏။

သူတိုနှစ်ဦး အီကွေဒေါသိုလာရန် ဆုံးဖြတ်ရသည့်အကြောင်းမှာ လူရိုင်းများထံ၌ ကယ်တင်ခြင်း သတင်းစကားယူဆောင်ရန် စိန်ခေါ်မှုကို သာသနာပြုသူများထံမှ ကြားခဲ့ရ သောကြောင့်ဖြစ်သည်။ ကနဦးအစ တွင် သူတိုအာရုံစိုက်ရာနေရာမှာ ဟီဗားရိုးနှင့် ဆီးချူအာ လူရိုင်းများထံ သွားရန်ဖြစ်သော်လည်း အော်ကာတို၏ အကြောင်းကို ကြားရသောအခါ (အော်ကာအနက်ကား “ရက်စက်ကြမ်းကြုတ်ခြင်း”ဟူ၍ဖြစ်သည်) အလွန်အံ့အားသင့် လျက် ထိုအော်ကာလူရိုင်းများ ခရစ်တော်ထံပါးသို ပိုဆောင်ရာ၌ တစ်ထောင့်တစ်နေရာမှ ပါဝင်သူများ ဖြစ်ချင်ကြ၏။

၁၉၅၂ ခုနှစ်တွင် ကောလိပ်ကျောင်း၏ အားကစားသမား ဘောလုံးချန်ပီယံ အက်မက်ကူလေ (Ed McCully) သည် ကွီတိုသို သူ့ဇနီး မာရီလို (Marilou) နှင့် ရောက် လာ၏။ သူသည် ဂျင်နှင့် ပက်တိုနှင့်အတူ လူရိုင်း များထံသို သွားရန် ရှန်းဒီးယာ (Shandia) ၌ တွေ့ဆုံဖို စီစဉ်ထားသည်။ သာသနာပြုရုံးစိုက်ရာသို သူတိုမရောက်မီ ရေလျှံမှုဖြစ်ကာ သာသနာပြုများနေထိုင်ရာ အဆောက်အအုံများ ပျက်စီးကုန်၏။ အက် သည် သူ့သူငယ်ချင်း နှစ်ဦးနှင့်အတူ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရာတွင် ပါဝင်၍ နောက်နှစ် စက်တင်ဘာတွင် အိမ်သစ်များဖြင့် ပြန်လည်နေနိုင်ကြသည်။

 

လေကြောင်းသာသနာပြုအသင်း

MAF အသင်းကို ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် RAF ခရစ်ယာန်အရာရှိများက တည် ထောင်ခြင်းဖြစ်သည်။ နယူးဇီလန်သား လေသူရဲတစ်ဦးဖြစ်သူ ဗိုလ်ကလေး မာရီကင်ဒွန် (Murray Kendon) က စစ်ကြီးအတွင်း၌ လေယာဉ်ပျံများအား အဖျက်သဘောဖြင့်သာ အသုံးပြုသည်ကို စိတ်ပျက်မိ၍ ဘယ့်ကြောင့် ကယ်တင်ခြင်း သတင်းစကား ဝေငှရာတွင် အသုံးမပြုကြသည်ကို စူးစမ်းနေမိ၏။ သူသည် သူ့စိတ်ကူးကို ကမ္ဘာ့ဧဝံဂေလိ အသင်း လှုပ်ရှားမှုသို သွားရောက်တိုင်ပင်ရာ ဧဝံဂေလိအသင်းက ၁၉၄၇ ခုနှစ်တွင် လေယာဉ် တစ်စင်းဝယ် ယူလိုက်ကြ၏။ သူတိုသည် အာဖရိကအလယ်ပိုင်းရှိ သာသနာပြုများအတွက် လိုအပ်သည်ဟု သုံးသပ် မိကြသဖြင့် ၁၉၅၀ ခုနှစ်တွင် ဆူဒန်၌ လုပ်ငန်းစတင်၍ သူတို လုပ်ငန်းသည် အာဖရိကမှတစ်ဆင့် တတိယကမ္ဘာ နိုင်ငံများသို ပျံ့နှံရောက်ရှိသွားသည်။ ယခုအချိန်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော MAF အဖွဲမှာ ကမ္ဘာတစ် ဝန်းတွင် ၁၇ ဖွဲ ရှိ၍ လေသူရဲ ၃၀၀ ကျော်နှင့် နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် လေယာဉ်ပျံအစီး ၁၄၀ ရှိ သည်။ အမေရိကရှိ MAF ကို ၁၉၄၆ ခုနှစ် တွင် တည်ထောင်ခြင်းဖြစ်၍ အီကွေဒေါ သို ထွက်ခွာသွားသော နက်စိန့်၏ ပျံသန်းမှုကြောင့် သာသနာပြုများ၏ ဘဝများ ပြောင်း လဲခဲ့ရခြင်းဖြစ်သည်။

သူတို့အဖွဲထဲသို နောက်ဆုံးအသင်းဝင်သူတစ်ဦးမှာ ရိုဂျာယူဒေးရီးယန်း (Roger Youderian) ဖြစ်၍ သူသည် အသက် ၉ နှစ်အရွယ်တွင် ပိုလီယိုရောဂါကြောင့် ကိုယ် အင်္ဂါချိုတဲ့သူဖြစ်သော်လည်း တဖြည်းဖြည်းနှင့် သန်စွမ်းလာသူဖြစ်သည်။ ကျောင်းသား ၊ ဘဝတွင် ဘတ်စကက်ဘောကစားသမားဖြစ်၍ အသက် ၁၉ နှစ်တွင် (၁၉၄၄ ခုနှစ်) ဥရောပကို ကျူးကျော်သူများအား ပြန်လည်တိုက်ခိုက်ရန် လေထီးစစ်သားအဖြစ် စစ်ထဲ ဝင်သည်။

သူ့ဇနီး ဘာဘရာ (Barbara) နှင့် ၆ လသမီးနှင့်အတူ အီကွေဒေါသို ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီတွင် ရောက် ရှိသည်။ သူတိုသည် ဟီဗားရိုးများထံတွင် သူတိုထက်အရင် သာသနာ ပြုသူများဖြစ်ကြသော ဖရန့်နှင့် မာရီယာ ဒရောင်းတိုနေထိုင်ရာ မာခူးမာတွင် အခြေချကြ ၏။ အခြားသူများကဲ့သိုပင် ရိုဂျာသည် ပုံမှန်လုပ်ရိုးလုပ်စဉ် လုပ်ငန်းဖြစ်သော ဆောက် လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခြင်းနှင့် မပျက်မစီးရန် ထိန်းသိမ်းရေးလုပ်ငန်းများ ကို လုပ်ကိုင်ကာ ထိုလုပ်ငန်းက သူ့ကို စိတ်လေစေ၏။ သိုသော် ထိုလပိုင်းအတွင်းတွင် သူ သည် ဒေသခံများ၏ ဘာသာစကားကို လေ့လာခွင့်ရ၍ ဒေသခံများနှင့်အတူ အလုပ်တွဲ လုပ်ခြင်းဖြင့် သူတို၏ ဘာသာစကားကို ပြောတတ်လာသည်။

၁၉၅၅ ခုနှစ်၊ စက်တင်ဘာလတွင် သာသနာပြုများသည် သူတိုအခေါ်အရ “အော် ကာစစ်ဆင် ရေး”(Operation Auca) အတွက် အတူတကွ စုစည်း၍ လုပ်ငန်းစတင်ကြ ၏။ ထိုအချိန်မှစ၍ လူရိုင်းများ၏ ပြုမူနေထိုင်ပုံများကို ပုံမှန်လေ့လာရာ အောက်တိုဘာ လတွင် “အိမ်နီးချင်းများ”ကို တွေ့ရှိသည်။ သူတိုတွေ့ ရှိသော ရွာသည် အက် အခြေချ ရာအသစ်ဖြစ်သော အရဟူးနို (Arajuno) မှ လေယာဉ်ဖြင့် ၁၅ မိနစ်ခန့်သာ သွားရ သော အော်ကာနယ်နိမိတ်၏ အစွန်အဖျားဖြစ်သည်။

 

 

 

အော်ကာများ ၊

သူတိုအဖွဲသည် ယခုအချိန်တွင် ကိုယ်တော်စေခိုင်းရာ အော်ကာများထံသို သွားကြရန် စိတ် ပိုင်းဖြတ်ထားပြီးကြသော်လည်း ပြဿနာနှစ်မျိုးဖြင့် ရင်ဆိုင်ရ၏။ တစ်ခုမှာ ဘာသာစကား အခက်အခဲဖြစ်၍ နောက်တစ်မျိုးမှာ ထိုလူရိုင်းများက သူတိုကိုကြောက်ရွံပြီး ထွက်မပြေး ကြရန်ဖြစ်သည်။ ဂျင်အီးလီးယော့က တွေ့ဆုံပွဲတစ်ခုကိုခေါ်၍ သူတိုကို ကူညီနိုင်မည်ဟု ထင်သော သူတိုမျိုးနွယ်စုများထံမှ ထွက်ပြေးလွတ်မြောက် လာသူ အမျိုးသမီး ဒေး မား (Dayuma) ကို ခေါ်ယူသည်။ သူသည် ထိုအမျိုးသမီးနှင့်စကားပြောပြီးနောက် ထို အမျိုးသမီးက သူတိုကို “ငါ နင့်ကိုနှစ်သက်တယ်”နှင့် “ငါဟာ နှင့်မိတ်ဆွေဖြစ် တယ်””ဟူသော စကားစုများကို သင်ပေး၏။

