စစ်မှန်သောယုံကြည်သူတစ်ဦးသည်အဘယ်ကြောင့်ကယ်တင်ခြင်း မဆုံးရှုံးနိုင်ကြောင်း
ONCE IN CHRIST IN CHRIST FOREVER
Author: William MacDonald
Editor(Myanmar): Kap Cin Thang
မာတိကာ
၁။ တစ်ကြိမ်တစ်ခါ ခရစ်တော်၌ ခရစ်တော်၌ထာဝရပါ .
၂။ပျက်စီးခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်
၃။ ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့် ………
၄။ ရောမအခန်းကြီး ၈ ၌ပါသော ယုံကြည်သူ၏လုံခြုံမှု.
၅။ သာ၍ .. .
၆။ ဝိညာဉ်တော်ပေးသောစိတ်ချရမှု ….
၇။ ခရစ်တော်၌ ………..
၈။ ကိုယ်ခန္ဓာ၏အင်္ဂါများ ……
၉။ထာဝရအသက်လား သို့မဟုတ် တစ်ဘဝအသက်လား
၁၀။ စွမ်းရည်လား သို့မဟုတ် လုပ်ဆောင်ချက်လား….
၁၁။ စိတ်ချခြင်းလား သို့မဟုတ် မသေချာခြင်းလား….
၁၂။ အယူဝါဖောက်ပြန်သူများလား သို့မဟုတ်ရွေ့လျာဖောက်ပြန်သူများလား (အပိုင်း ၁)…..
၁၃။ အယူဝါဖောက်ပြန်သူများလား သို့မဟုတ်ရွေ့လျော့ဖောက်ပြန်သူများလား (အပိုင်း၂)……
၁၄။ အမည်ခံခရစ်ယာန်လား သို့မဟုတ် ၊စစ်မှန်သောခရစ်ယာန်လား (အပိုင်း ၁)……
၁၅။ အမည်ခံခရစ်ယာန်လား သို့မဟုတ် ၊စစ်မှန်သောခရစ်ယာန်လား (အပိုင်း ၂)…….
၁၆။ ပညတ်တော်လား သို့မဟုတ် ကျေးဇူးတော်လား…
၁၇။မိသဟာယလားသို့မဟုတ်တော်စပ်ခြင်းလား
၁၈။ ကယ်တင်ခြင်းလား သို့မဟုတ် တပည့်တော်ဖြစ်သွား
၁၉။ အသီးသီးခြင်း သို့မဟုတ် ကယ်တင်ခြင်းလား…
၂၀။ စဉ်ဆက်မပြတ်ဆည်းကပ်ခြင်းလားသို့မဟုတ်ထိန်းသိမ်းခြင်းလား …….
၂၁။ တစ်ခါတစ်ရံဖြစ်တာလား သို့မဟုတ် အကျင့်ဖြစ်တာလား ..
၂၂။ပြုပြင်ပြောင်းလဲခြင်းလားသို့မဟုတ်အသစ်မွေးဖွားခြင်းလား
၂၃။အခြေအနေလားသို့မဟုတ်အရည်အသွေးလား
၂၄။ ယာယီလွတ်မြောက်ခြင်းလား သို့မဟုတ်ထာဝရကယ်တင်ခြင်းလား…….
၂၅။ အမှန်တကယ်သေခြင်းလား သို့မဟုတ်တင်စားပြောဆိုသောသေခြင်းလား….
၂၆။ ဆုလာဘ်လား၊ သို့မဟုတ် ပျက်ဆီးခြင်းလား
၂၇။ အောင်မြင်သောသူများလား သို့မဟုတ်အသရေပျက်သောသူများလား……
၂၈။ ရှေ့နောက်စကားအဆက်အစပ်လား သို့မဟုတ်ရိုးမယ်ဖွဲ့ သည့်စကားလား………
၂၉။ နေရာလား သို့မဟုတ် လက်တွေ့လုပ်ဆောင်လား..
၃၀။ လှည့်ဖြားခြင်းခံတာလား သို့မဟုတ်ပြစ်ဒဏ်စီရင်ခြင်းခံတာလား……
၃၁။ ဆုံးမတော်မူခြင်းလား သို့မဟုတ် ဖျက်ဆီးတော်မူခြင်းလား…..
၃၂။ အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကို အထောက် ၊အကူပေးလေ့ရှိသည့် နောက်ဆက်တွဲကျမ်းပိုဒ်များ………..
၃၃။ အဖြေကဘာလဲ……
ထာဝရနှောင်ကြိုးများနှင့်ပတ်ရစ်ထား ခရစ်တော်ထံကဝိညာဉ်အား
ဘယ်အရာကအဆက်ဖြတ်ပစ်နိုင်မည်နည်း။ တစ်ကြိမ်တစ်ခါကိုယ်တော်၌၊ ကိုယ်တော်၌ထာဝရပါ။
ဤသို့ဖြင့်သာထာဝရပဋိညာဉ်တည်တံ့ ကယ်တင်ရှင်၏အားကြီးသောလက်တော်ထဲမှ၊
သင့်ကိုအဘယ်သူမျှ မနုတ်မယူနိုင်ရာ။
John Kent
တစ်ကြိမ်တစ်ခါခရစ်တော်၌ ခရစ်တော်၌ထာဝရပါ
Once In Christ, In Christ Forever
အသင်းတော်၏ကနဦးနေ့ရက်များမှစတင်၍ “ယုံကြည်သူတစ်ဦး သည်ထာဝရကယ်တင်ခြင်းခံရပါသလား၊ သို့မဟုတ်၊ အပြစ်ကျူးလွန်မှုကြောင့် သူ၏ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်ပါသလား” ဟူသော အရေးကြီး သည့်ဤမေးခွန်းကို အချေအတင်အငြင်းပွားခဲ့ကြသည်။ ငြင်းခုံခြင်း၏ တစ်ဘက်တွင် ကယ်ဗင်ဝါဒီများ (Calvinists)° ရှိကြပြီး၊ ၄င်းတို့သည် သန့်ရှင်းသူတို့၏ထာဝရလုံခြုံမှု သို့မဟုတ် သာ၍ကောင်းစွာပြောဆို ရလျှင် ခရစ်တော်၌ထာဝရလုံခြုံမှုကိုယုံကြည်သောသူများဖြစ်ကြသည်။ အခြား တစ်ဘက်၌ရှိသောသူများမှာ အာမေးနီးယန်းဝါဒီများ(Arminians) ဖြစ်ပြီး၊ ၄င်းတို့သည် ကယ်တင်ခြင်းဆိုသည်မှာ အခြေအနေပေါ်၌မူ တည်သည် ဟူ၍ သွန်သင်သောသူများဖြစ်ကြ၏။ ကမ္ဘာပေါ်တွင်အသင်းတော်တည်မြဲ နေသရွေ့ ကာလပတ် လုံး ဤဩဝါဒဆိုင်ရာအငြင်းပွားမှုကြီးသည်လည်း ဆက်လက်ရှိနေဦးမည်ဖြစ်သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ ဖော်ပြပါယုံကြည်ခံယူချက်တစ်ခု စီကို အထောက်အကူပြုဟန် ရှိ သော ကမ်းချက်များလည်းရှိ ပါသည်။ မက်သဒစ် (Methodists)သို့မဟုတ်ပင်တေကုတ္တေ (Pentecostals)တို့၏ ယုံကြည်ချက်ကိုအတည်ပြုပေးသော ကျမ်းချက်များလည်းရှိပါသည်။ ဥပမာ- တစ်ခါတစ်ရံ “ဖောက်ပြန် သောအ ယူဝါဒ” ဟုခေါ်သော ယူဆချက် အပေါ်ယုံကြည်မှုအားအတည်ဖြစ်စေခြင်း၊ တစ်ဖန် မိမိတို့ရရှိထားသော ကယ်တင်ခြင်းသည် ထာဝရကာလပတ်လုံးလုံခြုံမှုရှိသည်ဟူ၍ ပြောကြသည့် များစွာသောအခြားယုံကြည်သူများနှင့်နှစ်ခြင်းအသင်းဝင်သူတို့၏ ယုံကြည်မှုကို သေချာပေါက် အာမခံပေးထားသောကျမ်းပိုဒ်အမြောက် အများရှိပါသည်။
နှစ်ဖက်စလုံး၌ စစ်မှန်သောယုံကြည် သူများရှိ နေသည် ကို သင်တွေ့မြင်ပါလိမ့်မည်။ ဂျွန်ဝယ်စလီ (အာမီနီးယန်းဘက်၌စိတ်အားကြီးသူ) နှင့် ချားလ်စ်စပါဂျင် (ကယ်ဗင်အယူဝါဒဘက်၌စိတ်အားကြီးသူ)တို့က အထက်ပါခံယူချက်အပေါ် ၌ဆန့်ကျင်ဘက်အမြင်များကိုစွဲကိုင်ထားကြ သည်။ ထိုသို့ ဖြစ်သည့်တိုင် မည်သူကမှဤပုဂ္ဂိုလ်တို့၏အမှန်တကယ် အသက်တာပြောင်းလဲခြင်းအတွေ့အကြုံကို သံသယရှိကြမည် မဟုတ်ပါ။ ဤသူနှစ်ဦးစလုံးသည်စစ်မှန်သောခရစ်ယာန်များဖြစ်ကြသည်။ ဘက်နှစ်ဖက် အနက် မည်သည့် ဘက်ကမှအသစ်တစ်ဖန်မွေးဖွားခြင်းကို သီးသန့်ပိုင်ဆိုင် သည်ဟု အခိုင်အမာမပြောနိုင်ကြပါ။
ထို့အပြင်၊ “သန့်ရှင်းခြင်း” နှင့် စပ်လျဉ်း၍ လည်း မည်သည့် ဘက်ကမှသီးသန့်ပိုင်ဆိုင်သည်ဟု မပြောနိုင်ကြပါ။ ဖော်ပြပါ မတူညီသော ခံယူချက်များကိုခံယူထားကြသည့် ဘက်နှစ်ဖက်စလုံးမှ ဘုရားတရား ကြည်ညိုသောအသက်တာရှိသူ ယောက်ျား၊ မိန်းမတို့အားမိစ္ဆာဒိဋ္ဌိများပမာ မှတ်ယူခြင်းနှင့်ရိုင်းပျစွာဆက်ဆံခြင်းများမပြုမိစေရန် သတိထားရပါမည်။
သို့ဖြစ်လေရာ၊တစ်ဦးနှင့်တစ်ဦးအမြင်ကွဲသောခံယူချက်ကိုဆွေးနွေးကြရာ၌ထင်ပေါ်ကျော်ကြားသောခရစ်ယာန်များကိုလက်ညှိုးထိုးလျက်၊ကျွန်ုပ်တို့ပြောဆိုသည့်အရာများကိုမှန်ကန်ကြောင်းသက်သေထူဘို့ကြိုးစားခြင်းသည်အချည်းအနှီးပင်ဖြစ်၏။အခြားတစ်ဖက်ကလည်းကျွန်ုပ်တို့ဆောင်ရွက်သည့်အတိုင်းထိထိရောက်ရောက်တန်ပြန်လုပ်ဆောင်နိုင်ပါသည်။ထိုခေါင်းဆောင်များကိုပင်လျှင်သာဓကပြသည်ဆိုဦးတော့၊ထိုသူတို့၏နှုတ်မြွတ်စကားများသည်သမ္မာကျမ်းစာအပေါ်၌အခြေပြုပြီး၊လက်တွေ့ဆောင်ရွက်မှုအပေါ်၌အထောက်အကူပေးမှသာလျှင်ကျွန်ုပ်တို့သာဓကပြခြင်းသည်တန်ဖိုးရှိပေလိမ့်မည်။
လူတို့၏အတွေ့အကြုံကိုနှစ်ခြိုက်စွဲလန်းခြင်းသည် အခြားအကျိုးမဲ့ အငြင်းအခုံဖြစ်စေ သောအကြောင်းတစ်ရပ်ဖြစ်၏။ အငြင်းပွားသော ကိစ္စကို တစ်ခါတည်းနှင့်အပြတ်ရှင်းပစ်သည့်အလား “ကောင်းပါပြီ၊ဒီလူ ဘယ်လိုလူစားမျိုးဖြစ်တယ် ဆို တာကို ငါသိပါတယ် ” ဟူသော သဘောထား တင်ပြချက်ကို ကျွန်ုပ်တို့မကြာခဏကြားရပါသည်။ သို့သော် လည်း၊ ဤပြောဆိုချက်က လူသားတိုင်းမှာ ရှိသည့်အတွေ့အကြုံအမျိုး မျိုးကိုသတိမမူရာရောက်ပါသည်။ ထို့အပြင်၊ ဤအရာထက်ပို၍အရေးကြီး သောအရာမှာ ဝိညာဉ်ရေးရာအတွေ့ အကြုံများသည်လက္ခဏာသက်သေ ပမာဏတန်ဖိုးထားခြင်း ခံရရန်အလို့ငှါ၊ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကိုက်ညီမှုရှိရမည်ဟူသောအချက်ကို မေ့လျော့နေခြင်းပင်ဖြစ်၏။
ဤအကြောင်းအရာအပေါ်၌ ကျွန်ုပ်တို့၏ခိုင်မာသောယုံကြည် ချက်များကိုတည်ဆောက်ရာတွင် ကျွန်ုပ်တို့သည်နှိမ့်ချစွာဖြင့်သမ္မာကျမ်းစာ ကိုချဉ်းကပ်လေ့လာရမည်။ လုံခြုံစိတ်ချရမှုရှိခြင်း၊ အခြေအ နေပေါ်၌ တည်ခြင်း သို့မဟုတ် အခြေအနေပေါ်၌မတည်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ မေးခွန်းထုတ် စရာပြဿနာ များ နှစ်ဖက်စလုံး၌ရှိနေပါသည်။ ကျွန်ုပ်တို့ သည် ဤအချက်ကိုရိုးရိုး သားသားရင်ဆိုင်သင့်ပါသည်။
ကျွန်ုပ်တို့ သည် သမ္မာကျမ်းစာကိုအသေးစိတ်လေ့လာနေစဉ် ကျွန်ုပ်တို့အားသမ္မာတရားကိုဖွင့်ပြရန် သန့်ရှင်းသောဝိညာဉ်တော်အား တောင်းလျှောက်သင့်ပါသည်။
တစ်ဖန်၊ ကျွန်ုပ်တို့သည်ဓမ္မဓိဌါန်ကျကျ သမ္မာကျမ်းစာကိုရင်ဆိုင် သင့်ပါသည်။ အငြင်းအခုံလုပ်ရာ၌ကျွန်ုပ် တို့ကြိုတင်တွေးတောထားသော ယူဆချက်ကိုအထောက်အကူပေး ရန်အတွက်မျှသာ သမ္မာကျမ်း စာကိုရှာဖွေ လေ့လာရမည့်အစား၊ ကျွန်ုပ်တို့သည်ဝိညာဉ်တော်၏သွန်သင်ပဲ့ပြင်မှုကို စဉ်ဆက်မပြတ် လမ်းဖွင့်ပေးထားသင့်သည်။ ၄င်းသည်အမှန်တကယ် ခက်ခဲပါသည်။ တစ်ချိန်တစ်ခါက ကျွန်ုပ်တို့သည် အချင်းချင်းအငြင်းပွား စရာကောင်းသောပြဿနာများနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ခံယူကျင့်သုံးပုံကို လူသိရှင်ကြားထုတ်ဖော်ပြသခဲ့ပြီးဖြစ်၍ ဤခံယူချက်ကိုပြောင်းလဲဘို့ အလွန်ခက်ခဲပြီး၊ ပြောင်းလဲပါက မျက်နှာပုစရာကြီးဖြစ်နေပေမည်။ဓမ္မဓိဌါန်ကျကျလေ့လာရာ၌ ကျွန်ုပ်တို့သည်အောက်ပါရိုးရှင်း သောလမ်းညွှန်ချက်များကို လိုက်နာရပါမည်။
၁။ကျမ်းပိုဒ်တစ်ပိုဒ်ကိုလေ့လာသောအခါ၊၄င်းနှင့်အနီးကပ်ဆုံး၌ရှိသည့်ရှေ့နောက်စကားအဆက်အစပ်ကိုထည့်သွင်းစဉ်းစားပြီးမှ၊လေ့လာရမည်။အကယ်၍ရှေ့နောက်စကားအဆက်အစပ်သည်အစေခံခြင်းအကြောင်းဖြစ်လျှင်ကျွန်ုပ်တို့သည်ဤကျမ်းချက်ကိုကယ်တင်ခြင်းအတွက်အသုံးမပြုသင့်ပါ။
၂။ကျမ်းပိုဒ်တစ်ပိုဒ်ကိုအနက်ပြန်ရာ၌ ကျန်ရှိသည့်ဘုရားသခင်၏ နှုတ်ကပတ်တော်အား လုံးကိုထည့်သွင်း စဉ်းစားပြီးမှ အဓိပ္ပါယ် ဖွင့်ဆိုရပါမည်။ မှန်မှန်ကန်ကန်နားလည်ထားသောကျမ်းတစ်ပုဒ် သည်အခြားကျမ်း ချက်ပေါင်းများစွာနှင့် ဆန်ကျင့်ကွဲလွဲခြင်းရှိမည်မဟုတ်ပါ။
၃။အဓိပ္ပါယ်ဖွင့်ဆိုချက်များ၌နှုတ်ကပတ်တော်အများစုအသုံးပြုသင့်သည်။
၄။ ဩဝါဒတစ်ခုကို ယင်းဩဝါဒနှင့်ဆိုင်သောသမ္မာကျမ်းစာသွန်သင်ချက်အားလုံးအပေါ်၌အခြခံရမည်။
ယုံကြည်သူသည်ထာဝရလုံခြုံမှုရှိသည်ဟူ၍ စာရေးသူကခံယူ ထားပြီး၊ ၄င်းကိုဤစာအုပ်၏ရှေ့မျက်နှာဖုံးပေါ် ရှင်းရှင်းလင်းလင်း တွေ့မြင်ရပါသည်။ ဤစာအုပ်၏ကျန်ရှိနေသေးသည့်အပိုင်းတွင် စာရေးသူက အဆိုပါခံယူချက်အတွက် သမ္မာကျမ်းဆိုင်ရာအခြေခံအချက်အလက် များကိုရှာဖွေလျက် ရှင်းလင်းတင် ပြထားပါ သည်။ ထို့အပြင်၊ ခရစ်ယာန် တစ်ဦးသည် သူရရှိထားသောကယ်တင် ခြင်းပြန်လည်ဆုံးရှုံးသွား နိုင်သည် ဟူ၍ပြောဆို ကိုးကားလေ့ရှိ သည့် ကျမ်းပိုဒ်များကို လည်းရှာဖွေကာ၊ ထိုကျမ်းပိုဒ်များ၏ဆို လိုရင်းအနက်အဓိပ္ပါယ်ကိုလည်းရှင်းပြထားပါသည်။
“ထာဝရလုံခြုံစိတ်ချမှုအကြောင်း” ကို အထောက်အကူပေးရန် အလို့ငှါ၊ ကျွန်ုပ်တို့အနေဖြင့် ဓမ္မဟောင်း ကျမ်းပိုဒ် အနည်းငယ်ကို သာ ကိုးကားခြင်းနှင့် “အခြေအနေပေါ်၌ တည်သောကယ် တင်ခြင်းအကြောင်း” ကိုအထောက်အကူပေးသောဓမ္မဟောင်းကျမ်းပိုဒ်များကို ရှင်းပြရာ၌အနည်းအကျဉ်းမျှသာရှင်းပြခြင်းအတွက် အချို့ကအံ့ဩကောင်းအံ့ဩကြ လိမ့်မည်။ အဘယ့်ကြောင့် ဤသို့ဖြစ်ပါသနည်း။ ဤသို့ဖြစ်ရသည့်အကြောင်း မှာ၊ ဓမ္မဟောင်းကျမ်းတွင် အထက်ဖော်ပြပါအကြောင်းကိုသိသာထင်ရှားစွာမဖော်ပြသောကြောင့်ဖြစ်သည်။ ဥပမာ၊ သေဆုံးပြီးနောက် ကောင်းကင် ဘုံသို့ဝင်စားသောအသက်တာအကြောင်းကို ဖော်ပြထားသည့်ကျမ်းပိုဒ် အလွန်နည်းပါး ခြင်းကြောင့်၊ ယုဒယုံကြည်သူတို့ သည် သခင်ဘုရား၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရသည့် အကြောင်းကို မေးမြန်း ထားသောမေးခွန်းမရှိခြင်းကြောင့် ဖြစ်ပါသည်။ ဓမ္မဟောင်းခေတ်က ကယ်တင်ခြင်း သည်ထာဝရကယ်တင်ခြင်းဖြစ်ကြောင်း ကျွန်ုပ်၌သံသယ မရှိပါ။ ဘုရားသခင်၏လူတို့၌ ကောင်းကင်ရွှေ ပြည်တော်ကိုမျှော်လင့်တောင့်တခွင့်ရှိခဲ့ကြပါသည်(ဟေဗြဲ ၁၁း၁၆)။ ယင်းသို့ ဖြစ်သော်လည်း ၎င်းတို့၏အဓိက မျှော်လင့်ချက်မှာ ကမ္ဘာပေါ်ရှိမေရှိယ၏နိုင်ငံတော် သာလျှင်ဖြစ်ခဲ့သည်။ နောင်တမလွန် ကာလနှင့်စပ်ဆိုင်သောအကြောင်း အရာတို့သည် ရှင်းလင်းသဲကွဲခြင်း မရှိသောမြူမှုန်များ နှင့်ရစ်ပတ်လွမ်းခြုံ ထားခြင်းခံနေရသည်။ “ထိုသခင်သည်သေ ခြင်းအကြောင်း ကိုပယ်ရှား၍ အသက်ရှင်ခြင်း အကြောင်းနှင့်မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိ တရားအားဖြင့်ထင် ရှားစေတော် မူပြီ”(၂တိ၊ ၁း၁၀) ဟူသော ရှင်ပေါလု၏ အသိပေးကြေငြာချက်က မထင်ရှားမသဲကွဲသော အရာများအတွက် ထင်ရှားသဲကွဲသောအထူးအဓိပ္ပါယ်ကို ဖော်ဆောင်ပေးသည်။ ဓမ္မဟောင်း၌ မျိုးစေ့အသွင် သဏ္ဍာန်ဖြင့်သာတည်ရှိခဲ့သောသမ္မာတရားသည် ဓမ္မသစ်၌ ပြည့်ဝစုံလင်စွာကြီးထွား ပေါက်ဖွားခဲ့လေပြီ။ ။
ဓမ္မဟောင်းကျမ်းပါကျမ်းပိုဒ်များကိုမဆွေးနွေးခြင်းအားဖြင့် ကျွန်ုပ်တို့သည်နားလည်ရခက်ခဲသော ကျမ်းပိုဒ်များကို ကြိုးစားရှောင်ရှားနေ ခြင်းဖြစ်သည်ဟူ၍ မည်သူကမှမထင်မှတ်စေရန် ကျွန်ုပ်တို့သည် အခြေအနေ ပေါ်၌တည်သောလုံခြုံမှုအကြောင်းနှင့် စပ်လျဉ်းသည့် အကြောင်းကိုဖော်ပြသင့် သလို ၊ ဤအကြောင်းရေးသားထားသည့် ဓမ္မသစ်ကျမ်း ပိုဒ်များကိုအထူးသဖြင့်လေ့လာသင့်ပါသည်။
မှတ်ချက်။
၁။ ကယ်ဗင်ဝါဒီတို့သည် ပြင်သစ်နိုင်ငံဖွား ဂျွန်ကယ်လ်ဗင် (၁၅၀၉-၁၅၆၄) ၏ သွန်သင်ချက်များနောက်သို့ လိုက်ပါကြသည်။ ဂျွန်ကယ်ဗင်သည်ဆွစ်ဇာလန်နိုင်ငံ၌ပြုပြင်ပြောင်းလဲရေးအဖွဲ့ ခေါင်းဆောင်ဖြစ်လာပြီး၊ သူသည်ဘုရားသခင်၏အချုပ်အခြာအာဏာတည်ရှိမှုကို အလေးအနက် ယုံကြည်သည်။
၂။ သန့်ရှင်းသူတို့၏ထာဝရလုံခြုံမှုဆိုသည်မှာ၊ ထိုသူတို့သည်ကြိုးစား ကျင့်ကြံခြင်းကြောင့် ကယ်တင်ခြင်းရသည် ဟုမယုံကြည်ပါ။ သူတို့သည် ကယ်တင်ခြင်းရလျှင် အဆုံးတိုင်အောင်ကယ်တင် ခြင်းရမည်ဟု ယုံကြည် ကြသည်။ လူတစ်ဦးက “ကျွန်တော် ကယ်တင်ခြင်းရသည်ဟုပြောဆို ခြင်းသည် ကျွန်တော့်အဖို့ထင်မြင်ယူဆခြင်းသာဖြစ်ပါသည်” ဟုဆိုလျှင်၊ ဤသူသည်မိမိ၏ကြိုးစား ကျင့်ကြံလုပ်ဆောင်မှုအပေါ်၌ လုံးလုံးလျားလျား သို့မဟုတ် တစ်စိတ်တစ်ပိုင်းမှီခိုနေကြောင်း ပြသခြင်းဖြစ်ပါသည်။ အကယ်၍ ဘုရားသခင်က “သားတော်ကိုရသောသူသည် အသက်ကိုရ၏” (၁ယော၊ ၅၁၂) ဟုဆိုလျှင်၊ ကယ်တင်ခြင်းသည်ယုံကြည်သူတစ်ဦးအဖို့ ထင်မြင် ယူဆခြင်းမဟုတ်ပါ။ ဤကျမ်းပိုဒ်၏ပြောဆိုချက်ကိုငြင်းပယ်ခြင်းသည် ဘုရားသခင်ကိုမုသာဝါဒီသမားတစ်ဦးအဖြစ်သို့ ရောက်ရှိသွားစေခြင်း ဖြစ်သည်။
၃။ Jacobus Arminius (၁၅၆၀-၁၆၀၉)၏သွန်သင်ချက်များနောက်သို့ လိုက်ပါကြသည်။
ပျက်စီးခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်
Shall Never Perish
ယုံကြည်သူရရှိထားသောထာဝရလုံခြုံမှုအကြောင်းကို မငြင်း သာလောက်အောင်ထင်ရှားစွာ ဖော်ပြသည့်ကျမ်းချက်မှာ ရှင်ယောဟန် ၁၀း၂၇-၂၉ ဖြစ်သည်။ ဤကျမ်းချက်ကိုယုံကြည်၍ အသစ်တစ်ဖန် မွေးဖွားသူသည် ထာဝရကာလတိုင်လုံခြုံမှုရရှိသည်။ အမှန်စင်စစ်၊ ဤကျမ်းချက်ကိုအနက်ဖွင့်ဆိုရာ၌ ကွဲပြားခြားနားသောနိဂုံးတစ်ရပ်ဆီသို့ ရောက်သွားတတ်ပါသည်။ ကျမ်းပိုဒ်များတစ်ပိုဒ်ချင်းစီ လေ့လာဆန်းစစ်ကာ၊ ထိုကျမ်းပိုဒ်များကပေးသော အာမခံချက်နှင့် စိတ်ချမှုများအပေါ်၌ ဝမ်းမြောက် ရွှင်လန်းကြပါစို့။
ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက် ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက် ကိုလည်းငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကိုငါ့လက်မှမနုတ်မယူရာ။ ထိုသိုးတို့ကို ငါ၌အပ်ပေးတော်မူသော ငါ့ခမည်းတော် သည်ခပ်သိမ်း သော သူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏လက် မှမနုတ် မယူနိုင်ရာ (ယော၊ ၁၀း၂၇-၂၉)။
ငါ့သိုးတို့ သည်ငါ့စကားသံကို နားထောင် ၍ ငါ့နောက်သို့ လိုက်ကြ၏။ ဤကျမ်းချက်သည် လူသိရှင် ကြားထုတ် ဖော်ပြောဆိုသောကြေငြာချက်တစ်ခုဖြစ်ပါသည်။ မည်သူတို့ သည်ခရစ်တော်၏ သိုးများ ဖြစ်ကြကြောင်းကို ကျွန်ုပ်တို့အားပြောပါသည်။ ခရစ်တော်၏သိုးတို့သည် ကိုယ်တော်၏ စကားကိုနားထောင် သောသူများဖြစ်ကြ၏။ ထိုသူတို့သည် ဧဝံဂေလိတရားကို ကြား၍ ကိုယ်တော်၏ စကားသံကို တုန့်ပြန်လျက် ကယ်တင်ခြင်းရရှိကြသူများဖြစ်သည်။
ကိုယ်တော်သည်ထိုသူတို့ကိုသိ၍မိမိပိုင်သောသူများအဖြစ်အသိအမှတ်ပြု၏။ကိုယ်တော်သည်သူတို့ကိုမယုံကြည်သူများမှသော်လည်းကောင်း၊မှားယွင်းသောဆရာများမှသော်လည်းကောင်းခွဲခြားသိမြင်ထားသည်။ကျွန်ုပ်တို့မသိနိုင်သည့်အချိန်၌ပင်လျှင်ကိုယ်တော်သည်မည်သူ၌စစ်မှန်သောယုံကြည်ခြင်းရှိသည်ကိုပြောနိုင်ပါသည်။ဤအကြောင်းကို၂ပေ၊၂၇၌ပါသောလောတ၏ဖြစ်စဉ်နှင့်ဟေဗြဲ၁၁၃၂၌ဖော်ပြထားသောရှံဆုန်၏ဖြစ်စဉ်၌တွေ့နိုင်ပါသည်။
ထိုသူတို့သည် ကိုယ်တော်၏နောက်တော်သို့လိုက်ကြ၏။ အခြေ အနေပေါ်၌တည်ပြီး လိုက်ကြခြင်းမဟုတ်ပါ။ ထိုသူတို့သည် ငါ့နောက်သို့ လိုက်နေသရွေ့ ငါ၏သိုးဖြစ်ကြလိမ့်မည်ဟု ကိုယ်တော်ကမပြောပါ။ အမှန်မှာ၊ ကိုယ်တော်၏နောက်သို့လိုက်ခြင်းသည်စစ်မှန်သောယုံကြည် သူကို ထူးခြားထင်ရှားစေပါသည်။ ယုံကြည်သူသည်ခရစ်တော်၏နောက်သို့ ထူးရှားထင်ရှားစွာလိုက်၏ (ယော၊ ၁၀၄-၅ ကိုကြည့်ပါ)။ “ထူးရှားထင်ရှားစွာ” ဟု ကျွန်တော်သုံးပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ မည်သူကမှစုံလင်စွာမ လိုက်လျှောက်ခြင်းကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့ ရှိသမျှသည် “လမ်းမှန်မသွေ ဖယ် ကာ သွားလာနေကြသည်… ကျွန်ုပ်တို့ကိုချစ်သည့်ဘုရားသခင်ကို စွန့်ပစ်ကြသည်။” သို့သော်လည်း သိုးထိန်းသည်ပျောက်လွင့်နေသောသိုးများကိုပြန်၍ တည်မြဲစေရန် တာဝန် ယူလုပ်ဆောင်နေပါသည်။
ထာဝရအသက်ကိုလည်း ငါပေး၏။ တစ်ဖန်၊ ကျွန်ုပ်တို့သည် အခြေ အနေပေါ်၌မတည်သော ကတိတော်ကိုရရှိကြပါသည်။ ဤကတိတော်၌ အထူးတောင်းဆိုချက်၊ စည်းကမ်းများနှင့် ကန့်သတ်ချက်များမပါပါ။ ထာဝရအသက်သည်လက်ဆောင်တစ်ခုဖြစ် သည်။ အခြေအနေပေါ် မှီတည်ခြင်းနှင့်တွဲဖက်ထားသောလက်ဆောင်သည် လက်ဆောင်လုံးဝ
မဟုတ်ပါ။ မိမိ၏ဝိညာဉ်ကယ်တင်ခြင်းအတွက် ခရစ်တော်ကိုကယ်တင်ရှင်နှင့် သခင်အဖြစ်ယုံကြည်လက် ခံသောသူမည်သူမဆို ဘုရားသခင်နှုတ်ကပတ် တော်၏အခွင့်အာဏာအားဖြင့် မိမိ၌ထာဝရအသက် ရရှိပိုင်ဆိုင်ထား ကြောင်းသိနိုင်သည်။ ။
ထိုသိုးတို့ သည်ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့် မည်။ အကယ်၍၊ ခရစ်တော်၏သိုးတစ် ကောင်သည် ပျက်စီးခြင်းသို့ ရောက်သည်ဟုဆိုလျှင်၊ ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို တစ်ခဏ လောက်စဉ်းစားကြည့်ပါ။ ခရစ်တော်၏သိုးသည်ပျက်စီးလျှင် ခရစ်တော်သည် သူပေးထားသောက တိတော်ကိုချိုးဖျက်ရာရောက်ပါမည်။ ကိုယ်တော်သည် ဘုရားသခင်မဟုတ်တော့ပဲ၊ သုံးပါးတစ်ဆူဘုရားဖြစ် အင်သည်လည်း အဆုံးသတ်သွားပေလိမ့်မည်။ သမ္မာကျမ်းစာကိုလည်းယုံကြည်စိတ်ချ၍ မရနိုင်တော့ပါ။ ကျွန်ုပ်တို့သည်လည်းမိမိတို့၏အပြစ်နွံထဲ၌ ဆက်လက် ရှိကြမည်ဖြစ်သည်။ ဤသို့မဖြစ်နိုင်ပါ။ အဘယ့်ကြောင့် ဆိုသော်၊ ကတိတော် ပြည့်စုံခြင်းသည် ခရစ်တော်တစ်ဦးတည်းအပေါ်၌သာ တည်မှီနေပြီး၊ ကိုယ်တော်၏သိုးများအပေါ်၌ မတည်မှီသောကြောင့်ဖြစ်သည်။ ။
အဘယ်သူမျှ ထိုသိုးတို့ ကိုငါ့လက်မှမနုတ်မယူရာ။ ထာဝရ ဘုရား၏သားတော်သခင်ယေရှုက၊ သူ၏သိုးတို့သည်သူ့လက်ထဲ၌ရှိနေ သဖြင့် အဘယ်သူမျှ ထိုသိုးတို့ကိုသူ၏လက်ထဲမှ လုယူ၍မရနိုင်ကြောင်း အာမခံပါသည်။
အာမေးနီးယန်းဝါဒီတို့က “အဘယ်သူမျှ ထိုသိုးတို့ကို ကိုယ်တော်၏ လက်မှ မနုတ်မယူနိုင်ပါ။ သို့သော်လည်း ယုံကြည်သူတစ်ဦးသည်မိမိကိုယ်တိုင်ကိုယ်တော် ၏လက်ထဲမှ နုတ်ယူနိုင်သည်” ဟု စောဒကတက်ကြသည်။ ဤသို့ ယုံကြည်သည်မှာ နည်းမကျပါ။ စစ်မှန်သောခရစ်ယာန်တစ်ဦးသည် စကြာဝဠာတစ်ခွင်ရှိအခြားပုဂ္ဂိုလ်များထက် အစွမ်းတန်ခိုးပိုရှိပါသည်။ သို့သော်လည်း၊ သိုးများအပါအဝင် မည်သူတစ်ဦးတစ်ယောက်ကမှ သိုးထိန်း၏အနန္တတန်ခိုးဖြင့်မြဲမြံစွာဆုပ်ကိုင်ထားသော လက်တော်ထဲမှ ကိုယ့်ကိုကိုယ် မဖယ်ရှားနိုင်၊ မနုတ်ယူနိုင်ပါ။
ထို သိုးတို့ကို ငါ၌အပ်ပေးတော်မူသောငါ့ခမည်းတော် သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ် တော်မူသည်ဖြစ်၍။ ခရစ်ယာန်တို့၏ထာဝရလုံခြုံမှု ရှိကြောင်းကို အလေးအနက်ပြောဆိုရာ၌ စစ်မှန်သော ယုံကြည်သူတို့သည် ဘုရားသခင်ကသူ့အားပေးတော်မူသောလက်ဆောင် ဖြစ်သည်ဟု သခင်ယေရှုက ပြောပါသည်။ အကယ်၍ ယုံကြည်သူတစ်ဦး သည် ခရစ်တော်၏လက် တော်ထဲမှမိမိကိုယ် ကိုနုတ်ယူနိုင်ပါက၊ ကိုယ်တော်၏ သိုးအားလုံးတို့သည်လည်း ထိုကဲ့သို့လုပ်ဆောင်နိုင်ကြမည်ဟု မှတ်ယူနိုင် စရာရှိပါသည်။ ဤသို့ဖြစ်ပါက၊ သားတော်အားပေးသောဘုရားသခင်၏ လက်ဆောင်အားလုံးတို့သည် ပျောက်ကွယ်သွားလိမ့်မည်။ အဘယ်သို့သော လက်ဆောင်မျိုးဖြစ်ပါမည်နည်း။ ဖခမည်းတော်၏သဘာဝနှင့်လိုက်ဖက် ညီထွေမှုမရှိသောလက်ဆောင်ဖြစ်သွားပေလိမ့်မည်။
သို့ရာတွင်၊ ထိုသို့ဖြစ်မည်မဟုတ်ပါ။ ခမည်းတော်သည်စကြာဝဠာ တစ်ခွင်ရှိ အခြားသော အထွဋ်အမြတ်အာဏာစက်အပေါင်းတို့ထက် သာ၍ ကြီးမြတ်သည်၊ သိုးတစ်ကောင်၏ခွန်အားထက်သာ၍ ကြီးမြတ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ခပ်သိမ်းသောသူတို့တွင် သိုးများလည်းပါဝင်ပါသည်။
အဘယ်သူမျှထိုသိုးတို့ကို ငါ့ခမည်းတော်၏လက်မှ မနုတ်မယူရာ။ ဤကဲ့သို့ အံ့ဩဝမ်းမြောက် ဘွယ်ကောင်းသည့်သေချာသောအာမခံချက်ကိုထောက်ရှုပါက ၊ ခရစ်တော်၏သိုးစစ်တစ်ကောင်သည် ကိုယ်တော်၏ သိုးတစ်ကောင်မဖြစ်ချင်တော့ပဲ၊ မိမိ၏ခမည်းတော်လက်ထဲမှ ကိုယ့်ကိုကိုယ် နုတ်ယူနိုင် သည်ဟူသောယုံကြည်ခြင်းသည် သမ္မာတရားကိုဆန့်ကျင်ခြင်း ဖြစ်၍ ကျွန်ုပ်တို့ငြင်းပယ်သင့်ပါသည်။ )
ဤငြင်းခုံခြင်းကို ကြာရှည်လုပ်နိုင်ကြမည်မဟုတ်ပါ။ “အဘယ် သူမျှ” သည် လုံးဝဥသုံပြည့်စုံ သောစကားလုံးဖြစ်သည်။ ဤစကားလုံး တို့က မည်သည့်ခြွင်းချက်ကိုမှခွင့်မပြုပါ။ ဝိညာဉ်တော်မှုတ်သွင်းသော ကျမ်းစကားက “ခရစ်တော်၏သိုးကိုယ်တိုင်မှလွဲ၍ အဘယ်သူမျှ” ဟူ၍ မပြောသောကြောင့် ကျွန်ုပ်တို့ကလည်း မပြောသင့်ပါ။
ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့် By Grace Through Faith
ထာဝရလုံခြုံမှုအကြောင်းကိုစဉ်းစားသောအခါခါတိုင်းကျွန်ုပ် ၏စိတ်ထဲ၌ပထမဦးဆုံး ဝင်လာသော ကျမ်းပိုဒ်မှာ ဧဖက်၊ ၂း၈-၁၀ ဖြစ်ပါသည်။ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်၊ ဘုရား သခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ် သူမျှဝါကြွား စရာအခွင့်မရှိ။ အဘယ့်ကြောင့် နည်းဟူမူကား၊ ငါတို့သည်ကောင်းသောအကျင့်တို့ကို ကျင့် ရမည် အကြောင်း၊ ယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်း
သော အကျင့် တို့၌ ငါတို့ သည် ကျင်လည် ရမည့် အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုပြင်ဆင်တော်မူနှင့်ပြီ (ဧဖက် ၂း၈၁၀)။
ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။ ဤကျမ်းချက်က မည်သူတစ်ဦးတစ်ယောက်မျှ ကယ်တင်ခြင်းသို့ရောက်ရန် မထိုက်တန်ပါဟု ဆိုလိုခြင်းဖြစ်သည်။ ကျေးဇူးတော်သည် ထာဝရပြစ် ဒဏ်ခံထိုက်သူတို့အား ပေးတော်မူသောထာဝရဘုရား၏ ကျေးဇူးပြုခြင်းဖြစ်၏။ မည်သည့်အရာကို မျှ မခံစားထိုက်သူတစ်ဦးအား အရာခပ်သိမ်းကိုရရှိခံစားစေခြင်းဖြစ်သည်။၎င်းသည် လက်ဆောင်ဖြစ်၍၊ ဘယ်သောအခါမှရုတ်သိမ်းခြင်းခံမည် မဟုတ်ပါ (ရောမ ၁၁၂၉)။ ဤလက်ဆောင်သည် အခြေအနေ ပေါ်၌မူတည် ခြင်းမရှိပါ။ ကျေးဇူးတော်ကိုအခြေအနေပေါ်၌မူတည်ခြင်းနှင့်ပေါင်းစပ် ပါက၊ ၎င်းကျေးဇူးတော်သည် ကျေးဇူးတော်မဟုတ်တော့ပဲ၊ အကြွေးဖြစ်လာ ပေမည်။ သို့ရာတွင်၊ ထာဝရဘုရားကကျေးဇူးတော်အကြွေးဆပ်ဘို့ရန် သူ့အား မည်သူကမျှကျေးဇူးမပြုဖူးပါ (ရောမ ၁၁၃၅)။ အခြေအနေ ပေါ်၌မူတည်ခြင်းတွဲဖက်ပါဝင်သောကျေးဇူးတော်သည် ကျေးဇူးတော် လုံးဝမဟုတ်တော့ပါ။ လူတစ်ယောက်အတွက်မိမိ၏ကယ်တင်ခြင်းကို စိတ်ချနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ကျေးဇူးတော်အားဖြင့် ဖြစ်ပါသည် (ရောမ ၄း၁၆)။
ဧဖက်၂း၈-၉၌ဧဖက်မြို့ရှိယုံကြည်သူတို့သည်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ကြကြောင်းရှင်ပေါလုကပြန်လည်အမှတ်ရစေပါသည်။သူတို့သည်ယေရှုခရစ်တော်ကိုကယ်တင်ရှင်နှင့်သခင်အဖြစ်ယုံကြည်လက်ခံကြသောကြောင့်ကယ်တင်ခြင်းသို့ရောက်ခဲ့ကြရသလို၊ရောက်နေကြဆဲလည်းဖြစ်သည်။ကယ်တင်ခြင်းမဆုံးရှုံးရလေအောင်လိုက်နာရမည့်စည်းကမ်းများနှင့်ကန့်သတ်ချက်များမရှိပါ။ကယ်တင်ခြင်းသို့ရောက်ခြင်းသည်ဆက်လက်တည်မြဲနေသောရလာဒ်များနှင့်တွဲဖက်နေသည့်ဝိညာဉ်ရေးဆိုင်ရာဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ကယ်တင်ခြင်းသို့ရောက်ပြီးနောက်တွင်ထာဝရပြစ်ဒဏ်စီရင်နိုင်ချေရှိသောပြဌာန်းချက်များမရှိပါ။ “ကယ်တင်ခြင်းသို့ရောက်ရ၏” ဟူသောစကားလုံး၏နောက်တွင် “အကယ်၍” ဟူသောခြွင်းချက်ပါသည့်စကားလုံးမရှိပါ။ထိုစကားလုံးမပါရှိခြင်းကယုံကြည်သူ၏ထာဝရလုံခြုံမှုကိုထင်ရှားပေါ်လွင်စေပါသည်။
ဘုရားသခင်သည် ကယ်တင်ခြင်းကို အခမဲ့လက်ဆောင်အဖြစ် ပေးတော်မူ၏။ သို့သော်လည်း၊ အပြစ်သားသည်ထိုလက်ဆောင်ကိုလက်ခံ ရပါမည်။ ယုံကြည်ခြင်းဆိုသည်မှာ၊ စိတ်နှောင့်နှေးခြင်းမရှိပဲ နှုတ်ကပတ်တော် ကိုယုံကြည်စိတ်ချခြင်းဖြစ်ပါသည်။ ဘုရားသခင်သည်လူတို့ကို အတင်းအကြပ် မစေခိုင်းပါ။ ကောင်းကင်ဘုံသို့မသွားချင်သောသူတို့ကို အတင်းအဓမ္မ မခေါ်ဆောင်ပါ။ ကယ်တင်ခြင်း ရရန်အလို့ငှာ၊ လူတစ်ဦးသည်ယုံကြည်ခြင်းကိုထုတ်ဖော်ပြသသည့်တိကျသောလုပ်ရပ်ဖြင့် ယေရှုခရစ် တော်ကိုလက်ခံ ရမည်။ ယုံကြည်ခြင်းသည် ချီးကျူးထိုက်သောကောင်းမှုကုသိုလ်မဟုတ် သောကြောင့် ဝါကြွားစရာအခွင့်မရှိပါ။ ယုံကြည်ခြင်းသည် ကယ်တင်ခြင်းကို ဖြစ်ပေါ်စေသောအရာဖြစ်ပြီး၊ ကယ်တင် ခြင်းကိုတိုင်းတာသောပမာဏ မဟုတ်ပါ။
ရှင်ပေါလုက “ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်” ဟူ၍ ပြောသောအခါ၊ လူအချို့က ရှင်ပေါလုသည်ယုံကြည်ခြင်းအကြောင်းကို ပြောသည်ဟု မှတ်ယူကြသည်။ သို့ဖြစ်၍၊ ၎င်းတို့က ဘုရားသခင်သည် လူအချို့တို့အားယုံကြည်ခြင်းကိုပေး၍၊ အချို့သောသူတို့အားယုံကြည်ခြင်းကို ပေးတော်မမူပါ၊ ဟူ၍ ကောက်ချက်ချကြသည်။ သို့သော်လည်း၊ ဤသို့ကောက်ချက်ချခြင်းမှာ မမှန်ပါ။ “ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်” စကားစု၏ရှေ့၌ ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့် ကယ်တင် ခြင်းသို့ရောက်ရ၏” ဟူသောအချက်ရှိပါသည်။ ရှင်ပေါလုပြောသော အရာမှာ၊ ကယ်တင်ခြင်း ရရန်အလို့ငှာ လူတစ်ဦးအနေဖြင့်လုပ်ဆောင်နိုင်သည့်ကောင်းမှုကုသိုလ် သို့မဟုတ် ပေးလှူနိုင်သော အလှူဒါနဟူ၍ဘာတစ်ခုမှမရှိပါ။ ဟူ၍ဖြစ်သည်။ ခရစ်တော်၌ကုသိုလ်ကောင်းမှုအားလုံးရှိ၍ ယုံကြည် သူ၌တစ်ခုမျှမရှိပါ။
ကျွန်ုပ်တို့တွေ့မြင်ခဲ့သည့်အတိုင်း၊ ကယ်တင်ခြင်းသည်ဘုရားသခင်၏ အခမဲ့လက်ဆောင်ဖြစ်ပါသည်။ ဘုရားသခင်သည် ထာဝရအသက်အတွက် အခြေအနေပေါ်၌မူတည်ခြင်းမရှိသောကတိတော်ကို ပေးတော်မူသောအခါ၊ ထိုကတိတော်ပျက်ပြယ်သွားစေရန် စည်းမျဉ်းနှင့်ကန့်သတ်ချက်များ ထပ်မံ ထည့် သွင်း၍မရတော့ပါ။ ကိုယ် တော် သည် လက်ဆောင်တစ်ခုကို ပေးသောအခါ၊ နောက်မှပေါ်ထွက်လာသည့် မည် သည့် ဥပဒေကမှ ထိုလက်ဆောင်ကိုပယ်ဖျက်၍မရနိုင်တော့ပါ။ –
“ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်သည် မဟုတ်။ သို့ဖြစ်၍၊ အဘယ်သူမျှဝါကြွားစရာအခွင့်မရှိ။” ကယ်တင်ခြင်း ရရှိရန်အလို့ငှာ၊ လူတစ်ဦးအနေဖြင့်လုပ်ဆောင်နိုင်သော ကောင်းမှုကုသိုလ် ဟူ၍ ဘာတစ်ခုမှမရှိပါ။ လုပ်ဆောင်၍ ရပါကကောင်း ကင်ဘုံသည် မိမိတို့၏ကြိုးစားလုပ်ဆောင်မှုများကြောင့် ကယ်တင်ခြင်းရသည်ဟု ဝါကြွား
သောသူများနှင့်ပြည့်နေမည်ဖြစ်သည်။ ကယ်တင်ခြင်းသည် အစမှအဆုံး အထိဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်သည်။ လူသည်ကျေးဇူးတော်ကို လက်ခံရရှိသူသာလျှင်ဖြစ်၏။ သူသည် “ကျေးဇူးတော်ကြောင့် ကယ်တင် ခြင်းသို့ရောက်သော အပြစ်သားတစ်ဦးမျှသာ” ဖြစ်သလို၊ အမြဲတစေ ထိုသို့ဖြစ်နေမည်ဖြစ်သည်။ ကျေးဇူးတော်နှင့်အကျင့်တရားသည် တစ်ခုနှင့် တစ်ခု သီးခြားစီရှိကြသည် (ရောမ ၁၁၆)။ ။
အကျင့်ကျင့်ခြင်းသည် ကယ်တင်ခြင်းကိုရရှိစေသောအရာမဟုတ်ပဲ။ | ကယ်တင်ခြင်းရသည့်အတွက် ပေါ်ထွက် လာသောရလာဒ်ဖြစ်ကြောင်းကိုအပိုဒ်ငယ် – ၁ဝ က အလေးအနက်ဖော်ပြထားပါသည်။ အကျင့် ကျင့်ခြင်း သည် အရင်းအမြစ်မဟုတ်ပဲ အသီးဖြစ်သည်။ ကျွန်ုပ်တို့သည်ကောင်းသော အကျင့်အားဖြင့် ကယ်တင်ခြင်းသို့ရောက်ကြသည်မဟုတ်ပဲ၊ ကောင်းသော အကျင့်ကျင့်ရန်ကယ်တင်ခြင်းသို့ရောက်ကြသည်။ ဤသည် ယေရှုခရစ်တော်၌ ကျွန်ုပ်တို့ကိုဖန်ဆင်းထားရခြင်း၏ရည်ရွယ်ချက်ဖြစ်ပါသည်။ ယုံကြည်သူ အနေနှင့်ကျင့်ဆောင်ရမည့်ကောင်းသောအကျင့်များကို ဘုရားသခင်သည် ကျွန်ုပ်တို့ကယ်တင် ခြင်းမရမီ အချိန် ကတည်းက ပြင်ဆင်ပေးထားပါသည်။
ခေတ်ကာလတစ်လျှောက်၌ သန်းပေါင်းများစွာသောလူတို့သည် ၎င်းတို့၏ထာဝရကောင်းကျိုးချမ်းသာအတွက် ဧဖက် ၂း၈-၁ဝ ပါ ဘုရား သခင်၏သမ္မာတရားအပေါ်၌မှီခိုအားထားခဲ့ကြပြီး၊ ဘယ်သူမှစိတ်ဓါတ် ကျခြင်းမျိုး သို့မဟုတ် အဆုံးတွင်ကောင်းကင်ဘုံနှင့်လွဲချော်သွားခြင်းမျိုး မရှိကြပါ။
မှတ်ချက်။
၁။ စပိန်၊ ပြင်သစ်နှင့်လက်တင်ဘာသာရပ်မှာ နာမ်နှင့်နာမဝိသေသန များအနေဖြင့်အသုံးပြုသကဲ့သို့ ကျေးဇူးတော်ကို မူလကျမ်းက ပုလ္လင် (Masculine)၊ ဣတ္ထိလိင် (Feminine) သို့မဟုတ် ဂရိဘာသာရပ်၌လိင်မဲ့ (Neuter) စကားလုံးများအဖြစ် အသုံးပြုထားသည်။ ဂရိဘာသာရပ်၌ “ကျေးဇူးတော်” နှင့် “ယုံကြည်ခြင်း” စကားနှစ်ရပ်လုံးသည်ဣတ္ထိလိင် များဖြစ်လေရာ၊ အကယ်၍ ရှင်ပေါလုကထို စကားရပ်တစ်ခုခုကို ရည်ညွှန်းလိုပါက သူသည်ဣတ္ထိလိင်ပုံစံကို အသုံးပြုပါလိမ့်မည်။ သို့ရာတွင်၊ “ယုံ ကြည် သော အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့
ရောက်ရ၏” ဟူသောစာပိုဒ်တစ်ခုလုံးကိုရည်ညွှန်းရာ၌ သူသည်လိင်မဲ့ စကားလုံးကိုအသုံးပြုခဲ့သည်။
၂။ အဓိပ္ပါယ်တစ်ခုအနေဖြင့်၊ ယုံကြည်ခြင်းသည်ပင်လျှင် အကျင့်ကျင့်ခြင်းဖြစ် သည်ဟု ဖော်ပြထားသည် (ယော၊ ၆း၂၈-၂၉)။ သို့သော်လည်း၊ ၎င်းသည်ကောင်းမှုကုသိုလ်နှင့်ဆိုင်သောအကျင့်မဟုတ်ပဲ၊ သမ္မာတရားကိုသာပြောပြ နိုင်သည့်ပုဂ္ဂိုလ် (သခင်ယေရှု)ကိုသာလျှင် ရိုးစင်းစွာဖြင့်ယုံကြည်ရန် ပြောဆိုထားခြင်းဖြစ်ပါသည်။
ရောမအခန်းကြီး ၈ ၌ပါသောယုံကြည်သူ၏လုံခြုံမှု
The Believer’s Security in Romans 8
ယုံကြည်သူ၏လုံခြုံမှုအကြောင်းကို ရောမအခန်းကြီး ၈ ၌ သွန်သင်ထားခြင်းထက် ပိုမိုရှင်းလင်း စွာသွန်သင်ထားသည့် အခြား ကျမ်းပိုဒ်မရှိတော့ပါ။ ခရစ်ယာန်တစ်ဦးသည် ကောင်းကင်ဘုံ၌ခရစ်တော် နှင့်အတူရရှိခံစားမည့်ထာဝရကောင်းကျိုးချမ်းသာကို မည်သည့်အရာ (သို့) မည်သူကမှမလု ယူနိုင် ကြောင်းပြသရန်အတွက် ရှင်ပေါလုသည် သမ္မာတရားအပေါ် ၌သမ္မာတရား ကိုထပ်ဆင့်စုပုံထားပါသည်။
အပိုဒ်ငယ် ၂၉ နှင့် ၃၀ တွင် ထာဝရကာလမှထာဝရကာလတိုင် ကျွန်ုပ်တို့အတွက်ထားရှိသည့် အဆင့် (၅) ဆင့်ပါသော ဘုရားသခင်၏ မဟာစီမံချက်ကို တမန်တော်ကြီးကလေ့လာဆန်းစစ်ပါသည်။
ဘုရားသခင်၏သားတော်သည် အများသောညီတို့တွင်သားဦး ဖြစ်တော်မူမည် အကြောင်း၊ ဘုရားသခင်သည် ရှေ့မဆွ က သိတော်မူသောသူတို့ကို သားတော်၏ ပုံသဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှာ၊ရှေ့မဆွကခွဲ ခန့်မှတ် သားတော်မူ၏။ ထိုသို့ ခွဲခန့်မှတ်သားနှင့် သောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော် မူသော သူတို့ ကို လည်းဖြောင့် မတ် ရာ၌တည် စေတော်မူ၏။ ထိုသို့တည်စေတော်မူသောသူတို့ကိုလည်း ချီးမြှောက်တော်မူ၏။
ဘုရားသခင်သည်ကျွန်ုပ်တို့ကိုရှေ့မဆွကပင်သိတော်မူ၏။ ဤ အချက်သည် ခရစ်တော်ကိုမိမိ၏ ကယ်တင်ရှင် အဖြစ်ရွေးချယ်မည့်သူတို့ကို ဘုရားသခင်ကရှေ့မဆွကပင်သိမြင်တော်မူသည်ဟု ဆိုလိုခြင်း ထက် အဓိပ္ပါယ်ပါသည်။ ဘုရားသခင်သည် ဣသရေလလူတို့ကိုလည်းသိမှတ်တော်မူ၏ (ရောမ ၁၁၁၂)။ ဤကျမ်းချက်သည် ဘုရားသခင်က ဣသရေလ လူတို့ကိုလောကနှင့်စပ်ဆိုင်သော မိမိ၏လူမျိုး အဖြစ်ရွေးချယ်ခဲ့သည်ဟု ဆိုလိုပါသည်။ ဣသရေလလူတို့သည် ဘုရားသခင်ကိုရွေးချယ်ခဲ့ကြ သည်ဟု မဆိုလိုပါ။ အဘယ့်ကြောင့်ဆိုသော်၊ သူတို့သည်ဘုရားသခင်ကို မရွေးခဲ့ကြကြောင်း သူတို့၏ သမိုင်းကပြ သပါသည်။ ဘုရားသခင်ကသူတို့အား ရွေးရခြင်းမှာ ကျေးဇူးတော်အားဖြင့်သာဖြစ်သည်။ ထိုသို့ဖြစ်ငြားသော် လည်း၊ ဘုရားသခင်၏ အနာဂတံသဉာဏ်တော်နှင့်ရှေ့မဆွကသိမှတ်တော်မူ ခြင်းသည် လူတို့၏တာ ဝန်ကိုကင်းလွတ်စေမည်မဟုတ်ပါ။
ဘုရားသခင်သည် ကျွန်ုပ်တို့ ကို ရှေ့မဆွကပင်သိတော်မူ၏။ ရှေ့မဆွကသိမှတ်တော်မူသောသူတို့သည် ဘုန်းတန်ခိုးနှင့်စုံလင်သောကိုယ် ခန္ဓာ၌ အကျင့်သိက္ခာ၊ ဝိညာဉ်ရေးရာနှင့်ခန္ဓာရေးရာအားဖြင့် သူ၏သားတော် နှင့်အသွင်သဏ္ဌာန်တူညီရေးသည်ဘုရားသခင်၏ ပန်းတိုင်ဖြစ်သည်။ သခင်ယေရှုကိုယုံကြည်သူအား လုံးတို့သည် ဘုရားသားများဖြစ်ကြ၏။ သို့သော်လည်း၊ ဘုရားသခင် ၌ပြိုင်ဘက်ကင်းသည့် ထူးခြားသော သားတော်တစ်ပါးရှိပါသည်။ မိမိ၌ရှိသည့်အခြားသားသမီးများထဲတွင် သခင်ယေရှုအားအမြင့်ဆုံးသားဦး ဂုဏ်သိက္ခာကိုရရှိစေရန် ခမည်းတော် ဘုရာကဆုံးဖြတ်ထားသည်။
ဘုရားသခင်သည်ကျွန်ုပ်တို့ကိုခေါ်တော်မူ၏။ ဤကမ္ဘာမတည် မရှိမှီ ကိုယ်တော်၏ကြိုတင်သိမြင်ခြင်းနှင့် စီမံခြင်းတို့ကရှိနှင့်ခဲ့ပြီဖြစ် သည်။ ကိုယ်တော်၏ခေါ်တော်မူခြင်းသည် အချိန်ကိုက်ဖြစ်ပါသည်။ အမှန်မှာ၊ ဝေငှဟောပြောသည့်ဧဝံဂေလိတရားကိုကြားနာသူတိုင်းအား ကိုယ်တော် ခေါ်ပါသည် (ဗျာ၊ ၂၂း၁၇)။ သို့သော်လည်း၊ ဤကျမ်းချက်တွင် ရှင်ပေါလုက ဧဝံဂေလိတရားကိုတုန့်ပြန်သောသူတို့၌ ထိုခေါ်တော်မူခြင်း ၏အကျိုးသက် ရောက်မှုရှိကာ၊ ကယ်တင်ခြင်းသို့ရောက်ကြသည့်အကြောင်းအောက်မေ့ စဉ်းစားနေ ခြင်းဖြစ်သည်။
ကိုယ်တော် သည်ကျွန်ုပ်တို့ကို ဖြောင့်မတ် ရာ၌တည်စေတော် မူ၏။ ကျွန်ုပ်တို့သည်နောင်တရ၍ ယုံကြည်သောအခါ၊ ဘုရားသခင်က ကျွန်ုပ်တို့ကိုဖြောင့်မတ်သည်ဟု ကြေငြာသည်။ ကျွန်ုပ်တို့ကိုဆန့်ကျင်သည့် စွဲချက်တိုင်းမှ ကိုယ်တော်သည်ကျွန်ုပ်တို့ကိုခွင့်လွတ်သည်။ ဖြောင့်မတ်သည်ဟု
ပြောဆိုခြင်းသည် အပြစ်မရှိပါဟူ၍ အတိအလင်းပြောဆိုခြင်းထက်ပို ပါသည်။ ကျွန်ုပ်တို့ကိုဖြောင့်မတ် ရာ၌တည်စေသည်ဟု ကိုယ်တော်ကအမှန် တကယ်မှတ်ယူထားသည်။ ကျွန်ုပ်တို့သည် ဘုရားသခင် ၏ဖြောင့်မတ်ခြင်း နှင့်လွမ်းခြုံခြင်းခံရပြီး ကိုယ်တော်၏ရှေ့မှောက်၌ရပ်တည်နေကြပါသည်။
၎င်းသည် ကျွန်ုပ်တို့၏လုပ်ဆောင်မှုအပေါ်တွင်ခြွင်းချက်ပေး ထားသည့် စီရင်ဆုံးဖြတ်ချက်မဟုတ်ပဲ၊ ယုံကြည်သူအပြစ်သားသည် စွပ်စွဲချက်အားလုံးတို့မှ ကင်းလွတ်ခြင်းခံရသည့်အကြောင်းကို တစ်ကြိမ် တစ်ခါတည်းနှင့်အပြီးအစီးကြေငြာလိုက်ခြင်းဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်၊ ခရစ်တော်၏ စွန့်လွတ်ပူဇော်ခြင်းသည် မွေးဖွားရာမှသေသည့် အချိန်အထိရှိနေသော ထိုသူ၏အပြစ်အားလုံး ကိုပြေပျောက်အောင် ပေးချေထားသဖြင့်၊ တရားသူကြီးဖြစ်သောဘုရားသခင်သည် ထိုသူအား ထာဝရသေဒဏ်ပေးဘို့အလို့ငှာ၊ အပြစ်မှတ်တမ်းထဲ၌ ထိုသူ၏အပြစ်ကို တစ်ခုမှရှာဖွေမတွေ့ ရှိသောကြောင့်ဖြစ်ပါသည်။ ၂၁
ကိုယ်တော်သည် ကျွန်ုပ်တို့ကိုချီးမြှောက်တော်မူ၏။ ဤအချက် သည်အခြေအတင်ငြင်းခုံကြသည့် ကွင်းဆက်ငါးဆက်ပါချိန်းကြိုးကို ချုပ်ကိုင်သည့်အချက်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏လက်ရှိအားနည်းချိနဲ့ မှု များက ဘုန်းတန်ခိုးနှင့်ပြည့်စုံသောချီးမြှောက်ခြင်းခံရမည့် အချိန် မရောက်သေးကြောင်း ထင်ရှားစွာသတိ ပေးသော်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်က ” ချီးမြှောက်တော်မူ၏”(glorified) ဟူသော အတိတ်ကာလပြ စကားလုံးဖြင့် ဖော်ပြထားပါသည်။ ဆိုလိုချင်သောအဓိက အချက်မှာ၊ အကယ်၍လူတစ်ဦး ကို ချီးမြှောက် ထားပြီးပြီဆိုပါက ဤချီး မြှောက်ခြင်းသည် ခံရပြီးသကဲ့သို့ဖြစ်ကာ၊ ဧကန်မုချဖြစ်လာမည်ဖြစ်သည်။
ရှင်ပေါလု၏သွန်သင်ချက်မပြီးဆုံးသေးပါ။ ဤအခန်းကြီး၏ကျန် သည့် အပိုင်းတွင် သူက အရပ်တော်၌ ရှိသော ယုံကြည်သူတစ်ဦး၏ တိုက်ခိုက်၍ မရသောရပ်တည်ချက်ကို ထိထိမိမိပြောဆိုထား ပါသည်။ ထို့နောက်၊ စကြာဝဠာတစ်ခွင်တွင်အဘယ်နိမ္မိတအရာမျှသည်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ တော် နှင့်သူ့ကိုမကွာစေနိုင်ကြောင်း၊ သူသည်ဗလာနတ္တိ အဖြစ်သို့မရောက်နိုင်ကြောင်းကို သူရှာဖွေ တွေ့မြင်သွားသည်။
သို့ဖြစ်၍ ဤအရာများတို့၌အဘယ်သို့ပြောစရာရှိသနည်း၊ ဘုရား သခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် အဘယ်သူသည်ငါတို့ တစ်ဘက်၌နေနိုင်မည်နည်း။ မိမိသားတော်ရင်းကို မနှမြောပဲ ငါတို့ရှိသမျှအဘို့အလို့ငှာ စွန့်တော်မူသောသူသည် သားတော်နှင့် တကွခပ်သိမ်းသောအရာတို့ကို ငါတို့ အားမပေးဘဲအဘယ်သို့ နေတော်မူမည်နည်း၊ ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည်အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း၊ အပြစ်စီရင်သောသူ ကား အဘယ် သူနည်း၊ အသေခံ၍ ခံသည် သာမက၊ သေခြင်းမှထမြောက်၍ ဘုရားသခင်၏လက်ဖျာတော် ဘက်၌ နေလျက်၊ ငါတို့ အဘို့ ဆုတောင်းသော သူကား ခရစ်တော် ပေတည်း။ ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ငါတို့ကိုအဘယ်သူ ကွာစေမည်နည်း၊ အကယ်စင်စစ်၊ ကိုယ်တော်အတွက်အကျွန်ုပ် တို့သည် အစဉ်မပြတ်အသေ သတ်ခြင်းကိုခံ ရကြ၏။ သတ်ဘို့ရာ ထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကိုသူတစ်ပါးမှတ်တတ်ကြ ပါ၏ဟု ကျမ်းစာလာသည် နှင့်အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ် ဆက်ခြင်း၊ မွတ်တိတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့် တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကိုခံရသော်လည်းထို အမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ ချစ်ခြင်းမေတ္တာ တော်နှင့် ငါတို့ကို ကွာစေမည်နည်း။ မကွာစေသည်သာမက၊ ငါတို့ကိုချစ်တော်မူ သောသူ၏ကျေးဇူးတော်ကြေကြောင့် ငါတို့ သည် ထို အမှုခပ်သိမ်း တို့ကိုခံစဉ်တွင်ပင် အထူးသဖြင့် အေသင်မြင်ကြ၏။ အကြောင်း မူကား၊ သေခြင်းဖြစ်စေ၊ သက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင် တမန်ဖြစ်စေ၊ အထွဋ် အမြတ်ဖြစ်၊ အာဏာလန်န်းဖြစ်စေ၊ မျက်မှောက် အရာဖြစ်စေ၊ နောင်လာလတံ့သော ရာဖြစ် စေ
အမြင့် ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတ အရာမျှသည် ငါတို့ သခင်ယေရှုအားဖြင့် ခံ ရသော ဘု ရား သခင်၏မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင် ဟု ငါသည် သဘောကျလျက်ရှိ၏ (ရောမ ၈း၃၁-၃၉)။
ယေရှုခရစ်တော်ကိုမိမိကယ်တင်ရှင်နှင့် သခင်အဖြစ်ယုံကြည် ကိုးစားသောသူထက်သာလွန်ပြီး ထာဝရလုံခြုံမှုရရှိနိုင်သောသူတစ်ဦး တစ်ယောက်မျှမရှိနိုင်ကြောင်းကို အချက်(၅)ချက်ဖြင့် ရှင်းလင်းပြောပြ ထားပါသည်။
ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့ဘက်၌ရှိတော်မူသည့်အချိန်မှစ၍ ကျွန်ုပ်တို့ကိုဆန့်ကျင်တိုက် ခိုက်သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်သောသူများဖြစ် ကြသည်။ ဘုရားသခင်ကိုဆန့်ကျင်တိုက်ခိုက်ခြင်းထက်အချည်းနှီးဖြစ်သောအမှုကိစ္စမရှိပါ။ ကျွန်ုပ်တို့ အားဆန့်ကျင် တိုက်ခိုက်သောသူ တစ်ဦးတစ်ယောက်မျှ ရေရှည်ကာလ၌အောင်မြင်မှုရမည်မဟုတ်ပါ။
သာ၍ကြီးမြတ်သောအရာထဲ၌ သာ၍ သေးငယ်သောအရာ များပါဝင်ပါသည်။ မိမိ၏သားတော်ရင်းကိုဤလော ကသို့စေလွတ်တော် မူခြင်းအားဖြင့် ဘုရားသခင်သည် အကြီးမြတ်ဆုံးပူဇော်သက္ကာကို ပြင်ဆင်ပေးထားနှင့်လေပြီ။ ကျွန်ုပ်တို့ အားလုံးအတွက် သားတော်ကို ပေးသနားတော်မူခြင်းအားဖြင့် ဘုရားသခင်သည်အကြီးမြတ်ဆုံးသော လက်ဆောင်ကို ပေးခဲ့ သည်။ ဘုရားသခင်သည် သားတော်နှင့် တကွ ခပ်သိမ်းသောအရာတို့ကို ကျွန်ုပ်တို့အားပေးတော်မူလိမ့်မည်။ ဤ “ခပ်သိမ်းသော” အရာထဲ၌ ပြည့်ဝစုံလင်၍ အပြစ်အနာအဆာကင်း သောလက်ဆောင်နှင့်ထာဝရ ကယ်တင်ခြင်း ပါဝင်ပါသည်။ ဤအရာသည် အခမဲ့ လက်ဆောင်ဖြစ်သောကြောင့် အခြေအနေပေါ်၌ မူတည်ခြင်း မရှိသလို၊ အစမ်းသဘောဖြင့် ပေးထားခြင်းလည်းမဟုတ်ပါ။ အရာ ခပ်သိမ်းတို့သည် ဝေငှပေးကမ်းသူ၏ရက်ရောခြင်းအပေါ်၌မူတည်နေပြီး၊လက်ခံရယူသူ၏ကောင်းမှုကုသိုလ်ပေါ်၌ မမူတည်ပါ။
အဘယ်သူမျှ အပြစ်မတင်နိုင်ပါ။ ဤကျမ်းချက်၏ဆိုလိုချက် မှာ၊ ယုံကြည်သူအားအပြစ် တင်ခြင်းကိုအောင်မြင်စွာလုပ်ဆောင်နိုင်သောသူတစ်ဦးမျှမရှိပါ၊ ဟူ၍ ဖြစ်သည်။ မာရ်နတ်သည်ကျွန်ုပ်တို့ကို နေ့ညဉ့်မပြတ်အပြစ်တင်နေသည် (ဗျာ၊ ၁၂း၁၀)။ သို့ရာတွင်၊ ကျွန်ုပ် တို့၏အသက်တာထဲ ၌ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကိုထည့်သွင်းခဲ့ပြီ ဖြစ်သောကြောင့် အပြစ်တင်ခြင်းက တစ်စုံတစ်ရာခြားနားမှုဖြစ်လာအောင် လုပ်ဆောင်နိုင်ဦးမည်လား။
ငါကျူးလွန်ခဲ့တဲ့အပြစ်များ အပြစ်တင်သူကဟိန်းဟောက်စွပ်စွဲ၊ ငါကောင်းစွာသိ၊ ထောင်ချီမကသိ၊ ယေဟောဝါက တစ်ခုမျှမတွေ့။
– Samuel W. Gandy
အဘယ်သူမျှအပြစ်မစီရင်နိုင်ပါ။အဘယ့်ကြောင့်ဆိုသော်၊ကျွန်ုပ်တို့ခံရမည့်အပြစ်စီရင်ချက်ကိုယူဆောင်ရန်အတွက်ခရစ်တော်သည်လက်ဝါးကပ်တိုင်ပေါ်၌အသေခံခဲ့ပြီဖြစ်သည်။ကျွန်ုပ်တို့အတွက်လုပ်ဆောင်ပြီးစီးခဲ့သောကယ်တင်ခြင်းအမှုကိုဘုရားသခင်သည်အပြည့်အဝကျေနပ်အားရတော်မူကြောင်းကိုရှင်ပြန်ထမြောက်ခြင်းကသက်သေထူနေပါသည်။ကိုယ်တော်သည်ဘုရာသခင်၏လက်ျာတော်ဘက်၌ကျွန်ုပ်တို့၏ယဇ်ပုရောဟိတ်မင်းနှင့်အမှုဆောင်ရှေ့နေအဖြစ်နေပါသည်။ကိုယ်တော်သည်ကျွန်ုပ်တို့အတွက်ကြားဝင်ဆုတောင်းပေးလျက်၊သူ၏တန်ခိုးတော်အားဖြင့်ကျွန်ုပ်တို့ကိုလုံခြုံစွာစောင့်ထိန်းရန်အာမခံပါသည်။
ခရစ်တော်၌ရှိသောသူတို့အတွက် အပြစ်စီရင်ခြင်းမရှိတော့ပါ။ ထိုသူတို့၏ပြစ်ဒဏ်ကိုခရစ်တော် ကပေးဆပ်ခဲ့ပြီးဖြစ်သည်။ ပြစ်ဒဏ်ကျ ခံရန်ဘုရားသခင်သည် နှစ်ကြိမ်မတောင်းဆိုပါ။
ကိုယ်တော်သည်အပြစ်စီရင်ခြင်းမှ ကျွန်ုပ်အားလွတ်မြောက်စေပြီ၊ သူ၏အမျက်တော်အားလုံးမှလည်း ချမ်းသာစေပြီ။ ပြစ်ဒဏ်စီရင်ချက်နှစ်ခါမတောင်းဆိုပဲ။ သွေးယိုစီးခဲ့သောကိုယ်တော်၏လက်တော်ထဲ၌ ကျွန်ုပ်အားရပ်တည်စေသတည်း။ – Augustus M. Toplady
ကျွန်ုပ်အဘို့အပြစ်စီရင်ချက်နှင့်ငရဲဘုံမရှိ ပြင်းပြသောဝေဒနာနှင့်မီးလျှံ ကျွန်ုပ်မျက်လုံးက ဘယ်သောအခါမှ တွေ့မည်မဟုတ်ပါ။ ကျွန်ုပ်အဘို့ပြစ်ဒဏ်မရှိ၊ သေခြင်း၌တန်ခိုးမရှိ ကျွန်ုပ်ကိုကယ်တင်သော သခင်ခရစ်တော် က သူ၏အတောင်တော်နှင့်ကွယ်ကာသောကြောင့်တည်း။
– Paul Gerhardt
အဘယ်နိမ္မိတအရာမျှသည်မကွာစေနိုင်ပါ။ပြည့်ပြည့်စုံစုံပြောရလျှင်၊နက်ရှိုင်းသောပေါက်ကွဲခံစားမှုဖြင့်ရှင်ပေါလုသည်အချိန်ကာလပေးပြီး၊ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော်၌တည်လျက်နေသောဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့်ယုံကြည်သူတစ်ဦးကိုကွာစေသောအရာတစ်စုံတစ်ခုကိုရှာဖွေခဲ့သည်။ဤစူးစမ်းရှာဖွေခြင်းသည်အချည်းနှီးသာဖြစ်ခဲ့သည်။
“အဘယ်နိမ္မိတအရာမျှ” ဟူသောဖော်ပြချက်ကို သတိပြုပါ။
အချို့က ယုံကြည်သူတစ်ဦးကိုအဘယ်သူကမှဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်နှင့် မကွာစေနိုင် သော်လည်း ထိုယုံကြည်သူသည် သူ့ကိုယ်သူကွာအောင်လုပ်နိုင်သည်ဟူ၍ သွန်သင်ကြသည်။ သမ္မာကျမ်း စာကို ဤသို့ မှားယွင်းစွာသွန်သင်ခြင်းသည် နည်းလမ်းမကျပါ။ ယုံကြည်သူ ကိုယ်တိုင်ပင်လျှင် “အဘယ်နိမ္မိတ အရာမျှ” ထဲ၌ ပါဝင်ပါသည်။ မည်သည့်အရာကမှ၊ မည်သူကမှ၊ နိမ္မိတအရာ တွင်ပါဝင်နေသော ယုံကြည်သူကိုယ်တိုင် ပင်လျှင် ဘုရားသခင်၏မေတ္တာတော်နှင့်သူ့ကိုယ်သူ မကွာစေနိုင်ပါဟု သန့်ရှင်းသော ဝိညာဉ်တော်က အခိုင်အမာပြောပါသည်။
ကျွန်ုပ်တို့နောက်ထပ်အငြင်းအခုံလုပ်စရာလိုဦးမည်လား။ အဘယ် သို့သောသက်သေအထောက်အထားများ ကျွန်ုပ်တို့၌လိုပါဦးမည်နည်း။
မှတ်ချက်။
၁။ ဣသရေလလူတို့ကိုရွေးချယ်ခြင်းသည် ကယ်တင်ခြင်းအတွက် မဟုတ်သော်လည်း၊ဘုရားသခင်၏ ရည်ရွယ်ချက်များကိုအောင်မြင် ထမြောက်စေသောအခန်းကဏ္ဍတစ်ရပ်ကိုဖော်ဆောင်ရန်အတွက်ဖြစ် သည်။ ဣသရေလလူမျိုး၌ များစွာသောရွေးကောက်ခံရသူတို့ သည် ဣသရေလလူမျိုးအစစ်မဟုတ်ကြပါ (ရောမ ၉၆)။ ထိုသူတို့သည် ဘုရားသခင်နှင့်အသက်ရှင်သောတော်စပ်မှုမရှိခဲ့ကြပါဟု ဆိုလိုခြင်း ဖြစ်သည်။ ဣသရေလလူတို့သည် ဆုံးရှုံးခြင်းသို့ရောက်နိုင်သောကြောင့် (ဥပမာ၊ ကောရ ကဲ့သို့သော) ခရစ်တော်၌ ရွေးကောက်ထားသောသူတို့ သည်လည်း (ဧဖက် ၁၄) ဆုံးရှုံးပျက်စီးနိုင်ပါသလား။ မဆုံးရှုံး၊ မပျက်စီးနိုင်ပါ။ ဣသရေလလူတို့အားရွေးချယ်ခြင်းသည် အသွေးအသားခန္ဓာကိုယ်ဖြင့် မွေးဖွားခြင်းအပေါ်၌လုံးလုံး အခြေပြုပြီး၊ ခရစ်ယာန်တို့အားရွေးကောက် ခြင်းကိုမူကား အသစ်မွေးဖွားခြင်းပေါ်၌အခြေပြုထားပါသည်။ ထို့ကြောင့်၊ ယုံကြည်သူကျွန်ုပ်တို့သည် ထာဝရအသက်ရှိကြကာ၊ ဘယ်သောအခါမှ မပျက်စီးနိုင်ပါ (ယော၊ ၃း၁၆)။
၂။ လူသားတို့၏ချစ်ခြင်းမေတ္တာအရေးကိစ္စတွင် (ဘုရားသခင်၏ ပြောင်းလဲခြင်းကင်း သောချစ်ခြင်း မေတ္တာသည် ရောမဩဝါဒစာအခန်း ကြီး ၈ ၏ထင်ရှားသောဦးတည်ချက်ဖြစ်ပါသည်)။ အကယ်၍၊ ယောက်ျား တစ်ဦးသည်မိန်းမတစ်ဦးကို မိမိချစ်ခြင်းမေတ္တာ၏ ရည်မှန်းချက်ပန်းတိုင် အဖြစ်ရွေးချယ်ပါက၊ ဤမေတ္တာကိုတုန့်ပြန်ဖို့ ထိုမိန်းမ၌ ရွေးချယ်စရာ ရှိသည်မဟုတ်လော။ ထိုမိန်းမ သည်လည်း ထိုသူကိုတုန့်ပြန်မှာဖြစ်ပြီး၊ထိုနည်းတူစွာ၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုတုန့်ပြန်ဖို့ “လာခဲ့ပါ” “ယုံကြည်ပါ” “ကိုးစားပါ” ဟူသည့်ခေါ်သံများ ဓမ္မသစ်ကျမ်း၌ပြည့်နှက် နေပါသည်။
၃။ ရေးမှတ်ထားပြီးဖြစ်သကဲ့သို့၊ ရှေ့မဆွကခွဲခန့်မှတ်သားခြင်းသည် ခရစ်တော်ကိုယုံကြည်လက် ခံသူတို့ရောက်မည့်နေရာ (ကောင်းကင်ဘုံ သို့မဟုတ် ငရဲဘုံ) နှင့်မဆိုင်ပဲ၊ ဘုရားသခင်၏ကျေးဇူးတော် အားဖြင့် ကျွန်တော်တို့ သည်မည်ကဲ့သို့ ဖြစ်ကြမည်ဟူသောအရာနှင့်သက်ဆိုင် ပါသည် (ယော၊ ၁း၁၁ – ၁၂ ကိုလည်းဖတ်ပါ)။
၄။ ဂျီနီဗာမြို့အတွင်း ရန်သူတို့၏နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ဆွစ်ဇာလန်နိုင်ငံ၌ပြုပြင်ပြောင်းလဲ ရေးကိုဆန့်ကျင်သည့်တပ်ဖွဲ့တို့ ၏ ဝန်းရံတိုက်ခိုက်ခြင်းကိုခံရသောအခါ၊ ယနေ့ကျွန်ုပ်တို့ သည် သူ၏ “အသက်ကျမ်းပိုဒ်”ဟူ၍ခေါ်ဆိုနိုင်သော ရောမ ၈း၃၁ ကို Calvin က လက်ကိုင်ပြုခဲ့သည်။
သာ၍ Much More
ငါတို့သည်အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။ ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်း အတွက် ကြောင့် အသေခံဝံ့သောသူရှိကောင်းရှိလိမ့်မည်မှန်စေ တော့၊ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည်ငါတို့ အတွက် ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူ သည်ကို ငါတို့ အားထင်ရှားစွာ ပြတော်မူ၏။ သို့ဖြစ်၍ ယခုတွင်အသွေးတော်အားဖြင့် ဖြောင့်မတ် ရာသို့ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှကယ်ချွတ်တော်မူခြင်းသို့ရောက်မည်ဟု သာ၍မျှော်လင့်စရာရှိ၏။ အကြောင်း မူကား၊ ရန်သူဖြစ်လျက်ပင်ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအားဖြင့် ငါတို့သည်ဘုရားသခင်နှင့်မိတ်ဿဟာယ ဖွဲ့ပြီးမှ အသက်တော်အားဖြင့်ကယ် တင်တော်မူခြင်းသို့ရောက် မည်ဟု သာ၍မျှော်လင့်စရာရှိ၏။ ထိုမျှမက၊ ငါတို့သခင်ယေရှု ခရစ်တော် အားဖြင့် မိတ် ဿ ဟာယဖွဲ့ရာကျေးဇူးကို ယခု ခံပြီးလျှင် ထိုသခင်အားဖြင့် ဘုရားသခင်၌ဝါကြွားဝမ်းမြောက်ခြင်း ရှိကြ၏ (ရောမ ၅း၆-၁၁)။
ယုံကြည်သူ၏လုံခြုံမှုနှင့်ပတ်သက်၍ အထက်ကျမ်းပိုဒ်ပါ “သာ၍” ဟူသော စကားလုံးကိုအထူး ဂရုပြုထိုက်ပေသည်။ အဓိပ္ပါယ်ရှင်းလင်းချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
ကျွန်ုပ်တို့သည်မဖြောင့်မတ်စဉ် သို့မဟုတ် မကောင်းမြတ်စဉ် မှာပင် ခရစ်တော်သည်ကျွန်ုပ်တို့အတွက် အသေခံတော်မူ၏။ အမှန်စင်စစ်၊ ကျွန်ုပ်တို့သည်ခွန်အားမရှိသောသူများ၊ ဘုရားတရားမကြည်ညိုသောသူ များနှင့်အပြစ်သားများဖြစ်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရား သခင်၏ချီးမွမ်းခြင်းခံဘို့ရန် ကျွန်ုပ်တို့၌ဘာမှမရှိပါ။ ကိုယ်တော်၏ချစ်ခြင်း မေတ္တာကိုဆွဲဆောင်နိုင်ရန်ကျွန်ုပ်တို့၌ဘာမှမရှိပါ။ ဆန့်ကျင်ဘက်ပုံစံနှင့်
ပြောရလျှင်၊ သန့်ရှင်းသောဘုရားသခင်က ကျွန်ုပ်တို့ကို မချစ်ခင်၊ မမြတ်နိုး သည့်အကြောင်း ခိုင်မာသည့် အကြောင်းပြချက်များရှိပါသည်။ ကျွန်ုပ်တို့သည် လုံးဝဥဿုံမထိုက်တန်သည့် အခြေအနေ ၌ရှိနေစဉ်မှာပင်၊ ဘုရားသခင် သည်ကျွန်ုပ်တို့ကိုချစ်တော်မူပြီး၊ ခရစ်တော်သည် ကျွန်ုပ်တို့အတွက်အသေ ခံခဲ့သည်။
ဤအကြောင်းအရာကပထမ “သာ၍” ဟူသောစကားရပ်ကိုညွှန်ပြပါသည်။ကျွန်ုပ်တို့သည်ချစ်စရာမကောင်းသောအနေအထား၌ရှိနေစဉ်တွင်ဘုရားသခင်သည်ကျွန်ုပ်တို့ကိုချစ်မြတ်နိုးသည်ဟုဆိုလျှင်၊ယခုအခါ၊ကိုယ်တော်သည်ကျွန်ုပ်တို့ကိုထာဝရအမျက်တော်မှသာ၍ကယ်တင်မှာဖြစ်သလို၊ကျွန်ုပ်တို့သည်သခင်ဘုရား၏အသွေးတော်အားဖြင့်ဖြောင့်မတ်ရာသို့ရောက်စေပါသည်။ကျွန်ုပ်တို့အားဖြောင့်မတ်ရာသို့ရောက်သည်ဟုမှတ်ယူရန်အတွက်သခင်ဘုရားသည်ဤမျှလောက်ကြီးမားသောအဖိုးအခကိုပေးခဲ့သည်မှန်လျှင်သူ၏လက်တော်ထဲ၌မြဲမြဲစွာဆုပ်ကိုင်ထားရာမှကျွန်ုပ်တို့ကိုလွတ်ထွက်သွားစေဦးမည်လား။ဤမေးခွန်းက “လုံးဝလွတ်ထွက်မသွားစေပါ” ဟူသောဖြေကြားချက်ကိုပေါ်ထွက်စေပါသည်။
ကျွန်ုပ်တို့ သည် အခြားပေးဆပ်စရာရှိ သည်သာမက၊ ဘု ရား သခင်၏ရန်သူများဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်ထံမှဂရုဏာတော် ရရှိခံစားနိုင်သည့် အခွင့် အရေးတစ်ခုခုကို ဤအခြေအနေကဆီးထား လိမ့်မည် ဟု သင်သည်စဉ်းစားကောင်းစဉ်းစားမိပါလိမ့်မည်။ သို့သော်လည်း၊ ကျွန်ုပ်တို့သည် ဘုရားသခင် ၏ရန်သူများ ဖြစ်နေကြစဉ်မှာပင် သူ၏သားတော် အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့နှင့်ရန်ငြိမ်းကာ မိဿဟာယ ဖွဲ့ပါသည်။
ယခုဒုတိယ “သာ၍ ” စကားလုံးကိုလေ့လာကြပါစို့။ကရာနီတောင်ကုန်းပေါ်၌သခင်ယေရှု၏လုပ်ဆောင်ချက်အားဖြင့်ဘုရားသခင်သည်သူကိုယ်တိုင်နှင့်ရန်ငြိမ်းကာပြန်လည်မိဿဟာယဖွဲ့နိုင်မည့်နည်းလမ်းတစ်ခုကိုပြင်ဆင်ပေးသည်။ “ကျွန်ုပ်တို့သည်နောင်တရ၍ခရစ်တော်ကိုမိမိကယ်တင်ရှင်နှင့်သခင်အဖြစ်ယုံကြည်လက်ခံသောအခါ၊ဘုရားသခင်သည်ထိုရန်ငြိုးကိုဖယ်ရှားလိုက်သည်။ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းရှိ၍ဖြောင့်မတ်ရာသို့ရောက်လျှင်၊ငါတို့သခင်ယေရှုခရစ်အားဖြင့်ဘုရားသခင်ရှေ့တော်၌ငြိမ်သက်ခြင်းကိုခံစားကြ၏။ “ကျွန်ုပ်တို့သည်ရန်ငြိမ်း၍မိဿဟာယဖွဲ့ခြင်းကျေးဇူးတော်ကိုခံစားနိုင်ရန်အတွက်ပေးခဲ့ရသောအဖိုးအခသည်ဘုရားသခင်၏သားတော်အသေခံရခြင်းဖြစ်သည်ဟုဆိုလျှင်၊ရန်ငြိမ်းကာပြန်လည်မိတ်ဿဟာယဖွဲ့ပြီးမှကိုယ်တော်၏အသက်အားဖြင့်ကယ်တင်ခြင်းသို့ရောက်မည်ဟုသာ၍မျှော်လင့်စရာရှိ၏။ကျွန်ုပ်တို့သည်ရန်သူများဖြစ်လျက်ပင်၊ခရစ်တော်သည်ကျွန်ုပ်တို့အတွက်သေခံတော်မူလျှင်ယခုတွင်သူ၏မိတ်ဆွေများဖြစ်ကြသောကျွန်ုပ်တို့ကိုဘုရားသခင်ကဆုံးရှုံးခွင့်ပေးမှာလား။သခင်ဘုရား၏အသက်တော်အားဖြင့်ကျွန်ုပ်တို့သည်အဘယ်ကဲ့သို့ကယ်တင်ခြင်းရကြပါသနည်း။
သခင်ဘုရား၏အသက်တော်သည် လောက၌အသက်ရှင်စဉ် ရှိခဲ့သောအသက်တာမျိုးကို မဆိုလိုပဲ။ကောင်း ကင်ဘုံ ၌ရှိသောဘုရားသခင်၏လက်ျာတော်ဘက်၌နေလျက် ယုံကြည်သူကျွန်ုပ် တို့၏အမှုဆောင်သခင်၊ ကြားဝင်ဆုတောင်းပေးသူ၊ ယဇ်ပုရောဟိတ်မင်းနှင့်သိုးထိန်းကြီးအနေဖြင့်အမှုတော်ဆောင်နေသော အသက်တာကိုဆိုလိုပါသည်။ကယ်တင်ခြင်းတွင်အချိန်ကာလသုံးမျိုးရှိကြောင်းကို ဤနေရာ၌ ကိုယ့်ကိုကိုယ်သတိပေးသင့်သည်။
အတိတ်ကာလ။ ကျွန်ုပ်တို့သည်သခင်ခရစ်တော်ကိုယုံကြည်လက်ခံ ကြသောအခါ၊ ထာဝရပြစ်ဒဏ်မှ ကယ်တင်ခြင်းရရှိခဲ့ကြသည်။ သခင်ဘုရား အသေခံတော်မူခြင်းအားဖြင့် ထိုအပြစ်အား လုံးတို့၏ ဒဏ်ကိုပေးဆပ်ခဲ့သည်။ပစ္စုပ္ပန်ကာလ။ ကျွန်ုပ်တို့သည် အပြစ်တန်ခိုးမှကယ်တင်ခြင်း ခံနေရပါသည်။ ဤသည် ကျွန်ုပ်တို့သည် ကိုယ်တော်၏အသက်အား ဖြင့်ကယ်တင်တော်မူခြင်း သို့ရောက် ကြသည်” ဟူ၍ အဓိပ္ပါယ်ရှိပါသည်။ အကယ်၍၊ ကျွန်ုပ်တို့၏နေ့စဉ်အသက်တာလုံခြုံမှုသည် ကျွန်ုပ်တို့၏ညံ့ဖျင်းသော ကြိုးစားအားထုတ်မှုအပေါ်၌တည်နေပါက၊ ကျွန်ုပ်တို့အားလုံး ပျက်စီးခြင်းသို့ရောက် ကြပါလိမ့်မည်။ ခရစ်တော်ဘုရားသည်သူ၏အမှုကို ကြားဝင်ဆောင်ရွက်ပေးခြင်း နှင့်ကျွန်ုပ်တို့ကို စောင့်ထိန်းသည်။ ကျွန်ုပ်တို့ လမ်းလွဲသောအခါ ကိုယ်တော်သည်ကျွန်ုပ်တို့ကို ပြန်လည်ဆန်းသစ်စေ၊ သောကြောင့် ကျွန်ုပ်တို့ကိုလုံခြုံစေပါသည်။
အနာဂတ် ကာလ။ ကျွန်ုပ်တို့ သည်အပြစ် ရှိရာဤလောကမှ ကယ်တင်ခြင်းခံရမည်ဖြစ်သည်။ ဤသည် ကျွန်ုပ်တို့ကောင်းကင်ဘုံသို့ ဝင်စားသောအခါ အပြစ်ဒုစရိုက်အားလုံးတို့မှလွတ်ခြင်းခံရမည့်အကြောင်းကို ရည်ညွှန်းပါသည်။
ဝိညာဉ်တော်ပေးသော စိတ်ချမှု The Spirit of Assurance
သန့်ရှင်းသောဝိညာဉ်တော်၏အမှုတော်လုပ်ငန်းကိုမပါဝင်စေပဲ။ ယုံကြည်သူ၏ထာဝရလုံခြုံမှု အကြောင်းကိုဆွေးနွေးလျှင် နားလည်သဘော ပေါက်နိုင်မည်မဟုတ်ပါ။ စစ်မှန်သောယုံကြည်သူတိုင်းသည် နောက်ဆုံးတွင်ကောင်းကင်ဘုံ သို့ဝင်စားကြရမည်ဖြစ်ကြောင်းကို ဝိညာဉ်တော်ဘုရား ကိုယ်တိုင်သည် အာမခံဖြစ်ပါသည်။
ဘုရားသခင်၏သားသမီးတိုင်း၌သန့်ရှင်းသောဝိညာဉ်တော်ရှိကြပါသည်။ “ခရစ်တော်၏ဝိညာဉ်တော်မရသောသူမည်သည်ကားခရစ်တော်နှင့်မဆိုင်”(ရောမ၈း၉)။သခင်ယေရှုကတပည့်တော်တို့အားသမ္မာတရားကိုပြသောဝိညာဉ်တော်သည်သင်တို့၌ရှိတော်မူလိမ့်မည်ဟူ၍ကတိပေးခဲ့သည် (ယော၊၁၄၁၇)။ကျွန်ုပ်တို့၏ကိုယ်ခန္ဓာသည်သန့်ရှင်းသောဝိညာဉ်တော်၏ဗိမ္မာန်တော်ဖြစ်ကြောင်းရှင်ပေါလုကကျွန်ုပ်တို့ကိုသတိပေးထားပါသည် (၁ကော၊၆း၁၉)။
ယုံကြည်သူတစ်ဦး၏အထဲ၌ဝိညာဉ်တော်ဘုရားတစ်ကြိမ်တစ်ခါ ကျိန်းဝပ်တော်မူလျှင် အစဉ်အမြဲကျိန်းဝပ်တော်မူ၏။ ဝိညာဉ်တော် ဘုရားကြွဆင်းလာမည်ဟု ကတိပေးခြင်းနှင့်စပ်လျဉ်း၍ ကယ်တင်ရှင်က ” ငါသည်ခမည်းတော်ကိုတောင်း၍၊ ခမည်းတော်သည် သမ္မာတရားကို ပြသောဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူအစဉ်မပြတ် တည်စေခြင်းငှာ သင်တို့ အားပေးတော်မူ မည်” ဟု မိန့်တော်မူ၏ (ယော၊ ၁၄း၁၆)။ ဤကတိတော်သည် အခြေအနေပေါ်၌မတည်သောကတိတော်ဖြစ်ပါသည်။ ဝိညာဉ်တော်သည် ယုံ ကြည် သူ၏အထဲမှထွက် ခွာသွားနိုင် သည်ဟူ၍ အရိပ်အမြွက်မျှပင် မဖော်ပြပါ။ ယုံကြည်သူအားသုံးပါးတစ်ဆူဘုရား၏ တတိယပုဂ္ဂိုလ်တည်း | ဟူသောသန့်ရှင်းသောဝိညာဉ်တော်ကို တံဆိပ်အနေဖြင့်ပေးအပ်ထား သည်။
(ဘုရားသခင်ကလည်း) ငါတို့ကိုတံဆိပ်ခတ်၍ …(၂ကော ၁၂၂)။
… ထိုခရစ်တော်ကိုယုံကြည်ပြီးမှ၊ ကတိတော်နှင့်ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏တံဆိပ်ခတ်ခြင်းကို ခံရကြပြီ (ဧ ၁း၁၃)။
တံဆိပ်ကပိုင်ဆိုင်မှုနှင့်လုံခြုံမှုကိုရည်ညွှန်းပါသည်။ ဝိညာဉ်တော် ရှိသောသူတစ်ဦးစီတိုင်းသည် ဘုရားသခင်ပိုင်ဆိုင်သောဥစ္စာဖြစ်သည်။ ဤနေရာ၌ တံဆိပ်သည် ကျွဲ၊ နွားများအပေါ် အမှတ်အသား သို့မဟုတ် သိုးများအပေါ်ဆိုးဆေးအမှတ်အသားနှင့်သဏ္ဌာန်တူပါသည်။ ပိုင်ရှင် မည်သူဖြစ်သည်ကို ထိုအမှတ်အသားများကဖော်ပြပါသည်။
သန့်ရှင်းသောဝိညာဉ်တော်သည်တံဆိပ်ကဲ့သို့ ဖြစ်ပြီး၊ ဘုရား သခင်၏သားသမီးတို့အား ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အာမခံ ပေးပါသည်။ရွေးနုတ်ခြင်းနေ့ရက်တိုင်အောင် သင်တို့ကိုတံဆိပ်ခတ်တော်မူသော ဘုရာသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်မနာစေ ကြနှင့် (ဧဖက် ၄း၃၀)။
ရွေးနုတ်ရာနေ့ရက်သည် ဘုန်းတန်ခိုးနှင့်ပြည့်စုံသောကိုယ်ခန္ဓာများ ကိုကျွန်ုပ်တို့ လက်ခံရရှိမည့် အချိန်ကာလဖြစ်သည်။ ကျွန်ုပ်တို့၌တံဆိပ်တည်းဟူသောဝိညာဉ်တော်ရှိကြသည်မှာ သေချာသည်နည်းတူ နောက်ဆုံး၌ကောင်းကင်ဘုံသို့ကျွန်တော်တို့ရောက်ကြမည်မှာလည်း အလွန်သေချာလှ ပါသည်။ ဘုရားသခင်၏သားသမီးများအား သန့်ရှင်းသောဝိညာဉ်တော်ကို စရံအဖြစ်ပေးထားပါသည်။
(ဘု ရား သခင် သည်) … ငါတို့ စိတ်နှလုံးထဲ၌ဝိညာဉ်တော် တည်းဟူသော စရံကိုသွင်းပေးတော်မူ၏ (
၂ကော၊ ၁း၂၂)။
ထိုသို့သောအကျိုးကိုခံစေခြင်းငှာ၊ ငါတို့ကိုပြင်ဆင်သောသူကား ဘုရားသခင်ပေတည်း။ ထိုဘုရားသခင်သည် ဝိညာဉ်တော်တည်း ဟူသောစရံကို ငါတို့အားပေးတော်မူပြီ (၂ကော၊ ၅း၅)။
စရံသည် တစ်ချို့တစ်ဝက်ကြို တင်ပေးချေထားခြင်း သို့မဟုတ် ကတိကဝတ်ပြုထားခြင်းဖြစ်၏။ အိမ်တစ်လုံးကိုဝယ်ယူရာတွင် ဝယ်ယူသူသည် ပထမအရစ်ကျပေးချေငွေကို စရံအဖြစ် ပေးထားပြီး၊ နောက်တွင် ကျန်ငွေအားလုံးကို ပေးချေသည်။ ချစ်သူနှစ်ဦးကိုစေ့စပ်သောအခါ၊ စေ့စပ်သည့်လက်စွပ်သည် မကြာမီကျင်းပမည့်မင်္ဂလာဆောင်ပွဲအတွက် အထိမ်းအမှတ်တစ်ခု ဖြစ်ပါသည်။ စရံတည်းဟူသောသန့် ရှင်းသော ဝိညာဉ်တော်မှာ ယုံ ကြည် သူအားပေးအပ်ထားသောဘုရားသခင်၏ ကတိတော်ဖြစ်ကာ၊ စရံ၏နောက်မှအပြည့် အဝပေးချေခြင်းကလိုက် လာမည် ဖြစ် သည်။ ကျွန်ုပ်တို့ သည် ကယ်တင်ခြင်း ရကြသောအခါ၊ ကျွန်ုပ်တို့၏ဝိညာဉ်များ (spirits) သည် ရွေးနုတ်ခြင်းခံကြရသော်လည်း ဖျားနာခြင်းနှင့် သေခြင်းတို့၏လက်အောက်၌ ရှိနေသေးသည့်ခန္ဓာကိုယ်ထဲ၌ ရှိနေဆဲဖြစ်သည်။ ခန္ဓာကိုယ် ရွေးနုတ်ခြင်း နှင့်ကောင်းကင်ဘုံ၌ရှိသော ကျွန်ုပ်တို့ဝင်စားရမည့်အိမ်တော်သည် အနာဂတ်ကာလ ၌ရှိနေဆဲဖြစ်သည်။ သို့သော်လည်း၊ ဝိညာဉ်တော်ကိုစရံအဖြစ်ပေးထားသည်ဖြစ်၍၊ ဖော်ပြပါ အရာတို့ ကို ရရှိခံစားဘို့ ရန်အလွန်သေချာပါသည်။ ဤအကြောင်းကို ရှင်ပေါလုက ဧဖက် ၁း၁၄ တွင် ရှင်းလင်းစွာဖော်ပြထားပါသည်။
ပိုင်ထိုက်တော်မူသောသူတို့ သည် ဘုန်းတော်ကို ချီးမွမ်းခြင်း အကြောင်းနှင့်ရွေးနုတ်တော် မူခြင်းသို့ မရောက်မီကာလပတ်လုံး ထိုဝိညာဉ်တော်သည်ငါတို့အမွေ၏စရံဖြစ်တော်မူ၏။
ဝိညာဉ်တော်နှင့်ပတ်သက်၍အသုံးပြုသည့် အခြားပုံဆောင်ချက် တစ်ခုမှာ၊ ” အဦးသီးသောအသီး” ဟူ၍ဖြစ်၏။ ဓမ္မဟောင်းကျမ်းတွင်ကောက်ပဲသီးနှံ ရရှိခြင်းကိုကျေးဇူးတင်သဖြင့် လယ်သမားတစ်ဦးသည် ရိတ်သိမ်းချိန်မရောက်မီ အဦးဆုံးမှည့်သောသီးနှံလက်တစ်ဆုပ်စာကို ယူ၍ ဘုရားသခင်ထံပူဇော်သည်။ ရှင်ပေါလုသည် ဤဖြစ်စဉ်ကို ဝိညာဉ် ရေးရာအတွက်အသုံးပြုနိုင်ကြောင်းကို တွေ့မြင်သည်။
ထိုမျှမက၊ ဝိညာဉ်တော်၏ကျေးဇူးတော်အစအဦး (အဦးသီးသော အသီး) ကို ခံပြီးသောငါတို့ သည်လည်း သားအရာ၌ ချီးမြောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာရွေးနုတ် ခြင်းချမ်းသာကိုမျှော်လင့်၍ စိတ်နှလုံးထဲ၌ညည်းတွားလျက် နေကြ၏ (ရောမ ၈း၂၃)။
ဆွေးနွေးခဲ့ပြီးသည့် အတိုင်း၊ ကျွန်ုပ်တို့သည်ဝိညာဉ်တော်၏ ကျေးဇူးတော်အစအဦး (အဦးသီးသောအသီး) ဖြစ်သော စရံနှင့်တံဆိပ်ကို ရရှိထားပြီးဖြစ်သည်။ သို့သော်လည်း၊ ကျွန်ုပ်တို့၏အသက်တာ၌ ဝိညာဉ်တော် ဘုရား၏ ပြည့်ဝစုံလင်သောအသီးသီးခြင်းတည်းဟူသော ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာရွေးနုတ်ခြင်းချမ်းသာကို ခံစားရရှိ ဘို့ ကျွန်ုပ်တို့ မျှော်လင့် တောင့်တနေကြပါသည်။ ။
ဝိညာဉ်တော်၏ကျေးဇူးတော်အစအဦးကိုခံပြီးသောသူတို့ သည် စိတ်နှလုံးထဲ၌ညည်းတွားလျက်၊ သားအရာ၌ချီးမြှောက်ခြင်းနှင့် ကိုယ်ခန္ဓာရွေးနုတ်ခြင်းချမ်းသာကို စိတ်အားထက်သန်စွာမျှော်လင့် စောင့်စားနေကြသည် (ငယ်- ၂၃ ကိုကြည့်ပါ)။ ထို့ကြောင့်၊ ရောမ ၈း၁၇၌ ပါသော “လျှင်” စကားလုံးက ရွေးချယ်ထားသည့်လူနည်းစု၏စမ်းသပ် ခံနိုင်မှုစွမ်းရည်ကိုဖော်ပြထားခြင်းမဟုတ်ပဲ၊ ဘုရားသခင် ၏လူအားလုံးမလွဲမသွေရရှိမည့်အခွင့်ထူးကြီးအကြောင်းကိုဖော်ပြခြင်းဖြစ်သည်။
ကောင်းကင်ဘုံ၌သခင်ဘုရားနှင့်အတူ ထာဝရအသက်ကိုခံစား ရရှိကြမည်ဟူသော ဤမျှော်လင့်ချက် ၌ကျွန်ုပ်တို့ကယ်တင်ခြင်းရကြသည်။ ဤမျှော်လင့်ချက်တွင် မသေချာမရေရာသောအရိပ်လက္ခဏာ ဘာမှမရှိ ပါ။ အဘယ့်ကြောင့်ဆိုသော်၊ ဤမျှော်လင့်ချက်ကို စကြာဝဠာတစ်ခွင်၌ အသေချာဆုံးသောအရာဖြစ်သည့် ဘုရားသခင်၏နှုတ်ကပတ်တော် အပေါ်၌ အုတ်မြစ်ချထားသောကြောင့်ဖြစ်ပါသည်။ ။
ဖော်ပြရန်လိုအပ်သော ဝိညာဉ်တော်၏အခြားလုပ်ဆောင်ချက် တစ်ခုမှာ၊ ဘိသိက်ကျေးဇူးတော်ဖြစ်ပါသည်။ ၁ယော၊၂း၂၇ တွင် တမန်တော်ရှင်ယောဟန်က ဤသို့ရေးသားထားသည် –
သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား၏လက်မှ သင်တို့ ခံရသောဘိသိက်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှသင်တို့ကို ဆုံးမဩဝါဒပေးစရာအကြောင်းမရှိ။ ထိုဘိသိက်ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည်မဟုတ်၊ အမှန်ဖြစ်လျှင် ခပ်သိမ်းသောအရာတို့ကို သင်တို့အားသွန်သင် တော်မူသည့်အတိုင်း၊ သင်တို့သည် သားတော်၌တည်နေကြ လော့။
ဤဖော်ပြပါဘိသိက်ပေးခြင်းက အမှားနှင့်အမှန်ပိုင်းခြားနားလည် င်သောအစွမ်းသတ္တိကို ယုံ ကြည် သူတို့ အားပေးအပ်ထားသည့် သန့်ရှင်းသောဝိညာဉ်တော်၏သွန်သင်ခြင်းအမှုကို ရည်ညွှန်းပါသည်။ “သင်တို့၌ရှိ သည်ဖြစ်၍” ဟူသောစာကြောင်းကို မျဉ်းသားလိုက်ပါ။ဘိ သိက်ကျေးဇူးတော် သည်ရောက်ရှိလာ ပြီးနောက် ပြန်လည်ထွက်ခွာ မသွားပါ။ ဘုရားသခင်၏သားသမီးတို့၌ သန့်ရှင်းသောဝိညာဉ်တော် သည် အစဉ်ကျိန်းဝပ်နေသောကြောင့်ဖြစ်ပါသည်။
– အမှန်စင်စစ်၊ ကျွန်ုပ်တို့ဖော်ပြခဲ့သည့် အကူအညီပေးသူတည်း ဟူသော သန့်ရှင်းသောဝိညာဉ်တော် ၏အမှုတော်အားလုံးတို့သည်ကောင်းကင်ဘုံ၌ယုံကြည်သူခံစားရမည့် ထာဝရကောင်းကြီးမင်္ဂလာ များ၏သေချာမှုကို အနက်ရှိုင်းဆုံးစိတ်ချမှုနှင့်ဖြည့်ဆည်းပေးဘို့ ကြံရွယ် ထားလေသည်။ စစ်မှန်သောဘုရား သားသမီးတိုင်းသည် သူ၏ကယ်တင် ခြင်းကိုဆုံးရှုံးနိုင်သည်ဟူသော အကြံပေးခြင်းမျိုးမဟုတ်ပါ။ ဘုန်းအသရေ နှင့်ပြည့်စုံသောကိုယ်ခန္ဓာကို ကျွန်ုပ်တို့သည်အဆုံး၌ရရှိကြမည်ဟု သန့်ရှင်းသောဝိညာဉ်တော် ကအာမခံပါသည်။ သန့်ရှင်းသောဝိညာဉ်တော် ဘုရားသည် ကျွန်ုပ်တို့ရရှိထားသည့်ထာဝရ လုံခြုံမှုနှင့် အတူတကွ ယှဉ်တွဲရပ်တည်လျက်ရှိသည်။ ဝိညာဉ်တော်ဘုရားဆုံးရှုံးနိုင်မှသာ ကျွန်ုပ်တို့ရရှိထားသည့် လုံခြုံမှုကိုလည်း ဆုံးရှုံးနိုင်မည်ဖြစ်သည်။
မှတ်ချက်။
၁။ ပထမရာစု၌ ရှင်ပေါလုအသုံးပြုသည့် ထို “အထိမ်းအမှတ် လက္ခဏာ” စကားရပ်သည် ခေတ်သစ် ဂရိဘာသာစကား၌ “စေ့စပ် ကြောင်းလမ်းလက်စွပ်” ဟူ၍ အဓိပ္ပါယ်ရသော ဝေါဟာရ ဖြစ်လာရခြင်း မှာ စိတ်ဝင်စားဘွယ်ကောင်းသောအချက်ဖြစ်ပါသည်။
၂။ ဤနေရာ၌ ရှင်ပေါလုအသုံးပြုသည့် “မျှော်လင့်ချက်” စကားလုံး သည် အင်္ဂလိပ်ဘာသာစကားထက် ယေဘုယျအားဖြင့်ပိုမိုလေးနက် ကြောင်း သတိပြုထိုက်ပေသည်။
ခရစ်တော်၌
In Christ
မည်သူမဆိုသခင်ယေရှုကိုယုံကြည်လျှင်ယုံကြည်ချင်း “ခရစ် တော်၌” တည်ရှိသည်။ ဤသည် ဘုရားသခင်ကထိုသူကို ကျေးဇူးပြုကြောင်း ရည်ညွှန်းခြင်းဖြစ်သည်။ ဘုရာသခင်သည် ထိုသူ၌ရှိ သည့်မထိုက်တန်သော အရာအားလုံးကို နောက်တစ်ဖန်မကြည့်တော့ပဲ၊ ယခုအခါ ဘုရားသခင်သည် ထိုသူအားခရစ်တော်၏ကောင်းမြတ်သောအရာအားလုံးနှင့် ရစ်ပတ် လွမ်းခြုံထားသကဲ့သို့ တွေ့မြင်တော်မူသည်။ ၁၉၉၄
ခရစ်တော်၌ရှိသောယုံကြည်သူသည် ရှေ့မဆွကသိတော်မူ ခြင်းနှင့်ခေါ်တော်မူခြင်းခံရသလို၊ ဤကမ္ဘာမတည်မရှိမီကတည်းက ခွဲခန့် မှတ်သားတော်မူခြင်းခံရလေသည် (ရောမ ၈၂၈-၃၀)။ ယုံကြည်သူသည် အကောင်းကိုသော်လည်းကောင်း၊ အဆိုးကိုသော်လည်းကောင်း၊ မလုပ်ဆောင်မှီ အထက်ပါကဲ့သို့မှတ်သားခံရခြင်းဖြစ်ကြောင်း သိသာထင်ရှားလှ ပေသည်။ ဘုရားသခင်သည်သဗ္ဗညုတ ဉာဏ်တော်ရှင်ဖြစ်သဖြင့် ခေါ်တော် မူခြင်းခံသောသူတို့လုပ်ဆောင်မည့်အရာဟူသမျှတို့ကို တင်ကူးသိမြင်တော်မူ၏။ သို့ဖြစ်လျက်ပင်၊ ကိုယ်တော်နှင့်ကာလအစဉ်သဏ္ဌာန်တူရန် ခွဲခန့်မှတ် သားထားသည်။ အကယ်၍ ယုံကြည်သူသည် သူ၏ကယ်တင်ခြင်းကို ဆုံးရှုံးနိုင်ပါက၊ ဘုရားသခင် ၏ခွဲခန့်မှတ်သားခြင်းတို့သည် မည်သည့်အခါမှ ဖြစ်လာမည်မဟုတ်ပါ။ ထို့အပြင်၊ ကိုယ်တော်၏ ခွဲခန့်မှတ်သားခြင်းသည် အမှားလုပ်ရပ်သာဖြစ်သွားပေလိမ့်မည်။ သို့ရာတွင်၊ ထိုသို့ဖြစ်မလာနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော်၊ ဘုရားသခင်သည် အမှားမပြုလုပ်တတ်သော ကြောင့်ဖြစ်ပါသည်။
ခရစ်တော်၌ယုံကြည်သူသည် ခွင့်လွတ်ခြင်း၊ အပြစ်လွတ်ခြင်းနှင့် ရွေးနုတ်ခြင်းကိုခံကာ၊ အပြစ်တင်ခြင်း ရှိသမျှတို့မှကင်းလွတ်သည်။ အကယ်၍၊ ထိုသူ၏စဉ်ဆက်မပြတ်ရန် ကယ်တင်ခြင်းသည် သူ၏လုပ်ဆောင်မှု အပေါ်၌တည်မှီပါက၊ သူ၏ လ် ကောင်းမှုမပါပဲ၊ ဘုရားသခင်ကပြည့်စုံစွာ ပေးထားသောကျေးဇူးများကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်သည်။ အမှန် စင်စစ်၊ ဘုရားသခင်သည်ကြီးမားသော မကောင်းမှုအကုသိုလ်အစား၊ ထိုကျေးဇူးများကိုပေးထားပြီးဖြစ်သည်။ ဤအမှုအရေး၌ ဘုရားသခင်က သူ၏စိတ်ပြောင်းလဲဦးမည်လား။ မပြောင်းလဲပါ။ ယုံကြည်သူသည် ခရစ်တော်၌ဖြောင့်မတ်သော သူဖြစ်ပါသည်။ အကယ်စင်စစ်၊ ယုံကြည်သူသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း နှင့်ပတ်ရစ်ထားခြင်း ခံပါသည် (၁ကော။ ၅း၂၁)။ အမှန်မှာ၊ သူသည်ဖြောင့်မတ်သောသူမဟုတ်ပဲ၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ကိုရရှိခြင်းဖြစ်သည်။ ဤနည်းအားဖြင့်သာလျှင် သူ့ကို “အလင်းတရား၌ သန့်ရှင်းသူတို့၏အမွေခံ” ဖြစ်စေပါသည်။
၎င်းသည် ယုံကြည်သူအပြစ်သားကို ခရစ်တော်၌လက်ခံခြင်းဖြစ် သည် (ဧဖက် ၁း၆)။ ခရစ်တော်သည် ဘုရားသခင်နှင့်နီးကပ်စွာရှိသကဲ့သို့ သူသည်ဘုရားသခင်နှင့်နီးကပ်သည်။ ဘုရားသခင်သည်ခရစ်တော်ကို ချစ်တော်မူသကဲ့သို့ ယုံကြည်သူကိုလည်းချစ်၏ (ယော၊ ၁၇း၂၃)။ ယုံကြည်သူ သည် ဤအခွင့်အရေးကို လက်လွတ်ဆုံးရှုံးသွားနိုင်ပါက၊ သခင်ယေရှုသည် ခမည်းတော်ဘုရားနှင့်အတူရရှိ ထားသည့် သူ၏အခွ င့်အရေးကို အရင် လက်လွတ်ဆုံးရှုံးရမှာဖြစ်သည်။ ထို့ကြောင့်၊ ဤအရာတို့သည်လုံးဝမဖြစ် နိုင်သော အရာများဖြစ်သည်။
ခရစ်တော်၌ရှိသောဘုရားသားသမီးတို့သည် စုံလင်ခြင်းရှိ၏ (ကော၊ ၂း၁၀)။ ကောင်းကင်ဘုံသို့ဝင်စားရန် အတွက် ယုံကြည်သူအား အကြွင်းမဲ့လျော်ကန်သင့်တော်စေသူမှာ ခရစ်တော်ဖြစ်ပါသည်။ ခရစ်တော်၏ ကောင်းမြတ်ခြင်းနှင့်ယုံကြည်သူ၏လျော်ကန်သင့်တော်ခြင်းသည် အတူတကွ ယှဉ်တွဲတည်ရှိပါသည်။ ။
ယုံကြည်သူသည်ခရစ်တော်၌တည်ရှိသည်သာမက ခရစ်တော် သည်လည်း ယုံကြည်သူ၏အထဲ၌ တည်ရှိနေသည်။ ခရစ်တော်နှင့်ယုံကြည်သူ၏ပေါင်းစည်းခြင်းသည်စုံလင်လှသဖြင့် ရှင်ပေါလုက “သခင် ဘုရား၌ မှီဝဲသောသူသည် ထိုသခင်နှင့်တစ်စိတ်တစ်ဝိညာဉ်တည်းဖြစ်၏” ဟူ၍ပြောဆိုနိုင်ခဲ့သည် (၁ကော၊ ၆း၁၇)။ ဤအရာထက်ပို၍နီးကပ်သော အရာတစ်ခုမှမရှိနိုင်သလို၊ ကွဲကွာသွားအောင်ခွဲနိုင်သောအရာတစ်ခုမှ မရှိပါ။
ခရစ်တော်၌တည်ရှိခြင်းနှင့်သခင်ဘုရားလာရောက်ကျိန်းဝပ် နေထိုင်ခြင်းထက်သာ၍ကြီးမား သောလုံ ခြုံမှုမရှိပါ။ ဤလုံခြုံမှုသည် ခရစ်တော်တည်ရှိနေသရွေ့ ထာဝရကာလပတ်လုံးတည်ရှိမည်ဖြစ်သည်။
ကိုယ်ခန္ဓာ၏အင်္ဂါများ Members of the Body
လူတစ်ဦးသည် သခင်ယေရှုကိုယုံကြည်လက်ခံသည့်တစ်ခဏ ချင်းတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူကိုခရစ်တော်၏ကိုယ် ခန္ဓာထဲသို့သွတ်သွင်းသည်။ ခရစ်တော်၏ကိုယ်ခန္ဓာသည် အသင်းတော်၏ အခြားအမည် နာမတစ်ခု ဖြစ်ပါသည်။ ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်၌ ခရစ်တော်သည်ဦး ခေါင်းဖြစ်၍၊ ယုံကြည်သူအားလုံး တို့သည်အင်္ဂါများဖြစ်ကြသည်။ ရှင်ပေါလုက “ဥပမာကား၊ ကိုယ်တစ်ခု တည်း၌အင်္ဂါအပေါင်းတို့ သည် များလျက် နှင့် ကိုယ်တစ်ခုတည်းဖြစ် သကဲ့သို့၊ ထိုနည်းတူခရစ်တော်ဖြစ်၏” ဟု ရေးသားပါသည် (၁ကော၊ ၁၂း၁၂)။ ဤနေရာ၌ ယခင်ကအသုံးမပြုခဲ့ဖူးသော “ခရစ်တော်” အမည် နာမကိုရေးသားထားသည်။ ဤအရာက ကောင်းကင်ဘုံ၌ရှိတော်မူသော ခရစ်တော်၏ဦးခေါင်း အရိုက် အရာကို သာမက၊ ကောင်းကင်ဘုံ နှင့်မြေကြီးပေါ်ရှိ အင်္ဂါများ၏ဦးခေါင်းဖြစ်ကြောင်းကို လည်းရည်ညွှန်း ပါသည်။ ၎င်းသည် သခင်ဘုရားနှင့်သူပိုင်တော်မူသောယုံကြည်သူတို့ သည်တစ်လုံး တစ်ဝတည်းဖြစ် သည့်အကြောင်းကို ထုတ်ဖော်ပြောကြား ပါသည်။
အထက်ဖော်ပြပါ ၁ကော၊ ၁၂ တွင် တမန်တော်ကြီးသည် လူ့ကိုယ်ခန္ဓာရှိအင်္ဂါများနှင့် ခရစ်တော်၏ ကိုယ်ခန္ဓာရှိအင်္ဂါများ၏တူညီ မှုများကိုပြောပြပါသည်။ အရေးမကြီး၊ အသုံးမဝင်သောအင်္ဂါတစ်ခုမျှ မရှိကြောင်း၊ အင်္ဂါတစ်ခုစီတိုင်းသည် မရှိမဖြစ်လိုအပ်ကြောင်း၊ ကိုယ်ခန္ဓာကို အထောက်အကူပေးရန် အင်္ဂါတစ်ခုချင်းစီ ၌ထူးခြားသောအခန်းကဏ္ဍ ရှိကြောင်း တမန်တော်ကအလေးအနက်ဖော်ပြထားသည်။ ပြည့်စုံသော အင်္ဂါတစ်ခုမျှမရှိပါ။ အင်္ဂါအားလုံးတို့သည် တစ်ခုနှင့်တစ်ခုအမှီသဟဲပြုနေ ကြသည်။
ယုံကြည်ရန်ခက်ခဲသည့် မဖြစ်နိုင်သည့်အရာတစ်ခုမှာ၊ ယုံကြည်သူက ထိုကိုယ်ခန္ဓာ၏အင်္ဂါမဖြစ်ချင်ပါ၊ ဟူ၍ စိတ်ဆုံးဖြတ်ကာ၊ မိမိဆန္ဒဖြင့် မိမိကိုမိမိ ထိုကိုယ်ခန္ဓာမှဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။ ဤသည် အမှန် တကယ်ထူးဆန်းပါသည်။ ထိုအင်္ဂါကို ကိုယ်ခန္ဓာနှင့် ဆက်နွယ်အောင် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် လုပ်ဆောင်ပေးခြင်းဖြစ်သည်။ သို့သော်လည်း၊ ယခုတွင် ထိုအင်္ဂါကသူ၏တန်ခိုးဖြင့် ထိုဆက်နွယ်ထား ခြင်းကိုပျက်ပြယ်စေနိုင်သည်ဟု ဆိုခြင်းမှာ လုံးဝမဖြစ်နိုင်ပါ။
လူအချို့က သခင်ဘုရားသည်ယုံကြည်သူတစ်ဦးကို သူ၏ကြာရှည် စွာကျူးလွန်သည့်ကြီးလေး သောအပြစ်ကြောင့် ခရစ်တော်၏ကိုယ်ခန္ဓာမှ ဖယ်ရှားလိုက်သည်ဟု ယုံကြည်ကြသည်။ ၎င်းသည် ဧဖက်အခန်းကြီး ၅ ၌ အသင်းတော်၏ဦးခေါင်းကိုသရုပ်ဖော်ထားသည့် ကိုယ်တော်၏နည်းလမ်း မဟုတ်ပါ။ ခရစ်တော်သည်ကိုယ်ခန္ဓာ၏ကယ်တင်ရှင်ဖြစ်တော်မူပြီး၊ ဖျက်ဆီးသူမဟုတ်ပါ (ငယ် ၂၃)။ သူသည်အသင်းတော်ကိုချစ်တော်မူပြီး၊ ထိုအသင်းတော်အတွက် ကိုယ်ကိုကိုယ်စွန့်တော်မူ၏ (ငယ်၊ ၂၅)။ ကိုယ်တော်သည် မိမိပိုင်သောကိုယ်ခန္ဓာအသွေးအသားကို မမှန်းသည့် အပြင်၊ ကျွေးမွေးပြုစု၍ ချစ်ခင်မြတ်နိုးပါသည် (ငယ် ၂၉)။
ကိုယ်တော်ဘုရား၏ကိုယ်ခန္ဓာသည် မပြည့်မစုံဖြစ်မလာရန်၊ ဖြတ်တောက်ခြင်းမခံ ရန်၊ သို့ မဟုတ် ကိုယ်တော်၏ကိုယ်ခန္ဓာ၌ ဖြတ်တောက်ထားသည့် အင်္ဂါများမပါရှိရန် သခင်ယေရှု၏ပြည့်စုံခြင်း များက တားဆီးထားပါသည်။ ကိုယ်တော်၏အမြင့်ဆုံးရည်မှန်းချက်မှာ၊ အစွန်း အထင်းနှင့်အရေတွန့်ခြင်း ကင်းမဲ့သော သို့မဟုတ် အပြစ်အနာအဆာ ပရိသည့် ဘုန်းတန်ခိုးနှင့်စုံလင်သောအသင်းတော် တစ်ပါးရရှိရေးပင်ဖြစ် သည်။ ဤအမြင့်ဆုံးရည်မှန်းချက်က မစုံလင်သောအင်္ဂါများ၊ သို့မဟုတ် ချို့တဲ့သောအင်္ဂါများမဖြစ်လာရန် တားဆီးထားသည်။ Harold Barkerက “ယုံကြည်သူကျွန်ုပ်တို့သည် ခရစ်တော်၏ကိုယ်အင်္ဂါများဖြစ်သဖြင့် ကျွန်ုပ်တို့၏ခရီးအဆုံးသည် ကိုယ်တော်၏ခရီးအဆုံး နှင့်ချိတ်ဆက်လျက် ရှိသည်။ ကိုယ်တော်ရှိသောနေရာသည် ထာဝရကောင်းကင်ဘုံဖြစ်ပြီး၊ ထိုအရပ်မှာ ကျွန်ုပ်တို့လည်းရှိလိမ့်မည်” (ယော၊ ၁၄၃) ဟု ထောက်ပြထား သည်။
မှတ်ချက်။
၁။Barker, Harold P., Secure Forever, Neptune, NJ: Loizeaux
Brothers, 1974, p. 78.
