No.180/184, Room No ( 3 ), 39th, Street, Kyauktada Tsp., Yangon, Myanmar
Tel. 01-249176, 01-377143, Email. clcmyan@gmail.com
သခင်ယေရှုခရစ်တော်၏ ဒုက္ခဝေဒနာခံစားခြင်း သခင်ယေရှု အသေခံရဲ့ခြင်း
၏ အကြောင်းရင်း ငါးဆယ်။
ဂျွန်ပိုင်ပါ
မထီမဲ့မြင်ပြုခြင်းကိုခံ၍ လူတို့တွင် အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင် သောသူ၊ နာကြဉ်းခြင်းဝေဒနာနှင့်ကျွမ်းဝင်သောသူဖြစ်၏။ ..
ငါတို့သည် လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက် ခြင်းကို ခံရလေ၏။ ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက် လျက်ရှိကြ၏။
ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွှဲလျက် ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။
ထိုသူသည် ညှဉ်းဆဲခြင်းနှင့်နှိမ့်ချခြင်းကိုခံ၍ နှုတ်ကိုမဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှါ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍ သည် အမွှေးညှပ်သောသူရှေ့မှာ မမြည်ဘဲ နေသကဲ့သို့ သူသည် နှုတ်ကို မဖွင့်ဘဲနေ ၏။
အသက်ရှင်သောသူတို့၏နေရာမှ သူ့ကိုသုတ်သင်ပယ်ရှင်းသည်ဖြစ် ၍…. သူ၏နှုတ်၌ မုသာမရှိသော်လည်း လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင်ကြ၏။
ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော် မူ၏(ဟေရှာ၊၅၃း၃-၁၀)။
မာတိကာ
နိဒါန်း
* သခင်ယေရှုခရစ်တော်၊ လက်ဝါးကားတိုင်တော်နှင့် ကရာနီတောင်ကုန်း
*သခင်ယေရှု ဒုက္ခဝေဒနာခံစားခြင်းနှင့်အသေခံခြင်း၏အကြောင်းရင်း ငါးဆယ်
၁။ ဘုရားသခင်ရဲ့ အမျက်တော်ကိုခံရန်
၂။ ကောင်းကင်ဘုံရှင် ဘုရားသခင်အား ကျေနပ်စေရန်
၃။ နာခံခြင်းကို သင်ယူရန်နှင့် ပြီးပြည့်စုံစေရန်
၄။ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး အောင်မြင်မှုရယူရန်
၅။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော် ကြီးမားလှကြောင်းနဲ့ အပြစ်သားများအတွက် ကြွယ်ဝသော ကျေးဇူးတရားရှိနေကြောင်းဖော်ပြရန် ၊
၆။ သူ့ရဲ့ မေတ္တာတော်ကို ကျွန်ုပ်တို့အားပြသရန် ၊
၇။ ကျွန်ုပ်တို့နဲ့ဆန့်ကျင်နေတဲ့ ပညတ်တွေရဲ့ တောင်းဆိုချက်တွေကိုပယ်ချရန်
၈။ လူအများအတွက် အရွေးခံရန်
၉။ ကျွန်ုပ်တို့ရဲ့ အပြစ်များကို ခွင့်လွှတ်ရန်
၁၀။ ကျွန်ုပ်တို့ကို ဖြောင့်မတ်စေရန်
၁၁။ ပြီးပြည့်စုံသောနာခံခြင်းဖြင့် ဖြောင့်မတ်ခြင်းသို့ ကျွန်ုပ်တို့ ရောက်စေရန်
၁၂။ ကျွန်ုပ်တို့ရဲ့ပြစ်တင်ရှုတ်ချခံရခြင်းကို ယူတင်ဆောင်ယူသွားရန်
၁၃။ ကယ်တင်ခြင်းအတွက် အခြေခံကျတဲ့ ဓလေ့ထုံးတမ်းအားလုံးနဲ့ အရေဖျားလှီးခြင်းတွေကို ဖျက်သိမ်းပစ်ရန်
၁၄။ ကျွန်ုပ်တို့သစ္စာရှိရန်နှင့် ယုံကြည်ခြင်းရှိစေရန်
၁၅။ ကျွန်ုပ်တို့အား သန့်ရှင်းစင်ကြယ်စေရန် အပြစ်ကင်းစေရန်နှင့် ကြွယ်ဝပြည့်စုံစေ
၁၆။ ကျွန်ုပ်တို့ကိုယ့်ကိုကိုယ်သိသောစိတ် စင်ကြယ်စေရန်
၁၇။ ကျွန်ုပ်တို့၌ ကောင်းတဲ့အရာအားလုံး ခံစားရရှိနိုင်ရန်
၁၈။ ကိုယ်ကျင့်တရားနှင့်ခန္ဓာပိုင်းဆိုင်ရာဝေဒနာများကို ငြိမ်းသွားစေရန်
၁၉။ ယုံကြည်သူတိုင်းအား ထာဝရအသက်ကိုပေးရန်
၂၀။ ပစ္စုပ္ပန်ရဲ့ မကောင်းမှုတွေထဲကနေ ကယ်ချွတ်ရန်
၂၁။ ဘုရားသခင်နှင့် ကျွန်ုပ်ကို ပြန်လည်သင့်မြတ်ရန်
၂၂။ ကျွန်ုပ်တို့ကို ဘုရားသခင်ထံတော်ပါးသို့ ခေါ်ဆောင်သွားရန်
၂၃။ သူသည် ကျွန်ုပ်တို့အား ပိုင်သတော်မူရန်
၂၄။ ယုံကြည်စိတ်ချစွာဖြင့် အသန့်ရှင်းဆုံးသောဌါနတော်ထဲသို့ ဝင်စေရန်
၂၅။ ကျွန်ုပ်တို့ ဘုရားသခင်နှင့် ဆုံတွေ့စေရန်
၂၆။ ဓမ္မဟောင်းထဲမှ ယဇ်ပုရောဟိတ်မင်းများ၏ အခန်းကဏ္ဍကို ရပ်တန့်၍ထာဝရအမြင့်ဆုံးသောယဇ်ပုရောဟိတ်အဖြစ်ဆောင်ယူရန် ၊
၂၇။ သနားကြင်နာတတ်၍ ကူညီတတ်သောယဇ်ပုရောဟိတ်ဖြစ်ရန် ၊
၂၈။ မိစဉ်ဘဆက် ကျင်လည်သောအချည်းနှီးကျင့်ကြံပြုမူခြင်းမှ လွှတ်မြောက်ရန်
၂၉။ ကျွန်ုပ်တို့အား အပြစ်ကျေးကျွန်မှ လွှတ်မြောက်စေရန်
၃၀။ ကျွန်ုပ်တို့သည် အပြစ်ပြုခြင်းကို ရပ်တန့်၍ ဖြောင့်မတ်စွာအသက်ရှင်ရန်
၃၁။ ကျွန်ုပ်တို့သည် ပညတ်တရား၌ သေ၍ ဘုရားသခင်အတွက် အသီးအပွင့်များဆောင်ယူနိုင်ရန် ၃၂။ ကျွန်ုပ်တို့အတွက်မဟုတ် ခရစ်တော်အတွက် အသက်ရှင်စေရန်
၃၃။ ကားတိုင်တော်က ကျွန်ုပ်တို့ဝါကြွားရာအကြောင်းဖြစ်ရန်
၃၄။ ကျွန်ုပ်တို့သည် သူ့အား ကိုးစားယုံကြည်လျက် အသက်ရှင်နိုင်ရန်
၃၅။ လေးနက်သည့်အဓိပ္ပါယ်ဆောင်သော ထိမ်းမြားခြင်းဖြစ်ရန်
၃၆။ ကောင်းသောအလုပ်များကို စိတ်အားထက်သန်စွာ လုပ်ဆောင်စေရန်၊
၃၇။ သူ့ရဲ့ နှိမ့်ကျခြင်းနဲ့ အဖိုးထိုက်တန်တဲ့ချစ်ခြင်းမေတ္တာတွေကို အတုယူလိုက်လျောက်နိုင်ဖို့ ကျွန်ုပ်တို့အားခေါ်ယူရန် ၊
၃၈။ ကားတိုင်ပေါ် အသေခံသည့်တိုင် နောက်တော်လိုက်အဖွဲ့ ဖွဲ့နိုင်ရန်
၃၉။ သေခြင်းကို ကြောက်ရွံ့နေတဲ့ အချုပ်အနှောင်ထဲမှ လွတ်မြောက်စေရန်
၄၀။ ကျွန်ုပ်တို့သေပြီးနောက်တွင် သူနှင့်အတူ ချက်ချင်းရှိနေစေရန်
၄၁။ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး လုံခြုံစိတ်ချမှုရရန်
၄၂။ အထွဋ်အမြတ်နှင့် အာဏာစက်များကို ဖျက်သိမ်းရန်
၄၃။ ဧဝံဂေလိတရားအားဖြင့် ဘုရား၏တန်ခိုးတော် ထင်ရှားလာစေရန်
၄၄။ လူမျိုးစုတွေကြားမှ ရန်လိုမှုများကို ဖျက်ဆီးပစ်ရန်
၄၅။ လူမျိုးတိုင်း၊ လူသားတိုင်း မျိုးနွယ်စုနဲ့ဘာသာစကားတိုင်းမှ လူသားများကို ရွေးနုတ်ရန်
၄၆။ ကမ္ဘာတစ်ဝန်းရှိ သူ၏သိုးများကို ပြန်လည်စုစည်းရန်
၄၇။ နောက်ဆုံးသော တရားစီရင်ခြင်းမှ ကျွန်ုပ်တို့ကို ကယ်တင်ရန်
၄၈။ သခင်ရဲ့ ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့ခံစားရန် ၊
၄၉။ သခင်ယေရှုသည် ဘုန်းအသရေတော်နှင့် ချီးမြှောက်ခြင်းခံရရန်
၅၀။ အဆိုးရွားဆုံးသောမကောင်းမှုတွေက ဘုရားသခင်အားဖြင့်ကောင်းလာသည်ကို ပြသရန်
ဆုတောင်းချက်
နိဒါန်း
သခင်ယေရှုခရစ်တော်၊ လက်ဝါးကားတိုင်းတော်နှင့် ကရာနီတောင်ကုန်း
၂၁-ရာစုအတွက် အရေးကြီးဆုံးသောမေးခွန်းမှာ –
ယေရှုခရစ်တော် ဘာကြောင့်ကြီးစွာသော ဒုက္ခဆင်းရဲခြင်းကို ခံစားရတာ လဲ။ လူသားတွေကြောင့် ဖြစ်ရတယ်ဆိုတဲ့အချက်ထက်သာလွန်ပြီး မတွေးနိုင်ဘူး ဆိုရင် ဒီအရေးပါတဲ့အချက်ကို ကျွန်ုပ်တို့ ဘယ်တော့မှ မြင်တတ်လာမှာမဟုတ်ဘူး။ သခင်ယေရှုကို ဘယ်သူက လက်ဝါးကားတိုင်ပေါ် တင်ခဲ့သလဲဆိုတဲ့ မေးခွန်း မူရင်းအဖြေကတော့ ဘုရားသခင် လုပ်ဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ တကယ့်ကို အံ့သြလောက်တဲ့အတွေးပါပဲ။ သခင်ယေရှုက သူ့ရဲ့ သားတော်ဖြစ်ပါတယ်။ ဒုက္ခဆင်းရဲ ခြင်းတွေကို လွန်ကဲစွာ ခံစားခဲ့ရတယ်။ ဒါပေမယ့် ကျမ်းစာထဲမှာရှိတဲ့ သတင်းစကား တွေက ဒီအချက်နဲ့ပဲ နိဂုံးချုပ်ခဲ့ပါတယ်။
ဘုရားသခင်က ကျွန်ုပ်တို့ ကောင်းဖို့ရန်သာ ရည်ရွယ်ခဲ့ပါတယ်။
ဟေဗြဲပရောဖက် ဟေရှာယက ပြောပါတယ်။ “ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော်မူ၏”(ဟေရှာ၊၅၃း၁၀)။ ဓမ္မသစ်ကျမ်း ထဲမှာလည်း ဖော်ပြထားပါတယ်။ “မိမိသားတော်ရင်းကို မနှမြောဘဲ ငါတို့ရှိသမျှအဘို့ အလို့ငှါ စွန့်တော်မူသောသူသည်”(ရော၊၈း၃၂)။ “ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ”(ရော၊၃း၂၅)။ သို့သော် ဤ မြင့်မြတ်တော်မူသော အကြံအစည်တော်နှင့် သခင်ယေရှုကိုသတ်တဲ့ လူသားတွေရဲ့ ကြောက်စရာကောင်းတဲ့ လုပ်ရပ် တွေဘယ်လိုပတ်သက်နေပါသလဲ။ ဒီအဖြေကို သမ္မာကျမ်းထဲက ကနဦး ဆုတောင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ “ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ကသရေလအမျိုးသား၊ တပါးအမျိုးသားတို့သည် ကိုယ်တော်၏အလိုရှိသည့်သက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူနှင့်သမျှတို့ကို ပြုခြင်းငှါ ဘိသိက် ပေးတော်မူသော သားတော်မြတ်ယေရှုကို ဤမြို့၌ ရန်ဘက်ပြု၍ စည်းဝေးကြပြီ။ အမှန်ဖြစ်ပါ၏”(တ၊၄း၂၇-၂၈)။ အနန္တတန်ခိုးရှင်ရဲ့ နက်နဲမှုဟာ ကျွန်ုပ်တို့အတွက်အံ့ဩဖွယ်ရာ ကောင်းလှပါတယ်။ အဲဒီအချက်သည်လည်း ကျွန်ုပ်တို့ရဲ့ ကယ်တင် ခြင်းအတွက် အဓိကသော့ချက်ဖြစ်တယ်။ ဘုရားသခင်ရဲ့ အစီအမံတော်အောက်မှာ ယုတ်ညံ့တဲ့သူတွေအားဖြင့် ကြီးမြတ်တော်မူတဲ့ ကောင်းမြတ်ခြင်းဟာ ကမ္ဘာလောက ကြီးထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဓမ္မဟောင်းကျမ်းထဲကနေ ကောက်နှုတ်ပြောရ မယ်ဆိုရင် “
မကောင်းကြံဖို့ ကြိုးစားကြသော်လည်း ဘုရားသခင်သည် ကျေးဇူးပြု တော်မူပြီ”(က၅၀း၂၀)။ ဘုရားသခင်က လူသားတွေ ကောင်းမြတ်ဖို့ရန် ရည်ရွယ် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ အချက်ဆီကို ဦးတည်သွားဖို့ ဖြစ်တယ်။ ယေရှုအသေခံခြင်း ရဲ့ အဓိကအချက်ဟာ အကြောင်းရင်းတစ်ခုခုကြောင့်မဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိ၊ အဓိပ္ပါယ်ရှိရှိ ဖြစ်စေခဲ့ပါတယ်။ လူတွေက သူတို့ ရဲ့ အကြောင်းပြချက်တွေနဲ့ လမ်းပေါ်ကနေ ပယ်ချဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် ဘုရားသခင်တစ်ပါးတည်း သာလျှင် ကမ္ဘာကြီးရဲ့ ကောင်းမြတ်ခြင်းအတွက် ပုံသွင်းပေးနိုင်မှာဖြစ်တယ်။ တကယ်တော့ သခင်ယေရှု အသေခံခြင်းနဲ့ ပတ်သက်ပြီး ကမ္ဘာလောကကြီးအတွက် သူ့ရဲ့ အကြံအစည်တော်က မတွေးတတ်အောင် ခက်ခဲနက်နဲလွန်းလှပါတယ်။ ဒီစာအုပ် ငယ်လေးထဲမှာ အချက်အလက်လေးတွေကို စုဆောင်းပြီး အချက်အလက်ငါးဆယ် နဲ့ သင့်ကို မိတ်ဆက်ပေးမှာဖြစ်တယ်။ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ကျမ်းစကား တွေကို နှလုံးသွင်းစေဖို့ပဲဖြစ်တယ်။ ဒီနေရာကနေပဲ ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်ကို ကြားသိဖို့ဖြစ်ပါတယ်။ ဒီအချက်အလက်တွေအားဖြင့် ဘုရားသခင်က သူ့ရဲ့ သားတော်ကို အသေခံစေတဲ့အကြောင်းကို ပိုမိုပြီး သိရှိလာစေမှာ ဖြစ်ပါတယ်။ “စိတ်ပြင်းပြခံစားမှု”ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကဘာလဲ။
“စိတ်ပြင်းပြခံစားမှု” ဆိုတဲ့ ဝေါဟာရနဲ့ ဆက်စပ်နေတဲ့အချက် အနည်းဆုံး လေးချက်ရှိပါတယ်။ ကာမပိုင်းဆိုင်ရာတပ်မက်မှု၊ လုပ်ငန်းတာဝန်အတွက် စိတ်အား ထက်သန်မှု၊ ဂျေအက်စ်ဘတ်ရဲ့ အဆိုအရ တေးဂီတသက်သက်ဖြင့် သရုပ်ဖော်တဲ့ သမ္မာကျမ်းလာဇာတ်လမ်းနှင့် သခင်ယေရှုခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းတို့ ဖြစ်ပါတယ်။ ဒီဝေါဟာရက လက်တင်စကားကနေ ဆင်းသက်လာပြီး “ဝေဒနာခံစား ခြင်း”လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒါကြောင့် ကျွန်တော် အနက်ဖွင့်ချင်တာ ကတော့ ယေရှုခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားရခြင်းနဲ့ အသေခံတော်မူခြင်းဖြစ်ပါ တယ်။ ဒါပေမယ့် ဒီသဘောတရားဟာ အခြားသော အာသီသဆန္ဒပြင်းပြမှုတွေနဲ့၊
လည်း ဆက်နွယ်နေပါတယ်။ လိင်ပိုင်းဆိုင်ရာ အနုပညာတေးဂီတတွေရဲ့ နှိုးဆော်မှု တွေနဲ့လည်း သက်ဆိုင်နေပြီး ကမ္ဘာလောကကြီးထဲမှာ ကြီးစွာသောအကြောင်း တရားဖြစ်စေဖို့ကိုလည်း ဆောင်ယူလာခဲ့ပါတယ်။
သခင်ယေရှုရဲ့ ဒုက္ခဝေဒနာခံစားခြင်းက ဘာကြောင့် အနှိုင်းမဲ့ဖြစ်ရတာလဲ။
ရောမရဲ့ ရာဇပလ္လင်တော်က လိမ်လည်လှည့်ဖြားသောသူအဖြစ် ရှုတ်ချကာ ဒုက္ခဝေဒနာနဲ့ ညှဉ်းဆဲသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီးတဲ့နောက် ဘာကြောင့် နောက်ထပ် သုံးရာစုလောက်မှာ သူ့ရဲ့ ဒုက္ခခံစားရခြင်းနဲ့ မေတ္တာတန်ခိုးတော်တွေကြောင့် ရောမ အင်ပါယာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ပြီး ဒီကနေ့ ကမ္ဘာကြီးမှာ ဘာကြောင့် ပုံပေါ်နေရတာလဲ။ အဖြေကတော့ သခင်ယေရှုရဲ့ ဒုက္ခဝေဒနာခံစားရခြင်းက လုံးဝအနှိုင်းမဲ့ဖြစ်ကာ၊ သုံးရက်မြောက်သောနေ့မှာ သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့ခြင်း | က ဘုရားရှင်ရဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး သူဟာ သေခြင်းကိုအောင်မြင်နိုင်ခဲ့ကြောင်း သက်သေထူခဲ့ခြင်းဖြစ်ပါတယ်။
သူ့ ရဲ့ ဒုက္ခဝေဒနာခံစားရခြင်းက အနှိုင်းမဲ့လှပြီး သူက သာမန်လူသား တစ်ဦးထက် ထူးကဲသာလွန်နေပါတယ်။ သာမန်ထက်တော့မလျော့ဘူး။ ရှေးတုန်းက နိုင်စင်းယုံကြည်ချက်ထဲမှာ ဖော်ပြထားတဲ့အတိုင်း “ဘုရားတကာတို့၏ထူးခြားသော ဘုရားဖြစ်ခြင်း” ဆိုတဲ့အတိုင်းပါပဲ။ သူ့ကိုသိတဲ့သူတွေက ဒီအချက်ကို သက်သေခံ ကြပြီး သူက ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို သက်သေခံနိုင်ဖို့ ဝိညာဉ်တော်ရဲ့ လှုံ့ဆော်ခြင်းကို ခံရကြပါတယ်။ တမန်တော်ကြီးယောဟန်က သခင်ခရစ်တော် “နှုတ်ကပတ်တော်”အဖြစ် ရည်ညွှန်းထားပြီး “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏”လို့ ရေးထားပါတယ်။ “ထိုနှုတ်ကပတ်တော်သက် အဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွှတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခုမျှမရှိ ” … နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်း တော်ကို ငါတို့သည် မြင်ရကြပြီ”(ယော၊၁း၁-၃။ ၁၄)။ သူက ဘုရားဖြစ်ပြီး ဒုက္ခဆင်းရဲတွေခံရပေမယ့် လုံးဝအပြစ်ကင်းစင်တဲ့သူဖြစ်တယ်။ အပြစ်တင်ခွင့်ကင်းတဲ့ လုံးဝအပြစ်ကင်းသူ ဖြစ်ရုံမကပဲ ရှိသမျှအပြစ်အားလုံးမှ ကင်းစင်သူဖြစ်တယ်။ သူ့ရဲ့ အရင်းနှီးဆုံး တပည့်တော်တစ်ပါးက ပြောပါတယ်။ “ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့”(၁ပေ၊ ၂း၂၂)။ သူ့ရဲ့ ကိုယ်တိုင် အသေခံခြင်းက တန်ခိုးတော်နဲ့ ပြည့်ဝပြီး အနှိုင်းမဲ့ဖြစ်ကြောင်းကို သူကိုယ်တိုင် ယုံကြည်လက်ခံခဲ့ တယ်။ သခင်ယေရှုက သူကိုယ်တိုင်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနဲ့ ပတ်သက် ပြီး လုပ်ဆောင်ခဲ့တာတွေက ရင်သပ်ရှုမောအံ့ဩဖွယ်ရာ ကောင်းလွန်းလှပါတယ်။ “ငါသည် ကိုယ့်အသက်ကိုစွန့်၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့် ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။ ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလို အလျောက် ငါစွန့်၏။ ကိုယ့်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တဖန် ကိုယ့် အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏” (ယော၊၁၀း၁၇-၁၈)။ သခင်ယေရှုကို ဘယ်သူသတ်သလဲ ဆိုတဲ့ ငြင်းခုံပြောဆိုမှုတွေက စည်းအပြင်ဘက်မှာပါ။ သူကိုယ်တိုင် အသေခံဖို့ ရွေးချယ်ခဲ့တာပါ။ သူ့ရဲ့ ခမည်းတော်က စီမံခဲ့ခြင်းဖြစ်တယ်။ သူကလည်း ယုံကြည်စွာ လက်ခံခဲ့ပါတယ်။
သူ့ရဲ့ ဒုက္ခဝေဒနာခံစားရခြင်းက ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သက်သေထူနိုင်ခဲ့ပါတယ်။
ဒီအနှိုင်းမဲ့ဒုက္ခဆင်းရဲခံခဲ့ရတဲ့အတွက် ဘုရားသခင်က သခင်ယေရှုကို သေခြင်းမှထမြောက်စေခဲ့ပါတယ်။ သုံးရက်အကြာမှာ ဖြစ်ပျက်ခဲ့တာပါ။ တနင်္ဂနွေနေ့ မနက်စောစောမှာ သူဟာ သေခြင်းကနေ ထမြောက်ခဲ့ပါတယ်။ တပည့်တော်တွေကို ရက်ပေါင်းလေးဆယ်ပတ်လုံး ကိုယ်ကိုပြုပြီး ကောင်းကင်ဘုံ တက်ကြွသွားခဲ့တယ် (တ၊၁း၃)။ ဒီအရာတွေ အမှန်တကယ် ဖြစ်ပျက်လာတယ်ဆိုတာကို တပည့်တော်တွေက ယုံကြည်ဖို့ နှောင့်နှေးနေကြပါတယ်။ သူတို့က အစကတည်းက လွယ်လွယ်နဲ့ မယုံခဲ့ပါဘူး။ သူတို့ကမ္ဘာကြီးထဲကို ရောက်ရှိလာကြတယ်။ လူဆိုတာ သေပြီးရင် မရှင်နိုင်တော့ဘူးဆိုတာကို သူတို့ သိတယ်။ သခင်ယေရှုက ငါးကင်ကို ယူ၍ စားခြင်း၊ ဖြင့် သူဟာ တစ္ဆေမဟုတ်ကြောင်းကို အခိုင်အမာ သက်သေပြခဲ့ပါတယ်(လု၊၂၄း၃၉-၄၃)။ ဒါက လူသေကောင် အသက်ပြန်ဝင်လာခြင်းမျိုး မဟုတ်ပါဘူး။ ဒါက ဘုရား၊ လူသားရဲ့ ရှင်ပြန်ထမြောက်ခြင်းဖြစ်ပြီး၊ မပျက်စီးနိုင်တဲ့အသက်တာသစ်သို့ ဦးတည် နေခြင်းဖြစ်ပါတယ်။ ကနဦးအသင်းတော်တွေက သူ့ကို ကောင်းကင်နှင့်မြေကြီးရဲ့ အရှင်သခင်အဖြစ် ကြွေးကြော်ခဲ့ကြတယ်။ “အပြစ်များကို ကိုယ်တော်တိုင်အားဖြင့် သုတ်သင်ပယ်ရှင်းပြီးလျှင် မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏လကျော် ဘက်၌ထိုင်တော်မူ၏”(ဟေဗြဲ၊၁း၃)။ ဘုရားသခင်က သူ့အား လုပ်ဆောင်ရန် ပေး အပ်ခဲ့သော တာဝန်အားလုံးကို သခင်ယေရှုက ပြီးဆုံးအောင်လုပ်ခဲ့ပါတယ်။ ရှင်ပြန် ထမြောက်ခြင်းက ဘုရားသခင် ကျေနပ်တော်မူကြောင်းကို သက်သေထူနေခြင်း ဖြစ်ပါတယ်။ ဒီစာအုပ်က ကမ္ဘာလောကကြီးအတွက် သခင်ယေရှုရဲ့ နာကျင်ခြင်း ဝေဒနာခံစားခဲ့တာတွေ ပြီးပြည့်စုံခဲ့ကြောင်းကို ဖော်ပြထားခြင်းပဲဖြစ်တယ်။
ခရစ်တော်၏ဒုက္ခဝေဒနာခံစားခြင်းနှင့် အော့(စ်)ဝစ်ချ်မှဒုက္ခဝေဒနာ
ခရစ်တော်ရဲ့ နည်းလမ်းအတိုင်း အသက်မရှင်နိုင်တဲ့အတွက်ကြောင့် ကမ္ဘာ့ သမိုင်းမှာ ဝမ်းနည်းကြေကွဲဖွယ်ရာ ဇာတ်ကြောင်းများကို တွေ့ရှိခဲ့ရခြင်းဖြစ်ပါတယ်။ ခရစ်တော်ရဲ့ ဝိညာဉ်တော်အားဖြင့် မလုပ်ဆောင်ခဲ့တဲ့အတွက် ကျွန်ုပ်တို့ ခရစ်ယာန်တွေက အရှက်ရစရာ ဖြစ်စေခဲ့ပါတယ်။ ကျွန်ုပ်တို့စိတ်ဝိညာဉ်ထဲမှာ ဒီဒုက္ခကပ်တွေ ရှိနေတယ်ဆိုတာကို သံသယဖြစ်စရာမလိုပါဘူး။ ဒါပေမဲ့လို့ စစ်မှန်တဲ့ခရစ်ယာန်တွေ ဟာ ယနေ့တွေ့နေရတဲ့ အနောက်တိုင်းရဲ့ယဉ်ကျေးမှုနဲ့ လုံးဝခြားနားနေတဲ့ အသက် တာကို အသက်ရှင်နေခြင်းဖြစ်တယ်။ ခရစ်ယာန် အသင်းတော်အများစုမှာ မမြင်နိုင် တဲ့ဘာသာရေးဆိုင်ရာ အကြမ်းဖက် လှုံ့ဆော်မှုတွေ ရှိလာပါတယ်။ “ငါ၏နိုင်ငံသည်လောကနှင့်မစပ်ဆိုင်လို့ ယေရှုက ပြောခဲ့ပါတယ်။ “ငါ၏နိုင်ငံသည် – နှင့်စပ်ဆိုင်လျှင် ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်”(ယော၊၁၈း၃၆)။ ကားတိုင်လမ်းကဒုက္ခဝေဒနာတွေနဲ့ ပြည့်နှက်နေတဲ့လမ်း ဖြစ်ပါတယ်။ ခရစ်ယာန်များက အသေခံရန် ခေါ်ခြင်းခံရပြီး အသတ်ခံဖို့ ရန်မဟုတ်ပဲ ခရစ်တော်ကို ဘယ်လောက်ချစ်ကြောင်းကမ္ဘာကြီးကို ပြသဖို့ ဖြစ်ပါတယ်။ ဒီကနေ့ ဒီမေတ္တာတော်က နှိမ့်ချလျက် ရှိပြီး ခရစ်တော်အား ရဲရင့်စွာ ချီးမွမ်းလျက် အဖိုးအခ ဘယ်လောက်ပင် ပေး လေစေ လူသားအားလုံး ဘုရားသခင်ထံတော်သို့ ရောက်ရန် တစ်ခုတည်းသော ကယ်တင်ခြင်းလမ်းဖြစ်ပါတယ်။
