ဖိလေမုန် ဩဝါဒစာ(Philemon)
ဝိညာဉ်ရေးရာ ညီမျှခြင်းနှင့် စစ်မှန်သော ခွင့်လွှတ်ခြင်း
ခေါင်းစဉ်
ဤစာစောင်ကို လက်ခံရရှိသူ ဖိလေမှန်သည် သူ၏ အိမ်၌ရှိသော(ငယ် ၂) ကာလာ အသင်းတော်တွင် အရေးပါသူတစ်ဦးဖြစ်သည် (ငယ် ၁၊ ၂၊ ကော ၄း၉)။ ဤစာစောင် သူနှင့် သူမိသားစု၊ သူအသင်းတော်အတွက် ဖြစ်သည်။
စာရေးသူနှင့် ရက်စွဲ
ဤစာအုပ် ရေးသားသူမှာ ရှင်ပေါလုဖြစ်ကြောင်း ဖော်ပြ၍ (Cယ် ၁၊ ၉၊ ၁၉ အသင်း တော်သမိုင်းတွင် အငြင်းပွားမှု ဖြစ်စေသည့်အကြောင်းအရာကို မတွေ့ရဘဲ၊ အထူးသဖြင့် အတူ အယောင်တစ်ဦးက ရေးသားရန် လှုဆော်ခံခဲ့ရခြင်းအကြောင်း လေမှန်တွင် မပါရှိပေ။ ဖိလေ မုန်ဩဝါဒစာသည် ဧဖက်သြဝါဒစာ၊ ဖိလိပ္ပိသြဝါ ဒစာနှင့် ကောလောသဲသြဝါဒစာကဲ့သို ထောင်ထဲတွင် ရေးသားခဲ့သည့် စာစောင်တစ်ခုဖြစ်သည်။ တစ်ချိန်တည်း တွင် ရှင်ပေါလု ရေးသားခဲ့ သည့် (ခန့်မှန်း အေဒီ ၆၀-၆၂၊ အငယ် ၁၊ ၁၆) ကောလောသဲသြဝါဒစာနှင့် နီးစပ်မှုရှိပြီး၊ ကနဦးအသင်းတော် ဖခင်ကြီးများမှ ရှင်ပေါလု စာရေးသူ မှန်ကန်ကြောင်း ဖော်ပြမှုသည် မေးခွန်းထုတ်စရာ မရှိပေ (ဥပမာ – Jerome, Chrysostom, Theodore of Mopsuestia) Muratorian (ခန့်မှန်း အေဒီ ၁၇၀) ဖြစ်သည့် ဓမ္မသစ်ကျမ်း ပိုင်းခြားမှု အစောဆုံးပိုင်းတွင် ဖိလေမုန်ဩဝါဒစာစောင် ပါဝင်သည်။ ရှင်ပေါလုအတွက် ကိုယ်ရေး အချက် အလက်အကြောင်း အတွက် ရောမဩဝါဒစာ၏ စာရေးသူနှင့် ရက်စွဲတွင် ကြည့်ပါ။ ဖိလေမုန်ဩဝါဒစာ ရေးသား သည့်နေရာနှင့်အချိန်ကို ဧဖက်သြဝါဒစာနှင့် ဖိလိပ္ပိသြဝါဒစာ၏ စာရေးသူနှင့်အချိန်တွင် ကြည့်ပါ။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ဖိလေမုန်သည် ရှင်ပေါလုသာသနာပြုမှုကြောင့် ကယ်တင်ခြင်းရရှိ၍ ဧဖက်မြိုတွင် ဖြစ်နိုင်ပြီး(ငယ် ၁၉) အစောပိုင်းနှစ်များတွင် ဖြစ်သည်။ ကြီးမားသည့်အိမ်ရှိခြင်းကြောင့် အတော် အတန်ချမ်းသာသူဖြစ်ပြီး (ငယ် ၂) ဖိလေမုန်တွင် ဩနေသိမ်အမည်ရှိသော (စာပေအဓိပ္ပာယ် “အသုံးဝင်သော ကျွန်များအတွက် အများကပေး သောနာမည်ဖြစ်) ကျွန်တစ်ဦး ပိုင်ဆိုင်သူ ဖြစ်သည်။ သြနေသိမ်သည် ဖိလေမုန်ထံမှ ငွေများခိုးပြီး (ငယ် ၁၈) ထွက်ပြေးချိန်တွင် ယုံကြည် သူတစ်ဦးမဟုတ်ပေ။ ထွက်ပြေးသော မရေတွက်နိုင်သည့် အခြားကျွန်များကဲ့သို၊ ဩနေသိမ် သည် ရောမမြိုသိုထွက်ပြေးပြီး၊ ရောမမြိုတော်များတွင် မိမိကို ရှာမတွေ့စေရန်နှင့် ကျွန်ပေါများ သည့် နေရာတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။ အခြေအနေများကို ကျမ်းစာတွင် ဖော်ပြမထား တ်လည် သသိမ်သည် ရှင်ပေါလုနှင့်တွေ့ဆုံပြီး ခရစ်ယာန်တစ်ဦးဖြစ်လာသည်။
တမန်တော်သည် ထွက်လာသော ကျွန်ကို အလွန်ချစ် ခင်၍ (ငယ် ၁၂၊၁၆) သူထောင်တွင် အကျဉ်းကျစဉ် တန်ဖိုးရှိသော အစေခံဖြစ်သောကြောင့် (ငယ် ၁၁) ရောမတွင် သြနေသိမ်ကို အချိန်အတော်ကြာ ထိန်းသိမ်းခဲ့ သည်(ငယ် ၁၃)။ သိုသော် ဖိလေမုန်ထံမှ ငွေခိုး ပြီး ထွက်ပြေးခဲ့ခြင်းကြောင့် သြနေသိမ်သည် ရောမဥပဒေကို လွန်၍ သူ့သခင်ကို လိမ်ညာ ခဲ့သည်။ ရှင်ပေါလုသည် ထိုအကြောင်းအရာများကို မည်သိုကိုင်တွယ်ရမည်ကို သိခဲ့ပြီး၊ ဩနေသိမ်အား ကောလောသဲသို့ပြန်ပို့ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် သူတစ်ယောက်တည်း ခရီးပြုခြင်း အတွက် အလွန်အန္တရာယ်ရှိခြင်းကြောင့် ကျွန်များကို ဖမ်းဆီးခြင်းအန္တရာယ်ရှိခြင်း ကြောင့်) ကောလောသဲ သြဝါဒစာစောင်နှင့်အတူ ကောလောသဲသိုသွားသည့် တုခိတ်နှင့်အတူ စေလွှတ်ခဲ့ သည် (ကော ၄း၇-၉)။ ဩနေသိမ်နှင့်အတူ ရှင်ပေါလုသည် ဤစာစောင် ဖိလေမုန်ံထံ ပေးပိုခဲ့ပြီး၊ ဩနေသိမ်ကို ခွင့်လွှတ်ရန်နှင့် ခရစ်တော်၌ အစေခံသော ညီအစ်ကိုကဲ့သို ကြိုဆိုရန် တိုက်တွန်းခဲ့သည် (ငယ် ၁၅-၁၇)။
ဖိလေမုန်ဩဝါဒစာရှိ အဓိက ဇာတ်ကောင်များ
ရှင်ပေါလု – ဖိလေမုန်ကို ဩနေသိမ်အား ခွင့်လွှတ်ရန်နှင့် သူ၏ညီအစ်ကိုကဲ့သို လက် ခံရန် တိုက်တွန်းစာရေးသူ ငယ် ၁-၂၅)
ဖိလေမုန် – ကောလောသဲအသင်းတော်၌ အရေးပါသူ၊ ဩနေသိမ်၏ ကနဦးသခင် (ငယ် ၁-၂၅)
ဩနေသိမ် – ဖိလေမုန်ထံမှ ထွက်ပြေးသွား သော ကျွန်၊ ရှင်ပေါလုနှင့် ရောမတွင် တွေ့ ဆုံပြီးနောက် ခရစ်ယာန်တစ်ဦး ဖြစ်လာသူ (ငယ် ၁၀-၂၂)
ဖိလေမုန်ဩဝါဒစာ၌ ခရစ်တော်
ရှင်ပေါလု၊ ဩနေသိမ်နှင့် ဖိလေမုန်အကြား ဆက် ဆံမှုသည် ခမည်းတော်နှင့် လူသားအကြား ခရစ် တော်၏ လှပသော ပုံဖော်ပေးသည့် ကြားဝင်ဖျန်ဖြေ ပေးမှုအဖြစ် ကိုယ်စားပြုသည်။ ရှင်ပေါလုသည် သြ နေသိမ် အပြစ်ဒဏ်အစား သူ၏ ယခင်က သခင် ဖိလေမုန်တိုအကြားရှိ ဆက်ဆံမှုကို အသစ်ဖြစ်စေ ခြင်းဖြင့် လွှတ်လပ်စွာ လက်ခံစေခဲ့သည်။ ရှင်ပေါ် လု၏ ခွင့်လွှတ်ခြင်း လုပ်ဆောင်မှုသည်လည်း ဘု ရားသခင်၏ သနားကြင်နာခြင်းနှင့် ကရုဏာတော် ကို ပြခြင်းဖြင့် ခွန်အားများပေးရန် ဖော်ညွှန်းခဲ့ သည်။
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ဖိလေမုန်ဩဝါဒစာသည် ကျွန်များဖြစ်တည်မှုနှင့် ကနဦးအသင်းတို၏ ဆက်ဆံ ရေးတွင် အဖိုးတန်သော သမိုင်းကြောင်းဆိုင်ရာ အတွင်းပိုင်းကို ဖော်ပြပေးသည်။ ကျွန်ပြုခြင်းသည် ရောမအင်ပါယာတွင် ကျယ်ပြော လှပြီး (အချိုခန့်မှန်းချက်အရ၊ ကျွန်များသည် လူဦးရေ သုံးပုံတစ်ပုံထက်ပင် ပိုများ)၊ လူအများ လက်ခံကျင့်သုံး ကြသည့် အချိန်ကာလတစ်ခုဖြစ်သည်။ ရှင်ပေါလုအချိန်က ကျွန်ပြုခြင်း အခမဲ့လုပ်အားကို လုယူလုနီးပါး ဖြစ်သည်။ ကျွန်များသည် ဆရာဝန်များ၊ ဂီတပညာရှင်များ၊ သင်ကြားရေးဆရာများ၊ အနုပညာရှင်များ၊ စာကြည့်တိုက်မှူး များ (သို့) စာရင်းကိုင်များ စသည်ဖြင့် အလုပ်များစွာကို လုပ်နိုင်ပြီး၊ ထိုအလုပ်များတွင် ကျွန်များ ဖြင့် ဖြည့်ဆည်းကြသည်။
ကျွန်များကို တရားဝင်လူများအဖြစ် မသတ်မှတ်သော်လည်း သူတို့ သခင်များအတွက် အသုံးခံများဖြစ် သည်။ သူတိုကို ဝယ်ခြင်း၊ ရောင်းခြင်း၊ အမွေပေးခြင်း၊ အလဲအလှယ်လုပ်ခြင်း (သို့ ) သူတို့သခင်၏ အကြွေး အတွက် သိမ်းယူခံရခြင်း စသည်ကဲ့သို လုပ်နိုင်သည်။ သူတို သည် သူတိုကို အပြစ်ပေးရန် လုံးဝအာဏာရှိပြီး၊ တစ်ခါတရံ အနည်းငယ်စည်းကမ်းချိုးဖောက် မအတွက် တင်းကျပ်မှုများ ပြုလုပ်နိုင်သည်။ သိုသော်လည်း ဓမ္မသစ်ကျမ်း အချိန်ကာလတွင် ကျွန်ပြုခြင်းသည် ပြောင်းလဲရန် အစပြုနေသည်။ သခင်လက်အောက်တွင် ကျေနပ်မှုရှိသော ကျွန်များသည် ပို၍ အလုပ်လုပ်ကြသောကြောင့် သခင်များကလည်း ပိုပြီး ငဲ့ညှာလာကြသည်။ အရောင်းအဝယ် ပစ္စည်းတစ်ခုကဲ့သိုဖြစ်သော သူ့ကျွန်ကို သင်ကြားပေးခြင်းသည် သခင်တစ်ဦး၊ အတွက် ပုံမှန် မဟုတ်ဘဲ၊ အချိုသခင်များနှင့် ကျွန်များသည် အလွန်ရင်းနှီးသော မိတ်ဆွေများ ဖြစ်လာခဲ့သည်။ ဥပဒေအရ သူတိုကို လူရာမသွင်းသော်လည်း အေဒီ ၂၀ ၌ ရောမအထက်လွှတ် တော်သည် ကျွန်များ ဆင်းရဲဒုက္ခခံမှုအတွက် ပြစ်မှုအဖြစ် စွဲဆိုနိုင်ကြောင်း ခွင့်ပြုခဲ့သည်။ ထို အရာက ကျွန်များအတွက် လွတ်လပ်မှု(သိုမဟုတ် ဝယ်ယူရန်) အခွင့်အရေးကို ကျယ်ကျယ်ပြန့် ပြန့် ဖြစ်လာခဲ့သည်။ အချိုကျွန်များသည် သူတိုသခင်များလက်အောက်တွင် မျက်နှာရ၍ ပျော်ရွှင် ခြင်းနှင့် အကျိုးရှိသော အစေခံများဖြစ်လာပြီး၊ သူတိုကို ဂရုစိုက်၍ ကူညီမစမှုများ ရှိလာခြင်း ကြောင့် ကျွန်ဘဝမှ လွှတ်မြောက်သော သူတိုထက် ပိုမိုကောင်းမွန်သူများ ဖြစ်လာသည်။ ကျွန် ဘဝမှ လွှတ်မြောက်သော လူတော်တော်များများသည် ဆင်းရဲဒုက္ခတွင် ရုန်းကန်နေခဲ့ကြသည်။
ဓမ္မသစ်ကျမ်းတွင် ကျွန်စနစ်ကို မရှုတ်ချခဲ့ပေ။ သိုမဟုတ်လျှင် ကျွန်များ၏ တော်လှန်ရေး များသည် ရှုတ်ချခံရမည်ဖြစ်၍ ဧဝံဂေလိတရားသည်လည်း လူမှုရေးပြုပြင်ခြင်းကဲ့သို ဖြစ်လာမည် ဖြစ်သည်။ သိုသော် ကျွန်များနှင့်သခင်များ၏ နှလုံးသား ပြောင်းလဲခြင်းအားဖြင့် ကျွန်ပြုခြင်း မကောင်းမှုများကိုသာ ရှုတ်ချသည်။ ခရစ်ယာန်သာသနာက သခင်နှင့်ကျွန် ဝိညာဉ်ရေးဆိုင်ရာ ညီမျှမှု (ငယ် ၁၆၊ ဂလ ၃း ၂၈၊ ဧ ၆း၉၊ ကော ၄း၁၊ ၁ တိ ၆း၁၊ ၂) သမ္မာကျမ်းစာသည် ကျွန် များအား အနိုင်ကျင့်မှုကို လွင့်ပျယ်စေခဲ့သည်။ ဤစာစောင်ကို လွှမ်းခြုံသည့် ကြွယ်ဝသော ဓမ္မအတွေးအမြင်သည် ခွင့်လွှတ်ခြင်းဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းတစ်အုပ်လုံး၏ အဓိက သွင်ပြင်လက္ခ ဏာဖြစ်သည် (မ ၆း၁၂-၁၅၊ ၁၈း၂၁-၃၅၊ ဧ ၄း၃၂၊ ၃း၁၃)။ ဤနေရာတွင် ခွင့်လွှတ် ခြင်း” စကားလုံးကို မသုံးသော် လည်း သမ္မာကျမ်းစာဆိုင်ရာ ခွင့်လွှတ်ခြင်းကို ဖော်ပြပေးသည်။
ဖိလေမုန်ဩဝါဒစာရှိ အဓိကဩဝါဒများ
ခွင့်လွှတ်ခြင်း – ခရစ်တော်သည် ပြီးပြည့်စုံသော ခွင့်လွှတ်ခြင်း ပုံဥပမာကို ပေးခြင်း (ငယ် ၁၆၊ ၁၇၊ မ ၆း၁၂-၁၅၊ ၁၈၂၁-၃၅၊ ဧ ၄း၃၂၊ ကော ၃း၁၃)
ညီမျှခြင်း – ကျွန်များနှင့် သခင်များ၏ နှလုံးသားကို ပြောင်းလဲခြင်းဖြင့် မကောင်းသော ကျွန်ပြုမှုကို ခရစ်ယာန်ဘာသာက ပျက်ပြားစေပြီး၊ သခင်နှင့်ကျွန်တို၏ ဝိညာဉ်ရေးရာ ညီမျှမှု ကို ဖြစ်စေခြင်း (ငယ် ၁၆၊ မ ၂၀း၁-၆၊ မာ ၁၀း၃၁၊ ဂလ ၃း၂၈၊ ဧ ၆း၉၊ ကော ၄း၁၊ ၁ တိ ၆း၁၊ ၂)
ဖိလေမုန်ဩဝါဒစာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ခွင့်လွှတ်ခြင်းရှိသော ဘုရား – ငယ် ၁၆၊ ၁၇
ဘုရားသခင်သည် မျက်နှာမလိုက်သော ဘု ရား – ငယ် ၁၆
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ရှင်ပေါလုမှ ဖိလေမုန်သို ပုဂ္ဂိုလ်ရေးဆိုင်ရာ ပေးပိုသော ဤစာစောင်၌ အနက်ဖွင့်ရာ တွင် ခက်ခဲသည့် အကြောင်းအရာများ မတွေ့ရပေ။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ နှုတ်ဆက်စကား (၁-၃)
၂။ ခွင့်လွှတ်သောသူ၏ လက္ခဏာ (၄-၇)
၃။ ခွင့်လွှတ်သောသူ၏ လုပ်ဆောင်မှုများ (၈-၁၈)
၄။ ခွင့်လွှတ်သောသူ၏ လှုဆော်မှုများ (၁၉-၂၅)
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ဩနေသိမ်ဆိုသူသည် မည်သူနည်း။ ရှင်ပေါလုက သူ့အကြောင်းနှင့်ပတ်သက်ပြီး အဘယ့် ကြောင့် ဖိလေမုန်ထံ စာရေးရသနည်း။
ဩနေသိမ်သည် ကောလောသဲအသင်းတော်တော်ရှိ အရေးပါသူ ဖိလေမုန့်ပိုင်သော ကျွန် တစ်ဦးဖြစ်သည်။ ဝမ်းမြောက်ဖွယ်ရာ ဘုရားသခင်၏ ပြင်ဆင်မှုကြောင့် ဩနေသိမ်သည် ဖိလေ မှန်ထံမှ ထွက်ပြေးလာပြီးနောက် ရှင်ပေါလုနှင့် တွေ့ဆုံခဲ့သည်။ ထိုအချိန်တွင် ဩနေသိမ်သည်။ သူခိုးကဲ့သိုထွက်ပြေး ခြင်း၊ ကျွန်ကဲ့သိုထွက်ပြေးခြင်း စသည်ဖြင့် ဥပဒေကို နှစ်ဆချိုးဖောက်ခဲ့သူ ဖြစ်သည်။ ရှင်ပေါလုနှင့် တွေ့ဆုံပြီးနောက်၊ ဩနေသိမ်သည် ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့သည်။
ဖိလေမုန်ဩဝါဒစာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ရောမနိုင်ငံသည် ကြေးဝါထုတ်လုပ်မှု စတင်ခဲ့ပြီး၊ ထိုသတ္ထုရိုင်းများမှ ရွှေများ ကျင်ယူမှု အစပြုခဲ့သည်။
ဩနေသိမ်သည် ရှင်ပေါလုကို အသုံးဝင်သော အစေခံအဖြစ် ကူညီပေးသော်လည်း တမန်တော်က သူ့အား ဖိလေမုန်ထံ ပြန်ပိုရန် ဆုံးဖြတ်ခဲ့သည်။ သူနှင့်အတူ တုခိတ်ကို ကိုယ်ရံတော်အဖြစ်နှင့် ပုဂ္ဂိုလ်ရေးရာစာစောင်အတွက် ဖိလေမှန်ကို ရှင်းပြသူအဖြစ် စေလွှတ်ခဲ့သည်။ ချမ်းသာသော ကောလောသဲမြို သားဖြစ်သူ ဖိလေမုန်သည် ရှင်ပေါလုကို ဝိညာဉ်ရေးရာ အကြွေး တင်ပြီး ရှင်ပေါလုသည် သူ့အတွက် ဧဝံဂေလိသတင်းစကားကို ယူလာပေးသူ တမန်တော်ကဲ့သို ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ဖိလေမုန်အား သူ၏ ကျွန်ကို ကြိုဆိုမှုနှင့် ခွင့်လွှတ်မှုပေးပြီး နားလည် ပေးမှ နိုးထရန် ရှင်ပေါလုက အကြွေးများ ဖော်ပြရာတွင် ရှက်ကြောက်ခြင်း မရှိခဲ့ပေ။
ဖိလေမုန်သို ပေးပိုသော ရှင်ပေါလု၏ စာစောင်သည် ဓမ္မသစ်ကျမ်းရှိ ကျွန်ပြုခြင်း အကြောင်း ဖော်ပြထားမှုတွင် အတွင်းကျကျ သိမြင်မှုအတွက် ကူညီပေးသည်။ ထိုဆိုးသွမ်းသည့် ပြုမှုကို တိုက်ရိုက် တိုက်ခိုက်ခြင်းအစား၊ ခရစ်ယာန်များသည် ကျွန်များနှင့် သခင်များအကြား ဆက်နွယ်မှုကို အခြေခံကျကျ ပြောင်းလဲခြင်းဖြင့် ကျွန်စနစ်အား အတွင်းမှ ဖယ်ရှားပစ်ခဲ့သည်။ ဤအကြောင်းအရာနှင့်ပတ်သက်ပြီး ပိုသိရန် ဤစာအုပ်၏ နိဒါန်းတွင် ကြည့်ပါ။
၂။ ရှင်ပေါလုသည် ဩနေသိမ်ကိုယ်စား ဖိလေမုန်နှင့် မည်သိုကြားဝင်ဖြေရှင်းပေးခဲ့သနည်း။
ရှင်ပေါလုက ကျွန်ဖြစ်သော ဩနေသိမ်အား ယုံကြည်ခြင်း၌ သူ၏သားကဲ့သို သခင် ဖိလေမုန်အား ပြန်လည်မိတ်ဆက်ပေးခဲ့သည် (ငယ် ၁ဝ)။ ရှင်ပေါလုသည် ရောမတွင်အကျဉ်း ကျစဉ် ထိုကျွန်ကို ခရစ်တော်ထံ ပိုဆောင်ခဲ့သည်။ ဩနေသိမ်ဟူသည် “အသုံးဝင်သော”ဆိုသည့် အဓိပ္ပာယ်ရှိသော ကျွန်များအတွက် ပေးထား သည့် အမည်ဖြစ်သောကြောင့် ရှင်ပေါလုက ဩနေသိမ်၏ အသစ်သောအသက်တာ ဂုဏ်အင်္ဂါကို ခရစ်တော်၌ လုပ်ဆောင်သော ဝေါဟာ ရအဖြစ် ပြုလုပ်ခဲ့သည်။ အခြေခံအားဖြင့် ရှင်ပေါလုဖော်ပြသည်မှာ (ငယ် ၁၁) “သင်သည် အထက်က အသုံးမရသောသူ၊ ယခုတွင် ငါနှင့်သင်သည် အသုံးရလာသူ ဟူသော အဓိပ္ပာယ် သည်။ ဩနေသိမ်သည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပြောင်းလဲခဲ့သည်။
ရှင်ပေါလုက ဩနေသိမ်၏ ကျွန်ဖြစ်ခြင်းကို ပြောင်းလဲရန် ဖိလေမုန်အားမမှာ သော်လည်း (ငယ် ၁၆) အသစ်သော ဆက်ဆံမှုနှင့် ဩနေ သိမ်ကို ဆက်ဆံရန် ပြောထား ” ရှင်ပေါလုက ကျွန်ကိုလွှတ်ပေးရန် ပြောမထားသော်လည်း ( ၁ကော ၇း၂၀-၂၂) ခရစ် 3 နောက်လိုက်ယုံကြည်သူတစ်ဦးကဲ့သို သခင်သည် သူ့ကျွန်ကို ပြန်လည်လက်ခံရန် ပြောခဲ့ (ဧ ၆း၉၊ ကော ၄း၁၊ ၁ တိ ၆း ၂)။ ရှင်ပေါလုသည် ကျွန်စနစ်ကို ပယ်ဖျက်ရန် မပြောသည် တရားမျှတပြီး သနားကြင်နာခြင်း တည်ဆောက်မှုအကြား ဆက်ဆံရေးကို ပိုမိုလုပ်ဆောင်ရန်ဖြစ်သည်။ သခင်နှင့်ကျွန်သည် ဝိညာဉ်ရေးဆိုင်ရာ တစ်လုံးတဝတည်းဖြင့် ဝမ်းမြောက်ရန်နှင့် သူတို အတူတကွ ဝတ်ပြုပြီး သာသနာပြုခြင်းဖြင့် မိတ်သဟာယဖွဲရန်ဖြစ်သည်။
ရှင်ပေါလုသည် ဖိလေမုန်၏ ခွင့်လွှတ်ခြင်းတွင် အဖိုးအခပါဝင်ကြောင်းကိုလည်း သိမှတ် စေခဲ့သည်။ မူလသူခိုးတစ်ဦးဖြစ်သလို ဩနေသိမ်၏ ပျက်ကွက်ခြင်းကြောင့် နစ်နာမှုများသည် လက်ခံနိုင်ဖွယ်နှင့် ပတ်သက်၍ ရှင်ပေါလု စာရေးရန် ဆန္ဒရှိမှုကိုဖြစ်စေသည်။ ဖိလေမုန်သည် အကြွေးပေးဆပ်ရန် လိုအပ်ကြောင်း ခံစားမိခဲ့ပါက၊ ရှင်ပေါလုကဩနေသိမ်၏ အကြွေးများကို သူပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။ သိုသော်လည်း ရှင်ပေါလုသည် ဖိလေမုန်၏ ဝိညာဉ်ရေးရာ အကြွေးများကို မှတ်မိပြီး ဆင်ခြင်ရန် သိမ်မွေ့စွာ အသိပေးခဲ့သည်။
ဖိလေမုန်ဩဝါဒစာကို ဆက်လက်လေ့လာရန်
၁။ ဖိလေမုန်ကို စာရေးသားရာတွင် ကျွန်စနစ်အကြောင်းအား ရှင်ပေါလုက မည်သိုကိုင်တွယ် ခဲ့သနည်း။
၂။ ဩနေသိမ်အား ခွင့်လွှတ်ရန် ဖိလေမုန်အား တိုက်တွန်းရာတွင် ရှင်ပေါလုက မည်သည့် နိယာမများကို အခြေခံခဲ့သနည်း။ ။
၃။ ရှင်ပေါလု စာစောင်၏ အာဘော်သည် အဘယ်နည်း။
၄။ ဩနေသိမ်၊ ဖိလေမုန်နှင့် ရှင်ပေါလုတိုအကြား တင်းမာမှုကို တစ်ဦးစီ စိတ်ကျေနပ်မှုရှိအောင် သင်မည်သို ဖြေရှင်းမည်နည်း။
ဗောဗြဲဩဝါဒစာ(Hebrews)
ခရစ်တော်သည် ကျွန်ုပ်တို၏ ယဇ်ပုရောဟိတ်မင်းကြီးဖြစ်ခြင်း
ခေါင်းစဉ်
အေဒီ ၁၀၀ နောက်ပိုင်း အမျိုးမျိုးသော ဓမ္မသစ်ကျမ်းစာအုပ်များသည် ကျမ်းအုပ်တစ်ခု အဖြစ် စုစည်းလာပြီး ခေါင်းစဉ်များသည် လွယ်ကူစွာ သိမှတ်ခြင်းအတွက် ထပ်ပေးကြသည်။ ဤဩဝါဒစာ ခေါင်းစဉ်သည် ဂရိခေါင်းစဉ် “ဟေဗြဲလူမျိုးများသို” မှ ဖြစ်ပြီး၊ နောက်ဆုံး အေဒီ ဒုတိယရာစုတွင် ဖြစ်လာသည်ဟု ထောက်ခံကြသည်။ သိုသော်လည်း ဤဩဝါဒစာအထဲမှာပင် စာစောင်လက်ခံရရှိသူများကို ဟေဗြဲလူမျိုး (သို) တပါးအမျိုးသားများဟု ဖော်ပြထားခြင်းမျိုး မရှိပေ။ ဤဩဝါဒစာသည် ဟေဗြဲသမိုင်း၊ ဘာသာရေးတိုကို ကိုးကားမှုများဖြင့် ပြည့်နှက်နေခြင်းကြောင့် ခေါင်းစဉ်ဖော်ပြသည့်အတိုင်း တပါးအမျိုးသား (သို) အခြားကိုးကွယ်မှုလုပ်ဆောင်ခြင်း များ မရှိသောကြောင့် အများလက်ခံသော ဟေဗြဲသြဝါဒစာ”ဟု ခေါ်လာကြသည်။
စာရေးသူနှင့် ရက်စွဲ
ဟေဗြဲသြဝါဒစာရေးသူသည် အမည်မသိသူဖြစ်သည်။ ရှင်ပေါလု၊ ဗာနဗ၊ သိလ၊ အာ ပေါလု၊ ဖိလိ ပြစ်ကိလ ကုလနှင့် ရောမမှ ကလေမင်တို ဖြစ်သည်ဟု ကျမ်းပညာရှင်များ က ထင်မြင်ကြသော်လည်း၊ ဩဝါဒတ၏ ဝေါဟာရ ရေးသားဟန်နှင့် ကွဲပြားသော စာပေလက္ခ တာများသည် ထိုအထဲမှ တစ်ဦးတစ်ယောက် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မတွေ့ရပေ။ စာရေးသူသည် ခရစ်တေ၏ သတင်းစကားကို အခြားသူများထံမှ ရရှိသည်ဟု ဖော်ပြသော ကြောင့် (၃) ခရစ်တော်ထံမှ ဗျာဒိတ်တော် တိုက်ရိုက်ရရှိသူ ရှင်ပေါလုသည် စာရေးသူ မဖြစ်နိုင်တော့ပေ (ဂလ ၁း၁၂)၊ စာရေးသူသည် မည်သူဖြစ်ပါစေ၊ သူသည် ဟေဗြဲကျမ်းစာမှ ကိုးကားခြင်းထက် ဂရိမ္မဟောင်းကျမ်း (LXX) ကို ကိုးကားသည်။ ကနဦးအသင်းတော်သည် စာရေးသူကို အမျိုးမျိုးသောအမြင်များဖြင့် ဖော်ပြသော်လည်း၊ လက်ရှိ ကျမ်းပညာရှင်များက အမရသော ပဟေဋိအဖြစ် ဝန်ခံကြသည်။ ထိုကြောင့်၊ ဤဩဝါဒစာ၏ စာရေးသူကို အမည် မသိဟု လက်ခံရန် အကောင်းဆုံးဖြစ်သည်။ အမှန်မှာ စာရေးသူသည် သန့်ရှင်းသော ဝိညာဉ် တော်ဖြစ်သည် (၂ ပေ ၁း၂၁)။
၅း၁-၄၊ ၇း၂၁၊ ၂၃၊ ၂ရ ၂၈၊ ၈း၃ -၅၊ ၁၃၊ ၉း၆-၉၊ ၁၃၊ ၂၅၊ ၁၀း၁၊ ၃၊ ၄၊ ၈၊ ၁၁ နှင့် ၁၃း၁၀၊ ၁၁ တို၌ ပစ္စုပ္ပန်ကာလကို အသုံးပြုခြင်းသည် ဩဝါဒစာစောင် ရေးသားခဲ့သောအချိန် တွင် လေဝိလူမျိုး ယဇ်ပုရောဟိတ်များနှင့် ယဇ်ပူဇော်ခြင်းအမှုများ ပြုလုပ်နေသောအချိန်ကာလ ဖြစ်ကြောင်း ဖော်ပြသည်။ ဗိမာန်တော်သည် အေဒီ ၇၀ တွင် ဗိုလ်ချုပ် တိတု ဗက်ပါစီယန် နောက်ပိုင်းရောမဘုရင်)အားဖြင့် ဖျက်ဆီးခံခဲ့ရသောကြောင့်၊ ဤဩဝါဒစာသည် ထိုရက်စွဲ မတိုင်မီတွင် ရေးသားခဲ့သည်။ ထိုပြင် တိမောသေသည် အကျဉ်းထောင်မှ လွတ်မြောက်ခါစ (၁၃း၂၃) နှင့် နှိပ်စက်ညှဉ်းဆဲခြင်းသည် ဆိုးဝါးစွာဖြစ်ပေါ်နေချိန် (၁၀း၃ ၂-၁၉၊ ၁၄၊ ၁း၁) မှတ်သားထားသည်။ ထို အသေးစိတ်အချက်အလက်များက ဤသဝါဒစာရေးချိန်ကိုအေဒီ ၆၇-၆၉ ဟု
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
တပါးအမျိုးသားများအတွက် ကိုးကားမှု တစ်စုံတရာမရှိဘဲ၊ လေဝိလူမျိုးများနှင့် ယဇ်ပူ ဇော်ခြင်း ထုံးစံများတွင် ယဇ်ပုရောဟိတ်အမှုအရာကို အလေးအနက်ဖော်ပြထားမှုသည် ဟေဗြဲ လူမျိုးများသည် ဤဩဝါဒစာစောင်ကို လက်ခံသူများအဖြစ် အဆုံးသတ်ပြောဆိုနိုင်သည်။ ထို ဟေဗြဲလူများသည် ခရစ်တော်ထံ အဦးဆုံး ပြောင်းလဲလာသူများ ဖြစ်သော်လည်း၊ သူတိုကြားထဲ တွင် ကယ်တင်ခြင်းသတင်းစကားကို တိုက်ခိုက်သူများ၊ ခရစ်တော်၌ အပြည့်အဝ ယုံကြည်ခြင်း မရှိသေး သူများလည်း များစွာရှိမည်ဖြစ်သည် (အနက်ဖွင့်ရာတွင် အခက်အခဲများကဏ္ဍတွင် ကြည့်ပါ)။ ဩဝါဒစာစောင်တွင် ပါဝင်မှုများမှ အရှင်းဆုံးအရာမှာ၊ ဟေဗြဲယုံကြည်သူများသည် ပြင်းထန်သည့် ညှဉ်းဆဲနှိပ်စက်မှုကို ရင်ဆိုင်တွေ့ကြုံနေခဲ့ရသည် (၁၀း၃၂-၃၉၊ ၁၂း၄)။ ထိုအဖြစ် အပျက်ကို ရင်ဆိုင်ရသကဲ့သို၊ ဟေဗြဲလူများသည် ခရစ်တော်ဖြင့် သက်ဆိုင်မှုတစ်ခုခုကို စွန့်လွှတ် ရန် သွေးဆောင်ခြင်းခံခဲ့ရသည်။ သူတိုသည် ခရစ်တော်အား ဘုရားသခင်၏သားတော်အဖြစ်မှ ကောင်းကင်တမန်အဖြစ်သို အဆင့်လျော့ပြီး စဉ်းစားခဲ့ကြသည်။ ထိုအစဉ်အလာသည် ပင်လယ် သေအနီးဝန်းကျင်တွင် နေထိုင်သော မေရှိယအားမျှော်လင့်ခြင်းဆိုင်ရာ ဂျူးများ၏ Qumran လူ့အဖွဲ၌ ကျင့်သုံးခဲ့ကြသည်။ သူတိုသည် လူ့အသိုင်းအဝိုင်းမှထွက်ပြီး၊ ဘာသာရေးအဖွဲ တစ်ခု တည်ထောင်ခြင်း၊ ဂျူးဝါဒီပြုပြင်ခြင်း၌ ကောင်းကင်တမန်များကို ဝတ်ပြုခြင်းပါ ပါဝင်သည်။ Qumran အဖွဲ က ကောင်းကင်တမန် မိက္ခေလသည် ကြွလာမည့် မေရှိယထက် ပိုမြင့်မြတ် ကြောင်း ယုံကြည်ကြသည်။ ထိုဩဝါဒဆိုင်ရာ ဖောက်ပြန်မှုအမျိုးအစားများကို ဟေဗြဲသြဝါဒစာ အခန်းကြီးတစ်၌ ကောင်းကင်တမန်များထက် ခရစ်တော် ဩဇာတန်ခိုးကြီးခြင်းအား အလေး အနက်ရှင်းပြထားသည်။
ဤဩဝါဒစာစောင်ကို လက်ခံရရှိသူများ၏ ဖြစ်နိုင်သော နေရာမှာ ပါလက်စတိုင်း၊ အီဂျစ်၊ အီတလီ၊ အာရှမိုင်းနားနှင့် ဂရိတို ပါဝင်သည်။ အဓိကလက်ခံရရှိသည့် သူများသည် ဩဝါဒစာအား ဟေဗြဲသမိုင်းနောက် ခံရှိသည့် အိမ်နီးချင်းနေရာများနှင့် အသင်းတော်များထံ လှည့်လည်ပေးခဲ့ကြလိမ့်မည်ဖြစ်သည်။ ထိုယုံကြည်သူများသည် ခရစ်တော်အား မြင်ခဲ့သည့်သူ များ မဟုတ်ကြပေ။ သူတိုသည် ခရစ်တော်အကြောင်း “ကြားရသောသူ”အားဖြင့် သာသနာပြု ခံခဲ့ရကြခြင်း၊ သာသနာပြုများသည် “နိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုအရာနှင့် အမျိုးမျိုးသော ထူးဆန်းသည့် တန်ခိုးများကို ပြခြင်းဖြင့် သူတိုသည် သာသနာပြုအစစ်အမှန် ဖြစ်ကြောင်း အထောက်အထား ခံရသူများဖြစ်သည် (၂:၃၊ ၄)။ ထိုကြောင့် စာစောင် လက်ခံရရှိသူများသည် ယဒပြည်အပြင်ဘက်ရှိ အသင်းတော်တစ်ပါး (သို) ဂါလိလဲပြည် (သို) ထိုနယ်မြေအနီးရှိ အသင်းတော် တစ်ပါးပါးမှ ဖြစ်ကောင်းဖြစ်မည်။ သိုသော် ခရစ်တော်ကို ကိုယ်တိုင်မျက်မြင်ခဲ့သော နောက်လိုက်မျိုးဆက် များအားဖြင့် ထိုသူများအကြားတွင် အသင်းတော်တည်ထောင်ခဲ့သည်။ ထိုသူများသည် ယုံကြည်သူအသစ်မ ဟုတ်သော်လည်း(သင်တိုသည်ကာလ ကြာမြင့်သောကြောင့် ဆရာအဖြစ်သို ရောက်သင့်သော်လည်း၊ အချိုမှာ “ကြေခဲသောအစာကို မသုံးဆောင်၊ နိုကိုသာ သုံးဆောင်”နေဆဲသူများဖြစ်သည် (၅း၁၂)။
ဟေဗြဲသြဝါဒစာ၌ ခရစ်တော်
စာဖတ်သူများထံ တိုက်ရိုက်ရေးသားသော ဤ အရာသည် ဆန့်ကျင်ကွဲပြားသော အလုပ်တစ်ခု ဖြစ် သည်။ ယုံကြည်သူများသည် ပညတ်ထုံးစံများ တွင် ပြန်လှည့်သော အန္တရာယ်၌ ရှိနေခဲ့သည်။ ဟေ ဗြဲသြဝါဒစာသည် ပညတ်တရားအောက်မှ လွတ် မြောက်ရန် ခရစ်တော်၌ ပြည့်စုံသော ယဇ်ပုရော ဟိတ်နှင့် ယဇ်ပူဇော်ခြင်းအတွက် ဘုရားသခင်၏ ကူညီမစမှုကို သတိရရန် စာဖတ်သူများအား တိုက် တွန်းထားသည်။ ဟေဗြဲသြဝါဒစာသည် ဂျူးတို၏ မပြီးပြတ်သော ယဇ်ပူဇော်ခြင်းများအပေါ် ပြည့်စုံ သောယဇ်ကဲ့သို ခရစ်တော်အား ဖော်ပြထားသည် (၉း၉၊ ၁၂-၁၅)။ ခရစ်တော်သည် သူ့ရှေ့တော်သို လာသောသူများအားလုံး၏ ယဇ်ပုရောဟိတ်မင်း ကြီး၊ ပရောဖက်၊ ရှင်ဘုရင် အထွတ်အထိပ်ဖြစ်သည် (၄း၁၄-၁၆၊ ၁၂း၁၊ ၂)။ ၊
“အီတလီပြည်သူပြည်သား” ဟူ သည် (၁၃း၂၄) မရှင်းလင်း သောအရာဖြစ်ပြီး၊ ထိုသူများ သည် အီတလီမှ ထွက်ခွာပြီး တစ်နေရာရာ တွင်နေထိုင်သူများလား၊ (သို) အီတလီတွင် ရှိနေပြီး ထိုပြည်တွင် မွေးရပ်မြေကဲ့သို နေ ထိုင်သည့် သူကို ဖော်ပြခြင်းလားဟု ဖြစ် သည်။ ဂရိ (သို) အာရှမိုင်းနားကိုလည်း ဆင်ခြင်ရမည်ဖြစ်ပြီး၊ ထိုနေရာတွင် အသင်း တော်သည် အစောပိုင်းကာလတွင် စတင် ခဲ့ခြင်း၊ LXX က အဆက်မပြတ် အသုံးပြု နေခြင်းကြောင့် ဖြစ်သည်။
ဤစာစောင်ကို လက်ခံရရှိသည့် ဟေဗြဲမျိုးဆက်သည် ယေရုရှလင်ရှိ ဗိမာန် တော်၌ ဂျူးယဇ်ပူဇော် ခြင်းစနစ်ကို လုပ် ဆောင်ခဲ့ကြသူများဖြစ်သည်။ တိုင်းတပါး လက်အောက်တွင် နေထိုင်သော ဂျူးများ သည် ဗိမာန်တော်အတွက် တရားစရပ်ကို အစားထိုး လုပ်ဆောင်နိုင်သော်လည်း၊ ဗိမာန်တော်၌ ဝတ်ပြုခြင်းသည် လေးနက်သောအရာတစ်ခုအဖြစ် ခံစားနေဆဲ ဖြစ်သည်။ အချို က ယေရုရှလင်ဗိမာန်တော်တွင် ပုံမှန်သွား ရောက်ဘုရားဝတ်ပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။ ဤဩဝါဒစာစောင်၏ ရေးသားသူသည် ဂျူးဝါဒီထက် ခရစ်ယာန်ဖြစ်ခြင်း အဓိကဦးစားပေး အရာကို အလေး အနက်ထားခဲ့ပြီး၊ ဗိမာန်တော်၌ ထပ်ခါထပ်ခါနှင့် မပြည့်စုံသော လေဝိဆိုင်ရာ ယဇ်ပူဇော်ခြင်းထက် ခရစ်တော်၏ တစ်ကြိမ်တည်းနှင့် အားလုံးအတွက် ပူဇော်ခံခြင်း အကြောင်း အရာကို အလေးအနက်ထားခဲ့သည်။
ဟေဗြဲသြဝါဒစာရှိ အဓိကဇာတ်ကောင်များ
အာဗေလ – အာဒံနှင့်ဧဝတို၏ သား၊ သူ့အစ်ကိုပြုခဲ့သည်ထက် ဘုရားသခင် ပိုမိုနှစ်သက် လက်ခံသောယဇ်ကို ပူဇော်သူ (၁၁း၄၊ ၁၂:၂၄)
ဧနောက် – ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသူ၊ မသေဘဲ ကောင်းကင်သို ခေါ်ဆောင်ခံရသူ (၁၁း၅)
နောဧ- ဘုရားသခင်စကားနားထောင်ပြီး သင်္ဘောတည်ဆောက်သူ (၁၁း၇) ၊
အာဗြဟံ – ဂျူးလူမျိုး၏ ဖခင်ဖြစ်ရန် ဘုရားသခင်နောက်လိုက်ခဲ့သူ (၂း၁၆၊ ၆း၁၃-၁၁း၁၉)
စာရာ – သူမအသက်ကြီးချိန် သူမကို ကလေးပေးရန် ဘုရားသခင်ကို ကိုးစားသူ (၁၁း၁၁)
ဣဇက် – အာဗြဟံနှင့် စာရာတို၏ သား၊ ဘုရားသခင်၏ အလိုတော်အတိုင်း သူ၏သားများဖြစ် သည့် ယာကုပ်နှင့် ဧသောကို ကောင်းကြီးပေးခဲ့သူ (၁၁း၉-၂၀)
ယာကုပ် – ဣဇက်၏သား၊ သူမသေခင် ယောသပ်၏ သားများကို မွေးစားပြီး ကောင်းကြီးပေး ခဲ့သူ (၁၁း၉၊ ၂၀-၂၁)
ယောသပ် – အီဂျစ်ပြည်မှ ဣသရေလလူမျိုးအား ဘုရားသခင်ကယ်တင်မည်ကို ယုံကြည်ခဲ့သူ (၁၁း၂၂)
မောရှေ – ရဲရင့်စွာ ဘုရားအစေခံသူနှင့် အီဂျစ်ပြည်မှ ဣသရေလလူမျိုးကို ကယ်နှုတ်ဦးဆောင်သူ (၃း၂-၁၆၊ ၇း၁၄-၁၂း၂၅)
ရာခပ် – သူမအိမ်တွင် ဣသရေလ သူလျှိများကို ပုန်းကွယ်ခြင်းအားဖြင့် ဘုရားသခင်အား နာခံသူ (၁၁း၃၁)
ဓမ္မဟောင်းကျမ်းမှ ယုံကြည်သူများ – ဘုရားသခင်အတွက် ကြီးမြတ်သော လုပ်ဆောင်မှုများ ပြီးစီးစေခဲ့သူများနှင့် ကြီးမားသော ညှဉ်းဆဲမှုများကို ခံခဲ့ရသူများ (၁၁း၃၂-၄၀)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ဟေဗြဲသြဝါဒစာသည် လေဝိဆိုင်ရာယဇ်ပူဇော်ခြင်းအကြောင်းများကို အခြေပြုထား သောကြောင့် ဝတ်ပြုရာကျမ်းကို နားလည်သဘောပေါက်ခြင်းသည် ဟေဗြဲသြဝါဒစာကို သေချာ စွာ အနက်ဖွင့်ရန်အတွက် အရေးပါလှသည်။ ဓမ္မဟောင်းကာလအတွင်း ဣသရေလလူမျိုးတို၏ အပြစ်သည် ဘုရားသခင်ရွေးကောက် သော ဣသရေလလူမျိုးနှင့် ပဋိညာဉ်ဖြင့် ဘုရားသခင်၏ မိတ်သဟာယဖွဲမှုတိုကို အမြဲမပြတ် အနှောင့်အယှက်ဖြစ်ခဲ့သည်။ ထိုကြောင့် ဘုရားသခင်သည် အပြစ်သားများ အတွင်းစိတ် နောင်တရမှုနှင့် သူ၏ခွင့်လွှတ်မှု ရရှိခြင်းကို ပုံဆောင်သည့် ယဇ်ပူဇော်ခြင်းစနစ်ကို အစပြုပေးခဲ့သည်။ သိုသော်လည်း သူတိုသည် ယဇ်ပူဇော်ခြင်း အမြဲ တမ်းလုပ်ဆောင်ရန် လိုအပ်ပြီး၊ လူများနှင့် ယဇ်ပုရောဟိတ်များက အဆက်မပြတ် အပြစ်ပြုကြ သောကြောင့်ဖြစ်သည်။ လူသားအားလုံးအတွက် လိုအပ်ချက်သည် အပြစ်များကို တစ်ကြိမ်တည်း ဖြင့် အမှန်တကယ် ဖြေရှင်းပေးနိုင်သည့် ပြီးပြည့်စုံသော ယဇ်ပုရောဟိတ်တစ်ဦးနှင့်ယဇ်ပူဇော်မှု လိုအပ်သည်။ ခရစ်တော်၌ ဘုရားသခင်ပြင်ဆင်ပေးသည့် ပြီးပြည့်စုံသောယဇ်နှင့် ယဇ်ပူဇော်ခြင်း သည် ဟေဗြဲသြဝါဒစာ၏ အဓိကသွန်သင်ချက် ဖြစ်သည်။
ဟေဗြဲသြဝါဒစာသည် မောရှေအားဖြင့်ပေးခဲ့သော ဓမ္မဟောင်းမှ ပဋိညာဉ်၏ မပြည့်စုံ သောအရာနှင့် လိုအပ်ချက်ရှိမှုနှင့် ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း၊ ဘုရားသခင်၏ တစ်ပါး တည်းသောသားတော်နှင့် မေရှိယ ယေရှုခရစ်တော်အားဖြင့် ကူညီမစသည့် အလုံးစုံကောင်း မွန်သော ပဋိညာဉ်သစ်အကြား ဆန့်ကျင်ဘက်နှစ်ခုကို လေ့လာခြင်းဖြစ်သည်။ လုံးဝကောင်းမွန် သော ကူညီမစမှုများသည် ကောင်းမွန်သော မျှော်လင့်ခြင်း၊ သက်သေ၊ ကတိတော်၊ ယဇ်ပူဇော် ခြင်း၊ အရေးပါခြင်း၊ တိုင်းနိုင်ငံများနှင့် ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်။ ပဋိညာဉ်သစ်ကို ပိုင်ဆိုင် သူများသည် လုံးဝအသစ်ဖြစ်ခြင်းနှင့် ကောင်းကင်ဆိုင်ရာ ကောင်းကြီးမင်္ဂလာများ၊ ကယ်တင် ရှင်ကိုသာ ဝတ်ပြုကိုးကွယ်ခြင်း၊ ကောင်းကင်ဆိုင်ရာ ခေါ်တော်မူခြင်း၊ ကောင်းကင်ဆိုင်ရာ ဆုကျေးဇူးကို ရရှိခြင်း၊ ကောင်းကင်နိုင်ငံဆိုင်ရာ ကောင်းကင်သားဖြစ်ခြင်း၊ ကောင်းကင်ဆိုင်ရာ ယေရုရှလင်မြိုသစ်ကို မျှော်ကြည့်ခြင်း၊ သူ့တိုအမည်ကို ကောင်းကင်တွင် ရေးသားထားခြင်းအကြောင်းအရာများ စိတ်ထဲတွင် ကျိန်းဝပ်နေမည်ဖြစ်သည်။
ဟေဗြဲသြဝါဒစာတွင် တရားဓမ္မဆိုင်ရာ အဓိကသော့ချက်တစ်ခုမှာ ပဋိညာဉ်တရားသစ် အောက်တွင် ယုံကြည်သူအားလုံး ဘုရားသခင်ထံ တိုက်ရိုက်ချဉ်းကပ်ရန် အခွင့်အလမ်းရရှိခြင်း နှင့် ဘုရားသခင်၏ ပလ္လင်တော်သို ရဲဝံ့စွာ လျှောက်လှမ်းနိုင်မည်ဖြစ်သည် (၄း၁၆၊ ၁၀း၂၂)။ တစ်ဦးတစ်ယောက်၏ မျှော်လင့်ခြင်းသည် ဘုရားသခင် လုံးဝတည်ရှိခြင်း၌ဖြစ်ပြီး၊ သူသည် ကယ်တင်ရှင်နောက်တော်သို လိုက်သည် (၆:၁၉၊ ၂၀၊ ၁၀း၁၉၊ ၂၀)။ တဲတော်အမှု ဆောင်ရွက် ခြင်းအားဖြင့် ပုံဆောင်သော အဓိကသွန်သင်ချက်မှာ ယုံကြည်သူများသည် ပညတ်တရား အောက်၌ ဘုရားသခင်ရှေ့တော်သို တိုက်ရိုက်သွားရောက်ရန် အခွင့်အလမ်းမရရှိဘဲ၊ အသန့်ရှင်း ဆုံးအရပ်သို ဝင်ခွင့်မရှိ။ ပိတ်ပင်ထားသည်။ ဟေဗြဲသြဝါဒစာသည် အကျဉ်းချုပ်ဖော်ပြထားမှု များမှာ ယေရှုခရစ်တော်၌ ယုံကြည်ခြင်းသည် အပြစ်အတွက် ဘုရားသခင်၏ ပြီးပြည့်စုံသော ယဇ်ကဲ့သို ဖော်ပြခြင်း၊ အရာအားလုံးကို အစေခံသော ယဇ်ပုရောဟိတ်မင်းကြီး ရှိခြင်းသည် အသစ်ဖြစ်ပြီး၊ ပဋိညာဉ် တရားလက်အောက်တွင် ရှိခြင်းထက် သာ၍ကောင်းမွန်သည်။
ခရစ်တော်၏ သာလွန်မြင့်မြတ်ခြင်း
ယေရှုသည် ပရောဖက်များထက် ယေရှုသည် ကောင်းကင်တမန်များထက် ကြီးမြတ်ခြင်း၊ ၁း၁-၃ ၊ ကြီးမြတ်ခြင်း ၁း၄-၁၄ အတည်ပြုသော လက္ခဏာ (၇) ချက် ကျမ်းစာအကိုးအကား (၇) ချက်
အလုံးစုံတို၏ အမွေခံ (ငယ် ၂) ဆာ ၂း၇ (ငယ် ၅)
ဖန်ဆင်းရှင် (ငယ် ၂) ၂ ရာ ၇း၁၄ (ငယ် ၃)
ဘုရားသခင်၏ ဖြစ်တည်ခြင်းကိုထင်ရှားသူ (ငယ် ၃) တရားဟော ၃၂း၄၃ (သို) ဆာ ၉၇း၇ (ငယ် ၆)
ဘုရားသခင်၏ ပြီးပြည့်စုံမှုကိုကိုယ်စားပြုသူ(ငယ် ၃) ဆာ ၁၀း၄၄ (ငယ် ၇)
အရာအားလုံးကို ဖြစ်တည်စေသူ (ငယ် ၃) ဆာ ၄၅း၆၊ ၇ (ငယ် ၈၊ ၉) ၊
ကယ်တင်ရှင် (ငယ် ၃) ဆာ ၁၀၂း၂၅-၂၇ (ငယ် ၁၀-၁၂)
ချီးမြှောက်ခြင်းခံထိုက်သော ဘုရားသခင် (ငယ် ၃) ဆာ ၁၁၀း၁ (ငယ် ၁၃)
ဤစာစောင်သည် ဩဝါဒစာဆိုင်ရာ ယုံကြည်ချက်ထက် ပိုသောအကြောင်းအရာဖြစ် သည်။ နေ့စဉ်အသက်တာ၌ အလေးအနက်ထား လက်တွေ့လုပ်ဆောင်ရမည့် အရာများဖြစ် သည် (အခန်းကြီး ၁၃ တွင်ကြည့်ပါ)။ စာရေးသူကိုယ်တိုင်က “နှိးဆော်တောင်းပန်”ခြင်းဟု သူ့စာစောင်ကို ရည်ညွှန်းထားသည် (၁၃း၂၂၊ တ ၁၃း၁၅)။ လက်တွေ့ ကျင့်သုံးမှုအတွက် စာ ဖတ်သူများအား သတိပေးတိုက်တွန်းခြင်းနှင့် အကြံပေးမှုများ သည် ကျမ်းပိုဒ်တစ်လျှောက် တွေ့ရှိရသည်။ ထိုတိုက်တွန်းနှိးဆော်မှုများသည် သတိပေးမှု ခြောက်ခုပုံစံဖြင့် ဖော်ပြထားသည်။
> “ကြားရသော ဒေသနာ”မှ လမ်းလွဲမသွားရန် သတိပေးခြင်း (၂း၁-၄) ၊
> ဘုရားသခင်၏ “အသံတော်”အား သံသယဖြစ်မှုကို သတိပေးခြင်း (၃း၇-၁၄)
> “ခရစ်တော်၏ သွန်သင်မှုများ”တိုမှ ယိုယွင်းပျက်စီးမှုကို သတိပေးခြင်း (၅း၁၁-၆း၂၀)
> “သမ္မာတရားကို သိခြင်း”ကို မထီမဲ့မြင်ပြုခြင်းမှ သတိပေးခြင်း (၁၀း၂၆-၃၉)
> “ဘုရားသခင်၏ ကျေးဇူးတော်”ကို တန်ဖိုးမထားခြင်းမှ သတိပေးခြင်း (၁၂း၁၅-၁၇)
> “မိန့်တော်မူသော သူ၏စကားတော်”ကို မငြင်းပယ်ရန် သတိပေးခြင်း (၁၂း၂၅-၂၉)
ဤဩဝါဒစာစောင်၏ အခြားထင်ရှားမှုအရာမှာ ဓမ္မဟောင်းကျမ်းပိုဒ်များအား ရှင်းရှင်း လင်းလင်း သွန်သင်ဖော်ပြထားခြင်းဖြစ်သည်။ ကျမ်းရေးသူသည် ဘုရားသခင်၏ နှုတ်ကပတ် တော်ကို ကျွမ်းကျင်စွာ ရှင်းပြသူတစ်ဦးဖြစ်ကြောင်း တွေ့ရသည်။ သူ့ပုံဥပမာသည် တရားဟော သူများနှင့် ဆရာများအတွက် ညွှန်ကြားမှုပေးပြီး –
– ၁း၁-၂း၄ ဆာ ၂၊ ၂ ရာ ၇၊ တရားဟော ၃၂ မှ ကျမ်းပိုဒ်များကို ရှင်းပြခြင်း
– ၂:၅-၁၈ ဆာ ၈း၄-၆ ကို ရှင်းပြခြင်း ၊
– ၃း၁-၄၁၃ ဆာ ၉၅း၇-၁၁ ကို ရှင်းပြခြင်း
– ၄း၁၄-၇း၂၈ ဆာ ၁၁၀း၄ ကို ရှင်းပြခြင်း
– ၈း၁-၁၀း၁၈ ယေ ၃၁း၃၁-၃၄ ကို ရှင်းပြခြင်း
– ၁၀း၃၂-၁၂း၃ ဟဗ္ဗ ၂း၃၊ ၄ ကို ရှင်းပြခြင်း
– ၁၂း၄-၁၃ သု ၃း၁၁၊ ၁၂ ကို ရှင်းပြခြင်း
– ၁၂း၁၈-၂၉ ထွက် ၁၉၊ ၂၀ ကို ရှင်းပြခြင်း
ဟေဗြဲသြဝါဒစာရှိ အဓိကဩဝါဒများ
ပဋိညာဉ်သစ် – ယုံကြည်သူအားလုံးသည် ဘုရားသခင်ထံ တိုက်ရိုက်သွားရန် အခွင့်အလမ်းရှိ ခြင်းနှင့် ဘုရားသခင်၏ပလ္လင်တော်သို ချဉ်းကပ်ရာတွင် ကြောက်ရွံခြင်းမရှိနိုင်ခြင်း (၄း၁၆၊ ၆း၁၉၊ ၂၀၊ ၉း၈၊ ၁၀း၁၉-၂၂၊ တရားဟော ၄း၇၊ ဆာ ၆၅း၄၊ ယော ၁၀း၇၊ ၉၊ ၁၄း၆၊ ရော ၅း၂၊ ဧ ၂း၁၈၊ ၃း၁၂၊ ကော ၁း၂၁၊ ၂၂၊ ၁ ပေ ၃း၁၈)
ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သော ခရစ်တော် – (၃း၁၊ ၂၊ ၄း၁၄၊ ၅း၅-၁၁၊ ၆း၂၀၊ ၇း၁၅- ၁၇၊ ၂၆၊ ၉း၁၁၊ ဇာ ၆း၁၃၊ ဆာ ၁၁၀း၄)
ဟေဗြဲသြဝါဒစာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ချဉ်းကပ်၍ ရသော ဘုရား – ၄း၁၆၊ ၇း၂၅၊ ၉း၆-၁၅၊ ၁၀း၁၉-၂၂၊ ၁၁း၁၆
ဘုရားသခင်သည် လောင်သောမီး – ၁၂း၂၉
ဘုရားသခင်သည် ဘုန်းကြီးသော ဘုရား – ၁း၃
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာရှင် ဘုရား – ၁၂း၆
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၄း၁၊ ၆း၁၂၊ ၁၅၊ ၁၇၊ ၈း၆၊ ၁၀၊ ၁၂၊ ၁၀း၂၃၊ ၃၆၊ ၁၁း၉၊ ၁၁၊ ၃၃
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၃း၁၇-၁၉၊ ၁၀း၂၆၊ ၂၇
ဟေဗြဲဩဝါဒစာရှိ အဓိက ဝေါဟာရများ |
ပဋိညာဉ် – ဂရိဝေါဟာရ – diotheke – ၈း၆၊ ၈-၁ဝ၊ ၉း၄၊ ၁၀:၁၆၊ ၂၉၊ ၁၂း၂၄ – စာပေသဘောအရ “သဘောတူညီမှု” “ခိုင်မာသော ဆုံးဖြတ်ချက်” (သို) “သက်သေခံချက်”ဟု ဖြစ်သည်။ ၉း၁၅-၂ဝ တွင် ဟေဗြဲသြဝါဒစာ ရေးသားသူက ပဋိညာဉ်သစ် (၈း၇)သည် သိနာတောင်၌ ပြုလုပ်ခဲ့သည့် ပထမ ပဋိညာဉ်အား အဘယ့်ကြောင့် ပြည့်စုံစေသည့်အကြောင်းအား ရှင်းပြထားသည်။ စာရေးသူ သည် diatheke အား “ခိုင်မာသော ဆုံးဖြတ်ချက်”ဖြင့် တူညီသောအနက်ကဲ့သို ကဏ္ဍတစ်လျှောက် လုံးတွင် အသုံးပြုထားသည်။ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုတွင် ပါဝင်သော အကြောင်းအရာများ ကဲ့သို လူတစ်ဦး သေသောအခါ သက်ရောက်မှုရှိပြီး၊ ခရစ်တော်၏ သေခြင်းသည် ကျွန်ုပ်တိုအား ပထမပဋိညာဉ်၏ ချုပ်နှောင်ခြင်းမှ လွတ်မြောက်စေမှုကို ဖြစ်စေခဲ့သည်။
ဖျန်ဖြေပေးသူ/အာမခံ – ဂရိဝေါဟာရ – mesites – ၈း၆၊ ၉း၁၅၊ ၁၂:၂၄ – စာပေသဘောအရ “နှစ်ခုကြားတွင် သွားခြင်း” (သို) “ကြားမှ ဆက်သွယ်ပေးသူ”ဖြစ်သည်။ ရှင်ပေါလုသည် မောရှေအား သိနာတောင်၌ ပဋိညာဉ်၏ ကြားမှဆက်သွယ်ပေးသူကဲ့သို ဖော်ပြထားသည်။ မောရှေသည် ဘုရား သခင်နှင့် ဣသရေလလူမျိုးအကြား ပြောဆိုချိတ်ဆက်ပေးသူကဲ့သို လုပ်ဆောင်ခဲ့သည်။ သူသည် ဣသရေလလူမျိုး၏ ပဋိညာဉ်ကို ဖော်ပြခြင်းနှင့် ဣသရေလူမျိုးကိုယ်စား ဘုရားသခင်နှင့် ပြောဆို ဆက်ဆံခြင်းဖြစ်သည် (ဂလ ၃း၁၉၊ ၂၀)။ ထိုနည်းတူ သခင်ယေရှုသည် ပဋိညာဉ်သစ်၏ ဖျန်ဖြေ ပေးသူ အာမခံဖြစ်သည်။ သူသည် သူ့ကိုယ်သူ ကားတိုင်တွင် ယဇ်ပူဇော်ခံခြင်းအားဖြင့် ဤပဋိညာဉ် ကို အသက်သွင်းသည်။ သူသည် ယခု ခမည်းတော်ဘုရား၏ လက်ျာဘက်တွင် ထိုင်နေပြီး ကျွန်ုပ်တို အတွက် ဆုတောင်းပေးနေသည် (၇း၂၅)။
ရွေးနှုတ်ကယ်တင်ခြင်း – ဂရိဝေါဟာရ – politirosis – ၉း၁၅ – စာပေသဘောအရ “ရွေးနှုတ် ကယ်တင်ခြင်း” ဖြစ်သည်။ ဤဝေါဟာရအတွက် ဓမ္မသစ်ကျမ်းရေးသူများ အသုံးပြုသောအခါ Introsis နှင့်ဆက်နွယ်ပြီး ရွေးနှုတ်ကယ်တင်ခြင်းအဖြစ် ရည်ရွယ်သည်။ ရွေးနှုတ်ကယ်တင်ခြင်း သည် အဖိုးအခကို ပေးခြင်းဖြင့် လွတ်လပ်ခြင်း၊ ချည်နှောင်ခြင်းမှ လွတ်မြောက်ခြင်း (သို) ပြန်ဝယ် ယူခြင်းဆိုသည့် အပြုအမူကို ဖော်ပြသည်။ လူသားအပြစ်အတွက် အဖိုးအခသည် သေခြင်းဖြစ်သည်။ သိုသော် ခရစ်တော်သည် သူကိုယ်တိုင် ယဇ်ပူဇော်ခံခြင်းအားဖြင့် ဤအဖိုးအခကို ရှင်းပေးခဲ့ပြီး (၁ ပေ ၁း၁၈၊ ၁၉)၊ ခရစ်တော်သည် ကျွန်ုပ်တိုအား အပြစ်ချည်နှောင်ခြင်းမှ လွတ်မြောက်ခြင်း၊ ဘုရားသခင်၏ မိသားစုထဲသို ပြန်လည်ခေါ်သွင်းသည် (ဂလ ၃း၁၃၊ ၄း၅)။
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ဤဩဝါဒစာစောင်၏ သင့်တော်သောအနက်ဖွင့်မှု တစ်ခုမှာ ကွဲပြားသည့် ဂျူးအုပ်စု သုံးစုဖြစ်သော (၁) ယုံကြည်သူများ၊ (၂) ဧဝံဂေလိသတင်းစကားကို ဦးနှောက်ဖြင့်သာ လက်ခံခဲ့သော မယုံကြည်များ၊ (၃) ဧဝံဂေလိ သတင်းစကားနှင့် ခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းတိုအားဖြင့် သွေးဆောင်ခံရသော်လည်း ခရစ်တော်နှင့် ပတ်သက်ပြီး နောက်ဆုံး ယုံကြည်ချက်သို မရောက်ရှိ သေးသောမယုံကြည်သူများ စသည်တိုအား အမှတ်ရဖိုရန် လိုအပ်သည်။ ထိုအဖွဲများကို မသိနား မလည်ခြင်းသည် အနက်ဖွင့်သည့်အခါ ကျမ်းစာတစ်အုပ်လုံးနှင့် သဟဇာတမဖြစ်မှုကို ဖြစ်စေ၊ သည်။
ဖော်ပြထားသည့် ပထမအဖွဲမှာ မာတုရလို မခံရသော်လည်း (၁၂း၄)၊ နောက် လိုက်များအားဖြင့် ငြင်းပယ်ခံရခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းခံရသော ဟေဗြဲခရစ်ယာန်များဖြစ်သည်။ ဤစာစောင်သည် သူတို၏ မေရှိယနှင့် ယဇ်ပုရောဟိတ်မင်းကြီး ခရစ်တော်၌ တိုက်တွန်းနှိးဆော် မှု၊ ယုံကြည်စိတ်ချမှု ပေးရန် သူတိုထံ ရေးသားခဲ့ခြင်းဖြစ်သည်။ သူတိုသည် ယုဒဝါဒီ၏ ခံယူ ချက်များနှင့် ဝိညာဉ်ရေးရာ တန်ခိုးမရှိသော ရိုးရာထုံးစံများ၊ ပုံဆောင်ချက်များကို လက်ကိုင် ထားရန် ကြိုးစားကြသည့် မရင့်ကျက်သေးသော ယုံကြည်သူများဖြစ်သည်။ ဒုတိယအဖွဲမှာ ဧဝံဂေလိ အခြေခံ သမ္မာတရားကို လက်ခံသော ဂျူးလူမျိုးများဖြစ်ပြီး သူတိုသည် ခရစ်တော်ကို မိမိတို ကယ်တင်ရှင်၊ အရှင်သခင်အဖြစ် လက်မခံသူများဖြစ်သည်။ ထိုမယုံကြည် သူများကို ၂:၁-၃၊ ၆းး၄-၆၊ ၁၀၂၆-၂၉ နှင့် ၁၂း၁၅-၁၇ ကျမ်းပိုဒ်များတွင် ဖော်ပြထားသည်။ တတိယအဖွဲ မှာ ဧဝံဂေလိ သမ္မာတရားကို လက်မခံသော မယုံကြည်သည့် ဂျူးလူမျိုးများဖြစ်၍ ဧဝံဂေလိ တရားကို ကြားနာခဲ့သော်လည်း မယုံကြည်ကြပေ။ အခန်းကြီး ၉ သည် သူတိုအား အထူး ရည်ညွှန်းဖော်ပြထားသည် (အထူးသဖြင့် အငယ် ၁၁၊ ၁၄၊ ၁၅၊ ၂၇၊ ၂၈)။
အနက်ဖွင့်ရာတွင် အခက်ခဲဆုံးကျမ်းပိုဒ်သည် ၆း၄-၆ ဖြစ်သည်။ “အလင်းသို တစ်ခါရောက်၍”ဟူသော စကားစုသည် ခရစ်ယာန်များကို ရည်ညွှန်းသည်ဟု အချိုကယုံကြည် ကြသည်။ ထိုနည်းတူ “ရွေ့လျော့ဖောက် ပြန်သောသူတို” “ဘုရားသခင်၏ သားတော်ကို လက် ဝါးကပ်တိုင်မှာ ကွပ်မျက်”ဟူသော စကားစုတိုသည်လည်း ယုံကြည်သူ၏ ကယ်တင်ခြင်းဆုံးရှုးမှု ကို ရည်ညွှန်းသည်ဟု အချိုက မြင်ကြသည်။ သိုသော် ဤကျမ်းပိုဒ်က သူတို၏ ကယ်တင်ခြင်း ရရှိခဲ့ကြောင်း ဖော်ပြထားခြင်းမရှိပေ။ ထိုအပြင် ယုံကြည်သူအတွက် သုံးထားသည့် စကားလုံး များ (သန့်ရှင်းခြင်း၊ ဒုတိယမွေးခြင်း၊ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းသူများကို ထိုသူတိုအတွက် အသုံးမပြုခဲ့ပေ။ ဤမှားယွင်းသော ခံယူချက်သည် အထက်ပါ ဖော်ပြသော လူသုံးစုတိုကို သေချာစွာ နားမလည်ခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် ၆း၄-၆ တွင် ဖော်ပြသော လူတိုသည် မယုံကြည်သူများဖြစ်၍ သူတိုသည် ဘုရားသခင်၏ ရွေးနှုတ်ကယ်တင်ခြင်းအကြောင်းကိုသိခဲ့ကြ ပြီး၊ ယုံကြည်ခြင်းရှိသည်ဟု ပြောဆိုကြသော်လည်း စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ထိုနည်း တူ ၁၀း ၂၆ သည်လည်း ဖောက်ပြန်သော ယုံကြည်သူများကို ရည်ညွှန်းဟု မှားယွင်းစွာ ခံယူပြီး၊ ထိုယုံကြည်သူများသည် အပြစ်ဒုစရိုက်ကြောင့် ကယ်တင်ခြင်း ဆုံးရှုးနိုင်သည်ဟု ထင်မြင်ကြ သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ ယေရှုခရစ်တော်၏ ရပ်တည်မှု ကြီးမြတ်ခြင်း (၁း၁-၄း၁၃)
က။ သာ၍မြတ်သော အမည်နာမ (၁း၁-၃) ၊
ခ။ ကောင်းကင်တမန်များထက် သာ၍မြတ်ခြင်း (၁း၄- ၂း၁၈)