ထာဝရအသက်လား သို့မဟုတ် တစ်ဘဝအသက်လား Eternal Life or Non-Eternal?
ချစ်စရာအကောင်းဆုံးကျမ်းချက်များအနက်တစ်ချက်မှာ၊ ရှင်ယောဟန်ခရစ်ဝင် ၃၁၆ ဖြစ်ပါသည်။
ဘု ရားသခင်၏ သားတော် ကို ယုံ ကြည်သောသူ အပေါင်းတို့ သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက် ကို ရစေခြင်း ငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။
ဘုရားသခင်၏သားတော်ကိုယုံကြည်လျှင်ထာဝရအသက်ရရှိ မည်။ သန်းပေါင်းများစွာသောလူတို့သည် မိမိတို့၏ထာဝရကံကြမ္မာကို ဤမဖောက်ပြန်နိုင်သောဘုရားသခင်၏ကတိတော်အပေါ်၌ အခြေပြု ထားကြသည်။ရှင်ယောဟန် ၃၁၅ က ဤအကြောင်းကို အနှစ်သာရပြည့်ဝ စွာဖြင့်ပြောဆိုထားပါသည်။… ထိုသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီး ခြင်းသို့မရောက်၊ ထာဝရအသက်ကိုရ မည် အကြောင်းတည်း။သခင်ယေရှုကိုယုံကြည်သူတိုင်းသည် ပျက်စီးခြင်းသို့မရောက်ပါ။ ယခု ပစ္စုပ္ပန်ကာ လ၌ ထာဝရအသက်ကိုရရှိပိုင်ဆိုင်မည်။ရှင်ယောဟန် ၃း၃၆ ၌ ယုံကြည်ခြင်းနှင့်ထာဝရအ သက်သည် တစ်ဖန်ချိတ်ဆက်လျက်ရှိသည်။သားတော်ကိုယုံကြည် သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏ အပေါ်၌ ဘုရားသခင်၏ အမျက် တော်တည်နေသည်။လူတစ်ဦးသည်အသက်ကိုရရှိခြင်း၊ သို့မဟုတ် ဘုရားသခင်၏ ထာဝရအ မျက်တော်ခံနေခြင်းသည် ထိုသူကဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းရှိ၊ မရှိအပေါ်၌ မူတည်နေပါသည်။ယေရှုကလည်း ဤရေကိုသောက်သောသူသည် နောက်တစ် ဖန် ရေငတ်ဦးမည်။ ငါပေးသောရေကို သောက်သောသူမူကားရေငတ်ခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။ ငါပေးသော – ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သော စမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏ (ယော၊ ၄း၁၃-၁၄)။
ဤလောကပေးသောရေသည် ရေရှည်အငတ်မပြေစေနိုင်ပါ။ သူ့ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိနိုင်ကြောင်းသတင်းကောင်းကို သခင်ယေရှုကပြောကြားပါသည်။ ကိုယ်တော်ပေးသောရေကိုသောက်သောသူ (သူ့ကိုယုံကြည်သောသူ)သည် ရေငတ်ခြင်းနှင့် အစဉ်ကင်းလွတ်မည်။ သခင်ဘုရားကိုယုံကြည်သောသူသည် အဆုံးမရှိသောဘဝအသက်တာ တစ်ခုကိုရရှိသည်။ သူသည်ထိုအရာအတွက် ဘယ်သောအခါမှ ဆာငတ်တောင့်တစရာမလို တော့ပါ။ အဘယ့်ကြောင့်ဆိုသော် သူသည် ထိုအရာကို ထာဝရကာလတိုင်ရရှိထားပြီးဖြစ်သည်။ သူ၏အထဲမှ ထာဝရသက်စမ်းရေ စီးဆင်းမည်။ရှင်ယောဟန် ၅း၂၄ တွင် ထာဝရအသက်နှင့် ဆိုင်သေကတိ တော်ပေါ်လွင်ထင်ရှားပါသည်။ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုနားထောင်၍ ငါ့ကို စေလွတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရ အသက်ကိုရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
ဤနေရာ၌ ခရစ်တော်ဘုရားကကတိတော်ကို “ငါအမှန်အကန် ဆို သည်ကား” ဟူသောစကားရပ်နှင့် စကားပလ္လင်ခံထားပါသည်။ ကိုယ်တော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရရှိပြီးဖြစ် ပါသည်။ မည်သည့် နားလည်မှုလွဲမှားခြင်းကိုမဆိုကာကွယ်ရန်အတွက် ကယ်တင်ရှင်က “အပြစ်စီရင်ခြင်းကို မခံရ”ဟူ၍ ဆက်လက်ပြောဆို ပါသည်။ ဤသို့ ပြောဆိုခြင်းမလုံလောက်ခဲ့သော်၊ ကိုယ်တော် က “သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏” ဟူ၍ ထပ်လောင်းပြောဆိုပါသည်။
အထက်ပါပြောဆိုချက်သည် ရှင်ယောဟန် ၄၇ ၌ပြော ချက်ထက်ပို၍ခိုင်မာပြီးရှင်းလင်းပါသည်။ တကယ်
ငါအမှန်အကန်ဆိုသည်ကား၊ငါ့ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏။
ကိုယ်တော်ကိုယုံကြည်သူတိုင်းသည် အသက်ကိုရပြီး၊ ထိုအသက် သည် ထာဝရအသက်ဖြစ်ပါသည်။ ထာဝရအသက်ရရှိရန်အတွက် လိုအပ် သောအခြေအနေ သို့မဟုတ် ချက်တစ်ခုမျှမရှိကြောင်းသတိပြုပါ။
ဖော်ပြပါကျမ်းချက်များကို ဖတ်ရှသော သာမန်လူတို့ သည် ယေရှုခရစ်တော်ကိုယုံကြည်သူ အားလုံးတို့သည် ထာဝရအသက်ကို ယခုပစ္စုပ္ပန်အချိန်၌ပင်ပိုင်ဆိုင်ရရှိကြောင်းကို လွယ်လင့်တကူနားလည် ပါလိမ့်မည်။ ယုံကြည်ခြင်းနှင့် ကယ်တင်ခြင်းသည်ခွဲခြား၍မရအောင် တွဲဖက်လျက်ရှိပါသည်။ ခရစ်တော်ယေရှုကို ယုံကြည်သောသူတို့သည်ထာဝရကာလတိုင် ကယ်တင်ခြင်းရကြသည်။
ကောင်းပါပြီ၊သို့ဆိုလျှင်လူအချို့တို့ကဤအကြောင်းကိုအဘယ်သို့ငြင်းပယ်ကြကာ၊ယုံကြည်သူ၏လုံခြုံမှုသည်အခြေအနေပေါ်၌တည်သည်ဟုအဘယ့်ကြောင့်သွန်သင်ကြပါသနည်း။
ပထမဦးစွာ၊ ထိုသူတို့က ထာဝရအသက်သည်အလိုအလျောက် ထာဝစဉ်ဖြစ်တည်လာသည်မဟုတ်ပါဟု ငြင်းခုံလျက်၊ ၎င်းသည် အချိန် ကာလအပိုင်းအခြားကိုသာမက ဘဝ၏အရည်အသွေးကိုလည်းညွှန်းဆို နေသည်ဟု ထောက်ပြကြသည်။ ဤအချက်၌ သူတို့မှန်ပါသည်။ ထာဝရ အသက်သည် အဆုံးမဲ့တည်ရှိခြင်းသက်သက်မဟုတ်ပါ။ ကယ်တင်ခြင်း မရသောသူတို့ပင်လျှင် ထာဝရအသက်ရှင်ကြမည်ဖြစ်သည်။ ထာဝရ အသက်သည်ခရစ်တော်၏အသက်အမျိုးအစားဖြစ်ပြီး၊ ယုံကြည်သူတစ်ဦး ၏အသက်တာပြောင်းလဲချိန်တွင် သူ၏အထဲသို့ခရစ်တော်၏အသက်ကို ထည့် သွင်းပေးလိုက်သည်။ ကယ်တင်ခြင်းမရသောသူတို့၌မူကား ခရစ်တော်၏အသက်မရှိပါ။
သို့သော်လည်း၊ ၎င်းတို့က ဤအသက်၏အချိန်ကာလနှင့်သွင်ပြင် လက္ခဏာကိုဥပက္ခာပြုနေဟန်ရှိကြပြီး၊ ယုံကြည်သူသည်ဘုရားသခင်၏ ပညတ်တော်တို့ကိုဆက်လက်နာခံလိုက်လျှောက်မှသာလျှင် ထိုအသက်၏ အရည်အသွေးကိုရရှိမည်ဖြစ်သည်ဟု ပြောကြပြန်သည်။ တစ်နည်းအားဖြင့် ဆိုသော်၊ ဤအသက်၏ တည်တန့် ခိုင်မြဲခြင်းသည် ယခုစကားပြောနေစဉ် ၌သာဖြစ်နိုင်ပါသည်။ သင်သည်ထိုအသက်ကို ယခုအချိန်၌ ရှိသော်လည်း၊နောက်တစ်နာရီအတွင်း၌လက်လွတ်ဆုံးရှုံးနိုင်သည်ဟုဆိုကြသည်။ အကယ်၍၊ ဤခံယူချက် များမှန်ပါက ထာဝရအသက်သည် “ခေတ္တခဏသာ တည်သော” သို့မဟုတ် ” အခြေအနေပေါ်၌တည်သောအရာ ဖြစ်သွား ပေလိမ့်မည်။ ။
ထာဝရအသက်၏အရည်အသွေးကို ၎င်း၏အချိန်ကာလမှခွဲထုတ် ဘို့ ကျွန်ုပ်တို့ကိုခွင့်မပြုပါ။ အကယ်၍ ကျွန်ုပ်သည်ယုံကြည်ခြင်းအားဖြင့်ခရစ်တော်၏ အသက်ကိုလက်ခံရရှိလျှင် ကျွန်ုပ်သည်ထိုအသက်ကို ထာဝရ ကာလတိုင်ရရှိမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအသက်သည် ထာဝရအသက်ဖြစ်သော ကြောင့် ဖြစ် သည်။ ကျွန်ုပ်တို့၏သခင်ဘုရားက”ငါ့ကိုယုံကြည်လော့။ သင်သည်အခြေအနေ ပေါ်၌တည်သော အသက်ကို ရလိမ့်မည်”ဟူ၍ မပြောခဲ့ပါ။ ကိုယ်တော်က “ထာဝရအသက်”ဟု ပြောကာ၊ ၎င်းသည် သခင်ဘုရားတိတိကျကျပြောချင်သောအရာဖြစ်သည်။
သခင်ခရစ်တော်ကို သိကျွမ်းခြင်းသည် ထာဝရအသက်ဖြစ်၏ (ယော၊ ၁၇း၃)။ လူတစ်ဦးသည် သခင်ခရစ်တော်ကိုတစ်ခါကသိကျွမ်း ခဲ့ပြီး၊ သူ့အနေဖြင့်ကိုယ်တော်ကိုလုံးဝမသိကျွမ်းချင်တော့ပါဟု ဆုံးဖြတ်ချက် ချခြင်းသည် မဖြစ်နိုင်သောအရာဖြစ်သည်။
“ထာဝရ” စကားလုံး၏အနက်အဓိပ္ပါယ်မှာ၊ အဆုံးမရှိခြင်း ဖြစ်ပါသည်။ ဤစကားလုံးကို ဘုရားသခင် (၁ တိ၊ ၁း၁၇)၊ သန့်ရှင်းသော ဝိညာဉ်တော် (ဟေဗြဲ ၉း၁၄) တို့နှင့်ပတ်သက်၍အသုံးပြုထားသည်။ ကယ်တင်ခြင်း မရသောသူတို့အားတရားစီရင်ခြင်းသည် ငရဲမီးထဲ၌ ထာဝရကာလဖြစ်သည် (ယုဒ ၁း၇။ မာကု ၃၂၉။ ဟေဗြဲ ၆း၂)။ ကျွန်ုပ်တို့ အတွက်ခရစ်တော်ဝယ်ယူခဲ့သောရွေးနုတ်ခြင်းသည် ထာဝရ (ဟေဗြဲ ၉၁၂)ဖြစ်သောကြောင့် ယုံကြည်သူတို့ရရှိထားသောအသက်သည်လည်း ထာဝရဖြစ်၏ (ယော၊ ၆း၄၇)။ “ထာဝရ” စကားလုံးပါ ရှိသောမည်သည့် ကျမ်းတစ်ချက်ကမှ အပြစ်ဒုစရိုက်ကြောင့် ထာဝရအသက်လက်လွတ် ဆုံးရှုံးနိုင်သည်ဟူ၍ ပြောဆိုထားခြင်းမရှိပါ။ကျမ်းချက်နှစ်ချက်တွင် ရှင်ပေါလုက ထာဝရအသက်ကိုမျှော်လင့် ရသည့်အရာ တစ်ခုပမာ ပြောဆိုထားသည်။
မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ရှေးကပ်ကာလ မရောက်မီ ကတိထားတော်မူ၍ • • ထာဝရအသက်ကို မျှော်လင့် သည်ဖြစ်၍…(တိတု ၁၁-၃)။
အကြောင်းမူကား၊ ငါတို့သည်ဘုရားသခင်၏ ကျေးဇူးတော်အား ဖြင့်ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရအသက်ကိုမျှော်လင့်သည် နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း (တိတု ၃း၇)။
ဤလောကအသက်မကုန်မချင်းမျှော်လင့်ရာဖြစ်သောထာဝရအသက်ကိုရရန် ကျွန်ုပ်တို့အနေဖြင့် မသေချာကြောင်း အထက်ဖော်ပြပါ ကျမ်းချက်နှစ်ခုက ထင်မြင်စေနိုင်ပါသည်။ မျက်မှောက်ကာလ၌ ကျွန်ုပ် တို့သည် “မျှော်လင့်ခြင်း” စကားလုံးကိုအသုံးပြုသောအခါ၊ သံသယ၏ အရိပ်လက္ခဏာ ပါနေပါသည်။ ပြည့်စုံလာမည်ဟု သေချာသောအာမခံချက် မရှိသော်လည်း ကျွန်ုပ်တို့သည်ပြည့်စုံစေချင်သည့်ဆန္ဒ ရှိကြပါသည်။
သို့သော်လည်း၊ ညွှန်ပြခဲ့ပြီးသည့် အတိုင်း ဓမ္မသစ်ကျမ်းပါ မျှော်လင့်ခြင်းသည် အထက်ဖော်ပြပါမျှော် လင့်ခြင်းကဲ့သို့မဟုတ်ပါ။ ဓမ္မသစ်ကျမ်းတွင် “မျှော်လင့်ခြင်း” စကားလုံးသည်သေချာသောအရာ တစ်ခုကိုဖော်ပြပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုမျှော်လင့်ခြင်းသည် ဘုရားသခင်၏ကတိ တော်အပေါ်၌အခြေပြုသောကြောင့်ဖြစ်ပါသည်။လောကစကြာဝဠာတစ်ခုလုံး၌ ဘုရားစကားထက်ပို၍ သေချာသော အရာဟူ၍ ဘာတစ်ခုမှမရှိပါ။ ကျွန်ုပ်တို့သည် ထာဝရအသက်ကိုပိုင်ဆိုင်ပြီး ဖြစ်ပါသည်။ သို့သော်လည်း၊ ထိုထာဝရအသက်ကိုမျှော်လင့်ခြင်းသည်ကောင်းကင်ဘုံ၌ဘုန်းတန်ခိုးနှင့်ပြည့်စုံသော အခြေအနေကိုမျှော်လင့်ခြင်း ဖြစ်ပါသည်။ ခရစ်ယာန်မျှော်လင့်ခြင်းကကျွန်ုပ်တို့အား ရှက်ကြောက်စရာ အကြောင်းမဖြစ်စေနိုင်ပါ။
ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာကြောင်းနှင့် ကင်းလွတ် ၏။ အဘယ့်ကြောင့်နည်းဟူမူကား၊ ငါတို့အားပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲ၌ညွှန်းလောင်းတော်မူ၏ (ရောမ ၅း၅)။
ထိုမျှော်လင့်ခြင်းမူကား၊ ကုလားကာအတွင်း၌ချ၍ မြဲမြံခိုင်ခန့်သောစိတ်နှ လုံး၏ကျောက် ဆူးကဲ့သို့ ငါတို့၌ရှိသတည်း။ မေလဓိ ဇေဒက် နည်းတူ ထာဝရယဇ်ပုရောဟိတ်မင်းဖြစ်သောယေရှု သည် ငါတို့အတွက် ထိုအတွင်းအရပ်သို့ ရှေ့ဆောင်၍ဝင်သော သူဖြစ်တော်မူ၏ (ဟေဗြဲ ၆း၁၉-၂၀)။
ကျွန်ုပ်တို့၏ရှေ့တော်ပြေးသခင်ယေရှုသည် ဤကျမ်းချက်၌ “ကုလားကာ အတွင်းအရပ်” ဟူ၍ ဖော်ပြထားသောကောင်းကင်ဘုံသို့ ဝင်ရောက်နှင့်ပြီးဖြစ်ပါသည်။ ကိုယ်တော်သည်ကျွန်ုပ်တို့အတွက် ထိုအတွင်း အရပ်ထဲသို့ဝင်ရောက်တော်မူလျှင်၊ ဤအချက်က ကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏နောက်တော်သို့လိုက်၍ဝင်စားကြမည်ဟု ဆိုလိုခြင်းမဟုတ် ပေဘူးလား။ ။
အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကိုထောက်ခံပြောဆို သောသူတို့က “ထာဝရ” စကားလုံး ကိုအသစ်တစ်ဖန်အဓိပ္ပါယ်ဖွင့်ဆို ရန် ဂရိသဒ္ဒါကိုရှာဖွေကြသည်။ “ယုံကြည်ပါ” (believe) စကားလုံး၏ ပစ္စုပ္ပန်ပြကရိယာ (the present tense of the verb) သည် စဉ်ဆက် မပြတ်လုပ် ဆောင်ခြင်းကိုဆိုလိုပြီး၊ တစ်ကြိမ်တည်းလုပ်ဆောင်ခြင်းမဟုတ် ပါ၊ ဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ သင်သည် ယုံကြည်ပြီး၊ ထိုယုံကြည်ခြင်းကိုထိန်းသိမ်းစောင့်ရှောက်ရမည်။ ယုံကြည် ခြင်းကိုရပ်ဆဲလိုက်ပါက၊ သင်သည်ကယ်တင်ခြင်းမရတော့ပါ၊ ဟုပြော ကြသည်။
ဤသို့ပြောသောသူတို့သည် သဒ္ဒါကိုမှားယွင်းသောနည်းစံနစ်ဖြင့် လေ့လာချက်အပေါ်၌ ၎င်းတို့ ၏ပြော ဆိုချက် ကို အခြေပြုကြသည်။ ကျမ်းချက်များထဲ၌ “ယုံကြည်ပါ” ဟူသောစကားလုံးအတွက် အသုံးပြု ထားသောကြိယာ (believe) အမျိုးအစားသည် စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်းကို ဖော်ပြခြင်းမရှိ ပါ။ ဤကြိယာသည် တစ်ကြိမ် တည်းလုပ်ဆောင်ခြင်းကိုရည်ညွှန်းပါသည်။ ဥပမာ၊ “ကောင်းကင်မှ ဆင်းသက်၍” (ယော၊ ၆း၃၃) သည် သခင်ယေရှု၏လူ့ဇာတိခံယူခြင်းကို ဖတ်ပြခြင်းဖြစ်သည်။ ၎င်းသည် တစ်ကြိမ်တည်းလု ပ်ဆောင်ခြင်းကို ဆိုလိုပြီး၊ ထပ်ခါတလဲလဲလုပ်ဆောင်ခြင်းမျိုးကို မဆိုလိုပါ။ ဤအချိန် ကာလပြပုံသဏ္ဌာန်နှင့် တူညီသောပုံစံကို ဗျာဒိတ် ၁၄၁၃ ၌အသုံး ပြထားပြီး၊ ဤသို့ဖော်ပြထားပါသည် – “သခင်ဘုရား၌သေသောသူ တို့သည် မင်္ဂလာရှိကြ၏ ။ ” ဤ၀ပုက “သခင်ဘု ရား ၌ထပ်ခါ တလဲလဲသေသောသူတို့သည်” ဟူ၍ပြာဆိုခြင်းလုံးဝမဟုတ်ပါ။
ရှင်ယောဟန် ၃း၁၄-၁၅ တွင် သခင်ယေရှုသည်တောထဲ၌ကြေးဝါမြွေ၏ပြယုဂ်ကိုအသုံးပြုခဲ့သည် (တော၊ ၂၁၆-၉)။ ဣသရေလလူ တို့ သည် အဆိပ်ပြင်သောမြွေများ၏ကိုက်ခြင်းကို ခံကြသောအခါ၊ ဘုရားသခင် ကမောရှေအား ကြေးဝါဖြင့် မြွေရုပ်ကိုလုပ်၍ တိုင်ပေါ်မှာ မြောက်ထားရန်စေခိုင်းတော်မူ၏။ မြွေကိုက်ခံ သောသူတိုင်း ထိုကြေးဝါ မြွေကိုအစဉ်အမြဲစိုက်ကြည့်ရန်မလိုပါ။ တစ်ကြိမ်ကြည့်ခြင်း သည်လုံလောက် ပြီး၊ အစဉ်တည်မြဲသောရလာဒ် ရရှိစေပါသည်။ တစ်ချက်ကြည့်ရုံဖြင့် ကိုယ်ခန္ဓာကျန်းမာခြင်းဖြစ်စေသလို သခင်ခရစ် တော်အားတစ်ကြိမ် ယုံ ကြည်ခြင်းဖြင့် ထာဝရကယ်တင်ခြင်းရရှိစေပါသည်။ ၎င်းသည် အပိုဒ်ငယ် ၁၄-၁၅ ပါ သွန်သင်ချက်၏လက်ဆောင်ဖြစ်ပါသည်။ ။
သခင်ယေရှုက ရှမာရိအမျိုးသမီးအား “ငါပေးသောရေကို သောက်သောသူမူကား ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်” ဟု မိန့်တော်မူ၏ (ယော၊ ၄း၁၄)။ သခင်ဘုရားက “သောက်ပါ။ စဉ်ဆက်မပြတ်သောက်ပါ” ဟူ၍ ဆိုလိုပါသလား။ မဆိုလိုပါ။ လူတစ်ဦး သည်အမြဲတမ်းသောက် ရမည်ဆို ပါက၊ သူသည် နောက်တစ်ဖန်ဆာငတ် သောကြောင့်ဖြစ်သည်။ အဓိပ္ပါယ်ကရှင်းပါသည်။ ထာဝရအသက်ရှင် ခြင်းကိုပေးသောရေကို တစ်ကြိမ်သောက်ခြင်းသည် သောက်သုံးသူ၏ ဆာငတ်မှု ကိုထာဝရပြေပျောက် စေပါသည်။ ဤကျမ်းပိုဒ်၌ သောက်ခြင်း သည်ယုံကြည်ခြင်းနှင့် အဓိပ္ပါယ်တူပါသည်။ ယုံကြည်ခြင်းဖြင့်တစ် ကြိမ် လုပ်ဆောင်ချက်က “ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သော စမ်းရေတွင်း” ကိုဖြစ်ပေါ်လာအောင် စွမ်းဆောင်ပေးသည်။
ရှင်ပေါလုက ဖိလိပ္ပံမြို့ရှိထောင်မှူးအား သခင်ယေရှုကိုယုံကြည် လော့ (တ၊ ၁၆၃၁) ဟူ၍ ပြောသောအခါ၊ သူက တိကျသောလုပ်ဆောင် ချက်ကိုမဆိုင်းမတွလုပ်ဆောင်ရန် တောင်းဆိုခြင်းဖြစ်သည်။
အမှန်စင်စစ်၊ ဤပြောဆိုချက်ကို ရှုမှတ်လျက်၊ အကယ်၍ လူတစ်ဦးသည်စစ်မှန်သောဒုတိယမွေးခြင်းခံလျှင် ထိုသူသည်ယုံကြည် ခြင်းကိုရပ်တန့်မည်မဟုတ်ပါ၊ ဟူသောအချက်ကို ကျွန်ုပ်တို့နှလုံးသွင်း ရပေမည်။ သူ၏ခန္ဓာ ပိုင်းဆိုင်ရာအသက်အတွက် အသက်ရှူခြင်းသည် အရေးကြီးသကဲ့သို့ သခင်ခရစ်တော် ကိုယုံကြည် ခြင်းသည် သူ၏ဝိညာဉ် အသက်အတွက်အရေးကြီးပါသည်။ သူသည် မိမိစိတ်ဆန္ဒ၏ လှုံ့ဆော် ချက်တစ်ခု ကြောင့် အသက်ရှူရှိုက်ခြင်းကို အကန့်အသတ်မရှိရပ်တန့်သွားအောင် မလုပ် ဆောင် နိုင်သလို၊ သူသည်ယုံကြည်ခြင်းကိုလည်းရပ်တန့် သွားအောင် မလုပ်ဆောင်နိုင်ပါ။
အကျဉ်းချုပ်ရသော်၊ ဓမ္မသစ်ကျမ်း၏ခိုင်မာသောသက်သေခံ ချက်မှာ၊ ဘုရားသခင်သည် ယေရှုခရစ် တော်ကိုယုံကြည်သောသူတို့ အားထာဝရအသက်ကိုပေးပါသည်။ ဘုရားသခင် ပေးထား သည့်ကတိတော် များထဲ၌ ထာဝရအသက်လက်လွတ်ဆုံးရှုံးနိုင်သည်ဟူ၍ အရိပ်အမြွက် ပြောဆိုထားခြင်းမျိုးတစ်ခုမှမရှိပါ။ ကျမ်းပိုဒ်အချို့တို့သည် အများနှင့် မတူ၊ တမူထူးခြားသည့် ခြွင်းချက်များကိုခွင့်ပြုထားဟန်ရှိနေသည်မှာ မှန်ပါသည်။ သို့သော်လည်း၊ ကျမ်းပိုဒ်အနည်းစုလေးသည် ကျမ်းပိုဒ် အများစုကိုဆန့်ကျင်၍မရနိုင်ပါ။ ထို့အပြင်၊ သမ္မာကျမ်းစာကိုမှန်ကန်စွာ ပိုင်းခြားနားလည်သောအခါ၊ ထိုကျမ်းပိုဒ်အနည်းစုလေးက ယုံကြည်သူသည်
ထာဝရကာလတိုင်လုံခြုံမှုရှိသည်ဟူသောအချက်ပေါ်၌ လုံးဝငြင်းပယ်ခြင်း မပြုကြောင်းတွေ့မြင်ရပါသည်။ ရှေ့စာမျက်နှာများတွင် ဤအကြောင်းကို ရှင်းလင်းပါမည်။
မှတ်ချက်။
၁။ မူရင်းစာ၏ဘာသာပြန်ဆိုချက်မှာ၊ “အာမင်၊ အာမင်” ဖြစ်သည်။ ဤဝေါဟာရသည် ဟေဗြဲစကားဖြစ်ပြီး၊ အဓိပ္ပါယ်မှာ “ထိုအတိုင်းဖြစ် ပါစေ” ဖြစ်ပါသည်။
၂။ထာဝရလုံခြုံမှုကိုယုံကြည်သောသူများနှင့်အခြေအနေပေါ်၌ ဘယ်သောလုံခြုံမှုကိုယုံကြည်သောသူတို့က မိမိတို့၏ယုံကြည်ချက်ကို သက်သေပြရန် ဂရိဘာသာဖြင့်ရေးသားထားသော ဓမ္မသစ်ကျမ်းနှင့်ရှင်းပြ ကြသည်။ သို့သော်လည်း၊ ဂရိသဒ္ဒါက ဤအကြောင်းကိုပြေလည်အောင် မဖြေရှင်းနိုင်ပါ။ အကယ်၍ ပြေလည် အောင်ဖြေရှင်းနိုင်ခဲ့ပါက၊ အဆုံးသတ် နိဂုံးချုပ်ခဲ့သည်မှာ ကြာမြင့်မည်ဖြစ်သည်။ ဂရိဘာသာ ပညာရှင်များကဤအကြောင်းကိုသဘောချင်းမတိုက်ဆိုင်နိုင်သောအခါ အင်္ဂလိပ် ဘာသာဖြင့်ဘာ သာပြန်ထားသော သမ္မာကျမ်းစာအုပ်များကိုအသုံးပြုရာ၌ ကျွန်ုပ်တို့သည်တစ်ပန်းရှုံးကြသည်ဟူ၍ မခံစားသင့်ပါ။
၃။ ရှင်ယောဟန် ၆း၄၇ ၌ တိကျသောနာမ်ရှေ့စကားလုံး (definite article)နှင့်တွဲသုံးထားသော “ယုံကြည်ခြင်း” စကားလုံးသည် အမှန်စင်စစ် ပစ္စုပ္ပန်ကြိယာထက် နာမဝိသေသနဖြစ်ပြီး အဓိပ္ပါယ်မှာ “ယုံကြည်သော” သို့မဟုတ် “ယုံကြည်သောသူ” ဟူ၍ ဖြစ်သည်။ ဤစကားလုံးသည် လူတစ်ဦး၏ဂုဏ်အင်လက္ခဏာကို ဖော်ပြထားခြင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့်၊ ဤနေရာတွင် “ငါ (သခင်ဘုရား) ၌ရှိသောယုံကြည်သူ” ဟူ၍ဆိုရပေမည်။ ဤအချက်က ယုံကြည်သူလုပ်ဆောင်သည့်အချိန်ကာလ ထက် ယုံကြည်သူကိုယ်တိုင်ကို ရည်ညွှန်းခြင်းဖြစ်သည်။
၄။ ယုံကြည်ရန်အမိန့်ပေးထားသောစကားလုံးသည် aorist tense ဖြစ်ပြီး၊ ဤနေရာ၌ တိကျသောလုပ်ဆောင်ချက်တစ်ခုအကြောင်းကို အလေးပေးပြောဆိုထားပါသည်။ စဉ်ဆက်မပြတ်လုပ်ဆောင်ရန် မဆိုလိုပါ။
၅။ သန့်ရှင်းသူများအိမ်တော်သို့ဝင်စားရန်အတွက် ပစ္စုပ္ပန်ကာလ၌ သူတို့အတွက်ဆုတောင်းပေးခြင်းသည် ခရစ်တော်ကြားဝင်ဆုတောင်း ပေးခြင်း၏ကဏ္ဍတစ်ခုဖြစ်သည်။ ပေတရုသည် ကျိန်ဆိုခြင်းကိုပြုလျက်၊ ကိုယ်တော်အားမငြင်းပယ်မှီကိုယ်တော်ကပေတရုအား “သင်၏ယုံကြည် ခြင်းမပျက်စေခြင်းငှာ ငါသည်သင့်အဘို့ဆုတောင်းလေပြီ” ဟု ပြောခြင်း – သည် ကိုယ်တော်၏ကြားဝင်ဆုတောင်းပေးသည့် အမှုတော်ကို ပြသ ပါသည်။ ပေတရု၏ရဲရင့်သောစိတ်နှင့် သူ၏သက်သေခံချက်တို့ သည် ရွှေ့လျော့ဖောက်ပြန်ခဲ့သော်လည်း သူ၏ယုံကြည်ခြင်းသည်ရွေ့ ဖောက်ပြန် သွားခြင်းမရှိခဲ့ပါ။ အဘယ့်ကြောင့် ဆိုသော်၊ ခရစ်တော်က ပေတရု၌ရှိသောယုံကြည်ခြင်းကို တည်တံ့မြဲမြံစေသောကြောင့်ဖြစ်ပါသည်။
စွမ်းရည်လား သို့မဟုတ် လုပ်ဆောင်ချက်လား Ability or Performance?
ဘုရားသခင်သည် ကျွန်ုပ်တို့ကိုကယ်တင်နိုင်စွမ်းရှိကြောင်းနှင့် အဆုံးတိုင်အောင်ထိန်း သိမ်းစောင့်ရှောက် နိုင်စွမ်းရှိကြောင်း အာမခံ ပေးထားသည့် အံ့ဩဘွယ်ရာကျမ်းပိုဒ်အများအပြားရှိပါသည်။ သို့သော် လည်း ကယ်တင်ခြင်းကိုအစမ်းသဘောအနေဖြင့်ပေးထားခြင်းဖြစ်သည် ဟူ၍ ယုံကြည်သောသူတို့က ဘုရားသခင် သည်တစ်စုံတစ်ရာကိုလုပ်နိုင် စွမ်းရှိသော်လည်း လုပ်ပေးမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ စုံစမ်း နှောင့်ယှက် ခြင်းခံသောသူတို့ကို ဘုရားသခင်ကကူညီနိုင်စွမ်းရှိသော်လည်း (ဟေဗြဲ ၂၁၈) ကူညီမစလိမ့်မည်ဟု အာမခံပေး မထားပါ။ ကိုယ်တော် သည်ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌နှိမ့်ချနိုင်တော်မူသည် (ဖိ ၃း၂၁) ဟူသောအချက်က ယင်းကဲ့သို့အမြဲတစေဖြစ်လာလိမ့်မည် ဟူ၍ဆိုလိုခြင်းမဟုတ်ပါ၊ စသည်ဖြင့်ပြောကြကာ၊ ဘုရားသခင်၏ ကယ်တင်နိုင်စွမ်းနှင့်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း၏ တန်ဖိုးကို ထိုသူတို့က လုယူဖျက်ဆီးပစ်ကြသည်။
စိတ်ပူစရာမလိုပါ။ အဘယ့်ကြောင့်ဆိုသော်၊ ကယ်တင်ရန် သို့မဟုတ် ထာဝစဉ်ကာကွယ်ထိန်းသိမ်းရန် စွမ်းဆောင်နိုင်သည့် ကိုယ်တော်ဘုရား၏စွမ်းရည်အကြောင်းကို ပြောဆိုသည့်ကျမ်းချက် များရှိသလို၊ ဧကန်မုချဆောင်ရွက်ခြင်းကိုဖြစ်ပေါ်စေသည့် အခြား ကျမ်းချက်များလည်းရှိသောကြောင့်ဖြစ်သည်။
၂ တိ၊ ၁း၁၂ တွင် ရှင်ပေါလုက ယုံကြည်သူ သခင်ဘုရားအပ်
သောအရာ (ယုံကြည်ခြင်း) ကို ထိုနေ့ရက်တိုင်အောင် သခင်ဘုရားက ကာကွယ်စောင့်ထိန်းနိုင်တော်မူသည်ဟု သူ၏ခိုင်မာသောယုံကြည်ချက်ကို ဖော်ပြထားသည်။ ကိုယ်တော်သည်တတ်စွမ်းနိုင်သော်လည်း လုပ်ဆောင် ပေးပါမည်နည်း။ ဧကန်မုချလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း တမန်တော် ကြီး၌သံသယမရှိခဲ့ပါ။ တမန်တော် က “ထိုမျှမက၊ သခင်ဘုရားသည် မကောင်းသောအမှုရှိသမျှတို့မှ ငါ့ကိုကယ်နှတ်၍၊ မိမိကောင်းကင်နိုင်ငံ တော်သို့တိုင်အောင် မစပို့ဆောင်တော်မူလိမ့်မည်” ဟု ဆို၏ (၂ တိ၊ ၄၁၈)။
ဟေဗြဲသြဝါဒစာရေးသားသူက ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဤသို့ ဆိုပါသည် – “ထို့ကြောင့် အကြင်သူသည် ယေရှုအားဖြင့်ဘုရားသခင့် အထံတော်သို့ချဉ်းကပ်ကြ၏။ ထိုသူ၏အမှုကို ကိုယ်တော်သည်စောင့် လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့် သူတို့ကို အစဉ်ကယ်တင် ခြင်းငှာ တတ်နိုင်တော်မူ၏” (ဟေဗြဲ ၇း၂၅)။ ကိုယ်တော်၏စွမ်းရည်သည် ပြီးမြောက်အောင်မြင်ခြင်းကိုစွမ်းဆောင်ပေးမည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ အတွက်ကြားဝင်လျှောက်လဲပေးသော ကိုယ်တော်၏လက်ရှိအမှုတော်က အာမခံပေးပါသည်။ သို့သော် လည်း၊ အကယ်၍ ဤအချက်နှင့်မလုံလောက် သေးပါဟုဆိုလျှင်၊ ဘုရားသခင်၏နှုတ်ကပတ်တော်က ထပ်မံ၍ ကတိစကား ပေးထားပါသည်။ “သင် တို့တွင်ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည် ယေရှုခရစ်၏နေ့ရက်တိုင်အောင်ပြီးစီးလျက် ပြုတော်မူ မည်ဟု ငါသဘောကျ၏ “ဖိ ၁း၆)။
ကိုယ်တော်၏ကောင်းမြတ်ခြင်းဖြင့်အစပြုသောအမှု သူ၏ခွန်အားရှိသောလက်တော်က ပြီးစီးစေမည်။ ကိုယ်တော်၏ကတိတော်ကား ဟုတ်မှန်၍စုံလင်ပေ၏။ ဘယ်သောအခါမှ လက်လွတ်ဆုံးရှုံးခဲ့ဖူးခြင်းမရှိပါ။ လာလတံ့သောအရာများ၊ ယခုမျက်မှောက်အရာများ အထက်အရာများ သို့မဟုတ် အောက်အရာများ ဘယ်အရာကမျှ ကိုယ်တော့်ရည်ရွယ်ချက် လက်လွတ်မဆုံးရှုံးစေနိုင်ပါ။ ကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော့်မေတ္တာနှင့် ကွဲကွာအောင်မလုပ်ဆောင်နိုင်ကြ။
Augustus M. Toplady
အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကို ယုံကြည်သော သူတို့က ရှင်ယောဟန် ၆း၃၉-၄၀ ကဲ့သို့သောကျမ်းချက်များနှင့်စပ်လျဉ်း ၍ တူညီသောငြင်းခုံမှုပြုကြသည်။
ငါ့ကို စေလွတ်တော်မူသော ခမည်းတော်၏အလိုတော်ကား ငါ့အားပေးတော်မူသော သူတို့ တွင် တစ်စုံ တစ်ယောက်ကိုမျှ ငါမပျောက်စေရပဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက် စေခြင်းငှာ၎င်း၊ သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာ၎င်း၊ အလိုတော် ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ ကိုထမြောက်စေတော်မူမည်ဟု မိန့်တော်မူ၏။
ထိုသူတို့က “အို၊ မှန်ပါတယ်။ ဘုရားသခင်ရဲ့ အလိုတော်ဟာ သားတော်အားအပ်ပေးတော်မူသော သူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ မပျောက်စေရေးပင်ဖြစ်ပါတယ်။ ဒါပေမဲ့၊ ဒီကျမ်းချက်က လူသားအား လုံးကယ်တင် ခြင်းရကြမယ်လို့ မဆိုလိုပါဘူး။ ဘုရားသခင်ကဘယ်သူမှ မပျက်စီးစေချင်ပေမဲ့ (၂ပေ၊ ၃း၉) လူအမြောက် အများပျက်စီးဆုံးရှုံး နေကြတာ ငါတို့အသိပဲ၊” ဟုဆိုကြသည်။
ဤသို့ပြောဆိုခြင်းသည် နည်းလမ်းမကျပါ။ ဘုရားသခင်၏ အလိုတော်ကား သားတော်၌အပ်ပေး တော်မူသောသူတို့ တွင် တစ်စုံ တစ်ယောက်ကိုမျှမပျောက်စေပဲ၊ သခင်ယေရှုသည်နောက်ဆုံးသောနေ့၌ ထိုသူအားလုံးကိုထမြောက်စေရန်ဖြစ်ပါသည်။
– သားတော်သည်ခမည်းတော်နှစ်သက်တော်မူသောအမှုကို အစဉ် အမြဲပြုတော်မူ၏ (ယော၊ ၈း၂၉)။ ခမည်း တော်ကသားတော်အားသမျှတို့သည် အောင်မြင်ပြီးမြောက်မည်ဖြစ်သည်။ ဤသည် ခမည်း တော်က သားတော်အားပေးထားသောသူတို့တွင် တစ်စုံ တစ်ယောက်မ မပျောက်ဆုံးပါဟု ဆိုလိုခြင်း ဖြစ်သည်။ ထိုသူအားလုံးတို့သည် ကိုယ်တော်အားယုံကြည်ကြကာ၊ နောက်ဆုံးသော နေ့၌ထမြောက်ကြ၍ ကိုယ်တော်ကို ဖူးတွေ့ကြလိမ့်မည်။
ကျွန်ုပ်တို့၏ဘုရားသခင်နှင့်ကယ်တင်ရှင်သည် ကျွန်ုပ်တို့ကိုထိမိ၍ လဲခြင်းနှင့်ကင်းလွတ်စေရန် စောင့်ရှောက်နိုင်စွမ်းရှိသလို၊ အလွန်တရာ ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံလျက်ရှိသော ဘုန်းအသရေတော် ရှေ့၌ဆက်သ ခြင်းငှာ တတ်စွမ်းတော်မူ၏ (ယုဒ ၁း၂၄)။ သို့သော်လည်း၊ ကိုယ်တော်သည် ထိုသို့လုပ် ဆောင်လိမ့်မည်ဟု ဆိုလိုပါသလား။ သင်တို့သည် ငါတို့သခင် ယေရှု၏နေ့ရက်၌ အပြစ်တင်စရာ အခွင့်နှင့်ကင်းလွတ်မည်အကြောင်း၊ သခင်ယေရှုကသင်တို့ကိုအဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည် (၁ ကော၊ ၁း၈) ဟူသောအာမခံချက်ကိုပေးလျက် ရှင်ပေါလုကယုံကြည်သူ ကျွန်ုပ်တို့၏စိတ်နှလုံးကိုငြိမ်သက်စေပါသည်။
ဘုန်းတန်ခိုးနှင့် ပြည့် စုံသောကျွန်ုပ်တို့၏သခင်ဘုရားသည် ကာကွယ်စောင့်ရှောက်နိုင်စွမ်းနှင့် စုံစမ်းနှောင့်ယှက်ခြင်းခံရသူတို့ကိုကူညီ မစနိုင်စွမ်းရှိပါသည်။ ဤအမှုကိစ္စအားလုံးတွင် ကိုယ်တော်၏စွမ်းရည်သည် သူ၏လုပ်ဆောင်ချက်နှင့်ထပ်တူညီတူဖြစ်ပါသည်။ ကိုယ်တော်သည် ကတိတော်ပေးစွမ်းနိုင်ပြီး၊ ထိုပေးထားသောကတိတော်၌ ပေးသည့်ကတိ ပြည့်စုံအောင်လုပ်ဆောင်ပေးမည်ဟူသောကတိလည်း ပါဝင်ပါသည်။
စိတ်ချခြင်းလား သို့မဟုတ် မသေချာခြင်းလား Assurance or Uncertainty?
ဓမ္မသစ်ကျမ်းပါကျမ်းပိုဒ်အများစုက အမှန်တကယ်ဒုတိယမွေးခြင်း ခံသောသူတို့သည် နောက်ဆုံး၌ ကောင်းကင် ဘုံ သို့ရောက်ကြမည်ဟု စိတ်ချမှုအပြည့် အဝပေးပါသည်။ သမ္မာကျမ်းစာ၏ရှင်းလင်းသော ရည်ရွယ်ချက်မှာ၊ ဘုရားသခင်၏သားသမီးတို့သည် ခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့် ကယ်တင်ခြင်း လက်ဆောင်ကို တစ်ကြိမ်လက်ခံရရှိကြကာ၊ ခမည်းတော်ဘုရား၏ အိမ်တော်သို့ရော က်ကြမည်အကြောင်း လုံးဝစိတ်ချ မှုကိုပေးရန်ဖြစ်သည်။
ယေရှုခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်နှင့်သခင်အဖြစ်ယုံကြည် သူတိုင်းသည်ကယ်တင်ခြင်းသို့ရောက်၍၊ ဒုတိယမွေးဖွားခြင်းခံကြကာ။ဖြောင့်မတ်ရာသို့ရောက်ပြီး၊ ဘုရားသခင်နှင့်ပြန်လည်ရန်ငြိမ်းခြင်းအခွင့် ရကြသည်ကို မမှားနိုင်သည့်ကတိတော်အများအပြားရှိပါသည်။ ။
ယုံကြည်သူတို့၏အနာဂတ်အရေးနှင့်စပ်လျဉ်း၍ သေချာသော အကြောင်းအရာကို သခင်ယေရှုနှင့် တမန်တော်တို့ပြောခဲ့သည့်ကျမ်းပိုဒ် အများအပြားရှိပါသည်။ ဥပမာ- ပျောက်သောသိုးပုံဥပမာတွင် ကယ်တင် ရှင်က “ဘုရားသခင်၏ကောင်းကင်တမန်တို့ သည် နောင်တရသော လူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်း ရှိကြသည် ” ဟု မိန့်တော်မူ၏ (လု၊ ၁၅း၁၀)။ အပြစ်သားတစ်ယောက်နောင်တရလျှင်ရချင်း ကောင်းကင် ဘုံသည် ဝမ်းမြောက်ခြင်းအသံဖြင့်ပြည့်နေသည်။
ထိုဝမ်းမြောက်ခြင်းပွဲကိုကယ်တင်ခြင်းရသူ၏ အသက်တာအတိုင်းအတာတစ်ခုအထိပြည့်စုံခြင်းရှိကြောင်း ကောင်းကင်တမန်များကတွေ့ သည့်နေ့၌သာကျင်းပရန် မရွှေ့ဆိုင်းပါ။ အကယ်၍၊ ကယ်တင်ခြင်းရသူ၏ ထာဝရအသက်သည်သူလုပ်ဆောင်ရမည့် အရာပေါ်၌မှီတည်နေပါက ကောင်းကင်တမန်များ ၏ဝမ်းမြောက်ခြင်းသည် အချိန်စောလွန်းနေပေမည်။
အခြားတစ်နေရာ၌ ကယ်တင်ရှင်ကတပည့်တော်တို့အား “ငါ သည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍၊ ငါရှိ ရာ အရပ်၌သင်တို့ ရှိစေခြင်းငှာ သင်တို့ ကို ထံသို့ သိမ်းဆည်း မည်” ဟုဆိုလျက်၊ ခမည်းတော်၏အိမ်တော်၌ တပည့်တော်တို့သည် ကိုယ်တော်နှင့်အတူရှိရပါမည့်ကြောင်း အာမခံထားသည် (ယော၊ ၁၄း၃)။ ကိုယ်တော်က “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်”(ယော၊ ၁၄း၁၉) ဟု မိန့်တော်မူသည်။ ဤသည် ယုံကြည်သူတို့၏အနာဂတ် ကာလ၌ရရှိခံစားမည့်ကောင်းကြီးချမ်းသာနှင့် ပတ် သက်သောရှင်းလင်းသည့် ကတိတော်တစ်ခု ဖြစ်ပါသည်။ ဤကောင်းကြီးပြည့်စုံ ရန်အတွက် ဤကတိတော်တို့ သည်အခြေအနေ ပေါ်၌မူတည်ခြင်းမရှိပါ။
သူတစ်ပါးသည်ကိုသိသကဲ့သို့ ငါသိရလိမ့်မည်ဟုဆိုလျက် သူ၏ထာဝရအိမ်တော်တည်းဟူသော ကောင်းကင်ဘုံ နှင့် စပ်လျဉ်း၍ ရှင်ပေါလု၏စိတ်ထဲ၌မည်သည့် သံသယမျှမရှိခဲ့ပါ (၁ကော၊ ၁၃း၁၂)။ မိမိနှင့်တကွကောရိန္ဒူမြို့ရှိယုံကြည်သူအားလုံးတို့သည် ပြောင်းလဲခြင်းသို့ ရောက်ကြမှာဖြစ်ကြောင်း၊ ဆိုလိုသည်မှာ မလုပ်နိုင်သည့်ဘုန်းအသရေနှင့် ပြည့်စုံသောကိုယ်ခန္ဓာကို လက်ခံရရှိကြမှာဖြစ်ကြောင်း ရှင်ပေါလုသိမြင်ခဲ့သည်။ ( ၁ကော၊ ၁၅း၅၁)။ ရွေးနုတ်ခြင်းခံရသူအားလုံးအတွက်ပြောဆိုရာ၌ ရှင်ပေါလုက ” ယာယီ တဲ ဖြစ်သောငါတို့ မြေ အိမ် သည် ပျက် လျှင်ကောင်းကင်ဘုံ၌လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတို့သိကြ၏’ ဟုဆို၏ (၂ကော၊ ၅း၁)။ အခြေ အနေတစ် ခုမျှတွဲဖက်ပါဝင်ခြင်းမရှိပဲ၊ အကြွင်းမဲ့ စိတ်ချရသည့် အကြောင်းကိုဖော်ပြရာ၌ ရှင်ပေါလုက ယုံကြည်သူ တို့သည်ကိုယ်ခန္ဓာနှင့် ကွာဝေးသွားလျှင် သခင်ဘုရားထံတော်ပါး၌အမြဲနေထိုင်ရန် ရောက် သွားကြမည် ဟုဆိုပါသည် (၂ကော၊ ၅း၈)။ ဤကျမ်းပိုဒ်များ၌ပါရှိသောစိတ်ချမှုများတွင် မည်သည့်ကန့်သတ်ချက် မျှပေါင်းထည့်မထားပါ။
အဘ၏မယားကို သိမ်းယူ၍ မတရားသောမေထုန်၌မှီဝဲသော ကောရိန္ဒုမြို့ရှိယုံကြည်သူတစ်ဦးသည် ပစ္စုပ္ပန်အချိန်တွင်ကိုယ်ခန္ဓာဆိုင် ရာဆုံးမခြင်းကို ခံစားရမှာဖြစ်သော်လည်း ထိုသူ၏စိတ်ဝိညာဉ်သည် “ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ရောက်မည်ဖြစ်ကြောင်း” ရှင်ပေါလုက သူ၏ယုံကြည်စိတ်ချမှုကို ဖော်ပြခဲ့သည် (၁ကော၊ ၅း၅)။
ဖိလိပ္ပံမြို့ရှိယုံကြည်သူများထံသို့ရေးသားရာတွင် ရှင်ပေါလုက သူ့အဘို့သေလျှင်မူကား သာ၍အကျိုးရှိ၏ (ဖိ၊ ၁း၂၁) ဟုဆို၏။ ဤပြောဆိုချက်က သူ၏သစ္စာရှိရှိလုပ်ဆောင်နိုင်မှုအပေါ်၌မူတည်နေ သည်ဟူသော အရိပ်အမြွက်မျှဖော်ပြထားခြင်းမရှိပါ။ ရှင်ပေါလုက သခင်ယေရှုသည် ၎င်းတို့၏ယုတ်ညံ့သော ကိုယ်ခန္ဓာ များကိုပင်လျှင် ဘုန်းအသရေနှင့်ပြည့်စုံသောသူ၏ ကိုယ်ခန္ဓာတော်နည်းတူဖြစ်စေခြင်း ငှာ အသစခပြောင်း လဲပေးမည်ဟု ဖိလိပ္ပံမြို့ရှိယုံကြည်သူတို့ကိုအား တက်ဝမ်းမြောက်စေခဲ့သည် (ဖိ၊ ၃း၂၁)။ ရှင်ပေါလုက သင်တို့သည် အဆုံးတိုင်အောင်တည်ကြည်နိုင်ကြလျှင် ဟူသောစကားကိုထည့်သွင်း ပြောဆိုခြင်းမရှိပါ။
အကယ်၍ ကောလောသဲမြို့ရှိယုံကြည်သူတို့သည် သူတို့၏ ကယ်တင်ခြင်းသေချာအောင်သခင်ဘုရား၏ ပညတ်တော်တို့ကို အမြဲ နာခံလိုက်လျှောက်ရမည်ဟုဆိုပါက၊ သူတို့ သည်သခင်ခရစ်တော်နှင့် အတူ ဘုန်းကြီး၍ထင်ရှားလတံ့ (ကော၊ ၃း၄) ဟူသော ကတိစကားကို ရှင်ပေါလုက အဘယ်ကြောင့်ပေး နိုင်ပါသနည်း။ ယုံကြည်သူတို့ သည် သခင်ခရစ်တော်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြမည်ကို ရှင်ပေါလုက အဘယ်သို့သိခဲ့သနည်း။
ရှင်ပေါလုသည်ထာဝရလုံခြုံမှုကိုယုံကြည်ကြောင်း ထင်ရှားပါ သည်။ သူသည်ကောင်းကင်ဘုံ၌ရှိ ရန်မျှော်လင့်ခဲ့သလို သက်သာလော နတ်မြို့ရှိယုံကြည်သူများလည်း ထိုအရပ်၌ရှိဘို့ မျှော်လင့်ခဲ့ပါသည်။ အကြောင်းမှာ၊ သူသည် သက်သာလောနိတ်မြို့ရှိယုံကြည်သူတို့အားတို့မျှော်လင့်ခြင်း အကြောင်း၊ ဝမ်းမြောက်ခြင်းအကြောင်း၊ ဝါကြွား ခြင်း၏ဦးရစ်သရဖူကား အဘယ်သို့သောအကြောင်းအရာနည်း။ ငါတို့
သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ ရှေ့တော်၌ သင်တို့သည် ထိုသို့သောအကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော” (၁သက်၊ ၂း၁၉) ဟုပြောဆိုထား၍ဖြစ်၏။ ရှင်ပေါလုက ငါနှင့်သင်တို့သည် ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်းထားရမည်ဟု မပြောပါ။ အဘယ့်ကြောင့်ဆိုသော်၊ ထိုယုံကြည် သူတို့သည် သူတို့၏ယုံ ကြည်ခြင်းကိုမြဲမြံစေမည်ဖြစ်ကြောင်း ရှင်ပေါလုကသိမြင် ထားသောကြောင့် ဖြစ်သည်။ အသင်းတော်အချို့ အလို့ငှာ၊ သခင်ခရစ်တော်ကြွလာမည့် အနာဂတ် ကာလကိုရှုမျှော်လျက် ရှင်ပေါလုက “ထိုသူတို့နှင့်တကွ မိုယ်တိမ်ပေါ်သို့ချီဆောင်ခြင်းကိုခံရသောအားဖြင့် သခင်ဘုရားနှင့်အတူအစဉ်မပြတ်နေရကြလိမ့်မည်”ဟု ဆို၏ (၁သက်၊ ၄း၁၇ခ)။ သခင်ယေရှုသည် တန်ခိုးရှိသောကောင်းကင် တမန်တို့နှင့်အတူ ကောင်းကင်ဘုံမှ ပေါ်ထွန်းတော်မူသောအခါ အခြေအနေ ပေါ်၌မူတည်ခြင်းမရှိသောကယ်တင်ခြင်းကို ယုံကြည်သည့်သန့်ရှင်း သူကို ရှင်ပေါလုက ၂ သက်၊ ၁း၇ တွင် တစ်ဖန်အာမခံပါသည်။
သူ့ဘဝ၏နောက်ဆုံးနေဝင်ချိန်သို့ရောက်လာ၍ သူ့အဘို့ရွေ့ လျော့ ဖောက်ပြန်မှုကိုကြုံတွေ့နိုင် ချေရှိနေ စဉ်မှာပင် ရှင်ပေါလုက “ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင် အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူ ငါ့အဘို့ သို ထားလျက် ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူ တည်း ဟူသောသခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေး တော်မူမည်” ဟုဆို၏ (၂တိ၊ ၄း၇၆-၈)။ ရှင်ပေါလုသည်သည် မိမိ၏အစွမ်းသတ္တိကိုမကိုးစားပဲ၊ သခင်ဘုရားသည်မကောင်းမှုရှိသမျှတို့မှ သူ့ကိုကယ်နုတ်၍ ကောင်းကင် နိုင်ငံတော်သို့တိုင်အောင် ပို့ဆောင်တော် မူမည်ဖြစ်ကြောင်း ကောင်းစွာ သိမြင်ထားသည် (၂တိ၊ ၄း၁၈)။ ပေတရုကလည်း ထာဝရလုံ ခြုံမှုကို ယုံကြည်သည်။ သခင်ယေရှုပေါ်ထွန်းတော်မူသောအခါ သူ၏စာဖတ် ပရိသတ် ယုံကြည်သူများဆီသို့ ရောက်ရှိလာမည့် ကျေးဇူးတော်အကြောင်းကို ပေတရုကရေးသားခဲ့သည် (၁ပေ၊ ၁း၁၃)။ “အကယ်၍” ဟူသောစကား လုံး သည် ဝါကျ)မည်သည့်အပိုင်း၌မျှ မရှိပါ။ သခင်ခရစ်တော် ၏ဘုန်းတော် ပေါ်ထွန်းလာသောအခါ၊ ဆင်းရဲဒုက္ခခံနေသော ယုံကြည်သူတို့သည် အလွန်မြောက်ရွှင် လန်းကြမည်ဖြစ် ကြောင်း ပေတရုသိမြင်ထား
သည် (၁ပေ၊ ၄း၁၃)။ အကယ်၍၊ ထိုယုံကြည်သူတို့၏နောက်ဆုံးကယ်တင် ခြင်းသည် တစ်နည်းနည်းဖြင့် မိမိတို့၏ကြိုးပမ်းလုပ်ဆောင်မှုများအပေါ် ၌တည်နေပါက၊ ပေတရုသည် ယုံကြည်သူများဝမ်းမြောက် ရွှင်လန်းမည့် အကြောင်းကို အဘယ်သို့သိနိုင်သနည်း။ ပေတရုနှင့်သူ၏စာ ဖတ်ပရိသတ် ယုံကြည်သူတို့သည် ဖြောင့်မတ်ခြင်းတရားတည်နေရာကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုမျှော် လင့်ခဲ့ကြသည် (၂ပေ၊ ၃၁၃)။ အကယ်၍၊ သူသည် အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကို ယုံကြည်ခဲ့ပါက၊ ဤ မျှော်လင့်ခြင်း အကြောင်းကိုပြောနိုင်မည်မဟုတ်ပါ။
နောက်ဆုံးအနေဖြင့်၊ တမန်တော်ရှင်ယောဟန်က သူ၏စာဖတ် ပရိသတ်ယုံကြည်သူများထံသို့ စကားဖြင့် မဖော်ပြနိုင်သောစိတ်ချမှု အကြောင်းကိုရေးသားသည်။ “… ကိုယ်တော် သည်ထင်ရှားပေါ် ထွန်းတော် မူသောအခါ၊ ငါတို့သည်ကိုယ်တော်နှင့်တူကြလတံ့ဟု ငါတို့ သိကြ၏” (၁ယော၊ ၃၂ခ)။ ၎င်းသည် ဘုရားသခင်၏သားသမီးတစ်ဦး စီတိုင်းအတွက် အကြွင်းမဲ့သောသောအရာဖြစ်ပါသည်။ ။
ခေတ်ကာလတစ်လျှောက်လုံး၌ ဘုရားသခင်၏လူတို့ သည် မိမိတို့၏ကောင်းကင်ဘုံဆိုင်ရာစိတ်ချမှုကို မိမိတို့၏ကြိုတင်မခန့်မှန်းနိုင်သောအရာများနှင့် သံသယရှိစရာကောင်းသောလုပ်ဆောင်ချက်များ အပေါ်၌မှီခိုအားထားခြင်းမရှိပဲ၊ သခင်ခရစ်တော်၏လုပ်ဆောင်မှုတစ်ခု တည်းပေါ်၌ အမှီပြုခဲ့ကြသည်မှာ အံ့သြစရာမဟုတ်ပါ။ သူ
ကယ်တင်ခြင်းသည် မည်သည့် ကုသိုလ်ကောင်းမှုကြောင့်မျှ မဟုတ်ပဲ၊ ယုံကြည်သောအားဖြင့်ကျေးဇူးတော် ကြောင့်သာလျှင် လူတစ်ဦး သည်ထာဝရလုံခြုံမှုကိုရရှိပါသည်။ သင်သည် ယုံကြည်သူတစ်ယောက် ကယ်တင်ခြင်း စိတ်ချမှုအမှန်တကယ်ရရှိနိုင်ရန် ကောင်းသောအကျင့် ပေါင်းထည့်ပေးပါက ထိုယုံကြည် သူသည် ကယ်တင်ခြင်းစိတ်ချမှုရရှိရန် မဖြစ်နိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုယုံကြည်သူသည် ထိုလိုအပ် သည့်ကောင်းသောအကျင့်များကို မှန်မှန်ကန်ကန်ဖြည့်ဆည်းလုပ်ဆောင် နိုင်မည်ဟု သင်မပြောနိုင်သောကြောင့်ဖြစ်ပါသည်။
အယူဖောက်ပြန်သူများလား သို့မဟုတ် ရွေ့လျော့ဖောက်ပြန်သူများလား
အပိုင်း ၁
Apostates or Backsliders?
အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကိုယုံကြည်သောသူ တို့က ၎င်းတို့၏ခံယူချက်များနှင့်ပတ်သက်၍ အဓိကအားဖြင့်ဟေဗြဲသြဝါဒစာ ကိုအခြေပြုကြသည်။ ၎င်းတို့ကိုးကားသောကျမ်းတစ်ပိုဒ်ချင်းစီကိုလေ့လာ ဆန်းစစ်ခြင်းမပြုမှီ၊ ထိုဩဝါဒစာကိုခြုံငုံ၍လေ့လာကြပါစို့။
အသင်းတော်၏ကနဦးနေ့ရက်များ၌ ဧဝံဂေလိသတင်းသည် ရှေ့ဦးစွာဂျူးလူမျိုး များဆီသို့ရောက် ရှိလေ သည်။ များစွာသောဂျူးတို့သည် ခရစ်ယာန်ယုံကြည်ချက်ဖြင့်စစ်မှန်စွာ ပြောင်းလဲခဲ့ကြသည်။ အခြားသော သူတို့သည်ဧဝံဂေလိတရား၏ဆွဲဆောင်မှုကိုခံရကာ၊ နာမည်ခံခရစ်ယာန်များ ဖြစ်လာကြသည်။ ထိုသူတို့ထဲမှ အချို့တို့သည်ဗတ္တိဇံမင်္ဂလာကိုခံယူကြကာ၊ ခရစ်ယာန်အသင်းတော်တစ်ပါးတွင် သင်းဝင်သူများဖြစ်လာ ကြသည်။ ဤသို့အားဖြင့်၊ ခရစ်ယာန်အသိုင်းအဝိုင်းတွင် သူတို့သည်မည်သူမည်ဝါ ဖြစ်ကြောင်း ကိုယ့်ကိုကိုယ် သက်သေပြခဲ့ကြသည်။ ဂျူးများအတွက် ခရစ်ယာန်တစ်ဦးဖြစ်သွားခြင်းသည် သစ္စာဖောက်ခြင်းတစ်မျိုးဖြစ်သည်။
ခရစ်ယာန်ဖြစ်ကြောင်းဝန်ခံသူများကိုအခြားဘာသာသို့ ကူး ပြောင်းသည့်သစ္စာဖောက်များနှင့် မိမိအယူ အဆကိုစွန့်လွတ်ပြောင်းလဲ သည့်ခြံခုန်သူများပမာ မှတ်ယူကာ၊ ထိုသူတို့ကိုလူအများရှေ့၌ ပြစ်တင် ရုတ် ချကြသည်။ ထိုသူတို့သည် သာသနာမှဝိုင်းပယ်ခြင်း၊ ဝိုင်းကြည့်ခြင်း၊ လူ့အဖွဲ့အစည်းမှပယ်ချခြင်း၊ အမွေ ဖြတ်ခြင်းစသည် များအပြင်၊ ကိုယ်ခန္ဓာဆိုင်ရာမတော်မတရားပြုမူခြင်းကိုပင်ခံကြရသည်။ ထိုသူတို့ ၏ဘာသာရေးခေါင်းဆောင်များ၊ မိသားစုဝင်များနှင့် မိတ်ဆွေသင်္ဂဟ များက ထိုသူတို့အားယုဒဘာသာရေးထုံးတမ်းစဉ်လာများဆီသို့ လှည့်ပြန်လာ ကြရန် ဖိအားပေးကြသည်။ မသေချာသည့်အရာကိုရှာဖွေနေကြသည့် ထိုခရစ်ယာန်တို့အား ၎င်းတို့ စွန့်လွှတ်ခဲ့ကြ သည့် အရာများကိုပြန်လည် သတိရစေရန် ၎င်းတို့၏မိတ်ဆွေများက ပြန်လည်သတိပေးကြသည်။
– ဓမ္မဟောင်းပရောဖက်များ၏ဘုန်းအသရေများ၊
– နိုင်ငံ၏ရာဇဝင်သမိုင်း၌ ကောင်းကင်တမန်တို့၏အမှုတော်လုပ်ငန်း
– မောရှေနှင့်ယောရှုတို့၏ခေါင်းဆောင်မှု ၊
– အာရုံ၏ယဇ်ပုရောဟိတ်အရာနှင့်ပူဇော်သက္ကာစနစ်
ရွေးချယ်စရာအရာက ရှင်းလင်းနေပါသည်။ သခင်ခရစ်တော်ထံ အကြွင်းမဲ့ဆက်ကပ်အပ်နှံကာ၊ မိမိ၏အရှင်သခင်နှင့်ကယ်တင်ရှင်အဖြစ် ရွေးချယ်နိုင်သည်၊ သို့မဟုတ် မိမိစိတ်ဆန္ဒအရ ကိုယ်တော်ကိုစွန့်ပယ်ဘို့ ရွေးချယ်နိုင်ပါသည်။ ယုံကြည်ခြင်းကိုတဖြည်းဖြည်းချင်းစွန့်ခွါခြင်းသည် အယူဖောက်ပြန်သောအပြစ်ကျူးလွန်ခြင်းဖြစ်ပြီး၊ ယင်းကဲ့သို့ဆောင်ရွက်မှု အတွက် နောင်တရခွင့်လည်းမရှိတော့ချေ။
အထက်ဖော်ပြပါအချက်တို့သည် ဟေဗြဲသြဝါဒစာရေးသားသော သူ၏ ရင်ဆိုင်ကြုံတွေ့ နေရသောအခြေအ နေဖြစ်သည်။ ဤအခြေအနေ၌ စာရေးသူက စစ်မှန်သောယုံကြည်သူတို့အား ယုံကြည်ခြင်းနှင့်သည်းခံ ခြင်းရှိသောအ သက်တာနှင့်အသက်ရှင်ကြဘို့တိုက်တွန်းထားသည်။ သို့သော် လည်း ဟေဗြဲသြဝါဒစာ၏ ကျမ်းပိုဒ်အများစု၌ စာရေးသူက အယူစွန့်ပယ် သူသည် အပြစ်ကိုဆန့်ကျင်သော ခြံစည်းရိုးအပေါ်၌ခွနင်း နေသည်ဂျူးလူ မျိုးများကို သတိပေးထားပါသည်။ သူက သခင်ခရစ်တော်သည် ယုဒ ဘာသာဓလေ့ထုံးစံတွင် ရှိသာပုံ ဥပမာများနှင့် အရိပ်အားလုံးတို့ ၏ ပြီးပြည့်စုံသောအကောင် အထည်ဖြစ်ကြောင်း ပြသထားသည်။
အယူ ဖောက်ပြန် သူ (Apostate) ဟူသောစကားလုံးသည် ဂရိဘာသာမှဆင်းသက်လာပြီး၊ အနက်အဓိပ္ပါယ်မှာ “နောက်ဆုတ်၍ ရပ်တည်သူ၊ သို့မဟုတ် အယူဖောက်ပြန်သူ” ဟူ၍ဖြစ်၏။ ပထမဦးစွာ ဤစကားလုံးက ခရစ်ယာန်ဖြစ်ပါသည်ဟုဝန်ခံသော်လည်း ယုံကြည်ခြင်း ပါလျက် တိကျသောလုပ်ဆောင်မှုတစ်ရပ်ဖြင့် သခင်ခရစ်တော်ကို ဘယ်အချိန်ကမယုံကြည်လက်ခံခြင်းမရှိခဲ့ဘူးသောသူကို သရုပ်ဖော် ထားခြင်းဖြစ် သည်။ တမန်တော် ရှင်ယောဟန်က “ထို သူတို့ သည် ငါ့ထံမှထွက်သွားကြ၏။ သို့သော် လည်း အထက် ကငါတို့ နှင့် မစပ် ဆိုင်ကြ။ ငါတို့နှင့် စပ်ဆိုင်လျှင် ငါတို့နှင့် အတူနေကြလိမ့်မည်။ ထိုသူ အပေါင်းတို့သည် ငါတို့နှင့်မစပ် ဆိုင်ကြောင်းကိုထင်ရှားစေခြင်းငှာ၊ ငါတို့ အထဲမှထွက်ခွာသွားကြ၏” (၁ယော၊ ၂း၁၉) ဟု ရေးသားခဲ့စဉ်တွင် သူ၏ စိတ်ထဲ၌အယူဖောက်ပြန်သူများရှိနေသည်။ အယူဖောက်ပြန်ခြင်းသည် ခရစ်ယာန်အသင်းတော် တစ်ပါးကို ထားခဲ့ ၍ အခြားအသင်းတော် တစ်ပါးသို့ကူးပြောင်းသွားခြင်းကိုမဆိုလိုပဲ၊ ခရစ်ယာန်ယုံကြည်ခြင်း ကို လုံးဝငြင်းပယ်ခြင်းကိုဆိုလိုပါသည်။ သူတို့၏ထွက်ခွာသွားခြင်းက သူတို့သည် “ငါတို့နှင့်မစပ်ဆိုင်ကြ”ကြောင်းနှင့်စစ်မှန်သောယုံကြည်သူ များမဟုတ်ခဲ့ကြကြောင်းကိုပြသပါသည်။ အကယ်၍ ထိုသူတို့ သည် စစ်မှန်သောယုံကြည်သူများဖြစ်ကြပါက၊ စစ်မှန်သောယုံကြည်ခြင်း၌ စဉ်ဆက်မပြတ်မြဲမြန်ကြမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ စစ်မှန်သောယုံကြည်ခြင်း၌ မြဲမြံတည်တံ့သောအရည်အသွေး အစဉ်အမြဲပါရှိ နေသောကြောင့်ဖြစ်သည်။ ထိုသို့ထွက်သွားကြခြင်းဖြင့် ထိုသူတို့သည် ခရစ်ယာန်အသိုင်းအဝိုင်းတွင် စစ်မှန်သောသင်းဝင်သူများမဟုတ်ကြောင်းကို ပြသခြင်း ဖြစ်ပါသည်။ ခရစ်ယာန်အသိုင်းအဝိုင်းနှင့် ထိုသူတို့၏ ပေါင်းသင်းခြင်းသည် အပေါ်ယံမျှသာဖြစ်သည်။
ရွေ့လျော့ဖောက်ပြန်ခြင်း နှင့် အယူဖောက်ပြန်ခြင်း၏ခြားနား မူကို ရှင်းရှင်းလင်းလင်းသိထားသင့်သည်။ ခရစ်ယာန်တစ်ဦး၏အသက်တာ သည် ရွှေ့လျော့သွားနိုင်ကာ၊ သူနှင့်ဘုရားသခင်၏ မိတ်သဟာယလည်း ပြတ်တောက်နိုင်ပါသည်။ သို့သော်လည်း၊ ဘုရားသခင်နှင့်သူ၏တော်စပ်မှု သည် မက်စီးနိုင်ပါ။ အယူဖောက် ပြန်သူတစ်ဦးသည် ဘုရာသခင်နှင့်စစ်မှန်သောတော်စပ်မှုကို ဘယ်သောအခါမှမရှိခဲ့ဖူးပါ။ ယုံကြည်သူ တစ်ဦးသည် အပြစ်ပြုမိသောအခါ အနှေးနှင့်အမြန် မိမိကိုယ်ကိုအပြစ် တင်ပြီး၊ သူ၏အပြစ်ကို ဝန်ချတောင်း ပန်သည်။ အယူဖောက်ပြန်သူသည် ဒုစရိုက်အပြစ်ပြု၍ စာရိတ္တဖောက်ပြန် သောအခါ၊ ဘုရားသခင်ကိုအပြစ် တင်သည်။ ရွေ့ ဖောက်ပြန်သူသည်နောင်တရသဖြင့် သူ၏အပြစ်သည် ခွင့်လွတ်ခြင်းခံရသည်။ အယူဖောက်ပြန်သူသည် မိမိကျူးလွန်သောအပြစ် အတွက်စိတ်ပူပန်ခြင်းမရှိချေ။ အမှန်စင်စစ်၊ သူသည် မိမိကျူးလွန်သော အပြစ်များကိုဝန်မခံပဲ မကြာခဏခံကာ၊ အပြစ်ခွင့်လွတ်ခြင်းမရရှိ ခဲ့ပါ။
ပေတရုသည်ရွေ့လျော့ဖောက်ပြန်ခဲ့သူတစ်ဦးဖြစ်၍၊ ယုဒရှကာရုတ် သည် အယူဖောက်ပြန်သူတစ်ဦး ဖြစ်သည်။ ပေတရုသည် “”ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏” (လု၊ ၂၂း၆၂)၊ သို့သော်လည်း များမကြာမီ သူ့သခင်ထံသို့ပြန်လှည့်လာခဲ့သည် (ယော၊ ၂၁း၁၅-၁၉)။ ယုဒမူကား ပြင်သို့ထွက်၍ သူ့ကိုယ်သူကြိုးဆွဲချ၍ သတ်သေသည် (မဿဲ ၂၇း၅)။
အယူဖောက်ပြန်ခြင်းအပြစ်၏လေးနက်မှုကိုသတိပြုပါ။၎င်းသည်ဘုရားသခင်၏သားတော်ကိုလက်ဝါးကပ်တိုင်ပေါ်၌တစ်ဖန်ကွက်မျက်၍အသရေတော်ကိုရှုတ်ချသောအပြစ်နှင့်တန်းတူဖြစ်ပါသည် (ဟေဗြဲ၆း၆)။အယူဖောက်ပြန်ခြင်းသည်ဘုရားသခင်၏သားတော်ကိုခြေဖြင့်ကျော်နင်းခြင်း၊မိမိကိုစင်ကြယ်စေသောခရစ်တော်၏အသွေးတော်ကိုအထင်အမြင်သေးခြင်း၊ဝိညာဉ်တော်ကိုမထီမဲ့မြင်ပြုခြင်းနှင့်တူညီပါသည် (ဟေဗြဲ၁၀း၂၉) ။အယူဖောက်ပြန်သူတို့သည်အန္တီခရစ်များဖြစ်ကြပါသည် (၁ယော၊၂း၁၈)။
အခြေအနေပေါ်၌တည်သောလုံခြုံမှုကို အထောက်အကူပေး ရန် သို့မဟုတ် ထာဝရလုံခြုံမှုကိုမ မှန်ကန်ကြောင်း အများအားဖြင့် ထောက်ပြကြသည့် ဟေဗြဲသြဝါဒစာထဲ၌ပါသောကျမ်းပိုဒ်များကို ယခု လေ့လာဆန်းစစ်ကြပါစို့။
ထို့ကြောင့် ငါတို့ သည်ကြားရသောဒေသနာကို မမေ့မလျော့ မည် အကြောင်း၊ စိတ်နှလုံး၌ သာ၍ မှတ်မိ စွဲလန်း ခြင်း ရှိ ရကြ မည်။ ကောင်းကင်တမန်များအားဖြင့်ထားတော်မူသောဗျာဒိတ်တော်သည် တည်၍၊ ပြစ်မှာလွန် ကျူးခြင်းအမှုအမျိုးမျိုးတို့ သည်ခံထိုက်သောအပြစ်ဒဏ်ကို ခံရသည်မှန်လျှင်၊ အစအဦး၌ သခင် ဘု ရားဟောတော်မူ၍ ဒေသနာစကားတော်ကို ကြား ရသောသူတို့သည် ယုံလောက်သောသက်သေအားဖြင့် ငါတို့အား ဆင့်ဆို၍ ဟောပြောသော ဤမျှလောက်ကြီးစွာသောကယ်တင်တော်မူခြင်းတရားကို ငါတို့သည်နားမထောင်ပဲနေလျှင် အပြစ် ဒဏ်နှင့်အဘယ်သို့လွတ်ကြလိမ့်မည်နည်း (ဟေဗြဲ ၂:၁-၃)။
ဤကျမ်းချက်က အယူဖောက်ပြန်ခြင်းကို သတိပေးပါသည်။ ပညတ်တော်ဆယ်ပါးကိုချိုးဖောက်ခြင်းအတွက် ပြစ်ဒဏ်သည်သေခြင်း ဖြစ်ကြောင်း စာဖတ်သူများကို ပြန်လည်အမှတ်ရစေပါသည်။ ဤသို့ ဖြစ်ပါက၊ ဧဝံဂေ လိသတင်းအားလစ်လျူရှုနေသူများကို သာ၍ကြီးမားသောကြမ္မာဆိုးကြီးက စောင့်ကြိုနေပေသည်။ ဤနေရာ၌ လစ်လျူရှုခြင်း ဆိုသည်မှာ မထီမဲ့မြင်ပြုခြင်း၊ ပေါ့ပေါ့ဆဆဖြစ်စေခြင်း သို့မဟုတ် ဂရုမဆိုက်ပဲနေခြင်းကို ဆိုလိုပါသည်။
ဟေဗြဲသြဝါဒစာရေးသူက သူကိုယ်တိုင်နှင့်အခြားစစ်မှန်သော | ယုံကြည်သူများကို ပါဝင်စေလျက်၊ “ငါတို့ ” ဟူ၍အသုံးပြုခြင်းကို | ကျွန်ုပ်တို့မရှုပ်ထွေးမိကြဘို့ သတိထားရပါမည်။ စစ်မှန်သောယုံကြည်
သူတို့သည်ဧဝံဂေလိတရားကိုလက်ခံခဲ့ကြသူများဖြစ်ပါသည်။ ဤနေရာ ၌အသုံးပြုသော “ငါတို့ ” ဟူသောစကားသည် ဧဝံဂေလိတရားကို လစ်လျူရှုကြသဖြင့် အန္တရာယ်ထဲ၌ရောက်နေသောသူတို့ကို ညွှန်းဆိုခြင်း ဖြစ်သည်။
ယုံကြည်သူတစ်ဦးသည်နောက်ဆုံးတွင် ငရဲဘုံ၌ထာဝရကာလ တိုင်ရှိမည်ဟု သက်သေထူရန်အတွက် ဤကျမ်းပိုဒ်များ (ဟေဗြဲ ၃း၆၁၉) ကို ကိုးကား၍မရပါ။
၆၊ ခရစ်တော်မူကား၊ သားကဲ့သို့ အိမ်တော်ကို အုပ်စိုး၍ သစ္စာ စောင့်တော်မူ၏။ ငါတို့သည်ကား၊ ရဲရင့်ခြင်း၌၎င်း၊ မျှော်လင့် ခြင်းနှင့်စပ်ဆိုင်သောဝါကြွားဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်
အောင်တည်ကြည်လျှင် ထိုအိမ်တော်ဖြစ်သတည်း။ ၇၊ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်မိန့် တော်မူသည်ကား၊ ၈၊ ယနေ့တွင် သင်တို့ သည် ဗျာဒိတ်တော် အသံကို ကြားလျက် ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်။ ၉၊ သင်တို့ အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်းစုံ စမ်း၍ ငါ၏ အမှုတို့ကို မြင် ရသောတောတွင် ငါ့ကို ဆန့်ကျင် ဘက်ပြု၍ စုံစမ်းရာကာလ၌ရှိသကဲ့သို့ မရှိစေကြနှင့်။ ၁ဝ၊ ထိုလူမျိုးကို ငါရွံသည်ဖြစ်၍ သူတို့ သည်အစဉ်စိတ်သဘောမှားယွင်းတတ် ကြ၏။ ငါ၏အလေ့အလာတို့ကို နားမလည်ကြဟု ငါဆိုရ၏။ ၁၁၊ ထို့ကြောင့်၊ သူတို့သည် ငါ၏ချမ်းသာထဲသို့မဝင်ရ ကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော်မူချက်ရှိသည်နှင့် အညီ၊ ၁၂၊ ညီအစ်ကိုတို့၊ သင်တို့ သည် အသက် ရှင်တော်မူသောဘု ရား သခင် ထံ တော်မှထွက် သွားသော အားဖြင့် မယုံ ကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှာ သတိပြု ကြလော့။ ၁၃၊ ဒုစရိုက်၏လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ် နှလုံးမခိုင်မာ စေခြင်းငှာ၊ ယနေ့ဟူ၍ခေါ်ဝေါ်သောအချိန်၊ နေ့ တိုင်းအစဉ် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက် တွန်းနှိုးဆော်ကြလော့။ ၁၄၊ ငါတို့ သည် စိတ်စွဲလန်းခြင်းကို အစပြုသကဲ့သို့ အဆုံးတိုင်အောင်တည်ကြည် လျှင် ခရစ်တော် နှင့်ဆက်ဆံသောသူဖြစ်ကြ၏။ ၁၅၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကိုကြား လျက်ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက် ပြုရာကာလ၌ရှိသကဲ့သို့ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့် ဟု ကျမ်းစာလာသည့် အရာမှာ၊ ၁၆၊ ကြားပြီးမှဆန့်ကျင်ဘက်ပြု သောသူတို့ကားအဘယ်သူနည်း။ မောရှေ့နောက်သို့လိုက်၍ အဲဂုတ္တုပြည်မှထွက်လာသောသူအပေါင်းတို့သည် ထိုသို့ပြုကြ သည်မဟုတ်လော။ ၁၇၊ အနှစ်လေးဆယ်ပတ်လုံးနှစ်သက်တော်မမူသောသူတို့ကား အဘယ်သူနည်း။ ဒုစရိုက်အပြစ်ကို ပြုသောကြောင့် တော၌လဲ၍ သေသောသူပင်မဟုတ်လား။ ၁၈၊ သင်တို့သည် ငါ၏ချမ်းသာထဲသို့ မဝင် ရကြဟု ကျိန်ဆို
တော်မူသော သူတို့ ကား မယုံကြည်သော သူမှတပါး အဘယ် သူနည်း။ ၁၉၊ သို့ဖြစ်၍ သူတို့ သည် မယုံကြည်သောကြောင့် သာ မဝင်သည်ကို ငါတို့သိမြင်ကြ၏ (ဟေဗြဲ ၃၆-၁၉)။
ဤကျမ်းပိုဒ်များကိုလေ့လာသောအခါ၊ စာရေးသူကရောထွေး နေသောပရိသတ်တစ်စုဆီသို့ ဦးတည်ပြောဆိုနေခြင်းဖြစ်ကြောင်း သတိ ရပါ။ ယခုခေတ်ကာလကဲ့သို့ အချို့တို့သည်စစ်မှန်သောယုံကြည်သူ များဖြစ်ကြပြီး၊ အချို့သောသူတို့ သည်အပြင်ပန်းသဏ္ဍာန်အရ ဘုရား တရားကြည်ညို ဟန်ရှိကြသော်လည်း အတွင်း၌ခရစ်တော်၏ဝိညာဉ် မရှိသောသူများဖြစ်ကြသည်။ လူတစ်ဦးသည် ခရစ်တော်၌အမှန်တကယ် ရှိ၊ မရှိဆိုသည်ကို မည်သူမျှမပိုင်းခြားနိုင်ပါ။ သို့ဖြစ်ရကား၊ အယူဖောက် ပြန်ခြင်း၏အန္တရာယ်ဘက်သို့ ယိမ်းယိုင်သူတို့ကို သတိပေးရန်လိုအပ် သလို၊ အခြားသူတို့အား ၎င်းတို့၏ယုံကြည်ခြင်း၌စိတ်ချမှုရှိစေရန် အသိ ပေးဘို့လိုအပ်ပါသည်။
အပိုဒ်ငယ် ၆။ သခင်ဘုရားကိုယုံကြည်ခြင်းအားဖြင့် ဒုတိယမွေးဖွား ခြင်းခံသောသူတို့သည် မိမိတို့၏ကယ်တင်ခြင်းစိတ်ချမှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်၌သာအခြေပြုခြင်းဖြင့်လည်းကောင်း၊ အစမှ အဆုံးထိတိုင် အမြဲတည်သောမျှော်လင့်ခြင်း၏ဝမ်းမြောက်ခြင်းဖြင့် လည်းကောင်း၊ မိမိတို့၏ယုံကြည်ခြင်းသည်အစစ်အမှန်ဖြစ်ကြောင်းကို ထုတ်ဖော်ပြသကြသည်။ ဤသူတို့ သည် တည်ကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရကြသည်မဟုတ်ပါ။ တည်ကြည်ခြင်းဖြင့် ကယ်တင်ခြင်း ရကြပါက၊ ၎င်းသည်အကျင့်အားဖြင့် ကယ်တင်ခြင်းရနိုင်သကဲ့သို့ ဖြစ် သွားကာ၊ ကယ်တင်ခြင်းရရှိသူအနေဖြင့် ဝါကြွားစရာဖြစ်သွားမည်။ သို့သော်လည်း ဝါကြွားစရာအကြောင်းကို ယုံကြည်ခြင်းတရားအားဖြင့် ပယ်ခဲ့ပြီးဖြစ်ပါသည် (ရောမ ၃း၂၇)။
အပိုဒ်ငယ် ၇-၁၁။ နာမည်ခံယုံကြည်သူတို့ကိုသဲကန္တာရတော ထဲ၌ ဣသရေလသူတို့၏အတွေ့ အကြုံ အားဖြင့်သတိပေးသင့်ပါသည်။ အနှစ်လေးဆယ်ပတ်လုံး၎င်းတို့၏မယုံကြည်မှုအားဖြင့် ဣသရေလလူ တို့သည် ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွခဲ့ကြသည်။ နောက်ဆုံးတွင်
ဘုရားသခင်အမျက်တော်ထွက်ကာ၊ သူတို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြ (ခါနန်ပြည်သို့မဝင်ရကြ) ဟု ကျိန်ဆိုတော်မူ၏။
အပိုဒ်ငယ် ၁၂-၁၄။ အပိုဒ်ငယ်-၁၂ ၌ရှိသော “ညီအစ်ကိုတို့” ဟူသောစကားရပ်သည် သာမန်လူသားညီအစ်ကိုများ၊ ဂျူးလူမျိုး ညီအစ်ကိုများ၊ သို့မဟုတ် ခရစ်ယာန်ညီအစ်ကိုချင်းများအား ခေါ်ဆိုခြင်း ဖြစ်နိုင်ပါသည်။ အသက်ရှင်တော်မူသောဘုရားသခင်ထံတော်ပါးမှ ထွက်သွားခြင်းသည် အယူဖောက်ပြန်သည်ဟု သဘောသက်ရောက် ပါသည်။ ၎င်းတို့၏ဆည်းကပ်ကိုးကွယ်မှုများ မည်သို့ပင်ရှိနေစေကာမူ၊ ထိုသူတို့၏ယုံကြည်စိတ်ချမှု အစပြုခြင်းသည် ခရစ်တော်၌ဖြစ်သော
ကြောင့် ၎င်းတို့သည်ခရစ်တော်၏သင်းဝင်သူများဖြစ်ကြပါသည်။ တစ် ဖန်၊ “တည် ကြည်လျှင်” ဟူသောစကားရပ်သည် ကယ်တင်ခြင်း၏ အရင်းအမြစ်မဟုတ်ပဲ၊ အသီးအပွင့်များဖြစ်ပါသည်။
အပိုဒ်ငယ်၁၅-၁၉။ယုံကြည်ခြင်းသည်အရေးပါအရာရောက်ဆုံးသောအရာဖြစ်သည်။မယုံကြည်ခြင်းကဣသရေလလူတို့အားဘုရားသခင်ကတိပေးခဲ့သောခါနန်ပြည်၏ငြိမ်ဝပ်ခြင်းချမ်းသာမျှဝေးကွာသွားစေသလို၊ယနေ့လည်းထိုမယုံကြည်ခြင်းကလူတို့ကိုဘုရားသခင်၏ငြိမ်ဝပ်ခြင်းချမ်းသာ၏အပြင်သို့ဆက်လက်ရောက်ရှိစေမည်ဖြစ်သည်။ဤအကြောင်းနှင့်ပတ်သက်၍ဟေဗြဲ၄၁-၁၆ကိုအခြေပြုလျက်ဆက်လက်လေ့လာကြပါစို့။
၁၊ ထို့ကြောင့် ဘုရားသခင်၏ချမ်းသာထဲသို့ဝင်ရသောအခွင့် ကိုပေးသောကတိတော်သည် ငါတို့၌ရှိရစ်လျက်နှင့်၊ သင်တို့ တွင်အချို့တို့သည်မမှီဘဲနေမည်ကိုစိုးရိမ်ကြကုန်အံ့။ ၂၊ ငါတို့ သည်ဝမ်းမြောက်စရာသတင်းကို ထိုသူတို့ကဲ့သို့ ကြားရကြပြီ။ သို့ရာတွင် သူတို့ကြားရသောတရားစကားသည် ကြားရသော သူတို့အထဲ၌ ယုံကြည်ခြင်းနှင့်မရောနှောသောကြောင့် အကျိုးကို မပေး။ ၃၊ ငါတို့မူကား၊ ယုံကြည်သောသူဖြစ်၍ ဘုရာသခင်၏ ချမ်းသာထဲ သို့ ဝင် ရကြ၏။ ထိုသို့ နှင့် အညီ ဗျာဒိတ် တောင် ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်
ထွက်၍ ငါကျိန်ဆိုသည်ဟုလာ၏။ ချမ်းသာဟုဆိုသော်၊ ကမ္ဘာ ဦးကပင် အမူအရာတို့ကိုပြီးစီး၍ ငြိမ်ဝပ်တော်မူရာချမ်းသာဟု ဆိုလိုသတည်း။ ၄၊ ခုနှစ်ရက်မြောက်သောနေ့ကိုကြောင်းပြု၍ ကျမ်းစာတစ်ချက်၌လာသည်ကား၊ ဘုရားသခင်သည်မိမိအမှု အရာအလုံးစုံတို့ကိုပြီးစီး၍ ခုနှစ်ရက်မြောက်သောနေ့၌ငြိမ်ဝပ် နေတော်မူ၏ဟု လာသတည်း။ ၅၊ ထိုကျမ်းစာ၌တစ်ဖန်လာ သည်ကား၊ သူတို့သည်ငါ၏ချမ်းသာထဲသို့မဝင်ရကြဟု လာသ တည်း။ ၆၊ ထို့ကြောင့် အချို့တို့သည် အချို့တို့သည် ဝင်ရကြ ၏။ ဝမ်းမြောက်စရာသတင်းကို ရှေးဦးစွာကြားရသောသူတို့ သည်မယုံကြည်သောကြောင့် မဝင်ရကြပြီ။ ၇၊ တစ်ဖန်တုံ၊ ယနေ့ တွင် သင်တို့သည်ဗျာဒိတ်တော်အသံကိုကြားလျက်ရှိသည်ဖြစ်၍ ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်ဟု ဆိုသည်ဖြစ်၍၊ ဤမျှလောက် ကာလကြာပြီးမှ ယနေ့ဟု ဒါဝိဒ် ကျမ်းစာ၌လာသော အခါ တစ်စုံတစ်ခုသောနေ့ရက်ကို သေချာစွာမှတ်သားသတည်း။ ၈၊ ယောရှု သည် ထို သူ တို့ ကို ချမ်းသာပေးသည် မှန်လျှင်၊ ထို့နောက် အခြားသောနေ့ရက်ကို အဘယ်သို့ဆိုဘွယ်သနည်း။ ၉၊ ထို့ကြောင့် ဘုရားသခင်၏လူတို့အဘို့အလို့ငှာငြိမ်ဝပ်ခြင်း ချမ်းသာတစ်မျိုးသည် ကျန်ရစ်သေး၏။ ၁ဝ၊ ဘုရားသခင်သည် မိမိအမှုအရာတို့ကိုပြီးစီး၍ ငြိမ်ဝပစွာနေတော်မူသည်နည်းတူ၊ ထိုချမ်းသာထဲသို့ဝင်ရသောသူသည်လည်း မိမိအမှုအရာတို့ကို ပြီး၍ ငြိမ်ဝပ်စွာနေရ၏။ ၁၁၊ ထို့ကြောင့် ဣသရေလလူတို့ သည် မယုံကြည်သောစိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့ သည် မလဲ၊ ထိုချမ်းသာထဲသို့ဝင်ရမည်အကြောင်း ကြိုးစားအားထုတ် ကြကုန်အံ့။ ၁၂၊ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို့ထ ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကွ” အရိုးအဆစ်နှင့်ခြင်ဆီကို၎င်း ပိုင်းခြား၍ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။ ၁၃၊ ငါတို့ကို စစ်ကြောစီရင်တော်မူသော သူရှေ့၌ မထင် ရှားသော အရာ
တစ်စုံတစ်ခုမျှမရှိ။ ခပ်သိမ်းသောအရာတို့သည်အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌လှန်ထားလျက်ရှိကြ၏။ ၁၄၊ ယခုမူကား၊
ကောင်းကင်ဘုံထဲသို့ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်း အကြီးတည်းဟူသောဘု ရားသခင်၏သားတော် ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်းဖြစ်တော်မူသောကြောင့်၊ ငါတို့ သည်ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊ ၁၅၊ ငါတို့ ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ အမျိုးမျိုး
သောစုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့်ကင်းလွတ်တော်မူ၏။ ၁၆၊ ထို့ကြောင့်၊ ငါတို့သည်သနားခြင်းဂရုဏာကို၎င်း၊ တော်လျော်သောမစခြင်း
ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူး ပလ္လင်တော်သို့တိုးဝင်ချဉ်းကပ်ကြကုန်အံ့ (ဟေဗြဲ ၄၁-၁၆)။
ဟေဗြဲသြဝါဒစာတွင် ငြိမ်သက်ခြင်းချမ်းသာ (၄)မျိုးအကြောင်း ဖော်ပြထားပါသည်။ ဘုရားသခင်ဖန်ဆင်းခြင်းပြီးစီး၍ ငြိမ်သက်စွာနေ ခြင်း (၄း၄)၊ ခါနန်ပြည်၌ ဣသရေလလူတို့၏ငြိမ်သက်ခြင်းချမ်းသာ (၃း၁၁)၊ ယုံ ကြည်ခြင်း၏ ပစ္စုပ္ပန်ငြိမ်သက်ခြင်းချမ်းသာ (၄း၃ခ။ ၈-၁၀)၊ နောင်ကာလတွင်ပေါ်ထွန်းမည့်ထာဝရဥပုသ်တော်ငြိမ်သက်ခြင်းချမ်းသာ (၄း၉)စသည်တို့ဖြစ်သည်။
ငြိမ်သက်ခြင်းချမ်းသာဖြစ်တည်ပုံကိုစဉ်းစားတွေးခေါ်ရသည် မှာ ခက်ခဲသော်လည်း အခြေအတင်ငြင်းခုံသည့်အချက်တစ်ချို့ ရှိပါသည်။ ကိုယ်တော်၏ဖန်ဆင်းခြင်းအမှုပြီးစီး၍ ငြိမ်သက်စွာနေခြင်းအားဖြင့် ဘုရားသခင်ကတိတော်၏ငြိမ်ဝပ်ခြင်းချမ်းသာသည် ပြည့်စုံခြင်းသို့ ရောက်မလာသေးပါ* ယောရှုသည်ဣသရေလလူတို့ကို ငြိမ်သက်ခြင်း ချမ်းသာထဲသို့ဦးဆောင်၍ခေါ်ဆောင်သွားခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော်၊ ဘုရားသခင်ကဤအကြောင်းကို ဒါဝိဒ်လက်ထက်၌ပြောဆိုနေသေးသော
ကြောင့်ဖြစ်၏။ သခင်ခရစ်တော်ကိုယုံကြည်သောသူတို့သည် ဘုရား သခင်၏ငြိမ်သက်ခြင်းချမ်းသာထဲသို့ဝင်ရကြ၏ (၄း၃ခ)။ ဤသူတို့သည် မိမိ
တို့၏ကောင်းမှုကုသိုလ်များအားဖြင့်ကယ်တင်ခြင်းရရှိရန် ကြိုးစားခြင်းမှ ရပ်စဲကြကာ၊ လက်ဝါးကပ်တိုင်ပေါ်၌ကယ်တင်ရှင်ပြီးစီးခဲ့သောကယ် တင်ခြင်းအမှုတော်ကိုသိလျက်၊ ဩတ္တပ္ပစိတ်၏ငြိမ်သက်ချမ်းသာခြင်းကို ရရှိခံစားကြကာ ပျော်ရွှင်နေကြပါသည်။ ဘုရားသခင်၏လူအားလုံးတို့ကို ကောင်းကင်ဘုံ၏ငြိမ်သက်ခြင်းချမ်းသာက စောင့်စားနေပါသည်။ ။
အမည်ခံခရစ်ယာန်များ (နှင့်ယုံကြည်သူများအားလုံး) တို့သည် ကတိပေးထားသောငြိမ်သက်ခြင်းချမ်းသာကို အသရေမဖျက်မိကြဘို့ သတိထားသင့်ကြသလို၊ သခင်ယေရှုကိုယုံကြည်လက်ခံခြင်းအားဖြင့် ထိုချမ်းသာထဲသို့ဝင်ရန် စိတ်အားထက်သန်သင့်သည်။ ယုံကြည်ခြင်းကို ဘုရားသခင်ရှေ့၌ထိမ်ဝက်၍မရပါ။ အဘယ့်ကြောင့်ဆိုသော်၊ အသက်ရှင် သောဘုရားသခင်သည် အရာခပ်သိမ်းကိုသိမြင်သောကြောင့်ဖြစ်ပါသည်။
စစ်မှန်သောယုံကြည်သူတို့သည်လည်း ကိုယ်တော်အပေါ်မိမိတို့၏ ဝန်ခံချက်ကိုစွဲမြဲစွာဆုပ်ကိုင်သင့်သည်။ သို့ရာတွင်၊ သူတို့သည် ၎င်းကိုမိမိတို့၏ ခွန်အားဖြင့်မလုပ်ဆောင်နိုင်ကြပါ။ အကူအညီလိုအပ်သောချိန်တွင် ကူညီရန်ဂရုဏာတော်ကိုပေးသနားတော်မူသော သူတို့၏ယဇ်ပုရောဟိတ် အကြီးသခင်ယေရှုအားဖြင့် လုပ်ဆောင်နိုင်ပါသည်။ ။
ဖောက်ပြန်သောအယူဝါဒကိုကိုင်စွဲသူတို့က စစ်မှန်သောယုံကြည်သူ တို့သည်နောက်ဆုံးတွင်ပျက်စီးဆုံးရှုံးသွားနိုင်သည်ဟူသော မိမိတို့၏ခံယူချက် ကိုအထောက်အကူပေးရန်အတွက်အပိုဒ်ငယ် ၁၊ ၁၁ နှင့် ၁၄ တို့ကို
ထောက်ပြကြသည်။ အပိုဒ်ငယ် ၁ နှင့် ၁၁ တို့သည် စစ်မှန်သောယုံကြည် ခြင်းနှင့် သခင်ယေရှုကိုယခုထက်ထိယုံကြည်ခြင်းမရှိကြသေးသောသူ များကိုရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်းကို ထိုသူတို့မသိကြပါ။ ထိုသူတို့သည် ငြိမ်သက်ခြင်းချမ်းသာကိုရရှိခံစားနိုင်ရန် လုပ်ဆောင်ခြင်းအားနည်းသည့် အချိန်မှစ၍ အယူဖောက်ပြန်ခြင်း၏ကျော့ကွင်းထဲသို့ ကျရောက်သည့် အန္တရာယ်ရှိကြသည်။ အပိုဒ်ငယ် ၁၄ သည် ယုံကြည်သူများအနေဖြင့် ခရစ်တော်အပေါ်၌ထားရှိသောမိမိတို့၏ဝန်ခံမှုအပေါ်၌ ရဲစွမ်းသတ္တိ ရှိကြရန်အားပေးသည့်ကျမ်းပိုဒ်ဖြစ်ကာ၊ ၎င်းတို့၏ ယဇ်ပုရောဟိတ် မင်းသည် လိုအပ်သောခွန် အားနှင့် အစွမ်းသတ္တိ ရှိ သမျှကို ပေးမည်ဖြစ်ကြောင်း စိတ်ချစောကျမ်းပိုဒ်ဖြစ်ပါသည်။
ဘု ရားသခင်၏သားတော်မှန် သော် လည်း၊ ဆင်းရဲ ဒုက္ခကို ခံသော အားဖြင့် နားထောင်ခြင်း အကျိုး အကြောင်းကို သင်တော်မူ၏။ ထိုသို့ စုံလင်ခြင်းသို့ရောက်ပြီးမှ ယုံကြည်နား
ထောင်သောသူ အပေါင်းတို့ အား ထာဝရကယ်တင်ခြင်း ဇူးကိုပြုသောသူဖြစ်တော်မူ၍ (ဟေဗြဲ ၅း၈-၉)။
အာမီးနီးယန်းဝါဒီများကိုးကားသည့်ကျမ်းချက်မှာ အပိုဒ်ငယ် ၉ ဖြစ်ပါသည်။ သူ့ကိုနာခံသောသူတို့အတွက်မူကား၊ သခင်ခရစ်တော် သည်ထာဝရကယ်တင်ခြင်းကိုအစပြုသောသူဖြစ်သည်။ အာမီးနီးယန်း ဝါဒီတို့၏အကြောင်းပြချက်မှာ၊ အကယ်၍ သင်သည်ကိုယ်တော်အား နာခံခြင်းကို ရပ်တန့်ပါက၊ သင်၏ကယ်တင်ခြင်းကို လက်လွတ်ဆုံးရှုံး သွားသည် ဟူ၍ ဖြစ်၏။ သို့ သော်လည်း၊ ဤအကြောင်းပြချက်က ကယ်တင်ခြင်းသည်လုပ်ဆောင်ချက်များအားဖြင့် ရသည်ဟု အဓိပ္ပါယ် သက်ရောက်စေပါသည်။
ဧဝံဂေလိတရားသည် နားထောင် ရမည့် သတင်းစကားဖြစ် ကြောင်းကို ကျွန်ုပ်တို့နားလည်ရမည်။ သင်သည် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ဧဝံဂေလိတရားကိုနားထောင်ရမည်။ ဤစကား အဆက်အစပ်၌ နားထောင်ခြင်းသည်ယုံကြည်ခြင်းနှင့်အဓိပ္ပါယ်ဆင်တူ သောစကားရပ်ဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် ရှင်ပေါလုက ယုံကြည် ခြင်းကိုအခြားတစ်နေရာ၌ ယုံကြည်နားထောင်ခြင်းဟူ၍ပြောပါသည် (ရောမ ၁၇။ ၁၆း၂၆)။ ရှင်လုကာသည် ယုံကြည်ခြင်းတရားကိုနားထောင် ကြသည့် များစွာသောယဇ်ပုရောဟိတ်တို့ အကြောင်းကိုပြောပါသည် (တမန်၊ ၆း၇)။ ထိုသူတို့၏ကယ်တင်ခြင်းသည် တစ်ခါတည်းယုံကြည်ခြင်း အားဖြင့်ရရှိသောတွေ့အကြုံဖြစ်သည်။ အဆင့်ဆင့်လုပ်ဆောင်ပြီးမှရရှိခြင်း မဟုတ်ပါ။
စစ်မှန်သောယုံကြည်သူတစ်ဦးသည် နောက်ဆုံးတွင်ပျက်စီး ဆုံးရှုံးနိုင်သည်ဟု ပြသရန်အတွက်အများဆုံးအသုံးပြုသည့်ကျမ်းပိုဒ်များ များထဲမှတစ်ခုမှာ ဟေဗြဲ ၆း၄း၈ ဖြစ်ပါသည်။
အလင်းသို့ တစ် ခါရောက်၍ ကောင်းကင်ဆုကျေးဇူးကိုမြည်း စမ်းခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူခြင်း၊ ဘုရားသခင် ၏ကောင်းမြတ်သောတရားစကားကို၎င်း၊ နောင်ကပ်ကာလ ၏ တန်ခိုးများကို ၎င်း၊ မြည်းစမ်းခြင်း ရှိ ပြီးမှ ရွေ့လျော့ ဖောက် ပြန် သော သူ တို့ သည် မိမိတို့ တွင် ဘုရားသခင် ၏ သားတော်ကို လက်ဝါးကပ်တိုင်မှာကွက်မျက်၍ အသရေတော် ကို ရှုပ်ချသောသူဖြစ်သောကြောင့်၊ နောက်တစ်ဖန် နောင်တ ရအံ့သောငှါ၊ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။ ဥပမာကား၊ အကြင်မြေသည် မိမိအပေါ်သို့ အဖန်ဖန် ကျသောမိုယ်ရေကို
သောက်၍၊ လုပ်သောသူသုံးဘို့ ဟင်းသီးဟင်းရွက်ကို ဖြစ်စေ၊ တတ်၏။ ထိုမြေသည် ဘုရားသခင်၏ကောင်းကြီးမင်္ဂလာကို ခံတတ်၏။ အကြင်မြေသည် ဆူးပင်အမျိုးမျိုးကို ဖြစ်စေတတ် ၏။ ထိုမြေသည်ပြုစုခြင်းကိုမခံထိုက်၊ ကျိန်ခြင်းကိုခံရသော အချိန်နီးသည်ဖြစ်၍ နောက်ဆုံး၌မီးရှို့ခြင်းသို့ရောက်တတ်၏။
ဤကျမ်းချက်များကိုကွဲပြားခြားနားစွာအနက်ဖွင့်ဆိုချက်များ ရှိကြောင်း ဝန်ခံရမှာဖြစ်ပါသည်။ ထာဝရလုံခြုံမှုကိုယုံကြည်သောသူ တို့၌လည်း ကွဲပြားခြားနားသောရှုမြင်ချက်အမျိုးမျိုးရှိသည်။ သို့ဖြစ် လေရာ၊ ဤအကြောင်းကိုသွန်သင်သောဝိညာဉ်တော်မှုတ်သွင်းသည့် အခြားကျမ်းပိုဒ်များနှင့်လိုက်လျောညီထွေမှုရှိ၍၊ ရှေ့နောက်စကားအဆက် အစပ်နှင့်လည်းအကိုက်ညီဆုံးဖြစ်သည်ဟု ကျွန်ုပ်တို့မှတ်ယူထားသော အချက်တစ်ခုကိုယုံကြည်လက်ခံရပေမည်။ စာရေးသူအတွက်မူကား၊ ဤအငြင်းပွားစရာပါသောကျမ်းပိုဒ်များသည် အယူဖောက်ပြန်သူများကို ကိုင်တွယ်ဖြေရှင်းနေသည်ဟု ယုံကြည်ပါသည်။ ။
– ထို သူတို့ သည် တစ်ကြိမ်တစ်ခါအလင်းပေးခြင်းခံခဲ့ကြသည့် မပြောင်းလဲသောသူများဖြစ်ကြသည်ကို မေးစရာမလိုပါ။ အလင်းကို တုန့်ပြန်ခြင်းမရှိဘဲ အလင်းပေးခံခြင်းမျိုးလည်းဖြစ် နိုင် ပါသည်။
ဤသူတို့သည် ကောင်းကင်ဆုကျေးဇူးကိုမြည်းစမ်းခဲ့ကြသည်။ ကောင်းကင်ဆုကျေးဇူးသည် သခင်ယေရှု သို့မဟုတ် သန့်ရှင်းသော
ဝိညာဥ်တော်ကို ရည်ညွှန်းခြင်းဖြစ်နိုင်ပါသည်။ “မြည်းစမ်းခြင်း” စကားလုံးသည် ရှင်မဿဲ ၂၇၃၄ တွင်ပါရှိသကဲ့သို့၊ မျိုမချဘဲ အနံ့အရသာ ကိုသာခံစားခြင်းကိုဆိုလိုခြင်းဖြစ်သည်။ သခင်ယေရှုသည် ဆေးခါးနှင့် ရောသောပုန်းရည်ကိုမြည်းစမ်းတော်မူပြီး၊ ကိုယ်တော်သည်မသောက် ဘဲနေလေ၏။ သို့တည်းမဟုတ် မြည်းစမ်းခြင်းသည်အတွေ့အကြုံအားဖြင့် တစ်စုံတစ်ရာအားအကျွမ်းဝင်လာခြင်းကို ဆိုလိုခြင်းလည်းဖြစ်နိုင်ပါသည်။ ဥပမာ၊ သခင်ယေရှုသည်ဘုရားသခင်၏ကျေးဇူးတော်ကြောင့် လူတစ်ဦး စီတိုင်းအတွက် သေခြင်းကိုမြည်းစမ်းခဲ့ပါသည်။ ထိုသေခြင်းသည် အဆုံးတိုင်
အောင်သေခြင်းဖြစ်ပါသည်။ သို့ဖြစ်ရကား၊ ဤဟေဗြဲသြဝါဒစာပါ မြည်းစမ်းခြင်း စကားလုံးသည် တိကျပြတ်သားမှုမရှိချေ။ သို့သော်လည်း၊ လူတစ်ဦးသည်ကိုယ်တော်ကိုလက်ခံခြင်းမရှိဘဲ ကောင်းကင်ဆုကျေးဇူးနှင့် ရင်းနှီးကျွမ်းဝင်ခြင်းရှိနိုင်သည်ဟု ပြောလျှင်လုံလောက်ပါသည်။
ဤသူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆက်ဆံသူများ ဖြစ်လာခဲ့ကြသည်။ သို့သော်လည်း ဤကဲ့သို့ဆက်ဆံရာတွင် ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ကျိန်းဝပ်ခြင်းခံကြသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၌ဗတ္တိဇံခံကြရသည်၊ သို့မဟုတ် သန့်ရှင်းသောဝိညာဉ်
တော်နှင့်ပြည့်ဝကြသည်ဟု မပြောထားကြောင်းသတိပြုပါ။ သို့သော်လည်း၊ ထိုသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်များဖြစ်သော အပြစ်ကိုဖော်ပြခြင်းနှင့်ကယ်တင်ခြင်းလမ်းကိုသိမြင်ခြင်းတို့ကို မြည်းစမ်း ခဲ့ဖူးသူများဖြစ်ကြသည်။
ဤသူတို့ သည် ဘုရားသခင်နှုတ်ကပတ်တော်၏အရသာကို မြည်းစမ်းခဲ့ကြသည်။ ယုံကြည်ခြင်းမရှိဘဲ နှုတ်ကပတ်တော်ကိုကြားနာ ခြင်းသာဖြစ်ကြောင်း ထင်ရှားပါသည်။ များစွာသောလူတို့သည် မိမိတို့၏ ဦးခေါင်းထဲ၌ ဓမ္မပညာအပြည့်ထည့်ထားကြသော်လည်း ကယ်တင်ခြင်း မရဘဲ သေဆုံးကြသည်။ ထို့ကြောင့် မြည်းစမ်းခြင်းသည်မလုံလောက်ပါ။ –
ဤသူတို့သည် နောင်ကပ်ကာလ၏တန်ခိုးများကို မြည်းစမ်းခဲ့ ကြသည်။ ဟေဗြဲသြဝါဒစာက တမန်တော်များဟောကြားသောဧဝံဂေလိ တရားကိုနိမိတ်လက္ခဏာများနှင့်တွဲဖက်ထားသည်ဟု သက်သေခံပါသည်။ ဤအချက်၏ဆိုလိုချက်မှာ၊ သခင်ယေရှုသည် ဘုရင်တကာတို့၏ဘုရင်၊
သခင်တကာတို့၏သခင်အနေဖြင့်အုပ်စိုးသော အနှစ်တစ်ထောင်ကာလ၌ ထိုနိမိတ်လက္ခဏာတို့သည်တစ်ကျော့ပြန်ပေါ်လာမည်ဟူ၍ဖြစ်သည်။ )
ဤဂုဏ်အင်လက္ခဏာ (၅)မျိုးသည် မယုံကြည်သူတို့၌ဖြစ်ပေါ် နိုင်သည်မှာမှန်ကန်ကြောင်း စိတ်ထဲတွင်မှတ်ထားရင်း၊ ဤကျမ်းပိုဒ်၏ ကျန်ရှိနေသေးသည့်အပိုင်းကို ဆင်ခြင်ကြပါစို့။
အကယ်၍၊ လူတို့သည်အယူဖောက်ပြန်ပါက၊ ထိုသူတို့ကိုနောင်တ ရစေရန်ထပ်မံလုပ်ဆောင်၍မရတော့ပါ။ ထိုသူတို့သည် သခင်ခရစ်တော်ကို မယုံကြည်ဘဲ၊ အပေါ်ယံနည်းလမ်းအားဖြင့်သာတစ်ကြိမ်တစ်ခါ နောင်တ ရကောင်းရနိုင်ပါသည် (၂ကော၊ ၇၁၀)။ သို့သော်လည်း ထိုသူတို့သည် တစ်ကြိမ်အယူဖောက်ပြန်ပါက၊ သူတို့၏ကံကြမ္မာသည် အတည်ဖြစ်သွား သည်။ ထိုသူတို့သည် ရွေးနုတ်ခြင်း၏တဘက်သို့ကျော်လွန်ဖြတ်သန်းခဲ့ ကြလေပြီ။ အယူဖောက်ပြန်သူတို့၏အကြောင်းကိုရာဇဝင်သမိုင်းက
ထောက်ပြပါသည်။ အယူဖောက်ပြန်သူမည်သူကမျှ သခင်ယေရှုကိုမိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံခြင်းအလျဉ်းမရှိခဲ့ပါ။
အကယ်၍ ဤကျမ်းပိုဒ်သည် သတိလစ်ဟင်း၍ဒုစရိုက်အပြစ် ထဲသို့ကျဆင်းသွားသည့် စစ်မှန်သောယုံကြည်သူများအကြောင်းကိုပြောခြင်း ဖြစ်ပါက၊ ထိုယုံကြည်သူတို့သည် ဘယ်သောအခါမှကယ်တင်ခြင်းကို မရနိုင်တော့ပါဟု အဓိပ္ပါယ်သက်ရောက်သွားပေလိမ့်မည်။ သို့သော်လည်း ထိုသို့အနက်ဖွင့်ပါက၊ အယူဖောက်ပြန်သူတို့အတွက်လွန်ကဲစွာ ထောက်ပြ ခြင်းဖြစ်ပေမည်။