သခင်ယေရှုက ပြောပါတယ်။ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရား လည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော် ထံသို့ မရောက်ရ”(ယော၊၁၄း၆)။ ဒီအချက်က ရှင်းလင်းပြတ်သားနေပါတယ်။ ခရစ်ယာန်တွေက နှိမ့်ချခြင်း၊ ပြစ်တင်ခံခြင်း၊ အထင်သေးခြင်း၊ ညှဉ်းဆဲခြင်းတွေကို ကြွားဝါတဲ့စိတ်နဲ့ လုပ်ဆောင်ဖို့ရန်မဟုတ်ပါ။ ဘာသာရေး၊ လူမျိုးရေးအရ သတ်ဖြတ် ခြင်း၊ ဘာသာရေးစစ်ပွဲဖြစ်ခြင်း၊ အကျဉ်းချခံဖို့ရန် မဟုတ်ပါဘူး။ ကားတိုင်ထက်မှာ သူဆုတောင်းခဲ့ပါတယ်။ “အိုအဖ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ”(လု၊ ၂၃း၃၄)။ သခင်ယေရှုခရစ်တော်ရဲ့ ဒုက္ခဝေဒနာ၊ ခံစားရခြင်းက အပြင်းထန်ဆုံး ဖြစ်ပါတယ်။ ကားတိုင်ပေါ် အသေခံရန် ခရစ်တော် ဘုရား ငြင်းဆန်ပါက ဘုရားရဲ့ အကြံအစည်ကို ငြင်းဆန်ခြင်းပဲဖြစ်ပါတယ်။ အချို့ ကတော့ ဒီအချက်ကို လက်ခံဖို့ ကြောက်လန့်နေမှာ ဖြစ်တယ်။ အချို့ကတော့ သနား ညှာတာမှုနဲ့ အကျပ်ကိုင်ပြီး လွတ်ရာလွတ်ကြောင်း ကြံစည်မှုတွေ လုပ်ဆောင်လာကြ ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ငြင်းဆန်တဲ့သူတွေ ရှိခဲ့ကြတယ်။ ယေရှုခရစ်တော်ကဖော်မပြနိုင်လောက်အောင် ဒုက္ခဝေဒနာတွေ ခံစားခဲ့ရပြီး အသေခံခဲ့တယ်။ ဒီလိုပဲ ဂျူးတွေလည်း ကြုံဆုံခဲ့ကြရပါတယ်။
ကျွန်တော်က ယေရှုခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ ဂျူးတွေရဲ့ ဒုက္ခဝေဒနာခံစားခြင်းကို ဦးဆုံး ဆက်စပ်ပေးခဲ့တဲ့သူ မဟုတ်ပါဘူး။ အဲလီဝီဆယ်ရဲ့ “ည”ဆိုတဲ့စာအုပ်ထဲမှာ သူ့ရဲ့ ဖခင်နဲ့ အတူ ဆယ်ကျော်သက်အရွယ်မှာ အော့(စ်) ဝစ်၊ သူနာနဲ့ ဘူချန်ဝေါအကျဉ်းစခန်းတွေမှာ ကြုံတွေ့ခဲ့ရတဲ့ သူ့နှလုံးသားထဲက ဝမ်းနည်းကြေကွဲစရာတွေ၊ အပြစ်ကင်းမဲ့တဲ့ လူတွေရဲ့ ယူကြုံးမရတဲ့အဖြစ်တွေ၊ နှုတ်ဆိတ်နေရတဲ့ အဖြစ်တွေကို ဖော်ပြထားပါတယ်။ အားနည်းတဲ့သူတွေကို ခေါ်ဆောင်သွားပြီး မီးဖိုထဲမှာ မီးလောင်တိုက်သွင်းပြီး သတ်ဖို့ “ရွေးချယ်ခြင်း” အစီအစဉ်က သိပ်ကြောက်စရာကောင်းပါတယ်။ အဲဒီအချက်နဲ့ ဝီဆယ်က ကရာနီကုန်းရဲ့ အခြေအနေကို ဆက်စပ်ပေးထားပါတယ်။ သူက ရဗ္ဗိကြီးအခီတာ ဒူမားရဲ့ အကြောင်းကို ပြောပါတယ်။ ဒူမားက အသတ်ခံဖို့ အရွေးခံရသူဖြစ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်ုပ်တို့ကြားထဲမှာလျှောက်သွားပြီး သူ့ရဲ့မျက်လုံးတွေငေးမော ကြည့်ကာ သူ့ရဲ့ အားနည်းမှုကို လူတိုင်း ပြောပြနေပါတယ်။ “ငါရှေ့ဆက် မလျှောက်နိုင်တော့ဘူး …. အားလုံးပြီးဆုံးသွားပြီ….” သူ့ ရဲ့ စိတ်ဓာတ်တွေကြံ့ခိုင်လာဖို့ မဖြစ်နိုင်တော့ဘူး။ သူက ကျွန်ုပ်တို့ပြောတာတွေကို နားမထောင်
တော့ဘူး။ သူ့မှာ ခွန်အားမရှိ၊ ယုံကြည်ခြင်းမရှိတော့လို့ ရှေ့ဆက် မရုန်းနိုင်တော့ ဘူး။ သူ့အတွက် အားလုံးပြီးဆုံးခဲ့တဲ့အကြောင်း ခဏခဏ ထပ်ပြောနေပါတယ်။ နောက်ဆုံး သူ့မျက်စေ့တွေ မဲမှောင်လာတယ်၊ မျက်ကွင်းတွေညိုလာပြီး ကြောက် စရာကောင်းလာပါတယ်။
ဝီဆယ်အပေါ် အခုလို သုံးသပ်ချက်တွေ ရှိခဲ့ပါတယ်။ “သနားစရာကောင်း တဲ့ ဒူးမား၊ သူ့မှာ ဘုရားသခင်ကို ယုံကြည်တယ်ဆိုရင်၊ ဒီကရာနီလမ်းမှာ ဘုရားရှင် ပါရှိတာကို မြင်ရင် သူက ဒီလမ်းကို ရွေးချယ်မှာမဟုတ်ဘူး။”
အဲလီဝီဆယ်ရဲ့ ပါးစပ်က စကားတွေကို ကျွန်ုပ် မှန်းဆလို့ မရဘူးဖြစ်နေ တယ်။ သူဆိုလိုတဲ့အဓိပ္ပါယ်ကို ကျွန်ုပ် ကောင်းစွာ နားမလည်ဘူး။ ကျွန်တော့်အတွက် စဉ်းစားစရာဖြစ်လာတယ်။ အကျဉ်းစခန်းနဲ့ ကရာနီကုန်းကို ဘာကြောင့် ဆက်စပ် ထားရတာလဲ။ ကျွန်ုပ် ဒီမေးခွန်းကို မေးတဲ့အခါမှာ အပြစ်တင်ချင်လို့ တွေးမိတာ မဟုတ်ဘူး။ အကြောင်းတစ်ခုခုကြောင့် ဒုက္ခဆင်းရဲခံရတာမဟုတ်ပဲ သူ့ရဲ့ နောက် ဆုံးသော အဓိပ္ပါယ်က ယေရှုခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းကို ဖော်ညွှန်းနေဖို့ပဲ မဟုတ်လား။ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းက အော့ဆဝစ် အကျဉ်းစခန်းဆီကို ဦးတည်ပေးနေခြင်းမဟုတ်ပဲ အော့ဆဝစ်အကျဉ်းစခန်းရဲ့ အတွေ့အကြုံအားဖြင့် ခရစ်တော်ရဲ့ ဒုက္ခဆင်းရဲခြင်းကို နားလည်သဘောပေါက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး လား။ ကရာနီကုန်းနဲ့ အကျဉ်းထောင်ရဲ့ ကြားက ဆက်စပ်မှုက နားမလည်နိုင်လောက်အောင်နက်နဲနေပါသလား။ ဂျူးတွေရဲ့ ဒုက္ခဆင်းရဲခြင်းခံစားရတဲ့ ညတာရှည်ခရီး အကြောင်းကို ယေရှုကပဲ အားလုံးသိနေမှာဖြစ်တယ်။ ဂျူးမျိုးဆက်တွေမှာ သူတို့ ဘိုးဘေးတွေက ဆိုးရွားတဲ့ကားတိုင်ပေါ်တင်ခြင်းကို ကြံ့ကြံ့ခံခဲ့ခြင်းက ဘုရားရဲ့ သားတော် ကရာနီကုန်းမှာ ကြုံဆုံခဲ့တာတွေကို ခံစားနားလည်စေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီအကြောင်းအတွက် ကျွန်ုပ် မေးခွန်းတစ်ခု မေးမြန်းပါမယ်။ ကျွန်တော် သေချာတော့မသိဘူး။ ဒါပေမယ့် ကျွန်ုပ် သိနေတာတစ်ခုတော့ရှိတယ်။ အဲဒီအကျဉ်းစခန်းတွေ ဆောက်ခဲ့တဲ့ အပေါ်ယံခရစ်ယာန်တွေက သခင်ယေရှု ခရစ်တော် ကရာနီကုန်းကိုသွားခဲ့စဉ်က သူ့ ရဲ့ ကြီးမြတ်တဲ့ ချစ်ခြင်းမေတ္တာအကြောင်း ကို ဘာမှမသိခဲ့ကြဘူး။ ကမ္ဘာလောကကြီးကို ကယ်တင်ဖို့ အသေခံခဲ့တဲ့ ခရစ်တော် အကြောင်းကို သူတို့ ဘာမှမသိခဲ့ကြဘူး။ ဒါပေမယ့် တချို့ခရစ်ယာန်တွေက ယေရှုခရစ်တော်က ကျိုးပဲ့ကြေမွပြီး နာကျင်စွာနဲ့ ဒုက္ခဝေဒနာတွေခံစားခဲ့ရတဲ့အကြောင်း ၊ သူ့ရဲ့နာကျင်ခြင်းဝေဒနာနဲ့ ဆိုင်တဲ့ အဓိပ္ပါယ်တွေကို ကောင်းစွာ သိမြင်ကြတယ်။ ဒီအကြောင်းအရာတွေကို သိမြင်ပြီး ဂျူးတွေရဲ့ ခံစားရတဲ့ ဒုက္ခဝေဒနာတွေက ပြောမပြနိုင်လောက်အောင် ကြီးမားတယ် ဆိုတာကို မြင်တွေ့နိုင်မယ်မဟုတ်လား။
သခင်ယေရှုနဲ့ သူ့ ရဲ့ နောက်တော်လိုက်အားလုံးက ဂျူးတွေပါပဲ။ ပါလက် စတိုင်းက(မဟုတ်တဲ့)အဖွဲ့တွေအားလုံးက သူ့ကို ကားတိုင်ပေါ်တင်တဲ့အခါ (ဂျူးအပါအဝင်) လူတွေက အားပေးခဲ့ပါတယ်။ ဘုရားသခင်ကိုယ်တော်တိုင်က သူ့ရဲ့ သားတော် အသေခံဖို့ အဓိကအခန်းကဏ္ဍမှာ ပါဝင်လုပ်ဆောင်ခဲ့ပြီးဖြစ်လို့ သခင်ယေရှုအသတ်ခံရဖို့ ဘယ်သူခေါ်လာသလဲဆိုတာ အဓိကကျတဲ့မေးခွန်းမဟုတ်တော့ ပါဘူး။ ဒါပေမဲ့ သခင်ယေရှုရဲ့ အသေခံခြင်းက လူသားတွေအားလုံးအတွက်ဖြစ် တယ်။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အရေးအပါဆုံး မေးခွန်းက ခရစ်တော် ဘာကြောင့် ဒုက္ခဆင်းရဲခံပြီး အသေခံခဲ့တာလဲ။ အကျိုးအကြောင်းထက် ရည်ရွယ် ချက်ရှိရှိ ဘာကြောင့် အသေခံရတာလဲ။ ခရစ်တော်ဒုက္ခဝေဒနာတွေ ခံစားခြင်းအား ဖြင့် ဘာကြောင့် အသေခံရတာလဲ။ ခရစ်တော်ဒုက္ခဝေဒနာတွေ ခံစားခြင်းအား ဖြင့်သာ အောင်မြင်မှုတွေရခဲ့သလဲ။ သူဘာကြောင့် ကြီးစွာသော ဒုက္ခဝေဒနာတွေ ခံစားရတာလဲ။ ကရာနီကုန်းပေါ်က အဖြစ်အပျက်က ကမ္ဘာကြီးအတွက် မည်သည့် ကြီးမြတ်တဲ့အရာတွေကို ဖြစ်ပေါ်စေခဲ့သလဲ။ ဒါကတော့ ဒီစာအုပ်ထဲမှာ ဆက်ပြီး လေ့လာရမယ့်အကြောင်းပါပဲ။ ကျွန်တော်က ခရစ်တော်ဘာကြောင့် ဒုက္ခဝေဒနာ ခံစားပြီး အသေခံခဲ့သလဲဆိုတာကို ဓမ္မသစ်ကျမ်းထဲကနေ အကြောင်းပြချက် ငါးဆယ် ကို စုဆောင်းထားပါတယ်။ အကြောင်းတရား ငါးဆယ်မဟုတ်ဘူး။ ရည်ရွယ်ချက် ငါးဆယ်ပဲဖြစ်တယ်။ သခင်ယေရှုကို ဘယ်သူသတ်သလဲဆိုတာထက် ပိုပြီး အရေး ပါတဲ့ မေးခွန်းဖြစ်ပါတယ်။ ကျွန်ုပ်တို့လို အပြစ်သားများအားလုံးအတွက် အသေခံ ဆက်သွားရအောင်။ စေလွှတ်ခြင်းက ဘာအောင်မြင်မှုတွေ ရခဲ့သလဲ။ အဲဒီအကြောင်းကို အခုဆက်သွားရအောင်။
သခင်ယေရှု ဒုက္ခဝေဒနာခံစားခြင်းနှင့် အသေခံခြင်း၏အကြောင်းရင်း ငါးဆယ်
၁။ ဘုရားသခင်ရဲ့ အမျက်တော်ကိုခံရန်
“သစ်တိုင်၌ ဆွဲထားခြင်းကိုခံရသောသူတိုင်း ကျိန်ခြင်းကိုခံရသောသူဖြစ်သည်ဟု ကျမ်းစာ လာသည်နှင့်အညီ၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ” ဂလာ၊၃း၁၃ လွန်ခဲ့ပြီးသောဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင် ဖြောင့်မတ်ခြင်း၊ တရားတော်ကို ထင်ရှားစေခြင်းငှါ၎င်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကို ယုံကြည်သောသူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း တရားသဖြင့် ပြုတော်မူခြင်းငှါ၎င်းယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် ထိုခရစ်တော်ကို အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှါ ခန့်ထားတော်မူပြီ။
ရော၊၃၂း၅
ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏ အပြစ်စရာအကြောင်းဖြစ်စေခြင်းငှါ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။
၁ယော၊၄း၁၀
ဘုရားသခင်သာ တရားမျှတမှုမရှိခဲ့ဘူးဆိုရင် ဘုရားသခင်က သူ့ရဲ့ သားတော်ကို ဒုက္ခဝေဒနာခံစားစေပြီး အသေခံဖို့တောင်းဆိုခဲ့မှာမဟုတ်ဘူး။ ဘုရား သခင်သာ ချစ်ခြင်းမေတ္တာမရှိခဲ့ဘူးဆိုရင် သူ့ရဲ့ သားတော်ကို ဒုက္ခဝေဒနာခံစားစေ အသေခံဖို့၊ လိုလိုလားလား လုပ်ဆောင်ခဲ့မှာမဟုတ်ဘူး။ ဒါပေမယ့် ဘုရား တရားမျှတခြင်းရော၊ ချစ်ခြင်းမေတ္တာပါရှိနေပါတယ်။ ဒါကြောင့် သူ့ရဲ့ ချစ်ခြင်းမေတ္တာက သူတောင်းဆိုနေတဲ့တရားမျှတခြင်းတွေနဲ့ တစ်ထေရာတည်းကျရောက်ပါတယ်။ ဘုရားရှင်ရဲ့ပညတ်တော်က တောင်းဆိုနေတာကတော့ “ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့”ဖြစ်ပါတယ်။
(တရား၊၆း၅)။ ဒါပေမယ့် ကျွန်ုပ်တို့က အခြားအရာတွေကို ပိုချစ်နေပါတယ်။ အခြား အရာတွေကို ဦးစားပေးပြီး လုပ်ဆောင်နေရင်း ဘုရားကို ဦးထိပ်မထားခြင်းက အပြစ် ပဲဖြစ်တယ်။ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေ၊ ပျက်ကြပြီ”(ရော၊၃း၂၃)။ ကျွန်ုပ်တို့ ပျော်မွေ့နေတဲ့အရာတွေအတွက်ပဲ ကျွန်ုပ်တို့ ဂုဏ်ယူချီးမွမ်းတတ်ကြတယ်။ အဲဒီအရာက ဘုရားလုပ်ဆောင်တဲ့ နည်းလမ်းမဟုတ် ဘူး။ အပြစ်ဆိုတာ သေးငယ်တဲ့အရာမဟုတ်ဘူး။ အဲဒီ အပြစ်က သေးငယ်တယ်လို့ ယူဆမိလို့ ရှိရင် အနန္တတန်ခိုးတော်ကို ဆန့်ကျင်နေခြင်းပဲဖြစ်ပါတယ်။ ဂုဏ်သိက္ခာတော်နဲ့ ပြည့်နှက်နေတဲ့တန်ခိုးရှင်ကို ပြင်းပြင်းထန်ထန် စော်ကားနေခြင်းပဲဖြစ်တယ်။ စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်းတဲ့ဖန်ဆင်းရှင်က လေးစားခြင်း၊ ကြည်ညိုခြင်း၊ သစ္စာ ရှိခြင်းနဲ့ လုံးဝထိုက်တန်တဲ့ အဆုံးမဲ့အဖိုးထိုက်ခြင်းတွေနဲ့ပြည့်စုံနေတဲ့သူဖြစ်တယ်။ ဒါကြောင့် သူ့ကိုချစ်ဖို့ ပျက်ကွက်ခြင်းက သစ္စာဖောက်ခြင်းဖြစ်ပြီး ပေါ့ပေါ့တန်တန် ကိစ္စတော့ မဟုတ်ဘူး။ အဲဒီလိုလုပ်ခြင်းဟာ ဘုရားသခင်ရဲ့ အသရေကို ဖျက်ခြင်း ဖြစ်ပြီး လူသားတွေရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးပစ်ခြင်းပဲဖြစ်ပါတယ်။ ဘုရားရှင်က တရားမျှတတဲ့ ဘုရားဖြစ်တဲ့အလျောက် သူက အပြစ်တွေကို နားလည်မှုနှင့် ဖြေရှင်း ပေးတာမျိုးမလုပ်ပါဘူး။ လူသားတို့အတွက် သန့်ရှင်းတဲ့ အမျက်တော်ကို ခံစားခဲ့ရ တယ်။ လူသားတို့က အပြစ်ပေးခံရဖို့ ထိုက်တန်တဲ့အကြောင်းကို ရှင်းလင်းစွာ ဖော်ပြ ထားပါတယ်။ “အပြစ်ရဲ့ အဖိုးအခကား သေခြင်းပေတည်း”(ရော၊၆း၂၃)။ “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်”(ယေဇ ၁၈း၄)။ အပြစ်အားလုံးအတွက် သန့်ရှင်းသောကျိန်ခြင်းကို ခံရပါတယ်။ အပြစ်ပေးခြင်း မခံရရင် တရားမျှတမှာ မဟုတ်ဘူး။ ဘုရားရှင်ရဲ့ တောင်းဆိုချက်ကို သူက အတည်ပြုထောက်ခံပေးတယ်။ အမှန်တရားရဲ့ အလယ်ဗဟိုမှာ စိုးစံခြင်းကတည်ရှိနေပါတယ်။ ဒါကြောင့်လည်း ဘုရားသခင်က ပြောပါတယ်။ “ပညတ္တိကျမ်းစာ၌ ပါသမျှသော စကားတို့ကို အမြဲ မကျင့်သောသူတိုင်း ကျိန်တော်မူခြင်းကိုခံစေ”(ဂလာ၊၃း၁၀။ တရား၊ ၂၇း၂၆)။
ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော်က လူသားတစ်ရပ်လုံးရဲ့ အပြစ် အတွက် ကျိန်ခြင်းကို ခံယူမှုအားဖြင့်သာ ရပ်တန့်သွားခဲ့တာမဟုတ်ဘူး။ အမျက်တော် က ဘယ်လောက်ပဲ သန့်ရှင်းမြင့်မြတ်နေပါစေ သူ့ရဲ့ ရည်ရွယ်ချက်က အမျက်တော် ကြီး ဖော်ပြဖို့ မဟုတ်ပါဘူး။ ဒါကြောင့် ဘုရားသခင်က သူ့ရဲ့ သားတော်ကို အမျက် တော်ခံယူဖို့ စေလွှတ်ခဲ့ပြီး လူသားအားလုံးအပေါ် ကျရောက်ခဲ့တဲ့ ကျိန်ခြင်းကိုယူဆောင်သွားဖို့ ဖြစ်တယ်။ “ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီး (ဂလာ၊၃း၁၃)။ ၎င်းလုပ်ရပ်က “အမျက်ပြေစိမ့်သောငှါ တောင်းပန်ခြင်း”ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်ပြီး အထက်က ကိုးကားထားတဲ့ကျမ်းပိုဒ်(ရော၊၃း၂၅)ထဲမှာ တွေ့ရပါတယ်။ ဆိုလိုတာက ကိုယ်စား အစားထိုးလိုက်ခြင်းဖြင့် ဘုရားသခင်ရဲ့ အမျက်တော်ကို ပယ်ရှားပေးလိုက်ခြင်းဖြစ်ပါတယ်။ အစားထိုးခြင်းကို ဘုရားသခင် ကိုယ်တော်တိုင် စီမံလုပ်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။ အစားထိုးခံခဲ့သူ ယေရှု ခရစ်တော်က အမျက်တော်တွေကို ပယ်ဖျက်ပေးရုံသာမက ကျွန်ုပ်တို့ခံယူရမယ့်အရာ ကို လမ်းလွှဲပေးပြီး ယူဆောင်သွားပေးခဲ့ပါတယ်။ ဘုရားသခင်ရဲ့ အမျက်တော်က တရားမျှတပြီး ၎င်းကို အသုံးပြုခဲ့ခြင်းဖြစ်ကာ ရုပ်သိမ်းခဲ့ခြင်းမဟုတ်ပါဘူး။ ဘုရား သခင်ကို မလေးမစားပြုခြင်း ဒါမှမဟုတ် သူ့ရဲ့ချစ်ခြင်းမေတ္တာကို အလေးအနက် မထားခြင်းမျိုးမပြုသင့်ပါဘူး။ ကျွန်ုပ်တို့ရဲ့ ပြင်းထန်လှတဲ့အပြစ်ကို စဉ်းစားမိခြင်း၊ ကျွန်ုပ်တို့ရဲ့တစ်ဘက်က သူ့ရဲ့ တရားတဲ့အမျက်တော်ကို လက်မခံမချင်း ဘုရားသခင် ရဲ့အံ့ဩဖွယ်ရာချစ်ခြင်းမေတ္တာတော်ကို ကျွန်ုပ်တို့လက်ခံရမှာ မဟုတ်ဘူး။ ဒါပေမဲ့လို့ကျေးဇူးတော်သက်သက်ကြောင့်သာ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားရခြင်းနှင့် အသေခံခဲ့ခြင်းကြောင့် ကျွန်ုပ်တို့နှင့် မထိုက်တန်သော်လည်း အကျိုးကျေးဇူး ခံစား ရရှိခဲ့ပါတယ်။ “ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟုမဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့အပြစ်ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ သားတော်ကို စေလွှတ် တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏”(၁ယော၊၄း၁၀)။
၂။ ကောင်းကင်ဘုံရှင် ဘုရားသခင်အား ကျေနပ်စေရန်
“ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော်မူ၏။”ဟေရှာ၊၅၃း၁၀ “ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင်သော အနံ့ ရှိစေခြင်းငှါ၊ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူ သည်နည်းတူ၊ သင်တို့ သည် မေတ္တာတရား၌ ကျင်လည်ကြလော့။” ဧ ၅း၂ ၊
သခင်ယေရှုက ကောင်းကင်ဘုံမှာ စိတ်ဆိုးနေသော သူ့ရဲ့ ခမည်းတော်နဲ့ နပန်းမလုံးခဲ့ပဲ သူ့လက်ထဲက ကြာပွတ်ဒဏ်ကို ခံယူခဲ့ပါတယ်။ လူသားတွေကို သနား ခြင်းဂရုဏာသက်ရောက်စေဖို့ သက်သက်သာ မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ အသေခံခြင်းက အပြစ်သားတွေကိုသက်ညှာဖို့ ဘုရားသခင်ရဲ့ အလိုတော်ကို လိုက်ပြီး လုပ်ဆောင်ခဲ့ ခြင်းမျိုးမဟုတ်ဘူး။ သခင်ယေရှုရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံခြင်းက ခမည်းတော်ရဲ့ အတွေးအခေါ်တွေပဲဖြစ်တယ်။ အဲဒါက ရင်ဖိုစရာဖြစ်ပြီး ဖန်ဆင်းခြင်းမတိုင် မီ စီမံခန့်ခွဲခဲ့ခြင်းဖြစ်တယ်။ ဒါကြောင့် သမ္မာကျမ်းထဲမှာ ဘုရားသခင်ရဲ့ အကြောင်းပြောထားတယ်။ “ရှေးကပ်ကာလမရောက်မှီ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကို ကယ်တင်၍ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏”(၂တိ၊၁း၉)။ အဲဒီ အစီအမံများဟာ ဓမ္မဟောင်းကျမ်းထဲမှာ ဖော်ပြထားပါတယ်။ အပြစ်သားတွေရဲ့ အပြစ်တွေကို ခံယူဖို့
မေရှိယက ဒုက္ခဆင်းရဲခံရမယ့်အကြောင်း ဟေရှာယက ကြိုပြောခဲ့ပါတယ်။ ကျွန်ုပ်တို့ ရဲ့နေရာမှာ ခရစ်တော်က ဘုရားသခင်ရဲ့ ထိုးနှက်ခြင်းကို ခံခဲ့ရတယ်လို့ ပြောထားပါ တယ်။ “ထိုသူသည် ငါတို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း ခံရသော သူဖြစ်သည်. . . . ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွှဲလျက် ကိုယ့်လမ်းသို့ အသီး အသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များ ကို သူ့အပေါ်၌တင်တော်မူ၏”(ဟေရှာ၊၅၃း၄-၆)။
