ဗျာဒိတ်ကျမ်း အနက်ဖွင့်ခြင်း
နိဒါန်း ဗျာဒိတ်ကျမ်းသည် ယုံကြည်သူများ၊ အဖတ်အနည်းဆုံးနှင့် အဓိပ္ပါယ် နားမလည် ဆုံးသော ကျမ်းဖြစ်သည်။ အကြောင်းမှာ၊ နားလည်ရခက်ခြင်းနှင့် သင်ပေးသော သူမရှိ၊ တရားဟော သောအခါ၌လည်း၊ ကိုးကားခြင်း အနည်းဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ အချို့သော ယုံကြည်သူများက၊ ဗျာဒိတ်ကျမ်းကို ကျမ်းစာ၌ပင် မထည့်သင့်ဟုဆို ကြသည်။ သို့သော် ဤကျမ်းသည် အလွန် အရေးကြီးသော ကျမ်း၊ ဤနောက်ဆုံးသော ကာလ၌ အလွန် လိုအပ်သော ကျမ်း ဖြစ်သည်။ ဘုရားသခင်က၊ “ကာလအချိန် ရောက်လုနီးပြီး ဖြစ်၍၊ ဤ အနာဂတ္တိကျမ်း စကားကို ကြည့်ရှုဘတ်ရွတ် နားထောင်၍၊ ရေးထားသမျှ တို့ကို စောင့်ရှောက်သော သူတို့သည်၊ မင်္ဂလာရှိကြ၏။”ဟုဆိုထားသည် (ဗျာ...