မာတိကာ
၁။ ကော်ရီတင်းဘွန်း Corri ten Boom (1892-1983)
၂။ မာသာထရီဆာ — Mother Teresa
(1910-1997)
၃။ ဧလိဇဗက်ဖရိုင်း Elizaeth Fry (1780-1848 AD)
၃။ ကက်သရင်းဘွတ်တ် Catherine Booth (1829-1890)
၄။ အဲန်းဟက်ဆယ်လ်တိုင်း —- Ann Hasseltine (1789-1812)
၅။ ဖလောရင့်နိုက်တင်ဂေးလ် — Florence Nightingale (1820-1910)
၆။ အေမီကာမီကယ်လ် — Amy Carmichael (1861-1951)
၇။ ဒေါက်တာအိုင်ဒါစကူဒါ —- Dr. Idda Suuder (1870-1960)
၈။ ကက်သရင်းဂျိုဟာနာကိုးလ်မင်း — Kathryn Johanna Kuhlman (1907-1976)
၉။ ဂျွိုင်းမေရာ ——Joyce Mayer 1943—
References:
My Dedication:
This book is dedicated to my Mother Roi Nu, whom I loved and who is with
the Lord now. She is the one who introduced me to our Lord Jesus Christ, taught me how to pray, set example to
to be kind and generous when I was young. I thank God for giving me such a
wonderful mother.
Rev. Aung Htoi (Senior Pastor )
City Harvest Church, Yangon
အမှာစာ
လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပြင်ဦးလွင်မြို့မှာပြုလုပ်ကျင်းပတဲ့အသင်း တော်တစ်ခုရဲဗဟို အမျိုးသမီးခေါင်းဆောင်မှုသင်တန်းတစ်ခုမှာ ကျွန်တော့် အနေဖြင့်ခေါင်းဆောင်မှုနဲ့ပတ်သက်သည့်ဘာသာရပ်ကိုသင်ကြားပို့ချခွင့်ရရှိ ခဲ့ပါတယ်။ ထိုသင်တန်းမှာပို့ချခြင်းအားဖြင့်ကျွန်တော်ဟာမိခင်အမျိုးသမီးများ ၏ခေါင်းဆောင်မှုကဏ္ဍနဲ့ ပတ်သက်လို့ပိုပြီးအာရုံစိုက်ခဲ့မိပါတယ်။ အသင်းတော် တိုင်းမှာမိခင်အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍမည်မျှအရေးတကြီး လိုအပ်လျက်ရှိကြောင်းကိုလည်းပိုမိုသတိထားမိလာခဲ့ပါတယ်။
အသင်းတော်မှမိခင်အချို့နှင့်စာအုပ်ဆိုင်အချို့ကလည်းမိခင်ကဏ္ဍနှင့် ပတ်သက်ပြီးစာအုပ်တွေရေးသားပြုစုပေးဖို့တောင်းဆိုလာတာတွေလည်း ရှိလာပါတယ်။ ကျွန်တော့်အနေဖြင့်လူငယ်တွေနဲ့ပတ်သက်ပြီးစာအုပ်(၇)အုပ် ရေးသားထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။ ယခုဒီတကြိမ်မှာတော့ယခင်နဲ့မတူတမူ ထူးစွာဖြင့် “ခရစ်ယာန်သမိုင်းမှစံနမူနာယူထိုက်သည့်အမျိုးသမီးများ” ဆိုတဲ့ ခေါင်းစဉ်ဖြင့်ပြန်လည်တင်ဆက်ရေးသားခြင်းဖြစ်ပါတယ်။ ဒီစာအုပ်ဟာအထူး သဖြင့် အသင်းတော်ကို အလုပ်အကျွေးပြုနေသည့်မိခင်ကြီးများ၊ အမျိုးသမီး ခေါင်းဆောင်များအတွက် သာမကယုံကြည်သူအယောက်စီတိုင်းအတွက် ဘုရားသခင်၏ နိုင်ငံတော်မှာပိုမိုထိရောက်စွာအစေခံ၊ ပါဝင်နိုင်စေရန် ခွန်အား ဖြစ်စေမယ် လို့ယုံကြည်ပါတယ်။
ခရစ်ယာန်သမိုင်းမှစံယူထိုက်သောအမျိုးသမီးများ
EXEMPLARY WOMEN FROM CHRISTIAN
HISTOTY
ဘုရားသခင်၏နိုင်ငံတော်ကျယ်ပြန့်စေရန်မိခင်အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အဘယ်မျှလောက် အရေးကြီးကြောင်းဓမ္မဟောင်းကျမ်း တွင်ဖြစ်စေ၊ ဓမ္မသစ်ကျမ်းတွင်ဖြစ်စေ၊ ခရစ်ယာန်သမိုင်းတွင်ဖြစ်စေမြောက်များ စွာဖေါ်ပြထားပါတယ်။ ဥပမာ၊ ဓမ္မဟောင်းကျမ်းမှာစံယူထိုက်သည့်အမျိုးသမီး မြောက်များစွာရှိသည့်အနက်ထင်ရှားသူ အချို့ကိုဖေါ်ပြရမည်ဆိုသော် ဒေဗောရ၊ ရာခပ်၊ ရုသ၊ ဧသထာတို့ဖြစ်ကြတယ်။ ဓမ္မသစ်ကျမ်းမှစံယူထိုက်သည့်အမျိုး သမီးအများအနက်ထင်ရှားသူအချို့မှာ မာရိ၊ လုဒိ၊ ဒေါ်ကာတို့ဖြစ်ကြပါတယ်။ သခင်ယေရှုခရစ်တော်၏သုံးနှစ်တာဒေသစာရီလည့်လည်ခြင်း၊ ဟောပြော သွန်သင်ခြင်းတွင်လည်းအမျိုးသမီးများ၏အခန်းကဏ္ဍအရေးပါပုံကိုကျမ်းစာ ကထင်ရှားစွာမှတ်တမ်းတင်ထားပါတယ်။
“ထိုနောက်ကိုယ်တော်သည်မြို့ရွာအစဉ်အတိုင်းဒေသစာရီလှည့်လည် ၍ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကိုဟောတော်မူ၏။ တကျိပ်နှစ်ပါးသောတပည့်တော်တို့သည်နောက်တော်သို့လိုက်ကြ၏။ နတ်ဆိုး ဘေး၊ အနာရောဂါဘေးနှင့်ကင်းလွတ်စေတော်မူသောမိန်းမအချို့သည်လည်းလိုက် ကြ၏။ ထိုမိန်းမတို့တွင်နတ်ဆိုးခုနှစ်ယောက်ထွက်သောမာဂါဒလဟုခေါ် ဝေါ်သောမာရိ၊ ဟေရုဒ်မင်းကြီး၏စားတော်ကဲခုဇ၏မယားဟန္ဒနှင့်ရှုရန္နမှ စ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကိုလုပ်ကျွေးသောအခြားမိန်းမအများပါကြ၏”။ (လု၁း၁-၃)
သခင်ယေရှုလောကမှာလူ့ဇာတိခံယူဖို့အတွက်အသုံးပြုခြင်းခံခဲ့ရသူ ဟာအပျိုကညာမာရိဖြစ်တယ်။ ယေရှုရဲလောကအမှုတော်သုံးနှစ်တာကာလ မှာသခင်ဘုရားနှင့်အတူတပည့်တော်တစ်ဆယ့်နှစ်ပါးတို့ကိုမိမိတို့၏ပိုင်ဆိုင်မှုများဖြင့် ချက်ပြုတ်ကျွေးမွေးထောက်ပံ့ခဲ့သူတွေလည်းအမျိုးသမီးတွေပဲဖြစ် တယ်။ တပည့်တော်တွေကကြောက်ရွံ့လို့ယေရှုကိုစွန့်ခွာသွားကြချိန်လက်ဝါး ကပ်တိုင်ခြေတော်ရင်းမှာသခင်ဘုရားနဲ့ အတူကျန်ရစ်နေခဲ့သူအများစုလည်း အမျိုးသမီးတွေပါပဲ။
သခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက်ရှင်ပြန်ထမြောက်ခြင်းသတင်း ကောင်းအားတမန်တော်တွေကို ဦးဦးဖျားဖျားစတင်ပြောပြခဲ့သူတွေလည်း အမျိုးသမီးတွေပါပဲ။ သခင်ယေရှုခရစ်တော်ရဲဆွေစဉ်မျိုးဆက်စာရင်းတွင်လည်း တာမာ၊ ရာခပ်၊ ရုသ မာရိစသည့်အမျိုးသမီး လေးယောက်၏အမည်တို့ကိုထည့် သွင်း ဖေါ်ပြထားသည်ကိုကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ကယ်တင်ခြင်း အကြံ စည်တော်မှာအမျိုးသမီးများ၏အခန်း ကဏ္ဍကိုလျစ်လျူရှုထားခြင်းမပြုကြောင်း ထင်ရှားလှပါတယ်။
ကမ္ဘာ့အကြီးမားဆုံးအသင်းတော်၏သင်းအုပ်ဆရာဒေါက်တာယုံဂီချို ကသူ့အသင်းတော်ရဲအမှုတော်ဆောင်၇၀%ဟာအမျိုးသမီးများဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။ သူတို့ဟာအမျိုးသားအမှုတော်ဆောင်များကဲ့သို့ သင်း အုပ်ဆရာကိုပြိုင်ဆိုင်ခြင်းမရှိဘူးလို့ဆိုပါတယ်။ သူတို့ဟာသူတပါးအပေါ်မှာ သနားကြင်နာခြင်း၊ ယေရှုအကြောင်းကိုသက်သေခံခြင်းစသည့်အရာတွေမှာ အမျိုးသားတွေထက်ပိုမိုအားသာချက်ရှိကြောင်း၊ သူတို့ရဲ့အသင်းတော်ဟာ ကမ္ဘာ့အကြီးမားဆုံးအသင်းတော် အဖြစ်တက်လှမ်းနိုင်ခြင်းပင်လျှင် ထို အမျိုးသမီးခေါင်းဆောင်များ ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
ခေတ်ကလအဆက်ဆက်အမျိုးသမီးများကိုဖိနှိပ်ချုပ်ခြယ်ခြင်းပြုတဲ့ ယဉ်ကျေးမှုဟာကမ္ဘာ့တိုင်းနိုင်ငံအသီးသီးတွင်ရှိခဲ့တာမှန်သော်လည်းယခုခေတ် မှာအမျိုးသမီးများ၏ခေါင်းဆောင်မှုအခန်းကဏ္ဍဟာဘာသာရေး၊ နိုင်ငံရေး၊စီးပွါးရေး၊ လူမှုရေးစသည့်ကဏ္ဍ၊နေရာပေါင်းစုံမှာဝင်ရောက်နေရာယူလာခြင်း၊ ကိုဘယ်သူမှငြင်းဆိုလို့မရနိုင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံမှာပင်လျှင်နိုင်ငံတော် ၏အတိုင်ပင်ခံအနေဖြင့်ဒေါ်အောင်ဆန်းဆုကြည်ကတာဝန်ယူနေရပါတယ်။ ထိုကြောင့်အသင်းတော်မှာလည်းမိခင်အမျိုးသမီးများ၏အခန်းကဏ္ဍသည်မည်မျှ အရေးတကြီးလိုအပ်လျက်ရှိကြောင်းခရစ်ယာန်သမိုင်းမှထင်ရှားပြီးစံနမူနာယူထိုက်သည့်အမျိုးသမီးအချို့၏အတ္ထုပတ္တိသမိုင်းအကျဉ်းအား ဖြင့်တင်ဆက်ဖေါ် ပြထားခြင်းဖြစ်ပါတယ်။
ကော်ရီတင်းဘွန်း Corri ten Boom ( 1892-1983 )
ဂျူးလူမျိုးတွေကိုစွန့်စားကယ်တင်ခဲ့ကြတဲ့တပါးအမျိုးသားတွေထဲမှာ ဟော်လန်နိုင်ငံကကော်ရီတင်းဘွန်းတို့မိသားစုလည်းအပါအဝင် ဖြစ်ခဲ့ကြပါတယ်။ တင်းဘွန်းတို့မိသားစုလေးဟာအလွန်လှပတဲ့ ဟာလင်မြို့မှာနေထိုင်ခဲ့ကြပါတယ်။ သူတို့မိသားစုဟာဘုရားသခင်ရွေးကောက်တော်မူတဲ့ဂျူးလူမျိုးတွေကိုအလွန် ချစ်ခင်ကြတဲ့အကြောင်းသူတို့မြို့သူ၊ မြို့သားတွေအတော်များများကသိကြပါတယ်။ နာဇီတွေကဟော်လန်ကိုသိမ်းပိုက်လိုက်တဲ့အချိန်မှာတော့သူတို့နဲ့သိတဲ့ဂျူးတွေ ဟာသူတို့မိသားစုထံကနေအကူညီတွေတောင်းခံခဲ့ကြပါတယ်။
တရားဇရပ်က ရာဘီ ကတော့ ဂျူးဘာသာဝင်တွေ ရဲဓမ္မစာပေတွေ ‘ ကို အနာဂတ်အတွက် ရည်စူးပြီးတင်းဘွန်းရဲ့ ဖခင်ထံလာရောက်အပ်နှံခဲ့ပါတယ်။ (၁၉၃၇)ခုနှစ်အစောပိုင်းမှာတင်းဘွန်းရဲ့ သားဝီလျံဟာဂျာမန်တွေရဲ့ လက်ကထွက်ပြေးတိမ်းရှောင်လာတဲ့အသက်ကြီးသူတစ်ယောက်ကို တံခါးဖွင့် ပေးခဲ့တယ်။ ဒီကိစ္စကြောင့်အခြားခရစ်ယာန်အိမ်တော်တော်များများလည်းမွှေနှောက်ရှာဖွေ စစ်ဆေးခြင်းကိုခံခဲ့ရတယ်။
နယ်မြေသိမ်းပိုက်ပြီးပထမနှစ်အတွင်းမှာဂျူးတွေအပေါ်ဆန့်ကျင် တိုက်ခိုက်မှုတွေအရမ်းပြင်းထန်ခြင်းမရှိခဲ့ပါဘူး။ အုပ်တံတိုင်းတွေမှာဂျူးတွေ ကိုဆန့်ကျင်တဲ့စာတွေရေးတာ၊ဆိုင်ပုတင်းပေါက်တွေမှာ “ဂျူးများအားမရောင်းပါ” ဆိုတဲ့စာတွေကပ်တာ၊ ပန်းခြံတွေ၊ စားသောက်ဆိုင်၊ပြဇာတ်ရုံတွေမှာတွေကို ဝင်ခွင့်မပြုတာတို့လုပ်ခဲ့ကြတယ်။ ဂျူးလူမျိုးတိုင်းဟာဒါဝိဒ်ရဲအဝါရောင်ကြယ် ‘တံဆိပ်ကိုဝတ်ဆင်ကြရပြီးကြယ်ရဲအလယ်ဗဟိုမှာတော့“ဂျူး”ဆိုတဲ့စကားလုံးကိုရေးထားကြရပါတယ်။ များမကြာမီမှာပဲဂျူးလူမျိုးတွေဟာစတင်ပျောက်ကွယ် လာပြီး သူတို့ဆိုင်တွေကိုလည်းပိတ်သိမ်းခဲ့ကြတယ်။ တင်းဘွန်း၍နာရီဆိုင်ရှေ့က သိုးမွေးအထည်ဆိုင်ဟာဂျာမန်စစ်သားတွေရဲလှန်လှောရှာဖွေခြင်းကိုခံခဲ့ရတယ်။
ကြောက်စိတ်တွေလွန်ကဲလာနေတဲ့လင်မယားစုံတွဲကိုတင်းဘွန်းကဝါဆန်မှာ ရှိတဲ့သူမရဲသားဝီလျှံရဲအိမ်မှာနေဖို့စီစဉ်ပေးခဲ့တယ်။ ဒီဖြစ်စဉ်လေးကတင်းဘွန်း ကိုမြေအောက်လှုပ်ရှားမှုလုပ်ဆောင်ဖို့ဆွဲဆောင်ခဲ့တယ်။
အစပိုင်းမှာတော့သူမအနေနဲ့ခရစ်ယာန်တွေဟာ အခုလိုမျိုးလျှို့ဝှက် လုပ်ဆောင်မှုတွေမှာပူးပေါင်းပါဝင်ခြင်းဟာခရစ်ယာန်ကျင့်ဝတ်နဲ့ညိစွန်းနေ မလား ဆိုတဲ့ အတွေးဝင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့သူမဟာ စိန်ခေါ်ချက်ကို လက်ခံခဲ့ပြီးသခင်ဘုရားထံဆုတောင်းဆက်ကပ်ခဲ့သည်မှာ “သခင်ယေရှုဘုရား၊ ကျွန်မသည်ကိုယ့်တော့လူများအတွက်မည်သည့်နည်းလမ်း၊ မည်သည့်အရပ်၊ မည်သည့်အချိန်တွင် ဖြစ်ပါစေကျွန်မအသက်တာကိုဆက်ကပ်ပါ၏”။
၁၉၄၁၊ မေလမှာ တင်းဘွန်းဟာသူတို့ရဲ့ပထမဆုံးဂျူးလူမျိုးဓားစာခံ များ ကိုခေါ်ဆောင်ကာ၊ ဝီလျှံကသူတို့ အားလုံ ခြုံသည့် အနေထားသို့ ပို့ဆောင် ပေးနိုင်ခဲ့တယ်။ တင်းဘွန်းကသူတို့အတွက်စားနပ်ရိက္ခကဒ်များကိုရရှိနိုင်သည့် နည်း လမ်းများကိုလည်းဖန်တီးပေးခဲ့တယ်။ သူမရဲ့အဆက်အသွယ်အားဖြင့် စားနပ်ရိက္ခကဒ်ပေါင်းတစ်ရာရရှိကာ လာမည့်ဒုက္ခသည်များ အတွက်အဆင့်သင့် ဖြစ်စေခဲ့တယ်။ ယခုတွင်မြေအောက်လှုပ်ရှားမှုတွင် နက်ရှိုင်းစွာပါဝင်လာ ဖြစ်လေရာ သူမအနေဖြင့် သူမကိုကူညီပေးနိုင်မည့် အသိမိတ်ဆွေများအားစတင်မိတ်ဆက်ပေးရန်လိုအပ်လာခဲ့ပါတယ်။ အထူးစီမံထားတဲ့ အစည်းဝေး တွင်သူမကသူမအားကဒ်အတုများကိုလုပ်ပေးနိုင်သူ၊ အစိုးရပိုင်ကားကိုအသုံး ပြုရန်စီစဉ်ပေးနိုင်သူနှင့်မိတ်ဆက်ခွင့်ရရှိခဲ့တယ်။ အရေးကြီးဆုံးဖြစ်သည့် ဗိသုကာပညာရှင်နှင့်ဆုံတွေ့ပြီးသူမ၏ဧည့်သည်တော်များအတွက်အထူး လျှို့ဝှက် အခန်းထားရှိရန်အကြံပြုခဲ့တယ်။ တင်းဘွန်း၏အပေါ်ဆုံးအထပ်မှလျှို့ဝှက် အခန်းဟာမည်သူမျှမရိပ်မိနိုင်လောက်အောင်ဖြစ်ကာ၄င်းသည်အုပ်တံတိုင်း အဟောင်းကဲ့သို့ခြယ်သထားသည့်နောက်ကွယ်တွင်ရှိခဲ့ပါတယ်။
တင်းတွန်းနှင့်အတူတည်းခိုနေထိုင်သည့်ဧည့်သည်တော်များဟာကိုး ယောက်အထိတိုးလာကာ၊ နာရီဆိုင်ဖြစ်သောကြောင့်အဝင်အထွက်လည်းများလှပါတယ်။ သူတို့ အိမ်ဟာရဲစခန်းနှင့်ကိုက်တစ်ရာအကွာတွင်ရှိခြင်းကြောင့်ကြိုတင်သတိပေးခြင်းသည် အထူးလိုအပ်ပါတယ်။ တစ်ခါမှာတော့အိမ်နီးနားချင်းများကသူတို့၏သီချင်းဆိုသံကို ကြားနာရကာတင်းဘွန်းအား သတိထားလုပ်ဆောင်ရန်၊ သူတို့၏လှုပ်ရှားမှုကိုလူများကပိုမိုသိလာကြသည် မှာထင်ရှား လှကြောင်းသတိပေးခဲ့တယ်။
သူမအနေဖြင့်အထိတ်လန့်ဆုံးအချိန်ဟု ထင်မှတ်ရသည့်အချိန်ကတော့ သူမကိုရဲအရာရှိတစ်ယောက်ကခေါ်တွေ့ခဲ့သည့်အချိန်ပင်ဖြစ်တယ်။ သို့သော် ထိုသူဟာယုံကြည်သူတစ်ယောက်ဖြစ်ကာ သူမအားအမှန် အကူညီပေးလိုကြောင်းသိရသောအခါစိတ်သက်သာမှုရရှိ ခဲ့ပါတယ်။ ၁၉၄၄ခုနှစ်၊ ဖေဖေါ်ဝါရီလ ဗုဒဟူးနေ့မှာဂတ်စတာဘိုအရာရှိများနှင့်ဒါးဆူနာနှစ်ဦးတို့ကသူမအိမ်ကိုဝင် ရောက်စီးနင်းခဲ့တယ်။ သူတို့ကတစ်အိမ်လုံးကိုမွှေနှောက်ပြီး ပုန်းခိုနေသည့် ဂျူးတို့အားရှာဖွေခဲ့သော်လည်းများကိုဝှက်ထားသည့်လျှို့ဝှက် အခန်းကိုမူရှာဖွေ တွေ့ရှိခဲ့ခြင်းမရှိပါဘူး။
ရိုက်ပုတ်ခံရခြင်းကို အမှုမထားပဲတင်းဘွန်းနှင့်သူ့ညီမဘက်စီတို့က မည်သည့်သဲလွန်စမျှမပေးခဲ့တာကြောင့်စီးနင်းသူများအနေဖြင့်လက်လျှော့ရ မည့်အနေထားရောက်သွားတယ်။ သို့သော်အစောင့်များကို အိမ်ပတ်လည်တွင် ချထားပြီး၎င်းဟာပုန်းခိုနေသူများရှိပါကငတ်မွတ်စေရန်ရည်ရွယ်ခဲ့တယ်။ တင်းဘွန်းအပါအဝင် သူမထံသို့ ရောက်လာသည့် အချို့အပြစ်မဲ့သူ အချို့ကို လည်းဂတ်စတာဘို ဌာနချုပ်သို့ ခေါ်ဆောင်သွားခြင်းခံရတယ်။ သို့သော်ဂိုဏ်းခေါင်းဆောင်တင်းဘွန်းနှင့်ဘက်စီတို့မှအပကျန်အကျဉ်းသားများကို လွတ်ပေးခဲ့ကြပါတယ်။ သူတို့ဖခင်ဟာလဲကျခဲ့ပြီးဆယ်ရက်ကြာသော်ဆေးရုံ မှာသေဆုံးခဲ့ရတယ်။ သူတို့ကိုဖမ်းဆီးခံပြီးလေးရက်ကြာသောအခါလျှို့ဝှက် အခန်းမှဂျူးများအားလုံးလုံခြုံဘေးကင်းစွာဖြင့်ထွက်ပြေးလွတ်မြောက်ခဲ့ကြ ပါတယ်။
တင်းတွန်းနှင့်ဘက်စီတို့ဟာစကီဗင်နီဂင်အကျဉ်းထောင် သို့ဆယ်လကြာ အကျဉ်းကျခံရန်အတွက်အစပြု ပြောင်းရွှေ့ခြင်းကိုခံခဲ့ရတယ်။ သေစေနိုင် လောက် တဲ့ ဆင်းရဲဒုက္ခများကိုရင်ဆိုင်ခဲ့ရသော်လည်းညီအမနှစ်ယောက်ဟာယုံကြည် ခြင်းဖြင့်တောင့်ခံခဲ့ကြပြီးဘုရားသခင်ကသူတို့အားစွန့်ပစ်မထားကြောင်းနည်း လမ်းများစွာဖြင့် တွေ့မြင်ခဲ့ကြပါတယ်။ စကီဗင်နီဂင် အကျဉ်းထောင်မှာ
ကော်ရီတင်းဘွန်းကအခြားအကျဉ်းသားများနှင့်သီးခြားခွဲထုတ်ခြင်းခံခဲ့ရပြီး လေးလတာအထီးကျန်ဆန်စွာချုပ်နှောင်ခံခဲ့ရတယ်။ သနားကြင်နာတတ်တဲ့ ဂျာမန်အရာရှိ၏စစ်ဆေးမှုကိုခံယူပြီးနောက်သူမကိုမည်သို့သောစီရင်ချက်မျှ မကြော်ငြာပဲဟော်လန်နိုင်ငံတောင်ပိုင်းရှိချွေးတပ်စခန်းသို့ပြောင်းရွေ့ပေးခဲ့တယ်။
ထိုနေရာမှာသူ့ညီမနှင့်ပြန်လည်ဆုံတွေ့ခွင့်ရရှိကာ၊ အကျယ်ချုပ်ခံရသည့် အချိန်အဆုံးတိုင်အောင်အတူနေခွင့် ရရှိခဲ့တယ်။ နောက်ပိုင်းလများတွင် ဘုရားသခင်က သူတို့ ကို သူတို့၏ကြုံတွေ့ရသည့် အခြေအနေများတွင်ပင် အကျဉ်းသားများအားဘု ရားသခင်၏နုတ်ကပတ်တော်ကို ဝေငှ ရန် အခွင့်ပေးနေခြင်းဖြစ်ကြောင်းရှင်းလင်းစွာနားလည် လာခဲ့တယ်။ သူတို့ဟာနေ့စဉ်၊ ညနေပိုင်းတွင်ယုံကြည်သူများနှင့်လျှို့ဝှက်တွေ့ဆုံကာ သူတို့၏ယုံကြည်ခြင်းကို အားပေးတိုက်တွန်းခဲ့ကြတယ်။ ချွေးတပ်စခန်းတွင်နေရသည့် အသက်တာဟာဝိုးတဝါးဆန်ခြင်း၊ လူနေပြွတ်သိပ်ခြင်း၊ အစားအစာလုံလောက်မှုမရှိခြင်း၊ စက်ရုံအနီးတွင်တစ်နေကုန် အလုပ်လုပ်ခြင်း၊ဆူညံသံတို့ဖြင့်ပြည့်နှက်နေပါတယ်။ စက်တင်ဘာလတွင် ပြင်သစ်နှင့်ဘယ်ဂျီယံမဟာမိတ်တပ်တို့သည်ချွေးတပ်စခန်း ဝန်းကျင်တွင်ရောက်ရှိလာကြောင်းသတင်းရရှိကာလူတိုင်းသည် စောလျှင်စွာ လွတ်မြောက်ကြ လိမ့်မည်ဟုထင်မှတ်ကာစိတ်လှုပ်ရှားခဲ့ကြပါတယ်။
ဒါပေမယ့်သူတို့ကိုဂျာမဏီသို့လွဲပြောင်းပေးမည့်အစား၊ ယခင်စခန်း ထက်ပိုမိုဆိုးဝါးသည့်ရာဗင်စဘုရုတ်ရှိတပ်စခန်းသို့လွဲပြောင်းပေးခြင်းခံခဲ့ကြ ရပါတယ်။ တပ်စခန်းသို့သူတို့ကိုလက်ခံစဉ်တင်းဘွန်းဟာကျမ်းစာငယ်တစ် အုပ်နှင့်ဗိုက်တာမင်ဆေးဗူးတစ်ခုကိုသူ၏ညီမနိုလီထံမှလျှို့ဝှက်စွာလက်ခံရယူ ခဲ့ပြီး၊ ထိုအရာသည်ထိုလများအတွင်းအသက်မသေရှင်သန်ရန်အကြောင်း ဖြစ်ခဲ့တယ်။ နေ့တိုင်းသူ တို့ ၏ ကိုးကွယ်ခြင်း၊လေ့လာခြင်းအစီ အစဉ်မှာကျမ်းစာ ဟာအဓိကကျလာပြီး၊ လူမျိုးရေး၊ ဂိုဏ်းဂဏအရေးစသည့်အဆီးအတားများ သည်အရာမရောက်တော့ပဲဘုရားသခင်ကို ရှာဖွေခြင်းသာ အဓိကဖြစ်လာခဲ့ ပါတယ်။ အကျဉ်းစခန်းမှအခန်းများမှာသန်းတွေထူပြောလှတာကြောင့် အစောင့်များဟာအပြင်တွင်သာနေနိုင်ပြီးအမျိုးသမီးများဟာအနောက်ဖက် မရှိစည်းဝေး ခွင့်ရရှိခဲ့ကြပါတယ်။
ဆောင်းတွင်းရောက်လာတဲ့ အခါနေ့စဉ်အသက်တာ၏ခက်ခဲမှုမှာ များစွာတိုးပွါးလာပြီး၊ အေးခဲမှုကြောင့်နာရီပေါင်းများစွာလူးလှိမ့်နေရခြင်း၊ အလင်းရောင်မဲ့သောနံနက်၊ တစ်နေ့တစ်ဆယ့်တစ်နာရီအလုပ်လုပ်ရခြင်း၊နည်းပါးလှသည့်အစားအစာ၊ အန္တရယ်များသည့်လုပ်ငန်း၊ ဆေးဝါးကုသမှုကောင်းစွာမခံစားရခြင်းတို့ဖြင့်ကြုံတွေ့ကြရပါတယ်။ ဘက်စီ၏ကိုယ်ခန္ဓာ အခြေအနေကြောင့်တင်းဘွန်းကဗိုက်တာမင်ဆေးရည်ဗူးမှအစက်ချပေးခြင်း ဖြင့်ကုသပေးခဲ့တယ်။ အလွန်ချွေတာသုံးစွဲသည့်အနေဖြင့်တစ်နေ့ကိုအစက်ပေါင်း နှစ်ဆယ့်ငါးစက်ချပေးကာ၊ အခြားထောင်သားများကိုလည်းဝေငှပေးရာ၄င်းသည် မုဆိုးမ၏ဆီဗူးကဲ့သို့ပင်မကုန်မခမ်းနိုင်ခဲ့ပေ။
သူမ၏အဖျားကို အမှုမထားပဲဘက်စီ၏ယုံကြည်ခြင်းသည်ကြီးထွား လာကာ၊သူမသည်သူတို့အားကိုးနိုင် သည့်သူဖြစ်ကြောင်းသက်သေပြကာ၊ သူမ၏ ကူးစက်တတ်သည့် ယုံကြည်ခြင်းကအချုပ်ခန်းတွင်ပိုမိုပြုစုစောင့်ရှောက် တတ်သည့်သဘောထားကိုတိုးပွါးစေခဲ့ပါတယ်။ သို့သော်သူမ၏ကျမ်းမာရေးအခြေအနေဟာပိုမိုဆိုးဝါးလာတာကြောင့်သူမသေလုနီးပါးအချိန်တွင်ဆေးရုံ သို့အပ်နှံခြင်းခံခဲ့ရပါတယ်။ ဘက်စီဟာမသေလွန်မှီအချိန်မှာရူပါရုံတစ်ခုကိုမြင် တွေ့သွားခဲ့ရပါတယ်။ ထိုရူပါရုံမှာဂျာမဏီပြည်မှချွေးတပ်စခန်း နှင့်ဟော်လန်မှကြီးမားသည့်အိမ်ကြီးတစ်ဆောင်မှာစစ်ကြောင့် ပျက်စီးသွားကြတဲ့လူများ ကိုပြုစုနေခြင်းပင်ဖြစ်တယ်။
သူတို့ဟာနှစ်သစ်ရဲပထမနေ့မှာအကျဉ်းထောင်မှလွတ်မြောက်ခြင်း ရမည်ဟုသခင်ဘုရားကသူမအားဖေါ်ပြကြောင်းတင်းဘွန်းအားပြောပြခဲ့တယ်။ ဘက်စီသေဆုံးပြီးနောက်သုံးရက် အကြာတွင်တင်းဘွန်းသည်လွတ်မြောက်ရန် အမိန့်စာရောက်လာကာ၊ ၁၉၄၄ခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးရက်တွင်ထောင်မှလွတ်မြောက်ခဲ့ပါတယ်။ တင်းဘွန်းအတွက် အိမ်မက်နှစ်ခုလုံးဟာ ‘ သူ၏ညီမမြင်တွေ့ခဲ့သည့်အတိုင်း အတိအကျ ပြည့်စုံလာခဲ့ပါတယ်။
စစ်ပြီးဆုံးတဲ့နောက်ပိုင်းမှာတင်းဘွန်းဟာကျယ်ပြန့်စွာခရီးပြုကာ သူမရဲအတွေ့အကြုံများကိုဝေငှခြင်း၊ သတင်းကောင်းကိုဟောပြောခြင်းပြုခဲ့ပါတယ်။ ၁၉၄၁ခုနှစ်၊ မြူးနစ်မြို့ ရှိအသင်းတော်တပါးတွင်သူမဟာရာဗင်စ်ဘု၍ အကျဉ်းထောင် အတွင်းကရက်စက်ဆုံးလူတစ်ယောက် နှင့် ပြန်လည်ဆုံ တွေ့ခဲ့ရပါတယ်။ ထိုသူဟာခရစ်ယာန်တစ်ယောက်ဖြစ်လာခဲ့ပုံရပြီး၊ ဘုရား သခင်ကသူ့ကိုခွင့်လွတ်ကြောင်းသိခဲ့သော်လည်းသူမအနေဖြင့်ဘယ်လိုဆက် လုပ်ရမလဲ။
တင်းဘွန်းသည်ထိုမတိုင်မှီကတည်းကပင်သူမ၏နှလုံးသားမှာမုန်းတီး ခြင်းဆိုသည့်ပြသနာကိုရင်ဆိုင်ခဲ့ရပြီးသူတို့ကိုသစ္စာဖေါက်ခဲ့သူတစ်ယောက်ကိုခွင့်လွတ်ခဲ့ပြီးဖြစ်သော်လည်းယခုတွင်နောက်ထပ်စိန်ခေါ်မှုတစ်ခုကိုထပ်မံ တွေ့ကြုံရပြန်ပါတယ်။ အတော်တန်စိတ်ထဲတွင်ရုန်းကန်ခဲ့ရပြီးနောက်သူမကပြောနိုင်ခဲ့သည်မှာ၊ “ညီအစ်ကို ကျွန်မသင့်အားစိတ်နှလုံးအကြွင်းမဲ့ခွင့်လွတ် ပါတယ်။”
၁၉၆၈ခုနှစ်မှာအစ္စရေးတို့ကဂျူးများအားကူညီခဲ့ခြင်းအတွက်သူမကို ဂုဏ်ပြုကာ၊ ယေရုရှလင်မြို့ ရှိဖြောင့်မတ်သည့်တပါးအမျိုးသားများရိပ်သာ လမ်းမှာသစ်ပင်တစ်ပင်ကိုစိုက်ပျိုးရန်ခေါ်ဖိတ်ခဲ့ကြတယ်။ ဂျူးများကိုနှင်ထုတ် စဉ်တချိန်ကသူမ၏ဖခင်ကသူမအားပြောခဲ့သည့်စကားတစ်ခွန်းမှာ“ကော်ရီရယ်၊ အဲဒီစုတ်ပြတ်နေတဲ့ဂျာမန်တွေကိုငါသနားမိတယ်။ သူတို့ဟာဘုရားသခင်ရဲ့ မျက်ဆန်တော်ကိုသွားထိနေကြတာပါပဲ။”
Reference:
Geoffrey Hanks, 70 Great Christians: The Story of the Christian Church. Christian Focus Publication. Scotland, Great Britain. 2000.
