ကောင်းကင်ကအိမ်

Copyright © 2014/142,  Nyasinkunah Christian Publishing House

 ညစဉ်ခွန်အားခရစ်ယာန်အိမ်ထောင်ဝတ်ပြုလမ်းညွှန်စာစောင်

၈၉၃(ခ)၊ည) ၁၁ရပ်ကွက်၊ ဘုရင့်နောင်လမ်း

သွယ်(၃) ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်း။

 Email: cwhsoe@gmail.com. HP:(097301 5844.

၂၆-၁၂-၂၀၁၄ ရက်နေ့က လောကကို လွန်သွားခဲ့ပြီဖြစ်သော  ရုသနှင့်တူသည့် ရွေးမလေး

နော်အိရွှေစင်မြင့် (၁၉၈၄-၂၀၁၄) ကိုအောက်မေ့သတိရခြင်းဖြင့်

 ဆိုး ပြုစုသည့်

 

သခင်ဘုရားပြင်ဆင်ထားသော ကောင်းကင်ကအိမ်

ပုံနှိပ်မှတ်တမ်း

ထုတ်ဝေသူ        ညစဉ်ခွန်အား

ကွန်ပျူတာ        လွင်လွင်

မျက်နှာဖုံးဒီဇိုင်း –  စစ်ငြိမ်းအေး

ဖြန့်ချီရေး   –   ညစဉ်ခွန်အား

ပုံနှိပ်ခြင်း  –      စတုတ္ထအကြိမ်

အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် ကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်ဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။

ဒါဝိဒ်မင်းကြီး (ဆာလံကျမ်း၊ ၂၃း၄)

– ကျွန်တော်တို့အသင်းမှာဒေါ်လွင်လွင်မာဆိုသောကျောင်းဆရာမတစ်ယောက်ရှိပါသည်။သရမှာကိုအင်မတန်ကြောက်ပါသည်။သင်္ချိုင်းအကြောင်းပြောလျှင်မျက်နှာညိုလျက်အင်မတန်မှသနားစရာဖြစ်အောင်ထိတ်လန့်တုန်လှုပ်ရှာပါသည်။သို့သော်လည်းသေခြင်းသည်သူမကိုမညှာတာဘဲစာစီးစွာပင်သူမထံသို့ရောက်လာခဲ့ပါသည်။အနည်းငယ်နေမကောင်းဖြစ်၍လေးခန်းကိုသွားပြရာဆရာဝန်ကဆေးထိုးပေးပါသည်။ဘာကြောင့်မှန်းမသိရဘဲဆေးထိုး၍ပြီးတာနှင့်အသက်ကုန်သွားပါသည်းရုတ်တရက်သေသွားရှာပါသည်။သူ့ကိုကောင်းကင်ကအိမ်အကြောင်းကျွန်တော်သာခွာမပြောဖြစ်ခဲ့တာကိုနှစ်ပေါင်းများစွာကျွန်တော်နောင်တရခဲ့ပါ၏။သူမ၏သင်းအုပ်ဆရာဖြစ်ခဲ့ပါလျက်တာဝန်ပျက်ကွက်ခဲ့တာကိုဝန်ခံရပါသည်။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်၏နာမည်မှာ စာသီခိုဖြစ်ပါ သည်။မော်လမြိုင်ကောလိပ်မှာ ပညာအတူတူသင်ယူခဲ့ကြပါ၏။များစွာပင် ခင် မင်ရင်းနှီးကာ ကျွန်တော်သောသီချင်းများကို သူက ဒိုင်ခံသီဆိုပေးခဲ့ဖူးပါ ၏။နောင်အခါတွင် မယုံကြည်သူ၊ဒေါက်တာအောင်အောင်ကြည်နှင့်လက် ထပ်ကာ အိမ်ထောင်ပြုပါ၏။သူ့ဇနီးသည်လည်းနောက်ပိုင်းမှာ ယုံကြည်သူဖြစ် လာပါ၏။ စောသီခို၏အသက်ငါးဆယ်ကျော်လျှင် ကွယ်လွန်သွားပါသည်။ အမြဲပင် ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင်နေတတ်သူမို့ သူ့ဇနီးကစိတ်ပူပေးပါ။ သူ့ကိုအောက်မေ့သာစည်းဝေးမှာ ဒေါက်တာအောင်အောင်ကြည်က“သူ ကောင်းကင်နိုင်ငံရောက်ပါ့မလား”ဟုမေးပါသည်။ ရောက်ပါတယ်ဟုတော့ ကျွန်တော်ဖြေခဲ့ပါသည်။သေချာအောင် မပြောပြမိခဲ့ပါ။အချိန်မရတာမို့ မရှင်း ပြနိုင်တာကို နောင်တရမိပါသည်။

ဓမ္မဝန်ထောင်တစ်ယောက်အနေနှင့် ကောင်းကင်အိမ်အကြောင်း သေချာစွာဟာပြောသွန်သင်ရန်၊ဝေမျှဖို့ရန် တာဝန်တစ်ခုကို အခါအားလျော် စွာ ပျက်ကွက်ခဲ့ပါသည်။ထို့ကြောင့်ပင် ယခုစာအုပ်ကလေးကို ရေးမိခဲ့တာဖြစ် ပါသည်။ ကျွန်တော်ချစ်သော တပည့်တော် ဆရာမဒေါ်လွင်လွင်မာ၊(ရွှေပြည် သာတပည့်တော်စု)၊ဒေါက်တာ အောင်အောင်ကြည်နှင့်တကွ မပြောဖြစ်သော မိတ်ဆွေများအားလုံးကို ရည်ညွှန်းလျက် တောင်းပန်ပါသည်။ ဤစာအုပ်က‌ လေးကိုရေးသောအခါ၌ Anne Graham Lotz ၏ Heaven, My Father’s House (W.Publishing Group)စာအုပ်ကိုလည်းများစွာမှီငြိမ်းထားကြောင်း ဝန်ခံအပ်ပါသည်။ ဤစာအုပ်ကလေးဖြစ်မြောက်လာဖို့ မတည်ပေးလှူသော ဦးတင်မောင်အေး ၊ဒေါ်သန်းသန်းဝင်း မိသားစု(ရန်ကင်း)ကိုလည်း ကျေး ဇူးတင်ကြောင်း ဖော်ပြပါရစေ။ဤစာအုပ်ကလေးကို ဘုရားရှင်အသုံးပြု၍ ဖတ် ရှုရသူများ ကောင်းကင်အိမ်ကို ထင်ရှားစွာ သိမြင်၍တစ်နေ့မှာ ဝင်စားခွင့်ရှိ ကြပါစေဟု နာမတော်မြတ်၌ ဆုတောင်းမေတ္တာပို့သအပ်ပါ၏။ (အာမင်)

(၁)

နေဝင်ရာကမ်းမှာ

တစ်နေ့သ၌ အလွန်ဝမ်းနည်းဖွယ်သော သတင်းစကားတစ်ပုဒ်ကို ကျွန်တော်ကြားရပါ၏။ မိတ်ဆွေတစ်ဦး၏ သမီးကလေး ရုတ်တရက်ဆုံးသွား သဖြင့် နောက်တစ်နေ့ နံနက်(၁၀)နာရီမှာ သဂြိုဟ်ပါမည်။ရောက်အောင်လာ ခဲ့ပါဟူ၍ ဖြစ်ပါသည်။သမီးကလေးသည် အသက်(၁၈)နှစ်တောင် မပြည့်သေး ပါ။ငယ်ရွယ်ပါ၏။ သူမသည် ဆေးတက္ကသိုလ်ဒုတိယနှစ်ကျောင်းသူ ဆရာဝန် လောင်းဖြစ်ပါသည်။ဉာဏ်ကောင်းပါသည်။မိဘများက စီးပွားဥစ္စာ အရှာကောင်း၍ သမီးကလေးမှာ လိုချင်တာမှန်သမျှရနေကာ ငယ်ရွယ်စဉ်မှာပင် ဘဏ်စာရင်းလည်းရှိသော သူပါ။ချမ်းသာပါ၏ ။ ပြည့်စုံပါ၏။သူမ၏ဓါတ်ပုံက လေးကို တွေ့ဖူးရာလှပချောမော သောမျက်နှာမျက်ဝန်းရှိပါ၏။ သို့သော်လည်း မျှော်မှန်းချက်နှင့် လင်းလက်သာအနာဂတ်ရှိသူသည် ရုတ်တရတ် လောကမှ ထွက်ခွာသွားရာ မိဘနှင့်သူငယ်ချင်း ခင်မင်သူအများက ဝမ်းနည်းကြရပါ သည်။ သူမကိုနောက်တစ်နေ့မှာသဂြိုဟ်၍ မြေသို့အပ်နှံခဲ့ကြရပါသည်။ မြေမှုန့် မှ မြေမှုန့်သို့၊ပြာမှ ပြာဘဝသို့ ပြန်သွားရသာ ခန္ဓာရုပ်ကြွင်းကို ကြေကွဲစွာ နှုတ်ဆက်လျက် မျက်ရည်များကျဆင်းခဲ့ရပါသည်။

သေခြင်းသည် ထိုမျှပင် မြန်ဆန်ခဲ့ပါသလား။အင်မတန်မှ နုပျို သေးသော်လည်း အိုမင်းသောသူများနှင့်အတူ သင်္ချိုင်းမြမှာ သူမနေခဲ့ရပါပြီ။Anne Graham Lotz အမည်ရှိ ဓမ္မဝန်ဆောင် စာရေးဆရာမကတော့‌‌ေသခြင်းသည် ကြီးမားသည့် ညီမျှခြင်းသဘောတရားတစ်ခုဖြစ်သည်ဟု ပါသည်။ Death is the great equalizer ဆိုပါတော့။တကယ်တော့လည်း ဟုတ်ပါသည်။ သခြင်းသည် အချိန်နာရီ၊အဆင့်အတန်း၊ အခြေအနေ စသည်ဖြင့် အဘယ်အရာကိုမျှ မရွေးချယ်တာမှန်ပါသည်။နုပျိုသောသူနှင့် အိုမင်းသာသူတို့ကို မခွဲခြားပါ။ချမ်းသာသောသူနင့်ဆင်းရဲသောသူလည်းသေဆုံးကြရပါသည်။ နာမည်ကျော်ကြား လူသိများသောပုဂ္ဂိုလ်နှင့် အညတ ရများ အတူတူ အုတ်ဂူယှဉ်လျက် လှဲလျောင်းရတာရှိသလို ပညာတတ်သူနှင့် ပညာမဲ့သူတို့၏ ရုပ်ခန္ဓာများ တစ်နေရာတည်းမှာ ကျန်နေရစ်ပါသည်။ဩဇာ အာဏာရှိသူနှင့် အားနည်းသာသူ၊ဘာသာတရားလိုက်စားသူနှင့် ဘုရားမဲ့ဝါဒီ များ၊ ကျန်းမာသူနှင့် ချူချာသူ၊ပျော်ရွှင်တတ်သောသူနှင့် စိတ်ဓါတ်ကျဆင်းသူ စသည်ဖြင့် အမျိုးမျိုးသာဆန့်ကျင်ဘက်တို့ ပေါင်းဆုံကာ နိဂုံးချုပ်စေသာ ဌာနကတော့ သင်္ချိုင်းမြေပါပဲ။သေခြင်းကို ခရစ်ယာန်တို့က ယော်ဒန်မြစ်ဟု နိုင်း နှိုင်း၍ တင်စားပြောဆိုကြပါသည်။ တစ်နေ့မှာ ထိုယော်ဒန်မြစ်ကို လူတိုင်းကူး ဖြတ်ရမှာ သေချာလှပါသည်။ ဘယ်နေ့ဘယ်အချိန်မှာ ကူးဖြတ်ရမည်ကိုသာ မသိနိုင်တာဖြစ်ပါ၏။

. အချို့က မြန်မြန်ဆန်ဆန်ပဲကူးသွားရပါသည်။ နော်မေသူသူဇော်ဟု အမည်ရသာဆေးကျောင်းသူမိန်းကလေးက(၁၈)နှစ်မပြည့်မီမှာ ကူးသွားရ ပါသည်။အချို့ကတော့ သက်ကြီးရွယ်အိုရောက်၍ အမှည့်လွန်သစ်သီးပြုတ် ကျသလို သွားရပါ၏။အချို့က အလယ်အလတ် သက်တမ်းမှာ သလုံးရပါ။ ဘယ်လိုနည်းနှင့်တုံးသွားရမှာကိုလည်း မသိနိုင်ကြပါ။ဗန်းမော်မြို့မှ ကိုကို နိုကကင်ဆာရောဂါကို ခံစားရ၍နှစ်အတန်ကြာအောင် ပင်ပန်းစွာ ဇဝဒနာခံ ရပြီးမှကူးသွားရပါသည်။ အချို့ကျတော့လည်းရုတ်တရက်ပါပဲ။သုဝဏ္ဏအသင်းတော်မှ ဆရာတော် မောင်မောင်ကျားနမကပ်တာ နှစ်လလောက်ပဲရှိသေး သည်။သူ့ကို လူနာသတင်းမေးရန်ပင် မလုပ်နိုင်သေးခင်သူက ယော်ဒန်မြစ် ကူးသွားနှင့်ခဲ့ပြီ။

(၂၀၀၁)ခုနှစ်၊ စက်တင်ဘာလ(၁)ရက်၊နံနက်ပိုင်းက အမရိကန် နိုင်ငံ World Trade Centerအဆောက်အဦးမှာထောင်နှင့်ချီသောသူ တွေ ရောက်ရှိနေခဲ့ပါ၏။တစ်နေ့တာလုပ်ငန်းကို စတင်ဆောင်ရွက်ဖို့ ပြင်ဆင် အားယူနေကြပါသည်။အချို့က ကော်ဖီသောက်၍ အချို့က ကွန်ပျူတာဖွင့်နေ တုန်းပါပဲ။အချို့က တစ်နေ့တာအစီအစဉ်ကို စစ်ဆေးနေပြီး၊ အချို့က အစည်း အဝေးခန်းမထံကို သွားနေကြပါ၏။အချို့က တယ်လီဖုန်းခေါ်ဆိုမှုပြု၍ အချို့က ကြေညာချက်ကို ရေးသားစဉ်မှာပဲ သူတို့အားလုံးဆီသို့ သေခြင်းတရားက သူခိုး တစ်ယောက်လို ရောက်လာခဲ့ပါသည်။ အကြောင်းရင်းကို သူတို့မသိရဘဲနှင့် အဆောက်အဦးပြိုကျကာသူတို့အားလုံးနီးပါးလည်းသေဆုံးသွားကြရပါသည်။ လေယာဉ်ပျံနှစ်စင်းက သူတို့တိုက်ကို ဝင်တိုက်ခြင်းကြောင့်ဆိုတာကိုတောင် သိသွားမည်မဟုတ်ပါ။ အချို့သောသူများအတွက် ထိုကဲ့သို့ မြန်ဆန်စွာရောက် လာသော သေခြင်းသည် အချို့သော သူများ အတွက်တော့ အချိန်ပေးလွန်းပြန် ပါ၏။နာတာရှည်ရောဂါကို ခံစားရသော ဓလေဖြတ်ထားသည့် မိတ်ဆွေတစ်ယောက်က မသေဆုံးနိုင်တာကြောင့် စိတ်ပျက်နေပါသတဲ့။သို့သော်လည်း တစ်နေ့မှာတော့ သူလည်း ယော်ဒန်မြစ်ကို ကူးဖြတ်ခွင့် သေချာပေါက်ရမှာပါ။

ဤအကြောင်းများကို ဖတ်ရသောအခါ မိတ်ဆွေမပျော်တာ ကျွန်တော်သိပါသည်။ ကျွန်တော်လည်းမပျော်ပါ။အင်မတန်မှ ကြောက်ရွံ့ဖွယ်သော ခရီးတစ်ခုကို ဘယ်သူကပျော်ရွှင်စွာ ဖြတ်သန်းရင်ပါ့မလဲ။ တမလွန်ဟု ကျွန်တော်တို့ခေါ်သာ အရပ်ဒေသတစ်ခုမှာ ဘာဖြစ်ကြမလဲဆိုတာကို မသိနိုင် ကြသလို၊လူ့ဉာဏ်ကွန်ပျူတာ သတင်းအချက်အလက်နှင့် နည်းပညာရရှိထား ခြင်းလည်းမရှိနိုင်ကြပါပေ။အသက်တာခရီး၊ဘဝလမ်း၏အဆုံးသတ်မှာ ဘာတွေဘယ်လို့ ကြံရဦးမလဲလိုတာက စိတ်ပူပန်စရာ၊ထင်ခြင်တွေးတာစရာ ကဏ္ဍကလတစ်ခုဖြစ်ပါသည်။ နဝင်ရာ နောက်ကွယ်က(Beyond the sunset)အမည်ရှိ ဓမ္မသီချင်းတစ်ပုဒ်မှာ …

နေဝင်ရာကမ်းမှာ၊ လင်းအာရုဏ်ဖြာ ၊

 ရင်မှာကြည်နူးစရာ၊ ထူးလှသက်တာ

ကိုယ်တော်လက်တွဲကာ၊ ခွဲမရသာဘဝပါ

နေဝင်ရာကမ်းမှာ၊မြတ်လှသက်တာ၊

ဟုဖော်ပြထားပါသည်။ ခရစ်ယာန်ဓမ္မသီချင်းတစ်ပုဒ်ဖြစ်တာမို့ ခရစ်ယာန်တို့၏

ယော်ဒန်မြစ်အလွန် မျှော်လင့်ခြင်းကို ဖော်ပြပါသည်။တကယ်ပဲ သေခြင်းက ထိကဲ့သို့သာ ဘဝတစ်ခု၊အသက်တာတစ်ခုကို ဖြစ်ပေါ်စေနိုင်ပါသလား၊ အံ့သြဖွယ်ကောင်းလောက်အောင် သေခြင်းနှင့်ဆိုင်သာဓမ္မတေးမြောက်များ စွာ ခရစ်ယာန်ဘာသာ၌ ရှိပါ၏။ကမ္ဘာတစ်လွှား၊ ဘာသာတရားများ တွင် ခရစ် ယာန်ဘာသာလောက် သေခြင်းအကြောင်းကို အားရပါးရ စုံစုံလင်လင် ပေါပါ များများ သီချင်းရေး၊ကဗျာဖွဲ့ကာလင်္ကာစပ်တာမတွေ့ရပါ။ ခရစ်ယာန်များကတော့ သေခြင်းဆိုတာကိုပဲ တခုတ်တရ ရေးစပ်သီကုံးရုံမက သီဆိုချီးမွမ်းကြ oss 09:00$:clefia There’s a land that is fairer than dayunoas လင်္ကာတစ်ပုဒ်ကို အသံထည့်၍ ခရစ်ယာန်များ သီဆိုကြပါ၏။ မြန်မာဘာသာ ဖြင့် “သာယာနေ့၊ နောင်ကာလ”ဟူ၍ဖြစ်ပါသည်။ တစ်ပိုဒ်မျှလောက် ခံစားကြည့်ပါမိတ်ဆွေ။

နေထက် ထွန်းတောက်သော ပြည်ရှိပေသည်။

 ယုံကြည်ခြင်းဖြင့်သာ မြင်နိုင်သောနေရာ

 ကျွန်ုပ်တို့အဖို့ အထက်၌ထိုပြည်၊

 ခမည်းတော်အဘပြင်ဆင်လျက်ရှိ။

သာယာနေ့၊ နောင်ကာလ၊ ထိုနေရာ ကျွန်ုပ်တို့တွေ့လမည်။ သာယာနေ၊ နောင်ကာလ၊ ထိုနေရာ ကျွန်ုပ်တို့တွေ့လေမည်။

မျှော်လင့်စရာနေ့ရက်များ

တစ်ခုလောက်တော့ တွေးတော၊စိတ်ကူးကြည့်စေချင်ပါသည်။ အင်မတန်မှ လှိုင်းတံပိုးထကြွသည့် အေဂျင်ပင်လယ် (Aegean Sea)၏အ လယ်မှာ ကျွန်းကလေးတစ်ကျွန်းရှိပါရဲ့၊ လူသူမရှိသောနေရာ၊ ကျောက်တုံး ကျောက်ခဲများသာ ပေါများ၍ ကန္တာရဖြစ်သော ကျွန်းကလေးမှာ ပြစ်ဒဏ်ကျ အကျဉ်းသားအိုတစ်ယောက်၏ အသက်မှာ(၉၀)နှစ်အောက်မလျော့ပါ။ ဆိုးသွမ်းသာသူနှင့် တိုက်လှန်သူများကို တကျွန်းပြစ်ဒဏ်ခံရသာ ပတ်မှ ကျွန်းမှာ ယောဟန်အမည်ရှိ လူအိုကြီးက ဘာကြောင့် ရောက်နေတာလဲ။ နာဇ ရက်မြို့သားယေရှုကို မေရှိယအဖြစ် ယုံကြည်၍ သခင်ယေရှု၏ ဒေသနာကို စိတ်ပါလက်ပါ လက်ဆင့်ကမ်းဝေငှသွန်သင်ခဲ့တာကြောင့် ရောမအင်ပါယာ၊ အာဏာပိုင်များက ဖမ်းဆီး၍ ပြစ်ဒဏ်ခတ်လိုက်တာပါ။သက်ကြွယ်သူဂါလိလဲ နယ်သား၊ ယာဟန်မသေမချင်း ထိုအရပ်မှာဒုက္ခခံ၍နေစေဟု အမိန့်ချလိုက် တာမို့ ယောဟန်၏ နောက်ဆုံးသော နေ့ရက်များမှာ အထီးကျန်သော ကရ စခန်းသက်သက်ဖြစ်ခဲ့ပါသည်။ယာဟန်သည် လူသားစင်စစ် တံငါ သည် လည်း အမှန်ဖြစ်ခဲ့တာကြောင့် ဘယ်လိုခံစားရမည်ကို ကျွန်တော်တို့ကိုယ်ချင်း စာနိုင်ပါသည်။ ရှေ့ခရီးက သေခြင်းမှတပါး အခြားမရှိနိုင်တော့ပြီလေ။

တမန်တော်တစ်ဆယ့်နှစ်ပါးမှာအထင်အရှားပါဝင်ခဲ့သောသခင်ယေရှု၏တပည့်တော်အစစ်ဖြစ်ရုံမကသခင်ယေရှုနှင့်အလွန်နီးကပ်စွာနေထိုင်ခဲ့သူယောဟန်သည်ဂါလိလဲနယ်မှာဇာတိရှိခဲ့ပါသည်။အဖဇဗေဒဲ၏သာယာကုပ်၏ညီအစ်ကိုလည်းဖြစ်ပါသည်။ဒေါသကြီးခဲ့ဖူးသူဖြစ်၍မုန်တိုင်း၏သားဟူ၍အမည်တွင်ခဲ့ပါ၏။သို့သော်ပထမရာစုနှစ်၏နောက်ဆုံးသောကာလမှာလူသိများသည့်ကြည်ညိုလေးစားခြင်းခံရသောသူဖြစ်လာခဲ့ပါသည်။ဘဝင်ယရှုနှင့်ခရစ်ယာန်သာသနာအတွက်ဘဝခရီးတစ်လျှောက်လုံးပေးဆပ်ခဲ့သောဤပုဂ္ဂိုလ်သည်ယခုအခါအိုမင်း၍သလုလုအချိန်သို့ရောက်ပါမှဖတ်မုကျွန်းမှာပြစ်ဒစ်ခံရပါသည်။ပြစ်ဒဏ်မခံရဘဲနေရလျှင်လည်းသရမည့်သူပါ။ပြစ်ဒဏ်ခံရ၍ကန္တာရမှာနေရလတော့သေခြင်းကပို၍ပင်လျှင်မြန်စွာချဉ်းကပ်လာနေမှန်းယောဟန်သိနေလောက်ပါပြီ။လိုအချိန်ကျမှပဲဘုရားသခင်ကသူ့ကိုအံ့သြဖွယ်ရူပါရုံကိုပေးခဲ့ပါသည်။သူကလည်းမြင်မြင်သမျှရူပါရုံနှင့်စံရသမျှလက္ခဏာဗျာဒိတ်ကိုအကြွင်းမထားဘဲရေးမှတ်သွားနိုင်ခဲ့ပါသည်။သခင်ယေရှု၏ဘုန်းတော်ကိုမြင်ရလျက်ရေးသားခဲ့သမျှသည်နောင်ကာလို့သမ္မာကျမ်းဝင်ဖြစ်လာကာဗျာဒိတ်ကျမ်းက(Revelation)ဟုအမည်တွင်ခဲ့ပါသည်။

ဗျာဒိတ်ကျမ်းမှာ”ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုငါမြင်၏”ဟုဇယာဟန်သက်သခံခဲ့ပါသည်။ခရစ်ယာန်တစ်ယောက်အဖို့သေခြင်းတရားသည်ချုပ်ငြိမ်းအဆုံးသတ်နိဂုံးချုပ်ရာဌာနမဟုတ်သေး။မြေမှုန့်ခန္ဓာကယိုယွင်း၍ပျက်စီးသော်လည်းအသိဝိညာဉ်ကမပျက်စီး၊ခရီးနှင်ရဦးမည်။ယေရုရှလင်မြို့သစ်ဆီသို့ရောက်ကြရဦးမည်။ဇယာဟန်ဖော်ပြခဲ့သောဗျာဒိတ်ကျမ်း၌အသစ်သောနေရာဌာန၊အသစ်သောကမ္ဘာနှင့်ကောင်းကင်၊သခင်ယေရှုပြင်ဆင်သာနေစရာအခန်းများကိုဖတ်ရှုကြရပါသည်။တကယ်တော့ခရစ်ယာန်များ၏အသိဝိညာဉ်သည်သေဆုံးခြင်း၌မပြီးပြတ်သေးဘဲမျှော်လင့်စရာနေ့ရက်များရှိနေသေးသည်ကိုသမ္မာကျမ်းစားဖော်ပြချက်များအားဖြင့်ဆက်လက်၍လေ့လာဖို့ရန်ဖိတ်ခေါ်ပါရစေ။ကျမ်းစာ၌

“ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှာ ကြံစည်သော အကြံမ ဟုတ်ဘဲ သင်တို့သည် မျှော်လင့်သောအကျိုးကို ရမည်အကြောင်းငြိမ်ဝပ်စေခြင်းငှာသာ သင်တို့အဖို့ အကြံကို ငါသိ၏။” ဟုလာပါသည်။ (‌ေယရမိ အနာဂတ္တိကျမ်း၊ ၁၉း၁၀)

(၂)

အမေ့အိမ်

အမေ့အိမ်ဟူသော ဝေါဟာရကို ပေါပေါများများ တွေ့ဖူးကြပါသည်။ တစ်ခါက တောင်ငူမြို့က “မူတရာသာ” အသင်းတော် နှစ်ပတ်လည်နေ့မှာ ပါဝင်ရတော့ သင်းအုပ်ဆရာက ကျွန်တော့်ကို ဟိုတယ်တစ်ခုမှာ တည်းခို​စေပါ ၏။ ဟိုတယ်နာမည်က “အမေ့အိမ်”ဖြစ်ပါသည်။ အမေ့အိမ်ထမင်းဆိုင်၊ အမေ့အိမ် ဆောက်လုပ်ရေး စသည်ဖြင့်လည်း ကြုံရဖူးပါသည်။ ငယ်စဉ်ကနေခဲ့ ရသော အမေ့အိမ်၏ သာယာငြိမ်သက်မှုကို အမှတ်ရနေကြသော သားသမီး များက အမှတ်တရ သတိရကြသာ အကြောင်းရင်းဟုယူဆပါ၏။ စင်စစ် လူတိုင်းမှာ မေ့မရနိုင်သော အမေ့အိမ်အကြောင်း နည်းနည်းကလေးပြောပြရပါစေ။

ဖဒိုရွာကလေးမှာ ကျွန်တော် မွေးဖွားခဲ့ပါသည်။ ပဲခူးရိုးမတောင်ခြေ ကလွင်ပြင်မှာ အဖေ့အိမ ဆောက်ထားတော့ ကျွန်တော်မွေးတောင်မမွေးသေးပါ။မြေတစ်ကွက်ကို သေချာစွာပြုပြင်၍ ခြံစည်းရိုးအခိုင်အမာခတ်ထား ပါသည်။ထို့နောက်မှာတောင်ပေါ်တက်၍ သစ်ဝါးစသည်တို့ကို ရှာဖွေစုတ်ယူခဲ့ ပါ၏။စစ်မက်ဖြစ်ပွားသောကာလမှာ သေနတ်ကျည်ဆံ၊ဓါးလှံမထွင်းဖောက် နိုင်အောင် နှစ်ထပ်ထရံကို အသေအချာယက်ပါသည်။ ကျွန်းတိုင်ရာရာကို တိုင်ထူ၍ သစ်ပျဉ်မွှေးမွှေးကိုစင်းကာ ဝါးထရံနှစ် ထပ်ကာရံလျက် သွပ်ထူထူ အမိုးမိုးထားသော အိမ်ကောင်းကောင်းတစ်လုံးကို အဖေနှင့ အမ သည်စိတ်ကြိုက်တည်ဆောက်ပြီးနောက်မှာ ကျွန်တော်မွေးဖွားလာပါသည်။ကျွန်တော်နေထိုင်ဖို့ လုံခြုံ၍ ဘေးရန်ကင်းသော အိမ်တစ်လုံးက အဆင်သင့်။အခမဲ့ နေထိုင်ရပါသည်။ အိမ်ဖိုးပေးရန်မလို။ အိမ်စဘော်ပေးရန်မလို။အိမ်လခအ တွက်လည်းမလိုသာ အသင့်နေစရာကို အဖကပြင်ဆင်ထားပါ၏။ အိမ် ဘေးမှာတော့ စားပင်သီးပင်အများကို အဖကပဲစိုက်ထား၍ အမကတော့ မွှေးသောစံပယ်၊ ယုဇနနှင့်သစ်ခွပန်းများကို စိုက်ပျိုးထားပေးပါသည်။ရေကြည် ရေအေးကို ပေးသော ရေတွင်း ကိုလည်းတူးထား၍ အဖေ့အိမ်မှာ လိုလေသေး မရှိ၊ကလေးတစ်ယောက်အတွက် အရာရာပြည့်စုံ လုံလောက်ခဲ့ပါသည်။ ထို အဖေ့အိမ်မှာ ၁၉၆၈ခုနှစ်အထိ အထက်တန်းကျောင်းသားဘဝမရောက်ခင် ကျွန်တော် ပြည့်စုံလုံခြုံ ချမ်းသားငြိမ်သက်စွာ နေထိုင်ခဲ့ရပါသည်။