၁။ ကောင်းကင်တမန်ထက် ပို၍ကြီးမြတ်သူ (၁း၄-၂း၁၈)
၂။ ပို၍ ကြီးမြတ်သော ဒေသနာ (၂း၁-၁၈)
က။ ကြီးမြတ်သော ကယ်တင်ခြင်း (၂း၁-၄)
ခ။ ကြီးမြတ်သော ကယ်တင်ရှင် (၂း၅-၁၈)
ဂ။ မောရှေ့ထက် ကြီးမြတ်ခြင်း (၃း၁-၁၉)
ဃ။ ပို၍ကောင်းသော ချမ်းသာခြင်း (၄း၁-၁၃)
၂။ ယေရှုခရစ်တော် ယဇ်ပုရောဟိတ်ဖြစ်ခြင်း၏ ကြီးမြတ်ခြင်း (၄း၁၄-၇း၂၈)
က။ ခရစ်တော်သည် ယဇ်ပုရောဟိတ်မင်းကြီး (၄း၁၄-၅း၁၀)
ခ။ ခရစ်တော်၌ လုံးဝအပ်နှံခြင်းအတွက် နှိးဆော်မှု (၅း၁၁-၆း၂၀)
ဂ။ မေလခိဇေဒက်ကဲ့သို ခရစ်တော်၏ ယဇ်ပုရောဟိတ်မင်းကြီးဖြစ်မှု (၇း၁-၂၈)
၃။ ယေရှုခရစ်တော် ယဇ်ပုရောဟိတ် အမှုပြုခြင်း၏ ကြီးမြတ်ခြင်း (၈း၁-၁၀း၁၈)
က။ ပို၍ကောင်းမွန်သော ပဋိညာဉ်အားဖြင့် (၈း၁-၁၃)
ခ။ ပို၍ကောင်းမွန်သော သန့်ရှင်းရာဌာန၌ (၉း၁-၁၂) ၊
ဂ။ ပို၍ကောင်းမွန်သော ပူဇော်မှုပြုခြင်းအားဖြင့် (၉း၁၃-၁၀း၁၈)
၄။ ယုံကြည်သူတို အခွင့်အလမ်းများ၏ ကြီးမြတ်မှု (၁၀း၁၉-၁၂း၂၉)
က။ ကယ်တင်သော ယုံကြည်ခြင်း (၁၀း၁၉-၂၅)
ခ။ မှားယွင်းသော ယုံကြည်ခြင်း (၁၀း၂၆-၃၉)
ဂ။ စစ်မှန်သော ယုံကြည်ခြင်း (၁၁း၁-၃) ၊
ဃ။ ယုံကြည်ခြင်း၏ သူရဲကောင်းများ (၁၁း၄-၄ဝ)
င။ တည်မြဲသော ယုံကြည်ခြင်း (၁၂း၁-၂၉)
၅။ ခရစ်ယာန် အပြုအမူ၏ ကြီးမြတ်မှု (၁၃း၁-၂၁)
က။ အခြားသူများနှင့် ဆက်နွယ်ခြင်း (၁၃း၁-၃)
ခ။ အချင်းချင်း ဆက်နွယ်ခြင်း (၁၃း၄-၉)
ဂ။ ဘုရားသခင်နှင့် ဆက်နွယ်ခြင်း (၁၃း၁၀-၂၁) နောက်ဆက်တွဲ (၁၃း၂၂-၂၅)
ဟေဗြဲသြဝါဒစာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
အာဖရိက အရှေ့ဘက်၌ တန်ဇန်းနီးယားနှင့် ကင်ညာဒေသရှိ အိုးဖုတ် လုပ်ခြင်းအတတ်ပညာသည် မိုဇမ်ဘီး(Mozambique) သို ဝင်ရောက် ပျံ့နှံခဲ့သည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ဟေဗြဲသြဝါဒစာသည် မည်သူ့ထံသို ရေးသားပေးပိုခဲ့သနည်း။
ဤစာစောင်သည် စာရေးသူနှင့် မူလစာစောင်လက်ခံရရှိသူတိုအား မသိရသော်လည်း အေဒီဒုတိယရာ စုအစောပိုင်းတွင် “ဟေဗြဲလူမျိုးများသို”ဟု ခေါင်းစဉ်ပေးထားသည်။ ခေါင်းစဉ် သည် ပါဝင်သောအကြောင်း အရာများနှင့် ကိုက်ညီမှုရှိသည်။ ဩဝါဒစာစောင်သည် ဂျူးလူမျိုးများ၏ ပြုမူလုပ်ဆောင်မှုကို ဖော်ပြသည်။ ဟေဗြဲသမိုင်းနှင့် ဘာသာရေးလုပ်ဆောင်မှုများကို ကိုးကားသည်။ တပါးအမျိုးသား (သို) မယုံကြည်သူတို၏ အကျင့်များမရှိသောကြောင့် အသင်း တော်သည် လက်ရှိခေါင်းစဉ်ကို ဆက်လက်အသုံးပြုခဲ့သည်။
သိုသော်လည်း ဟေဗြဲသြဝါဒစာ၏ မှန်ကန်သော အနက်ဖွင့်မှုအတွက် ကွဲပြားသော ဂျူးအုပ်စု သုံးခုကို သတိရရန် လိုအပ်သည်။
» ဟေဗြဲခရစ်ယာန်များကို ဦးစားပေး လိပ်မူပေးပိုသည့် ပုံစံဖြစ်သည်။ မာတုရအဖြစ် သေ ဆုံးသူများမရှိသေး သော်လည်း (၁၂း၄)၊ သူတိုသည် ဂျူးများအားဖြင့် ငြင်းပယ်ခံရခြင်း၊ နှိပ်စက် ညှင်းဆဲခြင်း ခံရသူများဖြစ်သည် (၁၀း၂၃-၃၄)။ သူတိုသည် ယုဒဝါဒီ၏ ခံယူချက်များနှင့် ဝိ ညာဉ်ရေးရာ တန်ခိုးမရှိသော ရိုးရာထုံးစံများ၊ ပုံဆောင်ချက်များကို လက်ကိုင်ထားရန် ကြိုးစား ကြသည့် မရင့်ကျက်သေးသော ယုံကြည်သူများဖြစ်သည်။ ဤစာစောင်သည် သူတို၏ မေရှိယနှင့် ယဇ်ပုရောဟိတ်မင်းကြီး ခရစ်တော်၌ ယုံကြည်စိတ်ချမှုရှိခြင်းနှင့် တိုက်တွန်းခွန်အားပေးရန် ရေးသားခဲ့ခြင်းဖြစ်သည်။
> မယုံကြည်သော ဂျူးလူမျိုးများသည် သမ္မာတရားကို လက်ခံသော်လည်း ဝန်ခံမှုမရှိသေးပေ။ ဧဝံဂေလိ အခြေခံ သမ္မာတရားကို လက်ခံယုံကြည်သော ဂျူးယုံကြည်သူများ ဖြစ်သော်လည်း ကယ်တင်ရှင်၊ အရှင်သခင်ကဲ့သို ယေရှုခရစ်တော်ကို မယုံကြည်သေးပေ။ ထိုမယုံကြည်သူများ သည် ၂း၁-၃၊ ၆း၄-၆၊ ၁၀း၂၆-၂၉ နှင့် ၁၂း၁၅-၁၇ တိုကဲ့သို ကျမ်းပိုဒ်များတွင် ဖော်ပြထားသည်။
> တတိယလူစုသည် မယုံကြည်သော ဂျူးလူမျိုးများဖြစ်သည်။ အခန်းကြီး ၉ သည် သူတိုအား အထူးရည်ညွှန်း ဖော်ပြထားသည် (အထူးသဖြင့် အငယ် ၁၁၊ ၁၄၊ ၁၅၊ ၂၇၊ ၂၈) ။
၂။ ၄း၁၄-၁၆ သည် ဆုတောင်းခြင်းနှင့်ပတ်သက်ပြီး မည်သည့်အရာ သွန်သင်သနည်း။
ဤကျမ်းပိုဒ်များသည် ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သော ဘုရားသခင်၏သားတော် ယေရှုခရစ်တော်၌ ယုံကြည်သောသူများအတွက် အကျိုးကျေးဇူးနှစ်ခု ဖြစ်ပေါ်သည်။ ပထမမှာ ကျွန်ုပ်တိုတွင် “ခံရသော ဆင်းရဲဒုက္ခများကို ကိုယ်ချင်းစာပေးသူ”၊ “ငါတိုခံရသည်နည်းတူ အမျိုး မျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတိုကို ခံဖူးသူဖြစ်သော်လည်း အပြစ်မရှိသူ” တစ်ဦးရှိသည်။ (ငယ် ၁၅)။ ဒုတိယမှာ တစ်စုံတစ်ဦးသည် ကျွန်ုပ်တို လိုအပ်မှုကို သိသောကြောင့် “ပလ္လင်တော် ၊ သို”တိုးဝင်ချဉ်းကပ်နိုင်သည့် ရဲရင့်သောစိတ် ရရှိနိုင်သည် (ငယ် ၁၆)။ ခရစ်ယာန်ဆုတောင်း ခြင်းသည် ခရစ်တော်အားဖြင့် ဘုရားသခင်၏ ကူညီမစပေးသည့် ဝမ်းမြောက်ခြင်းတို ရရှိသည်။
ဘုရားသခင်ထံသို ချဉ်းကပ်နိုင်သည့် ခရစ်ယာန်များ၏ ထူးကဲသည့် အခွင့်အလမ်းသည် ရှေးခေတ်အ ချိန်က ကြီးကျယ်သော အမြင်တစ်ခုဖြစ်သည်။ ရှေးဘုရင်များသည် အမြင့်ဆုံးအက ပေးသူများမှလွှ၍ သာမန်လူတို၏ ချဉ်းကပ်ခြင်းကို လက်မခံပေ။ ဆန့်ကျင်ဘက်သဘောအရ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုခရစ်တော်အားဖြင့် ကရုဏာနှင့်ကျေးဇူးတော်ကို ခံစား ရရှိရန် ဘုရားသခင်၏ ပလ္လင်တော်ရှေ့ လူသားအားလုံး ရဲရင့်သောစိတ်နှင့်ချဉ်းကပ်ဖို ဖိတ်ခေါ် သည် (၇း၂၅၊ ၁၀း ၂၂၊ မ ၂၇း၅၁)။ ထိုအရာသည် အပြစ်များအတွက် ဘုရားသခင်၏ ပလ္လင်တော် ၌ ခရစ်တော်အပြစ်လွတ်ပေးခြင်းဖြစ်ပြီး၊ ဘဝအသက်တာ အကြောင်းအရာတိုင်းအတွက် ယုံကြည်သူတိုင်းကို လုပ်ဆောင်ပေးသော ကျေးဇူးတော်ဖြစ်သည် (၂ ကော ၄း၁၅၊ ၉း၈၊ ၁၂း၉၊ ဧ ၁း၇၊ ၂း၇)။
၃။ ၆း၄-၆ ရှိ“အလင်းသိုတစ်ခါရောက်၍”ဟု တိုက်ရိုက်ပြောထားသော စကားစုသည် မည်သူ့ကို ပြောခြင်းဖြစ်သနည်း။
“အလင်းသို တစ်ခါရောက်၍”ဟူသော စကားစုသည် ခရစ်ယာန်များကို ရည်ညွှန်းသည် ဟု အချိုကယုံကြည်ကြသည်။ ထိုနည်းတူ “ရွေ့လျော့ဖောက်ပြန်သောသူတို”၊ “ဘုရားသခင်၏ သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်”ဟူသော စကားစုတိုသည်လည်း ယုံကြည်သူ၏ ကယ်တင်ခြင်း ဆုံးရှုးမှုကို ရည်ညွှန်းသည်ဟု အချိုက မြင်ကြသည်။ သိုသော် ဤကျမ်းပိုဒ်က သူတို၏ ကယ်တင်ခြင်း ရရှိခဲ့ကြောင်း ဖော်ပြထားခြင်းမရှိပေ။ ထိုအပြင် ယုံကြည်သူအတွက် သုံးထားသည့် စကားလုံးများ (သန့်ရှင်းခြင်း၊ ဒုတိယမွေးခြင်း၊ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းသူများ)ကို ထိုသူတိုအတွက် အသုံးမပြုခဲ့ပေ။
ဤမှားယွင်းသော ခံယူချက်သည် အထက်ပါ ဖော်ပြသော လူသုံးစုတိုကို သေချာစွာ နားမလည်ခြင်းကြောင့်ဖြစ်သည်။ ထိုကြောင့် ၆း၄-၆ တွင် ဖော်ပြသော လူတိုသည် မယုံကြည် သူများဖြစ်၍ သူတိုသည် ဘုရားသခင်၏ ရွေးနှုတ်ကယ်တင်ခြင်းအကြောင်းကို သိခဲ့ကြပြီး၊ ယုံကြည်ခြင်းရှိသည်ဟု ပြောဆိုကြသော်လည်း စစ်မှန်သော ယုံကြည်ခြင်းမရှိကြပေ။ ထိုနည်း တူ ၁၀း၂၆ သည်လည်း ဖောက်ပြန်သော ယုံကြည်သူများကို ရည်ညွှန်းဟု မှားယွင်းစွာ ခံယူပြီး၊ ထိုယုံကြည်သူများသည် အပြစ်ဒုစရိုက်ကြောင့် ကယ်တင်ခြင်း ဆုံးရှုးနိုင်သည်ဟု ထင်မြင်ကြ သည်။ ။
ထိုကျမ်းပိုဒ်များသည် တစ်ဦးတစ်ယောက် ကယ်တင်ခြင်းဆုံးရှုးနိုင်ခြင်းကို ရည်ညွှန်း သည့် ကျမ်းပိုဒ်များ မဖြစ်နိုင်ပေ။ များစွာသော ကျမ်းပိုဒ်များတွင် ကယ်တင်ခြင်းသည် ထာဝရ ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည် (ဥပမာ – ယော ၁၀း၂၇-၂၉၊ ရော ၈း၃၅၊ ၃၈၊ ၃၉၊ ဖိ ၁း၆၊ ၁ ပေ ၁း၄၊ ၅)။ ဤကျမ်းပိုဒ်အား မိမိလိုရာ အနက်ဖွင့်ချင်သူများက ယုံကြည်သူများ ကယ်တင်ခြင်းဆုံးရှုးနိုင်သည်ကို ဝန်ခံရပြီး၊ ထိုအရာသည် ပြန်လည်လုပ်ဆောင်လို မရနိုင်တော့ ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။
၄။ မေလခိဇေဒက်သည် မည်သူနည်း။ အဘယ့်ကြောင့် သူသည် အရေးကြီးသူ ဖြစ်ရသ နည်း။ ။
မေလခိဇေဒက်ကို ဓမ္မဟောင်းကျမ်းတွင် တစ်ခဏသာ ဖော်ပြထားသော်လည်း အာဗြ ဟံအသက်တာ၌ သူ၏အထူးပါဝင်မှုသည် ထင်ရှားသော ပုံရိပ်အဖြစ် သူ့အား ဖြစ်ပေါ်စေသည်။ သူသည် ဆာ ၁၁၀၄ တွင် ထပ်မံဖော်ပြခြင်းခံရပြီး၊ ဟေဗြဲ ၄း၁၄-၇း၂၈ ကျမ်းပိုဒ်တွင် လေ့ လာဆင်ခြင်ရမည့်အကြောင်းဖြစ်သည်။ အာဗြဟံအချိန်၌ အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်သော ရှာလင်မင်းကြီး မေလခိဇေဒက် သည် ရှင်ဘုရင်-ယဇ်ပုရောဟိတ်ကဏ္ဍ အတွက် သမိုင်းဆိုင်ရာ ရှေးဖြစ်စဉ်အဖြစ် တွေ့ရပြီး (က ၁၄း၁၈-၂၀)၊ ယေရှုခရစ်တော်အားဖြင့်နောက်ပိုင်းတွင် လုံးဝပြည့်စုံသွားခဲ့သည်။
မေလခိဇေဒက်ကို ဓမ္မဟောင်းကိုးကားမှု နှစ်ခု အသုံးပြုထားခြင်းဖြင့် စာရေးသူသည် (၇း၁-၂၈) ခရစ်တော်၏ပုံစံကဲ့သို မေလခိဇေဒက်၏ ထူးခြားသော ကဏ္ဍနှင့် သူ၏ သာလွန်မြင့် မြတ်သော လေဝိဆိုင်ရာ ယဇ်ပုရောဟိတ်မင်းဖြစ်ခြင်းကို သုံးသပ်ခြင်းအားဖြင့် ခရစ်တော်၏ ယဇ်ပုရောဟိတ်မင်းဖြစ်ခြင်း သာလွန်မြင့်မြတ်မှုကို ရှင်းပြထားသည်။ လေဝိဆိုင်ရာ ယဇ်ပုရော ဟိတ်ဖြစ်ခြင်းသည် မျိုးရိုးအလိုက်ဖြစ်သော် လည်း မေလခိဇေဒက်၏ ယဇ်ပုရောဟိတ်ဖြစ်ခြင်း သည် ထိုကဲ့သို မဟုတ်ပေ။ အာဗြဟံ၏ ရိုသေလေးစား ခြင်းအားဖြင့် မေလခိဇေဒက်၏ ယဇ်ပု ရောဟိတ်ဖြစ်ခြင်း အစပြုခဲ့သည်။ မေလခိဇေဒက် ယဇ်ပုရောဟိတ်ဖြစ်ခြင်းသည် လေဝိလူမျိုး ယဇ်ပုရောဟိတ်ဖြစ်ခြင်းထက် ပို၍ မြင့်မြတ်သည်။ ထိုအရာများမှာ
> လေဝိတို့၏ ဘိုးဘေးဖြစ်သော အာဗြဟံသည် စစ်တိုက်ရာ၌ သိမ်းယူလာသောအရာထဲမှ ဆယ်ဖိုတစ်ဖိုအား မေလခိဇေဒက်ကို ပေးခဲ့သည် (၇း၂-၁၀)။
> အာဗြဟံသည် မေလခိဇေဒက်၏ ကောင်းကြီးပေးမှုကို လက်ခံရရှိသကဲ့သို၊ ပေးကမ်းခြင်း ၏ ကောင်းကြီးကို ခံစားသည် (၇း၁-၆၊ ၇)။
> သူ၏ ယဇ်ပုရောဟိတ်ဖြစ်ခြင်းအကြောင်း မှတ်တမ်းတွင် သူ၏ သေခြင်းအကြောင်း မဖော် သောကြောင့် ရာသက်ပန်အဖြစ် ဆက်လက်လုပ် ဆောင်ခြင်းဖြစ်သည် (၇း၁၁-၁၉)။ သို သော် လေဝိယဇ်ပုရောဟိတ်ဖြစ် ခြင်းသည် ဖခင်မှသားထံသို ဆင်းသက်လာသော ယဇ်ပု ရောဟိတ်ဖြစ်ခြင်း ဖြစ်သည်။ ။
၅။ “လူသည် တစ်ခါသေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို”(၉:၂၇) ဟူသော ဖော်ပြချက်တွင် မည်သည့် အဓိပ္ပာယ်ကို တွေ့နိုင်ရသနည်း။
ပထမမှာ၊ ဤကျမ်းပိုဒ်သည် လူဝင်စားခြင်းဝါဒီကို လက်ခံသူတို၏ မှားယွင်းခြင်းအား တိုက်ခိုက်ပြော ဆိုသည်။ ဒုတိယမှာ၊ အလွန်ရှားပါးပြီး ချွင်းချက်အနည်းငယ်ဖြင့် လူသားအားလုံး အတွက် ယေဘုယျစည်း မျဉ်းကို ဖော်ပြခြင်း ဖြစ်သည်။ ခရစ်တော်၏ သေခြင်းမှ ပြန်ရှင်လာအောင် လုပ်ဆောင်ပေးခဲ့သည့် လာဇရုနှင့် အခြားလူများသည် တစ်ဖန်သေခဲ့ကြသည် (မ ၂၇း၅၁-၅၃၊ ယော ၁၄း၄၃၊ ၄၄)။ သခင်ဘုရား၏ နိမိတ်လက္ခဏာဖြင့် သေခြင်းမှ ရှင်ပြန်ခဲ့သူ လာဇရုကဲ့သို လူများသည် ဘုန်းပွင့်သော ကိုယ်ခန္ဓာနှင့် မသေသော အသက်တာဖြင့် ထမြောက် ခြင်း မဟုတ်ခဲ့ပေ။ သူတိုသည် အသက်ပြန်ဝင်လာခြင်းသာဖြစ်သည်။ အခြား ချွင်းချက်မှာ သူတိုသည် ပထမအကြိမ် မသေသေးသူများ ဖြစ်သော်လည်း “အာကာသကောင်းကင်၌ … ထိုသူတိုနှင့် မိုးတိမ်ပေါ်သို ချီဆောင်ခြင်း”ခံရလိမ့်မည်ဖြစ်သည်။ ဧနောက် (က ၅း၂၄)နှင့် ဧလိယ (၄ ရာ ၂း၁၁) တိုသည် ထိုနောက်ဆုံးအဖွဲမှ လူများဖြစ်သည်။
လူသားအားလုံးအတွက် ယေဘုယျစည်းမျဉ်းမှာ တရားစီရင်ခြင်း အဖြစ်အပျက်လည်းပါ မည်ဖြစ်သည်။ ဤနေရာတွင်ဖော်ပြသည့် တရားစီရင်ခြင်းသည် ယုံကြည်သူများ(၂ ကော ၅း၁၀) နှင့် မယုံကြည်သူများ (ဗျာ ၂၀း၁၁-၁၅) လူများအားလုံးကို တရားစီရင်ရန် ရည်ညွှန်းသည်။
၆။ အခန်းကြီး ၁၁ တွင် ဓမ္မဟောင်းကျမ်းရှိ လူများကို အဘယ့်ကြောင့် ကိုးကားထားသ နည်း။ ။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၁ သည် စံပြယုံကြည်သူများအဖြစ် ရှိနေသည့် ဓမ္မဟောင်း ကျမ်းမှ သစ္စာရှိစွာ လှုပ်ရှားသူများအကြောင်း ဖော်ပြထားသည်။ ထိုအခန်းကြီးကို “ကျော်ကြား သော သန့်ရှင်းသူတို၏ ခန်းမ” “ဓမ္မဟောင်းသန့်ရှင်းသူတို၏ လေးစားဖွယ်ပုံသဏ္ဌာန်”၊ နှင့် “ယုံကြည်ခြင်း၏ သူရဲကောင်းများ”ဟူသော ခေါင်းစဉ်များကို အမည်ပေးကြသည်။ သူတို၏ အသက်တာများသည် ယုံကြည်ခြင်း၌ တန်ဖိုးရှိသော အသက်တာကို သက်သေပြသည်။ သူတို သည် ခရစ်တော်၌ ယုံကြည်သူများဖြစ်ခဲ့ပြီး၊ ဟေဗြဲသြဝါဒစာတွင် တန်ခိုးကြီးသော “သက်သေအ များ” အဖြစ် ဖော်ပြထားသည် (၁၂း၁)။
ဤကျမ်းပိုဒ်သည် ယုံကြည်ခြင်း၏ သဘောသဘာဝအကြောင်း အလေးအနက် ဖော်ပြ ချက်တစ်ခုဖြင့် အစပြုထားသည်။ ယုံကြည်ခြင်းသည် အနာဂတ်အဖြစ်မှန်တစ်ခုအား ဘုရားသ ခင် အာမခံပေးခြင်းကို အခိုင်မာဆုံးသော ယုံကြည်ချက် ဖြစ်သည်။ စစ်မှန်သော ယုံကြည်ခြင်း၊ သည် သိပ္ပံပညာအထောက်အထားတွင် အခြေမခံဘဲ ဘုရားသခင်၏ သေချာမှုတွင် အခြေခံပြီး၊ ထိုအရာသည် ဘုရားသခင်၏ ဆုကျေးဇူးတစ်ခုဖြစ်သည် (ဧ ၂း၈)။
ဤအခန်းကြီး၌ ပြီးပြည့်စုံမှုနှင့် ဒုက္ခဆင်းရဲခံခြင်းအကြောင်း ဖော်ပြခံရသည့် နာမည် များသည် သန့်ရှင်းသူတို၏ အသက်တာ၌ သစ္စာရှိမှု အတိုင်းအတာကို ပုံဖော်သည်။ အချိုမှာ လောက၌ အောင်မြင်မှု ကြီးမားစွာ ရရှိခဲ့ပြီး၊ အခြားတစ်ဖက်တွင် ကြီးမားသည့် ဒုက္ခဆင်းရဲများ ကြုံတွေ့ခဲ့ကြသည်။ ဆိုလိုသည့် အချက်မှာ သူတိုသည် လောကဆိုင်ရာ သက်ရောက်မှုများကို အာရုံမစိုက်ဘဲ ရဲရင့်စွာ၊ ရှုပ်ထွေးမှုမရှိစွာဖြင့် ဘုရားသခင်နောက်တော်သို လိုက်ခဲ့ကြသည်။ သူတိုသည် ဘုရားသခင်၌ ကိုးစားခြင်းနှင့် ဘုရားသခင်၏ ကတိတော်များကို ခံယူကြသည် (၆း၁၂၊ ၂ တိ ၃း၁၂)။
၇။ ဟေဗြဲသြဝါဒစာတွင် လက်တွေ့ ကျင့်သုံးခြင်းအကြောင်း သွန်သင်ချက်တစ်ခုခု ရှိပါသလား။
ကယ်တင်ခြင်း ဩဝါဒသည် လုံးဝလက်တွေ့ ကျင့်သုံးရမည့် သွန်သင်ချက်ဖြစ်သည်။ အခြားလုပ်ဆောင် ရမည့် အရာတိုင်း၏ အဓိပ္ပာယ်သည် ခရစ်တော်အားဖြင့် ဘုရားသခင်နှင့် မှန်ကန်သော ဆက်နွယ်မှုတစ်ခု၏ အမှန်လုပ်ဆောင်မှုမှ ဖြစ်လာသည်။ ကယ်တင်ခြင်းစိတ်ချ သေချာမှုရှိမှသာလျှင် အသက်တာ၌ အခြားသင် ခန်းစာများလည်း ရှိလာမည်ဖြစ်သည်။ အခန်း ကြီး ၁၃ သည် ခရစ်ယာန်အသက်ရှင်မှု၏ အရေးကြီးသော လက်တွေ့ကျင့်သုံးမှု ကျင့်ဝတ်အချို ကို အလေးအနက်ပြုထားသည်။ ထိုကျင့်ဝတ်များသည် လောကသို စစ်မှန်သော ဧဝံဂေလိ သတင်းကောင်း သရုပ်ဖော်ရန် ကူညီပေးခြင်း၊ ခရစ်တော်၌ ယုံကြည်ရန် အခြားသူများကို တိုက်တွန်းခြင်း၊ ဘုရားသခင်အား ဘုန်းထင်ရှားခြင်း အမှုတိုကို လုပ်ဆောင်သည်။ ခရစ်ယာန် များအကြား အိမ်ထောင်ပြုခြင်းနှင့် သာမန် ပြုမူဆက်ဆံရေးသည်လည်း အထူးအလေးထားရမည့် အရာအဖြစ် တွေ့ရသည်။ အငယ် ၇-၁၇ သည် ခေါင်းဆောင်တို၏ ကဏ္ဍနှင့် ယုံကြည်သူများမှ ဆက်ကပ်မှုရှိရန် လိုအပ်ကြောင်းကို မီးမောင်းထိုးပြထားသည်။ ထိုအခန်းကြီးသည် ဆုတောင်း ရန်အတွက် တောင်းဆိုခြင်း၊ ကောင်းကြီးပေးခြင်း၊ နောက်ဆုံးနှုတ်ဆက်ခြင်းများဖြင့် အဆုံး သတ်ထားသည်။ အချုပ်အရ၊ ဟေဗြဲသြဝါဒ စာစောင်၏ နောက်ဆုံးအခန်းကြီးကို သေချာဖတ် ခြင်းသည် အသက်ရှင်ခြင်းအတွက် ဘုရားနှစ်သက်သော ဦးတည်ချက်ကို ကြွယ်ဝစွာ ခံစားရလိမ့် မည်ဖြစ်သည်။
၈။ ဟေဗြဲသြဝါဒစာ ရေးသားသူမှာ ခရစ်ယာန်များသည် ကောင်းကင်တမန်များကို ဧည့်ဝတ်ပြု ကြောင်း အမှန်တကယ် တွေးထင်ခဲ့ပါသလား (၁၃း၂)။
ထိုကျမ်းပိုဒ်သည် သူစိမ်းများကို ချစ်ခြင်းမေတ္တာထားခြင်းသည် အရေးကြီးကြောင်း အဓိက မီးမောင်းထိုးပြသည် (ရော ၁၃း၃၊ ၁ တိ ၃း၂)။ ရှေးကာလက ဧည့်ဝတ်ပြုခြင်းသည် ဧည့်သည်ကို တစ်ညထက်မကဘဲ (သို) အချိန်အကြာကြီး တည်းခိုခွင့်ပေးကြောင်း တွေ့ရလိမ့် မည်ဖြစ်သည်။ ကောင်းကင်တမန် အလည်လာနိုင်ခြင်းအကြောင်း ဖော်ပြမှုသည် ဧည့်ဝတ်ပြု ခြင်းအတွက် လှုဆော်မှု ပြုပေးခြင်းအတွက်သာဖြစ်၍ အဝေးမှလာသော လူစိမ်းတစ်ဦးအား ကြင်နာသော အပြုအမူဖြင့် ဆက်ဆံခြင်းကို ဖော်ပြရန်ဖြစ်သည် (မ ၂၅း၄၀၊ ၄၅)။ စာရေးသူ သည် သမိုင်းတွင် ဖြစ်ပျက်ခဲ့သည့်အရာကို ဖော်ပြထားပြီး၊ သူ့စာဖတ်သူ ဂျူးလူမျိုးများသည် ကောင်းမွန်စွာ နားလည်မှုရှိခဲ့ကြသည်။ ကောင်းကင်တမန်များ အမှန်တကယ် လာရောက်ခဲ့ကြ ပြီး၊ အာဗြဟံနှင့်စာရာ (က ၁၈း၁-၃)၊ လောတ (က ၁၉း၁၊ ၂)၊ ဂိဒေါင် (သူကြီး ၆း၁၁-၂၄) နှင့် မာနော် (သူကြီး ၁၃း၆-၂၀) တိုက ဧည့်သည်ဝတ်ပြုခဲ့ကြသည်။
ဟေဗြဲသြဝါဒစာစောင်ကို ဆက်လက်လေ့လာရန်
၁။ ခရစ်တော်၏ ထူးကဲမှုနှင့် မြင့်မြတ်မှုအား ရှင်းပြခြင်းတွင်၊ နှိင်းယှဉ်ရန်အတွက် ဟေဗြဲကျမ်း ရေးသူက မည်သည့်အရာကို အသုံးပြုခဲ့သနည်း။
၂။ ဟေဗြဲသြဝါဒစာတွင် တိကျသော မည်သည့် လက်တွေ့ကျင့်သုံးခြင်း သွန်သင်ချက်ကို သင်တွေ့နိုင်သနည်း။ ။
၃။ အခန်းကြီး ၁၁ တွင် ဓမ္မဟောင်း ယုံကြည်သူများ၏ လုပ်ဆောင်မှုသည် အဘယ်နည်း။
၄။ ခရစ်တော်၏ ယဇ်ပုရောဟိတ်နှင့် ယဇ်ပူဇော်ခံခြင်း ဒွန်တွဲနေသော ကဏ္ဍနှစ်ခုကို ဟေဗြဲသြဝါဒစာက မည်သို ရှင်းပြထားသနည်း။
၅။ သင့်ဆုတောင်းခြင်းအသက်တာအကြောင်း ဟေဗြဲသြဝါဒစာမှ မည်သည့်အရာကို လေး လေးနက်နက် သင်ခံယူရရှိခဲ့သနည်း။
ရှင်ယာကုပ်ဩဝါဒစာ (James)
အကျင့်အားဖြင့် ယုံကြည်ခြင်း
ခေါင်းစဉ်
ရှင်ယာကုပ်ဩဝါဒစာစောင်သည်လည်း ဟေဗြဲသြဝါဒစာစောင်မှအပ အခြားစာစောင် များကဲ့သို စာရေးသူ၏ နာမည်ဖြင့် ခေါ်တွင်ထားပါသည် (၁း၁)။
စာရေးသူနှင့် ရက်စွဲ
ဓမ္မသစ်ကျမ်း၌ ဖော်ပြထားသည့် ယာကုပ်အမည်ရှိ ပုဂ္ဂိုလ်လေးဦးအနက် နှစ်ဦးသာလျှင် ဤစာစောင်ရေးသူ ဖြစ်နိုင်ချေရှိသည်။ ဖြစ်နိုင်ချေနည်းပါးသည့် အာလဖဲ၏သား (မ ၁၀း၃၊ တ ၁း၁၃) (သို) ယုဒရှကာယုတ်မဟုတ်သော ယုဒနောက်တစ်ဦး၏ ဖခင် ယာကုပ်(လု ၆း၁၆။ တ ၁း၁၃)တိုနှစ်ဦးအား မည်သူကမျှ ထည့်သွင်းစည်းစားခြင်းမပြုကြပေ။ အချိုသောသူတိုက ဇေဗေဒဲ၏သားဖြစ်သည့် ယောဟန်၏ညီအစ်ကို ယာကုပ်အဖြစ် အကြံပြုထားကြသည် (မ ၄း၂၁)။ သိုသော် ထိုယာကုပ်သည် မာတုရအဖြစ် အသတ်ခံရသောကြောင့် စာရေးသူဖြစ်နိုင်ချေ မရှိပေ။ ဤကဲ့သိုသော အကြောင်းများကြောင့် ရှင်ယုဒစာစောင်၌ နာမည်ဖြင့် ဖော်ပြထားသည့် စာရေးသူ ယုဒ (ယု ၁း၂) ၏ ညီအစ်ကိုလည်းဖြစ်၊ ခရစ်တော်၏ ဇာတိပေါက်ဖွားရာ ညီအစ်ကို လည်းဖြစ်သည့် ယာကုပ်သာလျှင် စာရေးသူဖြစ်နိုင်တော့သည် (မာ ၆း၃)။
စာရေးသူသည် ကနဦးအစ၌ ယေရှုအား မေရှိယ (ကယ်တင်ရှင်)အဖြစ် ယုံကြည်လက် ခံရန် ငြင်းပယ်ခဲ့ ပါသည် (ယော ၇း၅)။ သိုသော် နောက်ပိုင်း၌ ယုံကြည်သူဖြစ်ခဲ့ပါသည် (၁ ကော ၁၅း၇)။ သူသည် နောက်ပိုင်းတွင် ပေတရုနှင့် ယောဟန်တိုနှင့်အတူ အသင်းတော်၏ ထောက်တိုင်ခေါင်းဆောင် ဖြစ်လာခဲ့ပါသည်။ ပထမရာစုတွင် ဂျူးသမိုင်းပညာရှင် ဂျော့စဖတ် (Josephus) ၏ အဆိုအရ ရှင်ယာကုပ်သည် အေဒီ ၆၂ ၌ ၄င်း၏ ဖြောင့်မတ်မှုအတွက် မာ တုရအဖြစ်အသေခံခဲ့ရပြီး၊ “ဖြောင့်မတ်သော ယာကုပ်”ဟုလည်း အမည်တွင်ခဲ့ပါသည်။ တမန် တော် ၁၅ ၌ ရှင်ယာကုပ် အသုံးပြုထားသည့် ဝေါဟာရများကို ဤရှင်ယာကုပ်ဩဝါဒစာစောင် တွင် သုံးနှုန်းထားသည့် ဝေါဟာရများနှင့် နှိင်းယှဉ်ကြည့်လျှင် စာရေးသူမှာ သူသာလျှင်ဖြစ် ကြောင်း ပိုမိုခိုင်မာစေသည်။
ရှင်ယာကုပ်ဩဝါဒစာ တမန်တော် ၁၅
၁း၁ နှုတ်ဆက်ခြင်း ၁၅း၂၃
၁း၁၆၊ ၁၉၊ ၂း၅ ချစ်သော ညီအစ်ကိုတို ၁၅း၂၅
၁း၂၁၊ ၅း၂၀ သင်တို၏ ဝိညာဉ်များ ၁၅း၂၄၊ ၂၆
၁း၂၇ ကြည့်ရှု ၁၅း၁၄
၂း၁၀ စောင့်ရှောက် ၁၅း ၂၄
၅း၁၉၊ ၂၀ ပြန်လည် ၁၅း၁၉
ရှင်ယာကုပ်သည် ရှင်ပြန်ထမြောက်သည့် ခရစ်တော်အား မိမိကိုယ်တိုင် မြင်တွေ့ခဲ့သူ တစ်ဦးဖြစ်သည် (၁ ကော ၁၅း၇)။ တပည့်တော်တိုနှင့် ရင်းနှီးကျွမ်းဝင်သူအဖြစ် အသိအမှတ် ပြုခြင်းခံခဲ့ရပြီး (ဂလ ၁း၁၉)၊ ယေရုရှလင်မြို အသင်းတော်၏ ခေါင်းဆောင်လည်း ဖြစ်ခဲ့သည်။
ရှင်ယာကုပ်သည် တမန်တော် ၁၂ ၌ ဖော်ပြထားသည့် ညှဉ်းပန်းနှိပ်စက်ခြင်း အကျိုး ဆက်ကြောင့် ပြန့်ကျဲနေသော ယုံကြည်သူများအတွက် အဓိကထား ရေးသားခဲ့ခြင်းဖြစ်သည် (၁း၁)။ စာရေးချိန်သည် တမန်တော် ၁၅ တွင် ဖော်ပြထားသည့် ယေရုရှလင်ကောင်စီ (အေဒီ ၄၉) အကြောင်း ဤစာစောင်တွင် ရေးသားဖော်ပြရန် မျှော်လင့်ရသော်လည်း ထိုကောင်စီ အကြောင်း ရေးသားဖော်ပြထားခြင်း မရှိပေ။ ထိုကြောင့် ရှင်ယာကုပ်ဩဝါဒစာစောင်သည် ဓမ္မသစ်ကျမ်း စံနှုန်းသတ်မှတ်ချက်အရ အစောဆုံးရေးသားခြင်း မှတ်တမ်းဝင်သည့် အေဒီ ၄၄-၄၉ အတွင်း ရေးသားခဲ့ခြင်းဖြစ်သည်ဟု လက်ခံယုံကြည်နိုင်သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ဤစာစောင် လက်ခံရရှိသူတိုမှာ အရပ်ရပ်သို ပျံ့နှံကွဲပြားကြသည့် ဂျူးလူမျိုးယုံကြည် သူများဖြစ်သည် (၁း၁)။ သတေဖန်၏ မာတုရအဖြစ်အသေသတ်ခံရခြင်းရလဒ်ကြောင့် ဖြစ်နိုင် သော်လည်း (တ ၇၊ အေဒီ ၃၁-၃၄)၊ အထူးသဖြင့် ဟေရုဒ်အဂြိပ္ပ I လက်အောက် ညှဉ်းပန်းနှိပ် စက်မှုများ၏ အကျိုးဆက်ကြောင့်လည်း ကွဲပြားပျံ့နှံသွားခြင်း ဖြစ်နိုင်သည် (တ ၁၂၊ အေဒီ ၄၄)။ စာရေးသူအနေဖြင့် သူ၏ စာဖတ်သူများအား “ညီအစ်ကိုများ”ဟူ၍ (၁၅) ကြိမ်တိုင် အသုံးပြုခေါ်ဝေါ်ထားခြင်းမှာ ပထမရာစုနှစ် ဂျူးများအကြား အသုံးပြု နေကျ ဂုဏ်ပုဒ်ဖြစ်ပါ သည် (၁း၂၊ ၁၆၊ ၁၉၊ ၂း၁၊ ၅၊ ၁၄၊ ၃း၁၊ ၁၀၊ ၁၂၊ ၄း၁၁၊ ၅း၇၊ ၉၊ ၁ဝ၊ ၁၂၊ ၁၉)။ ထို ကြောင့် ဂျူးလူမျိုးဖြစ်သည့် ယာကုပ်အနေဖြင့် ထိုကဲ့သို ဝေါဟာရများ သုံးနှုန်းထားခြင်းသည် အံ့ဩစရာ မဟုတ်ပေ။ ဥပမာအားဖြင့် ၂၂ ၌ ဂရိဝေါဟာရမှ ဘာသာပြန်ဖော်ပြထားသည့် “assembly” (လူစုလူဝေး)သည် “synagogue” (တရားစရပ်) ဖြစ်သည်။ ထိုအပြင် ရှင်ယာကုပ်ဩ ဝါဒစာ၌ ဓမ္မဟောင်းကျမ်း၏ အရိပ်အမြွက် (၄၀) ကျော်တိုကို ဖော်ပြထားကြောင်း တွေ့ရသည် (မ ၅-၇ ရှိ တောင်ပေါ်ဒေသနာတွင် အကြိမ် (၂၀) ကျော်ဖော်ပြထားသည်)။
ရှင်ယာကုပ်ဩဝါဒစာရှိ အဓိက ဇာတ်ကောင်များ
ယုံကြည်သူများ – ရောမအင်ပါယာတစ်ဝန်း ပြန့်ကျဲနေသော ဂျူးလူမျိုးယုံကြည်သူများ (၁း၁-၅း၂၀)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ရှင်ယာကုပ်သည် လိမ္မာစွာ အသက်ရှင်နေထိုင်မှုအပေါ် နက်နက်နဲနဲ ဖော်ပြထားခြင်းဖြင့် သုတ္တံကျမ်းနှင့် ဆက်နွယ်နေသည်ကို တွေ့ရသည်။ ဤစာစောင်သည် တရားဓမ္မဆိုင်ရာ ဗဟုသုတထက် သမ္မာတရားနှင့် လျှော်ညီသည့် အပြုအမူများအပေါ် အဓိကထားခြင်းဖြင့် လက် တွေ့ကျမှု အရေးပါပုံကို ဖော်ပြထားပါသည်။ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နာခံလိုက်
ရှင်ယာကုပ်ဩဝါဒစာစောင်နှင့် တောင်ပေါ်ဒေသနာ
ရှင်ယာကုပ် တောင်ပေါ်ဒေသနာ အကြောင်းအရာ
၁း၂ မ ၅း၁ဝ-၁၂ (လု ၆း၂၂၊ ၂၃) စုံစမ်းနှောင့်ယှက်ခြင်းကြား ဝမ်းမြောက်ခြင်း ၊
၁း၄ မ ၅း၄၈ ကျွန်ုပ်တို၌ ဘုရားအလိုတော်နှင့်လုပ်ဆောင်မှု (စုံလင်ခြင်း)
၁း၅ မ ၇း၇ ကောင်းသောဆုကျေးဇူးများအတွက် ဘုရားထံတောင်း လျှောက်ခြင်း
၁း၁၇ မ ၇း၁၁ ကောင်းသောအရာများကိုသာ ပေးသောဘုရား
၁း၁၉-၂၀ မ ၅း၂၂ အမျက်ဒေါသ ချုပ်တည်းရန် ပညတ်တရား
၁း၂၂-၂၃ မ ၇း၂၄-၂၇ တရားနာသူနှင့်ကျင့်သုံးသူအကြား နှိင်းယှဉ်ချက် (ဥပမာ)
၁း၂၆-၂၇ မ ၇း၂၁-၂၃ အကျိုးမဲ့သော ဘာသာရေးသမားတို၏ ဘာသာရေး
၂း၅ မ ၅း၃ နိုင်ငံတော်အမွေခံသော နိမ့်ကျသူများ ၊
၂း၁၀ မ ၅း၁၉ ပညတ်အားလုံးကို စောင့်ရှောက်ရန် တာဝန်ရှိမှု
၂း၁၁ မ ၅း၂၁-၂၂ လူသတ်မှုမကျူးလွန်ရန် ပညတ်ချက်
၂း၁၃ မ ၅း၇၊ ၆း၁၄-၁၅ သနားခြင်းကရုဏာရှိသူအတွက် ကောင်းကြီး၊
သနားခြင်းကရုဏာမရှိသူအတွက် တရားစီရင်ခြင်း
၂း၁၄-၂၆ မ ၇း၂၁-၂၃ ယုံကြည်ခြင်းအသေ/တန်ဖိုးမဲ့ခြင်း ၊
၃း၁၂ မ ၇း၁၆ (လု ၆း၄၄၊ ၄၅) ၊ အသီးအားဖြင့် မည်သိုသောအပင်ဖြစ်ကြောင်းဖော်ပြချက် ၊
၃း၁၈ မ ၅း၉ ခိုက်ရန်ဖြစ်ခြင်းကို ငြိမ်းစေသူ၏ မင်္ဂလာ
၄း၂-၃ မ ၇း၇-၈ ဘုရားထံတောင်းလျှောက်ခြင်း၏ အရေးပါပုံ
၄း၄ မ ၆း၂၄ လောကီနှင့်ဆက်ဆံသူသည် ဘုရားရန်သူ
၄း၈ မ ၅း၈ စိတ်နှလုံးဖြူစင်သူများအတွက် မင်္ဂလာတရား
၄း၉ မ ၅း၄ စိတ်နှလုံးကြေကွဲဝမ်းနည်းသူအတွက် မင်္ဂလာတရား
၄း၁၁-၁၂ မ ၇း၁-၅ သူတစ်ပါးအား တရားမစီရင်ရန် ပညတ်ချက်
၄း၁၃-၁၄ မ ၆း၃၄ မနက်ဖြန်အတွက် မစိုးရိမ်ရန်
၅း၁ လု ၆း၂၄-၂၅ ငွေရတတ်သူတို၏ အမင်္ဂလာ
၅း၂ မ ၆း၁၉-၂၀ သံချေပိုးရွ ဖျက်ဆီးတတ်သော မြေကြီးဘဏ္ဍာ
၅း၆ လု ၆း၃၇ ဖြောင့်မတ်သူအား မစီရင်ရန် တားမြစ်ချက်
၅း၉ မ ၅း၂၂၊ ၇း၁ တရားစီရင်ခြင်းမပြုရန်၊ တရားသူကြီးသည် ၊ တံခါးဝ၌
ရပ်နေခြင်း ၊
၅း၁၀ မ ၅း၁၂ ပရောဖက်တို၏ မတရားညှဉ်းပန်းနှိပ်စက်ခံရမှု များ၏
ဥပမာများ
၅း၁၂ မ ၅း၃၃-၃၇ လျှင်မြန်စွာ ကတိပြုခြင်းမပြုရန်နှင့် ဖော်ဆောင် ရန်
သင့်တော်ခြင်းမရှိသော ကတိများ မပြုရန်
နာ ခြင်းမှတပါး အခြားမရှိကြောင်းကို ဖော်ပြထားသည်။ သဘာဝတရားနှင့်ပတ်သက်ပြီး အနည်း ဆုံးအကြိမ်ပေါင်း (၃၀) ခန့် ကိုးကားခဲ့သည်။ ဥပမာအားဖြင့် “ပင်လယ်ရေလှိင်း” (၁း၆)၊ “တွားသွားတိရစ္ဆာန်” (၃း၇) နှင့် “ကောင်းကင်မှ မိုးရေအားပေးသနားတော်မူခြင်း” (၅း၁၈) စသည်ဖြင့် စာရေးသူသည် အပြင်ပတ်ဝန်းကျင် သဘာဝကိုလည်း အချိန်များစွာ လေ့လာသူ တစ်ဦးအဖြစ် တွေ့ရှိရသည် (၅း၁၈)။
ရှင်ပေါလု၏ “ယုံကြည်ခြင်းဖြင့် ဖြောင့်မတ်ရာသိုရောက်သည်”ဟူသော အဆိုအပေါ် စစ်မှန်သော ယုံကြည်ခြင်း၏ ဝိညာဉ်ရေးအသီးသီးခြင်းဖြင့် ပေါ်လွင်မှုကို လေးနက်စွာ ဖော်ပြ သည်။
ရှင်ယာကုပ်ဩဝါဒစာရှိ အဓိကဩဝါဒများ ၊
ကိုယ်ကျင့်တရားများ – ကယ်တင်ခြင်းသည် ယုံကြည်ခြင်းတစ်ခုတည်းဖြင့်သာ ရရှိနိုင်ပြီး၊ ဘုရားသခင်၏ အလိုတော်ကို သစ္စာရှိစွာ နာခံခြင်းအားဖြင့်သာလျှင် ဖော်ပြနိုင်ခြင်း (၂း၁၄-၂၆၊ မ ၇း၁၆၊ ၁၇၊ ၂၁-၂၃၊ ၂၆၊ ၂၁း၂၈-၃၂၊ ရော ၃း၂၈၊ ၁၁း၆၊ ဂလ ၅း၆၊ ဧ ၂း၈-၁ဝ၊ ၂ တိ ၁း၉၊ တိ ၃း၅၊ ၂ ပေ ၁း၃-၁၁)
သမ္မာတရားနှင့် လျှော်ညီသော အပြုအမူ – ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို ချွင်းချက်မရှိ လိုက်နာခြင်းအားဖြင့် ပညာသတိရှိသော အသက်တာ (၁း၂၂၊ ၃း၁၃၊ ၁၇၊ ၄း၇-၁၁၊ ၅း၇-၁၂၊ ယောဘ ၉း၄၊ ၂၈၊ ဆာ ၁၀၄:၂၄၊ ၁၁၁း၁ဝ၊ သု ၁း၇၊ ၂း၁-၇၊ ၃း၁၉၊ ၂၀၊ ၉း၁ဝ၊ ယေ ၁၀း၇၊ ၁၂၊ဒံ ၁း၁၇၊ ၂း၂၀-၂၃၊ မ ၇း၂၁၊ ၂၆၊ လု ၆း၄၆-၄၉၊ ရော ၂း၁၃)
ရှင်ယာကုပ်ဩဝါဒစာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ချဉ်းကပ်၍ ရသော ဘုရား – ၄း၈
ဘုရားသခင်သည် မပြောင်းလဲသော ဘုရား – ၁း၁၇
ဘုရားသခင်သည် အလင်းရှင် – ၁း၁၇ ၊
ဘုရားသခင်သည် ကတိတော်ကို စောင့် ထိန်းသော ဘုရား – ၁း၁၂၊ ၂း၅
ဘု ရားသခင်သည် တစ်ဆူတည်းသော ဘုရား – ၂း၁၉-၂၀
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
အနက်အဓိပ္ပာယ် ဖွင့်ဆိုသူအတွက် ရင်ဆိုင်ရမည့်အချက်အခဲ အနည်းဆုံး နှစ်ခုရှိ သည်။ (၁) ၂း၁၄-၂၆ ရှိ ယုံကြည်ခြင်းနှင့် ကိုယ်ကျင့်တရားအကြား ဆက်နွယ်မှုမှာ အ ဘယ်နည်း။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ ရှင်ယာကုပ်၏ သွန်သင်ချက်နှင့် ရှင်ပေါလု၏ သွန် သင်ချက်တို ဆန့်ကျင်ဘက် ဖြစ်နေပါသလား (ခက်ခဲသည့် မေးခွန်းများအတွက် အဖြေများ ကဏ္ဍတွင် ကြည့်ပါ)။ (၂) ၅း၁၃-၁၈ ၌ အနာရောဂါ ပျောက်ကင်းခြင်း ကတိတော်များသည် ဝိညာဉ်ရေးရာ ကျန်းမာခြင်းလား၊ ခန္ဓာကိုယ် ကျန်းမာခြင်းလား။ ရှင်ယာကုပ် အနေဖြင့် နာမ ကျန်းသူများအား ခန္ဓာကိုယ်ဒုက္ခမှ ပျောက်ကင်းရန် ဆုတောင်းဖို တိုက်တွန်းထားဟန်တူပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူတိုသည် ဖော်ပြတောင်းပန်၍ရသည့် အပြစ်တရားကြောင့် အား နည်းခြင်းမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်အားဖြင့် အားနည်းခြင်းဖြစ်သောကြောင့် ဖြစ်သည်။
ရှင်ယာကုပ်ဩဝါဒစာ၌ ခရစ်တော်
ရှင်ယာကုပ်အနေဖြင့် ခရစ်တော်အား နှစ်ကြိမ်သော တိုက်ရိုက်ရည်ညွှန်းထားသည် (၁း၁၊ ၂း၁)။ သိုသော် လည်း ရှင်ယာကုပ်စာစောင် သည် ခရစ်တော်၏ သွန်သင်မှုများ၊ အထူးသဖြင့် တောင်ပေါ်မှာ နှင့်ပတ်သက်သည့် အကြောင်းအများ ပါဝင် သည် (ရှင်ယာကုပ်ဩဝါဒစားနှင့် တောင်ပေါ်ဒေသ နာ နှိင်းယှဉ်ချက်ကို ကြည့်ပါ)။ စာဖတ်သူတို၏ အသက်တာတွင် သမ္မာတရားဖြင့် လက်တွေ့အ သက်ရှင်မှု၌ ခရစ်တော်၏ ဉာဏ်ပညာကို ရှင်းလင်း စွာ နားလည်သဘောပေါက်လာရန်အတွက် ရှင်ယာ ကုပ်မှ ဖော်ပြပေးခဲ့သည်။
ရှင်သန်သော ယုံကြည်ခြင်း
ရှင်ယာကုပ်သည် သူ၏ စာဖတ်သူများအသက်တာ၌ ရှင်သန်နေသော ယုံကြည်ခြင်း၏ အရည် အသွေးများ ဖော်ပြနိုင်ရန် အလိုရှိသည်။ ထိုရှင်သန်နေသော ယုံကြည်ခြင်းသည် ရိုးရိုးအသိပညာ နှင့် ထောက်ခံသိရှိ ခြင်းမျိုးမဟုတ်ဘဲ နှလုံးသားဖြင့် အမှန်တကယ်ယုံကြည်ခြင်းမှ ပေါက်ဖွားလာ သည့် ဘုရားသခင်ကို နာခံခြင်းမျိုးဖြစ်သည်။
ဖော်ပြထားခြင်းများ အကျိုးရလဒ်
စုံစမ်းစစ်ဆေးခြင်းများ (၁း၂-၃) သည်းခံခြင်း (၁း၃)
သံသယကင်းစွာဖြင့် (၁း၆-၈) ဆုတောင်းခြင်းကို နားညောင်းခြင်း (၁း၅)
စုံစမ်းခြင်းအား သည်းခံခြင်း (၁း၁၂) ထာဝရအသက် (၁း၁၂)
ယုံကြည်ခြင်းထက် သာလွန်ခြင်း (၂း၁၉-၂၀) အကျင့်အားဖြင့်ပြည့်စုံသော ယုံကြည်ခြင်း (၂း၂၂)
ဘုရားသခင်အား ယုံကြည်ခြင်း (၂း၂၃-၂၅) ဘုရားရှေ့၌ ဖြောင့်မတ်ခြင်း (၂း၂၃) ရှင် ယာကုပ်သည် ရှင်သန်သော ယုံကြည်ခြင်းနှင့် သေနေသော (သို) အချည်းအနှီး ယုံကြည်ခြင်း နှစ် ခုတိုကို နှိင်းယှဉ်ထားသည်။ သေနေသော ယုံကြည်ခြင်းသည် ရှင်သန်သော ယုံကြည်ခြင်း၏ လက္ခဏာ ဖြစ်သည့် ပြောင်းလဲသောအသက် တာကို မဖြစ်ထွန်းပေ။
အကျဉ်းချုပ် ကောက်နှုတ်ချက် ။
ဤစာစောင်၏ အကြောင်းအရာ စီစဉ်ဆောင်မှုကို နားလည်သဘောပေါက်နိုင်ရန် အတွက် အကျဉ်းချုပ်ပုံကြမ်းဖော်ပြနိုင်သည့် နည်းလမ်းများစွာရှိသည်။ ၄င်းတိုအနက် တစ်ခုမှာ စမ်းသပ်စစ်ဆေးမှုများ အတွဲလိုက်စီစဉ်ဆောင်ရွက်နိုင်ခြင်းအားဖြင့် တစ်စုံတစ်ယောက်၏ ယုံ ကြည်ခြင်း စစ်မှန်မှုကို တိုင်းတာနိုင်မည် ဖြစ်သည်။ နိဒါန်း (၁း၁)
၁။ ဆင်းရဲဒုက္ခကြား၌ သစ္စာရှိမှုကို စစ်ဆေးခြင်း (၁း၂-၁၂)
၂။ စုံစမ်းနှောင့်ယှက်မှုများကြား၌ ပြစ်တင်ဝေဖန်မှုကို စစ်ဆေးခြင်း (၁း၁၃-၁၈)
၃။ နှုတ်ကပတ်တော် နာခံမှုကို စစ်ဆေးခြင်း (၁း၁၉-၂၇)
၄။ ခွဲခြားဆက်ဆံသည့် ချစ်ခြင်းမေတ္တာကို စစ်ဆေးခြင်း (၂း၁-၁၃)
၅။ ဘာသာရေးကျင့်ကြံ အားထုတ်မှုများကို စစ်ဆေးခြင်း (၂း၁၄-၂၆)
၆။ နှုတ်ထွက်စကားများအား စစ်ဆေးခြင်း (၃း၁-၁၂)
၇။ နှိမ့်ချသော ပညာအား စစ်ဆေးခြင်း (၃း၁၃-၁၈)
၈။ လောကီတရား၌ ကျင်လည်သော အသက်တာကို စစ်ဆေးခြင်း (၄း၁-၁၂)
၉။ ယုံကြည် အားကိုးမှုအား စစ်ဆေးခြင်း (၄း၁၃-၁၇)
၁၀။ သည်းခံနိုင်စွမ်းအားကို စစ်ဆေးခြင်း (၅း၁-၁၁)
၁၁။ မှန်ကန်သော အသက်တာအား စစ်ဆေးခြင်း (၅း၁၂)
၁၂။ ဆုတောင်းခြင်းကို စစ်ဆေးခြင်း (၅း၁၃-၁၈)
၁၃။ စစ်မှန်သော ယုံကြည်ခြင်းကို စစ်ဆေးခြင်း (၅း၁၉-၂၀)
ရှင်ယာကုပ်ဩဝါဒစာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
အိန္ဒိယနှင့် အီဂျစ်အကြား ကုန်သွယ်ရန်အတွက် ပင်လယ်လမ်းမကြီး သည် ပါးရှားနိုင်ငံကို ဖြတ်သန်းသွားသော အဓိကလမ်းမကြီးထက် ပို အရေးပါသည့် လမ်းကြောင်းဖြစ်လာသည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ယုံကြည်သူများသည် အခက်အခဲနှင့် ဒုက္ခကြုံတွေ့သောအခါတွင် “ဝမ်းမြောက်စွာ ခံယူကြ ရန်” ရှင်ယာကုပ်ဩဝါဒစာမှ မည်ကဲ့သို မျှော်လင့်နိုင်ပါသနည်း။
“ခံယူပါ” (count) ဟု အဓိပ္ပာယ်ရှိသည့် ဂရိဝေါဟာရသည် “ယူဆပါ” (consider) (သို) “သုံးသပ်” (evaluate) ဟူ၍လည်း အနက်ဖွင့်ဆိုနိုင်သည်။ ပုံမှန်အားဖြင့် လူသားတစ် ယောက်သည် ဆင်းရဲဒုက္ခနှင့် အခက်အခဲများ ကြုံတွေ့ရသောအချိန်၌ ဝမ်းမြောက်ရန်မှာ အလွန်ပင် ခက်ခဲလှပေသည်။ ထိုကြောင့် ယုံကြည်သူတိုအနေဖြင့် စုံစမ်းနှောင့်ယှက်ခြင်းကို ဝမ်းမြောက်ခြင်းဖြင့် ရင်ဆိုင်နိုင်ရန်အတွက် အသိတရားကို မြဲမြံစွာ ကိုင်စွဲထားရမည်ဖြစ်သည်။ ဤကဲ့သိုပြုခြင်းအားဖြင့် စုံစမ်းနှောင့်ယှက်ခြင်းတိုအား ကြုံတွေ့ရတိုင်း ဝမ်းမြောက်ကြရန်အ တွက် သတိပေးခြင်း ဖြစ်သွားမည်ဖြစ်သည် (ဖိ ၃း၁)။
စုံစမ်းနှောင့်ယှက်ခြင်းသည် ဂရိဝေါဟာရ၌ “ဒုက္ခ” (သို) ငြိမ်သက်ခြင်း၊ နှစ်သိမ့်မှုရှိခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ပျော်ရွှင်ခြင်းတိုကို ဖျက်ဆီးခံရခြင်းတိုမှ ဖြစ်ပေါ်လာသည့် ဝေါဟာရဖြစ် သည်။ ၄င်းဂရိဝေါဟာရကြိယာ၏ ဆိုလိုရင်းမှာ လူတစ်ဦး (သို) အရာဝတ္ထုတစ်ခု၏ သဘော သဘာဝ (သို) အရည်အချင်းတိုကို ရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၄င်းပုဂ္ဂိုလ် (သို) အ ရာဝတ္ထုအား စစ်ဆေးခြင်း ဖြစ်ပါသည်။ ယုံကြည်သူတစ်ဦး၏ ယုံကြည်မှုအရည်သွေးနှင့် ခွန်အား ကို အတည်ပြုပေးရန်၊ တိုးပွားလာစေရန်နှင့် မှန်ကန်မှုကို ဖော်ပြရန် ရည်ရွယ်ချက်ဖြင့် ဘုရား သခင်သည် ယုံကြည်သူတို အသက်တာ၌ စုံစမ်းနှောင့်ယှက်ခြင်းများကို ခွင့်ပြုပေးခြင်းဖြစ် သည်။ ၄င်းတိုတစ်ဦးချင်းစီသည် ယုံကြည်သူတိုအသက်တာ၌ ပိုမိုခွန်အားပြည့်ရန်အတွက် သူတို၏ ယုံကြည်ခြင်းစစ်ဆေးရန် ရည်ရွယ်ထားသည်။ ယုံကြည်သူမှ မှားယွင်းစွာ တုန့်ပြန်ခဲ့g သူတိုတွေ့ကြုံနေကြသည့် အခက်အခဲများသည် စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်သွားကြတော့မည် ဖြစ်သည်။ (သို) မကောင်းသောအရာကို လုပ်ဖိုရန် နှိးဆွပေးခြင်း ဖြစ်သွားနိုင်သည်။ ထိုကြောင့် ဝမ်းမြောက်ရန်အတွက် ရွေးချယ်ခြင်းသည် အနာဂတ်၌ ပို၍ ကြီးမားသော ဒုက္ခများကို ရှောင် ကြဉ်စေပါသည်။
၂။ ရှင်ယာကုပ်သည် “စုံလင်သော လွှတ်မြောက်သည့် ပညတ်တော်”ကို ရေးသားဖော်ပြရာ တွင် ဆန့်ကျင်ဘက် အသွင်ဆောင်သော ပညတ်နှင့် လွတ်လပ်ခြင်း ဝေါဟာရနှစ်ခုအား မည် ကဲ့သို သုံးနှုန်းထားပါသနည်း။ ။
ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုလုံးတွင် ဘုရားသခင်ဖော်ပြသည့် အမှားကင်းသော၊ ပြည့်စုံသော၊ နားလည်၍ ရသော နှုတ်ကပတ်တော်ကို ပညတ်တော်ဟူ၍ ခေါ်ဆိုထားသည် (ဆာ ၁၉း၇)။ ဘုရားသခင်၏ ကျေးဇူးတရားဖြင့် အတူပါရှိခြင်းဆိုသည်မှာ ယုံကြည်သူတိုအ တွက် အကျင့်စာရိတ္တဆိုင်ရာ ပညတ်တော် (သို) ကိုယ်ကျင့်တရားစံနှုန်းများ ကင်းမဲ့ခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။ ဘုရားသခင်၏ စံနှုန်းများအတိုင်း အသက်ရှင်နိုင်ရန်အတွက် ဝိညာဉ် တော်သည် ယုံကြည်သူတိုအား ခွန်အားပေးတော်မူသည်။
စစ်မှန်သော လွတ်မြောက်ခြင်းသည် မိမိလုပ်လိုသော အရာဟူသမျှ ပြုလုပ်ရန် ခွင့်ပြု ချက်လိုင်စင်မ ဟုတ်ဘဲ မိမိအနေဖြင့် လုပ်သင့်လုပ်ထိုက်သော အရာများကိုသာ ပြုလုပ်ရန် ကူညီပေးခြင်းသာ ဖြစ်သည်။ လွတ်လပ်သည့် နှုတ်ကပတ်တော်သည် ယုံကြည်သူတိုအား အပြစ် တရားမှ လွတ်မြောက်စေသည် (၂း၁၂-၁၃)။ ယုံကြည်သူများအနေဖြင့် အပြစ်တရားပြုလုပ်ခဲ့ပါ ကလည်း ကျေးဇူးကရုဏာနှင့် ပြည့်စုံကြွယ်ဝသည့် ထာဝရဘုရားသခင်ထံသို ပိုဆောင်ညွှန်ပြ ပေးခြင်းအားဖြင့် လွတ်မြောက်စေသည်။ သန့်ရှင်းသော ဝိညာဉ်တော်မှ ယုံကြည်သူတို၏ နှလုံး သား၌ နှုတ်ကပတ်တော်၏ အခြေခံစည်းမျဉ်းများကို လိုက်နာကျင့်သုံးစေခြင်းအားဖြင့် ယုံကြည် သူတိုသည် အပြစ်တရား၏ ချုပ်နှောင်ခြင်းမှ လွတ်မြောက်၍ စစ်မှန်သော လွတ်လပ်ခြင်း၌ အသက်ရှင်စေနိုင်သည်။
၃။ “ရွှေပညတ်တော်” ဆိုသည်မှာ အဘယ်နည်း (၂း၈)။
ရွှေပညတ်တော်ဆိုသည့် စကားစုကို အကြီးမြတ်ဆုံးပညတ်တော်ဟု အနက်ဖွင့်ထား သည်။ သဘောတရားမှာ အမြင့်ဆုံးသော အခွင့်အာဏာ (သို) ထိန်းချုပ်ထားမှု သွန်သင်ချက် များ၏ ထက်ဝက်ခန့်မှာ အကြီးမြတ်သော ပညတ်တော်အားလုံးဖြစ်သည်။ “ကိုယ်နှင့်စပ်ဆိုင် သောသူကို ကိုယ်နှင့်အမျှချစ်လော့”ဟူသော ကျမ်းချက်ကို ရှင်ယာကုပ်သည် ဝတ် ၁၉း၁၈ နှင့် မာ ၁၂း၃၁ တိုမှ ကိုးကားထားရာတွင် တရားဟော ၆း၄-၅ ၌ ထာဝရဘုရားနှင့်တကွ ကိုယ်နှင့်စပ်ဆိုင်သူကိုချစ်ရန် ပညတ်အားလုံးနှင့် ပရောဖက်ကျမ်းအားလုံး၏ အချုပ်အချာ ဖြစ်ကြောင်း ဖော်ပြထားပါသည် (မ ၂၂း၃၆-၄၀၊ ရော ၁၃း၈-၁၀)။
ရှင်ယာကုပ်သည် မွန်မြတ်သည့် ပညတ်တရား ပထမအပိုင်းကို အရိတ်အမြှတ်ပေးခဲ့
ရှင်ယာကုပ်ဩဝါဒစာရှိ အဓိက ဝေါဟာရများ
ဆီလူးခြင်း – ဂရိဝေါဟာရ – aleiplie – ၅း၁၄ – စာပေသဘောအရ “လိမ်းရန်” (သို) “လိမ်းကျံ ရန်”ဖြစ်သည်။ ဂရိဝေါဟာရ – chrie – ၅း၁၄ – စာပေသဘောအရ “ဆီလူးခြင်း” ဖြစ်သည်။ aleiplie ဟူသော ဝေါဟာရသည် ဆေးနှင့်ဆိုင်သော လိမ်းကျံခြင်းကို ဖော်ပြရန် အသုံးပြုလေ့ရှိ သည်။ ပုံစံတူ ဂရိဝေါဟာရ chrie သည် ခရစ်ယာန်တို၏ ဓမ္မဝတ်နှင့်ဆိုင်သော ဆီလိမ်းခြင်းကို ဖော်ပြရာတွင် အသုံးပြုလေ့ရှိသည်။ သမ္မာကျမ်းစာ၌ ဆီသည် ဆေးအဖြစ် အသုံးပြုကြသည် (လု ၁၀း၃၀-၃၇)။ ဆီသည် ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်း ပုံဆောင်သေးသည် (၁ ရာ ၁၆း၁-၁၃)။
ကောင်းမြတ်သော ဆုကျေးဇူး၊ စုံလင်သော ဆုကျေးဇူး – ဂရိဝေါဟာရ – dosis agotho – ၁း၁၇ – စာပေသဘောအရ “ပေးကမ်းခြင်း အပြုအမူ” နှင့် “ကောင်းမြတ်ခြင်း”ဖြစ်သည်။ ဂရိဝေါဟာရ cleroma teleton) – ၁း၁၇ – စာပေသဘောအရ “အမှန်တကယ် ဆုကျေးဇူးများ” နှင့် “စုံလင်ခြင်း” ဖြစ်သည်။ ဂရိကျမ်းစာသည် ဘုရားသခင်ထံမှ ဆုကျေးဇူးများကို ဖော်ပြရာတွင် ဝေါဟာရနှစ်ခု ဖြင့် ဖော်ပြထားသည်။ ပထမဖော်ပြချက် ကောင်းမြတ်သော ဆုကျေးဇူး သည် ဘုရားသခင်ထံမှ တစ်ခုခုရရှိခြင်း၏ တန်ဖိုးကို ဖော်ပြပြီး၊ စုံလင်သော ဆုကျေးဇူး သည် ဘုရားသခင်၏ ဆုကျေးဇူးများ အရည်အသွေး အပြစ်အနာအဆာမရှိကြောင်းကို ဖော်ပြသည်။ ဘုရားသခင်၏ ပေးကမ်းမှုသည် အမြဲတမ်း ကောင်းမြတ်ပြီး၊ သူ၏ ဆုကျေးဇူးများသည် သူ့သားသမီးများအတွက် အမြဲတမ်း စုံလင် လျက်ရှိသည်။
ပြီဖြစ်သည် (၂း၅)။ ဤနေရာတွင် ရှင်ယာကုပ်အနေဖြင့် လူသားတို၏ ဆက်ဆံရေးနှင့်ပတ်သက် ပြီး အထူးအ လေးထားခြင်း ဖြစ်သည်။ ရှင်ယာကုပ်သည် စိတ်ခံစားမှုအပေါ် အခြေခံသည့် ချစ်ခြင်းကို ထောက်ခံသူမဟုတ် ကြောင်း၊ အတ္တဆန်သော ချစ်ခြင်းမေတ္တာသည် အပြစ်ဖြစ် ကြောင်း အတိအလင်းဖော်ပြထားသည် (၂ တိ ၃း၂)။ ၄င်းမှ မိန့်ဆိုထားသည်မှာ မိမိ၏ လိုအပ် ချက်ကို အကောင်းဆုံးဆောင်ရွက်ရန် အလိုရှိသည့်အတိုင်း သူတပါး၏ ကိုယ်ခန္ဓာလိုအပ်ချက် တိုကိုလည်း ဖြည့်ဆည်းပေးရန် တိုက်တွန်းထားသည် (ဖိ ၂း၃-၄)။ တစ်ချိန်တည်းမှာပင် ကျွန်ုပ် တိုအားလုံးသည် ရွှေပညတ်အောက်၌ ရှိနေကြသည်ကို မည်သည့်အခါမျှ မေ့လျော့ခြင်းမရှိရန် လိုအပ်သည်။
၄။ ယုံကြည်ခြင်းနှင့် အကျင့်အကြား ဆက်နွယ်မှုကို ဖော်ပြပါ။ ကယ်တင်ခြင်းသည် ခရစ်တော် အား ယုံကြည်ခြင်းဖြင့် ရရှိသည်ဖြစ်လျှင် ရှင်ယာကုပ်သည် အဘယ့်ကြောင့် အကျင့်မရှိသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ဟု ရေးထားပါသနည်း (၂း၁၄-၂၆)။
ဤကျမ်းချက်သည် ရှင်ယာကုပ်မှ စာဖတ်သူတိုအနေဖြင့် ၄င်းတို၏ ယုံကြည်ခြင်း ရှင်သန်ခြင်း ရှိမရှိ သုံးသပ်နိုင်ရန်အတွက် စစ်ဆေးခြင်းအမျိုးမျိုး ဖော်ပြထားသည့် ပို၍ ရှည် လျားသော ကဏ္ဍမှ ပေါ်ထွက်လာခြင်းဖြစ်သည်။ အဓိကပင်မစစ်ဆေးခြင်းမှာ အကြောင်းအရင်း များကို စုစည်းပေးသည့် စစ်ဆေးခြင်းဖြစ်သည်။ ၄င်းမှာ အကျင့်စာရိတ္တအား စစ်ဆေးခြင်း (သို့) ဖြောင့်မတ်သော ကျင့်ကြံပြုမူ ပြောဆိုမှုများကို စစ်ဆေးခြင်း ဖြစ်ပါသည်။ ဤကျင့်ကြံ မူပြောဆိုမှုသည် ထာဝရဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းအားဖြင့် ဘုရားအလိုတော်နှင့် ကိုက်ညီသော သဘောသဘာ ဝပေါ်ထွန်းလာခြင်းဖြစ်ကြောင်း ရှင်းပြထား သည် (၁း၂၂-၂၅)။