မာသာထရီဆာ Mother Teresa ( 1910-1997 )
မာသာထရီဆာကို ၁၉၁၀ခုနှစ်၊ သြဂုတ်လ၊ ၂၆ရက်၊ မက်ဆီဒိုးနီးယား နိုင်ငံ၏မြို့တော်စကော့ဂျေတွင်မွေးဖွားခဲ့တယ်။သူမ၏ငယ်နာမည်မှာ အက်ဂနစ် -ဘွိုင်အိုယူဖြစ်ပါတယ်။ သူမ၏ဖခင်နီကိုလာသည်စီးပွါးရေးကိစ္စအတွက် မကြာခဏခရီးထွက်တတ်ပြီးခရီးထွက်တိုင်းသူ၏ဇနီးဒရာနာကို ငွေကြေး အလုံအလောက်ပေးထားလေ့ရှိတယ်။ အကြောင်းမှာဆင်းရဲသားများ အကူအညီ လာတောင်းသည့်အခါကူညီနိုင်စေရန်အတွက်ဖြစ်တယ်။ ခက်ခဲသူများဟာ သူတို့ထံမကြာခဏလာရောက်ပြီးအကူအညီတောင်းလေ့ရှိပါတယ်။
မာသာထရီဆာကဆင်းရဲသားများကိုကူညီမစတတ်သည့် သဘော သဘာဝကိုမိဘများထံမှအမွေရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုနိုင်ပါတယ်။ စကော့ မြို့သည်လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာအဆင့်တန်းစုံလင်သည့်မြို့ဖြစ်တာကြောင့် ထရီဆာသည်ရောမကာသောလိပ်ဘာသာဝင်ဖြစ်သော်လည်းအခြား၊ မွတ်စလင်တို့၏မတူညီကွဲပြားသည့် ဘာသာတရားများကို လေးစားတတ် သူဖြစ်ပါတယ်။ သူမသည်ငယ်စဉ်ကတည်းကမိသားစုနှင့်အတူဘုရား ကျောင်း ပုံမှန်တက်ရောက်လေ့ရှိပြီး အသင်းတော်၏သံစုံသီချင်းအဖွဲ့တွင်လည်းပါ ဝင်ခဲ့ပါတယ်။
သူမအသက်(၈)နှစ်အရွယ်တွင်သူ့မ၏ဖခင်ဆုံးပါးသွားခဲ့တာကြောင့် မိသားစုဟာစီးပွါးရေးတွေကျဆင်းခဲ့ပြီးအတော်အတန်ရုန်းကန်မှုများကိုပြုခဲ့ ရပါတယ်။ ထို့ကြောင့်သူမသည်ကလေးဘဝကတည်းကဆင်းရဲခြင်း၊ ချမ်းသာ ခြင်းဆိုသည့်အရာနှစ်ရပ်လုံးကိုတွေ့ကြုံခံစားခဲ့ရပါတယ်။ မည်သို့ဖြစ်စေသူ့မ၏မိခင်ဒရာနာ၏ကြိုးစားအလုပ်လုပ်ခဲ့ ခြင်းကြောင့်မိသားစုကိုကောင်းမွန် စွာကျွေးမွေးနိုင်ရုံမျှသာမကအခြားမရှိဆင်းရဲသားများကိုလည်းထောက်ပံ့ကူညီ နိုင်ခဲ့ပါတယ်။
သူမကျောင်းကပြန်လာတိုင်းမိခင်သည်ငတ်မွတ်နေသည့် ဆင်းရဲသား များအားကျွေးမွေးနေသည်ကိုမြင်ရလေ့ရှိပြီးမိခင်ကသူ့အား “ဆင်းရဲသား များ၏မျက်နှာကိုမြင်ရတိုင်းယေရှုခရစ်တော်၏မျက်နှာကိုမြင်အောင်ကြည့် တတ်ရမည်” ဟုသွန်သင်ပေးခဲ့တယ်။ သူတို့မိသားစုသည်အခက်အခဲအကြပ် – အတည်းကြုံတွေ့ရသည့်အချိန်တိုင်း ယုံကြည်ခြင်းတရားကိုစွဲမြဲစွာဆုပ်ကိုင် ‘အသက်ရှင်ခဲ့ကြပါတယ်။ တစ်နေ့သောအခါဘုန်းတော်ကြီးဂျမ်းဘရင်ကိုဗစ် ကသူမအား Chatholic Mission ဆိုသည့်မဂ္ဂဇင်းတစ်ခုကိုဖတ်ရှုစေခဲ့တယ်။ ထိုစာအုပ်တွင်သာသနာပြုများ၏စွန့်စားလုပ်ဆောင်ချက်များစွာပါဝင်တယ်။စပိန်၊ အန္ဒိ ယကဲ့ သို့ဝေးလံခေါင်သီသည့် အရပ်ဒေသများမှမရှိဆင်းရဲသားများ အားကျွေးမွေးပြုစုစောင့်ရှောက်ခြင်းအကြောင်းများကို သူမဟာ အလွန် စိတ်ဝင်တစားရှိခဲ့ပါတယ်။
ထရီဆာအသက်(၁၂)နှစ်အရွယ်တွင်အမှုတော်ဆောင်အဖြစ်ဆက် ကပ်ရန်မိခင်အားပြောခဲ့သော်လည်းမိခင်အနေဖြင့် သူမသည်ငယ်ရွယ်သေး လို့ယူဆခဲ့တယ်။ သူမသည်မိခင်ကိုမရမကပူဆာခဲ့ပြီးအသက်(၁၄)နှစ်အရွယ် မှစတင်ကာသူမကဘုရားကျောင်းတွင်ကလေးသူငယ်များအားစာသင်ပေး ခြင်းဖြင့်အစေခံခဲ့တယ်။ အသက်(၁၈)နှစ် ပြည့်သောအခါသူမသည် သီလရှင်ပြုရန်မိခင်ကိုပြောခဲ့ရာမိခင်သည်အခန်းတွင်းသို့ဝင်ရောက်ကာတစ်ရက်တိတိ ဆုတောင်းပြီးမှပြန်ထွက်လာကာထရီဆာအားသူမ၏ အလိုအတိုင်း လုပ် ဆောင် ရန်ခွင့်ပြုခဲ့ပါတယ်။
သို့သော်ထရီဆာ၏ဆုံးဖြတ်ချက်ကိုအစပိုင်းမှာသူ့မ၏အစ်ကိုလေဇာ ကနားမလည်ပေးနိုင်ခဲ့ပါဘူး။ သူ့အစ်ကိုဟာအယ်ဘေးနီးယား တပ်မတော်မှ အရာရှိ တစ်ယောက်ဖြစ်ပါတယ်။ ထိုကြောင့် သူကသူ၏ညီမထရီဆာထံ “နင်ဘာတွေလုပ်နေတာလဲဆိုတာနင်သိရဲလား”ဟုစာရေးခဲ့ပါတယ်။ သူမက အစ်ကိုထံစာပြန်ခဲ့သည်မှာ “အစ်ကိုဟာလူနှစ်သန်းကိုအစိုးရတဲ့ဘုရင့်အမှုတော် ထမ်းတစ်ယောက်ဖြစ်တယ်။ ကျွန်မလည်းတလောကလုံးကိုအစိုးရတဲ့ဘုရင်ကြီး ရဲအမှုတော်ထမ်းတစ်ယောက်ပါ”။
“လိုရေတို”အဖွဲ့လို့လူသိများတဲ့မွန်မြတ်သောအပျိုစင်မေရီတက္ကသိုလ် မှသီလရှင်များဟာ အန္ဒိယတွင်လွန်ခဲ့သည့်နှစ်ပေါင်းများစွာ ကတည်းကသာသနာပြု ခဲ့ကြပါတယ်။ သူတို့အဖွဲ့ကထရီဆာ၏လျှောက်လွှာကိုလည်းလက်ခံခဲ့ကြတယ်။ သူမနှင့်အတူလိုရေတိုအဖွဲ့စည်းထဲသို့ဝင်ရောက်မည့်ဘက်တီကေကန်ဂျီနှင့် လည်းဆုံတွေ့ခဲ့ရပြီးသူတို့နှစ်ယောက်ဟာရထားအတူစီးကာပြင်သစ်သို့ထွက် ခွါခဲ့ကြပါတယ်။ ပါရီမြို့တွင်သီလရှင်အကြီးအကဲမာသာဆူပီးရီးယားနှင့်တွေ့ဆုံ ကာသူတို့သည်အမှုတော်အတွက်အဆင်သင့်ဖြစ်မဖြစ်စစ်ဆေးခြင်းကိုခံယူရန် ဖြစ်ပါတယ်။
၁၉၂၈၊ နိုဝင်ဘာလမှာထရီဆာနှင့် ဘက်တီကေတို့သည်အန္ဒိယသို့ သွားရောက်ရန်အဆင်သင့်ဖြစ်နေကြပါပြီ။ သူတို့ဟာပြင်သစ်မှအိုင်ယာလန်၊ အိုင်ယာလန်မှအီတလီသို့ရထားနှင့်သွားကာအီတလီမှအန္ဒိယနိုင်ငံဘုံဘေမြို့ (မွန်ဘိုင်း)သို့ သင်္ဘောဖြင့်ခရီးပြုခဲ့ကြတယ်။ ၁၉၂၉ခုနှစ်၊ ဇန်ဝါရီလအစော ပိုင်းတွင်ထရီဇာသည်မဒရပ်မြို့ (ချင်နိုင်း)သို့ရောက်ရှိလာရာများစွာသော ဆင်းရဲသားများကိုမြင်တွေ့ခဲ့ရသောကြောင့် အလွန်စိတ်ဆင်းရဲခဲ့ရပါတယ်။ သူမသည်အန္ဒိယကမ်းခြေမှသင်္ဘောဖြင့်ကာလက္ကတားသို့သွားခဲ့တယ်။
ထရီဆာဟာကာလက္ကတားမှတစ်ဆင့် ဒါဂျီလင်မြို့ ရှိလိုရေတိုကွန်ဗင့် ကျောင်းတွင်ကလေးများကိုစာသင်ပေးရင်း အခြားတစ်ဖက်တွင်လည်း အင်္ဂလိပ် နှင့် ဘင်္ဂါလီ၊ ဟိန္ဒူဘာသာစကားတို့ကိုလည်းနှစ်နှစ်တာလေ့လာသင်ယူခဲ့ ပါ တယ်။ ၁၉၃၁ခုနှစ်၊ မေလ ၂၄ရက်နေ့တွင်ထရီဆာသည်သီလရှင်အဖြစ်ပထမဆုံး
သစ္စာအဓိဌာန်ပြုခဲ့ပါတယ်။ ထရီဆာဆိုသည့်အမည်ကိုတော့ (၁၈၉၇)ခုနှစ် တွင်ကွယ်လွန်သွားသည့် ပြင်သစ်သူတော်စင် အမျိုးသမီးတစ်ယောက်၏ အမည်ကိုယူထားခြင်းဖြစ်ပါတယ်။
သူမဟာသီလရှင်အဖြစ်သစ္စာဆိုပြီးသည့်နောက်ကလက္ကတားကိုပြန် သွားခဲ့ပြီးစိန်မေရီကျောင်းတွင်မိန်းကလေးများကိုစာသင်ပေးခဲ့တယ်။ (၁၉၉၄)ခုနှစ် တွင်စိန်မေရီကျောင်းမှသီလရှင်အုပ်ကြီးသည်နေထိုင်မကောင်းဖြစ်လာတာကြောင့်ထရီဆာသည်ဆရာမကြီး၏လုပ်ငန်းတာဝန်ကိုလွဲပြောင်းခံယူခဲ့ရပါတယ်။ ထိုအချိန်မှစပြီးသူမအားမာသာထရီဆာအဖြစ်လူသိများလာခဲ့ကြတယ်။ သူမ သည် စာသင်ကြားပေးခြင်းတွင်အလွန်ပျော်မွေ့တတ်သူ၊ အလွန်စည်းစနစ် ကျသူ ဖြစ်တယ်။ သို့သော်သူမိခင်ဒရာနာကသူမအန္ဒိယသို့သွားရောက်ခြင်းသည် ဆင်းရဲသားများကိုကူညီရန်ရည်ရွယ်ချက်ဖြစ်ကြောင်း၊ ၄င်းအားမမေ့ရန်စာရေး ကာသတိပေးခဲ့ပါတယ်။
သို့သော်ထိုကိစ္စသည်လွယ်ကူသည့် အမှုမဟုတ်ပေ။ ထရီဆာသည် ပြင်ပလောကနှင့်ဆက်ဆံခွင့်မရသည့်ကျောင်းမှသီလရှင်တပါးဖြစ်ပါတယ်။ကျောင်း၏ပြင်ပဘက်တွင်များစွာသောဆင်းရဲသားများရှိကြောင်းထရီဆာ သိပါတယ်။ (၁၉၄၃)ခုနှစ်ဘန်ဂေါအငတ်ဘေးကြောင့်လူထောင်ပေါင်းများစွာ ကျေးလက်ဒေသမှကာလက္ကတားမြို့သို့စားစရာရှာဖွေရန်ရောက်ရှိလာကြတယ်။ ထရီဆာသည်မြို့မှဆင်းရဲသားများအတွက်ဆုတောင်းပေးရုံမျှသာမကစိန် မေရီကျောင်းမှအစားအသောက်နှင့်ဆေးများကိုဆင်းရဲသားများထံတစ်ပတ်တကြိမ်ပို့ပေးခဲ့ပါတယ်။ ဒေသတွင်းဆေးရုံများသို့လည်းသွားရောက်ကူည ခဲ့ကြပါတယ်။
၁၉၄၆ခုနှစ်၊ သြဂုတ်လတွင်ကာလက္ကတားမြို့တွင်ဟိန္ဒူနှင့်မွတ်စလင် အကြားရက်ပေါင်းများစွာတိုက်ခိုက်မှုဖြစ်ခဲ့ရာလူပေါင်း(၅၀၀၀)သေဆုံးရုံသာ မကထိခိုက်ဒဏ်ရာရသူများစွာရှိခဲ့တယ်။ ကွန်ဗင့်ကျောင်းရှိမိန်းကလေး (၂၀၀)ကို ကျွေးမွေးရန်လည်းဘာမျှမရှိတော့သည့်အဆုံးထရီဆာအနေဖြင့်ကျောင်းပြင်ပ ထွက်ကာစားစရာရှာဖွေရုံမှအပဘာမျှရွေးချယ်စရာမရှိတော့ပါဘူး။ ထိုအခါ ထရီဆာသည်အလွန်ကြောက်မက်ဘွယ်မြင်ကွင်းကိုကိုယ်တိုင်မြင်ခဲ့ရပါတော့တယ်။ ဒဏ်ရာဖြင့်သေဆုံးနေသူအလောင်းများစွာလမ်းမပေါ်တွင်ပျံ့ကြဲနေပါတယ်။
ကျေးဇူးတော်ကြောင့်အင်္ဂလိပ်စစ်သားအချို့ကထရီဆာကိုတွေ့သွား ပြီးထရပ်ကားနဲ့ကွန်ဗင့်ကျောင်းသို့ပြန်ပို့ပေးခဲ့တယ်။ ကျောင်းမှမိန်းကလေး များစားသုံးရန်ဆန်အိတ်များကိုလည်းကားပေါ်တွင်ပါလာသည်ကိုတွေ့ရှိခဲ့ရတယ်။ သူမဟာ အလွန်စိတ်ပင်ပန်းသွားတာကြောင့်အနားယူရန် ဒါဂျီလင်သို့ သွား ရောက်ခဲ့စဉ်ဘုရားသခင်ကသူမအားဆင်းရဲသားများနှင့်အတူနေထိုင် အလုပ်လုပ်ရန်နှိုးဆော်ခဲ့ပါတယ်။ သို့သော်ထိုသို့လုပ်ဆောင်ရန်မာ စည်းကမ်းနှင့်ညှိစွန်းတာကြောင့်၄င်းကိစ္စကိုဘာသာရေးဆိုင်ရာအကြီး ထံခွင့်ပြုရန်တောင်းဆိုခဲ့ရပါတယ်။ ဖာသာဗအက်ဇန်းကဂုဏ်းချုပ်ဆရာတော် ကြီးနှင့်တွေ့ဆုံပြီးနှစ်နှစ်အကြာပုတ်ရဟန်းမင်းကမာသာထရီဆာကြ အဖြစ်ကွန်ဗင့်ကျောင်းပြင်ပတွင်နေခွင့်ပြုခဲ့ပါတယ်။
၁၉၄၈ခု၊ဩဂုတ်လ၁၇ရက်နေ့တွင်သူမသည်ဆင်းရဲသားရပ်ကွက်ထဲ သွား ရောက်နေထိုင်ခဲ့ရာသီလရှင်ဝတ်စုံအဖြူ အနက်သည်မြို့ပေါ်လမ်းမ ပေါ်မှာ အဆင်မပြေလှပါဘူး။ ထိုကြောင့် မာသာထရီဆာကထို့ အစားအန္ဒိယရိုး ရာအဖြူရောင်ကိုအပြာရောင်အနားစပ်ထားသည့်ဆာရီဝတ်စုံကိုဝတ်ဆင်ခဲ့ ပါတယ်။ စိန်မေရီကျောင်းကိုစွန့်ခွာပြီးဆင်းရဲသားရပ်ကွက်ထဲသို့သွားရောက် နေထိုင်ခြင်းဟာသူမ၏မိသားစုကိုစွန့်ခွါခဲ့ခြင်းကထက်ပင်ပိုမိုခက်ခဲသည်ဟုသူ ကဆိုခဲ့တယ်။ သူမတွင်ငွေကြေးလည်းမရှိသလောက်ပင်ဖြစ်ကာဘာစားမည်၊ ဘာ လုပ်မည်၊ ဘယ်မှာနေရမည်စသဖြင့်မသိသလောက်ပင်ဖြစ် ခဲ့ရပါတယ်။
သူမသည်ကာသိုလိပ်အသင်းတော်ကသက်ကြီးရွယ်အိုများအတွက် ပြင်ဆင်ထားပေးသော Little Sisters ဆိုသည့်အဆောက်အုံတံခါးကိုခေါက်ခဲ့ရာအိပ်မည့်နေရာတစ်ခုရရှိခဲ့ရုံ သာမကဒေသခံဘုန်းတော်ကြီးတပါး ထံမှငွေအချို့ကိုရရှိခဲ့တယ်။ သူမသည်ဘာကိုလုပ်ဆောင်ရမှန်းလည်းမသိသော် လည်းကွန်ဗင့်ကျောင်းနံရံနှင့်မဝေးသည့် သစ်ပင်တစ်ပင် အောက်တွင်မြေကြီးပေါ် တုတ်ချောင်းဖြင့်ရေးခြစ်ကာကလေးအချို့အား ဘင်္ဂါလီစာကိုစတင်သင်ပေး ခဲ့ပါတယ်။ အပတ်တိုင်းကလေးတွေပိုမိုများပြားလာပြီးပထမလတွင်အယောက် နှစ်ဆယ်ပုံမှန်လာရောက်သင်ယူခဲ့ကြပါတယ်။ သူမ၏သတင်းဟာပျံ့နှံ့သွားကာ ဆင်းရဲသားရပ်ကွက်သားများကကျေနပ်သဘောကျခဲ့တာကြောင့်သူတို့ တတ်နိုင် သမျှဝိုင်းဝန်းကူညီခဲ့ကြပါတယ်။ အချို့ကကျောက်သင်ပုန်း၊ မြေဖြူ၊ ထိုင်ခုံ စသဖြင့် အသီးသီးလှူဒါန်းပေးကြရာအဆောက်အုံမရှိသော်လည်းကျောင်းတစ်ကျောင်းဖြစ်ပေါ်လာခဲ့ပါတယ်။ မာသာထရီဆာကကျောင်းတက်လာကြသည့်သူများ ကိုဆပ်ပြာတုံးများစတင်ပေးကမ်းခဲ့ပါတယ်။ ဇန်ဝါရီလတွင်ကျောင်းသူ၊ သား ပေါင်း(၄၆)ယောက်အထိတိုးပွါးလာခဲ့ပါတယ်။
နောက်ပိုင်းတွင်အဲဖရက်ဂွန်းဆိုသည့်လူကမာသာထရီဆာကိုအခန်း တစ်ခန်းအခမဲ့ငှါးရမ်းပေးခဲ့သည်။ ၁၉၄၄၊မတ်လတွင်စိန့်မေရီကျောင်းမှသူမ၏ကျောင်းသူတစ်ယောက်သည်သူမအားကူညီရန်ရောက်ရှိလာသည်။ ၁၉၄၉ ခုနှစ် အကုန်တွင်မူကားစိန့်မေရီကျောင်းမှဘွဲ့ရအမျိုးသမီး(၁၀)ယောက် ထပ်မံရောက်ရှိ လာရာအဲဖရက်ဂွန်းကထိုသူအားလုံးနေထိုင်ရေးအဆင်ပြေစေ ရန်အခန်းသစ်များ၊ ရေချိုးခန်းများကိုပြင်ဆင်ပေးခဲ့တယ်။ မာသာထရီဆာကသူမ၏သာသနာပြု အဖွဲ့ကိုဖွဲ့စည်းရန်ရောမရှိပုတ်ရဟန်းမင်းထံလျှောက်လွှာတင်ခဲ့ရာ(၁၉၅၀)ခုနှစ် မှာသူမ၏တောင်းဆိုချက်ကိုလိုက်လျောပေးခဲ့ပါတယ်။
မာသာထရီဆာနှင့်လုပ်ဖေါ်ဆောင်ဖက်များဟာနေ့စဉ်နံနက်လေး နာရီခွဲ တွင်အိပ်ယာထကြရပါတယ်။ ထိုနောက်ဝတ်ပြုကိုးကွယ်ခြင်း၊ နံနက် စာစား ခြင်း ပြုပြီးနောက်ကာလက္ကတားဆင်းရဲသားရပ်ကွက်သို့သွားကြပါတယ်။ တစ်နေ့သောအခါအမျိုးသမီးတယောက်လမ်းပေါ်လဲကျနေသည်ကိုမာသာထရီဆာ တွေ့ခဲ့တယ်။ သူမ၏ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့ကိုကြွက်များကစားထားတာကြောင့်သူမ၏အနာများတွင်လောက်တက်နေတယ်။ မာသာထရီဆာကသူမ အားပွေ့ချီကာဆေးရုံသို့ခေါ်သွားသော်လည်း ဆေးရုံကအကူညီပေးရန်လက် မခံခဲ့ပါဘူး။
ဆေးကုသစရိတ် သူမတို့နှစ်ယောက်လုံးတွင်မရှိပါဘူး။ သို့သော် မာသာထရီဆာက မရမချင်းပြောသဖြင့်နောက်ဆုံးတွင်သူနာပြုဆရာမက လက်လျော့ကာကုသမှုပေးခဲ့တယ်။ ထိုအမျိုးသမီးသည်အသက်မရှင်နိုင်တော့မှန်း မာသာထရီဆာသိပါတယ်။ သို့သော်ထိုအမျိုးသမီးသည်တိရိစ္ဆာန်တစ် ကောင် သဖွယ်လမ်းပေါ်တွင်မသေဆုံးသင့်ဟုသူမအနေဖြင့်ခံယူထားသောကြောင့် ဖြစ်ပါတယ်။ ထိုအမျိုးသမီးကဲ့သို့သောသူအများရှိမည်ကိုမာသာထရီဆာက သိမြင်ခဲ့သောကြောင့်မို့ အရာရှိထံသို့သွားရောက်ကာထိုသို့သောနာမကျန်း သူများအတွက်ဂေဟာတစ်ခုကိုမရမက တောင်းဆိုခဲ့ရာနောက်ဆုံးဟန္ဒူဘုရား ကျောင်းနောက်မှလူမနေသည့်အဆောက်အအုံ တစ်ခုကိုရရှိခဲ့ပါတယ်။
ဂေဟာကိုပြန်လည်မွမ်းမံပြင်ဆင်ပြီးနောက်တွင်“နီရာမာလ်ဟရီဒေး” ဟုအမည်ပေးခဲ့ရာ၄င်းမှာ “စင်ကြယ်သည့်နှလုံးသားနေရာ”ဟုဆိုလိုပါတယ်။
ထိုဂေဟာတွင်သေအံ့ဆဲဆဲလူနာများသာမကနေမကောင်းဖြစ်ခါစလူနာများ ကိုလည်းပြုစုပေးခဲ့တယ်။ ရဲစခန်း၊ ဆေးရုံတွင်စွန့်ပစ်ခံရသည့်ကလေးများ ကိုခေါ်ယူပြုစုရင်း(၁၉၅၅)ခုနှစ်မှာမိဘမဲ့နှင့်စွန့်ပစ်ခံရသည့် ကလေးများ အတွက်ဂေဟာတစ်ခုကို ဖွင့်လှစ် ပေးနိုင် ခဲ့တယ်။
ထိုစဉ်ကအနာကြီးရောဂါသည်လည်းအလွန်စတင်ပြန့်ပွါးလာရာထိုသူ များအတွက်ကာလက္ကတားတွင်ဆေးခန်းတစ်ခုဖွင့်ပြီးရွှေ့ လျားကုသစနစ် အတွက်ဗင်ကားတစ်စီးကိုလည်းဝယ်ယူခဲ့တယ်။ အနာကြီးရောဂါသည်များ နေထိုင်ရန်ရွာတစ်ရွာတည်ဆောက်ရန်လည်းကူညီဆောင်ရွက်ပေးခဲ့တယ်။ မာသာထရီဆာ၏အကျိုးပြုလုပ်ငန်းသည် အလွန်ကျယ်ပြန့်လာတာကြောင့်ကာလက္ကတားတွင်အဆောက်အဦးတစ်ခုဝယ်ယူရန် အတွက်ဂုဏ်းချုပ်ဘုန်း တော်ကြီး ကကူညီပေးခဲ့တယ်။
ထိုစဉ်ကသူမ၏သာသနာလုပ်ငန်းကိုယခုချိန်မှာကဲ့သို့ ကမ္ဘာကမသိ သေးပါဘူး၊ ထိုသို့မသိခြင်းပင်လျှင်သူမအတွက်အဆင်ပြေလျက်ရှိရာသူမ ကိုယ်တိုင်လည်းအလှူခံခြင်းကိုပင်ဘယ်တော့ခါမျှမပြုခဲ့ပါဘူး။ ငွေကြေးလို အပ်မှု မှန်သမျှအတွက်ဘုရားသခင်၏ ထောက်ပံ့မှုကိုအကြွင်းမဲ့ယုံကြည်၊ ကိုးစား ခဲ့ပါတယ်။ မာသာထရီဆာသည်ဆင်းရဲသားရပ်ကွက်သို့ပထမဆုံးပြောင်းရွှေ့ ခဲ့စဉ်ကမကျန်းမာသူများသည်သူ့ထံဆေးဝါးလာတောင်းကြတယ်။ သူမထံတွင် ဘာဆေးမျှမရှိ၊ဆေးဝယ်ရန်ငွေကြေးလည်းမရှိပါ။ ထိုကြောင့်သူဟာမြို့တွင်ရှိ သည့် ဆေးဆိုင်မှန်သမျှတွင် အကူညီတောင်းခဲ့ပါတယ်။ အချို့ ကမကူညီ ကြသော်လည်းအချို့ကမူကူညီပေးခဲ့ကြသည်။
၁၉၆၉ခုနှစ်တွင်မဲလ်ကွန်းမတ်ဂါရစ်ကမာသာထရီဆာအကြောင်း ဗြိတိသျှအသံလွင့်ဌာနအတွက်ရုပ်ရှင် ရိုက်ကူးပေးခဲ့ခြင်းဖြင့်မာသာထရီဆာ၏ သာသနာပြုအဖွဲ့အားတကမ္ဘာလုံးကသိလာခဲ့ကြပြီးအလှူငွေလည်းမြောက်များ စွာဝင်ရောက်လာခဲ့တယ်။ ၁၉၇၉ခုနှစ်တွင်မာသာထရီဆာသည်ငြိမ်းချမ်းရေး နိုဘယ်လ်ဆုနှင့်တကွအခြားဂုဏ်ပြုချီးမြင့်ခြင်းများစွာခံခဲ့ရတယ်။ နိုဘယ်လ်ဆု ရရှိခြင်းသည်သူမ၏ရည်မှန်းချက်မဟုတ်သော်လည်းထိုဆုကြောင့်သူမသည် လူသိများလာပြီးသာသနာပြုအဖွဲ့အစည်းအတွက်လိုအပ်သည့် အလှူငွေရ ရှိရန်အကြောင်းဖြစ်လာစေခဲ့ပါတယ်။
အောင်မြင်ကျော်ကြားလာသည့်နှင့် အမျှ သူမအားစွပ်စွဲမှုအမျိုးမျိုး လည်းပေါ်ပေါက်လာခဲ့ပါတယ်။ အချို့ကသူမအားရာဇဝတ်သားများထံမှငွေကြေး ရယူကြောင်း၊ အချို့ကသူမသည်ဆင်းရဲသားများကိုပြုစုသော်လည်းဆင်းရဲမွဲတေ စေခြင်း၏အကြောင်းရင်းများကိုဆန့်ကျင်ပြောဆိုခြင်းမရှိကြောင်းစွပ်စွဲကြတယ်။ အချို့ကလည်းသူမအားဘာသာဆွယ်သူဟုစွပ်စွဲကြပြန်သည်။ မာသာထရီဆာ သည်အိန္ဒိယပြည်တွင်(၃၅)နှစ်ခန့်အမှုတော်ဆောင်ခဲ့ပါတယ်။
၁၉၆၅ခုနှစ်တွင်ဆဌမမြောက်ပုပ်ရဟန်းမင်းကြီးကမာသာထရီဆာ၏ သာသနာပြုဂေဟာလုပ်ငန်းမျိုးကို နိုင်ငံမြောက်များစွာတွင်ဖွင့်လှစ်ပေးခဲ့တယ်။ ၁၉၈၂ခုနှစ်တွင်မာသာထရီဆာသည်သူမ၏အဖွဲ့နှင့်အတူအရှေ့အလယ်ပိုင်း ဒေသ ရှိလက်ဘနွန်နိုင်ငံစစ်မြေပြင်သို့ သွားရောက်ကာဗုံးထိမှန်ထားသောဆေးရုံ တွင်ကလေးများစွာကိုထိမ်းသိမ်းပေးခဲ့တယ်။ အသက်(၇၂)နှစ်ရှိပြီဖြစ်သည့်မာသာထရီသာကိုယ်တိုင်ကလေးများကိုပွေ့ချီကာကြက်ခြေနီကားပေါ်သို့ ၊ တင်ပေးခဲ့တယ်။ ကလေးများကိုဘေးကင်းလုံခြုံရာသာသာနာပြုစာသင်ကျောင်း ၊ သို့ပို့ဆောင်ပေးနိုင်ခဲ့တယ်။၁၉၈၀ခုနှစ်နောက်ပိုင်းတွင်မာသာထရီဆာ၏ကျန်းမာရေးစတင် ချို့ယွင်းလာရာဆေးဆရာဝန်များက သူမအားကောင်းမွန်စွာအနားယူရန် အကြံပေးခဲ့သော်လည်းသူမသည်လက်မခံပဲအလုပ်ကိုသာဖိလုပ်နေခဲ့တယ်။ သူမက “ကျွန်မအကူညီပေးဖို့လိုအပ်တဲ့ဆင်းရဲသားများစွာရှိသေးတယ်။ ကျွန်မမှာအနားယူဖို့ကောင်းကင်ဘုံရှိပြီးသား” လို့ပြောခဲ့ပါတယ်။ မာသာထရီဆာ သည်၁၉၉၇ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့၊ သူမ၏အသက်(၈၇) အရွယ် တွင် ကာလကတ္တားမြို့တွင်ကွယ်လွန်သွားခဲ့ပါတယ်။ သူမ၏သာသနာအဖွဲ့ကိုတော့ စတာမေရီပရီမားပီရာရစ်ကဆက်လက်တာဝန်ယူ ဦးဆောင်ခဲ့ပါတယ်။
ယခုချိန်တွင်မာသာထရီဆာ၏သာသနာပြုဂေဟာကို နိုင်ငံပေါင်း တစ်ရာကျော်မှာဖွင့်လှစ်ထားပါတယ်။ မိသားစုပေါင်းငါးသိန်းကျော်ကိုလည်း ကျွေးမွေးပြုစုထားကာနှစ်စဉ်အနာကြီးရောဂါသည်(၉၀၀၀၀)ကျော်ကိုလည်း ပြုစုကုသပေးခဲ့နေပါတယ်။ ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်ကသူမ၏လုပ်ဆောင် ချက်များကြောင့် “အလွန်မြင့်မြတ်သည့်မာသာထရီဆာ” ဟုတရားဝင်ထုတ် ပြန်ကြော်ငြာခဲ့ပါတယ်။
Reference:
Jim Gigliotti, Who Was Mother Teresa?