သူတိုသည် ဒုတိယပြဿနာကို ဖြေရှင်းရန်အတွက် နက်စိန့်၏ နည်းပညာဖြစ်သော ခရုပတ်ပျံဝဲခြင်းဖြင့် လေယာဉ်ပေါ်မှ လက်ဆောင်များကို အဆက်မပြတ်ချပေးရန် ဆုံးဖြတ် ကြသည်။ ဤနည်းဖြင့် သူတိုသည် ဒေသခံများအပေါ် ပေးကမ်းနိုင်သော အစွမ်းရှိသူများ ဖြစ်ကြောင်း သိစေခြင်းနှင့် ထိုလက်ဆောင်များသည် လေယာဉ်ပျံ၏ “ဝမ်းဗိုက်”ထဲမှ အလွယ်တကူ ထွက်ကျလာသည့် ပစ္စည်းများမဟုတ်ကြောင်းလည်း သိစေ၏။ ၂ လ ဆက်တိုက် ဤကဲ့သို လက်ဆောင်ပစ္စည်းများကို တစ်ရွာပြီးတစ်ရွာ ချပေးကြကာ သူတို၏ လက်ဆောင်များ မှာ ပုတီးစေ့များထည့်ထားသော ကရားအိုးများကဲ့သိုသော ပစ္စည်းများနှင့် ပုဆိန်နှင့် အဝတ်အထည်အမျိုးမျိုးဖြစ် သည်။ ရံခါတွင် သူတိုသင်ယူထားသော အော်ကာ ဘာသာစကားများကို ကျယ်လောင်စွာ ဖွင့်ထားသော အသံသွင်းစက်များလည်း ပါတတ်သည်။

လေယာဉ်ပျံကို အသုံးပြု၍ အော်ကာများကို ချဉ်းကပ်ခြင်းသည် တစ်နေ့တခြား ပို၍ အဆင်ပြေ လာသည်။ လေယာဉ်ပျံကို အနီးကပ်ကြည့်ရှုလေ့လာနိုင်ရန် ရည်ရွယ်ချက် ဖြင့် အော်ကာများက လေယာဉ်ဆင်းနိုင်ရန် စကြံတစ်ခုကိုပင် ပြင်ဆင်ပေးကြကာ ထိုစဉ် အခြားတစ်နေရာ၌ ထိုစကြံထက်မြင့်သော နောက်ထပ်စကြံတစ်ခုကိုလည်း ပြင်ဆင် ပေးကြ၏။ သာသနာပြုများက အော်ကာများထံမှ ပုံးထဲတွင် ထည့်ထားသော ငှက်မွှေး တောင်ခေါင်းပေါင်းများနှင့် သံယောင်လိုက်ကြက်တူရွေးတစ်ကောင်ကို လက်ဆောင် အဖြစ် နှစ်ကြိမ်ရဖူးကြသည်။

နိုဝင်ဘာလကုန်တွင် သာသနာပြုများက အော်ကာများနှင့် မြေပြင်တွင် တွေ့ဆုံရန် ၊ အချိန်ကျပြီဟုဆို၍ နောက်ဆုံးအစီအစဉ်ကို ရေးဆွဲကြသည်။ သူတိုသည် သူတို၏ ဇနီး သည်များနှင့် အကျေအလည် ဆွေးနွေးကြကာ သူတိုကိုယ်တိုင် “အော်ကာများ ကယ်တင် ခြင်းရဖိုအတွက် အသက်ပေးရန် အသင့်ဖြစ်သည်” ဟုဆိုကြ၍ သူတို၏ ဇနီးသည်များ ကလည်း သူတို၏ စွန့်စားစွန့်လွှတ်မှုကို တန်ဖိုးထား သဘောတူကာ မုဆိုးမများအဖြစ် ကျန်ခဲ့မည် ဆိုလျှင်လည်း လက်ခံနိုင်ရန် ပြင်ဆင်ထားကြ၏။

ဆွေးနွေးမှုများအားလုံး ပြီးဆုံးသွားသောအခါ ပြင်ဆင်ရေးဘက်သို ဦးတည်ကြ၏။ လေယာဉ်ဆင်းမည့် နေရာမှာ “ပမ်းဘိချ် ” (Palm Beach) ဟု သူတိုချစ်စနိုးခေါ်သော နေရာဖြစ်၍ အော်ကာရွာနှင့် အနည်းငယ်သာ လှမ်းကာ ကူရာရေး (Curaray) မြစ်ကမ်း ပါးပေါ်တွင်ဖြစ်သည်။ သူတိုနှင့်အတူပါလာသော ပစ္စည်းများမှာ အသင့်လုပ်ပြီး အစိတ် အပိုင်းများဖြင့် တပ်ဆင်ဆောက်လုပ်ရန် အိမ်တစ်လုံးနှင့် လူရိုင်းများအကြားတွင် နေစဉ် လိုအပ်မည်ဟုထင်ရသော အခြားပစ္စည်းပစ္စယများ (သေနတ်များအပါအဝင်) ဖြစ်၏။

သူတို၏ စစ်ဆင်ရေးစတင်ရန် ရွေးချယ်သည့်ရက်မှာ ၁၉၅၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၃ ရက်၊ အင်္ဂါနေ့ တွင်ဖြစ်သည်။ သူတိုသည် သူတိုနှစ်သက်သော အရှင့်ထံတော်ပါး၌ နားခို ခြင်းကျူး (We rest on thee) ဓမ္မသီချင်းကို သီဆိုကျူးရင့်ခြင်းနှင့် ဆုတောင်းခြင်းများ ၊ ပြုလုပ်၍ ပြီးဆုံးသောအခါတွင် အားလုံးအဆင်သင့် ဖြစ်တော့သည်။ ထိုရက်မကုန်မီ သူ တို၏ အသုံးအဆောင်ပစ္စည်းများအားလုံးကို ပမ်းဘိချ်သို သယ်ဆောင်ပြီး ဖြစ်၍ နက်စိန့် သည် အော်ကာရွာပေါ်သို ဝဲပျံကာ လူရိုင်းများထံ၌ ဤသို ဖိတ်ခေါ်၏။ “မနက်ဖြန် ကူရာရေးကို လာခဲ့ကြပါ”

 

တိတ်ဆိတ်ခြင်း

သောကြာနေ့ရောက်မှ အော်ကာလူမျိုးသုံးဦး သူတိုကိုတွေ့ရန် စွန့်စားထွက်ခွာလာကြ ကာ ထိုနေ့တ စ်ရက်လုံး ကမ်းခြေပေါ်တွင် အခြေအနေကောင်းနေခဲ့ကြ၏။ အော်ကာ များသည် လေယာဉ်ပျံစီးကြကာ တစ်ပတ်လျှောက်လည်ကြသေးသည်။ တနင်္ဂနွေနေ့တွင် နက်စိန့်က လူ ၁၀ ယောက်အဖွဲ ပင်လယ်ဘက်သိုသွား ရန် လမ်းဖောက်နေကြသည်ကို တွေ့ခဲ့ရကာ သူ့ဇနီးထံ၌ ညနေပိုင်း ၄၃၀ တွင် သတင်းထူးရှိ၊ မရှိ ရေဒီယိုအသံလွှင့်စက် ဖြင့် အကြောင်းကြားမည်ဟု ဆိုထား၏။ သိုသော် ၄:၃၀ ပြည့်ချိန်တွင်ကား တိတ်ဆိတ် ခြင်းက ကြီးစိုးနေလျက်ရှိသည်။

အချိန်များ တရွေ့ရွေ့ကုန်လွန်လာသည်နှင့်အမျှ သာသနာပြုများ၏ ဇနီးသည်များသည် သိုလောသို လောဖြင့် ပူပန်နေကြကာ မည်သည့်အကြောင်းက သူတိုကို အဆက်အသွယ် လုပ်ရန် ကြန့်ကြာစေသနည်းဟု တောင်တွေးမြောက်တွေး တွေးနေကြ၍ ကြောက်စိတ်များ စတင်ဝင်လာသည်။ တနင်္လာနေ့မနက် ၇ နာရီတွင် ရှာဖွေရေး စတင်ကြကာ နက်စိန့်၏ လေယာဉ်ကို သောင်ယံပေါ်၌ တွေ့ကြသော်လည်း သူတိုကား အသက်ရှိပုံမရတော့ပေ။ အရပ်ဘက်အာဏာပိုင်များက အမေရိကန်လေတပ် ကယ်ဆယ်ရေးအဖွဲကို အကူအညီ တောင်း၏။ ရက်များမကြာမီတွင် လှံနှင့် သေသည်အထိ ထိုးသတ်ခံရသော အလောင်း လေးလောင်းတွေ့ရှိကာ အက်မက်ကူလေကို ရှာမရတော့ပေ။ သူတိုလေးယောက်ကို အခင်းဖြစ်ပွားရာနေရာဖြစ်သော အော်ကာများကို တွေ့ဆုံရန် စောင့်ဆိုင်းသည့်နေရာ၌ပင် အတူတကွ မြေမြှုပ်သဂြိုဟ်လိုက်ကြသည်။

ကမ္ဘာက သူတို၏ သေဆုံးခြင်းသည် အသက်ကို ဖြုန်းတီးခြင်းမျှသာဖြစ်သည်ဟု မြင်ကြသော်လည်း သူတို၏ ပေးဆပ်မှုကြောင့် အကျိုးသက်ရောက်မှုကြီးမားစွာ ဖြစ် ထွန်းကာ လူအများအပြား၏ ဘဝကို ပြောင်းလဲသွားစေသည်။ ဦးချဝါလူရိုင်းအချိုပင်လျှင် သူတိုကိုယ်ကိုယ် ဘုရားရှင်ထံ၌ အပ်နှံတိုးဝင်လာကြ၏။ အော်ကာများထံတွင် သာသနာ ပြုလုပ်ငန်းကို ဆက်လက်၍ ဆောင်ရွက်ကြကာ သာသနာပြုများက အကောင်းမြင်စိတ် မွေးကြ၍ အဆိုးကို အကောင်းဖြင့်သာ တုံပြန်ကြသည်။

၃ နှစ်ကြာပြီးနောက် အယ်လီဇဘက် အဲလီးယော (Elizabeth Elliot) နှင့် သူမ ၏ သမီးငယ် ဗားလာရီ (Valerie) အပြင် နက်စိန့်၏ အစ်မ ရေချယ်စိန့် (Rachel Saint) တိုသည် အော်ကာရွာတွင် ဖိတ်ခေါ်ခြင်းခံရ၏။ အယ်လီဇဘက်က သူ့ခင်ပွန်းသည် အပါအဝင် သာသနာပြုများကို သတ်ဖြတ်ကြသော အော်ကာလူမျိုးများထံ၌ ၁ နှစ်နီးပါး နေထိုင်၍ အလုပ်လုပ်ခဲ့၏။