ရှင်ယာကုပ်မှ ထောက်ပြသည့်အချက်မှာ လူသည်အကျင့်အားဖြင့် ကယ်တင်ခြင်းရ သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ၄င်းအနေဖြင့် ကယ်တင်ခြင်းသည် ဘုရားသခင်ထံမှ ကျေးဇူးပြု သည့် လက်ဆောင်ဖြစ်ကြောင်း သေချာစွာ ဖော်ပြခဲ့ပြီး ဖြစ်သည် (၁း၁၇-၁၈)။
ရှင်ယာကုပ် ပူပင်သည့်အရာမှာ ကယ်တင်ခြင်းမပေးနိုင်သည့် ယုံကြည်ခြင်းအသေရှိ နိုင်ကြောင်းကို ဖော်ပြရန် ဖြစ်သည် (၂း၁၄၊ ၁၇၊ ၂၀၊ ၂၄၊ ၂၆)။ သူ၏ သွန်သင်ချက်တိုသည် အခြားသောကျမ်းစာတိုနှင့်လည်း ဆင်တူနေပါသည်။ ထိုကြောင့် ရှင်ယာကုပ်၏ အရေးအသား သည် ယုဒဘာသာ၏ ဖြောင့်မတ်သော အကျင့်တရားများမှ လမ်းလွှသွားကြပြီး ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နေထိုင်မှုနှင့် ဖြောင့်မတ်သော ကိုယ်ကျင့်တရားများသည် ကယ် တင်ခြင်းအတွက် လုံလောက်ခြင်းမရှိသောကြောင့် ၄င်းတိုသည် မလိုအပ်တော့ဟု လွဲမှားသော အယူဝါဒကို လက်ခံကျင့်သုံးလာကြသည့် ဂျူးယုံကြည်သူများကို ရေးသားခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုကြောင့် ထိုသူတိုသည် ယုံကြည်ခြင်းကို သိရုံသက်သက်အဖြစ်သို လျှော့ချခဲ့ကြလေရာ ရှင်ယာ ကုပ်မှ ထိုသိုသော ယုံကြည်ခြင်းမျိုးသည် အသေဖြစ်ကြောင်းကို တိကျစွာ ဖော်ပြထားသည်။
၅။ ၄း၇-၁ဝ ၌ ပါရှိသည့် ပညတ်တော် (၁၀) ပါးသည် ကျေးဇူးတော်နှင့် မည်သိုပတ် သက် သနည်း။
ဤကျမ်းချက်တို၌ လူသားတစ်ဦးအနေဖြင့် ကယ်တင်ခြင်းဆုကျေးဇူးလက်ခံလာရန် အတွက် ညွှန်ကြားချက် အများအပြားပါဝင်သည်။ ၄င်းညွှန်ကြားချက်များသည် ထာဝရဘုရား ၏ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်နှင့်ပြည့်စုံကြွယ်ဝသည့် ဖိတ်ခေါ်မှုကို လူသားတစ်ဦး အနေဖြင့် တုန့်ပြန်လက်ခံခြင်းအားဖြင့် နှိမ့်ချသောအသက်တာကို ထုတ်ဖော်ပြသရန် ဖြစ်သည်။ မျှော်လင့်သော ရလဒ်အတွက် ညွှန်ကြားချက်တစ်ခုချင်းစီ၌ ဂရိဝေါဟာရဆိုင်ရာ အမိန့်ပေး ညွှန်ကြားမှုတစ်ခုစီ အသုံးပြုထားသည်။
> ဘုရားသခင်အား ဆက်ကပ်ပါ (ငယ် ၇) – ထာဝရဘုရား၏ စကြာဝဠာတစ်ခုလုံးကို အုပ် စိုးသည့် အခွင့်အာဏာ (သို) မိမိ၏ဆန္ဒနှင့် အသိတရားဖြင့် ဆက်ကပ်အပ်နှံခြင်း ဖြစ်ကြောင်း ဤကျမ်းပိုဒ်တွင် ဖော်ပြထားသည် (မ ၁၀း၃၈)။
> မာနတ်အား တားဆီးကြလော့ (ငယ် ၇) – စာတန်မာနတ်အား နိုးကြားစွာ ရင်ဆိုင်၍ ထာဝရဘုရားထံတော်ပါးသို သစ္စာတရားကို ဆောင်ယူခဲ့ကြသူများအနေဖြင့် ၄င်းတိုထံမှ ထွက် ပြေးခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် စာတန်သည် ကျရှုးပြီးသော ရန်သူဖြစ်သည် (ယော ၈း၄၄၊ ဧ ၂း၂၊ ၁ ယော ၃၈၊ ၅း၁၉)။
> ဘုရားသခင်၌ ချည်းကပ်ကြလော့ (ငယ် ၈) – ထာဝရဘုရားနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ရှာဖွေခြင်းဖြစ် သည် (ဖိ ၃း၁)။
> သင်တိုလက်ကို စင်ကြယ်စေကြလော့ (ငယ် ၈) – အပြစ်သားများဟု ထပ်မံဖြည့်စွက်ထား သည်မှာ မယုံကြည်သော သူတိုအနေဖြင့် သူတို၏အပြစ်များကို သိရှိရန်နှင့် ဝန်ချတောင်းပန် ရန်ဖြစ်သည် (၅း၂၀)။
> သင်တိုစိတ်နှလုံးကို သန့်ရှင်းစေလော့ (ငယ် ၈) – လက်များကို သန့်ရှင်းစေခြင်းသည် အပြင်ဘက်ရှိ ကျင့်ကြံပြုမူမှုများကို သန့်ရှင်းစင်ကြယ်စေခြင်းကို ပုံဆောင်၍ ဤကျမ်းချက် သည် အတွင်းပိုင်း စိတ်ကူးများ၊ ရည်ရွယ်ချက်များနှင့် နှလုံးသား၏ လိုအင်ဆန္ဒများကို ပုံ ဆောင်သည် (ဆာ ၂၄း၃-၄၊ ယေ ၄း၄၊ ၁ တိ ၁း၅၊ ၂ တိ ၂း၂၂၊ ၁ ပေ ၁း၂၂)။
> ငိုကြွေးမြည်တမ်းကြလော့ (ငယ် ၉) – ဒုက္ခရောက်ခြင်း၊ စိတ်ဆင်းရဲခြင်း၊ စက်ဆုပ်ရွံရှာ ဖွယ်ကောင်းခြင်းတို ဖြစ်သည်။ ဤကျမ်းချက်သည် မိမိတိုအပြစ်ကြောင့် အမှန်တကယ် စိတ်နှလုံးကြေကွဲသောသူများ ဖြစ်သည် (မ ၅း၃)။
> စိတ်မသာညည်းတွားကြလော့ (ငယ် ၉) – အပြစ်အတွက်ကြောင့် နှလုံးသားအတွင်းပိုင်းမှ ကြေကွဲခြင်းဖြစ်သည် (ဆာ ၅၁း၁၇၊ မ ၅း၄)။
> ငိုကြွေးကြလော့ (ငယ် ၉) – အပြစ်အတွက်ကြောင့် အတွင်းပိုင်းဝမ်းနည်းမှုကို အပြင်ပိုင်း ၌ ဖော်ပြမှုဖြစ်သည် (မာ ၁၄း၇၂)။ ။
> ရယ်မောခြင်းမှ ငိုကြွေးမြည်တမ်းခြင်း၊ ဝမ်းမြောက်ခြင်းမှ စိတ်ပျက်ခြင်းသို (ငယ် ၉) – အပြစ်အတွက် ငိုကြွေးခြင်းဖြစ်သည်။ ထာဝရဘုရား မပါဘဲ လောကီပျော်ရွှင်ခြင်းများ၌ မိုက်မဲစွာ ကျင်လည်ရန် မဟုတ်ပေ။
> မိမိကိုယ်ကို နှိမ့်ချကြလော့ (ငယ် ၁၀) – ဤနောက်ဆုံးညွှန်ကြားချက်သည် အရင် (၉) ချက်တိုနှင့် ပေါင်းချုပ်ထားသည်။ “နှိမ့်ချ”ဆိုသည့် ဝေါဟာရသည် မိမိကိုယ်ကို နှိမ့်ချစေခြင်း ဖြစ်သည်။ သန့်ရှင်းသော ဘုရားဖြစ်တော်မူသည့် ရှင်ဘုရင်ကြီး၏ မျက်မှောက်တော်၌ ရှိ နေခြင်းသည် နှိမ့်ချခြင်း ဖြစ်သည် (ဟေရှာ ၆း၁၅)။
၆။ ၅း၂၀ ၌ ဖော်ပြထားသည့် “အပြစ်ရှိသောသူကို မှားယွင်းသော လမ်းမှ ပြန်စေသော သူ သည် ဝိညာဉ်သေခြင်းမှ ကယ်တင်၍ များစွာသောအပြစ်တိုကို ဖုံးအုပ်တတ်၏”ဟု ဆိုရာတွင် ရှင်ယာကုပ်မှ မည်သိုဆိုလိုပါသနည်း။
ရှင်ယာကုပ်သုံးနှုန်းထားသည့် “အပြစ်သား”သည် ယုံကြည်ခြင်းအသေ ဖြစ်သူများဖြစ် သည် (၂း၁၄-၂၆)။ အပြစ်ကျူးလွန်မိသော ယုံကြည်သူမဟုတ်ပေ။ ခရစ်တော်၏ ပြင်ပဘက်၌ ရှိသော သူများကို ဖော်ပြရာတွင် တောက်လျှောက်သုံးနှုန်းထားသည် (သု ၁၁း၃၁၊ ၁၃း၆၊ ၂၂၊ မ ၉း၁၃၊ လု ၇း၃၇၊ ၃၉၊ ၁၅း၁၊ ၁၀၊ ၁၈း၁၃၊ ရော ၅း၈၊ ၁ တိ ၁း၅၊ ၁၅၊ ၁ ပေ ၄း၁၈)။
အမှန်တရားမှ လမ်းလွဲသွားသူသည် မိမိကိုယ်ကို ပြောင်းလဲရန် မည်သည့်အခါမျှ အခွင့် ပေးမည်မဟုတ်သောကြောင့် သူ၏ ဝိညာဉ်သည် ကြီးမားသော အန္တရာယ်၌ ရှိနေပါသည်။ ဤသေခြင်းသည် ခန္ဓာကိုယ်သေခြင်းမဟုတ်ဘဲ၊ ထာဝရသေခြင်းဖြစ်၍ ဘုရားသခင်ထံမှ ထာ ဝရကင်းဝေးရမည်ဖြစ်ပြီး အပါယ်ငရဲ၌ ထာဝရအပြစ်ဒဏ် စီရင်ခြင်းခံရမည်ဖြစ်သည် (ဟေရှာ ၆၆:၂၄၊ ဒံ ၁၂း၂၊ မ ၁၃း၄၀၊ ၄၂၊ ၅၀၊ ၂၅း၄၁၊ ၄၆၊ မာ ၉း၄၃-၄၉၊ ၂ သက် ၁း၈-၉၊ ရော၆း၂၃၊ ဗျာ ၂၀း၁၁-၁၅၊ ၂၁း၈)။ ဤကဲ့သို ကြီးမားသော အန္တရာယ်များ ကျရောက်မှု၌ နေကြ ရသူများအား ခရစ်ယာန်တိုအနေဖြင့် ပြင်းပြင်းထန်ထန် ရှာဖွေရမည်ဖြစ်သည်။
အပြစ်တစ်ခုသည် လူတစ်ဦးအား အပါယ်ငရဲသို ရောက်စေရန် လုံလောက်ပေသည်။ ရှင်ယာကုပ်ပြောသည့် “များစွာသောအပြစ်” ဆိုသည့် ဝေါဟာရသည် မျှော်လင့်ချက်မဲ့ ပျောက်ဆုံး နေကြသူများ၊ နှလုံးသားပြောင်းလဲခြင်းမရှိသည့် အပြစ်သားများကို ဆိုလိုပါသည်။ သတင်း ကောင်းမှာ ဧဝံဂေလိတရားသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်း ကျေးဇူးတရား (အပြစ်အား လုံးထက် ပို၍ကြီးမား၊ ရော ၅း၂၀)သည် အပြစ်မှ ပြန်လှည့်လာသူများနှင့် ယေရှုခရစ်တော် ကို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်သူများအတွက် အစဉ်အမြဲ ရရှိနိုင်သည် (ဧ ၂း၈၊ ၉)။
ရှင်ယာကုပ်ဩဝါဒစာစောင်ကို ဆက်လက်လေ့လာရန်
၁။ ရှင်ယာကုပ်၏ ခက်ခဲခြင်းနှင့် ဒုက္ခရောက်ခြင်းမှ အကျိုးကျေးဇူးအမြင်ကို ရှင်းပြပါ။
၂။ ခရစ်ယာန်များအကြား အန္တရာယ်ရှိသော ခွဲခြားဆက်ဆံမှုကို ရှင်ယာကုပ်က မည်သို မြင်ခဲ့ သနည်း။ ။
၃။ ယုံကြည်ခြင်းနှင့် အကျင့်အတွင်း တင်းမာမှုများကို မည်သို ဖော်ပြခဲ့သနည်း။
၄။ ကျေးဇူးတော်နှင့် ဆက်နွယ်ပြီး ပညတ်တော် (၁၀)ပါးလုံး၌ မည်ကဲ့သို ပြည့်စုံစေခဲ့သနည်း။
၅။ လက်တွေ့ ကျင့်သုံးရာ၌ မည်သည့်ညွှန်ကြားချက်သည် သင့်အတွက် အခက်ခဲဆုံးဖြစ်သနည်း။
ရှင်ပေတရုသြဝါဒစာပထမစောင် (First Peter)
အသင်းတော် နှိပ်စက်ညှဉ်းဆဲ ခံရခြင်း
ခေါင်းစဉ်
ဤစာစောင်သည် (ရှင်ယာကုပ်ဩဝါဒစာ၊ ရှင်ယောဟန်ဩဝါဒစာနှင့် ရှင်ယုဒဩဝါဒ စာစောင်များ အတိုင်း ပုံမှန်ကဲ့သို စာရေးသူ ရှင်ပေတရု၏ အမည်ဖြင့် သူ၏ ပထမစာစောင် အဖြစ် သတ်မှတ်ခြင်းခံရသည်။
စာရေးသူနှင့် ရက်စွဲ
ဩဝါဒစာစောင်၏ အဖွင့်ကျမ်းချက်အားဖြင့် ဤကျမ်းစာရေးသားသူမှာ ခရစ်တော်၏ တမန်တော်များ၌ ခေါင်းဆောင်ဖြစ်သည့် ရှင်ပေတရုဖြစ်ကြောင်း ထင်ရှားသည်။ ခရစ်ဝင်ကျမ်း ရေးသူများအနေဖြင့် ရှင်ပေတရု အား တမန်တော်တို၏ အမည်စာရင်းကို ဖော်ပြရာတွင် ပထမ နေရာ၌ ရေးသားခြင်း၊ ခရစ်ဝင်ကျမ်းလေးခု စလုံးတွင် ခရစ်တော်အကြောင်းမှလွဲပြီး ရှင်ပေတရု အကြောင်းကို အများဆုံး ဖော်ပြထားသည် (မ ၁ဝ၊ မာ ၃၊ လု ၆၊ တ ၁)။ မူလအနေဖြင့် ရှိမုန် (ဂရိ) (သို) ဆီမွန် (ဟေဗြဲ) (မာ ၁း၁၆၊ ယော ၁း၄၀၊ ၄၁)ဟု အမည်ခေါ်တွင် သည့် ရှင်ပေတရု သည် ယောဟန်ဟုခေါ်သော (ယော ၁း၄၂) ဗာယောန၏ သားဖြစ်သည် (မ ၁၆း၁၇)။ အရင်က ဗက်ဇဲဒမြိုတွင်နေပြီး နောက်ပိုင်း၌ ကပေရနောင်မြိုတွင် နေထိုင်သည့် ရှင်ပေတရုသည် တံငါ သည် မိသားစုဝင်တစ်ဦးဖြစ်သည်။ သူ့ညီအစ်ကို အိန္ဒြေသည် သူ့အား ယေရှုထံသို ခေါ်ဆောင်ခဲ့ သည် (ယော ၁း၄ဝ-၄၂)။ သူသည် အိမ်ထောင်သည်ဖြစ်ပြီး သူ့ဇနီးသည်သည်လည်း သာသနာ ခရီးစဉ်အတွင်း သူနှင့်အတူ ပါဝင်ခဲ့သည်ဟု ယူဆရသည် (မာ ၁း၂၉-၃၂)။
ရှင်ပေတရုသည် ခရစ်တော်၏ သာသနာအစောပိုင်းကာလအတွင်း နောက်လိုက် တ ပည့်အဖြစ် ခေါ်ခြင်းခံခဲ့ရပြီးနောက် (မာ ၁း၁၆-၁၇) တမန်တော်အဖြစ် ရွေးကောက်ခြင်းခံခဲ့ ရသူဖြစ်သည် (မ ၁၀း၂၊ မာ ၃း၁၄-၁၆)။ ခရစ်တော်သည် သူ့အား ပေတရု (ဂရိ) (သို) ကေဖ (အာရေမိတ်)အဖြစ် ပြန်ခေါ်ခဲ့ပြီး ထိုနှစ်ခုလုံး၏ အဓိပ္ပာယ်မှာ “ကျောက်တုံး” (သို) “ကျောက်” ဖြစ်သည် (ယော ၁း၄၂)။ ခရစ်ဝင်ကျမ်းများတစ်လျှောက် ခရစ်တော်သည် ရှင်ပေတရုအား နက်နဲသည့် သင်ခန်းစာများ သင်ယူရန် ရှင်းရှင်းလင်းလင်း အာရုံစိုက်စေခဲ့သည် (မ ၁၀၊ ၁၆း၁၃-၂၁၊ ၁၇း၁-၉၊ ၂၄း၁-၇၊ ၂၆း၃၁-၃၃၊ ယော ၆း၆၊ ၂၁း၃-၇၊ ၁၅-၁၇)။ သူသည် တမန် တော် (၁၂) ပါးကိုယ်စား အထင်အမြင်များနှင့် မေးခွန်းများမေးသူ၊ ကိုယ်တိုင်လည်း မေးခွန်း မေးသူဖြစ်သည်။ ရှင်ပေတရု၏ အောင်မြင်မှုများနှင့် အားနည်းချက်များကို ခရစ်ဝင်ကျမ်းများနှင့် တမန်တော်ဝတ္ထု ၁-၁၂ တွင် ဖော်ပြထားသည်။
ခရစ်တော်ရှင်ပြန်ထမြောက်၍ ကောင်းကင်ဘုံသို တက်ကြွသွားပြီးနောက် ရှင်ပေတရု သည် တမန်တော် ယုဒနေရာအစားထိုးမှု အစီအစဉ်ကို အရင်လုပ်ဆောင်ခဲ့သည် (တ ၁း၁၅)။ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ပြီးနောက် (တ ၂း၁-၄)ပင်တေကုတ္တေပွဲနေ့မှစပြီး ဧဝံ ဂေလိတရားကို ဦးဆောင်ဟောပြောခဲ့သည် (တ ၂း၁၂)။ ကနဦးအသင်းတော်၏ အစောပိုင်း
ရှင်ပေတရဩဝါဒစာ ပထမစောင်၌ ခရစ်တော်
ရှင်ပေတရုသြဝါဒစာ ပထမစောင်ရှိ ခရစ်ယာန် များအကြောင်း ဖော်ပြထားမှုသည် ဒုက္ခဆင်းရဲကြီး အလယ်တွင် ရှိနေသူများဖြစ်ပြီး၊ ရှင်ပေတရုက ခရစ်တော်၏ ဒုက္ခဆင်းရဲကို ပုံဖော်၍ သူတိုအား လမ်းညွှန်ပေးခဲ့သည် (၁း၁၀-၁၂၊ ၂:၂၄၊ ၄း၁၂၊ ၁၃)။ ၁ ပေ သည် ခရစ်ယာန်များ၏ ဇွဲလုံလရှိမှု အတွက် သွန်းလောင်းခံရမည့် များစွာသော ကောင်း ကြီးမင်္ဂလာများအကြောင်း သတိပေးခြင်းဖြင့် ဤ သတင်းစကားကို ဖော်ပြခဲ့သည် (၁း၁၃-၁၆)။ ခရစ် တော်သည် လောကရန်သူကြီးထဲ၌ ယုံကြည်သူတို ၏ “အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မျှော်လင့် ခြင်း”အဖြစ် ရှိနေသည် (၁း၃၊ ၄)။
ကာလတွင် သူသည် နိမိတ်လက္ခဏာများကို လည်း လုပ်ဆောင်ခဲ့ပြီး (တ ၃-၉)၊ ဧဝံဂေလိ တရားတံခါးကို ရှမာရိပြည်(တ ၈)နှင့် တပါး အမျိုးသားများထံ (တ ၁၀) ဖွင့်ပေးခဲ့သည်။ ခံယူချက်များအရ သူ့ဇနီးသည် လက်ဝါးကား တိုင်ပေါ်တွင် အသေသတ်ခြင်းကို သူကြည့် မြင်ခဲ့ပြီး “ဘုရားသခင်ကို သတိရပါ”ဟူသော စကားများဖြင့် သူမအား ခွန်အားပေးခဲ့သည်။ သူ့အား လက်ဝါးကားတိုင်တွင် အသေသတ် ရန် အချိန်ရောက်လာသောအခါ၊ မိမိသည် ယေရှုကဲ့သို အသေခံရန် ထိုက်တန်သူမဟုတ် သောကြောင့် ကားတိုင်တွင် ပြောင်းပြန် အ သေခံရန် တောင်းဆိုခဲ့သည့်အတိုင်း ပြောင်း – ပြန် အသေသတ်ခြင်းခံရသည်ဟု သမိုင်းတွင် ဖော်ပြထားသည် (ခန့်မှန်း အေဒီ ၆၇-၆၈)။
သူ၏ ထူးခြားထင်ရှားမှုကြောင့်၊ ရှင်ပေတရုရေးသားခဲ့သည့်စာစောင်တွင် မှားယွင်းသည့် သွန်သင်မှုအဖြစ် ကနဦးအသင်းတော်တွင် အငြင်းပွားမှု မရှိခဲ့ပေ။ ထိုကြောင့် ရှင်ပေတရုသြဝါ ဒစာ ပထမစောင်သည် ရှင်ပေတရုရေးသားခဲ့ခြင်းဖြစ်ကြောင်း သေချာမှုရှိသည်။ ဤစာစောင် တွင် ပါဝင်သော အကြောင်းအရာများသည် တမန်တော်ဝတ္ထု၌ ပါဝင်သော အကြောင်းအရာ များနှင့် အတိအကျတူညီကြောင်း ဖော်ပြသည်။ ဤစာစောင်၌ ခရစ်တော်သည် တိုက်ဆောက် သူမှ ငြင်းပယ်ထားသော ကျောက် (၂း၇၊ ၈၊ တ ၄း၁၀၊ ၁၁)ဖြစ်ကြောင်းနှင့် လူမျက်နှာကို မငဲ့ သူဖြစ်ကြောင်း (၁း၁၇၊ တ ၁၀း၃၄) ဖော်ပြထားသည်။ ရှင်ပေတရုသည် သူ့စာစောင်ဖတ်သူ များအား မိမိကိုယ်ကို နှိမ့်ချရန်အတွက် (၅း၅) သခင်ခရစ်တော်ကိုယ်တိုင် တပည့်တော်တို၏ ခြေကိုဆေး၍ ပုဝါဖြင့် သုတ်ပေးခြင်း (ယော ၁၃း၃-၅) နှိမ့်ချမှုအကြောင်းကို ထပ်မံဖော်ပြ ထားသည်။ ခရစ်တော်၏ သွန်သင်ခြင်းနှင့် တူညီသည့် ဖော်ပြချက်များလည်း စာစောင်တွင် ပါဝင်သည် (၄း၁၄၊ ၅း၇-၈)။ ထိုပြင် စာရေးသူအနေဖြင့် ခရစ်တော်၏ ဆင်းရဲဒုက္ခခံခြင်း သက်သေအကြောင်းကိုလည်း ဖော်ပြထားသည် (၅း၁၊ ၃း၁၈၊ ၄း၁)။ ဤကဲ့သိုသော အတွင်း ကျကျ အထောက်အထားများသာမက ကနဦး ခရစ်ယာန်များအနေဖြင့်လည်း ဤစာစောင်သည် ရှင်ပေတရု ရေးသားခဲ့သည်ဟု လုံးဝလက်ခံခဲ့ကြသည်။
ရှင်ပေတရု၏ အရေးအသားဟု ပြောဆိုရန်အတွက် တစ်ခုတည်းသော ထူးခြားသည့် သံသယဖြစ်မှုမှာ စာစောင်ရှိ ရှေးဂရိအသုံးအနှုန်းများဖြင့် ရေးသားထားချက်ဖြစ်သည်။ အချို က ရှင်ပေတရုသည် ပညာမတတ်သော တံငါသည်ဖြစ်သောကြောင့် (တ ၄း၁၃)၊ ဤကဲ့သို နက်နဲသော ဂရိစာပေကို ရေးတတ်မည်မဟုတ်ဟု မြင်ကြသည်။ အထူးသဖြင့် ရှင်ပေတရုသြဝါ ဒစာ ဒုတိယစောင်၌ ရေးထားသည့် သာမန်ဂရိအသုံးအနှုန်းဖြင့် ယှဉ်ကြည့်ခြင်းဖြစ်သည်။ သို သော် ဤထင်မြင်ချက်သည် အဖြေကောင်းတစ်ခုမျှ မရှိပေ။ ပထမအချက် အနေဖြင့် ရှင်ပေတရုသည် “စာမသင်ခဲ့ခြင်း”ဟု ဆိုရာတွင် စာမတတ်ခြင်းဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ သမ္မာကျမ်းစာ အပိုင်း၌ ရွတို၏ သွန်သင်မှုကို မခံခဲ့ရခြင်းဖြစ်သည်။ ထိုပြင် ရှင်ပေတရု၏ အဓိက ဘာသာ စကားမှာ အာရေမိတ် ဘာသာဖြစ်ခဲ့လျှင် ဂရိဘာသာစကားသည် ပါလတ်စတိုင်းတွင် ဒုတိယ ဘာသာစကားအဖြစ် ကျယ်ပြန့်စွာ အသုံးပြုခဲ့ပြီဖြစ်သည်။ ဓမ္မသစ်ကျမ်းရေးသူအချိုသည် အဆင့်မြင့် ဂရိဘာသာစကား မတတ်ကြသော်လည်း၊ ဓမ္မဟောင်းကျမ်းကို ဖတ်နိုင်စွမ်း ရှိကြပါ သည် (တ ၁၅း၁၄-၁၈ ရှိ LXX ကို ရှင်ယာကုပ်အသုံးပြုထားပုံအား ကြည့်ပါ)။
ရှင်ပေတရု၏ ဂရိဘာသာစကား အရည်အသွေးကို ဖော်ပြသည့် ဤအထောက်အထား များထက် သာလွန်ပြီး၊ ရှင်ပေတရုသည် သိလဟုခေါ်သော “သိလွှာနုအားဖြင့်” ဤစာစောင်ကို ရေးသားခဲ့သည်ဟု ရှင်းပြခဲ့သည် (၅း၁၂)။ သိလွှာနုသည် ဤစာစောင်အား စာစောင်လက်ခံ ရရှိမည့်သူများထံ ပေးပိုရန် တာဝန်ပေးခြင်းခံရသူဖြစ်သည်။ သိုရာတွင် သိလွှာနုသည် သူ၏ လုပ်ဖော်ဆောင်ဖက် (သို) နှုတ်တိုက်စာ ရေးချသူအဖြစ် ရှင်ပေတရု၏ ဖော်ပြချက်များတွင် တွေ့ရသည်။ နှုတ်တိုက်စာရေးခြင်းသည် ရှေးရောမခေတ် အတွက် ပုံမှန်ပြုလုပ်နေကျဖြစ်ပြီး၊ လုပ်ဖော်ဆောင်ဖက်များသည် ဝါကျနှင့် စာကြောင်းတိုကို ကူညီရေးသားပေး သည်။ ထိုကြောင့် ထာဝရဘုရား၏ ဝိညာဉ်တော်ကူညီစောင်မမှုအောက်တွင် ရှင်ပေတရုမှ သိလွှာနုအား စာစောင် ကို နှုတ်တိုက်ဖော်ပြခြင်းအားဖြင့်၊ ပရောဖက်တစ်ဦးဟု သိရသော သိလွှာနုသည်လည်း (တ ၁၅း၃၂) ရှေးဂရိစာပေဖြင့် စာများကို ရေးသားကူညီပေးခဲ့သည်။
ပထမဦးစွာ ရှင်ပေတရုသည် ရောမမြို မီးလောင်ချိန် အေဒီ ၆၄ ဇူလိုင်လ ပြီးနောက် (သို) မတိုင်ခင်တွင် စာစောင်ကို ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ခန့်မှန်း အေဒီ ၆၄-၆၅ သည် စာစောင် ရေးသားချိန်ဖြစ်သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား ၊
ရောမမြိုကြီး မီးလောင်သောအခါ ရောမမြိုသားတိုသည် သူတို၏ ဘုရင်နီရိုးမှ မြိုကြီး ကို တည်ဆောက်ရန် ဆန္ဒပြင်းပြမှုကြောင်း မီးရှိဖျက်ဆီးခဲ့သည်ဟု ယုံကြည်ကြသည်။ ပိုမိုကြီး ကျယ်သော မြိုကြီးတည်ဆောက်ရန်အတွက် လက်ရှိမြိုကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
ရောမမြိုသားတိုသည် ထိုအတွက် လုံးဝစိတ်ပျက်ဝမ်းနည်းခဲ့ကြသည်။ သူတို၏ ယဉ် ကျေးမှုသည် မြိုနှင့်အတူ ကျရှုးခဲ့ပြီဟု ခံစားကြသည်။ သူတိုဘဝရှိ ဘာသာရေးပစ္စည်းအားလုံး ဖျက်ဆီးခံခဲ့ရသည်။ မြင့်မြတ်သော ဘုရားကျောင်းများ၊ ဘုရားစင်များနှင့် သူတို၏ ရုပ်တုအားလုံး မီးလောင်ဆုံးရှုးခဲ့ရသည်။ သူတိုနတ်ဘုရားတိုသည် မီးလောင်ပျက်စီးမှုကို တွန်းလှန်နိုင်စွမ်းမရှိ သော ဘုရားများအဖြစ် သူတိုယုံကြည်သွားကြခြင်းကြောင့် ထိုအဖြစ်အပျက်သည် ကြီးမားသည့် ဘာသာရေး အကျိုးသက်ရောက်မှုများ ဖြစ်ခဲ့သည်။ လူများတိုသည် အိုးမဲ့အိမ်မဲ့ဖြစ်ကြပြီး မျှော် လင့်ချက် ကင်းမဲ့သွားကြသည်။ လူအများ သေကြေပျက်စီးကြသည်။ သူတို၏ နာကျဉ်းမှုသည် ကြီးမားသောကြောင့် ရောမဘုရင်နီရိုးသည် မိမိထံလာသည့် အမုန်းတရားများအား အခြားဘက် သို လွှပြောင်းရန်လိုကြောင်း နားလည်ခဲ့သည်။
နီရိုးသည် ဂျူးများနှင့် ဆက်နွယ်မှုရှိခြင်းကြောင်း မုန်းတီးခံနေရသူ၊ ရောမယဉ်ကျေးမှု နှင့် ရန်သူအဖြစ် မြင်ခြင်းခံနေရသူ ခရစ်ယာန်များကို ဓားစာခံအဖြစ် ရွေးချယ်ခဲ့သည်။ နီရိုး သည် ခရစ်ယာန်များ မီးရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းဖြန့်ခဲ့သည်။ ရလဒ်မှာ ခရစ်ယာန်များကို ညှဉ်းဆဲနှိပ်စက်မှု နေရာတိုင်းတွင် စတင်ခဲ့ပြီး၊ မကြာမီ ရောမအင်ပါယာ တစ်လျှောက်၊ တာရှု ပြည် မြောက်ပိုင်းနေရာများရှိ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည် များနှင့် “အရပ်ရပ်တို၌ ကွဲပြားသော”ဟု ရှင်ပေတရုခေါ်သည့် ခရစ်ယာန်များအထိ ပျံ့နှံသွား ခဲ့သည် (၁း၁)။ ထိုအရပ်ရပ်တို၌ ကွဲပြားသူများသည် နေရာအတော်များများမှ တပါးအမျိုးသား များဖြစ်နိုင်ပြီး (၁း၁၄၊ ၁၈၊ ၂း၉၊ ၁ဝ၊ ၄း၃)၊ ရှင်ပေါလုနှင့် သူ့အပေါင်းအပါတိုမှ ခရစ်တော်ထံ ခေါ်ဆောင်ခြင်းခံရသူများ၊ ရှင်ပေါလု၏ သွန်သင်ခြင်းဖြင့် အစပြုသူများ ဖြစ်နိုင်သည်။ သိုသော် သူတိုသည် ဒုက္ခဆင်းရဲခံရခြင်းကြောင့် ဝိညာဉ်ရေးရာ ခွန်အားများ လိုအပ်ခဲ့သည်။ ထိုကြောင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ထိန်းချုပ်မှုအောက်တွင် ရှင်ပေတရုသည် သူတိုအား ခွန်အား ပေးရန်အတွက် ဤစာစောင်အား ရေးသားခဲ့သည်။
ရှင်ပေတရုသည် ဤစာစောင်ကို ရေးသားချိန်တွင် သူသည် “ဗာဗုလုန်”၌ ရှိချိန် ဖြစ် သည် (၅း၁၃)။ ထို “ဗာဗုလုန်”အတွက် တည်နေရာသုံးခု အကြံပြုထားသည်။ ပထမမှာ၊ အီဂျစ် မြောက်ပိုင်းရှိ ရောမရှေ့တန်း တပ်စခန်းသည် ဗာဗုလုန်ဖြစ်သော်လည်း နာမည်မကြီးသော နေရာဖြစ်ခြင်းကြောင့် ရှင်ပေတရုသည်လည်း ထိုနေရာတွင် ရှိနေသည်ဟု ထင်မြင်ရန် အကြောင်းအရင်း မရှိနိုင်ပေ။ ဒုတိယမှာ မက်ဆိုပိုတေးမီးယားရှိ ရှေးဗာဗုလုန်သည် ဖြစ်နိုင်ချေ ရှိသော်လည်း ရှင်ပေတရု၊ မာကုနှင့် သိလွှာနုတိုသည် တစ်ချိန်တည်းတွင် ဝေးကွာပြီး သေးငယ် သည့် နေရာ၌ အတူတူရှိကြခြင်းသည် အတော်ကို ဖြစ်နိုင်စရာအကြောင်း မရှိပေ။ တတိယမှာ၊ “ဗာဗုလုန်”သည် ရောမမြိုအတွက် အခြားခေါ်တွင်သော နာမည်ဖြစ်ပြီး၊ ရောမမြိုအတွက် ကုဒ်နံပါတ်တစ်ခုလည်း ဖြစ်နိုင်သည်။ ဒုက္ခဆင်းရဲခံရချိန်တွင် စာရေးသူသည် အန္တရာယ် မကျရောက်သော ခရစ်ယာန်များကို အလေးထား ဖော်ပြခြင်းမျိုး မပြုခဲ့ပေ။ အချိုခံယူချက် အရ ရှင်ပေတရုသည် ဤစာစောင်ကို သူရေးပြီးနောက် နှစ်နှစ်ခန့်တွင် လုပ်ဖော်ဆောင်ဖက် များဖြစ်သည့် ရှင်ယာကုပ်၊ ရှင်ပေါလုတိုကဲ့သို ရောမမြိုတွင် မာတုရအဖြစ် အသေခံခဲ့သည်။ ထိုကြောင့် ရောမအင်ပါယာ မြိုတော်တွင် သူနေထိုင်ရင်း၊ သူ့နောက်ဆုံးအချိန် ရောက်ခါနီးတွင် ဤဩဝါဒစာစောင်ကို ရေးသားခဲ့ခြင်းဖြစ်သည်။ သူသည် ဤစာစောင်ကို သူတပါး မတွေ့စေလို ဘဲ၊ အသင်းတော်ကိုလည်း ဒုက္ခဆင်းရဲ မခံစားစေလိုခဲ့ပေ။ ထိုကြောင့် မြိုတော်၏ ရုပ်တုဆင်း တုများကြောင့် “ဗာဗုလုန်”ဟု ခေါ်သော ကုဒ်စကားလုံး တည်ရှိရာနေရာတွင် ဝှက်ထားခြင်း ဖြစ်နိုင်သည် (ဗျာ ၁၇၊ ၁၈)။
ရှင်ပေတရုသြဝါဒစာ ပထမစောင်ရှိ အဓိက ဇာတ်ကောင်များ
ရှင်ပေတရု – ယေရှု၏ တပည့်တော် (၁၂) ပါးမှ တစ်ဦး၊ ဒုက္ခဆင်းရဲခံနေရသော ယုံကြည်သူ များကို ခွန်အားပေးသည့်စာ ရေးသားသူ (၁း၁-၅း၁၄)
သိလ – ရှင်ပေါလုနှင့် သာသနာခရီးပြုသော သာသနာပြုဆရာ၊ ရှင်ပေတရု သူ့စာစောင်ရေး သားသည့်အခါ ကူညီပေးသူ (၅း၁၂) ၊
မာကု – အသင်းတော်ခေါင်းဆောင်၊ ရှင်မာကုခရစ်ဝင်ကျမ်းကို ရေးသားရန် ရှင်ပေတရု၏ သက်သေခံချက်ကို အသုံးပြုသူ (၅း၁၃)
ရှင်ပေတရုသြဝါဒစာ ပထမစောင်ရှိ အဓိက ဝေါဟာရများ
နှုတ်ကပတ်တော် – ဂရိဝေါဟာရ – logos – ၁း၂၃၊ ၂း၈၊ ၃း၁ – စာပေသဘောအရ “စကား (သို) “အမြင်”ဖြစ်ပြီး၊ ဂရိဝေါဟာရ – rhema – ၁း၂၅ လည်းဖြစ်သည်။ “ဘုရားသခင်၏ နှုတ်ကပတ်တော်”သည် သခင်ယေရှုခရစ်တော်အကြောင်း ဧဝံဂေလိ သတင်းစကားဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် အသက်ပေးရန် နှုတ်ကပတော်ကို အသုံးပြုသည်။ ထိုအရာသည် လူယောက်ျားနှင့် လူမိန်းမ ကယ်တင်ခြင်းနှင့် အသစ်ပြုပြင်ခြင်း၏ ဧဝံဂေလိသမ္မာတရားဖြစ်သည်။ ရှင်ပေတရုသည် ဟေရှာ ၄၀း၆-၈ ကို ကိုးကားခဲ့ပြီး၊ ဓမ္မသစ်ကျမ်းတွင် “ဘုရားသခင်၏ နှုတ်ကပတ် တော်”ဟု ပြောထားသည်။ ။
ပုံသက်သေ – ဂရိဝေါဟာရ – hupogranamos – ၂း၂၁ – စာပေသဘောအရ “သင်္ကေတ ကျောက်ပြား”ဟု ဖြစ်သည်။ သမ္မာကျမ်းစာအချိန်တွင် ဤစကားလုံးသည် ဂရိဗျည်းအက္ခရာ အား လုံးပါဝင်သော ကျောက်ပြားများအဖြစ် မှတ်ယူကြသည်။ ကျောင်းသားများသည် ထိုကျောက်ပြား များရှိ ဗျည်းအက္ခရာ သင်္ကေတတစ်ခုစီတိုင်းကို လေ့ကျက်ရသည်။ ယုံကြည်သူများသည် သူတို၏ ပုံသက်သေကဲ့သို ယေရှုအသက်တာကို ယူဆောင်သောအခါ၊ သူ့ဒုက္ခဆင်းရဲခံခြင်း အသက်တာသည် သူတို၏ သင်္ကေတကျောက်ပြား ဖြစ်လာသည်။ ယေရှုအသက်တာကို သင်္ကေတအဖြစ်ဖော်ဆောင် သော ခရစ်ယာန်များသည် ရင်ဆိုင်ရသော ဒုက္ခဆင်းရဲထဲမှ ဘုရားနှစ်သက်သည့် အသက်တာနှင့် ဉာဏ်ပညာကို လေ့လာသင်ယူမည်ဖြစ်သည်။
ချစ်ခြင်းမေတ္တာ – ဂရိဝေါဟာရ – agope – ၄း၈ – စာပေသဘောအရ “ချစ်ခြင်းမေတ္တာ”ဖြစ်သည်။ ဤဂရိဝေါဟာရကို ရှေးယခင်က တွေ့ရှိရမှုသည် ဓမ္မသစ်ကျမ်းတွင် ဖြစ်သည်။ agape သည် လူ စိမ်းများထံ ကြင်နာမှုဖြင့်၊ ဧည့်ဝတ်ပြုခြင်းဖြင့်၊ ကူညီမစခြင်း အပြုအမူဖြင့် ချစ်သောသူကို ရည် ရွယ်သည်။ ဓမ္မသစ်ကျမ်းတွင် agope ဟူသော ဝေါဟာရသည် အထူးအဓိပ္ပာယ်ကို ဖော်ဆောင်ပြီး၊ စိတ်ခံစားမှုသက်သက် မဟုတ်ပေ။ agape ချစ်ခြင်းသည် ဘုရားသခင်အားဖြင့် ပင်ကိုယ်ချစ်ခြင်း မေတ္တာကို ဖော်ပြသည့် ကိုယ့်ကိုယ်ကို ပူဇော်ခံခြင်း ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ကြီးမားသည့် ညှဉ်းဆဲနှိပ်စက်မှုတွင် ဒုက္ခခံကြရသော ယုံကြည်သူများကို လိပ်မူသည့် စာစောင်ဖြစ်ခြင်းကြောင့် (၁း၆၊ ၂း၁၂၊ ၁၉-၂၁၊ ၃း၉၊ ၁၃-၁၈၊ ၄း၁၊ ၁၂-၁၆၊ ၁၉) ရန်ပြုသူ များအလယ်တွင် မည်သိုအောင်မြင်အောင် အသက်ရှင်ရန် သွန်သင်ပေးသည့် ဤစာစောင် ၏ ရည်ရွယ်ချက်သည် (၁) မျှော်လင့်ခြင်း မပျောက်ဆုံးရန်၊ (၂) ခါးသီးမှုများ မဖြစ်ရန်၊ (၃) ဘုရားသခင်ကို ယုံကြည်ရန်နှင့် (၄) သခင်၏ ဒုတိယအကြိမ် ကြွလာခြင်းကို မျှော်ကြည့်ရန် ဖြစ်သည်။ ရှင်ပေတရုက သူ့စာစောင်လက်ခံရရှိသူများအား နာခံခြင်းအသက်တာဖြင့် အသက် ရှင်ရန်၊ ခရစ်ယာန်တစ်ဦးသည် ရန်ဘက်ပြုခံရသည့် လောကကြီးတွင် ဧဝံဂေလိအလုပ်လုပ်နိုင် ကြောင်း သိရှိရန် ဆန္ဒရှိခဲ့သည် (၁း၁၄၊ ၂း၁၊ ၁၂၊ ၁၅၊ ၃း၁-၆၊ ၁၃-၁၇၊ ၄း၂၊ ၅း၈-၉)။
စာတန်နှင့် သူ၏မကောင်းမှုအားဖြင့် လောကကြီးအား ထိန်းချုပ်ထားခြင်းကြောင့် ယုံကြည်သူများကို မြင်သာအောင် ပြသခဲ့သည်။ သူတို၏ လုပ်ဆောင်မှုသည် အသင်းတော်ကို အသရေပျက်စီးစေပြီး ယုံကြည်မှုနှင့် ပြည့်စုံခြင်းကို ဖျက်စီးရန်ဖြစ်သည်။ ထိုဝိညာဉ်များ၏ လုပ်ဆောင်သော နည်းလမ်းတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အမြဲအသက်မရှင် သော ခရစ်ယာန်များကို ရှာဖွေခြင်းဖြစ်ပြီး၊ အသင်းတော်သည် မည်မျှရှက်ဖွယ်ကောင်းကြောင်း မယုံကြည်သူများရှေ့တွင် ဖော်ပြနေခြင်းဖြစ်သည်။ သိုသော် ခရစ်ယာန်များသည် သန့်ရှင်းသော အသက်တာအားဖြင့် ဝေဖန်မှုများကို နှုတ်ဆိတ်နေရပြီး ရန်သူကို ဆန့်ကျင် ရပ်တည်ရမည်ဖြစ် သည်။
ဤစာစောင်တွင် ရှင်ပေတရုသည် သမ္မာတရားခေါင်းစဉ်နှစ်ခုကို အလေးအနက်ထား မီးမောင်းထိုးပြ ထားသည်။ ပထမမှာ၊ အပြုသဘောဆောင်ပြီး ခရစ်ယာန်များအပေါ် သွန်း လောင်းမည့် ကောင်းကြီးမင်္ဂလာများ စွာ ပါဝင်သည်။ ခရစ်ယာန်တို၏ သင်္ကေတနှင့် ခရစ်တော် ကို သိခြင်းဆိုသည့် အဓိပ္ပာယ်အကြောင်း သူပြောသကဲ့သို ရှင်ပေတရုသည် အခွင့်အရေးတစ် ခုနှင့် အခြားကောင်းကြီးမင်္ဂလာအကြောင်း ဖော်ပြခဲ့သည်။ ဤအထူးအခွင့်အရေးများထဲသို ရောထည့်ထားသည့်အရာမှာ ဒုက္ခဆင်းရဲခံခြင်းဖြစ်သည်။ အထူးအခွင့်အရေး များစွာ ရှိသော် လည်း ခရစ်ယာန်များသည် သူတိုအား လောကကြီးက မတရားဆက်ဆံခြင်းကို သိရန်ဖြစ်သည်။ သူတိုသည် ကောင်းကင်နိုင်ငံသားများဖြစ်ပြီး စာတန်အုပ်စိုးသော လောကတွင် ရန်ဘက်ပြုခံရ သည့် သူစိမ်းများဖြစ်သည်။ ထိုနည်းအတိုင်း ခရစ်ယာန်အသက်တာသည် ဒုက္ခဆင်းရဲခံခြင်း နည်းလမ်းဖြင့် ဘုန်းထင်ရှားရန်၊ အောင်မြင်မှုရရန် ခေါ်ထားခြင်းခံရသည့် အသက်တာများဟု မှတ်ယူနိုင်သည်။ ထိုကြောင့် ဤစာစောင်ရှိ ရှင်ပေတရုအဖြေပေးသည့် အခြေခံမေးခွန်းမှာ မုန်းတီးမှုများကို ခရစ်ယာန်များမည်သို အသက်ရှင်မည်နည်းဟု ဖြစ်သည်။ အဖြေမှာ ရန်သူများ အလယ်တွင် အောင်မြင်မှုများရရှိခဲ့သူ တစ်ဦးဖြစ်သော ခရစ်တော်ကို အာရုံပြုခြင်းနှင့် လက်တွေ့ သမ္မာတရားကို ကျင့်သုံးခြင်း အင်္ဂါရပ်များဖြစ်သည်။
ရှင်ပေတရုသြဝါဒစာ ပထမစောင်သည် ခရစ်ယာန်အသက်ရှင်ခြင်းနှင့် ပတ်သက်သည့် အခြားသော လက်တွေ့ကျသော မေးခွန်း – ခရစ်ယာန်များသည် သူတိုအတွက် ဘုရားသခင်နှင့် ကြားဝင်ဖျန်ဖြေပေးသည့် ယဇ်ပုရောဟိတ် လိုအပ်ပါသလားဟူသည်ကို အဖြေပေးပါသည် (၂း၅-၉)။ လောကီအုပ်ချုပ်သူများနှင့် ဥပဒေနာခံခြင်းကို ခရစ်ယာန်များ ပြုမူလုပ်ဆောင်သင့် ပါသလား (၂း၁၃-၁၇)။ ခရစ်ယာန်အလုပ်သမား တစ်ဦးသည် ရန်ပြုသည့် အလုပ်ရှင်ကို မည်သို ပြုစုရမည်နည်း (၂း၁၈)။ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကို မည်သိုအသက်ရှင်ရ မည်နည်း (၃း၃-၄)။ ယုံကြည်သူအမျိုးသမီးသည် မယုံကြည်သူ သူမ၏ အမျိုးသားကို မည်သို ကယ်တင်နိုင်မည်နည်း (၃း၁-၂)။
ဘုရားသခင်နှင့်ဆိုင်သော အမြင်ဘက်မှ ဒုက္ခဆင်းရဲခြင်း
လူသား ဒုက္ခဆင်းရဲခံခြင်း ဘုရားသခင်နှင့်ဆိုင်သော အမြင်
စုံစမ်းနှောင့်ယှက်ခြင်း အမျိုးမျိုး (၁း၆) ဝမ်းမြောက်ပါ ထိုအရာများက ခဏတာဖြစ်ခြင်း
မမျှတသော တရားစီရင်မှု (၁း၈) ကောင်းသောအမှုပြခြင်းဖြင့် နတ်ဆိုးလူကို တိတ်စေ
ပါ။ ခရစ်တော်၏ ပုံသက်သေနောက်လိုက်ပါ (၂း၂၁)
မှန်သောအရာကို လုပ်ခြင်းအတွက် သင့်ယုံကြည်ခြင်း သက်သေခံရန် အဆင်သင့် ဖြစ်
ဒုက္ခဆင်းရဲခံခြင်း (၃း၁၄) ၊ ပါ (၃း၁၅)
ဇာတိသဘောကို တွန်းလှန်ရန် ဆုံးဖြတ် ဇာတိစိတ်ကို စွန့်လွှတ်ပါ (၄း၂)
မှုများကြောင့် ဒုက္ခဆင်းရဲခံခြင်း (၄း၁)
ဘာသာရေး နှိပ်စက်ညှဉ်းဆဲခံရခြင်း ခရစ်တော်၏ ဒုက္ခဆင်းရဲကို ခံယူပါ(၄း၁၃ ၁၄)
(၄း၁၂-၁၄)
ဝိညာဉ်ရေးရာကြီးထွားရန်အတွက် မီးနှင့် ဘုရားထံ သင့်အသက်တာ ဆက်ကပ်ပါ သူသည်
စစ်ဆေးခြင်းတွင် ဒုက္ခဆင်းရခံခြင်း(၄း၁၉) သစ္စာရှိသော ဘုရားဖြစ် (၄း၁၉)
စာတန်၏ တိုက်ခိုက်မှုမှ ဒုက္ခဆင်းရဲခံ စာတန်အား ခုခံခြင်း ယုံကြည်ခြင်း၌ တည်ကြည် ခြင်း (၅း၉)
ခြင်း (၅း၈)
ရှင်ပေတရုသြဝါဒစာ ပထမစောင်ရှိ အမိကဩဝါဒများ
ဒုက္ခဆင်းရဲခံခြင်း – ခရစ်ယာန်များသည် သူတိုယုံကြည်ခြင်းအတွက် သူတိုဒုက္ခဆင်းရဲခံရသော အခါ ခရစ်တော်၏ ဒုက္ခဆင်းရဲခံခြင်းကို အမှတ်ရနိုင်ရမည်ဖြစ်ခြင်း (၁း၆၊ ၂း၁၂၊ ၁၉- ၂၁၊ ၃း၉၊ ၁၃-၁၈၊ ၄း၁၊ ၁၂-၁၆၊ ၁၉၊ ဆာ ၆၉း၂၆၊ ၅၀း၆၊ ၅၃း၇၊ ယေ ၁၅း၁၅၊ ဒံ ၃း၂၈၊ ဇာ ၂း၈၊ မာ ၁း၃၀၊ လု ၂၁း၁ ၂၊ ယော ၅း၁၆၊ ၁၅း၂၁၊ ရော ၈း၃၅၊ ၂ ကော ၁း၁၀၊ ၄း၉၊ ၂ တိ ၃း၁၂)
မယုံကြည်သူများအလယ်တွင် အသက်ရှင်ခြင်း
ခရစ်ယာန်များ တွန်းအားဖြစ်စေရမည့်အရာ အဘယ့်ကြောင့်ဆိုသော် …
ကောင်းသောနိုင်ငံသား (၂း၁၃၊ ၁၄) လူမိုက်များ တိတ်ဆိတ်ရန် (၂း၁၅)
နာခံသော အစေခံ (၂း၁၈) ခရစ်တော်သည် ကျွန်ုပ်တို၏ ပုံသက်သေ (၂း၂၁)
ဝန်ခံသော အမျိုးသမီးများ (၃း၁) အချို့မယုံကြည်သော ယောက်ျားများသည် သူတို ပုံသက်သေအားဖြင့် ပြောင်းလဲလာ ခြင်း (၃း၁၊ ၂)
စဉ်းစားဆင်ခြင်သော ယောက်ျားများ (၃း၇) သူတိုဆုတောင်းခြင်းကို နားညောင်းမည် ဖြစ်ခြင်း (၃း၇)
ညီအစ်ကိုမောင်နှမကဲ့သို့ ကူညီရိုင်းပင်းခြင်း (၃း၈) သူတိုသည် ကောင်းကြီးကို ခံရပြီး(၃:၉)
ရှင်ပေတရုသြဝါဒစာ ပထမစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ချဉ်းကပ်၍ ရသော ဘုရား – ၁း၁၇၊ ၃း၁၈
ဘုရားသခင်သည် သစ္စာရှိသော ဘုရား – ၄း၁၉ ဘုရားသခင်သည် သန့်ရှင်းသော ဘုရား – ၁း၁၅၊ ၁၆
ဘုရားသခင်သည် တရားမျှတသော ဘုရား – ၁း၁၂၊ ၂း၅
ဘုရားသခင်သည် စိတ်ရှည်သော ဘုရား – ၃း၂၀
ဘုရားသခင်သည် ကရုဏာရှိသော ဘုရား – ၁း၃
ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရား – ၂း၂၃
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
၁ ပေ ၃း၁၈-၂၂ သည် ဓမ္မသစ်ကျမ်းတွင် ဘာသာပြန်ဆိုရန် အခက်ခဲဆုံးကျမ်းဖြစ်ပြီး အနက်ဖွင့်ရာတွင်လည်း ခက်ခဲသည်။ ဥပမာ “ဝိညာဉ်” (၃း၁၈) သည် သန့်ရှင်းသော ဝိညာဉ် တော်အား ရည်ညွှန်းခြင်းလား၊ ခရစ်တော်၏ ဝိညာဉ်ကို ရည်ညွှန်းခြင်းလား။ နောဧရေလွှမ်း ခြင်းမတိုင်မီ ခရစ်တော်သည် တရားဟောခဲ့ပါသလား (သို) ကားတိုင်တွင် အသတ်ခံရပြီးမှ သူတရားဟောခဲ့ခြင်းလား ၉၃း၁၉)။ ဤတရားကို ကြားနာသူများသည် နောဧလက်ထက်က လူများအကြောင်း (သို) ထောင်ထဲတွင် လှောင်ထားသော နတ်ဆိုးများကို ရေးသားခဲ့ခြင်းလား (၃း၁၉)။ ၁ ပေ ၃း၂၀-၂၁ သည် ဗတ္တိဇံခံပြီး အသက်မွေးခြင်း (ကယ်တင်ခြင်း) (သို) ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းရကြောင်းကို ပြောခြင်းလား။ မေးခွန်းအားလုံးကို ခက် ခဲသည့် မေးခွန်းများအတွက် အဖြေများကဏ္ဍတွင် ကြည့်ပါ။
အကျဉ်းချုပ် ကောက်နှုတ်ချက်
နှုတ်ဆက်ခြင်း (၁း၁၊ ၂)
၁။ ကျွန်ုပ်တို၏ ကြီးမြတ်သည့် ကယ်တင်ခြင်းကို သတိရပါ (၁း၃-၂း၁၀)
က။ သေချာသော ကျွန်ုပ်တို၏ အနာဂတ်အမွေ (၁း၃-၁၂)
၁။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် စောင့်ရှောက်ထားခြင်း (၁း၃-၅)
၂။ ညှဉ်းဆဲခြင်း ဒုက္ခဝေဒနာများဖြင့် သက်သေပြခြင်း (၁း၆-၉)
၃။ ဘုရားသခင်၏ ပရောဖက်အားဖြင့် ဟောပြောခြင်း (၁း၁၀-၁၂)
ခ။ ကျွန်ုပ်တို အနာဂတ်အမွေ၏ အကျိုးဆက်များ (၁း၁၃-၂း၁၀) ၊
၁။ မျှော်လင့်ခြင်းအတွက် လုံလရှိခြင်း (၁း၁၃-၁၆)
၂။ ချီးမွမ်းဖွယ်ရာများအတွက် ကြိုးစားလုပ်ဆောင်ခြင်း (၁း၁၇-၂၁)
၃။ ချစ်ခြင်းမေတ္တာ၏ တန်ခိုး (၁း၂၂-၂၃)
၄။ ခရစ်တော်၏ ချီးမြှောက်ခြင်း (၂း၄-၁၀)
၂။ လူများရှေ့ ကျွန်ုပ်တို၏ စံပြုသူများကို သတိရပါ (၂း၁၁-၄း၆) ၊
က။ မယုံကြည်သူများရှေ့တွင် အတုယူဖွယ်ရာပုံစံဖြင့် အသက်ရှင်ခြင်း (၂း၁၁-၃း၇)
၁။ အစိုးရမင်းကို ဝန်ခံခြင်း (၂း၁၁-၁၇)
၂။ သခင်ကို ဝန်ခံခြင်း (၂း၁၈-၂၅) ၊
၃။ မိသားစုတွင် ဝန်ခံခြင်း (၃း၁-၇) ၊
ခ။ ယုံကြည်သူများရှေ့ အတုယူဖွယ်ရာပုံစံဖြင့် အသက်ရှင်ခြင်း (၃း၈-၁၂)
ဂ။ ဒုက္ခဆင်းရဲအလယ်တွင် အတုယူဖွယ်ရာပုံစံဖြင့် အသက်ရှင်ခြင်း (၃း၁၃-၄း၆)
၁။ ဖြောင့်မတ်ခြင်းအတွက် ဒုက္ခဆင်းရဲ နိယာမ (၃း၁၃-၁၇)
၂။ ဖြောင့်မတ်ခြင်းအတွက် ဒုက္ခဆင်းရဲအလယ်တွင် စံပြုသူ (၃း၁၈-၂၂)
၃။ ဖြောင့်မတ်ခြင်းအတွက် ဒုက္ခဆင်းရဲ၏ ရည်ရွယ်ချက် (၄း၁-၆)
၃။ သခင်ယေရှု ပြန်ကြွလာမည်ကို သတိရပါ (၄း၇-၅း၁၁)
က။ ခရစ်ယာန်အသက်ရှင်ခြင်း၏ တာဝန်များ (၄း၇-၁၁)
ခ။ ခရစ်ယာန်တို၏ ဆင်းရဲခံရခြင်း၏ ဆုလဒ်များ (၄း၁၂-၁၉)
ဂ။ ခရစ်ယာန်ခေါင်းဆောင်မှုပြုခြင်း၏ လိုအပ်ချက်များ (၅း၁-၄)
ဃ။ ခရစ်ယာန်အောင်မြင်ခြင်းကို နားလည်သဘောပေါက်ခြင်း (၅း၅-၁၁)
နိဂုံး (၅း၁၂-၁၄)
ရှင်ပေတရုသြဝါဒစာ ပထမစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ရောမမြိုတော် မီးလောင်ကျွမ်းခဲ့သည်။ ခရစ်ယာန်များသည် မီးရှိသူ အဖြစ် နီရိုးက စွပ်စွဲခဲ့ပြီး၊ ထိုအချိန်မှစ၍ ယုံကြည်သူအားလုံး နေရာ အတော်များများတွင် ဒုက္ခဆင်းရဲခံရမှု အစပြုသည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ရှင်ပေတရုသည် သူ့စာဖတ်သူများအား “ရွေးကောက်တော်မူသောသူ”ဟု အဘယ့်ကြောင့် ခေါ်ထားသနည်း (၁း၂)။
ဂရိဘာသာစကားတွင် “တစ်စုံတစ်ယောက်ကို ခေါ်ခြင်း”ဟု အဓိပ္ပာယ်ရသည့် ဝေါဟာရ ကို ဤနေရာတွင် အသုံးပြုထားသည်။ “ကောက်ယူရန်” (သို) “ရွေးကောက်ရန်”ဟု အဓိပ္ပာယ် ရှိသည်။ ဓမ္မဟောင်းကျမ်းတွင် ထိုစကားလုံးသည် ဣသရေလလူမျိုးကို ပြောထားခြင်းဖြစ်ပြီး (တရားဟော ၇း၆)၊ ဘုရားသခင်၏ အုပ်စိုးမှု အာဏာဖြင့် ဣသရေလလူမျိုးတိုအား ကမ္ဘာတစ် ဝှမ်းရှိ လူမျိုးအပေါင်းတိုမှ ထာဝရဘုရားကို ယုံကြည်ကိုးကွယ်ရန်အတွက် ရွေးကောက်ခြင်းကို ရည်ညွှန်းပါသည် (တရားဟော ၁၄း၁၂၊ ဆာ ၁၀၅း၄၃၊ ၁၃၅း၄)။ ဤစာစောင်၌ ရွေးကောက်တော်မူခြင်းဆိုသော စကားလုံးကို ခရစ်ယာန်များအတွက် သုံးနှုန်းထားရာတွင် ကယ်တင်ခြင်း ရရှိရန် ဘုရားသခင်မှ ရွေးကောက်တော်မူခြင်းဟု အဓိပ္ပာယ်သက်ရောက် ပါသည် (ရော ၈း၃၃၊ ကော ၃း၁၂ ၂တိ ၂း၁၀)။ ထိုပြင် ဤအသုံးအနှုန်းအား ဘေးဒဏ်ကြီးကာလ အတွင်း ခရစ် တော်ကို ယုံကြည်လက်ခံလာမည့် ယုံကြည်သူများကိုလည်း ရည်ညွှန်းသည် (၁ တိ ၅း၂၁)။ ထာဝရဘုရားမှ ရွေးကောက်ထားသူများဟု သတိပေးခြင်းသည် ညှဉ်းပမ်းနှိပ်စက် ခံနေကြရသည့် ခရစ်ယာန်များအတွက် နှစ်သိမ့်အားပေးမှုဖြစ်သည်။
ဤအသုံးအနှုန်းနှင့် အခြားကိုယ်ပိုင်အသုံးအနှုန်းများ အသုံးပြုခြင်းအားဖြင့် ရှင်ပေတရု သည် ယုံကြည်သူများ ကြုံတွေ့နေရသည့် ညှဉ်းပမ်းနှိပ်စက်မှုများကို ဘုရားသခင်နှင့် ကင်းဝေး မှုအဖြစ် မှတ်ယူခြင်းမရှိဘဲ ခွန်အားဖြစ်စေရန်အတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ပေး ထားသည်။ ညှဉ်းဆဲနှိပ် စက်ခြင်းနှင့် ဆင်းရဲဒုက္ခသည်ပင်လျှင် ဘုရားသခင်၏ လက်တော်၌ ရှိသည်သာမက ယုံကြည်သူများအတွက် အဆုံး၌ခံစားရမည့် လုံခြုံစိတ်ချမှုပင် ဖြစ်ပါသည်။
၂။ “နှုတ်ကပတ်တရား၏ နိုစစ်”ဟူသည်မှာ အဘယ်နည်း (၂း၂-၃)။
သမ္မာကျမ်းစာသည် စာဖတ်သူတိုအား အခါအားလျော်စွာ အံ့ဩစေတတ်သည်။ ထိုသို ဆိုသော် ဝိညာဉ်ရေးရာ အမှန်တရား သွန်သင်ရာ၌ ရှင်းလင်းသည့် တင်စားဖော်ပြသော ဘာသာ စကားကို သုံးနှုန်းထားခြင်းကြောင့် ဖြစ်သည်။ ယုံကြည်သူတို၏ နေ့စဉ်ဘဝသည် ကောင်းကင် နိုင်ငံ အမှန်တရားအတွက် ကြည့်မှန်တစ်ချပ်ကဲ့သို ဖြစ်တတ်သည်။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် စစ်မှန်သော ဝိညာဉ်အစားအစာဖြစ်သည်။ ဝိညာဉ်ရေးရာ ရင့်ကျက်တိုးတက်မှု သည် ကလေးငယ်တစ်ဦးမှ နိုရည်ကို စွဲမြဲသုံးဆောင်သကဲ့သို ထာဝရဘုရား၏ နှုတ်ကပတ်တော် ၌ မွေ့လျော်လိုစိတ် အားကြီးမှုနှင့် တိုင်းတာထားသည် (ယောဘ ၂၃း၁၂၊ ဆာ ၁း၁-၂၊ ၁၉၇း၁၁၊ ၁၁၉း၁၆၊ ၂၄၊ ၃၅၊ ၄၇၊ ၄၈၊ ၇၂၊ ၉၂၊ ၉၇၊ ၁၀၃၊ ၁၁၁၊ ၁၁၃၊ ၁၂၇၊ ၁၅၉၊ ၁၆၇၊ ၁၇၄၊ ယေ ၁၅း၁၆)။ ဝိညာဉ်ရေးရာ ပြန်လည်မွေးဖွားခြင်း၏ ကြီးထွားမှု အစပြုခြင်းသည် ခရစ်ယာန် အသက်တာ၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် မိမိတိုအသက်တာ၏ အရင်းအမြစ်ဖြစ်သည်ဟု သိနားလည်ခြင်းအားဖြင့်လည်းကောင်း (၁း၂၅၊ ဟေရှာ ၅၅း၁ဝ-၁၁၊ ယော ၁၅း၃၊ ဟေဗြဲ ၄း၁၂)၊ မိမိတိုအသက်တာမှ အပြစ်တရားများ ကို ပယ်ဖျက်ပေးခြင်းအားဖြင့် လည်းကောင်း (၂း၁)၊ မွေးကင်းစကလေးငယ်များကဲ့သို ထာဝရ ဘုရား၏ သမ္မာတရားသည် မိမိတို၏ လိုအပ်ချက်ဖြစ်သည် ဟူ၍ လည်းကောင်း (၂း၂၊ မ ၄း၄)၊ ဝိညာဉ်ရေးရာ တိုးတက်မှုကို လိုက်လံရှာဖွေ ခြင်းမှတဆင့် သင်၏အသက်တာ တိုးတက်မှု အတွက်လည်းကောင်း၊ ကောင်းကြီးများ ပြန်လည်သုံးသပ်ရေ တွက်ခြင်းအားဖြင့် ဘုရားသခင် သည် ကျေးဇူးကရုဏာ ကြီးမားတော်မူသည်ဟူ၍လည်းကောင်း၊ အစဉ်အမြဲနှလုံးသွင်း သတိရ ခြင်းဖြင့် ခရစ်ယာန်တိုသည် ထာဝရဘုရား၏ နှုတ်ကပတ်တော် အမှန်အား စွဲမက်ခုံမင်ခြင်းကို ၊ ဆက်လက်ထိန်းသိမ်းနိုင်သည်။
၃။ ခရစ်ယာန်များသည် ဘုရားသခင်ထံတော်ပါးသို ချဉ်းကပ်ဝင်ရောက်ရန်အတွက် ယဇ်ပုရော ဟိတ် လိုအပ်ပါသလား။
ခရစ်ယာန်တို၏ ဓမ္မသစ်အထူးအခွင့်အရေးများကို အလေးအနက်ထားနိုင်ရန်အတွက် ရှင်ပေတရုသည် ဓမ္မဟောင်းကျမ်းသဘောတရားများနှင့် ယဇ်ပုရောဟိတ် မင်းမျိုးဖြစ်ခြင်း ဖော်ပြထားသည် (တရားဟော ၇း၆-၈)။ ဤအသုံးအနှုန်းမှတဆင့် ဓမ္မသစ်ကျမ်းဆိုင်ရာ အသုံးအနှုန်းဖြစ်သည့် “ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ် မင်းမျိုးဖြစ်သည်”ဟု ဖြစ်ပေါ်လာသည်။ ယုံကြည်သူများအတွက် လိုအပ်သော ကိုယ်စားပြုသည့် ယဇ်ပုရောဟိတ်နေရာအတွက် နောက်ဆုံး ယဇ်ပုရောဟိတ်ဖြစ်သည့် ယေရှုခရစ်တော်ကို ဖြည့်ဆည်း ပေးခဲ့ပြီဖြစ်သည် ( ၉း၁၅)။ ယဇ်ပုရောဟိတ်၏ တာဝန်အား ဖျက်သိမ်းခြင်းမဟုတ်ဘဲ ပြောင်းလဲပေးလိုက်ခြင်းပင် ဖြစ်သည်။ ဤကျမ်းချက်ရှိ ယုံကြည်သူအားလုံး ယဇ်ပုရောဟိတ်ဖြစ်ခြင်း၏ အဓိက တာဝန်မှာမှောင်မိုက်အတွင်းမှ အံ့ဖွယ်အလင်းထဲသို ခေါ်ဆောင်ခဲ့သည့် ထာဝရဘုရား၏ ဂုဏ်တော် ချီးမွမ်းရန်အတွက် ဖြစ်သည်။
ယဇ်ပုရောဟိတ်မင်းမျိုးဟူသော အသုံးအနှုန်းမှာ ထွက် ၁၉၆ မှ လာခြင်းဖြစ်သည်။ ဣသရေလတိုသည် ဤအခွင့်အရေးကို ယာယီခဏထိန်းသိမ်းနိုင်ခဲ့သည်။ အဘယ့်ကြောင့်ဆို သော် သူတို၏ လမ်းလွဲမှုနှင့် ထာဝရဘုရား၏ စကားကို နားမထောင်သော ခေါင်းဆောင်များ၏ ကယ်တင်ရှင်မေရှိယအား သတ်ဖြတ် ခဲ့မှုကြောင့် ဖြစ်သည်။ မျက်မှောက်ကာလတွင် အသင်း တော်သည် ယဇ်ပုရောဟိတ်မင်းမျိုးဖြစ်သည့် ယေရှုခရစ်တော်၌ စုပေါင်းဖွဲစည်းထားသည့် ယဇ်ပုရောဟိတ်မင်းမျိုးများ ဖြစ်သည်။ ယဇ်ပုရောဟိတ် မင်းမျိုးဘဝသည် ရှင်ဘုရင်အား အလုပ် အကျွေးပြုရန်သာမက တာဝန်များကို ဆောင်ရွက်ရသည့် ယဇ်ပုရောဟိတ်လည်း ဖြစ်ပါသည်။ ဤသဘောတရားသည် အနာဂတ်တွင် ခရစ်တော်၏ နိုင်ငံတော်၌ ပြည့်စုံမည်ဖြစ်သည် (၁ ကော ၆း၁-၄၊ ဗျာ ၅း၁၀၊ ၂၀း၆)။
၄။ ၁ ပေ ၃း၁၈-၂၂ တွင် ဝိညာဉ်၊ တွင်းနက်၊ ရေလွှမ်းမိုးခြင်းနှင့် နှစ်ခြင်းမင်္ဂလာ ကဲ့သိုသော အသုံးအနှုန်းများကို ရင်းနှီးသောအသုံးအနှုန်းများအဖြစ် မည်သို အသုံးပြုထားသနည်း။