ထိုသူတို့သည် ဘုရားသခင်၏စစ်မှန်သောသားသမီးများမဟုတ် ကြပါ။ အဘယ့်ကြောင့်ဆိုသော်၊ “ထိုသူတို့သည်မိမိတို့တွင် ဘုရားသခင်၏ သားတော်ကိုလက်ဝါးကပ်တိုင်မှာကွက်မျက်၍၊ အသရေတော်ကိုရှုတ်ချ ကြသောကြောင့် ဖြစ်ပါသည်။ အထက်ပါကဲ့သို့သောအကျင့်စရိုက်မျိုး မျိုးသည် ဘုရားသခင်ဖွားမြင်သောသားသမီးများ၏အသက်တာ၌ မရှိ သလောက် ခဲယဉ်းရှားပါးလှပါသည်။ ။
အပိုဒ်ငယ် ၇ တွင် သမ္မာကျမ်းစာရေးသူက စစ်မှန်သော ယုံကြည်သူတို့အားဘုရားသခင်၏ကောင်းကြီးကို ခံတတ်သောမိုးရေ ရရှိသည့် မြေနှင့် ခိုင်းနှိုင်းဖော်ပြထားပါသည်။ အယူဖောက်ပြန်သူတို့
သည် “ဆူးပင် အမျိုးမျိုးကို ဖြစ်စေတတ်သောမြေ ပြုစုခြင်းကို မခံ ထိုက်၊ ကျိန်ခြင်းကိုခံရသော အချိန်နီးသည်ဖြစ်၍၊ နောက်ဆုံး၌မီးရှို့ ခြင်းသို့ရောက်တတ်သောမြေ” နှင့်တူသည်။ “ကျိန်ခြင်းကိုခံရသော အချိန်နီးသည်ဖြစ်၍” ဟူသောဖော်ပြချက်က အခြားဖြစ်နိုင်ဖွယ်ရာ အခြေအနေများကိုပြောဆိုနေခြင်းမဟုတ်ပဲ၊ သေချာသောတရားစီရင်ခြင်း အကြောင်းကိုဖော်ပြခြင်းဖြစ်ပြီး၊ နောက်ဆုံး၌ မီးရှို့ခြင်းသို့ရောက်တတ်၏ ဟူသောစီရင်ချက်အားဖြင့် ဤဖော်ပြချက်ကိုအတည်ဖြစ်စေပါသည်။ ။
အထက်ဖော်ပြပါအယူဖောက်ပြန်သူတို့၏ဝိညာဉ်ရေးရာအခြေ အနေနှင့်ပတ်သက်၍ မည်သည့်သံသယမှမကျန်ရစ်တော့သလို သမ္မာ ကျမ်းစာရေးသောသူက တိကျရှင်းလင်းသည့်အချက်ကို အငယ် ၉ ၌ ဖြည့်စွက်ထားပါသည် – “ထိုသို့ပြောသော်လည်း ချစ်သူတို့၊ သင်တို့ သည်ကယ်တင်ခြင်းနှင့် ယှဉ်သော အရာ၊ သာ၍ကောင်းသော အရာ တို့နှင့်ဆိုင်သည်ကို ငါတို့သည်သဘောကျလျက်ရှိကြ၏။” ဤနေရာ၌ သမ္မာကျမ်းစာရေးသောသူက စစ်မှန်သောခရစ်ယာန်တို့ကို “ချစ်သူ တို့” ဟုခေါ်ပါသည်။ သူက စစ်မှန်သောခရစ်ယာန်တို့အား သူတို့သည် ဆူးပင်အမျိုးမျိုးကိုမဖြစ်စေကြောင်း၊ ကျိန်ခြင်းကိုခံရသောအချိန်နှင့် နောက်ဆုံး၌မီးရှို့ခြင်းသို့ရောက်ခြင်းစသည်တို့နှင့်မသက်ဆိုင်ကြောင်း ပြောပါသည်။ ကျမ်းစာရေးသူက ဤစစ်မှန်သောခရစ်ယာန်တို့အား ကျမ်းချက်အစပိုင်း၌ဖော်ပြထားသည့် အယူဖောက်ပြန်သူတို့နှင့်ဆန့်ကျင် ဘက်ဖြစ်သော ကယ်တင်ခြင်းနှင့်ယှဉ်သောအရာများဖြင့် ထူးခြားသော ဂုဏ်အင်္ဂါကိုပြသသောသူများဖြစ်ကြရန် တိုက်တွန်းသွေးဆောင်သည်။
၉၊ ထိုသို့ပြောသော်လည်း၊ ချစ်သူတို့၊ သင်တို့သည်ကယ်တင်ခြင်း နှင့်ယှဉ်သောအရာ၊ သာ၍ကောင်းသော အရာတို့နှင့်ဆိုင်သည် ကို ငါတို့သည်သဘောကျလျက်ရှိ၏။ ၁၀၊ အကြောင်းမူကား၊ သင်တို့သည် သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာ မက၊ ယခုပင်လုပ်ကျွေးခြင်းအမှုကို၎င်း၊ ထိုသို့ ပြုသာ အား ဖြင့် နာမတော်ကိုထောက်၍ ပြာမေတ္တာကို ၎င်း၊ ဘု ရား သခင်သည်မေ့လျော့သည်တိုင်အောင် အဓမ္မအမှုကိုပြုတော်မူ
သည်မဟုတ်။ ၁၁၊ သင်တို့ ရှိသမျှသည် ပျင်းရိခြင်းနှင့်ကင်း လွတ်၍၊ ၁၂၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ဂတိတော် တို့ ကို အမွေခံ ရသော သူတို့ နည်းတူ ကျင့် နိုင်မည် အကြောင်း၊ ထိုသို့သောလုံ့လဝိရိယကိုထုတ်၍ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသောမျှော်လင့်ခြင်းနှင့်ပြည့်စုံစေ ခြင်း၊ ငါတို့ သည် အလို ရှိကြ၏။ ၁၃၊ ဘုရားသခင်သည် အာဗြဟံ၌ဂတိထားတော်မူသောအခါ၊ ကိုယ်တော်ထက်သာ ၍ ကြီးမြတ်သော သူ ကို တိုင်တည် ၍ ကျိန်ဆို ရန် မရှိသောကြောင့်၊ ၁၄၊ ကိုယ်တော်ကိုတိုင်တည်၍ ငါသည်သင့် အား အစဉ်အမြဲကောင်းကြီးပေးမည်။ သင့်ကို အစဉ်အမြဲပွားများစေ မည်ဟု ကျိန်ဆိုတော်မူ၏။ ၁၅၊ ထိုသို့နှင့်အညီ၊ အာဗြဟံ သည်သည်းခံလျက်စောင့်နေပြီးမှ ဂတိတော်ကိုဝင်စားလေ၏။ ၁၆၊ လူတို့သည် မိမိထက် ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုလေ့ ရှိကြ၏။ မြဲမြံစေတတ်သောအကျိန်သည် ငြင်း ခုန်ခြင်းရှိသမျှကိုဖြေတတ်၏။ ၁၇၊ ထို့ကြောင့် ဂတိတော်ကို အမွေခံရသောသူတို့သည်ဘုရားသခင် ၏အကြံအစည်တော် မဖောက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှာ၊ ဘုရားသ ခင်သည်အကျိန်အားဖြင့် အာမခံတော်မူ၏။ ၁၈၊ အကြောင်း မူကား၊ ဘုရားသခင်သည်မုသာမသုံးနိုင်သောအရာတည်းဟုသော မဖောက်ပြန်မပြောင်းလဲနိုင်သောအရာနှစ်ပါးကိုအမှီပြု ၍ကိုယ်ရှေ့၌ထားသောမျှော်လင့်ရာကိုခိုလှုံခြင်းငှာ ပြေးသော ငါတို့ သည် သက် သာ အားကြီးကြမည် အကြောင်းတည်း။ ၁၉၊ ထိုမျှော်လင့်ခြင်းမူကား၊ ကုလားကာ အတွင်း၌ချ၍၊ မြဲမြဲ ခိုင်ခံ့သောစိတ်နှလုံး၏ကျောက်ဆူးကဲ့သို့ ငါတို့၌ ရှိသတည်း။ ၂၀၊ မေလခိဇေဒက် နည်းတူ၊ ထာဝရယဇ်ပုရောဟိတ်မင်း ဖြစ်သောယေရှုသည် ငါတို့ အတွက် ထို အတွင်း အရပ်ထဲသို့ ရှေ့ဆောင်၍ ဝင်သောသူဖြစ်တော်မူ၏ (ဟေဗြဲ ၆း၉-၂၀)။
ယုံကြည်သူ၏ထာဝရလုံခြုံမှုနှင့်ပတ်သက်၍ ခိုင်ခန့်သောကျမ်း
တစ်ပိုဒ်ကျွန်ုပ်တို့၌ရှိပါသည်။ ဤကျမ်းပိုဒ်သည် စစ်မှန်သောခရစ်ယာန် များအား ဦးတည်ပြောဆိုခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့မြင်သည့်အတိုင်း အပိုဒ်ငယ်-၉ က ထိုသူတို့သည်ကယ်တင်ခြင်းနှင့်ယှဉ်သောအရာများနှင့် သက်ဆိုင်ကြောင်းပြောပါသည်။ အပိုဒ်ငယ်-၁၀ က ထိုသူတို့၏စစ်မှန်သော ယုံကြည်ခြင်းအကြောင်းကိုပြသည့် နောက်ထပ်သက်သေအထောက်အထား များကို ပေါင်းထည့်ပေးထားသည်။ ထိုသူတို့သည်မပျင်းရိဘဲ သန့်ရှင်းသူ တို့အားလုပ်ကျွေးခြင်းအမှုကို ဆက်လက်လုပ်ဆောင်ကြဘို့ တိုက်တွန်း အားပေးပါသည်။ ထိုသူတို့သည် ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ဂတိတော်ကိုအမွေခံရသောသူတို့၏ပုံစံကိုအတုယူသင့်ပေသည်။ ဤ ကျမ်းချက်၏နောက်ဆက်တွဲကျမ်းပိုဒ်များက သူတို့သည်ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့်ဂတိတော်ကို အမွေခံရသည်မဟုတ်ကြောင်းနှင့် ပန်းတိုင်သို့ အရောက်ပို့ဆောင်သောဝိညာဉ်ရေးရာအကြောင်းကို ရှင်းလင်းစွာဖော်ပြပါသည်။
အာဗြဟံအားကောင်းကြီးပေးရန်နှင့် သူ၏သားစဉ်မြေးဆက် တိုးပွားများပြားစေရန်အတွက် ဘုရားသခင်သည်အာဗြဟံအားအခြေ အနေပေါ်၌မတည်သောဂတိတော်ကိုပေးခဲ့ပါသည်။ ဘုရားသခင်သည် မလိမ်ညာတတ်သောကြောင့် သူပေးသောဂတိတော်သည်ပြည့်စုံပြီး သကဲ့သို့သေချာပါသည်။ ၎င်းသည် အာဗြဟံ၏လုပ်ဆောင်မှုအပေါ်၌ မမူတည်ပါ။ ထိုဂတိတော်နှင့်ဆိုင်သောအရာခပ်သိမ်းတို့သည် ဘုရားသခင် အပေါ် ၌သာမူတည်နေသောကြောင့် ဘယ်အရာကမျှ ဟန့်တား၍မရပါ။ ဂတိတော်ပြည့်စုံလာခြင်းကိုသည်းခံလျက်စောင့်မျှော်ခဲ့သည်။
မိမိတို့၏အပြစ်များကိုနောင်တရလျက်၊ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်နှင့်သခင်အဖြစ် ယုံကြည်လက်ခံသူတိုင်း အား ထာဝရကယ်တင်ခြင်းဂတိတော်ကိုပေးကာ၊ ဘုရားသခင်သည် အခြေအနေပေါ်၌မူတည်ခြင်းမရှိသော ကျေးဇူးတော်ပဋိညာဉ်တစ်ခုကို ဖွဲ့ဆိုခဲ့သည်။ ဘုရားသခင်သည်မလိမ်ညာတတ်သောကြောင့် သူပေး
သောဂတိတော်သည်ပြည့်စုံရန်အကြွင်းမဲ့သေချာပါသည်။ယုံကြည်သူတစ်ဦးသည်ကောင်းကင်ဘုံသို့ဝင်စားနှင့်ပြီးသကဲ့သို့ကောင်းကင်ဘုံနှင့်စပ်ဆိုင်သောဂတိများမှာအလွန်သေချာပါသည်။ကောင်းကင်ဘုံ၌ရှိသောသန့်ရှင်းသူတို့သည်ကျွန်ုပ်တို့ထက်သာ၍ပျော်ရွှင်ကြသည်မှာမှန်သော်လည်း၊ကျွန်ုပ်တို့ထက်သာ၍လုံခြုံခြင်းမရှိကြပါ။ဤပဋိညာဉ်အားစိတ်ချရသည့်အချက်မှာ၊အရာခပ်သိမ်းတို့သည်ဘုရားသခင်ပေါ်၌မူတည်နေသည်ဟူသောအချက်ပင်ဖြစ်ပါသည်။
ယုံကြည်သူ၏လုံခြုံမှုကို အလေးအနက်ပြုရန်အတွက် အပိုဒ် ငယ် ၁၈-၂ဝ က လေးမျိုးဖော်ပြထားပါသည်။ ။
ပထမမှာ၊ ကျွန်ုပ်တို့၏ရှေ့၌ထားသောမျှော်လင့်ရာကိုခိုလှုံခြင်း ပြေးသောငါတို့သည် သက်သာအားကြီးခြင်းရရှိစေသော “ခိုလှုံရာ မြို့တစ်မြို့” ဖြစ်ပါသည်။ ခရစ်တော်သည်ခိုလှုံရာမြို့ဖြစ်ပြီး၊ မျှော်လင့်ရာ သည်ထာဝရကယ်တင်ခြင်းဖြစ်ပါသည်။ ဤမျှော်လင့်ရာကိုဘုရားသခင်၏ လုပ်ဆောင်မှုအပေါ်၌သာအခြေပြုထားသောကြောင့် မျှော်လင့်ရာနှင့် ပတ်သက်ပြီး မည်သည့်မသေချာ၊ မရေရာခြင်းများ သို့မဟုတ် မည်သည့် သံသယအပိုင်းအစ၊ အရိပ်လက္ခဏာတစ်ခုမှမရှိနိုင်ပါ။
ဒုတိယမှာ၊ “ကျောက်ဆူး” ဖြစ်ပါသည်။ ထာဝရဘုန်းအသရေ တော်ကိုမျှော်လင့်ခြင်းတည်းဟူသောကျွန်ုပ်တို့၏ကျောက်ဆူးကို မည်သည့် အရာကမှမရွေ့စေနိုင်သောဘုရားသခင်၏မျက်မှောက်တော်၌ချထား သည်။ ထိုကျောက်ဆူးသည် တည်တံ့မြဲမြံလျက်၊ ခိုင်မာသေချာလျက်ရှိ ပါသည်။
ဤမျှလောက်နှင့်မပြီးသေးပါ။ သခင်ယေရှုသည်ယုံကြည်သူ ကျွန်ုပ်တို့၏ရှေ့ပြေးအနေဖြင့် သူကိုယ်တိုင်ကုလားကာ၏အတွင်းထဲသို့ ဝင်တော်မူ၏။ သခင်ယေရှုစံမြန်းရာထိုကောင်းကင်ဘုံ၌ ကျွန်ုပ်တို့သည်လည်း ဝင်စားကြရမည်ဖြစ်သည်။
နောက်ဆုံးအနေဖြင့်၊ သခင်ဘုရားသည်ကျွန်ုပ်တို့၏ယဇ်ပုရော ဟိတ်မင်းအနေဖြင့် ထိုနေရာ၌ရှိနေပါသည်။ ထိုနေရာ၌ သူ၏စံမြန်းခြင်းသည် ကျွန်ုပ်တို့အားထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်ကြောင်း အာမခံပါသည် (ရောမ ၅၁၀)။ ကျွန်ုပ်တို့အတွက်ကြားဝင်ဆုတောင်းပေးခြင်းအမှုကို
ဆောင်ရွက်ရန် ကိုယ်တော်သည်ကာလအစဉ် အသက်ရှင်တော်မူသည့် (ဟေဗြဲ ၇း၂၅)။
အယူဖောက်ပြန်သူတစ်ဦးအကြောင်းကိုဖော်ပြထားသည့် အခြား
ကျမ်းပိုဒ်များမှာ ဟေဗြဲ ၁၀း၂၆-၃၁ ဖြစ်သည်။
အကြောင်းမူကား၊ သမ္မာတရားကိုသိပြီးမှ ကိုယ်အလိုသို့လိုက်၍ ပြစ်မှားပြန်လျှင်၊ နောက်တစ်ဖန် အပြစ်ဖြေသောယဇ်ကိုပူဇော် ရာအခွင့်မရှိဘဲ၊ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဖွယ်
သောမျှော်လင့် ရသော အကြောင်း၊ ငြင်းဆန်သော သူတို့ ကို ဖျက် ဆီးဘို့ ရာ အမျက်တော် မီးလောင် ခြင်းကို ခံ ရသော အကြောင်းရှိ၏။ မောရှေ၏တရားကို ပယ်သောသူမည်သည် ကား သက်သေခံနှစ်ဦး၊ သုံးဦးရှိလျှင် သနားခြင်းကိုမခံရဘဲ သေရ၏။ ထိုမျှမက၊ ဘု ရားသခင်၏သားတော်ကိုခြေဖြင့်
ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသောပဋိညာဉ်တရား၏ အသွေးကို အပြစ်တင်လျက်၊ ဆုကျေးဇူးကိုပေးသောဝိညာဉ်
တော်ကိုမထီမဲ့မြင်ပြုလျက်ရှိသောသူသည် အဘယ်မျှလောက် ကြီးစွာသောဒဏ်ဖြင့်ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့် အလျောက် ငါဆပ်ပေးမည်ဟူ၍၎င်း၊ ထာဝရဘုရားသည် မိမိတို့အဘို့ တရား စီရင်မည်ဟူ၍၎င်း၊ မိန့်တော်မူသောသူကို ငါတို့သည်အမှန်သိ ကြ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်းအမှုသည် ကြောက်မက်ဘွယ်သော အမှုဖြစ် သတည်း။
အပိုဒ်ငယ်၂၆ ၌ပါသော “ကိုယ်အလိုသို့လိုက်၍ ပြစ်မှားခြင်း” သည် အယူဖောက်ပြန်ခြင်းဖြစ်ပါသည်။ ယေဘုယျအားဖြင့်ပြောရလျှင်၊ အပြစ် အားလုံးနီးပါးတို့သည် ကိုယ်အလိုသို့ လိုက်၍ပြစ်မှားခြင်းဖြစ်သည်မှာ မှန်ပါသည်။ သို့သော်လည်း ဤကျမ်းချက်၌ပါသော “ကိုယ်အလိုသို့ လိုက်၍ပြစ်မှားခြင်း” သည် အခြားပြစ်မှားခြင်းများနှင့်မတူကြောင်းကို ကျွန်ုပ်တို့တွေ့မြင်မည်ဖြစ်သည်။
သမ္မာတရားကိုသိရှိလက်ခံပြီးမှ အယူဖောက်ပြန်သူတစ်ဦးသည် ခရစ်တော်ကိုငြင်းပယ်စွန့်လွှတ်သောအခါ ဒုစရိုက်အပြစ်များအတွက်ခရစ်တော်၏ဆောင်ရွက်ပြီးစီးခဲ့သောအပြစ်ကို စင်ကြယ်စေသည့် ပူဇော်သက္ကာမှ သူသည်မိမိကိုယ်မိမိ ထာဝရအဆက်ဖြတ်လိုက်ခြင်းဖြစ် သည်။ ဤသူသည် ခရစ်တော်၏ရန်သူများနှင့် ပူးပေါင်းပြီးဖြစ်၍၊ ထို ရန် သူများခံစားရမည့် ကံကြမ္မာကို မျှဝေခံစားရလေတော့သည်။ သမ္မာတရားကို သိရှိခြင်းသည် လုံလောက်ပါ။ ထိုသို့သိရှိပြီးနောက်၊ ခရစ်တော်ကိုယုံကြည်လက်ခံခြင်းက လိုက်ပါလာရမည်။
အကယ်၍ မောရှေ၏တရားကိုငြင်းပယ်ခြင်းသည် သေဒဏ်ကျခံ ရသောပြစ်မှုကြီးဖြစ်ခဲ့ပါက၊ အယူဖောက်ပြန်ခြင်းပြစ်မှုကြီးကိုကျူးလွန် ခြင်းသည် သာ၍ ကြီးလေးသောပြစ်ဒဏ်ခံရမည်ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် အယူဖောက်ပြန်ခြင်းသည် –
(က) ဘုရားသခင်၏သားတော်ကိုခြေဖြင့်ကျော်နင်းခြင်းဖြစ်
သည် (သရော်စော်ကားခြင်းနှင့်မထီမဲ့မြင်ပြုခြင်းကိုပုံဖော်
ထားပါသည်)။
(ခ) မိမိကိုစင်ကြယ်စေသောပဋိညာဉ်တရား၏အသွေးကို သာမည
အရာအဖြစ် မှတ်ယူခြင်းဖြစ်သည်။
(ဂ) သန့်ရှင်းသောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုခြင်းဖြစ်သည်။
ဤစက်ဆုပ်ဘွယ်သောကျူးလွန်မှုများကို တစ်ခုချင်းစီကြည့်၍ ၎င်းတို့သည် စစ်မှန်သောဘုရားသားသမီးတစ်ဦး၏ပုံရိပ်မှန်ကိုခြယ်မှုန်း ပါသလား၊ ဟု မိမိကိုယ်ကိုမေးမြန်းကြည့်ကြပါစို့။ သခင်ခရစ်တော်ကို စွန့်ပယ်၍ မိမိတို့၏ဘိုးဘေးဘီဘင်မှဆင်းသက်သောဘာသာသို့ လှည့်ပြန် ချင်သောသူတို့သည် အမှတ်လက္ခဏာစမ်းသပ်မှုတစ်ခုကိုအောင်မြင်
ကျော်လွှားရန်တောင်းဆိုသည့် အချိန်ကာလတစ်ခု အသင်းတော်သမိုင်း၌ ခဲ့လေသည်။ ဤအမှုကိုဆောင်ရွကရန်အတွက် တိရစ္ဆာန်တစ်ကောင်၏ အသွေးကို ကျမ်းပြင်ပေါ်သို့သွန်းလောင်းခဲ့ကြသည်။ “ဤအသွေးသည်ခရစ်
တော်၏အသွေးကိုကိုယ်စားပြုသည်။ ယခုအခါ၊ ဤအသွေးပေါ် ကျော်နင်းကြပါ” ဟု သူတို့ကိုပြောကြသည်။ အကယ်၍ သူတို့သည် နောက်ပြန်လှည့်ကြပါက၊ ဤဘဝ၌ နှိပ်စက်ညှဉ်းဆဲခြင်းမှလွတ်မြောက်ကြ ပါသည်။ သို့သော်လည်း၊ နောင်ဘဝ၌မူ ၎င်းတို့၏ စိတ်ဝိညာဉ်တို့သည်
ပျက်စီးဆုံးရှုံးရပါသည်။ သခင်ခရစ်တော်ကိုနှုတ်ဖြင့်သာဝန်ခံ၍ စွန့်ပယ် သူတိုင်းအတွက် အထက်ပါဖြစ်ရပ်သည်မှန်ကန်ပါသည်။ ။
အယူဖောက်ပြန်သူက ခရစ်တော်၏အသွေးတော်သည် မသန့်ရှင်း သောတိရစ္ဆာန်တစ်ကောင်၏အသွေးထက် ပို၍ တန်ဖိုးရှိသည်ဟု မမှတ် ယူပါ။ ထိုသို့ဖြစ်သည့်တိုင်၊ သခင်ခရစ်တော်၏အသွေးတော်သည် ထိုသူအား သန့်ရှင်းစင်ကြယ်စေသောပဋိညာဉ်တရား၏ အသွေးတော်ပင်ဖြစ်၏။ နာမည်ခံခရစ်ယာန်တစ်ဦးဖြစ်ခြင်းအားဖြင့် သူသည်စင်ကြယ်ခြင်းခံရလေ သည်။ ဆိုလိုသည်မှာ၊ မယုံကြည်သောလင်သည် ယုံကြည်သောမိမိမယား အားဖြင့်စင်ကြယ်သည်နည်းတူ (၁ကော၊ ၇၁၄)၊ ထိုသူသည်အပြင်ပိုင်း ဆိုင်ရာအခွင့်ထူးခံ စားရသောအဆင့် ၌သီးသန့် ဖယ် ထားခြင်းခံရ ပါသည်။ စင်ကြယ်ခြင်းခံရခြင်းသည် အမှန်တကယ် ကယ်တင်ခြင်းရရှိခြင်း ဖြစ်သည်ဟူ၍မဆိုလိုပါ။
ပြည့်စုံသည့်တစ်ပါးတည်းသောကယ်တင်ရှင်ထံတော်ပါးမှ ထွက် သွားခြင်းသည် ဝိညာဉ်တော်ကိုစော်ကားခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် ခမည်းတော်ဘုရားထံတော်သို့ရောက်နိုင်သည် တစ်ခုတည်းသောလမ်းဖြစ်သည့် သခင်ခရစ်တော်အားချီးမြောက်သော သန့်ရှင်းသောဝိညာဉ်တော်နှင့်သူ၏အမှုတော်ကို မထီမဲ့မြင်ပြုခြင်းပင် ဖြစ်သည်။
တစ်ဖန်ပြောရလျှင်၊ အယူဖောက်ပြန်သူအကြောင်းကိုဖော်ပြပြီး နောက်တွင် ဘုရားသခင်၏ဖြောင့်မတ်သောတရားစီရင်ခြင်းက ထိုသူတို့အား စောင့်နေသည့် အကြောင်းကို ရေးသားထားပါသည်။ “ထာဝရဘုရား သည် မိမိလူတို့အဘို့တရားစီရင်တော်မူမည် ” ဟူသောအချက်က ဤ ကျမ်းစာရေးသူသည် စစ်မှန်သောယုံကြည်သူများအကြောင်းကိုပြောဆို ခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ကောက်ယူရန် ဖန်တီးပေးနေပါသည်။ သို့ရာတွင် ထိုကဲ့သို့မဟုတ်ပါ။ ယောက်ျား၊ မိန်းမရှိသမျှအားလုံးတို့သည် ဖန်ဆင်းခြင်း၊ အားဖြင့်ဘုရားသခင်၏လူများဖြစ်ကြပါသည် (တမန်၊ ၁၇၂၈)။ ဣသရေလ လူတို့သည် ရှေးအခါက ဤမြေကြီးပေါ်၌ဘုရားသခင်၏လူမျိုးတော်ဖြစ်ခဲ့ ကြသည် (တရား၊ ၁၄၂)။ ယခုပစ္စုပ္ပန်ကာလတွင် ဘုရာသခင်၏သားတော် ကို ယုံ ကြည် သောသူ အားလုံးတို့ သည် ဘု ရားသခင် ရွေးချယ် ထား
တော်မူသောအမျိုးဖြစ်ကြပါသည် (၁ပေ၊ ၂း၉)။ သို့ဖြစ်ရကား၊ “ထာဝရ ဘုရားသည်မိမိလူမျိုးတို့အဘို့တရားစီရင်တော်မူမည်” ဟုပြောဆိုသော အခါ၊ စစ်မှန်သောယုံကြည်သူများကိုဆိုလိုခြင်းမဖြစ်နိုင်ပါ။ အဘယ့်ကြောင့် ဆိုသော်၊ ကယ်တင်ရှင်သခင်ဘုရားကိုယ်တိုင်က ငါ့စကားကိုနားထောင် ၍ ငါ့ကိုစေလွှတ်တော်မူသောသူကိုယုံကြည်သောသူ အပြစ်စီရင်ခြင်းကို မခံရ (ယော၊ ၅း၂၄) ဟူ၍ ကတိပေးထားသောကြောင့် ဖြစ်ပါသည်။ ဤကျမ်းစာရေးသူက အယူဖောက်ပြန်သူများနှင့်ဆက်စက်မှုရှိသော တရားဟောရာကျမ်း ၃၂၃၆ သို့မဟုတ် ဆာလံ ၁၃၅၁၄ ကို ကိုးကားထားပြီး၊ သူသည် စစ်မှန်သောယုံကြည်သူများကို ရည်ညွှန်းပြောဆိုနေခြင်း မဟုတ်ပါ။ “ထာဝရဘုရားသည်မိမိလူတို့အဘို့တရားစီရင်တော်မူမည်” ဟူသောအချက်က “ငါသည်အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါပေးဆပ်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏” ဟူသော ရှေ့ကရည်ညွှန်း ချက်ကိုအတည်ပြုပါသည်။ ။
ခရစ်ယာန်တစ်ဦးသည် ရွေ့ လျော့ဖောက်ပြန်နိုင်ပါသည်။ သူသည် သခင်ဘုရားနှင့်မိတ်ဿဟာယပျက်ပြားသွားနိုင်ပါသည်။ သမ္မာကျမ်း စာထဲ၌သူ့ကိုသတိပေးထားသည့်အရာများကိုဆန့်ကျင်၍ အပြစ်တစ်စုံ တစ်ခုကျူးလွန်နိုင်ပါသည်။ သို့ရာတွင်၊ သူသည်မလိုတမာစိတ်ဓါတ်ဖြင့် ခရစ်တော်ကိုမစွန့်လွှတ်နိုင်ပါ။ သူသည် ခုနှစ်ကြိမ်လဲကောင်းလဲပေ မည်။ သို့သော်လည်း သူသည်ထပြန်လိမ့်မည် (သု၊ ၂၄၁၆)။
သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက် လူများရှေ့မှာ ကဲ့ရဲ့ ညှဉ်းဆဲခြင်းကိုခံရသဖြင့်၎င်း၊ ထိုသို့ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဖော်ဖြစ်သဖြင့် ၎င်း၊ ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာများကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့်တွေ့ကြုံ
သော အထက်ကာလအချိန်ကိုအောက်မေ့ကြလော့။ ထိုအခါ သင်တို့သည် အကျဉ်းခံရသောသူတို့ အတွက်ကြောင့် ကြင်နာ
သောစိတ်ရှိရသည်သာမက ကိုယ့်ပစ္စည်းဥစ္စာများကို သူတပါး လုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ကောင်းကင်ဘုံ၌ သာ၍ မြတ်သောအမြဲတည်သောဘဏရှိသည်ကိုသိ၍၊ လုယူ
ဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ် နှင့် ဝန်ခံကြ၏။ ထို့
ကြောင့် ၊ ကြီးစွာသော အကျိုးနှင့် ယှဉ်သော သင်တို့၏ရဲရင့် ခြင်းစိတ်ကိုမစွန့်ကြနှင့်။ ဘုရားသခင်၏အလိုတော်ကိုဆောင် ပြီးမှ ကတိတော် အတိုင်းအကျိုးကိုရမည်အကြောင်း သည်းခံ ခြင်းစိတ် ရှိရမည်။ အဘယ်ကြောင့် နည်းဟူမူကား၊ ကြွလာ လတံ့သောသူသည်မဆိုင်းလင့်ဘဲ၊ မကြာမမြင့်မှီရောက်တော်မူ လိမ့်မည်။ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင် ငါ့စိတ် ဝိညာဉ်သည်ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင် မိန့်တော်မူ၏။ ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သောသူမဟုတ်။ စိတ်ဝိညာဉ်ကယ်တင်ခြင်းသို့ ရောက် အံ့သောငှာ ယုံကြည်သောသူဖြစ်ကြ၏ (ဟေဗြဲ ၁၀း၃၂-၃၉)။
ဟေဗြဲယုံကြည်သူတို့ သည် သခင်ယေရှုကိုယုံကြည်ကြသော ကြောင့် သူတို့ခံရသောဆင်းရဲဒုက္ခများကိုသတိရရန် အသိပေးခြင်းခံ ကြသည်။ သူတို့ သည်အခြားယုံကြည်သူတို့နှင့်အတူ ညှဉ်းဆဲခြင်းကို မျှဝေခံစားခဲ့ကြကာ၊ ဤဟေဗြဲသြဝါဒစာရေးသူအကျဉ်းကျခံရစဉ်တွင် လုပ်ကြွေးခဲ့ကြသည်။ မိမိတို့၏ဘဏ္ဍာအစစ်သည် ကောင်းကင်ဘုံ၌ရှိ သည်ကိုသိမှတ်လျက်၊ မိမိတို့၏ဥစ္စာ၊ ပစ္စည်းများဆုံးရှုံးခြင်းကို ဝမ်းမြောက် သောစိတ်နှင့်ဝန်ခံခဲ့ကြသည်။
ယခု အခါ ဤသူတို့ သည်စိတ်မပျက်ပဲ၊ ဘု ရားသခင်၏အလို တော်ကိုဆောင်လျက်၊ စုံစမ်းနှောင့်ယှက်ခြင်းများအောက်၌ သည်းခံ ရပ်တည်ကာ၊ ထိုကတိတော်၏ပြည့်စုံခြင်းကို ရရှိခံစားမည်ဖြစ်သည်။ ထိုသို့ရရှိခံစားခြင်းသည် ဤသူတို့၏သည်းခံခြင်းစိတ်အပေါ်၌မူတည် သည်ဟူ၍ အငယ် ၃၅-၃၆ ၌ အရိပ်အမြွက်မျှပင်မဖော်ပြပါ။ ထိုသို့ဖြစ် သည်ထက် သခင်ဘုရားပြန်လည်ကြွလာခြင်းကိုစောင့်စားခြင်းသည် ဤသူ တို့၏အသက်ရှင်နေထိုင်သင့်သော အသက်တာဖြစ်ပါသည် (ငယ်-၃၇)။
အပိုဒ်ငယ် ၃၈ ၏ ပထမပိုင်းက စစ်မှန်သောယုံကြည်သူများကို ဖော်ပြထားပါသည်- “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်`အသက်ရှင်လိမ့်မည်။” ဤကျမ်းချက်က “ယုံ ကြည်ခြင်းအားဖြင့်
ဖြောင့်မတ်ခြင်းသို့ရောက်ပြီး၊ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိ မည်” ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ကျန်အပိုဒ်ငယ်က အယူဖောက်ပြ သူကိုဖော်ပြထားပါသည်-“ရွေ့လျော့လျှင် ဘယ်အရာမှရွေ့လျော့မည် နည်း။” သခင်ယေရှုအပေါ်၌ထားရှိရမည့် စစ်မှန်သောယုံကြည်ခြင်းမှ ရွေ့ လျော့မည်ဖြစ်သည်။ –
တစ်စုံ တစ်ဦးက “ဤကျမ်းချက်က ထိုသို့ အနက်အဓိပ္ပါယ်ရှိ
ကြောင်း သင်အဘယ်သို့သိပါသနည်း”ဟု မေးပါက၊ “ထိုသို့ပြောဆို ထားသောကြောင့်သိမြင်ပါသည်” ဟုပြန်ဖြေရပါမည်။ “ငါတို့ (ယုံ ကြည်သူတို့) မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သော သူများ (အယူဖောက်ပြန်သူများ) မဟုတ်၊ စိတ်ဝိညာဉ်ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ ယုံကြည်သောသူများ(ယုံကြည်သူများ) ဖြစ်ကြ၏။” တစ်နည်းအားဖြင့်ဆိုသော်၊ အယူဖောက်ပြန်သူတို့သည် စိတ်ဝိညာဉ် ကယ်တင်ခြင်းကိုမယုံကြည်ကြပါ။ ဤသူတို့ သည် နှုတ်ဖျားဖြင့်သာ ယုံကြည်ခြင်းကိုဝန်ခံလျက်၊ တဒင်္ဂသာတည်စေကြကာ၊ ထို့နောက် အယူ ဖောက်ပြန်သွားကြသည်။
ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည် ကတိတော်နှင့်စပ်ဆိုင်
သောအကျိုးကျေးဇူးကိုမခံရဘဲ၊ အဝေးကမျှော်မြင်လျက်၊ စိတ် နှလုံးနှင့်ဘက်ယမ်းလျက် မိမိတို့ သည်မြေကြီးပေါ်မှာ တစ် ကျွန်းသူ၊ တစ်နိုင်ငံသား ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင် ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ၏။ ထိုသို့ ဝန်ခံသောသူတို့သည်မိမိတို့အဘပြည်ကိုရှာကြသည်ဟု အတည အလင်း ပြောဆိုကြ၏။ ထိုသူတို့သည် အထက်ကထွက်သွားသော ပြည် ကို အောက်မေ့သည် မှန်လျှင် ထို ပြည် သို့ ပြန် ရ အခွင့်ရှိကြ၏။ ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင်ပြည် တည်းဟူသော သာ၍ မြတ်သောပြည် ကို တောင့်တခြင်းရှိ ၏။ ထို့ကြောင့် ဘုရားသခင်သည် သူတို့၏ဘုရားဟူ၍ခေါ် ခြင်းကို ရှက်တော်မမူ၊ သူတို့နေစရာဘို့မြို့ကိုတည်ထောင်
မူပြီ (ဟေဗြဲ ၁၁း၁၃-၁၆)။
အထက်ဖော်ပြပါကျမ်းပိုဒ်များထဲမှ အခြေအနေပေါ်၌တည်သော ကယ်တင်ခြင်းကို အထောက်အကူပေးသည့်ကျမ်းချက်ကို ကြိုးစား၍ ရှာသော်လည်း မတွေ့သဖြင့် အံ့အားသင့်ပြီးစိတ်ရှုပ်ထွေးသွားခဲ့ကြောင်း ကျွန်ုပ်ဝန်ခံပါသည်။ ဤကျမ်းချက်များကို လေးလေးနက်နက်လေ့လာ ပြီးနောက် အပိုဒ်ငယ် ၁၅ သည် အယူဖောက်ပြန်သူတို့ကိုးကားတတ်သည့် ကျမ်းချက်ဖြစ်ကြောင်း ကျွန်ုပ်နိဂုံးချုပ်နိုင်ခဲ့သည်။ ထိုသူတို့သည် … ထိုပြည်သို့ပြန်ရသောအခွင့်ရှိကြ၏။ ဘိုးဘေးတို့သည် ခါနာန်ပြည်သို့ ဆက်လက်ခရီးနှင်သောလမ်းကြောင်းနှင့် ပတ်သက်၍ သူတို့ စိတ်ကို
ပြောင်းလဲနိုင်သကဲ့သို့၊ စစ်မှန်သောယုံကြည်သူတို့သည် ယုံကြည်ခြင်းကို ရပ်တန့်၍၊ ကယ်တင်ခြင်းမရမှီ မိမိတို့၏ဘဝဟောင်းသို့လှည့်ပြန်သွား နိုင်ပါသည်ဟူ၍ ပြောဆိုရန်အတွက်အထက်ပါကျမ်းပိုဒ်ကိုအသုံးချကြ သည်။ အထက်ပါကျမ်းပိုဒ်က ကယ်တင်ခြင်းအတွက်ယုံကြည်ခြင်းသည် မလုံလောက်ပါ။ အဆုံးတိုင်အောင်ယုံကြည်ရပါမည်။ လူတစ်ဦးသည် မိမိယုံကြည်မှုကို တမင်တကာရပ်စဲခြင်းအားဖြင့်ကယ်တင်ခြင်းကိုဆုံးရှုံး နိုင်ကြောင်းကိုသွန်သင်သည်ဟု ပြောကြသည်။
သို့သော်၊ ဤသို့အနက်ဖွင့်ခြင်းသည် ကျမ်းချက်ပါသွန်သင်ချက်နှင့် မကိုက်ညီပေ။ ကျွန်တော်သည် မပြောင်းလဲသောကျွန်ုပ်ဘဝဟောင်း၏ အသက်ရှင်ခြင်းပုံစံသို့ပြန်သွားနိုင်သည့်အခွင့်အရေး ရှိကောင်းရှိနိုင် ပါသည်။ သို့သော်လည်း၊ ထိုအသက်တာဆီသို့ ပြန်သွားလိုသောဆန္ဒ ကျွန်ုပ်၌မရှိပါ။ လူတစ်ဦးက သူသည်ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု
ပြောဆိုပြီး၊ ဒုစရိုက်အပြစ်ကျူးလွန်သောဘဝဆီသို့ပြန်လှည့် သွားရန် ဆုံးဖြတ်ချက်ချပါက၊ သူသည် အစကတည်းက ခရစ်တော်၌အသစ် ဖန်ဆင်းခြင်းမခံခဲ့ဖူးကြောင်း ဖော်ပြပါသည်။ ။
ကယ်တင်ခြင်းအတွက်ယုံကြည်ခြင်းက နောက်ဆုံးကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်ပါဟု ယုံကြည်ခံယူခြင်းသည် ဧဝံဂေလိတရားကို မှောက်လှန်ခြင်းဖြစ်သည်။ ဤသို့ ခံယူခြင်းသည် သခင်ခရစ်တော်က ယုံ ကြည် သူတစ် ဦး၏အပြစ် အားလုံးအတွက် မပေးဆပ်ခဲ့ ပဲ၊ သူ၏
အသက်တာပြောင်းလဲသည့်အချိန်အထိရှိသောအပြစ်များကိုသာ ပေးဆပ် ခဲ့ သည်ဟု အဓိပ္ပါယ်သက်ရောက်ပါသည်။ အသက်တာပြောင်းလဲပြီး
နောက်ပိုင်းတွင်၊ ယုံကြည်သူသည်ကိုယ့်ခြေထောက်ပေါ် ရပ်တည်အသက်ရှင် ရသည်။ ဤခံယူချက်၌ပါဝင်သောအချက်များကို စဉ်းစားကြည့်ပါ။
၁။ ပြည့်စုံသည့် ကစ်ပါးတည်းသောကယ်တင်ရှင်ယေရှုခရစ်တော် ကိုငြင်းပယ်သည်။ ယုံကြည် သူ၏ကယ်တင်ခြင်းအတွက် ခရစ်တော်၏ လုပ်ဆောင်ချက်နှင့်မိမိ၏လုပ်ဆောင်ချက်ပူးပေါင်းပါဝင်နေသည်။
၂။ သခင်ယေရှုအသေခံတော်မူစဉ်တွင် ယုံကြည်သူတို့၏ အပြစ်များအားလုံးတို့သည် အနာဂတ်ကာလတွင်ရှိနေပါသည်။ သို့သော်၊ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလတွင်ရှိသော ယုံကြည်သူခရစ်ယာန် တစ်ဦး၏အပြစ်အားလုံးအတွက်ခရစ်တော်၏ လုပ်ဆောင်ပြီးစီးခဲ့သော ကယ်တင်ခြင်းအမှုကိုငြင်းပယ်နေသည်။
၃။ ကျေးဇူးတော်အားဖြင့်အခမဲ့ပေးထားသောကယ်တင်ခြင်းကို ငြင်းပယ်နေသည်။ ဤရှုမြင်ချက်က လူတို့သည်ယုံကြည်ခြင်းကို မိမိတို့၏ ကြိုးစားမှုနှင့်ထိန်းသိမ်းထားခြင်းအားဖြင့် ကယ်တင်ခြင်းကိုရရှိနိုင်သည် ဟု သွန်သင်ပါသည်။
၁၊ ထို့ကြောင့်၊ ဤမျှလောက်များစွာသောသက်သေအပေါင်း တို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍၊ ငါတို့သည်ခပ် သိမ်းသောဝန်တို့ကို၎င်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကို ၎င်း ပယ်ရှား၍၊ ငါတို့မျက်မှောက်၌ထားသောပန်းတုံးတိုင်သို့ ရောက်ခြင်းငှါ၊ အားမလျော့ဘဲပြေးကြကုန်အံ့။ ၂၊ ယုံကြည် ခြင်းကို အစအဦးစီရင်၍စုံလင်စေတော်မူသောသခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သော အရာ ကို မမှတ်ဘဲ၊လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ပလ္လင်
တော်လက်ျာဘက်၌ထိုင်နေတော်မူ၏။ ၃၊အပြစ်ရှိသောသူ တို့ လက်တွင် ထိုမျှလောက်ကြီးစွာသောဆီးတားနှောင့်ယှက် မြင်းကိုခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအား ဖြင့် အားလျော့စိတ်ပျက်ခြင်းနှင့်ကင်းလွတ်အံ့သောငှာ ကြိုးစား ကြလော့။ ၄၊ သင်တို့သည်ဒုစရိုက်အပြစ်ကိုဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည့် တိုင်အောင် မခံရကြသေး။ ၅၊ ထိုမှ တပါး၊ ငါ့သား၊ ထာဝရဘု ရားဆုံ မတော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက် နှင့်၊ ၆၊ ထာဝရဘုရားသည် ချစ်တော်မူသောသူကိုဆုံးမတော်မူ တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကိုဒဏ်ခတ်တော်မူ တတ်၏ဟု သူငယ်တို့ကိုဆိုသကဲ့သို့၊ သင်တို့ကိုပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော။ ၇၊ သင်တို့သည် ဆုံးမ တော်မူခြင်းကိုခံလျှင်၊ သားတို့ကိုပြုသကဲ့သို့ ဘုရားသခင်သည် သင်တို့ကိုပြုတော်မူ၏။ အကြောင်းမူကား၊ အဘမဆုံးမသော သားတစ်စုံတစ်ယောက်ရှိသလော။ ၈၊ သားအပေါင်းတို့သည် ခံတတ်သောဆုံးမခြင်းကို သင်တို့သည်မခံဘဲနေလျှင် သားရင်း မဟုတ်၊ မင်းဦးမင်းလွင်ရသောသားဖြစ်ကြ၏။ ၉၊ တစ်နည်း ကား၊ ကိုယ်ကာယနှင့် စပ်ဆိုင်သော အဘတို့ လက်ဖြင့် ငါတို့ သည် ဆုံ မခြင်းကို ခံ ရသော အခါ၊ သူ တို့ ကို ရှိ သေကြ၏၊ ထိုမျှမက၊ စိတ်ဝိညာဉ်တို့၏အဘအလိုသို့လိုက်၍ အသက် ချမ်းသာရကြမည် မဟုတ်လော။ ၁ဝ၊ အကြောင်းမူကား၊ ထို အဘတို့သည် မိမိအလိုသို့လိုက်၍ တခဏသာဆုံ မပေးကြ ၏။ ကိုယ်တော်မူကား၊ မိမိသန့်ရှင်းခြင်းပါရမီတော်ကို ငါတို့ သည်ဆက်ဆံစေခြင်းငှာ၊ ငါတို့အကျိုးကိုထောက်၍ သာ ဆုံးမ ပေးတော်မူ၏။ ၁၁၊ ဆုံးမခြင်းမည်သည်ကား ခံရစဉ်အခါ ဝမ်း မြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း ဆုံးမခြင်းကိုခံသောသူတို့သည် နောက်မှ ငြိမ်သက်ခြင်းနှင့်စပ်ဆိုင်
သောဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။ ၁၂၊ ထို့ကြောင့်၊ တွဲလွဲနေသောလက်တို့နှင့် အားမရှိသော ဒူးတို့ ကို ခိုင်ခံ့စေ ကြလော့။ ၁၃၊ ခြေမစွမ်းသောသူတို့သည် အဆစ်မပြုတ်သည် သာမက၊ ချမ်းသာရစေခြင်းငှါ သင်တို့သွားဘို့ ရာဖြောင့်သော လမ်းတို့ကို ပြင်ဆင်ကြလော့။ ၁၄၊ လူအပေါင်းတို့နှင့် အသင့်
အတင့်နေ၍ ငြိမ်သက်ခြင်းကို၎င်း၊ သန့်ရှင်းခြင်းပါရမီကို၎င်း၊ မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင် အဘယ် သူမျှထာဝရဘုရားကိုမဖူးမမြင်ရ။ ၁၅၊ သင်တို့တွင်တစ်စုံတစ်
ယောက်မျှဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲမနေစေခြင်းငှာ ၎င်း၊ ခါးစွာသောပင်မြစ်ပေါက်၍ သင်တို့နှောင့်ယှက်သဖြင့် လူအများတို့ သည် အပြစ်နှင့် မညစ်ညူးစေခြင်းငှာ၎င်း၊ ၁၆၊ မတရားသောမေထုန်၌မှီဝဲသောသူမရှိစေခြင်းငှာ၎င်း၊ တစ်နပ် စာအဘိုးနှင့်သားဦးအရာကိုရောင်းသော ဧသောကဲ့သို့ ဘုရား တရားကိုမရိုမသေပြုသောသူ မရှိစေခြင်းငှာ၎င်း၊ သတိနှင့် ကြည့်ရှုကြလော့။ ၁၇၊ သင်တို့သိသည့် အတိုင်း ဧသောသည် နောက်မှကောင်းကြီးမင်္ဂလာကို အမွေခံခြင်းငှာ အလိုရှိသော အခါ၊ ငြင်းပယ်ခြင်းကို ခံရ၏။ မျက်ရည်ကျ၍ကောင်းကြီး မင်္ဂလာကို အလွန်ရှာသည်လည်း မိမိအဘ၏စိတ်ပြောင်းလဲ ခြင်းအခွင့်ကိုမတွေ့ရ။ (ဟေဗြဲ ၁၂း၁-၁၇)။
ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၁ မှ ၁၃ အထိသည် ယုံကြည် ခြင်းနှင့်သည်းခံခြင်းရှိဘို့ အများအားဖြင့်တိုက်တွန်းထားသောကျမ်း ပိုဒ်များဖြစ်သည်။ သို့သော်လည်း၊ ထိုတိုက်တွန်းချက်တို့သည် ခြိမ်း
ချောက်ခြင်းနှင့် တွဲဖက်သည့် အမိန့်ပေးခြင်းမျိုးမဟုတ်ပါ။ ကျွန်ုပ်က အသစ်ပြောင်းလဲလာသူတစ်ဦးအား “ဘုရားသခင်အတွက် အသက် ရင်လျှောက်လှမ်းပါ”ဟုပြောသောအခါ ကျွန်ုပ်သည့် အတိုင်း မလျှောက်လှမ်းပါက သူသည်ထာဝရပြစ်ဒဏ်ပေးခြင်းခံရလိမ့်မည်ဟု
ကျွန်ုပ်မဆိုလိုပါ။ ဤအချက်ကို အာရုဏ်စွဲရင်း ဤကဏ္ဍကို အကျဉ်း ချုပ်ကြပါစို့။
မိမိတို့၏ယုံကြည်ချက်ကြောင့်ညှဉ်းဆဲခြင်းခံသော ဟေဗြဲခရစ်ယာန် တို့သည် ဟေဗြဲအခန်းကြီး ၁၁ ၌ပါသော ယုံကြည်ခြင်းသူရဲကောင်းတို့။ ယုံကြည်ခြင်းနှင့် သည်းခံခြင်းကို စံနမူနာယူ၍ ခွန်အားယူသင့်ကြသည်။ အထူးသဖြင့်၊ ဤသူတို့သည် စိတ်ပျက်အားငယ်ခြင်းနှင့်သံသယဘက်သို့ တိမ်းသိမ်းခြင်းမှရှောင်ရှား၍ သည်းခံစိတ်ဖြင့် ခရစ်ယာန် ဘဝခရီး
ပန်းတုံးတိုင်သို့ အရောက်ပေးသင့်သည်။ သူတို့သည် ယုံကြည်သူကျွန်ုပ်တို့အား
ပေးရမည့်လမ်းကို အစမှအဆုံးတိုင်အောင်ညွှန်ပြပေးသူ သခင်ယေရှုကို မျက်ခြေမပြတ်စေ့စေ့ကြည့်ရှုသင့်သည်။ သခင်ဘုရားသည် အပြစ်သားတို့၏ မုန်းတီးမှုကိုသည်းခံကာ၊ လက်ဝါးကပ်တိုင်ပေါ်၌ဝေဒနာကိုအဆုံးထိခံခဲ့ သည်။ ဟေဗြဲခရစ်ယာန်တို့သည် သခင်ဘုရားခံခဲ့သည့်သွေးထွက်ခြင်းနှင့် အသေခံခြင်းကို မခံကြသေးပါ။
ဟေဗြဲယုံကြည်သူတို့သည်ဘုရားသခင်၏ကလေး သူငယ်တို့အား လေ့ကျင့်သင်တန်းပေးခြင်းကို အထင်မသေးသင့်ပါ။ ထိုစဉ်က သူတို့၏ သည်းခံခြင်းသည် ဘုရားသခင်အတွက်သည်းခံရပ်တည်ခြင်းဖြစ်သည်။ ဖခင်သည်သူပိုင်ဆိုင်သောသားသမီးများကို သာ ဆုံးမတော်မူခြင်းကို အထင်မသေးသင့်ပါ၊ သို့မဟုတ် ဆုံးမခြင်းခံသောအခါစိတ်မပျက်သင့်ပါ။ ကြုံတွေ့ရသောအမှုအရာများအားဖြင့် ဘုရားသခင်သွန်သင်သောအရာ တို့ကို ကြိုးစား၍လေ့လာသင်ယူသင့်ပါသည်။ ဘုရားသခင်ဆုံးမတော်မူ ခြင်းမခံသောသူတို့သည် စစ်မှန်သောယုံကြည်သူများလုံးဝမဟုတ်ဘဲ၊ မင်းဦး မင်းလွင်ရသောသားများဖြစ်ကြသည်။
အပိုဒ်ငယ် ၁၂-၁၄ သည် နှစ်ဦးနှစ်ဖက်အပြန်အလှန်အားပေး ရန်၊ သန့်ရှင်းသူဘဝနှင့်စံပြအသက်ရှင်နေထိုင်ရန်၊ ငြိမ်သက်ခြင်းရှိရန်နှင့် သန့်ရှင်းခြင်းပါရမီကို မှီအောင်လိုက်ရန်ပြောဆိုထားသော ယေဘုယျ တိုက်တွန်းနှိုးဆော်ချက်များဖြစ်ပါသည်။ “သန့်ရှင်းခြင်းပါရမီကို၎င်း မှီအောင်လိုက်ကြလော့။ သန့်ရှင်းခြင်းပါရမီမရှိလျှင် အဘယ်သူမျှ
ထာဝရဘုရားကိုမဖူးမမြင်ရ” ဟူသောဖော်ပြချက်က အခြေအနေပေါ် မူတည်သောလုံခြုံမှုရှိခြင်းကို အထောက်အကူပေးသည်ဟူ၍ အချို့တို့၏ စိတ်ထဲ၌ မှတ်ယူကောင်းမှတ်ယူနိုင်သော်လည်း ထိုသို့မမှတ်ယူသင့်ပါ။
လူတစ်ဦးသည်ကယ်တင်ခြင်းရရှိသည့်အချိန်၌ သန့်ရှင်းစင်ကြယ် ခြင်းခံရလေသည်။ သူသည်ခရစ်တော်၌ရှိသောကြောင့် ဘုရားသခင်သည် ထိုသူအား သန့်ရှင်းသောရပ်တည်ချက်ကိုပေးတော်မူသည်။ ထို့နောက်၊ ဘုရားသခင်က “သန့်ရှင်းခြင်းရှိလော့။ ခရစ်တော်၌သင်ရရှိသော သန့်ရှင်းခြင်းနှင့်သင်၏အပြုအမူလိုက်ဖက်မှုရှိပါစေ၊”ဟု မိန့်တော်မူသည်။ ၎င်းကို လက်တွေ့သန့်ရှင်းခြင်း ဟုခေါ်ပါသည်။
အပိုဒ်ငယ် ၁၂ သည် သန့်ရှင်းခြင်း၏ဒုတိယသွင်ပြင်လက္ခဏာ ဖြစ်ပါသည်။ ကျွန်ုပ်တို့ သည်သန့်ရှင်းခြင်းပါရမီကို မှီအောင်လိုက်ကြ ရမည်။ ဤလက်တွေ့ သန့်ရှင်းခြင်းသည် ပြီးပြည့်စုံအောင်လုပ်ထား ပေးသောအရာမဟုတ်ဘဲ၊ မှီအောင်လိုက်ရမည့်အရာဖြစ်ကြောင်း သတို့ ပြုပါ။ ကျွန်ုပ်တို့သည် ကောင်းကင်ဘုံသို့မရောက်မချင်း ပြည့်စုံသော သန့်ရှင်းခြင်းရှိကြမည်မဟုတ်ပါ။
စစ်မှန်သောယုံကြည်သူအားလုံးတို့သည်သာ၍ကြီးမြတ်သော သန့်ရှင်းခြင်းကိုလိုလားတောင့်တကြပြီး၊ ၎င်းကိုမှီအောင်လိုက်ကြသည်။ အချို့တို့ သည်အခြားသူတို့ထက် သာ၍ ကြီးသောအတိုင်းအတာအထိ ရောက်ရှိကြသည်။ သို့သော်လည်း၊ သန့်ရှင်းခြင်းပါရမီသည် မှီအောင်လိုက် ရသည့်အရာဖြစ်သဖြင့် ခရစ်ယာန်တို့သည် သာ၍ကြီးမြတ်သောခရစ်တော်၏ ပုံသဏ္ဍာန်တော်ကိုမှီအောင်လိုက်ရန် တိုက်တွန်းနှိုးဆော်ဘို့လိုအပ်ပါသည်။
အပိုဒ်ငယ် ၁၅-၁၇ သည် အယူဖောက်ပြန်ခြင်းကိုသတိပေး ချက်ဖြစ်သည်။ အဘယ့်ကြောင့် ခရစ်ယာန်တို့ကိုအားပေးသည့်ကျမ်းပိုဒ် များထဲ၌ ဤအကြောင်းများပါဝင်ပါသနည်း။ အဘယ့်ကြောင့်ဆိုသော်၊ ဟေဗြဲခရစ်ယာန်အစုအဝေးသည် မျက်မှောက်ကာလ၌ရှိသောအသင်းတော် များနှင့် သဏ္ဌာန်တူကြသောကြောင့် ဖြစ်ပါသည်။ ထိုအစုအဝေးလ၌ အတုနှင့်အစစ်ပါဝင်နေပြီး၊ ကျမ်းပိုဒ်များကိုလည်းထိုအခြေအနေနှင့် ကိုက်ညီအောင်ရည်ရွယ်၍ ရေးသားခြင်းဖြစ်ပါသည်။ ။
အယူဖောက်ပြန်ခြင်းအကြောင်းနှင့်စပ်လျဉ်း၍ အချက် (၅) ချက်ကို သတိပြုပါ။
၁။ အယူဖောက်ပြန်ခြင်းသည်ဘုရားသခင်၏ကျေးဇူးတော်ကို အသရေဖျက်ရှုတ်ချခြင်းဖြစ်ပါသည်။ ဘုရားသခင်၏ကျေးဇူးတော်နှင့် အနီးစပ်ဆုံးသို့ရောက်ခဲ့သော်လည်း အဝေးဆုံးသို့ရောက်ပါသည်။ အယူ စောကပြန်သူသည် အလင်းပေးခြင်းခံရသော်လည်း၊ သူသည် အသ ဖန်ဆင်းခြင်းအဆင့်သို့မရောက်ခဲ့ပါ။
၂။ အပူဖောက်ပြန်ခြင်းသည် ခါးသီးခြင်း၏အမြစ်ဖြစ်ပြီး ကိုခါးသီးခြင်းကိုတီးခြားဆုပ်ကိုင်ထားရုံမျှနှင့် မရောင့်ရဲဘ၊ အခြားသူများ” ထံသို့ ပျံ့နှံ့ရောက်ရှိစေရန် ဆုံးဖြတ်၍လုပ်ဆောင်သည်။
၃။ အယူဖောက်ပြန်ခြင်းသည် ကောက်ကျစ်ယုတ်မာခြင်းနှင့် မကြာခဏဆက်စပ်တွဲဖက်လျက်ရှိသည်။ အယူဖောက်ပြန်ခြင်း၌ စာရိတ္တ ဖောက်ပြန်ခြင်းရှိပါသည်။ “
၄။ အယူဖောက်ပြန်ခြင်းသည် ဝိညာဉ်ရေးဆိုင်ရာမှန်ကန်သော အရာများကိုအလေးမထားဘဲ၊ ၎င်းနှင့်ဆက်နွယ်မှုကင်းမဲ့နေပါသည်။
၅။ အယူဖောက်ပြန်ခြင်း၌ နောင်တတရားအတွက်နေရာမရှိပါ။
သင်တို့သည် မိန့်တော်မူသောသူ၏စကားတော်ကို မငြင်းမပယ် မည်အကြောင်း သတိပြုကြလော့။ မြေကြီးပေါ်မှာ ဗျာဒိတ်တော် ကိုဆင့်ဆိုသောသူ၏စကားကို ငြင်းပယ်သောသူတို့သည် အပြစ် မလွတ်ရသည်မှန်လျှင်၊ ထိုမျှမက၊ ကောင်းကင်ဘုံကမိန့်တော်မူ
သောသူ၏စကားကို ငါတို့သည်နားမထောင်ဘဲနေလျှင် သာ၍ ကြီးစွာသော အပြစ်နှင့် အဘယ်သို့ ကင်းလွတ် နိုင်မည်နည်း။ အထက်က ဗျာဒိတ်တော်အသံသည် မြေကြီးကိုလှုပ်သည်ဖြစ် ၍၊ ယခုတစ်ဖန် ငါသည်မြေကြီးနှင့်ကောင်းကင်ကို လှုပ်ဦး မည်ဟု ဂတိတော်ရှိ၏။ တစ်ဖန် ဟူသောစကား၏ အဓိပ္ပါယ်
ကား၊ မလှုပ်သော အရာတို့ ကို တည်စေခြင်းငှါ၊ လှုပ်သော အရာတို့ကို လောကီအရာကဲ့သို့ ပယ်ဖျက်လိမ့်မည်ဟု ဆိုလို သတည်း။ ထို့ကြောင့်၊ ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကိုရသည် ဖြစ်၍၊ ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို
လျောက်ပတ်စွာဝတ်ပြုနိုင်မည် အကြောင်း၊ ကျေးဇူးတော်ကို စွဲလန်းကြကုန်အံ့။ ငါတို့ ဘုရားသခင်သည် လောင်သောမီး ဖြစ်တော်မူ၏ (ဟေဗြဲ ၁၂း၂၅-၂၉)။
ကျွန်ုပ်တို့တွေ့ခဲ့ပြီးသည့် အတိုင်း ဟေဗြဲသြဝါဒစာရေးသူသည် မမ၏ဦးတည်ချက်ကိုခွဲခြားဖော်ပြခြင်းမပြုဘဲ၊ အသစ်ဖွားမြင်သူများနှင့် အယူဖောက်ပြန်ရန် အလားအလာရှိသောသူများနှင့် ပတ်သက်သော အကြောင်းကို တစ်ပြိုင်တည်းပြောကြားလေသည်။ ထိုဦးတည်ချက်နှစ်မျိုး ထဲမှ မိမိနှင့်ကိုက်ညီသောအချက်ကို မိမိအတွက်ခံယူရန်ဖြစ်သည်။
သိနတောင်ပေါ်၌ပညတ်တော်ကိုပေးတော်မူသော ဘုရားသခင် အားငြင်းပယ်သောအန္တရာယ်နှင့်ဧဝံဂေလိသတင်းစကားကို ကောင်းကင် ဘုံကမိန့်တော်မူသောသူအားငြင်းပယ်ခြင်း၏အန္တရာယ်သည် သာ၍ကြီးမား ကြောင်းကို စာရေးသူကနှိုင်းယှဉ်ပြသပါသည်။ ။
၎င်းသည် လူတစ်ဦးကယုံကြည်ပြီးမှ ထိုယုံကြည်ခြင်းကိုစွန့်ရန် ဆုံးဖြတ်သည်ဟု ထင်မှတ်ခြင်းမျိုးမဟုတ်ပါ။ ဤအချက်သည် အစ ကတည်းက စစ်မှန်သောယုံကြည်ခြင်းမရှိခဲ့ဖူးသောသူတစ်ဦးကို ရည်ညွှန်း နေပါသည်။ သိနတောင်၌မြေကြီးကိုလှုပ်တော်မူခဲ့သော ထိုဘုရားရှင် ကိုယ်တော်တိုင်သည် ဖန်ဆင်းထားသောစကြာဝဠာကိုလှုပ်လေဦးမည်။ ထိုအခါ ဝိညာဉ်ရေးဆိုင်ရာ စစ်မှန်သည့်အရာများဖြစ်သော မလှုပ်နိုင်သည့် ထာဝရကောင်းကင်နိုင်ငံ သည်မပျက်မစီးဘဲ ထာဝရတည် ရှိ မည်။ ယုံကြည်သူတို့၏တာဝန်သည် ဘုရားသခင်ကိုကြောက်ရွံ့ခြင်းနှင့်အတူ၊ ရိုသေလေးမြတ်စွာဖြင့် အစေခံဘို့ ဖြစ်ပါသည်။
“ငါတို့ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏”ဟူသော အဆုံးသတ်စကားကို ကျွန်ုပ်တို့သည်မည်သို့သိရှိနားလည်ကြပါသနည်း။ ဤကျမ်းချက်သည် မှန်သောအဓိပ္ပါယ်အနည်းဆုံးနှစ်မျိုးရှိနိုင်ပါသည်။ ကိုယ်တော်ဘုရား၏မီးသည် မယုံကြည်သူအားလုံးတို့ရောက်မည့် ထာဝရငရဲ ဖြစ်ပါလိမ့်မည်။ သို့သော်လည်း၊ မီးကို ရွေးနှုတ်ခြင်းခံရသောသူတို့၏ အရေးကိစ္စနှင့်စပ်လျဉ်း၍အသုံးပြုသောအခါ၊ သူတို့၏လုပ်ဆောင်ခဲ့သော အလုပ်ကို စစ်ဆေးသောမီးဖြစ်ပြီး၊ ထိုသူတို့၏ဝိညာဉ်နှင့်မဆိုင်ပါ (၁ ကော၊ ၃း၁၃၊ ၁၅)။
အထူးထူးအပြားပြားသောအယူဝါဒသစ်ကိုလိုက်၍ မဖောက်ပြန်ကြနှင့်။ အစာများအားဖြင့် စိတ်ခိုင်ခန့်မြဲမြံခြင်းမရှိဘဲ၊ ကျေးဇူး တော် အဖြင့် ခိုင်ခံ့မြဲမြံလျှင် အကျိုးရှိ၏။ အစာများကို အမှုထားေသာ
သူတို့သည် အကျိုးကို ရကြပြီ မဟုတ်။ တဲတော ဝတ်ပြုသောသူတို့ စားရသော အခွင့်မရှိယဇ်ပလ္လင်သည့် ငါတို့၌ရှိ၏။ အကြောင်းမူကား၊ ယဇ်ပုရောဟိတ်မင်းသည် အပြစ်ဖြေသောယဇ်ကောင်၏အသွေးကို သန့်ရှင်းရာဌာနထဲသို့
သွင်းပြီးမှ၊ ယဇ် အသေကောင် တို့ ကို တပ်ပြင် ၌မီးရှို့ ရ၏။ ထိုသို့ နှင့် အညီ၊ ယေရှုသည်မိမိ အသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်းငှာ မြို့တံခါးပြင်၌အသေခံတော်မူ၏။ သို့ဖြစ်၍၊ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍ တပ်ပြင်၊ အထံ
တော်သို့ထွက်သွားကြကုန်အံ့။ အကြောင်းမူကား၊ ငါတို့သည် ဤဘဝ၌ အမြဲတည်သောမြို့မရှိ၊ နောက်ဖြစ်လတံ့သောမြို့ကို ရှာကြ၏ (ဟေဗြဲ ၁၃း၉-၁၄)။
ဟေဗြဲသြဝါဒစာသည် ခရစ်တော်ကိုရရှိထားသော ယုံကြည်သူ တို့အား သီးသန့်ရည်ညွှန်း၍ရေးသားခဲ့သည်ဟု အထောက်အထားပြသော အခါ၊ ကိုးကားသောကျမ်းပိုဒ်များထဲမှ ဤကျမ်းပိုဒ်သည်တစ်ခုဖြစ်ပါသည်။ ဤကျမ်းပိုဒ်များ၏နိဒါန်း၌ အယူဖောက်ပြန်သူများကိုဖော်ပြသောကြောင့် သူတို့သည်လည်း ခရစ်တော်၏သင်းဝင်သူများဖြစ်ကြကာ၊ ကယ်တင်ခြင်း ဆုံးရှုံးနိုင်ကြသည်ဟု သွန်သင်ကြသည်။
အထက်ပါ အကျိုးအကြောင်းမသင့်သောငြင်းခုန်မှုသည် သီးသန့် ဟူ၍ အဓိပ္ပါယ်ရှိသောစကားလုံးပေါ်၌မူတည်နေပါသည်။ ဟေဗြဲသြဝါဒ စာပါကျမ်းပိုဒ်များသည် မှန်မှန်ကန်ကန်အသက်တာပြောင်းလဲခဲ့ကြသည့် ဟေဗြဲလူမျိုးယုံကြည်သူများထံသို့ရေးသားခဲ့ကြောင်းကို မည်သူမျှမငြင်း ပါ။ သို့သော်လည်း၊ ခရစ်တော်ကိုနှလုံးသားထဲ၌ယုံကြည်လက်ခံခြင်းမရှိပဲ ကိုးကွယ်သူတို့သည် ဤအစုအဖွဲ့၌မပါဝင်ပါဟူသော ပြောဆိုချက်သည် မလိုအပ်သောအရာဖြစ်သည်။ ကောရိန္တဩဝါဒဒုတိယစာစောင်ကို “ကောရိန္တမြို့၌ရှိသောဘုရားသခင်၏အသင်းတော်မှစ၍ အခါယပြည် အရပ်ရပ်တို့၌ရှိသောသန့်ရှင်းသူအပေါင်းတို့” ထံသို့ရေးသားခဲ့သည်။ ယင်းသို့ဖြစ်သည့်တိုင်၊ ထိုသူတို့သည်ယုံကြည်ခြင်း၌တည်သလော၊ မတည် သလော၊ ဟု ကိုယ့်ကိုကိုယ်စုံစမ်းစစ်ဆေးကြရန် ပြောဆိုခြင်းခံကြရသည် (၂ ကော၊ ၁၃း၅)။ ဂလာတိဩဝါဒစာကို ဂလာတိပြည်၌ရှိသောအသင်း
တော်များဆီသို့ ကျယ်ကျယ်ပျံပျံရေးသားပေးပို့ခဲ့သည်။ ယင်းသို့ဖြစ်သည့် တိုင်၊ ပေါလုသည် ဂလာတိပြည်ရှိယုံကြည်သူအချို့တို့ကို ယုံမှားသံသယ ရှိခဲ့သည် (ဂလာ၊ ၄း၂၀)။
ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို သင်တို့ အားဟော
ပြော၍၊ သင်တို့ ကို အုပ်သောသူတို့ ကို အောက်မေ့ကြလော့။ သူတို့ သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေ့သည် ကိုစေ့စေ့ ဆင်ခြင်လျက်၊ သူတို့၏ယုံကြည်ခြင်းကို မှီအောင်လိုက်ကြ
လော့။ … သင်တို့ကို အုပ်သောသူတို့၏စကားကို နားထောင် ၍၊ နိမ့်ချလျက်နေကြလော့။ သူတို့ သည်ကိုယ်တိုင်စစ်ကြော ခြင်းကိုခံရသောသူကဲ့သို့ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလို့ငှါ
စောင့်နေကြ၏။ သင် တို့ အကျိုးကို မဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍ သူတို့သည်စစ်ကြော ခြင်းကိုခံရမည်အကြောင်း သတိပြုလျက်နေကြလော့ (ဟေဗြဲ ၁၃း၁၃၊ ၁၇)။
တစ်ဖန် ငြင်းခုန်ကြသည့်အချက်မှာ၊ အထက်ပါတိုက်တွန်းနှိုး ဆော်ချက်များသည် ဘုရားသခင်၏စစ်မှန်သောသန့်ရှင်းသူများထံသို့ ရေးသားခြင်းဖြစ်သည်ဟူသောအချက်ပင်ဖြစ်သည်။ ဤဩဝါဒစာထဲတွင် အယူဖောက်ပြန်သူများအလွန်ထင်ရှားစွာပါဝင်နေသည်ဖြစ်၍၊ အထက် ပါကဲ့သို့သော တိုက်တွန်းနှိုးဆော်မှုများက သူတို့သည်တစ်ချိန်တစ်ခါက ခရစ်ယာန်ဖြစ်ခဲ့ကြကြောင်း သက်သေထူနေပါသည်ဟု ပြောကြသည်။ ဤအငြင်းအခုန်မှာ၊ ခရစ်ယာန်တို့သည်မိမိတို့၏ယုံကြည်ခြင်းဆုံးရှုံးနိုင် သလို၊ ကယ်တင်ခြင်းလည်းဆုံးရှုံးနိုင်သည်ဟူသော ခံယူချက်ထွက်ပေါ် လာပါသည်။ ။
ဤသို့ခံယူခြင်းက ဟေဗြဲသြဝါဒစာသည်ယုံကြည်သူများဆီသို့ သီးသန့်ရေးသားသောဩဝါဒစာမဟုတ်ကြောင်း တွေ့မြင်နားလည်ရန် ပျက်ကွက်ပါသည်။ များစွာသောတိုက်တွန်းအားပေးချက်တို့သည် သန့်ရှင်း သူများကိုရည်ရွယ်ပြောဆိုခဲ့ကြောင်း မည်သူကမှ မငြင်းပါ။ သို့သော်။ အခြားကျမ်းချက်များသည် ပြင်ပအသွင် သဏ္ဍာန်ခရစ်ယာန်ဖြစ်ဟန် ရှိနေကြသော ဟေဗြဲလူများကိုဦးတည်ပြောဆိုခြင်းဖြစ်သည်။ ဤသူတို့သည် ယုဒဘာသာဓလေ့ထုံးတမ်းစဉ်လာသို့ လှည့် ရန် ပြင်းထန်သောဖိအား ပေးမှုအောက်၌ရှိနေကြသောသူများဖြစ်ကြပါသည်။
အယူဖောက်ပြန်သူတို့ သည် စစ်မှန်သောခရစ်များဖြစ်ကြပြီး၊ မိမိတို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ပါက၊ ကယ်တင်ခြင်းမရနိုင်ကြတော့ | ပါ။ သို့သော်လည်း၊ ဤအချက်သည် အခြေအနေပေါ်၌တည်သော ကယ်တင်ခြင်းကိုယုံကြည်လက်ခံသူတို့၏ခံယူချက်နှင့်မကိုက်ညီပါ။ သူတို့က အယူဖောက်ပြန်သူတို့သည် နဂိုမူလအနေအထားသို့ပြန်လည်ရောက်ရှိ နိုင်သည်ဟု ယုံကြည်ကြသည်။
အယူဖောက်ပြန်ခြင်းသည် ဟေဗြဲအခန်းကြီး ၁၃ ပါ “ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျင်းပစ်၍မထား” ဟူသော ဘုရားသခင်ကသူ၏ သားသမီးများအတွက်ပေးထားသည့်ဂတိတော်ကို မျက်ကွယ်ပြုနေခြင်း ဖြစ်သည်။
သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့်ကင်း လွှတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့်ရောင့်ရဲခြင်းရှိကြလော့။ အကြောင်း မူကား၊ ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား၊ ဟု ကတိတော်ရှိ၏။ ထို့ကြောင့်၊ ထာဝရဘုရားသည် ငါ့ကို မစ
တော်မူသည်ဖြစ်၍ လူသည်ငါ၌ပြုနိုင်သမျှကို ငါမကြောက် ဟုငါတို့သည်ရဲရင့်သောစိတ်နှင့်ပြောဆိုရသော အခွင့် ရှိကြ၏ (ဟေဗြဲ ၁၃း၅-၆)။
ဤကျမ်းချက်သည် အဓိကအားဖြင့်ယုံကြည်သူတို့၏ခန္ဓာပိုင်း ဆိုင်ရာလိုအပ်မှုများအတွက် ဘုရားသခင်၏ပြင်ဆင်ပေးခြင်းနှင့်သက်ဆိုင် ပါသည်။ ညဉ်းပန်းနှိပ်ဆက်မှုများရှိနေသည့်ကာလတွင် များစွာသော ယုံကြည်သူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းများဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ကြုံ တွေ့ခဲ့ကြသည် (ဟေဗြဲ ၁၀၃၄)။ ထိုသူတို့ အထဲ၌ စစ်မှန်သော ယုံကြည်သူများပင်လျှင် မနာလိုမှုနှင့်တပ်မက်မှုများ၏ပြင်းထန်သော စုံစမ်းသွေးဆောင်ခြင်းကိုခံကြရသည်။ ဘုရားသခင်သည် ဤဘဝ၌သူတို့ အတွက်ထားရှိသော သူ၏ရည်ရွယ်ချက်ပြည့်စုံ လာစေရန် သူတို့၏ လိုအပ်မှုများကို လိုအပ်သည့်အချိန်ကာလတစ်လျှောက်လုံးတွင်ပြင်ဆင် ပေးမည်ဖြစ်ကြောင်း ဤဩဝါဒစာရေးသူကယုံကြည်သူတို့ကို အားပေး
ထားသည်။ “အကယ်၍ သင်သည်တပ်မက်ခြင်းနှင့်ကင်းလွတ်အောင် ကိုယ့်ကိုကိုယ်ချုပ်တည်းနိုင်လျှင် ဘုရားသခင်သည် သင့်ကိုမစွန့်ပါ”ဟူ၍ မပြောကြောင်းသတိပြုပါ။ အကယ်စင်စစ် “ဘုရားသခင်သည် သင့်ကို မစွန့်ပါ။ သို့ဖြစ်၍၊ တပ်မက်ခြင်းနှင့်ကင်းလွတ်အောင် ကိုယ့်ကိုကိုယ် ချုပ်တည်းပါ” ဟုသာပြောပါသည်။
ရောမဩဝါဒစာအခန်းကြီး ၅ နှင့် ၈ ထဲ၌ ရှင်ပေါလှပြော သည့်အတိုင်း သာ၍ နိမ့်ကျသောအရာနှင့် သာ၍ ကြီးမြတ်သောအရာ တို့ကို ကျွန်ုပ်တို့သည်နှိုင်းယှဉ်ပြောဆိုနိုင်ပါသည်။ ဘုရားသခင်သည် သူ့သားသမီးများ၏ခန္ဓာ ပိုင်းဆိုင်ရာစောင့်ရှောက်မှုအတွက်လိုအပ်သော အရာများ ပြင်ဆင်ထောက်ပံ့ပေးသည်မှန်လျှင်၊ သူတို့၏ဝိညာဉ်ရေးဆိုင်ရာ စောင့်ရှောက်ရေးအတွက် မိမိတို့၏ကိုယ်ပိုင်ခွန်အားနှင့်ရပ်တည်ကြရန် ထားခဲ့ပါမည်လော။
မူရင်းကျမ်းစာ၌ “ငါသည်သင့်ကိုဘယ်သောအခါမှ၊ ဘယ်သော အခါမှ (never, never, never) အလျှင်းမစွန့်သင့်ကိုအလျှင်းပစ်၍မထား” ဟုရေးသားချက်ကိုထောက်ပြရပါမည်။ လေးနက်စွာဖော်ပြသည်မဟုတ်ပါလော။
ထာဝရလုံခြုံမှုကိုတိုက်လှန်ရာ၌ အယူဖောက်ပြန်ခြင်းကိုထောက်ခံ သူတစ်ဦးက အခြေအနေပေါ်မူတည်ခြင်းမရှိသောလုံခြုံမှုကို ယုံကြည်သည့် သင်းအုပ်တို့သည် သူတို့ သိုးစု၏စိတ်ဝိညာဉ်များကိုမှန်မှန်ကန်ကန် ကျွေးမွေးစောင့်ရှောက်နိုင်ကြပါရဲ့ လား၊ ဟူ၍ မေးမြန်းပါသည်။ ၎င်းသည် စိတ်ထဲ၌စီရင်ချက်တစ်ခုဖြစ်ကာ၊ သူ၏ခံယူချက်ကိုဆန့်ကျင်သောသူတို့ ကလည်း ထာဝရလုံခြုံမှုရှိအောင် အဘယ်သူကမိမိ၏လုပ်ဆောင်ချက်ဖြင့် ထိန်းသိမ်းနိုင်မည်နည်း၊ ဟု မေးနိုင်ပါသည်။
မှတ်ချက်။
၁။ ရှေ့စကားလုံး “apo” သည် “မှ” သို့တည်းမဟုတ်”အဝေးသို့ ဟူ၍ အဓိပ္ပါယ်ရပြီး၊ ကျန်စကားလုံး “state” သည် ကြိယာ”to stand°မှ လာပါသည်။ သို့ဖြစ်ရကား၊ “apostate” ၏အနက်အပြည့်စုံမှာ တစ်ဦး
တစ်ယောက်သည်ယခင်ကစွဲကိုင်ထားသောအရာကိုဆန့်ကျင်၍ရပ်တည်ခြင်းဟူ၍ဖြစ်သည်။
၂။ ယုဒသည်သံဝေဂတရားရရှိခဲ့သော်လည်း၊ ဤသံဝေဂသည်နောင်တ သံဝေဂသာလျှင်ဖြစ်ပြီး၊ ဘုရားသခင်၏အလိုတော်နှင့်ညီသောဝမ်းနည်း ခြင်းမဟုတ်ပါ (မဿဲ ၂၇၃။ ၂ကော၊ ၇၁၀)။ ယုဒသည် ရန်သူတစ်ဦး ဖြစ်ခဲ့ပါသည် (ယော၊ ၆း၇၀)။ သူသည်အသစ်တစ်ဖန်မွေးဖွားခြင်း မရှိခဲ့ပါ (တမန်၊ ၁း၂၅)။ သခင်ယေရှုက ယုဒအား ပျက်စီးခြင်း၏သား ဟုခေါ်သောအခါ (ယော၊ ၁၇၁၂) ဤကျမ်းချက်၏ဆိုလိုချက်မှာ “ကိုယ်တော်သည်အကျွန်ုပ်အားပေးတော်မူသည့်ထိုသူတို့တွင် ပျက်စီး ခြင်း၏သားတစ်ယောက်မှတစ်ပါး အဘယ်သူမျှပျက်စီးခြင်းသို့မရောက် ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ရောက်သည့်အကြောင်းကား၊ ကျမ်းစာ ပြည့် စုံ မည်အကြောင်းတည်း” ဟူ၍ ဖြစ်သည်။ ယော ၁၈၉ က “ကိုယ်တော်သည်အကျွန်ုပ်အားပေးတော်မူသောသူတို့” ဟု ဆိုရာ၌ ယုဒကိုဆိုလိုခြင်းမဟုတ်ပဲ၊ စစ်မှန်သောယုံကြည်သူများဖြစ်ကြသည့် တပည့်တော်တစ်ကျိပ်တစ်ပါးကိုရည်ညွှန်းထားခြင်းဖြစ်ကြောင်း ရှင်းလင်း စွာဖော်ပြထားပါသည်။
၃။ ဤကျမ်းပိုဒ်က စစ်မှန်သောခရစ်ယာန်တို့သည်သူတို့၏ကယ်တင်ခြင်း မဆုံးရှုံးနိုင်သည့်အကြောင်းကိုပြောသည်ဟု ယုံကြည်သောသူတို့ထဲတွင် အမြင်အမျိုးမျိုးရှိကြသည်။ – အပြစ်ဒုစရိုက်ထဲသို့ကျဆင်းသွားသောယုံကြည်သူတို့သည် နောင်တရ၍ အသစ်တဖန်မွေးဖွားချင်ကြသည်။ ဤသို့ပြုခြင်းဖြင့် တစ်ဖန်ကယ်တင်ခြင်း ရချင်ကြသည်။ ဤခံယူချက်သည် သခင်ခရစ်တော်ကိုကားတိုင်ပေါ်၌ ပြန်တင်ခြင်းဖြစ်သည်။ သခင်ဘုရားတစ်ကြိမ်တည်းနှင့်အပြီးသတ်ဆောင် ရွက်ခဲ့သောကယ်တင်ခြင်းအမှုသည် သူတို့ကိုကယ်တင်ရန်မလုံလောက်ပါ ၊ ဟူ၍ ရှက်ဖွယ်ကောင်းစွာကြေဌာနေမြင်းဖြစ်သည်။
– အပြစ်ကျူးလွန်မိသောခရစ်ယာန်တို့သည် ထာဝရကာလတိုင် ကယ်တင် ခြင်းရရှိကြသော်လည်း ယခုဘဝ၌ ဘုရားသခင်၏ပြစ်ဒဏ်စီရင်ချက်ကို
ခံကြသည်။
– အယူစွန့်ပယ်ခြင်းကိုဆန့်ကျင်ကြရန်သတိပေးခြင်းခံကြသည့် ခရစ်ယာန် တို့သည် အယူစွန့်ပယ်ခြင်းကိုထိထိရောက်ရောက်ဟန့်တားခဲ့ကြသည်။ ၎င်းသည် စိတ်ကူးယဉ်ဆန်သောအနက်ဖွင့်ဆိုချက်သာဖြစ်သည်။
ဤကျမ်းပိုဒ်က စစ်မှန်သောခရစ်ယာန်တို့သည်သူတို့၏ကယ်တင် ခြင်းဆုံးရှုံးနိုင်သည့်အကြောင်းကိုပြောသည်ဟု ယုံကြည်သောသူတို့ထဲတွင် အမြင်အမျိုးမျိုးရှိကြသည်။
– ယုံကြည်သူတို့သည် အယူစွန့်ပယ်ခြင်းအပြစ်တစ်စုံတစ်ခုကို မကျူးလွန်လျှင် သူတို့သည်ထာဝရကာလတိုင် ကယ်တင်ခြင်းရရှိကြသည်။
၄။ နောင်တရခြင်းနှင့်ယုံကြည်ခြင်းသည် ခရစ်တော်၏ပြီးစီးဆောင်ရွက် ခဲ့သောကယ်တင်ခြင်းအတွက် ကျွန်ုပ်တို့လုပ်ဆောင်ပေးလှူသော ကောင်းမှု ကုသိုလ်များမဟုတ်ပါ။
၅။ “ဆုံးမခြင်း” စကားလုံးတွင် သူငယ်တို့အားပြုစုပျိုးထောင်ခြင်းတည်း ဟူသော ပဲ့ပြင်ခြင်း၊ အားပေးခြင်း၊ ဖြောင့်မတ်အောင်ပြုပြင်ပေးခြင်း၊ ပြစ်ဒဏ်ပေးခြင်း စသည်တို့ပါဝင်ပါသည်။
၆။ အမှန်မှာ၊ ဂရိဘာသာစကား၌ ၎င်းသည် ငြင်းပယ်ခြင်းဖြစ်သည်။
အယူဖောက်ပြန်သူများလား သို့မဟုတ် ရွေ့လျော့ဖောက်ပြန်သူများလား
အပိုင်း ၂
Apostates or Backsliders?
အယူစွန့်ပယ်ခြင်းအကြောင်းကို ချန်ရစ်မထားမီ၊ ရှင်ယောဟန် ဩဝါဒစာပထမစာစောင်နှင့်ရှင်ယုဒဩဝါဒစာပါ လျော်ကန်သောကျမ်းပိုဒ် များကို လေ့လာဆန်းစစ်ရန်ကျန်ပါသေးသည်။ ဤကျမ်းပိုဒ်များသည် အယူစွန့်ပယ်ခြင်းအကြောင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၏အနက်ဖွင့်ဆို ချက်ကိုအတည်ပြုရန် အထောက်အကူပေးသကဲ့သို့၊ ထာဝရလုံခြုံမှု အကြောင်းကိုလည်း ခိုင်ခံ့မြဲမြံစေမည်ဖြစ်သည်။
၁၈။ ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ် ၏။ ခရစ်တော်၏ရန်သူတည်းဟူသောအန္တိခရစ်ပေါ်လာကြောင်း ကိုသင်တို့ကြားရသည့်အတိုင်း ယခုပင် အန္တိခရစ်အများရှိကြ၏။ ထို့ကြောင့်၊ ယခုကာလသည်နောက်ဆုံးသောကာလဖြစ်သည် ကိုသိရ၏။ ၁၉။ ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ၏။ သို့
သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင် လျှင် ငါတို့နှင့် အတူနေကြလိမ့်မည်။ ထို သူ အပေါင်းတို့ သည် ငါတို့ နှင့်မ ပပ်ဆိုင်ကြောင်းကိုထင်ရှားစေခြင်းငှါ၊ငါတို့သံမှထွက်
သွားကြ၏။ ၂၀။ သင်တို့ သည် သန့်ရှင်းတော်မူသောဘုရား၏ လက်ရှိ ဘိသိက်ကျေးဇူးတော်ကိုခံရ၍၊ ခပ်သိမ်းသော အရာတို့ ကို သိကြ၏။ ၂၁။ သစ္စာတရားကို သင်တို့ မသိသောကြောင့်၊ ငါရေး၍ ပေးလိုက် သည်မဟုတ်။ သင်တို့ သည် သမ္မာတရားကို လည်းကောင်း၊မုသာရှိသမျှတို့ သည် သမ္မာတရားနှင့်မစပ်ဆိုင် သည်ကိုလည်းကောင်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။ ၂၂။ မုသာကိုပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကိုဝန်ခံသောသူမည်သည်ကား ခမည်းတော်ကိုသိ၏။ ၂၄။ ထို့ကြောင့် သင်တို့သည် ရှေးဦးစွာကပင်ကြားရသော ဒေသနာကို သင်တို့ ၌တည် စေကြလော့။ ထိုဒေသနာသည် သင်တို့ ၌တည်လျှင် သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း ၊တည်ရကြလိမ့်မည်။ ၂၅။ ငါတို့အား ပေးတော်မူသောကတိတော်မူကား၊ ထာဝရအသက်ကိုဝန်ခံတော် မူသောကတိတော်ပေတည်း။ ၂၆။ သင်တို့ကိုလှည့်ဖြားသော သူတို့၏အကြောင်းကို ဤသို့သင်တို့အားငါရေး၍ပေးလိုက်၏။ ၂၇။ သို့သော်လည်း သန့်ရှင်းတော်မူသောဘု ရား၏လက်မှ သင်တို့ခံရသောဘိသိက်ကျေးဇူးတော်သည် သင်တို့၌ရှိသည် ဖြစ်၍၊ အဘယ်သူမျှသင်တို့ကို ဆုံးမဩဝါဒပေးစရာအကြောင်း မရှိ။ထိုဘိသိက်ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည် မဟုတ်၊ အမှန်ဖြစ်လျက်၊ ခပ်သိမ်းသောအရာတို့ကိုသင်တို့အား သွန်သင်တော်မူသည့် အတိုင်း သင်တို့သည် သားတော်၌တည် နေကြလော့။ ၂၈။ ချစ်သားတို့၊ သားတော်သည် ထင်ရှားပေါ်ထွန်း တော်မူသောအခါ၊ ငါတို့သည်အထံတော်သို့ရောက်လျှင်၊ ရဲရင့်ရ သောအခွင့်ရှိ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း သားတော်၌တည်နေကြလော့ (၁ ယော၊ ၂း၁၈-၂၈)။ ။
ဤနေရာ၌ ရှင်ယောဟန်ကသူ၏စာဖတ်သူတို့အား အယူ ပယ်သောဆရာများအကြောင်းကိုသတိပေးသလို၊ မှားယွင်းသောသွန်သင် ချက်များ၏ဆန့်ကျင်တိုက်ခိုက်မှုမှ သူတို့အား အကာအကွယ်ပေးရန် သန့်ရှင်း
သောဝိဘာဉ်တော်သည်လုံလောက်လျက်ရှိကြောင်း သူတို့ကိုပြန်လည် အမှတ်ရစေပါသည်။ အသင်းတော်ခေတ်သည် နောက်ဆုံးသောအချိန် ကာလဖြစ်သည်။ အနာဂတ်တွင်ပေါ်လာမည့်အန္တိခရစ်၏ဩဝါဒအချို့ကို သွန်သင်သည့်မှားယွင်းသောဆရာများရှိနှင့်နေပြီဖြစ်သည်။ ယောဟန်၏ခေတ်ကာလတွင်အသိပညာကိုအဓိကထား သောသူတို့(Gnostics) သည် အယူစွန့်ပယ်သူများဖြစ်ကြသည်။ ထိုသူတို့သည် ယုံကြည်သူများ ပမာဟန်ဆောင်ခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံး၌ သခင်ခရစ်တော် နှင့်ခရစ်ယာန်မိတ်သဟာယဖွဲ့ခြင်းကို ကျောခိုင်းသွားကြသည်။ သူတို့၏ လုပ်ရပ်က သူတို့သည်ဘယ်သောအခါမှစစ်မှန်သောအသစ်မွေးဖွားခြင်း မခံကြကြောင်းပြသလေသည်။
ယုံကြည်သူတို့၌သန့်ရှင်းသောဝိဉာဉ်တော်၏ဘိသိက်ဖြစ်သည့် သွန်သင်ခြင်းအမှုတော်ရှိကြပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ဝိညာဉ်တော်ရှိသောကြောင့် စင်ကြယ်သောဩဝါဒနှင့်ဘုရားတရားကြည် ညိုသောအသက်တာအတွက် လိုအပ်သမျှအရာအားလုံး ယုံကြည်သူတို့၌ ရှိပါသည်။ သမ္မာတရားသည် ဘုရားသခင်၏နှုတ်တော်ထွက်ဖြစ်၍၊ ထို သမ္မာတရားနှင့်ဆန့်ကျင်သောသွန်သင်ချက်များသည် မုသာဖြစ်ကြောင်း ယုံကြည်သူများသိရှိကြသည်။
လူတစ်ဦးသည်ယေရှုခရစ်တော်ကို ဘယ်လိုယုံကြည်သည်ဟူသော အချက်သည် အရည်အချင်းစမ်းသပ်ချက်ဖြစ်ပါသည်။ သခင်ယေရှုကို ခရစ်တော်မဟုတ်ပါဟုငြင်းပယ်သောသူသည် အန္တိခရစ်၏စိတ်ဝိညာဉ် ရှိသူဖြစ်၏။ အကယ်၍ လူတစ်ဦးသည်သားတော်ကိုမရလျှင် သူသည် ခမည်းတော်ကိုလည်းမရရှိပေ။
ယုံကြည်သူတို့သည် ရှင်ယောဟန်နှင့် အခြားတမန်တော်များ သွန်သင်ထားသည့် စင်ကြယ်သောဩဝါဒအတိုင်းလျှောက်လှမ်းအသက်ရှင် ရန်နှင့် ခမည်းတော်၊ သားတော် နှင့် ပျော်ရွှင်မိတ်သဟာယကို ဆက်လက်ဖွဲ့ရန်တိုက်တွန်းပါသည်။ အသစ်မွေးစားခဲ့ကြသူမျဘူးပေးသော ခရစ်တော်၏မဖောက်ပြန်သောထာဝရအသက်ဆိုင်ရာ ကို ထိုယုံကြည်သူများသတိရသင့်သည်။ မည်သည့်ခွင်းချက်မှုပူး ငြင်း မရှိပါ။
လှည့်ဖြာသောဆရာများ၏အန္တရာယ်သည်အမြဲရှိနေသည်။သို့သော်လည်းသန့်ရှင်းသောဝိညာဉ်တော်သည်ဘုရားသခင်သားသမီးများ၏အထဲ၌အမြဲရှိသောကြောင့်ထိုလှည့်ဖြားသောဆရာတို့၏သွန်သင်ချက်လက်ခံရန်မလိုပါ။ယုံကြည်သူတို့သည်ခရစ်တော်၌တည်လိမ့်မည်ဟူ၍အာမခံပေးသောသူမှာသန့်ရှင်းသောဝိညာဉ်တော်ဖြစ်ပါသည်။
သန့်ရှင်းသူတို့သည် ခရစ်တော်၌တည်နေကြရန် ရှင်ယောဟန်က တိုက်တွန်းပါသည်။ သို့မှသာ ချီဆောင်ခြင်းကာလ၌ခရစ်တော်၏တရားစီရင် ခြင်းပလ္လင်တော်ရှေ့ သို့ရောက်လာကြသောအခါကိုယ်တော်၏ရှေ့ မှောက်၌ ရှင်ယောဟန်နှင့်အခြားတမန်တော်တို့ သည် ရဲရင့်သောအခွင့် ရှိပြီး၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြပေလိမ့်မည် (မိမိ၏စာဖတ်ပရိသတ် အပေါင်းတို့သည် ခရစ်တော်၏တရားပလ္လင်ရှေ့၌ရှိနေကြလိမ့်မည်ဟ ရှင်ယောဟန်ကသေချာစွာသိထားခဲ့သည်)။ ဤနေရာ၌ ရဲရင့်ခြင်း၏ဆန့်ကျင် ဘက်အရာမှာ ပြစ်ဒဏ်စီရင်ခြင်းမဖြစ်နိုင်ပါ။ သို့ သော်၊ ၎င်းသည် ရှက်ကြောက်ခြင်းပင်ဖြစ်သည်။
အယူစွန့်ပယ်ခြင်းနှင့်ဆက်နွယ်သည့်အခြားကျမ်းပိုဒ်ကို ယခု ဆင်ခြင်ကြပါစို့။
ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကိုပြုမိသည်ကို တစုံတယောက်သောသူသည်မြင်လျှင် ထိုသူသည်ဆုတောင်းရ မည်။ သေပြစ်ကိုမပြုသောသူတို့အဖို့အလို့ငှာ၊ ဘုရားသခင်သည် ထိုသူအားအသက်ကိုပေးတော်မူမည်။ သေပြစ်သင့်သောဒုစရိုက် ရှိ၏။ ထိုဒုစရိုက်အပြစ်ကိုလွှတ်စေခြင်းငှာ ဆုတောင်းရမည်ဟု ငါမဆို (
၁ယော၊ ၅း၁၆)။
ဤကျမ်းချက်သည် အခြေအနေပေါ်၌တည်သောလုံခြုံမှုဆိုင်ရာ ဩဝါဒကိုကာကွယ်ပြောဆိုသူတို့၏အသုံးချမှုကို ခံနေရသည်။ ဤကျမ်းချက် သည် ခရစ်ယာန်တစ်ဦးကျူးလွန်နိုင်သည့်ခွင့်မလွတ်နိုင်သောအပြစ်ရှိပြီး၊ ထိုအပြစ်ကျူးလွန်သူအတွက် ဆုတောင်းပါကလည်းအချည်းနှီးဖြစ်သည်ဟု အဓိပ္ပါယ်ရှိသယောင်ဖြစ်သည်။ သို့ရာတွင် ဤကျမ်းချက်ကဤသို့သွန်သင် ပါသလား။
ပထမဆုံးပြောရလျှင်၊သေပြစ်သင့်သောဒုစရိုက်ကိုကျူးလွန်သူသည်ယုံကြည်သူတစ်ဦးဖြစ်သည်ဟူ၍ထိုကျမ်းချက်ကမပြောပါ။သေပြစ်မသင့်သောဒုစရိုက်ကိုပြုမိသောသူအားညီအစ်ကိုချင်းဟုပြောဆိုထားရာ၊ဤအချက်ကထိုသူသည်စစ်မှန်သောဘုရားသားဖြစ်သည်ဟုပြောပါသည်။သို့သော်လည်း၊ဤကျမ်းချက်၏ဒုတိယပိုင်းတွင် “ညီအစ်ကို ” စကားလုံးကိုမဖော်ပြထားပါ။
“ ဒုတိယအနေဖြင့်၊ ခန္ဓာကိုယ်သေခြင်းသို့မဟုတ်ဝိညာဉ်ထာဝရ သေခြင်းဖြစ်သည်ဟု ရှင်ယောဟန်ကမပြောပါ။ မှန်ကန်စွာနားလည်နိုင်ရန် ကျွန်ုပ်တို့သည် ရှေ့နောက်စကားအဆက်အစပ်ကို အာရုံဆိုက်ရပါမည်။
ဤဩဝါဒ၏အများစုကို အသိပညာအဓိကထားသောသူများ (Gnostics) ဟု လူသိများသည့်လှည့်ဖြာသောဆရာတို့၏အန္တရာယ်မှ အသင်းတော်ကိုကာကွယ်ရန်ရေးသားခဲ့သည်။ ထူးကဲသောအသိပညာ များရှိသည့်ထိုသူတို့သည် ယုံကြည်သူများဖြစ်ယောင်ဆောင်ကာ၊ ဗတ္တိဇံခံ ယူခြင်းဖြင့်ခရစ်ယာန်အစုအဝေးထဲသို့တစိမ့်စိမ့်ထိုးဖောက်ဝင်ရောက်ကြ သည်။ သို့သော်လည်း၊ နောက်ဆုံးတွင်ခရစ်ယာန်မိတ်သဟာယဖွဲ့ခြင်းကို စွန့်လွတ်လျက်၊ သူတို့ သည်ဘယ်သောအခါမှကယ်တင်ခြင်းမရရှိခဲ့ကြ
ကြောင်းကိုယ့်ကိုကိုယ်ထုတ်ဖော်ပြသခဲ့ကြသည်။သူတို့သည်သေသည့်တိုင်အောင်ဒုစရိုက်အပြစ်ကျူးလွန်ကြကာ၊အသစ်တစ်ဖန်နောင်တရဖို့အလို့ငှာမဖြစ်နိုင်ပါ(ဟေဗြဲ၊၆၄-၆)။
သို့ဖြစ်၍၊ ဤနေရာ၌ ရှင်ယောဟန်က ဆုတောင်းပေးဖို့မလိုသော လူတစ်ချို့ရှိကြောင်းထောက်ပြပါသည်။ အပြစ်ဒုစရိုက်တွေများနေပါစေ၊ ဘုရားသခင်ကအပြစ်သားကို နောင်တတရားလမ်းသို့ခေါ်ဆောင်နိုင်ပါ သည်။ ဤအပြစ်သားအတွက် ကျွန်ုပ်တို့ဆုတောင်းသင့်ပါသည်။ သို့သော် လည်း၊ အယူစွန့်ပယ်ခြင်းသည် ရှောင်လွဲ၍မရသောဝိညာဉ်ရေးဆိုင်ရာ သေပြစ်ဆီသို့ဦးတည်ကျူးလွန်နေခြင်းဖြစ်ရာ၊ တစ်စုံတစ်ယောက်သည် ထိုအနေအထားထဲသို့သက်ဆင်းသွားသောအခါ ထိုသူအတွက်ကျွန်ုပ်တို့ သည် ဒူးထောက်ဆုတောင်းပြီး အချိန်ဖြုန်းတီးဖို့မလိုပါ။
၅၊ ထို့ကြောင့်၊ သင်တို့ သည်သိနှင့်သော်လည်း၊ ငါသည် ပေး၍ပြောချင်သော အရာဟူမူကား၊ ထာဝရဘုရား ဣသရေလလူ တို့ ကို အဲဂုတ္တုပြည် မှ ကယ် လွ တ် ပြီးလျှင် မယုံကြည်သောသူတို့ကို တဖန်ဖျက်ဆီးတော်မူ၏။ ၆၊ ထိုမှတပါး၊ မိမိတို့ အခွင့် အရာကိုမစောင့်၊ မိမိတို့ အရပ်ကို စွန့်ပစ်သောကောင်းကင် တမန်တို့ကို ကြီးစွာ နေ့၌ စစ်ကြောစီရင်ခြင်းအလို့ငှာ၊ ထာဝရချည်နှောင်ခြင်းအား ဖြင့် မှောင်မိုက်ထဲမှာချုပ်ထားတော်မူ၏။ ၇၊ ထိုနည်းတူ၊ သောဒုံ နှင့် ဂေါမောရမြို့တို့ သည် အထက်ကဆိုခဲ့ပြီးသောလူဆိုး ကဲ့သို့ မတရားသောမေထုန်ကို အလွန်ပြု၍၊ ကိုယ့်ခင်ပွန်း မဟု တ် သောသူတို့ နှင့် မှားယွင်းခြင်း အမှု၌ကျင်လည်သော
ကြောင့် ထာဝရမီးနှင့် ကျွမ်းလောင်ခြင်း ဒဏ်ကို ခံရ၍ ပုံသက်သေထင်ရှားလျက်ရှိကြ၏။ ၈၊ ယခုယောင်ယမ်းသော အဓမ္မလူတို့သည် ရှေးနည်းတူ မိမိတို့ ကိုယ်ကိုညစ်ညူးစေ၍ အာဏာစက် ကို ပယ်လျက်၊ ဘုန်းတန်ခိုးကြီးသော သူတို့ ကို ကဲ့ရဲ့ တတ်ကြ၏။ ၉၊ ကောင်းကင်တမန်မင်းမိက္ခေလမူကား၊ မောရှေ၏ကိုယ်ကို အကြောင်းပြု၍ မာရ်နတ်နှင့် ငြင်းခုံသော အခါ၊ ကဲ့ရဲ့ စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေသတည်းဟူ၍သာ ပြောဆို၏။ ၁၀၊ ထိုသူ တို့မူကား၊ မိမိတို့ နားမလည်သော အရာများကို ကဲ့ရဲ့ တတ် ကြ၏။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်းမိမိတို့နားမလည်သော အရာများအားဖြင့် မိမိတို့ကိုပုပ်ပျက်စေတတ်ကြ၏။ ၁၁၊ သူတို့
သည် အမင်္ဂလာ ရှိ ကြ၏။ အကြောင်းမူကား၊ ကာဣန နောက်သို့ လိုက်ကြ၏။ အခကို ရခြင်းငှာ ဗာလမ်းမှားယွင်း သကဲ့သို့ အလွန်မှားယွင်းခြင်းရှိကြ၏။ ကောရ၏ငြင်းခုံခြင်း အပြစ်နှင့်ဗာလမ်ဖျက်ဆီးခြင်းသို့ရောက်ကြ၏။ ၁၂၊ မေတ္တာပွဲ လုပ်၍ သင်တို့နှင့် အတူစားသောက်သော အခါ၊ အားမနာဘဲ မိမိတို့ကို၀စွာကျွေး၍၊ ပွဲ၌ အစွန်း အကွက်ဖြစ်ကြ၏။ ရေမရှိ၊ လေတိုက်၍လွင့်သော မိုးတိမ်ကဲ့သို့လည်းကောင်း၊ ညှိုးနွမ်း၍
အသီးမတင်၊ နှစ်ကြိမ်သေ၍နှုတ် ပစ် သော သစ်ပင် ကဲ့သို့ လည်းကောင်းဖြစ်ကြ၏ (ယုဒ ၁း၅-၁၂)။
ယုဒသည် သူ၏ဩဝါဒစာထဲ၌ အယူစွန့်ပယ်သောသူတို့၏ အကြောင်းကို သီးသန့်ပြောထားပါသည်။ ရှေ့ပိုင်း၌ ကျွန်ုပ်တို့ရှင်းလင်း
ဖော်ပြသည့်အတိုင်း အယူစွန့်ပယ်သူတစ်ဦးဆိုသည်မှာ၊ သခင်ဘုရားကို ဟန်ဆောင်၍ဝန်ခံပြီး၊ မလိုတမာစိတ်ဖြင့်ခါးခါးသီးသီးဆန့်ကျင်သောသူဖြစ် ၏။ အယူစွန့်ပယ်သူသည် ရွေ့လျော့ဖောက်ပြန်သူမဟုတ်ဘဲ၊ သစ္စာ ဖောက်သူဖြစ်ပါသည်။ )
ယုဒသည် ဓမ္မဟောင်းကျမ်းပါ အယူဝါဒစွန့်ပယ်ခြင်းဥပမာများ ကိုဖော်ပြထားသည်။ မယုံကြည်သောဣသရေလလူမျိုးများ၊ အပြစ် ကျူးလွန်သောကောင်းကင်တမန်များ၊ သောဒုံနှင့်ဂေါမောရမြို့ရှိလူများ (ပိုဒ် ၅-၇)။ ထို့နောက် ယုဒသည်သူ၏ခေတ်ကာလတွင်ရှိသော အယူစွန့် ပယ်သူတို့ အကြောင်း၊ ထိုသူတို့၏စာရိတ္တ ညစ်ညူးခြင်းအကြောင်း၊ အာဏာစက်ကိုပယ်သည့်အကြောင်း၊ ကောင်းကင်တမန်မင်းမိက္ခေလ ပင်လျှင်မပြုလုပ်ခဲ့သည့် ဘုန်းကြီးသောသူတို့ကိုကဲ့ရဲ့တတ်သည့်အကြောင်း တို့ကိုပြောဆိုလေသည်(ပိုဒ် ၈-၉)။ အုပ်ချုပ်ရေးအာဏာစက်ကိုပယ်ကြောင်း ထုတ်ဖော်ပြသကြလေရာ၊ ထိုသူတို့သည် ဘုရားသခင်ကို ထိုသို့ပင် အမှန် တကယ်မထီမဲ့မြင်ပြုခဲ့ကြသည်။
ထိုသူတို့သည်အောက်ပါပုဂ္ဂိုလ်များနှင့် အလားသဏ္ဍာန်တူနေ ကြသည်။
– ကာဣန – ကိုယ်စားပြုပူဇော်သက္ကာအားဖြင့် ပေးသနားတော်မူသော
ကယ်တင်ခြင်းကို ငြင်းပယ်ခြင်း၊ –
ဗာလမ် – ဘာသာရေးဆိုင်ရာအခွင့်အရေးများနှင့်အကျိုးအမြတ်
များကိုအရောင်းအဝယ်ပြုလုပ်ခြင်း၊
ကာရ၏သားများ – အာဏာရှိသူကိုဆန့်ကျင်ပုန်ကန်၍ ဘာသာရေး
ဆိုင်ရာ ရာထူးတစ်ခုကိုမတရားသိမ်းယူခြင်း။
အယူစွန့်ပယ်သူတို့ သည် ခရစ်ယာန်အသင်းတော်များထဲသို့ ညစ်ပေသောအစွန်းအကွက်များ၊ လှည့်ဖြားသောမိုးတိမ်များနှင့်ညှိုးနွမ်း၍ အသီးမတင်၊ နှစ်ကြိမ်သေသောအပင်များကဲ့သို့ ဝင်ရောက်နှောင့်ယှက် ခဲ့ကြသည်။
ဤကဲ့သို့ ကြမ်းတမ်းခက်ထန်သောရေးသားဖော်ပြချက်သည် စစ်မှန်သောယုံကြည်ခြင်းရှိသူတို့နှင့် မသင့်တော်မအပ်စပ်ချေ။ အယူစွန့် ပယ်သောဘာသာရေးခေါင်းဆောင်များသည် ဘယ်သောအခါမှဒုတိယ မွေးဖွားခြင်းမခံခဲ့ဖူးကြကြောင်းကို သူတို့၏အသက်တာများကသက်သေ
ထူပါသည်။
မှတ်ချက်။
၁။ ခွင့်မလွတ်နိုင်သောအပြစ် သုံးမျိုးရှိပါသည်။
(က) သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးတော်အားဖြင့် သခင်ယေရှု လုပ်ဆောင်ခဲ့သောအံ့ဩဖွယ်ရာနိမိတ်လက္ခဏာများကို မာရ်နတ် အားဖြင့်လုပ်ဆောင်သည်ဟုစွပ်စွဲလျက်၊ သန့်ရှင်းသောဝိညာဉ်
တော်ကိုမာရ်နတ်ဟု ခေါ်ဆိုကဲ့ရဲ့သောအပြစ် (မဿဲ ၁၂း၂၄၊ ၃၁-၃၂)။ ,
(ခ) ခရစ်ယာန်ယုံကြည်ခြင်းကို ဟန်ဆောင်၍ယုံကြည်ပြီးနောက် ထိုယုံကြည်ခြင်းကိုစွန့်လွတ်၍၊ ခရစ်တော်၏ဘုရားဇာတိနှင့် လူ့ဇာတိကိုငြင်းပယ်သောအပြစ် (ဟေဗြဲ ၆း၄-၆။ ၁၀၂၉)။
(ဂ) သခင်ယေရှုခရစ်တော်ကိုမယုံကြည်သောအပြစ် (ယော၊၃း၁၈ခ)။
၂။ ဤကျမ်းချက်သည် ကျမ်းစာအနက်ဖွင့်သူတို့၏စိတ်အလျှော့ပေး ရသောကျမ်းပိုဒ်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ကျမ်းစာအနက်ဖွင့် သူတို့သည် ဤကျမ်းပိုဒ်အတွက်သတင်းအချက်အလက်များပိုမိုရရှိ
ရန်လိုအပ်နေသေးသည်ဟု ခံစားကြသောကြောင့်ဖြစ်သည်။
သေပြစ်သင့်သောအပြစ်ပြုသူတစ်ဦးနှင့်စပ်လျဉ်း၍အောက်ပါအတိုင်းရှင်းလင်းချက်တစ်ချို့ရှိပါသည်။
(က) အမည်မတပ်ထားသောအပြစ်တစ်ချို့ကြောင့်မိမိ၏ကယ်တင်ခြင်းဆုံးရှုံးသောယုံကြည်သူတစ်ဦး၊
(ခ) ဝန်ချတောင်းပန်ခြင်းမပြုသောအပြစ်ကြောင့် ခန္ဓာကိုယ်
သေဆုံးခြင်းကိုခံရသောယုံကြည်သူတစ်ဦး၊ ဤသေဆုံးခြင်းသည် ဥပမာအားဖြင့်၊ လိင်ပိုင်းဆိုင်ရာအပြစ်၏ရလဒ်ကြောင့် ကုသ၍ မရနိုင်သောရောဂါစွဲကပ်၍ သေဆုံးခြင်းဖြစ်ကောင်းဖြစ်နိုင်ပါ သည်။ ဤကိစ္စအတွက်ဆုတောင်းခြင်းသည် အချည်းနှီးသာဖြစ် သည်။
(ဂ) လူသတ်မှုကျူးလွန်သောယုံကြည်သူတစ်ဦး၊ လူသတ်မှုကို ဘုရားသခင်ကပြစ်ဒဏ်စီရင်ချက်အမိန့်ချမှတ်ထားသည်ဖြစ်၍ လူသတ်သမားသည်သေပြစ်ကိုခံစားရမည်(က၊ ၉၆)။
(ဃ) အများသူငါရှေ့မှာ ထူးကဲစွာဗြောင်ကျကျလုပ်ဆောင် သည့် အပြစ်အချို့ကို ကျူးလွန်သောယုံ ကြည်သူ တစ်ဦး၊ ဤအပြစ်ကြောင့် သူသည်ဤကမ္ဘာပေါ်၌အမှုတော်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ရန်မသင့်လျော်တော့ပါ (တမန်၊ ၅း၁-၁၁)။ ထိုသို့ဖြစ်ငြားသော်လည်း၊ သခင်ခရစ်တော်၏ကျေးဇူးကရုဏာ တော်ကြောင့် သူသည်ကောင်းကင်ဘုံသို့ဝင်စားရန်သင့်လျော် ပါသည်။
(င) အယူစွန့်ပယ်သောသူတစ်ဦး။ ဤသည်ရှေ့နောက်စကား အဆက်အစပ်နှင့်ကိုက်ညီသည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
အမည်ခံခရစ်ယာန်လား သို့မဟုတ် စစ်မှန်သောခရစ်ယာန်လား
အပိုင်း ၁
Profession or Possession?