အယ်လီဇဘက်သည် ခက်ခဲသော ထိုကာလတစ်လျှောက်တွင် ၁၉၄၉ ခုနှစ်က တန် (Wheaton) ကောလိပ်တွင် ဂျင် ပြောခဲ့သော စကားလုံးများကို ရံခါ ဆိုသလို တစိမ့်စိမ့် ‘ တွေးချင့်နေမိသည်။ “မပျောက်ပျက်နိုင်သော အရာတစ်ခုကို ရဖိုအတွက် သူ မထိန်း သိမ်းနိုင်သော အရာတစ်ခုကို စွန့်လွှတ်သူသည် လူမိုက်မဟုတ်ပေ။ (He is no fool who gives what he cannot keep to gain what he cannot lose) gom:00: များသည် သူမအတွက် အဓိပ္ပာယ်ရှိလွန်းလှချေသည်တကား။

 

ယူဂန်ဒါ၊ အာဖရိက

ဒေးဗစ်လီဗင်းစတုန်းကွယ်လွန်ချိန် ၁၈၇၃ ခုနှစ်နောက်ပိုင်းတွင် အမေရိကန်သတင်းထောက် ဟင်နရီစတန်လေ (Henry Stanley) က ယူဂန်ဒါ၌ အမှုတော်ဆောင်ရန် သာသနာပြု များကို ပန်ကြား၏။ သူသည် တန်ဂန်ယီကာ (Tanganyika) ရေကန်မှ ခရီးထွက်လာရာ ကမ်းခြေသိုအရောက်တွင် ဘုရင် Mtesa နှင့်တွေ့ဆုံ၍ သူက ဤသိုပြော၏။ “ငါဟာ အမှောင်ထဲမှာနေတဲ့သူနဲ့ တူနေတယ်။ ငါတောင်းဆိုချင်တာကတော့ အဲဒီအမှောင်ထဲကနေ အလင်းကို မြင်နိုင်အောင် သင်ပေးကြဖိုပါပဲ။” ဘုရင်ကြီး၏ ထိုဆန္ဒကို စတန်လေက လန်ဒန်သို ကြေးနန်းရိုက်သဖြင့် သာသနာပြုအသင်းက စကော့လူမျိုး အင်ဂျင်နီယာတစ်ဦး ဖြစ်သူ အလက်ဇန္ဒားမက်ကေ (Alexander Mackay) ကို ခေါင်းဆောင်ခန့်ကာ သာသ နာပြု ၈ ဦးထွက်လာသည်။ ပထမဆုံး သာသနာပြုများသည် ဘုရင့်စံနန်းတော်သို ၁၈၇၇ ခုနှစ်၊ ဇန်နဝါရီတွင် ရောက်ရှိလာကြ၍ သူတိုနှင့်အတူပါလာသော “စာအုပ်” ထဲက အကြောင်းကို လေ့လာရန် Mtesa စိတ်စောနေမိ၏။ သိုသော် သူသည် အင်္ဂလီ ကန်ဝါဒ နှင့် ကက်သလစ်ဝါဒအကြားတွင် တွေဝေ၍နေကာ မည်သည့်ဆုံးဖြတ်ချက်မျှ မပြုရခင် ၁၈၈၄ ခုနှစ်၌ ရုတ်တရက် ကံကုန်ရှာသည်။

ဘုရင်ကြီးကွယ်လွန်သောအခါ သူ့သားက သူ့ရာထူးကို ဆက်ခံ၍ ထိုလူငယ်ဘုရင် သစ်သည် မွတ်စလင်များ၏ လွှမ်းမိုးခြင်းကို အလွယ်တကူခံရသည်။ မွတ်စလင်များက သူ့ကို ခရစ်ယာန်များအား ဆန့်ကျင်စေလျက် အသင်းတော်ကိုလည်း အကြမ်းဖက်တိုက်ခိုက် စေသဖြင့် ယုံကြည်သူများ ရာချီအသတ်ခံကြရသည်။ တစ်ရက်တည်းမှာပင် ယုံကြည် သူ ယောက်ျားလေး ၃၂ ယောက် နှိပ်စက်ခြင်းနှင့် ခရစ်တော်ကို ယုံကြည်ခြင်းကြောင့် အရှင်လတ်လတ် မီးတိုက်ခြင်းခံကြရ၏။

ညှင်းပန်းနှိပ်စက်မှုများသည် ၁၈၉၄ ခုနှစ်တွင် အဆုံးသတ်ကာ ယူဂန်ဒါသည် ၊ ဗြိတိသျှ၏ အထိန်းသိမ်းခံနိုင်ငံတစ်နိုင်ငံဖြစ်လာ၍ ဗြိတိသျှက ယူဂန်ဒါနိုင်ငံသားတစ်ဦးကို ရုပ်သေးအဖြစ် ထားရှိကာ နိုင်ငံတော်ကို အုပ်ချုပ်စေသည်။ ထိုကာလတစ်လျှောက် ခရစ် ယာန်လူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်ရှိ၍ အင်္ဂလီကန် (သို) ကက်သလစ်ကို ယုံကြည်သူများဖြစ်ကြသည်။

၁၉၆၂ ခုနှစ်တွင် ယူဂန်ဒါသည် လွတ်လပ်ရေးရကာ ဗြိတိသျှဓနသဟာယအတွင်းရှိ အချုပ်အခြာအာဏာ ပိုင်သသော နိုင်ငံတစ်နိုင်ငံဖြစ်လာ၍ နိုင်ငံရေးမတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားသည်။ ဝန်ကြီးချုပ် မီလ်တန်အိုဘုတ် (Milton Obote) က သမ္မတကို ဖြုတ်ချ၍ နိုင်ငံတော်အပေါ်၌ ဆုံးဖြတ်ခွင့်အာဏာကို အပြည့်အ ဝယူလိုက်သော်လည်း ကြမ္မာရဟတ် တစ်ပတ်လည်ကာ ၁၉၇၁ ခုနှစ်တွင် ဗိုလ်ချုပ် အီဒီအာမင် (Idi Amin) က အာဏာသိမ်းလိုက်ပြန်၏။

 

ဂျင်နာနီလူဝမ် (လွန် ၁၉၇၇) ယူဂန်ဒါဂိုဏ်းချုပ်ကြီး

အာမင်သည် သူ အာဏာရလာချိန်မှစ၍ မည်သူမျှ မော်မကြည့်ရဲအောင် နှိပ်ကွပ်အုပ်ချုပ် ၏။ သူ၏ ရက်စက်မှုအထွတ်အထိပ်ရောက်ချိန်မှာ ၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင်ဖြစ်၍ မအောင်မြင်သော စစ်တပ်ပုန် ကန်မှုကို ပြန်လည်တိုက်ခိုက်သည့်အနေဖြင့် ထောင်ချီသော စစ်သားများနှင့် ပြည်သူပြည်သားများအပြင် ယူဂန်ဒါဂိုဏ်းချုပ်ကြီး ဂျင်နာနီလူဝမ် (Janani Luwum) ကို သတ်ပစ်ခဲ့စဉ်ကဖြစ်သည်။ ဂိုဏ်းချုပ်ကြီး အသတ်ခံရမှုကြောင့် ယူဂန်ဒါရှိ ခရစ်ယာန်များ ကြောက်လန့်ကြသဖြင့် အများအပြား နယ်စပ်ကို ဖြတ်ကျော်၍ ကင်ယာ (Kenya) ထဲသို ဝင်ကြ၏။ ထိုသို လွတ်မြောက်သွားသူများထဲတွင် ဂိုဏ်းချုပ် ကြီး၏ ဇနီးနှင့်ကလေး များအပြင် အင်္ဂလီကန်ဘုန်းကြီးသုံးပါးလည်းပါသဖြင့် သူတို သည် ဂိုဏ်းချုပ်ကြီးအသတ်ခံရပုံကို နေရာအနှံအပြား၌ အသေးစိတ်ပြောပြကြသည်။

ဂျင်နာနီလူဝမ်သည် အာခိုလီ (Acholi) မျိုးနွယ်စုမှ မွေးဖွားသူဖြစ်၍ သူ့မွေးဖွား ရာဌာနေမှာ ယူဂန်ဒါ မြောက်ပိုင်းတွင်ဖြစ်ကာ ဆူဒန်နှင့် နယ်နိမိတ်ချင်း ထိစပ်သည်။ မျိုးနွယ်စုအကြီးအကဲဖြစ်ရန် ဇာတာပါလာ ခဲ့သော်လည်း မိသားစု၏ ဆင်းရဲတွင်းနက်ခြင်း ကြောင့် သာသနာပြုကျောင်းတွင် ကျောင်းတက်ခဲ့ရကာ ၁၉၄၂ ခုနှစ်တွင် ကျောင်းပြီး၍ အမြင့်ဆုံးဂုဏ်ပြုခြင်းဖြစ်သော ကျောင်းဆရာတစ်ဦးဖြစ်လာသည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ တွင် ဧဝံဂေလိဆရာ ယပ်စ်တိုအိုးတားနီ (Yusto Otunno) နှင့် သူ့ဇနီးတိုထံမှ ကြားရ သောသတင်းစ ကားကြောင့် ခရစ်တော်ကို လက်ခံ၏။ တရားပွဲပြီးသောအခါ ဂျင်နာနီ သည် မတ်တပ်ရပ်၍ ကယ်တင်ခြင်း သတင်းကောင်းကို လက်ခံကြောင်း စကားဆို၍ ဤသို အသိပေးလိုက်သည်။ “ကျွန်ုပ်သည် ကိုယ်တော်၏ စစ်သားကောင်းတစ်ဦးအဖြစ် အသက်စတေးရန် အသင့်ပြင်ဆင်ထားပြီးပါပြီ”