ဤကျမ်းပိုဒ်သည် ဓမ္မသစ်ကျမ်းအတွင်း ဘာသာပြန်အနက်ဖွင့်ဆိုရာတွင် အခက်ခဲဆုံး သော ကျမ်းပိုဒ်များထဲမှ တစ်ခုဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်း အရိပ်အမြွတ်နှင့် ဓမ္မသစ်ကျမ်း အသုံးပြုခြင်းအကြား ဆိုလိုရင်းမှာ မသဲကွဲပေ။ ဤကျမ်းပိုဒ်အတွက် ရှင်ပေတရု၏ ယေဘုယျ ဆိုလိုရင်းအဓိပ္ပာယ်မှာ ဆင်းရဲဒုက္ခခံနေကြရသည့် စာဖတ်သူတိုအား ခွန်အားပေးတိုက်တွန်းရန် ဖြစ်သည်ကို အနက်ဖွင့်ဆိုရာ၌ မေးမထားသင့်သည့် အချက်ဖြစ်သည်။ ရှင်ပေတရုအင့် စာဖတ်သူတိုအား ထပ်ခါထပ်ခါ သတိပေးထားသည့် အချက်မှာ ခရစ်တော်ပင်လျှင် မတရား သည်းဆဲခြင်းခံခဲ့ရပြီး၊ ထိုကဲ့သို ခံစားခဲ့ရသည်မှာလည်း ဘုရားသခင်၏ အလိုတော်နှင့် ထာဝရ ဘုရား၏ အမှုကိစ္စပြီးပြည့်စုံစေရန်အတွက်ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
ထိုကြောင့် ခရစ်တော်ကိုယ်တိုင် သူ၏ လောကီခန္ဓာကိုယ်အား အသေသတ်ခံခြင်းခံရ သည့်အခါတွင် ကိုယ်ကာယညှဉ်းပမ်းနှိပ်စက်မှုနှင့် အသေသတ်ခြင်းကို တွေ့ကြုံခံစားခဲ့ရသည် လည်း သူ့အား ဝိညာဉ်တော် အားဖြင့် အသက်ရှင်စေခဲ့သည် (ငယ် ၁၈)။ ဤကျမ်းချက်သည် သန့်ရှင်းသော ဝိညာဉ်တော်အား ရည်ညွှန်းခြင်းမဟုတ်ဘဲ၊ ခရစ်တော်၏ စစ်မှန်သောအသ တာနှင့် သူ၏ ဝိညာဉ်ကို ဆိုလိုသည်။ မြေကြီး၌ သုံးရက်လေခဲ့သည့် ခန္ဓာကိုယ်နှင့် နှိင်းယှဉ်၍ ခရစ်တော်၏ ဘုရားဖြစ်ခြင်းသည် ဆက်လက်ရှင်သန်ခဲ့ခြင်းကို တိုက်ရိုက်ပြောဆိုရာ၌ “ဝိညာဥ်၌” (လု ၂၃း၄၆) ဟု ရေးသားခဲ့ခြင်းဖြစ်သည်။
ခရစ်တော်၏ သေခြင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်အစိတ်အပိုင်းသည် သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြား ခရစ်တော်၏ လုပ်ဆောင်မှုအားလုံး ပါဝင်ခဲ့သည်။ ခရစ်တော်၏ အသက်ရှင်သော ဝိညာဉ်သည် တွင်းနက်အတွင်း ပိတ်လှောင်နေသော နတ်ဆိုးများထံသို သွား ရောက်၍ သေခြင်းမာန်ကို အောင်မြင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ရှင်ပေတရုက ဆက်လက် ဖော်ပြသည်မှာ ထိုတွင်းနက်ထဲ၌ ပိတ်လှောင်နေကြသော နတ်ဆိုးတိုသည် နောဧလက်ထက်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ဖြစ်သည်။ သူတိုအား ထိုနေရာသို ပိုဆောင်ခြင်း အကြောင်းအရင်းမှာ ဘုရားသခင်၏ သည်းခံခြင်းပါရမီအား သူတို၏ အပြစ်တရားအားဖြင့် ကျူးလွန်စော်ကားခဲ့ခြင်း ကြောင့် ဖြစ်သည်။ နော၏ အနှစ် (၁၂၀) ပတ်လုံး တရားဟောခြင်းသည်ပင် သူ့ခေတ်အပြစ် သားများကို ဟန့်တားနိုင်ခြင်း မရှိခဲ့ပေ (က ၆း၁-၈)။ ထိုကြောင့် ထာဝရဘုရားသည် ထိုနတ်ဆိုး တိုကို နောက်ဆုံးပြစ်ဒဏ်မချမှတ်မီ ဤတွင်းနက်ကြီးအတွင်း ပိတ်လှောင်ထားခြင်းဖြစ်ပါသည်။
ရှင်ပေတရု၏ ကြောင်းကျိုးဆက်စပ်မှုသည် နောဧ၏ သင်္ဘောအားဖြင့် နောဧမိသားစု ကယ်တင်ခြင်း ရရှိခဲ့သည့်အတိုင်း ယေရှုခရစ်တော်၏ သာသနာအားဖြင့် ကျွန်ုပ်တိုသည်လည်း ကယ်တင်ခြင်းရရှိခဲ့ခြင်းဖြစ် ကြောင်း မီးမောင်းထိုးပြထားသည်။ ၃း၂၁ တွင် ဖော်ပြထားသည့် နှစ်ခြင်းခံခြင်းမှာ ရေထဲ၌ ခံယူသည့် နှစ်ခြင်းမဟုတ်ဘဲ ထာဝရဘုရား၏ ရေလွှမ်းမိုးမှု စီရင်ခြင်း မှ ခရစ်တော်၌ ဝင်ရောက်ခိုလှုခြင်းအားဖြင့် ကယ်တင်ခြင်းရရှိသည့်သဘောကို ရည်ညွှန်းပါ သည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အဓိပ္ပာယ်မှာ ယုံကြည်သောသူတိုင်း၏ အပြစ်အ တွက် ခရစ်တော်၏ ကိုယ်စားအသေခံခြင်းကို ထာဝရဘုရားမှ လက်ခံကြောင်းကို ဖော်ပြခြင်း ဖြစ်ပါသည် (တ ၂း၃၀-၃၁၊ ရော ၁း၄)။ ရေလွှမ်းမိုးခြင်း၏ အပြစ်ဒဏ်စီ ရင်ခြင်းသည် သင်္ဘော ပေါ်သို သက်ရောက်သကဲ့သို ထာဝရဘုရား၏ အပြစ်ဒဏ်စီရင်ခြင်းသည်လည်း ခရစ်တော် အပေါ်သို ကျရောက်ခြင်းဖြစ်ပါသည်။ သင်္ဘော၏ လုံခြုံမှုကို ခိုလှုသော သူအနေဖြင့် ပြစ်ဒဏ် ရေလွှမ်းမိုးမှုအပေါ်၌ ရွက်လွင့်ကျော်ဖြတ်၍ ထာဝရဘုန်းတော်ဝင်စားသကဲ့သို ခရစ်တော်၌ ခိုလှုသော သူတိုသည်လည်း ထိုနည်းတူပင် ဖြစ်ကြသည်။
ရှင်ပေတရုသြဝါဒစာ ပထမစောင်ကို ဆက်လက်လေ့လာရန်
၁။ ရှင်ပေတရုသည် စာဖတ်သူတို၏ ခရစ်တော်နှင့်မိတ်သဟာယပြုခြင်းက လုံခြုံမှုရှိကြောင်းကို သဘောပေါက်စေလိုသည်။ ရှင်ပေတရုသည် ကယ်တင်ခြင်းအတွက် မည်သည့်အချက်များ ကို ထုတ်ဖော်ပြခဲ့သနည်း။
၂။ ရှင်ပေတရုသည် ဤစာစောင်၌ ခရစ်တော်၏ အထူးရာထူး၊ နာမနှင့် တာဝန်တို့ကို မည်ကဲ့သို ဖော်ပြခဲ့သနည်း။
၃။ ၁ ပေ ၂း၂၁-၂၅ တွင် ဆင်းရဲဒုက္ခခံနေကြသည့် ယုံကြည်သူများ၏ ယုံကြည်ခြင်းအတွက် ယေရှုခရစ်တော်သည် မည်ကဲ့သိုသော နမူနာပုံစံအဖြစ် ထမ်းဆောင်ခဲ့သနည်း။
၄။ ၁ ပေ ၃း၁-၇ နှင့် ဧ ၅း၂၁-၃၃ တိုအား နှိင်းယှဉ်ပါ။ ဤစာစောင်နှစ်ခု၏ စာရေးသူတိုသည် ထိမ်းမြားခြင်းနှင့်ပတ်သက်ပြီး တူညီသောအချက်နှင့် ခြားနားသောအချက်ကို မည်ကဲ့သို အလေးအနက် ဖော်ပြထားသနည်း။
၅။ ယေဘုယျအားဖြင့် ခရစ်ယာန်တိုအကြား ရင်းနှီးကျွမ်းဝင်မှုတိုကို ရှင်ပေတရုက မည်သို ဖော်ပြခဲ့သနည်း။
၆။ ၁ ပေ ၁း၁၄-၂၅ တွင် ရှင်ပေတရုအနေဖြင့် သန့်ရှင်းစွာ အသက်ရှင်နေထိုင်ခြင်း၏ အရေးပါ ပုံကို အလေးအနက်ပြုပြီး အဓိကအခန်းကဏ္ဍအဖြစ် ထည့်သွင်းထားသည်။ သင်၏ အသက် ရှင် နေထိုင်မှု ပုံစံသည် ရှင်ပေတရုချပြခဲ့သည့်ပုံစံနှင့် ကိုက်ညီပါသလား။
ရှင်ပေတရုသြဝါဒစာဒုတိယစောဝ် (Second Peter)
ဘုရားသခင်၏ လူများအလယ်ရှိ မှားယွင်းသော ဆရာများ
ခေါင်းစဉ်
၂ ပေ ၁း၁ တွင် တမန်တော် ရှင်ပေတရုသည် စာစောင်ရေးသားသူအဖြစ် ရှင်းရှင်း လင်းလင်း တွေ့ရပြီး ဤဩဝါဒစာ ရှင်ပေတရုသြဝါဒစာအဖြစ် အမည်ပေးထားသည်။ ရှင်ပေတရု၏ ဩဝါဒစာ ပထမစောင်နှင့်ခွဲခြား သိရှိနိုင်ရန် ဂရိကျမ်းစာတွင် “Petrou B” (သို) ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်အဖြစ် ခေါင်းစဉ်ပေးထားသည်။
စာရေးသူနှင့် ရက်စွဲ ၊
ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်အား ရေးသားသူသည် ရှင်ပေတရုဖြစ်သည် (၁ ပေ – စာရေးသူနှင့် ရက်စွဲတွင်ကြည့်ပါ)။ ၂ ပေ ၁း၁ တွင် သူရေးသားဖော်ပြခဲ့ခြင်း၊ ၃း၁ တွင် သူ၏ ပထမစာစောင်အား ပြန်ရည်ညွှန်းပြောဆိုခြင်း၊ ၁း၁၄ တွင် သခင်ယေရှု၏ သေခြင်းအား ကြိုတင်ပြောဆိုခြင်းအား ရည်ညွှန်းခြင်း (ယော ၂၁း၁၈-၁၉)၊ ၁း၁၆-၁၈ တွင် သဏ္ဌာန်ပြောင်းလဲ ခြင်းအကြောင်း ပြောခြင်း (မ ၁၇း၁-၄) စသည်တိုကို တွေ့ရသည်။ သိုသော်လည်း ကျမ်းဝေ ဖန်သူများသည် အခြားသော ဓမ္မသစ်ကျမ်းများထက် ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်၏ စာရေးသူနှင့် ကျမ်းစာတွင် ထည့်သွင်းထားခြင်းအပေါ် ပိုပြီး အငြင်းအခုန်ဖြစ်ကြသည်။ အသင်း တော်ဖခင်ကြီးများသည် ထိုအရာကို အချိန်အတော်ကြာမှ လက်ခံခဲ့ကြသည်။ သုံးရာစုအစော ပိုင်း အသင်းတော်ဖခင်ကြီး Origen မတိုင်မီအထိ မည်သည့် အသင်းတော်ဖခင်ကြီးများမှ ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်အား မပြောကြပေ။ ကနဦးအသင်းတော်သမိုင်း ပညာရှင် Eusebius သာလျှင် အငြင်းပွားဖွယ်ရာ စာအုပ်များတွင် ရှင်ယာကုပ်ဩဝါဒစာ၊ ရှင်ယုဒဩဝါဒ စာ၊ ရှင်ယောဟန် ဒုတိယစာနှင့် တတိယစာစောင်တိုနှင့် ရှင်ပေတရုသြဝါဒစာ ဒုတိယစာစောင် တိုအား ထည့်သွင်းသည်။ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီးများပင် ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်အား လက်ခံရန် ခက်ခဲခြင်း ကြုံနေကြသည်။
ဂရိကျမ်းစာ ခေါင်းစဉ်ပေးမှုအရ ဩဝါဒစာစောင်နှစ်စောင်အကြောင်း ကွဲပြားခြားနားမှု အကြောင်း မေးခွန်းကို ကျေနပ်ဖွယ် အဖြေရှိခဲ့သည်။ ၁ ပေ ၅း၁၂ တွင် ရှင်ပေတရုသည် သူ့ စာစောင်အား သိလွှာနုကို အသုံးပြုပြီး ရေးခဲ့ကြောင်း တွေ့ခဲ့ရသည်။ ၂ ပေတွင်လည်း ရှင်ပေ တရုသည် သူ၏စာစောင်အား အခြားသော စာရေးသူကို အသုံးပြုပြီး (သို) သူကိုယ်တိုင် ရေး သားခဲ့ကြောင်း ဖြစ်နိုင်သည်။ မတူညီသော အဓိကအကြောင်း အရာများကို ကြည့်ခြင်းအားဖြင့် စာစောင်နှစ်ခုအကြား မတူညီသည့် ဝေါဟာရအသုံးအနှုန်းများကို ဖြေရှင်းပေးနိုင်သည်။ ရှင်ပေ တရုသြဝါဒစာ ပထမစာစောင်သည် ဆင်းရဲခြင်းခံနေရသော ခရစ်ယာန်များအား ကူညီပေးရန် ရေးသားခဲ့သည်။ ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်သည် မှားယွင်းသော ဆရာများအကြောင်း ထင်သာမြင်သာရှိအောင် ရေးသားခဲ့သည်။ အခြားတစ်ဖက်တွင်လည်း စာအုပ်နှစ်အုပ်အကြား တူညီသော ဝေါဟာရအသုံးအနှုန်းများကို တွေ့ရသည်။ နှုတ်ခွန်းဆက်စကား “ကျေးဇူးတော်နှင့်
ရှင်ပေတရဩဝါဒစာ ဒုတိယစောင်၌ ခရစ်တော်
သူ၏ ဒုတိယစာစောင်တွင် ရှင်ပေတရုသည် “သူခိုး သည် ညဉ့်အခါလာသကဲ့သို” သခင်ယေရှု ခရစ် တော်၏ ဒုတိယအကြိမ်ကြွလာခြင်းအကြောင်း ဖော် ပြထားသည် (၃း၁၀)။ ထိုအပြင် သူသည် ခရစ် | တော်အား သိသောဉာဏ်သည် ယုံကြည်သူတိုင်းအ တွက် ငြိမ်သက်ခြင်း၊ ကျေးဇူးတော်နှင့် တန်ခိုးကို ဖြစ်စေကြောင်း ထပ်ခါထပ်ခါ ပြောထားသည် (၁း၂-၃၊ ၈၊ ၃း၁၈)။
ငြိမ်သက်ခြင်းသည် သင်တို၌ များပြားပါစေ သော”ဟူသည့် စာစောင်နှစ်ခုလုံးတွင် ဖော် ပြသည့်အရာအဖြစ် တွေ့ရသည်။ ရှင်ပေတ ရုဩဝါဒစာ ဒုတိယစောင်တွင် သုံးထားသော ဂရိဝေါဟာရ “အဖိုးတန်မှု” “သူတော် ကောင်းတရား” “မဆက်စပ်သော” “မျက် မြင်သက်သေ” စသည်တိုသည် ပထမစာ စောင်တွင် အသုံးပြုထားသည်။ ၂ ပေတွင် အသုံးပြုထားသော ပုံမှန်မဟုတ်သည့် ဝေါ ဟာရများသည် တမန်တော်ဝတ္ထုရှိ ရှင်ပေတရုပြောထားသည့် စကားများတွင် တွေ့ရသည်။ ထိုဝေါဟာရများတွင် “ရရှိခဲ့ပြီး” (သို) “သတ်မှတ်ပိုင်းခြားခဲ့ပြီး” (၁း၁-၂၊ တ ၁း၁၇)၊ “ဘုရား တရားကြည်ညိုခြင်း” (သို) “ဘုရားတရားကိုင်းရှိင်းခြင်း” (၂ ပေ ၁း၃၊ ၆-၇၊ ၃း၁၁၊ တ ၃း၁၂)၊ မကောင်းမှု (သို) မဖြောင့်မတ်ခြင်း၏ “အဖိုးအခ” (သို) “အကျိုးရလဒ်” (သို) “ဆုလဒ်” (၂ ပေ ၂း၃၊ ၁၅၊ တ ၁း၁၈) စသည်ဖြင့် တွေ့ရသည်။ စာစောင်နှစ်ခုလုံးတွင် ဓမ္မဟောင်းကျမ်းကို ကိုးကားထားသည် (၂ ပေ ၂း၅၊ ၁ ပေ ၃း၁၈-၂၀)။ အချိုသော ကျမ်းပညာရှင်များက ရှင်ပေ တရုသြဝါဒစာ ပထမစောင်နှင့် ဒုတိယစောင်ရှိ ဝေါဟာရများသည် တိမောသေသြဝါဒစာ ပထမ စောင်နှင့် တိတုဩဝါဒစာ စောင်တိုရှိ ဝေါဟာရများကဲ့သို ဖြစ်နေပြီး၊ ထိုစာစောင်နှစ်ခုလုံးကို ရှင်ပေါလု ရေးသားခဲ့သည်ဟု ခံယူကြသည်။
စာစောင်တစ်စောင်တွင် ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်းသည် နီးကပ်ပြီဖြစ် ကြောင်း၊ အခြားတစ်စောင်တွင် ကြန့်ကြာခြင်းအကြောင်း ဖော်ပြထားချက်များကို ကြည့်ခြင်း ဖြင့် အဓိကအကြောင်းအရာ အလေးထားဖော်ပြချက်များကို ဖြေရှင်းပေးနိုင်သည်။ ဆင်းရဲခံ နေရသော ခရစ်ယာန်များကို ကူညီပေးခြင်းအကြောင်း ဖော်ပြထားသည့် ရှင်ပေတရုသြဝါဒစာ ပထမစောင်သည် ခရစ်ယာန်များကို တွန်းအားပေးသည့်အနေဖြင့် ခရစ်တော်ကြွလာရန် နီးကပ် ပြီဖြစ်ကြောင်း အလေးထားဖော်ပြထားသည်။ ပျက်ရယ်ပြုသူများအကြောင်း ဖော်ပြထားသည့် ရှင်ပေတရု ဒုတိယစောင်သည် အဘယ့်ကြောင့် ခရစ်တော်ကြွလာခြင်းအချိန်သည် မဖြစ်ပျက် သေးခြင်းကို အလေးထားဖော်ပြထားသည်။ အခြားသော ကျမ်းဝေဖန်သူများက ကွဲပြားသည့် အမြင်များအဖြစ် စာစောင်တစ်ခုတွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် အခြားစာစောင် တစ်ခုတွင် ခရစ်တော်၏ သဏ္ဌာန်ပြောင်းလဲခြင်းအကြောင်း ဖော်ပြချက်နှစ်ခုအကြား အငြင်းပွား ဖွယ်ရာအဖြစ် မြင်ခဲ့ကြသည်။
ထိုထက်ပိုပြီး မှားယွင်းသောဆရာတစ်ဦးက အခြားမှားယွင်းသောဆရာများကို ဆန့်ကျင် ရန် ရေးသားခဲ့သောစာစောင်ဟု ကျိုးကြောင်းမဆီလျော်ဘဲ ထင်မြင်ကြသည်။ ရှင်ပေတရု ဒုတိယစောင်တွင် ပုံမှန်မဟုတ်သော၊ အသစ်သော (သို) မှားယွင်းသော သွန်သင်မှုများ မတွေ့ ရပေ။ ထိုကြောင့် ရှင်ပေတရု ဒုတိယစောင်သည် အတုဖြစ်ပါက၊ ဘာအကြောင်းမှမဟုတ်ဘဲ ရူးမိုက်သူတစ်ဦး ရေးသားသည့် စာစောင်အတုတစ်ခု ဖြစ်ပေလိမ့်မည်။ ဤစာစောင်အား လုံးဝ ယုံကြည်မှုရှိရန် လိုအပ်သည်။ ရှင်ပေတရုသည် စာစောင်ရာတွင် သူ့ကိုယ်သူ မိတ်ဆက်ရည် ညွှန်းပြောဆိုထားပြီး၊ အဆုံးတွင်လည်း သူသည် သမ္မာတရားကို ရေးသားကြောင်း ဖော်ပြထား သည်။
အေဒီ ၆၈ တွင် နီရိုး သေဆုံးခဲ့ပြီး၊ ရှင်ပေတရုသည်လည်း ထိုအချိန်တွင် သေဆုံးခဲ့ သည်ဟု ပြောကြသည်။ ဤစာစောင် သူမသေမီအချိန်တွင် ရေးသားခဲ့ခြင်း ဖြစ်နိုင်သည် (၁း၁၄၊ ခန့်မှန်း အေဒီ ၆၇-၆၈)။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ရှင်ပေတရုသည် သူ၏ပထမစာစောင် ရေးသားပေးပိုချိန်ကတည်းက အာရှမိုင်းနား ရှိ အသင်းတော်များသို မှားယွင်းသည့် ဆရာများ ဝင်ရောက်ခြင်းနှင့်ပတ်သက်ပြီး ပူပန်မှုများ ရှိနေခဲ့သည်။ မှားယွင်းသော ဆရာများသည် ပြဿနာများ ပေးနေပြီဖြစ်သော်လည်း ရှင်ပေတရု က သူတို၏ မှားယွင်းသော သွန်သင်မှုများနှင့် အကျင့်စရိုက်များသည် အနာဂတ်တွင် လုံးဝ ပျက်စီးဆုံးရှုးမည်ဖြစ်ကြောင်း ယုံကြည်မျှော်လင့်ခဲ့သည်။ ထိုကြောင့် ရှင်ပေတရုက နောက်ဆုံး ဆန္ဒနှင့် သွန်သင်မှုအဖြစ် (၁း၁၃-၁၅) ခရစ်တော်၌ ယုံကြည်သူညီအစ်ကိုများအား သူတိုရင်ဆိုင် နေရသည့် အန္တရာယ်ရှိသော သွန်သင်မှုများအကြောင်း သတိပေးထားသည်။
ရှင်ပေတရုသည် သူ၏ ပထမစာစောင်ကဲ့သို (၁ ပေ ၅း၁၃) ဒုတိယစာစောင်အား မည်သည့်နေရာမှ ပေးပြီး၊ မည်သည့်အချိန်တွင် ရေးသားခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ပြော မထားပေ။ သိုသော် သူသေခါနီးနေရာဖြစ်သည့် ရောမအကျဉ်းထောင်တွင် ဤစာစောင်အား ရေးသားခဲ့ပုံပေါ်သည်။ ဤစာစောင် ရေးသားပြီး မကြာမီ ရှင်ပေတရုသည် မာတုရအဖြစ် သေခဲ့၍၊ ပုံမှန်ကားစင်တင် သတ်ခံခြင်းအစား ကားတိုင်တွင် ပြောင်းပြန်အသတ်ခံသွားခဲ့သည်။
ရှင်ပေတရု၏ နှုတ်ခွန်းဆက်စကားတွင် စာစောင်ကို လက်ခံရရှိသူများအကြောင်း ဘာမျှပြောမထားပေ။ သိုသော် ၂ ပေ ၃း၁ အရ ရှင်ပေတရုသည် ပထမစာစောင် လက်ခံရရှိ သူများထံ ထပ်မံရေးသားပေးပိုခြင်းဖြစ် သည်။ ပထမစာစောင်တွင် “ပုန္တုပြည်၊ ဂလာတိပြည်။ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်သို ကွဲပြားသော ဧည့်သည့် အာဂန္တုတိုကို” ဟု (၁ ပေ ၁၁) ရေးသားဖော်ပြခဲ့သည်။ ထိုနယ်မြေများသည် ယနေ့ခေတ် တူရကီဟုခေါ်သော အာရှမိုင်းနားတွင် တည်ရှိကြသည်။ ရှင်ပေတရုရေးသားပေးပိုခြင်းခံရသော ခရစ်ယာန်များသည် အထူးသဖြင့် တပါးအမျိုးသားများဖြစ်သည် (၂ ပေ ၁း၁)။
ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်ရှိ အဓိက ဇာတ်ကောင်များ
ရှင်ပေတရု – ယေရှု၏ တပည့်တော် (၁၂) ပါးမှ တစ်ဦး၊ အသင်းတော်တွင် မှားယွင်းသော ဆရာများအကြောင်း သတိပေးရန် သူ၏ ဒုတိယစာစောင်ကို ရေးသားခဲ့သူ (၁း၁-၃း၁၈)
ရှင်ပေါလု – ကြီးမြတ်သော သာသနာပြုဆရာနှင့် တမန်တော်၊ သူရေးသားသည့် စာစောင် များကို မှားယွင်းသော ဆရာများက မှောက်လှန်ဖျက်ဆီးကြသည် (၃း၁၅၊ ၁၆)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ရှင်ပေရုဩဝါဒစာ ဒုတိယစောင်သည် အသင်းတော်အတွင်းသို ကျူးကျော်ဝင်ရောက် လာသည့် မှားယွင်းသော ဆရာများအား မြင်သာအောင်ပြသခြင်း၊ ဆန့်ကျင်ခြင်းနှင့် အနိုင်ယူ ခြင်းအကြောင်း ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့သည်။ ရှင်ပေတရုသည် ခရစ်ယာန်များအား မှား ယွင်းသော ဆရာများနှင့် သူတို၏ လိမ်ညာမှုများအား မည်သို ကာကွယ်ရမည့်အကြောင်း ညွှန်ကြားချက်ပေးရန် ရည်ရွယ်သည်။ ဤစာအုပ်သည် ကျမ်းစာတွင် မှားယွင်းသောဆရာများ ထင်သာမြင်သာ ဝင်ရောက်မှုအကြောင်း ဖော်ပြထားပြီး၊ ရှင်ယုဒဩဝါဒစာကဲ့သို မှားယွင်းသော ဆရာများအကြောင်းကို တွေ့ရသည်။
မှားယွင်းသောဆရာများအကြောင်း ဖော်ပြချက်သည် အတော်ကို ယေဘုယျဆန်သည်။ ရှင်ပေတရုသည် မှားယွင်းသော ဘာသာရေး၊ ယုံကြည်ကိုးကွယ်သူ (သို) သွန်သင်သည့်စနစ် ကို အသေးစိတ် ပုံဖော်ပြမထားပေ။ မှားယွင်းသော ဆရာများ၏ ယေဘုယျသွင်ပြင်အဖြစ်၊ ဖျက်ဆီးစေသည့် မှားယွင်းသော သွန်သင်မှုများကို သူတိုလုပ်ဆောင်ကြောင်း ဖော်ပြခဲ့သည်။ သူတိုသည် ခရစ်တော်ကို ငြင်းပယ်ပြီး၊ ကျမ်းစာကို လိမ်ညာနေသူများ ဖြစ်သည်။ သူတိုသည် မှန်ကန်သော သမ္မာတရားအား အငြင်းပွားဖွယ်ရာအဖြစ်သို သွန်သင်ကြသည်။ ပြီးလျှင် သူတို သည် ခရစ်တော်ကို ဒုတိယအကြိမ်ကြွလာခြင်းအား ပျက်ရယ်ပြုကြသည်။ သိုသော် ရှင်ပေတရု သည် ထိုသူများ၏ သွန်သင်မှုများကို မြင်သာအောင် ဖော်ပြသကဲ့သို သူတို၏ အကျင့်စရိုက်များ ကိုလည်း ဖော်ပြခဲ့သည်။ ထိုကြောင့် ရှင်ပေတရုက သူတို၏ သွန်သင်ခြင်းကို ဖော်ပြခြင်းထက် သူတို၏ အကျင့်များကို အသေးစိတ် ဖော်ပြခဲ့သည်။ ဒုစရိုက်အပြစ်သည် စင်ကြယ်သော ဩဝါ ဒမှ မဟုတ်ဘဲ “ပျက်စီးသော မှားယွင်းသည့် အယူ”မှလာသည် (၂း၁)။
ဤစာစောင်၏ အခြားသော အဓိကအချက်အဖြစ် ရှင်ပေတရုသည် အသင်းတော် အတွင်းရှိ မှားယွင်းသော ဆရာများကို ဆန့်ကျင်ခြင်းအကြောင်း အထင်အရှားတွေ့မြင်နိုင်သည်။ သူသည် သူ၏စာစောင်လက်ခံရရှိသူများအား သူတို၏ ခရစ်ယာန်အသက်တာ ကြီးထွားရင့်ကျက် ချင်သောစိတ် ဆက်လက်ရှိကြရန် အလိုရှိသည် (၁း၅-၁၁)။ ဆက်လက်ပြီး၊ ယုံကြည်သူတစ်ဦး သည် မည်ကဲ့သို ကယ်တင်ခြင်း စိတ်ချမှုရှိနိုင်ကြောင်း သူသည် အံ့ဩဖွယ်ရာ ရှင်းပြခဲ့သည်။ ထိုပြင် ရှင်ပေတရုသည် သူ့စာဖတ်ပရိသတ်များအား တမန်တော်များ ရေးသားခဲ့သည့် ဘုရား သခင် နှစ်သက်သော အသက်တာကို မှီအောင်လိုက်လျှောက်နိုင်ရန် အလိုရှိခဲ့သည် (၁း၁၂-၂၁)။ ဤစာစောင်အဆုံးပိုင်းတွင် ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းအချိန် မဖြစ်လာသေး ကြောင်းကို ဖော်ပြခဲ့သည် (၃း၁-၁၃)။
အခြားသော အဓိကအချက်မှာ အသိဉာဏ်ရှိမှုသည် အရေးကြီးခြင်း ဖြစ်သည်။ “အသိ ဉာဏ်”ဆိုသည့် ဝေါဟာရသည် ဤစာစောင်တွင် (၁၆) ကြိမ်ခန့် တွေ့ရသည်။ ရှင်ပေတရု၏ မှားယွင်းသော ဆရာများအပေါ် အဓိက အဖြေရှာရမည်မှာ စစ်မှန်သော ဩဝါဒကို သိသော ဉာဏ်ဖြင့်ဖြစ်ကြောင်း အထူးပြောစရာပင်မလိုပေ။ ရှင်ပေတရု ဒုတိယစောင်တွင် အခြားကွဲပြား သည့် လက္ခဏာများမှာ ကျမ်းစာဖြစ်လာခြင်း၏ အရင်းအမြစ် ဖော်ပြခြင်း (၁း၂၀-၂၁)၊ ကမ္ဘာကြီး ကို အနာဂတ်တွင် မီးဖြင့်ဖျက်ဆီးခြင်း (၃း၈-၁၃)၊ ရှင်ပေါလု၏ စာစောင်များသည် မှုတ်သွင်း ထားသည့် စာစောင်များဖြစ်ခြင်းကို အသိအမှတ်ပြုခြင်း (၃း၁၅-၁၆) စသည်တို ဖြစ်သည်။
ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်ရှိ အဓိကသြဝါဒများ
မှားယွင်းသောဆရာများ – သူတိုသွန်သင်မှုသည် ခရစ်တော်ကို ငြင်းဆန်ခြင်းဖြစ်ပြီး၊ ကျမ်းစာ ကို လမ်းလွှဲစေသူများ (၂၊ တရားဟော ၁၃း၁-၁၈၊ ၁၈း၂၀၊ ယေ ၂း၃၊ ယေဇ ၁၃၊ မ ၇း၁၅၊ ၂း၃၁-၃၆၊ ၂၄း၄၊ ၅၊ ရော ၁၆း၁၇၊ ၂ ကော ၁၁း၁၃၊ ၁၄၊ ဂလ ၃း၁၊ ၂၊ ၂ တိ ၄း၃၊ ၄) ၊
ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်ရှိ အဓိက ဝေါဟာရများ
အသိဉာဏ် – ဂရိဝေါဟာရ – gnosis – ၁:၅-၆၊ ၃း၁၈ – စာပေသဘောအရ “အသိဉာဏ်”ဖြစ်သည်။ ဤဂရိဝေါဟာရသည် ကြီးထွားမှုဖြစ်စဉ်ရှိသော အသိဉာဏ်ကို ဖော်ပြသည်။ ခရစ်ယာန်များဖြစ်သကဲ့ သို ကျွန်ုပ်တိုသည် ယေရှုခရစ်တော်ကိုသိသော ကျွန်ုပ်တို ပုဂ္ဂိုလ်ရေးရာ အသိဉာဏ်၌ ကြီးထွားရန် လိုအပ်သည်။ မှားယွင်းသည့် ဆရာများ၏ သွန်သင်ခြင်းမှ အကောင်းဆုံး ကာကွယ်ခြင်းသည် ဘုရားသခင်နှုတ်ကပတ်တော်ရှိ ခိုင်မာသော အခြေခံအုတ်မြစ်မှ လာသည်။ ရှင်ပေတရု၏ ဩဝါဒ စာသည် ယုံကြည်သူများအား ယေရှုခရစ်တော်ကို သေသေချာချာသိခြင်း အသိဉာဏ် အပြည့်အဝ ရှိရန် တိုက်တွန်းထားသည် (၁း၈၊ ၂း၂၀၊ ၃း၁၈)။
အရုဏ်တက် မိုးသောက်ကြယ် – ဂရိဝေါဟာရ – phosphoros – ၁း၁၉ – စာပေသဘောအရ “အလင်းယူ ဆောင်လာသူ” (သို) “အလင်းသယ်ဆောင်လာသူ”ဟု ဖြစ်သည်။ ၂ ပေ တွင် ခရစ်တော် ကို “အရုဏ်တက် မိုးသောက်ကြယ်”ဟု ခေါ်ထားသည်။ သူ့ကို ဗျာ ၂၂း၁၆ တွင် “တောက်ပသော မိုးသောက်ကြယ်” လု ၁း၇၈ တွင် “နေအရုဏ်”ဟုလည်း ခေါ်သည်။ ယနေ့ခရစ်ယာန်များသည် သူတိုနှလုံးသားထဲတွင် ခရစ်တော်၏ အလင်းရှိသည်။ ယေရှုလောကသို ပြန်ကြွလာသောအခါ၊ သူသည် ယုံကြည်သူများအား ပြည့်စုံသော နေ့ရက်ဆီသို ခေါ်ဆောင်သွားမည်ဖြစ်သည်။ သူ၏ ထွန်းလင်းတောက်ပမှုသည် လူအားလုံးကို အလင်းပေး လိမ့်မည်ဖြစ်သည်။ ထိုနေ့ရက်တွင် ဘုရား သခင်ကို ရိုသေသော ဝိညာဉ်များသည် သူတိုကို ခရစ်တော်၏ အလင်းဖြည့်ဆည်းပေးသကဲ့သို “ပုံသဏ္ဌာန်ပြောင်းလဲခြင်း”တစ်ခုဖြင့် ခေါ်ဆောင်သွားမည်ဖြစ်သည်။
ကျမ်းစာ – သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်နှင့်ဆိုင်သည့် အကြောင်းအရာကို ရေးသားသော မူလစာရေးသူ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရေးသားရန် လူ များအားဖြင့် လုပ်ဆောင်ခဲ့ခြင်း (၁း၂၀၊ ၂၁၊ ယေ ၁း၄၊ ၃း၂၊ ယော ၁၀း၃၄၊ ၃၅၊၁၇း၁၇၊ ရော ၃း၂၊ ၁ ကော ၂း၁ဝ၊ ၁ သက် ၂း၁၃၊ ၂ တိ ၃း၁၆၊ တိ ၁း၂၊ ၁ ပေ ၁း၁ဝ၊ ၁၁)
ခရစ်ယာန်တို၏ လက္ခဏာ – ဘုရားသခင်သည် ယုံကြည်သူတိုင်းကို ယုံကြည်ခြင်း၊ ကောင်းမှု၊ အသိဉာဏ်၊ မိမိကိုယ်ကို ထိန်းချုပ်ခြင်း၊ ဇွဲလုံလရှိခြင်း၊ ဘုရားနှစ်သက်သော အသက် တာဖြင့် လိုက်လျှောက်ခြင်း၊ ချစ်ခြင်းတိုဖြင့် ကြီးထွားရန် တန်ခိုးကို ပေးခြင်း (၁၅း၁၁၊ ဆာ ၄း၃၊ သု ၂၈း၁၊ ၁ ကော ၉း၂၇၊ ဂလ ၅း၂၃၊ ကော ၁း၄၊ ၁ သက် ၄း၉၊ ၁ ပေ ၄း၈၊ ၁ ယော ၄း၂၀၊ ဗျာ ၁၇း၁၄)
ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်း – ခရစ်တော်မကြွလာခင်အထိ ဘုရားသခင်သည် လူများကို နောင်တရရန် ဆက်လက်စိတ်ရှည်လျက်ရှိခြင်း (၃း၁-၁၃၊ ဒံ ၇း၁၃၊ မ ၂၄း၃၀၊ ၂၅း၃၁၊ ယော ၁၄း၃၊ ၁ သက် ၄း၁၆၊ ၂ သက် ၁း၁ဝ၊ ၁ တိ ၆း၁၄၊ ဟေဗြဲ ၉း၂၈၊ ယု ၁၄၊ ဗျာ ၁း၇) ၊
ရင်ပေတရုသြဝါဒစာဒုတိယစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် စိတ်ရှည်သော ဘုရား – ၃း၉၊ ၁၅
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၁း၄၊ ၃း၃-၄၊ ၁၃
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ဤဩဝါဒစာတွင် အရေးကြီးသည့် အခက်အခဲတစ်ခုမှာ ၁း၁၉-၂၁ အား ” အောင် အနက်ဖွင့်ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျမ်းစာ၏ သဘောသဘာဝ၊ စစ်မှန် မှုနှင့် ပတ်သက်သည့် အရေးကြီးသော အကြောင်းအရာဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထိုကျမ်း ပိုဒ်သည် ၂ တိ ၃း၁၅-၁၇ နှင့်အတူ ကျမ်းစာမှုတ်သွင်းခြင်း၏ စစ်မှန်သောအမြင်အတွက အရေးကြီးသည်။ ရှင်ပေတရု၏ “ဝယ်တော်မူသောသခင်” (၂ ပေ ၂း၁)ဟု ဖော်ပြထားခြင်း၊ သည် အပြစ်ဖြေလွှတ်ခြင်းနှင့်ပတ်သက်ပြီး အနက်ဖွင့်ခြင်းဆိုင်ရာ၊ တရားဓမ္မဆိုင်ရာ ဖြေရှင်း ရာတွင်လည်း အခက်အခဲအဖြစ် တွေ့ရသည်။
ပြစ်မှားသော ကောင်းကင်တမန်များအကြောင်း (၂း၄) သည်လည်း အနက်ဖွင့်ရာတွင် ခက်ခဲသည့် အကြောင်းအရာအဖြစ် တွေ့ရသည်။ ယုဒ ၆ အရ ထိုကောင်းကင်တမန်များ သည် “မိမိတိုအခွင့်အရာကို မစောင့်”သူများဖြစ်ပြီး၊ သူတိုသည် လူအမျိုးသမီးများနှင့် မှားယွင်း မှုများပြုလုပ်ရန် ရောက်လာသူများဖြစ်ကြသည်။ ထိုအရာကို ကမ္ဘာဦးကျမ်း ၆ တွင် ကျရှုးခဲ့သော ကောင်းကင်တမန်များ (ဘုရားသခင်၏ သားများ)အဖြစ် ရည်ညွှန်းပြီး (၁) ရေလွှမ်းမိုးခြင်း မပြုမီ (ငယ် ၅၊ က ၆း၁-၃) လူ့သမီးများကို သဘောကျပြီး မိမိတိုအခွင့်အရာကို စွန့်လွတ်သူများ၊ (၂) သောဒုံနှင့် ဂေါမောရ မဖျက်ဆီးခင်က သူများ (ငယ် ၆ က ၁၉) ဖြစ်သည်။
၂ ပေ ၂း၁၈-၂၂ ကို အကြောင်းပြုပြီး လူအတော်များများက ကယ်တင်ခြင်းရရှိပြီး သူများသည် ပြန်လည်ဆုံးရှုးနိုင်ကြောင်း ယုံကြည်ကြသည်။ မှားယွင်းသောဆရာများကို တိုက် ရိုက်ပြောထားသည့် ထိုကျမ်းပိုဒ်သည် ၂ ပေ ၁း၄ တွင် ဖော်ပြထားသည့် ယုံကြည်သူများ၏ အခြေအနေနှင့် ဆန့်ကျင်ဘက် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရသည်။ ထိုအပြင် ဘုရား သခင်သည် ဖျက်ဆီးချင်သောစိတ် ထပ်မံမဖြစ်ပေါ်ပေဘူးလား (၃း၉)။ အဖြေအလုံးစုံကို ခက်ခဲ သည့် မေးခွန်းများနှင့် အဖြေများကဏ္ဍတွင် ကြည့်ပါ။
အကျဉ်းချုပ် ကောက်နှုတ်ချက်
နှုတ်ဆက်ခြင်း (၁း၁-၂)
၁။ သင်၏ ကယ်တင်ခြင်းကို သိပါ (၁း၃-၁၁)
က။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကောင်းကျိုးပြုခြင်း (၁း၃-၄)
ခ။ ခရစ်ယာန်တိုနှင့်ဆိုင်သော တင့်တယ်မှုများဖြင့် စွဲမြဲနေခြင်း (၁း၅-၇)
ဂ။ ကြွယ်ဝသော ဆုလဒ်များကို ရိုသေလေးစားခြင်း (၁း၈-၁၁)
၂။ သင်၏ သမ္မာကျမ်းစာကို သိပါ (၁း၁၂-၂၁) ၊
က။ တမန်တော်များ၏ သက်သေများကို မှန်ကန်ကြောင်း ဝန်ခံခြင်း (၁း၁၂-၁၈)
ခ။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် မှုတ်သွင်းခြင်း (၁း၁၉-၂၁)
၃။ သင်၏ ရန်သူများကို သိပါ (၂း၁-၂၂)
က။ သူတိုဝင်ရောက်ပြီး လှည့်စားခြင်း (၂း၁-၃)
ခ။ သူတို၏ အပြစ်များအားဖြင့် ဖျက်ဆီးခံရခြင်း (၂း၄-၁၀)
ဂ။ သူတို၏ မသန့်ရှင်းမှုများတွင် ရှုတ်ချခံရခြင်း (၂း၁၀-၁၇)
ဃ။ သူတို၏ လုပ်ဆောင်မှုများ ဖျက်ဆီးခံရခြင်း (၂း၁၈-၂၂)
၄။ သင်၏ ပရောဖက်ပြုထားခြင်းများကို သိပါ (၃း၁-၁၈)
က။ သခင်ဘုရား၏ နေ့ရက်သည် သေချာခြင်း (၃း၁-၁၀)
ခ။ ဘုရားသခင်၏ လူများ သန့်ရှင်းခြင်း (၃း၁၁-၁၈) ၊
ရှင်ပေတရုသြဝါဒစာ ဒုတိယစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ ၊
အေဒီ ၆၈ တွင် နီရိုးသည် မိမိကိုယ်ကို သတ်သေခဲ့ပြီး ဂါဘာ (Galba) ဘုရင်ဖြစ်လာသည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ကွဲပြားသည့် ပုံစံများကြောင့် စာစောင်နှစ်ခု (၁ ပေ နှင့် ၂ ပေ)သည် စာရေးသူတစ်ဦးတည်း ဟု မည်သိုပြောနိုင်သနည်း။
၁ ပေ နှင့် ၂ ပေ အကြား ကွဲပြားသည့်အရာသည် ပုံစံ၊ ဝေါဟာရနှင့် အဓိကအချက် ဟူသည် နယ်ပယ်သုံးခုဖြင့် ဖြစ်ပေါ်သည်။ ထိုကွဲပြားမှုများသည် ၂ ပေ ရေးသားသူမှာ ၁ ပေ ရေးသားခဲ့သူဖြစ်ကြောင်း (၂ ပေ ၃း၂) ရှင်းရှင်းလင်းလင်း ဖော်ပြချက်ကို ရှေ့-နောက်ဆက် စပ်မှု၌ အဖြေရရှိပေလိမ့်မည်။ (စာရေးသူနှင့် အချိန်တွင်ကြည့်ပါ)။
၂။ ၂ ပေ တွင် ရှင်ပေတရုဖော်ပြထားသည့် ကနဦးအသင်းတော်များ၌ မှားယွင်းသည့်ဆရာများ မှာ မည်သူများနည်း။
ရှင်ပေတရု ဒုတိယစာစောင်သည် ရှင်ယုဒဩဝါဒစာနှင့်ယှဉ်ပြီး ကျမ်းစာတွင် မှားယွင်း သည့်ဆရာများကို ထိထိရောက်ရောက် ပုံဖော်ရေးသားထားသော စာစောင်ဖြစ်သည်။ ရှင်ပေတ ရုသည် တိကျသည့် မှားယွင်းသော ဘာသာရေး၊ ကိုးကွယ်မှုနှင့် သွန်သင်မှုများကို ဖော်ပြမထား ပေ။ သူသည် အသင်းတော်တွင် ယေဘုယျစည်းမျဉ်းကို သိနားလည်ခြင်းနှင့် မှားယွင်းသည့် သွန်သင်ချက်များကို ခုခံခြင်းအကြောင်းဖြင့် ပိုပြီး ပူပန်မှုရှိခဲ့သည်။
သူဖော်ပြသည့် မှားယွင်းသောဆရာများ၏ ကြီးမားသော လက္ခဏာကို ရှင်ပေတရုက ဖျက်လိုဖျက်ဆီးလုပ်သည့် သူတို၏ သွန်သင်မှုများကို မီးမောင်းထိုးပြသည်။ သူတိုသည် ခရစ် တော်ကို ငြင်းဆန်ခြင်းနှင့် ကျမ်းစာကို လမ်းကြောင်းပြောင်းလွဲစေကြသည်။ သူတိုသည် သမ္မာတရားကို အသရေပျက်အောင် လုပ်ဆောင်ကြသည်။ သူတိုသည် ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းကို ပျက်ရယ်ပြုကြသည်။ မှားယွင်းသောဆရာများကို ရှင်ပေတရု၏ အဓိက တုန့်ပြန် မှုဖြစ်သည့် စစ်မှန်သော ဩဝါဒ အသိဉာဏ်ရှိခြင်းအကြောင်း အများကြီးပြောမထားပေ။ မှားယွင်းမှုသည် ပုံစံအမျိုးမျိုးဖြင့် လာနိုင်သော်လည်း သမ္မာတရားနှင့် နှိင်းယှဉ်သည့်အခါ သူတို ရပ်တည်မှု မှားယွင်းကြောင်း ဖော်ပြသည်။
ရှင်ပေတရုသည် မှားယွင်းသော ဆရာတို၏ သွန်သင်မှုကို ဖော်ပြသကဲ့သို သူတို၏ မကောင်း သည့်အပြုအမူကိုလည်း ဖော်ပြရန် ပူပန်မှုရှိခဲ့သည်။ သူသည် ထိုသူတိုသွန်သင်မှု အကြောင်းကို ဖော်ပြခြင်းထက် သူတိုအကြောင်းကို အသေးစိတ်ဖော်ပြသည်။ သူသည် အသီး အရည်အသွေးကို အပင်ကောင်းခြင်းအားဖြင့် ဖော်ပြကြောင်းကိုလည်း သိရှိသည်။ မကောင်းမှု သည် စင်ကြယ်သောဩဝါဒမှ မဟုတ်ဘဲ “ဖျက်ဆီးတတ်သော မိစ္ဆာအယူ”မှလာသည် (၂း၁)။ ရှင်ပေတရုသည် ခရစ်ယာန်များအား ဝိညာဉ်ရေးရာ ကြီးထွားခြင်း၏ ချင့်ချိန်လုပ်ဆောင်မှုများကို လုပ်ဆောင်ရန် တိုက်တွန်းပြီး (၁း၅-၉)၊ အသက်တာတွင် မည်သည့်အရာက မှားသည်ကို ဖော်ပြခဲ့သည်။
၃။ “သင်တိုခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲစေခြင်း” ဟု ရှင်ပေတရုပြော ထားသည်မှာ မည်သည့် အဓိပ္ပာယ်နည်း (၁း၁၀)။
တရားဓမ္မအတွေးအမြင်ဆိုင်ရာ ကျယ်ပြောသည့်အမြင်ဖြစ်စေသော ဤစကားစုကို ရှင်ပေတရုသည် ၁း၅-၉ ရှိအရာကို ရည်ရွယ်ပြောဆိုသည်။ ဘုရားသခင်သည် မည်သူက သူရွေးကောက်ထားသောသူ၊ ထာဝရစိတ်ချသော ကယ်တင်ခြင်းကို ပေးထားပြီးသောသူဖြစ် ကြောင်း သေချာစွာ သိသော်လည်း (ရော ၈း၃၁-၃၉၊ ၁ ပေ ၁း၁-၅)၊ ခရစ်ယာန်များသည် အတွင်းစိတ်တွင် ကယ်တင်ခြင်းစိတ်ချသေချာမှု အမြဲတမ်း မရှိနိုင်ကြပေ။ စိတ်ချလုံခြုံခြင်းမှာ ကယ်တင်ခြင်းသည် ထာဝရဖြစ်ကြောင်း သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဖော်ပြသည့် အချက်ဖြစ်သည်။ အခြားဝေါဟာရအရ၊ ထိုစကားစု၏ ရှေ့-နောက်ဆက်စပ်မှုရှိ ဝိညာဉ်ရေးရာ အရည်အသွေးများကို မှီအောင်လိုက်သော ယုံကြည်သူများသည် ကယ်တင်ခြင်းသို ဘုရားသခင် ခေါ်ထားသည့် (ရော ၈း၃၀၊ ၁ ပေ ၂း၂၁)၊ ရွေးကောက်ထားသည့် (၁ ပေ ၁း၂) သူတိုကိုယ်တိုင် ဝိညာဉ်အသီးအပွင့် ဖြစ်ခြင်းဖြင့် အာမခံမှု ရလိမ့်မည်ဖြစ်သည်။
၄။ ကျမ်းစာမှုတ်သွင်းခြင်း ဩဝါဒနှင့်ပတ်သက်ပြီး ရှင်ပေတရုက မည်သို ရှင်းပြခဲ့သနည်း (၁း၁၉-၂၁)။
၂ ပေ၏ ဤကဏ္ဍသည် ကျမ်းစာ၏ သဘောသဘာဝနှင့် အစစ်အမှန်ဖြစ်ခြင်း နှင့်ပတ်သက်ပြီး အရေးကြီးသည့် လေးနက်မှုကို ဖော်ပြသည်။ တမန်တော်ကိုယ်တိုင်ပင် သူ့ စာဖတ်သူများအား ကျမ်းစာ၌ သူတို၏ ယုံကြည်အားကြီးမှုအတွက် အကာအကွယ်ပေးနိုင်မှုကို လုပ်ဆောင်ပေးရန် မျှော်လင့်ခဲ့သည်။ သူက မှားယွင်းသောဆရာများသည် သူ့ သာသနာပြုခဲ့ သည့်အရာသာမက သူ့စာစောင်ကို အသရေဖျက်နေကြောင်းကို နားလည်သူပေါက်ခွဲရှင်းကြောင့် သူတိုငြင်းခုန်မှုများကို ပြန်လည်ချေပခဲ့သည်။ သူက ထိုသူများသည် သူ့စာဖတ်သူများ အား ချယ်လှယ်ဖိုရန် ဒဏ္ဍာရီပုံပြင်များဖြင့် လုပ်ဇာတ်ခင်းမည်ကိုလည်း သိခဲ့သည်။ (ထိုနည်းလမ်း သည် သူတို၏ ကိုယ်ပိုင်လုပ်ဆောင်မှုနှင့် ရည်ရွယ်ချက်အဖြစ် မှားယွင်းသောဆရာများ အမှန် တကယ်ဖော်ပြသည့်အရာ ဖြစ်သည်။) ထိုကြောင့် ရှင်ပေတရုသည် ဤကျမ်းပိုဒ်တွင် စစ်မှန်စွာ မှုတ်သွင်းရေးသားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရေးသားခဲ့ကြောင်း သက်သေပြရန် အထောက်အထားပေးခဲ့သည်။
ရှင်ပေတရုသည် မှုတ်သွင်းခြင်းဖြစ်စဉ်ကိုလည်း အသေးစိတ်ဖော်ပြသည်။ ရှင်ပေတရု ဖော်ပြသည့် ကျမ်းစာသည် လူသားထံမှ မူရင်းဖြစ်လာခြင်းမဟုတ်ပေ။ ကျမ်းစာသည် လူသား အလိုအတိုင်းဖြစ်လာသည့် အရာ တစ်ခုမျှမရှိပေ (၁း၂၁)။ ဤစကားစုတွင် အလေးအနက်ထား မှုမှာ လူများ အလိုရှိခဲ့သောကြောင့် ရေးသားခဲ့သည့် ကျမ်းစာ အပိုင်းတစ်စမျှ မရှိခြင်းဖြစ်သည်။ ကျမ်းစာသည် အားထုတ်မှုဖြင့် ဖြစ်ပေါ်လာသည့်အရာလည်း မဟုတ်ပေ။ ပရောဖက်များက သူတို နားမလည်နိုင်သောအရာကိုပင် ရေးသားခဲ့ခြင်းဖြစ်သော်လည်း (၁ ပေ ၁း၁၀-၁၁)၊ သူတိုသည် ဘုရားသခင်ဖွင့်ပြသည့်အရာကို ရေးသားရန် သစ္စာရှိကြသည်။ ။
သူတိုရည်ရွယ်ချက်များအပေါ် မှီခိုခြင်းအစား၊ လူများသည် “သန့်ရှင်းသော ဝိညာဉ် တော်၏ တိုက်တွန်းတော်မူခြင်း” အားဖြင့် ရေးသားခဲ့သည် (၁း၂၁)။ သဒ္ဒါနည်းနှင့် သက်ဆိုင်မှု အရ၊ သူတိုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဆက်လက် ဖေးမမှုအားဖြင့် လုပ်ဆောင်ကြ သည် (လု ၁း၇ဝ၊ တ ၂၇း၁၅၊ ၁၇)။ ဤနည်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျမ်းစာကို မူလရေးသားသူ၊ ဖော်ထုတ်သူ ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတစ်ခုတည်းမှာပင်၊ ကျမ်းရေးသူ များက သူတိုရေးသားမှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ကြောင်း အကြိမ်ပေါင်း (၃၈၀၀) ကျော်ဖော်ပြထားသည် (ယေ ၁း၄၊ ၃း၂၊ ရော ၃း၂)။ ကျမ်းစာရေးသော လူများသည် ကျမ်းစာ ရေးခြင်းဖြစ်စဉ်တွင် လုပ်ဆောင်သောသူများ ဖြစ်ခြင်းထက် အသုံးခံလူများဖြစ်ကြပြီး၊ ဘုရား သခင်နှင့် သန့်ရှင်းသောဝိညာဉ်တော်တိုမှ သူတို၏ သီးသန့် ပုဂ္ဂိုလ်ရေးရာများ၊ စဉ်းစားမှုများ၊ ဝေါဟာရများကို အသုံးပြုခြင်းဖြင့် ဘုရားသခင်ရေးသားစေလိုသည့် အကြောင်းအရာများကို အမှားအယွင်းကင်းစွာ သူတို ရေးသားမှတ်တမ်းတင်ခဲ့ကြသည်။ ကျမ်းစာ၏ မူလအချက်အလက် များမှာ မှုတ်သွင်းထားခြင်းဖြစ်ခြင်းကြောင့် (ဘုရားသခင်မှုတ်သွင်းခြင်း၊ ၂ တိ ၃း၁၆)၊ မှားယွင်းမှု မရှိနိုင်ပေ (အမှားမရှိ၊ ယော ၁၀း၃၄၊ ၃၅၊ ၁၇း၁၇၊ တိ ၁း၂)။ ဤနေရာတွင် ရှင်ပေတရုက ကျမ်းစာမှုတ်သွင်းခြင်းဖြစ်စဉ်သည် အမှားကင်းသော မူလကျမ်းစာကို ရေးခဲ့ကြောင်း ဖော်ပြခဲ့ ခြင်းဖြစ်သည် (သု ၃၀း၅၊ ၁ ကော ၁၄း၃၆၊ ၁ သက် ၂း၁၃)။
၅။ “ထာဝရဘုရားကာလမှာ ကာလတစ်ရက်သည် အနှစ်တစ်ထောင်ကဲ့သို၎င်း၊ အနှစ်တစ် ထောင်သည် ကာလတစ်ရက်ကဲ့သို၎င်း” (၃း၈)ဟု ဆိုထားခြင်းသည် ဘုရားသခင်၏ အစီအစဉ် အပေါ် ကျွန်ုပ်တို နားလည်မှု မည်သို သက်ရောက်မှုရှိသနည်း။
ဘုရားသခင်၏ အချိန်သည် ကျွန်ုပ်တို၏အမြင်နှင့် လုံးဝမတူညီကြောင်းကို နားလည် သည်။ လူတစ်ဦးအမြင်မှ ခရစ်တော်၏ ကြွလာခြင်းသည် အချိန်အတော်ကြာသည်ဟု မြင်ရသည် ၊ (ဆာ ၉၀း၄)။ ဘုရားသခင်၏ အမြင်မှ ထိုအရာသည် ကြာလိမ့်မည် မဟုတ်ပေ။ ရှင်ပေတရု သည် သူ့စာဖတ်ပရိသတ်များအား ခရစ်တော်ကြွလာခြင်းမှာ လူသားအမြင်ကဲ့သို ဘုရားသခင် နှေးကွေးစွာ လုပ်ဆောင်မည့်အရာမဟုတ်ကြောင်း ဤအချက်ကို သတိပေးထားသည်။ ကျမ်းပိုဒ် ရှိ အချိန်အမှန်မှာ ဘုရားသခင် တရားစီရင်ခြင်းမပြုမီ စိတ်ရှည်ခြင်းအတွက် သူ၏ ကြီးမားသည့် စွမ်းဆောင်ချက်ကို ရှင်းလင်းစွာ ဖော်ပြသည့် အမှတ်အသား တစ်ခုဖြစ်သည် (ယောလ ၂း၁၃၊ လု ၁၅း၂ဝ၊ ရော ၉း၂၂၊ ၁ ပေ ၃း၁၅)။
ဤကျမ်းပိုဒ်သည် အနှစ် (၁၀၀၀) အုပ်စိုးခြင်းအကြောင်းအတွက် ရည်ညွှန်းနိုင်ပြီး၊ ထိုအနှစ် (၁၀၀၀) သည် ဘေးဒဏ်ကြီး ခုနစ်နှစ်ဟုခေါ်သော ထာဝရဘုရား၏ နေ့ရက် ပထမ အပိုင်း (ဗျာ ၆း၁၇)နှင့် အနှစ် (၁၀၀၀) ပြီးမှ ဘုရားသခင် ဖန်ဆင်းမည့် ကောင်းကင်သစ် မြေကြီးသစ်ဖြစ်သော ဘုရားသခင်၏နေ့ရက် ဒုတိယအပိုင်းကြား၌ ဖြစ်ပေါ်မည်။
၆။ ဘုရားသခင်သည် “ငါတိုတွင် အဘယ်သူမျှ မပျက်စီးစေ”လိုလျှင် (၃း၉)၊ အားလုံး သည် နောက်ဆုံးတွင် မည်သိုဖြစ်ကြမည်နည်း။
ဤကျမ်းပိုဒ်ရှိ “အချို”ဟု ပြောခြင်းသည် ဘုရားသခင်ရွေးကောက်ထားသောသူနှင့် ရွေးနှုတ်ကယ် တင်ခြင်းခံရရန် ခေါ် ထားသည့်သူများကို ရည်ညွှန်းပြီး၊ တူညီသော ကျမ်းပိုဒ်၌ အစပိုင်းတွင် “ငါတို”ဟု ဖော်ပြထားသည်။ ကျမ်းပိုဒ်တစ်ခုလုံးသည် မကောင်းမှုကို ဘုရားသခင် ဖျက်ဆီးမည့်အကြောင်း ဖြစ်သောကြောင့်၊ သူ့စိတ်ရှည်မှုသည် သူတိုအားလုံးကို ကယ်တင်မည် မဟုတ်ဘဲ၊ သူပိုင်သောသူအားလုံးကိုသာ ကယ်တင်မည်ဖြစ်သည်။ သူသည် အားလုံးကယ် တင်ခြင်းရသည်အထိ စောင့်နေမည်မဟုတ်ဘဲ၊ အလေးအနက် ထားမှုမှာ သူသည် လောကကြီး နှင့် နာခံမှုမရှိသူများကို ဖျက်ဆီးမည်ဖြစ်သည်။ ဖျက်ဆီးခံရသူများသည် ငရဲကို သွားမည်ဖြစ်ပြီး၊ သူတိုသည် ဒုစရိုက်အပြစ်ကို ပြုသောကြောင့် ငရဲနှင့်ထိုက်တန်ခြင်း၊ ရွေးနှုတ်ကယ်တင်သူ
ယေရှုခရစ်တော်ကို ငြင်းဆန်ခြင်းကြောင့် သူတိုအတွက် ငရဲကိုဖန်ဆင်းထားခြင်းဖြစ်သည်။ ထိုနေရာသို သွားရန် သူတိုကို ကြိုတင်စီစဉ်ထားခြင်းကြောင့်မဟုတ်ပေ။ ငရဲသိုသွားသောလမ်း သည် နောင်တမရသောသူ၊ အပြစ်ကို ဆွဲကိုင်ခြင်းနှင့် ယေရှုခရစ်တော်၏ ကူညီမစမှုနှင့် ပုဂ္ဂိုလ် ဖြစ်ခြင်းကို ငြင်းဆန်သူတစ်ဦး၏ လမ်းဖြစ်သည် (ဟေရှာ ၅၅း၁၊ ယေ ၁၃း၁၇၊ ေယဇ ၁၈း၃၂၊ မ ၁၁း၂၈၊ ၁၃း၃၇၊ လု ၁၃း၃၊ ယော ၃း၁၆၊ ၈း၂၁၊ ၂၄၊ ၁ တိ ၂း၃၊ ၄၊ ဗျာ ၂၂း၁၇)။
“ရှိသမျှတိုသည် နောင်တရစေခြင်းငှါ”ဟု ပြောထားသည့် နောက်စကားစု အစရှိ “အားလုံး”ဟူသည်မှာ ဘုရားသခင်၏ လူများ အရေအတွက်ပြည့်အောင် လုပ်ဆောင်ရန် ခရစ် တော်ကို ယုံကြည်သော ဘုရားသခင်၏ လူများအားလုံးကို ရည်ညွှန်းသည်။ ခရစ်တော်၏ လည်ကြွလာခြင်းနှင့် ရည်ရွယ်ထားသည့် တရားစီရင်ခြင်း မဖြစ်သေးခြင်းအတွက် အကြောင်း သက်မာ ဘုရားသခင်သည် သူ့ကတိတော်ကို စောင့်ထိန်းရန် နှေးခြင်းကြောင့် (သို) မကောင်း သမားကြီးကို သူတရားစီရင်ချင်သောကြောင့်၊ (သို) မကောင်းမှုကို ဖြေရှင်းရန် မစွမ်းဆောင် ခြင်းကြောင့် မဟုတ်ပေ။ သူကြွလာခြင်းအကြောင်း မဖြစ်သေးခြင်းမှာ သူ့လူများ နောင်တရ ရန်အတွက် အချိန်ပေးခြင်းနှင့် စိတ်ရှည်ခြင်းကြောင့် ဖြစ်သည်။
၇။ ရှင်ပေါလု ရေးသားသည့် ဆိုလိုရင်း အား ရှင်ပေတရု၏ အမြင်များက ဘာကို လုပ်ဆောင်သနည်း (၂ ပေ ၃း၁၅၊ ၁၆)။
သူ့စာစောင်၏ နောက်ဆုံးတွင် ရှင်ပေတရုသည် ရှင်ပေါလု အရေးအသားများကို ကျမ်းစာဆိုင်ရာ အကူအညီပေးရန်အတွက် လုပ်ဆောင်ခဲ့သည်။ ရှင်ပေါလုသည် သူ့စာစောင် များအားလုံးကို ရေးသားခဲ့၍ သေပြီးနောက် (ရှင်ပေတရုစာရေးသားချိန်)၊ ရှင်ပေတရု ဒုတိယ စာစောင်ကို လက်ခံရရှိသူများသည် ရှင်ပေါလုထံမှ အနာဂတ်အဖြစ်အပျက်များအကြောင်း စာစောင်များ လက်ခံရရှိခဲ့ပြီးဖြစ်သည်။ ရှင်ပေါလု၏ ရှင်းပြချက်အချိုသည် အနက်ဖွင့်ရန် ခက်ခဲသည် (သိုသော် မဖြစ်နိုင်ခြင်းတော့မဟုတ်)။ ရှင်ပေတရုသည် သူ့သွန်သင်မှုများအတွက် ကူညီသောအရာကဲ့သို ရှင်ပေါလု၏ စာစောင်များကို အသုံးပြုရန် တုန့်ဆိုင်းမနေခဲ့ပေ။
ထိုပြင် ရှင်ပေတရုသည် အနာဂတ်နှင့်ပတ်သက်ပြီး တမန်တော်၏ သွန်သင်မှုများကို “လမ်းလွှစေခြင်း” (၃း၁၆)နှင့် ပုံမှန်မဟုတ်အောင် လုပ်ဆောင်သူများအား ညွှန်ပြသတိပေးသော စကားလုံးများကို ထပ်ဖြည့်ခဲ့သည်။ ရှင်ပေါလု၏ ရေးသားချက်သည် ဘုရားသခင်မှုတ်သွင်းထား ခြင်းကြောင့် ရေးသားချက်များကို ဖျက်ဆီးလို သူများအား ထာဝရငရဲသို ပိုဆောင်လိမ့်မည်ဖြစ် သည်။ ရှင်ပေတရုက “ကြွင်းသော ကျမ်းစာ၏ အနက်” (၃း၁၆)ဟူသော စကားစုကို ထပ်မံ ဖြည့်စွက်ခြင်းသည် ရှင်ပေါလု ရေးသားသည့် အရာများသည် သမ္မာကျမ်းစာဖြစ်ကြောင်း အတည် ပြုရန် ကျမ်းစာ၌ အရှင်းလင်းဆုံးဖော်ပြသည့် အရာတစ်ခုအဖြစ် ဖော်ပြသည်။ ရှင်ပေတရု၏ သက်သေခံမှုက ရှင်ပေါလုသည် ကျမ်းစာရေးခဲ့သူဖြစ်သော်လည်း မှားယွင်းသောဆရာများက ဖျက်လိုဖျက်ဆီး လုပ်ကြသည်။ ဓမ္မသစ်တမန်တော်များသည် ဓမ္မဟောင်း ပရောဖက်များ လုပ် ဆောင်သကဲ့သို ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို ပြောခြင်း၊ ရေးသားခြင်းအရာတွင် ဂရုစိုက် အလေးထားကြသည် (၁ သက် ၂:၁၃)။ ရှင်ပေတရုက ဓမ္မသစ်ကျမ်း ရေးသူများသည် သမ္မာကျမ်းစာကို ပြည့်စုံစေသော သမ္မာတရားကို ရေးသားခဲ့ကြောင်း ခိုင်မာစေခဲ့သည် (၁ ပေ ၁း၁၀-၁၂)။
ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်ကို ဆက်လက်လေ့လာရန်
၁။ စာစောင်တွင် ရှင်ပေတရု၏ နောက်ဆုံးအချိန်များဖြစ်နိုင်ကြောင်းကို ဖော်ပြသည့်အရာ သင်ရှာဖွေနိုင်ပါသလား။ .