သမ္မာကျမ်းစာသည် လက်တွေ့ သရုပ်မှန်အတိုင်းရေးသားတင်ပြ ထားသောစာအုပ်ဖြစ်သည်။ ဤစာအုပ်ထဲ၌ မနုဿလူသတ္တဝါတို့၏ ပြုမူကျင့်ကြံပုံတို့ကို သူတို့ပြုကျင့်သည့်အတိုင်း ဖော်ပြထားသည်။ သမ္မာကျမ်း စာက လူတို့အားရှုမြင်ရာ၌ အကောင်းဘက်သို့ဇောင်းပေးရှုမြင်ကာ၊ လူ တိုင်းသည် ဘုရားသခင်ဘက်၌ရှိသည်ဟူ၍ကောက်ချက်မချထားပါ။ ယင်းသို့ရှုမြင်သည့်အစား သမ္မာကျမ်းစာက ခရစ်တော်၏နောက်တော် သို့လိုက်သော အမည်ခံနောက်လိုက်များနှင့်စစ်မှန်သောယုံကြည်သူများ အကြား၌အမှန်ကိုခွဲခြားသိမြင်စေရန် သေချာစွာဖော်ပြထားပါသည်။ သမ္မာကျမ်းစာက အမည်ခံခရစ်ယာန်များနှင့် စစ်မှန်သောခရစ်ယာန် များအကြား၌ရှိသောကွဲပြားခြားနားချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြ ထားသည်။
သခင်ယေရှု ဤလောက၌ရှိနေစဉ်က၊ ဤလူတန်းစားနှစ်မျိုးကို တွေ့မြင်ခဲ့သည်။ ကိုယ်တော်ပြတော်မူသောနိမိတ်လက္ခဏာများကို မြင်သောအခါ ကိုယ်တော်ကိုယုံကြည်သောသူအချို့ ရှိကြသည် (ယော၊ ၂း၂၃)။ သို့သော်လည်း ကိုယ်တော်သည်ထိုသူတို့ကို “အယုံအကြည်”မရှိ ခဲ့ချေ။ လူတစ်ဦးသည်ခရစ်တော်ကိုယုံကြည်နိုင်ရန် လက္ခဏာအရင်လိုအပ်သည့်ယုံကြည်ခြင်းမျိုးကို ကိုယ်တော်မနှစ်မြို့ချေ။ ကိုယ်တော်ပြော
သောစကားကိုရိုးရိုးလေးဖြင့်ယုံကြည်ခြင်းကိုသာ ကိုယ်တော်အလိုတော် ရှိတော်မူသည်။ လူတစ်ချို့တို့သည် ကိုယ်တော်ကိုယုံကြည်ကြသော်လည်း ထိုယုံကြည်ခြင်းသည် ကယ်တင်ခြင်းရစေနိုင်သောယုံကြည်ခြင်းမျိုး မဟုတ်ပါ။ ထိုသူတို့သည် ၎င်းတို့၏ဦးခေါင်း (
ဦးနှောက်အသိဉာဏ်) ဖြင့်ယုံကြည်ကြခြင်းဖြစ်ပြီး၊ ၎င်းတို့၏နှလုံးသားများနှင့်ယုံကြည်ကြခြင်း မဟုတ်ပါ။ ဤသူတို့သည် အမည်ခံနောက်လိုက်များသာဖြစ်ကြသည်။
ကိုယ်တော်၏အံ့ဩဖွယ်ရာအသက်မုန့်အကြောင်းပြောဆိုသော ဒေသနာတော်၌ သခင်ယေရှုက “ငါ၏အသားကိုစား၍ငါ၏အသွေးကို လည်းသောက်သောသူသည် ထာဝရအသက်ကိုရ၏” ဟုမိန့်တော်မူ၏ (ယော၊ ၆:၅၄)။ သူ၏အသားကိုစားခြင်း၊ သူ၏အသွေးကိုသောက်ခြင်း၏ ရိုးရှင်းသောအဓိပ္ပါယ်မှာ သူ့ကိုယုံကြည်ခြင်းဖြစ်သည် (ယော၊ ၆း၄၇ကို ကြည့်ပါ)။ သို့သော်လည်း ကိုယ်တော်၏တပည့်တော်အများတို့က “ထို စကားသည် အလွန်ခက်လှ၏” ဟုဆိုကာ ကိုယ်တော်နှင့်မပေါင်းဖော်ဘဲ ကိုယ်တော်ကိုစွန့်ခွာသွားကြသည် (ငယ် – ၆၆)။ ဤသို့စွန့်ခွာခြင်းဖြင့်သူတို့ သည် အမည်ခံတပည့်တော်များသာလျှင်ဖြစ်ကြောင်း ပြသခဲ့ကြသည်။ ထို့ကြောင့်၊ သခင်ယေရှုသည် တစ်ကျိပ်နှစ်ပါးသောသူတို့အား “သင်တို့ သည်လည်း ထွက်သွားခြင်းအလိုရှိကြသလော“ ဟု မေးတော်မူလျှင်၊ ရှိမုန်ပေတရုက ယုဒမှတပါးကျန်သောသူအားလုံးကိုယ်စား “သခင်၊ အကျွန်ုပ်တို့သည်အဘယ်သူထံသို့သွားရပါမည်နည်း။ ထာဝရအသက် နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏။ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက် ရှင်တော်မူသောဘု ရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို အကျွန်ုပ်တို့ယုံကြည်သိမှတ်ကြပါ၏”ဟု
လျှောက်လေ၏။ ဤဝန်ခံချက်က ထိုသူတို့သည် သခင်ယေရှု၏စစ်မှန်သော တပည့်တော်များဖြစ်ကြောင်း သိမြင်စေပါသည်။
ကယ်တင်ရှင်ဘုရား ဤကမ္ဘာပေါ်၌အမှုတော်ဆောင်ရွက်နေစဉ် ကာလတွင်၊သခင်ဘုရား၏ နာမ၌ပရောဖက်ပြုသောသူများ၊ နတ်ဆိုးများကို မှထုတ်သောသူများ၊ များစွာသောတန်ခိုးနိမိတ်လက္ခဏာများကိုပြ သောသူများရှိခဲ့ကြပါသည်(မ၊ ၇း၂၂)။ ထိုသို့ ဖြစ်သည့်တိုင် ထိုသူတို့အပေါ်၌ကိုယ် တော်၏စီရင်ချက်မှာ “သင်တို့ကိုငါအလျင်းမသိ” ဟူ၍ ဖြစ်၏။ ထိုသူတို့ သည် ကိုယ်တော်အားသိကြောင်းပြောဆိုခဲ့ကြသော် လည်း ကိုယ်တော်ကထိုသူတို့ကိုမသိခဲ့ပါ။ ကိုယ်တော်က ထိုသူတို့အား အဓမ္မအမှုကိုပြုသောသူများဟု ဖော်ပြခဲ့သည် (ငယ်-၂၃)။
ကိုယ်တော်၏အထံတော်၌စားသောက်ခဲ့သောသူများ၊ သူတို့နေသော မြို့ရွာ၌ ကိုယ်တော်၏ဆုံးမဩဝါဒပေးခြင်းကိုလည်း ကြားနာခဲ့သောသူ အချို့ရှိခဲ့ကြသည် (လု၊ ၁၃၂၆)။ ထိုသူတို့သည် ကယ်တင်ရှင်နှင့် ဤမျှလောက် ပူးပေါင်းလျှင်လုံလောက်ပြီဟူ၍ မှတ်ယူခဲ့ကြသည်။ သို့သော်လည်း၊ ကိုယ်တော်က “သင်တို့သည်အဘယ်ကလာသည်ကို မသိဟု ငါဆိုပြီ။ မတရားသောအမှုကိုပြုသောသူအပေါင်းတို့၊ ငါ့ထံမှဖယ်သွားကြ” ဟု မိန့်တော်မူသည် (ငယ်-၂၇)။ အပြင်ပန်းသဏ္ဍာန်အရ ထိုသူတို့သည် သခင်ယေရှုနောက်တော်သို့လိုက်ကြသော်လည်း စစ်မှန်သောယုံကြည်ခြင်း မရှိဘဲ၊ အပျော်သဘောမျှသာ နောက်တော်သို့လိုက်ကြခြင်းဖြစ်ပါသည်။
အသင်းတော်ပေါ်ခါစ၊ ကနဦးနေ့ရက်များ၌ ခရစ်တော်၏နောက်သို့ လိုက်သည့်အမည်ခံနောက်လိုက်တစ်ဦး၌ မှတ်သားလောက်သောဖြစ်ရပ် ဟစ်ခုဖြစ်ပျက်ခဲ့သည်။ ဖိလိပ္ပသည်ဧဝံဂေလိတရားကို ရှမာရိမြို့၌ဟောပြော
သောအခါ နတ်ဝိဇ္ဇာအတတ်အားဖြင့်လူတို့အား မိန်းမောတွေဝေစေသူ ရှိမုန်အမည်ရှိသောသူသည် ယုံကြည်သည်ဖြစ်၍ ဗတ္တိဇံကိုခံလေသည် (တမန်၊ ၈း၁၃)။ အစပထမ၌ကောင်းသောအလားအလာရှိနေပါသည်။ သို့သော်လည်း ကယ်တင်ခြင်းရစေနိုင်သောယုံကြည်ခြင်းနှင့်မတူသော ယုံကြည်ခြင်းအတုရှိကြောင်းသတိရပါ။ ဤကဲ့သို့ အတုအယောင်ယုံကြည် ခြင်းအမျိုးအစားကို (ယော၊ ၂း၂၃-၂၅) နှင့် (ယော၊ ၆း၆၆) တို့တွင် ကျွန်ုပ်တို့ တွေ့မြင်ခဲ့ပြီးဖြစ်သည်။ နတ်ဆိုးများပင်လျှင် ယုံကြည်ကြပါသည် (ယာ၊ ၂း၁၉)။ တမန်တော်ဝတ္ထု ၈၁၃ ၏နောက်ဆက်တွဲကျမ်းချက်များက ရှိမုန်၌ စစ်မှန်သောဘုရားသားတစ် ဦး၏အမှတ် လက္ခဏာများမရှိကြောင်း ဖော်ပြထားသည်။
ယုံကြည်သူရှမာရိမြို့သူမြို့သားများအပေါ်၌ တမန်တော်တို့က လက်ကိုတင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်သည်ကို ရှိမှန်မြင်တွေ့လျှင်၊ သူသည် ထိုတန်ခိုးတော်ကို ငွေဖြင့် ဝယ်ယူချင်သည်။ ထိုသို့ဖြစ်ရခြင်းမှာ၊ ထိုတန်ခိုးတော်ဖြင့် ဝင်ငွေကောင်းသော အလုပ်ကို ရရှိခံစားချင်၍ဖြစ်၏။ ရှိမုန်သည် ဘုရားတရားကြည်ညိုသကဲ့သို့ ဟန်ဆောင်ခြင်းဖြင့် ငွေကြေးအမြောက်အများရရှိအောင် ကြိုးစားလုပ်ဆောင် သည့် နောက်ဆုံးသောဆရာတုဆရာယောင် သို့ မဟုတ် ကလိမ် ကကျစ်သမားမဟုတ်ခဲ့သည်မှာ ဝမ်းနည်းစရာကောင်းပါသည် (၁တိ၊ ၆၅ခ)။
ပေတရုသည် ရှိမုန်ကိုလူသိရှင်ကြားမည်သို့ ရှုတ်ချခဲ့ကြောင်း ကိုသိမှတ်၍၊ တမန်တော်က စစ်မှန်သောယုံကြည်သူတစ်ဦးအား ယင်းကဲ့သို့ ပြောဆိုပါသလား၊ ဆိုသည်ကို မိမိကိုယ်ကိုမေးကြည့်ပါ။
သင်နှင့်တကွသင်၏ငွေသည် ပျက်စီးခြင်းသို့ရောက်ပါစေ။ ပေတရုက ရှိမုန်အား “ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိသောကြောင့်၊ သင်နှင့်တကွသင်၏ငွေသည် ငရဲဘုံသို့ကျရောက် ပါစေ” (TEV) ဟုဆိုသည်။ စစ်မှန်သောမည်သည့်ယုံကြည်သူခရစ်ယာန် တစ်ဦးတစ်ယောက်မျှ ပျက်စီးခြင်းသို့မရောက်သဖြင့် (ယော၊ ၃၁၆) ရှိမုန်သည် ဒုတိယမွေးခြင်းမခံခဲ့ကြောင်း ထင်ရှားပါသည်။ ။
ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟု အကြံရှိ သောကြောင့်၊ ဤနေရာ၌ ဘုရားသခင်၏ ကျေးဇူးတော်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပါသည်။ အခြားသူတို့ထံသို့ ဝိညာဉ်တော်ကိုဖြန့်ဝေပေး ရန် ရှိမုန်သည် ဝိညာဉ်တော်၏တန်ခိုးစွမ်းရည်ကိုဝယ်ယူချင်လေသည်။ ရှိမုန်ကိုယ်တိုင်သန့်ရှင်းသောဝိညာဉ်တော်ကိုလက်ခံရရှိကြောင်း ဖော်ပြချက် စိုးစဉ်းမျှမရှိပါ။
သင်သည် ဤအမှုအရာနှင့်မဆက်ဆံသောသူဖြစ်၏။ ခရစ်ယာန် မိတ်သဟာယတွင်ပါဝင်သောသင်းဝင်သူတစ်ဦးဖြစ်မည့်အစား၊ သူသည် အတွင်းဘက်ကိုကြည့်ရှုနေသည့်ပြင်ပရောက်ပုဂ္ဂိုလ်တစ်ဦးသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ ရှိမှန်သည် ကယ်တင်ခြင်းမရသောကြောင့်ဖြစ်သည်။
သင်၏စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော်၌ဖြောင့် မတ်ခြင်း မရှိ။ ဤစကားသည် အသက်တာရွေ့လျော့ဖောက်ပြန်သူတစ်ဦးအား
ပြောဆိုသောစကားဖြစ်နိုင်သော်လည်း ကျမ်းချက်၌ရှိသောစကားအဆက် အစပ်က အထက်မှလာသောမွေးဖွားခြင်းဖြင့် စိတ်နှလုံးအသစ်ရရှိရန် လိုအပ်သောသူတစ်ဦးကို ဆိုလိုပါသည်။
ထို့ကြောင့်၊ သင်၌ယခုဆိုးညစ်သောအမှုကို နောင်တရ နောင်တရလော့၊ ဟူ၍ ဤနေရာ၌အသုံးပြုထားသည့်စကား၏ဆိုလိုချင် မှာ၊ အပြစ်ဒုစရိုက်မှ ဘုရားသခင်ထံတော်သို့လှည့်ပြန်လာခြင်းဖြစ်သည်။
သင်၏စိတ်နှလုံး၌ကြံစည်ခြင်းအပြစ်ကို လွတ်ကောင်းလွတ် မည်ဖြစ်၍ ဘုရားသခင်ကိုတောင်းပန်လော့။ ဘုရားသခင်သည်နောင်တရ ၍ ယုံကြည်သောအပြစ်သားအား ထာဝရအပြစ်လွတ်ခြင်းကိုပေးသနား
တော်မူသောအရှင်သခင်ဖြစ်ပါသည်။ ယုံကြည်သူသည်မိမိအပြစ်ကို ဝန်ချတောင်းပန်သောအခါ ဘုရားသခင်သည်ဖခင်တစ်ဦးကဲ့သို့ မိမိ၏
သားတစ်ဦးကို မိဘ၏အပြစ်လွတ်ခြင်းဖြင့်အပြစ်လွတ်ပါသည်။ ဤနေရာ၌ ရှိသောသူသည် သာမန်ဖခင်မဟုတ်၊ သီးခြားရည်ရွယ်ချက်နှင့်အကြံအစည်
တော်ရှိသောဘုရားသခင်ဖြစ်ပါသည်။ “လွတ်ကောင်းလွတ်လိမ့်မည်” ဟူသောစကားသည် ဘုရားသခင်ဘက်ကမသေချာခြင်း၊ ဆန္ဒမရှိခြင်းကို အရိပ်အမြွက်ဖော်ပြထားခြင်းမဟုတ်ပါ။ ရှိမုန်၌ဖြစ်နိုင်ချေရှိသည့်ခေါင်းမာခြင်းကိုရည်ညွှန်းခြင်းဖြစ်သည်။
သင်သည်ခါးစွာသောသည်းခြေစွဲသည်ဖြစ်၍ ဒုစရိုက်အနှောင် အဖွဲ့နှင့်မလွတ်ကြောင်းကို ငါသိမြင်သည်။ အကယ်၍ အပင်၏သဘောကို ထိုအပင်၏အသီးများအားဖြင့် သိရလျှင်၊ အကယ်၍ ရှိမုန်၏ဘဝမှာ သီးပွင့်သောအသီးသည်အလွန်ဆိုးသွမ်းကောက်ကျစ်လျှင်၊ သူ၏ဝိညာဉ် ရေးဆိုင်ရာအဆင့်အတန်းနှင့် စပ်လျဉ်း၍ လေးနက်သောမေးခွန်းများ ပေါ်ထွက်လာပေမည်။
ပေတရု၏စွဲချက်တင်ထိုးနှက်မှုကိုတုန့်ပြန်ရာ၌၊ နတ်ဝိဇ္ဇာအတတ် ဆရာက တမန်တော်သူ့အတွက်ဆုတောင်းပေးရန်တောင်းလျှောက် သည်။ အကယ်၍ ရှိမုန်သည်မိမိအပြစ်များကိုနောင်တရ၍ သခင်ခရစ်တော် ကိုမိမိ၏အရှင်သခင်နှင့်ကယ်တင်ရှင်အဖြစ်လက်ခံပါက သာ၍ကောင်းပေ လိမ့်မည်။ ရှိမုန်သည်အမည်ခံခရစ်ယာန်တစ်ဦးမျှသာဖြစ်ကြောင်းနှင့်၊ သူ၌ကယ်တင်ခြင်းနှင့်စပ်ဆိုင်သောအမြစ်စွဲခြင်းမရှိခဲ့ကြောင်း ရှင်းလင်း နေပါသည်။
ဤနေရာ၌ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက် Jean Gibson ၏ မကြာခဏ ပြောလေ့ရှိ သည့် စကားကို သတိရပါသည်။ သူက “ကျွန်ုပ်တို့ သည် ယုံကြည်သူ၏ထာဝရလုံခြုံမှုအကြောင်းကို ယုံကြည်နေစဉ်မှာ၊ အမည်ခံ စ်ယာန်၏ထာဝရလုံခြုံမှုကို မယုံကြည်ကြပါ”ဟူ၍ပြောပါသည်။ သမိုင်းနောက်ခံအချက်အလက်များကိုသာ လက်ခံယုံကြည်သောသူတို့ သည် ခရစ်တော်၌ ထာဝစဉ်ရှိသောသူများဖြစ်သည်ဟူ၍ မထင်မှတ်သင့်ချေ။ အသင်းတော်တစ်ပါး၌သင်း ဝင်ဖြစ်ခြင်းသည် ယုံကြည်သူခရစ်ယာန်တစ်ဦး ဖြစ်ခြင်းနှင့်မတူပါ။ ဦးနှောက်အသိဉာဏ်ဖြင့်ယုံကြည်ခြင်း၌ မည်သည့်လုံခြုံမှု မရှိပါ။ ယုံကြည်ခြင်းသည် ပုဂ္ဂိုလ်တစ်ဦးကကြီးမြတ်သောပုဂ္ဂိုလ်တစ်ဦးထံ ဆက်ကပ်အပ်နှံခြင်းဖြစ်သည်။
သခင်ဘုရား၏ပုံဥပမာများက အမည်ခံခရစ်ယာန်နှင့်စစ်မှန် သောခရစ်ယာန်များကိုလည်းကောင်း၊ နာမည်ခံယုံကြည်သူများနှင့်စပ်ဆိုင် သောသန့်ရှင်းသူများကိုလည်းကောင်း ခွဲခြားပါသည်။ သို့သော်လည်း၊ ၎င်းတို့ကို တစ်ခုစီလေ့လာခြင်းမပြုမီ၊ ကောင်းကင်နိုင်ငံတော်အကြောင်း
ပြောပြထားသည့် ပုံဥပမာများနှင့် စပ်လျဉ်း၍ ရှင်းလင်းချက်အချို့ကို ပြုလုပ်သင့်သည်။ နိုင်ငံတော်၌သွင်ပြင်လက္ခဏာနှစ်ခုရှိပါသည်။ ပထမမှာ အပြင်ဘက်သွင်ပြင်လက္ခဏာဖြစ်သည်။ ဤသွင်ပြင်လက္ခဏာ၌ ဘုရားသခင် ကိုအမြင့်ဆုံးအုပ်စိုးသူအဖြစ်သာဝန်ခံသောသူအားလုံးပါဝင်သည်။ ဒုတိယ မှာ၊ အတွင်းဘက်သွင်ပြင်လက္ခဏာဖြစ်ပါသည်။ နိုင်ငံတော်၏စစ်မှန်
သောနိုင်ငံသားတစ်ဦးဖြစ်ရန်အလို့ငှါ၊ လူတစ်ဦးသည် ဒုတိယမွေးခြင်း ခံရမည်(ယော၊ ၃၃၊ ၅)။ သို့ ဖြစ်လေရာ၊ အမည်ခံခရစ်ယာန်ဖြစ်ခြင်း အားဖြင့် နိုင်ငံတော်၏အပြင်ဘက်သွင်ပြင်လက္ခဏာ၌ပါသောသူတစ်ဦး ဖြစ်နိုင်ပါသည်။ သို့မဟုတ် ရှင်ဘုရင်အပေါ်၌စစ်မှန်သော သစ္စာစောင့် သိသူဖြစ်နိုင်ပါသည်။ နိုင်ငံတော်၏အကျယ်ပြန့်ဆုံးသွင်ပြင်လက္ခဏာထဲ၌ အမည်ခံခရစ်ယာန်နှင့်စစ်မှန်သောခရစ်ယာန်များရောနှောပါဝင်ကြောင်း ကို သင်မတွေ့မချင်း ကောင်းကင်နိုင်ငံတော်၌ဆိုးညစ်ခြင်းနှင့်အယောင်
ဆောင်ခြင်းရှိနေပုံကိုစဉ်းစားရာတွင် နားလည်ရခက်မည်ဖြစ်သည်။ ခရစ်ယာန် ဘာသာဝင်သူ အပေါင်းနှင့် ခရစ်ယာန်များအကြားကွဲပြားခြားနားခြင်း သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်သူအပေါင်းတို့အထဲ၌
ခရစ်ယာန်မဟုတ်သည့်လူအမြောက်အများရှိပါသည်။ ယခုတွင် အမည်ခံတပည့်တော်နှင့် စစ်မှန်သောယုံကြည်သူများအကြားပုံဥပမာ
များကခွဲခြားတင်ပြထားပုံကို ယခုကြည့်ရှုကြပါစို့။
မြေလေးမျိုးဥပမာ(မ၊ ၁၃၃–၂၃။ လု၊ ၈၄–၁၅)
ဤပုံဥပမာသည် ဤကမ္ဘာပေါ်၌ ကျွန်ုပ်တို့ သခင်ဘုရား၏ အမှုတော်လုပ်ငန်းအစပြု သည့်အချိန်မှ ဘေးဒဏ်ကြီးကာလအဆုံးအထိ အကျုံးဝင်ပါသည်။ သခင်ယေရှုသည်မျိုးစေ့ကြဲသောသူဖြစ်၍ ဘုရား သခင်၏နှုတ်ကပတ်တော်သည် မျိုးစေ့ဖြစ်၏။ လယ်မြေသည်ဤကမ္ဘာ မြေကြီးဖြစ်၏။ နှုတ်ကပတ်တော်သည် မြေ(၄)မျိုးအပေါ်၌ကျ၍ ၎င်းသည် လူတို့၏တုန့်ပြန်မှု(၄)မျိုးကိုကြုံတွေ့ရသည်။ နှုတ်ကပတ်တော်အားဖြင့် တပည့်တော်တို့သည် ပုံသွင်းပြင်ဆင်ခြင်းခံကြရသော်လည်း ကြားနာသူ တစ်ဦးစီတိုင်းသည် ယုံကြည်သူတစ်ဦးဖြစ်လာမည်မဟုတ်ပါ။
လမ်း၌ကျသောမျိုးစေ့သည် ဧဝံဂေလိတရားအလိုမရှိသော သူကိုရည်ညွှန်းပြီး (ယော၊ ၇၁၇ ကိုကြည့်ပါ)၊ သူသည် ထိုတရားကို နားလည်ရသည့်အခွင့်အရေး ဆုံးရှုံးသွားသည်။ မြေနည်း၍ကျောက်ပေါ
သောအရပ်တကြားနာသူသည် ထိုတရားကိုဝမ်းမြောက်သောစိတ်နှင့် ရှေးဦးစွာခံယူလေသည်။ သူသည် ထိုတရားကို နောင်တသံဝေဂနှင့် လက်ခံခဲ့ပါကကောင်းပေလိမ့်မည်။ တရားစကားကြောင့် ဖိစီးခြင်းနှင့် ညှဉ်းဆဲခြင်းကိုခံရသောအခါ သူသည်နှုတ်ကပတ်တော်ကို ကျောခိုင်း သွားသည်။ ဆူးပင်အရပ် တရားကြားနာသူသည်လည်း အစပထမ၌ စိတ်ဝင်စားမှုမရှိကြောင်းပြသလေသည်။ သို့ရာတွင် သူသည် လောကီမှုရေး စည်းစိမ်နှင့်အတုအယောင်ချမ်းသာခြင်းကိုသာ၍ ရှေ့တန်းတင်ကာ ဦးစား ပေးလေသည်။ ကောင်းသောမြေတရားကြားနာသူသည် ဘုရားစကားကို ခံယူနှလုံးသွင်း၍ယုံကြည်ကာ၊ မိမိ၏အကျင့်စာရိတ္တနှင့် သူတပါးအားအစေခံ ခြင်းဖြင့် ဘုရားသခင်အတွက်အသီးသီးလေသည်။ ။
ပထမမြေသုံးမျိုးသည် အသီးမသီးသောမြေမျိုးဖြစ်ပြီး၊ ဤသူတို့ သည်အမည်ခံခရစ်ယာန်များဖြစ်ကြောင်း ပြောပြပါသည်။ ကောင်းသော မြေသာလျှင် အသီးအပွင့်တို့ကိုထွက်ပေါ်စေပါသည်။ ကောင်းသောမြေ သည် စစ်မှန်သောယုံကြည်သူများ – ခရစ်တော်၏ဝိညာဉ်ရရှိသူများကို ပြသခြင်းဖြစ်ပါသည်။
ဂျုံစပါးနှင့်တောပင်များပုံဥပမာ(မ၊ ၁၃း၂၄–၃၀၊ ၃၆–၄၃)
နိုင်ငံတော် ၌အမည်ခံ တပည့်တော်များရှိနေကြောင်း၊ ဤပုံ ဥပမာကလည်း ရှင်းရှင်းလင်းလင်းဖော်ပြပါသည်။ မာရ်နတ်သည် | တုပပြုလုပ်သူဆရာကြီးတစ်ဦးဖြစ်သည်။ သူသည်တောမျိုးစေ့ကို ဂျုံစပါးအထဲ၌ကြဲသွားသည်။ တောမျိုးစေ့သည်ကောင်းသောဂျုံစပါးနှင့် လက္ခဏာတူသကဲ့သို့ အမည်ခံသူတို့သည် တစ်ခါတစ်ရံတွင် စစ်မှန်သော ယုံကြည်သူတို့၏ပြင်ပအသွင်သဏ္ဍာန်အတိုင်းလုပ်ဆောင်ပြသကြသည်။ သို့သော်လည်း၊ တောမျိုးစေ့တို့သည် နှစ်သက်စရာမကောင်းသောပေါင်းပင် များဖြစ်ပါသည်။ သခင်ခရစ်တော်သည်ဤလောကကို အုပ်စိုးရန် ကြွလာချိန်အထိ တောပင်တို့ သည်နိုင်ငံတော်အတွင်း၌ရှိနေမည်။ ထို့ နောက်မှ ၎င်းတို့ကိုစုသိမ်း၍တရားစီရင်ခြင်းခံရကြမည်။ ထိုကာလ တွင်ရှိကြကုန်သောသန့်ရှင်းသူတို့သည် အနှစ်တစ်ထောင်ကာလသို့ ဝင်စားကြမည်။
မုန့်ညှင်းစေ့ပုံဥပမာ (မ၊ ၁၃၃၁–၃၂)
မုန့်ညှင်းပင်တစ်ပင်၏သစ်ပင်တစ်ပင်ဖြစ်လာခြင်းသည် ပုံမှန် မဟုတ်သည့်ကြီးထွားခြင်းဖြစ်ပါသည်။ ဤနေရာ၌ပုံဥပမာက ခရစ်ယာန် ဘာသာဝင်အပေါင်းတို့၏ပုံမှန်မဟုတ်သောကြီးထွားခြင်းနှင့် ခရစ် ယာန်သွန်သင်ချက်များလွမ်းမိုးထားသောနယ်ပယ်ကို သရုပ်ဖော်ပြသ ပါသည်။ မိုင်းကောင်းကင်ငှက်များတည်းဟူသော လိမ်လည်လှည့်ဖြားသော ဆရာတို့သည် ထိုအကိုင်းအခက်တို့၌နားနေကြသည်။ အခြားတစ်နည်း ဆိုရသော်၊ Cultists များနှင့် အယူလွဲ သူများ (heretics) တို့ သည် ခရစ်ယာန်နာမည်ခံယူကြကာ၊ ခရစ်ယာန်လောကထဲသို့ ဝင်ရောက် ထိုးဖောက်ကြသည်။
တဆေးပုံဥပမာ (မ၊ ၁၃း၃၃)
သမ္မာကျမ်းစာထဲ၌တဆေးသည် အစဉ်သဖြင့်ဆိုသောအရာကို ဖော်ညွှန်းပါသည် – ဆိုးညစ်သောဩဝါဒ(မာ၊ ၈း၁၅။ ဂလာ၊ ၅း၉) သို့မဟုတ် ဆိုးညစ်သော အပြုအမူ(
၁ကော၊ ၅း၆-၈)။ ဤတဆေးပုံ ဥပမာ၌
မိန်းမသည်တဆေးကိုမုန့်နှင့်ရောထည့်ပါသည်။ မိန်းမ (ဆုံးမဩဝါဒ ပေးခြင်းအမှုကိုမလုပ်ဆောင်သင့်သူ – ၁တိ၊ ၂း၁၂) သည် ဘုရားသခင်၏ လူများစားသုံးမည့်အစားအစာထဲသို့ အမှားများကိုရောထည့်သည်။ အယူ လွဲသောဘာသာရေးဂိုဏ်းအများစု၌ သမ္မာတရားအချို့ရှိကြသော်လည်း ထိုသမ္မာတရားကို အယူဝါဒလမ်းလွဲခြင်းနှင့်ရောစပ်ညစ်ညမ်းစေကြသည်။
ပိုက်ကွန်ပုံဥပမာ (မ၊ ၁၃၄၇–၅၂)
ဘေးဒဏ်ကြီးကာလအဆုံး၌ ကောင်းကင်တမန်များသည် ဖြောင့်မတ်သောသူတို့ အထဲမှဆိုးသောသူတို့ကိုနှုတ်ယူခွဲခြားမည်။ ဤဖြစ်ရပ်၌အသစ်တစ်ဖန်မွေးဖွားခြင်းခံသောသူတို့ထဲမှ အမည်ခံ ယုံကြည်သူများကိုနှုတ်ယူခွဲခြားခြင်းလည်းပါဝင်မည်။ ဆိုးသောသူတို့သည် ဖျက်ဆီးခြင်းခံရကြလိမ့်မည်။ အသစ်တစ်ဖန်မွေးဖွားခြင်းခံပြီးသောသူတို့ သည် ငြိမ်းချမ်းမှုနှင့်ချမ်းသာခြင်းရှိသောရွှေခေတ်သို့ ဝင်စားကြရမည်။
အပြစ်မလွတ်သည့်ကျွန်ပုံဥပမာ (မ၊ ၁၈၂၃–၃၅) ၊
ဤနေရာ၌ မင်းကြီးထံအကြွေးအမြောက်အများတင်ရှိနေသူ တစ်ဦးရှိ၏။ သူသည်အကြွေးမဆပ်နိုင်သောကြောင့် ကိုယ်မှစ၍ သား မယား၊ ဥစ္စာရှိသမျှကိုရောင်း၍ အကြွေးကိုဆပ်စေဟု သူ၏သခင်က စီရင်လေ၏။ ထိုကျွန်က အကြွေးဆပ်ရန်အခွင့်ပေးပါဟု စိတ်အားကြီးစွာ ပြပ်ဝပ်တောင်းပန်သောအခါ၊ သခင်သည်သနားခြင်းရှိသဖြင့် သူ၏ အကြွေးရှိသမျှကိုလွတ်၍ ချမ်းသာပေးလိုက်သည်။
ယခုတွင် အခြေအနေပြောင်းလဲသွားပါသည်။ အကြွေးရှိသမျှကို လွှတ်ခြင်းခံရသောထိုကျွန်သည် သူ့ အပေါ်၌မပြောပလောက် အကြွေးတင်သူ ကျွန်ချင်းတစ်ယောက်ကိုတွေ့သဖြင့် အကြွေးဆပ် ပါသည်။ သူ့အပေါ် အကြွေးတင်သူကတောင်းပန်၍ ကတိစကား ပေးသော်လည်း ယူသည်ကျွန်ချင်းကို အပြစ်မလွတ်ချေ။ သခင် ဤအကြောင်းသိသောအခါ၊ ဒေါသထွက်၍ ထိုကျွန်အား အာဏာ လက်၌အပ်နှံရန် အမိန့်ပေးလိုက်သည်။
အပြစ်လွတ်ခြင်းနှင့်စပ်လျဉ်း၍ ပ ရု၏စုံစမ်းမေးမြန်း ခြင်းကိုတုန့်ပြန်ပြောဆိုခြင်းဖြစ်သောကြောင့် ဤပုံဥပမာသည် ယုံကြည်သူများထားခြင်းဖြစ်ကြောင်းထင် ရှားပါသည် ။ ဤပုံ ဥပမာသည် ကြည်သူများအတွက်ဖြစ်သောကြောင့် ၄င်းသည်တရားဥပဒေ အပြစ်လွှတ်ခြင်းမဟုတ်ဘဲ၊ မိဘ၏အပြစ်လွတ်ခြင်းအကြောင်းပြောကြား ခြင်းဖြစ်သည်။ ဤခြားနားချက်သည်အရေးကြီးပါသည်။ တရားဥပဒေ အရအပြစ်လွတ်ခြင်း သို့မဟုတ် ထာဝရအပြစ်လွတ်ခြင်းသည် တရား သကြီးဖြစ်သောဘုရားသခင်က သခင်ယေရှုခရစ်တော်ကိုယုံကြည်သည့် အပြစ်သားတစ်ဦးအားအပြစ်လွတ်ခြင်းဖြစ်ပါသည်။ ဤသည် ခရစ်တော်က အပြစ်သား၏အပြစ်ဒဏ်ကို ကိုယ်စားပေးဆပ်ခဲ့သဖြင့် ထိုအပြစ်သားသည် သူ၏အပြစ်ဒဏ်ကို ဘယ်သောအခါမှပေးဆပ်ရန်မလိုအပ်တော့ပါ။ မိဘ၏ အပြစ်လွတ်ခြင်းသည် အဖဘုရားသခင်က မိမိ၏အပြစ်ကိုစွန့်လွတ်၍ ဝန်ချတောင်းပန်ခြင်းအမှုကိုပြု သည့် အပြစ်ကျူးလွန်သောယုံကြည်သူအား အပြစ်မှခွင့်လွတ်ခြင်းဖြစ်ပါသည်။ အပြစ်ကိုခွင့်လွတ်ရန်စိတ်ဆန္ဒရှိခြင်း သည် ကယ်တင်ခြင်းမရသောသူ အတွက်ဧဝံဂေလိတရားမဟုတ်ပါ။ သူတစ်ပါး၏အပြစ်ကိုခွင့်လွတ်ခြင်းအားဖြင့် ကျွန်ုပ်တို့သည်ကယ် တင်ခြင်း မရရှိကြပါ။ သို့သော်လည်း၊ ယုံကြည်သူတို့ သည်နေ့စဉ်အသက်တာတွင် အဖဘုရားသခင် နှင့်အတူမိတ်သဟာယဖွဲ့ရာ၌ အပြစ်ခွင့်လွတ်ခြင်းသည် အရေးကြီးပါသည်။ အငယ်- ၃၅ ပါ “ကောင်း ကင်ဘုံ၌ရှိတော်မူသော ငါ၏ အဖ” ဟူသောစကားကိုသတိပြုပါ)။
သို့ဖြစ်၍၊ ဤကျမ်းပိုဒ်သည်ယုံကြည်သူများအတွက်ဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့မြင်ခဲ့ပြီးဖြစ်သည်။ ဤကျမ်းပိုဒ်က မိဘ၏အပြစ်လွတ်ခြင်း အကြောင်းပြောဆိုထားပြီး၊ ထာဝရအပြစ်လွတ်ခြင်းအကြောင်းကိုမပြောပါ။ ထိုသို့ဖြစ်လျှင်၊ အငယ်-၃၄ ကို ကျွန်ုပ်တို့ သည်အဘယ်သို့ နားလည် သဘောပေါက်ကြပါမည်နည်း။
ငါသည်… အမျက်ထွက်၍ အကြွေးရှိသမျှကိုမဆပ်မီတိုင်အောင် အာဏာသားတို့လက်ကိုအပ်လေ၏။
ဤကျမ်းချက်က ယုံကြည်သူတစ်ဦးသည်သူ၏ ကယ်တင်ခြင်း
ဆုံးရှုံးနိုင်သည်ဟု သွန်သင်ပါသလား။
ဦးစွာပထမ၊ ဤကျမ်းချက်မပြောသောအရာကိုသတိပြုပါ။ ဆိုး ညစ်သောကျွန်ကိုပြင်အရပ်မှောင် မိုက်ထဲသို့လည်းကောင်း၊ ထာဝရအပြစ် စီရင်ရာသို့လည်းကောင်း၊ သို့မဟုတ် ငရဲမီးအိုင်ထဲသို့လည်းကောင်း၊ ချပစ်ခြင်းမခံပါ။ သူသည်အမည်ဖော်ပြခြင်းမရှိသောညှဉ်းဆဲသူတို့ (အာဏာသားတို့ )၏လက်သို့အပ်နှံခြင်းခံရပါသည်။ ထိုအာဏာသားတို့သည် အဘယ်သူတွေနည်း။ ။
ကျွန်သည်သူ့သခင်နှင့်မိတ်သဟာယပျက်ပြားသည့်အချိန်မှစ၍ သူ့ကိုနှိပ်စက်မည့်အာဏာသားတို့သည် ဆင်းရဲဒုက္ခနှင့်စိတ်ပျက်ဖွယ်ရာ များဖြစ်လာကြသည်။ အသက်တာရွေ့လျော့နေသောခရစ်ယာန်တစ်ဦး သည် အပြစ်ရှိသောဩတ္တပ္ပစိတ်၌ ပြင်းထန်သောဝေဒနာရရှိခြင်းအား ဖြင့်လည်းကောင်း၊ မိမိကယ်တင်ရှင်၏ ဂုဏ် အသရေကိုညှိုးနွမ်းအောင်ရှုံ့ချသောရှက်ဖွယ်လုပ်ရပ်ကြောင့်လည်းကောင်း၊ မိမိရရှိထားသောကယ်တင် ခြင်းနှင့်ယှဉ်သောဝမ်းမြောက်ခြင်း ဆုံးရှုံးသွားခြင်းအားဖြင့်လည်းကောင်း ညှဉ်းပန်းနှိပ်စက်ခြင်း ကိုခံနေရပါ သည်။ သူသည်ဆုတောင်းချက်ပိတ်ဆို့ ခံရသောဘဝအသက်တာအား ဖြင့်လည်းကောင်း၊ ဘုရားသခင်၏ လက်နှင့် ရိုက်နှက်ဆုံးမခံရခြင်းအားဖြင့်လည်းကောင်း ဒုက္ခခံနေရပါသည်။
ဤပုံဥပမာထဲ၌ ဆိုးညစ်သောကျွန်သည် သူ့သခင်အားဆပ်ရန်ရှိ သောငွေအခွက်(၁ဝဝဝဝ )(ဒေါ်လာ သန်းပေါင်းများစွာ)ကိုမဆပ်နိုင်မချင်း ဤဒုက္ခဝေဒနာကိုခံစားရလေသည်။ ဆိုးညစ်သော ကျွန်သည်အား မဆပ်နိုင်ကြောင်းထင်ရှားပါသည်။ ဘုရားသခင်၏သားသမီးအတွက မူကား သာ၍ကောင်းသောနည်းတစ်ခုရှိပါသည်။ ၎င်းမှာ၊ မိမိအ9 ဒုစရိုက်ကို ဝန်ချတောင်းပန်၍စွန့်လွတ်ခြင်းပင်ဖြစ်ပါသည်။ ထိုအခါ သူသည်အပြစ်လွတ်ခြင်းကိုရရှိကာ၊ ဘုရာသခင်နှင့်မိတ်သဟာယ ရရှိမည်ဖြစ်သည်။
ထိမ်းမြားမင်္ဂလာဆောင်ပွဲပုံဥပမာ (မ၊ ၂၂း၁–၁၄)
ကောင်းကင် နိုင်ငံတော်ကိုပျော်စရာကောင်းအောင် ဆက် သောမင်္ဂလာပွဲနှင့်ခိုင်းနှိုင်းထားခြင်းသည်လျော်ကန်သင့်မြတ်လှပေသည်။
ကြီး၏ပထမအကြိမ်ဖိတ်ခေါ်ခြင်းသည် အရေးမစိုက်ငြင်းပယ်ခြင်းခံ လေသည်။ ထို့ကြောင့် မင်းကြီးက မင်္ဂလာဆောင်ပွဲတက်ရောက်ချင်သူ သမဆိုတက်ရောက်နိုင်ရန်တံခါးဖွင့်ထားသည်။ ထို့နောက် မင်းကြီး
မင်္ဂလာဆောင်ပွဲ၏အဝတ်ကိုမဝတ်သောသူတစ်ယောက်ကိုတွေ့မြင်ဗင်ထိုသူအားပြင်အရပ်သို့ယူသွားဖို့အမိန့်ပေးလိုက်သည်။
“ ဤပုံဥပမာကိုနားလည်သဘောပေါက်ရန်အလို့ငှာ ထိုခေတ်က မင်္ဂလာဆောင်ပွဲကျင်းပသောအိမ်ရှင်သည် မင်္ဂလာပွဲလာသူတို့အား မင်္ဂ လာဆောင်ပွဲအတွက်သင့်လျော်သောအဝတ်အစားကို စီစဉ်ပေးလျက် ရှိကြောင်း ကျွန်ုပ်တို့နားလည်ထားရမည်။ သို့ဖြစ်၍ မင်္ဂလာဆောင်ပွဲ အဝတ်ကို မဝတ်သောသူ အဖို့ ဘာမှဆင်ခြေပေးစရာမရှိတော့ပါ။ မင်္ဂလာဆောင်ပွဲအဝတ်မရှိဘဲ အဘယ့်ကြောင့်ပွဲသို့ ဝင်သနည်းဟု မေးမြန်း ခံရသောအခါ ထိုသူသည်ဘာမှမပြောနိုင်ဘဲရှိနေလေသည်။ ဤသူကို ကောင်းကင်နိုင်ငံတော်၏ အကျိုးကျေးဇူးခံစားရန်အလိုရှိသောသူအဖြစ် ဖော်ပြထားပါသည်။ သို့သော်လည်း သူသည်သခင်ခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့် ဘုရားသခင် ပြင်ဆင်ပေးသောဖြောင့် မတ်ခြင်းနှင့် မလာဘဲ၊ မိမိ၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်းနှင့်လာပါသည်။ ဤသူသည် အမည်ခံခရစ်ယာန်တစ်ဦးဖြစ်ပါသည်။
သစ္စာရှိသောကျွန်နှင့်ဆိုးညစ်သောကျွန် (မ၊၂၄း၄၅–၅၁)
ဤအကြောင်းကို ပုံဥပမာတစ်ခုဟုမခေါ်ဆိုသော်လည်း၊ ဤဖြစ် ရပ်၌ပုံဥပမာတစ်ခု၏ ဝိသေသလက္ခဏာအားလုံးပါရှိသည်။ ကယ်တင်ရှင် I သည်မိမိ၏နိုင်င်ငံတော်တည်ထောင်ရန်ပြန်လာသောအခါ၊ သူ၏အကျိုး အမြတ်အတွက် အထူးသဖြင့်သူ၏အိမ်သူအိမ်သားအပေါင်းတို့အား ပြုစု
စောင့်ရှောက်သောသူတို့အားကြွယ်ဝစွာဆုလာဘ်များပေးတော်မူလိမ့် “ည်။ဤသူတို့သည်စစ်မှန်သောကျွန်များဖြစ်ကြောင်းထင်ရှားပါသည်။သခင်ကထိုသူတို့အားသစ္စာရှိသောသူများ၊သတိပညာရှိသောသူများမင်္ဂလာရှိသောသူများဟုခေါ်လိမ့်မည်။
သို့သော်လည်း အရှင်သခင်ပြန်လာရာ၌ နှောင့်နှေးခြင်းကိုအခွင့် သူလျက်၊ ကျွန်ချင်းတို့ကိုရိုက်ပုတ်ကာ သေသောက်ကြူသောသူ တို့နှင့်စားသောက်လျက်နေ သောကျွန်များလည်းရှိမည်။ ထိုသူတို့သည် ခရစ်တော်၏စစ်မှန်သောကျွန်များမဟုတ်ဘဲ၊ ဒုတိယမွေးခြင်းမခံသော သူများဖြစ်ကြောင်းကို မိမိတို့၏အပြုအမူအားဖြင့်ပြသနေသည့် ဆိုးညစ်
သာကျွန်များဖြစ်ကြပါသည်။ ထိုသူတို့သည် ပြင်းစွာသောကွပ်မျက် ဆုံးမခြင်း၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ အခြားလျှို့ဝှက် သောသူတို့နှင့်အတူ နေရာချထားခြင်းခံကြရမည့်ဘာသာရေးအယောင် ဆောင်ပုဂ္ဂိုလ်များဖြစ်ကြပါသည်။
သတို့သမီးတစ်ကျိပ်ပုံဥပမာ (မ၊၂၅၁–၁၃)
ထင်ပေါ်ကျော်ကြားလူသိများသော သတို့သမီးတစ်ကျိပ်ပုံဥပမာ သည် ဘေးဒဏ်ကြီးကာလအဆုံးအကြောင်းနှင့် သခင်ဘုရားဒုတိယ အကြိမ်ကြွလာခြင်းအကြောင်းကို ပြောဆိုတင်ဆက်ထားပါသည်။ ထိုအချိန်၌ လူတန်းစားနှစ်မျိုးရှိမည်။ ပညာသတိရှိသောသတို့သမီးငါးယောက်တို့ သည် စစ်မှန်သောယုံကြည်သူများကိုပုံဆောင်၍၊ မိုက်သောသတို့သမီး ငါးယောက်တို့ သည် မပြောင်းလဲ သောသူများကိုပုံဆောင်ပါသည်။ လူတန်းစားနှစ်မျိုး၏အရေးကြီးသည့် ကွဲပြားခြားနားမှုမှာ ပညာသတိ ရှိသောသူတို့သည် မိမိတို့၏မီးခွက်များ၌ဆီပါရှိခြင်းပင်ဖြစ်သည်။ ဆီသည် အမှန်စင်စစ်၊ သန့်ရှင်းသောဝိညာဉ်တော်၏အမှတ်လက္ခဏာတစ်ခုဖြစ် ပါသည်။ အကယ်၍ လူတစ်ဦးသည်သန့်ရှင်းသောဝိညာဉ်တော်မရလျှင် ထိုသူသည်ခရစ်တော်နှင့်မဆိုင်ပါ။
သန်းခေါင်ယံ၌ မင်္ဂလာဆောင်လုလင်လာသောအခါ ပညာသတိ ရှိသောသတို့သမီးတို့ သည်အဆင်သင့် ဖြစ်နေကြပြီး၊ မင်္ဂလာဆောင် လုလင်နှင့်အတမင်္ဂလာဆောင်ပွဲသို့ သွားကြသည်။ ဤသည်အနှစ် တစ်ထောင်ကာလကို ဖော်ညွန်းသည့် အချက်တစ်ခုဖြစ်ကောင်းဖြစ်နိုင် ပါသည်။ မိုက်သောသူတို့က ဝင်ခွင့်ရဖို့ အတွက် အချည်းနှီးအသနားခံ ကြသော်လည်း သခင် ကထို သူတို့ စစ်မှန်သောယုံ ကြည် သူများ ပမာမမှတ်ယူဘဲ၊ အမည်ခံသူများအဖြစ်ဖော်ထုတ်ပြသလျက် “သင်တို့ကို ငါမသိဖူးပါ” ဟုဆို၏။ ယုံကြည်သောအားဖြင့်ကယ်တင်ခြင်းသို့ရောက်ရန် ခရစ်တော်ကို ဘယ်အချိန်ကမှ မယုံကြည်ခဲ့ဖူးကြပါ။ သခင်ဘုရားက“သင်တို့ကို ငါမသိတော့ပါ ” ဟူ၍မပြောခဲ့ပါ။
အစွမ်းသတ္တိ (တာလင်) များပုံဥပမာ (မ၊ ၂၅၁၄–၃၀)
ဓမ္မသစ်ကျမ်းပါအစွမ်းသတ္တိသည် ငွေကြေးစံနှုန်းတစ်ခုဖြစ်ပါ။ သည်။ ကျွန်ုပ်တို့၏ ဘာသာစကား၌ အစွမ်းသတ္တိ သည် ဆု ကျေးဇူး သို့မဟုတ် စွမ်းရည်ဟူသောအဓိပ္ပါယ်ရှိပါသည်။ ဤပုံဥပမာ၌ လူသုံးဦး သည်သူဌေးတစ်ဦးအတွက်ရင်းနှီးမြှုပ်နှံပေးဘို့ မိမိတို့၏အစွမ်းသတ္တိ ရှိသည့်အတိုင်း ထိုသူဌေးထံမှငွေများကိုခွက်အလိုက်အသီးသီးရရှိကြ သည်။ သူဌေးပြန် လာသောအခါ သူတို့ ကို စာရင်းစစ် ၏။ ပထမ လူနှစ်ဦးသည် သူတို့ ထံ၌အပ်ပေးသောပမာဏ၏နှစ်ဆအမြတ်ရကြ သည်။ ထို့ကြောင့် သူဌေးက ထိုသူနှစ်ဦးအားများစွာသောစီမံကိန်းများကို လုပ်ဆောင်ရန်တာဝန်ပေးအပ်သည်။ တတိယငယ်သားသည်သူရရှိသော အရာကိုမြေ၌မြုပ်နှံ ထားပြီး “သခင်၊ ကိုယ်တော်သည်ခဲယဉ်းသောသူ ဖြစ်သည်နှင့် ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍၊ ကိုယ်မဖြန့်မကြဲသော အရပ်၌စုသိမ်းတတ်သည်ကိုအကျွန်ုပ်သိပါသည်”ဟုဆိုလျက်၊ ကိုယ့်ကိုကိုယ် ဆင်ခြင်ပေးသည်။ သူပြောသည့်အတိုင်းသူ၏အရှင်သခင်အကြောင်း သိရှိခံစားသည်မှန်လျှင် သူသည်အတိုးရရှိနိုင်ရန် ထိုငွေကိုပွဲစားလက်သို့ အပ်သင့်သည်။ အသုံးမရသောငယ်သားသည် အပြစ်ပေးခံရသဖြင့် သူသည်ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိ ရာပြင်အရပ်မှောင်မိုက် ထဲသို့ နှင်ထုတ်ခြင်းခံရလေသည်။
ပထမလူနှစ်ဦးသည် နိုင်ငံတော်အတွက်သစ္စာရှိရှိရင်းနှီးမြှုပ်နှံ သည့် သခင်ဘုရား၏စစ်မှန်သောငယ်သားများကိုပုံဆောင်ပါသည်။ တတိယပုဂ္ဂိုလ်သည် နာမည်သာရှိသောငယ်သားတစ်ဦးဖြစ်ကြောင်းကို သူ့အရှင်ထံသို့ ပြောဆိုခဲ့သည့် စကားအားဖြင့် တွေ့မြင်နိုင်ပါသည်။ “ကိုယ်တော်သည်ခက်ထန်သောသူ၊ မတရားသဖြင့် များစွာမျှော်လင့်သောသူ၊ အခြားသူတို့ကိုအရင်းပြုလျက်၊ အမြတ်ရချင်သောသူတစ်ဦး ဖြစ်သည်” ဟု မည်သည့်စစ်မှန်သောယုံကြည်သူကမှ ကျွန်ုပ်တို့၏အရှင် သခင်အား ဤကဲ့သို့ ဘယ်သောအခါမှ မစွပ်စွဲ၊ မပြောဆိုကြပါ။
ထိုငယ်သားအပေါ်၌ချမှတ်သည့်ဘုရားသခင် ၏ဖော်ပြချက်ကိုလည်း တွေ့မြင်ရပါသည်။ ထိုငယ်သားသည် ဆိုးညစ်၊ ပျင်းရိ၊ အသံုးမရ
သောသူဖြစ်သည်။ ထိုငယ် သား၏အပြစ်သည် သခင်ကိုများယွင်း စွပ်စွဲခြင်းနှင့်သခင်စေခိုင်းချက်ကိုလစ်လျူရှုခြင်းဖြစ်ပါသည် (ဟေဗြဲ ၂း၁) သူ့အတွက်ပြစ်ဒဏ်စီရင်ချက်ကိုလည်းတွေ့မြင်ရပါသည်။ သူသည်ပြင်အရပ်
မှောင်မိုက်ထဲသို့နှင်ထုတ်ချပစ်ခြင်းခံရသည်။ အတိုချုပ်ပြောရလျှင်၊ သူသည် စစ်မှန်သောငယ်သားတစ်ဦးမဟုတ်ဘဲ၊ အမည်ခံငယ်သားတစ်ဦးသာ ဖြစ်ပါသည်။
အထက်ဖော်ပြပါ အမည်ခံခရစ်ယာန်ဖြစ်ခြင်းနှင့်စစ်မှန်သော ခရစ်ယာန်ဖြစ်ခြင်းအကြောင်းပုံဥပမာများအပြင် မိမိကိုယ်ကိုခရစ်ယာန် ဖြစ်သည်ဟုပြောသော်လည်း သူတို့၏အသက်တာက စစ်မှန်သောခရစ်ယာန် မဟုတ်ကြကြောင်းကိုဖော်ပြသည့် အခြားကျမ်းပိုဒ်များရှိပါသည်။
ယုံကြည်ခြင်းကိုစွန့်ပယ်ခြင်း (၁တိ၊ ၄း၁–၂) ၊
၁တိ၊ ၄း၁-၂တွင် ရှင်ပေါလုက နောင်ကာလတွင် လူတစ်ချို့တို့ သည် ယုံကြည်ခြင်းကိုစွန့်ပစ်ကြမည်ကို ကြိုတင်တွေ့မြင်ထားပါသည်။ ခရစ်ယာန်တစ်ဦးသည်ကယ်တင်ခြင်းဆုံးရှုံးနိုင်သည်ဟူ၍ ယုံကြည်သော သူတို့က ဤကျမ်းချက်ကိုအထောက်အထားတစ်ခုအဖြစ် အသုံးပြုကြ သည်။ သူတို့က လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်ကြသည်ဟု ဆိုလျှင်၊ ထိုသူတို့သည် တစ်ကြိမ်တစ်ခါတုန်းက ထိုယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ကြသော်လည်း ရေရှည်မထိန်းသိမ်းနိုင်ခဲ့ကြပါဟု ပြောကြ သည်။ သူတို့သည် ဘယ်သောအခါမှမယုံ ကြည်ခဲ့ဖူးသောအရာကို အဘယ်သို့စွန့်ပယ်ကြမည်နည်း။
အဖြေမှာ၊ သူတို့သည် နှုတ်ကသာပြောသည့်ယုံကြည်ခြင်းကို စွန့်ပယ်ကြသည်။ သူတို့သည် ဒုတိယမွေးဖွားခြင်းအတွေ့အကြုံမရှိခဲ့ဖူးသည် နာမည်ခံ ခရစ်ယာန်များဖြစ်ကြသည်။ ယနေ့ ကမ္ဘာလောကကြီးထဲ ဘုရားသခင်ကိုယုံကြည်ပြီး၊ မိမိ၏မိခင်အားကြင်နာတတ်သူကိုခရစ်ယာန် တစ်ဦးကဲ့သို့ အကျုံးဝင်စေကြသည်။ ဧဝံဂေလိအသင်းတော်အများစု၌ ပါဝင်ကြသောသင်းဝင်သူအချို့တို့ သည် မိမိတို့၏အပြစ်ဒုစရိုက်ထဲ ကျင်လည်နေကြဆဲဖြစ်ကြောင်း ကျွန်ုပ်တို့ အားလုံးအသိပင်ဖြစ်၏။
သူ၏
အသင်းတော်ထဲမှာရှိ သည့် သင်းဝင်သူအားလုံးတို့သည် ဘုရား သခင်၏မိသားစုဝင်များဖြစ်ကြပါသလား၊ ဟူ၍ ထင်ပေါ်ကျော်ကြား
သောအမှုတော်ဆောင်တစ်ဦးကိုမေးမြန်းသောအခါ သူက “သင်းဝင် တွေသေတဲ့အခါ တစ်ချို့တို့၏လက်ထိပ်လာခတ်တာကို ကျွန်တော်ခံ ချင်ဘူး” ဟုပြန်ဖြေသည်။ ဤသည် သူတို့ သွားသောနေရာကို သူက မသွားချင်ကြောင်းပြောဆိုသည့် သူ၏နည်းလမ်းဖြစ်သည်။
ယခုအခါ ဤသူတို့သည်ခရစ်ယာန်မိတ်သဟာယ၊ ခရစ်ယာန် သွန်သင်ချက်နှင့်ခရစ်ယာန်ကိုယ်ကျင့်သိက္ခာတို့ကိုစွန့်ပယ်ခြင်းအားဖြင့် ယုံကြည်ခြင်းကိုစွန့်ပယ်နိုင်ကြသည်။ တိမောသေသြဝါဒစာပထမစောင်ပါ ယုံကြည်ခြင်းကိုစွန့်ပယ်သူတို့သည် အောက်ပါတို့ဆီသို့ ဦးလှည့်ကြပါသည်။
> နတ်ဘုရားတို့နှင့်စပ်ဆိုင်သောမိတ်သဟာယ – လှည့်ဖြားတတ်သော
စိတ်ဝိဉ်များ
> နတ်ဘုရားများနှင့် စပ်ဆိုင်သောသွန်သင်ချက် – နတ်ဘုရား၏ဩ
ဝါဒများ
> နတ်ဘုရားများနှင့်စပ်ဆိုင်သောကိုယ်ကျင့်သိက္ခာ – ဩတ္တပ္ပစိတ်တွင်
သံပူနှင့်ခတ်ခြင်းနှင့်အယောင် ဆောင်၍ မုသားစကားပြောဆိုခြင်း
လှည့်ဖြားတတ်သောစိတ်ဝိဘာဉ်ကိုမှီဝဲရန် ထိုသူတို့သည်ယုံကြည် ခြင်းကိုစွန့်ပယ်ကြသည်။ ယုံကြည်သူတစ်ဦးသည် ယင်းကဲ့သို့လုပ်ဆောင် လိမ့်မည်ဟူ၍ အရိပ်အမြွက်ပြောဆိုထားခြင်းမရှိပါ။ ထိုသို့ပြောဆိုထား ခြင်းထက်၊ ဤကမ္ဘာဟဝန်းတွင်ကြီးမားသောအယူဝါဒစွန့်ပယ်ခြင်း ပျံ့နှံ့ ရောက်ရှိလာသောအခါ၊ ဖြစ်ပေါ်လာမည့်ပုံစံသည် အထက်ပါအတိုင်းဖြစ် သည်ဟူ၍ တိမောသေအားသတိပေးထားခြင်းဖြစ်သည်၊ ဤအရာသည် အမှန်တကယ်ဖြစ်ပျက်လာမည်ဖြစ်ကြောင်းကို ယုံကြည်သူညီအစ်ကို မောင်နှမတို့အားသတိပေးရန် တိမောသေအားလမ်းညွှန်ခြင်းဖြစ်သည်။
ကြည်ခြင်းကိုမှောက်လှန်ခြင်း (၁တိ၊ ၁း၂၀။ ၂တိ၊ ၂း၁၆–၁၈)
ဟုမေနှင့်ဖိလက်တို့အကြောင်းသည်အဘယ်သို့နည်း။ ကယ်တင်ခြင်းရသောသူတို့သည် နောက်ဆုံးတွင်ကယ်တင်ခြင်းဆုံးရှုံးနိုင်ကြောင်း ပြသရန်အတွက် အချို့တို့က ဟုမေနဲနှင့်ဖိလက်တို့အကြောင်းကို ထောက်ပြ ကြသည်။ ထိုသူတို့ သည် ကြီးမားသောယူဆချက်နှစ်မျိုး ထုတ်ဖော် ပြသကြသည်။ ပထမအချက်- ဤသူနှစ်ဦးတို့ သည် စစ်မှန်သော ယုံကြည်သူများဖြစ်ခဲ့ကြသည်။ ဒုတိယအချက် – သူတို့သည်၎င်းတို့ ရရှိထားသည့်ကယ်တင်ခြင်းဆုံးရှုံးခဲ့ကြသည်။ ကျွန်ုပ်တို့ သည်ပြဿနာ တစ်ခုကို ထင်မြင်ယူဆချက်များအားဖြင့် မကျော်လွှားနိုင်ပါ။
၁တိ၊ ၁း၁၉က “ထိုယုံကြည်ခြင်းစသည်တို့” သည် “ယုံကြည်ခြင်း”ကို ရည်ညွှန်းခြင်းမဟုတ်ဘဲ “ကိုယ့်ကိုကိုယ်သိသောစိတ်ကြည်လင်ခြင်း” ကို ရည်ညွှန်းခြင်းဖြစ်သည်။ မူရင်းဘာသာစကား၌ ဤအချက်သည်ရှင်းလင်း ပါသည်။
“သင်တို့ကို ငါယုံမှားသံသယရှိသည်” ဟု ရှင်ပေါလုက ဂလာတိ လူတို့၏အကြောင်းကို ပြောကြားခဲ့သလို (ဂလာ၊ ၄၂၀) ဟုမေနဲနှင့်ဖိလက် တို့ကိုသံသယရှိကြောင်း ကျွန်ုပ်တို့မကြာခဏပြောဆိုတတ်ကြပါသည်။ ဤပုဂ္ဂိုလ်နှစ်ဦးအကြောင်းကိုဖော်ပြပြီးနောက် ချက်ချင်းဆိုသလို တမန်တော်က “သခင်ဘုရားသည် မိမိလူတို့ကိုသိကျွမ်းတော်မူ၏ (၂တိ၊၂း၁၉) ဟု ပြောပါ သည်။ ကျွန်ုပ်တို့သည်အရာအားလုံးသေချာမှန်ကန်သည်ဟု အစဉ်မပြောနိုင် သော်လည်း သခင်ဘုရားသည်အရာအားလုံးကို သေချာမှန်ကန်စွာသိကျွမ်း တော်မူ၏။ မည်သူမဆို သခင်ခရစ်တော်ကိုပိုင်ဆိုင်ပါက၊ ဒုစရိုက်များကိုစွန့်ပယ် ခြင်းအားဖြင့် ထိုသူသည်မိမိ၏ယုံကြည်ခြင်းကိုထုတ်ဖော်သင့်ပါသည်။
ဟုမေနဲနှင့်ဖိလက်တို့အကြောင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အတိအကျ သိနိုင်သောအချက်များရှိပါသည်။
> ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ ဤသူတို့သည် လမ်းလွဲခဲ့ကြသော ယုံကြည်သူတို့သည် ဘာသာရေးတီထွင်မှုအသစ်အဆန်းများနှင့်စောင်း
မြောင်းပြောဆိုသောသွန်သင်ချက်များနောက်သို့ လိုက်ပါသွားခြင်းအားဖြင့် လမ်းလွဲသွားကြသည်။ ခရစ်ယာန်တစ်ဦးဖြစ်လာဖို့ဖြစ်နိုင်သလို၊ ဩဝါဒ ပိုင်း၌ခိုင်ခံ့မှုမရှိသောသူလည်းဖြစ်နိုင်ပါသည်။
> သူတို့က သေလွန်သောသူတို့သည်ရှင်ပြန်ထမြောက်ကြပြီဟု ပြောဆိုကြသည်။ သူတို့သည် ရှင်ပြန်ထမြောက်ခြင်းကိုမငြင်းဆိုခဲ့ပါ။ သို့
သော်လည်း၊ ရှင်ပြန်ထမြောက်ခြင်းသဘောသဘာဝနှင့် အချိန်ကာလ တို့ ကိုတွက်ချက်ရာ၌ မှားယွင်းခဲ့ကြသည်။ ရှင်ပြန်ထမြောက်ခြင်းစကားရပ်က ခန္ဓာကိုယ်ဆိုင်ရာထမြောက်ခြင်းအကြောင်းကိုရည်ညွှန်းခြင်းဖြစ်ပြီး၊ သူတို့က ကိုယ်ခန္ဓာရှင်ပြန်ထမြောက်ခြင်းကို စိတ်ဝိညာဉ်အတွက် အသုံးပြုခဲ့ပုံ ပေါက်သည်။ သူတို့က ရှင်ပြန်ထမြောက်ခြင်းဘယ်အချိန်မှာဖြစ်ပျက် မည်ကိုသိမြင်သောသူသည်ရှင်ပြန်ထမြောက်သွားသဖြင့် ဤရှင်ပြန် ထမြောက်ခြင်းပြီးဆုံးသွားပြီဟု သွန်သင်ခဲ့ကြသည်။ သို့သော်လည်း ယင်းကဲ့ သို့ပြောဆိုသွန်သင်နေစဉ်မှာပင် ရှင်ပြန်ထမြောက်ခြင်းသည်အနာဂတ် ကာလ၌ဖြစ်လာမည်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိနားလည်ကြသည်။ ခရစ်ယာန် တစ်ဦးဖြစ်လျက်ပင် အသိပညာနည်းသောသူတစ်ဦးဖြစ်နိုင်ပါသည်။
> သူတို့သည်လူအချို့တို့၏ယုံကြည်ခြင်းကိုမှောက်လှန်တတ်ကြ၏။ ဤအချက်က သူတို့သည် စိတ်ရှုပ်ထွေးစရာနှင့်အကြည်ညိုပျက်စရာအကြောင်း များကို ထားခဲ့ကြကြောင်းဆိုလိုခြင်းဖြစ်နိုင်ပါသည်။ ခရစ်ယာန်တစ်ဦး ဖြစ်နေသည့်တိုင် ဆိုးညစ်သောအမှုတော်ဆောင်တစ်ဦးဖြစ်သွားနိုင်ပါသည်။
> ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ ဟုမေနဲသည် ယုံကြည်ခြင်း သင်္ဘောပျက်ခြင်းကိုခံစားခဲ့ရသည်(၁တိ၊၁၁၉-၂၀)။ သူသည်ယုံကြည် ခြင်းကိုစွန့်ပယ်သူမဟုတ်ပါ။ သို့သော်လည်း သူ၏အသက်တာနှင့်အမှု
တော်လုပ်ငန်းကိုကျဆင်းအောင် သူကလုပ်ဆောင်ခဲ့သည်။ ရှင်ပေါလုက ဟုမေနဲသည်ဘုရားတရားမကျူးလွန်ရန်သင်ယူနိုင်ရေးအတွက် စာတန် ၏လက်သို့ အပ်လိုက်သည်ဟုပြောပါသည်။ အခြားအဖြစ်အပျက်တစ်ခု ၌စာတန်၏လက်သို့ အပ်နှံ သော ဤကဲ့သို့သောတရားစီရင်ခြင်းအမှု ကိစ္စကို (
၁ကော၊ ၅၅) ၌ဖော်ပြထားပါသည်။ နေရာ၌ပါရှိသောအချက် သည် စာရိတ္တဖောက်ပြန်သည့် ယုံကြည်သူတစ်ဦးကို ရည်ညွှန်းထားပါ သည်။ သူသည်အသင်းတော်မှဝိုင်းပယ်ကြဉ်ရှောင်ခြင်းကို ခံရသည်။ ထိနောက် “သူ၏ဝိဉာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ကယ်တင်ခြင်းသို့
ရောက်မည်အကြောင်း ”သူ၏ကိုယ်ခန္ဓာပျက်စီးဖို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြရသည်။ ထို့ကြောင့် ဟုမေနဲသည် ယုံကြည်သူတစ်ဦးဖြစ်နိုင်ပါ သည်။ ခရစ်ယာန်တစ်ဦးဖြစ်လျက်ပင် ဝိညာဉ်ရေးဆိုင်ရာသင်္ဘောပျက်သူ တစ်ဦးလည်းဖြစ်နိုင်ပါသည်
၁တိ၊ ၁၂၀၌ အာလေဇန္ဒြကိုဟုမေနဲနှင့် တွဲဖက်၍ ဖော်ပြ ထားသည်။ သူသည်လည်း ကိုယ်ကိုသိသောစိတ်ကြည်လင်ခြင်းကို ပယ်ကာ၊ ခရစ်ယာန်ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ သင်္ဘောပျက်အောင်လုပ်
ဆောင်ခဲ့သည်။ ပေါလုသည် အာလေဇမြှုကိုလည်း ဘုရားတရားမကျူးလွန် ရန်သင်ယူနိုင်ရေးအတွက် စာတန်လက်သို့အပ်ခဲ့သည်။ ဤအာလေဇ သည်ပေါလုကို ဒုက္ခများစွာပေးခဲ့သောအာလေဇန္ဒူဖြစ်သလားဆိုသည် ကို ကျွန်ုပ်တို့မသိပါ (၂တိ၊ ၄း၁၄)။
ဤသူတို့နှင့် စပ်လျဉ်း၍ တိကျသောဆုံးဖြတ်ချက်တစ်ခုချမှတ် နိုင်ရန် ကျွန်ုပ်တို့သည်သာ၍ သိမြင်နားလည်ဖို့ အမှန်တကယ်လိုအပ် နေပါသည်။ သို့ဖြစ်၍၊ ကျွန်ုပ်တို့သည် ထိုသူတို့ကို “သာ၍စုံလင်သောသတင်း စောင့်မျှော်နေပါသည်” စာတမ်းပါဖိုင်တွဲထဲ၌ထားရမည်ဖြစ်သည်။
ဒေမ (၂တိ၊ ၄း၁၀)
ရောမမြို့၌ရှင်ပေါလုပထမအကြိမ်အကျဉ်းထောင်ကျစဉ်ကဒေမသည်ပေါလု၏လုပ်ဖော်ဆောင်ဘက်များအနက်တစ်ဦးဖြစ်သည် (ဖိ၊၁း၂၄)။ကော၊၄၁၄ကိုလည်းကြည့်ပါ)။နောင်တွင်သူသည် “ယခုဘဝကိုနှစ်သက်သောစိတ်ရှိသည်ဖြစ်၍” တမန်တော်ကြီးကစွန့်ပစ်သွားသည် (၂တိ၊၄၁၀)။ဤသည်စစ်မှန်သောယုံကြည်သူတစ်ဦးကသူ၏ကယ်တင်ခြင်းဆုံးရှုံးနိုင်သည်ဟုဆိုလိုပါသလား။ဒေမသည်အမည်ခံယုံကြည်သူလား၊သို့မဟုတ်စစ်မှန်သောယုံကြည်သူတစ်ဦးလား။
သူသည်ရှင်ပေါလုနှင့် အတူအမှုတော်ဆောင်ခဲ့သည်ဟူသော အချက်က ဒေမသည်အသက်တာပြောင်းလဲခဲ့ပြီးဖြစ်သည်ဟူ၍ သက်သေ မပြပါ။ ယုဒရှကာရုတ်သည် သခင်ယေရှုနှင့်အတူအမှုတော်ဆောင်ခဲ့ပါ သည်။ သခင်ခရစ်တော်၏အစေကိုခံခဲ့သည်ဟူ၍ အခိုင်အမာပြောဆို ကြသည့်များစွာသောသူတို့သည် ခရစ်တော်၏ဝိညာဉ်ရရှိပိုင်ဆိုင်ထား ခြင်းမရှိကြောင်း နောက်ပိုင်းတွင်သက်သေပြကြသည်။
ဒေမသည်စစ်မှန်သောဘုရားသားတစ်ဦးမဟုတ်ခဲ့ကြောင်းကို အရှင်းလင်းဆုံးဖော်ပြချက်မှာ၊ သူသည် ယခုဘဝကိုနှစ်သက်သည်ဟူသော အချက်ပင်ဖြစ်၏။ “လောကကိုချစ်သောသူမည်သည်ကား ခမည်းတော်ကို
ချစ်ခြင်းမေတ္တာမရှိ” ဟူ၍ တမန်တော်ရှင်ယောဟန်က ဖော်ပြထားပါသည် ( ၁ယော၊၂း၁၅ခ)။
ဒေမသည်ရှင်ပေါလုကို စွန့်ပစ်ခဲ့သော်လည်း သူသည် သခင် ခရစ်တော်ကိုစွန့်ပစ်သွားသည်ဟူ၍ ပြောမထားခြင်းက သူ့ကိုအထင်အမြင်
သေးမှုအား၊လျော့ပါးသွားစေပါသည်။သို့သော်လည်းသူသည်ယခုဘဝကိုနှစ်သက်သည်ဟူသောအချက်ကဖြစ်သင့်သည်ထက်အလေးပိုနေပါသည်။သို့ဖြစ်ရာ၊ဒေမသည်
သခင်ဘုရားကိုမသိခဲ့ပါဟူ၍ ယုံကြည်ရန် ကောင်းသောအကြောင်းပြချက်ရှိပါသည်။ ။
သခင်ဘုရား၏များစွာသောအစေခံကျွန်တို့ သည် ရှင်ပေါလု နည်းတူ အလားသဏ္ဍာန်တူသောအတွေ့ အကြုံ တစ်ခု ရှိကြပါသည်။ ကိုယ်ချစ်၍ ယုံကြည်စိတ်ချရသောလုပ်ဖော်ဆောင်ဖက်တစ်ဦးသည် နောက်ဆုံး၌ အတုအယောင်ဖြစ်နေကြောင်း သူတို့ သည်ဝမ်းနည်းစွာ တွေ့မြင်ကြရပါသည်။
မှတ်ချက်။
၁။ ဝှက်ထားသောဘဏ္ဍာပုံဥပမာနှင့် အဖိုးထိုက်သောပုလဲပုံဥပမာ တို့သည် အမည်ခံခရစ်ယာန်နှင့်စစ်မှန်သောခရစ်ယာန်အကြောင်းကို ပုံဖော်ထားခြင်းမရှိသဖြင့် ထိုပုံဥပမာနှစ်ခုကို ကျွန်ုပ်တို့ကျော်သွားရခြင်း ဖြစ်ပါသည်။
၂။ KJV နှင့် NKJV တို့၌ “မင်္ဂလာဆောင်ပွဲ”ဟုရိုးရိုးလေးနှင့်ဖော်ပြ ထားသည့်စကားကို အခြားကျမ်းစာအုပ်များ၌ ယင်းကဲ့သို့ဖော်ပြသည့်အစား “မင်္ဂလာဆောင်စားသောက်ပွဲ(marriage feast)ဟူ၍ ဖော်ပြထားသည်။ ချီဆောင်ခြင်းကာလ၌ မင်္ဂလာဆောင်ပွဲကိုကောင်းကင်ဘုံ ၌ကျင်းပကြ ပါလိမ့်မည်။ ယခုတွင် မင်္ဂလာဆောင်လုလင်သည်သူ၏သတို့သမီးတည်း ဟူသောအသင်းတော်နှင့်အတူ မင်္ဂလာမောင်စားသောက်ပွဲသို့လာပါသည်။
အမည်ခံခရစ်ယာန်လား သို့မဟုတ် စစ်မှန်သောခရစ်ယာန်လား
Profession or Possession?
အပိုင်း–၂
အမည်ခံခရစ်ယာန်နှင့်စစ်မှန်သောခရစ်ယာန်အကြား ခြားနား မှုကို ဓမ္မသစ်ကျမ်းပါဩဝါဒစာနှစ်စောင်က အထူးပြုဖော်ပြထားပါသည်။ ထိုဩဝါဒစာနှစ်စောင်အနက် တစ်စောင်မှာ ရှင်ယောဟန်ဩဝါဒစာပထမ စောင်ဖြစ်သည်။ ရှင်ယောဟန်တိုက်ရိုက်ရေးသားခဲ့သောပုဂ္ဂိုလ်တို့မှာ စစ်မှန်သောယုံကြည်သူများဖြစ်ကြသည်။ သို့သော်လည်း၊ ထိုယုံကြည်သူတို့ သည် Gnostics? ဟုခေါ်ဆိုသော လှည့်ဖြာသောဆရာတစ်စု၏ဒုက္ခ ပေးခြင်းကိုခံကြသည်။
ကိုယ့်ကိုကိုယ်အထင်ကြီးသော ဤဘာသာရေးသမားများသည် အစပထမ၌ ခရစ်ယာန်ဖြစ်ယောင်ဆောင်ကြသည်။ သို့သော်လည်း၊ မကြာမီ ပြဿနာများကြီးထွားပေါ်ပေါက်လာသည်။ သူတို့၌ ဘုရားသခင်ထံမှ အထူးသိကျွမ်းနားလည်သောဉာဏ်ပညာရှိကြကာ၊ သာမန်ယုံကြည်သူများ ထက် ဝိညာဉ်ရေးရာ၌ အားကြီးကြသည်ဟု အခိုင်အမာပြောဆိုကြသည်။ သူတို့သည် ခရစ်တော်၏ဘုရားဖြစ်ခြင်းကိုငြင်းပယ်ကြကာ၊ ထင်ထင် ရှားရှားအကျင့်စာရိတ္တပျက်စွာ နေထိုင်ကြသည်။ သူတို့သည်ယုံကြည်သူ တို့ကိုအထင်အမြင်သေးလျက်ဆက်ဆံကြကာ၊ ထိုသို့ကျင့်ကြံနေထိုင်စဉ်မှာ
သူတို့သည်အပြစ်ကင်းသောသူများဖြစ်ကြသည်ဟုပြောဆိုကြသည် (အယူ စွန့်ပယ်ခြင်း၏ ကြီးမားသောညံ့ဖျင်းမှုကြီးပါတကား)။
ရှင်ယောဟန်က စစ်မှန်သောယုံကြည်သူတို့ အားဩဝါဒရေး သားရာတွင် သူတို့နှင့်အယူလွဲသမားတို့အကြား ကွဲပြားခြားနားမှုရှိကြောင်း ဖော်ပြပါသည်။ ခရစ်တော်ကို ဘုရား သခင်၏ သားတော်အနေဖြင့်
ကွယ်၍၊ ချစ်ခြင်းမေတ္တာ၊ ဖြောင့်မတ်သောအသက်တာနှင့်အသက်ရှင် နေထိုင်ကာ မိမိတို့၏အပြစ်များကိုဝန်ချတောင်းပန်ခဲ့ကြသောယုံကြည်သူတို့ သည် နိုင်ငံတော်ကိုအမှန်တကယ်ရယူပိုင်ဆိုင်သူများဖြစ်ကြပါသည်။ ဤအရာနှင့်ဆန့်ကျင်ဘက်ကိုပြောရလျှင်၊ Gnostics တို့သည် ယုံကြည် ခြင်းနှင့်စပ်လျဉ်း၍ လှည့်ဖြားသောဆရာများဖြစ်ကြပါသည်။
၁း၅။ ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့ သည်ကြားရ၍၊ သင်တို့ အားပြသသော တရားစကားဟူမူကား၊ ဘု ရားသခင် သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌မှောင်မိုက်အလျှင်းမရှိ။ ၁၆။ ငါတို့သည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ပြီဟုဆိုလျက် ပင် မှောင်မိုက်၌ကျင်လည်လျှင်၊ သစ္စာတရားကိုမကျင့်၊ မုသာ ကိုသုံးသောသူဖြစ်ကြ၏။ ၁၇။ ဘုရားသခင်သည် အလင်း ၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်း ချင်းမိတ်သဟာယဖွဲ့ခြင်းရှိကြသည် ဖြစ်၍ ဘုရားသခင်၏ သားတော် ယေရှုခရစ်၏အသွေးတော် သည် ငါတို့ အပြစ်ရှိ သမျှကိုဆေးကြောတော်မူ၏။ ၁၈။ ကိုယ် အပြစ်မရှိဟုငါတို့ သည် ဆိုလျှင်၊ ကိုယ့် ကို ကိုယ်လှည့် ဖားကြ၏။ ငါတို့၌သစ္စာ တရားမရှိ။ ၁၉။ ကိုယ် အပြစ်တို့ကိုဖော်ပြတောင်းပန်လျှင် Clတို့အပြစ်များကိုလွတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရား နှင့်၎င်း ပြည့်စုံတော်မူ၏။ ၁၁၀။ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည် ဆုလျှင် ဘုရားသခင်ကိုမှသာအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်
clတို့၌မရှိ။ ၂၁။ ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြု စေခြင်းငှာ၊ ဤအရာများကို သင်တို့အားငါရေး၍ ပေးလိုက်၏။
တစုံတယောက်သောသူသည် ဒုစရိုက်ကို ပြုမိလျှင်၊ ဖြောင့်မတ် တော်မူသော အရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင် သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။ ၂:၂။ ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသား အပေါင်းတို့၏အပြစ်ဖြေစရာ အကြောင်းဖြစ်တောမူ၏။ ၂း၃။ ထိုသခင်ကိုကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို
စောင့်ရှောက်လျှင်သိရသတည်း။ ၂း၄။ ထိုသခင်ကိုငါသိ၏ဟု ပညတ်တော်တို့ ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသာကို သုံးသော သူ ဖြစ် ၍ထို သူ ၌ သစ္စာမရှိ။ ၂:၅။ ထို သခင်၏ စကားတော်ကို နားထောင်သောသူမည်သည်ကား၊ ဘုရားသခင် ကိုချစ်ခြင်းမေတ္တာနှင့် အမှန် ပြည့်စုံ၏။ ငါတို့ သည် ထိုသခင်၌ ရှိကြောင်းကို ထိုသို့ အားဖြင့် သိရကြ၏။ ၂း၆။ ထိုသခင်၌ ငါတည်၏ဟုဆိုသောသူသည် ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့် ရမည်။ ၂း၇။ ချစ်သူတို့၊ သင်တို့ အားငါရေးထားသော ပညတ်သည်ပညတ်သစ်မဟုတ်၊ ရှေးဦးစွာကပင် သင်တို့၌ရှိသော ပညတ်ဟောင်းဖြစ်၏။ ပညတ်ဟောင်းမူကား၊ရှေးဦးစွာကပင် သင် တို့ ကြားရသောဒေသနာတော် ဖြစ်၏။ ၂၈။ တဖန်တုံ၊ ပညတ် သစ်ကို သင်တို့ အားငါရေးထား၏။ ထိုသခင်အားဖြင့် ၎င်း၊ သင်တို့အားဖြင့်၎င်း အသစ်မှန်ပေ၏။ အကြောင်းမူကား၊ မှောင်မိုက်ပျောက်လွှင့်၍ မှန်သောအလင်းသည်ထွန်းတောက် လျက် ရှိ၏။ ၂:၉။ မိမိ ညီ အစ်ကို ကို မုန်းလျက်ပင်၊ငါသည် အလင်း၌ရှိ၏ဟုဆိုသောသူသည် ယခုတိုင်အောင်မှောင်မိုက်၌ရှိ သေး၏။ ၂၁၀။ မိမိညီ အစ်ကိုကို ချစ်သောသူသည် အလင်း၌ တည်နေ၏။ထိမိ၍လဲစရာအကြောင်း ထိုသူ၌မရှိ။ ၂၁၁။ မိမိ ညီအစ်ကိုကိုမုန်းသောသူသည် မှောင်မိုက်၌ရှိ၏။ မှောင်မိုက်၌ လည်း ကျင်လည် သွားလာ၏။ မှောင်မိုက်ကြောင့် သူ၏မျက်စိ မမြင်နိုင်သဖြင့် အဘယ် အရပ်သို့ ကိုယ်သွားသည်ကို ကိုယ်မသိ
(ယော၊ ၁း၂-၂း၁၁)။
ဤကျမ်းပိုဒ် တစ်ချက်စီကို ရိုးရိုးလေးအစဉ်လိုက်ရှင်းလင်းချက်ပေး ရာ၌ အခြေအနေပေါ်၌မူတည်သောကယ်တင်ခြင်းကို သွန်သင်သည်ဟူ၍ မှတ်ယူရသောကျမ်းချက်များကို ကျွန်ုပ်တို့တုန့်ပြန်ဖြေကြားပါမည်။
၁း၅။ လူထုရှေ့၌အမှုတော်လုပ်ငန်းစတင်ချိန်မှစ၍ သခင်ယေရှုက ဘုရားသခင်သည်အလင်းဖြစ်တော်မူကြောင်း(အကျင့်စာရိတ္တပြည့်စုံခြင်း)။ ဘုရားသခင်၌ မှောင်မိုက် (မသန့်ရှင်း၊ မစင်ကြယ်ခြင်း)အလျင်းမရှိကြောင်း သွန်သင်တော်မူ၏။
၁း၆။ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့သည်ဟုနှုတ်ဖြင့်ပြောလျက် ဒုစရိုက်၌ကျင်လည်အသက်ရှင်သောသူသည် မုသာကိုသုံးသောသူနှင့် ခရစ်ယာန်ယုံကြည်ခြင်းဆိုင်ရာသမ္မာတရားကို မကျင့်သောသူဖြစ်သည်။
၁း၇။ ဘုရားသခင်သည်သန့်ရှင်းသကဲ့သို့ ကျွန်ုပ်တို့၏အသက် တာသန့်ရှင်းပါက ကျွန်ုပ်တို့သည် ခမည်းတော်၊ သားတော်နှင့်ယုံကြည်သူ အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းရှိကြပြီး၊ ကျွန်ုပ်တို့သည်အပြစ်ရှိသမျှတို့မှ စဉ်ဆက်မပြတ်ဆေးကြောခြင်းခံကြရသည်။ ကိုယ့်အပြစ်ကို ဝန်ချ တောင်းပန်ခြင်းနှင့်စွန့်ပစ်ခြင်းဖြင့်ဖြစ်သည်။
၁း၈။ ကျွန်ုပ်တို့၌ အပြစ်သဘာဝမရှိပါ၊ သို့မဟုတ် အပြစ်မကျူး လွန်ဖူးပါဟုဆိုလျှင်၊ ကျွန်ုပ်တို့ သည် ကိုယ့်ကိုကိုယ်လှည့်ဖြားခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့၌သစ္စာတရားမရှိပါ။
၁း၉။ ကျွန်ုပ်တို့ သည် ကိုယ်အပြစ်တို့ ကိုဖော်ပြတောင်းပန်လျှင် ကိုယ်တော်သည်သူ၏ကတိတော်အပေါ်၌ သစ္စာတရားရှိ သည်ဖြစ်၍၊
ဖြောင့်မတ်ခြင်းတရားနှင့်အညီ ကျွန်ုပ်တို့၏အပြစ်ကိုလွှတ်ကာ၊ ဒုစရိုက်ရှိ သမျှနှင့် ကင်းစင်စေပါသည်။ ။
၁၁၀။ ကျွန်ုပ်တို့ သည် ဒုစရိုက်နှင့် ကင်းစင် သည်ဟုဆိုလျှင် ဘုရားသခင်ကိုမုသာသမားဟု ပြောဆိုလိုက်ခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့ သည် နှုတ်ကပတ်တော်သမ္မာတရားကို ငြင်းပယ်ခြင်းဖြစ်ပါသည်။
၂း၁။ ကျွန်ုပ်တို့ စရိုက်လုံးဝမပြုလုပ်ရေးသည် ဘုရားသခင် ပြည့်စုံသောစံနှုန်းဖြစ်သည် (ဘုရားသခင် သည် ၎င်းထက် ပြီး ဘာကိုမှမပြောနိုင်ပါ ) သို့သော်လည်း ကျွန်ုပ်သည် ရိုက် လျှင်ကိုယ်တော်သည် ထိုကိစ္စအတွက်ကြိုတင်ပြင်ဆင်ပြုလုပ်ပေးထား
ပါသည်။ (ကျွန်ုပ်တို့သည်ဒုစရိုက်ပြုမိလျှင်ပင် ဘုရားသခင်သည်ကျွန်ုပ် တို့၏ဖခင်ဖြစ်နေဆဲဖြစ်၏)။ ကျွန်ုပ်တို့၏အမှုကိစ္စကိုတောင်းပန်ပေးရန် အတွက် ကျွန်ုပ်တို့၌ဖြောင့် မတ်တော်မူသောအမှုဆောင်သခင်တစ်ဦး ရှိပါသည်။
၂၂။ ကိုယ်တော်၏စွန့်လွှတ်ပူဇော်ခြင်းအားဖြင့် ကျွန်ုပ်တို့ အတွက်ခုခံဆောင်ရွက်ပေးသောအမှုဆောင် (ရှေ့နေ) သည် ကျွန်ုပ်တို့ အပြစ်များအတွက် ဘုရားသခင်၏တောင်းဆိုချက်များကိုအပြည့်အဝ ဖြည့် တင်းပေးခဲ့ပြီးဖြစ်ပါသည်။ ကိုယ်တော်၏အသေခံခြင်းသည်
လောကီသားအပေါင်းတို့၏အပြစ်ကိုဖြေလွှတ်ဖို့ ရန်လုံလောက်ပါသည်။ သို့သော်လည်း၊ အပြစ်သားတစ်ဦးသည် သခင်ယေရှုကို သူ၏ဘု ရား အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောအခါ၊ သူ၏အပြစ်အားလုံး တို့မှ ကယ်လွတ်ခြင်းချမ်းသာရရှိပါသည်။ ။
၂၃။ စစ်မှန်သောယုံကြည်သူတစ်ဦး၏အမှတ်လက္ခဏာများ ထဲမှတစ်ခုမှာ သူသည်ဘုရားသခင်၏စကားကိုနားထောင်ရာ၌အကျင့်ပါ တတ်သည်။
၂၄။ မိမိသည်ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု ပြောဆိုပြီး၊ ကိုယ် တော်၏ပညတ်တို့ကို အကျင့်ပါစွာမနာခံမစောင့်ရှောက်သောသူ၊ မည်သူမဆို အမည်ခံခရစ်ယာန်တစ်ဦးသာဖြစ်သည်။
၂၅။ ကိုယ်တော်၏စကားကို နားထောင်သောသူတစ်ဦး၏ အသက်တာ၌ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ပန်းတိုင်သို့ ရောက်ရှိသွားသည်။ ဤအချက်က သူသည်ကယ်တင်ခြင်းရကြောင်း ပြသသည့် သက်သေတစ်ခုဖြစ်ပါသည်။ ။
၂၆။ မိမိပြောသောစကားသည် လက်တွေ့ အသက်ရှင်ခြင်း နှင့်ညီသင့်သည်။ လူတစ်ဦး၏အသက်တာသည် သူ၏ယုံကြည်ခြင်းနှင့် သဟဇာတဖြစ်သင့်သည်။ မိမိသည်ခရစ်တော်၌တည်သည်ဟု ပြောသော သူသည် ခရစ်ယာန်အသက်တာ၌အသက်ရှင်သင့်သည်။
၂၇။ အချင်းချင်းချစ်ကြရန်မိန့်ဆိုထားသောပညတ်သည် ဤ လောက၌ခရစ်တော်၏အမှုတော်လုပ်ငန်းစတင်ချိန်ကတည်းကရှိခဲ့သော ပညတ်ဖြစ်ပါသည်။ ရှင်ယောဟန်၏စာဖတ်သူတို့က ကနဦးအချိန်မှစ၍
ပါသည်။ (ကျွန်ုပ်တို့သည်ဒုစရိုက်ပြုမိလျှင်ပင် ဘုရားသခင်သည်ကျွန်ုပ် တို့၏ဖခင်ဖြစ်နေဆဲဖြစ်၏)။ ကျွန်ုပ်တို့၏အမှုကိစ္စကိုတောင်းပန်ပေးရန် အတွက် ကျွန်ုပ်တို့၌ဖြောင့် မတ်တော်မူသောအမှုဆောင်သခင်တစ်ဦး ရှိပါသည်။
၂း၂။ ကိုယ်တော်၏စွန့်လွှတ်ပူဇော်ခြင်းအားဖြင့် ကျွန်ုပ်တို့ အတွက်ခုခံဆောင်ရွက်ပေးသောအမှုဆောင် (ရှေ့နေ) သည် ကျွန်ုပ်တို့ အပြစ်များအတွက် ဘုရားသခင်၏တောင်းဆိုချက်များကိုအပြည့်အဝ ဖြည့် တင်းပေးခဲ့ပြီးဖြစ်ပါသည်။ ကိုယ်တော်၏အသေခံခြင်းသည်
လောကီသားအပေါင်းတို့၏အပြစ်ကိုဖြေလွှတ်ဖို့ ရန်လုံလောက်ပါသည်။ သို့သော်လည်း၊ အပြစ်သားတစ်ဦးသည် သခင်ယေရှုကို သူ၏ဘု ရား အဖြစ်နှင့်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောအခါ၊ သူ၏အပြစ်အားလုံး တို့မှ ကယ်လွတ်ခြင်းချမ်းသာရရှိပါသည်။ ။
၂း၃။ စစ်မှန်သောယုံကြည်သူတစ်ဦး၏အမှတ်လက္ခဏာများ ထဲမှတစ်ခုမှာ သူသည်ဘုရားသခင်၏စကားကိုနားထောင်ရာ၌အကျင့်ပါ တတ်သည်။
၂း၄။ မိမိသည်ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု ပြောဆိုပြီး၊ ကိုယ် တော်၏ပညတ်တို့ကို အကျင့်ပါစွာမနာခံမစောင့်ရှောက်သောသူ၊ မည်သူမဆို အမည်ခံခရစ်ယာန်တစ်ဦးသာဖြစ်သည်။
၂း၅။ ကိုယ်တော်၏စကားကို နားထောင်သောသူတစ်ဦး၏ အသက်တာ၌ ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ၎င်း၏ပန်းတိုင်သို့ ရောက်ရှိသွားသည်။ ဤအချက်က သူသည်ကယ်တင်ခြင်းရကြောင်း ပြသသည့် သက်သေတစ်ခုဖြစ်ပါသည်။ ။
၂း၆။ မိမိပြောသောစကားသည် လက်တွေ့ အသက်ရှင်ခြင်း နှင့်ညီသင့်သည်။ လူတစ်ဦး၏အသက်တာသည် သူ၏ယုံကြည်ခြင်းနှင့် သဟဇာတဖြစ်သင့်သည်။ မိမိသည်ခရစ်တော်၌တည်သည်ဟု ပြောသော သူသည် ခရစ်ယာန်အသက်တာ၌အသက်ရှင်သင့်သည်။
၂း၇။ အချင်းချင်းချစ်ကြရန်မိန့်ဆိုထားသောပညတ်သည် ဤ လောက၌ခရစ်တော်၏အမှုတော်လုပ်ငန်းစတင်ချိန်ကတည်းကရှိခဲ့သော ပညတ်ဖြစ်ပါသည်။ ရှင်ယောဟန်၏စာဖတ်သူတို့က ကနဦးအချိန်မှစ၍
ဤပညတ်ကိုကြားနာခဲ့ကြပြီးဖြစ်သည်။
-၂း၈။ သို့ရာတွင် ပညတ်သစ်တစ်ခုသည်ရှိနေသေးသည်။ ထို ပညတ်သစ်သည် ကျွန်ုပ်တို့၏သခင်ယေရှုအသက်တာ၌အစဉ်သဖြင့် မှန်ကန်မှုရှိပါသည်။ ယခုတွင် ဤပညတ်သစ်သည်ယုံကြည်သူတို့၏အသက် တာ၌လည်း မှန်ကန်မှုရှိနေပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ ခရစ်ယာန် သာသနာ၏အလင်းသည် သန့်ရှင်းသူတို့၌ထွန်းတောက်လျက်ရှိသော ကြောင့်ဖြစ်သည်။
၂း၉။ သို့သော်လည်း၊ မိမိညီအစ်ကိုကိုမုန်းသောသူမည်သူ၌ မဆို ယခုတိုင်အောင် မှောင်မိုက်သည်ရှိနေပါသည်။ ထိုသူသည်အစဉ် သဖြင့်မှောင်မိုက်ထဲ၌ရှိနေခဲ့ပြီး၊ ယခုတိုင် မှောင်မိုက်၌ရှိနေသေးသည်။
၂း၁၀။ မိမိညီအစ်ကိုကိုချစ်သောသူသည် အလင်း၌အသက်ရှင် နေထိုင်လျက်ရှိ၏။ သူသည်ကိုယ့်ကိုကိုယ်ထိမိ၍ လဲခြင်းမဖြစ်သလို အခြား သူတို့အားထိမိ၍လဲစေခြင်းကိုလည်း မဖြစ်ပေါ်စေပါ။
၂း၁၁။ မိမိညီအစ်ကိုကိုမုန်းသောသူမည်သူမဆို မှောင်မိုက်၌ ကျင်လည်သွားလာကာ၊ အဘယ်အရပ်သို့ သွားသည်ကိုမသိပါ။
ဤကျမ်းချက်အများစု၌ရှင်ယောဟန်က စစ်မှန်သောယုံကြည် သူတစ်ဦးနှင့်အမည် ခံယုံကြည်သူတစ်ဦးအကြား ကွဲပြားမှုကိုခွဲခြားသိမြင် စေပါသည်။ (“ဆိုသောသူ” ဟူသောစကားကိုသတိပြုပါ။ ၄။ ၆း၉)။
လောကကို၎င်း၊လောက၌ရှိသောအရာတို့ကို၎င်း၊မချစ်ကြနှင့်။လောကကိုချစ်သောသူမည်သည်ကားခမည်းတော်ကိုချစ်ခြင်းမေတ္တာမရှိ။လောက၌ရှိသမျှသောအရာတည်းဟူသောကိုယ်ကာယတပ်မက်ခြင်း၊မျက်စိတပ်မက်ခြင်း၊လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမည်းတော်နှင့်မစပ်ဆိုင်၊လောကနှင့်သာစပ်ဆိုင်ကြ၏။လောကနှင့်လောကီတပ်မက်ခြင်းသည်ရွေ့လျားကွယ်ပျောက်တတ်၏။ဘုရားသခင်၏အလိုတော်နှင့်အညီကျင့်လာသူမူကား၊နိစ္စထာဝရတည်၏
(၁ယော၊ ၂း၁၅-၁၇)။
စစ်မှန်သောခရစ်ယာန်တစ်ဦး၏အမှတ်လက္ခဏာများ အနက်
တစ်ခုမှာ လောကကိုမချစ်ခြင်းဖြစ်ပြီး၊ ဆိုလိုသည်မှာ သူသည်လောကကို ချစ်ခြင်း၏ထိန်းချုပ်မှုမခံရခြင်းပင်ဖြစ်သည်။ အမှန်စင်စစ်၊ ယုံကြည်သူ အများစုသည် ကမ္ဘာလောကကြီး၏ဆွဲဆောင်ခြင်းကိုအတိုင်းအတာ တစ်ခုအထိခံကြရသည်။ သို့သော်လည်း၊ အကယ်၍ လူတစ်ယောက် သည် ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်းနှင့်လောကီစည်း စိမ်၌ဝါကြွားခြင်းတို့ကိုခံနေရလျှင်၊ သူသည် တစ်ချိန်တည်း၌ ခမည်းတော်ကို ချစ်မြတ်နိုးသောသူတစ်ဦးမဖြစ်နိုင်ပါ။ သူသည် ကြမ္မာဆိုးငင်ရန်အတွက် အသက်ရှင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကိုလုပ်ဆောင်ရန် အသက်ရှင်သူတို့သာလျှင် နိစ္စထာဝရတည်နေပေလိမ့်မည်။
ဤနေရာတွင် အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကို အထောက်အကူပေးသောအချက်ဟူ၍ ဘာ၀စ်ခုမှမရှိပါ။ လောကကိုချစ်
သောသူများနှင့်ဘုရားကိုချစ်သောသူများအကြား ပျက်စီးဆုံးရှုံးသောသူ များနှင့်ကယ်တင်ခြင်းရသောသူများအကြားရှိသည့် ကွဲပြားခြားနားမှုကို နှိုင်းယှဉ်ဖော်ပြထားခြင်းဖြစ်သည်။ ။
အကယ်၍ ယုံကြည်သူတို့သည် လောကကိုချစ်ခြင်း၏ထိန်းချုပ်မှု အောက်၌မရှိသည်မှန်လျှင် ထိုသူတို့အား လောကကိုချစ်သည့်အကြောင်း နှင့်ပတ်သက်၍ အဘယ့်ကြောင့်သတိပေးထားပါသနည်း။ အဘယ့်ကြောင့် ဆိုသော်၊ လောကသည်ယုံကြည်သူများ၏အသက်တာ၌ ပထမဦးစားပေး နေရာမရသော်လည်း အဖျက်သဘောဆောင်ကာလွှမ်းမိုးလာနိုင်သော ကြောင့် ဤကဲ့သို့ သတိပေးထားရခြင်းဖြစ်သည်။
ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည် လျှင်၊ ဖြောင့်မတ်ခြင်းတရားကိုကျင့်သောသမည်သည်ကား၊ ဘုရား သခင်ဖြစ်ဖွားစေတော်မူသောသူဖြစ်သည်ကို သိရကြ၏။ ဘုရား သခင်၏သားတော်ဟုခေါ်ဝေါ်ခြင်း အခွင့်ကို ငါတို့ သည်ရမည် အကြောင်း ဘုရားသခင်သည် ငါတို့ ကို အဘယ်မျှလောက်ချစ်
တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ လောကီသားတို့သည် ဘုရားသခင်ကိုမသိကြသောကြောင့်၊ ငါတို့ကိုလည်းမသိကြ။ ချစ်သူ တို့၊ ယခုတွင် ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။ နောက်မှ
အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသော။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည် ကိုယ်တော်နှင့်တူကြလတ္တံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည့်အတိုင်း ငါတို့သည် မြင်ရကြလတ္တံ့။ ထို သို့ မျှော်လင့်သောသူမည်သည်ကား၊ ကိုယ်တော်သန့်ရှင်း
တော်မူသည် နည်းတူ ကိုယ့်ကို ကိုယ်သန့်ရှင်းစေတတ်၏။ ဒုစရိုက်ကိုပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား၊ ပညတ်တော်ကိုလွန်ကျူးခြင်းဖြစ်သတည်း။ ကိုယ်တော် သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်း၊ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ လည်းအပြစ်မရှိ။ ကိုယ်တော်၌တည်နေသောသမည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်။ ဒုစရိုက်ကို ပြုတတ်သောသူမည်သည်
ကား ကိုယ်တော်ကိုမသိမမြင်ရသေး။ ချစ်သားတို့၊ သင်တို့ကို အဘယ်သူမျှမလှည့်ဖြာစေနှင့်။ အကြင်သူသည်ဖြောင့်မတ်ခြင်း တရားကိုကျင့်၏၊ ကိုယ်တော်ဖြောင့်မတ်သည်နည်းတူ၊ ထိုသူသည် ဖြောင့်မတ်ခြင်းရှိ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြု သောသူဖြစ်သောကြောင့်၊ အကြင် သူသည် ဒုစရိုက်ကို ပြု၏။ ထိုသူသည် မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကိုပယ်ဖျက် ခြင်း၊ ဘုရားသခင်၏သားတော် သည် ထင်ရှားပေါ်ထွန်း တော်မူ၏။ ဘုရားသခင်ဖြစ်သွားစေတော်မူသောသူမည်သည် ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌မျိုးစေ့ တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်သွားစေ တော်မူသောသူဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်(၁ယော၊ ၂း၂၉-၃း၉)။
အဖေကဲ့သို့ သားဖြစ်၏။ ပုံသဏ္ဍာန်နှင့်တစ်ညီတစ်သဏ္ဍာန်တည်း မွေးဖွားထွက်ပေါ်စေခြင်းသည် သဘာဝတရားနှင့် ဆိုင်သောအသက် တာ၏အချက်တစ်ချက်ဖြစ်သည်။ သားသမီးတို့သည်သူတို့၏မိဘများနှင့် ဘဏ္ဍာန်တူလျက်မွေးဖွားကြသည်။ ဝိညာဉ်ရေးဆိုင်ရာနယ်ပယ်၌လည်း
ထိုနည်းအတိုင်းဖြစ်ပါသည်။ ခမည်းတော်ဘုရားသည်ဖြောင့်မတ်တော်မူ သည်ဖြစ်၍ ကိုယ်တော်၏ သားသမီးတို့သည် ဖြောင့်မတ်ခြင်းတရားကို ကျင့်ကြံကြပါလိမ့်မည်။
“ဘုရားသခင်ဖြစ်သွားစေတော်မူသောသူ” (၂း၂၉) စကားရပ်၏ တွေးခေါ်ခံယူချက်က၊ ယုံကြည်သူကျွန်ုပ်တို့သည် အမြဲတမ်း ဘုရားသခင်၏ သားသမီးများဖြစ်ကြပါသည်ဟူသော အံ့ဩဖွယ်အသုံးအနှုန်းတစ်ရပ်ကို ရေးသားဖော်ပြရန် ရှင်ယောဟန်အားတွန်းပို့ပါသည်။ ကျွန်ုပ်တို့မည်သူ မည်ဝါဖြစ်ကြောင်း ဤကမ္ဘာကြီးကအသိအမှတ်မပြုခြင်း၊ သို့မဟုတ် မချီး မွမ်းခြင်းသည် အံ့ဩစရာမဟုတ်ပါ။ ကမ္ဘာလောကကြီးက ကျွန်ုပ်တို့၏ အရှင်သခင်ကိုပင်လျှင် အသိအမှတ်မပြုခဲ့ချေ။
သခင်ဘုရားပေါ်ထွန်းလာခြင်းကို ကြည့်ရှုဖူးမျှော်ခြင်းအားဖြင့် ကျွန်ုပ်တို့ သည် (ရှင်ယောဟန်၏စာဖတ်ပရိသတ်များနှင့်စစ်မှန်သောယုံကြည် သူအားလုံး) ပုံသဏ္ဍာန်ပြောင်းလဲ၍ သခင်ခရစ်တော်နှင့်တူကြလိမ့်မည်ဟု ၍ တမန်တော်ကြီးကအခြေအနေပေါ်၌မူတည်ခြင်းမရှိသော ထာဝရ လုံခြုံမှုကို အံ့သြဖွယ်ကောင်းစွာ ဖော်ပြပါသည်။ ဤအကြောင်းမေးစရာ မေးခွန်းမရှိပါ။ ကိုယ်တော်ဘုရားထင်ရှားပေါ်ထွန်းလာမည့်အကြောင်းကို မျှော်လင့်ခြင်းသည် အသက်တာသန့်ရှင်းစွာနေထိုင်ရန်အထောက်အမ ပေးပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ ဤမျှော်လင့်ခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အခြေပြုထားသောကြောင့်ဖြစ်ပါသည်။
အထက်ပါအကြောင်းအရာသည် ယုံကြည်သူတစ်ဦး၏အခြား အမှတ်လက္ခဏာတစ်ခုကို ရှင်ယောဟန်အားတွေ့မြင်စေပါသည်။ ယုံကြည်သူ သည် ဒုစရိုက်ကျူးလွန်နေသော်လည်း သူသည်အပြစ်တရား၏အုပ်စိုးမှု
အောက်၌အသက်မရှင်ပါ။ သူ၏အသက်ရှင်ပုံ သည် ထူးထူးခြားခြား အပြစ်နှင့်ပြည့်နေသည့်ပုံစံမထွက်ပါ။ သူသည်အကျင့်ပါပြီး ဒုစရိုက်အပြစ် ကျူးလွန်သောအပြစ်သားတစ်ဦးမဟုတ်ပါ။
အောက်ပါအဓိပ္ပါယ်ဖွင့်ဆိုသည့်ကျမ်းချက်များ (၁ယော၊ ၃း၄-၉) က ဤအကြောင်းကိုရှင်းလင်းစွာ ဖော်ပြထားပါသည်။
ငယ် ၄ – ဒုစရိုက်ကိုပြုသောသူမည်သည်ကား ပညတ်တော်ကို လွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကိုလွန်ကျူးခြင်းဖြစ်သတည်း။
ငယ် ၅ – ကိုယ်တော်သည် ငါတို့၏အပြစ်များကိုဆောင်သွားခြင်းငှာ၊ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌လည်း အပြစ်မရှိ။
ငယ် ၆ – ကိုယ်တော်၌တည်နေသောသူ (စစ်မှန်သောခရစ်ယာန်) မည်သည်ကား၊ အကျင့်ပါစွာဒုစရိုက်ကိုမပြုတတ်ပါ။ အပြစ်၏လွှမ်းမိုးချုပ်ကိုင် ခြင်းခံရသူမည်သူမဆို ကိုယ်တော်ကိုမမြင်ခဲ့သလို၊ မသိခဲ့ပါ။
ငယ် ၇ – ချစ်သားတို့၊ ဖြောင့်မတ်ခြင်းတရားကိုကျင့်သောသူသည် ကိုယ်တော်ဖြောင့်မတ်တော်မူသည်နည်းတူ ထိုသူသည်ဖြောင့်မတ်ခြင်းရှိ၏။
ငယ် ၈- အကြင်သူ၏အသက်တာသည် ဒုစရိုက်ပြုသောအသက် တာဖြစ်ပါက၊ ထိုသူသည် မာရ်နတ်နှင့်သက်ဆိုင်နေပါသည်။ အဘယ့်ကြောင့် ဆိုသော်၊ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သော
ကြောင့်ပေတည်း။သို့ဖြစ်၍၊မာရ်နတ်၏အလုပ်များကိုဖျက်ဆီးရန်အလို့ငှာ၊ဤကမ္ဘာပေါ်၌ဘုရားသခင်၏သားတော်ထင်ရှားပေါ်ထွန်းလာရခြင်းဖြစ်ပါသည်။
ငယ် ၉ – ဘုရားသခင်ဖြစ်ပွားစေတော်မူသောသူမည်သူမဆို ဒုစရိုက် ကိုမပြုတတ်ပါ။ အဘယ်ကြောင့်နည်းဟူမူကား၊ မျိုးစေ့တော်တည်းဟူသော သခင်ခရစ်တော်၏အသက်သည် ထိုသူ၌တည်လျက်ရှိနေသောကြောင့်ဖြစ်၏။ ထိုသူသည် ဒုစရိုက်ကိုမပြုတတ်ပါ။ အကြောင်းမှာ ထိုသူသည် ဘုရားသခင်၏ သားတစ်ဦးဖြစ်သောကြောင့်ပေတည်း။
၁ယော၊ ၃၄-၉၊ ၅း၁၈ တို့ကို စာအုပ်၏အခန်း(၂၁)ရှိ “တစ်ခါ တစ်ရံဖြစ်တာလား သို့မဟုတ် အကျင့်ဖြစ်တာလား” ခေါင်းစဉ်အောက်၌ ပို၍ အသေးစိတ်ရှင်းလင်းရေးသားထားပါသည်။
ရှင်ယောကုပ်ကလည်း အမည်ခံခရစ်ယာန်နှင့်စစ်မှန်သောခရက် ယာန်အကြောင်းကို ရေးသားထားသည်ဖြစ်၍၊ ယခု ယာကုပ်၏ဩဝါဒစာ ကိုလေ့လာကြပါမည်။ ရှင်ယောဟန်ဩဝါဒစာပထမစောင်နှင့် မတူဘဲ။
သိသာသာကွဲပြားခြားနားစွာ ရေးသားထားပါသည်။ ယာကုပ်က သူတို့၏ ယုံကြည်ခြင်းကိုခိုင်မာကြောင်း အထောက်အထားပြနိုင်ပုံမရှိသည့်အသက် တာရှိသူများဆီသို့ ဦးတည်ရေးသားထားသည်။ သို့ဖြစ်၍ ယာကုပ်က ရှင်းလင်းလင်းနှင့်တည့်တည့်ရေးသားထားသည်။ သူ၏စာဖတ်ပရိသတ် အများစု၏မာကျောသောနှလုံးသားများကို ချိုးဖဲ့ရန်အတွက် ဤကဲ့သို့
တည့်တည့်ရေးသားဖို့ လိုအပ်ခဲ့ပါသည်။ မိမိတို့သည်ယုံကြည်သူများဖြစ် ကြသည်ဟူ၍ သူတို့အခိုင်အမာပြောဆိုသောအချက်ကိုသက်သေပြရန် အတွက် ကောင်းသောအလုပ်၊ ကောင်းသောအကျင့်ကိုကျင့်ဖို့လိုကြောင်း ယာကုပ်က သူတို့ကိုသတိပေးခဲ့သည်။ )
သမ္မာကျမ်းပါကျမ်းပိုဒ်အားလုံးအနက် ယာကုပ် ၂၁၄-၂၆ သည် ခေတ်ကာလတစ်လျှောက်၊ သာ၍အငြင်းပွားစရာရှိသောကျမ်းပိုဒ်များ ဖြစ်ပါသည်။ ဤကျမ်းပိုဒ်များက ကျွန်ုပ်တို့ သည်အကျင့်အားဖြင့် ကယ်တင် ခြင်းရသည်။ သို့ မဟုတ် အကျင့် တစ်ပိုင်းတစ်စပါဝင်ခြင်းအားဖြင့် ကယ်တင်ခြင်းရသည်ဟုသွန်သင်ကြောင်း လူတစ်ချို့ကပြောကြသည်။ အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကို ယုံကြည်သောသူတို့က ဤကျမ်းပိုဒ်ကိုအသုံးပြုကာ ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုအကျင့်အားဖြင့် ထိန်းသိမ်းစောင့်ရှောက်ရသည်ဟူ၍ပြောကြသည်။ ကျွန်ုပ်တို့သိမြင်နားလည် သောအမည်ခံခရစ်ယာန်များနှင့် စစ်မှန်သောခရစ်ယာန်များအကြား ကွဲပြားခြားနားမှုကို ဤကျမ်းပိုဒ်ကရှင်းလင်းသိမြင်ရန်အထောက်အကူ ပေးပုံကို ကြည့်ကြပါစို့။
ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက ငါသည်ယုံကြည် ခြင်းရှိ၏ဟုပြောလျက် အကျင့်ကိုမကျင့်ဘဲနေလျှင် အဘယ် အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင် နိုင်သလော။ ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍ နေ့တိုင်းစားရသောအစာမရှိသောအခါ သင်တို့ သည်တစ်စုံ တစ်ယောက်သောသူက ငြိမ်ဝပ်စွာကြလော့၊ နွေးကြ လော့၊ ဝကြလော့ဟုပြောလျက်၊ သူတို့ ကိုယ်နှင့် တော်လျော် သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ် အကျိုးရှိ သနည်း။ ထို နည်းတူ၊ အကျင့် နှင့် ကင်းသောယုံကြည်ခြင်း သည် တပါးတည်း ရှိ သောကြောင့် အသေဖြစ်၏။ တနည်း ကား၊သင် သည် ယုံ ကြည် ခြင်းရှိ၏။ ငါသည် အကျင့် ရှိ၏။ သို့ဖြစ်၍ သင် သည် အကျင့် မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့်ငါ၏ယုံကြည်ခြင်းကိုပြမည်
ဟုပြောစရာရှိ၏။ ဘုရားသခင်တစ်ဆူတည်းရှိသည်ဟု သင်သည် ယုံ ကြည် ၏။ ကောင်းပေ၏။ နတ် ဆိုးတို့ သည် ယုံ၍ ကြောက်ရွံ့တုန်လှုပ်ကြ၏။ လျှပ်ပေါ်သောလူ၊ အကျင့် နှင့် ကင်းသော ယုံ ကြည်ခြင်းသည် အသေဖြစ် သည် ကို သိချင် သလော။ ငါတို့ အဘ အာဗြဟံ သည် မိ မိ သားဣဇက် ကို ယဇ်ပလ္လင်ပေါ်မှာ တင်လှူပူဇော်သောအခါ အကျင့် အားဖြင့်
ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်လော။ ယုံကြည်ခြင်းသည် အကျင့် နှင့် အတူ ပြုပြင်၍၊ အကျင့် အားဖြင့် စုံလင်သည်ကို သိမြင်ရ၏။ အာဗြဟံသည် ဘုရားသခင်ကိုယုံကြည်သည်ဖြစ်၍ သူ၏ယုံ ကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ ဟူသော ကျမ်းစကားပြည် စုံ လေ၏။ အာဗြဟံ သည် လည်း ဘုရားသခင်၏အဆွေဟူ၍ ခေါ်ဝေါ်ခြင်းကို ခံရ၏။ လူသည် ၊ ယုံ ကြည်ခြင်းအားဖြင့် သာ ဖြောင့် မတ် ရာသို့ ရောက်သည် မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကို သင်တို့သိမြင်ရကြ၏။ ထိုနည်းတူ၊ပြည့်တန်ဆာရာခပ်သည် တမန်တော်တို့ကိုလက်ခံ ပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍ အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက် သည် မဟုတ်လော။ ဝိညာဉ်နှင့် ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့် နှင့် ကင်း သောယုံကြည်ခြင်းသည် အသေဖြစ်၏ (ယာကုပ် ၂း၁၄-၂၆)။
ခရစ်တော်ကိုယုံကြည်ခြင်းသည် လုံလောက်မှုမရှိကြောင်းပြသ ရန်အတွက် ယာကုပ်၏ပြောစကားများသည် ရံဖန်ရံခါအသုံးချခံရလေ သည်။ အကျိုးသက်ရောက်မှုရှိရန် အလို့ငှာ တစ်ဦးတစ်ယောက်၏ ကနဦးယုံကြည်ခြင်းကိုကောင်းသောအကျင့်များနှင့် စဉ်ဆက်မပြတ်
ဖက်ပေးရသည်။ ထို့ ကြောင့် အကျင့်မရှိသောယုံကြည်ခြင်းသည် အသေဖြစ်၏။ သို့သော်လည်း ဤကျမ်းချက်များ၏အမှန်တကယ်ပြောဆို သောအရာများကို ဂရုတစိုက်ဆန်းစစ်လေ့လာကြပါစို့။ ။
ပိုဒ် ၁၄။ ဤတစ်စုံတစ်ယောက်သောသူ၌ယုံကြည်ခြင်းရှိသည်ဟူ၍ ]ကျမ်းချက်ကမပြောပါ။ ဤကျမ်းချက်ပါပုဂ္ဂိုလ်က ငါသည်ယုံကြည်
ခြင်းရှိ၏ဟုပြောပါသည်။ဤသည်နှုတ်ပါးစပ်ကပြောသည့်ယုံကြည်ခြင်းဖြစ်ပြီး၊သူ၏အသက်တာ၌မည်သည့်အပြောင်းအလဲတစ်ခုမှမရှိခဲ့ပါ။ဤနေရာ၌ပါရှိသောအကျင့်သည်ထိုသူစဉ်ဆက်မပြတ်ကယ်တင်ခြင်းရရှိရန်အတွက်လိုအပ်သောအခြေအနေတစ်ခုမဟုတ်ပါ။ဤနေရာ၌ပါရှိသောအကျင့်သည်ကယ်တင်ခြင်းကိုပေးသည့်ယုံကြည်ခြင်း၏သက်သေအထောက်အထားတစ်ခုဖြစ်ပါသည်။ခရစ်တော်သည်အသက်တာတစ်ခု၌ဝင်ရောက်လာသောအခါသူသည်ခြားနားမှုတစ်ခုကိုပြုတော်မူ၏။နှုတ်ပါးစပ်ဖြင့်ယုံကြည်သည်ဟုပြောခြင်းသည်လုံလောက်မှုမရှိပါ။လူတစ်ဦးသည်မိမိ၏ဒုစရိုက်အပြစ်များကိုအမှန်တကယ်နောင်တရပြီး၊ခရစ်တော်ကိုမိမိ၏ကယ်တင်ပိုင်ရှင်နှင့်အရှင်သခင်အဖြစ်ယုံကြည်လက်ခံရပါသည်။
ပိုဒ် ၁၅-၁၇။ ဤကျမ်းချက်များက အကျင့်မပါသောနှုတ်ပါးစပ် ဖြင့်သာပြောသည့်ယုံကြည်ခြင်းသည် အကျိုးမရှိကြောင်းအလေးထား၍ ဖော်ပြပါသည်။ ထို့ ကြောင့်၊ ဤယုံကြည်ခြင်းသည် နှုတ်ပါးစပ်ဖြင့်သာ ပြောသောယုံကြည်ခြင်းဖြစ်ပြီး၊ ဝိညာဉ်အသက်မပါသောကြောင့် ဝိညာဉ် အသီးပေါ်ထွက်စေခြင်းမရှိသောရလဒ်ကိုသာ ရရှိစေပါသည်။
ပိုဒ် ၁၈။ စစ်မှန်သောယုံကြည်သူတစ်ဦးက အမည်ခံယုံကြည်သူ တစ်ဦးအား အကျင့်မပါဘဲ သူ၏ယုံကြည်ခြင်းကိုပြဖို့ စိန်ခေါ်လိုက်သည်။ အကျင့်မရှိဘဲ ယုံကြည်ခြင်းကိုပြ၍မရနိုင်ပါ။ ယုံကြည်ခြင်းသည် မျက်မြင် မရသောအရာဖြစ်၏။ စစ်မှန်သောယုံကြည်ခြင်းတည်ရှိကြောင်းကို ထုတ်
ဖော်ပြသသည်မှာ အကျင့်သာလျှင်ဖြစ်ပါသည်။ သို့ဖြစ်ရကား၊ ယုံကြည် သူက “ငါ၏အကျင့်များအားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားငါပြမည်” ဟု မှန်ကန်စွာပြောဆိုနိုင်သည်။
ပိုဒ် ၁၉။ ဆင်ခြင်တုံတရားဖြင့်မျှသာသိသောယုံကြည်ခြင်း၊ သိသာထင်ရှားသောအချက်အလက်များကိုယုံကြည်သောယုံကြည်ခြင်း သည်လုံလောက်မှုမရှိပါ။ တစ်ဆူတည်းရှိတော်မူသောဘုရားသခင်ကို နတ်ဆိုးတို့ သည်ယုံ၍ကြောက်ရွံ့တုန်လှုပ်ကြလေ၏။ သို့ သော်လည်း၊ ထိုယုံကြည်ခြင်းက နတ်ဆိုးတို့ကိုမကယ်တင်နိုင်ပါ။
ပိုဒ် ၂၀။ ကျွန်ုပ်တို့သည် အကျင့်အားဖြင့်ကယ်တင်ခြင်းမရကြ
ပါ။ ကျွန်ုပ်တို့ သည် ယုံကြည်ခြင်းနှင့်အကျင့်ကိုပေါင်းခြင်းဖြင့်ကယ်တင် ခြင်းမရကြပါ။ သို့သော်၊ ကျွန်ုပ်တို့ သည်ကောင်းသောအကျင့်ကိုကျင့်စေသောယုံကြည်ခြင်းဖြင့်ကယ်တင်ခြင်းရကြသည်။ ထိုကောင်းသောအကျင့် တို့သည် ကယ်တင်ခြင်းလုံခြုံစိတ်ချရေးအတွက်အထောက်အကူမပြုပါ။အကယ်၍ အထောက်အကူပြုပါက၊ ကယ်တင်ခြင်းသည်အကျင့်အားဖြင့် ရသည့်ပုံစံတစ်ခုဖြစ်သွားပါလိမ့်မည်။ သို့သော်လည်း ထိုသို့ဖြစ်ခြင်းထက်ကောင်းသောအကျင့်များသည်ကယ်တင်ခြင်းရစေသည့် စစ်မှန်သော ယုံကြည်ခြင်း၏အပြင်သက်သေများဖြစ်ပါသည်။ ။
ပိုဒ် ၂၁-၂၄။ ယခုတွင်၊ ယာကုပ်ကအာဗြဟံအား စစ်မှန်သော ယုံကြည်ခြင်းရှိသူတစ်ဦးအဖြစ်ဥပမာပေးလျက် ကိုးကားဖော်ပြထားသည်။ ကမ္ဘာဦးကျမ်း ၁၅၆ ၌ “အာဗြဟံသည် ထာဝရဘုရားကိုယုံကြည်သည် ဖြစ်၍ သူ၏ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းကဲ့သို့မှတ်တော်မူ၏”ဟုရေး သားထားပါသည်။ တစ်နည်းဆိုသော်၊ အာဗြဟံသည်ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ခြင်းသို့ရောက်၏။ နှစ်ပေါင်းအတော်ကြာပြီးနောက် (နှစ်ပေါင်း ၂၀ ခန့်ဖြစ်ကောင်းဖြစ်မည်) အာဗြဟံသည် ဣဇက်အားဘုရားသခင်ထံ မီးရှို့ရာယဇ်ပမာပူဇော်ချင်သောဆန္ဒရှိကြောင်းပြသောအခါ သူသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်လေသည်(က၊ ၂၂း၁၀)။ သူ၏လုပ် ဆောင်မှုက သူ၏စစ်မှန်သောယုံကြည်ခြင်းကို ထုတ်ဖော်ပြသပါသည်။
သို့သော်လည်း၊ ဤလုပ်ဆောင်ချက်သည် ကျွန်ုပ်တို့ သာမန်စဉ်းစား တွေးခေါ်သည့် “ကောင်းသောအကျင့်” မဟုတ်ကြောင်းသတိပြုပါ။ ဤလုပ်ရပ်သည် သူ၏သားကိုသတ်ရန်ကြံရွယ်ခြင်းဖြစ်သည်။ ဤလုပ်ဆောင် ချက်၏ကောင်းသောအကြောင်းရင်းတစ်ခုမှာ ဘုရားသခင်အပေါ် သူ၏ ယုံကြည်ခြင်းကိုထုတ်ဖော်ပြသသောကြောင့်ဖြစ်ပါသည်။ ။
ပိုဒ် ၂၅။ ရာခပ်တွင်လည်း ထိုနည်းတူဖြစ်ပါသည်။ သူမ၏လုပ် ဆောင်မှုသည် သစ္စာဖောက်မှု၊ သာမန်အားဖြင့်ဆိုရသော်၊ ဆိုးသောအလုပ် တစ်ခုဖြစ်ပါသည်။ ဤလုပ်ရပ်က သူမကိုမကယ်တင်ခဲ့ပါ၊ သို့မဟုတ် သူမ၏ ကယ်တင်ခြင်းအတွက် အထောက်အကူမပေးခဲ့ပါ။ သို့သော်လည်း၊ ကုသရေလလူတို့၏ ဘုရားသခင်အပေါ်ထားရှိသည့် သူမ၏ယုံကြည်ခြင်းသည် အစစ်အမှန်ဖြစ်ကြောင်းကို ဤလုပ်ရပ်ကသက်သေထူပါသည်။
၂ ပိုဒ် ၂၆။ ဝိညာဉ် (မမြင်နိုင်သောအရာ) နှင့် ကင်းသောကိုယ် (မြင်နိုင်သောအရာ) သည် အသေဖြစ်သကဲ့သို့၊ အကျင့် (မြင်နိုင်သောအရာ) နှင့်ကင်းသောယုံကြည်ခြင်း (မမြင်နိုင်သောအရာ) သည် အသေဖြစ်၏ဟူ၍ ယာကုပ်က ဤအကြောင်းကို ကျွန်ုပ်တို့အားပြန်လည်အမှတ်ရစေပါသည်။
ယေဘုယျအားဖြင့် ဤကျမ်းပိုဒ်သည်အခြေအနေပေါ်၌တည် သောကယ်တင်ခြင်းစိတ်ချမှုအကြောင်းကို သက်သေပြရန်အသုံးပြုသင့် သောကျမ်းပိုဒ်မဟုတ်ပါ။ ကယ်တင်ခြင်းစဉ်ဆက်မပြတ်လုံခြုံရန်အတွက် ယုံကြည်ခြင်းထဲသို့ ကောင်းသောအကျင့်ပေါင်းထည့်ရမည်ဟူ၍ ဤကျမ်းပိုဒ်က မသွန်သင်ပါ။ သို့သော်လည်း၊ ၎င်းက စစ်မှန်သောယုံကြည်ခြင်းရှိလျှင် ထိုယုံကြည်ခြင်းပေါ်လွင်ထင်ရှားလာစေရန်အတွက် ကောင်းသောအကျင့်တို့ကို ကျင့်ကြံပြုမူကြလိမ့်မည်ဟူ၍ အလေးအနက်ပြောဆိုပါသည်။
မှတ်ချက်။
၁။ ဤသူ တို့ ၏အမည် နာမသည် ဂရိဘာသာစကား (Gnosis) “အသိပညာ” မှလာပါသည်။ ဤသူတို့ သည် စစ်မှန်သောခရစ်ယာန် ယုံကြည်ခံယူချက်ကို ယုံကြည်သူများထက်မိမိတို့ကသာလွန်ပြီး သိမြင်နား လည်ကြသည်ဟူ၍ ထင်မှတ်ကြသည်။
၂။ အယူဖောက်ပြန်သူတို့သည် နောက်ပိုင်းတွင် များစွာပျံ့နှံ့လျက် ကွဲပြားလာကြသည်။ ဥပမာ- အချို့တို့သည် ကာမဂုဏ်ကိစ္စတွင်အကျင့် ပျက်လာကြသည်။ အခြားသူတို့သည် အလွန်ကြိုးခြံစွာကျင့်ကြံနေထိုင်သူ များဖြစ်လာကြသည်။
၃။ “လွန်ကျူးခြင်း” (ဒုစရိုက်ကိုပြုသောသူမည်သည်ကား) စကား လုံးသည် NKJV ၌ ကံဆိုးမိုးမှောင်ကျသောသူ ဟူ၍ ဖြစ်၏။ ဤသည် သီးခြားရည်ရွယ်ချက်ဖြင့် ဒုစရိုက်ကိုပြုကျင့်ခြင်းဖြစ်၏။ ၎င်းသည် ၂း၂၉ ပါ “ဖြောင့်မတ်ခြင်းတရားကိုကျင့်ခြင်း”နှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။
၄။ အပိုဒ်ငယ် ၆၊ ၈ နှင့် ၉ တို့နှင့်စပ်လျဉ်း၍ NKJV က ခရစ်ယာန် တစ်ဦးသည် ဒုစရိုက်ကိုလုံးဝမပြုတတ်ဟု ဆိုပါသည်။ ဤအရာသည် ၁ ယော၊ ၁၈-၁ဝ။ ၂၁ တို့ နှင့် အမှန်တကယ်ဆန့်ကျင်ကွဲလွဲနေပါသည်။ နှင်ယောဟန်ပထမစာစောင်အခန်းကြီးတစ်ပါအချက်က အသက်တာ သည် ဒုစရိုက်၌ကျင်လည်နေခြင်းကိုပြောပြခြင်းဖြစ်ပါသည်။ ၎င်းသည် ၃၇၊ ၁ဝ ၌ပါသော ဖြောင့်မတ်စွာကျင့်ကြံခြင်းနှင့်ယှဉ်ကြည့်လျှင် လုံး ကွဲပြားခြားနားနေပါသည်။ မာရ်နတ်၏အကျင့်အကြံ၊ အပြုအမူအားဖြင့် ၎င်းကိုသရုပ်ဖော်ထားခြင်းဖြစ်ပါသည်။ “မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကို ပြု သောသူဖြစ်၏။” ဤသည် မာရ်နတ်၏ထင်ရှားသော အကျင့်စရိုက်ဖြစ်ပါသည်။
၅။ ထာဝရလုံခြုံမှုကိုလက်ခံသည့် အခြားအဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှာ ပကတိအသစ် (ဘုရားသခင်ဖြစ်ပွားစေတော်မူသောအတွင်းလူ) သည် ဒုစရိုက်အပြစ်ကို လုံးဝမပြုနိုင်ပါ၊ ဟူ၍ ဖြစ်ပါသည်။
ပညတ်တော်လား သို့မဟုတ် ကျေးဇူးတော်လား Law or Grace?