အပြစ်သားတွေအတွက် ခရစ်တော်ရဲ့ ကိုယ်စားခံယူခြင်းမှာ အံ့သြစရာ အကောင်းဆုံးကတော့ ဘုရားသခင်ရဲ့ အကြံအစည်တော်ဖြစ်ခြင်းပါပဲ။ ဘုရားသခင် ရဲ့ အကြံအစည်တော်ဖြစ်တဲ့ အပြစ်သားတွေကို အပြစ်ပေးခြင်းကို ခရစ်တော်က ဘာမှမစွက်ဖက်ခဲ့ဘူး။ ဘုရားသခင်က သူ့ကို အဲဒီမှာ ရှိနေစေဖို့ စီစဉ်ခဲ့ပါတယ်။ ဓမ္မဟောင်းထဲက ပရောဖက်တစ်ပါးက ပြောပါတယ်။ “ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော်မူ၏ … ထာဝရဘုရား၏အကြံတော် သည်လည်း သူ၏လက်၌ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်”(ဟေရှာ၊၅၃း၁၀)။ ဒီအချက် က ဓမ္မသစ်ကျမ်းရဲ့ ဝိရောဓိသဘောကို ဖော်ညွှန်းနေခြင်းပဲဖြစ်တယ်။ တစ်နည်းအား ဖြင့် ပြောရမယ်ဆိုရင် ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားရခြင်းက အပြစ်တရားကြောင့်ဘုရားသခင်ရဲ့ အမျက်တော်သွန်းလောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ” တော့ သခင်ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံခြင်းက ခမည်းတော်ရဲ့ အလိုတော်အတိုင်းနာခံပြီး အပ်နှံခဲ့တဲ့လှပတဲ့လုပ်ရပ်တစ်ခုသာဖြစ်တယ်။ ဒါကြောင့်လည်း ခရစ်တော်က ကားတိုင်ပေါ်မှာ ဟစ်ကြွေးခဲ့ပါတယ်။ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း”(မ၊၂၇း၄၆)။ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာ၊ ခံစားခြင်းက ဘုရားသခင်ရှေ့တော်မှာ မွှေးကြိုင်သောယဇ်ဖြစ်စေတယ်လို့ ကျမ်းစာ က ဖော်ပြထားပါတယ်။ “ခရစ်တော်သည် ငါတို့ကိုချစ်တော်မူသောအားဖြင့် ဘုရား သခင်ရှေ့တော်၌ မွှေးကြိုင်သောအနံ့ ရှိစေခြင်းငှါ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယဇ် ပူဇော်လျက် ငါတို့အတွက်စွန့်တော်မူသည်”(ဧ၊၅း၂)။ အလွန်အံ့ဩကြီးမြတ်ဖွယ် ဖြစ်တဲ့ ဘုရားသခင်ရဲ့မေတ္တာတော်ကို ယုံကြည်ကိုးကွယ်ရမှာဖြစ်တယ်။ ဒါက စိတ် ကူးယဉ်သက်သက် မဟုတ်ပါဘူး။ ဒါက ရိုးရှင်းတဲ့ဖြစ်ရပ်လည်းမဟုတ်ဘူး။ ကျွန်ုပ်တို့ အတွက် ဘုရားသခင်က မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခဲ့ခြင်းဖြစ်ပြီး သူရဲ့ အမျက်တော်ကို သားတော်အပေါ် သွန်းလောင်းခဲ့တယ်။ သူ့ရဲ့ အပြစ်ကြောင့် မဟုတ်ဘဲ လျက် ကြီးစွာသောအကျိုးကို ခံစားရရှိမှာဖြစ်တယ်။ သားတော်က လိုလိုလားလား လက်ခံတော်မူခြင်းက ဘုရားရှင်ရဲ့ အမြင်မှာ အတော့်ကိုတန်ဖိုးရှိလှပါတယ်။ အမျက်တော်ကို ဆောင်ယူသွားတဲ့သူကတော့ အဆုံးမဲ့မေတ္တာတော်ကို ခံစားရပါ တယ်။
၃။ နာခံခြင်းကို သင်ယူရန်နှင့် ပြီးပြည့်စုံစေရန်
ဘုရားသခင်၏သားတော်မှန်သော်လည်း ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်း အကျိုးအကြောင်းကို သင်တော်မူ၏။ ဟေဗြဲ၊၅း၈
အကြောင်းမူကား၊ များစွာသောသားတို့ကို ကယ်တင်၍ ဘုန်းစည်းစိမ်ခံစားရာသို့ ပို့ဆောင် သောအရှင်သည် ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။ ဟေဗြဲ၊ ၂း၁၀
သမ္မာကျမ်းထဲမှာ ဖော်ပြထားတာကတော့ ခရစ်တော်က အပြစ် မရှိပေမယ့် ဒုက္ခဆင်းရဲခံခြင်းဖြင့် “နားထောင်ခြင်းကိုသင်ယူပြီး” ဒုက္ခဆင်းရဲခံခြင်းအားဖြင့် ပြည့်ဝစုံလင်စေခဲ့ပါတယ်။ “အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့်ကင်း လွှတ်တော်မူ၏”(ဟေဗြဲ၊၄း၁၅)။ ဒါက သမ္မာကျမ်းရဲ့ သွန်သင်ချက်ဖြစ်တယ်။ ခရစ်တော်က အပြစ်ကင်းမဲ့တဲ့သူဖြစ် တယ်။ သူကမြင့်မြတ်တဲ့ဘုရားရဲ့ သားတော်ဖြစ်ပေမယ့် လူသားစင်စစ်တစ်ယောက် ဖြစ်ပြီး အမျိုးမျိုးသော စုံစမ်းသွေးဆောင်မှု၊ ဆာလောင်ခြင်း(မ၊၂၁း၁၈) ဒေါသထွက် ခြင်းနှင့် ပူဆွေးဝမ်းနည်းခြင်း(မာ၊၃း၅)နဲ့ နာကျင်ခြင်း(မ၊၁၇း၁၂)တွေ ကြုံဆုံရတယ်။ ဒါပေမယ့် သူ့ရဲ့နှလုံးသားက ဘုရားသခင်ရဲ့ မေတ္တာတော်နဲ့ ပြည့်ဝနေပြီး အဲဒီမေတ္တာတော်အတိုင်း အသက်ရှင်နေထိုင်ခဲ့ပါတယ်။ “ထိုသခင်သည် ဒုစရိုက်ကိုမပြု။ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့”(၁ပေ၊၂း၂၂)။ ဒါကြောင့်လည်း သမ္မာကျမ်းထဲ မှာဖော်ပြထားတာက “ဒုက္ခဆင်းရဲခံခြင်းဖြင့် နာခံခြင်းကို သင်ယူခဲ့ပြီ။” နာမခံခြင်းကို ရပ်တန့်ပစ်ဖို့ သင်ယူတယ်ဆိုတဲ့သဘောမဟုတ်ပါဘူး။ အဓိပ္ပါယ်က အသစ်သော စုံစမ်းခြင်းတွေနဲ့ ကြုံတိုင်း နာကျင်မှုတွေကြားထဲကနေ လက်တွေ့ သင်ယူမှုတွေ လုပ်ဆောင်နေခြင်းက နာခံခြင်းရဲ့ အဓိပ္ပါယ်ကိုဆောင်နေပါတယ်။ “ဒုက္ခဝေဒနာကို ခံစားခြင်းဖြင့် ပြည့်ဝစုံလင်စေခြင်း”လို့ပြောတဲ့အခါမှာ တဖြည်းဖြည်းနဲ့ အပြစ်အနာ အဆာတွေကို ရှင်းထုတ်ပစ်တဲ့သဘောမျိုးမဟုတ်ပါဘူး။ ဆိုလိုတာက ကျွန်ုပ်တို့ကို ကယ်တင်ရန်အလို့ငှါ ပြည့်ဝစုံလင်တဲ့ ဖြောင့်မတ်ခြင်းဆီကိုရောက်ဖို့ တဖြည်းဖြည်း
ကြိုးစားခဲ့ပါတယ်။ သူဗတ္တိဇံကို ခံယူခဲ့တဲ့အခါမှာ ဗတ္တိဇံဆရာယောဟန်ကို ရှင်းပြပါ တယ်။ “အလုံးစုံသောတရားတို့ကို အကုန်အစင် ကျင့်သင့်သည်ဖြစ်၍ ယခုအခွင့်ပေးပါ ”(မ၊၃း၁၅)။
ဒီအချက်ထဲမှာ ဖော်ပြထားပါတယ်။ “ထို့ကြောင့် ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာအကြောင်းကို စီရင်၍ ဘုရားသခင်နှင့် စပ်ဆိုင်သောအရာတို့၌ ကရုဏာနှင့်၎င်း၊ သစ္စာနှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီး ဖြစ်အံ့သောငှါ မိမိညီအစ်ကိုတို့နှင့် လုံးလုံးတူရသောအကြောင်းရှိ၏။ သူ့ရဲ့ ဒုက္ခဝေဒနာခံစားရခြင်း က ဘုရားရှင်၏အမျက်တော်ကို ခံယူခြင်းသက်သက်မဟုတ်။ သူက စစ်မှန်တဲ့လူသား အဖြစ် အပြည့်အဝခံယူခဲ့ပြီး ကျွန်ုပ်တို့ကို ညီအစ်ကိုမောင်နှမအဖြစ် ခေါ်ခဲ့ပါတယ် (ဟေဗြဲ၊ ၂း၁၇)။
၄။ သေခြင်းမှရှင်ပြန်ထမြောက်ပြီး အောင်မြင်မှုရယူရန်
ထာဝရပဋိညာဉ်တရား၏အသွေးတော်အားဖြင့် သိုးများကိုထိန်းသော သိုးထိန်းကြီးဖြစ်သော ငါတို့သခင်ယေရှုကို သေခြင်းမှနှုတ်ဆောင်တော်မူသော၊ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် မိမိနှစ်သက်တော်မူသော အမူအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ ပြုတော်မူ၍ သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း ကောင်းသောအကျင့် အမျိုး မျိုး၌ သင်တို့ကို ပြုပြင်တော်မူပါစေသော။ ထိုသခင်ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။အာမင်။ ဟေဗြဲ၊၁၃း၂၀-၂၁ ၊
ခရစ်တော်ရဲ့ အသေခံခြင်းဟာ ရှင်ပြန်ထမြောက်ရန်သာမဟုတ်ပဲ ၎င်းရဲ့ အဖိုးအခကိုခံယူဖို့ ရန်ဖြစ်တယ်။ ဒါကြောင့်လည်း ဟေဗြဲ၊၁၃၂ဝ ထဲမှာ ဖော်ပြထား တဲ့အတိုင်း ဘုရားသခင်က သူ့ကို သေခြင်းမှထုတ်ဆောင်ခဲ့ပြီး “ထာဝရပဋိညာဉ် တရား၏အသွေးတော်”လို့ ဖော်ပြထားကာ အဲဒီအသွေးက သခင်ယေရှုရဲ့အသွေးတော်ဖြစ်တယ်။ သူကိုယ်တိုင်ကလည်း “ပဋိညာဉ်တရားသစ်နှင့်ဆိုင်သော ငါ၏ အသွေး”(မ၊၂၆း၂၈)လို့ ဖော်ပြထားပါတယ်။ သမ္မာကျမ်းထဲမှာ ဖော်ပြထားတဲ့ ခရစ်တော်ရဲ့ အသွေးတော်ဆိုတာက သူ့ရဲ့ သေခြင်းကို ရည်ညွှန်းနေခြင်းပဲဖြစ်ပါတယ်။ သခင်ယေရှုရဲ့ အသွေးတော်မသွန်းပဲနဲ့ ကယ်တင်ခြင်းက အထမမြောက်နိုင်ပါဘူး။ သူ့ရဲ့ အသေခံပြီး အသွေးသွန်းခြင်းက အရေးပါလှတဲ့ အသွေးသွန်းခြင်းပဲဖြစ်တယ်။ သခင်ယေရှုရဲ့ အသွေးသွန်းခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းက ဘယ်လို ဆက်နွယ်နေ ပါသလဲ။ သမ္မာကျမ်းရဲ့ ဖော်ပြချက်အရ အသွေးသွန်းပြီး ရှင်ပြန်ထမြောက်ရုံမဟုတ်ပဲ အဲဒီအသွေးတော်အားဖြင့် ထမြောက်ခဲ့ခြင်းဖြစ်ပါတယ်။ သခင်ယေရှုရဲ့အသေခံခြင်း က လုံးဝ ပြီးမြောက်ပြည့်စုံသွားတဲ့သဘောဖြစ်ပြီး ရှင်ပြန်ထမြောက်ခြင်းက အသေခံ ခြင်းအားဖြင့် ခရစ်တော်ရဲ့ အောင်မြင်မှု ဆုလဒ်အဖြစ် သက်သေထူနေပါတယ်။ အပြစ်တရားရဲ့ တစ်ဖက်မှာရှိတဲ့ သန့်ရှင်းသောကျိန်ခြင်းကို အပြည့်အဝခံယူခဲ့ပါ တယ်။ ခရစ်တော်ရဲ့ နာခံခြင်းက စံချိန်မီတဲ့ပြည့်ဝစုံလင်ခြင်းပဲ ဖြစ်ပါတယ်။ ခွင့်လွှတ် ခြင်းရဲ့ အဖိုးအခကို အပြည့်အဝပေးဆပ်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း တရားကို လုံးဝ သက်သေထူခဲ့ပါတယ်။ ဘုရားသခင်ရဲ့ အတည်ပြုထောက်ခံပေးတဲ့အရာကို ပြီးပြည့်စုံကြောင်း လူထုကိုကြော်ငြာခဲ့ပါတယ်။ ဒါကြောင့် သူက သခင်ယေရှုကို သေခြင်းမှထမြောက်စေခဲ့ကြောင်း သမ္မာကျမ်းထဲမှာ ဖော်ပြထားပါတယ်။ “ခရစ်တော်သည် ထမြောက်တော်မမူလျှင် သင်တို့သည် ယုံကြည်သော်လည်း အကျိုး မရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏”( ၁ကော၊၁၅း၁၇)။ ဒီအချက်ထဲမှာ ကျွန်ုပ် တို့ရဲ့ အပြစ်အတွက် အဖိုးအခပေးဆပ်ခြင်းကြောင့် ရှင်ပြန်ထမြောက်ခဲ့တဲ့ သဘောတော့ မဟုတ်ဘူး။ ၎င်းရဲ့ဆိုလိုရင်းက ရှင်ပြန်ထမြောက်ခြင်းဆိုတာက သခင်ယေရှုရဲ့ အသေခံခြင်းသည် အားလုံးသော ပြည့်စုံလုံလောက်တဲ့ အဖိုးအခအတွက် ဖြစ်တယ် လို့ ရှင်းပြထားပါတယ်။ အကယ်၍ သခင်ယေရှုက သေခြင်းကနေ ရှင်ပြန်ထမြောက် ခြင်းမရှိခဲ့ရင် သူ့ရဲ့ သေခြင်းက ကျဆုံးခြင်းသာဖြစ်ပြီး ကျွန်ုပ်တို့လည်း အပြစ်တရား ထဲမှာ ရှိနေဦးမှာဖြစ်တယ်။ ဘုရားရှင်ကလည်း အပြစ်တရားကို ဆောင်ယူသွားသောအောင်မြင်ခြင်းလို့ သက်သေထူနိုင်မှာမဟုတ်ဘူး။ “ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှထမြောက်တော်မူသည်”(ရော၊၆း၄)။ သူ့ရဲ့ ဒုက္ခ ဝေဒနာခံစားခြင်းနဲ့ အသေခံခြင်းအားဖြင့် အောင်မြင်ခြင်းရခဲ့ကြောင်း သက်သေထူ နေပါတယ်။ ကျွန်ုပ်တို့က ခရစ်တော်ကို ယုံကြည်ကိုးစားမယ်ဆိုရင် အပြစ်တရားထဲမှာ ရှိမနေတော့ဘူး။ “ထာဝရပဋိညာဉ်တရား၏အသွေးတော်” ဖြစ်တဲ့အတွက် ကြီးမြတ် တော်မူတဲ့ သိုးထိန်းက
ထမြောက်ခဲ့ပြီး ထာဝရအသက်ရှင်တော်မူပါတယ်။
၅။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော် ကြီးမားလှကြောင်းနဲ့ အပြစ်သားများအတွက်ကြွယ်ဝသော ကျေးဇူးတရားရှိနေကြောင်း ဖော်ပြရန်
ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံဝံ့သောသူရှိကောင်းရှိလိမ့်မည် မှန်စေတော့။ ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော် သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့ အား ထင်ရှားစွာ ပြတော်မူ၏။
ရော၊၅း၇-၈
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
ယော၊၃း၁၆
ခပ်သိမ်းသောသတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာသော
ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ ထိုသားတော်၏အသွေးအားဖြင့် အပြစ် လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏။ ဧဖက်၊၁း၇-၈ ၊
ကျွန်ုပ်တို့အတွက် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော်ကို တိုင်းတာတဲ့အခါ၊ မှာ အချက်နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်ကတော့ ကျွန်ုပ်တို့ရဲ့ အပြစ်အတွက် နောက်ဆုံးသော အခြေအနေမှာ သူကိုယ်တိုင် ယဇ်ပူဇော်ခံခြင်းဖြင့် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ကျွန်ုပ်တို့က မထိုက်တန်ပဲ ကယ်တင် ခြင်း ခံစားရခြင်းပဲဖြစ်ပါတယ်။ သူ့ရဲ့ယဇ်ပူဇော်ခံခြင်းနဲ့ဆိုင်တဲ့စကားသံကို ကြားရပါ တယ်။ “သူ၌တပါးတည်းသောသားကို စေလွှတ်တော်မူခဲ့၏”(ယော၊၃း၁၆)။ ခရစ် တော်ဆိုတဲ့နာမည်က ဂရိစကား “ခရစ်စတော့”မှာအခြေပြုထားပြီး “ဘိသိက်ခံရ သောသူ” သို့ မဟုတ် “မေရှိယ”လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဝေါဟာရက ကြီးစွာသော ဂုဏ်အသရေနဲ့ ပြည့်စုံနေပါတယ်။ မေရှိယကဣသရေလတွေအတွက် ငြိမ်းချမ်းခြင်း နဲ့လုံခြုံခြင်းတွေ ယူဆောင်လာပါလိမ့်မယ်။ အပြစ်သားတွေကို ကယ်နှုတ်ဖို့ ဘုရား သခင်စေလွှတ်တဲ့သူက သူ့ရဲ့ မြင့်မြတ်တဲ့ သားတော်ဖြစ်ပြီး သူ့ရဲ့ တစ်ပါးတည်းသောသားတော် ဘိသိက်ပေးခဲ့ရတဲ့ ဣသရေလရဲ့ ဘုရင်ဖြစ်ကာ စင်စစ်အားဖြင့် ကမ္ဘာ တစ်ဝန်းလုံးရဲ့ ရှင်ဘုရင်ဖြစ်ပါတယ်(ဟေရှာ၉း၆-၇)။ ဒီအကြောင်းကိုထပ်ချဲ့ပြီး စဉ်းစားမယ်ဆိုရင် ကြောက်ရွံ့စရာကောင်းလှတဲ့ ကားတိုင်ပေါ် အသေခံခြင်းကို ခရစ်တော်ခံစားခဲ့ပြီး ခမည်းတော်နဲ့ သားတော်ရဲ့ အပူဇော်ခံခြင်းက ပြောမပြနိုင်လောက်အောင်ကြီးမြတ်ကြောင်း ထင်ရှားလှပြီး အဆုံးမဲ့ဖြစ်ပါတယ်။ ဘုရားနဲ့ လူသား ကြားမှာရှိတဲ့ အကွာအဝေးကိုလည်း သင်စဉ်းစားမိမှာပါ။ ကျွန်ုပ်တို့ကို ကယ်နှုတ်ဖို့ ဒီလို ယဇ်ပူဇော်ခံခြင်းကို ဘုရားရှင်က ရွေးချယ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မထိုက်တန်တဲ့အကြောင်းကို စဉ်းစားမိတိုင်း ကျွန်ုပ်တို့အတွက် သူ့ရဲ့ မေတ္တာတော်က တဖြည်းဖြည်းပိုပြီး ကြီးမားလှကြောင်း ခံစားရပါတယ်။ “ဖြောင့်မတ်သောသူအတွက်ကြောင့် အသေခံမည့်သူရှိခဲ၏. … ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်”(ရော၊၅း၇-၈)။ ကျွန်ုပ်တို့က ဘုရားရှင်ရဲ့ အပြစ်ပေးခြင်းကို ခံယူထိုက်ပြီး ဘုရားရှင်ရဲ့ယဇ်ပူဇော်ခြင်းနဲ့ မထိုက်တန်ပါဘူး။ ၊ဒီလိုစကားမျိုး ကျွန်တော် ကြားဖူးပါတယ်။ “ဘုရားသခင်က ဖားတွေအတွက် အသေ ခံခဲ့တာမဟုတ်ဘူး။ ကျွန်ုပ်တို့ လူသားတွေကို တန်ဖိုးထားပြီး လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သူ့ခေါင်းတော်ပေါ်မှာ ကျေးဇူးတရားတွေနဲ့ ပြည့်နေတယ်။ ကျွန်ုပ်တို့က ဖားတွေထက် ဆိုးပါတယ်။ ဖားတွေက အပြစ်မလုပ်ကြဘူး။ သူတို့ရဲ့ အသက်တာမှာ ဘုရားကို ပုန်ကန်ခြင်း၊ အထင်သေးခြင်းတွေ မရှိပါဘူး။ ဘုရားက ဖားတွေအတွက် အသေခံခြင်းမဟုတ်ဘူး။ သူတို့က မဆိုးရွားကြပါဘူး။ ကျွန်ုပ်တို့သာ ဆိုးကြတာပါ။ ကျွန်ုပ်တို့အပြစ်က ကြီးလွန်းလို့ ဘုရားရဲ့ အပူဇော်ခံခြင်းကသာ အပြစ် ကြွေးကို ပေးဆပ်နိုင်တာဖြစ်တယ်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်ရဲ့ယဇ်ပူဇော်ခံခြင်း ကသာလျှင် ဖြေရှင်းပေးနိုင်တဲ့တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ လုပ်ဖို့မဟုတ်ဘူး။ အဲဒါက “သူ့ရဲ့ ကြွယ်ဝပြည့်စုံတဲ့ ကျေးဇူးတော်”(ဧ၊၁း၇)ဖြစ်တယ်။ အဲဒါက အားလုံးကို လွှတ်မြောက်စေတယ်။ ကျွန်ုပ်တို့အတွက် ထိုက်တန်တဲ့အရာကို လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ အဆုံးမဲ့တဲ့ အဖိုးထိုက်တန်ခြင်းတွေ ထင်ရှား စေမှာဖြစ်ပါတယ်။ စင်စစ်အဆုံးမှာတော့ ဘုရားရဲ့ မေတ္တာတော်တွေ ပေါ်လွင်နေ တယ်။ အပြစ်သားတွေအတွက် ဒုက္ခဝေဒနာကို ကြည်နူးစွာခံယူတယ်။ ကြီးစွာသော အဖိုးအခပေးဆပ်ပြီး ကျွန်ုပ်တို့အတွက် ထာဝရသန့်ရှင်းမြင့်မြတ်တဲ့ ပျော်ရွှင်ခြင်းတွေ ပေးဝေခြင်းဟာ သူ့အတွက်တော့ အဆုံးမဲ့ အလှတရားတစ်ခုသာဖြစ်ပါတယ်။
၆။ သူ့ရဲ့ မေတ္တာတော်ကို ကျွန်ုပ်တို့အား ပြသရန်
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူသောအားဖြင့် ဘုရားသခင့်ရှေ့တော်၌ မွေးကြိုင်သော ၊ အနံ့ ရှိစေခြင်းငှါ ကိုယ်ကိုကိုယ် ဆက်ကပ်၍ ယဇ်ပူဇော်လျက် ငါတို့အတွက် စွန့်တော်မူ သည်နည်းတူ၊ သင်တို့ သည် မေတ္တာတရား၌ ကျင်လည်ကြလော့။
ဧဖက်၊၅း၂
ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူ၍ ၎င်းအတွက် သူ့အသက်တာကို ပေးဆပ်ခဲ့သည်။
ဧဖက်၊၅း ၂၅
သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကိုစွန့်တော်မူ၏။
ဂလာ၊၂း၂၀
ခရစ်တော်ရဲ့ အသေခံခြင်းက ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော်ကို ဖော်ပြရုံသက်သက်မဟုတ်ပါဘူး(ယော၊၃း၁၆)။ ခရစ်တော်ကိုယ်တော်တိုင် လူသား တွေကို ကြီးမြတ်တဲ့ချစ်ခြင်းမေတ္တာနဲ့ ချစ်နေကြောင်း ဖော်ပြနေခြင်းဖြစ်ပြီး လက်ခံ ရယူသူတိုင်းအတွက် အဖိုးထိုက်တန်လှပါတယ်။ ခရစ်ယာန်တွေအတွက် အဓိက အချက်ကတော့ “ခရစ်တော်သည် ငါ့ကိုချစ်တော်မူ၍ ငါ့အဘို့ ကိုယ်ကို စွန့်တော်မူ ၏”(ဂလာ၊ ၂း၂၀)။ ခရစ်တော်ရဲ့ ယဇ်ပူဇော်ခံခြင်း၊ အသက်တာ ပေးဆပ်ခြင်းဖြစ်ပါ တယ်။ “သူက ငါ့ကိုချစ်တယ်။ သူ့အသက်ကို ငါ့အတွက်ပေးတယ်”လို့ ပြောခဲ့ကြပါ တယ်။ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံခြင်းကို ဒီလိုနည်းလမ်းနဲ့ နားလည်သဘောပေါက်သင့်ပါတယ်။ သူတို့တွေက ငါနဲ့ အလုပ်လုပ်ဖို့ ရှိပါတယ်။ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့ တစ်ဦးတစ်ယောက်စီအတွက်ဖြစ်တယ်။
ကျွန်ုပ်အပြစ်တွေက ဘုရားနဲ့ ကျွန်ုပ်ကို ဖြတ်တောက်ပစ်ခဲ့တယ်။ ၎င်းက ကျွန်ုပ်ရဲ့ မာကြောတဲ့နှလုံးသားနဲ့ ဝိညာဉ်ရေးရာလျစ်လျူရှုမှုကိုဖြစ်စေပြီး အဖိုးထိုက်တန်တဲ့ ခရစ်တော်ရဲ့ သိက္ခာကိုကျဆင်းစေပါတယ်။ ကျွန်ုပ်တို့ က ပျောက်ဆုံးပြီး အပြစ်ပေး ခြင်းခံရမှာဖြစ်တယ်။ ကယ်တင်ခြင်းရရှိလာတဲ့အခါမှာ ပျက်စီးဆုံးရှုံးမှုအားလုံး ပျောက်လွှင့်သွားရပါတော့တယ်။ ကျွန်ုပ်လုပ်နိုင်တာက ကရုဏာသက်ဖို့ တောင်း လျှောက်ခြင်းပဲဖြစ်တယ်။ ခရစ်တော်ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံခြင်းကို ကျွန်ုပ်
မြင်ရတယ်။ ဘယ်သူ့အတွက်လဲ၊ ကျမ်းစာထဲမှာ ပြောထားပါတယ်။ “ခရစ်တော် သည် အသင်းတော်ကိုချစ်၍ မိမိအသက်ကို ဆက်သတော်မူ၏”(ဧ၊၅း၂၅)။ “ကိုယ့် အဆွေအဖို့အလို့ငှါ အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။ (ယော၊၁၅း၁၁၃) “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှါမလာ၊ သူတပါးအစေကိုခံခြင်းငှါ၎င်း မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း ကြွလာ သည်(မ၊၂၀း၂၈)။ ။
ဒါနဲ့ ကျွန်ုပ် မေးမိပါတယ်။ “လူ”ထဲမှာ ကျွန်ုပ်ကောပါသလား။ ကျွန်ုပ် ကော သူ့ရဲ့ မိတ်ဆွေဖြစ်နိုင်ပါသလား။ ကျွန်ုပ်ကော အသင်းတော်နဲ့ သက်ဆိုင်ပါသ၊ လား။ ဒါနဲ့ ကျွန်ုပ် အဖြေကိုကြားရပါတယ်။ “သခင်ယေရှုခရစ်တော်ကို ယုံကြည် လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်”(တ၊၁၆း၃၂)။ “ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့”(ရော၊၁း၁၃)။ “ထိုသခင်ကို ယုံကြည်သာသူရှိသမျှတို့သည် နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရကြ လတံ့”(တ၊၁၀း၄၃)။ “ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏” (ယော၊၁း၁၂)။ “ထာဝရဘုရား၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်။ ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ ကို ချစ်တော်မူ၏”(ယော၊၃း၁၆)။ ကျွန်ုပ်ရဲ့နှလုံးသားက လွှမ်းမိုးခြင်းကိုခံရပြီး ကျွန်ုပ်ရဲ့ အဖိုးတန်အရာအဖြစ် ခရစ်တော်ရဲ့ အလှတရားနဲ့ ကြွယ်ဝပြည့်စုံခြင်းကို ယုံကြည် လက်ခံခဲ့ပါတယ်။ ခရစ်တော်ရဲ့ မေတ္တာတရားက ကျွန်ုပ်အတွက်ဖြစ်တယ်ဆိုတဲ့ ကြီးမြတ်တဲ့အမှန်တရားက ကျွန်ုပ်ရဲ့နှလုံးသားထဲကို စီးဆင်းလာခဲ့ပါတယ်။ ဒါကြောင့် “သူသည် ကျွန်ုပ်ကိုချစ်တဲ့အတွက် သူ့အသက်ကို ကျွန်ုပ်အတွက် ပေး ဆိုတဲ့ သက်သေခံချက်ကို ကျွန်ုပ် အခိုင်အမာ ပြောနိုင်ခဲ့ပါတယ်။ ကျွန်ုပ် ဘာကို ဆိုလိုတာလဲ၊ ကျွန်ုပ်ဆိုလိုတာက ကျွန်ုပ်အတွက် အမြင့်ဆုံးသောအဖိုးအခနဲ့ အကြီး မြတ်ဆုံးသော ဆုလက်ဆောင်ကိုပေးခဲ့ပါတယ်။ အဲဒါက ဘာတဲ့လဲ၊ ကားတိုင်ပေါ် ကနေ သူလျှောက်ခဲ့တဲ့ ဆုတောင်းချက်ပဲဖြစ်ပါတယ်။ “အကျွန်ုပ်အား မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ရှုမြင်ရမည့်အကြောင်း အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ အကျွန်ုပ် အလိုရှိပါ၏”(ယော၊၁၇း၂၄)။ သူ့ ရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံတော်မူခြင်းမှာ “ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း၊ ပြည့်စုံလျက် ငါတို့၌ တည်နေတော်မူသည် ဖြစ်၍ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော် ကို ငါတို့သည်မြင်ရကြပြီ(ယော၊ ၁း၁၄)။ ဒီအကြောင်းရင်းတွေကို ကောင်းစွာသိနိုင်ဖို့ ကျွန်ုပ်တို့ မြင်တွေ့ရပြီ။ ဒါပေမယ့် အကောင်းဆုံးကတော့ ကြွမြန်းလာဖို့ပါပဲ။ ကျွန်ုပ် တို့ဘဝလုံခြုံဖို့အတွက် သူအသေခံခဲ့ပါတယ်။ ဒါတွေက ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ ကြောင့်ပဲဖြစ်ပါတယ်။