၂။ ရှင်ပေတရုက ခရစ်တော်၏ ပြန်လည်ကြွလာခြင်း၌ နှောင့်နှေးခြင်းအကြောင်းကို မည်သို ရှင်းပြခဲ့သနည်း။
၃။ မှားယွင်းသောဆရာတို၏ မှားယွင်းသောအခွင့်အာဏာကို ရှင်ပေါလုက မည်သိုတိုက်ခိုက်ပြီး အားလျော့စေခဲ့သနည်း။
၄။ ဤစာစောင်တွင် ဝိညာဉ်ရေးရာ ကြီးထွားခြင်းအတွက် မည်သည့်လက်တွေ့ အဆင့်များကို ရှင်ပေတရုက ထည့်သွင်းခဲ့သနည်း။
ရှင်ယောဟန်ဩဝါဒစာပထမစောင် (First John)
ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်များ
ခေါင်းစဉ်
ဤဩဝါဒစာစောင်၏ ခေါင်းစဉ်သည် “ရှင်ယောဟန် ဩဝါဒစာ ပထမစောင်”ဟု အမြဲတမ်းခေါ်တွင်သည်။ တမန်တော် ရှင်ယောဟန်အမည်ဖြင့် တွေ့ရသော စာအုပ်သုံးအုပ်တွင် ဤစာအုပ်သည် ပထမဆုံးနှင့် အရှည်ဆုံးစာအုပ်ဖြစ်သည်။ ဤစာအုပ်သည် တိကျသောအသင်း တော်၊ တည်နေရာ (သို) ရေးသားပေးပိုသော သီးသန့်လူပုဂ္ဂိုလ်ကို ရည်ရွယ်ရေးသားခြင်းမရှိဘဲ၊ “အားလုံးနှင့်ဆိုင်သော ဩဝါဒစာ”ကဲ့သိုသော အမျိုးအစားဖြစ်သည်။ ရှင်ယောဟန် ပထမ စောင်သည် ထိုအချိန်က အများဖော်ပြသည့် ဩဝါဒစာတစ်ခု၏ ယေဘုယျလက္ခဏာများ ဖော် ပြမထားသော်လည်း (ဥပမာ- နိဒါန်း၊ နှုတ်ဆက်စကား (သို) အဖွင့်နှုတ်ခွန်းဆက်များမပါခြင်း)၊ ဖော်ပြသော အကြောင်းအရာနှင့် အရေးအသားများအပေါ်မူတည်၍ “ဩဝါဒစာစောင်”ဟု ခေါ်ဆိုနိုင်သည်။
စာရေးသူနှင့် ရက်စွဲ
ဤဩဝါဒစာစောင်သည် စာရေးသူကို ဖော်ပြမထားသော်လည်း ခိုင်မာပြီး ကိုက်ညီမှုရှိ သည့် ကနဦးအသင်းတော်မှ အစောပိုင်းသက်သေခံချက်များမှာ တပည့်တော်နှင့် တမန်တော် ဖြစ်သော ရှင်ယောဟန်ဖြစ်ကြောင်း ဖော်ပြကြသည် (လု ၆း၁၃၊ ၁၄)။ ဤရေးသားသူ အမည် ဖော်ပြခြင်းမရှိသည့် စာစောင်ကို တမန်တော်ရှင်ယောဟန်ဖြင့် ကနဦးအသင်းတော်၏ ဩဝါဒစာ အမှတ်ပေးခြင်းမှ အတည်ပြုပြီး၊ သူ့ကိုယ်သူ မဖော်ပြဘဲ၊ သူ့စာဖတ်သူများမှ သူ့အားအပြည့်အဝ နာခံရန် မျှော်လင့်သော၊ မမှားယွင်းသော အခွင့်အာဏာဖြင့် ရေးသားနိုင်စွမ်းရှိသော ရှင်ယော ဟန်ကဲ့သို ဉာဏ်ပညာရှိသော၊ ကောင်းမွန်သည့် လေးစားခြင်းခံရသော သူတစ်ဦးသာဖြစ်သည် (ဥပမာ- ၄း၆)။ စာဖတ်သူများက သူ့ကို ကောင်းမွန်စွာ သိရှိထားခြင်းကြောင့် သူ့နာမည်ကို ဖော်ပြရန် မလိုအပ်ခဲ့ပေ။
ရှင်ယောဟန်နှင့် သူ့ညီအစ်ကို ရှင်ယာကုပ်သည် “ဇေဗေဒဲ၏သားများ”ဟု သိထားကြ ပြီး (မ ၁၀း ၂-၄)၊ “မိုးကြိုးသားများ ဟု ယေရှုက အမည်ပေးခဲ့သူများဖြစ်သည် ( မာ ၃း၁၇ ) ရှင်ယောဟန်သည် ယေရှု၏ အကျွမ်းဝင်ဆုံး သုံးဦးထဲမှ တစ်ဦးဖြစ်ပြီး (ရှင်ပေတရုနှင့် ရှင်ယာကုပ် တိုနှင့်အတူ – မ ၁၇း၁၊ ၂၆း၃၇)၊ ယေရှု၏ အစောပိုင်းသာသနာတွင် ပါဝင်သူ၊ မျက်မြင်တွေ သတစ်ဦးလည်း ဖြစ်သည် (၁း၁-၄)။ ဩဝါဒစာစောင် သုံးခုအပြင် ရှင်ယောဟန်သည် စတတ မြောက် ခရစ်ဝင်ကျမ်းကိုလည်း ရေးသားခဲ့၍၊ ထိုအထဲတွင် သူ့ကိုယ်သူ “ယေရှုချစ်သော တပည့်တော်”အဖြစ် ဖော်ပြပြီး၊ နောက်ဆုံးညစာစားပွဲ၌ ယေရှုရင်ခွင်နားတွင် လဲလျောင်းသူ ဖြစ်သည် (ယော ၁၃း၂၃၊ ၁၉း၂၆၊ ၂၀း၂၊ ၂၁း၇၊ ၂၀)။ သူသည် ဗျာဒိတ်ကျမ်းကိုလည်း ရေး သားခဲ့သည် (ဗျာ ၁း၁)။
တိကျသော ရက်စွဲသည် ရှင်ယောဟန် ပထမစောင်၌ သမိုင်းကြောင်းဆိုင်ရာ ရက် ဖော်ပြမှု မရှင်းလင်းခြင်းကြောင့် မှတ်ယူရန် ခက်ခဲသည်။ အဖြစ်နိုင်ဆုံးမှာ ရှင်ယောဟန်သည် ပထမရာစုတွင် စာစောင်ကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ကိုက်ညီမှုရှိသော အသင်းတော်၏ ခံယူချက်သည် အာရှမိုင်းနားရှိ ဧဖက်မြို၌ ရှိနေခဲ့သော သူ့နောက်ဆုံးအချိန်များတွင် ရှင်ယော ဟန်သည် ရေးသားခဲ့သည်ဟု ဖော်ပြသည်။ ဩဝါဒစာ၏ ရေးသားဟန်တွင် သူသည် သူ့စာ ဖတ်သူများထက် အသက်ပိုကြီးကြောင်း တိကျသော ယူဆချက်များ ပေးထားသည် (ဥပမာ“ချစ်သားတို” – ၂း၁၊ ၁၈၊ ၂၈)။ ဤဩဝါဒစာနှင့် ရှင်ယောဟန်၏ ခရစ်ဝင်ကျမ်းသည် တူညီ သော ဝေါဟာရများနှင့် တူညီသော အပြုအမူများကို တွေ့ရသည် (သမိုင်းကြောင်းနှင့် တရား ဓမ္မဆိုင်ရာ အကြောင်းအရာများတွင် ကြည့်ပါ)။ ထိုသို တူညီမှုများကြောင့် ရှင်ယောဟန်၏ ဩဝါဒစာစောင် ရေးသားသောအချိန်သည် သူ့ခရစ်ဝင်ကျမ်းရေးသားခဲ့ပြီးနောက် ဩဝါဒစာကို ရေးသားခဲ့ခြင်းအကြောင်း ဖြစ်စေသည်။ ပထမရာစု နောက်ပိုင်းအချိန်အတွင်း ရေးသားသည့် ခရစ်ဝင်ကျမ်းအချိန်ကြောင့် သူတိုသည် ဩဝါဒစာစောင်အတွက် တူညီသောရက်စွဲကို ပိုသဘော ကျသည်။ ထိုအပြင်၊ ရှင်ယောဟန်၏ အတုအယောင်များကို တိုက်ခိုက်မှုသည် နော့စတစ်ဝါဒ (Gnosticism) အစပြုချိန်ကို ဖော်ပြနေပြီး နောက်ခံသမိုင်းကြောင်းနှင့် အနေအထားတွင် ကြည့်ပါ)၊ ထိုဝါဒီသည် ပထမရာစု နောက်ဆုံးအချိန်တွင် ထွန်းကားခဲ့သည်။ အေဒီ ၉၅ ခန့်က အစပြုခဲ့သည့် ရောမဘုရင် ဒိုမီးရှန်း (Domitian) လက်အောက်တွင် ညှဉ်းပမ်းနှိပ်စက်မှု အ ကြောင်း ဖော်ပြထားခြင်းမရှိသောကြောင့်၊ ထိုညှဉ်းပမ်းနှိပ်စက်ခြင်း အစမပြုခင် ရေးသားခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုအချက်များကို ဖော်ပြမှု၌ ရှင်ယောဟန်ပထမစောင်အတွက် ဖြစ်နိုင်သော ရက်စွဲမှာ ခန့်မှန်း အေဒီ ၉၀-၉၅ တွင်ဖြစ်သည်။ ဧဖက်မြိုမှ အာရှမိုင်းနားရှိ အသင်းတော်များသို ရေးသားခဲ့ခြင်း ဖြစ်နိုင်ပြီး၊ ရှင်ယောဟန်၏ တမန်တော်ဖြစ်ခြင်းဆိုင်ရာ ခေါင်းဆောင်မှု ပြုနေခဲ့ ချိန်ဖြစ်သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ဤစာစောင်ကို သူရေးသားချိန်တွင် အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သော်လည်း၊ ရှင်ယော ဟန်သည် အသင်းတော်များသို သာသနာပြုရန် တက်ကြွနေသေးသည်။ သူသည် ယေရှု၏ သာသနာပြုခြင်း၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သိုတက်ကြွခြင်းအားလုံးကို မျက်မြင်သက်သေ၊ အကျွမ်းတဝင်ရှိသူ၊ တမန်တော်များမှ အသက်ရှင်ကျန်ရစ်သူလည်း ဖြစ် သည်။ အသင်းတော်ဖခင်ကြီးများ (ဥပမာ – Justin Martyr, Irenaeus, Clement of Alexandria, Eusebius) သည် ထိုအချိန်ပြီးနောက် အာရှမိုင်းနားရှိ ဧဖက်မြို၌ ရှင်ယောဟန် နေထိုင်ခဲ့ခြင်း၊ ဧဝံဂေလိအမှုပြုခြင်း အစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခြင်း၊ ပေါ်ထွက် လာသော အသင်းတော်များကို ကြည့်ရှုအုပ်ထိန်းခြင်း၊ သာသနာအတွက် ကျယ်ကျယ်ပြန့်ပြန့် ရေးသားခဲ့သည် (ဥပမာ- ဩဝါဒစာများ၊ ရှင်ယောဟန် ခရစ်ဝင်ကျမ်း၊ ဗျာဒိတ်ကျမ်း)ဟု ဖော်ပြကြသည်။ အသင်းတော်ဖခင်ကြီးတစ်ဦး (Papias) သည် ရှင်ယောဟန်အား တိုက်ရိုက်သိ ထားသူတစ်ဦးဖြစ်ပြီး၊ သူက ရှင်ယောဟန်အား “ရှင်သန်ပြီး တည်ကြည်သောအသံ”ဟု ဖော် ပြခဲ့သည်။ တမန်တော်၏ နောက်ဆုံးသတိပေးမှုကဲ့သို၊ ရှင်ယောဟန်၏ သက်သေခံချက်သည်အသင်းတော်များအကြား အမြင့်ဆုံးသော အာဏာပေးမှုဖြစ်ခဲ့သည်။
ဧဖက်မြိုသည် (တ ၁၉း၁၀) အာရှမိုင်းနားရှိ လူနေမှုအဆင့်မြင့်သည့် အချက်အချာ နေရာတွင် တည်ရှိသည်။ တမန်တော်ရှင်ပေါလုက လွန်ခဲ့သောနှစ်များတွင် ကြိုတင်ပြောထား သကဲ့သို (တ ၂၀း ၂၈-၃၁)၊ အသင်းတော်များမှ မှားယွင်းသည့်ဆရာများ ရှိနေခြင်း၊ အတွေး အခေါ်ဆိုင်ရာ အရင်းအမြစ်များ အမြင့်ဆုံးအဆင့်သို ထိုးဖောက်ဝင်ရောက်လျက်ရှိခြင်း၊ မှား ယွင်းသော သွန်သင်မှုများဖြင့် အသင်းတော်သည် ကူးစက်မှုကို ခံစားနေရခြင်း၊ တမန်တော်တို၏ သွန်သင်မှုများကို မမှန်ကန်အောင် လုပ်ဆောင်ခြင်းတို ရှိနေပြီဖြစ်သည်။ ထိုမှားယွင်းသော ဆရာများသည် “နော့စတစ်ဝါဒ” (ဂရိဝေါစာရ “အသိဉာဏ်မှလာ)ဟု သိရသည်။ ပညတ်တရား မလွှတ်ခြင်းအကြောင်း ရှင်ပေါလုစာစောင်များသည် တိုက်ပွဲဝင်ပြီးနောက်၊ နာ့စတစ်ဝါဒသည် ပထမသုံးရာစုအတွင်း ကနဦးအသင်းတော်များအား တိုက်ခိုက်သည့် အန္တရာယ်အရှိဆုံးသော မိစ္ဆာအဖွဲဖြစ်သည်။ ရှင်ယောဟန်သည် အသင်းတော်များနှင့် ယုံကြည်ခြင်း အခြေခံအုတ်မြစ် များကို ဖျက်ဆီးတိုက်ခိုက်သော ကြောက်စရာကောင်းသည့် ထိုမိစ္ဆာကို အစပြုတိုက်ခိုက်ခဲ့ခြင်း၊ ဖြစ်နိုင်သည်။
ထိုမိစ္ဆာ (မှားယွင်းသော သွန်သင်မှု)သည် အခြေခံပုံစံနှစ်ခုဖြင့် ဖြစ်ပေါ်သည်။ ပထမ မှာ၊ ယေရှု၏ ရုပ်ခန္ဓာသည် အစစ်အမှန်မဟုတ်ဘဲ၊ ခန္ဓာဖြစ်ဟန်သာ “မြင်ရသည်”ဟု ယုံကြည် ခြင်းဖြစ်သည် (ဂရိဝေါဟာရ “Docetism” (လူသားဖြစ်ဟန်တူသည်ဟူသောအမြင်) မှလာပြီး၊ အဓိပ္ပာယ်မှာ “ထင်ရသည်၊ သဘောရသည်”ဟုဖြစ်)။ ရှင်ယောဟန်က သူသည် ယေရှုအား မျက်မြင်သက်သေတစ်ဦးဖြစ်ခြင်းကို သူ့စာဖတ်သူများအား သတိပေးခြင်းဖြင့် ယေရှု၏ ရုပ်ခန္ဓာအမှန်ဖြစ်ခြင်းကို ခိုင်မာစွာ အတည်ပြုထားသည် (“ကြားခဲ့”၊ “မြင်ခဲ့”၊ “ထိတွေ့ခဲ့ ၊ လူ့ဇာတ အားဖြင့် ကြွလာသော ယေရှုခရစ်တော်” ၁း၁-၄၊ ၄း၂၊ ၃)။ အစောပိုင်း ခံယူချကများအရ (Irenaeus)၊ ရှင်ယောဟန်တိုက်ခိုက်သော အခြားမိစ္ဆာတစ်မျိုးလည်း ရှိသေးပြီး၊ Cerinthus အမည်ရှိသော လူတစ်ဦးမှ ဦးဆောင်ခြင်းဖြစ်သည်။ Cerinthus က ခရစ်တော်၏ ဝိညာဉ် သည် လူသားယေရှုအပေါ် နှစ်ခြင်းခံချိန်တွင် ဆင်းသက်လာပြီး၊ လက်ဝါးကပ်တိုင်တွင် အသေ သတ်ခြင်းမတိုင်ခင် ပြန်ထွက်သွားသည်ဟု ခံယူသူဖြစ်သည်။ ရှင်ယောဟန်က သာသနာပြုခြင်း အစ၌ နှစ်ခြင်းခံသော သခင်ယေရှုသည် ကားတိုင်တွင် အသက်ခံရသောသူနှင့် အတူတူပင်ဖြစ် ကြောင်း ရေးသားခဲ့သည်။
ထိုမှားယွင်းသောအမြင်များသည် ယေရှု၏ စစ်မှန်သော လူသားဖြစ်ခြင်းကို ငြင်းဆန် သည်သာမက၊ ယေရှုသည် အပြစ်တရားအတွက် လက်ခံနိုင်ဖွယ်ရာ ကိုယ်စားအပူဇော်ခံအဖြစ် ကားတိုင်တွင် အမှန်တကယ် ဒုက္ခဆင်းရဲခံပြီး အသေခံသွားသည့် လူသားစစ်စစ် (အစစ်အမှန် ကိုယ်ခန္ဓာ) ဖြစ်ခြင်းနှင့် စစ်မှန်သော ဘုရားဖြစ်ခြင်းကိုလည်း ငြင်းဆန်ခြင်း ဖြစ်သည် (ဟေဗြဲ ၂း၁၄-၁၇)။ သခင်ယေရှုသည် ကျမ်းစာအမြင်အားဖြင့် ဘုရားဇာတိ အပြည့်အဝရှိသကဲ့သို လူ့ဇာတိ အပြည့်အဝလည်း ရှိသူဖြစ်သည်။
အရာဝတ္ထုသည် မကောင်းဘဲ ဝိညာဉ်သာကောင်းသည်ဟူသော နာ့စတစ်ဝါဒီ၏ အမြင်သည် ခန္ဓာကိုယ်ကို နှိပ်စက်ခြင်း ပုံစံတစ်ခု (ဥပမာ- ကော ၂း၂၁-၂၃)၊ (သို) တစ်ဦးတစ် ယောက်၏ ဝိညာဉ်ဖြင့် ချိတ်ဆက်မှုမရှိခြင်း (သို) သက်ရောက်မှုမရှိခြင်းဖြစ်အောင် ကိုယ်ခန္ဓာ တွင် အပြစ်ကျူးလွန်ခြင်း ဖြစ်သည်။ ဤအရာက အထူးသဖြင့် ရှင်ယောဟန်၏ ရန်သူများကို အချုပ်ပြောရလျှင် ကိုယ်ခန္ဓာ၌ ကျူးလွန်သည့် အပြစ်သည် ကိစ္စမရှိခြင်း၊ ကိုယ်ကျင့်တရားမရှိဘဲ ဒုစရိုက်အပြစ်၌ ပျော်မွေ့နေခြင်းကို ခွင့်ပြုထားခြင်း၊ လူတစ်ဦးသည် အပြစ်ရှိနေလျှင်တောင်မှ ငြင်းဆိုပြီး (၁း၈-၁၀)၊ ဘုရားသခင်၏ ပညတ်တော်ကို ဂရုမစိုက်ချင်လည်းရသည်ဟု ဖြစ်သွား စေသည် (၃း၄)။ ရှင်ယောဟန်သည် ဘုရားသခင်၏ ပညတ်တော်ကို နာခံရန် လိုအပ်ကြောင်း အလေးအနက်ဖော်ပြပြီး၊ ဘုရားသခင်၏ ပညတ်တော်များကို နာခံခြင်းသည် ဘုရားသခင်၏ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းကြောင့် ဖြစ်သည် (၅း၃)။ (ခက်ခဲသည့် မေးခွန်းများ အတွက် အဖြေများကဏ္ဍတွင် ကြည့်ပါ)။
နောက်တော်လိုက် ခရစ်ယာန်များ တွင် ချစ်ခြင်းမေတ္တာမရှိခြင်းသည် မှားယွင်းသော ဆရာတို၏ လက္ခဏာများဖြစ်ပြီး၊ အ ထူးသဖြင့် သူတိုသည် နည်းလမ်းအသစ်ဖြင့် တပါးသူကို ငြင်းဆန်တုန့်ပြန်ခြင်း ဖြစ်သည် (၃း၁၀-၁၈)။ သူတိုသည် တမန်တော်များ၏ သစ္စာရှိစွာ သွန်သင်သော အရာများနောက် လိုက်နေသော နောက်လိုက်များကို လှည့်စား ပြီး ခွဲခြားလိုက်ခြင်း၊ စစ်မှန်သော ကယ်တင် နောက်လိုက်ခြင်းမရှိသော မှားယွင်းသည့် ဆရာများဖြစ်သည့် (၂း၁၉) သိသိသာသာ ခွဲခြားခံရသူ များကို ရှင်ယောဟန်က ပြန်လည် တုံပြန်ရန် ဖြစ်လာသည်။ သူတိုစွန့်ခွါမှုသည် တမန်တော်များ၏ သွန်သင်မှုများအပေါ် သစ္စာ ရှိသူများအတွက် တုန်လှုပ်မှုများ ဖြစ်စေခဲ့သည်။ ထိုပဋိပက္ခများကို တုံပြန်ခြင်းဖြင့်၊ တမန်တော် အချိန်ကာလတွင် သစ္စာရှိစွာ ကျန်ကြွင်းသူများကို ပိုမိုခိုင်မာစေခြင်း နှင့် အသင်းတော်ကို တိုက်ခိုက်နေသည့် ရန်သူကို ပြန်လည် တွန်းလှန်ခြင်းအကြောင်း ရေးသား ခဲ့သည်။ မိစ္ဆာဆရာများသည် အလွန်အန္တရာယ်ရှိပြီး၊ မှားယွင်းသောဆရာ များအားဖြင့် အသင်း တော်၌ လွှမ်းမိုးမှုရှိနေသော အန္တရာယ်သည် အရေးကြီးသောအချိန်ကာလအဖြစ် ရှိနေခြင်း ကြောင့်၊ ရှင်ယောဟန်သည် မှားယွင်းသော သွန်သင်မှုများ၏ ဤပျံ့နှံမှု ကပ်ဘေးအကြောင်း သူ၏ လွှမ်းမိုးမှုရှိသော အသင်းတော်များသို ညင်သာစွာ၊ ချစ်ခြင်းမေတ္တာရှိစွာ၊ တမန်တော်ဖြစ် ခြင်း၏ အခွင့်အာဏာကို မေးခွန်းမေးရန်မရှိခြင်းဖြင့် ဤစာစောင်အား ရေးသားပေးပိုခဲ့သည်။
ရှင်ယောဟန်ဩဝါဒစာ ပထမစောင်၌ ခရစ်တော်
ဤဩဝါဒစာတွင် ရှင်ယောဟန်သည် ယေရှုခရစ် တော်၏ လူသားဖြစ်ခြင်းကို ငြင်းဆန်သည့် နော့စ တစ်ဩဝါဒကို တိုက်ခိုက်သည်။ ရှင်ယောဟန်သည် လူ့ဇာတိခံယူသော ဘုရားသခင်၏သားတော် ယေရှု ခရစ်တော်၏ အဖြစ်တော်ကို ဖော်ပြ ထားပြီး၊ “ရေအားဖြင့်၄င်း၊ အသွေးအားဖြင့်၄င်း ကြွလာသော သူ”ဟု ဖြစ်သည် (၅း၆)။ ထို ကျမ်းပိုဒ်သည် ခရစ်တော်၏ လူသားဖြစ်ခြင်း၊ သေခြင်းနှင့် စစ်မှန် သော အသက်တာကို ဖော်ပြသည်။
ရှင်ယောဟန်သြဝါဒစာ ပထမစောင်ရှိ အဓိကဇာတ်ကောင်များ
ရှင်ယောဟန် – ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံသမ္မာတရားအကြောင်း ယုံကြည်သူများ စိတ်ချသေချာမှုရှိရန် ရေးသားခဲ့သူ (၁း၁-၅း၂၁)
ယေရှု – ခရစ်တော်သည် မိမိကိုယ်ကို အပူဇော်ခံသော အသက်ပေးသည့် ဘုရား၊ ယုံကြည်သူ – အားလုံးကို ထာဝရအသက်ပေးရန် သချိုင်းမှ ထမြောက်သူ (၁း၁-၅း၂၀)၊
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ဤဩဝါဒစာစောင်၏ အခြေအနေများကို ဖော်ပြရာတွင်၊ ရှင်ယောဟန် ပထမစောင်၏ အဓိက ခြုံငုံသောအချက်မှာ “ယုံကြည်ခြင်း အခြေခံအုတ်မြစ်ကို ပြန်လည်ခေါ်ဆောင်ခြင်း” (သို) “ခရစ်ယာန်ဖြစ်ခြင်း၏ အခြေခံများကို ပြန်သွားခြင်း” ဖြစ်သည်။ တမန်တော်သည် အထင် အမြင်များ (သို) မှန်းဆမှုများကို မပြောဘဲ၊ သေချာသောအရာများဖြင့် ဖော်ပြထားသည်။ သူ သည် အလွန်ရိုးရှင်းသော အသုံးအနှုန်းများဖြင့် လုံးဝခရစ်ယာန်ဖြစ်ခြင်း၏ လက္ခဏာကို ဖော်ပြ ထားပြီး၊ ရှင်းလင်းပြီး၊ အမှားမရှိသော ဝေါဟာရများ၊ ထိုသမ္မာတရားများ၏ အခြေခံသဘော တရားများသည် သံသယမရှိစေခြင်းတိုကို ဖော်ပြသည်။ အထက်ပါအရာအားလုံးနှင့် နွေးထွေးမှု၊ စကားပြောဆိုမှု၊ ချစ်ခြင်းမေတ္တာပြသော ပုံစံတိုသည် ဖခင်တစ်ဦးက မိမိသားသမီးများနှင့် ကြင်နာမှု၊ ရင်းနှီးစွာ ပြောဆိုမှုကဲ့သို ဖော်ပြသည်။
ရှင်ယောဟန် ပထမစောင်သည် သူ့လူများကို ပူပန်မှုရှိသည့် သင်းအုပ်တစ်ဦး၏ စိတ်ထဲ မှ ရေးသားခဲ့သည့် အသင်းအုပ်ဆိုင်ရာ စာစောင်လည်း ဖြစ်သည်။ သိုးထိန်းတစ်ဦးကဲ့သို ရှင် ယောဟန်သည် သိုးစုများကို အခြေခံကျသောအရာအချို ပြောဆိုမှုပြုသော်လည်း ယုံကြည် ခြင်းအခြေခံနှင့် ပတ်သက်သည့် သေချာစိတ်ချသော နိယာမများ၊ အရေးပါသော အရာများ ဖြစ်သည်။ သူသည် မှားယွင်းသော သွန်သင်မှုများနှင့် လက်ရှိအခြေအနေ ကာကွယ်မှုများဖြင့် ဝမ်းနည်းနေရမည့်အစား သူတို၏ယုံကြည်ခြင်း သေချာမှုနှင့်ပတ်သက် ပြီး ဝမ်းမြောက်ခြင်းရှိရန် ဆန္ဒရှိခဲ့သည် (၁း၄)။
သိုသော် ဤစာအုပ်၏ အဓိကအမြင်သည် သင်းအုပ်နှင့်ဆိုင်သောအရာသာမက အ လေးအနက် တိုက်ခိုက်ပြောဆိုခြင်း၊ အကောင်းမြင်သာမက အဆိုးမြင်လည်း ဖြစ်သည်။ ရှင် ယောဟန်သည် စင်ကြယ်သော ဩဝါဒမှ စွန်ခွါသူများကို ငြင်းဆန်ခဲ့ပြီး၊ သမ္မာတရားအား ပျက်ပြားအောင် လုပ်ဆောင်သူများကို သည်းခံနိုင်မှုမရှိကြောင်း ဖော်ပြခဲ့သည်။ သမ္မာတရားမှ လွဲသွားသောသူများကို သူက “မှားယွင်းသော ပရောဖက်များ” (၄း၁)၊ “လှည့်စားရန် ကြိုးစားသူ များ”(၂း၂၆၊ ၃း၇)နှင့် “အန္တိခရစ်” (၂း၁၈)ဟု အမည်ပေးထားသည်။ သူသည် စင်ကြယ်သော ဩဝါဒမှ စွန့်ခွာသူများကို နတ်ဆိုးမှလာသောသူများအဖြစ် မီးမောင်းထိုး ဖော်ပြခဲ့သည်(၄း၁-၇)။
အဓိကအချက်ငယ်သုံးခုကို ထပ်ခါထပ်ခါ ဖော်ပြခြင်းသည် ခရစ်ယာန်ဖြစ်ခြင်း အခြေခံ သစ္စာရှိမှု၏ အဓိကအချက် အားလုံးဖြစ်သည့် ဝမ်းမြောက်ခြင်း (၁း၄)၊ သန့်ရှင်းခြင်း (၂း၁) နှင့် လုံခြုံစိတ်ချခြင်း (၅း၁၃)တိုကို အားဖြည့်ပေးသည်။ ထိုအခြေများကို သစ္စာရှိခြင်းအားဖြင့် သူ့စာဖတ်သူများသည် သူတိုအသက်တာ၌ ထိုရလဒ်သုံးခု ဆက်လက်ဖြစ်ပေါ်မည့် အတွေ့အ ကြုံကို ရလိမ့်မည်ဖြစ်သည်။ ထိုအချက်သုံးချက်သည် ရှင်ယောဟန် ပထမစောင်တွင် မှန်ကန် သော ဝိညာဉ်ရေးရာ သော့ချက်စက်ဝိုင်းကို ဖော်ပြပြီး၊ ယေရှုပြောသော သူ့အမိန့်တော်များကို နာခံယုံကြည်ခြင်း၌ ကောင်းမွန်သော ယုံကြည်ခြင်းရှိခြင်း၊ ဘုရားသခင်နှင့် လုပ်ဖော်ဆောင်ဖက် ယုံကြည်သူများအတွက် ချစ်ခြင်းမေတ္တာ၌ နာခံခြင်းအကြောင်းတို ဖြစ်သည် (ဥပမာ- ၃း၂၃၊ ၂၄)။ ထိုသုံးခု (စင်ကြယ်သော ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ချစ်ခြင်း)တိုသည် အတူတကွ ပေါင်းစည်းလုပ်ဆောင်ပါက၊ သူတိုသည် ဝမ်းမြောက်ခြင်း၊ သန့်ရှင်းခြင်းနှင့် စိတ်ချသေချာခြင်း ရလဒ်တိုကို ရရှိမည်ဖြစ်သည်။ သူတိုသည် ပြောင်းလဲမှုစမ်းသပ်ခြင်းတွင် စစ်မှန်သော ခရစ်ယာန် တစ်ယောက်၏ သက်သေကို တည်ဆောက်နိုင်မည်ဖြစ်သည်။
ရှင်ယောဟန်သြဝါဒစာ ပထမစောင်ရှိ အဓိကသြဝါဒများ
ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်များ – ယုံကြည်သူတိုအသက်တာတွင် ဝမ်းမြောက်ခြင်း၊ သန့်ရှင်းခြင်း၊ နှင့် စိတ်ချသေချာခြင်းတို ဖြစ်ပေါ်ရန် စင်ကြယ်သော ယုံကြည်ခြင်း၊ နာခံခြင်းနှင့် ချစ်ခြင်းတို အတူတကွ လုပ်ဆောင်ခြင်း (၁း၄၊ ၉၊ ၂း၁၊ ၃၊ ၁၅၊ ၄း၄-၆၊ ၅း၁၃၊ ဆာ ၃၂း၃-၅၊ သု ၂၈း၁၃၊ ယော ၁၄း၃ဝ၊ ၁၆း၁၁၊ ရော ၆း၁၂-၁၄၊ ၈း၁၂၊ ၁၃၊ ၁ ကော ၁၅း၃၄၊ ဧ ၄း၃၂၊ ကော ၂း၁၃)
မိစ္ဆာ သွန်သင်မှုများ – မှားယွင်းသောဆရာများသည် ယေရှုခရစ်တော်၏ လူသားဖြစ်ခြင်းကို ငြင်းဆန်ခြင်း (၂း၁၈၊ ၂၆၊ ၃း၇၊ ၄း၁-၇၊ ဟေရှာ ၅၃း၃၊ ၄၊ မ ၁း၁၈၊ လု ၁း၃၁၊ ၁ ကော ၁၅:၂၁၊ ဂလ ၄း၄၊ ဟေဗြဲ ၂း၁၄-၁၇၊ ၂ ယော ၁း၇)
ရှင်ယောဟန်သြဝါဒစာ ပထမစောင်ရှိ ဘုရားသခင်၏ ဂုဏ် အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် သစ္စာရှိသော ဘုရား – ၁း၉
ဘုရားသခင်သည် တရားမျှတသော ဘုရား – ၁း၉
ဘုရားသခင်သည် အလင်းရှင် ဘု ရား – ၁း၅
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဘုရား – ၂:၅၊ ၃း၁၊ ၄း၈ -၁၀၊ ၁၂၊ ၁၆၊ ၁၉
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၂း၂၅
ဘုရားသခင်သည် စစ်မှန်သော ဘုရား – ၁း၁၀၊ ၅း၁၀
ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရား – ၅း၇
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခံများ
ကျမ်းစာပညာရှင်များသည် ရှင်ယောဟန် ပထမစောင်၌ မှားယွင်းသောဆရာတို၏ ယုံကြည်ခြင်း တိကျသော သဘောသဘာဝ ဆွေးနွေးငြင်းခုန်ကြပြီး၊ ရှင်ယောဟန်သည် သူတို၏ ယုံကြည်ခြင်းများကို အတိအကျ တိုက်ရိုက်ဖော်ပြမထားသော်လည်း၊ ယုံကြည်ခြင်း အခြေခံအုတ် မြစ် အပြုသဘော ဖော်ပြချက်အားဖြင့် မိစ္ဆာကို အဓိကတိုက်ခိုက်ခြင်းကြောင့် ဖြစ်သည်။ အထက် တွင် ဖော်ပြသည့်အတိုင်း၊ မိစ္ဆာတို၏ အဓိကလက္ခဏာမှာ ခရစ်တော်၏ လူသားဖြစ်ခြင်းကို ငြင်းဆိုခြင်းအကြောင်း ဖြစ်ပြီး၊ ခရစ်တော်သည် လူ့ခန္ဓာကိုယ်ဖြင့် ကြွလာခြင်း မဟုတ်ကြောင်း ၊ ဖြစ်သည်။ ထိုအရာသည် နာ့စတစ်ဝါဒ၏ ပုံစံအစဖြစ်ပေါ်လာမှု တစ်ခုဖြစ်ပုံပေါ်ပြီး၊ မီးမောင်း ထိုးပြထားသည့် အရာလည်းဖြစ်သည်။ (နောက်ခံသမိုင်းနှင့် အနေအထားတွင်ကြည့်ပါ)။
အနက်ဖွင့်သူသည်လည်း ရှင်ယောဟန် တရားဓမ္မအမြင်၏ တင်းကျပ်မှုဖြင့် အခက်အခဲ ဖြစ်ခဲ့သည်။ ရှင်ယောဟန်သည် ခရစ်ယာန်အသက်တာ၏ အခြေခံအုတ်မြစ်များကို လက်လျှော့ သည့် အသုံးအနှုန်းဖြင့်မဟုတ်ဘဲ တိကျသော အသုံးအနှုန်းဖြင့် ဖော်ပြထားသည်။ ဘုရားသခင် ၏ စံနှုန်းကို ရောက်ရန် ယုံကြည်သူများ ကျရှုးနိုင်ခြင်းအား ဖော်ပြသည့် ရှင်ပေါလု၏ ပြောဆိုမှု မျိုးကဲ့သို မဟုတ်ဘဲ၊ ရှင်ယောဟန်သည် “ကျွန်ုပ် မလုပ်ခဲ့လျှင်”ဟူသောအရာနှင့် ရေးမထားပေ။ ၂း၁၊၂ တွင်သာ လုံးဝသေချာခြင်းမှ သက်သာခြင်းအချိုကို သူဖော်ပြထားသည်။ စာအုပ်တစ်အုပ် လုံးသည် အရောင်ဖျော့ခြင်းထက် အဖြူနှင့်အမည်းအဖြစ် သမ္မာတရားကို ဖော်ပြထားပြီး၊ ဥပမာ “အလင်း”နှင့် “အမှောင်” (၁း၅၊ ၇၊ ၂း၈-၁၁)၊ သမ္မာတရားနှင့် လိမ်ညာမှု (၂:၂၁၊ ၂၂၊ ၄း၁)၊ ဘုရားသားသမီးများနှင့် စာတန်သားသမီးများ (၃း၁၀) စသည့် ဆန့်ကျင်ဘက်စကားလုံးများဖြင့် ဖော်ပြသည်။ ခရစ်ယာန်များဟု ပြောသောသူများသည် စစ်မှန်သော ခရစ်ယာန်လက္ခဏာများဖြစ် သည့် စင်ကြယ်သော ဩဝါဒ၊ နာခံခြင်း၊ ချစ်ခြင်းတိုကို အသက်တာတွင် လုံးဝ ရှိနေရမည်ဖြစ် သည်။ မှန်ကန်သော ဒုတိယမွေးခြင်းရှိသူများသည် အသက်တာသစ် ရှိရမည်ဖြစ်ပြီး၊ ထိုအရာက သက်သေအဖြစ် လုပ်ဆောင်ခြင်း ဖြစ်သည်။ အသက်တာသစ်၏ လက္ခဏာများ မလုပ်ဆောင်သူ သည် အသက်တာသစ်ကို မရရှိသူဖြစ်ပြီး၊ ထိုသူသည် မည်သိုသောအခါမျှ ဒုတိယမွေးခြင်း ခံမည်မဟုတ်ပေ။ ဤအကြောင်းအရာသည် ယာယီအဖြစ် ဆက်လက်ရှိခြင်း (သို) ဘုရားသခင် နှင့် နေ့စဉ် မိတ်သဟာယဖွဲခြင်း၌ ဗဟိုဖြစ်မည်မဟုတ်ဘဲ (ရှင်ပေါလု ရေးသားထားသကဲ့သို)၊ ကယ်တင်ခြင်းအမှန်တကယ်ရှိခြင်းကို အတည်ပြုရန် တစ်စုံတစ်ဦး၏ အသက်တာ၌ အခြေခံ စစ်ဆေး လုပ်ဆောင်မှုသာ ဖြစ်မည်။ လုံးဝကွဲပြားသည့်အရာကဲ့သို ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ လက္ခဏာသည်လည်း ဖြစ်ပေါ်ခဲ့သည်။
ရှင်ယောဟန်သြဝါဒစာပထမစောင်ရှိ အဓိကဝေါဟာရများ
အပြစ်တရား – ဂရိဝေါဟာရ – hamartini – ၁း၇၊ ၈၊ ၃း၄၊ ၅၊ ၈၊ ၉၊ ၅း၁၆၊ ၁၇ – စာပေသဘောအရ “ပစ်မှတ်ကို လွဲချော်ခြင်း”ဖြစ်သည်။ ရှင်ယောဟန်သည် အခြားအရာဖြင့် ဖုံးအုပ်နိုင်သော အပြစ် တစ်ခုနှင့် အခြားအရာဖြင့် မဖုံးအုပ်နိုင်သော အပြစ်တစ်ခုအကြောင်းကို ပြောထားသည်။ ယနေ့ စာဖတ်သူများနှင့်မတူသော ရှင်ယောဟန်၏ စာဖတ်သူများသည် ထိုအပြစ်နှစ်ခု၏ ကွဲပြားမှုကို ရှင်းရှင်းလင်းလင်း နားလည်ကြသည်။ ဤဩဝါဒစာစောင်၏ သွန်သင်မှုအချုပ်သည် မှားယွင်းမှု နောက်လိုက်ရန် ခရစ်ယာန်များကို ငြင်းဆန်သူများ(၂း၁၈-၁၉)၊ “အန္တိခရစ်”သွန်သင်မှုနောက်လိုက် သူများသည် ပြန်လည်ပြုပြင်၍ မရသောသူများဖြစ်ကြောင်း ဖော်ပြထားသည်။ သူတို၏ ပုန်ကန်မှုနှင့် သခင်ယေရှု၏ အစစ်အမှန်ဖြစ်ခြင်းကို ငြင်းဆန်မှုသည် (၄း၁-၃) အပြစ်တရားမှ နောင်တမရခြင်းကို ဖြစ်စေသည်။ နောက်ဆုံးတွင် သူတိုအပြစ်သည် ဝိညာဉ်ရေးရာသေခြင်းကို ဖြစ်စေသည်။
အမှုဆောင်သခင်/ရှေ့နေ – ဂရိဝေါဟာရ – parakletos – ၂း၁ – စာပေသဘောအရ “ကျွန်ုပ် တိုဘက်တွင်နေရန် ခေါ်ထားသောသူ”ဟု ဖြစ်သည်။ ဤဂရိအသုံးအနှုန်းသည် နှစ်သိမ့်သူ၊ အတိုင် ပင်ဘက်၊ အကာအကွယ်ပေးသည့်ရှေ့နေရာထူးကို ရည်ညွှန်းသည်။ ယော ၁၄၂၆ နှင့် ၁၅၂၆ တိုတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူတိုင်းအတွက် ကူညီသူ/သက်သေခံဟု ခေါ် ထားသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တိုကို နှစ်သိမ့်ခြင်း၊ ကူညီမစမှုပေးရန် ကျွန်ုပ် တိုအထဲတွင် အလုပ်လုပ်ပြီး၊ ကောင်းကင်ဘုံရှိ ခမည်းတော်ရှေ့တွင် ကျွန်ုပ်တိုအတွက် ဆုတောင်းပေး နေသည် (ရော ၈း၂၆၊ ၂၇၊ ၃၄)။
ထူးကဲသော လုပ်ဆောင်မှုတစ်ခုတွင် ရှင်ယောဟန်သည် စစ်မှန်သောခရစ်ယာန် အ ကြောင်း အခြေခံသမ္မာတရားကို ထပ်ခါထပ်ခါ အလေးထားဖော်ပြသည့် တူညီသော အဓိကအ ချက်များအားဖြင့် အနက်ဖွင့်သူကို အခက်အခဲဖြစ်စေသည်။ အချိုက ရှင်ယောဟန်၏ ထပ်ခါ ထပ်ခါ ဖော်ပြမှုများကို သိမှုနယ်ပယ်ထက်သာလွန်သော တူညီသည့် သမ္မာတရားများ အမြဲတမ်း ပျံ့နှံနေပြီး၊ ပိုပိုကြီးမားလာသည့် ဗဟိုအချက်ကို အပြင်ဘက်မှ ရစ်ပတ်သွားနေသော အရာအဖြစ် နှိင်းယှဉ်ပြောဆိုကြသည်။ အချိုက ဗဟိုချက်ကို အတွင်းဘက်မှ ရစ်ပတ်သွားနေပြီး၊ သူ၏ အတွေးအမြင် ကျယ်ပြန့်လာမှု၏ တူညီသော အဓိကအချက်များသို နက်နက်နဲနဲ ဝင်ရောက် လာခြင်းဖြစ်သည်ဟု မြင်ကြသည်။ (အကျဉ်းချုပ်တွင် ကြည့်ပါ)။ သိုသော်လည်း ဗဟိုချက်ကို ရစ်ပတ်သွားမှု အမြင်တစ်ခုမှာ၊ ရှင်ယောဟန်က အခြေခံသမ္မာတရားများ၏ အရေးကြီးမှု ပေါ် လွင်စေရန် ထပ်ခါခါအသုံးဖော်ပြခြင်းနှင့် စာဖတ်သူများအား ထိုအရာများ နားလည်ပြီး သတိရရန် ကူညီပေးခြင်းဖြစ်သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ စစ်မှန်သော မိတ်သဟာဖွဲခြင်း၏ အခြေခံစစ်ဆေးမှုများ – ဗဟိုပတ်လမ်း ၁ (၁း၁-၂း၁၇)
က။ ဩဝါဒဆိုင်ရာ အခြေခံ စစ်ဆေးမှုများ (၁း၁-၂း၂)
၁။ ခရစ်တော်အား ကျမ်းစာဆိုင်ရာ အမြင် (၁း၁-၄)
၂။ အပြစ်အား ကျမ်းစာဆိုင်ရာ အမြင် (၁း၅-၂း၂) ၊
ခ။ ကိုယ်ကျင့်တရားများကို အခြေခံ စစ်ဆေးမှုများ (၂း၃-၁၇)
၁။ နာခံခြင်းအား ကျမ်းစာဆိုင်ရာ အမြင် (၂း၃-၆) ၊
၂။ ချစ်ခြင်းမေတ္တာအား ကျမ်းစာဆိုင်ရာ အမြင် (၂း၇-၁၇)
က။ ဘုရားသခင် အလိုရှိသော ချစ်ခြင်းမေတ္တာ (၂း၇-၁၁)
ခ။ ဘုရားသခင်မုန်းသော ချစ်ခြင်း (၂း၁၂-၁၇)
၂။ စစ်မှန်သော မိတ်သဟာယဖွဲခြင်း၏ အခြေခံစစ်ဆေးမှုများ – ဗဟိုပတ်လမ်း ၂ (၂း၁၈-၃း၂၄)
က။ ဩဝါဒဆိုင်ရာ စစ်ဆေးမှု အပိုင်း ၂ (၂း၁၈-၂၇)
၁။ ခရစ်ယာန်မိတ်သဟာယဖွဲခြင်းမှ အန္တိခရစ် ထွက်ခွါခြင်း (၂း၁၈-၂၁)
၂။ ခရစ်ယာန် ယုံကြည်ခြင်းကို အန္တိခရစ် ငြင်းဆိုခြင်း (၂း၂၂-၂၅) ၊
၃။ ခရစ်ယာန် သစ္စာရှိခြင်းကို အန္တိခရစ် လှည့်စားခြင်း (၂း၂၆၊ ၂၇)
ခ။ ကိုယ်ကျင့်တရား စစ်ဆေးမှု အပိုင်း ၂ (၂း၂၈-၃း၂၄) ၊
၁။ သခင်ဘုရား ပြန်ကြွလာခြင်း၏ စင်ကြယ်သော မျှော်လင့်ခြင်း (၂း၂၈-၃း၃)
၂။ အပြစ်တရားနှင့် ခရစ်ယာန်တို သဟဇာတမဖြစ်ခြင်း (၃း၄-၂၄)
က။ ဖြောင့်မတ်ခြင်း လိုအပ်မှု (၃း၄-၁၀)
ခ။ ချစ်ခြင်းမေတ္တာ လိုအပ်မှု (၃း၁၁-၂၄)
၃။ စစ်မှန်သော မိတ်သဟာယဖွဲခြင်း၏ အခြေခံစစ်ဆေးမှုများ – ဗဟိုပတ်လမ်း ၃ (၄း၁-၂၁)
က။ ဩဝါဒဆိုင်ရာ စစ်ဆေးမှု အပိုင်း ၃ (၄း၁-၆) ၊
၁။ မှားယွင်းသောသွန်သင်မှုများ၏ နတ်ဆိုးအရင်းအမြစ် (၄း၁-၃)
၂။ စင်ကြယ်သောဩဝါဒ လိုအပ်ခြင်း (၄း၄-၆) ၊
ခ။ ကိုယ်ကျင့်တရား စစ်ဆေးမှု အပိုင်း ၃ (၄း၇-၂၁)
၁။ ဘုရားသခင်၏ ဂုဏ်အင်္ဂါ ချစ်ခြင်းမေတ္တာ (၄း၇-၁၀)
၂။ ဘုရားသခင် အလိုရှိသော ချစ်ခြင်းမေတ္တာ (၄း၁၁-၂၁)
၄။ စစ်မှန်သော မိတ်သဟာယဖွဲခြင်း၏ အခြေခံစစ်ဆေးမှုများ – ဗဟိုပတ်လမ်း ၄ (၅း၁-၂၁) ၊
က။ ခရစ်တော်၌ အသက်တာအောင်မြင်မှုရခြင်း (၅း၁-၅)
ခ။ ခရစ်တော်အတွက် ဘုရားသခင်၏ သက်သေ (၅း၆-၁၂)
ဂ။ ခရစ်တော်ကြောင့် ခရစ်ယာန်များ သေချာမှုရှိခြင်း (၅း၁၃-၂၁)
၁။ ထာဝရအသက်အတွက် သေချာခြင်း (၅း၁၃)
၂။ ဆုတောင်းခြင်းအဖြေအတွက် သေချာခြင်း (၅း၁၄-၁၇)
၃။ အပြစ်နှင့်စာတန်ကို အောင်မြင်ခြင်းအတွက် သေချာခြင်း (၅း၁၈-၂၁)
ရှင်ယောဟန်ဩဝါဒစာ ပထမစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ရောမအင်ပါယာနှင့် တရုတ်အင်ပါယာသည် အသီးအသီးနယ်ချဲ့ကြပြီး၊ အာမေးနီးယန်းတောင်နှင့် ကပ်စပီယန်ပင်လယ်အားဖြင့် နယ်မြေပိုင်းခြားခဲ့သည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ပထမရာစု၌ ခရစ်ယာန်များကို တိုက်ခိုက်သည့် ဖျက်ဆီးရာဖျက်ဆီးကြောင်း သွန် သင်မှုအချိုကို ကျွန်ုပ်တိုနားလည်ရန် ရှင်ယောဟန် ပထမစောင်က မည်သို ကူညီပေး သနည်း။
ရှင်ပေါလု၊ ရှင်ပေတရုနှင့် ရှင်ယောဟန်တိုသည် နောက်ပိုင်းတွင် နော့စတစ်ဝါဒဟု သိလာသော အစောပိုင်းတွင် ဖြစ်ပေါ်လာသည့် မှားယွင်းသော သွန်သင်မှု စနစ်တစ်ခုနှင့် ရင်ဆိုင်ခဲ့ကြရသည်။ ထိုအသုံးအနှုန်းသည် (ဂရိစကားလုံး “အသိဉာဏ်”မှ ဖြစ်ပေါ်လာခြင်းဖြစ်) အသိဉာဏ်ကို မြှင့်တင်ပေးသည့် နော့စတစ်၏ ပြောဆိုချက်ကို ရည်ညွှန်းပြီး၊ မြင့်မားသော သမ္မာတရားတစ်ခုသည် နက်နဲသောအရာများ၌သာ သိနိုင်သည်ဟု ဖြစ်သည်။ သမ္မာတရား၏ ဤနက်နဲသော အသိဉာဏ်၌ အကျွမ်းဝင်မှုများသည် ကျမ်းစာထက် အတွင်းပိုင်း အခွင့်အာဏာ ပိုမြင့်မားသည်။ ဤအရာက လူ့အတွေးအမြင်အပေါ် ဘုရားသခင်နှင့်ဆိုင်သော ဖွင့်ပြချက် စံနှုန်းများက အုပ်စိုးရမည့်အစား၊ လူ့အတွေးအမြင်သည် ဘုရားသခင်၏ ဖွင့်ပြမှုများကို စီရင် ခြင်းကဲ့သို ဖရိုဖရဲ အခြေအနေများ ရရှိလာသည် (၁ ယော ၂း၁၅-၁၇)။
အတွေးအခေါ်ပိုင်းအရ မှားယွင်းသော သူများသည် ပလေတိုဝါဒ (Platonism) ၏ လွဲမှားစွာ ဖော်ပြသည့်အယူကို အားကိုးခဲ့သည်။ ပလေတိုဝါဒ၏ သွန်သင်ချက်သည် “အဆိုး အကောင်း ဆန့်ကျင်ဘက်ဝါဒီ” (Dualism)ဟု သိရပြီး၊ ၄င်းက အရာဝတ္ထုသည်ဆိုး၍ ဝိညာဉ် သာလျှင်ကောင်းသည်ဟု ဆိုသည်။ ဤမိစ္ဆာအယူ၏ တိုက်ရိုက်အမှားများမှ တစ်ခုမှာ ခရစ် တော်၏ ဘုရားဖြစ်ခြင်း ဂုဏ်အင်္ဂါအချို ပါဝင်သော်လည်း သူ၏ စစ်မှန်သော လူသားဖြစ်ခြင်းကို ငြင်းဆန်ပြီး မကောင်းမှုမှ သူ့အား ကာကွယ်ရန် ထင်မြင်ခြင်းဖြစ်သည် (သူအမှန်တကယ် လူ သားဖြစ်လာပါက သူတိုသည် သူ့ကို အကာအကွယ်ပြုပေးခြင်း)။ ထိုကဲ့သိုသော အမြင်တစ်ခုသည် ယေရှု၏ စစ်မှန်သော လူသားဖြစ်ခြင်း သာမက ကျွန်ုပ်တိုအပြစ်အတွက် ပေးဆပ်သွားသော သူ၏ ဒုက္ခဆင်းရဲနှင့်သေခြင်း၌ ခရစ်တော်၏ အပြစ်လွှတ်ခြင်း လုပ်ဆောင်မှုကိုပါ ဖျက်ဆီး သွားသည်။ သခင်ယေရှုသည် စစ်မှန်သော ဘုရားဖြစ်သည်သာမက၊ အပြစ်အတွက် လက်ခံနိုင် ဖွယ် အပူဇော်ခံ အစားထိုးယဇ်ကောင်အဖြစ် (ဟေဗြဲ ၂း၁၄-၁၇)ကားတိုင်တွင် အမှန်တကယ် ဒုက္ခဆင်းရဲခံ၊ အသေခံခဲ့သည့်လူသားစစ်စစ် (ရုပ်ခန္ဓာအမှန်)လည်း ဖြစ်သည်။ ယေရှုအား ကျမ်းစာဆိုင်ရာအမြင်သည် သူ၏ လူ့ဇာတိအပြည့် ရှိသလို ဘုရားဇာတိအပြည့် ရှိသည်ဟု အတည်ပြုပေးသည်။
ရှင်ယောဟန်အချိန်က နာ့စတစ် မိစ္ဆာသည် အခြေခံပုံစံနှစ်မျိုးဖြင့် ဖြစ်ပေါ်ပြီး၊Docetism နှင့် Cerinthus ၏ အမှားတိုဖြစ်သည်။ Docetism (“တင်သည်၊ သဘောရ သည်”ဟူသော ဂရိဝေါဟာရမှ)သည် ယေရှု၏ ကိုယ်ခန္ဓာသည် အစစ်အမှန်မဟုတ်ဘဲ၊ ရုပ်ခန္ဓာ အဖြစ်သာ “မြင်ရသော” အရာဖြစ်သည်ဟု ယုံကြည်သည်။ ရှင်ယောဟန်သည် သခင်ယေရှု၏ ရုပ်ခန္ဓာအစစ်အမှန်ဖြစ်ခြင်းကို အားကြီးစွာ၊ ထပ်ခါထပ်ခါ အတည်ပြု ထားခဲ့သည်။ သူက သူ့စာဖတ်သူများအား သူသည် ခရစ်တော်၏ မျက်မြင်သက်သေတစ်ဦးအဖြစ် သတိပေးခဲ့သည် (“ကြားခဲ့”၊ “မြင်ခဲ့”၊ “ထိတွေ့ခဲ့” “လူ့ဇာတိခံယူသော ယေရှုခရစ်တော်”၊ ၁ ဟာ ၁း၁-၄၊ ၄း၂၊ ၃)။ အစောပိုင်း နာ့စတစ်ဝါဒ၏ အခြားပုံစံတစ်ခုမှာ အစောပိုင်းအသင်းတော်မှ အများ တရားအတွက် ရပ်တည်သူ Ireneus အားဖြင့် Cerinthus ကို ပြန်လည်တုံပြန်သည့် အရာ ဖြစ်သည်။ C’erintius က ခရစ်တော်၏ “ဝိညာဉ်” သည် သူ့နှစ်ခြင်းခံခြင်း၌ ယေရှုကံဆင်းသက် လာပြီး၊ သူလက်ဝါးကားတိုင်ပေါ်တွင် မသေခင်ပြန်လည်ထွက်ခွါသွားသည်ဟု ပြောခဲ့သည်။ ရှင်ယောဟန်က သူ့သာသနာအစပြုခြင်း၌ နှစ်ခြင်းခံခဲ့သော ယေရှုသည် ကားတိုင်တွင် အသေခံ ခဲ့သူနှင့် အတူတူဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ခဲ့သည် (၁ ယော ၅း၆)။
ရှင်ယောဟန်သည် အစောပိုင်း မော့စတစ်ယုံကြည်ချက်များကို အသေးစိတ်ဖော်ပြ မထားသော်လည်း သူ့ယူဆချက်များသည် သူ့ပစ်မှတ်များအကြောင်း ရှင်းလင်းသည့် သဲလွန်စ များကို ပေးသည်။ ထိုအပြင် ရှင်ယောဟန်၏ ဉာဏ်ပညာသည် အပြင်းအထန်တိုက်ခိုက်သည့် မိစ္ဆာတိုကို ရှောင်ရှားရန် ဖြစ်သော်လည်း၊ နောက်ပိုင်းခရစ်ယာန်မျိုးဆက်များအတွက် အကန့် အသတ်မဲ့ အခြေခံအုတ်မြစ်နှင့် အဖြေများပေးသည့် ခရစ်တော်၏ အခြေခံသမ္မာတရားများ အကြောင်း အချိန်တိုင်း ရှင်းလင်းစွာ ဖော်ပြပေးသည်။
၂။ ရှင်ယောဟန် ပထမစောင်တွင် ရှင်ယောဟန် ရေးသားသည့် ပြောင်းလဲ၍မရသော ယုံကြည် ခြင်း၏ အခြေခံများမှာ အဘယ်နည်း။
ရှင်ယောဟန်သည် တိကျသောအသုံးအနှုန်းဖြင့် ခရစ်ယာန်တို၏ အခြေခံများ (သို) အုတ်မြစ်များကို ဖော်ပြသည်။ ရှင်ယောဟန်သည် ကျွန်ုပ်တို ကျရှုးသောအခါ ရှေ့ဆောင်သခင် ဖြစ်သော ခရစ်တော်၏ အခန်းကဏ္ဍနှင့် ခွင့်လွတ်ခြင်း၏ အရေးပါပုံ(၁း၈၊ ၉၊ ၂း၁)ကို ဖော်ပြထား သော်လည်း ချိန်ညှိဖိုရန် အလွန်ဆန့်ကျင်သည့် အရာများဖြစ်သည့် “အလင်း”နှင့် “အမှောင်” (၁း၅၊ ၇၊ ၂း၈-၁၁)၊ သမ္မာတရားနှင့် လိမ်ညာမှု (၂:၂၁၊ ၂၂၊ ၄း၁)၊ ဘုရားသခင်၏ သားသမီး များနှင့် စာတန်၏ သားသမီးများ (၃း၁၀) စသည်တိုကိုလည်း ဖော်ပြထားသည်။ ခရစ်ယာန်များ ဟု မိမိကိုယ်ကို ပြောဆိုသူများသည် စစ်မှန်သော ခရစ်ယာန်အမှတ်လက္ခဏာများဖြစ်သည့် စင်ကြယ်သော ဩဝါဒ၊ နာခံခြင်း၊ ချစ်ခြင်းတိုကို လုပ်ဆောင်နေရမည်ဖြစ်သည်။ ထိုသို လုံးဝ ကွဲပြားမှုများသည် ရှင်ယောဟန် ခရစ်ဝင်ကျမ်း၌လည်း ဖော်ပြထားသည့်အရာများဖြစ်သည်။ ၃။ ၁ ယော ၁း၉ တွင် ခွင့်လွတ်ခြင်းရရှိရန် မည်သည့် ဝန်ခံမှုမျိုး လုပ်ဆောင်ရမည်နည်း။
ရှင်ယောဟန် တွန်းလှန်ခဲ့သော မှားယွင်းသည့်ဆရာများသည် မျက်မှောက်ခေတ်လူများ နှင့်ဆင်တူသည်။ သူတိုသည် ဝိညာဉ်ရေးရာ အမှောင်(အပြစ်)ထဲတွင် လျှောက် လှမ်းကြည့် လည်း၊ သူတိုအသက်တာ၌ အပြစ်တရား တည်ရှိခြင်းကို ငြင်းဆန်ကြသည်။ လူတစ်ဦးသည် အပြစ်သားတစ်ဦးဖြစ်သည်ကို ဝန်မခံပါက ကယ်တင်ခြင်းဆိုသည်မှာလည်း ဖြစ်လာစရာမရှိပေ (သူအပြစ်ရှိခြင်းကို ငြင်းဆန်သော လူငယ်အကြောင်းဖော် ပြသည့် မ ၁၉း၁၆-၂၂ ကိုကြည့်ပါ)။ ဝန်ခံခြင်း (အပြစ်ဝန်ချခြင်း)သည် လက်မှ ကိုင်ထားသည့်အရာတစ်ခု လွတ်စေရန် ဖွင့်ချပေး လိုက်ခြင်းကဲ့သိုဖြစ်သည်။ လက်ဖွင့်ချလိုက်သည်နှင့်တစ်ပြိုင်နက်၊ ထိုအရာသည် ခွင့်လွှတ်ခြင်းကို ရရှိခဲ့သည်။
အပြစ်ဝန်ချတောင်းပန်ခြင်းသည် စစ်မှန်သော ကယ်တင်ခြင်းရရှိခြင်းကို ဖော်ပြသည့် အရာလည်းဖြစ်သည်။ မှားယွင်းသောဆရာများသည် သူတိုအပြစ်ကို ဝန်မခံကြဘဲရှိနေချိန်၊ စစ်မှန် သော ခရစ်ယာန်များက ထိုအရာကို ဝန်ခံပြီး၊ ခွင့်လွှတ်ခြင်းရယူရမည် (ဆာ ၃၂း၃-၅။ သု ၂၈း၁၃)။ ဝန်ခံခြင်းဟူသော အသုံးအနှုန်းသည် အပြစ်နှင့်ပတ်သက်ပြီး ဘုရားသခင်ပြောထား သည့်အတိုင်း ပြောခြင်းဖြစ်သည်။ အပြစ်ဝန်ခံခြင်းသည် စစ်မှန်သော ခရစ်ယာန်လက္ခဏာကို ပြပြီး၊ ဘုရားသခင်သည် ထိုသို ဝန်ခံသူများကို ဆက်လက်စင်ကြယ်စေမည် ဖြစ်သည်။ အပြစ် တစ်ခုတိုင်းစီအတွက် ဝန်ခံမှုပြုခြင်း အရေးကြီးမှုထက် ဤနေရာတွင် ရှင်ယောဟန်က အပြစ် သားတစ်ဦးသည် အပြစ်မှသန့်ရှင်းခြင်းနှင့် ခွင့်လွှတ်မှုကို လိုအပ်သောအပြစ်သားအဖြစ် သတိရ ပြီး သိနားလည်ခြင်းဉာဏ်ဖြင့် ရှိနေကြရန် ဖြစ်သည် (ဧ ၄း၃၂၊ ကော ၂း၁၃)။
၄။ လောကကို အဘယ့်ကြောင့် ကျွန်ုပ်တို မချစ်ဘဲနေရမည်နည်း (၂း၁၅)။
ချစ်ခြင်းမေတ္တာ၏ အရေးကြီးခြင်းနှင့် ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ကြောင်းကို ရှင်ယောဟန်က ထပ်ခါထပ်ခါ ပြောထားသော်လည်း (၄း၇-၈)၊ ဘုရားသခင်မုန်းသည့် ချစ်ခြင်း အမျိုးအစားဖြစ်သည့် လောကကို ချစ်ခြင်းအကြောင်းကိုလည်း (ယော ၁၅း၁၈-၂၀) ဖော်ပြထား သည်။ လောကကို မချစ်သောသူသည် ဒုတိယမွေးခြင်းခံရသူဖြစ်ပြီး ချစ်ခြင်းမေတ္တာ အသက်တာ ရှိသော အမူအကျင့် လက္ခဏာဖြစ်ပေမည်။ အပြန်အလှန်အားဖြင့်၊ ခရစ်ယာန်များသည် ဘုရား သခင်နှင့် သူတိုလုပ်ဖော်ဆောင်ဘက် ခရစ်ယာန်များကို ချစ်သည်။
ဤနေရာတွင် ချစ်ခြင်းမေတ္တာသည် ချစ်ခင်မှုနှင့် ဆက်ကပ်မှုကို ဖော်ပြသည်။ ခရစ် ယာန်တို၏ အသက်တာတွင် လောကကိုမဟုတ်ဘဲ ဘုရားသခင်အား ပထမနေရာ၌ ရှိနေရမည် (မ ၁၀း၃၇-၃၉၊ ဖိ ၃း၂၀)။ လောကကြီးဟူသော အသုံးအနှုန်းသည် ရုပ်ဝတ္ထုပစ္စည်းကို ရည်ညွှန်း ခြင်းမဟုတ်ဘဲ၊ စာတန်အုပ်စိုးသော မမြင်ရသည့် ဝိညာဉ်ရေးရာ မကောင်းမှုစနစ်နှင့် ဘုရား သခင်၊ သူ၏လူများ၊ သူ့နှုတ်ကပတ်တော်ကို ဆန့်ကျင်သည့် အရာများအားလုံးကို ဆိုလိုသည် (၅:၁၉၊ ယော ၁၂း၃၁၊ ၁ ကော ၁း၂၁၊ ၂ ကော ၄း၄၊ ယာ ၄း၄၊ ၂ ပေ ၁း၄)။
၅။ စစ်မှန်သော ခရစ်ယာန်များသည် အပြစ်ပြုခြင်း အမူအကျင့်မရှိနိုင်ကြောင်းကို မည်သည့် အကြောင်းပြချက် လေးချက်အား ရှင်ယောဟန်က ပေးခဲ့သနည်း (၁ ယော ၃း၄-၁၀)။
ဤကျမ်းပိုဒ်သည် “ဒုစရိုက်ကို ပြုသောသူမည်သည်ကား”(ငယ် ၄)ဟူသော စကားစုဖြင့် အစပြုထားသည်။ “ဒုစရိုက်ပြုခြင်း”ဟူသည် အမြဲတမ်းလုပ်ဆောင်သည့် အမူအကျင့်ကို ဖော်ပြ သည့် ဂရိကြိယာတစ်ခုအဖြစ် အနက်ပြန်ဆိုသည်။ စစ်မှန်သော ခရစ်ယာန်တွင် အပြစ်သဘာဝ (၁း၈)နှင့် အပြစ်ပြုသော အမူအကျင့် ရှိသော်လည်း၊ သူတိုအပြစ်ကို ဝန်ခံပြီး (၁း၉၊ ၂း၁) ခွင့် လွှတ်မှု လက်ခံရရှိခြင်းသည် သူတိုအသက်တာ၏ အစဉ်မပြတ်ကျင့်သော အပြစ်တရားကို ကာကွယ်နိုင်သည် (ယော ၈း၃၁၊ ၃း၄-၃၆၊ ရော ၆း၁၁၊ ၂ ယော ၉)။ ဘုရားသခင်သည် စစ်မှန်သော ခရစ်ယာန်များ အဘယ့်ကြောင့် အပြစ်တရားတွင် မကျင်လည်နေရမည်ကို ထိ ရောက်မှုရှိသော အချက်လေးချက်ကို ပေးခြင်းဖြင့် အပြစ်အကြောင်း သတိထားမှု ကြီးထွားလာ ခြင်းကို တည်ဆောက်ပေးသည်။ (၁) အပြစ်တရားသည် စစ်မှန်သော ခရစ်ယာန်များ ချစ်သော ဘုရားသခင်၏ ပညတ်တရားနှင့် သဟဇာတမဖြစ်သောကြောင့် အပြစ်တရားတွင် အစဉ်အမြဲ မကျင်လည်ရပေ(၃း၄၊ ဆာ ၁၁၉း၃၄၊ ၇၇၊ ၉၇၊ ရော ၇း၁၂၊ ၂၂)။ အပြစ်တရားတွင် ကျင်လည် သော အမူအကျင့်သည် လုံးဝပုန်ကန်ခြင်းအဖြစ်ကို ဖော်ပြပြီး၊ ရှိနေသော ပညတ်တော်ကို လျစ်လျူရှုခြင်း (သို) ပညတ်မရှိဘဲ နေထိုင်ခြင်းဖြစ်သည် (ယာ ၄း၁၇)။ (၂) အပြစ်တရားသည် ခရစ်တော် လုပ်ဆောင်ခဲ့မှုများနှင့် သဟဇာတမဖြစ်သောကြောင့် စစ်မှန်သော ခရစ်ယာန်များ သည် အပြစ်တရားတွင် အစဉ်အမြဲမကျင်လည်ရပေ (၃၅)။ ခရစ်တော်သည် ယုံကြည်သူကို စင်ကြယ်စေရန် (သန့်ရှင်းရန်) အသေခံခဲ့သည် (၂ ကော ၅း၂၁၊ ဧ ၅း၂၅-၂၇)။ အပြစ်တရားတွင် ၊ ကျင်လည်ခြင်းသည် ယုံကြည်သူများအသက်တာတွင် အုပ်စိုးနေသည့် အပြစ်တရားကို ချိုးဖျက်ခဲ့ သော ခရစ်တော်၏ လုပ်ဆောင်မှုအား ဆန့်ကျင်သည် (ရော ၆း၁-၁၅)။ (၃) အပြစ်တရားကို ပုံဖော်သူ စာတန်၏ လုပ်ဆောင်မှုများကို ဖျက်ဆီးရန် ခရစ်တော်ကြွလာခြင်းကြောင့် စစ်မှန်သော ခရစ်ယာန်များ အပြစ်တရားတွင် အစဉ်အမြဲ မကျင်လည်ရပေ (၃း၈)။ မကောင်းမှုသည် ဆက် လက်လှုပ်ရှားနေသော်လည်း၊ ကျွန်ုပ်တိုသည် ခရစ်တော်၌ သူ့ အုပ်စိုးမှုအောက်မှ လွတ်မြောက်ပြီး အနိုင်ယူမည်ဖြစ်သည်။ စကြဝဠာတွင် စာတန်၏ လုပ်ဆောင်မှုများ ရပ်စဲသွားသောအခါ ထိုနေ့ သည် ရောက်လာပြီး၊ သူ့အား ငရဲသို ထာဝရပိုဆောင်မည်ဖြစ်သည် (ဗျာ ၂၀း၁၀)။ (၄) ယုံကြည် သူများအသက်တာတွင် အသစ်သောသဘာဝကို ဖြည့်ဆည်းပေးသူ သန့်ရှင်းသော ဝိညာဉ်တော် ၏ သာသနာအလုပ်ဖြင့် သဟဇာတမဖြစ်သောကြောင့် စစ်မှန်သော ခရစ်ယာန်များသည် အပြစ် တရားတွင် အစဉ်အမြဲ မကျင်လည်ရပေ (၃း၉၊ ယော ၃း၅-၈)။ အသစ်သော သဘာဝသည် အပြစ်ကို ထွက်ပြေးစေပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဖြစ်ပေါ်သော ဖြောင့်မတ်ခြင်း အမူအကျင့်ကို ဖော်ပြသည် (ဂလ ၅း၂၂-၂၄)။
ရှင်ယောဟန်သြဝါဒစာ ပထမစောင်ကို ဆက်လက်လေ့လာရန်
၁။ ပထမအခန်းကြီးတွင် ဝန်ခံခြင်းနှင့်ခွင့်လွှတ်ခြင်းအကြောင်း ရှင်ယောဟန်က ဘာသွန်သင်သ နည်း။
၂။ ခရစ်ယာန်များ အဘယ့်ကြောင့် ချစ်ခြင်းမေတ္တာရှိရမည်ကို အကြောင်းပြချက် ငါးခုဖြင့် ရှင်ယောဟန်၏ စာစောင်တွင် ဖော်ပြထားသည် (၄း၇-၂၁)၊ ထိုအရာများမှာ အဘယ်နည်း။
၃။ သူ့ စာစောင်တွင် ရှင်ယောဟန်က ကာဣနအား မည်သို ဥပမာပေး အသုံးပြုထားသနည်း။
၄။ ရှင်ယောဟန် ပြောချက်အရ ဘုရားကိုချစ်ပြီး၊ မိမိနှင့်သက်ဆိုင်သူကို မုန်းရန် မဖြစ်နိုင်ကြောင်း အဘယ်သို ပြောထားသနည်း။
၅။ သင့်အသက်တာတွင် “သူသည်အရင်ချစ်သောကြောင့် ကျွန်ုပ်တိုသည်ချစ်သည်”ဟူသော ဖော်ပြချက်ကို မည်သို ကျင့်သုံးမည်နည်း။
ရှင်ယောဟန်သြဝါဒစာ ဒုတိယစောင် (Second John)
ဧည့်ဝတ်ပြုခြင်းမှ သင်ခန်းစာတစ်ခု
ခေါင်းစဉ်
ဤဩဝါဒစာစောင်၏ ခေါင်းစဉ်သည် “ရှင်ယောဟန် ဩဝါဒစာ ဒုတိယစောင်”ဟု ဖြစ်သည်။ တမန်တော် ရှင်ယောဟန်အမည်ဖြင့် တွေ့ရသော စာအုပ်သုံးအုပ်တွင် ဤစာအုပ် သည် ဒုတိယစာအုပ်ဖြစ်သည်။ ဒုတိယနှင့် တတိယစာစောင်သည် ဂရိအတွေး-ရောမစနစ် ခေတ်ပြိုင် သမားရိုးကျ စာစောင်ပုံစံအဖြစ် ဖော်ပြရန် ဓမ္မသစ်ကျမ်းတွင် အနီးစပ်ဆုံး ခန့်မှန်း ဖော်ပြချက်အဖြစ် တွေ့ရပြီး၊ ပုဂ္ဂိုလ်တစ်ဦးမှ တစ်ဦးထံသို ပေးပိုသည့် စာစောင်များဖြစ်ခြင်း၊ ကြောင့် ဖြစ်သည်။ ဒုတိယနှင့် တတိယစာစောင်များသည် ဓမ္မသစ်ကျမ်းတွင် အတိုဆုံးကျမ်းများ ဖြစ်ပြီး၊ တစ်အုပ်စီတွင် ဂရိစကား (၃၀၀) အောက်မနည်း ရှိကြသည်။ တစ်အုပ်ကို (Papyrus) တစ်မျက်နှာတည်းဖြင့် ရေးသားနိုင်သည် (၃ ယော ၁၃)။
စာရေးသူနှင့် ရက်စွဲ
စာရေးသူမှာ တမန်တော် ရှင်ယောဟန်ဖြစ်သည်။ ရှင်ယောဟန်က သူ့ကိုယ်သူ ၂ ယော ၁ တွင် “အသက်ကြီးသူ”တစ်ဦးကဲ့သို ဖော်ပြထားသည်။ ထိုသိုပြောခြင်းဖြင့် သူသည် အသက်ကြီးနေသော တမန်တော်ဖြစ်ခြင်း၊ အခွင့်အာဏာရှိခြင်း၊ ယေရှု၏ သာသနာပြုခြင်းတွင် သူပါဝင်သောအခါ ခရစ်ယာန်ဖြစ်ခြင်း၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးခြင်းတိုကို သူ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ ထိုစာစောင် ရေးသားချိန်ကို အတိအကျပြောရန် ခက်ခဲသည်။ ရှင်ယောဟန် ဒုတိယစောင်၏ စာပေ၊ အကြောင်းအရာနှင့် အခြေအနေတိုကို ကြည့်ခြင်းအားဖြင့် ရှင်ယောဟန် ပထမစောင်နှင့် နီးစပ်မှုရှိပြီး (ငယ် ၅ (၁ ယော ၂း၇၊ ၃း၁၁)၊ ငယ် ၆ (၁ ယော ၅း၃)၊ ငယ် ၇ (၁ ယော ၂း၁၈-၂၆)၊ ငယ် ၉ (၁ ယော ၂း၂၃)၊ ငယ် ၁၂ (၁ ယော ၁း၄))၊ ရှင်ယောဟန်သည် ဤစာစောင်ကို ပထမစောင် ရေးသားသည့်အချိန် အေဒီ ၉၀-၉၅ နှင့်တစ်ချိန်တည်း (သို) မကြာမီနောက်ပိုင်းတွင် ရေးသားခဲ့ပုံပေါ်သည်။ ဧဖက် မြိုတွင် သူသာသနာပြုချိန်သည် သူ့အသက်တာ နောက်ဆုံးအချိန်တွင်ဖြစ်သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ရှင်ယောဟန် ဒုတိယစောင်သည် ပထမစောင်ကဲ့သို တူညီသော ပြဿနာများဖြင့် ဖော်ပြထားသည်။ မှားယွင်းသောဆရာများသည် အသင်းတော်ကို တိုက်ခိုက်နေသော နာ့စတစ် ဝါဒ အတွေးအမြင်များကို အစပြုပြီး လွှမ်းမိုးနေကြသည် (ငယ် ၇၊ ၁ ယော ၂း၁၈-၁၉၊ ၂၂-၂၃၊ ၄း၁-၃)။ မတူသည့် နည်းဗျူဟာမှာ ရှင်ယောဟန် ပထမစောင်တွင် တိကျသော လူတစ်ဦး (သို) အသင်းတော်သို လိပ်မူသည့်အကြောင်း မတွေ့ရပေ။ ရှင်ယောဟန် ဒုတိယစောင်တွင် သီးသန့်အဖွဲ တစ်ခု (သို) မိသားစုအသင်းတော်တစ်ခုကို ဖော်ပြထားသည် (ငယ် ၁)။
ရှင်ယောဟန် ဒုတိယစောင်၏ ဦးတည်ချက်မှာ မှားယွင်းသည့် ဆရာများသည် ရှင် ယောဟန်၏ အသင်းသားများကြား ပြောင်းလဲမှုပြုရန် လှည့်လည်သွားနေကြပြီး၊ သူတိုကောင်း ကျိုးအတွက် ခရစ်ယာန်တို၏ ဧည့်ဝတ်ပြုခြင်းကောင်းကျိုးကို အသုံးချသည် (ငယ် ၁၀-၁၁၊ ရော ၁၂း၁၃၊ ဟေဗြဲ ၁၃း၂၊ ၁ ပေ ၄း၉)။ နှုတ်ခွန်းဆက်ခြင်းတွင် တစ်ဦးတစ်ယောက်ကို လိပ်မူထားပြီး (ငယ် ၁)၊ အမှတ်တမဲ့ဖြင့် မှားယွင်းသော ပရောဖက်များကို ဧည့်ဝတ်ပြုခြင်း အကြောင်း ဖော်ပြခဲ့သည်။ တမန်တော်သည် သူ့စာဖတ်သူများအား ထိုသိုလှည့်စားသူများအား ဧည့်ဝတ်မပြုရန် အရေးတကြီး သတိပေးထားသည် (ငယ် ၁၀၊ ၁၁)။ သူ၏ သတိပေးမှုသည် ရိုင်းပျခြင်း (သို) မေတ္တာမပါသည့် ပုံစံမျိုး ရှိနိုင်သော်လည်း၊ အမှန်တကယ် အန္တရာယ်ပေးသည့် သူတို၏ သွန်သင်မှုများကို အပြုအမူအားဖြင့် ဆုံးမလိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် သူတို၏ သွန်သင်မှုများသည် ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးနေခြင်းကြောင့် ဖြစ်သည် (ငယ် ၉)။