လူလားမြောက်၍ လောကထဲသို့ ကျွန်တော်လျှောက်သွားရင်း တစ်ခါတစ်ရံမှာတော့ အဖေ့အိမ်သို့ ပြန်သွားဖြစ်ပါသည်။ အဖေ့အိမ်သို့ ပြန် ရောက်သွားတိုင်းဘာတစ်ခုမှ မပြောင်းလဲတာကိုတွေ့ရပါ၏။ အရင်တုန်းက အတိုင်းပဲရှိနေပါသည်။ခိုင်ခန့်လုံခြုံသောအိမ်၊နွေးထွေးသောအဖေ့မေတ္တာ၊ ကြင်နာသောအမေ၏ ကရုဏာ၊ပျော်ရွှင်စရာညီမငယ်များ၏ ဂရုပြုမှုကိုခံရပါ ၏။ ငယ်ရည်စားကလေး မနှင်းဆီ၏ဓါတ်ပုံဟောင်းကလေးကိုတောင် အဖေက သိမ်းထားကာ ပြန်လာပြ၍ ရင်ခုန်ရယ်မောစရာများကို ပြောနေသေးသည်။ခြံ ထွက်သစ်သီးများကို အဝစား၍ ရေကြည်ရေအေးကို လုံလောက်စွာ သောက် သုံးကာ စံပယ်ပန်းဖြူဖြူများ၏ရနံ့ကိုလည်း ရှူရှိုက်ရတာ အမောပြေလှပါ၏။ အမေက နှင်းဆီပန်းကျတော့ မစိုက်ဘူးဟု ကျွန်တော်ကပြစ်တင်စကားပြော လျှင် သူမကရယ်၍ နှင်းဆီပန်းက မင်းအပေါ်မှ မကောင်းခဲ့တာပဲဟု ပြောပါ သည်။အရင်က ဝေဒနာများသက်သာအောင်၊ အဖေကလည်း အစားထိုးပန်း များအကြောင်း ပြောပြပါသည်။မည်သို့ပင်ဖြစ်စေ လောကခရီးလမ်းမှာ မာ ပန်းသောအခါ အဖေ၏ ကျေးလက်အိမ်သို့ ပြန်သွားကာ ဂွန်အားယူရပါ၏။ စိတ်ချမ်းသာစွာနှင့် ပြန်လာခဲ့ရ ပါသည်။ ကျောင်းသာလည်းမလို၊ငွေထောင် လည်းမလို၊စက်စဲငပလီမမီသော အပန်းဖြေခြင်းကိုရခဲ့ပါသည်။ ဟာဝိုင်ယီနှင့်ဘာလီကျွန်း အပန်းဖြစခန်းများမှာတောင်မှ အဖုအိမ်လိုမျိုး ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်း၊ ခွန်အားပြည့်ခြင်းကို မရနိုင်တာသေချာပါသည်။

အိမ် ..အိမ်ဆိုတာကို ဘယ်လိုယူဆပါသလဲမိတ်ဆွေ၊ ကျွန်တော် ကတော့ ချစ်ခြင်းမေတ္တာစုသာနေရာ၊ နာလည်းပေးခြင်းနှင့် သက်တောင့် သက်တာရှိခြင်းတို့ ပြည့်စုံသောနေရာ၊လုံခြုံစိတ်ချ၍ ငြိမ်းချမ်းသောနေရာဟု အဓိပ္ပါယ်ဖွင့်ဆိုပါရစေ။ထို့ကြောင့် အဖေ့အိမ်ကို အမြဲအောက်မေ့နေတတ်တာ ပါ။အဖေ့အိမ်မှာ ကာယဉာဏနစ်ဌာနသာမက၊ ဝိညာဉ်ရေးမှာလည်း များစွာ တည်ဆောက်စရာရှိပါသည်။ ဒါကြောင့်လည်း အဖေ့အိမ်ကိုချစ်၍ အခွင့်ရလျှင် ပြန်သွားချင်နေခဲ့ပါသည်။ သို့သော်လည်း အဖေ့အိမ်ကို စိတ်ရှိတိုင်း မပြန်နိုင် တာက“ဘဝ”တစ်ခုပါပဲ။အထက်တန်းပညာ တက္ကသိုလ်ပညာများ သင်ယူခဲ့ သောအချိန်များမှာ အဖေ့အိမ်ကို မပြန်နိုင်သလိုလုပ်ငန်းခွင်ရောက်တော့လည်း တာဝန်ဝတ္တရားနဲ့ နှစ်ပါးဂဟေဆက်ရတာမို့ အဖေ့အိမ်ကိုပြန်ဖို့ခက်ခဲခဲ့ပါရဲ့။အိမ်ထောင်ရက်သားကျပြီးပြန်တော့ သာ၍ပင် ဝေးကွာရပါသည်။သမီးသားနဲ့ စီးပွားအရေးမှာ ရုန်းကန်ရင်း ကျင်လည်ခဲ့ရလေတော့ အဖုအိမ်ကိုစိတ်လာရိုး မပြန်နိုင်တာသိသာခဲ့ပါသည်။ အနုပညာနယ်ပယ်မှတဆင့် ဓမ္မဝန်ဆောင်သူ ဖြစ်လာပြန်တော့ ပို၍ပင်ဝေးရပါ၏။ ယခုအချိန်မှာတော့ ကျွန်တော်ကိုယ်တိုင် လည်း အိမ်ဆောက်ရပါ၏။ သားသမီးများနေဖို့ ကျွန်တော်ဇနဖို့၊ ကျွန်တော့်ဇနီး နေဖို့ပါ။ အိမ်ကိုထောက်ပြီး၍နေသော်လည်း မကျေနပ်မှုတစ်ခုတော့ရှိပါ၏။ အဖေ့အိမ်ကို မမီ။အမေ့အိမ်လောက် မငြိမ်းချမ်း။မပြည့်စုံဟု အောက်မေ့နေ တာကိုတော့ ဝန်ခံရပါ၏။အသေးဆုံးတစ်ခုပဲ နှိုင်းယှဉ်ပါရစေ။ကျွန်တော့်အိမ်က ပေ၂၀ x ၆၀ပေ မြေကွက်မှာဆောက်ထားတာပါ။ အဓဇအိမ်က မြေတစ်ဖက ပေါ်မှာ ဆောက်ထားတာပါ။ကျန်တာကိုတော့ ဆက်ပြီးမပြောပါရစေနဲ့တော့။

အိမ်သို့ ပြန်မရောက်သေးခင်မှာ

– ဆင်မြူရယ်မောရစ်ဆင် (Samuel Morrison)လိုသောသာသနာပြုဆရာတစ်ပါးရှိပါသည်။အမေရိကန်နိုင်ငံသားဖြစ်၍သတ္တိကောင်းသာအမှုတော်ထောင်သည်အာဖရိကတာနက်များထဲသို့လှည့်လည်ကာဧဝံဂလိတရားဟောကြားရာနှစ်ပေါင်း(၂၅) နှစ်ကြာသွားပါ။ထိုနှစ်ကာလအတွင်းမှာများစွာပင်ပန်းလင်းရဲ၍ကြိုးစားကဲ့ရပါသည်။အာဖရိကမှလူများစွာသည်သူ့အားဖြင့်ခရစ်တော်ကိုသိလာကြပါ၏။ပင်ပန်းနွမ်းနယ်၍သက်ကြွယ်ချိန်ရောက်လျှင်ဓနရင်းဒေသအမရိကန်ပြည်သို့ပြန်လာပါ၏။တကယ်တော့သူ၏ကျန်းမာရေးလည်းမကောင်းတော့တာမို့စသဖို့ရန်ပြန်လာတာလည်းဖြစ်ပါ၏။တိုက်တိုက်ဆိုင်ဆိုင်သူစီးလာသောသင်္ဘောမှာအမေရိကန်နိုင်ငံသမ္မတရုစဗဲ့လည်းပါလာပါ၏။သင်္ဘောသည်နယူးယော့ဆိပ်ကမ်းသို့ရောက်လျှင်ကမ်းလုံးညွှတ်မျှပရိသတ်ကိုတွေ့ရပါ၏။ခရီးထွက်ရာမှပြန်လာသောသမ္မတကိုလာ၍ကြိုဆိုကြပါသည်။မိန်းကလေးများကပန်းရောင်စုံနှင့်ကခုန်၍ကြိုဆိုကြပါသည်။ထောင်နှင့်ချီသောရောင်စုံပူဖေါင်းများ၊အလံများကလေထဲမှာဝဲပျံနေကြပါသည်။ပရိသတ်၏လက်ခုတ်သံ၊အော်ဟစ်သံတို့ကလည်းသူညံ၍နေပါသည်။

ပန်းများနှင့်လက်ဆောင်ထုပ်များစွာဖြင့်သမ္မတကြီးခမျာကြီးကျယ်ခမ်းနားစွာကြိုဆိုခံရသည်ကိုကြည့်ရင်းလူဒခိုကြီးဆင်မြူးရယ်မာရစ်ဆင်သက်ပြင်းချနေမိပါသည်။စိတ်ထဲမှလည်းညည်းတွားနေမိပါသည်။ဘုရားသခင်ကိုမေးခွန်းထုတ်တယ်လို့ပဲပြောပါတော့။အို၀အဖဘုရားသခင်။ဒါကတော့လုံးဝ(လုံးဝ)ကို၀-ရားမမျှတတာပါပဲကလား၊အာဖရိကတိုက်ကိုသုံးပတ်လောက်အလည်သွား၊အပန်းဖြေစရာလို့သဘောထားပြီးအမဲလိုက်ခဲ့တဲ့သမ္မတရုစဗဲ့ပါဗျာ။တိရစ္ဆာန်တွေကိုသက်ဖြတ်၊ပစ်ခတ်ပြီးလူတွေလည်းမနေရ၊သမ္မတပျော်ပါးဖို့လုပ်ပေးရ၊ကျွေးမွေးရနဲ့ပင်ပန်းစေတဲ့သူပါ။သူတစ်ယောက်ရဲ့အပန်းဖြစရီးမှာအခြားလူအတွက်အကျိုးလည်းမရှိဘဲနဲ့သက်သက်မဲ့ဖြန်းတီးနေတဲ့ကိစ္စသာရှိတဲ့လူတစ်ယောက်ရဲ့အပြန်ခရီးကမခမ်းနားလွန်းဘူးလားသခင်။ကျွန်တော်ကတော့သင့်အတွက်ဦးဆွေးဆံမြေ့အမှုတော်ဆောင်ရင်း(၂၅) နှစ်တောင်ကုန်သွားခဲ့တာပါ။ဒီရက်တွေမှာကိုယ့်အတွက်ပျော်စရာလည်းမရှာခဲ့ပါဘူး။ကျွန်တော်ပြန်လာတော့လူတစ်ယောက်မျှလာပြီးမကြိုဆိုသလိုဂုဏ်ပြုဖို့မဆိုထားနဲ့နှုတ်ဆက်ဖော်တောင်မရပါဘူးနည်းနည်းတော့သနားစရာမကောင်းဘူးလားသခင်။ကျွန်တော်ကိုသခင်ဘယ်လိုဆက်ဆံလိုက်တာလဲဟုကြေကွဲစွာရေရွတ်နေစဉ်မှာပဲသူ၏နားထဲသို့အသံတော်တိုးတိုးတစ်ခုဝင်လာပါသတဲ့။သူအံ့သြမှင်သက်စွာကြားလိုက်ရသောဝိညာဉ်တော်၏စကားသံက

“ချစ်သောသား အခုကိစ္စက အိမ်ကိုမှ ပြန်မရောက်သေးတာပဲ ကလေးရယ်”

လောကမှာ သွားလာစဉ်ကာလ ပင်ပန်းခြင်းများကို ကြုံတွေ့ရတာ က မလွဲမရှောင်နိုင်သောကိစ္စပါ။ တစ်ပါးအမျိုးသားတွေ ကြွယ်ဝပြည့်စုံတာ စိတ်ချမ်းသာကိုယ်ကျန်းမာ၍ လိုရာဆန္ဒပြည့်ဝသောအခါ ခံစားရတာ၊ဘုရား သခင်ကို မေးခွန်းထုတ်မိပါသည်။ စဉ်းစားကြည့်ပါဦးမိတ်ဆွေ၊ ဆိုကြပါစို့ ၊

အသက်တာမှာ နာမကျန်းဖြစ်နေတာက ခပ်များများလားကွယ်။

 အသက်တာမှာ အောင်မြင်ခြင်းထက် ဆုံးရှုံးမှုက ပိုနေသလားနော်။

 အသက်တာမှာ ရုန်းကန်ရတာ ပို၍ အချိန်ကြာနေသလားဟင်။

 အသက်တာမှာအထီးကျန်စွာနေထိုင်ရတာမျိုးရှိနေပါသလား။

အသက်တာမှာ ဆာလောင်သောနေ့ရက်က ဝစွာစားရသောနေ့ ထက် များနေပါသလား။

သက်တာမှာ ပျော်စရာနည်းနည်း၊ ဝမ်းနည်းစရာများများ ဖြစ်နေ

တာလည်း ရှိမှာပေါ့ ၊

 စသည်ဖြင့် အသက်တာမှာ ပင်ပန်းခြင်း၊ ဆာလောင်ခြင်း၊ ဝမ်းနည်းခြင်း၊ အထီး ကျန်ခြင်းကို မကျေနပ်သော်လည်း မတတ်နိုင်ဘဲ ဘဝဆိုတာ စိတ်ပျက်စရာဟု အောက်မေ့သောသူလည်းရှိပါသည်။ ဂေါက်ရှာငှက်ပျံလာကဓံဟုထိုးပမယ့် ရေစီးတစ်ဝါ ရေတစ်လှည့်ဟု လောကနီတိရှိသော်လည်း တစ်ခါမျှ ခေါင်းမ ဖော်ရသောအခါ ရေစီးတစ်ခါ ရေစီးတစ်ခါပဲဖြစ်နေသာအခါ ထင်မြူးရယ်မာ ရစ်ဆင်၏ သက်သေခံချက်ကို သတိရဖို့ပါ။

“ချစ်သောသား အခုကိစ္စက အိမ်ကိုမှ မရောက်သေးပဲကလေးရယ်”

“ချစ်သောသမီးအခုကိစ္စက အိမ်ကိုမှ မရောက်သေးပဲကလေးရယ်” အိမ်နှင့်ပတ်သက်သော ဂတိတော်တစ်ခုကို သခင်ယေရှုထားရစ်ခဲ့ပါ၏။တဖန် တုံရှုက သင်တို့စိတ်နှလုံးပူပန်ခြင်းမရှိစေနှင့်။ဘုရားသခင်ကို ယုံကြည်ကြ လားငါ့အဖ၏ အိမ်တော်၌ နစရာအခန်းအများရှိ၏။သို့မဟုတ်လျှင် မဟုက်

ကြောင်းကိုသင်တို့အားငါမပြောဘဲမနေ။သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှာငါသွားရ၏။ငါသည်သွား၍သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းပြီးမှတဖန်ပြန်လာ၍ငါရှိရာအရပ်၌သင်တို့ရှိစေခြင်းငှာသင်တို့ကိုငါ့ထံသို့သိမ်းဆည်းမည်ဟူ၍ဖြစ်ပါသည်။ (ဒယား၁၄း၁-၃)ဒုက္ခခပ်သိမ်းကင်းငြိမ်းသောအိမ်ရှိရာသို့တစ်နေ့မှာသခင်၏သိမ်းဆည်းခြင်းဖြင့်ကျွန်တော်တို့ရောက်ကြရသာအခါဘယ်လိုမျိုးကြုံတွေ့နေထိုင်ရမည်ဟုခန့်မှန်းပါသလဲမိတ်ဆွေ၊ကလေးငယ်တစ်ယောက်လိုသာယာသောအိမ်ကလေးတစ်လုံးကိုစိတ်ကူးကြည့်ရအောင်။ထာဝရအသက်တာမှာနေထိုင်စရာအိမ်တစ်လုံးထာဝရပျော်ရွှင်ခြင်းကိုသိုလှောင်မည့်အိမ်ကလေးကဘယ်လိုများဖြစ်မှာပါလိမ့်။ The better land(သာ၍မြတ်သာကောင်းကင်ရွှေပြည်)အမည်ရှိဓမ္မလင်္ကာတစ်ပုဒ်တွင်မူ

“သာ၍မြတ်သော ကောင်းကင်ရွှေပြည် ရူပါရုံတွင် ငါမြင်မက်၏။ ပြည်အလုံးသည် ထွန်းတောက်ရောင်ခြည် ဘုန်းတော်နှင့်ပြည့်နှက်လျက်ရှိ၏။ ချစ်ရွှေပြည်တော်၊ ပျော်ရွှင်ဖွယ်လေ၊ ဘုန်းတော်ရာင်ခြည်၊ ထွန်းတောက်ပလေ။ သာယာကမ်းခြေ၊ ငါတို့ဆိုက်ရောက်။

နံနက်မိုးသောက်၊ မှောင်မိုက်လွင့်ပျောက် …”

 ဟူ၍လာပါသည်။ (မြန်မာဓမ္မသီချင်းနံပါတ် ၃၆၉)လင်္ကာဆရာနှင့် အပြိုင်စဉ်း စားတွေးတောကြည့်တော့ ကျွန်တော်တို့ ဘယ်လိုရည်မှန်းထားပါသလဲ။ တစ် ထပ်တိုက်ပုကလေးတစ်လုံးများဖြစ်နေမလား။ လှပသောတိုက်အိမ်နှင့် ရေကန် ကလေး၊ ပန်းဥယျာဉ်ပါလျက်နှင့် အပန်းဖြသစ်သားထိုင်ခုံလှလှကလေးများ လည်း ရှိနေနိုင်တာပါပဲ။ သစ်လုံးအိမ်၊ ရွံ့အိမ်၊ ရဲတိုက် သို့မဟုတ် ရွက်ဖျင်တဲ၊ လယ်တာစောင့်ကျေးလက်အိမ်စသည်ဖြင့် ကမ္ဘာပေါ်မှာ မြင်ဖူးသမျှ အိမ်အ မျိုးမျိုးထဲကမှ အလှဆုံး၊ အခိုင်ခန့်ဆုံးအိမ်များဖြစ်နေမလား။ ကိုယ့်စိတ်ကြိုက် အတိုင်းရမည်ဆိုလျှင်တော့ ဝါသနာအားဖြင့် ကျွန်တော်က လှတာကိုမက်၍ ညစာခက်နေတာဖြစ်တာမို့ အိမ်လှလှကလေး (မခိုင်ချင်လည်းနေ)ကိုရွေး မိမှာပဲ။ ကျွန်တော့်ဇနီး၊မွန်မကြီးကတော့ လှတာထက် ခိုင်ခန့်တာကို နှစ်သက် သူဖြစ်လေတော့ သေချာတာက သူရွေးသောအိမ်မှာ မလှမပနှင့် ထုထည်ကြီး ကြီး ခိုင်ခန့်သောအိမ်ဖြစ်မှာ သေချာပါသည်။ မိတ်ဆွေကော ဘယ်လိုမျိုးအိမ် ကို ရွေးချယ်မှာပါလဲ။

သို့သော်လည်း လွန်ခဲ့သောနှစ်ပေါင်းများစွာက တမန်တော်ကြီး ရှင်ယောဟန်က ကျွန်တော်၊ ကျွန်မတို့အတွက်အိမ်ကို မြင်ခဲ့ရပါသည်။သူ၏ ရူပါရုံမှာ ထင်ရှားသောအိမ်သတင်းက ပတ်မုကျွန်းမှတစ်ဆင့် ကမ္ဘာ့အရပ်ရပ် သို့ ပြန့်နှံ့ခဲ့ပါပြီ။ ကျွန်တော်တို့အတွက်အိမ်ကို ကျွန်တော်တို့၏သခင်က ပြင်ဆင် ထားခဲ့ပါပြီမိတ်ဆွေ။လွန်ခဲ့သော လေးငါးနှစ်က အက်ဂရာ (Agra)ဆိုသည့် အိန္ဒိယနိုင်ငံကမြို့ဟောင်းဆီ အလည်ရောက်ခဲ့ပါ၏။ အိန္ဒိယနိုင်ငံ၊ အက်ဂရာ မြို့သည် ကမ္ဘာ့၌ ထင်ရှားသော အဆောက်အဦးတစ်ခုကို ပိုင်ဆိုင်ထားပါ၏။ ယမုံနာမြစ်ကမ်းနဘေးက တပ်ခ်ျမဟာ (Taj Mahal)အမည်ရ ဘုရင်ကတော်၊ မိဘုရားတစ်ပါး၏ သချိုင်းဗိမာန်ကြောင့်ဖြစ်ပါသည်။ ခမ်းနားထည်ဝါ လွန်း၍ ဂုဏ်သတင်း ကျော်ကြားလှသော တပ်ခ်ျမဟာကိုရောက်၍ ကြည့် မျှော်တွေးရသောအခွင့်ရှိလျှင် ရှင်ယောဟန်ဖော်ပြသော နှုတ်ကပတ်တော်ကို သတိရအောက်မေ့မိပါသည်။

ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့ နည်းဟူမူကား ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွေ့သွားကြပြီ။ထိုအခါမှ စ၍ သမုဒ္ဒရာမရှိ၊ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့သစ်သည် မိမိခင်ပွန်းဖို့ တန်ဆာဆင်သာမင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်ဘုရားသခင်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင်၏။ (ဗျာ၊ ၂၁၁ -၂)

မင်္ဂလာမတင်သတို့သမီးသည် သူ၏ခင်ပွန်းအတွက် အလှပဆုံး ဖီးလိမ်းခြယ်သ၊ ဝတ်စားဆင်ယင်တာမျိုး တွေ့ဖူး၊ ကြုံဖူးကြမှာပါ။မင်္ဂလာနေ့မှာ သတို့သား(ခင်ပွန်း)ထံသို့ မိမိကိုယ်ကို အပ်နှင်းမည့် သတို့သမီးသည် အသား စိတ် စီစဉ်ပြင်ဆင်ပြီးမှ အလှပဆုံးဝတ်စားဆင်ယင်ခြယ်သပြီးမှ မင်္ဂလာပွဲသို့ ရောက်လာ တတ်သောသဘောရှိပါ၏။ဘာကြောင့်များ အဲသလိုလုပ်ရပါသလဲ။ ချစ်သူအတွက်၊ ခင်ပွန်းအတွက်၊ မေတ္တာနှင့် ချစ်ခြင်းနှင့် စေတနာအပြည့်ထား ၍ လှပလွန်းသာခန္ဓာကို အပ်နှင်းချင်တာကြောင့်ပါ။ အဖဘုရားသခင်သည် လည်း ချစ်ခြင်းမေတ္တာနှင့်ကျွန်တော်တို့ကို အပ်နှင်းမည့် အိမ်တစ်ခန်းကို စေတ နာ အပြည့်လား၍ ပြင်ဆင်ထားကြောင်းကို ရှင်ယောဟန်က မျက်မြင်တွေ့၍ သက်သေခံသာ နှုတ်ကပတ် တော်ဖြစ်ပါသည်။ တပ်ချမဟာကိုခင်ပွန်းသည် က ဇနီးအတွက် ဘယ်လိုပြင်ဆင်ထားသလဲဆိုတာ နည်းနည်းတော့ တင်ပြခွင့် ပြုပါဦး မိတ်ဆွေ။

မေတ္တာနှင့်ပြင်ဆင်ထားသောစံအိမ်

 – ကမ္ဘာပေါ်မှာ ထင်ရှားလွန်းသော ဇနီးမောင်နှံ၏ ချစ်ခြင်းမေတ္တာ သင်္ကေတတစ်ခုဖြစ်သည့် တပ်ခ်ျမဟာကို (၁၆၃၂)ခုနှစ်မှ(၁၆၅၃)ခုနှစ်တိုင်အောင် တည်ဆောက်ခဲ့ရပါသည်။(၂၁)နှစ်တောင်ကြာခဲ့ပါသည်။ဇနီးသည်၏ လဲလျောင်းရာဌာန၊ရုပ်ခန္ဓာကို သိမ်းဆည်းရာ သင်္ချိုင်းဂူတစ်ခုကို ရှားဂျဟန် (Shah Jahan) ဘုရင်သည် ကြီးသော မေတ္တာနှင့် တည်ဆောက်ခဲ့ပါ၏။ သလင်းကျောက်၊အဖြူများနှင့်တကွ ရောင်စုံကျောက်မျက်ရတနာများကို အသုံးပြု၍ သာယာသောယမုံနာမြစ်ကမ်းနံဘေးလွင်ပြင်၌ တည်ဆောက်ရာ ခိုင်ခန့်၍ မြင့်မားသော အုတ်တံတိုင်းဖက်နှင့် ကာရံထားပါသည်။ အနီရောင်သဲကျောက်မျှော်စင်များက အုတ်တံတိုင်းထောင့်များမှာ မြင့်မားစွာတည်ရှိ၍နေပါ သေးသည်။ မိုးကောင်းကင်သို့ ထိုးထွက်နေသော မျှော်စင်နှင့် မြင့်မားလွန်းသောတံတိုင်းအရံအတားများက ဘာမှမဝင်နိုင်၊ မနှောင့်ယှက်နိုင်အောင် လုံခြုံ လှပါသည်။ အပြင်မှာတောင် ထိုမျှဝမ်းနားနေလေတော့ အတွင်းမှာ သာ၍ကြီး ကျယ်လပြီပေါ့။ သလင်းကျောက်ဖြူ၊ဓရာင်စုံကျောက်သားနှင့် တန်ဖိုးကြီး ဗိသုကာပညာရပ်တို့ဖြင့် တောက်ပသာသချိုင်းသည် လှပလွန်းသဖြင့် နန်းတော်များကပင် အရှုံးပေးရပါ၏။ အမိုးအကာ ၊ အခင်းအားလုံး ပြောင်လက် တောက်ပကာ အာရပ်ကမ္ဘာ၏ ပရဒိသုဘုံဟူ၍တောင် တင်စားခေါ်ဝေါ်ကြ ရပါသည်။ ပန်းဥယျာဉ်၊စမ်းရနှင့် သန့်ရှင်းသောလပြည်၊ ဓနွေးထွေးသာန ကြည်ကြားမှာ တပ်ရ်မဟာသည် ကမ္ဘာလှည့်ခရီးသည်များကို အံ့ဩ၀င္မာ စေပါသည်။

ကမ္ဘာ့အံ့ဖွယ်(၇)သွယ်၌ စာရင်းဝင်သာတပ်ခ်ျမဟာသည် ကျွမ်း ကျင်သာတည်ဆောက်ရေးလုပ်သားနှစ်သောင်း၏ လုပ်အားဖြင့် နှစ်ပေါင်းနှစ် ဆယ် တည်ဆောက်ခဲ့ရပါ၏။ အသေးစိတ်ပြင်ဆင်မွမ်းမံသမျှသည် ဘုရင် ကြီးရှားဂျဟန်၏ မေတ္တာစေတနာဖြစ်ပါသည်။ (၁၄)နှစ်မျှသာ ပေါင်းဖက်ခဲ့ရသာ ကြင်နာသူဇနီးသည်အတွက်ပြင်ဆင်ရင်း သူကိုယ်တိုင်လည်း သေဆုံး သွားလျှင် ဇနီးသည်အနား လျောင်းစက်ချင်ခဲ့ပေမယ့် သူကဖြင့် ထိုနေရာမှာ သဂြိုဟ်ခြင်းမ ခံရရှာပါ။ ဝမ်းနည်းစရာကိစ္စတော့ဖြစ်ခဲ့ပါ၏။ သို့သော်လည်း ဇနီးသည်ကိုချစ်၍ ရှိရှိသမျှဥစ္စာကိုသုံးပြီး၊ နှစ်ပေါင်းများစွာ မေတ္တာနှင့်တည်ဆောက်ပေးခဲ့သမျှ အလဟဿတော့ မဖြစ်ခဲ့ပါ။မေတ္တာရှင်၏ နှလုံးသားကို ဖော်ပြသက်သေခံလျက်ရှိပါသည်။ ဘုရားသခင်ကလည်း ကျွန်တော်တို့အ တွက် အိမ်ပြင်ဆင်ပေးသောအခါ ရှားဂဟန်ထက်တော့ မညံ့နိုင်ပါ။ ဘုရား သခင်၏ ချစ်ခြင်းမေတ္တာ၊ ရှားဂျဟန်ထက် ပို၍ကြီးမား ကျယ်ပြန့်သည်ကို သတိ ပြုစေလိုပါသည်။ ထိုမေတ္တာဖြင့် တည်ဆောက်ပေးသာအိမ်၊ ကောင်းကင်စံ အိမ်သည် ခပ်ညံ့ညံ့မဟုတ်တာတော့ သချာပါသည်။ ကမ္ဘာ့ပေါ်မှာရှိသော စံအိမ်များ ထက်တောင် ပို၍ ကောင်းမှာပါ။ ကျွန်တော်တို့၏အိမ်များလိုလုံခြုံမှုအားနည်း၍ ရေကြီးမှာလည်း စိတ်ပူစရာ မရှိ၊မုန်တိုင်းတိုက်၍ ပြိုပျက်မှာလည်း စိုးရိမ်စရာမရှိ။ခိုင်ခန့်၍လှပသော အိမ်ဖြစ်ပါလိမ့်မည်။

အနုစိတ်ပြင်ဆင်ထား ‌ေသာစံအိမ်

ကောင်းကင်စံအိမ်နှင့်သက်ဆိုင်သောရှင်ယောဟန်၏ ဖော်ပြချက် တစ်ခုမှာ “မိမိခင်ပွန်းဖို့ တန်ဆာထင်သာ မင်္ဂလာဆောင်သတို့သမီးကဲ့သို့”ဟု ၍ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့်” Prepared as a bride beautifully dressed for her husband” (Rev.21:2)ဖြစ်ပါတယ်တစ်ကယ်တော့ မင်္ဂလာဆောင်ပွဲတစ်ခုလောက် အသေး စိတ်ပြင်ဆင်ရတာမျိုး လောကမှာမရှိ ဟု ကျွန်တော်ယူဆပါသည်။ကိုယ်တိုင်လည်း မင်္ဂလာပွဲတစ်ပွဲမှာ အလှပဆုံးသူ က သတို့သမီးအားလုံး ဆန္ဒရှိ၍ တပင်တပန်းကြိုးစားစီစဉ်ကာ အနုစိတ်၊ အသေးစိတ် ပြင်ဆင်ထားလေ့ရှိပါသည်။ ။

မိမိချစ်သောခင်ပွန်းထံသို့ အပ်နှံမည် ခန္ဓာတစ်ခုလုံး၊တစ်နေရာမှ ပုံဆိုးပန်းဆိုး မဖြစ်စေရပါ။ဆံပင်တစ်ချောင်းချင်း၊အရေးပြားတစ်လက်မချင်း မှစ၍ သန့်စင်ထားကြပါ၏။ လက်သည်းကလေးတစ်ခုကို ဆေးခြယ် သည်မှစ၍ နံ့သာလိမ်းကျံ၊ ပန်းများပန်သည်အထိ အလွန်တရာဂရုစိုက်ကြပါသည်။ အမှားအယွင်း၊ အစွန်းအထင်းမဖြစ် စေရပါ။ လွန်ခဲ့သောလကလွိုင်ကော်မြို့သို့ ကျွန်တော်ရောက်ခဲ့စဉ် ကယားလူပျိုတစ်ယောက်၏ မင်္ဂလာပွဲသို့ တက်ရောက် ခဲ့ပါသည်။ကယားလူမျိုးတွေ၏ ဓလေ့ထုံးစံမှာ နံနက်စောစော ထိမ်းမြားမင်္ဂလာ ဆောင်နှင်းတတ်ကြပါသည်။ နံနက်(၈)နာရီမှာ စတင်မည့်မင်္ဂလာပွဲအတွက် တစ်ညတာလုံးလုံး သတို့သမီးက အလှပြင်နေခဲ့ပါ၏။ မင်္ဂလာပွဲစတော့ သူ့ များအိပ်ချင်နေပါပြီ။ သို့သော်လည်း အားတင်းကာ မျက်လုံးပြူးထားရပါသည်။ အတော်ပင်ပန်းရှားသော်လည်း ပျော်ရွှင်ဝမ်းမြောက်နေဟန်ကတော့ ရာခိုင်နှုန်း ပြည့်ပါပဲ။တကယ်တော့ အသက်(၃၈)နှစ်မှာမှ အိမ်ထောင်ပြုရသော မိန်းက လေးသည် ငယ်ရွယ်သူတွေလိုတော့ မဟုတ်တော့ပါ။ဝဝလှလှဖြစ်နေတာကြောင့် မင်္ဂလာပွဲ မတိုင်မီ   အလေးချိန်လျော့ရပါ၏။ အထိရရပါ၏။ ကြိုကြို ကြားကြား ဖြူချင်နေသောဆံပင်များကို အားလုံးအရာင်ထိုးရသည်။ အသား လှဘီလူးရ လိမ်းရပါသည်။လေ့ကျင့်ခန်းလုပ်ရပါသည်။ အစားအသောက်ဆင် ခြင်၍ နေပူထဲလည်း မထွက်ဘဲနေရပါ၏။ တော်တော်ကြိုးစားထားတာမို့ မင်္ဂလာပွဲနေ့မှာ (၃၈)နှစ်ထက်ငယ်နုသော သဏ္ဌာန်ကို မြင်ရပါသည်။ သွား ဆရာဝန်နှင့် ညှိထားသောသွား၊ အလှဆီများတန်ခိုးနှင့် ဝင်းမွတ် သောမျက် နှာ၊လေ့ကျင့်ခန်းများအားဖြင့် သွယ်လျသောရန္ဓာကိုယ်နှင့် လေ့ကျင့် ထားသော အပြုံးများဖြင့် အလွန်ကိုလှပ၍ ကျက်သရေရှိပါ၏။