ဧလိဇဗက်ဖရိုင်း Elizaeth Fry ( 1780-1848 AD )
များစွာသောလူမှုရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများဟာလွန်ခဲ့သည့် နှစ်(၂၀၀)မှစတင်ကာတစ်သီးပုဂ္ဂလဆန်စွာဖြင့်အောင်မြင်စွာလှုပ်ရှားခဲ့ကြရင်းနောင်တွင်နိုင်ငံတော်အစိုးရအနေဖြင့်၊ တရားဝင်အရေးယူဆောင်ရွက်ရသည့် အဆင့်သို့ရောက်ခဲ့ပါတယ်။ ထိုကဲ့သို့တစ်သီးပုက္ကလဆန်သည့် လှုပ်ရှားမှု များ သာမရှိခဲ့ဘူးဆိုရင်အစိုးရများအနေဖြင့်လည်းထိုကဲ့သို့သောလူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဆောင်ပါ့မလားလို့စဉ်းစားစရာရှိပါတယ်။ များစွာသောလူတွေဟာ အစိုးရကဦးဆောင်ပြီးသူ့ ရဲ့ဦးဆောင်မှု နောက်ကို ပြည်သူတွေကလိုက်ရမယ်လို့ တရားသေမှတ်ယူတတ်ကြတယ်။ သို့သော်ပြည်သူတွေကအစိုးရကိုဦးဆောင်မှုပြုနိုင်ကြောင်းကျမ်းစာမှာတွေ့ ရပါ တယ်။ “သင်တို့သည်ထာဝရဘုရားသခင်ကိုကြောက်ရွံ့၍ ဝတ်ပြုခြင်းနှင့်တကွ၊ အာဏာတော်ကိုမဆန်၊ စကားတော်ကိုနားထောင်လျှင်သင်တို့နှင့်သင်တို့ကို အုပ်စိုးသောရှင်ဘုရင်သည်သင်တို့၏ဘုရားသခင်ထာဝရဘုရားနောက်တော် သို့အမြဲလိုက်ကြလိမ့်မည်။”(၁ရာ ၁၂း၁၄)
ထိုကဲ့သို့သောလူမှုရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေမှာအကျဉ်းထောင် စနစ်များကိုပြုပြင်ပြောင်းလဲရေးသည်လည်းထိပ်ဆုံးမှပါဝင်ပါတယ်။ ရှေးအကျ ဆုံးအကျဉ်းထောင်စနစ်ကိုနောက်ကြောင်းပြန်လှည့်ကြည့်တဲ့အခါရှေးခေတ် အီဂျစ်ပြည်ရဲယဉ်ကျေးမှုအနေဖြင့်ကျမ်းမာမှာဖေါ်ပြထားကြောင်းတွေ့ရပါတယ်။ သခင်ယေရှုကအကျဉ်းချထားခြင်းခံရသူများကိုကြည့်ရှုပြုစုခြင်းဟာဖြောင့်မတ်သူများရဲအမှတ်လက္ခဏာသင်္ကေတဖြစ်ကြောင်းမိန့်တော်မူခဲ့ပါတယ်။ (မသဲ ၂၅း၃၆၊၄၀)
အင်္ဂလန်နိုင်ငံမှအကျဉ်းထောင်များဟာ(၁၈၀၀)ခုနှစ်အစောပိုင်းကာလ တွေမှာ အလွန်ရက်စက်ကြမ်းကြုတ်သည့်နေရာ၊ လူတို့၏အစွန့်ပစ်ခံနေရာ၊ မျှော်လင့်ချက်ရောင်ခြည်ကင်းမဲ့ရာအရပ်သဖွယ်တည်ရှိခဲ့ပါတယ်။ (၁၇၀၁)ခုနှစ် မှာခရစ်ယာန်များကမကောင်းသည့်စနစ်များကိုစတင်ဖေါ်ထုတ်ခဲ့သော်လည်း ထိရောက်မှုအလွန်အားနည်းခဲ့ပါတယ်။ ဝက်စလေ၊ ဝှိုက်ဖီးလ်တို့ကအကျဉ်းထောင်များဆီသို့သွားရောက်လည်ပတ်မှုပြုခဲ့တယ်။ သူတို့ဟာအကျဉ်းသားများ အတွက်လိုအပ်ချက်များဝယ်ယူရန်ငွေကြေးကောက်ခံခြင်း၊ ကယ်တင်ခြင်းမရ သေးသူများကိုတရားဟောခြင်း၊ စီရင်ချက်ချခံသူများကိုနှစ်သိမ့်ခြင်းပြုခဲ့ကြတယ်။
(၁၇၇၃)ခုနှစ်၊ ဂျွန်ဟားဝပ်ဒ်သည်ဘက်ဖို့ဒ်ရှိုင်းယား၏မြို့တော်ဝန် ဖြစ်လာသည့်အခါအကျဉ်းသားများ၏ဆိုးဝါးလှသည့်အခြေကိုပြုပြင်ပြောင်းလဲ ပေးရန်ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ ထိုလှုပ်ရှားမှုအတွက်မိုင်ပေါင်းငါးထောင်ကျော်ခရီးထွက်ခဲ့ရပြီးသူ၏ကိုယ်ပိုင်ငွေစတာလင်ပေါင်သုံးသောင်း ကျော်ကုန်ကျ ခံသုံးစွဲခဲ့သော်လည်းဘာမှအရာမရောက်ခဲ့ပါဘူး။ သို့သော်ထိုသို့အရာမရောက် ဖြစ်ခဲ့သည့်လုပ်ငန်းကိုအကောင်ထည်ဖေါ်ရန်နောက်ထပ်ပေါ်ပေါက်လာသူ တစ်ယောက်ကတော့အယ်လိဇဗက်ဖရိုင်းဆိုသည့်အမျိုးသမီးတစ်ယောက်ပင် ဖြစ်ပါတယ်။
အယ်လိဇဗက်ဖရိုင်းကို၁၇၈၀ခုနှစ်၊ အလွန်ချမ်းသာသည့်ဘဏ်ပိုင်ရှင် မိသားစုတွင်မွေးဖွားခဲ့ပါတယ်။ သူ၏မိဘများဟာဘာသာရေးမှာစိတ်အား ထက်သန်မှုမရှိသော်လည်းသူတို့ဟာကွိကာသင်းဝင်များဖြစ်ကြပြီးတနံဂနွေနေ့တိုင်း၊ ဝတ်ပြုခြင်းကိုတော့အလေးထားလုပ်ဆောင်တတ်ကြပါတယ်။ သူတို့ရဲ့နေအိမ်ဟာ မြို့ ရဲအချက်ချာကျတဲ့နေရာမှာတည်ရှိတာကြောင့်သူမဟာတောက်ပသစ်လွင်တဲ့ အဝတ်စားများကိုဝတ်ရင်းပါတီပွဲများကိုအစဉ်တက်ရောက်လေ့ရှိပြီးသူမနဲ့တွဲ ကမည့် သူလည်းအမြဲတမ်းအဆင်သင့်ရှိနေတတ်ပါတယ်။
သူမဟာ ဘာသာရေးအရဝတ်ပြုစည်းဝေးတက်ရသော်လည်းနှစ်နာရီ ‘ ကြာတဲ့တရားဟောချက်ကိုငြီးငွေ့လှ ပြီး၊ဘုရားရှိခိုးအစီစဉ်ပြီးတိုင်း အလွန်ပျော်ရွင်နေတတ်တယ်။ သို့သော်လည်းသူမဟာဆယ်ကျော်သက်အရွယ်ရောက်လာသည့် အခါဘာသာရေးဆိုတာလူတစ်ယောက်အတွက်ထူးခြားစေသည့်အရာဖြစ်သင့်ကြောင်းစတင်ခံစားလာရပြီးဘုရားသခင်ကို အမှန်တကယ်သိလိုသည့်ဆန္ဒ ဖြစ်ပေါ်လာခဲ့ပါတယ်။ သူမအသက်တစ်ဆယ့်ခုနှစ်အရွယ်အမှာမှတ်တမ်း တင်ရေးသားချက်အရသူမတွင်ဘာသာတရားမရှိတော့ပဲသူမ၏စူးစမ်းရှာဖွေ မှုလည်းအဆုံး ရောက်ပြီဟုဆိုနိုင်ပါတယ်။
သို့သော်ထို တစ်နှစ်တာ အတောတွင်းမှာပဲသူမရဲ့အသက်တာဟာ ပြောင်းလဲခဲ့ပါတယ်။ အမေရိကန်တရားဟောဆရာဝီလီယံဆဝါရီရဲဟော ပြောချက် အားဖြင့် သူမဟာသတင်းကောင်းကို အလွန်လေးနက်စွာခံယူခဲ့ပြီး သူမအတွက်ယေရှုကိုအသေခံစေခဲ့သည့်ဘုရားသခင်တပါးရှိကြောင်းသိနားလည်ခဲ့တယ်။ ထိုနောက်လပိုင်းကြာတဲ့အခါရှိုကာ ဝတ်ပြုစည်းဝေး တစ်ခုမှာ သူမ သည် “မျက်စိကန်းသူများအတွက်အလင်း၊နားလေးသူ၊ခြေလက်မစွမ်းသူများ အတွက်ကိုယ်စားပြောပေးသူ” ဖြစ်လာမည့်အကြောင်းပရောဖက်ပြုခြင်းခံရပြီး ၊ သူမကိုယ်တိုင်လည်းဘုရားသခင်ကသူမအားဖြင့်အထူးအမှုတော်ကိုလုပ်ဆောင် မည်လို့ခံစားခဲ့ရပါတယ်။
ထိုအချိန်ကစပြီးသူဟာသူမနေတဲ့နောဝိချ်အရပ်ဝန်းကျင်မှာအကျိုးပြု စေမည့်အရာများကိုလုပ်ဆောင်ခဲ့ပြီး၊ ဥပုဒ်စာသင်တန်းကျောင်းတစ်ခုကိုဖွင့် လှစ်ခြင်း၊ ဖျားနာသူများထံလှည့်လည်ကြည့်ရှုကာကျမ်းစာဖတ်ပေးခြင်း၊ ဆင်းရဲ သားများအတွက်အဝတ်ချုပ်ပေးခြင်းလုပ်ပေးခဲ့တယ်။ သူမဟာအလွန်စိတ် အားထက်သန်တဲ့ကွိကာသင်းဝင်ဖြစ်လာကာသူ၏ရဲလူမှုအသိုင်းဝန်းကို စွန့်လွတ် ပြီးကွိကာအသင်းသူများဝတ်ဆင်တဲ့ ဝတ်ရုံနဲ့ခေါင်းဖုံးကိုဘဝတလျောက်လုံး ဆင်မြန်းခဲ့ပါတယ်။
သူမသည်အသက်(၂၀)အရွယ်တွင်လူချမ်းသာဂျိုးဇက်ဖရိုင်းနှင့်အိမ် ထောင်ပြုခဲ့ပြီးသားသမီး(၁၁) ယောက်ထွန်းကားခဲ့တယ်။ သူဟာကောင်းမွန်တဲ့ ဇနီး၊မိခင်တစ်ယောက်ဖြစ်ခဲ့သော်လည်းထိုထက်ပိုမိုကောင်းမွန်တဲ့ အသက် တာဖြင့်ဘုရားအတွက်အစေခံခွင့်မရခြင်းကြောင့်နှစ်ပေါင်းများစွာစိတ်မသက် မသာခံစားခဲ့ရပါတယ်။ ၁၈၀၈ခုမှာ သူမဟာလူများကိုပြန်လည် အစေခံဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။ သူမဟာဆရာတစ်ယောက်ကိုအခပေးပြီးကျောင်း တစ်ကျောင်းကိုဖွင့်လှစ်ပေးခဲ့တယ်။
လူနာတွေအတွက်ကြက်သားစွတ်ပြုပ်များလုပ်ဖို့မီးဖိုချောင်တစ်ခု ကိုလည်းလုပ်ဆောင်ပြုစုခဲ့တယ်။ ၁၈၁၁ခုမှာသူမသည် အနယ်နယ်အရပ်ရပ်မှ တရားဟောရန်ခေါ်ဖိတ်ခြင်းကိုခံခဲ့ရကာသူမဟာရောက်ရာအရပ်မှာကျေးဇူးတော်အကြောင်းကိုဟောပြောခဲ့တယ်။ ကွေကာအသင်းတော် တွင်လည်းစိတ်အား ထက်သန်စွာပါဝင်ခဲ့ရာသူမအသက် (၃၀) အရွယ်တွင်အမှုတော်ဆောင်တပါး အနေဖြင့် အသင်းတော်က သတ်မှတ် ချီးမြင့်ခြင်းခံခဲ့ရပါတယ်။
(၁၈၁၃)ခုတွင်တွိကာအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့စတီဖင်ဂရီလက်ဟာ နယူးဂိတ်အကျဉ်းထောင်သို့သွားရောက်လေ့လာမှုပြုခဲ့ရာမှာအလွန်အကျဉ်းတန် ရုပ်ဆိုးလှတဲ့ထောင်တွင်းမြင်ကွင်းကြောင့်ကြီးစွာတုန်လှုပ်ခြောက်ခြားသွားခဲ့ရ ပါတယ်။ သူဟာသူမြင်တွေ့ခဲ့တဲ့အရာတွေကိုဧလိဇဗက်ဖရိုင်းထံသွားရောက်ပြောပြခဲ့တယ်။ ချက်ခြင်းပဲဧလိဇဗက်ဟာသူမ၏အမှုတော်ကိုသိရှိနားလည် ခဲ့ရပြီးအကျဉ်းထောင်မှအမျိုးသမီးများ၊ ကလေးများအတွက်လိုအပ်သည့်အသုံး အဆောင်ပစ္စည်းများ၊ အဝတ်အစားများကိုပြင်ဆင်ပြီးကွိကာအဖွဲ့ဝင်အမျိုး သမီးများနဲ့ အတူအကျဉ်းထောင်သို့ သွားရောက်ပို့ဆောင်ပေးခဲ့ပါတယ်။ အကျဉ်း ကျနေသည့်အမျိုးသမီးများသည်ကြီးကြီးမားမားပြစ်မှုကျူးလွန်ခြင်းကြောင့်မဟုတ် ပဲအကြွေးမဆပ်နိုင်ခြင်းကြောင့်အကျဉ်းကျနေခြင်းသာဖြစ်ကြပါတယ်။
နယူးဂိတ်အကျဉ်းထောင်ရဲအမျိုးသမီးဖက်ခြမ်းမှာအမျိုးသမီးနဲ့ကလေး သူငယ်သုံးရာရှိကာ၊ အခန်းလေးခန်းမှာပြွပ်သိပ်ကြပ်ညပ်နေကြပြီး၊ သူတို့အိပ်တဲ့ နေရာမှာပဲသူတို့ရဲ့အလွန်နည်းပါးတဲ့ အစာတွေကိုချက်ပြုပ်စားသောက်ကြရပါတယ်။ နေ့အချိန်မှာသူတို့ဟာ အမျိုးသားအကျဉ်းသားများနဲ့ အတူနေထိုင် ခွင့် ရကာသူတို့သည်လောင်းကစားခြင်း၊ ရန်ဖြစ်ခြင်း၊ သောက်စားခြင်း၊ ကခုန်ခြင်း၊ သီချင်းဆိုခြင်းတို့ကိုပြုလျက်အချိန်ကိုအချဉ်းနှီးကုန်လွန်စေတတ် ကြပါတယ်။ လူကောင်း၊ လူဆိုးမှန်သမျှ ရောနှောထားတာကြောင့်များစွာသောသူတို့ဟာ အကျဉ်းထောင်ထဲမဝင်ခင်ထက်ပိုမိုကြမ်းတမ်းခက်ထန်သူများ အနေဖြင့်ပြန်လည်ထွက်လာတတ်ကြပါတယ်။
ဖရိုင်းဟာသူမရဲ့မိသားစုအရေးနှင့်အခြားသောတာဝန်ဝတ္တရားများ ကြောင့် နယူးဂိတ် အကျဉ်းထောင်ဆီသို့နှစ်အတန်ကြာပြန်မလာနိုင်ခဲ့ဘူး။ သို့သော်(၁၈၁၇)ခုနှစ်မှစပြီးအကျဉ်းကျခံရသည့်အမျိုးသမီးများကိုတစိုက်မတ် မတ်ကူညီဆောင်ရွက်ရန်အမျိုးသမီးအသင်းအဖွဲ့တစ်ခုကိုဖွဲ့စည်းတည်ထောင် ခဲ့တယ်။ ထိုအဖွဲ့ကအကျဉ်းထောင်ရှိအကျဉ်းကျခံသူအမျိုးသမီးများ ထံပုံမှန်သွား ရောက်ကာကျမ်းစာ၊ လက်မှုပညာ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကိုသင်ကြားပို့ချပေးခဲ့ပါတယ်။ သူကကလေးများအတွက်ကျောင်းတစ်ခုအစပြု ဖွင့်လှစ်ပေးရန်ဖြစ်သော်လည်းအမျိုးသမီးများအနေဖြင့်လည်းအဝတ်ချုပ်ခြင်း၊ ဇာထိုးခြင်းပညာရပ်များကိုသင်ယူရန်စိတ်အားထက်သန်ကြပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းအားဖြင့် အမျိုးသမီးများဟာကိုယ်ပိုင်ဝင်ငွေများရှိလာကြပြီးမိမိ ကိုယ်ကိုတန်ဖိုးထားတတ်မှုလည်းပိုမိုတိုးတက်လာခဲ့ပါတယ်။သူတို့ရဲ့ဝင်ငွေအားဖြင့်သူတို့ဟာမစ်စစ်ဖရိုင်းရဲအကျဉ်းထောင်ရှိဆိုင် ခန်းမှလဖွက်ရည်၊ ကော်ဖီ၊ သကြားတို့ကိုဝယ်ယူလာနိုင်ကြပါတယ်။ ကွိကာ ကော်မတီအသင်းဝင်အမျိုးသမီးများကကျောင်းတော်အတွက်ရံပုံငွေရှာဖွေ ခြင်းပြုရပြီးအကျဉ်းထောင်သို့နေ့စဉ်အနည်းဆုံးအသင်းဝင် အမျိုးသမီးတစ် ယောက်လာရောက်ကြည့်ရှုကြဖို့စီစဉ်ကြပါတယ်။ ဖရိုင်းအနေဖြင့်အလေးနက် ထားဆုံးလုပ်ဆောင်ချက်တစ်ခုကတော့အကျဉ်းသူ၊ သားကိုကျမ်းစာဖတ်ရှုပေး ခြင်းဖြစ်ပါတယ်။ ထိုအစီစဉ်အတွက်နံနက်ကိုးနာရီမှာတစ်ကြိမ်၊ ညနေ၆နာရီမှာတစ်ကြိမ်ခေါင်းလောင်းထိုးကာလူတွေစုဝေးစေပြီးဖရိုင်းကကျမ်းစာဖတ်ရှုပေး ခြင်းဖြစ်တယ်။ ဖရိုင်းရဲဂရုဏာသံဖြင်ကျမ်းစာဖတ်ရှုပေးသံကအကျဉ်းထောင် အတွင်းမှမာကြောခက်ထန်ဆုံးသောသူများကိုပင်အရည်ပျော်သွားစေနိုင်ခဲ့ ပါတယ်။
အစပိုင်းတွင်အင်္ဂလန်လူထုသည်ဖရိုင်းတို့၏လှုပ်ရှားမှုများကိုပြင်သစ် နှင့်စစ်ခင်းနေရသောကြောင့်စိတ်ဝင်စားမှုနည်းပါးခဲ့သော်လည်းစစ်ကြီးပြီး ဆုံးသည့်နောက်မှာတော့အင်္ဂလန်လူထု၏အဓိကစိတ်ဝင်စားသည့်အရာဖြစ် လာခဲ့ပါတယ်။ သူတို့ရဲ့လှုပ်ရှားမှု၊ အောင်မြင်မှု၊ ပြောင်းလဲမှုတွေဟာသတင်းစာ မှာပါလာတယ်။ အခြားအကျဉ်းထောင်များကိုလည်းအကူအညီပေးနိုင်ဖို့ အတွက် အမျိုးသမီးအဖွဲ့များကိုလည်းစနစ်တကျဖွဲ့စည်းကြတယ်။ ဖရိုင်းကိုယ်တိုင်လည်း စကော့တလန်နိုင်ငံအထိသွားရောက်ပြီးအကျဉ်းထောင်များကိုစစ်ဆေးခြင်း၊ နုတ်ကပတ်တော်ဟောပြောခြင်းတို့ပြုခဲ့ပါတယ်။
နောင်မှာသူဟာအကျဉ်းထောင်ကိစ္စနဲ့ပတ်သက်ပြီးရုရှား၊ ပြင်သစ်၊ ပရပ်ရှားစသည့်နိုင်ငံတွေရဲရှင်ဘုရင်များ၏ဖိတ်ခေါ်ဆွေးနွေးခြင်းကိုခံခဲ့ရပါတယ်။ (၁၈၁၈)ခုနှစ်မှာ ဖရိုင်းဟာဩစတေးသျှသို့ သင်္ဘောဖြင့်ပို့ဆောင်ခြင်းခံရတဲ့ အမျိုးသမီးအကျဉ်းသားများရဲဆိုးဝါးလွန်းလှတဲ့အခြေအနေမှန်ကိုသိမြင်ခဲ့တယ်။ သူကချက်ချင်းပင် အစိုးရထံအကြောင်းကြားတိုင်တောခြင်းပြုခဲ့တာကြောင့် အကျဉ်းကျခံရတဲ့ အမျိုးသမီးတွေဟာလူသားဆန်စွာ၊ အမျိုးသမီးတွေရဲ့ ဂုဏ်သက္ခနဲ့အညီဆက်ဆံခြင်းခံခဲ့ကြပါတယ်။
သူမဟာ ၂၅နှစ်တာကာလအတွင်းသူမ၏ကျန်းမာရေးချို့တဲ့ချိန်မှအပ အအမျိုးသမီးများကိုတင်ဆောင်ထားသည့် သင်္ဘော(၁၂၆) စီးကိုလိုက်လံ စစ်ဆေးခြင်းဖြင့်အကျဉ်းသားအမျိုး သမီးပေါင်း(၁၂၀၀၀)ကိုကြည့်ရှုပေးနိုင် ခဲ့ပါတယ်။ သူမ၏ကြိုးစားလုပ်ဆောင်ချက်ကြောင့်(၁၈၃၇)ခုနှစ်မှစတင်ပြီး သင်္ဘောဖြင့်ရပ်ဝေးသို့ပို့ဆောင်ဒဏ်ခတ်ခြင်းခံရသူအရေအတွက်ဟာလျော့ကျ သွားပြီး(၁၈၅၄)ခုနှစ်မှာတော့လုံးဝချုပ်ငြိမ်းသွားခဲ့ပါတယ်။
ဖရိုင်းဟာထိုသို့ အကျဉ်းထောင်အရေးကိစ္စကိုလုပ်ဆောင်နေစဉ်မှာ ပင်အိမ်ခြေမဲ့သူများအတွက်ခိုလှုံရာအိမ်များ၊ အလှူဒါနအဖွဲ့အစည်း အမျိုးမျိုးကို ဖွဲ့စည်းခြင်း၊ သူနာပြုဆရာမသင်တန်းများကိုလည်းဖွင့်လှစ်ပေးခဲ့ပါတယ်။ လန်ဒန်စီးပွါးရေးအသင်းကလည်းဖရိုင်းတို့ အသင်းအဖွဲ့၏လုပ်ငန်းလိုအပ် ချက်အတွက်ငွေကြေးများကိုပံ့ပိုးပေးခဲ့ပါတယ်။ ၁၈၂၁ခုနှစ်တွင်အကျဉ်းကျ နေသောအမျိုးသမီးများကိုထိရောက်စွာကူညီဆောင်ရွက်ပေးနိုင်မည့်တရားဝင်အမျိုးသမီးအဖွဲ့စည်းကိုတည်ထောင်နိုင်ခဲ့ပါတယ်။
နောင်တွင်အင်္ဂလန်နှင့်ဥရောပ၏ကျွန်စနစ်ကိုဖျက်သိမ်းရာတွင်အရေး ပါသည့်ပုဂ္ဂိုလ်သောမတ်စ်ဘော့စတွန်ကအကျဉ်းသားများ၏အခြေအနေကို စူးစမ်းလေ့လာကာ(၁၈၁၈)ခုနှစ်တွင်အစိုးရအားမေးခွန်းတစ်ခုထုတ်ခဲ့သည်မှာ “အင်္ဂလန်၏တရားစီရင်ရေးသည်လူထုအားအကျိုးပြုသလော၊ (သို့)ထိခိုက်နစ်နာ စေသလော”။ ၁၈၂၃ခုနှစ်တွင်အကျဉ်းထောင်နှင့်တရားစီရင်ရေးကိုပြုပြင် ပြောင်းလဲရန်ပါလီမန်တွင်အဆိုတင်သွင်းရာအောင်မြင်ခဲ့ပါတယ်။
ထိုနောက်မှာတော့အင်္ဂလန်အကျဉ်းထောင်တွေမှာအကျဉ်းသားများကို လူသားဆန်စွာအကျဉ်းချလာကြပါတယ်။ လူသတ်မှုကဲ့သို့သောကြီးမားသည့် ရာဇဝတ်သားများကိုသာကျပ်တည်းစွာချုပ်နှောင်ခြင်းပြုကြတယ်။ မဆင်မခြင် ဖမ်းဆီးနှိပ်စက်ခြင်းများမပြုနိုင်အောင် ရဲတပ်ဖွဲ့များကိုလည်းပြန်လည်ဖွဲ့စည်းပြင်ဆင်ခဲ့ကြပါတယ်။ ၁၈၄၅ခုနှစ်၊ သူမကွယ်လွန်ချိန်တိုင်အောင်ဖရိုင်းသည် အကျဉ်းသားများ၏ဘဝကိုမြင်တင့်ပေးနိုင်ရန်နည်းလမ်းပေါင်းစုံဖြင့်ကြိုးပမ်း အားထုတ်ခဲ့ ပါတယ်။
References:
Geoffrey Hanks, 70 Great Christioans: The Story of the ChristianChurch. Christian Focus Publication. Scotland, Great Britain. 2000.