ရှင်ယောဟန်သြဝါဒစာ ဒုတိယစောင်ရှိ အဓိက ဇာတ်ကောင်များ
ရှင်ယောဟန် – ခရစ်ယာန်မိတ်သဟာယဖွဲခြင်းနှင့် ဧည့်ဝတ်ပြုခြင်းကို အလေးထားရန် အကြောင်း ရေးသားသည့် ယေရှု၏ တမန်တော် (ငယ် ၁-၁၃) ၊
ရွေးကောက်ခံရသော ဂုဏ်အသရေရှိ အမျိုးသမီး – ရှင်ယောဟန်၏ မိတ်ဆွေနှင့် ယုံကြည်သူ တစ်ဦး (ငယ် ၁) အမျိုးသမီး၏ သားသမီးများ – ရွေးကောက်ခံရသော အမျိုးသမီး၏ သားသမီးများဖြစ်ကြ သည်။
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ရှင်ယောဟန် ဒုတိယစောင်၏ အဓိကအချက်ကို ခြုံငုံပြောရလျှင် ရှင်ယောဟန် ပထမ စောင်၏ အဓိကအချက် “ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ကို ပြန်လည်ဆင်ခြင်ခြင်း” (သို) “ခရစ်ယာန်တို၏ အခြေခံအကြောင်းတရားများကို ပြန်သွားခြင်း”နှင့် အပြိုင်ဖြစ်သည် (ငယ် ၄-၆)။ ရှင်ယောဟန်အတွက် ခရစ်ယာန်တို၏ အခြေခံအကြောင်းတရားကို သမ္မာတရား၌ ရှိခြင်း (ငယ် ၄)၊ ချစ်ခြင်းမေတ္တာ (ငယ် ၅)၊ နာခံခြင်း (ငယ် ၆) စသည်တိုဖြင့် အကျဉ်းချုပ် ဖော်ပြထားသည်။
သိုသော်လည်း တမန်တော်သည် ထပ်ဖြည့်မှုများမှ ရှင်ယောဟန် ဒုတိယစာစောင်၏ အဓိကအချက်ဖြစ်သည့် “သမ္မာတရားအတိုင်း ဧည့်ဝတ်ပြုခြင်းအတွက် လမ်းညွှန်မှုများ”ဖြစ် သည်။ ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်ကို ခရစ်ယာန်များ စောင့်ထိန်းရသည်သာမက၊ သူတိုကို မိန့်မှာထားသည့် ကျေးဇူးပြုခြင်းဖြင့် ဧည့်သည်ဝတ်ပြုခြင်းအကြောင်းကိုလည်း ခွဲခြားသိမြင်နိုင်ရ မည်ဖြစ်သည် (ရော ၁၂း၁၃)။ ဧည့်သည်ဝတ်ပြုခြင်း၏ အခြေခံသည် လူအများကို ချစ်ခြင်း (သို) သမ္မာတရားတွင် စိတ်ပါဝင်စားခြင်းဖြစ်သည်။ ခရစ်ယာန်များသည် သူတို၏ ချစ်ခြင်းမေတ္တာ ကို သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း မျှဝေရမည်ဖြစ်သည်။ ထိုသူများသည် ယုံကြည် သူဟု ပြောသောသူတိုင်းကို လက်ခံရန် ခေါ်ထားခြင်း မဟုတ်ပေ။ ချစ်ခြင်းမေတ္တာသည် ခွဲခြားသတ်မှတ်နိုင်ရမည် ဖြစ်သည်။ ဧည့်ဝတ်ပြုခြင်းနှင့် သနားကြင်နာ ခြင်းတိုအား ယုံကြည်ခြင်း အခြေခံအုတ်မြစ်ကို ဆွဲကိုင်သူများက အလေးထားရမည်ဖြစ်သည်။ ထိုသိုမဟုတ်လျှင် ခရစ်ယာန် များသည် ယုံကြည်ခြင်း၏ အခြေခံသမ္မာတရားအား ဖျက်ဆီးသူများကို ကူညီရာရောက်ပေသည်။ စင်ကြယ်သော ဩဝါဒသည် အသင်းသားများကို စစ်ဆေးပေး ခြင်းအလုပ်အား လုပ်ဆောင်ပေး ပြီး၊ ခရစ်ယာန်ဟု ဝန်ခံသောသူများနှင့် အမှန်တကယ် ခရစ်ယာန်ဖြစ်သူများအကြား အခြေခံ ကွဲပြားမှုကို လုပ်ဆောင်ပေးသည် (ငယ် ၁၀-၁၁၊ ရော ၁၆း၁၇၊ ဂလ ၁း၈-၉၊ ၂ သက် ၃း၆။ တိ ၃း၁၀)။
ရှင်ယောဟန်သြဝါဒစာ ဒုတိယစောင်ရှိ အဓိကသြဝါဒများ
ခရစ်ယာန် မိတ်သဟာယဖွဲခြင်း – စင်ကြယ်သော ဩဝါဒသည် မိတ်သဟာဖွဲခြင်းကို စစ် ဆေးမှုကို လုပ်ဆောင်ပြီး၊ ခရစ်ယာန်များဟု ဝန်ခံသောသူများနှင့် အမှန်တကယ်ခရစ် ယာန်ဖြစ်သူများအကြား အခြေခံ ခွဲခြားမှုဖြစ်ခြင်း (ငယ် ၉-၁၁၊ ရော ၁၆း၁၇၊ ဂလ ၁း၈၊ ၉၊ ၂ သက် ၃း၆၊ ၁၄၊ တိ ၃း၁၀)
ယုံကြည်ခြင်း၏ အခြေခံအုတ်မြစ်များ – ခရစ်ယာန်ဖြစ်ခြင်း၏ အခြေခံများမှာ သမ္မာတရား၊ ချစ်ခြင်းနှင့် နာခံခြင်းတိုကို ဆွဲကိုင်ခြင်းအားဖြင့် အကျဉ်းချုပ်ခြင်း (ငယ် ၄-၆၊ ယော ၁၃း၃၄၊ ၃၅၊ ၁၄း၁၅၊ ၂၁၊ ၁၅း၁၀၊ ၁၂၊ ၁၇၊ ၁ သက် ၂း၁၉၊ ၂၀၊ ၁ ယော ၂း၇-၁၁၊ ၃း၁၁၊ ၄း၇-၁၂)
ရှင်ယောဟန်သြဝါဒစာဒုတိယစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာရှင် – ၁း၆
ဘုရားသခင်သည် သမ္မာတရား – ၁း၁-၂
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ရှင်ယောဟန် ဒုတိယစောင်သည် အခြေအနေပေါ် မူမတည်ဘဲ လက်ခံမှုများ နှင့် ယုံကြည်သူများအကြား ညီညွှတ်ခြင်း အတွက် မကြာခဏ ကြွေးကြော်သူများကို ဆန့်ကျင်ခြင်းအဖြစ် ရပ်တည်သည်။ ချစ်ခြင်း မေတ္တာနှင့် သမ္မာတရားသည် ခရစ်ယာန်ဖြစ် ခြင်းတွင် ခွဲခြားမရသော အရာများဖြစ်သည်။ ဤစာအုပ်၏ အဓိကအချက်မှာ သမ္မာ တရားသည် ချစ်ခြင်းမေတ္တာ ပေါင်းစပ်မှုကိုဆုံးဖြတ်ခြင်းနှင့် ညီညွှတ်ခြင်း အကျိုးဆက် ဖြစ်သည်။ ခက်ခဲသည့် မေးခွန်းနှင့် အဖြေများကဏ္ဍ တွင် ကြည့်ပါ။
ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင်၌ ခရစ်တော်
ရှင်ယောဟန်၏ ပထမစောင်ကဲ့သို တမန်တော် သည် ခရစ်တော်၏ အမှတ်လက္ခဏာ အခြေခံသမ္မာ တရားကို ဖော်ပြသည် (ငယ် ၇-၁၁)။ ခရစ်တော်၏ လူသားဖြစ်ခြင်းကို ငြင်းဆန်ခြင်းသည် ခန္ဓာကိုယ် ဖြင့် ဆင်းရဲဒုက္ခ ခံခြင်းနှင့် “လူ့ဇာတိအားဖြင့် ကြွ လာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက်၊ လှည့်ဖျားသော သူအများတိုသည် လောကသို ဝင် ကြပြီ။ ထိုသိုသော သူသည် လှည့်ဖျားသောသူဖြစ် ၏။ အန္တိခရစ်လည်းဖြစ်၏။”ဟု လောကအပြစ်များ မှ ရွေးနှုတ်ရန် ခရစ်တော် အပူဇော်ခံခြင်းကိုလည်း ငြင်းဆန်ခြင်းဖြစ်သည် (ငယ် ၇၊ ၈)။
ရှင်ယောဟန် ဒုတိယ စောင်ရှိ “မြတ်သောသခင်မနှင့် သူမ၏ သားသမီးများ”ဟု ဖော်ပြမှုအား ရိုးရှင်းစွာ နားလည်ရန် လိုအပ်သည်။ အသင်းတော်တစ်ခုနှင့် အသင်းသားများ ကဲ့သို ပုံဆောင်ခြင်းမဟုတ်ဘဲ အမျိုးသမီးတစ်ဦးနှင့် သူ့သားသမီးများကို ရည်ညွှန်းခြင်းဖြစ် ကြောင်း ရိုးရှင်းစွာ အနက်ဖွင့်သည်။ ထိုအတူ အငယ် ၁၃ တွင် ရည်ညွှန်းထားသည့် “သင်၏ မြတ်သောညီမ၏ သားသမီးများ”ကိုလည်း ညီအစ်မ အသင်းတော်နှင့် သူ့၏အသင်းသားများ အဖြစ် ပုံဆောင်အနက်ဖွင့်ခြင်းထက် အငယ် ၁ တွင် ဖော်ပြထားသည့်အတိုင်း တူများ (သို) တူမများ တစ်ဦးချင်းစီကို ရည်ညွှန်းသည့် လိပ်မူချက်ဖြစ်ကြောင်း နားလည်ထားရမည်။ ထိုကျမ်းပိုဒ်များတွင် ရှင်ယောဟန်သည် သူ၏ သာသနာ လုပ်ငန်းတွင် သိခဲ့သော ပုဂ္ဂိုလ်များထံသို နှုတ်ခွန်းဆက်စာ ပေးပိုခြင်းဖြစ်သည်။
ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ဂျာမနီမြောက်ပိုင်း နေရာအတော်များများကို လူရိုင်းများက နေထိုင်ဆဲ ဖြစ်သည်။ သိုသော်လည်း ရောမသည် Rhine နှင့် Danube အကြားတည်ရှိသည့် Black Forest အပိုင်းများကို တိုက်ခိုက် သိမ်းပိုက်သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ ခရစ်ယာန် ဧည့်ဝတ်ပြုခြင်း၏ အခြေခံ (၁-၃)
၂။ ခရစ်ယာန် ဧည့် ဝတ်ပြုခြင်း၏ အပြုအမူ (၄-၆)
၃။ ခရစ်ယာန် ဧည့် ဝတ်ပြုခြင်း၏ ကန့်သတ်မှု (၇-၁၁)
၄။ ခရစ်ယာန် ဧည့် ဝတ်ပြုခြင်း၏ ကောင်းကြီးများ (၁၂-၁၃)
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ “လူ့ဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ဝန်ခံရန်” ဟူသည်မှာ ရှင်ယော ဟန် အတွက် အဘယ့်ကြောင့် အရေးကြီးသ နည်း။
ရှင်ယောဟန်၏ ရည်ရွယ်ချက်သည် အသင်းတော်တွင် နိုးထလာသော မိစ္ဆာရေစီး ကြောင်းကို ခုခံရန် ခရစ်ယာန်များအား ခွန်အားပေးခြင်းဖြစ်သည်။ ထိုမှားယွင်းသည့် သွန်သင် မှုများသည် နော့စတစ်ဝါဒ၏ အစောပိုင်း ဖြစ်ပေါ်မှုများဖြစ်သည်။ (မိစ္ဆာအယူများ ပိုမိုသိရန်၊ ရှင်ယောဟန် ပထမစောင် – ခက်ခဲသည့် မေးခွန်းများအတွက် အဖြေများကဏ္ဍတွင်ကြည့်ပါ)။
နော့စတစ်အမြင်မှာ အရာဝတ္ထုသည် မကောင်းမှုဖြစ်ပြီး ဝိညာဉ်သာလျှင် ကောင်းသည် ဟူသောအမြင်ဖြစ်သည်။ ထိုအမြင်က ခန္ဓာကိုယ်ကို နှိပ်စက်ရမည် (ကာ ၂း၂၁-၂၃) (သို) ခန္ဓာတွင် အပြစ်ကျူးလွန်ခြင်းသည် ဝိညာဉ်နှင့် ဆက်နွယ်မှု (သို) သက်ရောက်မှုမရှိဟု ဖြစ်သည်။ အခြားစကားအရ၊ မှားယွင်းသော သွန်သင်မှုသည် ခန္ဓာနှင့်ဝိညာဉ်အကြား ရန်သူအဖြစ် မြင်ခဲ့ သည်။ ထိုအရာက တစ်ချိန်တည်းတွင် ယေရှုသည် ဘုရားနှင့်လူ မဖြစ်နိုင်ဟု မြင်သည့် နော့စ တစ်ဝါဒီ အမြဲမပြတ် ဖော်ပြသည့်အရာဖြစ်သည်။ ။
သွန်သင်မှု၌ ထိုအမှား၏ ရလဒ်မှာ ရှင်ယောဟန်၏ ရန်သူများအပါအဝင် အချိုသော သူများသည် ရုပ်ခန္ဓာကျူးလွန်သည့်အပြစ်သည် ကိစ္စမရှိဟူသော အမြင်ကို ခံယူခဲ့ကြသည်။ ကိုယ်ကျင့်တရားပျက်ပြားပြီး ဒုစရိုက်အပြစ်၌ မွေ့လျော်ခြင်းကို ခွင့်ပြုခဲ့သည်။ လူတစ်ဦးသည် အပြစ်ပြုလျှင်တောင် ငြင်းဆန်ခွင့်ရှိပြီး (၁ ယော ၁း၈-၁၀)၊ ဘုရားသခင်၏ ပညတ်တော်ကို မလိုက်နာလျှင်လည်း ရသည်ဟု သွန်သင်ကြသည် (၁ ယော ၃း၄)။
ထိုမိစ္ဆာအား အကာအကွယ်တံတိုင်းတစ်ခုကဲ့သို ရှင်ယောဟန်က ယေရှုခရစ်တော်သည် “လူ့ဇာတိ”ဖြင့် ကြွလာခဲ့ကြောင်း ဝန်ခံရန် တိုက်တွန်းခဲ့သည် (ငယ် ၇)။ ခရစ်ယာန်များ သူတို ကိုယ်ခန္ဓာဖြင့် ဘာပဲလုပ်လုပ် သူတိုဝိညာဉ်ရေးရာ အသက်တာဖြင့် လုပ်ဆောင်သောအရာနှင့် တိုက်ရိုက်ဆက်နွယ်နေသည်။ ရှင်ယောဟန်သည် ဘုရားသခင်၏ ပညတ်များကို နာခံရန် အ လေးအနက်တိုက်တွန်းသည်။ အဘယ့်ကြောင့်ဆိုသော် စစ်မှန်သောဘုရားကို ချစ်ခြင်းသည် သူ၏ ပညတ်များကို နာခံခြင်းဖြစ်သောကြောင့် ဖြစ်သည်။ (၁ ယော ၅း၃)။ လူ့ဇာတိဖြင့် အသက်ရှင်ခဲ့သော ယေရှုသည် ထိုချစ်ခြင်းမေတ္တာမျိုးကို ပြည့်စုံသော ပုံသာဓကအဖြစ် ပြခဲ့သည်။
၂။ ယနေ့ခရစ်ယာန်များ ညီညွတ်ခြင်းနှင့်ပတ်သက်ပြီး သမ္မာတရားနှင့် ချစ်ခြင်းမေတ္တာအကြောင်း ရှင်ယောဟန် ၏ သွန်သင်မှုသည် မည်သို သက်ရောက်မှုရှိသနည်း (ငယ် ၄-၆)။
ရှင်ယောဟန်၏ သွန်သင်မှုသည် အခြေအနေပေါ် မူမတည်ဘဲ လက်ခံမှုများနှင့် ယုံ ကြည်သူများအကြား ညီညွှတ်ခြင်းအတွက် မကြာခဏ ကြွေးကြော်သူများကို ဆန့်ကျင်ခြင်းအဖြစ် ရပ်တည်သည်။ ချစ်ခြင်းမေတ္တာနှင့် သမ္မာတရားသည် ခရစ်ယာန်ဖြစ်ခြင်းတွင် ခွဲခြားမရသော အရာများဖြစ်သည်။ သမ္မာတရားသည် ချစ်ခြင်းမေတ္တာ ဖော်ပြရန် အမြဲတမ်း လမ်းညွှန်ပေးသည် (ဧ ၄း၅)။ ချစ်ခြင်းမေတ္တာသည် သမ္မာတရား၏ စစ်ဆေးမှုအဖြစ် ရပ်တည်ရမည်။ ရှင်ယောဟန် ဒုတိယစောင်၏ အဓိကသင်ခန်းစာမှာ သမ္မာတရားသည် ချစ်ခြင်းမေတ္တာ ပေါင်းစပ်မှုကို ဆုံးဖြတ် ခြင်းနှင့် ညီညွတ်ခြင်း အကျိုးဆက်ကဲ့သို ဖြစ်ခြင်း ဖြစ်သည်။ ထိုကြောင့်၊ သမ္မာတရားသည် ချစ်ခြင်းမေတ္တာ အရှေ့တွင် ချိတ်ဆက်တည်ရှိပြီး၊ ချစ်ခြင်းမေတ္တာကို အသစ်မွေးဖွား ရန်အတွက် ဖြစ်သည် (၁ ပေ ၁း၂၂)။ တစ်စုံတစ်ယောက်သည် သမ္မာတရားကို လိုရာချိန်ညှိယူသောအခါ စစ်မှန်သောခရစ်ယာန် ချစ်ခြင်းနှင့် ညီညွတ်ခြင်းသည် ပျက်စီးသွားသည်။ သမ္မာတရား အခြေခံ ညီညွှတ်မှုမရှိသော စည်းလုံးခြင်းတွင် အပေါ်ယံ စိတ်ခံစားချက်သက်သက်သာ ဖြစ်ပေါ်သည်။
ရှင်ယောဟန်သြဝါဒစာ ဒုတိယစောင်ကို ဆက်လက်လေ့လာရန်
၁။ သူ၏စာစောင်အတိုတွင် ချစ်ခြင်းမေတ္တာ ဆက်လက်ဖြစ်တည်ခြင်း အဓိကအချက်ကို ရှင် ယောဟန်က မည်သို မီးမောင်းထိုးပြခဲ့သနည်း။
၂။ သမ္မာတရား အရေးကြီးခြင်းကို ရှင်ယောဟန်က မည်သို အလေးအနက်ဖော်ပြခဲ့သနည်း။
၃။ ဤစာစောင်အတို၌ ရှင်ယောဟန် သတိပေးမှုအကြောင်းသည် မည်သည့်အကြောင်းနည်း။
၄။ ခရစ်ယာန် ပြုမူဆက်နွယ်မှုအကြောင်း မည်သည့် အပြုသဘောဆွေးနွေးမှုကို ရှင်ယောဟန် ဖော်ပြခဲ့သနည်း။
ရှင်ယောဟန်ဩဝါဒစာတတိယစောင် (Third John)
သခင်ဘုရား၏ အစေခံများကဲ့သို အစေခံခြင်း
ခေါင်းစဉ်
ဤဩဝါဒစာစောင်၏ ခေါင်းစဉ်သည် “ရှင်ယောဟန် ဩဝါဒစာ တတိယစောင်”ဟု ဖြစ်သည်။ တမန်တော် ရှင်ယောဟန်အမည်ဖြင့် တွေ့ရသော စာအုပ်သုံးအုပ်တွင် ဤစာအုပ် သည် တတိယစာအုပ်ဖြစ်သည်။ ဒုတိယနှင့် တတိယစာစောင်သည် ဂရိအတွေး-ရောမစနစ် ခေတ်ပြိုင် သမားရိုးကျ စာစောင်ပုံစံအဖြစ် ဖော်ပြရန် ဓမ္မသစ်ကျမ်းတွင် အနီးစပ်ဆုံး ခန့်မှန်း ဖော်ပြချက်အဖြစ် တွေ့ရပြီး၊ ပုဂ္ဂိုလ်တစ်ဦးမှ တစ်ဦးထံသို ပေးပိုသည့် စာစောင်များဖြစ်ခြင်း ကြောင့် ဖြစ်သည်။ ဒုတိယနှင့် တတိယစာစောင်များသည် ဓမ္မသစ်ကျမ်းတွင် အတိုဆုံးကျမ်းများ ဖြစ်ပြီး၊ တစ်အုပ်စီတွင် ဂရိစကား (၃၀၀) အောက်မနည်း ရှိကြသည်။ တစ်အုပ်ကို Papyrus တစ်မျက်နှာ တည်းဖြင့် ရေးသားနိုင်သည် (၃ ယော ၁၃)။
စာရေးသူနှင့် ရက်စွဲ
စာရေးသူမှာ တမန်တော် ရှင်ယောဟန်ဖြစ်သည်။ ရှင်ယောဟန်က သူ့ကိုယ်သူ ၃ ယော ၁ တွင် “အသက်ကြီးသူ”တစ်ဦးကဲ့သို ဖော်ပြထားသည်။ ထိုသိုပြောခြင်းဖြင့် သူသည် အသက်ကြီးနေသော တမန်တော်ဖြစ်ခြင်း၊ အခွင့်အာဏာရှိခြင်း၊ ယေရှု၏ သာသနာပြုခြင်းတွင် သူပါဝင်သောအခါ ခရစ်ယာန်ဖြစ်ခြင်း၏ အခြေခံအုတ်မြစ်ကို တည်ဆောက်ပေးခြင်းတိုကို သူ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ ထိုစာစောင် ရေးသားချိန်ကို အတိအကျပြောရန် ခက်ခဲသည်။ ရှင်ယောဟန် တတိယစောင်၏ စာပေ၊ အကြောင်းအရာနှင့် အခြေအနေတိုကို ကြည့်ခြင်းအားဖြင့် ရှင်ယောဟန် ဒုတိယယစောင်နှင့် နီးစပ်မှုရှိပြီး (ငယ် ၁ (၂ ယော ၁)။ ငယ် ၄ (၂ ယော ၄)၊ ငယ် ၁၃ (၂ ယော ၁၂)၊ ငယ် ၁၄ (၂ ယော ၁၂))၊ ရှင်ယောဟန်သည် ဤစာစောင်ကို ဒုတိယစောင် ရေးသားသည့်အချိန် အေဒီ ၉၀-၉၅ နှင့်တစ်ချိန်တည်း (သို) မကြာမီနောက်ပိုင်းတွင် ရေးသားခဲ့ပုံပေါ်သည်။ ရှင်ယောဟန် ပထမစောင်နှင့် ဒုတိယစောင်ကဲ့ သို ဧဖက်မြိုတွင် သူသာသနာပြုချိန်၊ သူ့ အသက်တာ နောက်ဆုံးအချိန်တွင် ရေးသားခဲ့ခြင်း ဖြစ်သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ရှင်ယောဟန် တတိယစောင်သည် ရှင်ယောဟန် ဩဝါဒစာသုံးစောင်၏ ပုဂ္ဂိုလ်ရေးရာ အကျဆုံး စာစောင်ဖြစ်နိုင်သည်။ ရှင်ယောဟန် ပထမစောင်သည် ယေဘုယျစာအုပ်အဖြစ် အာရှမိုင်းနားတွင်ရှိသော အသင်းသားများသို လိပ်မူသည့်စာအဖြစ် တွေ့ရပြီး၊ ရှင်ယောဟန် ဒုတိယစောင်သည် အမျိုးသမီးတစ်ဦးနှင့် သူ့မိသားစုထံသို ပေးပိုသည့်စာစောင် ဖြစ်သည် (၂ ယော ၁)။ ရှင်ယောဟန် တတိယစောင်တွင် “ချစ်သော ဂါယု” (ငယ် ၁) အမည်ဖြင့် ရှင်းလင်းစွာ ဖော်ပြထားသည်။ ဤကဲ့သို အမည်နာမဖြင့် သီးသန့်ခေါ်ခြင်းကို ဓမ္မသစ်ကျမ်းတွင် ရှား ရှားပါးပါး တစ်ခုအဖြစ် တွေ့ရသည် (ဖိလေ မုန်)။ “ဂါယု ဆိုသည့် အမည်သည် ပထမရာ စုတွင် အများမှည့်ခေါ်သော နာမည်ဖြစ် သောကြောင့် (တ ၁၉း၂၉၊ ၂၀း၄၊ ရော ၁း၂၃၊ ၁ ကော ၁း၁၄)၊ ရှင်ယောဟန် နှုတ် ခွန်းဆက်သည့် ဂါယုကိုတော့ မည်သူမျှ မသိ ကြပေ။ ထိုသူသည် ရှင်ယောဟန် ဝိညာဉ်ရေး ရာ ထိန်းချုပ်မှုအောက်ရှိ အသင်းတော် တစ်ပါးမှ အသင်းသားဟု ယူဆနိုင်သည်။
ရှင်ယောဟန် ဒုတိယစောင်ကဲ့သို ရှင်ယောဟန် တတိယစောင်သည် ဧည့်ဝတ်ပြုခြင်းကို အလေးထားဖော်ပြထားသော်လည်း အခြားသော ရှုထောင့်မှဖြစ်သည်။ ရှင်ယောဟန် ဒုတိယစောင်တွင် ဧည့်ဝတ်ပြုသည့်အခါ မှားယွင်းသောဆရာများကို ဆန့်ကျင်ရန် သတိပေးထားပြီး (၂ ယော ၇-၁၁)၊ ရှင်ယောဟန် တတိယစောင်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သစ္စာရှိစွာ ဟောပြောနေသူများအား ဧည့်ဝတ်မကျေခြင်းကို အပြစ်တင်ထားသည် (၃ ယော ၉-၁၀)။ တမန်တော်ထံ အစီရင်ခံစာ ပြန်လည် ရောက်လာသည်မှာ သိကျွမ်းခဲ့သော သာသနာပြုဆရာများနှင့် သူ့အားဖြင့် ထောက်ခံမှု ရသူများသည် (ငယ် ၅-၈) အသင်းသားများထံ ခရီးပြုခြင်းနှင့် အသင်းတော်ကို အုပ်စိုးချင် နေသော ဒဿာတရပ် အမည်ရှိသည့်သူမှ ဧည့်ဝတ်ပြုခြင်း (ဥပမာ- အိမ်တွင် အတူစားသောက် ခြင်း၊ ကူညီမစခြင်း)ကို ငြင်းဆန်ခြင်း အကြောင်းဖြစ်သည် (ငယ် ၁၀)။ ဒဿာတရပ်သည် ထိုထပ်ပိုပြီး လုပ်ဆောင်ခဲ့သေးသည်။ သူသည် တမန်တော် ရှင်ယောဟန်အား နှုတ်အားဖြင့် ရိုင်းပျစွာ စွပ်စွဲပြောဆိုခြင်းနှင့် အသင်းသားထဲမှ သူ့အား ပြန်လည်ပြောဆိုသူများကိုလည်း ဖယ်ထုတ်ပစ်ခဲ့သည် (ငယ် ၁၀)။
ဆန့်ကျင်ဘက်အဖြစ်၊ တမန်တော်၏ ချစ်သော မိတ်ဆွေနှင့် သမ္မာတရားကို သစ္စာရှိစွာ လိုက်နာ စောင့်ထိန်းသူ ဂါယုသည် ခရီးသွား သာသနာပြုများကို ခရစ်ယာန်တို၏ ဧည့်ဝတ်ပြု သည့်အတိုင်း မှန်ကန်စွာ လိုက်နာကျင့်စောင့်သူ ဖြစ်သည်။ ရှင်ယောဟန်သည် ဧဝံဂေလိတရား ကို လုပ်ဆောင်နေသော ဂါယုအား ချီးမြှောက်ခြင်း (ငယ် ၆-၈)နှင့် မာန်မာနဖြင့် လုပ်ဆောင် နေသော တယောတရပ်ကို အပြစ်တင် (ငယ် ၁၀)ခြင်းအားဖြင့် ဖော်ပြကြသည့် ဧည့်ဝတ်ပြုခြင်း အမျိုးအစားများကို အမှတ်ပေးရန် ရေးသားခဲ့သည်။
တမန်တော်သည် ပုဂ္ဂိုလ်ရေးရာ အခြေအ နေကို အမှန်ပြင်ရန်ပြောခဲ့ပြီး၊ ဤစာစောင်ကို ညီအစ်ကိုများတွင် သူ၏ကောင်းသော ပုံသက်သေ ပြရန် သူမိန့်မှာခဲ့သည့် သီးသန့်ပုဂ္ဂိုလ် ဒေမေတရိအားဖြင့် ပေးပိုခဲ့သည် (ငယ် ၁၀-၁၂)။
ရှင်ယောဟန်ဩဝါဒစာ တတိယစောင်၌ ခရစ်တော်
ရှင်ယောဟန် ပထမနှင့် ဒုတိယစောင်တိုကဲ့သို မတူ | ဘဲ၊ ရှင်ယောဟန် တတိယစောင်သည် ယေရှုခရစ်၏ အမည်နာမကို တိုက်ရိုက်ဖော်ပြခြင်း မရှိပေ။ သိုသော်လည်း အငယ် ၇ တွင်၊ ရှင်ယောဟန်သည် သာသနာပြုများကို “ထိုသူတိုသည် နာမတော်ကို ထောက်၍”ဟု ဖော်ပြထားသည် (ရော ၁း၅ တွင် ကြည့်ပါ)။ ကားတိုင်တွင် ခရစ်တော်အပူဇော်ခံခြင်း သမ္မာတရားသည် လူတိုင်းထံ သတင်းကောင်းပျံ့နှံ ခြင်း အခြေခံအဖြစ် ရှိနေသည်။
ရှင်ယောဟန်သြဝါဒစာ တတိယစောင်ရှိ အဓိက ဇာတ်ကောင်များ
ရှင်ယောဟန် – ဂါယု၏ရက်ရောသော ဧည့်ဝတ်ပြုခြင်းအတွက် မိန့်မှာစာ ရေးသားခဲ့သူ (ငယ် ၁-၁၄)
ဂါယု – ရှင်ယောဟန်၏ စာစောင်ကို လက်ခံရရှိသူ၊ ရှင်ယောဟန် ဝိညာဉ်ရေးရာကြည့်ရှုမှုပြု နေသော အသင်းတော်မှ အသင်းသားတစ်ဦး (ငယ် ၁)
ဒယောတရပ် – မိမိကိုယ်ကို ဗဟိုပြုသူနှင့် အသင်းသားများကို ချုပ်ကိုင်ချင်သူ (ငယ် ၉၊ ၁၀)
ဒေမေတရိ – အသင်းတော်တွင် သစ္စာရှိသော အစေခံနှင့် စံပြပုဂ္ဂိုလ် (ငယ် ၁၂)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ရှင်ယောဟန် တတိယစောင်၏ အဓိကအချက်သည် ခရစ်ယာန်ဧည့်ဝတ်ပြုခြင်း၏ ကောင်းမွန်သော စံနှုန်းများကို ချီးမွမ်းခြင်းနှင့် ထိုစံနှုန်းများကို မလိုက်နာသူများအား ရှုတ်ချခြင်း ဖြစ်သည်။
ရှင်ယောဟန်သြဝါဒစာ တတိယစောင်ရှိ အဓိကဩဝါဒများ
ဧည့်သည်ဝတ်ပြုခြင်း – နှုတ်ကပတ်တော်၏ သစ္စာရှိသော သာသနာပြုများကို ပြသရမည့် အရာ (ငယ် ၉၊ ၁ဝ၊ က ၁၄း၁၈၊ ၁၈း၃-၈၊ ထွက် ၂:၂၀၊ ၁ ရာ ၉း ၂၂၊ ၄ ရာ ၆း ၂၂၊ ၂၃၊ ယောဘ ၃၁း၃၂၊ ဟေရှာ ၅၈း၇၊ လု ၁၄း၁၃၊ ၁၄၊ ရော ၁၂း၁၃၊ ၂ဝ၊ ၁ တိ ၃း၂၊ ၅း၁ဝ၊ တိ ၁း၈၊ ဟေဗြဲ ၁၃း၂၊ ၁ ပေ ၄း၉)
ရှင်ယောဟန်သြဝါဒစာ တတိယစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ကောင်းမြတ်သော ဘုရား – ငယ် ၁၁
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
အချိုက ဒဿာတရပ်သည် မိစ္ဆာဆရာ (သို) ရှင်ယောဟန် ဒုတိယစောင်မှ ရှုတ်ချခံရ
ရှင်ယောဟန်ဩဝါဒစာ တတိယစောင်ရှိ အဓိက ဝေါဟာရများ
အသင်းတော် – ဂရိဝေါဟာရ – ekklesia – ၆၊ ၉၊ ၁၀ – စာပေသဘောအရ “လူအစုအဝေး တစ်ခု”ဟု ဖြစ်သည်။ လောကရေးရာ ဂရိစာပေတွင်၊ ဤအသုံးအနှုန်းသည် အရေးကြီးသော အဖြစ် အပျက် (သို) ပေါင်းစည်းရန် လူများအတူတကွ စုရုံးခြင်းကို ဖော်ပြသည်။ ဓမ္မသစ်ကျမ်းရေးသူများ သည် ဒေသန္တရအသင်းတော်ရှိ လူများ (သို) ယုံကြည်သူတို၏ ခန္ဓာကိုယ်အဖြစ် ဖြစ်တည်နေသူများ ကို ဆိုလိုရန် ဤအသုံးအနှုန်းကို အသုံးပြုခဲ့ကြသည်။ ရှင်ယောဟန်သည် ekklesia ကို နည်းလမ်းနှစ် မျိုးဖြင့် အသုံးပြုထားပြီး၊ အငယ် ၆ တွင် ယုံကြည်သူတို၏ ယေဘုယျအဖွဲကို ရည်ညွှန်းသည့် “အသင်းတော်”နှင့် အငယ် ၉ နှင့် ၁၀ တွင် တိကျသော ဒေသန္တရအသင်းတော်ကို ရည်ညွှန်းသည့် “အသင်းတော်”တိုဖြစ်သည်။ သမ္မာကျမ်းစာအချိန်တွင်၊ မြိုတိုင်းရှိ ခရစ်ယာန်များသည် အဖွဲတစ်ဖွဲ ၏ သင်းအုပ်များအောက်တွင် စုစည်းကြသည် (တ ၁၄း၂၃၊ ၁၅း၂၊ ၄၊ ၂၀း၁၇-၁၈၊ တိ ၁း၅ တိုတွင်ကြည့်ပါ)။ များစွာသော ယုံကြည်သူတို၏ “အသင်းတော်များ”သည် အမျိုးမျိုးသော အိမ်များ တွင်ရှိကြပြီး၊ မြိုတိုင်းရှိ ဒေသန္တရအသင်းတော်များအဖြစ် ဖွဲစည်းသည်။
သော မှားယွင်းသည့် ဆရာများမှ မျက်နှာသာပေးခြင်းခံရသူ ဖြစ်သည်ဟု ထင်မြင်ကြသည်။ သိုသော်လည်း ရှင်ယောဟန်သည် အဆုံးပိုင်းအထိ ရှင်းလင်းသည့် အထောက်အထား ဖော် ပြမသွားခဲ့ပေ။ ရှင်ယောဟန်သည် ၀ဿာတရပ်၏ အယူမှားများကို ဖော်ပြသွားရန် တစ်ဦးဦးက မျှော်လင့်ကောင်း မျှော်လင့်ကြမည်။ ရှင်ယောဟန်သည် အယူမှန်မှု (Othodox)များအတွက် နှင့် မိစ္ဆာအယူများအတွက် ပြဿနာဖြစ်သည့် မာန်မာနရှိခြင်းနှင့် နာခံမှုမရှိခြင်း၏ ပြဿနာ များကို ဗဟိုထားပြီး ဖော်ပြသည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ ခရစ်ယာန် ဧည့်ဝတ်ပြုခြင်းနှင့်ပတ်သက်သည့် ချီးမွမ်းမှုများ (၁-၈)
၂။ ခရစ်ယာန် ဧည့်ဝတ်ပြုခြင်းကို ချိုးဖောက်မှုနှင့်ပတ်သက်သည့် အပြစ်တင်မှုများ (၉-၁၁)
၃။ ခရစ်ယာန် ဧည့်ဝတ်ပြုခြင်းနှင့် ပတ်သက်သည့် နိဂုံးစကား (၁၂-၁၄)
ရှင်ယောဟန်သြဝါဒစာ တတိယစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ရှင်ယောဟန်၏ တပည့် ပေါလိကပ် (Polycarp)သည် စမုရနမြိုတွင် သာသနာပြုနေပြီ ဖြစ်သည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ရှင်ယောဟန် တတိယစောင်တွင် တွေ့ရသော ခရစ်ယာန် ဧည့်သည်ဝတ်ပြုခြင်းအကြောင်း သည် မည်သည့် လမ်းညွှန်မှုများကို ပေးခဲ့သနည်း။
ရှင်ယောဟန်သည် ဧည့်သည်ဝတ်ပြုခြင်းနှင့်ပတ်သက်ပြီး တိုက်တွန်းမှုနှင့် လမ်းညွှန်မှု များပေးထားသည်။ သူက ခရစ်ယာန်များသည် “ဘုရားသခင်၏ အလိုတော်နှင့်အညီ” (ငယ် ၆)လုပ်ဆောင်ပေးသော ဧည့်သည်ဝတ်ပြုခြင်းမျိုးကို လုပ်ဆောင်ရန် အသေအချာ ယုံကြည် သည်။ ပထမမှာ၊ ခရစ်ယာန်များသည် သန့်ရှင်းသော ရည်ရွယ်ချက်ရှိသူများကို ဧည့်သည်ဝတ်ပြု ရမည်ဖြစ်သည်။ ဒုတိယမှာ၊ ခရစ်ယာန်များသည် ငွေကြေးအတွက် သာသနာပြုခြင်း မဟုတ် သောသူများအား ဧည့်သည်ဝတ်ပြုရမည်ဖြစ်သည်။ ထိုသာသနာပြုများသည် “သာသနာပလူတို တွင် အလှူမခံ”ခြင်းကြောင့်၊ အသင်းတော်သည် သူတိုကို မစရမည့်သူများဟု ဆိုလိုခြင်းဖြစ် သည်။ တတိယမှာ၊ ခရစ်ယာန်များ ဧည့်သည်ဝတ်ပြုသောအခါ၊ သူတိုလုပ်ဆောင်သော သာသ နာကို ကြိုဆိုလက်ခံပြီး သာသနာတွင် ပါဝင်သူများ ဖြစ်လာသည် (ငယ် ၈)။
၂။ သူ၏ တတိယစာစောင်တွင် ရှင်ယောဟန်သည် ဒဿာတရပ်ဆိုသူကို အဘယ့်ကြောင့် စိတ်ပျက်မိသနည်း။
ရှင်ယောဟန်က အသင်းတော်၌ အစေခံ-ခေါင်းဆောင်မှုပြုခြင်းတွင် ယေရှု၏ သွန်သင် မှုကို ဆန့်ကျင်သော ခေါင်းဆောင်တစ်ဦးအားဖြင့် မကောင်းသော အကျိုးသက်ရောက်မှုများ ဖြစ်လာခြင်း ပုံပမာကဲ့သို ဂါယုထံ ဒဿာတရပ်အကြောင်း ဖော်ပြခဲ့ပြီး (မ ၂၀း၂၀-၂၈၊ ဖိ ၂း၅-၁၁၊ ၁ တိ ၃း၃၊ ၁ ပေ ၅း၃)၊ ထိုသူသည် ခရစ်ယာန်တို လိုအပ်သောဧည့်သည်ဝတ်ပြုခြင်း စံနှုန်းကို ချိုးဖောက်သူ ဖြစ်သည်။ ရှင်ယောဟန်သည် အခြားသူများကို အထောက်အကူပြုသည့် သတိပေးပုံစံဖြင့် ဒဿာတရပ်၏ အပြုအမူ အမှား အနည်းဆုံး ခြောက်ခုကို မှတ်သားထားသည်။
> သူသည် ကြီးမြတ်မှုကို နှစ်သက်ခြင်း (ပထမနေရာကို လိုချင်၊ ငယ် ၉)
> သူသည် ရှင်ယောဟန်၏ အခွင့်အာဏာကို ငြင်းဆန်ခြင်း၊ ထိုကြောင့် ရှင်ယောဟန်၏ စာစောင်အားဖြင့် ဘုရားသခင်၏ အခွင့်အာဏာကိုလည်း လက်ခံရန်ငြင်းဆန်ခြင်း(ငယ် ၉)
> ရှင်ယောဟန်သည် “ငါတိုကို ကဲ့ရဲ့ သည်သာမက”ဖြင့် ဒဿာတရပ်ကို ပြောဆိုခဲ့ခြင်း (ထိုအသုံးအနှုန်းသည် တစ်စုံတစ်ဦးကို အဓိပ္ပာယ်မဲ့စွာ ပြောဆိုခြင်းဟုဖြစ်၊ ငယ် ၁၀)
> ဒဿာတရပ်သည် “ဗြုစုသောစကားများ”ဖြင့် ပြောခဲ့ခြင်း (ရှင်ယောဟန်လည်း မကောင်း သူဖြစ်ကြောင်း မှားယွင်းစွာ စွပ်စွဲခြင်း၊ ငယ် ၁၀)
> သူသည် “ညီအစ်ကိုများကို လက်မခံ”ခြင်း (သူသည် အခြားခရစ်ယာန်များကိုပါ ရန်ပြုခြင်း၊ ငယ် ၁၀)
> သူသည် “ထိုသူတိုကို အသင်းတော်မှ နှင်ထုတ်ခြင်း”ကို ပြုခြင်း (သူ့အခွင့်အာဏာကို ခုခံသူများအား နှင်ထုတ်လိုက်ခြင်း၊ ငယ် ၁၀)
ရှင်ယောဟန်သြဝါဒစာ တတိယစောင်ကို ဆက်လက်လေ့လာရန်
၁။ ရှင်ယောဟန် တတိယစောင်ရှိ အမြင့်ဆုံးအချက်များနှင့် အနိမ့်ဆုံးအချက်များမှာ အဘယ် နည်း။
၂။ မည်သည့်နည်းလမ်းဖြင့် ခရစ်ယာန် ဧည့်သည်ဝတ်ပြုခြင်းသည် အရေးကြီးသနည်း။
၃။ ရှင်ယောဟန် ရေးသားပေးပိုသည့် အသင်းတော်၌ မည်သည့် ပြဿနာ ဖန်တီးမှု လက္ခဏာ များ ရှိနေသနည်း။
၄။ ဂါယုနှင့် ဒဿာတရပ်တိုကို ချီးမွမ်းပြောဆိုမှုများသည် မည်သည့် အပြုအမူနှင့် လက္ခဏာများအတွက် ဖြစ်သနည်း။
၅။ ပေးကမ်းခြင်း (သို) ခရစ်ယာန် ဧည့်ဝတ်ပြုခြင်းကို လက်ခံခြင်း အတွေ့အကြုံတွင် သင်သည် မည်သည့်အရာကို အမှတ်ရဆုံး ဖြစ်ခဲ့သနည်း။
ရှင်ယုဒသြဝါဒစာ(Jude)
ဘာသာရေး ဖောက်ပြန်သူတစ်ဦးအကြောင်း ဖော်ပြချက်အချုပ်
ခေါင်းစဉ်
ယုဒဟူသော အမည်သည် ဟေဗြဲ “Judah” နှင့် ဂရိ “Judas” တိုမှ ဆင်းသက်လာ၍ စာရေးသူ၏ အမည်ကို ပေးထားပြီး (ငယ် ၁)၊ ခရစ်တော်၏ ညီအစ်ကို လေးဦးမှ တစ်ဦးဖြစ် သည် (မ ၁၃း၅၅၊ မာ ၆း၃)။ ဓမ္မသစ်ကျမ်းတွင် အတိုဆုံးသော လေးအုပ်နောက်ကျမ်းဖြစ်ပြီး (ဖိလေမုန်၊ ၂ ယော၊ ၃ ယော) ရှင်ယုဒဩဝါဒစာသည် အသင်းတော်အားလုံးနှင့်ဆိုင်သော ဩဝါဒစာစောင်များတွင် ရှစ်အုပ်မြောက်ဖြစ်သည်။ ရှင်ယုဒဩဝါဒစာသည် ဓမ္မဟောင်းကျမ်းကို တိုက်ရိုက်ကိုးကားထားခြင်းမရှိသော်လည်း၊ အနည်းဆုံးအကြောင်း အရာ ကိုးခု ဓမ္မဟောင်းကျမ်း မှ ဥပမာအဖြစ် ဖော်ပြထားသည်။
စာရေးသူနှင့် ရက်စွဲ
ပါလက်စတိုင်းဒေသတွင် ယုဒဟူသော အမည်သည် အများသုံးအမည်တစ်ခုဖြစ်သော် လည်း (ဓမ္မသစ်ကျမ်းတွင် ယုဒ ရှစ်ဦးခန့် အနည်းဆုံးရှိ)၊ ရှင်ယုဒဩဝါဒစာကို ရေးသားသူသည် ခရစ်တော်၏ညီ ယုဒဖြစ်ကြောင်း လက်ခံကြသည်။ ထိုယုဒသည် ယာကုပ်၏သား တမန်တော် တပါးဖြစ်သည့် ယုဒ (လု ၆း၁၆၊ တ ၁း၁၃)နှင့် မတူပေ။ ရှင်ယုဒဩဝါဒစာတွင် ဖော်ပြထားသည့် အကြောင်းအရာအချိုကို ဆင်ခြင်ကြည့်ပါက (၁) ယုဒသည် ယေရုရှလင်ကောင်စီအား ဦး ဆောင်သူ ယာကုပ်၏ညီဖြစ်ကြောင်း (တ ၁၅)၊ ခရစ်တော်၏ ညီဖြစ်ကြောင်း (ငယ် ၁၊ ဂလ ၁း၁၉)၊ (၂) ယုဒ၏ နှုတ်ခွန်းဆက်စကားသည် ယာကုပ်ပြောသည်နှင့် တူညီကြောင်း (ယာ ၁း၁)၊ (၃) ယုဒသည် မိမိကိုယ်ကို တမန်တော်တစ်ဦးကဲ့သို ပြောမထားခြင်း (ငယ် ၁)၊ သူနှင့် တမန်တော်များသည် ကွဲပြားကြောင်း (ငယ် ၁၈) ဖော်ပြထားသည်။
ရှင်ယုဒ ၁း၄-၁၈ တွင် ဖော်ပြထားသည့် အကျင့်ပျက်မှားယွင်းခြင်းအကြောင်းနှင့် ပတ်သက်ပြီး သွန်သင်မှုများသည် ၂ ပေ ၂း၁-၃၄ တွင် ဖော်ပြထားသည့် အကြောင်းအရာ များနှင့် တူညီနေသည်ကို တွေ့ရသည်။ ရှင်ပေတရု ကြိုတင်ဖော်ပြထားသော အကြောင်းအရာ များသည် ရှင်ယုဒဩဝါဒစာ ရေးသားသည့်အချိန်တွင် ဖြစ်ပျက်ခဲ့ကြောင်း ယုံကြည်ရမည့် အ ကြောင်းအရာများရှိသည်။ (၁) ၂ ပေ ၂း၁-၂၊ ၃၃ တိုတွင် မိစ္ဆာပရောဖက်များနှင့် ရင်ဆိုင်နေ ရကြောင်း ဖော်ပြထားသည်။ (၂) ရှင်ယုဒသည် ၂ ပေ ၃း၃ ကို တိုက်ရိုက် ကိုးကားဖော်ပြထား ကြောင်း၊ တမန်တော်တစ်ဦးထံမှ ကိုးကားထားကြောင်း တွေ့ရသည် (ငယ် ၁၇၊ ၁၈)။ ရှင်ယုဒ သည် အေဒီ ၇၀ တွင် ယေရုရှလင်မြိုကျရှုးခြင်းအကြောင်း ဖော်ပြထားခြင်းမရှိသော်လည်း ရှင်ပေတရုသြဝါဒစာ ဒုတိယစောင် ရေးသားပြီးချိန် (အေဒီ ၆၈-၇ဝ)၌ ရေးသားခဲ့ခြင်းဖြစ်နိုင် သည်။ ဖြစ်နိုင်ချေမှာ ယေရုရှလင်မြို မပျက်စီးမီအချိန်တွင် ရှင်ယုဒဩဝါဒစာကို ရေးသားခဲ့ သည်။ ရှင်ယုဒသည် အခြားသော ညီအစ်ကိုများ၊ သူတို၏ ဇနီးမယားတိုနှင့် သာသနာပြုခရီး တွင် အတူလိုက်ပါခဲ့သော်လည်း (၁ ကော ၉:၅)၊ ဤစာစောင်ကို ယေရုရှလင်မှ ရေးသားခဲ့ပုံပေါ် သည်။ ဤစာစောင်ကို လက်ခံရရှိသူများ သည် မည်သူများဖြစ်သည်ကို ရှင်ယုဒက အတိအကျ ဖော်ပြမထားသော်လည်း ဥပမာ ပေးထားသည့် အရာများကိုကြည့်လျှင် ဂျူး လူမျိုးများဖြစ်နိုင်သည်။ သံသယမဖြစ်နိုင်စ ရာတစ်ခုမှာ ရှင်ယုဒသည် မိစ္ဆာဆရာများ၏ လွှမ်းမိုးမှုကို ခံနေရသော နေရာတစ်ခုသို ရေးလိုက်ခြင်းဖြစ်ကြောင်း ဖြစ်သည်။
ရှင်ယုဒသည် ယေရှုအား အစော ပိုင်းတွင် မေရှိယအဖြစ် လက်မခံခဲ့သော် လည်း (ယော ၇း၁-၉)၊ ခရစ်တော် ရှင်ပြန် ထမြောက်ချိန် (တ ၁း၁၄)တွင် အခြားသော ညီအစ်ကိုများကဲ့သို ခရစ်တော်အား သခင် အဖြစ် လက်ခံခဲ့ပြီး အသက်တာ ပြောင်းလဲ ခဲ့သည်။ ရှင်ယုဒသည် ယေရှုနှင့် ဆွေမျိုး တော်စပ်မှုအရသော်လည်း ကောင်း၊ ခရစ် တော် ထမြောက်ခြင်းအကြောင်းကို မျက်မြင် သက်သေတစ်ဦးဖြစ်ပြီး၊ စာစောင်တွင် ပါဝင်သော အကြောင်းအရာများအရ ဤစာစောင်အား ဘုရားသခင်မှုတ်သွင်းသည့် စာစောင်အဖြစ် ဆုံးဖြတ်ကြပြီး၊ Muratorian Canon (အေဒီ ၁၇၀) ၏ သမ္မာကျမ်းစာအဖြစ် မှတ်တမ်းတင်ခြင်း ခံခဲ့ရသည်။ ရှင်ယုဒဩဝါဒစာ သည် ရှင်ပေ တရု ဒုတိယစောင် ရေးပြီးမှ ရေးသားခြင်းဖြစ်ကြောင်း ကျမ်းစာ စံနှုန်းသတ်မှတ်ခြင်းက ပံ့ပိုးပေး သည်။ အကယ်၍ ရှင်ပေတရုသည် ရှင်ယုဒထံမှ ကိုးကားပါက၊ ကျမ်းစာစံနှုန်းသတ်မှတ်ခြင်းကို မေးခွန်း မေးရန်မရှိဘဲ၊ ရှင်ယုဒအတည်ပြုရေးသားထားသည့် တမန်တော်ဖြစ်ခြင်းအကြောင်းကို ရှင်ပေတရုကလည်း ဖော်ပြခဲ့ပြီးခြင်းကြောင့် ဖြစ်သည်။ Clement of Rome (ခန့်မှန်း အေဒီ ၉၆) နှင့် Clement of Alexandria(ခန့်မှန်း အေဒီ ၂၀၀) တိုကလည်း ရှင်ယုဒဩဝါဒစာသည် စစ်မှန်သော အခွင့်အာဏာရှိသည့် ကျမ်းစာဖြစ်ကြောင်း ရည်ညွှန်းပြောခဲ့ကြသည်။ ဤစာအုပ် သည် အလွန်တိုသော စာအုပ်ဖြစ်ပြီး၊ ရှင်ယုဒကိုးကားထားသည့် အကြောင်းအရာများသည် လည်း ဘုရားသခင်မမှုတ်သွင်းထားသည့် စာပေများမှ ဟုတ်သည်၊ မဟုတ်သည်ကို တမ်းတ စံနှုန်းသတ်မှတ်မှုမှ ထွေထွေထူးထူး မေးခွန်းမေးစရာပင် မရှိပေ။
ရှင်ယုဒဩဝါဒစာ၌ ခရစ်တော်
ရှင်ယုဒသည် “ခမည်းတော်ဘုရားသခင် သန့်ရှင်း စေတော်မူ၍၊ ယေရှုခရစ်ခေါ်ထား ဆောင်တော်မူ သောသူတို” (ငယ် ၁) ဟု ယုံကြည်သူများကို ပထမ လိပ်မူခြင်းဖြင့် မှားယွင်းသောသူများအား သူ့တိုက် ခိုက်မှုဖြင့် အစပြုထားသည်။ ခရစ်တော်သည် ယုံ ကြည်သူများအား ထာဝရအသက်ရရှိရန် စောင့်ထိန်း ပြီး၊ ယုံကြည်ခြင်းအား နောက်ကျသောသူများကို တော့ အပြစ်တင်မည်မဟုတ်ပေ။ ရှင်ယုဒသည် ခရစ်တော်၏ တန်ခိုးတော်၌ တွန်းအားများ ဖြစ်စေ ခြင်းဖြင့် သူ့ဩဝါဒစာကို အဆုံးသတ်ထားသည်။ ရှင်ယုဒက “ထိမိ၍ လဲခြင်းနှင့် ကင်းလွတ်စေမည့် အကြောင်း သင်တိုကို စောင့်ရှောက်ခြင်းငှါ၎င်း၊ အ ပြစ်မရှိဘဲ ဝမ်းမြောက်ခြင်း နှင့်ပြည့်စုံလျက် ရှိသော သင်တိုကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာ ၄င်း တတ်နိုင်တော်မူသောသူ”ဟု ယေရှုကို ပြော ထားသည် (ငယ် ၂၄)။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ရှင်ယုဒသည် ရောမအင်ပါယာမှ နိုင်ငံရေးအရ အမျိုးမျိုးသော တိုက်ခိုက်မများဖြင့် ခရစ်ယာန်များကို တိုက်ခိုက်နေချိန်နှင့် နာ့စတစ်ကဲ့သို အသိဉာဏ် သွန်သင်မှုများသည် ခရစ်ယာန်များကို အတော်လွှမ်းမိုးခဲ့သည်)၊ မှားယွင်းသော သွန်သင်မူ အမျိုးမျိုးအားဖြင့် ခရစ်ယာန်များ၊ လမ်းလွဲသိုရောက်ရှိနေချိန်တွင် နေထိုင်ခဲ့သည်။ ရှင်ယုဒ နောက်ပိုင်း (၂၅) အလွန်တွင် ရှင်ယောဟန်က သူ့ဩဝါဒစာစောင်တွင် နော့စတစ်ဝါဒ သွန်သင်သူများနှင့် ရင်ဆိုင်နေရကြောင်း ဖော်ပြထားသည်။ ရှင်ယုက ရှင်ယောဟန်၏ ရှေ့ပြေးအဖြစ်ဟုပင် ပြောရပေမည်။ ရှင်ယောဟန်မှလွဲပြီး၊ ထိုရာစုနှစ်အတွင်း အသက်ရှင်ကြ သော ခရစ်ယာန်ခေါင်းဆောင်များသည် မာတုရအဖြစ် အသေခံခဲ့ကြသည်။ ခရစ်ယာန်ဘာသာ သည် အလွန်တိုက်ခိုက်လွယ်သော ဘာသာဖြစ်လာသည်။ ထိုကြောင့် ရှင်ယုဒက အသင်းတော် အား သမ္မာတရားအတွက် ဝိညာဉ်ရေးရာတိုက်ပွဲဝင်ရန် ပြောထားသည်။
ရှင်ယုဒဩဝါဒစာရှိ အဓိက ဇာတ်ကောင်များ ၊
ရှင်ယု – ယေရှုကို မေရှိယကဲ့သို အစောပိုင်းတွင် ငြင်းဆန်ခဲ့သော ခရစ်တော်၏ ညီအစ်ကို၊ ရှင်ပြန်ထမြောက်ပြီးနောက် ပြောင်းလဲလာသူ (၁း၁-၂၅)
ရှင်ယာကုပ် – ရှင်ယု၏ ညီအစ်ကို၊ ယေရုရှလင်ကောင်စီ၏ ခေါင်းဆောင်နှင့် ရှင်ယာကုပ် ဩဝါဒစာ ရေးသားသူ (၁း၁)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ရှင်ယုဒဩဝါဒစာသည် ဓမ္မသစ်ကျမ်းတွင် ကျမ်းစာဆိုင်ရာ ယုံကြည်ခြင်း၊ အမှန်တရား ကို စွန့်ပစ်သည့် “ဘာသာရေး ဖောက်ပြန်သူများ”ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ခဲ့သည့် တစ်အုပ်တည်း သော စာအုပ်ဖြစ်သည် (ငယ် ၃၊ ၁၇)။ ဘာသာရေးဖောက်ပြန်သူများသည် နေရာတိုင်းတွင် ရှိနေကြကြောင်း ၂ သက် ၂:၁၀၊ ဟေဗြဲ ၁၀း ၂၉၊ ၂ ပေ ၂:၁-၂၂၊ ၁ ယော ၂း၁၈-၂၃ တိုတွင် ဖော်ပြထားသည်။ ရှင်ယုသည် ထိုဖောက်ပြန်သူများကို ရှုတ်ချရန်နှင့် ယုံကြည်သူများ ကို သစ္စာ ရှိစွာ ရပ်တည်ရန် တိုက်တွန်းထားသည်။ ရှင်ယုဒသည် အသင်းတော်အား ဘုရားသခင်၏ အလိုတော်ကိုသိရန်နှင့် သမ္မာတရားကို ကာကွယ်ရန် တင်းကျပ်စွာ ပြောဆိုထားသည်။ သူသည် ရှေ့လူများဖြစ်သည့် (၁) ခရစ်တော် (မ ၇း၁၅-၊ ၁၆း၆-၁၂၊ ၂၄း၁၁-၊ ဗျာ ၂၊ ၃)၊ (၂) ရှင်ပေါ လု (တ ၂၀း ၂၉၊ ၃၀၊ ၁ တိ ၄း၁၊ ၂ တိ ၃း၁-၅၊ ၄း၃၊ ၄)၊ (၃) ရှင်ပေတရု (၂ ပေ ၂း၁၊ ၂၊ ၃း၃၊ ၄)၊ နှင့် (၄) ရှင်ယောဟန် (၁ ယော ၄း၁-၆၊ ၂ ယော ၆-၁၁)တို ပုံပမာများအဖြစ် ဖော်ပြသည်။
ရှင်ယုသည် ဓမ္မဟောင်းကျမ်းမှ သမိုင်းအကြောင်းအရာများကို ပြန်ပြောထားသည်။ သူပြောသည့် အကြောင်းအရာများမှာ (၁) ထွက်မြောက်ရာကျမ်း (ငယ် ၅)၊ (၂) စာတန်၏ ပုန်ကန်ခြင်း (ငယ် ၆)၊ (၃) သောဒုံနှင့် ဂေါမောရ (ငယ် ၇)၊ (၄) မောရှေသေခြင်း(ငယ် ၉)၊ (၅) ကာဣန (၁၁)၊ (၆) ဗာလမ် (၁၁)၊ (၇) ကောရ (၁၁)၊ (၈) ဧနောက် (ငယ် ၁၄-၁၅)၊ (၉) အာဇ် (ငယ် ၁၄) စသည့်တို ဖြစ်သည်။
ရှင်ယုဒသည် ဘာသာရေးဖောက်ပြန်သူများ၏ လက္ခဏာများနှင့် ထိုသူတို၏ အဓိပ္ပာယ် မဲ့လုပ်ရပ်များကို ရှင်းလင်းစွာ ဖော်ပြထားသည် (ငယ် ၄၊ ၈၊ ၁၀၊ ၁၆၊ ၁၈-၁၉)။ ထိုပြင် ထိုသူ များ၏ အကျိုးမဲ့သွန်သင်မှုများအား သဘာဝတရားနှင့် ခိုင်းနှိင်းဖော်ပြထားသည် (၁၂-၁၁) ရှင်ယုသည် ထိုသူများ၏ သွန်သင်မှုများကို အတိအကျ မပြောထားသော်လည်း၊ သမ္မာတရား ကို မှားယွင်းစွာ သွန်သင်ရန် သူတို၏ကြိုးစားသော အကျိုးမဲ့လှည့်စားသည့် သာသနာပြုမှုနှင့် သူတိုအသက်တာတွင် အလုပ်မလုပ်သောအရာများကို ဖော်ပြခြင်းအားဖြင့် လုံလောက်သည်။ ရှင်ယုဒဩဝါဒစာသည် မှားယွင်းစွာ သွန်သင်သည့် ဆရာများနှင့် သူတို၏ ပျက်စီးခြင်းအသက် တာအကြောင်းကို ထပ်ခါထပ်ခါ ဖော်ပြသော အဓိကအကြောင်းအရာကိုလည်း တွေ့ရသည်။ ထိုသူတို၏ သွန်သင်မှုများသည် ပါးနပ်ခြင်း၊ သိမ်မွေ့ခြင်း၊ လှည့်စားခြင်း၊ မြူဆွယ်ခြင်း၊ ပုံစံအမျိုး မျိုးဖြင့် ဆွဲဆောင်ခြင်း စသည်တို ဖြစ်ကြသော်လည်း သူတိုအား အဓိကပုံစံဖြင့် ပုံဖော်ရလျှင် နောက်ပိုင်းတွင် ဝိညာဉ်ရေးရာ လမ်းလွှစေခြင်းနှင့် သူတို၏ မကောင်းသော အသက်တာကို မြင်တွေ့ရသည် (၂ ပေ ၂း၁၀၊ ၁၂၊ ၁၈-၁၉)။
ရှင်ယုဒဩဝါဒစာရှိ အဓိကဩဝါဒများ
ဘာသာရေး ဖောက်ပြန်ခြင်း – ကျမ်းစာဆိုင်ရာ သမ္မာတရား၊ အမှန်တရားမှ ဘက်ပြောင်းသွား ခြင်း (ငယ် ၃၊ ၄၊ ၈၊ ၁ဝ၊ ၁၆၊ ၁၈-၁၉၊ ၂ သက် ၂း၁၀၊ ဟေဗြဲ ၁၀း၂၉၊ ၂ ပေ ၂း၁၂၂၊ ၁ ယော ၂း၁၈-၂၃)
ရှင်ယုဒဩဝါဒစာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ဘုန်းကြီးသော ဘုရား – ငယ် ၂၄၊ ၂၅
ဘုရားသခင်သည် ကျေးဇူးပြုသော ဘုရား – ငယ် ၄
ဘုရားသခင်သည် တရားစီရင်သော ဘုရား – ငယ် ၅၊ ၆၊ ၁၄၊ ၁၅
ဘုရားသခင်သည် အစိုးရတော်မူသော အရှင် – အငယ် ၄
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာအရှင် – ငယ် ၁-၃၊ ၂၁
ဘုရားသခင်သည် ပညာရှိသော အရှင် – ငယ် ၂၅
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ဩဝါဒဆိုင်ရာအကြောင်းများ ရှင်ယုဒက ဖော်ပြထားခြင်းမရှိသောကြောင့်၊ ဤစာအုပ် အား အနက်ဖွင့်သည့်အခါ အခက်အခဲများမှာ စာသားများကို ပုံမှန်အဓိပ္ပာယ်ဖြစ်စဉ်အတိုင်း အနက်ဖွင့်ခြင်းဖြင့် လုပ်ဆောင်ရန်ဖြစ်သည်။ ရှင်ယုဒသည် သမ္မာကျမ်းစာအဖြစ် သတ်မှတ်ရန် ကျမ်းစာစံနှုန်းသတ်မှတ်မှုမှ လက်မခံသည့် အခြားအရင်းအမြစ်များကို ကိုးကားထားပြီး (အမှန် ရေးသားသူသည် ခေါင်းစဉ်တွင် တစ်ဦးဦး၏ အမည်မရှိသူ)၊ သူ၏ အဓိကအချက်များကို ကူညီပေးရန် 1 Enoch (ငယ် ၁၄) နှင့် Assumption of Moses (ငယ် ၉)တိုကို အသုံးပြု ထားသည်။ ထိုအရာများသည် လက်ခံနိုင်ဖွယ် ရှိပါသလား။ ရှင်ယုဒသည် သန့်ရှင်းသော ဝိညာဉ် တော်၏ သွန်သင်မှုအောက်တွင် (၂ တိ ၃း၁၆၊ ၂ ပေ ၁း၂၀-၂၁) ဤစာစောင်အား ရေးသား ခြင်းကြောင့် တိကျသော အကြောင်းအရာများနှင့် သူ၏ ခံယူချက်များတွင် အမှန်တရားဖြစ်ပြီး၊ ရှင်ပေါလုကဲ့သို အခြားစာအုပ်များကို ကိုးကားသည် (တ ၁၇း ၂၈၊ ၁ ကော ၁၅း၃၃၊ တိ ၁း၁၂)။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ ရှင်ယုဒ၏ စိတ်ဆန္ဒ (၁၊ ၂)
၂။ ဝိညာဉ်ရေးရာ ဖောက်ပြန်သူများ၏ တိုက်ခိုက်ခြင်းကို ကြေညာခြင်း (၃-၄)
၃။ ဝိညာဉ်ရေးရာ ဖောက်ပြန်သူများအတွက် ဆိုးဝါးသော အကျိုးရလဒများ (၅-၇)
၄။ ဝိညာဉ်ရေးရာ ဖောက်ပြန်သူများကို ရှုတ်ချခြင်း (၈-၁၆)
၅။ ဝိညာဉ်ရေးရာ ဖောက်ပြန်သူများထံမှ ကာကွယ်ခြင်း (၁၇-၂၃)
၆။ ရှင်ယုဒသည် ဘု ရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်း (၂၄၊ ၂၅)
ရှင်ယုဒဩဝါဒစာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
Vespasian သည် ရောမသို အောင်ပွဲခံ ဝင်ရောက်လာပြီး၊ လွှတ်တော် အားဖြင့် ရောမဘုရင်သစ်တစ်ဦး ဖြစ်လာသည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ရှင်ယုဒ ကိုးကားသည့် စာအုပ်များ သည် သမ္မာကျမ်းစာမှ မဟုတ်သော ကြောင့်၊ ထိုသို အခြားစာအုပ်များ သည် ဤပေးထားသော အထူးတန်ဖိုးတစ်ခုကို လုပ်ဆောင်ပါသလား။
ရှင်ယုဒသည် ကျမ်းစာအပြင်ဘက် ရှိ စာအုပ်နှစ်အုပ်မှ ကိုးကားခဲ့ ပြီး 1 Enocli (ငယ် ၁၄) နှင့် Assumption of Moses (ငယ် ၉) တိုဖြစ်သည်။ ထိုစာအုပ်များကို ရေးသားသူများမှာ အမည်မသိရပေ။ ရှင် ယုဒသည် သူ့ အချက်များကို ပံ့ပိုးပေးရန်နှင့် ပုံဖော်ရန် ကိုးကားခဲ့သည်။
ခရစ်ယာန်များက ရှင်ယုဒသည် သန့်ရှင်းသော ဝိညာဉ်တော် မှုတ်သွင်းမှု အောက်တွင် ရေးသားခဲ့ခြင်း (၂ တိ ၃း၁၆၊ ၂ ပေ ၁း၂၀၊ ၂၁) နှင့် ထိုကြေညာချက်များ တိကျပြီး မှန်ကန်သည့် အကြောင်းအရာများ ပါဝင်ကြောင်း ခံယူခဲ့ကြသည်။ သူအသုံးပြု သည့် ကျမ်းစာပြင်ပအကြောင်းအရာသည် သီးသန့်အရာဖြစ်ပြီး၊ ထိုစာပိုဒ်များသည် အထူးအခွင့် အာဏာရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ရှင်ပေါလုသည်လည်း ကျမ်းစာရေးသူမဟုတ်သူများထံမှ မှီငြမ်းခြင်း (သို) ကိုးကားခြင်း ပုံစံများ လုပ်ခဲ့သည် (တ ၁၇း၂၈၊ ၁ ကော ၁၅း၃၃၊ တိ ၁း၁၂)။
ဘာသာရေးဖောက်ပြန်သူတစ်ဦးအကြောင်း
ဖော်ပြချက်အချုပ်
၁။ ဘုရားမနှစ်သက်သောအသက်တာ (ငယ် ၄)
၂။ အကျင့်ပျက်သူ (ငယ် ၄)
၃။ ခရစ်တော်ကို ငြင်းပယ်သူ (ငယ် ၄) ၊
၄။ ကိုယ်ကာယကို ညစ်ညူးစေသူ (ငယ် ၈)
၅။ ပုန်ကန်သူ (ငယ် ၈)
၆။ ဘုန်းအသရေရှိသူကို စော်ကားသူ (ငယ် ၈)
၇။ ယောင်ယမ်းသောသူ (ငယ် ၁၀)
၈။ လျစ်လျူရှုသူ (ငယ် ၁၀)
၉။ ပျက်စီးခြင်းသိုရောက်သူ (ငယ် ၁၀)
၁၀။ မြည်တမ်းသူ (ငယ် ၁၆)
၁၁။ သူတပါးအပြစ်ကို ရှာသူ (ငယ် ၁၆)
၁၂။ မိမိတပ်မက်ခြင်းအတိုင်း ကျင့်သူ (ငယ် ၁၆)
၁၃။ ထောင်လွှားစော်ကားမှုကို ပြောသူ (ငယ် ၁၆)
၁၄။ မြှောက်ပင့်ပြောဆိုတတ်သူ (ငယ် ၁၆)
၁၅။ ပြက်ရယ်ပြုသူ (ငယ် ၁၈)
၁၆။ ကွဲပြားမှုကို ဖြစ်စေသူ (ငယ် ၁၉) ၊
၁၇။ ဇာတိပကတိလူ (ငယ် ၁၉)
၁၈။ ဝိညာဉ်တော်ကို မရသူ (ငယ် ၁၉)
John E. MacArthur, Jr., The macArthur Study Bible, (Dallas: Word Publishing) 1997
၂။ “သန့်ရှင်းသူတိုထံ တစ်ကြိမ်တည်းနှင့် အပြီးပေးအပ်တော်မူသော ယုံကြည်ခြင်း”ဟူသည် မှာ ရှင်ယုဒက ဘာကို ဆိုလိုသနည်း (ငယ် ၃)။
ရှင်ယုဒသည် သမ္မာကျမ်းစာတွင် ကယ်တင်ခြင်း သမ္မာတရားအကြောင်းကို ရည်ညွှန်း သည် (ဂလ ၁း၂၃၊ ဧ ၄း၅၊ ၁၃၊ ဖိ ၁း၂၇၊ ၁ တိ ၄း၁)။ အငယ် ၂၀ နောက်ပိုင်းတွင် ရှင်ယုဒသည် စင်ကြယ်သော ဩဝါဒကိုသိနိုင်သော ဝိညာဉ်ရေးရာ ဖွင့်ပြသည့် သမ္မာတရားကို ဖော်ပြခြင်း (ဧ ၄း၁၄၊ ကော ၃း၁၆၊ ၁ ပေ ၂း၂၊ ၁ ယော ၂း၁၂-၁၄)၊ သမ္မာတရားကို အမှားမှ ခွဲခြား၊ ပိုင်းခြား အသုံးပြုခြင်း (၁ သက် ၅း၂၀-၂၂)၊ မှား ယွင်းမှုကို ရင်ဆိုင်ခြင်းနှင့် တိုက်ခိုက်ခြင်းတွင် အကျိုးသက်ရောက်မှုရှိခြင်း (၂ ကော ၁၀း၃-၅၊ ဖိ ၁း၁၇၊ ၂၇၊ ၁ တိ ၁း၁၈၊ ၆း၁၂၊ ၂ တိ ၁း၁၃၊ ၄း၇၊ ၈၊ တိ ၁း၁၃)တို ဖြစ်သည်။
ဘုရားသခင်၏ ဖွင့်ပြခြင်းသည် သမ္မာကျမ်းစာပြီးပြည့်စုံခြင်း၌ ပြီးစီးသောကြောင့် ထပ်မံ၍ ဖြည့်သွင်းခြင်း၊ နုတ်ခြင်း မလိုအပ်ပေ (တရားဟော ၄း၂၊ ၁၂း၃၂၊ သု ၃၀း၆၊ ဗျာ ၂၂း၁၈၊ ၁၉)။ ကျမ်းစာသည် ပြည့်စုံခြင်း၊ လုံလောက်ခြင်း၊ အဆုံးသတ်ထားပြီဖြစ်ခြင်းကြောင့် အချိန်တိုင်းတွက် ကိုက်ညီမှုရှိသည်။ ဘာမျှမလိုအပ်တော့သောကြောင့် မှုတ်သွင်းထားသော နှုတ်ကပတ်တော်သို ထပ်ဖြည့်စရာ ဘာမျှမရှိပေ (၂ တိ ၃း၁၆၊ ၁၇၊ ၂ ပေ ၁း၁၉-၂၁)။
၃။ နောက်ဆုံးကျမ်းပိုဒ်များကို “ထောမနာပြုခြင်း”အဖြစ် အဘယ့်ကြောင့် ရှင်ယုဒက ခေါ်ထားသ နည်း။
ထိုစကားလုံးကို ကျမ်းစာတွင် မတွေ့ရသော်လည်း ဘုရားသခင်အား အမြင့်ဆုံးချီးမွမ်း ခြင်းကို ဖော်ပြသည့် အထူးကျမ်းပိုဒ်ကို ရည်ညွှန်းသည့် ရှေးအသုံးအနှုန်းတစ်ခု ဖြစ်သည်။ ထို ဝေါဟာရ၏ ပထမအပိုင်းသည် “ဘုန်းကြီးခြင်း”ဟု အဓိပ္ပာယ်ရှိသည့် ဂရိဝေါဟာရ doxa မှ လာသည်။ ဝေါဟာရ၏ ဒုတိယအပိုင်းသည် “စကား”ဟု အဓိပ္ပာယ်ရှိသည့် ဂရိဝေါဟာရ logos မှလာသည်။ ရှင်ယုဒ၏ ဤဝေါဟာရများသည် ဘုရားသခင်၏ ဘုန်းတော်ကို အမြင့်ဆုံး ချီး မြှောက်သည့် အသုံးအနှုန်းကို ဖော်ပြသည်။ ထိုဝေါဟာရများသည် ဓမ္မသစ်ကျမ်း၌ အခြား ကောင်းမွန်သည့် ပုံဥပမာများတွင်လည်း ရှိသည် (ရော ၁၁း၃၃-၃၆၊ ၁၆း၂၅-၂၇၊ ၂ ကော ၁၃း၁၄၊ ဟေဗြဲ ၁၃း၂၀-၂၁)။
ရှင်ယုဒ၏ ချီးမြှောက်ခြင်းတွင် ခရစ်ယာန်များ ခွန်အားရှိသော လမ်းတစ်ခု၌ ရှိခြင်း၊ မည်သူမျှမလုပ်နိုင် သည်များကို ဘုရားသခင် လုပ်ဆောင်နိုင်ခြင်းကို မီးမောင်းထိုးပြခြင်း အကြောင်းများ ပါဝင်သည်။ ရှင်ယုဒက ခရစ်တော်သည် လက်ရှိ ဘာသာရေးဖောက်ပြန်သူလက် မှ ကာကွယ်နိုင်ကြောင်းကိုသိရန် ယုံကြည်သူများအား တိုက်တွန်းခြင်းနှင့် သူ၏ အဓိကအချက် ကယ်တင်ခြင်းကို ပြန်လည်အလေးအနက်ပြုခဲ့သည်။
ရှင်ယုဒဩဝါဒစာကို ဆက်လက်လေ့လာရန်
၁။ ရှင်ယုဒသည် သူ့ညီအစ်ကို ရှင်ယာကုပ်နှင့် ယေရှုတိုအား ဆက်နွယ်မှု၌ သူ့ကိုယ်သူ မည်သို ဖော်ပြသနည်း။ ထိုအရာက အဘယ့်ကြောင့် သတိပြုရန် အရေးကြီးရသနည်း။
၂။ ကျမ်းစာဆိုင်ရာ သမိုင်းမှ မည်သည့် ပုံစံနှင့် အဖြစ်အပျက်များက သူ့ သတိပေးမှုကို အခြေခံရန် ရှင်ယုဒက အသုံးပြုခဲ့သနည်း။ ။
၃။ မှားယွင်းသောဆရာများကို မည်သည့်နည်းလမ်းဖြင့် သူဖော်ပြခဲ့သနည်း။
၄။ ဘာသာရေးဖောက်ပြန်သူ ဆိုသည့် ဝေါဟာရမှာ အဘယ်နည်း။ ဘာသာရေးဖောက်ပြန်သူ တစ်ဦးကို ရှင်ယုဒက မည်သို လက္ခဏာပြထားသနည်း။
၅။ အငယ် ၂၄-၂၅ ရှိ ချီးမြှောက်ခြင်း၌ ခရစ်တော်ကို ချီးမြှောက်ခြင်းဖြင့် ဘုရားသခင်နှင့် ကျွန်ုပ်တို ပြုမူဆက်ဆံခြင်း၏ အသေးစိတ်အမြင်များမှာ အဘယ်နည်း။
ဗျာဒိတ်ကျမ်း (The Revelation of John)
နောက်ဆုံး တရားစီရင်ခြင်း
ခေါင်းစဉ်
သမ္မာကျမ်းစာရှိ အများသောကျမ်းများနှင့်မတူဘဲ၊ ဗျာဒိတ်ကျမ်းသည် သူ့ကိုယ်ပိုင်ခေါင်း စဉ် “ယေရှုခရစ်တော်၏ ဗျာဒိတ်တော်”ဟု ပါရှိသည်။ “ဗျာဒိတ်တော်” (Gr. upokalipsis) သည် “ဖုံးအုပ်ထားခြင်း”၊ “ဖုံးကွယ်မထားခြင်း” (သို) “ပိတ်မထားခြင်း”ဟု အဓိပ္ပာယ်ရသည်။ ဓမ္မသစ်ကျမ်းတွင် ဤဝေါဟာရသည် ဖုံးကွယ်မထားသော သမ္မာတရားကို ဖော်ညွှန်းပြီး (ရော ၁၆း ၂၅၊ ဂလ ၁း၁၂၊ ဧ ၁း၁၇၊ ၃း၃)၊ ဘုရားသခင်၏ သားများကို ဖော်ပြခြင်း (ရော ၈း၁၉)၊ ခရစ်တော်၏ လူ့ဇာတိခံယူခြင်း (လု ၂း၃၂)၊ သူ၏ ဒုတိယအကြိမ်ကြွလာခြင်း၌ သူ့ဘုန်းတော် ထွန်းတောက်ခြင်း (၂ သက် ၁း၇၊ ၁ ပေ ၁း၇) စသည်တိုဖြစ်သည်။ ထိုအရာအားလုံးတွင် အသုံးပြုမှုသည် “ဗျာဒိတ်တော်”သည် တစ်ချိန်က ဖုံးကွယ်ထားသော တစ်စုံတစ်ခု (သို) တစ်ဦး တစ်ယောက်အား မြင်ရခြင်းကို ရည်ညွှန်းသည်။ ဤစာအုပ်၏ ဖွင့်ပြမှု (သို) မဖုံးကွယ်မှုမှာ ယေရှုခရစ်တော်၏ ဘုန်းတော်ဖြစ်သည်။ သမ္မာကျမ်းစာတစ်အုပ်လုံးရှိ သူ့အကြောင်းနှင့် သူ့ အောင်မြင်ခြင်း အကြောင်း သမ္မာတရားသည် ယေရှုခရစ်တော်အကြောင်း ဖွင့်ပြခြင်းအားဖြင့် ရှင်းရှင်းလင်းလင်း မြင်လာရန် ရည်ညွှန်းခြင်းဖြစ်သည် (သမိုင်းကြောင်းနှင့် တရားဓမ္မဆိုင်ရာ အကြောင်းအရာများတွင် ကြည့်ပါ)။ ထိုဖွင့်ပြချက်သည် ခမည်းတော်ဘုရားအားဖြင့် သူ့ကိုပေး ခဲ့ခြင်းဖြစ်ပြီး၊ ထိုအရာကို ကောင်းကင်တမန်တပါးအားဖြင့် တမန်တော်ရှင်ယောဟန်ထံ ပြော ဆိုခဲ့ခြင်းဖြစ်သည်။
စာရေးသူနှင့် ရက်စွဲ
စာရေးသူသည် ရှင်ယောဟန်ဖြစ်ကြောင်း မိမိကိုယ်ကို လေးကြိမ်တိုင် ဖော်ပြသည် (၁း၁၊ ၄၊ ၉၊ ၂၂း၈)။ ကနဦးယုံကြည်သူများက တူညီစွာဖြင့် စတုတ္ထမြောက်ခရစ်ဝင်ကျမ်းနှင့် ဩဝါဒစာစောင် သုံးစောင်ကို ရေးသားခဲ့သူ တမန်တော်ရှင်ယောဟန်ကို စာရေးသူဖြစ်သည်ဟု ဆိုကြသည်။ ဥပမာ တမန်တော်ရှင်ယောဟန် စာရေးသူဖြစ်ခြင်းအကြောင်း အရေးကြီးသည့်
ဒုတိယရာစုသက်သေများမှာ : Justin Martyr, Irenaeus, Clement of Alexandria နှင့် Tertullian တို ပါဝင်သည်။ စာအုပ်များ၏ မူလလက်ခံရရှိသူများမှာ Justin Martyr နှင့် Irenaeus တို သက်ရှိထင်ရှားရှိချိန်ဖြစ်ပြီး နှစ်ဦးလုံးသည် တမန်တော် စာရေးသူဖြစ်ခြင်းကို အကူအညီပေးသည်။
ဗျာဒိတ်ကျမ်းနှင့် ရှင်ယောဟန်၏ အခြားသော ရေးသားမှုများအကြား ပုံစံကွဲပြားသော် လည်း ထိုအရာများသည် ထင်ရှားပြီး နှစ်ခုလုံးကို တစ်ဦးတည်းရေးသားကြောင်း ငြင်းဆိုထားမှု မရှိပေ။ ဗျာဒိတ်ကျမ်းနှင့် ရှင်ယောဟန်၏ အခြားရေးသားမှုများအကြား ယှဉ်တွဲပြီး တူညီမှုများရှိ သည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့် ဗျာဒိတ်ကျမ်းသာ ယေရှုခရစ်တော်အား နှုတ်ကပတ်တော် ဟု ရည်ညွှန်းသည် (၁၉း၁၃၊ ယော ၁း၁)။ ဗျာဒိတ်ကျမ်း (၁း၇)နှင့် ရှင်ယောဟန် ခရစ်ဝင်ကျမ်း(၁၉း၃၇)တိုသည် ဇာခရိ ၁၂း၁၀ အား Septuagint မှ ကွဲပြားစွာ ဘာသာပြန်ဆိုထားသော် လည်း တစ်ခုနှင့်တစ်ခုသည် သဘောတူညီမှုရှိသည်။ ဗျာဒိတ်ကျမ်းနှင့် ရှင်ယောဟန်ခရစ်ဝင် ကျမ်းသာ သခင်ယေရှုအား သိုးသငယ်ဟု ဖော်ပြထားပြီး (၅း၆၊ ၈၊ ယော ၁း၂၉)၊ နှစ်ခုလုံးမှာ သခင်ယေရှုသည် သက်သေခံတစ်ဦးဖြစ်ကြောင်း ဖော်ပြသည်(၁:၅၊ ယော ၅း၃၁၊ ၃၂)။
ဗျာဒိတ်ကျမ်းသည် ပထမရာစုကုန်ခါနီး (ခန့်မှန်း အေဒီ ၉၄-၉၆)၊ Domitian ဘုရင် အုပ်စိုးချိန် (အေဒီ ၈၁-၉၆) အဆုံးပိုင်းနားတွင် ရေးသားခဲ့သည်။ အချိုသည် နီရိုအုပ်ချုပ်ချိန် (အေဒီ ၅၄-၆၈)အတွင်းကို ဖော်ပြသော်လည်း သူတို၏ ဖော်ပြမှုများသည် စိတ်ချရသောအရာ မဟုတ်ခြင်းနှင့် ကနဦးအသင်းတော်အမြင်နှင့် လွဲမှားနေသည်။ ဒုတိယ ရာစုအရေးအသားများ တွင် ဗျာဒိတ်ကျမ်းသည် Domitian အုပ်ချုပ်ချိန် အဆုံးပိုင်းတွင် ရေးသား ခဲ့သည်ဟု Irenaeus m olypha si Clement of Alexandria, Origen, Victorinus (ဗျာဒိတ်ကျမ်းအနက်ဖွင့် ကို အစောဆုံးရေးသားခဲ့သူတစ်ဦး), Eusebius, Jerome တိုကဲ့သိုသာ နောက်ပိုင်းစာရေး ဆရာများကလည်း Domitian ဘုရင် အုပ်ချုပ်ချိန်၌ ရေးသားကြောင်းကို အတည်ပြုသည်။
ဝိညာဉ်ပိုင်းဆိုင်ရာ ကျဆင်းလာသော အသင်းတော် ခုနစ်ပါးသည်လည်း နောက်ပိုင်း ရက်စွဲကို ထောက်ခံသည် (အခန်းကြီး ၂၊ ၃)။ ထိုအသင်းတော်များသည် အာရှမိုင်းနားတွင် ရှင်ပေါလုနောက်ဆုံး သာသနာပြုခဲ့ချိန် အေဒီ ၆၀ အလယ်၌ ဝိညာဉ်ရေးရာ ကျန်းမာသန်စွမ်း သော အသင်းတော်များဖြစ်သည်။ ရှင်ပေါလု၏ ထိုနေရာ၌ သာသနာပြုချိန်နှင့် နီရိုးအုပ်ချုပ်ချိန် တိုအကြား အချိန်သည် အလွန်တိုသောကြောင့်၊ အသင်းတော်ခုနစ်ပါး ဝိညာဉ်ရေးကျဆုံးမှု အတွက် အချိန်တိုတောင်းလှသည်။ သိုဖြစ်၍ တစ်ရာစုနှောင်းပိုင်း၌ ရေးသားခြင်းသည် အချိန်ပို ရှည်သောကြောင့် ဖြစ်နိုင်ချေများသည်။ ထိုအချိန်တွင် မှားယွင်းသော သွန်သင်မှု ဖြစ်သော နိကောလ (၂း၆၊ ၁၅) ပေါ်ပေါက်လာ၍ ထိုမှားယွင်းသောသွန်သင်မှုကို ရှင်ပေါလုရေးသားသော စာစောင်များ၌လည်းကောင်း၊ အသင်းတော်ခုနစ်ပါး၌လည်းကောင်း (ဥပမာ-ဧဖက်မြိုအသင်း
တော်) အစောပိုင်းတွင် မတွေ့ရပေ။ နောက်ဆုံးအနေဖြင့် ရှင်ယောဟန်သည် နီရိုးဘုရင် လက်ထက်တွင် ဗျာဒိတ်ကျမ်းကို ရေးသားခဲ့လျှင် အာရှမိုင်းနား၌ သူ၏သာသနာပြုခြင်းအတွက် အချိန်ရခဲ့မည် မဟုတ်ပေ။ ထိုနေရာ၌ သူ၏သာသနာပြုခြင်းကြောင့် သူသည် အစိုးရ၏ ညှဉ်းပမ်းနှိပ်စက်ခြင်းနှင့် နှင်ထုတ်ခြင်းကို ခံခဲ့ရသည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ဗျာဒိတ်ကျမ်းသည် တမန်တော်များတွင် နောက်ဆုံးကျန်သော အသက်ကြီးသူ၊ ဧဖက်မြို အရှေ့တောင်ဘက်ရှိ Aegean Sea တွင်ရှိသော ပတ်ကျွန်းသို နယ်နှင်ခံရသူ ရှင်ယောဟန်ဖြင့် အစပြုထားသည်။ သူသည် ဧဝံဂေလိတရားကို သစ္စာရှိစွာ ဟောပြောခြင်းကြောင့် ရောမကာ ဏာပိုင်များက သူ့အား ထိုနေရာသို နယ်နှင်ဒဏ်ပေးခဲ့သည် (၁း၉)။ ပက်ကျွန်းတွင် ရှိစဉ် ရှင်ယောဟန်သည် လောကကြီး၏ အနာဂတ်သမိုင်းကို ဖော်ပြသည့် ရူပါရုံများကို ရရှိခဲ့သည်။ –
ရှင်ယောဟန်သည် အဖမ်းခံရပြီး ဧဖက်မြို တွင် ရှိစဉ်အခါ ထိုနေရာရှိ အသင်းတော်များ င် ထိနေရာတစ်ဝိုက်ရှိ မြိုများကို သာသနာပြု သည်။ ထိုအသင်းတော်များကို ခွန်အားများပေး ခြင်း၊ လူကိုယ်တိုင်အားဖြင့် သူတိုကို ကြာရှည်စွာ သာသနာမပြုနိုင်ခြင်းကြောင့်၊ ဘုရားသခင်၏ အမိန့်တော်ကို လိုက်လျှောက်ခြင်း (၁း၁၁)ဖြင့် ရှင်ယောဟန်သည် သူတိုကိုလိပ်မူပြီး ဗျာဒိတ်ကျမ်းရေးသားခဲ့သည် (၁း၄)။ အသင်းတော်များသည် ညှင်းဆဲခံရခြင်း အကျိုးဆက်အဖြစ် အနည်း ဆုံးတစ်ဦး၊ ဖြစ်နိုင်ချေမှာ သင်းအုပ်တစ်ဦး မာတုရဖြစ်ခဲ့ရခြင်းကို ခံစားနေရပြီး (၂း၁၃)၊ ရှင်ယော ဟန်ကိုယ်တိုင်လည်း နယ်နှင်ဒဏ်ပေးခံရသည်။ သိုသော် ညှင်းဆဲခြင်းမုန်တိုင်းသည် အသင်း တော် ခုနစ်ပါးအပေါ် ပြင်းထန်စွာ ဖျက်ဆီးခြင်းအကြောင်းကြောင့် တမန်တော်၏ နှလုံးသားကို နာကျင်စေခဲ့သည် (၂း၁၀)။ ထိုအသင်းတော်များသို ဗျာဒိတ်ကျမ်းသည် မျှော်လင့်ခြင်း သတင်း စကားကို ပေးပြီး၊ ဘုရားသခင်သည် လူသားသမိုင်း အဖြစ်အပျက်အားလုံးကို ထိန်းချုပ်ပြီး ပိုင်သအုပ်စိုးသူဖြစ်ခြင်းနှင့် မကောင်းမှုသည် ပျံ့နှံပြီး မကောင်းသောသူများသည် တန်ခိုးကြီး သော်လည်း သူတိုအတွက် မီးအိုင်သည် သေချာရှိသည်။ ခရစ်တော်သည် တရားစီရင်ရန်၊ အုပ်ချုပ်ရန် ဘုန်းတော်ဖြင့် ကြွလာလိမ့်မည်။
အသင်းတော်ခုနှစ်ပါး
ဗျာဒိတ်ကျမ်းရှိ အသင်းတော် ခုနစ်ပါး ၊
ချီးကျူးပြောဆိုချက် ၊ ဝေဖန်ချက် သွန်သင်ချက် ကတိတော်
ဧဖက်အသင်းတော် (၂း၁-၇) ၊
မကောင်းမှုကို ငြင်းပယ်၊ ခရစ်တော်ကို ချစ်ခြင်းအတွက် ပထမလုပ်ခဲ့သည့် အသက်ပင်၏အသီး ကြိုးစား၊ သည်းခံ စိတ်အားထက်သန်မှု ကြာရှည် အရာကို လုပ်ပါ
စွာမရှိ
စမုရနအသင်းတော် (၂း၈-၁၁)
ကြွယ်ဝခြင်းသည် ဒုက္ခ မရှိ သေသည့်တိုင်အောင် အသက်သရဖူ ဆင်းရဲ ဖြစ်ခြင်း သစ္စာရှိပါ
ပေရဂံအသင်းတော် (၂း၁၂-၁၇)
ခရစ်တော်ကို ယုံကြည် ကိုယ်ကျင့်တရား ပျက်ပြား၊ နောင်တရပါ ဝှက်ထားသော မန္န
ခြင်းရှိ မတရားသောမေထုန်ပြု၊ မှား ဖြူသောကျောက်
ယွင်းသောဆရာများနောက်လိုက် ၊
သွာတိရအသင်းတော် (၂း၁၈-၂၉)
ချစ်ခြင်း၊ အစေခံခြင်း၊ မတရားသောသော မေထုန်ပြု၊ တရားစီရင်ခြင်းလာမည်၊ နိုင်ငံများကို အုပ်စိုး၊ ယုံကြည်ခြင်း၊သည်းခံခြင်း ရုပ်တုဆင်းတု ကိုးကွယ် ယုံကြည်ခြင်း ဆက် မိုးသောက်ကြယ် သည် ကနဦးထက်ပိုကောင်း ရှိပါ
သာဒိအသင်းတော် (၃း၁-၆)
အချိုက ယုံကြည်ခြင်းရှိ သေနေသော အသင်းတော် နောင်တရပါ၊ ကျန် ထိုက်တန်ခြင်းနှင့် ဖြူ
ကြွင်းသူနှင့် အားရှိပါ သောအဝတ်ကို ဝတ်
ဖိလဒေဖိအသင်းတော် (၃း၇-၁၃)
ယုံကြည်ခြင်းကို မရှိ ယုံကြည်ခြင်း ဘုရားသခင်ရှေ့၊ အ ထိန်းသိမ်း ဆက်ထိန်းသိမ်း မည်သစ်၊ ယေရုရှ
လင်မြိုသစ်၏နာမ
လောဒိကိအသင်းတော် (၃း၁၄-၂၂) ၊
မရှိ မခြားနား ပြင်းပြစိတ်ရှိပြီး ခရစ်တော်၏ပလ္လင်
နောင်တရပါ တွင် အတူထိုင်ခွင့်
ဗျာဒိတ်ကျမ်းရှိ အဓိက ဇာတ်ကောင်များ
ရှင်ယောဟန် – ကောင်းကင်တမန်တပါးထံမှ ယေရှုခရစ်၏ ဖွင့်ပြမှုကို လက်ခံရရှိသည့် ယေရှု ခရစ်တော်၏ တမန်တော် (၁း၁၊ ၄၊ ၉၊ ၂၂း၈)
ယေရှု – သူလူမျိုးများကို မှန်ကန်ကြောင်း ကြေညာရန် တဖန်ကြွလာမည့် ဘုရားသခင်၏ သားတော်ဟု ဖော်ပြခံရသူ (၁း၁-၂၂း၂၁)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ပရောဖက်ပြုမှုကို အဓိကဖော်ပြထားခြင်းကြောင့် ဗျာဒိတ်ကျမ်းသည် အခန်းကြီး ၁၃ ရှိ အခြားအ ရာများထက် သမိုင်းဆိုင်ရာ အချက်အလက် အနည်းငယ် ပါဝင်သည်။ စာစောင် ပေးပိုခံရသော အသင်းတော်ခုနစ်ပါးသည် အာရှမိုင်းနား(ယနေ့ တူရကီ)တွင် ရှိသော အသင်း တော်များဖြစ်သည်။ ရှင်ယောဟန်သည် ထိုအသင်းတော်များတွင် သာသနာပြုခဲ့ခြင်းကြောင့် သူတို တစ်ပါးချင်းစီကို တွေ့ရသည်။
ဗျာဒိတ်ကျမ်းသည် ယေရှုခရစ်တော်အကြောင်း ပထမဆုံးနှင့်အစောဆုံး ဖွင့်ပြချက်တစ် ခုဖြစ်သည်(၁း၁)။ ဤစာအုပ်က သူသည် ရှင်ပြန်ထမြောက်သူ၊ အသင်းတော်များအကြားတွင် ဘုရားသခင်၏သားတော်အဖြစ် ဘုန်းထင်ရှားသူ (၁း၁၀)၊ “သစ္စာရှိသော သက်သေ၊ သေသော သူတိုအထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ ရှင်ဘုရင်တိုကို အုပ်ချုပ်သူ” (၁း၅)၊ “အာလဖနှင့် ဩမေဃ၊ အစနှင့်အဆုံးဖြစ်သူ” (၁း၈)၊ “နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့် ပြည့်စုံသူ (၁း၈)၊ “ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်တွင် ရှိသူ” (၁း၁၁)၊ “လူသား” (၁း၁၃)၊ သေ ခဲ့သော်လည်း ယခု ထာဝရအသက်ရှင်သူ (၁း၁၈)၊ “ဘုရားသခင်၏ သားတော်” (၂း၁၈)၊ “သန့်ရှင်းသောသူ၊ ဖြောင့်မတ်သောသူ” (၃း၇)၊ “အာမင်ဖြစ်သောသူ၊ သစ္စာရှိသည့် ဖြောင့်မတ် သော သက်သေခံ၊ ဘုရားသခင်၏ ဖန်ဆင်းတော်မူခြင်းတွင် အစအဦးဖြစ်သောသူ” (၃း၁၄)၊ “ယုဒအနွယ်မှ ပေါ်ထွန်းသော ခြင်္သေ့” (၅း၅)၊ လောကသို တံဆိပ်ခုနစ်ခုကို ဖွင့်ဖိုရန် အခွင့် အာဏာရှိသူ ကောင်းကင်မှ “သိုးသူငယ်” (၆း၁)၊ ပလ္လင်တော်အလယ်ရှိ သိုးသူငယ် (၇း၁၇)၊ ကမ္ဘာအဆက်ဆက် စိုးစံမည့် မေရှိယ (၁၁း၁၅)၊ “ဘုရားသခင်၏ နှုတ်ကပတ်တော်” (၁၉း၁၃)၊ “ဘုရင်တကာတို၏ ဘုရင်၊ အရှင်တကာတို၏ အရှင်”၊ သူ့ခြေအောက်တွင် တိုက်ခိုက်အနိုင်ယူ ရန် ဘုန်းတန်ခိုးတော်ဖြင့် ပြန်လာသူ (၁၉း၁၁)၊ “ဒါဝိဒ်၏ အမျိုးအနွယ်နှင့် တောက်ပသော ကြယ်” (၂၂း၁၆) စသည်ဖြင့် ဖော်ပြသည်။
အခြားများစွာသော တရားဓမ္မဆိုင် ရာ အမြင်များကို ဗျာဒိတ်ကျမ်းတွင် တိကျ စွာတွေ့ရသည်။ အသင်းတော်သည် အပြစ် အကြောင်း သတိပေးခြင်းနှင့် သန့်ရှင်းခြင်း ရှိရန် တိုက်တွန်းထားသည်။ ကောင်းကင် တွင် ဝတ်ပြုခြင်းအကြောင်း ရှင်ယောဟန် ရှင်းလင်းစွာ ပုံဖော်မှုသည် ယုံကြည်သူများ ကို သွန်သင်မှုနှင့် တိုက်တွန်းမှုဖြစ်သည်။ ကျမ်းစာရှိ အနည်းငယ်သော အခြားစာ အုပ်များတွင် ကောင်းကင်တမန်၏ လုပ် ဆောင်မှုသည် ထင်ရှားသည်။ ဗျာဒိတ်ကျမ်း ၏ အဓိက တရားဓမ္မအမြင်ဖော်ပြမှုသည် အနာဂတ်ဖြစ်ပျက် မည့်အရာအကြောင်းဖြစ်ပြီး၊ နောက် ဆုံးသော အချိန်ကာလအကြောင်း ဩဝါဒဖြစ်သည်။ ထိုအထဲတွင် ကမ္ဘာကြီး၏ နိုင်ငံရေးအခြေအနေကို ဖော်ပြခြင်း၊ လူသားသမိုင်း၏ နောက်ဆုံးသော စစ် လုပ်ဆောင်မှုနှင့် နောက်ဆုံးအရေးနိမ့်ခြင်း၊ ခရစ်တော်၏ နှစ် ၁၀၀၀ လောကကို ကောင်းကင်တွင် ဘုန်းထင်ရှားခြင်းနှင့် ထာဝရကာလအခြေအနေ၊ မကောင်းသောသူနှင့် ဖြောင့်
ဗျာဒိတ်ကျမ်း၌ ခရစ်တော်
သမ္မာကျမ်းစာရှိ နောက်ဆုံးစာအုပ်တွင်၊ ယေရှုသည် အနန္တတန်ခိုးရှင်(၁း၈)၊ အာလဖနှင့် ဩမေဃ (၁း၈၊ ၂း၁၆)၊ အစနှင့်အဆုံး (၁း၈၊ ၂း၁၆)ကဲ့သို အောင် ပွဲခံသူအဖြစ် ဖော်ပြထားသည်။ ဗျာဒိတ်ကျမ်းတွင် အခြားဖော်ပြချက်များမှာ ယေရှုခရစ်သည် ယုဒအ မျိုးမှ ခြင်္သေ့ (၅း၅) ဒါဝိဒ်ပလ္လင်ကို ဆက်ခံသူ (၅း၅)၊ ဘုရားသခင်၏ သိုးသူငယ် (၅း၆-၂၂း၃)၊ ဘုရားသခင်၏ နှုတ်ကပတ်တော် (၁၉း၁၃)၊ ဘုရင် တာတို၏ ဘုရင်၊ အရှင်တကာတို၏အရှင် (၁၉း၁၆) အဖြစ် ကြေညာသည်။
မတ်သောသူတို၏ နောက်ဆုံးအခြေအနေများကို ကျွန်ုပ်တို လေ့လာရသည်။ နောက်ဆုံးအနေ ဖြင့်၊ ဒံယေလအနာဂတ္တိကျမ်းတွင်သာ ဤစာအုပ်ရှိ လူသားနိုင်ငံများအားလုံးအပေါ် ဘုရားသခင် အုပ်စိုးခြင်းနှင့် လူသား (သို) နတ်ဆိုးများအားလုံးနှင့်ပတ်သက်ပြီး သူ၏အုပ်စိုးခြင်း ရည်ရွယ် ချက်များ ပြည့်စုံလိမ့် မည်ဖြစ်ကြောင်း ကြေညာချက်ကို ယှဉ်ပြိုင်ဖော်ပြသည်။
ဗျာဒိတ်ကျမ်းရှိ အဓိကဩဝါဒများ
ဖွင့်ပြခြင်း – ယေရှုခရစ်တော်၏ စစ်မှန်သော လက္ခဏာနှင့် ကယ်တင်ခြင်းအလုပ်ကို ဖုံးကွယ် မထားခြင်း (၁း၁-၂၂း၂၁၊ ဟေရှာ ၁၁း၅၊ ၅၃း၁-၁၁၊ ဇာ ၉း၉၊ လု ၁း၃၅၊ ယာ ၁၁း၁၄၊ ၇း၁၈၊ တ ၄း၂၇၊ ၂ ကော ၈း၉၊ ဖိ ၂း၈၊ ၁ သက် ၅း၂၄၊ ဟေဗြဲ ၁း၉၊ ၁ ယော ၅း၂၀)
သန့်ရှင်းခြင်း – အသင်းသည် အပြစ်အကြောင်းနှင့်ပတ်သက်ပြီး သတိပေးခံရခြင်းနှင့် သန့်ရှင်းခြင်းရှိရန် တိုက်တွန်းခြင်း (၂၂း၁၁၊ ၀တ် ၁၁း၄၅၊ ၁၉း၂၊ ၂၀း၇၊ ဆာ ၂၄း၃၊ ၄၊ ရော ၈း၂၉၊ ၁၂း၁၊ ဧ ၅း၁၊ ၈၊ ကော ၃း၁၂၊ ဟေဗြဲ ၁၂း၁၄၊ ၁ ပေ ၁း၁၅၊ ၁၆၊ ၁ ယော ၂း၆)
ဝတ်ပြုကိုးကွယ်ခြင်း – ဘုရားသခင်သည် လူသားတို၏ ကိုးကွယ်ခြင်းနှင့် ချီးမွမ်းခြင်းကို ထိုက်တန်သူ (၄း၁၀၊ ၁၁၊ ၁၂၊ ၂ ရာ ၂၂:၄၄၊ ဆာ ၂၂:၂၃၊ ၅၀း၂၃၊ ၉း၆၂၊ ၁၄း၅၃၊ ယေဇ ၃း၁၂၊ ၂း၂၀၊ မ ၂း၁၊ ၂၊ ၁၁၊ ၂၈း၁၆၊ ၁၇၊ ယော ၄း၂ဝ-၂၄၊ ၉း၃၀-၃၈၊
လု ၁း၆၈၊ ၆၉၊ ဟေဗြဲ ၁း၆၊ ယု ၁း၂၅)
နောက်ဆုံးသော အဖြစ်အပျက် – နောက်ဆုံးသောအချိန်တွင် ဖြစ်ပျက်မည့်အကြောင်းအရာများ အကြောင်း ဩဝါဒ (၄း၁-၂၂း၂၁)
ဗျာဒိတ်ကျမ်းရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ထာဝရတည်ရှိသော ဘုရား – ၄း၈-၁၀၊ ၁၆း၅
ဘုရားသခင်သည် ဘုန်းကြီးသောဘုရား – ၂၁း၁၁၊ ၂၃
ဘုရားသခင်သည် သန့်ရှင်းသော ဘုရား – ၄း၈၊ ၁၅း၄၊ ၂၁း၂၇
ဘုရားသခင်သည် တရားမျှတသော ဘုရား – ၁၉း၂
ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၄း၁၁၊ ၅း၁၃၊ ၁၁း၁၇
ဘုရားသခင်သည် ဖြောင့်မတ်သောဘုရား – ၁၆း၅၊ ၇၊ ၁၉း၂
ဘုရားသခင်သည် စစ်မှန်သော ဘုရား – ၁၅း၃၊ ၁၆း၇
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၆း၁၇၊ ၁၁း၁၈၊ ၁၆း၆၊ ၇၊ ၁၉း၁၅
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
အခြားသော ဓမ္မသစ်ကျမ်းများသည် ဗျာဒိတ်ကျမ်းထက် အနက်ဖွင့်ရာတွင် ခက်ခဲပြီး အရေးပါမှုအကြောင်း များစွာမရှိပေ။ ဤစာအုပ်၏ ရှင်းလင်းစွာ စိတ်ကူးပုံဖော်မှုနှင့် စိတ်ဝင်စား
ဗျာဒိတ်ကျမ်းရှိ အဓိက ဝေါဟာရများ၊
မရဏာနိုင်ငံ – ဂရိဝေါဟာရ – hades – ၁း၁၈၊ ၆း၈၊ ၂၀း၁၃၊ ၁၄ – စာပေသဘောအရ “မမြင်ရသော နေရာ”ဟု ဖြစ်သည်။ ထိုဂရိဝေါဟာရသည် ဟေဗြဲ ဝေါဟာရ sheol မှ ဘာသာပြန်ဆိုထားပြီး၊ သေခြင်း တရား၏ မမြင်ရသည့် လောကကို ဖော်ပြသည်။ သေပြီး မရဏာသိုသွားသော လူများအားလုံး သည် ထိုသေခြင်းက မြင်ရသောလောကမှ မမြင်ရသောလောကသို ပိုဆောင်ခြင်းဖြစ်သည်။ ထို ကြောင့် သေခြင်းနှင့် မရဏာကို ပြောင်းလဲပြီး အသုံးပြုနိုင်သည်။ ဝမ်းနည်းစွာဖြင့် လူများသည် မှားယွင်းမှုများကြောင့် မရဏာနှင့်စပ်ဆိုင်သည့် ထာဝရစီရင်ရာ ငရဲကို ရောနှောပြောဆိုလေ့ရှိသည်။ သိုသော် ငရဲအတွက် ဂရိဝေါဟာရမှာ genenna ဖြစ်သည် (မာ ၉း၄၃-၄၅)။ ကျွန်ုပ်တိုသည် တစ်နေ့ တွင် မရဏာသို သွားရလိမ့်မည်ဖြစ်ပြီး၊ ယေရှုခရစ်တော်၏ ကယ်တင်ခြင်း လုပ်ဆောင်မှုကို ယုံကြည် ခြင်းအားဖြင့် ငရဲသိုသွားခြင်းမှ ရှောင်ရှားနိုင်သည်။
အနန္တတန်ခိုးရှင် – ဂရိဝေါဟာရ – pantokrator” – ၁း၈၊ ၄း၈၊ ၁၁း၁၇၊ ၁၅း၃၊ ၁၆း၇၊ ၁၄၊ ၁၉း၁၅၊ ၂၁း၂၂ – စာပေသဘောအရ “အရာအားလုံးအထက် တန်ခိုးကြီးသူ”ဟု ဖြစ်ပြီး၊ အခြားဝေါဟာရ အရ အားလုံးကို ထိန်းချုပ်သူဖြစ်သည်။ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးရှိ တန်ခိုးရှိသူ အားလုံးကို အမိန့်ပေးပြီး၊ သူ့ အောက်တွင် အားလုံးကို နှိမ်နှင်းနိုင်သည်။ အနန္တတန်ခိုးရှင် အ မည်နာမသည် သမိုင်းများအားလုံးနှင့် စကြဝဠာကြီးကို ထိန်းချုပ်သည့် ဘုရားသခင်၏ ထူးခြားမှုကို ဖုံးကွယ်မထားသည့် အရာအဖြစ် မကြာခဏ ဗျာဒိတ်ကျမ်းတွင် တွေ့ရသည်။
မာနတ်၊ စာတန် – ဂရိဝေါဟာရ – diabolos – ၂း၁၀၊ ၁၂း၉၊ ၁၂၊ ၂၀:၂၊ ၁၀ – စာပေသဘောအရ “သိက္ခာကျအောင် ပြောဆိုသူ”၊ ဂရိဝေါဟာရ Satands – ၂၀း၂၊ ၇ – စာပေသဘောအရ “ရန်ဘက်” ဟုဖြစ်သည်။ diabolos သည် အခြားလူတစ်ဦးကို စွပ်စွဲသူအဖြစ် ရည်ရွယ်သည်။ သူ့အား အခြား အမည်ပေးထားသည်မှာ “ညီအစ်ကိုများကို အပြစ်တင်စွပ်စွဲသောသူ”(၁၂း၁၀)ဟု ဖြစ်သည်။ စာ တန်ဟူသောအမည်သည် အခြားသူတစ်ဦးကို လိမ်ညာရန် အခွင့်အရေးစောင့်နေသူ(သို) သူကိုယ်တိုင် လိမ်ညာသူအဖြစ် ရည်ရွယ်သည်။ ထိုအမည်များနှင့် အခြားသော ကျရှုးသည့်ဝိညာဉ်များ၏ အမည် များသည် သူ၏ မကောင်းမှု သွင်ပြင်လက္ခဏာနှင့် လှည့်စားမှုလုပ်ရပ်ကို ခွဲခြားရန် ညွှန်ပြသည်။
ယေရုရှလင်မြိုသစ် – ဂရိဝေါဟာရ – lenozzsaleon kine – ၃း၁၂၊ ၂၁း၂၊ ၁၀။ ကောင်းကင်မှ ထွက်ပေါ်လာသော ယေရုရှလင်မြိုသစ်သည် ဣသရေလ၏ ကနဦးမြိုတော် ယေရုရှလင်နှင့် လုံးဝ ကွဲပြားသည်။ ထိုမြိုတော်သည် အာဗြဟံရှာဖွေသောမြိုတော်၊ ဘုရားသခင် တည်ဆောက်ပေးပြီး လုပ်ဆောင်ပေးသည့် မြိုတော်ဖြစ်သည် (ဟေဗြဲ ၁၁း၁၀)။ ထိုမြိုတော်သည် ကောင်းကင်တွင် ယ ခု တည်ရှိနေသော မြိုတော်ဖြစ်ပြီး ရှင်ပေါလုက ထိုမြိုကို ခပ်သိမ်းသောအရာတိုအထက်ရှိ မြိုတော် ဟု ခေါ်ထားသည် (ဂလ ၄း၂၆)။
အာလဖနှင့်ဩမေဃ – ဂရိဝေါဟာရ – Alpha kai to 0 – ၁း၈၊ ၁၁၊ ၂း၁၆၊ ၂၂း၁၃ – အာလဖနှင့် ဩမေဃတိုသည် ဂရိဗျည်းအက္ခရာတွင် အစနှင့်အဆုံးစာလုံးများဖြစ်သည်။ ထိုစကားစုသည် ခမည်း တော်ဘုရားနှင့် သားတော်ဘုရားအတွက် အသုံးပြုသည်။ ခရစ်တော်ဘုရားသည် အရာရာအားလုံး ကို ဖန်ဆင်းပြီး၊ အာလဖနှင့်ဩမေဃ (အစနှင့်အဆုံး) ကြားတွင်လည်း ရှိခြင်း၊ အစနှင့်အဆုံးလည်း ဖြစ်သည်။ ထိုအရာက ဘုရားသခင်၏ ပြည့်ဝခြင်းကို ဖော်ပြပြီး၊ အရာရာအားလုံး ပါဝင်ခြင်းဖြစ် သည်။ သူသည် အရာရာအားလုံး၏ အရင်းအမြစ်ဖြစ်ခြင်းနှင့် အရာအားလုံး၏ အဆုံးသတ်ခြင်း များကိုလည်း ယူလာပေးမည်ဖြစ်သည်။
ဖွယ်ပုံဆောင်မှုများကို အနက်ဖွင့်ရာတွင် ချဉ်းကပ်မှုလေးမျိုး ဖြစ်ပေါ်သည်။ ။
ရောမအင်ပါယာ၌ ပထမရာစုနှစ်အဖြစ်အပျက်များ ဖော်ပြသကဲ့သို ဗျာဒိတ်ကျမ်းကို အတိတ်အကြောင်းဖော်ပြမှု (Preterist View) အကြောင်းအရာအဖြစ် ချဉ်းကပ်၍ အနက် ဖွင့်ခြင်းဖြစ်သည် (စာရေးသူနှင့်ရက်စွဲတွင် ကြည့်ပါ)။ ဤအမြင်သည် စာအုပ်ကိုယ်တိုင်က ပ ရောဖက်ပြုခြင်းဖြစ်ကြောင်းနှင့် ပဋိပက္ခဖြစ်စေသည် (၁း၃၊ ၂၂း၇၊ ၁၀၊ ၁၈၊ ၁၉)။ ဗျာဒိတ်ကျမ်း တွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာအားလုံးကို ပြည့်စုံခဲ့ပြီဟုမြင်ရန် မဖြစ်နိုင်သေးပေ။ ဥပမာ ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းသည် ပထမရာစုနှစ်တွင် မဖြစ်ပေါ်ခဲ့သေးပေ။
ရောမသို လူရိုင်းများ ရောက်လာခြင်း၊ ရောမကာသိုလိပ် အသင်းတော် ပေါ်ထွက်လာ ခြင်းများစွာသော ပုပ်ရဟန်းများ တစ်ဦးချင်းစီ ပေါ်ထွက်လာ)၊ အစ္စလာမ်များ ထွက်ပေါ်လာ ခြင်း၊ ပြင်သစ်တို တော်လှန်ရေးများလုပ်ဆောင်ခြင်း စသည့်အဖြစ်အပျက် ဥပမာများကို ကြည့် ပြီး တမန်တော်များအချိန်မှ လက်ရှိအချိန်အထိ အသင်းတော်သမိုင်းကို ခြုံငုံသောအမြင်ကဲ့သို ဗျာဒိတ်ကျမ်းကို သမိုင်းအဖြစ်အပျက်ဆိုင် ရာအမြင် (Historicist View) ဖြင့် ချဉ်းကပ်၍ အနက်ဖွင့်ခြင်းဖြစ်သည်။ ဤအနက်ဖွင့် နည်းလမ်းမှာ ဗျာဒိတ်ကျမ်းသည် မည်သူ့ထံသိုရေးသား ပေးပိုကြောင်း အဓိပ္ပာယ်ကို ပျက်စီးစေသည်။ ထိုအရာက အချိန်အပိုင်းအခြားဖြင့် ဖုံးကွယ်မထား သည့် အဖြစ်အပျက်များ ဖော်ပြခြင်းကို လျစ်လျူရှုသည် (၁၁း၂၊ ၁၂း၆၊ ၁၄၊ ၁၃း၅)။ သမိုင်း ပညာရှင်များသည် ဗျာဒိတ်ကျမ်းရှိ ပါဝင်သော ဖြစ်ရပ်မှန် သမိုင်းအဖြစ်အပျက်များကို အနက်ဖွင့် ရာတွင် မကြာခဏပဋိပက္ခ ဖြစ်ခြင်းနှင့် ကွဲပြားသော အမြင်များစွာ ဖြစ်ပေါ်သည်။
ကောင်းမှုနှင့် မကောင်းမှုတို အားပြိုင်ခြင်းအကြား ကြီးမားသည့် လှုပ်ရှားမှုများအား အချိန်အကန့်အသတ်မဲ့ ပုံဖော်ခြင်းကဲ့သို ဗျာဒိတ်ကျမ်းကို ပုံပမာဆန်သော အမြင် (Idealist View) ဖြင့် ချဉ်းကပ်အနက်ဖွင့်ခြင်းဖြစ်သည်။ ဤအမြင်တွင် စာအုပ်သည် သမိုင်းဆိုင်ရာ ဖော်ညွှန်းချက် (သို) ပရောဖက်ပြုချက် ဟောပြောမှု မပါဝင်တော့ပေ။ ဤအမြင်သည် ဗျာဒိတ်ကျမ်း၏ ပရောဖက်ပြုခြင်း လက္ခဏာကို လျစ်လျူရှုပြီး၊ လက်တွေ့ကျကျ ခြုံငုံကြည့်ပါက စာအုပ်သည် ဖြစ်ရပ်မှန် သမိုင်းအကြောင်းများနှင့် ဆက်နွယ်မှု များစွာရှိသည်။ ထိုပြင် ဗျာဒိတ်ကျမ်းသည် သမ္မာတရားကို သင်ကြားရန် ပုံဖော်ထားသည့် တစ်အုပ်တည်းသော ပုံပြင်စာအုပ်တစ်အုပ် ဖြစ်လာသည်။
အခန်းကြီး ၆-၂၂ သည် အနာဂတ်အကြောင်းအရာများအဖြစ် လောကအမြင်တွင် ဖြစ်ပေါ်သော အဖြစ်အပျက်များ၊ အမှန်တကယ်လူများကို ပုံဖော်ခြင်း၊ စာပေသဘော လက္ခဏာ များ တွေ့ရသကဲ့သို အနာဂတ်တွင်ဖြစ်မည့်အရာများအမြင် (Futurist View) ဖြင့် ချဉ်းကပ် အနက်ဖွင့်ခြင်းဖြစ်သည်။ ထိုအမြင်က ယေရှုခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းအချိန် ဝန်းကျင်ရှိ အဖြစ်အပျက်များ (အခန်းကြီး ၆-၁၉)၊ နှစ်တစ်ထောင်အုပ်စိုးခြင်းနှင့် နောက်ဆုံး တရားစီရင်ခြင်း (အခန်းကြီး ၂ဝ)၊ ထာဝရကာလ (အခန်းကြီး ၂၁၊ ၂၂)ကို ဖော်ပြသည်။ ဤ အမြင်သာလျှင် အခန်းကြီး ၁-၃ နှင့် ကျမ်းစာတစ်အုပ်လုံးရှိ တူညီသော သဒ္ဒါနည်းကျ-သမိုင်း ကြောင်းဆိုင်ရာ နည်းလမ်းဖြင့် ဗျာဒိတ်ကျမ်း၏ ပရောဖက်ပြုချက်ဖြစ်ခြင်းကို ကြေညာခြင်းနှင့် စာအုပ်ကို အနက်ဖွင့်ခြင်းသည် မျှတမှုဖြစ်သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ သင်မြင်ခဲ့သော အရာများ (၁း၁-၂၀)
က။ နိဒါန်းစကား (၁း၁-၈)
ခ။ ခရစ်တော်ဘုန်းထင်ရှားခြင်း၏ ရူပါရုံ (၁း၉-၁၈)
ဂ။ ရေးသားရန် တမန်တော်အား မိန့်မှာမှု (၁း၁၉-၂၀)
၂။ ယခုဖြစ်နေသော အရာများ (၂း၁-၃း၂၂)
က။ ဧဖက်ရှိ အသင်းတော်သို ပေးပိုသောစာ (၂း၁-၇)
ခ။ စမုရနရှိ အသင်းတော်သို ပေးပိုသောစာ (၂း၈-၁၁)
ဂ။ ပေရဂံရှိ အသင်းတော်သို ပေးပိုသောစာ (၂း၁၂-၁၇)
ဃ။ သွာဒိရရှိ အသင်းတော်သို ပေးပိုသောစာ (၂း၁၈-၂၉)
င။ သာဒိရှိ အသင်းတော်သို ပေးပိုသောစာ (၃း၁-၆) ၊
စ။ ဖိလဒေလဖိရှိ အသင်းတော်သို ပေးပိုသောစာ (၃း၇-၁၃)
ဆ။ လောဒိကိရှိ အသင်းတော်သို ပေးပိုသောစာ (၃း၁၄-၂၁)
၃။ နောင်တွင် ဖြစ်ပျက်မည့် အရာများ (၄း၁-၂၂း၂၁)
က။ ကောင်းကင်တွင် ဝတ်ပြုကိုးကွယ်ခြင်း (၄း၁-၅း၁၄)
ခ။ ဘေးဒဏ်ကြီးကာလ (၆း၁-၁၈း၂၄)
ဂ။ ရှင်ဘုရင် ပြန်လာခြင်း (၁၉း၁-၂၁)
ဃ။ နှစ်တစ်ထောင် အုပ်စိုးခြင်း (၂၀း၁-၁၀)
င။ ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်း (၂၀း၁၁-၁၅)
စ။ ထာဝရကာလ (၂၁း၁-၂၂း၂၁)
ဗျာဒိတ်ကျမ်း: အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
Clement I သည် ရောမတွင် သင်းအုပ်ဆရာ ဖြစ်လာသည် (အေဒီ ၈၈-၉၇)၊ ရောမဘုရင် Trajan သည် ရောမအင်ပါယာကို အကြီးမား ဆုံးအင်ပါယာအဖြစ် နယ်ချဲ့သည် (အေဒီ ၉၈-၁၁၇)။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ရှင်ယောဟန် စာရေးပေးလိုက်သည့် အသင်းတော်ခုနစ်ပါးအကြောင်းနှင့်ပတ်သက်ပြီး ကျွန်ုပ် တို ဘာသိနိုင်သနည်း။ ။
ဗျာဒိတ်ကျမ်း ၂း၁-၃း၂၂ တွင် ယေရှုခရစ်တော်မှ ရှင်ယောဟန်အား ဖော်ပြသည့် အသင်းတော်ခုနစ် ပါးအကြောင်း ပါဝင်သည်။ ထိုအသင်းတော်တိုင်းသည် ဘုရားသခင်အား စိတ်ကျေနပ်မှု (သို) စိတ်မကျေနပ်မှုဖြစ်စေသည့်အကြောင်း ဖော်ပြထားသည့် ထင်ရှားသော လက္ခဏာများ တွေ့ရသည်။ အသင်းတော်များသည် သူတိုတည်ရှိရာ မြိုတော်များဖြစ်သည့် ဧဖက်၊ စမုရန၊ ပေရဂံ၊ သွာဒိရ၊ သာဒိ၊ ဖိလဒေလဖိ၊ လောကိ အမည်များဖြင့် တွေ့ရသည်။
ထိုအသင်းတော်များသည် အမှန်တကယ်ရှိသည့် အာရှမိုင်းနားမှ သမိုင်းဝင်အသင်းတော်များဖြစ် ပြီး၊ အသင်းတော်သက်တမ်းတစ်လျှောက် အမြဲတမ်းဖြစ်တည်သည့် အသင်းတော်ပုံစံအဖြစ် ရှိသည်။ ထိုအသင်းတော်များကို ခရစ်တော်ပြောထားသည်မှာ အချိန်တိုင်းနှင့် ဆက်နွယ်သည်။ (အသင်းတော် ခုနစ်ပါးနှင့်ပတ်သက်ပြီး နောက်ခံသမိုင်းကြောင်းနှင့် အနေအထားတွင်ကြည့်ပါ)
၂။ ဗျာဒိတ်ကျမ်း ၃း၂၀ မှာ ခရစ်တော်သည် လူတိုင်း၏ နှလုံးသားတံခါးရှေ့၌ ရပ်လျက် ခေါက်ပြီး ဝင်လာခြင်းကို ဆိုလိုခြင်းဖြစ်ပါသလား။
လူတစ်ဦး၏ နှလုံးသားအား ခရစ်တော်ခေါက်သည်ဟု အများက အနက်ပြန်ခြင်းကို လက်ခံခြင်းထက် ရှေ့-နောက် ဆက်စပ်မှုသည် စစ်မှန်သော ယုံကြည်သူ တစ်ယောက်မျှ မရှိ သော သူ၏အမည်နာမဖြင့် တည်ဆောက်ထားသည့် ထိုအသင်းတော်ကို ခရစ်တော်ဝင်ရန် ရှာဖွေခြင်းဖြစ်ကြောင်း ဖော်ပြသည်။ လောဒိကိရှိ အသင်းတော်သို ပေးပိုသည့် စာစောင်သည် ခရစ်တော်၏ “ခေါက်ခြင်း”ဖြစ်သည်။ အသင်းသားတစ်ဦးသည် သူ၏ ဝိညာဉ်ရေးရာအတိုင်း အသက်မရှင်နိုင်ခြင်းနှင့် ယုံကြည်ခြင်း၌ တုံပြန်ခြင်းကို သိရှိခဲ့လျှင် ခရစ်တော်သည် အသင်းတော် သို ဝင်လိမ့်မည်ဖြစ်သည်။
၃။ “ဘေးဒဏ်ကြီးကာလ”ဆိုသည်မှာ အဘယ်နည်း။ ဗျာဒိတ်ကျမ်း၌ ထိုအကြောင်းအရာသည် မည်သည့် နေရာတွင် ကိုက်ညီမှုရှိသနည်း။
ဘေးဒဏ်ကြီးကာလသည် လောကမှ အသင်းတော်ခုနစ်ပါးကို ဖယ်ရှားပြီးနောက် ချက် ချင်းဖြစ်ပျက်မည့် ခုနစ်နှစ်ကာလကို ရည်ညွှန်းပြီး (ယော ၁၄း၁-၃၊ ၁ သက် ၄း၁၃-၁၈)၊ မယုံ ကြည်သော လောကကြီးအပေါ် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း သွန်းလောင်း သောအချိန်ဖြစ်သည် (ယေ ၃၀း၇၊ ဒံ ၉း၂၇၊ ၁၂း၁၊ ၂ သက် ၂း၇-၁၂၊ ဗျာ ၁၆)။ ထိုတရားစီ ရင်မှုများသည် လောကသို ဘုန်းတော်ဖြင့် ခရစ်တော်ကြွလာခြင်းတိုင်အောင် ဖြစ်မည်ဖြစ်သည် (မ ၂၄း၂၇-၃၁၊ ၂၅း၃၁-၄၆၊ ၂ သက် ၂း၇-၁၂)။
ဗျာဒိတ်ကျမ်းတွင် ၆း၁ မှ ၁၉း၂၁ အထိ ရှည်လျားသော အပိုင်းသည် ပထမ တံဆိပ်မှ သတ္တမတံ ဆိပ်အထိ ဖွင့်ခြင်းဖြင့် အစပြုသည့် ဒုက္ခဆင်းရဲအချိန်ကာလ၊ တံပိုးမှုတ်ခြင်း၊ ဘုရား သခင်၏ အမျက်တော်ဖလား သွန်းလောင်းခြင်း၊ ဘုရားမနှစ်သက်သူများကို ဖျက်ဆီးရန် ခရစ်တော်ကြွလာခြင်း (၁၉း၁၁-၂၁) စသည့် တရားစီရင်ခြင်းများနှင့် အဖြစ်အပျက်များ အ ကြောင်း အသေးစိတ်ဖော်ပြသည်။ ထိုကာလအ တွင်းရှိ အချိန်ကို ဖော်ပြသည့် ကျမ်းပိုဒ်သည် ဗျာဒိတ်ကျမ်းတွင်သာ တွေ့ရှိနိုင်သည် (၁၁း၂၊ ၃၊ ၁၂း၆၊ ၁၄၊ ၁၃း၅)။ ခုနစ်နှစ်အချိန်ကာလ ဒုတိယပိုင်း အလယ် ဗျာ ၇၁၄ တွင် “ကြီးစွာသော ဒုက္ခဆင်းရဲ”ဟု တိကျစွာ ဖော်ပြထားသည်။
၄။ ၆၆၆ အရေအတွက်သည် အဘယ့်ကြောင့် အလေးထားခံရသနည်း။
အရေအတွက်သည် ကျမ်းစာတွင် နည်းလမ်းနှစ်မျိုးဖြင့် အရေးပါပြီး၊ (၁) ဘုရားသခင် ၏ တိကျမှုကို ပြောခြင်း၊ (၂) တိကျသော ပြန်ဖြစ်ပေါ်မှု အမြင်များကို ကိုယ်စားပြုသည်။ ၆၆၆ ဟူသော အရေအတွက်ကို ဗျာ ၁၃း၁၈ တွင် ဖော်ပြထားသည်။ ထိုအရေးပါသော နံပါတ် ထင်ရှားမှုသည် အလေးအနက်မဟုတ်ဘဲ၊ အနက်အဓိပ္ပာယ် ပြန်ဆိုရာတွင် သတိထားရမည်။
ထိုနံပါတ်သည် လူတစ်ဦး၏ အရေးပါသော နံပါတ်ကို ကိုယ်စားပြုသည်။ နံပါတ် ၆ သည် ဘုရားသခင်၏ ပြီးပြည့်စုံသော နံပါတ် ၇ နှင့် မတူညီသောကြောင့် လူသား၏ မပြည့်စုံမှုကို ဖော်ပြသည်။ လောကလူသားတိုတွင် အမြင့်ဆုံးတန်ခိုးရှိသူဟု သိကြသော အန္တိခရစ်သည် နံပါတ် ၆ တစ်ဦးဖြစ်သည်။ လူသားနှင့် နတ်ဆိုးတန်ခိုးသည် နံပါတ် ၆ ဖြစ်ပြီး၊ ဘုရားသခင်ကဲ့သို မပြည့်စုံပေ။ သုံးခုတိုင်ဖော်ပြသည့် ထိုနံပါတ်သည် လူ၏ သင်္ကေတကို အလေးအနက်ထားရန် ရည်ရွယ်ခဲ့သည်။ သူသည် မပြည့်စုံသောသူ၊ လုံးဝပြည့်စုံခြင်းမရှိသူဖြစ်ကြောင်း အလေးအနက် ဖော်ပြသည်။ အန္တိခရစ်ကို နောက်ဆုံးတွင် ဖွင့်ပြသောအခါ၊ ဤအခြေ ခံနံပါတ်ဖြင့် သူ့အား သင်္ကေတအချိုဖော်ပြခြင်း (သို) သူ့အမည်သည် ၆၆၆ အရေအတွက်နှင့် တူညီခြင်း ဖြစ်သည်။ ဟေဗြဲ၊ ဂရိ၊ လက်တင်အပါအဝင် များစွာသောဘာသာစကားများတွင် ဗျည်းအက္ခရာမှ စာများ သည် နံပါတ်များကို ကိုယ်စားပြုရန် အသုံးပြုကြသည်။
ဤအခြေခံလေ့လာမှုအပြင်၊ ကျမ်းပိုဒ်သည် ၆၆၆ အဓိပ္ပာယ်အကြောင်း ရှင်းပြချက် မရှိပေ။ ထိုကြောင့် ဘုရားသခင် ကျွန်ုပ်တိုကို ပေးသည့် နှုတ်ကပတ်တော်ထက် ပိုမြင်ခြင်းသည် ပညာမရှိခြင်းဖြစ်သည်။
၅။ ဗျာ ၁၉း၁-၆ တွင် “ဟာလေလုယ”ဟု များစွာသော လူများသည် အဘယ့်ကြောင့် အဆက်မ ပြတ် ပြောကြသနည်း။ ။
ထိုဝေါဟာရသည် ဓမ္မသစ်ကျမ်းရှိ ဤအခန်းကြီးတွင် လေးကြိမ်တိုင်ဖြစ်ပေါ်သည့် (၁၊ ၃၊ ၄၊ ၆) ဟေဗြဲစကား ဘာသာပြန်ဆိုမှုဖြစ်သည်။ ထိုကြွေးကြော်မှု အဓိပ္ပာယ်သည် “ထာ၀ရ ဘုရားကို ချီးမွမ်းကြလော့”ဖြစ်ပြီး၊ ဓမ္မဟောင်းကျမ်းတွင် မကြာခဏတွေ့ရသည် (ဆာ ၁၀၄း၃၅၊ ၁၀၅း၄၅၊ ၁၀၆း၁၊ ၁၁၁း၁၊ ၁၁၂:၁၊ ၁၁၃း၁၊ ၁၁၇း၁၊ ၁၃၅း၁၊ ၁၄၆း၁)။
ထိုများစွာသော လူများသည် ကောင်းကင်တွင် တူတကွ “ဟာလေလုယာ – ထာဝရဘုရား ကို ချီးမွမ်းကြလော့” ထပ်ခါထပ်ခါ ဟစ်အော်ခြင်းအတွက် အကြောင်းအရင်း ငါးချက်ရှိသည်။
> သူတိုရန်သူများထံမှ သူ၏ လူမျိုးကို ကယ်တင်ခြင်းအတွက် ဘုရားသခင်အား သူတို ချီးမွမ်းခြင်း (ငယ် ၁၊ ၂)။ ။
> ဖြောင့်မတ်ခြင်းအတွက် ဘုရားသခင်အား သူတို ချီးမွမ်းခြင်း (ငယ် ၂)။
> လူ၏ ပုန်ကန်မှုကို လက်တုန့်ပြန်မှုအတွက် ဘုရားသခင်အား သူတို ချီးမွမ်းခြင်း (ငယ် ၃)။
> ဘုရားသခင် အရာရာပိုင်သအုပ်စိုးခြင်းအတွက် သူတိုချီးမွမ်းခြင်း (ငယ် ၆)။
> သူ့လူမျိုးနှင့် ပြောဆိုဆက်ဆံခြင်းအတွက် ဘုရားသခင်အား သူတိုချီးမွမ်းခြင်း (ငယ် ၇)။
၆။ နှစ်တစ်ထောင်အုပ်စိုးခြင်းကာလဆိုသည်မှာ အဘယ်နည်း။ ဗျာဒိတ်ကျမ်းရှိ မည် သည့် နေရာတွင် ကိုက်ညီမှုရှိသနည်း။
ဗျာ ၂၀ သည် နောက်ဆုံး နှစ်တစ်ထောင် နိုင်ငံအကြောင်း (၆) ကြိမ်ဖော်ပြမှု ပါဝင် သည် (ငယ် ၂-၇)။ ထိုအချိန်ကာလ သဘောသဘာဝနှင့် ကြာချိန်နှင့်ပတ်သက်ပြီး အဓိက အ မြင်သုံးခုရှိသည်။
အနှစ်တစ်ထောင် အုပ်စိုးခြင်း အကြိုကာလ (Premillennialism)- မူရင်းအဓိပ္ပာယ် မှာ နှစ်တစ်ထောင် အချိန် ကာလဖြစ်ပြီး များစွာသော ဓမ္မဟောင်း ပရောဖက်ပြုခြင်းများ ပြည့်စုံခြင်း (၂ ရာ ၇း၁၂-၁၆၊ ဆာ ၂၊ ဟေရှာ ၁၁း၆-၁၂၊ ၂၄:၂၃၊ ဟော ၃း၄၊ ၅၊ ယော ၃၉း၂၁၊ အာ ၉း၈-၁၅၊ မိ ၄း၁-၈၊ ဇေ ၃း၁၄-၂၀၊ ဇာ ၁၄း၁-၁၁)နှင့် သခင်ယေရှု၏ သွန်သင်ချက်များ (မ ၂၄း၂၉-၃၁၊ ၃၆-၄၄) လောကတွင် အုပ်စိုးလိမ့်မည့် အချိန်အတောအတွင်း ဖြစ်သည်။ ပရောဖက်ပြုချက်နှင့် ပရောဖက်မပြုထားသည့် ကျမ်းပိုဒ်များအတွက် အနက်ဖွင့်ခြင်းတွင် တူညီ သော သာမန်နိယာမများကို အသုံးပြုခြင်းသည် အနှစ်တစ်ထောင် အုပ်စိုးခြင်း အကြိုကာလကို သဘာဝကျစွာ ဖော်ပြသည်။ ဤအမြင်သည် များစွာသော ကျမ်းစာဆိုင်ရာ ပရောဖက်ပြုချက်များ အမှန်တကယ် ပြည့်စုံခဲ့ခြင်း အချက်များအားဖြင့် အားကောင်းစွာ ထောက်ပံ့ပေးထားပြီး၊ ထိုကြောင့် အနာဂတ် ပရောဖက်ပြု ချက်များသည်လည်း အမှန်တကယ် ပြည့်စုံလိမ့်မည်ဖြစ်သည်ဟု ဖော်ပြသည်။ ။
နှစ်တစ်ထောင်အုပ်စိုးခြင်း အကြိုကာလဘေးဒဏ်ကြီးကာလအလွန်
(Premillennialism/Posttribulation View). ပညာရှင်များက ခရစ်တော်သည် နှစ်တစ်ထောင်အုပ်စိုးမည့် နိုင်ငံတော်ကို ဘေးဒဏ်ကြီးကာလ ခုနစ်နှစ်ပြီးနောက် ကြွလာမည်ဖြစ်ကြောင်း ယူဆကြသည်။ ထိုနိုင်ငံတော်သည် နတ်ဆိုးခွန်အားဖြင့် ပုန်ကန်မှုနှင့် နောက်ဆုံးတရား စီခြင်းတွင် အဆုံးသတ်လိမ့်မည်ဖြစ်သည်။ ဤအမြင်သည် ပရောဖက်ပြုမှုကို မူရင်းသဘော မဟုတ်သောနည်းဖြင့် အနက်ဖွင့်ခြင်း၊ ဣသရေလနှင့် အသင်းတော်တို၏ ကွဲပြားခြင်းကို မမြင် ခြင်းဖြစ်သည်။ ဣသရေလလူမျိုးနှင့် အသင်းတော်သည် ဘုရားသခင်၏ လူမျိုးတော်တစ်ခုအဖြစ် မြင်ကြသည်။ “အနာဂတ်ဝါဒ” ပုံစံနှစ်မျိုးလုံး ဆင်းသက်လာသည့် နှစ်တစ်ထောင်အုပ်စိုးခြင်း အကြိုကာလကို ယုံကြည်သူများသည် ဗျာဒိတ်ကျမ်းကို ချဉ်းကပ်ကြသည်။
အနှစ်တစ်ထောင်ကာလလွန် ဝါဒ (Postmillennialism)- ဖြောင့်မတ်ခြင်းနှင့် ဝိညာဉ်ရေးရာ ကြွယ်ဝပြည့်စုံခြင်းဖြစ်သော ရွှေခေတ်ကို ပုံဆောင်ခြင်းကဲ့သို နှစ်တစ်ထောင် အချိန်ကာလအား ရည်ညွှန်း ကြောင်း နားလည်ခြင်းဖြစ်သည်။ လက်ရှိအသင်းတော်အချိန်ကာလ တွင် သတင်းကောင်း ပျံ့နှံခြင်းဖြင့် ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး၊ ခရစ်တော်ပြန်ကြွလာသော အချိန် တွင် ပြည့်စုံခြင်းကို ယူဆောင်လာပေးမည်။ ဤအမြင်အရ လောကတွင် ခရစ်တော်အုပ်စိုးခြင်း အကိုးအကားအား အသင်းတော်ရှိ ယုံကြည်သူများနှလုံးသားများတွင် ဝိညာဉ်ရေးဆိုင်ရာ အုပ်စိုး ခြင်းကို အဓိကဖော်ပြသည်။
အနှစ်တစ်ထောင် အုပ်စိုးခြင်းကို လက်မခံခြင်း ဝါဒ (Amillennialism)- အနှစ်တစ် ထောင်ကာလသည် ရှည်ကြာသော အချိန်ကာလတစ်ခုကို ပုံဥပမာပြုခြင်းသာ ဖြစ်ကြောင်း နားလည်သည်။ ဤအမြင်သည် ယခု အသင်းတော်တွင် ဝိညာဉ်ရေးဆိုင်ရာ ပြည့်စုံမှုဖြစ်ခြင်း ကဲ့သို (မြေကြီးပေါ် (သို) ကောင်းကင်ပေါ်တွင်) (သို) ထာဝရကာလကို ရည်ညွှန်းခြင်းကဲ့သို ဓမ္မဟောင်း ပရောဖက်ပြုမှုများကို အနက်ဖွင့်သည်။
အချုပ်အားဖြင့်၊ “နှစ်တစ်ထောင်”သည် ပုံဥပမာအဖြစ် တိုက်ရိုက်ပြောဆိုရန် ကျမ်းပိုဒ် များမရှိပေ။ ကျမ်းစာတွင် အရေအတွက်အား နှစ်များအဖြစ် အသုံးပြုခြင်းသည် အမှန်တကယ် အဖြစ်အပျက်များအတွက် အသုံးပြုသည်။ ကျမ်းစာသက်သေအထောက်အထားများက အနှစ်တစ်ထောင်အုပ်စိုး (Premillennialism) ခြင်းအမြင်ကို ထောက်ခံသည်။
ဗျာဒိတ်ကျမ်းကို ဆက်လက်လေ့လာရန်
၁။ ဗျာဒိတ်ကျမ်းမှ ကြေညာချက်သည် မည်သည့်ရည်ရွယ်ချက်အကြောင်းကို ဖော်ပြသနည်း။
၂။ ရှင်ယောဟန် ရေးသားသည့် အသင်းတော် ခုနစ်ပါးမှာ အဘယ်နည်း။ တစ်ခုစီအကြောင်း ယေရှုက မည်သည့်မှတ်ချက်များ ပေးခဲ့သနည်း။
၃။ ဘုရားသခင်၏ အရာရာပိုင်သအုပ်စိုးခြင်းကို ဗျာဒိတ်ကျမ်းက မည်သိုပုံဖော်ထားသနည်း။
၄။ ဗျာဒိတ်ကျမ်းတစ်လျှောက် ခရစ်တော်ကို ဆက်လက်ကိုးစားသောသူများ ဘာဖြစ်မည်နည်း။
၅။ အခန်းကြီး ၂၀ အရ၊ နောက်ဆုံးတရားစီရင်ခြင်းတွင် ဘာဖြစ်လိမ့်မည်နည်း။
၆။ အသက်စာစောင်တွင် မည်သူတို၏ အမည်များ ရေးမှတ်ထားသနည်း။ အဘယ့်ကြောင့်နည်း။
ဓမ္မအတွေးအခေါ်များကို ခြုံငုံသုံးသပ်ခြင်း
သန့်ရှင်းသောသမ္မာကျမ်းစာများ၊
သမ္မာကျမ်းစာသည် လူသားများအတွက် ဘုရားသခင်၏ ဖွင့်ပြရေးသားထားချက်များ ဖြစ်ကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တိုကိုပေးထားသည့် (၆၆)အုပ်ရှိသော သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော် (အစိတ်အပိုင်းအားလုံး ညီမျှစွာမှုတ်သွင်း ထားခြင်း) ဖြစ်ကြောင်း (၁ ကော ၂း၇-၁၄၊ ၂ ပေ ၁:၂၀၊ ၂၁) ကျွန်ုပ်တိုသင်ကြားကြသည်။
သမ္မာကျမ်းစာသည် ပကတိအတိုင်းရှိသော၊ ရည်ရွယ်ချက်တိကျစွာဖြင့် ဖော်ပြသော (၁ ကော ၂း၁၃၊ ၁ သက် ၂း၁၃)၊ စာလုံးတိုင်းအား ဘုရားသခင်၏ နှုတ်တော်အားဖြင့် မှုတ်သွင်း ထားသော (၂ တိ ၃း၁၆)၊ မူရင်းအချက်အလက်များသည် အမှားလုံးဝကင်းသော၊ မှားယွင်းခြင်းနှင့် ကင်းသည့်ဘုရားသခင် မှုတ်သွင်းထားသော နှုတ်ကပတ်တော်ဖြစ်ကြောင်း ကျွန်ုပ်တိုသင်ကြားကြ သည်။
ကမ္ဘာဦးကျမ်း အဖွင့်ကျမ်းရှိ ဖန်ဆင်းခြင်းအကြောင်း ဖော်ပြရာတွင် ခြောက်ရက်အမှန် ဖြစ်ကြောင်း (က ၁း၃၁၊ ထွက် ၃၁း၁၇) အခိုင်အမာယုံကြည်မှုရှိပြီး၊ ကျမ်းစာအားမူရင်းစာရေးသူ၏ ရေးသားဖော်ပြထားသည့် သဒ္ဒါနည်းအတိုင်း ကျွန်ုပ်တိုသင်ကြားကြသည်။
သမ္မာကျမ်းစာသည် တစ်ခုတည်းသောအမှားကင်းသည့် ယုံကြည်မှုနှင့် လက်တွေ့လုပ် ဆောင်မှုတိုကို တည်ဆောက်ပေးသည်ဟု (မ ၅:၁၈၊ ၂၄း၃၅၊ ယော ၁၀း၃၅၊ ၁၆း၁၂၊၁၃၊ ၁၇း၁၇၊ ၁ ကော ၂း၁၃၊ ၂ တိ ၃း၁၅-၁၇၊ ဟေဗြဲ ၄း၁၂၊ ၂ ပေ ၁း၂၀၊ ၂၁) ကျွန်ုပ်တိုသင်ကြား ကြသည်။
ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်ကို မြွက်ဆိုရာတွင် စာရေးသူနှစ်ဦးပုံစံဖြင့် ရေးသားခဲ့ကြောင်း ကျွန်ုပ်တိုသင်ကြားကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် စာရေးသူ တစ်ဦးချင်းစီ၏ ပင်ကိုယ်စရိုက်များနှင့် ကွဲပြားသည့်စာရေးဟန်များကို စနစ်တကျကြီးကြပ်ခြင်း အားဖြင့်စာရေးသူလက်ခံရရှိသည့် (၂ ပေ ၁း၂၀၊ ၂၁) ဘုရားသခင်၏ နှုတ်ကပတ်တော် တစ်စိတ် တစ်ပိုင်း (သိုမဟုတ်) တစ်ခုလုံးကိုအမှားအယွင်းမရှိ (မ ၅း၁၈၊ ၂ တိ ၃း၁၆) ရေးသားပြုစု မှတ်တမ်းတင်ခဲ့ကြသည်။
ဖော်ပြထားသော မည်သည့်ကျမ်းပိုဒ်တွင်မဆို ကျင့်သုံးလုပ်ဆောင်နိုင်သည့် နည်းလမ်းမျိုး စုံရှိနိုင်သော်လည်း၊ မှန်ကန်သောအနက်ဖွင့်ဆိုမှု တစ်ခုတည်းသာရှိကြောင်း ကျွန်ုပ်တိုသင်ကြားကြ သည်။ ကျမ်းစာ၏ အနက်အဓိပ္ပာယ်ကိုသန့်ရှင်းသော ဝိညာဉ်တော်၏ ဖွင့်ပြမှုအောက်တွင် (ယော ၇း၁၇၊ ၁၆း၁၅၊ ၁ ကော ၂း၇-၁၅၊ ၁ ယော ၂း၂၀) မူရင်းစာရေးသူ ဖော်ပြထားသည့် စာပေ သဘောအတိုင်း လေးလေးနက်နက် လိုက်နာစောင့်ထိန်းကြရမည် ဖြစ်သည်။ ကျမ်းစာ၏ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်အစစ်အမှန်ကို သေသေချာချာလေ့လာစိစစ်ရန် ယုံကြည်သူများ၏ တာဝန်ဖြစ်ပြီး၊ မှန်ကန်သောလိုက်နာကျင့်သုံးမှုများသည် မျိုးဆက်အားလုံး၏ တာဝန်ဖြစ်ကြောင်း သိမှတ်ထားရမည်။ ကျမ်းစာရှိသမ္မာတရားသည် လူသားတိုအား စီရင်ဆုံးဖြတ်ရန်ဖြစ်ပြီး၊ လူသားတို အနေဖြင့်ကျမ်းစာကို မည်သည့်အခါမျှ စီရင်ဆုံးဖြတ်ရန် မဟုတ်ပေ။
ဘုရားသခင်
အသက်ရှင်တော်မူ၍ စစ်မှန်သည့်တစ်ဆူတည်းသော ဘုရားသခင်သည် (တရားဟော ၆း၄၊ ဟေရှာ ၄၅း၅-၇-၁၊ ၁ ကော ၈း၄) အကန့်အသတ် လုံးဝမရှိသော၊ ခပ်သိမ်းသောအရာ တိုကို သိကျွမ်းသော ဝိညာဉ်တော် (ယော ၄း၂၄)၊ ပြည့်ဝစုံလင်ကြွယ်ဝသည့် အရည်အချင်း အလုံးစုံနှင့် ပြည့်ဝစုံလင်သော၊ တစ်ဆူတည်းဖြစ်သည့် ခမည်းတော်ဘုရား၊ သန့်ရှင်းသော ဝိညာဉ် တော်ဘုရား(မ ၂၈း၁၉၊ ၂ ကော ၁၃း၁၄) ဖြစ်၍ တစ်ပါးခြင်းစီသည် တန်းတူညီမျှ ဝတ်ပြု ကိုးကွယ်ရန်နှင့် နာခံရန်ထိုက်တန်သည်ဟု သင်ကြားသည်။
ခမည်းတော်ဘုရား
သုံးပါးတစ်ဆူတွင် ပထမဆုံးပုဂ္ဂိုလ်ဖြစ်သည့် ခမည်းတော်ဘုရားသည် အရာခပ်သိမ်းကို သူ့ပင်ကိုယ်၊ ကိုယ်ပိုင်ရည်ရွယ်ချက်နှင့် ကျေးဇူးတော်အားဖြင့် (ဆာ ၁၄၅း၈၊ ၉၊ ၁ ကော ၈း၆) သတ်မှတ်ခြင်း၊ စီစဉ်ခြင်း များပြုလုပ်သည်ဟု ကျွန်ုပ်တိုသင်ကြားကြသည်။ သူသည်အရာခပ်သိမ်းကို ဖန်ဆင်းသူဖြစ်သည် (က ၁း၁-၃၁၊ ဧ ၃း၉)။ စကြဝဠာအတွင်း အကြွင်းမဲ့အုပ်စိုးသောတန်ခိုးရှင်၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်သူဖြစ်သကဲ့သို ဖန်ဆင်းသောအရာများကို အုပ်စိုးခြင်း၊ စောင့် ရှောက်ခြင်း၊ ရွေးနှုတ်ကယ်တင်ခြင်းများ ပြုလုပ်နိုင်စွမ်းရှိသည် (ဆာ ၁၀၃း၁၉၊ ရော ၁၁း၃၆)၊ သူ၏ဖခင်ဖြစ်ခြင်းသည်သုံးပါးတစ်ဆူကြား ဂုဏ်အင်္ဂါရပ်နှင့်ရော လူသားများနှင့်ဆက်ဆံရေးတိုတွင် ပါဝင်ပတ်သက်နေသည်။ ခမည်းတော်သည် ဖန်ဆင်းရှင်အနေဖြင့် လူသားအားလုံး၏ ခမည်း တော်ဖြစ်သော်လည်း (ဧ ၄း၆)၊ ယုံကြည်သူများအတွက်သာ ဝိညာဉ်ရေးရာဖခင်ဖြစ်သည် (ရော ၈း၁၄၊ ၂ ကော ၆း၁၈)။ ခပ်သိမ်းသောအရာအားလုံးကို သူ၏ဘုန်း ထင်ရှားရန်အတွက် စီစဉ်ထားခဲ့ သည် (ဧ ၁း၁၁)။ သူသည် ဖန်ဆင်းသမျှအရာအားလုံးကို (၅ ရာ ၂၉း၁၁) ထိန်းသိမ်းခြင်း၊ ညွှန် ကြားခြင်းနှင့် အုပ်စိုးခြင်းများအား ဆက်လက်လုပ်ဆောင်သည်။ သူ၏အုပ်စိုးမှုအောက်တွင် သူ သည် အပြစ်ကိုစတင်ဖန်တီးသူ၊ ခွင့်ပြုသူအဖြစ်ရှိမနေဘဲ (ဟဗ ၁း၁၃)၊ ခပ်သိမ်းသောသူတို၏ အသိဉာဏ်အကျင့်တရားအတိုင်း သွားခြင်းမရှိဘဲ စီရင်တော်မူသည်(၁ ပေ ၁း၁၇)။ သူသည် သူ၏ ကိုယ်ပိုင်သားသမီးအဖြစ် လက်ခံမည့်သူများအား ကမ္ဘာမတည်မရှိမီကပင် ကျေးဇူးတရား ကရုဏာတော်အားဖြင့် ကြိုတင်ရွေးကောက်ထားတော်မူခဲ့သည် (ဧ ၁း၄-၆)။ အထံတော်ပါးသို လာသောသူတိုင်းကိုလည်း အပြစ်တရားမှကယ်နှုတ်ပြီး၊ ရွေးကောက်တော်မူသောသူတိုအား ပိုင်သသောဖခင်ဖြစ်လာသည်။ ဘုရားသခင်သည် ထိုသူများကိုပိုင်ဆိုင်သည့် ဖခင်ဖြစ်လာသည် (ယော ၁း၁၂၊ ရော ၈း၁၅၊ ဂလ ၄း၅၊ ဟေဗြဲ ၁၂း၅-၉)။
သားတော်ဘုရား
သုံးပါးတစ်ဆူမှ ဒုတိယပုဂ္ဂိုလ် ယေရှုခရစ်တော်သည် မြင့်မြတ်သည့် ဘုရားနှင့် ဆိုင်သော ဂုဏ်အင်္ဂါအားလုံးကိုပိုင်ဆိုင်ပြီး၊ ခမည်းတော်ဘုရားနှင့် ဂုဏ်ရည်တူသော၊ အနှစ်သာရ ညီသော၊ ထာဝရကာလတည်ရှိသော ဘုရားဖြစ်ကြောင်း (ယော ၁၀း၃၀၊ ၁၄း၉) ကျွန်ုပ်တို သင်ကြားကြသည်။
ခမည်းတော်ဘုရားသည် ခပ်သိမ်းသောအရာတိုကို ဆက်လက်တည်စေသော သူ၏ သားတော် ယေရှုခရစ်တော်အားဖြင့် (ယော ၁း၃၊ ကော ၁း၁၅-၁၇၊ ဟေဗြဲ ၁း၂) သူ၏အလိုတော် အတိုင်း ကောင်းကင်၊ မြေကြီးနှင့်အရာအားလုံးကို ဖန်ဆင်းခဲ့ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို သင်ကြား ကြသည်။
ခရစ်တော်၏ လူ့ဇာတိခံယူခြင်း(ဘုရားမှလူသားဖြစ်ခြင်း) ဘုရားနှင့်ဆိုင်သည့် အခွင့် အထူးအာဏာကို စွန့်လွှတ်ခဲ့ခြင်းဖြစ်သော်လည်း ဘုရားနှင့်စပ်ဆိုင်သည့် အနှစ်သာရများ၊ အဆင့် အတန်း ဂုဏ်အင်္ဂါရပ် လက္ခဏာများအား စွန့်လွှတ်ခြင်း မဟုတ်ကြောင်း ကျွန်ုပ်တို သင်ကြား ကြသည်။ သူ၏လူ့ဇာတိခံယူခြင်းတွင် သုံးပါးတစ်ဆူရှိ ဒုတိယပုဂ္ဂိုလ်၏ ထာဝရတည်ရှိမှု၌ လူဖြစ်ခြင်း၏ အဓိက ဂုဏ်အင်္ဂါလက္ခဏာအားလုံးကို ခံယူခြင်းဖြစ်ပြီး၊ လူသားဘုရား (ဘုရား စင်စစ်၊ လူသားစင်စစ်) ဖြစ်လာခဲ့သည် (ဖိ ၂:၅-၈၊ ကော ၂း၉)။
ယေရှုခရစ်တော်သည် ခွဲခြား၍ လုံးဝမရနိုင်သော ပုဂ္ဂိုလ်တစ်ဦးတည်း ပုံသဏ္ဌာန်၌ လူသားဖြစ်ခြင်းနှင့် ဘုရားဖြစ်ခြင်းကို ပုံဖော်ပြခြင်းဖြစ်ကြောင်း (မိက္ခာ ၅း၂၊ ဗယာ ၅း၂၃၊ ၁၄း၉၊ ၁ဝ၊ ကော ၂း၉) ကျွန်ုပ်တို သင်ကြားကြသည်။
ကျွန်ုပ်တို သခင်ယေရှုခရစ်တော်သည် အပျိုကညာမှ မွေးဖွားခြင်းဖြစ်ကြောင်း (ဟေရှာ ၇း၁၄၊ မ ၁:၂၃၊ ၂၅၊ လု ၁း ၂၆-၃၅) ကျွန်ုပ်တို သင်ကြားကြသည်။ သူသည် လူသားဇာတိကို ခံယူသောဘုရား (ယော ၁း၁၊ ၁၄) ဖြစ်သည်။ လူသားဇာတိခံယူခြင်း၏ ရည်ရွယ်ချက်မှာ ဘုရားသခင်ကိုဖော်ပြရန်၊ လူသားတိုကို ရွေးနှုတ်ရန်နှင့် ဘုရားသခင်၏ နိုင်ငံတော်ကို အုပ်ချုပ်ရန် ဖြစ်သည် (ဆာ ၂း၇-၉၊ ဟေရှာ ၉း၆၊ ယော ၁း၂၉၊ ဇိ ၂း၉-၁၁၊ ဟေဗြဲ ၇း၂၅၊ ၂၆၊ ၁ ပေ ၁း ၁၈-၁၉)။
သုံးပါးတစ်ဆူရှိ ဒုတိယပုဂ္ဂိုလ်၏ လူ့ဇာတိခံယူခြင်းတွင် ဘုရားသခင်နှင့်တန်းတူဖြစ်သည့် သူ၏ အခွင့်အာဏာအားလုံးကို ဘေးချထားပြီး သားနေရာအဖြစ်ခံယူနေခြင်း၊ သူ၏ဘုရား ဂုဏ်အင်္ဂါများကို (ဖိ ၂:၅-၈) ပယ်ဖျက်ခြင်းမရှိဘဲ တည်ရှိမှုနှင့်လျှော်ညီသည့် အစေခံနေရာကို ယူခဲ့ကြောင်း ကျွန်ုပ်တိုသင်ကြားကြသည်။
ကျွန်ုပ်တိုသခင်ယေရှုခရစ်တော်သည် ကားတိုင်တွင် ယဇ်ကောင်အဖြစ်အသေခံပြီး သူ၏ အသွေးသွန်းခြင်းဖြင့် ကျွန်ုပ်တိုကို ရွေးနှုတ်ခြင်းအစီစဉ်ပြီးမြောက်စေခဲ့သည်ဟု ကျွန်ုပ်တို သင် ကြားကြသည်။ သူ၏အသေခံခြင်းသည် စေတနာအလျှောက် ကူညီပေးခြင်း၊ သူတစ်ပါးကိုယ်စားဆောင်ရွက်ပေးခြင်း၊ အစားထိုးလုပ်ဆောင်ပေးခြင်း၊ ဘုရားသခင်၏အမျက်တော်ဖြေပေးခြင်း၊ ပြန်လည်ရွေးယူခြင်း (ယော ၁၀း၁၅၊ ရော ၃း ၂၄၊ ၂၅၊ ၅း၈၊ ၁ ပေ ၂း၂၄) ဖြစ်သည်။
ကောင်းမြတ်ခြင်းဖြင့် စုံလင်စွာတတ်စွမ်းသော ကျွန်ုပ်တိုသခင်ယေရှုခရစ်တော်၏ သေခြင်းတရားကို အခြေခံပြီး ယုံကြည်သူအပြစ်သားများသည် အပြစ်ဒဏ်စီရင်ခံရခြင်းနှင့် အပြစ် တရား၏အုပ်စိုးမှုအောက်မှ လွှတ်မြောက်ခြင်း၊ အပြစ်စီရင်သောနေ့တွင် ထိုသူသည် ဖြောင့်မတ်သူ အဖြစ်ကြေငြာခံရခြင်း၊ ထာဝရအသက်ရရှိခြင်း၊ ဘုရားသခင်၏မိသားစုဝင်ဖြစ် မွေးစားခံရခြင်း ဖြစ်ကြောင်း (ရော ၃း၂၅၊ ၅း၈၊ ၉း၂၊ ကော ၅း၁၄၊ ၁ ပေ ၂:၂၄၊ ၃း၁၈) ကျွန်ုပ်တို သင်ကြားကြ သည်။
ကျွန်ုပ်တို၏ ဖြောင့်မတ်ခြင်းသည် ယေရှုခရစ်တော်၏ ခန္ဓာကိုယ် ဧကန်အမှန်သေဆုံးပြီး ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သေချာခဲ့ပြီးသည့်နောက် ယခုတွင် ခမည်းတော်ဘုရား၏ လက် ယာဘက်တွင် စံပယ်လျှက်ရှိကြောင်း၊ သူသည်ကျွန်ုပ်တို၏ ရှေ့နေအဖြစ်၊ ယဇ်ပုရောဟိတ်မင်းကြီး အဖြစ် ဆောင်ရွက်ပေးနေကြောင်း (မ ၂၈း၆၊ မ ၂၄း၃၈၊ ၃၉၊ တ ၂း၃၀၊ ၃၁၊ ရော ၄း၂၅၊ ၈း၃၄၊ ဟေဗြဲ ၇း၂၅၊ ၉း၂၄၊ ၁ ယော ၂း၁) ကျွန်ုပ်တို သင်ကြားကြသည်။
သခင်ယေရှုခရစ်တော်၏ သင်္ချိုင်းမှ ရှင်ပြန်ထမြောက်ခြင်းတွင် ဘုရားသခင်သည် သူ့ သားတော်၏ ဘုရားဖြစ်ခြင်းကို အတည်ပြုခဲ့ပြီး၊ ကားတိုင်တွင် ခရစ်တော်၏ ပြစ်လွှတ်ခြင်း ၊ လုပ်ဆောင်ချက်ကိုလည်း လက်ခံခဲ့ကြောင်း သက်သေပြခဲ့သည်ဟု ကျွန်ုပ်တိုသင်ကြားကြသည်။
ယေရှု၏ ခန္ဒာကိုယ်အားဖြင့် ရှင်ပြန်ထမြောက်ခြင်းသည်လည်း ယုံကြည်သူအားလုံးအတွက် အနာ ဂတ်တွင် ရှင်ပြန်ထမြောက်မည်ဖြစ်ကြောင်း အာမခံချက်လည်းဖြစ်သည် (ယော ၅း၂၆-၂၉၊ ၁၄း၁၉၊ ရော ၄း၂၅၊ ၆:၅-၁၀၊၁ ကော ၁၅း၂၀၊ ၂၃)။ – ယေရှုခရစ်တော်သည် ချီဆောင်ခြင်းကာလတွင် သူ၏ကိုယ်အင်္ဂါရပ်ဖြစ်သည့် အသင်း တော်ကို သူ့ထံသိုပြန်လည်သိမ်းပိုက်ရန် တစ်ဖန်ကြွလာမည်ဖြစ်ကြောင်း၊ ဘုန်းတော်ဖြင့် သူ၏ အသင်းတော်နှင့် တဖန်ပြန်လာ၍ ကမ္ဘာမြေကြီးပေါ်တွင် နိုင်ငံတော်တည်ထောင်ပြီး နှစ်ပေါင်း တစ်ထောင်အုပ်စိုးမည်ဖြစ်ကြောင်း (တ ၁း၉-၁၁၊ ၁ သက် ၄း၁၃-၁၈၊ ဗျာ ၂၀) ကျွန်ုပ်တို သင် ကြားကြသည်။
သခင်ယေရှုခရစ်တော်သည် ဘုရားသခင်မှ သက်ရှိလူသားအားလုံးအား တရားစီရင်ရာ ၌ သူ့(ခရစ်တော်)အားဖြင့် စီရင်မည်ဖြစ်ကြောင်း(ယော ၅း၂၂၊ ၂၃) ကျွန်ုပ်တိုသင်ကြားကြသည်။ တရားစီရင်ခံရမည့်သူများမှာ
က။ ယုံကြည်သူများ (၁ ကော ၃း၁၀-၁၅၊ ၂ ကော ၅း၁၀)
ခ။ သူ၏ဘုန်းတော်ဖြင့်ကြွလာသော အချိန်၌မြေကြီးပေါ်တွင် အသက်ရှင်လျှက် နေထိုင် ကြသူများ (မ၂၅း၃၁-၄၆)
ဂ။ သေဆုံးပြီးသော မယုံကြည်သူများကို မြင့်မြတ်သည့် ပလ္လင်ဖြူရှေ့ တရားစီရင်ခြင်း (ဗျာ ၂၀း၁၁-၁၅)
ဘုရားနှင့်လူအကြား ကြားဝင်ဖျန်ဖြေပေးသူ (၁ တိ ၂း၅) ဖြစ်သကဲ့သို၊ အသင်းတော်၏ ဦးခေါင်းဖြစ်ခြင်း( ၁:၂၂၊ ၅:၂၃၊ ကော ၁း၁၈)၊ ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှအုပ်စိုးပြီး စကြာဝဠာ တစ်ခုလုံး၏ အရှင်ဘုရင်ဖြစ်လာမည့်သူ (ဟေရှာ ၉း၆၊ ၇၊ ယေဇ ၃၇း၂၄- ၂၈၊ လု ၁း၃၁-၃၃)၊ သူ့အား အရှင်သခင် နှင့်ကယ်တင်ရှင်အဖြစ် လက်မခံသောသူများကို နောက်ဆုံးတွင် တရားစီရင် မည့်သူဖြစ်ကြောင်း (မ ၂၅း၁၄-၄၆၊ တ ၁၇း၃၀၊ ၃၁) တွေ့ရသည်။
သန့်ရှင်းသောဝိညာဉ်တော်ဘုရား
သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် ဘုရားဖြစ်ခြင်း၊ ထာဝရတည်ရှိခြင်း၊ မွေးဖွား ဖြစ်ပေါ်လာသူမဟုတ်ခြင်း၊ ပင်ကိုယ်စရိုက်နှင့်ဘုရားဖြစ်ခြင်း ဂုဏ်အင်္ဂါများအားလုံး ပိုင်ဆိုင်ထား ကြောင်း၊ အသိဉာဏ်ရှိခြင်း( ၁ကော ၂း၁၀-၁၃)၊ စိတ်ခံစားမှုရှိခြင်း(ဧ ၄း၃၀)၊ အလိုဆန္ဒရှိခြင်း (၁ကော ၁၂း၁၁)၊ ထာဝရဖြစ်ခြင်း(ဟေဗြဲ ၉း၁၄)၊ နေရာတိုင်းတွင်ရှိခြင်း (ဆာ ၁၃၉း၇-၁၀)၊ သမ္မာတရားနှင့် ပြည့်စုံခြင်း (ယော ၁၆း၁၃၊ ၁၄)၊ အရာခပ်သိမ်းကို တတ်စွမ်းနိုင်ခြင်း (ရော ၁၅း၁၃)၊ သမ္မာတရားနှင့်ပြည့်စုံခြင်း (ယော ၁၆း၁၃) များလည်းရှိကြောင်း ကျွန်ုပ်တိုသင်ကြား ကြသည်။ ဘုရားနှင့်ဆိုင်သည့် ဂုဏ်အင်္ဂါများသည် ခမည်းတော်နှင့်သားတော်တိုတွင် ရှိသည့် ဂုဏ်အင်္ဂါများနှင့် အတူတူပင်ဖြစ်သည် (မ ၂၈း၁၉၊ တ ၅း၃၊ ၄၊ ၂၈း ၂၅၊ ၂၆၊ ၁ ကော ၁၂း၄၆၊ ၂ ကော ၁၃း၁၄၊ ယေ ၃၁း၃၁-၃၄၊ ဟေဗြဲ ၁၀း၁၅-၁၇)။
လူသားများနှင့်ပတ်သက်သည့် ဘုရားသခင်၏ အကြံအစည်များကို ဖော်ဆောင်ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်မှ လုပ်ဆောင်သည်ဟု ကျွန်ုပ်တိုသင်ကြားကြသည်။ ဖန်ဆင်းခြင်း (က ၁း၂)၊ လူ့ဇာတိခံယူခြင်း (မ ၁း၁၈)၊ ဘုရားသခင်ဖော်ပြသော အနာဂတ္တိကျမ်းရေးသားခြင်း (၂ ပေ ၁း၂၀၊ ၂၁)၊ ကယ်တင်ခြင်းရရှိရန်အတွက် ဆောင်ရွက်ပေးသည့်လုပ်ငန်း (ယော ၃း၅-၇) များတွင် အပြည့်အဝ ပါဝင်ကြောင်းကို ကျွန်ုပ်တိုအသိ အမှတ်ပြုသည်။
ယခုခေတ်ကာလ၌ခရစ်တော်၏ ကိုယ်ခန္ဓာ(အသင်းတော်) တည်ဆောက်ရေးတွင် အစပြုခြင်းနှင့် ပြီးဆုံးခြင်းအတွက် ခရစ်တော်မှ ကတိပေးခဲ့သည့်အတိုင်း ခမည်းတော်ဘုရား အထံတော်မှ ကြွရောက်လာမည့် (ယော ၁၄း၁၆-၁၇၊ ၁၅း၂၆) သန့်ရှင်းသော ဝိညာဉ်တော်၏ ပြည့်ဝစုံလင်သော လုပ်ဆောင်မှုသည် ပင်တေကုတ္တေပွဲနေ့တွင် အစပြုခဲ့သည်ဟု ကျွန်ုပ်တို သင်ကြားကြသည်။ သူ၏လုပ်ဆောင်ချက်များသည် လောက၏အပြစ်ကို ဖော်ပြခြင်း၊ ဖြောင့်မတ် စေခြင်း၊ တရားစီရင်ခြင်း၊ သခင်ယေရှုခရစ်တော်၏ ဘုန်းတော်ကိုထက်ရှားစေခြင်း၊ ယုံကြည် သူများကို ခရစ်တော်၏ သဏ္ဌာန်တော်သို ပြောင်းလဲပေးခြင်း (ယော ၁၆း၇-၉၊ တ ၁၅၊ ၂၄၊ ရော ၈း၂၉၊ ၂ ကော ၃း၁၈၊ ဧ ၂း၂၂) စသည်တိုဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများကို ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်လာ စေရန် နှစ်ခြင်းပေးခြင်း (ကော ၁၂း၁၃) အသစ်သောအသက်တာ၌ မွေးဖွားခြင်းကို သဘာဝလွန် အထိန်းချုပ်မရှိ လွတ်လပ်စွာ လုပ်ဆောင်ပေးသည့်တန်ခိုးရှင် ကိုယ်စားလှယ်ဖြစ်ကြောင်း ကျွန်ုပ်တိုသင်ကြားကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူများကို အမှုတော် အတွက် အခွင့်အာဏာအပ်နှင်းခြင်း၊ ညွှန်ကြားခြင်း၊ သန့်ရှင်းပေးခြင်း၊ ကျိန်းဝပ်ခြင်းများလည်း လုပ်ဆောင်ပေးသည်။ ရွေးနှုတ်သည့် နေ့ရက်တွင်လည်း တံဆိပ်ခတ်ပေးသည် (ရော ၈း၉-၁၁၊ ၂ ကော ၃၆၊ ဧ ၁း၁၃)။
သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ဖော်ပြသည့် သမ္မာကျမ်းစာရေးသားရာ၌ အပ်နှင်းခြင်းခံရသော တမန်တော်များနှင့် ပရောဖက်များထံသို စစ်မှန်သော သမ္မာတရား အလုံးစုံ အား လမ်းညွှန်ပေးသည့်ဆရာဖြစ်ကြောင်း (၂ ပေ ၁း၁၉-၂၁) ကျွန်ုပ်တိုသင်ကြားကြသည်။ ယုံကြည်သူတိုင်းသည် ကယ်တင်ခြင်းရရှိသွားသည်နှင့်တစ်ပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်၏ ကျိန်းဝပ်ခြင်းခံရပြီး၊ ဝိညာဉ်တော်အားဖြင့်မွေးဖွားပြီး လူတိုင်း၏တာဝန်မှာ ဝိညာဉ်တော်နှင့် ပြည့်ဝရန် (ဝိညာဉ်တော်၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်ရန်) ဖြစ်သည် (ရော ၈း၉-၁၁။ ဧ ၅း၁၈၊ ၁ ယော ၂း၂၀၊ ၂၇)။
သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်အတွက် ဝိညာဉ်ရေးရာဆုကျေးဇူးများ စီမံခန့်ခွဲပေးကြောင်း ကျွန်ုပ်တိုသင်ကြားကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဝင့်ကြွား လုပ်ဆောင်ခြင်းအားဖြင့် မိမိကိုယ်ကို (သို) မိမိ၏ဆုကျေးဇူးများကို ထင်ပေါ်အောင် လုပ်ဆောင် ခြင်းမဟုတ်ပေ။ သိုသော် ယုံကြည်သူများကို အလွန်သန့်ရှင်းသာ ယုံကြည်ခြင်းဖြင့် တည် ဆောက်ပေးခြင်း၊ ပျောက်ဆုံးနေသူများကို ရွေးနှုတ်ကယ်တင်ခြင်းလုပ်ငန်းအား ပြီးပြည့်စုံအောင် လုပ်ဆောင်ခြင်းဖြင့် ခရစ်တော်၏ ဘုန်းတော်ထင်ရှားရန် လုပ်ဆောင်ခြင်းဖြစ်သည် (ယော ၁၆း၁၃၊ ၁၄၊ တ ၁၈၊ ကော ၁၂း၄-၁၁၊ ၂ ကော ၃း၁၈)။ ။
သန့်ရှင်းသောဝိညာဉ်တော်သည် ၄င်း၏ ဆုကျေးဇူးအားလုံးနှင့်ပတ်သက်၍ ယနေ့ ပြည်ဝစုံလင်သော သူတော်စင်များဖြစ်ခြင်းအလိုငှာ သွန်းလောင်းပေးခြင်းဖြစ်ပြီး၊ ကနဦး အသင်းတော်အစပြုခဲ့သောအချိန်တွင် အခြားသောဘာသာစကား၊ နိမိတ်လက္ခဏာ လုပ်ဆောင်မှု များသည် တမန်တော်တိုအား သမ္မာတရားကိုဖော်ပြ သည့် စစ်မှန်သောသူများဖြစ်ကြောင်း မီးမောင်းထိုးပြသည့် ရည်ရွယ်ချက်သာလျှင်ဖြစ်ပြီး ယုံကြည်သူများ၏ အသက်တာတွင် ပိုင် ဆိုင်ရမည့် သွင်ပြင်လက္ခဏာဖြစ်ဖိုရန် ရည်ရွယ်ထားခြင်း လုံးဝမဟုတ်ကြောင်း (၁ ကော ၁၂း၄၁၁၊ ၁၃း၈-၁ဝ၊ ၂ ကော ၁၂း၁၂၊ ဧ ၄း၇-၁၂၊ ဟေဗြဲ ၂း၁-၄) ကျွန်ုပ်တိုသင်ကြားကြသည်။
လူသား
ဘုရားသခင်သည် သူ၏ပုံသဏ္ဌာန်တော်နှင့်လူသားကို ကြားခံလုံးဝမရှိဘဲ ကိုယ်တိုင်ကိုယ် ကျ ဖန်ဆင်းခဲ့သည်ဟု ကျွန်ုပ်တိုသင်ကြားသည်။ လူသားအား အပြစ်လုံးဝကင်းစင်လျှက် ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း ရှိသူ၊ အသိဉာဏ်ရှိသူ၊ စိတ်ဆန္ဒရှိသူ၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းရှိသူ၊ ကောင်းမြတ်သော ကိုယ်ကျင့်တရားဖြင့် ဘုရားသခင်ထံသို တုံပြန်တတ်ရန် ဖန်ဆင်းခဲ့သည်(က ၂း၇၊ ၁၅း၂၅၊ ယာ ၃း၉)။
လူကို ဖန်ဆင်းခြင်းတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူသည် ဘုရားသခင်၏ ဘုန်းတော်ကိုထင် ရှားရန်၊ ဘုရားသခင်နှင့်မိတ်သဟာရဖွဲရန်၊ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ရန်၊ ကမ္ဘာပေါ်ရှိ လူသားအားလုံးအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ပြီးပြည့်စုံရန် ဖြစ်ကြောင်း (ဟေရှာ ၄၃း၇၊ ကော ၁း၁၆၊ ဗျာ ၄း၁၁) ကျွန်ုပ်တိုသင်ကြားသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဖော်ပြထားသော အလိုတော်ကို နာခံမှုမရှိသည့် အာဒံ၏အပြစ်၌ လူသားသည်အပြစ်ကင်းခြင်းအခွင့်ကို ဆုံးရှုးရခြင်း၊ ဝိညာဉ်နှင့် ခန္ဓာသေခြင်း အပြစ်ဒဏ်ခံရခြင်း၊ ဘုရားသခင်၏ အမျက်ဒေါသသင့်ခြင်း၊ မွေးရာပါ အပြစ်ရှိသူနှင့် ဘုရားသခင် လက်ခံနိုင်ရန်အလိုငှာ မိမိကိုယ်ပိုင်အစွမ်းအားဖြင့် ရွေးချယ်ရန်စွမ်းဆောင်နိုင်မှု မရှိခြင်း(သို) ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ကျေးဇူးတော်မှ ဝေးကွာသွားသူ ဖြစ်ကြောင်း ကျွန်ုပ်တို သင်ကြားကြသည်။ မိမိကိုယ်ကို ပြန်လည်ကောင်းမွန်လာရန် လုပ်ဆောင်နိုင်သည့် စွမ်းအားများ မရှိတော့သည့် လူသားအဖြစ် မျှော်လင့်ချက်လုံးဝကွယ်ပျောက်ခဲ့ရသည်။ လူသား၏ ကယ်တင်ခြင်း သည် သခင်ယေရှုခရစ်တော်၏ ရွေးနှုတ်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ကြောင့်သာဖြစ် သည် (က ၂း၁၆၊ ၃း၁-၁၉၊ ယော ၃း၃၆၊ ရော ၃း၂၃၊ ၆း၂၃၊ ၁ ကော ၂း၁၄၊ • ၂း၁-၃၊ ငယ် ၂း၁၃၊ ၁၄၊ ၁ယော ၁း၈)။
လူသားအားလုံးသည် အာဒံမှ ဆင်းသက်လာခြင်းကြောင့် အာဒံအပြစ်အားဖြင့် ပျက်စီး သည့် ဗီဇလည်လူသားမျိုးဆက်အားလုံးသို ကူးစက်သွားပြီး၊ ယေရှုခရစ်တော် တစ်ဦးသာ ချွင်းချက်ဖြစ်ကြောင်း ကျွန်ုပ်တိုသင်ကြားကြသည်။ ထိုကြောင့် လူသားအားလုံးသည် မျိုးရိုး ဗီဇအားဖြင့် လည်းကောင်း၊ သူတို၏ ရွေးချယ်မှုကြောင့်နှင့်ဘုရားသခင်၏ ကြေညာချက် ကြောင့် အပြစ်သားများဖြစ်သည်(ဆာ ၁၄း၁-၃၊ ယေရမိ ၁၇း၉၊ ရော ၃း၉-၁၈၊ ၂၃၊ ၅း၁ဝ-၁၂)
ကယ်တင်ခြင်း
ကယ်တင်ခြင်းသည် ယေရှုခရစ်တော်၏ ပြန်လည်ရွေးနှုတ်ခြင်း၊ အသွေးတော် သွန်း လောင်းခြင်းမှ ရရှိသည့်အကျိုးကျေးဇူးကို အခြေခံသော ဘုရားသခင်၏ ကျေးဇူးတော် သက်သက်ကြောင့်ဖြစ်ပြီး၊ လူသားတို၏ ကောင်းမှုကုသိုလ်နှင့် အကျင့်တိုအပေါ် အခြေခံခြင်းမဟုတ်ကြောင်း (ယော၁း ၁၂၊ ဧ ၁း၄-၇၊ ၂း၈-၁ဝ၊ ၁ ပေ ၁း၁၈၊ ၁၉) ကျွန်ုပ်တိုသင်ကြားကြသည်။
ရွေးကောက်ခြင်း
| ရွေးကောက်ခြင်းဆိုသည်မှာ ကမ္ဘာကြီးမတည်ရှိမီ ခရစ်တော်၌ ဘုရားသခင်၏ သနား ကြင်နာခြင်းအားဖြင့် အသစ်ပြုပြင်ခြင်း၊ ကယ်တင်ခြင်း၊ သန့်ရှင်းစင်ကြယ်စေခြင်းများ ပြုလုပ် ရန်အတွက် ရွေးချယ်မှုပြုသောဘုရားသခင်မှ ဆောင်ရွက်သည့်အလုပ်ဖြစ်ကြောင်း (ရော ၈း၂၈-၃ဝ၊ ၅း ၁၄-၁၁၊ ၂ သက် ၂း ၁၃၊ ၂ တိ ၂း၁ဝ၊ ၁ ပေ ၁း၁၊ ၂) ကျွန်ုပ်တိုသင်ကြားကြသည်။
ဘုရားသခင်၏ အခွင့်အာဏာ၌ ရွေးကောက်ခြင်းသည်လူသားများ၏ တုံပြန်မှုဖြစ်သော နောင်တရခြင်းဖြစ် စဉ်နှင့် ခရစ်တော်အား ကယ်တင်ရှင်သခင်အဖြစ် ယုံကြည်ခြင်းတိုမလိုအပ်ဟု မဆိုလိုပါ(သို) ဆန့်ကျင်ခြင်းမရှိကြောင်း (ယေဇ ၁၈း၂၃၊ ၃၂၊ ၃၃း၁၁၊ ယော ၃း၁၈၊ ၁၉၊ ၃၆၊ ၅း၄၀၊ ၂ သက် ၂း၁ဝ-၁၂၊ ဗျာ ၂၂း၁၇) ကျွန်ုပ်တိုသင်ကြားကြသည်။ သိုသော်ငြားလည်း ဘုရားသခင်၏ ကျေးဇူးတရားတွင် ကယ်တင်ခြင်း ဆုကျေးဇူး ပါရှိသကဲ့သို လိုကယ်တင်ခြင်း ဆုကျေးဇူးလက်ခံရရှိခြင်း၏ ရည်ရွယ်ချက်သည်လည်း ပါဝင်ပြီး၊ ဘုရားသခင်၏ ဆုံးဖြတ်ချက် အတိုင်းလာလျှင် ရွေးကောက်ခြင်း၌ အကျိုးသက်ရောက်မည်ဖြစ်သည်။ ခမည်းတော်ကိုယ်တိုင် မိမိထံသိုခေါ်ခြင်းခံရသော လူအားလုံးယုံကြည်လာမည်ဖြစ်ပြီး၊ ခမည်းတော်သည်လည်း ယုံကြည်သော သူအားလုံးကို လက်ခံမည်ဖြစ်သည်။ (ယော ၆း၃၇-၄၀၊ ၄၄၊ တ ၁၃း၄၈၊ ယာ ၄း၈)။
လုံးဝပျက်စီးနေသော အပြစ်သားများအဖြစ် ဘုရားသခင်ခွင့်ပြုထားသော မလိုက် တန်သူများသည် သူတို၏ ကိုယ်ပိုင်အစွမ်း အစများနှင့်မပတ်သက်ပေ (သို) ထိုသူတို သည်မိမိ၏ အလိုဆန္ဒအတိုင်း အသက်ရှင်မည်ဟု ဘုရားသခင်မှကြိုတင်သိရှိခြင်းနှင့်လည်း ပတ်သက်မှုမရှိပေ။
ရွေးကောက်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတရားနှင့် ကရုဏာတော် သက်သက်ကြောင့် သာလျှင်ဖြစ်ကြောင်း (ဧ ၁း၄-၇၊ တိ ၃း၄-၇၊ ၁ ပေ ၁း၂) ကျွန်ုပ်တိုသင်ကြားကြသည်။
ရွေးကောက်ခြင်းသည် ဘုရားသခင်၏ အချုပ်အခြာအာဏာအပေါ်၌သာ ထုတ်နုတ် အခြေခံပြီး မကြည့်သင့်ပေ။ ဘုရားသခင်သည်အုပ်စိုးရှင် အမှန်ဖြစ်သော်လည်း အာဏာအသုံးပြု ရာတွင် အခြားသူ၏ ဂုဏ်အင်္ဂါများနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက်လေ့ရှိသည်။ အထူးသဖြင့် သူ၏ အလုံးစုံကိုသိမြင်ခြင်း၊ တရားမျှတခြင်း၊ သန့်ရှင်းစင်ကြယ်ခြင်း၊ ဉာဏ်ပညာ၊ ကျေးဇူးတော်၊ ချစ်ခြင်း (ရော ၉း၁၁-၁၆)အားလုံးတိုနှင့် သဟဇာတဖြစ်သည်။ ထိုအချုပ်အခြာ အာဏာသည် ကျွန်ုပ်တိုသခင်ယေရှုခရစ်တော်၏ အသက်တာ၌ ဖော်ပြခဲ့သည့်ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်များနှင့်အညီ တသမတ်တည်းပင်ဘုရားသခင်၏ အလိုတော်ကိုသာ အစဉ်အမြဲ ချီးမြောက်မည်ဖြစ်ကြောင်း (မ ၁၁း၂၅-၂၈၊ ၂ တိ ၁း၉) ကျွန်ုပ်တို သင်ကြားသည်။
အသစ်ပြုပြင်ခြင်း
အသစ်ပြုပြင်ခြင်းသည် ဘုရားသခင်နှင့်ဆိုင်သော သဘောသဘာဝနှင့် အသက်တာပေး အပ်ခံရခြင်း၌ သန့်ရှင်းသောဝိညာဉ်တော်မှ ဆောင်ရွက်ပေးသော သဘာဝလွန်ဖြစ်ရပ်ဖြစ်သည် (ယော ၃း၃-၈၊ တိ ၃း၅)။ သန့်ရှင်းသောဝိညာဉ်တော်၏ ဆောင်ရွက်ပေးမှုကြောင့် နောင်တရ သောအပြစ်သားများသည် ကယ်တင်ခြင်းတရားကို ယုံကြည်ခြင်းဖြင့် ပြန်လည်တုံပြန်သည့်အချိန်၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အကူအညီဖြင့် (ယော ၅း၂၄)၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးတော်အား ဖြင့်ချက်ချင်း ပြီးပြည့်စုံ သွားသည့်အရာ ဖြစ်သည်။ စစ်မှန်သော အသစ်ပြုပြင်ခြင်း သည် ဖြောင့်မတ်သော စိတ်နေစိတ်ထားနှင့် အပြုအမူများဖြင့် မြင်တွေ့နိုင်သည့် နောင်တ တရားနှင့် ထိုက်တန်သော အသီးအပွင့်များဖြင့် သက်သေထူရမည်ဖြစ်သည်။ ကောင်းသော အကျင့်များသည် မှန်ကန်သော သက်သေနှင့်အကျိုးရလဒ်များ ဖြစ်စေလိမ့်မည် (၁ ကော ၆း၁၉၂ဝ၊ ဧ ၅း၁၇-၂၁၊ ဖိ ၂:၁၂၊ ကော ၃း၁၂-၁၇၊ ၂ ပေ ၁း၄-၁၁)။ ထိုနာခံမှုသည် ယုံကြည်သူများကို သခင်ယေရှု ခရစ်တော်၏ ပုံသဏ္ဌာန်တော်နှင့် ပိုမို၍ တူညီလာစေမည်ဖြစ်သည်(၂ကော ၃း၁၈)။ ထိုသိုတူညီလာခြင်းသည် ခရစ်တော်ကြွလာသောအချိန်တွင် ယုံကြည်သူများ၏ ဘုန်းတန်ခိုးသည် အထွတ်အထိပ်သို ရောက်ရှိခြင်းဖြစ်သည်(ရောမ ၈း၁၆၊ ၁၇၊ ၂ပေ ၁း၄၊ ၁ယော ၃း၂၊၃) ဖြစ်ကြောင်း ကျွန်ုပ်တို သင်ကြားသည်။
ဖြောင့်မတ်ခြင်း
ဘုရားသခင်ရှေ့တော်တွင် ဖြောင့်မတ်ခြင်းဆိုသည်မှာ ခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် အပြစ်များမှ နောင်တရသောသူ (ဟေရှာ ၅၅း၆၊ ၇၊ လု ၁၃း၃၊ တ ၂း၃၈၊ ၃း၁၉၊ ၁၁း၁၈၊ ရော ၂း၄၊ ၂ ကော ၇း၁၀)၊ ခရစ်တော်ကို အစိုးပိုင်သော သခင်အဖြစ် ဝန်ခံသောသူများ၊ ကို ဖြောင့်မတ်သူအဖြစ် ဘုရားသခင်မှ ကြေညာသည့် လုပ်ဆောင်ချက်ဖြစ်သည် (ရော ၈း၃ဝ၊ ၃၃) ထိဖြောင့်မတ်ခြင်းသည် လူတို၏ မည်သည့် ကောင်းမှုကုသိုလ် (သို) ကြိုးစားအားထုတ်မှု အားဖြင့် (ရော ၃း၂၀၊၄း၆) မဟုတ်ဘဲ၊ ကျွန်ုပ်တို အပြစ်များကို ခရစ်တော်သည် ကိုယ်စားခံပေးခြင်း (ေကာ ၂း၁၄၊ ၁ ပေ ၂း၂၄)၊ ခရစ်တော်၏ ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို၏ ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်ခြင်း (၁ ကော ၁း၂၊ ၃၀၊ ၆း၁၁၊ ၂ ကော ၅း၂၁) တို ပါဝင်ကြသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ဘုရားသခင်သည် ယေရှုကို ယုံကြည်သောသူအား ဖြောင့်မတ်သည်ဟု အသိ အမှတ်ပြုတော်မူရန် ( ရော ၂၆) တတ်နိုင်တော်မူသည်ဟု ကျွန်ုပ်တို သင်ကြားသည်။
သန့်ရှင်းစင်ကြယ်စေခြင်း
ယုံကြည်သူတိုင်းသည် ဖြောင့်မတ်ခြင်းအားဖြင့် ဘုရားသခင်ရှေ့တော်တွင် သန့်ရှင်းသူ (သီးခြားမှတ်သား ထားသူ)များ ဖြစ်ခြင်းကြောင့် သန့်ရှင်းသူအဖြစ် သတ်မှတ်ခံရခြင်း၊ သူတော် စင်အဖြစ် ရှိနေကြသည်။ ဤသန့်ရှင်းခြင်းသည် ယုံကြည်သူတို၏ အနေအထားနှင့် ချက်ခြင်း ပြီးပြတ်သည့် ကိစ္စဖြစ်သောကြောင့် ဆင့်ကဲတိုးတက်နေသော သန့်ရှင်းစင်ကြယ်ခြင်း ဖြစ်စဉ်နှင့် မရောထွေးသင့်ပေ။ ဤသန့်ရှင်းစင်ကြယ်ခြင်းသည် ယုံကြည်သူ၏ ခိုင်မြဲတည်တံ့သည့် အဆင့် အတန်းဖြစ်ပြီး ယုံကြည်သူတို၏ လက်ရှိအခြေအနေနှင့် အသက်ရှင်မှုမဟုတ်ပေ။ (တ ၂၀း၃၂၊ ၁ ကော ၁း၂၊ ၃၀၊ ၆း၁၁၊ ၂ သက် ၂း၁၃၊ ဟေဗြဲ ၂း၁၃၊ ၃း၁၊ ၁၀း၁၀၊ ၁၄၊ ၁၃း၁၂၊ ၁ ပေ ၁း၂)ဟု ကျွန်ုပ်တို သင်ကြားသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံခြင်းအားဖြင့် ခရစ်တော်နှင့် ပိုမိုတူညီလာ အောင် ယုံကြည်သူများအား သန့်ရှင်းသောဝိညာဉ်က ဆင့်ကဲတိုးတက်နေသော သန့်ရှင်းစင်ကြယ် ခြင်း ဖြစ်စဉ်၌ လုပ်ဆောင်ပေးကြောင်း ကျွန်ုပ်တို သင်ကြားသည်။ သန့်ရှင်းသော ဝိညာဉ်တော် တန်ခိုးအားဖြင့် ယုံကြည်သူများသည် ဘုရားသခင်၏ အလိုတော်နှင့်အညီ သန့်ရှင်းသော အသက် တာဖြင့် ပိုမိုအသက်ရှင်လာနိုင်ပြီး၊ ကျွန်ုပ်တိုသခင်ယေရှုခရစ်တော်နှင့် ပို၍တူလာကြမည်ဖြစ်သည် ( ယော ၁၇း၁၇၊ ၁၉၊ ရော ၆း၁-၂၂၊ ၁ ကော ၃း၁၈၊ ၁ သက် ၄း၃၊ ၄၊ ၅း၂၃)။
ဤဖြစ်စဉ်တွင် ခရစ်တော်၌ လူသစ်ဖြစ်ခြင်းသည် အသွေးအသားနှင့် ဆန့်ကျင်တိုက်လှန် ရခြင်းကြောင့် ကယ်တင်ခြင်းရပြီးသူတိုင်း နေ့စဉ်နေ့တိုင်း ပဋိပက္ခများနှင့် ကြုံတွေ့ နေရမည်။ သိုသော် ကျိန်းဝပ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် လုံလောက်ပြည့်စုံ သော အထောက်အပံ့သည် အောင်မြင်ခြင်းကို ဖြစ်စေသည်။ သိုသော် ယုံကြည်သူများအနေဖြင့် လောကတွင် အသက်ရှင်နေသည့်ကာလတစ်လျှောက်လုံး ရုန်းကန်လှုပ်ရှားနေရမည်ဖြစ်ပြီး၊ မည်သည့်အခါမျှပြီး ဆုံးနိုင်မည်မဟုတ်ကြောင်း ကျွန်ုပ်တို သင်ကြားသည်။ ဤလူ့ဘဝတွင် အပြစ် ကို လုံးဝသုတ်သင်ဖယ်ရှားပစ်ရန် ကြိုးစားမှုများသည် ကျမ်းစာနှင့် မညီညွတ်ပေ။ အပြစ် ကို လုံးဝဖယ်ရှားနိုင်ရန် မဖြစ်နိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်ကို အောင်နိုင် ရန် အကူအညီ ပေးသည် (ဂလ ၅း၁၆-၂၅၊ ဧ ၄း၂၂-၂၄၊ ဖိ ၃း၁၂၊ ကော ၃း၉၊ ၁ဝ၊ ၁း၁၄-၁၆၊ ၁ ယော ၃း၅-၉)။
လုံခြုံစိတ်ချမှုရှိခြင်း
ကယ်တင်ရွေးနှုတ်ခြင်း ခံပြီးသူအားလုံးသည် ကယ်တင်ခြင်းရသည်နှင့် တပြိုင်နက် ဘုရား သခင်၏ တန်ခိုးတော်အားဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ခံရသောကြောင့် ခရစ်တော်၌ ထာဝရ လုံခြုံရသည့်အခွင့်ကို ရကြသည် (ယော ၅း၂၄၊ ၆း၃၇-၄၀၊ ၁၀း၂၇-၃၀၊ ရော ၅း၉၊ ၁၀၊ ၈း၁၊ ၃၁-၃၉၊ ၁ ကော ၁း၄-၉၊ ဧ ၄း၃၀၊ ဟေဗြဲ ၇း၂၅၊ ၁၃း၅၊ ၁ ပေ ၁း၄၊ ၅၊ ယုဒ ၂၄) ကျွန်တို သင်ကြားသည်။
ဘုရားသခင်၏ နှုတ်ကပတ်တော် သက်သေအားဖြင့် မိမိတိုကယ်တင်ခြင်း စိတ်ချမှုတွင် ယုံကြည်သူ များသည် ပျော်ရွှင်ဝမ်းမြောက်ခွင့်ကို ရရှိကြသည်။ သိုသော်လည်း ခရစ်ယာန်တို၏ လွတ်လပ်မှုကို အခွင့်ကောင်းယူပြီး အပြစ်တရား၌ အသက်ရှင်ခြင်း၊ ဇာတိပကတိအားဖြင့် အသက် ရှင်းခြင်းတိုကို အတိအလင်း တားမြစ်ထားသည်ဟု (ရော ၆း၁၅-၂၂၊ ၁၃း၁၃၊ ၁၄၊ ဂလ ၅း၁၃၊ ၁၆၊ ၁၇၊ ၂၅၊ ၂၆၊ တိ ၂း၁၁-၁၄) ကျွန်ုပ်တို သင်ကြားသည်။
ခွဲခြားခြင်း
အပြစ်မှ ခွဲခြားခြင်းသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်တစ်လျှောက် တိကျစွာ ဖော်ပြထား သည်။ ကျမ်စာတွင် ရှင်းလင်းစွာ ဖော်ပြထားသည်မှာ နောက်ဆုံးသော နေ့ရက်များတွင် မှားယွင်း သော အယူဝါဒများနှင့် မကောင်းသောအမှုအရာများ များပြားလာမည်ဖြစ်ကြောင်း (၂ ကော ၆း၁၄-၇၁၊ ၂ တိ ၃း၁-၅) ဖော်ပြထား သည်ဟု ကျွန်ုပ်တို သင်ကြားသည်။
လက်ခံရရှိရန် လုံးဝထိုက်တန်ခြင်းမရှိသည့် ထာဝရဘုရားသခင်၏ ကျေးဇူးတရားကို အကျွန်ုပ်တိုအား ပေးသနားတော်မူခဲ့သောကြောင့် စိတ်နှလုံးမှလှိက်လှဲစွာ ကျေးဇူးတုံပြန်ခြင်း အသက်တာဖြင့်သော်လည်း ကောင်း၊ ကျွန်ုပ်တို၏ မြင့်မြတ်မှုအားလုံးအတွက် ထာဝရဘုရားသခင် သာလျှင် အလွန်ထိုက်တန်သောကြောင့် ကယ်တင်ခြင်းခံရပြီးသော သူအားလုံးတိုသည် ဘုရား သခင်ကို ချစ်မြတ်နိုးသော စိတ်ထားများကို ဖော်ပြသည့် အပြုအမူ၌ နေထိုင်ခြင်းအားဖြင့် အရှင်သခင်နှင့် ကယ်တင်ရှင်၏ ဂုဏ်သိက္ခာကို ညှိးနွမ်းစေခြင်းမရှိစေရန် အသက်ရှင်နေထိုင် သင့်ကြောင်း သင်ကြားသည်။
ယုံကြည်သူများသည် သခင်ယေရှုခရစ်တော်နှင့်အတူ သီးခြားနေရမည်ဖြစ်ကြောင်း (၂) သက် ၁၁၁၊ ၁၂၊ ဟေဗြဲ ၁၂း၁၊ ၂) နှင့် ခရစ်ယာန်အသက်တာသည် မွန်မြတ်သော အကျင့် ဖြင့် (မ ၅:၂-၁၂) ဖြောင့်မတ်သည့် နာခံသောအသက်တာဖြစ်ကြောင်း၊ သန့်ရှင်းသော အသက် တာ၌ ဆက်လက်အသက်ရှင်ရန် ( ရော ၁၂း၁၊ ၂၊ ၂ ကော ၇း၁၊ ဟေဗြဲ ၁၂း၁၄၊ တိ ၂း၁၁-၁၄၊ ၁ ယော ၃း၁-၁၀) ဖြစ်ကြောင်း ကျွန်ုပ်တို သင်ကြားသည်။
အသင်းတော်
ခရစ်တော်ကို ယုံကြည်သောသူတိုင်းအား သန့်ရှင်းသော ဝိညာဉ်တော်သည် ချက်ချင်း ပင်ညီညွတ်သော ဝိညာဉ်ခန္ဓာကိုယ်တစ်ခု၌ သော်လည်းကောင်း၊ အသင်းတော်၌သော်လည်းကောင်း ( ၁ ကော ၁၂း၁၂၊ ၁၃) ခရစ်တော်၏ သတိုသမီးအဖြစ်သော်လည်းကောင်း( ၂ ကော ၁၁း၂၊ ဧ ၅း၂၃-၃၂၊ ဗျာ ၁၉း၇၊ ၈)၊ ခရစ်တော်ဦးဆောင်မှု၌ လိုက်သောသူများ အဖြစ်လည်း ကောင်း (ဧ ၁း၂၂၊ ၄း၁၅၊ ကော ၁း၁၈) ပေါင်းစည်းပေးကြောင်း ကျွန်ုပ်တို သင်ကြားသည်။
ခရစ်တော်၏ ကိုယ်ခန္ဓာအဖြစ် ဖွဲစည်းထားသော အသင်းတော်သည် ပင်တေကုတ္တေပွဲနေ့တွင် အစပြုခဲ့ပြီး (တ ၂း၁-၂၁၊ ၃၈-၄၇)၊ အသင်းတော်အား ချီဆောင်ဖိုရန် ခရစ်တော်ကြွလာသည့် အချိန်အထိ တည်ရှိနေလိမ့်မည် (၁ ကော ၁၅း၅၁-၅၂၊ ၁ သက် ၄း၁၃-၁၈)ဟု ကျွန်ုပ်တို သင်ကြား သည်။
အသင်းတော်သည် ခရစ်တော်ပုံဖော်ထားသည့် တုနှိင်း၍ မရနိုင်သော ဝိညာဉ်ရေးရာ အင်္ဂါအစိတ် အပိုင်းများဖြစ်ပြီး၊ လက်ရှိကာလအတွင်း ဒုတိယမွေးခြင်းခံရသော ယုံကြည် သူများအားလုံးဖြင့် ဖွဲစည်းထားသည် (ဧ ၂း၁၁-၁၆)။ အသင်းတော်နှင့် အစ္စရေးလူမျိုးတိုသည် သီးခြားရပ်တည်လျက်ရှိပြီး၊ အသင်းတော်၏ နက်နဲသောအရာကို နောက်ဆုံးသော နေ့ရက်မတိုင် မီထုတ်ဖော်ပြသတော်မူမည် မဟုတ်ပေ (၁ ကော ၁၀း၃၂၊ ဧ ၃း၁-၆၊ ၅း ၃၂) ဟု ကျွန်ုပ်တို သင်ကြားသည်။
ဒေသအတွင်း အသင်းတော်များ မစပြုခြင်းနှင့်ဆက်လက်ဖြစ်ပေါ်မှုကို ဓမ္မသစ်ကျမ်းစာ တွင် ရှင်းလင်းစွာ အနက်ဖွင့်ဆိုသင်ကြားထားပြီး ( တ ၁၄း၂၃၊ ၂၇၊ ၂၀း၁၇၊ ၂၈၊ ဂလ ၁း၂၊ ဖိ ၁း၁၊ ၁ သက် ၁း၁၊ ၂ သက် ၁း၁)၊ ဝိညာဉ်ကိုယ်ခန္ဓာတစ်ခု၏ အစိတ်အပိုင်းများဖြစ်သည့် ယုံကြည်သူများသည် ဒေသအသင်းတော်များတွင် အတူတကွပူးပေါင်းကြရန် ညွှန်ကြားထားသည် (၁ ကော ၁၁း၁၈-၂ဝ၊ ဟေဗြဲ ၁၀း၂၅)ဟု ကျွန်ုပ်တို သင်ကြားသည်။
အသင်းတော်အတွက် အမြင့်ဆုံးအာဏာရှိသူသည် ခရစ်တော်သာဖြစ်ပြီး (ဧ ၁း၂၂။ ကော ၁း၁၈)၊ အသင်းတော်တွင် ခေါင်းဆောင်မှုပြုခြင်း၊ ဆုကျေးဇူးများ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းနှင့် ဝတ်ပြုခြင်းများသည် ကျမ်းစာတွင် တွေ့ရသောခရစ်တော်၏ အုပ်စိုးမှုအားဖြင့် သတ်မှတ်ချက်များအားလုံး ဖြစ်သည်ဟု ကျွန်ုပ်တို သင်ကြားသည်။ သမ္မာကျမ်းစာအတိုင်း ခရစ်တော် လက်အောက်တွင် သမ္မာတရားနည်းကျစွာ အစေခံသော အမှုဆောင်များနှင့် အသင်း သားများကို ဦးစီးသူများသည် သင်းအုပ်များ ( ဘုန်းကြီး ၊ သင်းအုပ်များ၊ သင်းအုပ်ဆရာများဟု ခေါ်သော အမျိုးသားများသာ (တ ၂၀း၂၈၊ ဧ ၄၁၁)နှင့်သင်းထောက်များ ဖြစ်ကြပြီးနှစ်မျိုးလုံး သည် ကျမ်းစာတွင် ဖော်ပြထားသည့် အရည်အချင်းများ ပြည့်မှီသူဖြစ်ရမည် (၁ တိ ၃း၁-၁၃၊ တ ၁း၅-၉၊ ၁ ပေ ၅း၁-၅)။
ထိုခေါင်းဆောင်များသည် ခရစ်တော်၏ အစခံကဲ့သို ( ၁ တိ ၅း၁၇-၂၂) ဦးဆောင်ခြင်း (သို) ကွပ်ကဲမှုပြု ရပြီး၊ အသင်းတော်ကို ညွှန်ကြားရာ၌ ခရစ်တော်၏ အခွင့်အာဏာ သက်ရောက် နေရမည်။ အသင်းသားများ သည် ထိုသူတို၏ ဦးဆောင်မှုကို ဝန်ခံနေရမည် (ဟေဗြဲ ၁၃၇၊ ၁၇) ဟု ကျွန်ုပ်တို သင်ကြားသည်။ တပည့်တော်ဖြစ်ခြင်း၏ အရေးကြီးခြင်း (မ ၂၈း၁၉၊ ၂၀၊ ၂ တိ ၂:၂) ယုံကြည်သူအချင်းချင်း တာဝန်ခံမှုရှိခြင်း (မ ၁၈း၁၅-၁၇)၊ အပြစ်ကျူးလွန်သော အသင်းသားများကို သမ္မာကျမ်းစာ စံနှုန်းအတိုင်း ဆုံးမခြင်း(မ ၁၈း၁၅-၂၂၊ တ ၅း၁-၁၁၊ ၁ ကော ၅း၁-၁၃၊ ၂ သက် ၃း၆-၁၅၊ ၁ တိ ၁း၁၉၊ ၂၀၊ တိ ၁း၁၀-၁၆) စသည်တိုကို ကျွန်ုပ်တို သင်ကြားသည်။
ဒေသဆိုင်ရာအသင်းတော်၏ လွပ်လပ်ခွင့်သည် မည်သည့်ပြင်ပ အာဏာပိုင်အဖွဲ အ စည်းများ (သို) ထိန်းချုပ်မှုများ မရှိဘဲ၊ ကိုယ်ပိုင်အုပ်ချုပ်သော အခွင့်အရေးရှိပြီး မည်သည့်ပုဂ္ဂိုလ်နှင့် အဖွဲ အစည်း အဆင့်ဆင့်တို၏ လွှမ်းမိုးမှုအောက်မှ (တိ ၁း၅) ကင်းလွတ်သည်ဟု ကျွန်ုပ်တို သင်ကြားသည်။ ဧဝံဂေလိတရား ဝေငှရန်နှင့် ပြန့်ပွားရန်အတွက် စစ်မှန်သောအသင်းတော်များ အချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်းသည် သမ္မာကျမ်းစာနှင့်ကိုက်ညီသည်ဟု သင်ကြားသည်။ သိုသော်လည်း ဒေသအတွင်း အသင်းတော်များရှိ သင်းအုပ်များ၏ ကျမ်းစာအနက်ဖွင့်ခြင်းများ၊
ကျမ်းစာလက်တွေ့ကျင့်သုံး လိုက်နာခြင်းများသည် သူတို၏ ပူးပေါင်းဆောင်ရွက်မှုအတွက် စံနှုန်း နှင့် ဆုံးဖြတ်ချက်များဖြစ်ကြသည် (တ ၁၅း၁၉-၃၁၊ ၂၀း၂၈၊ ၁ ကော ၅း၄-၇၊ ၁၃၊ ၁ ပေ ၅း၁၄) ဟု ကျွန်ုပ်တို သင်ကြားသည်။
သမ္မာတရား၏ လမ်းပြမှုအောက်တွင် (၂ တိ ၂း၂၊၁၅၊ ၃း၁၆-၁၇) ယုံကြည်ခြင်း၌ တည်ဆောက်ထားသည့် (ဧ ၄း၁၃-၁၆)၊ အသင်းတော်၏ ရည်ရွယ်ချက်သည် မိတ်သဟာယဖွဲ ခြင်း (တ ၂း၄၇၊ ၁ ယော ၁း၃) အမိန့်တော်များကို စောင့်ရှောက်ခြင်း (လု ၂၂း၁ဝ၊ တ ၂း၃၈-၄၂)၊ မြေကြီးစွန်းတိုင်အောင် ဧဝံဂေလိတရားကို ပြန့်ပွားအောင် ဟောပြောခြင်းတိုဖြင့် (မ ၂၈း၁၉၊ တ ၁း၈) ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန်ဖြစ်သည် (ဧ ၃း၂၁)ဟု ကျွန်ုပ်တို သင်ကြားသည်။ သူတော်စင်များအားလုံးကို အမှုတော်မြတ်၌ ပါဝင်ကြရန်ခေါ်တော်မူ ကြောင်းကို ( ၁ကော ၁၅း၅၈၊ ဧ ၄း၁၂၊ ဗျာ ၂၂း၁၂) ကျွန်ုပ်တို သင်ကြားသည်။
ဤလောက၌ ဘုရားသခင်၏ ရည်ရွယ်ချက် ပြည့်စုံစေခြင်းအလိုငှာ အသင်းတော်သည် ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ကျွန်ုပ်တိုသင်ကြားသည်။ ပြီးမြောက်မှုတွင် သူသည်အသင်းတော်ကို ဝိညာဉ်ရေးရာ ဆုကျေးဇူးများပေးခဲ့သည်။ သာသနာတွင် အမှုတော် ထမ်းရွက်ရန် (ဧ ၄း၇-၁၂) သန့်ရှင်းသူတိုကို ပြင်ဆင်ခြင်းငှာ ရင့်ကျက်သော လူယောက်ျားများကို ရွေးချယ်ပြီး၊ ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းတစ် ခုစီတိုင်းကို အထူးကောင်းမြတ်သည့် ဝိညာဉ်ရေးရာ စွမ်းဆောင်ရည်များကိုလည်း ပေးခဲ့သည် (ရော ၁၂း၅-၈၊ ၁ ကော ၁၂း၄-၃၁။ ၁ ပေ ၄း၁၀၊ ၁၁)ဟု ကျွန်ုပ်တို သင်ကြားသည်။
ဘုရားသခင်သည် ကနဦးအသင်းတော်သို ဆုကျေးဇူးနှစ်မျိုး ပေးခဲ့သည်။ တစ်မျိုးမှာ တမန်တော်တို၏ တရားဒေသနာ စစ်မှန်ကြောင်းကို အတည်ပြုရန်အတွက် ရည်ရွယ်ထားသည့် ထိုတမန်တော်ခေတ်ကာလ အတွက် ထာဝရဘုရားမှ ခေတ္တယာယီခွင့်ပြုထားသော ကျေးဇူးများ ဖြစ်ကြသည့် သဘာဝလွန်ဖြစ်ရပ်များ ဖန်တီးနိုင်စွမ်းနှင့် အနာရောဂါလွတ်ငြိမ်းနိုင်စွမ်း (၂ ကော ၁၂း၁၂၊ ဟေဗြဲ ၂:၃-၄) နှင့် နောက်တစ်မျိုးမှာ တစ်ဦးနှင့်တစ်ဦး ခွန်အားပေးတည်ဆောက်ခြင်း အလိုငှာ ယုံကြည်သူများကိုပြင်ဆင်ပေးသည့် အမှုတော်ထမ်းဆောင်နိုင်စွမ်း ဆုကျေးဇူးတို ဖြစ် သည်ဟု ကျွန်ုပ်တိုသင်ကြားသည်။ ယခုခေတ်တွင် ဓမ္မသစ်ကျမ်း ရုပါရုံဖော်ပြချက်များ ပြည့်စုံပြီး ဖြစ်သောကြောင့် လူတစ်ဦး၏ တရားဒေသနာစစ်မှန်မှုနှင့် တရားဝင်မှုအတွက် အတည်ပြုစမ်း သပ်နိုင်ရန် သဘာဝလွန်ဖြစ်ရပ်များ ပြုလုပ်နိုင်စွမ်း ဆုကျေးဇူး (အနာရောဂါ လွတ်ငြိမ်းခြင်း အပါအဝင်)များ လိုအပ်ခြင်းလုံးဝ မရှိတော့ဘဲ (၁ ကော ၁၃း၈-၁၂) သမ္မာကျမ်းစာသည်သာလျှင် လူတစ်ဦး၏ တရားဒေသနာစစ်မှန်မှုရှိမရှိ စမ်းသပ်ပေးနိုင်သည့် တစ်ခုတည်းသော စံနှုန်း လာသည်။ ယနေ့လက်ရှိ လည်ပတ်နေသည့် ဆုကျေးဇူးမှာ ယုံကြည်သူများ တစ်ဦးနှင့်တစ်ဦးခွန်အားပေးတိုက်တွန်းခြင်း အလိုငှာပြင်ဆင်ပေးရန်သာဖြစ်ပြီး ဗျာဒိတ်ရူပါရုံ ဖော်ပြချက်များနှင့် ကင်းရှင်းသည့် ဆုကျေးဇူးများသာ ဖြစ်သည်ဟု (ရောမ ၁၂း၆-၈) ကျွန်ုပ်တို သင်ကြားသည်။
ယနေ့တွင် အနာရောဂါလွတ်ငြိမ်းခြင်း ဆုကျေးဇူးအား မည်သူမျှ မပိုင်ဆိုင်ကြသော်လည်း ဖျားနာခြင်း၊ ဆင်းရဲဒုက္ခများနှင့်ပဋိပက္ခများအတွက် ယုံကြည်ခြင်းဖြင့် ဆုတောင်းသည့်အခါတွင် ဘုရားသခင်သည် သူ၏ပြည့်ဝစုံလင်သည့် အလိုတော်နှင့်အညီ နားညောင်းတော်မူမည် (လု ၁း၁-၈၊ ယော ၅း၇-၉၊ ၂ ကော ၁၂း၄၆-၁၀၊ ယာ ၅း၁၃-၁၆၊ ၁ ယော ၅း၁၄၊၁၅)ဟု ကျွန်ုပ်တို သင်ကြားသည်။
ဒေသဆိုင်ရာအသင်းတော်သို လိုက်နာရမည့်မိန့်မှာချက်နှစ်ခုမှာ ပေးထားခဲ့ပြီး၊ နှစ်ခြင်း ပေးခြင်းနှင့် သခင်၏ ညစာစားပွဲကျင်းပရန်ဖြစ်သည်(တ ၂း၃၈-၄၂)ဟု ကျွန်ုပ်တို သင်ကြားသည်။ ခရစ်ယာန်တို၏ ရေထဲနှစ်မြုပ်ခြင်းဖြင့် နှစ်ခြင်းမင်္ဂလာခံယူခြင်း (တ ၈း၃၆-၃၉) သည် ကယ်တင် ရှင်၏ လက်ဝါးကပ်တိုင်တွင်ရိုက်ထားခြင်း၊ သင်္ဂြိုဟ်ခြင်းနှင့် ထမြောက်ခြင်းအကြောင်းကို ယုံကြည်ကြောင်း ဖော်ပြသည့် ယုံကြည်သူတစ်ဦး၏ ယုံကြည်သက်ဝင်မှုနှင့် လှပသော သက်သေ ခံချက်ဖြစ်ပြီး၊ အပြစ်တရား၌သေ၍ ယေရှုနှင့်အတူ တစ်လုံးတစ်ဝတည်းဖြစ်ပြီး၊ အသစ်သော အသက်တာဖြင့် ရှင်ပြန်ထမြောက်ခြင်းဖြစ်သည် (ရော ၆း၁-၁၁)။ ဤကဲ့သို နှစ်ခြင်းမင်္ဂလာ ခံယူခြင်းသည်ခရစ်တော်၏ ကိုယ်ခန္ဓာနှင့်မိသဟာယဖွဲခြင်း သင်္ကေတနှင့် အထောက်အထား သက်သေဖြစ်သည် (တ ၂း၄၁၊ ၄၂)ဟု ကျွန်ုပ်တို သင်ကြားသည်။
သခင်၏ ညစာစားပွဲသည် အထိမ်းအမှတ်ပွဲဖြစ်ပြီး ခရစ်တော်ပြန်လာသည်အထိ သူ၏ သေခြင်းအကြောင်းကို ကြေညာခြင်းဖြစ် လေရာ၊ မိမိကိုယ်ကို အစဉ်အမြဲလေးနက်စွာ ဆန်းစစ် ပြီးမှ ပါဝင်ရန် ဖြစ်သည် (၁ ကော ၁၁း၂၃-၃၂) ဟု ကျွန်ုပ်တိုသင်ကြားသည်။ ပွဲတော်တွင် ပါဝင်သည့်အရာများသည် မည့်သည့်အရာ ဖြစ်နေပါစေ ခရစ်တော်၏ ကိုယ်နှင့်အသွေးကို ကိုယ်စားပြုခြင်းသာဖြစ်သည်။ သိုသော်ငြားလည်းသခင်၏ ညစာစားပွဲသည် တမူထူးခြားစွာ အတူပါရှိနေသည့်၊ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်နှင့် အမှန်တကယ်ပင် မိသဟာယ ဖွဲခြင်း၊ သူ၏လူများနှင့်အတူ မိတ်သဟာယဖွဲခြင်း (၁ ကော ၁၀း၁၆) ဖြစ်သည်ဟု ကျွန်ုပ်တို သင်ကြားသည်။
ကောင်းကင်တမန်များ
သန့်ရှင်းသော ကောင်းကင်တမန်များ
ကောင်းကင်တမန်များသည် ဖန်ဆင်းခံသတ္တဝါများ ဖြစ်သောကြောင့် သူတိုကို ဝတ်ပြု ကိုးကွယ်ရန် မဟုတ်ပေ။ ထိုသူတိုကို လူထက်အဆင့်အတန်း အနည်းငယ်မြင့်ပြီး ဖန်ဆင်းထား သော်လည်း၊ သူတိုသည် ဘုရားသခင်ကို အစေခံရန်နှင့် ဝတ်ပြုကိုးကွယ်ရန်အတွက် ဖန်ဆင်းထား ခြင်းဖြစ်သည် (လု ၂း၉-၁၄၊ ဟေဗြဲ ၁း၆၊ ၇၊ ၁၄၊ ၂း၆၊ ၇၊ ဗျာ ၅း၁၁-၁၄)ဟု ကျွန်ုပ်တို သင်ကြားသည်။
ကျရှုံးသော ကောင်းကင်တမန်များ
စာတန်သည် ဖန်ဆင်းခံ ကောင်းကင်တမန်ဖြစ်ပြီး အပြစ်စတင်လုပ်ဆောင်သူ ဖြစ်သည်။ ဖန်ဆင်းရှင်အား ပုန်ကန်ခြင်းအားဖြင့် (ဟေရှာ ၁၄း၁၂-၁၇၊ ယေဇ ၂၈း၁၁-၁၉)၊ သူ၏ကျရှုးခြင်း၌ များစွာသော ကောင်းကင်တမန်များကို ခေါ်ဆောင်သွားခြင်း (မ ၂၅း၄၁၊ ဗျာ ၁၂း ၁-၁၄)၊ ဧဝ ကို သွေးဆောင်ခြင်းဖြင့် လူသားမျိုးနွယ်စုထဲသို အပြစ်တရားကို အစပျိုးခဲ့ခြင်း(က ၃း၁-၁၅) စသည်တိုကြောင့် သူသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံခဲ့ရသည်ဟု ကျွန်ုပ်တို သင် ကြားသည်။
– စာတန်သည် ဘုရားနှင့်လူတို၏ ရန်သူအဖြစ် စတင်ကြေညာခဲ့သူဖြစ်ပြီး (ဟေရှာ ၁၄း၁၃၊ ၁၄၊ မ ၄း၁-၁၁၊ ဗျာ ၁၂း၉၊၁၀) ယေရှုခရစ်တော်၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ရှုးနိမ့်ခဲ့သော လောက၏ ဘုရင် (ရော ၁၆း၂၁)၊ မီးအိုင်ကြီးထဲတွင် ထာဝရ အပြစ်ပေးခြင်းခံရ လိမ့်မည်သူ (ဟေရှာ ၁၄း၁၂-၁၇၊ ယေဇ ၂၈း၁၁-၁၉၊ မ ၂၅း၄၁၊ ဗျာ ၂၀း၁၀)ဟု ကျွန်ုပ်တို သင်ကြားသည်။
နောက်ဆုံးသောအရာများ
သေခြင်း
ခန္ဓာကိုယ်သေခြင်း၌ ကျွန်ုပ်တို၏ ရုပ်ခန္ဓာပိုင်းမဟုတ်သည့် အသိစိတ် ဆုံးရှုးသွားခြင်း မရှိပေ (ဗျာ ၆း၉-၁၁)။ ဝိညာဉ်နှင့် ကိုယ်ခန္ဓာသည် ခွဲခြားထားကြောင်း (ယာ ၂း၁၆)၊ ကယ်တင်ခြင်း ရရှိသော ဝိညာဉ်သည် ခရစ်တော်၏ မျက်မှောက် ချက်ချင်းရောက်ရှိသွားကြောင်း (လု ၂၃း၄၃၊ ၂ ကော ၅း၈၊ ဖိ ၁း၂၃)၊ ရွေးနှုတ်ခြင်းခံရသူအတွက် ခန္ဓာနှင့် ဝိညာဉ်ခွဲခြားခြင်းကို ချီဆောင်ခြင်း ကာလအထိ ဆက်လက်ခွဲခြားထား မည်ဖြစ်ကြောင်း(၁ သက် ၄း၁၃-၁၇)၊ ပထမရှင်ပြန် ထမြောက် ခြင်းတွင် (ဗျာ ၁၀း၄-၆) ကျွန်ုပ်တို၏ ဝိညာဉ်နှင့်ခန္ဓာသည် ပြန်လည်ပေါင်းစည်းပြီး ကျွန်ုပ်တို ခရစ်တော်နှင့်အတူ ထာဝရဘုန်းထင်ရှားမည်ဖြစ်ကြောင်း (၁ကော ၁၅း၃၅-၄၄၊ ၅ဝ-၅၄၊ ဖိ ၃း၂၁) ကျွန်ုပ်တို သင်ကြားသည်။ ထိုနေ့ရက်တိုင်အောင် ခရစ်တော်၌ရွေး နှုတ်ခြင်းခံရသော ဝိညာဉ်များသည် ကျွန်ုပ်တို သခင်ယေရှုခရစ်တော်နှင့်အတူ ဝမ်းမြောက်စွာ မိတ်သဟာယ ဖွဲနေမည်ဖြစ်သည် (၂ ကော ၅း၈)ဟု ကျွန်ုပ်တို သင်ကြားသည်။
ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်သော လူအားလုံးသည် ထာဝရအသက်ရရန် ကယ်တင် ခြင်းရပြီးသူများဖြစ်ပြီး ( ယော ၆း၃၉၊ ရော ၈း၁၀၊ ၁၁၊ ၁၉-၂၃၊ ၂ ကော ၄း၁၄) ကယ်တင်ခြင်း မရသော သူများသည် တရားစီရင်ခြင်း၊ ထာဝရ အပြစ်စီရင်ခြင်းကို ခံရမည် (ဒံ ၁၂း၂၊ ယော ၅:၂၉၊ ဗျာ ၂၀း၁၃-၁၅) ဖြစ်ကြောင်း ကျွန်ုပ်တို သင်ကြားသည်။
ကယ်တင်ခြင်းမရသော သူတိုသေဆုံးခြင်း၌ ၄င်းတို၏ ဝိညာဉ်များသည် ဒုတိယ ရှင်ပြန်ထမြောက် ခြင်းအထိ အပြစ်ပေးခြင်းကို ခံနေရမည်ဖြစ်ပြီး(လု ၁၆း၁၉-၂၆၊ ဗျာ ၂၀း၁၃-၁၅)၊ ၄င်းနောက်ဝိညာဉ်နှင့် ထမြောက်သော ကိုယ်ခန္ဓာသည် ပြန်လည် ပေါင်းစည်းလိမ့်မည် (ယော ၅း၂၈၊ ၂၉)။ သူတိုသည် တရားစီရင်ရာ ပလ္လင်ဖြူရှေ့တွင် ပေါ်လာရပြီး (ဗျာ ၂၀း၁၁-၁၅)၊ ငရဲ၊ မီးအိုင်ထဲသို ချပစ်ခြင်း (မ ၂၅း၄၁-၄၆)၊ ဘုရားသခင်ပေးသော အသက်နှင့် ထာဝရ ဖြတ်တောက်ခံရခြင်း(၁၂း၂၊ မ ၂၅း၄၁-၄၆၊ ၂ သက် ၁း၇-၉) ဖြစ်မည်အကြောင်း ကျွန်ုပ်တို သင်ကြားသည်။
အသင်းတော်အားချီဆောင်ခြင်း
ဘေးဒဏ်ကြီးကာလ (၇) နှစ်မတိုင်မီ (၁ သက် ၄း၁၆) ကျွန်ုပ်တို သခင်ယေရှုခရစ်တော် ကိုယ်တိုင် ကိုယ်ခန္ဓာကိုယ်အားဖြင့် ဤလောကမှ သူ၏အသင်းတော်ကို ချီဆောင်ရန် (ယော ၁၄း၁-၃၊ ၁ ကော ၁၅း၅၁-၅၃၊ ၁ သက် ၄း၁၅-၅း၁၁) ပြန်လည်ကြွရောက်လာမည်ဖြစ်ပြီး၊ ထိုအဖြစ်အပျက်နှင့် သူတော်စင်များနှင့်အတူ ဘုန်းတော်ဖြင့် ပြန်ကြွလာချိန်ကြား ကာလအတွင်း၊ ယုံကြည်သူများကို သူတို လုပ်ဆောင်ခဲ့သည့်အတိုင်း၊ ဆုလဒ်များပေးမည်ဖြစ်ကြောင်း (၁ ကော ၃း၁၁-၁၅၊ ၂ ကော ၅း၁ဝ) ကျွန်ုပ်တို သင်ကြားသည်။
ဘေးဒဏ်ကြီးကာလ
အသင်းတော်ကို ကမ္ဘာမြေပေါ်မှ ယူဆောင်သွားပြီးနောက်(ယော ၁၄း၁-၃၊ ၁ သက် ၄း၁၃-၁၈) ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်မှုသည် မယုံကြည်သော လောကီသား များအပေါ် သွန်းလောင်းမည်ဖြစ်ကြောင်း( ယေ ၃၀း၇၊ ဒံ ၉:၂၇၊ ၁၂း၁၊ ၂ သက် ၂း၇-၁၂၊ ဗျာ ၁၆) ကျွန်ုပ်တို သင်ကြားသည်။ ထိုတရားစီရင်ခြင်းသည် ခရစ်တော်ဘုန်းတော်ဖြင့် ကမ္ဘာမြေပေါ် သို ပြန်ကြွရောက်လာသည့်အခါ အထွတ်အထိပ်သို ရောက်ရှိလိမ့်မည်ဖြစ်သည် (မ ၂၄း၂၇-၃၁၊ ၂၅း၃၁-၄၆၊ ၂ သက် ၂း၇-၁၂)။ ထိုအချိန်တွင် ဓမ္မဟောင်းကျမ်းနှင့် ဘေးဒဏ်ကြီးကာလ သူတော်စင်များသည် ထမြောက်ပြီး အသက်ရှင်သောသူများသည် တရားစီရင်ခြင်းခံရလိမ့်မည် ဖြစ်သည် (ဒံ ၁၂း၂-၃၊ ဗျာ ၂၀း၄-၆)။ ထိုအချိန်ကာလသည် ဒံယေလ ပရောဖက်ပြုထားသည့် ခုနှစ်ဆယ်သီတင်း၌ ပါဝင်သည် (ဒံ ၉း၂၄-၂၇၊ မ ၂၄း၁၅-၃၁၊ ၂၅း၃၁-၄၆)။
ဒုတိယအကြိမ် ကြွလာခြင်းနှင့် နှစ်ပေါင်း ၁ဝဝဝ အုပ်စိုးခြင်း
ဘေးဒဏ်ကြီးကာလ ပြီးဆုံးသွားသောအခါ ခရစ်တော်သည် ဒါဝိဒ်၏ ပလ္လင်ပေါ်၌ နေရာယူရန်အတွက် လောကသို ဆင်းသက်လာပြီး (မ ၂၅း၃၁၊ လု ၁း၃၂၊ ၃၃၊ တ ၁း၁ဝ၊ ၁၁၊ ၂း၂၉၊ ၃၀)၊ ကမ္ဘာမြေပေါ်တွင် နှစ်ပေါင်းတစ်ထောင်အုပ်စိုးခြင်းအားဖြင့် သူ၏ မေရှိယနိုင်ငံတော် ကို တည်ထောင်မည်ဖြစ်ကြောင်း (ဗျာ ၂၀း၁-၇ ) ကျွန်ုပ်တို သင်ကြားသည်။ ထိုအချိန်အတော အတွင်း ထမြောက်ခဲ့သော သူတော်စင်များသည် ခရစ်တော်နှင့်အတူ အစ္စရေးလူမျိုးများနှင့် လောကီနိုင်ငံ အားလုံးတိုအပေါ် အုပ်စိုးလိမ့်မည်ဖြစ်သည် (ယေဇ ၃၇း၂၁-၂၈၊ ဒံ ၇း၁၇-၂၂၊ ဗျာ ၁၉း၁၁-၁၆)။ ထိုအုပ်စိုးခြင်းသည်အန္တိခရစ်နှင့် မှားယွင်းသောပရောဖက်များ ကျရှုးခြင်း၊ လော ကမှ စာတန်အား ဖယ်ထုတ်ခြင်းတို အရင်ဖြစ်ပျက်မည်ဖြစ်သည် (ဒံ ၇း၁၇-၂၇၊ ဗျာ ၂၀း၁-၆)။
ဘုရားသခင်အား နားမထောင်ခြင်းကြောင့် (တရားဟော ၂၈း၁၅-၆၈) အသိမ်းခံလိုက်ရ သော အစ္စရေးတို၏ နယ်မြေများကို ပြန်လည်သိမ်းပိုက်ပြီး ဘုရားသခင်မှ အစ္စရေးတိုအပေါ် ထားရှိသည့် ကတိတော်နိုင်ငံသည်လည်း ပြည့်စုံလိမ့်မည်ဖြစ်ကြောင်း (ဟေရှာ ၆၅း၁၇-၂၅၊ ယေဇ ၃၇း၂၁-၂၈၊ ဇာ ၈း၁-၁၇) ကျွန်ုပ်တို သင်ကြားသည်။ နားမထောင်ခြင်း၏ အကျိုးရလဒ် သည် အစ္စရေးလူမျိုးများ ခဏတာဘေးဖယ်ခံထား ရသော်လည်း (မ ၂၁း၄၃၊ ရော ၁၁း၁-၂၆) ကောင်းကြီးမင်္ဂလာနယ်မြေထဲသို နောင်တရခြင်းအားဖြင့် တဖန်ပြန်လည်ဝင်လာလိမ့်မည် ဖြစ် သည် (ယေ ၃၁း၃၁-၃၄၊ ယေဇ ၃၆း၂၂-၃၂၊ ရော ၁၁း၂၅-၂၉)။
ကျွန်ုပ်တို သခင် အုပ်စိုးချိန်တွင် ညီညွတ်ခြင်း၊ တရားမျှတခြင်း၊ ငြိမ်းချမ်းခြင်း၊ ဖြောင့်မတ် ခြင်း၊ အသက်ရှည်ခြင်း (ဟေရှာ ၁၁၊ ၆၅း၁၇-၂၅၊ ဟေဇ ၃၆း၃၃-၃၈)တိုဖြင့် သိသာထင်ရှားလိမ့် မည်ဖြစ်ပြီး၊ စာတန်ပြန်လည် လွတ်မြောက်လာသောအခါ၌ ဤလောကကုန်ဆုံးမည်ဖြစ်သည် (ဗျာ ၂၀း၇)ဟု ကျွန်ုပ်တို သင်ကြားသည်။
ဝိညာဉ်ဆုံးရှုံးသူများကို တရားစီရင်ခြင်း ၊
ခရစ်တော် နှစ်ပေါင်းတစ်ထောင် အုပ်စိုးပြီးနောက် စာတန်ကို လွတ်မြောက်လာသော အခါတွင် (ဗျာ ၂၀း၇)၊ လောကီနိုင်ငံများကို လှည့်စားလိမ့်မည်ဖြစ်ပြီး သူ့နောက်လိုက်များနှင့်အတူ ချစ်ဖွယ်သောမြိုတော်နှင့် သူတော်စင်များကို ဆန့်ကျင်တိုက်ခိုက်ချိန်တွင် စာတန်နှင့် သူ၏စစ်တပ် သည် ကောင်းကင်မှကျသော မီး၏ ဝါးမျိုခြင်းကို ခံရလိမ့်မည် (ဗျာ ၂၀း၉)ဟု ကျွန်ုပ်တို သင်ကြား သည်။ ထိုအဖြစ်အပျက်ပြီးနောက် စာတန်သည် ကန့်နှင့်လောင်သော မီးအိုင်ထဲသို ချပစ်ခြင်းကို ခံရလိမ့်မည်ဖြစ်ပြီး (မ ၂၅း၄၁၊ ဗျာ ၂၀း၁၀) လူသားအားလုံးကို တရားစီရင်သူဖြစ်သော ခရစ်တော်သည် တရားစီရင်ရာပလ္လင်ဖြူတွင် အကြီး၊ အငယ်အားလုံးကို ထမြောက်စေပြီး တရားစီရင် လိမ့်မည်ဖြစ်သည်။
ကယ်တင်ခြင်းမရသေးသောသူများကို တရားစီရင်ရန် ထမြောက်ခြင်းသည် ရုပ်ခန္ဓာဖြင့် ထမြောက်ခြင်းဖြစ်ကြောင်း၊ သူတိုသည် တရားစီရင်ခြင်းခံရမည်ဖြစ်ကြောင်း (ယော ၅း၂၈၊ ၂၉)၊ သူတိုကို မီးအိုင်ထဲတွင် ထာဝရအပြစ်ဒဏ် ခံစားရန်အတွက် အပ်နှံခံမည်ဖြစ်ကြောင်း (မ ၂၅း၄၁။ ဗျာ ၂၀း၁၁-၁၅) ကျွန်ုပ်တို သင်ကြားသည်။
ထာဝရကာလ
ခရစ်တော်နှစ်ပေါင်းတစ်ထောင် အုပ်စိုးပြီးချိန်၊ စာတန်အား ခဏတာလွှတ်ပေးခြင်း၊ မယုံကြည်သူများကို တရားစီရင်ခြင်း (၂ သက် ၁း၉၊ ဗျာ ၂၀း၇-၁၅)၊ ကယ်တင်ခြင်း ရသော သူတိုသည် ဘုရားသခင်နှင့်အတူ ထာဝရကာလ ဘုန်းတော်ထင်ရှားရန် ဝင်စားခြင်း၊ ထိုအဖြစ် အပျက်များ ဖြစ်ပြီးနောက် မြေကြီးသည် ပျက်စီးသွားမည်ဖြစ်ပြီး (၂ ပေ ၃း၁၀) ဖြောင့်မတ် သောသူများသာ နေထိုင်ရန်မြေကြီးသစ်နှင့် အစားထိုးမည်ဖြစ်ကြောင်း (ဧ ၅း၅၊ ဗျာ ၂၀း၁၅၊ ၂၁၊၂၂) ကျွန်ုပ်တို သင်ကြားသည်။ ထိုနောက် ကောင်းကင်မြိုတော်သည် ကောင်းကင်မှ ဆင်း သက်လာပြီး (ဗျာ ၂၁း၂) ဘုရားသခင်နှင့်သော်လည်းကောင်း၊ လူတစ်ဦးနှင့် တစ်ဦးသော်လည်း ကောင်း ပျော်ရွှင်စွာ ထာဝရမိတ်သဟာယဖွဲရမည့် သူတော်စင်များအတွက် နေထိုင်နိုင်မည်ဖြစ် သည် (ယော ၁၇း၃၊ ဗျာ ၂၁၊ ၂၂)။ ရွေးနှုတ်ခြင်းလုပ်ငန်းအား ပြီးဆုံးအောင် လုပ်ဆောင်ခဲ့သည့် ကျွန်ုပ်တိုသခင်ယေရှုခရစ်တော်သည် နိုင်ငံတော်ကို ခမည်းတော်ဘုရားထံသို အပ်နှံမည်ဖြစ်ပြီး (၁ ကော ၁၅း၂၃-၂၈)၊ သုံးပါးတစ်ဆူဘုရားသည် နေရာရှိရှိသမျှအားလုံးတွင် ထာဝရကာလ အုပ်စိုးနေမည်ဖြစ်သည် (၁ ကော ၁၅း၂၈)။