နောက်ဆုံးပြောရလျှင်၊ ယုံကြည်သူ၏လုံခြုံမှုအကြောင်းကို မေးမြန်း သောမေးခွန်းသည် ဘုရားသခင်၏ကျေးဇူးတော်ကိုနားလည်သဘော ပေါက်မှုအပေါ်၌မူတည်ပါသည်။ အငြင်းပွားနေကြသော ဘက်နှစ်ဖက်စလုံးက ကယ်တင်ခြင်းသည်ကျေးဇူးတော်အားဖြင့် ဖြစ်သည်ဟူသောအချက်ကို သဘောတူကြသည်။ သို့သော်လည်း၊ ကျေးဇူးတော်အားဖြင့် ဟူသော ဝေါဟာရကို အဓိပ္ပါယ်ဖွင့်ဆိုရာ၌ ကွဲပြားခြားနားမှုတစ်ခုရှိပါသည်။ ကယ်တင်ခြင်းအကြောင်းနှင့်စပ်လျဉ်း၍၊ အခြေခံသဘောတရားနှစ်ခု တည်းသာလျှင်ရှိကြောင်း၊ ၎င်းတို့မှာ – ပညတ်တော်နှင့်ကျေးဇူးတော်ဖြစ် ကြောင်းကိုသိမှတ်ဖို့ အရေးကြီးပါသည်။
ပညတ်တော်၏အခြေခံသဘောတရားက ကယ်တင်ခြင်းကိုရရှိ ရန်အလို့ငှာ၊ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ ကျွန်ုပ်တို့ လုပ်နိုင်သည့်ကောင်းမှုနှင့် လုပ်ရမည့်ကောင်းမှုအချို့ရှိသည်ဟု အဓိပ္ပါယ် ဖွင့်ပါသည်။ ကျေးဇူးတော်၏အခြေခံသဘောတရားက ကယ်တင်ခြင်း ဟူသည် အစမှအဆုံးထိ ဘုရားသခင်၏ကျေးဇူးပြုမှုဖြစ်သည်ဟု ဆို၏။ ကယ်တင်ခြင်းကိုရရှိရန် သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်ရန်အလို့ငှာ၊ ကျွန်ုပ်တို့လုပ်နိုင်သည့်အရာနှင့် လုပ်ရမည့်အရာဟူ၍ ဘာတစ်ခုမှမရှိပါ။ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့် ရရှိသောလက်ဆောင်တစ်ခု ဖြစ်ပြီး၊ အကျင့်တရားနှင့်လုံးဝတခြားစီဖြစ်ပါသည်။
ဤအခြေခံသဘောတရားနှစ်ခုသည် လုံးလုံးလျားလျားဆန့်ကျင် ဘက်ဖြစ်ကြသည်။ ၎င်းတို့ သည်စပ်၍ မရနိုင်ကြောင်း ရှင်ပေါလုက ရှင်းလင်းစွာပြောပါသည်။ “ကျေးဇူးတော်အားဖြင့်ရှိလျှင် ကိုယ်ကျင့်သော အကျင့်အားဖြင့်မရှိ၊ ရှိလျှင်ကျေးဇူးသည် ကျေးဇူးမဟုတ်။ ကိုယ်ကျင့်သော အကျင့်အားဖြင့်ရှိလျှင် ကျေးဇူးအားဖြင့်မရှိ။ ရှိလျှင် ကိုယ်ကျင့်သောအကျင့် သည်အကျင့်မဟုတ်” (ရောမ ၁၁၆)။ ပညတ်တော်ကိုတစ်ပိုင်းတစ်စ စောင့်ရှောက်ခြင်းနှင့် ကျေးဇူးတော်တစ်ပိုင်းတစ်စတွဲဖက်ခြင်းအားဖြင့် | ကယ်တင်ခြင်းမရနိုင်ပါ။
အခြေအနေပေါ်မူတည်သေလုံခြုံမှုကိုယုံကြည်သူတို့က ကနဦး ရရှိသည့် ကယ်တင်ခြင်းသည် ကျေးဇူးတော်အားဖြင့် ဖြစ်သည်ဆိုသော အချက်ကို သဘောတူကြသော်လည်း၊ သူတို့ က လူတစ်ဦးသည်မိမိ၏ ယုံကြည်ခြင်းကို ရပ်တံ့ရန်ဆုံးဖြတ်ချက်ချခြင်းအားဖြင့်လည်းကောင်း၊ ကြီးမားသောဒုစရိုက်ပြုမိခြင်းအားဖြင့်လည်းကောင်း၊ ဒုစရိုက်အပြစ်ကို စဉ်ဆက်မပြတ်ကျူးလွန်ခြင်းအားဖြင့်လည်းကောင်း၊ တစ်နည်းနည်းအား ဖြင့် သူရရှိထားသည့်ကယ်တင်ခြင်းကိုဆုံးရှုံးသွားနိုင်သည်ဟူ၍ ယုံကြည် ကြသည်။ သို့ သော်လည်း၊ သူတို့၏ရေးသားချက်များက သူတို့ သည် ပညတ်တော်နှင့်ကျေးဇူးတော်ကိုရောစပ်ရန် ကြိုးစားနေကြောင်း သူတို့၏ သရုပ်မှန်ကိုပေါ်လွင်စေသည်။ ဥပမာ-သူတို့၏ခေါင်းဆောင်တစ်ဦးက ဤသို့ဆိုပါသည် –
“ကျွန်ုပ်တို့ သည် သခင် ဘု ရားကို ကယ်တင်ရှင် အနေဖြင့် သိမှတ်ကြမည်ဆိုပါက၊ အတ္တ၊ အသက်တာနှင့်ပိုင်ဆိုင်သမျှအရာအားလုံးတို့၏ အထက်၌ ယေရှုခရစ်တော်သည်သခင်ဖြစ်တော်မူသည်ဟု ဝန်ခံရပါမည်။”
အခြားတစ်နေရာ၌ သူကဤသို့ ရေးသားပါသည် – “အသက်တာ ထဲသို့ဝင်ရောက်လာမည့်သူတစ်ဦးအဖို့ သခင်ဘုရား၏ပညတ်တော်များကို
စောင့်ထိန်းခြင်းသည် ကိုယ်စိတ်ကြိုက်ရွေးချယ်နိုင်သောအရာမဟုတ်ပါ။ ၎င်းကယ်တင်ခြင်းကိုပေးသောယုံကြည်ခြင်း၏ မရှိမဖြစ်အရေးပါသည့် သွင်ပြင်လက္ခဏာတစ်ရပ်ဖြစ်ပါသည်။ ။
နောက်တစ်ဖန်၊ လူသည်ကိုယ့်ကိုကိုယ်ကယ်တင်နိုင်သောကယ်တင် ရှင်ဖြစ်ကြောင်းကို တိကျစွာသိမြင်နားလည်နိုင်သောဆင်ခြင်တုံတရားတစ်ခု ရှိပါသည်။
ယေဘုယျအားဖြင့်ပြောမည်ဆိုလျှင်၊ ကျွန်ုပ်တို့သည်ယုံကြည်ရမည်။ ထို့နောက် ထိုယုံကြည်ခြင်းကို ထိန်းသိမ်းစောင့်ရှောက်ကာ သည်းခံ၍ တည်မြဲရမည်။ ဆက်လက်အားထုတ်ရမည်။ ဇွဲရှိရမည်။ မြဲမြံစွာစွဲကိုင်ထားရ မည်။ ဤသွန်သင်ချက်သည် ကျွန်ုပ်တို့ဘယ်အရာလုပ်ရမည်ကိုအလေးထား ပြီး၊ ဘုရားသခင်ကကျွန်ုပ်တို့အတွက် ဘယ်အရာလုပ်ပေးခဲ့ပြီဟူသော အချက်မပါပါ။ ၎င်းသည် ဘုရားသခင်၏ဆုကျေးဇူးတော်အပေါ်၌အမှီပြု ခြင်းမဟုတ်ပဲ၊ လူ၏ကြိုးစားမှုအပေါ်၌အမှီပြုခြင်းဖြစ်သည်။ ၎င်းသည် အကျင့်တရားဖြစ်၍၊ ပညတ်တော်၏အခြေခံသဘောတရားဖြစ်သည်။ ဤအရာက မိမိကယ်တင်ခြင်းရရှိနိုင်ရန်နှင့် ၎င်းကိုထိန်းသိမ်းစောင့်ရှောက် ရန်အတွက်လုပ်ရမည့်အရာတစ်စုံတစ်ခုရှိနေပါသည်ဟူ၍ ပြောဆိုပါသည်။
ဂလာတိမြို့၌ရှိသောခရစ်ယာန်အချို့တို့သည် ပညတ်တော်ကို စောင့်ထိန်းခြင်းကြောင့်မဟုတ်ပဲ၊ ယုံကြည်သောအားဖြင့်ကျေးဇူးတော်
ကြောင့်ကယ်တင်ခြင်းရကြသည်။ သို့သော်လည်း သူတို့၏ကယ်တင်ခြင်းကို စွဲစွဲမြဲမြဲရှိရန်အတွက် ပညတ်တော်ကိုစောင့်ရှောက်ရမည်ဟု လှည့်ဖြား
သောဆရာတို့၏ပြောဆိုချက်ကို ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့် ရှင်ပေါလုက သူတို့ကို “ဤမျှလောက်ပညာမဲ့ကြသလော။ ဝိညာဉ်တော်ကိုအမှီပြု၍ လုပ်စရာရှိပြီးမှ ဇာတိကိုအမှီပြု၍ပြီးစေကြသလော” (ဂလာ၊ ၃၃) ဟု ပြစ်တင်ဆုံးမခဲ့ပါသည်။ ။
ကယ်တင်ခြင်းသည် ယုံ ကြည်ခြင်းအားဖြင့် လက်ခံရရှိ သော လက်ဆောင်တစ်ခုဖြစ်၍၊ ကောင်းမှုကုသိုလ်ကြောင့်ရရှိခြင်းမဟုတ်ကြောင်း သတိရသင့်ပါသည်။ ခရစ်တော်သည်လက်ဝါးကပ်တိုင်ပေါ်၌ ကယ်တင် ခြင်းအမှုကို အပြီးအစီးလုပ်ဆောင်ခဲ့ပြီဖြစ်ရာ၊ ကျွန်ုပ်တို့ သည်အခြား အရာကိုထပ်သွင်းရန်မကြိုးစားသင့်ပါ။ ထိုသခင်သည် ပြုစပြုတော်မူသည့်
ကောင်းသောအမှုကို အဆုံးတိုင်အောင်လုပ်ဆောင်တော်မူမည် (ဖိ၊ ၁၆ ကို ကြည့်ပါ)။ ကျွန်ုပ်တို့၏စိတ်ဝိညာဉ်များကိုထိန်းသိမ်းစောင့်ရှောက်ခြင်း သည် ဘုရားသခင်၏တာဝန်ဖြစ်ပါသည် (၁တိ၊ ၁း၁၂)။ သို့ဆိုလျှင် “ဘုရားသခင်၏သားသမီးတစ်ဦးသည် ဒုစရိုက်ပြုသောအခါမည်သို့ဖြစ် မည်နည်း” ဟူသည့်ရှောင်လွှဲ၍မရနိုင်သောမေးခွန်း ပေါ်လာပါသည်။ ခံယူချက်တစ်ခုက၊ သူသည် သူရရှိထားသောကယ်တင်ခြင်းကို ဆုံးရှုံး
သွားပြီး၊ နောက်တစ်ကြိမ်ဒုတိယမွေးဖွားခြင်းကိုခံရမည်ဟုဆို၏။ အခြား ခံယူချက်တစ်ခုက၊ သူသည်မိမိ၏ဒုစရိုက်အပြစ်များကို နောင်တရ၍ မစွန့်ပစ်မချင်း၊ ဘုရားသခင်နှင့်မိတ်သဟာယပျက်ပြားလျက်ရှိသည်ဟု ဆိ၏။ ကယ်တင်ခြင်းဆုံးရှုံးသွားမှာကိုကြောက်ရွံ့ခြင်းသည် ယုံကြည်သူ တို့အား သန့်ရှင်းသောအသက်တာရှိရန်ဆောင်ရွက်သော ဘုရားသခင်၏ နည်းလမ်းဖြစ်သည်ဟု ပထမခံယူချက်ကိုစွဲကိုင်ထားသောသူတို့က ယုံကြည် ကြသည်။ သခင်ဘုရားကိုချစ်၍ အပြစ်ဒဏ်စီရင်ခြင်းကိုပျော်ရွံ့မှုမရှိခြင်း သည် အခိုင်မာဆုံးအကြောင်းရင်းဖြစ်သည်ဟု ကျေးဇူးတော်ကိုစွဲကိုင်သူ တို့က အလေးအနက်ပြောဆိုကြပါသည်။ ။
ဤခံယူချက်က ကျေးဇူးတော်အပေါ်၌အခြေပြုသောသူတို့ သည် ဒုစရိုက်ကိုဆက်လက်ကျူးလွန်နိုင်ကြသည်ဟု ဆိုလိုပါသလား။ မဆိုလိုပါ။ ဒုစရိုက်မလုပ်ကြရန် ဘုရားသခင်ကတားမြစ်ထားပါသည်။ ၎င်းထက်၊ ဤသူတို့ သည် ကယ်တင်ခြင်းကိုအမှန်တကယ်ရရှိခဲ့ကြပါ သလား၊ ဟူသော မေးခွန်းကိုပေါ်ထွက်စေပါသည်။
သို့ဖြစ်လေရာ၊ ဤနေရာ၌ ရပ်တည်ချက်နှစ်ခုရှိပါသည်။ ပထမ ရပ်တည်ချက်မှာ၊ ဒုစရိုက်အပြစ်ဆက်တိုက်ကျူးလွန်နေသောခရစ်ယာန် တစ်ဦးသည် သူ၏ကယ်တင်ခြင်းကိုဆုံးရှုံးသွားသည် (ဒုစရိုက်၏ကြီးမား လေးနက်မှု(သို့)အတိုင်းအတာကို အသေးစိတ်ဖော်ပြခြင်းမရှိပါ)။ အခြား ရပ်တည်ချက်တစ်ခုမှာ၊ အကယ်၍ ဒုစရိုက်အပြစ်သည်လူတစ်ဦး၏ စရိုက်သဘာဝဖြစ်၍၊ သူ့အသက်တာ၌သူ့ကို လွှမ်းမိုးချုပ်ကိုင်သော အရှိန်ဩဇာဖြစ်ပါက၊ သူသည်ဘုရားသခင်၏မိသားစုဝင်မဟုတ်ပါ။ သူသည်ကယ်တင်ခြင်းကိုအမှန်တကယ်ရရှိပါက၊ သူ၏အပြစ်ကိုဝန်ချ
တောင်းပန်ရန်နှင့် ခမည်းတော်ဘု ရား၏အပြစ်လွတ်ခြင်းကို ရရှိရန် ဘုရားသခင်၏ဖိအားပေးခြင်းကို ခံရပါမည်။
ယုံကြည်သူတို့သည်မိမိတို့၏လုပ်ဆောင်မှုဖြင့် ကယ်တင်ခြင်းရရှိ နိုင်သည် သို့မဟုတ် ဆုံးရှုံးနိုင်သည်ဟူသောအချက်ကို အထောက်အကူ ပေးရန် အသုံးပြုလေ့ရှိသည့်ကျမ်းချက်တစ်ချို့ရှိပါသည်။
အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူ သည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည် (မ၊ ၂၄း၁၃)။
ရှေ့နောက်စကားအဆက်အစပ်အရ၊ ဤကျမ်းချက်သည်အထူး သဖြင့် ဘေးဒဏ်ကြီးကာလ အတွက်ဖြစ်သည်။ အကယ်၍ မိမိတို့သည်ယုံကြည် သူများမဟုတ်ကြပါဟု ငြင်းဆိုကြပါက၊ ညှဉ်းပန်းနှိပ်စက်မှုနှင့်ယုံကြည်ခြင်း
နှင့်အသတ်ခံရခြင်းမှလွတ်မြောက်နိုင်သည်ဟုထင်မှတ်ရန် အချို့တို့ သည်စုံစမ်းသွေးဆောင်ခြင်းခံရကောင်းခံရနိုင်ပါသည်။ သို့သော်၊ ဘုရား သခင်ကထိုသူတို့ အား စစ်မှန်သောလုံခြုံမှုသည် အဆုံးတိုင်အောင် တည်ကြည်နေခြင်းအပေါ်၌မူတည်နေသည်ဟု တိုက်တွန်းအားပေးပါသည်။
ဤကျမ်းချက်ကို မျက်မှောက်ခေတ်ယုံ ကြည် သူများအတွက် အသုံးပြုမည်ဆိုလျှင်လည်း စစ်မှန်သောယုံကြည်ခြင်း၌တည်ကြည်သည့် အရည်အသွေးသည် အစဉ်အမြဲရှိနေကြောင်း ရိုးရှင်းစွာပြသနေပါသည်။ ယုံကြည်ခြင်းသည် တခဏတာရွေ့ လျော့သွားကောင်းရွေ့ လျော့သွား နိုင်သော်လည်း ဆက်လက်ရှင်သန်သွားပါလိမ့်မည်။ ယုံကြည်သူတစ်ဦး သည် ခုနှစ်ကြိမ်လဲကောင်းလဲနိုင်သော်လည်း သူသည်ထပြန်လိမ့် မည် (သု၊ ၂၄း၁၆ ကို ဖတ်ပါ)။ ဇွဲလုံ့လသည်စစ်မှန်သောဘုရားသား တစ်ဦး၏ ထူးခြားသောဂုဏ်အင်လက္ခဏာဖြစ်ပါသည်။
ထာဝရဘုရားကိုခိုလှုံသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲ တည်သောဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏ (ဆာ၊ ၁၂၅း၁)။
တင်ပြရမည်ဆိုလျှင်၊ အဆုံးတိုင်အောင်တည်ကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ထာဝရကယ်တင်ခြင်းကိုရရှိသည်ဟူသောခံယူချက်သည် သခင်ဘုရားကိုယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့ကယ်တင်ခြင်းရသည်ဟူ ၍သွန်သင်ထားသည့်ကျမ်းချက်ပေါင်း(၃၀)နှင့်ကွဲလွဲဆန့် ကျင်နေပါသည်။
ထိုအခါ၊ယေရှုက သင်တို့သည်ငါ၏ဒေသနာ၌တည်လျှင်၊ ငါ့တပည့် မှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်း သိကြသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု ယုံကြည်သောယုဒတို့ မိန့် တော်မူ၏ (ယော၊ ၈း၃၁-၃၂)။
သူ့ ကို မကြာသေးခင်ကယုံကြည်ကြသောယုဒလူအချို့ထံသို့ သခင်ယေရှုက အထက်ပါစကားကို မိန့်တော်မူခဲ့သည်။ သခင်ဘုရား၏ ဒေသနာတော်၌တည်ခြင်းအားဖြင့် ထိုသူတို့သည် မိမိတို့၏ယုံကြည်ခြင်း စစ်မှန်ကြောင်းကို သက်သေထူနိုင်ခဲ့ကြသည်။ ဤသက်သေထူချက်က ထိုသူတို့သည် စစ်မှန်သောတပည့်တော်များဖြစ်ကြကြောင်းနှင့်နှုတ်က ပတ်တော်၏လွတ်မြောက်သောတန်ခိုးတော်ထဲ၌ ရွှင်လန်းဝမ်းမြောက်ကြ ကြောင်းပြသနေခြင်းဖြစ်ပါသည်။
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူ သည် သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟုမိန့်တော် မူ၏ ( ယော၊ ၈း၅၁)။
သခင်ယေရှု၏စကားကိုနားထောင်ခြင်းသည် သခင်ဘုရားကို ယုံကြည်ကြောင်း အခြားနည်းလမ်းဖြင့်ပြောဆိုခြင်းဖြစ်သည်။ ဤကျမ်း ချက်ကို ယော၊ ၁၁း ၂၆ နှင့်နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် ၎င်းကိုကျွန်ုပ်တို့ သိမြင်နိုင်ပါသည်။ ပထမကျမ်းချက်၌ သခင်ဘုရား၏စကားကိုနားထောင်
သောသူသည် သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု ဆို၏။ ဒုတိယကျမ်းချက်၌ သခင်ဘုရားကိုယုံကြည်၍အသက်ရှင်သောသူရှိသမျှ တို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်ဟုဆို၏။ ကျမ်းချက်နှစ်ခုစလုံး၏ဆိုလိုချက်အဓိပ္ပါယ် တူညီပါသည်။
မှတ်ချက်။
၁။ Robert Shank, Life in the Son: A study of the Doctrine of
Perseverance. Springfield, Missouri: Westcott Publishers,
1961, p. 16.
၂။ ၎င်း – စာမျက်နှာ ၂၁၉။
၃။ ၎င်း – စာမျက်နှာ ၉၆။
မိတ်သဟာယလား သို့မဟုတ် တော်စပ်မှုလား ၊
Fellowship or Relationship?
တစ်ခါတစ်ရံ ဓမ္မသစ်ကျမ်း၌ပြဿနာများနှင့်ကျွန်ုပ်တို့ ရင်ဆိုင်ရ သောအခါ၊ တော်စပ်မှုနှင့်မိတ်သဟာယကိုပိုင်းခြားခြင်း၌ အဖြေရှိပါ သည်။ တော်စပ်မှုအကြောင်းကျွန်ုပ်တို့ပြောဆိုသောအခါ၊ ခမည်းတော် ဘုရားနှင့်ယုံကြည်သူတစ်ဦး၏အကြား၌ အသစ်မွေးဖွားခြင်းအားဖြင့် စတည်သောအရာဖြစ်သည်။ မိတ်သဟာယသည် ပျော်ရွှင်သောမိသားစု စိတ်သဘောကိုရည်ညွှန်းခြင်းဖြစ်ပြီး၊ ဝန်ချတောင်းပန်ခြင်းမပြုသည့် အပြစ် မရှိသောအခါ၌သော်လည်းကောင်း၊ ညီညွတ်သင့်မြတ်ကြသော အခါ၌သော်လည်းကောင်း၊ ခရစ်ယာန်တစ်ဦးနှင့်ဘုရားသခင်အကြား၌ ထိုမိတ်သဟာယရှင်သန်နေပါသည်။ တော်စပ်မှုနှင့် မိတ်သဟာယ၏ ခြားနားမှုကို ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၃ တွင်တွေ့မြင်ရသည်။
ပဿခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကိုသိတော်မူသည်ဖြစ်၍၊ ဤ လောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံး တိုင်အောင်ချစ်တော်မူ၏(ငယ် -၁)။ ကိုယ်တော် ကို အပ်နှံမည် အကြောင်း မာရ်နတ် သည်ရှိမုန်၏သားယု ဒ ရှကာရုတ်၏စိတ် နှလုံး၌ အကြံပေးသွင်းနှင့်သတည်း။ ထိုအခါ၊ ညစာကိုစားကြ စဉ် (ငယ်-၂)၊ ခမည်းတော်သည်အလုံးစုံတို့ကိုသူ၏လက်သို့အပ်နှင်း
ပေးတော်မူသည် ကို ၎င်း၊ သူ သည် ဘု ရားခင် ထံ တော် မှ ထွက် လာသည် ကို ၎င်း၊ ဘု ရား သ ခင့် ထံ တော် သို့ ကြွသွား မည်ကို၎င်း ယေရှုသည် သိတော်မူသည်နှင့် (ငယ်-၃)၊ စားပွဲမှ ထ၍ ဝတ်လုံတော်ကို ချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကို စည်း
တော်မူ၏ (ငယ်-၄)၊ ထို့ နောက်မှ ရေကို အင်တုံ၌လောင်း၍ တပည့် တော် တို့ ၏ခြေကိုဆေးပြီးမှ ခါး၌စည်းသောပဝါနှင့် သုတ်တော်မူ၏(ငယ် – ၅)၊ ရှိမုန်ပေတရုဆီသို့ ရောက်တော်မူ
သောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ် ၏ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက်၏(ငယ်-၆)။ ယေရှု ကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော်မူ၏ (ငယ်-၇)။ ပေတရုကလည်း ကိုယ်တော် သည် အကျွန်ုပ်၏ခြေကို အလျင်းဆေးတော် မမူ ရ ဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့် မဆက်ဆံရဟုမိန့်တော်မူ၏(ငယ်-၈)။ ရှိမုန်ပေတရု က လည်း၊ အကျွန်ုပ်၏ခြေကိုသာမဆေးပါနှင့်။ လက်ကိုလည်းကောင်း၊ ဦးခေါင်းကို လည်းကောင်း၊ ဆေးတော်မူပါဟုလျှောက်ပြန်၏ (ငယ်-၉)။ ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံး စင်ကြယ်၏။ သင်တို့သည်စင်ကြယ်သော်လည်း အချို့မစင်ကြယ် ဟုမိန့်တော်မူ၏(ငယ်-၁၀)။ ကိုယ်တော်ကို အပ်နှံ မည့် သူကို သိတော်မူသောကြောင့်၊ သင် တို့ တွင် တချို့မစင်ကြယ် ဟု မိန့်တော်မူသတည်း (ငယ်-၁-၁၁)။
အံ့ဘွယ်ဖြစ်ရပ်တစ်ခုပါတကား။ စကြာဝဠာကို ဖန်ဆင်းသည့် အနန္တတန်ခိုးရှင်သည် အစေခံကျွန်တစ်ဦး၏အဝတ်အစားများကိုဝတ်ဆင် လျက် သူ့တပည့် တော်တို့ ၏ခြေကိုဆေးပေးဖို့ ကိုယ်ကို ကိုင်းညွတ် နေကြောင်း ဤနေရာ၌ကျွန်ုပ်တို့ တွေ့မြင်ရသည်။ ကိုယ်တော်သည် ပေတရုထံ သို့ ရောက်လာသောအခါ အလောတကြီးပြုတတ်သူတမန် တော်က အရှင်သခင်အနေဖြင့် တပည့် တစ်ဦး၏ခြေကို ဆေးပေးခြင်း
သည်မသင့် လျော်ကြောင်း ကန့်ကွက်ပြောဆိုလေသည်။ ပေတရုက ကိုယ်တော့်အား “ကိုယ်တော်သည် အကျွန်ုပ်၏ခြေကိုအလျင်းဆေးတော် မမူရ” ဟုလျှောက်၏။
သခင်ယေရှုကလည်း “သင့်ကိုငါမဆေးရလျှင်၊ သင်သည် ငါနှင့် မဆက်ဆံရ” ဟုဖြေကြားလေသည် (ငယ်-၈)။ ပေတရုက တစ်ပိုင်းတစ်စ ဆေးကြောခြင်းမပြုဘဲ တကိုယ်လုံးကိုရေချိုးပေးဖို့ တောင်းဆိုလေသည်။
သခင်ယေရှုကလည်း “ရေချိုးပြီးသောသူမည်သည်ကား ခြေဆေး ခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏ ..” ဟု မိန့်တော်မူသည်။
အငယ်-၈ ၌ပါသော ကယ်တင်ရှင်၏နှုတ်တော်ထွက်စကားတို့ သည် တစ်ခါတစ်ရံတွင်၊ အခြေအနေပေါ်၌မူတည်သောလုံခြုံမှုဆိုင်ရာဩဝါဒ ကို အထောက်အကူပေးရန်အသုံးပြုလေ့ရှိ သည်။ ဤကျမ်းချက်ကို မှန်ကန်စွာနားလည်ရန် ဤစကားလုံးတို့၏အဓိပ္ပါယ်ကို ကျွန်ုပ်တို့ လေ့လာရပေမည်။
ရေချိုးခြင်းနှင့်ခြေဆေးခြင်း၌ ကွဲပြားခြားနားမှုရှိပါသည်။ ရေချိုး ခြင်းသည် ဒုတိယမွေးခြင်းနှင့်ဆိုင်ပါသည်။ တိတု၊ ၃၅ ၌ “ငါတို့ကျင့်သော
ဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော် နှင့်အညီ ဒုတိယမွေးခြင်းနှင့်ဆိုင်သောဆေးကြောခြင်း (ရေချိုးခြင်း) အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိဘာဉ်တော်၏အသစ်ပြုပြင်ခြင်း အားဖြင့် လည်းကောင်း၊ ငါတို့ ကို ကယ်တင်တော်မူ၏”ဟုဖော်ပြထား သည်။ တိုတိုပြောရလျှင်၊ ရေချိုးခြင်းသည် ကယ်တင်ခြင်းဖြစ်၍၊ တစ်သက်မှာ တစ်ကြိမ်တစ်ခါတည်းသာဖြစ်ပါသည်။ ။
ထို့နောက်၊ ခြေဆေးခြင်းရှိပါသည်။ အကယ်၍ ရေချိုးခြင်းသည် တစ်ကြိမ်တစ်ခါတည်းသာဖြစ်ပါက ခြေဆေးခြင်းသည် ထပ်ခါတလဲလဲဖြစ် နေပါသည်။ ခရစ်ယာန်အသက်တာ၌ ကျွန်ုပ်တို့ သည်နေ့စဉ်နေ့တိုင်း အပြစ်ကျူးလွန်၍ ညစ်ညူးခြင်းများစွဲ ကပ်နေပါသည်။ ကျွန်ုပ်တို့၏ အသက်တာကိုဘုရားသခင်၏ နှုတ်ကပတ်တော်လက်တွေ့ အသုံးပြုခြင်း အားဖြင့် စဉ်ဆက်မပြတ်ဆေးကြောသန့်စင်ရန်လိုအပ်ပါသည်။ ဤအ က မိတ်သဟာယကိုထိန်းသိမ်းစောင့်ရှောက်ဘို့ ပြောဆိုခြင်းဖြစ်သည်။
တော်စပ်မှုသည် မကျိုးပဲ့မပျက်စီးနိုင်သောသံကြိုးတစ်ခုဖြစ်နေစဉ်တွင် မိတ်သဟာယသည် လွယ်လင့် တကူပြတ်တောက် နိုင် သောအပ်ချည် တစ်မျှင်ဖြစ်နေပါသည်။ အပြစ်သည် မိတ်သဟာယကိုချိုးဖျက်သော
ကြောင့် ကျွန်ုပ်တို့၏အသက်တာလျှောက်လှမ်းမှုသန့်စင်ဆေးကြောရန် နှုတ်ကပတ်တော် ကျွန်ုပ်တို့လိုအပ်နေပါသည်။ ။
ပေါလု၏ခေတ်ကာလတွင် တကိုယ်လုံးစင်ကြယ်စေဖို့ လူတို့ သည်အများပြည်သူရေချိုးသည့်နေရာသို့ သွားကြသည်။ သို့သော်လည်း သူတို့၏ဖိနပ်များကိုစီးပြီး အိမ်သို့ခြေလျင်ဖြင့် ပြန်လာကြသောအခါ၊ သူတို့၏ခြေထောက်များမှာ ရွှံ့များနှင့် ပေကျံပါသည်။ ဤအရာက ရေချိုးခြင်းနှင့်ခြေဆေးခြင်းကို သရုပ်ဖော်ပေးခြင်းဖြစ်ပါသည်။ ရေချိုးခြင်း သည် ကယ်တင်ခြင်းဖြစ်၍၊ ခြေဆေးခြင်းသည် သန့်ရှင်းစင်ကြယ်စေ ခြင်းဖြစ်ပါသည်။
ဒုတိယမွေးခြင်းနှင့်ဆိုင်သောရေချိုးခြင်းသည် တစ်ကြိမ်တစ်ခါ တည်းသာလျှင်ဖြစ်သဖြင့်၊ ပေတရုအနေဖြင့် နောက်တစ်ကြိမ်ရေချိုး စရာမလိုတော့ပါ။ သူသည်ကယ်တင်ခြင်းရခဲ့ပြီးဖြစ်သည်။ ဤအချက်က လူတစ်ဦးသည်ကယ်တင်ခြင်းရပြီးသော်လည်း ဒုစရိုက်အပြစ်ကြောင့် သူ၏ကယ်တင်ခြင်းဆုံးရှုံးသွားကာ၊ နောက်တစ်ဖန်ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းပြန်လည်ရရှိသည်ဟူသောခံယူချက်သည် မှားယွင်းကြောင်း ချေပပြောဆိုပါသည်။
ဒုတိယမွေးခြင်းနှင့်ဆိုင်သောအရာ၌ တော်စပ်မှုတစ်ခုသည် အတည်တကျပေါ်ထွန်းလာသည်။ ဘုရားသခင်သည်ခမည်းတော်ဖြစ်ပြီး၊ ယုံကြည်သူသည် သူ၏သားသမီးဖြစ်ပါသည်။ တော်စပ်မှုသည် မပျက်စီးနိုင်ပါ။ သဘာဝတရားနှင့်ဆိုင်သောဆွေမျိုးတော်စပ်ခြင်းသည် တည်မြဲသကဲ့သို့ အထက်ပါတော်စပ်ခြင်းသည် ထာဝရတည်ပါသည်။ ဒုစရိုက်အပြစ်သည်
တော်စပ်ခြင်းကို မချိုးဖျက်နိုင်ပါ။ အကယ်၍ ယုံကြည်သူတစ်ဦးသည် ဒုစရိုက်ကိုပြုမိလျှင်လည်း ဘုရားသခင်သည်သူ၏ခမည်းတော်ဖြစ်နေဆဲ ဖြစ်သည် (၁ယော၊ ၂း၁၁)။
သခင်ဘုရားက ပေတရုအား “သင့်ကိုငါမဆေးရလျှင် သင်သည် ငါနှင့်မဆက်ဆံရ” ဟု မိန့်တော်မူသောအခါ၊ ကိုယ်တော်က တော်စပ်မှု ကိုပြောဆိုနေခြင်းမဟုတ်ဘဲ၊ မိတ်သဟာယအပိုင်းကိုပြောဆိုနေခြင်းဖြစ် သည်။ နှုတ်ကပတ်တော်အားဖြင့် စဉ်ဆက်မပြတ် သန့်ရှင်းစင်ကြယ် အောင်ဆေးကြောခြင်းမှလွဲ၍ ပေတရုအနေဖြင့် သူ့သခင်နှင့် အတူ မိတ်သဟာယမဖွဲ့နိုင်ခဲ့ပါ။
နှုတ်ကပတ်တော်အားဖြင့် ဆေးကြောသန့်စင်စေခြင်းသည် ဘုရားသခင်၏သားတော် သခင်ယေရှုခရစ်တော်၏အသွေးတော်အား ဖြင့် ဆေးကြောသန့်စင်စေခြင်းနှင့်ဆန့်ကျင်ကွဲလွဲခြင်းမရှိပါ။ ကျွန်ုပ်တို့ သည် နှုတ်ကပတ်တော်နှင့်ကိုက်ညီစွာရှင်သန်သွားလာကြသောအခါ၊ နှုတ်ကပတ်တော်က ကျွန်ုပ်တို့အား ဒုစရိုက်အပြစ်ကိုဖော်ပြတောင်းပန် ရန်နှင့် စွန့်လွတ်ရန်လမ်းပြပို့ဆောင်ပါသည်။ “ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့ အပြစ်ရှိသမျှကို ဆေးကြော တော်မူ၏” (
၁ယော၊ ၁၇၁)။ ထို့ကြောင့် အထက်ပါနှစ်ခုတို့ သည် တစ်ခုနှင့်တစ်ခုဆန့်ကျင်ကွဲလွဲခြင်းမရှိဘဲ၊ ဆက်နွယ်နေပါသည်။
ကယ်တင်ခြင်းလား သို့မဟုတ် တပည့်တော်ဖြစ်ခြင်းလား
Salvation or Discipleship?
ကယ်တင်ခြင်းနှင့်သက်ဆိုင်သောကျမ်းချက်များနှင့် တပည့်တော် ဖြစ်ခြင်းနှင့်သက်ဆိုင်သောကျမ်းချက်များအကြား ကွဲပြားခြားနားမှုကို ခွဲခြားရန်ပျက်ကွက်ခြင်းသည် ယုံကြည်သူ၏လုံခြုံမှုကိုရှုပ်ထွေးစေပါသည်။
ဘုရားသခင်က ယုံကြည်ခြင်းကိုအခြေခံ၍ အပြစ်သားတို့အား ထာဝရအသက်ကို ကတိပေးသောအခါ၊ ဝိညာဉ် ကယ် တင် ခြင်းကို ဦးတည်ပြောဆိုခြင်းဖြစ်ကြောင်း သင်သည်သိမြင်နားလည်နိုင်ပါသည်။ သို့ သော်လည်း၊ သခင်ဘုရားသည် စစ်မှန်သောတပည့်တော်တို့ အား ဆက်ကပ်မှုရှိသောအသက်တာ၊ ကောင်းသောအကျင့်နှင့်ကိုယ်ကျိုးစွန့် ၍အသက်ရှင်နေထိုင်ရန်တိုက်တွန်းနှိုးဆော်သောအခါ၊ တပည့်တော် ဖြစ်ခြင်းအကြောင်းကို ဦးတည်ပြောဆိုခြင်းဖြစ်သည်။
ကယ်တင်ခြင်းတွင် အဆင့် အတန်းမရှိပါ။ လူတစ်ဦးသည် ကယ်တင်ခြင်းသည် သို့မဟုတ် ကယ်တင်ခြင်းမရပါ၊ ဟူ၍ တစ်ခုမဟုတ် တစ်ခုဖြစ်ပါသည်။ ကောင်းကင်ဘုံသို့ဝင်စားဖို့ရန် အခြားသူများထက်သာ၍ သင့်တော်သောယုံကြည်သူဟူ၍မရှိပါ။ အကယ်၍ မည်သူတစ်ဦးတစ် ယောက်မဆို သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်နှင့် အရှင် သခင်အဖြစ်ပိုင်ဆိုင်ထားပါက၊ ဘုရားသခင်က သူ့ကိုကောင်းကင်ဘုံသို့ ဝင်စားဖို့သင့်တော်သောသူဖြစ်သွားစေပါသည်။ သူသည်မိမိ၏ကောင်းမှု
ကုသိုလ်များအားဖြင့် ကယ်တင်ခြင်းရသည်မဟုတ်ဘဲ၊ ကယ်တင်ရှင်၏
ကျေးဇူးကရုဏာတော်ကြောင့် ကယ်တင်ခြင်းရပါသည်။ ကယ်တင်ခြင်း သည် “ခရစ်တော်၌” ဖြစ်သည်။ ယုံကြည်သူကို ခရစ်တော်၌လက်ခံ သည်။ ယုံကြည်သူသည်ခရစ်တော်၌ပြည့်စုံသည်။ ကောင်းကင်ဘုံ သို့ ဝင်စားဘို့ သင့် တော်ရန် ယုံ ကြည် သူကို ခရစ်တော်၌ဖန်ဆင်းသည်။
ကယ်တင်ခြင်းအကြောင်းကို ရှင်းလင်းစွာဖော်ပြထားသည့် ကျမ်းချက်များကိုကျွန်ုပ်တို့ကိုးကားဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အနည်းငယ် ထပ်မံဖော်ပြပေးပါမည်။ မဿဲ ၁၁၂၈။ ယော၊ ၁း၁၂။ ၃၁၆။ ၅:၂၄။ ၆၄၇။ တ၊ ၁၆၃၁။ ရော၊ ၁၀၉။
ကောင်းကင် ဘုံ သို့ ဝင် စားဖို့ အတွက် သတ်မှတ်ထားသော အဆင့်အတန်းတစ်ခုမှမရှိသော်လည်း တပည့်တော်ဖြစ်ခြင်းအတွက် မူကား အဆင့်အတန်းများရှိပါသည်။ ဥပမာ၊ သူငယ်များ၊ လူပျိုများနှင့် အဘများဟူ၍ရှိ ပါသည် (
၁ယော၊ ၂း၁၂-၁၄)။ အခြားသူတို့ သည် ခဲသောအစာကိုစားသုံးနေစဉ်တွင် အချို့တို့သည် နို့ကိုသာသုံးဆောင် နေရဆဲဖြစ် သည် (ဟေဗြဲ ၅း၁၂-၁၄)။ တပည့် တော် တစ်ဦးသည် သင်ယူသူတစ်ဦးဖြစ်ပြီး၊ အခြားခရစ်ယာန်များထက်ပိုမိုသင်ယူကြသော ခရစ်ယာန်အချို့ရှိနေသည်မှာ ထင်ရှားပါသည်။ ။
လူတစ်ဦးသည်ကယ်တင်ခြင်းရသောအခါ၊ သူသည် ဘုရား သခင်၏ကျောင်းဖြစ်သောတပည့်တော်ဖြစ်ခြင်းဆီသို့ ဦးတည်၍ ထွက် လာပါသည်။ သူသည်နှုတ်ကပတ်တော်ကို သာ၍ သင်ယူဆည်းပူး၊ နားထောင်သောအခါ သူသည်အဆင့်တစ်ခုမှအခြားအဆင့်တစ်ခုသို့ လျင်လျင်မြန်မြန်တိုးတက်သွားသည်။ တပည့်တော်ဖြစ်ခြင်း၏အပြည့်စုံ ဆုံးစံနှုန်းမှာ သခင်ယေရှု၏သဏ္ဍာန်တော်နှင့်တူညီလာခြင်းဖြစ်သည်။
သခင်ယေရှုက၊ သူ၏နှုတ်ကပတ်တော်၌တည်နေသူတို့ သည် တပည့်တော်အမှန်များဖြစ်လာကြကြောင်း ပြောခဲ့ပါသည်။ “စစ်မှန်သော တပည့်တော်များ” ဟူသောဖော်ပြချက်က စံချိန်စံနှုန်းကိုရည်ညွှန်းခြင်း ဖြစ်နိုင်ပါသည်။ သို့သော်လည်း မည်သူမဆို သခင်ဘုရားပြောကြားသည့် ခက်ခဲသောသွန်သင်ချက်များနှင့် ကိုယ်တော်၏ရိုးရှင်းသောမိန့်မှာချက် များကိုနာခံလိုက်လျှောက်ခြင်းအားဖြင့် စစ်မှန်သောတပည့်တော်တစ်ဦး
ဖြစ်လာနိုင်ပါသည်။
ခက်ခဲသောသွန်သင်ချက်အချို့ကို နားထောင်ကြည့်ပါ။
ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကို ကိုယ်ငြင်းပယ် ရ မည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ငါ့နောက်သို့ လိုက်ရမည် (လု၊ ၉း၂၃)။ အကြင်သူသည် ငါ့ထံသို့လာ၍မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ ကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကို လည်းကောင်းမမုန်း၊ ထို သူသည် ငါ့တပည့် မဖြစ်နိုင်ရာ (လု၊ ၁၄၂၆)။
ဤကျမ်းချက်၏နက်နဲသောအဓိပ္ပါယ်မှာ၊ စံချိန်မီတပည့်တော် တစ်ဦးသည် သခင်ခရစ်တော်ကိုလူသားချင်းပေါင်းသင်းဆက်နွယ်ခြင်း ထက်ဦးစားပေး၍ ရှေ့တန်းတင်ရမည်ဟု ဆိုလိုပါသည်။
ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည်မိမိ၌ရှိသမျှကိုမစွန့်ဘဲ နေ၏။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ (လု၊ ၁၄၃၃)။
ဖော်ပြပါကျမ်းချက်များသည် ဧဝံဂေလိဆိုင်ရာကျမ်းချက်များ မဟုတ်ကြောင်း ထင်ရှားပါသည်။ ဤကျမ်းချက်များသည် ပျောက်ဆုံးသော အပြစ်သားများအတွက် သတင်းကောင်းမဟုတ်ပါ။ ကျမ်းချက်များကိုနာခံ လိုက်လျှောက်နိုင်ရေးအတွက်ဘုရားသခင်၏ အသက်ကိုရရှိရန် တောင်းဆို ပြီး၊ ထိုဘုရားသခင်၏ အသက်ကိုရနိုင်သည့်တစ်ခုတည်းသောနည်းလမ်း မှာ အသစ်တစ်ဖန်မွေးဖွားခြင်းဖြစ်ပါသည်။ အသစ်တစ်ဖန်မွေးဖွားခြင်း မရှိပါက၊ ဤကျမ်းချက်တို့၏ပြစ်တင်ရှုတ်ချခြင်းကိုသာခံရမည်ဖြစ်သည်။
သို့ သော်လည်း၊ သခင်ယေရှုခရစ်တော်နှင့် နီးနီးကပ်ကပ်မိတ်သ ဟာယဖွဲ့၍ လျှောက်လှမ်းချင်သောယုံကြည် သူများအတွက်မူကား၊ ဤ ကျမ်းချက်တို့သည် ကောင်းသော သွန်သင်ချက်များဖြစ်သည်။ ခရစ်ယာန် များအားလုံးကြိုးပမ်း ဆောင်ရွက် သင့်သောအရာများနှင့် ပတ်သက်၍ ဤကျမ်းချက်တို့က စံနမူနာများကို ဖော်ပြပါသည်။
ကယ်တင်ခြင်းအကြောင်းမဟုတ်ဘဲ၊ တပည့် တော်ဖြစ်ခြင်း အကြောင်းကိုဆွေးနွေး ဖော်ပြထားသည့်အခြား ကျမ်းချက်တစ်ချို့ရှိပါသည်။
ထိုအခါ၊ သခင်သည်… အမျက်ထွက်၍ ကြွေးရှိသမျှကိုမဆပ် မှီတိုင်အောင် အာဏာသားတို့ လက်ကို အပ်လေ၏။ သင်တို့ သည်လည်း ညီအစ်ကို အချင်းချင်းတို့ ကို စိတ်နှလုံးပါလျက်၊ အပြစ်မလွတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏အဘ သည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတံ့ဟု မိန့်တော်မူ ၏ (မ၊ ၁၈း၃၄-၃၅)။
ဤစာအုပ်ထဲ၌ရှင်းပြထားသကဲ့သို့ အပြစ်ကိုခွင့်မလွတ်သော တပည့်တော်သည် စာတန်ထံသို့အပ်နှံခြင်းခံရလိမ့်မည် သို့မဟုတ် ငရဲဘုံ ထဲသို့ ပစ်ချခြင်းခံရမည်ဟု ဤကျမ်းချက်ကမပြောပါ။ ထိုသို့ ပြောမည့်အစား အာဏာသားတို့လက်သို့အပ်လေ၏၊ ဟုသာပြောပါသည်။ အာဏာသား တို့လက်သို့ အပ်ခြင်းဆိုသည်မှာ၊ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်း၏ အပြင်ဘက်၌ရှိသော စိတ်ဆင်းရဲခြင်းရှိသမျှခံစားရခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ ပြစ်ဒဏ်သည်ထာဝရမဟုတ်ဘဲ ယာယီမျှ သာဖြစ်ကြောင်း သတိပြုပါ – “ကြွေးရှိသမျှကိုဆပ်ပြီးသည်အထိ။” ထိုသူသည်ဒုစရိုက် အပြစ်ကိုဝန်ချတောင်းပန်၍ ထိုအပြစ်တို့ကိုစွန့်လွတ်လျှင်စွန့်လွတ်ချင်း သူသည် ယခင်နည်းတူ ဘုရားသခင်နှင့်ပြန်လည်မိတ်သဟာယဖွဲ့ပါသည်။
အကြင်သူသည်ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသောတပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာသောအကျိုးကိုရ၍ ထာဝရအသက်ကိုအမွေခံရ လတံ့ (မ၊ ၁၉း၂၉)။
ဤကျမ်းချက်သည် ထာဝရအသက်၏ပျော်ရွှင်မှုကို သာလွန်၍ခံစားရရှိရန်နှင့် သာ၍ကြီးမားသောဆုလာဘ်များကို ဆိုလို သည်။ သခင်ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ထိုအသက်ကိုရရှိသည်။
မိမိ အသက် ကို နှမြောသော သူ သည် အသက်ဆုံးလိမ့်မည် ။ ဤလောက၌မိမိအသက်ကိုမှန်းသောသူမူကား ထာဝရအသက် ကိုစောင့်ရှောက်လျက်နေ၏ (ယော၊ ၁၂း၂၅)။
တစ်ဖန်ပြောရလျှင်၊ ဤကျမ်းချက်က ထာဝရအသက်ပိုင်ဆိုင်ခြင်း အကြောင်းကိုပြောဆိုနေခြင်းမဟုတ်ဘဲ၊ ကောင်းကင်ဘုံ၌သာ၍ ကြီးမား
သောဆုလာဘ်များရရှိမည့်အကြောင်းနှင့် သာ၍ ပျော်ရွှင်မှုကိုခံစားရမည့် အကြောင်းကိုပြောဆိုခြင်းဖြစ်ပါသည်။
သို့ဖြစ်၍၊ ဖော်ပြပါအကြောင်းအရာတို့ကို ကျွန်ုပ်တို့သည် ဤသို့ အကျဉ်းချုပ်နိုင်ပါသည်။ အပြစ်သားများအား သခင်ခရစ်တော်ကို ယုံကြည်ရန်ခေါ်ဖိတ်ထားသည့်ကျမ်းချက်များကိုတွေ့တိုင်း ကယ်တင်ခြင်း အကြောင်းကိုပြောဆိုခြင်းဖြစ်ကြောင်းသိမှတ်ပါ။ ချစ်ခြင်းမေတ္တာရှိရန်၊ သန့်ရှင်းခြင်းရှိရန်၊ ဆက်ကပ်ပူဇော်ခြင်းနှင့်ကြိုးစားအားထုတ်သည့် တိုက်တွန်းနှိုးဆော်သည့်ကျမ်းချက်များ သို့ မဟုတ် ခရစ်ယာန်တို့၏
ကောင်းမြတ်သောဂုဏ်အင်လက္ခဏာများအကြောင်းကိုဖော်ပြထားသည့် ကျမ်းချက်များတွေ့မြင်သောအခါ၊ တပည့်တော်ဖြစ်ခြင်းအကြောင်း ကို ရည်ရွယ်ပြောဆိုခြင်းဖြစ်ကြောင်းသိမှတ်ပါ။
အသီးသီးခြင်းလား သို့မဟုတ် ကယ်တင်ခြင်းလား
Fruitbearing or Salvation?
ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည် လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏(ငယ်-၁)။ ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကိုသာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏(ငယ်-၂)။ သင်တို့ သည် ငါဟောပြောသောစကား အားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏(ငယ်-၃)။ ငါ၌တည် နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက် သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက်အသီးမသီး နိုင်သကဲ့သို့ သင်တို့သည်ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ (ငယ်-၄)။ ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များ ဖြစ် ကြ၏။ အကြင်သူသည်ငါ၌တည် ၍၊ငါသည် လည်းသူ၌ တည်၏။ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့် ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှမတတ်နိုင်ကြ (ငယ်-၅)။ ငါ၌မတည်သောသူသည် သွေ့ခြောက်သောအခက်ကဲ့သို့ ပြင်သို့ ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သော အခက်များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက် ကြ၏ (ယော၊ ၁၅း၁-၆)။ ဤကျမ်းချက်များသည် ကယ်တင်ခြင်းမဟုတ်ဘဲ၊ အသီးသီးခြင်း အကြောင်းဖြစ်ပါသည်။ ၄င်းသည် အပြစ်သားများအတွက်ဧဝံဂေလိ သတင်းကောင်းတစ်ခုမဟုတ်ဘဲ၊ သခင်ယေရှုနှင့်တစ်ဦးချင်းနီးကပ်စွာ မိတ်သဟာယဖွဲ့ရန် သန့်ရှင်းသူများကိုတိုက်တွန်းအားပေးချက်တစ်ခု ဖြစ်ပါသည်။ ကယ်တင်ခြင်း သည်အခမဲ့လက်ဆောင်တစ်ခုဖြစ်သော် လည်း၊ ဝိညာဉ်ရေးရာ၌ သခင်ယေရှုနှင့် လက်ပွန်းတတီးရင်း နှီးကျွမ်းဝင် သည့် အသက်တာကိုမူကား သခင်ဘုရား၏ချစ် ခြင်းမေတ္တာ၌တည် ၍ သူ၏မိန့်မှာချက်များ ကိုနာခံလိုက်လျှောက်သူများအတွက်သာ ထားရှိ လေသည်။
ဣသရေလလူတို့နှင့်မတူဘဲ၊ သခင်ယေရှုသည်မှန်သောစပျစ် နွယ်ပင်ဖြစ်ပါသည်။ ဣသရေလအမျိုးသည် ဗောရှသီးများကိုသာလျှင် သီးခဲ့ သည် (ဟေရှာ၊ ၅၂၊၄)။ ခမည်းတော်ဘုရားသခင်သည်ဥယျာဉ် စောင့်ဖြစ်တော်မူ ၏။ ယုံကြည်သူအားလုံးတို့သည် စပျစ်နွယ်ပင်ပေါ်ရှိ အခက်အလက်များဖြစ်ကြပါသည်။ သူတို့ သည် မိမိတို့၏အသက်တာ၊ အစာအဟာရနှင့်သီးပွင့်နိုင်မှုတို့ကို ဘုရာသခင်ထံမှရရှိကြသည်။
အငယ်-၂ ၌ပါသော မဟာမေးခွန်းကိုဖြစ်ပေါ်စေသည့်စကား စုမှာ “ခုတ်ပစ်တော်မူ၏” ဖြစ်ပါသည်။ အာမီးနီးယန်းဝါဒီသမားက စစ်မှန်သောယုံကြည်သူတစ်ဦးသည် ငရဲဘုံ သို့ခေါ်ဆောင်ခြင်းခံရနိုင်
ကြောင်းဤကျမ်းချက်ကသက်သေထူနေသည်ဟုဆို၏။ အချို့က အသီးကင်းမဲ့သောအခက်အလက် သည် လှည့်ဖြာသောဆရာတစ်ပါး ဖြစ်သည်ဟုထင်မှတ်ကြသည်။ အခြားသူများက ဤကျမ်းချက် သည် မကျန်းမမာဖြစ်ခြင်း၊ သို့မဟုတ် သေဆုံးခြင်းအားဖြင့်အမှုတော်လုပ်ငန်းမှ ဖယ်ရှားခြင်းကိုဆိုလိုသည်ဟု ပြောဆိုကြလေသည် (တမန်၊ ၅၁-၁ဝ။ ၁ကော၊ ၁၁း၃၀)။ အဓိပ္ပါယ်ဖွင့်ဆိုချက်ထောင်သောင်းမကများပြားလှ ပေ၏။ ကျွန်ုပ်လည်း ထိုအရေအတွက်ထဲသို့အခြားတစ်ခုကိုထည့်သွင်း ပါရစေ။ “
“ခုတ်ပစ်တော်မူ၏” ဟူ၍ ဘာသာပြန်ထားသောစကားလုံး ကို “အထက်သို့ မတင်သည်” သို့ မဟုတ် “ချီမဆောင်ယူသည်” ဟူ၍ တိတိကျကျ ဘာသာပြန်ဆိုနိုင်ပါသည်။ အမှန်စင်စစ်၊ ဤစကားလုံးသည် စပျစ်ဝိုင်ရရှိစေရန် စပျစ်ပင်ကိုကြီးထွားလာအောင်သိပ္ပံနည်းကျ လုပ်ဆောင်စိုက်ပျိုးခြင်းနှင့် ပို၍လိုက် လျောညီထွေမှုရှိပါသည်။ ပုံဆောင် ချက်တွင် ပါသောအခက် တစ်ခက် သည်မြေပေါ်သို့ ကျကာ ရွံ့နွံ တွေ ပေကျံလျက် ပိုးမွှားများ၏ဝိုင်းအုံတွယ်ကပ်ခြင်းကိုခံနေရသည်။ ဥယျာဉ်မှူး သည် ထိုအခက်ကိုမတင်ပြီး သစ်ငုတ်တစ်ခုနှင့်ပူးတွဲ၍ ချည်ကောင်း ချည်ထားလိမ့်မည်။ သို့မှသာ ထိုအခက်သည် ရာသီချိန်၌သီးပွင့်လာ မည်ဖြစ်သည်။
အောက်ပါကျမ်းချက်များတွင်ပါရှိသော “ဟစ်ကျော်ခြင်း” “အထက်သို့မျှော်ကြည့်ခြင်း” “အသံကိုလွှင့်ခြင်း” “ချီဆောင်ခြင်း” တို့ သည် ဂရိဘာသာစကားကဆိုလိုသော “အထက်သို့ မတင်ခြင်း” အဓိပ္ပါယ်ကို ဖော်ဆောင်ထားပြီး၊ “ခုတ်ပစ်ရန်” ဟူသောအဓိပ္ပါယ်ကိုဖော်ဆောင်ဖို့ မဖြစ်နိုင်သောစကား လုံးများဖြစ်ကြပါသည်။
လု၊ ၁၇း၁၃ – “ကယ်မသနားတော်မူပါဟု ဟစ်ကြော်ကြ၏”
ယော၊ ၁ ၁၄၁-“ယေရှု သည် လည်း အထက်သို့ မျှော်ကြည့်
လျက်” ၊ တ၊ ၄း၄၂ – “ဘုရားသခင်ထံသို့အသံကိုလွှင့်လျက်” ဗျာ၊ ၁၀း၅ – “ကောင်းကင်တမန်သည် လကျော်လက်ကို ကောင်းကင်သို့ချီပြီးလျှင်”
“ခုတ်ပစ်ရန်”ဟူသောအဓိပ္ပါယ် ထက် “ဆောင်၍၊ တင်၍၊ ကောက်သိမ်း၍၊ ထမ်း၍၊ ကိုင်ဖမ်း၍၊ ကောက်ယူ၍” ဟူသည့်အဓိပ္ပါယ် ပါရှိသော အခြားကျမ်းချက်အချို့ရှိပါသည်။
မ၊ ၉း၆ “ကိုယ်အိပ်ယာကိုဆောင်၍ ကိုယ့် အိမ်သို့ သွားလော့ ဟု လက်ခြေသေသောသူကို မိန့်တော်မူ၏” (မာ၊၂၃၊ ၉၊ ၁၁၊ ၁၂။ လု၊ ၅း၂၄-၂၅။ ယော၊ ၅း၈-၁၂) တို့ကိုလည်းကြည့်ပါ။
မ၊ ၁၁း၂၉ “ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့။ ငါ့ထံ၌နည်းခံကြလော့။
မ၊ ၁၄း၂၀ “… လူအပေါင်းတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကိုကောက်သိမ်း၍၊ တစ်ဆယ့်နှစ်တောင်းအပြည့်ရကြ ၏” (မ၊ ၁၅၃၇။ မာ၊ ၆း၄၃။ ၈း၈၊ ၁၉-၂၀ တို့ကိုလည်းကြည့်ပါ)။
မ၊ ၁၆း ၂၄ “ထိုအခါ ယေရှုက၊ ငါ၌ဆည်းကပ်လိုသောသူ ဖြစ်လျှင် ကိုယ့်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်” (မ၊၂၇၃၂။ မာ၊ ၈း၃၄။ ၁၀၂၁။ ၁၅၂၁တို့ကို လည်းကြည့်ပါ)။
မ၊ ၁၇း၂၇ “…အိုင်သို့သွား၍ငါးမျှားကိုချလော့။ ရှေ့ဦးစွာ ရသောငါးကိုယူ၍ ပါးစပ်ကိုဖွင့်လျှင်…..။”
မာ၊ ၁၆း၁၈ “မြွေတို့ ကိုကိုင်ဘမ်းကြလတ္တံ့ ……။”ယော၊ ၈း ၅၉ “ထို အခါ၊ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှာ ကျောက်ခဲတို့ကိုကောက်ယူကြ၏။”
ကျမ်းချက်များထဲတွင် “ခုတ်ပစ်၏” ဟူသောစကားလုံးနှင့် ဘာသာပြန်ဆိုထားသော်လည်း ရှေ့နောက် စကားအဆက်အစပ်ကို ကြည့်ခြင်းအားဖြင့်၊ ထပ်မံပြောကြားထားသောအဓိပ္ပါယ်က၊ ရှင်းလင်း ထင်ရှားပါသည် (မ၊ ၁၄၁၂။၂၂၁၃။၂၄၃၉။ မာ၊ ၆၂၉။ လု၊ ၈၁၂။ ယော၊ ၁၁၃၉။ ၁၉၃၈ တို့ကိုကြည့်ပါ)။ “ခုတ်ပစ်ခြင်း” ကို ပျက်စီးခြင်း အတွက်အဓိပ္ပါယ်ဖွင့်ဆိုထားသည်မှာ အလွန်ထင်ရှားပါသည်။
အငယ်-၂ ၏ဒုတိယပိုင်းက အသီးသီးသောအခက်ရှိသမျှတို့ ကို သာ၍ သီးစေခြင်းငှာ ဥယျာဉ်မှူးက သုတ်သင်ရှင်းလင်းကြောင်းပြောပါ သည်။ ၎င်းက အသီးသီးရန်အတွက် လိုအပ်သောအာဟာရအားလုံးတို့ သည် အသီးများဆီသို့သွားကြောင်းနှင့် အကိုင်းအခက်များနှင့်အရွက်များ ဆီသို့ စီးဝင်ပျောက်ကွယ် သွားခြင်းမရှိကြောင်းသေချာစေပါသည်။ က်နေရာ၌ဖော်ပြထားသောသုတ်သင်ရှင်းလင်းခြင်းသည် ဟေဗြဲအခန်း
– ၁၂ ပါ သူငယ်တို့ကိုဆုံးမသွန်သင်ခြင်းနှင့်တူညီပါသည်။ သုတ်သင် င်းလင်းခြင်းသည် ဝိညာဉ်ရေး ရာကြီးထွားမှုကိုလျော့ပါးစေသည့်အရာ မန်သမျှကိုရှင်းလင်းပစ်ခြင်းနှင့် ဖြစ်နိုင်သည့်နည်းလမ်းဖြင့် ဘုရားသခင် အဖို့အသီးသီးရန် အားပေးခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။
“ တပည့်တော်တို့ သည်အကျင့်သိက္ခာပိုင်းဆိုင်ရာနှင့် ဝိညာဉ်ရေး ဆိုင်ရာတို့၌ သန့်ရှင်းစင်ကြယ် ခြင်းရှိကြပြီးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊သခင်ယေရှုသည် သူတို့အားဘုရားသခင်၏ နှုတ်ကပတ် တော်ကို သင်ကြား ချထားခဲ့သောကြောင့်ဖြစ်ပါသည်။ ။
“ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်” ကားစု၌၊ ပထမပိုင်းသည် တိုက်တွန်းနှိုး ဆော်ခြင်းဖြစ်၍၊ ဒုတိယပိုင်း ပည် အမှန်ဖြစ်လာမည့်အရာကိုဖော်ပြသောအချက်ဖြစ်သည်။ ဖော်ပြ ချက်တစ်ခု စီ တိုင်းသည် ဧကန်မုချဖြစ်လာရန် ဦးတည် နေပါသည်။ ပျစ်နွယ်ပင်၌မတည်သော အခက်အလက်က စပျစ်သီးမသီးနိုင်သလို ပုံကြည်သူတစ်ဦးသည်ခရစ်တော်၌မတည်ပါက ခရစ်တော်၏ပုံသဏ္ဍာန်နှင့် ဂူသည့်အသက်တာရှိသောအသီးကို မသုံးနိုင်ပါ။ “တည်နေခြင်း”သည် ခံခြင်းနှင့်တူညီပါသည်။ (ယော၊ ၁၅၁၀။ ၁ယော၊ ၃း၂၄)။ တည်နေခြင်း သည် မှီခိုခြင်းကိုပြောဆိုခြင်း လည်းဖြစ်သည်။ အခက်အလက်သည် သူ၏ အသက်နှင့် အစာအာဟာရအတွက် ပင်စည်အပေါ်၌မှီခိုနေ သည်။ ယုံကြည်သူတစ်ဦး (အခက်အလက်) သည်သူ၏အထဲ၌ကျိန်းဝပ်တော်မူသော သခင်ခရစ်တော် (စပျစ်နွယ်ပင်) နှင့်တည်သောမိတ်သဟာယကိုဖွဲ့၍ အသက်ရှင်နေထိုင်သောအခါ သူသည်အသီးများစွာ သီးသည်။ အသီး တိုးပွားလာမှုကိုသတိပြုပါ –
များစွာသောအသီးကိုသီးခြင်း
သာ၍သီးခြင်း
အသီးသီးခြင်း
အသက်ရှင်တော်မူသောစပျစ်နွယ်ပင်(ခရစ်တော်)၌မတည်လျှင် လူသည်အဘယ်အမှုကိုမျှမတတ်နိုင်ပါ။ ၄င်းသည် အသီးသီးခြင်းအတွက် မှန်ကန်သည်သာမက ကယ်တင်ခြင်းအတွက်လည်းမှန်ကန်ပါသည်။
အငယ်- ၆ ကို “ငါ၌မတည်သောသူသည် သွေ့ခြောက်သော အခက်ကဲ့သို့ ပြင်သို့ ဘုရားသခင်၏ ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့ သော အခက်များကို ဘုရားသခင်သည်စုသိမ်း၍ ငရဲမီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏” ဟုပြောဆိုရန် ဖတ်ရှုကြသူတို့အဘို့ အခက်ကဲ့သို့ ပြင်သို့ အခင်သည်စုသိမ်း ၍ငရဲမီးကြသူတို့အဘို့ဤကျမ်းချက်သည်စွဲ မက်စရာဖြစ်နေပါသည်။ သို့သော် သခင်ယေရှု ထိုသို့မပြောပါ။- ယုံကြည်သူသည် အပြင်သို့ ဘုရားသခင်၏ပစ်လိုက်ခြင်းကိုခံရပြီးသွေ့ခြောက်သွားသည်ဟု သခင်ဘုရားက မပြောပါ။
– ထိုသို့ သောအခက်များကို ဘုရားသခင်သည်စုသိမ်းသည်မပြောပါ။
– ကိုယ်တော်သည် ထိုအခက်တို့အားမီးထဲသို့ပစ်ချလိုက်သည်ဟု သခင်ဘုရားက မပြောပါ။
စပျစ်နွယ်ပင်၌မတည်သောအခက်သည် သခင်ဘုရားမိန့်တော်မူ သောစကားကိုနားထောင်ခြင်းမရှိဘဲ အသက်တာကိုလျှောက်လှမ်း သောယုံကြည်သူတစ်ဦးဖြစ်ပြီး၊ ယင်းကဲ့သို့စပျစ်နွယ်ပင်၌မတည် ကြောင့် ဘုရားအတွက်သူ၏သက်သေပျောက်လွှင့်သွားပါသည်။ သူ ခြောက်သွေ့သောအခက်များပမာငြင်းပယ်သူမှာ ဘုရားသခင်မဟုတ် လူများဖြစ်ကြသည်။ သူ၏ပုံသက်သေမရှိသောခရစ်ယာန်အသက် ကို လှောင်ပြောင်ကဲ့ရဲ့ ကြသည်။ မယုံကြည်သူတို့သည် ထိုခရစ်ယာ အမည်နာမ၊ ဂုဏ်အသရေနှင့် ခရစ်ယာန်ယုံကြည်ခြင်းတို့ကို စုသိပ် မီးထဲသို့ချလိုက်ကြသည်။ ဘုရားသခင်က ထိုအရာတို့ ကို မီးထဲ လိုက်သည်ဟု မပြောကြောင်း သတိပြု ပါ။ ဤသို့ ပြောသောသူတ် ခရစ်တော်သွန်သင်သောအရာတို့ကို ပိုင်းခြားနားမလည်သောသူ ဖြစ်ကြ သည်။ ယုံကြည်သူ၏သက်သေသည် လောင်ကျွမ်းခြင်းခံ သူကိုယ်တိုင်လည်းအငန်ဓါတ်ကင်း မဲ့သောဆားနှင့် တူပါသည် (မ၊ ၅ သို့မဟုတ် အလင်းမပေးနိုင်သည့် အသင်းတော်တစ်ပါးနှင့် တူပါ (ဗျာ၊၂း၅)။
ဒါဝိဒ်မင်းကြီးသည် ပုံဆောင်ချက်တစ်ခုဖြစ်ပါသည်။ သူ စစ်မှန်သောယုံကြည်သူတစ်ဦးဖြစ်သော်လည်း စပျစ်နွယ်ပင်၌မ ခဲ့ချေ။ ရလဒ်အဖြစ် သူသည် ကြီးမားသောဒုစရိုက်နွံထဲသို့ ကျဆင်း ပြီး၊ ကဲ့ရဲ့စရာအခွင့်ကြီးကို ထာဝရဘုရား၏ရန်သူတို့အားပေးလိုက်ရသည် (၂ရာ၊ ၁၂း၁၄)။ ဒါဝိဒ်သည်သူ၏ကယ်တင်ခြင်းဆုံးရှုံးမသွားပါ။ သို့ သော်လည်း သူ၏မွှေးပျံ့သောဂုဏ်သတင်း များညှိုးနွမ်းပျက်စီး သွားပြီး၊ ဘုရားသခင်၏ဆုံးမခြင်းကိုလည်းခံရလေသည်။
မှတ်ချက်။
၁။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း (The Logos 21 version) “သက်စမ်း” (Living water) ၌ “ချီမဆောင်ယူသည်” ဟု ဘာသာပြန်ဆိုသည်။
စဉ်ဆက်မပြတ်ဆည်းကပ်ခြင်းလား သို့မဟုတ်ထိန်းသိမ်းခြင်းလား
Continuation or Preservation?
တမန်တော်တို့ သည် ယုံကြည်သူလူသစ်တို့ အား ခရစ်ယာန် အသက်တာ၌အားကြီးစွာ အသက်ရှင်ကြဘို့တိုက်တွန်းခြင်းသည် အယူ ဖောက်ပြန်သွားကြမည်ကို စိုးရိမ်သောကြောင့် သတိပေးခြင်းမဟုတ်ကြောင်း မသိကြပါက၊ များစွာသောကျမ်းပိုဒ်တို့ သည် အခြေအနေ ပေါ်၌တည်သောလုံခြုံမှုကို အထောက်အကူပေးဟန်ဖြစ်လိမ့်မည်။ ဤအကြောင်းနှင့် ပတ်သက်၍ နားလည်ရလွယ်သောဥပမာနှစ်ခုကို တမန်တော်ဝတ္တုထဲ၌တွေ့မြင်ရပါသည်။
သခင်ဘုရား၏လက်တော်သည် ထိုသူတို့နှင့် တကွ ရှိတော် မူသဖြင့် လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။ ထိုအကြောင်း အရာကို ယေရုရှလင်မြို့၌ရှိ သောအသင်းတော် သည်ကြားလျှင်၊ အန္တိအုတ်မြို့တိုင်အောင် သွားစေမည့် အကြောင်း ဗာနဗကို စေလွှတ်လေ၏။ ထို သူ သည် ရောက် ၍ ဘု ရားသခင် ကျေးဇူးတော် ကို မြင်လျှင် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည်ယုံကြည်သောစိတ်နှင့် သခင် ဘု ရားကို မှီဝဲဆည်းကပ်မည် အကြောင်း တိုက်တွန်းနှိုးဆော်လေ၏ (တမန်၊ ၁၁း၂၁-၂၃)။
ထာဝရလုံခြုံမှုသည်မမှန်ကြောင်း အာမီးနီးယန်းဝါဒီများက အထောက် အထားပြလေ့ရှိသောကျမ်းပိုဒ်များအနက် အဓိကကျမ်းပိုဒ်မှာ အငယ်-၂၃ ဖြစ်ပါသည်။ သူတို့က “ယုံကြည်သူတို့သည်သခင်ဘုရားကိုစွန့်ခြင်းဖြင့် ကယ်တင်ခြင်းဆုံးရှုံးနိုင်ကြသောကြောင့် ရှင်ပေါလုနှင့်ဗာနဗတို့သည် သူတို့ကိုသခင်ဘုရား၌ အစဉ်အမြဲမှီဝဲဆည်းကပ်ကြရန်တိုက်တွန်းနှိုးဆော် ခြင်းဖြစ်သည်” ဟုပြောကြသည်။ သူတို့၏ငြင်းဆိုချက်သည် ခိုင်လုံမှု မရှိပါ။ နုနယ်သောယုံကြည်သူတို့ကို သခင်ဘုရားနှင့်အတူအမြဲလျှောက် လှမ်းကြရန်တိုက်တွန်းသောအခါ ထိုသို့မပြုနိုင်ကြပါက သူတို့ရရှိထား သည့် ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်သည်ဟု သတိပေးခြင်းမဟုတ်ပဲ။ ဘုရားသခင်အတွက် အဓိပ္ပါယ်ရှိသောအသက်တာဖြင့် အသက်ရှင်ကြရန် တိုက်တွန်းခြင်းဖြစ်သည်။ ရှင်ပေါလုနှင့်ဗာနဗတို့၏သွန်သင်ချက်သည် လည်း ဤအတိုင်းပင်ဖြစ်သည်။ တပည့်တော်တို့သည် သခင်ဘုရားနှင့်လျှောက်လှမ်းကြပါက ကြွယ်ဝသောအသက်တာကို ရရှိခံစားကြမည့် အပြင်၊ များစွာ သောဒုက္ခဆင်းရဲထဲမှကယ်လွှတ်ခြင်းချမ်းသာရရှိကြမည် ဖြစ်သည်။ ဤကျမ်းချက်သည် ကယ်တင်ခြင်း နှင့်ဆိုင်သောကျမ်းချက် မဟုတ်ပဲ၊ တပည့်တော်ဖြစ်ခြင်းနှင့်ဆိုင်သောကျမ်းချက်ဖြစ်ပါသည်။
ထိုသို့ပြန်ကြစဉ်၊တပည့်တော်များ၏စိတ်နှလုံးကိုမြဲမြံခိုင်ခံ့စေသဖြင့်ယုံကြည်ခြင်း၌တည်ကြမည်အကြောင်းနှိုးဆော်ချီးပင့်၍၊ငါတို့သည်များစွာသောဆင်းရဲဒုက္ခကိုခံ၍ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရကြမည်ဟုဟောပြညွှန်ကြ၏ (တမန်၊၁၄၂၂)။
ကောင်းကင်နိုင်ငံတော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ဟူ၍ ရှိပါသည်။ အတိတ်ကာလသည် သခင်ယေရှုလောက၌အသက်ရှင်စဉ် ဖြစ်၍၊ နိုင်ငံတော်သည်ရှင်ဘုရင်ဖြစ်သောယေရှုခရစ်တော်၏အထဲ၌ ရှိပါသည် (မ၊ ၁၂:၂၈။ လု၊ ၁၇၂၁)။ ယခုပစ္စုပ္ပန်ကာလ၌နိုင်ငံ တော် သည် နက်နဲသောပုံသဏ္ဌာန်ဖြစ်၍၊ ရှင်ဘုရင်ဖြစ်သောခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့်ဤလောက၌မရှိသော်လည်း ယုံကြည်သူတို့ သည်တရားမျှတ၍ ဖြောင့်မှန်သောရှင်ဘုရှင်အဖြစ်ဝန်ခံကြသည်။ အနာဂတ်ကာလ တွင်နိုင်ငံတော် ပေါ်ထွန်းလာကာ ခရစ်တော်သည်ယေရုရှလင်မြို့၌ နန်းစံလျက်၊ ဤလောကကို အနှစ်တစ်ထောင် အုပ်စိုးတော်မူမည် ။ ထို့နောက်၊ ကောင်းကင်ဘုံ၌ရှိသောထာဝရနိုငံတော်ပေါ်ထွန်းမည်။
ဤနိုင်ငံ သားအစစ် အမှန်တစ် ဦးဖြစ် နိုင် ရန် တစ်ခုတည်း နည်းလမ်းမှာ ဒုတိယမွေးခြင်းခံရန်ဖြစ်သည် (ယော၊ ၃၃၊ ၅)။ ခရစ် တော်အတွက် ဆင်းရဲဒုက္ခခံခြင်းသည် ကယ်တင်ခြင်းရရန်မဟုတ်ပါ။ ယုဒသည် သူ၏ဩဝါဒစာထဲတွင် အလားတူတိုက်တွန်းခဲ့ပါသည်။
ချစ်သူတို့၊ သင်တို့သည် မိမိတို့ အလွန်သန့်ရှင်းသောယုံကြည် ခြင်းအပေါ်မှာ မိမိတို့ကိုတည်ဆောက်လျက်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဆုတောင်းပဌနာပြုလျက်၊ ဘုရားသခင် ကို ချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍၊ ထာဝရအသက် အလို့ငှါ၊ ငါတို့သခင်ယေရှုခရစ်၏ ကရုဏာတော်ကို မျှော်လင့်၍ နေကြလော့ (ယုဒ ၁၂၀-၂၁)။
ယုဒသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၌ကိုယ်ကိုကိုယ်စောင့် ရှောက်ရန်တိုက်တွန်းသောအခါ၊ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း မဆုံးရှုံးအောင် ကိုယ့်ကိုကိုယ်စောင့်ထိန်းနိုင်သည် သို့မဟုတ် စောင့်ထိန်းသင့်သည်ဟု မဆိုလိုပါ။ သူသည်ယုံကြည်သူနှင့်ဘုရားသခင်၏မိတ်သဟာယဖွဲ့ခြင်းကို ပြောဆိုခြင်းဖြစ်ပြီး၊ တော်စပ်မှုကို ပြောဆိုခြင်းမဟုတ်ပါ။ နှုတ်ကပတ်တော်ကို နေ့စဉ်ဖတ်ရှုခြင်း၊ ဆုတောင်းခြင်း၊ အပြစ်ကိုဝန်ချတောင်းပန်ကာ စွန့်ပစ်ခြင်းနှင့် ခရစ်တော်ပြန်ကြွလာခြင်းကို မျှော်လင့်ခြင်းနှင့်အသက်ရှင်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဤ မိတ်သဟာယဖွဲ့ခြင်းကို ပြုနိုင်ပါသည်။
ရှင်ပေါလုက သက်သာလောနိတ်မြို့၌ရှိသောယုံကြည်သူတို့ကို သခင်ယေရှုနှင့် အစဉ်အမြဲလျှောက် လှမ်းကြရန် သက်သာလောနိတ် ဩဝါဒအခန်းကြီး-၃ ၌ တိုက်တွန်းချက်ကိုလည်း ကယ်တင်ခြင်းမဆုံး ရှုံးကြရလေအောင် စောင့်ထိန်းရန်တိုက်တွန်းခြင်းဖြစ်သည်ဟု မှားယွင်းစွာ ခံယူသောသူများရှိပါသည်။ ထိုကြောင့်ငါသည် တဖန်မအောင့်နိုင်သောအခါ၊ အာသင်မြို့၌ တယောက် တည်းကျန် ရစ်၍ နေခြင်းငှါအလို ရှိ၏။ ခရစ်တော် ၏ဧဝံဂေလိတရားကို ဟောပြော၍၊ ဘုရားသခင်၏အမှုတော် ကို လုပ်ဖော်ဆောင် ဘက်ဖြစ်သောငါ့ညီ တိမောသေကို လွှတ် လိုက်၏။ ငါတို့ခံရသောဆင်းရဲခြင်းကြောင့် အဘယ်သူမျှ မရွေ့လျော့မည်အကြောင့်၊ သင်တို့ကို မြဲမြံစေ၍၊ ယုံကြည်ခြင်းအရာ၌ သင်တို့ ကို တိုက်တွန်းနှိုးဆော် စေခြင်းငှါ သူ့ကိုငါလွှတ်လိုက် ၏။ ထိုဆင်းရဲခြင်းကိုခံစေမည်အကြောင်း၊ ငါတို့ကိုခန့်ထားတော်မူသည်ဟု သင်တို့ကိုယ်တိုင်သိကြ၏။ အဘယ်တို့နည်းဟု မူကား၊ ငါတို့ သည်ဆင်းရဲခြင်းကိုခံရလိမ့်မည်ဟု သင်တို့နှင့် အတူရှိစဉ်အခါ ငါတို့ပြောနှင့်ကြပြီ။ ထိုသို့ပြောသည့်အတိုင်းဖြစ် သည်ကို သင်တို့လည်းသိကြ၏။ စုံစမ်းသွေးဆောင်တတ်သော သူသည် သင်တို့ကိုစုံစမ်းသွေးဆောင်သဖြင့်၊ ငါတို့ပင်ပန်းစွာ လုပ်ဆောင်ခြင်း အမှုသည် အချည်းနှီးဖြစ်မည်ဟု စိုးရိမ်၍၊ မအောင့်နိုင်သောအခါ သင်တို့၏ယုံကြည်ခြင်းကို သိလိုသော ငှါ ငါစေလွှတ်၏။ ယခုမူကား၊ တိမောသေသည် သင်တို့က ပြန်လာ၍၊ သင်တို့၏ယုံကြည်ခြင်းနှင့် ချစ်ခြင်းတည်သည်ဟု ၍၄င်း၊ ငါတို့သည် သင်တို့ကိုလွမ်းသကဲ့သို့ သင်တို့သည် ငါတို့ ကိုလွမ်း၍၊ အစဉ်မပြတ် ကောင်းမွန်စွာအောက်မေ့ကြသည် ဟူ၍၄င်း၊ ဝမ်းမြောက်စရာသိတင်းကိုကြားပြောသည်ရှိသော် ညီအစ်ကိုတို့၊ ငါတို့သည်အရာရာ၌ဆင်းရဲ၍ ခက်ခဲစွာခံရသည် တွင်၊ သင်တို့၏ယုံကြည်ခြင်းအားဖြင့် သက်သာခြင်းသို့ရောက် ကြ၏။ ယခုမှာ သင်တို့သည် ဘုရားသခင်၌တည်ကြည်လျှင်၊ ငါတို့သည်အသက်ရှင်ကြ၏ (၁ သက်၊ ၃း၁-၈)။
ဤကျမ်းပိုဒ်များက ကယ်တင်ခြင်းဆုံးရှုံးနိုင်သည်ဟူသောခံယူချက်ကို အဘယ်သို့အထောက်အကူပေး ပါသနည်း။ လုံးဝမပေးပါ။ သို့သော်၊ ဤမှား ယွင်းသောယုံကြည်ချက်ကို ခံယူသောသူတို့ က “သက်သာလောနိတ် မြို့၌ရှိသောယုံကြည်သူတို့သည် သခင်ဘုရားနှင့်ယုံကြည်ခြင်း ၌တည်ကြည်ကြ သည်ဟုပြောသောအခါ ထိုသူတို့၌မတည်ကြည် သောအသက်တာ ရှိနိုင်ပါသည်။ သခင်ဘုရားနှင့်ယုံကြည်ခြင်း၌ မြဲမြံစွာမတည်ကြည်ကြပါက သူတို့၏ကယ်တင်ခြင်းဆုံးရှုံးနိုင်မည်ဟု ဆိုလိုသည်ဟု သွန်သင်ကြသည်။ သို့သော် ကျမ်းချက်များ၏ အဓိကသွန်သင်သောအချက်မှာ အဘယ်နည်း။သက်သာလောနိတ်မြို့၌ရှိသောယုံကြည်သူတို့သည် ဆက်ကပ်မှု အားကြီးသောခရစ် ယာန်များဖြစ်ကြခြင်းကြောင့် ညှဉ်းဆဲမှုခံကြရသည်။ တမန်တော်ရှင်ပေါလုက သူတို့ကိုသခင်ဘုရား ထံတော်သို့ပို့ဆောင်၍၊ ယုံကြည်ခြင်း၌တည်ဆောက်ကာ၊ ညှဉ်းဆဲခြင်းရောက် လာနိုင်ကြောင်း သတိပေးခဲ့သည်။ သူခံနေရသောညှဉ်းဆဲခြင်းနှင့်ဒုက္ခအမျိုးမျိုးကြောင့် စိတ်ပျက်၊ ဝမ်းနည်းနိုင်ကြသည်။ သို့သော်၊ တမန်တော်ကြီးက ထိုသို့ မဖြစ်စေချင်သောကြောင့် သူတို့ကိုခွန်အားပေးရန် တိမောသေကိုစေလွှတ် လိုက်သည်။ သူတို့၏ယုံကြည်ခြင်းသည်မယိမ်းယိုင်ဘဲ ရှင်ပေါလုနှင့်သူ၏ လုပ်ဖော်ဆောင်ဖက်များအတွက် သူတို့၏ချစ်ခြင်းမေတ္တာသည်လည်း မဆုတ်ယုတ်သွားကြောင်းစသည့် သတင်းကောင်းကို တိမောသေသည် ရှင်ပေါလုထံသို့ ယူဆောင်ခဲ့ပါသည်။ ။ဖိလိပ္ပံအခန်းကြီး ၃ ၌ ရှင်ပေါလုသည် သခင်ဘုရားကိုသိကျွမ်းခြင်း၌ တိုးပွားချင်သောလိုအင်ဆန္ဒရှိခြင်းကို ကယ်တင်ခြင်းမဆုံးရှုံးအောင် ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ကောက်ယူသောသူများရှိတတ်သည်။
ခွေးတို့ကိုရှောင်ကြလော့။ မကောင်းသောအကျင့်ကို ကျင့်သော သူတို့ကို ရှောင်ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သောသူတို့ကို ရှောင်ကြလော့။ ငါတို့သည် စိတ်ဝိညာဉ်အား ဖြင့် ဘုရားသခင်ကို ကိုးကွယ်၍၊ ဇာတိ၌ကိုးစားခြင်းမရှိဘဲယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သောသူဖြစ်၍၊ မှန်သော အရေဖျားလှီးခြင်းကို ခံသောသူဖြစ်ကြ၏။ သို့သော်လည်းဖြစ်လျှင် ဇာတိ၌ကိုးစားစရာ အကြောင်း ရှိ၏။ အခြားသူမည် သယ်ကား၊ ဇာတိ၌ ကိုးစားစရာကောင်းရှိ သည်ဟုထင်လင်ကားသာ၍ရှိ၏။ ငါသည် ရှစ်ရက်မြောက်သောနေ့၌ အရေ ဖျားလှီးခြင်းကို ခံရ၏။ ဣသရေလအမျိုး၊ ဗမိန်အနွယ်ဖြစ်၏။ ဟေဗြဲလူမှဆင်းသက်သော ဟေဗြဲလူစစ်ဖြစ်၏။ တရား အားဖြင့် ဖာရီ ၍ ဖြစ်၏။ စိတ် အားကြီးခြင်းကို မေးသော်၊ ငါသည် အသင်းတော်ကို ညှဉ်းဆဲသောသူဖြစ်၏။ ပညတ်တရားအား ဖြင့်ရသော ဖြောင့်မတ် ခြင်းကိုမေးပြန်သော်၊ ငါသည် ပြစ်တင် ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။ သို့သော်လည်း ငါ၏အကျိုး စီးပွားကို ပြုစုသော အရာရှိသမျှတို့ကို ရှုံးစေသော အရာကဲ့သို့ ခရစ်တော်ကြောင့် ငါထင်မှတ်၏။ ထိုမျှမက ငါ၏သခင်ယေရှု ခရစ်ကို သိသောပညာသည် အဘယ်မျှလောက်မြတ်သည်ကိုထောက်၍ ခပ်သိမ်းသော အရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏။ ထိုသခင်ကြောင့် ခပ်သိမ်းသော အရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှထမြောက်သောအခွင့်ကို ငါရနိုင်ကောင်း လျှင်၊ ကိုယ်တော်သည် အသေခံတော် မူသည်နည်းတူ၊ ငါသည် လည်း အသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက်တော်မူခြင်း၏ တန်ခိုးကို၎င်း၊ ဆင်းရဲခံတော်မူ ခြင်းကိုဆက်ဆံ၍ခံခြင်းကို၎င်း၊ သိကျွမ်းခြင်းငှါ၊ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ် ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ရသောဖြောင့် မတ်ခြင်း တည်းဟူသော ယုံကြည်ခြင်း အတွက်ကြောင့် ဘုရားသခင်ပေးတော်မူသောဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့် ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌တည်ပါမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ငါထင်မှတ်၏။ ထိုသို့ဆို
သော် အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ရောက်ပြီဟု ငါမဆိုလို၊ အကြင်အကျိုးကိုပေးခြင်းငှါ ခရစ်တော်သည် ငါ့ကိုကိုင်ဖမ်းတော်မူ၏၊ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍လိုက်သေး၏။ ညီအစ်ကိုတို့ ငါကိုင်မိပြီဟု ကိုယ့်ကိုကိုယ်မထင်သော်လည်း ငါပြုသော အမှုတစ်ခုဟူမူကား နောက် ကျသော အရာတို့ ကို မမှတ်ဘဲ ရှေ့၌ရှိသောအရာတို့ကိုလှမ်းကမ်း၍ ယေရှုခရစ်အား ဖြင့် ဘုရားသခင်သည် အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းငှါ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ ထို့ကြောင့် စုံလင်သောသူရှိသမျှတို့သည် ဤသို့သောသဘောကို စွဲလမ်းရကြမည်။ သင်တို့ သည် တစုံတခုသောအရာ၌ သဘောခြား နားလျှင် ထိုအရာကိုပင် ဘုရားသခင်ဖော်ပြသော်မူလိမ့်မည်။ သို့မဟုတ်သော်လည်း ယခုမှီသမျှအတိုင်း တနည်းတည်းကျင့် ၍ တသဘောတည်းရှိရကြမည်။ ညီအစ်ကိုတို့ ငါကျင့်သည့် နည်းတူ သင်တို့ သည် တညီတညွတ်တည်းကျင့်ကြလော့။ ငါ တို့ပေးသော ပုံသက်သေနှင့် အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။ အကြောင်းမူကား အထက်အဖန်ဖန်ငါပြော ၍ ယခုပင်မျက်ရည်ကျလျက်နှင့်ပြောသည့်အတိုင်း ခရစ်တော် ၏လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူအများရှိ ကြ၏။ ထိုသူတို့သည် ပျက်စီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူ တို့၏ဘုရားမူကား မိမိတို့ဝမ်းပေတည်။ မိမိတို့ ရှက်ကြောက် ဖွယ်သောအကျင့်၌သာ မိမိတို့ဝါကြွားကြ၏။ လောကီအရာတို့ ကိုသာ စိတ်စွဲလမ်းခြင်းရှိကြ၏။ ငါတို့ကျင့်သောမူကား ကောင်း ကင်ဘုံ နှင့်စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်သော်မူသော အရှင် သခင်ယေရှုခရစ်သည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ဟု ငါတို့ သည်မျှော်လင့်လျက်နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နိမ့်ချနိုင်တော်မူသော ပြုပြင် အားထုတ်ခြင်းအားဖြင့် ယုတ်ညံ့သောငါတို့၏ခန္ဓာကိုပင် ဘုန်း အသရေနှင့်ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူဖြစ်စေခြင်း ငါ အသစ်ပြင်ဆင်တော်မူလတံ့။ ထို့ကြောင့် ငါဝမ်းမြောက်ခြင်း အကြောင်းငါ့ဦးရစ်သရဖူတည်းဟူသော ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့ ငါဆိုခဲ့ပြီးသည်အတိုင်း သခင်ဘုရား၌တည်နေကြ လော့၊ ငါ့ချစ်သူတို့ (ဖိ၊ ၃၂-၄၁)။
အခြေအနေပေါ်၌မူတည်သောကယ်တင်ခြင်းကိုခံယူသောသူတို့၏ကိုးကားသောအခြားကျမ်းပိုဒ်မှာအငယ်၅နှင့်၆ဖြစ်ပါသည်။ဤကျမ်းပိုဒ်နှစ်ချက်၏ဆိုလိုချက်ကိုလေ့လာကြပါစို့။
အငယ် ၅-၆ တွင် ရှင်ပေါလုက သူ၏ထူးမြတ်သောမျိုးနွယ် စာရင်း၊ ယုံကြည်ခံယူချက်၊ အကျင့်စရိုက်နှင့်ဘုရားအတွက်စိတ်အား ကြီးခြင်းကို အစဉ်အလိုက်ရေးသားပါသည်။ သို့သော်၊ ယခုတွင် သူသည် ကယ်တင်ခြင်းရပြီး သူ၏အကျိုးစီးပွားကိုပြုစုသောအရာရှိသမျှတို့ကို ရှုံးစေသောအရာကဲ့သို့ ခရစ်တော်ကြောင့်ထင်မှတ်၏။ ယခုတွင် သူ၏ ဝါခြင်းသည် သူ၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်းမဟုတ်ဘဲ ယုံကြည်ခြင်း အားဖြင့်ကျေးဇူး တော်ကြောင့် ခရစ်တော်၏အထဲ၌ သူရရှိသည့်ဖြောင့်မတ် ခြင်းကြောင့်ဖြစ်သည်။ အငယ် ၉ က တမန်တော်ကြီးသည် ခရစ်တော်၏ အထဲသို့ရောက်နိုင်ရန် ကြိုးစားရုန်းကန်သည် (သို့) ဖြောင့်မတ်ခြင်းရရန်
မျှော်လင့်နေသည်ဟူ၍ အဓိပ္ပါယ်မရှိနိုင်ပါ။ အခြားအရာများနှင့်နှိုင်းယှဉ် ၍ မရသောဤကောင်းကြီးများကို ယုံကြည်ခြင်းဖြင့် ရရှိပြီးဖြစ်သည်။ သူသည်ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို ရှုံးခံခဲ့ပါသည်။
ယခုတွင် သူ၏မပြောင်းလဲသည့် တစ်ခုတည်းသောလိုအင်ဆန္ဒ မှာ ခရစ်တော်နှင့် သူ၏ရှင်ပြန်ထမြောက် ခြင်းတန်ခိုး၊ သူခံသောဆင်းရဲ ဒုက္ခများကြောင့် ဖြစ်ပေါ်လာသော မိတ်သဟာယ၊ သူ၏အသေခံခြင်း နှင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းတို့ကို သိကျွမ်းရန်ဖြစ်သည်။
ခရစ်တော်ကိုသိကျွမ်းရန်။ ။ ရှင်ပေါလုက ခရစ်တော်ကို သိခဲ့ပြီးဖြစ်သည်။ သို့သော် သူသည်သာ၍နက်နဲစွာဖြင့် သိကျွမ်းချင်သည်။ ယုံကြည်သူ တစ်ဦးစပ်ဆိုထားသော အောက်ဖော်ပြပါသီချင်းထဲ၌ သူ၏ဆုတောင်ချက်ကို သိနိုင်ပါသည်။
ကိုယ်တော်ကိုသာ အစေခံနိုင်ရန်မစပါ။ ကိုယ်တော်ကို ထပ်ခါတလဲလဲ ချီးမွမ်းနိုင်ရန်မစပါ။ နေ့စဉ်နေ့တိုင်း ကိုယ်တော်၏အနား၌ အသက်ရှင်၍ ကိုယ်တော်ထံမှ ဘယ်သောအခါမှ ထွက်မသွားပါ။
– ရေးသူမသိ
ရှင်ပြန်ထမြောက်ခြင်း၏တန်ခိုး။ ။ ရှင်ပေါလုသည် သင်္ချိုင်းမှသခင် ဘုရားကို ထမြောက်စေသည့် အလွန်ကြီးမားလှသောတန်ခိုးတော်ကို လက်တွေ့သိမြင်ခံစားချင်သည်။ သူသည် ထိုတန်ခိုးတော်၏ ကြီးမားမှုကို ဧဖက် ၁း၁၉-၂၀ ၌ ထုတ်ဖေါ်ရေးသားပါသည်။ခရစ်တော်အသေခံသည့်နည်းတူ ငါသည်လည်း အသေခံ၍။ ။ ဤကျမ်း ချက်ကို ပုံဆောင်ခြင်း (သို့) တိုက်ရိုက်အဓိပ္ပါယ်ကောက်ယူခြင်းဖြင့် နားလည်နိုင်ပါသည်။ ပုံဆောင်ခြင်းအဖြစ်အနက်ဖွင့်ဆိုပါက၊ ရှင်ပေါလုသည် ခရစ်တော်၏ အမှုတော်လုပ်ငန်း၌ နေ့တိုင်းအသေခံခြင်းကိုဆိုလိုသည် ( ၁ကော၊ ၁၅၃၁)။ သို့မဟုတ် သူသည် ဤသို့ပြောဆိုခြင်းဖြစ်နိုင်ပါသည်။ သခင်ယေရှုသည် ဘုရားသခင်၏အလိုတော်ပြည့်စုံခြင်း၌ အသေခံခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်လျှင် ကျွန်ုပ်သည်လည်းထိုသို့ဖြစ်ချင်ပါသည်။
တစ်ခါတစ်ရံတွင် ရှင်ပေါလှသည်ကိုယ်ခန္ဓာသေခြင်းမခံဘဲ ကောင်းကင်ဘုံသို့ရောက်မည့်သူတို့အထဲ၌ ပါဝင်သူတစ်ဦးအနေဖြင့်ပြော ပါသည်။ (၁ သက် ၄၁၇ – “… အသက်ရှင်၍ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ…)။ တစ်ခါတစ်ရံ၌လည်း သူသည်ကိုယ်ခန္ဓာသေခြင်းခံပြီးမှ ကောင်းကင်ဘုံ သို့ရောက်မည်ဟု ရေးသားခဲ့ပါသည် – (၂ တိ ၄၆ “… စုတေ့ရသောအချိန် ရောက်လေသည်”)။ ။
ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီး သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင်ကောင်းလျှင်…။ ဤကျမ်းချက်က ချီဆောင်ခြင်းရောက်လာသောအခါ ရှင်ပေါလုသေခြင်းမှထမြောက်ရန် မသေချာသည့်အဓိပ္ပါယ်မဆောင်ပါ။ ထိုအခါ၌ သူသည်ရှင်ပြန်ထမြောက် မည်ဖြစ်ကြောင်း သေချာစွာသိရှိခဲ့ပါသည် (၁ သက်၊ ၄၁၇။ ၁ကော၊ ၁၅၅၁)။ သူပြောခဲ့သည့်အချက်မှာ “ငါသည် ယခုအချိန်နှင့် ရှင်ပြန်ထမြောက် ရာနေ့အကြား၌ ကြုံနိုင်သည့်မည်သည့်စုံစမ်းစစ်ဆေးခြင်း၊ ဘေးအန္တရာယ်၊ ဆင်းရဲဒုက္ခနှင့်ညှဉ်းဆဲခြင်းများစသည်တို့ကို အမှုမထားပါ။ ထိုအရာ အားလုံးတို့ကို ခံချင်သောဆန္ဒရှိပါသည်” ဟူ၍ဖြစ်သည်။ ။
“ရှင်ပြန်ထမြောက်ခြင်း” စကားလုံးသည် သေသောကိုယ်ခန္ဓာနှင့် ရှင်ပြန်ထမြောက်မည့်ကိုယ်ခန္ဓာကိုရည်ညွှန်းပါသည်။ ဤထမြောက်ခြင်း သည်သေလွန်သောသူအားလုံးထဲမှ ယုံကြည်သူများထမြောက်ခြင်း ဖြစ်၍၊ မိမိသန့်ရှင်းသူများအတွက်ခရစ်တော်ကြွလာသောအခါ ယုံကြည် သူများသာလျှင် ထမြောက်ကြမည်။
ရှင်ပေါလုပြောချင်သောအကြောင်းရင်းမှာ “သခင်ယေရှုသေခဲ့
သည်မဟုတ်ပါလော။ သို့ဖြစ်လျှင် ကျွန်ုပ်သည်လည်းသေချင်ပါသည်။ သခင်ယေရှု သေခြင်းမှရှင်ပြန်ထမြောက်ခဲ့သည်မဟုတ်လော။ သို့ဖြစ်လျှင် ကျွန်ုပ်သည်လည်း သူကဲ့ သို့ ရှင်ပြန်ထမြောက်ချင်ပါသည်။ သူသည် သူ့သခင်၏ခြေရာကိုနီးကပ်စွာလိုက်လျှောက်ချင်သောဆန္ဒပြင်းပြ သက်တောင့်သက်သာရှိသောအသက်သာဖြင့် ကောင်းကင်ဘုံသို့မသွားလိုပါ။
အငယ် ၁၂ တွင် ရှင်ပေါလုက သူသည်ဝိညာဉ်ရေးရာ၌ပြည့် စုံခြင်းသို့ရောက်ပြီဟု ဖိလိပ္ပံမြို့၌ရှိသောယုံကြည်သူများ မထင်မှတ်စေလိုကြောင်းပြောပါသည်။ သူသည် ပြည့်စုံခြင်းသို့မရောက်သေးပါ။ သို့သော်လည်း သူ၏အသက်တာ၌ ဘုရားသခင်၏ရည်ရွယ်ချက်ပြည့်စုံဖို့ရန် ပြေး၍လိုက်သေး ၏။ သူသည် ကယ်တင်ခြင်းရရန်မဟုတ်ဘဲ၊ သရဖူရရန်လျန်မြန်သော အပြေးသမားကဲ့သို့ ဘုရားသခင်၏ အမှုတော်မြတ်၌ အစွမ်းရှိသမျှ၊ ဉာဏ်ရှိ သမျှနှင့် အကောင်းဆုံးပေးဆပ်ခဲ့ပါသည်။ သူက ယုံကြည်သူအားလုံးတို့ကို သူကျင့်သည့်နည်းတူ တညီတညွှတ်တည်းကျင့်ကြရန်လှုံ့ဆော်ပါသည်။
တမန်တော်ကြီးသည် ခရစ်တော်လက်ဝါးကပ်တိုင်၏ ရန်သူများ ဖြစ်ကြကြောင်းကို ဘုရားမကြည်ညိုခြင်းနှင့် ရိုင်းစိုင်းသောအသက်တာ များအားဖြင့်ထင်ရှားစွာပြသကြသော မှားယွင်းသောဆရာများကို အပြစ်တင်၍
ဖော်ပြပါသည် (အငယ် ၁၈၊၁၉)။ စစ်မှန်သောယုံကြည်သူတို့ သည် ဘုန်းတန်ခိုးနှင့်ပြည့်ဝသောကိုယ်ခန္ဓာနှင့် ကယ်တင်ရှင်ယေရှုကြွလာခြင်းကို မျှော်လင့်နေသောကောင်းကင်နိုင်ငံသားများဖြစ်ကြပါသည်။ ထိုမင်္ဂလာရှိသည့် ကြီးမြတ်သောနေ့မရောက်မီတွင် သူတို့သည် သခင်ဘုရား၌တည်ကြည်လျက်၊ သူတို့၏ယုံကြည်စိတ်ချမှုကိုတုန်လှုပ်စေမည့် ဘယ်အရာတစ်ခုမျှခွင့်မပေး သင့်ကြပါ (၄း၁)။
အထက်ဖော်ပြပါကျမ်းချက်များ၏အဓိပ္ပါယ်ကိုခြုံငုံပါက “သခင် ဘုရားအတွက် ဆက်လက်အသက်ရှင်လျှောက်လှမ်းပါ။” ထိုသို့ အသက်ရှင် ခြင်းသည် ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့်ရရှိသော ကျွန်ုပ်တို့၏ ကယ်တင်ခြင်း မဆုံးရှုံးရန်မဟုတ်ပါ။ ကယ်တင်ခြင်းမဆုံးရှုံးခြင်းသည် ဘုရားသခင်လုပ်ဆောင်သည့်အပိုင်းဖြစ်ပါသည်။
တစ်ခါတစ်ရံဖြစ်တာလား သို့မဟုတ် အကျင့်ဖြစ်တာလား
Occasional or Habitual?
ဓမ္မသစ်ကျမ်းထဲတွင် ပြစ်မှားခြင်းနှင့်အသက်တာ၌ အပြစ်လုပ် ခြင်းကို အကျင့်ဖြစ်ခြင်းတို့အကြား၌ ကွဲပြားခြားနားမှုရှိပါသည်။ ခရစ် ယာန်တစ်ဦးသည် အပြစ်ကျူးလွန်တတ်သလို၊ ကျူးလွန်မိတတ်ကြပါ သည်။ သို့ရာတွင် သူသည်အကျင့်ပါစွာ အပြစ်ကိုမပြုတတ်ပါ။ ဤထင် ရှားသောခြားနားချက်ကို ၁ ယော၊ ၃း၄-၉ နှင့် ၅း၁၈ ၌ရှင်းလင်းစွာဖော် ပြထားပါသည်။
ဒုစရိုက်ကိုပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော် ကိုလွန်ကျူးခြင်းဖြစ်သတည်း။ ကိုယ်တော်သည် ငါတို့၏အပြစ်များကိုဆောင်သွားခြင်းငှါ ထင်ရှား ပေါ်ထွန်းတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌လည်း အပြစ်မရှိ၊ ကိုယ်တော်၌ တည်နေသော သူမည်သည်ကား ဒုစရိုက် ကို မပြုတတ်၊ ဒုစရိုက် ကို ပြု တတ် သော သူ မည် သည် ကား ကိုယ်တော်ကိုမသိမြင်ရသေး၊ ချစ်သားတို့ သင်တို့ကိုဘယ်သူမျှ မလှည့်ဖြာစေနှင့်။ အကြင်သူသည်မတ်ခြင်းတရားကို ကျင့်၏။ ကိုယ်တော်ဖြောင့်မတ်တော်မူသည်နည်းတူ ထိုသူသည် ဖြောင့်မတ် ခြင်းရှိ၏။ မာရ်နတ်သည် ရှေးဦးစွာမှစ၍ ဒုစရိုက်ကိုပြုသော သူဖြစ်သောကြောင့် အကြင်သူသည်ဒုစရိုက်ကိုပြု၏။ ထိုသူသည် မာရ်နတ်နှင့်ဆိုင်၏။ မာရ်နတ်အမှုတို့ကိုပယ်ဖျက်ခြင်းငှါ ဘုရား သခင်၏သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။ ဘုရားသခင် ဖြစ်စေတော်မူသောသူမည်သည်ကား ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူဖြစ်သောကြောင့် ဒုစရိုက်ကို မပြုနိုင် (၁ယော၊ ၃၄-၉)။
ဤကျမ်းပိုဒ်များကိုမလေ့လာမှီ၊ ယုံကြည်သူနှင့်အပြစ်ဆက်စပ် မှုနှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ချက်ကိုလေ့လာကြပါစို့။
ပထမအနေဖြင့် ဘုရားသခင်၏အလိုတော်မှာ သူ၏လူတို့သည် အပြစ်မလုပ်ရန်ဖြစ်သည် (၁ ယော၊ ၂း၁)။ သူသည်မည်သည့်အပြစ်ကိုမဆို ခွင့်မပြုနိုင်ပါ။ ကျူးလွန်သောအပြစ်တစ်ခုစီတိုင်းအတွက်ခြွင်းချက်မပေး ရန် သူ၏သန့်ရှင်းခြင်းကတောင်းဆိုပါသည်။ ဘုရားသခင်က “ချစ်သား သမီးတို့၊ ဖြစ်နိုင်သရွေ့အပြစ်ကို အနည်းငယ်သာပြုကြပါ” ဟု မပြောဆိုနိုင်ပါ။
သို့ရာတွင် ဝမ်းနည်းစရာကောင်းသောအမှန်ဖြစ်ရပ်မှာ၊ ခရစ်ယာန် တို့သည်အပြစ်ပြုကြခြင်းပင်ဖြစ်သည်။ ကျွန်ုပ်၌အပြစ်မရှိဟု ပြောသောသူ မည်သူမဆိုသည် ကိုယ့်ကိုကိုယ်လှည့်ဖြားသောသူဖြစ်ကာ၊ သူ၌သစ္စာတရား မရှိပါ (၁ ယော၊ ၁း၈)။ သူသည် ဒုစရိုက်ကိုမပြုပြီဟုဆိုလျှင် ဘုရားသခင်ကို မုသာအပြစ်တင်သူဖြစ်၍၊ သူ၌ဘုရားသခင်နှုတ်ကပတ်တော်မရှိပါ (၁ ယော၊ ၁၁၀)။ သူတို့သည် အပြစ်ကင်းစင်လျက် ပြည့်စုံသောသူများဖြစ်သည်ဟု အခိုင်အမာပြောဆိုသောခရစ်ယာန်တို့သည် အပြစ်အကြောင်းကိုကောင်းမွန် စွာနားမလည်သောသူများဖြစ်ကြကာ၊ အပြစ်၏အရင်းအမြစ်နှင့်၄င်း၏ အနက်ဖွင့်ဆိုချက်ကို လေ့လာကြရန်လိုပါသည်။
ကျွန်ုပ်တို့သည် အပြစ်ပြုမိတတ်ကြသော်လည်း၊ အပြစ်လုပ်ရမည်ဟု ကျွန်ုပ်တို့မပြောရပါ။ ဤသို့သောစကားသည် သမ္မာကျမ်းစာနှင့် မကိုက်ညီပါ။ ကျွန်ုပ်တို့ကိုခေါ်တော်မူရာ၌ ဘုရားသခင်၏တန်ခိုးတော်ပါရှိပါသည်။ စုံစမ်းသွေးဆောင်ခြင်းကြုံတွေ့သောအခါ ကျွန်ုပ်တို့ ကိုကယ်လွှတ်ရန် ဘုရားသခင်ကိုခေါ်နိုင်ပါသည်။ ဘုရားသခင်သည်သင့်အတွက်ထွက်မြောက်
ရာလမ်း ပြင်ဆင်ပေးတော်မူမည်ဖြစ်သည် (၁ ကော၊ ၁း၁၃)။ ပြဿနာမှာ၊ ကျွန်ုပ်တို့သည် ကိုယ်တော်ကိုမခေါ်ကြခြင်းပင်ဖြစ်သည်။ – ကျွန်ုပ်တို့တွေ့မြင်ခဲ့ပြီးသည့်အတိုင်း ကျွန်ုပ်တို့အတွက် ဘုရား သခင်၏ အလျော့မပေးသောအလိုတော်မှာ “အပြစ်မလုပ်နှင့်” ဟူ၍ဖြစ်သည်။ သို့သော်လည်း ပြုမိသောအပြစ် ရှင်းပေးမည့်သူကို စီစဉ်ပေးပါသည် (၁ ယော၊ ၂း၁-၂)။
ဤကျမ်းချက်၌ “လျှင်” (if)ဟူ၍ သုံးထားပြီး၊ “သောအခါ” (when) ဟူ၍ မသုံးထားကြောင်းသတိပြုပါ။ အပြစ်ကိုဖြစ်လေ့ရှိသောအရာဖြစ် သည်ဟုမှတ်ယူခြင်းထက် သာမန်မဟုတ်သောအရာဖြစ်သည်ဟူ၍ မှတ်ယူ သင့်ပါသည်။ တစ်စုံတစ်ယောက်သောသူသည် အပြစ်ကိုပြုမိလျှင် ကျွန်ုပ်တို့၏ အမှုဆောင်သခင် (ရှေ့နေ) သည် ခမည်းတော်ထံ၌ရှိသည်ကို သတိရပါ။ အပြစ်ပြုမိသောအခါ၌ပင်လျှင် သူသည် ကျွန်ုပ်တို့၏ ဖခင်ဖြစ်မြဲဖြစ်နေ၍ ကျွန်ုပ်တို့သည်လည်း သူ၏သားသမီး များဖြစ်မြဲဖြစ်နေပါသည်။ ဤသည်မှာ၊ အပြစ်သည် အဖေနှင့်သားသမီးများ၏တော်စပ်မှုကို မဖျက်ဆီးနိုင်ကြောင်း သက်သေအထောက်အထားဖြစ်ပါသည်။ ။
ကျွန်ုပ်တို့၏အမှုဆောင်သခင် (ရှေ့နေ) မှာ ဖြောင့်မတ်တော်မူသော သခင်ယေရှုခရစ်တော်ဖြစ်ပါသည်။ သူလုပ်ဆောင်နေသောအမှုတော်မှာ အပြစ်ပြုမိသည့်မိမိ၏သန့်ရှင်းသူများနှင့် ခမည်းတော်ဘုရား၏မိတ်သဟာယ ကို ပြန်လည်ဆန်းသစ်စေခြင်းဖြစ်ပါသည်။ လက်ဝါးကပ်တိုင်၌ သွန်းလောင်းခဲ့သော သူ၏အသွေးတော်မြတ်၏တန်ခိုးကြောင့် သူသည်
ဖြောင့်မတ်စွာပြုနိုင်ပါသည်။ သူသည် ကျွန်ုပ်တို့၏အပြစ်များအတွက် ကိုယ်စားအပြစ်ဒဏ်ခံပေးခြင်းအားဖြင့် ကျွန်ုပ်တို့အပေါ်၌ရှိသောဘုရားသခင် ၏အမြတ်တော်ကိုပြေစေပါသည်။ လက်ဝါးကပ်တိုင်ပေါ်၌သူ၏လုပ်ဆောင် ပြီးစီးခဲ့သောအမှုသည် လောကီသားအားလုံး၏အပြစ်အတွက်လုံလောက်
သော်လည်း၊ သူ့ကို မိမိကယ်တင်ရှင်နှင့်သခင်အဖြစ် ယုံကြည်လက်ခံသော အတွက်သာ အကျိုးသက်ရောက်မှုရှိပါသည်။
ဘုရားသခင်၏စစ်မှန်သောသားသမီးတစ်ဦးသည် လွန်တတ်သေးကြောင်းကို ဓမ္မသစ်ကျမ်းစာထဲ၌ပင် ဖော်ပြထားပါသည်။ ယုံကြည် သူကျူးလွန်မိသားအဖြစ် သည် ဘုရား သခင်နှင့်သူ၏ မိတ်ဿဟာယကို ဖျက်ဆီးပါသည်။
သို့ရာတွင်၊ သတင်းကောင်းမှာ – “ကိုယ့်အပြစ်တို့ကို ဖော်ပြ တောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင် စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၄င်း၊ ဖြောင့်မတ်ခြင်းတရား နှင့်၄င်း၊ ပြည်စုံတော်မူ၏” (၁ယော၊ ၁း၉)။ ဤသည် မယုံကြည်သူအတွက် ကယ်တင်ခြင်းရနိုင်သောနည်းလမ်းမဟုတ်ဘဲ၊ ယုံကြည်သူ၏ အသက်တာ ပြန်လည်ဆန်းသစ်စေသောနည်းလမ်းဖြစ်ပါသည်။ မယုံကြည်သူသည်
ယေရှုခရစ်တော်ကိုယုံကြည်သောအခါ တရားဥပဒေအရအပြစ်လွှတ်ခြင်း ရရှိပါသည် (တမန်၊ ၁၆၃၁)။ သန့်ရှင်းသူသည်သူ၏အပြစ်ကိုဖော်ပြ
တောင်းပန်လျှင် မိဘ၏အပြစ်လွှတ်ခြင်းရရှိပါ သည်။ (ထိုအပြစ်ကို စွန့်ပစ်ရန် ရည်ရွယ်ကြောင်း ထင်ရှားရမည်။ သုတ္တံ့ ၂၈း၁၃)။ တရားဥပဒေအရ အပြစ်လွှတ်ခြင်းဆိုသည်မှာ လူတစ်ဦး၏အပြစ်ဒဏ်ကို ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌ ပေးဆပ်ခဲ့ပြီဟု ဆိုလိုသည် (“သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏” ကော၊ ၂း၁၃)။ ယခုတွင် သူသည်အပြစ်စီရင်ခြင်းမှ
ထာဝရကင်းလွှတ်သည် (ရောမ ၈း၁)။ မိဘ၏အပြစ်လွှတ်ခြင်းဆိုသည်မှာ ဘုရားသခင်မိသားစု၏ ပျော်ရွှင်သောဆက်ဆံရေးကို ပြန်လည်ဆန်းသစ် စေခြင်းကို ဆိုလိုပါသည်။
ယခုတွင် လုပ်ဆောင်ခြင်း(Acts)နှင့် အကျင့်ဖြစ်ခြင်း(Habit)၌ ခြားနားမှုရှိပါသည်။ စစ်မှန်သောခရစ်ယာန်တစ်ဦးသည် အပြစ်ပြုမိတတ်
သော်လည်း အပြစ်တရားသည်သူ့ကိုမအုပ်စိုးပါ (ရောမ ၆း၁၄)။ သူသည် အပြစ်ကို တစ်ခါတစ်ရံပြုမိတတ်သော်လည်း အကျင့်ပါပြီးမပြုပါ။ The Living Bible ၌ ဤသို့ရေးထားပါသည် –
သို့သော်လည်း ဒုစရိုက်ကိုပြုမြဲ (keep on) ပြုသောသူမည်သည်
ကား ဘုရားသခင်ကိုဆန့်ကျင်၏။ အကြောင်းမူကား၊ ကျူးလွန်သော ဒုစရိုက်တစ်ခုစီတိုင်းသည် ဘုရားသခင်အလိုတော်ကို ဆန့်ကျင်၏။ ကိုယ်တော်သည် ငါတို့၏အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှား ပေါ် ထွန်းတော်မူသည်ကို သင်တို့သိကြ၏။ ကိုယ်တော်၌ အပြစ် မရှိ။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်နီးကပ်စွာ အသက်ရှင်၍ သူ၏စကားနားထောင် ပါက ဒုစရိုက်ပြုကြမည် မဟုတ်ပါ။ သို့သော်လည်း ဒုစရိုက်ကိုပြုမြဲပြုသောသူတို့ သိသင့်သောအရာ
မှာ၊ သူတို့သည် ဘုရားသခင်ကို အမှန်တကယ်မသိဖူးကြပါ (သို့) သူ၏သားသမီးမဖြစ်ကြပါ။ ချစ်သားတို့၊ သင်တို့ကို အဘယ် သူမျှ မလှည့် ဖားစေနှင့်။ အကြင်သူသည် ဖြောင့်မတ်ခြင်း တရားကို ကျင့်၏။ ကိုယ်တော်ဖြောင့်မတ်တော်မူသည်နည်းတူ ထိုသူသည်ဖြောင့်မတ်ခြင်းရှိ၏။ သို့သော်လည်း မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့်၊ အကြင် သူသည် ဒုစရိုက်ကိုပြုမြဲပြုပါက၊ ထိုသူသည်မာရ်နတ်နှင့်ဆိုင် ၏။ မာရ်နတ်မှုကိုပယ်ဖျက်ခြင်း၊ ဘုရားသခင်၏သားတော် သည် ထင်ရှားပေါ်ထွန်းတော်မူ၏။ ဘုရားသခင်ဖြစ်သွားစေတော် မူသောသူ မည် သည် ကား ဒုစရို က် ကို ပြုမြဲ ပြုလေ့ မရှိ ပါ။ အကြောင်းမူကား၊ ထိုသူ၌ ဘုရားသခင်၏အသက်ရှိ၏။ ထိုသူ သည်ဘုရားသခင်ဖြစ်စေတော်မူသောသူဖြစ်သောကြောင့် ဒုစရိုက်ကို ပြုမြဲပြုသည့်အလေ့အထမရှိပါ (၁ ယော၊ ၃၄-၉) ။
ဘုရားသခင်၏သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကို ပြုမြဲ ပြုသည့် အလေ့အထမရှိပါ။ ဘုရားသခင်၏သားတော်ယေရှု ခရစ်သည် သူ၏လက်တော်နှင့် ထိုသူကိုဆွဲကိုင်ထားသောကြောင့် မာရ်နတ်သည် ထိုသူကိုမထိမခိုက်နိုင် (ယော၊ ၅၁၈။ The Living Bible).