`

 အဝတ်အစား၊ လက်ဝတ်ရတနာ၊လက်ကိုင်ပန်း၊ဇာပုဝါ၊ ရင်ထိုးရင် ကပ်၊ကတ္တီပါဖိနပ် စသည်ဖြင့် များပြားလှသည့် ဆင်ယင်မှုကိစ္စ၊ဆံပင်ပုံစံ၊ မျက်နှာမိတ်ကပ်၊နှုတ်ခမ်းနီ၊ပါးနီ၊ မျက်နှာချေ၊ ပေါင်ဒါမှစ၍ များပြားလှသော ချယ်သခြင်းကိစ္စတွေကိုလည်းသတို့သမီးသည် အသေးစိတ်၊ အနုစိတ် ပြင်ဆင်

ထားခဲတာမို့ တစ်ခုမှ အချွတ်အချော်မရှိပါ။ ကျက်သရေမင်္ဂလာအပေါင်း ခညောင်း၍ သတို့သား၏နှလုံးသား ဆတ်ဆတ်တုန်အောင် ဆွဲဆောင်နိုင်လေသည်။သတို့သားကို အချို့က(၃၈)နှစ်အပျိုကြီးကိုမှ ရွေးရသလားဟု တင်စီးပြောဆိုဖူးသူများလည်း ထိုနံနက်မှာ မင်္ဂလာဆောင်သော ကယား အပျိုမကိုကြည့်၍ (၃၈)နှစ်တော့မဟုတ်လောက်ဘူး။(၂၈)နှစ်ပဲရှိဦးမယ်။ နုလိုက်တာ၊ ချောလိုက်တာ၊ လှလိုက်တာဟု တောင်းပန်စကားနှင့် ရောနှောသော ချီးမွမ်းစကားကို ပြောဆိုကြပါသည်။စင်စစ် ထိုမိန်းမသည် ခင်ပွန်း သည်ထံ အပ်နှံရန်အတွက် မိမိခန္ဓာကိုယ်ကို အလှဆုံးဖြစ်အောင် အသေးစိတ် ပြင်ဆင်လာခဲ့တာ မေတ္တာအားဖြင့်သာဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် လက်ထပ်ခဲ့သောနေ့ကို အောက်မေ့မိပါသည်။ ကျွန်တော်၏သတို့သမီးဖြစ်သော မိခင်နွဲ့နွဲ့သည် ရှည်လျားသာထံနွယ်ကို လှပစွာထုံးနှောင်လျက် အပြာ ရောင်သစ်ခွတစ်ပွင့်ကို ပန်ဆင်ထားပါ၏။မျက်နှာမှာလည်းဝင်းဖန့်၍ နွဲ့နွဲ့က လေးပြီးနေသာ ရှက်တတ်သာအမူအယာကို မြင်ရပါ၏။ ပန်းနုရောင် အင်္ကျီ၊ ထမီ နှင့်ပြာလဲ့လဲ့ပုဝါရှည်သည် လေမှာလွင့်မျောကာ ကဗျာဆန်စွာ လှမ်းလာ သည် ကို မြင်လျှင် နှလုံးခုန်ရပ်တော့မလားဟု ထင်ခဲ့ရပါ၏။ ဓမ္းသာနံ့သာကို သူမသုံးစွဲ၍ တကယ်ပဲ ရွှင်လန်းခဲ့ရသော မင်္ဂလာနေ့ဖြစ်ခဲ့ရတာပေါ့။

ကမ္ဘာဦးကျမ်းမှာတော့ ဘုရားသခင်ကလူသားများကို မဖန်ဆင်းခင် မှာ လူသား(အာဒံ) နေထိုင်ဖို့ရန်အတွက် ဧဒင်ဥယျာဉ်ကို ပြင်ဆင်ထားပါသည်။လူသားများအတွက် သင့်တော်မည့်ဓနရာ၊ဂဟာကို ကမ္ဘာ့အဖြစ်တည်ေဆာက်ပေးခဲ့တာမို့ ဘာဆိုဘာမှ လိုလေသေးမရှိခဲ့ပါ။အာဒံအတွက် ဧဒင် ဥယျာဉ်ကို ကောင်းမွန်ပြည့်စုံအလျင်ဖန်ဆင်းပြီးမှ သူ့ကို နေရာချထားပေးပါ သည်။ ကျမ်းစာ၌ “ထာဝရအရှင်ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသောလူကို ထို ဥယျာဉ်၌ နေရာရတော်မူ၏။ ထိုမြထဲက အဆင်းလှ၍ စားဖွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင် ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ် အလယ်၌ အသက်ပင်လည်းရှိ၏။”ဟုလာပါသည်။ (က၊ ၂း၈-၉)

စိတ်ကူးထဲမှာ ဘုရားသခင် အတော်ကလေး အသေးစိတ်၊ အနုစိတ် ဆောင်ရွက်စိုက်ပျိုးထားသည်ကိုမြင်ရပါသည်ချစ်သာသားသမီး၊ အာဒံနှင့် ဧဝအတွက် ဘုရားသခင်က နေစရာ၊သာယာသည့်ဥယျာဉ်ကို ကျကျနန ကြိုတင်ပြင်ဆင်ထားပါ၏။ အာဒံနှင့်ဧဝက မပင်မပန်းဘဲ ချမ်းချမ်းသာသာ ဝင်ရောက်နေထိုင်ခံစားခဲ့ရသာအကြောင်း ရှိခဲ့ပါသည်။ မြေကြီးပေါ်မှာ ဘုရား သခင်က အသေးစိတ် ပြင်ဆင်ထားလျှင် ကောင်းကင်အိမ်ကို သာ၍ပင် အသေးစိတ်ပြင်ဆင်ထားမှာပါ မိတ်ဆွေ။ မင်္ဂလာဆောင် သတို့သမီးတစ်ယောက်၏ ပြင်ဆင်မှုမျိုးကဲ့သို့ မေတ္တာနှင့် အနုစိတ်ပြင်ဆင်ထားမည်ကို စိတ်ချလက်ချ ယုံကြည်ရပါသည်။

ကျွန်ပ်တို့အတွက်ပြင်ဆင်ထားသာစံအိမ်

ကျွန်တော်၏ဆွေမျိုးတစ်ယောက်မှာ ဂီတသမားဖြစ်လေသည်။တူရိ ယာများစွာကို နိုင်နင်းစွာ တီးခတ်နိုင်၏။ သီချင်းရေးစပ်သီကုံးနိုင်၏။ သီချင်းဆို နိုင်သူ၊ဆိုတတ်သူဖြစ်၏။ စကားပြောလည်းကောင်း၏။အင်းစိန်မြို့မှာနေ၍ “ဘုရားတန်ဟု နာမည်ရှိပါသည်။ဈာပနတ်အများစု သူနှင့်ထုံတတ်ပါသည်။ တစ်ခါ၌ ကျွန်တော်၏အဒေါ်နော်ထားကို ဘုရားရှင် သိမ်းဆည်းသောအခါ ဝတ်ပြုစည်းဝေး၍ သူက သီချင်းထို၍ ခွန်အားပေးစကားပြောပါသည်။ နှုတ် ဆက်စကားလည်းဖြစ်ပါသည်။ သူက  “အစ်မကတော့ ရွှေပြည်တော်ပြန်သွားပြီး ကျွန်တော့်ကို ခေါ်ရင်

တော့အားနာတယ်။မလိုက်ချင်သေးဘူး။အင်း … နေပြည်တော်ဆိုရင်တော့လိုက်ဦးမယ်။ရွှေပြည်တော်ကတော့သူပဲသွားနှင့်ပါဦး” ဟုပြောရာပရိသတ်များရယ်မာကြပါ၏။ထိုကာလ၌အစိုးရကနေပြည်တော်ကိုတည်ဆောက်၍နေသောကြောင့်လူတော်တော်များများစိတ်ဝင်စားကာသွားချင်၊ဓရာက်ဖူးချင်ကြတာကိုး။သူပြောတာလည်းမှန်ပါသည်။နေပြည်တော်ထိုသွားမယ်အခု။ရွှေပြည်တော်ဆိုရင်တော့စဉ်းစားကာနေရဦးမယ်ဖြစ်သွားကြရပါ၏။သို့သော်လည်းတစ်နေ့မှာတော့ထိုကောင်းကင်ရွှေပြည်ကိုမလွဲသေချာသွားကြရမှာဖြစ်ပါသည်။ကျွန်ုပ်တို့အတွက်ဘုရားသခင်ပြင်ဆင်ထားသောအိမ်မှတပါးဘယ်ကိုမှလည်းသွားစရာမရှိပါ၁၀မိတ်ဆွေ၊သခင်ယေရှုက

“သင်တို့နေစရာအခန်းကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏” (လု၊၁၄၂) ဟု မိန့်တော်မူခဲ့ပါသည်။ ဗျာဒိတ်ကျမ်း ၂၁း၆ တွင်မူ  “ငါသည် အာလဖဖြစ်၏။ဩမေဃလည်းဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏” ဟု ဖော်ပြချက်ရှိပါ၏။ ဘုရားသခင်အား အစပြုခဲ့သမျှသည် ပြည့်စုံခြင်းအမြဲရှိ ပါသည်။ကတိတော်များလည်း မပျက်စီးရသလို နှုတ်ကပတ်တော်သည်လည်း အမှားအယွင်းမရှိပါ။

ရယ်စရာကဏ္ဍတစ်ခုကို သတိရပါသည်။ ကလေးတစ်ယောက်က မေးသတဲ့။ဘုရားသခင် မလုပ်နိုင်တာရှိပါသလားဟူ၍ဖြစ်ပါသည်။ ဖခင်က ရှိတာပေါ့။ ဘုရားသခင်မလုပ်နိုင်တာတစ်ခုတော့ သ၀သရာရာရှိပါသတဲ့။ ကလေးက အံ့ဩ၍တကယ်လားဖ၀ဖဘုရားသခင်မလုပ်နိုင်တဲ့ဟာ ဘာများ လဲ ပြောပြပါဦးဟု မေးပြန်လျှင် သူ့ဖခင်က ဘုရားသခင်က ပေးထားတဲ့ကတိ တွေကို ဖျက်ပစ်ဖို့ ဘယ်လိုမှမလုပ်နိုင်ပါဘူးဟုကြပါသည်။ ဘုရားရှင်သည် ကတိတည်သောသစ္စာတရား ကြီးမားသူဖြစ်လတော့ ကတိတော်များသည် စိတ်ချရသောအချက်ဖြစ်လာခဲ့တာကို ပြောပြချင်တာပါ။ ဘုရားသခင်ကျွန်တော်တို့အတွက် နေစရာအခန်း။ ကောင်းကင်ကအိမ်ကို ပြင်ဆင်ပေးဖို့ ကတိရှိခဲ့ပါသည်။ထို့ကြောင့် ခရစ်ယာန်ဖြစ်သော ဘုရားသခင်ကို ယုံကြည်‌ ‌ေသာသူ ကျွန်ုပ်တို့အားလုံးအတွက် အိမ်တစ်လုံးက ကောင်းကင်မှာ သေချာ ပေါက်ရှိနေတာကို စိတ်ချဖို့ပါပဲ။

ကျွန်တော့်မှာ သားသုံးယောက်နှင့် သမီးတစ်ယောက်ရှိပါသည်။ ပုသိမ်မြို့သူနှင့် အိမ်ထောင်ကျသော သားကြီးသည် ကျွန်တော်တို့နှင့်ခွဲခွာကာ နေရင်း၊တစ်ခါတစ်ရံမှာတော့ ပြန်၍လာ တတ်ပါသည်။သူပြန်လာတော့မည့် သတင်းကိုကြားရလျှင် သူ့မိခင်သည် အိပ်ခန်းကို ပြင်ဆင်ရှင်းလင်းထားပါ သည်။သူနေခဲ့သောအခန်းမှာ သူနှစ်သက်သော ကွန်ပျူတာစာအုပ်တွေ၊ ကွန် ပျူတာနှင့်စားပွဲ ကုလားထိုင်ကိုထားပေးပါသည်းခန်းဆီးအပြာကိုသာကြိုက်တာမို့ ပြင်ဆင်ထားကာ အိပ်ယာခင်းလည်း အပြာရောင်အစားအစားအတွက် လည်း သားက ဂဏန်းကြိုက်သူဖြစ်တာမို့ ကြိုတင်ဝယ်ခြမ်း ကာချက်ပြုတ်ထား ကာ စောင့်နေပါသည်။သားက စီးကရက်သောက်တတ်သဖြင့် အပြာနုရောင် ၊ကျောက်ဆေးလိပ်ခွက်လည်း အဆင်သင့်။မင်းကွာ ပင်ပန်းလိုက်တာ။ဘာလို့ ပြင်ဆင်နေရတာလဲ။ အားလုံးက မင်းသားကြီးရဲ့ စိတ်ကြိုက်ဖြစ်နေပါပေါ့ လားဟု ကျွန်တော်ပြောမိလျှင် သူမက ချွေးစက်များကြားထဲက ရယ်၍ –

“ငါ့သားက သူ့အိမ်ကို ပြန်လာမှာလေ။ ပြင်ဆင်ပေးရမှာပေါ့” ဟုဖြေပါသည်။ ။

ဒုတိယသားက ခတ္တိယနယ်မှာ တောသူမနှင့်အိမ်ထောင်ကျ၍ သူလည်းအနေဝေးပါသည်။ တစ်ခါတစ်ရံမှာတော့ သူပြန်လာတတ်ပါသည်။ သူ ပြန်လာတော့မည့်သတင်းကို သူ့အမေကြားလျှင် ချက်ချင်းပင် အခန်းကိုပြင် ဆင်ပါ၏။ ဒီသားက အစိမ်းရောင်ကြိုက်တာကို အမေသိတာပေါ့။ခန်းထီးနှင့် ကန့်လန့်ကာ၊အိပ်ယာခင်းမှစ၍ အားလုံးအစိမ်းရောင်။သားက ဘာလုံးအား ကစား ဝါသနာပါတော့ ရုပ်မြင်သံကြားကို ပြင်ဆင်ထားရသည်။ အဆင်သင့်

ဘောလုံး ပွဲကြည့်နိုင်အောင် အခပေးလိုင်းတွေကို ငွေသွင်းဖြည့်ထားရပါသည်။ အားက စားဂျာနယ်လည်း ဝယ်ထားပေးသည်။သားကအစားအသာက်ရွေးသည်။ ကြက်သား၊ ဘဲသား၊ အမဲသားမစား။ ငါးတစ်မျိုးပဲစားသူဖြစ်လေတော့ငါရူး၊ ငါးရံ့၊ ငါးကျည်းဝယ်စုထားရသည်။ ပီဇာမုန့်ကိုတော့ ကြိုက်သည်။အဲဒါကို ရအောင် ရှာဂယ်ပေးထားသည်။ သားကြိုက်သာ ပဲနို့ရည်ဗူးကို အဆင်သင့် လားထားသည်။ သားကကွမ်းစား တတ်တာမို့ ကွမ်းအစ်တစ်လုံးတောင်ထောင် ထားသေးအံမယ်လေး မိခင်နို့ရယ်။ညည်းဟာက ပင်ပန်းလှချည်ရဲ့၊ ဘာဖြစ်လို့ ဒါတွေလုပ်နေတာလဲဟုမေးရင် သူမက ရွေးစက်များကြားထဲက ရယ်၍ –

“ငါ့သားက သူ့အိမ်ကို ပြန်လာမှာလေ။ပြင်ဆင်ပေးရမှာပေါ့” ဟုပါသည်။

တတိယသမီး နော်နေခြည်နွေးနွေးက အိမ်ထောင်မပြုသော်လည်း အစိုးရကျောင်းဆရာမ ပြည်သူ့ဝန်ထမ်းဆိုတော့ သူလည်းပဲ၊တာဝန်ကျရာနေ ရာမှာ သွားနေရ၍ အိမ်နှင့်ဝေးကွာပါသည်။ကျောင်းပိတ်ရက်ရောက်လျှင် သူမပြန်လာပါသည်။ ကျောင်းဆရာမဟောင်းဖြစ်သော သူ့မိခင်က ကျောင်း ပိတ်ရက်များကို အလွတ်ရနေပါသည်။ထို့ကြောင့် ကျောင်းပိတ်ရက်နီးလာလျှင် မိခင်က အလုပ်ရှုပ်ပါပြီးသမီးအခန်းကိုပြင်ဆင်ပေးထားပါ၏။ သူမက ပန်းရောင်ကြိုက်သောကြောင့် ခေါင်းအုံး၊အိပ်ယာ၊စောင်၊ ကန့်လန့်ကာပန်းရောင် များကို စင်းထားပြင်ထားပါသည်။သမီးက သီချင်းနားထောင်တာ ဝါသနာပါတော့ သူမနှစ်သက်သောအဂ္ဂများ အထူးသဖြင့် ဝိုင်းစုခိုင်သိန်းနှင့် ပိုင်းပိုင်းခမ်း လှိုင် အခွေများက မပါမဖြစ် ပြင်ဆင်ထားပါသည်။ တီဗီနှင့်အောက်စက် ချို့ယွင်း ချက် မရှိစေရပါ။ အိမ်ရှေ့က သမီးစိုက်သောစံပယ်ပန်းဝင်းကို ဂရုပြုရပါသေး သည်။ ရပ်စောက်အသင်းတော်မှ ဆရာတော်တို့မိသားစုထံမှ သူမတခုတ်တရ ယူလာသာပန်းစံပယ်တွေဖြစ်လေတော့ သူမမရှိခိုက် ဓသ၍မဖြစ်။ ညှိုးနွမ်း ၍မရပါ။မိခင်က ပန်းတွေကို ရေလောင်းပေါင်းသင်ထားကာ အဖူးအပွင့်တွေ ဝေဆာလျက် သမီးကို ကြိုဆိုနေပါ၏။ သမီးကြိုက်တတ်သော သရက်သီးမှည့် ကင်ပွန်းချဉ်ကြော်။ပုဇွန်ထုပ်ဟင်းကိုလည်း ပြင်ဆင်ရင်း သူမ၀တွေ ထွက်ကျ နေတာမို့ နားပါဦးကွာဟု ပြောလျှင် ၀င်းဝါ၍ မ“ငါ့သမီးက သူ့အိမ်ကို ပြန်လာမှာလေ။ ပြင်ဆင်ပေးရမှာပေါ့”

 ဟုပါသည်။

စတုတ္ထသားကတော့ တောထဲမှာ သွားပျော်နေပါသည်။ထူးအုပ်စိုး အမည်ရလူငယ် ကလေးသည် မော်တော်ဆိုင်ကယ်တစ်စီးနှင့်ခရီးသွားပါ သည်။မြန်မာစာနှင့် ဘွဲ့ရသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းမှာ လူကြီးသွား လုပ်သည်။ကိုယ်တိုင် သံတစ်ချောင်းဖြောင့်အောင်မရိုက်နိုင်ဘဲနှင့် တည် သောက်ရေး ဆိုဒ်တစ်ခုမှာ ခပ်တည်တည်ကြီးကြပ်နေသတဲ့။သူလည်း အိမ်နှင့် ဝေးတာပါပဲ။ အငယ်ဆုံးသားသည် ဆိုင်ကယ်တစ်စီးနှင့်ခရီးသွားရင်း အိမ်ပြန် ချိန်ကိုတောင်မသိတော့သည့်သူပါပဲ၊သို့သော်လည်း တစ်ခါတစ်ရံမှာတော့ အိမ် ပြန်ရောက်လာပါသည်။မပြောမဆို၊သတင်းမပေးဘဲ ရုတ်တရက်ပါက်ချလာ သည်မို့ ဘာမှအဆင်သင့် မရှိဘူမထင်ပါနှင့်။သူ့မိခင်က

“ဒီသားက ပြောလို့မရဘူး၊ ဗြုန်းဆိုရောက်ချင်ရောက်လာတတ်

” ဟုပြောကာ သူ့အခန်းကို အမြဲတမ်း ပြင်ဆင်ထားပါသည်။လူကသာ အ အပေ။အဖြူရောင်မှ ကြိုက်သူဖြစ်လေတော့ သူ့မိခင်က ဖွေးဖွေးဖြူသော အိပ် ယာအခန်းကို ပြင်ဆင်ထားမြဲရှိပါသည်။ ဘဲဥတစ်မျိုးတည်းကိုသာ မမုန်းတမ်း ကြိုက်သူဖြစ်လေတော့ မိခင်က ရေခဲသေတ္တာမှာ သားလာရင် စားဖို့ဆိုပြီး ဘဲဥ ဆယ်လုံးတော့ အမြဲထားထားပါသည်။ စဗျစ်ရည်ကို နှစ်သက်သူ၊ပျားရည်ကို စားတတ်သူဖြစ်မှန်း အမေသိထားတာမို့ သူ့အတွက် စဗျစ်ရည်ချိုနှင့်ပျားရည်က မပြတ်လတ်စေရပါ။မင်းကလည်းကွာ ကရိကထများလိုက်တာဟု ကျွန်တော် ကပြောလျှင် ဇနီးသည်က အပြုံးမပျက်ဘဲ ..

“ဒါ သူ့အိမ်လေ။သားပြန်လာရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်

ပေးရမှာပေါ့” ဟုပါသည်။

သားသမီးများ ဘယ်လောက်ဝေးဝေးမှာ သွားနေပါစေ။ တစ်နေ့မှာ ပြန်လာမယ်ဆိုတာ အမသိသလို၊ ပြင်ဆင်မှုကို ပြုလုပ်ထားတတ်ပါသည်။ ကျွန်တော်တို့လည်းလောကမှာ ဘယ်လောက်ပဲနေနေ၊ ဘယ်လောက်ပဲကြာကြာတစ်နေ့မှာ အဖုအိမ်ကို ပြန်သွားကြရမှာပါ။ထိုအခါမှာ အဖဘုရားသခင် က ကျွန်တော်ရို့အတွက် အိမ်ခန်းနှင့်တကွ စုံလင်သာ ပရိဘောဂ၊ စားဖွယ် သောက်ဖွယ်နှင့် ရွှင်လန်းစွာ ကြိုဆို၍ ပြုစုမည်ကို နှိုင်းယှဉ်၍ ဆင်ခြင်ကြပါစို့။ ပျောက်သောသားကိုပင် ဖခင်သည် မျှော်လင့်လျက် နေခဲ့ပါသည်။ နောင်တနှင့် ပြန်လာသောအခါ ဖက်ရမ်းကြိုဆို၍ သူကောင်းပြုပါသေးသည်။ကျွန်တော် တို့၏  လောကနေ့ရက်များကုန်ဆုံးကာ ယော်ဒန်မြစ်တစ်ဖက်ကမ်းက ကောင်း ကင်စံအိမ်သို့ရောက်လျှင် ဘုရားရှင်ပြင်ဆင်ထားနှင့်သောအိမ်ကို ရွှင်လန်း ချမ်းမြေ့စွာ ဝင်ရောက်နေထိုင်ခွင့်တစ်ခု သေချာပေါက်ရှိပါ၏။

စိတ်ကူးအိပ်မက်ထားသောအိမ်

အိမ်ကလေးတစ်လုံးကိုတော့ ကျွန်တော်တို့ အမှန်တကယ်လိုအပ် ခဲ့ပါ၏။ကျွန်တော်တို့မိသားစုအတွက် အိမ်တစ်လုံးကို ဆောက်ဖို့ရန် တာဝန် တစ်ခုက ဖခင်ဖြစ်လာမည့် လူငယ်ယောက်ျားတစ်ယောက်အတွက် ဖြစ်ပါ သည်။မိခင်ဖြစ်လာမည့် မိန်းကလေးတစ်ယောက်ကလည်း သူ့ချစ်သူက ဘယ် လိုအိမ်ကလေးနဲ့ သူ့ကိုထားမလဲဆိုတာမျိုး စိတ်ကူးကြည့်ကြမှာပါ။ တကယ်တော့ ကမ္ဘာပေါ်မှာ အိမ်တွေအားလုံးက ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ရှိနေခဲတာမို့ ဘယ်လိုမျိုးအိမ်ကို ရွေးချယ်ပါ့မလဲဆိုတာကလည်း ရင်ခုန်စရာတစ်ခုဖြစ် နိုင်ပါ၏။ ဆိုကြပါစို့။

ရေခဲပြင်ဒေသက အက်စကီးမိုးလူမျိုးတို့က ရေစဲအိမ်မှာ နေထိုင် ကြသတဲ့။ အာဖရိကတိုက်က လူများကတော့ ရွှံ့အိမ်နှင့်နေထိုင်ကြပါ၏။ ဆင်းရဲသားတစ်ချို့ကသတင်းစာစက္ကူ ထူထူနှင့်အိမ်ထောက်တာ အိန္ဒိယမှာ ရှိပါသည်။ သဲကန္တာရက လူတွေကတော့ ရွက်ဖျင်တဲတွေနှင့် ဓနကြပါ၏။ ရှင်ဘုရင်များက နန်းတော်ကြီးကြီးမှာ ဇိမ်ခံပြီးနေပါသည်။

ထင်ရှားကျော်ကြားဓသာပုဂ္ဂိုလ်တွေကတော့ ခမ်းနားသော တိုက် ကြီးနှင့် နေပါသည်။ သမ္မတကတော့ အဖြူရောင်အိမ်မှာ နေပါ၏။ (အမေရိကန်မှာ) လယ်သမားများက လယ်စောင့်တဲမှာ နေရပါသည်။ သစ်ခုတ်သမားကတော့ သစ်လုံးအိမ်မှာပေါ့။ စစ်သားတွေကတော့တန်းလျားမှာနေထိုင်၍ အိမ်လုပ်ကြရပါသည်။

ရာဇဝတ်သားများမှာတော့ “ထောင်”ဆိုတာ သူတို့အိမ်ပါပဲ။ အိမ်အမျိုးမျိုးသည် လူအမျိုးမျိုးအတွက် သဟဇာတနေရာချထားပါသည်။ အမျိုးအစားများပြားလှသလို စိတ်ဝင်စားစရာကောင်းသောပုံစံအမျိုးမျိုးမှာ ဘယ်လိုအိမ်မျိုးကို နှစ်သက်ရပါမလဲ။ငယ်စဉ် ဘဝမှာတုန်းက ချစ်သူလည်းရ ကာစမှာ ကျွန်တော်ကိုယ်တိုင် ချစ်သူနှင့်အတူနေဖို့ အိမ်တစ်လုံးကို စိတ်ကူး ထဲကအိပ်မက်ထားသောအိမ်သည် အင်မတန်မှ ပြည့်ဝစုံလင်၍ သာယာလှပခဲ့ ပါသည်။ သို့သော်လည်း ထိုစိတ်ကူးကို ကျွန်တော်အကောင်အထည်မဖော် နိုင်ခဲ့ပါ။ ငယ်စဉ်ကာလ စိတ်ကူးအိပ်မက်ခဲ့သော အိမ်ဂေဟာက တကယ်လို့ များ ဆောက်လုပ်ဖြစ်မည်ဆိုလျှင် ငွေဘီလီယံချီ၍ ကုန်ကျနိုင်ပါသည်။ သည်လို နှင့်ပဲ အိပ်မက်သည် အမှန်တကယ် ဖြစ်မလာနိုင်တော့တာမို့ လက်လျော့ခဲ့ရ ပါသည်။

သို့သော်လည်း ကျွန်တော်တို့၏ စိတ်ကူးအိပ်မက်ထဲကအိမ်ထက် သာလွန်ကောင်းမွန်သာအိမ်အကြောင်းကို ရှင်ယောဟန်က ဖော်ပြပါသည်။ အိမ်အသစ်တစ်လုံးအကြောင်းဆိုပါတော့။ ကောင်းကင်သစ်နှင့်မြေကြီးသစ် ကိုလည်း ငါမြင်၏။ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော သူကလည်း ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်း၏ ဟုမိန့်တော်မူ၏။ (ဗျာ၊၂၁၁-၅) ဟုရှင်ယောဟန်ရေးမှတ်သည့်အတိုင်း အိမ်သည်လည်း အသစ်၊ဘယ်တော့ မှမဟောင်းနွမ်းသာ အိမ်ကလေးမှာ ထူးခြားသောအင်္ဂါရပ်များလည်း ရှိနေပါသေးသည်။

ခွဲခြားခြင်းမရှိသောအိမ်

စက်တင်ဘာလ(၁၁)ရက်နေ့ ၂၀၀၁ ခုနှစ်မှာ အကြမ်းဖက်သူများ၏ တိုက်ခိုက်မှုကိုဂံရသာအခါ World Trade Center ကြီး ပြိုကျ၍ လူပေါင်း များစွာ ရုတ်တရက် သဆုံးသွားရပါသည်။ ထိုအခါ များစွာသောကျန်ရစ်သူ မိသားစုများက ရုတ်တရက်နှုတ်မဆက်ရဘဲ ခွဲခွာသွားရတာမို့ နာကျင်စွာခံစား ရပါသည်။ ကျွန်တော်တို့နိုင်ငံမှာလည်း တစ်ခါက နာဂစ်မုန်တိုင်းတိုက်ခတ်၍ လူပေါင်းများစွာ သေဆုံးသွားရပါသည်။ ထိုအခါမှာလည်း ခွဲခွာခြင်းဝေဒနာကို ခါးစည်း၍ခံရသော မိသားစုများခမျာ နှလုံးသားဒဏ်ရာပြင်းထန်စွာ ရခဲ့ကြပါ သည်။ဆီးရီးယားစစ်ပွဲ၊ကချင်ပြည်နယ် စစ်ပွဲစသည်တို့မှာလည်း များစွာသော လူတွေ သေဆုံးရ၊ ပျောက်ဆုံးရနှင့် တကွဲတပြားရှိနေရသောအခါ ခွဲခွာရသော နာကျင်မှုများသည် စာဖွဲ့၍ မလုံလောက်အောင် ဖြစ်ခဲ့ရပါသည်။ တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာဟူသော စကားပင်ရှိခဲ့ရာ လောကလူ့ရွာ၌ ခပ်သိမ်းသောအမှု သည် အနတ္တသက်သက်ဖြစ်ခဲ့ပါသည်။ အိမ်သူအိမ်သား၊ မိသားစုများသည် အချို့လည်း ရုတ်တရက်၊ အချို့ကတော့ ကသုတ်ကရက်၊အချို့မှာ ခွဲခွာခြင်းရက် အတွက် ကြိုတင်သိနှင့်ပါလျက် နှုတ်ဆက်ဆက်၊မဆက်ဆက် ခွဲခွာသွားကြရ ပါသည်။ထိုအခါ ထွက်ခွာသူဖြစ်စေ၊ ကျန်ရစ်သူဖြစ်စေ၊သေလုအောင် ဝမ်းနည်း ကြေကွဲ၍ မျက်ရည်စက်စက်ကြွေသက်ခဲ့ရပါ၏။