ကက်သရင်းဘွတ်တ် Catherine Booth ( 1829-1890 )
ကယ်တင်ခြင်းတပ် Salvation Army လို့ခေါ်တဲ့အဖွဲ့အစည်းကိုတည် ထောင်သူဟာဝီလီယံဘွတ်ဖြစ်တယ်လို့လူသိများသော်လည်းသူ့ရဲဇနီးဖြစ်သူ ကက်သရင်းဘွတ်ရဲပါဝင်မှုအခန်းကဏ္ဍကိုချန်လှပ်ထားဖို့မဖြစ်နိုင်ပါဘူး။ ထိုခေတ် အချိန်ခါကယောက်ျားနဲ့မိန်းမတွေဟာတန်းတူဖြစ်တယ်ဆိုသောအယူအဆ စတင်ထွန်းကားလာချိန်ဖြစ်ပါတယ်။ ယောက်ျားများနည်းတူမိန်းမများလည်း တန်းတူစွမ်းဆောင်ရည်ရှိကြောင်းလှုပ်ရှားမှုဟာတစ်ဆယ့်ကိုးရာစုအလယ်လောက် မှစတင်ခဲ့ကြတာဖြစ်ပါတယ်။
ထိုသို့သောလှုပ်ရှားမှုများကိုအသက်ဝင်၊ တွန်းအားပေးသည့်အရာ များကတော့ဖလောရင့်နိုက်တင်ဂေးလ်၏အသက်တာမှလုပ်ဆောင်ချက်များ၊ ဘရွန်တေးလ်ညီအစ်မတွေနဲ့ ဂျွန်စထရောက်မီးလ်ရဲရေးသားဖေါ်ပြချက်များ ဖြစ်သော်လည်းထိုတန်းတူရည်တူလှုပ်ရှားမှုဟာအယူအဆသက်သက် အဆင့် မျှသာရှိခဲ့ကြပါတယ်။ ရာစုနှစ်ကြာလာသည်နှင့်အမျှထိုတန်းတူညီမျှဖြစ်ခြင်း အယူအဆဟာကျယ်ပြန့်လာပြီးသူနာပြုကျောင်းနှင့်ပညာရေးကဏ္ဍမှာအမျိုး သမီးများရဲပါဝင်လုပ်ဆောင်မှုများစွာတိုးပွါးလာခဲ့ပါတယ်။
အသင်းတော်အများစုသည်လည်းအမျိုးသမီးများကိုပလ္လင်တာဝန် ယူခြင်းကိစ္စကိုတားမြစ်ကြချိန်ဖြစ်ပေမယ့်ကက်သရင်းကတော့ထိုစိန်ခေါ်ချက် များကိုရင်ဆိုင်ကာသူမ၏ခေါ်တော်မူခြင်းခံရသည့်အတိုင်းဟောပြောခြင်းပြုခဲ့ ပါတယ်။ အမျိုးသမီးများစွာကထိုသို့သစ်လွင်သည့်လှုပ်ရှားမှုကိုနှစ်သက်ရုံသာမက သူမရဲဆုကျေးဇူးကိုလည်းအထူးလက်ခံအသိမှတ်ပြုခြင်းရှိခဲ့ကြပါတယ်။
သူမသည်ကျမ်းစာအပေါ် အခြေပြုသော၊ ဘုရားသခင်ကသူမကိုအထူးခေါ်တော်မူသည့်သာသနာတော်ကိုနားလည်သဘောပေါက်သည့်အတိုင်းသူမ၏ ရပ်တည်ချက်လည်းခိုင်မြဲခဲ့ပါတယ်။ သူမဟာထိုခေတ်အချိန်ကအကျော်ကြား ဆုံးတရားဟောဆရာများအနက်တရားဟောဆရာမတစ်ပါးဖြစ်လာခဲ့တယ်။
ဝီလျှံဘွတ်ကနောင်မှာအမျိုးသမီးများရဲအမှုတော်မှာစွမ်းဆောင်ရည် ကိုခုလိုမှတ်ချက်ပေးခဲ့တယ်။ “တပ်မှာအကောင်းဆုံးသောလူများဟာအမျိုး သမီးများသာဖြစ်ကြတယ်။” ၁၈၈၀ခုနှစ်မှာကယ်တင်ခြင်းတပ်အတွင်းအမှတ် စာရင်းကောင်းသည့်အမျိုးသမီးများအတွက်အမျိုးသမီးအရာရှိသင်တန်းကို စတင်ခဲ့ပါတယ်။ ထိုတပ်အတွင်းမှာသူ၊ သူမဆိုသည့်အသုံးအနှုံးမရှိတော့ပဲ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်ချုပ်စသဖြင့်သာသုံးစွဲခေါ်ဝေါ်ခဲ့ကြပါတယ်။
ကက်သရင်းဟာအသက်တစ်ဆယ့်ခုနှစ်ခုနှစ်အရွယ်မှာယုံကြည်သူ ဖြစ်လာပြီး၊ သူမဘဝအသက်တာတစ်ခုလုံးကိုဘုရားသခင်ထံစိတ် နှလုံးအကြွင်း မဲ့ပေးအပ်ခဲ့ပါတယ်။ သူမသည်မက်သောဒစ်အသင်းတော်မှာသွားရောက်ပါ ဝင်ခဲ့ခြင်းအားဖြင့်သူမရဲ့အတန်းခေါင်းဆောင်၏အကူညီအားဖြင့်သူမဟာကျယ်လောင်စွာဆုတောင်းခြင်း၊ လူအများရှေ့မှာစကားပြောခြင်းပြုနိုင်ခဲ့ပါတယ်။ သို့သော်လည်းအငြင်းပွါးမှုများပေါ်ပေါက်လာပြီးသူမသည်မက်သောဒစ် အသင်းတော်မှပယ်ထုတ်ခြင်းခံရကာ “ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု” အဖွဲ့သို့ သွားရောက်ပူးပေါင်းပါဝင်ခဲ့တယ်။ ထိုနေရာမှာပဲသူမဟာဝက်စလီယံအသင်း တော်မှပယ်ထုတ်ခြင်းကို ခံခဲ့ ရတဲ့ ဝီလျှံဘွတ်နဲ့ဆုံတွေ့ခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာ(၁၈၅၅)ခုနှစ်မှာထိမ်းမြားဆောင်နှင်းခဲ့ကြတယ်။ ဝီလျှံဘွတ် ဟာအသစ်သောမက်သောဒစ်ကော်နစ်ရှန် အသင်းတော်သို့ဧဝံဂေလိဆရာ အနေဖြင့်ဝင်ရောက်ခဲ့ပြီးနှစ်အတန်ကြာတဲ့အခါစီမံခန့်ခွဲသူအနေဖြင့်တင်မြောက် ခံရတာကြောင့်ကက်သရင်းအနေဖြင့်သူမရဲဆုကျေးဇူးများကိုအသုံးပြုဖို့အခွင့် အရေးရခဲ့ပါတယ်။ သူမသည်ကလေးများ၊ လူငယ်များကိုသင်ကြားပို့ချခြင်းပြုခဲ့ပြီး လေဟာပြင်တရားဟောခြင်း၊ အိမ်တိုင်ရာရောက်လည်ပတ်ကြည့်ရှုခြင်း၊ အသင်းတော်များမှလက်လှမ်းမမှီနိုင်သူများကိုရှာဖွေခြင်းစသည့်အရာများကို လုပ်ဆောင်ခဲ့တယ်။
ဂိတ်ရှက်အရပ်မှာရှိတဲ့ခေါင်းဆောင်များကကက်သရင်းရဲလုပ်ဆောင် ချက်များကိုအလွန်အားကျခဲ့ပြီးသူတို့ ရဲအထူးဆုတောင်းခြင်းအစီစဉ်မှာဟော ပြောခြင်းပြုရန်ယခင်ဘယ်တော့မှမလုပ်ခဲ့ဖူးသည့်အထူးခေါ်ဖိတ်မှုကိုပြုလုပ်ခဲ့တယ်။ သို့သော်ထိုသို့လုပ်ဆောင်ချက်ဟာအဖွဲ့အစည်းရဲလုပ်ထုံးလုပ်နည်း နဲ့ဆန့်ကျင်နေတာကြောင့်သူဟာအစမှာဟောပြောဖို့ငြင်းဆန်ခဲ့သော်လည်း နောင်မှာဘုရားသခင်ရဲ့အလိုတော်ကိုဝန်ခံရန်ပျက်ကွက်မှုအဖြစ်ခံစားလာခြင်း ကြောင့်အမှုဆောင်ရန်အခွင့်အရေးကိုလက်ခံခဲ့တယ်။
၁၈၆၀ တစ်ခုသောတန်ဂနွေနေ့ဝတ်ပြုစည်းဝေးခြင်းမှာဝီလျှံဘွတ်ဟာ သူ့ရဲတရားဟောချက်ကိုနိဂုံးချုပ်ဖို့ပြင်ဆင်နေချိန်သူမဟာပလ္လင်ပေါ်ကိုတက် ရောက်ခဲ့တယ်။ သူမကခင်ပွန်းကိုစကားအနည်းငယ်ပြောလိုကြောင်းခွင့်တောင်းလိုက်တဲ့ အခါခင်ပွန်းကခွင့်ပြုသည့်အနေဖြင့်နောက်ဆုတ်ပေးလိုက် တယ်။ သူမကစတင်ပြောဆိုတဲ့ အခါပရိသတ်အများဟာအလွန်တို့ထိခြင်း ခံရကာအသံကျယ်လောင်စွာငိုကြွေးကြတာကြောင့်ဝီလျှံဘွတ်ကညနေအစီ စဉ်မှာကက်သရင်းကဆက်လက်ဟောပြောသွားမှာဖြစ်ကြောင်းကြော်ငြာပေး ခဲ့တယ်။ သတင်းဟာမြောက်အရပ်ဘက်မှာလည်းပျံ့နှံ့သွားခဲ့တာကြောင့်သူမကို အခြားအသင်းတော်အသီးသီးမှာလာရောက်ဟောပြောရန်ဖိတ်ခေါ်စာများ လည်းအလျှိုလျှို စတင်ရောက်ရှိလာခဲ့ပါတယ်။
ဝီလျှံဘွတ်ဟာကိုးပတ်ကြာနာမကျန်းဖြစ်နေချိန်မှာလည်းသူမကခင်ပွန်း ရဲနေရာတာဝန်ကိုထမ်းဆောင်ပေးခဲ့ပါတယ်။ ထိုအချိန်မှစတင်ပြီးကက်သရင်း နှင့် ဝီလျှံဘွတ်တို့ဟာတရားဟောပြောခြင်းတာဝန်ကိုလည်းမျှဝေကာယခင် ကထက်ပိုပြီးအတူတကွ၊ မျှဝေကာလုပ်ဆောင်ခဲ့ကြပါတယ်။ ကက်သရင်းဟာအရပ်ရပ်မှဖိတ်ခေါ်ခြင်းများကိုဆက်ခံရပြီးသူမရဲ့ဂုဏ်သတင်းလည်းအလွန် ကျော်ဇောလာခဲ့တယ်။
ကက်သရင်းရဲအစည်းဝေးများကအသင်းတော်ပြင်ပမှလူများအတွက် ပိုမိုဆွဲဆောင်မှုရှိခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ “အမျိုးသမီးတစ်ယောက် တရားဟောခြင်းကိုလာနားထောင်ကြပါ” ဆိုတဲ့လက်ကမ်းကြော်ငြာတွေကြောင့် ဖြစ်ပါတယ်။ပြောင်းလဲလာသူများအနက်ထင်ရှားသူအချို့လည်းပါဝင်လာ ပြီးသူတို့ဟာချားလ်စပါဂျင်ရုံအသင်းသူ၊ အသင်းသားများဖြစ်လာခဲ့ကြပါ တယ်။ သူ့ခင်ပွန်းဝီလျှံကအရှေ့ဖက်အစွန်းရှိဆင်းရဲနွမ်းပါးသူများထံသွားရောက် နေချိန်၊ ကက်သရင်းကတော့အနောက်ဖက်စွန်းရှိအထက်တန်းလွှာများထံ သို့သွားရောက်ဟောပြောခဲ့ပြီးသူမရရှိတဲ့အလှူငွေများအားဖြင့်သူတို့၏အမှုတော် အစောပိုင်းမှာများစွာအထောက်ကူပြုစေခဲ့တယ်။
နောင်မှာသူတို့ရဲ့အမှုတော်အဖွဲ့အစည်းကိုကယ်တင်ခြင်းတပ်လို့ခေါ် ပြီးသူမရဲ့ပရိသတ်မှကြွယ်ဝချမ်းသာသူများကသူတို့ရဲ့အဖွဲ့အစည်းကို နှစ်ပေါင်း များစွာငွေကြေးပံ့ပိုးမှုပြုခဲ့ကြပါတယ်။ သုံးနှစ်တာအတောအတွင်းမှာဝီလျှံ ဘွတ်ဟာ အရှေ့စွန်းပိုင်းမှာတရားဟောစခန်းတစ်ဆယ့် သုံးခုတည်ထောင် နိုင်ခဲ့ပြီးကက်သရင်းအနေဖြင့်လည်း တရားဟောစခန်းသစ်များကိုဖွင့်နိုင်ခဲ့တယ်။ အခြားသောဖိတ်ခေါ်ချက်များလည်းစဉ်ဆက်မပြတ်ရောက်လာပြီး မြောက်ဘက် အရပ်အေဒင်ဘတ်အထိတိုးချဲ့လုပ်ဆောင်ကာထောင်ပေါင်းများစွာသောလူများ ၏အသက်တာပြောင်းလဲခဲ့ကြပါတယ်။
အမှုတော်အဖွဲ့အစည်းရဲတာဝန်ဝတ္တရားဟာဇနီးမောင်နှံနှစ်ယောက် လုံးရဲ့ပုခုံးအပေါ်မှာတန်းတူရှိနေသော်လည်း၊ ကက်သရင်းဟာသားသမီးရှစ်ယောက်ရဲ့မိခင်တပါးအနေဖြင့်မိသားစုတာဝန်ကိုလည်းထမ်းရွက်ရပါတယ်။ သူမသည်မကြာခဏခရီးထွက်ခြင်းအမှုကိုပြုနိုင်ခြင်းသည်လည်း အိမ်တွင် အပြည့်အဝအထောက်ကူပြုနိုင်ခြင်းကြောင့်သာဖြစ်ပြီး၊ သူမသည်မည်မျှပင် အလုပ်များနေစေကာမူမိသားစုအတွက်အချိန်ပေးခဲ့သည်။ သူတို့မိသားစုဝင်များ ဟာ အချင်းချင်းအလွန်ချစ်မြတ်နိုးကြပြီးသားသမီးများလည်းကယ်တင်ခြင်း တပ်မှာအစေခံရန်အဆင်သင့်ဖြစ်ခဲ့ကြပါတယ်။
(၁၈၇၀)ခုနှစ်မှာဝီလျံဟာတိုက်ဖွိုက်အဖျားဒဏ်ကိုခံစားခဲ့ရတာကြောင့် ကက်သရင်းဟာဝတ်ပြု အစည်း အဝေးများကိုသာသနာပြုခန်းမကြီးမှာ ဦးဆောင် မှုပေးခဲ့ရပါတယ်။ ၁၈၇၅ခုမှာကက်သရင်းသည်လည်းအဖျားနာကျလာတာကြောင့် ဝီလျှံဟာသူ့ဘေးမှငါးလနီးပါးနေပေးခဲ့ခြင်းဖြင့် သူတို့ဟာ အလွန်နွေးထွေးစွာအနားယူနိုင်ခဲ့ကြပါတယ်။ ကက်သရင်းဟာ“ကယ်တင်ခြင်းတပ်ရဲမိခင်” အနေဖြင့် သိမှတ်ခြင်းကိုခံရသည့်အတိုင်းပြောင်းလဲလာသူလူသစ်များကိုမိသားစုဝင်ရင်း များသဖွယ်ဂရုစိုက်ပြုစုပေးခြင်းကိုသူတို့အဖွဲ့ဝင်များသိရှိခံစားခဲ့တယ်။
များစွာသောအမျိုးသမီးများဟာကယ်တင်ခြင်းတပ်မှာအလွန်အရေးပါ အရာရောက်သူများဖြစ်လာခဲ့ကြတယ်။ အစကတည်းကပင်၊ ကက်သရင်းဟာ အမျိုးသမီးများရဲ့တရားဟောပြောခြင်းအခွင့်အရေးနှင့်ပတ်သက်ပြီးအလေး နက်ထား ဆောင်ရွက်ခဲ့ရသော်လည်း၊ (၁၈၇၄)ခုနှစ်တိုင်အောင်နှစ်ပတ်လည် အစည်းဝေးကိုယ်စားလှယ်များအဖြစ်ပြောကြားပိုင်ခွင့်မရခဲ့ကြပါဘူး။ နောက် ထပ်နှစ်နှစ်ကြာတဲ့အခါမှာတော့အမျိုးသမီးဧဝံဂေလိဆရာမများကိုသာသနာပြု စခန်းတွေမှာ အုပ်ချုပ်ခွင့်ပေးရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ ယခင်ကသူတို့ ဟာ သာသနာပြုစခန်းများမှာလက်ထောက်များအဖြစ် သာတာဝန်ထမ်း ဆောင်ခဲ့ရတာပါ။
ကက်သရင်းအနေဖြင့် အမျိုးသမီးအရာရှိများကိုလည်း အမျိုးသားများ ကဲ့သို့ပင်သင်တန်းပို့ချပေးရန်လိုအပ်ကြောင်းရှုမြင်သုံးသပ်ခဲ့ပါတယ်။ အမျိုးသမီး ဗိုလ်လောင်းသင်တန်းအတွက်အိမ်ကိုကက်သရင်းကသူမ၏ဒုတိယမြောက်သမီး အင်မာ၏လက်အောက်တွင်ထားရှိကာသူမကိုယ်တိုင်လည်းထိုအိမ်သို့ပုံမှန် လာရောက်သင်ကြားပို့ချပေးခဲ့ပါတယ်။ (၁၈၈၀)ခုနှစ်မှာကယ်တင်ခြင်းတပ်တော်ဟာပြင်းထန်သည့်ညဉ်းပန်းနှိပ်စက်ခြင်းကာလတစ်ခုကိုရင်ဆိုင်ဖြတ်သန်း ခဲ့ရပါတယ်။ ထိုညဉ်းပန်းနှိပ်စက်ခြင်းကာလမှာအမျိုးသမီးများဟာအမျိုးသား များကဲ့သို့ပင်ဆင်းရဲ ဒုက္ခများစွာကိုဖြတ်သန်းခဲ့ကြပါတယ်။ကယ်တင်ခြင်းတပ်ရဲ ပထမဆုံးသောမာတုရသည်လည်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး၊ ထိုသူဟာ လမ်းကြားတစ်ခုမှာသေသည့်တိုင်အောင်ခြေထောက်ဖြင့်ကန်ခံခဲ့ရတယ်။
ကက်သရင်းရုံဟောပြောခြင်းဟာအလွန်စွမ်းအားကြီးမားပြီးထိုအရာ ဟာဘုရားသခင်ထံအပြည့်အဝဆက်ကပ်အပ်နှံခြင်းဖြင့်ပြည့်ဝသောကယ်တင်ခြင်း ရှဲအကျိုးသက်ရောက်မှုအဖြစ်သူမကိုယ်တိုင်ယုံကြည်ခဲ့တယ်။ တစ်ခါတရံသူ က၄င်းကိုသန့်ရှင်းသောဝိညဉ်တော်၌ဗတ္တိဇံခံခြင်း(သို့)ဒုတိယမြောက် ကောင်းကြီး မင်္ဂလာလို့ရည်ညွန်းပြော ကြားလေ့ရှိတယ်။ ၄င်းဟာအသင်းတော်ကို အလွန်လွမ်းမိုး နိုင်ခဲ့သည့်ဆယ့်ကိုးရာစုသန့်ရှင်းခြင်းလှုပ်ရှားမှုနှင့်ဆက်စပ်မှုရှိပါတယ်။ အဘယ်ကြောင့်ဆိုသော်ကက်သရင်းအနေဖြင့်သူမ၏အသက်တာမှာဘုရားသခင်၏ တန်ခိုးတော်အသစ်စီးဆင်းစေမှုရလဒ်ကြောင့်ဖြစ်ပါတယ်။
ကက်သရင်းကအပတ်စဉ်သန့်ရှင်းခြင်းဝတ်ပြုကိုးကွယ်အစည်းအဝေး ကိုဦးဆောင်လေ့ရှိပြီး၊ ထိုသို့ပြုရခြင်းဟာကယ်တင်ခြင်းတပ်သားများအနေဖြင့် အခြားအသင်းတော်များကဝေဖန်တိုက်ခိုက်ခြင်းများပြုလာသည့်တိုင်ရဲရင့် စွာဟောပြောသက်သေခံနိုင်စေရေးအတွက်ဖြစ်ပါတယ်။ ကက်သရင်းတရားဟောသည့်အချိန်တိုင်းစိတ်အားကြီးရုံသာမက၊ ထောင်ပေါင်းများစွာသော လူများကသတင်းကောင်းကိုတုံ့ပြန်မှုပြုခဲ့ကြပါတယ်။
သူမသည်လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားများ အလွန်များပြားလာသည့် နှင့်အမျှတခါတရံသူမ၏ခင်ပွန်းကိုအနည်းငယ်မျှသာကြည့်ရှုပြုစုနိုင်ခဲ့ပါတယ်။ ရံဖန်ရံခါသူမသည်အလွန်ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ဖိစီးခြင်းများခံစားရသည့် တိုင်အောင်ဆက်လက်ပြီးကြိုးစားလုပ်ဆောင်ခဲ့တယ်။ တစ်ခါကသူမဟာအလွန် အားပြတ်သွားမှာကိုကြိုတင်ကာကွယ်သည့်အနေဖြင့်သူမတရားဟောရှည်သွား ပါကသူမ၏ကုတ်အံကျီကိုနောက်မှဆွဲပေးမည့်သူကိုတာဝန်ပေးခန့်ထားခဲ့ရ ပါတယ်။
(၁၈၈၈)ခုနှစ်ဖေဖေါ်ဝါရီလမှသူမရဲနောက်ဆုံးသောဒေသနာ တော်များ ကိုဟောပြောရင်းလူပေါင်းရှစ်ရာကျော်ဟာခရစ်တော်ကိုလက်ခံရန်အတွက် သူမရဲခေါ်ဖိတ်ခြင်းကိုလက်ခံခဲ့တယ်။ ထိုအချိန်မှာပဲသူမတွင်ရင်သားကင်ဆာ ရောဂါရှိကြောင်းပထမဆုံးအကြိမ်သိမြင်ခဲ့ခြင်းဖြစ်ပါတယ်။ ထိုစဉ်ကနောက် ဆုံးပေါ်ကုသနည်းဖြင့်ကုသခဲ့သော်လည်းကင်ဆာကပြန့်နှံ့သွားခဲ့ပါတယ်။ သူမ သေဆုံးတော့မည့်အချိန်သူမိသားစုဝင်များဟာသူမဘေးတွင်စုဝေးကာသူမအနှစ်သက်ဆုံးဓမ္မသီချင်းများကိုသီဆိုရင်းဆုတောင်းပေးခဲ့ကြပါတယ်။ ၁၈၉၀ ခုနှစ်၊ အောက်တိုဘာလ၄ရက်နေ့၊ နေ့လယ်အချိန်မှာသူမသည်သူမအလွန် ချစ်မြတ်နိုးသည့်ခင်ပွန်းဝီလျှံကိုထားခဲ့ကာကွယ်လွန်ခဲ့တယ်။ ကယ်တင်ခြင်း တပ်ရဲမိခင်၊ လူမျိုးများရဲ့ မိခင်ဟာအိမ်တော်ပြန်သွားခဲ့ပါပြီ။
ဝီလျှံကသူမအကြောင်းကိုရေးသားခဲ့သည်မှာ “သူမ၏ခေတ်မတိုင်မှီ အဘယ်အမျိုးသမီးမှဘာသာသာတရားအပေါ်တိုက်ရိုက်လွမ်းမိုးလုပ်ဆောင် ခြင်းမရှိခဲ့ပါ။ သူမနှင့်သူမ၏ခင်ပွန်းသည်ကမ္ဘာနှင့်အဝှမ်းကျယ်ပြောလှသည့်အသင်း တော်ကိုတည်ထောင်ရန်စုစည်းခြင်း၊ လမ်းထွင်ခြင်းပြုခဲ့သည်။ ကယ်တင်ခြင်းတပ် တော်သည်ငါတို့အချိန်ခါကနိမိလက္ခဏာအမှန်ဖြစ်ပေသည်။”
References:
Geoffrey Hanks, 70 Great Christioans: The Story of the Christian Church. Christian Focus Publication. Scotland, Great Britain
2000.
အဲန်းဟက်ဆယ်လ်တင်း Ann Hasseltine ( 1789-1812 )
မြန်မာနိုင်ငံရဲ့ပရိုတက်စတင့်ခရစ်ယာန်သမိုင်းအကြောင်းကိုပြောမယ် ဆိုရင်အဒိုနီရမ်ဂျပ်ဆင်နဲ့အဲန်းဟက်ဆယ်လ်တင်းတို့အကြောင်းကိုချန်ထားလို့ မရပါဘူး။ သို့သော်ဂျပ်ဆင်အကြောင်းကိုတော့စာအုပ်အတော်များများမှာ အလေးထားဖေါ်ပြပေးကြသော်လည်းသူ့ရဲသာသနာပြုဖေါ်အိန်းဟက်ဆယ်လ်တင်း အကြောင်းကိုတော့အဓိကထားဖေါ်ပြမှုတွေသိပ်မတွေ့ရပါဘူး။ ထိုကြောင့် အခန်းမှာတော့ အဒိုနီရမ်ဂျပ်ဆင်အကြောင်းကို အနည်းငယ်သာဖေါ်ပြပြီး သူ့ရဲ့ပါရမီဖြည့်ဖေါ် အဲန်းဟက်ဆယ်လ်တင်းအကြောင်းကိုအဓိကထားစုစည်း ဖေါ်ပြ သွားမှာဖြစ်ပါတယ်။
အဲန်းဟက်ဆယ်လ်တင်းကို(၁၇၈၉)ခုနှစ်ခရစ်စမတ် အချိန်အခါ၊ မက်ဆာချူးဆက်ပြည်နယ်ဘရက်ဖော့ဒ်မြို့မှာမွေးဖွားခဲ့တယ်။ သူမ၏ဖခင် ကတော့ ကျွန်ဖြစ်ပြီးမိခင်ကတော့ရေဗက်ခအဲန်းဟက်ဆယ်လ်တင်းတို့ ဖြစ် ကြတယ်။ အဲန်းဟက်ဆယ်လ်တင်းကို အစောပိုင်းကာလမှာနန်စီလို့လည်း ခေါ်ကြတယ်။ သူတို့မိသားစုဟာကွန်ဂရီဂေးရှင်းအသင်းတော်မှာပါဝင်ကြပြီး ကိုယ်ကျင့်တရားကောင်းမွန်သူများဖြစ်ကြတယ်။
သူတို့မိသားစုအနေဖြင့်သမီးများကိုလည်းအထက်တန်း ကျောင်းမှာပညာ ဆည်းပူးစေခြင်းကြောင့် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ဝေဖန်မှုကို ခံခဲ့ကြပါတယ်။ အဘယ်ကြောင့်ဆိုသော်(၁၈၀၀)ပြည့်နှစ်များမှာ အမေရိကန်တွင်သမီးတွေကို အထက်တန်းကျောင်းတက်စေခြင်းဟာတော်လှန်လိုသည့် အသွင်သဘောအနေဖြင့်ရှုမြင်ကြခြင်းကြောင့်ဖြစ်ပါတယ်။ အဲန်းရဲမိခင်သည်အလွန်စာဖတ်သူဖြစ် တာကြောင့်အိမ်နီးချင်းများက “မြို့ထဲမှာရှိတဲ့တခြားအမျိုးသမီးတွေတစ်နှစ်ဖတ် ရှုတဲ့စာထက်သူမတစ်လတာအတွင်းဖတ်တဲ့စာကပိုများတယ်” လို့တောင်အမွမ်း တင်ပြီးပြောဆိုလေ့ရှိကြပါတယ်။
ထိုကြောင့် အဲန်းကိုယ်တိုင်လည်းငယ်ရွယ်စဉ်ကတည်းကစာဖတ် ဝါသနာပါသူဖြစ်လာခဲ့တယ်။ သူမသည်လူမှုရေးအလွန်ကောင်းမွန်သူလည်းဖြစ် ်တာကြောင့်ပါတီပွဲများ၊ လူမှုရေးကိစ္စတွေမှာလည်းအထူး ခေါ်ဖိတ်ခြင်းခံခဲ့ရတယ်။ သူမရဲ့ရေးသားချက်အရသူမဟာအသက်၁၆နှစ်အရွယ်အထိသန့်ရှင်းသောဝိညဉ်တော်နှင့်ပတ်သက်ပြီးမည်သည့်လေးနက်မှု မျှမခံစားခဲ့ရပါဘူး။ အကခန်းမတွေ၊ ပါတီပွဲတွေမှာပဲရိုးစင်းစွာပျော်ရွှင်နေမိတယ်။ ဆုတောင်းခြင်း၊ ကျမ်းစာ ဖတ်ခြင်း အမှုတွေကိုလည်းအလေးမထား ခဲ့ပါဘူး။
သို့သော်၁၈၀၆ခုနှစ်၊ သူမအသက်၁၆နှစ်အရွယ်မှာတော့အပြောင်း အလဲတစ်ခုဖြစ်လာခဲ့ပြီး၎င်းနှစ်မှာပင်အမေရိကန်နိုင်ငံတစ်ဝှမ်းလုံးဝိညဉ်ရေးရာ နိုးထမှုဖြစ်လာခဲ့တယ်။ ထိုနှစ်မှာပင်အဲန်းသည်ခရစ်တော်ထံမိမိအသက်တာ ကိုအလေးနက်ဆက်ကပ်အပ်နှံမှုပြုခဲ့ပါတယ်။ သူမ၏ဖခင်သည်သူမ၏ဝိညဉ် ရေး ဆိုင်ရာနိုးထမှုကိုကြည့်ပြီးစိတ်မရှည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။ အပြင်မှပြန် လာတိုင်းသူ့သမီး၊ အဲန်းသည်ဒူးထောက်ဆုတောင်းနေသည်ကိုသာတွေ့ခဲ့ရတယ်။ အဲန်း၏အသက်တာကို ကြည့်ပြီးတစ်နေ့သောအခါဖခင်သည်ခရစ်တော်ထံ အသက်တာကိုဆက်ကပ်အပ်နှံပြီး(၁၈၀၆)ခုနှစ်တွင်ဘရက်ဖာဒကွန်ဂရီဂေးရှင်း အသင်းတော်သို့ အသင်းသားအဖြစ်တရားဝင် ဝင်ရောက်ခဲ့ပါတော့တယ်။ ဘရက်ဖိုအကယ်ဒမီကျောင်းမှာပညာသင်ယူပြီးသည့်နောက်အဲန်းသည်အနီးနား မြို့များတွင်ဆရာမလုပ်ခဲ့တယ်။ ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့စေးလဲမ်းမြို့မှာကျောင်း တစ်ကျောင်းကိုလည်းဖွင့်လှစ်ခဲ့တယ်။
၁၈၁၀ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့မှာသာသနာတော်အတွက် အထူး ဆက်ကပ်အပ်နှံသည့်အင်ဒိုဗာမှညီအစ်ကိုခုနှစ်ယောက်၊ (အဒိုနီရမ်ဂျက်ဆင် အပါအဝင်) ဟာဆယ်မိုင်ခရီးကိုလျှောက်ပြီးဘရက်ဖော့ဒ်သို့ရောက်လာခဲ့ကြပါ တယ်။ သူတို့ဟာကွန်ဂရီဂေးရှင်းအသင်းတော်ကောင်စီထံမှာသူတို့၏သာသနာလုပ်ငန်းအတွက်လာရောက်အစီရင်ခံတင်ပြခြင်းဖြစ်ပါတယ်။ မွန်းတည့်ချိန်မှာ ထို သူများအတွက်အဲန်းတို့ အိမ်မှာနေ့လည်စာတည်ခင်းကျွေးမွေးခဲ့ရာထို နေရာမှာပဲအဒိုနီရမ်ဂျဒ်ဆင်နဲ့အဲန်းတို့ ပထမဆုံးအကြိမ်ဆုံတွေ့ခဲ့ကြခြင်း ဖြစ်ပါတယ်။
ထိုသို့တွေ့ဆုံပြီးတစ်လအကြာမှာဂျက်ဆင်ကသူမထံမေတ္တာစာပေး ပို့ခဲ့သော်လည်းအဲန်းကရက်သတ္တပတ်များစွာကြာသည့်အချိန်မှသာသူမ၏ မိဘများအလိုတိုင်းသာဖြစ်ကြောင်း၊ သူမ၏မိဘတို့ကိုခွင့်ပန်စေလိုကြောင်း အကြောင်းပြန်ခဲ့ပါတယ်။ ဂျဒ်ဆင်ကသူမ၏မိဘများထံအခုလို ခွင့်ပန်စာရေးသား ပေးပို့ခဲ့တယ်။
“ကျွန်တော်အခုပြောလိုတဲ့အရာကတော့သင်တို့ရဲ့သမီးနဲ့ခွဲခွါဖို့ သဘောတူ၊ မတူ ဆို တဲ့ ကိစ္စဖြစ် ပါတယ်။ သင် တို့ ဟာသူမကို ဒီလောကမှ လုံးဝ ပြန်တွေ့ရတော့မှာမဟုတ်ဘူး။ သူမဟာတိုင်းတပါးနိုင်ငံသို့ထွက်သွားပြီးခက်ခဲ ကြမ်းတမ်းမှု၊ ဆင်းရဲဒုက္ခဝေဒနာခံစားဖို့ စိတ်ပျက်စရာများ၊ အနှိမ်ခံရမှုများ၊ စော်ကားခံရမှုများ၊ နှိပ်စက်ညဉ်းဆဲမှုများနှင့်ကြမ်းတမ်းသည့်သေခြင်းကို ရင်ဆိုင်ဖို့သဘောတူညီပေးနိုင်မည်လော။ ထိုအရာများဟာပျောက်ဆုံး ဝိညဉ်များ အတွက်၊ ဇိအုန်အတွက်၊ ဘုရားသခင်ရဲဘုန်းတော်ထင်ရှားစေဖို့အတွက်ပါ။”
အံ့ဖွယ်ကောင်းသည့်အရာကတော့ဂျဒ်ဆင်၏စာကိုအဲန်းရဲမိဘများက လက်ခံရတဲ့အခါငြင်းဆိုခြင်းမပြုပဲသူတို့၏သမီးရဲ့အလိုအတိုင်းဆုံးဖြတ်ပါစေဟုလွှဲပေးလိုက်ခြင်းပင်ဖြစ်တယ်။ ထိုသို့ဖြင့်အဲန်းနှင့်ဂျဒ်ဆင်တို့သည်တစ်ဦးနှင့် တစ်ဦးပိုမိုထိတွေ့ရင်းနှီးလာပြီး ၁၈၁၂ခုနှစ်၊ ဖေဖေါ်ဝါရီလ(၅)ရက်နေ့တွင် ထိမ်းမြားမင်္ဂလာဆောင်ခြင်းအမှုကိုပြုခဲ့ပါတယ်။ သူတို့လက်ထပ်ပြီးသည့်နံနက်၊ ပိုင်းမှာပဲစေးလ်မ်းမြို့ ရှိတက်ဘယ်နေကယ်လ်အသင်းတော်မှာ အမေရိကန် ၏ပထမဆုံးသောတိုင်းတပါးသို့ သာသာနာပြုစေလွတ်ခြင်းဝတ်ပြု အစီစဉ် ကိုလုပ်ဆောင်ခဲ့ကြပါတယ်။
ထိုစဉ်က အမေရိကန်ဟာအင်္ဂလန်နှင့်စစ်ဖြစ်မည့်အရိပ်အရောင်များ လည်းပြနေတာကြောင့် စစ်မတိုင်မှီခရီးထွက်နိုင်ရန် အဲန်းနဲ့ဂျဒ်ဆင်တို့ဇနီးမောင်နှံဟာခရီးစဉ်အတွက်လိုအပ်ချက်များအတွက်အပူတပြင်းပြင်ဆင်ခဲ့ရပါ တယ်။ ဒီလိုနှင့်၁၈၁၂ခုနှစ်ဖေဖေါ်ဝါရီလ(၁၈)ရက်နေ့မှာအဲန်းတို့ဇနီးမောင်နှံ ဟာကာရဗန်သင်္ဘောဖြင့်အိန္ဒိယသို့ရွက်လွင့်ခဲ့ကြပါတယ်။ ထိုနှစ်ဇွန်လအတွင်း သူတို့ ဟာ အိန္ဒိယနိုင်ငံကာလကတ္တားမြို့ဆိုက်ရောက်လာခဲ့သော်လည်းအမေရိကန်နှင့်အင်္ဂလန်စစ်ကြောင့်သူတို့ဟာအိန္ဒိယနိုင်ငံမှာရေရှည်နေခွင့် မရခဲ့ကြပါဘူး။