Gardiner Spring – က ဤသို့ရှင်းပြပါသည် –
ဘုရားသခင်၏သားသမီးတို့သည် ဒုစရိုက်ပြုကြသည်။ သူတို့ သည် သိလျက်နှင့် ပြုကြသည်။ သူ တို့ သည် မိမိ တို့ ၏ဆန္ဒ အလျောက် ဒုစရိုက်ပြုကြသော်လည်း အကျင့်ပါစွာမပြုကြပါ။ ဒုစရိုက်ပြုခြင်းသည် ဘုရားသခင်၏မိန့်မှာချက်များကိုမနာခံရန် သူတို့အသက်တာ၌လွမ်းမိုး နေသောအကျင့်မဟုတ်ပါ။ သူတို့၏ရည်မှန်းချက် သည် အစဉ်အမြဲ နားထောင်ရန်နှင့် လက်တွေ့ကျင့်သုံးခြင်းကို အကျင့်ဖြစ်စေရန်ဖြစ်သည်။ ထို့ကြောင့် ဖြောင့်မတ်ခြင်းအသီးအပွင့်များဖြစ်ထွန်းခြင်းကို ခန့်မှန်းတွက်ဆ ရာ၌ အကျင့်စရိုက်ဆိုင်ရာသာဓကများသည် အလွန်အရေးကြီးသည်ဟူ၍ ကျွန်ုပ်တို့မထင်မှတ်ရပါ။ လူကောင်းတစ်ဦးစီတိုင်း၏ အသက်တာသည်
မပြည့်စုံခြင်းနှင့်သော်လည်း၎င်း၊ အပြစ်နှင့်သော်လည်းကောင်း စွန့်ထင်း နေပါသည်။ ကျွန်ုပ်တို့သည် လုံးဝပြည့်စုံခြင်းကိုရှာဖွေမတွေ့မချင်း
ကောင်းသောသူတစ်ဦးမျှမရှိပါဟု ပြောပါက၊ လူအားလုံးကို ပြစ်တင် ရှုတ်ချရပေတော့မည်။
ဤအရာက “လုပ်ဆောင်ခြင်း (Acts) သည် ဘယ်သောအခါ အကျင့်(Habit)ဖြစ်လာပါသနည်း” ဟူသော မေးခွန်းပေါ်စေပါသည်။ သမ္မာကျမ်းစာက လိမ္မာစွာဖြင့်ဤမေးခွန်းကိုအဖြေပေးမထားပါ။ အကယ်၍ အဖြေပေးခဲ့လျှင်၊ ခရစ်ယာန်တစ်ချို့တို့သည် စုံစမ်းခြင်း၏နှုတ်ခမ်းဝသို့ နီးနိုင်သမျှ နီးကပ်ရောက်ရှိသွားပြီး စုံစမ်းခြင်းခံရကြလိမ့်မည်။ ဤမေးခွန်း ၏အဖြေအတွက်ဘုရားသခင်၏ တိတ်ဆိတ်ခြင်းသည် ယုံကြည်သူများ ဖြစ်နိုင်သ၍ စုံစမ်းခြင်းမှဝေးဝေးနေကြရန် သတိပေးနေခြင်းဖြစ်ပါသည်။ –
ဝန်းရံလျက်ရှိသောဒုစရိုက်ကြောင့် လူတစ်ဦးသည်ဒုစရိုက်ပြု ခြင်းကိုအကျင့်ဖြစ်သွားသည်ဟု တစ်ချို့ကမှတ်ယူတတ်ကြသည်။ ထို သူဆုံးဖြတ်ချက်ပေးနိုင်သောနည်းလမ်းတစ်ခုရှိပါသည်။ ဥပမာ၊ သူသည် စီးပွားရေးလုပ်ငန်းရုံးတစ်ခု၌ အလုပ်လုပ်ကိုင်နေသည်ဟု ဆိုကြပါစို့။ အခြားလုပ်ဖော်ဆောင်ဘက်များက ထိုသူသည်အများနှင့်မတူ၊ တစ်မူထူး ခြားသောသူဖြစ်ကြောင်း သိကြသည်။ သူသည် ညစ်ညူးသောပျက်ရယ် ပြုသည့်စကားများကိုကြားသောအခါ ရယ်မောခြင်းမပြု၊ လုပ်ဖော်ဆောင် ဖက်တို့၏သောက်စားမူးယစ်သည့်ပါတီပွဲများ၌ ပါဝင်ရောယှက်ခြင်းမရှိ၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ၌ မရိုးသားပါဟူ၍ သံသယရှိစရာကောင်း သည့်အထိ ကိုယ့်သိက္ခာကိုယ်အကျခံသူမဟုတ်ပါ။ တစ်နေ့သောအခါ သူ၏နှုတ်မှ အမှုမဲ့အမှတ်မဲ့ဖြစ်သောစကားလုံးများ ထွက်လာလေသည်။ ချက်ချင်းဆိုသလို၊ လုပ်ဖော်ဆောင်ဖက်များက “ကျွန်တော်တို့ကခင်ဗျားကို ခရစ်ယာန်တစ်ယောက်လို့ထင်မှတ်ခဲ့ကြတာ”ဟု ဆိုလျက် သူ့ကိုပြစ်တင် ကြသည်။ လုပ်ဖော်ဆောင်ဘက်တို့က သူ၏ထူးခြားသောအကျင့်စရိုက်ကို ကြည့်ပြီး သူသည်ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု သိမှတ်ခဲ့ကြသော်လည်း သူသည် သူ၏စံချိန်စံညွှန်းမှ တိမ်းယိမ်းသွားခြင်းဖြစ်သည်။
ပြဿနာအမှန်မှာ၊ ခရစ်ယာန်များကဲ့သို့ ပြောဆိုကြသော်လည်း မာရ်နတ်ကဲ့သို့ အသက်ရှင်နေထိုင်သောသူများ ရှိနေခြင်းဖြစ်သည်။ သူတို့သည်အဖြေ
အမှန်အားလုံးကိုသိကြကာ၊ “အပြစ်သား၏ ဆုတောင်းပဌနာ”အတိုင်း
တောင်းလျှောက်ကြ၏။ ထို့အပြင်၊ သူတို့သည် ရေနှစ်ခြင်းမင်္ဂလာကိုလည်း ကောင်းမွန်စွာ ခံယူခဲ့ပြီးဖြစ်သည်။ သို့သော်လည်း သူတို့၏အသက်တာသည် သူတို့၏ပတ်ဝန်းကျင်၌ရှိသည့် ဘုရားမသိသေးသောသူတို့၏အသက်တာနှင့် ခြားနားမှုမရှိပါ။ သူတို့၏ အသက်တာ၌ဘုရားသခင်၏အသက်ရှိကြောင်း သက်သေအထောက်အထားမရှိသောကြောင့် သူတို့သည်ဒုတိယမွေးခြင်းမခံ ခဲ့သေးသောသူများဖြစ်ကြပါသည်။ ပြောင်းလဲသောအသက်တာမရှိပဲ မိမိသည် ခရစ်ယာန်ဖြစ်သည်ဟု ပြောဆိုခြင်းသည်အချည်းနှီးဖြစ်ပါသည်။
ယုံကြည်သူခရစ်ယာန်တစ်ဦး၏အသက်တာကျဆင်းနိုင်ပါသည်။သူသည်အသက်တာ၌ဘုရားသခင်နှင့်ဝေးကွာနိုင်ပါသည်။သူ၏စိတ်အလိုလိုက်စားတတ်ခြင်းကိုနောင်တရ၍၊မဝန်ချမချင်း၊သူ၏ခရစ်ယာန်ဖြစ်ခြင်းအပေါ်ကျွန်ုပ်တို့သံသယရှိနိုင်ပါသည်။သို့ရာတွင်သူသည်ဘုရားသခင်၏သားအစစ်အမှန်ဖြစ်ပါက၊သူ့ကိုယ်သူအပြစ်ရှိကြောင်းသိကာ၊ရှက်လျက်၊ဘုရားသခင်၏ဆုံးမခြင်းကိုလည်းခံရပါမည်။သူ၏ကယ်တင်ခြင်းသည်ထာဝရလုံခြုံသော်လည်း၊သူသည်အပြစ်မလုပ်ပဲနေနိုင်သည့်အကြောင်းနှင့်လုပ်ပါကဘုရားသခင်၏ဆုံးမခြင်းကိုအနှေးနှင့်အမြန်ခံနိုင်ကြောင်းကိုသင်ယူပါမည်။
လူတို့သည် အတုအယောင်ခရစ်ယာန်များဖြစ်ကြသည်။ သို့မဟုတ် အသက်တာကျဆင်းသောသူများဖြစ်ကြသည်ကို အဆုံးအဖြတ်ပေးရန် ကျွန်ုပ်တို့အကောင်းဆုံးကြိုးစားရမည့်အစား၊ ဘုရားသခင်ကသာလျှင်သိသော အမှုအရာများရှိကြောင်းကို ကျွန်ုပ်တို့ဝန်ခံရပါမည်။ “သခင်ဘုရားသည် မိမိလူ ဗိ သိကျွမ်းတော်မူ၏” (၂ တိ၊ ၂း၁၉)။ မိမိကိုယ်ကို ခရစ်ယာန်ဖြစ်သည်ဟု
သောသူတို့သည်ဒုစရိုက်ကိုစွန့်လွှတ်ခြင်းအားဖြင့်သက်သေထူသင့်ပါသည်။
မှတ်ချက်။
O Gardiner Spring, The Distinguishing Traits of Christian Character, Phillipsburg, N.J. : Presbyterian and Reformed Publishing Co., 1980, စာမျက်နှာ – ၇၂
ပြုပြင်ပြောင်းလဲခြင်းလား သို့မဟုတ် အသစ်မွေးဖွားခြင်းလား
Reformation or Regeneration?
ယုံကြည်သူတစ်ဦး၏လုံခြုံစိတ်ချမှုအကြောင်းကိုလေ့လာရာ၌ ပြုပြင်ပြောင်းလဲခြင်းနှင့်အသစ်မွေးဖွားခြင်း၏ကွဲပြားမှုကိုခွဲခြားသိမြင်ရန်လို အပ်ပါသည်။ ပြုပြင်ပြောင်းလဲခြင်းသည်အကျင့်စရိုက်ဟောင်းကိုစွန့်ပစ်၍၊ ဘဝသစ်တစ်ခုကြိုးစားထူထောင်ခြင်းဖြစ်၍၊ အသစ်မွေးဖွားခြင်းသည် အသက်သစ်တစ်ခုကိုလက်ခံရရှိခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲခြင်းသည် စိတ်ဆန္ဒ၏လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး၊ အသစ်မွေးဖွားခြင်းသည် ဘုရားသခင်၏လုပ်ဆောင်ချက်ဖြစ်သည်။ ပြုပြင်ပြောင်းလဲခြင်းသည် လူတစ်ဦးအပေါ်၌ဝတ်စုံသစ်ကိုတင်ဝတ်ဆင်ပေးခြင်းဖြစ်၍၊ အသစ် မွေးဖွားခြင်းသည် လူသစ်တစ်ဦးကိုဝတ်စုံထဲ၌ထားခြင်းဖြစ်၏။ နှစ်သစ်ကူး စိတ်ပြဌါန်းချက်နှင့်အသစ်မွေးဖွားခြင်းအကြား ကွဲပြားခြားနားမှုရှိသကဲ့သို့ ဖြစ်ပါသည်။
ဓမ္မသစ်ကျမ်းတွင်ပြုပြင်ပြောင်းလဲခြင်းအကြောင်းဖော်ပြထား သည့် စံတင်လောက်သော သာဓကနှစ်ခု ရှိ သည်။ ပထမသာဓကမှာ၊ လူတစ်ဦး၏အထဲမှ ညစ်ညူးသောနတ်ထွက်သောဖြစ်ရပ်ဖြစ်သည် (မ၊ ၁၂း၄၃-၄၅။ လ၊ ၁၁း၂၄-၂၆)။ ထိုညစ်ည္းသာနတ်သည်ပြန်လာသောအခါ သူနေခဲ့သောအိမ်သည်လွတ်လပ်၍၊ သုတ်သင်ပြင်ဆင်လျက် ရှိကြောင်းတွေ့မြင်လေ၏။ ထိုအခါ မိမိထက်သာ၍ ညစ်ည္းသာနတ်ဆိုး ခုနှစ်ကောင်ကိုခေါ်ပြီးလျှင်ထိုအိမ်ထဲသို့ဝင်၍နေကြသဖြင့် ထိုလူ၏နောက်ဖြစ်ဟန်သည်ရှေ့ဖြစ်ဟန်ထက်သာ၍ဆိုးသွားလေတော့သည်။ အဓိပ္ပါယ်ဖွင့် ဆိုချက်ပေးရသော်၊ ဤကျမ်းပိုဒ်သည် ဣသရေလလူမျိုးတို့ကိုအဓိက ပြောဆိုခြင်းဖြစ်သည်။ (“ဆိုးညစ်သောဤလူမျိုး၊ မ၊ ၁၂း၄၅)။ ဗာဗုလုန်၌ ဖမ်းဆီးခြင်းခံသောလူတို့ ကို ရုပ်တုဆင်းတုကိုးကွယ်ခြင်းမှလွတ်ငြိမ်း ခွင့်ပေးခဲ့ပါသည်။ ဤအနေအထားကိုပြောရသော်၊ အိမ်သည်လွတ်လပ်၍ သန့်ရှင်းစင်ကြယ်သောအနေအထား၌ရှိနေသည်။ သို့ သော်လည်း အိမ်သည်လွတ်လပ်လဟာဖြစ်နေသည်။ ဣသရေလလူတို့ သည်မေရှိယကို လက်မခံဘဲငြင်းပယ်ခဲ့ကြသည်။ ရလဒ်အဖြစ် ဣသရေလလူတို့ သည် ရုပ်တုကိုဝတ်ပြုသည့်ပုံစံထက် သာ၍ဆိုးသောဒုစရိုက်ကိုပြုကြသည်။ သူတို့သည်အန္တိခရစ်ကိုဝတ်ပြုကိုးကွယ်ကြမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲ ခြင်းသည်လုံလောက်မှုမရှိချေ။ ကယ်တင်ရှင်မေရှိယမပါလျှင် ဆိုးညစ် ခြင်းမှ အပြီးတိုင်လွတ်မြောက်ခြင်းမရှိနိုင်ပါ။ ပြုပြင်ပြောင်းလဲခြင်းအကြောင်း ဒုတိယသရုပ်ဖော်ထားပုံကို ရှင်ပေတရုသြဝါဒစာဒုတိယစောင်အခန်းကြီး ၂ တွင်တွေ့မြင်ရပါသည်။
အကြောင်းမူကား၊ မှားယွင်းခြင်း၌ကျင်လည်သောသူတို့ အထဲ ကပြေးထွက်လုသောသူတို့ကို၊ ထောင်လွှားသောအချည်းနှီးစကား ပြောသည်နှင့်ဇာတိပကတိတပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်း အားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လွတ်ခြင်းအခွင့်ရှိ သည်ဟုဝန်ခံလျက်ပင် ကိုယ်တိုင်ပုပ်ပျက်ခြင်း၏ကျွန်ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင်သော အရာသည်လူ၏ သခင်ဖြစ်၏။ ကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်းအားဖြင့် လောကီညစ်ညူးခြင်းနှင့်ကင်းလွတ်ပြီးမှ တဖန်ကျော့မိ၍ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည်ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသောပညတ်ကိုတဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကို မသိဘဲနေသော် သာ၍ကောင်း၏။ ခွေးသည်မိမိအန်ဖတ်ကိုပြန်၍ စား၏။ ဝက်သည်လည်းဆေးပြီးမှရွှံ့တွင်လူးပြန်၏ဟု မှန်သော စကားပုံ သည် ထိုသူတို့၌ပြည့် စုံ သတည်း (၂ပေ၊ ၂း၁၈-၂၂)။ဟန်
သည်ရှေ့ဖြစ်ဟန်ထက်သာ၍ ဆိုးသွားလေတော့သည်။ အဓိပ္ပါယ်ဖွင့် ချက်ပေးရသော်၊ ဤကျမ်းပိုဒ်သည် ဣသရေလလူမျိုးတို့ကို အဓိက ပြောဆိုခြင်းဖြစ်သည်။ (ဆိုးညစ်သောဤလူမျိုး၊ မ၊ ၁၂း၄၅)။ ဗာဗုလုန်၌ ဖမ်းဆီးခြင်းခံသောလူတို့ ကို ရုပ်တုဆင်းတုကိုးကွယ်ခြင်းမှလွတ်ငြိမ်း ခွင့်ပေးခဲ့ပါသည်။ ဤအနေအထားကိုပြောရသော်၊ အိမ်သည်လွတ်လပ်၍ သန့်ရှင်းစင်ကြယ်သောအနေအထား၌ရှိနေသည်။ သို့ သော်လည်း အိမ်သည်လွတ်လပ်လဟာဖြစ်နေသည်။ ဣသရေလလူတို့ သည်မေရှိယကို လက်မခံဘဲငြင်းပယ်ခဲ့ကြသည်။ ရလဒ်အဖြစ် ဣသရေလလူတို့သည် ရုပ်တုကိုဝတ်ပြုသည့်ပုံစံထက် သာ၍ဆိုးသောဒုစရိုက်ကိုပြုကြသည်။ သူတို့သည်အန္တိခရစ်ကိုဝတ်ပြုကိုးကွယ်ကြမည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲ ခြင်းသည်လုံလောက်မှုမရှိချေ။ ကယ်တင်ရှင်မေရှိယမပါလျှင် ဆိုးညစ် ခြင်းမှ အပြီးတိုင်လွတ်မြောက်ခြင်းမရှိနိုင်ပါ။ ပြုပြင်ပြောင်းလဲခြင်းအကြောင်း ဒုတိယသရုပ်ဖော်ထားပုံကို ရှင်ပေတရုသြဝါဒစာဒုတိယစောင်အခန်းကြီး၂ တွင်တွေ့မြင်ရပါသည်။
အကြောင်းမူကား၊ မှားယွင်းခြင်း၌ကျင်လည်သောသူတို့ အထဲ ကပြေးထွက်လုသောသူတို့ ကို၊ ထောင်လွှားသောအချည်းနှီးစကား ပြောသည်နှင့်ဇာတိပကတိတပ်မက်ခြင်း၊ ကိလေသာလွန်ကျူးခြင်း အားဖြင့်အပြစ်သို့ သွေးဆောင်တတ်ကြ၏။ လွတ်ခြင်းအခွင့်ရှိ သည်ဟုဝန်ခံလျက်ပင် ကိုယ်တိုင်ပုပ်ပျက်ခြင်း၏ကျွန်ဖြစ်ကြ၏။ အဘယ်သို့ နည်းဟူမူကား၊ လူကို နိုင်သော အရာသည် လူ၏။ သခင်ဖြစ်၏။ ကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကို ၊ သိကျွမ်းခြင်းအားဖြင့် လောကီညစ်ညူးခြင်းနှင့်ကင်းလွတ်ပြီးမှ တဖန်ကျော့မိ၍ ရှုံးလျှင်၊ နောက်ဖြစ်ဟန်သည်ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုး၏။ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ၍၊ မိမိခံခဲ့ပြီးသော သန့်ရှင်းသောပညတ်ကိုတဖန်စွန့်ပစ်သည်ထက်၊ ထိုလမ်းကို မသိဘဲနေသော် သာ၍ကောင်း၏။ ခွေးသည်မိမိအန်ဖတ်ကိုပြန်၍ ၊ စား၏။ ပက်သည်လည်းဆေးပြီးမှရွှံ့တွင်လူးပြန်၏ဟု မှန်သော စကားပုံ သည်ထို သူတို့ ၌ပြည့် စုံ သတည်း (၂ပေ၊ ၂၁၈-၂၂)။
ဤကျမ်းပိုဒ်က ဒုစရိုက်အပြစ်ထဲ၌ကျင်လည်အသက်ရှင်နေထိုင် ကြသော်လည်း မိမိတို့၏အကျင့်စရိုက်ကိုသန့်ရှင်းရေးလုပ်ရန် စိတ်ပိုင်းဖြတ် ထားသောသူတို့၏အကြောင်းကိုပြထားသည်။ သို့ဖြစ်၍၊ သူတို့သည် အကြံ
ကောင်းဉာဏ်ကောင်းရရှိရန်အတွက် မိမိတို့ ၏ဒေသန္တရဓမ္မဆရာထံသို့ သွားကြသည်။ ဤမှားယွင်းသောဆရာသည်သူတို့ အားအသစ်တစ်ဖန် မွေးဖွားနည်းကိုပြောပြရမည့်အစား ထိုသူတို့၏အပြစ်ဒုစရိုက်ကိုလစ်လျူ ရှုကာ၊ ဤကိစ္စကိုသူကိုယ်တိုင်ဆောင်ရွက်နိုင်ကြောင်းဝါကြွား၍၊ မိမိတို့၏ ပင်ကိုယ်အာသီသကိုပြည့်ပြည့်စုံစုံဖော်ပြကြရန် သူတို့ကိုတိုက်တွန်းလေသည်။
ဤသူတို့ သည်မှန်သောအရာကိုသိမြင်ခဲ့ကြပါသည်။ သို့သော် လည်း ထိုအမှန်တရားကိုငြင်းပယ်ခဲ့ကြသဖြင့် ရလဒ်အဖြစ်သူတို့သည် ခါတိုင်းထက်သာ၍အရှက်ကွဲရသောဘဝသက်တာထဲသို့ နိမ့်ဆင်းနှစ်မြုပ် လျက်၊ ဂုဏ်အသရေညှိုးနွမ်းသွားကြရသည်။ ဤသူတို့ သည်မိမိအန်ဖတ်ကို ပြန်၍စားသောခွေးနှင့်တူကြ၏။ ဆေးကြောသန့်စင်ပြီးမှရွံ့တွင်းလူးပြန်သော ဝက်နှင့်တူ၏။ ဓမ္မဟောင်းကျမ်းတွင် ခွေးနှင့်ဝက်နှစ်ကောင်စလုံးသည် မစင်ကြယ်သောသတ္တဝါများဖြစ်သည်။ ဤသတ္တဝါတို့၏သဘာဝသည် မစင်ကြယ်သလို၊ သူတို့ ၏အပြုအမူသည်လည်းမစင်ကြယ်ပါ။ ထိုနည်း တူ၊ ဤသူတို့ သည်လည်းဖြစ်ကြ၏။ ဤသူတို့ သည်ပြုပြင်ပြောင်းလဲ ခြင်းပြုကြသော်လည်း သူတို့ သည်ပကတိအသစ်ကိုလက်ခံရရှိခြင်းမရှိ ခဲ့ဖူးကြချေ။ ခွေးသည်ခွေးနှင့်သာသက်ဆိုင်နေဆဲရှိသလို၊ ဝက်သည်လည်း ဝက်နှင့်သာသက်ဆိုင်နေဆဲရှိနေလေ၏။
ဒုစရိုက်အပြစ်နှင့် ပြည့်နေသောလူသားများအတွက်လိုအပ် ချက်မှာ အသစ်မွေးဖွားခြင်းဖြစ်ပါသည်။ အသစ်မွေးဖွားခြင်းသည်ဘုရား သခင်၏ဝိညာဉ်တော်ဖြစ်သောသန့်ရှင်းသောဝိညာဉ်တော်၏အံ့ဩဖွယ်ကောင်းသော၊ လျှို့ဝှက်ဆန်းကြယ်သော၊ ဖြစ်ရိုးဖြစ်စဉ်ထက်ထူးကဲသော လုပ်ဆောင်ချက်ဖြစ်ပြီး၊ အပြစ်သားတစ်ဦးသည်မိမိအပြစ်ကိုနောင်တရ ၍၊ သခင်ယေရှုခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်နှင့်အရှင်သခင်အဖြစ် ဝန်ခံသောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည်အသစ်မွေးဖွားခြင်း အလုပ်ကိုလုပ်ဆောင်ပါသည်။ ၎င်းသည် တိတု ၃၅ ၌ပါသောဆေးကြော ခြင်းနှင့် တူပါသည်။ အသစ်တဖန်မွေးဖွားစေသောကိရိယာတန်ဆာပလာမှာဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ပါသည် (၁ပေ၊ ၁း၂၃)။ “ ၎င်းသည် အသစ်မွေးဖွားခြင်းဖြစ်သည် (ယော၊ ၃၃၊ ၅)။ အသစ် စားသောပုဂ္ဂိုလ်သည် ဘုရားသခင်၏သားတစ်ဦးဖြစ်လာပါသည် ယော၊ ၁း၁၂-၁၃)။ တစ်ကြိမ်တစ်ခါအသစ်မွေးဖွားပြီးလျှင် ထိုမွေးဖွားသည် ထာဝစဉ်တည်မြဲနေပါသည်။ မည်သည့် အရာကမှအသစ် ပေးစားခြင်းကိုပျက်ပြယ်သွားအောင် ဖျက်ဆီး၍မရပါ။ စာရေးသူကျွန်တော်
ယ် ဝီလျံနှင့်ဂျက်ဆီမက်ဒေါ်နယ်လ်တို့မှမွေးဖွားလာသောသူဖြစ်ပါသည်။ ကျွန်တော်သည်မိဘတို့ကိုအရှက်ခွဲကောင်းခွဲ နိုင်ပါသည်။ မိဘတို့ ကို ငြင်းပယ်နိုင်ပါသည်။ တရားဝင်လုပ်ပိုင်ခွင့်ထဲမှာ မိုက်မဲသောအမှုတစ်ချို့ကို ပြုလုပ်၍၊ မိဘတို့၏ “အဆက်ဖြတ်ခြင်းကို ခံရကောင်းခံရနိုင်ပါသည်။ ပြုပြင်
ဖျောက်ဖျက်၍မရသောအမူအကျင့်သည် ဖြစ်မြဲအတိုင်းတည်ရှိနေသော် လည်း ကျွန်တော်သည်မိဘတို့၏သားဖြစ်နေဆဲဖြစ်ပါသည်။ သူတို့ သည် အစဉ်သဖြင့်ကျွန်တော်၏မိဘများဖြစ်နေကြပါသည်။
ခွေးနှင့်ဝက်ပုံဥပမာဆီသို့လှည့်ပြန်သွားရသော်၊ ဤမစင်ကြယ် သောသတ္တဝါတို့ သည် ဘယ်သောအခါမှသုံးဖြစ်မလာကြပါ (ဆိုလိုသည် မှာ၊ စင်ကြယ်သောသတ္တဝါဖြစ်မလာကြပါ)။ မည်သူတစ်ဦးတစ်ယောက် မဆို အသစ်မွေးဖွားခြင်းခံရသောအခါ၊ ထိုသူသည်သခင်ခရစ်တော်၏သိုး တစ်ကောင်ဖြစ်လာပါသည်။ ထိုသို့ဖြစ်လာသည့်အတွက် သူသည်ပျက်စီး ခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်သွားလိမ့်မည် (ယော၊ ၁၀း၂၈)။ ဤအသစ် မွေးဖွားခြင်းသည် ယခင်အခြေအနေသို့ ဘယ်သောအခါမှပြန်လည် မရောက်ရှိစေမည့်မွေးဖွားခြင်းဖြစ်ပါသည်။ )
အမည်ခံခရစ်ယာန်တစ်ဦးနှင့်စစ်မှန်သောခရစ်ယာန်တစ်ဦးတို့
ကြား၌ခြားနားမှုတစ်ခုရှိပါသည်။ မည်သူတစ်ဦးတစ်ယောက်မဆို အသစ် တစ်ဖန်မွေးဖွားလာသောအခါ၊ သူသည်သခင်ယေရှုခရစ်တော်၌ အသစ် န်ဆင်းခြင်းခံရသောသတ္တဝါဖြစ်လာပါသည်။ သူ၏အထဲ၌ခရစ်တော်၏
သက်ရှိ၍၊ အသစ်သောအသက်တာကိုတွေ့ကြုံလာမည်ဖြစ်သည်။ ဤ အကြောင်းကိုမေးခွန်းထုတ်စရာမရှိပါ။ သခင်ယေရှုသည်ထိုသူ၏အထဲသို့
ရောက်လာသောအခါ၊ ခြားနားမှုကိုဖြစ်စေပါသည်။ လူတစ်ယောက်၏ “က်တာသည်ယခင်အခြေအနေအတိုင်းအစဉ်အမြဲဖြစ်နေပါက၊ ထိုသူ
သည်ခရစ်ယာန်တစ်ဦးမဟုတ်ပါ။ စစ်မှန်သောယုံကြည်သူ၌အသစ်သော ချစ်ခြင်းမေတ္တာ၊ အသစ်သောရည်မှန်းချက်၊ အသစ်သောလိုအင်ဆန္ဒများ နှင့် အသစ်သောဘဝဟန်ပန်ရှိပါသည်။ ဘုရားသားတစ်ဦး၏ထူးခြားသော ဂုဏ်အင်္ဂါအချို့ကို စာရင်းပြုစုကြပါစို့။ ။
သူသည်မည်သည့်ကောင်းမှုကုသိုလ်မဆိုငြင်းဆိုပါသည်။ စာဖတ် သူကထိုယုံကြည်သူအား “သင်သည်ကယ်တင်ခြင်းခံရပါသလား”ဟုမေးပါ က၊ သူက “ဟုတ်ကဲ့၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်သာလျှင် ကယ်တင် ခြင်းခံရတာဖြစ်ပါတယ်” ဟူ၍ လျောက်ပတ်စွာဖြေကြားပါလိမ့်မည်။
ထိုယုံကြည်သူ၌ ဘုရားသခင်အတွက်အသစ်သောမေတ္တာတစ်ခု ရှိပါသည် (၁ယော၊ ၅၂)။ အသက်တာမပြောင်းလဲမီ သူသည်ဘုရားသခင်၏ အလိုတော်နှင့်ဆန့်ကျင်လျက်အသက်ရှင်ခဲ့သည် (သို့) ဥပေက္ခာပြုခဲ့သည် (သို့) သည်းညည်းခံခဲ့သည်(သို့)ကြောက်ရွံ့ခဲ့သည်။ သို့သော်လည်း ယခု တွင်မူ သည်ပကတိစိတ်အတိုင်းဘုရားသခင်အား “အဘ” ဟု ခေါ်လေ သည် (ဂလာ၊ ၄၆)။
ပြောင်းလဲမှုကသိသာထင်ရှားပါသည်။ အတိတ်ကအမှားများ ဖြစ်သော ခိုးယူခြင်းများ၊ လိမ်လည်ခြင်းများ၊ ဥပဒေချိုးဖောက်ခြင်းများနှင့် အခြားမှားယွင်းမှုများကိုစွန့်ပစ်၍ အသစ်သောအသက်တာ၌အသက် ရှင်ရန် သူသည်ဆုံးဖြတ်ထားသည် (လု၊ ၁၉၈)။
သူ၏ဆွေမျိုးသားချင်းများနှင့်မိတ်ဆွေသင်္ဂဟများရှေ့မှောက်၌ ကယ်တင်ရှင်ကိုဝန်ခံရန်အတွက် စိတ်နှလုံးထဲ၌တိုက်တွန်းနှိုးဆော်မှု တစ်ခုကိုခံစားရသည် (ရောမ ၁၀၉)။ အမှန်မှာ၊ သူသည်အင်မတန်သူရဲ ဘော်ကြောင်သောသူတစ်ဦးဖြစ်ပါသည်။ သို့သော်လည်း၊ သခင်ယေရှုကို လူသိရှင်ကြားဝန်ခံဖို့တွန်းအားပေးခြင်းကိုခံရပါသည်။ သူသည်ဗတ္တိဇံ မင်္ဂလာခံယူခြင်းအားဖြင့်ကိုယ်တော်ကိုအရှင်သခင်အဖြစ်ဝန်ခံသည်။
ဆုတောင်းပဌနာပြုခြင်းသည် ဘဝ အသက် တာ၏ အရေးကြီး သောကဏ္ဍတစ်ရပ်ဖြစ်လာပါသည် (ဂလာ၊ ၄၆။ ၁ယော၊ ၅၁၄-၁၅။ တ၊၉၁၁)။ သွန်သင်ခြင်းမခံရသော်လည်း သူ၏ဘုရားနှင့်ဖခင်ထံစကား ပြောရန်လိုအပ်ကြောင်း သူသည်နားလည်သဘောပေါက်သည်။ )
သမ္မာကျမ်းစာသည် သူ၏ဘဝထဲ၌နေရာတစ်ခု ရှာဖွေတွေ့ရှိ
သွားသည်။ ယခင်ကမတွေ့ခဲ့ဖူးပါ။ အစာအာဟာရသည်သူ၏ခန္ဓာအတွက် ဖြစ်သကဲ့သို့ နှုတ်ကပတ်တော်သည်သူ၏ဝိညာဉ်အတွက်အစာအဟာရ ဖြစ်သည် (ဆာ၊ ၁၁၉း၁၆၂။ ၁ပေ၊၂း၂)။ သူသည်ဘုရားသခင်၏စကား
ပြောသံကိုနှုတ်ကပတ်တော်မှတစ်ဆင့်ကြားပြီး၊ နာခံခြင်းထက်သာ၍ အရေးကြီးသောအရာတစ်ခုမှမရှိပါ (
၁ယော၊ ၂း၃-၆၊၁၇။ ၅:၂။ ယော၊ ၁၄း၁၅)။
သူ့ ဘဝဟောင်း၌ဘုရားမကြိုက်သောအရာများပြုလုပ်ရာတွင် အသုံးပြုခဲ့သည့်အသုံးအဆောင်ပစ္စည်းများကိုသူသည်ဖယ်ရှားရှင်းလင်း ပစ်ရမည်ဟူ၍ မကြာမီဆုံးဖြတ်လိုက်သည် (တမန်၊ ၁၉၁၉)။ ထိုအသုံး အဆောင်ပစ္စည်းများမှာ မူးယစ်စေတတ်သောဓါတုပစ္စည်းများ၊ ညစ်ညမ်း
သောစာပေ၊ ရုပ်ပုံ၊ ရုပ်ဝတ္ထုပစ္စည်းများ၊ မကောင်းသောတေးဂီတများ၊ နတ်ဝိဇ္ဇာအတတ်ဆိုင်ရာပစ္စည်းများဖြစ်ကောင်းဖြစ်နိုင်ပြီး၊ ထိုအရာ အားလုံးကိုဖယ်ရှားရှင်းလင်းပစ်ရမည်။ သူသည်ဘုရားသခင်ကိုချစ်၍ သူ၏အစေခံချင်သည်။ ဘုရားသခင်၏ကရုဏာတော်၊ သခင်ခရစ်တော် ၏ချစ်ခြင်းမေတ္တာတော်၊ အချိန်ကာလတိုတောင်းခြင်းနှင့်အသေးအဖွဲ့ အရာများနှင့် သူ့ဘဝကိုဖြုန်းတီးမိမှာကိုကြောက်ရွံ့ခြင်းတို့ သည်သူ့ကို အတင်းအကြပ်နှိုးဆော်ပါသည်။
ခရစ်ယာန်များကိုချစ်ခင်ကြင်နာတတ်သည့်မေတ္တာအသစ်တစ်ခု သူ၌ရှိပါသည် (
၁ယော၊ ၃၁၁၊ ၁၄။ ၅၁)။ သူသည်ဘုရားသခင်ကိုမသိ ကျွမ်းမီ ခရစ်ယာန်တို့ကို ဆက်ဆံဘို့မကောင်းသော အဖော်အတွဲမဲ့သူများ ပမာရှုမြင်၍ အထင်သေးခဲ့ပါသည်။ ယခုတွင်မူ ထိုခရစ်ယာန်များသည်
သူ၏လူများ” “မြေကြီးပေါ်၌နေသော သူနှစ်သက်သည့်သန့်ရှင်းသူနှင့် ထူးဆန်းသောသူများ” ဖြစ်ကြပါသည် (ဆာ၊ ၁၆း၃)။
ကမ္ဘာပေါ်ရှိပျောက်ဆုံးနေသောလူသားများကို ချစ်ခင်ကြင်နာတတ် သည့်မေတ္တာအသစ်တစ်ခုသူ၌ရှိပါသည် (ရောမ ၁း၁၄။ တ၊ ၄၂၀)။ သူသည်သခင်ခရစ်တော်ကအခြားသူတို့ အတွက်လည်း အသေခံခဲ့ကြောင်း သိမြင်လာသောအခါ၊ ထိုသူတို့ကိုကယ်တင်ရှင်ထံပို့ဆောင်ချင်သော အဩဖွယ်ရာတာဝန်သိစိတ်ရှိလာသည်။ အကယ်၍ ထိုသူတို့သည်ချစ်ခင် ၄၈သက်ဖွယ်ကောင်းသောသူများ၊ အမုန်းတရားကိုထုတ်ဖော်ပြသသော
သူများဖြစ်ကြပါလေစေ၊ သူသည်ထိုသူတို့၏ထာဝစဉ်ကောင်းစားရေး အတွက် ဆန္ဒပြင်းပြလျက်ရှိပါသည်။
ယုံကြည်သူလူသစ်တစ်ဦး၏အသက်တာ၌ ပြောင်းလဲခြင်းသည် အခြားနေရာများထက်ဒုစရိုက်အပြစ်နှင့် ဆက်ဆံရာ၌ပိုပိုပေါ်လွင်ထင် ရှားပါသည်။ သူသည် ယခုတိုင်ဒုစရိုက်အပြစ်ပြုမိနေသော်လည်း အပြစ် တရား၏ကျွန်တစ်ဦးမဟုတ်တော့ပေ။ အပြစ်တရားသည်သူ့ကိုမလွှမ်းမိုး၊ မအုပ်စိုးတော့ပါ (ရောမ ၆း၁၄)။ သူသည်အပြစ်ကင်းစင်သောသူ မဟုတ်သော်လည်း ဒုစရိုက်အပြစ်ကိုလျော့နည်းစွာကျင့်လာပါသည်။ သူသည် ဒုစရိုက်ပြုခြင်းကိုအကျင့်ဖြစ်ခြင်းမှလွတ်မြောက်သွားပါသည် (၁ယော၊ ၅း၁၈)။
စစ်မှန်သောယုံကြည်သူတိုင်း၌ သန့်ရှင်းစင်ကြယ်ခြင်းကိုချစ်သည့် မွေးရာပါချစ်ခြင်းမေတ္တာစိတ်ရှိသလို ဒုစရိုက်အပြစ်ကို ရွံရှာသည့် မွေးရာပါ စိတ်လည်းရှိလေသည် (၁ယော၊ ၃၈-၉။ ဆာ၊ ၉၇း၁၀)။ သူသည် ဒုစရိုက်ပြုမိသောအခါ ယခင်ကဝန်ချခြင်းထက်သာလွန်၍ သူ၏အပြစ်ကို ဝန်ချတောင်းပန်လေသည် (ရောမ ၇၁၄-၂၅)။ ဒုစရိုက်ပြုခြင်းသည် ကျေးဇူးတော်ကို ဆန့်ကျင်ခြင်း၊ ဘုရားသခင်၏ပညတ်တော်ကို ချိုး ဖောက်ခြင်းသာမက၊ သူ၏နှလုံးသားကိုလည်းချိုးဖဲ့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်းသူသည်နားလည်သဘောပေါက်သည်။ သို့ဖြစ်လေရာ၊ သူ၏ ဒုစရိုက်ကိုဝန်ချတောင်းပန်ရန်နှင့် သူ့ဖခင်၏တော်လျော်သောခွင့်လွတ်
ခြင်းကိုရရှိရန် သူသည်အလျင်အမြန်လုပ်ေဆာင်ေလသည်။
အချိန်ကာလရွေ့လျားလာသည်နှင့်အမျှ၊ အသက်သစ်၏အခြား ထင်ရှားသောသက်သေသာဓကများလည်းပေါ်ထွက်လာပါသည်။ သူ သည်ဖြောင့်မတ်ခြင်းတရားကိုကျင့်ကြံလေသည် (
၁ယော၊ ၂း၂၉။ ၁ယော၊ ၃၇၊၁၀)။ ယခုအခါ၊ သူ၌နူးညံ့ သိမ်မွေ့ တည်ကြည်သောဩတ္တပ္ပစိတ ရှိနေပြီဖြစ်၍ သူသည်ခိုးယူခြင်း၊ လိမ်ညာခြင်း၊ လှည့်စားခြင်း သို့ မဟုတ် စာရိတ္တုဖောက်ပြန်သောအပြုအမူတို့၌ ပါဝင်လုပ်ဆောင်ခြင်းတို့ ကို ငြင်းပယ်လေသည်။ အသက်တာ၌ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက် ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့်ကာမဂုဏ်ချုပ်တည်းခြင်းစသည့် ဝိညာဉ်အသီးများသီးပွင့်လာပါသည် (ဂလာ၊ ၅း၂၂-၂၃)။ သူကိုယ်တိုင်ကောင်းသော အကျင့်တို့ကို ကျင့်ကြံ ရန် စွဲ လမ်းနေခြင်းအားဖြင့် သူ၏ကယ်တင်ရှင်ဘုရားသခင်၏ ဩဝါဒကို ယူတင်ဝတ်ဆင်ထားလေသည် (ဧဖက် ၂၁၀။ ယာ၊၂း၁၄-၂၆။ တိတု ၂း၇-၁၀)။
လောကီပုံ သဏ္ဌာန်သည် သခင် ခရစ်တော်နှင့် ခရစ်ယာန်၏ တန်ဖိုးကိုဆန့်ကျင်ဘက်ပြုနေကြောင်း သူသည်တဖြည်းဖြည်းသိမြင်နား လည်လာပါသည် (ယော၊ ၁၅၁၈)။ သူသည်လောကီဆန်စွာကျင်းပသော I ပါတီပွဲများ သို့မဟုတ် သခင်ခရစ်တော်၏နာမတော်ကိုရှုံ့ချသောတွေ့ဆုံ | ပွဲများ၌သွားရောက်ပါဝင်ရန် နောက်တစ်ဖန်ဆန္ဒမရှိတော့ပါ။ သူသည်ဤ ( ကမ္ဘာကြီးထဲ၌ သခင်ခရစ်တော်အဘို့ သက်သေတစ်ဦးပမာရှိနေကာ၊ ဤလောကထဲရှိတဏှာရမက်များနှင့်မာန်မာနတို့ အတွက် ဝန်ဆောင်ပေး နေသောသက်သေမဟုတ်ပါ (ယော၊ ၁၇၁၆)။ သူသည်လောကကို
ကျောခိုင်း၍ဘုရားသခင်ကိုမျက်မှောက်ပြုကာ သွားလာနေကြောင်းသူ့ကိုယ် သူတွေ့မြင်လာသည် (
၁ယော၊၂း၁၅-၁၇)။
အသစ်ဖွားမြင်သောဘုရားသခင်၏သားသမီးတစ်ဦးသိရှိသည့် အသက်သစ်၏အမှတ်လက္ခာများအနက်တစ်ခုမှာ သူသည်သေခြင်းကို လုံးဝမကြောက်ရွံ့တော့ပါ။ သူသည်နာကျင်စွာခံစားရပြီးသေဆုံးခြင်းမျိုး ကိုနှစ်သက်မှာမဟုတ်သော်လည်း၊ သေခြင်းတရားကသူ့ကိုကြောက်ရွံ့ ထိတ်လန့်အောင်မပြုလုပ်နိုင်ပါ။
အထက်ပါအကြောင်းအရာကိုဖတ်ရှုသောသူတစ်ချို့က ယုံကြည်သူ လူသစ်တစ်ဦးအပေါ်၌ လေးလံသည့်ဝန်ထုပ်တစ်ထုပ်ကိုင်နေခြင်း ဖြစ်သည်ဟူ၍ စဉ်းစားကောင်းစဉ်စားမိလိမ့်မည်။ သို့ သော်လည်း ထို ထင်မြင်ချက်သည် ဆိုလိုရင်းအဓိပ္ပါယ်ကိုလွဲချော်သွားစေပါသည်။ အထက်
လူတစ်ဦး၌သခင်ခရစ်တော်၏အသက်တာကထင်ရှားစွာထုတ်ဖော် ပြသထားသည့် ဖြစ်ရိုးဖြစ်စဉ်များဖြစ်သည်။ သူသည်မိမိ၏ကိုယ်ပိုင် ခွန်အားဖြင့်ထိုအရာများကိုမလုပ်ဆောင်နိုင်ပါ။ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်သူသည်အစွမ်းတန်ခိုးကိုဖြည့်ဆည်းခံရလေသည်။ သူ၏ပူးပေါင်း ဆောင်ရွက်ခြင်းပါဝင်ရမှာမှန်သော်လည်း၊ ၎င်းသည်ဒုတိယဖြစ်သည်။
ထိုသို့ လုပ်ဆောင်စေနိုင်သောအစွမ်းတန်ခိုးမှာ သူ၏အထဲ၌ကျိန်းဝပ်တော် မူသောသခင်ခရစ်တော်ဖြစ်ပါသည်။
မှတ်ချက် ။
၁။ တစ်ဦးတစ်ယောက်က “ကောင်းပါပြီ၊ မာရ်နတ်ရဲ့ သားသမီးတွေ ကဘယ်လိုလဲ (ယော၊ ၈း၄၄)၊ သူတို့ ဟာအဲဒီဆက်နွယ်မှုထဲမှာပဲ တည်ရှိ နေဖို့ ပြစ်ဒဏ်ပေးခံရတာလား၊ သူတို့ကယ်တင်ခြင်းမရနိုင်တော့ဘူးလား” ဟူ၍မေးမြန်းကောင်းမေးမြန်းပါမည်။ အဖြေမှာ၊ လူတို့ သည်ဖွားမြင် ခြင်းအားဖြင့်မာရ်နတ်၏ သားသမီးများဖြစ်မလာကြပါ။ သို့ သော်လည်း မာရ်နတ်၏အပြု အမူ၊ အကျင့်စရိုက်ကိုအတုမြင်အတတ်သင်ခြင်းအား ဖြင့် လူတို့ သည်မာရ်နတ်၏သားသမီးများဖြစ်လာကြပါသည်။
သင်တို့သည်ခံယူ၍မှီဝဲဆည်းကပ်သော ဧဝံဂေလိတရားကိုသင်တို့ အား တ ဖန် ငါကြားလိုက်၏ အထက် ကာသည် အကြောင်းများက သင်တို့ သည်အကျိုးမဲ့မယုံဘဲစိတ်စွဲလမ်းလျှင်၊ ထိုဧဝံဂေလိတရား အားဖြင့်ကယ်တင်တော်မူခြင်းသို့ရောက်ကြ ၏ ( ၁ကော၊ ၁၅၁၊ ၂)။
ရှင်ပေါလုကကောရိန္ဒူမြို့ရှိယုံကြည်သူတို့အားဟောပြောခဲ့သော ရှင်ပြန်ထမြောက်ခြင်းအကြောင်းပါဝင်သည့်ဧဝံဂေလိတရားကို ကောရိန္တ လူတို့ သည်စိတ်စွဲလမ်းပြီးစွဲကိုင်ထားလျှင်၊ သူတို့ သည်အမှန်တကယ် ကယ်တင်ခြင်းခံရလေသည်။
သို့ သော်လည်း ရှင်ပေါလုကခရစ်ယာန်ဖြစ်ပြီးသားထိုသူတို့ကို အဘယ်ကြောင့်ဤသို့ပြောပါသနည်း။ အဘယ့်ကြောင့်ဆိုသော်၊ ယုံကြည်သူ အစုအဝေးထဲရှိအချို့သောသူတို့၏ကယ်တင်ခြင်းသည်သံသယဖြစ်ဖွယ် ရှိကြောင်း ရှင်ပေါလုကသိမြင်ထားသောကြောင့် ဤကဲ့သို့ ပြောရခြင်း ဖြစ်သည်။ အချို့တို့သည်သခင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်ကြသည်။ ထိုသူတို့ကို ရှင်ပေါလုက “သင်တို့ သည်စစ်မှန်သော ဧဝံဂေလိတရားကိုယုံကြည်ခြင်းအားဖြင့် သင်တို့သည်ကယ်တင်ခြင်းသို့ ရောက်ကြလေပြီ။ သို့ သော်လည်း၊ အကယ်၍ သင်တို့သည်အမှန်တကယ် ကယ်တင်ခြင်းခံရလျှင်၊ သင်တို့ထံသို့ငါဟောပြောသောအကြောင်းအရာ များကိုမြဲမြံစွာစိတ်စွဲလမ်းခြင်းအားဖြင့် သင်တို့ကယ်တင်ခြင်းသို့ရောက် သည့်အကြောင်းကို သင်တို့သည်ပြသကြပါလိမ့်မည်”ဟူ၍ပြောခြင်းဖြစ် သည်။ မြဲမြံစွာစိတ်စွဲလမ်းခြင်းသည် အသစ်သောအသက်တာ၏အသီး အပွင့်ဖြစ်၍၊ ကယ်တင်ခြင်းမဆုံးရှုံးရလေအောင်မြဲမြံစွာစွဲကိုင်ခြင်းဟု မဆိုလို ပါ။ စစ်မှန်သောဧဝံဂေလိတရားသည် တစ်ခုတည်းသာလျှင် ရှိပါသည် (ငယ်၊ ၂-၄)။ အခြားသောနည်းလမ်းဖြင့်ကယ်တင်ခြင်းသို့ရောက်သည်ဟု
သောယုံကြည်ခြင်းသည်အချည်းနှီးဖြစ်ပါသည်။ အချို့သောသူတို့ပြု သကဲ့သို့ ရှင်ပြန်ထမြောက်ခြင်းကိုထည့်သွင်းမစဉ်းစားပါက သင်၏ယုံကြည် ခြင်းသည်အချည်းနှီးဖြစ်ပြီး၊ သင်သည် ဒုစရိုက်အပြစ်ထဲ၌ရှိနေဆဲဖြစ်ပါ သည် (ငယ်၊ ၁၇)။
ကယ်တင်ခြင်းသည် သင်လုပ်ဆောင်ရမည့်ကောင်းမှုကုသိုလ်တစ်ပိုင်းတစ်စအပေါ်၌မူတည်လျှင် သင်သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက် သည် ဟူသောအချက်ကို ငြင်းပယ်ခြင်းဖြစ် သည်။ ကျေးဇူးတော်သည် လက်ဆောင်ဖြစ်၍ အကြွေးမဟုတ်ပါ။ ၎င်းသည် အခြေအနေပေါ်၌ မတည်သောပဋိညာဉ်ဖြစ်၍ ဘုရားသခင်လုပ်ဆောင်ရ မည့်အရာဖြစ်ပြီး၊ သင်လုပ်ဆောင်၍မရပါ။
ဘုရားသခင်သည်ကယ်တင်ခြင်းအတွက်မလုပ်ဆောင်လျှင်၊ ကျွန်ုပ် တို့သည်ကောင်းကင်ဘုံသို့ဝင် စားဘို့ရန်ဘယ်သောအခါမှ မသေချာနိုင်တော့ ပါ။ အဘယ့်ကြောင့်ဆိုသော်၊ ကျွန်ုပ်တို့သည်အားနည်း သောသူ၊အပြစ်နှင့် ပြည့်သောသူ၊ မထိုက်တန်သောသူများဖြစ်ကြသောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်ကကျွန်ုပ်တို့ကိုကောင်းကင်ဘုံတံခါးဝသို့ ခေါ်ဆောင်ကာ ကျွန်ုပ် တို့၏ခွန်အားနှင့် အကျင့်သီလအားဖြင့် ထိုတံခါးဝကိုကျော်ဖြတ်ရမည်ဟု ကျွန်ုပ်တို့ကိုပြောပါက၊ ကျွန်ုပ်တို့သည် ကျော်ဖြတ်နိုင်ကြမည်မဟုတ်ပါ။
အပိုဒ်ငယ်-၂ “ကယ်တင်တော်မူခြင်းသို့ရောက်ကြ၏” ဟူသော ကြိယာသည် ပစ္စုပ္ပန်ပြကြိယာဖြစ်ကာ “ကယ်တင်ခြင်းသို့ ရောက်နေကြသည်” ဟူ၍အဓိပ္ပါယ်ဆောင်ပါကလည်း ၎င်း၏ဆိုလိုချက် ကိုမပြောင်းလဲစေပါ။
အထက်တွင်ဖော်ပြထားပြီးဖြစ်သကဲ့သို့ ကယ်တင်ခြင်းတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ ကာလ(၃)မျိုးရှိပါသည်။ ကျွန်ုပ်တို့ကို အပြစ်ဒဏ်မှ “ကယ်တင်ခဲ့သည်။” ကျွန်ုပ်တို့ကိုအပြစ်တန်ခိုးမှ “ကယ်တင် သည်။”ကျွန်ုပ်တို့ကိုအပြစ်လောကမှ“ကယ်တင်မည်။” ပထမကယ်တင် ခြင်းသည် ဖြောင့်မတ်စေခြင်း၊ ဒုတိယမှာ စင်ကြယ်စေခြင်း၊ တတိယမှာ ဘုန်းတန်ခိုးနှင့်ပြည့်စုံစေခြင်းဖြစ်ပါသည်။
အကယ်၍ သူတို့ယုံကြည်ခဲ့သောဧဝံဂေလိတရားနှင့် ယုံကြည်နေဆဲ ဖြစ်သောဧဝံဂေလိတရားသည် သခင်ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအ ကြောင်းမပါပါက၊ သူတို့၏ယုံကြည်ခြင်း သည်အကျိုး မဲ့ဖြစ်ကြောင်းရှင်ပေါလုက ကောရိန္တမြို့ရှိယုံကြည်သူများကိုပြောခဲ့ပါသည်။ သို့သော်လည်း စစ်မှန် သောဧဝံဂေလိတရားကိုအကျိုးမဲ့ဖြစ်သည်ဟူ၍ယုံကြည်ရန်မှာ မဖြစ်နိုင်ပါ။
“ဖောက်ပြန်ခြင်း”အမြင်ကိုထောက်ခံသူအချို့တို့ က ရောမ ၈း၁၇ ကိုအခြေခံလျက်၊ ကယ်တင်ခြင်းသည် ဤဘဝ၌ကျွန်ုပ်တို့ ဆင်းရဲဒုက္ခ စားရခြင်းအပေါ်၌မူတည်လျက်ရှိကြောင်း မှတ်ယူပြောဆိုကြသည်။
သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏အမွေခံဖြစ်ကြ၏။ ခရစ်တော် နှင့်အတူဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက ကိုခံရလျှင် ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြသည်။
ရောမအခန်းကြီး ၈ ၌ သန့်ရှင်းသောဝိဉာဉ်တော်နှင့်သူတို့၏ တော်စပ်မှုအပေါ်၌အခြေခံလျက်၊ ရှင်ပေါလုက ယုံကြည်သူများနှင့်မယုံ ကြည်သူများကိုခွဲခြားထားပါသည်။ ရှင်ပေါလုက သခင်ခရစ်တော်၏ ကိုယ်ခန္ဓာတွင်ပါဝင်သည့် ဝိညာဉ်ရေးရာ၌အားနည်းသောသင်းဝင်သူ များနှင့်ဝိညာဉ်ရေးရာ၌အားကြီးသောသင်းဝင်သူတို့ကို ခွဲခြားခြင်းမဟုတ် ပါ။ ၄င်းကို အောက်ပါဇယားတွင်တွေ့နိုင်ပါသည်။
အပိုဒ်ငယ်- ၁၇၌တမန်တော်က “ထိုသခင်နှင့်အတူဆင်းရဲဒုက္ခခံရလျှင်၊ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏”ဟုပြောသောအခါသူသည်အတွင်းဘက်၌ရှိနေကြသည့်အကောင်းမြတ်ဆုံးခရစ်ဟန်များကိုရည်ညွှန်းပြောဆိုခြင်းမဟုတ်ဘဲ၊ဘုရားသခင်၏သားသမီးအားလုံကိုရည်ညွှန်းပြောဆိုခြင်းဖြစ်ပါသည်။ဘုရားသားသမီးအားလုံးတို့သည်အချက်နှစ်ချက် (ဆင်းရဲဒုက္ခခံရခြင်းနှင့်ချီးမြှောက်ခံရခြင်း) ကိုကြုံတွေ့ရန်သေချာပါသည်။ဖြောင့်မတ်ရာ၌တည်စေတော်မူသောသူအားလုံးတို့သည်ချီးမြှောက်ခြင်းခံရကြမည် (ရောမ၈း၃ဝ) ဖြစ်သော်လည်းချီးမြှောက်ခြင်းရောက်မလာမီဆင်းရဲဒုက္ခရောက်လာပါသည်။ရောမ၈း၁၇နောက်တွင်ရှိသောကျမ်းပိုဒ်များ၌လူတစ်ဦးစီတိုင်းဆင်းရဲဒုက္ခကိုခံစားကြရမှာဖြစ်ကြောင်းရှင်ပေါလုကကျွန်ုပ်တို့ကိုပြန်လည်အမှတ်ရစေပါသည်။ “ဤလောကတစ်နိုင်ငံလုံးသည်ယခုတိုင်အောင်တစ်ညီတစ်ညွတ်တည်းညည်းတွား၍ဆင်းရဲခြင်းဝေဒနာကိုခံရသည်ဟုငါတို့သိကြ၏။ထိုမျှမက၊ဝိညာဉ်တော်၏ကျေးဇူးတော်အစအဦးကိုခံပြီးသောငါတို့သည်လည်း… စိတ်နှလုံးထဲ၌ညည်းတွားလျက်နေကြ၏။” ဘုရားသခင်၏သားသမီးများအားလုံးတို့သည်ဆင်းရဲဒုက္ခခံပါသည်။
အားမီးနီးယန်းဝါဒီများအသုံးပြုသောအခြားစကားလုံးမှာ “လျှင်” ဖြစ်၍၊ကောလောသဲ၁၂၃၌တွေ့ရပါသည်။
…သင်တို့သည်ကိုယ်တိုင်ကြားရပြီးသောဧဝံဂေလိတရား၏မျှော်လင့်ခြင်းမှမရွေ့လျော့ဘဲ၊ တိုက်မြစ်ကျခြင်းတည်ကြည်ခြင်းနှင့် တကွ မြဲမြံစွာယုံကြည်ကြလျှင်၊ သန့်ရှင်းစင်ကြယ်လျက်၊ အပြစ် တင်ခွင့်နှင့်ကင်းလွတ်လျက်ရှိသောသင်တို့ကို ရှေ့တော်၌ဆက်သ မည်အကြောင်းတည်း။
ဤကျမ်းချက်၌မေးစရာမေးခွန်းသည် “တည်ကြည်ခြင်းနှင့်တကွ မြမြဲစွာယုံကြည်ကြလျှင်…” ဟူသောအချက် ပေါ်၌မူတည်ပါသည်။ ဤ ချက်က ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ဧဝံဂေလိ တရား၏မျှော် လင့် သွေဖယ်မသွားဘဲ ၎င်းအားမြဲမြံစွာအစဉ်အမြဲစွဲကိုင်မှုအပေါ်၌မူတည် သည်ဟုဆိုလိုပါ သလား၊ (သို့) ကျွန်ုပ်တို့၏ယုံကြည်ခြင်းစစ်မှန်ကြောင်းကို အပြင်သက်သေဖြင့်ထုတ်ဖော်ခြင်းဖြစ်သည်ဟု ဆိုလိုပါသလား။
ပထမဖြေရှင်းချက်က ကျွန်ုပ်တို့သည်မိမိတို့၏လုပ်ဆောင်မှုဖြင့် ကယ်တင်ခြင်းရရှိနိုင်သည် (သို့)ဆုံးရှုံးသွားနိုင်သည်ဟူ၍ ဆိုလိုပါသည်။ သို့သော်၊ ၎င်းသည်ကျေးဇူးတော်နှင့် ဆိုင်သောဧဝံဂေလိ တရားမဟုတ်ပါ။ ကျွန်ုပ်တို့လုပ်ဆောင်နိုင်သောမည်သည့်ကောင်းမှုကုသိုလ်အားဖြင့်မျှ ကျွန်ုပ် တို့ကယ်တင်ခြင်းမရနိုင်ပါ။ ကျွန်ုပ်တို့၏အပိုင်း၌မည်သည့်ကောင်းမှုမှလုပ် စရာမလိုဘဲ၊ လက်ဝါးကပ် တိုင်ပေါ်၌လုပ်ဆောင်ချက်အားဖြင့်သခင်ခရစ်တော်သည်စုံလင်ခြင်း၊ လွတ်လပ်ခြင်းနှင့် ထာဝရကယ် တင်ခြင်းကိုပြင်ဆင် ပေးသည်။ အမှန်စင်စစ်၊ ကျွန်ုပ်တို့၌အပြစ်နှင့်အကုသိုလ်ရှိစဉ်ပင် ကိုယ်တော် က ထိုသို့လုပ်ဆောင်ခြင်းဖြစ်ပါသည်။
ဒုတိယဖြေရှင်းချက်သည် မှန်ကန်သောဖြေရှင်းချက်ဖြစ်ပါသည်။ စစ်မှန်သောဘုရားသားတစ်ဦး သည်ယုံ ကြည်ခြင်း၌ဆက်လက်လျှောက်လှမ်း ရခြင်းမှာ သူ၏ကယ်တင်ခြင်းမဆုံးရှုံးရန်မဟုတ်ဘဲ၊ အသက်သစ်၏ အသီး အပွင့်များသီးပွင့်ရန်ဖြစ်ပါသည်။ ၎င်းသည် လူ့ဇာတိကြိုးစားခြင်းအားဖြင့် မဟုတ်ဘဲ၊ သူ့အထဲ၌ကျိန်းဝပ် သောခရစ်တော်၏လုပ်ဆောင်ချက်ဖြစ်ပါသည်။ ၎င်းသည်အသက်သစ်၏အရည် အသွေးဖြစ်၍၊ ကယ်တင်ခြင်းမဆုံးရှုံးရန် ကျင့်ဆောင်နေခြင်းမဟုတ်ပါ။ ထို့ကြောင့်၊ ဤကျမ်းပိုဒ်သည်အမည် ခံ ခရစ်ယာန်များနှင့် စစ်မှန်သောယုံကြည်သူများအတွက် ကောင်းသော ကျမ်းပိုဒ်ဖြစ်ပါသည်။ ဤကျမ်းပိုဒ်က ကိုယ့်ကုသိုလ်ကိုအမှီပြုသောသူတို့၌ကျေးဇူးတော်၏စစ်မှန်သောလုပ်ဆောင်မှုလိုအပ်နေကြောင်း သိမြင်စေ ပါသည်။ စစ်မှန်သောဘုရားသားသမီးတို့အား ဆုလာဒ်အတွက်ရည်သန် လျက်၊ ပန်းတိုင်သို့ဆက်လက် ပြေးကြရန်တိုက်တွန်းအားပေးပါသည်။ Arthur Pridhamက အောက်ပါအတိုင်းလျောက်ပတ်စွာပြောပါသည်။
ပျက်စီးစေတတ်သောလျော့ဖောက်ပြန်ခြင်းသည်ယုံကြည်ခြင်း ကိုမှီကာမတ္တစွဲကိုင်ထားသူ၌ တစိတ်တဒေသကျရောက်တတ်ကြောင်း သတိပေးစကားများပြောဆိုလျက်၊ ကျေးဇူးတော်၏ အပြည့်ဝဆုံးနှင့်အစုံလင်ဆုံးအနှစ်သာရများကို အတူလိုက်ပါ။ဖော်ထုတ်ပြ သပေးခြင်းသည် ဝိညာဉ်တော်၏အလေ့အထဖြစ်ကြောင်း၊နှုတ်ကပတ်တော်ကို သတိကြီးစွာလေ့လာမှုအပေါ်၌ စာရှုသူသည်တွေ့မြင်လာပါလိမ့်မည်။ မတည်ကြည်မရိုးသားသောဆည်းကပ်ကိုးကွယ်သူတို့၏နားပေါက်၌ နားဝင်ကြမ်းသော သတိပေးစကားများကိုဘုရားတရားကြည်ညိုသောစိတ်ဝိညာဉ် က ဆေးဝါးပမာလို လိုလားလားသောက်သုံးပါသည်…။ ဤကဲ့သို့ သောသွန်သင်မှု၏ရည်ရွယ်ချက်အားလုံးမှာ ယုံကြည်ခြင်းကို အားပေးရန်နှင့်မထီလေးစားပြုသောသူများ၊ မိမိကိုယ်ကိုယုံကြည် အားကိုးသောသူ တို့ကိုပြစ်တင် ရှုတ်ချရန်ဖြစ်ပါသည်။
သို့မဟုတ် အခြားသူတစ်ဦးကဤသို့ ပြောခဲ့လေသည်။ “သမ္မာ ကျမ်းပါ “အကယ်၍၊ လျှင်” စကားလုံးတို့သည် ဤကမ္ဘာပေါ်ရှိခရစ်ယာန် များ၏စိတ်ဝိညာဉ်ကိုစစ်ကြောစုံစမ်းသည့် ကြံ့ခိုင်သောစမ်းသပ်ချက် ပမာဖြစ်ပါသည်။
မှတ်ချက်။
၁။ စာရွက်စာတမ်းအထောက်အထား မရရှိနိုင်င်ပါ။
ယာယီလွတ်မြောက်ခြင်းလား သို့မဟုတ်ထာဝရကယ်တင်ခြင်းလား
Temporal Deliverance or Eternal Salvation?
ထာဝလုံခြုံမှုကိုမမှန်ကန်ကြောင်းသက်သေထူရန်အတွက်ကြိုးစားလုပ်ဆောင်သူတို့သည် “ကယ်တင်ခြင်း”စကားလုံး၌သော်လည်းကောင်း၊ထိုစကားလုံးနှင့်ဆက်နွယ်နေသောစကားလုံများ၌လည်းကောင်း၊ အဓိပ္ပါယ်အမျိုးမျိုးရှိခြင်းကိုသိမြင်နားလည်ဘို့ တစ်ခါတစ်ရံပျက်ကွက်ကြသည်။
“ကယ်တင်သည်” ဟူသောစကားစုက လူတို့၏အပြစ်မှခရစ်တော်၏ကယ်တင်ခြင်းအမှုလုပ်ဆောင်ခြင်းကို ဖော်ပြပါသည်။ ဤသို့လုပ်ဆောင်ခြင်းဖြင့်ကိုယ်တော်သည်လူတို့အားပြစ်ဒဏ်စီရင်ခြင်းမှ လွတ်မြောက်စေသည်။ ၎င်းသည်ကျွန်ုပ်တို့အကျွမ်းဝင်ဆုံးဖြစ်သည့်ကယ်တင်
ခြင်းဆိုင်ရာသွင်ပြင်လက္ခဏာဖြစ်ပြီး၊ “ကယ်တင်သည်” စကားစုကိုတွေ့မြင်သည့်အခါတိုင်းတွင် ကျွန်ုပ်တို့သည်ဤအဓိပ္ပါယ်ကိုရည်ညွှန်းတတ်ကြသည်။
သို့သော်လည်း ကယ်တင်ခြင်းသည်အကျဉ်းချချည်နှောင်ခြင်းလွတ်ပေးခြင်း (ဖိ၊ ၁း၁၉)၊ ရေနစ်ခြင်းမှကယ်တင်ခြင်း (တ၊ ၂၇း၃၀-၃၁)၊ ပျက်၉း၂၂)၊ အတိုချုပ်ပြောရလျှင် အသက်တာ ၌တေ့ကြုံရသောဆင်းရဲဒုက္ခများမှ ကယ်တင်ခြင်းကိုပြောဆိုရာ၌သုံးပါသည်။
“ကယ်တင်သည်” စကားစု၏အခြားအရေးကြီးသောအဓိပ္ပါယ်မှာဤဘဝ၌ဝိညာဉ်ရေးရာပျက်စီးဆုံးရှုံးမှုမှကယ်တင်သည်ဟူ၍ဖြစ်၏။၁တိ၊ ၄၁၆ ကို ဥပမာယူပါ။
ကိုယ်ကို၎င်း၊ ကိုယ်ဆုံးမဩဝါဒကို၎င်း သတိပြု၍ အမြဲတည်နေလော့။ ထိုသို့ပြုလျှင် ကိုယ်ကို၎င်း၊ နားထောင်သောသူတို့ကို၎င်း၊ကယ်တင်လိမ့်မည်။
ဤကျမ်းချက်သည်ဝိညာဉ်ကယ်တင်ခြင်းကိုဆိုလိုခြင်းမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းနား လည်သင့် ပါသည်။ တိမောသေသည်ဘုရား သခင်၏ အမျက်တော်မှ ကိုယ့်ကိုယ်ကိုပင်လျှင် မကယ် တင်နိုင်ခဲ့သလို၊ အခြားသူများကိုလည်းမကယ်တင်နိုင်ကြောင်းသေချာပါသည်။ သို့သော်လည်း မိမိကိုယ်ကိုသတိပြုခြင်း အားဖြင့်သော်လည်း ကောင်း၊ စင်ကြယ်သောဩဝါဒ၌အမြဲတည်နေခြင်းအားဖြင့်သော်လည်းကောင်း၊ သူသည်ဝိညာဉ်ရေးဆိုင်ရာမမျှော်လင့်သောဘေးအန္တရာယ်များကိုရှောင်ရှားနိုင်မှာဖြစ်သလို၊သူ၏အမှုတော်ဆောင်ရာ၌အခြားသူတို့ကိုလည်း မှားယွင်းခြင်းများနှင့် စာရိတ္တဆိုင်ရာပျက်ပြားခြင်းများ မှကယ်တင် ပေးနိုင်မှာဖြစ်ပါသည်။
ဤအသုံးအနှုန်းပုံစံရှိသည့်အခြားသာဓကမှာ ရှင်ယာကုပ် ၁း၂၁ဖြစ်ပါသည်။
ထိုကြောင့်ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ်လွန်ကျူးခြင်းကိုပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကိုကယ်တင်နိုင်သောအထဲ၌စိုက်ပျိုးသောနှုတ်ကပတ်တရားကိုနူးညံ့သိမ်မွေ့သောစိတ်နှင့်ခံယူကြလော့။
ယာကုပ်သည်ယုံကြည်သူများအားရေးသားခြင်းဖြစ်သောကြောင့်သူတို့သည်ငရဲမှမည်သို့ ကယ်တင်ခြင်း ရနိုင်သည့် အကြောင်းမပြောပါ။ထိုယုံကြည်သူတို့ သည်ကယ်တင်ခြင်းခံရကြပြီးဖြစ်သည်။ သူတို့၏ အသက်တာမပြောင်းလဲမီကအကျင့်စရိုက်များကိုစွန့်လွတ်၍၊ ဘုရားသခင်၏နှုတ်က ပတ်တရား ကိုနာခံကြရန်တိုက်တွန်းနှိုးဆော်ပါသည်။ ဤကဲ့သို့နာခံခြင်း
အားဖြင့် သူတို့သည်ဆင်းရဲဒုက္ခအစုအပုံကြီးမှ ကိုယ့်ကိုကိုယ်ကယ်တင်နိုင်မှာဖြစ်သည်။ ထာဝရပြစ်ဒဏ်မှကျွန်ုပ်တို့၏ဝိညာဉ်များကိုကယ်တင်ရာ၌နှုတ်ကပတ်တရားသည်ဘုရားသခင်အသုံးပြုသောတန်ဆာပလာဖြစ်သည်မှာမှန်သော်လည်း၊ ၎င်းသည်ကျမ်းချက်၏ပြောချင်သောအကြောင်းမဟုတ်ပါ။
ယာကုပ်သည်စင်ကြယ်ခြင်းသို့ ရောက်ခြင်းအကြောင်းကိုဆွေးနွေးနေခြင်းဖြစ်ပြီး၊ ဒုတိယမွေးခြင်း အကြောင်းကိုပြောဆိုနေခြင်းမဟုတ်ပါ။ ယာ၊ ၁း၂၁ပါအကြောင်း အရာသည် ပစ္စုပ္ပန်ကယ်တင်ခြင်းဖြစ်၍၊ ယုံကြည်သူ၏အသက်တာ၌အပြစ်တန်ခိုးမှကယ်တင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏နှုတ် ကပတ်တော်ကိုအလေးအနက်ခံယူခြင်းက သခင်ဘုရားနှင့်မိတ်သဟာယဖွဲ့ခြင်းကိုပျက်ပြားစေသည့် ရှောင်လွဲ၍မရသောအကျိုးသက်ရောက်မှုများမှကယ်တင်ပါသည်။ “သင်တို့စိတ်ဝိညာဉ်ကိုကယ် တင်နိုင် သော”ဟူသည့် စကားရပ်ကငရဲဘုံမှကယ်တင်ခြင်းကိုမဆိုလိုဘဲ၊ “သင်တို့ ၏အသက်တာကို အလဟဿလေ လွင့်ခြင်းနှင့် ပျက်စီးခြင်းမှကယ်တင်ရန်” ဟူ၍ ဆိုလိုပါသည်။
ရှင်ယာကုပ် ၅း၁၉-၂၀ ၏ဆိုလိုချက်မှာလည်း အထက်ပါအတိုင်းဖြစ်ပါသည်။ညီ အစ်ကိုတို့၊ သင်တို့ တွင် တစ်စုံတစ်ယောက်သောသူသည်သမ္မာတရားမှလွဲသွား၍ သူတပါးသည်ထိုသူကို ပြန်စေလျှင်မူ၊ အပြစ်ရှိ သောသူကိုမှားယွင်းသောလမ်းမှပြန်စေသောသူသည်ဝိညာဉ်သေခြင်းမှကယ်တင်၍ များစွာသော အပြစ် တို့ကိုဖုံးအုပ်တတ်သည်ဟုထိုသူသည်သိမှတ်စေ။
ဤကျမ်းချက်၏သွန်သင်သောအရာမှာ သမ္မာတရားလမ်းမှလမ်းလွဲသည့် ရွေ့လျော့ဖောက်ပြန် သူတစ်ဦးအကြောင်းဖြစ်ပါသည်။သူသည်သခင်ဘုရားနှင့်မလျှောက်လှမ်းတော့ပါ။ သူသည် ဘုရားအလိုတော်လမ်းကြောင်းမှသွေဖီသွားလာခဲ့လေသည်။ ခရစ်ယာန်ညီအစ်ကို(သို့) ညီအစ်မတစ်ဦးသည်ထိုလမ်းလွဲသူအားဆွဲဆောင်ကာ မှားယွင်းသောလမ်းများမှလှည့်စေနိုင်သည်။
စိတ်လှုပ်ရှားဖွယ်ကောင်းသောရလဒ်နှစ်ခုထွက်ပေါ်လာပါသည်။ပထမမှာ၊ သိုးထိန်းသည် ဝိညာဉ် ကိုသေခြင်း မှကယ်တင်သည်။ ဤနေရာ; (ယုဒဘာသာစကားအသုံးအနှုန်း၌လည်း) “ဝိညာဉ်”ကို လူပုဂ္ဂိုလ် တစ်ဦးပမာ မကြာခဏထပ်တူသုံးစွဲထားပါသည်။ သို့သော်လည်း သိုးထိန်း သည်လူတစ် ဦးကိုသေခြင်းမှမည်ကဲ့ သို့ကယ်တင်ပါသနည်း။ ဤသေခြင်းသည် ထာဝရ သေခြင်းကိုဆိုလိုခြင်းမဖြစ်နိုင်ပါ။ အဘယ့်ကြောင့် ဆိုသော်အပြစ်ကိုနောင်တရ၍၊ ဘုရားသခင်ဘက်သို့လှည့်ကာ ယေရှုခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့် သာလျှင် ထာဝရသေခြင်းမှကယ်တင်ခြင်းရရှိနိုင်သောကြောင့်ဖြစ်ပါသည်။ ဤနေရာ၌ ဧဝံဂေလိတရားဖော်ပြထားခြင်းမရှိပါ။ဤသို့ဆိုလျှင် သိုးထိန်းသည်ဒုစရိုက်ပြုမိသောသန့်ရှင်းသူကို
သေခြင်းမှမည်ကဲ့သို့ကယ်တင်ပါသနည်း။ ထိုသန့်ရှင်းသူကိုသူလျှောက်လှမ်းနေ သည့်မှားယွင်းသောလမ်းမှ လှည့်ပြန်စေခြင်းအားဖြင့် သူ့ကိုသေခြင်းမှကယ်တင်ပါသည်။ အကယ်၍ ယာကုပ်ကထာဝရကယ်တင်ခြင်း အကြောင်းကိုရည်ညွှန်းပြောဆိုခြင်းဖြစ်ပါက၊ ကယ်တင်ခြင်းသည်ပြုပြင် ပြောင်းလဲခြင်းအားဖြင့်ရရှိနိုင်သကဲ့ သို့ဖြစ်ကာ၊ကျေးဇူးတော်အားဖြင့်ကယ်တင်ခြင်းရသည်ဟူသောသမ္မာကျမ်းစာသွန်သင်ချက်နှင့်ဆန့်ကျင်ဘက်ဖြစ်သွားပါမည်။ ဤနေရာ၌“သေခြင်းကဘာကိုဆိုလိုပါသနည်း”ဟူသောမေးခွန်းပေါ်ထွက်လာစေပါသည်။ ဤ “သေခြင်းမှာ အသက်ရှင်လျက်သေဆုံးနေခြင်း၊ အသက်ရှင်လျက်ဆင်းရဲဒုက္ခခံစားရခြင်း၊ အပြစ်စွဲကပ် နေခြင်းနှင့်ဂနာမငြိမ်ဖြစ်ခြင်းတို့ဖြစ်ပြီး၊ ရွေ့လျော့ဖောက်ပြန်ခြင်းနှင့်အတူ ထိုအရာများသည် အသက်တာ ၌လိုက်ပါနေပါသည်။ ဒါဝိဒ်ကဤအခြေအနေကို ဆာလံ ၃၂ ဦးရှင်းလင်းစွာဖော်ပြထားပါသည်။
ငါသည်အပြစ်ကိုမဖော်မပြဘဲနေစဥန်ခါ၊တစ်နေ့လုံးညည်းတွားသောအားဖြင့် ငါ့အရိုးတို့ သည်ဆွေး မြေခြင်းသို့ရောက်ကြ၏။နေ့ညဉ့်မပြတ်ကိုယ်တော်၏ လက်သည်ကျွန်ုပ်အပေါ်မှာလေး၍၊ အကျွန်ုပ်၏ချွေးရည်သည်နွေကာလ၌သွေ့ခြောက်ခြင်းကဲ့သို့ဖြစ်ပါ၏ (ဆာလံ ၃၂း၃-၄)။
ရှင်ယာကုပ် ၅း၁၉-၂ဝ ပါ “သေခြင်း” သည်ဖော်ပြဝန်ချခြင်းမပြုသောဒုစရိုက်ကို ဆက်လက်ကျူး လွန်နေသောယုံကြည်သူတစ်ဦးအပေါ်၌ ဘုရားသခင်၏ တရားစီရင်ခြင်းကို ရည်ညွှန်းခြင်းလည်းဖြစ်နိုင် သည်(၁ကော၊ ၁၁း၃၀)။ ဤသည် ခြွင်းချက်သာဖြစ်၍၊ ရွေ့လျော့ဖောက်ပြန်သူသည် အထက်တွင် ရှင်းပြထားသည့် ဘုရားသခင် ၏တရားစီရင်ခြင်းကိုရှောင်လွဲ၍ မရနိုင်ပါ။
“ကယ်တင်ခြင်း” စကားရပ်ကို ဤဘဝ၌ကြုံတွေ့ရသည့် ဒုက္ခပြဿနာများမှလွတ်မြောက် ခြင်းကိုဖော် ပြရာ၌လည်း အသုံးပြုသည်။ ဥပမာအနေဖြင့် ဖိလိပ္ပိ ၂း၁၂ ကိုကြည့်ပါ။သို့ဖြစ်၍၊ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌နားထောင်သည်သာမက၊ မျက်ကွယ်၌လည်းအစဉ်နားထောင်ကြသည်နှင့်အညီ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့်ကိုယ်ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့။
ဤအခန်ကြီး၌တိကျသောဆိုလိုချက်တစ်ခုရှိပြီး၊ အခန်းငယ် ၁၂ကိုနားလည်နိုင်ရန် ဤကျမ်းချက်နှင့်ဆက်စပ်နေသည့်ကျမ်းပိုဒ်အားလုံးကိုလေ့လာရပါမည်။
ဖိလိပ္ပံမြို့ရှိအသင်းတော်၌ပြဿနာတစ်ခုရှိကာ၊ ယုံကြည်သူအချို့တို့သည်တစ်ဦး နှင့်တစ်ဦးစိတ် ဝမ်းကွဲပြားလျက်ရှိနေကြသည် (ငယ်-၁-၂။၄၂၊ ကိုလည်းကြည့်ပါ)။
ဤပြဿနာကိုကိုင်တွယ်ဖြေရှင်းရမည့်နည်းလမ်းမှာ ကိုယ့်အမှုအရာကိုသာမရှုမှတ်ဘဲ၊ သူတပါး၏အမှု အရာကိုရှုမှတ်ခြင်းဖြစ်ပါသည်။သူတပါးသည်ကိုယ့်ထက်သာ၍ကောင်းမြတ်သည်ဟုမှတ်ယူ၍ (ငယ်-၄ခ)အခြားသူတို့၏အမှုအရာကိုရှုမှတ်ရမည် (ငယ် – ၄ခ)။ အဓိကစကားလုံးမှာ“သူတပါး” ဖြစ်ပါသည်။
သခင်ယေရှုသည်သူတစ်ပါးအတွက်အသက်ရှင်ခဲ့သော အဓိကဥပမာယူစရာပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ယုံကြည်သူကျွန်ုပ်တို့သည် ကိုယ်တော်၏စံနမူနာအတိုင်းလိုက်လျှောက်သင့်ပါသည်(ငယ်- ၅)။ သူတစ်ပါးအတွက်လက်ဝါးကပ်ကိုင်ပေါ်၌အသေခံသည်အထိ ကိုယ်တော်သည်ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏ (ငယ်-၆-၈)။
ဘုရားသခင်သည်ကိုယ်တော်ကို အလွန်ချီးမြောက်၍ ဘွဲ့နာမတကာတို့ထက်ကြီးမြတ် သောဘွဲ့နာမကို ပေးသကဲ့သို့ စကြာဝဠာတစ်ခုလုံးကိုအုပ်စိုးရသောအခွင့်ကိုလည်းပေးတော်မူ၏ (ငယ် ၉-၁၁)။
ထို့ကြောင့် ရှင်ပေါလုက “သို့ဖြစ်၍ငါ့ချစ်သူတို့… ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကိုယ် ကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့”ဟုပြောခဲ့သည်(ငယ်- ၁၂)။ အခြားတစ်နည်းဆိုရသော်၊“ငါသည်သင်တို့၏ပြဿနာကို လေ့လာဆန်းစစ်ပြီးပါပြီ။ ထိုပြဿနာ၏ အဖြေကိုလည်းပေးထားခဲ့ပြီ။ သခင်ဘုရားအားအနှောင့်အယှက်ပေးမိခြင်းအတွက်နောင်တရလျက်၊ ကြည်ညိုသည့်သဘောရှိသည့်ကြောက်ရွံ့ခြင်းစိတ်နှင့်အတူ ယခုအခါ သင်တို့၏ပြဿနာကိုဖြေရှင်း ခြင်းငှာကြိုးစားအားထုတ်ကြလော့”ဟူ၍ပြောခြင်းဖြစ်သည်။ ဤကျမ်းချက်ပါ “ကယ်တင်ခြင်း ”သည်အသင်းတော်၌မညီမညွတ်ဖြစ်နေသည့်ပြဿနာမှ ယာယီလွတ်မြောက်ခြင်းကိုဆိုလိုပါသည်။ ၎င်းသည် ဝိညာဉ်ကယ်တင်ခြင်းနှင့်လုံးဝမသက်ဆိုင်ပါ။
ဤကျမ်းပိုဒ်ကို အများအားဖြင့် ဤသို့ အဓိပ္ပါယ်မဖွင့်ဆိုထားကြောင်းစာရေးသူ ကဝန်ခံပါသည်။များသော အားဖြင့်ခရစ်ယာန်တို့သည်အပိုဒ်ငယ်၁၂ကိုဤသို့အဓိပ္ပါယ်ဖွင့်ဆိုကြပါသည်။“ဘုရားသခင်ကသင့်ကိုကယ်တင်သောအခါ ထာဝရအသက်ကိုပေးပါသည်။ သို့သော်လည်းလက်တွေ့ သန့်ရှင်းခြင်းရှိသောအသက်တာဖြင့် သင်သည်ထို ထာဝရအသက်ကို ထိမ်းသိမ်းခြင်းငှာကြိုးစားအားထုတ်ရမည်။” သို့သော်လည်းစီဖြစ်ပါသည်။ တမန်တော်သည်ဝိညာဉ်ကယ်တင်ခြင်းအကြောင်းကို ဤသွန်သင်ချက်သည် နောက်ကျမ်းစကားအဆက်အစပ်နှင့်တခြားမပြောပါ။ ထို့အပြင် ဓမ္မသစ်ကျမ်း၏မူရင်းဘာသာစကား၌ “ကြိုးစားအားထုတ်ကြလော့”စကားရပ်ကိုဝိညာဉ်ကယ်တင်ခြင်းအတွက်မသုံးဖူးပါ။ ဤစကားရပ်က “ပြီးမြောက်အောင်လုပ်ဆောင်သည်”ဟူသောအဓိပ္ပါယ်ကိုအစဉ်အမြဲဖော်ဆောင်ပါသည်။
သို့သော်လည်း “အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကိုယုံကြည်ခံယူသောသူတို့ သသည် ၎င်းတို့၏ခံယူချက်ကိုသွန်သင်ရာ၌အဘယ့်ကြောင့် ဖိလိပ္ပိ ၂း၁၂ ကိုအခြေပြုကြပါသနည်း” ဟူသောမေး ခွန်းကိုထွက်ပေါ်စေပါသည်။ယုံကြည်ခံယူသူများထဲမှခေါင်းဆောင်တစ်ဦးကအထက်ပါမေးခွန်းအား ဤသို့ရှင်းပြထားပါသည်။ “ကိုယ်ကိုကိုယ်ကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့၊ ဆိုသည့်အမိန့်က လူတစ်ယောက်သည်မိမိ၏ကယ်တင်ခြင်းနဲ့အတူ မိမိ၌တုန့်ပြန်ဆောင်ရွက်ရမည့် တာဝန်တစ်ခုရှိကြောင်းပြသနေပါသည်။ မိမိဘက်မှအစပြုလုပ်ဆောင်ခြင်းသည် ဘုရာသခင်အပေါ် ၌လုံးဝမှီခိုခြင်းမရှိချေ။” ဤယူဆချက်ကအကယ်၍ လူသည်မိမိလုပ်ဆောင် ရမည့် အပိုင်းကို မလုပ်ဆောင် လျှင်သူသည်မိမိ၏ကယ်တင်ခြင်း ဆုံးရှုံးလိမ့်မည်ဟု တွက်ဆထင်မှတ်နေပုံရပါသည်။ အကြောင်းအရာတို့ သည် ယာယီလွတ်မြောက်ခြင်းနှင့်ထာဝရကယ်တင်ခြင်း၏ခြားနားမှုကို ကျွန်ုပ်တို့ မပိုင်းခြားတတ်သောအခါ ဖြစ်ပေါ်လာတတ် သည့် ကိစ္စကိုပြသသည့် သာဓကတစ်ခုဖြစ်ပါသည်။ အခြားဥပမာတစ်ခုကို ၁တိ၊ ၂း၁၅ တွင်တွေ့နိုင်ပါသည်။
သို့သော်လည်း၊ အိစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊သန့်ရှင်းခြင်း၌တည်လျှင် သားဖွားခြင်းအမှု၌ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ခရစ်ယာန်အသိုင်းအဝိုင်းထဲ၌ အထက်ပါ ကျမ်းချက်ကိုကွဲပြားခြားနားစွာအနက်အဓိပ္ပါယ်ဖွင့်ဆိုထားကြောင်း ရှေးဦးစွာဖော်ပြချင်ပါသည်။ အကယ်၍ ယုံကြည်သူမိဘတို့သည်ဘုရားအလိုတော်နှင့်အညီအသက်ရှင်နေထိုင်ကြလျှင် သားဖွားရာ၌ ဘေးကင်းလိမ့်မည်ဟုဆိုကာ၊အချို့တို့ကဤကျမ်းချက်ကို ဘေးကင်းသောသား ဖွားခြင်းဆိုင်ရာကတိ တော်တစ်ခုပမာမြင်ကြသည်။ ဤသို့ရှုမြင်ခြင်း၏ပြဿနာမှာ၊ ဘုရားတရားကြည်ညို သည့်များစွာသောခရစ်ယာန်အမျိုးသမီးများသည် ကိုယ်ဝန်ပျက်ခဲ့ကြ၊ ကလေးအသေမွေးဖွားခဲ့ကြသလို၊ အထူးသဖြင့်အတိတ် ကာလ၌မိခင်များစွာတို့သည် သားဖွားရာ၌သေဆုံးခဲ့ကြသည်။
အချို့ကဤကျမ်းချက်ကိုကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်တော်မူသောသခင်ယေရှု၏ဖွားမြင်တော်မူခြင်းနှင့်ဆက်စပ်ကြသည်။ သို့ သော်လည်းယုံကြည်သူအားလုံးတို့သည် ကိုယ်တော်အားဖြင့်ကယ်တင်ခြင်းသို့ ရောက်ကြသဖြင့်၊ ဤကျမ်းချက်သည်မိခင်များကိုသာရွေးထုတ်ပြောဆိုခြင်းမဖြစ်အခြားသူတို့က အမျိုးသမီးတစ်ဦးသည်မိခင်နှင့်အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပါက သူသည်လူ့အဖွဲ့အစည်း၏ ဖောက်ပြန်ညစ်စွန်းခြင်းမှကယ်တင်ခြင်းခံရသည်ဟု ယုံကြည်ကြသည်။ ဤယုံကြည်ချက်၌ အမှန်တရားသည်အတိုင်းအတာတစ်ခုအထိရှိပါသည်။
အခြားအနက်အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုကိုနားလည်နိုင်ရန် ကျမ်းပိုဒ်၏ရှေ့ နောက်စကားအဆက် အစပ်ကိုအာရုံပြုကြပါစို့။ ရှင်ပေါလုသည်ပရိသတ်စုပေါင်း ဝတ်ပြုကိုးကွယ်ခြင်း အကြောင်းညွှန်ကြား ချက်များပေးနေပါသည်။ အသင်းတော်၏ဝတ်ပြုစည်းဝေးတွင်ဆုတောင်းခြင်းသည် ယောက်ျားများလုပ် ဆောင်သောအမှုတော်ဖြစ်၏။ မိန်းမတို့သည်တင့်တယ်လျောက်ပတ်စွာဝတ်ဆင်ရသည်။ တိတ်ဆိတ်စွာနေ၍ သင်ယူဆည်းပူးရသည်။ မိန်းမသည်ယောကျာ်းတို့အားဆုံးမဩဝါဒပေးခြင်း၊ အုပ်စိုးခြင်းတို့ကိုရှောင် ကြဉ်ရသည်။ တိတ်ဆိတ်စွာနေ၍သင်ယူရသည်။ ရိုးရာဓလေ့ထုံးစံအရေးကိစ္စနှင့်မဆိုင်ဘဲ ရှင်ပေါလုကဖန်ဆင်းခြင်းအစီအစဉ်ဖြစ်သောအာဒံကိုရှေးဦးစွာဖန်ဆင်းခြင်း၊ နောက်မှဝကိုဖန်ဆင်း ခြင်းအစီအစဉ်သို့နောက်ကြောင်းပြန်ကောက်သည်။ ထို့အပြင် သူသည်လူယောကျာ်း၏ဦးဆောင် မှုကဏ္ဍဆီသို့နောက်ကြောင်းပြန်ကောက်သည်။ သူ့ယောကျာ်းကိုတိုင်ပင်ရန်ပျက်ကွက်ခြင်းအားဖြင့် ဧဝသည်ဘုရားတားမြစ်ထားသောအရာကိုချိုးဖောက်ခဲ့လေသည်။ သူမသည်လှည့်ဖျားခြင်းကိုခံရကာ၊ ဤ
ကမ္ဘာလောကကြီးထဲသို့ မရေတွက်နိုင်သောဒုစရိုက်အပြစ်၏အကျိုးဆက်များကိုယူဆောင်လာလေသည်။
အထက်ပါအကြောင်းအရာအားလုံးက မိန်းမကိုလူပုဂ္ဂိုလ်တစ်ဦးမဟုတ်သလို အခြေအနေမျိုးသို့ရောက်သွား စေသည်ဟု ထင်မှတ်စေနိုင်သည်။ အသင်းတော်ထဲ၌မိန်းမအဘို့ လျော်ကန်ထိုက်သင့်သောနေရာ နှင့်တာဝန်မရှိပါဟု တမန်တော်ကမပြောပါ။ ရှင်သန်သောအသင်းတော်အတွက် ဘုရားတရားကြည်ညို သောမျိုးဆက်ကိုပြုစုပျိုးထောင်ပေးရသည့်အခွင့်ထူးကြီးသူမ၌ရှိပါသည်။ ဤအခန်းကဏ္ဍသည် ယောကျာ်း၏အခန်းကဏ္ဍထက်သာ၍အရေးမကြီးပါ၊ ဟူ၍ မည်သူကပြောမည်နည်း။ ပုခက်လွဲသောလက်သည်ကမ္ဘာကြီးကိုအုပ်စိုးသည်၊ ဟူသောစကားကမမှန်ပေဘူးလား။
သို့ဖြစ်ရကား၊ ကျမ်းချက်ပါသားဖွားခြင်းအမှု၌ကယ်တင်ခြင်းသို့ရောက်လိမ့်မည်ဟူသည်မှာ “အသင်းတော်အတွင်း၌သူမ၏နေရာနှင့်တာဝန်ပိုင်းဆိုင်ရာကယ်တင်ခြင်း” အကြောင်းကိုရှင်း ရှင်းလင်းလင်းပြောဆိုခြင်းဖြစ်နိုင်ပါသည်။ မိခင်အခန်းကဏ္ဍ၏နေရာနှင့်တာဝန်က မိမိသည် အရေးပါသူမဟုတ်ပါဟူသောစဉ်းစားထင်မြင်ခြင်းမှ သူမအားကယ်တင်လေသည်။ သူမသည်သေရေးရှင်ရေးတမျှအရေးကြီးပါသည်။
သို့သော်လည်း “မိခင်များသည် အိန္ဒြေစောင့်ခြင်းနှင့်တကွယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌ တည်လျှင်…” ဟူသောအခြေခံလိုအပ်ချက်တစ်ခုကိုပူးတွဲပါသည်။ အသင်းတော်အတွက် ဘုရားတရား ကြည်ညိုသောသားသမီးများနှင့်ဝိညာဉ်ရေးရာခေါင်းဆောင်များကိုမွေးထုတ်ပေးမည့် သူမ၏စွမ်းရည်သည် ဘုရားထားသောနေရာ၌မိခင်တာဝန်ယူမှုအတိုင်းအတာပေါ်၌မှီတည်နေပါသည်။
ဤအခြေအနေပေါ်၌တည်သောအခန်းကဏ္ဍသည် ထာဝရကယ်တင်ခြင်းကိုမရည်ညွှန်းကြောင်း ရှင်းရှင်းလင်းလင်းသိထားသင့်ပါသည်။ ဤကျမ်းချက်ကအသင်းတော်ထဲ၌ မိန်းမများ၏အရေးကြီး သောအခန်းကဏ္ဍကိုချန်လှပ်ထားခြင်းမှကင်းလွတ်ခြင်းအကြောင်းကိုဆွေးနွေးပြောဆိုခြင်းဖြစ်ပါသည်။ တစ်ဖန်ပြောရသော်၊ သားဖွားခြင်းအမှုကိုဝိညာဉ်ကယ်တင်ခြင်းပမာခံယူခြင်းသည် သမ္မာကျမ်းစာသွန် သင်ချက်နှင့်မကိုက်ညီဘဲ၊ ကောင်းမှုကုသိုလ်မပါဘဲယုံကြည်ခြင်းအားဖြင့်ရသောကယ်တင်ခြင်းကိုလည်း လုံးဝဆန့်ကျင်ပါသည်။
မှတ်ချက်။
၁။အငယ်- ၈ တွင်ရှင်ပေါလုက “ယောကျာ်းတို့” (“များစွာသောလင်ယောကျာ်းတို့”)ဟူ၍ အဓိပ္ပါယ်ရှိသောဟေလသဘာသာစကားလုံးကိုတိတိကျကျသုံးပါသည်။ မနုဿလူသတ္တ ဝါအတွက်အသုံးပြုသည့်(anthropoi.cf, anthropology) ဟူသောစကားလုံးကိုမသုံးပါ။
အမှန်တကယ်သေခြင်းလား သို့မဟုတ်တင်စားပြောဆိုသောသေခြင်းလား
Literal Death or Figurative Death?
အကယ်၍ကျွန်ုပ်တို့သည်ဓမ္မသစ်ကျမ်းစာထဲ၌တွေ့ရသည့်ခြားနားသောသေဆုံးခြင်းအမျိုးမျိုးကိုနားလည်သဘောပေါက်ပါကအခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကိုအထောက်အကူပေးဟန်ရှိသည့်ကျမ်းချက်များကိုနားလည်သဘောပေါက်ရန်ကူညီပါလိမ့်မည်။
ပထမမှာ၊ “ခန္ဓာကိုယ်သေခြင်း”တည်းဟူသောခန္ဓာကိုယ်နှင့်ဝိညာဉ်ကွဲကွာခြင်းဖြစ်ပါသည်။ ယာကုပ်က“ဝိညာဉ် နှင့်ကင်းကွာသောကိုယ်သည်အသေဖြစ်၏”ဟုဆိုထားပါသည်။ ဤနေရာ၌ပြောသောသေခြင်းသည် ခန္ဓာကိုယ်ကိုရည်ညွှန်းပြီး၊ ဝိညာဉ်ကိုမရည်ညွန်းပါ။
ဒုတိယမှာ၊ ဝိညာဉ်သေခြင်းဖြစ်သည်။ ကယ်တင်ခြင်းမရသောသူတို့သည် ဒုစရိုက်အပြစ်၌ သေလျက် ရှိနေကြသည် (ဧဖက် ၂၁၊ ၅)။ ဤအချက်က ထိုသူတို့၏ဝိညာဉ်သည်သေလျက်ရှိနေကြသည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ ထိုသူတို့သည်ဘုရားသခင်နှင့်ပတ်သက်၍ သေဆုံးနေကြသည် ဟုဆိုလိုခြင်း ဖြစ်ပါသည်။
တတိယမှာ၊ ထာဝရသေခြင်းဖြစ်၍ ၎င်းကို “ဒုတိယသေခြင်း”ဟူ၍လည်းခေါ်ပါသည် (ဗျာ၊ ၂၀၁၄)။ ၎င်းသည် မယုံကြည်သူများအားလုံးနောက်ဆုံးရောက်ရှိမည့်နေရာဖြစ်သောငရဲမီးတိုင်ဖြစ်ပါသည်။ရွေ့လျော့ဖောက်ပြန်သူတစ်ဦးကိုသရုပ်ဖော်တင်ပြရန်အတွက်“သေခြင်း”ကိုတင်စားပြောဆိုသောစကားအဖြစ်အသုံးပြုနိုင်သည်။ ယုံကြည်သူတစ်ဦးသည်အေးတိအေးစက်ဖြစ်နေပြီး၊ ဝိညာဉ်ရေးရာ၌ ဘာမှတုံ့ပြန်မှုမပေးဘဲ၊ လှုပ်ရှားတက်ကြွမှုကင်းမဲ့သောအခါ သူ့ကို သေခြင်းစကားရပ်ဖြင့် တင်စားပြောဆိုနိုင်ပါသည်။
ဤပုံစံသည်သာမြို့၌ရှိသောအသင်းတော်တွင်ပါဝင်နေကြသည့်သန့်ရှင်းသူတို့၏ပုံစံဖြစ်ပါသည်။ သခင်ဘုရားကထိုယုံကြည်သူတို့အား “သင်၏အကျင့်ကိုငါသိ၏။ သင်သည်အသက်ရှင်ဟန်ရှိ သော်လည်းသေလျက်နေသည်ကိုငါသိ၏”ဟု မိန့်တော်မူ၏ (ဗျာ၊ ၃၁)။ ဤသူတို့သည်ခန္ဓာပိုင်းနှင့် ဝိညာဉ်ပိုင်း၌အသက်ရှင်လျက်ရှိပါသည်။ သို့သော်လည်း သူတို့၏အကျင့်နှင့်ပတ်သက်၍ သူတို့သည်သေလျက်ရှိနေကြသည်။“သင်၏အကျင့်ကိုငါသိ၏… သင်သည်သေလျက်နေသည် ”ဟူသောစကားရပ်ကိုသတိပြုပါ။ တစ်ဖန်၊ အငယ်-၂ တွင် “… သင်၏အကျင့်သည်ငါ၏ ဘုရားသခင်ရှေ့၌ မစုံမလင်ရှိသည်ကိုငါတွေ့ပြီ” ဟုမိန့်တော်မူ၏။
၁တိ၊ ၅:၃-၆ ၌ “သေခြင်း” ကို အထက်ပါပုံစံနည်းတူအသုံးပြုထားသည်။
မုဆိုးမအမှန်ဖြစ်သောမိန်း မတို့ကို မစလုပ်ကျွေးလော့။ သားမြေးရှိသောမုဆိုးမဖြစ်လျှင် ထို သားမြေးတို့ သည်ရှေးဦးစွာဘုရားဝတ်ကိုရည်မှတ်လျက် မိမိအိမ်ကိုပြုစု၍မိဘဘိုးဘွား၌ကျေးဇူးဆပ်ခြင်းငှာသင်ကြစေ။ ထိုအမှုသည်ဘုရားသခင်နှစ်သက်တော်မူသောအမှုဖြစ်၏။မုဆိုးမအမှန်ဖြစ်၍ တစ်ယောက်တည်း ကျန်ရစ်သောမိန်းမသည်ဘုရားသခင် ကိုကိုးစား၍ ဆုတောင်းပဌနာပြု
ခြင်း၌နေ့ညဉ့်မပြတ်တည်နေတတ်၏၊ ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သောမုဆိုး မမူကား၊အသက်ရှိ လျက်ပင်အသေဖြစ်၏။
အကယ်စင်စစ်၊ အငယ် ၆ ပါ မုဆိုးမသည်နာမည်ခံခရစ်ယာန်တစ်ဦးသာလျှင်ဖြစ်ပါလိမ့်မည်။ ရှင်ပေါလုက ဤခရစ်ယာန်နာမည်ခံမုဆိုးမသည်ဘုရားသခင်ကိုကိုးစား၍ နေ့ညဉ့်မပြတ်ဆုတောင်းပဌနာပြု သောမုဆိုးမနှင့်ကွဲပြားခြားနားကြောင်း နှိုင်းယှဉ်ပြသပါသည်။ အငယ်- ၆၌ပါသောမုဆိုးမသည် အသက်ရှင်လျက်ပင်သေနေပါသည်။ ဤမုဆိုးမသည်ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့လျက်အသက်ရှင်သည်။ သူမသည်အငယ်-၁၁ ပါ အသက်နုပျိုသောမုဆိုးမတို့နှင့် တူကောင်းတူပါမည်။
“… ထိုသူတို့ သည်ခရစ်တော်၏ဆုံးမခြင်းကိုသည်းမခံ။ အိမ်ထောင်ပြုခြင်းငှာ အလိုရှိကြလေသည်။” လင်ယောကျာ်းတစ်ဦးရှာဖွေတွေ့ရှိရေးသည်သူမကို ဖိစီးထားသဖြင့် သူမသည်မိမိ၏အိမ်မှု ကိစ္စတာဝန်များကိုမေ့လျော့ကာ၊ ဆုတောင်းခြင်းနှင့်ကျမ်းစာ ဖတ်ခြင်းကိုလစ်လျူရှုလျက်၊အပျော် လိုက်လေလွင့်ကာ၊ သူတပါး၏အရေးကိစ္စ၌ဝင်ရောက်ရောနှောသေသူတစ်ဦးဖြစ်လာပါသည်။ မြင်ပသွင်ပြင်လက္ခဏာများအရ၊ သူသည်မိမိ၏ရှေးဦးယုံကြည်ခြင်းနှင့်အညီအသက်မရှင်ဘဲ သေနေပါသည်။
ဆုလာဘ်လား သို့မဟုတ် ပျက်စီးခြင်းလား
Reward or Ruin?