ကျွန်တော်တို့ အဖေ့အိမ်မှာ မိသားစုငါးယောက်ရှိခဲ့ဖူးပါသည်။ အဖေရယ်၊အမေရယ် ကျွန်တော်နှင့်ညီမ နော်ဆဲနေ၊ညီမငယ် နော်ထဲထိ စသည်ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ခဲ့ရပါ၏။နှစ်ပေါင်းအတော်ကြာအောင် သာသာယာယာနေထိုင်ခဲ့ပြီးမှ ရုတ်တရက် အမက စတင်ခွဲခွာသွားတော့ မိသားစု ခါရမ်းသွားပါသည်။အစားထိုးမရသော မိခင်မရှိတော့လျှင် ဝမ်းနည်း‌ ကြေကွဲလျက် မျက်ရည်များစီးဆင်းကာ ပျော်ရွှင်မှုလည်း လျော့ပါးကျဆင်းခဲ့ပါ သည်။ နောက်မကြာခင်နှစ်အတွင်းမှာပဲ ဖခင်ကခွဲစွာသွား ပြန်လျှင် လောက် | တည်ရာမရဖြစ်ရပါပြီ။ ပထမဝမ်းနည်းမှုက မသက်သာသေး။နောက်ထပ်ကြကွဲမှုကို ရင်ဆိုင်ရပြန်ပါသည်။မိဘမရှိတော့သော အိမ်ကလေးကို ကျွန်တော်တို့ထားရစ်ခဲ့ပြီး၊ရန်ကုန်မြို့ထံသို့ ပြောင်းရွှေ့လာကြပါသည်။မကြာခင်မှာပဲတစ်ခါ ညီမဖြစ်သာ နော်ဆဲနေကလည်း ခွဲခွာသွားပြန်လျှင် မိသားစုတစ်စုသည် လုံးဝနီးပါး ပြိုလဲသွားပါ၏။ညီမလေးနှင့် ကျွန်တော်တို့နှစ်ယောက်လည်း တစ် နေရာစီ၊ တစ်မြို့စီမှာ အသက်ရှင်လျက် ခွဲခွာနေရသောအခါ တစ်ခါက မိသားစု ဘဝကလေးကိုလွမ်းရုံမှတပါး ဘာမှမတတ်နိုင်တော့ပါ။ပြန်တွေး၍လည်း မပျော်နိုင်၊ခွဲခွာခြင်း ဝေဒနာကိုသာ ထပ်ထ ခါခါ ခံစားရတာမို့ ယခုတော့ အဖေ့အိမ်ကို အလွမ်းပြေတောင်သွား၍မကြည့်ဖြစ်တော့ပါ။အိမ်ကလေးက ဘယ်လောက်ပဲ သာယာခဲ့ပါစေ။ခွဲခွာခြင်းကိစ္စများ ဖြစ်လာခဲ့လျှင်တော့ အိမ်က လေးသည် ပျော်ရွှင်စရာမဖြစ်နိုင်တော့တာကို မိတ်ဆွေများလည်း ခံစားဖူးကြမှာပါ။

ကောင်းကင်သစ်မြေကြီးသစ်မှာ နှစ်သက်စရာကိစ္စတစ်ခုရှိပါ၏။ ထိုအခါမှစ၍သမုဒ္ဒရာမရှိဟု ရှင်ယောဟန်က ဖော်ပြပါသည်။ There was no longer any sea ဟုအင်္ဂလိပ်လိုဖတ်ရပါသည်။(ဗျာ၊ ၂၁၁)ပင်လယ်သ မုဒ္ဒရာဆိုတာမျိုးက ခြားနားသောသဘောဖြစ်၍ ကူးဖြတ်ကျော်လွန်ရန် ခက်ခဲလွန်းပါသည်။ ပင်လယ်မရှိလျှင် လှိုင်းတံပိုးလည်းမရှိ။လေဖိအားနည်းရပ် ဝန်းလည်းမရှိ၊မုန်တိုင်းလည်း မရှိနိုင်တော့ပါ။သီတာခုနှစ်တန် သမုဒ္ဒရာကြား သည်ဟူသောစကားကို ကြားဖူးကြမှာပါ။ အင်မတန်မှဝေးကွာခြင်းသဘာ ဖြစ်ပါသည်။ ကောင်းကင်သစ်မှာ သမုဒ္ဒရာဟူသာ အတားအဆီးမရှိလျှင် လူ တို့မှာ ခွဲခွာခြင်း၊စက်ခဲခြင်းလုံးဝမရှိနိုင်တော့ပြီလေ။ ထိုနေရာမှာစိတ်ပျက်ခြင်းနှင့်စိတ်နာခြင်းလည်း မရှိနိုင်သလို ၊ နားလည်မှုလွဲခြင်းနှင့် ကဲ့ရဲဲ့ချဝဖန်တာလည်းမရှိပါ။ ခွဲခွာခြင်းနှင့်ကွဲကွာခြင်းမရှိသလို ၊ထောင်ကျခြင်းနှင့်သေခြင်းလည်းမရှိပါ။စီးပွားရေးကလိန်ကျမှုနှင့် စမ်မှုထမ်းရန် ဆင့်ခေါ်ခြင်းမရှိသလို ဖျားနာခြင်းနှင့် အားနည်းခြင်းလည်းမရှိပါ။ ဘေးအန္တရာယ်နှင့်ခက်ခဲကြမ်း တမ်းခြင်းမရှိသလိုမီးလောင်၊ရေကြီး၊ မြေပြိုတာမျိုးလည်း မရှိပါ။ စစ်မက်ဖြစ်ပွားခြင်းနှင့်ဒုက္ခသည်စခန်းများမရှိသလို ဘာသာရေးအယူသည်းမှုနှင့် လူမျိုးရေးပဋိပက္ခလည်းမရှိပါ။ ဂိုဏ်းဂဏစွဲ၊ ဝါဒစွဲနှင့် လူကုန်ကူးမှုမရှိသလို ၊အဆင့်အတန်းခွဲခြားခြင်းနှင့်မျက်နှာလိုက်ခြင်းလည်းမရှိပါ။

 အဖဘုရားသခင်ပြင်ဆင်ထားသော ကောင်းကင်ကအိမ်မှာ ခပ်သိမ်းသော အရာသည် ညီညွတ်မျှတ သဟဇာတဖြစ်၍ ခြားနားသောပင်လယ်တစ်စင်းမှ မရှိသလို ခွဲခွာခြင်း ဝေဒနာလည်း လုံးဝမရှိပါလေ။ ထိုနေရာမှာ ကျန်းမာခြင်းနှင့် စုံလင်ခြင်းကို သားသမီးများအားလုံး အတူတကွ ခံစားကြရမှာပါးနေ့နှင့်ညကို ပင် ခြားနားစသည့်အရာမရှိဟု ဆိုပါသည်။ ကျမ်းစာ၌ ..

“ထိုမြို့သည် နေ၏အရောင်၊ လ၏အရောင်ကို အလိုမရှိ။အကြောင်း

မူကား ဘုရားသခင်၏ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏” ဟုလာပါသည်။ (ဗျာ၊ ၂၁၂၃) ကောင်းကင်ကအိမ်မှာ အလင်းမရမှာ စိုးရိမ်စရာ အကြောင်းမရှိအစဉ်သဖြင့် လင်းရောင်ဖြာနေပါလိမ့်မည်။ Beulah Land (သာယာပြည်တော်ကျူး)ခေါင်းစဉ်ရှိသော လင်္ကာတစ်ပုဒ်တွင် ဖော်ပြထား သော စကားလုံးများကို ဖတ်ကြည့်ကြရအောင်။

ဆန်စပါးစဗျစ်ရည်နှင့်ပြည့် ၊

 ငါအမွေစံရာပြည်ရောက်ပြီး

ထိုပြည်တော်တွင် အစဉ်ထွန်းလင်း

ညချိန်မရှိရ ကွယ်ပျောက်ကင်း။

 နိုင်ငံရပ်ခြားနိုင်ငံများသို့ကျွန်တော်ခရီးသွားရသောအခါညရှုခင်းများကိုတမက်တမောကြည့်ရှုခံစားလေ့ရှိပါသည်။ဘန်ကောက်မြို့၊စင်္ကာပူမြို့။နယူးဒေလီမှစ၍ဒိုဟာမြို့၊အာမန်မြို့တို့သည်လျှပ်စစ်မီးထိန်ထိန်ညီ၍ဓနုကိုည၊ညကိုနေ့လွဲမှားအောင်လင်းနိုင်ပါသည်။သို့သော်လည်းညဦးအချိန်လွန်၍သန်းခေါင်နားနီးလျှင်မီးရောင်တို့ဖြည်းဖြည်းလျော့နည်း၍အမှောင်ထုကကြီးစိုးလာပါသည်။သန်းခေါင်ချိန်မှစ၍အလင်းတို့နည်းကာအမှောင်ကသာ

ထိုမြို့များကို သိမ်းပိုက်အုပ်စိုးပါသည်။ညက နောက်ဆုံးတော့ ညပဲဖြစ်သွားကာ နေ့နှင့်ခြားနားမှုရှိရပါသည်။လောကမြို့ရွာများသည် နည်းပညာ ဘယ်လောက် ပဲများများ ညကိုနေ့ဖြစ်အောင် မလုပ်နိုင်တာ တွေ့ရမြင်ရပါသည်။ကောင်းကင် ကအိမ်မှာတော့ ခွဲခြားခြင်းမရှိသလို ခြားနားခြင်းလည်းမရှိပါ။ သိုးသူငယ်သည် လည်း ထိုမြို့၏ဆီမီးဖြစ်၏ဟု ရှင်ယောဟန်က ဖော်ပြပါသည်။

အပြစ်အနာဆာမရှိသောအိမ်

ကောင်းကင်ကအိမ်သည် စုံလင်သည်ဖြစ်၍ ဘယ်အရာကမျှ အနာ တရမဖြစ်စေနိုင်ပါ။ ဟောင်းနွမ်း၊ ဆွေးမြေ့၊ ခြစား၊ ပိုးကိုက်ခြင်းလည်း မရှိနိုင်ပါ။လောကအိမ်နှင့် ခြားနားသောအချက်က ထိုအရာပါပဲ။ အပြစ်အနာအဆာ၊ အမာရွတ်များနှင့် ကင်းကွာလျက်ရှိပါသည်။ ကျွန်တော်တို့ မြေကမ္ဘာကအိမ်က အဲသလိုမှမဟုတ်တာပဲ။

ကျွန်တော်နေထိုင်သောအိမ်ကို လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ် အ စိတ်ကတည်းက ဆောက်ခဲ့ပါသည်။ နှစ်ပေါင်းနှစ်ဆယ်အစိတ် လေဒဏ် မိုး ဒဏ်ခံရပြီးသောအခါ ပြိုပျက်စပြုလာပါသည်။ အမိုးများပေါက်ထွက်လာ၍ မိုး ယိုလာပါသည်။ထရံများဆွေးလာသဖြင့် မြောက်ပြန်လေ တိုက်သောအခါ မ ကာကွယ်နိုင်ပဲရှိပါ၏။တိုင်ခြေများလည်း ပြတ်ထွက်လာပါသည်။ကြမ်းခင်းများတောင်မှ ကျိုးသည့်နေရာ ကျိုးလာပါပြီ။တစ်အိမ်လုံးမှာ အပြစ်အနာတာတွေ များလှသော်လည်း ပြုပြင်စရိတ်မရှိသေးတာမို့ ဒီလိုပဲ ကုပ်ကပ်နေရပါသည်။ ဗုန်းဗုန်းမလဲအောင် ဟိုနားထောက်၊ဒီနားထောက်နှင့်တည်းထား၊ ချုပ်ထား ရပါသည်။ပြတင်းတံခါးများလည်း မလှမပနှင့် ချက်ထိုးသောအခါ ပင်ပန်းရပါ ၏။တကယ်တော့ ကျွန်တော့်အိမ်သာမဟုတ်ပါ။ကမ္ဘာကြီးတောင်မှ ဟောင်း နွမ်း၍ ပြိုပျက်စပြုနေပြီကို သတိထားမိပါသည်။

ဘုရားသခင် ဖန်ဆင်းခဲ့သော အခြေအနေနှင့် လားလားမှမတူတော့ ပါ။ ပူနွေးလာသာကမ္ဘာဟု ပညာရှင်တို့က သုံးသပ်ဝေဖန်သော်လည်း သူတို့ မပြုပြင်နိုင်ပါ။ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများကို ကျယ်ကျယ်လောင်လောင် ပြောနေသော်လည်း သူတို့ခမျာ ကျွန်တော့်လိုပဲ ပြင်ဆင်စရိတ်မ နိုင်ပါ။အိုဇုန်းလွှာပေါက်ထွက်နေတာ ဘယ်သူမှမဖာနိုင်ပါ။ သစ်တော၊ ဒီ မိုးလေဝသများလည်း လွဲချော်ပျက်စီးလာပါသည်။ နှစ်ပေါင်းများစွာရှိနေခဲ့ရသော ကမ္ဘာဟောင်းသည် အကြောင်းခြင်းကြောင့်အိုရသည့် ကမ္ဘာ၊နာရသည့် ကမ္ဘာ့ဖြစ် လာပါပြီ။ လူသားတွေ၏ လောဘကြောင့်ဟု အချို့ကပြောပါသည်။ မှန်ပါသည်။ သက်တမ်းကြာမြင့်ခဲ့သော ကမ္ဘာမြေကြီးသည် ဘယ်သူမှ မကာ ကွယ်နိုင်ပဲ တစ်နေ့မှာ လုံးလုံးပျက်စီး၍ အနိစ္စသဘောကိစ္စချောရမှာပါ။ဘာဖြစ် လို့ပါလဲ။ ဘုရားသခင်ကဤကမ္ဘာအဟောင်းကို ထာဝရကာလအတွက် ရည် မှတ်၍ ဖန်ဆင်းခဲ့ တာမဟုတ်ပါ။ မိတ်ဆွေ။

အခြားတစ်ဖက်မှာတော့ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ဘုရား၊ သခင်က လူသားများအတွက် ပြင်ဆင်ထားပါသည်။ရှင်ယောဟန်ကို ဘုရား သခင်က မြင်မြင်သမျှရေးမှတ်ရန် မိန့်တော်မူခဲ့ပါသည်။ တဖန်တုံရေးထား လော့ဤစကားသည် သစ္စာစကားဟုတ်မှန်သောစကားဖြစ်၏ဟူ၍ အမိန့် တော်ရှိပါ၏။ထိုနှုတ်ကပတ်တော်ကို ယုံကြည်သော ခရစ်ယာန်များသည် ကောင်းကင်က အိမ်အသစ်မှာ အပြစ်အနာဆာကင်းသောနေရာ၌ ရွှင်လန်းစွာ နေကြရမှာဖြစ်ပါသည်။

နာကျင်ခံစားရခြင်းမရှိသောအိမ်

ဗျာဒိတ်ကျမ်း၊ ၂၁၃-၄တွင် ကောင်းကင်ကအိမ်အကြောင်း သေချာစွာဖော်ပြချက်ရှိပါ၏။ ကောင်းကင်မှ ကြီးသောအသံကား ဘုရား။ ၏ တဲတော်သည် လူတို့တွင်ရှိ၏။လူတို့နှင့်အတူ ကျိန်းဝပ်တော်မူသည်။ သ သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ဘုရားသခင်သည် သူတို့နှင့်အတူရှိ ၍သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်8S မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။နောက်တဖန် သားမရှိ မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြော.. ကား ရှေးဖြစ်ဖူးသော အရာတို့သည် ရွေ့သွားကြပြီဟု ကျမ်းစာလာပါ၏။

နာကျင်ခံစားမျက်ရည်ကျရသောကိစ္စမရှိသည့် အိမ်တစ်လုံးကို ကျွန်တော်တို့ရောက်ကြရမှာပါ။ ယခုကာလမှာ ကျွန်တော်တို့ ဘာအတွက် နာ ကျင်ခံစား မျက်ရည်ကျရသည်ကို ကိုယ်တိုင် အစရှိပါ၏။ ကိုယ်ခန္ဓာအတွက်၊ စိတ်နှလုံးအတွက်၊ ငွေရေးကြေးရေးအတွက်၊ ဆက်ဆံရေးကိစ္စများအတွက် လူမှုရေးနှင့်အလုပ်အကိုင်ဌာနများအတွက်၊ ဝိညာဉ်ရေးရာအတွက် စသည်ဖြင့် ပင်ပန်းကာ နာကျင်ခံစားကြရပါသည်။ တစ်နေ့မှာတော့ ဤဒုက္ခပြဿနာများ အားလုံးကင်းငြိမ်းချမ်းသာသွားပါလိမ့်မည်။ နာကျင်ခြင်းမရှိ။ဆေးကုသရန် အကြောင်းမရှိ၊ သေဆုံးခြင်းမရှိ၊ ဈာပနကိစ္စမရှိ။ ချုပ်ကိုင်ထားခြင်းမရှိ၊ ဖိအားပေးခြင်းမရှိ၊ ဘီးတပ်ကုလားထိုင်မရှိသောနေရာသို့ ဘုရားရှင်သိမ်း ဆည်းပို့ဆောင်မည်ဖြစ်ပါသည်။

ကောင်းကင်ကအိမ်မှာတော့ စိတ်ရောဂါမရှိ၊ ကိုယ့်ကိုယ်ကို သတ် သေတာမျိုးမရှိ၊ ဗုံးခွဲတိုက်ခိုက်တာ၊ ဗုံးကြဲသတ်ဖြတ်တာမရှိပါ။ အိမ်ထောင်ပြု ကွဲတာမရှိသလို၊ အသည်းကွဲတာလည်းမခံစားရတော့ပါ။ ဘဝပျက်တာ၊ အိပ် မက်ပျက်တာများလည်း တွေ့မြင်ရမှာမဟုတ်ပါ။လေဖြတ်တာ၊ သွေးတိုးတာ၊ အေအိုင်ဒီအက်စ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းတာ ၊အဆစ်အမြစ်ကိုက်တာ၊ ဒုက္ခိတဖြစ်တာလည်းမရှိသော ကောင်းကင်ကအိမ်မှာ နာကျင်ခံစားရတာမျိုး တစ်ခုမှမရှိကြောင်း နှုတ်ကပတ်တော်က အာမခံပါသည်။ရှေးဖြစ်ဖူးသော အရာမှန်သမျှ တစ်ခုမှမရှိကြောင်း နှုတ်ကပတ်တော်က အာမခံပါသည်။ရှေးဖြစ် ဖူးသောအရာမှန်သမျှ ရွေ့သွားသောနေရာဖြစ်တာကြောင့် ကောင်းကင်သစ်၊ မြေကြီးသစ်ဟု ခေါ်ဝေါ်ခြင်းဖြစ်သည်ကို သိမှတ်ယုံကြည်ရမှာပါ။အနာရောဂါ ကင်းငြိမ်းရာ၊ ဒုက္ခမှန်သမျှ လွတ်မြောက်ရာ အဖဘုရား ပြင်ဆင်ထားသောကောင်းကင်ကအိမ်သည် စင်စစ် ကျွန်တော်တို့ ကြံစည်စိတ်ကူးအိပ်မက်ထား စသော အိမ်များထက် များစွာ၊ များစွာသာ၍ ကောင်းမွန်ကြောင်း ထိုနေရာမှာ ကျွန်တော်တို့ တွေ့ရမှာပါ။

ကျမ်းစာလာသည်နှင့်အညီ ဘုရားသခင်ကိုချစ်သောသူတို့အဖို့ အလို့ငှာ ဘုရားသခင် ပြင်ဆင်တော်မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊နားဖြင့်မကြား၊ စိတ်နှလုံးဖြင့်မကြံစည်သေး။ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဖော်ပြတော်မူ၏ (ကာရိ၊ ဩဝါဒစာ ပထမစောင် (၂း၉-၁၀)

လုံခြုံစိတ်ချရသောအိမ်

အပန်းဖြေခရီးသွားသာသူအချို့သည် အပန်းဖြေနေရင်းမှ အိမ်ကို စိတ်မချဘူး။ လာသာလာရတယ် စိတ်ကတထင့်ထင့်နဲ့”ဟုပြောသံကို ရောင်း သာပင်လယ်ကမ်းစပ်မှာ ကြားခဲ့ရပါသည်။ ချမ်းသာပုံရသော ထိုအမျိုးသမီး၌ အိမ်ကြီးအိမ်ကောင်းများရှိမလား။သို့မဟုတ် တန်ဖိုးကြီးပစ္စည်း အများအပြား ထိုအိမ်ထဲမှာ သိုလှောင်ထားတာရှိမလား မခန့်မှန်းတတ်သော်လည်း သူမ၏ စကားက အိမ်အတွက် စိတ်ပူနေတာကို နားလည်စေပါသည်။ တကယ်တော့ လူတော်တော်များများမှာ အိမ်ကို စိတ်မချသာကိစ္စရှိကြပါသည်။ ဘာကြောင့် ဖြစ်ရပါနည်းအိမ်က လုံခြုံစိတ်ချခြင်းမှာ အားနည်းချက်တွေ ရှိနေလို့ပါပဲ။ ကျွန်တော်တို့ လောကအိမ်အများက လုံခြုံမှုကို ပေးနိုင်ဖို့အားနည်းပါသည်။ ကျွန်တော်တို့က အိမ်အများမှာ စိတ်ချနဖို့ ခက်ခဲသော အားနည်းချက် များရှိပါသည်။

လွန်ခဲ့သောတစ်နှစ်က ဂျပန်ပြည်မှာ ဆူနာမီရေလှိုင်းတက်လာ သည်ကို ရုပ်မြင်သံကြားသတင်းမှာ တွေ့ရပါသည်။ရလိုင်းအမြင့်က ဆယ်မီတာသာသာရှိပါသည်။ အားနှင့်အင်နှင့် ရိုက်ခတ်လာသာ ဝရလှိုင်း၏အ တစ်မိနစ်တောင်မှမခုခံနိုင်ဘဲ အိမ်ကြီးအိမ်ကောင်းနှင့် ထုထည်ကြီးမားသော အဆောက်အဦးများ တဝုန်းဝုန်းပြိုကျသွားသည်ကိုမြင်ရလျှင် ထိုအိမ်ရှင်တို့၏ အခြေအနေကို တွေးတောင်မတွေးဝံ့ပါ။ယခုနှစ် အမေရိကန်ပြည်၊ အိုကလာ ဟိုးမားမြို့ကို လေဆင်နှာမောင်း ဝင်မွှေလေတော့ တခဏကာလငယ်မှာပင် မြို့ ကိုပြန်၍ မမှတ်မိအောင် အိမ်ယာတိုက်တာ အဆောက်အဦးများ ပြိုကျရပါ သည်။ ဘင်္ဂလားဒေ့နိုင်ငံမှာတော့ အထည်ချုပ်စက်ရုံကြီးက ပြိုကျသွားတာကြောင့် အလုပ်သမားများစွာ သေကြေရပြန်ပါ၏။ ကမ္ဘာ့အရပ်ရပ်မှာလဲပြိုနေ သောအိမ်များအကြောင်း၊ နေ့စဉ်နှင့်အမျှ ကြားသိရသောအခါ ဘယ်မှာလဲ ခိုင်ခံ့မှု၊ဘယ်မှာလဲစိတ်ချရမှု၊ ဘယ်မှာလဲ အာမခံမှုဟု မေးခွန်းထုတ်ဖို့သာရှိ ပါ၏။အာမခံ ကုမ္ပဏီတစ်ခုဆိုလျှင် ပြိုကျသည့်အထဲ သူလည်းပါသွားတာကြောင့် သူများအိမ်ကိုအာမခံဖို့နေနေသာသာ ကိုယ့်အိမ်ကိုလည်း အာမ မခံ နိုင်ဘဲဖြစ်ရပါသေးသည်။ ကောင်းကင်က အိမ်နှင့်ပတ်သက်၍ ဗျာဒိတ်ကျမ်း၊ ၂၁း၁၅တွင် – “ငါနှင့် စကားပြောသောသူသည် မြို့ကိုလည်းကောင်း၊ တံခါးကိုလည်းကောင်း၊ တိုင်းခြင်းငှာ တိုင်းစရာရွှေကျူးလုံးပါ၏”ဟု ရှင်ယောဟန်က ဖော်ပြပါသည်။ ရွှေလုံး (rod of gold)ဖြင့် ဇယရုရှလင်မြို့သစ်ကို တိုင်းတာပြသ‌ေသာကောင်းကင် တမန်၏ စာရင်းကိုရှင်ယောဟန်က သချာစွာ ရေးမှတ်ခဲ့ပါသည်။

မြို့သည် စတုရန်းလေးထောင့်ဖြစ်၏။ မြို့၏ အလျားအနံအမြင့် ယူဇနာတစ်ရာနှစ်ဆယ်စီရှိ၏။ ပြီးရိုးထုကို တိုင်း၍လူအတောင်ကဲ့သို့ ကောင်းကင်တမန်အကောင် တစ်ရာလေးဆယ့်လေးတောင်ရှိ၏ ။

အထူးတည်ဆောက်ထားသောအိမ်

ဒေါက်တာဟင်နရီမောရစ်က စာအုပ်တစ်အုပ်ရပါသည်။ The Revelation Record ဟု အမည်ပေးခဲ့ပါ၏။ကျွန်တော်တို့နားလည်နိုင်သောငှက်ကျေးသာရကာတို့၏အသံနှင့် စမ်းရေစီးသံများက ခံစားရမဝအောင် ဖြစ်ရတာ။ စမ်းလန်းသောမြက်ခင်းများကလည်း ချမ်းမြေ့ရွှင်လန်းဖို့ကောင်း

သာနေရာ။ စသည်ဖြင့် ဘဘာဝအလှအပများက ပက်မောစရာကောင်းလှပါသည်။ သည်အရာမျိုးကို ကောင်းကင်အိမ်မှာမရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲဟု တွေ့ဖူးသော မိတ်ဆွေများလည်းရှိပါ၏။ စင်စစ်ယူခုကာလကမ္ဘာ့မြေပေါ်မှာ တွေ့မြင်ရ သမျှသော၊ သာယာသည့်ရှုခင်းနှင့်သဘာဝအလှအပအားလုံးကို ဘုရားသခင် ဖန်ဆင်းခဲ့တာပါ။ ထိုဘုရားသခင်ကပဲ ကောင်းကင်အိမ်ကို ဖန်ဆင်းသောသူ ဖြစ်တာမို့ သာ၍တောင် အထူးတည်ဆောက်ထားပေးမှာ မယုံကြည်စရာအကြောင်းမရှိပါ။သာ၍ လှပသော ရှုမျှော်ခြင်း၊သာ၍ကြည်နူးဖွယ်ပန်းရနံ့များ မရှိနိုင်တော့ဘူးလား။ ကျွန်တော်တို့အတွက် ကမ္ဘာမြေကြီးကို ဖန်ဆင်းပေးသော ဘုရားရှင်ကပဲ ကျွန်တော်တို့အတွက် ကောင်းကင်ကအိမ်ကို ဖန်ဆင်းတည် ဆောက်ပေးထားတာပါ။ ဗိသုကာတစ်ယောက်တည်း၊ တည်ဆောက်သူ တစ် ယောက်တည်းဖြစ်တာမို့ ကမ္ဘာ့မြေထက်ပို၍ ကောင်းမည့်ဌာနဟု စိတ်ရကြပါစို့။

လုံခြုံစွာနေထိုင်ရမည့်အိမ်

ထိုမြို့၏အရောင်အဝါသည် ကျောက်သလင်းနဂါးသို့ကဲ့သို့ အမြတ် ဆုံးသောကျောက်မျက်မွန်နှင့်တူ၏။ ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။မြို့ရိုးကိုယ် သည် နဂါးဒဲကျောက်ဖြစ်၏။ (ဗျာဒိတ်ကျမ်း၊၂၁း၁၂-၁၈) တစ်ခါတုန်းကတာချီလိတ်မြို့ကို ကျွန်တော်ရောက်သွားခဲ့ပါသည်။ ကျမ်းစာသင်တန်းကိစ္စနှင့်သွားသော်လည်း မမျှော်လင့်ပဲနှင့်မိခင်ကြီးတစ်ယောက်၏ ဈာပနတ်မှာ ပါဝင်ရပါ၏။ခရစ္စမတ်ပွဲနီးလာချိန်မှာ လန်တစ်အိတ် ကို သင်းအုပ်ဆရာထံ အလှူလာပေးပါသည်။ ကြိုတင်၍ စောစောစီးစီး ပေး လှူပြီးမှ ခရစ်စမတ်မရောက်ခင် သူဆုံးသွားပါသည်။ ခရစ်စမတ်ပွဲမှာ မပါဝင် နိုင်တော့သော်လည်း ခရစ်စမတ်ပွဲမှာ သူပေးလှူသာလန်(ထမင်း)ဖြင့် ဓမ္မပရိဿတ်များ စားသုံးခဲ့ကြရပါသည်။သခင်ဘုရားအတွက် စိတ်အားကြီးလျက် အဆင်သင့်ရှိသောသူမ၏ ဈာပနတွင် ကျွန်တော် ဒေဝနာဝေငှခွင့်ရပါသည်။ ဤမိခင်ကြီးသည် သေချာပေါက်လုံခြုံသာ ကောင်းကင်အိမ်မှာ နေထိုင်ခွင့်ရ မည်ဟု ယုံကြည်စိတ်ချသည့်အကြောင်းပါ။သူမ၏ခင်ပွန်း၊ သူမ၏သမီးကို လည်း နှစ်သိမ့် စကားပြောခဲ့ရပါသည်။ဒေသနာနှင့် နှစ်သိမ့်စကားကို တိတ် ဆိတ်စွာ နားထောင်နေသည့် မိသားစုနှင့် မသက်ဆိုင်သူတစ်ဦးက ညအချိန်မှာ ဖုန်းဆက်၍ မေးခွန်းထုတ်ပါသည်။

“လုံခြုံစွာနေရမည့် ကောင်းကင်အိမ်ဆိုတော့ ကျွန်တော်တို့အိမ်က မလုံခြုံဘူးလားဆရာ၊ ဆရာသိတဲ့အတိုင်း ကျွန်တော့်အိမ်က ဘယ် လောက်ခိုင်ခန့်သလဲ၊ ကြီးမားပြီး ခြံစည်းရိုးကလည်း ဘာမှမဝင်နိုင်လောက်ပါဘူး”

 တကယ်လည်း ချမ်းသာသော မိတ်ဆွေ၏အိမ်မှာ အင်မတန် ခိုင်ခန့်ပါသည်။ သို့သော်လည်း မိတ်ဆွေ၏သားကလေးတစ်ယောက်ကတော့ မူးယစ်ဆေးသုံး သည်ဟု သတင်းသဲ့သဲ့ထွက်နေပါသည်။ မကောင်းသောကိစ္စတစ်ခုသည် ခိုင် ခန့်လှသော လောကခြံစည်းရိုးကို အသာအယာဝင်သွားနိုင်မှတော့ လုံခြုံစွာ နေ၍ မရတော့ပါ။မကောင်းတာ ကလေးတစ်ခုပဲဖြစ်ဖြစ်၊ ကျွန်တော်တို့အိမ် ထဲကို ရောက်လာမှာစိုးရိမ်ရင်း နေကြရပါ၏။သံကွန်ချာခုနှစ်ထပ် ကာရံထား သည့်ကြားက ခြေဆန့်၍ မအိပ်ရသောညများရှိပါသည်။ကျွန်တော်နေထိုင်သော ရွှေပြည်သာမြို့မှ အင်မတန်ခိုင်ခန့်သော အိမ်၊ ခြံစည်းရိုးရှိပါလျက် ထွင်း ဖောက်ခိုးယူခြင်းခံရသောသတင်းများ ကြားရတတ်ပါသည်။ သတင်းများ ထဲမှာတော့ အစောင့်အရှောက်၊ နည်းပညာ၊ လက်နက်ခဲယမ်းတို့ဖြင့် ကာကွယ် ထားသာဘဏ်များတောင်မှ ဖောက်ထွင်းတာခံရပါသတဲ့။ဆိုလိုသောအချက် မှာ လာကကမ္ဘာပါက မည်သူ၏အိပ်ဖြစ်စေ၊ လုံခြုံသည်ဟု မဆိုနိုင်ပါ။ရှင် ဘုရင်နှင့်သမ္မတ၊ ရုပ်ရှင်မင်းသမီးနှင့် စစ်သူကြီးတို့၏အိမ်များတောင်မှာ တစ်နည်းမဟုတ်တစ်နည်းအားဖြင့်မကောင်းတာတွေ ဝင်ရောက်လာခြင်းကို မကာကွယ်နိုင်ပါ။ ကောင်းကင်ကအိမ်မှာတော့ အဲသလိုမဖြစ်တော့ပါမိတ်ဆွေ။