စာသင်ကျောင်းသို ပြန်ရောက်လာသောအခါ သူ့ယုံကြည်ချက်ကို စာသင်သား များအား မျှဝေလိုသဖြင့် သစ်ပင်ပေါ်တက်၍ ကျောင်းသားများထံ၌ နောင်တရ၍ ခရစ် ၊ တော်ထံသို တိုးဝင်ချဉ်းကပ်ကြပါဟု တရားဟော သည်။ သူ့တရားဟောချက်ကြောင့် ကျောင်းသားအချို ပြောင်းလဲခြင်းရကြသဖြင့် သူသည် ရင်သိမ့်တုန်ခဲ့ရသည်။ သိုသော် သူ့ကို ကာရစ်စမဲတစ်လှုပ်ရှားမှုက ဖမ်းစားထားသောကြောင့် အသင်းတော်အာဏာပိုင်များ က အလုပ်မှ ထုတ်လိုက်ကြကာ နောင်တတရားနှင့်ပတ်သက်သော သူ့သတင်းစကားက စိတ်နှောင့်အယှက်ဖြစ်စေသည်ဟု ဆိုကြ၏။ သိုသော် သူ၏ စိတ်အားထက်သန်မှုကား မှိန်မသွားဘဲ ဧဝံဂေလိလုပ်ငန်းကို ဆက်လက်လုပ်ကိုင် ခဲ့သည်။ တစ်ခါတွင် လဟာပြင် တရားပွဲအပြီး၌ သူ့ကို ဖမ်းဆီး၍ အခြားယုံကြည်သူ ၈ ယောက်နှင့်အတူ ထောင်သွင်း အကျဉ်းချကာ ငြိမ်းချမ်းရေးကို အနှောင့်အယှက်ဖြစ်စေသည်ဟု စွပ်စွဲကြ၏။ –

ထောင်ထဲတွင် လပိုင်းနေရစဉ် ဂျင်နာနီသည် သူ့ကို ဘုရားရှင်က သင်းအုပ်ဆရာအဖြစ် အသုံးပြုလို ကြောင်း သိမှတ်သည်။ သူသည် အစပိုင်းတွင် တွန့်ဆုတ်နေသော်လည်း သူ့ သွန်သင်ချက်ကို ဂရုစိုက်ရန်နှင့် သူ့မိသားစုများ၏ မျှော်လင့်ချက်ဖြစ်သော အကြီးအကဲ တစ်ဦးဖြစ်ရန် ဆန္ဒကို အလေးထားကာ အင်္ဂလီကန်အမှု တော်ဆောင်တစ်ဦးဖြစ်ရန် အစီ အစဉ်ဆွဲထားသည်။ သူသည် ၁၉၅၆ ခုနှစ်အထိ သိက္ခာတင်ခြင်း မခံဘဲနေကာ အင်္ဂလန် တွင် ဓမ္မဗေဒသင်တန်းများကို ဆက်တက်လိုသဖြင့် ကင်တာဘာရီ (Canterbury) ရှိ စိန့်ဩဂတ်စ တင်းကောလိပ် (၁၉၅၈ -၅၉) နှင့် ဓမ္မဒဿနဆိုင်ရာ လန်ဒန်ကောလိပ် (၁၉၆၂-၆၅) တွင် ကျောင်းဆက်တက် သည်။ သူ့ဘဝတွင် အခက်ခဲဆုံးဟု သူထင်ခဲ့သော အချိန်မှာ သူ၏ကိုယ်ပိုင်သာသနာနယ်မြေ၌ ဘုန်းကြီးအဖြစ် ၃ နှစ်တာ တာဝန်ကျချိန်နှင့် ဘုဝါလဆီ(Buwalasi) ရှိ အင်္ဂလီကန်ကောလိပ်ကျောင်း၌ ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်ရသော အချိန်များပင်ဖြစ်သည်။

 

ရာထူးတိုးမြှင့်ခြင်း

ယခုအချိန်တွင် ဂျင်နာနီသည် ရာထူးတိုးမြှင့်ခြင်း ခံရ၏။ စက်တင်ဘာလတွင် အသင်း တော်၏ အုပ်ချုပ်မှုဆိုင်ရာ အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရကာ ၁၉၆၈ ခုနှစ်တွင် ရပ်ခြား တိုင်းတစ်ပါးအတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် လမ်းဘတ် (Lambeth) ညီလာခံသို တက်ရောက် သည်။ သူပြန်လာသောအခါတွင် ဂျင်နာနီကို ယူဂန်ဒါမြောက်ပိုင်း လန်ဂီ (Langi) နှင့် အာခိုလီ (Acholi) လူမျိုးများအတွက် သင်းအုပ်ဆရာဖြစ်သင့်သည်ဟု ဆုံးဖြတ် ကြ၏။

၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလတွင် သူသည် သင်းအုပ်ဆရာအဖြစ် ဘိသိက်ပေးခြင်း ၊ ခံရကာ အာခိုလီလူမျိုး များထဲတွင် ထိုရာထူးကို ပထမဆုံး ရရှိသူဖြစ်သည်။ အင်္ဂလီကန် အသင်းတော်သည် ယူဂန်ဒါမြောက်ပိုင်း၌ နိုင်ငံ၏ အခြားနေရာများထက် ပို၍ အားပျော့ လျက်ရှိကာ ခေါင်းဆောင်လုပ်သူများ၏ ဆက်ကပ်အပ်နှံမှု အားနည်းခြင်းကြောင့် အသင်း ၊ သားများ တဖြည်းဖြည်းလျော့ပါးလာကာ ဝတ်ကျောင်းအဆောက်အုံများလည်း ယိုယွင်း ပျက်စီးနေလေ၏။

ဂျင်နာနီ၏ ပထမဆုံးလုပ်ငန်းမှာ ကိုယ်ပိုင်ဝတ်ကျောင်းများသို သွားရောက်လည် ပတ်၍ လူများကို ဆော်သြခြင်းနှင့် အသင်းတော်ကို အားသစ်များ လောင်းပေးခြင်းဖြစ် သည်။ သူသည် အာခိုလီလူမျိုးများ၏ နူနာရောဂါကို အလွန်စိတ်ဝင်စားသောကြောင့် အနောက်ဂျာမနီ၏ ငွေကြေးပံ့ပိုးမှုဖြင့် ဆေးခန်းတစ်ခန်း ဖွင့်လှစ်ပေး၏။ သူသည် ခရစ်ယာန် များကို စိုက်ပျိုးရေးဆိုင်ရာ တိုးတက်မှုရှိအောင် ကြံဆောင်ပေး၍ စိုက်ပျိုးမွေးမြူရေးနည်း သစ်များ အသုံးပြုနိုင်ရန် အကူအညီပေးကာ အိုးအိမ်မဲ့မိန်းကလေးများအတွက် နေအိမ်များ လည်း စီစဉ်ထောက်ပံ့ပေးသည်။

သူ၏ အအောင်မြင်ဆုံးဟု ပြောယူရလောက်သော လုပ်ငန်းမှာ ၁၉၇၀ ခုနှစ်၊ ဧပြီ တွင်ဖြစ်၍ သူ၏ ဂိုဏ်းအုပ်နယ်ပယ်၌ လူအများအပြားက ခရစ်တော်ကို လက်ခံကြခြင်း ဖြစ်သည်။ အခြားသာသနာနယ်ပယ်က သာသနာပြု အများအပြားက သူ့ကို ထောက်ပံ့ပေး ကြသဖြင့် အာခိုလီလူမျိုးအများအပြားမှာ မျှော်လင့်ခြင်း အသစ်နှင့် ခရစ်ယာန်များဖြစ် လာရန် စိတ်ပိုင်းဖြတ်ထားကြသည်။

သူသည် ဘာသာရေးလုပ်ငန်းတွင် အောင်မြင်မှုရနေသော်လည်း ဤကာလများတွင် ယူဂန်ဒါ၌ နိုင်ငံရေးမတည်ငြိမ်မှုများက အမျိုးသားတစ်ရပ်လုံးကို ခြိမ်းခြောက်နေလျက် ရှိ၏။ သမ္မတအိုဘုတ်ကို လုပ်ကြံမှု မအောင်မြင်သဖြင့် ၁၉၇၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဗိုလ်ချုပ်အာမင်က နိုင်ငံကို ရှောင်တခင်သိမ်းယူလိုက်ကာ အစိုးရကို ထိန်းချုပ်လိုက်သည်။ သူသည် ဖွဲစည်းပုံအခြေခံဥပဒေ၏ အချိုအ၀က်ကို လျင်မြန်စွာ ယာယီဆိုင်းငံ့ ထားလိုက် ကာ ပါလီမန်ကို ဖျက်သိမ်း၍ နိုင်ငံရေးလှုပ်ရှားမှုကို တားမြစ်ထားလိုက်၏။

ကနဦးအစတွင် အာမင်က လူထုဆန္ဒခံယူပွဲ ကျင်းပပေးမည်ဟု ကတိပေးသဖြင့် ယူဂန်ဒါသားများ ပီတိဖြာလျက်ရှိကြသော်လည်း များမကြာမီ အာမင်၏ ဘီလူးရုပ်သည် တစ်နိုင်ငံလုံးသို ပျံ့နှံသွားသည်။ သူက ပြည်သူပိုင်သိမ်းခြင်းနှင့် ထင်ရှား ကျော်စောသော ခရစ်ယာန်ခေါင်းဆောင်အချိုကို သတ်ပစ်ရန် အမိန့်ပေးသည်။ သူနှင့် သဘောထားကွဲလွဲ သည့် ရာချီသော စစ်တပ်အရာရှိများ၊ စစ်သားများနှင့် လန်ဂီနှင့် အာခိုလီလူမျိုးနွယ်စု များ အသတ်ခံကြရသည်။ ၁၉၇၂ ခုနှစ်တွင် အာဏာရှင်ကြီးက ဗြိတိသျှနိုင်ငံကူးလက် မှတ်ကိုင်ဆောင်သူ အာရှလူမျိုး အယောက် ၅၅၀၀၀ နှင့် ဥရောပသာသနာပြု ၅၈ ယောက်ကို နိုင်ငံအတွင်းမှ မောင်းထုတ်သည်။

