အထွေထွေ

ချီဆောင်ခြင်း နှင့် ဒုတိယကြွလာခြင်း

အပိုင်း (၁) ချီဆောင်ခြင်းအလွန်နီးပြီ သန့်ရှင်းသူများ၏ချီဆောင်ခြင်းသည် အလွန်နီးပြီဖြစ်သည်။ မိတ်ဆွေ အသင့်ပြင်ဆင်ပြီးပြီလော။ ခရစ်တော်မကြာမှီကြွလာတော့မည်။ ဘုရားသခင်သည် လူများကိုသတိမပေးဘဲ ဘယ်သောအခါမျှ အလုပ်မလုပ်ပါ။ ကမ္ဘာကြီးရေလွှမ်းမိုးခြင်းအားဖြင့် တရားစီရင်မည့် အရာကို ဘုရားသခင်သည် နောဧအားဖြင့် နှစ်ပေါင်းများစွာ သတိပေးခဲ့သည် (က ၆)။ သို့သော် နားမထောင်သောကြောင့် ရေထဲ၌ အသက်ဆုံးရှုံးခဲ့ကြသည်။ အဲဂုတ္တုပြည်၌ ရ နှစ်အစာခေါင်းပါး မည်အကြောင်းကိုလည်း ဘုရားသခင်က ဖါရောဘုရင်ကို အိပ်မက်အားဖြင့် ဖေါ်ပြခဲ့ပြီး ယောသပ်အားဖြင့် အနက်ဖွင့်ပေးခဲ့သည်။ ဖါရောဘုရင်သည် ဘုရားသခင်၏သတိပေးခြင်းကို လက်ခံသောကြောင့် ယောသပ်ကို သူ့လက်အောက်၌ အကြီးဆုံးရာထူးပေး၍ ပြင်ဆင် စေခြင်းအားဖြင့် နားထောင်ခဲ့သည်။ ထို့ကြောင့် အစာခေါင်းပါးသောအခါ ပျက်စီးခြင်းမှကင်းလွတ်ခဲ့သည်။   တဖန် အဲဂုတ္တုပြည်၌...
သမ္မာတရား

ပညတ်တော်နှင့် ယဇ်ပူဇော်ခြင်းများ

သင်ခန်းစာ (၁) ပညတ်လေးမျိုး ကျမ်းစာထဲ၌ပညတ်တော်ပေါင်း ၆၁၃ ပါးရှိသည်။ ထိုပညတ်တော်များသည် မောရှေရေးထားသော ပညတ္တိကျမ်းများဖြစ်သော ကမ္ဘာဦးကျမ်း (Genesis) ထွက်မြောက်ရာကျမ်း (Exodus) ဝတ်ပြုရာကျမ်း (Leveticus) တောလည်ရာကျမ်း (Numbers) တရားဟောရာကျမ်း (Deuteronomy)    များ၌ရှိသည်။ ထိုပညတ်တော်များကို လေးပိုင်းပိုင်းနိုင်သည်။ ၁။ ဝတ်ပြုခြင်းဆိုင်ရာပညတ် (Ceremonial law) မည်သည့်ဘုရားကိုမည်ကဲ့သို့ကိုးကွယ်မည့်အကြောင်းများကိုဖေါ်ပြသည်။ ပညတ်တော် ဆယ်ပါးအထဲ၌ ပဌမမှစတုတ္ထပညတ်အထိ၌ပါသော၊ ငါမှတပါးအခြားသောဘုရားကို မကိုးကွယ်ရ၊ ရုပ်တုမကိုးကွယ်ရ၊ ဘုရားနာမကိုအလွဲမသုံးရ၊ ဥပုသ်နေ့စောင့်ပါဟူသော အရာတို့သည်၊ ဝတ်ပြုခြင်းဆိုင်ရာပညတ်များဖြစ်သည်။ ၂။ အုပ်ချုပ်ရေးဆိုင်ရာပညတ် (Civil law) လူလူချင်းမည်ကဲ့သို့ အုပ်ချုပ်မည့်အရာများကိုဖေါ်ပြထားသောပညတ်ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာပညတ်တချက်ကိုဖေါ်ပြပါက၊ “လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာတရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူကိုအပြစ်လွတ်စေခြင်း ငှါ၎င်း၊...