ထိုကြောင့် သူတို့ဇနီးမောင်နှံဟာဂျော်ဂျီယာနာအမည် ရှိပေါ်တူဂီ သင်္ဘောကိုစီးကာမဒရပ်ဆိပ်ကမ်းမှရန်ကုန်မြို့သို့ထွက်ခွါလာခဲ့ကြရာရက် သတ္တသုံးပတ်ကြာတဲ့အခါရန်ကုန်သို့ရောက်ရှိခဲ့ကြပါတယ်။ သူတို့ကိုအင်္ဂလိပ် နှစ်ခြင်းသာသနာပြုဆရာများဖြစ်တဲ့ချာတာနှင့် ဖိလစ်ကေရီတို့မိသားစုက ဝမ်းပမ်းတသာကြိုဆိုခဲ့ကြပါတယ်။ သူတို့ဟာရန်ကုန်မြို့ သာသနာပြုခြံဝင်း ထဲကအိမ်မှာဖိလစ်ကေရီတို့မိသားစုနှင့် အတူနေခဲ့ကြတယ်။ အဲန်းကတော့ ကိုယ်ဝန်အရင့်အမာရှိနေပြီဖြစ်တဲ့ဖိလစ်ကယ်ရီရဲ့ဇနီးဘလက်ဝေါကိုအချိန် ပြည့် နီးပါးပြုစုပေးခဲ့တယ်။
၁၈၁၄ခုနှစ်ဩဂုတ်လ၂၀ရက်နေ့မှာဖိလစ်ကယ်ရီတို့မိသားစုဟာ မြန်မာရှင်ဘုရင်ရဲမင်းမှုထမ်းရန် အမရပူရသို့လှေကြီးဖြင့် ခရီးထွက်သွားကြ ပါတယ်။ သူတို့ကရန်ကုန်ရှိသာသာပြုအိမ်ကြီးကိုလည်းအဲန်းတို့ဇနီးမောင်နှံ ထံသို့လွဲပြောင်းပေးခဲ့ကြတယ်။ သို့သော်(၁၈၁၄)ခုနှစ်သြဂုတ်လနံနက်၁၁နာရီ အချိန်လောက်မှာလှေကြီးဟာမုန်တိုင်းမိပြီးတိမ်းမှောက်ခဲ့တာကြောင့်ဖိလစ် ကယ်ရီ ရဲဇနီးဘလက်ဝေါနှင့်ကလေးနှစ်ဦးသေဆုံးသွားကြပါတယ်။ အဲန်းဇေတင်း ဟာထိုသတင်းကို ကြားတဲ့ အချိန်မှစပြီးအလွန်စိတ်ထိခိုက်ကာကျန်းမာရေး စတင်ချို့တဲ့လာခဲ့ပါတယ်။ သူမရဲရောဂါကိုကုသပေးရန်သင့်လျော်နိုင်မည့် ဆရာဝန်လည်းရန်ကုန်မှာမရှိတာကြောင့်မဒရပ်ကိုသွားရောက်ကုသဖို့ဆုံးဖြတ် ခဲ့ပါတယ်။
ခင်ပွန်းဟာ သာသာနာပြုလုပ်ငန်းအတွက်မြန်မာဘာသာစကားကို သင်ယူလေ့လာနေရသည့်အတွက်ခင်ပွန်းမပါပဲ(၁၈၁၅)ခုနှစ်၊ ၂၅ရက်၊ ဇန်ဝါရီလ မှာမဒရပ်သို့သင်္ဘောဖြင့်ထွက်ခွါလာခဲ့တယ်။ သုံးလလောက်ကြာတဲ့အခါကျန်းမာ ရေးပြန်ကောင်းလာတာကြောင့်ရန်ကုန်သို့ပြန်လာခဲ့ပါတယ်။ မကြာမှီအဲန်းတို့ ဇနီးမောင်နှံမှာသားယောက်ျားတစ်ယောက်ထွန်းကားလာပြီးသူ့ကိုရော်ဂျာဝီလျံ လို့အမည်ပေးခဲ့ကြတယ်။
ဂျဒ်ဆင်ဟာပိုမိုထိရောက်စွာသာသနာပြုခွင့်ရရှိရေးအတွက်ရန်ကုန်မှ ပြည်တော်သို့သွားရောက်ရန်လိုအပ်လာပါတယ်။ နေပြည်တော်သို့ရန်ကုန် မှဆန် တက်သွားရောက်နိုင်ဖို့ရန်ကုန်မြို့ဝန်ရုံးရဲခွင့်ပြုချက်လိုအပ်ပါတယ်။ ထိုကြောင့်အဲန်းဇယ်တင်းဟာရန်ကုန်မြို့ဝန် အိမ်သို့ သွားကာမြို့ဝန်ကတော်ထံသွား ရောက်လည်ပတ်ခဲ့တယ်။ မြို့ဝန်ကတော်ကအဲန်းသည်သူ့ညီမနှင့်တူကြောင်း၊ သူ့ထံသို့လည်းနေ့စဉ်လာရောက်ရန်ပြောခဲ့တယ်။ ထိုသို့ဖြင့်အဲန်းသည် မြို့ဝန် ကတော်နှင့်ရင်းနှီးသွားခဲ့ရာသူမ၏ခင်ပွန်းဂျဒ်ဆင်နေပြည်တော်သို့သွားရောက် ရန်ခွင့်ပြုမိန့်ရရှိစေရေးအတွက်များစွာအထောက်ကူပြုခဲ့ပါတယ်။
အဲန်းဟာသူမခင်ပွန်းကိုသာသနာတော်လုပ်ငန်းမှာ အကောင်းဆုံး ပါရမီဖြည့်ပေးရင်းကျန်းမာရေးဆိုးဝါးလာပြန်ပါတယ်။ ဒေါက်တာပရိုက်စ်က သူ့ကိုအမေရိကန်ပြန်ပြီးဆေးဝါးကုသမှုကိုခံယူစေလိုတယ်။ ထိုကြောင့်ဂျဒ်ဆင် တို့ကနေပြည်တော်သို့သွားရန်ပြင်ဆင်နေစဉ်ကာလမှာအဲန်းကိုလည်း အမေရိကန် သို့ဆေးဝါးကုသမှုခံယူရန် ပြင်ဆင်ပြီးစေလွတ်ခဲ့တယ်။ ဆရာယုဒန်(သို့) ဂျဒ်ဆင်သည်လည်းဒေါက်တာပရိုက်နဲ့ အတူနေပြည်တော်ကိုခရီးပြုခဲ့ကြတယ်။ ဒီတစ်ကြိမ်မှာတော့ဂျဒ်ဆင်ဟာအရှင်မင်းကြီးထံမှာသာသနာပြုခွင့်ရရှိခဲ့တယ်။
အဲန်းဟာအမေရိကန်မှာနှစ်နှစ်ကြာဆေးဝါးကုသမှုကိုခံယူလျက်လုံးဝ ကျန်းမာခဲ့ပြီးမြန်မာပြည်သို့ပြန်လာခဲ့ရာ၁၈၂၃ခု၊ ဒီဇင်ဘာလ၅ရက်နေ့မှာ ရန်ကုန်ကိုပြန်ရောက်လာခဲ့ပါတယ်။ထိုဆေးဝါးကုသမှုခံယူနေစဉ်နှစ်နှစ်တာကာလ အတွင်းမှာ History of the Burmese Mission နှင့် American Baptist Mission to the Burman Emprie ဆိုသည့်စာအုပ်နှစ်အုပ်ကိုရေးသား ပြုစုခဲ့တယ်။ ထိုစာအုပ်နှစ်အုပ်ဟာမြန်မာနိုင်ငံနှစ်ခြင်း သာသနာပြုအသင်းတော်ရဲ့အလွန်အဖိုးထိုက်တန်လှသောသမိုင်းမှတ်တမ်းများပင်ဖြစ်ပါတယ်။ အဲန်းသည် အမေရိကန်ပြည်မှပြန်ရောက်လာသည့်နောက်ဂျဒ်ဆင်နှင့်အတူမင်းနေပြည် တော်သို့သွားရောက်နေထိုင်ခဲ့ပါတယ်။
အဲန်းသည်နေပြည်တော်သို့ရောက်ပြီးနောက် သာသနာပြုအိမ်တွင် စသင်ကျောင်းကလေးဆောက်လုပ်ကာ မြန်မာမိန်းကလေးသုံးဦးကို အင်္ဂလိပ်စာ အပြင်အချုပ်အလုပ်၊ လက်မှုပညာများကိုလည်းသင်ကြားပို့ချပေးခဲ့ပါတယ်။ စာသင်ကျောင်းမှာကျောင်းသားဦးရေတစစတိုးပွါးလာပြီးခရစ်ယာန်ဘာသာ ကိုစိတ်ဝင်စားသူ၊ ရေနှစ်ခြင်းခံယူသူများလည်းရှိလာခဲ့ပါတယ်။ သို့သော် ၁၈၂၄ခု၊ဇွန်လ(၈)ရက်နေ့မှာဆရာယုဒသန်ဟာအင်္ဂလိပ်သူလျှိုဟုသံသယစိတ် ဖြင့် ရုတ်တရက်ဖမ်းဆီးကာအင်းဝလက်မရွံ့ အကျဉ်းထောင်သို့ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်။
ထိုစဉ်ကအဲန်းသည်သမီးလေးမာရီယာကိုစတင်ကိုယ်ဝန်ဆောင်ထား ရချိန် ဖြစ်ပါတယ်။ အဲန်းကမိမိခင်ပွန်းယုဒသန်အားပြန်လွတ်ပေးပါရန်အာဏာ ပိုင်များထံနည်းလမ်းပေါင်းစုံဖြင့်ချဉ်းကပ်တောင်းဆိုခဲ့သော်လည်းမရခဲ့ပါဘူး။ စစ်သူကြီးမဟာဗန္ဒုလထံမှာလည်းသွားရောက်ခစားအသနားခံခဲ့သော်လည်း သူ့အနေဖြင့်အဲန်းကိုအလွန်သနားကြင်နာမိသော်လည်းအင်္ဂလိပ်မြန်မာစစ်ဖြစ် နေချိန်ဖြစ်သည့်အတွက်ဂျဒ်ဆင်ကိုလွတ်ပေးရန်မဖြစ်နိုင်သေးပါကြောင်းပြောခဲ့ ပါတယ်။ ခင်ပွန်းသည်အကျဉ်းကျနေစဉ်သမီးငယ်လေးမာရီယာကိုဖွားမြင်ခဲ့ပြီး မွေးစားသမီးနှစ်ယောက်ကိုလည်းကြည့်ရှုစောင့်ရှောက်ခဲ့ရပါတယ်။ အဲန်း၏ မလျှော့သည့်ဇွဲလုံ့လကြောင့်လပေါင်းအတော်တန်ကြာသည့်အခါဂျပ်ဆင်ကို ချုပ်နှောင်ထားရာ အင်းဝအကျဉ်းထောင်အနီးဝါးတဲလေးတစ်ခုဆောက်လုပ် ခွင့်ရခဲ့ပါတယ်။
မိမိ၏ခင်ပွန်းသည်အကျဉ်းကျနေစဉ်အတွင်းဂျဒ်ဆင်ကများစွာအဖိုး အခု ပေးကာဘာသာပြန်ထားသည့်သမ္မာကျမ်းစာ၊ စာမူများကိုခေါင်းအုံးထဲထည့်ကာ အကျဉ်းထောင်သို့ယူဆောင်လာခဲ့ပါတယ်။ ထောင်တံခါးစောင့်ကိုငွေအနည်း ငယ်ပေးပြီးခင်ပွန်းသည်လက်ထဲအရောက်ပို့ပေးခဲ့ခြင်းဖြင့်အလွန်အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုကိုလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဂျဒ်ဆင်ထောင်မှ ထွက်လာပြီးနောက်မှာလည်းကျေးဇူးတော်ကြောင့်ထိုစာမူများကိုမပျက်စီးထိန်းသိမ်းနိုင်ခဲ့ တာကြောင့်မြန်မာသမ္မာကျမ်းစာကိုယနေ့ကျွန်သို့လက်ထဲကိုင်ဆောင်နိုင်ရ ခြင်းဖြစ်ပါတယ်။
သို့သော်အင်းဝအကျဉ်းထောင်မှအကျဉ်းသားများဟာနောက်ပိုင်းမှာ ထိုအရပ်မှကိုးမိုင်အကွာရှိအောင်ပင်လယ်သို့ပြောင်းရွှေ့ခံရပါတယ်။ အဲန်းဟာ ချက်ချင်းခင်ပွန်းရှိရာအောင်ပင်လယ်သို့လိုက်သွားပြီးထောင်မှူးတစ်ဦးထံမှ အခန်းငယ်လေးတစ်ခုငှါးရမ်းနေထိုင်ခဲ့တယ်။ သူကိုယ်တိုင်လည်းနေမကောင်း ဖြစ်နေတာကြောင့်သမီးလေးမာရီယာကိုမပြုစုနိုင်တာကြောင့်ရွာသူများထံမှနို့ရည်များကိုလိုက်လံတောင်းခံခဲ့ရပါတယ်။ သူမဟာဦးနှောက်အမြှေးပါးရောင် သည့်ရောဂါကိုခံစားခဲ့ရခြင်းဖြစ်ပါတယ်။ ထိုအချိန်ကအဲန်းဟာသူမကြုံတွေ့ ရတဲ့အခြေအနေကိုအခုလိုမှတ်တမ်းတင်ထားခဲ့ပါတယ်။
“အပြင်းအထန်ဖျားနာပြီးတချက်မှသက်သာခြင်းမရှိ။ချစ်သမီးလေး မာရီယာကို ပေါ်တူဂီအမျိုးသမီးထံအပ်နှံဖို့သာရှိသည်။ အသက်ရှင်ရန်လမ်းမတွေ၊ ဒေါက်တာပရိတ်ကလာရောက်ကြည့်ရှုပြီးကျွန်မ၏အခြေအနေသည်အလွန် စိတ်ပျက်ဖွယ်ဖြစ်သောကြောင့်နာရီပေါင်းများစွာအနားယူရန်ပြောဆိုသည်”။ ယုဒသန်ထောင်မှလွတ်လာပြီးနောက်ပိုင်းအဲန်းသည်မိသားစုနှင့်အတူဗြိတိသျှ တို့၏စစ်သင်္ဘောဖြင့် ရန်ကုန်သို့စုံဆင်းလာခဲ့တယ်။ သို့သော်ရန်ကုန်တွင် သာသနာပြုရန်အခြေအနေမဟန်လှသဖြင့်၁၈၂၆ခုနှစ်၊ ဇွန်လ ၂၉ရက်နေ့မှာ သူတို့သည်ကျိုက္ခမီသို့ပြောင်းရွေ့ခဲ့ကြတယ်။ သို့သော်ခင်ပွန်းဖြစ်သူယုဒသန် ဟာအင်းဝသို့စကားပြန်လုပ်ပေးရန်ပြန်လည်တဖန်သွားရောက်ခဲ့ရပါတယ်။
အဲန်းဟာကျိုက္ခမီမှာစာသင်ကျောင်းနှစ်ကျောင်းဆောက်လုပ်ခဲ့တယ်။ မြန်မာတပည့်ဆယ်ဦးခန့်ရရှိခဲ့ပြီးမောင်အင်းကို အုပ်ချုပ်စေကာစာသင်ပေး ခဲ့တယ်။ တနင်္ဂနွေဝတ်ပြုစည်းဝေးများကိုပုံမှန်လုပ်ဆောင်ကာနှစ်ခြင်းခံယူလို သူများကိုလည်းစာရင်းယူခဲ့တယ်။ သို့သော်အဲန်းဟာယုဒသန်အင်းဝသို့ သွားနေစဉ် နှစ်လတာကာလ အတွင်းအပြင်းဖျားကာမစ္စတာဝိဒ်တို့ဇနီးမောင်နှံတို့ ကကောင်း မွန်စွာပြုစုပေးနေသည့်ကြားမှပင်ကွယ်လွန်သွားခဲ့ပါတယ်။ သူမ၏ရုပ်ကလပ်ကိုတော့အနီးရှိ သင်္ဃန်းပင်အောက်တွင်မြုပ်နှံ သံဂြိုလ်ခဲ့ကြပါတယ်။ အဲန်းဆုံး ပါးပြီးနောက်၆လအကြာမှာ၂နှစ်သုံးလအရွယ်သာရှိသေးတဲ့သမီးလေးကိရိယာ လည်းဆုံးပါးသွားခဲ့တာကြောင့်မိခင်အဲန်းဟယ်ဇယ်သိုင်းရဲဘေးချင်းယှဉ်ကာမြုပ်နှံ သဂြိုလ်ခဲ့ပါတယ်။
References
Erroll Hulse, Adoniram Judson and the Missionary Call. Reformation
Today Trust, England
Rosalie Hall Hunt. The Judsom History and legacy.
ဆရာယုဒသန်၊ သမိုင်းထဲကယုဒသန်(သို့) ဆရာဂျပ်ဆင်။
တကောင်းစာအုပ်တိုက်။ ရန်ကုန်။
ဖလော့ရင့်နိုက်တင်ဂေးလ် Florence Nightingale 1820-1910
ဖလောရင့်နိုက်တင်ဂေးလ်ဟာ၂၀ရာစုအတွင်းသင့်လျော်ကောင်းမွန် သည့်ဆေးဝါးကုသမှုဆိုင်ရာမူဝါဒများကိုချမှတ်နိုင်စေရေးအတွက်ကြီးမားစွာ အကျိုးသက်ရောက်စေနိုင်ခဲ့သည့်အမျိုးသမီးသူရဲကောင်းတစ်ယောက် ဖြစ်ပါတယ်။ သူမဟာဒဏ်ရာရထားသူများကိုညစဉ်မီးအိမ်တစ်ခုကိုင်ဆောင်ပြီးလှည့်လည် ကြည့်ရှု ကူညီပေးသည့်အလေ့ အထရှိခြင်းကြောင့် “မီးအိမ်ရှင်အမျိုးသမီး” ဆိုပြီးလူသိများခဲ့သူလည်းဖြစ်ပါတယ်။
ဖလောရင့်နိုက်တင်ဂေးလ်သည်မည်သူနည်း
ဖလောရင့်နိုက်တင်ဂေးလ်ဟာကြွယ်ဝချမ်းသာသည့်မိသားစုအသိုင်း အဝန်းမှာမွေးဖွားကြီးပင်းလာသူဖြစ်ပြီး၊ သူနာပြုလုပ်ငန်းကိုလုပ်ဆောင်ရန်ဘုရား သခင်ကသူမကိုခေါ်တော်မူကြောင်းသိမြင်ခဲ့သူဖြစ်တယ်။ ကရီမင့်စစ်ပွဲကာလ အတွင်းသူမနှင့်၊ အဖွဲ့သားများကဗြိတိသျှအခြေပြုဆေးရုံမှာလူနာအသေ အပျောက်အနည်းဆုံးဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။
သူမ၏ရေးသားပြုစုချက်များကကမ္ဘာနှင့်အဝှမ်းကျမ်းမာရေးပြုစုစောင့် ရှောက်မှုကိုအလင်းပေးခြင်းနှင့်ပြုပြင်ပြောင်းလဲမှုများကိုဖေါ်ဆောင်နိုင်စေခဲ့တယ်။ ၁၈၆၀ခုနှစ်မှာသူမဟာစိန်သောမတ်စ်ဆေးရုံကြီးနှင့်သူနာပြုများအတွက် နိုင်တင်ဂေးလ်သင်တန်းကျောင်းကိုလည်းတည်ထောင်နိုင်ခဲ့ပါတယ်။ သူမရဲ့ ခေတ် ကာလအချိန်မှာသူမဟာသူရဲကောင်းသဖွယ်ပြုပြင်ပြောင်းလဲမှု ကိုဖေါ်ဆောင် နိုင်ခဲ့ပြီးလန်ဒန်မြို့တွင်၁၉၁၀ခုနှစ်၊ သြဂုတ်လ၁၃ရက်၊ မှာကွယ် လွန်ခဲ့ပါတယ်။
နောက်ခံသမိုင်းနှင့်အစောပိုင်းအသက်တာ
ဖလောရင့်နိုက်တင်ဂေးလ်ကို၁၈၂ဝခုနှစ်၊မေလ၁၂ရက်နေ့၊ အီတလီနိုင်ငံဖလောရင့်မြို့မှာဖွားမြင်ခဲ့ပါတယ်။ ညီအမနှစ်ယောက်အနက်သူဟာ အငယ်ဖြစ်ပြီး၊ သူမဟာဗြိတိသျှအထက်တန်းလွှာအသိုင်းဝန်းကဖြစ်ပါတယ်။ သူ့မိခင်ဖရန်စစ်နိုက်တင်ဂေးလ်ကတော့ကုန်သည်အသိုင်းဝန်းမိသားစုဝင် ဖြစ်ပြီးမိမိအဆင့်တန်းအတွက်အလွန်ဂုဏ်ယူဝင့်ကြွားနေသူဖြစ်ပါတယ်။
သူမဟာမိခင်ကအလေးထားသည့်အရာကိုကိုအရေးမစိုက်ပဲ၊ ထိုသို့သော လူမှုအသိုင်းအဝန်းမှတတ်နိုင်သမျှရှောင်ရှားနေထိုင်လေ့ရှိတယ်။ ရံဖန်ရံခါသူမ ဟာလိုသည်ထက်ပိုမိုထိန်းချုပ်သည်ဟုမြင်သည့်မိခင်နှင့်ထိပ်တိုက်ရင်ဆိုင် ရလေ့ရှိတယ်။ နိုက်တင်ဂေးလ်ရဲ့ဖခင်ဟာဝီလျှံအက်ဝပ်နိုက်တင်ဂေးလ်ဖြစ်ပြီး အလွန်ကြွယ်ဝတဲ့မြေရှင်ဖြစ်တယ်။ နိုက်တင်ဂေးလ်ဟာအဆင့်မြင့်ပညာရေးကို သင်ယူခွင့်ရခဲ့ပြီး သင်္ချာပညာအပြင်၊ ဂျာမန်၊ ပြင်သစ်၊ အီတလီဘာသာစကား များကိုလည်းသင်ယူခဲ့တယ်။
နိုက်တင်ဂေးလ်ဟာငယ်စဉ်ကတည်းကလူသားချင်း စာနာထောက်ထား မှုမှာအလွန်တက်ကြွလှုပ်ရှားသူဖြစ်ကာအနီးနားရှိရွာများမှဆင်းရဲသားလူနာ များကိုအစေခံ၊ ကုသပေးလျက်ရှိတယ်။ သူမငယ်ရွယ်စဉ်ကသူတို့အိမ်မှခွေးကလေး ဟာခြေထောက်ကျိုးသွားတာကြောင့်သူမကိုယ်တိုင်ခွေးကလေးခြေထောက် ကိုပတ်စည်းပေးခြင်းဖြင့်ကုသပျောက်ကင်းစေခဲ့ဖူးပါတယ်။ သူမဟာမကြာခဏ ဆိုသလိုပင်ဘုရားသခင်ကသူမကို သူနာပြုအဖြစ်ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့်ခေါ်တော်မူကြောင်းမိမိကိုယ်ကိုသုံးသပ်လေ့ရှိတယ်။
နိုက်တင်ဂေးလ်ကသူနာပြုတစ်ယောက်ဖြစ်ရန်စိတ်အားထက်သန် မှုကိုမိဘများထံဖွင့်ဟပြောဆို တဲ့အခါ၊ မိဘများကအလိုမကျဖြစ်ကာ သင့်လျှော် သည့် သင်တန်းများတက်ရောက် ခြင်းကိုလည်းတာမြစ်ခဲ့တယ်။ ထိုခေတ်ကာလက ထိုသို့သောအလုပ်ကိုလုပ်ဆောင်ခြင်းဟာ အထက်တန်းလွှာလူတန်းစားများ အတွက်နှိမ့်ကျသည့် အရာဟုသတ်မှတ်ကာ၊ နိုက်တင်ဂေးလ်ကဲ့ သို့ သော အမျိုးသမီးများဟာမိမိတို့ အဆင့်အတန်းကိုထိန်းသိမ်းသည် အနေဖြင့် သူတို့ အဆင့်တန်းနှင့်ဘောင်ဝင် သည့် အမျိုးသားတစ်ဦးနှင့် ထိမ်းမြားလက်ထပ် ရမည်ဖြစ်ပါတယ်။
နိုက်တင်ဂေးလ်ဟာ(၁၈၄၉)ခုနှစ်မှာသူမကိုနှစ်အတန်ကြာလိုက်ခဲ့ သည့်ဂုဏ်အသားရေရှိလူကြီးရစ်ချတ်မုတ်ကတွန်မီးလ်ရဲထိမ်းမြားခြင်းအတွက် ကမ်းလှမ်းမှုကိုငြင်းဆိုခဲ့တယ်။ ထိုကဲ့သို့ငြင်းဆိုရခြင်းအတွက်သူမ၏အကြောင်း ၊ ပြချက်ကတော့သူမ၏ဘဝရည်ရွယ်ချက်ဟာအိမ်တွင်းမှုအလုပ်တွေကိုသာ လုပ်ဆောင်ရမည့် အမျိုးသမီး၏အခန်းကဏ္ဍထက်သာလွန်နေခြင်းကြောင့် ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ မိဘများ၏ဆန့်ကျင်မှုများကိုအမှုမထားပဲသူမဟာ (၁၈၅၀)ခုနှစ်မှာ၊ ဂျာမဏီနိုင်ငံရှိကိုင်ဇာဝပ်၊ ပရိုတက်စတင့်သင်းထောက်မများကျောင်းမှာသူနာပြုသင်တန်းသူအဖြစ်တက်ရောက်ရန်စာရင်းပေးသွင်းခဲ့ ပါတယ်။
ကရီမင်စစ်ပွဲ
၁၈၅၀ခုနှစ်၊ အောက်တိုဘာလမှာကရီမင်စစ်ပွဲစတင်ဖြစ်ပွါးခဲ့တယ်။ ဗြိတိသျှမဟာမိတ်နဲ့ပြင်သစ်စစ်တပ်တို့ဟာအောက်တိုမန်ပိုင်နက်နယ်ကိုရုရား အင်ပါယာရဲထိန်းချုပ်မှုကပြန်လည်ရယူဖို့တိုက်ပွဲဆင်နွှဲခဲ့ကြတယ်။ အရေ အတွက်အားဖြင့်ထောင်ပေါင်းများစွာသောဗြိတိသျှစစ်သည်တော်များကိုပင် လယ်နက်သို့စေလွတ်ခဲ့သော်လည်းနောက်တန်းမှပံ့ပိုးမှုဟာအလျှင်အမြန် ဆုတ်ယုတ် သွားခဲ့ပါတယ်။ (၁၈၅၄)ခုနှစ်မှစပြီးအရေအတွက်အားဖြင့် (၁၈၀၀၀) အောက်လျော့နည်းတဲ့စစ်သားများကိုသာစစ်ဆေးရုံတွေမှာကုသခွင့်ပြုခဲ့ကြတယ်။
ထိုအချိန်ကကရိုင်းမီးယားရှိဆေးရုံတွေမှာအမျိုးသမီးသူနာပြုစခန်း များမရှိခဲ့ပါဘူး။ အာယ်မာစစ်ပွဲပြီးနောက်မှာတော့အင်္ဂလန်မှာဒဏ်ရာရ၊ ဖျားနာသည့်စစ်သည်တော်များကိုလျစ်လျူရှုမှု၊ ဆေးဝါးကုသမှုဆိုင်ရာမလုံလောက် ခြင်း၊ကြောက်မက်ဖွယ်ရာအခြေအနေဆိုးများနှင့်စပ်လျှင်းပြီးရုန်းရင်းခတ်မှုတွေ ပေါ်ပေါက်လာခဲ့တယ်။
(၁၈၅၀)ခုနှစ်ရဲအစောပိုင်းကာလမှာ နိုက်တင်ဂေးလ်ဟာလန်ဒန်မြို့ သို့ပြန်လာခဲ့ပြီး၊ သူနာပြု အဖြစ်သူမအမှုထမ်းခဲ့သည့်ဟာလေစထရစ်ဆေးရုံ မှာအမှုဆောင်လေရာသူမကိုအလုပ်ခန့်သူများကအလွန်အကြိုက်တွေ့ခဲ့တာကြောင့်နိုက်တင်ဂေးလ်ကိုစီမံကွပ်ကဲသူအကြီးအကဲအဖြစ်ရာထူး တိုးပေးခဲ့ပါတယ်။ ထိုစဉ်ကနိုက်တင်ဂေးလ်ဟာမီဒယ်လ်ဍစ်ဆေးရုံမှာလည်းစေတနာ့ဝန်ထမ်း အဖြစ်ထမ်းဆောင်ကာအလွန်လျှင်မြန်စွာကူးစက် ပြန့်ပွါးနေတဲ့ဝမ်းပျက် ဝမ်းလျှော ရောဂါပြသနာများကိုလည်းကိုင်တွယ်ဖြေရှင်း ခဲ့ရပါတယ်။ သူမဟာကျမ်းမာရေး အသိပညာပေးလုပ်ငန်းတွေကိုလည်းတိုးချဲ့လုပ်ဆောင်ခဲ့ခြင်းအားဖြင့်ဆေးရုံ အတွင်းလူနာများ၏သေဆုံးမှု၊ အရေအတွက်ပမာဏကိုလည်းလျော့ချပေးနိုင် ခဲ့ပါတယ်။
ရှေ့ပြေးသူနာပြု၁၈၅၄ခုနှစ်နှောင်းပိုင်းမှာနိုက်တင်ဂေလ်ဟာဝါးဆစ်ဒနီးဟားဗတ် ရှိအတွင်းရေးမှုးထံမှစာတစ်စောင်လက်ခံရရှိခဲ့ပါတယ်။ ထိုစာဟာကရိုင်းမီးယား ဒေသအတွင်းထိခိုက်ဒဏ်ရာရကာ၊ဖျားနာနေသည့်စစ်သည်တော်များကိုပြုစုစောင့် ရှောက်မည့်သူနာပြုအသင်းများကိုဖွဲ့စည်းရန်ဖြစ်ပါတယ်။ သူမဟာဘာသာရေးနောက်ခံအမျိုးမျိုးမှသုံးဒါဆင်ခန့်ရှိသောသူနာပြုများကို အလျှင်အမြန်ဖွဲ့စည်း လိုက်ကာထိုကရိုင်းမီးယားဒေသသို့ရက်အနည်းငယ်အတွင်းသွားရောက်ခဲ့ပါတယ်။
သူတို့ဟာအလွန်ကြောက်မက်ဘွယ်ကောင်းသည့်အခြေအနေများဖြင့် သတိပေးခြင်းခံခဲ့ရသော်လည်း၊ ကွန်စတန်တင်နိုပယ်၊ စကူတာရီနယ်ရှိဗြိတိသျှ အခြေပြုဆေးရုံရောက်သွားသည့်အခါနိုက်တင်ဂေးလ်နှင့်သူမ၏သူနာပြုများ မြင်တွေ့ခဲ့ရသည့်အရာများအတွက်ပြင်ဆင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဆေးရုံဟာ အလွန်ကြီးမားသည့်ရေပုတ်အိုင်ထိပ်မှာတည်ရှိပြီးရေတွေ၊ အဆောက်အအုံများလည်းညစ်ပတ်နေပါတယ်။ လူနာများလည်းဟောခန်းမတလျှောက်မိမိတို့မစင် ) ပေါ်မှာပဲလှဲလျောင်းနေကြပါတယ်။ ဂျပိုးတွေ၊ ပိုးဟပ်တွေ၊ ပိုးမွှားကောင်တွေလည်း သူတို့အပေါ်မှာသွားလာနေကြပါတယ်။
အခြေခံအကျဆုံးလိုအပ်ချက်ဖြစ်တဲ့ပတ်တီး၊ဆပ်ပြာများသည်လည်း လူနာအရေအတွက်တိုးပွါးလာသည့် အတိုင်းအလွန်ချွေတာသုံးစွဲ ရသည့် အနေအထားရောက်နေခဲ့ပါတယ်။ ရေကိုပင်လျှင်ခွဲတန်းချပေးနေရပါတယ်။ များစွာသောစစ်သည်တော်များဟာစစ်မှာထိခိုက်ဒဏ်ရာရလို့သေဆုံးခြင်းထက် ဝမ်းလျှောဝမ်းပျက်ခြင်း၊ ငှက်ဖျားရောဂါစသည့်အရာများကြောင့်သေဆုံး သူကပိုများပါတယ်။ သို့သော်နိုက်တင်ဂေးလ်ဟာတွေဝေမနေပဲလုပ်ငန်းခွင်ကို အလျှင်အမြန်စတင်ခဲ့ပါတယ်။ သူမသည်ရာပေါင်းများစွာသောကြမ်းတိုက် အဝတ်များ၊ဘရပ်ရှ်များကိုကြိုးစားလုပ် ဆောင်ကာအသက်သာဆုံး လူနာများကို ဆေးရုံအတွင်းရှိကြမ်းခင်းမှမျက်နှာကြက်တိုင်အောင်တိုက်ချွတ်ဆေးကြောစေခဲ့ပါတယ်။ နိုက်တင်ဂေးလ်ကိုယ်တိုင်လည်းနာရီပေါင်းများစွာစစ်သားများ ကိုကြည့်ရှုပြုစုပေးခဲ့ပါတယ်။ ညအချိန်မှာလည်းသူမဟာမီးအိမ်တစ်ခုကိုကိုင်ဆောင်ကာလူနာတစ်ယောက်ပြီးတစ်ယောက်ထံလှည့်လည်ကြည့်ရှုပြုစုပေး ခဲ့ပါတယ်။
သူမ၏ကြင် နာပြုစုယုယမှုကို ခံစားရသည့် စစ်သားများကသူမကို “မီးအိမ်ရှင်အမျိုးသမီး”ဟုတင်စားခေါ်ဆိုခဲ့ကြပါတယ်။ တခြားသူများကတော့ သူမကို “ကရိုင်းမီးယား၏ကောင်းကင်တမန်” ဟုတင်စားခေါ်ဆိုခဲ့ကြပါတယ်။ သူမ၏ကြိုးစားလုပ်ဆောင်မှုကြောင့် ဆေးရုံမှလူနာသေဆုံးမှုနှုံးထားသည် လည်းသုံးပုံနှစ်ပုံအထိလျော့ကျသွားခဲ့ပါတယ်။ သူမသည်ဆေးရုံကိုအလွန် သန့်ရှင်းသည့်အနေအထားသို့ရောက်အောင်လုပ်ဆောင်ပြီးနောက်၊ ဖရိုဖရဲဖြစ်နေ သည့်မီးဖိုချောင်ကိုလည်းလူနာများအတွက်လိုအပ်သည့်အစားအစာများကိုပြင် ဆင်ရန်အထူးကြပ်မတ်လုပ်ဆောင်ပေးခဲ့တယ်။ သူကလူနာများ၏အဝတ်အစားများကို သန့်ရှင်းသပ်ရပ်စေရေးအတွက်အဝတ်လျှော်ခန်းကိုလည်းစနစ်တကျ စီစဉ်ပေးခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာအသိပညာပေးရေး၊ ဖြေဖျော်ရေးအတွက် ရည်ရွယ်ကာစာသင်ခန်းနှင့်စာကြည့်တိုက်တစ်ခုကိုလည်းဖန်တီးလုပ်ဆောင် ပေးခဲ့ပါတယ်။
ဂုဏ်ပြုခံရခြင်း
နိုက်တင်ဂေးလ်ဟာစကူတာရီအရပ်မှာတစ်နှစ်ခွဲကြာနေထိုင်ခဲ့ပါတယ်။ ကရီမင်အရေးအခင်းပြေလည်သွားသည်နှင့်သူမဟာ(၁၈၅၆)ခုနှစ်နွေကာလ မှာ သူမ၏ငယ်စဉ်ကတည်းကနေထိုင်ခဲ့ သည့် နေရပ်လေးဟပ်စ်ကို ပြန်လာခဲ့ပါတယ်။ သူမကို သူရဲကောင်းတစ်ယောက် အဖြစ်လက်ခံကြိုဆို ခဲ့ကြတာကြောင့်၊ သူမဟာထိုအရာကိုသူနာပြုတစ်ယောက်အနေဖြင့်နှိမ့်ချစွာ ဖြင့်အကောင်းဆုံးရှောင်ကြဉ်ခဲ့ပါတယ်။ ဝိတိုရိယဘုရင်မကလည်းနိုက်တင်ဂေးလ် ရဲလုပ်ဆောင်ချက်ကိုဂုဏ်ပြုသည့်အနေနှင့်နိုက်တင်ဂေးလ်၏အမည်နာမကို ကဗည်းထိုးထားသောရင်ထိုးကို လက်ဆောင်အဖြစ်ပေးအပ်ကာဗြိတိသျှ အစိုးရအနေဖြင့်လည်းသူမကိုဒေါ်လာ ၂၅ဝ၊ဝဝဝ ချီးမြင့်ခဲ့ပါတယ်။
ထိုငွေကြေးများကိုအလုပ်ပိုမိုလုပ်ဆောင်နိုင်ရေးအတွက်အသုံးပြုရန် ဆုံးဖြတ်ခဲ့တယ်။ ၁၈၆၀ခုနှစ်မှာသူမကစိန်သောမတ်စ်ဆေးရုံကိုတည်ထောင် ရန်ရံပုံငွေရှာဖွေခဲ့ပြီး၊ ထိုဆေးရုံအတွင်းမှာပင်သူနာပြုများအတွက်သင်တန်းကျောင်းကိုလည်းဖွင့်လှစ်ပေးခဲ့တယ်။ နိုက်တင်ဂေးလ်ဟာလူထုများကြား ကြည်ညိုလေးစားဖွယ်အသွင်ဆောင်လာခဲ့ပါတယ်။ သူ့ကိုသူရဲကောင်းအဖြစ်ဂုဏ်ပြုသည့်အနေဖြင့်ကဗျာ၊ သီချင်း၊ ပြဇာတ်တွေကိုလည်းများစွာရေးသား သီကုံး၊စပ်ဆိုခဲ့ကြတယ်။ အပျိုများဟာသူမကဲ့သို့ဖြစ် လာရန်စိတ်အားထက် သန်မှုရှိလာကြတယ်။ သူမရဲပုံသက်သေနောက်ကိုလိုက်ဖို့စိတ်အားထက်သန် လာကြပြီးကြွယ်ဝချမ်းသာသည့် အထက်တန်းလွှာမှအမျိုးသမီးများပင်လျှင် သူနာပြုသင်တန်းကျောင်းတက်ရောက်ရန်အမည်စာရင်းများစတင်ပေးသွင်း လာခဲ့ကြပါတယ်။ နိုက်တင်ဂေးလ်ရဲလုပ်ဆောင်ချက်ကြောင့်အထက်တန်းလွှာ များ၏အမြင်ရှုထောင့်မှာသူနာပြုလုပ်ငန်းသည်အလွန်မြင့်မြတ်သည့်အရာအဖြစ် ပြောင်းလဲလာခဲ့တယ်။