ကျမ်းစာ၌ …

ကြီးမြင့်သော မြို့ရိုးလည်းရှိ၏။ မြို့ရိုး၏အမြစ်သည် တစ်ဆယ့်နှစ်ထပ်ရှိ၏။ မြို့ရိုးထုကိုတိုင်း၍ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့် (၁၄၄)တောင်ရှိ၏။မြို့ရိုးကိုယ်သည် နဂါးသို့ကျောက်ဖြစ်၏။ ဟုလာပါသည်။ ဤကဲ့သို့သော မြို့ရိုးကို လူတွေစိတ်တောင်မကူးနိုင်ပါလေ။ ဘုရားသခင်မို့သာတတ်နိုင်သောမြို့ရိုးဖြစ်ပါသည်။ အမြစ်ခိုင်၍ အမြင့်ကြီးသော ထုထည် လည်း အလွန့်အလွန်ထူထဲ၍ကျောက်နှင့်စီမံသောဤမြို့ရိုးအတွင်းမှာ တည်ဆောက်ထား နေရာချထားသောအိမ်ကို ဘယ်အရာကမှ မနှောင့်ယှက် နိုင်တာ သေချာပါသည်။ထို့ကြောင့်လည်း လုံခြုံစိတ်ချရသောအိမ်ဟု သိမှတ် ယုံကြည်နိုင်တာဖြစ်ပါ၏။

မဆုံးရှုံးနိုင်သောအိမ်

ကျွန်တော်၏မိတ်ဆွေတစ်ယောက်မှာနှစ်လုံးထီထိုးတာဝါသနာပါလှပါသည်။ထီထိုးရင်းနှင့်အရှုံးပေါ်သွားရာဘယ်လိုမှမပေးဆပ်နိုင်သောအခါအိမ်ကိုဘက်မှာပေါင်၍ငွေချေးကာထီကြွေးဆပ်ရပါသည်။အိမ်ကိုအပေါင်ထား၍ပြဿနာကိုဖြေရှင်းခြင်းမှာတခဏ၌သက်သာရာရသော်လည်းမကြာခင်မှာအတိုးကများများလာ၍ဒုက္ခဖြစ်ရပြန်ပါသည်။နောက်ဆုံးတော့သူမပိုင်ဆိုင်သောအိမ်လှလှကလေးပေါ်မှဆင်းပေးရပါသည်။အိမ်ဆုံးသွားသောအခါနေစရာမရှိဖြစ်ရပါသည်။သူမတည်ဆောက်နေထိုင်ခဲ့သောအိမ်ကလေးကိုပြန်ရဖို့အတွက်မိသားစုများအားလုံးပြည်ပထွက်ကာအလုပ်လုပ်ကြရပါသည်။ခုနှစ်နှစ်ကြာမှပြန်၍ဝယ်ယူကာယခုတော့မိသားစုစုံလင်စွာပြန်နေထိုင်ခွင့်ရသွားပါသည်။မလိမ္မာတစ်ခါမိုက်သော်လည်းမိုက်တစ်ခါအတွက်တန်ဖိုးကြီးစွာပေးဆပ်ရပါ၏။အိမ်ဆိုတာဆုံးရှုံးတတ်တဲ့အရာပါကလားဟူသောသင်ရန်စာကိုလည်းရသွားကြပါသည်။

နယူးယော့မြို့မှာ တစ်ခါက အမေရိကန်ပြည်သားတို့ ဝါကြွားစရာ အထပ် (၁၁၀)မြင့်သည့် ဧရာမအဆောက်အဦးက World Trade Center (ကမ္ဘာ့ကုန်သွယ်မှုဌာန)သည် (၁၉၆၀)ခုနှစ်များနှင့် (၁၉၇၀)နှစ်များကတည်ဆောက်ခဲ့ပါသည်။သချာစွာ ပုံစံချ၍ ကျွမ်းကျင်သောဗိသုကာ၊ ဆောက် လုပ်ရေးအင်ဂျင်နီယာလုပ်သားများ၏ ကိုယ်စွမ်းဉာဏ်စွမ်းအကုန်နှင့် တည် ဆောက်ခဲ့ရာ ပြီးစီးဖို့ရန် (၇)နှစ်တောင်ကြာပါ၏။ သေသေချာချာကို ဆောက် ထား၍ အဆောက်အဦး၏(၃၆)လက်မတိုင်းမှာ သံချောင်းထူ၊ အကူအားဖြည့် ပစ္စည်းများနှင့် ဘယ်အခါမှ မလဲမပြိုအောင် လုပ်ဆောင်ခဲ့ပါ၏။(၁၁၀)ထပ်မြင့်သောဤအဆောက်အဦး၏ ခံနိုင်ရည်ကို အမျိုးမျိုးစမ်းသပ်ခဲ့ကြပြီးမှ မလဲမပြီ။ မဆုံးရှုံးနိုင်တော့ဘူးဟု မှတ်ယူသည့်ကြားက (၂၀၀၁)ခုနှစ်ရောက်သောအခါ အင်္ဂတေမှုန့်ဘဝသို့ရောက်သွားခဲ့ရပါသည်။ မြေပေါ်တစ်စစီဖြစ်သော ဤတိုက်အိမ်ညီနောင်ကို တစ်ကမ္ဘာလုံးက မှင်သက်စွာ ကြည့်ရင်းအိမ်ဆို တာ ဆုံးရှုံးတတ်တဲ့အရာပါကလားဟူသော သင်ရန်စာကိုလည်းရသွားကြပါ သည်။

၁၉၁၂ ခုနှစ်ကကမ္ဘာကျော် တိုက်တန်းနစ်သင်္ဘော၏ဂုဏ်သတင်း က ကြီးမားလှပါသည်။ ၈၅၂ ပတောင်မှရှည်သော သင်္ဘောကြီး၏ လုံခြုံရေး အတွက် ရေထိန်းတံခါး(၁၆)ချပ်က သံမဏိနှင့်လုပ်ထားတာမို့ ဘယ်လိုမှမနှစ် မြုပ်နိုင်ပါ။အကောင်းဆုံးတီထွင်၊အကောင်းဆုံးပြင်ဆင်ထားသော တိုက်တန်း နှစ်သင်္ဘောကြီး၊ပထမဦးဆုံးခရီးစဉ်အဖြစ် လီဗာပူးမြို့ဆိပ်ကမ်းမှမထွက်ခွာခင် သင်္ဘော သားတစ်ယောက်ကို ခရီးသည်ကမေးပါသည်။ ဒီသင်္ဘော စိတ်ချရရဲ လားဗျာ။သွားရမှာကပင်လယ်ခရီးဆို တော့စိတ်ပူတယ်။ ဘင်္ဘောများဖြစ်ခဲ့ရင် ဒုက္ခ ရောက်မှာပဲ။ကျုပ်က ရေကူးတတ်တာ မဟုတ်ဘူးဟုပြောလျှင် သင်္ဘော တာဝန်ခံအရာရှိက အားရပါးရရယ်၍ မပူနဲ့ကိုယ့်လူ၊ ဒီသင်္ဘောထက်ကောင်း တဲ့ ဇိမ်ခံသင်္ဘော၊ဒီကမ္ဘာပေါ်မှာ တစ်စင်းမှ မရှိသေးပါဘူး။နစ်မြုပ်မှာကိုတော့ မပူပါနဲ့။ကျပ်ပြောမယ်နားထောင်။ဒီသင်္ဘောကို အနန္တတန်ခိုးရှင် ဘုရားသခင်တောင်မှ နစ်မြုပ်လို့မရအောင် ခေတ်မီပြီး ကောင်းအောင်လုပ်ထားတာပါ ခင် ဗျားလိုက်ခဲ့ရင် အိမ်မှာနေတာနဲ့မခြားနား။ လုံခြုံစိတ်ချရပါ တယ်ဟု ဖြေလ၏။ သို့သော် လမိုက်ည သန်းခေါင်ယံမှာ တိုက်တန်းနနစ် သင်္ဘောကြီးသည် ရေခဲတောင်တစ်ခုကို တိုက်မိကာ မြောက်အတ္တလန်တိတ် ပင်လယ်ပြင်အောက်သို့နစ်မြုပ်ပျောက်ကွယ်သွားခဲ့ရပါတော့သည်။ ထိုအခါ ကျမှ အိမ်နှင့်တူသော ဇိမ်ခံ သင်္ဘောကြီးသည်လည်းဆုံးရှုံးတတ်သောအရာပါ ကလားဟူသော သင်ရန်စာ ကို အင်္ဂလိပ်လူမျိုးများနှင့် နည်းပညာဆရာသမားများက သင်ရန်စာရ သွားကြပါသည်။

ကျွန်တော်တို့အတွက်မပျက်စီးဆုံးရှိနိုင်သောအိမ်

ကမ္ဘာမြေပေါ်ကအိမ်များက ပြိုလဲပျက်စီးနိုင်ပေမယ့် အဖဘုရား သခင်ပြင်ဆင်ပေးထားသော ကောင်းကင်ကအိမ်ကဖြင့် လူလက်နှင့်လုပ်တာ မဟုတ်၍မပြိုမပျက် ထာဝရတည်မြဲသည်ဟု ဆိုပါရစေ။ မြို့ရိုး၏အမြစ်သည် တစ်ဆယ့်နှစ်ထပ်ရှိ၏။သိုးသူငယ်၏တမန်တော်၊ တစ်ဆယ့်နှစ်ပါး၏နာမတို့ သည် မြို့ရိုးအမြစ်ပေါ်၌ရေးထားလျက်ရှိကြ၏။မြို့ရိုးအမြစ်တို့သည် ကျောက် မျက်အမျိုးမျိုးနှင့်ပြည့်စုံကြ၏ဟု ကျမ်းစာလာပါသည်။(ဗျာ၊ ၂၁၁၄ – ၁၉)ကောင်းကင်ကအိမ်၏ အုတ်မြစ်သည်တယ်ဆယ့်နှစ်ထပ်ရှိသော်လည်း မြေသားကျောက်ရိုင်း၊သဲ၊ ဘိလပ်မြေနှင့်ဖွဲ့စည်းထားခြင်းမဟုတ်ပါ။ အုတ်မြစ် တစ်ထပ်လျှင် အဖိုးတန်ရတနာတစ်မျိုးစီနှင့် တည်ဆောက်ထားပါသည်။ ရတနာပုံပေါ်မှာ တည်ဆောက်ထားတာဖြစ်၍ လောကအိမ်တစ်လုံးနှင့် နှိုင်းပြ စရာမရှိပါ။

ပထမအမြစ်ကိုဘုရားသခင်ကနဂါးသို့ဖြင့်လည်းကောင်း

ဒုတိယအမြစ်ကိုဘုရားသခင်ကနီလာဖြင့်လည်းကောင်း

တတိယအမြစ်ကို ဘုရားသခင်က မဟူရာဖြင့်လည်းကောင်း၊

 စတုတ္ထအမြစ်ကိုဘုရားသခင်ကမြဖြင့်လည်းကောင်း

ပဉ္စမအမြစ်ကို ဘုရားသခင်က ကြောင်ဖြင့်လည်းကောင်း၊

 ဆဋ္ဌမအမြစ်ကို ဘုရားသခင်က ကျောက်နီဖြင့်လည်ကောင်း၊

 သတ္တမအမြစ်ကိုဘုရားသခင်ကခရုသုလိတ်ဖြင့်လည်းကောင်း

အဋ္ဌမအမြစ်ကိုဘုရားသခင်ကမျက်ရွဲဖြင့်လည်းကောင်း၊

နဝမအမြစ်ကို ဘုရားသခင်က ဥဿဖရားဖြင့်လည်းကောင်း ၊

ဒဿမအမြစ်ကို ဘုရားသခင်က ခရုသုပြတ်ဖြင့်လည်းကောင်း၊

 ဧကဒဿမအမြစ်ကို ဘုရားသခင်က ဗိသဖြင့်လည်းကောင်း၊

ဒွါဒဿမအမြစ်ကို ဘုရားသခင်က ဂေါ်မုတ်ဖြင့်လည်းကောင်း

 ၊ အုတ်မြစ်ချထားရာ တန်ဖိုးကြီးသော ကျောက်မျက်များ ဘယ်လောက်တောင် ပေါများ ကြွယ်ဝသော နိုင်ငံ၊ ဒေသ၊ နေရာဌာနဖြစ်သည်ကို သိနိုင်ပါသည်။ ဤအိမ်ကို ဘုရားသခင်က ကျွန်တော်တို့အတွက် သေချာပေါက်ပြင်ဆထား ပြီး ဘယ်တော့မှ မဆုံးရှုံး၊ ဘယ်တော့မှ မပျက်စီးနိုင်ပါ။ ကျွန်တော်တို့ ထာဝရ ကာလ နေထိုင်ရမှာနေထိုင်ခွင့်ရှိမှာ ဖြစ်ပါသည်။လွန်သွားခဲ့ပြီဖြစ်သော ကျွန် တော်တို့၏ ဘိုးဘေး၊မိဘနှင့် ချစ်ခင်ရသူများက ထိုနေရာမှာ သေချာစွာ ရောက်ရှိခံစားနေပြီဖြစ်၍ တကယ်တော့ သူတို့အတွက် စိတ်ပူစရာမရှိသလို၊ သာယာနေ့ နောင်ကာလမှာ ကျွန်တော်တို့လည်း ရတနာများနှင့်မွမ်းမံစီချယ် သောကောင်းကင်စံအိမ်တစ်လုံးကို ဘုရားသခင်က အစဉ်သဖြင့် နေထိုင်ဖို့ရန် ပေးအပ်မည်ဖြစ်ပါ၏။

ကျွန်တော်တို့အတွက်ထာဝရကာလပိုင်ဆိုင်သောအိမ်

တစ်ဆယ့်နှစ်ထပ်ရှိသော မြို့ရိုး၏အမြစ်များပေါ်မှာ သိုးသူငယ်၏ တမန်တော်များအမည်ကို ရေးထိုးထားလျက်ရှိသောနေရာသို့ ရူပါရုံဖြင့် ရှင်ယာဟန်မြင်ခဲ့ရပါသည်ဟု ကျမ်းစာလာပါသည်။ စင်စစ် ရှင်ယောဟန်ကိုယ် တိုင်လည်း တမန်တော်တစ်ပါးဖြစ်ခဲ့သူပါ။မြို့ရိုး၏အမြစ်မှာဖြစ်စေ၊ သူ၏အမည် နာမကို ဂုဏ်ပြုရေးထိုးထားသည်ကို ကိုယ်တိုင်မြင်ရလျှင် ဘယ်လိုခံစားရပါ မလဲ။အင်မတန်မှ အံ့ဩ၍ ကြည်နူးဝမ်းမြောက် လက်ပန်းပေါင်းခတ်ချင်လ မလား။

တစ်သက်တာကာလပတ်လုံး လုပ်ဆောင်ခဲ့သမျှ အမြတ်ရခဲ့ပါပြီ လေ။သခင်ယေရှုကို ယုံကြည်၍ လုပ်ဆောင်ခဲ့သော သာသနာလုပ်ငန်း၊ ပြုစုခဲ့ သာ အမှုတော်များအတွက် လောကလူ့ပြည်မှာ နည်းနည်းမှ မသက်သာခဲ့ပါ။ များစွာပင်ပန်း၍ ဆင်းရဲဒုက္ခနှင့်သာ ကြွယ်ဝခဲ့ရပါ၏။ ရိုက်ပုတ်ခြင်းကဲ့ရဲ့ခြင်း၊

ပြစ်တင်ခြင်း၊ရှုံ့ချခြင်း၊အကျဉ်းခံခြင်း ညှင်းပန်းခြင်းတို့ကို အစဉ်မပြတ် ခံစားခဲ့ရသာသူပါ။ ယခုတော့ဖြင့် ထိုအရာများသည်အလဟဿမဖြစ်။အရာထင်၍ အကျိုးကိုမြင်ရပါပြီ။သူမမျှော်လင့်ရည်မှန်းချက်များကို ကောင်းကင်အိမ်မှာ ထင်ရှားစွာတွေ့ရလျှင် ဘယ်လောက်ဝမ်းမြောက်ခြင်းဖြစ်ရပါမလဲ။

အာဗြဟံဆိုသောယုံကြည်ခြင်း၏ဖခင်ဟု သိမှတ်ခြင်းခံရသောသူ သည်လည်းသူမျှော်လင့်ရာ ကောင်းကင်ကအိမ်အတွက် လောကမှာ ဘုရား သခင်၏စကားကိုနားထောင်ခဲ့သူ ဖြစ်ပါသည်။ဟေဗြဲသြဝါဒစာ၌ တမန်တော်ရှင်ပေါလုက “အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည့် အကြောင်း ဘုရားသခင်တော်မူသောအခါ သူသည် အဘယ်အရပ်သို့သွား သည်ကို ကိုယ်တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ထွက် သွားလေ၏။ သူတစ်ပါးပြည်၌ ဧည့်သည်နေသကဲ့သို့ ဂတိတော်နှင့်စပ်ဆိုင်သောပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည်ဖြစ်၍ နေလေ၏။ထိုဂတိတော်ကို အမွေခံရသာ အဖော်အဖက်တည်းဟူသောဣဇက်၊ ယာကုပ်တို့နှင့်အတူ တဲ ၌နေလေ၏။အကြောင်းမူကား ဘုရားသခင် တည်ထောင်ပြုစုတော်မူသော ခိုင်ခံ့မြဲမြံသော မြို့ကို မျှော်လင့်သတည်းဟု ရေးသားခဲ့ပါသည်။ (ဗြဲ၊၁၁း၈၁၀)အာဗြဟံသည် သူမျှော်လင့်သော ကောင်းကင်ကအိမ်ကို မြင်တွေ့ရသော အခါ ဘယ်လောက်ဝမ်းမြောက်မည်ကို စိတ်ကူးကြည့်နိုင်ပါသည်။

“တွေ့ပြီ။ နောက်ဆုံးတော့ ငါတွေ့ရပါပြီ။တစ်သက်လုံးက တဲထဲမှာ နေ။သဲကန္တာရထဲမှာ သွားလာခဲ့ရပြီး ဧည့်သည်လို သူတစ်ပါးပြည်မှာ နေပြီး ရှာဖွေခဲ့ရသမျှ ယခုတော့ တွေ့ရပြီ။ ဘုရားသခင်၏ဂတိတော် တည်မြဲလှပါတကား” ဟု ကြွေးကြော်ပါလိမ့်မည်။ကျွန်တော်တို့လည်း လာကမှာ အာဗြဟံနှင့် ဇယာ ဟန်လုပ်ဆင်းရဲပင်ပန်း၊ အကြမ်းပတမ်းခံစားကြရပါသည်။အချို့များ အသက် ပင်စွန့်လွှတ် ပူဇော်ရပါ၏။ဘုရားသခင်ကိုချစ်၍ ကြိုးစားအသက်ရှင်တာကိုပဲ ညှင်းပန်းနှိပ်စက်၊တားဆီးကန့်ကွက်၊ ချုပ်နှောင်ဖမ်းဆီးခံရကြပါသည်။ ကမ္ဘာ မှာ စရစ်ယာန်အများခွဲခြားဆက် ဆံခံရတာ ၊နိပ်ကွက် ခြင်းခံရတာရှိသော်လည်း မတုရဖြစ်လျက် အသက်၊ဘဝ၊စည်းစိမ်ဥစ္စာ စွန့်လွှတ်ရပါလျက် ဘုရား သခင်ကို သစ္စာရှိသူများသည် ကောင်းကင်ကအိမ်သို့ရောက်လျှင် အရာထင်ခဲ့ သာ ပင်ပန်းမှုများအတွက် အလွန်ပျော်ရွှင်ရပါလိမ့်မည်။

ဇလွန်မြို့နယ်က ကျုံရှရွာမှာနေသည့် ကျွန်တော့်မိတ်ဆွေ သင်းအုပ် ဆရာသည် အင်မတန် ဆင်းရဲပါသည်။ အသင်းတော်အိမ်ကလေးသည် ယိုင်ယိုင်နဲ့နဲ့နှင့်သားနားလုံခြုံခြင်းမရှိပါ။သူ၏ဇနီးသည်ခမျာ ဝေဒနာခံစားရ၍ နာတာရှည်ဖြစ်နေပါသည်။သမီးများလည်း ပညာတော်ပေမယ့် ကျောင်း ဆက်၍မတတ်နိုင်ပါ။ သို့သော် ဆရာသည်အသင်းတော်ကိုကြည့်ရှု၍ တပည့်တော်စုများဆီ ဧဝံဂေလိခရီးပြုပါသည် ရုန်းကန်ရသောအသက်တာဖြစ်ပါ၏။ ထမင်းကောင်းကောင်း၊ ဟင်းကောင်းကောင်း လည်းမစားရရှာပါ။ဝတ်ကောင်း စားလှလည်း မငတ်ရရှာပါ။သို့သော် ဘုရားသခင်နှင့်ပြုခဲ့သောဂတိသစ္စာကို တည်လျက် ကြိုးစားကာ အမှုတော်ဆောင်ပါ၏။ကျွန်တော်နှင့်တွေ့ဆုံစဉ်မည့် သည်ဓမ္မဆရာ ကြီးတစ်ပါးလည်း ရောက်နေပါ၏။ည့်သည်ဆရာကြီးက သူ့အိမ်ကိုလှည့်လှည်ကြည့်ရှုကာ မဲ့တဲ့တဲ့ပြုံးပြီးမှ ဆရာမက အိမ်မဆောက်တော့ဘူးလား။ အိမ်ကမကောင်းတော့ပါလားဟုပြောပြီး တဆက်တည်းမှာ သူ ကတော့ ရန်ကုန်မြို့မှာ အိမ်ကြီးကြီးဆောက်ပြီး၍ မိသားစုကောင်းစွာနေရ

ကြောင်းကြွားဝါလျှင် ကျွန်တော်ပင် ဧည့်သည်ဆရာကို တိတ်တိတ်ကလေး ဒေါသထွက်ပါသည်။ သို့သော် ဆရာကတော့ စိတ်မထိုးပါ။အသင်းတော်ဆောက်လုပ်ပေးအပ်နေထိုင်ခွင့် ပြုသာအိမ်မှာပဲနေ၍ ပေးလှူသမျှကို မဝံဂေလိတရားအတွက် ပြန်လည်အသုံးပြုရင်း “ကောင်းကင်က အိမ်ရှိပါ တယ်။ ဘုရားသခင်ပြင်ဆင်ထားပြီးပါပြီ။ဒီမှာက ယာယီတဲပဲဥစ္စာ။အသင်းတော် ပေးသမျှနှင့် လုံလောက်ပါတယ်”ဟု တိုးသက်ငြိမ်းချမ်းစွာ ပြန်ပြောပါ၏။ ကျွန်တော့်အတွက် သင်ရန်စာဖြစ်ခဲ့ပါသည်။

ကျောက်ကြီးမြို့နယ် ကရွာတစ်ရွာမှာနေသည့် ကျွန်တော့်မိတ်ဆွေ သင်းအုပ်ဆရာသည် မမျှော်လင့်ဘဲ မှားယွင်းကာဖမ်းဆီးခံရပါသည်။သူက မှား တာမဟုတ်ပါ။သူ့အသင်းသားတစ်ယောက်က မှားယွင်းတာကိုပဲ သူကဝင်၍အချောင်စံရပါသည်။ သူ့ကို ပြစ်ဒဏ်မချမီ ရှေ့နေနှင့်အတူ အကျိုးဆောင်ပေး သူများက ဆရာကတော်အား ငွေသိန်းငါးဆယ်ပေးလျှင် ကွင်းလုံးကျွတ်လွတ် မြောက်နိုင်မည်ဟု ပြောလေ၏။တကယ်တော့ ကျေးလက်က အမှုတော် ထောင်သူ ဓမ္မဆရာမှာ ဘယ်က ငွေသိန်း(၅၀)ရှိပါ့မလဲ။ဆရာကတောက ဆရာ့ကို အချုပ်ခန်း၌သာသွား၍တွေ့ကာ ရှိရှိသမျှ ပေါင်နှံ၊ချေးငှားကြိုးစားရှာဖို့ တိုင်ပင်သောအခါ ဆရာကလက်မခံပါ။ အဖမ်းခံရတဲ့အထဲ အကြွေးထပ် တင်ရမှာ မနှစ်သက်နိုင်ဘူး။ငါ့မှာ ငွေသိန်း(၅ဝ)မရှိတာ လူတိုင်းသိပါတယ်။ ဒီမှာ မိန်းမ၊တကယ်လို့ သိန်းငါးဆယ် မင်းမှာရှိခဲ့ရင်လည်း ငါ့လွတ်မြောက်ဖို့ မသုံးပါနဲ့။စဝံဂေလိလုပ်ငန်းအတွက် အသုံးပြုလိုက်စမ်းပါ။အဲဒါကမှ ငါတို့ရဲ့ကောင်းကင်ဘဏ္ဍာဟုပြောပါသည်။ ထိုစကားသည်လည်း ကျွန်တော့်အတွက် သင်ရန်စာဖြစ်ခဲ့ပါသည်။

ကျွန်တော်တို့ ထာဝရကာလနေထိုင်ရမည့်အိမ်ကို ဘုရားသခင် ပြင်ဆင်ထားပါသည်။ တစ်နေ့မှာ ထိုအိမ်ကိုမြင်လျှင် လောက၌ ခံစားခဲ့ရသမျှ၊ ပင်ပန်းခဲ့ရသမျှ အမောပြစရာဖြစ်မှာပါ။ အဗြဟံ၊ ယောဟန်မှစ၍ ရှေးကယုံ ကြည်သူများနည်းတူ ဘုရားသခင်၏စကားကို နားထောင်လျက် ပင်ပန်းခြင်းရှိ သမျှကို ဤလောကမှာ သည်းခံခြင်းသည် အကျိုးမဲ့မဟုတ်ကြောင်း ခွန်အား ယူကြပါစို့

ထို့ကြောင့် ငါတို့သည် မလှုပ်နိုင်သောနိုင်ငံကို ရသည်ဖြစ်၍ ခန့် ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာ ဝတ်ပြုနိုင် မည့်အကြောင်းကျေးဇူးတော်ကို စွဲလမ်းကြကုန်အံ့။ (ဟေဗြဲသြဝါဒစာ၊၁၂း၂၈)

အဖိုးအနဂ္ဃထိုက်တန်သောအိမ်

ပန်းခင်းသောလမ်း၊ စိန်စီသောလမ်း၊ရွှေလမ်း၊ ငွေလမ်း စသော ဝေါဟာရများက ကြားဖူးရုံသက်သက်ပါပဲ။လောကမှာ မြင်ရလျှောက်ရတာ မဟုတ်ပါ။ပန်းခင်းသောလမ်းကိုတော့ မင်္ဂလာဆောင်သတို့သမီးက နည်းနည်းလေး လျှောက်ခွင့်ရမလား မသိပါ။ပန်းကြဲသူက စံပယ်ပန်းနည်းနည်းကို သူမရှေ့မှာ ကြဲပက်ခဲ့ရင်ပေါ့။ယခုတော့ ပန်းတွေက ဈေးကြီး၍ မင်္ဂလာဆောင် မှာတောင် စက္ကူခင်းသောလမ်းဖြစ်လာပါသည်။စင်စစ် ပန်းခင်းသော လမ်း၏ လျှို့ဝှက်သောအဓိပ္ပါယ်က သာယာချမ်းမြေ့သောလမ်းသာဖြစ်ပါ၏။စိန်စီသာ လမ်းကတော့လည်း တင်စားမှုတစ်ခုပါပဲ။စိန်ကရှားပါး၍ တန်ဖိုး လည်းကြီး လေတော့ ခေါင်းမှာ၊နားမှာ၊ လည်ပင်းမှာ လက်မှာ ပန်ဆင်ဖို့တောင် အနိုင်နိုင်။ ဘယ်လိုလုပ်ပြီး လမ်းခင်းနိုင်ပါ့မလဲ။ရွှေလမ်း၊ ဇငွေလမ်းဆိုတာလည်း ထိုနည်း လည်းကောင်းပါပဲ။နေ့စဉ် ကျွန်တော်တို့နှင့် ရင်းနှီးသာလမ်းများက ထူးခင်း လမ်း၊ ခရောင်းလမ်း၊မြေနီလမ်း၊ ကျောက်လမ်း၊ ကတ္တရာလမ်။ ကန်သင်းလမ်း၊တာလမ်း၊တောင်လမ်းများသာဖြစ်ပါသည်။

သို့သော်လည်း လောကကမ္ဘာမြေလမ်းနှင့်မတူ ခြားနားသော ကောင်းကင်မြို့မှာတော့ ရွှေစင်ရွှေသားနှင့် လမ်းခင်းထားပါသတဲ့။“မြို့လမ်းမ သည်ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင်ဖြစ်သည်”(ဗျာ၊၂၁၂၁)ဟု | ကျမ်းစာလာပါသည်။ ရွှေလမ်းခင်းသာမြို့၌ရှိသည့် ကောင်းကင်အိမ်သည် | မည်မျှ တန်ဖိုးကြီးမည်ကို ခန့်မှန်းနိုင်ပါသည်။လမ်းမကောင်းသည့် အိမ်များ၏ | တန်ဖိုးနှင့်လမ်းကောင်းရှိသော အိမ်၏ တန်ဖိုးခြားနားသည်ကို ကျွန်တော်တို့သိ | ပါသည်။ယခုကျွန်တော်တို့ နေရမည့်အိမ်က ရွှေလမ်းတောင်မှခင်းထားပါ၏။ | အဖိုးအနဂ္ဃထိုက်တန်သာအိမ်ဖြစ်ပါသည်။ရွှေကိုလူတွေ တန်ဖိုးထား၍ လာ ကလူ့ရွာမှာ ရွှေထက်တန်ဖိုးကြီးသောအရာမရှိပါ။ယခုလောက တန်ဖိုးအကြီး ဆုံးအရာက ကောင်းကင်မှာလမ်းခင်းရသည့်အရာဖြစ်လေတော့ တွက်ချက်၍ မရနိုင်သော တန်ဖိုးတစ်ခုနှင့် ကောင်းကင်အိမ်ကို ဘုရားသခင်က ပြင်ဆင် ထားတာပါ။