၇။ ကျွန်ုပ်တို့နဲ့ ဆန့်ကျင်နေတဲ့ ပညတ်တွေရဲ့ တောင်းဆိုချက်တွေကိုပယ်ဖျက်ရန်
ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏အရေဖျားလှီးခြင်းကို မခံသောအဖြစ်၌၎င်း၊ သေလျက် ရှိနေသောသင်တို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေ၍ သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။ ကော၊၂း၁၃
ကျွန်ုပ်တို့ရဲ့ ကောင်းသော လုပ်ရပ်တွေက တစ်နေ့ကျရင် မကောင်းသော လုပ်ရပ်တွေ အပေါ်လွှမ်းမိုးသွားမှာပဲ ဆိုတဲ့အတွေးက ဘယ်လောက်တောင် ရူးသွပ် မိုက်မဲလှပါသလဲ။ မိုက်မဲရခြင်း အကြောင်းရင်းနှစ်ရပ်ရှိပါတယ်။ ပထမအချက်က ၎င်းဟာ မမှန်ကန်ပါ။ ကျွန်ုပ်တို့ရဲ့ ကောင်းမြတ်တဲ့လုပ်ဆောင်ချက်တွေကလည်း အနာအဆာတွေ ပါနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ကို နည်းမှန် လမ်းမှန်နဲ့ ကြည်ညိုနေခြင်း မဟုတ်လို့ပါပဲ။ ကျွန်ုပ်တို့ရဲ့ ကောင်းသော လုပ်ရပ်တွေ မှာ ဘုရားသခင်ကို ဝမ်းမြောက်ဝမ်းသာစွာနဲ့ ကြိုးစားပြီး သူ့ ရဲ့ မြင့်မြတ်ခြင်းတွေကို သိစေနိုင်ခဲ့ပါသလား။ လူသားတွေကို အစေခံဖို့ ပညတ်တော်တွေကို ပြီးပြည့်စုံစွာ စွမ်းဆောင်နိုင်ခဲ့ပါသလား။ “ဘုရားသခင်သည် အရာရာ၌ယေရှုခရစ်အားဖြင့် ဘုန်း တော်ထင်ရှားစေမည်အကြောင်း ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ် တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည် ဘုရား သခင် ပေးသနားတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ”(၁ပေ၄း၁၁)။
“ယုံသောစိတ်မရှိဘဲ ကျင့်သမျှသောအကျင့်တို့သည် အပြစ်ရှိကြ၏”(ရော၊ ၁၄း၂၃)။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကို ဘယ်လိုတုံ့ပြန်ပြောဆိုကြမလဲ။ ကျွန်ုပ် တို့ ဘာမှပြောစရာမရှိဘူးလို့ ကျွန်ုပ်ထင်ပါတယ်။ “ပညတ်တရား၌ပါသမျှသော စကားတို့သည်. . . လောကီသားအပေါင်းတို့သည် စကားတခွန်းကိုမျှမပြောနိုင်ဘဲ ဘုရားသခင့်ရှေ့တော်၌ အပြစ်သင့်သောသူဖြစ်ကြ၏”(ရော၊၃း၁၉)။ ကျွန်ုပ်တို့ ပြော စရာဘာမှမရှိပါ။ ကျွန်ုပ်တို့ရဲ့ ကောင်းသောလုပ်ရပ်တွေက တစ်နေ့ကျရင် မကောင်းသောလုပ်ရပ်တွေအပေါ် လွှမ်းမိုးသွားမှာပဲဆိုတဲ့အတွေးက မိုက်မဲလှပါတယ်။ ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းမရခဲ့ပါက ကျွန်ုပ်တို့ရဲ့ ကောင်းသော လုပ်ရပ်တွေက ဘာတစ်ခုမှ ထင်ရှားလာမှာမဟုတ်ပဲ ပုန်ကန်မှုတွေပဲဖြစ်နေမှာပါ။
ဒုတိယအကြောင်းရင်းကတော့ ကောင်းသောလုပ်ရပ်အပေါ် မျှော်ကိုးနေ ခြင်းအတွက် မိုက်မဲရာကျခြင်းမှာ ဘုရားသခင်က အဲဒီနည်းလမ်းဖြင့် ကယ်တင်ခြင်း အမှု မပြုသောကြောင့်ဖြစ်ပါတယ်။ ကျွန်ုပ်တို့ ရဲ့ အပြစ်ကြွေးတွေကို ကောင်းကင်ဘုံ မှာ မှတ်တမ်းတင်ထားပြီး ခရစ်တော်က ကားတိုင်ပေါ်မှာ အပြစ်ကြွေးဆပ်ခဲ့လို့ ဖြစ်ပါ တယ်။ လူတို့ ရဲ့ စံချိန်နဲ့ လုံးဝကွဲပြားခြားနားတဲ့နည်းလမ်းကို သုံးပြီး ဘုရားသခင်က အပြစ်သားတွေကို ကယ်တင်ခဲ့ပါတယ်။ လူတွေရဲ့ ကောင်းမှုကုသိုလ်မှတ်တမ်းတွေနဲ့ ချိန်ခွင်လျှာညီမျှစေတဲ့ ကယ်တင်ခြင်းမျိုး မဟုတ်ပါဘူး။ ကျွန်ုပ်တို့ ရဲ့ လုပ်ရပ်တွေ အတွက် ဘာမှမျှော်လင့်စရာမရှိဘူး။ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံ ခြင်းကြောင့်သာ မျှော်လင့်စရာတစ်ခုတည်းရှိနိုင်ပါတယ်။ မှတ်တမ်းတွေကိုပယ်ဖျက် ပစ်ဖို့ ဒီကယ်တင်ခြင်းနည်းလမ်းတစ်ခုတည်းရှိတယ်။ ကျွန်ုပ်တို့ရဲ့ မကောင်းသော လုပ်ဆောင်မှုတွေရဲ့ မှတ်တမ်း(ကျွန်ုပ်တို့ရဲ့ ကောင်းသောလုပ်ဆောင်မှုတွေထဲက အနာအဆာ တွေအပါအဝင်) တစ်ဦးတစ်ယောက်စီနဲ့ ထိုက်တန်တဲ့အပြစ်စီရင်မှုတွေ ချိန်ခွင်လျှာမညီတဲ့အတွက် ပယ်ဖျက်သင့်ပါတယ်။ ဒီအရာတွေ ပြီးမြောက်ဖို့အတွက် ခရစ်တော်က နာကျင်ခြင်းဝေဒနာကို ခံစားပြီး အသေခံခဲ့ခြင်းပဲဖြစ်တယ်။ “ကားတိုင် ပေါ်မှာ အရိုက်ခံခြင်း”(ကော၊၂း၁၃)အားဖြင့် ကျွန်ုပ်တို့ ရဲ့ လုပ်ရပ်တွေနဲ့ ဆိုင်တဲ့ မှတ်တမ်းတွေအားလုံးကို ပယ်ဖျက်ခဲ့ပါတယ်။ ဒီမှတ်တမ်းတွေက ဘယ်လောက်အထိ ပြင်းထန်လွန်းလို့ ခရစ်တော်က ကားတိုင်ပေါ် အသေခံရတာလဲ။ သားရေပုရပိုက် တွေက ကားတိုင်ပေါ် တင်ခဲ့ရတာမဟုတ်ဘူး။ ခရစ်တော်က ခံခဲ့ရတယ်။ ကျွန်ုပ်တို့ရဲ့ကောင်းသောဆိုးသောမှတ်တမ်းတွေကြောင့် ခရစ်တော်က ခံခဲ့ရတာပါ။ ကျွန်ုပ်ရဲ့ ဆိုးရွားလှတဲ့အရာတွေအတွက် သူခံစားခဲ့တယ်။ သူဟာ ကျွန်ုပ်တို့ အတွက် တစ်ခု တည်းသောမျှော်လင့်ရာဖြစ်ခဲ့ပါတယ်။ သူ့ကို ယုံကြည်ကိုးစားခြင်းဖြင့်သာလျှင် ဘုရားရှင်ထံသို့ ရောက်နိုင်တဲ့တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
၈။ လူအများအတွက် အရွေးခံရန်
လူသားသည် သူတပါးကိုစေစားခြင်းငှါမလာ၊ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက် ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၎င်း ကြွလာသတည်း။
မာ၊၁၀း၄၅
စာတန်ကအပြစ်သားတွေကို ကယ်တင်ဖို့ရန် အဖိုးအခ ပေးခဲ့တယ်ဆိုတာ ကျမ်းစာထဲမှာ မရှိခဲ့ပါဘူး။ စာတန်အတွက် ကတော့ ခရစ်တော်ရဲ့ အသေခံခြင်းက ရွေးနှုတ်ခြင်းမဟုတ်ပဲ ကျရှုံးခြင်းပဲဖြစ်ပါတယ်။ ဘုရားရဲ့ သားတော်က လူအဖြစ် ခံယူ ခဲ့တယ်။ “ခရစ်တော်သည် အသေခံတော်မူသောအားဖြင့် သေခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီး ..”(ဟေဗြဲ၊ ၂း၁၄)။ သခင်ယေရှုက “မိမိအသက်ကိုစွန့်၍ လူများကို ရွေးချယ်ခြင်းငှါ”လို့ပြောတဲ့အခါမှာ အဓိကဦးတည်ချက်က သူကိုယ်တိုင် သူ့အသက်ကို အပြစ်ကြွေးအတွက် ပေးဆပ်ခံခဲ့ ခြင်းဖြစ်ပြီး စေစားခြင်းထက်အစေခံခြင်းကို သူလွတ်လပ်စွာရွေးခဲ့ကာ သူ့ရဲ့ ပေးဆပ် ခဲ့တဲ့ အကျိုးအမြတ်ကို လူများခံစားခဲ့ရပါမယ်။
အသက်ကို ဘယ်သူအရွေးခံခဲ့သလဲလို့ ကျွန်ုပ်တို့မေးခဲ့ရင် သမ္မာကျမ်းက ဘုရားပဲဖြစ်တယ်လို့ အသေအချာဖြေမှာပါပဲ။ သမ္မာကျမ်းထဲမှာ ဖော်ပြထားတာ ကတော့ ခရစ်တော်က ကျွန်ုပ်တို့အတွက် အသက်ကိုပေးပြီး ဘုရားသခင့်ထံတော်သို့ ပူ ဇော်ခဲ့ပါတယ်( ဧ ၅း၂)။ ခရစ်တော်သည် အပြစ်ကင်းလျက် ထာဝရဝိညာဉ်တော်အားဖြင့် ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်(ဟေဗြဲ၊၉း၁၄)ရန်နှင့် ကျွန်ုပ်တို့ကိုယ်စား အသေခံရန် လိုအပ်ခြင်းအကြောင်းရင်းဟာ ကျွန်ုပ်တို့က ဘုရားသခင်ကို ဆန့်ကျင်၍ အပြစ်ပြုကြပြီး ဘုရားသခင်ရှေ့တော်မှာ အသေရပျက်ကြလို့ ဖြစ်တယ်(ရော၊၃း၂၃)။ ကျွန်ုပ်တို့ရဲ့ အပြစ်ကြောင့် ကမ္ဘာလောကကြီးတစ်ခုလုံးကို ဘုရားက တာဝန်ခံလာရ ပါတယ်(ရော၊၃း၁၉)။ ဒါကြောင့် ခရစ်တော်က ကျွန်ုပ်တို့အတွက် ကိုယ်တိုင် အရွေးခံ ခဲ့တဲ့အခါမှာ ကျွန်ုပ်တို့က ဘုရားရဲ့ အပြစ်စီရင်ခြင်းကနေ လွတ်မြောက်ခဲ အကြောင်း သမ္မာကျမ်းက ဖော်ပြထားပါတယ်။ “ယေရှုခရစ်တော်၌ တည်သောသတိ သည် အပြစ်စီရင်ခြင်းနှင့်ကင်းလွှတ်ကြ၏”(ရော၊၈း၁)။ ကျွန်ုပ်တို့ကို ချုပ်နှောင်ထား တဲ့ ဘုရားသခင်ရဲ့ အပြစ်စီရင်ခြင်းကနေ လွှတ်မြောက်ဖို့လိုပါတယ်(ရော ၂း၂။ ဗျာ၊၁၄း၇)။ ဘုရားသခင်ရဲ့ အပြစ်စီရင်ခြင်းကနေ လွှတ်မြောက်ဖို့ ရွေးနှုတ်ခဲ့ရတဲ့ အဖိုးအခကတော့ ခရစ်တော်ရဲ့ အသက်ပဲဖြစ်ပါတယ်။ လောကကြီးထဲမှာ အသက် ရှင်ခဲ့ရုံမကဘူး အသေခံပြီး သူ့အသက်ကို ပေးခဲ့ပါတယ်။ သခင်ယေရှုက သူတပည့် တော်တွေကို ထပ်ခါထပ်ခါပြောခဲ့ပါတယ်။ “လူသားသည် လူတို့ လက်သို့ အပ်နှံခြင်း ကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်”(မာ၉း၃၁)။ သခင်ယေရှုက သူ့ကိုသူ “လူသား”လို့ ခေါ်တာကို နှစ်သက်ပြီး(ခရစ်ဝင်ကျမ်းထဲမှာ ခြောက်ဆယ့်ငါးကြိမ် ထက်မနည်း) ၎င်းက သူ့ရဲ့ အကျင့်သိက္ခာကို ဖော်ညွှန်းနေခြင်းပဲ ဖြစ်ပါတယ်။ လူဆို တာသေမျိုးပါပဲ။ ဒါကြောင့်လည်း သူက အဲဒါကို ရွေးချယ်ခဲ့တာပါ။ ရွေးနုတ်ခြင်းရဲ့ အဖိုးအခကို လူသားကပဲ ပေးဆပ်နိုင်လို့ ရွေးနှုတ်ဖို့အသေခံတဲ့အထိ အသက်ကိုပေး ခဲ့ပါတယ်။ အဖိုးအခပေးဆပ်ဖို့ သူ့ကို အတင်းအကျပ်စေခိုင်းခဲ့တာ မဟုတ်ဘူး။ ဒါကြောင့် ဒီအချက်ကို ပြောခဲ့တာပါပဲ။ “လူသားသည် စေစားခြင်းငှါမလာ၊ အစေခံ ခြင်းငှါလာ၏”။ ကျွန်ုပ်တို့က သူ့အား အလုပ်အကျွေးပြုရန် သူ မလိုလားပါ။ သူသည် ပေးဆပ်သောသူဖြစ်ပြီး လက်ခံရယူသူ မဟုတ်ပါ။ “ငါ့အသက်ကို အဘယ်သူမျှ မလုမယူ ကိုယ်အလိုအလျောက်ငါစွန့်၏”(ယော၊၁၀၁၈)။ အဖိုးအခကို နိုင်ထက် စီးနင်းလုပ်ခံရလို့ မဟုတ်ပဲ လွတ်လပ်စွာ ပေးဆပ်ခဲ့ခြင်းဖြစ်တယ်။ သူ့ရဲ့ မေတ္တာတော် ကို ကျွန်ုပ်တို့ထံ ဆောင်ယူခဲ့ပါတယ်။ ကျွန်ုပ်တို့ကိုကယ်ဖို့ သူ့ရဲ့ အသက်ကိုပေးပြီး ရွေးခဲ့ပါတယ်။
အပြစ်ကနေ လွှတ်ဖို့ ခရစ်တော်က ဘယ်လောက်များ ရွေးနှုတ်ခဲ့ပါသလဲ။ သူပြောပါတယ်။ “လူများကို ရွေးနှုတ်ရန်သူ့အသက်ကိုပေးခဲ့ပါတယ်”။ ဘုရားရဲ့ အမျက်တော်ကိုဘယ်သူမှမခံရတော့ဘူး။ တင်လှူပူဇော်ခံခြင်းက လူတိုင်းအတွက် ဖြစ်တယ်။ “ဘုရားသခင်နှင့်လူတို့၏စပ်ကြားမှာ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏။ ထိုအာမခံသည် လူအပေါင်းတို့ကို ရွေးအံ့သောငှါ ကိုယ်ကိုစွန့်တော်မူပြီ”(၁တိ၊ ၂း၅-၆)။ ခရစ်တော်ရဲ့ ကိုယ်စား အသေခံတဲ့အဖိုးထိုက် တန်တဲ့အရာကို ယုံကြည်လက်ခံသောသူတိုင်း ဤကယ်တင်ခြင်းရဲ့ အပြင်ဘက်မှာ မနေရတော့ပါဘူး။
၉။ ကျွန်ုပ်တို့ရဲ့ အပြစ်များကို ခွင့်လွှတ်ရန်
ထိုသားတော်၏အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော် မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏။
ဧဖက်၊၁း၈ ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှါ သွန်းသော ငါ၏အသွေးဖြစ်၏။
မဿဲ၊၂၆း၂၈
အပြစ် သို့မဟုတ် ပြစ်မှု သို့မဟုတ် စီရင်ချက်အတွက် ကျွန်ုပ်တို့ အပြစ် လွှတ်ခြင်းခံရသောအခါ အပြစ်ဖြေလွှတ်ခြင်းအတွက် ကျွန်ုပ်တို့ အဖိုးအခ ပေးရမယ် ဆိုရင် ခွင့်လွှတ်ခြင်းဆိုတာမလိုတော့ပါဘူး။ အချိန်တန်ရင် ပေးရမှာပါပဲ။ ခွင့်လွှတ် ခြင်းဆိုတာ ကျေးဇူးတော်သက်သက်ပါပဲ။ ကျေးဇူးတော်ဆိုတာ တစ်စုံတစ်ယောက်နဲ့ မထိုက်တန်ပဲနဲ့ ပေးလိုက်တဲ့အရာပါပဲ။ ဒါကြောင့် ခွင့်လွှတ်ခြင်းဆိုတာ ပေးအပ်လိုက် ခြင်းဆိုတဲ့သဘောပါပဲ။ ခွင့်လွှတ်ခြင်းဆိုတာ ရယူခြင်းမဟုတ်ဘူး၊ ရပိုင်ခွင့်ကို ပေးလိုက်ခြင်းပါပဲ။
ကျွန်ုပ်တို့ခရစ်တော်ကိုယုံကြည်ရင် ဘုရားသခင်က ကျွန်ုပ်တို့ကို လုပ်ပေး နေတဲ့အရာပဲဖြစ်ပါတယ်။ “ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော် အားဖြင့် အပြစ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရကြလတံ့”(တ၊၁၀း၄၃)။ ကျွန်ုပ်တို့ ခရစ်တော်ကို ယုံကြည်ရင် ကျွန်ုပ်တို့ရဲ့ ဆန့်ကျင်တဲ့ အပြစ်တွေကို ဘုရားသခင်က ဆုပ်ကိုင်ထားတော့မှာ မဟုတ်ဘူး။ သမ္မာကျမ်းထဲမှာ ဘုရားရှင်ကိုယ်တော်တိုင် သက်သေခံထားတာရှိတယ်။ “ငါတပါးတည်းသာလျှင် ကိုယ်အတွက်ကြောင့် သင်၏ အပြစ်တို့ကိုဖြေမည်”(ဟေရှာ၊၄၃း၂၅)။ “အရှေ့မျက်နှာစွန်းသည် အနောက် မျက်နှာ စွန်းနှင့်ဝေးသည်အတိုင်း ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏”(ဆာ၊၁၀၃း၁၂)။ ဒါပေမယ့် ဒီမှာ ပြဿနာတစ်ခုပေါ်လာတယ်။ ခွင့်လွှတ်ရုံနဲ့တင် မလုံလောက် ဘူးဆိုတာကို ကျွန်ုပ်တို့သိနေပါတယ်။ လူသတ်မှု၊ မုဒိန်းမှုကဲ့သို့ ကြီးလေးသော အပြစ်တွေကို ကြည့်ရင် ရှင်းရှင်းလေးမြင်နိုင်ပါတယ်။ စကြာဝဠာကြီး သို့မဟုတ် လူ့အသိုင်းအဝိုင်းထဲမှာ တရားသူကြီးများ (သို့မဟုတ် ဘုရားသခင်) လူသတ်သမားနဲ့ မုဒိန်းကျင့်သူအားလုံးကို “မင်းဝမ်းနည်းနေသလား၊ ကောင်းပြီ၊ နိုင်ငံတော်က သင့်ကို ခွင့်လွှတ်တယ်။ သင်သွားလိုရာသွားပါ”လို့ ပြောတယ်ဆိုပါတော့။ ဒီအဖြစ်၊ အပျက်မှာ တရားခံက ခွင့်လွှတ်ခြင်းကို ခံခဲ့ရတယ်ဆိုရင်တောင်မှ နိုင်ငံတော်က တရားမျှတမှုကို လျစ်လျူရှုနေမှာမဟုတ်ဘူး။ ဒါက ဘုရားရှင်ရဲ့ တရားမျှတမှုနဲ့ အတူတူပါပဲ။ အပြစ်အားလုံးက ကြီးလေးလှကြောင်း ဘုရားရှင်ကို ဆန့်ကျင် နေကြောင်း တွေ့ရပါတယ် (အခန်း ၁ထဲမှာ)။ ကျွန်ုပ်တို့ လျစ်လျူရှုခြင်း သို့ မဟုတ် နာမခံခြင်း သို့မဟုတ် သူ့အား အပြစ်တင်တဲ့အခါမှာ ၎င်းပြစ်ဒဏ်တွေကြား သူ့ ရဲ့ ဘုန်းတော်ကိုထင်ရှားစေသူဖြစ်ပါတယ်။ လူ့အသိုင်းအဝိုင်းက တရားခံတွေကို တရားသူကြီးကအပြစ်တွေကို ပယ်ဖျက်ပစ်နိုင်တာထက် သူ့ရဲ့တရားမျှတမှုက ကျွန်ုပ် တို့ကို လွှတ်မြောက်စေမှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ အပြစ်တွေက ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် ပြစ်ဒဏ်မှ ခွင့်လွှတ်ခံရပြီး ဘုရားရဲ့ ဘုန်းတော်က ပိုပြီး တောက်ပ လာမှာဖြစ်ပါတယ်။ အကျွန်ုပ်တို့ အပြစ်သားတွေက အပြစ်လွှတ်ခွင့်ရပြီးနောက် ဘုရားရှင်ရဲ့ ဘုန်းတော်က ထွန်းတောက်ပေါ်လွင်နေမှာဖြစ်ပြီး အရင်တုန်းက အပြစ် တင်ခံရသူတွေကလည်း လွှတ်ခြင်းအခွင့်ရရှိမှာဖြစ်တယ်။ ဒီအတွက်ကြောင့် ခရစ်တော်က ဒုက္ခဝေဒနာခံစားပြီး အသေခံရခြင်းဖြစ်တယ်။ “သားတော်၏အသွေးအား ဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏”(ဧ၊၁း၈)။ ခွင့်လွှတ်ခြင်းအတွက် ကျွန်ုပ်တို့ဘာမှအဖိုးအခ ပေးဆပ်စရာ မလိုဘူး။ ကျွန်ုပ်တို့ ရဲ့နာခံခြင်းအားဖြင့် လွတ်ခြင်းခံရတာဖြစ်ပါတယ်။ ဒါကြောင့်ကျေးဇူးတော်လို့ ခေါ်ခြင်းပဲဖြစ်တယ်။ ဒါပေမယ့် သခင်ယေရှုက သူ့ အသက်နဲ့ ရင်းပြီး အဖိုးအခ ပေးခဲ့တယ်။ ဒါကြောင့်လည်း တရားမျှတတယ်လို့ ပြောလို့ ရတယ်။ အရေးကြီးလှတဲ့ သတင်းကောင်းတစ်ခုက ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ အပြစ်တွေ ကို မှတ်ခြင်းမရှိတော့ပါဘူး။ ခရစ်တော် လုပ်ဆောင်ပေးတဲ့အရာက ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ သူ့ ရဲ့ အသွေးတော်အားဖြင့် ဖြောင့်မတ်စေဖို့ လုပ်ဆောင်ခဲ့ပါတယ်။
၁၀။ ကျွန်ုပ်တို့ကို ဖြောင့်မတ်စေရန်
ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီ။
ရောမ ၅း၉
ယေရှုခရစ်ရွေးနှုတ်တော်မူခြင်းအားဖြင့် အဘိုးမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော် ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။
ရောမ၊၃း၂၄
လူမည်သည်ကား ပညတ်တရား၏အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်။
ရောမ၊၃း၂၈
ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ရာသို့ ရောက်ခြင်းနှင့် ဘုရားသခင် စွန့်လွှတ်မှုကို ခံရခြင်းတို့ဟာ မတူကြပါဘူး။ တရားရုံးမှာ ဖြောင့်မတ်ကြောင်း ဖော်ပြ ခြင်းနှင့် အပြစ်လွှတ်ခံရခြင်းရဲ့ သဘောသဘာဝမတူပါဘူး။ အပြစ်လွှတ်ခံရခြင်း ရဲ့ သဘောက ကျွန်ုပ်မှာ အပြစ်ရှိပြီးတော့မှ ပြစ်မှုများဟာ မရေမတွက်နိုင်အောင် များပြားလှတဲ့ သဘောဆောင်ပါတယ်။ ဖြောင့်မတ်မှန်ကန်တဲ့ သဘောက ကျွန်ုပ်ဟာ အပြစ်ကင်းစင်ကြောင်း သက်သေထူနေခြင်းဘဲ ဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ဖြေရှင်းချက် ဟာ ဖြောင့်မတ်မှန်ကန်တယ်။ ကျွန်ုပ်ဟာ ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်ရပြီး တရားသူကြီးက “အပြစ်မရှိ”ဟု ကြေညာပါတယ်။ ဖြောင့်မတ်ခြင်း ဟာ တရားဝင်လုပ်ရပ်တစ်ခုဖြစ်တယ်။ အဲဒါဟာ တစ်စုံတစ်ယောက်က ဖြောင့်မတ် ကြောင်း ကြော်ငြာပေးနေခြင်းဖြစ်တယ်။ ၎င်းဟာ အဆုံးအဖြတ်ပေးနေပါတယ်။ ဖြောင့်မတ်မှန်ကန်ကြောင်းကို ဆုံးဖြတ်ပေးလိုက်ခြင်းဟာ လူတစ်ယောက်က ဖြောင့်မတ်စေခြင်းမဟုတ်ပါဘူး။ လူတစ်ယောက်ကို ဖြောင့်မတ်ကြောင်း ၊ ပေးရုံသာဖြစ်တယ်။ သမ္မာကျမ်းဖော်ပြချက်အရ ရှင်းလင်းစွာ မြင်နိုင်ပါတယ်။ သခင် ယေရှုရဲ့ သွန်သင်ချက်ကို တုံ့ပြန်သောအားဖြင့် လူများက ဘုရားသခင်ကို ဖြောင့်မတ် တော်မူကြောင်း ချီးမွမ်းကြတယ်(လု၊၇း၂၉)။ ဆိုလိုတာက သူတို့က ဘုရားသခင်ကို ဖြောင့်မတ်အောင်လုပ်ပေးနေတာမဟုတ်ပါဘူး။ (နဂိုကတည်းက ဖြောင့်မတ်ပြီးသား) ဘုရားသခင်က ဖြောင့်မတ်မှန်ကန်ကြောင်းကို ကြော်ငြာပေးနေခြင်းပဲဖြစ်တယ်။ ခရစ်တော်က ဖြောင့်မတ်မှန်ကန်ခြင်း မရှိဘူးလို့ ယုံနေရင် ကျွန်ုပ်တို့ရဲ့ ကိုယ်ကျင့် တရားက ပြောင်းလဲကုန်မှာပါ။ သမ္မာကျမ်းက အဲဒါကို သန့်ရှင်းစင်ကြယ်စေခြင်းလို့ခေါ်ပြီး ကောင်းမွန်လာစေခြင်းဖြစ်တယ်။ ဖြောင့်မတ်မှန်ကန်ခြင်းကတော့ အဲဒီ ဖြစ်စဉ်မျိုးမဟုတ်ပါဘူး။ အဲဒီအတိုင်း အကုန်ဖြစ်ပျက်နေတာ မဟုတ်ဘူး။ တစ်ခဏ တာအတွင်း ဖြစ်ပျက်နေတာတွေကို ကြော်ငြာပေးနေခြင်းပဲဖြစ်တယ်။ “ဖြောင့်မတ် မှန်ကန်ခြင်း”ဆိုတဲ့ ဆုံးဖြတ်ချက်ပါပဲ။ တရားရုံးမှာ ဖြောင့်မတ်မှန်ကန်တယ်လို့ ဖော်ညွှန်းနေခြင်းက ဥပဒေအတိုင်း လိုက်လျောက်အသက်ရှင်တဲ့ သဘောပါပဲ။ အဲဒီမှာ တရားသူကြီးတွေက ဥပဒေအတိုင်း အသက်ရှင်ကြောင်း သင်မှန်ကန်ကြောင်းကို ထောက်ခံပါတယ်။ တရားသူကြီးက သင့်ကို အဆုံးအဖြတ် ပေးတယ်။ ဒါပေမယ့် ဘုရားသခင်ရဲ့ တရားရုံးတော်မှာ ဥပဒေတွေကို လိုက်လျှောက်စရာမလို ဘူး။ ဒါကြောင့် “ဖြောင့်မတ်မှန်ကန်ခြင်း” ဆိုတဲ့ မူရင်းဝေါဟာရက မျှော်လင့်စရာ ကင်းမဲ့နေပါတယ်။ သမ္မာကျမ်းက လည်းပြောထားပါတယ်။