ရွေးနုတ်ကယ်တင်ခြင်းအတွက်ထားရှသော၊သူ၏အံ့ဩဘွယ်ရာအကြံအစည်တော်ထဲ၌ဘုရားသခင်ကဤသို့ ချိတ်ဆက်ထားပါသည်။
ယုံကြည်ခြင်း+ ကယ်တင်ခြင်း လုပ်ဆောင်ခြင်း ၊+ ဆုလာဘ်
ဆုလာဘ်များ ရရှိရန်ကြိုးစားလုပ်ဆောင်ရသည်။ ကယ်တင်ခြင်းရရှိရန်ထိုသို့လုပ်၍မရပါ။
ဤအချက်ကိုမသိကြသဖြင့် အယူဖောက်ပြန် သူတို့ သည်မှာယွင်းသောခံယူချက်များသွန်သင်ကြသည်။ ဥပမာ- သူတို့သည် ၁ကော၊၉၂၄-၂၇ ကို အကိုးအကားပြုလျက်၊ ပေါလုသည်ကောင်းကင်ဘုံသို့ဝင်စားရန် အရည် အချင်းမမှီသူ ဖြစ်လာသည် ဟု သက်သေထူရန်ကြိုးစားကြသည်။
မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ပြေးကြသော်လည်း၊တစ်ယောက် တည်းသာလျှင်ဆုကိုရသည်ဟုသင်တို့ မသိကြသလော။ ဆုကိုရမည်အကြောင်းပြေးကြလော့။ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သောသူမည်သည်ကား၊ အရာရာ၌တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည်နွမ်းပျက်စီးတတ်သောပန်းဦးရစ်ကို ရခြင်းအလို့ငှာပြုကြ၏။ ငါမူကား၊မညှိုးနွမ်းမပျက်စီး နိုင်သောပန်းဦးရစ်ကို ရခြင်းငှာပြုကြ၏။ ထို့ကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ပြေးသည်မဟုတ်၊ လက်ဝှေ့သတ်သောအခါ အာကာသကောင်းကင်ကိုသာ ထိုး၍သတ်သည်မဟုတ်၊ သူတပါးကိုဆုံး မပြီးမှကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်ကြောင်း၊ ကိုယ်ကိုယ်ကိုထိုး၍နှိပ်စက်လျက်ရှိ၏။
တမန်တော်ရည်ညွှန်းပြောဆိုထားသော”ဆု” နှင့် “ပန်းဦးရစ်”ကိုသတိပြုပါ (ငယ် ၂၄-၂၅)။ ဤရည်ညွှန်းပြောဆိုချက်က အမှုတော်နှင့်ဆုလာဘ်အကြောင်းပြောဆိုခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ အမှုတော်ကိုထမ်းဆောင်ရာ၌ ပေါလုသည်စိတ်နှစ်ခွမရှိ၊ ရည်ရွယ်ချက်တစ်ခုတည်းကိုသာအာရုံစိုက်လျက်၊ စည်းကမ်းတကျလုပ်ဆောင် (ပြေး)သည်ဖြစ်၍၊ သူသည်မညှိုးနွမ်းမပျက်စီးနိုင်သော ပန်းဦးရစ်ကိုရပါ လိမ့်မည်။ သူမှာရှိသောအရာအားလုံးကို အမှုတော်လုပ်ငန်းအတွက်မပေးပါက သူသည်အရည်အသွေး မမှီသောသခင်ဘုရား၏ အစေခံကျွန်တစ်ဦးဖြစ်သွားမှာကို ကောင်းစွာနားလည် သဘော ပေါက်သည်။ သူ့ကိုကောင်းကင်ဘုံသို့ ဝင်စားရန်အရည်အသွေးမရှိသူဟူ၍ မသတ်မှတ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော်၊ ကောင်းကင်ဘုံသို့ဝင်စားဘို့ရန် ယုံကြည်သူသည်မထိုက် တန်သော်လည်း သခင်ခရစ်တော်၌လက်ခံထားခြင်း ကြောင့်သာလျှင် ထိုက်တန်သောသူဖြစ်ပါသည် (ဧဖက် ၁၆)။ ထိုသခင်ဘုရား၌ ကျွန်ုပ်တို့သည်စုံလင် ခြင်းရှိကြ၏ (ကော၊ ၂း၁၀)။ သို့သော်လည်း ပြိုင်ပွဲ၌ပြိုင်ကာ ပြေးနေသရွေ့ စည်းကမ်းရှိရမှာဖြစ်ပြီး၊ လေ့ကျင့်ရေးနည်းလမ်း များနှင့်ပြိုင်ပွဲစည်း ကမ်းများကို လိုက်နာခြင်းမရှိပါက၊ ကျွန်ုပ်တို့သည် အဆင့်လျှော့ချခြင်းခံရကာ၊ပြိုင်ပွဲ၏ ကယ်တင်ခြင်းစိတ်ချမှုခံယူ ချက်ကိုအထောက်အကူပေးလေ့ ရှိသည့်ဘေးစည်းများဆီ သို့ရောက်ရှိသွားနိုင်သည်။ အခြေအနေပေါ်၌တည်သောဒုတိယကျမ်းပိုဒ်မှာ ဂလာတိ ၆၇-၉ ဖြစ်ပါသည်။
အလွဲမယူကြနှင့်။ ဘုရားသခင်သည်မထီမဲ့မြင်ပြုလုပ်ခြင်းကိုခံတော်မမူ။ လူသည်မျိုးစေ့ကြသည့်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌မျိုးစေ့ကြဲသောသူသည် ဇာတိပကတိ အားဖြင့်ပုပ်ပျက် ခြင်းအသီး အနှံကိုရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌ မျိုးစေ့ကြဲသောသူ သည် ဝိညာဉ်ပကတိ အားဖြင့် ထာဝရအသက်ရှင်ခြင်းအသီးအနှံကို ရိတ်ရလိမ့်မည်။ ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ၊ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။
ထိုသို့ တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌အသီးအနှံကိုရိတ်ရလိမ့်မည်။ဤကျမ်းချက် များက ငွေရေးကြေးရေးနှင့်အခြားဝတ္ထုပစ္စည်းများကို ကျွန်ုပ်တို့သည်ဘဏ္ဍာ စိုးအနေဖြင့်မည်သို့ကိုင်တွယ်ရမည်ကို သိမြင်စေပါသည်။ ဤကျမ်းချက်များကကျွန်ုပ်တို့ကို ရက်ရောရန်နှင့်ကောင်း သောအကျင့်ကို ကျင့်ရန်တိုက် တွန်းပါသည်။ ပေါလုက “လူသည်မျိုးစေ့ကြသည့် အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်” ဟုပြောသောအခါ၊ သူသည်ဒုစရိုက်အပြစ်များ အကြောင်းနှင့် ထာဝရပြစ်ဒဏ်အကြောင်း (ထာဝရပြစ် ဒဏ်ခံရမှာမှန်သော် လည်း) ကိုစဉ်းစား၍ပြောခြင်းမဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ငွေကြေးများနှင့်ကျွန်ုပ် တို့သည်မည်သည့် အရာလုပ်ကြသည်ကိုစိုးရိမ်ခြင်းဖြစ်ပါသည်။
မိမိဇာတိပကတိ၌မျိုးစေ့ကြဲသောသူသည် မိမိ၏ရုပ်ဝတ္ထုအရင်းအမြစ်များကို ကာမဂုဏ်ခံစား ရန်အတွက်သုံးစွဲနေသောခရစ်ယာန်ဖြစ်သည်။ သူသည်ခန္ဓာကိုယ် ၏လိုရာကိုဖြည့်ဆည်းပေးသည်။ သူ့ဘဝ၏နောက်ဆုံးအချိန်ရောက်သောအခါ သူအလိုလိုက်ခဲ့သောခန္ဓာကိုယ်သည်မြေမှုန့်ဖြစ်သွားကာ၊ သူသည်ပုပ်ပျက်ခြင်းအသီးအနှံကို ရိတ်ရပါမည်။
ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူသည် သစ္စာရှိသောဘဏ္ဍာစိုး၊ဧဝံဂေလိ သတင်းစကားပျံ့နှံ့ရန် အတွက်ဆက်ကပ်ပူဇော်လျက်အသက်ရှင်နေထိုင်သောယုံကြည်သူတစ်ဦးဖြစ်ပါသည်။ ဝိညာဉ်တော် ၏လုပ်ဆောင်မှုအားဖြင့် သူသည်ထာဝရအသက်ကိုရိတ်သိမ်းရလေသည်။ သို့ သော်လည်းဤအချက်က သူ၏ငွေကြေးဖြင့် သူသည်ထာဝရအသက်ကိုဝယ်ယူသည်ဟုဆိုလိုပါသလား။ ထိုသို့ဆိုလိုခြင်းမဟုတ်ပါ။ ကယ်တင်ခြင်းကိုဝယ်ယူ၍မရနိုင်သလို၊ လုပ်ဆောင်ခြင်းဖြင့်လည်းမရနိုင်ပါ။ သို့မဟုတ် ရထိုက်သောကြောင့် လည်းကယ်တင်ခြင်းကိုမရနိုင်ပါ။ သို့သော်လည်း၊ ဘုရားသခင်၏လု ပ်ငန်းတော်နှင့် အမှုတော်ဆောင် များအား ရက်ရောစွာပေးကမ်းသူတစ်ဦးသည် ထာဝရအသက်၏ သာ၍ပြည့်ဝသောပျော်ရွှင် ဝမ်းမြောက်ခြင်း ကိုလည်းကောင်းကောင်းကင်ဘုံ ၌သာ၍ကြီးမြတ်သော ဆုလာဘ်များကိုလည်းကောင်း ရိတ်သိမ်းမည်ဖြစ်ပြီး၊ ကောင်းကင်ဘုံ၌ခံစားရမည့်အရာအတွက် သာ၍ လုပ်ဆောင်နိုင်ပါသည်။
စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်းစပ်ကြားတွင်ကာလတစ်ခုရှိနေစမြဲဖြစ်ပါသည်။ သို့ဖြစ်သောကြောင့်၊ ယုံကြည်သူကျွန်ုပ်တို့သည်ကောင်းသောအကျင့်ကိုမနားမနေလုပ်ဆောင်သင့်ပါသည်။ ဤသို့လုပ်ဆောင် ခြင်းဖြင့်နောက်ဆုံးတွင်ကျွန်ုပ်တို့သည်ဆုလာဘ်ချီးမြှင့်ခံရမည်ဖြစ်ပါသည်။ကယ်တင်ခြင်းကိုရည်ညွန်းရန်အတွက် မှားယွင်းစွာကိုးကားလေ့ရှိသောအခြားကျမ်းတစ်ပိုဒ်ရှိပါသည်။
ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟုကိုယ်ကိုကိုယ်မထင်သော်လည်း၊ ငါပြုသောအမှုတစ်ခုမူကား၊ နောက်ကျသောအရာတို့ကိုမမှတ်ဘဲ၊ရှေ့၌ရှိသောအရာတို့ကိုလှမ်းကမ်း၍၊ ယေရှုခရစ်တော် အားဖြင့်ဘုရားသခင်သည်အထက်အရပ်မှခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းငှာ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏ (ဖိ၊ ၃း၁၃-၁၄)။
တစ်ဖန်၊တမန်တော်ရှင်ပေါလုကသူ့ကိုယ်သူပြိုင်ပွဲ၌ပါဝင်သောပြေးခုန်ပစ်အားကစားသမားတစ်ဦးကဲ့သို့ပုံဖော်ထားပါသည်။ ပန်းတုံးတိုင်သည်သခင်ခရစ်တော်နှင့် သဏ္ဍာန်တူရန်ဖြစ်ပါသည် (အငယ်-၁၀-၁၁)။ တမန်တော်သည်ပန်းတုံးတိုင်သို့မရောက်ရှိသေးချေ။ သို့သော်လည်း၊ ရည်ရွယ်ချက်တစ်ခုတည်းထားလျက် (“ငါပြုသောအမှုတစ်ခု”) သူသည် ဆုကိုရခြင်းဌာပန်းတုံးတိုင်သို့ပြေးနေသည်။ “ယေရှုခရစ်အားဖြင့် ဘုရားသခင်သည်အထက်အရပ်မှခေါ်တော်မူခြင်း”သည် တမန်တော်အား ကယ်တင်တော်မူရာ၌ ဘုရားသခင်၏စိတ်ထဲ၌ရှိသောရည်ရွယ်ချက်များကိုပြီးပြည့်စုံစေခြင်းဖြစ်ပါသည်။
ကယ်တင်ခြင်းသည်ကြိုးစားရယူသောဆုလာဘ်တစ်ခုဖြစ်ပြီး၊ ဤဆုကိုရရှိဘို့ရန် မှန်ကန်သောပြိုင်ပွဲ၌ပါ ဝင်ကာ၊ လိုက်ပြေးနေရသည်ဟူ၍ကျမ်းပိုဒ်ကိုရှုမြင်ပါက ဤကျမ်းပိုဒ်၏ ဆိုလိုရင်းအဓိပ္ပါယ်ကိုချိုး ဖျက်နေခြင်းဖြစ်သည်။ ကယ်တင်ခြင်းသည် ယှဉ်ပြိုင်၍ပန်းဝင်ခြင်းဖြင့် ရရှိသောဆုမဟုတ်ပဲ၊ လက်ခံရမည့်လက်ဆောင်တစ်ခုဖြစ်သည်။
ကောလောသဲ ၂၁၈-၁၉ ကိုလေ့လာကြပါစို့။ ဤကျမ်းချက်ကကယ်တင်ခြင်းဆုံးရှုံးနိုင်သည်ဟု ထင်မှတ်အောင်သွန်သင်သကဲ့သို့ဖြစ်နေပါသည်။
ဦးခေါင်းတော်ကိုအမှီမပြု၊ ဇာတိပကတိ၏ စိတ်နှလုံးအချည်းနှီးထောင်လွှားလျက်၊ မိမိမသိမမြင်သော အရာကို စူးစမ်းလျက်၊စိတ်နှိမ့်ချခြင်း၌လည်းကောင်း၊ ကောင်းကင်တမန်ကိုကိုးကွယ်
ခြင်း၌လည်းကောင်း၊ မွေ့လျော်သောသူတစ်စုံတစ်ယောက်မျှသင်တို့ဆုကိုမလုမယူစေနှင့်။ ဦးခေါင်း တော်မှတစ်ကိုယ်လုံးသည်အဆစ် အပိုင်း၊ အထုံးအဖွဲ့များ အားဖြင့် အားဖြည့် ၍ ထုံးဖွဲ့လျက်၊ ဘုရားသခင်၏အလိုတော်နှင့်အညီကြီးပွားတတ်၏။
အငယ်- ၁၈ ပါ “ဆု” စကားလုံးကကယ်တင်ခြင်းကိုမရည်ညွန်းကြောင်းသတိပြုသင့်ပါသည်။ ကယ်တင်ခြင်းမဆုံးရှုံးနိုင်ပါ။ သို့ရာတွင်
သူ၏ဆုလာဘ်ဆုံးရှုံးနိုင်ပါသည်။ ပေါလုကကောလောသဲမြို့၌ရှိသောယုံ ကြည် သူများအား သမ္မာကျမ်းနှင့်မကိုက်ညီသည့် အဆန်းအသစ်များကိုဆန့်ကျင်ကြရန်သတိပေးပါသည်။ စိတ်ထဲ၌ စွဲနေသောတရားသေဝါဒ၊ ကိုယ်မသိနိုင်သည့်နက်နဲဆန်းကြယ်သောအယူဝါဒ၊ သို့မဟုတ် ခြိုးခြံစွာကျင့်သည့် အယူဝါဒတို့ သည်ဝိညာဉ်ရေးရာကြီးပွားရန်မူလအရင်းအမြစ်ဖြစ်သော သခင်ခရစ်တော်အပေါ်၌ အမှီပြုနေသောယုံကြည်သူ၏အာရုံကို အဝေးသို့လှည့်သွားစေပါသည်။ ဤသို့သော နည်းလမ်းများ အားဖြင့်ဘေးသို့ချော်သောခရစ်ယာန်တို့၏ကြီးပွားမှုသည်ရပ်တန့်ကာ၊ ၎င်းတို့၏ဆုသည် လုယူခြင်း ခံရလေသည်။
ထိုသို့အလို့၊ သင်တို့သည်ယုံကြည်ခြင်း၌သီလကို၎င်း၊ သီလ၌ပညာကို၎င်း၊ ပညာ၌ကာမဂုဏ်ချုပ် တည်းခြင်းကို၎င်း၊ ကာမဂုဏ်ချုပ်တည်းခြင်း၌သည်းခံခြင်းကို၎င်း၊ သည်းခံခြင်း၌ဘုရားဝတ်ကို ပြု၍မွေ့လျော်ခြင်းကို၎င်း၊ ထိုသို့ မွေ့လျော်ခြင်း၌ညီအစ်ကိုစုံမက်ခြင်းကို၎င်း၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို၎င်း၊အလွန်ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။ အကြောင်းမူထို ပါရမီတို့ သည်သင်တို့၌ ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့သခင်ခရစ်ကိုသိကျွမ်းခြင်း၌မပျင်းရိစေခြင်းငှာ၎င်း၊ အကျိုးမဲ့မဖြစ်စေခြင်းငှာ၎င်း၊ ပြုပြင် တတ် ကြ၏။ ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း၏၊ ကိုယ်မျက်စိကိုကိုယ်ပိတ်၏။ မိမိအပြစ်
တောင်းဆေးကြောကြောင်းကိုမေ့လျော့၏။ ထို့ကြောင့်ညီအစ်ကိုတို့၊ သင်တို့ခံရသောခေါ် တော်မူ ခြင်းနှင့်ရွေးနုတ်တော်မူခြင်းကိုတည်မြဲစေခြင်းငှာ၊ သာ၍ ကြိုးစား အားထုတ်ကြလော့၊ ထိုသို့ပြုလျှင် ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍ ငါတို့ ကိုကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ် တော် ၏ထာဝရနိုင်ငံတော်ထဲသို့ဝင်စားခြင်းအခွင့် ကို သင်တို့ အားကြွယ်ဝစွာပေးသနားတော်မူလတံ့ (၂၁၅-၁၁)။
အငယ်-အငယ်- ၁၀ နှင့် ၁၁ သည်အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကို အထောက်အကူပေး သည်ကျမ်းချက်များအဖြစ်ကိုးကားတတ်ကြသည်။ ဤကျမ်းချက်များ၏ဆိုလိုချက်တို့ ကိုလေ့လာဆန်းစစ်ပါစို့။၅ မှ ၇ အထိသည် ခရစ်ယာန်စာရိတ္တတိုးတက်ရန်တိုက်တွန်းချက်ဖြစ်သည်။ ကျွန်ုပ်တို့၏အသက်တာ၌ ထိုပါရမီများကိုကြီးထွားဖွံ့ဖြိုးစေသောအခါ ကျွန်ုပ်တို့သည်အသက်တာ ခြောက်ကပ်ခြင်း၊ အသီးကင်းမဲ့ခြင်း၊ အမြော်အမြင်ကင်းမဲ့ခြင်းတို့မှကယ်တင်ခြင်းရသလို၊ ကျွန်ုပ်တို့ ကယ်တင်ခြင်းခံခဲ့ပြီးသောအရာကိုမေ့လျော့ခြင်း (အပြစ်ဟောင်းဆေးကြောခြင်းကိုမေ့လျော့ခြင်း) မှလည်း ကယ်တင်ခြင်းရပါသည်။
နောက်ခံအခြေအနေအရ၊ ပေတရုကယုံကြည်သူကျွန်ုပ်တို့အားကျွန်ုပ်တို့ခံရသောခေါ်တော်မူခြင်းနှင့် ရွေးနုတ်တော်မူခြင်းကို သေချာစေရန် တိုက်တွန်းပါသည်။ တစ်မျိုးပြောရလျှင်၊ ဘုရားသခင်သည် ကျွန်ုပ်တို့ခံရ သောခေါ်တော်မူခြင်းနှင့် ရွေးနုတ်တော်မူခြင်းကို တည်မြဲအောင်ပြုလုပ်နိုင်သဖြင့်၊ ထိုအရာတို့သည် တည်မြဲနေမှာသေချာပါသည်။ဤကမ္ဘာမတည်မရှိမီ ယုံ ကြည် သူကျွန်ုပ်တို့သည်သခင် ခရစ်တော်၌ရွေးကောက်တော်မူခြင်းခံထားကြသလို (ဧဖက် ၁၄)၊ ကျွန်ုပ်တို့ ကိုသူ၏အပိုင်ဖြစ် စေရန်ဧဝံဂေလိတရားဖြင့်ခေါ်တော်မူသည်။ သို့သော်လည်း၊ရင့် ကျက်သောဝိညာဉ် ရေးရာစာရိတ္တကို ကြီးထွားဖွံ့ဖြိုးစေခြင်းအားဖြင့် ကျွန်ုပ်တို့ ခံရသောခေါ်တော် မူခြင်းနှင့်ရွေးနုတ်တော် မူခြင်းသည်အမှန် တကယ်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည်မိမိကိုယ်တိုင်နှင့် အထူးသဖြင့်သူ တစ်ပါးအားထုတ်ဖော်ကြသည်။ ဤသည်မှာ မြင်နိုင်သောအရာအားဖြင့်အတည်ပြုခြင်းဖြစ်၏။ ထို့အပြင် ဤဝိညာဉ်ရေးရာကြီးထွား ခြင်းသည် ကျွန်ုပ်တို့အားထိမိ၍ လဲခြင်းမှ ကယ်လွတ်ပါလိမ့်မည်။ ဤနေရာ၌ ယုံကြည်သူ၏ ကယ်တင်ခြင်း ဆုံးရှုံး သွားသည်ဟု မဆိုလိုပါ။ ဝိညာဉ်ရေးရာပြိုလဲခြင်းကို နဂိုအခြေ အနေအတိုင်းရောက် အောင် ပြန်လည်ကုစားပေးနိုင်သည်ဟုဆိုလိုပါသည်။
အငယ်- ၁၁ ကိုသတိထား၍ မှန်ကန်စွာဖတ်ရှုရပါမည်။ ဤကျမ်းချက်က “ ထာဝရနိုင်ငံတော်ထဲသို့ဝင်စားခြင်း အခွင့်ကိုသင်တို့အားပေးသနားတော်မူလတံ့”ဟူ၍မပြောပါ။ “ကြွယ်ဝစွာ” စကားလုံးကိုမချန်ထားပါနှင့်။ ယုံကြည်သူကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းကိုခံယူခြင်းအားဖြင့်နိုင်ငံတော်ထဲသို့ဝင်စားကြ၏ (ယော၊ ၃၅)။ သို့သော်လည်း နိုင်ငံတော်ထဲသို့ဝင်စားခြင်းအခွင့်ကိုကျွန်ုပ်တို့ ကြွယ်ဝစွာရရှိခြင်းသည် ကျွန်ုပ်တို့၏အသက် တာ၌ ခရစ်ယာန်ပါရမီကြီးထွားသည့် အတိုင်းအတာပမာဏအပေါ်မူတည်ပြီး၊ ဆုံးဖြတ်ခြင်းခံရမှာ ဖြစ်ပါ သည်။ ပေတရုသည်ကယ်တင် ခြင်းရနိုင်သော နည်းလမ်းအကြောင်းကိုပြောဆိုနေခြင်းမဟုတ်ပဲ၊ ဘုရားတရား ကြည်ညိုသောသူရရှိမည့် ဆုလာဘ်အကြောင်းကိုပြောဆိုခြင်း ဖြစ်ပါသည်။ဘုရားသခင် ၏နိုင်ငံတော်ထဲသို့ဝမ်းမြောက်ဂုဏ်ယူစွာဖြင့်ကျွန်ုပ်တို့ဝင်စားရန်ပေတရုကအလိုရှိပါသည်။
ကယ်တင်ခြင်းဆုံးရှုံးနိုင်သည်ဟူ၍ယုံကြည်သူတို့သည် ၂ယော၊ ၁း၈ကို သူခံယူချက်အတွက် ကိုးကားကြသည်မှာ အံ့သြစရာကောင်းပါသည်။
ငါတို့သည်ကိုယ်ပြုစုသောအရာမပျောက်မပျက်၊ စုံလင်သောစောင့်ရှောက် ကြလော့။အကျိုးကိုရမည် အကြောင်း၊ သင်တို့သည်ကိုယ်ကိုကိုယ်သတိပြု၍စောင့်လျှောက်ကြလော့။
ဤဘာသာပြန်ဆိုချက်အရဆိုလျှင် ယောဟန်က”ငါတို့ (တမန်တော်တို့) သည် ကိုယ်ပြုစုသောအရာမပျောက် မပျက်၊ စုံလင်သောအကျိုးကိုရမည်အကြောင်း၊ သင်တို့ (ခရစ်ယာန်တို့) သည် ကိုယ်ကိုကိုယသတိပြု၍ စောင့်ရှောက်ကြလော့”ဟူ၍ပြောဆိုခြင်းဖြစ်သည်။
New International Version ဖြစ်ပြီး Nestle UnitedBible Societies ၏ဟေလသဘာသာစကားဖြင့် ရေးသားထားသောမူရင်းစာတွင် ထိုကျမ်းချက်ကိုဤကဲ့သို့ ဖတ်ရှုရပါသည် – “သင်သည်ကိုယ်ပြုစုသောအရာ ကိုမပျောက်မပျက်စေနှင့်။ ပြည့်ပြည့်ဝဝဆုချီးမြှင့်ခံရပါမည့်အကြောင်း၊ သင်သည်သတိပြုပါ။”
အခြားတစ်နည်းဆိုရသော်၊ဤကျမ်းချက်သည်ကယ်တင်ခြင်းဆုံးရှုံးခြင်းအကြောင်းပြောဆိုခြင်းမဟုတ်ကြောင်း သေချာပါသည်။ ကျွန်ုပ်တို့သည်ကယ်တင်ခြင်းအတွက်ဘာမှမလုပ်ရပါ။ ဆုလာဘ်အပြည့် အဝရရှိရေး အတွက်ပြောဆိုခြင်းဖြစ်ပါသည်။
ထာဝရလုံခြုံခြင်းအကြောင်းကိုငြင်းပယ်သောသူတို့သည် ထာဝရလုံခြုံခြင်းကိုဆိုင်ပြိုင်တိုက်လှန်ရန်အတွက် ကျမ်းပိုဒ်အချို့ကိုအသုံးပြုလေ့ပြီး၊ ဤနေရာ၌ ၎င်းတို့အသုံးပြုလေ့ရှိသောအခြားကျ မ်းပိုဒ်တစ်ချို့ကို ဖော်ပြပေးပါမည်။ ပထမကျမ်းပိုဒ်မှာ ဗျာဒိတ်၊ ၂း၁၀-၁၁ ဖြစ်သည်။
သင်သည်ခံရမည့် အရာတစုံတခုကိုမျှမကြောက်နှင့် သင်တို့သည်စုံစမ်းခြင်းကိုခံရမည်အကြောင်း မာရ်နတ်သည်သင်တို့တွင် အချို့ကိုထောင်ထဲ၌လှောင်ထား၍ သင်တို့ သည်ဆယ်ရက်ပတ်လုံးဆင်း ရဲဒုက္ခကိုခံရကြလိမ့်မည်။ သေသည့်တိုင်အောင်သစ္စာစောင့်လော့။ သို့ဖြစ်လျှင် အသက် သရဖူကို ငါပေးမည်။
ဝိညာဉ်တော်သည် အသင်းတော်တို့ ၊ အဘယ်သို့ မိန့်တော်မူသည်ကိုရှိသောသူမည်သည်ကာ၊ကြားပါစေ၊ အောင်မြင်သောသူကို ဒုတိယသေခြင်းသည်မညှဉ်းဆဲရ။
အငယ်- ၁၀ ၌ သေသည့်တိုင်အောင် သစ္စာစောင့်သောသူအားအသက်သရဖူကို ပေးမည်ဖြစ်ကြောင်း ကတိပေးထားပါသည်။“ကယ်တင်ခြင်းဆုံးရှုံးနိုင်သည်” ဟု ခံယူသူတို့က အသက်သရဖူနှင့်ထာဝရ အသက် တူသည်ဟု မှတ်ယူကြသည်။ ၎င်းသည် မိမိအသက်ကုန်ဆုံးသည်အထိယုံကြည် ခြင်းကိုခိုင် မြဲစွာစွဲကိုင်သောသူတို့အတွက်ဖြစ်သည်ဟု ပြောကြသည်။
သို့သော်လည်း၊ ဆိုလိုရင်းအဓိပ္ပါယ်ရရှိဘို့ အတွက် ကျွန်ုပ်တို့သည်ရှေ့နောက်စကားအဆက်အစပ် ကိုလေ့လာရပါသည်။ ဤကျမ်းချက်၏ပထမပိုင်းက စမုရန်မြို့၌ရှိသောသန့်ရှင်းသူတို့ခံစားကြရသည့် ကြောက်မက်ဘွယ်ကောင်းသောဆင်းရဲဒုက္ခအကြောင်းကိုပြောပါသည်။ထိုသူတို့သည်ထောင်ထဲ၌လှောင်ထားခြင်း၊ စုံစမ်းခြင်းနှင့်ဆင်းရဲဒုက္ခကိုရင်ဆိုင်နေကြရသည်။ ထိုသူတို့ အားအသက်သရဖူ (မာတုရသရဖူကိုပေးအပ်ပါမည်။
အငယ်- ၁၁ ၌ သခင်ဘုရားကအောင်မြင်သောသူကို ဒုတိယသေခြင်းသည်မညှဉ်းဆဲရ၊ ဟူ၍ကတိပေးထားပါသည်။ အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကိုယုံကြည်သူတို့က ဤအောင်မြင်သောသူဆိုသည်မှာ ယုံကြည်ခြင်းရှိသောသူဖြစ်၍၊ ထိုယုံကြည်ခြင်းကို စဉ်ဆက်မပြတ်ထိန်းထားကာ၊ အောင်မြင်ခြင်းရရှိသောသူဖြစ်ရုံမက၊ ထိုအောင်မြင်ခြင်းကို စဉ်ဆက်မပြတ်ထိန်းထားသောသူကိုပြောခြင်းဖြစ်သည်ဟု ပြောကြသည်။
တမန်တော်ယောဟန်က အောင်မြင်သောသူဆိုသည်မှာ သခင်ယေရှုသည်ဘုရားသခင် ၏သားတော်ဖြစ် သည်ကိုယုံကြည်သောသူကိုပြောခြင်းဖြစ်သည်ဟု ဆို၏ (၁ယော၊ ၅:၅)။ (ဤအကြောင်းကို လာမည့် အခန်းတွင်ပိုမိုပြည့်စုံစွာဖော်ပြပါမည်)၊ ဒုတိယသေခြင်းသည် မယုံကြည်သူများသာလျှင် ကြုံတွေ့ရမည့် ကံကြမ္မာဆိုးကြီးဖြစ်ပါသည်။
ကယ်တင်ခြင်းနှင့်ဆုလာဘ်များကိုမကြာခဏဝေခွဲမရဖြစ်စေသောနောက်ဆုံးကျမ်းတစ်ပုဒ်ကို ကျွန်ုပ်တို့ယခုဆွေးနွေးကြပါမည်။သင်၏အကျင့်ကိုငါသိ၏။ အဘယ်သူမျှမပိတ်နိုင်သော တံခါးကိုသင့်ရှေ့၌ငါဖွင့်ထားပြီ။အကြောင်းမူကား၊ သင်သည်အနည်းငယ်သောခွန်အားရှိသည် နှင့် ငါ၏နှုတ်ကပတ်တော်ကို စောင့်ရှောက်ပြီ။ ငါ၏နာမကိုလည်းမစွန့်မပယ်။ ယုဒလူဖြစ်ယောင်ဆောင်၍ အမှန်မဟုတ်ဘဲ၊ မုသာစကားကိုပြောသောသူတည်းဟူသောစာတန်၏အပေါင်းအသင်းဝင်သူအချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ပြပ်ဝပ်စေခြင်းငှာ၎င်း၊ ငါသည်သင့်ကိုချစ်သည် ဟုသိစေခြင်းငှာ၎င်း၊ ငါပြုမည်။ သင်သည်ငါ၏သည်းခံခြင်းနှင့် စပ်ဆိုင်သောနှုတ်ကပတ်တရား ကိုစောင့်ရှောက်သောကြောင့်မြေကြီးပေါ်၌နေသောသူတို့ကိုစုံစမ်းစေခြင်းငှာ၊ လောကီနိုင်ငံ အရပ်ရပ် တို့ကိုနှံ့ပြားလတံ့သော စုံစမ်းရာကာလတွင်သင့်ကိုငါစောင့်ရှောက်မည်။ ငါသည်အလျင် အမြန်လာမည်။သင်၏သရဖူကို အဘယ်သူမျှမယူစေခြင်း၊ ရခဲ့ပြီးသော
အရာကို စွဲကိုင်လော့။အကြင်သူသည်အောင်မြင်၏၊ ထိုသူကိုငါသည်ငါ၏ဘုရားသခင့် ဗိမ္မာန်တော်၌ တိုင်ဖြစ်စေမည်။ နောက်တဖန်သူသည် ပြင်သို့မရွေ့ရ။ ငါ၏ဘုရားသခင်နာမတော် ကိုလည်းကောင်း၊ ငါ၏ဘုရားသခင်အထံတော်မှထွက်၍ ကောင်းကင်ဘုံမှဆင်းသက်သော ယေရုရှလင်မြို့သစ်တည်း ဟူသောငါ၏ဘုရားသခင့်မြို့တော်၏နာမကို၎င်း၊ ငါ၏နာမသစ် ကို၎င်း၊ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည် (ဗျာ၊ ၃း၈-၁၂)။
အငယ်- ၈ ၏အစတွင်ပါရှိသည့် “အကျင့်” ဟူသောစကားလုံးက ရှင်ယောဟန်သည်ဆုလာဘ် အကြောင်းပြောခြင်ဖြစ်ကြောင်းကျွန်ုပ်တို့ကိုအချက်ပြပါသည်။ သခင်ခရစ်တော်၏ နှုတ်ကပတ်တော်ကို စောင့်ရှောက်ခြင်း၊သူ၏နာမတော်ကိုလည်းမစွန့်ပစ်ခြင်းတို့အတွက် ဖိလဒေလဖိအသင်းတော်အနေဖြင့် ရရှိသောဆုလာဘ်မှာ သူတို့၏ရန်သူများကိုသူတို့၏ခြေရင်း၌ပြပ်ဝပ်စေခြင်းနှင့် ဤသို့အားဖြင့်ကိုယ်တော် သည်သူတို့ကို ချစ်ကြောင်း အမှန်တကယ် သိစေခြင်းဖြစ်ပါသည်။ သူတို့သည်သခင်ဘုရား၏နှုတ် ကပတ်တရားကို စောင့် ရှောက်ကြသောကြောင့်ဘေးဒဏ်ကြီးကာလ၌ ကိုယ်တော်သည်သူတို့ကိုစောင့်ရှော က်လိမ့်မည်။ သူတို့သည်သခင်ဘုရားကြွဆင်းလာသည့်တိုင် သူတို့ ရခဲ့ပြီးသောအရာကိုစွဲကိုင်ထားသင့်သည်။ ထိုအခါ သူတို့၏သရဖ (သူတို့၏သရဖူဖြစ်ပြီး၊ သူတို့၏ကယ်တင်ခြင်းမဟုတ်ပါ) ကို အဘယ်သူမျှမယူနိုင် တော့ပါ။ အောင်မြင်ခြင်းအတွက်ရရှိသောဆုလာဘ်မှာ ဘုရားသခင်ဗိမ္မာန်တော်၌ တိုင်များဖြစ်စေခြင်း ဖြစ်ပါသည်။ ထို့နောက် သူတို့အပေါ်၌ဘုရား သခင်နားတော်ကို၄င်း၊ ဘုရားသခင်မြို့တော်၏နာမတည်း ဟူသောယေရုရှလင်မြို့သစ်၏နာမကို၄င်း၊ သခင်ခရစ်တော်၏နာမသစ်ကို၄င်း၊ ရေးသားအက္ခရာတင် လိမ့်မည်။ဤဘွဲ့ထူး၊ ဂုဏ်ထူးအားလုံးတို့သည် အသက်တာနှင့် အမှုတော်လုပ်ငန်း၌သ စ္စာရှိခြင်း အတွက်ဖြစ်ပြီး၊ ထိုအရာတို့သည်ကယ်တင်ခြင်းရရှိစေသည့် အရာများမဟုတ်ပါ။ မြဲမြံသောအလုပ်များ အတွက်ဆုလာဘ်ချီးမြင့်ခြင်းခံရပါမည်။ အခြားသောအလုပ်တို့သည်ကျွမ်းလောင်ကာ၊ လုပ်ဆောင် သောအစေခံကျွန် သည်အရှုံးခံရလိမ့်မည်။သို့သော်လည်း သူကိုယ်တိုင်မှာမူ ကယ်တင်ခြင်း သို့ရောက်လိမ့်မည်(၁ကော၊ ၃း၁၄-၁၅)။
မှတ်ချက်။
၁။KJV ကျမ်းစာ၌Castaway”စကားလုံးသည်ယခုဖခတ်ကာလအသုံးအနှုန်းအရ”အယူဖောက်ပြန်သည် (falling away) ဟုအဓိပ္ပါယ်ရှိပါသည်။ အမှန်မှာ၊ ဤစကားလုံးသည်ကိုယ်လက် သန်စွမ်းလျင်မြန် ခြင်းနှင့်ဆိုင်၍ “မထောက်ခံပါ” (not approved) သို့ မဟုတ်“အရည်အချင်းမမှီပါ”(disqualified)ဟု အဓိပ္ပါယ်ရပါသည်။
အောင်မြင်သောသူများလား သို့မဟုတ်အသရေပျက်သောသူများလား
Overcomers or Shortcomers?
ထာဝရလုံခြုံမှုဆိုင်ရာမေးခွန်းနှင့်ဆက်နွယ်၍ စိတ်ဒုက္ခပေးသောကျမ်းချက်များအနက် တစ်ချက်မှာ ဗျာဒိတ် ၃၅ ဖြစ်ပါသည်။
အောင်မြင်သောသူသည် ဖြူစင်သော အဝတ်ကိုဝတ်ဆင်လိမ့်မည်။ထိုသူ၏နာမကိုအသက်စာစောင်မှ ငါသည်အလျင်းမချေ။ငါ့ခမည်းတော်ရှေ့တော်၌၎င်း၊ ကောင်းကင်တမန်တော်တို့ရှေ့၌၎င်း၊ သူ၏နာမကိုငါဝန်ခံမည်။
“ထိုသူ၏နာမကို အသက်စာစောင်မှငါသည်အလျင်းမချေ”ဟုသောအချက်က မအောင်မြင်သောသူသည်ချေဖျက်ခြင်းခံရလိမ့်မည်ဟု၍ဆိုလိုဟန်ရှိပါသည်။ ဤအချက်က “အောင်မြင်သောသူဆိုသည်မှာအဘယ်နည်း”နှင့် “အသက်စာစောင်ဆိုသည်မှာအဘယ်နည်း” ဟူသောမေးခွန်းနှစ်ခုထွက်ပေါ်စေပါသည်။အောင်မြင်သောသူဟူသောဝေါဟာရ၏အခြေခံ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ၁ယော၊ ၅:၄-၅ ၌တွေ့မြင်ရပါသည် – သူသည်လောကကိုအောင်သောသူဖြစ်ပါသည်။
ဘု ရားသခင်၏သားဖြစ်သောသူ မည် သည် ကား၊ လောကကိုအောင်တတ်၏၊ လောကကိုအောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း၊ ယေရှုသည်ဘုရားသခင်၏ သားတော်ဖြစ်ည်ကို ယုံကြည်သောသူမှတပါး၊ အဘယ်သူသည်လောကကိုအောင်နိုင်သနည်း။
ဤကျမ်းချက်များ၌ အောင်မြင်သောသူမည်သည်ကား၊ ဘုရားသခင်၏သားများဖြစ်သည့် ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်သည်ကိုယုံကြည်သောသူများဖြစ်ကြပါသည်။ တစ်နည်းအားဖြင့်ဆိုသော်၊ အောင်မြင်သောသူတို့သည် စစ်မှန်သောယုံကြည်သူခရစ် ယာန်များဖြစ်ကြပါသည်။ဤ ၁ယော – ၅ ပါ ကျမ်းချက်များကို တစ်ခါတစ်ရံတွင်အခြေအနေပေါ် ၌တည်သောကယ်တင်ခြင်းကို အထောက်အကူပေးရန် ကိုးကားတတ်ကြသည်။ အကယ်၍၊ အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကိုထောက်ခံသူတို့က “ယုံကြည်သည်” (believe) စကားလုံး၏ပစ္စုပ္ပန်ပြကြိယာ (Present Tense)ကို အကိုးအကားပြုကြပါသည်။ ထိုစကားလုံးသည် အဆက်မပြတ်လုပ်ဆောင်ခြင်းကိုဆိုလိုကြောင်း အလေးအနက်မပြောဆိုနိုင်လျှင် ဤကျမ်းချက်သည်အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကို အထောက်အထားခိုင် လုံစွာတင်ပြ ထားသောကျမ်းချက်ဖြစ်သည်ဟူ၍ လုံးဝပြော၍ မရပါ။ တစ်နည်းဆိုရသော်၊ လောကကိုအောင်နိုင် သောသူမည်သည်ကား၊ ယုံကြည်ခြင်းရှိရမည့်အပြင်၊ ထိုယုံကြည်ခြင်း ကိုဆက်လက်ထိန်းသိမ်း ရမည်ဟူ၍ဖြစ်သည်။ ၎င်းမှာ လူတစ်ဦးသည်ယုံကြည်ခြင်းကို ကြံ့ကြံ့ တည်တံ့မှသာလျှင် သူသည်ဘုရား သခင်၏သားဖြစ်သည်ဟူသော အယူအဆနောက် သို့လိုက်နေခြင်းဖြစ်ပါသည်။ဤသို့ဖြစ်လျှင် လူတစ်ဦးသည်ဘုရားသခင်ဖွားမြင်သောသားတစ်ဦးဖြစ်နိုင်ပြီး၊ ထို့နောက်သူသည်ဖွားမြင်ခြင်း မခံရသေးသောသူတစ်ဦးဖြစ်သွားနိုင်သည်။(နည်းမကျသောအယူအဆတစ်ခုဖြစ်၏)။ ထို့နောက်၊ သူသည်ဝိညာဉ်ရေးဆိုင်ရာ၌ အသစ်တစ်ဖန်မွေးဖွားခြင်းကိုခံရပြန်သည်။ဤသံသရာကြီး သည်အကန်အသတ်မရှိ၊ ကြိမ်ဖန်များစွာလည်ပတ်နေမည်ဖြစ်ကြောင်း ထင်ရှားပါသည်။ ဤသံသရာ လည်ပတ်ပုံအတိုင်းဆိုလျှင်သမ္မာကျမ်းစာက “သင်သည်အသစ်တစ်ဖန်မွေးဖွားခြင်းခံရမည်။ တစ်ဖန်မွေးဖွားခြင်းခံရမည်၊ တစ်ဖန်မွေးဖွားခြင်းခံရမည်”ဟု သွန်သင်နေသကဲ့သို့ဖြစ်သည်။ သမ္မာကျမ်းစာက အဖန်တစ်လဲလဲမွေးဖွားခြင်းကို လုံးဝမသွန်သင်ပါ။
ဤကျမ်းချက်များ၏သွန်သင်သောအရာမှာ ယုံကြည်ခြင်းသည်အသစ်တစ်ဖန်မွေးဖွားသည့်ယုံကြည်သူအား လောကကိုအောင်စေနိုင်သည်ဟူသောအချက်ဖြစ်ပါသည်။ ဤကဲ့သို့ လောကကိုအောင် စေနိုင်သည့် အကြောင်းရင်းများမှာ – လောက၏သားနားသိုက်မြိုက်ခြင်းနှင့်ဟာလာ ဟင်းလင်း ဖြစ်ခြင်းကိုထွင်း ဖောက် တွေ့မြင်ခြင်းအားဖြင့်လည်းကောင်း၊လောကသည် ဘုရားသခင်နှင့်သူ၏လူတို့ ကို ဆန့်ကျင် ကြောင်း သိမြင်နားလည်ခြင်းအားဖြင့်သော်လည်းကောင်း၊ လောက၏မုန်းတီးခြင်း ကိုမကြောက်သော်လည်း ၎င်း၏ မြှောက်ပင့်ခယမှုကိုကြောက်ရွံ့ခြင်းအားဖြင့် သော်လည်းကောင်း ဖြစ်ပါသည်။ အသစ်တစ် ဖန်မွေးဖွား သူသည်မိမိ၏သခင်ထက်ပို၍ကောင်းစွာပြုစုခံရန်မမျှော်လင့်ပါ။
စစ်မှန်သောသန့်ရှင်းသူတစ်ဦးသည် ဆက်လက်ယုံကြည်နေပါသည်။ ထိုသို့ ယုံကြည်ရခြင်းမှာ ကယ်တင်ခြင်း ရလိုသောကြောင့်မဟုတ်ပဲ။ယုံကြည်ခြင်းကို သူ့အသက်တာသစ် ၏ဂုဏ်အင် လက္ခဏာ တစ်ခုပမာထား ရှိသောကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏မိသားစု၌ရှိသောလူပျိုတို့သည် မာရ်နတ်ကိုအောင် မြင်သော သူများဖြစ်သည်ဟူ၍ တမန်တော်ယောဟန်ကသုံးကြိမ်ပြောပါသည် (၁ယော၊ ၂း၁၃-၁၄။ ၄၄)။ သို့ သော် လည်း ဤသူတို့သည် မိမိတို့၏ ခွန်အားဖြင့် မာရ်နတ်ကို အောင်မြင်ခြင်းမဟုတ်ပဲ၊ သူတို့အထဲ၌ကျိ န်းဝပ်တော်မူသောသူ၏တန်ခိုးအားဖြင့်အောင်မြင်ကြပါသည်။ (၁ယော၊ ၄း၄ခ)။
ကျွန်ုပ်တို့၏မူရင်းကျမ်းချက်ဖြစ်သောဗျာဒိတ်ကျမ်းကိုပြန်၍အောင်မြင်သူအတွက်ပေးထားသည့် ကတိတော်များကိုသတိထားသောအောင်မြင်သူအတွက်ပေးထားသည့်ကတိတော်များကိုသတိပြုပါ။အောင်မြင်သောသူကိုဒုတိယသေခြင်းကမညှဉ်းဆဲရပါ (၂း၁၁)။ (ငရဲမီးပြု- အောင်မြင်သောသူသည် အသက်ပင်၏အသီးကိုစားရမည် (၂း၇)။အိုင်ထဲသို့ပစ်ချခံရခြင်းသည် ဒုတိယသေခြင်းဖြစ်ပြီး၊ မယုံကြည်သူများကို သာ ဒု တိ ယသေခြင်း သည်ညှဉ်းဆဲလိမ့် မည် (ဗျာ၊ ၂၀း၁၄)၊
အောင်မြင်သောသူတိုင်းသည်ဘုရားသခင်၏စစ်မှန်သောသားဖြစ်သည်)။သူသည် ဝှက်ထားသောမန္နကိုစားရမည် (၂၇)။ သူသည်လူမျိုးတို့ကိုအုပ်စိုးရသောတန်ခိုးအာဏာကိုရရှိလိမ့်မည် (၂း၂၆)။ သူသည်ဖြူသောအဝတ်ကိုဝတ်ဆင်လိမ့်မည် (၃၄)။ သူသည်ဘုရားသခင်၏ဗိမ္မာန်တော်၌တိုင်ဖြစ် လိမ့်မည် (၃၁၂)။ သူသည်သခင်ခရစ်တော်၏ ပလ္လင်၌ သခင်ဘုရားနှင့်အတူထိုင်ရလိမ့်မည် (၃၂၁)။ အောင်မြင်သောသူသည် အထက်ပါအရာအားလုံးကို အမွေခံရကာ၊ ဘုရားသခင်သည်သူ ၏ခမည်းတော်ဖြစ်၍၊သူသည်လည်းဘုရားသခင်၏သားဖြစ်လိမ့်မည် (၂၁း၇)။
အထက်ပါကျမ်းပိုဒ်အားလုံးကိုအတူတကွဆင်ခြင်သုံးသပ်သောအခါ၊ အောင်မြင်သူအားလုံးတို့သည်ယုံ ကြည်သူများဖြစ်ကြသည်သာမက၊ယုံကြည်သူအားလုံးတို့ကိုအောင်မြင်သူများပမာ ရှုမြင်ကြောင်း ကျွန်ုပ်တို့သည်လေ့လာသိရှိရပါသည်။
John MacArthur က ဤသို့ရှင်းပြပါသည်။ “အောင်မြင်သောသူနှင့်အလားတူဖော်ပြချက်များတို့သည် ရှင်ယောဟန်၏အရေးအသားတို့နှင့်သဘောကိုက်ညီကြပါသည်။ ယုံကြည်သူအတွက်အဓိပ္ပါယ် တူစကားရပ်ပမာရှင်းလင်းစွာအသုံးပြုထားပါသည်။ ရှင်ယောဟန်၏အဓိပ္ပါယ်ဖွင့်ဆိုချက်အရ၊ ယုံကြည်သူခရစ်ယာန်အားလုံးတို့သည်အောင်မြင်သောသူများဖြစ်ကြပါသည်…။” သို့ဖြစ်လေရာ၊ ဤကိစ္စ၌ယုံကြည်သူတစ်ဦးကိုအောင်မြင်သောသူတစ်ဦးမဟုတ်ပါ၊ ဟူ၍ ပြောနိုင်စရာတစ်ခုမှ မရှိပါ။ယခုတွင်အသက်စာစောင်အကြောင်းကို စဉ်းစားဆင်ခြင်ကြပါစို့။ ရှင်ပေါလု၏လုပ်ဖော် ဆောင်ဘက်တို့၏အမည်နာမများသည် အသက်စာစောင်၌ရှိပါသည် (ဖိ၊ ၄း၃)။ ပင်လယ်နားကသားရဲကို ကိုးကွယ်ကြသူတို့၏အမည်နာမများကို သိုးသူငယ်၏အသက်စာစောင်၌မရေးထားပါ(ဗျာဒိတ် ၁၃၈)။ အသက်စာစောင်၌စာရင်းမဝင်သောသူရှိသမျှတို့သည်မီးအိုင်ထဲသို့ပစ်ချခြင်းခံရကြသည် (ဗျာ၊၂၀၁၅)။ သိုးသူငယ်၏အသက်စာစောင်၌စာရင်းဝင်သောသူတို့သာလျှင် ယေရုရှလင်မြို့သစ်ထဲသို့ ဝင်စားကြလိမ့်မည် (ဗျာ၊ ၂၁း၂၇)။
ဤကျမ်းချက်အားလုံးကို စုစည်း၍ သုံးသပ်ပါက၊ အသက်စာစောင်သည် ရွေးနုတ်ခြင်းခံသောသူ အားလုံးတို့၏ အမည်နာမများကိုရေးမှတ် ထားသောစာစောင်ဖြစ် ကြောင်းထင်ရှားပါသည်။ (အချို့ သမ္မာကျမ်းစာအုပ်များတွင် အသက်စာစောင်ကို ဗျာဒိတ် ၂၂၁၉ ၌ ဖော်ပြထားသော်လည်းအစစ် မှန်ဆုံးလက်ရေးစာမူ၌ ဤကျမ်းချက်ကို “အသက်ပင်” ဟူ၍ရေးထားပါသည်။
သို့ဖြစ်ရကား၊ ယခုတွင်ကျွန်ုပ်တို့ သည်မူလပြဿနာဆီသို့ပြန်လည်ရောက်ရှိလာပါပြီ။ ဗျာဒိတ် ၃၅ တွင် သခင်ဘုရားက “အောင်မြင်သူ၏နာမကို အသက်စာစောင်မှ ငါသည် အလျင်းမချေ”ဟု မိန့်တော်မူ၏။ ဤသည် ယုံကြည်သူအချို့တို့၏အမည်နာမများကိုချေဖျက်ခြင်းခံနိုင်သည်ဟု အဓိပ္ပါယ်သက် ရောက်ဟန်ရှိသည်မဟုတ်လော။
ပထမဆုံးပြောရလျှင်၊ အဓိပ္ပါယ်သက်ရောက်ဟန်ရှိသည်ဟူသောအချက်အပေါ်၌ ကျွန်ုပ်တို့၏ယုံကြည် ခံယူချက်မတည်ဆောက်ရပါ။တိုက်ရိုက်ဖော်ပြချက်များကိုခံယူခြင်းသည်သာ၍ကောင်းပါသည်။ဖော်ပြချက်တစ် ခု၏ဆန့်ကျင်ဘက်မှာ အမှားသာလျှင်ဖြစ်ကြောင်းကျွန်ုပ်တို့သိထားသင့်ပါသည်။ ဥပမာ- ကျွန်တော်က “အကယ်၍ကျွန်တော်သည်ယေရုရှလင်မြို့၌ရှိပါက အစ္စရေးတိုင်းပြည်၌ရှိကြောင်း ကျွန်တော်သိ သည်”ဟူ၍ပြောနိုင်ပါသည်။ “အကယ်၍ ကျွန်တော်သည်ယေရုရှလင်မြို့၌မရှိပါက ကျွန်တော်သည် အစ္စရေးတိုင်းပြည်၌မရှိကြောင်းကျွန်တော်သိသည်ဟုပြောပါက မမှန်ပါ။ ကျွန်တော်သည်ယေရုရှလင် မြို့၌မရှိသော်လည်း ဟိုင်ဖာမြို့ (သို့) တဲလ်အဗစ်မြို့၌ရှိနိုင်ပါသည်။
အမှန်စင်စစ်၊ ယုံကြည်သူ၏နာမကိုငါသည်အလျင်းမချေ။ ဟူသောသခင်ဘုရား၏ကတိတော်သည် ယုံ ကြည် သူတို့ ၏ထာဝရလုံ ခြုံမှုအတွက်ပေးထားသောကတိတော်ဖြစ်ပါသည်။ အကယ်၍ ကိုယ်တော်သည်ထို သူတို့၏နာမကိုမချေဖျက်လျှင်၊ ထိုသူတို့သည်အသက်စာစောင်ထဲ ၌ဆက်လက်စာရင်းဝင်နေကြပါသည်။ ကိုယ်တော်၏စကားတော်တို့ ကိုမကောင်းသောဖြစ်နိုင်ချေအတွက်အဓိပ္ပါယ်ဖွင့်မည့်အစား ကိုယ်တော် ဘုရားမလုပ်ဆောင်မည့်ဖော်ပြချက်အဖြစ်အဓိပ္ပါယ်ဖွင့်ပါက ပို၍ကောင်းပါသည်။
သူတို့သည်သူငယ်၏အသွေးအားဖြင့်၎င်း၊ မိမိတို့သက်သေခံချက်နှုတ်ကပတ်တရားအားဖြင့်၎င်း၊ အောင်မြင်၍ အသေခံသည်တိုင်အောင် ကိုယ်အသက်ကိုမနှမြောကြ (ဗျာ၊ ၁၂း၁၁)။
ဤကျမ်းချက်ကသခင်ခရစ်တော်၌ရှိသော၎င်းတို့၏ယုံကြည်ခြင်းကိုမစွန့်လွတ်လျှင်၊ အသေသတ်ခြင်း ခံရမည်ဟု ခြိမ်းခြောက်ခြင်းခံသောဘေးဒဏ်ကြီးကာလအတွင်းရှိ သန့်ရှင်းသူများအကြောင်းကို ဖော်ပြထားသည်။ဤသူတို့သည်သိုးသူငယ်၏အသွေးတော်အားဖြင့် မာရ်နတ်ကိုအောင်မြင်ခဲ့ကြသည်။ ဤသူတို့ကိုဆန့်ကျင်လျက် စာတန်ကသူတို့အပေါ် စွဲဆိုထားသောစွပ်စွဲချက်တစ်ခုစီတိုင်းကို သခင်ခရစ်တော်သွန်းလောင်းတော်မူသောအသွေးတော်ကချေဖျက်ခဲ့သည်။ ထို့အပြင်၊ သူတို့ သည်မိမိတို့၏သက်သေခံချက်နှုတ်ထွက်စကားအားဖြင့်အောင်မြင်ခဲ့ကြသည် – သူတို့
သည်မာတုရကဲ့သို့အသေခံကြမည်ဆိုလျှင် သခင်ခရစ်တော်ကိုဝန်ခံထားသော ၎င်းတို့၏ဝန်ခံ ချက်ကိုပြ န်လည် ရုတ်သိမ်းကြမည်မဟုတ်ပါ။ “ဤသူတို့ သည်အသေခံသည်တိုင်အောင် ကိုယ်အသက် ကိုမနှမြော ကြချေ။”ဤကျမ်းချက်သည်အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကိုမည်ကဲ့သို့အထောက်အကူပေးသည်ကို တွေ့မြင်ဘို့ခက်ခဲလှပါသည်။ ထိုသို့ဖြစ်သည့်တိုင်၊ တစ်ခါတစ်ရံတွင် ဤကျမ်းချက် ကိုဖော်ပြပါရည် ရွယ်ချက်အတွက်အသုံးပြုတတ်ကြသည်။
ဗျာဒိတ် ၁၇း၁၄ တွင် “နိုင်တော်မူမည် (အောင်မြင်သည်)”ဟူသောစကားလုံးရှိပါသည်။ သို့သော်လည်း ဤတစ်ကြိမ်၌မူ ဤစကားလုံးသည်သခင်ဘုရားကိုရည်ညွန်းပါသည်။သူတို့ သည်သိုးသငယ်ကိုစစ်တိုက်၍ သိုးသငယ်သည်နိုင်တော်မူမည်။ အကြောင်းမူကား၊ သိုးသငယ်သည် သခင်တို့၏သခင်၊ ဘုရင်တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူတို့သည်လည်း ခေါ်တော်မူသောသူ၊ ရွေးချယ် တော်မူ သောသူ၊သစ္စာရှိသောသူဖြစ်ကြ၏။
ဤကျမ်းချက်သည် ဗျာဒိတ် ၁၉း၁၉-၂၁ ပါ ဆောင်ရွက်ချက်ကိုကြိုတင်ပြောဆိုထားခြင်းဖြစ်၏။ သခင်ခရစ်တော်ဒုတိယအကြိမ်ကြွလာတော်မူသောအခါ၊ အငယ်- ၁၂ နှင့် ၁၃ တွင်ဖော်ပြထားသည့် ရှင်ဘုရင်ဆယ်ပါးတို့ သည် သိုးသူငယ်ကကမ္ဘာလုံးဆိုင်ရာတန်ခိုးအာဏာစက်ကို ယူ၍ မရနိုင်အောင် ဆီးတားကြလိမ့်မည်။ရွေးနုတ်ခြင်းခံရသောအားလုံးပါဝင်သည့်ကောင်းကင်တပ်နှင့်ပူးပေါင်းခြင်းအားဖြင့်ကိုယ်တော်သည်ထိုရှင်ဘုရင်တို့ ကိုနိုင်တော်မူလိမ့်မည်။ “ခေါ်တော်မူသောသူ၊ ရွေးချယ်တော်မူသောသူနှင့် သစ္စာရှိသောသူ” ဟူသော စကားလုံးတို့သည်သန့်ရှင်းသူများအတွက်သာလျှင်အသုံးပြုနိုင်ပါသည်။ ဤနေရာ၌ရှိသောသူတို့သည်သိုးသငယ်နှင့်အတူကောင်းကင်ဘုံမှဆင်းသက်လာသောသန့်ရှင်းသူများဖြစ်ပါသည် (ဗျာ၊ ၁၉၁၄။၂၁း၂)။ ထို့ကြောင့် ဤသူတို့သည်သစ္စာမရှိပါက ၎င်းတို့၏ကယ် တင်ခြင်း ဆုံးရှုံးနိုင် သည်ဟူသောခံယူချက်မှာ လွှဲမှားနေပါသည်။ အောင်မြင်ခြင်းအ ကြောင်းနှင့်စပ် လျဉ်း၍နောက် ထပ်ကျမ်းတစ်ပိုဒ်ကိုစဉ်းစားဆင်ခြင်ကြပါစို့။
အောင်မြင်သောသူ သည် ဤအရာတို့ကို အမွေခံရလိမ့်မည်။ငါသည်သူ၏ဘုရားသခင်ဖြစ်မည်။ သူသည် လည်းငါ၏သားဖြစ်လိမ့်မည်။ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ် ရွံရှာဖွယ် သောသူ၊ လူ့အသက်ကိုသတ်သောသူ၊ မတရားသောမေထုန်၌မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းတို့မူကား၊ ဒုတိယသေခြင်းတည်းဟူသောကန့်နှင့် လောင်သောမီးအိုင်ထဲ၌ မိမိတို့အဘို့ကို ရကြလိမ့်မည်ဟူ၍လည်းကောင်း ငါ့အားမိန့်တော်မူ၏ (ဗျာ၊ ၂၁း၇-၈)။
ကယ်တင်ခြင်းရသူနှင့်ပျက်စီးဆုံးရှုံးသူဟူ၍အတန်းအစားနှစ်မျိုးတည်းသာလျှင်ရှိပါသည်။ အငယ် ၇ က ကယ်တင်ခြင်းခံသောသူကိုဖော်ပြထားသည်။ ကျန်ရှိသူအားလုံးတို့သည် (ငယ်- ၈) ပျက်စီးဆုံးရှုံးသူမျာဖြစ်ကြပါသည်။ အောင်မြင်သောကြောင့်ကျွန်ုပ်တို့ကယ်တင်ခြင်းရကြသည်
မဟုတ်ပါ။ ကျွန်ုပ်တို့သည်ကယ်တင်ခြင်းရကြသောကြောင့် အောင်မြင်ပါသည်။ အောင်မြင်သောသူသည်အရာအားလုံးကိုအမွေခံရလိမ့်မည်။ ထာဝရအသက်သည် ထို အရာအားလုံးတို့တွင်ပါဝင်ပါသည်။ ကျွန်ုပ်တို့ သည်ခရစ်တော်ကို ကယ်တင်ရှင်နှင့် သခင် အဖြစ်ယုံကြည်လက်ခံသောအခါဘုရားသခင်သည်ကျွန်ုပ်တို့၏အဖခမည်းတော်ဖြစ်လာပြီး၊ ကျွန်ုပ်တို့သည်သူ၏သားသမီးများဖြစ်လာကြပါသည်။သို့သော်လည်း “ငါသည် … သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်းငါ၏သားဖြစ်လိမ့်မည်” ဟူသောစကားရပ်သည် ဆွေမျိုးတော်စပ်မှုဆိုင်ရာနက်နဲသောတော်စပ်မှုကိုဖော်ပြနေပါသည် (၂ကော၊ ၆း၁၇-၁၈)။
မှတ်ချက်။
၁။ဤနေရာ၌ အမှန်တကယ်ရှိသောပုံစံသည် ပစ္စုပ္ပန်ပြကြိယာနာမဝိသေသနဖြစ်ပြီး၊ မူရင်းအဓိပ္ပါယ်မှာ “ယုံကြည်သောသူတစ်ဦး” ဖြစ်ပါသည်။ထာဝရအသက်လား (သို့) တစ်ဘဝအသက်လား ခေါင်းစဉ်ပါအခန်း၏မှတ်ချက်နံပါတ် (၃) ကိုကြည့်ပါ။
၂။John F. MacArthur, The Glory of Heaven. Wheaton,IL:Crossway Books, 1996, pp. 99-100,
ရှေ့နောက်စကားအဆက်အစပ်လား သို့မဟုတ်ရိုးမယ်ဖွဲ့သည့်စကားလား
Context or Pretext?
တစ် ချအခြားဘာသာစကားတစ်ခုသို့ဘာသာပြန်ရာတွင် လိုက်နာရမည့်အခြေခံထုံးနည်းတစ်ခုမှာ အနက်ပြန်မည့်ကျမ်းချက် သို့မဟုတ် ကျမ်းပိုဒ်၏ရှေ့နောက်စကားအဆက်အစပ်ကို လေ့လာခြင်းပင်ဖြစ် ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် “ရှေ့နောက်စကားအဆက်အစပ်၌မပါသော ပြင်ပရှိစကားများ သည်ရိုးမယ်ဖွဲ့သောစကားရပ်တစ်ရပ်ဖြစ်လာသည်” ဟူ၍ ပြောဆိုခြင်းဖြစ်ပါသည်။အောက်ပါတို့ကို ဥပမာအနေဖြင့်ယူကြပါစို့။
ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဝက်သားအာဇရိအပေါ်သို့တက်ရောက်၍ အာဇသည် အာဆမင်း ကိုကြိုဆိုခြင်းသွားဖျက်၊ အို-အမင်း၊ အို-ယုဒ အမျိုးနှင့်ဗဿာမိန် အမျိုး သားအပေါင်းတို့၊ စကားကိုနား ထောင်ကြလော့။ သင်တို့သည်ထာဝရဟုအက်၌နေလျှင်၊ နေစဉ်ကာလ၊ ထာဝရဘုရား သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ ထာဝရဘုရားကိုရှာလျှင်၊ အတွေ့ခံတော်မူမည်။ စွန့်င် အင်တို့ကိုစွန့်တော်မူမည် (၆ရာ၊ ၁၅:၁- ၂)။ယုံကြည်သူတစ်ဦးသည်အမင်ဘုရားကိုရှာနေသ၍ ထာဝရလုံခြုံမှုကိုကိုရရှိသည် ဟုဆိုကာ ၊ ၎င်းကိုအထောက်အထားပြရန်ဤကျမ်းပိုဒ်များကိုတစ်ခါတစ်ရံအသုံးပြုကြသည်။ သို့သော်လည်း ဤကျမ်းပိုဒ်များသည်ဝိညာဉ်ကယ်တင်ခြင်အကြောင်းမပြောပါ။ အာသမင်းနှင့်သူ၏လူတို့ သည်မကြာသေးမီက သူတို့အောင်မြင်ခဲ့သောစစ်ပွဲကြောင့်ရွှင်မြူးနေကြသည်။ သူတို့အောင်မြင် ခြင်း၏သော့ချက်မှာ ဘုရားသခင်အပေါ်၌သစ္စာရှိကြသောကြောင့်ဖြစ်သည်ဟူ၍ အာဇရိကသူ တို့ကိုပြန်လည်သတိရစေပါသည်။
အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကို အထောက်အကူပေးရန်အတွက်ကြိုးစားမှုတစ်ခုအဖြစ် ယေဇကျေလ ၃၃၇-၈ ကိုလည်းနောက်စကားအဆက်အစပ်မရှိဘဲ ကိုးကားကြသည်။ထို့အတူ၊ အချင်းလူသားတို့၊ သင့်ကိုဣသရေလအမျိုး၌ကင်းစောင့်စေခြင်းငှာငါခန့်ထားသောကြောင့် သင်သည်ငါ၏နှုတ်ထွက်စကားကိုနာခံ၍သူတို့ကိုသတိပေးရမည်။ ငါသည်လူဆိုးတို့အား၊အိုလူဆိုး၊ အကယ်စင်စစ် သင်သည်အသေခံရမည်ဟုဆိုသောအခါ ဆိုးသောသူကို သူ၏လမ်းမှလွဲစေခြင် သင် သည်သတိမပေးလျှင် ထိုလူဆိုးသည်မိမိအပြစ်ကြောင့် အသက်ဆုံးလိမ့်မည်။ သို့ရာတွင် သူ၏အသက်ကို သင်၌ငါတောင်းမည်။
ဘုရားသခင်သည်တိုင်းပြည်၌ထားဘေးရောက်စေသောအခါဖြစ်လာမည့်အရာတို့ကို ပြည်သားတို့ အားသတိပေးရန်ယေဇကျေလကိုကင်းစောင့်တစ်ဦးအဖြစ်ခန့်ခဲ့သည်(ငယ် ၂)။ တစ်နည်းဆိုရသော်၊ စစ်မှုရောက်သောကာလ၌ခန့်ထားခြင်းဖြစ်ပါသည်။ ဆိုးညစ်သောသူသည်အသေခံရလိမ့်မည် (ခန္ဓာကိုယ်သေခြင်းကိုဆိုလိုပါသည်)။ သို့သော်လည်းအကယ်၍ ပရောဖက်သည်ထိုသူတို့ အားသတိပေးခြင်းအမှုကိစ္စ၌ သစ္စာရှိပါက ထိုသူတို့၏အသွေးကြောင့် သူသည်အပြစ်တ င်ခြင်းခံမည်မဟုတ်ပါ။
ဤကျမ်းပိုဒ်၌ စစ်မှန်သောယုံကြည်သူတစ်ဦးသည်နောက်ပိုင်းတွင်ပျောက်လွင့်ပျက်စီးသွားနိုင်သည်ဟူ၍ အရိပ်အရောင်မျှပြောဆိုထားခြင်းမရှိပါ။ ဤကဲ့သို့သောအယူအဆသည် ကျမ်းပိုဒ်၏ဆို လိုချက်နှင့်တစ် ခြားစီဖြစ်ပါသည်။ ဤကျမ်းပိုဒ်၏ အကြောင်းအရာမှာ ဆိုးညစ်သောလူဆိုးကိုသတိပေးရန် ကင်းစောင့် တစ်ဦး၌တာဝန်ရှိခြင်း ဖြစ်ပါသည်။ အကယ်၍ဆိုးညစ်သောလူဆိုး တစ်ယောက် သည်နောင်တမရလျှင် သူသည်တိုက်ပွဲတွင် သေကြေသောသူတစ်ဦးဖြစ်သွားလိမ့်မည်။
ရှင်ယောဟန် ၁၅း၁-၈ တွင် သခင်ယေရှုက မှန်သောစပျစ်နွယ်ပင်နှင့်အခက်အလက်များအကြောင်းကို မှတ်သားလောက်အောင်သွန်သင်ခဲ့ပါသည်။ အာမီးနီးယန်းဝါဒီတို့က အငယ်၂ နှင့် ၆ ကို အခြေအနေပေါ် ၌တည်သောလုံခြုံမှုအကြောင်းကိုအထောက်အကူပြုရန်အတွက် အသုံးပြုကြသည်။ ဤကျမ်းပိုဒ်၏ အဓိကဦးတည်ချက်မှာ ကယ်တင်ခြင်းမဟုတ်ဘဲ။အသီးသီးခြင်းဖြစ်ပြီး၊ ဤအချက်ကို သူတို့မေ့လျော့ နေကြသည်။ အကယ်၍သူတို့သည်ဤအချက်ကိုသိကြပါက နားလည်ရန်ခက်ခဲသည့်အချက် များပျောက် ကွယ်သွားပါလိမ့်မည်။ရှင်ပေါလုက “ကိုယ်တိုင်ရှုံးသောသူ” သို့မဟုတ် အရည်အသွေးမပြည့်မီသော သူတစ်ဦးအဖြစ်သို့ ရောက်ရှိသွားနိုင်သည့်အကြောင်းကိုပြောပါသည် (၁ကော၊ ၉း၂၇)။ သို့သော်လည်း၊ ရှေ့နောက်စကားအဆက်အစပ်က သူသည်အမှုတော်လုပ်ငန်းအကြောင်းကိုပြောခြင်းဖြစ်ပြီး၊ ထာဝရ အသက်အကြောင်းကိုပြောခြင်းမဟုတ်ကြောင်း ရှင်းလင်းစွာဖော်ပြထားပါသည်။ သင်သည်ဤအချက် ကိုမတွေ့မြင်ပါက၊ပေါလု၏ကယ်တင်ခြင်းသည် သူ့ကိုယ်သူဆုံးမခြင်း၊ သူ့ကိုယ်သူထိုး၍နှိပ် စက်ခြင်း အပေါ်၌တည်နေသကဲ့သို့ဖြစ်သွားကာ၊ ကယ်တင်ခြင်းကိုအကျင့်အားဖြင့်ရခြင်းဖြစ်သည်ဟူ၍ ထင်မှတ်သွား စေပါမည်။ဟေဗြဲသြဝါဒစာကိုလေ့လာရာတွင် ရှေ့နောက်စကားအဆက် အစပ်များကိုလေ့ လာပါက၊ အယူဖောက်ပြန်ခြင်းအကြောင်းကိုပြောခြင်းဖြစ်ပြီး၊ ရွေ့လျော့ဖောက်ပြန်ခြင်း အကြောင်းကိုပြော နေခြင်းမဟုတ်ကြောင်းတွေ့မြင်ဘို့အရေးကြီးပါသည်။
ကျမ်းချက်တစ်ချက်ကိုအနက်ဖွင့်ရာတွင် အရေးကြီးသောအချက်မှာ၊ ထိုကျမ်းချက်၏အရှေ့ အနောက်ရှိကျမ်းချက်များကို ထည့်သွင်းစဉ်းစားရခြင်းဖြစ်ပြီး၊ ဤပုံစံရှိသည့်နောက်ထပ်ဥပမာများ ကို အခြားအခန်းများ၌ဖော်ပြပေးထားပါသည်။ သမ္မာကျမ်းကိုအနက်ဖွင့်ရာ၌ ကျွန်ုပ်တို့အားလုံး ဤပဓာနကျသောထုံးနည်းကို လိုက်နာဘို့လိုအပ်ပါသည်။
နေရာလား သို့မဟုတ်လက်တွေ့ လုပ်ဆောင်ခြင်းလား
Position or Practice?
ကျွန်ုပ်တို့ သည် ယုံ ကြည် သူ တစ် ဦး၏နေရာနှင့် လက်တွေ့လုပ်ဆောင်ခြင်း၏ခြားနားမှု၊ ရပ်တည်ချက်နှင့်အခြေအနေ၏ခြားနားမှုများကိုမှတ်မိသတိရသောအခါ ထာဝရလုံခြုံမှုကိုတိုက် ခိုက်ရန်အသုံးပြုလေ့ရှိသည့်ကျမ်းချက်အချို့တို့သည် ရှင်းလင်းလာပါသည်။
အပြစ်သားတစ်ဦးပြောင်းလဲသောအခါ၊ ပြောင်းလဲသည့်အချိန်မှစ၍ ဘုရားသခင်သည်ထိုသူအား ခရစ်တော်၌ရှိသည်ဟု ရှုမြင်ပါသည်။ဘုရားသခင်သည်သူ့ကိုလက်ခံတော်မူ၏။ ထိုသို့လက်ခံရခြင်းမှာ သူ၏ပင်ကိုယ်အခြေအနေကြောင့်မဟုတ်ဘဲ၊ ထိုသူသည်ချစ်တော်မူသောသူ(ခရစ်တော်) ၌ရှိသောကြောင့် ဖြစ်သည်။ ယုံကြည်သူတစ်ဦးသည်ခရစ်တော်၌ရှိသောကြောင့် စုံလင်သည်။ ဤသည် ကောင်းကင်ဘုံ သို့ရောက်ရန်အတွက် သူသည်ဘာတစ်ခုမှလုပ်ဆောင်စရာမလိုပါဟု ဆိုလိုခြင်းဖြစ်ပါသည်။ ဘုရားသခင်ရှေ့တော်၌သူသည်ပြည့် စုံ သောရပ်တည်ချက်တစ်ခုရှိပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူ၏ကောင်းမြတ်ခြင်းကြောင့်မဟုတ်ဘဲခရစ်တော်၏ကောင်းမြတ်ခြင်းကြောင့်သာလျှင်ဖြစ်ပါသည်။ ခရစ်တော်သည် ဘုရားသခင်နှင့် နီးကပ်စွာရှိနေသကဲ့သို့ သူသည်လည်းရှိနေပြီး၊ခရစ် တော်သည်ခမည်း တော်ဘုရား၏ချစ်မြတ်နိုးခြင်းခံရသလို သူသည်လည်းခံရလေသည်။
ယုံကြည်ခြင်းအားဖြင့်ကျေးဇူးတော်ကြောင့်ဤရပ်တည်ချက်သို့ရောက်ရှိလာခြင်းဖြစ်ပြီး၊ မည်သည့်ကု သိုလ်ကောင်းမှုကြောင့်မျှမဟုတ်ပါ။ဤရပ်တည်ချက်သို့တစ်ကြိမ် တစ်ခါရောက်ခဲ့ပြီဆိုလျှင် ၎င်းကိုဘယ်သောအခါမှမဆုံးရှုံးနိုင်တော့ပါ။ ဘုရားသားသမီးတို့သည်ဤရပ်တည်ချက်ကို
လက်လွတ်ဆုံးရှုံးနိုင်သည်ဟုဆိုလျှင်၊ ခရစ်တော်သည်လည်းကောင်းကင် ဘုံ၌သူ၏နေရာကို လက်လွတ်ဆုံးရှုံးသွားရလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်၊ ဘုရားသားသမီးတို့သည် သူ (ခရစ်တော်) ၏အထဲ၌ရှိနေကြသောကြောင့်ဖြစ်သည်။
သို့ရာတွင် ခရစ်ယာန်၏လက်တွေ့လုပ်ဆောင်ခြင်းအပိုင်းရှိပါသည်။ ဤအရာက သူ၏နေ့စဉ်အသက် တာကိုညွန်း ဆိုပါသည်။ သူ၏နေရာသည်ရစ်တော်၌ဖြစ်၍၊ သူ၏လက်တွေ့ လုပ်ဆောင်ခြင်းသည် သူ၏လက် တွေ့အခြေအနေဖြစ်ပါသည်။ ဤသည်မှာ သခင်ဘုရားက “ဒီမှာကြည့်ပါအုံး၊ ငါ့ရဲ့ ကျေးဇူး တော်အားဖြင့် မင်းကိုကယ်တင်ခဲ့ပြီ။ မင်းကိုအဆင့်မြင့်မြင့်ခေါ်ယူခဲ့သလို ဒီနေရာနှင့်ထိုက်တန် တဲ့အပြုအမူကိုဖော် ဆောင်ကာ၊ ယခုအခါမှာ ပြင်ပကိုထွက်၍ငါပေးတဲ့ခွန်အားနှင့်အသက်ရှင်နေထိုင်ပါ။ ခရစ်တော်၌ရရှိထားတဲ့ မင်းရဲ့ နေရာအဆင့်အတန်းဟာမင်းရဲ့ လက်တွေ့လုပ်ဆောင်ချက် နှင့်သဟဇာတဖြစ် နေတာကို ငါအလိုရှိ တယ်။ အဲဒီအတိုင်းမင်းရဲ့အသက်တာ မှာအမှန်တကယ်ဖြစ် လေလေ၊ငါကမင်း ကိုဆုလာဘ်ပေးလေ လေပဲပေါ့ ” ဟူ၍ပြောနေသကဲ့သို့ဖြစ်ပါသည်။
ဤဘဝ၌ကျွန်ုပ်တို့၏လက်တွေ့လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ခရစ်တော်၌ရပ် တည်ချက်အဆင့်အတန်းနှင့် ဘယ်တော့မှရာနှုန်းပြည့်ကိုက်ညီမှာမဟုတ်ကြောင်း ဘုရားသခင်သိပါသည်။ ကျွန်ုပ်တို့ သည်ကယ်တင်ရှင်ကိုမျက်နှာချင်းဆိုင်မတွေ့မြင်မချင်း ကိုယ်တော်ကဲ့သို့မဖြစ်မချင်း၊ ကျွန်ုပ်တို့၏လက်တွေ့အသက်ရှင်လုပ်ဆောင်မှုများသည် ကျွန်ုပ်တို့၏ခရစ်တော်၌ရပ် တည်ချက်နှင့်ဘယ် တော့မှရာနှုန်းပြည့်လိုက်ဖက်ညီမှာမဟုတ်ပါ။ သို့သော်လည်း ဘုရားသခင်၏အလိုတော်မှာ ယုံကြည် သူကျွန်ုပ်တို့ သည် ဤကမ္ဘာပေါ်၌အသက်ရှင်စဉ်အခါ ခရစ်တော်နှင့်ပုံသဏ္ဍာန် တူညီစွာကြီး ထွားသင့် သည်ဟူ၍ ဖြစ်ပါသည်။ ၎င်းကိုအဆင့်ဆင့်တိုးတက်သောသန့်ရှင်းစေခြင်း (Progressive Sanctification) ဟု သိရပါသည်။GO
ဓမ္မသစ်ကျမ်းတွင် သန့်ရှင်းခြင်းဆိုင်ရာတိုက်တွန်းချက်များကိုဤအဆင့် ဆင့် တိုးတက်သောသန့်ရှင်းစေ ခြင်းကို ဆိုလိုပါသည်။ ဤတိုက်တွန်းချက်များသည် ထာဝရပြစ်ဒဏ်နှင့်ခြိမ်းခြောက် ခြင်းပါ သောပညတ် များမဟုတ်ဘဲ၊ ကျေးဇူးတော်အားဖြင့်ကယ်တင်ခြင်းခံရသောသူတို့အား ဖြောင့်မတ် စွာနေထိုင် ရန်ညွှန်ကြား ချက်များဖြစ်ပါသည်။ ဤတိုက်တွန်းချက်တို့သည် ကျွန်ုပ်တို့၏လက်တွေ့ လုပ်ဆောင်ခြင်းနှင့် ခရစ်တော်၌ ရရှိသောနေရာကို လိုက်ဖက်ညီအောင်ပြုလုပ်သည့် လက်တွေ့ကျသောနည်းလမ်းများဖြစ်ပါသည်။
ဤသည် မှာသန့်ရှင်းခြင်းကိုထွက်ပေါ်စေသောဘုရားသခင်၏နည်းလမ်းဖြစ်ပါသည်၊ “ကျေးဇူးတော်၏ ဆုလက်ဆောင်တစ်ခုအဖြစ်ငါသည်သင့် အားပြည့်စုံသောနေရာကို ခရစ်တော်၌ပေး၏။ အသေခံ၍ထိုကျေးဇူးတော်ကိုဖြစ်ပေါ်စေသောကယ်တင်ရှင်ကိုချစ်လျက်၊ ယခုအခါထိုနေ ရာနှင့်ထိုက်တန်သည့် အပြုအမူများဖြင့် အသက်ရှင်နေထိုင်ပါ”ဟုကျေးဇူးတရားကပြောပါသည်။
ဤအချက်နှင့်ဆန့်ကျင်လျက် ပညတ်တရားက“ကောင်းမှုကုသိုလ်အကျင့်များအားဖြင့် သင်၏နေရာ ကိုလုပ်ယူ၍ ထိန်းသိမ်းပါ။ ဤသို့မလုပ်ဆောင်လျှင် သင်သည်ထာဝရပြစ်ဒဏ် ခံရလိမ့် မည်”ဟုဆို၏။ သာ၍ခက်ခဲသောကျမ်းပိုဒ်အချို့တို့၌ ဤအကြောင်းကိုအဘယ်သို့ ရှင်းလင်း ဖော်ပြသည်ကို လေ့လာကြပါစို့။
၁၁၊ထိုနည်းတူ၊ ငါတို့ သည် အပြစ်တရားနှင့်ဆိုင်သော အရာ၌ကားအသေဖြစ်သည်ဟူ၍၄င်း၊ ဘုရားသခင်နှင့်ဆိုင်သောအရာ၌ကားငါတို့သခင် ခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍၄င်း၊ ကိုယ်ကို
ကိုယ်ထင်မှတ်ကြလော့။ ၁၂၊ ထို့ကြောင့် သင်တို့၏သေတတ်သောကိုယ် ခန္ဓာ၏တပ်မက်ခြင်း၊အလို သို့လိုက်ရသည်တိုင်အောင် အပြစ်တရားသည်ထိုကိုယ်ခန္ဓာ၌အစိုး၊မရစေနှင့်။ ၀၃၊ သင်တို့၏ကိုယ်
အင်္ဂါများကို စု စရိုက်လက် နက်ဖြစ်စေ၍၊ အပြစ် တရား အားမဆက်ကြနှင့်။ သေခြင်းမှထမြောက်၍ အသက်ရှင်သောသူကဲ့သို့ဘုရားသခင်အားကိုယ်ကို ကိုယ်ဆက်ကြလော့။ ၁၄၊ ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက်ဖြစ်စေ၍၊ ဘုရားသခင်အားဆက်ကြလော့။ သင်တို့သည်ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည်သင်တို့ကိုမအုပ်စိုးရ၊၁၅၊ ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါတို့သည်ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ ရှိသောကြောင့် ဒုစရိုက်ကိုပြုရမည်လော၊ ထိုသို့ မပြုရ။ ၁၆၊ အကြင်သူ၏အထံ၌ အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၍ အစေခံ၏။ ထိုသူသည်သေခြင်းနှင့်ယှဉ်သောအပြစ်တရားဖြစ်စေ၊ ဖြောင့်မတ်ရာသို့ရောက် ခြင်းနှင့် ယှဉ်သောနားထောင်ခြင်းတရားဖြစ်စေ၊ သင်တို့၏ သခင်ဖြစ်သည်ကိုမသိကြသလော။ ၁၇၊ သင်တို့သည်အပြစ်တရား၏ကျွန်ဖြစ်ဖူးသော်လည်း၊ ယခုတွင်ခံခဲ့ပြီးသောဩဝါဒနည်း ဥပဒေသစကား ကိုစေတနာစိတ်နှင့် နားထောင်ကြသည်ဖြစ်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကြီး လှပေ၏။ ၁၈၊ သင်တို့ သည် အပြစ်တရား၏လက်မှလွတ်ကြပြီ ဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ကျွန်ဖြစ်ကြ၏၊ ၁၉၊ ထိုသို့ငါဆိုသော်၊ သင်တို့သည်ဇာတိပကတိအတိုင်းဉာဏ်နည်းသောကြောင့် လောကီဝေါဟာရအားဖြင့်ဆိုသတည်း။သင်တို့ သည်မိမိတို့ ကိုယ်အင်္ဂါများကို အဓမ္မအလိုငှာ ညစ်ည္းခြင်းတရား၊ အဓမ္မတရား၌သွင်း၍ ကျွန်ခံစေဖူးသည်နည်းတူ၊
ယခုမှာကိုယ် အင်္ဂါများကိုသန့်ရှင်းခြင်းအလို့ငှာ ဖြောင့်မတ်ခြင်းတရား၌သွင်း၍ကျွန်ခံစေကြလော့။ ၂ဝ၊ သင်တို့သည်အပြစ်တရား၏ကျွန်ဖြစ်စဉ်ကာလ၊ ဖြောင့်မတ်ခြင်းတရား၏လက်မှလွတ်၏။
၂၁၊ယခုသင်တို့ရှက်ကြောက်သောထိုအကျင့်တို့ကိုကျင့်စဉ်အခါ၊အဘယ် အကျိုးကို ရကြ သနည်း။ ထို သို့ သော အကျင့် သည်သေခြင်း၌လမ်းဆုံးသတည်း။ ၂၂၊ ယခုမူကား၊ သင်တို့ သည်အပြစ်
တရား၏လက်မှလွတ်၍၊ ဘု ရားသခင်၏ကျွန် ဖြစ်ကြသည်နှင့်အညီ၊ သန့်ရှင်းခြင်းအကျိုးကိုရကြ၏။ အဆုံး၌လည်းထာဝရအသက်ကိုရကြလိမ့်မည်။ ၂၃၊ အပြစ်တရား၏အခကားသေခြင်းပေတည်း၊ ဘုရားသခင်ပေးတော်မူသောဆုကျေးဇူးတော်ကား၊ငါတို့ သခင် ယေရှု ခရစ် အားဖြင့် ထာဝရအသက်ပေတည်း(ရောမ ၆၁၁-၂၃)။
ဤအခန်းကြီး၏ပထမအပိုဒ်ဆယ်ပိုဒ်တွင် တမန်တော်ရှင်ပေါလုကခရစ် တော်၌ကျွန်ုပ်တို့၏နေရာ အကြောင်းကိုပြောပါသည်။ ကျွန်ုပ်တို့သည်အပြစ်တရားမှသေနေကြသည် (ငယ် ၂)။ ကျွန်ုပ်တို့၏လူဟောင်းသည်သခင်ဘုရားနှင့်အတူလက်ဝါးကပ်တိုင်ပေါ်၌အသေသတ်ခြင်းကိုခံပြီ
(ငယ် ၆)။ ကျွန်ုပ်တို့သည်အပြစ်တရား (သခင်ပမာကြီးစိုးသူ) ၏လက်မှလွတ်လျက်ရှိကြ၏ (ငယ် ၇)။ ကျွန်ုပ်တို့သည်သခင်ခရစ်တော်နှင့်အတူအသေခံသည်ဖြစ်၍၊ ကျွန်ုပ်တို့သည်သခင်ဘုရားနှင့်အတူအသက်ရှင်မည်(ငယ် ၉)။
ဤအခန်းကြီး၏ကျန်ရှိသောအပိုင်းသည် ကျွန်ုပ်တို့၏လက်တွေ့ပြုမူဆောင် ရွက်ခြင်းအပိုင်း ကိုအကျယ် တဝင့်ဖော်ပြထားပါသည်။ ကျွန်ုပ်တို့သည်အပြစ်တရားမှသေခဲ့ကြပြီဖြစ်၍၊ အပြစ် တရားနှင့်ဆိုင်သော အရာတို့၌ ကိုယ့်ကိုကိုယ်အသေဖြစ်သည်ဟူ၍မှတ်ယူသင့်သည်။ ဆိုလိုသည်မှာအပြစ် တရားနှင့် ဆိုင်သောအရာကိုတုန့်ပြန်ရာ၌ လူသေတစ်ဦးကတုန့်ပြန် သည့်အတိုင်းတုန့် ပြန်ခြင်းဖြင့်ကိုယ့်ကို ကိုယ်အသကဲ့သို့မှတ်ယူရန်ဖြစ်သည် (ငယ် ၁၁)။ ကျွန်ုပ်တို့သည်အပြစ်တရား၏ လက်မှလွတ်လျက် ရှိသည်ဖြစ်၍၊ ဖြောင့်မတ်ခြင်းတရား၏ကျွန်ဖြစ်ကြသူများပမာ အသက်ရှင်နေထိုင်သင့်သည် (ငယ် ၁၃၊ ၁၆)။ ဤအခန်းကြီးပါနောက်ဆုံးကျမ်းချက်ကို အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းအား အထောက်အ ကူပေးရန်သုံးလေ့သုံးထရှိကြသည်မှာထူးဆန်းပါသည်။ အမှန်မှာ၊ ဤအခန်းကြီးကိုခရစ်ယာန်များအတွက် ရေးသားခြင်းဖြစ်ကြောင်းထင်ရှားပါသည်။ အကယ်၍ ထိုယုံကြည် သူတို့သည်ကယ်တင်ခြင်း မဆုံးရှုံးနိုင်ကြ လျှင်၊ မပျက်စီးနိုင်ကြလျှင်၊ အပြစ်တရား၏အခကားသေခြင်းပေ တည်းဟု ရှင်ပေါလုကအဘယ့် ကြောင့် သူတို့ ကိုသတိပေးပါသနည်း။
ဤအချက်က ရှင်ပေါလု၏သွန်သင်ချက်ဦးတည်ရာလမ်းကြောင်းကိုလုံးဝလွဲချော်သွားစေပါသည်။ ရှင်ပေါလုကသူ၏စာဖတ်ပရိသတ်တို့၏မပြောင်းလဲမီအခြေအနေနှင့်ကျေးဇူးတော်ကြောင့် ယခုရပ်တည်ရောက်ရှိနေသောနေရာ (ခရစ်တော်၌) တို့၏ခြားနားပုံကိုနှိုင်းယှဉ်ပြောပြနေခြင်းဖြစ်သည်။ ဤသူတို့သည်အပြစ်တရား၏ကျွန်ဖြစ်ဖူးကြသည်။ သို့သော်လည်း ယခုတွင်မူ သူတို့သည်ဖြောင့်မတ်ခြင်းတရား၏ကျွန်များဖြစ်ကြပါသည်။ ထိုသူတို့သည်ပစ်ခြင်းတရား၌လည်းကောင်း အဓမ္မတရား၌လည်းကောင်း၊ သွင်း၍ကျွန်ခံခဲ့ကြဖူးသည်။ ယခုတွင်ဤသူတို့သည်ကိုယ်အင်္ဂါများကို သန့်ရှင်းခြင်းအလို့၊ ဖြောင့်မတ်ခြင်းတရား၌ သွင်း၍ကျွန်ခံနေကြပါသည်။ ထိုသူတို့သည် အပြစ်တရား၏ကျွန်များဖြစ်ခဲ့ကြသည်။ ယခုတွင် ဘုရားသခင်၏ကျွန်များဖြစ်ကြသည်။ ယခင်အခြေအနေနှင့်ယခုအခြေအနေတို့၏မတူ၊ ကွဲပြားခြားနားပုံကိုပြည့်စုံ စွာဖော်ပြရန်အတွက်ရှင်ပေါလုက၊ဤသူတို့သည်သခင်ခရစ်တော်ထံမရောက်လာမီ၊အပြစ်တရား၏အခတည်းဟူသောသေခြင်းကို ကြုံတွေ့ခံစားခဲ့ကြရသည်။ယခုတွင်မူ ယုံကြည်သူများဖြစ် သောကြောင့်ဤသူတို့သည်ဘုရားသခင်၏လက်ဆောင်ဖြစ်သော ကျွန်ုပ်တို့၏အရှင်ယေရှုခရစ်တော်အားဖြင့် ရရှိသည့် ထာဝရအသက်ကို ပျော်ရွှင်စွာခံစားနေကြသည်။ ဝိညာဉ်ရေးရာသေခြင်း သည်ဤသူတို့၏တာ၀ရကံကြမ္မာဖြစ်နိုင်ကြောင်း သက်သေပြဖို့ရှင်ပေါလုကကြိုးစားနေခြင်းမဟုတ်ပဲ၊ ထာဝရအသက်သည်ယခုအချိန်နှင့်ထာဝရကာလပတ်လုံး၊ ဤသူတို့ခံစားရမည့်အရာဖြစ်ကြောင်းကိုဖော်ပြ
ခြင်းဖြစ်ပါသည်။
အမှန်စင်စစ်၊ ဤကျမ်းပိုဒ်က ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည်အဘယ့်ကြောင့် လုံခြုံမှုရှိသည်ကိုဖော်ပြသည့် အကြောင်းရင်းများထဲမှအခိုင်မာဆုံးတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဒုစရိုက်ပြုခြင်းဖြင့်ကယ်တင်ခြင်းမပျောက်ကွယ်စေနိုင်ပါ။ အကြောင်းမှာ၊ ကျွန်ုပ်တို့သည် အသစ်တစ်ဖန်မွေးဖွားခဲ့ပြီဖြစ်သောကြောင့်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏လူသစ် (အတွင်းလူ) ကဒုစရိုက်ပြုလိုစိတ်မရှိပါ။ Spurgeon က ဤကဲ့သို့ပြောပါသည်။
- သ ခင် ခရစ်တော်၏အသေခံတော်မူခြင်းကကျွန်ုပ်တို့၏စိတ်ဝိညာဉ်အပေါ်၌အ ရှိန်ဩဇာလွှမ်းမိုးခြင်း ရှိသော်လည်း၊သန့်ရှင်းသောဝိညာဉ်တော်ဘုရားက ယခု အခါကျွန်ုပ်တို့ကို“ပြစ် တ ရာမှသေရန်” အမှန်တကယ်ပြုပြင် ပေးတော်မူ၏။ကျွန်ုပ်တို့သည် ဒုစရိုက် အပြစ်များကို ချစ်ခင်မြတ်နိုးခြင်းမရှိတော့ပါ။ ထို ဒုစရိုက်အပြစ်များ သည်ကျွန်ုပ်တို့ အပေါ်၌လွှမ်းမိုးချုပ်ကိုင် ထားခြင်မှ ရပ်တန့်သွားပြီ ဟု ဆိုလိုခြင်းဖြစ်ပါသည်။ကျွန်ုပ်တို့သည် အပြစ်၏ဆန္ဒအတိုင်းလိုက်လုပ်သည့်အစေခံများမဟုတ်ကြတော့ပါ။ စုံစမ်းသွေးဆောင်ခြင်းအားဖြင့် အပြစ်ကကျွန်ုပ်တို့ကိုခေါ်ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ဘာမှပြန်မထူးပါ။ အဘယ့်ကြောင့်ဆိုသော်၊ ကျွန်ုပ်တို့သည်အပြစ်တရား၏ခေါ် သံမှသေနေကြသော ကြောင့်ဖြစ်ပါသည်။ အပြစ်ကကျွန်ုပ်တို့ ကို ကြီးမားသောဆုလာဘ်ပေးမည်ဟု ကတိပေးပါသည်။ သို့သော် လည်း၊ ကျွန်ုပ်တို့ သဘောမတူပါ၊ အဘယ့်ကြောင့်ဆိုသော်ကျွန်ုပ်တို့သည်အပြစ်၏ သွေးဆောင် ဖြားယောင်း မှုမှ သေနေကသောကြောင့် ဖြစ်ပါသည်။ ကျွန်ုပ်တို့ အပြစ်ပြုကြပါသည်။ သို့သော် လည်း၊ ကျွန်ုပ်တို့၏လိုအင်ဆန္ဒမှာ အပြစ်မပြုရေးဖြစ်ပါသည်။ ကျွန်ုပ်တို့သည်စုံလင်သော သန့်ရှင်းခြင်းကို ကောင်းကင်ဘုံသို့ ဝင်စားသော အခါမှသာလျှင် ရရှိကြမည်။ ကျွန်ုပ်တို့၏ နှလုံးသားနှ င့်အသက် တာသည်စုံလင်ခြင်းနောက်သို့လိုက်ပါသည်။သို့သော်လည်း အပြစ်သည် ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို စက်ဆုပ်ရွံရှာဘွယ်ကောင်းအောင် လုပ်ဆောင်နေပါသည်။ “ယခု အခါ၊အကယ်၍ ကျွန်တော်မလုပ်ချ င်သောအရာကို ကျွန်တော်လုပ်ပါကလုပ်သောသူမှာကျွန်တော်မဟုတ်ပါ။ ကျွန်တော့်အထဲ၌ရှိသော အပြစ်ဖြစ်ပါသည်။” ကျွန်ုပ်တို့၏ပင်ကိုယ်ပကတိသည် အပြစ်ကိုရွံရှာပါသည်။ ကျွန်ုပ်တို့ သည် အပြစ်ထဲသို့ ကျဆင်းတတ် ကြသော်လည်း ကျွန်ုပ်တို့ အထဲ၌ ရှိသော အသစ်မွေးဖွားသည့်လူ သစ်သည် အပြစ်နှင့်ဆက်ဆံခြင်းမရှိပါ။ ထိုလူသစ်သည်အပြစ်တရားမှသေပါသည်။
အငယ်-၁၄ သည် အပြီးသတ်သည့် ကျမ်းချက်ဖြစ်ပါသည်။“သင်သည်ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့်အပြစ်တရားသည်သင်တို့ကိုမအုပ်စိုးရ။” မပြောင်းလဲသော သူတို့သည်ပညတ်တရားလက်၌ရှိကြသည်။ ပညတ်တရားကသူတို့ လုပ်ရမည့်အရာကိုပြောကာ၊ နာခံလုပ်ဆောင်နိုင်ရန် အစွမ်းတန်ခိုးမပေးပါ။ အကယ်၍မလုပ်ဆောင်နိုင်ပါက သူတို့ကိုကျိန်ဆဲသည်။ ကျေးဇူးတရားက သူတို့လုပ်ရမည့်အရာကိုပြောကာ၊ လုပ်ဆောင်နိုင်ရန်အစွမ်းတန်ခို၊ကိုလည်းပေးပါသည်။ ထိုအရာကိုလုပ်ဆောင်ခြင်းတွက် ၊ ဒု၊တရာကသူတို့ကိုဆုချပါသည်။ အကယ်၍ အဖြစ်သည်အရှင် သခင်ဖြစ်ပါက၊ လူတစ်ဦးသည်ဒုတိယမွေးခြင်းမခံသေးပါ။ သခင်ခရစ်တော်သည်ဘုရား သခင်သား သမီးတို့၏အရှင်သခင်ဖြစ်ပါသည်။
“ငါ၌တည်နေကြလော့ ။ငါသည်လည်းသင်တို့၌တည်နေမည်။စပျစ် ခက်သည် အပင် ၌မတည် လျှင် ကို ယ် အလို အလျောက်အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ (ယော၊ ၁၅း၄)။
ချစ်သားတို့၊ သားတော်သည်ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည်အထံတော်သို့ရောက်လျှင်၊ ရဲရင့်ရသောအခွင့်ရှိ၍ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း သားတော်၌တည်နေကြလော့ (၁ယော၊ ၂း၂၈)။
ဘုရားသခင်၏ရှေ့တော်၌ခရစ် ယာန် တစ်ဦး၏နေရာသည်“ခရစ်တော်၌” “ကိုယ်တော်၌” (သို့) “ချစ်တော်မူသောသူ၌”ဟူသောစကားလုံးများဖြင့်အကျဉ်းချုပ်၍ဖော်ပြထားကြောင်း ကျွန်ုပ်တို့မြင်တွေ့ခဲ့ပြီးဖြစ်ပါသည်။ ကောင်းကင်ဘုံသို့ ဝင်စားနိုင်ရန်လျော်ကန်သင့်မြတ်သောအရာဟူ၍ ယုံကြည်သူ၌ကောင်းမှုကုသိုလ်မရှိပါ။ သို့သော်လည်း ခရစ်တော်၌သူသည် စုံလင်စွာလျော်ကန်သင့် မြတ်သောသသူဖြစ်ပါသည်။ ဤအရာကအဖခမည်းတော်၏အိမ်တော်သို့ ဝင်စားရန်သူ့ကိုအရည် အချင်းပြည့်မီစေပါသည်။ မှန်သောစပျစ်နွယ်ပင်၌ရှိသည့် အခက်အလက်တစ်ခုကဲ့သို့စစ်မှန် သောယုံကြည် သူသည်ခရစ်တော်၌တည်မှီနေရန် တာဝန်ရှိပါသည်။၎င်းသည် ကိုယ်တော်နှင့်မိတ်သဟာ ယဖွဲ့ခြင်းတွင် တည်မြဲရန်၊ ကျူးလွန်မိသောဒုစရိုက်အားလုံးကိုဝန်ချ တောင်းပန်၍စွန့်ပစ်ရန်နှင့် ကိုယ်တော်၏ နှုတ်ကပတ်တော်ကိုနာခံရန်ဆိုလိုပါသည်။ဤနည်းလမ်းအားဖြင့်သာလျှင်ယုံကြည်သူသည်ဘုရားသခင်အတွက်အသီးကိုသီးနိုင်ပြီး၊ ထိရောက်သောဆုတောင်းခြင်းအသက်တာရရှိကာ၊ အဖခမည်းတော် ၏ဘုန်းတော်ကိုထင်ရှားစေပါသည်။ ထို့အပြင်၊ သာ၍စံနမူနာထိုက်သောတပည့်တော်တစ်ဦးဖြစ် လာကာ၊ ပျော်ရွှင်ဝမ်းမြောက်ခြင်း၏ပြည့်စုံခြင်းကိုလည်းတွေ့ကြုံခံစားရပါလိမ့်မည်။ ဤအရာအားလုံးပြီးနောက်တွင် သူသိထားရမည့်အချက်မှာ သခင်ခရစ်တော်မပါလျှင်၊ သခင်ခရစ်တော်၌မတည်လျှင်၊ သူသည်ဘာ ကိုမှမလုပ်ဆောင်နိုင်ပါ၊ ဟူသောအချက်ပင်ဖြစ်ပါသည်။ တစ်ခါတစ်ရံ “တည်ခြင်း” စကားလုံးနှင့် အဓိပ္ပါယ်တူသောအခြားစကားလုံးတို့သည် စစ်မှန်သောယုံကြည်သူအားလုံးကိုဖော်ညွှန်းထားပါသည်။ ဤသည် ဘုရားသခင် ၏ရှေ့တော်၌၎င်းတို့၏နေရာဖြစ်ပါသည်။ကိုယ်တော်က သူတို့အားခရစ်တော် ၌တည်နေသောသူများအဖြစ်တွေ့မြင်ပါသည်။ အခြားအချိန်များ၌သူတို့၏ လက်တွေ့လုပ်ဆောင် ချက်မည်သို့ဖြစ်သင့်သည်ကိုဖော်ပြကြပါသည်။အခက်သည်စပျစ်နွယ်ပင်၌တည်သကဲ့သို့ဤသူတို့သည် ခရစ်တော်၌တည်နေသင့်ပါသည်။ပထမဦးဆုံးအနေဖြင့် စစ်မှန်သောဘုရားသခင်သား သမီးတစ်ဦးစီကိုရည် ညွှန်းလျက်ပြောဆိုသော တည်နေခြင်းအကြောင်းပါကျမ်း ချက်များကိုလေ့လာဆန်းစစ်ကြပါစို့ ။ထိုသခင်၌ငါတည်၏ဟုဆိုသောသူသည် ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည် (၁ယော၊၂း၆)။
ဤကျမ်းချက် ပါ ထိုသခင်၌တည်နေခြင်းသည် ဒုတိယမွေးခြင်းနှင့် အဓိပ္ပါယ်တူညီပါသည်။ မိမိသည် ခရစ်ယာန်တစ်ဦးဖြစ်ပါသည်ဟုအခိုင်အမာပြောဆိုသူတစ်ဦးစီတိုင်းသည် ကယ်တင်ရှင်က ဤလောက ၌ကျင့်တော်မူသည်နည်းတူ ကျင့်ရပေမည်။ ဟုတ်ပါသည်။ အကယ်၍ ဘုရားသားသမီးတစ်ဦးက ဘုရားသခင်နှင့်မိသဟာယဖွဲ့၍ ကိုယ်တော်နှင့်အတူလျှောက်လှမ်းပါမည်ဟု ဝန်ခံထားလျှင်၊ ဝန်ခံထားသည့်အတိုင်း သူသည်လျှောက်လှမ်းသင့်ပါသည်။ သို့ရာတွင်၊ အငယ်-၆ ပါ အနက်ဖွင့်ဆိုချက်သည်သာ၍နှစ်သက်ဖွယ်ဖြစ်၏။ အဘယ်ကြောင့် ဆိုသော်၊ အငယ်၊ ၃-၅တွင်ရှင်ယောဟန်ကယုံကြည်သူများနှင့် မယုံကြည်သူများကို နှိုင်းယှဉ်ထားသောကြောင့်ဖြစ်သည်။
မိမိညီ အစ်ကို ကို ချစ်သောသူ သည် အလင်း၌တည်၏။ထိမိ၍လဲစရာအကြောင်းသည် ထိုသူ၌မရှိ (၁ ယော၊ ၂း၀၀)။တဖန်ဤကျမ်းချက်၌တမန်တော်ကကယ်တင်ခြင်းမရသောသူ(မိမိညီအစ်ကိုကိုမုန်းသောသူ)နှင့်၊ ကယ်တင်ခြင်းရသောသူ (မိမိညီအစ်ကိုကိုချစ်သောသူ)တို့ကိုခွဲခြားထားသည်။ ကယ်တင်ခြင်း မရသော သူတို့သည် မှောင်မိုက်၌ ရှိနေကြသည်။ ကယ်တင်ခြင်းရသော သူတို့သည်အလင်း၌ရှိနေ ကြပါသည်။ကိုယ် တော်၌တည်နေသောသူမည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်။ ဒုစရိုက်ကိုပြုတတ် သောသူမည်ကား ကိုယ်တော်ကိုမသိမမြင်ရသေး (၁ယော၊ ၃း၆)။
ဤကျမ်း၌ပါသည့် ကိုယ်တော်၌တည်နေသောသူသည်ယုံကြည်သူတစ်ဦးဖြစ်ပါသည်။ ကိုယ်တော်၌တည်နေခြင်းသည်သူ၏နေရာကိုဖော်ညွန်းသည်။ ၎င်းကိုကျွန်ုပ်တို့ သိပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ဘုရားသခင်၏အသက်ကိုရရှိသူတို့သာလျှင် အပြစ်တရား၏လက်မှ လွတ်ကြသောကြောင့်ဖြစ်ပါသည်။ ၎င်းကို အငယ်-၉ တွင် ရှင်းရှင်းလင်းလင်းဖော်ပြထားပါသည်၊ “ဘုရားသခင် ဖြစ်ပွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။” ဤကျမ်းပိုဒ်က ဒုစရိုက်အလေ့အကျင့်ကိုမပြုတတ်၊ အပြစ်၏ထိန်းချုပ်မှုကိုမခံပါ၊ အပြစ်ကိုတဆက်တည်းမလုပ်တတ်ဟူ၍ ဆိုလိုခြင်းဖြစ်သည်။ အငယ်- ၆ နှင့် ၉ နှစ်ခုစလုံးသည် ပုဂ္ဂိုလ်တစ်ဦးတည်းအကြောင်းကို ပြောဆိုနေပါသည်။
ဘုရားသခင်ကသူ၏သားသမီးတစ်ဦးစီအား ဤကဲ့သို့ ထိရောက်စွာပြောပါသည်။ “သင်သည်ခရစ်တော်၌တည်နေသည်ကို ငါတွေ့မြင်ပါသည်။ ၎င်းသည် သင်၏ရပ်တည်ချက် (သို့) နေရာဖြစ်ပါသည်။” သို့သော်လည်း ကိုယ်တော်အလျင်အမြန်ဤသို့ ထပ်လောင်းပြောဆိုပါသည်။ “ခရစ်တော်၌တည်ရန် သင့်ကိုအလိုရှိပါသည်။ ၎င်းသည်သင်၏အခြေအနေ (သို့) လက်တွေ့လုပ် ဆောင်ခြင်းဖြစ်ပါသည်။”
ငါ၌တည်နေကြလော့၊ ငါသည်လည်းသင်တို့၌တည်နေမည်။စပျစ်ခက်သည်အပင်၌မတည်လျှင် ကိုယ်အလိုအလျောက်အသီး=မသီးနိုင်သကဲ့သို့၊ သင်တို့သည်ကိုယ် အလိုအလျောက်မသုံးနိုင်ကြ။ ငါသည်စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်မျက်ဖြစ်ကြ၏။ အကြင်သူသည်ငါ၌တည်၍ငါသည်လည်းသူ၌တည့်၏၊ ထိုသူသည်များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင်သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်ကြ… သင်တို့သည်တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်…။ ငါသည်ငါ့ခမည်းတော်၏ပညတ်တို့ကိုစောင့်ရှောက်၍၊ ခမည်းတော်မေတ္တာ ၌တည်နေသကဲ့သို့၊ သင်တို့သည်ငါ့ပညတ်တို့ကိုစောရှောက်လျှင် ငါ့မေတ္တာ၌တည်နေကြလိမ့်မည် (ယော၊ ၁၅:၄၊ ၇၊ ၁၀)၊
ဤကျမ်းပိုဒ်တို့၌ “တည်ခြင်း” စကားလုံးကိုအသုံးပြုသောအခါတိုင်း၌ ပြောလိုသောဦးတည်ချက် သည်လက်တွေ့ လုပ်ဆောင်ခြင်းဖြင့်၍၊ နေရာမဟုတ်ပါ။ အငယ်-၄ ပါ တိုက်တွန်းနှိုးဆော်ချက်မျိုး ကယုံကြည်သူ၏နေ့စဉ်အသက်တာသည် သူ၏နေရာနှင့်ကိုက်ညီသင့်ကြောင်=အစဉ်အမြဲရည်ညွှန်းပါသည်။ စပျစ်နွယ်ပင်၌တည်သောသူ (ငယ်-၅) သည်။သခင်ဘုရားနှင့်မိတ်သဟာယဖွဲ့လျက်၊ နာခံခြင်းနှင့်အသက်ရှင် သောယုံကြည်သူတစ်ဦးဖြစ်ပါသည်။ ခရစ်တော်၌တည်၍၊ ခရစ်တော်၏စကားသည်ထိုသူ၌တည်လျှင် သူသည် (ငယ်-၇) သခင်ယေရှုနှင့်နီးကပ်စွာအသက်ရှင်နေထိုင်သော ခရစ်ယာန်တစ်ဦးဖြစ်ပါသည်။
နာခံခြင်းသည် သားသမီးစစ်မှန်ခြင်း၏အမှန်လက္ခဏာတစ်ခုဖြစ်ပါသည်(ငယ်- ၁၀)။ ဤကမ္ဘာပေါ်၌ လူသားတစ်ဦးပမာကြွဆင်းလာသောကယ်တင်ရှင်၌ ထိုအရာမှန်ကန်ခဲ့သလို၊ အမှန်စင်စစ် နာခံခြင်း သည်စစ်မှန်သောဘုရားသားသမီးအားလုံးတို့၏ ထူးခြားသောဂုဏ်အင်လက္ခဏာတစ်ခုဖြစ်သင့်ပါသည်။
ထို့ကြောင့် သင်တို့သည် ရှေးဦးစွာကပင် ကြားရသောဒေသနာကိုသင်တို့၌တည်စေကြလော့၊ ထို သနာသည်သင်တို့၌တည်လျှင်၊ သင်တို့ သည် သားတော် ၌၄င်း၊ ခမည်းတော်၌၄င်း၊လည် ရကြလိမ့်မည်…။ သို့သော်လည်း၊ သန့်ရှင်းတော်မူသောဘု ရား၏လက် မှသင်တို့ခံရသော ဘိသိတ် ကျေးဇူးတော်သည် သင်တို့ ၌ ရှိ သည် ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိတ်ကျေးဇူး တော်သည်ဖြစ်ယောင်ဆောင်သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ ကို သင်တို့ အားသွန် သင်တော်မူသည့်အတိုင်း သင်သည်သားတော်၌တည်နေကြလေ ချစ်သူတို့ သားသည်လင် ပေါ်ထွန်းတော် မူသော အ ခါ ငါတို့သည် အထင်သို့ ရောက်လျှင် ရဲရင့် ရသော အခွင့်ရှိ၍ ရှက်ကြောက် ခြင်းနှင့်ကင်းလွ တ် မည် အင်း သဒ်တည် နေကြ(၁ယော၊၂း၂၄၊ ၂၇-၂၈)။
အငယ်-၂၄ နှင့် ၂၈ ပါ “တည်နေကြ” စကားရပ်သည်
တိုက်တွန်းနှိုးဆော်ချက်ဖြစ်ကြောင်း ရှင်းလင်းစွာတွေ့မြင်ရပါသည်။အငယ်-၂၇ ကိုတစ်ခါတစ်ရံ (“ကိုယ်၌တည်နေကြလော့”) အမိန့်ပေးသည့်ပုံစံဖြင့်လည်းကောင်း၊ တစ်ခါတစ်ရံ (“သင်သည်ကိုယ်၌တည်နေကြရလိမ့်မည်”) စိတ်ချမှုရှိစေခြင်းပုံစံဖြင့်လည်းကောင်း၊ ၁၁လေးပြန်ဆိုလေ့
ရှိပါသည်။ နှစ်ခုစလုံးတွင်၊ ဤကျမ်းချက်သည်လက်တွေ့လုပ်ဆောင်ခြင်းကိုပြောခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့၏နေရာ (သို့) ရပ်တည်ချက်သည် ကျွန်ုပ်တို့၏လက်တွေ့လုပ်ဆောင်ခြင်းအပေါ်၌ ဘယ်သောအခါမှမူတည်ခြင်းမရှိပါ။တည်နေခြင်းအကြောင်းကို ရှင်ယောဟန် အခန်းကြီး ၁၅မှထုတ်နုတ်ထားသည့် “အသီးသီးခြင်းလား သို့မဟုတ် ကယ်တင်ခြင်း”ခေါင်းစဉ်အောက်၌ အသေးစိတ်ရှင်းလင်းရေးသားထားပါသည်။
မှတ်ချက်။
Charles Herscon, Till He Comes Houston, TX Christian Focus Puhalons, 1989, P. 339.
လှည့်ဖြားခြင်းခံတာလား သို့မဟုတ်ပြစ်ဒဏ်စီရင်ခြင်းခံတာလား။
Deceived or Damned?
ဒုတိယမွေးဖွားသောခရစ်ယာန်တစ်ဦးသည်လှည့်ဖြားခြင်းခံနိုင်ပါသလား။ လှည့်ဖြားခြင်းခံနိုင်ပါသည်။ လှည့်ဖြားခြင်းကိုဆန့်ကျင်ကြရန်သတိပေးစကားအမြောက်အများရှိပြီး၊ဘုရားသခင်၏ လူတို့အားဦး တည်ပြောဆိုထားခြင်းဖြစ်သည်။ သို့သော်လည်း၊ အကယ်၍ သန့်ရှင်းသူ တစ်ဦးသည် လှည့်ဖြားခြင်းခံရလျှင် သူသည်ပျက်စီးခြင်း (သို့) ပြစ်ဒဏ်စီရင်ခြင်းခံရပါသလား။ လုံးဝမခံရပါ။ယုံကြည်သူတို့သည် လှည့်ဖြားခြင်းဘက်သို့ တိမ်းညွတ်သွားနိုင်ပါသည်။ ယုံကြည်ခြင်းက အသေချာ ဆုံးသက်သေသာ ဓကကိုတောင်းဆိုပြီး၊ ဘုရားသခင်၏နှုတ်ကပတ် တော်ထဲ၌ရှာဖွေ တွေ့ရှိနိုင်ကြောင်းကို သူတို့သည်မေ့လျော့ကြသောကြောင့် လှည့်ဖြားခြင်းဘက်သို့ တိမ်းညွတ်ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ယုံကြည်သူကျွန်ုပ်တို့သည် တိုက်ခတ်လာသည့်ဩဝါဒတိုင်းမယုံကြည်ရပါ။သို့တည်းမဟုတ်၊ ဘာသာရေးဆိုင်ရာအသစ်အဆန်းတိုင်းကိုလက်မခံရပါ။ ရုပ်မြင်သံကြားပြစက်ရှေ့သို့ရောက်လာသောအခါ
လှည့်ဖြားခြင်းခံရန်အတွက်လူတို့သည်အဆင်သင့်ဖြစ်ကြသည်။ ကွန်ပျူတာနှင့်ပြုလုပ်၍ရသောပုံ ဆွဲခြင်းအတတ်ပညာသည် အသက်ဝင်နေသည့်အခြေအနေမျိုးတို့ကိုဖန်တီးပြုလုပ်နိုင်သလို “အံ့ဩဖွယ်နိမိတ်လက္ခဏာများ” ကိုပင်လျှင် ဖန်တီးပြုလုပ်နိုင်ပါသည်။ အမှန်တကယ်ရှိခြင်းနှင့်လုပ်ကြံ ဖန်တီးထားခြင်း၏ ကွဲပြားမှုကိုရှာဖွေထုတ်ဖော်ရန်ခက်ခဲပါသည်။ သခင်ယေရှုကသူ့ တပည့်တော်တို့အား မေရှိယအယောင်ဆောင်များပေါ်ထွန်းလာမည့်အကြောင်း သတိပေးထားသည်။
ယေရှုကလည်း၊ သင်တို့ ကို အဘယ်သူမျှမလှည့်ဖြားစေခြင်းငှာသတိပြုကြလော့။ အများသောသူတို့က ငါသည်ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ပေါ်လာသဖြင့် လူအများတို့ကိုလှည့် ဖြားလိမ့်မည်…။မိစ္ဆာပရောဖက်အများတို့သည်ပေါ်လာ၍လူအများတို့ကိုလှည့်ဖြားကြလိမ့်မည်။ မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ချစ်ခြင်းမေတ္တာသည်ခေါင်းပါးလိမ့် မည်။ အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏၊ ထိုသူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်…။ ထိုအခါ သူတပါးကဤအရပ်၌ခရစ်တော်ရှိသည်၊ ထိုအရပ်၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့်။ အကြောင်းမူကား၊ခရစ်တော်၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာပရောဖက်တို့ သည်ပေါ်လာ၍ ရွေးချယ်သောသူတို့ကိုပင်လှည့် ဖြားနိုင်လျှင်၊ လှည့်ဖြားလောက်အောင်ကြီးစွာသောနိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုတို့ကိုပြကြလိမ့်မည်။ ထိုအကြောင်းအရာတို့ကိုငါပြောနှင့်ပြီ။ ထို့ကြောင့် သူတို့ကခရစ်တော်သည်တော၌ရှိသည်ဟုဆိုသော်လည်း မထွက်သွားကြနှင့်။ တိုက်ခန်း၌ရှိသည်ဟုဆိုသော်လည်း မယုံကြနှင့် (မ၊ ၂၄၄-၅၊၁၁-၁၃၊ ၂၃-၂၆)။
ဤသတိပေးချက်များသည်အဓိကအားဖြင့်ဘေးဒဏ်ကြီးကာလအတွင်းရှိသခင်ယေရှုကိုယုံကြည်သည့်ဂျူးလူမျိုးတပည့်တော်တို့အတွက်ဖြစ်ပြီး၊ ၎င်းသည်ဤအခန်း၏ခေါင်းစဉ်ပါ လှည့်ဖြားခြင်းနှင့် တိုက်ရိုက် လူတို့သည် လှည့်ဖြားခြင်းခံနိုင်သည်ဟူသောအချက်ဖြစ်ပါသည်။ စာတန်၏ပတ်သက်မှုမရှိပါ။ မှန်ကန်သည့်အချက်မှာ ခေတ်ကာလတိုင်း၌ရှိသော ၊စေတမန်များဖြစ်သော ဘာသာရေးခေါင်း ဆောင်များ သည် အလင်း၏အမှုတော်ဆောင်များပမာအယောင်ဆောင် တတ်ကြသည်။ ဤမိစ္ဆာဆရာ တို့ကသူတို့သည် ဘုရားသခင်ထံမှဗျာဒိတ်တော်များကိုလက်ခံရရှိသည်ဟုအတည့် အလင်းပြောဆိုကြကာ၊ သက်သေပြရန် အတွက်နိမိတ်လက္ခဏာများကိုပြကြသည်။ သွန်သင်ခြင်းမခံသောတပည့်တော်တို့သည်
အလွယ်တကူ အဖမ်းခံရသည့်သားကောင်များဖြစ်ကြသည်။ သို့သော်လည်းတပည့်တော် တို့သည်သခင်ခရစ်တော်ကိုမငြင်းပယ်ဘဲ (သို့) မိမိတို့၏ကယ်တင်ခြင်းမဆုံးရှုံးဘဲ လှည့်ဖြား ခြင်းခံနိုင်ပါသည်။
အကြောင်းမူကား၊ ငါသည်သင်တို့ကိုသီလနှင့်ပြည့်စုံသောသတို့သမီးကညာကဲ့သို့ ခရစ်တော် အားဆက်အံ့သောငှာ သင်တို့ကိုလင် တစ်ဦးနှင့်ထိမ်းမြားဆောင်နှင်းပြီးသောကြောင့် ဘုရားသခင်၏အလိုတော်အတိုင်းစိုးရိမ်သောစိတ်နှင့်သင်တို့ကိုစောင့်ရှောက်လျက်နေ၏။ မြွေသည်မိမိ ပရိယာယ်အားဖြင့်ဧဝကိုလှည့်စားသကဲ့သို့၊ သင်တို့သည်စိတ်ဆွေးမြေ့ယိုယွင်း၍ ခရစ်တော်ကို အကြွင်းမဲ့ချစ်သောစိတ်ပျောက်မည်ဟု စိုးရိမ်ခြင်းရှိ၏။သင်တို့ ရှိရာသို့ရောက်လာသောသူသည် ငါတို့မဟာမပြောသေးသောယေရှု တပါးကိုဟောပြောသော်၎င်း၊ သင်တို့သည်မခံရသေး သောဝိညာဉ်တော်တပါးကိုခံရသော်၎င်း၊ နားမထောင်သေးသော ဧဝံဂေလိ တရားစကားကိုလည်းကောင်း၊ ထို သူ ကိုသည်းခံ ကောင်း၏ (၂ကော၊ ၁၁း၂-၄)။
ကောရိန္ဒုမြို့ရှိယုံကြည်သူတို့သည် လှည့်စားခံရခြင်းအန္တရာယ်ကိုကြုံတွေ့နေကြရသည်။ ရှင်ပေါလုကသူတို့ကိုသခင်ခရစ်တော်ထံသို့ ပို့ဆောင်ခဲ့သည်ဖြစ်၍ ခရစ်တော်၏တရားပလ္လင်ရှေ့၌ သူတို့ကြောင့် ဝမ်းမြောက်ချင်ပါသည်။ မြွေသည် မိမိပရိယာယ်အားဖြင့် ဧဝကိုလှည့် စားသကဲ့သို့၊ မိစ္ဆာဆရာများသည်အသင်းတော် အတွင်းရှိယုံကြည်သူများထံသို့ တစိမ့်စိမ့်ဝင်ရောက်ထိုးဖောက်ခဲ့ကြသည်။ သို့ဖြစ်၍ သခင်ခရစ်တော်ကိုချစ်မြတ်နိုးသော သူတို့၏စိတ်နှလုံးနှင့်သူတို့၏ရိုးသားဖြူစင်မှုတို့ သည်ပျောက်ကွယ်မည့် အလားအလာရှိ ခဲ့သည်။ ကာမြို့ ရှိ ယုံကြည်သူတို့သည် ဤမိစ္ဆာပရောဖက်တို့အား မေတ္တာပြလျက်၊ သည်းခံခဲ့ကြသည်။အခြားသောယေရှုအကြောင်း၊ ကွဲပြားခြားနားသောဝိညာဉ်အကြောင်း နှင့်အခြားသောဧဝံဂေလိုတရားဟောပြောသောသူတို့ကို ကြိုဆိုခဲ့ကြသဖြင့်ရှင်ပေါလုက ကောမြို့ ရှိယုံကြည်သူတို့ကို ပြစ်တင်ဆုံးမလေသည်။
ကောရိုမြို့ရှိယုံကြည်သူတို့သည်၎င်တို့၏ကယ်တင်ခြင်းဆုံးရှုံးသွားကြောင်းအရိပ်အမြွက်တစ်ချက်မျှဤကျမ်းချက်၌မရှိပါ။ သူတို့သည်လှည့်ဖြားခြင်းခံခဲ့ကြသော်လည်း ခရစ်တော်ကိုမစွန့်လွတ်ခဲ့ကြပါ။ အဘယ်မည် သောသူမျှဖြားယောင်းသောစကားအားဖြင့် သင်တို့ကိုမလှည့်ဖြားစေခြင်းငှာ၊ ဤစကားကိုငါပြောဆို၏။ ငါသည်ကိုယ်ခန္ဓာအားဖြင့်သင်တို့နှင့်ကွာ၍နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့် အတူရှိသည်ဖြစ် ၍၊ သင်တို့သည်လျောက်ပတ်စွာစီရင်ပြုပြင် တတ်သည်ကို၎င်း၊ ခရစ်တော်၌ခိုင်ခံ့စွာယုံကြည်သည်ကို၎င်း မြင်လျှင်၊ ဝမ်းမြောက်ခြင်းရှိ၏။ ထို့ကြောင့်သင်တို့သည်သခင်ယေရှုခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ထိုသခင်၌စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ နည်းဥပဒေသကိုခံပြီးသည်အတိုင်း ယုံကြည်ခြင်း၌မြဲမြံစွာစွဲလမ်းလျက်၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ယုံ ကြည်ခြင်းတိုးပွားပြည့်စုံ လျက် ထိုသခင်၌ကျင်လည်ကြလော့။ခရစ်တော်၏တရားကိမလိုက်၊ လူ အဆက် ဆက်ခံသောနည်း ဥပဒေသနှင့် လောကတရားနုကိုလိုက်၍ လောကီပညာနှင့်အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကိုအဘယ်သူမျှ မလုယူမဖျက်ဆီးစေခြင်းငှာသတိပြုကြလော့ (ကော၊ ၂၄-၈)။
ဤဩဝါဒစာကိုရေးသားစဉ်က ခရစ်ယာန်ယုံကြည်ခံယူချက်ကိုယုဒဘာသာ၊ ဆင်ခြင်တုံတရား၊ လူအဆက်ဆက်ခံသောနည်းဥပဒေသ၊ခြိုးခြံစွာကျင့်ကြံသောအယူဝါဒ၊ ဥပဒေဆိုင်ရာအယူဝါဒ၊ နက်နဲဆန်းကြယ်သောအယူဝါဒစသည်တိုနှင့်ရောနှောပေါင်းစည်းကြဘို့ ကြိုးစားခဲ့ကြသည်။ ယခုခေတ်တွင်သစ္စာရှိသောသိုးထိန်းများဆောင်ရွက်သကဲ့သို့ ရှင်ပေါလုကေကာလောသဲမြို့ရှိ ယုံကြည်သူတို့အား ဤအလွဲအမှားများကို ဆန့်ကျင်ကြရန် သတိပေးသည်။ ယခုခေတ်ကာလ အတွက်ဆိုပါက သူသည် စိတ်ပညာကို ထည့်သွင်းရေးသားမည်ဖြစ်ပါသည်။
သို့သော်လည်း၊ လှည့်ဖြားခြင်းကိုဆန့်ကျင်ရန် သတိပေးခြင်းကလှည့် ဖျားခြင်းခံသူသည်ထာဝရကာလပတ် လုံး ဆုံးရှုံးပျက်စီးသွားနိုင်သည်ဟူ၍ မဆိုလိုပါ။ လှည့်ဖြားခြင်းသည် ပြစ်ဒဏ်စီရင်ခြင်းဖြစ်သည်ဟု မဆိုလိုပါ။ မျက်မှောက်ခေတ်အသင်းတော်ထဲ၌ရှိသည့် လှည့်ဖြားခြင်းများကို စဉ်းစားကြည့်ပါ – ကြီးပွားချမ်း သာရေးအတွေး အခေါ်ကိုသင်ကြားကြခြင်း၊ အနာရောဂါငြိမ်းစေမည်ဟုဆိုကာ မရိုးမသား အမျိုးမျိုးလိမ် ညာလှည့်ဖြား၍ စီးပွားရှာနေကြခြင်း၊ မှားယွင်းသောပရောဖက်ပြုချက်များကို ဟောပြောနေကြခြင်းနှင့် “သန့်ရှင်းသောရယ်မောခြင်း”ဟုဆိုပြီး တဝါးဝါးတဟားဟား ရယ်မောကြခြင်း စသည့် ဤသွန်သင် ချက်များနှင့်အတူ စစ်မှန်သည့်များစွာသေယုံကြည်သူတို့သည် လိမ်ညာလှည့်ဖြားခြင်းခံနေကြရလေသည်။ သို့သော်လည်း ဤသို့အလိမ်ခံရခြင်းကသူတို့၏ကယ်တင်ခြင်းဆုံးရှုံးသွားသည်ဟူ၍ မဆိုလိုပါ။ရှင်ပေါလုက ကောလောသဲမြို့ရှိယုံကြည်သူတို့အား သူတို့၏ယုံကြည်ခြင်းသည် ဆုံးရှုံးပျက်စီးသွားနိုင်သည်ဟူ၍ သတိမပေးပါ။ သူတို့၏ယုံကြည်ခြင်းသည်ခိုင်ခံ့စွာရှိနေသဖြင့် ရှင်ပေါလုကဝမ်းမြောက်လျက် ရှိပြီး၊ယုံကြည်ခြင်း၌မြဲမြံစွာစွဲလန်းသူတို့ ကိုအားပေးအားမြှောက်ပြုပါသည်။ဤသူတို့သည် ယုံကြည်ခြင်းအားဖြင့်သခင်ခရစ်တော်ကို ကယ်တင်ရှင်အဖြစ်လက်ခံခဲ့ကြပြီဖြစ်သည် (ကယ်တင်ခြင်း)။ ယခုအခါ သူတို့သည် သွန်သင်ခြင်းခံထားရသကဲ့သို့ ယုံကြည်ခြင်း၌မြဲမြံစွာစွဲလန်းလျက်၊ သခင်ဘုရား၏အလိုတော်လမ်း၌ လျှောက်လှမ်းသင့်ကြသည် (သန့်ရှင်းစင်ကြယ်ခြင်း)။
J.B.Phillip ၏ ခေတ်သစ်အင်္ဂလိပ်စာဖြင့်ရေးသားထားသောဓမ္မသစ်ကျမ်း၌ အငယ်-၈ သည် အထူးသဖြင့်အထောက်အကူဖြစ်ပါသည်။ခရစ်တော်ကို အလေးမပြု၊လူ အဆက် ဆက် ခံသော ဆင်ခြင်တုံတရား (သို့) ဟိတ်ဟန်များသည့် အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ ၏ယုံကြည်ခြင်းကို အဘယ်သူမျှမဖျက် ဆီးစေဖို့ သတိပြုကြပါ။
အထက်ပါအချက်က ယုံကြည်ခြင်းသည် ဖျက်ဆီးခြင်း၊ အရည်(သို့) ယာယီယိုယွင်းကျဆင်းခြင်းပင်လျှင် ဖြစ်သွားနိုင်ပါသည်။ သို့သော်လည်းအသွေးညံ့ဖျင်းသွားအောင်တစ်စုံတစ်ရာနှင့်ရောနှောခြင်း၊ အားနည်းခြင်း၊ခရစ်တော်၌တည်ရှိသည့် စစ်မှန်သောယုံကြည်ခြင်းသည် စွန့်ပစ်ခြင်း ၊ခံမည်မဟုတ်ပါ။
ဆိုးညစ်သောသူ၊ လှည့်ဖြာသောသူတို့မူကား၊ သူတပါးကို၎င်း၊ကိုယ်ကို၎င်း၊ လှည့်ဖြာ၍ ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွားကြလိမ့်မည်။ သင်သည်အဘယ်သူထံ၌နည်းခံ ခဲ့ပြီးသည်ကို၎င်း ၊ယေရှုခရစ်ကိုယုံ ကြည်ခြင်း အားဖြင့် ကယ်တင်ခြင်းအပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သော အရွယ်မှစ၍လေ့ ကျင့်သည်ကို၎င်း၊ သိမှတ်သည်နှင့်၊ အထက်ကသင်၍ နှလုံးသွင်းမိသောအယူဝါဒ၌တည်နေကြလော့ (၂တိ၊ ၃၁၃-၁၅)။
နောက်ဆုံးသောကာလတွင် လှည့်ဖြားသောသူတို့သည် ဆိုးညစ်ခြင်း၌ တရွေ့ရွေ့ တိုးပွားလာ ကြမည်ဖြစ်ကြောင်း တမန်တော်ပေါလုကတိမောသေကို သတိပေးထားသည်။ ဆိုးညစ်လှည့် ဖြားသောသူတို့နှင့်ဆန့်ကျင်ဘက်ဖြစ်လျက်၊ တိမောသေသည်ဘုရားသခင် ၏နှုတ်ကပတ် တော်တည်းဟူသော ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းအလို့ငှာ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာ၌ အစဉ်မပြတ်တည်နေသင့်ပါသည်။ ၎င်းသည် တိမောသေကိုယ်တိုင် အတိတ်အတွေ့အကြုံတစ်ခုအဖြစ် အခိုင်အမာဝန်ခံပြောဆိုခဲ့သည့် ကယ်တင်ခြင်းဖြစ်ပါသည်။
“ကယ်တင်ခြင်းအလို့ငှာ၊ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာ”ဟူသောဖော်ပြချက်သည် တိမောသေသည်ကယ်တင်ခြင်းမရသေးပါးဟူ၍လုံးဝမဆိုလိုပါ။ ထို့အပြင် ဤကျမ်းချက်ကတိမောသေ၏ ကယ်တင်ခြင်း ၊မဆိုလိုပါ။ ၎င်းသည်နာမဝိသေသနဆိုင်ရာစကားတစ်ရပ်ဖြစ်ပြီး၊ “ထိုကျမ်းစာသည် ယုံကြည်ခြင်းအားဖြင့် သင့်အားကယ်တင်ခြင်းသို့ရောက်စေနိုင်သော ဓမ္မကျမ်းစာ” ဖြစ်သည်ဟူ၍ အဓိပ္ပါယ်သက်ရောက်ပါသည်။၎င်းသည် ဘု ရား သ ခင် နှုတ်ကပတ်တော် ၏တန်ခိုးတော်မှများ အနက် တစ်ခုဖြစ်ပါသည်။
ဆုံးမတော်မူခြင်းလား သို့မဟုတ်ဖျက်ဆီးတော်မူခြင်းလား
Discipline or Destruction?
၁ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုယ်တိမ်အောက်မှာရှိ၍ ပင်လယ်အလယ်၌ လျှောက်သွား ကြသည်ဟု၍၄င်း၊ ၂၊ မိုယ်တိမ်နှင့် ပင်လယ်ထဲမှာ မောရှေ့၌ဗတ္တိဇံကိုခံကြသည်ဟူ၍၄င်း၊ ၃၊ ဓမ္မအစာကို အတူစားကြသည်ဟူ၍၄င်း၊ဓမ္မရေကို အတူသောက်ကြသည်ဟူ၍၄င်း၊ သင်တို့ မသိမမှတ်ဘဲနေစေခြင်းငှာ ငါအလိုမရှိ၊ ၄၊ ထိုသူတို့နောက်၌လိုက်သောဓမ္မကျောက်မှထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား၊ခရစ်တော် ဖြစ်သတည်း၊ ၅၊ သို့သော်လည်း ထိုသူတို့ တွင်များစွာသောသူတို့ကို ဘုရားသခင်သည် အားရနှစ်သက်တော်မမူ၊ သူတို့သည် တော၌ သကြေပျက်စီးခြင်းသို့ရောက်ကြ၏။၆၊ ထိုသူတို့သည် မကောင်းသောအရာတို့ကို တပ်မက်သကဲ့သို့ငါတို့သည်မတပ်မက်စေခြင်းငှာ၊ ထိုအကြောင်းအရာတို့သည် ငါတို့အဘို့ပုံသက်သေဖြစ်ကြ၏။ ၇၊ လူတို့ သည် စားသောက်လျက်
ထိုင်နေကြ၏။ နောက်တဖန် ကခုန်မြူးတူးခြင်းငှာ ထကြ၏ဟုကျမ်းစာလာသည့် အတိုင်းထိုသူ အချို့တို့ သည် ရုပ်တုကိုကိုးကွယ်သကဲ့သို့ မကိုးကွယ်ကြနှင့်။ ထိုသူအချို့တို့သည် မတရားသောမေထုန်၌ အမှုကို ပြု၍ တနေ့ချင်းတွင် လူနှစ်သောင်းသုံးထောင်လဲ၍သေသကဲ့သို့ မပြုဘဲ၊ မတရားသောမေထုန်ကိုရှောင်ကြကုန်ဘုံ၊ ၉၊ ထိုသူအချို့တို့သည် စုံစမ်းနှောင့်ယှက်ခြင်းကိုပြု၍၊ မြွေဖြင့်ပျက်စီးသကဲ့သို့ ငါတို့ သည်မပြု၊ ခရစ်တော်ကိုမစုံစမ်းမနှောင့်ယှက်ဘဲနေကြကုန်အံ့။ ၁၀၊ ထိုသူအချို့တို့သည်မြည်တမ်းခြင်းကိုပြု၍၊ ဖျက်ဆီးသောသူ၏လက်ဖြင့် ပျက်စီးသကဲ့သို့မဟုတ်၊ မြည်တမ်းခြင်းကိုမပြုကြနှင့်။ ၁၁၊ ထိုအကြောင်းအရာရှိရှိသမျှတို့ သည် ပုံသက်သေဖြစ်အံ့သောငှာ ထိုသူတို့၌ ရောက်ကြ၏။ ကပ်ကာလအဆုံးတွင်ဖြစ်သော ငါတို့ကို ဆုံးမစရရာဘို့ ကျမ်းစာ၌ရေးထားလျက်ရှိသတည်း။ ၁၂၊ ထို့ကြောင့်အကြင်သူသည်မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။ ၁၃၊ လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာ သင်တို့ သည်ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သောစုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ။ သင်တို့ သည်ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက် သောလမ်းကိုလည်းစီရင်ပြုပြင်တော်မူလိမ့်မည်။ ၁၄၊ ထို့ကြောင့် ငါ့ချစ်သူတို့၊ ရုပ်တုကိုကိုးကွယ် ခြင်းအမှုကိုကြဉ်ရှောင်ကြလော့။ ၁၅၊ သင်တို့ကို ပညာရှိကဲ့သို့ မှတ်၍ ပြောမည်။ ငါ့စကားကို ဆင်ခြင်ကြလော့။၁၆၊ ငါတို့ သည် ကျေးဇူးတော်ကို ချီးမွမ်းရာမင်္ဂလာခွက်ဖလားဟူမူကား၊ ခရစ်တော်၏အသွေးကို ဆက်ဆံခြင်းဖြစ်သည်မဟုတ်ငါတို့နဲသောမုန့်မူကားခရစ်တော်၏ ကိုယ်ကိုဆက်ဆံခြင်းဖြစ်သည်မဟုတ်လော။ ၁၇၊ မုန့်တစ်လုံးတည်းရှိသည်ဖြစ်၍ ငါတို့ရှိသမျှသည် တစ်လုံးတည်းသောထိုမုန့်ကို ဆက် ဆံလျက်ခံယူကြသောကြောင့် အများဖြစ်သောငါတို့ သည် တလုံးတဝတည်းဖြစ်ကြ၏။ ၁၈၊ ဇာတိအားဖြင့်ဣသရေလအမျိုးဖြစ်သောသူတို့ကို ကြည့်ရှုကြလော့။ ယဇ်ကောင်ကိုစားသောသူတို့ သည်ယဇ်ပလ္လင်နှင့်ဆက်ဆံသောသူ ဖြစ်ကြသည်မဟုတ်လော။ ၁၉၊ ထိုသို့ဆိုသော် အဘယ်သို့ငါဆိုလိုသနည်း။ ရုပ်တုကားမှတ်စရာရှိသည်ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်ကား မှတ်စရာရှိသည်ဟုဆိုလိုသလော။ ထိုသို့ မဆိုလို။ ၂ဝ၊ သာသနာပလူတို့ သည် ပူဇော်သောယဇ်ကို ဘုရားသခင်အား ပူဇော်ကြသည်မဟုတ်။ နတ်ဆိုးတို့အားပူဇော်ကြ၏။ သင်တို့ သည်နတ်ဆိုးတို့ နှင့် ဆက်ဆံစေခြင်းငှာငါအလိုမရှိ။ ၂၁၊ သခင်ဘုရား၏ခွက်ဖလား၊နတ်ဆိုးတို့၏ခွက်ဖလား နှစ်ပါးကို သင်တို့ မသောက်နိုင်ကြ။သခင်ဘုရား၏ စားပွဲ၊ နတ်ဆိုးတို့ ၏စားပွဲနှစ်ပါးကို သင်တို့ဝင်၍ မစားနိုင်ကြ (၁ကော၊ ၁၀၁-၂၁)။
ထာဝရလုံခြုံမှုသည်မဟုတ်မမှန်ပါဟု ကြိုးစား၍ အထောက်အထားပြချင်သောသူတို့ အတွက် ဤကျမ်းပိုဒ်သည်အားရကျေနပ်စရာဖြစ်သယောင်ရှိပါသည်။ သူတို့၏ငြင်းခုန်ချက်သည် ရိုးရိုးကလေး ဖြစ်ဟန်ရှိပါသည်။ ဤကျမ်းပိုဒ်သည် ယုံကြည်သူတို့အား ရည်ညွန်းလျက်ရေးသားခြင်းဖြစ်ပြီး၊ ဘုရားသခင်၏လူတို့ သည် တောထဲ၌စိတ်နာစရာကောင်းသည့် အပြစ်ကျူးလွန်ပုံကိုပြောပြပါသည်။ အပြစ်လွန်ကျူးသည့် အတွက်ရလဒ် အဖြစ် ဘုရားသခင်သည် သူတို့ကို ဖျက်ဆီးတော်မူ၏။ သို့ဖြစ်သော ကြောင့် ယနေ့ ယုံကြည်သူများသည် အပြစ်ကျူးလွန်ခြင်းအားဖြင့် သူတို့၏ကယ်တင် ခြင်းဆုံရှုံးနိုင်သည်ဟူ၍ ပြောကြသည်။
ဤငြင်းခုန်ချက်၏မှားယွင်းသောအချက်မှာ၊ ယခုဘဝ၌ ယုံကြည်သူများနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ဆုံးမတော်မူခြင်းနှင့် နောင်တမလွန်ဘဝ၌ ဆိုးညစ်သောသူများနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ထာဝရပြစ်ဒဏ်စီရင်ချက်၏ခြားနားမှုကို မှန်မှန်ကန်ကန်မပိုင်းခြားတတ်ခြင်းပင်ဖြစ်ပါသည်။ ဤအရာကိုနှလုံးသွင်းလျက် ဖော်ပြပါကျမ်းပိုဒ်ကိုပြန်လည်သုံးသပ်ကြပါစို့။
ပထမအပိုဒ်ငယ်လေးပိုဒ်(၁-၄) က လူတို့သည် အံ့ဩဘွယ်ရာအခွင့်ထူးကြီးများဖြစ်သောဘုရားသခင် ၏ရှေ့ဆောင်လမ်းပြခြင်း၊ကွယ်ကာမစခြင်း၊ ဘုရားသခင်ခန့်အပ်ထားသည့်ခေါင်းဆောင်တစ်ဦးကိုရရှိခြင်း၊ စားစရာနှင့်သောက်စရာရိက္ခအထောက်အပံ့ကို မပြတ်မလပ်ရရှိခြင်းတို့ကို ပျော်ရွှင်စွာရှိခံစားခဲ့ကြကြောင်း ပြောပြပါသည်။ သို့သော်လည်း အခွင့်ထူးကြီးများကိုရရှိခံစားသလို တုန့်ပြန်ရမည့်တာဝန်များလည်းရှိပါသည်။ ယောရှုနှင့်ကာလက်မှလွဲ၍ အဲဂုတ္တုပြည်မှ ထွက်ခွာလာကြ အသက် ၂ဝ နှင့်ယင်းအထက်ရှိ စစ်သားများအားလုံးတောထဲ၌ သေကုန်ကြသည်။ သို့သော်လည်း ၎င်းက ထိုသေဆုံးသောသူအားလုံးတို့ ၊သည် ထာဝရပျက်စီးဆုံးရှုံးသွားကြပြီဟူ၍ မဆိုလိုပါ။မောရှေ၊ အာရုန်နှင့်မိန်တံတို့သည် လုံးဝမပျက်စီးခဲ့ကြပါ။ ဘုရားသခင်သည် သူတို့ကိုဆုံးမတော်မူ၍ ခါနန်ပြည်သို့ ဝင်စားခွင့်မပေးတော့ပါ။ သို့သော်လည်း သူတို့ကိုကောင်းကင်ဘုံသို့ဝင်စားရသောအခွင့်မှမဖယ်ထုတ်ပါ။
ဣသရေလလူတို့ကျူးလွန်သည့်အပြစ်များကို အငယ် ၆မှ၁၀တွင်ဖော်ပြထားပါသည်။ ၎င်းတို့မှာ အသားနှင့်အဲဂုတ္တုပြည်၏ အစားအစာများကိုတောင့်တခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ မတရားမေထုန် ကိုပြုခြင်း၊ဘုရားသခင်ကိုစုံစမ်းနှောင့်ယှက်ခြင်းနှင့် ပြစ်တင်မြည်တမ်းခြင်း တို့ဖြစ်ကြပါသည်။ ယုံကြည်သူကျွန်ုပ်တို့အာပုံသက်သေနှင့်သတိပေးရန် ဤရာဇဝင်သမိုင်းကိုဥပမာပေးကာ သမ္မာကျမ်းစာ၌ ရေးထားလျက်၊ “စစ်မှန်သောယုံကြည်သူတစ်ဦးသည် ဤကဲ့သို့သောဒုစရိုက်များကို ကျူးလွန်နိုင်ပါ သလား၊ဟူသောမေးခွန်း ပေါ်ထွက်စေပါသည်။
စိတ်မကောင်းစွာဖြင့် အဖြေပေးပါမည်။ ဟုတ်ကဲ့။ မကျူးလွန်ရန်ဓမ္မသစ်ကျမ်းထဲမှာ သတိပေးထားသည့် မည်သည့် အပြစ်မျိုးကိုမဆိုယုံကြည်သူသည်ကျူးလွန်နိုင်ပါသည်။ အကယ်၍ အပြစ်တစ်စုံတစ် ခုကိုဝန်ချ တောင်းပန်ခြင်းမရှိပါက၊ ထိုအပြစ်အတွက်ဘုရားသခင်၏ ဆုံးမတော်မူခြင်းကိုခံရမှာဖြစ်ပြီး၊ အပြစ်ပြု သူကိုလည်း ကောင်းကြီးမင်္ဂလာခံစားခြင်းမှဖယ်ရှားလိမ့်မည်။ အကယ်၍ တစ်စုံတစ်ဦး ၏အသက်တာ သည် ဒုစရိုက် အပြစ် ၏စိုးမိုးမှုကို ခံနေရ၍ အပြစ်ကျူးလွန်ရာ၌အကျင့် ပါကြောင်းထင်ရှား ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်ခြင်းကို ဘယ်သောအခါမှမခံခဲ့ဖူးကြောင်း သက်သေပြနေခြင်း ဖြစ်သည်။ သူသည် ဒုတိယမွေးဖွားခြင်း ၊မခံခဲ့ဖူးပါ။ ခရစ်ယာန်တစ်ဦး၌ ပြင်းထန်စွာခံစားနေရပြီး၊ သူ့ကိုအမြဲဒုက္ခပေးနေသည့် အပြစ်များရှိကောင်းရှိ နိုင်ပါသည်။ သို့သော်လည်း ဤဖြစ်အင်သည် မိမိ၏လိုအင်ဆန္ဒကို အပြည့်အဝ သဘောတူကာ အပြစ် ၊ကျူးလွန်နေသောအသက်တာနှင့် လုံးလုံးခြားနားပါသည်။
မိမိသည်သန့်ရှင်းခြင်း၏ထိပ်ဆုံးအဆင့်သို့ရောက်ပြီ၊ သို့မဟုတ်၊မိမိသည်အပြစ်ထဲသို့ကျဆင်းခြင်းမှကင်းလွတ်လျက်ရှိသည်ဟု မည်သူကမှမထင်မှတ်သင့်ပါ။ သူသည်ကောင်းကင်အိမ်တော်သို့ မဝင်စားမချင်းအပြစ်ကျူးလွန်ရန် စုံစမ်းသွေးဆောင်ရခြင်းမှ မလွတ်နိုင်ပါ။ ယုံကြည်သူတိုင်းသည် အတွင်းပိုင်းနှင့်အပြင်ပိုင်း၌ စုံစမ်းသွေးဆောင်ခြင်းခံရပါသည်။သို့သော်လည်း သူသည် အကူအညီကင်းမဲ့နေသောဒုက္ခ သည်တစ်ဦးမဟုတ်ပါ။ သစ္စာနှင့်ပြည့်စုံတော် မူသောကျွန်ုပ်တို့၏ ဘုရားသခင်သည်စုံစမ်းနှောင့်ယှက်ခြင်း၏ အရှိန်အဟုန်ကို ကန့်သတ်ထားပြီး၊ ထွက်မြောက်ရာလမ်းကိုလည်း စီရင်ပြုပြင်ထားပါသည်။
ဤအခန်းကြီး၏ကျန်ရှိနေသေးသောကျမ်းပိုဒ်များက အတိတ်ကာလကပြုလုပ်ခဲ့ကြသည့် သူတို့၏ရုပ်တု ကိုးကွယ်ခြင်းအမှုကို သံယောဇဉ်ဖြတ်ပစ်ကြရန် နမော်မမဲ့နိုင်သည့် ပြောင်းလဲခါ စယုံကြည်သူတို့ ကိုဦးတည်ပြောခြင်းဖြစ်ပါသည်။ ရုပ်တုကိုးကွယ်ခြင်းအမှု ကိုရှောင်ရန်တိုက် တွန်းပြီး နောက်တွင်၊ အဘယ့်ကြောင့်ရှောင်သင့်သည့်အကြောင်းကို ခိုင်မာသောအကြောင်းပြချက်များဖြင့် တမန်တော်က သူတို့ကို ဖော်ပြပါသည်။
ယုံကြည်သူတစ်ဦးနှင့်သက်ဆိုင်သည့် ဘုရားသခင်၏စစ်ကြောစီရင်တော်မူခြင်းနှင့် လောကီသား တို့နှင့်သက်ဆိုင်သည့်ဘုရားသခင်၏အပြစ်စီရင်ခြင်းအကြား ကွဲပြားခြားနားမှုကို သိရှိနားလည် ဘို့အရေးကြီးပါသည်။ ဤကွဲပြားခြားနားမှုကို ရှင်ပေါလုက ၁ကော၊ ၁၁း၃၁-၃၂ တွင်ဖော်ပြထားပါသည်။
ငါတို့သည် ကိုယ်ကိုကိုယ်စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီ သားတို့ နှင့် အတူ အပြစ်စီရင်ခြင်း နှင့်ကင်းလွတ်မည့်အကြောင်း ဆုံးမတော်မူခြင်းကိုခံရကြ၏။
ကျွန်ုပ်တို့သည်သခင်ဘုရား၏ ညစာစားပွဲသို့မပါဝင်မီ အသက်တာ၌ကျူးလွန်မိသောအပြစ်ရှိသမျှကို ဖော်ပြဝန်ချခြင်းအားဖြင့် ကျွန်ုပ်တို့သည် ထိုအပြစ်တို့ကိုစီရင်၍၊ဘုရားသ ခင်၏ ခွင့်လွတ်ခြင်းရရှိသင့်သည်။
အကယ်၍ ယုံကြည်သူကျွန်ုပ်တို့သည်ထိုသို့ပြုလျှင်၊ သခင်ဘုရား၏စစ်ကြောစီ ရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ဤစစ်ကြောစီရင်တော်မူခြင်း၏သဘောသဘာဝမှာ အားနည်းခြင်း၊ မကျန်းမမာ ဖြစ်ခြင်းနှင်သေဆုံးခြင်းပင်လျှင်ဖြစ်ပြီး၊ ၎င်းကို အငယ်-၃ဝ ပါသည်ဤအရာကိုဘုရားသခင် ၏ဆုံးမတော် မူခြင်း၊ မိဘတို့၏ဆုံးမခြင်းပုံစံကဲ့သို့ဖော်ပြထားပါသည်။ ထာဝရပြစ်ဒဏ်စီ ရင်ခြင်းကိုခံစားနေရ သောသူတို့၏အလယ်၌ရှိနေခြင်းထက် ဤဆုံးမတော်မူခြင်းကိုခံရခြင်းက ပို၍ကောင်းပါသည်။ အကယ်၍ ကျွန်ုပ်တို့သည်ကိုယ်တော် ၏ဆုံးမတော်မူခြင်းကိုမခံပါက၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားများမဟုတ်ဘဲ၊ မင်းဦးမင်းလွင်ရသောသားများဖြစ်ကြပါသည် (ဟေဗြဲ ၁၂း၇-၈)။ ၁ ေကာ၊ ၁၁း၃၂ ကယုံကြည်သူတစ်ဦးသည်လောကီသားတို့နှင့်အတူအပြစ်စီရင်ခြင်းခံနိုင်သည်ဟု မဆိုလိုပါ။ ထိုသို့ဆိုလိုခြင်းထက် ဤကျမ်းချက်က ဖြစ်နိုင်ချေနှစ်မျိုးတည်းသာလျှင်ရှိကြောင်း၊ ၎င်းတို့မှာ ယခုဆုံးမတော်မူနေခြင်း (စစ်မှန်သောယုံကြည်သူတို့နှင့်သက်ဆိုင်သည်) သို့မဟုတ်၊ လောကီသား တို့အားအပြစ်စီရင်ခြင်း (ကယ်တင်ခြင်းမရသောသူတို့နှင့်သက်ဆိုင်သည်) ဖြစ်ကြောင်း ဆိုလိုပါသည်။
အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းကိုအထောက်အကူပေးလေ့ရှိသည့် နောက်ဆက်တွဲကျမ်းပိုဒ်များ
Additional Passages Used to Support Conditional Salvation
ဤအခန်းတွင်အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းအားအထောက်အကူပေးလေ့ရှိသည့်အခြားကျမ်းပိုဒ်များကို ကျွန်ုပ်တို့လေ့လာဆန်းစစ်ကြမည်ဖြစ်သည်။ ဤကျမ်းပိုဒ်များထဲမှအများစုသည် ၎င်းတို့၏အငြင်းအခုံပြုချက်များကို ဗဟို မပြုသော်လည်း၊ ၎င်းတို့ ကို လေ့လာဆန်းစစ်ခြင်းအားဖြင့် အကျိုးရရှိကြမည်ဖြစ်သည်။
ဤကျမ်းပိုဒ်များအနက်ပထမကျမ်းပိုဒ်မှာ ရောမ ၁၁း၂၂ ဖြစ်ပါသည်။
သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာစီရင်တော်မူခြင်းကို၎င်း၊ကျေးဇူးတော်၌ သင်သည်တည်နေလျှင်၊ သင်၌ပြုတော်မူသောကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကိုအောက်မေ့လော့။ ကျေးဇူးတော်၌မတည်မနေလျှင် သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည်။
ဤကျမ်းချက်၏နောက်ဆုံးစာကြောင်းပါ “သင်သည်လည်းခုတ်ပစ်ခြင်းကိုခံရမည်” ဟူသောအချက်သည် ကျမ်းချက်၏ရှေ့နောက်စကားအဆက်အစပ်မလေ့လာပါက၊ ယုံကြည်သူတစ်ဦးသည်ကယ် တင်ခြင်း ဆုံးရှုံးနိုင် သည်ဟု အဓိပ္ပါယ်သက်ရောက်သကဲ့သို့ဖြစ်ပါသည်။ သို့သော်လည်းကျွန်ုပ် တို့သည်သမ္မာ ကျမ်းစာကိုသတိကြီးစွာလေ့လာသောသူဖြစ်ပါက၊ ဤကျမ်းချက်ကမည်သူ ကိုဦးတည်၍ ပြောပါသနည်း။ ခုတ်ပစ်ခြင်းသည်း၊ ကျွန်ုပ်တို့သည်သမ္မာကျမ်းစာကိုသတိကြီးစွာဖြင့် လေ့လာသောသူကဘာကိုဆိုလို ပါသနည်း၊ စသည်ဖြင့် ဤကျမ်းချက်၏ရှေ့နောက်စကား အဆက်အစပ်ကိုလေ့လာပြီး အဓိပ္ပါယ် ဖွင့်ဆိုရပါမည်။
ရောမအခန်းကြီး ၁၁ ၌ပါသောအချက်များ လေ့လာကြပါစို့။အဓိကသွန်သင်သောအကြောင်းမှာ ဣသရေလလူတို့၏အနာဂတ်အကြောင်းဖြစ်ပါသည်။ အငယ် ၁-၉ တွင် ဘုရားသခင်သည် ဣသရေလလူတို့ကိုပယ်တော်မူပြီလောဟုဆိုသော်၊ အကြွင်းမဲ့ပယ်တော်မမူကြောင်း ရှင်ပေါလုက သွန်သင်ထားပါ သည်။ ဘုရားသခင်သည်အကြွင်းအကျ န်ဣသရေလယုံကြည်သူတို့ကိုချန်ရစ်ထားကြောင်း တမန်တော်ကြီးကိုယ်တိုင်က သက်သေဖြစ်နေပါသည်။ အငယ် ၁၁ နှင့် ၁၂ က ဣသရေလလူတို့ ၏ပြိုလဲခြင်းကိုအတည်ပြုကာ၊ သို့ရာတွင် ၎င်းသည်အဆုံးသတ်ခြင်းမဟုတ်ကြောင်း အလေးအနက် ပြောပါသည်။ ဣသရေလလူတို့ သည်နဂိုမူလအခြေအနေသို့ရောက်အောင် ပြန်လည်ပို့ဆောင် ခြင်းခံရကြမည်။ထိုစဉ်ကာလအတွင်း တပါးအမျိုးသားတို့ သည်ကောင်းကြီးမင်္ဂလာခံစားရန် ပို့ဆောင်ခြင်းခံကြသည်။
ရှေ့နောက်စကားအဆက်အစပ်ကို သတိထားဘို့ အရေးကြီးပါသည်။ အဆိုပါကျမ်းချက်များ သည်ခရစ်ယာန်တစ်ဦးချင်းစီ သို့မဟုတ်အသင်းတော်ကိုဦးတည်ပြီး ရေးသားခဲ့ခြင်းမဟုတ်ပါ။ ၎င်းကို ရှင်ပေါလုကအငယ်-၁၃ တွင် ရှင်းလင်းစွာဖော်ပြပါသည် … တပါးအမျိုးသားဖြစ်သော သင်တို့အားဆို ရသတည်း။” ဤသို့ပြောရာ၌ တပါးအမျိုးသား တို့ကိုယုဒအမျိုးနှင့်သော် လည်း ကောင်းဘုရားသခင် ၏အသင်းတော်ဝင်သူတို့နှင့်လည်းကောင်း၊ မရောနှောဘဲ ခွဲခြား၍ ဖော်ပြပါသည် (၁ ကော ၁၀း၃၂)။
ယခုတွင် သူက ပကတိအခက်အလက်များပါသည့်သံလွင်ပင်နှင့်ရိုင်းသောသံလွင်ပင် အခက်အလက် များ၏အသွင် သဏ္ဍာန်ကိုအသုံးပြုပါသည်။ ပင်စည်သည် ခေတ်ကာလတစ်လျှောက်အခွင့်ထူးစီးဆင်းရာ
ဘုရားသခင်၏လမ်းကြောင်းဖြစ်သည်။ ဤအချက်ကို တွေ့မြင်ဘို့အရေးကြီးဆုံးဖြစ်ပါသည်။ ပင်စည် သည်ဣသရေလလူမျိုးမဟုတ်ပါ။ ၎င်းသည်ဘုရားသခင်ကလူနှင့် ဆက်ဆံရာ၌လူတို့ အဘို့ကျေးဇူးပြုသည့် နေရာဖြစ်သည်။ ပကတိအကိုင်း အခက်တည်းဟူသောဣသရေလလူတို့ သည်ဘုရားသခင်၏ရွေး ချယ်ခြင်းခံရသည့်ကမ္ဘာပေါ်ကလူသားများဖြစ်ကြသည့်အလျောက် သူတို့သည်နဂိုကတည်းက ဤနေရာကိုရရှိခဲ့ကြသည်။ သို့သော် လည်း၊ မယုံကြည်သောကြောင့် ဣသရေလလူတို့သည်ထို အခွင့်ထူးခံနေရာမှ “ပစ်ပယ်ခြင်း” သို့မဟုတ် “ခုတ်ပစ်ခြင်း” ခံကြရပြီး၊ ထိုနေရာကိုတပါးအမျိုးသားများ (ရိုင်းသောသံလွင်ပင် အခက်အလက်များ) နှင့်အစားထိုးလိုက်သည်။ တပါးအမျိုးသား တို့သည်ကိုယ်တော် ၏ကျေးဇူးပြုခြင်းခံရသောလူမျိုးများဟူ၍ ကျွန်ုပ်တို့ခေါ်ဆိုနိုင်သည့် ဖြစ်လာကြသည်။သခင် ခရစ်တော်သည် သာ၍ကြီးမားသောယုံကြည်ခြင်းကို ဣသရေလလူများထဲ၌ထက် တပါးအမျိုးသားများ ထဲ၌တွေ့မြင်ခဲ့ လေသည် (မ၊ ၈၁၀။၁၅း၂၈)။ တပါးအမျိုးသားတို့ သည်ယုံကြည်ခြင်းအားဖြင့်ရပ်တည်ကြ၏ ။ဣသရေလလူတို့သည်ထာဝရအသက်ကိုမိမိတို့မခံထိုက်ပါဟု စီရင်ကြသောကြောင့် (တ၊ ၁၃၄၆)၊ ထာဝရဘုရားသခင်၏ကယ်တင်တော်မူခြင်းကျေးဇူးတော်ကို တပါးအမျိုးသားများထံသို့ ပို့ဆောင်လေသည်(တ၊ ၂၈၂၈)။
သို့သော်လည်း၊ တပါးအမျိုးသားတို့သည် ၎င်းတို့၏အခွင့်ထူးခံနေရာကိုလျစ်လျူမရှုသင့်ပါ။ အကယ်၍ သူတို့ သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုကြိုဆိုလက်ခံကြောင်းကို စဉ်ဆက်မပြတ်ပွင့်လင်းစွာမပြသပါက၊ ၎င်းတို့သည် ခုတ်ပစ်ခြင်းခံရကြလိမ့်မည်။ ဤသည် ကယ်တင်ခြင်းရသည့် တပါးအမျိုးသားတို့သည် သူတို့၏ကယ်တင်ခြင်းဆုံးရှုံးကြမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထိုသို့ဆိုလိုခြင်းထက် တပါးအမျိုးသား ခြင်းဖြစ်သည်။အားလုံးတို့သည်သူတို့၏အခွင့်ထူးခံနေရာကို ဆုံးရှုံးရလိမ့်မည်ဟုဆိုလိုခြင်းဖြစ်သည်။
ဤကဲ့သို့ အတိအကျဖြစ်လာမည်ဖြစ်ကြောင်း အခြားကျမ်းပိုဒ်များအားဖြင့်ကျွန်ုပ်တို့သိနိုင်ပါသည်။ ရိုင်းသောသံလွင်ပင်၏အကိုင်းအခက်များ (တပါးအမျိုးသားများ) သည်ခုတ်ခြင်းကိုခံရလိမ့်မည်။ ယုံကြည်သောဣသရေလလူတို့သည်ဘုရားသခင်၏မျက်မှောက်တော်၌ သူတို့၏အခွင့် ထူးခံနေရာကိုပြန်လည်ရရှိကြမည်။
ရှုပ်ထွေးမှုကို တစ်ခြားနည်းဖြင့်ဖြစ်ပေါ်စေသောကျမ်းတစ်ပုဒ်ကိုလေ့လာကြပါစို့။ ဤစာအုပ်၏အစပိုင်း၌ “ကယ်တင်ခြင်း” စကားလုံးသည်ကျယ်ပြန့် သော အနက်အဓိပ္ပါယ်ရှိကြောင်းရှင်းလင်းဖော်ပြချက်များကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ပြီးဖြစ်သည်။ ဤစကားလုံးသည် အပယ်ငရဲမှဝိညာဉ်ကယ် တင်ခြင်းကိုအစဉ် အမြဲမဆိုလိုပါ။ အောက်ပါကျမ်းပိုဒ်တွင်ကျွန်ုပ်တို့တွေ့မြင်သကဲ့သို့ ဖျက်ဆီးခြင်း (destroy) စကားလုံးသည် လည်းအဓိပ္ပါယ်အမျိုးမျိုးရှိနိုင်ပါသည်။
သင်၏ညီအစ်ကိုသည် သင်စားသောအစာကြောင့် စိတ်နာရလျှင်၊ သင်သည် မေတ္တာတရားကို မကျင့်။ ခရစ်တော် သည်အသေခံတော်မူသောကျေးဇူးတော်ကိုခံသောသူကို သင်၏အစာအားဖြင့်အကျိုးမနည်း စေနှင့်။ သင်တို့သည်အခွင့်ရသည်အမှုမှာ ကဲ့ရဲ့စရာအကြောင်းမရှိစေနှင့်။ ဘုရားသခင်၏နိုင်ငံတော် သည် အစားအသောက် ၌မတည်။ ဖြောင့်မတ်ခြင်း၊ငြိမ်သက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်ခံရသော ဝမ်းမြောက်ခြင်း၌တည်၏၊ ထိုသို့ ကျင့် ၍ ခရစ်တော်၏အမှုကို ဆောင်ရွက်သောသူသည် ဘုရားသခင်ရှေ့၌ နှစ်သက်ဘွယ်၊ လူတို့တွင် ချီးမွမ်းဘွယ်ဖြစ်၏။ ထို့ကြောင့် ငြိမ်သက်ခြင်းနှင့် ၎င်း၊ အချင်းချင်းတည် ဆောက်ခြင်းနှင့် ၎င်း ယှဉ်သောအရာတို့ ကိုမှီအောင်လိုက်ကြကုန်အံ့ ၊ ဘု ရားသခင် ၏အမှုတော် ကို သင်၏အစာအလို့ ငှာ၊ မဖျက်ဆီးနှင့်၊ အစာအမျိုးမျိုးတို့ သည်စင်ကြယ်၏။ သို့ သော်လည်း သူတပါးထိမိ၍ လဲစရာ အကြောင်းနှင့်စားသောသူသည် အပြစ်ရှိ၏။ အမဲသားကို စားခြင်း၊ စပျစ်ရည်ကိုသောက်ခြင်း ကိစ္စမှစ၍ ညီ အစ်ကိုထိမိ၍လဲစရာအကြောင်း၊ မှားယွင်းစရာအကြောင်း၊ အားနည်းစရာအကြောင်း များကိုရှောင် အပ်၏။ သင်သည်ယုံခြင်းရှိလျှင်ကိုယ်အလိုအ လျောက်ဘုရားသခင်ရှေ့၌ရှိစေလော့။ ကိုယ်လက်ခံသောအမှုမှာကိုယ်ကိုမစစ်ကြော၊ မစီရင်သောသူသည်မင်္ဂလာရှိ၏။ယုံမှားသောသူသည်စားလျှင် ယုံသောစိတ်မရှိဘဲစားသောကြောင့် အပြစ်စီရင်ခြင်းကို ခံရ၏။ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့သည် အပြစ်ရှိကြ၏ (ရောမ ၁၄၁၅-၂၃)။
ပထမဦးစွာပြောရလျှင်၊ ဤကျမ်းပိုဒ်၏ယေဘုယျသွန်သင်ချက်မှာ ရှင်ပေါလုသည်အမဲသားကိုစားခြင်း၊ နေ့ရက်ကိုစောင့်ခြင်းအစရှိသည့် “ကျင့်ဝတ်ဆိုင်ရာသာမညများ” ဖြစ်ပါသည်။ ဤအကြောင်းနှင့်ပတ်သက် ၍ယုဒလူမျိုးယုံကြည်သူများနှင့်တပါးအမျိုးသားယုံကြည်သူများ အကြား၌ ပဋိပက္ခဖြစ်လာနိုင်ဖွယ်ရှိခဲ့ သည်။ သို့ဖြစ်ရကား၊တမန်တော်က နေ့ ရက်စောင့်ထိန်းခြင်းအမှုနှင့် စားသောက်ခြင်းအမှုတို့၌ ယုံကြည်သူတစ်ဦးသည် ခရစ်ယာန်လွတ်လပ်ခွင့်အရ လုပ်ပိုင်ခွင့်ရှိကြောင်း၊ သို့သော်လည်း အကယ်၍ ထိုအမှုကိုလုပ်ဆောင်ခြင်းသည်လူတစ်ဦးတစ်ယောက်အတွက်ထိမိစလဲရာဖြစ်ပါက၊ ထိုလုပ်ပိုင်ခွင့်ကိုအ သုံးမပြုသင့်ကြောင်းပြောပါသည်။ အကယ်၍ညီအစ်ကိုတစ်ဦးသည်ဝက် သားစားခြင်းအမှုကို ဩတ္တပ္ပမကြည်ဖြစ်လျက်နှင့်ထို အစာကို စားလျှင် သူသည်အပြစ်ရှိ၏။ အဘယ့်ကြောင့်ဆိုသော်၊ ယုံသောစိတ်မရှိ ဘဲကျင့်သမျှသောအကျင့်တို့သည် အပြစ်ရှိသောကြောင့်ဖြစ်သည်။အပိုဒ်ငယ် ၁၅ နှင့် ၂၀ ပါ “အကျိုးနည်းစေသည်” “ဖျက်ဆီးသည်” (destroy) စကားလုံးကြောင့်ပြဿနာပေါ်လာပါသည်။ “ခရစ်တော်သည်အသေခံတော်မူသောကျေးဇူးတော်ကိုခံသောသူကို သင်၏အစားအားဖြင့် အကျိုးမနည်းစေနှင့်” (ငယ်-၁၅)။ “ဘုရားသခင်၏အမှုတော်ကို သင်၏အစာအလို့ငှါ မဖျက်ဆီးနှင့်” (ငယ်-၂၀)။ ဤကျမ်းပိုဒ်နှစ်ပိုဒ်က ထိုသူ၏ထာဝရပြစ်ဒဏ်အကြောင်းကိုမရည်ညွှန်းပါ။ ဤသို့ရည်ညွှန်းခြင်းထက် သူ့အတွက်ထိမိ၍လဲစရာဖြစ်သည့်အကြောင်း၊ သူ၏ဝိညာဉ်ရေးရာကြီးထွားတိုးတက်မှုကို နှောင့်နှေးကြန့်ကြာစေနိုင်ကြောင်းနှင့် သူ့အသက်တာ၌ဘုရားသခင်လုပ် ဆောင် နေသောအလုပ်ကို ပျက်စီးစေနိုင် သည်ဟု ဆိုလိုပါသည်။ ဩသတ္တပ္ပစိတ်အားနည်းပျော့ညံ့သောသူသည် သူ၏ကယ်တင်ခြင်းမဆုံးရှုံးပါ။ သို့ သော်လည်း၊ သူ၏ဝိညာဉ်ရေးရာကောင်းစားခြင်းကို များစွာထိခိုက်စေပါသည်။သူတို့၏ခံယူချက်ကို အထောက်အကူပေးရန်အတွက် အာမီးနီးယန်းဝါဒီများက မကြာခဏအသုံးပြုတတ်သည့် အခြားကျမ်းချက်ကိုယခုဆင်ခြင်ကြပါစို့။
ထိုသို့ဆိုသော်လည်း၊ ငါတို့ သည် သင်တို့ ၏ယုံ ကြည်ခြင်းကိုအစိုးရသည်မဟုတ်၊ သင်တို့၏ဝမ်းမြောက်ခြင်းအကြောင်းကိုကူမ၍ သာပြုကြ၏။ အဘယ်ကြောင့်နည်းဟူကား၊ ယုံကြည်ခြင်းအားဖြင့်သင်တို့သည်တည်နိုင်ကြ၏ (၂ ကော၊ ၁း၂၄)။ကယ်တင်ခြင်းစိတ်ချမှုသည် စဉ်ဆက်မပြတ် စွဲမြဲသောယုံကြည်ခြင်းအပေါ်၌အမှီပြုနေသည်ဟု သွန် သင်ရန်အထူးသဖြင့် ဇော်ပြပါကျမ်းချက်၏ နောက် ဆုံးစာကြောင်းကိုအသုံးပြုကြသည်။ ကျွန်ုပ်တို့ သည် စဉ်ဆက်မပြတ် စွဲမြဲစွာယုံကြည်သောအခါမှသာ ကယ်တင်ခြင်းရကြသည်ဟု အာမေးနီးယန်းဝါဒီများကပြောကြသည်။
ရှင်ပေါလုသည်ခြားနားသောအကြောင်းတစ်ခုပြောပါသည်။ကောရိန္တမြို့ရှိယုံကြည်သူတို့အား သူသည်၎ င်းတို့၏အသက်တာများကိုထိန်းချုပ်ဖို့ကြိုးစားခြင်းမဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းပြော ပါသည်။ရှင်ပေါလု ၏ရည်မှန်းချက်မှာ၊ ထိုယုံကြည်သူတို့၏ဝမ်းမြောက် ခြင်းအကြောင်းကို ကူညီ ရေးပင်ဖြစ်၏။ ယုံကြည်ခြင်းနှင့်ပတ်သက်၍ သူတို့သည်ခိုင်မာစွာရပ်တည်ခဲ့ကြသည်။ ရှင်ပေါလုသည် ယုံကြည်သူတို့ခံ ယူထားသည့်ဩဝါဒကိုပြုပြင်ပေးခြင်းမဟုတ်ပဲ၊ သူတို့၏ကျင့်ကြံပြုမူပုံကိုပြုပြင် ပေးခြင်းဖြစ်သည်။ ဤအကြောင်းကို အောက်ဖော်ပြပါကျမ်းပိုဒ်၌တွေ့ရပါသည်။
အထက်ကပြစ်မှား၍ ညစ်ညူးစွာကျင့်ခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ကိလေသာလွန်ကျူးခြင်း အမှုတို့ကိုပြုမိ၍ ယခုတိုင်အောင်နောင်တမရသောသူများကြောင့် ငါစိတ်မသာညည်းတွားသဖြင့်၊ သင်တို့ရှေ့၌ ဘုရားသခင်သည်ငါ့ကို နိမ့်ချတော်မူသည်ဟူ၍၎င်းစိုးရိမ်ခြင်းရှိ၏။ ဤတတိယအကြိမ်တွင် သင်တို့ဆီသို့ငါလာမည်ဖြစ်၍၊ သက်သေခံနှစ်ဦးသုံးဦးအားဖြင့် စကားရှိသမျှတို့သည်တည်ရလိမ့်မည်။ တဖန်ငါရောက်လာလျှင် သင်တို့ကိုမသနားရဟု ပြစ်မှားသောသူမှစ၍ ကြွင်းသောအပေါင်းတို့အား အထက်ကငါပြောသည်သာမကယခုပင်သင်တို့နှင့်အတူမရှိသော်လည်း၊ တဖန်ရှိဘိသကဲ့သို့ ငါပြောနှင့်၏။ သင်တို့တွင် အားနည်းတော်မမူ၊ အားကြီးတော်မူသောခရစ်တော်သည် ငါ၌ဗျာဒိတ်တော်မူခြင်းသက်သေကို သင်တို့သည် သောကြောင့် ငါရောက်လာသော အခါ မသနားရ။အကြောင်းမူကား၊ ထို ခရစ် တော် သည် အားနည်းခြင်းနှင့်လက်ဝါးကပ်တိုင်မှာအသေခံသော်လည်း ဘုရားသခင်၏တန်ခိုးတော် နှင့်အသက်ရှင်တော် မူ၏။ ငါတို့သည်လည်း ခရစ်တော်၏နည်းတူ အားနည်းသော်လည်း သင်တို့တွင်ပြသော ဘုရားသခင်၏တန် ခိုးတော်အားဖြင့် ခရစ်တော်နှင့်အတူအသက်ရှင်ခြင်းရှိကြလိမ့်မည်။ သင်တို့သည် ယုံကြည်ခြင်း၌တည်သ လော၊ မတည်သလောဟု ကိုယ်ကိုကိုယ်စစ်ကြောကြလော့။ ကိုယ်ကိုကိုယ်စုံစမ်းကြလော့။ အစစ်မခံနိုင် သောသူမမှန်လျှင်၊ ယေရှုခရစ်သည်သင်တို့၌တည်တော်မူသည်ဟု ကိုယ် အကြောင်းကိုယ်မသိကြသလော(၂ ကော၊ ၁၂၂၁ – ၁၃၅)။
ပြောရမှာတော့ဝမ်းနည်းစရာပါ။ ယုံကြည်သူတို့ သည်၂ကော၊၁၂၂၁ ၌ဖော်ပြထားသည့် ဒုစရိုက်သုံးမျိုးကို ကျူးလွန်နိုင်ကြပါသည်။ထိုဒုစရိုက်ကိုပြုမိသူတို့သည် ငရဲဘုံသို့ချပစ်ခြင်းခံကြရသည်ဟူ၍ တမန်တော် ကမပြောပါ။ သို့သော်လည်း၊ သူသည်ကောရိန္ဒုမြို့သို့ ရောက်သောအခါ၊ဒုစရိုက်ပြု မိသူတို့ကိုမသနားဘဲ၊ သက်သေခံနှစ်၏ဦးသုံးဦးတို့၏စကားကိုအခြေပြုပြီး ဆုံးမပဲ့ပြင်မည်ဖြစ်ကြောင်း၊ ရှင်ပေါလုက ထိုသူတို့ ကိုကြိုတင်သတိပေးထားပါသည်။
ဤသို့ပြောဆိုရာတွင် ရှင်ပေါလုသည်ဆရာအချို့တို့၏လုပ်ရပ်ကိုသိထားသည်။ ထိုဆရာများက ရှင်ပေါလုသည်တမန်တော်စစ်မဟုတ်ပါဟုပြောဆိုလျက်၊ ကောရိန္ဒမြို့ရှိယုံကြည် သူတို့ကိုဖြား ယောင်းသွေးဆောင်ခဲ့ကြသည်။ သို့ဖြစ်ရကား၊ ရှင်ပေါလုက .. ခရစ်တော် သည်ငါ၌ဗျာဒိတ်ပြတော် မူခြင်းသက်သေကို သင်တို့သည်ရာသောကြောင့် … သင်တို့သည်ယုံ ကြည်ခြင်း၌တည်သလော၊ မတည်သလောဟု ကိုယ်ကို ကိုယ်စစ်ကြောကြလော့” ဟု ပြောပါသည်။ (နောက်ဆုံး အငယ် ၃ နှင့် ၄ တို့သည်စကားချပ်ဖြစ်သည်)။ ရှင်ပေါလုသည် တမန်တော်တစ်ပါးဖြစ်ကြောင်းကောရိန္ဒ မြို့ရှိယုံကြည်သူ များကိုယ်တိုင်သည် သက်သေဖြစ်ကြသည်။သူတို့ ကို ဘုရားသခင်၏သိုးသငယ်ထံတော်သို့ ပို့ဆောင်ပေးခဲ့သူမှာရှင်ပေါလုဖြစ်သည် (၁ကော၊ ၉း ၂)။ ဝိညာဉ်ဖခင်တစ်ဦးအနေဖြင့် သူတို့ထံ၌အစေခံခဲ့ သူမှာ လည်း ရှင်ပေါလုပင်ဖြစ်သည်။ သို့ဖြစ်လေရာ၊ ရှင်ပေါလုက ကောရိန္တမြို့ ရှိယုံကြည်သူတို့ အား “ကိုယ်ကို ကိုယ်စုံစမ်းကြလော့။အစစ်မခံနိုင်သောသူမမှန်လျှင်၊ ယေရှုခရစ်သည် သင်တို့၌တည်တော် မူသည်ဟု ကိုယ်အကြောင်းကိုယ်မသိကြသလော။ ငါတို့သည်အစစ်ခံနိုင်သောသူဖြစ် သည်ကိုသင်တို့သိကြ လိမ့်မည်ဟု ထင်မှတ်မျှော်လင့်ခြင်းရှိ၏” ဟု ပြောပါသည် (ငယ် – ၅ခ-၆)။ အကယ်၍ သခင်ခရစ်တော် သည်ထို သူတို့၌တည်တော်မမူလျှင်၊ ထိုသူတို့ သည်ယုံကြည်သူဖြစ်ကြောင်းစမ်းသပ် ချက်ကိုအောင်မြင်ကြမည်မဟုတ်ပါ။ သို့သော်လည်း၊ ဤယုံကြည်သူတို့သည်မိမိတို့အထဲ၌ သခင်ခရစ် တော်တည်တော်မူကြောင်းကိုသိခဲ့ကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရှင်ပေါလု၏သာသနာလုပ် ငန်းအား ဖြင့်ဖြစ်သည်။ထို့ကြောင့်၊ ရှင်ပေါလုသည် စစ်မှန်သောတမန်တော်တစ်ပါးဖြစ်ပါသည်။
ဂလာတိမြို့၌ရှိသောယုံကြည်သူများထံသို့ပေးပို့သော ရှင်ပေါလု၏ဩဝါဒစာကိုကြည့်ကြပါစို့။ ထိုဩဝါဒစာထဲတွင် သူက ခြားနားသောပြဿနာတစ်ခုဖြစ်သည့် အကျင့်အားဖြင့်ကယ် တင်ခြင်းရရှိ သည်ဟူသောမှားယွင်းသောအယူဝါဒကို ပြုပြင်ပေးခဲ့သည်။ပညတ်တရား အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရန် ကြိုးစားနေကြသောသင်တို့သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည်။ရွေ့လျော့ကြပြီ (ဂလာ၊ ၅း၄)။အခြေအနေပေါ်၌တည် သောကယ်တင်ခြင်းကို ယုံကြည်သူတို့အတွက် ဤကျမ်းချက် သည်အကြိုက်နှစ်သက်ဆုံးသက်သေပြကျမ်းချက်တစ်ချက်ဖြစ်ပါသည်။ ခရစ်ယာန်တစ်ဦးသည် အပြစ်ကျူး လွန်သောအခါ၊သူသည်ကျေးဇူးတရား၌မတည်တော့ပဲ၊ ရွေ့လျော့သွားသည်။ သို့ဖြစ်ရကား၊ နောက်တစ်ဖန် ကယ်တင်ခြင်းမခံရတော့ပါ ဟူသောအချက်ကိုပြသရန်အတွက် ထိုသူတို့ကအဆိုပါ ကျမ်းချက်ကို ကိုးကားကြသည်သို့သော်လည်း ကျမ်းစာကဤသို့ပြောပါသလား။
တမန် တော်က ခရစ်ယာန်များကို ပြောခြင်းမဟုတ်ကြောင်းသိသာလှပါသည်။ “ပညတ်တရားအား ဖြင့်ဖြောင့်မတ်ရာသို့ရောက်ရန်ကြိုးကြသောသင်တို့ သည်”ဟူသော စကားရပ်၏ဖော်ပြချက်ကထိုသူတို့သည် ဘယ်သောအခါမှ ဖြောင့်မတ်ရာသို့မရောက်ခဲ့ကြ ကြောင်း၊သက်သေထူနေသည်။ ဘုရားသခင် ကသူတို့ အား ဖြောင့်မတ်ရာသို့ရောက်သောသူများအဖြစ် မှတ်ယူနိုင်ရန်အလို့ငှါ သူတို့သည်မှားယွင်း သောနည်းလမ်းဖြင့် ဖြောင့်မတ်ရာသို့ရောက်ရန် ရှာဖွေနေကြသည်။ ထိုမှားယွင်းသောနည်းလမ်းဖြင့် သူ တို့ သည်နှောင့်မတ်ခြင်း ကို ဘယ်တော့မှတွေ့ ရှိကြမည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော်၊ ပညတ်တရားကိုစောင့်ထိန်းခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရန် မဖြစ်နိုင်သောကြောင့်ဖြစ်သည်။ “ထိုသို့ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှား စေသည်ဖြစ်သောကြောင့်၊ ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှဖြောင့်မတ်ရာသို့မရောက်ရာ” (ရောမ ၃း၂၀)။
ပညတ်တရားများကို လိုက်နာစောင့်ရှောက်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရန် ကြိုးစားသောသူ တို့သည် ခရစ်တော်နှင့်ကင်းကွာသွားသောသူများဖြစ်လာကြသည်။ ဤအချက်က ထိုသူတို့သည် အရင်တစ်ခါကခရစ်တော်၌တည်နေကြပြီးနောက် ယခုတွင်ခရစ်တော်၏အဆက် ဖြတ်ခြင်းကိုခံကြရ၏ဟူ၍ မဆိုလိုပါ။ ဤကဲ့သို့ ဆိုလိုခြင်းထက် ခရစ်တော်ထံမှသူတို့လက်ခံရရှိမည့် မည်သည့်အကျိုးကျေးဇူးကိုမဆို သူတို့ကိုယ်တိုင်ကဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟူ၍ ဆိုလိုပါသည်။ သူတို့သည် သခင်ဘုရားနှင့်ပညတ် တရားအကြား၌ ရွေးချယ်မှုကိုပြုကြရမည်။ တစ်ခုကိုရွေးချယ် ခြင်းသည်သူ့ကိုအက်ခုမှဖြတ်တောက် လိုက်သည်။ ဤနှစ်ခုထဲမှတစ်ခု ကိုသာရွေးချယ်ရမည်ဖြစ်ပြီး၊ နှစ်ခုစလုံးကိုရွေးချယ်ရန်မဖြစ်နိုင်ပါ။ ခရစ်တော်သည်အလုံးစုံ သို့မဟုတ် ဗလာနတို့ဖြစ်ရမည်။
ခရစ်ယာန်များထံသို့ရေးသားပေးပို့သောဩဝါဒစာထဲ၌ ပေါလုကကယ်တင်ခြင်းမရသောသူတို့ကို အဘယ့်ကြောင့်ဦးတည်ပြော ဆိုပါသနည်းဟုဆိုပြီး အချို့ကအံ့ဩကောင်းအံ့ဩကြပေလိမ့်မည်။ တမန်တော်ကြီးသည်လက်တွေ့ သမားတစ်ဦးဖြစ်ပါသည်။ များစွာသောအသင်းတော်တို့တွင်စစ်မှန် သောယုံကြည်သူများနှင့် ဘယ်သောအခါမှအသစ်တစ် ဖန်မွေးဖွားခြင်းမခံခဲ့ဖူးသောလူများယှက်နွယ်နေသည့် “ရောနှောနေသောလူစုလူဝေး”ရှိကြောင်း တမန်တော်ကတွေ့မြင်ထားသည်။ ဤအနေအထား သည်အထူးသဖြင့် ဂလာတိပြည်၌ရှိသောအသင်းတော်များ၌ မှန်နေခဲ့သည်။ထိုအသင်းတော် များ၌ပါဝင်ရောယှက်နေသောသူတို့သည် မှားယွင်းသောဧဝံဂေလိတရားကို လိုက်လံဟောပြော သည့်မှားယွင်းဆရာတို့၏ဖျက်ဆီးခြင်းကိုခံခဲ့ကြသည်။ သို့ဖြစ်သောကြောင့်၊ တမန်တော်က သူ၏စာဖတ်ပရိသတ်များထဲ၌ မယုံကြည်သူများကိုလည်းထည့်သွင်းရန်လက်မနှေးခဲ့ခြင်းဖြစ်ပါသည်။
နောက်ထပ်ကျမ်းချက်တစ်ချက်ဖြစ်သော ဧဖက်၃း၁၇ သည်လည်း၂ကော၊ ၁း၂၄ ကို အထက်က ဆွေးနွေးခဲ့ ကြသည့်အတိုင်း အခြေအနေပေါ်၌တည်သောကယ်တင်ခြင်းစိတ်ချမှုကို ထောက်ခံပြောဆို သူတို့၏ အသုံးချခြင်းကိုခံရသည်။ကျွန်ုပ်တို့သည်ယုံကြည်ခြင်း၌စွဲမြဲနေသရွေ့ကာလပတ်လုံး ခရစ်တော် သည် ကျွန်ုပ်တို့၏စိတ်နှလုံးအထဲ၌ကျိန်းဝပ်မည်ဟု ဤကျမ်းချက်ကိုမှားယွင်း စွာအဓိပ္ပါယ်ဖွင့် ဆိုကြသည်။ ဤသို့ဖွင့်ဆိုခြင်းသည် အရေးကြီးသောဖွင့်ဆိုချက်နှစ်ချက် ကိုအမြင်မှားနေခြင်းဖြစ်သည်။
ပထမအချက်မှာ-ခရစ်တော်သည် ယုံကြည်သူတစ်ဦး၏အသက်တာထဲ၌ (စိတ်နှလုံးထဲ၌) တစ်ကြိမ်ကျိန်ဝပ်တော်မူလျှင် ကိုယ်တော်သည်ဘယ်တော့မှပြန်လည်ထွက်ခွာမသွားတော့ပါ။ ကိုယ်တော်က “ငါသည်သင့်ကိုမစွန့်၊ သင့်ကိုအလျင်းပစ်၍မထား” ဟု ဂတိပေးထားပါသည် (ဟေဗြဲ၁၃း၅ခ)။ တစ်ဖန် “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့် တိုင်အောင်သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဟု မိန့်တော်မူ၏ ( မ၊၂၈ ၂၀)။
ဒုတိယအချက်မှာ- စစ်မှန်သောခရစ်ယာန်တစ်ဦးသည် သူ၏ယုံကြည်ခြင်းကိုရပ်တန့်ရန်ဆုံးဖြတ် ချက်ချနိုင်သည်ဟူသောအယူအဆသည် ၊သမ္မာ ကျမ်းစာသွန်သင်ချက်နှင့်တစ်ခြားစီဖြစ်နေသည်။ ကျွန်ုပ်တို့သည်ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းရကြသလို၊ ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ကြပါသည် (ဂလာ၊ ၂း၂၀)။ ကျွန်ုပ်တို့အား ထာဝရအသက်ကိုလက်ဆောင်အဖြစ်ပေးသောသူက ထိုအသက်ကို ကျွန်ုပ်တို့ပျော်ရွှင်စွာအစဉ်မပြတ်ခံစားနိုင်ဘို့ ကျွန်ုပ်တို့ကိုကာကွယ်ထိန်း သိမ်းစောင့်ရှောက်ပါမည်ဟူ၍ အာမခံပါသည်။
အကယ်၍ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏တည်တံ့ခိုင်မြဲခြင်းအပေါ်၌တည်နေပါက အဆိုပါကယ်တင်ခြင်းသည် တန်ဖိုးကင်းမဲ့သွားပါလိမ့်မည်။ သို့သော်လည်း၊ ၄င်းသည် ဘုရားသခင်တစ်ပါးတည်းကပေးအပ်သောအရာဖြစ်သော ကြောင့် လုံးဝစိတ်ချရပါသည်။
တိမောသေထံသို့ရေးသားသည့် ရှင်ပေါလု၏ဩဝါဒစာများထဲတွင်မှားယွင်းသောအသက်ရှင်ခြင်းနှင့် သွန်သင်ခြင်းတို့၏အန္တာရာယ်များအကြောင်းကိုသွန်သင်သည့် ကျမ်းပိုဒ်အများအပြားပါရှိပါသည်။ မည်သည့်အန္တာရာယ်များဖြစ်ကြသည်ကို လေ့လာကြပါစို့။မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ်သူအိမ် သားတို့ကိုမပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကိုငြင်းပယ်၏။ မယုံကြည် ဘူးသောသူထက်သာ၍ယုတ်မာ၏ (၁ တိ၊ ၅း၈)။
သူတို့အားကြည့်ရှုပြုစုရန်အတွက် တစ်ဦးတစ်ယောက်၏ကူညီမစမှုကိုလိုအပ်နေသောမုဆိုးမများ အသင်းတော်ထဲ၌ရှိလာသောအခါ၊သူတို့ကိုကြည့်ရှုပြုစုရမည့်တာဝန်သည် ဦးစွာပထမ သူတို့၏ အိမ်သူအိမ်သားများ သို့မဟုတ် ဆွေမျိုးများအပေါ်၌ကျရောက်ပါသည်။ အကယ်၍ပြုစုရန် တာဝန်ရှိသူတစ်ဦးတစ်ယောက်သည် ဆွေမျိုးတော်သူမုဆိုးမအား ကူညီမစရန်ငြင်းပယ်လျှင်၊ ထိုသူသည် ယုံကြည်ခြင်းတရားကိုငြင်းပယ်ခြင်းဖြစ်ပြီး၊ သူသည်မယုံကြည်သူထက်သာ၍ယုတ်မာလေသည်။
သူသည် အဘယ်သို့ယုံကြည်ခြင်းတရားကိုငြင်းပယ်ပါသနည်း။ခရစ် ယာန်ယုံကြည်ခြင်းတရားက သွန်သင်ထား သည့် အရာနှင့်ဆန့်ကျင်နေသောအရာကိုလုပ် ဆောင်လိုက်ခြင်းအားဖြင့် သူကယုံကြည်ခြင်း တရားကိုငြင်းပယ်လိုက်လေ၏။ ဤသည်ကထိုသူသည် မိမိ၏ယုံကြည်ခြင်းကို လွင့်ပစ်လိုက်သည်ဟု မဆိုလိုပါ။ ထိုသူသည် ချစ်စရာမကောင်းသော၊ဥပေက္ခာ ပြုသောအပြုအမူတို့ ကိုပြုကျင့်၍ အတ္တလမ်းစဉ်သို့ လျှောက်လှမ်းခဲ့လေသည်။
သူသည် အဘယ်သို့ မယုံကြည်ဘူးသောသူထက် သာ၍ယုတ်မာပါသနည်း။ မယုံကြည်သူတို့သည် ယေဘုယျအားဖြင့်ဆင်းရဲ၍ခိုကိုးရာမဲ့သောမိမိတို့ချစ်ခင်ကြင်နာသည့်သူတို့ကို ကြည့်ရှုပြုစုကြသည်။ မယုံကြည်သူတို့သည်ဤတာဝန်မဲ့သောခရစ်ယာန်ထက် လူသားချင်းဆိုင်ရာစာနာမှု ကိုသာ၍ထုတ် ဖော်ပြသကြသည်။
အထက်ပါကျမ်းချက်သည် ယုံကြညသူ၏ကယ် တင်ခြင်းနှင့် ဘာမှပတ်သက်မှုမရှိပါ။ မိမိ၏မိခင် မုဆိုးမကိုကြည့်ရှုပြုစုရန်ပျက်ကွက်သဖြင့်ထိုသူသည် ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်သည်ဟူ၍ အရိပ်အမြွတ်မျှပြောဆိုထားခြင်းမျိုးလည်းမရှိပါ။ သို့သော်လည်း၊ ရှင်ပေါလု၏ပြင်းထန်သောပြစ် တင်ဆုံးမချက်က တာဝန်မဲ့ခရစ်ယာန်အား “ယုံကြည်ခြင်းကို လက်တွေ့အကျင့်နှင့်ပေါင်းစပ်ဖို့” သတိမူမိစေပါသည်။
ငွေရတတ်ခြင်းငှာအလိုရှိသော သူတို့သည် အပြစ်သွေးဆောင်ခြင်း၊ဘမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း ၌ နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့ တွင်မူလ အမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် ယုံကြည်ခြင်း တရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင် ထိုးကြပြီ။ သို့ဖြစ်၍ အိုဘုရားသခင်၏လူ၊သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက် လော့။ ယုံကြည်ခြင်းနှင့် ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်း ကိုပြုလော့။ထာဝရအသက်ကို ကိုင်ယူလော့။ ထိုအသက်ကိုရမည်အကြောင်း၊သင်သည်ခေါ်တော်မူခြင်းကို ခံရ၍၊ သက်သေအများတို့ရှေ့ ၌ကောင်းမွန် စွာဝန်ခံပြီ (၁ တိ ၆း၉-၁၂)။
ငွေကိုတပ်မက်ခြင်းမရှိရန် တိမောသေကိုသတိပေးရာ၌ ရှင်ပေါလုကငွေရတတ်ခြင်းငှာ အလိုရှိသော သူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဘမ်းမိခြင်း၊မိုက်မဲဖျက်ဆီးတတ် သောတပ်မက်ခြင်း များထဲသို့ ကျရောက်တတ်၏ဟုပြောပါသည်။ ဤကျမ်းချက်၏အဆုံးပိုင်းသည် ကယ်တင်ခြင်းဆုံးရှုံးသည် ဟုမဆိုလိုဘဲ၊ ခန္ဓာ၊ စိတ်၊ ဝိညာဉ်သုံးဖြာချမ်းသာမှုကြီး ပျက်စီးသွားသည်ဟုဆိုလိုပါသည်။ သူတို့ကိုဖန်ဆင်း ခြင်း၏ရည်ရွယ်ချက် ပျက်စီးသွားကြောင်းဤစကားရပ်ကဖော်ပြပါသည်။ ယုံကြည်သူတစ်ဦးအတွက်မူကား၊ သူ၏မိသားစု၊ ငွေကြေး၊ နေအိမ်နှင့် ပုံသက်သေတို့ကို ပျက်စီးဆုံးရှုံးသွားနိုင်သည်ဟုဆိုလိုပါသည်။ ဤအချက်က အဂတိလိုက်စားခြင်း၊ လာဘ်ပေးလာဘ်ယူမှုပြုခြင်း၊ ငွေကြေအလွဲသုံးစားမှုပြုခြင်း နှင့်ခိုးယူခြင်းတို့ကြောင့် ထောင်ကျခဲ့ရခြင်းများပါဝင် နိုင်ပါသည်။
ငွေကိုတပ်မက်ခြင်းသည် လူအချို့တို့အားယုံကြည်ခြင်းတရားလမ်းမှလွဲသွားစေပါသည်။ ငွေကိုတပ်မက်သူတို့သည် ရွေ့လျားဖောက်ပြန်သူများဖြစ်လာကြပြီး၊ သန့်ရှင်းခြင်းတရားလမ်းကိုစွန့်ခွာ၍ ဒုစရိုက်ရှိရာနယ်ပယ်များထဲသို့ လွှဲသွားကြသည်။ သူတို့သည်ခရစ်ယာန်အခြေခံယုံကြည်ချက်များကို မငြင်းပယ်ကြသော်လည်း၊ ဧဝံဂေလိတရားနှင့်မထိုက်မတန်စွာ ပြုမူပြောဆိုလျက် အသက်ရှင် နေထိုင်ကြသည်။ သူတို့၌ယုံကြည်ခြင်းရှိနေဆဲဖြစ်သော်လည်း လျှောက်လှမ်း အသက်ရှင်ခြင်း မရှိကြပါ။ငယ်ရွယ်သောတိမောသေသည် ဤကဲ့သို့မကောင်းသော အရာများနှင့် လွန်ဆွဲမနေသင့်ပဲ၊ ဩဝါဒကိုစွဲကိုင်လျက်အသက်ရှင်သင့်ပါသည်။ထာဝရအသက်ကို ရယူပိုင်ဆိုင်ရာ၌ပါဝင်သော “အကျိုးအမြတ်များ၊ အခွင့်အရေးများနှင့်တာဝန်များကို သိမှတ်လျက်၊ လက်တွေ့ကျကျ အသက်ရှင် သင့်ပါသည်။ (W.E.Vine)
အငယ် – ၁ ၂ တွင် သူ၏ကောင်းသောအကျင့် သို့ မဟုတ်လုပ်ဆောင်ချက်များအားဖြင့် တိမောသေသည်ထာဝရအသက်ကို ရယူနိုင်ခဲ့သည်ဟူ၍ အရိပ်ပြတ်ပြောကြားထားခြင်းမျိုးမရှိပါ။ သူသည်ထာဝရအသက်ကိုရရှိခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ဤအချိန်နှင့်ဤနေရာ၌ သူသည်လိုထာဝရအသက်ကို ပျော်ရွှင်ဝမ်းမြောက်စွာခံစားရန် အားပေးခြင်းခံပါသည်။
ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍၊မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ၊ ငါတို့ခံစားဘို့ရာအလုံးစုံတို့ကိုကြွယ်ဝစွာပေးသနားတော်မူသော အသက်ရှင်တော်မူသောဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့်၊ သူတစ်ပါးအားကျေးဇူးပြုခြင်း၊ကောင်းသောအကျင့် ၌ကြွယ်ဝပြည့်စုံခြင်း၊ စွန့်ကြဲ ချင် သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းဆက်ဆံခြင်း၊ မှန်သောအသက်ကိုဝင်စားလိုသောငှာ နောင်ဘဝ၌ကောင်းသောဘဏ္ဍာကို မိမိတို့အဘို့ဆည်းပူးခြင်း တို့ကို ပြုရမည်အ ကြောင်း ပညတ်ထားလော့ (၁ တိ၊၆း၁၇-၁၉)။
မိမိတို့၏ဘဏ္ဍာငွေကြေးများကို သိုဝှက်သိမ်းဆည်းခြင်းအားဖြင့်မဟုတ်ပဲ၊ ကောင်းသောအကျင့်ကိုကျင့်ခြင်း၊ ကောင်းသောအကျင့်၌ကြွယ်ဝပြည့်စုံခြင်း၊ ”စွန့်ကြဲချင်သောစေတနာစိတ်ရှိခြင်း၊ အချင်းချင်းမှန်မှန်ကန်ကန်ဆက်ဆံခြင်း”များအားဖြင့် ထာဝရအသက်ကိုစွဲကိုင်ရန်ဤနေရာ၌ ချမ်းသာကြွယ်ဝသော ခရစ်ယာန်များကို သွန်သင်ထားပါသည်။ဤသည်အကျင့်အားဖြင့် ကယ်တင်ခြင်းရရှိခြင်းမဟုတ်ဘဲ၊ ထိုအကျင့်တို့သည်ကယ် တင် ခြင်း၏အသီးအပွင့်ဖြစ်ပါသည်။
အို၊ တိမောသေ သင်၌အပ်ထားသောအရာကို စောင့်ရှောက်လော့။တရားမဲ့ဖြစ်သော အချည်းနှီးစကား ပြောခြင်းကို၎င်း၊ သိပ္ပံအတတ်ဟူ၍ အလွှဲခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့် ယှက်ခြင်းကို ၎င်းရှောင်လော့ ။ ထိုသိပ္ပံအတတ်ကို လူအချို့တို့သည်ဝန်ခံပြုစု သောအားဖြင့်ယုံ ကြည်ခြင်း တရား လမ်းမှလွဲကြပြီ (၁ တိ ၆း၂၀-၂၁ က)။
တစ်ဖန်၊ ရှင်ပေါလုက ယုံကြည်ခြင်းတရားလမ်းမှလွဲသွားသောအသွင်သဏ္ဍာန်ကိုဖော်ပြထားပါသည်။ ဧဖက်မြို့ရှိခရစ်ယာန်အချို့တို့သည်“တရားမဲ့ဖြစ်သောအချည်းနှီးစကားပြောခြင်းကို၎င်း၊ သိပ္ပံအတတ်ဟူ၍အလွဲ ခေါ်ဝေါ်သော သိပ္ပံအတတ်ဆီးတားနှောင့်ယှက်ခြင်းကို ၄င်း”မစူးမစမ်းဘဲ လက်ခံခဲ့ကြသည်။ ဘုရားမဲ့ဖြစ်သောအချည်းနှီးသောပြောဆိုခြင်းနှင့် အလွဲသွန်သင်ချက်များကို ခံယူခြင်းသည် ယုံကြည်ခြင်းကတည်ဆောက်ထားသမျှသောအရာတို့နှင့် လွှဲချော်စေပါသည်။ သို့မဟုတ်အမှား များကိုဖြစ်ပေါ်စေသည်။ တစ်ဖန်ပြောရလျှင်၊ ဤကျမ်းချက်သည်ထာဝရကယ်တင်ခြင်းနှင့် ဆိုင်သောအကြောင်း မဟုတ်ပါ။ သို့သော်အချက်အချာကျသောဩဝါဒမှ လှည့် စားသောမေးခွန်း များအဖြစ်သို့လွှဲဖယ်ကြသည်။
လူပျိုတို့၏ တပ်မက်ခြင်းကိလေသာစိတ်ကိုကြဉ်ရှောင်လော့။ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍သခင်ဘုရားကို ပဌနာပြုသောသူတို့နှင့်အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက်လော့။ မိုက်မဲ၍ ပညာကင်းသောပုစ္ဆာအမေးတို့သည် ရန်ပွားစေတတ်သည်ဟု သိမှတ်၍ပယ်ရှားလော့။ သခင်ဘုရား၏ ကျွန် သည်ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ ဆုံးမဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊သည်းခံနိုင်သောသူဖြစ်ရ မည်။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလို့ငှာ နောင်တကိုဘုရားသခင်ပေးကောင်းပေး တော်မူ၍၊ မာရ်နတ်၏အလိုအတိုင်းဘမ်းမိသောထိုသူတို့သည် သတိရ၍ ထိုဘမ်းမိရာမှလွတ်ခြင်းသို့ရောက်ကောင်းရောက်ကြလိမ့်မည် (၂ တိ၊ ၂း၂၂-၂၆)။
ကယ်တင်ခြင်းရရှိသောသူတို့ သည်မာရ်နတ်၏ ထောင်ချောက်ထဲ ၌ကျော့မိခံရခြင်းအားဖြင့် လူတို့၏ ကယ်တင်ခြင်းဆုံးရှုံးသွားနိုင်သည်ဟူ၍ လွဲမှားစွာမှတ်ယူနိုင်အောင် အငယ်-၂၅ နှင့် ၂၆ က ဖော်ပြထား သကဲ့သို့ဖြစ်သည် ၊ ဤကျမ်းချက်များက ဤသို့ အမှန်ာကယ်ပြောပါသလား ။ဤကျမ်းချက် များက၊, တိ မောသေအား၊အသင်းတော်အတွင်း၌မိုက်မဲ၍ပညာကင်းမဲ့သည့် ပုစ္စာအမေး များ ကို မေးမြန်းတတ်သောသူတို့အား
အဘယ်သို့ဆက်ဆံရမည်ကိုပြောပါသည်။ ထိုသူတို့သည် ရန်ပွားများလာစေရန်နှင့် စိတ်ဝမ်းကွဲပြားလာ စေရန်အတွက် စာတန်၏အသုံးချခြင်းကိုခံသောသူများဖြစ်ကြပါသည်။ တိမောသေသည်ထိုသူတို့ကို သည်းခံခြင်း၊နှိမ်ချခြင်းနှင့်ကြင်နာခြင်းဖြင့် ဆက်ဆံသင့်သည်။ ဤသူတို့သည်၄င်းတို့၏တဇွတ်ထိုးမိုက် မဲမှုများကို နောင်တရလျက်၊ ရန်ပွားနေသည့်ကိစ္စရပ်၏အဖြေမှန်ကို သိမြင်နားလည်လာကြမည်ဟု မျှော်လင့်ပါသည်။ သူတို့သည်မာရ်နတ်၏ ကိုယ်စားလှယ်များပမာ ဘုရားသခင်၏လူများအကြား ကွဲပြဲအောင်ဖန်တီး သည့်အလုပ်ထဲ၌ မာရ်နတ်ကိုအကူ အညီပေးခဲ့မိ ကြောင်းတွေ့မြင်နားလည် ကြပါလိမ့်မည်။
တစ်ဖန်၊ ဤကျမ်းပိုဒ်က ကယ်တင်ခြင်းရရှိသောသူတို့သည်ကယ်တင်ခြင်းဆုံးရှုံးနိုင်သည်ဟူ၍ မသွန်သင်ပါ။ သို့သော်လည်း၊ သူတို့သည်အသေး အဖွဲ ကိစ္စများကိုအငြင်းအခုံ ပြုလျက်၊ ရန်ပွားစေတတ် သောအမှုကို လုပ်ဆောင်ခြင်းဖြင့် စာတန်၏အစီအမံများကို အားပေးကူညီနိုင်ကြသည်။
ယာကုပ်သည် ခရစ်ယာန်ဖြစ်သည်ဟုနှုတ်အားဖြင့်ဝန်ခံသောယုံကြည်သူစာဖတ်ပရိသတ်များဆီသို့ သူ၏စာကိုရေးသားခဲ့သည်။ထိုပရိသတ်ထဲ၌များစွာသောသူတို့သည် ၄င်းတို့၏ကယ်တင်ခြင်းနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာကောင်းသောအ သက် တာများနှင့်အသက်ရှင်နေထိုင်ခဲ့ကြသည်။ သို့ဖြစ်ရကား၊ ယာကုပ်၏ဩဝါဒစာထဲတွင်ထက်သည့် သတိပေးစကားတစ်ချို့ပါဝင်ခြင်းမှာ အံ့သြစရာမဟုတ်ပါ။
စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ သခင်ဘုရားကိုချစ်သောသူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။အပြစ်သွေးဆောင် ခြင်းကိုခံရသောသူမည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်ကော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည်ဘုရားသခင်ကို ပထွေး နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ် သို့သွေးမတော်မမူ။ မိမိတပ်မက်သောစိတ်ဆွဲငင် ဖြား ယေင်းခြင်းကို ခံသူမည်သည်ကားအပြစ်သွေး ဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည်ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဘွားတတ်၏။ ဒုစရိုက်သည်လည်း
ပြည့်စုံလျှင် သေခြင်းကို သွားတတ်၏ (ယော၊ ၁း၁၂-၁၅)။အငယ်-၁၂ တွင် ယာကုပ်က သန့်ရှင်းသောစမ်းသပ် စစ်ဆေးခြင်းများနှင့်မသန့်ရှင်းသောစုံစမ်းသွေးဆောင်ခြင်းများအကြောင်း နှစ်ခုစလုံး
ကိုပြောခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ မူရင်းဂရိဘာသာစကားတွင် စမ်းသပ်စစ်ဆေးခြင်းနှင့် စုံစမ်းသွေးဆောင်ခြင်းစကားလုံးတို့ သည်အတူတူပင်ဖြစ်သည်။ ဤအရာတို့ကိုသည်းခံသောသူသည် ထာဝရအသက်မဟုတ်ပဲ။အသက်သရဖူကိုချီးမြှင့်ခြင်းခံရမည်။ ဤအချက်သည်ဆုလာဒ်များနှင့်ဆိုင်သော အကြောင်းဖြစ်ပြီး၊ ကယ်တင်ခြင်းနှင့်မဆိုင်ပါ။
အငယ် ၁၃-၁၅ က မသန့်ရှင်သောစုံစမ်းသွေးဆောင်ခြင်းများအကြောင်းကို ရှင်ရှင်းလင်းလင်းပြောပြပါသည်။ အပြစ်လုပ်ရန်စုံစမ်းသွေးဆောင်ခြင်းများသည်ဘုရားသခင်ထံမှမလာပဲ၊ အပြစ်၌ပြိုလဲသောလူ့သဘာဝမှ လာပါသည်။ယာကုပ်ကလူ့ဘဝ၌အပြစ်ဒုစရိုက်အဆင့်ဆင့်ဖြစ်ပေါ်လာပုံကိုပြောပြထားပါသည်။ တပ်မက်သောစိတ်ကပဋိသန္ဓေယူခြင်း၊ ဒုစရိုက်ကိုဖွားမြင်ခြင်းနှင့် နောက်ဆုံးတွင် သေဆုံးခြင်းစ သည်တို့ဖြစ်ပါသည်။ခရစ်ယာန်တစ်ဦးသည် တချိန်လုံးဒုစရိုက်ပြုကာ သေဆုံးသွားသည်ဟူ၍အဓိပ္ပါယ် ပေါက်အောင် ယာကုပ်ကမပြောပါ။ ကောင်းကင်မှဆင်းသက်သောမုန့်ကိုစားသောသူသည် သေခြင်းနှင့်ကင်းလွတ်၏ (ယော၊ ၆း၅၀)၊သူ့ကိုယုံကြည်၍အသက်ရှင်သူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည် (ယော၊ ၁၁း၂၆) ဟူ၍ သခင်ယေရှုကကတိပေးခဲ့သည် မဟုတ်လော။
လူတစ်ဦးသည်ယုံကြည်သူတစ်ဦးဖြစ်နိုင်ပါကြောင်း၊ သို့သော်လည်းဒုစရိုက်ကျူးလွန်နိုင်သေးကြောင်းကို ယာကုပ်ကကောင်းကောင်းသိမြင်နားလည်ထားသည်။ ဤသို့ဆိုလျှင် သူကအဘယ့်ကြောင့် ဒုစရိုက်သည်ပြည့်စုံလျှင် သေခြင်း၌ အဆုံးသတ်ရသည်ဟူ၍ ပြောပါသနည်း။ ဒုစရိုက်၏ကြီးလေးသော ပြစ်မှုကို သူ၏စာဖတ်ပရိသတ်များထံ အသိပေးလို၍ယာကုပ်ကဤကဲ့သို့ ပြောဆိုရခြင်းဖြစ်သည်။ စစ်မှန်သောယုံကြည်သူတို့၏သေခြင်းနှင့်ပတ်သက်၍ပြောရလျှင်၊ ဤယုံကြည်သူတို့၏အပြစ်ဒုစရိုက် များသည် သူတို့၏ဘုရားသခင်က သူတို့ကိုယ်စားခံပေးသည့် သေခြင်း၌အဆုံးသတ်သွားခဲ့သည်။ ဤသူတို့သည် သခင်ခရစ်တော်ကိုယုံကြည်ကိုးစားသည့်အချိန်၌ သူတို့သည်သခင်ဘုရား၌သေခဲ့ကြသည်။ ခရစ်တော်၏အပြင်ဘက်၌ရှိသောသူတို့၏သေ ခြင်းနှင့်ပတ်သက်၍ပြောရလျှင်၊ ဤသူတို့၏ အပြစ်ဒုစရိုက်များသည်ထာဝရသေ ခြင်း၌အဆုံးသတ်စေပါသည်။အစားထိုး အသေခံပေးသော သေခြင်းဖြစ်စေ၊ မည်သည့်သေခြင်းမျိုးမဆိုအစဉ်သဖြင့်အပြစ်တရား၏အခဖြစ်ပါသည် (ရောမ ၆း၂၃)။
အကယ်၍ တစ်စုံတစ်ယောက်က မိမိသည်ကယ် တင် ခြင်းရပြီဟု အခိုင်အမာပြောဆိုသော်လည်း သူ၏အသက်တာသည်ဒုစရိုက်အပြစ်၏လွမ်းမိုးချုပ်ကိုင်မှုကိုခံနေရလျှင် သူ၏ဝန်ခံပြောဆိုချက် သည်လိမ်လည်ခြင်းသာဖြစ်ကြောင်း ပြသခြင်းဖြစ်သည်။ သူသည်ဘယ်သောအခါမှ ယုံကြည်သူမဖြစ်ခဲ့ဖူးပါ။ သူသည်မိမိ၏အပြစ်ကိုနောင် တရ၍သခင်ခရစ်တော်ကိုယုံကြည်ခြင်းမရှိလျှင် သူသည်အပယ်ငရဲ၌လမ်းဆုံးမည်သာဖြစ်သည်။
မတရားသောမေထုန်၌မှီဝဲသောယောက်ျား၊ မိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင် နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကိုမသိကြသလော။ ဤလောကနှင့်မိဿဟာယဖွဲ့ လိုသောသူသည်ဘုရား သခင်၏ရန်သူဖြစ်၏။ ကျမ်းစာချက် အချည်းနှီးသက်သက်ဖြစ်သည်ဟူ၍၄င်း၊ ငါတို့၌တည်နေသော ဝိညာဉ်တော်သည် ဗြုစု စေချင်သော သဘောရှိ သည် ဟူ၍၄င်း၊ထင်ကြသလော။ ထိုဝိညာဉ်တော်သည် သာ၍များသောကျေးဇူးကိုပြုတော်မူ၏၊ ထိုသို့ နှင့် အညီ ကျမ်းစာ လာသည် ကား၊ထောင်လွှားစော်ကား သောသူတို့ကို ဘုရား သခင်ဆီးတားတော်မူ၏။ စိတ် နှိမ့် ချသော သူတို့ အား ကျေးဇူးပြုတော်မူ၏ဟု လာသတည်း။ထို့ကြောင့် ဘုရားသခင်၏ အလိုတော်သို့လိုက်ကြလော့။ မာရ်နတ်ကိုဆီးတားကြလော့။ သို့ပြုလျှင် သူသည်သင်တို့ထံကပြေးသွားလိမ့်မည်။ ဘုရားသခင် ၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကိုစင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကိုသန့်ရှင်စေကြလော့။ ဆင်းရဲငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေမြည်တမ်းခြင်းရှိကြလော့။ သင်တို့ ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်းဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်းကိုလည်းဝမ်းနည်းခြင်းဖြစ်စေကြလော့။ဘုရား သခင်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြောက်တော်မူလိမ့်မည် (ယာ၊ ၄း၄-၁၀)။
ဤကျမ်းချက်များ၌ ယာကုပ်သည်အဘယ်သူတို့ကိုပြောဆိုပါသနည်း။ ခရစ်ယာန်များလား၊ သို့မဟုတ် မယုံကြည်သူများလား၊ ဟူသောသဘာဝကျသည့်မေးခွန်းတစ်ခုပေါ်ထွက်လာပါသည်။ အဖြေမှာ၊ သူ၏ပြော ဆိုချက်သည်အဓိပ္ပါယ်နှစ်မျိုးဖြစ်နေသည်ဟု ဆိုရပေမည်။ ယာကုပ်သည် “ငါ့ကိုပြပါ” ဟူသော ကယ်တင် ခြင်းရပြီးနောက်အသက်တာနှင့်လက်တွေ့ပြရန် အလေးထားသော တပည့် တော်တစ်ဦးဖြစ် ပါသည်။ယုံကြည် ခြင်းရှိသည်ဟူ၍လူတစ်ဦး၏ပြောဆိုချက်ကို ယာကုပ်က ခိုင်လုံသော အထောက်အထား ကိုလို ချင် သည်။ အဘယ့်ကြောင့် ဆိုသော်၊“အကျင့်နှင့်ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏” (ယာ၊ ၂း၂၆) ဟုပြောဆိုထားသောကြောင့်ဖြစ်သည်။
ယာကုပ်က စစ်မှန်သောယုံကြည်သူတို့ကို မတရားသောမေထုန်၌မှီဝဲသောသူများဟု ပြောပါမည်လော။ ထိုသို့ပြောဆိုခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ လူများအသိတရားဝင်ပြီး သတိမူလာရန်အတွက် တစ်ခါတစ်ရံတွင် ပြင်းထန်သောစကားကိုသုံးစွဲရန်လိုအပ်ပါသည်။ စာရေးသူမှတ်မိပါသေးသည်။ တစ်ခါတုန်းကဖြစ်၏။ ချီကာကိုမြို့၌ဖြစ်ပျက် သောအခြေနေများနှင့်ပတ်သက်၍ ထိုမြို့၌ရှိသောခရစ် ယာန်တို့အားဒေသနာဝေရာတွင် သူက “ဒါဟာဘယ်သူ့အမှားလဲ၊ ဒါဟာ မင်းတို့ရဲ့ အမှားကွ၊ ဘုရားတရားမကြည်ညိုဘဲကျမ်းစာအတိုင်းယုံကြည်ကြတဲ့မင်းတို့ (ungodly fundamentalists)ရဲ့အမှားပဲ၊”ဟုဟိန်းဟောက် ၍ရှုတ်ချပြောဆိုခဲ့သည်။ ထိုအခါ၊ ခရစ်ယာန်တို့သည်အထိတ်တလန့်ဖြစ်ပြီး လက်တွေ့ဆောင်ရွက်စရာများကိုလုပ်ဆောင်လာကြရန်အတွက် ဥပမာစကားများ သို့မဟုတ် ထိရောက်မှုရှိသောချဲ့ထွင်သည့်စကားများကို ပြောဆိုသုံးစွဲခဲ့သည်။
လောကကြီးနှင့်မိဿဟာယဖွဲ့ခြင်းကိုဆန့်ကျင်ကြရန် ယာကုပ်သည်ကျွန်တော်တို့ကိုသတိပေပါသည်။ ၄င်းသည် ဘုရားသခင်ကိုရန်ဘက်ပြု၍ဆန့်ကျင်ခြင်းဖြစ်သည်။ ဤသတိပေးချက်သည် သင်နှင့်သက်ဆိုင်ပါက၊လက်တွေ့နာခံလိုက်လျှောက်ရန်သာဖြစ်သည်။
အငယ်- ၅သည် ခက်ခဲသောကျမ်းချက်ဖြစ်ပါသည်။ သာမန်အဓိပ္ပါယ်ဖွင့်ဆိုပုံနှစ်မျိုးကို ဖော်ပြပါမည်။
၁။ဤလောကနှင့်မိဿဟာယဖွဲ့ချင်သောလိုအင်ဆန္ဒကိုကျွန်ုပ်၏အထဲ၌ကျိန်းဝပ်နေသောသန့်ရှင်းသောဝိညာဉ်တော်ကဖြစ်စေသည် သို့မဟုတ် အပြစ်လွတ်သည်ဟု သင်သည်ထင်မြင်ပါသလား။
၂။ဘုရားသခင်အပေါ်၌အကြွင်းမဲ့ဆက်ကပ်ကြရန် သန့်ရှင်းသောဝိညာဉ်တော်အလိုတော်ရှိကြောင်း သမ္မာကျမ်းစာသွန်သင်ချက်များသည်အချည်းအနှီးဖြစ်သည်ဟု သင်သည်ထင်မြင်ပါသလား။ (ဤအကြောင်းကိုသမ္မာကျမ်းစာထဲ၌များများမတွေ့ရသော်လည်း သမ္မာကျမ်း၏ဆိုလိုရင်းအချက်ကို သေချာစေပါသည်။)
အထက်ပါရှင်းလင်းချက်တွင် မည်သည့်အချက်ကမှကျွန်ုပ်တို့ဆွေးနွေးပြောဆိုသည့် ထာဝရလုံခြုံမှုနှင့်မသက် ဆိုင်ပါ။ ယုံကြည်သူများဖြစ်ကြသည့်အတိုင်း ကျွန်ုပ်တို့သည် ကိုယ့်ကိုကိုယ်ထိန်းသိမ်းကြသော် လည်း၊ ကျွန်ုပ်တို့ခွင့်ပြုခြင်းထက်သာလွန်၍ ကမ္ဘာလောကကြီး ကကျွန်ုပ်တို့ကိုဖြားယောင်းသွေးဆောင်လျက်၊ လွမ်းမိုးတတ်ပါ သည်။ လူတစ်ဦးအားလောကကြီးကိုချစ်သောသူတစ်ဦးဖြစ်လာရန် လုပ်ဆောင်ပေး သောစည်းတစ်စည်းသည် တစ်နေရာရာ၌ရှိပါသည်။ ထိုစည်းကိုကျော်ဖြတ် သောအခါ ထိုသူသည် လောကီနှင့်မိဿဟာရဖွဲ့ မိသွားသည်။ ထိုစည်းဘယ်မှာရှိသည်ကို မည်သူမှ
မသိပါ။ ခရစ်ယာန်တို့သည် ဖြစ်နိုင်သ၍ထိုစည်းနှင့်ဝေးရာအရပ်၌ နေသင့်ပါသည်။
အသက်တာ၏ဝိညာဉ်စစ်ပွဲများ၌ ဘုရားသခင်သည် ထောင် လွှားစော်ကားခြင်းမရှိသောသူ သို့မဟုတ် စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။ သို့ဖြစ်သောကြောင့်၊ ကျွန်ုပ်သည်ဘုရားသခင် ၌ဆက်ကပ်ကာ၊မာရ်နတ်အား “အလိုမရှိ”ဟု ဆိုလျက် သူ၏ဖြားယောင်း မှုကိုဆီးတားသင့်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်မိဿဟာရဖွဲ့၍ အသက်တာကိုလျှောက်လှမ်းသောအခါ၊ဘုရား သခင်သည်လည်း ကျွန်ုပ်တို့နှင့်နီးကပ်စွာရှိနေကြောင်းသေချာပါသည်။
အငယ် ၈-ခ တွင် ယာကုပ်ကသူ၏စာဖတ်ပရိသတ်တို့ အားအပြစ်ရှိသောသူများ၊ စိတ်နှစ်ခွရှိသောသူများ ပမာပြောပါသည်။ ဤပြောဆိုချက်များက ဘုရားသခင်၏စစ်မှန်သောသားသမီးများအတွက် မှန်ပါမည် လော။ မှန်ပါသည်။ ဤနေရာတွင် ပြောဆိုသည့်အပြစ်ရှိသောသူများဆိုသည်မှလက်(အကျင့်) ကို ဆေးကြော ရန် လိုနေသောသူများနှင့် စိတ်နှခွရှိသောသူများဆိုသည်မှာ စိတ်နှလုံးတို့ကိုသန့်ရှင်း စေရန်လိုနေသော သူများဖြစ်ကြပါသည်။ ခရစ်ယာန်တို့သည် မသန့်ရှင်းသောကျင့်ကြံပြုမူ ခြင်းနှင့်ညစ် ညူးသောစိတ် သဘောထားရှိခြင်းဖြင့် အပြစ်ကျူးလွန်သူဖြစ်နိုင်ပါသလား။ဟုတ်ကဲ့၊ ကျူးလွန်သူဖြစ်နိုင်ပါသည်။
နောက်ဆုံးကျမ်းချက်နှစ်ချက်က စစ်မှန်သောနောင်တနှင့် စိတ်နှလုံးကျိုးပဲ့ကြေကွဲခြင်းအကြောင်းကို ဖော်ပြပါသည်။ ၄င်းတို့သည် ဝိညာဉ်ရေးဆိုင်ရာကျန်းမာသန်စွမ်းခြင်းသို့သွားရာလမ်းဖြစ်ပါသည်။တစ်ဖန်၊ ရှင်ပေတရုသြဝါဒပထမစာစောင်သို့ ဦးလှည့်ကြပါစို့။ယုံကြည်သူကျွန်ုပ်တို့အပေါ်၌ ဘုရားသခင်၏ သစ္စာရှိမှုနှင့် ဘုရား သခင်အားတုန့်ပြန်ရမည့်ကျွန်ုပ်တို့၏တာဝန်ကို ပေတရုကအောက် ပါအတိုင်း ဖော်ပြပါသည်။
နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှာ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည့်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရား သခင် ၏တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ကောင်း ကင်ဘုံ၌ သိထားလျှက်ရှိသော အမွေတည်း။ အရည်ကျို၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီး တတ်သောရွှေကို
စစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍ မြတ် သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလို့ငှာဖြစ်မည်ကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း အထက်ဆိုခဲ့သော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။ ယခုမှာလည်း မမြင်ဘဲလျက်၊ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့်စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်း တည်းဟူသော ယုံကြည်ခြင်း၏ အကျိုးကိုခံရကြ၏။ .. သို့ဖြစ်၍ သင်တို့စိတ်နှလုံး ကိုခါးပန်း စည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ သင်တို့ဆီသို့ ရောက်လ တံ့သောဆုကျေးဇူးကိုအဆုံးတိုင်အောင် မျှော်လင့်ကြလော့ (၁ ပေ၊ ၁၅-၉၁၃)။
ယုံကြည်သူ၏ထာဝရလုံခြုံမှုနှင့်ပတ်သက်၍ ဤကျမ်းပိုဒ်သည်ခိုင်မာသောကျမ်းပိုဒ်ဖြစ်သည်။ မည်သည့်အခြားအခြေအနေမလိုပဲ၊ ဘုန်းတန်ခိုးနှင့်စုံလင်သောအမွေတော်ကို ကျွန်ုပ်တို့အဘို့ သိုထားပေးလျက်ရှိကြောင်း၊ကျွန်ုပ်တို့သည် ထိုအမွေတော်ကို ခံစားရရှိဘို့စောင့်ရှောက် ခြင်းခံကြရကြောင်း၊ဤကျမ်းပိုဒ်ကကျွန်ုပ်တို့ကို အာမခံပါသည်။ ဤသို့ဖြစ်လင့်ကစား၊ အခြေအနေပေါ်မူတည်သောကယ်တင်ခြင်းကိုယုံကြည်သူတို့က “ကယ်တင်ခြင်းသို့ရောက် စေမည်အကြောင်း၊ ယုံကြည် ခြင်းအားဖြင့်ဘုရားသခင်၏တန်ခိုးတော်သည် စောင့်ရှောက်တော်မူ၏”ဟူသော အချက်ကိုထောက်ပြလျက်၊ ကျွန်ုပ်တို့သည် ဆက်လက်ယုံကြည်မှသာလျှင် ကျွန်ုပ်တို့သည် စောင့်ရှောက်တော်မူခြင်းခံကြသည်ဟု အငြင်းအခုန်ပြုပြောဆိုကြသည်။ အဖြေမှာ အဘယ်နည်း။
စစ်မှန်သောယုံကြည်သူတစ်ဦး၏ယုံကြည်မှုရပ်တံ့သွားခြင်းဟူသောအယူအဆသည် ထင်ကြေးသက် သက်သာလျှင်ဖြစ်သည်။ ဤအကြောင်းကိုသမ္မာကျမ်းစာက လုံးဝမဖော်ပြပါ။ သခင်ခရစ် တော်၏ကျိန်း ဝပ်တော်မူခြင်းခံသောပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော်ကိုသူအထဲမှမောင်း ထုတ်နိုင်သည်။ သို့မဟုတ် မောင်းထုတ်ချင်သောဆန္ဒရှိမည်ဟူသော အယူအဆသည်စဉ်းစား၍မရနိုင်သောကိစ္စဖြစ်သည်။
လူတစ်ဦးသည် တစ်ကြိမ်တစ်ခါကယ်တင်ခြင်းရသောအခါ၊ ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ရန် သူ့ကိုအာမခံသောကယ်တင်ရှင်၏အပြည့် အဝတာဝန်ယူစောင့်ရှောက်မှုကို ခံစားရရှိသူဖြစ်လာပါသည်။စိတ်ဓာတ်ကျသောအချိန်များနှင့်သော က၏ဖိစီးမှုခံနေရချိန်တွင် ဘုရားသခင်၏သားသမီးတစ်ဦးသည် မိမိ၏ကယ်တင်ခြင်းကိုသံသယဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် သူသည်သခင်ယေရှု၏အားကြီးသောလက်တော်ဖြင့်မြဲမြံစွာဆုပ်ကိုင်ထားခြင်းခံနေဆဲဖြစ်ကြောင်းသိရသည်မှာ စိတ်ချမ်းသာစရာကောင်းလှပါသည်။
ကျွန်ုပ်တို့၏ယုံကြည်ခြင်းကကယ်တင်ခြင်းအမှုကို ကူညီထောက်မသည်မဟုတ်ပါ။ ယုံကြည်ခြင်းသည် ဘုရားသခင်ကကျွန်ုပ်တို့အားပေးသနားတော်မူသောအရာကိုလက်ခံသည့် ဘာမှမရှိသောလက်ချည်း သက်သက်ကဲ့သို့ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းရကြပြီး၊ ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ကြသည် (ဂလာ၊ ၂း၂၀)။ ယုံကြည်ခြင်း၌မည်သည့်ကောင်း မှုကုသိုလ်တစ်ခုမှမရှိပါ။ ယုံကြည်ခြင်း၏အဓိကပုဂ္ဂိုလ်ဖြစ်သောခရစ်တော်၌ ကောင်းမှုကုသိုလ် ဂုဏ်ရည်အလုံးစုံရှိပါသည်။ အနာဂတ်တွင်ဖြစ်လာမည့်ကယ်တင်ခြင်းသို့ ရောက်စေရန်ဘုရားသခင်၏ တန်ခိုးတော်သည် ကျွန်ုပ်တို့ကိုစောင့်ရှောက်တော်မူကြောင်း ယုံကြည်ခြင်းဖြင့်လက်ခံရပါသည်။ ထိုကယ်တင်ခြင်းသည် ဤအပြစ်ကမ္ဘာမှ ကောင်ကင်းဘုံသို့ကယ်တင်ခြင်းဖြစ်သည်။
ထိုအချိန်တွင် ကျွန်ုပ်တို့ယုံကြည်သူအယောက်တိုင်းသည်စစ်ဆေးခြင်းများကြုံတွေ့ရမည်။ မီးဖြင့်စစ် ကြောခြင်းကိုခံရသောအရာသည် ကျွန်ုပ်တို့ကိုယ်တိုင်မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ယုံကြည် ခြင်းဖြစ်သည်။ ယုံကြည်ခြင်းသက်သေထင်ရှားပါက၊ သခင်ယေရှုနှင့် ကျွန်ုပ်တို့အတွက် အချီးအမွမ်း ၊ဂုဏ်အသရေနှင့် ဘုန်းအာနုဘော်တို့ကို ဖြစ်ပေါ်စေပါသည်။
ကျွန်ုပ်တို့သည် ယခုတိုင်အောင်သခင်ဘုရားကိုမမြင်ဖူးသေးသော်လည်း ယုံကြည်ခြင်းကကျွန်ုပ်တို့အား ကိုယ်တော်ကိုသိမြင်စေပြီး၊ သူ့ ကိုချစ်စေပါသည်။ကျွန်ုပ်တို့၏စိတ်ဝိညာဉ်တို့ကိုကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း ၏အကျိုး ကျေးဇူးကိုကျွန်ုပ်တို့ရရှိကြသလို ဘုန်းအသရေနှင့်ပြည့်စုံသော ဝမ်းမြောက်ခြင်း ကိုလည်း ရရှိခံစားကြသည်။
ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည်မသေချာမရေရာကြောင်း ဖန်တီးပြောဆိုရန်အတွက် အငယ်- ၁၃ ပါ “မျှော်လင့်ကြလော့”ဟူသော စကားလုံးကိုအာမေးနီးယန်းဝါဒီများက အသုံးချကြသည်။ ဤကျမ်းချက်၏အဓိပ္ပါယ်မှခရစ်ယာန်တို့၏မျှော်လင့်ခြင်းသည် ကျေးဇူးတရားပင်ဖြစ်၏။ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ၊ ထိုကျေးဇူးတရားသည်ယုံကြည်သူထံသို့ ယူဆောင်ခြင်းခံမည်။ တစ်နည်းအားဖြင့်ပြောရလျှင် ခရစ်ယာန်တို့သည်ဘုန်းတော်ထင်ရှား၍ ချီးမြောက်ခြင်းခံရသောအဆင့်ကို မျှော်လင့်နေကြခြင်းဖြစ်၏။ဖြစ်လာမည့်ဤမျှော်လင့်ခြင်း၌ မည်သည့်သံသယ သို့မဟုတ် မသေချာမှုမျိုးမရှိပါ။ ဤမျှော်လင့်ခြင်းကို အမှားမရှိသောဘုရားသခင်၏နှုတ်ကပတ်တော်အပေါ်၌ အခြေပြုထားသောကြောင့်၊ ၄င်းသည် ဖြစ်ခဲ့ပြီးသကဲ့သို့ပင် သေချာပါသည်။
နောက်ဆုံးအနေဖြင့်၊ ကျွန်ုပ်တို့၏နောက်ဆုံးကျမ်းပိုဒ်နှစ်ပိုဒ်စလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို မှောက်လှန်ဖျက်ဆီးသူတို့အားသတိပေးသည့်စကားများဖြစ်ပါသည်။
ထိုစာ (ရှင်ပေါလု၏ပေးစာ) တို့၌ခက်ခဲသောအရာအချို့ ရှိ၏။ မတတ်သောသူ၊ တည်ကြည်ခြင်းမရှိ သောသူတို့သည် ထိုအရာမှစ၍ကြွင်းသောကျမ်းစာ၏အနက်ကို မှောက်လှန်၍ ကိုယ်ကိုကိုယ်ဖျက်ဆီး တတ်ကြ၏။ သို့ဖြစ်၍ ချစ်သူတို့၊ မတရားသောသူတို့၏ပရိယာယ်အား ဖြင့် သင်တို့သည်လည်း သွေးဆောင်ရာသို့လိုက်၍ သင်တို့သည်တည် ကြည်ခြင်းမှ မရွေ့လျော့မည်အကြောင်း ဤအရာများကိုသိနှင့်ပြီဖြစ်၍ ကိုယ်ကိုစောင့်ရှောက်ကြလော့ (၂ ပေ၊ ၃း၁၆-၁၇)။
ကျမ်းစကားများကိုယူ၍ အရေးကြီးသောသွန်သင်ချက်များကိုသမ္မာကျမ်းစာ၏ဆိုလိုရင်းအနက် အဓိပ္ပါယ်နှင့်တလွဲဖြစ်အောင်လှည့်ပြီးမိမိတို့လိုချင်သောအဓိပ္ပါယ်ရှိအောင် လုပ်ဆောင်နေသူတို့ကို ပေတရုကဖော်ပြပါသည်။ အမှားကို သွန်သင်ခြင်းသည် နှုတ်ကပတ်တော်ကိုရည်ရွယ်ချက်ရှိရှိ ကိုယ့်စိတ်နှင့်ကိုယ်ထင်ယောင်ထင်မှားဖြစ်အောင် လုပ်
ဆောင်ခြင်းဖြစ်ပြီး၊ ဤလုပ်ရပ်က သူတို့၏ပျက်စီးခြင်းဖြစ်စေပါသည်။မှားယွင်း သောသွန်သင်ချက်များအား ဖြင့် ယုံကြည်သူတို့၏ ယုံကြည်ခြင်းအုတ်မြစ်မတုန်လှုပ်၊ မညစ်ညူးရလေအောင် ကျမ်းစကားကိုဤ နည်းအတိုင်းကိုင်တွယ်အသုံးချနေသောသူမည်သူ့ကိုမဆိုဆန့်ကျင်ကြရန်ယုံကြည်သူတို့ကိုသတိပေးထားသည်။ ခရစ်ယာန်များသည်သူတို့၏ကယ်တင်ခြင်းဆုံးရှုံးသွားကြသည်ဟူသောအတွေးအခေါ်သည် ဤကျမ်းချက်၌မရှိပါ။ယုံကြည်ခြင်းကိုငြင်းပယ်ခြင်းမပြုဘဲ လူတစ်ဦးတစ်ယောက်၏ယုံကြည်ခြင်းသည် ခပ်ညံ့ညံ့ဖြစ်နိုင်ပါသည်။
ဤစာစောင်၏အနာဂတ္တိစကားကိုကြားသောသူအပေါင်းတို့အားငါသက်သေခံသည်ကား၊အကြင်သူသည် ဤစာစောင်၌ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကားအချို့ကိုနှုတ်ပယ်၏၊ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၄င်း၊ သန့်ရှင်းသောမြို့တော်နှင့်၄င်း၊ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင်နှုတ်ပယ် တော်မူမည် (ဗျာ၊ ၂၂း၁၈-၁၉)။ဘုရားသခင်၏နှုတ်ကပတ်တော်ကို မလိုတမာစိတ်ဖြင့်အသစ်ထပ်မံ ပေါင်းထည့်ရေးသွင်းခြင်းသို့မ ဟုတ် နုတ်ယူလိုက်ခြင်းသည် ကြီးလေးသောအမှုကိစ္စတစ်ခုဖြစ်သည်။ ထိုသို့ပြုလုပ်သူသည် ဘုရားသခင်ထက်မိမိကပို၍သိမြင်နားလည်ကြောင်းပြောဆိုရာ ရောက်ပါသည်။ ဤသူသည် စိတ်ကြီးဝင်နေသော မယုံကြည်သူဖြစ်ပါသည်။
သမ္မာကျမ်းစာကို အသစ်ထပ်မံပေါင်းထည့်ခြင်းအတွက်ခံရမည့်အပြစ်ဒဏ်မှာ၊ ကျမ်းစာ၌ရေးသားထား သည့်ဘေးဒဏ်များကို ဤအပြစ်ကျူးလွန်သူအပေါ် သို့သက်ရောက်စေခြင်းဖြစ်ပါသည်။ နှုတ်ကပတ်တော်ကိုနုတ်ပယ်ခြင်းအတွက်ကျခံရမည့်အပြစ်ဒဏ်မှာ အသက်ပင် နှင့်စပ်ဆိုင်သောအခွင့်) နက်ပယ်ခြင်း၊ သန့်ရှင်းသောမြို့တော်သို့ဝင်ရသောအခွင့်မှနုတ်ပယ်ခြင်း သမ္မာကျမ်းစာထဲ၌ ရေးသားထားသည့်ကောင်းကြီးမင်္ဂလာများကိုမခံစခြင်း စသည်တို့ဖြစ်ပါသည်။
မိမိ၏ဒုစရိုက်အပြစ်တို့ကိုနောင်တပြီး၊ သခင်ခရစ်တော်ကိုကယ်တင်ရှင်နှင့်သခင်အဖြစ်လက်ခံခြင်းအားဖြင့် မည်သူမဆိုအသက်ပင်၌ပါဝင်ရသောအခွင့် ရရှိနိုင်ပါသည်။ သို့သော်လည်း သမ္မာကျမ်းစာကိုပြန်ရန် ကြံဆောင်နေသည့် ထိုထုံထိုင်းသောမယုံကြည်ခြင်းက ထိုသို့ချဉ်းကပ်ရောက်ရှိမလာစေရန် ထိုသူကိုဆီးတားထားသည်။ ထိုသူသည်မိမိ ၏ရပိုင်ခွင့်ကိုတောင်းဆို၍ မရနိုင်ပါ။ အခွင့်အရေးကို ထိုသူထံမှတ်ခဲ့ပြီးဖြစ်သည်။ အငယ်- ၁၉ က ယုံကြည်ခြင်းကိုရပ်တံ့လိုက်သည် ဟူ၍အထင်ခံရေသော ခရစ်ယာန်တစ်ဦးအကြောင်းကိုဖော်ပြနေခြင်းမဟုတ်ပဲသမ္မာကျမ်းစာ၏ဝိညာဉ်တော်မှုတ်သွင်းခြင်းနှင့် အမှားအယွင်းကင်းကြောင်းကိုငြင်းပယ်သော မယုံကြည်သူတစ်ဦးအကြောင်းဖော်ပြထားခြင်းဖြစ်သည်။
မှတ်ချက်။
၁။၄င်းတို့၏သွန်သင်ချက်ကို ဖောက်ပြန်သောအယူဝါဒ” အဖြစ်ကျယ်ကျယ်ပျံ့ပျံ့ သိရသည်။
၂။ဤနေရာတွင်ရှိသော “ကျိန်းဝပ်တော်မူခြင်း” (dwell) ဟူသောစကားလုံးသည် မူရင်းကျမ်း၌ ကြံ့ခိုင်သောအသွင်သဏ္ဌာန်ရှိသည့် ကြိယာ
ဖြစ်သည်။ ဤစကားလုံးအား “အခြေစိုက်နေထိုင်သည်” သို့မဟုတ် “အိမ်၌နေသကဲ့သို့ခံစားရသည်” ဟူ၍ အဓိပ္ပါယ်ကောက်ယူနိုင်ပါသည်။
၃။“အသက်စာစောင်” အစား “အသက်ပင်” ဟူ၍ပါရှိလေသည်။သို့သော်လည်း ၄င်းသည် ဤနေရာတွင်ရှိသည့်အကြောင်းအရာကိုမထိခိုက် စေပါ။
အဖြေကဘာလဲ
What is the Answer?
ထာဝရလုံခြုံမှုနှင့်ပတ်သက်သောပြဿနာအပေါ်၌ အငြင်းအခုံပြုနေကြသည့်ဘက်နှစ်ဘက်စလုံးတွင် သဘောတူညီသည့်အချက်တစ်ခုရှိပါသည်။ မိမိတို့သည်ခရစ်ယာန်များဖြစ်ကြသည်ဟူ၍ အတည့်အလင်း ပြောဆိုဝန်ခံကြသော်လည်း၊ဒုစရိုက်ထဲ၌ကျင်လည်အသက်ရှင်နေကြသေးသည့်များစွာသောလူများနှင့်ပတ်သက်၍ ဘက်နှစ်ဖက်စလုံး၌ရှိနေကြသူတို့က ထိုသူတို့အပေါ်၌စိုးရိမ်ပူပန်မှုကို မျှဝေခံစားကြ သည်။ ကျမ်းစကားအတိုင်း အသက်ရှင်နေထိုင်ခြင်းထက် ဂုဏ်အသရေပျက်စွာအသက်ရှင် နေထိုင်ခြင်းအားဖြင့် သခင်ယေရှု၏နာမတော်ကိုရှုတ်ချကြလေရာ၊ ထိုသို့အသက်ရှင်ခြင်းကိုဘက်နှစ်ဘက်ရှိ လူတို့သည်တွေ့ မြင်သောအခါ နာကြင်မှုဝေဒနာကိုခံစားရသည်။ ဘက်နှစ်ဘက်ရှိလူတို့သည် “လွယ်ကူသည့် သက်ဝင် ယုံကြည်မှုဝါဒ” ဖြစ်သော နှလုံးသားဝန်ခံချက်မပါသောကိုးကွယ်ဆည်းကပ်မှုများ၊ ရံဖန်ရံခါခေါ်ဆိုကြသည့် “အပေါစားကျေးဇူးတော်” ၏အသီးအပွင့်များကိုတွေ့မြင်ကြသည်။
ကလေးသူငယ်များ သည် “သူတို့၏နှလုံးသားတံခါးများကို သခင်ယေရှုအားဖွင့်ပေးရန်” စိတ်ခံစားမှု ပိုင်းဆိုင်ရာဖိအားပေးခြင်းကိုခံကြရသည်။ သို့ သော်လည်းမကြာြာမှီအချိန်တွင် ဤသူငယ်တို့သည် မူးယစ်ဆေးဝါးများသုံးခြင်း၊ အရက်သေစာသောက်စားခြင်းနှင့် မတရားသော မှီဝဲခြင်းတို့ပါဝင် ရောယှက်ခဲ့ကြသည်။ ယင်းသို့ဖြစ်သည့်တိုင်၊
ဤသူတို့၏ခရစ်ယာန်မိဘများက သူတို့သည်ငယ်ရွယ်စဉ်ကကယ်တင်ခြင်းလက်ခံရရှိကြသည်ဟု သူတို့ကိုအသေအချာပြောကြသည်။ ဤမိဘများထဲမှအချို့တို့သည် သူတို့ထင်မြင်ချက်နှင့်ဆန့်ကျင် ဘက်ရှိသည့်မည်သည့်အကြံပြုချက်ကိုမဆို ပြင်းထန်စွာ၏ကန့်ကွက်ကြသည်။
လူဆိုးဂိုဏ်းသားများသည် “ကယ်တင်ခြင်းရ” ကြသော်လည်းဒုစရိုက်လောကထဲသို့ ပြန်လည်ရောက် ရှိသွားကြသည်။ သတင်းစာ၊ရေဒီယို၊ ရုပ်/သံ စသည့် လူထုဆက်ဆံရေးလမ်းကြောင်းမီဒီယာက ရုပ်ရှင်မင်းသာ၊ မင်းသမီးများ၏အသက်တာပြောင်းလဲခြင်းအကြောင်းကိုရေးသားဖော်ပြထုတ်လွှင့်ကြသည်။ သို့သော်လည်း၊ ဤအနုပညာရှင်များသည် လောကီ ဆန် သည့် အကြမ်းဖက်သောဇာတ်လမ်းများနှင့်အကျင့် စာရိတ္တပျက်ပြားသောရုပ်ရှင်များ၌ ပါဝင်အသုံးပြုခံခြင်းမှ မရပ်တန့်ကြပါ။ ရုပ်မြင်သံကြားဧဝံဂေလိ ဆရာများ (televangelists) သည် မိန်းမလိုက်စားသူများအဖြစ် သို့မဟုတ် ငွေကြေးဆိုင်ရာ မတရားလိမ်ညာလှည့်ဖြာစီးပွားရှာသူများအဖြစ် လှစ်ဟဖော်ထုတ်ခြင်းခံကြရသောအခါ၊ ၄င်းတို့၏နာမည်များသည်သတင်းစာ၏နဖူးစည်းများပေါ်၌ အထင်ကရပြသထားခြင်းခံကြရသည်။ နိုင်ငံရေးသမားတစ်ဦးက မိမိသည်ဒုတိယမွေးဖွားခြင်းခံခဲ့ပြီးသောသူဖြစ်သည်ဟု အတည့်အလင်းဝန်ခံပြောဆိုသောအခါ ဧဝံဂေလိအသင်းတော်များမယုံကြည်သူတို့သည် ဝမ်းမြောက်ကြသည်။ သို့သေည်လည်း၊ လူထုသို့ပြောကြားသော သူ၏မိန့်ခွန်းများသည်ယုတ်မာညစ်ညမ်း သောစကားနှင့်ပြည့်နှက်နေသောအခါစိတ်ပျက်စရာဖြစ်လာရသည်။
နုတ်ပါးစပ်ဖြင့်သာခရစ်ယာန်ဖြစ်သည်ဟုဝန်ခံလှိုင်းတပိုးကြီးသည် တိုင်းနိုင်ငံကိုရိုက်ခတ်ခဲ့သည်။ ခရစ်ယာန်တစ်ဦးအဖြစ်သိမှတ်ခံရခြင်းသည် လူကြိုက်များသောအရာတစ်ခုဖြစ်သည်။ ခရစ်ယာန် ဖြစ်သည်ဟူသောတံဆိပ်ကိုကပ်ထားခြင်းသည် ရံဖန် ရံခါ စီးပွားရေးသမားတစ်ဦးအတွက် ကောင်းပါသည်။ နိုင်ငံရေးနယ်ပယ်များတွင်လည်းထိုနည်းတူဖြစ်၏။ အကြောင်းမှာ၊ ထိုတံဆိကပ်ပါက ဆန္ဒမဲများရရှိသော ကြောင့်ဖြစ်သည်။ကမ္ဘာပေါ်ရှိခရစ်ယာန်အသိုင်းုင်းအဝန်းသည်ရှုပ်ထွေးနေသောဘာသာရေးလောကတစ်ခုဖြစ်ခဲ့လေသည်။သခင်ခရစ်တော်၏ဘုန်းအသရေတော်ထွန်းတောက်ခြင်းကိုဖြူစူသူမည်သူမဆိုသည် စိတ်အနှောင့်အယှက်ဖြစ်ခြင်း၊ သို့မဟုတ် အရှက်ကွဲခြင်းကိုခံရကြမည်။
ထာဝရလုံခြုံစိတ်ချမှုကိုသက်ဝင်ယုံကြည်သောသူများနှင့်အခြေအနေပေါ်၌တည်သောလုံခြုံစိတ်ချမှုကိုစွဲကိုင်ထားသူတို့သည် ခရစ်ယာန်ဖြစ်ကြသည်ဟုပြောဆိုပြီး အကျင့်ပျက်သည့် အသက်တာနှင့်ရှင်သန် သွားလာ နေသောသူတို့အတွက်စိတ်ပူပန်မှုတူညီကြသော်လည်း၊ ထိုကဲ့သို့သောခရစ်ယာန်တို့ ၏အနေ အထားကိုလေ့ လာဆန်းစစ်ရာ၌ ကွဲပြားကြသည်။ အခြေအနေပေါ်၌တည်သော ကယ်တင်ခြင်းကို လက်ခံသူတို့ကထို ခရစ်ယာန်တို့ သည် ကယ်တင်ခြင်းရကြသော်လည်း အကျင့် မကျင့်နိုင်ကြသောကြောင့် သူတို့ရရှိထား သောကယ် တင်ခြင်းဆုံးရှုံးသွားသည်ဟုပြောကြပါသည်။ ထာဝရလုံခြုံစိတ်ချမှုကို ယုံကြည်လက်ခံ သောသူတို့ခဲ့ကြပါသည်။ ပြီး၊ နာမည်ခံခရစ်ယာန်များသာဖြစ်ကြပါသည် ဟုပြောကြပါသည်။
ဤစာအုပ်ရေးသားရခြင်း၏ရည်ရွယ်ချက်မှာ၊ စစ်မှန်သောယုံကြည်သူတစ်ဦးသည် သူ၏ကယ်တင်ခြင်းကို ထာဝရကာလတိုင် လုံခြုံစိတ်ချမှုရှိကြောင်းပြသရန်နှင့် ဤခံယူချက်နှင့်ဆန့်ကျင်ဘက်ဖြစ်သောခံယူချက်သည် အောက်ပါအကြောင်းရင်းများကြောင့် ယုတ္တိမရှိ၊ မှားယွင်းချွတ်ချော်နေပါသည်။
သမ္မာကျမ်းစာနှင့်မကိုက်ညီပါ။ ခရစ်တော်၏စစ်မှန်သောသိုးတစ်ကောင်သည် အမြဲတစေပျက်စီးသွားနိုင်သည်ဟူ၍ အရိပ်အမြွက်ပြောဆိုထားခြင်းမျိုး သမ္မာကျမ်းစာထဲ၌မရှိကြောင်း မှန်ကန်စွာနားလည်ရပါသည်။ ဖြောင့်မတ်စေခြင်းကို ရရှိ သောလူတစ်ဦးသည် နောက်ဆုံး၌ဘုန်းအသရေနှင့်ပြည့်စုံခြင်းသို့မရောက်ပဲ၊ ချော်သွားနိုင်သည်ဟူ၍ မည်သည့်ကျမ်းတစ်ချက်ကမှ မသွန်သင်ပါ။ ဘုရားသခင်နှုတ်ကပတ်တော်၏တသမတ်တည်း တည်ရှိနေသောသက်သေခံချက်မှာ အမှန် တကယ်
ဒုတိယမွေးဖွားခြင်းကိုရလျှင်၊ ထာဝရကာလတိုင် အောင် ကယ်တင်ခြင်းရသည်ဟူ၍ဖြစ်ပါသည်။
ဤမှားယွင်းသော ခံယူချက် သည်ထာဝရ၏ အဓိပ္ပါယ် ထာဝရထက်လျှော့သွားအောင် တစ်ကျော့ပြန်အနက်ဖွင့်ခြင်းဖြစ်ပါသည်။
ဤမှားယွင်းသောခံယူချက် သည် ကျေးဇူးတော်၏ဆိုလိုရင်းအနက်အဓိပ္ပါယ်ကို နားလည် မှုချွတ်ချော်သွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ဤခံယူချက်က ကယ်တင် ခြင်းသည် လုံးဝမခံစားထိုက်သောအရာဖြစ်သော်လည်း ခံစားရကာ၊ ၄င်းသည် အခမဲ့ဆုလက် ဆောင်ဖြစ် သည်ဟူသောအချက်နှင့် ကယ်တင်ခြင်းကို တစ်ကြိမ် တစ်ခါပေးပါက၊ဘယ်သောအခါမှ ပြန်လည်ရုပ် သိမ်းခြင်းမခံရတော့ပါ၊ ဟူသောအချက်ကိုအမှန်တကယ်နားလည်သဘောပေါက်ရန် ပျက်ကွက်နေပါသည်။
ဤမှားယွင်းသောခံယူချက်သည်ခရစ်တော်၏ လက်ဝါးကပ်တိုင်ပေါ်၌ လုပ်ဆောင်ပြီးစီးခဲ့သော ကယ်တင်ခြင်းအမှုသည် မလုံလောက်ပါ။ လူသည် ဇွဲလုံ့လစိုက်ထုတ်ခြင်း၊ ကြံ့ကြံ့ခံရပ်တည်ခြင်း သို့မဟုတ်အောင်မြင်မှုရရှိရန်ကြိုးစားကျင့်ကြံခြင်းအားဖြင့် မိမိဘက်မှလည်းပါဝင်လုပ်ဆောင်ရမည်ဟု ပြောကြသည်။ ဤသို့ခံယူခြင်းသည် ကယ်တင်ခြင်းကိုလူ၏အစွမ်းသတ္တိနှင့်သခင်ခရစ်တော် ၏အစွမ်းသတ္တိတို့အပေါ်၌ တည်စေပါသည်။ ဤခံယူချက်သည် လူကိုတွဲဖက်ကယ်တင်ရှင် ဖြစ်စေပါသည်။ဤသို့ဖြစ်စေခြင်းသည် မဟာအမှားကြီးဖြစ်ပါသည်။
ဤမှားယွင်းသောခံယူချက်သည် ဘုရားသခင်ကိုယ်တိုင်က မဖြစ်နိုင်ပါဟုပြောခဲ့သည့် ကျေးဇူးတော်နှင့် အကျင့်ကိုပေါင်းစပ်ရန်ကြိုးစားခြင်းဖြစ်သည်။
ဤမှားယွင်းသောခံယူချက်က လူသည်ပထမဦးဆုံးအနေဖြင့် မိမိကိုယ်တိုင်ကယ်တင်ရမည် ဟူသောအချက်ထက် လူ ကိုယ့် ကို ကိုယ်ကယ်တင်ခြင်းငှါ မစွမ်းသာပါဟူသောအချက်ကို သတိပြုမူဟန်တူပါသည်။
ဤမှားယွင်းသောခံယူချက်သည် လူတစ်ဦးအားထပ်ခါတစ်လဲလဲအသစ်တစ်ဖန်မွေးဖွားခိုင်းပါ သည်။ ဤသည် မမှန်သောသွန်သင်ချက်ဖြစ်ပြီး၊ သမ္မာကျမ်းစာသွန်သင်ချက်နှင့်တစ်ခြားစီဖြစ်ပါသည်။
ဤမှားယွင်းသောခံယူချက်က ပြည့်စုံသောအခြေ အနေတစ်ခုသို့ရောက်နိုင်မှသာလျှင် ကယ်တင်ခြင်း ရနိုင်သည် ဟု ပြောပါသည်။ ဤအရာက ရှင်ယောဟန် ၁၀၉ ၌ပါရှိသည့် “ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက်၊ ထွက်ဝင်၍ ကျက်စားရာကိုတွေ့ရလိမ့်မည်” ဟူသော သခင်ယေရှု၏စကားတော်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေပါသည်။ ကျွန်ုပ်တို့ သည်တံခါးထဲသို့ တစ်ကြိမ်တစ်ခါသာဝင်ရပါသည်။ ၄င်းသည် ထပ်ခါတလဲလဲဝင်ရသောတံခါးမဟုတ်ပါ။
ဤမှားယွင်းသောခံ ယူချက်သည် မည်သူကမှကယ်တင်ခြင်းစိတ်ချမှုမရရှိအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ တမန်တော်တို့သည်ထာဝရလုံခြုံစိတ်ချမှုရရှိကြသည်ကိုလည်းကောင်း၊ သူတို့ရေးသားခဲ့သည့်ဩ ဝါဒများကိုလက်ခံရရှိ သည့်ယုံကြည်သူတို့ကလည်း ရရှိခဲ့ကြသည်ကိုလည်း ကောင်းမေ့လျော့နေပါသည်။
ဤအခြေအနေပေါ်၌တည်သောလုံခြုံစိတ်ချမှုသည် ချိန်ခွင်ထဲ၌ချိန်တွယ်ခြင်းခံခဲ့ရပြီး၊ ချို့တဲ့မှုရှိနေ ကြောင်းတွေ့မြင်ရပါသည်။ သမ္မာကျမ်းစာ၏တသမတ်တည်းရှိနေသော သက်သေခံချက်မှာ “တစ်ကြိမ်တစ်ခါခရစ်တော်၌ ခရစ်တော်၌ထာဝရပါ” ဟူ၍ဖြစ်လေတော့သတည်း။