ကရိုင်းမီးယားစစ်ပွဲအတွင်းသူမရဲလေ့လာတွေ့ရှိချက်များကိုအခြေပြု ကာနိုက်တင်ဂေးလ်ဟာကျမ်းမာရေးကိုထိခိုက်စေသည့်အကြောင်းအရင်းများ၊ ဗြိတိသျှစစ်တပ်၏ဆေးရုံစီမံခန့်ခွဲမှုနှင့် လုံလောက်ပြည့်စုံမှုများကိုရေးသား ပြုစုခဲ့တယ်။ သူမ၏ရေးသားတင်ပြချက်များကို၁၈၅၈ခုနှစ်မှာပုံနှိပ်ထုတ်ဝေ ခြင်းဖြင့် အခြားစစ်ဘက်ဆိုင်ရာဆေးရုံများကိုလည်းပြုပြင်ပြောင်းလဲရန် အဆိုပြုခဲ့ပါတယ်။ သူမ၏သုတေသနစာတမ်းကစစ်ဖက်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ကိုအပြည့်အဝပြန်လည်တည်ဆောက်ရန်အလင်းပြခဲ့ပါတယ်။ ၁၈၁၇ခုနှစ်မှာ စစ်တပ်များ၏ကျန်းမာရေးအတွက် ရွိုင်ရယ်လ်ကော်မရှင်အဖွဲ့ကိုလည်းတည်ထောင်ရန်အကြောင်းဖြစ်စေခဲ့တယ်။ နိုက်တင်ဂေးလ်ဟာစာရင်းဇယားစွမ်းဆောင် ရည်မြင့်မားမှု၊ လူနာများအပေါ် စနစ်တကျစာရင်းမှတ်တမ်းယူကာပြုစုခြင်းများ ၊ ကြောင့်ဆေးလောကမှာလွမ်းမိုးနိုင်သူဖြစ်လာခဲ့တယ်။
သူမ၏နှောင်းပိုင်းအသက်တာ
စကာတာရီအရပ်တွင်ရှိစဉ်ကနိုက်တင်ဂေးလ်ဟာဘယ်တော့မှ အပြည့် အဝပြန်ကောင်းမလာနိုင်သည့် ကရိုင်းမီးယားရောဂါအဖြစ်လူသိများသော ဘရူဆယ်လူးစစ်ဗက်တီးရီးယားပိုးကူးစက်မှုကိုလည်းလျှော့ချပေးနိုင်ခဲ့ပါတယ်။ အသက်(၃၈)နှစ်အရွယ်မှာသူမဟာအိပ်ယာပေါ်လှဲနေရပြီး၊ ကျန်ရှိသည့်ဘဝ အသက်တာတလျှောက်လုံးကိုအိမ်တွင်းအောင်းနေရသည့် အဖြစ်နဲ့ကုန်ဆုံး စေခဲ့ရပါတယ်။ သို့သော်လူနာများကိုပြုစုကုသရာတွင်တိုးတက်လာစေရေး အတွက်သူမ၏ခိုင်မာသည့်ဆုံးဖြတ်ချက်ကြောင့်နိုက်တင်ဂေးလ်ဟာအိမ်ယာပေါ်ကပင်ဆက်လက်ပြီး အလုပ်လုပ်ခဲ့ပါတယ်။ မေဖဲယားမှာနေစဉ်မှာလည်း သူမကကျန်းမာရေးပြုစုစောင့်ရှောက်မှုပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာအခွင့် အာဏာရှိသူအဖြစ်၊ သူမကိုအင်တာဗျူးလာသောနိုင်ငံရေးသမားများနှင့်အထူး ဧည့်သည်တော်များကို သူ၏အိပ်ယာမှပင်ကြိုဆိုလက်ခံခြင်းပြုခဲ့ပါတယ်။ ၁၈၅၉ခုနှစ် မှာသူမဟာဆေးရုံများကို အဘယ်ကဲ့သို့သင့်လျှော်မှန်ကန်စွာ လုပ်ဆောင်သင့်ကြောင်းပစ်မှတ်ထားဖေါ်ပြသည့်အကြောင်းအရာ၊မှတ်စုများ ကို ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
အမေရိကန်ပြည်တွင်းစစ်တလျှောက်လုံးစစ်မြေပြင်မှဆေးရုံများကို အဘယ်သို့ အကောင်းဆုံးစီမံခန့်ခွဲရမည့် အကြောင်းကြိမ်ဖန်များစွာတိုင်ပင် ဆွေးနွေးနှီးနှောခြင်းကိုခံခဲ့ရပါတယ်။ နိုက်တင်ဂေးလ်ဟာအန္ဒိယနိုင်ငံသို့ ကိုယ်တိုင်မရောက်ခဲ့သော်လည်းထိုနိုင်ငံ အတွင်းရှိစစ်ဖက်နှင့် အရပ်ဖက်ဆိုင်ရာနှစ် ရပ်လုံး၏လူထု ကျန်းမာရေးကာကွယ်စောင့် ရှောက်ရေးမှာလည်းအခွင့် အာဏာရှိသူတစ်ယောက်အဖြစ်အမှုဆောင်ခဲ့ပါတယ်။ သူမဟာ၁၉၀၇ခုနှစ်မှာ ရှင်ဘုရင်အက်ဝပ်အားဖြင့်ဆုတံဆိပ်ချီးမြင့်ခြင်းခံရကာ၊ ပထမဦးဆုံးသော ဂုဏ်ပြုချီးမြင့်ခံရသည့်အမျိုးသမီးဖြစ်လာခဲ့ပါတယ်။ (၁၉၁၀)ခုနှစ်မှာသူမသည် ရှင်ဘုရင်ဂျော့ခ်ျထံမှသူမ၏(၉၀)နှစ်ပြည့်မွေးနေ့အတွက်အထူးဂုဏ်ပြုချီးမြင့် ခြင်းသတင်းစကားကိုလက်ခံရရှိခဲ့ပါတယ်။
သေဆုံးခြင်းနှင့်အမွေအနှစ်
၁၉၁၀ခုနှစ်၊ သြဂုတ်လမှာနိုက်တင်ဂေးလ်ဟာဖျားနာခဲ့ပြီးပြန်လည်နေ ကောင်းကျန်းမာလာမည့်အခြေအနေရှိကြောင်းဖေါ်ပြထားတယ်။ သို့သော် တစ်ပတ်အကြာ၊ ၁၉၁၀ ခုနှစ်၊ သြဂုတ်လ၊ ၁၂ရက်နေ့သောကြာနေ့ညနေပိုင်း မှာတော့ကျန်းမာရေးဆိုးဝါးသည့်လက္ခဏာများကိုစတင်တွေ့ရှိခဲ့တယ်။ နောက် တနေ့ စနေနေ့ညနေ၂နာရီ၊ ဩဂုတ်လ ၁၃ ရက်နေ့မှာသူမဟာလန်ဒန်ရှိသူမ၏ နေအိမ် မှာပဲကွယ်လွန်ခဲ့ရပါတယ်။
ဆင်းရဲသားများကိုသနားကြင်နာမှုဖြင့်ဆေးဝါးကုသမှုကောင်းမွန်စွာ ခံစားစေရေး၊ ရောဂါကာကွယ်ရေးစသည့်အရာများအတွက်ဘဝကိုရင်းပြီးမနား မနေ၊ အထူးကြိုးပမ်းလုပ်ဆောင်ခဲ့သည့်နိုက်တင်ဂေးလ်ကိုအထူးဂုဏ်ပြုချီး မြောက်လိုသည့်လူထု၏အလိုဆန္ဒကိုမျက်ကွယ်ပြုကာသူမဟာသူမ၏အသုဘ အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာမပြုလုပ်ပဲငြိမ်သက်ဆိတ်ညံစွာပြုပေး
စေလိုကြောင်းပြောခဲ့ပါတယ်။ သူမ၏လိုအင်ဆန္ဒကိုအရိုသေပြု သည့်သဘော ဖြင့်သူမ၏ဆွေမျိုးသားချင်းများဟာအမျိုးသားရေးဆိုင်ရာအသုဘအခမ်းအနား ကျင်းပမည့်ကိစ္စကိုရုပ်သိမ်းခဲ့ပါတယ်။ ဒီလိုနဲ့ “မီးအိမ်ရှင်” လေးဟာအင်္ဂလန် နိုင်ငံ၊ ဟမ်းစပိုင်းယား၊ အက်စ်ဝေးလို၊ စိန်မာဂရက်အသင်းတော်ရှိသူမ၏မိသားစု ဆိုင်ရာမြေကွက်မှာမြေချသ်ဂြိုလ်ခြင်းခံခဲ့ရပါတယ်။
ဖလောရင့်နိုက်တင်ဂေးလ်ပြတိုက်ဟာနဂိုမူလနိုက်တင်ဂေးလ်၏ သူနာပြု သင်တန်းကျောင်းနှင့်အိမ်များရှိသည့်နေရာတွင်တည်ရှိကာသူမကို“ကရိုင်းမီး ယား၏ကောင်းကင်တမန်” အဖြစ်တင်စားဂုဏ်ပြုပုံဖေါ်ထားသည့်ပစ္စည်း၂၀၀၀ ကျော်ပြသထားပါတယ်။ ယနေ့ချိန်ထိတိုင်အောင်နိုက်တင်ဂေးလ်ဟာမျက်မှောက်ခေတ်သူနာပြုလုပ်ငန်းအတွက်ရှေးပြေးလမ်းထွင်သူအနေဖြင့် အသိမှတ်ပြုရိုသေ လေးစားခြင်းခံနေရဆဲဖြစ်ပါတယ်။
Referrence
https://www.google.com/search, florence nightingale biography
အေမီကာမီချယ်လ် Amy Carmichael ( 1861-1951 )
ဟန္ဒူဘာသာဟာအန္ဒိယနိုင်ငံမှာနှစ်ထောင်ပေါင်းများစွာရိုးရာဘာသာ အဖြစ်တည်ရှိလာခဲ့ပြီး၈၀%သောအန္ဒိယနိုင်ငံသားများဟာဇာတ်နှိမ့်၊ ဇာတ်မြင့် ခွဲခြားမှုအစဉ်အလာအားဖြင့်လွမ်းမိုးခြင်းကိုခံကြရပါတယ်။ ခရစ်ယာန်သာသနာ ဟာအန္ဒိယပြည်သို့လေးရာစုကတည်းကစတင်ရောက်ရှိခဲ့သော်လည်းထိရောက်မှု အနည်းငယ်သာရှိခဲ့ပြီးအစ္စလမ်များရဲတိုက်ခိုက်မှုကရှစ်ရာစုနှစ်မှာစတင်ဖြစ်ပွါး ခဲ့ပါတယ်။ ဟန္ဒူဘာသာကထိုကဲ့သို့သောတစ်ဆူတည်းသောဘုရားဝါဒီကို ခံရပ်ခဲ့ပြီး၊ အချို့ဒေသများမှာလူမှုရေးဆိုင်ရာ၊ ဆေးပညာပိုင်းဆိုင်ရာတိုးတွက်ပြောင်းလဲမှု များကိုအခိုင်အမာခုခံတားမြစ်တဲ့စွမ်းအားအဖြစ်တည်ရှိနေဆဲဖြစ်ပါတယ်။
အန္ဒိယနိုင်ငံသည်ယခုတွင်ဘာသာတရား၊ ယုံကြည်ကိုးကွယ်မှုတိုင်းကို လွတ်လပ်ခွင့်ပေးထားသော်လည်းနိုင်ငံတော်၏ဗဟိုအဆင့်တွင်ဘာသာတရား ပေါင်းစုံတည်ရှိကိုးကွယ်မှုကိုတားမြစ်ရန်ဟန္ဒူခေါင်းဆောင်များမှဖိအားပေးမှု အလွန်ခံကြရပါတယ်။ အထင်ကရဖြစ်သောဟန္ဒူဘာသာဝင်များ၏အတွေး အခေါ်ပိုင်းဆိုင်ရာ၊ လျှို့ဝှက်ဆန်းကျယ်သည့်အရာများဟာအနောက်နိုင်ငံတွေ မှာရေပန်းစားမှုတိုးပွါးလာသော်လည်းသူတို့ ဟာရုပ်တု ကိုးကွယ်ခြင်းကို ကျင့်သုံးဆဲဖြစ်ပါတယ်။ ယခုမျက်မှောက်ချိန်ခါစာရင်းကောက်ယူခြင်းအားဖြင့် ထွက်ပေါ်လာသည့် ရလဒ်များအရတစ်နိုင်ငံလုံးလူဦးရေမှာခရစ်ယာန် ဘာသာဝင်အရေအတွက်ဟာ ၂. ၆% သာရှိပြီး၊ မွတ်စလင်အရေတွက်ဟာ ၁၂% ရှိပါတယ်။
တစ်ဆယ့်ကိုးရာစုနှစ်သာသနာပြု ဆရာများ၏လေ့လာတွေ့ရှိချက်အရ ဟန္ဒူဘာသာဝင်ဇာတ်မြင့်များကသတင်းကောင်းကိုအနည်းငယ်တံခါးဖွင့်ခဲ့ ကြပြီးထိုသူများအနက်အများဆုံးပြောင်းလဲလာသူများဟာ “ပရိယတ်စ်” ခေါ် သည့်ထိတွေ့မရနိုင်သူများ၊ ရံဖန်ရံခါဇာတ်နှိမ့်ဇာတ်မြင့်ခွဲခြားခြင်းအစဉ်လာ မှာရုန်းထွက်လိုကြသူများဖြစ်ကြပါတယ်။ မွတ်စလင်များဟာ သတင်းကောင်း ကိုဟောပြောဝေငှရာတွင်ချဉ်းကပ်ထိတွေ့ရန်အလွယ်ကူဆုံးအုပ်စုဖြစ်ပြီးများစွာ သောသူများဟာယေရှုခရစ်တော်ကိုလက်ခံယုံကြည်လာကြပါတယ်။
အသက်တာ၏အမှုတော်
၁၈၉၅ခုနှစ်၊ အေမီကာမီချယ်လ်ဟာအန္ဒိယသို့ရောက်ရှိခဲ့စဉ်က၊ သူမ ဟာဘာသာရေးဆိုင်ရာအဆီးအတားများ၏ရိုက်ခတ်မှုကိုချက်ချင်းဆိုသလို တွေ့ကြုံခံစားခဲ့ရပါတယ်။ သူမစခန်းချတဲ့သာသနာပြုကျောင်းမှ၊ သာသနာ ပြုဆရာ၊ ဆရာမများဟာဟန္ဒူဘာသာ(သို့)အစ္စလမ်ဘာသာဝင်များပြောင်းလဲလာမည် ကိုမျှော်လင့်ထားခြင်းလည်းမရှိ၊ ထိုသို့ပြောင်းလဲလာခြင်းကိုအမှန်တွေ့ကြုံခြင်း လည်းမရှိခဲ့ကြပါဘူး။ အခြားသောကျောင်းမှာ၊ မိဘများဟာသူတို့သားသမီး များ ခရစ်ယာန်ဘာသာထဲကူးပြောင်းဝင်ရောက်သွားမည်ကိုစိုးရိမ်ပူပန်ခြင်းလည်း မရှိကြပါဘူး။ ဘာကြောင့်လဲဆိုတော့ထိုကျောင်းမှာအမှုထမ်းသူများဟာဟန္နီ ဘာသာဝင်များ၊ မွတ်စလင်များနှင့်ပြောင်းလဲခြင်းမရှိသောခရစ်ယာန်များ ဖြစ်ကြတယ်။
၁၉၀၁ခုနှစ်မှာထိုငယ်ရွယ်သည့်သာသနာပြုဆရာမဟာအပြစ်ဒဏ်ပေး သည့်အနေဖြင့်ဗိမာန်တော်မှာပြည့်တန်ဆာပြုလုပ်စေရန်နတ်ဘုရားများနှင့်ထိမ်း မြားခြင်းခံရသောကလေးများကိုကယ်တင်ခြင်းဖြင့်သူ၏အသက်တာအမှုတော်ကို စတင်သက်သေထူခဲ့ပါတယ်။ ထိုသို့သောဆိုးဝါးလှသည့်လုပ်ဆောင်ချက်များကို သိမြင်လာသည့် အခါထိုအရာကိုတားမြစ်နိုင်စေမည့်ဥပဒေပြုရေးဟာအစိုးရနှင့် သာသနာပြုများ ဆုံးဖြတ်လုပ်ဆောင်ရမည့်အရာဖြစ်လာပါတယ်။
အယ်မီဟာအိုင်ရီလန်အနောက်ဖက်ဒေသတွင် လူလတ်တန်းစားအလွှာ မှ မွေးဖွားလာသည့်သူဖြစ်ပြီးမိဘများဟာဘုရားသခင်ကိုကြောက်ရွံ့ သည့်ပရက် ဘက်တီးရီးယန်းအသင်းသားများဖြစ်ကြပါတယ်။ သူမသည်လည်းငယ်စဉ် ကလေး ဘဝကတည်းကဘုရားသခင်ကိုချစ်ကြောက်သူဖြစ်ပြီး “အို၊ဘုရားသခင်၊ သမီးရဲ့ ဘေးမှာလာထိုင်တော်မူပါ”လို့ဆုတောင်းလေ့ရှိပါတယ်။ သူမအသက်တစ်ဆယ့် ခြောက်နှစ်အရွယ်မှာတော့သူမ၏ဘဝတစ်ခုလုံးကိုဘုရားသခင်၏ အမှုတော် အတွက်ပုံအောခဲ့ပါတယ်။ အမှုတော်မှာတတ်နိုင်သမျှပါဝင်ရင်းငွေကြေးလို အပ်ချက်မှန်သမျှရရှိဖို့ရန်သခင်ဘုရားထံတော်၌ သာမှော်ကြည့်ခြင်းနိယာမ တရားကိုလည်းသင်ယူခဲ့ရပါတယ်။
သူ၏မိသားစုဟာမန်ချက်စတာသို့ပြောင်းရွေ့သည့်အခါ၊ သူမသည် ဖရန်ကိုစလေနှင့်ပေါင်းကာတဖန်ပြန်ပြီးဆင်းရဲသားကျူးကျော်ရပ်ကွက်မှာ အလုပ်အကျွေးပြုခဲ့ပါတယ်။ ၁၈၈၈ခုနှစ်မှာသူမဟာကက်စ်ဝိတ်အစည်းဝေးသို့တက်ရောက်ကာသူမနှင့်အတူသာသနာလုပ်ငန်းကိုတည်ထောင်သူ ရောဘတ် ဝီလ်ဆန်ရဲတစ်သက်တာလက်တွဲဖေါ်ဖြစ်လာခဲ့ပါတယ်။ ထိုကြောင့်သူမသည် တရုတ်ပြည်(သို့)အာဖရိကသို့သွားရမည်လောဟုအပြည့်အဝမသေချာသော် လည်းကက်စ်ဝိတ်မှထောက်ပံ့ပေးသည့်ပထမဆုံးသောသာသနာပြုဖြစ်လာ ခဲ့ပါတယ်။ တံခါးခေါက်ခြင်းနိယာမတရားအတိုင်းသူမသည်၁၈၉၃ခုနှစ်မှာ ဂျပန်သို့ရွက်လွင့်ခဲ့ပြီး၊ အစပိုင်းမှာမှန်ကန်သည့်အရာကိုလုပ်ဆောင်သကဲ့သို့ ထင်မြင်ရပါတယ်။ သို့သော်တစ်နှစ်အကြာမှာတော့အဖျားအနာရောဂါ ကြောင့် အင်္ဂလန်သို့ပြန်လာစရာအကြောင်း ဖြစ်လာခဲ့ပါတယ်။
၁၈၉၅ခုနှစ်မှာသူမသည်အင်္ဂလန်ဇီနာနာသာသနာပြုအဖွဲ့အစည်းမှ ရာသီဥတုပိုမိုကောင်းမွန်သောအန္ဒိယတောင်ပိုင်းဘင်္ဂလောတွင်သာသနာပြုရန် လက်ခံခြင်းခံခဲ့ရပါတယ်။ သို့သော်လည်းသူမအနေဖြင့်ထိုနေရာမှာလည်းမိမိ အားဘုရားသခင်ကအထူးခေါ်ထားခြင်း၏ရည်ရွယ်ချက်ကိုနားမလည်ခဲ့ပါဘူး။ သူမ သည်တင်နီချိုင့်ဝှမ်းခရိုင်မှာနေထိုင်ကာသိက္ခိတော်ရဆရာဇနီးမောင်နှံေကာ တို့နှင့်အတူကျေးရွာများတွင်ဧဝံဂေလိလုပ်ငန်းကိုလုပ်ဆောင်ခဲ့ပါတယ်။
အေမီဟာပြောင်းလဲလာသည့်အမျိုးသမီးများကိုအမျိုးသမီးအဖွဲ့တစ်ခု ဖွဲ့စည်းကာအနီးနားရှိရွာများတွင်အိမ်တိုင်ရာရောက်သွားရောက်လည်ပတ်ပြီး သတင်းကောင်းကိုနားထောင်လိုသည့်အမျိုးသမီးများ၊ ကလေးသူငယ်များထံ သတင်းကောင်းကိုဝေငှခဲ့ပါတယ်။ ယုံကြည်လိုသည့်ဆယ်ကျော်သက်အမျိုး သမီးငယ်နှစ်ယောက်ဟာ သူတို့နေအိမ်မှထွက်ပြေးလာပြီးဝေါ့ကာရဲ့အိမ်သို့ လာရောက်ခိုလှုံခဲ့ရာ၊သူတို့အားလုံးဟာခြိမ်းခြောက်မှုကိုခံရပြီးဒိနာဗာအရပ်သို့ ပြောင်းရွေးရန်အကြောင်းဖြစ်လာခဲ့ပါတယ်။
ဗိမာန်တော်မှကလေး၁၉၀၁ခုနှစ်၊ တစ်ခုသောညအချိန်ခရစ်ယာန်အမျိုးသမီးများကဗိမာန် တော်မှခုနှစ်နှစ်အရွယ်မိန်းကလေးတစ်ယောက်ကတွေ့ခဲ့တာကြောင့်အေမီက ပထမဆုံးအနေဖြင့်ကယ်တင်ခဲ့ပါတယ်။ ထိုနေ့ညမှာဇာတ်မြင့်အသိုင်းဝန်းမှ လာသောပရီနာဟာသူမ၏ဇာတ်ကိုထိန်းသိမ်းလိုတာကြောင့်ခရစ်ယာန်အမျိုး သမီးတစ်ယောက်ပြင်ဆင်ပေးသည့်ညစာကိုမစားသောက်ပဲဆာလောင်မွတ်သိပ် ခံကာအိပ်ယာဝင်ခဲ့ပါတယ်။
နောက်တစ်နေ့နံနက်မှာထိုမိန်းခလေးကိုအေမီထံခေါ်ဆောင်သွား ခဲ့ရာ၊ အေမီဟာသူမကိုပေါင်ပေါ်ထိုင်စေပြီးနမ်းခဲ့တာကြောင့်ထိုကလေးမဟာ “ကျွန်မကိုကျွန်မ၏မိခင်သဖွယ်နမ်းကာကြင်နာနေသောဤအမျိုးသမီးသည် မည်သူများလဲ” ဟုအံ့အားသင့်ခဲ့ရပါတယ်။ ပရီနာဟာနတ်ဘုရားကျောင်းမှာ ယခင် တစ်ခေါက်လွတ်မြောက်လာခဲ့သော်လည်းသူမ၏ မိခင်ရင်ခွင်မှပြန်လည်ဆွဲထုတ် ခြင်းခံရကာအပြစ်ဒဏ်ပေးသည့်အနေဖြင့်သူမ၏လက်ချောင်းတွေမှာသံပူဖြင့် အမှတ်တံဆိပ်ရိုက်နှိပ်ခြင်းခံခဲ့ရပါတယ်။
နတ်ဘုရားကျောင်းဆောင်ရှိအခြားသောအမျိုးသမီးများကအေမီကို ကလေးဖမ်းသည့်သူဟုခြောက်လှန့် ပြောဆိုခဲ့သော်လည်းသူမအနေဖြင့် ထိုသို့သော နေရာမှာနေထိုင်ခြင်းထက်ထွက်သွားခြင်းကပိုကောင်းမည်ဟုယူဆခဲ့ပါတယ်။ သိပ်မကြာမှီမှာပဲနတ်ဘုရားကျောင်းမှအမျိုးသမီးများကပရီနာကိုပြန်လည်ခေါ်ဆောင်ရန်ရောက်လာသော်လည်းသူမက“သူတို့နဲ့အတူကျွန်မလိုက်မသွားဘူး” လို့ကြွေးကြော်ခဲ့ပါတယ်။ ထိုနေ့ကစပြီးအေမီဟာသက်ဆုံးသည့်တိုင်အောင် သူမ၏မိခင်သစ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
နတ် ဘု ရားကျောင်းမှ အကြောင်းအရာများကအေမီကို တုန်လှုပ် ခြောက်ခြားစေတာကြောင့်အေမီဟာနတ်ဘုရားကျောင်းမှမျှော်လင့်ချက်မဲ့၊ ပြည့်တန်ဘဝသို့ကျရောက်နေသည့်ကလေးသူငယ်များအကြောင်း၊ သတင်းအချက်လက်များကိုရယူစုဆောင်းခဲ့ပါတယ်။ သူမ၏လေ့လာတွေ့ရှိချက်များအရ ထိုကလေးများဟာအဆင်မပြေသည့်အိမ်ထောင်၊ စွန့်ပစ်ခံရသည့်ဇနီး၊ မုဆိုးမ များကနတ်ဘုရားကျောင်းသို့ပေးအပ်ခြင်းဖြစ်ပြီးအချို့သူများကသူတို့၏ကျမ်းမာ ခြင်းဆုပန်ရာတွင်သူတို့သားသမီးများကိုအလှူဒါနအနေဖြင့် နတ်ဘုရားကျောင်း သို့ပေးအပ်ခြင်းဖြစ်ပါတယ်။
ထိုနေရာမှာသူတို့ဟာနတ်ဘုရားများကိုကိုးကွယ်ပူဇော်ခြင်းအတွက် အဆိုအက၊ သင်တန်းများတက်ရောက်ရပြီးရုပ်တုများကိုမွေးတိုင်ပူဇော်ခြင်း၊ ဆီမီးထွန်းညှိပေးခြင်းအပြင်အမျိုးသားများ၏ကာမတပ်မက်မှုလိုအင်ဆန္ဒများကိုဖြည့်ဆည်းပေးရပါတယ်။ အချို့သောအရာများကအေမီအနေဖြင့်ဖေါ်ပြ ဖို့မသင့်ဟုထင်မှတ်ရသည့်တိုင်ဆိုးညစ်သည့်အရာများကိုပြုရပါတယ်။
ထိုသတင်းဟာလူ သိများလာတဲ့ အခါ နတ် ဘုရားကျောင်းသို့ ယူ ဆောင်လာသည့်၊ အန္တရယ်ကျရောက်နေသည့်ကလေးများကို အေမီထံယူဆောင် လာကြပါတယ်။ သူမ၏အမျိုးသမီးအဖွဲ့ဟာသူမ၏စေတနာစိတ်ကို မျှဝေခံစား ခြင်းဖြင့် ထိုကလေးများကိုမိခင်ရင်းများသဖွယ်ပြုစုခြင်း၊ ဆုံးမသွန်သင်ခြင်း ဖြစ်ကူညီကြပါတယ်။ နောက်မှာသူတို့ဟာပိုမိုသင့်လျှော်သည့်အိမ်တစ်ခုကို ဝယ်ယူခဲ့ရာကလေး များလည်းပိုမိုရောက်ရှိလာတာကြောင့်အိမ်အသစ်များလည်း တိုးပွါးလာကာ အခြားသောဂေဟာအသစ်များကိုလည်းဖွင့်လှစ်ပေးခဲ့ရပါတယ်။ ၁၉၀၆ခုနှစ်မှာ ကလေးခုနှစ်ဆယ်အထိရှိလာသော်လည်းဝမ်းပျက် ဝမ်းလျှောရောဂါကြောင့် ကလေးဆယ်ယောက်သေဆုံးခဲ့ရပါတယ်။ ၁၉၁၃ခုနှစ် ရောက်လာသည့် အခါ ကလေးပေါင်းတစ်ရာ့လေးဆယ်အထိရှိလာခဲ့ပါတယ်။
အခြားသောစီမံကိန်းများအနေဖြင့်ဒိုနာဗာခရိုင်အထက်ပိုင်း တောင်ပေါ် သစ်တောတွင်းအမှုထမ်းများ၊ ကလေးသူငယ်များနားနေရန်အိမ်၊ မဏ္ဍတ် အဆောင်သုံးခု၊ ဓားစာခံကလေးသူငယ်များအတွက်ပင်လယ်ကမ်းခြေအနီး ပင်လယ်နှင့်တောင်များကိုမြင်နိုင်သည့်ရှုခင်းကောင်းမွန်သောအရပ်တွင်ရုပ်ပိုင်း ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအနားယူရန်အိမ်တစ်ခုကိုလည်းဆောက်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းတွင်သာသနာပြုခြံဝင်းအတွင်းအားလုံးထက် အခန်းနားထည်ဝါဆုံးဆုတောင်းဆောင်တစ်ခုနှင့် Place of Heavenly Healing ဆိုသည့် ဆေးရုံ တစ်ခုကိုလည်းထပ်မံပေါင်းထည့်ခဲ့ပါ တယ်။
အေမီ၏အသက်တာအစောပိုင်းကာလ၊ ဘေးလ်ဖတ်စ်တွင်နေစဉ်က ဘုရားသခင်ကိုကိုးစားခြင်းအကြောင်း၏နက်နဲမှုကိုရှာဖွေတွေ့ရှိခဲ့ပြီးနောက် သူမ၏ဘဝတစ်ခုလုံးဟာဆုတောင်းခြင်းကျောင်းတော်တွင် သင်ယူသူတစ်ယောက်အနေဖြင့် အသက်ရှင်ခဲ့ပါတယ်။ သူဟာမည်သူ့ထံမှအသနားခံခြင်း မပြုပဲဆုတောင်းခြင်းဖြင့်သာရပ်တည်ခဲ့ပြီး၊ သူမ၏လိုအပ်ချက်မှန်သမျှသည် ဆုတောင်းခြင်းဖြင့်သာပြည့်စုံလာခဲ့ကြောင်းသူမ၏ နေစဉ်မှတ်တမ်းစာ အုပ်တွင် အပြည့်အဝဖေါ်ပြထားခြင်းတွေ့ရပါတယ်။ ဆေးရုံ ကိုဆောက်လုပ်စဉ်ကအမှုဆောင်များနှင့် ကလေးများဟာအင်္ဂလိပ်ငွေပေါင်၁၀၊၀၀၀ရရှိရန်ဆုတောင်း ခဲ့ကြပါတယ်။ သူမကနောင်တွင်ရေးသားခဲ့သည်မှာ(၁ယော၅း၁၄-၁၅)အရ ဆုတောင်းသည့်အတိုင်း Place of Heavenly Healing အတွက် ပေါင်၁၀၀၀၀ လက်ခံရရှိခဲ့ပါသည်။
ဆေးရုံအသစ်ကိုတည်ဆောက်ပြီးသည့်နောက်အေမီဟာ ကလေးများ၏ အခြားသောအနာဂတ်လိုအပ်ချက်နှင့်ပတ်သက်ပြီးပြည့်စုံလာသည့်အရာကို တွေ့မြင်ခဲ့ရပါတယ်။ ဆေးရုံဟာနောက်ဆုံးမှာဒိုနာဗာမှအစေခံခြင်း၊ ဧဝံဂေလိ လုပ်ဆောင်ခြင်း၊ ဝိညဉ်များကိုချစ်ခြင်းစသည့်အရာများကိုသင်တန်းပို့ချပေးခံရ သူများအားဖြင့်သာလည်ပတ်ခဲ့တယ်။ အစပိုင်းကာလမှာကမ္ဘာအရပ်ရပ်မှ ကူညီသူ များကိုဆွဲဆောင်နိုင်ခဲ့သော်လည်းသူတို့၏အကျိုးကျေးဇူးကိုအရေး မစိုက်သူများကတခါတရံသူတို့၏မစမှုကိုရုပ်သိမ်းခဲ့ကြပါတယ်။
၁၉၂၅ ခုနှစ်မှာအေမီဟာ Church of England Zenana Mission Society မှအနားယူခဲ့ပြီးလွတ်လပ်စွာဖြင့် ဒိုနာဗာမိတ်တဟာယကိုဖွဲ့စည်းခဲ့ပါ တယ်။ ထိုသို့ပြုရခြင်း၏ရည်ရွယ်ချက်များကတော့ ကလေးသူငယ်များကို ကိုယ်ကျင့်တရားပိုင်းဆိုင်ရာဘေးအန္တရယ်မှကယ်တင်ရန်၊ အန္ဒိပြည်တွင်ရှိသော လူများဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုနားလည်သဘောပေါက်လာစေရန် ဖြစ်ပါတယ်။
အေမီအနေဖြင့်ဖန်တီးခဲ့သည့်အရာကမိသားစုတစ်ခုဖြစ်ပြီးကလေး သူငယ်များနှင့်သူမ၏လုပ်ဖေါ်ဆောင်ဖက်များကသူမကိုမိခင်တစ်ယောက် အနေဖြင့်သိမှတ်ကြပါတယ်။ သူမဟာကလေးများကိုရေချိုးပေးခြင်း၊ ဖျားနာ တဲ့အခါစောင့်ရှောက်ကုသပေးခြင်း၊ ကလေးများနှင့်အတူဆော့ကစားခြင်း၊တောအရပ်သို့ကလေးတွေနဲ့အတူလမ်းလျှောက်ထွက်ကာတိရိစ္ဆာန်များ၊ သစ်ပင် ပန်းပင်များနှင့်သဘာဝတရားကိုချစ်ခင်စုံမက်၊ တန်ဖိုးထားတတ်ရန်သွန်သင် ပေးခြင်းတို့ကိုလုပ်ဆောင်လေ့ရှိတယ်။
တရားမဝင်ခြင်း
၁၉၃၁ခုနှစ်၊အောက်တိုဘာလ၊ ၂၄ရက်နေ့မနက်ခင်းမှာအေမီကအခု လိုပဲအထူးဆုတောင်းခဲ့ပါတယ်။ “ကိုယ်တော်အလိုရှိသည့်အတိုင်းကျွန်မ၌ဖြစ် စေပါ။ ကိုယ်တော်အားအစေခံရန်၊ ကျွန်မချစ်သောသူများအားအလုပ်အကျွေးပြုရန်ကျွန်မနှင့်သင့်လျှော်သည့်အရာမှန်သမျှပြုတော်မူပါ”။ နေ့လည်ရောက် သည့်အခါသူမဟာချော်လဲခဲ့ပြီးခြေထောက်ကျိုးကာခြေဆစ်လွှဲသွားခဲ့ပါတယ်။ သို့သော်နောက်ထပ်နှစ်ပေါင်းနှစ်ဆယ်အတွင်း သူမဟာသူမ၏အခန်းတွင်း လဲလျောင်းနေရင်းမှပင်သူမ၏အမှုတော်မြတ်ကိုဆက်လက်ထမ်းဆောင်ခဲ့ပါ တယ်။ သူမဟာအပြင်လောကနှင့်စာပေးစာယူဖြင့်အဆက်အသွယ်လုပ်၊ အကူ အညီပေးကာစာထောင်ပေါင်းများစွာရေးသားခဲ့ပါတယ်။ သူမသည်နဂိုကတည်း ကစာရေးဆရာမဖြစ်သည့်အတိုင်းထိုကာလအတွင်းစာအုပ်ပေါင်းတစ်ဆယ့် သုံးအုပ်ရေးသားခဲ့ကာ၊ ကဗျာများစွာကိုလည်းသီကုံးရေးသားစပ်ဆိုခဲ့ပါတယ်။
ယခုချိန်မှာကလေးသူငယ်များကိုနတ်ဘုရားများနှင့်ထိမ်းမြားစေခြင်း အလေ့အထဟာတရားမဝင်တော့သော်ငြားလည်း၎င်းသည်လုံးဝဥသုံချုပ်ငြိမ်း သွားခြင်းမျိုးမဟုတ်ပဲ၊ မိတ်တဟာယအိမ်များကိုလည်းအစွန့်ပစ်ခံကလေးသူငယ်များ အတွက်ဖွင့်လှစ်ထားဆဲဖြစ်ပါတယ်။ အေမီစတင်လုပ်ဆောင်ခဲ့သည့်အရာများ ကဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်ကိုထင်ရှားစေပြီး၊ ဒိုနာဗာအရပ်မှာသူမ အစေခံခြင်းဖြင့်ကြီးပြင်းလာကြသည့်ကလေးသူငယ်များဟာသူမ၏အလိုချင် ဆုံးစိတ်ဆန္ဒကိုဖြည့်ဆည်းပေးခဲ့ပါတယ်။ အန္ဒိယတွင်သူမရုန်းကန်ခဲ့ရသည့် အချိန်တိုင်းမှာတိုက်လှန်ခြင်းဟူသည်အစဉ်တည်ရှိနေကြောင်းသူမသိမြင်ခဲ့ရ ပါတယ်။ သို့တိုင်အောင်သူမအနေဖြင့် “ရှင်ပြန်ထမြောက်ခြင်းတန်ခိုးတော် နှင့်ခရစ်တော်ကို၎င်း၊ သူ၏ဆင်းရဲဒုက္ခကိုဆက်ဆံခြင်းအမှုကို၄င်း” သင်ယူခဲ့ရပါတယ်။
References:
Geoffrey Hanks, 70 Great Christioans: The Story of the Christian
Church. Christian Focus Publication. Scotland, Great Britain.