“မတရားသောသူတို့ကို အပြစ်မှလွှတ်သောသူကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏”(သု၊၁၇း၁၅)။ အံ့သြစရာကောင်းတာက ခရစ်တော်ကြောင့် ဘုရား သခင်က “မတရားသောသူ၏အပြစ်ကို ဖြေသောသူကိုယုံကြည်လျှင် သူ၏ယုံကြည် ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏” လို့ ဖော်ပြထားပါတယ်(ရော၊၄း၅)။ သူ့ကို ယုံတာနဲ့တင် မဖြောင့်မတ်တဲ့သူကို ဖြောင့်မတ်သွားစေဖို့ ဘုရားသခင် လုပ်ဆောင်ပေးတဲ့ အချက်နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က “အသွေးတော်အား ဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော် မူခြင်းသို့ ရောက်မည်” (ရော၊၅း၉)။ ဒါပေမယ့် ဒီအချက်ကအပြစ်တွေကို ပယ်ရှား ပေးရုံသက်သက်ပါပဲ။ ပညတ်တော်တွေကို စောင့်ထိန်းဖို့ ပျက်ကွက်ခဲ့တဲ့ အခြေ အနေကနေ ပညတ်တော်တွေကို စောင့်ထိန်းသူအဖြစ် ကြော်ငြာပေးနေခြင်း မဟုတ် ပါဘူး။ ဆရာမက အတန်းထဲမှာ “အက်ဖ်” ရမှတ်ကိုပယ်ပစ်လိုက်ခြင်းက “အေ” ရတယ်လို့ ကြော်ငြာပေးခြင်းမဟုတ်ပါဘူး။ ဘဏ်က ကျွန်ုပ်ရဲ့ အကြွေးကို ပေး လိုက်ရခြင်းက သူဌေးဖြစ်သွားကြောင်း ကြော်ငြာနေခြင်းမဟုတ်ပါဘူး။ ဒါကြောင့် လည်း အပြစ်တွေကိုကျော်လိုက်ခြင်းက ကျွန်ုပ်တို့ကိုဖြောင့်မတ်ပါတယ်လို့ ကြော်ငြာ ပေးနေခြင်းမဟုတ်ပါ။ အပြစ်တွေလျော်ပေးတာရှိပါတယ်။ ဒါပေမယ့် ပိုပြီး အရေးကြီး တာက ဖြောင့်မတ်ရာသို့ရောက်စေခြင်းပါပဲ။ မတရားသောသူက ယုံကြည်ခြင်းအား ဖြင့် ဖြောင့်မတ်ခြင်းသို့ ရောက်စေဖို့ ဘုရားသခင်ဆီမှာ အခြားသော အကြောင်း ပြချက်တွေရှိပါတယ်။ ဒါကို နောက်တစ်ခန်းမှာ ဆက်ပြီးလေ့လာကြပါစို့။
၁၁။ ပြီးပြည့်စုံသော နာခံခြင်းဖြင့် ဖြောင့်မတ်ခြင်းသို့ ကျွန်ုပ်တို့ရောက်စေရန်
လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက် အသေခံခြင်းသာမဟုတ် လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။
ဖိ၊ ၂း၈
တယောက်သောသူသည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည် နည်းတူ၊ တယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာ သို့ရောက်ကြ၏။
ရော၊၅း၁၉ ၊
အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့ အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူ အားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း။
၂ကော၊၅း၂၁ ပညတ်တရားအားဖြင့်ရသောကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားပဲ ခရစ်တော်ကို ယုံကြည် ခြင်းအားဖြင့်ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရား သခင်ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့် …… ။
ဖိ၊၃း၁၁
ဖြောင့်မတ်မှန်ကန်ခြင်းက ကျွန်ုပ်ရဲ့ မကောင်းမှုတွေကို ပယ်ဖျက်ပေးရုံ သက်သက်မဟုတ်ပါဘူး။ ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းကို ခံစားရခြင်းဖြစ်တယ်။ ဘုရားသခင်ရှေ့မှာ ချီးကျူးခံနိုင်လောက်အောင် ကျွန်ုပ်တို့ ဖြောင့်မတ်မှန်ကန်ခြင်း မရှိပါဘူး။ ဘုရားရှေ့မှာ ကျွန်ုပ်တို့ အခိုင်အမာပြောဆိုနိုင်တာကတော့ ခရစ်တော်ကို ယုံကြည်သောအားဖြင့် “ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်း မကိုးစားပဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ရသောဖြောင့်မတ်ခြင်း – ကိုးစားသဖြင့်”(ဖိ၊၃း၁၁)။ ဒီအချက်က ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းဖြစ်တယ်။ခရစ်တော်က ဖြောင့်မတ်ခြင်းတရားတွေနဲ့ ပြီးပြည့်စုံခဲ့ပြီး သူ့ကို ယုံကြည်ကိုးစားခြင်းဖြင့် ကျွန်ုပ်ကို ဖြောင့်မတ်မှန်ကန်စေဖို့ အာမခံချက်ပေးနေတယ်။ ယေရှုကို ယုံသောအား ဖြင့် ကျွန်ုပ်တို့ဖြောင့်မတ်သောသူအဖြစ်ရေတွက်ခြင်းခံရတယ်။ ခရစ်တော်ရဲ့ ပြီးပြည့်စုံတဲ့ဖြောင့်မတ်ခြင်းကို ဘုရားရှင်က ကြည့်မြင်တော်မူပြီး ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်း တရားတွေနဲ့အတူ ကျွန်ုပ် ဖြောင့်မတ်မှန်ကန်ဖို့ ပြောခဲ့ပါတယ်။ မတရားသောသူတို့ ၏အပြစ်ကို ဘုရားသခင်က ဘာကြောင့်လွှတ်ရသလဲဆိုတာ အကြောင်းရင်းနှစ်ခု ရှိပါတယ်(ရော၊၄း၅)။ ပထမတစ်ချက်က ခရစ်တော်ရဲ့ အသေခံတော်မူခြင်းဟာ ကျွန်ုပ်တို့ရဲ့ အပြစ်ကြွေးတွေကို ဆောင်ယူသွားခဲ့ပါတယ်။ (ယခင်က အခန်းထဲတွင် ပါပြီး) ဒုတိယအချက်က ဘုရားသခင်ရှေ့တော်မှာ အပြစ်စီရင်ခြင်းခံရမှာဖြစ်ပေမယ့် ခရစ်တော်ရဲ့ နာခံတော်မူခြင်းဖြင့် ကျွန်ုပ်တို့ကို ဖြောင့်မတ်ရာသို့ ရောက်စေတယ်။ ထာဝရအသက်ကိုဝင်စားရန် ဘုရားရှင် ကျွန်ုပ်တို့ကို တောင်းဆိုနေတာကတော့ ကျွန်ုပ်တို့ရဲ့ မတရားမှုတွေကို ပယ်ဖျက်ပစ်ရုံမကပဲ ကျွန်ုပ်တို့ကိုယ်တိုင် ပြီးပြည့်စုံတဲ့ ဖြောင့်မတ်ခြင်းတရားကို အခိုင်အမာ တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ဒီနှစ်ချက်စလုံး အတွက် အခြေခံကျတဲ့အချက်ကတော့ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေ ခံခြင်းပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မတရားမှုအတွက် ခံထိုက်တဲ့ ဒုက္ခဆင်းရဲခြင်းတွေကို သူကိုယ်တိုင်ခံစားခဲ့ခြင်းဖြစ်တယ်။ “ကျွန်ုပ်တို့ရဲ့ ကျူးကျော်မှုအတွက် သူက ထိခိုက် ခံစားခဲ့ရပြီး ကျွန်ုပ်တို့ရဲ့ ဆိုးယုတ်မှုအတွက် ကျိုးပဲ့ကြေမွခြင်းကို ခံခဲ့ရတယ်။ သူ့ရဲ့ အသေခံခြင်းနဲ့ ဒုက္ခဝေဒနာခံစားခြင်းက နာခံခြင်းရဲ့ အထွဋ်အထိပ်သာဖြစ်ပြီး ကျွန်ုပ် တို့ ဖြောင့်မတ်ခြင်းခံစားရစေတဲ့ အခြေခံကျတဲ့အချက်ပဲဖြစ်တယ်။ “လက်ဝါးကပ်တိုင် မှာ အသေခံရသည့်တိုင် နာခံလိုက်လျှောက်ခဲ့တယ်”(ဖိ၊ ၂း၈)။ သူ့ရဲ့အသေခံခြင်းက သူ့ရဲ့နာခံခြင်းဖြစ်ကြောင်း သမ္မာကျမ်းထဲမှာ ဖော်ညွှန်းထားပါတယ်။ “တစ်ယောက်သောသူသည် နားထောင်ခြင်းအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ရောက်ကြ ၏”(ရော၊၅း၁၉)။ ။
ဒါကြောင့် ခရစ်တော်ရဲ့အသေခံခြင်းက ကျွန်ုပ်တို့အပြစ်လွှတ်ဖို့နဲ့ ပြည့်ဝ စုံလင်စေဖို့ အခြေခံကျတဲ့အချက်ဖြစ်တယ်။ “ဘုရားသခင်သည် အပြစ်နှင့်ကင်းစင် သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူ ကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည် အကြောင်းတည်း(၂ကော၊၅း၂၁)။ ဘုရားသခင်က အပြစ်မဲ့တဲ့ခရစ်တော်ကို ဘာကြောင့် အပြစ်ပုံချရတာလဲ။ အဓိပ္ပါယ်ကတော့ ကျွန်ုပ်တို့ရဲ့ အပြစ်တွေကို သူ့အပေါ် စွဲချက်တင်ပြီး သူက ကျွန်ုပ်တို့အတွက် အပြစ်လွှတ်စရာဖြစ်စေပါတယ်။ ကျွန်ုပ်တို့ အပြစ်သားတွေကို ခရစ်တော်အားဖြင့် ဖြောင့်မတ်သောသူဖြစ်စေတယ်။ ဘုရားရှင်ရဲ့ဖြောင့်မတ်မှုတွေက ကျွန်ုပ်တို့အပေါ် ကျရောက်ပြီး သူ့အားဖြင့် ကျွန်ုပ်တို့ ပြည့်စုံစေခဲ့ ပါတယ်။ ခရစ်တော်ဟာ သူရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံခြင်းဖြင့် ရရှိခဲ့တဲ့အောင်မြင်မှုအတွက် ချီးမြှောက်ခြင်းခံရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အပြစ်ကို လွှတ်ခြင်း နဲ့ ဖြောင့်မတ်စေရန် သူလုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ ကြီးမြတ်တော်မူသော အောင် မြင်ခြင်းအတွက် သူ့အား ကြည်ညိုလေးစားခြင်း၊ တန်ဖိုးထားခြင်း၊ ယုံကြည်ကိုးစား ခြင်းတို့ ပြုကြကုန်အံ့။
၁၂။ ကျွန်ုပ်တို့ရဲ့ ပြစ်တင်ရှုတ်ချခံရခြင်းကို ယူတင် ဆောင်ယူသွားရန်
အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံ၍ ခံသည်သာမက သေခြင်းမှ ထမြောက်၍ ဘုရားသခင်၏လက်ျာတော်ဘက်၌နေလျက် ငါတို့အဘို့ ဆုတောင်းသော သူကား ခရစ်တော်ပေတည်း။ ရော၊၈း၃၄
ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံခြင်းရဲ့ အချုပ်ကတော့ ဒီကျမ်းပိုဒ်ပါပဲ။ “ဘုရားသခင် ကယ်လွတ်တော်မူသောကြောင့် ယေရှုခရစ်၌ တည်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏”(ရော၊၈း၁)။ “ခရစ်တော် ၌တည်သော” ဝေါဟာရရဲ့ အဓိပ္ပါယ်က ယုံကြည်ခြင်းအားဖြင့် သူနဲ့ဆက်သွယ်နေဖို့ပဲ ဖြစ်ပါတယ်။ ခရစ်တော်ကိုယုံကြည်ခြင်းက သူနဲ့ တစ်လုံးတစ်ဝတည်းဖြစ်စေပြီး သူ့ရဲ့ အသေခံခြင်းက ကျွန်ုပ်တို့ အတွက်ဖြစ်စေကာ သူ့ရဲ့ ပြည့်စုံခြင်းက ကျွန်ုပ်တို့ကို ပြည့်စုံစေခဲ့ပါတယ်။ ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ အပြစ်ဒဏ်ကို ခံရပြီး(ကျွန်ုပ်တို့ ထမ်းစရာမလိုတော့ပါ)၊ ပြည့်စုံစေပါတယ်(ကျွန်ုတို့မလုပ်ဆောင်နိုင်တဲ့အရာ)။ ဘုရား သခင်ကိုလက်ခံခြင်းရဲ့ အခြေခံအချက်က ခရစ်တော် တစ်ပါးတည်းအပေါ်မှာ သာလျှင် ဖြစ်တယ်။ ယုံကြည်ခြင်းအားဖြင့် ခရစ်တော်၌တစ်ပေါင်းတစ်စည်း ဖြစ်သွား တဲ့အခါ သူ့ရဲ့ ဖြောင့်မတ်ခြင်းကို ကျွန်ုပ်တို့ရဲ့ ဖြောင့်မတ်ခြင်းအဖြစ် ရေတွက်ခံရပါ တယ်။ “ယေရှုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို အပြစ်ထင်ရှားသောတပါးအမျိုးသားမဟုတ်ဘဲ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သော ငါတို့သည် အမှန်သိသည်နှင့်အညီ ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာ သို့ မရောက်။ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ ငါတို့ပင်ယေရှုခရစ်ကို ယုံကြည်ကြပြီ။ အကြောင်းမူကား ပညတ်တရား၏အကျင့် အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ”(ဂလာ၊၂း၁၆)။ “ယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်း” နှင့် “ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာ သို့ရောက်ခြင်း”သည် သဘောတရားအရ တူညီနေပါတယ်(ဂလာ၊ ၂း၁၇)။ ကျွန်ုပ်တို့ အားလုံး ခရစ်တော်ကိုယုံကြည်သောကြောင့် ဖြောင့်မတ်ရာသို့ရောက်ကြ၏။ “အပြစ် စီရင်သောသူကား အဘယ်သူနည်း” လို့ မေးတဲ့အခါ အဖြေကတော့ “တစ်ဦး
တစ်ယောက်မျှမရှိ”။ “သခင်ယေရှုခရစ်တော်သာလျှင် အသေခံခဲ့တဲ့သူဖြစ်တယ် ။ ခရစ်တော်ရဲ့ အသေခံခြင်းကြောင့် ကျွန်ုပ်တို့ကို အပြစ်စီရင်ခြင်းမှ လွှတ်မြောက်စေခဲ့ပါ တယ်။ ခရစ်တော်က အသေခံပေးတဲ့အတွက် ကျွန်ုပ်တို့အပြစ်စီရင်ခြင်း မခံရတော့ တာ သေချာပါတယ်။ ဘုရားသခင်ရဲ့ တရားရုံးတော်မှာ နောက်ထပ်အန္တရာယ်မရှိနိုင်တော့ပါဘူး။ တူညီတဲ့ပြစ်မှုတွေအတွက် နှစ်ခါပြန်စီရင်ခြင်းမခံရတော့တာ သေချာ ပါတယ်။ ကျွန်ုပ်တို့အပြစ်အတွက် ခရစ်တော်တစ်ကြိမ်အသေခံခဲ့ပြီးပြီ။ ဒါကြောင့် ကျွန်ုပ်တို့ အပြစ်စီရင်ခြင်းမခံရတော့ပါဘူး။ အပြစ်စီရင်ခြင်းအတွက် အားလုံး ဖြေရှင်းပြီးခဲ့လို့ပါပဲ။ ဒါပေမယ့် ကမ္ဘာလောကနဲ့ဆိုင်တဲ့အပြစ်စီရင်ခြင်းကဘာတဲ့လဲ။ “အပြစ်စီရင်တဲ့သူက ဘယ်သူလဲ”။ မေးခွန်းရဲ့ အဖြေဟုတ်ပါသလား။ ခရစ်ယာန်တွေ ကို ကမ္ဘာကြီးက ပြစ်တင်ရှုတ်ချမှု မပြုဘူးလား။ မာတုရတွေအများကြီးရှိနေတာ မဟုတ်ပါလား။ အဖြေကတော့ ဘယ်သူတစ်ဦးတစ်ယောက်မှ ကျွန်ုပ်တို့ကိုအောင်မြင်စွာ စီရင်ရှုတ်ချ နိုင်စွမ်းမရှိပါဘူး။ အဖိုးအခပေးရပေမယ့် အဆုံးမှာတော့ ဘယ်သူမှလက်မြှောက် အရှုံးမပေးရပါဘူး။ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌တည်စေသောသူ ကား ဘုရားသခင်ပေတည်း”(ရော၊၈း၃၃)။ သမ္မာကျမ်းထဲမှာ ပေးထားတဲ့ မေးခွန်း အတိုင်းပါပဲ။ “ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာနှင့် ငါတို့ကို အဘယ်သူကွာစေမည်နည်း။ ဆင်းရဲငြိုငြင်ခြင်း၊ ညဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်း စည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကိုခံရမည်လော”(ရော၊၈း၃၅)။ အဖြေကတော့ ဒီအဖြစ်အပျက်တွေကို ခရစ်ယာန်တွေမကြုံဆုံရပဲမနေပါဘူး။ “ငါတို့ကိုချစ်တော်မူသော သူ၏ကျေးဇူးတော်ကြောင့် ငါတို့သည်ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏”(ရော၊ ၈း၃၇)။ ကမ္ဘာကြီးကတော့ ပြစ်တင်ရှုတ်ချမှုတွေ ယူဆောင်လာမှာပဲ။ ဓား၊ လှံတွေလည်း ပါကောင်းပါလာမှာပဲ။ ဒါပေမဲ့လို့ အမြင့်မြတ် ဆုံးသောတရားရုံးက ကျွန်ုပ်တို့ကို မျက်နှာသာပေးပြီး အုပ်စိုးနေတယ်ဆိုတာကို ကျွန်ုပ်တို့သိနေပါတယ်။ “ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင် အဘယ်သူ သည် ငါတို့တဘက်၌ နေနိုင်မည်နည်း”(ရော၊၈း၃၁)။ တစ်ဦးတစ်ယောက် မအောင်မြင်ပါဘူး။ လူတွေက ကျွန်ုပ်တို့ကိုငြင်းပယ်ရင် သူက ကျွန်ုပ်တို့ကိုလက်ခံ တယ်။ သူတို့ကမှန်းရင် သူက ကျွန်ုပ်တို့ကိုချစ်တယ်။ သူတို့က ကျွန်ုပ်တို့ကိုအကျဉ်းချ ထားရင် ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ကို လွှတ်မြောက်စေတယ်။ သူတို့က နှိပ်စက်ရင်မီးအားဖြင့် သန့်ရှင်းစင်ကြယ်စေပါတယ်။ သူတို့က ဘက်ရင် ပရေဒိသုဘုံကိုအောင်ယူသွားတယ်။ သူတို့က ကျွန်ုပ်တို့ကို ရှုံးအောင်မလုပ်နိုင်ပါဘူး။ ခရစ်တော် သေခဲ့တယ်။ ရှင်ပြန်ထမြောက်ခဲ့တယ်။ ကျွန်ုပ်တို့က သူနဲ့ အသက်ရှင်နေတယ်။ သူ့ဆီမှာ အပြစ်စီရင်ခြင်း လုံးဝမရှိပါဘူး။ ကျွန်ုပ်တို့က ခွင့်လွှတ်ခြင်းခံရပြီး ဖြောင့်မတ်ရာသို့ရောက်ကြပြီ။ “ဖြောင့်မတ်သောသူမူကား ခြင်္သေ့ကဲ့သို့ ရဲရင့်တတ် ၏”(သု၊ ၂း၁)။
၁၃။ ကယ်တင်ခြင်းအတွက် အခြေခံကျတဲ့ ဓလေ့ထုံးတမ်းအားလုံးနဲ့ အရေဖျားလှီးခြင်းတွေကို ဖျက်သိမ်းပစ်ရန်
ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောသေးသည်မှန်လျှင် အဘယ်ကြောင့် ညှဉ်းဆဲ ခြင်းကိုခံရသေးသနည်း။ ထိုသို့ ဟောပြောလျှင် လက်ဝါးကပ်တိုင်တော်ကို ထိမိ၍ လဲစရာ အကြောင်း ပယ်ရှင်းလျက်ရှိ၏။
ဂလာ၊၅း၁၁
မိမိတို့အသွေးအဆင်းတင့်တယ်စေချင်သောသူ ရှိသမျှတို့သည် ခရစ်တော်၏ လက်ဝါး ကပ်တိုင်ကြောင့် ခံရသောညှဉ်းဆဲခြင်းနှင့် မိမိတို့ကင်းလွှတ်လို၍ သင်တို့ကို အရေဖျား လှီးခြင်းကို ခံစေခြင်းငှါ အနိုင်အထက်သွေး ဆောင်တတ်ကြ၏။
ဂလာ၊၆း၁၂
အရေဖျားလှီးခြင်းနှင့်ပတ်သက်ပြီး ကနဦးအသင်းတော်မှာ အကြီးအကျယ် ငြင်းခုံမှုဖြစ်ပွားခဲ့ပါသေးတယ်။ ကမ္ဘာ၊၁၇း၁၀ မှ အမိန့်ပေးထားခြင်းဖြစ်ပြီး သမ္မာ ကျမ်းအရ အလေးထားကျင့်သုံးခဲ့ခြင်းဖြစ်ပါတယ်။ ခရစ်တော်က ဂျူးတစ်ယောက် ဖြစ်တယ်။ သူ့ရဲ့ တပည့်တော်တစ်ဆယ့်နှစ်ပါးကလည်း ဂျူးလူမျိုးတွေပဲ ဖြစ်ကြတယ်။ ခရစ်ယာန်ဘာသာသို့ ဦးစွာပြောင်းလဲခဲ့တဲ့သူတွေကလည်း အများစုက ဂျူးတွေပဲ ဖြစ်တယ်။ ဂျူးတွေရဲ့ ကျမ်းစာ တစ်စိတ်တစ်ပိုင်းကလည်း ခရစ်ယာန်တွေရဲ့ ကျမ်းစာပဲ ဖြစ်တယ်။ ဂျူးတွေရဲ့ ဓလေ့ထုံးစံတွေ ခရစ်ယာန်အသင်းတော်မှာ လွှမ်းမိုးနေတယ် ဆိုတာ အံ့ဩစရာသိပ်မရှိပါဘူး။ ခရစ်တော်ရဲ့ သတင်းကောင်းက ရှုရိပြည်က အန္တိအုတ်မြို့ကဲ့သို့ ဂျူးမဟုတ်တဲ့မြို့ဆီကို ပျံ့နှံ့ခဲ့ပါတယ်။ ဟေလသ လူတွေလည်း ခရစ်တော်ကို ယုံကြည်လက်ခံလာကြပါတယ်။ အရေးတကြီး စဉ်းစားစရာမေးခွန်း ရှိပါတယ်။ ဧဝံဂေလိက အရေဖျားလှီးခြင်းဆိုတဲ့ ဓလေ့ထုံးတမ်းနဲ့ ဘယ်လိုပတ်သက် မှုရှိသလဲ။ ယဉ်ကျေးမှုဓလေ့ထုံးစံနဲ့ ခရစ်တော်ရဲ့ဧဝံဂေလိက ဘယ်လိုပတ်သက်နေ သလဲ။ ဧဝံဂေလိသတင်းက သူ့ကိုယုံကြည်ရင် သင့်ရဲ့ အပြစ်တွေ ဖြေလွှတ်ခြင်းခံရပြီး ဘုရားရှေ့မှာဖြောင့်မတ်ရာသို့ ရောက်တယ်။ ဘုရားရှင်က သင့်အတွက်ပဲဖြစ်တယ်။ သင့်ရဲ့ အထဲမှာထာဝရအသက်ရှိနေတယ်။ တစ်ပါးအမျိုးသားတွေရဲ့ ကြားထဲမှာ တမန်တော်တွေက ယုံကြည်ခြင်းအားဖြင့်သာ ခွင့်လွှတ်ခြင်းနဲ့ ဖြောင့်မတ်ခြင်း ခံစားရတဲ့အကြောင်း ဟောပြောပါတယ်။ ပေတရုက “ထိုသခင်ကို ယုံကြည်သောသူရှိသမျှ တို့သည် နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်းကျေးဇူးကို ခံရကြလတ္တံ့ဟူ၍ ပရောဖက်အပေါင်းတို့သည် ထိုသခင်၏သက်သေခံဖြစ်ကြသည်”(တ၊၁၀း၄၃)။ ရှင်ပေါလုကလည်း ဟောပြောတယ်။ “ထို့ကြောင့် ညီအစ်ကိုတို့ ထိုသခင်၏ကျေးဇူး တော်ကြောင့် အပြစ်လွှတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို၎င်း၊ ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် မောရှေ၏တရားအတိုင်း မလွတ်နိုင်သောအပြစ်ရှိသမျှတို့နှင့် လွှတ်ရကြသည်ကို၎င်း သိမှတ်ကြလော့”(တ၊၁၃း၃၈-၃၉)။ ဒါနဲ့ အရေဖျားလှီးခြင်းကကော ဘာတဲ့လဲ။ ယေရုရှလင်က လူတစ်ချို့ကတော့ မရှိ မဖြစ်လိုအပ်တယ်လို့ ထင်ကြတယ်။ အန္တိအုတ်မြို့သားတွေကတော့ ပေါက်ကွဲလု မတတ်ငြင်းခုံခဲ့ကြတယ်။ “ယုဒပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာသောသူအချို့ တို့က သင်တို့သည် မောရှေ၏တရားအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်တော်မူခြင်းသို့ မရောက်နိုင်ဟု ညီအစ်ကိုတို့အား ဆုံးမဩဝါဒပေးကြ၏(တ၊၁၅း၁)။ အသင်းတော်ကောင်စီကို ဆင့်ခေါ်ရပြီး ဒီအကြောင်းကိစ္စတွေကို ဆွေးနွေးရတယ်။ တချို့က “မောရှေရဲ့ တရားတော်ကို စောင့်ထိန်းရန်အလို့ငှါ အရေဖျားလှီးရန် လိုအပ် ပါတယ်လို့” ပြောကြပါတယ်။ ပေတရုက ထပြီး သူတို့ကို ပြောပါတယ်။ “ညီအစ်ကိုတို့ ဘုရားသခင်သည် ရှေးဦးစွာ ငါတို့တွင် ရွေးကောက်တော်မူ၍ ငါတို့ဟောပြောသော အားဖြင့် တပါးအမျိုးသားတို့သည် ဧဝံဂေလိတရားကို ကြားနာ၍ယုံကြည်ရမည် အကြောင်း… ငါတို့နှင့် ငါတို့ဘိုးဘေးများ မထမ်းနိုင်တဲ့ထမ်းပိုးကို တပည့်တော်တို့ ၏လည်ပင်းပေါ်၌ တင်စေခြင်းငှါ အဘယ်ကြောင့် ဘုရားသခင်ကို စုံစမ်းကြသနည်း။ သခင်ယေရှု၏ကျေးဇူးတော်အားဖြင့်သာ သူတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည်နည်းတူ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည်ယုံကြ၏။ စုဝေး