ဂျင်နာနီသည် သမ္မတ၏ သတ်ဖြတ်မှုများကို ဆန့်ကျင်သော သင်းအုပ်ဆရာအဖွဲ၏ ခေါင်းဆောင်ဖြစ်ကာ ကမ္ဘာ့အသင်းတော်များကောင်စီ၏ အဖွဲဝင်သုံးဦးကလည်း အာမင် က အာရှသားများကို ဆက်ဆံပုံနှင့်ပတ် သက်၍ မကျေနပ်ချက်များအား စာရေးကြသည်။ အာမင်၏ ပေါ်လစီကို ဆန့်ကျင်သောကြောင့် ဂျင်နာနီ၏ မိတ်ဆွေများသည် သူ့အသက် ဘေးအတွက် ကြောက်ရွံခဲ့ကြ၏။

ယူဂန်ဒါဂိုဏ်းချုပ်ကြီးက ၁၉၇၄ ခုနှစ်တွင် အငြိမ်းစားယူသောအခါ ဂျင်နာနီလူ ဝမ်အား တင်းပြည့်ကျပ်ပြည့် ယုံကြည်ခြင်း မရှိလောက်သေးဟု သံသယရှိနေကြသေး သော်လည်း ထိုနေရာအတွက် သူ့ကို အသင့်တော်ဆုံးဖြစ်မည်ဟုဆိုကာ ရွေးတင်လိုက် ကြသည်။ ထိုကြောင့် ၁၉၇၄ ခုနှစ်၊ ဇွန်လတွင် ကမ်ပါလာ (Kampala) မြို နာမီးရ် အမ်ဘေး (Namirembe) ကာသီဒြရယ်၌ ဂိုဏ်းချုပ်ကြီးအဖြစ် ခန့်အပ်တင် မြှောက်ကြ သည်။ သူသည် ချက်ချင်းဆိုသလို အသင်းတော်အတွင်းရှိ ကွဲပြားနေသော ဂိုဏ်းခွဲများ ကို ရင်ကြားစေ့ရေး၊ ကက်သလစ်နှင့် ခရစ်ယာန်မဟုတ်သော အဖွဲများထံ၌ အမျိုးသား ရေးကို ပြန်လည်ထူ ထောင်ရန် ဆော်သြသည်။

သူသည် အာမင်ကို တိုး၍တိုး၍ ပစ်မှတ်ထားကာ တိုက်ခိုက်လာ၏။ ၁၉၇၆ ခုနှစ် ၊ တွင် ကျောင်းသား တစ်ဦးက အာမင်နှင့်ပတ်သက်၍ သရုပ်ပြကွက်တစ်ခုကို ရိုင်းစိုင်းစွာ ပြုမူသဖြင့် ကျောင်းသားအများအပြား အသတ်ခံကြရ၏။ ထိုကြောင့် နိုင်ငံအတွင်းရှိ ဘာသာ ရေးခေါင်းဆောင်များသည် ထိုအခြေအနေကို ဆွေးနွေးရန် တွေ့ဆုံကြသည်။ ဂျင်နာနီ ဦးဆောင်၍ သမ္မတကြီးကို သွားတွေ့ရန် စီစဉ်ကြသော်လည်း သမ္မတကြီးက အတွေ့မခံပေ။

 

အတေးခံရသူ

ထိုအချိန်မှစ၍ ဂျင်နာနီသည် အတေးခံရသူတစ်ဦးဖြစ်လာကာ အာဏာပိုင်များကို အာခံ သော ခေါင်းဆောင်အဖြစ် မြင်ကြသည်။ အိုဘုတ် နယ်နှယ်ခံရစဉ်က ဂျင်နာနီသည် သူ့ ကို မကြာမဏဆို သလို သွားတွေကာ အာမင်အစိုးရကို မှောက်လှန်ပစ်ရန် အစီအစဉ်များ ၊ ရေးဆွဲခဲ့၏။ ယူဂန်ဒါသို လက်နက်ကြီး ငယ်များ မှောင်ခိုသွင်းချိန်တွင် အာမင်၏ လုံခြုံ ရေးတပ်သားများဖြစ်သော လျှိဝှက်ပူးပေါင်းကြံစည်သူများက ဂျင်နာနီ၏အိမ်ကို မြေ လှန်ရှာဖွေကြ၏။ ဤအဖြစ်ဆိုးကို ကြားရသော အင်္ဂလီကန်နှင့် ကက်သလစ်ဘုန်းကြီး များက ၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အတူတကွ တွေ့ဆုံကြကာ သမ္မတကြီးကို ဆန့် ကျင်ရန် ဆုံးဖြတ်ကြ၍ သဘောတူ စာချုပ်တစ်ခုကို ရေးဆွဲကာ ဂိုဏ်းချုပ်ကြီးနှင့် သင်း အုပ်ဆရာ ၁၅ ဦးက လက်မှတ်ထိုးခဲ့ကြသည်။

အာမင်သည် သူတိုကို တွေ့ဆုံရန် နောက်တစ်ဖန် ထပ်ငြင်းပြန်သော်လည်း ဂိုဏ်းချုပ် ကြီးတစ်ဦးတည်း ကို တွေ့မည်ဟု ဆို၏။ ဂျင်နာနီ၏ ဇနီးသည်က မသွားရန် တားမြစ် ဖျောင်းဖျသော်လည်း သူက ဤအခြေ အနေဆိုးကြီးကို ဖြေရှင်းနိုင်ဖို သွားရမှဖြစ်မည်ဟု ဆိုသည်။ ထိုရက်တွင် သူ့ကို အိမ်ပြန်လွှတ်သော်လည်း နောက် ၃ ရက်အကြာတွင် တိုင်း ပြည်ခေါင်းဆောင်များနှင့် အုပ်ချုပ်ရေးမှူးများကို ညီလာခံခေါ်ရာ၌ သူ့ကိုလည်း တက် ရောက်ရန်ဖိတ်ခေါ်၏။ ဂျင်နာနီနှင့် သင်းအုပ်ဆရာနှစ်ပါးကို အစောင့်အကြပ်များက သီးသန့်ခေါ်ထုတ်သွား ကြကာ သူတိုကို မတွေ့ကြရတော့ပေ။

ညနေပိုင်းတွင် ယူဂန်ဒါရေဒီယိုက ဂိုဏ်းချုပ်ကြီးနှင့် အစိုးရဝန်ကြီးနှစ်ဦး ဖမ်းဆီး ခြင်းခံရသည်ဟု ကြေညာ၏။ နောက်တစ်နေ့မနက်တွင် လမ်းပေါ်၌ မတော်တဆမှုကြောင့် လူ ၃ ဦး အသတ်ခံရသည်ဟု သတင်းထုတ်ပြန်လာပြန်သဖြင့် အမြီးအမောက်မတည့်သော သူတို၏ ဖုံးကွယ်မှုကြောင့် ကမ္ဘာ့မြိုကြီးများတွင် ဆူညံသံများ ကျယ်ကျယ်လောင် လောင် ထွက်လာသည်။

ထိုလူသတ်မှုနှင့်ပတ်သက်၍ ကောက်သင်းကောက်လိုက်စုရသော အထောက်အထား များအရ ဂိုဏ်းချုပ်ကြီးက အေမင်ကို ရာထူးမှ ဖြုတ်ချရန် ပူးပေါင်းကြံစည်သည်ဟူသော ဝန်ခံချက်ကို ရေးသားစေ၏။ သိုသော် ဂိုဏ်းချုပ်ကြီးက ငြင်းပယ်သည်။ ထိုနောက် သူ့ကို ညှင်းပန်းနှိပ်စက်၍ သမ္မတကြီးကိုယ်တိုင်က အဆုံးစီရင်သည်ဟု သိရသည်။ တခြားအစီ ရင်ခံစာများအရ ဝန်ကြီးနှစ်ဦးကို အာမင်၏ လုံခြုံရေးတပ်သား များက သတ်ပစ်ကြကာ ထိုနောက်တွင် ဂိုဏ်းချုပ်ကြီးကို ပြင်ပကမ္ဘာ၌ သတင်းဖြန့်ဝေခြင်း ရပ်တန့်သွားအောင် သေနတ်ဖြင့် အဆုံးစီရင်သည်ဟု သိရသည်။

၁၉၈၁ ခုနှစ်တွင် ပြောက်ကျားစစ်တပ်က ယူဂန်ဒါကို သိမ်းပိုက်၍ အာဏာရှင် အာမင်ကို ဖြုတ်ချသည်။

 

အနောက်ဥရောပ

၁၉၃၈ ခုနှစ်၊ ဇူလိုင်လတွင် ဟစ်တလာ (Hitler) ၏ နှိပ်စက်ခြင်းခံရသော ဂျူးလူမျိုး များကို ကယ်တင် ရန် ညီလာခံတစ်ရပ်ကို ဂျီနီဗာအိုင် ကမ်းခြေပေါ်ရှိ အီဗီယန် (Evian) အရပ်၌ ကျင်းပသည်။ ၃၂ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်လာကြသော်လည်း ဒိုမီနီကန်သမ္မတနိုင်ငံ၊ ဒိန်းမတ်နှင့် ဟော်လန် သုံးနိုင်ငံကသာ ဒုက္ခသည်များကို လက်ခံ ရန် သဘောတူကြသည်။ အမေရိကန်က ကန့်သတ်ဦးရေ ပြည့်ပြီဟုဆို၍ ဗြိတိန်က ကလေးငယ်အချိုကိုသာ လက်ခံသည်။

ဂျာမန်သတင်းစာတစ်စောင်၏ ခေါင်းကြီးပိုင်းတွင် ဤသို ပါလာသည်။ “ဂျူး များရောင်းရန် ရှိသည်။ မည်သူအလိုရှိသနည်း။ မည်သူမျှ မဝယ်ချင်ကြပါ။” ဟစ်တလာ သည် သူ၏ “နောက်ဆုံးဖြေရှင်းနည်း”ကို အသုံးပြုရန် အစီအစဉ်ဆွဲရတော့သည်။