ရှင်သန်သော ကောင်းကင်ဘဏ္ဍာ

ကောင်းကင်အိမ်သို့သွားသောအခါ ဘာများယူသွား၍ရပါ့မလဲဟု တွေးမိပါသည်။ တန်ဖိုးကြီးသော ကောင်းကင်အိမ်ဆီသို့ ကျွန်တော်တို့ ပြန် သွားသောအခါ ရှင်သန်သောဘဏ္ဍာတစ်ခုတော့ ယူသွားကြရမှာပါ။ ကျွန်တော် တို့ ခရီးဝေးက ပြန်လာသောအခါ အိမ်သူအိမ်သားများက ပျော်ရွှင်စွာလီးကြို၍ “ဘာပါလာခဲ့သလဲ”ဟုမေးတတ်ကြပါသည်။ကျွန်တော်တို့ကလည်း စုသိမ်းရရှိ လာသမျှသောအရာကို အပ်နှင်း၍ ပျော်ရွှင်စွာ ဖက်ရမ်းကြရပါသည်။တစ်ခါက ဧရာဝတီတိုင်းဖက်မှာ စာပေဟောပြောပွဲကလေးတစ်ခုသွားစွဲရပါသည်။ကြံကြံ ဖန်ဖန် သူတို့က ငရုပ်သီးမှုန့်ကိုပဲ အထပ်ထပ် ရောင်စုံစက္ကူနှင့်ထုပ်ကာလက်ဆောင်ပေးပါ၏။ ကိုင်ကြည့်တော့ ပျော့စိစိ။ဘာမှန်းလည်းမသိပါ။ မိမိရောက် ၍ အိမ်သူအိမ်သားများနှင့်အတူတကွ ဖွင့်ကြည်တော့မှ ငရုပ်သီးဖြစ်နေတာမို့ အားလုံးပဲ ပျော်ရွှင်အံ့ဩစွာ ရယ်မောလိုက်ရပါသည်။ ထိုနည်းတူစွာပဲ ဘုရားသခင်က“ဘာပါလာခဲ့သလဲ။ လက်ဆောင်မပါလာဘူးလား” ဟုမေးလျှင် ဘယ်လိုလုပ်မလဲ မိတ်ဆွေ။ဘုရားသခင်က ကျွန်တော်တို့ကို ဝမ်းမြောက်စွာကြိုဆို၍ ကောင်းကင်ကအိမ်ကို အပ်နှင်းပါလျက် ကျွန်တော်တို့က အိမ်ပြန်လက်ဆောင် ကောင်းတာကလေး တစ်ခုတောင်ပါမသွားရင် အားနာ စရာဖြစ် ရမှာပါ။လက်ဆောင်မပါရင်လည်းရပါ၏။သို့သော်လည်း ဘုရားသခင် ကို သိ တတ်ချစ်တတ်သောသူဖြစ်ဖို့တော့ ကောင်းမည်ထင်ပါ၏။ကောင်းကင် က အိမ် ကို ပြန်သွားသောသူများ ဘယ်လိုလက်ဆောင်ယူသွားဖို့ ပြင်ဆင် သလဲဆိုတာ နည်းနည်းလောက်တော့ လေ့လာကြည့်ရအောင်။

ပထမဦးစွာ အိမ်ရှင်မတစ်ယောက်ဖြစ်သော ဒေါ်စိန်မေကတော့ ရိုး ရှင်းစွာ ပြောပြပါသည်။ ကျွန်မက အိမ်ရှင်မသက်သက်ပဲဖြစ်နေတော့ ဘုရား သခင်အတွက် ကြီးကြီးကျယ်ကျယ် ဆောင်ရွက်နိုင်တာမျိုးတော့ မရှိခဲ့ပါဘူး။ သို့သော် ကျွန်မရဲ့သားသမီးများကို နေ့စဉ်ပဲ ဘုရားရှိခိုးခြင်း၊ ကျမ်းစာဖတ်ခြင်း လုပ်ဖို့ နေ့တိုင်းတိုက်တွန်းခဲ့ပါသည်။ဆုတောင်းတတ်အောင်သင်ပေးပြီး ဘုရား သခင်ကိုသိဖို့ သင်ကြားပေးပါ၏။အပတ်စဉ် ဥပုသ်စာဖြေ၊ လူငယ်ကြိုးစားခြင်း စည်းဝေးတို့ကို လိုက်ပို့၍ အိမ်မှာလည်း နံနက်ဝတ်၊ညဝတ်အမြဲပြုကာ သူတို့ ကလေးတွေ၏ရင်ထဲမှာ သမ္မာတရားကိန်းအောင်းဖို့ သွန်သင်ပါသည်။ခရစ်တော်ဒယရှုကို သူတို့ကလေးတွေ၏ရင်ထဲမှာ သမ္မာတရားကိန်းအောင်ဖို့ သွန် သင်ပါသည်။ခရစ်တော်ယေရှုကို သူတို့၏ကယ်တင်ရှင်အဖြစ် သေချာစွာလက် ခံနိုင်အောင် သွေးဆောင်ပြီး ဘုရားသခင်နိုင်ငံတော်မှာ ဝင်ခွင့်ရဖို့ သိုးသူငယ်ရဲ့ အသက်စာစောင်မှာ သူတို့ကလေးတွေ၏နာမည် ပါဝင်ဖို့ရန် အသေအချာပို့ထောင်ပေးခဲ့တာပဲရှိပါသည်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ တစ်နေ့သောအခါ ကောင်းကင်ကအိမ်မှာ ဘုရားသခင်အတွက် လက်ဆောင် ကတော့ ကျွန်မ၏သားသမီးများပဲဖြစ်ပါလိမ့်မည်။

နောက်တစ်ဦးကတော့ ဒေါ်မေရီဖြစ်ပါသည်။ ဒေါ်မေရီကတော့ ပိုက်ဆံနည်းနည်းရှိသည့် ကုန်သွယ်ရောင်းဝယ်သူဖြစ်ပါ၏။တစ်နေ့မှာ အင်မတန်မှ အဝတ်အစားချို့တဲ့သာ ဓမ္မဆရာတစ်ယောက်ကို တွေ့ရပါသည်။ ဝေးသောအရပ် တောင်တန်းဒေသမှာ သာသနာပြု၍ မြို့ကို ခေတ္တခဏ ပြန်ရောက် လာလာဆရာသည် အသင်းတော်၌ ဒေသနာဝေငှခွင့်ရပါ၏။ သူ့ကိုမြင်လျှင် ဒေါ်မေရီသည် အင်မတန်စိတ်လှုပ်ရှားပါ၏။ဆရာဟောပြောသက်သေခံသည် ကိုလည်း ရွန်းအားရ၍ ထိုနေ့က သူ့ပိုက်ဆံအိတ်ထဲပါလာသမျှသာ ငွေအား လုံးကိုထုတ်ကာ ဆရာ့အား ပေးလှူခဲ့ ပါသည်။နောက်လအတန်ကြာလျှင် ဆရာသည် သူမထံသို့ စာနှင့်ဓါတ်ပုံတစ်ပုံပို့ပေးပါသည်။ သူ၏သာသနာပြုလုပ် ငန်းအတွက် ပေးလှူသည်ကို ကျေးဇူးတင်ကြောင်းနှင့် ဆရာဗတ္တိဇံပေးနေ‌‌ ‌ေသာ တိုင်းရင်းသားလူငယ်များ၏ပုံကို မြင်ရလျှင် ဝမ်းမြောက်ပါ။ သင့်အ တွက် ဝမ်းမြောက်စရာဖြစ်ပါစေ။ဤအသီးအပွင့်တို့ကို ရခဲ့သည်မှာ သင်ပေးလှူသော ငွေများကြောင့်ဟု ပြောနိုင်ပါ၏ဟူသော စာကိုရ၍ ဝမ်းသာအားရဖြစ်ပါ သည်။ ဘုရားသခင်၏နိုင်ငံတော်သို့ သူမသည်လည်း လူအချို့ကို ပို့ဆောင်နိုင်ခဲ့ သဖြင့် ဘုရားသခင်အတွက် သူမမှာ လက်ဆောင်အဆင်သင့်ဖြစ်ပြီဟု ကျေနပ်မိပါသတဲ့။

ဣသရေလနိုင်ငံသို့ ကျွန်တော်သွားသောအခါ သခင်ယေရှု ရှင်ပြန် ထမြောက်သောနေရာ သင်္ချိုင်းတော်ပန်းဥယျာဉ် (Tomb Garden)သို့ ရောက်ခဲ့ပါသည်။ ထိုနေရာမှာ နာမည်ကျော်ကြား ထင်ရှားသောသူများ သူဌေး များနှင့်အောင်မြင်သူများက အခမဲ့ဝန်ဆောင်ကာ လိုက်လံရှင်းပြခြင်း၊ ပန်းပင် ပြုစုခြင်း၊ရေလောင်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်းတို့ကို အခမဲ့လာ၍လုပ်ပေးကြ ပါသည်။ဤသို့ အခမဲ့အစေခံခွင့်ရရန် နှစ်ချီ၍လျှောက်လွှာတင်ကာစောင့်ပြီးမှ အလှည့်ကျလျှင် ထိုသန့်ရှင်းသော နေရာ (Holy Land) ကိုပြုစုခွင့်ရပါ၏။ ရောက်လာသမျှသာ ဘုရားဖူးများကို ရှင်းပြခြင်း၊ပို့ဆောင်ခြင်း အလှူခံခြင်းမှ စ၍ ကိုယ်ရောစိတ်ပါ ဆောင်ရွက်ကြပါ၏။သက်ကြွယ်သူ တက္ကသိုလ်ပါမောက္ခဟောင်းတစ်ယောက်ကို တွေ့ခဲ့ရပါသည်။လန်ဒန်မြို့မှာလာ၍ လုပ်အားပေးနေ သူဖြစ်ပါသည်။ဘာကြောင့် ဒီလိုလုပ်ရတာလဲဟုမေးကြည့်တော့ ဘုရားသခင် အတွက် တစ်ခုခုလုပ်ပေးချင်တာ။ကောင်းကင်အိမ်ကို ပြန်သွားရင် ဘာလုပ်ခဲ့သလဲဆိုတာကို ပြောပြနိုင်အောင်လို့ဟုဖြေပါသည်။

ဘုရားရှိခိုးကျောင်းများစွာကို လိုက်လံပြင်ဆင်ပေး၊ ဆောက်လုပ် ပေးသောမိတ်ဆွေတစ်ယောက်ရှိပါသည်။သူ၏ဘ၀နှင့်အချိန်နာရီများစွာကို ထိုအလုပ်မှာပဲ ကုန်လွန်စေပါသည်။အမြဲတမ်းပင် ကျွန်တော်ထံသို့ ရောက်

လာ၍ အလှူခံပါသည်။သူအလှူခံတာလည်း ခပ်ကြမ်းကြမ်းပါပဲဆရာဆိုး | ငွေတစ်သိန်းလှူပါ။ဘုရားကျောင်း ဆောက်မလို့ဟုပြောပါသည်။သူငယ်ချင်း မိတ်ဆွေကိုတော့  ငြင်း၍မရပါ။ မပေးဘဲ နေလျှင်လည်းမဖြစ်ပါ။ဘာကြောင့် အဲဒါတွေလုပ်နေရတာလဲဟုမေးလျှင် ကျပ်မှာကပိုက်ဆံမရှိဘူးလေ။ဒါကြောင့် ပိုက်ဆံရှိတဲ့သူတွေကို သိအောင်လုပ်ပြီး လိုက်တောင်းနေတာပါ။နောက်တစ် နေ့ ဘုရားသခင်ရှေ့ရောက်လို့ ကိုယ့်အလှူငွေစာရင်းတွေ့မှကျုပ်ကို ကျေးဇူး တင်နေရဦးမယ်။ ကျုပ်လည်း မလုပ်နိုင်ပေမယ့် ဘုရားသခင်အတွက်လက်ဆောင် ဗိမာန်တော်တွေကို ပေးချင်တာ။နည်းနည်းတော့ လူပါးဝတယ်နော်။ သို့သော် ဟိုကျရင် ခင်ဗျားရော၊ကျုပ်ပါ အကျိုးရှိမယ့်ကိစ္စပါဟုပြောပါသည်။ အင်မတန်မှ ဝမ်းမြောက်စရာတစ်မျိုးဖြစ်ရပြန်၏။

လှလှပပ၊မူကြိုဆရာမလေး(ဥပုသ်စာဖြေကျောင်းဆရာမလည်း ဟုတ်ပါရဲ့)တစ်ယောက်ကို ကျောက်ကြီးမြို့နယ်မှာ ကျွန်တော်တွေ့ခဲ့ရပါသည်။ စပ်လဲရွာကလေးမှာ သူမအမှု တော်ဆောင် ပါသည်။ကျောင်းမရှိ၊ဗိမာတော်မရှိ သော စစ်ရှောင်ရွာကလေးမှာ သူမကြိုးစား၍ သွားနေကာ ဗိမာန်တော် စာသင် ကျောင်းဖြစ်ဖို့ကြိုးစားပါသည်။လှပသော အပျိုမဖြစ်သော်လည်း မှုံနံ့သာမရယ် သ၊ပန်းများကို မပန်ဆင်။ပင်ပန်းသာ သာသနာလမ်းကိုရွေးချယ်ကာ ကိုယ်ကျိုးကိုစွန့်၍ အသက်တာကို ဆက်ကပ်ထားပါ၏။အလှပြင်စရာ မှန်ကွဲ တစ်ချပ်ပဲရှိသာ သူမစောင်းပါးတစ်ထည်သာခင်းနိုင်သည့် သူမ၏အိပ်ယာ၊ နှလုံးဝေဒနာကို ခုခံရင်း ကိုယ်တော်ရှင်အတွက် လယ်ကွင်းမှာ ရိတ်သိမ်းနေသောသူမကို တော်ရုံလူနားမလည်နိုင်ပါ။လှလှပပကလေးဝတ်စားကာ ချစ်သူ ရည်းစားထား၍ လောကအိမ်ယာတည်ဆောက်လိုပါလျှင် ဤခန္ဓာဤမျက်နှာ ကို လိုချင်သူတွေ အထောင်အသောင်းရှိနိုင်ပါလျက် ဘုရားသခင်အတွက်ဟုဆုံးဖြတ်ချက်ရဲသူကို လေးစားပါသည်။စင်စစ် ကောင်းကင်ကအိမ်မှာ ဘုရား သခင်၏ရှေ့တော်မှောက်မှာ ရှင်သန်သောဘဏ္ဍာကို သူမဆည်းပူးနေခဲ့တာပါ။

သူတစ်ပါးအိမ်မှ အကူ၊အဖော်လုပ်ပေးရသော”ညို”ကို ဘန် ကောက်မြို့မှာ တွေ့ခဲ့ရပါသည်။ သူမသည် ပင်ပန်းစွာ အလုပ်လုပ်ရသောသူဖြစ် ပါ၏။ သို့သော်လည်းစနေနေ့ညနေပိုင်းနှင့် တနင်္ဂနွေနံနက်ပိုင်းမှာတော့ ဓမ္မ ဝေစာများကို ဆောင်ယူလျက်ရထားဘူတာရုံနားမှာ ထိုင်နေပါသည်။မြန်မာ၊ အင်္ဂလိပ်၊ ထိုင်းဘာသာဖြင့် ပုံနှိပ်ထားသော သခင်ယေရှုအကြောင်း ဓမ္မဝစာ များကို ဝေငှပေးနေခဲ့ပါသည်။အပတ်စဉ်တိုင်း သူမလုပ်ဆောင်နေနိုင်ပါ၏။ တစ် နေ့တလေ အနားရသောအချိန်မှာ သူများတွေလိုခြေဆန့်၍ မအိပ်။လည်ပတ် သွားလာခြင်းလည်းမလုပ်နိုင်။ဘုရားသခင်အတွက် ကြိုးစား၍အချိန်၊လုပ်အား ပေးနေသောကလေးမကလေးသည် ယခင်က မည်းမည်းတူးတူး ရုပ်ဆင်းအင်္ဂါ မလှပသူဖြစ်သော်လည်း ကြာသာအခါ ဓမ္မအရောင်းနှင့် ပါးပြောင်လာသလား မဆိုနိုင်။နောက်တစ်ခါ ပြန်တွေ့တော့ လှပယဉ်ကျေး၍ မြင်သူငေးရသော ရုပ် ရည်ရှိလာပါသည်။ညိုကို တစုံတသြကြည့်ရင်း လောကမှာပင် ဘုရားသခင် တင်မြှောက်ပြီမို့ ကောင်းကင်မှာတော့ သူမ၏ လက်ထောင်ကို နှစ်သက်၍ မျက်နှာသာရမည်မှာ သေချာလှပါ၏ဟု တွေးမိပါသည်။

ဆရာယုဒဿန်၊အမေရိကန်ပြည်သားက မြန်မာပြည်သို့ နှစ်ခြင်း သာသနာဆောင်ယူလာပါ၏။ လွယ်ကူသာခရီးမဟုတ်သော်လည်း ပင်ပန်း ဆင်းရဲခြင်း အထပ်ထပ်ကို သိမ်းပိုက်ကာ မဖြစ်မနေကြိုးစား၍ အမှုတော် ဆောင်ပါသည်။သမင်း၏အရိပ်လွှမ်းမိုးရာ အင်းဝလက်မရွံ့ထောင်ထဲ၌ ချုပ် နောင်ခြင်း၊ညှင်းပန်းနှိပ်စက်ခြင်းကိုခံရပါသည်။ နှလုံးကွဲလုမတတ် နာကျင်ခံစား ရပါ၏။ သလုအောင်ပင်ပန်းခံရသည်။သို့သော်လည်း အသင်းတော်ကို တည်ထောင်နိုင်၍ သမ္မာကျမ်းစာကို မြန်မာလူမျိုးများအတွက်အသေအချာ ဘာသာ ပြန်ပေးနိုင်ခဲ့ပါသည်။သူ၏ဆောင်ပုဒ်က အင်မတန် လေးစားစရာဖြစ်ပါသည်။

ဒုက္ခသုစ

ဘယ်သို့ကွေ့ကွေ့

ရှေးတိုး၍ ဆောင်ရွက်မည်။

 မြန်မာ့လွင်ပြင် ငါတို့ကြဲ၍

ဖိအုန်ထိပ်၌ရိတ်မည်။

ခရစ်တော်အတွက်သာမဟုတ်ခဲ့ရင် မလုပ်နိုင်ပါဘူးဟု ဝန်ခံခဲ့သော ဆရာယုဒ ဿန်သည် ကောင်းကင်စံအိမ်အတွက် များစွာသောလက်ဆောင်၊ရှင်သန်သောဘဏ္ဍာကို ဆည်းပူးနိုင်ခဲ့ပါသည်။ ဘုရားသခင်အတွက် လူအမျိုးမျိုးတို့ သည် လက်ဆောင်ဘဏ္ဍာကို ဆည်းပူးနေကြပါသည်။ကျွန်တော်တို့ တွေ့မြင်ရသော ဇာတ်ထုပ် (Story)များစွာရှိပါလျက် ကိုယ်တိုင်လည်း ဥပေက္ခာပြု၍ မဖြစ်ပါ။ဘုရားသခင်အတွက် လက်ဆောင်တစ်ခုတော့ ယူသွားမှဖြစ်ပါလိမ့် မည်။ဓမ္မသီချင်းတစ်ပုဒ်ဖြစ်သော I gave my life for Thee (သင့်ဖို့ ငါးအ သက်ပေးကျူး၊နံပါတ် ၂၃၂)တွင် မေးခွန်းတစ်ခုရှိပါ၏။

ငါကား သင်၏အတွက် ငါသွေးမြတ်သွန်းလောင်း၏။ သင်သည် ရွေးခြင်းခံရလျက် သေခြင်းမှ ရှင်ရ၏။ ငါသည် သင်၏အတွက် သေ၏။ငါ့တွက်သင်ဘာပြုနည်း။ ငါနေရာ ကောင်းကင်မှ ပြစ်လုံးလုံးဖြေလွှတ်ခြင်း။ ဆုကျေးဇူးကြွယ်ဝစွာ ဆောင်ခဲ့၊ ချပေးသွတ်သွင်း။ သင့်အား ဆုများစွာ ငါပေးပြီး။ငါ့အား သင်ဘာလှူနည်း။

ဆည်းပူးရမည့် ကောင်ကင်ဘဏ္ဍာ

ဤနေရာမှာ သခင်ယေရှုသွန်သင်ခဲ့သော နှုတ်ကပတ်တော်နစ် ချက်ကို ဆင်ခြင်အောက်မေ့ရန် မေတ္တာရပ်ခံလိုပါသည်။ရှင်မဿဲခရစ်ဝင်ကျမ်း၊ ၂၀၄၀ နှင့်၄၅ တွင်လာသော အချက်ဖြစ်ပါသည်။ သခင်ယေရှုကိုယ်တိုင် မိန့်တော်မူသော ဒေသနာစကားဖြစ်၍ သချာပေါက် ကျွန်တော်တို့ အလေးထားရ မှာဖြစ်ပါသည်။ ဓမ္မသီချင်း(၂၃၂)မှာတော့ လင်္ကာဆရာက သခင့်ကို ကိုယ်စား မေးခွန်း (၄)ခုကို မေးပါ၏။

(၁)ဝါသည် သင်၏အတွက် သေ၏။ ငါ့တွက် ဘာပြုနည်း။

(၂) သင်၏အတွက်သာငါခံသည်။ငါ့ဖို့သင်ဘာခံနည်း။

(၃) သင့်ဖို့ပင် ငါရွတ်ပယ်စွန့်သည်။ငါ့ဖို့ သင်ဘာစွန့်နည်း။

(၄) သင့်အား ဆုများစွာ ငါပေးပြီ။ ငါ့အား သင်ဘာလှူနည်း။

 ဓမ္မသီချင်းမှ မေးခွန်းကို ဖြေဆိုရန်တော့ လိုအပ်ပါသည်။ သီဆိုရုံ၊ချီးမွမ်းရုံထက် သာ၍လေးနက်သောလုပ်ဆောင်မှုတစ်ခုခုကိုတော့ အဖိုးတန်အိမ်မှာနေရမည့် ကျွန်တော်၊ ကျွန်မတို့က ပေးဆပ်ဖို့ ကောင်းပါသည်။ရှင်မဿဲခရစ်ဝင်ကျမ်း၊ ၂၅း၄ဝနှင့် ၄၅တွင် .. “

ငါအမှန်ဆိုသည်ကား သင်တို့သည် ဤသူတည်းဟူသာ ငါ့ညီတို့ တွင် အငယ်ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီငါအမှန်ဆိုသည်ကား သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသော

သူတစ်ယောက်အား မပြုသမျှ ငါ့အား မပြုကြပြီ ။ ဟု သခင်ယေရှု မိန့်တော်မူပါသည်။အငယ်ဆုံးသောသူတစ်ယောက်ကို ပြုစု ခြင်းသည်သခင့်ကို ပြုစုခြင်းဟု ပညတ်ချက်ရှိသောကြောင့် သခင်ယေရှုကို ပြုစု လိုသူမှန်လျှင် အငယ်ဆုံးသောသူကို သေချာပေါက် ပြုစုရမှာဖြစ်ပါသည်။

ရှမ်းပြည်နယ်သို့လာရောက်ဖို့ ဖိတ်ကြားသော ဆရာမ ဇော်လင်း လင်းမြတ်အားဖြင့် အသင်းတော်အများတွင် ပါဝင်ခဲ့ရဝေငှခဲ့ရပါသည်။တောင် ကြီးမြို့သို့ရောက်သောအခါ ဆရာမနော်လင်းလင်းမြတ်က အလုပ်များ၍ လရာ မနန်းမွန်းဝါကို တာဝန်ပေးခဲ့ပါသည်။ ဆရာမတို့ကလူငယ်များဖြစ်၍ ရှမ်းတောင် အဖွဲ့ချုပ်ရုံးမှာ နေကြပါသည်။ဓမ္မပညာတာဝန်ခံဖြစ်သူ။လူငယ်ဌာန တာဝန်ခံ ဖြစ်ဘူး။ အမျိုးသမီးငှာနတာဝန်ခံဖြစ်သူတို့သည် သူငယ်ချင်းဖြစ်ကာ အတူတူ‌ နေကြပါသည်။ လူငယ်ချင်းတူ၍ သူများတကာရာမာလှပကြံ့ခိုင်သော် လည်း အမျိုးသမီးဌာနတာဝန်ခံ နန်းမွန်းဝါက ပိန်ပိန်သေးသေးဖြစ်နေပါ၏။ ဘယ်လိုဖြစ်လာလဲဟု မေးကြည့်တော့ ရှမ်းအပျိုမက ရယ်၍ကျွန်မက အငယ်

ဆုံးသောသူလဟု ပြောပါသည်။ သမ္မာကျမ်းစာထဲမှာ သခင်ယေရှု၏အငယ် ဆုံးသောသူကို သတိရမိပါသည်။ သခင်ယေရှုဖော်ပြသော အငယ်ဆုံးသောသူကတော့ နန်းမွန်းဝါနှင့် မတူပါ။

(၁) မွတ်သိပ်သောသူ

 (၂) ရေငတ်သောသူ

 (၃) ဧည့်သည်ဖြစ်သောသူ

 (၄) အဝတ်ချည်းစည်းရှိသောသူ

 (၅) အနာစွဲသောသူ နှင့်

(၆) ထောင်ထဲမှာနေသောသူ တို့ဖြစ်ကြပါသည်။ဤလူ(၆)မျိုးကို သခင်ယေရှုက အငယ်ဆုံးသောသူဟု ဖော်ပြပါသည်။(မ၊၂၅၃၅-၄၀)ဤသူ များသည်တစ်ခါတစ်ရံ ကျွန်တော်တို့ ကိုယ်တိုင်ဖြစ်၍ တစ်ခါတစ်ရံ အခြားသူ များ၌ဖြစ်နေပါသည်။ ကမ္ဘာမြေ၌ ဤလူ(၆)မျိုး အစဉ်ရှိပါသည်။သာ၍လေးနက် စွာ အဓိပ္ပါယ်ရှိစွာ တွေးတောဆင်ခြင်လျှင် အငယ်ဆုံးသောသူကို ကူညီမစရန် ဘုရားသခင် အလိုတော် ရှိကြောင်းနားလည်ရပါသည်။ဤသူတို့ကို ပြုစုသမျှ သည် သခင်ယေရှုကို ဘုရားသခင်ကိုပြုစုတာနှင့်တူပါသတဲ့။မွတ်သိပ်သော သူကို ကျွေးမွေးရမှာပါ။ ရေငတ်သောသူကိုလည်းသောက်ဖို့ပေးရမှာပါ။စည့် သည်ဖြစ်သောသူကို ဧည့်သည်ဝတ်ပြုပေးရမှာပါ။အဝတ်ချည်းစည်းရှိသူကို အဝတ်နှင့်ဖုံးလွှမ်း၍ အနာရောဂါစွဲသူကို ပြုစုရပါလိမ့်မည်။ထောင်ထဲမှာ နေရ သူထံသို့လည်း သွားရမှာပါ။ သခင်ဘုရားလိုချင်သောပေးဆပ်မှုကို ကျွန်တော် တို့မည်မျှပြုခဲ့ကြောင်း ဆင်ခြင်စဉ်းစားကြပါစို့။ ။

သံချေး၊ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာမြေကြီးပေါ်မှာ ဘဏ္ဍာကိုမဆည်းပူးကြနှင့်။သံချေးပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းဖောက် မခိုး ယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းပူးကြလော့။ (ရှင်မဿဲခရစ်ဝင်ကျမ်း၊၁၉ -၂၀)

အဖိုးမပေးရသာအိမ်

အဖိုးအနဂ္ဃထိုက်တန်ပါလျက် အဖိုးမပေးရဘဲနှင့် နေထိုင်ရမည့်ဆို တော့ ထူးမြတ်သည့် အခွင့်အရေးပါပဲ။လောကမှာတော့ ဘယ်သူမှ တန်ဖိုးမ ပေးဘဲ အိမ်ကိုမရနိုင်ပါ။ အိမ်ဝယ်ရသည်။အိမ်ဆောက်ရပါသည်။ ပိုက်ဆံကုန်ပါ ၏။ပင်းပန်းရပါသည်။ အိမ်ကောင်းလေလေ၊ ပိုက်ဆံကုန် လေးလ၊ ပင်ပန်းလေ လေဖြစ်တာကို ကျွန်တော်တို့အားလုံးသိပါ၏။ အိမ်တစ်လုံးကိုဝယ်နိုင်ဖို့ ချစ်သူ ဘဝ၊ဇနီးမောင်နှံဘဝ၏ အိပ်မက်များဖြစ်ပါသည်။အိမ်မရှိလျှင် မိသားစုသည် အိန္ဒြေမရဖြစ်ကြရပါ၏။ အချို့များ”နေရေး”ဆိုတာ”သေရေး”ထက်တောင်ခက် သည်ဟု ပြောကြပါသည်။ အိမ်အတွက် မြို့ပေါ်မှာနေထိုင်သူတွေက သာ၍ပင် သောကများကြရပါ၏။

အကြွေးစံနစ်ထွန်းကားသော တိုင်းပြည်များမှာ အိမ်ဝယ်ပြီး နှစ် ပေါင်းသုံးဆယ်လောက် အကြွေးဆပ်ကြရပါသည်။ အချို့များ သေသာသွား သည်။အိမ်ကြွေးမကြေကြပါ။ရသောဝင်ငွေနှင့် တိုင်းတာလျက် အိမ်အတွက် အကြွေးဖဲ့ဆပ်ရသဖြင့် ဝစွာမစားရ။လှအောင်မဝတ်ရသောသူလည်းရှိပါသည်။ စင်္ကာပူမှာနေသော ကျွန်တော့်မိတ်ဆွေ မသဇင်တို့၏အိမ်က ကောင်းလှပါသည်။ကျွန်တော်သွား၍ တည်းခိုသာအခါဇိမ်ကျသဖြင့်”နင်တို့က သူဌေးပဲ။ | အိမ်ကြီးကြီးကောင်းကောင်းနဲ့ နေရတာပဲ”ဟုပြောလျှင်သူ့ခင်ပွန်း ကိုစန်းရွှေက မဲ့ပြုံးပြုံးကာ ဆရာပိုးကတော့ မရှိတာ ထက်မံသိတာခက်တော့တာပဲ။ဒီအိမ်ကိုအကြွေးနဲ့ဝယ်ထားတာ။တစ်လချင်းဖဲ့ဆပ်နေရတာပါ။ကျွန်တော်ပင်စင်ယူခါနီး ကျမှ ကျပြီးအပိုင်ဖြစ်မှာဟုပြောပါသည်။အမေရိကန်ပြည်မှာနေသော သူငယ် ချင်းတစ်ယောက်ကတော့ အိမ်မဝယ်ဘဲ ငှားနေပါသည်။ခင်ပွန်းသည် ဝင်ငွေက အိမ်လခနဲ့ပြောင်သလင်းခါတာမို့ ဇနီးသည်လခနှင့်စားသောက်ရပါသတဲ့။ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဆိုတာ ကြားဖူးသလားဟု သူကမေး ရင်းရယ်ပါသည်။

ကျွန်တော်ကတော့ ရန်ကုန်မြို့နှင့်စပ်ဝေးဝေးမြို့သစ်မှာနေပါသည်။ အိမ်ကအကောင်းစား မဟုတ်တာမို့ ဝယ်ရင်းဈေးသေးသော်လည်း တစ်နှစ် တစ်နှစ်ပြင်ဆင်စရိတ်ထောင်းကာ နလံမထူနိုင်ဖြစ်ရပါသည်။ ဒီနှစ်မှာ အမိုးပြင် လိုက်။နောက်နှစ်မှာအကာပြင်လိုက်။နောက်တစ်နှစ်မှာ အခင်းလဲလိုက်နှင့် နှစ် တိုင်းပြင်ဆင်ခြင်းသံသရာမှာ တဝူးဝူလည်နေရသဖြင့် ပိုက်ဆံကုန်၊လူပင်ပန်း ရပါ၏။အနောက်တောင်ဖက်မှာ မိုးကလေးညိုလာရင်ပဲ အိမ်ပြင်ရဦးမည်ဟုသော သာကကအချိန်မှန် စည့်သည် ဖြစ်ခဲ့တာကြာလှပေါ့။ဤကဲ့သို့ မပြင်၍မ ရ။မထောက်၍မရသော လောကကမ္ဘာမြေကအိမ်အတွက် ကျွန်တော်တို့အမြဲ ပဲကုန်ကျနေကြရပါသည်။ပင်ပန်းရပါ၏။ လောကဓမ္မတာဘာမှ အလကားမရ။ အဖိုးအခပေးမှသာ တစ်စုံတစ်ရာကို ရတာမို့ ပေးရတာပါပဲ။