သောသူအပေါင်းတို့သည် တိတ်ဆိတ်စွာနားထောင်ကြ၏”(တ၊၁၅း၅-၁၂)ဟု ဆိုထား ပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အခြေခံကျတဲ့သဘောတရားကို ရှင်ပေါလုထက် ပိုပြီးသိနိုင်တဲ့လူ မရှိကြပါဘူး။ သခင်ယေရှုရဲ့ ဒုက္ခဝေဒနာခံစားခြင်း နဲ့ကားတိုင်ပေါ် အသေခံခြင်းဟာ အလွန်နက်နဲတဲ့အဓိပ္ပါယ်ရှိပါတယ်။ ခရစ်တော်ကို ယုံကြည်ကိုးစားခြင်းဖြင့် ဘုရားသခင်နှင့်အတူရှိနိုင်မည်လား။ အရေဖျားလှီးခြင်းကော လိုအပ်သလား။ အဖြေကတော့ ရှင်းနေပါတယ်။ ရှင်ပေါလုက အရေဖျားလှီးခြင်းအကြောင်း ပြောပါတယ်။ “လက်ဝါးကပ်တိုင်သည် ထိမိ၍လဲစရာအကြောင်း ပယ်ရှင်းလျက်ရှိ၏”(ဂလာ၊၅း၁၁)။ ကားတိုင်တော်က ဓလေ့ထုံးတမ်းတွေရဲ့ကျေးကျွန်အဖြစ်မှ လွှတ်မြောက်စေခဲ့ပါတယ်။ “ခရစ်တော်သည် ငါတို့ကို လွှတ်တော် မူသော လွှတ်ခြင်းအခွင့်၌တည်နေသဖြင့် ကျွန်ခံရာထမ်းပိုးကို ထမ်း၍ ချည်နှောင် ခြင်းကို တဖန် မခံကြနှင့်”(ဂလာ၊၅း၁)။
၁၄။ ကျွန်ုပ်တို့ သစ္စာရှိရန်နှင့်ယုံကြည်ခြင်းရှိစေရန်
ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများအဘို့အလို့ငှါ သွန်းသော ငါ၏အသွေး ဖြစ်၏။
မာ၊၁၄း၂၄
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှါ သူတို့၌ ထာဝရပဋိညာဉ်ကို ငါလားမည်။ သူတို့သည်လည်း ငါထံမှမထွက်သွားမည်အကြောင်း ငါ့ကို ကြောက်ရွံ့သောသဘောနှင့်ပြည့်စုံစေမည်(ယော၊၃၂း၄၀)။ သမ္မာကျမ်းထဲမှာ “ပဋိညာဉ်ဟောင်း” နဲ့ “ပဋိညာဉ်သစ်”အကြောင်းကို ပြောထားပါတယ်။ “ပဋိညာဉ်”ဆိုတဲ့ ဝေါဟာရက တည်ကြည်လေးနက်ခြင်းကို ရည်ညွှန်းနေပြီး အဖွဲ့အစည်းနှစ်ခုအကြား သဘောတူ ညီမှု ရယူထားပြီး နှစ်ဖွဲ့လုံးက တာဝန်ဝတ္တရားရှိကြောင်း နှုတ်အားဖြင့် ကတိသစ္စာ ပြုခြင်းဖြစ်ပါတယ်။ သမ္မာကျမ်းထဲက ပဋိညာဉ်တရားတော်က ဘုရားကိုယ်တော်တိုင် အစပြုထားခြင်းဖြစ်တယ်။ အဲဒီဝေါဟာရကို သူအတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ် ချက်တွေပြည့်စုံစေဖို့ တာဝန်ဝတ္တရားတွေကို သူကိုယ်တိုင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်။ “ပဋိညာဉ်ဟောင်း”ကဣသရေလလူမျိုးတော်တွေအတွက် မောရှေရဲ့ ပညတ်တော် အတိုင်း ဘုရားရှင် စီရင်ပေးခဲ့ခြင်းဖြစ်တယ်။ သူ့ရဲ့ အားနည်းချက်က ဝိညာဉ်ရေးရာ ပြုပြင်မှုတွေ ပါမလာခြင်းပဲဖြစ်တယ်။ ဒါကြောင့် နာခံခြင်းမရှိဘဲ အသက်ကိုလည်း ယူဆောင်လာခြင်းမရှိပါဘူး။ ကျောက်ပေါ်မှာပဲ ရေးသားထားပြီး နှလုံးသားပေါ်မှာ ဝိညာဉ်နဲ့ ရေးသားထားတာမဟုတ်ပါဘူး။ ကွဲပြားခြားနားတဲ့ “အသစ်သောပဋိညာဉ်” ကိုပေးမဲ့အကြောင်း ပရောဖက်တွေ ကတိပြုခဲ့ပါတယ်။ “ထိုသို့ဆိုသော် ကျမ်းဟောင်း တရားကိုမဆိုလို၊ ဝိညာဉ်တော်တရားကို ဆိုလို၏။ ကျမ်းဟောင်းတရားသည် အသက် ကိုသတ်တတ်၏။ ဝိညာဉ်တော်တရားမူကား ရှင်စေတတ်၏”(၂ကော၊၃း၆)။ ပဋိညာဉ် သစ်ဟာ အဟောင်းထက်ပိုပြီး ယုတ္တိဆန်ကာ ထိရောက်အောင်မြင်မှုရှိတယ်။ အဲဒါဟာ သခင်ယေရှုရဲ့ ဒုက္ခဝေဒနာခံစားခြင်းနှင့် အသေခံခြင်းအပေါ် အခြေပြု ထားပါတယ်။ “ထိုသခင်သည် ပဋိညာဉ်တရားသစ်၏ အာမခံဖြစ်တော်မူ၏”(ဟေဗြဲ၊ ၉း၁၅)။ သခင်ယေရှုက သူရဲ့ အသွေးဟာ ပဋိညာဉ်တရားသစ်နှင့်ဆိုင်ပြီး လူများ အဘို့အလို့ငှါ သွန်းတဲ့အသွေးဖြစ်ကြောင်း ပြောခဲ့တယ်(မာ၊၁၄း၂၄)။ ဆိုလိုတာကယေရှုရဲ့အသွေးတော်က တန်ခိုးတော်နဲ့ ဝယ်ယူခဲ့ပြီး ပဋိညာဉ်တရားသစ်အတွက် ကတိပေးခဲ့ပါတယ်။ ခရစ်တော်က အသေခံခြင်းအားဖြင့် တကယ်ပဲအောင်မြင်ခဲ့ပေ။ တယ်။ သူ့ရဲ့အသွေးတော်အားဖြင့် ကျရှုံးခြင်းမရှိ လုံခြုံစိတ်ချစေတဲ့ ပဋိညာဉ်တရားရဲ့ သဘောသဘာဝက ဘယ်လိုလဲ။ ပရောဖက်ယေရမိက တချို့ ဖော်ပြထားပါတယ်။ “သူတို့၌ ငါပေးသောပဋိညာဉ်တရားနှင့် ခြားနားသောပဋိညာဉ်တရားသစ်ကို ငါပေး မည်…. ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား ငါထာဝရဘုရားသည် ငါ၏ ပညတ်တရားကို သူတို့ အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ … ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသောဒုစရိုက်များကို မအောက်မေ့ဘဲနေမည်”(ယော၊၃၁း၃၁-၃၄)။
ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံခြင်းက လူတွေရဲ့ အတွင်း နှလုံးသားကို ပြောင်းပစ်ဖို့ (နှလုံးသားပေါ်မှာရေးထားတဲ့ပဋိညာဉ်) နဲ့ အပြစ်လွှတ်ဖို့ အာမခံချက်ပေးနေပါတယ်။ ဘယ်တော့မှမကျဆုံးတော့ဘူးဆိုတဲ့ အာမခံချက်က ခရစ်တော်ကယုံကြည်ခြင်းဖြင့် အစပြုပေးခဲ့ပြီး သူ့ရဲ့ လူတွေကို သစ္စာရှိခြင်းဖြင့် လုံခြုံ စိတ်ချစေခဲ့ပါတယ်။ ပဋိညာဉ်တရားသစ်က ကျောက်ပေါ်မှာမဟုတ်ပဲ နှလုံးသားပေါ် မှာရေးသားထားတဲ့ပညတ်တော်ဖြစ်တယ်။ ကျောက်ပေါ်ကစာနှင့် နှိုင်းယှဉ်ကြည့်ပါ က “ဝိညာဉ်တရားက အသက်ရှင်စေကြောင်းပြောခဲ့ပါတယ်”(၂ကော၊၃း၆)။ “ဒုစရိုက် အပြစ်၌ သေလျက်ရှိနေသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ” (ဧ၊၂း၅)။ အဲဒါက ဘုရားသခင်ရဲ့ ဘုန်းတော်ကို မြင်တွေ့ ယုံကြည်စေနိုင်တဲ့ ဝိညာဉ် အသက်တာပဲဖြစ်တယ်။ အဲဒီ အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာက ပဋိညာဉ်တရားသစ် ရဲ့ လူတွေကို ဖန်ဆင်းပေးခဲ့တယ်။ ခရစ်တော်ရဲ့ အသွေးတော်နဲ့ ဝယ်ယူခဲ့တဲ့အတွက် လုံးဝ သေချာနေပါတယ်။ အံ့ဖွယ်နိမိတ်လက္ခဏာတွေက ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်း ကိုဖန်ဆင်းပေးရုံမက ကျွန်ုပ်တို့ရဲ့ သစ္စာရှိမှုကိုလည်း လုံခြုံခိုင်မာစေပါတယ်။ “.. သူတို့၌ ထာဝရပဋိညာဉ်ကိုငါထားမည်။ သူတို့သည်လည်း ငါ့ထံမှမထွက်မသွား မည်အကြောင်း ငါ့ကိုကြောက်ရွံ့သောသဘောနှင့်ပြည့်စုံစေမည်(ယော၊၃၂း၄၀)။
ခရစ်တော်အသေခံခဲ့တဲ့အခါမှာ သူ့ကို ယုံကြည်လက်ခံတဲ့လူတွေအတွက် အသစ်သော နှလုံးသားကိုသာမက အသစ်သောလုံခြုံစိတ်ချမှုကိုပါပေးခဲ့ပါတယ်။ သူ့ဆီကနေ လှည့်ထွက်သွားဖို့ သူခွင့်ပြုမှာမဟုတ်ဘူး။ သူတို့ကိုထိန်းသိမ်းထားမှာ ဖြစ်တယ်။ ပဋိညာဉ်ရဲ့ အသွေးတော်က အာမခံချက်ကို ပေးနေပါတယ်။
၁၅။ ကျွန်ုပ်တို့အား သန့်ရှင်းစင်ကြယ်ရန် အပြစ်ကင်းစေရန်နှင့် ကြွယ်ပြည့်စုံစေရန်စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကိုရစေခြင်းငှါ တစ်ခါတည်း ပူဇော်ခြင်း အားဖြင့် ပြုတော်မူ၏။ ဟေဗြဲ၊၁၀း၁၄ ကိုယ်ခန္ဓာတော်၌ အသေခံတော်မူသောအားဖြင့် ယခု မိတ်သဟာယဖွဲ့စေတော်မူ၏။ သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက်ရှိသောသင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။
ကော၊၁း၂၂ သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ အသစ်သောမုန့်စိမ်းဖြစ်မည်အကြောင်း ဟောင်းသောတဆေးကို သုတ်သင်ပယ်ရှင်းကြလော့၊ အကြောင်းမူကား ခရစ်တော်တည်းဟူသော ငါတို့ပသခါသိုးသငယ်သည် ငါတို့ အဘို့ယဇ်ပူဇော်ရာဖြစ်၏။ ၁ကော၊၅း၇
ခရစ်ယာန်အသက်တာမှာ ရင်နာစရာအကောင်းဆုံးကတော့ ကျွန်ုပ်တို့ရဲ့ ပြောင်းလဲမှု အလွန်နှေးကွေးခြင်းပဲဖြစ်တယ်။ သင်၏ဘုရားသခင်ထာဝရ ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ဉာဏ်ရှိသမျှ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့ဆိုတဲ့ တရားဟော ချက်ကို ကျွန်ုပ်တို့ကြားဖူးမှာပါ (မာ၊၁၂း၃၀)။ ဒါပေမယ့် ကျွန်ုပ်တို့က လုံးဝအကျိုးရှိရှိ၊ ဆက်ကပ်အပ်နှံကြပါသလား။ တမန်တော်ကြီးရှင်ပေါလုကဲ့သို့ပဲ ကျွန်ုပ်တို့က ပုံမှန်အော်နေကြတာပါပဲ။ “ငါသည်ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင် မှငါ့ကိုအဘယ် သူကယ်လွှတ်မည်နည်း”(ရော၊၇၂၄)။ ကျွန်ုပ်တို့ညည်းညူနေပေမဲ့ ဖြေရှင်းချက်ရှိနေသေးတယ်။ “ထိုသို့ဆိုသော် အကျိုးကို ခံရပြီး၊ စုံလင်ခြင်းသို့ ရောက် ရပြီဟု ငါမဆိုလို။ အကြင်အကျိုးကိုပေးခြင်းငှာ ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍လိုက်သေး၏(ဖိ၊၃း၁၂)။ ဒီကျမ်းပိုဒ်ရဲ့ အဓိကသော့ချက်ကတော့ ခံနိုင်ရည်ရှိခြင်းနဲ့ ပျော်ရွှင်ခြင်းရှိဖို့ပါပဲ။ အကြင်အကျိုးကို ပေးခြင်းငှါ ခရစ်တော်သည် ငါ့ကိုကိုင်ဘမ်းတော်မူပြီ”။ ကျွန်ုပ်ရဲ့ ကြိုးစားမှု၊ ရုန်းကန်မှု၊ အားထုတ်မှုတွေက ခရစ်တော်နဲ့ မသက်ဆိုင်ပဲ (အရာအားလုံး ကဖြစ်ပျက်ခဲ့ပြီး) ကျွန်ုပ်တို့သူနဲ့တူဖို့ လစ်ဟာနေတဲ့အရာတွေကို ပြီးပြည့်စုံစေဖို့ ပဲဖြစ်ပါတယ်။
ခရစ်ယာန်များအတွက် ပျော်ရွှင်ခြင်းနဲ့ ခံနိုင်ရည်ရှိခြင်းအတွက် အကြီးမားဆုံးသောသော့ချက်က ကျွန်ုပ်တို့ ပြည့်စုံဖို့ ကြိုးစားမှုအားဖြင့်ဖြစ်မလာဘဲ ခရစ်တော်ရဲ့ ဒုက္ခ ဝေဒနာခံစားရခြင်းနဲ့ အသေခံခြင်းအားဖြင့် ဖြစ်တယ်။ “စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှါ တစ်ခါတည်း ပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏”(ဟေဗြဲ၊၁၀း၁၄)။ အံ့သြဖို့ ကောင်းပါတယ်။ စာကြောင်းတစ်ကြောင်း၊ တည်းမှာပဲ ကျွန်ုပ်တို့တစ်တွေ “စင်ကြယ်သောသူ”နဲ့ “ထာဝရစုံလင်”ကြောင်းကို ဖော်ပြထားပါတယ်။ “စင်ကြယ်ခြင်းက” လုံးဝပြည့်စုံခြင်းမဟုတ်ပဲ ဖြစ်စဉ်တစ်ခုမှာ ကြိုစားတုန်းပါပဲ။ ကျွန်ုပ်တို့က သန့်ရှင်းတယ်ဆိုပေမယ့် ရာနှုန်းပြည့်တော့မဟုတ်ဘူး။ ဒီအကြောင်းတွေက ရှင်းလင်းတိကျနေပြီး ကျွန်ုပ်တို့က ပြီးပြည့်စုံခြင်းကို ခံစားရခြင်း ဖြစ်တယ်။ ကျွန်ုပ်တို့ကို ခွန်အားပေးနေတဲ့ယုံကြည်ခြင်းက ဘုရားသခင်ရှေ့မှာ ပြီးပြည့်စုံတဲ့သက်သေအထောက်အထားရှိနေပြီး ၎င်းက ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံ အားဖြင့် ပြီးပြည့်စုံခြင်းမဟုတ်ပဲ ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံအားဖြင့် တိုးတက်သွားခြင်း ဘဲဖြစ်တယ်။ သတင်းကောင်းကတော့ လမ်းကြောင်းပေါ်မှာရှိနေစဉ်မှာပဲ ကျွန်ုပ်တို့က ပန်းတိုင်ရောက်နေပြီဆိုတာကို သက်သေပြနေခြင်းဖြစ်တယ်။
သမ္မာကျမ်းထဲမှာ ဖော်ပြထားတဲ့ ဂျုံနဲ့ တဆေးအကြောင်းကို ထပ်ပြီး လေ့လာရအောင်။ အဲဒီပုံဥပမာထဲမှာတော့ တဆေးကမကောင်းမှုဖြစ်တယ်။ ကျွန်ုပ် တို့တစ်တွေဟာ တဆေးမဲ့မုန့်လိုပဲဖြစ်ကြတယ်။ “သင်တို့သည် တဆေးမဲ့မုန့်ဖြစ်သည် နှင့်အညီ အသစ်သောမုန့်စိမ်းဖြစ်မည်အကြောင်း ဟောင်းသောတဆေးကို သုတ်သင် ပယ်ရှင်းကြလော့။ အကြောင်းမူကား ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ်သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏” (၁ကော၊၅း၇)။ ခရစ်ယာန်များက “တဆေးမဲ့မုန့်”ဖြစ်ကြတယ်။ တဆေး မရှိလျှင် မကောင်းမှုလည်းမရှိပါ။ ကျွန်ုပ်တို့က ပြီးပြည့်စုံနေကြပြီ။ ဒါကြောင့် ဟောင်းတဲ့ဆေးကို သုတ်သင်ပယ်ရှင်းရမယ်။ ကျွန်ုပ်တို့က ခရစ်တော်၌အသစ်သောမုန့်စိမ်းဖြစ်ကြတယ်။ ဒါကြောင့်လည်း လက်တွေ့အသက်တာမှာ ကျွန်ုပ်တို့က တဆေးမဲ့မုန့်ဖြစ်သင့်တယ်။ တနည်းအားဖြင့်ပြောရရင် ကျွန်ုပ်တို့ အရှိကိုအရှိအတိုင်းဖြစ်သင့်ပါတယ်။ ဒါတွေက အခြေခံသဘော တရားလား၊ “ခရစ်တော်တည်းဟူသော ပသခါသိုးသငယ်သည် ငါတို့အဘို့ ယဇ် ပူဇော်ရာဖြစ်၏။ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းက ကျွန်ုပ်တို့ပြည့်ဝစုံလင် အတည်ပြုပေးနေပြီး ယခုလည်း အမှန်တကယ် ပြည့်စုံနေပြီးဖြစ်တယ်။ ဒါကြောင့်လည်း အပြစ်တရားကိုဆန့်ကျင်ပြီး တိုက်ခိုက်နေရုံမဟုတ်ပါ။ ကျွန်ုပ်တို့အသက်တာ က ပြီးပြည့်စုံပြီးသားဖြစ်နေပါတယ်။ ခရစ်တော်ရဲ့ အသေခံခြင်းက မပြည့်စုံခြင်းကို တိုက်ခိုက်ပြီး ပြည့်စုံတဲ့အသက်တာကိုအုတ်မြစ်ချဖို့ အခြေခံကျတဲ့အတည်ပြုချက်ပဲ ဖြစ်ပါတယ်။
၁၆။ ကျွန်ုပ်တို့ ကိုယ့်ကိုကိုယ်သိသောစိတ် စင်ကြယ်စေရန်
ထိုမျှမက အပြစ်ကင်းသောကိုယ်တော်ကို ထာဝရပဋိညာဉ်တော်အားဖြင့် ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည် သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍ သင်တို့သည်အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်စေခြင်းငှါ သာ၍တတ်နိုင်တော်မူသည်။ မဟုတ်လော။ ဟေဗြဲ၊၉း၁၄
ခရစ်ယာန်အသက်တာမှာ အကျင့်ဟောင်းတချို့က ဘယ်တော့မှမပြောင်း လဲဘူး။ ညစ်ညမ်းတဲ့စိတ်တွေက အာဒံနဲ့ဧဝကတည်းက ပါလာတော့ ပြဿနာပါပဲ။ သူတို့အပြစ်ပြုလိုက်တာနဲ့ ကိုယ်ကိုကိုယ်သိတဲ့စိတ်က ညစ်ညမ်းသွားပါတယ်။ အပြစ်ကြောင့် ပျက်စီးယိုယွင်းခဲ့ပါတယ်။ ဘုရားနဲ့ ဆက်သွယ်ရေးပြတ်တောက်ခဲ့ပြီး ဘုရားကိုပုန်းရှောင်ခဲ့ရပါတယ်။ အဆက်အသွယ် ပျက်ပြားခဲ့ပြီး အပြစ်တင်လာကြပါ တယ်။ ရှက်တတ်လာကြတယ်။ ဓမ္မဟောင်းကျမ်းမှာ မိမိကိုယ်ကိုသိသောစိတ် စင်ကြယ်ခြင်းက အရေးပါတဲ့ အချက်တစ်ချက် ဖြစ်တယ်။ တိရစ္ဆာန်တွေအားဖြင့် ယဇ်ပူဇော်ခြင်းက သူတို့ကိုယ်သူတို့ သိတဲ့စိတ်ကို မစင်ကြယ်စေနိုင်ပါဘူး။ “ထိုတဲတော်ကား ပူဇော်သက္ကာနှင့်ယဇ်များကို ပူဇော်သောကာလတည်းဟူသော မျက်မှောက်ကာလပတ်လုံး ပုံပမာဖြစ်၏။ ထိုပူဇော်သက္ကာနှင့်ယဇ်များတို့သည် ကိုယ့်ကိုကိုယ်သိသောစိတ်ကို ထောက်လျှင်လည်း ဝတ်ပြုသောသူအား စုံလင်ခြင်း အကျိုးကို မပေးနိုင်သည်ဖြစ်၍ စားစရာသောက်စရာ၊ အမျိုးမျိုးသော နှစ်သက်စရာ တည်းဟူသော ကိုယ်ခန္ဓာနှင့်ဆိုင်သော အထုံးအဖွဲ့များနှင့်တကွ အသစ်ပြုပြင်ခြင်းက ကာလတိုင်ရုံမျှသာတည်ရကြ၏”(ဟေဗြဲ၊၉၉-၁၀)။ ခရစ်တော်က နိမိတ်ပြခဲ့တဲ့ အတိုင်း ဘုရားသခင်က တိရစ္ဆာန်တွေရဲ့ အသွေးအသားနဲ့ ဆိုင်တဲ့ သန့်ရှင်း စင်ကြယ်မတွေကို ပြည့်စုံစေပြီး ညစ်ညမ်းခြင်းအတွက်လုပ်ဆောင်ရတဲ့ ဘာသာ ရေးဓလေ့ထုံးတမ်းဖြစ်ပေမယ့် ကိုယ့်ရဲ့ အသိစိတ်ကိုတော့ မစင်ကြယ်စေနိုင်ပါဘူး။ဒီအချက်ကို သူတို့သိကြပါတယ်(ဟေရှာ၊၅၃ နဲ့ ဆာ၊၅၁)။ ကျွန်ုပ်တို့ လည်းသိကြတယ်။ ဒါကြောင့် အသစ်ဖြစ်တဲ့ အမြင့်မြတ်ဆုံးသော ယဇ်ပုရောဟိတ် ဘုရားရဲ့ သားတော် ယေရှု ကိုယ်တော်တိုင် သာ၍ကောင်းမြတ်သော ပူဇော်သက္ကာကို ပြုခဲ့ပါတယ်။ “ထိုမျှမက အပြစ်ကင်းသောကိုယ်တော်ကို ထာဝရပဋိညာဉ်တော် အားဖြင့် ဘုရားသခင်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏အသွေးသည် သေခြင်း နှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍ သင်တို့သည် အသက်ရှင်တော်မူသော ဘုရား သခင်ကို ဝတ်ပြုမည်အကြောင်း သင်တို့၌ကိုယ်ကိုကိုယ်သိသောစိတ် စင်ကြယ်စေ၊ ခြင်းငှါ သာ၍တတ်နိုင်တော်မူသည်မဟုတ်လော”(ဟေဗြဲ ၉း၁၄)။ တိရစ္ဆာန်အားဖြင့် ယဇ်ပူဇော်ခြင်းက ဘုရားရဲ့ သားတော်က နောက်ဆုံးသော ခေတ်ကာလတွင် ယဇ်ပူဇော်ခံရမယ်ဆိုတာကို နိမိတ်ပြနေပြီး သားတော်ရဲ့ အသေခံခြင်းက လူသားများ ရဲ့ အပြစ်အားလုံးကို ဖုံးလွှမ်းသွားခဲ့တယ်။ ယခု ခေတ်သစ် သိပ္ပံပညာ၊ အင်တာနက်၊ ကိုယ်အင်္ဂါအစားထိုးကုသခြင်း၊ သတင်းအချက်အလက်များ ချက်ချင်းပေးပို့နိုင်ခြင်း၊ ကွန်ပျူတာခေတ်ကြီးမှာ ရှိနေကြပေမယ့် ကျွန်ုပ်တို့ရဲ့ တူညီတဲ့ အခြေခံပြဿနာ ဖြစ်တဲ့ ကျွန်ုပ်တို့ရဲ့ အသိစိတ်က ကျွန်ုပ်တို့ကို ရှုတ်ချနေပါတယ်။ ကျွန်ုပ်တို့က ဘုရားသခင်ဆီ အရောက်လာချင်တဲ့စိတ်မရှိကြဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့ရဲ့ မသိစိတ်က ကိုယ်လိုရာကိုဆွဲပြီး မှန်တယ်လို့ ထင်နေကြတယ်။ ကျွန်ုပ်တို့က ဘုရား သခင်ထံရောက်နိုင်ဖို့ သူ့ရဲ့ စံချိန်ကို မမှီနိုင်ကြပါဘူး။ ဒေါ်လာသန်းနဲ့ချီပြီး လမ်းမကြီးဖောက်လို့ရတယ်။ ခေတ်မီလေယာဉ်ပျံကြီးတွေ၊ အာကာသကိုသွားနိုင်တဲ့ ယာဉ်တွေ တည်ဆောက်နိုင်ပေမယ့်လို့ ဘုရားသခင်ထံရောက်အောင် ဘယ်သူကမှ မတတ်နိုင်ပါဘူး။ ဒါ့အပြင် ကျွန်တော်တို့ က ကြောက်စရာကောင်းတဲ့ သေခြင်း တရားကိုလည်း ရင်ဆိုင်နေရကြအုံးမှာဖြစ်တယ်။ အပြင်ပန်းသဏ္ဌာန်ကိုကောင်းဖို့ရန် ဘယ်လောက်ပဲ ကြိုးစားနေရသော်လည်း အထဲကနေ မကောင်းတဲ့ အရာတွေ၊ ညစ်ညမ်းမှုတွေဟာ လူသေကောင်လိုပဲ ထွက်လာပါတယ်။ သခင် ယေရှုက လူအထဲကထွက်လာတဲ့အရာက ညစ်ညမ်းပြီး အထဲသို့ဝင်သောအရာသည် ညစ်ညမ်းစေခြင်းမဖြစ်ဘူးလို့ ပြောခဲ့တယ်(မာ၊၇း၁၅-၂၃)။ ကျွန်ုပ်တို့ဟာ မောက်မာခြင်း၊ ကိုယ့်ကိုကိုယ်တာမှုကင်းခြင်း၊ ကြောက်ရွံ့တတ်ခြင်းစတဲ့ သဘောတရားတွေကို မွေးမြူရှင်သန်နေကြပါတယ်။ ဒီအရာတွေအားလုံးကသေခြင်းနဲ့ ဆိုင်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ ဝိညာဉ်ရေးရာအသစ်သော အသက်လမ်းမှာ မရှင်သန်ကြပဲ သေခြင်းကနေ သာလာခြင်းဖြစ်လို့ သေခြင်း၊တရားဆီကိုပဲ ဦးတည်နေကြပါတယ်။ ဒါကြောင့်လည်း မျှော်လင့်ခြင်းကင်းမဲ့လျက် နေကြရတာဖြစ်တယ်။ ယနေ့ခေတ်ကာလနဲ့ ခေတ်ကာလတစ်လျှောက်လုံးအတွက် တစ်ခုတည်းသော အဖြေကတော့ ခရစ်တော်ရဲ့ အသွေးတော်ပဲဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်သိတဲ့စိတ်တွေ နိုးကြားလာပြီး မိမိသည် အပြစ်သားဖြစ်ကြောင်း မြင်တတ်လာရင် ကျွန်ုပ်တို့ ဘယ်လိုဆက်သွားကြမှာလဲ။ ခရစ်တော်ဆီကို ချည်းကပ် ရမှာဖြစ်တယ်။ ခရစ်တော်ရဲ့ ဒုက္ခဝေနာခံစားခြင်း၊ အသေခံခြင်း၊ ခရစ်တော်ရဲ့ အသွေးတော်ဆီကို ပြန်သွားမှာဖြစ်တယ်။ စကြာဝဠာကြီးထဲမှာ ကျွန်ုပ်တို့ကို အပြစ်မှ သန့်ရှင်းစင်ကြယ်စေနိုင်တဲ့ တစ်ပါးတည်းသောအရှင်က ယေရှုခရစ်တော်သာလျှင် ဖြစ်ပြီး မိမိကိုယ်ကိုသိတဲ့စိတ် ကြည်လင်ဖို့နဲ့ သေခြင်းထဲကနေ ငြိမ်းချမ်းခြင်းကို ပေးနေပါတယ်။
၁၇။ ကျွန်ုပ်တို့၌ ကောင်းတဲ့အရာအားလုံး ခံစားရရှိနှိုင်ရန်
မိမိသားတော်ရင်းကိုမနှမြောပဲ ငါတို့ရှိသမျှအဘို့အလို့ငှါ စွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူ မည်နည်း။
ရောမ၈း၃၂ .