ထိုနှစ်တွင် နာဇီများက ဂျူးဆန့်ကျင်ရေးများကို ပြင်းပြင်းထန်ထန် ပြုမူလာကာ အကျဉ်းသားအများအ ပြား ထည့်သွင်းနိုင်ရန် အကျဉ်းစခန်းများကို ကြီးနိုင်သမျှ ကြီး အောင် ဆောက်လုပ်ကြ၍ ဂျူးလူမျိုးများ၏ စီးပွားရေးများ ပိတ်သိမ်းခြင်းခံရကာ သူ တို၏ချမ်းသာမှုများကို လက်လွှတ်ကြရသည်။ Kristallnacht ည ဟုခေါ်သော (“ဖန် ခွက်ကွဲကြေသောည”) ကြောက်မက်ဖွယ်ကောင်းသည့် နိုဝင်ဘာလ၊ ၉ ရက်တွင် ဂျာမနီ နှင့် သြစတြီးယားရှိ နေအိမ်များနှင့် ဈေးဆိုင်များ တိုက်ခိုက်ခံရခြင်းနှင့် မီးတိုက်များ ခံရ၍ ဗီယင်နာ (Vienna) မြိုတစ်မြိုထဲတွင် ဂျူးဘုရားကျောင်းပေါင်း ၄၀ ကျော် ဖျက် ဆီးခံရ၏။

ဤကာလတွင် ဂျူးလူမျိုး ၂၀ဝဝဝဝ ကျော်က ဂျာမနီကို စွန့်ခွာ၍ ပါလက်စတိုင်း၊ အမေရိက၊ ဗြိတိန်နှင့် ဥရောပနိုင်ငံအချိုတွင် သွားရောက်ခိုလှုကြသည်။ သိုသော် နေအိမ် များကို စွန့်ခွာသော ဂျူးလူမျိုးများ ပို၍ ပို၍ များလာသောအခါ နိုင်ငံအချိုက ကန့်သတ် ချက်များ ထုတ်ဆင့်လာ၏။ သိုသော် ဒိန်းမတ်နှင့် ဟော်လန်နိုင်ငံတိုက ဆက်လက်၍ တံခါးဖွင့်ပေးမြဲဖွင့်ပေးခဲ့သည်။

 

ကော်ရီတင်းဘုမ်း (၁၈၉၂-၁၉၈၃) ခရစ်တော်၏သံတမန်

ဂျူးလူမျိုးဒုက္ခသည်များကို သူတိုအသက်ဖြင့် လောင်းကြေးထပ်ကာ ကူညီသူများထဲတွင် ဟော်လန်ရှိ ကော်ရီတင်းဘုမ်း (Corrie Ten Boom) တိုမိသားစုမှာ “သမာသမတ်ကျ သော တစ်ပါးအမျိုးသား များ””ဖြစ်ကြသည်။ တင်းဘုမ်းတိုမိသားစုသည် ဟာလမ် (Haarlem) မြိုတော်၏ လှပသောနေရာဖြစ်သည့် ဒပ်ချ်လူမျိုးများနေထိုင်ရာ အမ်စတာဒမ်နှင့် မြောက်ပင်လယ်အကြားတွင် နေထိုင်သူများဖြစ်ကြ၏။ နှစ်ပေါင်းများစွာကတည်းက သူ တိုမိသားစုသည် ဘုရားရှင်ရွေးနှုတ်ထားသော လူမျိုးများဖြစ်သည့် ဂျူးလူမျိုး များကို ချစ်ခင်သူများဖြစ်ကြ၍ ဂျူးတိုအပေါ်တွင် ကရုဏာသက်သူများဖြစ်ကြောင်းကိုလည်း တစ်မြိုလုံးက သိထားကြသည်။ နာဇီများက ဟော်လန်ကို သိမ်းပိုက်သောအခါတွင် ဂျူး လူမျိုးအများအပြားက အကူအညီရမည့်နေရာကို သိထားကြပြီးဖြစ်ရာ ရဟူဒီဆရာ တစ်ပါးက သူ၏ ဂျူးဓမ္မဗေဒဆိုင်ရာ စာအုပ်များကို မပျက်မစီးဘဲ အနာဂတ်တွင် အသုံး ပြုနိုင်ရန် မျှော်လင့်ချက်ဖြင့် ကော်ရီ၏ ဖခင်ထံ၌ လာရောက်အပ်နှံသည်။

၁၉၃၇ ခုနှစ် အစပိုင်းမှစ၍ တင်းဘုမ်း၏သား ဝီလမ် (Willem) က ဂျာမနီမှ ထွက်ပြေးလာသော သက်ကျားအိုများအတွက် နေစရာအိမ်စီစဉ်ပေးကာ ထိုနေရာ၌ လူ ပြည့်သောအခါ အခြားခရစ်ယာန်မိသား စုများထံ၌ နေစရာအိမ် ကူရှာပေးသည်။ နာဇီ များသိမ်းပိုက်သည့် ပထမနှစ်တွင် ဂျူးများအပေါ် တိုက်ခိုက်မှု များမှာ မပြင်းထန်လှ သေးပေ။ ဂျူးများကို ဆန့်ကျင်သောအကြောင်းများအား နံရံပေါ်တွင် ရေးခြစ်ခြင်း၊ ဆိုင် ခန်းပြတင်းပေါက်များတွင် “ဂျူးများမဝယ်ရ”ဟူသော ရေးသားချက်များနှင့် ဂျူးလူမျိုး များကို ပန်းခြံများ၊ ကပွဲရုံများနှင့် စားသောက်ဆိုင်များသို မသွားရန်လောက်ကိုသာ တား မြစ်ထားသည်။ ထိုအပြင် ဂျူးလူမျိုး တိုင်းကို အဝါရောင်ဖြင့် ရေးထိုးထားသော ဒေးဗစ် ကြယ်ပါသည့် အဝတ်အစားများကိုသာ ဝတ်ဆင်စေ၍ ကြယ်ပွင့်အလယ်၌ “ဂျူး”ဟူ သော စကားလုံးကို ရေးထိုးစေ၏။

အခြေအနေမဟန်တော့သည့်အချိန်မှစ၍ ဂျူးများ ပေါ်မလာကြတော့ဘဲ သူတို၏ ဆိုင် များကို ပိတ်လိုက်ကြသည်။ တင်းဘုန်းတိုနာရီဆိုင်၏ လမ်းတစ်ဖက်တွင်ရှိသော ဂျူးများ နေထိုင်သည့်အရပ်၌ ဂျာမန်စစ်သားများက သိုးမွေးအရောင်းဆိုင်များကို မွှေနှောက်ရှာဖွေ ကြ၏။ ကော်ရီက ထိုလင်မယားကို ထပ်အနှိပ်စက်ခံကြရမည်စိုးသဖြင့် ဟီလ်ဗာဆုမ် (Hilversum) ရှိ ဝီလမ်၏ နေအိမ်သို ပိုထားရန် စီစဉ်ပေးသည်။ ဤလုပ်ရပ်ကြောင့် ကော်ရီသည် ဒပ်ချ်မြေအောက်လှုပ်ရှားမှုတွင် ပါဝင်မိလျက်သားဖြစ်သွား၏။ အစပထမ တွင် သူမသည် ကိုယ်ကျင့်တရားနှင့် ကိုက်ညီပါ့မလားဟု မလုံမလဲဖြစ်သေးသည်။ ဤ ကဲ့သိုသော လျှိဝှက်ကြံစည်မှု တွင် ခရစ်ယာန်တစ်ယောက် ပါဝင်သင့်ပါသလားဟု ချိန်ဆ နေမိ၏။ နောက်ဆုံးတွင် သူမသည် ထိုစိန်ခေါ်မှုကို လက်ခံကာ တစ်ညနေခင်းတွင် ဤ သို ဆုတောင်းသည်။ “ယေရှုအရှင် အရှင့်လူမျိုးတော်များအတွက် ကျွန်မအသက်ကို ပေး လှူပါတယ်၊ ကျွန်မကို ဘယ်လိုနည်းပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်စေ၊ ဘယ်အချိန်မဆို အသုံးပြုတော်မူပါ။”

၁၉၄၂ ခုနှစ်၊ မေလတွင် တင်းဘုန်းတိုသည် ပထမဆုံး ဂျူးဝရမ်းပြေးများကို လက်ခံကာ ကော်ရီက ရိက္ခာလက်မှတ်များကို ရရှိလာသောအခါ ဝီလမ်က သူတိုအ တွက် လုံခြုံသောနေရာကို စီစဉ်ပေးသည်။ သူတိုလိုအပ်သည်မှာ သုံးခုသာဖြစ်သော် လည်း သူမက ရိက္ခာလက်မှတ် တစ်ရာပင် ရရှိခဲ့သဖြင့် အနာဂတ်ဒု က္ခသည်များအ တွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးရှိလာသည်။ ယခုအချိန်တွင် သူမသည် မြေ အောက်လှုပ်ရှားမှုများ၌ ထဲထဲဝင်ဝင် ပါလာသဖြင့် သူမကို ကူညီပေးနိုင်မည့် တစ်ပြည် တည်းသားအချိုနှင့် အသိဖွဲရန် လိုလာသည်။

အဖွဲသားများနှင့် အသိဖွဲနိုင်ရန်အတွက် အထူးတွေ့ဆုံပွဲတစ်ခုကို ကျင်းပကာ မှတ်ပုံတင်အတုများဖြင့် သူမကို ကူညီနိုင်မည့်သူတစ်ယောက်နှင့် မိတ်ဆက်ပေး၍ အစိုးရ ကားကို တရားဝင်ယူသုံးနိုင်ရန် စီစဉ်ပေးနိုင်သူ တစ်ဦးနှင့်လည်း မိတ်ဆက်ပေးကြသည်။ သူနှင့် မိတ်ဆက်ပေးသူများထဲ၌ အရေးကြီးဆုံးတစ်ဦးမှာ ဗိသုကာ ဆရာတစ်ဦးဖြစ်၍ ဂက်စ်တာပို (Gestap၀) ရဲများက ရုတ်တရက် ဝင်စစ်သည့်အခါ၌ သူ့ဧည့်သည်များ ပုန်းရှောင် နိုင်ရန် လျှိဝှက်အခန်းတစ်ခန်းကို ပြုလုပ်ရန် တိုက်တွန်းအကြံပေးသူဖြစ်သည်။ သူသည် ကော်ရီ၏ အခန်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးကာ ထိုပုန်းအောင်း ရာနေရာ၏ နံရံများကို စွန်းထင်းညစ်ပတ်နေသယောင် ပြုလုပ်ထားခြင်းဖြင့် ပုန်းအောင်း ၊ နေသူရှိမည်ဟု ထင်စရာမရှိအောင် ပြင်ဆင်ပေးသူဖြစ်သည်။