ကောင်းကင်အိမ်မှာအဲသလိုကိစ္စမျိုးမရှိပါမိတ်ဆွေ။ဘုရားသခင်ပြင် ဆင်ပေးသော အဖိုးတန်အိမ်ကို အခမဲ့ရရှိမှာဖြစ်ပါသည်။ထောက်ရန်မလို၊ပြု ပြင်ရန်မလိုပါ။ငွေမကုန်သလို ပင်ပန်းစရာလည်းမရှိပါ။ ရှင်မဿဲခရစ်ဝင်ကျမ်း၊ ၂၅၃၄တွင် “ထိုအခါ လက်ျာတော်ဘက်ရှိသော သူတို့အား မင်းကြီးက ငါ့ မည်းတော်ထံ ကောင်းကြီးမင်္ဂလာစံသာသူတို့ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သောနိုင်ငံကိုလာ၍ အမွေခံကြလော့”ဟုလာပါသည်။ အဓိပ္ပါယ်က တော့ ဘုရားသခင်ပြင်ဆင်ထား တာကြာလှပါပြီ။ကျွန်တော်တို့ ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် ဘယ်မှာနေရာရမည်ကို ကြံစည်ဆောင်ရွက်ထားပြီးဖြစ်ပါ သည်။ ဘုရားသခင်သည် သူ၏သားသမီးအတွက် ပြင်ဆင်ပေးထားနှင့်သာ သက်သလည်း ကမ္ဘာဦးကပင် ထင်ရှားပါသည်။ လူသားမောင်နှံ အာဒံနှင့်ဧဝ ကို ဘုရားသခင် မဖန်ဆင်းခင်ကပင် သူတို့နေစရာအရပ်၊ဧဒင်ဥယျာဉ်သာ ယာကိုဖန်ဆင်းထားပါသည်။ ပြင်ဆင်ထားပါသည်။ လူတို့နှင့်ပျော်ရွှင်စွာ မိတ်သ ဟာယဖွဲ့ရန်ရည်ရွယ်ခဲ့သော်လည်း လူတို့၏မိုက်မဲမှုကြောင့် အကြံအစည်ပျက် စီး၍ ဧဒင်ဥယျာဉ်ပရဒိသုဘုံနန်းလည်း စခန်းသိမ်းပျောက်ကွယ်ခဲ့ရပါသည်။

နောက်ထပ်တဖန် သားတော်သခင်ယေရှုကို စေလွှတ်၍ ကယ်တင် ခြင်း အစီအမံကို ပြုပြန်ပါသည်။ဤတစ်ကြိမ်မှာတော့ ဘုရားသခင်က အကြံတော်ကို အပျက်မခံတော့ပါ။ကောင်းကင်စံအိမ်၊ ပရဒိသုဘုံသို့ရောက်နိုင်ဖို့ ရန်အတွက် သားတော်ရင်းကိုမနှမြောဘဲ သန့်ရှင်းသောသွေးဖြင့် ကျွန်တော်တို့ ကို ဆေးကြောကာ စံအိမ်အရောက်ခေါ်ဆောင်ခဲ့ပါပြီ။ကျမ်းစာ၌ “ဘုရား၊ သခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်။ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည်မိမိ၌ တစ်ပါး | တည်းသောသားကို စွန့်တော်မူသည့်တိုင်အောင် လာကီသားတို့ကိုချစ်တော် | မူ၏ ဟုလာပါသည်။ (ယော၊၃၁၆)ဘုရား၏သားတော်သည် တစ်ကြိမ်တည်း နှင့်အပြီးအပြတ်ဆေး ကြာခဲ့သည်ဖြစ်၍ သူ့ကိုယုံကြည်သောသူမှန်သမျှကောင်းကင်ကအိမ်ကို အဖိုးမပေးဘဲ နေကြရပါလိမ့်မည်။ကျွန်တော်တို့၏ မကောင်းမသင့်ခဲ့သောအရာများ၊ ဘာသာတရားကို လေးစားရကောင်းမှန်းမ သိခဲ့တာများ၊ဘုရားကျောင်းကိုရှောင်ကွင်းသော သိုးမည်းဖြစ်ခဲ့တာများ၊ရိုးရာဓ လေ့ကို စွဲလန်းလွန်း၍ ခွဲခြားဆက်ဆံတာများ စသည့်အရာများအားလုံးအ တွက် သခင်ယေရှုပေးထပ်ခဲ့ပါသည်။သခင်ယေရှုကိုယုံကြည်လျှင် အသက်စာ စောင်မှာ နာမည်စာရင်းဝင်၍ ကောင်းကင်ကအိမ်သာယာမှ ပျော်ရွှင်စွာနေထိုင် ကြရပါမည်။ ထိုအိမ်ကို ဘုရားသခင်က ပြင်ဆင်၍ သခင်လေရှုက အဖိုးအစ ပေးထားပြီးဖြစ်၍ ကျွန်တော်တို့ပေးရန်မလိုပါမိတ်ဆွေ။

ပတ်မှကျွန်းမှ ယောဟန်ဖော်ပြသော ကောင်းကင်တံခါးကိုလည်း သတိပြုကြပါစို့။ တံခါးရွက်တစ်ဆယ့်နှစ်ရွက်အသီးအသီးတို့သည် ပုလဲတစ်ပြား စီဖြင့်ပြီး၍ ပုလဲတစ်ဆယ့်နှစ်ပြားဖြစ်ကြ၏။(ဗျာ၊ ၂၁၂၁)ဟုကျမ်းစာလာ ပါသည်။ပုလဲလိုသာ ရတနာပစ္စည်းတစ်မျိုးသည် ရှားပါး၍ သမုဒ္ဒရာအောက်၊ ကမာကောင်များ၏ ကိုယ်ထဲက ခက်ခဲစွာရှာဖွေရပါသည်။ အင်မတန်တောက်ပသော ပုလဲတစ်လုံးသည် တန်ဖိုးကြီးသော်လည်း အရွယ်အစားက ကြီးမားလှ သည်မဟုတ်ပါ။ ပေနှစ်ရာအထူရှိသာတံခါးတစ်ချပ်ကို ပုလဲနှင့်လုပ်ဖို့ဆိုတာ စိတ်ကူးလို့တောင်မရပါ။ ဘုရားမှ မဟုတ်လျှင်ဘယ်သူမှ မလုပ်နိုင်တာ သေချာ ပါသည်။ကမ္ဘာပေါ်က နည်းပညာဆရာသမားများနှင့် ကြွယ်ဝသူများကို အထူ ပေနှစ်ရာရှိသော တံခါးတစ်ချပ်ကို လုပ်ပေးဖို့တောင်းဆိုလျှင် ပက်လက်လန် သွားပါလိမ့်မည်။ မြင့်သောအမြင့်၊ကျယ်သောအကျယ်ကို မပြောရသေးခင် ထုကိုပဲ ပြောကြည့်တာပါ။ထုဆိုတာ တံခါးတစ်ချပ်မှာ အသေးငယ်ဆုံး အစိတ် အပိုင်းဖြစ်ပါသည်။

ပုလဲအပြား တစ်ဆယ့်နှစ်ပြားနှင့်ကောင်းကင်တံခါး။သခင်ယေရှု၏ ကယ်တင်ခြင်း ဆုကျေးဇူးကြောင့်မဟုတ်လျှင် ဖြတ် သန်းဝင်ရောက်ရန်အခွင့်မရှိပါ။လှပပြောင်လက်၊ထွန်းတောက်၍ ခိုင်မာ ထဲသောတံခါးတစ်ချပ်ကို ဖြတ်သန်းဝင်ရောက်၍ ကောင်းကင်စံအိမ်မှာ နေ ထိုင်ရသမျှသည် အဖိုးအခမပေးရဘဲ သခင်ယေရှု၏ ကယ်တင်ခြင်း ကျေးဇူး ကြောင့်သာဖြစ်ပါ၏ ။အဖိုးမပေးရသောတန်ဖိုးကြီးအိပ်ယာမှာ နေထိုင်နိုင်ဖို့ရန် ဘုရားသခင်၏မေတ္တာနှင့် ကရုဏာတော်၊ သားတော်သခင်ယေရှု၏ ကျေးဇူးတော်သည် အဓိကဖြစ်ပါ၏။ ထို့အပြင် သခင်ယေရှုကို ယုံကြည်၍ ကောင်းကင် စာရင်းမှာ နာမည်ပေါက်ဖို့လည်း လိုအပ်ပါသည်။

မိသားစုများစုံလင်သာအိမ်

ကမ္ဘာပေါ်မှာ အင်္ဂလန်နိုင်ငံကိုတော့ မသိသူခပ်ရှားရှားပါပဲ။တစ်ခါ တုန်းကနေမဝင် အင်ပါယာကြီးကို တည်ထောင်နိုင်ခဲ့သော အင်္ဂလိပ်လူမျိုးတို့၏ ဘူမိနက်သန်ကျွန်းသာယာဖြစ်ပါ၏။ အုပ်စိုးခဲ့သော အင်္ဂလပ်ဘုရင်မ ဝိတိုရိယ ကလည်း ဘုန်းတန်ခိုးကြီးမားလှပါဘိ။အဲလစ်ဇဘက် ဘုရင်မကြီးကလည်း သက်တော်ရှည်လှပါ၏။ဤဘုရင်မများ အုပ်ချုပ်သောနိုင်ငံသို့ ရောက်ဖူးချင်လှ သည်။လန်ဒန်မြို့သို့ရောက်သောအခါမှတော့ အံ့ဩေမာစရာတွေက ရေ တွတ်၍မကုန် နိုင်တော့။တကယ့်မြို့ကြီးပါပဲ။ခတ်မီ၍ လှပသို၊နန်းဆန်၍ ဂန္တဝင် လည်းမြောက်သော အင်္ဂလိပ်မင်းများ၏ ရာဇပလ္လင်ရှိတာမို့ ကြီးကျယ်ခမ်းနား လှပါ၏။ဧည့်လမ်းညွှန်က ဘယ်သွားချင်သလဲဟု မေးသောအခါ ပထမဦးဆုံးဖြစ်သောစကားက ဘက်ကင်ဟမ်နန်းတော် (Buckinghan Palace) ဖြစ်ပါသည်။ဆယ့်ရှစ်ရာစုအစ(၁၇၀၅)ခုနှစ်မှာ ဆောက်လုပ်၍ ဝိတိုရိယဘုရင် မတို့မိသားစုနေထိုင်ခဲ့သော အိမ်ဖြစ်တာမို့ ရောက်ဖူးချင်လှပါ၏။ဝင်ခွင့်လက် မှတ်ကိုဝယ်ယူပြီးနောက် ဝင်ရောက်သွားသောအခါမှာတော့ ကြက်သီးဖြန်းဖြန်း တရပါသည်။

ခမ်းနားသောအိမ်ကြီးထဲမှာ အသုံးအဆောင်၊ပရိဘောဂများက ကြည့်၍မဝနိုင်။မျက်နှာကျက်မှ တန်ဖိုးကြီးမီးပန်းဆိုင်းများ၊ ကျောက်ဖြူသားနံရံ ထက်မှာ တန်ဖိုးမြင့်မားသည့် ကမ္ဘာကျော်ပန်းချီကားများ ကျောက်သလင်း ကြမ်းပြင်နှင့်ရှေးဟောင်းလက်နက်များ၊ ကျောက်စီဓါးနှင့်ပတ္တမြားဝတ်ရုံမှစ၍ ဘုရင်မတို့မိသားစု၏အသုံးအဆောင်များက တကယ်ပဲ ရွှေရောင်လင်းလက် ကာ ရတနာကျောက်မြတ်တို့၏အရှိန်အဝါဖြင့် တစ်ခန်းပြီးတစ်ခန်း လှမ်းသွား ရန်ပင် ခြေလှမ်းကို တွန့်စေပါ၏။ကတ္တီပါပိုးဖဲ၊ ခန်းဆီး၊ကန့်လန့်ကာ၊ငွေကြိုး ရွှေကြိုးတို့ဖြင့် ဘုရင်မ၏အိမ်ကို နှစ်နာရီမျှလှည့်လည်ကြည့်ရှုရာ အတော်ပင် ရင်သပ်ရှုမောခဲ့ရပါ၏။ သို့သော်လည်း စိတ်ထဲမှာတစ်ခုခုလိုအပ်နေသလို ခံစားရပါသည်။ဇနီးသည်က “ကလေးကစားစရာအရုပ်လည်းမရှိဘူးနော်။ မိသားစုထမင်းစားပွဲလည်းမတွေ့ခဲ့ဘူး”ဟုပြောမှ အဲဒါ အဲဒါပဲ။မိသားစုများ နေထိုင်သောနေရာ၊မိသားစု၏ အိမ်ဆိုတာကလေးရောရှိရမှာပေါ့။ အိမ်သူအိမ် သားလည်းရှိရမှာပေါ့။ငါတို့ရောက်ခဲ့တာ အိမ်မဟုတ်တော့ဘူးပဲ။နန်းတော် လည်း မဟုတ်သေးဘူး။ပြတိုက်တစ်ခုပဲဟုကျွန်တော်ပြောမိလျှင် ဇနီးသည်က ကုလားထိုင်တွေပေါ်မှာ ပစ္စလက္ခတ်တင်ထားတဲ့ အင်္ကျီတွေလည်းရှိရမှာမဟုတ် ဘူးလားဟု စကားဆက်ပါသည်။ဟုတ်တာပေါ့။ ဖရိုဖရဲဖြစ်နေတဲ့ ကလေး ကစားစရာတွေ၊ မသိမ်းရသေးတဲ့အဝတ်တွေရှိနေမှ အိမ်လို့ခေါ်ချင်တာမဟုတ် လားဟု သူမကိုမေးလျှင် သူမက ရယ်၍နေပါ၏။တကယ်တော့လည်း အိမ်ဆို တာက အိမ်သူအိမ်သားရှိမှ၊မိသားစုစုံလင်မှ အိမ်ဖြစ်တာကို ကျွန်တော် သတိ ရမိပါသည်။

တစ်ခါက လှေကူးတို့နှင့် ခရီးသွားသောသူတစ်စု၏လှသည် မြစ် အလယ်မှာသတ်မုန်တိုင်းတိုက်ခတ်၍ လှေနစ်မြုပ်မည့်ဘေးဒုက္ခနှင့်ကြုံရ ပါသည်။လှေကနစ်တော့မည်ဖြစ်၍ စိုးရိမ်ထိတ်လန့်သာ ခရီးသွားများမှာ ငိုယိုမြည်တမ်း၍ ချောက်ခြားသွေးပျက်နေပါသည်။ထိုအထဲမှာ မုဆိုးမငယ် တစ်ဦးကတော့ အိန္ဒြေမပျက် တည်ငြိမ်လျက်ရှိပါသတဲ့။လူအများက သူမကို အံ့သြစွာကြည့်လျက် ဘာကြောင့် ငြိမ်သက်နေပါသလဲ။သေမှာကို မစိုးရိမ်ဘူး လားဟုမေးပါသည်။ သူမက အသာအယာပြုံး၍ ကိစ္စမရှိပါဘူး။ယခုနေ လှေနစ်၍သရလျှင် လွန်သွားပြီးဖြစ်သော ခင်ပွန်းသည် နှင့်ပြန်တွေ့ရမှာပါ။လှေမနစ်၍ရှင်ရလျှင် ရွာမှာကျန်ရစ်သော သားငယ်နဲ့တွေ့ရမှာပါ။နှစ်ခုလုံးအရှုံးမရှိပါ သား၊ ဘုရားသခင်အလိုတော်အတိုင်းပဲ သခင်ယေရှု၏ မျှော်လင့်ယုံကြည်ခြင်း သည် ကျွန်တော်တို့အတွက် သင်ရန်စာတစ်ခု ဧကန်စင်စစ်ဖြစ်ခဲ့ရပါ၏။

ဘုရားသခင်ကိန်းဝပ်တော်မူသာအိမ်

 – ကောင်းကင်အိမ်မှာ ဘုရားသခင် အစဉ်အမြဲ ကိန်းဝပ်တော်မူသောကြောင့် ထိုအဖနှင့် ကျွန်တော် ထာဝရနေထိုင်ရမှာဖြစ်ပါသည်။ ဘုရားသခင် က ဟိုအိမ်သွားလိုက်၊ဒီအိမ်သွားလိုက်နှင့် များနေမှာမဟုတ်ပါ။နေရာတိုင်း မှာရှိသော ဘုရားသခင်ဖြစ်၍ ကျွန်တော်တို့နေရာကျသော ကောင်းကင်အိမ်မှာ ဘုရားသခင်ကို မြင်တွေ့ဖက်ရမ်း၍ ကျွမ်းဝင်ချစ်ခင်လျက် နေထိုင်ကြရပါလိမ့် မည်။ကောင်းကင်ကအိမ်မှာ ဘုရားရှိခိုးကျောင်းကို သွားဖို့မလိုတာကတော့ သေချာပါသည်။ ပတ်မုကျွန်းရောက် ရှင်ယောဟန်က သူ၏ရူပါရုံကို ရေးချသော အခါ၌…

“မြို့ထဲ၌ ဗိမာန်တော်ကို ငါမမြင်။အကြောင်းမူကား အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်သည်ထိုမြို့၏ ဗိမာန်တော်ဖြစ်တော်မူ၏” ၊ ဟုဖော်ပြပါသည်။(ဗျာ၊၂၁၂၂)ကိုယ့်နေရာမှာ ဗိမာန်တော်ရှိသည့် သဘာ ဖြစ်ပါ၏။ဗိမာန်တော်က (temple)၏ အဓိပ္ပါယ်၊ဂရိစကားလုံး၏ ယခုနေရာ၌ သူသာ အနက်မှာအသန့်ရှင်းဆုံးသောနေရာက (Most Holy Place)ဖြစ် ၏။ရှေးကဣသရေလ လူမျိုးများ၏ဘုရားသခင်အား ဝတ်ပြုရန်နေရာ၊ ဘဲ တော်၏အတွင်းပိုင်းအကျဆုံး၊အသန့်ရှင်းဆုံးသော နေရာနှင့် သဘာ ကူညီပါ၏။ ဘုရားသခင်ရှိသောနေရာဖြစ်၍ တာဝန်ကျသောယဇ်ပရောဟိတ်မှ တပါး အခြားသူများ မဝင်ရသာ သီးသန့်နေရာဖြစ်ပါသည်။ သို့သော်လည်း သခင်ယေရှုသက်တော်စွန့်သည့်အခါ ဗိမ္မာန်တော်ကန့်လန့်နှစ်ခြမ်းကွဲ၍ ကယ်တင်ခြင်းဆုကျေးဇူးကို လူသားတိုင်း ရနိုင်တာကိုလည်း ဆင်ခြင်စရာဖြစ်ပါသည်။ဟဗြဲ ဩဝါဒစာ၊ ၉၂၀တွင် ဤအသွေးကာ သင်၌ ဘုရားသခင် ဝန်ခံ တော်မူသော ပဋိညာဉ်၏အသွေးဖြစ်သည်ဟုလာပါသည်။

ဘုရားသခင်ကျိန်းဝပ်သောကောင်းကင်ကအိမ်မှာအဖဘုရားသခင်အစဉ်ရှိသည်ဖြစ်၍ထိုမြို့သည်နေ၏အရောင်၊လ၏အရောင်ကိုအလိုမရှိပါ။အကြောင်းမူကားဘုရားသခင်၏ဘုန်းတော်သည်ကောင်းကင်မြို့တော်ကိုလင်းစေ၏။ကျမ်းစာ၌သိုးငယ်သည်ထိုမြို့၏ဆီမီးဖြစ်ပါသည်။ကိုယ်ရောင်ကိုယ်ဝါထွန်းလင်းစွာနှင့်ဘုရားသခင်ကိုကောင်းကင်သားတို့စိတ်ကြိုက်ဖူးတွေ့ရုံသာမဟုတ်အတူတကွနေထိုင်ရမှာဖြစ်ပါသည်။ The bright forevermore (စဉ်မပြတ်ထွန်းတောက်ကျူး၊၃၉ဝ)အမည်ရှိဓမ္မသီချင်းတွင်အောက်ပါအတိုင်းရေးစပ်ထားပါ၏။

“‌ေနထက် ထွန်းတောက်သာပြည်ရှိပေသည်။ကောင်းကင်ပြင် စဉ်ကြည်လင်။ ညမှောင်ရိပ် ဘယ်ခါမရှိပြီ၊ အလင်းကား ကယ်ချွတ်ရှင်။ နှိမ့်ချစွာ ကားတိုင်ထမ်းလျှင် သရဖူဆောင်းမည်။ သန့်ရှင်းသူနှင့် စိုးစံမည်။

ချစ်ရသောသူများပြည်လည်ဆုံတွေ့သောအိမ်

သင်္ချိုင်းမှာကြားရသောငိုသံများကဝမ်းနည်းကြေကွဲမှုကိုဖော်ပြပါသည်။ချစ်ရသောသူနှင့်ထာဝစဉ်ကွေကွင်းရပါပြီ။ဘဝခြားရပြီ၊ဘယ်တော့မှ …. ဘယ်အခါမှပြန်၍မတွေ့နိုင်တော့သောနှုတ်ဆက်ခြင်း၊ခွဲခွာခြင်းဟုအောက်‌မေ့ကြပါသည်။ပန်းကလေးတွေကြဲချ။မြေစာကလေးပစ်ချပေးတာနှင့်ကွဲကွာသွားပြီ၊ဘယ်တော့မှမစပ်ဆိုင်တော့ဟုခရစ်ယာန်များကမယူဆကြပါ။နောက်တစ်နေ့မှာကောင်းကင်သားဖြစ်သောအခါတဖန်ပြန်၍တွေ့ရဦးမည်ဟုသေချာစွာယုံကြည်ကြပါသည်။ရှေ့ကသွားနှင့်သာအဖိုးအဖွား၊မိဘ၊သူငယ်ချင်းချစ်သူ၊သားသမီးတို့ကိုပြန်၍တွေ့နိုင်ပါသည်။ကောင်းကင်ကအိမ်သည်အိမ်ပီသ၍ပြတိုက်တစ်ခုမဟုတ်ပါ။ဝိတိုရိယဘုရင်မကြီး၏စံအိမ်တော်မျိုး၊အလှပြရန်သက်သက်မှမဟုတ်တာပဲ။ထိုနေရာမှာမိသားစုများပြန်၍ဆုံတွေ့ခွင့်၊မွေ့လျော်ခွင့်ရှိပါသည်။အကယ်၍များဤလောကမှကျွန်ုပ်တို့လွန်သွားခဲ့လျှင်သန့်ရှင်းသောအိမ်တော်မြက်ရှိပေသည်။ကောင်းကင်အိမ်တော်မြတ်တည်း။

ငါ့ကိုချစ်ခင်သောသူများသည်။ဝမ်းမြောက်စွာကြိုဆိုမည်။ (ဓမ္မသီချင်း ၃၉ဝ)

ဟုသေချာပေါက် ယုံကြည်နိုင်ပါသည်။အလွမ်းပြေတွေ့ရခြင်းမဟုတ်။မခွဲမခွာ အမြဲသာအတူတကွ နေထိုင်ကြရမှာဖြစ်ပါသည်။ တစ်ခုတော့ လိုအပ်ပါသည်။ သိုးသငယ်၏ အသက်စာစောင်မှာ နာမည်စာရင်းပါဝင်ဖို့တော့လိုပါသည်။ ကျွန်တော်တို့ချစ်သောသူများနှင့် ကျွန်တော်တို့ကိုယ်တိုင် သခင်ယေရှုကို ယုံကြည် ၍အသက်စာစောင်မှာနာမည်စာရင်းရှိခဲ့လျှင် ပျော်ရွှင်စွာ တဖန်ပြန်၍ တွေ့ဆုံ ကြရမည်ဖြစ်ပါ၏။

‌ေလာကမှာ ဓမ္မဝန်ဆောင်အဖြစ် အမှုတော်ဆောင်စဉ်မှာ အချို့ သောမိတ်ဆွေများက ဝေဖန်မှုပြုပါသည်းဆရာတို့က သတဲ့သူဆိုရင် ကောင်း ကင်ရောက်မယ်ပဲပြောတာပဲ ။အရက်သမား၊လောင်းကစားသမားနဲ့၊လူဆိုးတွေ ကို သဂြိုဟ်တော့လည်းကောင်းကင် ရောက်မယ်ပဲပြောတာ သိပ်မဟုတ်သေး ဘူး ထင်တယ်။ဒီလူက တစ်သက်လုံးကောင်းမှမကောင်းတဲ့သူပဲ။သူ‌ ကော‌ ကောင်းကင်ဗီဇာရတာပဲလားဟု မေးသောအခါ ဖြေလိုရန်ခက်ခဲပါသည်။ သို့သော် အဘယ်မျှ ဆိုးသွမ်းမိုက်မဲသာသူခိုးဖြစ်စေတစ်ချိန်မှာ နောက်ဆုံး တစ်ချိန်မှာပဲ ခရစ်တော်ကို တမ်းတ၍ လက်ခံခဲ့သာ ကားတိုင်လက်မှ သူခိုး တစ်ယောက်ပင် လျှင် ပရဒိသုဘုံသို့ရောက်ရန် သခင်ယေရှု အာမခံပါသည်။ ထိုးသောသူဖြစ် သော်လည်း နောက်ဆုံးအချိန်မှာပင် နောင်တရခဲ့လျှင်ကောင်းကင်သားဖြစ်ရန် နောက်ကျခြင်းမရှိပါ။မည်သူတွေ ကောင်းကင်ရောက် မည်သူတွေ မရောက်ဘူးဆိုတာကို မဆုံးဖြဘ်နိုင်သလို ဆုံးဖြတ်ခွင့်လည်းကျွန်တော်တို့မှာ မရှိပါ။ကျွန်တော်တို့ကိုယ်တိုင်နှင့် ကျွန်တော်တို့ ချစ်သော သူများ မော်ဒန်မြစ် အလွန် ပုလဲတံခါးကိုဝင်နိုင်ဖို့ကိုသာ ကြိုးစားကြရမှာဖြစ် ပါသည်။

သခင်ယေရှု၏ ကယ်တင်ခြင်းကျေးဇူးတော်ကို လက်ခံရမှာပါ။ထာဝ ရအတူနေရင်သာ ချစ်သူကိုလည်း ကယ်တင်ခြင်းကျေးဇူးတော်ကို ဝေမျှပေးရမှာပါ။

လူအမျိုးမျိုးတို့ရှိနေသောကောင်းကင်အိမ်

လူမျိုးရေးစိတ်ပြင်းထန်သော သင်းအုပ်ဆရာတစ်ဦးက လွန်ခဲ့သော ကာလ၊လူမျိုးရေး ပဋိပက္ခဖြစ်ကာတိုက်ခိုက်သတ်ဖြတ်ကြတာကို မမေ့နိုင်ဘဲ အခြားလူမျိုးကို စိတ်နာလျက် ဤသို့ပြောပါသည်။ငါကတော့ကွာ ကောင်းကင် နိုင်ငံရောက်လို့ အဲဒီလူမျိုးတစ်ယောက် ကိုတွေ့ကြည့်။မနေဘူး။ငရဲကိုပဲပြန်ဆင်း သွားမယ်ဟုဆိုပါသည်။စိတ်ချရပါသည်။ ကောင်းကင်မြို့တော်မှာ လူအမျိုးမျိုး သေချာပေါက်ကိုရှိနေပါသည်။ အင်္ဂလိပ်၊ရုရှား၊အမေရိက၊ဂျပန်၊မြန်မာအားလုံး သခင်ယေရှုကို ယုံကြည်၍ခရစ်ယာန်ဖြစ်လျှင် ရောက်သွားရမှာဆိုတော့မတွေ့ပဲမနေပါ။ဘရာဇီး၊အီကွေဒေါ၊ကိုရီးယားလည်း ကောင်းကင်မြို့မှာနေကြ မှာပါ။ဗျာဒိတ်ကျမ်း၊ ၂၁း၂၄-၂၆ ကိုဖတ်သောအခါ တွေ့ရသော နှုတ်ကပတ် တော်မှာ ….

“လူအမျိုးမျိုးတို့သည် ထိုမြို့၏အလင်းကို အမှီပြု၍ သွားလာကြလိမ့် မည်။လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေတော် ကို ထိုမြို့ထဲသို့ ထောင်ခဲ့ကြလိမ့်မည်။မြို့တံခါးတို့ကို နေ့အချိန်မှာအ လျဉ်းမပိတ်တတ်။ ညဉ့်မူကားမရှိ။လူအမျိုးမျိုးတို့သည် မိမိဘုန်း၊အသရေကို မြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ ဟူ၍ဖြစ်ပါသည်။လူအမျိုးမျိုးဆိုတော့လည်း မြန်မာ၊ချင်း၊မွန်၊ရှမ်း၊ကရင်၊ ကချင် စသည်ဖြင့် ကျွန်တော်တို့သိသော တိုင်းရင်သားတွေလည်းရှိမှာပေါ့။နိုင်ငံရပ် ခြား၊ အီတလီ၊ ယုဒ ပေါ်တူဂီ၊ အီဂျစ်စသည်တို့လည်းရှိမှာပေါ့။ကြောက်တတ်‌ သော သူ၊မယုံကြည်သာသူ၊ စက်ဆုပ်ရွံရှာဖွယ် သောသူ၊လူအသက်ကို သတ် မသာသူ၊မတရားသောမေထုန်၌ မှီဝဲတတ်သောသူ၊ သစ္စာပျက်သောသူတို့ကတော့ နောင်တရ၍ပြောင်းလဲခြင်းမရှိလျှင် ကောင်းကင်မြို့တော်မှာ တွေ့ရ မှာမဟုတ်ပါ။ဘုရားသခင်ကို ယုံကြည်သောလူအမျိုးမျိုးသာရှိနေကြမည်ဖြစ်ပြီးလောက၌ ကောင်းသောအသရေကိုလည်း ဆောင်ယူလာနိုင်မှာဖြစ်ပါ၏။ သူတော်စင်၊ မာတုရ၊အငယ်ဆုံးကို ပြုစုသောသူများလည်း အသရေနှင့် တင့် တယ်စွာ လှည့်လည်သွားလာနေ ကြပါလိမ့်မည်။ လောကီရှင်ဘုရင်များလည်း ရောက်လာပါလိမ့်မည်။လောက၌ အောင်မြင်၍ ရှင်ဘုရင်တစ်ပါးဖြစ်ခဲ့ကြသူ များ၊နယ်ပယ်အသီးသီးမှာရှိပါသည်။ ဘုရားသခင်ကို ယုံကြည်သောရှင်ဘုရင် များလည်း သူတို့၏ အသရေများကိုဆောင်လျက် ကောင်းကင်နိုင်ငံသို့ရောက်လာပါလိမ့်မည်။ အမျိုးမျိုးသော အဆင့်အတန်းရှိသည်။လူများ ကောင်းကင်နိုင် ငံမှာ စုရုံးတွေ့ဆုံရမှာမို့ မည်မျှကောင်းမည်ကိုသိနိုင်ပါ၏။

ကောင်းကင်မှသာအသံကား၊ ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။သူတို့သည် ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ (ဗျာဒိတ်ကျမ်း၊ ၂၁:၃)

နေထိုင်ဖို့ရန်ဖိတ်ခေါ်ထားသောအိမ်

အဖဘုရားပြင်ဆင်ပေးထားသော ကောင်းကင်ကအိမ်သည် ၊ နေဝင်ရာကမ်းမှာ ကျွန်တော်၊ ကျွန်မတို့ရောက်ရှိရမည့်အိမ် စိတ်ကူးအိပ်မက်ထဲကအိမ် လုံခြုံစိတ်ချရသောအိမ် ဘယ်တော့မှ ဆုံးရှုံးမသွားရသောအိမ် အဖိုးအနဂ္ဃထိုက်တန်လှသာအိမ် အဖိုးအခ ပေးစရာလုံးဝမလိုသာအိမ် မိသားစုများအစုံအလင်နှင့်ပြည့်စုံသော အိမ်ဖြစ်ရုံမက အစဉ်သဖြင့် နေထိုင်ဖို့ရန် ဖိတ်ခေါ်ထားသော ကိုယ်ပိုင်အိမ်ဖြစ်ပါသည်။ထိုအိမ်သည် ဘုရား သခင်၏ သားသမီးများအတွက် အမွေခံစရာဖြစ်သည်ကိုလည်း သတိပြုဖို့ပါ။ နေ့စဉ်ထုတ်သတင်းစာများမှာ ကြော်ငြာများကို တွေ့ရပါသည်။မိဘများ၏ အမွေအိမ်နေရာများနှင့်သက်ဆိုင်၍ သားသမီးများသို့မဟုတ် အခြားသူတစ်ယောက်ယောက်က သူပိုင်ဆိုင်သည်၊ငါပိုင်ထိုက်သည်ဟူ၍ အငြင်းပွားကြတာ မျိုးရှိပါသည်။ကောင်းကင်က အိမ်ကိစ္စမှာတော့ အငြင်းပွားစရာကိစ္စမရှိပါ။ဘု ရားသခင်၏သားသမီးက (God’s Children)ဖြစ်ရုံနှင့်ရပါပြီ။ဗျာဒိတ်ကျမ်း၊၂၁း၇တွင်လာသာ နှုတ်ကပတ်တော်က ..