2000.
ဒေါက်တာအိုက်ဒါစကူဒါ Dr.Idda Scuuder ( 1870- 1960 )
အသက်တစ်ဆယ့်ကိုးနှစ်အရွယ်ရှိအိုင်ဒါစကူဒါဟာတစ်ညသောအခါ ကျန်ရှိသည့်မိမိဘဝအသက်တာနှစ်ပေါင်းခုနှစ်ဆယ်ကိုဘယ်လိုရှင်သန်နေထိုင် သွားရမည့်အကြောင်းစဉ်းစားရင်းစိတ်ကူးထဲလွင့်မျောနေခဲ့ပါတယ်။ ထိုညမှာ ပဲဘုရားသခင်ကသူမဘဝအသက်တာမှာဘာကိုလုပ်ကိုင်ဆောင်ရွက်သွားရမည့် အကြောင်းရင်ခုန်စိတ်လှုပ်ရှားဖွယ်လမ်းပြပေးခဲ့ပါတယ်။ သူမဟာ(၁၈၉၀) ခုနှစ်မှာသာသနာပြုများဖြစ်ကြတဲ့မိဘများနှင့်အတူအန္ဒိယတောင်ပိုင်းကိုသွား ရောက်ခဲ့ပါတယ်။
တစ်နေ့သောအခါအမျိုးသမီးဆရာဝန်ရဲကုသမှုကိုအရေးပေါ်လိုအပ် ၂ နေတဲ့လူနာရှင်သုံးယောက်ဟာသူမကိုအားကိုးတကြီးဖြင့်ဆေးဝါးကုသပေးပါ ရန်တောင်းဆိုခဲ့ပါတယ်။ ထိုလူနာရှင်သုံးယောက် ဟာအမျိုးသားများဖြစ်ပြီး ကွဲပြားတဲ့ဘာသာတရားနောက်ခံမှလာသူဘရာမင်တစ်ယောက်၊ မွတ်စလင် တစ်ယောက်၊ ဟန္ဒူတစ်ယောက်ဖြစ်ပြီးသားဖွားနေရတဲ့သူတို့ရဲ့ဆယ်ကျော်သက် အရွယ်အမျိုးသမီးများ၏အသက်ကို ကယ်တင်ပေးဖို့ဖြစ်ပါတယ်။
သူမဟာမည်သည့်ဆေးဝါးကုသမှုအတတ်ပညာမှမရှိတာကြောင့် သာသနာပြုဆရာနှင့်ဆရာဝန်လည်းဖြစ်တဲ့သူ့ဖခင်ထံအကူညီတောင်းခဲ့ပါတယ်။ သို့သော်ထိုအမျိုးသားသုံးယောက်လုံးကထိုကမ်းလှမ်းချက်ကိုငြင်းဆိုခဲ့တယ်။ ဘရာမင်ဖြစ်သူက “ကျွန်တော့်အမျိုးသမီးရဲ့မျက်နှာကိုအခြားအမျိုးသားတစ်ယောက်ကကြည့်မည့်အစား၊ ကျွန်တော့်အမျိုးသမီးသေဆုံးသွားခြင်းကပိုကောင်း ပါတယ်”လို့ပြောခဲ့တယ်။ နောက်တစ်နေ့မှာထိုအမျိုးသမီးသုံးဦးဟာသေဆုံးခဲ့ကြောင်းသိလိုက်ရချိန်မှာသူမဟာအလွန်စိတ်ပျက်ဝမ်းနည်းသွားခဲ့ပါတယ်။ သူမအနေဖြင့်လက်လှမ်းမှီနိုင်သည့်နေရာမှာဖြစ်ခဲ့သော်လည်းသူမအနေဖြင့် ဘာမှမလုပ်ဆောင်ပေးနိုင်ခဲ့ပါဘူး။ သို့သော်သူမအနေဖြင့်တုန့်ပြန်မှုတစ်ခု ကိုတော့လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူကသူမရဲ့မိဘတွေကို “ကျွန်မဟာဆရာဝန် တစ်ယောက်ဖြစ်လာဖို့အမေရိကန်ကို သွားပြီးပညာတော်သင်ယူတော့မယ်။ ပြီးတော့ပြန်လာပြီးအန္ဒိယမှာရှိတဲ့အမျိုးသမီးတွေကိုကူညီမယ်” လို့ပြောခဲ့တယ်။
ထိုသို့သောဆုံးဖြတ်ချက်ကအံ့အားသင့်စရာကောင်းသောအရာတော့ မဟုတ်ပါဘူး။ အဘယ်ကြောင့်ဆိုသော်အိုင်ဒါရဲမျိုးရိုးစဉ်ဆက်ဟာသာသနာပြု များ ဖြစ်သောကြောင့်ဖြစ်တယ်။ ၁၈၁၉ခုနှစ်မှာသူမအဖိုးဟာအမေရိကန်နိုင်ငံ မှပထမဦးဆုံးသောသာသနာပြုဆရာဝန်တပါးအနေဖြင့်အန္ဒိယသို့စေလွတ်ခံရပြီး၊ ထိုအချိန်မှစအိုင်ဒါတို့မိသားစုအသိုင်းအဝန်းမှာသာသနာပြုဆရာမအပါး(၃၀) မက ပေါ်ပေါက်လာခဲ့ပါတယ်။
သူမရဲ့ဖခင်ဟာသူတို့ ညီအစ်ကိုသုံးယောက်အားဖြင့် တည်ထောင် ထားတဲ့သာသနာလုပ်ငန်းမှာပါဝင်လုပ်ဆောင်ကာ အိုင်ဒါသည်လည်းဖခင်၏ ခြေရာကိုလိုက်ရန် အားသန်ခဲ့ပါတယ်။သူမ၏အသင်းတော်သာသနာဘုတ် အဖွဲ့မှပံ့ပိုးပေးခြင်းအားဖြင့် အိုင်ဒါဟာ (၁၈၉၅)ခုနှစ်မှာဖီလာဒေးလ်ဖီးယား ၊ ရှိအမျိုးသမီးဆေးကောလိပ်ကျောင်းမှာတက်ရောက်ရန်စာရင်းသွင်းခဲ့တယ်။ သို့သော်သူမ၏နောက်ဆုံးနှစ်မှာတော့ကော်နယ်လ်ဆေးကောလိပ်ကျောင်း ၊ သို့လွှဲပြောင်းပေးခြင်းခံရပါတယ်။ သူမ၏ဘာသာရပ်များသင်ကြားခံယူပြီးဆုံး ၊ချိန်မှာတော့၊ သူမဖခင်၏အမှုဆောင်ရာအရပ်သို့ သွားရောက်ကာလက်တွေ့ ကွင်းဆင်းလုပ်ဆောင်ခဲ့ပါတယ်။
သူမ၏စိတ်နေသဘောထားကိုသိထားသည့်အတိုင်းသာသနာဘုတ် အဖွဲ့ကသူမအား၊ သူမ၏ဖခင်အမှုဆောင်ရာလိုဝါးရ်အရပ်တွင် အမျိုးသမီး ဆေးရုံကိုတည်ထောင်ရန်အကြံပြုခဲ့ပါတယ်။ ထိုအရပ်ဒေသမှာနေထိုင်သူမွတ် စလင်များ၊ ဟန္ဒူများဟာအမျိုးသမီးဆရာဝန်များကသာအမျိုးသမီးလူနာများ ကိုကုသခွင့်ပေးခြင်းကြောင့်အမျိုးသမီးများအတွက်သီးသန့်ဆေးရုံကိုအထူး လိုအပ်နေခြင်း ဖြစ်ပါတယ်။ အိုင်ဒါကထိုစီမံကိန်းအတွက်လိုအပ်သည့်ငွေကြေး ရံပုံငွေများကိုရှာဖွေနိုင်ခဲ့ပြီး ၁၈၉၉ခုနှစ်မှာလိုဝါးရ်အရပ်သို့သွားရောက်ခဲ့ပါတယ်။
ထိုအချိန်ကအမျိုးသမီးဆေးဆရာဝန်တပါးအနေဖြင့်လူတွေရဲ့ယုံကြည် စိတ်ချမှုရရှိရန်သည်မလွယ်ကူသော်လည်းသေဆုံးလုနီးအမျိုးသမီးလူနာကို ကုသ ပေးရန်ခေါ်ပင့်ခြင်းခံခဲ့ရပါတယ်။ သူမဟာလူနာအမျိုးသမီးကိုစေတနာအပြည့် ဖြင့်ပြုစု ကုသပေးတာကြောင့်လူနာမိသားစု၏အလွန်ကျေးဇူးတင်ခြင်းကိုခံရကာ လူနာ၏နောက်ဆုံးအချိန်ကိုသက်သာစွာ ဖြင့်ရင်ဆိုင်နိုင်စေခဲ့တယ်။
အိုင်ဒါဟာအန္ဒိယသို့ရောက်ပြီးမကြာမှီမှာပဲသူမဖခင်ဟာဆုံးပါးသွား တာကြောင့်သူမအနေနှင့်အကူအညီမရှိပဲဆေးရုံတစ်ရုံကိုတည်ထောင်ရန်တွန်း အားပေးခြင်းခံခဲ့ ရပါတယ်။ လူများကသူမအပေါ် ယုံကြည်စိတ်ချမှုကင်း နေဆဲဖြစ်ပြီးရက်ပေါင်းများစွာကြာမှသာလူနာတစ်ယောက် ဟာ သူမ၏
အဆောင်သို့ဆေးဝါးကုသမှုခံယူရန်စွန့်စားရောက်ရှိလာခဲ့ပါတယ်။ နောက်ထပ် နှစ်ပတ်အကြာမှာတော့လူနာများဟာသူမ၏ဆေးကုသဆောင်သို့စတင်ရောက် ရှိလာကြပါတယ်။ ထိုလူနာများဟာတီဘီ၊ တိုက်ဖွိုက်၊ မျက်စိနာ၊ ကင်ဆာ၊ နူနာ၊ ဝမ်းပျက်ဝမ်းလျှောနှင့်ငှက်ဖျားရောဂါခံစားရသူများဖြစ်ကြပါတယ်။
လူနာများ၏ရောဂါဖြစ်ခြင်း၏အဓိကပင်မအကြောင်းရင်းများဟာ အဟာရ ချို့တဲ့ခြင်း၊ လူနေထူထပ်လွန်း ခြင်း၊ ကျမ်းမာရေးလိုက်စားမှုအား နည်းခြင်းတို့ဖြစ်ကြပါတယ်။ ထိုအကြောင်းရင်းများအပြင်ပြသနာ၏အခြား အရင်းမြစ်တွေကတော့ရှေးကျသည့်အရာများဖြစ်သည့်အယူသည်းခြင်း၊ ရမ်းသမ်း ကုသခြင်း၊ အသက်ကိုတန်ဖိုးမထားတတ်ခြင်း၊ လူနာ၏နောက်ဆုံးအခြေ အနေရောက်လာမှဆေးဝါးကုသမှုခံယူရန်ရောက်ရှိလာခြင်းတို့ဖြစ်ပါတယ်။
ပညာတတ်သည့်ဟန္ဒူအသိုင်းဝန်းမှလူများပင်လျင်အကြောက်တရား ၏လွမ်းမိုးမှုကိုခံနေကြရပြီး၊ အိုင်ဒါ၏ဆေးဝါးကုသမှုဟာကန့်သတ်မှုများဖြင့် ရင်ဆိုင် ခဲ့ရပါတယ်။ အိမ်တအိမ်မှာမျက်နှာကိုလေဖြတ်ခြင်းခံ ရသည့်အမျိုးသမီး ငယ်ဟာခိုငှက်ကို သတ်ကာအသွေးကို သူမ၏ခေါင်းပေါ်သို့ သွန်းလောင်း ပေးခြင်းဖြင့်ကုသမှုကိုခံယူခဲ့တယ်။ တခြားတနေရာမှာတော့လူနာ၏အနာကို ဆေးကြောပေးဖို့ကြည့်လိုက်တဲ့အခါသန့်ရှင်းခြင်းပြာဖြင့်ဖုံးအုပ်ထားတာ ကိုတွေ့မြင်ခဲ့ရပါတယ်။ အထူးပွဲတော်နေ့များမှာဆိုရင်လူနာများဟာဆေးဝါးကုသဖို့ ချိန်းချက်ထားသော်လည်းလာရောက်ကုသမှုကိုမခံယူကြပါဘူး။
အမျိုးသမီးဆေးရုံ
ဝီးလိုဝါးရ်အရပ်တွင်အမျိုးသမီးဆေးရုံကို၁၉ဝ၂စက်တင်ဘာလ မှာစတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၄င်းကိုမေရီတေဘာရှဲလ်ဆေးရုံလို့အမည်ပေးကာ၊ ခုတင် သုံးဆယ်ဆန့်အဆောင်နှစ်ခုဖြင့်စတင်ကာတစ်ဆောင်ကတော့ဆင်းရဲသားများ အတွက် အခမဲ့ဖွင့်ပေးခြင်းဖြစ်ပြီးကျန်တစ်ဆောင်ကတော့ ငွေကြေးတတ်နိုင်သူများ အနေဖြင့်ပေးကမ်းလှူဒါန်းခြင်းဖြင့်ကုသနိုင်စေရန်စီစဉ်ထားခြင်းဖြစ်ပါတယ်။ ဆာလိုမီဆိုတဲ့အကူတစ်ယောက်တည်းနဲ့သူမဟာတစ်နှစ်တာကာလအတော အတွင်းကြီးမားတဲ့ခွဲစိတ်မှုနှစ်ဆယ့်တစ်ကြိမ်၊ အသေးစားခွဲစိတ်မှု ၄၂၈ ကြိမ် လုပ်ဆောင်ကာလူနာပေါင်း (၁၂၃၅၉)ယောက်ကိုကုသမှုပေးခဲ့ပါတယ်။
နှစ်နှစ်ကြာပြီးနောက်မှာဆေးရုံကိုကုတင်လေးဆယ်နှစ်လုံးဆန့်အဖြစ် တိုးချဲ့ကာဆေးဆရာဝန်တစ်ပါးနှင့်သူနာပြုဆရာမတပါးလည်းအိုင်ဒါနှင့်လာ ရောက်ပူးပေါင်းလုပ်ဆောင်ပေးခဲ့ပါတယ်။ ထိုမျှမကသူမကိုယ်တိုင်သူ နာ ပြုသင်တန်းပေးထားသည့်အန္ဒိယအမျိုးသမီးငယ်တစ်ဆယ့်တစ်ယောက်ကိုလည်းစု စည်းခဲ့ပါတယ်။ ဒီအချိန်မှာတော့သူမ၏အဓိကရည်ရွယ်ချက်နှစ်ရပ်ကတော့ သူနာပြုသင်တန်းကျောင်းတစ်ခုစတင်ဖို့ရန်နှင့်ကျေးလက်တောရွာဆေးဝါး ကုသမှုလုပ်ငန်းအစီစဉ်ကိုဖွဲ့စည်းရန်ဖြစ်ပါတယ်။ ထိုသို့လုပ်ဆောင်ခြင်းဟာသမ အနေဖြင့်ယောက်ျားမိန်းမများကိုကုသပေးရန်အခွင့်အရေးပိုမိုရစေဖို့ပတ်ဝန်း ကျင်နှင့်ပိုမိုရင်းနှီးခြင်းရှိစေရန်ဖြစ်ပါတယ်။
တချိန်မှာတော့သူမဟာဆေးရုံ၏အရင်းအမြစ်ပိုင်းဆိုင်ရာကျပ်တည်း မှုဘေးအန္တရယ်နှစ်ခုနှင့်ရင်ဆိုင်ခဲ့ရပါတယ်။ ပထမတစ်ခုကတော့ဆယ်နှစ်တိုင်အောင်မိုးမရွာခြင်းကြောင့်ဖြစ်လာတဲ့မိုးခေါင်ရေရှားအစာငတ်မှုခေါင်းပါးမှု ဖြစ်ပြီး၊ ပေါင်ကြား၊ ချိုင်းကြားအကျိတ်ထွက်သည့်ပလိပ်ရောဂါစွဲကပ်မှုကြောင့် သုံးပတ်အတွင်းလူလေးရာသေဆုံးခဲ့ပါတယ်။ သူမ၏ကုသပေးမှုကိုအမှုမထားပဲ လူများဟာသေခြင်းနတ်ဘုရားမကာလီ၏ဘုရားကျောင်းမှာစုဝေးကာအနာရော ဂါငြိမ်းခြင်းအတွက်ဆုပန်ကြပါတယ်။
သို့သော်(၁၉၁၄)ခုနှစ်မှာစစ်ဖြစ်လာတာကြောင့်အစီအစဉ်တွေဟာ နှောက်ခဲ့ရပြီး(၁၉၁၈)ခုနှစ်မှသာပုံမှန်ပြန်ဖွင့်နိုင်ခဲ့ပါတယ်။ တစ်ဆယ့်ခုနှစ် ယောက်သောကျောင်းသူများကအမည်စာရင်းသွင်းခဲ့ပြီး၊ ခြောက်ယောက်က ဆုရရှိသူများဖြစ်လာကာအမျိုးသားကောလိပ်ကျောင်းများထက်ပိုမိုအကျိုးသက် ရောက်မှုရှိခဲ့ပါတယ်။ လိုဝါးရ်ဆေးရုံဟာအစဉ်တိုးတက်နေပြီး၊ အဆောင် များစွာထပ်မံတိုးချဲ့ကာအသုံးဆောင်ပစ္စည်းများကိုလည်းပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပါတယ်။
(၁၉၂၄)ခုနှစ်တိုင်အောင်အိုင်ဒါဟာမြို့ရဲ့ပြင်ပအရပ်ရှိဧက(၂၀၀) ကျယ် ဝန်း သော မြေကွက်မှာဆေးရုံကိုပြန်လည်တည်ဆောက်ရန်ရုန်းကန်ခဲ့ရပါတယ်။ (၁၉၂၈)ခုနှစ်၊ မတ်လမှာတော့မာဒရပ်စ်ရဲအစိုးရက၄င်းကိုအတည်ပြုပေးခဲ့ပါတယ်။ ယခုချိန်မှာဆေးရုံဟာကုတင်ပေါင်း၁၃၀၀ခု၊ သုတေသနအဆောက်အုံတစ်ခု၊အခန်းပေါင်း၁၄ခုရှိတဲ့ခွဲစိတ်ခန်းတဆောင်၊ မျက်စိဆေးရုံအသစ်တစ်ဆောင် ဖြင့်ပြည့်နေပါတယ်။
သူမရဲ့အိမ်မက်ဟာဆေးသင်တန်းကျောင်းကိုဆေးကောလိပ်ကျောင်း ဘာသာရပ်များကိုဒီပလိုမာဆေးပညာဘာသာရပ်များထက်ပိုမိုအဆင့်မြင့်စွာ သင်ကြားပို့ချပေးရန်ဖြစ်တယ်။ အစိုးရအနေဖြင့် ဒီပလိုမာအဆင့်ဘာသာ ရပ်များကိုလက်ခံခြင်းမပြုရန်ဆုံးဖြတ်လိုက်တဲ့အချိန်ထိုအစီစဉ်ဟာအရေးပေါ် လိုအပ်ချက်ဖြစ်လာခဲ့ပါတယ်။ ထို အကြံအစည်ဟာအမေရိကန်ရှိသာသနာပြုဘုတ် အဖွဲ့ဝင်များအနေဖြင့်လက်ခံနိုင်ရန်ခက်ခဲသည့်အရာဖြစ်နေပါတယ်။ ဘာကြောင့် လဲဆိုတော့ အသစ်ထပ်မံဖွင့်လှစ်လိုက်တဲ့ကောလိပ်ကျောင်းဟာ အမျိုးသား၊ အမျိုးသမီး အားလုံး ကိုကျောင်းသူ၊သားများအဖြစ်လက်ခံသောကြောင့်ဖြစ်ပါ တယ်။
အိုင် ဒါနဲ့သူငယ်ချင်းများကလည်း အမျိုးသမီးများအတွက်ကာလတာ ရှည်စွာရုန်းကန်လှုပ်ရှားနေသည့်အမျိုးသမီးတစ်ယောက်ရဲသစ္စာဖေါက်ခြင်း ခံရတယ်လို့ခံစား ခဲ့ကြပါတယ်။ ထိုအစီစဉ်ကိုနှစ်ပေါင်းများစွာအခြေတင်ပြောဆို ကြပြီးနောက်(၁၉၄၂) ခုနှစ်မှာအမျိုးသမီးများကိုဘွဲ့အပ်နှင်းရန်ဘာသာရပ်များ ကိုသင်ယူဖို့ခွင့်ပြုခဲ့ပြီး၊ (၁၉၄၇)ခုနှစ်မှာတော့ထိုကောလိပ်ကျောင်းသစ်ဟာ မားဒရပ်တက္ကသိုလ်ထံသို့အဖွဲ့ဝင်ခဲ့ကာအမျိုးသားများကိုလည်းကျောင်းသား အဖြစ်လက်ခံခဲ့ပါတယ်။ ဘာသာရပ်များကိုလည်းအစဉ်တိုးချဲ့လျက်ရှိရာ၊ ယနေ့ ချိန်မှာတော့ အရေးပေါ်ဆေးဝါးကုသမှု၊ သူနာပြုခြင်း၊ နှင့်လက်တွေ့ဆေးဝါး ကုသခြင်းစသည့်အသိအမှတ်ပြုသင်တန်းအစီစဉ်ပေါင်း(၈၀)ခုရှိပါ တယ်။
သူမဟာအမေရိကန်မှာခွင့်ရစဉ်အတွင်းသူနာပြုကျောင်းငယ်တစ်ခု ဖွင့်ဖို့ရံပုံငွေကိုအလုံအလောက်ရှာဖွေခဲ့ပြီးကျောင်းသူတစ်ဆယ့်ငါးယောက်နဲ့ သင်တန်းကျောင်းကိုအစပြုခဲ့ပါတယ်။ လေးနှစ်တာအတောအတွင်းမှာဆေးရုံ အတွင်းသူနာပြုတစ်ဆယ့်ရှစ်ပါးရှိလာခဲ့ပါတယ်။ သူမလက်ဆောင်ရရှိခဲ့တဲ့ ကားတစ်စီးကြောင့်ယခင်မသွားရောက်နိုင်ခဲ့တဲ့ကျေးလက်တောရွာများသို့ ပုံမှန်ဆေးဝါးကုသမှုအစီအစဉ်များကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့တိုင်း မှာသူမဟာလမ်းဘေးလို့သတ်မှတ်ခံရတဲ့ရွာပေါင်းငါးဆယ်လောက်ကိုလှည့် လည်ကာကုသပေးလေ့ရှိ ပါတယ်။ ရွာသားများကအစပိုင်းမှာကြောက်ကြောက်ဖြင့်ဆေးဝါးလှည့်လည်ကုသမှုကိုခံယူဖို့ရန်လမ်းပေါ်မှာစီတန်းစောင့် ဆိုင်းကြပါတယ်။
သူတို့ ဟာဝမ်းပျက်ဝမ်းလျှောခြင်း၊ မျက်စိကန်းခြင်း၊ ယားနာဖြစ် ခြင်း၊ ခြေမသန်ခြင်း၊ အနာပြည်တည်ခြင်း၊ အရိုးကျိုးခြင်း၊ ဆင်ခြေထောက် ရောဂါ၊ အနူရောဂါ၊ နှင့်အကျိတ်စသည့်ရောဂါအသီးသီးဖြင့်ရောက်ရှိလာကြခြင်း ဖြစ်ပါတယ်။ သူတို့ အားလုံးဟာမေတ္တာစေတနာဖြင့် အကောင်းဆုံးကုသမှု ကိုခံယူကာဇာတ်မြင့် အမျိုးများလည်းနှိမ့်ကျပြီးအပယ်ခံသူများရဲ့နောက်မှာ ဆေးဝါးကုသမှုခံယူရန်စောင့်နေကြပါတယ်။
သူမဟာလူတွေအပေါ် အလွန်ဂရုတစိုက်ဖြင့်ပြုစုမှုကြောင့် ရွာသား တစ်ယောက်ဟာသူမကို “နတ်ဘုရားမဝိသာနုလူ့ဇာတိခံယူသူ” “အတ္တ” လို့ကြွေးကြော်ခဲ့ပါတယ်။ “မင်းအဲလိုထင်လား” လို့လူတစ်ယောက်ကမေးပါ၊ တယ်။“သတ္တဝါတွေထဲကတစ်စုံတယောက်ဟာ ကမ္ဘာလောကကောင်းကျိုးအတွက် လုပ်ဆောင်ပေးတာကြားဖူးလား” လို့ဆက်မေးတယ်။ ရွာသားကသေချာစဉ်းစားပြီး “ဘာမှမလုပ်ပေးဘူး”လို့ဝန်ခံလိုက်ပါတယ်။ တခါကသူမဟာရွာတစ်ခုနဲ့တခု စပ်ကြားမှာလေငန်းတက်လို့လက်တဖက်လှုပ်မရပဲအကြောက်လွန်နေတဲ့အရေး ပေါ်လူနာအမျိုးသားတယောက်ကိုကုသပေးရန်တောင်းဆိုခံရပါတယ်။
သူမဟာလမ်းဘေးမှာပဲခွဲစိတ်စားပွဲကိုချပြီးလူနာများကိုအောင်မြင်စွာ ခွဲစိတ်ကုသပေးခဲ့ပါတယ်။ နောက်တစ်ပတ်မှာလူနာဟာဆေးရုံအတွက်ဆန် အိပ်ကြီးဖြင့်စောင့်ဆိုင်းနေခဲ့ပါတယ်။ လုပ်ငန်းတိုးတက်လာသည်နှင့်အမျှဆေးရုံ ဟာအလွန်သေးငယ်ကြောင်းသိသာထင်ရှားလာတာကြောင့်ဒေါက်တာအိုင်ဒါ ဟာဆေးရုံအသစ်တစ်ခုသာမကဆေးကောလိပ်တစ်ခုလည်းလိုအပ်ကြောင်းသိ မြင်လာသော်လည်း၎င်းမဟာမဖြစ်နိုင်တဲ့အိမ်မက်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။ သူမ၏အဆိုပြုချက်ဟာ “အန္ဒိယအမျိုးသမီးများကိုဆေးပညာသင်ပေးမလို့လား” “ဂိုဏ်းဂဏဆိုင်ရာဘုတ်အဖွဲ့ကဘယ်တော့မှသဘောတူမှာမဟုတ်ဘူး” စသည့် ဝေဖန်မှုအချို့နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ သို့သော်အိုင်ဒါရဲအကြံစည်သဘော တူညီမှုရရှိခဲ့ပြီးသူမဟာကောလိပ်ကျောင်းရဲ့ပထမဆုံးသောကျောင်းအုပ်ဖြစ် လာခဲ့ပါတယ်။
(၁၉၃၈)ခုနှစ်မှာသာသနာပြုဆရာတပါးကသူမအနေဖြင့်ခွင့်ပြုပါက Worldwide Prayer Fellowship အနေဖြင့် ဝီးဝါးရ်ဆေးရုံကိုထောက်ပံ့မည့်အကြောင်းကမ်းလှမ်းလာခဲ့ပါတယ်။ ထိုကြောင့်အိုင်ဒါလည်း “ကျွန်မပေါ်မှာတင်နေတဲ့ဝန်ထုပ်ကြီးကိုမပင့်ပေးလိုက်သလိုခံစားမိပါတယ်” လို့စာပြန်ရေးခဲ့ပါတယ်။ ယခုအချိန်မှာတော့ဗြိတိန်မှာလည်းဝီးလိုဝါးရ်ဆေးရုံ၏မိတ်ဆွေအကိုင်းအခက်တစ်ခုအနေဖြင့်ရှိနေပြီးလုပ်ငန်းပိုင်းမှာအတူတကွ မျှဝေလုပ်ဆောင်ကြပါတယ်။
ယခုချိန်မှာလိုဝါးရ်ဟာနိုင်ငံတကာအထင်ကရတစ်ခုဖြစ်လာပြီးနိုင်ငံ အရပ်ရပ်မှဆရာဝန်များအနေဖြင့်ဆေးဝါးကုသမှုဆိုင်ရာနည်းပညာသစ်များကို လာရောက်လေ့လာဆည်းပူးသည့်နေရာဖြစ်လာခဲ့ပါတယ်။ ၄င်းဟာဒေါက်တာ ပေါလ်ဘရင်းအားဖြင့်နူနာသည်များကိုပြန်လည်ပြုစုပျိုးထောင်ပေးခြင်းအစီစဉ် များ၊ ခြေလက်သေနေသူများ၊ မျက်နှာတွင်အနာတရဖြစ်သူများကိုခွဲစိတ်ကုသ ပျောက်ကင်းစေခြင်းအားဖြင့်အထူးလူသိများလာခဲ့ပါတယ်။
အိုင်ဒါဟာဝီလိုဝါးရ်ဆေးရုံမှအနားယူပြီးနောက်မှာလည်း အသစ် သော ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာအားတက်တရောပါဝင်ကာ၊ ကာလတာရှည်လုပ်ဆောင်ခဲ့တဲ့ အင်္ဂါနေ့တိုင်းကျမ်းစာလေ့လာခြင်းအတန်းကိုလည်းပုံမှန်လုပ်ဆောင် ခဲ့ပါတယ်။ သူမဟာ(၁၉၆၀)ခုနှစ်မေလ၊ အသက်(၉၀)အရွယ်မှာသေဆုံးခဲ့ရပါ တယ်။ သူမကိုသူမကုသပျောက်ကင်းစေခဲ့တဲ့လူနာများ၊ သူမထံမှဆေးပညာ သင်ကြားခံယူခဲ့သောကျောင်းသူ၊ သားများကချစ်ခင်မြတ်နိုးလျက်အမှတ်ရနေကြ ဆဲဖြစ် ပါတယ်။
References:
Geoffrey Hanks, 70 Great Christioans: The Story of the Christian
Church. Christian Focus Publication. Scotland, Great Britain. 2000.
ကတ်သရင်းဂျိုဟာနာကိုလ်မင်း Kathryn Johanna Kuhlman ( 1907 – 1976 )
ကက်သရင်းကိုးလ်မင်းကိုဂျာမန်၊ အမေရိကန်မိဘနှစ်ပါးကကွန်ကိုဒီယာ မြို့ မစ်ဇိုရီပြည်နယ်မှာ၁၉၀၇၊ မေလ ၉ရက်နေ့တွင် ဖွားမြင်ခဲ့ခြင်းဖြစ်ပါတယ်။ သူမအသက်၁၄နှစ်အရွယ်မှာဝိညဉ်ရေးဆိုင်ရာအတွေ့အကြုံကိုတောင် ခံစား ခဲ့ရပြီးနောက်ပိုင်းနှစ်အတော်ကြာတဲ့အခါသူမ၏အစ်မနှင့် ခဲအို ဒါလ်ဟိုတို့နှင့် အတူတရားဟောခြင်းအမှုတော်ကိုစတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာသူမဟာ Evangelical Church Alliance အဖွဲ့အစည်းရဲ့ လက်တင်ပေးခြင်းကိုခံယူခဲ့ပါတယ်။
၁၉၃၈ခုနှစ်၊ အောက်တိုဘာလ၁၈ရက်နေ့မှာဘုမဟားက် တရစ်ပ်နဲ့ အိုင်အိုဝါပြည်နယ်၊ မာဆွန်မြို့မှာတိတ်တဆိတ်နဲ့ထိမ်းမြားလက်ထပ် ခဲ့သော်လည်းသားသမီးထွန်းကားခြင်းမရှိခဲ့ပါဘူး၊ ထိုသို့တိတ်တဆိတ်ထိမ်း မြားခြင်းအကြောင်းကဝေါလ်တရစ်မှာအိမ်ထောင်ရေးနှင့်ပတ်သက်ပြီးနောက်ကြောင်းမရှင်းလို့ဖြစ်ပါတယ်။ ကက်သရင်းကိုးလ်မင်းကတော့ဝေါလ်ထရစ်နဲ့ ပတ်သက်ပြီးသူ့ဇနီးကသာသူ့ကိုစွန့်လွတ်ထားရစ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ၁၉၄၈ခုနှစ်မှာတော့်ဝေါလ်ထရစ်ပ်ရဲ့ကွာရှင်းခြင်းကိုခံခဲ့ရပါတယ်။
အမှုတော်
ကက်သရင်းကိုးလ်မင်းဟာ၁၉၄၀-၁၉၇၀ခုနှစ်အတွင်းအမေရိကန် နိုင်ငံတဝှမ်းသာမကအခြားတိုင်းနိုင်ငံများတွင်လည်းသွားရောက်ကာအနာ ရောဂါငြိမ်းခြင်းအမှုတော်မှာပါဝင်ခဲ့ပါတယ်။ သူမဟာအနာရောဂါငြိမ်းခြင်း ၊အမှုတော်နှင့်ပတ်သက်ပြီးကမ္ဘာပေါ်မှာအထင်ပေါ်ကျော်ကြားဆုံးအမှုတော်ဆောင်တပါးဖြစ်ပါတယ်။ ကိုးလ်မင်းဟာ I Believe in Miracles ဆိုတဲ့ ရုပ်မြင်သံကြားအစီအစဉ်များကိုလည်း(၁၉၆၀-၁၉၇၀)နှစ်တွေမှာနိုင်ငံအဝှမ်း လေလှိုင်းမှထုတ်လွင့်ခဲ့ပါတယ်။ ထိုမျှမကသူမဟာနိုင်ငံအဝှမ်းလေလှိုင်း ရေဒီယိုအားဖြင့်လည်း (၃၀)မိနစ်ကျမ်းစာသင်ဟောပြောခဲ့ပါတယ်။
သူမဟာသူမ၏အမှုတော်လုပ်ငန်းကို၁၉၄၅ခုနှစ်မှာတည်ထောင်ခဲ့ပြီး၊ ၁၇၀ခုနှစ်မှာကနေဒီယန်ဆင့်ပွါးအမှုတော်ကိုလည်းတည်ထောင်ခဲ့တယ်။ သူမ၏ နောက်ပိုင်းအသက်တာမှာ Jesus movement အဖွဲ့အားဖြင့်ထောက်ပံ့ ပေးမှုခံရပြီး၊ ၄င်း၏အဓိကခေါင်းဆောင်များဖြစ်သည့်ဒေးဗစ်ကာဆွန်နှင့် ချုပ်စမစ်တို့ထံမှပေးကမ်းလှူဒါန်းခြင်းကိုလည်းလက်ခံရရှိခဲ့ပါတယ်။
၁၉၇၀ခုနှစ်မှစပြီးသူမဟာလော့စ်အိန်ဂျယ်လိစ်သို့ရွှေ့ပြောင်းကာလူ ထောင်ပေါင်းများစွာအတွက်အနာရောဂါငြိမ်းခြင်းအမှုတော်ကိုဆောင်ရွက် ခဲ့ပါတယ်။ သူမ၏အနာရောဂါငြိမ်းခြင်းအစည်းအဝေးများကိုတက်ရောက် ခြင်းအားဖြင့်အနာရောဂါပျောက်ကင်းကြောင်းသက်သေခံချက်ပေါင်းနှစ်သန်း ခန့်ရှိပါတယ်။ သူမဟာဓမ္မအတွေးအခေါ်ပညာကိုကောင်းမွန်စွာသင်ယူခဲ့ခြင်း မရှိသော်လည်းသူ့မရဲအနာရောဂါငြိမ်းခြင်းဆုကျေးဇူးကြောင့်လူသိများလာ ခဲ့ပါ တယ်။ သူမဟာခရစ်ယာန်ရုပ်မြင်သံကြားလုပ်ငန်းမှာရှေ့ပြေးဖြစ်သူ ပက်ထရောဘတ်ဆန်နှင့်ခင်မင်ရင်းနှီးမှုရှိကာထိုသူရဲခရစ်ယာန်အသံလွှင့် လုပ်ငန်း Christian Broadcasting Network (CBN) မှလည်းဟောပြော တင်ဆက်လေ့ရှိပါတယ်။
အနာရောဂါငြိမ်းခြင်း
ဖလော်ရီဒါပြည်နယ်မှစာရေးဆရာဘတ်ကင်းဟမ်ကသူမ၏ကိုယ်ရေး အတုပတ္တိကိုရေးသားခဲ့ပြီး၊ လူပေါင်းနှစ်သန်းခန့်ဟာသူမ၏အနာရောဂါငြိမ်း ခြင်းအစည်းဝေးများကိုတက်ရောက်ခြင်းဖြင့်အနာရောဂါငြိမ်းခဲ့ကြောင်းဖေါ်ပြ ထားပါတယ်။ သူမကလည်းသူမ၏စာအုပ်များမှာအနာရောဂါငြိမ်းခြင်းနှင့် ပတ်သက်ပြီးဆေးမှတ်တမ်းအထောက်ထားများနှင့်တကွရေးသားဖေါ်ပြခဲ့ပါတယ်။ ဒေါက်တာရစ်ချတ် အိုဝီလင်ဟာဂျွန်ဟော့ပကင်ဆေးရုံ ရှိ၊ ကင်ဆာရောဂါ သုတေသနဌာနအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးကက်သရင်းကိုးလ်မင်းရဲ့ အနာရောဂါငြိမ်းခြင်းအစီစဉ်သို့မကြာခဏတက်ရောက်ခဲ့သူဖြစ်ပါတယ်။ သူ၏ သက်သေခံချက်အရများစွာသော အနာရောဂါငြိမ်းသူများကိုသူကိုယ်တိုင်ဆေး စစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။
သေဆုံးခြင်း
၁၉၅၅ ခုနှစ်၊ သူမအသက်၄၀နောက်ပိုင်းတွင်ကိုးလ်မင်းမှာနှလုံးပြသနာ ရှိကြောင်းစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူမဟာမကြာခဏပင်အမေရိကန်တဝှမ်းသာမက၊ ကမ္ဘာနှင့်ချီပြီးခရီးသွားလာရကာအလွန်အလုပ်များပြားလွန်းလှပါတယ်။ သူမ၏အစည်းအဝေးများလည်းနှစ်နာရီမှခြောက်နာရီအထိကြာရှည်တတ် ပါတယ်။ ရုပ်မြင်သံကြားလုပ်ငန်းအတွက်ပတ်စဉ်ဒေါ်လာ၃၀၀၀အထက်လို အပ်လျက်ရှိပြီး၎င်းကို ရပ်တန့်လိုက်မည်ဆိုပါကသူမအနေဖြင့်ဆုံးရှုံးမှုကိုစတင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အလားတူနိမိလက္ခဏာအစီစဉ်များလည်းအလား တူပင်ဖြစ်ပါတယ်။ သူမ၏ရင်ဘတ်မှနာကျင်မှုတွေဟာခံနိုင်ရည်မရှိသည့် အဆင့်ထိရောက်လာသော်လည်းအစီစဉ်အချို့ကိုရပ်တန့်ပစ်မည့် အစားသူမဟာ အရေအတွက်ပိုမိုတိုးချဲ့လုပ်ဆောင်ခဲ့တယ်။
အမွှေအနှစ်
ကက်သရင်းကိုးလ်မင်း၏အမှုတော်သည်စစ်မှန်မှုရှိမရှိနှင့်ပတ်သက်ပြီး ခရစ်ယာန်များအကြားဆယ်စုနှစ်ပေါင်းများစွာပြင်းထန်သည့်အငြင်းပွါးမှုများ ရှိခဲ့ပါတယ်။ အချို့သောသူတို့ကသူမကိုဘုရားသခင်၏တန်ခိုးတော်ကို လက်တွေ့ ကျင့်သုံးသော မျက်မှောက်ခေတ်ပရောဖက်တပါးဖြစ်ကြောင်းယူဆကြပါတယ်။ ယခုချိန်ထိတိုင်များစွာသောယုံကြည်သူများဟာသူမကိုဝိညဉ်ဆုကျေးဇူးဆိုင်ရာလှုပ်ရှားမှုရဲ့ရှေ့ပြေး (the present-day charismatic movement) အဖြစ် စွဲမှတ်ယုံကြည်ကြပါတယ်။
ယုံကြည်ခြင်းဖြင့် အနာရောဂါငြိမ်းစေသူများဖြစ်သောဘင်နီဟင်းနှင့် ဘီလီဘတ်ခ်တို့သည်လည်းသူမ၏သြဇာလွမ်းမိုးခြင်းကိုခံရသူများဖြစ်ကြပါတယ်။ ဘင်နီဟင်းကသူမ၏နည်းလမ်းအချို့ကို ကျင့်သုံးပြီးသူမအကြောင်းစာအုပ် တစ်အုပ်ရေးခဲ့သော်လည်းသူမနှင့်ပုဂ္ဂိုလ်ရေးဆန်စွာတိုက်ရိုက်ထိတွေ့ပြောဆို ခဲ့ခြင်းမျိုးရှိကြောင်းဖေါ်ပြထားခြင်းမရှိပါဘူး။ သို့သော်ဘီလီဘတ်ခ်ကတော့ သူမ ၊ နှင့်တွေ့ဆုံဆွေးနွေးခြင်း၊ ငယ်စဉ်လူငယ်ဘဝကသူမ၏အနာရောဂါငြိမ်းခြင်းမှာ ကုသမှုခံယူခဲ့သူဖြစ်ပါတယ်။
References
Kathryn Kuhlman, I Believe in Miracles – Prentice-Hall Publishers; (1962)
Kathryn Kuhlman, God Can Do It Again – (1969)
Kathryn Kuhlman, Nothing Is Impossible With God – BridgeLogos Publishers; (1974)
Kathryn Kuhlman, Never Too Late – Bridge-Logos Publishers
(1975)
ဂျွိုင်းမေရာ Joyce Mayer 1943
ဆရာမကြီးဂျွိုင်းမေရာဟာအမေရိကန်နိုင်ငံနယူးယောက်တိုင်းမ်၊ ရုံ အရောင်းကောင်းဆုံးစာရင်းဝင်ခါရက်စမက်တစ် (ဝိညဉ်ဆုကျေးဇူးအသားပေး လုပ်ရှားမှု) ခရစ်ယာန်စာရေးဆရာမနှင့်တရားဟောဆရာမဖြစ်ပါတယ်။ သူမ၏ စာအုပ်များကလူသန်းပေါင်းများစွာကိုခရစ်တော်အားဖြင့်မျှော်လင့်ချက်များစွာ ပေးစွမ်းနိုင်ခဲ့ပါတယ်။ Enjoyning Every Day Life ဆိုတဲ့ မဂ္ဂဇင်းကိုထုတ် လုပ်ရုံသာမက Joyce Meyer Meyer Ministries ဌာနချုပ်လည်းပဲ မစ်ဇူရီပြည်နယ်၊ စိန့်လူးဝစ်ဗ်မြို့မှာအခြေစိုက်ထားပါတယ်။
သူမ၏အစောပိုင်းအသက်တာ ၊
ဂျွိုင်းမေရာကိုစိန့်လူးဝစ်မြို့မှာ(၁၉၄၃)ခုနှစ်ကမွေးဖွားခဲ့ပြီး၊ သူမကို ဖွားမြင်ပြီးရက်အနည်းငယ်ကြာတဲ့အခါဖခင်ဖြစ်သူဟာဒုတိယကမ္ဘာစစ်မှာ ပါဝင်ဆင်နွဲဖို့ထွက်ခွါသွားခဲ့ပါတယ်။ ဖခင်ဟာစစ်မှပြန်လာပြီးနောက်သူမကို လိင်ပိုင်းဆိုင်ရာအဓမ္မပြုကျင့်မှုကိုအကြိမ်ကြိမ်ကျူးလွန်ခဲ့ကြောင်းဟောပြောပွဲ တွေမှာသူမကမကြာခဏထည့်ပြောတတ်ပါတယ်။ ယနေ့ချိန်ထိတိုင်အောင် သူမဟာလူလတ်တန်းစားများကြားအမှုတော်ဆောင်နေပါတယ်။
ဂျွိုင်းမေရာဟာအထက်တန်းကျောင်းသူဘဝရောက်တဲ့အခါအချိန်ပိုင်း ကားအရောင်းအဝယ်လုပ်ငန်းလုပ်ဆောင်သူတစ်ဦးနဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ ထို အိမ်ထောင်ဟာငါးနှစ်ပဲတည်တံ့ခဲ့တယ်။ သူမရဲပြောဆိုချက်အရသူမရဲ့ခင်ပွန်းဟာသူမအပေါ် မကြာခဏလိမ်လည်မှုပြုခဲ့ပြီးသူမ၏အလုပ်ရှင်ထံမှ ငွေရပြေစာများကိုခိုးယူရန်တိုက်တွန်းခဲ့ပါတယ်။ သူတို့ဟာထိုအရာများကို ကာလီဖိုးနီးယား ပြည်နယ်သို့အလည်အပတ်သွားရောက်ရန်အသုံးပြုခဲ့ပါတယ်။ ထိုငွေကြေးများကိုနှစ်ပေါင်းအနည်းငယ်အကြာမှာပြန်ပေးခဲ့တယ်လို့သူမက ဆိုပါတယ်။ အရင်ခင်ပွန်းနှင့်သူမကွာရှင်းပြတ်စဲပြီးနောက်ပိုင်းရွိုင်းစ်ဟာအရက်ဘားဆိုင်မှာအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ဒေ့ဗ်ရာနဲ့မကြာခဏဆုံတွေ့ခဲ့ရ ပါတယ်။ သူတို့ ဟာ ၁၉၆၇ ခုနှစ်၊ ဇန်ဝါရီလ ၇ ရက်နေ့မှာလက်ထပ်ခဲ့ကြပါတယ်။
အသက်တာပြောင်းလဲခြင်းနှင့်အမှုတော်
၁၉၇၆ခုနှစ်နံနက်ခင်းတစ်ခုမှာဂျွိုင်းမေရာဟာအလုပ်သို့ကားမောင်း သွားစဉ်ဘုရားသခင်ကသူမ၏အမည်ကိုခေါ်တော်မူသံကိုကြားခဲ့ရတယ်လို့ဆိုပါတယ်။ သူမဟာအသက်ကိုးနှစ်အရွယ်ကတည်းကဒုတိယအကြိမ်မွေးဖွား ခြင်းကိုခံရသော်လည်းကြမ်းတမ်းခက်ခဲ့လှတဲ့သူမရဲ့ဘဝအသက်တာအတွေ့ ကြုံများ ကသူမကိုအလွန်နက်နဲသည့်ယုံကြည်ခြင်းသို့တွန်းပို့ခဲ့သလိုဖြစ်ခဲ့ပါ တယ်။ ထိုနေ့ ညနေပိုင်းမှာသူမဟာအလွန်ဝမ်းမြောက်ပျော်ရွှင်စွာနဲ့ပြန်လာခဲ့ပြီးချစ်ခြင်း နဲ့ပြည့်ဝတဲ့အမှုတော်ခွဲခန့်မှုနဲ့အတူ၊ ဝိညဉ်တော်နှင့်ပြည့်ဝနေခဲ့တယ်လို့ဆိုပါတယ်။
ဂျွိုင်းမေရာ၏ရင်ဖွင့်စကားတစ်ခုကိုပြောရမယ်ဆိုရင် “ကျွန်မမှာဘာ အတတ်ပညာမှမရှိခဲ့ဘူး။ ဘုရားကျောင်းကိုလည်းမသွားခဲ့ဘူး။ ကျွန်မမှာ ပြသနာ တွေများစွာရှိပြီး၊ ကျွန်မကိုအစဉ်အမြဲကူညီပေးမည့်သူတစ်ယောက်ကိုတော့ အလိုရှိခဲ့ပါတယ်။ တခါတရံဘုရားသခင်ကိုအစေခံရန်အလိုရှိသည့်သူပင်လျှင်၊ သူတို့မှာများလှစွာသောပြသနာအခက်ခဲရှိပါကမှန်ကန်စွာစဉ်းစားတွေးခေါ်၊ ယုံကြည်လုပ်ဆောင်နိုင်စွမ်းမရှိပဲတစ်စုံတယောက်နဲ့ကူညီဖေးမမှုကိုလိုအပ်ခဲ့ ကြပါတယ်”။
ဂျွိုင်းမေရာသည်၁၉၇၆ခုနှစ်ကစပြီးစိန်လူးဝစ်မြို့ရှိလူသာရင်အသင်း တော်၏နံနက်ကျမ်းစာလေ့လာခြင်းအစီစဉ်မှာစတင်ဦးဆောင်ခဲ့ပြီးနောက် ဖန်တန်ရှိခါရက်စမက်တစ်အသင်းတော်မှာသက်ဝင်လှုပ်ရှားသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ၁၉၈၀ခုနှစ်မှာတော့ကွိုင်းမေရာဟာအသင်းတော်မှာတွဲဖက် သင်းအုပ်ဖြစ်လာပြီး၁၉၈၁ခုနှစ်မှာတော့လက်တင် ရအမှုတော်ဆောင်ဖြစ် လာခဲ့ပါတယ်။ ထိုအသင်းတော်ဟာသူမ၏လူကြိုက်များတဲ့သူမ၏ဟောပြော သွန်သင်မှုကြောင့်ထိုဒေသဝန်းကျင်ရှိခါရစ်စမက်တစ်အသင်းတော်များဦးဆောင်မှုပြုတဲ့အသင်းတော်ဖြစ်လာတယ်။ သူမသည်စိန့်လူးဝစ်လေလှိုင်းမှ နေ့စဉ်(၁၅)မိနစ်ကြာအသံလွင့်ဟောပြောသွန်သင်ခြင်းကိုလည်းစတင်လုပ်ဆောင် နိုင်ခဲ့ပါတယ်။
၁၉၈၅ခုနှစ်မှာဂျွိုင်းမေရာဟာတွဲဖက်သင်းအုပ်တာဝန်မှအနားယူပြီး သူမ၏ကိုယ်ပိုင်အမှုတော်ကိုစတင်ကာ၄င်းကို Life in the Word လို့ အမည်ပေးခဲ့တယ်။ သူမဟာလေလှိုင်းမှဟောပြောခြင်းအစီစဉ်ကိုချီကာဂိုနှင့် ကင်းဆတ်စ်မြို့ရှိအခြားအသံလွှင့်ရုံခြောက်ခုမှလည်းထုတ်လွင့်မှုပြုခဲ့ပါတယ်။ ၁၉၉၃မှာသူမ၏ခင်ပွန်းဒေ့ဗ်ကသူမနှင့် အဖွဲ့ကိုရုပ်မြင်သံကြားအစီစဉ်စတင် လုပ်ဆောင်ဖို့အကြံပြုခဲ့ပါတယ်။ ထိုကြောင့်ချီကာဂိုမြို့ရှိ WGN-TV နှင့် Black Entertainment Television (BET) တို့မှာသူမ၏အစီစဉ်များကိုထုတ်လွှင့် ခဲ့ပြီးယခုချိန်ထိတိုင်အောင် Enjoying Everyday Life ဆိုသည့်အစီစဉ် ကိုထုတ်လွှင့်မှုပြုနေဆဲဖြစ်ပါတယ်။ ၂၀၀၂ မှာအဓိကပုံနှိပ်ဌာနဖြစ်တဲ့ Hachette Book Group ကဂျွိုင်းမေရာရေးသားသောစာအုပ်များကိုလွတ်လပ်စွာ ထုတ်ဝေဖြန့်ချီနိုင်စေရေးအတွက်သူမကိုဒေါ်လာ(၁၀)သန်းပေးအပ်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်ကစပြီးဂျိုင်းစ် နဲ့ အမှုတော်ဟာလျှင်မြန်စွာဖြင့်မြို့နယ်အဝှမ်းမှ ပြည်နယ်တဝှမ်း၊ ပြည်နယ်အဆင့်မှနိုင်ငံတလွှား၊ နိုင်ငံအဆင့်မှကမ္ဘာအဝှမ်း ကျယ်ပြန့်လာခဲ့ပါတယ်။
၂၀၀၄ခုနှစ်မှာတော့သိက္ခတော်ရဆရာလာရီရိုက်စ်ဦးစီးလုပ်ဆောင် နေတဲ့လူးဝစ်ခရစ်ယာန်ရုပ်မြင်သံကြားအသံလွင့်ရုံ KNLC ကနွိုင်းမေရာ ၊ ရဲအစီစဉ်များကိုဖြတ်ချလိုက်ပါတယ်။ သူမကိုအစဉ်တစိုက်ပံ့ပိုးပေးလာခဲ့တဲ့ ရိုက်စ်ရဲအဆိုအရထိုသို့ပြုရခြင်းရဲအကြောင်းရင်းဟာ “အလွန်ကြွယ်ဝချမ်းသာ သည့်အသက်တာပုံစံဖြင့်အသက်ရှင်ခြင်း” နဲ့သူမရဲသွန်သင်ချက်တွေဟာ ကျမ်းစာရဲသွန်သင်မှုဘောင်ကိုကျော်လွန်နေခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၀၅မှာတိုင်းမ်မဂ္ဂဇင်းဖေါ်ပြချက်အရာ “အမေရိကန်ရှိ ဧဝံဂျယ်လီကယ်လ် လောကမှာအလွမ်းမိုးဆုံး၂၅ယောက်” အနက်သူမဟာအမှတ်စဉ်(၁၇)မှာရပ် တည်နေပါတယ်။
ECFA မှအသိမှတ်ပြုခြင်း
၂၀၀၉ ခုနှစ်မှာဂျိုင်းစ်မေရာရဲအမှုတော်မြတ်ဟာ Evangelical Council for Financial Accountability အဖွဲ့အစည်းမှအသိမှတ်ပြုဂုဏ်ပြုခြင်းခံခဲ့ ရပါတယ်။ ထိုကြော်ငြာချက်မှာဂျွိုင်းစ်မေရာနှင့်အော်ရာလ်ရောဘတ်သက္ကသိုလ်ကျောင်းဟာသူတို့၏တောင်းဆိုချက်များကိုဖြည့်ဆည်းပေးကာဘဏ္ဍာစိုးကောင်း ပီသကြောင်း၊ ငွေကြေးကိစ္စနှင့်ပတ်သက်ပြီးပွင့်လင်းမြင်သာမှု၊ တာဝန်ယူတာဝန် ခံမှုရှိကြောင်းဘုတ်အဖွဲ့တွင်ရံပုံငွေရှာဖွေရေးကိစ္စနှင့်ပတ်သက်ပြီးလုပ်ဆောင် ပိုင်ခွင့်ရှိကြောင်းစသဖြင့်ပါဝင်ပါတယ်။
ဂျွိုင်းစ်မေရာဟာ Life Christian University in Tampa, Florida,မှ PhD in Theology ဘွဲ့ကို၎င်း Oral Roberts University in Tulsa, Oklahoma, မှ honorary doctorate in Divinity ဘွဲ့ကို၎င်း Grand Canyon University in Phoenix, Arizona မှ honorary doctorate in Sacred Theology ဘွဲ့ကို၄င်းအသီးသီးချီးမြင့်ခြင်းကိုခံခဲ့ ရပါတယ်။
သူမရဲဟောပြောသွန်သင်ချက်တွေမှာကြားရလေ့ရှိတဲ့အရာအချို့တွေ ကတော့၊ “မကြာခဏဆိုသလိုငါတို့ဟာမိမိမှာရှိတဲ့ပြသနာအတွက်အခြားသူများ အပေါ် အပြစ်တွေပုံချတတ်ကြပါတယ်။ ငါမပျော်ဘူး။ ဘာတွေလွှဲချော်နေ လဲတော့ မသိဘူး။ တကယ်လို့တခြားအလုပ်တစ်ခုသာရရင်တော့ပျော်မှာပါ။ အိမ်ထောင်ပြု လိုက်ရင်တော့ပျော်ရွင်မှာပါ။ အိမ်ထောင်မပြုဖြစ်ဘူးဆိုရင်တော့ပျော်ရွင်မှာပါ။ ကလေးအချို့သာရခဲ့ရင်တော့ပျော်ရွင်မှာပါ။ ဒီကလေးတွေကြီးပင်းလာပြီးအိမ် ကထွက်သွားရင်တော့ပျော်မှာပါ။ ပိုပြီးကြီးမားကျယ်ဝန်းတဲ့အိမ်တစ်လုံးရရင်တော့ ပျော်မှာပါ။ သန့်ရှင်းရေးကိုကောင်းစွာနိုင်နင်းတဲ့အိမ်အကူတစ်ယောက်ရရင်တော့
“ကျွန်မရဲဘဝမှာနာကျင်မှုတွေ၊ ဒဏ်ရာတွေ၊ ကြေကွဲမှုတွေများစွာရှိပါ တယ်။ ကျွန်မဟာဖခင်ရဲလိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ခံစားချက်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှုတွေခံစားခဲ့ရပါတယ်။ ကျွန်မရဲမိခင်ဟာ၄င်းကိုဘယ်ပုံဘယ်နည်းနဲ့ ကိုင်တွယ်ရမယ်ဆိုတာမသိခဲ့ပဲနာကျင်ခံစားရင်းနဲ့သာအသက်ရှင်ခဲ့ရပါတယ်။ ငါတို့ဟာတစ်စုံတစ်ခုကိုကိုင်တွယ်ဖြေရှင်းမှုမပြုမချင်း၄င်းဟာအလိုလိုထွက်ခွါသွားမှာမဟုတ်ဘူး။ ကျွန်မဟာယေရှုခရစ်တော်ဘုရား ရဲချစ်ခြင်းမေတ္တာကြောင့် သာ ထိုအရာမှလွတ်မြောက်ချမ်းသာခွင့်ရခဲ့တာပါ။”
“ကျွန်မအနေဖြင့် ရှာဖွေတွေ့ရှိခဲ့သည့်အရာကတော့သည်းခံခြင်းဆို တာ စောင့်ဆိုင်းနိုင်သည့်အရည်အချင်းမဟုတ်ပဲ၊ စောင့်ဆိုင်းနေစဉ်မှာကောင်းမွန် သည့်စိတ်နေသဘောထားကိုထိန်းသိမ်းထားနိုင်ခြင်းသာဖြစ်ပါတယ်။ သင့် အနေ ဖြင့်လူတွေရဲ့စိတ်နေသဘောထားကိုအကဲဖြတ်မယ်ဆိုရင်သူ့ဘဝအသက်တာမှာ ဘယ်ကဲ့သို့သောအတွေးမျိုးရှိသလဲဆိုတာကို ကြည့်ရာမှာပါ။ မှန်ကန်ပြီး အနုတ်သဘောဆန်နေခြင်းထက်မှားယွင်းပြီးအပြုသဘောဆန်နေခြင်းကပိုမို ကောင်းမွန်ပါတယ်။”
Reference
https://www.imdb.com/namenm0583218bio#mini bio
References:
Geoffrey Hanks, 70 Great Christioans: The Story of the Christian
Church. Christian Focus Publication. Scotland, Great Britain. 2000.
Jim Gigliotti, Who Was Mother Teresa?Erroll Hulse, Adoniram Judson
and the Missionary Call. Reformation Today Trust, England. Rosalie Hall Hunt. The Judsom History and legacy.
Kathryn Kuhlman, I Believe in Miracles — Prentice-Hall Publishers;
(1962)
Kathryn Kuhlman, God Can Do It Again
(1969)
Kathryn Kuhlman, Nothing Is Impossible With God — Bridge-Logos
Publishers; (1974)
Kathryn Kuhlman, Never Too Late — Bridge-Logos Publishers (1975)
တင်နိုင်ဘူး။ ဆရာယုဒသန်၊ သမိုင်းထဲကယုဒသန် (သို့) ဆရာဂျပ်ဆင်။
တကောင်းစာအုပ်တိုက်။ ရန်ကုန်။
https://www.google.com/search, florence nightingale biography
https://www.imdb.com/name/nm0583218/bio#mini bio