ထိုအခန်းထဲတွင် ဧည့်သည်များ မပြတ်ရှိနေသောကြောင့် သူတို၏ နာရီဆိုင်တွင် လူ အဝင်အထွက်များ ပို၍ များလာသည်။ သူတိုအိမ်သည် ရဲစခန်းနှင့် ကိုက်တစ်ရာပျော့ပျော့ သာရှိသဖြင့် ထောင်နှုတ်ခမ်းလျှောက် သည်နှင့်ပင် တူနေတော့၏။ တစ်ခါတွင် သူတို၏ သီချင်းဆိုသံကို ဘေးအိမ်များက ကြားကြရသဖြင့် ကော်ရီကို သတိပေးကြသည်အထိ ဖြစ်၍ သူတို၏ လှုပ်ရှားမှုသည် သူမထင်ထားသည်ထက် လူသိပိုများနေသည်ကို သတိ ပြုမိလာသည်။ တစ်ခါသားတွင် ရဲအရာရှိတစ်ဦးက သူမကို ဆင့်ခေါ်၏။ သိုသော် ထို ရဲအရာရှိကြီးမှာ ယုံကြည်သူတစ်ဦးဖြစ်၍ သူမကို အကူအညီပေးရန် ရှာနေသူဖြစ်သဖြင့် ထိုအချိန်ကျမှပင် ဟင်းချနိုင်တော့သည်။

ဂက်စတာပိုရဲများက သူမ၏ လျှိဝှက်လုပ်ငန်းကို သိသွားကြသည်။ ၁၉၄၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ဗုဒ္ဓဟူးနေ့တစ်နေ့တွင် ဂက်စ်တာပိုအရာရှိများနှင့် ဒပ်ခ်ျနာဇီနှစ်ဦးက သူ တိုအိမ်ကို ရုတ်တရက် ဝင်ရောက်ရှာဖွေကြ၏။ သူတိုသည် အတွင်းထဲ၌ ပုန်းအောင်းနေ သော ဂျူးတစ်ဦးတလေကို တွေ့ရနိုးဖြင့် အဆောက်အအုံကို စေ့စေ့စပ်စပ် ရှာဖွေသော်လည်း လျှိဝှက်အခန်းကိုကား မစစ်ဆေးခဲ့ကြပေ။ သူတိုသည် ကော်ရီနှင့် သူ့ညီမ ဘက်ဆီ (Betsie) ကို ရိုက်နှက်ကြသော်လည်း ညီအစ်မနှစ်ယောက်စလုံးက ဘူးခံနေသဖြင့် ရဲများကပင် အရှုးပေးလိုက်ရတော့သည်။ အထဲတွင်ရှိသော ပုန်းအောင်းနေသူတစ်ယောက်ယောက်သည် ၊ ဗိုက်ဆာလျှင် ထွက်လာလိမ့်မည်ဟုဆိုကာ အိမ်ပတ်ပတ်လည်ကို အစောင့်များ ချထား၍ တင်းဘုန်းတိုနှင့်အတူ အပြစ်မဲ့ဧည့်သည်များကို ဂက်စတာပိုဌာနချုပ်ရှိရာ ဟေ့ဂ်မြို ၊ (The Hague) သို ခေါ်ဆောင်သွားကြသည်။ နောက်ဆုံးတွင် “အဖွဲခေါင်းဆောင်” ကော်ရီနှင့် ဘက်ဆီမှလွဲ၍ ကျန်အကျဉ်းသားများကို လွှတ်ပေးလိုက်၏။ သူတိုဖခင်သည် သူတို အဖမ်းခံရပြီး ၁ဝ ရက်အကြာတွင် ကွယ်လွန်သွားသည်။ သူတိုအဖမ်းခံရပြီး ၄ ရက်မြောက်သောနေ့တွင် လျှိဝှက်အခန်းထဲရှိ ဂျူးများ လွတ်မြောက်သွားကြကာ လုံခြုံရာ သို ရောက်သွားကြ၏။

မီးလောင်တိုက်သွင်းခြင်း

“မီးလောင်တိုက်သွင်းခြင်း” (holocaust) ဟူသော စကားလုံးမှာ ဂရိဘာသာမှ ဆင်း သက်သော ဝေါဟာရဖြစ်၍ အနက်ကား “အလုံးစုံကို မီးရှိပူဇော်ခြင်း၊ အများအပြားကို သုတ်သင်ပစ်ခြင်း (သို) ဖျက်ဆီးခြင်း”ဟူ၍ ဖြစ်သည်။ ဤဝေါဟာရကို ၁၉၃၃ ခုနှစ် မှ ၁၉၄၅ ကြားကာလတွင် ဂျာမနီမှ နာဇီများ၏ ဂျူးလူမျိုး ၆ သန်းကို စနစ်တကျ အ ကွက်ချ၍ သုတ်သင်ရာ၌ အသုံးပြုသည်။ အဒေါ့ဖ်ဟစ်တလာ (Adolf Hitler) က ဂျာမနီ၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ပြဿနာများမှာ ဂျူးလူမျိုးများကြောင့်ဖြစ် သည်ဟု ဆိုကာ ဒူးများကို ဥရောပမှ ကျူပင်ခုတ် ကျူငုတ်မကျန်ရအောင် အမြစ်ပြတ် သုတ်သင်ရန် သန္နိဋ္ဌာန်ချသည်။ ဂျာမနီမှအစပြုကာ နာဇီများ၏ ထိန်းချုပ်မှုအောက်သို သက်ဆင်းကြကုန်သော နိုင်ငံများရှိ ဂျူးအားလုံး နောက်ဆုံး၌ သတ်ပစ်ခြင်းများခံကြ ရ၏။ ဂျူးလူမျိုးများသည် မြိုကြီးမြိုငယ် ရွာစွန်ရွာဖျားမကျန် အမဲလိုက်ခြင်းခံရကာ သေမင်းစခန်းနှင့် အလုပ်ကြမ်းစခန်းများသို အပိုခံကြရ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ် ခြင်းများ ခံကြရသည်။ ပိုလန်ရှိ အော့စ်ဝခ် (Auschwitz) အကျဉ်းစခန်းသည် ရိုင်းစိုင်း ယုတ်မာခြင်းကို မိုင်ကုန်အောင် ပြုမူသောနေရာဖြစ်၍ လူပေါင်း ၃ သန်းခန့် အသတ်ခံ ကြရရာ အားလုံးနီးပါး ဂျူးလူမျိုးများဖြစ်ကြ၏။ ဂျူးအများအပြားက မေးလေ့မေးထရှိ သော မေးခွန်းတစ်ခုမှာ “မီးလောင်တိုက်သွင်းခြင်းခံရသည့်ကာလတွင် အသင်းတော် သည် မည်သည့်နေရာ၌ သဝေထိုးနေသနည်း””ဟူ၍ဖြစ်ကာ မေးချင်စရာလည်း ဖြစ် နေပေသည်။

ကော်ရီနှင့် ဘက်ဆီတို ရှေးဗာနီငင် (Scheveningen) ရှိ ထောင်သို ပြောင်းရွှေ့ခံ ရ၍ ပြင်းထန်သောစစ် ဆေးမှု ၁၀ လ ခံရသည်။ ဆင်းရဲဒုက္ခခံရရန်နှင့် သေခြင်းကိုပင် ကြုံရနိုင်သော အလားအလာရှိသောကြောင့် ညီအစ်မနှစ်ယောက်စလုံး ယုံကြည်ခြင်း၌ ခွန်အားယူကြကာ ဘုရားရှင်က သူတိုကို စွန့်ပစ်မည်မဟုတ်ဟုလည်း ယုံကြည်ကြသည်။ ရှေးဗာနီဝင်တွင် ကော်ရီကို အခြားထောင်သားများဆီမှ ခွဲထုတ်၍ သူတစ်ဦးတည်းကို မြေတိုက်တွင် ၄ လ သီးသန့်ထားသည်။ ကရုဏာတရားရှိသော ဂျာမန်အရာရှိတစ်ဦးက သူ့ကို စစ်မေးခြင်းများ ပြု၍ မည်သည့်အမိန့်ကိုမျှ ချမှတ်ခြင်းမရှိသော်လည်း သူမသည် ဟော်လန်တောင်ပိုင်းရှိ အကျဉ်းစခန်းတစ်နေ ရာ၌ ပြစ်ဒဏ်စတင်ရန် အပိုခံရသည်။

ကော်ရီသည် သူ့ညီမနှင့်ပြန်လည်တွေ့ဆုံကာ သူတိုနှစ်ဦးစလုံး အကျဉ်းခံဘဝ တစ် လျှောက်လုံး အတူနေခွင့်ရကြ၏။ အကျဉ်းခံကာလတစ်လျှောက်တွင် ကိုယ်တော်က သူတိုကို ဤအခြေအနေသို တွန်းပိုရသည့်အကြောင်းကို ဖြည်းဖြည်းချင်း နားလည်လာကြ ကာ ဘုရားရှင်၏ နှုတ်ကပတ်တော်ကို အကျဉ်းသားများထံ၌ ဝေမျှကြသည်။ သူတိုသည် ညဉ့်ဦးပိုင်းတွင် ယုံကြည်သူများနှင့် လျှိဝှက်စွာ နေ့စဉ် တွေ့ဆုံကြကာ ယုံကြည်ခြင်းဖြင့် ကြံ့ကြံ့ခံနိုင်ရန် ခွန်အားများပေးလေ့ရှိသည်။ အကျဉ်းခံဘဝတွင် လူများ ပြွတ်သိပ်နေ ထိုင်ရခြင်း၊ အစားအစာမလုံလောက်ခြင်း၊ စက်ရုံများတွင် တစ်နေကုန်တစ်နေခန်း နှစ်ရှည် လများ အလုပ်လုပ်ရခြင်းနှင့် ရံခါဆိုသလို ပတ္တရောင်ရဲများ၏ သေနတ်ဖောက်သံများကို ကြားကြရသည်။ စက်တင်ဘာလတွင် မဟာမိတ်များက ပြင်သစ်နှင့် ဘယ်ဂျီယံကို သိမ်းပိုက်နိုင်ပြီဟူသော သတင်းသည် အကျဉ်းစခန်းသိုတိုင် ပျံ့နှံလာသဖြင့် အားလုံး မကြာမီအချိန်တွင် လွတ်မြောက်နိုင်မည်ဟု စိတ်လှုပ်ရှားကြသည်။