အောင်မြင်သောသူသည် ဤအရာကို အမွေခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။

သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ ဟုဖော်ပြပါသည်။အောင်မြင်သောသူ၊ အင်္ဂလိပ်လိုမှာတော့ He who overcome ဟုဖော်ပြပါသည်။ထိုသူသည် ဘုရားသခင်၏နိုင်ငံတော်၊ ကောင်းကင် အိမ်သို့ ဝင်စားရမည်။အဓမ္မခံရပါမည်။အဖုအိမ်ကိုရနိုင်ဖို့ အောင်မြင်ရမည့် အရာကိုတော့ …။

(၁) ကျွန်တော်တို့၏မာန်မာနကို အနိုင်ယူ၀အောင်မြင်ဖို့ဖြစ်ပါသည်။

ကျွန်တော်တို့အပြစ်မလုပ်ဘူးဟု ခဏခဏအောက်မေ့တာမ မှန်ပါ။စင်စစ် ကျွန်တော်တို့သည် ဧကန်စင်စစ် အပြစ်ရှိသောအပြစ်သားများဖြစ်ကြောင်း သိမှတ်ဝန်ခံ ရပါမည်။

 (၂) ကျွန်တော်တို့၏မာန်မာနကို အနိုင်ယူအောင်မြင်ဖို့ဖြစ်ပါသည်။

ကျွန်တော်တို့ကောင်းတာနဲ့ဆိုတာကိုနှိုင်းယှဉ်လျှင်ကောင်းတာပိုလုပ်တယ်။ဆိုးတာကိုတော့သိပ်မလုပ်ပါဘူး။ယေဘုယျအားဖြင့်လူကောင်းပါပဲဆိုသာမာန်မာနကိုပယ်ဖြတ်၍ကျွန်တော်တို့မှာကောင်းကင်အိမ်သို့ဝင်ဖို့မလုံလောက်သောကောင်းမှုသာရှိကြောင်းသိမှော်ဝန်ခံရပါမည်။

(၃) သခင်ယေရှုကိုမယုံကြည်ခြင်း၊စိတ်ကိုဖယ်ထုတ်ကာမိမိ၏ဉာဏ်ပညာတွေးတောဆင်ခြင်မှုကိုအနိုင်ယူရန်လိုအပ်ပါသည်။ယေရှုသည်သာဘုရားသခင်၏သားတော်၊ကျွန်တော်တို့အားအပြစ်မှကယ်တင်သာသူဖြစ်၍ကောင်းကင်အိမ်သို့သွားရန်လမ်း (The only way to Heaven)ဖြစ်ပါသည့်အကြောင်းကိုသိမှတ်ဝန်ခံရပါမည်။

(၄) ဘာသာတရား၌မွေ့လျော်၍ အားပြုခြင်း၊ မာန်မာနကို အနိုင်ယူ

အောင်မြင်ရမှာဖြစ်ပါသည်။ ဘာသာတရားများအားဖြင့်ကောင်းသောသူဖြစ်လာနိုင်သော်လည်း ကယ်တင်ခြင်းကို တော့ မရနိုင်သေးပါ။အပြင်ပန်းမှာ တင့်တယ်လှပရုံနှင့်မပြီးပါ။ အတွင်းမှ ပြောင်းလဲ၍ နောင်ရခြင်းနှင့်အတူ သခင်ယေရှုကို ကယ်တင်ရှင်ဖြစ်ကြောင်း ယုံကြည်သောသူ ဧကန်စင်စစ် ဖြစ် ရပါမည်။ဤအချက်(၄)ချက်ကို အောင်မြင်ဖို့ရန် လိုအပ်ပါ သည်။ဘုရားသခင်၏ သားသမီးဖြစ်ရန်အတွက် ဘုရားသခင် ၏အောက် နှိမ့်ချသာသူဖြစ်ရပါမည်။ အဖထက် သားတစ်လ ကြီးသော အရာများကို ကောင်းကင်အိမ်က လက်မခံပါ။

ေကာင်းကင်အိမ်ကိုရွေးချယ်မည်ဆိုလျှင်

တစ်ခါက ချင်းပြည်နယ်မှာ ကြက်တစ်ကောင်နှင့်ဆန်တစ်ပြည်ကို ယူ၍ စီးပွားရှာသွား သောသူတစ်ယောက်ရှိပါသည်။စီးပွားရေးကို တတ်သိနား လည်သောသူဖြစ်၍ ဆန်ပြုတ်ပြုတ်ရောင်းရာမှ ကြီးပွားချမ်းသာလာပါ၏။ သူသည် စဝံဂေလိတရား​ဟောသော သူတစ်ယောက်နှင့်တွေ့သော အခါအ ကြိမ်ကြိမ်ကြားနာရသော်လည်း သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်မခံ နိုင်ဘဲ ခေါင်းမာနေပါသည်။ ကြာလာလျှင် ဧဝံဂေလိဆရာက စိတ်မရှည်တော့ တာမို့ မိတ်ဆွေ။ လမ်းကျဉ်းနဲ့လမ်းကျယ် ဒီနှစ်သွယ်ထဲက ဘယ်လိုသွားမလဲ။ သွားချင်သလဲဆိုတာကို ဆုံးဖြတ်ပါတော့ဟု ဖိအားပေး၍မေးလျှင်သူက စဉ်း စားပြီးမှ ကျုပ်ကတော့ လမ်းကျဉ်း လည်းမသွားချင်၊ လမ်းကျယ်လည်းမလိုက် ချင်ပါဘူးကွယ်။ လမ်းဆုံမှာသာနေပြီး ဆန်ပြုတ်ရောင်းချင်တော့တာပဲဟု ဖြေ ပါသတဲ့။ သူက လက်ဥစ္စာကိုသာ သိလေတော့ မျက်စိထဲမှာ မမြင်နိုင်တောအ များရှိနေခဲ့ပါသည်။ ကျွန်တော်တို့ ဤလောကမှာလွန်သွားသော အခါ ထိုကဲ့သို့ ဝါးတားတားလုပ်၍မရပါ။ လမ်းတစ်ခု၊ အိမ်တစ်လုံးကိုတော့ ရွေးချယ်ရမှာဖြစ်ပါ သည်။ ကြောက်တတ်သောသူ၊ မယုံကြည်သသာသူ၊စက်ဆုပ်ရွံရှာဖွယ် သာသူ၊ လူ့အသက်ကို သတ်သာသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်ဓသာသူ ၊ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သာသူအပေါင်း တို့မူကား ဒုတိယသခြင်းတည်းဟူသာကန့်နှင့်လောင်သာ မီးအိမ်ထဲ၌ မိမိ တို့အဖို့ကို ရကြလိမ့်မည် ဟူ၍လည်းကောင်း ငါ့အားမိန့်တော်မူ၏ဟု ရှင်ယာ ဟန်ကဖော်ပြပါသည်။ ကောင်းကင်ကအိမ်၏အခြားသောနေရာတစ်ခုကို ကျမ်းစာ၌ ဖော်ပြထားပါသည်။ ပြင်၌ကား ရွေးဖြစ်သောသူပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသတ်ကို သတ်သောသူ၊ ရုပ်ထုကို ကိုးကွယ်သောသူ၊သစ္စာပျက်ခြင်းကို နှစ်က်သက်၍ပြုသောသူအပေါင်းတို့သည် ရှိကြ၏။ (ဗျာ၊ ၂၂၁၅) ထိုနေရာကို ငရဲအိမ် (Hell)ဟုခေါ်ပါသည်။ ကောင်း ကင်ကအိမ်နှင့်ငရဲကအိမ်က ခြားနားပါသည်။ ကျွန်တော်တို့ရွေးချယ်ရမည့်ကိစ္စ ဖြစ်ပါသည်။

(၁) ကောင်းကင်အိမ်မှာတော့ ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှ တို့ကိုသုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်း ခြင်းလည်းမရှိရ။     ငရဲအိမ်ကတော့ ငိုကြွေးခြင်း၊အံသွားခဲကြိတ်ခြင်း ရှိရာ မီးဖိုဖြစ်ပါသည်။

 (၂) ကောင်းကင်အိမ်မှာတော့ လုံခြုံစိတ်ချရခြင်းရှိပါသည်။ မြင့်

သောမြို့ရိုးနှင့် ခိုင်ခန့်သာအမြစ်ရှိသည့် နေရာဖြစ်ပါသည်။ ငရဲ ကအိမ်ကတော့ အနက်ဆုံးတွင်းမှာ ပျက်စီးရာသာရှိ၍ အစဉ် သဖြင့် ဘေးအန္တရာယ်နှင့်တွေ့ရလျက် ဒုက္ခစုံလင်သောနေရာ

ဖြစ်ပါသည်။

(၃) ကောင်းကင်အိမ်က မလှုပ်နိုင်သာ၊ မပြိုလဲနိုင်သာအုတ်မြစ် (၁၂)ထပ်ရှိပါသည်။ ချမ်းသာစွာနရပါသည်။ ငရဲအိမ်ကတော့ သူတို့ကို လှည့်ဖြားသော မာရ်နတ်ကိုလည်း သားရဲနှင့်မိစ္ဆာ ရောဖက်ရှိရာကန်နှင့်ရောနှာသာမီးအိုင်ထဲသို့ချပစ်လျှင် သူ တို့သည် နေ့ညဉ့်မပြတ် ကမ္ဘာ အဆက်ဆက် ပြင်းစွာသော ဝေ ဒနာကို ခံရကြလတ္တံ့ဟု ဖော်ပြထားပါသည်။

 (၄) ကောင်းကင်အိမ်မှာတော့ ညမရှိ။အမြဲတမ်းလင်းနေပါသည်။

ဘုန်းတော်ထင်ရှား၍ မှောင်မိုက်သောအရာမရှိပါ။ငရဲကအိမ် မှာတော့ ငိုကြွေးခြင်း၊အံသွားခဲကြိတ်ခြင်းရှိရာ ပြင်အရပ်မှောင် မိုက်ဖြစ်ပါသည်။(မ ၂၀၃၀)အချို့သောသူများက သလျှင် အဖော်များကိုသာ ငရဲပြည်သို့သွားမည်ဟု ခပ်မိုက်မိုက် ပြော ကြပါသည်။ ထိုနေရာမှာ သူတို့ အဖော်များနှင့်ဆက်ပြီးနေချင် သည့်ဆန္ဒရှိတာမျိုးပါ။တကယ်တော့ ငရဲပြည်ကိုရောက်လျှင် သူတို့အဖော်ကို တွေ့ရမှာမဟုတ်ပါ။မှောင်မိုက်သောအရပ်မှာ

ဘယ်လိုလုပ်ပြီး တစ်ယောက်ကိုတစ်ယောက် တွေ့နိုင်ပါမလဲ။

(၅) ကောင်းကင်ကအိမ်မှာ လူအမျိုးမျိုးတို့ရှိ၍ မိမိတို့ဘုန်းသရေကို

ဆောင်ယူခဲ့ကြတာကြောင့်ရွှင်လန်းဖွယ်ဖြစ်ပြီးဘုရားရှင်ကိုဝတ်ပြုကိုးကွယ်လျက်ရှိပါသည်။ငရဲကအိမ်မှာတော့မိမိတို့၏လာဘ၊မာန်မာနမုန်းတီးခြင်း၊ရက်စက်ခြင်းနှင့်ဆိုးသွမ်းသားအရာကိုယူဆောင်သွားတာကြောင့်ညစ်ပတ်ပကျီလျက်ပွက်ပွက်ထနေပါ၏။

(၆) ကောင်းကင်အိမ်မှာ အသက်စမ်းရေစီးဆင်း၍ ကြည်လင်အေးမြကာ ထိုမြစ်နားမှာပေါက်သာ အသက်ပင်ကလည်း အသီး (၁၂)မျိုးကိုပေးပါသည်။ အရွက်ကလည်း အနာရောဂါကို ငြိမ်း စပါသည်။ငရဲအိမ်မှာတော့ ထိုအရာများမရှိ၊ မီးအိုင်သက်သက် ဖြစ်နေပါသည်။(ဗျာ၊ ၂၀း၁၅)

(၇) ကောင်းကင်ကအိမ်မှာတော့ ဘုရားသခင်ကို ဖူးမြင်ရမှာဖြစ်ပါသည်။ ဘုရားသခင်နှင့် အတူနေရ၍ မိတ်သဟာယဖွဲ့လျက် သခင်ယေရှု၏ မျက်မှောက်တော်သို့ ရောက်ရပါ၏။ငရဲအိမ်မှာ

တော့ ဘုရားသခင်မနေ။မရှိ။ဘုရားသခင်နှင့်ဝေးကွာသာန ရာဖြစ်ပါသည်။

ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းစရာဖြစ်ပါသည်။ ကျွန်တော် ဝမှာရွေးချယ်ဖွင့်ရှိနေတာကြောင့်ပါ။သမ္မာကျမ်းစာ၌ တမလွန်အရေးနှင့် သက် နိုင်၍ အိမ်နှစ်မျိုးကို ဖော်ပြပါသည်။ အရပ်နှစ်ခု၊ နိုင်ငံနှစ်မျိုးကို ထင်ရှားစွာ ဖော်ပြပါသည်။ သခင်ယေရှုကိုယ်တော်တိုင် သူဌေးကြီးနှင့် လာဇရုကို ဇာတ် လမ်းပြ၍ ကောင်းကင်နှင့်ငရဲ ခွဲခြားသွန်သင်ပါသည်။ ကျွန်တော်တို့ငရဲမရောက် ဘူးလို့တော့ မအောက်မေ့ပါနှင့်။ကောင်းကင်အိမ်ကိုမရောက်လျှင် ငရဲကိုသာ စရီးနှင်ရမှာပါ။ယခုတော့ ဘုရားသခင်၏ မေတ္တာတော်၊သခင်ယေရှု၏ ကျေးဇူး ဧဝဘ်နှင့် ကောင်းကင်အိမ်ကို ရွေးချယ်ခွင့်ရှိပါ၏။ကောင်းကင်အိမ်မှာ ဖိတ်ခေါ် ချက်ကို လက်ခံနိုင်ဖို့တော့ အရေးကြီးပါသည်။

ညစ်ညူးသောအရာ၊ စက်ဆုပ်ဖွယ်အသားအရာ၊ သစ္စာပျက်သာ အရာ တစ်စုံတစ်ရာမျှ မဝင်ရဘဲ သိုးသူငယ်၏အသက်စာစောင်၌ စာရင်းဝင် သောသူတို့သာလျှင်ဝင်ရ၏။ (ဗျာဒိတ်ကျမ်း၊ ၂၁၂၈၇)

ဘုရားသခင်၏သားသမီးဖြစ်ဖို့လိုလျှင်

တစ်ခါတုန်းက အမေရိကန်သာသနာပြုဆရာ ဒီအယ်လ်မူးဒီက အင်္ဂလန်နိုင်ငံကိုရောက်လာပြီး ညနေခင်းတစ်ခုမှာ တရားဟောဖို့ရန် ကြေညာ ထားသတဲ့။ဆရာကြီးမူးဒီတရားဟောမည့်နေရာက တောင်ကုန်းကလေးပေါ်က ဘုရားကျောင်းထဲမှာဖြစ်ပါသည်။ဆော့ကစားနေသော ကလေးတစ်ယောက် က ထိုသတင်းကိုကြားလျှင် သွား၍ကြားနာချင်၊တွေ့မြင်ဖူးချင်တာကြောင့် ပြေးသွားပါသတဲ့။မြက်ခင်း၊ လွင်ပြင်၊မြို့ရွာတစ်ချို့ကို ဖြတ်ပြီး သူပြေးသွားလိုက် တာ၊တောင်ကုန်းပေါ်က ဘုရားကျောင်းက ညနေခင်းဝနဓရာင်ခြည်ထိုးပတ် ထားတာကြောင့် ဖြိုးပြိုးပြက်ပြက် လင်းလက်နေသတဲ့။တောက်ပနဓသာ ဘုရားကျောင်းထဲကနေ ပုလွေသံများ၊အော်ဂင်စန္ဒယားသံများနှင့်သံစုံသီချင်း သံများက လွင့်ပျံလာသောအခါ သူကြိုးစား၍ ဘုရားကျောင်းလှကားကို အမောတကောပြေးတတ်သွားပါ၏။ကျောက်ပြားလှလှခင်းသာ လှေ

များအဆုံးမှာ ကြီးမားခန့်ညားသော ဘုရားကျောင်းတံခါးဝကို သူရောက်

ပါပြီ။တံခါးဝကို ဖြတ်သန်းဝင်ရောက်မည်အပြုမှာလူကြီးတစ်ယောက်က တံခါး ကိုဆွဲ၍ စေ့ထားပါ၏။ကြီးမားတုတ်ခိုင်သော သင်းထောက်ကြီးက သူ့ကို ငံ့ ကြည့်ရင်း ……

“မင်း ……. ဘာလုပ်မလို့လဲ ချာတိတ်” “ကျွန်တော် ဝင်ချင်ပါတယ်ဆရာကြီးမူးဒီရဲ့ဒေသနာ နားထောင်ချင်

လို့ပါ”

သင်းထောက်ကြီးက တံခါးကို ဖွင့်မပေးပါ။ ကလေးငယ်ကို ခြေဆုံးခေါင်းဆုံး ကြည့်နေသတဲ့။

မထားတဲ့ဆံပင်က ဗလပွေး။မျက်နှာကလည်း မသစ်ထားလို့ ပေပေကျံကျံရှိနေပါ၏။အဝတ်အစားကလည်း မသပ်ရပ်သလို ခြေထောက်မှာ လည်း ရှူးဖိနပ်လေးတောင်မစီးထား၊ညစ်ညစ်ပတ်ပတ် ချာတိတ်ကိုကြည့်ရင်း ခေါင်းခါလိုက်ပါ။

“မင်းသိပ်ပေကျံလွန်းတယ်ကောင်လေး။ဒီပုံစံနဲ့ ဘုရားကျောင်းထဲ ဝင်ပြီး ဆရာကြီးမှူးဒီရဲ့ ဒေသနာကို နားထောင်ဖို့ မထိုက်တန်ဘူးကွဲ “ကျွန်တော် အဝေးကလာခဲ့ရတာပါ။ ကျွန်တော့်ကို ခွင့်ပြုပေးပါ….” “မရဘူး၊ဘယ်ကပဲလာလာ၊ ဘယ်လောက်ဝေးဝေး မင်းရဲ့ပုံစံက မ

ကောင်းလှဘူးကွဲ၊ငါကတော့ ခွင့်မပြုနိုင်ဘူး”

ကလေးငယ်က ဘုရားကျောင်းကို လှည့်ပတ်ကြည့်ပြီး ပြတင်းတံခါးများမှ တိုး ဝင်ရန်ကြိုးစားသော်လည်းမရပါ။မြင့်မားသောနံရံတွေကို မကျော်နိုင်ပါ။ပြတင်း ကလည်း ဝင်လို့မရတံခါးမကြီးကလည်း ဝင်ခွင့်မရှိ။ဘယ်လိုမှ ကြိုးစား၍ မရ သည့်အဆုံး၊ဘုရားကျောင်းရင်းလှေကားထစ်မှာထိုင်ပြီး ငိုရုံပဲပေါ့။သူငိုနေ စဉ်မှာပဲလူကြီးတစ်ယောက် ရောက်လာပါ၏။လူကြီးက သူ့ကို ကြင်နာစွာမေးပါ ၏။ဘာဖြစ်လို့ငိုနေရာတာလဲပေါ့။သူကလည်း အဖြစ်အပျက်အားလုံးကို ပြန် ပြောပါသည်။လူကြီးကပြုံး၍လက်ကမ်းလိုက်ပါသတဲ့။ ထိုအခါ သူကလေးကအုံ ဩ၍ အငိုကိုရပ်ကာ၊မဝံ့မရဲနှင့် သူ့လက်ကလေးကိုလူကြီးလက်ထဲထည့်လိုက် ပါ၏။လူကြီးက ဆွဲထူလျှင် သူကထ၍လူကြီးက သူ့ကိုခေါ်သွားသောအခါ လူ ကြီး၏လက်ကို တင်းစွာဆုပ်လျက် လိုက်သွားပါသည်။လူကြီးက တံခါးမကြီး

ကို ဖြတ်သန်းလျှင် အို ….တံခါးက အကျယ်ကြီးကို ဖွင့်ထားပါသည်။တံခါးစောင့် သာ သင်းထောက်က လေးစားစွာပင် အရိုအသေပေးနေပါသေးသည်။

မင်းလမ်းတစ်လျှောက် သူတို့လျှောက်သွားကြပါသည်။ခမ်းနား သာဘုရားကျောင်းထဲသို့ ညစ်ပတ်သောကလေးရောက်လာပါပြီ။လူကြီးက သူ့လက်ကို ဆုပ်ကိုင်ပြီးဆက်လျှောက်သွားကာ ရှေ့ဆုံးခုံတန်းမှာ သူ့ကို နေရာ ချပေးပါ၏။အင်မတန်ကောင်းသော ထိုင်ခုံမှာ သူဝင်ထိုင်ရပါ၏။လူကြီးက စင် မြင့်ပေါ်သို့တက်ကာ၊ ဒေသနာကိုဟောတော့မှ ….

“အလို သူက၊ ဆရာကြီး မူးဒီပါကလား …” ဟု သူသိလိုက်ပါသည်။ ဆရာကြီး၏ လက်ထဲသို့ သူ့လက်ကိုထည့်ကာ လိုက်ပါ တာကြောင့် ဘုရားကျောင်းထဲ ဝင်ခွင့်ရခဲ့တာကို ထိုကလေး၏အသက်တာတစ်

လျှောက်လုံး သက်သေခံခဲ့ပါသည်။ယနေ့တွင် ကျွန်တော်တို့ (ပုပ်ရဟန်းမင်း ကြီးဖြစ်စေ၊ ဘီလီဂရေဟန်ဖြစ်စေ၊ မာသာထရီဇာဖြစ်စေ၊ အရက်သမားနှင့် အပြစ်သားဖြစ်ပါစေ)သခင်ယေရှု၏လက်ထဲသို့ ကျွန်တော်တို့လက်ကိုထည့် ထားအပ်နှံထားရပါမည်။ဒါမှလည်း သခင်အားဖြင့် ကောင်းကင်နိုင်ငံကို ဝင်ခွင့် ရမှာဖြစ်ပါသည်။အကယ်၍များ ဘုရားသခင်၏ သားသမီးဖြစ်နေတာကို စိတ်မ ရသေးဘူးဆိုရင်တော့ အောက်ပါအတိုင်းဆုတောင်း၍ ကောင်းကင်ဖိတ်စာကို ရယူဖို့ အကြံပေးပါရစေ …

ချစ်လှစွာသော အဖဘုရားသခင်

ကောင်းကင်အိမ်မိသားစုဝင်ဖြစ်လိုပါသည်။ ဘုရားသခင်က ကျွန်ုပ် ၏ဖခင်၊ ကျွန်ုပ်က ဘုရားသခင်၏သားသမီးဖြစ်ကြောင်း စိတ်ချနိုင်ဖို့ ခွန်အား ပေးပါ။ သိုးသူငယ်၏ အသက်စာစောင်မှာကျွန်ုပ်နာမည်ကို ထည့်သွင်းစေခြင်း ငှာ အလိုရှိပါ၏။ ကျွန်ုပ်သည်အပြစ်သားဖြစ်ကြောင်း ဝန်ခံလျက် နောင်တနှင့် အတူ အသက်တာသစ်ကိုရချင်ပါသည်။ သခင်ယေရှုသည် လက်ဝါးကပ်တိုင်၌ ကျွန်ုပ်၏အပြစ်အတွက် အသေခံရကြောင်းကိုယုံကြည်ပါသည်။ သခင်၏သက် တော်စွန့်ခြင်းဖြင့် ထာဝရအသက်ကို ရစေကြောင်းကို ယုံကြည်ပါသည်။ယခုမှ သခင်ဘုရားအတွက်သာ အသက်ရှင်လိုပါသည်။ သခင်ဘုရား၏ လက် တော်ထဲသို့ ကျွန်ုပ်၏လက်ကို ထည့်လိုက်ပါပြီ။ အာမင်။

ဝိညာဉ်တော်နှင့် မင်္ဂလာသတို့သမီးက လာခဲ့ပါဟုဆိုကြ၏။ကြား သောသူကလည်း လာခဲ့ပါဟုနေပါစေ။ဇရငတ်သောသူသည် လာပါစေ။အလိုရှိ သောသူသည် အဖိုးကိုမပေးဘဲ အသက်ကို ရယူပါစေ။ (ဗျာဒိတ်ကျမ်း၊ ၂၂း၁၇)

(၁၀)

ဖခင်ကြိုဆိုနေသောအိမ်

တစ်ခါက နာမည်ကျော် စဝံဂေလိတရားဟာဆရာကြီး ဘီလီဂရ ဟန်၏အိမ်ကို အလည်သွားသောသူတစ်ယောက်ရှိပါ၏။ အပြာရောင်တောင် စောင်းပေါ်မှာ ထောက်ထားသော အိမ်ဆီသို့ ရောက်ဖို့ရန် ခရီးသည်ခမျာ ပင် ပန်းစွာ တက်သွားရပါသည်။လေတွေက တဝူးဝူးတိုက် ခတ်နေသဖြင့် တောင် တက်လမ်းကျဉ်းမှ လဲပြိုမကျသွားရအောင် ထိန်းသိမ်းကာ လျှောက်ရပါ၏။

ကျောက်ခင်းလမ်းကြမ်းကို အတန်ကြာအောင် ကြိုးစားဖြတ်သန်းပြီးမှ နံရံ အမြင့်ကြီးကာရံထားသော အိမ်ဂေဟာသို့ရောက်သွားပါသည်။ခြံတံခါးဝက ခိုင်ခန့်လှသည့်အပြင် စက်ခလုတ်တပ်ဆင်ထားသဖြင့်တွန်း၍မရ၊ ဖွင့်၍မရပါ။ အထဲကို ခြေတစ်လှမ်းပင်မချရသေး။အိမ်ဂေဟာကို စောင့်ရှောက်သော ခွေး ကြီးကြီးတွေက ဟိန်းဟောက်ခြောက်လှန့်ဟောင်နေပါသည်။နောက်ဆုံးတော့ ကြံရာမရ ဖြစ်နေသည့်ခရီးသည်က….

“ဆရာကြီးခင်ဗျား။ဆရာကြီးကို တွေ့ဆုံနိုင်ဖို့ရန်အတွက် အဝေးကြီး က ကျွန်တော် ရောက်လာခဲ့တယ်။ ကျေးဇူးပြု၍ တံခါးဖွင့်ပေးပါ။ ဆရာကြီး၏ တရားဒေသနာများကိုလည်း နားထောင်နေခဲ့သူပါ။ ဆရာကြီး၏ သာသနာလုပ်ငန်းမှာလည်း လှူဒါန်းပါဝင်ခဲ့သူပါးဆရာ ကြီး၏ ဧဝံဂေလိအစီအစဉ်များကိုလည်း တီဗွီ၊ အင်တာနက်ကနေ

ကြည့်ခဲ့သော သူပါ။ကျေးဇူးပြု၍ တံခါးဖွင့်ပေးပါခင်ဗျား”

” သို့သော်လည်း တံခါးကပွင့်မလာပါ။ဆိုးသည်က ခဏခဏအောင်ဟစ်တောင်း ပန်ရာ အသံဝင်သွားပါ၏။ ထိုအခါ အိမ်ထဲက အသံထွက်လာပါသည်။ ဆရာကြီး ဘီလီဂရဟန်၏ အသံဖြစ်ပါသည်။

“ဝမ်းနည်းပါတယ်ခင်ဗျာ။ သင့်ကို ကျုပ်မသိပါဘူး” ခရီးသည်ခမျာ ဆရာကြီး၏ ငြင်းပယ်တာကိုခံရသည့်နောက်မှာ ဘာမှမတတ် နိုင်တော့တာနဲ့ ပြန်ပြီးထွက်ခွာသွားရတော့တာပေါ့။သူ့ခမျာ ပင်ပန်းစွာ ကြိုးစား (လာခဲ့သော်လည်း ခြံထဲကို မဝင်ရအိမ်ထဲကို မဝင်ခဲ့ရပါ။ မကြာခင်မှာ မိန်းက လေးတစ်ယောက်ရောက်လာပါသည်။ ခြံဝကိုရောက်သည့်အခါ …..

“ဖေဖေတံခါးဖွင့်ပါဦး။ သမီး စစ် အင်နာပါ ” ဟုပြောလျှင် တံခါးသည် ပွင့်လာ၍ မိန်းကလေးသည် ခြံထဲသို့ ဝင်သွားပါ၏။ ဆရာကြီးက အိမ်ပေါက်ဝမှ ထီးကြိုကာ ရောက်လာသော မိန်းကလေးကို ပွေ့ ဖက်လျက် … ။

“ဪ … သမီးကလေး ရောက်လာပြီကိုး” ဟု ရွှင်လန်းဝမ်းမြောက်စွာ ပြောပါသည်။ ထိုနည်းတူစွာပင် ကောင်းကင်အိမ်ကို ၊ ရောက်သွားခဲ့လျှင် ဘုရားသခင်ကငြင်းပယ်မှာကို စိုးရိမ်ရပါသည်။ ဘုရားသခင် ၏ သားသမီးဖြစ်လျှင်တော့ သေချာပေါက် ဝင်ခွင့်ရမှာပါ။သားသမီးများကို ကြိုဆိုနေသောအိမ်မှာသားသမီးမဟုတ်သောသူ၊ မသက်ဆိုင်သောသူများ ဝင် ခွင့်မရှိသည်ကိုလည်း သတိပြု၍အသက်ရှင်နေရသည့် လောကဓနေ့ရက်များမှာ – ဘုရားသခင်၏သားသမီးဖြစ်လာကြဖို့ကြိုးစားကြပါစို့ဟု တိုက်တွန်းနှိုးဆော်စာ ရေးသား၍ နိဂုံးချုပ်ပါ၏။

အဘသည် သူ့ကိုမြင်လျှင် သနားသောစိတ်ရှိသည်နှင့် ပြေးသွား၍ သား၏လည်ပင်းကို ပိုက်ဖက်လျက် နမ်းရှုံ့လ၏။ (ရှင်လုကာခရစ်ဝင်ကျမ်း၊ ၁၉၂၀)

အစဉ်သဖြင့် ,

ဆိုး

(၂၀၁၃ ခုနှစ်၊ မိုးရာသီ)

Leave a Reply

Your email address will not be published. Required fields are marked *