ဒီကျမ်းပိုဒ်ကို ကျွန်တော်နှစ်သက်ပါတယ်။ ကျွန်တော့်ရဲ့ အမှန်တကယ် လိုအပ်ချက်နဲ့ ကိုက်ညီနေလို့ပါပဲ။ (ရော၊ ၈း၃၂)ထဲမှာ အပိုင်းနှစ်ပိုင်းပါရှိပြီး ပထမ ကတော့ ယုတ္တိဆန်မှုတွေနဲ့ ဆက်နွယ်နေပါတယ်။ ဒုတိယအပိုင်းက မေးခွန်းဖြစ် တယ်ဆိုတာကို သတိပြုမိမှာပါ။ “သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အား မပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း”။ ဒါပေမယ့် မေးခွန်းစာကြောင်း ကို ပုံမှန်စာကြောင်းအတိုင်း ပြောင်းလိုက်ရင်တော့ သူ့ရဲ့ အကျိုးသက်ရောက်မှု့တစ်မျိုး တစ်ဖုံကို တွေ့ရမှာဖြစ်တယ်။ “မိမိသားတော်ရင်းကို မနှမြောပဲ ငါတို့ရှိသမျှအဘို့ အလို့ငှါ စွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့အားပေးတော်မူ၏။ တစ်နည်းအားဖြင့် ပြောရရင် ဒီအပိုင်းနှစ်ပိုင်းရဲ့ ဆက်သွယ်မှု ထဲမှာ ဒုတိယအပိုင်းက ပိုပြီး အရေးပါသည်မှာ သေချာလှပါတယ်။ ဘုရားသခင်က အခက်ခဲဆုံး အလုပ်ဖြစ်တဲ့ သူ့ရဲ့ သားတော်ကို ဒုက္ခဝေဒနာခံစေပြီး သေစေခဲ့တယ်ဆို ရင် ကျွန်တော်တို့အတွက် အရာအားလုံးက လွယ်ကူသွားတယ်ဆိုတာ သေချာ သွားပြီး သူနဲ့အတူ အရာအားလုံး ကျွန်တော်တို့ကို ပေးခဲ့ပါတယ်။ ဘုရားသခင်က ခပ်သိမ်းသောအရာတို့ကို ငါတို့အားပေးခဲ့ခြင်းက လုံးဝဥဿုံ ပေးအပ်ခြင်းဖြစ်ပြီး သူ့ရဲ့ သားတော်ကို ဆက်ကပ်ပူဇော်ခြင်းဖြင့် သက်သေထူနေပါတယ်။ သူ့ရဲ့ သားတော်ကို ကျွန်ုပ်တို့အားလုံးအတွက်ပေးခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော် တို့အတွက် လုပ်ဆောင်ပေးတာတွေ ရပ်တန့်သွားပြီလား။ အရာခပ်သိမ်းကို ပေးခြင်းဆိုတဲ့ အဓိပ္ပါယ်ကဘာလဲ။ သက်တောင့်သက်သာနဲ့ နေရတဲ့အသက်တာမျိုးမဟုတ်ဘူး။ ရန်သူတွေရဲ့ဘေးရန်ကနေ လုံးဝလွတ်မြောက်စေခြင်းလည်း မဟုတ်ဘူး။ နောက်ထပ် အပိုဒ်ငယ်လေးပိုဒ်မြောက်မှာ အဖြေကိုသိနိုင်မှာ ဖြစ်တယ်။ “အကယ် စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။
သတ်ဖို့ ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါးမှတ်တတ်ကြပါ၏” (ရော၊၈း၃၆)။ ဒီကနေ့ ခရစ်ယာန်အတော်များများလည်း ဤကဲ့သို့သော ညှဉ်းဆဲခြင်း ကို တွေ့ကြုံကြရပါတယ်။ သမ္မာကျမ်းထဲမှာ မေးထားပါတယ်။ “ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့် တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကို ခံရသော်လည်း ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကိုကွာစေမည်နည်း”(ရော၊၈း၃၆)။ အဖြေကတော့ “မကွာစေပါ”။ ခရစ်ယာန်တွေ ဒီအဖြစ်အပျက်တွေကို မကြုံဆုံရလို့ မဟုတ်ဘူး။ “ငါတို့ကို ချစ်တော်မူသောသူ၏ကျေးဇူးတော်ကြောင့် ငါတို့သည် ထိုအမှုခပ်သိမ်း တို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏”(ရော၊ ၈း၃၇)။
ခရစ်တော်က ကျွန်ုပ်တို့အတွက် အသေခံတော်မူခြင်းကြောင့် ဘုရားသခင် က သားတော်နဲ့ ခပ်သိမ်းသောအရာတို့ကို ကျွန်ုပ်တို့အတွက် ကျေးဇူးပြုတော်မူမယ် လို့ ဘာကြောင့်ပြောနေတာလဲ။ ဆိုလိုတာက ကောင်းမြတ်တဲ့အရာအားလုံးကို ကျွန်ုပ်တို့အားပေးမယ့်သဘောပါပဲ။ “ဘုရားသခင်သည် ရှေးမဆွက သိတော်မူသော သူတို့ကို သားတော်၏ပုံသဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှါ ရှေးမဆွကခွဲခန့် မှတ်သားတော်မူ၏”(ရော၊၈း၂၉)။ ထာဝရပျော်ရွှင်ခြင်းကို ခံစားရဖို့ အရာအားလုံး ကိုပေးခဲ့ပါတယ်။ ဤနည်းအတိုင်း အခြားသောကျမ်းပိုဒ်တွေကိုလည်း တွေ့ရပါ တယ်။ “ငါတို့၏ဘုရားသခင်သည်ဘုန်းအာနုဘော်၌ စံပယ်တော်မူသောစည်းစိမ် ရှိသည်အတိုင်း သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့် မည်”(ဖိ၊၄း၁၉)။ ဒီကတိစကားရဲ့ ရှေ့ကဝေါဟာရတွေကိုလည်း ခွဲခြမ်းလေ့လာလို့ ရပါတယ်။ “ရှုတ်ချခြင်း၊ ကြွယ်ဝခြင်းကို၎င်း ခံတတ်၏။ ဝစွာ စားခြင်း၊ မ၀.. စည်းစိမ်ခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှါ အရပ်ရပ်တို့တွင် အရာရာ၌ သင်မိပြီ။ ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏(ဖိ၊၄း၁၂-၁၃)။ ခရစ်တော်အားဖြင့် အရာအားလုံးကို လုပ်နိုင် တယ်လို့ ဖော်ပြထားပါတယ်။ ခပ်သိမ်းသောအမှုထဲမှာ “ဆာလောင်ခြင်း” “လိုအပ်ခြင်း”တို့လည်းပါတယ်။ ကျွန်ုပ်တို့ အမှန်တကယ်လိုအပ်တာတွေကို ဘုရားက ပေးမှာဖြစ်ပြီး တခြားသောသူတွေက လိုအပ်ချက်တွေကို မရနိုင်ပေမယ့် ဘုရားရှင်က ဒုက္ခဆင်းရဲကြားထဲမှာတောင် ဝမ်းမြောက်ပျော်ရွှင်နိုင်တဲ့ ခွန်အားကို ပေးမှာဖြစ်ပါ တယ်။ ဆာလောင်လို့ စားစရာမရှိတဲ့အချိန်မှာတော့ ဘုရားက လိုအပ်ချက်အားလုံးကို ပေးမှာဖြစ်ပါတယ်။ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာ ခံစားခြင်းနဲ့ အသေခံခြင်းက ဘုရားရှင်ထံတော်ပါးမှ ခပ်သိမ်းသောအရာတို့ကို ပေးမယ်ဆိုတဲ့ ကတိတော်အတွက် အာမခံချက်ရှိစေပြီး ကျွန်ုပ်တို့က သူ့ရဲ့ အလိုတော် ကိုဆောင်ဖို့ရန်နှင့် ဘုန်းတော် ထင်ရှားစေခြင်းအားဖြင့် ထာဝရပျော်ရွှင်ခြင်းကို ခံစားရရှိမှာဖြစ်ပါတယ်။
၁၈။ ကိုယ်ကျင့်တရားနှင့်ခန္ဓာပိုင်းဆိုင်ရာ ဝေဒနာများကို ငြိမ်းသွားစေရန်
ထိုသူသည် ငါတို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူ ခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကို၎င်း ခံရသောသူဖြစ်သည်။ ဟေရှာ၊၅၃၅ နာသောသူရှိသမျှတို့ကိုသက်သာစေတော်မူ၏။ ထိုအကြောင်းအရာမူကား သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက် ဟေရှာယ ဟောဘူးသောစကားပြည့်စုံမည်အကြောင်း ဖြစ်သတည်း။
မ၈း၁၆-၁၇
ခရစ်တော်က ဒုက္ခဝေဒနာခံစားပြီး အသေခံခဲ့တဲ့အတွက် တစ်နေ့ကျရင် အနာရောဂါတွေအားလုံး ပျောက်ကွယ်သွားမှာဖြစ်တယ်။ အနာရောဂါနဲ့ သေခြင်း တရားက ဒီကမ္ဘာလောကကြီးအတွက် မူလအကြံအစည်တော် မဟုတ်ဘူး။ အပြစ် တရားဝင်ရောက်လာတဲ့အခါမှာ ဘုရားသခင်က ဖန်ဆင်းခံတွေအပေါ် တရားစီရင် ခဲ့ပါတယ်။ သမ္မာကျမ်းက ပြောတယ်။ “ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန် တောင့်တမျှော်လင့်လျက်နေ၏။ ဤလောကသည် အနိစ္စနိုင်ငံသို့ အလိုလို လိုက်သည်မဟုတ်”(ရော၊၈း၂၀)။ ဘုရားသခင်က အဓိပ္ပါယ် မရှိတဲ့ ခန္ဓာပိုင်းဆိုင်ရာနာကျင်မှုတွေကို ကမ္ဘာကြီးမှာကြုံဆုံစေခြင်းက စာရိတ္တပိုင်းဆိုင် ရာမကောင်းမှုတွေဟာ အလွန်ကြောက်စရာကောင်းကြောင်း ဖော်ပြနေခြင်းဖြစ် တယ်။ အချည်းနှီးဖြစ်စေသောလုပ်ရပ်ထဲမှာ သေခြင်းတရားလည်းပါပါတယ်။ “အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍ အပြစ်တရား အားဖြင့် သေခြင်းတရားသည်”(ရော၊၅း၁၂)။ ညည်းတွားစရာ ရောဂါဝေဒနာ အားလုံးပါတယ်။ ခရစ်ယာန်တွေအပါအဝင် “ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကိုခံပြီးသော ငါတို့သည်လည်း သားအရာ၌ ချီးမြှောက်ခြင်းအကြောင်း တည်းဟူသော ကိုယ်ခန္ဓာရွေးနှုတ်ခြင်းချမ်းသာကို မျှော်လင့်၍ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏(ရော၊၈း၂၃)။ ဒါပေမယ့် ဒီပျက်စီးစေတတ်တဲ့ ရောဂါ တွေက ယာယီသဘောပဲဖြစ်တယ်။ ခန္ဓာနဲ့ ဆိုင်တဲ့ ရောဂါဝေဒနာတွေ ဘယ် မရှိနိုင်တော့မယ်အချိန်ကို ကျွန်ုပ်တို့ စောင့်မျှော်နေကြပါတယ်။ ဖန်ဆင်းခြင်းတွေကိုအချည်းနှီးဖြစ်စေခြင်းက လာဝရမဟုတ်ပါဘူး။ အစဦးဆုံးမှာ သူရည်ရွယ်ထားတဲ့ အတိုင်း နောက်ဆုံးမှာကျတော့ “ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်း ချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မျှော်လင့်ရသောအခွင့်ကိုပေး၍ အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏အလိုတော်ကြောင့်သာ လိုက်ရ၏(ရော၊၈း၂၁)။
သခင်ယေရှု ဤလောကကိုကြွဆင်းလာစဉ်က သူ့ရဲ့ သာသနာဟာ လူသား အားလုံးကယ်တင်ခြင်းရဖို့ ပြီးပြည်စုံစေဖို့ ဖြစ်တယ်။ မြေကြီးအသက်တာမှာ လူတွေရဲ့ အနာရောဂါကို ငြိမ်းစေခြင်းအားဖြင့် သူ့ရဲ့ ရည်ရွယ်ချက်တွေကို အကောင် အထည်ဖော်ခဲ့တယ်။ “နာမကျန်းသောသူ အားလုံးရဲ့ အနာရောဂါကို ငြိမ်းစေခဲ့ပါ တယ်”(မ၈၁၆။ လု၊၆း၁၉)။ အဆုံးကို ကြိုပြီး ဖော်ပြခဲ့တယ်။ “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှကို သုတ်တော်မူမည်။ နောက်တဖန် သေခြင်းမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ”(ဗျာ၊၂၁း၄)။ ခရစ်တော် အသေခံပြီး ရောဂါဝေဒနာတွေကို ကိုယ်တိုင် ယူတင်ဝတ်ဆောင်ကာ သင်္ချိုင်းဆီသို့ ဆောင်ယူသွားခဲ့ပါတယ်။ ဘုရားရှင်ရဲ့ အပြစ်စီရင်ခြင်းဖြစ်တဲ့ ရောဂါ ဝေဒနာတွေက ယေရှုရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံခြင်းအားဖြင့် ခံနိုင်ရည်ရှိစေ ခဲ့ပါတယ်။ ပရောဖက်ဟေရှာယက ခရစ်တော်ရဲ့ သေခြင်းနဲ့ ပတ်သက်ပြီး ဒီလိုရှင်းပြ ထားပါတယ်။ “ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်း သည် သူ့အပေါ်သို့ ရောက်၍ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏ (ဟေရှာ၊၅၃း၅)။ သခင်ယေရှုရဲ့ ကျောပေါ်က နာကျင်လှတဲ့ ရိုက်ချက်တွေဟာ အနာရောဂါတွေကင်းစေဖို့ဖြစ်တယ်။ တစ်နေ့မှာ ဘုရားရှင်ရဲ့ ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ ဖန်ဆင်းခြင်းထဲမှာ ရောဂါဝေဒနာတွေအားလုံး ပျောက်ကွယ် သွားလိမ့်မယ်။ အသစ်သောကမ္ဘာမြေဖြစ်လာလိမ့်မယ်။ အသစ်သောခန္ဓာကိုယ် ရလိမ့်မယ်။ ထာဝရအသက်အားဖြင့် သေခြင်းကို ဝါးမျိုမယ်(၁ကော၊၁၅း၂၄။ ၂ကော၊၅း၄)။ တောခွေးနှင့်သိုးသငယ်တို့သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့ သည် နွားကဲ့သို့ မြက်စားလိမ့်မည်(ဟေရှာ၊၆း၂၅)။ အပြစ်၊ သေခြင်း၊ ရောဂါမှ ကယ်နှုတ်ခဲ့တဲ့သိုးသငယ်ကို ချီးမွမ်းကြကုန်စို့။
၁၉။ ယုံကြည်သူတိုင်းအား ထာဝရအသက်ကိုပေးရန်
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်။ ထာဝရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌တပါးတည်း သောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏။
ယော၊၃း၁၆
အရမ်းပျော်ရွှင်နေတဲ့အချိန်မှာ သေချင်တဲ့လူမရှိပါဘူး။ မခံစားနိုင်တဲ့ ဒုက္ခဆင်းရဲခြင်းတွေ ကြုံဆုံရတဲ့အခါမှဘဲ သေချင်စိတ်ပေါက်လာတယ်။ အဲဒီအချိန် မှာ အမှန်တကယ်လိုအပ်နေတာကတော့ သေခြင်းမဟုတ်ပဲ ရှင်သန်နိုင်ဖို့အတွက်ဖြစ် တယ်။ သာယာပျော်ရွှင်စရာအချိန်လေးတွေကိုတော့ တစ်ဖန် ပြန်ပြီးတောင့်တမိကြ တယ်။ နာကျင်မှုတွေ အဝေးကို ပျောက်လွင့်သွားစေချင်တယ်။ ကျွန်ုပ်တို့ချစ်တဲ့သူ တစ်ယောက်ကို သင်္ချိုင်းကနေ တစ်ဖန် ပြန်လှည့်လာစေချင်ကြတယ်။ ကျွန်တော်တို့ဟာ ပျော်ရွှင်ခြင်းရဲ့ အသက်တာကိုလိုလားကြတယ်။ အသက်တာမှာ သေခြင်း အကြောင်းကို စဉ်းစားရင်း ကိုယ့်ကိုကိုယ် လှည့်စားမိကြတယ်။
သေခြင်းဟာ ရန်သူပါပဲ။ ကမ္ဘာပေါ်မှာ သာယာမှုတွေနဲ့ အဆက်ပြတ် စေတာက သေခြင်းပါပဲ။ သေမင်းရဲ့ အမည်ကိုလည်း လှလှလေး ခေါ်တတ်ကြတယ်။ ညဉ်းပန်းနှိပ်စက်ခြင်းနှင့် ဒုက္ခဝေဒနာခံစားရခြင်းက တောင့်တမှုကို မှေးမှိန်စေရုံသာ မဟုတ်ပဲ မျှော်လင့်ခြင်းရဲ့ အဆုံးလည်းဖြစ်တယ်။ လူတွေရဲ့နှလုံးသားထဲမှာ တောင့်တ နေတာကတော့ ပျော်ရွှင်စွာအသက်ရှင်နိုင်ဖို့ပဲ ဖြစ်တယ်။
ဘုရားသခင်က ကျွန်ုပ်တို့အတွက် ဒီလမ်းခင်းပေးခဲ့တယ်။ “လူစိတ်နှလုံးကို လည်း အနန္တကာလ၌စွဲလန်းစေတော်မူပြီ”(ဒေသနာ၊၃း၁၁)။ ကျွန်ုပ် တ က်နှင့်အညီ ဖန်ဆင်းခြင်းခံရပြီး ထာဝရအသက်ရှင်နိုင်ဖို့ ပြုပြင်ခြင်းခံရတယ်။ ဒါက သူ့ရဲ့ အလိုတော်ပဲ။ ထာဝရအသက်ရဲ့ ဆန့်ကျင်ဘက်သဘောကငရဲပဲ သခင်ယေရှုက ဒီအကြောင်းကိုပြောပြီး ရှင်းပြခဲ့တယ်။ ထာဝရအသက်ကို ပယ်ချ ရခြင်းရဲ့ ရလဒ်က အားလုံးဖျက်ဆီးလိုက်ခြင်း မဟုတ်ပဲ ဘုရားရဲ့ အမျက်တော်ကို ဖော်ပြနေခြင်းပဲဖြစ်တယ်။ “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို ပယ်သောသူမူကား အသက်ကို မတွေ့ရ။ ထိုသူ၏အပေါ်၌ဘုရားသခင်၏အမျက်တော်သည် တည်နေသည်”(ယော၊၃း၃၆)။ အဲဒီ အမျက်တော် က ထာဝရတည်နေမှာဖြစ်တယ်။ သခင်ယေရှုက ပြောတယ်။ “ထိုသူတို့သည် ထာဝရပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူတို့ မူကား ထာဝရအသက်ရှင်ရာသို့ ၎င်း သွားရကြလတ္တံ့”(မ၊၂၅း၄၆)။ မကောင်းမှုက ဘုရားနှင့် ကွဲကွာစေတဲ့အရာဖြစ်ပြီး ပြောမထွက်အောင် ဆိုးရွားလှတဲ့ အမှန်တရားတစ်ခုဖြစ်တယ်။ ဒါကြောင့် သခင် ယေရှုက သတိပေးခဲ့ပါတယ်။ “သင်၏မျက်စိသည်လည်း သင့်ကို မှားယွင်းစေလျှင် မျက်စိကိုထုတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲမီးထဲသို့ မျက်စိနှစ်ဘက်စုံနှင့် ချခြင်း ကို ခံရသည်ထက် မျက်စိတဘက်နှင့် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏”(မာ၊၉း၄၇-၄၈)။
ဒါကြောင့် ထာဝရအသက်က ပျော်ရွှင်မှုနဲ့ နာကျင်မှုတွေ ရောနှောနေခြင်း မျိုး မဟုတ်ဘူး။ ငရဲဆိုတာအသက်တာအတွက် အဆိုးရွားဆုံးသောအရာဖြစ်သလို ထာဝရအသက်ဆိုတာကလည်း အကောင်းဆုံးသော အရာဖြစ်တယ်။ ၎င်းက မြင့်မြတ်ပြီး အပြစ်တရားနဲ့ ဝမ်းနည်းခြင်းတွေ ပျောက်လွင့်သွားပြီး ပျော်ရွှင်ခြင်းတွေ နှင့်ပဲ ပြည့်စုံစေပါတယ်။ အပြစ်ရဲ့ အကျိုးဆက်တွေဖြစ်တဲ့ မကောင်းမှုတွေ ခက်ခဲမှု တွေက ရွှေ့လျားသွားမှာဖြစ်တယ်။ အရာအားလုံးကကောင်းမြတ်ပြီး အမှန်တရားနဲ့ ထာဝရ ပျော်ရွှင်ခြင်းကိုသာ ယူဆောင်လာမှာဖြစ်တယ်။ ပို၍နက်နဲတဲ့ဖြူစင်ခြင်း၊ကောင်းမြတ်ခြင်းတွေကိုလည်း ထိန်းသိမ်းထားရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အသက်တာ ပြောင်းလဲသွားပြီး မယုံနိုင်လောက်တဲ့ပျော်ရွှင်ခြင်း၊ ငြိမ်သက်ခြင်းကို ခံစားရမှာဖြစ်ပါတယ်။ “ဘုရားသခင်ကိုချစ်သောသူတို့အဖို့ အလို့ငှါ ဘုရားသခင် ပြင်ဆင်တော်မူသောအရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး”(၁ကော၊၂း၉)။ အဲဒီအမှန်တရားက ယုံကြည်သူများရဲ့ အသက်တာ အတွက် မှန်ကန်နေပြီး ခရစ်တော်ကို ယုံကြည်ကိုးစားတဲ့သူအတွက် အကောင်း တွေချည်းပဲ ဖြစ်လာမှာဖြစ်တယ်။ ဘုရားရဲ့ ကျေနပ်ဖွယ်ကောင်းလှတဲ့ ဘုန်းတန်ခိုး တော်ကို တွေ့ရမှာဖြစ်တယ်။ “ထာဝရအသက်ဟူမူကား မှန်သောဘုရားသခင် တဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ် ကို၎င်း သိကျွမ်းခြင်းတည်း”(ယော၊၁၇း၃)။ ဒီအတွက် ခရစ်တော်က ဒုက္ခဝေဒနာ ခံစားပြီး အသေခံခဲ့ပါတယ်။ သူ့ကို ကျွန်ုပ်တို့ ရဲ့ အသက်တာမှာ အဖိုးထိုက်တန်သူ အဖြစ် အဘယ့်ကြောင့် မယုံကြည်နိုင်ရမှာလဲ။
၂၀။ ပစ္စုပ္ပန်ရဲ့ မကောင်းမှုတွေထဲကနေ ကယ်ချွတ်ရန်
ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏အလိုတော်နှင့်အညီ ဆိုးညစ်သော ဤပစ္စုပ္ပန်ဘဝမှ ငါတို့ကိုကယ်နှုတ်ခြင်းငှါ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ် အပ်ပေးတော်မူ၏။
ဂလာ၊၁း၄
ကျွန်ုပ်တို့မသေခင် သို့မဟုတ် ခရစ်တော်က သူ့ရဲ့ နိုင်ငံတော် တည်ထောင် ဖို့ ပြန်မလာခင်အထိ ကျွန်ုပ်တို့က ပစ္စုပ္ပန်ရဲ့ မကောင်းမှုကာလထဲမှာ အသက်ရှင်ရပါ တယ်။ ဒါကြောင့် သမ္မာကျမ်းထဲမှာ ဖော်ပြထားတာက ခရစ်တော်ဟာ သူ့အသက်ကို ပေးဆပ်ခြင်းဖြင့် ပစ္စုပ္ပန်ရဲ့ မကောင်းမှုတွေထဲကနေ ကျွန်ုပ်တို့ကို ကယ်ချွတ်ပြီး ကမ္ဘာလောကကြီးကနေ ကျွန်ုပ်တို့ကို လုံးလုံးလျားလျား ထုတ်ဆောင်သွားမှာမဟုတ်ပဲ စာတန်ရဲ့ တန်ခိုးတော်ထဲကနေ ကျွန်ုပ်တို့ကို ကယ်လွှတ်မှာဖြစ်တယ်။ သခင်ယေရှုက ဒီလို ဆုတောင်းခဲ့ပါတယ်။ “ဤသူတို့ကို ဤလောကမှနှုတ်တော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွှတ်စေခြင်းငှါ စောင်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏”(ယော၊၁၇း၁၅)။ သခင်ယေရှု ကမကောင်းသောအမှုအရာနဲ့ ကင်းလွှတ်ဖို့ ဆုတောင်းရတဲ့အကြောင်းရင်းကတော့ ယခုပစ္စုပ္ပန်ရဲ့ မကောင်းတဲ့အချိန်ကာလက လူတွေကိုလှည့်စားပြီး ဖြားယောင်းဖို့ လွတ်လပ်စွာ စာတန်ကို အခွင့်ပေးထားတဲ့အချိန်ဖြစ်ပါတယ်။ သမ္မာကျမ်းကပြောပါ တယ်။ “ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့ သည် မာရ်နတ်၏လက်၌ရှိကြသည်ကို၎င်း ငါတို့ သိကြ၏”(၁ယော၊၅း၁၉)။ “စာတန် ဟာ ကမ္ဘာပေါ်မှာ ဘုရားတစ်ဆူပါပဲ။ သူ့ ရဲ့ အဓိကရည်ရွယ်ချက်က လူတွေ အမှန်တရားကို မမြင်နိုင်ဖို့ပါဘဲ။ “မယုံကြည်သောသူတို့ကား ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိ တရား၏အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏”(၂ကော၊၄း၄)။