 

ရေးဗင်စဘရော့ခ် ၊

 သူတိုကို ဂျာမနီသို ပိုမည့်အစား ရေးဗင်စဘရော့ခ် (Ravensbruck) အကျဉ်းစခန်းသို ပြောင်းရွှေ့ပေးကာ ထိုစခန်းသည် အရင်စခန်းများထက် ပို၍ ဆိုးဝါးလေ၏။ ထိုအကျဉ်း စခန်းတွင် ကော်ရီက ကျမ်းစာအုပ်လေး တစ်အုပ်နှင့် သူတို၏ ညီမငယ် နော်လီ (Nollie) ၊ ပိုပေးသော သက်စောင့်ဓာတ်ဗီတာမင် အရည်တစ်ပုလင်းကို ဖွက်ယူလာခဲ့သည်။ သူမက အိတ်အသေးတစ်လုံးနှင့် ထိုပစ္စည်းနှစ်မျိုးကို လည်ပင်းတွင် ချိတ်ဆွဲသွားကာ ထိုအရာ နှစ်ခုသည် လာမည့်လပိုင်းအတွက် သူတို၏ အသက်ကယ်ဆေးပင်ဖြစ်တော့၏။

ညဉ့်ဦးချိန်တိုင်းတွင် သမ္မာကျမ်းစာသည် သူတို၏ ခွန်အားယူရာဖြစ်၍ ဝတ်ပြုခြင်း နှင့် ကျမ်းစာလေ့လာခြင်းကို နေ့စဉ် ပြုလုပ်နိုင်ကြကာ အမျိုးသားရေးနှင့် ဂိုဏ်းဂဏကွဲ ခြင်းများက သူတို၏ ဝတ်ပြုခြင်းကို အဟန့်အတားမပြုနိုင်ဘဲ ကက်သလစ်၊ လူသာရင်နှင့် ဩသိုဒေါက်စ်ခရစ်ယာန်များသည် အတူတကွ ဘုရားကို ဝတ်ပြုနိုင်ကြ၏။ ထိုကဲ့သို ပြုမူ နိုင်ခြင်းမှာ တန်းလျားများရှိ အမျိုးသမီးများတွင်ရှိသော သန်းကြီးမများ အကူးခံရမည်စိုး သဖြင့် အစောင့်များက ဝေးဝေးရှောင်ကြသောကြောင့်ဖြစ်သည်။ ထိုအတွက်ကြောင့်ပင် အမျိုးသမီးများသည် အနှောင့်အယှက်ကင်းကင်းဖြင့် ဘုရားကို ဝတ်ပြုနိုင်ကြခြင်းဖြစ်၏။

ဆောင်းဝင်ခါနီးသောအခါတွင် သူတို၏ နေ့စဉ်ဘဝများ ပို၍ ကြမ်းတမ်းလာ၏။ ရံခါတွင် မှောင်နှင့် မည်းမည်း မနက်ခင်း၌ သူတို၏ နာမည်စာရင်းများကို အချိန်ဆွဲ၍ ခေါ်ကာ အအေးဒဏ်ခံစေ၏။ တစ်ရက်တွင် ၁၁ နာရီ အလုပ်လုပ်စေ၍ အစာကိုလည်း ချွေတာသည့်အနေဖြင့် မဝရေစာသာကျွေးကာ အလုပ်များကိုသာ ဖိလုပ်စေ၍ ဆေးဝါး ကုသမှုလည်း မဖြစ်စလောက်သာပေးသည်။

ဘက်ဆီ၏ ကျန်းမာရေးအခြေအနေ ဆိုးဝါးလာသဖြင့် ကော်ရီက သက်စောင့်ဓာတ် ဗီတာမင်အရည်ဖြင့် သူမကို ပြုစုသည်။ ထိုအရည်ကို ချွေတာသုံးရခြင်းဖြစ်သောကြောင့် တစ်ရက်တွင် ၂၅ စက်မျှသာ တိုက်ကျွေးကာ အခြားထောင်သားများနှင့် မျှဝေအသုံးပြု ခြင်းလည်းဖြစ်၍ မုဆိုးမဆီအိုးနှင့်ပင် တူတော့၏။ တစ်ခါတွင် အကျဉ်းသားတစ်ဦး သည် ထောင်ဆေးရုံကပေးသော တဆေးမုန့်ပြားကလေးကို မယူဘဲ တန်းစီသည့်နေရာမှ “နောက်ဆုတ်””လိုက်သဖြင့် သူတို၏ သက်စောင့်ဓာတ်ဗီတာမင်အကြောင်း ဘူးပေါ် သလို ပေါ်တော့သည်။

ကျန်းမာရေးချိုတဲ့နေသော်လည်း ဘက်ဆီ၏ ယုံကြည်ခြင်းမှာ ပို၍ ခိုင်မာလာကာ သူမ၏ ယုံကြည်ခြင်းက တန်းလျားနေသူများ၏ စိတ်ကို ကူးစက်နိုင်သည်။ သိုသော် အခြေအနေပို၍ ဆိုးလာသဖြင့် အသက်ထွက်ခါနီး၌ ဆေးရုံတင်လိုက်ကြ၏။

သူ မကွယ်လွန်မီ ဘက်ဆီက ဂျာမနီရှိ အကျဉ်းစခန်းနှင့် စစ်ဒဏ်ကြောင့် ပျက်စီး ခြင်းသို ရောက်ကြသူ များကို ဟော်လန်အိမ်ကြီးတွင် ပြုစုနေသည်ဟု စိတ်ကူးမြင်ယောင် နေမိသည်။ သူမက သူ့အစ်မကော်ရီထံ၌ ကိုယ်တော်က သူတိုကို နှစ်သစ်ကူးနေ့၏ ပထမ ရက်တွင် လွတ်မြောက်စေမည်ဟု ပြောသည်ဆို၏။ ဘက်ဆီ ကွယ်လွန်ပြီး သုံးရက်မြောက် ၊ နေ့တွင် ကော်ရီကို တရားသေလွှတ်ကြောင်း အသိပေးကာ သူမသည် ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ၏ နောက်ဆုံးနေ့တွင် လွတ်မြောက်လာခဲ့သည်။ သူ့ညီမ မြင်မက်ခဲ့သည့်အတိုင်း သူတိုလွတ်မြောက်သွားကြသည်။

စစ်ကြီးပြီးဆုံးသောအခါ ကော်ရီသည် ခရီးရှည်ထွက်၍ သူမ၏ အတွေ့အကြုံကို ပြောပြခြင်းနှင့် ကယ်တင်ခြင်းသတင်းစကားကို ဝေငှခြင်းပြု၏။ ၁၉၄၇ ခုနှစ်တွင် မြူးနစ် (Munich) မြို ဘုရားကျောင်း တစ်ကျောင်း၌ သူမ မှတ်မိနေသေးသော ရေဗင်စဘရော့ခ်ရှိ ရက်စက်ကြမ်းကြုတ်သည့် အစောင့်များထဲမှ တစ်ဦးနှင့် ရင်ဆိုင်တွေ့ရသည်။ ထိုသူသည် ခရစ်ယာန်တစ်ဦးဖြစ်ဟန်တူ၍ သူတိုကို တစ်ကြိမ်သစ္စာဖောက်ခဲ့ ဖူးသူဖြစ်သောကြောင့် သူမက သူ့ကို အလွန်မုန်းတီးရွံရှာနေကာ နောက်တစ်ဖန် ခွင့်လွှတ်နိုင်ရန် စိန်ခေါ်မှုတစ်ရပ် နှင့်ကြုံနေရ၏။ အချိန်အတန်ကြာ ရပ်တန့်ခြင်းနှင့် လွန်ဆွဲခြင်းများပြီးဆုံးသောအခါ သူမက ဤသိုဆိုလိုက်သည်။ “ကျွန်မ ရှင့်ကို ခွင့်လွှတ်ပါတယ်၊ အရိုးခံစိတ်နဲ့ ပြောတာပါ”

သူမသည် ဂျူးများကို ကူညီပေးသည့်အတွက် ဂုဏ်ပြုခြင်းအားဖြင့် ၁၉၆၈ ခုနှစ်တွင် ဂျေရုဆလမ်မြို တော်တည့်ဖြောင့်မှန်သော တစ်ပါးအမျိုးသားများရိပ်သာလမ်း၌ သစ်ပင် တစ်ပင်စိုက်ပေးရန် အစ္စရေးနိုင်ငံ၏ ဖိတ်ကြားခြင်းခံရသည်။ သူမသည် ဂျူးများနယ်နှင် ခံရစဉ်တစ်ကြိမ်က သူ့အဖေပြောခဲ့သော စကားလုံးများကို ပြန်ပြောင်းသတိရမည်မှာ မုချဖြစ်သည်။ “ကော်ရီရေ အဖေကတော့ သနားစရာကောင်းတဲ့ ဒီဂျာမန်တွေကို ကရုဏာ သက်မိပါတယ်။ သူတိုဟာ ဘုရားရှင်မြတ်နိုးတော်မူတဲ့သူတွေ ဖြစ်တယ်ကွယ့်”

 

 

 

 

 

 

 

 

 

 

 

 

 

 

နှစ်ဆယ်ရာစုတွင် ညှင်းပန်းနှိပ်စက်ခံရသော သာဓကအချို့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *