ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်    

Author- O.J. Gibson

ဆက်သွယ်ရန်-

Editor : ဆရာဦးကပ်ကျင့်ထန် (Kap Cin Thang)

(အသင်းတော်အတွင်း ကန့်သတ်ထုတ်ဝေသည်)

စကားချီး

            အသင်းတော်အကြောင်းကို  အဘယ်ကြောင့် စာစဉ်ထုတ်ရပါသနည်း။

            ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် ဘုရားသခင်ဖြစ်တော်မူသော သခင်ယေရှုသည် အသင်းတော် အရေးကြီးကြောင်းကို မြွတ်ဆိုထားသောကြောင့် ဖြစ်ပါသည်။

            ဤလောကတွင် အသင်းတော်ကို သမ္မာတရား၏ အမှီသဟဲအဖြစ် ဘုရားသခင် တာဝန်အပ်နှင်းထားသောကြောင့် ဖြစ်ပါသည် (၁ တိ ၃း၁၅ )။

            အသင်းတော်မရှိလျှင် (အသင်းတော် မတည်ထောင်ရသောနေရာ) ဘေးအန္တရာယ်ရှိပါသည်။ ရှိလျှက်နှင့် အားနည်းနေလျှင်လည်း မသန်စွမ်းသူကဲ့သို့ ဖြစ်၍ ဘုရားသခင်၏ အမှုတော်ကို မဆောက်ရွက်နိုင်သောကြောင့် ဖြစ်ပါသည်။

            အသင်းတော်၏ ကဏ္ဍများကို မသိနားမလည်၊ မနှစ်ခြိုက်လျှင် ၄င်းကို ထောက်မခြင်းနှင့် ၄င်း၏ လုပ်ဆောင်ချက်များကို အားနည်းစေတတ်သောကြောင့်ဖြစ်ပါသည်။

            ဘုရားသခင်၏ အစီအစဉ်တော်ကို ရာစုနှစ်ပေါင်းများစွာ ဂရုမစိုက်ခြင်း၊ မိမိကြိုက်နှစ်သက်သည့်အတိုင်းပြုမူခြင်း၊ အပေးအယူလုပ်ခြင်း၊ လျစ်လျူရှုခြင်း၊ နာမခံခြင်း၊ သွေဖီခြင်းများ ရှိခဲ့သဖြင့် ကျမ်းစာနှင့် ညီညွတ်သော လုပ်ဆောင်ခြင်းများကို နားမလည်နိုင်တော့ဘဲ တွေဝေမိန်းမောကြသောကြောင့် ဖြစ်ပါသည်။ ယနေ့ အသင်းတော်များသည် ကျမ်းစာကိုသာ လိုက်နာကြပါသည်ဟု ပြောကြသော်လည်း ကျမ်းစာ၌ ပါရှိသော အချက်အလတ်များကို ပုံစံမဖော်နိုင်ကြဘဲ ရှိနေပါသည်။ ဤသို့ ဖြစ်နေရခြင်းကို ယဉ်ကျေးမှုနှင့် ဒေသန္တရရေးရာကြောင့်ဖြစ်သည်ဟု လွယ်ကူစွာဆင်ခြေပေး တတ်ကြပါသည်။

ဤစာစဉ်သည် ပြဿနာအားလုံးကို ခြုံငုံအောင် ပြည့်စုံစွာ ဖော်ပြနိုင်မည် မဟုတ်ပါ။ ရှုထောင့်အားလုံးကိုလည်း ကျေနပ်စေနိုင်မည့် မဟုတ်ပေ။ ဤစာစဉ်၏ ရည်ရွယ်ချက်မှာ ကျမ်းစာအတိုင်း အသက်ရှင်သော အသင်းတော်နှင့် စပ်လျဉ်းသော အဓိကမူများကို လေ့လာကြည့်ရှု၍ ” ကျမ်းစာကဘာပြောသလဲ“ ဟူသော မေးခွန်း၏ အဖြေကို ဆင်ခြင်ရန်ဖြစ်ပါသည်။ ဤအချက်သည်  “ Luther , Calvin နှင့် အခြားခေါင်းဆောင်များက ဘယ်လိုမြင်ကြသလဲ” (သို့ “ ဘာသာရေး အယူဝါဒနှင့် အသင်းတော်ကောင်စီက ဘယ်လိုပြောသလဲ” (သို့) “လေ့လာသူများ ပြောသကဲ့သို့ အရေအတွက် တိုးခြင်းနှင့် အဘယ်အရာက ဖြစ်စေသနည်း” ဟူသော အဆိုများနှင့် လုံးဝမတူပါ။

            အချက်အလတ်ပြုစုရာ၌ ကျမ်းညွှန်းများကို စာမျက်နှာအကန့်အသတ်ရှိသည့်အတိုင်း အသုံးပြုသွားပါသည်။ ဓမ္မသစ်ကျမ်းသည် သခင်ယေရှုခရစ်၏ အသင်းတော်၏ မူလအစကို ထိုအသင်းတော် ပုံမှန်လည်ပတ်နိုင်အောင် လိုအပ်သော သွန်သင်ချက်များ၊ ပုံသက်သေများနှင့်အတူ မှတ်တမ်းတင်ထားပါသည်။

            သင်ခန်းစာတိုင်းကို စဉ်းစားသုံးသပ်ပြီး ဖတ်ပါ။ သင့်အနေနှင့် ယူဆသော အပိုင်းများရှိလျှင် စိ်တ်ရှည်ရှည်ထားပါ။ ဤယူဆချက်တစ်ခုတည်းကြောင့် ကျန်းသေးသော အချက်အလတ်များကို ဆင်ခြင်ခြင်းမပျက်ပါစေနှင့်။ အချက်အလတ် တစ်ခုမှန်ကန်ကြောင်း ခိုင်လုံစွာတွေ့ခဲ့လျှင်လည်း ၄င်း၏မူများကို သစ္စာရှိစွာငါလိုက်လျှောက်နေသလားဟု ဦးခေါင်း ဖြစ်တော်မူသော ခရစ်တော်ရှေ့၌ မှန်ကန်အောင် မိမိကိုယ်ကို မေးပါ။

            အသင်းတော်ကို ပိုင်သော သခင်သည် နာမတော်အားဖြင့် အသင်းတော်တွင် ကျွန်ုပ်တို့ လုပ်ခဲ့သော အရာများကို သုံးသပ်ရန် မကြာခင် ပြန်ကြွလာတော့မည် ဖြစ်ပါသည်။

 

ဤစာစဉ်မှ အကျိုးအများဆုံးရနိုင်သောနည်း

            တစ်ဦးချင်း ပြင်ဆင်ခြင်းနှင့် အတန်းတွင် ပါ၀င်ဖို့အတွက် အောက်ပါလမ်းညွှန်ချက်များကို လိုက်နာပါက “ ခရစ် တော်သက်ဝင်ရှင်သန်နေသောအသင်းတော်“ အကြောင်းကို လေ့လာရာတွင် အကျိုးအများဆုံး သင်ခံစားရမည်ဖြစ်ပါသည်။

အတန်းမဝင်မီ မိမိကိုယ်ကိုပြင်ဆင်ခြင်း

            သင်၏အိမ်စာများကို ပြီးစီးနိုင်ရန် လုံလောက်သော အချိန်ကိုအပတ်စဉ်ပေးပါ။ သင်ခန်းစာတစ်ခုစီအတွက် အောက်ပါအတိုင်း လိုက်နာကျင့်သုံးပါ။

၁။        ဆုတောင်းပါ။ နှုတ်ကပတ်တော်ကို နားလည်ရန် နှင့် လိုက်လျှောက်တတ်ရန် ဘုရားသခင်ထံတော်မှ မစခြင်းကို တောင်းခံပါ။ “တရားတော်၌ အ့ံဖွယ်သော အရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ု်ပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ” ဟူ၍ ဆုတောင်းပါ (ဆာ ၁၁၉း၁၈)။

၂။         ရှင်းလင်းချက်များကိုဖတ်ပါ။ အရေးကြီးသော အတွေးအခေါ်များနှင့် သင်နားမလည်သောကြောင်းအရာများ (သို့) မေးမြန်းလိုသော အချက်များကို မျဉ်းသားပါ။ ကိုးကားထားသော ကျမ်းချက်များကို  ရှာ၍ဖတ်ပါ။

၃။        မေးခွန်းများကို ဖြေဆိုပါ။ ရှင်းလင်းချက်များကို ဖတ်ပြီးသောအခါ လေ့လာခြင်းဆိုင်ရာ မေးခွန်းများကို ဖြေဆိုပါ။ မေးခွန်းတစ်ခုကို မဖြေနိုင်ပါက ဒုတိယမေးခွန်းသို့ ကူး၍ နောက်မှ ထိုခက်ခဲသော မေးခွန်းကို ဖြေပါ။

စာရေးသူ၏မှတ်ချက်။

            ဤစာစဉ်တွင် “ အသင်းတော် ” နှင့် “ လူအစုအဝေး ” ကို အဓိပ္ပါယ်တူ အသုံးပြုထားပါသည်။

မာတိကာ

သင်ခန်းစာ       ခေါင်းစဉ်/အကြောင်းအရာ       စာမျက်နှာ

            စကားချီး          ၁

သင်ခန်းစာ       ၁။        အသင်းတော်၏ အရေးပါခြင်းနှင့် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်    ၅

                        ဣသရေလူမျိုးကို အစားထိုးရန် ခရစ်တော်ကို ဗဟိုပြုသော လူမျိုးတော်ကို

                        ဘုရားသခင် ဖွဲ့စည်းတည်ထောင်ခဲ့ပုံ

သင်ခန်းစာ       ၂။         အသင်းတော်၏ ရည်ရွယ်ချက်  ၁၅

                        ခရစ်တော်နှင့် အသင်းတော် တော်စပ်ပုံနှင့် အသင်းတော်၏ အဓိက လုပ်ဆောင်

                        ချက်(၇)မျိုးတို့ကို ပုံဆောင်ချက်များနှင့် ဖော်ပြခြင်း

သင်ခန်းစာ       ၃။        အသင်းတော်သမိုင်း     ၂၃

                        ပင်တေကုတ္တေမှ ယနေ့အထိ လောကီသားများအရှေ့တွင် ထင်းရှားစေတော်မူခဲ့သော

                        အသင်းတော်သမိုင်း၏ အဓိက ကာလ (၇) ခုကို ပြန်လည်လေ့လာခြင်း

သင်ခန်းစာ       ၄။        အသင်းတော်၏ သခင်  ၃၅

                        ခရစ်တော်သည် စစ်မှန်သော ဦးခေါင်း၊ အုတ်မြစ်၊ ကျောက်နှင့် လူမျိုးတော်စုဝေးရာ

                        ဗဟိုချက်ဖြစ်ကြောင်းကို ဖေါ်ပြခြင်း

သင်ခန်းစာ       ၅။        အသင်းတော်၏ သိုးထိန်းများ   ၄၃

                        ကျမ်းစာ၌ ဖော်ပြထားသော အများဦးဆောင်မှုပုံစံနှင့်တကွ ဦးဆောင်သူများ၏

                        တာဝန်၊ အရည်အချင်း၊ ခန့်အပ်ခြင်းတို့ကို လက်တွေ့ အသုံးပြုသည့်ပုံစံနှင့် နှိုင်းယှဉ်ခြင်း

သင်းခန်းစာ      ၆။        အသင်းတော်၏ ယဇ်ပရောဟိတ်အရာ  ၅၃

ဘုန်းကြီးဟုခေါ်သော အထူးလူတန်းစားကသာ ယဇ်ပရောဟိတ်မဟုတ်ဘဲ၊

ယုံကြည်သူအားလုံး ယဇ်ပုရောဟိတ်ဖြစ်ကြောင်း လက်တွေ့ဖော်ပြခြင်း

သင်ခန်းစာ       ၇။        အသင်းတော်၏ အသက်          ၆၀

                        အသက်ရှင်သော ဒေသန္တရမိတ်သဟာယအတွက် သခင်ဘုရားသည် အသက်နှင့်

                        တန်းခိုးဖြစ်ကြောင်းကို ပြသ၍ ထိုအသက်တာနှင့် လျော်ညီစွာ မည်ကဲ့သို့

                        အသက်ရှင်ရမည်ကို ဖေါ်ပြခြင်း

သင်ခန်းစာ       ၈။        အသင်းတော်၌ ဘုရားသခင်ချမှတ်ထားသော တာဝန်ဝတ္တရားများ          ၆၉

                        ဖန်ဆင်းခြင်းအစ၌ ဘုရားသခင် စီစဉ်သော ခေါင်ဆောင်ခြင်းနှင့် လုပ်ဆောင်ခြင်းတို့၌

                        ယောက်ျားနှင့်မိန်းမ၏ ၀တ္တရားကို မည်ကဲ့သို့ သတ်မှတ်ထားကြောင်းကို ဖော်ပြခြင်း

သင်ခန်းစာ       ၉။        အသင်းတော် အစည်းအဝေးများ          ၇၇

                        ရှေးကာလမှ ယနေ့ထိ ဘုရားသခင်၏ လူများစုဝေးသောအခါ မိတ်သဟာယနှင့်

                        လုပ်ဆောင်ခြင်း မည်ကဲ့သို့ ရှိသည်ကို ပြန်လည်လေ့လာခြင်း

သင်ခန်းစာ       ၁၀။      အသင်းတော်၏ စည်းကမ်း       ၈၅

                        ဘုရားသခင်၏ အိမ်ထောင်စုတွင် လေ့လာခြင်းနှင့် အမှားပြင်ခြင်းသည် ခေါင်းဆောင်းများ၌

                        တာဝန်ရှိပုံနှင့် အသင်းသားများက ထောက်ခံအားပေးခြင်း

သင်ခန်းစာ       ၁၁။      အသင်းတော်နှင့် ဧဝံဂေလိလုပ်ငန်း       ၉၂

အသင်းတော်သည် ပြောင်းလဲသော သူများအားဖြင့် တိုးပွားပုံနှင့်တကွ

အတားအဆီးများကို ပြန်လည်လေ့လာခြင်းနှင့် တိုးတက်မှုအတွက် အကြံပြုချက်များ

သင််ခန်းစာ       ၁၂။       အသင်းတော်၏ တပည့်တော်ဖြစ်လုပ်ငန်း         ၁၀၁

                        တပည့်တော်ဖြစ်စေခြင်းသည် အသင်းတော်တွင် လိုအပ်ချက်တစ်ခုဖြစ်၍ ထိုလုပ်ငန်းကို

                        လုပ်ဆောင်ခြင်းနှင့်တကွ လုပ်နည်းနှင့် အသုံးပြုရမည့်အရာများကို ဆွေးနွေးခြင်း

သင်ခန်းစာ       ၁၃။      အသင်းတော်နှင့် သာသနာလုပ်ငန်း       ၁၁၀

                        ဒေသန္တရအသင်းတော်သည် သာသနာပြုဆရာများကို မည်သည့်နည်းဖြင့်

                        ထောက်ပံ့နိုင်ပုံ၊ ကမ္ဘာနှင့်အသင်းတော်တွင်ရှိသော အတားအဆီးများကို ပြန်လည်လေ့လာခြင်း

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

ရှင်းလင်းချက်များ

အသင်းတော်၏ အရေးပါခြင်းနှင့် အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်  သင်ခန်းစာ (၁)

“. . . ငါ့အသင်းတော်ကို ငါ တည်ဆောက်မည် ” ( မ ၁၆း၁၈)

            အသင်းတော်နှင့် ပတ်သက်၍ သခင်ယေရှုခရစ်၏  မှတ်သားအပ်သော မိန့်တော်မူချက်က အသင်းတော်သည် အထူဆန်းသုံးသော ဘုရားသခင်၏ တည်ထောင်းခြင်းဖြစ်ကြောင်းကို ပြပါသည်။ ဘုရားသခင်၏ ရည်းမှန်းချက်မှာ ဣသရေလလူမျိုးတို့ကို အစားထိုး၍ အသစ်သော လူစုအားဖြင့် ကမ္ဘာပေါ်တွင် ဘုရားသခင်ကို ကိုယ်စားပြုစေရန် ဖြစ်ပါသည်။ ဘုရားသခင်၏ ကယ်တင်တော်မူခြင်းသည် မြေကြီးစွန်းတိုင်အောင် ရောက်ရန်အတွက် ဘုရားသခင်သည် ဣသရေလလူမျိုးတို့ တစ်ပါးအမျိုးသားတို့တွင် အလင်းအဖြစ်ထားပါသည်။ ဟေရှာ ၄၂း၆။ သို့ရာတွင် ရွေးတော်မူသော ဣသရေလူမျိုးသည် ဤသာသနာပြုလုပ်ငန်းတွင် ဘုရားသခင်အား သစ္စာမရှိခဲ့ကြချေ။ ထို့ကြောင့် သန့်ရှင်းသောမြို့ တော်၊ ယဇ်ပရောဟိတ်အရာ၊ ဗိမာန်တော်နှင့် ပူဇော်ခြင်းစနစ်အားလုံး ဘုရားသခင်ဖျက်သိမ်းခဲ့ပါသည်။ ပရောဖက်တို့သည် ဣသရေလလူမျိုးအား တရားစီရင်တော်မူခြင်းခံကြလိမ့်မည်ဟု အကြိမ်ကြိမ်သတိပေးခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။

            ထိုအခါ ဂျူလူမျိုးနှင့် တစ်ပါးအမျိုးသားဟူ၍ ခွဲခြားခြင်း မရှိသော ခန္ဓာကိုယ်သစ်ကို ဘုရားသခင်ထူထောင်ခဲ့သည် (ကော ၃း၁၁။ ဧ ၂း၁၁ – ၁၈)။ ပရောဖတ်တို့သည် တစ်ပါးအမျိုးသားများ နေထိုင်သော ကမ္ဘာ့အနှံ့အပြားသို့ ဧဝံဂေလိတရား ပျံ့နှံ့မည်အကြောင်းကြိုတင်၍ မြင်ခဲ့ကြသည်။ မယုံကြည်ခြင်းနှင့် သစ္စာမရှိခြင်းကြောင့် ဣသရေလလူမျိုးသည် အပယ်ခံလိမ့်မည်ဟူ၍လည်း ကြိုတင်ဟောပြောကြသည်။ အသင်းတော်သည် ဘုရားသခင်၏ လူများဖြစ်သည်ဟူသော သမ္မာတရားသည် ဓမ္မသစ်ကျမ်းတွင် ဖော်ပြခြင်း မပြုမီ ရှေးကာလ၌ လျှို့ဝှက်ထားသော အရာဖြစ်ခဲ့သည် (ဧ ၃း၄ ၊ ၅ )။

            ခရစ်ဝင်ကျမ်းလေးအုပ်နှင့် တမာန်တော်ဝတ္ထုအခန်းကြီး(၁) မတိုင်ခင်က အသင်းတော်သည် အနာဂတ်တွင်ဖြစ်လာ မည့် အရာတစ်ခုသာဖြစ်သေးသည်။ အသင်းတော်သည် ပင်တေကုတ္တေပွဲနေ့တွင် “၀ိညာဉ်တော်နှစ်ခြင်း” ဟုခေါ်သော ယုံကြည်သူအားလုံးကို ခရစ်တော်၌ သွတ်သွင်းခြင်းအားဖြင့် ဖြစ်လာသည် (တ ၁း၅။ ၁ ကော ၁၂း၁၂၊ ၁၃)။ အသင်းတော် သည် ဣသရေလလူမျိုး၏ အဆက်မဟုတ်၊ဣသရေလလူမျိုးအစားဝင်လာခြင်း ဖြစ်သည်။ ဣသရေလလူမျိုးကို ဘုရားသခင် ငြင်းပယ်နေသည့် ကြားကာလတွင် အသင်းတော်သည် ဘုရားသခင်အတွက် လုပ်ဆောင်လျက်ရှိနေပါသည် (ရော ၁၁း၁၊၂)။ အနာဂတ်ကာလတွင် ဘုရားသခင်သည် ကျန်ကြွင်းသော ဣသရေလယုံကြည်သူများကို ယနေ့ ဣသရေလလူမျိုး ငြင်းပယ်နေသော ခရစ်တော်အားဖြင့် ပြန်လည်ထူထောင်ဦးမည် (ရော ၁၁း ၂၅၊ ၂၆။ ဇာ ၁၂း၁၀။ ၁၃း၁)။ ယခုအချိန်တွင် ဘုရားသခင်သည် အသင်းတော်၏ သက်သေခံခြင်းအားဖြင့် လူတို့ကို ခရစ်တော်ထံသို့ခေါ်နေပါသည်။ ယုံကြည်သော သူများကိုလည်း ထိုအသင်းတော်သို့ နေ့စဉ် အသင်းဝင်စေတော်မူပါသည် (တ ၂း၄၇ )။ ဘုရားသခင်သည် သူ၏ရည်မှန်း ချက်များကို အကောင်ထည်ဖော်ဆောင်ရွက်ရန် အသင်းတော်ကိုဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ယုံကြည်သူသည် မိမိတစ်ဦး တည်းသာ အထီးကျန်နေထိုင်ရန် (သို့) တစ်ကိုယ်တော်စနစ်ဖြင့် ဘုရားသခင်အတွက် အသက်ရှင်နေထိုင်ရန် ဘုရားသခင် ကယ်တင်တော်မူသည်မဟုတ်။ ဘုရားသခင်၏ အိမ်ထောင်စုဝင်များဖြစ်သော ယုံကြည်သူများနှင့် မိတ်သဟာယဖွဲလျက် အမှုတော်ကို လုပ်ဆောင်ရန် ကယ်တင်တော်မူခြင်းဖြစ်ပါသည်။ အတူတကွစုဝေးခြင်းအမှုကို မရှောင်မလွဲကြဖို့ ဘုရားသခင် မိန့်မှာပါသည် (ဟေဗြဲ ၁၀း၂၅)။ အသင်းတော်သည် ဘုရားသခင်ခွဲခန့်သော ခန္ဓာဖြစ်သောကြောင့် ဘုရားကိုလူအပေါင်း တို့ကလေးစားခြင်း၊ ထောက်မခြင်းနှင့် ကိုယ်တိုင်ပါ၀င်ခြင်းတို့ကိုပြုအပ်ကြပေသည်။ ဘုရားတရားကိုင်းရိုင်းသော ဣသရေလ တစ်ဦးတစ်လေမျှ သူ့လူမျိုး၏ ၀ိညာဉ်ရေးရာ တာဝန်များကိုလုံးဝဥပေက္ခာပြု၍ မရသကဲ့သို့ယုံကြည်သူတိုင်းသည်လည်း အသင်းတော်ကို မိမိ၏ဝိညာဉ်ရေး အိမ်ထောင်စုအဖြစ် ဂရုမစိုက်ဘဲမနေရပေ။

အသင်းတော်

            အသင်းတော်ဆိုသည်မှာ အဘယ်နည်း။ တချို့က အစည်းအဝေးလုပ်သည့် အဆောက်အဦးဟု ထင်ကြသည်       (“ဟိုထောင့်မှရှိတဲ့ အသင်းတော်”)။ တချို့က ဘာသာရေးဆိုင်ရာဂိုဏ်းတစ်ခု (သို့) အဖွဲ့အစည်းတစ်ခုအဖြစ် ပြောကြသည် (“ခင်ဗျား ဘယ်အသင်းမှာ ပါသလဲ”။ ဒေသန္တရအဆင့်နှင့် ပြောလျှင် ကျမ်းစာ၏ ဆိုလိုချက်မှာ  ခရစ်တော်ကို ယုံကြည်သော လူစုသည် ၀တ်ပြုကိုးကွယ်ဖို့၊ ဆုတောင်းဖို့၊ နှုတ်ကပတ်တော် လေ့လာဖို့၊ နှစ်ခြင်းခံဖို့၊ ပွဲတော်စားဖို့ စည်းဝေးကြသောအခါ ထိုလူစုကို အသင်းတော်ဟု ခေါ်ပါသည်။အမှန်ဆိုလျှင် အသင်းတော်သည် အဆောက်ဦးတစ်ခုထဲသို့ သွားကြခြင်း ဖြစ်၍ လူတို့သည် အသင်းတော်သို့ သွားကြသည် မဟုတ်ပါ။

            “ အသင်းတော်” ဟူသော ဝေါဟာရမှာ ဂရိဘာသာ (ekklesia) ကို ပြန်ဆိုခြင်းဖြစ်ရာ အဓိပ္ပါယ်မပြည့်စုံပါ။ အများလက်ခံသော သာမန်ပြောဆိုခြင်းမှာမူ “ခေါ်ထုတ်ထားသော လူစု” ဟူ၍ဖြစ်ပါသည်။ ထိုစကားလုံးသည် ဘာသာရေး ဝေါဟာရတစ်ခု မဟုတ်ပေ။ ဓမ္မသစ်တွင် ဇာတ်ရုံတစ်ခုရှိ ဧဖက်မြို့သူမြို့သားများကို ဖော်ပြရာတွင် သော်လည်းကောင်း (တ၁၉း၃၂၊ ၄၁)၊ တောထဲတွင် တဝဲလည်လည်ဖြစ်နေကြသော ဣသရေလလူမျိုးကို ပြောဆိုရာတွင် သော်လည်းကောင်း အသုံးပြုသည် (တ ရး၃၈)။ သခင်ယေရှုကို ယုံကြည်သော လူစုအတွက် အသုံးပြုသောအခါ သခင်ဘုရားနာမ၌ စည်းဝေးကြခြင်းကို ဆိုလိုသည် (၂ သက် ၂း၁။ ၁ ကော ၅း၄)။ ဘုရားလူတို့သည် ယေရှုနာမ၌ စည်းဝေးကြခြင်းကို အထူးဖော်ဆောင်သော ဝေါဟာရဖြစ်သည်။ ခရစ်တော်၌ အသက်ရှင်သန်သောလူစု၏ ၀ိညာဉ်ရေးရာအတွက် စုဝေးခြင်းကို ဆိုလိုပါသည်။

အသင်းတော်နှစ်မျိုး

            အသင်းတော်ဟူသော ဝေါဟာရကို တစ်ကမ္ဘာလုံးအတွက်နှင့် ဒေသန္တရအတွက် နှစ်မျိုးအသုံးပြုပါသည်။ တစ်ကမ္ဘာ လုံးနှင့်ဆိုင်သောအသင်းတော် (Universal Church)တွင် ခရစ်တော်ကို အမှန်တကယ်ယုံကြည်သော သူအားလုံးပါ၀င်၍ သေလွန်ပြီးသောယုံကြည်သူများနှင့် ယနေ့အသက်ရှုင်လျက်ရှိသော ယုံကြည်သူအားလုံးပါ၀င်သည်။ ကာလအားဖြင့် ပင်တေကုတ္တေပွဲနေ့မှစ၍ ချီဆောင်ခြင်းနေ့ရက်အထိဖြစ်ပါသည် (ဧဖက် ၁း၂၂၊ ၂၃) တွင် ခရစ်တော်သည်အသင်းတော်၏ ဦးခေါင်းဖြစ်၍ အသင်းတော်သည် ခန္ဓာတော်ဖြစ်ကြောင်း ပြောပါသည်။ ဧ ၃း၁၀၊ ၂၁။ ၅း၂၃-၃၂။ ကော ၁း၁၈၊ ၂၄ တို့တွင် လည်း အသင်းတော်တည်းဟူသော ယုံကြည်သူအားလုံးတို့သည် ခရစ်တော်၏ ဦးဆောင်မှုအောက်တွင် တစ်လုံးတစ်ဝ ဖြစ်ကြောင်းဖော်ညွှန်းထားးပါသည်။ ထိုအသင်းတော်တွင် ကယ်တင်ခြင်း မရရှိသူမရှိ၊ ကယ်တင်ခြင်း ရရှိသူတစ်ဦး တစ်ယောက်မျှလည်း အသင်းတော်ပြင်ပတွင်မရှိပါ။ ယခုအချိန်တွင် အသင်းတော်တစ်ခုလုံးသည် တစ်ချိန်တည်း၌         တစ်နေရာတည်းတွင် စုစည်းခြင်းမခံရသေးပေ။ ထိုကဲ့သို့ စုစည်းခြင်းသည် ခရစ်တော်ပြန်ကြွလာသောအခါတွင် ဖြစ်ပျက် မည် ဖြစ်ပါသည် (၁သက် ၄း၁၄-၁၇)။ ကမ္ဘာပေါ်တွင်ရှိသော မည်သည့်အသင်းတော်ကမျှ စစ်မှန်သော အသင်းတော်ဖြစ် ကြောင်းကိုအဆိုမပြုနိုင်ကြောင်း ဤရှင်းလင်းချက်ကပြပါသည်။ မည်သည့်လောကမျှ အသင်းတော်ကမျှတစ်ကမ္ဘာလုံး နှင့်ဆိုင်သော အသင်းတော်နှင့်လည်းကောင်း၊ စစ်မှန်သောအသင်းတော်နှင့်လည်းကောင်းမတူနိုင်ချေ။ ကျွန်ုပ်တို့သည် စစ်မှန် သောယုံကြည်သူများနှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ခရစ်တော်၏ အသင်းတော်တွင် တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းခံရသူ များဖြစ်ပါသည်။

            ဒေသန္တရအသင်းတော်ဆိုသည်မှာ ဒေသတစ်ခုတွင် စုဝေးကြသော ဒုတိယကြိမ် မွေးဖွားခြင်းခံပြီးသော ယုံကြည်သူ များကိုခေါ်ပါသည်။ ဓမ္မသစ်ကျမ်းရှိသြဝါဒစာအများအပြားတို့သည် ထိုကဲ့သို့သော အသင်းတော်များထံသို့ ရေးသောစာများ ဖြစ်ပါသည်။ ရောမ၊ ကောရိန္တု ၊ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲ၊ သက်သာလောနိတ်အသင်းတော်များသည် ထိုကဲ့သို့သော အသင်းတော်များဖြစ်ကြသည်။ တိမောသေထံသို့ ရေးသားသောစာသည် ဒေသန္တရအသင်းတော်များကို စည်းရုံးဦးဆောင် ခြင်းနှင့်ဆိုင်သော သြဝါဒဖြစ်သည်။ ဒေသန္တရအသင်းတော်များအတွက် အသင်းတော်လူကြီးများ ခန့်အပ်ရန်တိတုသည် ကရေတေကျွန်းသို့လာ၍ ရှင်ပေါလုနှင့် ပေါင်းဖော်ခဲ့သည်။ သာသနပြုတစ်ဦးအနေနှင့် ရှင်ပေါလု၏ လုပ်ငန်းမှာအသင်းတော် မရှိသေးသော နေရာများတွင် (ဂျူးလူမျိုးတို့၏ တရားဇရပ်ရှိငြားသော်လည်း) ဒေသန္တရအသင်းတော်များကို တည်ဆောက် ရန်ဖြစ်ပါသည်။ ဓမ္မသစ်ကျမ်းတွင် ဒေသန္တရအသင်းတော် တစ်ပါးပါးနှင့်မပေါင်းသင်းသော ယုံကြည်သူဟူ၍မရှိပါ။ ခရစ်တော် ၏ အသင်းတော်များ၊ ဘုရားသခင်၏ အသင်းတော်များ၊ ဂလာတိပြည်၌ရှိသော အသင်းတော်များ၊ မာကေဒေါနိပြည်၌ရှိသော အသင်းတော်များ၊ ယူဒပြည်၌ရှိသောအသင်းတော်များ ဟူသောနာမည်များသည် ခရစ်တော်ကို ကြောင်းပြု၍လည်း ကောင်း၊ ဒေသန္တရကြောင်းပြု၍လည်းကောင်း၊ ဒေသန္တရယုံကြည်သူစုကို ခေါ်ခြင်းပင်ဖြစ်ပါသည်။ အဖွဲ့ကိုဖွဲ့စည်းတည်ထောင် ခြင်းနှင့် အသင်းတော်ကို လူ၏နာမည်မှည့်ခြင်းသည် မှားသောလုပ်ရပ်ဖြစ်၍ တားမြစ်ထားပါသည် (၁ ကော ၁း၁၂၊ ၁၃)။ ဒေသန္တရအသင်းတော်သည်-

            ၁။        ဘုရားသခင်က သူတို့လက်ထဲတွင် အပ်နှံထားသော ယုံကြည်သူများ၏ ၀ိညာဉ်ရေးရာ ဂရုစိုက်ကြည့်ရှုရန် တာဝန်ရှိသည့် အသင်းတော်လူကြီးများနှင့် သင်းထောက်လူကြီးများ ရှိသော အသင်းတော်ဖြစ်ရမည် ( ၁ ကော ၁၆း၁၆၊

ဟေဗြဲ ၁၃း၁၇)။

            ၂။         အသင်းတော်၏ မင်္ဂလာနှစ်ပါးဖြစ်သော နှစ်ခြင်းမင်္ဂလာ (မ ၂၈း၁၉၊ ၂၀။ တ ၂း၄၁၊ ၄၂) နှင့် ပွဲတော်မင်္ဂလာ (၁ ကော ၁၁း၂၃-၂၆)တို့ကို ကျင့်သုံးသော အသင်းတော်ဖြစ်ရမည်။

            ၃။        တစ်ဦးနှင့်တစ်ဦး ဆောက်တည်မှု အပြန်အလှန်ရှိစေရန် မိမိ်တို့၏ ၀ိညာဉ်ဆုကျေးဇူးများကိုအသုံးချ နိုင်သော ယုံကြည်သူအသိုင်းအဝိုင်းတစ်ခု ဖြစ်လာအောင် ပြင်ဆင်သောအသင်းတော်ဖြစ်ရမည် (ဟေဗြဲ ၁၀း၂၅။ ၁ ကော ၁၄း၂၆)။

            ဒေသန္တရအသင်းတော်တစ်ပါးတွင် တက်ကြွစွာ လုပ်ဆောင်သူတစ်ဦးဖြစ်ဖို့ရန် မလိုပါဟူ၍ ကျမ်းစာသိကျွမ်းသော ယုံကြည်သူတစ်ဦးက ပြောဆိုခဲ့သော် မည်သူမျှ နားလည်နိုင်မည်မဟုတ်ပါ။ အသင်းတော်၏ ဦးခေါင်းဖြစ်တော်မူသော သခင်ယေရှု  နောက်တော်သို့  လိုက်၍ နာခံပါမည်ဟု ၀န်ခံခဲ့ပြီးသော သူတစ်ဦးက အသင်းတော် လှုပ်ရှားမှုတွင် ပါ၀င်ခြင်း မရှိ၊ အသင်းတော်ကို ထောက်မခြင်းလည်းမရှိ၊ ဘုရားသခင်၏  လူများစည်းဝေးခြင်းအမှုကိုလည်း လျစ်လျူရှုထားသည်ဟူ သော အဆိုကိုယုံကြည်နိုင်စရာအကြောင်းမရှိပေ။ အသင်းတော်လှုပ်ရှားမှုတွင် တစ်ကြိမ်တစ်ခါပါ၀င်ပြီးမှ မိမိဆန္ဒအလျောက် ထိုကဲ့သို့ပါ၀င်ခြင်းကို စွန့်ပစ်သောသူသည် မည်သည့် အဖွဲ့တွင်ပါ၀င်သည်ကို စစ်ဆေးခြင်းခံအပ်သော သူဖြစ်ပါလိမ့်မည်  (၁ ယော ၂း၁၉)။ မသန်စွမ်းသူများ၊ လှောင်ပိတ်ခြင်းခံရသူများနှင့် တစ်ဦးတည်းအထီးကျန် နေသော ယုံကြည်သူများအတွက် ရေဒီယိုမှ အသံလွှင့်ချက်ကို နားထောင်၍အိမ်တွင် ၀တ်ပြုကိုးကွယ်ခြင်းသည် လိုအပ်ကောင်းလိုအပ်ပါလိမ့်မည်။ ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်သည် ဧဝံဂေလိတရားနှင့် ကျမ်းစာလေ့လာခြင်းအတွက် အကျိုးပြုသော တန်ဆာပလာများ ဖြစ်ပါသည်။ သို့ရာတွင် ထိုရဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များကြောင့် အသင်းတော်လှုပ်ရှားမှုတွင်ပါ၀င်ခြင်း၊ အသင်း တော်၏ မင်္ဂလာနှစ်ပါးတွင်ပါ၀င်ခြင်း၊ အသင်းတော်ခေါင်းဆောင်များ၏ စကားနားထောင်သောသူဖြစ်ခြင်းမှ နောက်ဆုတ် လျှင် အလွန်မှားယွင်းကြပြီဖြစ်ပါသည် (ဟေဗြဲ ၁၃း၁၇)။ ဒေသန္တရအသင်းတော်နေရာတွင် (Parachurch) ဟုခေါ်သော အစည်းအရုံးများကို အစားမထိုးရပါ။

အသင်းတော်၏အမည်နာမများ

            ကျမ်းစာနှင့်ညီညွှတ်သော အသင်းတော်နာမည်များသည် သွန်သင်ခြင်းပါသော နာမည်များ ဖြစ်သည်။ အသင်းတော်အတွက် အမည်နာမအမျိုးမျိုး အသုံးပြုထားပါသည်။ ထိုနာမည်များသည် ယုံကြည်သူအားလုံးအတွက် ဖြစ်ပါသည်။ မည်သည့်နာမည်ကိုမျှ အသင်းအဖွဲ့ခွဲခြားခြင်းအဖြစ် မသုံးပါ။ ထိုအမည်နာမများမှာ-

            ၁။        ဘုရားသခင်၏ အသင်းတော် ( ၁ ကော ၁၀း၃၂။ ၁၅း၉) – ဘုရားသခင် ပိုင်ဆိုင်ကြောင်းကို ပြပါသည်။

            ၂။         ခရစ်တော်၏ အသင်းတော်(ရော  ၁၆း၁၆) အသင်းတော် တည်ထောင်သူနှင့် တော်စပ်ကြောင်းကို ပြပါည်။

            ၃။        ခရစ်တော်၏ သတို့သမီး (ဧ ၅း၂၅-၂၇။ ၂ ကော ၁၁း၂)-မေတ္တာအားဖြင့် တော်စပ်ခြင်းနှင့်သူပိုင်သော အသင်းတော် အတွက် ကိုယ်တော်၏ အပ်နှံခြင်းအကြောင်းကိုပြပါသည်။

            ၄။        ခရစ်တော်၏ ကိုယ်ခန္ဓာ (ဧ ၁း၂၂။ ၂၃)- ခရစ်တော်၏ အသက်တော်သည် ကိုယ်အင်္ဂါအစိတ်အပိုင်းများ (ယုံကြည်သူများ) အားဖြင့် ဖြာထွက်ကြောင်းကို ဖော်ပြပါသည်။

            ၅။        ဘုရားသခင်၏ဗိမာန်တော်(၁ကော၃း၁၆)-သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်ရာဖြစ်ကြောင်းညွှန်းပြပါသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသော ယဇ်ပရောဟိတ်အမျိုး၊ “ အသက်ကျောက်များ ” ဖြစ်ကြကာ ဘုရားသခင်၏ သန့်ရှင်းသော ဓမ္မတိုင်အဖြစ် စုပေါင်းနေကြခြင်းကိုပြပါသည် (၁ ပေ ၂း၅)။

            ၆။        ဘုရားသခင်၏ သိုးစု (ယော ၁၀း၆)- ခရစ်တော်သည် သိုးထိန်းကြီးဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်၏ သိုးများဖြစ်ကြကြောင်းကို ပုံဆောင်ပါသည် (ဟေဗြဲ ၁၃း၂၀။ ၁ ပေ ၂း၂၅)။

            ၇။        ဘုရားသခင်၏ အိမ်တော်( ၁ တိ ၃း၁၅)- ဘုရားသခင်အုပ်စိုးသော အိမ်တွင် အမိန့်နှင့် စည်းကမ်း သည် လျောက်ပတ်စွာ ရှိ်ကြောင်းကို  ဖော်ညွှန်းပါသည်။

            အထက်ပါ နာမည်များသည် ပြည့်စုံချင်မှ ပြည့်စုံမည် ဖြစ်ပါသည်။ သို့ရာတွင် အချက်နှစ်ခုကိုဆင်ခြင်ရန် လုံလောက် ပါသည်။ ပထမအချက်မှာ-သခင်ဘုရား၏ လူတို့သည် ကိုယ်တော်မှအပမည်သူနှင့်မျှ မတော်စပ်ကြောင်းကို ထိုနာမည် အားလုံးတို့က ပြပါသည်။ ဒုတိယအချက်မှာ – ယုံကြည်သူတစ်စုလုံးကို မည်သည့်နည်းနှင့်မျှ မခွဲခြားကြောင်းကို ပြပါသည်။ ခရစ်တော်၏ အသွေးတော်ကို အခြေခံ၍မည်သူမျှ မငြင်းနိုင်အောင် ယုံကြည်သူအားလုံးတို့ကို တစ်ဦးနှင့်တစ်ဦးတော်စပ် စေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဒါ၀ိဒ်ကဲ့သို့ ကိုယ်တော်ကိုကြောက်ရွံ့၍ သြဝါဒကိုနားထောင်သောသူတိုင်း၏ အပေါင်း အဖော်ဖြစ်နိုင်ကြပါသည် (ဆာ ၁၁၉း၆၃)။

အသင်းသားများအတွက် အမည်နာမများ

            ကျွန်ုပ်တို့သည် ဘာသာရေးအဖွဲ့အစည်းတစ်ခုသို့ အသင်းဝင်ခြင်းမဟုတ်ဘဲ ခရစ်တော်၏ ခန္ဓာထဲသို့ ၀င်ခြင်းဖြစ် သည်။ လူအများက လိုအပ်လှသည်ဟု ထင်သောဂိုဏ်းနာမည်များကို ယုံကြည်သူများ၏ နာမည်အဖြစ် အသုံးပြုခြင်းကို ကျမ်းစာ၌ မတွေ့ရချေ။ ထိုကဲ့သို့ အသုံးပြုမည့်အစား တစ်ဆူတည်းသော သခင်နှင့်ကယ်တင်ရှင်ကို ကိုးကွယ်ကြသော ယုံကြည်သူများအတွက် သင့်တော်သော နာမည်များကိုပေးထားပါသည်။

            ၁။        ယုံကြည်သူများ(တ ၅း၁၄)- ဘုရားသခင်၏ နိုင်ငံတော်သို့ ယုံကြည်ခြင်းအားဖြင့် ၀င်ကြပြီး ကိုယ်တော်နှင့် ဆက်လက်၍ အသက်တာ၌ တော်စပ်နေသော ယုံကြည်သူများကို ညွှန်းသောနာမဖြစ်ပါသည်။

            ၂။         တပည့်တော်များ(တ ၉း၁)- သခင်ယေရှု၏ နောက်တော်သို့ လိုက်၍ ပုံသက်သေတော်အတိုင်း အသက်ရှင်သော သူများကို ခေါ်ခြင်းဖြစ်ပါသည်။ ကိုယ်တော်၏ သွန်းသင်ချက်အားလုံးကို ဆည်းကပ်၍ ကျင့်ဆောင်သော သူများဖြစ်ကြပါသည်။

            ၃။        သန့်ရှင်းသူများ(ဧ ၁း၁)- ခရစ်တော်၌ နေရာရကြပြီးဖြစ်သောကြောင့် ညစ်ညမ်းခြင်းကို စွန့်ပစ်ကာ ဘုရားသခင်ထံသို့ ချဉ်းကပ်ခြင်းကို ခေါ်ဆိုပါသည်။

            ၄။        ညီအစ်ကိုမောင်နှမများ(ယား ၂း၁) -ဘုရားသခင်၏ အိမ်ထောင်စုဝင်များ တစ်ဦးနှင့်တစ်ဦး ခရစ်တော်၌ ညီအစ်ကိုမောင်နှမများ တော်စပ်ကြခြင်းကို ဖော်ညွှန်းသောနာမဖြစ်ပါသည်။

            ၅။        ခရစ်ယာန်များ(တ ၁၁း၂၆) -ခရစ်တော်နှင့် ကျွန်ုပ်တို့၏ တော်စပ်မှုကိုပြသော နာမဖြစ်၍ အသင်းတော် စတင်ချိန်၌ မယုံကြည်သူများက ခရစ်တော်ကို ယုံကြည်သောသူတို့အတွက် ပေးသောနာမဖြစ်ပါသည်။

                        ကျမ်းစာအသုံးနည်းဆုံးသောနာမဖြစ်ပါသည်။

 

ကျမ်းစာနှင့်ကိုက်ညီသော အသင်းတော်

            ကမ္ဘာပေါ်တွင်မိမိတို့ကို ခရစ်ယာန်ဟုခေါ်ကြသောအမျိုးပေါင်းများလှစွာသော အသင်းတော်များအားလူတို့က နားလည်ရန်အလွန်ခက်ခဲ့ပါသည်။ အားလုံးမဟုတ်သည့်တိုင်အောင်များပြားသောထိုအသင်းတော်တို့သည်သတင်းကောင်း နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း၊ မညီညွှတ်သော တရားများကို ဟောကြသည်။ ယုံကြည်သူများပင်လျှင် တစ်ခါတလေ စိတ်ရှုပ်ထွေးတတ်ကြပါသည်။ ထို့ကြောင့် သတိပေးချက်အချို့ကို ဖော်ပြလိုက်ပါသည်။

            စစ်မှန်သောအသင်းတော်များနှင့် အတုအပဖြစ်စေသော အသင်းတော်များသည် နေရာအနှံ့အပြားတွင် လက်တွဲ၍ အလုပ်လုပ်ကြသည်။ဤအချက်သည် စစ်မှန်သော ပရောဖက်များနှင့် အတုဖြစ်သောပရောဖက်များ၊ စစ်မှန်သောဆရာများနှင့် ဟန်ဆောင်သော ဆရာများ၊ စစ်မှန်သော ယုံကြည်သူများနှင့် ဟန်ဆောင်သော ယုံကြည်သူများရှိခဲ့ကြောင်း သက်သေဖြစ်ပါ သည်။ ထိုအစစ်နှင့် အတုကို ခွဲခြားနိုင်ရန် ကျွန်ုပ်တို့အား သွန်သင်မည့်သူလိုပါသည်။ ဤအချက်ကို ပုံဆောင်သောအားဖြင့် သခင်ဘုရားသည် စပါးပင်နှင့် တောမြက်ပင်ကို ဥပမာပေး၍ သွန်သင်တော်မူပါသည် (မ ၁၃း၂၄၊ ၃၀၊ ၃၆၊ ၄၃)။ ဤဥပမာအား ကောင်းသေားငါးမှ မကောင်းသောငါးကို ဖယ်ခြင်း ဥပမာနှင့်ယှဉ်၍ ကိုယ်တော်သွန်သင်တော်မူခဲ့ပါသည် ( မ ၁၃း၄၇-၅၀ )။ သခင်ယေရှုက “ သခင် သခင် ဟု ငါ့ကို ခေါ်သော သူတိုင်း ကောင်းကင်နိုင်ငံသို့ မဝင်ရ၊ ကောင်းကင်းဘုံ၌ ရှိတော်မူသော ငါ့အဖ၏ အလိုတော်ကို ဆောင်သောသူသာလျှင် ၀င်ရောက်လိမ့်မည်” ဟု မိန့်ဆိုခဲ့ပါသည် (မ ရး၂၁-၂၃)။

            အစစ်နှင့်အတုကို ကျွန်ုပ်တို့မည်ကဲ့သို့ ခွဲခြားနိုင်မည်နည်း ၄င်းတို့၏ အသီး( သို့ ) စစ်မှန်ကြောင်း အထောက် အထားများ အားဖြင့် သိရပါသည် (မ ရး၁၆)။

            သူတို့သည် ကယ်တင်ခြင်းတရားတော်ကို ရှင်းလင်းစွာဟောပြောကြေညာကြသလား။ အပြစ်ကိုနောင်တရ၍ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဒုတိယအကြိမ်းမွေးဖွားခြင်းကို ခံကြဖို့လူတို့အား ဖိ်တ်ခေါ်ကြသလား။ ထိုသို့မဟုတ်ဘဲ အသင်းဝင်တစ်ဦးဖြစ်ခြင်း၊ နှစ်ခြင်းမင်္ဂလာကို ခံယူခြင်း၊ ဘာသာရေးထုံးတမ်းစဉ်လာများကို စောင့်ထိန်းခြင်းက နောက်ဆုံး တွင် ထိုသူတို့အား ကယ်တင်ခြင်းပေးလိမ့်မည်ဟု မှားယွင်းသောခံယူချက်ကို သွန်သင်ကြသလား။ ယုံကြည်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းများအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အာဏာအရှိဆုံးအဖြစ် အလေးအနက်ပြုကြသလား (သို့) လူ့အခွင့်အာဏာနှင့် ရိုးရာဓလေ့ထုံးစံကို ကျမ်းစာနှင့်အမျှလမ်းညွှန်မှုအဖြစ်ခံယူကြသလား (မ ၁၅း၃၊၉)။ သခင်ဘုရား ကို အာဏာအရှိဆုံးပုဂ္ဂိုလ်အဖြစ် ထားကြသလား (သို့) နောက်မှ ဖြစ်ပေါ်လာသော ပရောဖက်(သို့) လူ့အဖွဲ့အစည်းကို အာဏာအရှိဆုံးအဖြစ် ထားကြသလား။ ၄င်းအသင်းတော်သည် ခရစ်တော်ကို ချီးမြှောက်ပါသလား။ အသင်းတော်သည် ဘုရားသခင်၏ နှုတ်ပတ်တော်အားဖြင့် အသင်းသားများကို ပြုစုပျိုးထောင်နေပါသလား (သို့) လူလုပ်သော သဘောတရား အားဖြင့် ပြုစုနေသလား။ မယုံကြည်သူတို့သည် ခရစ်တော်ကို သိလာနိုင်ကြရန် ခရစ်တော်ထံ ပို့ဆောင်ဖို့ ထိုအသင်းတော် က ၀န်တာဖြစ်သလား၊ သို့မဟုတ် လောကီသားများ၏ ၀ိညာဉ်ရေးရာလိုအပ်မူများကို လျစ်လျူရှုနေပါသလား။ ထိုအသင်း တော်ခေါင်းဆောင်များ၏ အသက်တာတွင်ဘုရားသခင်၏ ၀ိညာဉ်တော်တန်ခိုးအားဖြင့် ပြောင်းလဲခြင်းသက်သေ အထောက်အထားများကိုု ထင်ရှားစွာမြင်ရသလား၊ သို့မဟုတ် အမှုတော်လုပ်ငန်းတွင် အလုပ်ရရှိဖို့ကိုသာ ကြိုးစားကြ သလား။ ဤမေးခွန်းများနှင့် အခြားသောမေးခွန်းများသည် “ သမ္မာဝိညာဉ်နှင့် မိစ္ဆာဝိညာဉ်” ကို ခွဲခြားတတ်ဖို့အထောက် အကူပြုနိုင်ပါလိမ့်မည် (၁ ယော ၄း၆)။

            လူမျိုးအလိုက်တည်ထောင်သော အသင်းတော်များနှင့် နိုင်ငံတော်ဘာသာအဖြစ်ဖွဲ့စည်းသော အသင်းတော်များကို ခရစ်တော်နှင့် သူ၏ နိုင်ငံတော်နေရာတွင် အစားထိုးကြသည်။ ဘာသာစကားနှင့် ယဉ်ကျေးမှုတူသော သူတို့သည် အတူတကွ ၀တ်ပြုကိုးကွယ်လိုကြကြောင်း ကျွန်ုပ်တို့နားလည်ကြပါသည်။ သို့ရာတွင် ဤအရာသည် ယဉ်ကျေးမှုနှင့် အသိုင်းအဝို််င်းကိစ္စကြောင့်သာလျှင် အသင်းတော်၌ ပါ၀င်လာအောင် လူအများကို သွေးဆောင်ခဲ့ပါသည်။ ဤကဲ့သို့သော အသင်းတော်များသည် ကျမ်းစာကို ယုံကြည်ခြင်းအုတ်မြစ်အဖြစ် ထားရာမှ ကွာဝေးသောနေရာသို့ ရွေ့သွားခဲ့ကြသည်။ အသင်းတော်အများအပြားတို့သည် ယဇ်ပရောဟိတ်များကို အကြီးအငယ်အဆင့်ဆင့်ထားခြင်း၊ အကြီးအကဲများကိုအဆင့်ခွဲ ၍ခန့်ထားခြင်းကို ပြုလုပ်ကြကာ ထိုသို့ပြုလုပ်ခြင်းအားဖြင့် လူတို့ကို သခင်ဘုရားအား တိုက်ရိုက်မကိုးကွယ် နိုင်အောင် လုပ်ကြသည်။ နောက်လိုက်သူများကလည်း နှုတ်ကပတ်တော်ကို သူတို့ကိုယ်တိုင် လေ့လာခြင်း မပြုကြပေ။ သူတို့သည် သင်တန်းတက်ပြီးမှ ခန့်ထားခြင်းခံသော ခေါင်းဆောင်များ၏ သြဝါဒကိုသာအားကိုး၍ သူတို့အသက်တာ၌ အခွင့်အာဏာ အရှိဆုံးအဖြစ် ခံယူကြသည်။ လူမျိုးအလိုက် ဖွဲ့စည်းထားသော အသင်းတော်တို့သည် ဤပုံစံကိုယူ၍ ကျမ်းစာ၏မူများအစား ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးစံကို လမ်းညွှန်အဖြစ် အသုံးပြုကြသည်။

            အသင်းတော်တစ်ပါးသည် ဘာသာစကားတူသော လူတစ်စု စည်းဝေးရာဖြစ်နိုင်ပါသည်။ သို့ရာတွင် ဘုရားသခင် အမြင်၌ လူမျိုးအလိုက် သို့မဟုတ် နိုင်ငံတော်ဘာသာအဖြစ် ဖွဲ့စည်းထားသော ကိုယ်တော်၏ အသင်းတော်ဟူ၍ မရှိနိုင်ပေ။ ထိုကဲ့သို့ ခွဲခြားရန်အခြေပြုသော ကျမ်းချက်မရှိပေ။ “ ခရစ်တော်သည် ကွဲပြားသလော” (၁ ကော ၁း၁၃)။ ကျွန်ုပ်တိို့ အားလုံးသည် ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ ဘုရားသခင် တစ်ဆူတည်း၊ သခင်တစ်ပါးတည်း၊ ခန္ဓာတစ်ခုတည်း၊ ၀ိညာဉ်တော်တစ်ပါးတည်း၊ မျှော်လင့်ခြင်းတစ်ခုတည်း၊ ယုံကြည်ခြင်းတစ်ခုတည်း၊ နှစ်ခြင်းတစ်ခုတည်း ရှိပါသည် (ဧ ၄း၄၊၅)။ ကောင်းကင်ဘုံတွင် ကျွန်ုပ်တို့သည် လူမျိုးအလိုက်၊ ဘာသာစကားအလိုက်၊ ယဉ်ကျေးမှုအလိုက် ခွဲနေကြမည်မဟုတ်ပါ။

            အသင်းတော်နှင့် အစိုးရကို ရောနှောမိသောအခါ ခရစ်တော်၏ အမှုတော်ကို ဘေးအန္တာယ်ဖြစ်စေ၍ အခြေအနေ လည်းပို၍ဆိုးရွားစေပါသည်။ ထိုမျှမက ဤကဲ့သို့ ရောနှောခြင်းအမှုသည်လည်း ကျမ်းစာ၏ အခွင့်အာဏာတွင် မပါရှိချေ။ လူတို့သည် ခရစ်တော်နှင့် တစ်ဦးချင်းတော်စပ်မည့်အစား နိုင်ငံတော်ဘာသာအဖြစ် ဖွဲ့စည်းထားသော အသင်းတော်တစ်ပါး ပါးနှင့် ပေါင်းသင်းခြင်းကို ကောင်းကင်ဘုံသို့ ရောက်စေနို်င်သော မျှော်လင့်ခြင်းအဖြစ် မှီခိုအားကိုးကြသည်။ ထိုသူတို့ကို သူတို့လူစု၏ သြဝါဒနှင့် ဆင်ခြင်တုံးတရားက ဖမ်းချုပ်ထား၍ ကျမ်းစာချက်ကို အခြေမပြုကြချေ။ အသင်းတော်သည် ဘုရားသခင်၏ နှုတ််ကပတ်တော်၌ပါသော သမ္မာတရားကို မသွန်သင်မလိုက်လျှောက်သောအခါ အခြေအနေသည်ပို၍ ဆိုးရွားသွားပါသည်။ အသင်းသူအသင်းသားများအား မျှော်လင့်ခြင်းအတုကိုပေး၍ ကလေသူငယ်များကို နှစ်ခြင်းမင်္ဂလာ ပေးခြင်း၊ ပွဲတော်တွင် ပါ၀င်ခြင်းစသည့်တို့အားဖြင့် ဘုရားသခင်ကသူတို့ကို လက်ခံမည်ဟု ယုံကြည်စေကြသည်။

အသင်းတော်အတွက် ဘုရားသခင်၏ စီမံချက်

            အသင်းတော်သည် ရှေးမဆွကာလ၌ ဘုရားသခင် ကြံစည်တော်မူသော စီမံချက် ဖြစ်သည်။ ထိုအသင်းတော်သည် သခင်ဘုရား၏ စိတ်တော်၌ နေရာရထားသည်။ အနာဂတ်ကာလတွင်လည်း ထိုအသင်းတော် ပေါ်လွင်ထင်ရှားလာမည်ဖြစ်ပါ သည် (ဧ ၂းရ)။ ခရစ်တော်သည် ထိုအသင်းတော်၏ ဦးခေါင်း၊ တိုက်ထောင့်အမြစ်ကျောက်၊ ဗဟိုချက်ဖြစ်သောကြောင့် အခြားသောအရာ တစ်ခုခုသည် အသင်းတော်ထက်ပို၍ အရေးကြီးနိုင်မည်လော (ဧ ၂း၂၀-၂၂)။ အသင်းတော်၏ စစ်မှန်သောသဘာဝကို လျစ်လျူရှုခြင်းသည် ကိုယ်တော်၏ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် လှုပ်ရှားမှုစီမံချက်၏ အချက်အချာ သည် မည့်သည့်အရာဖြစ်သည်ကို လျစ်လျူရှုခြင်းပင်ဖြစ်ပါသည်။

            ဘုရားသခင်၏ ပညာတော်သည် ကောင်းကင်အရပ်တို့၌ရှိသော အထွဋ်အမြတ် အာဏာစက်များသို့ အသင်းတော် အားဖြင့် ထင်ရှားရေသည် ကမ္ဘာမတည်မရှိမီကာလက ဘုရားသခင် ထာဝရစီမံထားသော အရာဖြစ်ပါသည် (ဧ ၃း၁၀၊၁၁)။ အသင်းတော်သည် သူ၏သန့်ရှင်းသော ဂုဏ်အင်လက္ခဏာကို ရောင်ပြန်ဟပ်စေရန် ဘုရားသခင် စီမံတော်မူပါသည်။ သန့်ရှင်းသော အသက်တာ၌ အသက်ရှင်၍ စာရိတ္တတော်နှင့် နည်းတော်တို့ကို ရောင်ပြန်ဟပ်စေရန် သူ၏လူများကို ဖိတ်ခေါ် ၍ ကယ်တင်တော်မူပါသည်။ ဘုရားသခင်၏ အသင်းတော်တွင်ရှိသော “ အသက်ကျောက်” များကိုပင်လျှင် ကမ္ဘာမတည် မရှိမီ ရွေးကောက်တော်မူခဲ့ပါသည် (ဧ ၁း၄)၊ အသင်းတော်သည် ဘုရားသခင်က အစီအစဉ်ပြောင်းလဲ၍ စီမံသော (သို့) နောက်မှ စီမံသောအရာမဟုတ်၊ အစဦး၌ပင်လျှင် စိတ်တော်၌ ရှိခဲ့သောအရာဖြစ်ပါသည်။

၁။        ၀ယ်ယူသူ

            အသင်းတော်ကို တည်ထောင်ရာတွင် အလွန်ကြီးမားသော အဖိုးအခပေးရန်ရှိသည့် အကြောင်းကိုလည်း အစကပင် ဘုရားသခင် သိရှိတော်မူ၏ (၁ ပေ ၁း၁၉၊၂၀)။ ခရစ်တော်သည် မိမိ၏ အသွေးတော်နှင့် အသင်းတော်ကို ၀ယ်ယူခဲ့သည် (က ၂၀း၂၈ ခ)။ ကိုယ်တော်သည် မိမိ်၏ သိုးများအတွက် အသက်ကိုပေးခဲ့သည် (ယော ၁၀း၁၅)။ တန်ဖိုးများလှသော ပုလဲကို တွေ့သောအခါ ရှိသမျှကို ရောင်း၍ ၀ယ်ယူလိုက်သောပုလဲမှာ အသင်းတော်ပင်ဖြစ်သည် (မ ၁၃း၄၆)၊ အသင်းတော်အတွက် ခရစ်တော် အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကို သွန်သင်ခြင်းသည် သတင်းကောင်း၏ အနှစ်သာရ ဖြစ်ရပါမည် (၁ ကော ၁၅း၃၊၄)။

            ခရစ်တော်သည် အုပ်မြစ်၊တိုက်ထောင့်အမြစ်ကျောက်နှင့် ဘုန်းကြီးသော အသင်းတော်၌ ကိန်းဝပ်သူဖြစ်နို်င်ဖို့ရန် အသက်တော်ကို ပေးလိုက်ခြင်းသည် ကျွန်ုပ်တို့အတွက် အလွန်အံ့သြဖွယ် ဖြစ်ပါသည် (ကော ၁း၂၇။ ၁ ကော ၃း၁၁)။ ထိုမျှလောက်ကြီးမားသော အဖိုးအခပေးထားသည့်အရာကို ကျွန်ုပ်တို့က ဂရုမစိုက်ဘဲနေ ရပါမည်လော။

၂။        ပြင်ဆင်ထားသူ

            ခရစ်တော်သည် ရှေးဦးအသင်းတော်ခေါင်းဆောင်များဖြစ်သော တမန်တော်တို့ကို ကိုယ်တိုင်ရွေးချယ်၍ လေ့ကျင့် ပေးတော်မူခဲ့ပါသည်။ သို့ရာတွင် လူအချို့တို့သည် သခင်ယေရှု၏ သုံးနှစ်တာ အမှုတော်လုပ်ငန်းကို တမန်တော်ဝတ္ထုတွင် ပါလာသော အသင်းတော်ကာလမှ နှုတ်ယူကြသည်ကို ယေဘုယျတွေ့ရှိရပါသည်။ခရစ်တော်သည် ဤလူတို့ကို ဘာအတွက် သင်တန်းပေးခဲ့သနည်း။ ရှင်မဿဲခရစ်ဝင်ကျမ်းတွင် “မဟာစေခိုင်းတော်မူခြင်း” သည် အဆုံးတွင်လာ၍        (မ ၂၈း၁၈-၂၀)၊ တမန်တော်ဝတ္ထုတွင်မူ အသင်းတော်၏ သမိုင်းအစပိုင်းတွင် ပါလာပါသည် (တ ၁း၈)။ ဤနည်းအားဖြင့် ခရစ်ဝင်ကျမ်း၌ နောက်ဆုံးမိန့်မှာတော်မူချက်သည် တမန်တော်ဝတ္ထုတွင် ပထမဆုံး မိန့်မှာချက်ဖြစ်ပါသည်။

၃။        တည်ဆောက်သူ

            ခရစ်တော်သည် သူ၏ အသင်းတော်ကို သူ တည်ဆောက်မည်ဟု ပြောခဲ့ပါသည်။ သူ၏ ကိုယ်စားလှယ်တော်ဖြစ် သော သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် အသင်းတော်တွင် ခရစ်တော် အလုပ်လုပ်သည်မှာ မှန်ပါသည်။ သို့ရာတွင် တမာန်တော်ဝတ္ထုကိုကြည့်လျှင် အသင်းတော်၏ ဦးခေါင်းအနေနှင့် သူကိုယ်တိုင်ပါ၀င်၍ အလုပ်လုပ်ကြောင်းကို တွေ့ရသည်။ ကယ်တင်ခြင်းသို့ရောက်သောသူများကို သခင်ဘုရားကိုယ်တို်င် အသင်းဝင်စေပါသည် (တ ၂း၄၇ ခ)။ “အသက် ကျောက်များ” ကို အသင်းတော်တွင် ကိုယ်တော်ကိုယ်တိုုင်ထားပါသည် (၁ ပေ ၂း၅)။ သခင်ဘုရားကိုယ်တိုင် အာနနိအား    “ရှောလု (ပေါလု)သည် တစ်ပါးအမျိ်ုးသားတို့နှင့် ရှင်ဘုရင်ထံသို့လည်းကောင်း၊ ဣသရေလလူမျိုးတို့ရှိရာသို့ လည်းကောင်း၊ ငါ၏ နာမည်ကို ပို့ဆောင်ပေးခြင်းငှာ ငါ ရွေးကောက်သော တန်ဆာဖြစ်၏။ ငါ၏ နာမကြောင့် အဘယ်မျှလောက် ဆင်းရဲခံရမည်ကို သူအားငါပြမည်” ဟုပြောခဲ့ပါသည် ( တ ၉း၁၅၊၁၆)။

၄။        ကြီးကြပ်သူ

            ခရစ်တော်သည် တန်ဆာပလာများနှင့် အလုပ်သမားများကို ရွေးချယ်၍ အသင်းတော်ကို တည်ဆောက်သူဖြစ်သည် သာမက ဒေသန္တရအသင်းတော် တစ်ပါးချင်းစီကို ကြီးကြပ်သူလည်း ဖြစ်ပါသည်။ ဗျာဒိတ်ကျမ်းကိုကြည့်လျှင် ခရစ်တော် သည် အာရှတစ်ခွင်တွင် ပထမရာစုနှစ်အတွင်းက ရှိခဲ့သော အသင်းတော်ခုနှစ်ပါးကို ကိုယ်စားပြုသည့် မီးတို်င်ခုနှစ်ခုုတို့ အလယ်၌ ရပ်လျက်ရှိနေသည်ကို တွေ့ရပါသည်။ အသင်းတော်တစ်ပါးဆီထံသို့ ပေးသောစာတွင် ၄င်းတို့တစ်ပါးစီအပေါ်၌ ခရစ်တော်ထားသောဝန်တာနှင့် ပါ၀င်ခြင်းတို့ကို ဖော်ပြထားပါသည်။ ထိုအသင်းတော်တို့သည် ကိုယ်တော်နှင့် တိိုက်ရိုက် သက်ဆိုင်ကြပါသည်။

            ခရစ်တော်သည် အသင်းတော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်းဖော်ပြပါသည်။ အသင်းတော်ကို ထိပါးခြင်းသည် ခရစ်တော်၏ နှလုံးတော်ကို ထိပါးခြင်းပင် ဖြစ်ပါသည်။ ငယ်ရွယ်သေးသော အသင်းတော်ကို ရှောလုက ညှဉ်းဆဲသတ်ဖြတ် နေသည့် အချိန်တွင် ခရစ်တော်သည် သူ့အား“ ရှောလု၊ ရှောလု အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲပါသနည်း” ဟု ပြောခဲ့ပါသည်။ သခင်ဘုရား မည်သူဖြစ်ကြောင်းကို ရှောလုက သေချာစွာ မသိသေးသောကြောင့် “ သခင်ဘုရား၊ ကိုယ်တော်မည်သူဖြစ်ပါသနည်း”  ဟု မေးသောအခါ “ သင်ညှဉ်းဆဲသော ယေရှုဖြစ်ပါသည်” ဟု ပြန်ပြောခဲ့ပါသည်။

နိဂုံးချုပ်နှင့် မိမိ်အတွက်ခံယူကျင့်သုံးခြင်း

            သခင်ယေရှုသည် ဤလောကသို့ ကြွလာခဲ့စဉ်က သူ၏ လူများကို မိမိတို့ အပြစ်များမှ ကယ်တင်ရန်ဖြစ်ပါသည်။ သို့ရာတွင် တစ်ဦးချင်းစီကို ကယ်တင်ရုံနှင့် မိမိအလုပ်ကို မကန့်သတ်ခဲ့ချေကိုယ်တော်ကို ယုံကြည်သောသူများစုပေါင်း မိ်တ်သဟာယဖွဲ့ခြင်းဖြင့် မြင်နိုင်သော အသင်းတော်အဖြစ် ရပ်တည်ကြရန် မေတ္တာနှင့် ပြင်ဆင်မှုကိုလည်း လုပ်ပေးခဲ့ပါသည်။ သူ၏ ခန္ဓာတော်ဖြစ်သော  ထိုယုံကြည်သူစုသည် ဒေသတစ်ခုတွင်ရှိ်သော စုဝေးရာဋ္ဌာနများမှ တဆင့်ဝမ်းမြောက်ဖွယ် သတင်းကို ဟောပြောခဲ့ကြသည်။ သတင်းကောင်းကို ကြော်ငြာသောနေရာများ၌ ဘုရားသခင်၏ လူများ စုဝေးနို်င်ရန် အသင်းတော်များကို တည်ဆောက်၍ ပြင်ဆင်ပေးတော်မူပါသည်။ ထိုအသင်းတော်များသည် ကျမ်းစာနှင့် ညီညွှတ်သော ယုံကြည်ခြင်းရှိ၍  ၀ိညာဉ်ရေး၌ ကျမ်းမာသော အသင်းတော်များဖြစ်ဖို့ အရေးကြီးပါသည်။

            ဒေသန္တရ အသင်းတော်များသည် ရည်ရွယ်ချက်တစ်ခုကို အကောင်ထည်ဖော်ရန် အသုံးပြုခဲ့သော အရာမျှသာ မဟုတ်ဘဲ များပြားသော အကျိုးကျေးဇူးကို ခံစားဖို့ရန် ခွဲခန့်ထားပါသည်။ ထိုအသင်းတော်တို့သည် ကမ္ဘာပေါ်တွင် ခရစ်တော်၏ အဓိက ဗဟိုကျသော ရည်မှန်းချက်ဖြစ်ပါသည်။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

လမ်းညွှန်ချက်

အသင်းတော်၏ အရေးပါခြင်းနှင့် အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်                သင်ခန်းစာ (၁)

၁။        “ အသင်းတော်၏” အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ရေးပါ။

၂။         မည့်သည့်အချိ်န်တွင် အသင်းတော်စတင်ခဲ့ပြီး မည်ကဲ့သို့ ဖွဲ့စည်းပါသနည်း။

၃။        တစ်ကမ္ဘာလုံးနှင့်ဆိုင်သော အသင်းတော်နှင့် ဒေသန္တရအသင်းတော်တို့၏ ခြားနားချက်သည် အဘယ်နည်း။

၄။        ခရစ်ယာန်အသက်တာ အသက်ရှင်နိုင်ရန် အသင်းတော်သို့ သွားဖို့လိုအပ်သည်ဟု သင်၏ ပြောပြချက်ကို “ ငါမယုံဘူး” ဟု ပြောလာသောသူအား သင်ဖြေဆိုရန် ကြောင်းတရားနှစ်ခုကို ရေးသားပါ။

၅။        စစ်မှန်သော အသင်းတော်နှင့် မစစ်မှန်သော အသင်းတော်တို့၏ ခြားနားချက်များအနက်(၃)ခုကို ဖော်ပြပါ။

၆။        သခင်ယေရှု၏ နောက်လိုက်တစ်ဦးဖြစ်ကြောင်းကို ဖော်ပြရန် မည်သည့်အမည်နာမများကို သင်အသုံးပြုမည်နည်း။ အဘယ့်ကြောင့်နည်း။

၇။        ထင်မြင်ချက်။ ဤသင်ခန်းစာထဲမှ သင်၏စိတ်နှလုံးကို အတို့ထိဆုံးသော သမ္မာတရားတစ်ချက်ကို ဖော်ပြပါ။

၈။        ဤသင်ခန်းစာတွင် သင်မမဖြေဆိုသည့် မေးခွန်းများရှိပါသလား။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

ရှင်းလင်းချက်များ

အသင်းတော်၏ ရည်ရွယ်ချက် သင်ခန်းစာ(၂)

            “ယေရှုခရစ်အားဖြင့် အသင်းတော်၌ ဘုန်းကြီးတော်မူစေသတည်း၊ အာမင်” (ဧ ၃း၂၁)။

            “အသင်းတော်၏ ရည်ရွယ်ချက်သည် အဘယ်နည်း” ဟူုသော မေးခွန်းကို တိကျမှန်ကန်စွာ ဖြေဆိုရန်မှာ“ ယုံကြည်သူ တစ်ဦး၏ အသက်တာရည်မှန်ချက်သည် အဘယ်နည်း”  ဟူသော မေးခွန်းကို အရင်ဖြေဆိုမှသာလျှင် ဖြေဆိုနိုင်မည် ဖြစ်ပါသည်း။ သင်ကြိုက်သလို အသက်ရှင်ဖို့ သင်၌ လွတ်လပ်မှုရှိခဲ့လျှင် အသင်းတော်သည် အဆင်ပြေသလိုမဟုတ် ထုံစံအတိုင်း မည်ကဲ့သို့ပင် လှုပ်ရှားလုပ်ဆောင်စေကာမူ သင့်စိတ်ထားသည် လွတ်လပ်စွာ နေနိုင်မည်ဖြစ်ပါသည်။ သို့ရာတွင် ဘုရားသခင်သည် သူနှစ်သက်ရာကို လုပ်ဆောင်ချင်သော စေတနာစိတ်နှင့် လုပ်ဆောင်နိုင်သော ခွန်အားကို သင်၌ ပြုပြင်သည် မှန်လျှင် (ဖိ ၂း၁၃) သင့် အသက်တာ၏ ရည်မှန်းချက်သည် နာခံသော တပည့်တော် တစ်ဦးဖြစ်ဖို့ ဖြစ်ပါလိမ့်မည်။ အခြားသော အရာများထက် ဘုရားသခင်ဝမ်းမြောက်ရန် ရည်ရွယ်သော အသက်တာ၌ အသက်ရှင်သည့် ယုံကြည်သူဖြစ်ပါဤသည်ပင်လျှင် “ဘုရားသခင်သည် အကျွန်ုပ်၏ ဒေသန္တရအသင်းတော်ကို အဘယ်ကြောင့် တည်ထောင် တော်မူသနည်း”  ဟူသော မေးခွန်းကို ဖြေဆိုနိုင်ရန် သင့်အားလမ်းညွှန်ပါလိမ့်မည်။

            ၀ိညာဉ်ရေးရာအားသန်သော ယုံကြည်သူစု၏ လှုပ်ရှားခြင်းဆိုသည်မှာ လူတစ်ဦးချင်းစီအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ချဲ့ထွင်းခြင်းပင်ဖြစ်သည်။ တစ်ဦးချင်း မလုပ်နိုင်သော၊ သို့မဟုတ် လုံးဝ မလုပ်နိုင်သော အလုပ်ကို အတူတကွ  လုပ်ဆောင်လျှင် လုပ်နိုင်ကြပါသည်။ ထို့ကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ရောင်ပြန်ဟပ်ခြင်း မပြုသော အသင်းတော်၏ လှုပ်ရှားမှုများကို ကျွန်ုပ်တို့ မခံယူအပ်ပေ။ ဥပမာ – အောက်ပါ ဒေသန္တရအသင်းတော်အကြောင်း တင်ပြချက်ကို ဆင်ခြင်၍လည်းကောင်း၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မည်ကဲ့သို့ ရောင်ပြန်ဟပ်ကြောင်း သင့်ကိုယ်သင်မေးပါ။ အသင်းတော်ဆိုသည်မှာ ကန့်သတ်ထားသော လူစုတစ်စု၏ ကလပ်အသင်းလား။ တရားဟောကောင်း သောသူများ၏ ဟောကြားချက်ကို နားထောင်ရာခန်းမလား။ ရပ်ကွက်ဖွံဖြိုးရေးနှင့် လူမူရေးလုပ်ငန်း လုပ်ကိုင်ရန် ဖွင့်ထားသော ဋ္ဌာနတစ်ခု လား။ အခါအားလျော်စွာ ၀င်ခွင့်လက်မှတ်ရောင်းချပေးသော ဖျော်ဖြေရေးနေရာတစ်ခုလား။ နိုင်ငံရေးကို လုပ်ဆောင်နေသည့် ဋ္ဌာနတစ်ခုလား။ လူမူရေးကိစ္စများအနက် ထမင်းချက်ပေးသော မီးဖိုဆောင်တစ်ခုလား။ ဤသည်တို့အနက် တစ်ခုမျှ မဟုတ်ဘူးဆိုလျှင် ဒေသန္တရအသင်းတော်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ကား အဘယ်နည်း။

(က)ခရစ်တော်၏ကိုယ် ။                     ။အသင်းတော်သည် ခရစ်တော်၏ ကိုယ်ဖြစ်၍ ခရစ်တော်သည် ဦးခေါင်းဖြစ်သည်။        (ဧ ၁း၂၃)။ ကိုယ်တစ်ကိုယ်တည်းရှိ၏(ဧ ၄း၄)။ ၄င်းကို အသင်းဝင်များက အသီးသီးသော ၀ိညာဉ်ဆု ကျေးဇူးများကို အသုံးပြု၍ တည်ဆောက်ထားပါသည် (ဧ၄း၁၂)။ အသင်းဝင်များသည် ခရစ်တော်၏ အသား၊ အရိုးနှင့်တူ၏ (ဧ ၅း၃၀)။        ၁ ကော ၁၂း၁၂ – ၂၇ တွင် အသင်းဝင်များ၏ လုပ်ဆောင်ချက်သည် ခြားနားသော်လည်း တစ်ဦးနှင့်တစ်ဦး အမှီသဟဲပြုကြ သည်ဟု ဖော်ပြထားပါသည်။

(ခ)ခရစ်တော်၏ သတိုးသမီး ။                         ။ ဤရှင်းလင်းချက်ကို ဗျာဒိတ် ၂၁း၂၊၉ တွင် အရှင်းဆုံး ဖော်ပြထားသော်လည်း ၄င်းနှင့်ဆိုင်သော သမ္မာတရားကိုမူ ဧဖက် ၅း၂၃ – ၃၂ တွင် ပြည့်စုံစွာဖေါ်ပြထားပါသည်။ ခရစ်တော်၏ အသင်းတော်အပေါ် ထားရှိသော မေတ္တာသည် လင်ယောက်ျားက မယားကိုချစ်သောမေတ္တာမျိုးဖြစ်ပါသည်။ မြတ်နိုးခြင်းနှင့် ရင်းနှီးခြင်းကို ထင်ရှားစွာမြင်နိုင်ပါသည်။ “အကြောင်းမူကား၊ ငါသည် သင်တို့ကို သီလနှင့်ပြည့်စုံသော သတို့သမီးကညာကဲ့သို့ ခရစ်တော် အားဆက်အံ့သောငှါ၊ သင်တို့ကို လင်တစ်ဦးနှင့် ထိမ်းမြားဆောင်းနှင်းပြီးသောကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း စိုးရိမ်သောစိတ်နှင့် သင်တို့ကို စောင့်ရှောက်လျက်နေ၏” (၂ ကော ၁၁း၂)။

(ဂ)ခရစ်တော်၏အဆောက်အဦး ။        ။ တမန်တော်တို့မှစ၍ ပရာဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထက်ဆင့်၍ တည်ဆောက်လျက် ရှိကြ၏။ ထိုတိုက်ထောင့်အမြစ်ကျောက်ကား ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့် တစ်တိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့် သခင်ဘုရားအဖို့အလို့ငှာ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏ (ဧ ၂း၂၀၊၂၂)။ ၁ ပေ ၂း၅ တွင် ပါရှိသကဲ့သို့ ကျွန်ုပ်တို့သည် အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက် ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသော သန့်ရှင်သောယဇ်ပရာဟိတ် မျိုးလည်း ဖြစ်ကြ၏။ ယေရှုရှလင်မြို့၌ရှိသော ဗိမာန်တော်ကို ၀တ်ပြုကိုးကွယ်သော သူများဖြင့် အစားထိုးရခြင်းသည် အသင်းတော်တွင် ဘုရားသခင် ကိန်းဝပ်တော်မူကြောင်းကို အထူးပြု၍ ဖော်ညွန်းခြင်းပင် ဖြစ်ပါသည်။

            ဤပုံဆောင်ချက်များကို ကြည့်လျှင် အသင်းတော်၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏ လူများကို တည်ဆောက်ခြင်း အားဖြင့် ခရစ်တော်နှင့် နီးကပ်စွာ တော်စပ်သော လူစုဖြစ်စေပြီး၊ သန့်ရှင်းသော ယဇ်ပရောဟိတ်များအဖြစ် ၀တ်ပြုကိုးကွယ် နိုင်ရန်ဖြစ်ပါသည်။ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ဤကဲ့သို့ မြင်ကြပါသလား။ အသင်းတော်အပြင်မှာရှိသောသူများက ကျွန်ုပ်တို့ကို ဤကဲ့သို့ နားလည်းကြပါသလား။

၂။        ရည်ရွယ်ချက်၏အနှစ်သာရ

            သခင်ဘုရားအား နှစ်သက်စေသော သာသနာလုပ်ငန်းရှိသည့် ဒေသန္တရအသင်းတော်သည် အောက်ပါတို့ကို လုပ်ဆောင်ရပါသည်။

(က)     လောကီသားများရှေ့တွင် ဘုရားသခင်၏ သန့်ရှင်းခြင်း၊ မေတ္တာတော်နှင့် ကျေးဇူးတော်ကိုပြ၍ ကိုယ်စားပြုခြင်း အားဖြင့် ဘုရားသခင်နှင့် ဘုန်းတော်ကို ထင်ရှားစေပါ။ သာသနပ လူတို့သည် ဘုရားသခင်၏ လူများကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်နှင့် သားတော်၏ ကြီးမားသော ဘုန်းတော်ကို မြင်ရကြမည်ဖြစ်ပါသည်။ ဘုရားသခင်၏ ဘုန်းတော်သည် သားတော်အားဖြင့် အထူးထင်ရှားပါသည် (ယော ၁၇း၁၊၅)။ သားတော်ကို ချီးမြောက်သမျှသော သူတို့သည် ခမည်းတော်ကို ချီးမြောက်ကြသည် ( ယော ၅း၂၃)။ မိမိတို့၏ အသက်တာတွင် သခင်ယေရှုနှင့်တူသော အကျင့်ကိုပြု၍ ဦးထိပ်ထားကြ သောအခါ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားပါသည်။ အမှောင်ထဲမှ အံ့သြဖွယ်ကောင်းသော အလင်းတော်သို့ ကျွန်ုပ်တို့အား ခေါ်ဆောင်သော ဘုရားသခင်ကို ချီးမွန်းထိုက်ကြောင်း ကျွန်ုပ်တို့ ပြသရပါမည် (၁ ပေ ၂း၉)။ အသင်းတော်သည် ဘုရား သခင်၏ ပညာတော်ကို ထုတ်ဖော်ပြသရပါမည် (ဧ ၃း၁၀)။ အာကာသတွင် သေးငယ်သော ဂြိုဟ်တစ်ခုအပေါ်ရှိ မြူမှုန့် တစ်စက်ကဲ့သို့ သနားစဖွယ်ကောင်းသော အပြစ်သား ကျွန်ုပ်တို့အားပြုတော်မူသော ကျေးဇူးတော်ကိုလည်း ပြသရပါမည်   (ဧ ၂းရ)။ ကျွန်ုပ်တို့၏ လုပ်ဆောင်မူတို့သည် ဘုရားသခင်၏ ဘုန်းကိုဆောင်ရပါမည်။ ကျွန်ုပ်တို့၏ အသက်တာသည် ဘုရားသခင်၏ အကျင့်စာရိတ္တကို အရောင်ပြန်ဟပ်စေကြရပါမည်။ ဘုရားသခင်၏လူဖြစ်ပါသည်ဟု ၀န်ခံသော ကျွန်ုပ်တို့၏ အသက်တာတွင် သာသနာပလူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မြင်ကြပါမည်လား။ သူတို့သည် ကျွန်ုပ်တို့၏ အသက် တာတွင် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို တွေ့မြင်ခြင်းအားဖြင့်သင်တို့၏ အလယ်၌ဘုရားသခင်အမှန်ရှိသည်ဟု ၀န်ခံ လျက် ပျပ်ဝပ်ကာ ဘုရားသခင်ကို ကိုးကွယ်ကြပါသလား ( ၁ ကော ၁၄း၂၅)။

(ခ)       ၀ိညာဉ်နှင့် သစ္စာဖြင့် ဘုရားသခင်ကိုကိုးကွယ်ပါ။ခမည်းတော်ဘုရား အလိုတော်ရှိ်သော အရာသည် ထိုအရာပင် ဖြစ်သည် (ယော ၄း၂၃၊၂၄)။ ကျွန်ုပ်တို့သည် ရုပ်ထုများ၊ရုပ်ပုံများ သို့မဟုတ် ရုပ်ဝတ္ထုတစ်ခုခုကို ဘုရားသခင်နေရာ၌ ထားကာ ၀တ်ပြုကိုးကွယ်ခြင်းကို မပြုဘဲ မျက််စိနှင့် မမြင်နိုင်သော ဘုရားသခင်ကို နာမ်ဝိညာဉ်အားဖြင့် ကိုးကွယ်ရပါသည်။ ဘုရားသခင် စီမံထားသည့်အတိုင်း ကျွန်ုပ်တို့အတွက် လုပ်ဆောင်ခဲ့သည်များကို အောက်မေ့ကာ ကျွန်ုပ်တို့အားအသွေး တော်အားဖြင့် လက်ခံတော်မူခြင်းကို ယုံကြည်၍ သစ္စာနှင့်ကိုးကွယ်ရပါသည်။ ကျွန်ုပ်တို့သည် တစ်ဦးချင်းအနေနှင့် နေ့စဉ်ဝတ်ပြုသင့်ပါသည်။ စုပေါင်း၍ ၀တ်ပြုကိုးကွယ်ရန်လည်း ဘုရားသခင် အလိုတော်ရှိပါသည်။ ဤကဲ့သို့ စုပေါင်းဝတ် ပြုနိုင်ရန် ရက်သတ္တပတ် ပထမနေ့ကို သီးသန့်ဖယ်ထားပါသည်။ ကောင်းကင်ဘုံ၌ ဘုရားသခင်အား ၀တ်ပြု ကိုးကွယ်ရာတွင် ကျွန်ုပ်တို့ကိုယ်စား အသက်ခံခဲ့သော သိုးသူငယ်တော်ကို ဗဟိုပြုပါသည် (ဗျာ ၅း၁၁-၁၄)။ လောကတွင် ၀တ်ပြုကိုးကွယ် သောအခါ၌လည်း ထိုကဲ့သို့ပင် ကိုးကွယ်ရန်ဖြစ်ပါသည်။ ၀တ်ပြုကိုးကွယ်ခြင်း၏ တန်ဖိုးကို စာတန်မာရ်နတ်၏ မနာလိုခြင်းကို သိခြင်းအားဖြင့်သိရပါသည် (မ ၄း၉)။ ၀တ်ပြုကိုးကွယ်ခြင်းသည် ဘုရားသခင်သာ ရထိုက်ကြောင်းကို ကောင်းကင်တမန်များ နှင့် ဆက်ကပ်သော ဘုရားသခင်၏ ကျွန်တို့သည် သိသောကြောင့် လူတို့သည်သူတို့အားကိုးကွယ်မည်ပြုတိုင်း ငြင်းပယ်ကြ သည်။ ထို့ကြောင့် အသင်းတော်အတိုင်းသည် မိမိ၏လှုပ်ရှားမှုတွင် ဘုရားသခင်ကို အထွဋ်အထိပ်ထားဖို့ မမေ့အပ်ပေ။

(ဂ)       မဟာစေခိုင်းတော်မူခြင်းကို လိုက်နာခြင်းအားဖြင့် ဘုရားသခင်အား နာခံပါ (မ ၂၈း၁၉၊၂၀)။ ဤစေခိုင်းတော်မူခြင်း သည် အခြားသောတာဝန်များထက် ကြီးမြတ်သောကြောင့် “ မဟာ” ဟူသော စကားလုံးကို သုံးနှုန်းထားခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည်သွား၍ တပည့်တော်ဖြစ်စေကာ နှစ်ခြင်းမင်္ဂလာကို ပေးပြီးနောက် သခင်ဘုရားညွန်ကြားထားသမျှကို စောင့်ရှောက်ကြဖို့ သွန်သင်ရပါမည်။ ၀ိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် ကိုယ်တေ်၏ သက်သေများဖြစ်ကာ ယေရှုရှလင် မြို့မှ အစပြု၍ မြေကြီးစွန်းတိုင်အောင် သာသနာပြုလုပ်ငန်းကို ချဲ့၍လုပ်ဆောင်ရပါမည် (တ ၁း၈)။ ကျွန်ုပ်တို့၏ အနီး ပတ်ဝန်းကျင်တွင် အလင်းကိုဆောင်ဖို့ရန်အတွက် ဒေသန္တာရအသင်းတော်များကို ဆီမီးခွက်တိုင်နှင့် နှိုင်းထားပါသည်       (ဗျာ ၁း၂၀)။ ဣသရေလလူမျိုးတို့သည် တစ်ပါးအမျိုးသားများအတွက် အလင်းဖြစ်ဖို့ ပျက်ကွက်ခဲ့သကဲ့သို့ ဒေသန္တာရ အသင်းတော်သည် ထိုကဲ့သို့ မပျက်ကွက်ဖို့ သတိထားရပါမည်။ ရှေးဦးအသင်းတော်ကဲ့သို့ စိတ်အားထက်သန်စွာ သက်သေ မခံကြလျှင် ( တ ၅း၄၂) ဧဝံဂေလိ အရှိန်ရပ်စွဲသွားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၌ သာသနာပြု၍ ဧဝံဂေလိပျံ့နှံ့စေသည့် ယုံကြည်ခြင်းရှိပါသည်။ အသင်းတော်သည် လူတစ်ချို့၏ အဆင်ပြေလျှင်ပြေသလိုစည်းဝေးသော နေရာမဖြစ်စေရပါ။ ရိတ်သိမ်းရမည့် စပါးများ၍ ရိတ်သိမ်းသူနည်းနေပါက ထိုလိုအပ်မူကို မစတော်မူရန် ဆုတောင်း၍ အလုပ်လုပ်ကြဖို့ဖြစ်ပါ သည် (မ ၉း၃၇၊၃၈)။ ဘုရားသခင်သည် ပျောက်ဆုံးသော ၀ိညာဉ်တိုင်းကို ချစ်ပါသည် ( ၂ ပေ ၃း၉)။“ပျက်စီးနေသော ကမ္ဘာကြီးကို မစာနာလျှင် ကျွန်ုပ်တို့၏ အသက်တာမှန်သည်ဟု ပြောနိုင်ကြမည်လော”။

၃။        ရည်ရွယ်ချက်ကိုပြည့်စုံစေခြင်း

            ရှေးဦးဒေသန္တာရအသင်းတော်များ၏ အစည်းအဝေးများ၌ ဘာဖြစ်ခဲ့သနည်း။ (တ ၂း၄၂)၌ “ထိုသူများသည် တမန်တော်တို့၏ ဆုံးမသြဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဋ္ဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏” ဟုဆိုပါသည်။ တစ်နည်းအားဖြင့်ဆိုသော် သူတို့သည် နှုတ်ကပတ်တော်ကို လေ့လာ၍ နာခံကြပြီး တစ်ဦးနှင့်တစ်ဦး ၀ိညာဉ်မိတ်သဟာယပြုခြင်းအားဖြင့် အချင်းချင်း ခွန်အားပေးကြကာ ပွဲတော်ကို မှန်မှန်သုံးဆောင်လျက် မှန်မှန်ဆုတောင်းကြသည်ဟု ဆိုလိုပါသည်။ ကျမ်းချက်များကို ကိုးကားခြင်းအားဖြင့် အသင်းတော်၏ ရည်ရွယ်ချက်များကို ခွဲခြမ်းစိတ်ဖြာနိုင်ပါသည်။ ( တ ၂း၄၂) သည် ဤအကြောင်းအရာ အကုန်အစင် မေတမဟုတ်ပါ။

(က) နှုတ်ကပတ်တော်ကို မခံယူခြင်းနှင့် မသိနားမလည်းခြင်းမှ လူများကို ကယ်တင်လိုပါက အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သွန်သင်ပါ ( ၂ တိ ၄း၂)။ နှုတ်ကပတ်တော်ကို သင်ကြားရာတွင် အပိုင်းပိုင်း ရွေးချယ်၍ သင်ပေးခြင်းမဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်ကို အကုန်စင် သင်ပေးရပါမည် (တ ၂၀း၂၇)။ အသင်းတော်တစ်ခုလုံးအား စနစ်တကျ သင်ပေးခြင်းမပြုသောအခါ အသင်းတော်အများအပြားတို့သည် ရောဂါဖြစ်၍ သူတို့၏ ၀ိညာဉ်ကို အစာမကျွေးသော ခေါင်းဆောင်များ၏ ရွေးချယ်ဖတ်ကြားသော ကျမ်းချက်အနည်းငယ်ကိုတစ်ခါ တစ်ရံသာ ကြားနာကြရသည်။ ဓမ္မဟောင်းခေတ်တွင် ယဇ်ပလ္လင်သည် ၀တ်ပြုကိုးကွယ်ခြင်း၏ ဗဟိုချက်ဖြစ်ခဲ့သော်လည်း ကျွန်ုပ်တို့၏ ယဇ်ပလ္လင်မှ ခရစ်တော်မိမိကိုယ်ကို ပူဇော်ခဲ့သော လက်ဝါးကပ်တို်င်ဖြစ်ရာ ၄င်းကို ထိရောက်သော နှုတ်ကပတ် တော်သင်ကြားခံယူခြင်းအားဖြင့်သာလျှင်မြင်နိုင်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကြား၍ နာခံခြင်းသည် ကောင်းကင်ဘုံသို့ သွားမည့်သူများ၏ အမှတ်အသားဖြစ်ပါသည်။ ၄င်းသည် ဘာသာရေးဓလေ့အရ ပြုလုပ်သော အခမ်းအနားများထက် ကြီးမြတ်ပါသည် (၁ရာ ၁၅း၂၂)။ ယဇ်ပရောဟိတ်တစ်ပါး သို့မဟုတ် အမှုတော်ဆောင်တစ်ဦးပြု လုပ်သော နွေးထွေးစေသည့် ဘာသာရေးခံစားချက်များသည် ပြည့်စုံကောင်းမွန်သောအရာ လိုအပ်လျှက်ရှိပါသည်။ ထိုအရာမှ နှုတ်ကပတ်တော်ကို သစ္စာရှိရှိ သင်ပေး၍ ယုံကြည်သူများကိုယ်တိုင် နှုတ်ကပတ်တော်ကို လေ့လာတတ်ဖို့ ပြပေးရန် ဖြစ်ပါသည် ( တ ၁၇း၁၁)။

(ခ)       ၀ိညာဉ်ဦးဆောင်သူများအားဖြင့် ဘုရားသခင်၏ လူများကို သိုးကဲ့သို့ ထိန်းပါ။ သိုးထိန်းများ၏ ဦးဆောင်မှုအရေးကြီး ကြောင်းကို သခင်ယေရှုနှင့်တကွ သူ၏ တမာန်တော်များက သွန်သင်ကြပါသည်။ ( ယော ၁၂း၁၅ ၁၇။ ၁ ပေ ၅း၂) ဤကဲ့သို့ဖြစ်နိုင်ရန် ဘုရားသခင်၏ လူများသည် သိုးစုကဲ့သို့စုဝေး၍ သိုးထိန်းများကသစ္စာရှိရှိထိန်းကြမှသာလျှင် ဖြစ်မြောက်နိုင်ပါသည်။ သိုးထိန်းလုပ်ငန်း၌ သိုးစုထဲတွင်ပါ၀င်သော သူများကို ယုံကြည်ခါစ လူများမှ အစပြု၍ မေတ္တာနှင့် ပြုစုရန် ဖြစ်ပါသည် ( ၁ ပေ ၂း၂)။ ယုံကြည်ခါစ လူဟုဆိုရာ၌ ဇာတိခရစ်ယာန် ( ၁ ကော ၃း၁-၃) များလည်း ပါ၀င်သည်။ သူတို့သည် မရင့်ကျက်ဘဲ သူတို့၏အသက်တာတွင် လိုက်လျှောက်ရမည့် ကြေခဲသော နှုတ်ပတ်တော်ကို မဖတ်ခြင်း အားဖြင့် မတိုးတက်သောသူများဖြစ်ကြပါသည် (ဟေဗြဲ ၅း၁၂၊၁၄)။ ထိုကဲ့သို့သော လူတို့သည် စစ်မှန်သော ယုံကြည်သူများ မပြုအပ်သည့် မတရားသော အမှုကို ပြုကြမည်မဟုတ်ပေ ( ၁ ယော ၃း၄၊၉)။ ဇာတိခရစ်ယာန်တို့သည် ၀ိညာဉ်ရေးရာ၌ ကလေးဆန်သော အပြုအမူများရှိကြသည်။ မှန်ကန်သော သိုးထိန်းခြင်းသည် ယုံကြည်သူများကို ၀ိညာဉ်ရေးရာ၌ ကလေး ကဲ့သို့ နေထိုင်ကျင့်ကြံနေမည့်အစား ရင့်ကျက်ခြင်းသို့ ရောက်ရှိစေပါသည်။ သိုးတို့သည် သိုးထိန်းတို့ကို နာခံရန် အမိန့်တော် ရှိပါသည်။ သိုးထိန်းတို့သည်လည်း သူတို့၏ အသက်တာအတွက် သခင်ဘုရားအား စာရင်တင်ပြကြရမည်ဖြစ်ပါသည် (ဟေဗြဲ ၁၃း၁၇)။ ဤအချက်သည် သိုးတို့မှာ အသင်းတော်နှင့် ခွဲခွာ၍ တစ်ဦးတည်းမနေကြောင်းကို ဖော်ပြပါသည်။ တချို့သော ယုံကြည်သူတို့သည် ဒေသန္တာရအသင်းတော် တစ်ပါးပါးသို့ မိမိကိုယ်ကို အပ်နှံခြင်း မပြုဘဲ တစ်ဦးတည်း နေကြသည်။ ဤကဲ့သို့နေရန်ဓမ္မသစ်ကျမ်း၌ ခွင့်ပြုချက်လုံးဝမရှိချေ။ သိုးစုကိုထိန်းကျောင်းသော သိုးထိန်းများအား ပေးထားသောတာဝန်ရှိရာ ထိုတာဝန်ကို ပျက်ကွက်ပါက ဘုရားသခင်၏ မှတ်တမ်းတွင် မှတ်ထားခြင်း ခံကြမည်ဖြစ်ပါသည်။ ဣသရေလခေါင်းဆောင်များလည်း ဤကဏ္ဍတွင် တာဝန်ပျက်ကွက်ခဲ့ကြသဖြင့် အပြစ်စီရင်ခြင်းကိုခံရသည် (ယေဇ ၃၄း၂-၁၀)။ ဘုရားသခင်၏ လူများကို အသင်းလူကြီးများ သို့မဟုတ် သိုးထိန်းများက ထိန်းကြရာတွင် အရည်အချင်းအလိုက် ဆုလာဒ်သော်လည်းကောင်း၊ ဆုံးရှုံခြင်းသော်လည်းကောင်း ခရစ်တော်၏ တရားစီရင်ခြင်းပလ္လင်၌ ရရှိကြမည်ဖြစ်ပါသည် ( ၁ ပေ၅း၄၊ ကော ၃း၁၃-၁၅)။

(ဂ)       တ၂း၄၂ တွင်တွေ့ရသကဲ့သို့ ယုံကြည်သူများ စုဝေးသော နေရာသို့ ဘုရားလူများနှင့် မိတ်သဟာဖွဲ့ပါ။ အသင်းတော် တွင် မိတ်သဟာယဖွဲ့ခြင်း၏ ပထမအရေးကြီးသောအရာမှာ ၀ိညာဉ်ရေးဖြစ်၍ လူမူရေးမဟုတ်ပါ။ ထိုကဲ့သို့ မိတ်သဟာဖွဲ့ခြင်း သည် ယုံကြည်သူများအလယ်၌ရှိသော သခင်ဘုရားကြောင့် အဓိက ၀မ်းမြောက်ခြင်း ဖြစ်စေပါသည်။ စုပေါင်းဝတ်ပြုခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် သခင်ဘုရားအား စကားပြောခြင်းသည် ၄င်းတွင် ပါ၀င်ပါသည်။ ဤမိတ်သဟာယတွင် နှုတ်ကပတ် တော်သင်ပေးခြင်း (သို့) ဟောပြောခြင်းအပေါ်တွင် စဉ်းစဉ်းစားစား အာရုံပြုနိုင်ကြပါသည်။ အချင်းချင်းမိတ်သဟာယပြုခြင်း ကို စွန့်ပစ်လျှင် ဘုရားသခင်ထံမှ ရွေ့လျော့ခြင်းနှင့် ၀ိညာဉ်အသက်တာ အားနည်းခြင်းတို့ကို ဖိတ်ခေါ်ရာရောက်ပါသည် (ဟေဗြဲ ၁၀း၂၅)။ အသင်းတော်ကဏ္ဍတွင် တက်ကြွစွာ ပါ၀င်ခြင်း၌ နှိုးဆော်ခြင်း၊ တိုက်တွန်းခြင်း၊ တာဝန်ရှိခြင်းတို့ကို လျစ်လျူရှုခြင်းသည် အလွန်ကြီးမားသော မှားယွန်းခြင်းဖြစ်ပါသည်။ ဘုရားကျောင်းတက်ခြင်းသည် ၀ိညာဉ်ရေးရာ၌ အလိုအလျောက် အားကြီးခြင်းကို အာမခံမည်တော့မဟုတ်ပါ။ ဟန်ဆောင်သူ၊ တရားသာလျှင်ကြားနာ၍ မလိုက်နာသူများ လည်း ဘုရားကျောင်းတက်ကြပါသည်။ သို့ရာတွင် ဘုရားကြောင်းတတ်ခြင်းကို လျစ်လျူရှုခြင်းသည် ၀ိညာဉ်ရေးရာ၌ ကျဆင်းခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်ပါသည်။

(ဃ)                 ဆုကျေးဇူးရှိသောသူများ၏ အပြန်အလှန် လုပ်ဆောင်ခြင်းအားဖြင့် ဘုရားသခင်၏ လူတို့ကို တည်ဆောက်ပါ။ သခင်ဘုရားက ဤလောကကို စွန့်ခဲ့သောအချိန်၌ သူ့လူတို့အား ၀ိညာဉ်ဆုကျေးဇူးများကို ပေးခဲ့ခြင်းသည် ယုံကြည်သူုူများအား တည်ဆောက်စေရန်ဖြစ်ပါသည် (ဧ ၄း၁၀-၁၂)။ မိတ်သဟာရတွင် ပါ၀င်သူများသည် ဘုရားသခင်၏  အစေကိုသာ၍ ခံနိုင်ကြစေရန်နှင့် အခြားသောသူများအား တည်ဆောက်နိုင်ကြစေရန် ယုံကြည်သူတစ်ဦးချင်းစီတို့အား ထိုဆုကျေးဇူးများကို ပေးတော်မူပါသည်။ နှုတ်ကပတ်တော် သင်ပေးခြင်းကဲ့သို့သော ဟောပြောခြင်းဆိုင်ရာ ဆုကျေးဇူး သူတစ်ပါအားမစ၍ ကျေးဇူးပြုခြင်းကဲ့သို့သော အစေခံခြင်း ဆုကျေးဇူး၊ ဘုရားသခင်ပေးသော ဆုကျေးဇူးအားလုံးတို့သည် မိမိ၏အကြံအစည် ထမြောက်အောင်မြင်နိုင််ရန်အတွက် မဟုတ်ဘဲ အခြားသောသူများကို ကူညီမစရန် ဖြစ်ပါသည်။ ဆုကျေးဇူးရှိသော သူတို့သည် လူ့ခန္ဓာကိုယ်အစိတ်အပိုင်များကဲ့သို့ အလုပ်လုပ်ကြပါသည်။ ခြားနားခြင်းရှိကြသော်လည်း အပြန်အလှန် မှီဝဲခြင်းရှိကြ၍ တစ်ကိုယ်လုံး အကျိုုးအတွက် ပါ၀င်လုပ်ဆောင်ကြပါသည် (၁ ကော ၁၂)။ သူတို့၏ သဘာဝတရားအတိုင်း အစုလိုက် လုပ်ဆောင်ကြပါသည်။ ထိုဆုကျေးဇူးများကို မှန်ကန်စွာ အသုံးပြုလျှင် ရင့်ကျက်လာ၍ လျစ်လျူရှုလျှင် အားနည်းသွားပါသည်။ ယုံကြည်သူတိုင်း၌ ဆုကျေးဇူးအနည်းဆုံး တစ်မျိုးစီ ရှိကြရာ၊ အသင်းတော်၏ လုပ်ဆောင်ချက်အားလုံးတွင် အရေးပါကြပါသည်။ ယုံကြည်သူများကို တည်ဆောက်ရာတွင် အသင်းတော်အတွင်း၌ အစေခံနိုင်ရန် လေ့ကျင့်ပေးခြင်းလည်း ပါ၀င်ပါသည်။ တချို့သော ဆုကျေးဇူးတို့သည် ဤလုပ်ဆောင်ချက်ကို ဖြစ်မြောက်အောင်လုပ်ကြသည်။ တမန်တော်တစ်ဆယ့်နှစ်ပါးတို့ကို သင်တန်းပေးခြင်းသည် ခရစ်တော် ဤလောကရှိစဉ်က အမှုတော်မြတ်၏ အရေးကြီးသောကဏ္ဍတစ်ခုဖြစ်ပါသည်။ သခင်ဘုရား၏ အစေကိုခံနိုင်ရန် ယုံကြည်သူများကို လေ့ကျင့်ပေး ခြင်းသည် ကလေးငယ်များ ဤလောကတွင် အသက်ရှင်နိုင်ရန် ပြုစုရသကဲ့သို့ ဖြစ်ပါသည်။ ကျမ်းစာကျောင်းများ(သို့) လုပ်ငန်းတော်၌ ထိုကဲ့သို့သော သင်တန်းမျိုးကို ပေးဖို့တာဝန် အပ်နှင်းခြင်းကို ဓမ္မသစ်ကျမ်းတွင် မတွေ့ရပါ။ အသင်းတော် အတွင်းရှိ လူတို့အနက် သင်ကြားလိုသောသူတိုင်းအား သင်တန်းပေးရခြင်းသည် အသင်းတော်၏တာဝန််တစ်ရပ်ဖြစ်ပါ သည်။ သို့ရာတွင် အသင်းတော်အနေနှင့် မသင်ပေးသော အချို့ကဏ္ဍများအတွက် အထူးအကူအညီကို ရယူဖို့ကျမ်းစာ ကျောင်းများ လိုအပ်နိုင်ပါသည်။ သို့ဖြစ်ငြားလည်း အသင်းတော်သည် ခေါင်းဆောင်မှုဖွံ့ဖြိုးရေးအပါအဝင် အသင်းဝင်တိုင်း ၀ိညာဉ်ရေး ကျန်မာဖွံ့ဖြိုးလာအောင် လိုအပ်ချက်များကို တတ်နိုင်သရွေ့ ဆောင်ရွက်ပေးရန်လိုအပ်ပါသည်။

နိဂုံးချုပ်နှင့်မိမိအတွက်ခံယူကျင့်သုံးခြင်း

            ဒေသန္တရအသင်းတော်အား ဘုရားသခင်ပေးထားသော တာဝန်များ မည်မျှကျယ်ပြန့်ကြောင်းကို အထက်ပါ သွန်သင်ချက်များက သတိရစေမည်ဖြစ်ပါသည်။ ဒေသန္တရအသင်းတော်တွင် ယုံကြည်သူတစ်ဦးစီသည် အရေးပါသော ပါ၀င်လှုပ်ရှားသူဖြစ်ဖို့ ဘုရားသခင် ဖိတ်ခေါ်ထားပါသည်။ အသင်းတော်၏ ခေါင်းဆောင်များသည် အသင်းသားများ၏ တိုးတက်ရေးနှင့် ပြုစုစောင့်ရှောက်ရေးတာဝန်ကို ယူကြရပါမည်။ ၄င်းတွင် အသင်းဝင်များ ၀ိညာဉ်ရေးရာ၌ သန့်ရှင်းစင်ကြယ်ခြင်းလည်း ပါ၀င်ပါသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အသင်းတော်သည် အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်း စသည်တို့နှင့်ကင်း၍ အသရေရှိသော အသင်းတော်ဖြစ်ရန်ဖြစ်ပါသည်(ဧ ၅း၂၇)။ ကိုယ်ခန္ဓာအစိတ်အပိုင်း အားလုံးသည် အစဉ်ရင့်ကျက်၍ မေတ္တာနှင့် တည်ဆောက်သော အသင်းတော်ဖြစ်ရန်လုပ်ဆောင်ရပါမည် (ဧ ၄း၁၆)။ အသင်းတော်သည် အပြစ်မှောင်မိုက်ထဲမှ ထွက်လာသော လူစုဖြစ်ကြောင်းကို ပြသသော လူစုလူဝေးဖြစ်ပါသည်။ လူကြံစည် သော အရာများအတွက် ခေါ်ထုတ်ခြင်း ခံသောသူများမဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန် သီးသန့်ခေါ်ထုတ်ထားသော လူစုဖြစ်ပါသည်။ ထိုအခါမှသာ ခရစ်တော်၏ ဘုန်းကိုဆောင်သော ခရစ်တော်ခေါ်ထုတ်သော လူစု၊ စစ်မှန်သော အသင်းတော်( Ekklesia) ဖြစ်ပါသည်။

ခရစ်တော်သက်ဝင်ရှင်သန်သောအသင်းတော်

လမ်းညွန်ချက်

အသင်းတော်၏ရည်ရွယ်ချက်  သင်ခန်းစာ (၂)

၁။        သင်ခန်းစာ (၂) တွင် ဖော်ပြထားသော အသင်းတော် ပုံဆောင်ချက် သုံမျိိူးကို ရေးပါ။

            အသင်းတော်၏ ရည်ရွယ်ချက်ကို မည်ကဲ့သို့ ပုံဆောင်ကြောင်း သင့်စကားဖြင့် ရှင်းလင်းရေးသားပါ။

၂။         ဒေသန္တရအသင်းတော်တစ်ပါးသည် အစုအဝေးအနေဖြင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေနိုင်သည့်အဓိက နည်းလမ်းတစ်ခုကို ရှင်းပြပါ (၁ သက် ၁ ကို ဥပမာအဖြစ် ဖတ်ပါ)။

၃။        သင်၏ ဒေသန္တရအသင်းတော်တွင် မဟာစေခိုင်းတော်မူချက်ကို ပြည့်စုံနိုင်ရန် ယုံကြည်သူတစ်ဦးအနေဖြင့် ကူညီဖို့ရန် သင်ဘာလုပ်နိုင်သနည်း။ ထိုကဲ့သို့ ဖြစ်နိုင်ရန် လက်တွေ့ကျသော ပါ၀င်မှုတစ်ခုအတွက် ဤအပတ်တွင်

            သင်ကိုယ်တိုင် ဆက်ကပ်ပါ။ သင်ဘာလုပ်ဖို့စီမံပါသနည်း။

၄။        အသင်းတော်တစ်ပါးတွင် သင်သည် ဘုရားသခင်ကို အမှန်ကိုးကွယ်ကြောင်း မည်သည့်အချိန်၌ မည်ကဲ့သို့သတိထား မိပါသနည်း။ ဥပမာ တစ်ခု ပေးပါ။

၅။        သင့်အသက်တာကို ကြည့်ရှုစောင့်ရှောက်သော ဒေသန္တရအသင်းတော် သိုးထိန်းများထံမှ မည်သည့်အရာကို သင် မျှော်လင့်ပါသနည်း။

 

၆။        ဒေသန္တရအသင်းတော်တွင် ယုံကြည်သူများအား မည်ကဲ့သို့ စစ််မှန်သောတည်ဆောက်မှု ရစေနိုင်သနည်း

            (ဧ ၄း၁၁-၁၆)။

 

၇။        ထင်မြင်ချက်။ ကျွန်ုပ်၏ အသင်းတော်တွင် မည်သည့်အရာသည် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှ လမ်းလွဲစေရန် အလားအလာ အကြီးဆုံးဖြစ်ပါသနည်း။

 

၈။        ဤအခန်း(၂)၏ ရှင်းလင်းချက်များနှင့် လမ်းညွန်ချက်များကို ဖတ်ရှုဖြေဆိုရာတွင် သင်မဖြေဆိုသော မေးခွန်းရှိပါ သလား။

ခရစ်တော်သက်ဝင်ရှင်သန်သောအသင်းတော်

ရှင်းလင်းချက်များ

အသင်းတော်သမိုင်း      သင်ခန်းစာ(၃)

            “ငါသည်လည်းကပ်ကမ္ဘာကုန်သည့်တိုင်အောင်သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်” (မ ၂၈း၂၀)။

            အသင်းတော်အတွက် သခင်ယေရှု၏ ထာဝရစီမံချက်ကို သမိုင်းတစ်လျှောက်တွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။ မှတ်တမ်းထဲတွင် အတက်အကျဟု ခေါ်လေ့ရှိသော အောင်မြင်မှုနှင့် ဆုံးရုံးမှုများပင် ရှိပါသည်။ အဆုံးတွင် အသင်းတော်သည် အောင်မြင်မည် မှန်သော်လည်း သမိုင်းအစဉ်တွင် အစဉ်အမြဲ အောင်မြင်မှု မရခဲ့ချေ။ မရဏာနိုင်ငံ၏ တံခါးများဟု ပုံနှိုင်းထားသော ဆိုးညစ်ခြင်းတန်းခိုးသည် ကမ္ဘာပေါ်တွင် တစ်ခါတစ်ရံ အသင်းတော်ကို လှည့်ဖျား၍ တားဆီးတတ်၏ (မ ၁၆း၁၈)။ သို့ရာတွင် စစ်မှန်သော ယုံကြည်သူတို့သည် မိမိတို့၏ အသက်တာ၌သော်လည်းကောင်း၊ စည်းဝေးခြင်းအမှု၌သော်လည်းကောင်း သည်းခံကာ ကြိုးစား၍ အောင်မြင်ဖို့ လုပ်ဆောင်ခဲ့ကြသည်။

            ဘုရားသခင်သည်လည်း အသင်းတော်၌ သစ္စာရှိမရှိ၊ အသီးအပွင့်တွေ့မတွေ့၊ စမ်းသပ်လျက်ရှိပါသည်။ ဘုရားသခင် ၏ တန်ခိုးတော်အားဖြင့် ကြံုတွေ့ရသော အခက်အခဲများကို ကျော်လွှားနိုင်ပါသည်။ အသငး်တော်အတွက် လမ်းကို ချောမွေ့စေ၍ ဆန့်ကျင်ဘက်ပြုခြင်းကို ဤလောက အသက်တာတွင် ချေမှုန်းဖို့ရန် ဘုရားအလိုတော်ရှိပါက ထိုကဲ့သို့ပင် လုပ်ဆေင်မည်ဖြစ်ပါသည်။ သို့ရာတွင် ရှုံ့နှိမ့်ခြင်းသည် ကျွန်ုပ်တို့အဖို့ သွန်သင်ခြင်းဖြစ်ပါသည်။ ရှုံးနှိမ့်နိုင်စရာ အကြောင်း များရှိစေကာမူ အသင်းတော်သည် တစ်ကမ္ဘာလုံးတွင် ပျံ့နှံ့အသက်ရှင်လျက် ရှိခြင်းသည် အ့ံသြစရာဖြစ်ပါသည်။

            အသင်းတော်၏ သက်သေခံများနှင့် ပတ်သက်၍ ရှင်းပြရန် ခက်ခဲသော အချက်တစ်ခုမှာ ခရစ်ယာန်ဟူသော နာမည် ကိုသာ ခံထားသော သူတို့သည် ဤလောကတွင် ခရစ်တော်၏ ကိုယ်စားလှယ်မဖြစ်နိုင်ကြခြင်းပင်ဖြစ်ပါသည်။ ခရစ်ယာန် လောက တစ်ခုလုံးသည် ကိုယ်တော်၏ အကျင့်စာရိတ္တနှင့် နှုတ်ကပတ်တော်ကို မကြာမဏ ဆန့်ကျင်ဘက်ပြုတက်ကြသည်။ စစ်မှန်သော ယုံကြည်သူနှင့်သာမန်ခရစ်ယာန်တို့၏ ခြားနားချက်၊ခရစ်တော်၏ စစ်မှန်သော အသင်းတော်နှင့် အတုအပဖြစ် သော အသင်းတော်တို့၏ ခြားနားချက်ကို လောကီသားများက ၀ိသေသမခွဲနိုင်ဘဲ နားမလည်နိုင်ကြချေ။

            အသင်းတော်သည် ဂျူးလူမျိုးတို့၏ ပင်တေကုတ္တေပွဲနေ့တွင် စတင်ဖြစ်ပေါ်ခဲ့ပါသည် (တ း ၂)။ သန့်ရှင်းသော ၀ိညာဉ်တော်က ယုံကြည်သူများကို ခရစ်တော်၏ ကိုယ်၌ နှစ်ခြင်းပေးခြင်းအားဖြင့် ဖြစ်ပေါ်လာခဲ့သည် (၁ ကော ၁၂း၁၃)။ ဂျူးလူမျိုးနှင့် တစ်ပါး အမျိုးသားတို့သည် ကိုယ်တစ်ခုတည်း၌ ပထမအကြိမ် တစ်လုံးတစ်ဝတည်းဖြစ်ခဲ့ကြသည် (ဧ ၂း၁၁-၁၆)။ ဣသရေလလူမျိုး ငြင်းပယ်ခဲ့သော ခရစ်တော်သည် တိုက်ထောင့်အမြစ်ကျောက်ဖြစ်လာခဲ့သည် (မ ၂၁း၄၂။ ၁ ပေ ၂းရ-၉)။ အသင်းတော်သည် ဓမ္မဟောင်းခေတ်တစ်လျှောက်တွင် လျှို့ဝှက်ချက်ဖြစ်၍ နားမလည်ရသော်လည်း (ဧ ၃း၃-၆) ခရစ်တော် ရှင်ပြန်ထမြောက်ပြီးသည့် နောက်တွင် ထုတ်ဖော်တော်မူခဲ့သည်။ သမိုင်းစဉ်ကို တမန်တော်ဝတ္ထုနှင့်တကွ ဓမ္မသစ်ကျမ်းတွင် တွေ့မြင်နိုင်ပါသည်။ ဤအခန်းတွင် အသင်းတော်သမိုင်းစဉ်ကို အတိုချံုး၍သာ ဖော်ပြနိုင်မည်ဖြစ်သော် လည်း တိကျသောကာလအားဖြင့် အတန်းအစားခွဲ၍ ဖော်ပြနိုင်ပါသည်။

၁။        တမန်တော်ခေတ်အသင်းတော် (၃၃-၁၀၀အေဒီ)

            ယေရုရှလင်မြို့ အသင်းတော်သည်ဂျုးလူမျိုးသက်သက်ဖြစ်သော လူသုံးဆောင်တို့သည် ပေတရု၏ ဧဝံဝေလိတရား ဟောပြောချက်ကို ကြား၍ ခရစ်တော်ရှေ့၌ ဒူးထောက်ကြသောအချိန်က စတင်ဖြစ်ပေါ်လာခဲ့ပါသည်(တ၂)။ ထို့နောက် ထောင်နှင့်ချီ၍ ပြောင်းလဲကြသော ဧဝံဂေလိသတင်းတော် လျင်မြန်စွာ ပျ့ံနှံ့ခဲ့သည်။ မောရှေ၏ ပညတ်ကို အလေးပေးရာမှ ယေရှု၏ ၀မ်းမြောက်ဖွယ် သတင်းကောင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသတင်းကို အလေးပေးလာကြသည် (တ ၈း၄)။ ခရစ်ယာန်များအား ကမ္ဘာကိုမှောက်လှန်သောသူများဟုခေါ်ကြသည် (တ ၁၇း၆)။ တမန်တော်တို့သည် ရှေးဦးစွာ ဂျူးလူမျိုး တို့၏ ဧဝံဂေလိတရားကို ဟောကြာပြီးနောက် တစ်ပါးအမျိုးသားတို့အား ဟောကြ၏ (ရော ၁း၁၆။ ၂း၉)။ လူအချို့တို့သည် အရေဖျားလှီးခြင်းနှင့် အခြားထုံးတမ်းစဉ်လာများမှစသော ဂျူးဝါဒနှင့် ခရစ်ယာန်ယုံကြည်ခြင်းကို ရောနှောရန် ကြိုးစားခဲ့ကြ သေးသည် (တ ၁၅း၁-၂၉။ ဂလာ ၂း၁၁-၃း၁၂)။ ပညတ်တော်ခေတ်မှ ထူးခြားသော ပြောင်းလဲခြင်းရှိလာ၍ တစ်ပါးအမျိုးသား တို့သည် ဂျူးလူမျိုးနှင့် အဆင့်တူလာသောအခါ  တမန်တော် ပေတရုပင်လျှင် အံ့သြသွားခဲ့သည်။ ထို့ကြောင့် ဤအချက်ကို နားလည်ရန်အထူးထင်ရှားဖော်ပြတော်မူခြင်း လိုအပ်ပေသည် (တ ၁၀း၉-၁၆၊၄၅-၄၈)။ ဂျူးလူမျိုးတို့၏ တားဆီးမှုကြီးမားလာ သောအခါ တမန်တော်ရှင်ပေါလုသည် တစ်ပါးအမျိုးသားတို့အား စတင်ဟောကြားလာခဲ့သည် (တ ၁၃း၄၂။ ၁၈း၆)။

            တမန်တော်တို့သည် သတင်းကောင်းကို ဥရောပနှင့်တကွ အစွန်းအဖျားနေရားများအထိ ပို့ဆောင်ဟောပြောကြ သည်။ တမန်တော်သောမတ်သည် အိန္ဒိယနိုင်ငံသို့သွားခဲ့ကြောင်းကို အစဉ်အလာအားဖြင့် ပြောကြသည်။ ရှေးဦးခရစ်ယာန် တို့သည် ခရစ်တော်အကြောင်းကို ဟောပြောရန် တစ်ကမ္ဘာလုံးသို့ သွားခဲ့ကြသည်။ ရှင်ပေါလုသည် ကြမ်းတမ်းသော မြေခွေးနှင့်တူသော မိစ္ဆာပရောဖက်များ သိုးစုထဲသို့ဝင်လာမည့် အန္တရာယ်ကို ပြောပြခဲ့သည် (တ ၂၀း၂၉)။ အသင်းတော် အတွင်း၌လည်း မတူသောသြဝါဒ ဖြစ်ပေါ်လာသည်။ ရှင်ပေါလုနှင့် ရှင်ပေတရုတို့ကို ရောမမြို့၌ (၆၀-၇၀ အေဒီ) အကြားတွင် ကွပ်မျက်ကြသည်။ ရှင်ယောဟန်ကို ပတ်မု(Patmos) ကျွန်းသို့ ပြည်နှင်ဒဏ်ပေးကြသည်။ ရှင်ယောဟန်မှလွဲ၍ တမန်တော်အားလုံးတို့သည် အသေဆိုးနှင့်အသတ်ခံခဲ့ ကြသည်ဟု အဆိုရှိပါသည်။ သို့သော်လည်း အသင်းတော်မှာမူ တိုးပွားမြဲ တိုးပွားလျက် ကဲသာ(Caesar) ဘုရင်၏ နန်းတွင်းအထိပင် ထိုးဖောက်၍ဝင်ခဲ့သည် (ဖိ ၄း၂၂)။ ဤကာလသည် (ဗျာဒိတ် ၂း၁-၇) တွင်ပါရှိသော ဧဖက်အသင်းတော်နှင့် တချို့သော အပိုင်း၌ တူလျက်ရှိပါသည်။

၂။ညှဉ်းဆဲခြင်းခံရသောအသင်းတော် (၁၀၁-၃၁၂အေဒီ)

            ယုံကြည်သူတို့သည် ပထမရာစုအတွင်း၌ ရောမဘုရင်နေရိုး (Nero) နှင့် တာရူးမြို့သား ရှောလုကဲ့သို့သော ဂျူးဘာသာရေးခေါင်းဆောင်များ၏ ဆန့်ကျင်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ကြသည်။ ၄င်းသည် နောင်နှစ်ပေါင်းနှစ်ရာ အတွင်း၌ ဖြစ်လာမည့်နှိပ်စက်ခြင်း၏ အစမျှသာရှိသေးသည်။ အေဒီ(၂)ရာစုအစပိုင်း ရောမရှင်ဘုရင်တြာဇံ(Trajan) ကာလမှ စ၍ ဒိုင်သြကလိရှင် (Diocletian- ၃၀၅ အေဒီ) ကာလပြီးဆုံးချိန်အထိ ခရစ်ယာန်များကို ရိုင်းစိုင်းစွာ တိုက်ခိုက်ခဲ့ကြ၍ သက်သာရာရသော အချိန်ဟူ၍ နှစ်အနည်းငယ်မျှသာ ရှိခဲ့ပါသည်။ ယုံကြည်သူများကို တိုင်ပေါ်တင်၍သော်လည်းကောင်း၊ သားရဲများ၏ တွင်းထဲသို့ ပစ်ချ၍သော်လည်းကောင်း၊ အရှင်လတ်လတ် မီးရှို့၍သော်လည်းကောင်း၊ သတ်ဖြတ်ရုံသာမက၊ မယုံကြည်နိုင်လောက်အောင် ပြင်းထန်စွာရိုက်နှက်၍ အမဲလိုက်သလို လိုက်လံညှဉ်းဆဲခဲ့ကြသည်။ တမန်တော်ယောဟန်၏ တပည့်တစ်ဦးဖြစ်သော အသင်းခေါင်းဆောင် ပိုလီကပ်(Polycarp) ကို စမုရနမြို့၌ ခရစ်တော်နာမကြောင့် (၁၅၅ အေဒီ) လောက်တွင် သတ်ပစ်ခဲ့ကြသည်။ ဤအဖြစ်အပျက်သည် ဆယ်ရက်တာကာလ နှိပ်စက်ခြင်းခံမည့် စမုရနအသင်းတော်သို့ ပေးသောတရားစကားနှင့် တစ်ထပ်တည်းဖြစ်ပါသည် (ဗျာ ၂း၈-၁၁)။ ဤကာလသည် ပထမရာစုနှစ်တွင်(Nero) ဘုရင်နှင့် (Domitian) ဘုရင်တို့အားဖြင့် စတင်ခဲ့သော နှိပ်စက်ခြင်းဆယ်မျိုးကိုဖော်ပြကာ နောက်ရာစုနှစ် (၂) နှစ်တွင် နှိပ်စက်ခြင်း ရှစ်မျိုးက လိုက်လာပါသည်။

            ထိုအချိန်မှာပင် အသင်းတော်သည် များစွာတိုးပွား၍ ဥရောပတိုက်မှ ဗြိတိန်နိုင်ငံအထိ ပျံ့နှံ့ကာ အာဖရိကမြောက် ပိုင်းနှင့် ကမÇာအရပ်ရပ်သို့ တိုးချဲ့သွားခဲ့ပေသည်။ ခေါင်းဆောင်တစ်ဦးက “ခရစ်တော်အတွက် အသေခံသော အာဇာနည်များ ၏ အသွေးသည် အသင်းတော်၏မျိုးစေ့ဖြစ်သည်ဟု ပြောခဲ့သောစကားသည် အလွန်မှန်ပေသည်။ ယုံကြည်သူများကို ဖျက်စီးရန်စာတန်၏ ကြိုးစားမှုသည် ယုံကြည်သူများ ပွားများဖို့အတွက်သာ ဖြစ်သွားခဲ့ပါသည်။ ဤကာလ၏ အခြားထူးဆန်းချက်တစ်ခုမှာ ဓမ္မသစ်ကျမ်းထဲ၌ စာအုပ်များ ပြည့်စုံလာခြင်းပင် ဖြစ်ပါသည်။ ခရစ်ဝင်ကျမ်းလေးအုပ်တို့ကို စုစည်းပြီး(၁၅၀ အေဒီ) တွင် ဖြန့်ဝေနိုင်ခဲ့သည်။ ရှင်ပေတရု သြဝါဒစာဒုတိယစာစောင်အပေါ် နောက်ဆုံးသဘာတူညီချက်မှ လွဲ၍ ကျန်ဓမ္မသစ်စာအုပ်များ (၁၇၀ အေဒီ) တွင် သဘောတူလျက် ၄င်းတို့၏ အထားအသိုကိုလည်း  အတည်ပြုခဲ့ကြသည်။ မိတ္တူအတုများကို အသင်းတော်က ငြင်းပယ်ခဲ့သည်။ အခြားသော စာအုပ်များကလည်း အထောက်အကူ ပေးနိုင်သော်လည်း ဘုရားသခင်မှုတ်သွင်းခြင်းအားဖြင့် ဖြစ်သည် မဟုတ်ပါ။ ကျမ်းစာတွင် ပါရှိသော စာအုပ်များ ပျောက်ဆုံးခြင်း လုံးဝ မရှိချေ။ မည်သည့်ကောင်စီကမျှ နောက်ဆုံးကြေညာချက်မထုတ်မီ ယုံကြည်သူများသည် ထိုစာအုပ်များကို ဘုရားသခင်မှုတ်သွင်း သော နှုတ်ကပတ်တော်အဖြစ်လက်ခံခဲ့ကြသည်။ အကြောင်းမှာ ထိုစာအုပ်များကို ရေးသားသူများနှင့် အထဲတွင် ပါရှိသော အချက်အလက်များသည် ဘုရားသခင် မှုတ်သွင်းကြောင်း သက်သေခိုင်လုံသောကြောင့် ဖြစ်သည်။ ဤကာလအတွင်း၌ စတင်လာသော ခံယူချက်တစ်ခုမှာ အသင်းတော်တိုင်း၌ အုပ်ချုပ်သူ ဂိုဏ်းအုပ်များ ပေါ်ပေါက်ခြင်းပင်ဖြစ်ပါသည်။ ဤခံယူ ချက်ကိုအန္တီအုတ်အသင်းတော်လူကြီး အစ်နီးရှ (lgnatius) ကသွန်သင်ခဲ့ပါသည်။ သို့ရာတွင် အားလုံးတို့ကိုမူ စစ်မှန်သော ခံယူချက်ဖြစ်သည်ဟုပြော၍မရပါ။ ယုံကြည်သူများကို ဘုန်းကြီးနှင့်ပရိသတ်အဖြစ် ခွဲခြားသော(Clericalism)  ဘုန်းကြီးထား သည့် စနစ်လည်း ခိုင်မာစွာတိုးပွားလာသည်။ ခရစ်တော်ပုဂ္ဂိုလ်ဖြစ်ကြောင်းနှင့် ပတ်သက်သော လွဲမှားသည့်ယုံကြည်ခြင်း အမျိုးမျိူးတို့ကိုလည်း ရင်ဆိုင်ခဲ့ကြသည်။ ဒိုစစ်ဝါဒ (Docetism) ဟုခေါ်သော ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကို ငြင်းဆို သည့် လှုပ်ရှားမှုတစ်ခုလည်း ရှိလာသည်။

၄င်းသည် လွဲမှားသော ခံယူချက်ဖြစ်သည်။

 

 

၃။        အပေးအယူလုပ်သောအသင်းတော်(၃၁၃-၆၀၀အေဒီ)

            ဤကာလစတင်လာခြင်းသည် ဇာတ်လမ်းဆန်ပါသည်။ ရောမမြို့အနီးတွင် ပြင်းထန်သော တိုက်ပွဲဖြစ်သည့်ညက ကွန်စတန်တင်ဘုရင်က ကောင်းကင်တွင် လက်ဝါးကပ်တိုင် ဗျာဒိတ်ရူပါရုံကို မြင်ခဲ့ပါသည်။ ၄င်းရူပါရုံတွင် “ဤလက္ခဏာ အားဖြင့် စစ်ပွဲအောင်မြင်ပါ” ဟူသော စကားကိုလည်းကြားခဲ့ပါသည်။ သူ၏တပ်သည် ဒိုင်းလွှားများ၌ခရစ်တော်၏ အမှတ် အသား အတိုးကောက်ကိုရေးကြရာ အားကြီးလှသော ရန်သူကိုအောင်နိုင်ခဲ့ကြသည်။ ထိုအခါ သူသည်ခရစ်ယာန်တို့၏ ဘုရားက စစ်အောင်နိုင်ခြင်းကို ပေး၍ ရောမဘုရင်အဖြစ် အုပ်စိုးရန် အတည်ပြုလိုက်ပြီဟု နားလည်လာသည်။ ထိုအချိန်မှစ၍ အစိုးရသည် အသင်းတော်ကို မနှိပ်စက်တော့ဘဲ ကာကွယ်လာခဲ့သည်။ သူ့နောက် ဆက်ဆံသော ရှင်ဘုရင်အားလုံးတို့ သည် တစ်ပါးမှလွဲ၍ ခရစ်ယာန်နာမည်ခံ ဖြစ်လာခဲ့ကြသည်။ မယုံကြည်သော လူများသည် အသင်းတော်သို့ သင်းဝင်လာကြ သည်။ သာသနာပလူတို့၏ ဗိမာန်များသည် ခရစ်ယာန်များ စုဝေးသော နေရာအဖြစ်ပြောင်းလဲလာသည်။ စစ်သားများသည် အစုလိုက်အပြံုလိုက် နှစ်ခြင်းမင်္ဂလာခံယူူကြသည်။ ၄င်းနှင့်တစ်ဆက်တည်းတွင် အသင်းတော်သည် အစိုးရနှင့်လည်း ကောင်း၊ လောကနှင့်လည်းကောင်း ရောယှက်သွားခဲ့သည်။ “အများနှင့် လက်ထပ်သည်” ဟု အဓိပ္ပာယ်ရှိသော ပေရဂံမြို့၌ရှိသော အသင်းတော်သည် ယခုကာလကို ပုံဆောင်ပါသည်(ဗျာ ၂း၁၂-၁၇)။ ဤအသင်းတော်သည် နိကောလ၏ သြဝါဒနှင့်တကွ အငှားပရောဖက်ဗာလမ်၏ သြဝါဒလွှမ်းမိုးခြင်းကို ခံခဲ့သည်( ယု ၁၁/တော ၂၂၊၂၃၊၂၄၊ ၃၁း၈)။ နိကောလ ခေါ် ပုဂ္ဂိုလ်နှင့်ပတ်သက်သော ဂိုဏ်းတစ်ခုခုသည် မတရားသော မေထုန်ပြုခြင်းကို ကျင့်သုံးကြသောကြောင့် သူတို့၏ သက်သေအထောက်အထားသည် ကောင်းသောအဖြေကို မထွက်စေခဲ့ပါ။ ဤအပေးအယူလုပ်သော အသင်းတော်သည် အစိုးရနှင့် ပေါင်းလာသည်။ (Nicaea)မြို့၌  ၃၂၅ အေဒီတွင် ကျင်းပသော အသင်းတော်ကောင်စီကြီးတွင် ရှင်ဘုရင်သည် သဘာပတိအဖြစ် ဆောင်ရွက်လာသည်။ ရောမမြို့ရှိ ဂိုဏ်းအုပ် (Bishop) ကို အာလက်ဇန္ဒြိယား၊ ယေရုရှလင်၊ အန္တီအုတ် ကဲ့သို့သော မြို့ကြီးများ၏ ခေါင်းဆောင်များအထက်၌ အုပ်စိုးခွင့်ကိုပေးထားသည်။ ဘုန်းကြီးအားလုံးတို့ထက် ရောမမြို့ ဘုန်းကြီးသည်သာ၍ ကြီးမြတ်သည်ဟူသော အယူအဆကြီးထွားလာသည်။ ရှင်ပတေရုသည် ပထမဦးဆုံးသော ပုပ်ရဟန် မင်းဖြစ်သည်သာမက အကြီးဆုံးသော ခေါင်းဆောင်၏တန်ခိုးကို သူ့နောက်ဆက်ဆံသော ရောမဘုန်းကြီးများအား အပ်နှင်းထားပါသဖြင့် ရောမမြို့သည် ရာသက်ပန် အကြီးမြတ်ဆုံးသော မြို့ဖြစ်ရမည်ဟု သွန်သင်လာကြသည်။ ဘုန်းကြီးနှင့် ပရိသတ်ခွဲခြားခြင်းသည် စံချိန်တစ်ခုဖြစ်လာသည်။ ဘုန်ကြီးများသည် အထူးယဇ်ပရောဟိ်တ်များ ဖြစ်လာကြသည်။ အခြားသော အသင်းတော်ဆိုင်ရာ ပြောင်းလဲချက်များလည်းရှိလာသည်။ (၃၉၄ အေဒီ) တွင် သေလွန်ပြီးသော သန့်ရှင်းသူ များအား ကိုးကွယ်ခြင်း၊ (၄၃၁ အေဒီ) တွင် မာရိကို ကြည်ညိုခြင်း၊ (၅၀၀ အေဒီ) တွင် ဘုန်းကြီးများသည် ပရိသတ်နှင့်မတူ အောင် ၀တ်လာခြင်း၊( ၅၉၃ အေဒီ ) တွင် အကြိုငရဲမှ လွတ်မြောက်နိုင်ခြင်း သြဝါဒ၊ (၆၀၀ အေဒီ)တွင် လက်တင်ဘာသာဖြင့် ပြောဆိုရသောပွဲတော်ကို အနောက်နိုင်ငံများ၌ ကျင့်သုံးလာခြင်း၊ ၄င်းနှစ်တွင်ပင်မာရိအား ဆုတောင်းလာခြင်းတို့ကို အစိုးရ၏ အာဏာ ပံ့ပိုးခြင်းအားဖြင့် အသင်းတော်တစ်ပါးက ချမှတ်လာခဲ့သည်။ ဤပြောင်းလဲခြင်းများနှင့်တကွ ၀ိညာဉ်ရေး ကျဆင်းပြီး ဖြစ်လာပြီးလျှင် ကျမ်းစာဖော်ပြထားသော ပုံစံများကို လျစ်လျူရှုလာခဲ့ကြသည်။ (Nicaea) ကောင်စီမှရရှိသော အဓိက ရလဒ်မှာ ဘုရားသခင်၏ သားတော်သည် ဖန်ဆင်းထားသော သတ္တဝါဖြစ်၍ ထာဝရဘုရား မဟုတ်ပါဟူသော (Arius) ၏ သြဝါဒကို ဆန့်ကျင်ခြင်းပင်ဖြစ်ပါသည်။ ထို့နောက် (Constanitinople) မြိုကောင်စီ၊ (Ephesus) မြို့ကောင်စီနှင့် (Chalcedon) မြို့ကောင်စီတို့တွင် သုံပါးတစ်ဆူ သြဝါဒ၊ ခရစ်တော်သည် ဘုရားလည်းဖြစ်၍ လူလည်းဖြစ်သည်ဟူသော  သြဝါဒတို့ကို ထိပါးသည့် လွဲမှားသော ယုံကြည်ခြင်းအားလုံးကို ဆန့်ကျင်ခဲ့ကြသည်။ Augustine (၃၅၁-၄၃၁ အေဒီ) သည် အထင်ရှားဆုံးသော ခေါင်ဆေင်တစ်ဦးဖြစ်လာကာ သူ၏ ရေးသားချက်များသည် ယနေ့အသင်းတော်ကိုပင် လွှမ်းမိုးနေသေး သည်။ သာသနာပြုဆရာများသည် ရုရှားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အခြားသော အစွန်းအဖျားဒေသများသို့ သွားရောက်ကာ ယုံကြည်ခြင်းတရားကို သယ်ဆောင်သွားကြသည်။ ဤမှန်ကန်သောလုပ်ဆောင်ချက်များကို ကြီးမားသော ပြောင်းလဲခြင်းက မှားယွင်းသော ဦးတည်ချက်ဖြစ်အောင် လှည့်၍စိုးမိုးခဲ့ပါသည်။ အသင်းတော်သည် ညှဉ်းဆဲခြင်းခံရသော ကာလထက် ၀ိညာဉ်ရေး၌ကျဆင်းလာပြီး ဘုရားသခင်နှင့် မှန်ကန်ခြင်းနည်းပါးလာပါတော့သည်။

၄။        သာသနာပလူများဖွဲ့စည်းထားသောအသင်းတော် (၆၀၁-၁၅၁၆အေဒီ)

            သာသနာပလူဆိုသည်မှာ ပျော်ပါးမှု၊ ရုပ်ဝါဒ၊ တရားလက်လွတ်ခြင်းနှင့် မတရားမေထုန်ပြုခြင်းတို့နှင့် ပေါင်းစပ်သော အသက်တာ ရှိသူကို ဆိုလိုပါသည်။ ၀မ်းနည်းစရာကောင်းသော ထိုခေတ်ကာလတွင် ခရစ်ယာန်ဘောင်ဝင်သူတို့သည် ကျဆင်းခြင်းသို့ ရှေ့ရှုပြီး ယုံကြည်ခြင်းကို စွန့်လွတ်ခဲ့ကြသည်။ ခရစ်ယာန်အကြီးအကဲများ၏ အာဏာနှင့် ရောမမြို့ ပုပ်ရဟန်းမင်း၏ အသင်းတော်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာကို ပူးပေါင်းခြင်းက ကျမ်းစာ၏ မူများကို ချိုးဖောက်လာခဲ့သည်။ ကာလတစ်ခု၌ မက်ဆိုပိုတေးမီးယားမှ အာရှတိုက်အထိ အကျုံဝင်သော အရှေ့ပိုင်းအသင်းတော်သည် ရှုရိပြည်သားများ၏ ခံယူချက်ပုံစံဖြင့် ထိုရေစီးကြောင်းကို တားဆီးခြင်းပြုခဲ့သည်။

            ထိုကာလကို “အလယ်ခေတ်” ဟုခေါ်သည်။ (၁၀)ရာစုနှင့် (၁၁)ရာစုနှစ်ကာလကို အသိတရားကင်းခြင်း၊ အစွဲလမ်းကြီးခြင်းနှင့် တရားလက်လွှတ်ခြင်းများကြောင့် “အမှောင်ခေတ်” ဟု ခေါ်ကြသည်။ ဘုရားသခင်သည် အရှေ့ အလယ်ပိုင်းဒေသမှစတင်၍ ခရစ်ယာန်အသင်းတော်ကို မြင်နိုင်သောအနေအထားမှ တဖြည်းဖြည်းရွေ့သွားရန် ခွင့်ပြုခဲ့ ကြောင်း ထင်ရှားပါသည်။ ထိုစဉ်က အရှိန်ကြီးထွားလားသောဘာသာမှာ ဗျာဒိတ်ရူပါရုံအရ ဘုရားသခင်၏ နောက်ဆုံး ပရောဖက်ဖြစ်ပါသည်။ မိမိကိုယ်ကို ကြေညာခဲ့သောမိုဟာမက်(၅၇၀း၆၃၂ အေဒီ) တည်ထောင်လိုက်သည့် အစ္စလာမ် ဘာသာဖြစ်ပါသည်။ မူစလင်တို့သည် စပိန်၊ အာဖရိကမြောက်ပိုင်း၊အန္ဒိယတိုက်ငယ်၊ ဥရောပအရှေ့တောင်ပိုင်းနှင့် ဗီယင်နာ(Viena) တိုင်အောင် ပါလက်စတိုုင်းနိုင်ငံတို့ကို သိမ်းယူခဲ့ကြသည်။  ဤအဖြစ်ပျက်အားလုံးတို့သည် ဘာသာရေး သြဇာအာဏာဖြင့် စည်းရုံးထားသော အဖွဲ့များတွင် ဖြစ်ပွားသည့် မနှစ်မြို့ဖွယ်သော အကျင့်၊ ပေါ့ပျက်သော သဘောပါသည့် အခမ်းအနားကျင်းပခြင်းနှင့် ရုပ်ထုကိုးကွယ်ကြခြင်းကြောင့် ဘုရားသခင်၏ ဒဏ်ခတ်တော်မူခြင်းများဖြစ်နိုင်ပါသည်။ အရှေ့ပိုင်းအင်ပါယာ၏ မြို့တော်ဖြစ်သော ကွန်စတန်တင်နိုပယ်မြို့သည် ၁၄၅၃ အေဒီတွင် မူစလင်တို့၏ လက်ထဲသို့ ကျသွားခဲ့ပါသည်။ (Crusades) စစ်ပွဲ (၁၀၉၆-၁၂၄၄)ဟု ခေါ်သောစစ်တပ်အင်အားဖြင့် ပါလက်စတိုင်းနိုင်ငံ (Holy Land) ကို စစ်ဝတ်တန်ဆာများတွင် လက်ဝါးကပ်တိုင်တံဆိပ်ပါသောသူများ၏ မကောင်းသော ပုံသက်သေနှင့်တကွ မုန်းတီးခြင်း ကိုသာ ဖြစ်စေခဲ့ပါသည်။

            ဥရောပတိုက်ကို ခရစ်ယာန်တို့၏ နိုင်ငံရေးအာဏာတည်ရှိရာအဖြစ် ပြန်လည်စုစည်းနို်င်ဖို့ ကြိုးစားခြင်းသည် Charlemagne ဘုရင်(၇၆၇-၈၁၄ အေဒီ) လက်ထက်တွင် စတင်ခဲ့သည်။ သူ၏နိုင်ငံကို သန့်ရှင်းသောရောမအင်ပါယာ ဟုခေါ်ကြသည်။ အမှန်ဆိုလျှင် လုံးဝသန့်ရှင်းခြင်း မရှိပါ။ ရောမပုံစံမပါဘဲ ဂျာမနီပုံစံ ပို၍ပါ၀င်ပါသည်။ ဘာသာရေးအချက် အချာဋ္ဌာနများရှိ ခေါင်းဆောင်များသည် အကြီးအကျယ်ယိုယွင်းပျက်ဆီးနေဆဲဖြစ်ပါသည်။ ပုပ်ရဟန်မင်း အခွင့်အာဏာ သည် ယိမ်းယိုင်လျက်ရှိလာသည်။ ခရစ်တော်၌ သစ္စာရှိသော ခေါင်းဆောင်တို့သည် အယူဖောက်ပြန်သော ထိုအသင်းတော် ကို ဆန့်ကျင်ပြီး ကျမ်းစာ၏ အခွင့်အာဏာကို ယုံကြည်ခြင်းကိစ္စများ၌ အခြေပြုနိုင်ရန် ကြိုးစားခဲ့ကြသည်။ အင်္ဂလန်ပြည်သား John Wycliffe (၁၃၂၄-၁၃၈၄ အေဒီ)သည် ကျမ်းစာကို မိမိလူမျိုးများအတွက် အင်္ဂလိပ်ဘာသာဖြင့်ပြန်ဆိုကာ ဖွဲ့စည်းထားသော အသင်းတော်သည် ကျမ်းစာ၏ သွန်သင်ချက်ကို မလိုက်နာကြောင်းဝေဖန်ခဲ့သည်။ သူ သေလွန်သောအခါ အသင်းခေါင်းဆောင်များသည် သူ့အရိုးစုကို ပြန်တူးပြီး မီးရှို့ပစ်ကြသည်။ Bohemia နိုင်ငံသား John Huss (၁၃၆၉-၁၄၁၄ အေဒီ) သည် အသင်းတော်ယိုယွင်းနေကြောင်း ဟောပြောသဖြင့် သစ်ကိုင်းတွင်ဆွဲ၍ မီးရှို့ခြင်းခံခဲ့ကြသည်။ အီတလီ နိုင်ငံသား(Savonarola) နှင့်တကွ များပြားသောသူတို့သည် ထိုအယူဖောက်ပြန်မှုကို ဆန့်ကျင်ကြသောကြောင့် အသက်ခံ ခဲ့ကြသည်။ ယိုယွင်းခြင်း၏ အထွဋ်အထိပ်လက္ခဏာမှာ ရောမမြို့ရှိ St.Peter ဘုရားရှိခိုးကျောင်း ဆောက်လုပ်ရန်အတွက် အသင်းတော်က အပြစ်ဒဏ်ကင်းလွတ်ခွင့် လက်မှတ်(Indulgences) ကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချလာခြင်းပင်ဖြစ်ပါ သည်။ ဤလက်မှတ်သည် အပြစ်ရှိသမျှ လွတ်ငြိမ်းခွင့်ကို ငွေအားဖြင့် ၀ယ်ယူခြင်း လက်မှတ်ဖြစ်သည်။ ဤလက်မှတ် ရောင်းချခြင်းသည် (Augustine) ၏ တပည့်ကာသိုလ်လိပ်ဘုန်းကြီးတစ်ပါးဖြစ်သော မာတင်လုသာအား အကြီးအကျယ် မနေမနပ်ဖြစ်စေခဲ့သည်။ ထို့ကြောင့် သူသည် သူ၏ အသင်းတော်ကို ဆန့်ကျင်သော စာရေးသားခဲ့သည်။ ၁၅၁၇ ခုနှစ်တွင် ဂျာမနီနိုင်ငံ (Wittenberg) ဘုရားရှိခိုးကျောင်းတံခါးပေါ်တွင် သူ၏ဝေဖန်ချက် (၉၅)ချက်ကို ကပ်ထားလိုက်သည်။ ၄င်းသည် အသစ်ပြုပြင်ပြောင်းလဲခြင်း၏  အစဖြစ်သည်။ ဤကာလကို စတုတ္ထမြောက်အသင်းတော်ဖြစ်သော သွာတိရမြို့အသင်းတော် အနေဖြင့် ဗျာဒိတ်ကျမ်း၂း၁၈-၁၉ တွင် ယေဘုယျ ပုံဆောင်ထားပါသည်။ ထိုအသင်းတော်သည် မှားယွင်းသောသြဝါဒနှင့် မတရားမေထုန်ပြုခြင်းကို ခွင့်ပြုသောအသင်းတော်ဖြစ်၍ တစ်ချိန်တည်းမှာပင် ဘာသာရေးကိုင်းရှိုင်းခြင်းပြပွဲကြီးကို ဆက်လက်ထိန်းသိမ်းသော အသင်းတော်လည်း ဖြစ်သည်။

၅။       ပြုပြင်ပြောင်းလဲသောအသင်းတော် (၁၅၁၇-၁၇၀၀အေဒီ)

            ဦးဆောင်အသင်းတော်ကြီးတွင် ယိုယွင်းသော အခြေအနေ တည်ရှိခြင်းသည် ပြုပြင်ပြောင်းလဲခြင်းကို ရှာကြံသော သူတို့အတွက် ၀ိညာဉ်ရေးအလင်းကို ဖြစ်စေခဲ့သည်။ ထိုပြုပြင်ပြောင်းလဲခြင်းသည် Luther ၏ ဆန့်ကျင်ခြင်းမှ စတင်ခဲ့ပါ သည်။ Luther ၏ ဆန့်ကျင်ခြင်းသည် ရောမမြို့အသင်းတော်မှ ဂျာမနီ၊ ဆွစ်ဇာလန်နှင့် နေရာတကာ၌ အသင်းတော်များပြား စွာ ခွဲထွက်ရန် ရည်ရွယ်ချက်နှင့် ဆန့်ကျင်ခြင်းမဟုတ်ပေ။ ထိုအချိန်မှစ၍ ပြုပြင်ပြောင်းလဲသော အသင်းတော်များကို “ဆန့်ကျင်သော အသင်းတော်များ” (Protestant Churches) ဟု ခေါ်လာကြသည်။ သို့ပင်ဖြစ်သော်ငြားလည်း ဆန့်ကျင် သောသူတို့သည် ဆန့်ကျင်သူများ ဖြစ်ကြကြောင်းကို တစ်ခါတစ်ခါ မေ့လျော့တတ်ကြသည်။ ထိုလှုပ်ရှားမှုသည် သမ္မာ ကျမ်းစာနှင့် ညီသောခရစ်ယာန် ယုံကြည်ခြင်းသို့ ပြန်လှည့်ကြည့်ရန် စုံလင်သောရည်မှန်းချက်မရှိခဲ့ပေ။ ဓလေ့ထုံစံ အတိုင်းသွားသော အသင်းတော်အား ကျမ်းစာ၏ အခွင့်အာဏာအကြောင်းနှင့် ကယ်တင်ခြင်းတရားတော်ကို ရှင်းလင်းဟော ပြောရာတွင်  ဤပြုပြင်ပြောင်းလဲသော အသင်းတော်သည် ပို၍ထိရောက်မှုရှိပါသည်။

            ဤပြုပြင်ပြောင်းလဲခြင်းတွင် အခြေခံမူသုံးခု ချမှတ်ထားပါသည်။ ပထမအချက်မှာ “ကယ်တင်ခြင်း ရရှိနိုင်ရန်         ငါဘာလုပ်ရမည်နည်း” ဟူသော မေးခွန်းနှင့်စပါသည်။  အဖြေမှာ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ခြင်းရရှိနို်င်ရန် အကျင့်ကြောင့်မဟုတ်ဘဲ ခရစ်တော်ပြီးစီးအောင်ဆောင်ရွက်ခဲ့ပြီးသောအမူကို ယုံကြည်ခြင်းအားဖြင့် ရရှိသည် ဟူ၍ဖြစ်ပါ သည်။ ခရစ်ယာန် ယုံကြည်ခြင်းတရား သြဇာအာဏာအရှိဆုံးသောအရာသည် အဘယ်နည်း။ နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်းစာသာလျှင်ဖြစ်ပါသည်။ ဤအခွင့်အာဏာကို ဓလေ့ထုံးစံ သို့မဟုတ် အသင်းတော်၏ စည်းကမ်းများနှင့် ရောနှော၍ သမ္မာကျမ်းစာကို ဒုတိယအရာ၌မထားရပါ။ တတိယမေးခွန်းမှာ“ဘုရားသခင်၏ လူများကို မည်သူဦးဆောင် မည်နည်း” ဟူ၍ ဖြစ်ပါသည်။ ယုံကြည်သူတစ်ဦးချင်း၏ သြတ္တပ္ပစိတ်ကို အုပ်စိုးသော အထူးယဇ်ပရောဟိတ် မရှိစေရပါ။ လူခန့်သော ယဇ်ပရောဟိတ်တို့သည် ဘုရားသခင်၏ အမွေတော် ဖြစ်သော ယုံကြည်သူတို့အပေါ်တွင် သခင် မဖြစ်စေရပါ (၁ ပေ ၅း၃)။ ပြုပြင်ပြောင်းလဲသောသူတို့သည် ကာသိုလိပ် Catholic အသင်တော်က ၄င်း၏ သြဝါဒတွင်လည်းကောင်း၊ အကျင့်တွင်လည်းကောင်း၊ ဦးဆောင်မှုတွင်လည်းကောင်း၊ ဓမ္မသစ်ကျမ်းနှင့် အညီ လုပ်ဆောင်ခြင်း မပြုကြောင်း တွေ့မြင်ကြ သည်။

            ပြုပြင်ပြောင်းလဲရာတွင် ဦးစီးဦးဆောင်သော ပုဂ္ဂိုလ်အများပင် ရှိပါသည်။ ဂျာမနီတွင် Luther (၁၄၈၃-၁၅၄၆) အပြင် Huldreich Zwingli (၁၄၈၄-၁၅၃၁)နှင့် ဆွစ်ဇာလန်နိုင်ငံတွင်လည်း အမှုဆောင်ခဲ့သော John Calvin (၁၅၀၉-၁၅၆၄) တို့လည်း ပါ၀င်ကြပါသည်။ ထိုပုဂ္ဂိုလ်တို့သည် Catholic အသင်းတော်၏ အမှားများကို နှုတ်ကပတ်တော်နှင့် ရင်ဆိုင်၍ ဆန့်ကျင်ကြသည်။ ပြုပြင်ပြောင်းလဲသောသူတို့သည် Catholic ယုံကြည်ချက်တွင် ကျမ်းစာနှင့်မကိုက်ညီသော အချက်အလက်အားလုံးကို မြင်နိုင်ကြသည် မဟုတ်ပါ။ အသင်းတော်၌ အစိုးရပါ၀င်ခြင်းသည် မှားယွင်းပါသည်ဟု ပြုပြင်ပြောင်းလဲသူများသည် အဆင့်အမျိုးမျိုးနှင့် မမြင်တတ်ခဲ့ကြချေ။ ဘုန်းကြီးနှင့် ပရိသတ်ခွဲခြားရာတွင် ဖြစ်တတ်သော ပြသနာများကိုလည်း ပြည့်စုံစွာ နားမလည်းခဲ့ကြချေ။ ကလေးသူငယ် နှစ်ခြင်းမင်္ဂလာပေးခြင်းကို ဆက်လက်ကျင့်သုံးကြကာ ၄င်းကို မခံယူသောသူများ (Anabaptists နှင့်အခြားသော စာအုပ်စုများ) ကိုညှဉ်းပန်းနှိပ်စက်ကြသည်။ ကယ်တင်ခြင်း စိတ်ချမှုသည် လူတစ်ယောက်၏ အသက်တာ၌ ၀ိညာဉ်သက်သေအထောက်အထားများမရှိလင့်ကစား ကလေငယ် ဘဝတုုန်းက နှစ်ခြင်းခံခြင်းအားဖြင့် ရရှိပါသည်ဟူသော ခံယူချက်ကို လက်ခံခဲ့ကြသည်။ ဘာသာရေး ညှဉ်းပန်းနှိ်ပ်စက်ခြင်း နှင့် ဤအသင်းတော်၏ ယုံကြည်ခြင်းကိုဆန့်ကျင်သော သူတို့အား သတ်ဖြတ်ခြင်းကို Protestant ခေါင်ဆောင်တစ်ချို့တို့ သည် Catholic အသင်းတော်က ကျင့်သုံးသကဲ့သို့ ဆက်လက်ကျင့်သုံးကြသည်။ ပြုပြင်ပြောင်းလဲခြင်း၏ အားကြီးသော လှုပ်ရှားမှုသည် Catholic အသင်းတော်က မိမိနည်းအားဖြင့် ပြုပြင်ပြောင်လဲခြင်း ပြုနိုင်ရန် အကြောင်းဖြစ်စေခဲ့ပါသည်။ ပုပ်ရဟန်မင်း၏ အဆိုးရွားဆုံးသော အပြုအမူအချို့တို့ကိုလည်း ရှင်းလင်းနိုင်ခဲ့ကြသည်။ သို့ရာတွင် ကျမ်းစာကို အမှီအပြုဘဲ ထုံးတမ်းအစဉ်လာကို အမှီပြုခြင်းသည် မပြောင်းမလဲဘဲဆက်လက်တည်ရှိနေခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် နိုင်ငံတော် ဘာသာအသင်းတော် များစွာတို့သည် Protestant ပြောင်းလဲပြုပြင်သူများအတွက် အသစ်သော ဘာသာရေးလက်နက် ဖြစ်သွားခဲ့ပါသည်။ ဂျာမနီ၊ နော်ဝီ၊ ဆွီဒင်၊ ဒင်းမတ် နှင့် အိုက်ဇလန်နိုင်ငံများတွင်ရှိသော Luther ၀ါဒ အင်္ဂလန်ရှိ Englican ၀ါဒတို့နှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အစိုးရအုပ်စိုးသော အသင်းတော်တို့သည် ယုံကြည်သူများ၏ အသက်တာကို ထိန်းချုပ်ကြသည်။ နိုင်ငံတော်ဘာသာ အသင်းတော်တွင် နှစ်ခြင်းခံခဲ့ကြသဖြင့် လူတို့သည် မိမိတို့ကိုယ်ကို ခရစ်ယာန် ဖြစ်သည်ဟု မှတ်ယူကြသည်။ တစ်ချိန်တွင် လူတို့သည် သူတို့နိုင်ငံ၏ ဘာသာကို နိုင်ငံတော်ဘာသာ သို့မဟုတ် မျိုုးနွယ်စု၏ ဓလေ့ထုံးစံအဖြစ် သက်ဝင်ခံယူပြီး အရှေ့ဘက်ရှိ နိုင်ငံတော်ဘာသာ အသင်းတော်များ ကျင့်သုံးခဲ့သလို ကျင့်သုံးကြသည်။

            ဤသို့သော ခရစ်ယာန်အသင်းတောပုံစံသည် အတွင်း၌ ယိုယွင်းခြင်းမျိုးစေ့ ရှိနေပြီးဖြစ်သည်။ နို်င်ငံတော်ဘာသာ အသင်းတော်များသည်လည်း အသက်မရှိ၊ နိူးထမှုလိုအပ်သော အခြေအနေ၌ပင် ဆက်လက်ရှိနေကြသေးသည်။ နိုးထမှုဖြစ် လာရန် အထောက်အကူပေးသော အရာတစ်ခုမှာ၁၄၆၂ ခုနှစ်တွင် Gutenberg တီထွင်သော ရွေ့လျားနိုင်သည့် ပုံနှိပ်စက်ရှိ လာခြင်းပင်ဖြစ်သည်။ ပုံနှိပ်စက်များ ဖြန့်ဝေနိုင်ခြင်းသည် အနာဂါတ်တွင် သာမန်လူများလက်ထဲသို့ ကျမ်းစာအုပ် အများအပြားရောက်ရှိစေနိုင်မည်ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲခြင်းခေတ်က အသင်းတော်များကို သာဒိမြို့၌ရှိသော အသင်းတော်က ပုံဆောင်ထားပါသည် (ဗျာ ၃း၁-၆)။ ထိုအသင်းတော်သည် အသက်ရှင်ဟန်ရှိသော်လည်း အသေဖြစ်၏။ အသင်းဝင်တို့သည် “ထို့ကြောင့် သင်သည် ခံယူ၍ နားထောင်ပြီးသည့် အရာကိုအောက်မေ့၍ စောင့်ရှောက်လော့။ နောင်တရလော့” ဟူသော သခင်ဘုရား၏ မိန့်မှာချက်ကို အောက်မေ့ဖို့ လိုအပ်ပါသည်။

၆။       နိုးကြားသောအသင်းတော် (၁၇၀၁ – ၁၉၀၀)

            မှန်ကန်သော သြဝါဒကိုသိလျက် လက်တွေ့လိုက်လျောက်ဖို့ တာဝန်ကို မကျေပွန်သောအခါ ၀ိညာဉ်ရေး၌ အသေဖြစ်ဖို့ အလားအလာရှိပါသည်။ ဤအားနည်းချက်သည် အခြား Protestant အသင်းတော်များတွင် ဖြစ်ခဲ့သကဲ့သို့ ဂျာမဏီပြည်ရှိ Luther ၀ါဒ (Lutheranism) ကို ခံယူကျင့်သုံးသော အသင်းတော်များတွင်လည်း ဖြစ်ခဲ့ပါသည်။ ဂျာမဏီနိုင်ငံတွင် ဤကျဆင်းခြင်းသည် Philip Spener (၁၆၃၅-၁၇၀၅) ဦးဆောင်မှုအောက်ရှိ “ဘုရားတရားရိုသေခြင်း” ၀ါဒ (Pietism) ဖြစ်ပေါ်စေခဲ့ပါသည်။ ရိုးသားသောယုံကြည်သူများသည် ဘုန်းကြီးများ၏ မာနထောင်လွှားခြင်း၊ အသိညဏ်ကို အလေးထားခြင်း၊ အမှုတော်ဆောင်များနှင့် အသင်းဝင်များထဲတွင် ဘုရားတရားရိုသေမှု ကင်းမဲ့ခြင်းတို့ကို ငြီးငွေ့ကြသည်။ ဘုရားတရားရိုသေသောသူ (Pietists) တို့သည် နောင်တတရား စိတ်နေသဘောထား၊ တစ်ဦးချင်း ကျမ်းစာလေ့လာခြင်း၊ ၀ိညာဉ်ရေးလှုပ်ရှားမှုတွင် ယုံကြည်သူအားလုံးပါ၀င် လုပ်ဆောင်ခြင်းတို့ကို အလေးပေးကြသည်။ ဤအရာသည် မိမိတို့အား စုံလင်ခြင်းဝါဒသမားများဟု အပြစ်တင်သော အသင်းတော်အတွင်း၌ရှိသော သူတို့ကို စိတ်ဆိုးစေခဲ့ပါသည်။

            ၁၈ ရာစုတွင် ဘုရားတရားရိုသေခြင်းဝါဒ (Pietism) သည် ဂျာမဏီနိုင်ငံကို ကျော်၍ တန်ခိုးကြီးစွာ သြဇာလွမ်းမိုး ခဲ့သည်။ Zinendorf (၁၇၀၀-၁၇၆၀) သည် “သခင်ဘုရား၏ ကင်းစခန်း” ဟု အဓိပ္ပါယ်ရှိသော Herrnhut ခေါ်သော နေရာတွင် နှိပ်စက်ညှင်းပန်းခြင်းမှ ကာကွယ်ပေးရန် ဘုရားတရားကြည်ညိုသူတစ်စုရှိခဲ့သည်။ သူတို့၏ တစ်နေ့ပြီးတစ်နေ့ (၂၄)နာရီပတ်လုံး မပြတ်မလတ်ဆုတောင်းခြင်းအလေ့အထသည် နှစ်ပေါင်း (၂၀၀)နီးပါးကြာခဲ့ပါသည်။ ခရစ်တော်၌ သူတို့၏ ဆက်ကပ်ခြင်းသည် ပုံသက်သေကောင်းဖြစ်ပါသည်။ အနောက်အိန္ဒိယကျွန်းစုရှိ ကျွန်းများ၏ ဆိုးရွားသော အခြေအနေကို ကြားသိကြသောအခါ သူတို့ကိုသာသနာပြလွှတ်၍ ကူညီရန်စတင်ခဲ့ကြသည်။ ဤလူစုငယ်သည် တစ်ကမ္ဘာလုံးကို သာသနာပြုစေလွှတ်ခဲ့ကြသည်။ သူတို့သည် ယနေ့သာသနာပြုခြင်း၏ နှိုးထမှုအစ ဖြစ်ပါသည်။ သာသနာ ပြုခြင်းအားဖြင့် ဧဝံဂေလိတရားဟောကြားခြင်းသည် အသင်းတော်အတွက် Zinzendorf ၏မဟာပန်းတိုင် ဖြစ်သည်။ အမေရိကန်နို်င်ငံတွင် နာမည်ကျော်တရားဟောဆရာ Johnathan Edwards (၁၇၀၃-၁၇၅၈) သည် ၁၇၃၄ ခုနှစ်တွင် မာဆာချူးဆက်ပြည်နယ်၊ နော့သင်တန်မြို့၌ စတင်       ၍ ဧဝံဂေလိ နှိုးထခြင်းတစ်ခုကိုဦးဆောင်လာခဲ့သည်။ ၁၈ရာစုတွင် John Wesley နှင့်သူ့ညီ Charles တို့သည် George Whitefield နှင့် ပူးပေါင်း၍ အင်္ဂလန်နိုင်ငံတစ်ခုလုံးနှင့် အမေရိကန်တိုင်အောင် နိုးထမှုကြီးများကို ဖြစ်စေခဲ့ကြသည်။ Wesley ညီအစ်ကိုနှစ်ယောက်တို့သည် ဧဝံဂေလိသတင်းကောင်းကို အသင်းတော်ထဲမှ စက်မှုဇုန်နှင့် လေဟာပြင်သို့ သွားရောက်ဟောကြားလာခဲ့ကြသည်။ နယ်လှည့် ဧဝံဂေလိတရားဟောဆရာတို့သည် နေရာတကာသို့ သွားကြသည်။ သူတို့သည်ပူဇော်သော တပည့်တော် အသက်တာကို ပြသလျက် လှုမှုရေး၌ တရားမျှတမှုရှိနိုင်ရေး အတွက် ရပ်တည်ကြသည်။ သူတို့၏ သြဇာကြောင့် ကျွန်စနစ်သည် ပယ်ဖျက်ခြင်းခံ၍ အကျဉ်းထောင်ပြုပြင်ပြောင်းလဲလာကာ ဆင်းရဲနွမ်းပါးသော သူတို့အားမစခဲ့ကြသည်။

            အသင်းတော် အဖွဲ့အစည်းများက မဆောင်ရွက်ဘဲ ထားခဲ့သော လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် အင်္ဂလိပ် စကားပြောသော နိုင်ငံများတွင်သာ သာသနာပြုအဖွဲ့များ ပေါက်ဖွားလာခဲ့သည်။ ခရစ်ယာန်သမိုင်းတွင် ယနေ့ကျော်ကြား သော နာမည်များသည် မယုံကြည်သူများ ပြောင်းလဲရေးအတွက် သူတို့ကိုယ်ကို ပူဇော်သောသူများအားဖြင့် ဖြစ်ပေါ်လာခဲ့ သည်။ William Carey အိန္ဒိယသို့လည်းကောင်း Adoniram Judson သည် မြန်မာနိုင်ငံသို့လည်းကောင်း၊ Hudson Taylor  သည် တရုတ်ပြည့်သူ့နိုင်ငံသို့လည်းကောင်း၊ David Livingstone သည် အာအဖိရိကတိုက်သို့လည်းကောင်း၊ အသီးသီး သွားကြသည်။ သူတို့၏ ကြိုးစားဆောင်ရွက်ခြင်းသည် နောင်တွင် သူတို့နောက်လိုက်လာကြမည့် ထောင်ပေါင်းများစွာသော သာသနာပြုများအတွက် လမ်းခင်းပေးခဲ့သည်။ အသင်းတော်မရှိသော နေရာတွင် အသင်းတော်တည်ထောင်လာကြသည်။ ဤဧဝံဂေလိသာသနာပြုခြင်းသည် ကာသိုလိပ်ဘုန်းကြီးများ၏ အတင်းအဓမ္မလုပ်ဆောင်ခြင်းနှင့် လုံးဝခြားနားပါသည်။ သူတို့သည် တောင်အမေရိကတိုက်အလယ်ပိုင်း၊ မက္ကဆီကိုနှင့် ကာလီဖိုးနီယားကမ်းခြေရှိ အင်ဒီးယန်း Indian လူမျိုးတို့ အလယ်တွင်ရှိသော စပိန်စစ်သားများကဲ့သို့ လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။ ဧဝံဂေလိဟောကြားသော သူတို့သည် အတင်း အဓမ္မနည်းမပါဘဲ သတင်းကောင်းကို ယူဆောင်လာကြကာ ယုံကြည်သူများ တိုးပွားလာခဲ့သည်။

            ကျမ်းစာအုပ် ထုတ်ဝေသော အဖွဲ့အစည်းများသည် ကျမ်းစာကို ဘာသာပေါင်းများစွာဖြင့် ပြန်ဆိုပြီးလျင် သန်းပေါင်းများစွာသော ကျမ်းစာအုပ်ကို ပုံနှိပ်ပြီး အခမဲ့ဖြန့်ဝေလာကြသည်။ ကျမ်းစာကို ဘာသာပြန်၍ ဖြန့်ဝေသော နေရာတိုင်းတွင် ခရစ်ယာန်အသင်းတော်များ ဖြစ်ပေါ်လာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ တန်းဖိုးမဖြတ်နိုင် သော သမ္မာတရားများကို တွေ့မြင်လာကြသည်။ ၄င်းတွေ့ရှိချက်များအနက် အပေါ်လွင်ဆုံးတစ်ခုမှာ သခင်ဘုုရားကို ကောင်းကင်တွင် ဖူးမျှော်ရန်အတွက် ယုံကြည်သူများကို သိ်မ်းဆည်းမည့် သခင်ဘုရားကြွလာခြင်း Rapture) ကို သွန်သင်ခြင်းဖြစ်သည် (၁ သက် ၄း၁၇)။ ရှေးဦးအသင်းတော်သည် တချိန်ချိန်တွင် သခင်ဘုရားကြွလာမည်ဟု မျှော်လင့်ကြ သည်။ ဤနိုးကြားသော ခေတ်ကာလရှိ အသင်းတော်သည်လည်း ထိုကဲ့သို့ပင် မျှော်လင့်ကြသည်။ ထိုအကြောင်းအရာသည် သူတို့၏ အသက်တာနှင့် ဟောပြောသောတရားဖြစ်သည်။ ယုံကြည်သူအများပါ၀င်လှုပ်ရှားခြင်းရှိသော ပွဲတော်ကို ရိုးရိုးကလေးပြုလုပ်ခြင်း၊ နာမတော်၌သာ စုဝေးရခြင်း၏ မင်္ဂလာကို ညီအစ်ကိုမောင်နှမများ (Brethren) ဟု လူအများ နားလည်သောသူများအားဖြင့် ပြန်လည်အသက်ရှင်လာခဲ့သည်။ ထိုညီအစ်ကိုမောင်နှမများသည် အင်္ဂလန်နိုင်ငံ Plymouth မြို့၌ စတင်ခဲ့ရာ ထိုမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းလုံးသို့ ပျံ့နှံ့သွားခဲ့ပါသည်။

            ဤခေတ်ကာလသည် ဆဋ္ဌမမြောက် အာရှအသင်းဖြစ်သော ဖိလဒေလဖိမြို့ (Philadelphia) အသင်းတော်နှင့်တူပါ သည် (ဗျာ ၃းရ-၁၃)။ (Philadelphia)သည် “ ညီအစ်ကို ချစ်ခြင်းမေတ္တာ” ဟု အဓိပ္ပါယ်ရပါသည်။ ဤအသင်းတော်သည် ကိုယ်တော်၏ ဝေဖန်ခြင်းမခံပါ။ ဤအသင်းတော်သည် ဧဝံဂလိတရားဟောပြောဖို့အတွက် တံခါးဖွင့်ထားသည်။ သခင်ဘုရား က “ငါ အမြန်ပြန်လာမည်” ဟူသော ကြွေးကြော်သံသည် သူတို့အတွက် တကယ့်ဖြစ်ရပ်မှန် ဖြစ်ခဲ့ပါသည်။

၇။       ယနေ့အသင်းတော် (၁၉၀၁-ယနေ့အထိ)

            ယခုကာလအတွက် မကောင်းသောမျိုးစေ့ကို ယခင်ရာစုနှစ်တွင် ဂျာမန်လူမျိုး ဓမ္မဆရာများက တည်ရှိခဲ့သော အသင်းတော်တွင် စိုက်ပျိုးခဲ့ကြသည်မှာ ၀မ်းနည်းဖွယ်ဖြစ်ပါသည်။ ထိုမကောင်းသောမျိုးစေ့သည် ပထမဦးစွာ ဓမ္မတက္ကသိုလ်ကျောင်းသားများနှင့် ပညာရှင်များ၏ ယုံကြည်ခြင်းကို တုန်လှုပ်စေခဲ့သော ကျမ်းစာကို လောကဓါတ်ပညာဖြင့် သေဖန်ခြင်းဖြစ်၍ နောက်ပိုင်းတွင် ပျံ့နှံ့လာပြီး သာမန်လူများကို တုုန်လှုပ်စေခဲ့ပါသည်။ ၄င်းကို မြင့်မားသော ဝေဖန်ခြင်း (Higher Criticism) (သို့) ဂျာမန်လူတို့၏ ဆင်ခြင်တုံးတရား(German Rationalism) (သို့) ခေတ်မီဝါဒ (Mordernism) ဟုခေါ်သည်။ ကျမ်းစာပါ စာအုပ်အများစုကို ရေးသားသူများနှင့်ပတ်သက်၍ မသင်္ကာစရာအဖြစ်ပြောကြပြီး မှားယွင်းကြောင်း ကို ထုတ်ဖော်ကြေညာကြသည်။ ကျမ်းစာတွင်ဆန့်ကျင်သောအကြောင်းအရာများရှိသည်ဟု ဝေဖန်ကြသည်။ တန်းခိုးတော် အားဖြင့် ဖြစ်သောအရာများကို ငြင်းဆိုကြသည်။ သမိုင်းတွင် ပါရှိသည့် စစ်မှန်သောယေရှုကို ကျမ်းစာကပြောပြသော ယေရှုနှင့်နှိုင်းယှဉ်၍ စစ်မှန်သောယေရှု ဘယ်သူဖြစ်ကြောင်းကို အံ့သြတွေဝေကြသည်။ တူညီသောဝေါဟာရကို အသုံးပြု လျက်ပင် အရာခပ်သိမ်းကို အဓိပ္ပါယ်ပြန်ဖော်ကြသည်။ ၄င်းသည် လိမ်လည်လှည့်စားခြင်းဖြစ်၍ အဆိပ်အတောက်ပါပြီး အသက်ကို သေစေနိုင်သောအရာဖြစ်ပါသည်။

            ဤအယူအဆများ တိုးပွားလာပြီး ခံယူလာသောသူတို့သည် အသင်းတော်ဦးဆောင်မှုနှင့် ဓမ္မတက္ကသိုလ်များတွင် အာဏာရှိကြသည်အထိ ပရိုတက်စတင် (Protestant) အခြေခံဂိုဏ်းများကိုပင် တဖြည်းဖြည်း ထိုးဖောက်၍ ၀င်ရောက်လာ ခဲ့သည်။ ထိုအသင်းတော်များသည် ယုံကြည်ခြင်းမှန်ကန်ပါသည်ဟု နှုတ်ဖြင့်ပြောကြသော်လည်း လူများက Liberal သမားများဟူ၍လည်းကောင်း၊ Modernists ဟူ၍လည်းကောင်းခေါ်ကြသည်။ ဤ Liberal အသင်းတော်များသည် ယုံကြည်ခြင်း အားကြီးသောသူများကို အစွန်ရောက်သောသူများဟု အဓိပ္ပါယ်ဆောင်သော Fundamentalists ဟုခေါ်၍ တိုက်ခိုက်ကြသည်။ မူလအားဖြင့် ဤဝေါဟာရကို ယုံကြည်သူများသုံးသော ဝေါဟာရဖြစ်သည်။ အကြောင်းမှာ သူတို့သည် သမ္မာကျမ်းနှင့်ညီသော အခြေခံယုံကြည်ချက်များကို ယုံကြည်ခံယူထားကြသောကြောင့် ဖြစ်သည်။ ဤအချက်သည် ယုံကြသည်သူများနှင့် မယုံကြည်သူများကြားတွင် ဆိုင်ပြိုင်တိုက်လှန်ခြင်းတစ်ခုဖြစ်သွားပါသည်။ စစ်မှန်သော ယုံကြည်ခြင်း မရှိသူများ (Nero-orthodox)၊ ဧဝံဂေလိအသင်းမဟုတ်သူများ (Nero-evangelical) အစည်းအရုံးတစ်ခု၏ လက်အောက် တွင် အသင်းတော် အဖွဲ့အစည်းများ စုရုံးပေါင်းသင်းသူများ (Ecumenical)စသော နာမည်များပေါ်လာသောအခါ စိတ်ရှုပ် ထွေးမှု ပိုမိုများပြားလာပါသည်။ Ecumenical အုပ်စုသည် တစ်လုံးတစ်ဝတည်းဖြစ်အောင် ခရစ်တော်ဖိတ်ခေါ်ခြင်းသည် ဂိုဏ်းဂဏများကို အစည်းအရုံးတစ်ခုတွင် တစ်ခုတစ်ပေါင်းတည်း ဖြစ်ကြရန်ဖြစ်သည်ဟု အဓိပ္ပါယ်ပြန်ဆိုကြသည်။ ထို Liberal များအုပ်ချုပ်သော အသင်းတော်များကို ယုံကြည်သူအများအပြားတို့သည် တဖြည်းဖြည်းစွန့်ခွာ၍ သွားကြတော့ သည်။

            ၁၉၈၀ အလယ်အောက်တွင် ခရစ်ယာန်နာမည်ခံ သန်းပေါင်း(၁၅၀၀) တို့သည် အသင်းဝင် ဖြစ်လာကြကာ လူဦးရေအားဖြင့် တိုးပွားခြင်း ရှိ်ခဲ့ပါသည်။ ၄င်းတို့အထဲမှ သန်းပေါင်း(၃၀၀)တို့သည် ဧဝံဂေလိအသင်းတော်များတွင် ရှိကြပါသည်။ သို့သော်ငြားလည်း ၄င်းအားလုံးတို့သည် သခင်ဘုရား၏ နောက်လိုက်အစစ်များဖြစ်သည်ဟု ကျွန်ုပ်တို့ မပြောနိုင်ပါ ခရစ်တော်ကိုသာလျှင် ကိုးစားသောလွတ်လပ်သည့် ယုံကြည်သူများနှင့် ကျမ်းစာကိုသာ လုပ်ပိုင်ခွင်အာဏာ ပေးထားသော ကိုယ်ပိုင်အုပ်ချုပ်သည့် ဒေသန္တာရအသင်းတော်များ တိုးပွားလာကြောင်း အနည်းအကျဉ်းတွေ့ရသည်။ သမိုင်းတစ်လျှောက်တွင် အခြားသောခေတ်များထက် ဤကာလအပိုင်းတွင် ခရစ်တော်ကို လက်ခံသောသူများမှာ အများဆုံးဖြစ်ပါသည်။ Billy Graham သည် တစ်ကမ္ဘာလုံးတွင် လူထုဟောပြောပွဲများကို ဦးဆောင်သောဧဝံဂေလိဆရာဖြစ် လာကာ ထောင်ပေါင်းများစွာသော လူတို့ကိုဆွဲဆောင်သူဖြစ်လာပါသည်။ ဤလှုပ်ရှားမှုတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြား အားဖြင့် ဧဝံဂေလိတရား ဟောပြောခြင်းကိုလည်း လုပ်လာကြပါသည်။ တစ်ချိန်တည်းမှာပင် ဤနာမည်ခံ ခရစ်ယာန်ထုထဲ တွင် စစ်မှန်သော ဆက်ကပ်သူကင်းမဲ့ခြင်း၊ အကျင့်စာရိတ္တ ပျက်စီးသူများနှင့် လောကအသက်ကို အထွဋ်အထိပ်ထားသူ အများအပြားရှိလာပါသည်။ သာသနာနယ်မြေများတွင် သာသနာပြုဆရာ ဦးရေကျဆင်းလာပါသည်။ ရုဝါဒနှင့်ကြွယ်ဝ ချမ််းသာခြင်းဝါဒသည် အသင်းတော်၏ အသက်တော်ကို တဖြည်းဖြည်း ကိုက်ဖြတ်လာသည်။

            ဤရာစုနှစ်အစပိုင်း၌ Kansas ပြည်နယ် Topeka မြို့တွင်လည်းကောင်း၊ ထို့နောက် ကလိဖိုးနီပြည်နယ်Los Angeles မြို့တွင် အခြားသော ဘာသာစကားပြောခြင်း လှုပ်ရှားမှု စတင်ပေါ်ပေါက်လာသည်။ ၄င်းသည် (Pentecostal-Charismatic) လှုပ်ရှားမှုကြီးဖြစ်လာကာ ကျယ်ပြန့်စွာလွှမ်းမိုးလာခဲ့သည်။ ဤခံယူချက်အောင်မြင်နိုင်ရန်အတွက် အသင်းတော်များ တည်ထောင်ကြသည်သာမက အခြားသော အသင်းတော်များကို ထိုးဖောက်၍ ဤအမူကို အထူးပြုသော လုပ်ငန်းများလည်းရှိလာသည်။ သူတို့၏ လုပ်ငန်းကို ဘုရားသခင်အသိအမှတ်ပြုထားကြောင်းထင်ရှားစေရန် နိမိတ် လက္ခဏာများ၊ အနာရောဂါ ငြိမ်းစေခြင်းနှင့် အံ့သြဖွယ်ရာများကို အလေးထားလာကြသည်။  သူတို့သည် ခရစ်ယာန်များကို ၀ိညာဉ်တော်နှင့် ပြည့်ဝသောသူများ (သူတို့၏ သြဝါဒကို ခံယူသူများ) နှင့် ၀ိညာဉ်တော်နှင့် မပြည့်ဝသူများဟူ၍ နှစ်မျိုး ခွဲကြသည်။ ဤလုပ်ဆောင်ခြင်းသည် အသင်းတော်များကို ကြိမ်ဖန်များစွာကွဲစေခဲ့သည်။ စိတ်ရင်းမှန်သော ယုံကြည်သူ အများအပြားသည် ဤလှုပ်ရှားမှုတွင် ပါ၀င်ကြသည်။ သူတို့သည် ရှေးဦးအသင်းတော်တွင် ဤခံယူချက်ရှိသော Montanists များကဲ့သို့ ဘုရားသခင်အတွက် စိတ်အားထက်သန်သူများ ဖြစ်ကြသည်။ သို့ရာတွင် အများက စစ်ဆေးသောအခါ သူတို့၏ အဆိုအချို့များ အတုအပဖြစ်ကြောင်း ထင်ရှားလာသည်။ ဤအဖွဲ့သည် (၁) အသင်းတော်တွင် ၀ိညာဉ်ရေးအသက် မရှိသောကြောင့် စိတ်ပျက်နေသောသူများနှင့် (၂) နှုတ်ကပတ်တော် သိနားလည်ခြင်း၌ အခြေခံမခိုင်မာသောသူများကို အထူးသဖြင့် သွေးဆောင်ကြသည်။ ဤကာလ၏ နောက်ပိုင်းနှစ်များတွင် အသင်းတော်သည် အဆိပ်အတောက်သဖွယ် ဖြစ်သော ရုပ်ဝါဒနှင့် ကိုယ့်အဖြစ်၌ ကျေနပ်နေခြင်း ရောဂါဖိစီး၍ ခရစ်တော်အတွက် ဆက်ကပ်ခြင်းတွင် နွေးရုံသာ ရှိလာကြောင်း ထင်ရှားလာခဲ့ပါသည်။ဤူကာလသည် ဗျာဒိတ်ကျမ်း ၃း၁၄-၂၂ တွင် ဖော်ပြသော လောဒိကိအသင်းတော်နှင့် တစ်ပုံစံတည်း ရှိပါသည်။ ထိုအချိန်တွင် ခရစ်တော်နာမ၌ အသေခံသောသူအများပင် ရှိသေးသည်။ ယုံကြည်သူများသည် တရုတ်ပြည်၊ ဆိုဗီယက်ပြည်ထောင်စုနှင့် နေရာတကာတွင် ကွန်မြူနစ်ဝါဒ(Communism) ၏ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံလျက်ပင် ခရစ်တော်အပေါ်၌ သစ္စာရှိခဲ့ကြပါသည်။

နိဂုံးချုပ်နှင့်  မိမိအတွက် ခံယူကျင့်သုံးခြင်း

            ဤနောက်ဆုံးနေ့ရက်များတွင် သခင်ယေရှုနှင့် သတင်းကောင်းကို မသိသောသူ သန်းပေါင်းများစွာတို့အား ပြောကြားနိုင်ရန် ကြိုးစားလုပ်ဆောင်ခြင်း ရှိ်ပါသည်။ မရဏနိုင်ငံတံခါးတို့သည် အသင်းတော်ကို မနိုင်နိုင်ပေ။ မှားယွင်းသောခေါင်းဆောင်များနှင့် အဖွဲ့များ ရှိကြလင့်ကစား အသင်းတော်သည် အသက်ရှင်လျက်ရှိပါသည်။ စစ်မှန်သော ယုံကြည်သူတို့သည် ခရစ်ယာန်တော်နှင့်အတူ ထာဝရစိုးစံကြမည့် ပန်းတိုင်သို့ တဖြည်းဖြည်းနှင့် မှန်မှန်ချီတက်လာကြသည် (ဗျာ ၂၀း၆၊ ၂၂း၅)။ ချီဆောင်ခြင်းဖြစ်ပြီးသောအခါ အသင်းတော်သည် သိုးသူငယ်၏ ထိမ်းမြားမင်္ဂလာညစာစားပွဲကို ကောင်းကင်ဘုံ၌ ကျင်းပမည့် (ဗျာ ၁၉း၆-၉)။

            စည်းရုံးဖွဲစည်းထားသော ခရစ်ယာန်ဘောင်ဝင်သူအားလုံးတို့ သွားမည့် နေရာမှာမူ အခြားသော နေရာတစ်ခု ဖြစ်သည်။  ရှေးခေတ်ဣသရေလလူမျိုးကဲ့သို့ မှားယွင်းသော သွန်သင်ခြင်းကြောင့် ယုံကြည်ခြင်းကို စွန့်လွှတ်ခြင်းဆက်လက် ရှိလိမ့်မည် (၁ တိ ၄း၁၊ ၂။ မ ၁၃း၃၃။ ၂ ပေ ၂း၁-၃)။ ၄င်းကို ပေါင်းခြံု၍ ဗာဗုလုန်ရှုပ်ထွေးခြင်းဟုခေါ်၍ ဘုရားသခင်၏ ဒဏ်ခက်ခြင်းခံကာ ပျက်စီးသွားလိမ့်မည် (ဗျာ ၁၇း၁-၆။ ၁၈း၁-၄)။ ထိုကဲ့သို့ အတုအပဖြစ်သော ထိုအသင်းတော်ကို ဘေးဖယ်သောအချိန်တွင် ဣသရေလလူမျိုးသည် ယုံကြည်ခြင်းကို စွန့်လွှတ်ခြင်းကြောင့် တစ်ပါးအမျိုးသားတို့အား နှစ်ပေါင်း (၂၀၀၀) မတိုင်မီက မိမိ၏ ကောင်းကြီးမင်္ဂလာကို လွှဲပေးခဲ့သကဲ့သို့ ဣသရေလလူမျိုးအား ပြန်လည်ထူထောင်ခြင်း ရှိလိမ့်မည် (ရော ၁၁း၁၁-၂၆)။ ဤအဖြစ် အပျက်အားလုံးတို့ကို ကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် သူ၏ထာဝရ ရည်မှန်းချက်ကို ခရစ်တော်အားဖြင့် ပြည့်စုံစေတော်မူသော လျှို့ဝှက်ထားတော်မူသည့် အသင်းတော်ကို ကျွန်ုပ်တို့သည် အံ့အားသင့်စွာ မြင်တွေ့ကြလိမ့်မည်။

 

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

လမ်းညွှန်ချက်

 

အသင်းတော်သမိုင်း      သင်ခန်းစာ (၃)

မေးခွန်းများကို မဖြေခင် သင်ခန်းစာ (၃) နှင့်တကွ ဗျာဒိတ်အခန်းကြီး ၂ နှင့် ၃ တို့ကို ဖတ်ပါ။

၁။        တမာန်တော်ခေတ် အသင်းတော်၏ ထင်ရှားသော လက္ခဏာနှစ်ခုနှင့် အန္တရာယ်ရှိသော တိုးတက်မှု တစ်ခုကို ဖော်ပြပါ။

 

၂။         နှိက်စက်ညှင်းပန်းခြင်းခံသော အသင်းတော်သည် အဘယ်ကြောင့် တိုးပွားသနည်း။

 

၃။        Constamtine ဘုရင်သည် အသင်းတော်အား နိုင်ငံရေးအရ မျက်နှာသာပေးခြင်း၏ ရလဒ်ကား အဘယ်နည်း။ အစိုးရသည် တစ်ရက်ပြီးတစ်ရက် လုပ်ဆောင်သော အလုပ်အားဖြင့် အသင်းတော်ကို ကူညီမစပါသလား။

 

၄။        သာသနာပလူများနှင့် ဖွဲ့စည်းသော အသင်းတော်၏ ၀ိညာဉ်ရေးကို ဖြိုဖျက်သော အဓိကခံယူချက်နှစ်ခုကို ဖော်ပြပါ။

 

၅။        ပြုပြင်ပြောင်းလဲသော အသင်းတော်၏ အဓိက မူသုံးချက်ကို အတိုချံုး၍ ဖော်ပြပါ။

 

၆။        နိုးကြားသော အသင်းတော်ကို အသက်သွင်းသော မူနှစ်ခုကား အဘယ်နည်း။

 

၇။        ယနေ့အသင်းတော်တွင် မဟုတ်မမှန်သော ခံယူချက်နှစ်ခုနှင့် ဟုတ်မှန်သော တိုးတက်မှုနှစ်ခုကို ဖော်ပြပါ။

 

၈။        အသင်းတော်သမိုင်းကို လေ့လာသောအခါ သင်တွေ့မြင်သော အန္တာရာယ်အချို့ကို ဖော်ပြပါ။ ယနေ့ကျွန်ုပ်တို့၏ ဒေသန္တရအသင်းတော်တွင် ထိုကဲ့သို့သော အမှားနှင့် ပြသနာများကို မည်ကဲ့သို့ ရှောင်ရှားနိုင်ကြမည်နည်း။

 

၉။        ထင်မြင်ချက်။   ဤသင်ခန်းစာတွင် သင်၏ စိတ်နှလုံးကို အထိဆုံးသော အချက်သည် အဘယ်နည်း။

 

 

 

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

ရှင်းလင်းချက်များ

 

အသင်းတော်၏  သခင် သင်ခန်းစာ (၄)

            “ခြေဖဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့် ချထားသဖြင့် အသင်းတော်အဖို့အလို့ငှာ သူ့ကို အလုံစုံတို့၏ အချုပ်အခြာဦးခေါင်းဖြစ်စေတော်မူ၏။ ထိုအသင်းတော်ကား အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ၏ ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်စေသတည်း” (ဧ ၁း ၂၂၊ ၂၃)။

            သခင်ဘုရား၏ ဘွဲ့နာမများအနက် နားလည်ရန် အလွယ်ကူဆုံးသော ဘွဲ့နာမသည်အဘယ်နည်း။ မင်္ဂလာရှိ၍ တစ်ပါးတည်းသော အရှင်ဖြစ်တော်မူသော ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်ပါသည် (၁ တိ ၆း၁၆)။ ယေရှုသည် သခင်ဖြစ်တော်မူ၏။ အရာခမ်းသိမ်းကို အုပ်စိုးသော လူမျိုးတော်၏ ဘုရင်ဖြစ်သည်။ ထို့ကြောင့် သူပိုင်တော်မူ သော အသင်းတော်၏သခင် ဖြစ်တော်မူ၏။

            ဓမ္မဟောင်းခေတ်တွင် ဣသရေလလူမျိုးသည် ဘုရားသခင် အုပ်စိုးခြင်းကို ခံသောလူမျိုးဖြစ်ခဲ့ပြီး၊ ဘုရားသခင်သည် လည်း သူတို့၏ စစ်မှန်သော ရှင်ဘုရင်ဖြစ်ခဲ့သည်။ ကန္တာရခရီးတစ်လျှောက်တွင် လမ်းပြကွယ်ကာပြီး ခါနန်ပြည်တွင် အတည်တကျ နေထိုင်စေခဲ့သည်။ ကျွန်ဘဝမှ ကယ်နှုတ်တော်မူပြီးလျှင် သူတို့၌ လိုအပ်သော အရာခပ်သိမ်းကို ပြင်ဆင်ပေး တော်မူခဲ့သည်။ သို့ရာတွင် ထိုလူမျိုးသည် ဘုရားသခင်ကို ကျောခိုင်းခဲ့သည်။ ဣသရေလလူမျိုး အသက်ကြီးသူတို့သည် ရှမွေလထံသို့ လာကြပြီးလျှင် “တစ်ပါးအမျိုးသားများနည်းတူ အကျွန်ုပ်အား တရားစီရင်တော်မူမည့် ရှင်ဘုရင်တစ်ပါးကို ခန့်ထားပေးပါ” ဟု တောင်းဆိုကြသည်။ သို့သော် “အကျွန်ုပ်အား တရားစီရင်မည့် ဘုရင်တစ်ပါးကို ခန့်ထားပေးပါ” ဟူသော သူတို့၏စကားကြောင့် ရှမွေလစိတ်ညစ်ကာ ဘုရားသခင်ထံ ဆုတောင်းလိုက်၏။ ထိုအခါ ဘုရားသခင်က ရှမွေလအား “သူတို့ပြောသော စကားကိုနားထောင်လော့။ သူတို့သည် သင့်ကိုသာမပယ်၊ ငါသည် သူတို့ကိုမအုပ်စိုး စေခြင်းငှာ ငါ့ကိုလည်းပယ်ကြပြီ” ဟု မိန်တော်မူ၏ (၁ ရာ ၈း၅-၇)။ ဘုရားသခင်သည် သူတို့၏ စီစဉ်ချက်ကို လက်ခံပေးသော်လည်း နှစ်သက်တော်မမူချေ။ ဤကဲ့သို့စီစဉ်ကြခြင်းသည်၊ မမြင်နိုင်သောဘုရားသခင်ကို သူတို့၏ အုပ်စိုးသူ၊ စစ်မှန်သော သူတို့၏ ဦးဆောင်သူအဖြစ် နေ့စဉ်ကိုးစားခြင်းမှ ထွက်မြောက်လိုကြခြင်းဖြစ်ကြောင်း ဘုရားသခင် တွေ့မြင်တော်မူ၏။

အသင်းတော်၏ ဦးခေါင်းအနေနှင့် ခရစ်တော်၏ အခွင့်အာဏာ

            ယနေ့အသင်းတော်ကာလတွင် သခင်ဘုရားသည် လူမျိုးတော်၏ ဦးခေါင်းဖြစ်ကြောင်း မှန်နေဆဲပင်ဖြစ်သည် “အသင်းတော်၏ ဦးခေါင်းဟာ ဘယ်သူလဲ” ဟု အမေးခံရသောအခါ သင်ဘာပြောသနည်း။ ဧဖက် ၅း၂၃ တွင် ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းတော်ဖြစ်သည်ဟု ဖော်ပြချက်ကို ပြန်လည်သတိရသင့်ပါသည်။ ဘုရားသခင်၏ အစီအစဉ်အရ လင်ယေကျ်ားသည် မိန်းမ၏ဦးခေါင်းဖြစ်ကြောင်း သွန်သင်ရာတွင် သခင်ဘုရားနှင့် သူ့လူများ၏ တော်စပ်မူကို ပုံဆောင်ပါသည်။ ဦးခေါင်းတော်ဖြစ်ခြင်းသည် နာမည်အားဖြင့်သာ ဖြစ်သလား၊ သို့မဟုတ် အမှန်လက်တွေ့ ဦးဆောင်ခြင်းကို  သွန်သင်သလား။ ယေရှုသည် အသင်းတော်၏ ဦးခေါင်းဖြစ်ကြောင်း ပုံသဏ္ဍာန်သက်သက်လား၊ နာမည်သက်သက်လား၊ သို့မဟုတ် အသင်းတော်ကို လက်တွေအုပ်စိုးခြင်းကို ဆိုလိုသလား။

            ယေရှုသည် အသင်းတော်ဖြစ်သော ခန္ဓာ၏ ဦးခေါင်းဖြစ်သည် (ကော ၁း၁၈)။ ဤအချက်သည် ယုံကြည်သူများနှင့် သူတို့၏ ခေါင်းဆောင်ကြီးဖြစ်သော သခင်ယေရှုတို့အကြား ရှင်သန်သော ဆက်နွယ်မှုနှင့်ရင်းနှီးမှုကိုပြပါသည်။ ကိုယ်ခန္ဓာ သည် အစုသဘောကိုပြ၍ တစ်ခုနှင့်တစ်ခု အမှီသဟဲပြုလျက် လုပ်ဆောင်ကြခြင်းကို ညွှန်ပြပါသည်။ အသက်သည် ဦးခေါင်း ကို အမှီသဟဲပြုပါသည်။ ယော ၁၅း၁-၈ တွင် သခင်ဘုရား၏ ဥပမာတွင် တွေ့ရသကဲ့သို့ အကိုင်းသည် စပျစ်နွယ်မှ အသက်ကိုရသည့်နည်းတူ ခရစ်တော်သည် ကျွန်ုပ်တို့အပေါ်တွင် ဦးခေါင်းအနေနှင့် လက်တွေ့လုပ်ဆောင်ရာတွင် ၀ိညာဉ် အသက်ကို သွင်းပေးနိုင်ပါသည်။

            ဤသဘောတရားသည် ကောင်းသော်လည်း မည်ကဲ့သို့ လက်တွေ့အသုံးချမည်နည်းဟူ၍ စောဒကတက်ချင်သူ အချို့ ရှိကောင်းရှိပါလိမ့်မည်။ မမြင်နိုင်သော ခေါင်းဆောင်တစ်ဦးကို တိုင်ပင်ဖို့ခက်သည် မဟုတ်ပါလော။ ယုံကြည်ခြင်း မပါလျှင် ပတ်ဝန်းကျင်ရှိ လူများနှင့်တကွ ကျွန်ုပ်တို့သည် သူ့ကိုမမြင်နိုင်ကြပါဟု ပြောတတ်ကြသည်။ ထို့ကြောင့့် လူတစ်ချင်စီတို့သည် ဘုရားသခင်ကို မတိုင်ပင်ဘဲနှင့် ဆုံးဖြက်ချက်ချသကဲ့သို့ လူတို့သည် အသင်းတော်၏ ဦးခေါင်းကို ကျော်၍ လုပ်နည်းအမျိုးမျိုးကို တီထွင်ကြသည်။ ဣသရေလလူမျိုးသည် ရှမွေလအား တောင်းဆိုကဲ့ကြသကဲ့သို့ အသင်းတော်ခေါင်းဆောင်တို့သည် မြင်နိုင်သော အုပ်စိုးသူကို ခန့်ထားကြသည်။ လူစုလူဝေးများကို အုပ်စိုးသော လောကအဖွဲ့အစည်းများနှင့် ငှါနချုပ်များကို ကျွန်ုပ်တို့ထားကြသည်။ ဒေသန္တာရအသင်းတော် ခေါင်းဆောင်တစ်ဦးကို ရာထူးပေး၍ အတည်ပြုတက်ကြသည်။ သခင်ဘုရားအတွက်သော်လည်းကောင်း၊ အခြားသောသူများအတွက်သော် လည်းကောင်း၊ အသုံဝင်ခြင်းအနည်းငယ်မျှသာ ရှိသော သင်းအုပ်ဆရာ သို့မဟုတ် အုပ်ချုပ်သူအသင်းလူကြီး သို့မဟုတ် ခေါင်းဆောင်တစ်ဦးဦးကို ထားတတ်ကြပါသည်။ အသင်းတော် သို့တည်းမဟုတ် အသင်းတော်ခေါင်းဆောင်တို့သည် စိတ်အားထက်သန်စွာ ဆုတောင်းခြင်း၊ သို့မဟုတ် နှုတ်ကပတ်တော်မှ သခင်ဘုရား၏ အလိုတော်ကိုမရှာဘဲ လုပ်သင့်သည် ဟု ထင်သလို ဆုံးဖြက်ချက်များကို လွယ်လင့်တကူ ချမှတ်တတ်သည်။ ထိုကဲ့သို့သော အခြေအနေများတွင် ခရစ်တော်သည် ဦးခေါင်းဖြစ်ကြောင်း လက်တွေ့ ထင်ရှားစေခြင်း နည်းပါးတတ်သည်။

            ကောလောသဲအသင်းတော်တွင် သြဝါဒရှုပ်ထွေးခြင်း ဖြစ်ခဲ့ရခြင်းမှာ ဦးခေါင်းအား ခိုင်မြဲစွာ မမှှီခိုကြသောကြောင့် ဖြစ်သည် (ကော ၂း၁၉)။ ခရစ်တော်သည် ထိုအသင်းတော်၏ ဗဟိုချက်ဖြစ်၍ သူ့ကိုသာ မှီခိုရန်လိုအပ်ကြောင်းကို သူတို့သည်မတွေ့ မြင်ကြချေ။

            ထိုသို့ဆိုလျှင် ခရစ်တော်ဦးခေါင်းအဖြစ် ထားလျက် မည်ကဲ့သို့ ဦးဆောင်ခြင်းကို ပြုနိုင်ပါမည်နည်း။ နှုတ်ကပတ် တော်ကို သေချာစွာ လေ့လာ၍ နှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်ခြင်းဖြင့် စတင်ရပါသည်။ ကျမ်းစာသည် ဘုရားသခင် မှုတ်သွင်းသော စာအုပ်သက်သက် မဟုတ်၊ အသင်းတော်၏ လှုပ်ရှားမှုများတွင် ကိုင်ဆောင်အသုံးပြုရမည့် လက်စွဲတစ်အုပ် ဖြစ်ပါသည်။ အသင်းတော်သည် ကိုယ်တော်၏ လမ်းညွှန်းမှုကို ရရှိနိုင်ရန် အထူးလိုအပ်ပါသည်။ လူတို့တွင်  စီရင်ခန့်ထား သမျှသောမင်း၏ အုပ်စိုးခြင်းကို နာခံခြင်း (၁ ပေ ၂း၁၃)၊ ပွင့်လင်းသော နှလုံသားနှင့် စိတ်အားထက်သန်စွာ ဆုတောင်းခြင်း၊ ဘုရားသခင် ခန့်ထားသော အစိုးရမင်းများ၏ အုပ်စိုးခြင်းကို ၀န်ခံခြင်း (ရော ၁၃း၁) ရှိပါသည်။ အိမ်ထောင်ဦးစီးများသည် ခရစ်တော်ဦးခေါင်းဖြစ်ခြင်းကို လက်တွေ့ဖော်ဆောင်မည့်သူများ ဖြစ်ကြသည် (ဧ ၅း၂၂။ ၆း၁)။ အသင်းတော်လူကြီးများကို ရိုသေလေးစား၍ သူတို့၏စကားကို နာခံကြရန်ဖြစ်ပါသည်  (ဟေဗြဲ ၁၃း၁၇။ ၁ သက် ၅း၁၃)။ အသက်တာ၏ မည်သည့် အပိုင်းကိုမဆို အုပ်စိုးခြင်းဟူသည် ရှိစမြဲဖြစ်သည်။ လူသားနှင့်ဆိုင်သော အုပ်စိုးခြင်း၊ အသင်းတော်ကို အုပ်စိုးခြင်း၊ အိမ်ထောင်ကို အုပ်စိုးခြင်း၊ အလုပ်ဆိုင်ရာ အုပ်စိုးခြင်းဟူ၍ရှိပါသည်။ သည်းခံခြင်း၊ ယုံကြည်ခြင်းအားဖြင့် ဆုတောင်းခြင်း တို့တွင် မမြင်နိုင်သော ဦးခေါင်းကိုတိုင်ပင်ပြီး သူ၏စကားကိုကြပ်ကြပ်မတ်မတ် နားထောင်ရပါမည်။ ဘုရားသခင်ခန့်အပ်ထား သော ခေါင်ဆောင်များ၏ စကားကိုနားခံ၍ ယုံကြည်သူမဟုတ်သော ခေါင်းဆောင်များကိုလည်း လေးစားရပါသည်။

            မိမိတစ်ဦးတည်း၏ ဆန္ဒအတိုင်း နေချင်စိတ်၊ သွန်သင်၍မရသည့် စိတ်သဘောရှိသော သူသည် ဘုရားသခင် ရှေ့၌လည်း ထိုစိတ်သဘောရှိမည်သာ ဖြစ်သည်။ ဘုရားသခင်၏ အုပ်စိုးခြင်းကို လက်တွေ့ဝန်ခံနိုင်ရန် ဘုရားသခင်ပြင်ဆင် ထားသော အရာများကို မနာခံဘဲလျက် ၀ိညာဉ်တော်၏ ဦးဆောင်မူကို နာခံပါသည် ဟု ပြောခြင်းသည် သံသယဖြစ်စရာ ရှိပါသည်။ မတရားသော အမှုနှင့်တကွသြတ္တပ္ပ၏ လမ်းပြမူကို ဖျက်ဆီခြင်းမျိုးကို နားမထောင်ရပါ။ လူ၏စကားကိုနားထောင် သည်ထက် ဘုရားစကားကို နားထောင်ရမည် ဟူသောမူကိုအသုံးပြုလျက် စကားနားမထောင်ခြင်းကို မှန်သောအကျင့် တစ်ခုကဲ့သို့ မထင်မိစေရန် သတိထားရပါမည်။ ဤကဲ့သို့ တွေးခေါ်မှုကို အလျင်စလို မလုပ်ဘဲကောင်းမွန်သေချာစွာ ဆုတောင်း၍ လုပ်ရပါမည်။

            အချုပ်အားဖြင့်ဆိုရသော် ဦးခေါင်းအဖြစ် ထားခြင်းဆိုသည်မှာ သခင်ဘုရားအား ပထမဦးဆုံး ကျွန်ုပ်တို့၏ အမြင့်ဆုံး သော  လုပ်ပိုင်ခွင့်အာဏာရှိသူအဖြစ် ထိုက်တန်စွာ နေရာပေးခြင်းကို ဆိုလိုပါသည်။ ကျမ်းစာနှင့် ဆုတောင်းခြင်းကို အမှီပြု၍ ကျွန်ုပ်တို့မမြင်နိုင်သော ဦးခေါင်း၏စကားကို နားထောင်ခြင်းအားဖြင့် ဘုရားသခင်အား တိုင်ပင်ခြင်းကို ဆိုလိုပါသည်။ သို့မှသာလျင် ခေါင်းဆောင်များ သို့မဟုတ် ခရစ်တော်အိမ်ထောင်ဦးစီးများထံမှ ဘုရားသခင်၏ အလိုနှင့်ညီသော လမ်းညွှန်မူ ကို ကျွန်ုပ်တို့ရှာပါမည်။ ခရစ်တော်ဦးခေါင်းဖြစ်ခြင်းကို မခံယူသော (၀ါ) ငြင်းပယ်သော အသင်းတော်ဦးဆောင်မူတစ်ခုကို ကျွန်ုပ်တို့လက်မခံရပါ။ ထိုနည်းတူစွာ ကျွန်ုပ်တို့သည် လေးစားတတ်သူဖြစ်ကာ ငြင်းပယ်သူ (သို့မဟုတ်) ပုန်ကန်သူ မဖြစ်သင့်ပါ။

အသင်းတော်၏အခြေခံ အုတ်မြစ်ဖြစ်သော ခရစ်တော်

            “အကြောင်မူကား ယေရှုခရစ်တည်းဟူသော ချလျက်ရှိသော တိုက်မြစ်မှတစ်ပါး အခြားသော တိုက်မြစ်ကို အဘယ်မျှ မချနိုင်” (၁ ကော ၃း၁၁)။

            သခင်ဘုရားသည် ကျောက်ပေါ်တွင် အိမ်ဆောက်သူနှင့် သဲပေါ်တွင် အိမ်ဆောက်သော လူနှစ်ဦးအကြောင်းကို ပြောခဲ့သည်။ ပညာရှိသောသူသည် လေပြင်းမုန်တိုင်းဒဏ် ခံနိုင်သောအိမ်ကို ကျောက်ပေါ်တွင် တည်ဆောက်မည်။ သဲပေါ်တွင် ဆောက်သောသူူမအား ပညာမဲ့သောသူ ဖြစ်သည် (မ ရး၂၄-၂၇)။ ဤပုံပြင်ကို ပြောရခြင်းမှာ တရားကို ကြားရုံသက်သက်မဟုတ်ဘဲ ခရစ်တော်၏စကားကို နာခံလိုက်လျှောက်ရန် လိုအပ်ကြောင်းကို ပုံဖော်ပေးခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ပြုသမျှအတွက် သင့်လျော်သောအထောက်အမလိုအပ်ကြောင်းကိုလည်း အလေးပေးပြောဆိုခြင်းဖြစ်ပါသည်။ အုတ်မြစ်ဆိုသည်မှာ အခြေခံအထောက်အမအဖြစ် လူတစ်ဦးတည်ဆောက်သော အုတ်မြစ်ဖြစ်ပါသည်။ ယုံကြည်သူတစ်ဦး ချင်း၏ အုတ်မြစ်သည် ခရစ်တော်ဖြစ်သလို အသင်းတော်၏ ၀ိညာဉ်အုတ်မြစ်သည်လည်း ခရစ်တော်သာလျှင် ဖြစ်ပါသည်။ သီချင်းသည်က “ကျောက်မြဲခရစ်တော် ငါခိုလှုံ၊ အခြားတည်ရာရှိရှိသဲနှုန်း” ဟု စပ်ဆိုထားပါသည်။ အသက်တာတည်း ဟူသော အဆောက်အဦးကို ကျွန်ုပ်တို့တည်ဆောက်နိုင်ရန် တစ်ခုတည်းသော အုတ်မြစ်မှာ ခရစ်တော်သာလျှင် ဖြစ်ပါသည် (၁ ကော ၃း၁၁-၁၅)။ ကျွန်ုပ်တို့၏အိမ် မည်ကဲ့သို့ ဆောက်သည့်အကြောင်း (ခရစ်ယာန်တစ်ဦးအနေနှင့် အသက်တာ မည်ကဲ့သို့ ရှင်သည်) ကို ခရစ်တော်၏ တရားပလ္လင်တွင် စစ်ဆေးခံရမည် ဖြစ်ပါသည် (၂ ကော ၅း၁၀)။

            အသင်းတော်သည် ဘုရားသခင်၏ အိမ်ထောင်ဖြစ်၍ တမန်တော်နှင့် ပရောဖက်များ၏ အုတ်မြစ်ပေါ်တွင် တည်ဆောက်ကာ ခရစ်တော်သည် ထိုတိုက်ထောင့်၏ အမြစ်ကျောက်ဖြစ်သည် (ဧ ၂း၂၀)။ (ဟေရှာ ၂၈း၁၆) ကို ညွှန်း၍ ( ၁ ပေ ၂း၆-၇) တွင် မေရှိယဖြစ်သော ယေရှုသည် တိုက်ထောင့်အမြစ်ကျောက်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ထိုကျောက်သည် ဣသရေလလူမျိုးတို့ ထိမိ၍ လဲစရာဖြစ်ခဲ့ပါသည် (ဟေရှာ ၈း၁၄)။

            ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် သခင်ဘုရားက ရှင်ပေတရုအား ပြောခဲ့သောစကား၏ အဓိပ္ပါယ်ကို ဤအချက်နှင့် ကွဲလွဲစွာ နားလည်းကြသည်။ ကာသိုလိပ်အသင်းတော်သည် အသင်းတော်၏ အုတ်မြစ်အဖြစ် ခရစ်တော်ကို မမြင်နိုင်ဘဲ ရှင်ပေတရုကို မြင်ကြသည်။ ကာသိုသိပ်အသင်းတော်က ရှင်ပေတရုသည် ပထမဆုံးသော ပုပ်ရဟန်းမင်း (ဖခင်)ဖြစ်၍ သူ့နောက်တွင် ကွင်းဆက်မပြတ်သော ပုပ်ရဟန်းမင်းများရှိသွားနိုင်ရန် စတင်ပေးခဲ့သည်ဟု သွန်သင်သည်။ ထိုပုတ်ရဟန်း မင်းတို့သည် ကမ္ဘာပေါ်တွင် ခရစ်တော်ကိုယ်စား ဘုရားသခင်၏ အခွင်အာဏာကို အသုံးပြုသူများဖြစ်ကြောင်း ယုံကြသည် ကြသည်။ ပုပ်ရဟန်းမင်းကို ခရစ်တော်၏ ကိုယ်စားလှယ်ဟုခေါ်ကြသည်။ ဤအသင်းတော်သည် အဘယ်ကြောင့် ထိုကဲ့သို့ ခံယူလာကြသနည်း။ ထုံတမ်းအစဉ်အလာရ ခံယူကြခြင်းသာ ဖြစ်ပါသည်။ သခင်ယေရှုသည် တပည့်တော်တို့အား “လူများတို့သည် လူသားဖြစ်သောငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း” ( မဿဲ ၁၆း၁၃)ဟု မေးခဲ့ဖူးပါသည်။ ထိုမေးခွန်းသည် ခရစ်တော်မည်သူဖြစ်ကြောင်း သူတို့နားလည်းခြင်းရှိမရှိ နှိုက်ချွတ်စစ်ဆေးလိုက်ခြင်းဖြစ်သည်။ ရှင်ပေတရုက “ဗာယောနသား ရှိမုန် သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား အသွေးအသားသည် ဤအကြောင်းအရာကို  သင့်အားဖော်ပြသည် မဟုတ်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။ ငါဆိုသည်ကား သင်သည် ပေတရု (Petros) ဖြစ်၏။ ဤကျောက် (Petra) ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်၊ ထိုအသင်းကို မရဏနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ” ဟု ပြန်ပြောခဲ့သည် (မ ၁၆း၁၇၊၁၈)။ ဤနေရာတွင် ဘုရားသခင်သည် စကားအသုံး အနှုန်းကို ခွဲခြား၍ အသုံးပြုပါသည်။ ပေတရုဟူသော နာမည်သည် “ကျောက်ခဲ” ဟု အဓိပ္ပါယ်ရ၍ ကိုယ်တော် မှည့်ခဲ့သော နာမည်ဖြစ်သည်။ ဂရိဘာသာတွင် ဤနာမည်သည် ပုလ္လိင်(အဖို)ဖြစ်သည်။ သခင်ဘုရားက “ဤကျောက် (Petra) ပေါ်တွင်” ဟု ပြောရာတွင် ထုထည်ကြီးမားသော ကျောက်တုံးပြောခြင်းဖြစ်၍ ဣထိလိင် (အမ) ဖြစ်သည်။ သခင်ဘုရားပြောသော ကျောက်တုံးသည် ပေတရုဝန်ခံသော ကိုယ်တော်ကိုယ်တိုင်ဖြစ်ကြောင်း ရည်ညွှန်းပါသည်။ အသင်းတော်ကို သူ့(ကိုယ်တော်) အပေါ်မှာ တည်ဆောက်ရန်ဖြစ်ကြောင်းအခြားသော ကျမ်းပိုဒ်များကလည်း အတည်ပြုပါသည်။ ဂရိတို့၏ သဒ္ဒါနည်းအရ ဣထိလိင်ဖြစ်သော ပေထရာ (Petra) သည် ပုလ္လိင်ဖြစ်သော ပေထရောစ် (Petros) ကိုညွှန်းပြနိုင်ခြင်း မရှိသောကြောင့် ပေတရုသည် ကျောက်တုံးဖြစ်သည်ဟုပြောခြင်း မဖြစ်နိုင်ပါ။ ထိုစကားလုံးတို့သည် ခြားနားသော အဓိပ္ပါယ်ရှိကြသလို ခြားနားသောလိင်သည် ရှိကြသည်။

            ထို့ကြောင့် ရှင်ပေတရုသည် အသင်းတော်၏ အုတ်မြစ် မဟုတ်၊ ခရစ်တော်သာလျှင် အသင်းတော်၏ အုတ်မြစ် ဖြစ်သည်။ ရှင်ပေတရုသည် တိုက်ထောင့်အမြစ်ကျောက်ဖြစ်သော ခရစ်တော်နှင့် အသင်းတော်ဖြစ်ခါစ အချိန်တွင် အတူတကွ လုပ်ဆောင်သူများဖြစ်ကြသောကြောင့် ခရစ်တော်နှင့်ဆက်နွယ်သော တမန်တော်(၁၂) ပါးတို့တွင် တစ်ဦးသာ လျှင် ဖြစ်ပါသည်။ သို့ဖြစ်၍ ပေတရုသည် အကြီးအကဲမဟုတ်၊ (၁၂) ပါးတို့တွင် တစ်ဦးတည်းသာဖြစ်သည်။ ရှင်မဿဲ ၁၆း၁၉ တွင် ဖော်ပြထားသော နိုင်ငံတော်၏ သော့ချောင်းများမှာ ဘုရားသခင်အားဆန့်ကျင်သော အပြစ်များကို တည်စေဖို့ သော်လည်းကောင်း၊ လွှတ်နိုင်ဖို့သော်လည်းကောင်း၊ အခွင့်အာဏာကို ပေးခြင်းဖြစ်ရာ ယခုအခါ နှုတ်ကပတ်တော်နှင့်အညီ အသင်းတော်တွင် ဘုရားသခင်၏ အခွင့်အာဏာကို သုံးလျက် လုပ်ဆောင်သူများသည်လည်း ညီတူညီမျှရရှိနိုင်သော အခွင့်အရေးဖြစ်ပါသည် (မ ၁၈း၁၇၊၁၈)။ နိုင်ငံတော်၏ သော့ချောင်းများကို အသုံးပြုခြင်းသည် ၀မ်းမြောက်ဖွယ်သတင်း ကောင်း ဟောပြောခြင်းနှင့် ဆိုင်ပါသည်။ ထိုသတင်းကောင်းကို ယုံကြည်သောသူသည် အပြစ်မှ လွတ်မြောက်ခြင်းကို ရရှိ၍ ငြင်းပယ်သောသူသည် သူ၏ အပြစ်တွင် ဆက်လက်တည်ရှိနေပါသည်။

            ရှင်ပေတရုသည် အရှင်းဆုံးမြင်နိုင်သော မှားယွင်းစွာ ခံယူကြသည့် အုတ်မြစ်ပုံသက်သေ တစ်ခုဖြစ်ပါသည်။ လူများသည် ခေါင်းဆောင်အချို့ကို စိတ်ချပြီး သူတို့၏ အသက်ကို ထိုခေါင်ဆောင်များ၏ သွန်သင်ချက်ပေါ်၌ ထားတတ်ကြ သည်။ သန်းပေါင်းများစွာသော လူမျိုးအလိုက်ဖွဲ့သော အသင်းတော်၊ ထုံးတမ်းအစဉ်အလာဖြစ်သော အသင်းတော်၊ ဆွေမျိုးစု အသင်းတော်များသည် နှစ်ခြင်းမင်္ဂလာခံယူခြင်းနှင့် အသင်းဝင်းခြင်းအားဖြင့် ကောင်းကင်ဘုံရောက်ဖို့ မျှော်လင့်ကြသည်။ ဘုရားသခင်တော်ထံမှ အခွင့်အာဏာ ရရှိပါသည်ဟုဆိုသော ယဇ်ပရောဟိတ်အရိုက်အရာအပေါ် မှီခိုသောသူများလည်း ရှိတတ်ပါသည်။ သမ္မာတရားသိရှိနို်င်ရန် သူတို့၏ ဆင်ခြင်တုံတရားကို မှန်ကန်သောလမ်းညွှန်အဖြစ် အားကိုးသော သူများလည်းရှိတတ်ပါသည်။ သို့ရာတွင် အမြင့်ဆုံးစီရင်ပိုင်ခွင့်ရှိသော နှုတ်ကပတ်တော်သည် ခရစ်တော် သာလျှင် အသင်းတော်၏ အုတ်မြစ်ဖြစ်ကြောင်း ပြောပါသည်။

လူစုအလယ်တွင် ခေါင်းဆောင်အဖြစ် ခရစ်တော်၏ အာဏာစက်ကို ထားခြင်း

            ဓမ္မဟောင်းကာလတွင် တဲတော်ဟုခေါ်သော လူမျိုးတော် ၀တ်ပြုကိုးကွယ်သော နေရာအလယ်တွင် ဘုရားသခင် ကျိန်းဝပ်ခဲ့ပါသည်။ ဘုရားသခင်သည် မမြင်နိုင်သော ကမ္ဘာ၏ အစွန်အဖျားတစ်နေရာတွင် တစ်ကိုယ်တည်းမနေဘဲ သူရွေးကောက်တော်မူသော လူများနှင့် ကျေးဇူးတော်အားဖြင့် အတူနေထိုင်ဖို့ အလိုတော်ရှိပါသည်။ သူ့လူများ၏ အလယ်၌ ကိုယ်တော်ရှိကြောင်းကို နေ့အခါ မိုးတိမ်အားဖြင့်သော်လည်းကောင်း၊ ညဉ့်အခါ မီးတို်င်အားဖြင့်သော်လည်းကောင်း၊ လက္ခဏာပြခဲ့ပါသည် (ထွက် ၁၃း၂၁၊၂၂)။

            ဓမ္မသစ်ကာလတွင်မူ ဘုရားသခင်ရှေ့တွင် စုဝေးခြင်း အစီအစဉ်သစ်ကို သခင်ဘုရား လမ်းညွှန်းတော်မူပါသည်။ ကိုယ်တော်က “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို့သည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ၏ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်” ဟု မိန့်တော်မူပါသည် (မ ၁၈း၂၀)။ ဤနေရာတွင် အဆောက်အဦးသည် ဗဟိုပြုစရာမဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ပါး သည် ဗဟိုပြုစရာဖြစ်ကြောင်း တွေ့ရပါသည်။ ကိုယ်တော် ရှင်ပြန်ထမြောက်ပြီးသောအခါ တပည့်တော်များ၏ အလယ်တွင် ရပ်တော်မူခဲ့သည် (ယော ၂၀း၁၉၊ ၂၆)။ လက်ဝါးကပ်တိုင်၌ အသေခံတော်မူခဲ့စဉ်ပင်လျှင် ကိုယ်တော်သည် ဒုစရိုက်သမား နှစ်ဦးတို့၏ အလယ်တွင်ရှိခဲ့သည်။ ဗျာဒိတ်ကျမ်းတွင်လည်း ဒေသန္တာရအသင်းတော်များကို ဖော်ပြသော ရွှေမီးခွက် ခုနှစ်လုံးတို့၏ အလယ်တွင် သခင်ယေရှု ရပ်နေကြောင်း တွေ့ရသည် (ဗျာ ၁း၁၃၊ ၂၀)။ ဒေသန္တာရအသင်းတော်သည် ခရစ်တော်ကို မိမိ၏ ဦးခေါင်အဖြစ် တိုက်ရိုက်ခံယူ၍ တာဝန်ရှိ၍ ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် ကြားခံအရာ မထားရကြောင်း ဤအချက်က ရှင်းလင်းစွာဖော်ပြပါသည်။

            ကိုယ်တော်၏ ဘေးပတ်လည်တွင် သူ့လူများ စုဝေးခြင်းသည် ကိုယ်တော်အား တမ်းတနေကြောင်းကို ဖော်ပြပါသည်။ ပွဲတော်ကို စတင်၍ ပေးတော်မူစဉ်က “ငါ့ကို အောက်မေ့ပါ” ဟူသော ကိုယ်တော်၏ စကားကိုလည်း ပြန်လည်သတိရစေပါ သည်။ ဘုရားသခင်နှင့် လူများမိတ်သဟာယဖြစ်စေသော ကိုယ်တော်၏ ပူဇော်ခြင်းကို ယုံကြည်သူများက သတိရစေရန် ကိုယ်တော်သည် မုန့်နှင့်စပျစ်ရည်ကို ရှေ့တွင် ချထားတော်မူခဲ့သည်။ မဿဲ ၁၈း၂၀ သည် အချက်(သုံး) ခုကို ပြောပါသည်။ ကို်ယ်တော်၏ သန့်ရှင်းသူများ စုဝေးခြင်း၊ နာမတော်၌ စုဝေးခြင်းနှင့် နောက်ဆုံး၌ ကိုယ်တော်သည် သူတို့အလယ်၌ ရှိနေမည်ဟူသော ကတိတော်ဖြစ်ပါသည်။ ဤစည်းဝေးသောနေရာတွင် ဘာသာရေး လိုက်စားသော ပုဂ္ဂိုလ်များမပါကြောင်း ဤအချက်သုံးချက်တို့ကပြသည်။ ထိုစည်းဝေးသည် ဘုရားသခင်၏ အိမ်ထောင်စု ဖြစ်သည် (၁ တိ ၃း၁၅)။ ကန္တာရတွင် ရှိခဲ့သော တဲတော်မှာကဲ့သို့ ကိုယ်တော်သည် အလယ်မှာရှိပြီး သူ့လူများသည် ကိုယ်တော်၏ ဘေးပတ်လည်တွင်ရှိကြ သည်။ Ekklesia ဟုခေါ်သော “ခေါ်ထုတ်ထားသောလူစု” ကို ကိုယ်တော်နှင့် မိ်တ်သဟာရပြုရန် ခေါ်ထုတ်ထားသော သူများအားဖြင့် ဖွဲ့စည်းထားပါသည်။ ဤနည်းအားဖြင့် ထိုစုဝေးခြင်းသည် ခရစ်တော်၏လူစုဝေးဖြစ်လာပါသည်။

နိဂုံးချုပ်နှင့် မိမိအတွက် ခံယူကျင့်သုံးခြင်း

            ယေရှုသည် အသင်းတော်၏ သခင်၊ အသင်းတော်၏ ဦးခေါင်း အသင်းတော်၏ အုတ်မြစ်၊ အသင်းတော်စည်းဝေး ခြင်း၏ ဗဟိုချက်ဖြစ်တော်မူသောကြောင့် ယုံကြည်သူ အစုအဝေးတိုင်းသည် ထိုကဲ့သို့ ခံယူ၍ အသိအမှတ်ပြုရန် ဖြစ်ပါသည်။ ဘုရားသခင်၏ လူစုကို ခရစ်တော် မရသော လောကီသားများက လွယ်လင့်တကူ မသိနိုင်ကြပါ။ အကြောင်းမှာ နာမည်ပေါင်းများစွာ ရှိ်သောကြောင့်ဖြစ်သည်။ ယုံကြည်သူများက (တ ၅း၁၄)၊ တပည့်တော်များ (တ ၂၀း၁)၊ သန့်ရှင်းသူများ (၁ ကော ၁း၂)၊ ခရစ်ယာန်များ (တ ၁၁း၂၆) ဟူ၍ ရိုးရိုးလေးခေါ်မည့်အစား ကျွန်ုပ်တို့သည် ဂိုဏ်းနားမည်ဖြင့်လည်းကောင်း၊ အသင်းဖွဲ့နာမည်ဖြင့်လည်းကောင်း၊ မိမိကိုယ်ကိုခေါ်ကြသည်။ ကျွန်ုပ်တို့၏ စုံလင်ခြင်းဖြစ်တော်မူသော (ခရစ်တော်၏ ဘေးပတ်လည်တွင် စုဝေးကြမည့်အစားလူများသည် သူတို့ဗဟိုပြု၍ အလေးထားသော အသင်းတော်၏ ထုံတမ်းစဉ်လာများ ရှိတတ်ကြသည်။

            ဒေသန္တရအသင်းတော်တိုင်း၏ ဆန္ဒမှာ သခင်ယေရှုက တိုက်ရိုက်အုပ်စိုးသော သူများအနေဖြင့် လှုပ်ရှားဆောင်ရွက် ရန် ဖြစ်သင့်ပါသည်။ အသင်းတော်သည် မမြင်နိုင်သော ဘုရားကိုမြင်ကြရပါမည်။ ယုံကြည်သူတစ်ဦးချင်းအား လမ်ညွှန်ခြင်း ပေးသကဲ့သို့ ယုံကြည်ခြင်းနှင့် ဆုတောင်းပဋ္ဌာနပြုခြင်းအားဖြင့် အသင်းတော်သည် ဘုရားသခင်၏ လမ်းညွှန်းမှု ရနိုင်ပါသည်။ ခေါင်းဆောင်တို့သည် ကျွန်ုပ်တို့ဝိညာဉ်၏ သိုးထိန်းချုပ်ကြီးဖြစ်တော်မူသော စစ်မှန်သောခေါင်းဆောင်၏ လက်အောက်တွင် လုပ်ဆောင်လျက်ရှိနေပါမည်။ အသင်းတော်သည် ဗဟိုကောင်စီ သို့မဟုတ် အုပ်ချုပ်မှုကော်မတီတစ်ခုခုအပေါ်၌ တိုက်ရိုက် တာဝန်မရှိဘဲ ခရစ်တော်ဘုရားအပေါ်၌သာ တိုက်ရိုက်တာဝန်ရှိပါသည်။ ဒေသန္တရအသင်းတော်သည် တခြားအသင်းတော် များနှင့်အတူ လက်တွဲလုပ်ဆောင်နိုင်သော်လည်း ၄င်း၏မူနှင့် လုပ်ဆောင်ချက်များကို ခရစ်တော်ထံမှတိုက်ရိုက်ခံယူ ရပါမည်။

            ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းအဖြစ်လည်းကောင်း၊ အသက်ရှင်သောကျောက်မြက်များ၏ အုတ်မြစ်အဖြစ်လည်းကောင်း၊ သတို့သမီး၏ မင်္ဂလာဆောင်လုလင်အဖြစ်လည်းကောင်း၊ ပုံဆောင်သည်။ ခရစ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်းဟာ အသင်းတော် မိတ်သဟာယ၏ အခြေခံပင် ဖြစ်ကြောင်းဖေါ်ပြပါသည်။ စင်စစ်ကျွန်ုပ်တို့သည် ခမည်းတော်ဘုရားနှင့်သော်လည်းကောင်း၊ သားတော်ယေရှုခရစ်နှင့်သော်လည်းကောင်း၊ မိတ်သဟာရဖွဲ့ကြ၏ (၁ ယော ၁း၃)။ ဒေသန္တရအသင်းတော်သည် သခင်ဘုရားကို မိမိအား အုပ်ချုပ်သူအဖြစ် အသက်တာအားဖြင့် ပြသသောကောင်းကင် ကို ကိုလိုနီနိုင်ငံတစ်ခု ဖြစ်သင့်သည်ဟု  အဆိုတစ်ခုရှိခဲ့ဖူးပါသည်။ ရှေးခေတ်တွင်ကေသာ(Caesar) ဘုရင်(သို့) အခြား သော ဘုရင်တစ်ပါးသည် ကိုလိုနီနိုင်ငံများကို အုပ်ချုပ်သကဲ့သို့ ခရစ်တော်သည်လည်း ၀ိညာဉ်အသက်၌ သူ၏ကိုလိုနီနိုင်ငံ များကို အုပ်ချုပ်ရပါမည်။ ထိုကိုလိုနီနိုင်ငံကို ကိုယ်တော်ရွးချယ်သောအမျိုး၊ မင်းစည်းစိမ်ရှိသော ယဇ်ပရောဟိတ်၊ သန့်ရှင်း သောလူမျိုး၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းများ အားဖြင့် ဖွဲ့စည်းထားပါသည် (၁ပေ ၂း၉)။ ဤအသင်းတော်သည် လောကဆန်ဆန်ဖွဲ့စည်းထားသော အသင်းတော်နှင့်မတူပေ။

            ၀ိညာဉ်အသက်တာနှင့် ပတ်သက်သော ကိစ္စရပ်များတွင် ခရစ်တော်ကို ဦးခေါင်းဖြစ်ကြောင်း နားလည်ခြင်းသည် တူညီသောဘာသာရေးအဖွဲ့တစ်ခုတွင် ကျွန်ုပ်သည် အသင်းဝင်ကအချင်းချင်းဖြစ်ကြသည်ဟူသော ခံယူချက်ထက် ပိုမိုမှန်ကန်သော ခံယူချက်ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် ကျွနု်ပ်တို့သည် အမွေခံများ၊ အသင်းဝင်များ၊ ရှန်ပြန်ထ မြောက်ခြင်းကို ခံသောသူများ၊ ကဲ့သို့ပင် သခင်ဘုရားနှင့်အတူ ပါ၀င်ခံစားသောသူများ ဖြစ်ကြပါသည်။ ခရစ်တော် သည် ကျွန်ုပ်တို့အသက်၊ ကျွန်ုပ်တို့သခင်ဖြစ်ပါသည်။ (ခရစ်တော်ကို ကျွန်ုပ်တို့အားအုပ်စိုးသူအဖြစ် မျှော်နေကြမည်ဆိုလျှင် အမှန်ပင်အုပ်စိုးတော်မူလိမ့်မည်)။ ထိုအခါ ကျွန်ုပ်တို့သည် ဟန်ဆောင်သောသူ မဟုတ်တော့ဘဲ ခရစ်တော်၏ အုပ်စိုးခြင်းကို ၀န်ခံသောသူများဖြစ်ကြပါလိမ့်မည်။ သခင်ဘုရားသည် ကျွန်ုပ်တို့အလယ်တွင် နာမည်ခံဦးခေါင်းမျှသာမဟုတ်ဘဲတတ်ကြွ သော အတိုင်ပင်ခံ ခေါင်ဆောင်ကြီးဖြစ်ချင်ပါသည်။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

လမ်းညွှန်ချက်

 

အသင်းတော်၏ သခင်  သင်ခန်းစာ (၄)

၁။        ၁ ရာ၈း၄-၇ ကိုဖတ်ပါ။ ကောင်းကင်ဘုရင်အစား လောကီဘုရင်တစ်ပါးရှိဖို့ ဣသရေလလူမျိုးများ အလွန်အလို ရှိခြင်းသည် အဘယ်ကြောင့် ဖြစ်သည်ဟု သင် ယူဆပါသနည်း။

၂။         ကန္တာရတွင်ရှိသော တဲတော်၌ သူ့လူများအလယ်တွင် ဘုရားသခင် ကျိန်းဝပ်ရခြင်း၏ အရေးကြီးခြင်း သို့မဟုတ် တန်ဖိုးရှိခြင်းသည် အဘယ်နည်း။

၃။        ခရစ်တော်သည် ကျွန်ုပ်တို့၏ ဒေသန္တာရအသင်းတော်၏ ဦးခေါင်ဖြစ်သည်ဟူသော သမ္မာတရားကိုလက်တွေ့ အားဖြင့် မည်ကဲ့သို့ ဖော်ပြနိုင်ကြမည်နည်း။

၄။        ကော ၂း၁၉ တွင် ခရစ်တော်ကို ဦးခေါင်းအဖြစ် မထားသော ယုံကြည်သူတစ်စုကို ဖော်ပြထားပါသည်။ သူတို့သည် အဘယ်အမှုကို မဆောင်ရွက်ဘဲနေခဲ့ကြသနည်း။ ကျွန်ုပ်တိုု့သည် သဘောထားအားဖြင့်လည်းကောင်း၊ လက်တွေ့ အားဖြင့်လည်းကောင်း၊ ကိုယ်တော် ဦးခေါင်းဖြစ်ကြောင်းကို မည်ကဲ့သို့ မျှော်နေကြမည်နည်း။

၅။        ခရစ်တော်၏ နာမ၌ စုဝေးခြင်းဆိုသည်မှာ အဘယ်နည်း (မ ၁၈း၂၀)။

၆။        ကမ္ဘာပေါ်တွင် အသင်းတော်တစ်ပါးအနေနှင့် သခင်ယေရှုကို ကိုယ်စားပြုသော ကောင်းကင်ကိုလိုနီတစ်ခုဖြစ် ကြောင်း ကျွန်ုပ်တို့မည်ကဲ့သို့ ပြသနိုင်မည်နည်း။

၇။        ထင်မြင်ချက်။ သင်၏ အသင်းတော်လူကြီးများသည် ခရစ်တော်ဦးခေါင်းဖြစ်ခြင်းကို မထင်ရှားစေကြလျှင် သင် အသင့်လျော်ဆုံးပြုလုပ်နိုင်သည့်အရာသည် အဘယ်အရာဖြစ်သည်ဟု သင်ယူဆပါသနည်း။

၈။        ဤသင်ခန်းစာတွင် သင် မရှင်းသော အကြောင်းအရာများ ရှိပါသလား။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်တော်

ရှင်းလင်းချက်များ

အသင်းတော်၏ သိုးထိန်းများ    သင်ခန်းစာ (၅)

                        သင်တို့နှင့်အတူ ရှိသော ဘုရားသခင်၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ အနိုင်ထိန်းရသောကြောင့် မဟုတ်၊ စင်ကြယ်သော စီးပွားကို တပ်မက်သောကြောင့် မဟုတ်ဘဲ အလိုလို စေတနာ စိတ်ရှိ၍ကြည့်ရှုအုပ်ထိန်းကြလော့။  အသီးသီး အုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးတရ ပြုသည်မဟုတ်ဘဲ သိုးတော်စုရှေ့မှာ ပုံသက်သေကိုပြသောသူ ဖြစ်ကြလော့။သို့ဖြစ်လျှင် သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ သင်တို့သည် မညှုုိးမနွမ်းတတ်သောဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်”(၁ ပေ ၅း၂-၄)။

                        သခင်ယေရှုသည် သူ့လူများကို အုပ်စိုးသူ၊ အလုပ်အမှုဆောင် ဒါရိုက်တာ မဟုတ်ဘဲ သိုးထိန်းချုပ်ဖြစ်တော်မူ သည်(၁ပေ ၅း၄)။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဝိညာဉ်ကို ဂရုစိုက်ပါသည်။ သူသည် သိုးတော်စုကိုပြုစု၊ လမ်းပြုကွယ်ကာ၍ အစာကျွေးတော်မူသည်။ ဒါ၀ိဒ်က “ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏” ဟု ပြောသောအခါ ဓမ္မဟောင်းခေတ်က ဘုရားသခင် လုပ်သောအမူနှင့် သခင်ယေရှုလုပ်သော အမူတို့သည် အတူတူပင်ဖြစ်ကြောင်းပြပါသည် (ဆာ ၂၃း၁)။ ဤ(ဆာလံ ၂၃) သည် ကိုယ်တော်နှင့်သူ့လူများ၏ တော်စပ်ခြင်းကို ဖော်ပြပါသည်။ ဘုရားသခင်သည် သူ့လူများ၏ အသက်တာ အသေးစိပ်တွင် မပါ၀င်ဘဲ တစ်ဦးတည်း ဝေးသောအရပ်၌ နေသောဘုရားမဟုတ်ပါ။ သူ့လူများ၏ အလယ်တွင် မိတ်ဆွေနှင့် လမ်းညွှန်သူအဖြစ် နေထိုင်တော်မူသော ဘုရားဖြစ်ပါသည်။ ထို့ကြောင့် ဒေသန္တရအသင်းတော်များကို ဦးဆောင် သော သူတို့သည် လက်တော်အောက်၌ရှိသော သိုးထိန်းများ ဖြစ်ကြသည်မှာ အံ့သြစရာမဟုတ်ပေ။

            ကျမ်းစာ၌ အသင်းတော် ဦးဆောင်သူများအတွက် သုံးနှုန်းသော နာမည်အများပင် ရှိ၍ ထိုနာမည် တစ်ခုစီသည် သိုးထိန်းခြင်း ရှုထောင်အမျိုးမျိုးကို ရောင်ပြန်ဟပ်လျက်ရှိပါသည်။ အတွေ့အကြံုအားဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း၌ လည်းကောင်း ပို၍ရင့်ကျက်သော၊ ပို၍အသက်ကြီးသောသူဖြစ်ကြောင်းကို ပြသော အသင်းတော်လူကြီးများ (eleders) ရှိကြပါသည် ( တ ၂၀း၁၇။ တိ ၁း၅)။ လူကြီး (eleder) ဆိုသည်မှာ ရှေးခေတ်က ဆွေမျိုးစုခေါင်းဆောင်များ (သို့) ကျေးရွာ ခေါင်ဆောင်များအတွက်လည်း အသုံးပြုသောနာမဖြစ်ပါသည်။ ဘုရားသခင်၏ သိုးစုကို ကြည့်ရှုစောင့်ရှောက်သော သူများကို ကြီးကြပ်ကြည့်ရှု့သူများ “overseers” (တချို့ကျမ်းစာများတွင် (bishops) ဟု ခေါ်ကြသည် ( ၁ တိ ၃း၁၊၂။ တိ ၁းရ။ တ ၂၀း၂၈)။ ဤကျမ်းပိုဒ်တို့တွင် ထိုအခေါ်အဝေါ်နှစ်ခုသည် ပုဂ္ဂိုလ်တစ်ဦးတည်းကိုသာ ညွှန်းပါသည်။  (၁ပေ ၅း၁၊ ၂) တွင် သိုးထိန်းဟူသော ဝေါဟာရအစားသင်အုပ် (Pastor) ကိုအသုံးပြုသည်။ ဤစကားလုံးသည် ဘုရားသခင်၏ လူများကို ကြီးကြပ်ကြည့်ရှုသော သူတို့၏အလုပ်ကို အခြားနည်းအားဖြင့် ဖော်ပြခြင်းဖြစ်ပါသည်။ ခေါင်းဆောင်များ၏ ရာထူးအနိမ့်အမြင့် ကို ပြောခြင်းမဟုတ်ဘဲ သခင်ဘုရားသည် သူ၏လူများကို ကြည့်ရှုစောင့်ရှောက်ရန် ချမှတ်ထားသော ပုံစံရိုးရိုးကလေးကို ဆိုလိုခြင်းဖြစ်သည်။ ဒေသန္တရအသင်းတော်ကို အသင်းလူကြီးများ သို့မဟုတ် သိုးထိန်းအများက ဦးဆောင်ခြင်းကို ဆိုလိုပါသည်။

            သိုးထိ်န်း သင်းအုပ်ဟူသော ကျမ်းစာအသုံးအနှုန်းသည် Catholic အသင်းတော် Orthodox အသင်းတော် နှင့် Protestant အသင်းတော်များတွင် မြင်ရသော ပုံစံနှင့်တူညီခြင်း လုံးဝမရှိ၊ ရှိလျှင်လည်း အနည်းငယ်သာ ရှိသည်။ အသင်းတော်အများအပြားတွင် ဘုန်းကြီးဟု ခေါ်သောသူများနှင့် ပရိသတ်ဟုခေါ်သော သူများအကြားတွင် ခွဲခြားခြင်း ရှိပါသည်။ ဘုန်းကြီးများကို သိက္ခာတော်ရဆရာ ဟူ၍လည်းကောင်း၊ ထိုထက်မြင့်သော ဘွဲ့နာမကိုလည်းကောင်း ပေး၍ ခေါ်ကြသည်။ အချို့တို့သည် ပရိသတ်နှင့် မတူအောင် အထူးဝတ်လုံကို ၀တ်ကြသည်။ ထိုသူတို့သည် အသင်းတော်ပြင်ပရှိ

ကျောင်းများတွင် သင်တန်းတက်ကြ၍ ဘွဲ့ထူးများကို ယူကြကာ လူအထဲက ထူးခြားသော လူတန်စားဖြစ်သယောင်နှင့် ဘုန်းကြီး (ရာဇ်ပုရောဟိတ်) ဟု ခေါ်ကြသည်။ ဤသို့ပြုခြင်းသည် ဓမ္မသစ်၏ သွန်သင်ချက်နှင့်  လိုက်လျောညီထွေခြင်း မရှိပေ။ သခင်ဘုရာသည် ဘာသာရေးဘွဲနာမများကို ရှုတ်ချတော်မူခဲ့သည် (မ ၁၃း၈-၁၀)။ ဒေသန္တာရ  အသင်းတော်များ ပြုစုခြင်းနှင့် အုပ်ချုပ်ခြင်းကို ဓမ္မသစ်ကျမ်း၌ ပါရှိသည့်အတိုင်း ဖြစ်စေလိုလျှင် ယနေ့ အများအားဖြင့် မြင်တွေ့နေသော ပုံစံနှင့် ခြားနားအောင် လုပ်ဖို့လိုအပ်ပါသည်။ ဤအကြောင်းနှင့်ပတ်သက်သော အပိုင်းများစွာတို့ကို အတိုချံုး၍ စစ်ဆေးကြပါစို့။

သိုးထိန်းအများရှိခြင်း

            ကျမ်းစာတွင် သင်းအုပ်တစ်ဦးတည်းက အသင်းတော်ကို အုပ်စိုးသည့့်ပုံစံအစား အများဦးဆောင်မှုအောက်တွင် ထားကြောင်း တွေ့ရပါသည်။ (ဖိ ၁း၁) တွင် သင်းအုပ်တစ်ဦးတည်းကို လိပ်မူရေးသားခြင်း မပြုဘဲ အသင်းလူကြီးများ နှင့် သင်းထောက်များကို သန့်ရှင်းသူများ အပါအဝင် လိပ်မူရေးထားကြောင်း တွေ့ရပါသည်။ တိတုကို ကရေတေကျွန်းသို့ စေလွတ်ရခြင်းသည် သင်းအုပ်တစ်ဦးကို ခန့်ထားရန် မဟုတ်ဘဲ၊ အသင်းလူကြီးများကို ခန့်ထားရန်ဖြစ်သည် (တိ ၁း၅)။ ရှင်ပေါလုနှင့် ဗာနဗတို့သည် သူတို့ တည်ထောင်သော အသင်းတော်တိုင််း၌ အသင်းလူကြီးများကို ခန့်ထားကြသည် (တ ၁၄း၂၃)။ ဧဖက်မြို့သို့ ရှင်ပေါလု ရောက်သောအခါ အသင်းတော်လူကြီးများကို ခေါ်ခဲ့ပါသည် (တ ၂၀း၁၇)။ ရှင်ပေတရုက အသင်းတော်လူကြီးများအား စာရေးသားရာတွင် သူကိုယ်တို်င်လည်း အသင်းတော်လူကြီးတစ်ဦး ဖြစ်သည်ဟု ပြောပါသည် ( ၁ ပေ ၅း၁၊၂)။ သင်းအုပ်တစ်ဦးတည်း ရှိသည်ဟူသော ခံယူချက်ကို တမန်တော်ဝတ္ထုနှင့် သြဝါဒစာများတွင် မတွေ့ရပါ။ ဧဖက်မြို့တွင်ရှိသော တိမောသေ၊ ယေရုရှလင်မြို့တွင်ရှိသော ယာကုပ်၊ ဗျာဒိတ် ၂ နှင့် ၃ တွင် ပါရှိသော ကောင်းကင် တမန်များသည် သင်းအုပ် ဓမ္မဆရာများ ဖြစ်ကြသည်ဟူသော ဖော်ပြချက်သည် မသေချာပါ။ တိမောသေသည်ရှင်ပေါလု ကဲ့သို့ လှည့်လည်၍ သာသနာပြုသူတစ်ဦး ဖြစ်သည်။ ရှင်ယာကုပ်သည် ယေရုရှလင်မြို့တွင် ထင်ရှားသောခေါင်းဆောင် တစ်ဦးဖြစ်၍ နိုင်ငံတော်လူကြီးတစ်ဦး၊ စေ့စပ်ပေးသူ (Mediator) တစ်ဦးဖြစ်ပါသည်။ ဗျာဒိတ် ၂ နှင့် ၃ တွင်ပါရှိသော ကောင်းကင်တမန်များမှာ ကျမ်းစာအနက်ဖော်နည်းအရ ကောင်းကင်တမန်များပင် ဖြစ်ကြပါသည်။ ထိုကောင်းကင်တမန် တို့ကို အသင်းတော်များ၏ သင်းအုပ်များဟုမခေါ်ပါ။

            ရှေးခေတ်၌ သင်းအုပ်များကို အသင်းတော်၏ ပြင်ပမှ ငှားရမ်းခြင်း မရှိခဲ့ဘူးပါ။ သင်းအုပ်ရှာဖွေရေး ကော်မတီများ ဖွဲ့စည်းခြင်း၊ အလုပ်ခန့်နိုင်ဖို့အတွက် လူတွေ့ မေးမြန်းခြင်း၊ တရားဟောချက်များကို စစ်ဆေးခြင်း၊ အခြားအရပ်ဒေသများရှိ သင်းအုပ်အရာ လျှောက်ထားသူများအား စုံစမ်းစစ်ဆေးခြင်း၊ ဘဏ္ဍာကို ရှာဖွေခြင်းစသည်တို့ နောက်မှပေါ်လာသော လုပ်ဆောင်ချက်များဖြစ်ပါသည်။ အာဏာပိုင်အဖွဲများ (သို့) အကြီးအကဲများက အသင်းတော်များ၌ သင်းအုပ်များ တာဝန်ပေး ခန့်ခြင်းကဲ့သို့သော လုပ်ရပ်မရှိခဲ့ပါ။ သိုးထိန်းများသည် သိုးစုအတွင်းမှပင် ပေါ်ထွက်လာ၍ အစေခံလိုသော ဆန္ဒရှိခြင်းနှင့် ၀ိညာဉ်ရေးရာ အရည်အချင်းကို အခြေပြု၍ ဖြစ်လာကြခြင်းသာရှိခဲ့ပါသည်။

            အများဦးဆောင်မှုတွင် အခက်အခဲမကင်းသလို တစ်ဦးတည်း ဦးဆောင်မှု၌လည်း အခက်အခဲမကင်းပေ။ မည်သည့် စနစ်တွင်မဆို အသင်းတော်များက အလုပ်ကိုကောင်းမွန်စွာလုပ်နို်င်ရန် ၀ိညာဉ်ရေးဦးဆောင်သူများ လိုအပ်ပါသည်။ စနစ်သည် အသက်တာကို အာမခံပေးသည် မဟုတ်။ ၀ိညာဉ်လူ မဟုတ်သော (သို့) တတ်ကျွမ်းခြင်းမရှိသော ဦးဆောင်သူ တို့သည် ကျမ်းစာအရခံယူသည် ဖြစ်စေ၊ လူကြံစည်ခြင်းအားဖြင့် ဖြစ်စေ၊ စနစ်ထဲတွင် နစ်မွန်းမည်သာဖြစ်ပါသည်။

            အများဦးဆောင်ခြင်းစနစ်၏ စိ်န်ခေါ်ချက်မှာ ခရစ်ယာန်လောကတွင် အများစုက ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ဤနည်းကို မကျင့်သုံးကြခြင်းပင် ဖြစ်သည်။ အသင်းတော်ဦးဆောင်ရာ၌ အကျင့်ဖြစ်ပြီးသောအရာ သို့မဟုတ် ထုံစံတစ်ခုကို ဖျက်ပစ်ရန် မလွယ်ပါ။ သင်းအုပ်တစ်ဦးတည်းအပေါ်တွင် လေ့လာခြင်းတာဝန်၊ လုပ်ကိုင်ဖို့ တာဝန်၊ ဦးဆောင်မူတာဝန်များကို ထားခဲ့၍ မဖြစ်သောကြောင့်သာ လူများပေါ်တွင် တောင်ဆိုမှု ပိုမို၍ ထားတတ်ကြသည်။ လူတစ်ဦးက သူတို့ကို သင်တန်း မပေးလျှင် ထိုသူတို့သည် သိုးထိန်းတာဝန်ကို ယူတတ်ချင်မှ ယူတတ်ကြမည်ဖြစ်ပါသည်။ ကာလတစ်ခုထိ လိုအပ်သော အတွေ့အကြံု ဖွံဖြိုးစေနိုင်ရန် ကူညီချင်သောသူ သို့မဟုတ် ကူညီတတ်သောသူ မရှိဖြစ်နိုင်သည်။ အရေးကြီးသောတာဝန် များအထူးသဖြင့် ကျမ်းစာသင်ခြင်းနှင့် သိုးထိန်းခြင်းတာဝန်ကို လစာပေးရသော လူတစ်ဦးပေါ်တွင် ပေးအပ်ခြင်းသည် များစွာ ပို၍ လွယ်ကူပါသည်။

            ထိုသို့ပင် ဖြစ်စေကာမူ လူအများဦးဆောင်ခြင်းအခွင့်သည် ၀ိညာဉ်သဘောပါပါက အဓိပ္ပါယ်ရှိပါသည်။ အများ ဦးဆောင်ခြင်းသည် အမျိုးသားများတွင် ၀ိညာဉ်ဆုကျေးဇူး၊ အထူးသဖြင့် တရားဟောခြင်းနှင့် သင်းအုပ်အလုပ်တို့၌ ဖွံ့ဖြိုးမှုများစွာ ဖြစ်စေနိုင်သည်။ ဆုကျေးဇူးများစွာတို့ကို ပုဂ္ဂိုလ်တစ်ဦးတည်း၌ ရှိဖို့ မျှော်လင့်မည့်အစား ၀ိညာဉ်ဆုကျေးဇူး အားလုံးတို့ကို အလုပ်လုပ်နိုင်အောင် လမ်းဖွင့်ပေးရပါသည်။ သိုးထိန်းအဖြစ် လုပ်ဆောင်သော အမျိုးသားခေါင်ဆောင်တို့ကို သာမန်အသင်းသားအဖြစ် မသတ်မှတ်တော့သောအခါ ထိုခေါင်ဆောင်များအတွက် တာဝန်ပို၍ ကြီးလာစေပါသည်။ ထိုအခါ လူတစ်ဦးကို ကိုးစားခြင်း လျော့နည်းလာကာ ခရစ်တော်အား အခွင့်အာဏာရှိသော ခေါင်ဆောင်အဖြစ် အာရုံစိုက်လာနိုင် ကြပါသည်။ မည်သည့်အမှုကိစ္စတွင်မဆို လူတစ်ဦးတည်း မထမ်းဆောင်နိုင်ပါ။ ဤဝန်ထုပ်သည် များစွာသော တစ်ကိုယ် တော် သင်းအုပ်များကို ဖျက်ဆီးခဲ့ပါပြီ။ နှိပ်စက်ညှင်းပန်းခြင်းကြောင့်  ယုံကြည်သူများသည် အိမ်၌ရှိ်သော အသင်းတော်  သို့မဟုတ် မြေအောက် အသင်းတော်အဖြစ် လှုပ်ရှားရသည့် နိုင်ငံများတွင် အများဆုံးဦးဆောင်ခြင်းသည် စံနူန်းတစ်ခု ဖြစ်ပါသည်။ နယ်တွင်ရှိသောအသင်းတော်များတွင်လည်း ထိုကဲ့သို့ပင်ဖြစ်ပါသည်။ လူအများ ဦးဆောင်ခြင်းတွင် လူတစ်ဦး တည်း အပေါ်၌ ဆုကျေးဇူး အများကြီးရှိရန်မလိုပါ။ ဘုရားသခင်၏ အလိုတော်ကို ရှာရာတွင် ထိုနည်းသည်အမြင်တစ်မျိုး ထက်များစွာ မြင်စေသောကြောင့် အာဏာရှင်ဆန်ဆန် အုပ်စိုးခြင်းကိုမဖြစ်နိုင်ပေ။ နောက်ဆုံးပြောရလျှင် အများဦး ဆောင်ခြင်းသည် ကျမ်းစာ  သွန်သင်သောမူဖြစ်ပါသည်။

သိုးထိ်န်းတို့၏ တာဝန်ဝတ္တရားများ

            ကြီးကြပ်ကြည့်ရှု (overseers) သူများ၏ အမျိုးမျိုးသော ၀တ္တရားများကား အဘယ်နည်း။ အသင်တော်များစွာတို့၌ ကျမ်းစာချပြထားသောပုံစံနှင့် အနည်းငယ်မျှသာ တူညီကြသည့်အတွက် ၀မ်းနည်းစရာကောင်းပါသည်။ အသင်းတော် တစ်ပါးတွင် အသင်းလူကြီးများသည် တစ်လတစ်ကြိ်မ် အစည်းဝေး ထိုင်၍ ၀ိညာဉ်ပြုစုစောင့်ရှောက်ရေးနှင့် အနည်းငယ်သာ ဆိုင်သော သို့မဟုတ် လုံးဝမဆိုင်သော ကိစ္စရပ်များကို ဆွေးနွေးကြသည်။ သူတို့သည် အသင်းတော်ဘဏ္ဍာရေးကို ပြင်ဆင်ပေးမည့် အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းလျှင် ဖွဲ့စည်းကြသည်။ ပွဲတော်မုန့်နှင့် စပျစ်ရည်ကို ဝေပေးမည့်လူကို ရွေးလျှင်လည်း ရွေးကြသည်။ တစ်နည်းအားဖြင့် သူတို့သည် နေရာချထားပေးသူများ ဖြစ်သွားကြသည်။

            ကျမ်းစာသွန်သင်သော ပုံစံမှာ ထိုကဲ့သို့မဟုတ်၊ ကြီးကြပ်သူများသည် နှုတ်ကပတ်တော်ကို သင်နိုင်ရမည် ( ၁ တိ ၃း၂။ တိ ၁း၉)၊ မှန်ကန်သော ၀ိညာဉ်ရေးဦးဆောင်မှုကို ယူ၍ ဘုရားသခင် အပ်နှင့်ထားသော သိုးစုကို စောင့်ကြည့် နေရပါမည် ( ဟေဗြဲ ၁၃း၁၇)။ သင်းအုပ်၏ စစ်မှန်သော ပြုစုမှုတွင် အကျုံဝင်သော လမ်းညွှန်းခြင်း၊ အမှားပြုပြင်ခြင်းနှင့် သိုးများအားကာကွယ်ခြင်း တာဝန်များသူတို့၌ ရှိရပါမည် (၁ ပေ ၅း၂၊၃။ တ ၂၀း၂၈)။ သူတို့သည် မိတ်သဟာယ၏ သြဝါဒကို စောင့်ထိ်န်းသူများ ဖြစ်ကြသည် ( တ ၂၀း၂၉-၃၁)။ ဓမ္မဟောင်းခေတ်တွင် သိုးထိန်းတို့သည် သူတို့၏ ၀တ္တရားများကို ဆောင်ရွက်ရန် ပျက်ကွက်ကြသောအခါ ထာဝရဘုရားက ပြင်းထန်စွာရှုတ်ချတော်မူခဲ့သည် (ယေဇ ၃၄း၂-၁၆)။ သိုးထိန်းများ မဆောက်ရွက်ခဲ့သော ကိစ္စများကို ကိုယ်တော်တိုင် ဆောင်ရွက်မည်ဟု ဘုရားသခင်က အဓိဋ္ဌာန် ပြုတော်မူခဲ့သည်။ ဒေသန္တာရအသင်းတော်တွင် ကျမ်းစာသွန်သင်ခြင်းနှင့် တရားဟောခြင်းကို လုပ်ဆောင်နေကြသော အချိန်ပြည့်အမှုတော် ဆောင် အသင်းလူကြီးများ (eleders) ကို အသင်းတော်သည် ငွေကြေးအားဖြင့် ထောက်ပံ့ရန်ဖြစ်ပါသည်( ၁ တိ ၅း၁၇၊ ၁၈)။

            အချုပ်အားဖြင့်ဆိုလျှင် အသင်းလူကြီးများ (eleders) သည် ကျမ်းစာသင်ခြင်း၊ ဦးဆောင်ခြင်း၊ သိုးစုကို ထိန်းခြင်း၊ လုပ်ငန်းတော်အတွက် သန့်ရှင်းသူများကို လက်နက်တပ်ဆင်ပေးခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ကျမ်းစာ၌ တွေ့ရပါသည် (ဧ ၄း၁၂)။ သူတို့သည် ယုံကြည်သူများ ရင့်ကျက်ကြီးထွားရေးအတွက် ကြိုးစားလုပ်ဆောင်၍ ယနေ့အသင်း တော်များတွင် လစာပေး၍ ငှားသောသူများ လုပ်သည့် အလုပ်များကို ပါ၀င်လုပ်ဆောင်စေရမည် ဖြစ်ပါသည်။

သိုးထိန်းတို့၏ အရည်အချင်း

            ( ၁ တိ ၃း၁-၇) နှင့် ( တိ ၁း၆-၉) တွင် ပုဂ္ဂိုလ်ရေး ၀ိသေသ လက္ခဏာများအစား ၀ိညာဉ်ရေးနှင့် စာရိတ္တအရည်းအချင်းပေါ်လွင်လျက် ရှိပါသည်။ ဘိသိက်ပေးထားခြင်းခံသော ဘုန်းကြီးများ သို့မဟုတ် ဓမ္မတက္ကသိုလ်တစ်ခုခု မှ ဘွဲ့ရသော သူများသည် ထိုစာရင်းတွင်မပါပါ။ အရိတ်အမြွက်ဖော်ပြခြင်းလည်းမရှိပါ။ ပညာအရည်အချင်းထက် ဘုရားလူ ဖြစ်ခြင်းသည် ပို၍ အရေးကြီးပါသည်။ ၀ိညာဉ်လူဖြစ်ခြင်းသည် ဘုရားသခင် အလိုတော်ရှိသော ခေါင်းဆောင်တစ်ဦး၏ အရေးကြီးဆုံးသော အမှတ်အသား ဖြစ်ပါသည်။

            ၁ တိ ၃း၁ တွင် ဖော်ပြထားသော ပထမထအရည်အချင်းမှာ သင်းအုပ်ဝတ္တရားကို ထမ်းဆောင်လိုသော ဆန္ဒရှိခြင်း ဖြစ်ပါသည်။ စေတနာစိတ်နှင့် ထမ်းဆောင်လိုသော ဆန္ဒရှိခြင်းကို ၁ ပေ ၅း၂ တွင်လည်း ဖော်ပြထားပါသည်။ ၄င်းသည် လူ၏ ကြီးမားသော အရာဖြစ်ပါသည်။ ထင်ပေါ်ကျော်ကြားသော ရာထူးကို တပ်မက်ခြင်း ( သခင်ဘုရားက “လူများမြင်နိုင်အောင်” ဟု ပြောခဲ့သကဲ့သို့ ) သည် အရည်အချင်းကို မမှီသောလက္ခဏာ ဖြစ်ပါသည်။ လူများကို ခရစ်တော်အတွက် မေတ္တာနှင့် ပြုစုရန် လိုအပ်ပါသည်။ သခင်ဘုရားသည် သူ၏ သိုးများကို ပြုစုခြင်းသည် ကိုယ်တော်ကို ချစ်မချစ် စမ်းသပ်ချက်တစ်ခု ဖြစ်ကြောင်းကို ရှင်ပေတရုအား လေးနက်စွာ မိ်န့်ဆိုခဲ့ပါသည် (ယော ၂၁း၁၅-၁၇)။ သိုးများကို ပြုစုရန် ဆန္ဒမရှိသောသူမှာ သိုးထိန်လုပ်ငန်းအတွက် မှန်ကန်သော ပြင်ဆင်မှုမရှိသူပင်ဖြစ်သည်။ လောကီရေးရာ၌ စိတ်ဝင်စားခြင်း သို့မဟုတ် သင်းအုပ်အလုပ်နှင့် ပတ်သက်သော ၀န်ထုပ်များကို ထမ်းဆောင်လိုသော ဆန္ဒမရှိခြင်းသည် ဤအသင်းအုပ်လုပ်ငန်းအတွက် ပြင်ဆင်မှုမရှိကြောင်း အထူးမှန်ကန်လျက်ရှိပါသည်။ ပုဂ္ဂိုလ်ရေး စွမ်းဆောင်မှုရှိခြင်းသည် တစ်ကဏ္ဍဖြစ်ပါသည်။ ထိုကိစ္စရပ်တွင် အကြင်သူတစ်ဦးသည် အခြားသောသူများ၏ တွေ့မြင်ချက်နှင့် စီရင်ချက်ကို ရယူသင့်ပါသည်။ ကိုယ့်အစွမ်းအစကို ကိုယ်တိုင်တိကျမှန်ကန်စွာ သတ်မှတ်နိုင်သောသူမရှိပါ။

            လောကီရေးရာ ဦးဆောင်မှုနှင့် ၀ိညာဉ်ရေးရာ ဦးဆောင်မှုတွင် အရည်အချင်း ခြားနားမှုရှိပါသည်။ တပည့်တော် တို့သည် မယုံကြည်သူများကဲ့သို့ အကြီးဆုံး ခေါင်းဆောင်ဖြစ်လိုကြခြင်းကို အပြစ်တင်ပြောဆိုရာတွင် ကိုယ်တော်သည်  ဤခြားနားချက်နှစ်ခုကို ရှင်းလင်းစွာ ဖော်ပြခဲ့ပါသည်။ “သင်တို့မူကားထိုကဲ့သို့ မဖြစ်နို်င်ရာ” ဟု ကိုယ်တော် မိန့်ဆိုခဲ့သည်။ ထိုကဲ့သို့ ဖြစ်မည့်အစား ခေါင်းဆောင်များသည် အစေခံနေရာကို ယူူရမည်။ အကြီးဆုံး ခေါင်းဆောင်မှာ အစေခံစိတ်ဓာတ် ရှိသူဖြစ်ကြောင်း သခင်ဘုရားက ဥပမာနှင့်ရှင်းပြခဲ့သည်။ နှိမ့်ချခြင်းနှင့် ထပ်တူထပ်မျှဖြစ်သော အရည်အချင်းများနေရာ များစွာ၌ အထောက်အထားနှင့်တကွ ရှိပါသည်။ ဥပမာ မိမိကိုယ်ကို အထင်ကြီးခြင်း၊ ထိုအထင်ကြီးခြင်းသည် ပြောင်းလဲခါစ ယုံကြည်သူများအား ဤဝတ္တရားမကျေပွန်နို််င်အောင် တားဆီနိုင်သော အန္တရာယ်ရှိကြောင်းကို သတိပေးတော်မူခဲ့သည်        ( ၁ တိ ၃း၆)။ ရန်ခြစ်ချင်သော စိတ်ရှိသူသည် အရည်အချင်းမမီသူ ဖြစ်သည် ( ၁ တိ ၃း၃)။ အတ္တစိတ်ကြီးခြင်း၊ စိတ်တိုခြင်း၊ ရန်ဖြစ်တတ်သောသူ ဖြစ်ခြင်း ( တိ ၁းရ) တို့သည်လည်း အရည်အချင်းမမီကြောင်း သက်သေဖြစ်ပါသည်။ ဤသည်တို့ကို ဆင်ခြင်နှလုံးသွင်းကြမည်ဆိုလျှင် ဒယောတရပ် (Diotrephes) တစ်ယောက်မျှ ( ၃ ယော ) ပေါ်လာမည် မဟုတ်ပါ။ သိုးထိန်းသည် ဘုရားသခင်၏ အမွေဖြစ်သော လူစုအပေါ်တွင် အာဏာနှင့် အစိုးတရမပြုဘဲ ကောင်းသောပုံသက်သေနှင့် ဦးဆောင်ရပါမည် ( ၁ ပေ ၅း၃)။

            သိုးထိန်းသည် မယားတစ်ဦးတည်းရှိသောသူ ဖြစ်ရမည် ( ၁ တိ ၃း၂။ တိ ၁း၆)။ ၄င်းသည် ( ဂရိဘာသာမှ တိုက်ရိုက် ပြန်ဆိုခြင်းဖြစ်၍ များစွာအငြင်းအပွားကြပါသည်။ တချို့သည် ဇနီနှင့် ကွာရှင်းသောသူကို ဖယ်ရှားရန် ဖြစ်သည်ဟု အဓိပ္ပါယ် ယူ ကြသည်။ တချို့က လူပျိုအား ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ယူဆကြသည်။ အမှန်ဆိုရလျှင် မယားများစွာယူသော သူကို ဖယ်ရှားပါသည်။ မည်သည့်မိန်းမကမျှ ဤအရည်အချင်း (၁ တိ ၂း၁၁၊၁၂) ကို မမီနိုင်ပါ။ ဤကျမ်းချက်သည် မိန်းမတစ်ဦး တည်းကိုသာ လက်ထပ်ရမည်ဟု အဓိကဆိုလိုခြင်း ဖြစ်ပါသည်။ မယားနှင့် သားသမီးများကို ထိရောက်စွာ ဦးဆောင်နိုင်မှု လိုအပ်ပါသည် ( ၁ တိ ၃း၄၊၅)။ ထိုသို့မဟုတ်လျှင် ဘုရားသခင်၏ အသင်းတော်ကို မည်သို့ပြုစုနိုင်မည်နည်း။

            သိုးထိန်းတစ်ဦးသည် မည်သည့်ဏ္ဍတွင်မဆို ကောင်းသောအကျင့်စာရိတ္တရှိ၍  အသင်းတော်အတွင်း၌လည်းကောင်း၊ အပြင်၌လည်းကောင်း၊ သူ၏ သက်သေအားဖြင့် လူများက လေးစားသောသူ ဖြစ်ရပါမည်။ ဤအချက်သည် အပြစ်တင်ခွင့်နှင့် ကင်းသော အသက်တာကို ဆိုလိုခြင်းဖြစ်ပါသည်။ ခေါင်းဆောင်တစ်ဦးမည်သည်မှာ လိုအပ်လျှင် လိုအပ်သလို ဆုံးဖြက်ချက် ချတတ်၍ အရေးယူဆောင်ရွက်တတ်သူ ဖြစ်ရပါသည်။ ထိုသို့မဟုတ်လျှင် သူသည်စစ်မှန်သော ခေါင်းဆောင် မဟုတ်ပေ။ ကောင်းသော ခရစ်ယာန်တစ်ဦး ဖြစ်လင့်ကစား မတိကျသူ ၊ နှောင်နှေးသောသူဖြစ်လျှင် ခေါင်းဆောင်ကောင်းတစ်ဦး မဖြစ်နိုင်ပါ။ သူသည် ကောင်းမွန်စွာ အုပ်ချုပ်နိုင်မည် မဟုတ်ပါ (၁ တိ ၅း၁၇)။

            သတိပေးတတ်သူ၊ အပြစ်ဖော်ပြတတ်သူ၊ သင်းကွဲခြင်းကို ကာကွယ်တတ်သူ၊ ညီညွတ်ခြင်းကို မြင့်တင်တတ်သူ၊ အသင်းတော်ပရိသတ်နှင့် ကောင်းမွန်စွာဆက်ဆံခြင်းကို ထိန်းသိမ်းတတ်သူသည်။ ဧကန်အမှန် ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်သည်။ ထိုအရည်အချင်းများကို ကျမ်းစာ၌လည်း ဖော်ပြထားပါသည်။ ကိုယ်တော်သည် ပုံသက်သေ ကောင်းပြခဲသကဲသို့ သိုးထိန်းသည် လုံ့လရှိ၍ အလုပ်ကြိုးစားသူဖြစ်ဖို့ အရေးကြီးပါသည် (၁သက် ၅း၁၂)။ ခေါင်းဆောင် များသည် ပေါ့လျော့ခြင်းမရှိပဲ စိတ်အားထက်သန်ခြင်း ရှိဖို့ လိုအပ်ပါသည်။

            သိုးထိန်းတစ်ဦးသည် သွန်သင်တတ်သောသူ(၁တိ ၃း၂။တိ ၁း၉) ။ အထူးသဖြင့် အသင်းတော်တွင် မှန်သော သြဝါဒ ကို ထိိန်းသိမ်းနိုင်သူ ဖြစ်ရမည်။ သူသည် ကျွမ်းကျင်သော တရားဟောဆရာ ဖြစ်ရမည်ဟူ၍ ကျမ်းစာက မသွန်သင်ပါ။ နှုတ်ကပတ်တော်တွင် အခြေခိုင်၍ အခြားသော သူများနှင့် ဆက်ဆံရာတွင် နှုတ်ကပတ်တော်ကို ထိရောက်စွာ အသုံးပြုတတ်သူဖြစ်ရမည်။ မှန်သော သြဝါဒါကို သွန်သင်နိုင်သူဖြစ်သည့်အပြင် ဆန့်ကျင်ဘက်ဖြစ်သော သြဝါဒကိုသွန်သင် သော သူ၏ အမှားကိုထောက်ပြနိုင်သူဖြစ်ရမည်။ (တိ ၁း၁၉)။

သိုးထိန်းများကို ခန့်အပ်ခြင်း

            လူအများ ထင်သကဲ့သို့ အသင်းတော်သည် အများသဘောတူစနစ်နှင့် အုပ်ချုပ်သော အသင်းတော်မဟုတ်။ ကျွနု်ပ် တို့၏ ဘုရင်ဖြစ်တော်မူသော ခရစ်တော်က တိုက်ရိုက်အုပ်ချုပ်သော စနစ်ဖြစ်ပါသည်။ သိုးထိန်းတို့သည် ဒေသန္တရ အသင်းတော်များကို ခရစ်တော်၏ကိုယ်စား အုပ်ချုပ်သော သူများအဖြစ် အစေခံကြရမည်။ သို့ဖြစ်လျှင် အသင်းတော်လူကြီး များကို မည်သူ ခန့်ပါသနည်း။ သူတို့ကို ခန့်သောပုဂ္ဂိုလ်မှာ သန့်ရှင်းသောဝိညာဉ်တော် ဖြစ်သည်။ (တ ၂၀း၂၈)။ အသင်းတော်လူထုသည် သင်းအုပ်အရည်အချင်းများကို ရှိသော သူများနှင့် လိုအပ်သော အလုပ်ကို လုပ်သော သူအား အသိ အမှတ်ပြုရမည်။ လူတစ်ယောက်အား ရာထူးတစ်ခုတွင် ခန့်အပ်လိုက်ရုံနှင့် ထိုသူကို အရည်အချင်း  ပြည့်မီသူ ဖြစ်စေနိုင်ပါ။တိတုသည် ရှင်ပါလု၏ အခွင့်အာဏာအောက်၌ အသင်းလူကြီးများကို ခန့်အပ်ခဲ့သည် (တိ ၁း၅)။ ရှင်ပေါလုနှင့် ဗာနဗတို့သည် သူတို့ တည်ထောင် သော အသင်းတော်တိုင်း၌ အသင်းလူကြီးများကို ခန့်အပ်ကြသည် (တ ၁၄း၂၃)။ ထိုအသင်းလူကြီးတို့သည် ချမှတ်ထား သော အကျင့်စာရိတ္တနှင့် အသက်တာစမ်းသပ်ချက်များကို ကျော်ဖြတ်လာခဲ့ပြီးသူများ ဖြစ်ကြကြောင်း သံသယရှိစရာ မလိုပေ။ တမန်တော်များ (သို့) သူတို့အာဏာ အပ်နှင်းထားသောသူများ မရှိတော့သည့် ယခုကာလတွင် လက်ရှိအသင်း လူကြီးများ (သို့) ဒေသန ္တရ အသင်းတော်သစ်များကို တည်ထောင်သော သာသနာပြု ဆရာများသည် အရည်အချင်းပြည့်မီ သူများအားခန့်အပ်ရန် သင့်လျော်သော သူများဖြစ်ကြပါသည်။ အသင်းသားများသည် အရည်အချင်းပြည့်မီသူများနှင့် တက်ကြွသောသူများကို အသိအမှတ်ပြုရပါမည်။ (၁ သက် ၅း၁၂ ၊ ၁၃) ၊ လက်ရှိအသင်း လူကြီးများ (သို့) သာသနာပြု ဆရာများ (သို့) အသင်းတော် တည်ထောင်သူများ  မရှိလျှင် ယုံကြည်သူများသည် မိမိတို့အထဲတွင် ၀ိညာဉ်ရေး၌ အရည် အချင်းရှိသော ခေါင်းဆောင်များကို အသိအမှတ်ပြုကြရပါမည်။ အသင်းတော် လူကြီးများသည် သင်းထောက်များနှင့်အတူ အသိအမှတ်ပြုသော အဖွဲ့အဖြစ် တာဝန်ယူရပါမည်။ (တ ၆း၆ ၊ ဖိ ၁း၁)။ သင်းထောက်များကို အစမ်းပေးထားသော တာဝန်များဖြင့် စစ်ဆေးရသလို (၁ တိ ၃း၁၀) အလားအလာ ကောင်းသော       သို်းထိန်းများကို ၄င်းနည်းတူ စစ်ဆေးသင့်ပါ သည်။

            အသင်းလူကြီးတစ်ဦးကို ခန့်အပ်ရာတွင် အစောတလျင် မဆုံးဖြတ်မိဖို့ သတိထားရပါမည်။ (၁ တိ ၅း၂၂)။ အသင်း တော်လူကြီးများသည် မည်မျှကြာအောင် အစေခံကြမည်နည်း။ သူတို့၏ အသက်အကန့်အသတ်ကိုလည်းကောင်း ၊ မည်မျှ ကြာအောင် အမှုတော်ဆောင် ကြရမည်ကိုလည်းကောင်း ကျမ်းစာ၌မဖော်ပြပါ။ သခင်ဘုရားသည် အမှုတော်ကို စတင်ဆောင်ရွက်သောအချိန်၌ အသက်တော် (၃၀) နှစ် ရှိပါသည်။ မောရှေ၏လက်ထက်တွင် ယဇ်ပရောဟိတ် လုပ်မည့်သူ သည် အသက် (၃၀) နှစ် ပြည့်ရပါသည်။ လူတစ်ယောက်သည် အသက်အိုမင်းခြင်း အပါအဝင် အနာရောဂါတစ်ခုခု စွဲကပ် လာလျှင်သော်လည်းကောင်း ၊ အမှုတော်ကို ဆက်လက်မဆောင်နိုင်ကြောင်း ရှင်းနေပါသည်။

            အကျင့်သီလကျဆင်းခြင်း ၊ မိသားစုတွင်း ပြဿနာဖြစ်၍ ကွဲကွာခြင်း ၊ အစည်းအဝေး၌ ပျက်ကွက်ခြင်း ၊ သူ့တာဝန် ကို မကျေပွန်ခြင်းတို့သည် အသင်းတော်လူကြီးများ တစ်ဦးကို နှုတ်ထွက်စေမည့် (သို့) ဖယ်ရှားရန် အကြောင်းတရားများ ဖြစ် ပါသည်။ အချုပ်အားဖြင့်ဆိုသော် သိုးထိန်းတစ်ဦးသည် ထိရောက်စွာ လုပ်ဆောင်နိုင်သမျှ ကာလပတ်လုံး  အသင်းသားများ ၏ ထောက်ခံအားပေးမှုလည်း ရရှိခံစားနေသမျှ အမှုတော်ကို ဆောင်နိုင်ပါသည်။ ပညာရှိသော သိုးထိန်းတို့သည် လူငယ်များ အား မိမိတို့ကိုဆက်ခံ၍ တက်ကြွသော အမှုတော်ဆောင်များ ဖြစ်လာနိုင်ကြဖို့ရန် သင်တန်းပေးခြင်းနှင့် နေရာပေးခြင်းများကို လုပ်ပေးကြပါသည်။ လူတစ်ဦး၏ အသုံးဝင်ခြင်း ကျဆင်းလာ၍ သူ၏ခွန်အားလည်း ဆုတ်ယုတ်ပြီဖြစ်ပါလျက်နှင့် ရာထူးတစ်ခု တွင် အသက်ဆုံးသည့်တိုင်အောင် ကပ်၍နေခြင်းသည် မှားသော လုပ်ရပ်တစ်ခု ဖြစ်ပါသည်။

သိုးထိန်းများကို သင်တန်းပေးခြင်း

            ကနဦးအသင်းတော်များတွင် အသင်းတော်ကြီးကြပ်ရှုသူများ (Overseers) သည် မိတ်သဟာယအတွင်းမှသာ ပေါ် ထွက်လာပါသည်။ ထိုသူတို့သည် အခြားသော ကိုယ်စားလှယ်အဖွဲ့ (သို့) အသင်းတော်များမှ သင်တန်းပေးထားသူများ မဟုတ်ကြပါ။ အသင်းတော် လူကြီးများသည် ပြင်ပလူတစ်ဦးထက် အသင်းသားများနှင့် သူတို့၏ အခြေအနေမှန်ကို ပို၍ နားလည်ကြပါသည်။ ၀ိညာဉ်ရေးဖွံ့ဖြိုးမှုအတွက် အမှန်နှင့် အထိရောက်ဆုံးနည်းမှာ တစ်ဦးချင်း တပည့်တော်မှန်ကို ပို၍ နားလည်ကြပါသည်။ ၀ိညာဉ်ရေး ဖွွံ့ဖြိုးမှုအတွက် အမှန်နှင့် အထိရောက်ဆုံးနည်းမှာ တစ်ဦးချင်း တပည့်တော် ဖြစ်စေရန် ဖြစ် ပါသည်။ ဤပုံစံကို သခင်ဘုရားကိုယ်တိုင် တပည့်တော် (၁၂) ပါးအားဖြင့် ဖော်ဆောင်ခဲ့သလို ရှင်ပေါလုကလည်း သူနှင့် အတူ အလုပ်လုပ်သော လူငယ်များစွာတို့နှင့် ပုံဖော်ခဲ့ပါသည်။ တပည့်တော်ဖြစ်စေသော လုပ်ငန်းတွင် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်ဆံခြင်း ပါ၀င်ပါသည်။ ထို့အပြင် နှုတ်ကပတ်တော်ကို သင်ကြားခြင်း ၊ အပြန်အလှန် ဆုတောင်းပေးခြင်း၊ အတူတကွ အစေခံခြင်း ၊ ကောင်းမွန်စွာ ကြီးကြပ်ခြင်း ရှိသော အလုပ်ကို လုပ်ကိုင်ခြင်း စသည်တို့လည်း ပါ၀င်ပါသည်။ ခေါင်းဆောင်အများအပြားတို့သည် သင်တန်းမတက်ကြသော်လည်း စိတ်အားထက်သန်ကြလျှင် သင်ယူခြင်း ရှိနိုင်ပါသည်။ ဓမ္မပညာရေးရာ စာစဉ်များကိုလည်း လေ့လာဖို့ရန် ရရှိနိုင်ပါသည်။ အသင်းတော်များသည် ဦးဆောင်မှု တိုးတက်အောင်မြင် သောအခါ အခြားအသင်းတော်များအား ထိုအောင်မြင်မှုကို ဝေငှခြင်းနှင့် လိုအပ်သော မစခြင်းကို ပေးချင်ကြသည်။ အရေး ကြီးဆုံးမှာ ခေါင်းဆောင်ဖြစ်ရန် အလားအလာရှိသူများကို လေ့ကျင့်ပေးဖို့ ဆက်ကပ်အပ်နှံရန် ဖြစ်ပါသည်။

            သူတို့အား ကူညီပေးနိုင်သော ကျမ်းစာကျောင်းများ (သို့) သင်တန်းများကို လူငယ်များ တက်ရောက်စေခြင်းသည် မှားသော လုပ်ရပ်တစ်ခု မဟုတ်ပါ။ အသင်းတော်အတွင်းရှိ အရည်အချင်းရှိသူများထံမှ လ်ိုအပ်သော အကူအညီကို အကြိမ် ပေါင်းများစွာ မရဘဲ ဖြစ်တတ်သည်။ အဓိကအချက်မှာ ဒေသန ္တရအသင်းတော်သည် အသင်းတော်အတွင်း၌ပင် ကောင်း သော အခြေခံသင်တန်းကို လုပ်ပေး၍ ဤတာဝန်ကို လျစ်လျူမရှုမိဖို့ ဖြစ်ပါသည်။ ကိုယ်တော်သည် သိုးထိန်းချုပ် ဖြစ်တော်မူ ၍ လက်ရှိအသင်းတော် ဦးဆောင်သူများသည် အနာဂတ်ခေါင်းဆောင်များကို ဆက်လက် လေ့ကျင့်ပေးရန် သင်တန်း အားဖြင့် စာရိတ္တကို အထူးပြုလမ်းညွန်သွန်သင်ကြဖို့ အရေးကြီးပါသည်။ ဘုရားဝတ်၌ မွေ့လျော်သော လူငယ်တစ်ဦးကို နှုတ်ကပတ်တော်၌လည်းကောင်း ၊ လုပ်ငန်းတော် အတွေ့အကြံု၌လည်းကောင်း နက်နဲကျယ်ပြန့်စွာ မြင်လာစေခြင်းသည် ဦးဆောင်ခြင်း၏ အဓိက အခွင့်အရေးနှင့် ၀တ္တရားဖြစ်ပါသည်။

သိုးထိန်းများကို ကူညီခြင်း

            သိုးစုကို ပြုစု၍ နှုတ်ကပတ်တော်ကို သင်ကြားဟောပြောသော မည်သည့်လူစုမဆို သိုးထိန်းလုပ်ငန်းနှင့်မသက်ဆိုင် သော ၀တ္တရားအများက ဖိစီးထားလျှင် ၄င်းလုပ်ငန်းကို မည်သို့မျှ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။ အသင်း တော်လူကြီးများသည် အသင်းတော်နှင့်ပတ်သက်သော လိုအပ်သည့်တာဝန်များကိုသာ ဆောင်ရွက်၍ လောကနှင့်သက်ဆိုင် သောအရာများတွင် တာဝန်မယူရပါ။ တမန်တော်များသည် အသင်းတော်၏ ရုပ်ပိုင်းဆို်င်ရာ လိုအပ်ချက်များကို ကိုင်တွယ်ရန် လူအချို့ကို ဖွဲ့စည်းခဲ့စဉ်က ဤအချက်ကို မြင်ထားကြသည် (တ ၆း ၂-၆)။ သင်းထောက်လူကြီးများသည် အသင်းတော်၏ ကာယပိုင်းဆိုင်ရာ လိုအပ်မှုကို ဖြည့်ဆည်းပေးရန် တာဝန်ယူသွားကြပါသည်။ (ဖိ ၁း၁။ ၁ တိ ၃း၈-၁၃)။ အခြားသော လုပ်ငန်းတော် ခေါင်းဆောင်တို့ကိုလည်း အသင်းလူကြီးများအမှုတော် ဆောင်ရွက်ရာတွင် ကူညီတတ်ဖို့ လေ့ကျင့်ပေးရပါ မည်။ သူတို့၏ ၀ိညာဉ်အသက်တာသည်လည်း ရင့်ကျက်ဖို့ လိုအပ်ပါသည်။ သူတို့သည် အသင်းလူကြီးများအတွက် “ထောက်မသူများ” အဖြစ် လုပ်ဆောင်ရပါမည်။ ဤသင်တန်းသည် အသင်းလူကြီးဖြစ်နိုင်ရန် ပြင်ဆင်ခြင်း ၊ သို့မဟုတ် စမ်းသပ်ခြင်း ဖြစ်နို်င်ပါသည်။

သိုးထိန်းများအား တုံ့ပြန်ခြင်း

            ဘုရားသခင်၏ လူတို့သည် သူတို့၏ခေါင်းဆောင်တို့အား ရိုသေလေးစား၍ စကားနားထောင်ကြဖို့ ဘုရားသခင်အလို တော်ရှိပါသည် (၁ သက် ၅း၁၃)။ လွတ်လပ်မှုနှင့် လူအသီးသီးပြုလိုရာ ပြုလုပ်စေရန် ထောက်ခံသည့် အယူဝါဒ (individualism) သည် မကြာသေးမီက ပျံ့နှံ့ခဲ့ပါသည်။ အမှီခို ကင်းချင်သော စိတ်ရှိသူတို့နှင့် သွန်သင်၍ မနိုင်သော လူတို့ သည် လူတစ်ဦးဦးအား ဘုရားသခင်ထက် လျှော့၍ ထိုက်တန်စေသည့် ၀ါဒကို ဆန့်ကျင်ကြသည်။ ကျမ်းစာသည် ထိုသဘော ထားမျိုးကို မထောက်ခံပါ။ ယုံကြည်သူတို့သည် သူတို့ကို အုပ်စိုးသော သူများ၏ စကားကို နာခံကြဖို့ နှုတ်ကပတ်တော်က ပွင့် လင်းစွာ ပြောပါသည် (ဟေဗြဲ ၁၃း၁၇)။ အစိုးရမင်းများကို ဆန့်ကျင်ခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်း ဖြစ်သည်ဟု ကျမ်းစာက ပြောပါသည် (ရော ၁၃း ၁-၅)။ ကျမ်းစာထဲတွင် အာဏာရှိသော သူ၏ အုပ်စိုးမှုကိုဝန်ခံဖို့ အစီအစဉ်ကို ချမှတ် ထားပါသည် (ဧ ၅း၂၁-၆း၉။ ၁ ကော ၁၁း၃-၁၂)။ အမှန်ဆိုလျှင် တရားမဝင်သော အရာ ၊ မတရားသော မေထုန်ပြုခြင်း၊ ကောင်းသော သြတ္တပ္ပစိတ်ကို ချိုးဖောက်ခြင်းများ မလုပ်ရပါ။ မည်သည့် ၀ိညာဉ်ရေးခေါင်းဆောင်မဆို မိမိအသက်တာတွင် ဤအရာများ မရှိစေရပါ။ မမှန်မကန် ၊ ကောက်ကျစ်လိမ်ညာခြင်းအားဖြင့် ခေါင်းဆောင်များအား အပြစ်တင်ခြင်းကို နား မထောင်ကြရန် ကျမ်းစာက ပြောထားပါသည် (၁ တိ ၅း၁၉)။ ထိုခေါင်းဆောင်တို့သည် အသင်းတော်တစ်ခုလုံး၏ ဆုတောင်း ပေးခြင်းကို ခံထိုက်ကြပါသည်။ (၁ တိ ၂း၁ ၊ ၂)။

            အားကြီးသော အသင်းတော်သည် ဘုရားသခင်၏ ၀ိညာဉ်တော် တန်ခိုးပေးခြင်းအားဖြင့် ထက်မြက်သော ဦးဆောင် မှု ရှိရန် လိုအပ်ပါသည်။ ဘုရားသခင်၏ ခေါင်းဆောင်များအားဖြင့် ပြည့်လျှံသော ဘုရားသခင်၏ ကောင်းကြီးကို ကျွနု်ပ်တို့ ရရှိရန် လိုအပ်ပါသည်။ မှန်သော ဖွဲ့စည်းပုံအားဖြင့်သာ ၀ိညာဉ်ရေး ကင်းမဲ့ခြင်းကို ကုစားနိုင်ဖို့ မျှော်လင့်ခြင်း မရှိနိုင်ပါ။ ပြောင်းလဲခြင်းသည် တဖြည်းဖြည်း ရှိလာမည်ဖြစ်သောကြောင့် အသင်းကွဲနိုင်သော နည်းနှင့် အတင်းမပြုလုပ်ရပါ။ ဆုတောင်းခြင်းနှင့် သည်းခံခြင်း လိုအပ်ပါသည်။ ၀ိညာဉ်ရေးခေါင်းဆောင်များ ဖြစ်လာရန် လူငယ်များကို ပျိုးထောင်ခြင်း သည် သိုးထိန်းလုပ်ငန်း တိ်ုးတက်ရန်အတွက် အခြေခံ ဖြစ်ပါသည်။

ခရစ်တော်သက်ဝင် ရှင်သန်သော အသင်းတော်

လမ်းညွှန်ချက်

အသင်းတော်၏သိုးထိန်းများ

၁။        ၁ တိ ၃း၁-၇။ တိ ၁း၅-၈။ ၁ ပေ ၅း၁-၄ တို့ကိုဖတ်၍ အသင်းတော်လူကြီးများကို ရည်ညွှန်းသော နာမည်သုံးမျိုးနှင့် ၄င်းတို့၏ ဆိုလိုရင်းကို ဖော်ပြပါ။ ကျမ်းစာနှင့်ကိုက်ညီမှုမရှိသော နာမည်များကို သင်စဉ်းစားမိပါသလား။ ၄င်းနာမည် တို့သည် အဘယ်ကြောင့် ကျမ်းစာနှင့် ညီညွှတ်မှု မရှိသနည်း။

 

၂။         အများဦးဆောင်ခြင်းအားဖြင့် အသင်းတော်ရရှိသော အခွင့်အရေး အနည်းဆုံး သုံးမျိုးကို ရေးပါ။ အများဦးဆောင် ခြင်းထက် သင်းအုပ်တစ်ဦးတည်း ဦးဆောင်ခြင်းကို အများ အသုံးပြုကြရခြင်း အကြောင်းရင်း သုံးချက်ကိုရေးပါ။

 

၃။        အထက်ပါ (၁ တိ ၊ တိတု နှင့် ၁ ပေ) ကျမ်းပိုဒ်တို့မှ ဘုရားသခင် ခန့်သော အသင်းလူကြီးတစ်ဦး၏ အဓိကအရည် အချင်း ဆယ််မျိုးကို ဖော်ပြပါ။

 

၄။        တမန်တော်များခေတ်တွင် အသင်းလူကြီးများကို မည်ကဲ့သို့ ခေါ်ခဲ့ကြသနည်း (တိ ၁း၁၅ ၊ တ ၁၄း၂၃)။ ယနေ့ မည် ကဲ့သို့ ခေါ်သင့်ပါသနည်း။

 

၅။        သန့်ရှင်းသူတို့သည် ကျမ်းစာနှင့် ကိုက်ညီစွာ မိမိတို့၏ အသင်းလူကြီးများအား မည်ကဲ့သို့ တုံ့ပြန်ကြမည်နည်း။

            (၁ တိ ၅း၁၁။ ဟေဗြဲ ၁၃း၁၇။ ၁ တိ ၅း၁၉။ ရော ၁၃း၁၂)။

 

၆။        ထင်မြင်ချက်။ ဤသင်ခန်းစာပါ မည်သည့်အချက်သည် သင့်စိတ်ကို အတို့ထိဆုံးဖြစ်သနည်း။

 

၇။        ဤသင်ခန်းစာတွင် သင် မရှင်းသော အကြောင်းအရာ ရှိပါသလား။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

ရှင်းလင်းချက်များ

 

အသင်းတော်၏ ယဇ်ပုရောဟိတ်အရာသင်းခန်းစာ (၆)

            “အသက်ကျောက်များကဲ့သို့ အဆင့်ဆင့် အထပ်ထပ်တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက် ဖြစ်ကြ၏။ ယေရှုခရစ် အားဖြင့် ဘုရားသခင် နှစ်သက်တော်မူရာ ဓမ္မယဇ်ကို ပူဇော်ရသော သန့်ရှင်းသော ယဇ်ပရောဟိတ်မျိုးလည်းဖြစ်ကြ၏“ (၁ ပေ ၂း၅)။ “မင်းစည်းစိမ်ရှိသော ယဇ်ပရောဟိတ်မျိုး“ ဖြစ်ကြ၏။ (၁ ပေ ၂း၉)။

            ယဇ်ပရောဟိတ်ဟူသော စကားသည် လူနှင့်ဘုရားသခင်ကို စေ့စပ်ပေး၍ အခမ်းအနားများနှင့် ဆုတောင်းခြင်းအမှု တည်းဟူသော ၀ိညာဉ်ရေးလှုပ်ရှားခြင်းတွင် လုပ်ဆောင်သောသူဟူ၍ အဓိပ္ပာယ်ရပါသည်။ ရှေးကာလမှစ၍ ယဇ်ပရောဟိတ် တို့၏  အလုပ်သည် အတုအပဖြစ်သော ဘာသာရေး၌လည်းကောင်း၊ စစ်မှန်သော ၀တ်ပြုကိုးကွယ်ခြင်း၌လည်းကောင်း ပေါ်လွင်ထင်ရှားခဲ့သည်။ ဓမ္မဟောင်းကာလ ဘိုးဘေးများခေတ်တွင် အာဗြဟံကဲ့သို့သော အိမ်ထောင်ဦးစီးတို့သည် ယဇ်ပလ္လင်ကို တည်ဆောက်လျက် ယဇ်ပရောဟိတ်ကဲ့သို့ ဘုရားသခင်အား ပူဇော်သက္ကာကိုပူဇော်ခဲ့ကြပါသည်။ ရှလင် (ယေရုရှလင်မြို့၏ ရှေးဟောင်းနာမည်)မြို့ ရှင်ဘုရင်မေလခိဇေဒက်သည် အမြင့်ဆုံးသောထာဝရဘုရား၏ ယဇ်ပရောဟိတ် အဖြစ်လုပ်ဆောင်၍ အာဗြဟံသည် သူ့အားဆယ်ဖို့တစ်ဖို့ကို ပေးလှူခဲ့သည်။ (က ၁၄း၁၁-၂၀)။ သူသည် ကျွန်ုပ်တို့၏ ယဇ် ပရောဟိတ်ချုပ်ဖြစ်တော်မူသော သခင်ယေရှုအား ပုံဆောင်သောသူဖြစ်ခဲ့သည် (ဟေဗြဲ ရး၁၁-၂၂)။ ဘုရားသခင်သွန်သင် သည့်အတိုင်း လုပ်ဆောင်လျှင် ယဇ်ပုရောဟိတ်အရာသည် ဘုရားသခင်ရှေ့၌ သန့်ရှင်းထူးခြားသော အရာဖြစ်ပါသည်။

ယဇ်ပရောဟိတ်များကို ခေါ်ခြင်း

            ကျမ်းစာတွင် ယဇ်ပရောဟိတ်ဟူသော စကားသည် ဟေဗြဲဘာသာ “ Kohen” မှလာခြင်းဖြစ်၍ အာရဗျဘာသာ၌ “အနားသို့ချဉ်းကပ်သည်” ဟု အဓိပ္ပာယ်ရှိသော စကားနှင့် ဆက်စပ်လျက်ရှိသည်။ ဘုရားသခင်၏ အနားသို့ ချဉ်းကပ်ခြင်းကို (ထွက် ၁၉း၂၂။ ၂၈း၄၃ နှင့် ၃၀း၁၉၊၂၀) တို့တွင် တွေ့ရပါသည်။ အာဒံခေတ်မှစ၍ အပြစ်ကျူးလွန်သောသူသည် အသွေးနှင့် ပူဇော်ခြင်းကို အခြေပြု၍ ဘုရားသခင်ထံချဉ်းကပ်ဖို့လိုအပ်ပါသည် အာဗြဟံနှင့် တစ်ကာလထဲတွင်ဖြစ်သော ယောဘသည် သူ၏မိသားစုကိုယ်စား ဘုရားသခင်အား ယဇ်ပူဇော်ခဲ့သည်။ (ယောဘ ၁း၅)။ဣသရေလ လူမျိုးကို ဘုရားသခင်ပို့ဆောင် တော်မူပြီးသောအခါ သူတို့သည် သန့်ရှင်းသောလူမျိုး၊ ယဇ်ပရောဟိတ်အမျိုးဖြစ်စေရန်ဆန္ဒတော်ရှိခဲ့သည် (ထွက် ၁၉း၆)။ သူတို့၏အပြစ်ကြောင့်၎င်း ဘုရားသခင်၏ ရည်ရွယ်ချက်ကို မဆောင်ရွက်ခဲ့ကြခြင်းကြောင့်လည်းကောင်း၊ လူမျိုးတစ်မျိုး (လေဝိ)ကို ရွေးချယ်၍ အခြားသောဣသရေလ အမျိုးတို့ကိုယ်စား ယဇ်ပရောဟိတ်လုပ်ရသော အခွင့်ပေးတော် မူခဲ့သည်။ ဤရွေးချယ်ထားသော လေဝိအမျိုးထဲမှ အာရုန်၏သားတစ်ယောက်သာလျှင် ယဇ်ပရောဟိတ်ကြီးအဖြစ် လုပ်ဆောင်ခွင့်ရ ကာ ဗိမာန်တော်၏ အသန့်ရှင်းဆုံးဌာနသို့ ၀င်ရောက်သောအခွင့်ရှိပါသည်။ ဤအခွင့်အရေးကိုပင်လျှင် သခင်ယရှုသည် မိမိကိုယ်ကို ပူဇော်သောအချိန်မတိုင်မီ တစ်နှစ်လျှင်တစ်ကြိမ်သာ လုပ်ခွင့်ပေးထားပါသည် (ဟေဗြဲ ၉း၆-၁၄)။ ယခုုတွင်မူ ယုံကြည်သူအားလုံသည် သခင်ယေရှု၏ အသွေးတော်ကို ကိုးစားခြင်းအားဖြင့် ဘုရားသခင်ကိန်းဝပ်ရာ အသန့်ရှင်းဆုံးဌာနသို့ ၀င်နိုင်ကြပြီးဖြစ်ပါသည် (ဟေဗြဲ ၁၀း၁၉-၂၂)။ ဤနည်းအားဖြင့် ယဇ်ပရောဟိတ်အရာသည် အခွင့်အရေးပေးထားခြင်း ခံရသော လူအနည်းငယ်တိ့ု၏ ၀တ္တရားမဟုတ်တော့ဘဲ သခင်ယေရှု၏ပူဇော်ခြင်းအားဖြင့် သန့်ရှင်းခြင်းသို့ရောက်ရှိသူ အပေါင်းတို့၏ ၀တ္တရားဖြစ်လာပါသည်။

            ယခုအချိန်တွင် ယုံကြည်သူအားလုံးကို သန့်ရှင်း၍ မင်းစည်းစိမ်ရှိသော ယဇ်ပရောဟိတ်များအဖြစ် သတ်မှတ်တော် မူပြီးဖြစ်ပါသည်။ ဤသည်ပင်လျှင်ယုံကြည်သူအားလုံးခံစားသော ယဇ်ပရောဟိတ်အရာဖြစ်ပါသည်။ သခင်ယေရှုသာလျှင် ပရောဟိတ်ကြီးဖြစ်၍ (ဟေဗြဲ ၆း၁၉-၂၀)၊ ယုံကြည်သူများသည် သူ့လက်တော်အောက်တွင် ဘုရားသခင်အမှုတော်ကို ဆောင်သော ယဇ်ပရောဟိတ်များ ဖြစ်ကြသည်။ (ဗျာ ၁း၆)။ ဤအံ့့သြဖွယ်သော တရားကိုကနဦးအသင်းတော်က ကောင်းစွာ နားလည်ခဲ့သော်လည်း နှစ်ကာလကြာသောအခါ မှေးမိန်လာ၍သိနားလည်သူမရှိသလောက် နည်းပါးလာပါသည်။ မည်သည့် အရာကကွယ်ထားပါသနည်း။ အရှင်းဆုံးအဖြေမှာ ကျမ်းစာကိုသိကျွမ်းနားလည်းခြင်းမရှိသောကြောင့်ဖြစ်ပါသည်။ အသင်း တော်တွင် ဘုန်းကြီးစနစ်ပေါ်ပေါက်လာသောအခါ သူတို့ကိုသာလျှင် “ယဇ်ပရောဟိတ်” ဟုခေါ်ကြပြီး၊ သူတို့အား ဆက်ခံမည့် ယဇ်ပရောဟိတ်များကိုလည်း သူတို့ကသာခန့်ထားနိုင်သော အထူူးလူတန်းစားတစ်ရပ် ဖြစ်စေခဲ့သည်။ ထိုယဇ်ပရောဟိတ် တို့သည် ”ဆာကရာမင်တို့” (Sacraments) ဟုခေါ်ကြသော ပွဲတော်မုန့်ကို ဝေပေး၍ ကာရံထားသောယဇ်ပလ္လင်တွင် မတ်တပ်ရပ်လျက်လက်မြှောက်ကာ ဘုရားသခင်ကိုယ်စား လူတို့ကိုကောင်းကြီးပေးကြသည်။ သာမန်ယုံကြည်သူများကို ပရိတ်သတ်ဟုခေါ်ကြပြီး ရှုစားသည့်တာဝန်ကို လုပ်ဆောင်မည့်သူများအဖြစ်သို့လျှော ချကာပါ၀င်လှုပ်ရှားခြင်းအတွက် အရံလူအဖြစ်မျှသာထားကြသည်။ ဘုရားသခင်ရှေ့တော်၌ ညီတူညီမျှအခွင့်အရေး ရရှိသောယဇ်ပရေားဟိတ်များဖြစ်ကြ သည့်အကြောင်းကို သူတို့မစဉ်းစားကြပေ။ ထိုမျှသာမက ၀တ်လုံကိုဝတ်၍ သူတို့ရှေ့၌ ရပ်နေသော သူသည် လူလုပ်သော ယဇ်ပရောဟိတ်မျှသာဖြစ်၍ ဘုရားသခင်အခွင့်အာဏာမရှိဘဲနှင့် အမှုတော်ဆောင်သူများသာဖြစ်ကြောင်းကိုလည်း မသိကြပေ။

            ခရစ်ယာန်များတွင် ဘုန်းကြီးနှင့်ပရိသတ် ခွဲခြားခြင်းသည် ဓမ္မဟောင်း၌ ယဇ်ပရောဟိတ်များနှင့် ဣသရေလလူထု ခွဲခြားခြင်းကို အခြေပြုထားခြင်းဖြစ်သောကြောင့် အလွန်မှားပါသည်။ ၀မ်းနည်းဘွယ်ကောင်းသည်မှာ ၎င်းစနစ်သည် ဓမ္မဟောင်းစနစ်တစ်ခုကို ခရစ်ယာန်နှင့်တူအောင် လုပ်လိုက်ခြင်းသာ ဖြစ်ပါသည်။ သမ္မာကျမ်းစာနှင့် ညီသော သွန်သင်ချက် နှင့် ယနေ့အသုံးပြုသော ပုံစံတို့ကို ခွဲခြားသိလိုက်လျှင် အကျိုးရှိမည်ဖြစ်သောကြောင့် ယနေ့ယဇ်ပရောဟိတ်အရာ၏ အဓိပ္ပာယ်ကို နားလည်နိုင်ကြရန် အောက်ပါခြားနားချက်များကို ဆင်ခြင်ကြပါစို့။

၁။        ယဇ်ပရောဟိတ်များကို ဘုရားသခင်ကသာခန့်အပ်နိုင်သည်။ “ဘုရားသခင်သည် အာရုန်ကိုခေါ်တော်မူသကဲ့သို့ ခေါ်တော်မူသောသူမှတစ်ပါး အဘယ်သူမျှ ထိုအရာမြတ်ကို မသိမ်းမယူရ (ဟေဗြဲ ၅း၄)။” ယုံကြည်သူအားလုံတို့သည် မင်းစည်စိမ်ရှိသော ယဇ်ပရောဟိတ်များဖြစ်ကြသောကြောင့် ဒုတိယအကြိမ် မွေးဖွားခြင်းခံရသည့်အချိန်မှာပင် ယဇ်ပရော ဟိတ်အရာ၌ ခန့်ထားခြင်းကို ကျွနု်ပ်တို့ခံကြရပါသည်။ ဓမ္မဟောင်းကာလ၌ ယဇ်ပရောဟိတ်များသည် လေဝိအမျိုးထဲမှာ အာရုန်၏သားစဉ်မြေးဆက်များဖြစ်ရသည် (တော ၃း၃)။ ဓမ္မသစ်ယဇ်ပရောဟိတ်ဖြစ်ရခြင်းသည် ဒုတိယအကြိမ် မွေးဖွားခြင်း ခံရခြင်းနှင့်ဆိုင်ပါသည်။ လောကတွင်ရှိသော ယဇ်ပရောဟိတ်တို့သည် တရားသူကြီးမှတ်စာထဲတွင် ပုံဆောင်ချက်ထား သကဲ့သို့ ဘုရားသခင်၏အခွင့်နှင့် မဟုတ်ဘဲ လူလုပ်ယဇ်ပရောဟိတ်မျှသာဖြစ်ကြသည်။ (သူကြီး ၁၇း၅၊၆)။ မည်သူကမျှ (သို့) မည်သည့်ဘာသာရေးအဖွဲ့အစည်းတစ်ခုကမျှ လူတစ်ဦးကို ယဇ်ပရောဟိတ်အဖြစ်ခန့်အပ်နိုင်  သော အခွင့်အာဏာ မရှိပါ။

၂။         ယဇ်ပရောဟိတ်တို့တွင် ထူးခြားသောအဝတ်အစားမရှိပါ။ ဣသရေလလူမျိုးတွင် ယဇ်ပရောဟိတ်ကြီးနှင့် တွဲဘက် ယဇ်ပရောဟိတ်တို့အတွက် ဘုရားသခင်သတ်မှတ်ထားသော အဝတ်အစားရှိခဲ့ပါသည် (ထွက် ၂၈း ၂၊၄၀)။ သို့သော် ထိုစနစ်ကို ဘုရားသခင် ဘေးဖယ်ထားပါပြီ (ဟေဗြဲ ရး၁၂၊၁၈၊၁၉)။ ယခုအချိန်တွင် ဗိမာန်တော်၊ ယဇ်ပလ္လင်၊ သတ်မှတ်ထား သော ဘာသာရေးပွဲများ မရှိသကဲ့သို့ ၀တ်လုံဝတ်သော ယဇ်ပရောဟိတ်များလည်းမရှိပါ။ ဓမ္မဟောင်စနစ် တချို့ကို အသက် ပြန်ရှင်လာရန်ကြံရွယ်၍ ခရစ်ယာန်အဝတ်အစား ၀တ်ဆင်စေခြင်းသည် သမ္မာကျမ်းစာ၏ အစီအစဉ်တော်ကို ငြင်းပယ်ခြင်း ပင်ဖြစ်သည်။ အထူးယဇ်ပရောဟိတ်မျာကိုထားခြင်း၊ အထူးဝတ်လုံကို ၀တ်ခြင်း၊ သန့်ရှင်းသောယဇ်ပလ္လင် ကိုထားရှိခြင်း၊ ဖယောင်းတိုင်ထွန်းခြင်း၊ အမွေးအကြိုင်မီးရှိုခြင်းတို့ကို လူတစ်ဦးက “ထွက်ခွာသွားသော အရိပ်တစ်ခု၏ အခွင့်အာဏာ အပ်နှင်းခြင်း မရှိသောအမှောင်” ဟုခေါ်ခဲ့သည်။ ဓမ္မဟောင်းစနစ်သည် ခရစ်တော်ကိုညွှန်ပြသော ပုံဆောင်ခြင်းနှင့်အရိပ် လျှင်ဖြစ်ပါသည်။ သခင်ဘုရားကြွလာပြီး ဖြစ်သောကြောင့် အရိပ်မလိုတော့ပါ။

၃။        ယဇ်ပရောဟိတ်တို့သည် ပွဲတော်ဦးဆောင်သူများမဟုတ်ကြပါ။ ဤကဲ့သို့ပြောရခြင်း၏ အဓိပ္ပာယ်မှာ သူတို့တွင် ပွဲတော်မင်္ဂလာကို ဦးဆောင်၍ မုန့်နှင့်စပျစ်ရည်ကို ကောင်းကြီးပေးကာ ၎င်းတို့ကိုပြောင်းလဲစေပြီး လူထုရှေ့တွင်ပြဌာန်း ထားသော ဆုတောင်းချက်များကို ရွတ်၍ နှစ်ခြင်းမင်္ဂလာကိုပေးရန် အထူးအပ်နှင်းထားသော အခွင့်အာဏာမရှိဟု ဆိုလိုခြင်း ဖြစ်သည်။ ယုံကြည်သူများမရနိုင်သော ထူးခြားသော တန်ခိုးကို ယဇ်ပရောဟိတ်များလည်းမရကြပါ။ ထိုကဲ့သို့ခံယူခြင်းသည် ယဇ်ပရောဟိတ်နှင့်ပတ်သက်၍ ဓမ္မသစ်သွန်သင်ချက်နှင့် ဆန့်ကျင်နေပါသည်။ ကိုယ်တော်အားဖြင့် ကျွနု်ပ်တို့၌ရှိသော တန်ခိုးသည် ပွဲလုပ်ခြင်းနှင့်မဆိုင်၊ ၀ိညာဉ်ရေးနှင့်ဆိုင်ပါသည်။

ယဇ်ပရောဟိတ်များ အခွင့်အရေး

            စစ်မှန်သော ယဇ်ပရောဟိတ်တစ်ပါးသည် ယေဘုယျသဘောအားဖြင့် လူကိုဘုရားသခင်ထံသို့လည်းကောင်း၊ ဘုရားသခင်ကို လူထံသို့လည်းကောင်း၊ ပို့ဆောင်သောသူဖြစ်သည်။ ယဇ်ပရောဟိတ်တစ်ပါးသည် သခင်ယေရှု၏အသွေး တော်အားဖြင့် ဆေးကြေားခြင်းခံပြီးမှ ဘုရားသခင်ရှေ့မှောက်သို့ ၀င်ရ၏။ ထိုနေရာတွင် သူ့အတွက်နှင့်အခြားသောသူများ အတွက်ဆုတောင်းပေးပါသည်။ ခရစ်တော်၏အသွေးတော်အားဖြင့် ဆေးကြောခြင်းမခံရသောသူများ၊ ကယ်တင်ခြင်းသို့ မရောက်သေးသောသူများနှင့် ဘုရားသခင်အထံတော်သို့ ၀င်ခွင့်မရှိသေးသောသူများ အတွက်ဘုရားသခင်အား ပဋ္ဌာနပြုပေး ပါသည်။ ယဇ်ပရောဟိတ်ဖြစ်သော ကျွနု်ပ်တို့၏ အခွင့်အရေးများ အဘယ်နည်း။

၁။ ဘုရားသခင်အထံတော်သို့ ၀င်ခွင့်ရရှိကြသည်။ ထိုအခွင့်မရဘဲ ကျွနု်ပ်တို့သည် ယဇ်ပရောဟိတ်မဖြစ်နိုင်ပါ။ ယုံကြည်သူသည် သခင်ဘုရား၏ ကိုယ်ဖြစ်သော ကန့်လန့်ကာမှ တစ်ဆင့်ဘုရားသခင်အထံတော်သို့ ရဲဝင့်စွာဝင်ရသော အခွင့်ရှိသောကြောင့် ရှေးယဇ်ပရောဟိတ်များထက် စိတ်ချမှုပို၍ကြီးမားပါသည် (ဟေဗြဲ ၁၀း၁၉၊၂၀)။ သခင်ဘုရားအသေခံ သော အချိန်၌ ဗိမာန်တော်အတွင်း၌ ကန့်လန်ကာကွဲအက်သွား၍ ဘုရားသခင်အထံတော်သို့ ၀င်ရောက်သော လမ်းသည် ပွင့်နေပြီးဖြစ်ပါသည် (မာ ၁၅း၃၇၊ ၃၈)။ ယုံကြည်သူအားလုံးသည် စိတ်ချမှုအပြည့်အဝဖြင့် ဘုရားသခင်အထံတော်သို့ ချဉ်းကပ်နိုင်ပါသည်။ (ဟေဗြဲ ၁၀း၂၂)။

၂။         ဘုရားသခင်အားပူဇော်ရပါသည်။ ယဇ်ပရောဟိတ်လုပ်သောသူသည် ဘုရားသခင်အား ပူဇော်ဖို့ တစ်ခုခုရှိရသည် (ဟေဗြဲ ၈း၃)။ ဓမ္မ္မဟောင်းခေတ်တွင် မေရှိယ၏ အသွေးသွန်ခြင်းကို ပုံဆောင်သောအားဖြင့် ယဇ်ကောင်နှင့် ပူဇော်ခြင်းကို ကျင့်သုံးခဲ့ကြပါသည်။ ၎င်းတွင် အဦးသီး၊ စပျစ်ခြံများနှင့် ငွေကြေးလည်းပါဝင်ပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းသည် အရာခပ် သိမ်းကိုပိုင်သတော်မူသော ဘုရားသခင်၏ကောင်းကြီးနှင့် ကောင်းမြတ်ခြင်းတို့ကို အသိအမှတ်ပြုခြင်းဖြစ်ပါသည်။ ခရစ်တော် ၏ပူဇော်ခြင်းသည် တိရိစ္ဆာန်အားဖြင့် ယဇ်ပူဇော်ခြင်းကို အဆုံးသတ်လိုက်ပြီးဖြစ်သည်။ သားတော်၏ ကြီးမားသောပူဇော်ခြင်း ၏ ရောင်ခြည်အောက်တွင် ဘုရားသခင်ထံသို့ လှူဖွယ်ပစ္စည်းများကို ယူဆောင်ခွင့်ရကြပြီဖြစ်ပါသည်။ ၎င်းတို့တွင် (၁) အသက်ရှင်သော ပူဇော်ခြင်းအဖြစ် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို နေ့စဉ်အပ်နှံခြင်း (ရော ၁၂း၁၊၂) ။ (၂) ငွေကြေးအားဖြင့် ပူဇော်ခြင်း (ဖိ ၄း၁၆-၁၈။ ဟေဗြဲ ၁၃း၁၆) ကိုစနစ်တကျပြုလုပ်ခြင်း (၁ကော ၁၆း၁၊၂)။ (၃) အမှုတော်ကိုဆောင်ရွက်ခြင်း အားဖြင့် ပူဇော်ခြင်း (ဖိ ၂း၁၇)။ (၄) ဝိညာဉ်များကို ခရစ်တော်ထံသို့ပို့ဆောင်ရန် ဧဝံဂေလိတရားဝေငှခြင်း (ရော ၁၅း၁၆)။ (၅) နှုတ်အားဖြင့် ချီးမွမ်းခြင်း (ဟေဗြဲ ၁၃း၁၅) တို့ပါဝင်ပါသည်။ ထိုပူဇော်သက္ကာတို့ကို ၎င်းတို့၏ ထူးခြားချက်များကို သိရှိခံစားလျက် ပေးလှူရပါသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာပူဇော်ခြင်းဖြစ်၍ (၁ပေ ၂း၅) သေးနုပ်သော အလှူခံခြင်း မဟုတ်ပါ။

၃။        ဘုရားသခင်အား ပဌာနပြုရသည်။ အစောဆုံးသောကာလမှစ၍ လူတို့၌ မိမိတို့အတွက် ပဌာနပြုပေးမည့်သူများ လိုအပ်လျက်ရှိကြကြောင်း ထင်ရှားပါသည်။ (ယောဘ ၄၂း၈-၁၀)။ အခြားသောသူများ၏ လိုအပ်မှုသည် ကြီးမား၍ ထိုလိုအပ်မှုများကို ရရှိနိုင်သော အခွင့်အရေးလည်းရှိလျက်နှင့် ယုံကြည်သူများသည် ထိုသူများအတွက် ပနာမပြုကြသော အခါ ထာဝရဘုရားအလွန်အံ့အားသင့်သည်ဟု အဆိုရှိပါသည်။ (ဟေရှာ ၅၉း၁၆)။ ကိုယ်တော်သည် သူ၏လူဖြစ်သော ကျွန်ုပ်တို့အတွက် နေ့စဉ် ပဌနပြုပေးသည်မှန်လျှင် (ဟေဗြဲ ရး၂၅)။ ကျွနု်ပ်တို့သည် လူသားများအတွက်ပဌနာပြုပေး အပ်သည် (၁တိ ၂း၁၊၂)။ ကျွန်ုပ်တို့သည် ယဇ်ပရောဟိတ်များဖြစ်ကြသောကြောင့် ကိုယ်တော်ရှေ့တွင် ပဌနာပြုရခြင်းအခွင့် ကို အသုံးပြုကြစို့ ဖိတ်ခေါ်တော်မူ၍ အမိန့်လည်းပေးထားပါသည်။ သန့်ရှင်းသောပဌနပြုခြင်းသည် ဘုရားသခင်ရှေ့တော်၌ မွှေးသောနံ့သာကို မီးရှို့ပူဇော်ခြင်းနှင့် ထပ်ထူထပ်မျှဖြစ်ပါသည် (ဗျာ ၈း၃၊ ၄၊)။

၄။        ဘုရားသခင်၌ ကျေနပ်မှုရှိကြသည်။ ဣသရေလလူမျိုးထဲတွင် လေဝိအမျိုးအား မြေကိုမပေးရချေ။ သူတို့၏အမွေ သည် ထာဝရဘုရားဖြစ်သည် (တရား ၁၈း၁၊၂)။ ဘုရားသခင်၏အစေကိုခံရခြင်း၏ ကြီးမြတ်သောဆုလဒ်မှာ ကိုယ်တော်အ တွက် ဆောင်ရွက်ရခြင်း၏ ဝမ်းမြောက်ခြင်းပင်ဖြစ်သည်။ အခြားသော အကျိုးတစ်ခုမှာ ကောင်းကင်၌ဘဏ္ဍာရှိခြင်းဖြစ်သည်    (မ ၆း၂၀)။ ယခုဘဝတွင်ပင် ဆုလဒ်ရှိနိုင်ပါသည် (လု ၁၈း၂၈ -၃၀)။ သို့ရာတွင် ရုပ်ဝတ္တုပစ္စည်းများနှင့် လောကနှင့် ဆိုင်သော မည်သည့်ဝမ်းမြောက်ခြင်းကမျှ ကျွန်ုပ်တို့၏ အထွဋ်အထပ်ကျေနပ်မှုကို မမှီနိုင်ပါ။ ကျွနု်ပ်တို့၏ ပြည်စုံသော ကျေနပ်မှုသည် ဘုရားသခင်သာလျှင်ဖြစ်ပါသည်။ ယဇ်ပရောဟိတ်များသည် အခြားသောနည်းအားဖြင့်လည်း အမှုတော်ကို ဆောင်နိုင်ကြသည်။ ဘုရားသခင်၏ ကိုယ်စာလှယ်များအနေဖြင့် နှုတ်ကပတ်တော်အားဖြင့်အတိုင်ပင်ခံဖြစ်နိုင်ကြသည် (မာလခိ ၂းရ။ ဟေဗြဲ ၅း၁၂)။ သူတို့သည် သန့်ရှင်းသောအရာနှင့် ညစ်ညမ်းသောအရာ၊ စင်ကြယ်သောအရာနှင့် မစင်ကြယ် သောအရာကို ခွဲခြားနိုင်သောသူများဖြစ်ရမည်။ (ဝတ် ၁၀း၁၀)။ ခက်ခဲသော ပုဂ္ဂိုလ်ချင်းတိုက်ခိုက်မှုကို စီရင်ဆုံးဖြတ်ပေးရန် အခေါ်လည်းခံနိုင်ကြသည်။ (၁ ကော ၆း၃။ ယေဇ ၄၄း၂၄)။ မသိနားမလည်းသူ၊ လမ်းမှားသောသူများနှင့် ဆက်ခံသောအခါ သူတို့၏ ကိုယ်ပိုင်အားနည်းချက်ကို သိမှတ်လျက်နူးညံ့သိမ်မွေ့ခြင်းရှိကြရပါမည် (ဟေဗြဲ ၅း၁-၂)။ ဤအရာအားလုံးကို ယဇ်ပရောဟိတ်များက ဘုရားသခင်အတွက် လုပ်ဆောင်ပေးရသော အရာများဖြစ်ပါသည်။

ယဇ်ပရောဟိတ်များ၏ အသက်သာ သန့်ရှင်းမှု

            ယဇ်ပရောဟိတ်ဖြစ်သော ယနေ့ယုံကြည်သူတို့သည် ဓမ္မဟောင်းခေတ်က ယဇ်ပရောဟိတ်များထက် အသက်တာ သန့်ရှင်းဖို့ တာဝန်သည် ပို၍ မနည်းပါ။ ဘုရားသခင်၏ အမှုတော်ကို ဆောင်သောသူသည် သန့်ရှင်း၍ ညစ်ညမ်းသောအရာ များကို မထိမကိုင်ရပါ။ (ဟေရှာ ၅၂း၁၁)။ အမှုတော်လုပ်ငန်းတွင် မှားယွင်းခြင်းမရှိရလေအောင် အသေးစိတ် စည်းကမ်းများ ရှိပါသည် (၀တ် ၂၁း၁၆-၂၃)။ အမှားကိုပြင်ပြီးသောအခါ ဆက်လက်အမှုဆောင်နိုင်သည့် ယာယီမှားယွင်းခြင်းရှိသလို အမြဲတမ်း ဖြစ်သောအမှားမျိုးလည်းရှိပါသည်။ ညစ်ညမ်းမှုနှင့်ပတ်သက်သော စည်းကမ်းများစွာရှိပါသည်(ဝတ် ၂၁း၁-၅။ ၂၂း၁-၉)။ ယဇ်ပရောဟိတ်ကြီး၏ ဝတ်လုံပေါ်တွင် ဆက်ကပ်ခြင်းမြင့်မားကြောင်းကိုပြသော စာသားတစ်ခုရှိရာ “ထာဝရ ဘုရားအတွက် သန့်ရှင်းခြင်း”ဟူ၍ ဖြစ်ပါသည်။ ဤသန့်ရှင်းခြင်းကို အလေးထားခြင်းသည် ယဇ်ပရောဟိတ်အများအပြားကို ညစ်ညမ်းခြင်းနှင့်ဆိုင်သော ထုံးတမ်းများကို အာရုံပြုစေခဲ့ပါသည်။ အတွင်းသန့်ရှင်းခြင်းနှင့် ဆက်ကပ်အပ်နှံခြင်းရှိရမည့် အစားအပေါ်ယံ အလေးအနက်ထားခြင်းကို သခင်ဘုရားအပြစ်တင်ပြောဆိုခဲ့သည် (မ ၂၃း ၂၅၊ ၂၆)။ အတွင်းညစ်ညမ်းခြင်း သည် အန္တရာယ်များပါသည်။ ၎င်းကိုပြင်ပအရာဦးစားပေးခြင်းအားဖြင့် ဟန်ဆောင်၍ဖုံးထားနိုင်ကောင်း ဖုံးထားနိုင်ပါလိမ့် မည်။ ညစ်ညမ်းခြင်းသည် ဘုရားသခင်နှင့် မိတ်သဟာယပြုခြင်းကို ပြတ်စေ၍ မဆေးကြောမီတိုင်အောင် ယဇ်ပရောဟိတ် အခွင့်အရေးအသုံးပြုခြင်းကို အနှောက်အယှက်ပြုပါသည် (ဆာ ၆၆း၁၈)။ စစ်မှန်သော သန့်ရှင်းခြင်းကို ထူးခြားသောအဝတ်၊ ထူးခြားသော အဆောက်အဦး၊ ဘာသာရေး နေ့ထူးနေ့မြတ်များတွင်မမြင်နိုင်ပါ။ သန့်ရှင်းခြင်းသည် ဘုရားသခင်အား ဝမ်းမြောက်စေသော ဖြူစင်သော စိတ်နှလုံး၊ ဖြောင့်မတ်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ သစ္စာရှိခြင်း နှင့် ငြိမ်သက်ခြင်းတို့ ဖြစ်ပါသည် (၂ တိ ၂း၂၂)။ ၎င်းသည် စင်ကြယ်သော ဘာသာတရားဖြစ်၍ လူတစ်ဦးကို မိဘမဲ့သူများနှင့် ဒုက္ခရောက်သူများထံသို့ ပို့ဆောင်၍ ကူညီစေပါသည် (ယော ၁း၂၇)။ ဘုရားသခင်သည် အမြဲဖြစ်သောအရာများကို အာရုံစိုက်သောကြောင့် စင်ကြယ်သော သြတ္တပ္ပသည် ယဇ်ပရောဟိတ်တစ်ပါးကို အရည်အချင်း ပြည့်မီစေပါသည် (၁ တိ ၁း၅)။ ဓမ္မဟောင်း ယဇ်ပုရောဟိတ်များသည် ပွဲလမ်းနည်းအားဖြင့် သန့်ရှင်းကြခြင်းဖြစ်သည်။ ဓမ္မသစ် ယဇ်ပုရောဟိတ်မှာမူ စိတ်နှလုံးအားဖြင့် သန့်ရှင်းပါသည်။

            ယဇ်ပရောဟိတ်တစ်ဦး၏ အမှတ်အသားမှာ အသက်တာကဏ္ဍအားလုံးကို ဘုရားသခင်၌ လုံးလုံးအပ်နှံခြင်းဖြစ် ပါသည်။ ထိုပုဂ္ဂိုလ်သည် ဘုရားသခင်၏လူဖြစ်ပါသည်။ ၎င်းသည် ဘုရားသခင်အတွက် သီးသန့်ဖယ်ထားခြင်းနှင့် ညစ်ညမ်း ခြင်းမှ ထွက်ခွာခြင်းဖြစ်ရာ ၎င်းတွင် သန့်ရှင်းခြင်းနှင့် ဆိုင်သောခံယူချက် အပြည့်အစုံ ပါရှိပါသည်။ မောရှေသည် အာရုန်နှင့် သူ၏သားများကို ဆက်ကပ်လိုက်ခြင်းသည် ဘုရားသခင်အား ကိုယ်ခန္ဓာတစ်ခုလုံး ဆက်ကပ်အပ်နှံခြင်းကို ပုံဆောင်ပါသည်။ ထိုသူ၏ ညာဘက်နားတွင်လည်းကောင်း၊ ညာဘက်လက်မ၌လည်းကောင်း၊ ညာလက်ခြေမ၌ လည်းကောင်း အသွေးကို လိမ်းရသည် (ဝတ် ၈း၂၃)။ ဤကဲ့သို့ လိ်မ်းရခြင်းမှာ ယဇ်ပရောဟိတ်၏ ကြားနာခြင်း၊ အလုပ်နှင့် လျှောက်လှမ်းခြင်းတို့ကို ဘုရားသခင်အတွက် အသုံးပြုနိုင်အောင် အသွေးနှင့် သန့်စင်စေခြင်း ဖြစ်ပါသည်။ ယနေကျွနု်ပ်တို့ ယဇ်ပရောဟိတ်ဖြစ်ရခြင်း ၏ ပန်းတိုင်သည်လည်း ထိုကဲ့သို့ ဖြစ်ရပါမည်။ ခရစ်တော်သည် ကျွန်ုပ်တို့၌ ဘုရားသခင်  နှစ်သက်သော သန့်ရှင်းသည့် အသက်တာ ရှိနိုင်စေရန်် ကယ်တင်ခြင်း၊ ဖြစ်ပါသည်။ ညစ်ညမ်းစေသော အကျင့်များကို ကျင့်ခြင်း ညစ်ပတ်သော စာများကို ဖတ်ခြင်း သို့မဟုတ် ပုံများကို ကြည့်ခြင်း၊ မကောင်းသော စကားပြောခြင်းနှင့် မယုံကြည်သူနှင့် ပေါင်းဖော်ခြင်းကို အသက် တာမှ ထုတ်ပယ်ရပါမည်။ ကျွန်ုပ်တို့၏ အချိန်၊ ခွန်အား၊ ဆုကျေးဇူးများနှင့် အခြားအစွမ်းအစတို့ကို ဘုရားသခင်အား ဆက်ကပ်နှံခြင်းသည် ယဇ်ပရောဟိတ်၏ မှန်သော အသက်တာဖြစ်ပါသည်။

နိဂုံချုပ်နှင့် မိမိအတွက်ခံယူကျင့်သုံးခြင်း

ယုံကြည်သူအားလုံး ယဇ်ပရောဟိတ်ဖြစ်ကြောင်းကို သမ္မတရားနှင့် ကိုက်ညီသော သြဝါဒတစ်ခုအဖြစ် အပေါ်ယံအားဖြင့် ထောက်ခံရုံနှင့် မလုံလောက်ပါ။ အသင်းတော်အတွင်း၌လည်းကောင်း၊ အပြင်၌လည်းကောင်း၊ စစ်မှန်သောယာဇ်ပရောဟိတ် ဖြစ်ခြင်းအကြောင်း နားလည်ကျင့်သုံးခြင်းကို တားဆီးသော ဘုန်းကြီးစနစ်နှင့် အခြားကျင့်သုံးခြင်းများကို ပြင်းထန်စွာ ရှုတ်ချရုံနှင့်လည်း မလုံလောက်ပါ။ သန့်ရှင်းသော ယဇ်ပရာဟိတ်ဝင်တစ်ဦး ဖြစ်ရခြင်း၏ ဆိုလိုိချက်ကို သိမှတ်၍ ထိုကဲ့သို့ပင် တက်ကြွစွာ ကျင့်သုံးဖို့ အရေးကြီးပါသည်။ ဘုရားသခင်၏ သမ္မတရားသည် တက်ကြွစွာတုံ့ပြန်ကြဖို့ ကျွန်ုပ်တို့ကို ဖိတ်ခေါ် နေပါသည်။

            ကျွန်ုပ်တို့သည် ဘုရားသခင်အထံတော်သို့ ၀င်ခွင့်ရကြပြီ ဖြစ်သောကြောင့် စင်ကြယ်သော စိတ်၊ သန့်ရှင်းသော လက်နှင့် အထံတော်သို့ ချဉ်းကပ်ကြရပါမည်။ ပူဇော်သက္ကာကို ပေးလှူဖို့ရန် ခေါ်တော်မူခြင်းခံကြရသောကြောင့် ကဏ္ဍ အားလုံးတို့ကို တစ်ခုမကျန်လုပ်ဆောင်ကြရပါမည်။ အခြားသောသူများအတွက် ပဋ္ဌနာပြုပေးသောသူများ ဖြစ်ကြသော ကြောင့် ဘုရားသခင်ကျေနပ်အောင် အခွင့်အရေးတစ်ခုစီတိုင်းကို အသုံးပြုကြပါစို့။ လောကအရာကို မစွဲလမ်းဘဲဘုရား သခင်ကိုသာ စွဲလမ်းသည့်သူများ ဖြစ်ကြသောကြောင့် ခရစ်တော်၌ရှိသော စစ်မှန်သည့် စည်းစိမ်ကို ပြန်လည်ဆင်ခြင်ကြပါစို့။ နောက်ဆုံးအနေနှင့် ကျွန်ုပ်တို့သည် သန့်ရှင်းသော အသက်တာရှိဖို့  အမြင့်ဆုံးသော ဖိတ်ခေါ်ခြင်းကို ခံရသောသူများဖြစ်ကြ ကြောင်းအောက်မေ့ပါ။ ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာတွင် ဤအချက်များ မှန်ကန်ပါက ယုံကြည်သူအားလုံးယဇ်ပရော ဟိတ်ဖြစ်ကြောင်းကို လက်တွေ့ကျင့်သုံးသူများ ဖြစ်ကြပါသည်။ ဘုရားသခင်၏ အလိုတော်နှင့်အညီ စုပေါင်းဝတ်ပြုခြင်းသည် တောင်ဆိုချက်တစ်ခု မဟုတ်သော်လည်း ယဇ်ပရောဟိတ်တစ်ဦးအတွက် ချီးမြှောက်ခြင်းတစ်ခု ဖြစ်ပါသည်။ သို့သော်လည်း ယဇ်ပရောဟိတ်အရာကို ယုံကြည်သူအားလုံး ကျင့်သုံးနို်င်သောကြောင့် ယုံကြည်သူတစ်ဦးအနေနှင့် လျစ်လျှူရှုမထားသင့်ပါ။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

လမ်းညွှန်ချက်

အသင်းတော်၏ ယဇ်ပရောဟိတ်အရာ

၁။        ဟေဗြဲ ၉း၁-၁၀ ကိုဖတ်ပါ။ ဤခေါင်စဉ်ကို သင်မလေ့လာမီ ယဇ်ပရောဟိတ်အရာနှင့် ပတ်သက်သော ခံယူချက် သည် သင့်အတွက် ဘယ်လိုအဓိပ္ပါယ်ရှိပါသနည်း။ ဗျာဒိတ် ၁း၆ ၌ပါရှိသော သမ္မာတရားကို မည်သည့်အတိုင်းအတာ အထိ သင်သိနို်င်ပါသနည်း။

၂။         ဟေဗြဲ ၁၂း၁၈-၂၁ နှင့် ဟေဗြဲ ၁၀း၁၉၊၂၀ ကိုဖတ်၍ ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ခြင်းသဘောထားကို ထို ကျမ်းချက်နှစ်ခုမှ နှိုင်းယှဉ်ပြပါ။ ဘုရားသခင်အထံတော်သို့ သင်ချဉ်းကပ်သောအခါ သင်၏သဘောထားမည်ကဲ့သို့ ရှိသနည်း။

 

၃။        ဟေဗြဲ ၁၀း၁၉-၂၂ ကိိုဖတ်ပါ။ ဓမ္မဟောင်း ယဇ်ပရောဟိတ်များ၌ မရှိ၊ ကျွန်ုပ်တို့ယခုရှိနေသော လွတ်လပ်မှုသည် အလယ်နည်း။

 

၄။        ဟေဗြဲ ၁၃း၁၀-၁၆ကို ဖတ်ပါ။ ယဇ်ပရောဟိတ်အနေနှင့် ကျွနု်ပ်တို့၏ “ယဇ်ပလ္လင်” နှင့် “ပူဇော်သက္ကာ” သည် အဘယ်နည်း။

 

၅။        ၀တ် ၈း၂၃ ကို ဓမ္မသစ်ကာလယဇ်ပရောဟိတ်က မည်ကဲ့သို့ လိုက်လျှောက်ရမည်နည်း။

 

၆။        မာ ရး၁-၅ ကို ဖတ်ပြီးသောအခါ ဖါရိရှဲတို့၏ အတွင်းညစ်ညမ်းလျက်နှင့် အပြင်၌ မှန်နေသယောင် ဟန်ဆောင်မှုကို ရှောင်နိုင်ရန် သင် မည်သည့်အရာလုပ်နိုင်ပါသနည်း။

 

၇။        ဓမ္မသစ်ကာလ ယဇ်ပရောဟိတ်ဆိုင်ရာ သြဝါဒကို မလေ့လာမီက သင်၏ခံယူချက်နှင့် လေ့လာပြီးနောက်သင်၏ ခံယူချက် ခြားနားပုံကို ဖော်ပြပါ။

 

၈။        ထင်မြင်ချက်။   ။ ဤသင်ခန်းစာထဲမှ သင်ခံစားရရှိသော အဓိကအချက် တစ်ခုဖော်ပြပါ။

 

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

ရှင်းလင်းချက်များ

အသင်းတော်၏အသက်            သင်ခန်းစာ (၇)

            “သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့၏ သေတတ်သော ကိုယ်ခန္ဒာ၌ထင်ရှားစေခြင်းငှာ”(၂ ကော ၄း၁၀)။

            အသင်းတော်သည် ၀ိညာဉ်အသက်ရှင်ရန်နှင့် တန်ခိုးတော်အတွက် သခင်ဘုရားကိုသာ မှီခိုသောအသက်ရှင်သူများ ပါ၀င်သည့် ကိုယ်ဖြစ်ပါသည်။ ခရစ်တော်သည် တစ်ဦးချင်း၏ အသက်ဖြစ်သလို အားလုံး၏ အသက်လည်းဖြစ်သည် (ကော ၃း၄)။ ကိုယ်တော်၌ တည်၍ ကိုယ်တော်၏ ကျွေးမွေးခြင်းကိုခံကြလျှင် ကျွနု်ပ်တို့သည် သန်စွမ်းကြီးပွားနိုင်ကြပါသည်  (ယော ၁၅း၁၅)။ ကျွန်ုပ်တို့၌ လိုအပ်သောကောင်းကြီးများကို သစ္စာရှိရှိချပေးနို်င်ရန် ကို်ယ်တော်ကို မျှော်ကိုးမှီခိုနိုင်ကြပါ သည်။

            ဘုရားသခင်သည် မျက်နှာလိုက်သော ဘုရားမဟုတ်ကြောင်းကို ထင်ရှားစေခဲ့ပြီ။ ထို့ကြောင့် ကောင်းကြီးရရှိစေမည့် ကိုယ်တော်၏မူများကို လို်က်နာကျင့်သုံးကြပါက ဘုရားသခင်သည် နာမတော်၌ စုဝေးသော မည်သည့်အဖွဲ့ကိုမဆို ညီတူ ညီမျှကောင်းကြီးပေးချင်ပါသည်။ ယေဘုယျအားဖြင့်ဆိုလျှင် ဘုရားသခင်၏ကောင်းကြီးသည် အခြေအနေပေါ်မူတည်၍ ပေးသောကောင်းကြီးဖြစ်ပါသည်။ ဆုတောင်းချက် ပြည့်စုံရန်အတွက်သော်လည်းကောင်း၊ အသက်တာ၌ တန်ခိုးရှိနိုင်ရန် အတွက် သော်လည်းကောင်း၊ ဘုရားသခင်ချမှတ်ထားသောမူများအနက် ယုံကြည်ခြင်း၊ နာခံခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဇွဲရှိခြင်းတို့လည်း ပါ၀င်ပါသည်။ ယေရှုက ငါ့ကို ချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်လော့´´ ဟု မိန့်တော်မူ၏ (ယော ၁၄း၁၅)။ ဘုရားသခင်သည် ဖြောင့်မတ်သူအား ကောင်းကြီးပေးသည့် အကြောင်း၊ မယုံကြည်မနာခံသောသူတို့ကို အပြစ်စီ ရင်သည့် အကြောင်းကို ကျမ်းစား၌  မိန့်ဆိုချက်နှင့်တကွ ရာဇဝင်များအားဖြင့် ဖော်ပြလျက်ရှိပါသည်။

            အသင်းတော်အနည်းစုသည် ယုံကြည်သူအနည်းငယ်ကဲ့့သို့ပင် သူတို့အထဲ၌ထိရောက်စွာ အလုပ်လုပ်နေသော ဘုရားသခင်၏ တန်ခိုုးတော်ကို အမှန်ခံစားကြပါသည်။ ဘုရားသခင်ကို အပြစ်ဖို့၍ မရသောကြောင့် ကျွနု်ပ်တို့သာလျှင် အပြစ်တင်စရာဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ကတိတော်ကို ရအောင်မယူခြင်း သို့မဟုတ် ဘုရားသခင် ချမှတ်ထားသောမှုကို မလို်က်နာခြင်း (ယုံကြည်ခြင်းနှင့် နာခံမှုမရှိခြင်း) အားဖြင့် ပြဿနာဖြစ်စေကြခြင်းသာဖြစ်သည်။ ဒေသန္တရ အသင်းတော်များ အဖြစ် ပုံဆောင်ထားသောမီးခွက်တိုင်များ မှေးမှိန်နေခြင်းနှင့် ပြည့်စုံခြင်းမရှိသော ကျွနု်ပ်တို့၏ အသက်တာအပေါ်တွင် သခင်ဘု ရားကျေနပ်တော်မူသည်ဟု ထင်မှားကြသည်။ ဤအချက်ကို အာရှတိုက်တွင်ရှိသော အသင်းတော်များအား မိန့်ဆိုချက်များ တွင် ထင်ရှားနေပါသည် (ဗျာ ၂ နှင့် ၃)။

ကိုယ်ခန္ဓ္ဓာအသက်တာ ရနိုင်သောအရာ

            ကျွနု်တို့သည် အောင်မြင်မှုအတွက် ရနိုင်သော အရာများထက် ကြံုတွေ့နေရသော ပြဿနာနှင့် ဆန့်ကျင်မှုတို့အပေါ် တွင် ရပ်နေချင်ကြသည်။ ယုံကြည်သူတို့သည် စာတန်မာရ်နတ်၏ တန်ခိုုးအကြောင်း၊ လောကစနစ်၏ ဆိုးညစ်ပုံနောက်ဆုံး သော ကာလ၌ဖြစ်မည်ဟု ကြိုတင်ဟောထားသော ဆုတ်ယုတ်မှုအကြောင်းတို့ကို များစွာပြောကြပြီး၊ အသက်တာရှုံးနိမ့်ခြင်း သည် ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါဘဲဟု ပြောကြသည်။ ကျွနု်ပ်တို့သည် မှန်သော ပုံစံကိုကျင့်သုံုး၍ အစည်းဝေးကို မှန်မှန်တက်ကြ သည် မှန်လျှင်အသင်းတော်၏ ထက်သန်မှုကျဆင်း၍ လျော့ရဲရဲဖြစ်ခြင်းသည် ခွင့်လွှတ်နိုင်စရာဖြစ်ပါသည်ဟု ကျွနု်တို့ နှစ်သိမ့်တတ်ကြသည်။ အသင်းတော်၏သခင်သည် ဤကဲ့သို့ပြုကြခြင်း၌ သဘောတော်တူနိုင်ပါမည်လား။

            အသင်းတော်၏ ဦးခေါင်းက သူ့ခန္ဓာတော်အတွက် ပြင်ဆင်ထားသော ကတိတော်များနှင့် သယံဇာတပစ္စည်းများ အပေါ်၌ ကျွနု်ပ်တို့ရပ်တည်ဖို့ လိုအပ်ပါသည်။ ကိုယ်တော်သည် ဘုရားသခင်၏ အသက်တော်ကို ကျွနု်ပ်တို့တစ်ဦးချင်းအထဲ၌ တော်သည် ထည့်သွင်းထားပြီးဖြစ်သောကြောင့် ယုံကြည်သူလူစုအထဲ၌လည်း အသက်တော်ရှိပါသည်။ စပျစ်နွယ်မှ အစာသည် အကို်င်းများသို့စီးသကဲ့သို့ ထိုအသက်တော်သည် ကျွနု်ပ်တို့အထဲတွင် စီးသွားသောအခါ အကိုင်းတို့မှ အသီးသီးလာသလို သီးလာကြမည်သာဖြစ်ပါသည်။ ဘုရားသခင်သည် ကျွနု်ပ်တို့၏ အသီးကို မျှော်လင့်နေပါသည်။ အသီး မသီးသော အကိုင်းကို ခုတ်ထွင်ရှင်းလင်းပစ်သလို ဒေသန္တရအသင်းတော်တွင်လည်း လုပ်ပါသည်။ ဘုရားသခင်သည် မျိုးစေ့ ဖြစ်သော အသက်တော်ကို ယုံကြည်သူများအထဲသို့ သွင်းပေးပြီး (၂ ပေ ၁း၃)၊ ကျွနု်တို့အား ကူညီမစရန် ဘုရားသခင်၏  ၀ိညာဉ်ကို ပေးပါသည်(ယော ၁၄း၁၆၊ ၂၆)။ သန့်ရှင်းသော ၀ိညာဉ်တော်မပါဘဲ မွေးခါစအသင်းတော်သည် တိုးတက်လာ မည်မဟုတ်ပါ။ (လု ၂၄း၄၉။ တ ၁း၄/၅/၈)။ သန့်ရှင်းသောတပည့်တော်တို့၏ အထဲ၌ ၀ိညာဉ်တော်မကိန်းဝပ်ခင် သာသနာ လုပ်ငန်းကို မလုပ်ဖို့ခရစ်တော် မိန့်ဆိုထားပါသည်။ ခရစ်တော်၏ ၀ိညာဉ်တော်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိလျှင် ကျွနု်ပ်တို့လှမ်း သောခြေလှမ်းတိုင်းသည် မအောင်မြင်ဘဲရှိလိမ့်မည်။ ကျွနု်ပ်တို့ိုကို ပြည့်ဝအောင်ဖြည့်ဆည်းပေးဖို့ သို့မဟုတ် အုပ်ထိန်းဖို့ အတွက် ကိုယ်တော်၏ ၀ိညာဉ်တော်အား ကိုယ့်ကိုကိုယ်အပ်နှံရပါမည်။ ကိုယ်တော်၏ လူများသည် သူတို့၏အသက်တာ ကဏ္ဍအားလုံး၌ သခင်ဘုရား၏ အုပ်စိုးခြင်းကို အကြွင်းမဲ့ဝန်ခံသောအခါ သခင်ယေရှု၏ အသက်တော်သည် အသင်းတော် အားဖြင့် စီးဆင်းသွားမည် ဖြစ်ပါသည်။ ထို့သို့မဟုတ်လျှင် ကိုယ်တော်၏ ၀ိညာဏ်တော်ကို ၀မ်းနည်းစေခြင်း၊ ငြိမ်းစေခြင်း သို့မဟုတ် တားဆီးရာရောက်ရှိပါလိမ့်မည်။ ထိုအခါအသက်တော်သည် ကောင်းမွန်စွာမစီးဆင်းတော့သဖြင့် အသင်းတော်၌ အားနည်းသော သက်သေခံချက်ဖြစ် လာပြီးကြသောအခါ မီးခွက်မှေးမှိန်လာသဖြင့် ကိုယ်တော်သည် မီးခွက်တို်င်ကို ရွှေ့ပြောင်းပစ်တော်မူလိမ့်မည် (ဗျာ ၂း၅)။

            ကိုယ်ခန္ဓာအတွင်း၌ ချွတ်ယွင်းချက်များစွာ ရှိနေသော်လည်း အပြင်သဏ္ဍာန်အားဖြင့် ကောင်းစားသည့် လက္ခဏာ ရှိတတ်ပါသည်။ ယုဒပြည်၊ ဣသရေလပြည်၌ ရှောလမုန်ဘုရင်နှင့် ကောင်းသောရှင်ဘုရင်များ အုပ်စိုးစဉ်က ဤကဲ့သို့ပင် ဖြစ် ခဲ့ပါသည်။ သူတို့စိုးစံသောကာလနောက်ပိုင်းတွင် ပျက်စီးဆုံးရှုံးခြင်းများ ကြံုတွေ့ခဲ့ရပါသည်။ လူအများကို ဆွဲဆောင်နိုင်ခြင်း အားဖြင့် အသင်းတော်တစ်ပါးသည် အသက်ရှင်ဟန်လက္ခဏာရှိနိုင်ပါသည်။  အခြားသော အသင်းတော်ပါးသည်လည်း အ များသိအောင် ကြော်ငြာ၍လူအများ၏ အာရုံကို ဆွဲဆောင်နိုင်ကောင်းဆွဲဆောင်နိုင်ပါလိမ့်မည်။ အများကို ဆွဲဆောင်နိုင်သော တူရိယာတီးမှုတ်ဖျော်ဖြေခြင်းအားဖြင့် လည်းကောင်း၊ ဆွဲဆောင်အားကောင်းသော ပုဂ္ဂိုလ်များအားဖြင့်လည်းကောင်း၊ တို တောင်းသောကာလအတွင်း လူအုပ်ကို ဆွဲဆောင်နိုင်ပါသည်။ စစ်မှန်သော ၀ိညာဉ်အသက်အစား အတုအပကိို ပြုလုပ်ရာ ၌ လူသည်အင်မတန်လိမ္မာပါးနပ်သည်။ ထိုကဲ့သို့သော အသင်းတော်များသည် မည်သည့်နည်းလမ်းကိုပင် အသုံးပြုစေကာမူ၊ အဆုံး၌ အမှန်တရားပေါ်ထွက်လာမည်သာ ဖြစ်ပါသည်။ ထိုကဲ့သို့သော အသင်းတော်များနှင့် သူတို့အသုံးပြုသော နည်းစ နစ်ကိို သခင်ဘုရားနှင့် သူ၏ နည်းလမ်းတော်ဖြင့် နှိုင်းယှဉ်ကြည့်လျှင် ထိုအသင်းတော်များသည် တန်ဖိုးနည်းသော အတုအပ များသာ ဖြစ်ကြောင်း ထင်ရှားလျှက်ရှိသည်။ သခင်ယေရှုသည် သူပြုလုပ်ခဲ့သော နိမိတ်လက္ခဏာများကိုပင်လျှင် လူအများသိ အောင် မကြိုးစားခဲ့ပါ။ ကိုယ်တော်သည် ရောဂါဝေဒနာပျောက်ကင်းသွားသော သူတို့အား မည်သူ့တစ်ဦးကိုမျှ သတင်းမပြော ပြရန် မိန့်မှာလိုက်ပါသည်။ ငွေတောင်းခံခြင်းကို လည်းကောင်း၊ ရန်ပုံငွေရှာခြင်းကို လည်းကောင်း၊ ကိုယ်တော်တစ်ခါမျှ မပြုခဲ့ ဘူးချေ။ ကိုယ်တော်သည် ဖျော်ဖြေရေးသမား မဟုတ်သောကြောင့် လူများကို ရရှိအောင် ထိုနည်းလမ်းအား သုံးတော်မူခဲ့ပါ။

ကိုယ်ခန္ဓာရှိ အသက်ကို တားဆီးသောအရာများ

            အထက်ပါဖော်ပြခဲ့သော အရာတို့သည် တိုးတက်မှုကို တားဆီးသောအရာများတွင် ပါ၀င်ပါသည်။ လောကအရားများ ကိုရအောင် ရှာခြင်း၊ ရပြီးသောအခါ ထိန်းသိမ်းခြင်း၊ဟူသော ရုပ်ဝါဒသည် အန္တရာယ်ပေးတတ်သော မီခိုးမြူကဲ့သို့ အနောက် တိုင်း အသင်းတော်များ၌ ပျံဝဲလျက် ရှိပါသည်။ လူသိများသော ခေါင်းဆောင်များအကြား၌ပင် ယိုယွင်းပျက်စီးခြင်းသည် အသင်းတော်ဟူသော ဝေါဟာရကို လောကသားများရှေ့တွင် ရှုက်ဖွယ်ကောင်းသော ပြုလုပ်လျက်ရှိပါသည်။ တချို့က သခင်ဘုရားနှင့် သူ့အမှုတော်ကို ကဲ့ရဲ့ဖို့အတွက် ရန်သူများအား အခွင့်ရစေကြသည်။ ယုံကြည်သူများ၏ အသက်တာတွင် တိုးတက်ခြင်း သို့မဟုတ် အောင်မြင်ခြင်းမရှိစေရန်တားဆီးသော အဓိကအချက်မှာ ချို့ယွင်းချက်ပါသော ဆက်ကပ်အပ်နှံခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာလောက၌ အသက်ရှင်နေသရွေ့ကာလပတ််လုံး ခရစ်တော်အတွက် အသက်ရှင်ဖို့ စိတ်နှလုံးအ ကြွင်းမဲ့ ဆက်ကပ်မှုမရှိခြင်း ဖြစ်ပါသည်။ ကောရိ န္တုအသင်းတော်တွင် ပြဿနာပေါင်းများစွာ ဖြစ်စေခဲ့သောအရာမှာ ဇာတိခ ရစ်ယာန်ဟု ခေါ်သော မွေးခါစကလေးအရွယ်တွင် ကြာမြင့်စွာကျင်လည်နေကြပြီး ရင့်ကျက်မှုမရှိခြင်းပင် ဖြစ်ပါသည် ( ၁ ကော ၃း၁-၃)။ သင်းအုပ်လုပ်ငန်းသည် အသင်းတော်အများစု၏ ဆက်ကပ်သော သန့်ရှင်းသူများအား လေ့ကျင့်ရေးကို ဦးစား ပေးရမည့်အစား မရင့်ကျက်သောဇာတိခရစ်ယာန်များကို ကူညီခြင်း သို့မဟုတ် ဧဝံဂေလိပျံ့နှံ့ရေးကို လျစ်လျူရှုခြင်း၌ အချိန် ကုန်စေတတ်ကြသည်။ တစ်ကိုယ်ကောင်းဆန်ခြင်းသည် အပြစ်ပါသော အကျင့်များစွာတို့၏ အရင်းအမြစ်ဖြစ်ပါသည်။

            အသင်းတော်များကို တားဆီးသော အခြားချွတ်ယွင်းချက်များမှာ-

၁။ ၀ိညာဉ်တန်ခိုးကင်းမဲ့ခြင်း ဖြစ်ပါသည်။ အထက်ဖော်ပြပါ အပြစ်များသည် မည်သည့်အသက်တာ၌မဆို ဘုရားသခင်၏ တန်ခိုးစီးဆင်းရာလမ်းကို ပိတ်ဆို့နေမည်သာ ဖြစ်ပါသည်။ ဘုရားသခင်၏ ကောင်းချီးကို လိုချင်သော အသက် (သိုိ့) ခန္ဓာ တိုင်းသည် အာရုံမပြုခဲ့သောအပြစ်၊ မစီရင်ခဲ့သော အပြစ်နှင့် ၀န်ချတောင်းပန်ခြင်း မပြုခဲ့သော အပြစ်များကို အရင်းအမြစ်မှ လှန်ထုတ်ပစ်ရမည်။ ကျွနု်ပ်တို့အပြစ်လုပ်သည့်အခါ ဘုရားသခင်သည် ကျွနု််ပ်တို့ထံမှ မျက်နှာတော်ကို လွှဲပါသည် (မိက္ခာ ၃း၄။ ဟေရှာ ၁း၁၅)။ ဘုရားကို ကြောက်ရွွံ့ရိုသေသူသည် ဤအဖြစ်ကို ကြောက်ရွံ့တတ်ပါသည်။ မယုံကြည်ခြင်း၊ သို့မဟုတ် သံသယစိတ်သည် ဘုရားသခင်၏ တန်ခိုးကြီးသော အလုပ်ကိုတားဆီးပါသည် (မ ၁၄း၂၉၊ ၃၁)။ ဘုရားသခင်၏ ကတိတော် များကို မခံစားစေသောအရာသည် မယုံကြည်ခြင်းပင်ဖြစ်ပါသည်။ ကိုယ့်ကိုကိုယ် ကျေနပ်နေခြင်းသည် ဘုရားသခင်အလုပ် မလုပ်နိုင်ရန် တားဆီးသည်မှအပ မည်သည့်အကျိုးကိုမျှမပေးပါ။ နေရာဒေသ အတော်များများတွင် သူတို့၏ အသက်တာ၌ ဘုရားသခင်၏ တန်ခိုးကင်းမဲ့ခြင်းကို လူတို့အလေးအနက် ၀န်တာမထားကြချေ။ သတိပြုမိသူရှိကြသော်လည်းပြောင်းလဲ ခြင်းဖြစ်လာစေရန် တစ်ခုခုလုပ်ဖို့ ၀န်တာအပြည့်အဝမရှိဘဲ ဖြစ်တတ်ကြသည်။

၂။ ၀ိညာဉ်ရေးဦးဆောင်မှု မရှိခြင်း။ ဘုရားသခင်သည် တန်ခိုးတော်နှင့် လှုပ်ရှားသည့် အချိန်တိုင်းတွင် လူသားဖြစ်သော ဦး ဆောင်သူများကို အသုံုးပြုပါသည်။ ကိုယ်တော်၌ ဘာမျှမလိုအပ်သောကြောင့် လူသား၏အကူအညီကို ရယူစရာလည်း မလိုပါ။ တန်ဆာပလာအဖြစ် အသုံးပြုဖို့သာလျှင် လူသားကို ရွေးချယ်ခြင်းဖြစ်ပါသည်။ ကျွနု်ပ်တို့ လူသားများသည်ပို၍ ကောင်းသော နည်းလမ်းကိုရှာကြံကြသော်လည်း ဘုရားသခင်မူကား ပို၍ လုံးလုံးလျားလျား ဆက်ကပ် အပ်နှံသူများကို ရှာပါ သည်။ ယေဇ ၂၂း၃၀ တွင် တိုင်းပြည်အဖျက်အဆီးမခံစေရန် မြိုရိုးပျက်ပေါ်မှာ ရပ်မည့်သူကို ဘုရားသခင်ရှာပါသည်။ သို့သော် တစ်ယောက်မျှမတွေ့ဟု ဖော်ပြထားပါသည်။ ကိုယ်တော်သည် အသုံးပြုခံနိုင်မည့်သူကို ရှာရာတွင် ကျွနု်ပ်တို့ ထင်သည်ထက် သာ၍ စိတ်ဆန္ဒရှိကြောင်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ ခေါင်းဆောင်မှု ၀န်ထုပ်သည် အလွန်ကြီးမားပါသည်။ ပါ၀င်လုပ်ဆောင်ရာ၌ အဖိုုးများစွာပေးရသည်။ ၎င်းထက် ပို၍လွယ်ကူသော အသက်တာသည် သာလွန်နှစ်သက်စရာ  ကောင်းပါသည်။ လူများစွာတို့သည် သတ္တိနည်းခြင်း သို့မဟုတ် မယုံကြည်ခြင်းကြောင့် ဤတာဝန်ကို မယူလိုကြချေ။ အကျွနု်ပ်တို့ ရှိပါ၏၊ စေလွှတ်တော်မူပါ´´ ဟု ပြောဆိုရပ်တည်လိုသော သူများမရှိလျှင် အရည်အချင်း ပြည့်မီသော ဦး ဆောင်မှု မရှိနိုင်ပေ။ ထိုလူများသည် ထူးချွန်သောသူများ မဟုတ်ဘဲ ဘုရားသခင်ကို ချစ်သောသူများဖြစ်ရပါမည်။ ဤအလုပ် အား လုပ်ကိုင်နိုင်ရန် တွယ်တာစရာအားလုံးကို စွန့်လွှတ်ခြင်းအားဖြင့် အဖိုးအခပေးချင်သော သူများဖြစ်ရပါမည် (လု ၁၄း၂၆၊ ၂၇။ ယော ၁၂း၂၅၊ ၂၆)။ စွမ်းဆောင်နိုင်မှုတွင် နေဟမိနှင့် ရှင်ပေါလုတို့ကဲ့သို့ ဖြစ်ရန်မလိုပါ။ သူတို့နှင့် တစ်လမ်းတည်း လျှောက်ဖို့သာ လိုအပ်ပါသည်။

၃။ တန်ဖိုးကြီးသော ဆုတောင်းခြင်းလိုအပ်ခြင်း။ ဆုတောင်းပြီးရင် ဆက်တောင်းနေပါ။ ရှာပြီးရင်း ဆက်ရှာနေပါ။ ခေါက်ပြီး ရင်း ဆက်ခေါက်နေပါ။´´ ဟူသော စကားသည် မဿဲ ရးရ တွင်ပါသော သခင်ဘုရား၏ နှုတ်ကပတ်တော်အရှိန် ဖြစ်ပါသည်။ ထိုအခါ အဖြေရပါမည်၊ တခါးလည်းပွင့်လာမည်။ အပ်နှံခြင်း (သို့) ယုံကြည်ခြင်းကို ကန့်သတ်သော မည်သည့်ယုံကြည်သူ မဆို ထိုကဲ့သို့သော အမှုကို လုပ်နိုင်မည်မဟုတ်ပါ။ ဤကဲ့သို့ ပဌာနာပြုသူူသည် ၀ိညာဉ်လူဖြစ်၍ နက်နဲသော ယုံကြည်ခြင်း ရှိသူဖြစ်ပါသည်။ ဘုရားသခင်၏ အလိုတော်ကို ယုံကြည်နာခံခြင်းသည် ဆုတောင်းချက်ပြည့်စုံရန်အတွက် အခြေခံလိုအပ် ချက်ဖြစ်၍ အလိုတော်နှင့်အညီ တောင်းချင်သောသူတို့အတွက် အထူးလိုအပ်ပါသည် (၁ ယော ၅း၁၄)။ ထိရောက်သော ဆုတောင်းခြင်း၌ သခင်ဘုရား၏ သွန်သင်တော်မူချက်နှင့်အညီ ဇွဲရှိရပါမည် (လု ၁၁း၅-၈။ ၁၈း၁-၇)။ ဆုတောင်းချက်အဖြေ သည် ဘုရားသခင်၏ အလိုတော်ဘောင်အတွင်း         ၌ ရှိကြောင်းကို စိတ်ချနိုင်သောအခါ စိန်ခေါ်ခြင်းကပို၍ ကြီးလေလေ  ဆုတောင်းသူအနေဖြင့် အရှုံးပေးလက်မြောက်ခြင်း မပြုဖို့ လိုအပ်လေလေဖြစ်ပါသည်။ ထိရောက်သော ၀ိညာဉ်ရေးတိုက်ပွဲ၌  ဆုတောင်းခြင်းသည် အဓိကကျသောလက်နက်ဖြစ်ပြီး ကိုယ်ခန္ဒာကိုယ်၌ စီးဆင်းလည်ပတ်နေသော အသက်အတွက် မရှိမဖြစ်လိုအပ်သော အရာဖြစ်ပါသည်။

၄။ ၀ိညာဉ်မေတ္တာကင်းမဲ့ခြင်း။  ခရစ်တော်၌ ဆက်ကပ်၍ သန့်ရှင်းသော အသက်တာကို ရှင်သန်လာသောအခါ ဘုရားသ ခင်နှင့်တကွ အခြားသောသူများအပေါ် ချစ်ခြင်းလည်း တစ်ပြိုင်တည်းလိုက်ပါလာမည် ဖြစ်ပါသည်။ ဘုရားသခင်ကဲ့သို့ မေ တ္တာရှိခြင်းသည် တပည့်တော်ဖြစ်ခြင်း၏ အမှတ်တံဆိပ်ဖြစ်သည်ဟု ဆိုကြသည် (ယော ၁၃း၃၅)။ မေတ္တာသည် ကြော်ညာ ဆောင်ပုဒ်တစ်ခုပမာ အပေါ်ယံမျှသာ ဖြစ်နိုင်သကဲ့သို့ နှုတ်ဖျားတွင် ရှိသော စကားမျှလည်း ဖြစ်နိုင်သည်။ မေတ္တာကို လူတို့ အကြီးအကျယ်ဆာငတ်နေကြောင်း သိခြင်းသည် မေတ္တာအကြောင်းကိုသာပြောပြီး လက်တွေ့မလုပ်ဘဲနေအောင်လည်း သွေးဆောင်တတ်ပါသည်။ မေတ္တာကို အနက်အဓိပ္ပါယ်ဖွင့်ဆို်ပြီးလျှင် ကျမ်းစာ၏ ဆိုလိုချက်မဟုတ်သော အရာတစ်ခုအားဖြင့် အဆုံးသတ်ခြင်းလည်း ရှိတတ်ပါသည်။ ကျမ်းစာက ပြောသော မေတ္တာသည် သခင်ဘုရား လက်တွေ့ပြသခဲ့သလို အသက်ကို စွန့်လွှတ်ပူဇော်သော မေတ္တာမျိုး၊ အခြားသောသူများကိုရည်စူးသော မေတ္တာမျိုးဖြစ်ပါသည်။

ကိုယ်ခန္ဓ္ဓာရှိသော အသက်အတွက်ဆုကျေးဇူးများကို အသုံးချခြင်း

            သခင်ဘုရားသည် သူ့အသင်းတော်အား တိုးတက်၍တည်ဆောက်မှုရှိစေရန် အဘယ်အရာကို ပြင်ဆင်ပေးသနည်း။ ကောင်းကင်ဘုံသို့ တက်ကြွပြီးသည့်နောက် ယုံကြည်သူများအားပေးသော ဆုကျေးဇူးများသည် အဓိကပြင်ဆင်ပေးမှု တစ်ခု ဖြစ်ပါသည်။ ဤဆုကျေးဇူးများသည် ဝိညာဉ်ရေးရာစွမ်းရည်များဖြစ်၍ ခရစ်တော်၏ကိုယ်ကို တည်ဆောက်ရန်နှင့် သန့်ရှင်းသူ များအား အမှုတော်လုပ်ငန်းအတွက် လက်နက်တပ်ဆင်ပေးခြင်းဖြစ်ပါသည်(ဧ ၄း၁၁- ၁၃)။ ယုံကြည်သူများသည် အသင်းတော်ထဲတွင်အစေခံလျက် ခရစ်တော်၌ ရင့်ကျက်နိုင်ဖို့ရန် ဝိညာဉ်ဆုကျေးဇူးများက အထောက်အကူပြုပါသည်။ အများအကျိုးအတွက် သန့်ရှင်းသောဝိညာဉ်တော်က ယုံကြည်သူတိုင်းအား အနည်းဆုံး ဆုကျေးဇူးတစ်ခုစီ ချပေးတော်မူပါ သည် (၁ကော ၁၂းရ)။ ထိုသို့ပေးရာတွင် လူ့ဆန္ဒအရ မဟုတ်ဘဲဘုရားသခင်၏ အလိုတော်ရှိသည့်အတိုင်းပေးပါသည်       ( ၁ကော ၁၂း၁၁)။ ၁ကော ၁၄း၁တွင် ပါသောဝိညာဉ်ဆု ကျေးဇူးအချို့  အထူးသဖြင့် အသင်းတော်အတွင်း အသုံးပြုရသည့် ပရောဖက်ခြင်းကို လိုလားတောင့်တခြင်းသည် အသင်းတော်၏ အများသဘောထားနှင့်ပက်သတ်ပါသည်။ ဤနေရာ၌ တစ်ဦးချင်းအကျိုးအတွက် တောင်းခံခြင်းမျိုးဖော်ပြထားသည်ကို မတွေ့ရပါ။

            ဘုရား၏လူများတွင် ကွဲပြားခြားနားချက်များရှိကြသလို ဆုကျေးဇူးများနှင့်ပတ်သက်၍လည်း ခြားနားခြင်းရှိပါသည်။ မတူခြားနားသော ဆုကျေးဇူးများအကြောင်းကို(ဧဖက် ၄း၁၁။ ၁ ကော ၁၂း၂၈။ ရောမ ၁၂း၆-၈။ ၁ပေ ၄း၉-၁၁တို့၌ ဖော်ပြထားပါသည်။ ထိုဆုကျေးဇူးများကို လူ့အနေနှင့်အတန်းအစား အမျိုးမျိုးခွဲခြား ကြသော်လည်း ဘုရားသခင်ကခွဲခြား ပေးခြင်းမဟုတ်ပါ။ သို့ရာတွင် ထိုသို့ခွဲခြားခြင်းသည် ဆုကျေးဇူးများ၏အသုံးဝင်ပုံကို ဆွေးနွေးရာ၌ အကျိုးရှိပါသည်။

            အတန်းအစားခွဲခြားထားသည့် အုပ်စုတစ်ခုမှာ ဟောပြောခြင်းနှင့်ဆိုင်သော  ဆုကျေးဇူးများဖြစ်ပါသည်။ ဥပမာ ကျမ်းစာသင်ကြားပေးခြင်း (ရောမ ၁၂းရ။ ဧ ၄း၁၀) ဧဝံဂေလိလုပ်ခြင်းနှင့် သိုးထိန်းအရာ၌ အမှုဆောင်ခြင်း (ဧ ၄း၁၁)၊ ပရောဖက်ပြုခြင်း (အနာဂတ်ကို ကြိုတင်ဟောပြောခြင်းတစ်ခုအတွက်သာ မကန့်သတ်) (၁ကော ၁၂း၂၈၊ရော ၁၂း၆) တိုက်တွန်းနှိုးဆော်ခြင်း(ရော ၁၂း၈)၊ ပညာတရား(၁ကော ၁၂း၈) တို့ဖြစ်ပါသည်။ တမန်တော်အရာသည်လည်း ဤအုပ်စု တွင်ပါဝင်ပါသည်။ အခြားအတန်းစားတစ်ခုမှာ အစေခံခြင်း ဆုကျေးဇူးဖြစ်ပါသည်။ ၄င်းအုပ်စုတွင် မစခြင်း (၁ကော ၁၂း၂၈)၊ ပေးကမ်းခြင်း (ရော ၁၂း၈)၊ ဂရုဏာပြခြင်း(ရော ၁၂း၈)၊ သစ္စာရှိခြင်း (၁ကော ၁၂း၉) ။ ဦးဆောင်အုပ်ချုပ်ခြင်း (ရော ၁၂း၈)၊  ပို်င်းခြားသိမြင်ခြင်း (၁ကော ၁၂း၁၀) တို့ဖြစ်ကြပါသည်။ ဟောပြောခြင်းနှင့်ဆိုင်သော ဆုကျေးဇူးများကို အထူးပြု ခြင်းသည် အစေခံခြင်းဆုကျေးဇူးများလိုအပ်မှု၏ အရေးကြီးပုံကို မှေးမှိန်စေတတ်ပါသည်။ လူသိအများဆုံးဆုကျေးဇူးများကို  အံ့ဖွယ် နိမိတ်လက္ခဏာပြ ဆုကျေးဇူးများဟုခေါ်ပါသည်။ ဤဆုကျေးဇူးများကိုပေးခဲ့ခြင်းနှင့် ယနေ့ဆက်ပေးနေရခြင်း၏ ရည်ရွယ် ချက်မှာ နိမိတ်လက္ခဏာများအားဖြင့် ဘုရားသခင်ရှိကြောင်းနှင့် တန်ခိုးတော်ရှိကြောင်းကိုအတည်ပြုရန်ဖြစ်ပါသည်။ ဤ အံ့ဖွယ်အရာများသည် အချိန်မှန် ပုံမှန်ဖြစ်နေသည့်အမှုမဟုတ်ပါ။ နှုတ်ကပတ်တော်အား ယုံကြည်ရန် မရှိမဖြစ်လိုအပ်ခြင်းကို ရှောင်ကြဉ်ဖိုု့ပေးထားရန်လည်းမဟုတ်ပါ။ လက္ခဏာပြဆုကျေးဇူးများတွင် နိမိတ််လက္ခဏာများ (၁ကော ၁၂း၂၉) ၊ လူတစ်ဦး အားဖြင့် တိုက်ရိုက် (ချက်ခြင်း) အနာငြိမ်းစေခြင်း (၁ကော ၁၂း၂၈)၊ အခြားသော ဘာသာစကားနှင့် ထိုဘာသာစကားကို အနက်ပြန်ဆိုခြင်းတို့ပါဝင်ပါသည်(၁ကော ၁၂း၁၀)။ ဤဆုကျေးဇူး၏ ဂရိစကားလုံးမှာ (GLOSSOLALIA) ဟူ၍ဖြစ်ရာ ဘာသာစကားတစ်မျိုးကို သင်ယူခြင်းမပြုဘဲ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ပြောပြနိုင်ရန်ပေးသော ဆုကျေးဇူးဖြစ်ပါ သည်(တ၁၂း၁၁။ ၁ကော ၁၄း၂၁-၂၃။ ဟေရှာ ၂၈း၁၁၊၁၂)။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကို မယုံကြည်သူတို့အား ဤနည်းအားဖြင့် စကားပြောတော်မူပါသည်။

            ဆုကျေးဇူးအမျိုးမျိုး၊ အထူးသဖြင့် လက္ခဏာပြဆုများကို အသေးစိတ်ဆွေးနွေးခြင်း (သို့) ငြင်းခုံခြင်းကို ဤစာစဉ် တွင်မရေးဘဲသီးခြားရေးဖို့ကောင်းပါလိမ့်မည်။ ဤအပိုင်းတွင် ဆုကျေးဇူးများကို အသင်းတော်ဖွံ့ဖြိုးဖို့ရန်အတွက် ပေးထား ခြင်းဖြစ်ကြောင်းလောက်သာ ရည်ရွယ်၍ ရေးထားပါသည်။ ဆုကျေးဇူးဟုပြောသည့်အခါ ဟောပြောခြင်း နှင့်ဆိုင်ရသော ဆုကျေးဇူးတစ်မျိုးကိုသာ ပြောခြင်းမဟုတ်သလို ဆုကျေးဇူးရှိသည်ဟု ကျွန်ုပ်တို့ထင်သောလူအတွက်သာလျှင် ပေးထားခြင်း လည်းမဟုတ်ပါ။ ယုံကြည်သူအားလုံး၌ ဆုကျေးဇူးရှိရုံသာမက ၄င်းဆုကျေးဇူးကို လျစ်လျူမရှုဘဲ အသုံးပြုကြရမည်ဖြစ် ကြောင်းကျမ်းစာက သွန်သင်ထားပါသည်(၁တိ ၄း၁၄)။ ယုံကြည်သူတို့၌ ဆုကျေးဇူးဖွံ့ဖြိုးလာရန် ဦးဆောင်သူများက တိုက်တွန်းအားပေးဖို့ လိုပါသည်။ ပထမနည်းမှာ လုပ်ငန်းတော်တွင် ယုံကြည်သူများပါဝင်နိုင်သောနေရာကို စာရင်းပြုစုပေးဖို့ နှင့် အပတ်စဉ်ဘုရားကျောင်းတက်သောသူမျှသာ မဟုတ်ဘဲ ယုံကြည်သူတိုင်းကို နည်းလမ်းတစ်ခုခုဖြင့် ဆုကျေးဇူးကို အသုံးပြုနိုင်ရန် တာဝန်ယူပေးရန်ဖြစ်သည်။ အသက်ကြီးသော သူများနှင့် အိမ်တွင်းအောင်း နေသူများပင်လျှင် ဆုတောင်း ခြင်းဖြင့် အမှုတော်ဆောင်ရွက်နိုင်ကြပါသည်။ ဆုကျေးဇူးများနှင့်ပတ်သက်သော နားလည်လွဲခြင်းများကိုရှင်းလင်းပြရန် လညး်ကောင်း၊ လုပ်ငန်းတော်အတွက် ယုံကြည်သူတိုင်းအား ဘုရားသခင်ပေးသော အစွမ်းကိုတုံ့ပြန်အသုံးချနိုင်အောင် အားပေးရန်လည်းကောင်း၊ ဝိညာဉ်ဆုကျေးဇူးများအကြောင်းကို သင်ပေးဖို့ အရေးကြီးပါသည်။ အသင်းတော်၏လုပ်ငန်း ဆောင်တာကို စိတ်ပါဝင်စားသူအားလုံး ယေဘုယျသဘောတူထားသော အရာတစ်ခုမှာ အသင်းတော်များရှိ သန့်ရှင်းသူရှိ သမျှအား သခင်ဘုရား၏ အစေကိုခံရန် ကျယ်ပြန်စွာစည်းရုံးလှုပ်ရှားခြင်း မပြုပါက အနာဂတ်တွင်အမှုတော်ဆောင်သူချို့တဲ့ ပြတ်လပ်သွားနိုင်သည်ဟူသော အချက်ဖြစ်ပါသည်။ ဤသို့ဆောင်ရွက်ခြင်းမရှိပါက အရေးကြီးသောလိုအပ်မှုကို လျစ်လျူ ရှုရာရောက်သွားနိုင်ပါသည်။

ကိုယ်ခန္ဓာအတွင်းရှိ အသက်အတွက်နှုတ်ကပတ်တော်ကို သင်ကြားပေးခြင်း

            နှုတ်ကပတ်တော်ကို တန်ခိုးပါစွာဟောခြင်းနှင့် သင်ကြားပေးခြင်းသည် အသင်းတော်အတွင်းကြံ့ခိုင်သန်စွမ်းရေး အတွက် လိုအပ်သောအရာဖြစ်သည်။ အသင်းတော်ကြီးထွားခြင်းနှင့် သူ၏သြဇာလွှမ်းမိုးပျံ့နှံ့ခြင်းသည် နှုတ်ကပတ်တော် သင်ကြားခြင်းနှင့် ဆက်နွယ်လျက်ရှိပါသည် (တ ၆းရ။ ဟေဗြဲ ၄း၁၂)။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နှုတ်ကပတ် တော်ကိုဟောပြောရမည် (၂တိ ၄း၂)။ ဘုရားသခင်၏ ဝိညာဉ်တော်က နှုတ်ကပတ်တော်ကိုအသုံးပြုပြီး လူ၏ဝိညာဉ်ကို အသစ်မွေးဖွားစေခြင်း၊ အသစ်ပြုပြင်ခြင်း၊ အစာကျွေးမွေးခြင်းနှင့်သန့်စင်စေခြင်းတို့ပြုလုပ်ပါသည်။ ကျမ်းစာကို ဝိညာဉ်တော် ၏ ဓားဟု ခေါ်ရသည်မှာ အလွန်မှန်ပါသည် (ဧ ၆း၁၇)။

            ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်၏အသက်သည် တန်ခိုးပါသော တရားဟောချက်နှင့် နှုတ်ကပတ် တော်ကို စနစ်တကျသင်ကြားပေးခြင်းတို့နှင့် ဆက်နွယ်ပါသည်။  ထိုကဲ့သို့မပြုလုပ်သဖြင့် မြောက်များစွာသော သန့်ရှင်းသူတို့ သည် ဝိညာဉ်အစာ ဆာငတ်လျက်ရှိပါသည်။ ယုံကြည်သူတစ်ဦးချင်းသည် ဒေသနာကိုနားထောင်ရုံနှင့် လည်းကောင်း၊ နှုတ်ကပတ်တော်ကို ကိုယ်တိုင်စွဲမြဲစွာ လေ့လာခြင်းမရှိလျှင်လည်းကောင်း၊ ခွန်အားကြီးသော သူဖြစ်မလာနိုင်ပေ။ သို့ရာတွင် စည်းဝေးများ၌ စွမ်းအားကြီးစွာ သင်ကြားပေးခြင်းသည် ကျမ်းစာလေ့လာခြင်းကို အားပေးအားမြောက်ရာ ရောက်ပါသည်။ သင်ကြားပေးရန်လိုသော အရာတစ်ခုမှာ ဘုရားသခင်နှင့်တစ်ဦးချင်းနေ့စဉ် အချိန်ယူဖို့လိုအပ်ကြောင်းပင် ဖြစ်ပါသည်။ တပည့်တော်ဖြစ်စေခြင်းနှင့် ကျမ်းစာလေ့လာခြင်းတို့ကို သင်ပေးသည့်အခါ သင်ပေးဖို့လိုပါသည်။

            နှုတ်ကပတ်တော်သင်ပေးနိုင်သူတို့သည် အသင်းတော်အစည်းအဝေး၌ စနစ်တကျနှင့် အစဉ်လိုက် သင်ပေးခြင်းကို ပုံမှန်လုပ်ဆောင်ရပါမည်။ ဤကဲ့သို့သင်ပေးသောအခါ အပတ်စဉ်ဟောကြားသော ဧဝံဂေလိတရား သို့မဟုတ် ခေါင်းစဉ် အလိုက် ဟောပြောသောဒေသနာမျိုး မဖြစ်သင့်ပါ။ တစ်ချို့အသင်းတော်များသည် နှုတ်ကပတ်တော် ထည့်သွင်းပေးရသော အလုပ်ကိုတစ်ပါတ်လျှင် အနည်းဆုံးအချိန် (၂)နာရီယူသင့်သည်ဟု မြင်ကြသည်။ ကျမ်းစာထဲမှလည်းကောင်း၊ အဓိက သြဝါဒများထဲမှ လည်းကောင်း၊ စနစ်တကျနှင့် အစဉ်လိုက်သင်ပေးရာတွင် အသုံးချဖို့ တစ်နာရီလျာထားသင့်သည်။ နောက်တစ်နာရီကို တရားဟောချက်ပါ အချက်အလက်များအား ပြန်လည်ဆွေးနွေးခြင်းနှင့် ကျွမ်းကျင်သော ဦးဆောင်မှု ပြုလုပ်ရန်အတွက် လျာထားသင့်ပါသည်။ ထိုလေ့လာခြင်းသည် ရင့်ကျက်မှုမညီမျှသော သူများအား လုပ်ကျွေးသောလေ့လာ ခြင်းဖြစ်ရပါမည်။ ၎င်းတို့အထဲတွင် နှုတ်ကပတ်တော်တစ်ခါမျှ မသင်ဘူးသေးသော ဘာသာဝင်စ လူသစ်များမှအစကောင်း မွန်စွာ သွန်သင်ထားပြီးသား ယုံကြည်သူများလည်းပါ၀င်ကြသည်။ ဤနည်းလမ်းအောင်မြင်နိုင်ရန် အတန်းတွင်း၌ သင်ပေး ခြင်း၊ ဆွေးနွေးခြင်း၊ သင်ခန်းစာပို့ချပေးခြင်းနှင့် အိမ်စာကိုပြန်နွေးခြင်းတိုိ့သည် အရေးကြီးသော ကဏ္ဍများဖြစ်ကြပါသည်။

နိဂုံးချူပ်နှင့် မိမိအတွက်ခံယူကျင့်သုံးခြင်း

            သခင်ယေရှုကို ချစ်၍လူများအပေါ်ထားရှိသော သူ၏ရည်ရွယ်ချက်ပြည့်စုံလာစေရန် ဆက်ကပ်ခြင်းရှိလာသောအခါ အသင်းတော်၌ အသက်ရှိလာမည်ဖြစ်ပါသည်။ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ မိမိကိုယ်ကိုပေးအပ်သကဲ့သို့ ယုံကြည်သူုများကလည်း အသင်းတော်ကိုချစ်ကြသောအခါ အသင်းတော်၌ အသက်ရှိလာပါသည် (ဧ ၅း၂၅) အသင်းတော် ကို တနင်္ဂနွေနေ့တိုင်း အစည်းအဝေးပြုလုပ်သောနေရာအဖြစ်သာမမြင်ဘဲ တစ်ပါတ်လုံးလုံးစုပေါင်းသာသနာပြုသော လူစုအဖြစ်ရှုမြင်သင့်ပါသည်။ တနင်္ဂနွေနေ့ကို သခင်ဘုရားနေ့အဖြစ် ရှုမြင်ရပါမည် (ဗျာ ၁း၁၀)။ ဤကျမ်းချက်၏ ဆိုလိုရင်း သည် ရှေ့ဦးအသင်းတော်က တနင်္ဂနွေနေ့ကို ဘုရားသခင်းနေ့အဖြစ် ရပ်တည်ခဲ့ကြခြင်းနှင့် ထပ်တူတပ်မျှဖြစ်သည်။ ပညတ်တော်ဆယ်ပါး လက်အောက်ရှိ ဂျူးလူမျိုးတို့သည် ဥပုသ်နေ့ (Sabbath day) ကို ဘုရားသခင်၏ နေ့အဖြစ် ဆက်ကပ် ခဲ့ကြသလို ကျွနု်ပ်တို့လည်း သခင်ဘုရားနေ့အဖြစ် ဆက်ကပ်ဖို့ဖြစ်ပါသည်။ သို့ရာတွင် တနင်္ဂနွေနေ့တွင် ပါ၀င်ဆက်ကပ်ခြင်း သည် ကျန် (၆) ရက်လုံးတွင် ဘုရားသခင်အတွက် ဘာမျှမလုပ်ဘဲ နေရန် မိမိအကြောင်းပြချက်မဖြစ်စေရပါ။

            ကိုယ်ခန္ဓာသည် ဦးခေါင်းနှင့် ဆက်သွယ်နေသကဲ့သို့ အသင်းတော်သည်လည်း ခရစ်တော်နှင့် ဆက်သွယ်နေ ပါသည်။ အသင်းတော်ဟူသည်မှာ မိသားစုအသက်တာ (သို့) ကိုယ်ရေးကိုယ်တာကိစ္စများအပေါ် ယှဉ်ပြိုင်ဘောင်းဆို ချက််တစ်ခု မဟုတ်သလို ကျွနု်ပ်တို့၏ အချိန်ကိုရပိုင်ခွင့်ရှိသည်ဟု တောင်းဆိုခြင်းမျိုးလည်း မဟုတ်ပါ။ ကိုယ်ခန္ဓာမှ အစိတ်အပိုင်းအားလုံးသည် အသက်ရှင် လှုပ်ရှားနေကြသကဲ့သို့ အသင်းတော်သည်လည်း  စုပေါင်းဖွဲ့စည်းထားသော ခန္ဓာကဲ့ သို့ ဖြစ်ပါသည်။ အချုပ်ဆိုရလျှင် ယေရှု၏အသက်ကို ရထားသော အသင်းတော်သည် ဘုန်းကြီးသောအသင်းတော်၊ အညစ်အကြေးကင်းမဲ့၍ အရေတွန့်ခြင်းမရှိသော အသင်းတော်ဖြစ်နိုင်ရန်လိုအပ်သော အထောက်အပံ့ရရှိရေးအတွက် ကိုယ်တော်အား မျှော်ကိုးရပါမည်  (ဧ ၅း၂၇)။ ဤလောကအသက်တာတွင် ထိုပန်းတိုင်ကို ပြည့်စုံစေနိုင်မည် မဟုတ်သော် လည်း အသင်းတော်သည် ရပ်တန့်ခြင်းလုံးဝမရှိ ထိုပန်းတိုင်သို့ ရှေးရှုးသွားနေပါမည်။ အသင်းတော်စုဝေးခြင်းသည် သန့်ရှင်း သူများကို တိုက်တွန်းအားပေးခြင်းနှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ခံစားရာအကြောင်းရင်း ဖြစ်စေရမည်။

 

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

လမ်းညွန်ချက်

အသင်းတော်၏ အသက်

၁။        ဧဖက် ၄း၁-၁၆ကို အကြိမ်ပေါင်းများစွာ ဖတ်၍ သင့်အသင်းတော်အတွက် ဆိုလိုရင်းအဓိပ္ပာယ်ကို ဆင်ခြင်ပါ။ အသင်းတော်အတွင်းမှ သင်းခွဲဝါဒကို အောင်မြင်ရန် မည်သည့်အရာ လိုအပ်သနည်း (ဧ ၄း၁-၃)။

 

၂။         အသင်းတော်ခေါင်းဆောင်အချို့သည် အသက်ရှင်သော အသင်းတော်၏ ပုံပန်းသဏ္ဍာန်ရှိလာရန် ဘုရားသခင်၏ တန်ခိုးတော်ကို မရယူဘဲ မည်သည့်နည်းများကို ရှာဖွေတတ်ကြပါသနည်း။ ဤသို့ဖြစ်နိုင်သည်ဟု သင်ထင်မြင်လျှင် သင်၏ လေ့လာတွေ့ ရှိချက်ကိုရေးပါ။

 

၃။        သင့်အသင်းတော်တွင် ၀ိညာဉ်အသက်ကို တားဆီးသော အဓိကအရာ (၃)ခုကို ရေးပါ။ ၎င်းအရာများကို ပြောင်းလဲစေရန် သင်မည်သည့်အရာလုပ်နိုင်သနည်း။

 

၄။        သင့်အသင်းတော် နှိုးထစေရန် ၀ိညာဉ်တော်နှင့်အတူ သင်မည်ကဲ့သို့ပူးပေါင်း လုပ်ဆောင်နိုင်မည်ကို တိတိကျကျ ဖော်ပြပါ။

 

၅။        ၁ ကော ၁၂။ ဧ ၄း၁၁။ ရော ၁၂း၆-၈ နှင့် ၁ ပေ ၄း၉-၁၁ တို့တွင် ပါရှိသော ၀ိညာဉ်ဆုကျေးဇူးများကို ပြန်၍လေ့ လာပါ။ ဤဆုကျေးဇူးများအနက် တစ်ခုုခုကို ဘုရားသခင်က သင့်အား ပေးလိုက်ပြီဟု သင်ခံစားရပါသလား။ မည်သည့်ဆုကျေးဇူးကိုပေးပါသနည်း။ အဘယ်ကြောင့်နည်း။

 

၆။        သင့်ဆုကျေးဇူးများကို အသုံးပြုရန် သင့်အသင်းတော်၌ ဘာလုပ်နေပါသလဲ။ မည်သည့်နေရာ၌ မည်ကဲ့သို့စတင် ဖွဲ့ဖြိုးစေနိုင်မည်နည်း။ ထိုကဲ့သို့ ဖြစ်စေနိုင်ရန် ခေါင်းဆောင်များက သင့်အားမည်သို့ ကူညီကြပါသနည်း။

 

၇။        အသင်းတော်အားဖြင့် ဘုရားသခင် ချပေးသော ပန်းတိုင်သည် မည်သည့် အရာနည်း (ဧ ၄း၁၃၊၁၄)။

 

၈။        တရားဟောခြင်းနှင့် နှုတ်ကပတ်တော် သင်ကြားခြင်းတွင် ထိရောက်မှုရှိစေရန် အသင်းတော်ခေါင်းဆောင်များ အနေဖြင့် ဘာလုပ်သင့်သည်ဟု သင်အကြံပြုလိုသော အချက်များကိုရေးပါ။

 

၉။        ဤခေါင်းစဉ်နှင့် ပတ်သက်၍ သင်မေးလိုသော မေးခွန်းများ ရှိပါသလား။ ကျွန်ုပ်တို့အား ဝေငှလိုသော အသစ်တွေ့ ရှိချက်များ ရှိပါသလား။ ရှိလျှင် ဝေငှပါ။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

ရှင်းလင်းချက်များ

အသင်းတော်၌ ဘုရားသခင််ချမှတ်ထားသော တာဝန်ဝတ္တရားများ          သင်ခန်းစာ (၈)

            “ယောကျ်ား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်မ၏ခေါင်းကား ယောကျ်ားဖြစ်သည်ကိုလည်း ကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို့သိမှတ်စေခြင်းငှာ ငါအလိုရှိ၏” (၁ ကော ၁၁း၁၃)။

            ဘုရားသခင်လုပ်ဆောင်သော အရာရာတိုင်း၌ အစီအစဉ်တကျရှိကြောင်း ထင်ရှားပါသည်။ ဖန်ဆင်းခြင်းပုံစံတွင် လည်းကောင်း၊ စကြာဝဌာအတွင်းရှိ ရုပ်ဝတ္တုများ၏ နိယာမတရားများတွင်လည်းကောင်း သက်သေအထောက်အထား ရှိပါသည်။ ဘုရားသခင်သည် ဉာဏ်ပညာကြွယ်ဝသော စီရင်တော်မူချက်အားဖြင့် အရာခပ်သိမ်းကို စီစဉ်တော်မူခဲ့ပါသည်။ အစီအစဉ်ဟူသော စကား၏အဓိပ္ပာယ်မှာ ယင်းအတိုင်ပင် ဖြစ််သည်။ အစီအစဉ်ဟူသော စကား၏ဆန့်ကျင်ဘက်မှာ ရှုပ်ထွေးခြင်း ဖြစ်ပါသည်။ အသင်းတော်စည်းဝေးခြင်းနှင့် ပတ်သက်၍ “ဘုရားသခင်သည် ရုန်းရင်းဆန်ခတ်ပြုသော ဘုရားမဟုတ် (၁ ကော ၁၄း၃၃)”  ဟု ဆိုထားပါသည်။ ထိုနှိုးဆော်ချက်သည် တာဝန်ထမ််းဆောင်ရာ၌ အစီအစဉ်မကျဘဲ ရှုပ်ထွေးနေသော အသင်းတော်တစ်ပါးအား တိုက်ရိုက်ပြောခြင်းဖြစ်ပါသည်။

            အစီအစဉ်နှင့် တန်းတူညီမျှဖြစ်ခြင်းသည် လုံးဝမဆိုင်ပါ။ ၎င်းတို့နှစ်ခုကို ရောနှောလျှင် ရှုပ်ထွေးသွားပါသည်။ အစီအစဉ်ဆိုသည်မှာ တာဝန်အပ်နှင်းခြင်းနှင့် လိုအပ်သောအခွင့်အာဏာကို အသုံးချခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူသောကြောင့် ထာဝရနိုင်ငံ၏ ဦးခေါင်းဖြစ်သည်။ ထာဝဘုရားသခင်၌ အခွင့်အာဏာရှိ၍ ထိုအခွင့်အာဏာကို နာခံရသည်။ ခမည်းတော်ဘုရားသည် ဦးခေါင်းဖြစ်၍ သားတော်နှင့်ဝိညာဉ်တော်နှစ်ပါးလုံးသည် ခမည်း တော်၏ အုပ်စိုးခြင်းကို ၀န်ခံကြသည်။ သို့ရာတွင် ကွဲပြားခြားနားခြင်းမရှိပါ။ သုံးပါးလုံးသည် ဘုရားဖြစ်၍ ထာဝရတည်ကြ သည်။ ခရစ်ယာန်ယုံကြည်ချက်ကို စွန့်လွတ်သူများနှင့် အယူလွဲသူများကသာ ဤသြဝါဒကို ငြင်းပယ် ကြသည်။

            လူသားများအကြားတွင် ခရစ်တော်သည် ယောက်ျားတိုင်း၏ ဦးခေါင်းဖြစ်၍ မိန်းမ၏ ဦးခေါင်းမှာ ယောက်ျားဖြစ်ပါ သည် (၁ ကော ၁၁း၃)။ ဤသို့ဆိုရာတွင် မတူညီခြင်း၊ သေးသိမ်နိမ့်ကျခြင်းကို ဆိုလိုသည်မဟုတ်ဘဲ ဦးဆောင်မှုအပိုင်းကို ဆိုလိုခြင်းဖြစ်သည်။ အပြန်အလှန် နာခံခြင်းရှိဖို့ ပြောဆိုရာတွင် “အချင်းချင်းအုပ်စိုးမှုကို ၀န်ခံကြပါ” (ဧ၅း၂၁) ဟူသောစကား စုကို တစ်ခါတစ်ရံအသုံးပြုပါသည်။ ဆိုလိုချက်မှာ လူတိုင်းလူတိုင်းသည်အခြားလူတစ်ဦးစီတိုင်း၏ အုပ်စိုးခြင်းကို ၀န်ခံရန် ဖြစ်သည်။ အပြန်အလှန်အုပ်စိုးမှုဝန်ခံခြင်းသဘောကို ဆန့်ကျင်သော အယူအဆများကို ဤကျမ်းချက်က အသိအမှတ် မပြုပါ။ ၎င်းအောက်တွင် “အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးခြင်းကို ၀န်ခံသကဲ့သို့ မိန်းမတို့သည်လည်း အရာအားလုံး၌ ယောက်ကျာ်း၏ အုပ်စိုးခြင်းကို ၀န်ခံရမည် (ဧ ၅း၂၄)ဟု ပါရှိသည်။ ဤသြဝါဒစာထဲမှာပင် သားသမီးများသည် မိဘစကားကို နားထောင်၍ သူတို့၏အုပ်စိုးခြင်းကို ၀န်ခံရမည်ဟု ပါရှိသည် (ဧ ၆း၁)။ ကျွန် (သို့) အလုပ်သမားမျာသသည်လည်း သခင် (သို့) ကြီးကြပ်သူများ၏ အုပ်စိုးခြင်းကို ၀န််ခံရမည် (ဧ ၆း၅) ဟု ဖော်ပြထားသည်။ အုပ်စိုးခြင်း ၀န်ခံရမည့် အစီအစဉ်များကို လည်း ရေးထားပါသေးသည်။ အုပ်စိုးမှုဝန်ခံခြင်းသည် အစိုးရအာဏာပိုင်များအပါအဝင် အာဏာရှိသူများကို ၀န်ခံဖို့လိုပါသည် (ရော ၁၃း၁-၅)။ ထိုအာဏာကို ဖီဆန်ခြင်းသည် ဘုရားသခင်အား ဖီဆန်ခြင်းဖြစ်သည်။ ဖီဆန်သောသူသည် အပြစ်စီရင်ခြင်းကို ခံရပါသည်။”

အစအဦး၌ ဘုရားသခင် ချမှတ်သော တာဝန်ဝတ္တရား

            ယောက်ျားနှင့် မိန်းမ၏ တာဝန်ဝတ္တရား ကွဲပြားခြားနားချက်ကို လေ့လာရန် ဧဒင်ဥယျာဉ်သို့ ပြန်သွားဖို့လိုအပ် ပါသည်။ လူယောကျာ်းကို ဦးစွာဖန်ဆင်းပြီး (၁ တိ ၂း၁၃) နောက် ယောကျ်ားအတွက် အထောက်အမဖြစ်ရန် မိန်းမကို ဖန်ဆင်းခဲ့ပါသည် (က ၂း၁၈)။ ယောက်ျားက ဦးဆောင်မှုတာဝန်ကိုယူ၍ ဆုံးဖြတ်ချက်ချပြီး မိန်းမကနောက်မှလိုက်လုပ်ရန် ဖြစ်ပါသည်။ ပထမဆုံးသော သွေးဆောင်ခြင်း၌ မိန်းမကဆုံးဖြတ်ချက်ချ၍ ယောက်ျားက နောက်မှလိုက်ပါခဲ့ပါသည် (က ၃း၆)။ ယောက်ျားက လှည့်ဖျားခြင်း မခံခဲ့ဘဲ၊ မိန်းမက ခံခဲ့၏ (၁ တိ ၂း၁၄)။ ဘုရားသခင်၏ စကားကို သူ့စိတ်ဆန္ဒဖြင့် နားထောင်မည့်အစား အာဒံသည် စိတ်လှုပ်ရှားမှုဖြင့် မိန်းမ၏ အပြစ်ထဲ ပူးပေါင်းပါ၀င်လိုက်သည်။ စာတန်မာရ်နတ်သည် သူတို့၏ တာဝန် ၀တ္တရားနှင့် အခွင့်အာဏာပိုင်မှုကို ပြောင်းပြန်လှန်လိုက်ခြင်းအားဖြင့် လိမ်မာပါးနပ်စွာ လှည့်ဖျားခဲ့သည်။

            ဘုရားသခင်သည် မိန်းမအား နာကျင်စွာ ကလေးမွေး၍ ယောကျ်ား၏ အုပ်စိုးခြင်းကို ၀န်ခံဖို့ စီရင်တော်မူခဲ့ပါသည်။ သူမ၏ ကျေနပ်နှစ်သိမ့်ခြင်းကို ခင်ပွန်းနှင့် ပေါင်းသင်းဆက်ဆံခြင်းဖြင့် ခံစားမည် (က ၃း၁၆)။ ၎င်းပြင် သူတို့နှစ်ဦးအပါအဝင် သူတို့မှ ဆင်းသက်သော သားစဉ်မြေးဆက်များသည် ခန္ဓာသေခြင်းနှင့်တွေ့ကြံုရမည်ဟူသော စီရင်ချက် ကျလာသည်။ ယောက်ျားသည် ကျိန်ခြင်းခံရသော မြေကြီးပေါ်တွင် ချွေးကျသည်အထိ အလုပ်လုပ်ရမည် ဟူသော စီရင်ချက်ကို ချတော်မူ သည် (က ၃း၁၇-၁၉)။ ရာစုနှစ်ပေါင်းများစွာကြာသော ခေတ်ကာလတလျှောက်နှင့် လူသားမျိုးဆက်များ၌ ဤကဲ့သို့ချမှတ် ထားသော တာဝန်ယူရသည့် အခန်းကဏ္ဍများ မပြောင်းလဲဘဲ တည်ရှိခဲ့ပါသည်။ ခရစ်တော်သည် ဤအခန်းကဏ္ဍများ ကို မပြောင်းလဲပစ်ခဲ့ပါဟု အခိုင်အမာပြောဆိုကြသည်။ လင်ယောကျ်ားသည် ဦးဆောင်သူ၊ ကာကွယ်သူ၊ စားဝတ်နေရေးကို တာဝန်ယူသူဖြစ်ရမည်။ မိန်းမမူကား ကလေးမွေးဖွား၍ ပြုစုကျွေးမွေးကာ အိမ်မှုကိစ္စကို တာဝန်ယူပြီး မိမိယောကျာ်းကို ကူညီသူ ဖြစ်ရမည်။ တစ်ဦးချင်းစီ၏ ရုပ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းပုံသည် ဤတာဝန်များကို ဆောင်ရွက်ရန်အတွက် အလွန်သင့်တော်လှပေသည်။ (တိ ၂း၄-၅)၌ ထိုတာဝန်ဝတ္တရားများသည် ယခုခေတ်အတွက်လည်း ဖြစ်ကြောင်း အတည်ပြုထားသည်။ သခင်ဘုရား၏ သြဇာလွှမ်းမိုးခြင်းအားဖြင့် မိန်းမများသည် အရေးပါသူအဖြစ် အထင်အမြင်သေးခြင်း မခံရဘဲ အ့ံသြဖွယ်အကျိုးကျေးဇူးများ ခံစားရလျက်ရှိကြသည်။ သခင်ယေရှုသည် မိန်းမများကို နိမ့်ကျသော ကျွန်ဘဝမှ မြှင့်တင်ခဲ့သော်လည်း အိမ်ထောင်အတွင်းမှ သူတို့၏ မူလဝတ္တရားကိုမူ မပြောင်းလဲခဲ့ချေ။ ကိုယ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ ယောကျ်ားများက သူ့မယားကို ချစ်ကြမည် အကြောင်းသာ၍ ကြီးလေးသော တာဝန်ကိုပေးထားပါသည် (ဧ ၅း၂၅)။ လင်နှင့်မယားအကြားတွင် ယှဉ်ပြိုင်ရန် လည်းကောင်း၊ တာဝန်ဝတ္တရားအရာ၌ တူညီရန်လည်းကောင်း၊ ပြဌာန်းသတ်မှတ်ချက် မရှိပေ။ လင်နှင့်မယားသည် လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသော်လည်း ၀တ္တရားအပိုင်း၌ မူတစ်ခုက အခြားတစ်ခုကို အပြန်အလှန် ပြည့်စုံစေပါသည်။ အိမ်ထောင်မိသားစုအတွင်း လုပ်ဆောင်ချက်ချင်း မတူညီကြပါ။

အသင်းတော်လှုပ်ရှားမှုတွင် ဘုရားသခင်ချမှတ်သော တာဝန်ဝတ္တရားများ

            အသင်းတော် လှုပ်ရှားမှုတွင် လိင်အလိုက်အစီအစဉ်အတိုင်းလုပ်ရသော အလုပ်ရှိပါသည်။ ဤအချက်သည် ဘုရား သခင်(သို့) ခရစ်တော်ရှေ့၌ ယောကျာ်းနှင့် မိန်းမ အတူတူဖြစ်ကြောင်းကို မငြင်းပယ်ပါ။ သူတို့နှစ်ဦးသည် ခရစ်တော်၌ တစ်လုံးတစ်ဝတည်း ဖြစ်ကြသည် (ဂလာ ၃း၂၈)။ အစီအစဉ်သည် မိန်းမများအား သိမ်ငယ်ရန် ပြဌာန်းထားခြင်းမဟုတ်သလို ဦးဆောင်သူအား မတရားဖိနှိပ်အုပ်စိုးနိုင်သော အခွင့်အာဏာကို ပေးထားခြင်းလည်း မဟုတ်ပါ။ မိန်းမသည် ယောကျ်ားကို သွန်သင်ခြင်းမပြုရသလို သူ့အပေါ်၌ အာဏာသုံးပိုင်ခွင့်လည်း မရှိပါ (၁ တိ ၂း၁၂)။ ထိုဖော်ပြချက်သည် တိကျရှင်းလင်း၍ အဓိပ္ပာယ်တစ်မျိုးတည်း ထွက်နေပါသည်။ အပိုဒ်ငယ် ၁၃၊ ၁၄ တွင် ပေးထားသော စည်းကမ်းသည် ယဉ်ကျေးမှု သို့မဟုတ် အစွဲအလမ်းတစ်ခုကို လိုက်လျောညီထွေဖြစ်အောင် ယာယီပြင်ဆင်ခြင်းဖြစ်ကြောင်း ငြင်းဆိုရန်ပေးထားသည် မဟုတ်ပါ။ မိန်းမများသည် အုပ်စိုးခြင်းကို ၀န်ခံရမည်ဟု တမန်တော်များက သွန်သင်ခဲ့ကြစဉ်တွင် ယင်းခေတ်အခါက ယဉ်ကျေးမှုကို ပြင်ဆင်ခြင်းသာ ဖြစ်သည်ဟု ဆိုလျှင် ဓမ္မသစ်ကျမ်းကပြောထားသည့် ကျမ်းစာကို ဘုရားသခင်မှုတ်သွင်းတော်မူသည်ဟူ သော အချက်ကို လုံးဝငြင်းပယ်ရာ ရောက်ပါသည်။

            မယုံကြည်သူများသည် လူ့အဖွဲ့အစည်းထဲတွင် ဘုရားသခင်ချမှတ်ထားသော အစီအစဉ်ကို မကြာခဏ ဆန့်ကျင် ပုန်ကန်တတ်ကြသည်။ လောကဆန်သော ယုံကြည်သူ သို့မဟုတ် ဇာတိခရစ်ယာန်များသည် အလွန်လိမ်မာပါးနပ်စွာ ရုပ်ဖျက်လျက် ဤပုန်ကန်တတ်သော စိတ်ဓာတ်ကို အသင်းတော်ထဲသို့ ယူဆောင်လာတတ်ကြသည်။ ရာစုနှစ်ပေါင်းများစွာ အတည်ပြုခဲ့ပြီးသော ကျမ်းစာ၏ အခြေခံမှုများကို ပညာသားပါပါဖြင့် အသစ်ပြန်ဆိုထားသော ဘာသာပြန်ချက် အချို့ကစိန် ခေါ်လျက် ရှိနေပါသည်။ သူတို့၏ရည်ရွယ်ချက်မှာ မိန်းမဝတ္တရားနှင့် ပတ်သက်သော ခေတ်သစ်အတွေးအခေါ်များ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများသည် ကျမ်းစာနှင့် ကိုက်ညီကြောင်း ပြသရန်ဖြစ်ပါသည်။ အသစ်ရှာဖွေတွေ့ရှိချက်ဟူ၍ အခြားမရှိပါ။ ယခုခေတ်သစ်မှ လူတို့၏ အတွေးအခေါ်နှင့် ကိုက်ညီမှုရှိရန်အတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကာလကြာမြင့်စွာ လက်ခံထားခဲ့သော အခြေခံမူများကို အဓိပ္ပာယ်မဲ့ ဖြစ်သွားအောင် ရှင်းလင်းပြောဆိုခြင်းသာဖြစ်ပါသည်။

            အသင်းတော်ထဲတွင် ဘုရားသခင်၏ အစီအစဉ်နှင့်ပတ်သက်သော အခန်းကဏ္ဍများစွာ ရှိပါသည်။ ပထမဆုံးသော ကဏ္ဍမှာ ဦးဆောင်မှုပိုင်းနှင့်ဆိုင်သော အစီအစဉ်ဖြစ်ပါသည်။ အသင်းတော်လူကြီးများ (သို့) ကြီးကြပ်သူများကို သိုးစုတော်အား အုပ်စိုးရန် သန့်ရှင်းသော ၀ိညာဉ်တော်က ခန့်ထားပါသည်။ (တ ၂၀း၂၈)။ သူတို့ကို သိုးစုအပေါ် တာဝန်ယူထားသူများအဖြစ် နှစ်သက်လက်ခံရန် ဖြစ်ပါသည် (၁ သက် ၅း၁၂)။ သူတို့၏စကားကို နားထောင်ရမည် (ဟေဗြဲ ၁၃း၁၇)။ အသင်းတော်တွင် မိန်းမအသင်း လူကြီးများထားဖို့ ပြဌာန်းထားခြင်းမရှိပါ။ သင်းထောက်မိ်န်းမများကား ရှိနိုင်ပါသည် (၁ တိ ၃း၈-၁၃။ ရော ၁၆း၁)။ ဤအချက်ကို တချို့ကလက်မခံကြပါ။ ကျမ်းစာကို အလေးအနက် လေ့လာသူသည် ဤအချက်နှင့် ပတ်သက်၍ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်ရပါမည်။

            အသင်းတော်၏ လူပရိတ်သတ်အစည်းအဝေး၌ ပါ၀င်သည့် ကဏ္ဍ၌လည်း အစီအစဉ်ရှိပါသည်။ တရားဟောခြင်း၊ ကျမ်းစာသင်ပေးခြင်းနှင့် အသင်းတော်၏ လူပရိတ်သတ် စည်းဝေးခြင်းတို့၌ ဆုတောင်းခြင်းကို ယောက်ျားများသာ ပြုလုပ်ရမည်ဟု ပြဌာန်းထားပါသည် (၁ တိ ၂း၈-၁၄။ ၁ ကော ၁၁း၃-၁၆။ ၁ ကော ၁၄း၃၄၊ ၃၅)။ ဤအပိုင်းကို ရှေ့တွင် အသေးစိတ်ရှင်းပြပါမည်။ အသင်းတော်အစည်းအဝေးတွင် ယောကျ်ားများသာ ဦးဆောင်ရန် ဘုရားသခင်ချမှတ်ထားသော အစီအစဉ်ကို အမျိုးသမီးများက အလွဲမယူရပါ။

            ဤခေါင်းစဉ်ကို ဆွေးနွေးရန် ဤသင်ခန်းစာကို ရေးထားခြင်းမဟုတ်ပါ။ မိသားစုအတွင်း၌ ဘုရားသခင်ချမှတ်ထား သော အစီအစဉ်ရှိကြောင်းကို ဖော်ပြချင်ပါသည်။ ယောကျာ်းသည် ဦးခေါင်းဖြစ်ပြီး မိဘနှစ်ပါးသည် သားသမီးများအပေါ်တွင် အခွင့်အာဏာရှိသူများ ဖြစ်ကြသည် (ဧ ၅-၆)။ ခေတ်သစ်အမြင်နှင့် လှုပ်ရှားမှုများ သို့မဟုတ် တချို့ပညာရပ်များ (လူမှုဗေဒ၊ စိတ္တဗေဒ စသည်များ)က ဤအချက်ကို နည်းမျိုးစုံဖြင့် စိန်ခေါ်လျက်ပါသည်။

ယောကျ်ားများ၏ တာဝန်ဝတ္တရားများ

            အိမ်ထောင်နှင့်တကွ အသင်းတော်တွင် ယောကျ်ားသည် ဦးဆောင်သူ ဖြစ်ရပါမည်။ ကိုယ်တော်သည် ယောကျ်ား များကိုသာ တမန်တော် (၁၂)ပါးအဖြစ် ခန့်အပ်ခဲ့သည့်အတိုင်း အသင်းလူကြီးသည် ယောကျာ်းများသာဖြစ်ရပါမည်။ အမျိုး သမီးများအား ယောကျာ်းများနည်းတူ အသင်းတော်ခေါင်းဆောင်၊ တရားဟောဆရာ၊ အသင်းလူကြီးဖြစ်စေဖို့ တောင်းဆိုလာပြီး ဧဝံဂေလိဦးစားပေးသော အသင်းတော်များသို့ပင် ထိုးဖောက်၍ ၀င်ရောက်လာပြီဖြစ်သည်။ အမျိုးသမီး သင်းအုပ်၊ အမျိုးသမီးသင်းလူကြီးနှင့် အမျိုးသမီး ခေါင်းဆောင်များသည် တစ်နေ့တခြား တိုးပွားလျက် ရှိနေပါသည်။ သူတို့ သည် ဤအချက်အကြောင်းအရာနှင့် ပတ်သတ်၍ ဖော်ပြသော နှုတ်ကပတ်တော်ကို ဂရုမစိုက်ဘဲ သို့မဟုတ် လျစ်လျှူရှုခဲ့ကြ သည်။

            ဆုတောင်းနေစဉ်နှင့် တရားဟောနေစဉ်အတွင်း ယောကျာ်း၏ ဦးခေါင်းကို ဖုံးအုပ်ထားသော အရာတစ်ခုမျှ မရှိစေ ရပါ။ ခေါင်းအုပ်ပြီးဆုတောင်းလျှင် အသရေကို ရှုတ်ချရာရောက်၏ (၁ ကော ၁၁း၄၊ ရ)။ ဦးခေါင်းကို မအုပ်ဘဲထားခြင်းသည် ဘုရားသခင်၏ ပုံသဏ္ဍန်တော်နှင့် ဘုန်းတော်ကို ထင်ရှားပြသခြင်းဖြစ်သည်။ သူ၏ဦးခေါင်းသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ ပုံသဏ္ဍန်တော်နှင့် ဖွင့်လှစ်ပြသထားသော ဘုန်းတော်ကို ကိုယ်စားပြုပါသည်။ မိန်းမ၏ ဖုံးအုပ်ထားသော ဦးခေါင်းနှင့် ဆံပင်သည် ယောကျ်ား၏ ဘုန်းကိုဖုံးအုပ်ထားခြင်းကို ကိုယ်စားပြုပါသည်။

            ယောကျ်ားများသည် မိမိတို့၏ အိမ်ထောင်တွင် ဦးဆောင်မှု (သို့) ဦးခေါင်းဖြစ်ခြင်း ဆိုင်ရာတာဝန်ကို ယူရမည်။ ဤနေရာတွင် ၀ိညာဉ်ရေးရာဦးဆောင်မှုလည်း ပါ၀င်ပါသည်။ အသင်းတော်အတွက် ခရစ်တော်ပြသသည့် ချစ်ခြင်းပုံသက် သေကို အတုယူပြီး ယောကျ်ားက မိမိမယားကို ချစ်ရမည်။ (ဧ ၅း၂၅-၂၉)။ အိမ်ထောင်တွင် ဆုတောင်းကြသောအခါ ယောကျာ်းက ဦးဆောင်ရမည်သာမက အိမ်သားများအားကျမ်းစာသင်ပေးခြင်းကိုလည်း တာဝန်ယူရပါမည်။ ဤကဏ္ဍများ တွင် မိန်းမအားအတင်းဦးဆောင်ခိုင်းခြင်းသည် ဘုရားသခင်၏ အစီအစဉ်ကို ပြောင်းပြန်လှန်လိုက်ခြင်းပင်ဖြစ်သည်။ ယောကျ်ားဘက်မှ ၀ိညာဉ်ရေးရင့်ကျက်မှုမရှိသောကြောင့် ယုံကြည်သူမျှသာ သဘောထားပြီး မိဘနှစ်ပါးစလုံးတွင် သားသမီးများကို ဘုရားသခင်၏အလိုတော်နှင့်အညီ ကျွေးမွေးပြုစုခြင်း၊ ဆုံးမသွန်သင်ခြင်းရှိမရှိ ကြည့်ရမည့်တာဝန်ရှိသည် (ဧ ၆း၄)။ မိဘနှစ်ပါးစလုံး ဤကဏ္ဍတွင်ပါ၀င်ရကြမည်။ မိဘနှစ်ဦးအနက် တစ်ဦးက မယုံကြည်သူဖြစ်လျှင် ယုံကြည်သော သူက ထိုအလုပ်ကို တာဝန်ယူလုပ်ရပါမည်။

            အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အမျိုးသမီးများကို အမျိုးသားများက ရိုသေစွာဆက်ဆံရပါမည် (၁ တိ ၅း၂၊၃)။ အသက်ကြီးသောအမျိုးသမီးများကို မိခင်ကဲ့သို့လည်းကောင်း၊ ငယ်ရွယ်သူတို့ကို ညီမကဲ့သို့လည်းကောင်း စိတ်နှလုံး ဖြူစင်စွာ ဆက်ဆံရပါမည်။ ဤကဲ့သို့သော ရိုသေလေးစားမှုမျိုးသည် လူ့အဖွဲ့အစည်းများနှင့် အသင်းတော်များစွာတို့တွင် ရှားပါးသောအရာဖြစ်လေပြီ။

            ယောကျ်ားသည် မိမိအတွက်သာမက မိသားစုတစ်ခုလုံးအတွက်ပါအလုပ်လုပ်၍ ထောက်ပ့ံရမည် (၂ သက် ၃းရ-၁၂။ ၁ တိ ၅း၈)။ အနောက်နိုင်ငံများ၌ ကျောင်းတတ်နေသော (သို့) အခြားသောအလုပ်တစ်ခုခုလုပ်နေသော ယောက်ျားအား မိန်းမက အလုပ်လုပ်ပြီး ထောက်ပ့ံရသောအဖြစ်သည် ဘုရားသခင်၏ အစီအစဉ်ထဲတွင် မပါရှိပေ။ ထိုကဲ့သို့ပြုခြင်းသည် အိမ်ထောင်ဘက်၏ အခန်းကဏ္ဍကို တဖြည်းဖြည်းထိခိုက်စေပြီး ခါးသီးသော နားလည်လွှဲခြင်းမျိုးစေ့ကို စိုက်ပျိုးရာ ရောက်တတ်သည်။ အလုပ်လုပ်သော ယောကျ်ားက မိမိတို့၏လူနေမှု အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်လိုသောအားဖြင့် မိန်းမဖြစ်သူအား အလုပ်လုပ်စေခြင်းသည် မိန်းမကို အပြစ်သွေးဆောင်ခြင်းခံရန် ပို့ဆောင်ရာရောက်သလို ကလေးများထံမှ မိခင်ကို ဓါးပြတိုက်ယူလိုက်ခြင်းလည်း ဖြစ်ပါသည်။ ယောက်ျားများသည် အိမ်ထောင်၏ ၀န်ထုပ်ကို ထမ်းပိုးရမည့်အပြင် မိသားစုများမပျက်စီးအောင် ထိန်းသိမ်းရမည် ဖြစ်သည်။

အမျိုးသမီးများ၏ တာဝန်ဝတ္တရားများ

            အသင်းတော်တွင် အမျိုးသမီးများပါ၀င်လုပ်ဆောင်သည့် ထူးခြားသောအခန်းကဏ္ဍကို ဤနေရာတွင် ချီးကျူးဂုဏ်ပြု ရပါမည်။ သူတို့သည် သခင်ဘုရားအား ထောက်မကူညီရာတွင် အစဦးကတည်းက အဓိက ပါ၀င်သူများဖြစ်ကြသည်။ သခင် ယေရှု၏ကားတိုင်း၌ နောက်ဆုံးအချိန်ထိ နေသောသူများဖြစ်ကြသလို အချႋုင်းဂူသို့ ပထမဆုံးရောက်သောသူများဖြစ်ကြ သည်။ မကြာသေးမီကာလများ၌ လူအများအပြားကို သာသနာပြုနယ်မြေများသို့ ပို့ဆောင်ပေးသူများဖြစ်ကြသည်။ ဤအချက်သည် ယောကျ်ားများ အတွက်ရှက်စရာဖြစ်သည်။ အမျိုးသမီးများသည် အသင်းတော်၏ လှုပ်ရှားမှုအများအပြား တွင် ကျောရိုးသဖွယ်ဖြစ်ကြသည်။ ၎င်းလှုပ်ရှားမှုများတွင် ကူညီမစခြင်းအလုပ် Sunday School လုပ်ငန်း။ သာသနာပြု လုပ်ငန်း၊ ဆုတောင်းခြင်း၊ ၀တ်ပြုအစည်းအဝေးနှင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခြင်း စသည်တို့ ပါ၀င်သည်။ သူတို့သည် ယောက်ျားများထက် ဧဝံဂေလိတရားဝေငှရာတွင် ပို၍ စိတ်အားထက်သန်ကြပြီး အိမ်၌ ကျမ်းစာလေ့လာခြင်းကို လည်း ပို၍လုပ်ကြပါသည်။ ဤအရာအားလုံးသည် အိမ်နှင့်အသင်းတော်ထဲတွင် ယောက်ျားများ၏ အားနည်းချက် ဖော်ပြ လျက်ရှိပါသည်။ အထက်ဖော်ပြခဲ့သော ကဏ္ဍများတွင် ယောက်ျားများ၏ အခန်း ကဏ္ဍသည်အရေးပါမှု ပိုမိုလျော့နည်းသွား စရာအကြောင်း မရှိပေ။ များစွာသောအပိုင်း၌ ဤအလုပ်များကို ယောကျ်ားများလုပ်ကြပါက အမျိုးသမီးများ နှစ်သက်ကြမည် ဖြစ်ပါသည်။ အမျိုးသမီး တန်းတူညီမျှဖြစ်ရေးလှုပ်ရှားမှုကလည်းကောင်း၊ အိမ်ထောင်ဘက်ချင်း တန်းတူညီတူရှိရေးကို တွန်းအားပေးသူများက လည်းကောင်း ယောက်ျားများအား သူတို့၏တာဝန် ၀တ္တရားများကို ထိရောက်စွာ ဆောင်ရွက်ရေး တွင် တိုးတက်စေနိုင်မည်မဟုတ်ပါ။ ၎င်းအစား ယောက်ျားများက သူတို့တာဝန်ဝတ္တရား ကျေပွန်အောင် လုပ်ဆောင်ချက် မှန်သမျှကို ထိခိုက်စေလေသည်။

            အမျိုးသမီးများသည် ဆုတောင်းနေချိန်တွင်ဖြစ်စေ၊ ပရောဖက်ပြုနေချိန်တွင်ဖြစ်စေ၊ ခေါင်းကိုအုပ်ထားရပါမည် (၁ ကော ၁၁း၅-၇)။ အသင်းတော်အစည်းအဝေးများတွင် မိန်းမများသည် ဦးခေါင်းအုပ်ထားရပါမည်။ ခေါင်းအုပ်ခြင်းသည် သူမအား အုပ်စိုးသော သခင်ဘုရားနှင့် ယောက််ျားကို အသိအမှတ်ပြုခြင်းဖြစ်သည် ( ၁ ကော ၁၁း၁၀)။ ခေါင်းအုပ်ခြင်းနှင့် ဆံပင်ဖြင့် ခေါင်းကိုဖုံးအုပ်နေခြင်း၊ (၁ ကော ၁၁း၁၅) သည် လူတချို့ ထင်သည့်အတိုင်းမဟုတ်ပါ။ ဤအချက်ကို ငြင်းဆိုချင် သောသူ တစ်ယောက်ယောက်ရှိလျှင် ရှေးဦးအသင်းတော်မှ အမျိုးသမီးများသည် ခေါင်းအုပ်မပါဘဲသွားလာနေသည့် အလေ့ အထမရှိခဲ့ကြောင်းကို သတိထားဖို့ လိုပါသည် (၁ ကော ၁း၁၆)။ လူအများစုက ခေါင်းအုပ်ခြင်းသည် ယဉ်ကျေးမှုအရ ခေတ်နောက်ကျသွားပြီးဖြစ်သလို လိုလည်းမလိုအပ်တော့်သဖြင့် ဆက်လက်ကျင့်သုံးဖို့ ငြင်းဆိုလျက်ရှိကြသည်။

            အမျိုးသမီးများ၏ အဓိကအကျဆုံး အိမ်ထောင်ဝတ္တရားအကြောင်းကို ၁ တိ ၅း၁၄ နှင့် တိ ၂း၄၊၅ တွင် ဖော်ပြထား ပါသည်။ ဤအချက်ကို မိသားစုအား ထောက်ပံ့နိုင်ရန် နေအိမ်ပြင်ပသို့ ထွက်အလုပ်လုပ်ရသူများနှင့် မိဘတပါးတည်းရှိ၍ မိသားစုအတွက် အလုပ်လုပ်ရသော အမျိုးသမီးများကို ဝေဖန်နိုင်ရန်အတွက် အဓိပ္ပာယ်ကောက်၍ မရပါ။ လင်နှင့်မယား အပေါ်တွင် လည်းကောင်း၊ အိမ်ထောင်အပေါ်တွင်လည်းကောင်း၊ ယခုခေတ်လူ့အဖွဲ့အစည်းများ၏ ဖိစီးမှုက ကြီးမားလှပါ သည်။ အလုပ်လုပ်ရာတွင်လည်းကောင်း၊ ၀န်ထမ်းလောကတွင်လည်းကောင်း၊ နိုင်ငံရေးလောကတွင်လည်းကောင်း၊ အမျိုးသမီးများသည် အစွမ်းဆောင်နိုင်ဆုံးသောသူများ ဖြစ်လာကြလေပြီ။ သို့ဖြစ်ငြားသော်လည်း လက်ထပ်ပြီး မွေးဖွားနို်င် စွမ်းရှိသည်မှန်လျှင် သူတို့၏ မူလဝတ္တရားမှာ မယားနှင့် မိခင်ဝတ္တရားပင်ဖြစ်ပါသည်။

            အပျိုကြီးများနှင့် ပါတ်သက်၍ ပြောစရာရှိပါသည်။ သူတို့သည် အထက်ဖော်ပြခဲ့သည့် အိမ်မှုဝတ္တရားများနှင့် ကင်းလွတ်ကြသည်။ ထိုသို့အိမ်ထောင်ရေးတာဝန်မှ ကင်းလွတ်ကြသောကြောင့် သခင်ဘုရားအတွက် လွတ်လပ်စွာ အစေခံခွင့် ရှိကြသည်။ အပျိုကြီးအဖြစ်နေရခြင်းကြောင့် သူတို့၌ အခွင့်အရေး များစွာရှိပါသည်။ အထူးသဖြင့် သခင်ဘုရား၏ အမှုတော်လုပ်ငန်းအတွက် ဖြစ်ပါသည်။ အပျိုကြီးအဖြစ်နေခြင်းဖြင့် သခင်ဘုရားကို သာ၍ကောင်းစွာ အစေခံနိုင်မည်ဆိုလျှင် ကျမ်းစာက ထိုအဖြစ်ကို ချီးကျူးထားပါသည်။ (၁ ကော ရး ၃၄၊၃၅)။ မည်သည့်ဖြစ်ရပ်၌မဆို မယုံကြည်သူ (သို့) ဇာတိခရစ်ယာန်ကို မှားယွင်းစွာ လက်ထပ်သည်ထက် အပျိုးကြီးအဖြစ်နေပြီး သခင်ဘုရားနှင့်အတူ လျှောက်လှမ်းခြင်သည် သာ၍ ကောင်းမြတ်လှပါသည်။

နိဂုံးချုပ်နှင့် မိမိိအတွက်ခံယူကျင့်သုံးခြင်း

            ဤအခန်းတွင် ဖော်ပြထားသောအချက်အများစုမှာ ယနေ့ခေတ်ရေစီးကြောင်းနှင့် ဧဝံဂေလိအသိုုင်းအဝိုင်း၌ပင်လျှင် ဆန့်ကျင်ဘက် ဖြစ်လျှက်ရှိ၏။ အချက်အလက်များကို အသေးစိတ်ဆွေးနွေးခြင်းဖြင့် အကျိုးအပြစ်အမျိုးမျိုးကို ရှာဖွေသင့် ပါသည်။ ပြောင်းလဲနေသော ဓလေ့ထုံးစံနှင့် ကျမ်းစာ၏ အခွင့်အဏာကို တရားလွန် ပိုမယူဘဲ အကြောင်းအရာတစ်ခုလုံးကို ခြံုငုံခံယူပါက ဤအကြောင်းအရာနှင့် ပါတ်သက်၍ အသင်းတော်၏ သမိုင်းဝင် ရပ်တည်ချက်ကို ထောက်ပြသော ကျမ်းချက် များက အထောက်အကူ ပေးလိမ့်မည်။ ရိုးရာဓလေ့ ထုံးစံထက် ကျမ်းစာက သာ၍အရေးကြီးပါသည်။

            ယနေ့အခါတွင် လွတ်လပ်ခြင်းနှင့် ညီတူညီမျှဖြစ်ခြင်းနှင့် ပတ်သက်၍ ထူးဆန်းသော သဘောထားများရှိကြပါသည်။ ခရစ်တော်၌ လွတ်လပ်ခြင်းဆိုသည်မှာ မိမိ၏အလိုဆန္ဒ ပြည့်စုံဖို့ ရှာကြံခြင်းမဟုတ်ဘဲ ဘုရားသခင်၏ အလိုတော်ကို ဆောင်နို်င်ရန် အပြစ်၏ကျွန်ဘဝမှ လွတ်မြောက်ခြင်းဖြစ်သည်။ တန်တူညီမျှဖြစ်ခြင်း၊ အခြားသောသူများအပေါ် သတ်မှတ် ပေးသည့်  ၀တ္တရာများနှင့် တူညီခြငိးကို မဆိုလိုဘဲ ခရစ်တော်၏ အသွေးတော်ကြောင့် ခရစ်တော်၌ ညီမျှစွာ လက်ခံထားခြင်း ဖြစ်သည်။ သမ္မာကျမ်းစာ၏ နည်းလမ်းသည် လောကီသားများ၏ နောက်ဆုံးပေါ် တွေးခေါ်စဉ်းစားချက်နှင့် မတူသလို နောင်တွင်လည်း ဘယ်တော့မှ တူမည်မဟုတ်ပေ။ ဘုရားသခင်က “ငါ့နည်းသည်သင်တို့၏ နည်းနှင့်မတူူ၊ ငါ့အကြံအစည် သည်သင်တို့၏ အကြံအစည်နှင့်မတူ”ဟု မိန့်ဆိုထားသည်။ ဤအချက်မှန်ကန်ကြောင်း ကျွနု်ပ်တို့ ၀မ်းမြောက်စွာ လက်ခံနိုင်ကြလိမ့်မည်။ သမ္မာကျမ်းစာနှင့် ကိုက်ညီသော နည်းလမ်းသည် မိမိကိုယ်ကို ငြင်းပယ်ခြင်းဖြစ်သည်။ ယနေ့ခေတ် ပေါ်နည်းလမ်းမှာ သင့်အသက်တာတွင် ဘုရားသခင်၏ အလိုတော်ကို အလေးထားစရာမလိုဘဲ သင့်ကိုသင် ကျေနပ်စေရန် မိမိဆန္ဒအတိုင်း ပြုလုပ်ဖို့ဖြစ်သည်။

            ဘုရားသခင်သည် သူ့အစီအစဉ်တော်ကို မည်သည့်ကဏ္ဍတွင် တည်ထောင်ထားသည်ဖြစ်စေ ယင်းကိုလေးစား ထိုုက်ပါသည်။ အကြောင်းမှာ ဘုရားသခင်၏ အကြံအစည်တော်အတိုင်း လုပ်သောအခါ အကျိုးရှိခြင်းနှင့် ငြင်းပယ်လျှင် အန္တရာယ်ရှိခြင်းတို့ကြောင့်ဖြစ်ပါသည်။ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း ငါ့စကား တည်လိမ့်မည်ဟု သခင်ဘုရား မိန့်ဆိုခဲ့ပါသည်။

 

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

လမ်းညွန်ချက်

အသင်းတော်၌ ဘုရားသခင်ချမှတ်ထားသော တာဝန်ဝတ္တရားများ          သင်ခန်းစာ(၈)

၁။        ဧဝကို ဖန်ဆင်းရခြင်းအကြောင်းထဲမှ မိန်းမများ၏ ၀တ္တရားအကြောင်းကို သင်မည်သည့်အရာ ပြောနိုင်ပါသနည်း  (က ၂း၁၈။ ၃း၁၆)။

 

၂။         မိန်းမများသည် အသင်းတော်၌ ဘုရားသခင်၏ ဘုန်းတော်ကို မည်ကဲ့သို့ ထင်ရှားစေနိုင်ကြသနည်း (၁ တိ ၂း၉-၁၅)။

 

၃။        ရော ၁၆း၁။ ဖိ ၄း၂၊ ၃။ တ ၉း၃၆-၃၉ တို့ကို ဖတ်ပါ။ ဤကျမ်းပိုဒ်များထဲမှ ဘုရားသခင်နှင့် သူ၏လူများကို အစေခံရာ တွင် မိန်းမများက မည်သည့်ပုံသက်သေကောင်းများ လုပ်ခဲ့ကြကြောင်း ရှာဖွေဖော်ပြပါ။ အမှုတော်ကိုသာ၍ ထိရောက်စွာဆောင်နို်င်ရန် သင့်အား ခွန်အားပေးသော ပုံသက်သေတစ်ခုကို ကျမ်းစာထဲမှ ဖော်ပြပါ။

 

၄။        ဂလာ ၃း၂၈ နှင့် ဧ ၅း၂၂။ ၆း၁။ ၆း၅ ကိုနှိုင်းယှဉ်ပါ။ မည်သည့်နည်းလမ်းအားဖြင့် ခရစ်တော်၌ ကျွန်ုပ်တို့အား လုံးတူညီကြပါသနည်း။ ယောက်ျားများနှင့် မိန်းမများသည် ၀တ္တရားအရာ၌ မည်ကဲ့သို့ ခြားနားကြပါသနည်း။

 

၅။        အသင်းတော်၌ ယောက်ျားများ၏ တာဝန်ဝတ္တရားများသည် အဘယ်နည်း။ (၁ တိ ၂း၈။ ၃း၁။ ၂၊ ၅း၁၊ ၂။ ၂ တိ ၄း၂)။

 

၆။        အသင်းတော်အစည်းအဝေးတွင် ယောက်ျားများက ဦးခေါင်းကို မအုပ်ဘဲ မိန်းမများက ဖုံးအုပ်ကြသည့် အကြောင်းမှာ မည်သည့်အရာကို ပုံဆောင်ခြင်း ဖြစ်သနည်း (၁ ကော ၁၁း၁-၆)။

 

၇။        အသင်းတော် အစည်းအဝေး၌ လည်းကောင်း၊ အိမ်၌လည်းကောင်း၊ နှုတ်ကပတ်တော်ကို သင်ကြားရာတွင် ယောက်ျားများနှင့် မိန်းမများသည် မည်ကဲ့သို့ ပါ၀င်လုပ်ဆောင်ကြရမည်နည်း။

 

၈။        အသင်းတော်ထဲမှ ယောက်ျားနှင့် မိန်းမတို့၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်သော ကျမ်းစာသွန်သင်ချက်သည် မိန်းမများကို သိမ်ငယ်စေသည်ဟူ၍ ဆန့်ကျင်ပြောဆိုချက်ကို သင်မည်ကဲ့သို့ ဖြေကြားမည်နည်း။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

ရှင်းလင်းချက်များ

အသင်းတော်အစည်းအဝေးများ                                                                                                            သင်ခန်းစာ(၉)

            “ ခြေဖဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့် အသင်းတော်အဖို့အလို့ငှာ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်း ဖြစ်စေတော်မူ၏။ ထိုအသင်းတော်ကား အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံစေတော်မူသော သူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ်ဖြစ်သတည်း။

            သခင်ဘုရား၏လူများ စည်းဝေးခြင်း၊ အထူးသဖြင့် သခင်ဘုရားနေ့ (Sunday)၌ စည်းဝေးခြင်းသည် အသင်းတော် မိတ်သဟာယ၏  ဗဟိုချက်ပင်မပင်ဖြစ်သည်။ အမှန်ဆိုလျှင် မိတ်သဟာယနှင့် လုပ်ငန်းတော်ကို တစ်ပတ်တစ်ကြိမ်ထက် ပိုမိုလုပ်ဆောင်သင့်ပါသည်။ သို့ရာတွင် အစည်းအဝေးများခြင်းသည် တစ်ခါလေ တိုးတက်မှုကို ဖြစ်စေနို်င်သလို ဆုတ်ယုတ်မှုလည်းဖြစ်စေတတ်ပါသည်။ အသင်းတော်ဝင် ယုံကြည်သူများသည် မိသားစုဝင်များကဲ့သို့ပင် တစ်ဦးကိုတစ်ဦး အားပေးနိုင်ရန် လည်းကောင်း၊ တစ်ယောက်ကိုတစ်ယောက် နှစ်သက် ပျော်ရွှင်စေနိုင်ရန်လညး်ကောင်း၊ အထူးသဖြင့် သူတို့အလည်၌ သခင်ဘုရားတည်ရှိခြင်းနှင့် နှုတ်ကပတ်တော်ကို ခံယူစေခြင်းငှာလည်းကောင်း စည်းဝေးခြင်းပြုရပါသည်။ လူဦးရေအများဆုံးသော အသင်းတော်များ ကိုအကဲ ဖြတ်သုံးသပ်ရာတွင် အစည်းအဝေးများ၌ အသက်ပါသလား။ အကျိုးရှိသလား။ ဘုရားသခင်၏အုပ်စိုးမှု ပါသလား ဟူသောအချက်များကို အခြေပြု၍ သုံးသပ်ရပါမည်။ စစ်မှန်သော မိတ်သဟာယဆိုသည်မှာ  ခရစ်တော်၏ ကိုယ်၌ ၀ိညာဉ်ရေးဝေငှခြင်းဖြစ်ပါသည်။

            ကျွနု်ပ်တို့၏ သဘောထားနှင့် ရင့်ကျက်မှုပမာဏမြင့်မားလာပြီဆိုလျှင်  ကျွန်ုပ်တို့အလယ်၌ ကိုယ်တော်၏ မျက်မှောက်တော်ရှိခြင်း မင်္ဂလာမှတစ်ပါး ကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ သခင်ဘုရားအားကိုးကွယ်၍ အစေခံကြမည် ဖြစ်ပါသည်။ သို့ရာတွင် ဤကဲ့သို့ ၀ိညာဉ်ရေးမြင့်မားသောအနေအထားသို့ လူအနည်းငယ်သာ ရောက်ရှိကြပါ သည်။ အသင်းတော်စည်းဝေးခြင်းသည် ကြီးမားသော မျှော်လင့်ခြင်းဝန်ထုပ်ကိုု ထမ်းလျက်ရှိပါသည်။ လူတို့သည် နွေးထွေးမှုနှင့် မေတ္တာကို ရှာဖွေနေကြပြီး အိမ်၌ကြိုဆိုခြင်း ခံရကြသလို ဂရုစိုက်ခြင်း ခံချင်ကြသည်။ တရားဟော ပလ္လင်ပေါ်မှ ဟောကြားသော ဒေသနာ အရည်အသွေးကို စိတ်ဝင်စားကြသည်။ တရားဟောကောင်းသူတို့သည် လူအများဆုံးကို အစဉ်ဆွဲဆောင်နိုင်သည်။ ထိုအမျှမက မတူညီသော လိုအပ်ချက်များအား ဖြည့်စွမ်းပေးနိုင်သည့် အစေခံခြင်းကို တောင်းဆိုမှု တိုးပွားလာလျက်ရှိသည်။ ယနေ့အသင်းတော်များ၌ ဝိညာဉ်ရေးရာ ဗဟိုပြုခြင်းကို ဆက်လက်ထိန်းသိမ်းခြင်းသည် တကယ်စိန်ခေါ်ချက်တစ်ရပ်ပင် ဖြစ်သည်။

            အသင်းတော်ကို ရှုပ်ထွေးသော ပြဿနာနှင့် ကြီးမားသော ဖိစီးမှုများအားဖြင့် ယနေ့ခေတ်ကာလက စိန်ခေါ်လျက် ရှိပါသည်။ လောကီသားများက တန်ဖိုးဖြတ်သည့်စနစ်သည် မကြာခဏဆိုသလို ကျွန်ုပ်တို့၏ စံချိန်ဖြစ်လာတတ်ပါသည်။ ရုပ်မြင်သံကြားအစီအစဉ်သည် အချိန်နှင့် လူ့အာရုံစူးစိုက်မှု၏ ယှဉ်ပြိုင်ဘက် ဖြစ်လာ သည်။ အားကစားနှင့် အခြားသော ဖျော်မြေရေးအစီအစဉ်များသည်လည်း အသင်းတော်အစည်းအဝေးကို ငြီးငွေ့ စရာအဖြစ်သို့ ရောက်စေတတ်သည်။ ဆေးဝါးနှင့် မူးယစ်ဆေးဝါး အသုံးပြုမှုတိုးပွားလာခြင်းသည် ကြီးမားသော ပြဿနာသစ်များကို ဖြစ်ပွားစေသည်။ ရောခ်တေးဂီတ Rock music သည် လူငယ်များ၏စိတ်ကို ဖမ်းဆီးချုပ် နှောင်၍ ပျက်စီးခြင်းသို့ ပို့ဆောင်ပေးသည်။ လူ့အဖွဲ့အစည်းတွင် အကျင့်ပျက်ခြင်းနှင့် အိမ်ထောင်ပြိုကွဲခြင် တို့သည် ချွင်းချက်အနေအထားမျိုးမဟုတ်တော့ဘဲ စည်းကမ်းသဖွယ် ဖြစ်နေသည်။ နှစ်စဉ်နှစ်တိုင်း အလုပ်ဌာနသို့ ၀င် ရောက်လုပ်ကိုင်သော မိခင်အရေအတွက် များပြားလာသဖြင့် မကြာခဏဆိုသလို သားသမီးများ ကျောင်းဆင်း လာသောအခါ ကြိုဆိုမည့်သူ မရှိဘဲ လူကင်းမဲ့သော နေအိမ်သို့ ပြန်သွားရမည့်အခြေသို့ ရောက်ရှိနေကြသည်။ ကျွနု်ပ်တို့သည် ဤခေတ် ဤကာလတွင် လောကသားများကို ခရစ်တော်အကြောင်း ပြောပြလျက် ဤစိန်ခေါ်မှု များကို ဖြေရှင်းကြမည်ဆိုလျှင် အသင်းတော်သည် အစဉ်အလာဆက်ခံ အသုံးပြုခဲ့သော နည်းစနစ်များကို ပြောင်း လဲပစ်ကြရမည်မှာ ထင်ရှာနေပါသည်။

ကနဦးအသင်းတော်၏ အစည်းအဝေးများ

            ကနဦးယုံကြည်သူများ၌ ဘုရားရှိခိုးကျောင်း မရှိသဖြင့် နေအိမ်၌လည်းကောင်း၊ အခြားသင့်တော်သည့် နေ ရာများ၌လည်းကောင်း စည်းဝေးခဲ့ကြသည်။ ရဟူဒီဝါဒ (သို့) ဂျူး အယူဝါဒမှ ခွဲထွက်ခြင်းသည် သာ၍ ထင်ရှားလာ ပြီး ဖြစ်သောကြောင့် ယုံကြည်သူများသည် တရားဇရပ်သို့ မသွားကြတော့ချေ။ စောစောပိုင်းနှစ်များက ယုံကြည် သူများစည်းဝေးရာ ယေရှုရှလင် ဗိမာန်တော်သည် (အေဒီ ရ၀)တွင် ဖျက်ဆီးခြင်းခံလိုက်ရသဖြင့် ၎င်းနှင့် ပတ် သက်သောအရာအားလုံးမှာ သုတ်သင်ရှင်းလင်းခြင်း  ခံခဲ့ရသည်။ ထိုအခါ အရိုးစင်းဆုံး အစီအစဉ်တစ်ခုကို တည် ထောင်လာကြသည်။ ယုံကြည်သူတို့သည် မြင်နိုင်သော အဆောက်အဦးတွင် စုဝေးမည့်အစား သခင်ယေရှုနာမ တော်၌ နေရာတိုင်းတွင် စည်ဝေးလာကြသည်။ ဘုရားသခင်သည် သန့်ရှင်မြင့်မြတ်သော အဆောက်အဦးများတွင် မကိန်းဝပ်ဘဲ လူ့အထဲတွင် ကိန်းဝပ်တော်မူပါသည်။ ယုံကြည်သူတို့သည် ယေရှုခရစ်အားဖြင့် ဘုရားသခင်ထံသို့ ကိုယ်တိုင်ဝင်ခြင်းဖြင့် ဝတ်လုံဝတ်သော ယဇ်ပုရောဟိတ်များ၊ ဆီမီးတိုင်ထွန်းခြင်းနှင့် အမွှေးနံ့သာပူဇော်ခြင်းတို့ကို ပယ်ရှားလျက်အစားထိုးလိုက်ကြသည် (ဟေဗြဲ ၆း၁၉)။

            (တ ၂၀းရ)တွင် ယေရှုထမြောက်သောနေ့ ဖြစ်သည့် တနင်္ဂနွေနေ့၊ ရက်သတ္တပတ်၏ ပထမနေ့ကို ခရစ် တော်တို့ စည်းဝေးသော နေ့ရက်အသစ်အဖြစ် အသုံးပြုလာကြကြောင်း တွေ့ရှိရသည်။ ထိုနေ့တွင် “မုန့်ဖဲ့ခြင်း” ဟုခေါ်သော သခင်ဘုရား၏ ညစာစားပွဲကို ပြုလုပ်ကြသည်။ ညစာစားပွဲပြီးသည့်နောက် ရှင်ပေါလုနှင့်အခြားသူများ တရားဟောကြသည်။ ဤပွဲတော်မင်္ဂလာမဝင်မီ သာမန်အစာကို ဝေမျှစားသုံးသော မေတ္တာစားပွဲ စားကြသည် (၁ ကော ၁၁း၂၀-၂၂။ ယု ၁၂)။ (၂ ရာစု)အတွင်း ရေးသားခဲသော Didacha ခေါ် စာအုပ်၌ “သခင်ဘုရား၏ နေ့၌စည်းဝေး၍ သင်၏ ပူဇော်သက္ကာ သန့်ရှင်းနိုင်ဖို့ရန် မိမိအပြစ်ကို ပထမဦးစွာ ၀န်ချတောင်းပန်၍ မုန့်ဖဲ့ပြီး ကျေးဇူးတော်ချီးမွမ်းပါ” ဟူ၍ တိုက်တွန်းထားပါသည်။

            အစည်းအဝေးတွင် ညီအစ်ကိုများစွာပါ၀င်လုပ်ဆောင်နိုင်သော အခွင့်အရေးရှိပါသည်။ “ညီအစ်ကိုတို့၊ အဘယ်သို့နည်း။ သင်တို့ စည်းဝေးကြသောအခါ ဆာလံသီချင်းကို ရသောသူ၊ ဆုံးမသြဝါဒစကားကို ရသောသူ၊ အခြားသောဘာသာစကားကို ရသောသူ၊ ဗျာဒိတ်တော်ကို ရသောသူ အနက်ဖော်ပြရာကို ရသောသူ အသီးသီး ရှိကြသည် ဖြစ်၍ခပ်သိမ်းသာအမှုတို့ကို တည်ဆောက်ခြင်းအလို့ငှာ စီရင်ကြလော့” (၁ ကော ၁၄း၂၆-၃၃)။ အသင်းတော်၏ အဓိကအစည်းအဝေးတွင် ယောကျာ်းတို့သည် ပရိတ်သက်ရှေ့တွင် ဝေငှဖို့ အခွင့်အရေး ရကြပြီး၊ ရရှိထားသော ၀ိညာဉ်ဆုကျေးဇူးများကို အသုံးချခွင့်လည်း ရကြပါသည်။ သခင်နှင့်ကျွနု်ပ်တို့သည် တူညီသော ၀ိညာဉ်အခြေံပေါ်တွေ့ဆုံကြသည်။ တစ်ခါတစ်ရံ ကျွန်ုပ်ပိုင်ရှင်သခင်၏ နေအိမ်တွင် တွေ့ဆုံကြသည် (ဖိ ၁၊၂)။ ဤနေရာတွင် ညီမျှသောညီအစ်ကိုတော်စပ်ခြင်း ရှိ၍ ရိုသေကြသည် (၁ တိ ၆း၁-၂)။ လှုပ်ရှားမှုအများဆုံးကို အလုပ်ပြီးစီးချိန်ဖြစ်သော ညပိုင်းတွင် လှုပ်ရှားလုပ်ဆောင်ကြသည်။ ထိုစည်းဝေးခြင်းသည် ကနဦးအသင်းတော်၏ အဓိကအစည်းအဝေးကြီးဖြစ်သော်လည်း ဆုတောင်းစည်းဝေး၊ ကျမ်းစာသွန်သင်ခြင်း၊ ဝေငှခြင်းစည်းဝေးများလည်း ရှိခဲ့ကြောင်းသံသယရှိရန် မလိုပေ။

ခေတ်သစ်အသင်းတော်၏ အစည်းအဝေးများ

            အထက်တွင် ဖော်ပြခဲ့သော အစည်းအဝေပုံစံနှင့် ယနေ့ ကျယ်ပြန့်စွာ အသုံးပြုသော စည်းဝေးခြင်းပုံစံ တို့  သည် အဓိကခြားနားချက်များ ရှိပါသည်။ လုပ်ငန်းဘော်အမျိုးမျိုးကို လုပ်ဆောင်ရန်အတွက် အခန်းမျာစွာပါသော အဆောက်အဦးကြီးများသည် ယနေ့သမာရိုးကျ ဖြစ်နေ၏။ အဆောက်အဦး၏ လှပမှု၊ တည်နေရာ၊ အတွင်းပိုင်း ပရိဘောဂနှင့် အဆောင်အယောင်ပစ္စည်းများ၊ ကလေးများအခန်းနှင့် အားကစားအမျိုးမျိုး ကစားနို်င်သောနေရာ ဟူ၍ ဧည့်သည်များလာရောက်အောင် ဆွဲဆောင်စရာ လုပ်ကြသည်။ ကောင်းမွန်စွာ လေ့ကျင့်ထားသော သံစုံသီချင်း၊ အဓိ်ကအပို်င်းကို အချိန်ယူကြသည်။ လူငယ်များ၊ ကလေးများ၊ လူကြီးများ၊ လင်မယားအတွဲများ၊ ကောလိပ်ကျောင်းသူကျောင်းသားများ၊ လူလွတ်များနှင့် အခြားအတန်းအစားများအတွက် သီးခြားအစည်းအဝေး များနှင့် အခြားအတန်းအစားမျာအတွက် သီးခြားအစည်းအဝေးများနှင့် လုပ်ဆောင်ခြင်းများလည်း ရှိပါသည်။ ယနေ့အသင်းတော်များ၏ ဗဟိုချက်မှာ တရားဟောဆရာ ဖြစ်၍ အထူးသဖြင့် ကျွမ်းကျင်သူ ဖြစ်ပါက ပို၍ ဗဟိုပြုကြသည်။ အမေရိကန်နိုင်ငံတွင် အဓိကအရေးပါသော အသင်တော်များသည် ကျော်ကြားသော အမှုတော်ဆောင် တစ်ဦးဦးကို အခြေပြုတည်ဆောက်ထားကြသည်။ အသင်းတော်ကြီးထွားတိုးပွားရေးအတွက် သူ၏ ကျော်ကြားမှုသည် အဓိကသော့ချက်ဖြစ်ပါသည်။

            အသင်းတော်များသည် တနင်္ဂနွေနေ့ နံနက်အစည်းအဝေးကိုသာ ဦးစားပေးပြီး တနင်္ဂနွေနေ့ ညနေပိုင်းအစီ အစဉ်၊ ဗုဒ္ဓဟူးနေ့ အစည်းအဝေးများကိုပင် မလုပ်တော့ခြင်းသည် တိုးပွားလာလျက်ရှိပါသည်။ Sunday School ဆိုလျှင်လည်း လွန်ခဲသော နှစ်တစ်ရာကျော်တုန်းက အင်္ဂလိန်နိုင်ငံတွင် စတင်ခဲ့သည် အချိန်မှစ၍ အသင်းတော်၏ စွဲမြဲသော အလုပ်တစ်ခု ဖြစ်ခဲ့သော်လည်း ထိုအချိန်နောက်ပို်င်း၌ တက်ရောက်သူဦးရေ တဖြည်းဖြည်း လျော့နည်း လာပါသည်။ အစည်းအဝေးလုပ်ချိန်ကိုလည်း လျှော့ချလာကြသည်။ ၀တ်ပြုကိုးကွယ်ခြင်းကို ဗဟိုမပြုဘဲ တရား ဟောချက်ကိုသာ အဓိကထားသော အစည်းအဝေးမျိုးတွင် အများအားဖြင့် အချိန်တစ်နာရီကြာသော ကန့်သတ် လာခဲ့ကြသည်။

            ပိုမိုယုံကြည်ခြင်း ပြင်းထန်သော အသင်းတော်တို့တွင် အစဉ်အလာအရ ပြုလုပ်သော အစည်းအဝေးနှင့် လှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်နေကြသည်။ တရားဟောခြင်းနှင့် ကျမ်းစာသင်ခြင်းအချိန်ကို ယေဘုယျအား ဖြင့် အကျဉ်းချုံးပစ်ကြသည်။ အစားအသောက်နှင့် အဆာပြေအစာ စားရသောအချိန် ပို၍ များလာသည်။ မြောက်များစွာသော အသင်းတောတို့သည် အသင်းတော်မိသားစုထဲမှ လူငယ်များကို ယုံကြည်ခြင်း၌ ဆက်လက် ခိုင်ခံ့ကြီးထွားလာအောင် ထိန်းသိမ်းနို်င်စွမ်းမရှိသလို မျိုးဆက်သစ်လူငယ်များအတွက် အလေးထားဆောင်ရွက်မှု မရှိဘဲ အိုမင်းလာကြသည်။ အသင်းတော် တိုးပွားခြင်းမရှိဘဲ နေလင့်ကစား လွန်ခဲ့သော အနှစ် (၅၀)လောက်က အသုံးပြုခဲ့သော အစဉ်အလာကို လူကြီးပိုင်းက ဆက်လက်ထိန်းသိမ်းချင်ကြသည်။

၀ိညာဉ်အသင်းတော်၏ အစည်းအဝေးများ

            ၀ိညာဉ်အသင်းတော်ဟူသော စကားလုံးကို အသုံးပြုဖို့ စိတ်ထဲက နှောင့်နှေးသော်လည်း ကိုယ်တော်ကို နှစ်သက်စေသည့်အပြင် သူ၏လူများကိုလည်း တည်ဆောက်နိုင်ရန် လိုအပ်သော အစည်းအဝေးကို အာရုံပြုနိုင် အောင် အသုံးပြုလိုက်ပါသည်။ ၀ိညာဉ်အသင်တော်တစ်ပါးဖြစ်ခြင်း၏ ထူူးခြားသော ဂုဏ်အင်္ဂါကို ထိုင်းမှိုင်းခြင်းနှင့် အသေဖြစ်ခြင်းတို့က မထင်ရှားစေနိုင်ပါ။ လောကဆန်ခြင်း၊ အပေါ်ယံသဘောဖြင့် စည်းဝေးပြုလုပ်ခြင်းနှင့် ကင်းလွတ်ခြင်းစသော ဂုဏ်အင်လက္ခဏာများကို ဖော်ဆောင်နိုင်ပါသည်။

၁။        ကျမ်းစာနှင့်ညီသော အစည်းအဝေးပုံစံ

                        ဘုရားသခင်သည် ကိုးကွယ်သောသူကို ရှာသောကြောင့် ကိုးကွယ်ခြင်းကို ပထမဦးစားပေးရ ပါမည်။ (ယော ၄း၂၃)။ ဤစုပေါင်းကိုးကွယ်ခြင်းသည် သခင်ဘုရား အလိုတော်ရှိသောကြောင့်လည်းကောင်း   (လု ၂၂း၁၉) ကနဦးအသင်းတော်က ကျင့်သုံးခဲ့သောကြောင့်လည်းကောင်း (တ ၂း၄၂) ပွဲတော်၏ ဝိသေသ လက္ခဏာများကို ဗဟိုပြု ဝိုင်းရံထားရပါမည်။ ယုံကြည်သူတိုင်းပါဝင်နိုင်ရန် ဝတ်ပြုကိုးကွယ်ခြင်းကို တံခါးဖွင့်ထား ရပါမည်။ ကိုးကွယ်ခြင်းသည် နွေးထွေး၍ နှလုံးသားထဲမှ လျှထွက်သော ကိုးကွယ်ခြင်း၊ စိတ်နှလုံးနှိုးဆော်ခြင်းအား ဖြင့် ပြုသောကိုးကွယ်ခြင်းဖြစ်ပါမည်။ ထိုင်းမှိုင်းခြင်း၊ လူသတ်မှတ်သော ပုံစံဖြင့် လုပ်ခြင်း၊ လူ့ကြိုးစားမှုနှင့် လုပ်ခြင်းမျိုး မဖြစ်စေရပါ။ တည်ဆောက်ခြင်းနှင့် အမှုတော်အတွက် စိန်ခေါ်ခြင်းကို ကျွမ်းကျင်လိမ္မာသူတစ်ဦးက နှုတ်ကပတ်တော်ကို အစဉ်အလိုက် ဟောပြောနိုင်ရန် သီးခြားအချိန်ထားရှိရပါမည်။ အပတ်စဉ်ဆရာတစ်ဦးတည်း ကို ဟောခိုင်းခြင်း မပြုဘဲ ဆုကျေးဇူးရရှိသော ဆရာများနှင့် တရားဟောဆရာများအား သွန်သင်စေပါ။ လူကြီးများ    နှင့်အတူ လူငယ်များအတွက် ကျမ်းစာလေ့လာချိန်၊ ဆွေးနွေးချိန်၊ သွန်သင်ချိန်ကို သီးခြားသတ်မှတ်ပေးရပါမည်။ ကလေးသူငယ်များလည်း  သတ်မှတ်ချိန်တစ်ခုအတွင်း သီးသန့်သွန်သင်မှု၊ ပြုစုမှု၊ ကြီးကြပ်မှု ခံယူကြရန် လိုအပ် ပါသည်။ စုပေါင်း၍ ဆုတောင်းချိန် ယူရပါမည်။ ဤဆုတောင်းခြင်း အစီအစဉ်ကို အထူးအချိန် သတ်မှတ်၍လည်း ရပါသည်။ ၀ိညာဉ်လူများ ဦးဆောင်သည့် တူရိယာတီးမှုတ်ချီးမွမ်းခြင်းများလည်း ပါ၀င်သင့်ပါသည်။ ဘုရားကျောင်း အတွင်း၌ ဧဝံဂေလိဟောပြောသည့် အစည်းအဝေးများကို ဆက်လက်ပြုလုပ်ရမည် ဖြစ်သော်လည်း အသင်းတော်ပြင်ပသို့ ထွက်လုပ်လျှင် ပိုပြီးကောင်းပါသည်။ ဤကဏ္ဍအားလုံးကို အစည်းအဝေးတစ်ခုတည်းတွင် ပြုလုပ်ဖို့ လွယ်ကူမည်မဟုတ်ပါ။

            အုပ်စုငယ်အလိုက် မိတ်သဟာယဖွဲ့ခြင်း သို့မဟုတ် အိမ်၌ ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်းသည် အသင်းတော်အတွင်းရှိ လူမျာ၏ လိုအပ်မှုကို ဖြည့်ဆည်းပေးခြင်း ဖြစ်ပါသည်။ ထိုလူစု၌ လူ ၁၀-၁၅ ယောက် ရှိနိုင်သည်။ ထိုအစည်းအဝေးမျိုးကို ထိရောက်စွာ ဦးဆောင်မည်ဆိုလျှင် လူတိုင်းကိုယ်တိုင် ပါ၀င်ခြင်း၊ ဆုတောင်း ခြင်း၊ ဝေငှခြင်းပြုနိုင်ကြပြီး အခြားသူများ လာနိုင်ရန်လည်း ဆွဲဆောင်နိုင်ကြမည်ဖြစ်သည်။ ကလေးများ၏ စည်း  ဝေးခြင်းများ၌ လက်မှုပညာကို အထူးပြု၍ ကျမ်းပိုဒ်အလွတ်ရွတ်ဆိုခြင်း၊ ကျမ်းစာသင်ကြားခြင်း၊ ကစားနည်းများကို ကစားစေခြင်းသည် အလွန်အကျိုးရှိပါသည်။ သို့ရာတွင် အစည်းအဝေးများစွာ ပြုလုပ်ခြင်းသည် မိသားစုအသက်   တာကို ထိခိုက်စေနိုင်သော အန္တရာယ်ရှိပါသည်။

၂။        အစည်းအဝေးအတွက် ပြဌာန်းချက်

                        အသင်းတော်၌ အကျိုးရှိသောအစည်းအဝေးများကို အဘယ်အရာက ဖြစ်စေသနည်း။ အခြားသော အရာများထက် ၀ိညာဉ်လူများက သူတို့၏ အသက်တာကို အခြားသူများအား ပြန်လည်ဝေငှခြင်းက ဖြစ်စေပါသည်။ နှုတ်ကပတ်တော်ကို တန်ခိုးပါပါ ဟောပြောနို်င်သူ၊ သွန်သင်နို်င်သူများမှာ ဘုရား အသုံးပြုသော လူများပင် ဖြစ်ကြပါသည်။ ဤအရာများပါလျှင် အသေစိတ် မည်သို့ပင် ရှိနေပါစေ၊ အကျိုးရှိသော အစည်းအဝေး      ဖြစ်ပါသည်။ ထို့ကြောင့် အစည်းအဝေးလုပ်ခြင်းအား တိုးတက်စေနိုင်ရန် ယုံကြည်သူများ၏ ၀ိညာဉ်အဆင့်အတန်း ကို မြှင့်တင်ပေးဖို့ လိုအပ်ပါသည်။

                        ကောင်းသော စည်ဝေးခြင်းနှင့် ည့ံဖျင်းသော စည်းဝေးခြင်းတို့ကွာခြားပုံကို ကြည့်ကြပါစို့။ အစီ အစဉ်စနစ်တကျလုပ်၍ စည်းဝေးခြင်းသည် အစီအစဉ်မရှိသော စည်းဝေးခြင်းထက် အကျိုးရှိပါသည်။ (၁ ကော ၁၄း၃၃-၄၀)။ အစီအစဉ် တိတိကျကျ မရှိ၊ ကျမ်းစာနှင့်မညီ၊ ပြင်ဆင်မှုလည်း အားနည်းလျှင် အကျိုးမရှိပါ။ လူတို့ အား တည်ဆောက်စေသော နှုတ်ကပတ်တော်ကို သွန်သင်ခြင်းနှင့် တူရိယာတီးမှုသီဆိုခြင်း ရှိသင့်ပါသည်။ ဘုရားသခင်ရှေ့တော်သို့ ပို့ဆောင်နိုင်သော တန်ခိုးတော်ပါသည့် အစည်းအဝေးမျိုးကို ရှာကြံဖို့ လိုပါသည်။ ကောင်းသောစည်းဝေးခြင်းဆိုသည်မှာ အဓိကအပိုင်းများကို ကောင်းမွန်စွာ ထုတ်လျှင် ဖြစ်ပါသည်။ ဤကဲ့သို့ ဆိုရာတွင် အစီအစဉ်ကြေငြာသူ၊ သီဆိုခြင်းကို ဦးဆောင်သူနှင့် တရားဟောခြင်း မဟုတ်သည့် အခြားနည်းလမ်း များ၌  ပါ၀င်လုပ်ဆောင်သူများအားလုံး အကျံုးဝင်ပါသည်။ ကြိိုတင်ပြင်ဆင်ခြင်းနှင့် ကြိုတင်စဉ်စားကြံစည်ခြင်း သည် ၀ိညာဉ်တော်၏ ဦးဆောင်မှုမှထွက်ပေါ်လာသော ရလဒ်ဖြစ်ရမည်။ ကျွန်ုပ်တို့၏ စည်းဝေးခြင်းတွင် သခင်ဘုရားအလုပ်လုပ်ဖို့ လိုအပ်ပါသည်။ ဘုရားသခင်ပေးသော ဆုကျေးဇူးအတိုင်း ကဏ္ဍအသီးသီးတွင် လုပ်ဆောင်သူများ အရေးကြီးပါသည်။ ခြေထောက် ခြေထောက်ကသာ ကောင်းစွာ လုပ်နို်င်သောအရာကို လက်က သွားလုပ်စရာမလိုပါ။ (၁ ကော ၁၂) တွင် ပုံဆောင်ထားသည့်အတိုင်း မျက်စိသည် မျက်စိအလုပ်ကိုသာ လုပ်နိုင်ပါသည်။ လူတစ်ဦး၏ ဆုကျေးဇူးကို အသင်းတော်ခေါင်းဆောင်များနှင့် အသင်းတော်များက စီရင်ဆုံးဖြတ် ခြင်းသည် အမှန်ဆုံးဖြစ်သည်။ လူတစ်ယောက်သည် မိမိ၏  ဆုကျေးဇူးကို တိကျစွာ ဆုံးဖြတ်နိုင်သူမဟုတ်ပါ။ ပရောဖက်များက ပြောပါစေ။ အခြားသောသူများက စီရင်စေဟု (၁ ကော ၁၂း၂၀)တွင် ပါရှိပါသည်။ လူတချို့က တည်ဆောက်ခြင်း ဖြစ်စေနိုင်ပါသော နှုတ်ကပတ်တော် သင်ပေးခြင်းကို ပြုနိုင်ကြသည်။ အချို့မှာမူ သူတို့ပြောသော အချက်အားဖြင့် စိတ်နှလုံး ထိတွေ့ခြင်း မရှိ၊ ထိုင်းမှိုင်းလျက်သာ ရှိပါသည်။ တချို့က သီချင်း သီဆိုခြင်းကို ဦးဆောင်နိုင်ကြသည်။ အချို့က မဦးဆောင်တတ်ကြပါ။ တစ်ဦးက သဘာပတိအလုပ်ကို ကောင်းစွာလုပ်တက်ခြင်း၊ အခြားတစ်ဦးက မလုပ်တတ်ပါ။ ယုံကြည်သူတစ်ဦးစီအား မည်သည့်အခန်းကဏ္ဍတွင် အသင့်တော်ဆုံးဖြစ်သည်ကို ရေလာမြောင်း ပေး လုပ်ပေးဖို့အရေးကြီးပါသည်။ လူအချို့၌ လူပရိသတ်နှင့် ပတ်သက်သော အမြင်မရှိကြသော်လည်း အခြား ကဏ္ဍ၌ သခင်ဘုရားအား အစေခံနို်င်ကြသည်။ အသင်းတော် ရပ်တည်ခြင်း၌ အားသန်သောသူကို ဖြစ်နို်င်လျှင် အခြားကဏ္ဍ၌ တာဝန်မပေးဘဲ သူတို့တတ်စွမ်း သောအလုပ်ကိုသာ လုပ်စေသင့်ပါသည်။

၃။        ကောင်းသောစည်းဝေးခြင်း၏ ပတ်ဝန်းကျင် အခြေအနေ

                        အစည်းအဝေးသို့ ဧည့်သည်များ (သို့) သူစိမ်းများ ၀င်လာသောအခါ တစ်မျိုးတစ်ဖုံ ခံစားရကြ သည်။ သူတို့အား နွေးထွေးစွာ ကြိုဆိုခြင်း သို့မဟုတ် ညင်သာစွာ ဥပေက္ခာပြုခြင်းကို ခံစားရကြသည်။ ချစ်ခြင်းမေတ္တာနှင့် ဖော်ရွေခြင်း သို့မဟုတ် အေးစက်စက်နိုင်ခြင်းကို ခံစားရကြသည်။ ၀မ်းမြောက်ခြင်း သို့မဟုတ် လေးလံခြင်းကို ခံစားနိုင်ကြသည်။ သူ့ပတ်ဝန်းကျင်ရှိ လူတို့ထံမှ စိတ်ထားဖြူစင်ခြင်း သို့မဟုတ် ရိုးသားဖြောင့်မှန်မှုကင်းမဲ့ခြင်းကို ခံစားရကြသည်။ ထိုအသင်းတော်သည် စိတ်လှုပ်ရှား စရာဖြစ်ကြောင်း သို့မဟုတ် လုပ်ရိုးလုပ်စဉ်အတိုင်း သွားသော အသင်းတော်ဖြစ်ကြောင်း ခံစားနိုင်ကြသည်။ ဤအစည်းအဝေးတွင် ဘုရားသခင်အလုပ်လုပ်ဖို့ မျှော်လင့်စောင့်စားခြင်းရှိသလား၊ သို့မဟုတ် ကလပ်အသင်းနှင့်အမျိုးသမီးအသင်းမှာလို လူသားများချည်းစုဝေးသော စည်းဝေးခြင်းမျှသာ ဖြစ်သလား။  ထိုဧည့်သည်များက “ဤအသင်းတော်ဟာ အသက်ရှင်သော အသင်းတော်ပဲ” ဟုမှတ်ချက်ချကြသလား။ ပတ်ဝန်းကျင်ကောင်းသောအခြေအနေ ရောက်အောင် မည်ကဲ့သို့ ဖန်တီးနိုင်မည်နည်း။ အောက်ပါအကြံုပြုချက်များကို ဆင်ခြင်ပါ။

                        (က)     သင်သည် တာဝန်ရှိသူတစ်ဦးဖြစ်လျှင် အနှုတ်လက္ခဏာဆောင်သော အခြေအနေကို သိရှိ လက်ခံပြီး တစ်ခုခုလုပ်ဖို့ လိုအပ်ကြောင်းကို နားလည်သဘောပေါက်ပါ။ မည်သည့်အပိုင်းတွင် အသက်ကင်းမဲ့နေ သလဲ။ အကျိုးရှိမည့် အချက်အလက်အချို့ကို စာရင်းပြုပါ။ အပျက်သဘောဖြင့် ညည်းညူခြင်းထက် အပြုသဘော နှင့် အကြံုပြုခြင်းက ပို၍ ကောင်းပါသည်။ အပျက်သဘောဆောင်သည့် အရာရာတိုင်း၌ အကျိုးဖြစ်ထွန်းစေသော အရာ ရှိပါသည်။ အဖြေရအောင်ရှာပါ။

                        (ခ)       အပေါ်ယံအရာများကို ပြုပြင်ခြင်းသည် အတွင်းရှိအားနည်းချက်ကို မပြောင်းလဲစေနို်င်ပါ။ ၀ိညာဉ်အရာသည် အပြင်ပြဿနာများကို အစဉ်ပြုပြင်နိုင်စွမ်း ရှိပါသည်။ ပျဉ်ပြာတစ်ချပ်သည် အတွင်းထဲမှဆွေး မြေ့နေလျှင် သုတ်ထားသော ဆေးသည် အကာ သက်သက် ဖြစ်ပါလိမ့်မည်။

                        (ဂ)       ဘုရားကျောင်းတက်သာအခါ ၀ိညာဉ်ရေးရာကို ပြင်ဆင်ပြီးမှ လာပါ။ အခြားသူများအတွက် အစေခံဖို့အသင့်ရှိပါ။ အသစ်လာသူများထံသို့ သွားပါ။ သူတစ်ပါးအား စေစားရန်ထက် သူတစ်ပါး၏အစေကိုခံရန် လာပါ။ အစည်းအဝေးတစ်ခု၏ ပတ်ဝန်းကျင်နေအထားကို ထိုအစည်းအဝေးတက်သူများကပင် သုံးသပ်ကြပါ သည်။

နိဂုံးချုပ်နှင့် မိမိိအတွက် ခံယူကျင့်သုံးခြင်း

            ကနဦးအသင်းတော်တွင် ဘုရားသခင်၏ ၀ိညာဉ်တော်လုပ်ဆောင်ချက်ကြောင့် ပြောင်းလဲ၍ အလွန်ဝမ်း မြောက်နေသူများ၏ အတွင်းထဲတွင် အစဉ်မပြတ်စီးဆင်းနေသည့် စွမ်းအားကြီးသော တန်ခိုးရှိခဲ့ပါသည်။ ၀ိညာဉ် တော်အားဖြင့် အသက်ရှင်သူတို့သည် သူတို့၏ယုံကြည်ခြင်း တရားဝေငှခြင်းကို အသက်တာလမ်းကြောင်းအဖြစ်ပုံ မှန် အသုံးပြုကြသည်။ “သူတို့သည် နေရာတကာသို့သွား၍ ဧဝံဂေလိတရားကို ပြောကြသည်” ဟု (တ ၈း၄)တွင် ဖော်ပြထားပါသည်။ အသက်ဝင်သော အစည်းဝေးတွင် အသက်ရှင်သောလူများ ရှိပါသည်။ ပြောင်းလဲသူလူကြီး ဦးရေ တိုးပွားလာသောအခါ အသက်ဝင်သော အစည်းအဝေးတွင် အသက်ရှင်သောလူများရှိပါသည်။ ပြောင်းလဲသူ လူကြီးဦးရေတိုးပွားလာသောအခါ သူတို့သည် အသက်သစ်နှင့် စိတ်အားထက်သန်မှု ယူဆောင်လာကြသည်။

            ဤကဲ့သို့ မယုံကြည်သူထံ ဧဝံဂေလိ ရောက်သွားရန် ယုံကြည်သူများအနေဖြင့် အစည်းအဝေးနှင့် လှုပ်ရှား         မှုများတွင် အချိန်များစွာ မဖြုန်းကြဖို့ လိုအပ်ကြောင်း ဖော်ပြပါသည်။ အချိန်ဖြုန်းလျှင် ကယ်တင်ခြင်းမရရှိသေးသူ များ၊ အသင်းဝင်မဟုတ်သေးသူများနှင့် ပေါင်းကူးဆက်သွယ်နို်င်ရေးကို တားဆီးရာရောက်နိုင်ပါသည်။ ခရစ်တော်မရသေးသောသူများဆီသို့ သွားရောက်ရန် ကြိုးစားအားထုတ်မှုမရှိလျှင် ဒေသန္တရအသင်းတော် တွင် ဧဝံဂေလိလုပ်ငန်းဘယ်သောအခါမှ တိုးတက်မည် မဟုတ်ချေ။ မိတ်သဟာယပြုသောသူများ၏ စိတ်ထဲတွင် ဧဝံဂေလိပြုလုပ်ဖို့ နေ့စဉ်ဦးစားပေးခြင်းနှင့် စိတ်ပိုင်းဖြတ်ခြင်းများစွာ လိုအပ်ပါသည်။

            (၂၀ ရာစု)နှစ်သည် ပထမရာစုနှစ်ကနှင့် မတူတော့ဘဲ ကမ္ဘာပေါ်တွင် ပြောင်းလဲမှုများစွာ ဖြစ်ပျက်ခဲ့လေပြီ ပြောင်းလဲခြင်းများစွာရှိပြီး။ သို့ရာတွင် ကျွနု်ပ်တို့ ဟောပြောသော ဧဝံဂေလိတရား၏ အခြေခံအချက်များမှာ မပြောင်းလဲသွားပါ။ ပြောင်းလဲ၍လည်း မရပါ။ ဘုရားသခင်အတွက် အရေးကြီးဆုံးအကြောင်း အရာသည် ယနေ့လည်း အတူတူပင်ဖြစ်သည်။ အခြေခံမူကို အလျော့အတင်း မလုပ်သမျှကာလပတ်လုံး အစည်းအဝေးလုပ် ခြင်၏ အသေးစိတ်အချက်များကို ပြန်လည်ညှိနှိုင်းခြင်း၊ ကျွန်ုပ်တို့၏ ယနေ့ခေတ်ယဉ်ကျေးမှုနှင့် ကိုက်ညီအောင် ပြုပြင်ခြင်းသည် လိုအပ်ကောင်းလိုအပ်လိမ့်မည်။ အခြေခံမှုများနှင့် ပို်င်းခြားတတ်ဖို့စည်းလုပ်ဆောင်ပုံ နည်းစနစ် များဆိုင်ရာ အသေးစိတ်အချက်တို့၌ ခြားနားချက်ရှိကြောင်း ၀ိညာဉ်သဘောနှင့် ပိုင်းခြားတတ်ဖို့ လိုပါသည်။      ထိုပိုင်းခြားတတ်သော ပညာကပင် ကျွနု်ပ်တို့၏ အစည်းအဝေးကောင်းမကောင်းကို အကဲဖြတ် ပါလိမ့်မည်။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

လမ်းညွန်ချက်

အသင်းတော်အစည်းအဝေးများ            သင်ခန်းစာ (၉)

၁။        ကနဦးအသင်းတော် အစည်းအဝေး၏မရှိမဖြစ် အရေးကြီးပါ၀င်သော အရာများမှာ အဘယ်နည်း။ (တ ၂း၄၁-၄၂)။ ၎င်းကို ယနေ့ ကျွနု်ပ်တို့ ပြုလုပ်သော အစည်းအဝေးများနှင့် မည်ကဲ့သို့ နှိုင်းယှဉ်ဖော်ပြထားပါသနည်း။

 

၂။         မည်သည့်နေတွင် မည်သည့်ရည်ရွယ်ချက်နှင့် ယုံကြည်သူများ စည်းဝေးခဲ့ကြသနည်း (တ ၂၀းရ။ ၁ ကော ၁၁း ၁၇-၃၄)။

 

၃။        ၁ ကော ၁၁း၁၇-၃၄ ကိုဖတ်ပါ။ ည့ံဖျင်းသော အစည်းအဝေး ဖြစ်စေသောအရာများသည် အဘယ်အရာ နည်း။ မည်သည့်နည်းဖြင့် ကောင်းသော အစည်းအဝေး ဖြစ်နိုင်သနည်း။

 

၄။        ဟေဗြဲ ၁၀း၂၅ တွင်မည်သည့်အရာကို သတိပေးထားပါသနည်း။ ဤသတိပေးချက်ကိုလေးနက်စွာ ခံယူရန် လိုအပ်ကြောင်းကို လူတစ်ဦးအား သင်မည်ကဲ့သို့ ရှင်းပြမည်နည်း။ အစည်းအဝေးတွင် ပါ၀င်ရမည်ဟူသော တာဝန်သိစိတ်ကို သင်အဘယ်ကြောင့် ရထားပါသနည်း။

 

၅။        ဓမ္မသစ်အသင်းတော်၏ စည်းဝေးခြင်းပုံစံကို ကျွန်ုပ်တို့၏ ယဉ်ကျေးမှုတွင် ထိရောက်စေလိုပါက မည်သည် အရာများ (ရှိခဲ့လျှင်)ကို ထပ်မံဖြည့်စွက်ဖို့ သို့မဟုတ် ပြန်လည်ညှိနှိုင်းဖို့ လိုအပ်ပါသနည်း။ ယဉ်ကျေးမှု သြဇာလွမ်းမိုးခြင်းကို အလွန်အကျွံ လက်ခံခွင့်ပြုခြင်း၏ အန္တာရယ်များကာ မည်သည့်အရာများနည်း။

၆။        ဤသင်ခန်းစာတွင် သင် မရှင်းလင်းသော အချက်ရှိပါသလား။ ဤသင်ခန်းစာတွင် သင် မဖြေဆိုနိုင်သော မေးခွန်းတစ်ခုခုရှိပါသလား။

 

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

ရှင်းလင်းချက်များ

အသင်းတော်၏ စည်းကမ်း       သင်ခန်းစာ (၁၀)

အတွင်းလူတို့ကို သင်တို့ စီရင်ရသည် မဟုတ်လော” (၁ ကော ၅း၁၂)

            ယနေ့အသင်းတာ်အများစု၏ အဖြေသည် “မစီရင်ပါဘူး” ဟူ၍ ဖြစ်ပါလိမ့်မည်။ ဒေသန္တရ အသင်းတော်များက အသင်းသားများ၏ အကျင့်ကို စီရင်ခြင်း၊ အရေးယူခြင်း၌  အားနည်းကျဆင်းလျှက် ရှိပါသည်။ ယခုအချိန်၌ လူတို့၏ စိတ်နေသဘောထားသည် ထိုကဲ့သို့ ဆောင်ရွက်ရန် ဆန့်ကျင်လျက်ရှိသည်။ လူ့အဖွဲ့အစည်းသည် ရာဇဝတ်မှု ကျူးလွန်သူများ၏ တစ်ဖက်၌ သာ၍ ခိုင်ခံ့တင်းကြပ်စွာ အရေးယူဆောင် ရွက်လိုကြသော်လည်း ဘုရားသခင်ရှေ့တော်၌ ရာဇဝတ်မှုဖြစ်သောစားခြင်း၊ လိမ်လည်ခြင်းနှင့် လောဘကြီးခြင်း တို့ကို လျစ်လျူရှုထားကြသည်။

            အဆင့်မြင့်မား၍ အရေးပါသော ဦးဆောင်သူများအကြားတွင် အတင်းအဖျင်းပြောခြင်းသည် အသင်းတော် ၏ ပုံသက်သေ ပျက်စီးသွားအောင် ကပ်ဆိုးရေားဂါပမာ ပျံ့နှံလျက်ရှိသည်။ အသင်းသူ အသင်းသားများ၌လည်း    မသန့်ရှင်းသော အသက်တာနှင့်မှားယွင်းဖောက်ပြန်အမူအကျင့်များ လွမ်းမိုးလျက်ရှိသည်။  သမ္မာကျမ်းစာပါအ သင်းတော်၌လည်း ဤကိစ္စအတွက် ပြဿနာ ဖြစ်ခဲ့သည်။ အကျင့်ပျက်သော သူတစ်ဦးအား အသင်းတော်က အရေးမယူသောကြောင့် ရှင်ပေါလုသည် ထိုအသင်းတော်ကို ဝေဖန်ပြောဆိုခဲ့ပါသည် (၁ ကော ၅)။ ယုံကြည်သူ တစ်ဦးသည် မတရားမေထုန်ပြုသူ၊ မတရားသောငွေကို တက်မက်သူ၊ ရုပ်ထုကိုးကွယ်သူ၊ ကျိန်ဆဲတတ်သူ၊ အရက်သေစာ မူးယစ်သူ၊ အဓမ္မပြုကျင့်သူ ဖြစ်သော ညီအစ်ကိုဟု ခေါ်သည့် လူနှင့် ထမင်းအတူမစားရန်ပင် တားမြစ်ထားပါသည် (၁ ကော ၅း၁၁)။

            လူပရိတ်သတ်အား ပြုပြင်ရန်လည်းကောင်း၊ ဒဏ်ခတ်ရန်လည်းကောင်း စည်းကမ်းကို ကန့်သတ်ထားခြင်း လုံးဝမရှိပါ။ စည်းကမ်းချမှတ်ရသော ရည်ရွယ်ချက်မှာ အကျင့်စာရိတ္တ (သို့) လက်တွေ့ကျင့်သုံးခြင်းကို သင်တန်း ပေးရန်ဖြစ်သည်။ သို့မဟုတ် သွန်သင်ခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်းအာဖြင့် ဖွံ့ဖြိုးစေရန် သို့မဟုတ် လိုအပ်သော နေရာတွင် အမှားပြုပြင်ရန် ဖြစ်ပါသည်။ စည်းကမ်း (Discipline) ဟူသောစကားသည် တပည့်တော် (Disciple) ဟူသောစကားရင်းမှ ထွက်လာသော စကားဖြစ်၍ ပုံသက်သေကို အတုခိုးအတတ်သင်သူဟူ၍ အဓိပ္ပာယ်ရပါ သည်။ ၎င်းတွင် ရှုထောင့် နှစ်မျိုးရှိပါသည်။

            (၁) အကျင့်ကို သွန်သင်ခြင်း၊ (၂) နှစ်သက်ဖွယ် မဟုတ်သော အကျင့်ကို ပြောင်းလဲရန်၊ သို့မဟုတ် မိမိကို်ယ်ကို ပြန်လည်သုံးသပ်ရန် တိုက်တွန်းခြင်းတို့ ဖြစ်ပါသည်။ စည်းကမ်းမပါဘဲနှင့် ကလေးများကို မည်သူကမျှ မှန်ကန်စွာမွေးထုတ် နိုင်မည်မဟုတ်ပါ။ စည်းကမ်းမရှိဘဲနှင့် တေးဂီတ၊ အားကစား၊ အချိန်ကို အသုံးချခြင်းတို့၌ တက်ကျွမ်းခြင်း ဖွံ့ဖြိုးနိုင်မည်မဟုတ်ပါ။ ထိုနည်းတူစွာပင် အသင်းတော်မှ သိုးထိန်းတစ်ဦးသည် စည်းကမ်းမပါဘဲ လူများကို မည်ကဲ့သို့ သွန်သင် ဦးဆောင်နို်င်မည်နည်း။

            အရေးယူဆုံးမခြင်းပုံစံကို ဘုရားသခင်၏ ပြောစကားထဲတွင် ပုံသက်သေ မြင်တွေ့နို်င်ကြပါသည်။ ဘုရားသခင်က “ငါ့သား၊ ထာဝရဘုရား၊ ဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူ သောအခါ စိတ်မပျက်နှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခတော်မူသမျှ သော သားတို့ကို ဒဏ်ခတ်တော်မူတတ်၏” ဟုပြောဆိုတော်မူသော စကားကို ကြည့်လျှင် ဆုံးမခြင်း ပုံသက်သေ ကို မြင်ရပါသည် (ဟေဗြဲ ၁၂း၅၊၆)။ ဘုရားသခင်၏ဆုံးမခြင်းမှာ ဖြောင့်မတ်သောအသက်တာကို ရှင်သန်ခြင်းအာ ဖြင့် အကျိုးဖြစ်ဖို့ ဖြစ်သည် (ဟေဗြဲ ၁၂း၁၀၊၁၁)။ ကိုယ်တော်၌ ဤကဲ့သိုလုပ်ဖို့ လိုအပ်သလိုလုပ်ရသော အခွင့်ရှိ၏။ ဆုံးမခြင်း၏ အကျိုးရလဒ်သည် ဆုံးမခြင်းကို ခံသောသူ၏ တုံ့ပြန်ခြင်းအပေါ် မူတည်ပါသည်။

            ဤအချက်ကို အသင်းတော်အတွက် မည်ကဲ့သို့ခံယူရမည်နည်း။ “ဘုရားသခင်၏ဆုံးမခြင်းသည် ကောင်းပါ၏ သို့သော် အသင်းတော်၌ ဆုံးမပိုင်ခွင့်ရှိသလား” ဟုမေးချင်သောသူ ရှိကောင်းရှိပါလိမ့်မည်။ အဖြေမှာ အသင်းတော်သည် ဘုရားသခင်ကိုယ်စားလှယ်အဖြစ် လောက၌ တည်ရှိသောကြောင့် ထိုလုပ်ပိုင်ခွင့်ကို အပ်နှံထားတော် မူပြီးဖြစ်ပါသည်။ သခင်ဘုရားက (မဿဲ ၁၈း၁၇၊ ၁၈)တွင် “ထိုသူတို့၏စကားကို နားမထောင်လျှင်” အသင်းတော်အားကြားပြောလော့၊ အသင်းတော်၏စကားကို နားမထောင်လျှင် သာသနာပလူ ကဲ့သို့လည်းကောင်း၊ အခွန်ခံကဲ့သို့လည်းကောင်း၊ ထိုသူကိုမှတ်လော့။ ငါအမှန်ဆိုသည်ကား မြေကြီးပေါ်မှာ ဖြေလွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြေလွှတ်လျက်ရှိလိမ့်မည်” ဟုမိန့်ဆိုထားပါသည်။ အသင်းတော်က ကျမ်းစာ နှင့်အညီပြုသော အရေးယူဆောင်ရွက်ခြင်းကို ဘုရားသခင်ကအသိအမှတ်ပြုသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ အသင်းတော်က ပညတ်တော်မူချက်နှင့်အညီ ဆုံးမခြင်းသည် ဘုရားသခင်၏ ဆုံးမခြင်းပင် ဖြစ်သည်။ ထိုု့ကြောင့်အသင်းတော်က ဘုရားသခင်၏ နည်းလမ်းအတိုင်းပြုရသော အရေးယူဆောင်ရွက်မှုတစ်ခုခုသည် အလေးအမြတ် ထားဖွယ်ဖြစ်ပါသည်။ အသင်းတော်သည် ဆုံးမခြင်းမပြုဘဲ ဘုရားသခင်ရှေ့၌ သန့်ရှင်းခြင်းကို လျစ်လျူရှုနေလျှင် ဘုရားသခင်ထံမှ ကောင်းကြီးခံစားရမည် မဟုတ်ချေ။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ယောရှု (၇)တွင် ပါရှိသော “အာခန်” အကြောင်းနှင့် (၁ ကော ၁၁း၃၀၊၃၁) ကိုဖတ်ပါ။

ဆုံးမခြင်းအတိုင်းအတာ

            အသင်းတော်မဟုတ်သူတစ်ဦးကို ကျွန်ုပ်တို့ထိရောက်စွာ အရေးယူဆုံးမခြင်း မပြုနိုင်ပါ။ ယုံကြည်သူတစ်ဦး သည် ဒေသန္တရအသင်းတော်တစ်ပါးတွင် အသင်းသားအဖြစ်မဝင်ဘဲ နေခြင်းကို ဘုရားသခင်အလိုတော်မရှိပါ။ လူတစ်ဦးသည် မိတ်သဟာယတွင် ပါ၀င်ပါက နှုတ်ကပတ်တော်နှင့်ညီညွတ်သော စည်းကမ်းများကို နာခံဖို့လိုပါ သည်။ မှားယွင်းသော အပြုအမူတစ်ခုအကြောင်း ဆွေးနွေးသောအခါ နှုတ်ကပတ်တော်ကို ဗဟိုပြုရခြင်းမှာ ဤအ ကြောင်းကြောင့်ဖြစ်ပါသည်။ ဆွေးနွေးသောအချက်သည် ဘုရားသခင်က နှုတ်ကပတ်တော်တွင် မိန့်ဆိုထားသော အကြောင်းအရာ ဖြစ်ရပါမည်။ လူ၏စကားကို နားထောင်ခြင်းထက် ဘုရားစကားကို နားထောင်ရန် ဤအချက်က ပို၍ ခက်ခဲစေလိမ့်မည် (တ ၅း၂၉)။ ဆုံးမခြင်းအဆင့်ကို ပျော့ပျောင်းသောအဆင့်မှ ပြင်းထန်သောအဆင့်သို့ တိုးမြှင့်ရန် စီစဉ်လျှင် အောက်ပါအတိုင်း ဖြစ်သည်။

၁။        ဆွေးနွေးပါ (မဿဲ ၁၈း၁၅-၁၇)။ ပြဿနာတစ်ခု ဖြစ်သောအခါ ပထမဆုံးအေးချမ်းစွာ ဆွေးနွေသင့် ပါသည်။ ဆုတောင်းခြင်းမပါသလို အစီအစဉ် ကျနစွာ မဆွဲထားသည့် ရင်ဆိုင်တွေ့ဆုံခြင်းသည် နားလည်မှု ဖြစ်စေသည်ထက် အငြင်းပွားမှုဖြစ်စေတတ်ပါသည်။ ရည်ရွယ်ချက်ပန်းတိုင်မှာ  ရန်လိုသောစိတ်ထားဖြင့် ကြာရှည်စွာ အငြင်းပွားခြင်းမျိုးမဖြစ်စေဘဲ ငြိမ်သက်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို ရရှိဖို့ ဖြစ်ပါသည်။ ဤကျမ်းပိုဒ်က အပြစ်ကျူးလွန်သူကို တစ်ဦးတစ်ယောက်တည်းက ချဉ်းကပ်ရန် ညွှန်ပြရခြင်းမှာ ဤအကြောင်းကြောင့် ဖြစ်ပါသည်။ ထို့နောက် အခြားသူတစ်ဦးကို ခေါ်၍ဆွေးနွေးကြည့်ပြီး ပြေလည်မှုမရပါက နောက်ဆုံးတွင် ပို၍များသော လူတို့ရှေ့၌ ထိုပြဿနာကို ဆွေးနွေးဖို့ ပြောထားခြင်း ဖြစ်ပါသည်။

၂။         တိုက်တွန်းသွေးဆောင်ပါ (တိ ၁း၉-၁၁)။ လူများကစည်းကမ်းမလိုက်နာဘဲ ပြဿနာ လုပ်ထားလျှင် သူတို့နှင့် ရင်ဆိုင်ဖို့ လိုအပ်ပါသည်။ နှုတ်ကပတ်တော်ကို အသုံုးပြု၍ သူတို့အား ကိုယ်တိုင်စကားပြောပါ။ သူတို့၏ အမှားကို သိမြင်လာကြရန် ကျမ်းစာဖြင့် ထောက်ပြဖို့ လိုအပ်ပါသည်။

၃။        သတိပေးပါ (၂ တိ ၂း၁၄။ ၁ သက် ၅း၁၄။ ၂ သက် ၃း၁၁၊ ၁၂)။ သတိပေးခြင်းသည် တိုက်တွန်းသွေး ဆောင်ခြင်းနှင့် အလွန်နီးစပ်ပါသည်။ သတိပေးခြင်းသည် လူတစ်ဦးနှင့်တစ်ဦး ကြာရှည်စွာ အငြင်းအခုံဖြစ် နေသော ပြဿနာ၊ ဆုံးမထိန်းသိမ်းရခက်ခဲသော ပြဿနာ၊ ပျင်းရိခြင်း ပြဿနာတို့ကို လျော့နည်းစေရန် ရည်ရွယ်ပါသည်။

၄။        အပြစ်တင်ဆုံးမခြင်း၊ အထူးသဖြင့် ပရိသတ်ရှေ့၌ အပြစ်တင်ဆုံးမခြင်း (၁ တိ ၅း၂၀၊ တိ ၁း၁၃)။ အသင်းတော် လူကြီးများအပါအဝင် လူများက နောင်တမရဘဲ အပြစ်ကျူးလွန်နေကြလျှင် ရပ်တန့်စေ ရပါမည်။ မနှစ်သက်ဖွယ်သော အကျင့်ကို အသင်းတော် အတွင်း၌ အပြစ်တင်ဆုံးမရမည်။ လူတစ်ဦးအမှန် နောင်တရပြီးသောအခါ ပရိတ်သတ်ရှေ့၌ ပြစ်တင်ဆုံးမစရာ မလိုတော့ပါ။

၅။        ရှောင်ပါ (၂ သက် ၃း၄၊ ၁ ကော ၅း၁၁၊ ရော ၁၆း၁၇၊ တိ ၃း၁၀)။

ဘုရားသခင်ချမှတ်ပေးသော စည်းကမ်းအားလုံး၏ ရည်မှန်းချက်ပန်းတိုင်မှာ ပြန်လည်တည်ဆောက်ပေးရန် ဖြစ်ပါသည်။ ဘုရားသခင်ကို ပြန်လည်တည်ဆောက်သော အရှင်ဟု ခေါ်ကြသည်။ ထိုအချက်သည် သန်းပေါင်းများစွာသော လူတို့အတွက် နှစ်သိမ့်ခြင်းရစေသည့် မူလဇစ်မြစ် ဖြစ်ပါသည်။ ကျွနု်ပ်တို့၏ ရည်ရွယ်ချက်            သည်လည်း ပြန်လည်တည်ဆောက်ရေးအတွက် ဖြစ်ပါက ယင်းသို့ဖြစ်လာနို်င်ရန် အသင့်တော်ဆုံးသော နည်းဖြင့် လုပ်ဆောင်ရန် ဖြစ်ပါသည်။

            (ဂလာ ၆း၁) ဤအပိုင်းဆွေးနွေးသော အချက်ကို (ဂလာ ၆း၁) တွင် တွေ့နိုင်ပါသည်။ ၎င်းကျမ်းပိုဒ်တွင် “ညီအစ်ကိုတို့ လူသည် သတိလစ်၍ တစ်စုံတစ်ခုသော ဒုစရိုက်ကို ပြုမိလျှင် ၀ိညာဉ်ဆုကျေးဇူးကိုခံသော သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက် နူးည့ံသိမ် မွေ့သောသဘောနှင့် ထိုသို့သောသူကို မစ၍ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့” ဟု မိန့်ဆိုထားပါသည်။ အပြစ်လုပ်သော ညီအစ်ကိုအား ပြန်လည်ထူထောင်ပေးရာတွင် ၀ိညာဉ်သဘောနှင့် ပြည့်ဝဖို့ လိုအပ်ကြောင်း ကျွန်ုပ်တို့သတိပြုမိကြသည်။ လူတစ်ဦးကို စည်းကမ်းကိုင်ရန် ချဉ်းကပ်ရာတွင် နူးညံ့သိမ်းမွေ့ခြင်းနှင့် စိတ်နှလုံးနှိမ့် ချခြင်း ရှိရပါမည်။ ဘုရားသခင်၏ ကျေးဇူးတော်အတွက် ကျွန်ုပ်ရှိနေခြင်းဖြစ်သည်ဟု သတိရကြပါမည်။ နှိမ့်ချသော စိတ်သဘောနှင့် စည်းကမ်းကိုင်လျှင် ပိုမိုလက်ခံရန် လွယ်ကူပါသည်။

            လူတို့အား ထိုပြသနာမျိုးဖြစ်စေသည့် အကြောင်းရင်းတစ်ခုဖြစ်သော် မျက်နှာလိုက်ခြင်း (သို့) တရားမျှတ မှုမရှိခြင်းကို လက်မခံရပေ။ သခင်ယေရှုသည် လူနှင့်ဆက်ဆံရာတွင် မျက်နှာလိုက်ခြင်း လုံးဝမရှိခဲ့ချေ။ ချမ်းသာသည် ဖြစ်စေ၊ ဆင်ရဲသည်ဖြစ်စေ၊ သြဇာရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ၊ လူတိုင်းအားညီတူညီမျှ ဆက်ဆံရပါ မည်။ အစည်းဝေးတက်လာသော ချမ်းသာသူတစ်ဦးကို မျက်နှာလိုမျက်နှာရလုပ်သည့် လူတစ်ဦးအာ အပြစ်တင်သည့် သဘောနှင့် (ယာကုပ် ၂း၁၊ ၉)က ဤမူကိုပြောပါသည်။ စည်းကမ်းနှင့်ဆုံးမသည့်ကိစ္စတိုင်းတွင် မျက်နှာလိုက်ခြင်းသည် လက်ခံဖွယ်ရာမဟုတ်ပါ။ စည်းကမ်းကိုင်သောအခါ အခြားမိသားစုများနှင့်အတူ ထင်ရှားကျော်ကြားသော မိသားစုကို မျက်နှာမလိုက်ဘဲ ဆက်ဆံရပါမည်။

            ကိုယ်ကျင့််တရား ချွတ်ချော်သောသူနှင့် ဆက်ဆံသောအခါ စိတ်ရှည်ခြင်း၊ တည်ကြည်ခြင်၊ ခိုင်ခံခြင်းနှင့် အပြုသဘောဆောင်သည့် ချဉ်းကပ်ခြင်းတို့သည် အရေးကြီးပါသည်။ ဤသို့ပြောသောအခါ အားနည်းချက်ကို ဆိုလိုခြင်းဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ပြင်းထန်စွာစီရင်ခြင်းကို သတိပြုရပါ မည် (ရော ၁၁း၂၂)။ ဒုစရိုက်ပြုသူတစ်ဦးကို ရင်ဆိုင်တွေ့ဆုံခြင်း၊ အပြစ်ဖော်ပြ၍ ဆုံးမခြင်း၊ နှင်ထုတ်ခြင်းတို့သည် ပြင်းထန်သော အရေးယူဆောင်ရွက်ခြင်း ဖြစ်သည်။ ဤအကြောင်းကြောင့် အသင်းတော် လူကြီးအများအပြားက ရှောင်ကြခြင်းဖြစ်သည်။ သူတို့သည် အမှားပြုခြင်းကို ခွင့်ပြုလိုစိတ်သာ၍ ရှိကြပြီး အခြားသူများအား ဆုံးမရန် အတွက် သခင်ဘုရားလက်၌ အပ်ထားတတ်ကြသည်။ “သမ္မာတရားကို မေတ္တာနှင့် ဟောကြပါ” ဟူသော ကျမ်းချက် (ဧ ၄း၁၅) သည် လိုအပ်ချက်နှစ်ချက်ကို လွမ်းခြံုထားပါသည်။ နူးညံ့သိမ်းမွေ့ခြင်း၊ သည်းခံခြင်းနှင့် ရန်မဖြစ်တတ်ခြင်းကို ကျမ်းစာ၌ ချီးကျူးထားပါသည် (၂တိ ၂း၂၄)။ သီးခံခြင်းနှင့် အပြစ်လွှတ်ခြင်းကို (ကော ၃း၁၃)တွင် ဖော်ပြထားပါသည်။ ဤစည်းကမ်းကိုင်တွယ်ပုံသည် ကျွန်ုပ်တို့၏ နည်းလမ်းဖြစ်ပါက ရလဒ်သည် ပို၍ လိုလားချင်ဖွယ်ဖြစ်လိမ့်မည်။ ထိုသို့သော သဘောထားသည် အပြစ်လုပ်သောသူတို့၏ စိတ်ကို မခိုင်မာစေသည်    ထက် အရည်ပျော်စေပါသည်။

အသင်းတော်တွင် စည်းကမ်းကိုင်သော သူများ

            အသင်းဝင်ဖြစ်သူတိုင်းသည် ဘုရားသခင်၏ စည်းကမ်းနှင့် သွန်သင်မှုအောက်တွင် ရှိကြောင်းကို သတိပြုရပါမည်။ ကျွန်ုပ်တို့သည် တစ်ဦးတစ်ယောက်တည်းနေသော သူမဟုတ်ဘဲ အိမ်ထောင်မိသားစုဝင်များဖြစ် ကြသည်။ ကျွန်ုပ်တို့သည် တစ်သားတည်း ဆက်စပ်နေသူများဖြစ်ကြသည်။ သို့ဖြစ်သောကြောင့် သူတစ်ပါးအား ထိိခိုက်နစ်နာစေနို်င်သော အကျင့်အကြံ၊ အပြုအမူကို ပြုပြင်နိုင်ဖို့ တစ်ဦးနှင့်တစ်ဦး စောင့်ထိန်းကြရပါမည်။ လူအများ၌ လိုအပ်မှုရှိသောအခါ အချို့ယုံကြည်သူများအတွက် အကူညီတောင်းရာတွင် အခက်အခဲ အနည်းငယ်ရှိ ကြသည်။ သံသယဖြစ်ဖွယ်ရာလမ်းတွင် လျှောက်လှမ်းနေမိသောအခါ သူတို့၏ လမ်းကြောင်းကို ပြုပြင်ပေးပါရန် ကြိုးစားခြင်းအား ငြင်းပယ်တတ်ကြသည်၊ ပညာရှိ၍ အမှားအမှန် ခွဲခြားတတ်သော ခေါင်းဆောင်သည် လမ်းလွဲသောသူတို့ကို ရှာဖွေ တတ်ကြသည်။ သိုးထိန်းသည် သိုးစုကို အမှန်တကယ် ဂရုစိုက်ပါက လမ်းမှားသော သိုးများကို ရှာဖွေတတ်ပါသည်။

            မည်သူမည်ဝါသည် သိုးထိန်းကြီးနှင့် သူ့လက်အောက်တွင် ရှိသော ဒေသန္တရအသင်းတော်ဖြစ်ရမည်နည်း။ ယေဘုယျအားဖြင့် ခရစ်ယာန်လောကတစ်ခုလုံးတွင် ယေရှုကို ယုံကြည်ပါသည် ဟုနှုတ်ဖြင့်ဝန်ခံသောသူများကို အသင်းအဖြစ် လက်ခံရပါသည်။ တစ်ခါတစ်ရံ ကယ်တင်ခြင်း စိတ်ချမှု၏ မရှိသောသူများကိုလည်းလက်ခံ တတ်ကြသည်။ အသင်းသားဦးရေများလာစေချင်သော ဆန္ဒနှင့်အလှူရှင်များများရလိုသည့် ဆန္ဒသည် ကြီးမား လွန်းသဖြင့် အသင်းဝင်ဖြစ်လို သူတိုင်းကို လက်ခံကြသည်။ ပို၍ အဆင့်အတန်းမြင့်မားလိုလျှင် ခရစ်တော်နှင့် တော်စပ်သောသူများကိုသာ ဒေသန္တရအသင်းဝင် တစ်ဦးအဖြစ် လက်ခံရန်ဖြစ်ပါသည်။ မိတ်သဟာယတွင် အတိအလင်းထင်ရှားစွာ ၀င်သောသူကိုသာလျှင် အသင်းတော်ကတိကျစွာ အရေးယူနိုင်သည်။ ထို့ကြောင့် အသင်းတော်စည်းကမ်းသည် သခင်ဘုရား၊ အသင်းတော်နှင့် အသင်းတော်၏ ဦးဆောင်မှုကို ၀န်ခံရန် ဆက်ကပ် ထားသော သူများအားဖြင့် စတင်သက်ရောက်ပါသည်။

            ခရစ်တော်က လက်ခံပြီးသောသူကို အသင်းတော်ကလက်ခံခြင်းသည် သမ္မာတရားနှင့်အညီပါသည် (ရော ၁၅းရ)။ ခရစ်တော်လက်ခံသူ ဟုတ်မဟုတ် မည်ကဲ့သို့ သိနိုင်ကြမည်နည်း။ ဘုရားသခင်သည် ယေရှုကို သေလန် သော သူများထဲမှ ရှင်ပြန်ထမြောက်စေပြီးဟု စိတ်နှလုံးထဲ၌ ယုံကြည်ပြီး၊ ယေရှုသည် သခင်ဖြစ်သည်ဟု နှုတ်ဖြင့် ၀န်ခံပြီးပြီလား (ရော ၁၀း၉)။ ပါးစပ်အားဖြင့် ကြားဖူးနားဝစကားများကို ပြောတတ်ရုံမဟုတ်ဘဲ အမှန်တကယ် နောက်တော်လိုက်သူဖြစ်ကြောင်း ပေါ်လွင်ပါသလား။ သခင်၊ သခင်ဟု ခေါ်သောသူတိုင်း နိုင်ငံတော်ကို မဝင်ရပါ (မ ရး၂၁)။ ကို်ယ်တော် မိန့်မှာထားသည့်အတိုင်း ယုံကြည်သူ၊ မည်သူက မယုံကြည်သူ ဖြစ်သည်ကို ကျွန်ုပ်တို့ခွဲ ခြားသိနိုင်မည် ဖြစ်ပါသည်။

            မည်သည့်ဂိုဏ်းကဏဝင်ပင် ဖြစ်ပါစေ၊ သမိုင်းစဉ် တစ်လျှောက်တွင် စစ်မှန်သော ယုံကြည်သူများ ခံယူခဲ့ ကြသည့် သြဝါဒပါ အချက်အလက်များကို မိတ်သဟာဝင်များက ခံယူရပါမည်။ ထိုသြဝါဒများတွင် ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း၊ သုံးပါးတစ်ဆူတည်းဖြစ်သော ဘုရား၊ ကျမ်းစာသည် ဘုရာသခင် မှုတ်သွင်းထားပြီး အခွင့်အာဏာရှိသည့် နှုတ်ကပတ်တော်ဖြစ်ကြောင်း။ ကောင်းကင်နှင့် မရဏာနိုင်ငံတို့သည် အမှန်တကယ် ရှိကြောင်း၊ အကျင့်အားဖြင့် ကယ်တင်ခြင်းသို့ မရောက်၊ ကျေးဇူးတော်ကြောင့်သာ ရောက်ရကြောင့်သာ၊ လက်ဝါကပ်တိုင်ပေါ်တွင် သခင်ယေရှုဆောင်ရွက်ပြီးစီးခဲ့သောအမှုကို ယုံကြည်ခြင်းစသည့်တို့ ပါ၀င်ပါသည်။ အခြားမည်သည့် မျှော်လင့် စရာရှိသေးသနည်း။ ဘုရားသခင်နှင့်စစ်မှန်သော မိတ်သဟာအဖွဲ့ ခြင်းသည် အလင်းထဲတွင် လျှောက်လှမ်းခြင်းအပေါ် မူတည်ပါသည်။ ဘုရားသခင်သည် အလင်း၌ ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ ကျင်လည်လျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်ရှိကြသည် ဖြစ်၍ ဘုုရားသခင်၏ သားတော် ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြေားတော်မူ၏ (၁ ယော ၁း၁၇)။ အခြားသော ယုံကြည်သူများနှင့် မိတ်သဟာအဖွဲ့ခြင်းသည်လည်း လျှောက်လှမ်းခြင်းအပေါ်၌ မူတည်ပါသည်။ လူတစ်ဦးသည် ဘုရားသခင်၏ စည်းကမ်းအောက်တွင် ဆုံးမခြင်းခံရသူ သို့မဟုတ် သမ္မာတရား(၀ါ) အလင်းထဲ မလျှောက်သော သူတို့ သူကိစ္စ မဖြေရှင်းမီတိုင်အောင် မိတ်သဟာသ၌ လက်မခံရပါ။ လမ်းမှားသောသူကို လမ်းမှန်ပြန်ရောက် အောင် တတ်နိုင်သမျှ ကူညီသင့်ပါသည်။ သို့ရာတွင် သူ၏ နောင်တသည် လေးနက်မှုမရှိလျှင်သော်လည်းကောင်း၊ အရေးကြီးသောပြဿနာများကို ပေါ့ပေါ့တန်တန် သဘောထားလျှင် သော်လည်းကောင်း အနာဂတ်တွင် ဒုစရိုက်ကို ထပ်ခါတလဲလဲ ကျူးလွန်စေတတ်ပါသည်။

နိဂုံးချုပ်နှင့် မိမိအတွက်ခံယူကျင့်သုံးခြင်း

            ဒေသန္တရအသင်းတော်တစ်ပါးသည် ဘုရားသခင်အလိုတော်နှင့် အညီ စည်းကမ်းကို ကိုင်တွယ်သောအခါ သန့်ရှင်းစင်ကြယ်ခြင်းကို ဖြစ်စေပါသည်။ စည်းကမ်းကို လျစ်လျူရှုခြင်းအားဖြင့် သန့်ရှင်သော ၀ိညာဉ်တော်အား ၀မ်းနည်းစေလျှင် ဘုရားသခင်နှင့် ဆက်သွယ်ခြင်းကို တားဆီးရာရောက်ပါသည်။ အသင်းတော်ကိုပိုင်တော်မူသော သခင်ယေရှုသည် ဗျာဒိတ်၂ နှင့် ၃ မှာ ပြုသကဲ့သို့ နောင်တရကြစေရန် အသင်းတော်သို့ ကြွလာမည်မဟုတ်ပါ။ ကိုယ်တော်နှင့် အသင်းတော်အတွက် အသေရေပျက်စေသော အသက်တာမျိုး၌ ကျင်လည်းရန်မဟုတ်ဘဲ အလွန်သန့်ရှင်းမြင့်မြတ်သော အသက်တာမျိုးရှိဖို့ရန် ကျွန်ုပ်တို့ကို သခင်ဘုရားခေါ်တော်မူခြင်းဖြစ်ပါသည်။ စည်းကမ်းအရ အရေးယူသင့်သည့် သန့်ရှင်းသူတစ်ဦးစီအား စည်းကမ်းဖြင့် အရေးယူခြင်းက အကျိုးဖြစ်ထွန်းစေပြီး ဘုရားသခင် နှစ်သက်သော အသက်တာသို့ ပြန်လည်ပို့ဆောင်ပေးပါသည်။

            ခရစ်တော်၏ တရားစီရင်ခြင်းပလ္လင်သည် ယုံကြည်သူတိုင်း၏ အသက်တာနှင့် လုပ်ဆောင်ချက်များကို နောက်ဆုံးစာရင်းတင်ပြရသာနေရာ ဖြစ်ပါသည် (၂ ကော ၅း၁၀၊ ၁ ကော ၃း၁၂-၁၅)။ ခရစ်တော်၏ အသွေးတော်အားဖြင့် ကျွန်ုပ်တို့၏ အပြစ်များကို ဆေးကြော၍ အဖိုးအခ ပေးဆပ်ပြီးဖြစ်သော်လည်း ကျွန်ုပ်တို့၏ အသက်တာနှင့် တည်ဆောက်ချက်ကို သုံးသပ်တော်မူခြင်းမှ လွတ်ကင်းနိုင်ကြမည် မဟုတ်ပေ။ ၁ ပေ ၄း၁၇ တွင် ဘုရားသခင်၏  အိမ်တော်မိသားစုမှ တရားစီရင်ခြင်း စတင်မည်ဟု ပါရှိပါသည်။ သူ၏ လူများကို စည်းကမ်းနှင့် ကိုင်တွယ်ရာတွင် ရော့တိရော့ရဲနိုင်သော (ဓမ္မဟောင်းကာလနှင့် ဓမ္မသစ်ကာလ) ၀ိညာဉ်ရေးရာ ခေါင်းဆောင်အား လုံးကို ဘုရားသခင်က ရှုတ်ချတော်မူပါသည်။ ကိုယ်တော်ကို ယုံကြည်ပါသည်ဟု ၀န်ခံသော သာမန်လူများ၏ သစ္စာမဲခြင်းနှင့် အပြစ်များကိုပင် ဘုရားသခင် ထပ်ခါထပ်ခါ စီရင်တော်မူပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်သူများ နှင့် သက်ဆိုင်သည့် ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာတစ်ခု ဖြစ်လိုပါက အသင်းတော်တွင် စည်းကမ်းကို အသုံးပြု ကြရန် အရေးကြီးပါသည်။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

လမ်းညွန်ချက်

၁။        ဤသင်ခန်းစာမှ သင်နားလည်သဘောပေါက်သည့်အတိုင်း အသင်းတော်တွင် မည်ကဲ့သို့ စည်းကမ်းချမှတ် ကျင့်သုံးသင့်သည်ကို ရှင်းပြပါ။

၂။         ၁ ကော ၅ အရ ရှင်ပေါလုက ကောရိန္တာအသင်းတော်ကို အပြစ်တင်ဆုံးမရခြင်းအကြောင်းရင်းသည် အဘယ်နည်း။

၃။        ဘုရားသခင်က သူ၏ သားသမီးများအား ဆုံးမရခြင်း၏ သဘောထားနှင့် ရည်ရွယ်ချက်သည် အဘယ်နည်း (ဟေဗြဲ) ၁၂း၆၊ ၁၀)။

၄။        မိတ်သဟာယထဲသို့ မည်သူ့ကို လက်ခံရမည်နည်း (ရော ၁၅းရ၊ ၁၄း၁)။

၅။        မိတ်သဟာယသို့ မည်ကဲ့သို့ လက်မခံဘဲ နေရမည်နည်း (၂ ကော ၉၊၁၀၊ ဂါ ၅း၁၉-၂၀) မည်သည့် အချိန် တွင် အခြားယုံကြည်သူနှင့် မိတ်သဟာယဖွဲ့ဖို့ ငြင်းဆိုရမည်နည်း (၁ ကော ၅း၁၁၊ ရော ၁၆း၁၇၊ တိ ၃း၁၀၊၁၁)။

၆။        အသင်းတော်သည် ဘုရားသခင်၏ ဆုံးမခြင်းကို မည်ကဲ့သို့ ရှောင်ရှားနိုင်နည်း။ (သို့မဟုတ်) ဘုရားသခင်      ၏ ကောင်းချီးမင်္ဂလာ ချုပ်တည်းခြင်းကို မည်ကဲ့သို့ ရှောင်ရှားနိုင်မည်နည်း (၁ ကော ၁၁း၃၁၊ ၅း၁၂၊ ၁၃ ဗျာ ၂း၅၊ ၁၄-၁၆၊ ၃း၁၅။ ၁၆၊၁၉)။

၇။        ယောရှု (၇) မှ အာခန်အကြောင်းကို သင်မည်ကဲ့သို့ သင်ခန်းစာ ရပါသနည်း။

၈။        အောက်ပါအတိုင်းကျမ်းစာပိုဒ်များတွင် ဆုံးမခြင်းအတိုင်းအတာကို ဖော်ပြထားပါသည် ခေါင်းစဉ်နှစ်ခု အောက်တွင် မှန်ကန်စွာ ဖြည့်စွက်ပါ။

                        ကျမ်းချက်        အပြစ်  အရေးယူခြင်း

            (က)     ၁ သက် ၅း၁၄ က

            (ခ)       ၂ သက် ၃း၁၀-၁၄

            (ဂ)       ၁ တိ ၅း၂၀

            (ဃ)     ၁ ကော ၅း၁၁၊ ၁၃)

၉။        ထင်မြင်ချက်။   ။အသင်းတော်တစ်ပါးက အပြစ်ကြူးလွန်သူအား ဆုံးမအရေးယူခြင်းကို သင်မှတ်မိပါ          သလား။ ထိုကဲ့သို့ ပြုလုပ်ခြင်းကို မည်ကဲ့သို့ တုံ့ပြန်ပါသနည်း။

၁၀။      ဤသင်ခန်းစာတွင် သင်မဖြေနို်င်သော မေးခွန်းတစ်စုံတစ်ခု ရှိပါသလား။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

ရှင်းလင်းချက်များ

အသင်းတော်နှင့်ဧံဂေလိလုပ်ငန်း            သင်ခန်းစာ(၁၁)

            “ကယ်တင်ခြင်းသို့ ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်စေတော်မူ၏” (တ ၂း၄၇)။

            သခင်ယေရှု လောကသို့ ကြွလာခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပျောက်ဆုံးသူကို ရှာဖွေဖို့ပင်ဖြစ်ပါသည် (လု ၁၉း၁၀)။ ကိုယ်တော်၏ သာသနာသည် အပြစ်သားများကို ကယ်တင်ရန် ဖြစ်ကြောင်း ပြသရာတွင်ပျောက်   သောသိုး၊ ပျောက်သောဒင်္ဂါး၊ ပျောက်သောသားဟူသော ဥပမာသုံးခုဖြင့် အပြစ်သားများနှင့် ဆက်စပ်ခြင်းကို ရှင်းပြခဲ့ပါသည် (လု၊ ၁၅)။ ရှေးဦးတပည့်တော်များကို ခေါ်ရာတွင် သူတို့အား လူကိုမျှားသောတံငါဖြစ်စေမည်ဟု ဖိတ်ခေါ် တော်မူခဲ့သည် (မာ ၁း၁၇)။ ကောင်းကင်ဘုံသို့ တက်မကြွမီ နောက်ဆုံးမြွတ်ဆိုသောစကားတွင် တပည့်တော်တို့ကို လောကတွင် သူ၏သက်သေများအဖြစ် ထားခဲ့ကြောင်း သတိပေးတော်မူခဲ့ပါသည်။ ပင်တေ ကုတ္တေပွဲပြီးသည့်နောက် ပထမဆုံးဟောပြောသော ဒေသနာသည် ဧဝံဂေလိတရားဖြစ်ပါသည်။ (တ ၂း၃၇-၃၈)။ ကနဦး ယုံကြည်သူများသည် ဧဝံဂေလိတရားကို ဆက်လက်ဝေငှကြသည် (တ ၅း၄၂။ ၈း၄)။ မည်သည့်ယုံကြည် သူ လူစုမဆို ဓမ္မသစ်အသင်းတော်အဖြစ် ရပ်တည်လုပ်ဆောင်လိုသည်ဆိုလျှင် ဧဝံဂေလိတရား ဟောပြောသော အသင်းတော်ဖြစ်ရပါမည်။ ထိုကဲ့သို့ ကြိုးစားလုပ်ဆောင်ခြင်းမရှိလျှင် ယခုအချိန်၌ ၀မ်းမြောက်ဖွယ်သတင်းတော် ပျံ့နှံနိုင်မည် မဟုတ်ပေ။

            အသင်းတော်တစ်ပါး၏ ၀ိညာဉ်ရေး ကျန်းမာသန်စွမ်းရန်အတွက် မရှိမဖြစ်လိုအပ်ချက်မှာ သတင်းကောင်း          ကို ယုံကြည်ရုံမျှမက ထိရောက်စွာ ပျံ့နှံစေရမည်ဖြစ်သည်။ အသင်းတော်၌ သင်းဝင်သူ တိုးပွားလာရန် အသင်းတော်က စွမ်းအားကြီးမားသော ဧဝံဂေလိ လှုပ်ရှားမှုရှိရမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ “ဧဝံဂေလိမလုပ်ပဲ နေတာထက် သေတာ ပိုကောင်းတယ်” ဟူသော အဆိုတစ်ခုရှိပါသည်။ ၀ိညာဉ်ကယ်တင်ရေးအတွက် ၀န်တာဖြစ်၍ လက်တွေ့လုပ်ဆောင်သော အသင်းတော်များ၌ ဘုရားသခင်အတူရှိကြောင်း သိသာပါသည်။ အသင်းတော် ပြောင်းရွှေ့ခြင်းအားဖြင့် တိုးပွားခြင်း၊ ကလေးမွေးဖွားခြင်းအားဖြင့် အသင်းဝင်တိုးပွားခြင်းသည် သတင်းကောင်းကိုကြား၍ တုံ့ပြန်ခြင်းဖြင့် တိုးပွားလာသကဲ့သို့ မှန်သော တိုးပွားခြင်း၊ မဟုတ်ချေ။ ဘုရားသခင်သည် ခံတပ်ကို တိုက်ဖို့ဟု ဆိုရာတွင် သမ္မာတရားကို ဟန့်တားသော မရဏာနိုင်ငံ၏ တံခါးများကို ဆိုလိုပါသည်။ ဧဝံဂေလိလုပ်ငန်းဆိုသည်မှာ ပျောက်ဆုံးသော ၀ိညာဉ်များထံ အရောက်သွားခြင်း ဟူ၍ လည်းခေါ်ပါသည်။

            ၀ိညာဉ်ရေး၌ သေနေသောသူကို ဘုရားသခင်၏ ၀ိညာဉ်တော်ကသာလျှင် အသက်ပေးနို်င်သောကြောင့် လှုပ်ရှားမှု တစ်ခုခုလုပ်ဖို့ရန် ဘုရားသခင်၏ တာဝန်ဖြစ်သည်ဟု လူအချို့က ငြင်းတတ်ကြသည်။ ဤခံယူချက်မှာ ယုံကြည်သူများသည် ခရစ်တော်၏ သံတမန်များ ဖြစ်၍ ရန်ငြိမ်းခြင်းလုပ်ငန်းတော်ကို အပ်နှံခြင်းခံသူများ           ဖြစ်သည်ဟူသော အဆိုကို အသိအမှတ် မပြုခြင်းပင်ဖြစ်သည် (၂ ကော ၅း၁၈-၂၀)။ ယုံကြည်သူတိုင်း၌ ဧဝံဂေလိ ဆရာတစ်ဦး၏ ဆုကျေးဇူးမရှိသည်မှာ မှန်သော်လည်း ယုံကြည်သူတိုင်းသည် မိမိလက်လှမ်းမီသလောက် အနီး ပတ်ဝန်းကျင်တွင် ပုံသက်သေနှင့် လည်းကောင်း၊ နှုတ်အားဖြင့်လည်းကောင်း ဧဝံဂေလိတရားကို ဝေငှရန်တာဝန် ရှိပါသည်။ အခြားသောသူများကို ကယ်တင်ရာတွင် ဘုရားသခင်ကိုယ်စားပြုသော လူသားများလိုအပ်ကြောင်း ရှင်ပေါလု၏ သြဝါဒစာတွင်ညွှန်ပြထားပါသည်။ ရှင်ပေါလုသည် သတင်းကောင်းအားဖြင့် အချို့သောသူများကို ကယ်တင်၍ ထိုသူတို့၏ ၀ိညာဉ်ဖခင်ဖြစ်လာကြောင်း ပြောဆိုခဲ့ပါသည် (၁ ကော ၄း၁၅။ ဖိလေ ၁၀)။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုအားဖြင့် ဘုရားသခင်ထံ ရောက်လာသောသူတို့သည် ကျွန်ုပ်တို့၏ ထာဝရဝမ်းမြောက်ခြင်း၊ ကျွန်ုပ်တို့အတွက် သရဖူနှင့် ဘုန်းအသရေ ဖြစ်ပါသည် (၁ သက် ၂း၁၆)။ သူတစ်ပါး၏ စိတ်ဝိညာဉ်ကိုရသော  သူ သည် ပညာရှိသောသူဖြစ်၏ (သု ၁၁း၃၀)။ အပြစ်ရှိသောသူကို မှားယွင်းသောလမ်းမှ ပြန်လှည့်လာစေသော သူသည် ၀ိညာဉ်ကိုသေခြင်းမှ ကယ်တင်၍ များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်သည် (ယော ၅း၂၀)။ ဘုရားသခင်သည် သူ၏သက်သေများအဖြစ် အသုံးပြုရန် ကျွန်ုပ်တို့ကို ရွေးကောက်ထားခြင်း ဖြစ်ပါသည်။

            ဘုရားသခင်၏ စကားတော်ကို မနာခံနိုင်ရန် ကာဆီးထားသော အရာမျာကို မဖယ်ရှားပါက ဧဝံဂေလိ အသီးအပွင့်ကို ဆက်တို်က်ရနိုင်မည် မဟုတ်ပေ။ တချို့ယေဘုယျကျသော အရာများကို ပြောင်းလဲပစ်ဖို့ ခက်ခဲတတ်ပါသည်။ အသင်းတော်၏အသက်ရှင်သန်မှုကဏ္ဍတိုင်း၌ မပြည့်စုံသောဦးဆောင်မှုရှိတတ်ပါသည်။ ဆုတောင်းခြင်းနှင့်ဝိညာဉ်ရေးရာ ဦးဆောင်နိုင်စွမ်းရှိမှု နှစ်ခုစလုံးသည် အရေးကြီးပါသည်။ သက်တမ်းကြာရင့်သော အသင်းတော် များသည် ပျောက်ဆုံးသော ၀ိညာဉ်ရှာဖွေရာတွင် ခွန်အားချို့တဲ့တတ်သည်။ တချို့အသင်းတော် များသည် သူတို့၏ယဉ်ကျေးမှု သို့မဟုတ် မျိုးနွယ်စု၏ နောက်ခံသမိုင်းနှင့်များစွာ ခြားနားသော လူများနေထိုင်သည့် အရပ်တွင် တည်ရှိကြသည်။ ယုံကြည်သူအများအပြားသည် ဘုရားကျောင်းနှင့် အလှမ်းဝေးသော အရပ်တွင် နေထိုင်ကြသည်။ ဤအခြေအနေသည် ရပ်ကွက်ထဲတွင် ခရစ်တော်အကြောင်း ပြောပြရန် ခက်ခဲစေတတ်ပါသည်။

            အသင်းတော်တွင် ဧဝံဂေလိလုပ်ငန်းကို စိတ်အားထက်သန်စွာ မလုပ်ဆောင်နိုင်ရန် တားဆီးသောအရာ များရှိပါသည်။

၁။        ၀ိညာဉ်အသက်ရှင်သန်မှု ကင်းမဲ့ခြင်း ။              ။ ထိရောက်စွာ သက်သေခံခြင်းသည် ဘုရားသခင်၏ခွန် အားနှင့် ၀ိညာဉ်တော်ပြည့်ဝခြင်းမှ ဖြစ်ပေါ်လာသော ၀ိညာဉ်အသက်လျှံထွက်ခြင်းဖြစ်ပါသည်။ ယုံကြည်သူ များ သည် တင်းတိမ်ရောင့်ရဲခြင်း၊ ပျင်းရိခြင်း၊ ဆုမတောင်းခြင်း၊ ခရစ်တော်၌ ဆက်ကပ်မှုအားနည်းခြင်းတို့ကြောင့်  ၀ိညာဉ်ရိတ်သိမ်းခြင်းနည်းပါးနေခြင်း ဖြစ်ပါသည်။ ဤအားနည်းချက်ကို အဓိကဖြစ်စေသောအရာများမှာ စည်းစိမ် ဥစ္စာနှင့်ရုပ်ဝါဒလွှမ်းမိုးမှုများဖြစ်ကြသည်။

၂။         လူကိုကြောက်ရွံ့ခြင်း ။             ။ ယုံကြည်သူများစွာတို့သည် ငြင်းပယ်ခြင်းနှင့် ကဲ့ရဲ့ခြင်းခံရမည်ကို ကြောက်သောကြောင့် မိမိနေသောရပ်ကွက် မိမိ၏ယုံကြည်ခြင်းကို ဝေငှရန် ပျက်ကွက်တတ်ကြပါသည်။ လူကို ကြောက်ရွံ့ခြင်းသည် ဘုရားသခင်ထံမှ လာသည့်အရာမဟုတ်ပါ (၂ တိ ၁း၁၇)။ ၎င်းသည် လူကိုထောင် ချောက် သို့သာ ပို့ဆောင်ပေးပါသည် (သု) ၂၉း၂၅)။ သင်တန်းပေးခြင်း၊ နှိုးဆော်တိုက်တွန်းခြင်းနှင့် လက်တွေ့အနည်းငယ် လုပ်ကိုင်စေခြင်းသည် မိမိကိုယ်ကို ယုံကြည်အားကိုးမှုကင်းမဲ့ခြင်းကို ပပျောက်စေနိုင်ပါသည်။

၃။        ပြင်ပ၌ ဧဝံဂေလိလုပ်ရန် ရည်ရွယ်ချက် မရှိခြင်း ။         ။ ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်သွန်သင် ပေးခြင်းအားဖြင့် အသင်းလူကြီးများနှင့် အသင်းသားများက သခင်ဘုရားအားနာခံ၍ ပျောက်ဆုံးဝိညာဉ်များ အတွက် ထားရှိသော သခင်ဘုရား၏ ၀န်တာကို မဝေငှကြလျှင် အရာခပ်သိမ်းသည် နဂိုရှိရင်းစွဲအတိုင်းပင် ရှိနေမည်ဖြစ်ပါသည်။ ရည်ရွယ်ချက်အောင်မြင်နိုင်ရန် ဆက်ကပ်အပ်နှံခြင်း၊ ပန်းတိုင်ထားရှိခြင်း၊ နည်းစနစ်များသုံး   သပ်ခြင်း၊ နည်းစနစ်များသုံးသပ်ခြင်း၊ ဆုတောင်းခြင်း အရှိန်မြှင့်တင်ခြင်းများနှင့် ဧဝံဂေလိတရားနှင့်ဆိုင်သော ယုံကြည်ခြင်းအတွက် ယုံကြည်သူအားလုံး တညီတညွတ်တည်း ကြိုးစားအားထုတ်ရပါမည် (ဖိ ၁း၂၇)။

၄။        လူသစ်များ ၀င်လာနိုင်ရန် တံခါးဖွင့်မထားခြင်း ။                        ။ ယုံကြည်သူမြောက်များစွာတို့သည် အသင်းတော် သို့မလာရောက်သူများအား မိမိတို့နေအိမ်သို့ ဖိတ်ခေါ်ခြင်း မပြုကြချေ။ သို့တည်းမဟုတ် ကယ်တင်ခြင်းမရသေး သောသူများနှင့် မိတ်ဖြစ်အောင် ပေါင်းကူးတံတားလည်း မတည်ဆောက်ကြချေ။ သူတို့သည် အခြားယုံကြည် သူများဝင်လာရန် အတွက်သာ တံခါးဖွင့်ထားကြသည်။ အသင်းတော် အစည်းအဝေးတွင် ဧည့်သည်များကို ဖော်ရွေနွေးထွေးစွာ လက်ခံခြင်းသည် တစ်ခါတစ်ရံ ချို့တဲ့လစ်လပ်နေတတ်သည်။ မကြာခဏဆိုသလို လူသစ်များ သည် သူတို့၏အခက်အခဲများနှင့် ထူးဆန်းသောအမူအကျင့်များကို အစည်းအဝေးသို့ ယူဆောင်လာတတ်ကြ သည်။ ကျွန်ုပ်တို့အား အနှောင်အယှက်ပေးသော ပြဿနာများ ယူဆောင်လာခြင်းကို သင့်အနေဖြင့် ရှောင်ရှားကောင်း ရှောင်ရှားပါလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့နှင့် မတူသော သူများအပေါ် အေးစက် ဆက်ဆံရန် စုံစမ်းခြင်းကို ကျွန်ုပ်တို့ ခံရဖွယ်ရှိနေသည်။ ထိုအခါ ကျွန်ုပ်တို့သည် ဧဝံဂေလိတရားဟောပြောသော အသင်းတော် မဟုတ်တော့ဘဲ တံခါးပိတ်သောဘာရေး ကလပ်အသင်း တစ်ခုမျှသာ ဖြစ်လာပေလိမ့်မည်။

၅။        လုပ်နည်းများကို အတည်သတ်မှတ်ခြင်း ။         ။ ဓမ္မသစ်အသင်းတော်သည် ကယ်တင်ခြင်းမရရှိသေးသော သူများဆီသို့ ရောက်ရှိအောင် ကျပ်တည်းသောနည်းလမ်းကို ပြဌာန်းသည် ဟူ၍ မဆိုနို်င်ပါ။ ဧဝံဂေလိတရားတော် ကသာ မပြောင်းလဲစတမ်း တည်တံလျက်ရှိသည်။ ယခင်အချိန်၌ တဲဖြင့်စည်းဝေးခြင်း၊ အပတ်ပေါင်းများစွာ ဧဝံဂေ လိစည်းဝေးပွဲ ပြုလုပ်ခြင်း၊ လမ်းပေါ်၌ ဧဝံဂေလိတရားဟောပြောခြင်းတို့သည် လူအများအား ကယ်တင်ခြင်းတရား ကြားပြောရာတွင် ထိရောက်ခဲ့ပါသည်။ အချို့သောနေရာများတွင် အကျိုးရှိနေဆဲပင်ဖြစ်ပါသည်။ သို့ရာတွင် ချဉ်းကပ်နည်းအသစ်ဖြင့် လုပ်ဆောင်ဖို့ အသင့်နိုးကြားနေရမည်။ လမ်းထောင့်တစ်ခု၌တည်းရှိသော အသင်းတော် သို့ ကပ်ဖို့၊ သို့မဟုတ် တနင်္ဂနွေနေ့ည အစည်းအဝေးတက်ဖို့ သို့မဟုတ် အထူးစီစဉ်ထားသော ဧဝံဂေလိဟောကြား ခြင်း အစည်းအဝေးသို့ တက်ရောက်ဖို့အတွက် လူတိုင်း၌ အဆင်သင့်ပြင်ဆင်ထားခြင်း မရှိတတ်ကြပါ။ လူနေမှု အဆင့်အတန်းကို တိုးမြှင့်သောအာဖြင့် ရုပ်မြင်သံကြား၊ ခမ်းနားသော အားကစားပွဲကြီးများနှင့် အပန်းဖြေစရာ ဖျော်ဖြေမှုအ လျှံပယ်ပေါများခြင်းတို့ကို ယှဉ်ပြိုင်ရပါသည်။ မယုံကြည်သူနှင့် ဆက်သွယ်ရန် နည်းလမ်းကို မမြှင့်တင်ကြပါက ပြောင်းလဲသောလူသစ်အနည်းငယ်ကိုသာ မြင်ရကြမည်ဖြစ်ပါသည်။ စိတ်ဝင်စားသောသူအား တစ်ဦးချင်းဝေငှခြင်းအားဖြင့် ၀ိညာဉ်ကို ရှာဖွေဖမ်းဆီးသင့်ပါသည်။

၆။        ဧဝံဂေလိလှုပ်ရှားမှုကို ပုံစံပြသော ခေါင်းဆောင်မရှိခြင်း ။         ။ စည်းဝေးများ၌ ပျောက်ဆုံးသောဝိညာဉ် များထံသို့ ရောက်နိုင်အောင် ဦးဆောင်တွန်းပို့ပေးသောသူမှာ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အများဖြစ်ပါသည်။ သူတို့သည် အသင်းတော်များ၌ ကြိုးပမ်းအားထုတ်မှု၊ စိတ်အားထက်သန်မှု ဖြစ်ပေါ်စေရန်လည်းကောင်း၊ သြတ္တပ္ပ ကို နှိုးဆွပေးခြင်းအားဖြင့်လည်းကောင်း၊ ဧဝံဂေလိလုပ်ငန်းကို လည်ပတ်စေကြသည်။ သူတို့သည် ၀ိညာဉ်မည်ကဲ့ သို့ဖမ်းရမည်ကို ကိုယ်တိုင်ပုံစံပြသောသူများဖြစ်ကြသည်။ ဤအလုပ်သည် အလွန်စိတ်အား တက်ကြွအောင် စွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကို မရနိုင်လျှင် စိတ်ပါသောသူများ စည်းဝေး၍ ဦးဆောင်မည့်သူတစ်ဦးကို ရရှိနိုင်အောင် ဆုတောင်းရပါမည်။

၇။        တစ်ဦးချင်းတာဝန် သို့မဟုတ် အသင်းတော်တာဝန်ကို လက်မခံခြင်း ။                ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ လုပ်ခဲ့သော လုပ်ဆောင်ချက်များကို လက်ညှိုးထိုးပြခြင်းအားဖြင့် ၀ိညာဉ်ဖမ်းခြင်း၊ တာဝန်ကိုရှောင်လွဲ၍ မရနိုင်ပါ။ ကျွန်ုပ်တို့၌ သတင်းကောင်းဟောကြားခြင်း၊ အစည်းအဝေးများ၊ ဧဝံဂေလိတရားကို ဟောပြောသူများ (Sunday School) နှင့်နွေရာသီစခန်းချသင်တန်း လှုပ်ရှားမှုများရှိပါသည်ဟု ပြောနိုင်ကြပါသည်။ ဧဝံဂေလိ လှုပ်ရှားသော အစီအစဉ်များသို့ ပါ၀င်လှူဒါန်းနိုင်ပါသည်း။ သို့ရာတွင် ထိုလုပ်ငန်း၌ ကျွနု်ပ်တို့ကိုယ်တိုင် မပါ၀င်ကြသောအခါ အသင်းတော်သည် လုပ်ငန်းတော်၏ အသီးအပွင့်အနည်းငယ်ကိုသာ မြင်ရပါသည်။ ဤအရာသည် ဘုရားသခင် ရှေ့တော်၌ လေးနက်သော ပြဿနာဖြစ်ပါသည်။ ထိုပြဿနာကို ရင်ဆိုင်၍ပြောင်းလဲလာအောင် တစ်ခုခု လုပ်ရပါလိမ့်မည်။

ဧဝံဂေလိလုပ်ငန်းအတွက် အတွင်းပိုင်းတိုးတက်မှု ဖြစ်စေခြင်း

            အသင်းတော်သို့ ကယ်တင်ခြင်းမရသေးသောသူကို ခေါ်လာဖို့မကြိုးစားမီ ကျွန်ုပ်တို့၏ စည်းဝေးခြင်းများကို စနစ်တကျ ပြင်ဆင်ထားဖို့ လိုအပ်ပါသည်။ ဧည့်သည်တစ်ဦးသည် တစ်ခါနှစ်ခါလာပြီးသည့်နောက် ၎င်းအား မဆွဲဆောင်နိုင်လျှင် ကျွန်ုပ်တို့၌ အခွင့်အရေးဆုံးရှုံးကြပြီး ဖြစ်ပါသည်။ တစ်ခါတစ်လေ ကျွန်ုပ်တို့၏ အိမ်ထောင် မိသားစုထဲသို့ ဧည့်သည်များမလာချင်ကြတော့ပေ။ ဘာကြောင့်လဲ။

၁။        ထိုသူသည် မိမိအိမ်တွင်နေသလို ခံစားရစေရန် တံခါးဝ၌ ချစ်ခင်နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်၍ အခြားသောယုံကြည်သူများနှင့် မိတ်ဆက်ပေးပါသလား။ သူနှင့်ဆက်လက် ဆက်သွယ်နိုင်အောင် အားပေးသော အနေဖြင့် သူ့နာမည်နှင့် လိပ်စာကို ရယူပါသလား။

၂။         ညစာစားဖို့ ဖိတ်ခေါ်ခြင်းဖြင့် ဧည့်ဝတ်ပြုခြင်းကို အသင်းတော်အများစုက အသုံးပြုကြသည်။ ဖိတ်ကြား ထားသူများကို အသင်းတော်၌ပင် ကျွေးမွေးခြင်းလည်း ပြုလုပ်တတ် ပါသည်။ ဖုန်းနှင့် (Follow-up) လုပ်သော အခါ၌လည်း ကြိုးဆိုလျက်ရှိကြောင်းကို ပြောပြနိုင်သည်။

၃။        အစည်းအဝေး၏ အရည်းအသွေးကို ထိရောက်အောင် လုပ်ဆောင်သည့်နည်းများစွာ ရှိပါသည်။ သီချင်းဆို ခြင်း၌ ဦးဆောင်မှုကောင်းပါသလား။ အိမ်တွင် အသုံးပြုသော စကားကို အသုံးမပြုသလို နားလည်ရခက်ခဲသော စကားနှင့် မပြောဘဲနေပါသလား။ အခြားသောသူများ အသိအမှတ်မပြုသည့် ပထမနာမည်မေးခြင်း စသည်တို့ကို မလုပ်ဘဲ နေကြသလား။ ကြေညာစရာများကို နည်းနိုင်သလောက် နည်းစေခြင်းဖြင့် ငြီးငွေ့စရာမဖြစ်အောင် လုပ်ပါသလား။ ဧည့်သည်များက ဤအရာများကို သတိပြုကြသည်။

၄။        တရားဟောချက်ကောင်းသလား။ ဆုကျေးဇူးရရှိသူတစ်ဦးက ၀ိညာဉ်သဘောနှင့် အသက်ပါလျက် စိတ်ဝင် စားဖွယ်ကောင်းအောင် ရှင်းလင်းဖော်ထုတ်သော တရားဟောချက် ဖြစ်သလား။ ဤကဲ့သို့သော တရားဟော ချက်သည် ဧည့်သည်များကို အစည်းအဝေးသို့ ပြန်လည်ပို့ဆောင်ပေးလိမ့်မည်။ သူငယ်ချင်များကို ဖိတ်ကြားရန် လူတို့အား တိုက်တွန်းသော တရားဟောချက် ဖြစ်သွားပါလိမ့်မည်။

၅။        ခရစ်တော်ကို ယုံကြည်လာကြလျှင် ထိုယုံကြည်သူလူသစ်အား ဆက်လက်ပြုစုပျိုးထောင်ပေးဖို့ အစီအစဉ်် ရှိပါသလား။ ဤအလုပ်ကို လေ့ကျင်ပြီးသား ပြင်ဆင်မှုရှိသောသူက လုပ်ဆောင်ရပါမည်။ ဤအလုပ်သည် ဧဝံဂေလိ၏ အသီးအပွင့်ကို ခိုင်မြဲစေပါလိမ့်မည်။

၆။        ဧည့်သည်များ ဆက်လက်လာနေပြီး ပြောင်းလဲခြင်းအားဖြင့်ဖြစ်စေ၊ ပြောင်းရွှေ့ခြင်းအားဖြင့် ဖြစ်စေ၊ မိတ်သဟာယဝင်ဖြစ်လာကြလျှင် အသင်းတော်၏ အသက်တာတွင် သူတို့ကို မည်ကဲ့သို့ ပါ၀င်စေမည်နည်း။ ပါ၀င် စေခြင်းသည် သူတို့၏ ဆုကျေးဇူးနှင့် ပါရမီအရည်အသွေးကို ဆက်လက်ထိန်းသိမ်းစေရုံသာမက အစေခံနိုင်ရန် လည်း အကျိုးပြုနိုင်ပါသည်။

၇။        စိတ်ဝင်စားသူများကို ဆွဲဆောင်နိုင်ရန် အထူးသင်တန်းများ လုပ်ပေးပါသလား။ အထက်တန်း၌ဖြစ်စေ၊ တက္ကသိုလ်၌ဖြစ်စေ၊ လူငယ်အဖွဲ့နှင့် ၎င်း၏ ဦးဆောင်မှုကဏ္ဍ မည်မျှကောင်းနေပါသနည်း။ လူကြီး ကျမ်းစာလေ့ လာခြင်းအတွက် သီးသန့်ရွေးချယ်ထားသော ခေါင်းစဉ်ရှိ ပါသလား။ တစ်ကိုယ်တည်းသမားများနှင့် လင်မယား စုံတွဲများအတွက် ကျမ်းစာလေ့လာခြင်း၊ နားပင်းသူများကဲ့သို့သော အင်္ဂါချို့တဲ့သူများအတွက် သင်တန်းများထား ပေးပါသလား။ လူစုသစ်ကို အစဉ် စတင်ဖွဲ့စည်းနိုင်သော အသင်းတော်သည် ဧည့်သည်များကို ဆွဲဆောင်နိုင်သော အသင်းတော်ဖြစ်သည်ဟု ပြောကြပါသည်။

၈။        နောက်ကျလာသော ဧည့်သည်များအတွက် ကားရပ်မည့်နေရာ၊ ထိုင်မည့်ခုံစသည့် နေရာကောင်းကို လျာထားပါသလား။ မူကြိုတန်းများအတွက် နေရာထိုင်ခင်းနှင့် အသုံးအဆောင်ပစ္စည်းများ မည်ကဲ့သို့ရှိပါသနည်း။

၉။        ဧဝံဂေလိလုပ်ငန်း၌အသီး သီးနိုင်ရန် အထူးဆုတောင်ခြင်းရှိပါသလား၊ ဤကဏ္ဍအတွက် ပန်းတိုင်ထား ပါသလား။ အစည်းအဝေးသို့လာသော ဧည့်သည်ပိုမိုများပြားလာစေရန် စီမံချက်ရှိပါသလား။ သင့်ရပ်ကွက်အတွင်း ရှိ လူတို့အား ခရစ်တော်အကြောင်းပြောပြနိုင်ရန် အသင်းလူကြီးများနှင့် အခြားအသင်းတော် ခေါင်းဆောင်များ၌ မည်သည့် စီမံချက်နှင့် နည်းဗျူဟာများ ရေးဆွဲထားပါသနည်း။

ဧဝံဂေလိလုပ်ငန်းကို ပြင်ပတွင် လုပ်ဆောင်ခြင်း

ဧဝံဂေလိလုပ်ငန်းကို ထိရောက်စွာ လုပ်ဆောင်နိုင်သော အသင်းတော်များသည် ရပ်ကွက်အတွင်း ထိုးဖောက်၍ လှုပ်ရှားဆောင်ရွက်သည့်နည်းကို နားလည်ကြသည်။ ကျွန်ုပ်တို့ ထိတွေ့ရမည့် လူအများစုသည် ၀မ်းမြောက်ဖွယ် သတင်းကောင်းကို ကြားနာရန်အတွက် ဘုရားကျောင်းသို့ လာရောက်ကြမည် မဟုတ်ပါ။ ဓမ္မာသစ်၌ ချမှတ်ထား သော နည်းမှာ လူတို့အား ကျွန်ုပ်တို့ထံလာဖို့ ဖိတ်ခေါ်ရန် မဟုတ်ဘဲ သူတို့ထံသို့ သွားရောက်ရန် ဖြစ်ပါသည်။

            ထိုကဲ့သို့သော စီမံချက်တစ်ခုကို စတင်ပြုလုပ်သောအခါ ယုံကြည်သူတိုင်း၌ မိမိ၏ယုံကြည်ခြင်းကို ဝေငှသက်သေခံချင်သောစိတ် ရှိလာအောင် လုပ်ဆောင်ရပါမည်။ ထိုသို့ပြုလျှင် ဝေငှလိုသော စိတ်ဆန္ဒမရှိသူ ယုံကြည်သူများထဲမှ (၁၀%)ထက်မနည်း ဝေငှလိုသော ဆန္ဒရှိလာကြမည် ဖြစ်ပါသည်။ သို့ရာတွင် ဤရာနှုန်းကိုပင် လျှင် ထိရောက်သော နှိုဆွပေးခြင်းမရှိပါက ၀န်ခံလုပ်ဆောင်ရန် ခဲယဉ်းတတ်ပါသည်။ ကယ်တင်ခြင်းသို့ ရောက်သောသူများသည် ယုံကြည်သူများနှင့် ထိတွေ့ယှက်သန်းနေသော ဆွေမျိုး၊ မိတ်ဆွေ၊ အိမ်နီးချင်းများ ဖြစ်ကြသည်။ ယုံကြည်သူအသစ်ဖြစ်လာသူများသည် သူတို့ပြောင်းလဲပြီးနောက် တစ်နှစ်၊နှစ်နှစ်အတွင်း သက်သေ ခံခြင်းအားဖြင့် ယှက်သန်းနေသော ပြောင်းလဲခြင်းမျိုးရှိလာသည်။ လူအများဆုံး ပြောင်းလဲခြင်းဖြစ်စေနိုင်ရန် အတွက် နည်းဗျူဟာ ရှိရပါမည်။ ကျွန်ုပ်တို့ မျှော်မှန်းထားသော ပြောင်းလဲသူများထဲမှ (၉၀%)သည် ယှက်သန်းနေ သော ကွန်ယက်ပုံစံဖြင့် ပြောင်းလဲလာကြမည် ဖြစ်ပါသည်။

            ဧဝံဂေလိပြုလုပ်ရန် အကောင်းဆုံးသော နည်းလမ်းဟူ၍ တစ်ခုမျှမရှိပါ။ နည်းဗျူဟာများအတိုင်းလိုက်နာ လေလေ၊ လူအများနှင့် ထိတွေ့နိုင်လေလေသာ ဖြစ်ပါသည်။ မိမ်ိ၌ လိုအပ်ချက်တစ်ခုရှိကြောင်း ခံစားရသောသူ၊ သို့မဟုတ် အကျပ်အတည်းတစ်ခုခု ရှိသောသူသည် ၀ိညာဉ်ရေးရာကို စိတ်ဝင်းစားကြသည်။ ဤအချက်ကို သိထားရန် လိုပါသည်။ အသည်းအသန်ဖျားနာနေသူများနှင့် အိမ်ထောင်ရေး ပြိုကွဲသူများကလည်း စိတ်ဝင်စား တတ်ကြသည်။ တချို့သော သူတို့၌ သူတို့ဝန်တာရှိသော လူငယ် သို့မဟုတ် ကလေးများရှိတတ်သည်။ လူတို့၏ လိုအပ်ချက်သည် ဧဝံဂေလိအတွက် ဖွင့်ထားသော တံခါးဖြစ်တတ်သည်။

            အလားအလာရှိသော အောက်ပါအချက်များကို ဆင်ခြင်ပါ။

၁။        သင့်အိမ်နီးချင်းများ၊ အထူးသဖြင့် အခြားနေရာမှ ပြောင်းရွှေလာသူများသို့ ဓမ္မာစာစောင်များပို့ပါ။ ဆွဲ ဆောင်မှုရှိသော စာစောင်များကို ဆက်တိုက်ပို့လျှင် အဆက်အသွယ်ပြုနိုင်ရန် အထောက်အကူပြုပါလိမ့်မည်။  တစ်ကြိမ်တည်းသာ စာပို့ခြင်းသည် ထိရောက်မှုမရှိလှပါ။ အချို့ဧည့်သည်များနှင့် အိမ်နီးနားချင်းများ၏ စာရင်းကို ပြုစုထားခြင်းသည် ဆက်သွယ်ရာ၌ အထောက်အကူပေးနိုင်ပါသည်။

၂။         အိမ်၌အလွတ်သဘောစည်းဝေးခြင်းကို စတင်ပါ။ အိမ်နီးချင်းများ ပါ၀င်လာအောင် တဖြည်းဖြည်းဆောင် ရွက်ပါ။ ဤကဲ့သို့လုပ်ရာတွင် အောင်မြင်နိုင်ရန် ဘာသာရေးကိစ္စမပါသော ဆွေးနွေးခြင်းကို အခါအားလျော်စွာပြု လုပ်ခြင်းနှင့် သူတို့အား မစခြင်းအားဖြင့် သင်စတင်ပြုလုပ်နိုင်ပါသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းစာကို ရိုးရိုးလေး လေ့လာခြင်း သို့မဟုတ် လင်နှင့်မယားကြား ဆက်ဆံရေးတိုးတက်စေရန် ဆွေးနွေးခြင်းမျိိုး ပြုလုပ်ပါ။ တီဗွီအောက် စက်ရှိိသူများအတွက် ခရစ်ဟန်တရားဟောချက်နှင့် ဗွီဒီယိုခွေများကို အသုံးချနိုင်သည်။း လူတို့အနေဖြင့် ပထမဦး ဆုံး ဘုရားကျောင်းသို့လာရခြင်းထက် သင့်အိမ်သို့ လာချင်ကြပါလိမ့်မည်။

၃။        အိမ်ထောင်မိသားစုများသည် မိမိိ၀ိညာဉ်ရေးကို အလေးမထားသော ကလေးငယ် (သို့) ဆယ်ကျော်သက် လူငယ်များအတွက် ပူပန်ကြပါလိမ့်မည်။ အသက် (၅-၁၂) နှစ်ကြား ကလေးများသည် လက်မှုပညာ၊ အားကစား နည်း အမျိုးမျိုး လှုပ်ရှားမှုများနှင့် ကျမ်းပိုဒ်အလွတ်ရွတ်ဆိုခြင်းတို့၌ စိတ်ဝင်စားကြပါသည်။ ၎င်းအရာများသည် တစ်ပတ်လျှင် တစ်ကြိမ်ပုံမှန်လုပ်စေရပါမည်။

၄။        ဆက်ကပ်ထားသော ခေါင်းဆောင်များဦးဆောင်သည့် လူငယ်လှုပ်ရှားမှုသည် ၀ိညာဉ်ရေးကို စိတ်ဝင်စား သော အရွယ်ရောက်ပြီးသား လူသစ်များအား ဆွဲဆောင်ရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

၅။        အရက် သို့မဟုတ် အခြားမူးယစ်ဆေးဝါးပြဿနာရှိ သူများအတွက် အထူးအစီအစဉ်များကိုလည်း ချမှတ်နိုင်ပါသည်။ မူးယစ်ဆေးဝါးသုံးစွဲရာမှ ကယ်နှုတ်ခြင်းခံပြီးသောသူများက ဦးဆောင်လုပ်ကိုင်လျှင် အကောင်း ဆုံးဖြစ်ပါသည်။

၆။        တစ်ကိုယ်တည်းနေသူများအတွက် အစီအစဉ်လုပ်ပေးခြင်း၊ လူကြီးများအတွက် လှုပ်ရှားမှု၊ အမျိုးသမီးများ၏ ကျမ်းစာလေ့လာခြင်းနှင့် နေ့ကလေးထိန်းလုပ်ငန်းများကို ထပ်မံဖြည့်စွက်လုပ်ဆောင်နိုင်ပါသည်။ အသင်းတော်များစွာတို့သည် ကိုယ်ပိုင်ကျောင်းကိုပင် ဖွင့်လှစ်ကြသည်။ ကျောင်းဖွင့်လှစ်ခြင်းသည် သင့်အသင်း သားများ အပေါ်တွင် ငွေကြေးကိစ္စနှင့် တကွ ရှေ့လုပ်ငန်းစဉ်များအတွက် ကြီးမာသော ၀န်ထုပ်ဝန်ပိုး ဖြစ်စေတတ် ပါသည်။

            လူသစ်များနှင့် အဆက်အသွယ်ရလာသောအခါ သူတို့အိမ်သို့သွားရောက်လည်ပတ် ကူညီနိုင်မည့် ဆက် ကပ်သော သူအချို့ကို လေ့ကျင့်သင်ကြားပေးထားပါ။ အမျိုးသားများနှင့် အမျိုးသမီးများပါ၀င်သော ထိုအဖွဲ့ကို ဧဝံဂေလိဟောပြောရန် သော်လည်းကောင်း၊ သိုးထိန်းအလုပ်ကို လုပ်ဆောင်ရန်သော်လည်းကောင်း လေ့ကျင့်ပေး ထားပါ။ လေ့ကျင့်ပေးထားသော ဤပုဂ္ဂိုလ်တို့သည် အခြားသောသူများကို ထပ်ဆင့်လေ့ကျင့်ပေးရပါမည်။ ဤ အဖွဲ့ဝင် အားလုံးသည် မိမိပတ်ဝန်းကျင်တွင်လည်းကောင်း၊ မိမိနှင့် ဆက်သွယ်သော သူအားလည်းကောင်း၊ ခရစ် တော်အကြောင်း ဝေငှတတ်ရန် သင်ကြားပေးရပါမည်။ ဧဝံဂေလိလုပ်ငန်း ထိရောက်မှုရှိစေရန် ခရစ်တော်ကို သခင် အဖြစ်အမှတ်တကယ် လက်ခံထားပြီး အသက်တာကို ထင်ရှားပြသသူများကို ရွေးချယ်ပါ။ လူတို့အပေါ် ကျွန်ုပ်တို့ ဂရုစိုက်ကြောင်းပြသ၍ သူတို့ထံသို့ သွားရောက်သောအခါမှ သူတို့အားခရစ်တော်ထံ ဆွဲဆောင်၍ရပါသည်။

            သက်သေခံသောသူတို့၌ ခရစ်တော်မရသောသူသည် အပြစ်တရားစီရင်းခြင်းခံကြမည်ဟူသော ခိုင်မာ သည့်ခံယူချက်ရှိကြပါသည် (ယော ၃း၁၈။ ၈း၂၄)။ သူတို့သည် ရိုးရိုးလေးနှင့်တန်ခိုးပြည့်ဝစွာ သက်သေခံဖို့     ကျွမ်းကျင်ပြီးသောသူများ ဖြစ်ကြပါသည်။ ထိုကဲ့သို့သော သူများအတွက် လိုအပ်မှုရှိသူများနှင့် တွေ့ဆုံနိုင်အောင် ဘုရားသခင်အထူး ပြင်ဆင်ပေးပါသည် (ယော ၄း၄-၅)။

            ထိရောက်သော ၀ိညာဉ်ဖမ်းသူများသည် လူတို့က ဆုံးဖြတ်ချက်ချနို်င်အောင် လုပ်ဆောင်သူသက်သက် မဟုတ်ကြပါ။ ယခုဘဝတွင် ခရစ်တော်၏ နောက်သို့လိုက်ရန် စိတ်နှလုံးအကြွင်းမဲ့ ဆက်ကပ်သောသူများကို ရရှိဖို့ ကြိုးစားလုပ်ဆောင်သူများဖြစ်ကြပါသည်။ နာမည်ခံခရစ်ယာန်မျှသာ ဖြစ်လာအောင် အလောတကြီးမလုပ်ဘဲ တိကျသေချာသော အလုပ်ကို သတိနှင့်လုပ်ဆောင်ကြသူများ ဖြစ်ကြသည်။ စစ်မှန်သော ပြောင်းလဲခြင်း ဆိုသည် မှာ သတင်းကောင်းကို အခြေခံကျကျနားလည်၍ စစ်မှန်စွာ နောင်တရကာ ခရစ်တော်အား ၀န်ခံချင်သော ဆန္ဒနှင့် ဆက်ကပ်ခြင်းတို့ ပါ၀င်သည်။

နိဂုံးချုပ်နှင့် မိမိအတွက် ခံယူကျင့်သုံးခြင်း

            ဧဝံဂေလိလုပ်ငန်းဆိုသည်မှာ အစီအစဉ်တစ်ခု သို့မဟုတ် တစ်ချိန်ပြီးတစ်ချိန် စည်းဝေးခြင်းမျှသာ မဟုတ်ပါ။ များပြာလှသောသူတို့သည် ခရစ်တော်မရှိသောကြောင့် ထာဝရငရဲသွားကြမည့် အခြေအနေကို နာကျင် စွာ ခံစားတက်သော လူတချို့အတွက် ၀န်တာကြီးဖြစ်ပါသည်။ ဧဝံဂေလိလုပ်ခြင်းသည် ပျောက်ဆုံးသောသူများ အတွက် တာဝန်ရှိသည်ဟု ကြီးမားစွာခံစားရခြင်းမှ ဖြစ်ပေါ်လာသည်။ ပျောက်ဆုံးသောသူများအားရှာဖွေပြီး ကယ်တင်ရန်ဟူသော ခရစ်တော်၏ ရည်ရွယ်ချက်ကို ကျွနု်ပ်တို့၏ ရည်ရွယ်ချက်အဖြစ်ခံယူကြသောအခါ ဧဝံဂေလိလုပ်ငန်းကို စတင်လုပ်ဆောင်ရပါမည်။ လိုအပ်သောနေရာတွင် အပြုသဘောပါသော နည်းလမ်းအမျိုး မျိုးဖြင့် လုပ်ဆောင်နို်င်ရန် ထည့်စဉ်းစားဖို့လည်း လိုပါသည်။

            ခရစ်တော်ထံသို့ ၀ိညာဉ်များပို့ဆောင်သော လုပ်ငန်းတော်၌ သန့်ရှင်သောဝိညာဉ်တော် လှုပ်ရှားတော်မူ လိမ့်မည်ဟု စိတ်ပြဌာန်းခံယူသော အသင်းတော်ကို ဘုရားသခင်ကောင်းချီးပေးမည် ဖြစ်ပါသည်။ လုပ်ဆောင်နည်း ကို မရွေးချယ် မဆုံးဖြတ်မီ လုပ်ဆောင်လိုသောဆန္ဒ ဦးစွာရှိရပါမည်။ ဤလုပ်ငန်းကို အရေးတကြီးဆောင်ရွက်ရန် လိုအပ်သည်ဟူသော ခံယူချက်က ကျွန်ုပ်တို့အား နှိုးဆော်ပါစေသတည်း။

 

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

လမ်းညွန်ချက်

အသင်းတော်နှင့် ဧဝံဂေလိလုပ်ငန်း

၁။        တ ၂း၄၇ကို ဖတ်ပါ။ ကနဦးအသင်းတော်၌ မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။

၂        အသင်းတော်ရှိ အသစ်ပြောင်းလဲလာသောသူများ၏ အရည်အချင်းနှင့် ပတ်သက်၍ (တ ၆းရ) ထဲမှ သင်ဘယ်လိုနားလည် ပါသနည်း။

၃။        ထိရောက်သော ဧဝံဂေလိလုပ်ငန်းကို တားဆီးသော အရာများထဲမှ သင့်စိတ်ကို အထိတွေ့ဆုံး (၂) ချက်ကိုရေးပါ။ ၎င်းတို့ကို ကျော်လွှားနိုင်ရန် မည်သည့် အရာလုပ်ဘို့ လိုအပ်ပါသနည်း။

၄။        ဖိ ၁း၂၇ သည် အသင်းတော်ကို သွန်သင်သော အချက်လေးခုပါသည့် ကျမ်းချက်ဖြစ်သည်။ အသင်းတော် တစ်ပါး အနေနှင့် ဤသွန်သင်ချက်များထဲမှ မည်သည့်အချက်များကို ကျွန်ုပ်တို့ ကောင်းမွန်စွာ လိုက်လျှောက်ကြပါ သနည်း။ မည်သည့် အချက်များ ကျန်နေသေးသနည်း။

၅။        တိ ၃း၁-၉ကို ဖတ်ပါ။ သက်သေခံကောင်းတစ်ဦး၏ ဆွဲဆောင်မှု၊ သဘောထားနှင့် သတင်းစကားသည် အဘယ်အရာနည်း။

၆။        သင်သည် မယုံကြည်သူအား သက်သေခံသောအခါ မည်ကဲ့သို့ ဆက်သွယ်ပါသနည်း။ သင့်လုပ်ဆောင် ချက်များအားဖြင့် ရရှိသော အတွေးအကြံုများကို ပြောပြနိုင်ပါသလား။

၇။        မယုံကြည်သူများအပေါ်တွင် သန့်ရှင်သော အသင်းတော်၏ ထိရောက်မှုသည် အဘယ်သို့နည်း (တ ၅း၁၂-၁၄။ ၁ ကော ၁၄း၂၃၊၂၄)။

၈။        ထင်မြင်ချက်။ အသင်းတော်ပြင်ပတွင် အသင်းသားတစ်ဦးချင်းစီ၏ ထိရောက်စွာ သက်သေခံခြင်ကို မည်ကဲ့သို့ တိုးတက်စေနိုင်မည်နည်း။

၉။        ဤသင်ခန်းစာတွင် သင်နားမလည်းနိုင်သော အရာတစ်ခုခု ရှိပါသလား။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

ရှင်းလင်းချက်များ

အသင်းတော်၏ တပည့်တော်ဖြစ်လုပ်ငန်း         သင်ခန်းစာ(၁၂)

            “သင်တို့သွား၍ လူမျိုးတကာ တို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်သော ၀ိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကိုပေးကြလော့၊ ငါသည် သင်တို့အား ပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒ ပေးကြလော့” (မ ၂၈း၁၉-၂၀)။

            လောကီသားအပေါင်းတို့က သခင်ယေရှုကိုယုံကြည်၍ နှစ်ခြင်းမင်္ဂလာခံယူကြပြီးနောက် အသင်းတော်ဝင် ကာမျှနှင့် ရပ်တန့်သွားလျှင် ခရစ်တော်၏ မဟာစေခိုင်းချက်ကြီးသည် ပြည့်စုံမည်မဟုတ်ပေ။ အဘယ်ကြောင့် နည်း။ လူမျိုးတကာတို့ကို တပည့်တော်ဖြစ်စေလျက် သူပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်ရန် သွန်သင်ခြင်းအမှု လစ်ဟင်းသွားမည် ဖြစ်သောကြောင့်ဖြစ်ပါသည်။

            သတင်းကောင်းကို သစ္စာရှိရှိ ကြော်ငြာခြင်းသည် လုပ်ငန်းတော်၏အစသာ ရှိပါသေးသည်။ ခရစ်တော်ကို ယုံကြည်ပါသည်ဟု ၀န်ခံခြင်းသည် ပန်းတိုင်မဟုတ်သေးပါ။ နှစ်ခြင်းခံ၍ အသင်းဝင်ဖြစ်သွားသောသူများပင်လျှင် ခရစ်တော်၏ အမှုတော်ဆောင်မဖြစ်ဘဲ တရားနာပရိသတ်မျှသာ ဖြစ်တတ်ကြသည်။ ဤသို့ဆိုလျှင် ယုံကြည်သူ များသည် ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ကလေးငယ်ဘဝ၌သာ ရှိနေမည်ဖြစ်သည်။ မြောက်များစွာသော အသင်းတော် တို့အား ၀ိညာဉ်အသက်တာ၌ ဇာတိခရစ်ယာန်ဖြစ်လျက်ရှိကြသေးသည်ဟု ဆိုရခြင်းမှာ ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကြောင့်ဖြစ်သည်။ ကာရိနု္တအသင်းတော်နှင့်တကွ ပြောင်းလဲသော ဂျူးလူမျိုးတချို့၏ အနေအထားသည် ဤကဲ့သို့ ရှိခဲ့သည် (၁ ကော ၃း၁-၃။ ဟေဗြဲ ၅း၁၂-၁၄)။ ယုံကြည်သူတို့သည် အောင်မြင်၍ အသီးသီးသောအသက်တာ၌ ရှင်သန်ကြရန်စိန်ခေါ်သံကို မကြာခဏကြားခဲ့ရသော်လည်း တုံ့ပြန်မှုရှိခဲ့ကြချေ။ ပို၍အဆင်မြင့်သော ဖိတ်ခေါ် ချက်ကို မနာခံဘဲ လမ်းတွင်ဖင့်နွှဲ့နေကြကာ တိုးပွားခြင်းအား ဂရုမစိုက်ကြချေ။ ဤကဲ့သို့သောသူ အရေအတွက် သည် များပြားလွန်းလှပြီး အသင်းတော်၏ အသက်ရှင်မှု ပုံစံနှင့် ၀ိညာဉ်ရေးရာကို လွှမ်းမိုးချုပ်ကိုင်ထားကြသည်။ သူတို့၏ အသက်တာသည် အလိုတော်နှင့်မညီညွတ်ချေ။ သူတိို့အား တိုးတက်စေချင်၍ လာရောက်နှိုးဆော်သော သူကို ဝေဖန်ပြစ်တင်ခြင်း သို့မဟုတ် ညှဉ်းဆဲခြင်းပင် ပြုတတ်ကြသေးသည်။

            ခရစ်တော်၌ စုံလင်စေခြင်းငှာ ကျွန်ုပ်တို့အတွက် ဘုရားသခင်ကြံစည်ထားသော ဗျာဒိတ်တော်ကို ရှင်ပေါလု က ရှုမြင်ခဲ့သည်။ လူတိုင်းကို ခပ်သိမ်းသောပညာဖြင့် သွန်သင်၍ တိုက်တွန်းနှိုးဆော်ခဲ့သည် (ကော ၁း၂၈)။ သခင် ယေရှုက ပရိသတ်အားဖိတ်ခေါ်သောအခါ ငါ့နောက်သို့လိုက်ပါ´´ ဟူ၍ အများဆုံးဖိတ်ခေါ်လေ့ရှိသည်။ ထိုကဲ့သို့ နောက်တော်လိုက်ရန် ဖိတ်ခေါ်ခြင်းသည် ကောင်းကင်ဝင်ခွင့် လက်မှတ်မဟုတ်ဘဲ ဤလောကတွင် အသက်ရှင်လိုက်လျှောက်ရမည့် အသက်တာသို့ဖိတ်ခေါ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အလိုတော်မှာ သူ၏လူများ သည် အသင်းတော်တွင် နာခံမှုရှိသော တပည့်တော် သို့မဟုတ် စစ်မှန်သောနောက်လိုက်ကောင်းဖြစ်ရန် အကြောင်းတည်း။ တပည့်တော်ဖြစ်စေခြင်းလုပ်ငန်းသည် ဒေသန္တရအသင်းတော်များတွင် အကောင်အထည်ဖော်ရ မည့် လှုပ်ရှားမှုတခုဖြစ်သည်။

            အသင်းတော်သည် သူ၏စွမ်းအားကို တပည့်တော်ဖြစ်စေခြင်း၌ ဆက်ကပ်အပ်နှံဖို့ရန် ဘုရားသခင်အလို တော်ရှိသည်။ သို့ဖြစ်လျှင် မည်ကဲ့သို့ဆောင်ရွက်ကြမည်နည်း။ ဤလုပ်ငန်းအတွက် အသင်းတော်ခေါင်းဆောင်များ ၏ ဆက်ကပ်ခြင်းအတိုင်းအတာသည် မည်မျှရှိသနည်း။ အသင်းတော်ခေါင်းဆောင်များသည် ကိုယ်တိုင်ပါ၀င်လှုပ် ရှားရန် ဆန္ဒရှိကြသလား။ ဤမေးခွန်းများကို ဆင်ခြင်ရန်လိုပါသည်။ တပည့်တော်ဆိုသည်မှာ မည်သူနည်း။

            သင်ယူလေ့လာသင်ကြားနေသူကို တပည့်တော်ဟုခေါ်ပါသည်။ လက်တွေ့အားဖြင့် ဆရာတစ်ဦး၏နောက် သို့လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ လေ့လာသင်ယူသောသူများသည် ခေါင်းဆောင်၏အသံကို နားထောင်၍ လိုက်နာအတုခိုးရပါသည်။ ဆရာသင်ပေးသော အကြောင်းအရာများကို ပျံ့နှံ့အောင်လုပ်ကြပါသည်။ ဆရာသွန် သင်သောအရာများကို သိရုံသာသိပြီး လက်တွေ့မဆောင်ရွက်သောသူကို တပည့်တော်အဖြစ်မယူဆနိုင်ပါ။

            ယေရှု၏နောက်တော်လိုက်သူများအတွက်သာ တပည့်တော်များကို စကားကို သုံးနှုန်းခဲ့သည်မဟုတ်ပါ။  တပည့်ဟုဆိုရာတွင် မောရှေ၏တပည့်များရှိခဲ့သလို (ယော ၉း ၂၈) နှစ်ခြင်းဆရာယောဟန်၏ တပည့်များလည်းရှိ ခဲ့ကြသည်။ (မ ၉း ၁၄)။ ထိုကဲ့သို့ပြောဆိုကြခြင်းသည် တပည့်အစစ်အမှန်ဖြစ်သည်ဟု မဆိုလိုပါ။ ခရစ်တော်နှင့် ပတ်သတ်၍ကား တပည့်တော်ဆိုသည်မှာ ခရစ်တော်ကို ယုံကြည်သောသူဖြစ်သည် (တ ၆း ၁-၂)။ သို့ရာတွင် သခင်ဘုရားသည် စစ်မှန်သောတပည့်တော်များကို သတိပြုမှတ်သားထားပါသည် (ယော ၈း၃၁)။ ဆိုလိုသည်မှာ ထိုစစ်မှန်သောတပည့်တော်တို့သည် နာမတော်အဖို့အလို့ငှာ အသက်ရှင်ကြသည်။ တပည့်တော်ဖြစ်ပါသည်ဟု  ပြောဆိုသော်လည်း နောက်ပြန်လှည့်သွားသောသူများရှိကြောင်း ကျမ်းစာ၌တွေ့ရပါသည် (ယော ၆း၆၆)။ အစစ် ဖြစ်စေ၊ အတုဖြစ်စေ၊ တပည့်တော်ဟူသောစကားကို ယုံကြည်သူအစစ်နှင့်အတုအတွက်သော်လည်းကောင်း၊  တပည့်တော် (၁၂)ပါးအတွက်သော်လည်းကောင်း ယေဘုယျအသုံးပြုထားသော်လည်း ဤသင်ခန်းစာတွင် ဆွေး နွေးနေသောအကြောင်းအရာမှာ စစ်မှန်သောတပည့်တော်အကြောင်းဖြစ်ပါသည်။ လူထုကြီးအား တရားဟော၍ နောက်တော်ကိုလိုက်ရန် ဖိတ်ခေါ်ခဲ့စဉ်က သခင်ဘုရား၏စိတ်ထဲတွင် ဤကဲ့သို့သော သဘောထားရှိပါသည်။ ( လု ၁၄း၂၅-၂၆)။

            သခင်ယေရှု၏ နောက်တော်သို့ လိုက်ရန်လူတို့အား ကျွန်ုပ်တို့ဖိတ်ခေါ်သောအခါ တပည့်တော်လမ်းစဉ်သို့ ဖိတ်ခေါ်ရန် အရေးကြီးပါသည်။ ဤအသက်တာသည် မိမိဆန္ဒအလျောက် ရှင်သန်ရသောအသက်တာဖြစ်သည်။ သခင်ဘုရားသည် အဘယ်သူတစ်ဦးကိုမျှ အနိုင်အထက်မခေါ်ခဲ့သလို ကျွန်ုပ်တို့လည်းဖိအားပေးပြီး မခေါ်ရပါ။ (မ ၂၈း၂၀) တွင် ပါရှိသည့်အတိုင်း လူတို့အားသခင်ဘုရားကို သိကျွမ်းရန် (သို့မဟုတ်) သူ့အကြောင်းသိရန်မခေါ်ဘဲ ထို့ထက်အဆင့်မြင့်သော  အသက်တာသို့ခေါ်ဖိတ်ကြရန် ဖြစ်ပါသည်။ ကိုယ်တော်ပေးသော ပညတ်ရှိသမျှတို့ကို စောင့်ရှောက်ရန် ခေါ်ကြရမည်ဖြစ်သည်။ အသင်းတော်သည် တရားနားထောင်သူ (သို့) အစည်းအဝေးတက် ရောက်သူများ စုဝေးသောနေရာမျှသာမဟုတ်ဘဲ တပည့်တော်များ၏ မိတ်သဟာယဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည် ရွယ်ချက်မှာ တရားဒေသနာနားထောင်သူများ ပြောင်းလဲ၍ ခရစ်တော်ဘုရားနှင့်အတူ လျှောက်လှမ်းပြီး အမှုတော် ဆောင်ရွက်မည့် သန့်ရှင်းသူများ ဖြစ်စေရန်ပင်တည်း (၂ကော ၆း၁)။

 

 

တပည့်တော်များ ဖွ့ံဖြိုးတိုးတက်စေရန် လိုအပ်ချက်များ

            သြဝါဒကို လူအုပ်စုအလိုက် သင်ပေးနိိုင်သော်လည်း တပည့်တော်ဖြစ်စေရာတွင်မူ တစ်ဦးချင်းအလိုက်  လုပ်ရပါသည်။ ဤကဏ္ဍနှစ်ခုကို လက်တွေ့လုပ်ဆောင်ရာတွင် ခွဲခြားခြင်းရှိသော်လည်း နှစ်ခုစလုံုးသည် တစ်ပြိုင် တည်း ဖြစ်ပျက်သောအရာဖြစ်သည်။ သြဝါဒသင်ပေးခြင်းကို တစ်ခါတစ်ရံ လူစုနှင့်ပြုလုပ်၍ တုံ့ပြန်မှုမလိုအပ်သော် လည်း တပည့်တော်ဖြစ်စေရာတွင် တုံ့ပြန်မှုသည် မရှိမဖြစ်လိုအပ်ပါသည်။ တပည့်တော်ဖြစ်စေခြင်းနှင့်ဆိုင်သော အခြေခံအချက်များကို အချိန်အနည်းငယ်အတွင်း သင်ပေးနိုင်သော်လည်း သူတို့၏အသက်တာတွင် ထိုအခြေခံအ ချက်များကို လက်တွေ့ကျင့်သုံးစေရန် အချိန်ကြာမြင့်တတ်ပါသည်။ တပည့်တော်ကောင်းဖြစ်စေခြင်းသည် နှေး ကွေးစွာ လုပ်ရသောအလုပ်ဖြစ်သည်။ အဆင့်မြင့်မြင့် ပြုစုပျိုးထောင်ခြင်းမလုပ်လျှင် ရလာဒ်ညံ့ဖျင်းတတ်သည်။  အောက်တွင် အရေးကြီးသော အချက်များကိုဖော်ပြထားပါသည်။

၁။တပည့်တော်ဖြစ်စေသူ

            အခြားသောသူများကို မဝေငှခင် ကျွန်ုပ်တို့၏အကျင့်စာရိတ္တသည် ရင့်ကျက်ဖွ့ံဖြိုးပြီးသားဖြစ်ရပါမည်။ အ သက်တာ၌ ယေရှုကို သခင်ဖြစ်စေရပါမည်။ မည်သည့်အရာကိုမျှ ချန်လှပ်ထားခြင်းမရှိဘဲ ကျွန်ုပ်တို့၏အသက်တာ ကဏ္ဍအသီးသီး၌ နာခံမှုရှိကြရမည်။ ဤကဲ့သို့ဆိုသောအခါ ခြောက်ပစ်ကင်း သဲလဲစင်သောသူ ဖြစ်ရမည်ဟူ၍ ဆိုလိုခြင်းမဟုတ်ပါ။ ခရစ်ယာန်အသက်တာအတွက် ထင်ရှားသော ကြီးထွားတိုးတက်မှုနှင့် စစ်မှန်သောရိုးဖြောင့် ခြင်းရှိဖို့ လိုအပ်ကြောင်း ပြောလိုခြင်းဖြစ်ပါသည်။

            သြဝါဒကို သိကျွမ်းရန်နှင့် အခြေခံလက်တွေ့ကျင့်သုံးခြင်းရှိနိုင်ရန် လိုအပ်ချက်များ-

            (က)     သတင်းကောင်းကို ရှင်းလင်းစွာ သဘောပေါက်ပြီး အခြားသူများအား ရှင်းပြတတ်ခြင်း။

            (ခ)       ရှင်းလင်းသော သက်သေခံချက်ကိုပေးနိုင်ပြီး သခင်ယေရှု၏ နောက်တော်လိုက်ဖြစ်ကြောင်း ၀န်ခံပြသသည့် အသက်တာ၌ အသက်ရှင်ခြင်း။

            (ဂ)       ဘုရားသခင်နှင့် ကိုးကွယ်ဝတ်ပြုသော အချိန်ကိုယူခြင်း (စနစ်ကျသော ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ကို မိမိအသက်တာတွင် ထိရောက်စွာလိုက်လျှောက်ခြင်း)။

            (ဃ)     စုံစမ်းနှောင့်ယှက်ခြင်းကို ထိရောက်စွာဖြေရှင်းတတ်ခြင်း။

            (င)       ကျွန်ုပ်တို့၏ ယုံကြည်ခြင်း (သက်သေခံခြင်း)ကို ပုံမှန်ဝေငှနိုင်ခြင်း။

            (စ)       ဒေသန္တရအသင်းတော်တစ်ပါးတွင် တက်ကြွစွာ ပါ၀င်မိတ်သဟဖွဲ့ခြင်း။

            (ဆ)     အခြားသောယုံကြည်သူများနှင့် လိုက်ဖက်ညီညွှတ်စွာ ဆောင်ရွက်တတ်ခြင်း။

            (ဇ)       အခြားသူများနှင့် ဆက်ဆံရေးသာမက အမှုတော်ဆောင်ခြင်းကို ထိခိုက်နိုင်သော အကျင့်စာရိတ္တ ချွတ်ယွင်းခြင်း များမှ လွတ်ကင်းခြင်း။

၂။တပည့်တော်ဖြစ်မည့်သူ

            လူတစ်ဦးအား တပည့်တော်ဖြစ်စေရန် အစမပြုမီ ဆုတောင်းရန် အရေးကြီးပါသည် (လု ၆ း ၁၂-၁၃)။  ကျွနု်ပ်တို့ရွေးချယ်သောသူသည် မိမိ၏ခရစ်ယာန်အသက်တာကို တိုးတက်စေချင်သောဆန္ဒနှင့် အမှုတော်ဆောင် ချင်သော ဆန္ဒရှိသူဖြစ်ရပါမည်။ သစ္စာရှိသောသူ၊ ပုံမှန်အစည်းအဝေးများအတွက် အချိန်ပေးနိုင်သူ၊ သွန်သင်ခြင်း ကို ခံယူလိုသောသူဖြစ်ရပါမည်။ ကျွန်ုပ်တို့အတွက် အကျိုးဖြစ်စေမည့်အရာကို သွန်သင်နိုင်သောသူတစ်ဦးထံ၌  နည်းခံခြင်းသည် သိမ်ငယ်ခြင်း မဟုတ်ပါ။ အောက်ပါအချက်များကိုလည်း ဆင်ခြင်ပါ။

            (က) ခရစ်တော်ကို သခင်ဖြစ်စေရာ၌ ခြွင်းချက်မရှိဘဲ နာခံခြင်းရှိရပါမည်။

            (ခ)       ၀ိညာဉ်ရေးအသက်တာနှင့် ကိုက်ညီသော ကယ်တင်ခြင်းစိတ်ချမှုနှင့် ရှင်းလင်းသော သက်သေခံခြင်းရှိ ရပါမည်။

            (ဂ)       ၀ိညာဉ်ရေး၌ ရင့်ကျက်မှုရှိရပါမည်။

            (ဃ)     အခြားသူများနှင့် ညီညွှတ်စွာ လုပ်ဆောင်နိုင်စွမ်းကို လက်တွေ့ပြသနိုင်ရမည်။

            (င)       တိုးတက်ရေးအတွက် အဖိုးအခပေးချင်သောဆန္ဒရှိရပါမည်။

            (စ)       တပည့်တော်ဖြစ်စေခြင်းလုပ်ငန်းတွင် အခြားသူများကို ကူညီမစချင်သော ဆန္ဒ ရှိရပါမည်။

တပည့်တော်ဖြစ်စေရန် ထိရောက်စွာ လုပ်ဆောင်နည်း

            စာအုပ်၊ လက်စွဲစာအုပ်၊ သင်တန်းစာစဉ်များ၊ လေ့လာခြင်းစသည်တို့အားဖြင် တပည့်တော် မဖြစ်စေနိုင်ပါ။ တပည့်တော်ဖြစ်ပြီးသူများက ဘုရားသခင်၏ သင်တန်းကျောင်းတွင် သင်ကြားခံယူခဲ့သော အသက်တာကို တစ်ဦးချင်းအလိုက်ဝေငှခြင်းအားဖြင့် တပည့်တော်ဖြစ်စေနိုင်ပါသည်။ ယုံကြည်သူ လူသစ်များအား အခြေခံအချက် များကို သင်ပေးရသော်လည်း တပည့်တော် ဖွံ့ဖြိုးစေခြင်းကိုမူ ထိုအဆင့်နှင့် မရချေ။ ပြိုလဲသောသူကို ကုသပေးရန် လိုအပ်သော်လည်း တပည့်တော်ဖြစ်စေရာတွင် ထိုထက်မက လုပ်ပေးဖို့ လိုအပ်ပါသည်။ တပည့်တော်ဖြစ်စေရာတွင် လူမှုရေးပေါင်းသင်းဆက်ဆံခြင်းကိုလည်းကောင်း၊ လူမှုရေးဆွေးနွေးတိုင်ပင်ခြင်းကို လည်းကောင်း၊ ပန်းတိုင်အဖြစ် ထား၍မရပါ။ တပည့်တော်ဖြစ်စေခြင်း လုပ်ငန်းစဉ်သည် ခရစ်တော်အတွက် တပည့် တော်ဖြစ်စေသူများနှင့် မွေးထုတ်ပေးသူများဖြစ်နိုင်ရန် စိတ်အားထက်သန်သူများ၏ အလေးနက်ထားသော အစည်းအဝေးဖြစ်ပါသည်။ “Navigators” ဟူသော လုပ်ငန်းတော်ကို တည်ထောင်သူ (Dawson Trotman) က “ခရစ်ယာန်တိုင်းသည် မွေးထုတ်သူများဖြစ်ရန် မွေးဖွားလာသူများဖြစ်ကြသည်” ဟု ပြောဆိုခဲ့သည်မှာ မှန်လှပါ သည်။ ထိုအဖွဲ့အစည်းသည် တပည့်တော်ဖြစ်စေခြင်းလုပ်ငန်းတော်ကို နှစ်ပေါင်းများစွာ ဆက်လက်လုပ်ဆောင်ခဲ့ သော အဖွဲ့အစည်းဖြစ်သည်။ သို့ရာတွင် ခရစ်ယာန်တိုင်းသည် စစ်မှန်သော တပည့်တော်ဖြစ်လာရန် အဖိုးအခမပေးချင်ကြပေ (ယော ၈း၃၁)။ ရာနှုန်းပြည့်အဖိုးအခပေးလိုသော ဆန္ဒရှိသည့် ၀ိညာဉ်ရေးထက်သန်သူ များအား ဤအမှုတော်၌ ပါ၀င်နေရာချပေးရန်နှင့် အကူအညီပေးရန် ကျွန်ုပ်တို့၌ လိုအပ်လျက်ရှိသည်။

            ကျွန်ုပ်တို့၏ အသင်းတော်တွင် ဤပန်းတိုင်အထိ ရောက်ရှိနိုင်ရန် မည်ကဲ့သို့ လက်တွေ့လုပ်ဆောင်နိုင် မည်နည်း။ တစ်ခုတည်းသော နည်းစနစ်ဟူ၍ မရှိသော်လည်း ဤအမှုတော်ကို လှုပ်ရှားဆောင်ရွက်နိုင်မည့် ပုံစံကောင်းများ ပြောပြနိုင်ပါသည်။ အချို့သော ခြေလှမ်းများကို ယန္တရားဆန်စွာ ထပ်တူကူးရုံမျှနှင့် မလုံလောက် ချေ။

            ဖြစ်နိုင်ပါက အသင်းတော်လူကြီးများ (သို့မဟုတ်) အခြားခေါင်းဆောင်များအားဖြင့်စတင်ပါ။ အနည်းဆုံး သူတို့၏ ထောက်မမှုကိုအရယူပါ။ တပည့်တော်ဖြစ်စေခြင်းလုပ်ငန်းသည် မရှိမဖြစ်သော သာသနာလုပ်ငန်းဖြစ် သည်ဟု သဘောတူသော အသင်းတော်သာလျှင်် ဤအမှုတော်ကို လက်တွေ့လုပ်ဆောင် နိုင်ပါသည်။ ပထမဦးစွာ အစုတစ်ခုအနေနှင့် နံနက်အစောစောချိန်တွင် သူတို့တွေ့ဆုံနိုင်ကြသည်။ ဦးဆောင် သူများနှင့် နောက်လို်က်််များသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လက်ခံနိုင်ရန်နှင့် ၀ိညာဉ်ရေးတိုး တက်မှု အဆက်မပြတ်ရှိနိုင်ရန် အပ်နှံထားသူများ ဖြစ်ရပါမည်။ လုပ်ငန်း၏ စီမံချက်သည် ကျမ်းစာထဲမှ စာစောင်တစ်စောင် ကို လေ့လာရန် မဟုတ်သလို ၀ိညာဉ်ရေးရာနှင့် ပတ်သက်၍ ထွေရာလေးပါးပြော ဆိုရန်လည်းမဟုတ်ပါ။ ၀ိညာဉ်ရေးတိုးတက်ဖို့အတွက် အခြေခံကျသော အချက်များကို ပြောဆိုရန်ဖြစ်သည်။ တစ်ဦးချင်း စီသည် နှုတ်ကပတ်တော်လေ့လာခြင်းအားဖြင့် ဘုရားသခင်နှင့် အချိန်ယူရန် ပျိုးထောင်ပေးရမည်။ ပါ၀င်သူ အားလုံးသည် နေ့စဉ်ဆုတောင်းရန်၊ ကျမ်းစာလေ့လာ၍ မိမိအသက်တာတွင် လိုက်လျှောက်ရန်ဆက်ကပ်ထား သူများ ဖြစ်ရပါမည်။ သခင်ဘုရားထံတော်မှ နေ့စဉ်အသက်တာတွင် လက်ခံရရှိသော ထိုးထွင်းသိမြင်ခြင်းနှင့် ခံယူ ကျင့်သုံးခြင်း တို့ကို ဝေငှရန်ပြင်ဆင် သူများဖြစ်ရပါမည်။

            အဓိက စတင်လုပ်ဆောင်သော ပင်မအဖွဲ့၏ ပန်းတိုင်သည် ယောကျာ်းမိန်းမ မရွေး စိတ်အားထက်သန်သူ များနှင့် အဆက်အသွယ်လုပ်ခြင်းကို တိုးချဲ့၍အသင်းတော်အတွင်း၌ တပည့်တော်ဖြစ်စေခြင်းလုပ်ငန်း ပျံနှံ့စေရန်  ဖြစ်ပါသည်။ ဤပန်းတိုင်သို့ မရောက်နို်င်အောင် တားဆီးသော အကြီးမားဆုံးပြဿနာမှာ ဉာဏ်ပညာ အမြော်အမြင် ဖြင့်ရွေးချယ်ခြင်းနှင့် ထိရောက်စွာ သင်တန်းပေးခြင်း မရှိခြင်းပင်ဖြစ်သည်။ အဆင့်အတန်းနိမ့်ကျ၍ အသက်တာပြောင်းလဲခြင်း မပေးနိုင်သော အစည်းအဝေးသည် တပည့်တော်ကောင်းများကို မွေးထုတ်ပေးနိုင်မည် မဟုတ်ပေ။ ကျွန်ုပ်တို့လိုချင်သောသူမှာ ၀ိညာဉ်ရေး တိုးတက်ချင်သော ဆန္ဒရှိသူ၊ အခြားသောသူများ၏ အမှုအရာကို ရှုမှတ်သူ၊ ခရစ်တော်၌ ဆက်ကပ်သောသူ ဖြစ်ပါသည်။ ပြင်ပပုံသဏ္ဍာန်ကောင်းခြင်း၊ ချမ်းသာခြင်း၊ စကားပြောကောင်းခြင်းအပေါ် အခြေပြုပြီး လူကိုရွေးချယ်မိလျှင် ကျွန်ုပ်တို့၏ ပန်းတိုင်သို့ ရောက်ဖို့ အလှမ်းဝေးပေ လိ်မ့်မည်။

၁။        နှုတ်ကပတ်တော်ကို ဘုရားသခင်နှင့်အပြန်အလှန် စကားပြောဆက်သွယ်မှုအဖြစ် ခံယူခြင်း။      ။ ထိုလူစု တွင်ပါ၀င်သူတိုင်းသည် သူတို့လေ့လာထားသော ကျမ်းပိုဒ်ကို ဝေငှစေပါ။ ကျမ်းပိုဒ်ကို ရှင်းလင်းချက်နှင့် တကွဖတ်ပြကြပါစေ။ ရှေ့နောက်စကား အဆက်အစပ်များအားဖြင့် ၀ိညာဉ်ရေးရာမှုကို ထောက်ပြစေပါ။ ဘုရားသခင်က သူတို့၏ နှလုံးသားထဲတွင် အလင်းဖွင့်ပြသောအရာကို လက်တွေ့လိုက်လျှောက် ရန် အားပေးပါ။ ယေဘုယျဆန်လွန်းသော ဖွင့်ဆိုရှင်းလင်းချက်ကို ရှောင်ကြဉ်ပါ။ မိမိအတွက် လက်တွေ့ဆောင် ရွက်ရန် ဆက်ကပ်ပါ။ ဤနည်းအားဖြင့် ပုဂ္ဂိုလ်တစ်ဦးသည် ဘုရားသခင်ပြောသောစကားကို တကယ်ကြားသလား ဟူသော အထောက်အထားကို သိမြင်နိုင်မည်ဖြစ်ပါသည်။ ၀ိညာဉ်ရေးတိုးတက်မှုအတွက် ဤအရာသည် လိုအပ်ပါ ၏။ ဘုရားလူတို့ကပြောသောစကားကို နားထောင်ခြင်းအားဖြင့်လည်းကောင်း၊ လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် လည်းကောင်း၊ မိမိအသက်တာကို တိုးတက်ဖွံ့ဖြိုးစေနိုင်ပါသည်။ သံသည် သံကိုထက်မြက်စေသည်´´ ဟုသော ပုံသက်သေအတိုင််းဖြစ်ပါသည် (သု ၂၇း၁၇ )။

၂။         ၀ိညာဉ်ရေးတိုက်ပွဲအတွက် ဆုတောင်းခြင်းကို လက်နက်အဖြစ်အသုံးပြုခြင်း။   ။ ကျွနု်ပ်တို့၏ တိုက်ပွဲဝင် လက်နက်သည် ဇာတိပကတိလက်နက်မဟုတ်လျှင် အဘယ်အရာဖြစ်သနည်း (၂ကော ၁၀း၄ )။ ကျွန်ုပ်တို့ ကိုင်ဆောင်သောလက်နက်များတွင် နှုတ်ကပတ်တော်တည်းဟူသော ၀ိညာဉ်တော်၏ဓားပါ၀င်သည်(ဧ ၆း၁၇)။ သခင်ဘုရားသည်ကျွနု်ပ်တို့၏ ဆုတောင်းသံကိုနားညောင်းတော်မူကြောင်း သိသောအားဖြင့်ဝန်ထုပ်များနှင့် ပဌာနာပြုချက်များကို သခင်ဘုရားထံ ယူဆောင်လာနိုင်သော အခွင့်ထူးကြီးလည်းပါ၀င်ပါသည် ( ၁ယော ၅း၁၅ )။ ထိရောက်သောဆုတောင်းခြင်းသည် အလွန်တန်ခိုးပါ၏ (ယာ ၅း၁၆ )။ နှုတ်ဖြင့်ဖော်ပြသော ဆုတောင်းစရာများ၊ စာဖြင့်တင်ပြသောဆုတောင်းစရာများကို အတူတကွ ကျယ်လောင်စွာ ဆုတောင်းရပါသည်။ ဤနည်းသည် ပါ၀င်သောသူအားလုံးကို ၀ိညာဉ်ရေး မိတ်သဟာယထဲသို့ ဆွဲဆောင်ပါသည်။ ထိုအရာသည် ဆုတောင်းစရာများ  ကို လဲလှယ်ဆုတောင်းခြင်း၏ တန်ဖိုးပင်ဖြစ်ပါသည်။ ဆုတောင်းခြင်းအားဖြင့် ဆုတောင်းနည်းကို နားလည်ရပါ သည်။

၃။        သက်သေခံခြင်းကို အသက်တာလမ်းကြောင်းတစ်ခုအဖြစ် အသုံပြုခြင်း။          ။အဆက်အသွယ်ပြုလုပ်ရ မည့်ကယ်တင်ခြင်းမရရှိသေးသောသူများ၏ အမည်ကို ဆုတောင်းစာရင်း၌ ထည့်သွင်းပြီး ကယ်တင်ခြင်းသို့ ရောက်ကြရန်ဆုတောင်းပေးရပါသည်။ ဤအပိုင်းတွင် ဖြစ်ပျက်သောအရာကို ပြောပြခြင်းအားဖြင့် သက်သေခံရာ တွင် လက်ခံဖွယ်ရာဖြစ်စေပါသည်။ တပည့်တော်ဖြစ်စေသောလုပ်ငန်းကို အမှန်တကယ်အကောင်အထည် ဖော်စေလိုလျှင် သက်သေခံခြင်းလည်း ပါ၀င်စေရပါမည်။ သက်သေခံရာတွင်လည်းကောင်း၊ ဧဝံဂေလိအတွက် လှည့်လည်ရာတွင်လည်းကောင်း အဖွဲ့လိုက်သွားခြင်းသည် လိုလားဖွယ်ရာဖြစ်ပါသည်။

၄။        မိမိ၏အသက်တာနှင့် လုပ်ငန်းအကြောင်းကို ဝေငှခြင်း။ ။မိမိ၏ ရုန်းကန်မှုနှင့် ခံစားရသောစိန်ခေါ်မှုများကို ဝေငှခြင်းအားဖြင့် ပိုမိုနက်နဲသော မိတ်သဟာယကို ဖွံ့ဖြိုးစေနိုင် ကြပါသည်။ ဤအပိုင်းအတွက် လိုအပ်ချက်များ ကိုဝန်ခံခြင်း၊ ဆုတောင်းခြင်းပြုလာလျှင် အခြားသူများအတွက် ကျွန်ုပ်တို ပုံသက်သေ ´´ ဖြစ်နိုင်ကြပါသည်။ နှုတ်ကပတ်တော်အားဖြင့် ဘုရားသခင်ပြောသောအရာကို ဆွေးနွေးခြင်းသည် ဓမ္မတာအလျောက်ဖြစ်ပေါ်လာ သောရလဒ်ဖြစ်ပါသည်။ ဤဝေငှခြင်းတွင် ထပ်ဖြည့်ရန်အရေးကြီးသော အရာတစ်ခုမှာတစ်ဦးချင်း၏ ရည်ရွယ်ချက် နှင့် ထိုရည်ရွယ်ချက် အောင်နိုင်ရန် တက်လှမ်းရမည့် ခြေလှမ်းများကို စာရွက်ပေါ်၌ရေးဆွဲရန် ဖြစ်ပါသည်။ ထိုရည်ရွယ်ချက်တွင် အကျင့်စာရိတ္တနှင့် ဆိုင်သော ရည်ရွယ်ချက် (တိကျခြင်း၊ ခိုင်ခန့်ခြင်း၊ သတ္တိရှိခြင်း)၊ လုပ်ငန်းတော်နှင့်ဆိုင်သော ရည်ရွယ်ချက် (ဆက်ကပ်ခြင်း၊ သက်သေခံခြင်း၊ ၀တ်ပြုကိုးကွယ်ခြင်း)၊ ကိုယ်ပိုင်ရည်ရွယ်ချက် (တော်စပ်မှု၊ ငွေရေးကြေးရေး) တို့ပါ၀င်ပါသည်။ ရေးပြီးသောအခါ မိတ္တူကူး၍ ခေါင်းဆောင် အားတစ်စောင်ပေးအပ်ရပါမည်။ ဤလုပ်ငန်းစဉ်သည် စေတနာအလျောက် လုပ်ရသော လုပ်ငန်းစဉ်ဖြစ်ပါသည်။

၅။        ကျမ်းပိုဒ်အလွတ်ကျက်မှတ်ခြင်း။          ။ ကျမ်းပိုဒ်အလွတ်ကျက်မှတ်ခြင်းသည် လူနှစ်ဦးအပြန်အလှန် တာဝန်ရှိကြောင်း ထင်ရှားပါသည်။ သက်သေခံရာတွင် အသုံးပြုနိုင်သော ဧဝံဂေလိဆိုင်ရာ ကျမ်းပိုဒ်များဖြင့် စတင်ပါ။ ထို့နောက်ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းနှင့် ပတ်သတ်သော ကျမ်းပိုဒ်များကို ထပ်မံကျက်မှတ်ပါ။

            ကျမ်းပိုဒ်အလွတ်ကျက်ခြင်း၏ ရည်ရွယ်ချက်မှာ ယုံကြည်သူတစ်ဦးကို ၀ိညာဉ်ရေး၌ တိုးတက်နိုင်ရန် ကူညီခြင်းမျှသာမဟုတ်ပါ။ တပည့်ဖြစ်စေသော လုပ်ငန်းတွင် ကူညီနိုင်သူတစ်ဦဖြစ်စေရန်နှင့် ဤလုပ်ငန်းကို တာဝန်ယူနိုင်သူတစ်ဦးဖြစ်စေရန် မျှော်မှန်းထားပါသည်။ တိုးတက်မှုပေါ်လွင်လာသည့်တိုင်အောင် ဆက်လက် လက်တွဲ လုပ်ဆောင်ရပါသည်။ တိုးတက်မှုမရှိကြောင်း ထင်ရှားလာပြီဆိုလျှင် ဤလုပ်ငန်းကို ရပ်ထားနိုင်သည်။ သို့သော် ထိုသူအားစွန့်လွတ်ခြင်း မဟုတ်ဘဲ ထိုလူနှင့်တွေ့ဆုံခြင်းကို ဆက်လက်လုပ်ဆောင်ရန် မလိုအပ်ကြောင်း အသိအမှတ်ပြုခြင်းသာ ဖြစ်ပါသည်။ တစ်နေ့သောအချိန်တွင် ပြန်လည်လုပ်ဆောင်ရဖွယ် ရှိကောင်းရှိလာမည်။ သို့မဟုတ် အခြားသောသူတစ်ဦးက လုပ်ဆောင်လျှင် သာ၍ အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မည်။

            ရှင်ပေါလုက တပည့်တော်ဖြစ်စေခဲ့သော တိမောသေ၊ သိလ စသည့်တို့အား အထက်ဖော်ပြခဲ့သည့် အစီအစဉ်အတိုုင်း လုပ်ဆောင်ခဲ့သည်ဟု ကျွန်ုပ်တို့ မဆိုလိုပါ။ သို့ရာတွင် ၄င်းအစီအစဉ်များထဲမှ အခြေခံများစွာ ကိုအသုံးပြုကြောင်း သေချာပါသည်။ ရှင်ပေါလုသည် ယုံကြည်သူများအတွက် ၀ိညာဉ်ဖခင်အဖြစ်နှင့် ကလေးထိန်း အဖြစ် လုပ်ဆောင်ခဲ့ပါသည်။ (၁သက် ၂း၁၁၊ ရ)။ ယုံကြည်သူများသည် နှုတ်ကပတ်တော်အရာ၌လည်းကောင်း၊ ဆုတောင်းခြင်း၌လည်းကောင်း၊ တပည့်တော်တစ်ဦးအနေနှင့် တိုးတက်ခြင်း၌လည်းကောင်း၊ အားကြီးကြဖို့ ရှင်ပေါလု အလိုရှိခဲ့သည်။

            ဤလုပ်ငန်းကို လုံ့လဝရီယထုတ်ဆောင်ရွက်၍ အသင်းတော်ထဲတွင် ပျံ့နှံ့စေနိုင်ပါက ၀ိညာဉ်ရေးလုပ်ငန်း၌ ပူပေါင်းဆောင်ရွက်ခြင်းကို ထိရောက်စေမည်ဖြစ်ပါသည်။ ကြီးထွားတိုးတက်နေသော တပည့်တော်အဖြစ် ခံယူချင် သူတို့အား လက်တွေ့ကူညီသည့်အပြင် ဤလုပ်ငန်းကို အကောင်အထည်ဖော်ရာတွင် လိုအပ်သော အရာများကို လုပ်ဆောင်ချင်သော သူများလည်းဖြစ်စေနိုင်ပါသည်။

တပည့်တော်ဖြစ်စေခြင်းကို အဟန့်အတားပြုသောအရာများ

            တပည့်တော်ဖြစ်လုပ်ငန်းတိုင်း အောင်မြင်မှုရသည် မဟုတ်ပါ။ တပည့်ဖြစ်စေသူအပေါ်၌လည်းကောင်း၊ တပည့်တော်ဖြစ်သူအပေါ်၌လည်းကောင်း ပြဿနာရှိနိုင်သည်။

၁။ တပည့်ဖြစ်စေသူ၏ ပြဿနာများ

            (က) ဆုတောင်းခြင်းနှင့် အစည်းအဝေး အစီအစဉ်ပြုလုပ်ရာတွင် သစ္စာမရှိခြင်း။

            (ခ) တပည့်တော်အပေါ် စိတ်ဝင်စားမှုမရှိသောကြောင့် တပည့်ဖြစ်သူက စီမံကိန်းတစ်ခုမျှသာ သဘော ထားခြင်း၊ တပည့်တော်အတွက် အချိန်နှင့်အစွမ်း မပေးနို်င်သောကြောင့် အောင်မြင်မှု မရှိခြင်း။

            (ဂ) သင့်အသက်တာကျဆင်းမှုက တပည့်အား စိတ်ဓာတ်ကျစေခြင်း၊ တပည့်နှင့် ရင်းနှီးလာသောအခါသင့် အသက်တာထဲမှ လက်ခံဖွယ်ရာမဟုတ်သည့် အားနည်းချက်များကို တွေ့မြင်ခြင်း။

            (ဃ) နည်းခံသူ၏ အားနည်းချက် သို့မဟုတ် အခက်အခဲကို မကြည့်ဘဲနှင့် အလွန်အကျွံ ခိုင်းစေခြင်း။

၂။ တပည့်၌ ဖြစ်တတ်သော ပြဿနာများ။

            (က) သခင်ဘုရား၌လည်းကောင်း၊ ဤလုပ်ငန်း၌လည်းကောင်း အပြည့်အဝ ဆက်ကပ်မှုမရှိခြင်း။

            (ခ) စကားနားမထောင်ခြင်း၊ ပေးထားသောအလုပ်ကို မဆောင်ရွက်ခြင်း၊ အသက်တာ၌လည်း စည်းကမ်းမ ရှိခြင်း၊ သာမန်ဖြစ်သင့်သော အသက်တာနှင့်လိုက်လျောညီထွေမရှိခြင်း။

            (ဂ) အကြောင်းပြချက်များခြင်း၊ သူတစ်ပါးအပေါ် အပြစ်တင်ခြင်း၊ အတိတ်က ဆုံးရှုံးမှုကို မမေ့ပစ်နိုင်ဘဲတိုး တက်မှုမရှိခြင်း၏ အကြောင်းအရင်းအဖြစ် မှတ်ယူခြင်း။

            (ဃ) ပြဿနာများကို ပြောရုံသာပြောပြီး ဖြေရှင်းမှုမရှိခြင်း။

            (င) သေချာစွာ သိလျက်နှင့် တချို့အပိုင်းများ၌ စကားနားထောင်ရန် ပျက်ကွက်ခြင်း။

            (စ) ခရစ်တော်ကို ဗဟိုမပြုသလို အခြားသူများအတွက် အသက်မရှင်ဘဲ အတ္တကိုသာ ဦးစားပေးခြင်း။

            (ဆ) တိုးတက်မှုရှိအောင် လုပ်ဆောင်ရန် ပျင်းရိခြင်း၊ ဆန္ဒမရှိခြင်း။

            (ဇ) ပြုစုပျိုးထောင်ခြင်းကို လူမှုရေးသဘောမျှ ဖြစ်စေခြင်း၊ ၀ိညာဉ်လူဖြစ်ကြောင်းကို အခြားသူများအား မြင်တွေ့စေလိုခြင်း၊ မြင်နိုင်သော လုပ်ငန်းတော်တွင် နေရာရလိုခြင်း၊ တပည့်ဖြစ်စေသူ၏ ဂရုစိုက်မှုကို ရလိုခြင်း စသောမှားယွင်းသည့် သဘောထားများရှိခြင်း။

နိဂုံးချုပ်နှင့် မိမိအတွက် ခံယူကျင့်သုံးခြင်း

            တပည့်ဖြစ်စေလိုသောသူအား မကြာခဏ ဝေဖန်ပြစ်တင်ခြင်းပြုသည်ထက် စိတ်နှလုံးပါလျက် ချီးမွမ်းပါ။

နမူနာပုံစံကောင်းများ တည်ဆောက်ပေးရန် ကျမ်းစာနှင့်ကိုက်ညီ၍ လက်တွေ့ကျသော အကူအညီပေးဖို့ အထူး လိုအပ်ပါသည်။ စံချိန်စံညွှန်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်သာ အစဉ်ဖြစ်ရပါမည်။ သင့်အာဘော် ထင်မြင် ချက်ကိုအသုံးမပြုပါနှင့်။ နှုတ်ကပတ်တော်ကို ထပ်တလဲလဲ အသုံးပြုပါ။ အစဉ်သဖြင့်မေတ္တာဖော်ထုတ် ပြသပါ။ တပည့်ဖြစ်သူ၏ စကားကို ဂရုစိုက်နားထောင်ပါ။ သင့်ပြောစကားများကို အသေးအမွှားကိစ္စအဖြစ် သဘောထားပါ။ သခင်ဘုရားနှင့် တူနိုင်သမျှ တူအောင် ၀ိညာဉ်တော်တန်ခိုးဖြင့် အသက်ရှင်ရေးကို အခြားကဏ္ဍများထက် အလေး ပေးပါ။ တမန်တော် (၁၂)ပါးအား ပျိုးထောင်ရာတွင် အသုံးပြုသော ပုံသက်သေတော်ကို စိတ်ထဲတွင် စွဲမြဲစွာထား ပါ။

            တပည့်တော်ဖြစ်စေခြင်း လုပ်ငန်းသည် အရေးကြီးဆုံးသော အလုပ်ဖြစ်ပါသည်။ ကျွနု်ပ်တို့ အတွက် အကောင်းဆုံး ကြိုးစားအားထုတ်မှု ပြုသင့်သောလုပ်ငန်းလည်းဖြစ်သည်။ အခြေခံအချက်မှာ နည်းစနစ်များကြောင့် မဟုတ်ဘဲဆုတောင်းခြင်းအားဖြင့်သာ လူများပြောင်းလဲလာနိုင်သည်ကို ရှုမြင်ထားရမည်။ ဤလုပ်ငန်းအောင်မြင် ခြင်းရသည့်အခါ အသင်းတော်အတွက်လည်းကောင်း၊ လူတစ်ဦးချင်းအတွက်လည်းကောင်း၊ ထာဝရကာလတွင် ဆုလဒ်များပြားလှပါသည်။ ဤလုပ်ငန်းကိုကောင်းမွန်စွာ ဆောင်ရွက်ရန် ပေးဆပ်ရသော အဖိုးအခသည် များပြား လှုသဖြင့် တစ်ခါတစ်ရံ၌စိတ်ဓာတ်ကျစရာ ဖြစ်ပါသည်။ တုံ့ပြန်မှုမရှိသလို အသီးအပွင့်လည်း မသီးနို််င်သောလူများ အား ပြုစုပျိုးထောင်ရန် အချန်များစွာ အကုန်ခံလုပ်ရသည်ထက် လူတစ်ဦးတည်းကိုသာ ရည်ရွယ်ပြီး ကြိုးစားလုပ် ကိုင်ခြင်းသည် သာ၍ကောင်းပါသည်။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းသည် သခင်ဘုရား၏အသက်တာတွင် ဦးစားပေး ခဲ့သော အရာဖြစ်ပါသည်။ သင့်အတွက် အချိန်ပေးရကျိုးနပ်သော လုပ်ငန်းဖြစ်ပါသည်။ ဤတပည့်တော်ဖြစ်လုပ် ငန်းသည် အသင်းတော်၏ ၀ိညာဉ်ရေးတိုးတက်ဖို့အတွက် အရေးကြီးလှပါသည်။

အသင်းတော်၏တပည့်တော်ဖြစ်လုပ်ငန်း                                                                      သင်ခန်းစာ(၁၂)

၁။        အောက်ပါကျမ်းပိုဒ်များမှ သခင်ဘုရား၏ အဆိုအရ စစ်မှန်သော တပည့်တော်ဆိုသည်မှာ အဘယ်နည်း။

            လုကာ ၆း၄၀

            လုကာ ၁၄း၂၆

            လုကာ ၁၄း၂၇

            လုကာ ၁၄း၃၃

            ယော ၈း၃၁

            ယော ၁၃း၃၄-၃၅

 

၂။         (လုကာ ၁၄း၂၈း၃၂)တွင် ပါသော အိမ်ဆောက်သူနှင့် ရှင်ဘုရင်တို့က အရာခပ်သိမ်းကို စွန့်လွတ်ခြင်းအ ကြောင်းကျွန်ုပ်တို့နားလည်နိုင်ရန် မည်ကဲ့သို့ အထောက်အကူပြုသနည်။

 

၃။        “အရာခပ်သိမ်းကို သွန်သင်ပေးပါ” ဟူသော စကားနှင့် “အရာခပ်သိမ်းကို စောင့်ရှောက်ဖို့ သွန်သင် ပေးပါ”ဟူသော စကားသည် မည်ကဲ့သို့ ခြားနားသနည်း(မ၂၈း၂၀)။ သင့်မိတ်သဟာယ၌ ဤအချက် တိုးတက်ရန် မည်ကဲ့သို့ လုပ်ဆောင်နိုင်သနည်း။

 

၄။        (ကော ၁း၂၈-၂၉)ကို ဖတ်ပါ။ တပည့်တော်ဖြစ်စေခြင်း၏ ရည်ရွယ်ချက်သည် အဘယ်နည်း။ မည်ကဲ့သို့ဖြစ် မြောက်အောင်ဆောင်ရွက်ရမည်နည်း။

 

၅။        ( ၁သက် ၁း၁-၇)ကို ဖတ်ပါ။ တမန်တော်ရှင်ပေါလု၏ သင်ကြားရေး နည်းစနစ်သည် အဘယ်သို့နည်။ သူ့ ပရိသတ်က မည်သို့တုံ့ပြန်ကြသနည်။

 

၆။        ( ၁သက် ၂းရ-၈)ကိုဖတ်ပါ။ တပည့်တော်ဖြစ်စေသူနှင့် နည်းခံသောသူတို့၏ နှီးနွယ်တော်စပ်မှုသည် မည် ကဲ့သို့ဖြစ်ရမည်နည်း။

 

၇။        သခင်ဘုရား၏ တပည့်တော်ကောင်းတစ်ဦး ဖြစ်ရန်နှင့် အသင်းတော်တွင် သင်နှစ်သက်သော လူတစ်ဦး ထံ အသက်ရှင်နည်းကို နည်းခံရန် သင်၏ဆက်ကပ်ခြင်းသည် မည်သည့် အခြေအနေရှိသနည်း။

 

၈။        ဤသင်ခန်းစာတွင် သင်နားမလည်သော အရာတစ်ခုခုရှိပါသလား။

အသင်းတော်နှင့်သာသနာပြုလုပ်ငန်း     သင်ခန်းစာ(၁၃)

လယ်ကား ဤလောကဖြစ်” (မ ၁၃း၃၈)။

            သာသနာပြုခြင်း ရူပါရုံသည် ခရစ်ယာန်ယုံကြည်ခြင်း၏ အဓိကကျသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် သာသနာပြုသော ယုံကြည်ခြင်း၊ ဧဝံဂေလိတရားဟောသော ယုံကြည်ခြင်းဖြစ် သည်။ ဘုရားသခင်သည် ကျွနု်ပ်တို့အား ကျင့်ဝတ်များကို ကျင့်ဆောင်ဖို့၊ ယဉ်ကျေးမှုနှင့်ဘာသာရေးပုံစံများကို အသုံးချသောလူအစုအဝေးဖြစ််ဖို့ ခေါ်တော်မူသည် မဟုတ်ပါ။ သခင်ဘုရားက “သင်တို့သည် လောကီနိုင်ငံအရပ် ရပ်သို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားများကို ဟောကြလော့”ဟု မိန့်ဆိုထားပါသည် (မာ ၁၆း၁၅)။ ထိုရူပါရုံမှေးမှိန်သွားလျှင်လည်းကောင်း၊ ပျောက်ကွယ်သွားလျှင်လည်းကောင်း၊ သခင်ဘုရား၏ အဓိက သွန်သင်ချက်ကို မျက်ကွယ်ပြုနေကြပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ သာသနာနယ်မှာ ကမ္ဘာတစ်ဝှမ်းလုံး ဖြစ်ပါသည်။

            ဤသတင်းကို ဖြစ်နိုင်သရွေ့ကျယ်ပြန့်စွာ ဟောပြောနိုင်ရန် အရေးတကြီးလုပ်ဆောင်ရမည်။ သခင်ဘုရား ကတရားနာပရိတ်သတ်ကြီးအား”မယုံကြည်သောသူသည် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်ကို မယုံ ကြည်သောကြောင့် တရားစီရင်ခြင်းကို ယခုပင်ခံရပြီး”ဟု သတိပေးခဲ့ပါသည် (ယော ၃း ၁၈)။ ခရစ်တော် မရသော သူသည် ဤလောကတွင် မျှော်လင့်ခြင်း မရှိသူ၊ ဘုရားမရှိသူဖြစ်သည်ဟု ဖော်ပြထားပါသည် (ဧ ၂း၁၂)။ သူအား ယုံကြည်သောသူသည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ သခင်ဘုရားကြွလာခြင်းဖြစ် သည် (ယော ၃း၁၆)။ ပျောက်ဆုံးသောသူများကို အသက်ပေး၍ကယ်တင်ရန် ကြွလာခဲ့ပါသည် (လု ၁၉း၁၀)။ ခရစ်တော်သည် ကောင်းကင်နိုင်ငံမှ ကမ္ဘာလောကသို့ သာသနာပြုခဲ့သော ပထမဦးဆုံး သာသနာပြုဆရာ ဖြစ် ပါသည်။ ကိုယ်တော်သည် အပြစ်သားများကို ကယ်တင်ရန် မေတ္တာရှေ့ထားကာ ဤဆိုးညစ်သောအရပ်သို့ ကြွ လာခြင်းဖြစ်သည်။

            သတင်းကြေငြာခြင်းလုပ်ငန်းတော်ကို လောကီသားများအား ဝေမျှနိုင်ကြစေရန် သူ့လူများဖြစ်သော အ သင်းတော်အား ဤလုပ်ငန်းအပ်နှင်းထားပါသည်။ “ခမည်တော်သည် ငါတို့စေလွှတ်သည့်နည်းတူ သင်တို့အား ငါ စေလွှတ်၏” ဟူ၍ သခင်ယေရှုက တပည့်တော်တို့အား ပြောဆိုခဲ့ပါသည် (ယော ၂၀း၂၁)။ ကျွန်ုပ်တို့သည် လယ် ကွင်းများထဲရှိ စပါးများသည် ရင့်မှည့်၍ ရိတ်သိမ်းချိန် ရောက်ပြီဖြစ်ကြောင်း ကြည့်တတ်ဖို့လိုပါသည်(ယော ၄း၃၅)။ မည်သူတစ်ဦးမျှပျက်စီးခြင်းသို့မရောက်ဘဲ နောင်တရလာရန် ကျွန်ုပ်တို့အလိုဆန္ဒရှိကြရပါမည်(၂ပေ ၃း၉)။ အ သင်းတော်သည် သမ္မာတရား၏ အခြေခံနှင့်ကျောက်တိုင်ဖြစ်သည် (၁တိ ၃း၁၅)။ ထို့ကြောင့် အသင်းတော်သည် သာသနာပြုကြိိုးစားခြင်းလုပ်ငန်းအားလုံး တည်ရှိသောနေရာ ဖြစ်ရပါမည်။ ကမ္ဘာအရပ်ရပ်သို့ သာသနာပြုခြင်း၌ ဆက်လက်၍ စွမ်းအားပြည့်ဝစေရန် ဗျာဒိတ်ရူပါရုံ၊ အမှုတော်ဆောင်များ၊ ဘဏ္ဍာငွေများနှင့် ဆုတောင်းခြင်းကို အသင်းတော်က ပြင်ဆင်ပေးရပါမည်။ အသင်တော်က ဤလုပ်ငန်းကို အခြားအဖွဲ့အစည်းများအား ထပ်ဆင့်လွှဲ အပ်ဖို့ ဘုရားသခင် မစေခိုင်းပါ။ ကမ္ဘာပေါ်တွင် ဘုရားသခင်၏ ကိုယ်စားလှယ်အဖြစ် အလုပ်လုပ်နို်င်ရန် ဘုရား သခင်သည် အသင်းတော်ကို တည်ထောင်၍ တာဝန်အပ်နှင်းခဲ့ပါသည်။ ဒေသန္တရ၌လည်းကောင်း၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်မျှသာလည်းကောင်း ဧဝံဂေလိလုပ်ငန်း လုပ်ဆောင်လျှင် ပြည့်စုံမှုမရှိပါ။ ကမ္ဘာအရပ်ရပ်သို့ ဧဝံ ဂေလိဟောကြားရပါမည်။

 

ဒေသန္တရ အသင်းတော်နှင့် သာသနာပြုလုပ်ငန်း

            သာသနာနှင့် သာသနာပြုဆရာများဟုဆိုရာတွင် မည်သည့်အရာကို ဆိုလိုသနည်။ စစ်မှန်သော သာသနာ ပြုဆရာသည် ဘုရားသခင်၏ သားတစ်ဦးဖြစ်ပြီး နှုတ်ကပတ်တော်အား အခြေပြုသော ဘုရားသခင်၏ ကယ်တင် ခြင်းတရားကို နားမလည်သေးသော လူတို့ဦးအား သွားရောက်ကြားပြောရန် ရွေးကောက်တော်မူခြင်းခံရသောသူ ဖြစ်ပါသည်။ သာသနာပြုလုပ်ငန်း အထူူးသဖြင့် နို်င်ငံရပ်ခြား၌ သာသနာပြုခြင်းသည် ကျွန်ုပ်တို့၏ရပ်ကွက်၊ ကျွန်ုပ် တို့၏လူမျိုးပြင်ပရှိ သတင်းကောင်း မကြားဖူးသေးသော လူများထံသို့သွားရောက်၍ ဧဝံဂေလိဟောကြားခြင်းကို ကြိုးစားလုပ်ဆောင်ရန် ဆက်ကပ်ထားခြင်း ဖြစ်ပါသည်။ လူမျိုးတကာတို့အား သတင်းကောင်းကြေငြာရန် လမ်း ညွှန်ခဲ့သော ခရစ်တော်ဘုရား၏မိန့်မှာချက်အပေါ်၌ ယနေ့တိုင် အသက်ဝင်တည်တန့်နေဆဲဖြစ်သည်ဆိုလျှင် ၎င်း သည် သခင်ဘုရား၏စကားကိုနားထောင်ခြင်းတစ်မျိုးဖြစ်ပါသည်။ အသင်းတော်သည် လောက၌ ဘုရားသခင်၏ ကိုယ်စာလှယ်များဖြစ်ကြသည်မှန်လျှင် ကိုယ်တော်၏မိန့်ဆိုချက်သည် ကျွန်ုပ်တို့နာခံရမည့် အမိန့်ပင်ဖြစ်ပါသည်။ ထို့ကြောင့် “ကျွန်တော်ပါ၀င်သောဒေသန္တရအသင်းတော်သည် သခင်ဘုရား၏အမိန့်တော်ကို နားထောင်ရာတွင် မည်သည့်အတိုင်းအတာအထိ ပါ၀င်ရပါမည်နည်း” ဟူ၍ ကိုယ့်ကိုယ်ကို မေးမြန်းကြည့်ဖို့ လိုပါသည်။

            ဒေသန္တရအသင်းတော်များသည် သတင်းကောင်းပျံ့နှံ့စေရာတွင် အခြေစိုက်စခန်းများဖြစ်ကြောင်း သာသ နာပြုသမိုင်းက ဖော်ပြပါသည်။ တမန်တော်ဝတ္ထု၌ဤလုပ်ငန်း အစပြုပါသည်။ ကနဦးသာသနာပြု ရူပါရုံ၏ပုံစံကို ဆီးရီးယားနိုင်ငံ အန္တီအုတ်မြို့၌ တွေ့နိုင်ကြောင်း စာရေးသူများစွာတို့က ရေးသားခဲ့ကြပါသည် (တ ၁၁း၁၉-၃၀။၁၃း၁-၄)။ ရှင်ပေါလုနှင့် ဗာနဗတို့သည် ပြောင်းလဲလာသောသူများအား ကျမ်းစာသွန်သင်ပေးခြင်း၊ လေ့ကျင့် ပျိုးထောင်ပေးခြင်းကို ဤမြို့တွင် ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ အန္တီအုတ်အသင်းတော်သည် သာသနာပြုလုပ် ငန်းတွင် ထိရောက်စွာပါ၀င်သော ကြီးထွားတိုးတက်သည့် အသင်းတော်တစ်ပါးဖြစ်ပါသည်။ ထိုအသင်းတော်တွင် ကျမ်းစာသွန်သင်တတ်သူများစွာ ပေါ်ထွန်းခဲ့ပါသည်။ နိုင်ငံရပ်ခြား သာသနာပြုလုပ်ငန်းဆောင်ရွက်ရန်အတွက် ပေါလုနှင့်ဗာဗနာကို ဘုရားသခင်၏ ၀ိညာဉ်တော်က နှိုးဆော်၍သီးသန့်ရွေးချယ်တော်မူခဲ့သည် (တ ၁၃း၁-၄)။ အ သင်းတော်သည် သူတို့နှစ်ဦးအား သာသနာပြုလုပ်ငန်းတွင်လုပ်ဆောင်ရန် ဆက်ကပ်အပ်နှံခဲ့ကြသည်(တ ၁၄း၂၆)။ ဤကဲ့သို့ လုပ်ဆောင်ရာတွင် ကြားခံအဖွဲ့အစည်းတစ်ခုမျှမရှိပါ။ သူတို့ကို ထောက်ပံ့ရန် ကတိပြုထားခြင်း သော်လည်းကောင်း၊ အာမခံခြင်းသော်လည်းကောင်း မရှိခဲ့ပါ။ ဘုရားသခင်ကိုသာ မှီခို၍သက်ဆိုင်ရာနယ်မြရှိ ယုံကြည်သူများ၏ ထောက်ပံ့မှုကိုခံယူခဲ့ကြသည်။

            ပထမ(၂)နှစ်အတွင်း၌ ဤသာသနာပြုသူများ၏ ကြိုးစားလုပ်ဆောင်ခြင်းအားဖြင့် အနည်းဆုံး ဒေသန္တရအ သင်းတော်(၄)ပါး (ပိစီးဒီးယားနယ်ရှိ အန္တီအုတ်၊ လိစထြာ၊ အိကောနင်၊ ဒါဗေနှင့်ကေပရုကျွန်းတစ်ခုလုံး) တည် ဆောက်နိုင်ခဲ့ပါသည်။ မိခင်အသင်းတော်အား မိမိတို့အပေါ် တာဝန်ခံထားသူများအဖြစ် သဘောထားကာ သတင်း များကိုပြန်လည်အစီရင်ခံခဲ့ကြပါသည်။ (တ ၁၄း၂၇)။ ဤလုပ်ငန်းတာဝန်နှင့် ပတ်သတ်၍ ကြားဖြတ်ဝင်ရောက် ဆောင်ရွက်သောသီးခြားအဖွဲ့အစည်း (Parachurch)များ မရှိခဲ့ချေ။

            ကနဦး ဒေသန္တရအသင်းတော်များမှ စတင်လာသော သာသနာပြုလှုပ်ရှားမှုသည် ရာစုနှစ်ပေါင်းများစွာ ဆက်လက်တည်တံ့ခဲ့သည်။ သို့ရာတွင် ၀မ်းနည်းစရာကောင်းသည်မှာ အုပ်ချုပ်စီမံရေး ဗဟိုဌာနချုပ်မှ ကြီးကြပ် သူအမှုတော်ဆောင်များက ခရစ်ယာန်အသင်းတော်ကို အုပ်ချုပ်ခြင်း များပြားလာခြင်းပင် ဖြစ်ပါသည်။ ဤကဲ့သို့ အုပ်ချုပ်ခြင်းသည်စစ်မှန်သော သာသနာပြုလုပ်ငန်းကို အစဉ်သဖြင့် အထောက်အကူမဖြစ်စေပါ။ ထိုကဲ့သို့သော အသင်းတော်အဖွဲ့အစည်းများ၏ဆောင်ရွက်မှုကြောင့် နိုင်ငံရပ်ခြား သာသနာပြုလုပ်ငန်းသည် ပိုမိုအားနည်းလာခဲ့ ပါသည်။ ကြီးမားသော အသင်းတော်များ၏ ညှဉ်းဆဲခြင်းခံခဲ့ကြသော လူငယ်များသည် ဝေးလံသောအရပ်ရှိ ခရစ် တော် မသိသေးသော  သူများထံ သွားရောက်ရန် ကျမ်းစာနှင့်ညီသော ရူပါရုံကို အသစ်ပြန်လည်ခံယူကြသော အခါ ရာစုနှစ်ပေါင်းများစွာ ကြာပြီးမှ နိူးထမှု ပြန်လည်ဖြစ်ပွားလာလေသည်။ ဥပမာတစ်ခုပြရလျှင် ဂျာမနီနို်င်ငံ Herrnhut ၌ (Zinendorf) ၏ ဦးဆောင်မှုအောက်မှ လူစုငယ်ဖြစ်ပါသည်။ ပျောက်ဆုံးသောဝိညာဉ်များကို အထူး ၀န်တာရှိကြသောကြောင့် ဤလူစုငယ်သည် သာသနာပြုဆရာများကို ဝေးလံသောကမ္ဘာအရပ်ရပ်သို့ ပို့ဆောင်ခဲ့ ကြသည်။ Herrnhut ၏ သြဇာသက်ရောက်မှုသည် ရာစုနှစ်ပေါင်းများစွာ တည်တ့့ံခဲ့သည်။ ဤလူစုငယ်လေးက သာသနာပြုလုပ်ငန်းများကို လုပ်ဆောင်နိုင်ခဲ့ခြင်းမှာ အံ့သြဖွယ်ကောင်းလှပါသည်။ (၁၉)ရာစုနှစ်တွင် အင်္ဂလိပ်စ ကားပြောသော နိုင်ငံများ၌ဝိညာဉ်နိုးထမှုကိုအခြေပြု၍ ကြီးကျယ်သော သာသနာပြု နှိုးထမှုကြီး ဖြစ်ပေါ်ခဲ့ပါသည်။ ထိုကဲ့သို့သော အသစ်ပြုပြင်ပြေင်းလဲခြင်းသည် နိုင်ငံခြားတိုင်းပြည်များရှိ ပျောက်ဆုံးသော သူများအပါအဝင် ပျောက်ဆုံးသူများအပေါ်ထားရှိသော ၀န်တာကို အထူးအားပေးခဲ့ပါသည်။ သတင်းကောင်းကို မကြားသေးသော သူများဆီသို့ ရောက်ှရိရန် စိတ်အားထက်သန်သောမည်သည့်လူစုနှင့်မဆို တန်ခိုးတော်အားဖြင့် အလုပ်လုပ်မည်ကို ဘုရားသခင်က လက်တွေ့ပြသခဲ့သည်။ သာသနာပြုကြိိုးစားခြင်း လုပ်ငန်းများစွာတို့ကို “လွတ်လပ်သော ယုံကြည်ခြင်းအားဖြင့် သာသနာပြုခြင်း “ဟုခေါ်သောအဖွဲ့နှင့် သီးခြားခွဲထွက်သောအဖွဲ့များက ဆက်လက်၍ လုပ် ဆောင်ကြကာ ဒေသန္တရအသင်းတော်များမှ စတင်လုပ်ဆောင်လာခြင်း မရှိတော့ချေ။

သာသနာပြုလုပ်ငန်းနှင့် ကမ္ဘာ့လိုအပ်ချက်

            ကမ္ဘာကြီးတစ်ခုလုံးကို ဧဝံဂေလိတရား ပျံ့နှံစေပြီဖြစ်၍ သာသနာပြုဆရာ မြောက်များစွာလိုအပ်သော အချိန်လွန်သွားပါပြီဟု တချို့ကယူဆကြပါသည်။ ထိုယူဆချက် မှန်ကန်ပါက ဖြောင့်မတ်သူများကို ကယ်တင်ဖို့နှင့် ဆိုးညစ်သူများ၏ နှုတ်ပိတ်ဖို့ရန် ဘုရားသခင်ကြွလာပြီး ဖြစ်လိမ့်မည် (မ ၂၄း၁၄။ ၂ပေ ၃း၃-၉)။ ထိုကဲ့သို့ဖြစ်မည့် အစား ခရစ်တော်မရသေးသော သူပေါင်းများစွာ သတင်းကောင်းကိုကြား၍ တုံ့ပြန်နိုင်ကြရန် ကိုယ်တော်သည် စောင့်ဆိုင်းလျက် ရှိနေသေး၏။ ယနေ့အချိန်တွင် ကမ္ဘာ့လူဦးရေမှာ သန်းပေါင်း (၆၀၀၀)ကျော်ရှိပါသည်။ ခရစ် ယာန်နာမည်ခံဦးရေ သန်းပေါင်း(၁၀၀၀) ကျော်ရှိသော်လည်း ဒုတိယမွေးဖွားခြင်းခံပြီးသောသူမှာ သန်းပေါင်း (၂၀၀-၃၀၀)ထက်မများပါ။ အရေအတွက် နှစ်ခုစလုံးကို လက်ခံသော်ငြားလည်း ဧဝံဂေလိကြားပြောရန် လိုနေ သေးသော လူဦးရေမှာ အလွန်ပင်များပါသေးသည်။ မွတ်စလင်တိုင်းပြည်များ၊ အာရှ၊ အိန္ဒိယ၊ ဥရောပနှင့်တောင် အမေရိကနိုင်ငံများတွင် ဧဝံဂေလိသတင်းကောင်း မကြားဖူးသေးသော လူသန်းပေါင်းများစွာတို့သည် အစုလိုက်အ ပြံုလိုက် ရှိနေကြပါသေးသည်။ တချို့လူမျိုးများတွင် ယုံကြည်သူတစ်ဦးတလေမျှ မရှိပါ။ ဘာသာစကားခြားနား သော လူမျိုးနွယ်ပေါင်း ရာနှင့်ချီ၍ မိမိတို့ဘာသာနှင့်ရေးထားသော ကျမ်းစာအုပ်များကို မရရှိကြသေးချေ။ အ နောက်နိုင်ငံရှိ ဂိုဏ်အဖွဲ့အစည်းများသည် လောကဆန်၍ လွဲမှားသော သြဝါဒအားဖြင့် လမ်းမှားနေကြကာ ဝေးလံ သောနိုင်ငံရှိ မယုံကြည်သူများကဲ့သို့ ကျမ်းစာကို မသိဘဲရှိနေကြသေးသည်။ မည်သည့်လူအဖွဲ့အစည်းတွင်မဆို ဧဝံဂေလိကိုလက်ခံချင်သောသူများမှာ လူငယ်များဖြစ်ကြသည်။ အသက် (၂၅)နှစ်အောက် လူငယ်များသည် အချို့လူမျိုးများ၏ လူဦးရေ၏ (၅၀%) လောက်ရှိပါသည်။ ထိုလူဦးရေအနက်မှ ကျောင်းသားများနှင့် အလုပ်လုပ် သော လူငယ်များ၏အပိုင်း၌ ဧဝံဂေလိတရား ထိုးဖောက်ခြင်း မရှိနိုင်သေးပေ။ လူမျိုးတစ်မျိုး၌ရှိသော ယုံကြည် သူများသည် မယုံကြည်သူများအား ဧဝံဂေလိဟောပြောရန် တာဝန်ရှိသည်ဟု အဆိုရှိပါသည်။ သို့ရာတွင် တတ် သောလူမျိုးနွယ်ခေါင်းဆောင်များက လေ့ကျင့်ထားသောအမှုတော်ဆောင်များကို စေလွှတ်ပေးနိုင်သည့် အသင်း တော်များ သို့မဟုတ် အခြားလူမျိုးများက သာသနာပြုဆရာများကို မိမိတို့တံသို့ စေလွှတ်ကြရန် ကြေညာကြ ပါသည်။

            နိုင်ငံခြား သာသနာပြုနယ်များအတွက် လိုအပ်သောအရားများအနက် တစ်ခုမှာ ထိရောက်သော  ခေါင်း ဆောင်ဖြစ်သင်တန်း(တပည့်တော်ဖြစ်သင်တန်းအပါအဝင်) ပင်ဖြစ်ပါသည်။ ဧဝံဂေလိလုပ်ငန်း၌ ကိုယ်ချင်းစာနာ တတ်သူများက လှုပ်ရှားနိုင်အောင် စာပေတတ်သူများအတွက် စာပေကောင်းများ၊ မှတ်တမ်းတိတ်ခွေများ၊ ကျမ်းစာ ဘာသာပြန်သူများနှင့် ကျောင်းနှင့်တက္ကသိုလ်များတွင် ကြိုးစားလုပ်ကိုင်သူများ အရှိန်နှုန်းကောင်းစေရန် လုပ် ဆောင်ပေးမည့်သူများ လိုအပ်ပါသည်။ နိုင်ငံခြား၌အမှုတော်ဆောင်သောသူတို့သည် တိုင်းရင်းသားများကို လေ့ ကျင့်ပျိုးထောင်၍ သူတို့နှင့်လက်တွဲလုပ်ဆောင်စေပြီးလျှင် နောက်အခြားနေရာသစ်သို့ သွားရောက်လုပ်ကိုင်ရမည်။ တဖက်မှလည်း နေရာဟောင်း၌ချန်ထားခဲ့သည့် လေ့ကျင့်ပေးခဲ့သူများကို ကြီးကြပ်ရန်ဖြစ်ပါသည်။ တိုင်းရင်းသား များကို နိုင်ငံခြားမှ ထောက်ပံ့ခြင်းသည် ရေရှည်၌ ဆိုးကျိုးကို ဖြစ်စေတတ်ပါသည်။ ငွေကြေးကိုမှီခိုခြင်း၊ နို်င်ငံခြား မှထောက်ပံ့ကြေးရသော သူများအား မနာလိုခြင်းသည် တိုင်းရင်းအသင်းတော်များနှင့် သူတို့၏ ဦးဆောင်မှုကို ရေရှည်ထိခိုက်စေနိုင်ပါသည်။

            တချို့သူတို့က နိုင်ငံတစ်နိုင်ငံသို့ ပြင်ပမှသာသနာပြုဆရာများ လာရောက်မှုအပေါ်ရံဖန်ရံခါ ငြင်းပယ်ခံရ ခြင်းကိုလက်ညှိုးထိုးကြပါသည်။ နောက်ပိုင်းတွင် နိ်ုင်ငံခြားတို််င်းပြည်များသို့ ၀င်ခွင့်ဗီိဇာရရှိဖို့ ခက်ခဲလာသည်။ သို့ ရာတွင် သာသနာပြုအဖြစ်နှင့်မဟုတ်သည့်တိုင် အမှုတော်ဆောင်များကို စေလွှတ်နို်င်သောနည်းလမ်းများစွာ ရှိပါ သည်။ နိုင်ငံခြားတိုင်းပြည်များစွာ၌ ကာသိုလိပ်ဘုန်းကြီးများနှင့် အခြားဘာသာရေးလုပ်ငန်းများ ၀င်ခွင့်ရဖို့ မခက် ခဲပါ။ ယနေ့အချိန်တွင် ကူးသန်းရောင်းဝယ်ရေးသမားများ၊ ကျွမ်းကျင်ပညာသည်များ၊ ကျောင်းသားများနှင့် ခရီး သည်များသည် ကမ္ဘာ့လေကြောင်းလိုင်းများတွင် ပြည့်ကျပ်လျက်ရှိနေပါသည်။ နို်င်ငံအများအပြားက သူတို့၏ အတွင်းသို့ ဧည့်သည်များ ၀င်လာဖို့ တံခါးဖွင့်ထားကြပါသည်။ ဘုရားသခင်းသည် ကမ္ဘာသားများအား ပြောပြနိုင် အောင် နည်းလမ်းများစွာ အသုံးပြုပါသည်။

သာသနာပြုလုပ်ငန်း၏ ထိရောက်မှုကို ဟန့်တားသောအရာများ

            ဤပြဿနာသည် အခွင့်အရေးမရသောကြောင့်၊ လိုအပ်မှုမရှိသောကြောင့် သို့မဟုတ် သခင်ဘုရားသည် ယနေ့စေခိုင်းတော်မူချက်ကို ပြောင်းလဲလိုက်သောကြောင့် ဖြစ်ပေါ်လာသည်မဟုတ်ပါ။ ပြဿနာမှန်ကို ပြောင်းလဲ နေသောကမ္ဘာ၌ ရှိကြသူများ၏ ပြဿနာနှင့် အားနည်းသောအသင်းတော်၌ ရှိကြသူများ၏ ပြဿနာဟူ၍ ခေါင်းစဉ် နှစ်ခုဖြင့် ခွဲခြားနိုင်ပါသည်။

            ကမ္ဘာပေါ်တွင် စိုးရိမ်ဖွယ်ကောင်းသော်လည်း ကျော်လွှားနိုင်သော ပြဿနာများရှိပါသည်။

၁။ ၀ိညာဉ်ရေးနှင့်အကျင့်စာရိတ္တ ပြီးပြည့်စုံခြင်းကို ယုံကြည်သက်ဝင်ရာ၌ ကျဆင်းလျက်ရှိပါသည်။ အစစ်အမှန်နှင့် အတု၊ အပ အမှန်နှင့်အမှားခြားနားချက်ကို  ငြင်းပယ်ခြင်း (သို့မဟုတ်) နားလည်သဘောပေါက်ခြင်းမရှိဘဲ ဆက် စပ်မှုဝါဒက အုပ်စိုးနေသည်။ ဤဝါဒ၏အမြင်၌ သမ္မာတရားသည် ပုံသေသတ်မှတ်ထားသော အခြေခံမှုမရှိသော ကြောင့် သူတို့အဖို့အလို့ငှာ ရွေးချယ်ခံယူထားသော ကျင့်ဝတ် သို့မဟုတ် စာရိတ္တသမ္မာတရား ကိစ္စမျှသာဖြစ်ပါ သည်။ ကျွန်ုပ်တို့၏ အသိဉာဏ်သည် အကန့်အသတ်ရှိသောကြောင့် အရာတစ်ခုကို အမှန်တကယ် သိကြသည်ဟု မသေချာပါဟူသော ယူဆချက်လည်း ရှိပါသည်။ ထို့ကြောင့် အမှန်နှင့်အမှားကို မည်သူက လုံးဝပြီးပြည့်စုံသော နည်းလမ်းဖြင့်ပြောနိုင်ပါမည်နည်း။ သေခြင်းကိုဖြစ်စေသော ဤအမြင်သည် ဘုရားသခင်နှင့် နှုတ်ကပတ်တော်၏ အခွင့်အာဏာကိုုငြင်းဆန်နေပါသည်။

၂။ အထက်ပါ အမြင်နှင့်တွဲဘက်နေသော အမြင်မှာ လောကီဝါဒ (အကျင့်စာရိတ္တနှင့် ပညာရေးသည် ဘာသာရေး နှင့်မဆိုင်ပါဟူသော ၀ါဒ) ဖြစ်သည်။ ဘုရားသခင်သည် အချိန်ကိုအခြေပြုသော လောကအသက်ရှင်ခြင်းနှင့် မဆက်နွယ်ပါဟူသောဝါဒ ဖြစ်သည်။ အသက်တာနှင့်ပတ်သက်သမျှ ကိစ္စအဝဝမှာ ယနေ့အတွက် အသက်ရှင်ဖို့ ဖြစ်သည်ဟူသောဝါဒဖြစ်သည်။ အခြားသော အမြင်တစ်မျိုးမှာ ရုပ်ဝါဒဖြစ်သည်။ စံချိန် အမြင့်မားဆုံးကောင်းမွန် ခြင်းမှာ အရာဝတ္ထုနှင့်ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခြင်းအားဖြင့် ကာယသုခ၊ စိတ္တသုခပြည့်စုံခြင်း ဖြစ်သည်ဟူသော အမြင် ဖြစ်သည်။

ဤအတွေးအခေါ်၏ပုံစံတစ်ခုမှာ ကွန်မြူနစ်ဝါဒဖြစ်သည်။ ရုပ်ဝါဒ၏ ညင်သာစွာလှည့်ဖြားခြင်း ပုံစံတစ်ခုမှာ ယုံ ကြည်သူများက သခင်ဘုရား၏အမှုတော်ကို ဆောင်ခြင်းအားဖြင့် ပစ္စည်းပိုင်ဆိုင်ရန် ဆည်းပူးကြခြင်းဖြစ်သည်။ ဤဝါဒသည်ပို၍ အန္တရာယ်ရှိပါသည်။ သခင်ယေရှုကို ယုံကြည်ပါသည်ဟု ပြောကြစဉ် တစ်ချိန်တည်းမှာပင် သူတို့ ၏အသက်တာပုံစံသည် သူတို့ဝန်ခံသော ယုံကြည်ခြင်းနှင့် ဆန့်ကျင်ဖက်ဖြစ်နေပါသည်။

၃။ အန္တရယ်ကြီးမားပြီး အစဉ်တိုးပွာလျက်ရှိသောအမြင်မှာ လူသားပဓာနဝါဒဖြစ်၍ ၄င်းဝါဒထဲတွင် ပညာတတ်များ အလယ်၌ အထူးမြင်တွေ့ရသော လူသားနှင့်သက်ဆိုင်သော စိတ္တဗေဒလည်း ပါ၀င်ပါသည်။ ဘဝအသက်တာတွင် မည်သည့်အရာ အကောင်းဆုံးဖြစ်သည်ကို အဓိပ္ပါယ်ဖော်ရန်အတွက် လူသားကို ဗဟိုချက်ထားသောဝါဒ ဖြစ် သည်။ လူသားဝါဒ ခံယူသူတို့သည် သူတို့၏အသက်တာအတွက် ဘုရားသခင်၏အကြံအစည်ကို ဂရုမစိုက်ကြသ လိုလက်ခံခြင်းလည်း မပြုကြပေ။ အစွန်းရောက်သော လူသားဝါဒတွင် လူသည် မိမိ၏ဘုရား သို့မဟုတ် မိမိအပေါ် အဆုံးအစွန် အာဏာရှိသောသူဖြစ်လာသည်။

၄။ မှားယွင်းသော ဘာသာရေးသည် ပုံစံအမျိုးမျိုးဖြင့် တိုးပွားနေဆဲဖြစ်ပါသည်။ ၎င်းသည် ၀ိညာဉ်ရေးရှာဖွေမှုကို ကျေနပ် နှစ်သိမ့်မှုှရရှိရေးနှင့် ဘဝအဓိပ္ပါယ်ကို ရှာဖွေရာတွင် သမ္မာတရားအစား အတုယောင်ကို ပေးခြင်းအားဖြင့် လူကို လှည့်ဖြားသောဝါဒ ဖြစ်ပါသည်။ သန်းပေါင်းများစွာသောလူတို့အား ထောင်ချောက်ထဲ၌ ဖမ်းမိစေရန် မိစ္ဆာပ ရောဖက်များနှင့် ဆရာအတုများသည် လှည့်ဖြားခြင်းစနစ်များကို တီထွင်ကြသည်။ ဤမှားယွင်းသော ဘာသာရေး သည်သမ္မာတရားကို သွန်သင်သောသူများထက်ပင် တချို့နေရာများတွင် ပိုမိုတက်ကြွကာ သာသနာပြုဆရာများ ကိုမွေးထုတ်နေကြသည်။

၅။ ကမ္ဘာတစ်ဝှမ်းလုံးတွင် ခရစ်ယာန်ယုံကြည်ခြင်းနှင့် ထိုယုံကြည်ခြင်းကိုဟောသော တိုက်ခိုက်သောဝါဒဖြန့်ချီရေး သတင်းများသည် ဒီရေပမာ စီးဆင်းလျက်ရှိသည်။ ရုပ်ရှင်နှင့်ရုပ်မြင်သံကြားကို အသုံးပြုခြင်းအားဖြင့်ဝါဒဖြန့်ချိရေး သတင်းများ ထုတ်လွှင့်မှု ပိုမိုများပြားလာသည်။ သူတို့သည် ကျမ်းစာကိုထောက်၍ ပြောတတ်သောအရူးများ၊အယူ သည်းသမားများ၊ အလုပ်မှထုတ်ပစ်ခံရသော အမှုတော်ဆောင်များကိုပင် ခရစ်ယာန်ယုံကြည်ခြင်းအား ကိုယ်စားပြု သူများအဖြစ် သက်သေပြတတ်ကြသည်။

            ၎င်းတို့အထဲတွင် အားနည်သော အသင်းတော်ထဲမှ ပြဿနာများမှ အဆိုးဆုံးဖြစ်သည်။ ကျွန်ုပ်တို့သည် သာသနာပြုလုပ်ငန်းကို အခြေခိုင်စေရန် အောက်ပါအမှားများကို ပြင်ကြဖို့ လိုအပ်ပါသည်။

၁။ သာသနာပြုများကို ထောက်ပံ့ရာတွင်လည်းကောင်း၊ အရေအတွက်နှင့် အရည်အချင်းတွင်လည်းကောင်း ကျ ဆင်းမှုှရှိပါသည်။ နို်င်ငံများစွာတွင် စေလွှတ်လိုက်သော သာသနာပြုဆရာများထက် အိမ်ပြန်လာသော သို့မဟုတ် အငြိမ်းစားယူ၍ လုပ်ငန်းမှထွက်သွားသော သာသနာပြုဆရာများ ပိုမိုများပြားလျက်ရှိပါသည်။

၂။ ပျောက်ဆုံးသောဝိညာဉ်များ၏ အခြေအနေနှင့်သူတို့အား သတင်းကောင်းကြားစေခြင်း၏ အရေးကြီးပုံကို လက်တွေ့ယုံကြည်ရာ၌လည်း ကျဆင်းမှုရှိသည်။ ဧဝံဂေလိဆိုင်ရာ သြဝါဒများကို ခံယူ၍ ကျမ်းပိုဒ်များကို အလွတ် ကျက်ကာ ဘုရားကျောင်းတက်ကြသော ယုံကြည်သူအရေအတွက်မှာ ကျေနပ်ဖွယ်ဖြစ်သော်လည်း တခြားနေရာ တွင် ခရစ်တော်မရဘဲ ပျောက်ဆုံးနေသူ လူသန်းပေါင်းများစွာတို့အတွက် ၀န်တာအနည်းငယ်မျှပင် မရှိသူများ  အဖြစ် အသက်ရှင်နေကြသည်။

၃။ ယုံကြည်သူများအား ခရစ်တော်၏စကားကို နာခံ၍ သူသွန်သင်သမျှကို စောင့်ရှောက်ရန် သွန်သင်ပေးမှု မရှိကြ ချေ။ သူတို့အား တုံု့ပြန်မည့်နေရာများကို ရွေးချယ်၍ သာသနာပြုကြသည်။ သာသနာလုပ်ငန်းအတွက် ဆက်ကပ် ခြင်း၌ ဤအချက်ကို အကျံုးဝင်စေကြပါသည်။

၄။ စည်းစိမ်ချမ်းသာခြင်းနှင့် လောကဆိုင်ရာ စံချိန်များနှင့် အပေးအယူလုပ်ခြင်းသည် အသင်းတော်၌ရှိသော ယုံ ကြည်သူများ၏ ၀ိညာဉ်ခွန်အားကို နုတ်ယူလျက်ရှိပါသည်။ ဧဝံဂေလိထက်သန်သော အသင်းတော်များတွင် နာ မည်ခံ ခရစ်ယာန် အရေအတွက်သည် ထင်သည်ထက် ပိုမိုများပြားလျက်ရှိသည်မှာ ပြဿနာကြီးဖြစ်သည်။ ခရစ် တော်နှင့် သူ၏နိုင်ငံတော်အတွက် စွန့်လွှတ်အနစ်နာခံခြင်း ယဇ်ကို ပူဇော်သည့်အမှုတွင် စိတ်ဝင်စားမှု မရှိသ လောက်ဖြစ်သည်။

၅။ ကမ္ဘာလုံးအကျံုးဝင်သောဝါဒကို ယုံကြည်မှုတိုးပွားလာသည်။၎င်းဝါဒသည် ဘုရားသခင်၏ ဂရုဏာတော်အား ဖြင့်လူအများစုသည် အဆုံးတွင် ကယ်တင်ခြင်းရကြလိ်မ့်မည်ဟူသော ၀ါဒဖြစ်သည်။

၆။ ခရစ်ယာန်ထုံစံမဟုတ်သော ထုံးစံများနှင့် ကျမ်းစာ၌ပါသောအချက်တို့ကို ရောနှောသောဝါဒလည်း တိုးပွားလာ နေသည်။ ထိုနှစ်ခုတို့သည် တစ်ခုနှင့်တစ်ခု မဟာမိတ်ဖြစ်နေကြသည်။ ကျမ်းစာကို လွဲမှားစွာ အဓိပ္ပါယ်ကောက် ယူကြသဖြင့် ခရစ်ယာန်ခံယူချက် မဟုတ်သောအရာများနှင့် ဆီလျော်အောင် ပြုလုပ်ကြသည်။ ဖတ်ကြားသူဖြစ်စေ၊ နားထောင်သူဖြစ်စေ ထိုအချက်ကို သတိထားမိကြဟန် မတူချေ။ ခရစ်ယာန်ယုံကြည်ခြင်းကို ၄င်းနှင့်မဟာမိတ် ဖြစ်သော အချက်များနှင့်အတူ ပေါင်းစပ်ခြင်းသည် ဧဝံဂေလိလုပ်ရန် လိုအပ်ချက်ကို သုတ်သင်ဖယ်ရှင်းရာ ရောက် စေသည်။ ဤဝါဒသည် မှားယွင်းသော အရာနှင့် ပေါင်းစပ်ခြင်းဖြစ်သည်။

အောင်မြင်သော သာသနာပြုလုပ််ငန်းအတွက် လိုအပ်သော အသင်းတော်၏ အခြေခံလုပ်ငန်းများ

            ဒေသန္တရအသင်းတော်သည် သာသနာပြုလုပ်ငန်းအတွက် ဆက်ကပ်လျှင် စွမ်းအားကြီးသော သက်ဝင် အားတစ်ခုဖြစ်နိုင်ပါသည်။ သန်ု့ရှင်းသော ၀ိညာဉ်တော်၏ နိုးထစေခြင်းအားဖြင့် ရှေးလွန်လေပြီးသောကာလက ရှုရိပြည်၊ အန္တီအုတ်မြို့၌ ဖြစ်ခဲ့သလို သက်ဝင်ရှင်သန်၍ ဧဝံဂေလိတရား ဟောပြောရုံသာမက တပည့်ဖြစ်စေခြင်း လုပ်ငန်းကို လုပ်ကိုင်သော အသင်းတော်ဖြစ်နိုင်ရေးသည် ပထမဦးဆုံး ခြေလှမ်းဖြစ်ပါသည်။ နွေးရုံသာရှိပြီး ၀ိညာဉ် ကယ်တင်ရေးကို ဥပေက္ခာပြုသော အသင်းတော်များသည် သာသနာပြု အခြေစိုက်စခန်း မဖြစ်နို််င်ချေ။ ဤအုတ် မြစ်ပေါ်တွင် တိုးတက်မှုအချို့ရပြီး သောအခါ အခြားလိုအပ်ချက် ခြေလှမ်းများလည်း ရှိပါသေးသည်။

၁။ ၀ိညာဉ်တော်တန်ခိုးပါရှိသော သာသနာပြုဆရာများကို လယ်ကွင်းထဲသို့ စေလွှတ်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဤ ပန်းတိုင်ကို ခိုင်မာစွာချမှတ်ပြီးသောအခါ လက်တွေ့ဖြစ်လာဖွယ် အလားအလာရှိလာပြီ ဖြစ်ပါသည်။

၂။ အမှုတော်ဆောင်များကို ပြင်ပမှသွင်းယူသည်ထက် မိမိအသင်းတော်တွင်းမှ မွေးထုတ်ပါ။ ကမ္ဘာလုံးဆိုင်ရာ သာသနာပြု ရူပါရုံကို သွင်းပေးပါ။ အခြားသောသူများအား ခရစ်တော်ထံသို့ ဆွဲခေါ်နိုင်မည့် ယုံကြည်သူများကို အသင်းတော်အတွင်း၌ လက်တွေ့သင်တန်းပေးပါ။ လူအချို့ကို ပြည်ပနိုင်ငံများသို့ သွားချင်သော စေတနာစိတ်ရှိ လာစေရန် ထိရောက်သော လုပ်သားများ တိုးတက်ဖွံ့ဖြိုးလာအောင်လုပ်ပါ။

၃။ သင်စိတ်ဝင်စားသော အမှုတော်ဆောင်များနှင့်ပတ်သက်သော သာသနာပြူသတင်းများနှင့် ရင်ဘောင်တန်း လိုက်နိုင်အောင် အသင်းတော်ကို ထိန်းသိမ်းပါ။ သာသနာပြုနယ်မြေများအတွက် စိန်ခေါ်သော တရားဟောချက် များကို အသင်းတော်အား ကြားသိစေပါ။ သာသနာပြုနယ်မြေများ၏ သတင်းကိုဝေငှဖို့ ပုံမှန်စည်းဝေးသော  ယောက်ျား၊ မိန်းမများပါ၀င်သည့် သာသနာပြုဆုတောင်းအဖွဲ့ ကို ဖွဲ့စည်း၍ အမှုတော်ဆောင်များရရှိရေးအတွက် ဘုရားသခင်ထံ အော်ဟစ်ဆုတောင်းစေပါ။

၄။ သင့်တော်သူများ သွားရောက်ကြဖို့ နှိုးဆော်တိုက်တွန်း၍ ရွေးချယ်ပါ။ သာသနာပြုနယ်မြေနှင့် ရင်းနှီးသွားရန် နွေရာသီ အတောအတွင်း လအနည်းငယ်ခန့် သို့မဟုတ် တစ်နှစ်ခန့် သွားနေစေပါ။ ထိုသို့သွားနေစဉ်အတွင်း သူ တို့မည်မျှလုပ်ဆောင်နိုင်ကြောင်း သိစေပါ။ မိခင်အသင်းတော်၌ လုပ်ဆောင်မှု အသီးအပွင့်မရှိသောသူများကို မစေ လွှတ်ပါနှင့်။

၅။ ထိရောက်သောလုပ်ငန်းကို လုပ်နေသည်ဟု သိရသော သာသနာပြုသူများအတွက် ငွေကြေးထောက်ပံ့ရေးကို တောင့်တင်းခိုင်မာအောင် ဆောင်ရွက်ပါ။

၆။ သာသနာပြုဆရာများထံ အားပေးစာများကို ရေးပို့ပါ။ ထိုကဲ့သို့သောစာ လက်ခံရရှိခြင်းကို သူတို့နှစ်သက်ကြပါ သည်။ သူတို့၏ လိုအပ်မှုကိုလည်း ပြင်းပြစွာ ခံစားနိုင်ကြပါသည်။ သူတို့မည်မျှအောင်မြင်နေကြောင်း၊ သူတို့၏ လိုအပ်မှုများကို အသင်းတော်က မည်ကဲ့သို့ဖြည့်ဆည်းပေးနိုင်မလဲ ဆိုသည်ကိုရှိရန်နှင့် သူတို့အား ခွန်အားပေး တိုက်တွန်းရန် အတွက် ဖြစ်နိုင်သောအချိန်တွင် သူတို့ဆီသွားရောက်လေ့လာပါ။

နိဂုံးချုပ်နှင့်မိမိအတွက် ခံယူကျင့်သုံးခြင်း

            ယနေ့ တူရကီနိုင်ငံတွင်ရှိသော ဖိလဒေလဖိမြို့မှ ဒေသန္တရအသင်းတော်ကို သခင်ယေရှုက သုံးသပ်ကာ စိန်ခေါ်ခဲ့ကြောင်း (ဗျာ ၃း၈)တွင် ဖော်ပြထားပါသည်။ သခင်ဘုရားက “အဘယ်သူမျှ မပိတ်နို််င်သောတံခါးကို သင့်ရှှေ့၌ ငါဖွင့်ထားပြီး၊ အကြောင်းမှုကား သင်သည် အနည်းငယ်သော ခွန်အားရှိသည်နှင့် ငါ၏နှုတ်ကပတ်တော် ကိုစောင့်ရှောက်ခဲ့ပြီ  “ဟု မိန့်ဆိုခဲ့ပါသည်။

            ယနေ့အချိန်တွင်လည်း သခင်ဘုရားသည် အသင်းတော်များ၌ သာသနာပြုနိုင်သော အခွင့်အရေးတံခါး ကိုဖွင့်ပေးထားပါသည်။ လိုလည်း အလွန်လိုအပ်ပါသည်။ ထိုတံခါးကို ပိတ်နို်င်သောသူမှာ သခင်ဘုရားသာလျှင် ဖြစ်၍ ယနေ့တိုင်ဖွင့်ထားဆဲဖြစ်သည်။ သခင်ဘုရား၏ စကားတော်ကို နားထောင်ရန်၊ အထူးသဖြင့် သာသနာပြု လုပ်ငန်းနှင့်ပတ်သက်၍ နားထောင်ရန် စိတ်ဆုံးဖြတ်ထားပါ။ ကျွန်ုပ်တို့၌ ရှိသော ခွန်အားထက် အဆပိုများသော ခွန်အားကိုပင် ရရှိနိုင်ကြပါသည်။

            ဓမ္မဟောင်းကာလ၌ ယောနသည် ဘုရားသခင်၏အမိန့်တော်ကို ရှင်းလင်းစွာ ကြာခဲ့ရသော်လည်း နိနေဝေမြို့သို့သွားရန် ငြင်းဆန်ခဲ့သည်။ စကားနားမထောင်ခြင်းအတွက် ဘုရားသခင်သည် သူ့အားဆုံးမ၍ လမ်းကြောင်းပြန်တည့်ပေးခဲ့သည်။ ရလဒ်မှာအာရှုရိပြည်သားများအကြားတွင် သာသနာပြုလုပ်ငန်းအကြီး အကျယ်အောင်မြင်ခဲ့ပါသည်။ သတင်းကောင်းကို တကမ္ဘာလုံးအနှံ့ဖြန့်ဝေဖို့အတွက် ဘုရားသခင်၏ စိန်ခေါ်သံကို ကြားကြသော အသင်းတော်များအား ဘုရားသခင်သည် ယနေ့ကောင်းချီးပေးနေပါသည်။ ကမ္ဘာ့စွန်း တိုင်အောင် ပျောက်ဆုံးသောသူများအားဧဝံဂေလိတရားဟောကြားခြင်းဖြင့် ဆန္ဒတော်ကိုပြည့်စုံစေသော အသင်း တော်များ သည် ကိုယ်တော်၏ ကိုယ်စားလှယ်များ ဖြစ်ကြပါသည်။ ဖိလဒေဖိအသင်းတာ်နှင့် ကျမ်းစာ၌ပါရှိသော အခြားအသင်းတော်များကို သခင်ယေရှုသည်သုံးသပ်စစ်ဆေးကြည့်သကဲ့သို့ အသင်းတော်တိုင်းသည် စစ်ဆေး တော်မှုခြင်း ခံရလိမ့်မည်။ ခရစ်တော်၏ တရားပလ္လင်၌ စစ်ဆေးခြင်းခံကြသောအခါ ဤအားနည်းချက်နှင့်ကင်း လွတ်အောင် အသက်ရှင်နိုင်ကြပါစေ။

ခရစ်တော်သက်ဝင်ရှင်သန်သော အသင်းတော်

လမ်းညွန်ချက်

အသင်းတော်နှင့် သာသနာပြု လုပ်ငန်း

၁။        လောကတွင် အသင်းတော်၏ လုပ်ငန်းပန်းတိုင်သည် အဘယ်နည်း (လု ၂၄း၄၇)။

၂။         သခင်ဘုရားက ကမ္ဘာကြီးကို ကြည့်တော်မူသောအခါ မည်သို့မြင်တွေ့ ခံစားရပါသနည်း (မ ၉း၃၆)။

၃။        သခင်ဘုရားသည် လောကအပေါ် ရှုမြင်ခြင်း၌ မည်ကဲ့သို့ တုံပြန်ဖို့ သွန်သင်ထားပါသနည်း (မ ၉း၃၇၊၃၈)။

၄။        ဘုရားသခင်၏ ရိတ်သိမ်းချိန်၌ ရိတ်သိမ်းမည့် အမှုတော်ဆောင်များ စေလွှတ်ပေးရန် ဆုတောင်းပြီးသည့် နောက် တမန်တော်များ၌ မည်သို့ ဖြစ်ပျက်ခဲ့သနည်း (မ ၁၀း၁၊၅-၇)။

၅။        ယနေ့အသင်းတော်များ သာသနာပြုလုပ်ငန်း လုပ်ဆောင်ရာတွင် အန္တီအုတ်အသင်းတော်သည် ပုံသက်ေ                                                                                                                                                                                                                       သဖြစ်ကြောင်း ပြသသည့်အချက် သုံးမျိုးကို ဖော်ပြပါ။ (တ ၁၁း၂၀-၂၆။ ၁၃း၁-၄။ ၄း၂၆-၂၇)။

၆။        အောက်ပါတို့၏ ဆိုလိုချက်ကို ရေးသားပါ။

            ဆက်စပ်မှုဝါဒ

            လောကီဝါဒ

            ရုပ်ဝါဒ

            လူသားပဓာနဝါဒ

            ရောနှောဝါဒ

၇။        သာသနာပြုတစ်ဦးအတွက် လိုအပ်သော အရည်အချင်းကို (တ ၁၄း၂၁-၂၈)အရ ရေးပါ။

၈။        ကမ္ဘာအနှံ့သာသနာပြုရေးအတွက် သင့်အသင်းတော်အား သင့်မည့်ကဲ့သို့ ကူညီနိုင်မည်နည်း (ကော ၄း၂-၃ ဖိ ၄း၁၅-၁၉)။

၉။        ဤသင်သန်းစာပါ မည်သည့်အချက်က သင့်စိတ်ကို အထိတွေ့ဆုံး ဖြစ်သနည်း။

၁၀။      ဤသင်ခန်းစာတွင် သင်ကောင်းစွာ နာမလည်သော အရာရှိပါသလား။

           

Leave a Reply

Your email address will not be published. Required fields are marked *