Category: အထွေထွေ

အထွေထွေ

ခေတ်ကာလများ

ကာလများ ထိုအရာများသိဘို့ရန်၊ ကျမ်းစာကဤလောကကို၊ ကာလသုံးကာလဖြင့်ပိုင်းခြားခြင်းကိုသိဘို့လိုသည်။ ထိုအရာတို့မှာ၊ ၁။ ရေမလွှမ်းမိုးမှီကာလ (​Before flood age ) ၂။ ယခုနေ့ရက်ကာလ (Present age ) ၃။ အနှစ် ၁၀၀၀ ကာလ (​Millennial age)တို့ ဖြစ်သည်။ ကာလပြောင်းလျှင်လူ့သက်တန်းနှင့်တိရစ္ဆာန်လောကနေပုံပြောင်းသည်။   ၁။ ရေမလွှမ်းမိုးမှီကာလ (B​efore flood age, Antediluvian age) ထိုကာလသည်ကမ္ဘာဦးမှစ၍၊ နောဧခေတ်ရေလွှမ်းမိုးသည်အထိကာလဖြစ်သည်။ ထိုကာလသည်အကြမ်းအားဖြင့်နှစ်ပေါင်း၂၀၀၀ ခန့်ဖြစ်သည်။ ထိုကာလတွင်လူ့သက်တန်းသည် ၉၀၀ ကျော်ရှိကြသည် (က ၅)   ၁။ အာဒံ—– ၉၃၀ နှစ် (က ၅:၅) ၂။ နောဧ—–...
အထွေထွေ

ချီဆောင်ခြင်း နှင့် ဒုတိယကြွလာခြင်း

အပိုင်း (၁) ချီဆောင်ခြင်းအလွန်နီးပြီ သန့်ရှင်းသူများ၏ချီဆောင်ခြင်းသည် အလွန်နီးပြီဖြစ်သည်။ မိတ်ဆွေ အသင့်ပြင်ဆင်ပြီးပြီလော။ ခရစ်တော်မကြာမှီကြွလာတော့မည်။ ဘုရားသခင်သည် လူများကိုသတိမပေးဘဲ ဘယ်သောအခါမျှ အလုပ်မလုပ်ပါ။ ကမ္ဘာကြီးရေလွှမ်းမိုးခြင်းအားဖြင့် တရားစီရင်မည့် အရာကို ဘုရားသခင်သည် နောဧအားဖြင့် နှစ်ပေါင်းများစွာ သတိပေးခဲ့သည် (က ၆)။ သို့သော် နားမထောင်သောကြောင့် ရေထဲ၌ အသက်ဆုံးရှုံးခဲ့ကြသည်။ အဲဂုတ္တုပြည်၌ ရ နှစ်အစာခေါင်းပါး မည်အကြောင်းကိုလည်း ဘုရားသခင်က ဖါရောဘုရင်ကို အိပ်မက်အားဖြင့် ဖေါ်ပြခဲ့ပြီး ယောသပ်အားဖြင့် အနက်ဖွင့်ပေးခဲ့သည်။ ဖါရောဘုရင်သည် ဘုရားသခင်၏သတိပေးခြင်းကို လက်ခံသောကြောင့် ယောသပ်ကို သူ့လက်အောက်၌ အကြီးဆုံးရာထူးပေး၍ ပြင်ဆင် စေခြင်းအားဖြင့် နားထောင်ခဲ့သည်။ ထို့ကြောင့် အစာခေါင်းပါးသောအခါ ပျက်စီးခြင်းမှကင်းလွတ်ခဲ့သည်။   တဖန် အဲဂုတ္တုပြည်၌...