ဝိညာဉ်အမှောင်ထုထဲကနေ ကျွန်ုပ်တို့နိုးထမှုမရှိပါက ပစ္စုပ္ပန်ကာလရဲ့ မကောင်းမှုထဲမှာပဲရှိနေပြီး ၎င်းရဲ့ အုပ်စိုးမှုအောက်မှာ ရှိနေကြတယ်။ “အာကာသကောင်းကင်၏တန်ခိုးကို အစိုးရသောမင်းတည်းဟူသော ငြင်းဆန်သောသူတို့၌ ပြုပြင်သောဝိညာဉ်၏အလိုနှင့်အညီ ဒုစရိုက်အပြစ်တို့၌ ကျင်လည်ကြ၍ ထိုဒုစရိုက်အပြစ်၌ သေလျက်ရှိသောသင်တို့ကိုပင် ဘုရားသခင်သည်သာသက်ရှင်စေတော်မူပြီ” (ဧ၊၂း၂)။ ဒီအကြောင်းတွေကိုမသိရင် ကျွန်ုပ်တို့က စာတန်ရဲ့ အစေပါးပဲဖြစ်နေ မှာပါ။ ချုပ်နှောင်မှုမှလွတ်မြောက်တဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ?၊ သမ္မာကျမ်းက နှစ်ဆယ့်တစ်ရာစုရဲ့ ပေါ်ပင်၊ အပျော်အပါးနဲ့ အသက်ရှင်မှုတွေကို တိုက်ရိုက်ပြောနေ ပါတယ်။ “လွတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင် ကိုယ်တိုင်လွှတ်ခြင်း၏ ကျွန်ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား လူကိုနိုင်သောအရာသည် လူ၏သခင်ဖြစ် ၏”(၂ပေ၊ ၂း၁၉)။ သမ္မာကျမ်းထဲမှာ လွတ်မြောက်ခြင်းနဲ့ ဆိုင်ပြီး ဟိန်းထွက်နေတဲ့ အသံ ရှိတယ်။ “သင်တို့သည် လောကီပုံသဏ္ဌာန်ကိုမဆောင်ကြနှင့်…. စိတ်နှလုံး အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့”(ရော၊၁၂း၂)။ တနည်းအားဖြင့် ပြောရရင် ဒီမျက်မှောက်ကာလက လောကီအရာတွေရဲ့ လှည့်စား ခြင်းကိုမခံပါနဲ့။ သူတို့ကို ဒီနေ့ တွေ့ ရပေမဲ့ နောက်တစ်နေ့ ကျရင် ပျောက်သွားကြမှာ ဖြစ်တယ်။ “အဘယ်သူမျှကိုယ် ကိုမလှည့်ဖြားပါစေနှင့်။ သင်တို့တွင် အကြင်သူသည် ဤလောက၌ပညာရှိဖြစ်သည်ဟု ကိုယ်ကိုထင်၏။ ထိုသူသည် ပညာရှိအဖြစ်သို့ ရောက်လိုသောငှါ လူမိုက်ဖြစ်ပါစေ။ အကြောင်းမူကား လောကီပညာသည် ဘုရား သခင်ရှေ့ ၌မိုက်မဲခြင်းဖြစ်၏”(၁ကော၊၃း၁၈-၁၉)။ “ဆုံးရှုံးခြင်းသို့ ရောက်သော သူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရားဖြစ်၏”(၁ကော၊၁း၁၈)။ ဒီလိုအချိန်မျိုးမှာ ဘုရားသခင်ရဲ့ ဉာဏ်ပညာတော်က ဘာတွေရှိလဲ။ အဲဒါက ယေရှခရစ်တော်သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းပဲဖြစ်တယ်။ သခင်ယေရှုရဲ့ ကနဦး နောက်တော်လိုက်တွေက ပြောပါတယ်။ “လက်ဝါးကပ်တိုင်တော်မှာ အသေခံတော်မှ သော ခရစ်တော်၏အကြောင်းအရာကို ဟောပြောကြ၏… ဘုရားသခင်၏တန်ခိုး တော်နှင့် ပညာတော်တည်းဟူသော ခရစ်တော်၏တရားဖြစ်၏”(၁ကော၊၁း၂၃-၂၄)။ ခရစ်တော်ဟာ ကားတိုင်ပေါ် အတင်ခံရတဲ့အခါမှာ ဖမ်းဆီးချုပ်နှောင် ခံရတဲ့လူသန်းပေါင်းများစွာကို လွတ်မြောက်စေခဲ့တယ်။ စာတန်ရဲ့ လိမ်လည်မှုကိုဖော်ထုတ်ခဲ့ပြီး သူ့ရဲ့ တန်ခိုးတွေကိုလည်း ချိုးဖျက်ခဲ့ပါတယ်။ လက်ဝါးကပ်တိုင်ပေါ် အသေခံရမည့်နေ့ မတိုင်မီမှာ ဒီအကြောင်းကို ရည်ရွယ်ပြီး သူပြောခဲ့ပါတယ်။ “ယခုတွင် ဤလောကကို အစိုးရသောမင်းသည် ပြင်သို့နှင်ထုတ် ခြင်းကိုခံရလိမ့်မည်” (ယော၊၁၂း၃၁)။ ရှုံးနိမ့်တဲ့ဘက်ကိုပါမသွားစေနဲ့။ ခရစ်တော်နောက်ကို လိုက်ပါ။ အလွန်အဖိုးထိုက်တန်လှပါတယ်။ အခုအချိန်မှာတော့ နှိပ်စက်ခြင်းကိုခံရလိမ့်မယ်။ ဒါပေမယ့် သင်လွှတ်မြောက်လိမ့်မှာဖြစ်ပါတယ်။
၂၁။ ဘုရားသခင်နှင့် ကျွန်ုပ်တို့ ပြန်လည်သင့်မြတ်ရန်
အကြောင်းမူကား ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏သားတော် အသေခံတော်မူခြင်းအား ဖြင့် ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်းကျေးဇူးတော်ကို ခံရသည်မှန်လျှင် မိဿဟာယဖွဲ့ပြီးမှ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟု သာ၍မြော်လင့်စရာရှိ၏။
ရော၊၅း၁၀
အပြစ်ရှိတဲ့လူသားနဲ့ ဘုရားရဲ့ ကြားမှာ လိုအပ်နေတာကတော့ နှစ်ဦး နှစ်ဘက် မိတ်သဟာရဖွဲ့ဖို့ပဲဖြစ်တယ်။ ယုံကြည်ခြင်းကို ဆန့်ကျင်တဲ့သဘောတွေကိုပြောင်းလဲပစ်ပြီး ကျွန်ုပ်တို့ရဲ့ စိတ်နှလုံးသားကို ဘုရားသခင်အတွက် ပြင်ဆင်ရပါမယ်။ ဘုရားသခင်က ကျွန်တော်တို့ ကို အမျက်တော်မှလွဲပြီး သနားခြင်းကရုဏာတော် သက်ရောက်လာစေဖို့ ဖြစ်တယ်။ ကျွန်ုပ်အသက်တာကို ပြောင်းလဲဖို့ ဘုရားရဲ့ အကူ အညီ လိုအပ်ပေမယ့် ဘုရားက ကျွန်ုပ်တို့ဆီက အကူအညီ မလိုပါဘူး။ ကျွန်ုပ်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုက အပြင်ကနေ ရောက်လာမှာဖြစ်ပြီး ဘုရားရှင်ဘက်ကနေပြောင်းလဲဖို့ မလိုပါဘူး။ ကျွန်တော်တို့က ဘုရားရှင်ရဲ့ ကိုယ်ပိုင်အကြံအစည်တော်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတာတွေကို ရပ်တန့်ပြီး ကောင်းတာတွေကို အစပြုဖို့ပဲ ဖြစ်တယ်။ အရေးပါဆုံး ဝေါဟာရက “ရန်သူဖြစ်လျက်ပင်”ပဲဖြစ်ပါတယ်။ “သားတော် ရဲ့အသေခံတော်မူခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်မိတ်ဿဟာယဖွဲ့ခြင်း၊ အခွင့်ရခဲ့တယ်”(ရော၊၅း၁၀)။ ကျွန်ုပ်တို့သည် ရန်သူဖြစ်လျက်ပင် တစ်နည်းအားဖြင့် ပြောရရင် အဦးဆုံး ပြောင်းလဲစေတဲ့သူက ကျွန်ုပ်တို့ မဟုတ်ပဲ ဘုရားပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့က မိမိသဘောအတိုင်း အသက်ရှင်နေတဲ့အခါ ဘုရားနဲ့ ရန်သူဖြစ်နေ တုန်းပါပဲ။ ဘုရားသခင်က ကျွန်ုပ်တို့မပါဘဲ အသက်ရှင်တယ်။ လုပ်ဆောင်နိုင်တယ်။ ဘုရားရဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ နည်းလမ်းက တစ်ခြားစီဖြစ်နေတယ်။ “ဇာတိ ပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလိုသို့ မလိုက်တတ်၊ ထိုမျှမက မလိုက်နိုင်”(ရော၊၈း၇)။
ဒီလိုအခြေအနေမျိုးမှာ ဘုရားသခင်က ကျွန်ုပ်တို့အပြစ်ကြောင့် အမျက်တော်တွေခရစ်တော်ကိုယူဆောင်စေခဲ့ပြီး ကျွန်တော်တို့ အား ကရုဏာတော် လမ်းပြင်ဆင်ပေးခဲ့တယ်။ ဘုရားဘက်ကနေ စေ့စပ်ငြိမ်းချမ်း ရေးကိုသူကိုယ်တိုင်စလုပ်ခဲ့ပြီး မိတ်သဟာယဖွဲ့ဖို့ အဟန့်အတားတွေဖြစ်စေတဲ့အရာတွေအားလုံးကို ပယ်ရှားပစ်ခဲ့ကာ ကျွန်ုပ်တို့အပြစ်ကြောင့် ညစ်ညမ်းမှုတွေကို ဆေးကြောပေးခဲ့တယ်။ “ဘုရားသခင်သည် ခရစ်တော်အထဲ၌ရှိနေလျက် လောကီ သားတို့၏အပြစ်များကို မှတ်တော်မမူ၊ ရန်ငြိမ်းစေ၍ မိတ်သဟာယဖွဲ့စေတော်မူ၏။ (၂ကော၊၅း၁၉)။
ခရစ်တော်ရဲ့ သံတမန်တွေက ကမ္ဘာလောကကြီးထဲ ဒီသတင်းကောင်းကို ယူဆောင်သွားတဲ့အခါ “သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ကြလော့… ငါတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏(၂ကော၊၅း၂ဝ)လို့ ပြောတဲ့အခါမှာ “ဘုရားသခင်ထံသို့ ရောက်ရန် စိတ်နှလုံးကို ပြောင်းလဲကြလော့”ဆိုတဲ့သဘောလား။ အဲဒီအဓိပ္ပါယ်တစ်ခုတည်း မကဘူး။ ဘုရားရှင် ဦးစွာလုပ်ဆောင်ခဲ့တဲ့ ဘုရားသခင်နဲ့ ပြန်လည် မိတ်သဟာယဖွဲ့ ခြင်းမှာလည်း လက်ခံလုပ်ဆောင်ဖို့လိုတယ်။ လူသားတွေကြားမှာ မိတ်သဟာယဖွဲ့ ခြင်းဆိုတဲ့သဘောကို ခွဲခြမ်းစိတ်ဖြာဆင်ခြင်ကြည့်ကြပါစို့။ သခင်ယေရှုက ပြော တယ်။ “သင်တို့သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ ဆောင်ယူခဲ့လျက် သင်၏ ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင် ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သက္ကာကိုတင်လော့”(မ၊၅း၂၃-၂၄)။ “ညီအစ်ကိုနှင့် သင့်တင့်လော့”လို့ပြောတဲ့အခါမှာ သူစီရင်ခြင်းခံရမယ့်အရာတွေကို ပယ်ရှားသင့်တယ်လို့ သတိပြုမိရ မှာဖြစ်ပါတယ်။ သင်နဲ့ ဆန့်ကျင်ဘက်ပြုနေတဲ့ ညီအစ်ကိုတွေက ကျွန်ုပ်တို့နဲ့ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုနေသလိုပါပဲ။ ညီအစ်ကိုနှင့် သင့်တင့်လော့ဆိုတဲ့ အဓိပ္ပါယ်က သင်လုပ်ဆောင်သင့်တဲ့အရာကို လုပ်ဆောင်ခြင်းအားဖြင့် သင့်ကို ဆန့်ကျင်ဘက်ပြုနေတဲ့ သူရဲ့ အပြစ်တွေက ရွေ့လျားသွားမှာဖြစ်ပါတယ်။ ခရစ်တော် ရဲ့ ဧဝံဂေလိ သတင်းစကားကို ကြားတဲ့အခါမှာ ဘုရားသခင်က အဲဒီအရာအားလုံးကို လုပ်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်တိုင် အပြစ်စီရင်ခံရမယ့်အရာ ကိုယ်တိုင် မထမ်းရွက်နိုင်တဲ့အရာတွေကို ခရစ်တော်က ယူတင်ခဲ့တယ်။ ကျွန်ုပ်တို့ရဲ့ နေရာမှာ ခရစ်တော်ကို ဒုက္ခဝေဒနာခံစေခဲ့ပါတယ်။ ကျွန်ုပ်တို့ တစ်တွေ ရန်သူဖြစ်စဉ်ပင် မိတ်ဆွေ ဖြစ်စေခဲ့ပါတယ်။ မိတ်သဟာယဖွဲ့ခြင်းအတွက် ကျွန်ုပ်တို့ဘက်က လုပ်ဆောင်ရမယ့်အရာက ဘုရားရှင်လုပ်ဆောင်ခဲ့ပေးတာတွေကို လက်ခံရယူဖို့ပဲ ဖြစ်ပြီး အဖိုးထိုက်တန်တဲ့လက်ဆောင်ကို လက်ခံရယူဖို့ပဲဖြစ်ပါတယ်။
၂၂။ ကျွန်ုပ်တို့ကို ဘုရားသခင်ထံတော်ပါးသို့ ခေါ်ဆောင်သွားရန်
ငါတို့ကို ဘုရားသခင်အထံတော်သို့ ပို့ဆောင်ခြင်းငှါ ဖြောင့်မတ်တော်မူသော သူသည် မဖြောင့်မတ်သောသူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူသည်။ ၁ပေ၃း၁၈
သင်တို့သည် အထက်ကဝေးလျက်ရှိသော်လည်း ယခုမှာ ယေရှုခရစ်၌ဖြစ်၍ အသွေးတော် အားဖြင့် အနီးသို့ရောက်ကြပြီ။
ဧဖက်၊ ၂း၁၃
အရာအားလုံးပြီးသွားတဲ့အခါ သတင်းကောင်းပေါ်လာပါတယ်။ ဧဝံဂေလိ ရဲ့ အဓိပ္ပါယ်ကတော့ “သတင်းကောင်း”ပဲဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာတရားက ဓမ္မအတွေးအခေါ်တစ်ခု မဟုတ်ပဲ သတင်းကောင်းဖြစ်ပါတယ်။ စစ်သုံ့ပန်းတွေဟာမျှော်လင့်ချက်ကင်းမဲ့နေတဲ့အချိန်မှာ ရေဒီယိုကနေတစ်ဆင့် အထူးတပ်ဖွဲ့မှ ကယ်တင် ရန် ရောက်လာမယ့်အကြောင်း သတင်းကောင်း ကြားသိရတဲ့အခါ သူတို့တစ်တွေ အားလုံး ဘယ်လောက်ပျော်နေမလဲ?။ လူသားအားလုံးအတွက် သတင်းကောင်း ဆိုရင်ကော ဘယ်လိုနေမလဲ။ အရာအားလုံးက တစ်ဆူတည်းဖြစ်တော်မူထသော၊ ဘုရားရှင်ကိုယ်တော်တိုင်မှာပဲ တည်နေပါတယ်။ ဥပမာ ကယ်တင်ခြင်းဆိုတာက ငရဲကနေ ကယ်ချွတ်ရုံသာဖြစ်တယ်ဆိုရင် ဒါက သတင်းကောင်းမဟုတ်ဘူး။ ခွင့်လွှတ်ခြင်းတရားက အပြစ်ကနေပဲ ပြန်လည်ရှင်သန်ဖို့ အခွင့်ပေးတယ်ဆိုရင် ဘုရားဆီကို လမ်းမဖွင့်ပေးဘူးဆိုရင်တော့ သတင်းကောင်းမဟုတ်သေးပါဘူး။ တရား စီရင်ခြင်းက ဘုရားသခင် ကျွန်ုပ်တို့ကိုလက်ခံနိုင်ဖို့ တရားဝင်နည်းလမ်းဖြစ်ပေမယ် ဘုရားရှင်နဲ့ မိတ်ဿဟာယဖွဲ့ခွင့်မရဘူးဆိုရင် သတင်းကောင်းမဟတ်ပါ ကယ်တင်ခြင်းတရားက ချုပ်နှောင်ခြင်းကနေ လွှတ်မြောက်ခွင့်ပေးပြီး ဘုရားသခင်ထံ သို့ ကျွန်ုပ်တို့ကိုခေါ်မသွားဘူးဆိုရင် သတင်းကောင်းမဟုတ်ပါ။ မွေးစားတယ်ဆိုတာ က ခမည်းတော်ရဲ့ မိသားစုထဲမှာ ဝင်ခွင့်ပေးပြီး သူ့ရဲ့ ရင်ခွင်တော်မှာ ခြင်းမခံရရင် သတင်းကောင်းမဟုတ်ပါဘူး။ ဒါက အလွန်အရေးကြီးပါတယ်။ လ အသားစက တရားကိုယုံကြည်သက်ဝင်ခြင်းမရှိပဲ သတင်းကောင်းကိုတော့ ယုံကြည် လက်ခံထားကြပါတယ်။ ကျွန်ုပ်တို့က ငရဲကနေလွှတ်ချင်ပေမယ့် အသစ်သောနှလုံးသားကိုရရှိတယ်ဆိုတာ သေချာတဲ့အထောက်အထားမရှိဘူး။ ဒါက သဘာဝ အလျောက် ဆန္ဒတွေပြီးပြည့်စုံခြင်းဖြစ်ပြီး သဘာဝလွန်တရားမဟုတ်ဘူး။ ခွင့်လွှတ် ခြင်း သို့မဟုတ် ဘုရားသခင်ရဲ့ အမျက်တော်ကို ဖယ်ရှားဖို့ ဒါမှမဟုတ် ဘုရားသခင် ရဲ့ အမွေခံဖို့ စတဲ့အရာတွေအတွက် အသစ်သောနှလုံးသားကို လိုလားတယ်ဆိုတာ မမှန်ဘူး။ ဝိညာဉ်အသက်တာ ပြောင်းလဲမှုမရှိရင် ဒီအရာတွေကို နားလည်နိုင်မှာ မဟုတ်ဘူး။ ဒီအရာတွေကို ယူချင်ရုံနဲ့ပဲ အသစ်တဖန်မွေးဖွားစရာမလိုပါဘူး။ စာတန် က ဒီအရာမျိုးကို လိုလားနေတာပဲ။ ဒါတွေကို လိုချင်တာမမှားပေမယ့် ဒီလိုဆန္ဒမျိုး ကိုက ရူးသွပ်ခြင်းပါပဲ။ ဒါပေမယ့် ဒီအရာတွေကိုလိုချင်လို့ ကျွန်ုပ်တို့ဝမ်းမြောက်ဖို့ ဘုရားသခင်ထံတော်သို့ ဆောင်ယူသွားခြင်းပဲဖြစ်တယ်။ ဒီလိုမျိုး ကြီးမြတ်တဲ့အရာ အတွက် ခရစ်တော်အသေခံခဲ့ခြင်းပဲဖြစ်ပါတယ်။ “ငါတို့ကို ဘုရားသခင့် အထံတော် သို့ ပို့ဆောင်ခြင်းငှါ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့ အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူသည်”(၁ပေ၃း၁၈)။ ။
သတင်းကောင်းရဲ့ အနှစ်သာရက ဘာကြောင့်ဒီအချက်ဖြစ်နေရတာလဲ။ ဘုရားရှင်ရဲ့ ဘုန်းတော်နဲ့ဆိုင်တဲ့ သိတင်းကောင်းကိုမြင်တွေ့ခံစားရပြီး ပြည့်ဝစုံလင်တဲ့ ခံစားချက်မျိုးကို ရရှိနိုင်ဖို့ရန်ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အကြီးမြတ်ဆုံးသော ပျော်ရွှင်ခြင်း က ဘာမှမဟုတ်တဲ့အရာကနေ လာတယ်ဆိုရင် ကျွန်ုပ်တို့က ရုပ်တုဆင်းတုကိုးကွယ် တဲ့ သူသာဖြစ်ပြီး ဘုရားသခင်ကို ကြည်ညိုလေးစားရာမမည်ပါ။ ကျွန်ုပ်တို့ရရှိထားတဲ့ပျော်ရွှင်ခြင်းက သူ့ရဲ့ ဘုန်းတော်အားဖြင့်သာ ဖြစ်စေလိုတာကို သူက ပြခဲ့ပါတယ်။ ခရစ်တော်ရဲ့ဧဝံဂေလိနဲ့ဆိုင်တဲ့ သတင်းကောင်းက သားတော်ရဲ့ အဖိုးထိုက်တဲ့ အသက်တာမှာ တည်နေပြီး ဘုရားသခင်က ကျွန်ုပ်တို့ကို ထာဝရပျော်ရွှင်ကြည်နူး နှစ်သိမ့်နိုင်ဖို့ လိုအပ်တာတွေအားလုံးကို လုပ်ဆောင်ပေးခဲ့ပါတယ်။ ခရစ်တော် မကြွဆင်းလာခင်ကတည်းက ဘုရားရှင်က ထာဝရပျော်ရွှင်ခြင်း၊ ပြည့်စုံခြင်းရဲ့ မူလ ရင်းမြစ်ဖြစ်ကြောင်းကို ဖွင့်ပြခဲ့ပါတယ်။ “အသက်ရှင်ခြင်းလမ်းကို ပြညွှန်တော်မူလိမ့် မည်၊ အထံတော်၌စုံလင်သော ဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏”(ဆာ၊၁၆း၁၁)။
၂၃။ သူသည် ကျွန်ုပ်တို့အား ပိုင်သတော်မူရန်
သင်တို့သည် တခြားသောသူတည်းဟူသော သေခြင်းမှထမြောက်တော်မူသော သူ မယားဖြစ်၍ ဘုရားသခင်၏အလိုတော်နှင့်အညီ တိုးပွားမည်အကြောင်း ခရစ်တော ကိုယ်ခန္ဓာအားဖြင့် သေ၍ပညတ်တရားနှင့် ကွာကြ၏။ ရော၊၇း၄
သင်တို့သည် အဖိုးနှင့်ဝယ်ယူတော်မူသောသူဖြစ်သောကြောင့် မိမိတို့ကိုယ်ကို မမတူ မပိုင်ကြောင်းကို၎င်း မသိကြသလော။
၁ကော၊၆း၁၉-၂၀
ဘုရားသခင်သည် မိမိအသွေးနှင့်ဝယ်တော်မူသောအသင်းတော်ကို လုပ်ကျွေးစေခြင်း သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ် ခန့်ထားတော်မူသော သိုးစု တစ်စုလုံးကိုလည်း သတိနှင့်ကြည့်ရှုကြလော့။
တ၊ ၂၀း၂၈
အနှိုင်းမဲ့မေးခွန်းတစ်ခုကတော့ သင်ဟာ ဘယ်သူလဲဆိုဒါထက် သင့်ကို ဘယ်သူပိုင်သလဲဆိုတဲ့အချက်ပါပဲ။ လူတွေက ဘယ်သူတစ်ဦးတစ်ယောက်မှရဲ့ကျေးကျွန် မဟုတ်ဘူးဆိုတာကို တွေးမိကြတယ်။ သူတို့ဟာ နဲ့သူတို့ရပ်တည်နေကြ တယ်လို့ စိတ်ကူးကြတယ်။ ရေလိုပဲ ဒီရေအတက်အကျ နောက်မျောပါသွားပြီး ဘာအချုပ်အနှောင်မှမရှိပဲ လွတ်လပ်စွာလွင့်မျောနေသလိုပါပဲ။ ဒါပေမယ့် အဲဒီလို တွေးတဲ့လူတွေအတွက် သခင်ယေရှုက ပြောစရာရှိနေပါတယ်။ “သမ္မာတရားကို လည်း သိကြသဖြင့် ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်”။ ဒါပေမယ့် သူတို့က တုံ့ပြန်ကြတယ်။ “ငါတို့သည် … အဘယ်သူထံ၌ တစ်ရံတစ်ခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟု သင်သည် အဘယ်သို့ပြောဆိုသနည်းဟု မေးမြန်းကြ၏။ ယေရက လည်း ငါအမှန်အကန်ဆိုသည်ကား ဒုစရိုက်ကိုပြုသမျှသောသူတို့သည် ဒုစရိုက် ကျွန်ဖြစ်ကြ၏”(ယော၊၈း၃၂-၃၄)။ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အသက်ရှင် ကျရှုံးတဲ့ လူသားတွေအတွက် သမ္မာကျမ်းက မဟုတ်မမှန်တာတွေကိုမပြောပါဘူး။
လောကကြီးထဲမှာ ကိုယ်ပိုင်လုပ်ဆောင်ခွင့်မရှိပါဘူး။ ကျွန်ုပ်တို့က ဘုရား သို့မဟုတ် အပြစ်ရဲ့ အုပ်စိုးခြင်းကို ခံနေရပါတယ်။ “အကြင်သူ၏အထံ၌
အစေခံကျွန်ဖြစ်ခြင်းငှါ သင်တို့ဝင်၍အစေခံ၏… သင်တို့သည် အပြစ်တရား၏ ကျွန် ဖြစ်စဉ်ကာလ ဖြောင့်မတ်ခြင်းတရား၏လက်မှလွှတ်ကြ၏… ယခုမူကား သင်တို့သည် အပြစ်အကျိုးကိုရကြ၏။ အဆုံး၌လည်း ထာဝရအသက်ကိုရကြ လိမ့်မည်”(ရော၊၆း၁၆။ ၂၀။ ၂၂)။ ကျွန်ုပ်တို့က ကိုယ်လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိကြ တယ်။ ဒါပေမယ့် ကျွန်ုပ်တို့ လုပ်သင့်တာတွေကို မလုပ်မိကြဘူး။ ဒါတွေလုပ်နိုင်ဖို့ ဘုရားရှင်ရဲ့ ရွေးနှုတ်ခြင်းအပေါ် အခြေခံတဲ့အသစ်သော ခွန်အားတန်ခိုးတွေ လိုအပ် ကြပါတယ်။ အဲဒီတန်ခိုးတော်က ဘုရားဆီမှာပဲရှိတယ်။ ဒီအတွက်ကြောင့် သမ္မာ ကျမ်းကဖော်ပြထားပါတယ်။ “သင်တို့သည် အပြစ်တရား၏ကျွန် ဖြစ်ဘူးသော်လည်း ယခုတွင်ခံခဲ့ပြီးသော ဩဝါဒနည်းဥပဒေသစကားကို စေတနာစိတ်နှင့် နားထောင်ကြ သည်ဖြစ်၍ ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏”(ရော၊၆း၁၇)။ “ဆီးတားငြင်းခုံ သောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ သမ္မာတရားကို ဝန်ခံခြင်းအလို့ငှါ နောင်တကိုဘုရားသခင် ပေးကောင်းပေးတော်မူမည်။ မာရ်နတ်၏အလိုအတိုင်း ဘမ်းမိသော ထိုသူတို့သည် သတိရ၍ ထိုဘမ်းမိရာမှ လွတ်ခြင်းသို့ ရောက်ကောင်း ရောက်ကြလိမ့်မည်”(၂တိ၊ ၂း၂၅-၂၆)။
ရွေးနှုတ်ဝယ်ယူပြီး လွှတ်ခြင်းအခွင့်ပေးတဲ့တန်ခိုးကတော့ ခရစ်တော်ရဲ့ အသေခံခြင်းပဲဖြစ်တယ်။ “သင်တို့သည် အသွေးနှင့်ရွေး၍ ဝယ်ယူတော်မူသော သူဖြစ်သောကြောင့် မိမိတို့ကိုယ်ကို မပိုင်သည်ကိုမသိကြသလော”(၁ကော၊၆း၁၉၂၀)။ သူ့ကိုယုံကြည်ကိုးစားသူတွေအတွက် ခရစ်တော်က ဘာအဖိုးအခတွေ ပေးခဲ့ပါ သလဲ။ “အသွေးနှင့်ဝယ်ယူတော်မူခဲ့တယ်”(တ၊ ၂၀:၂၈)။ အခုတော့ ကျွန်ုပ်တို့ အမှန် တကယ်လွှတ်မြောက်ကြပါပြီ။ ကိုယ်ပိုင်လုပ်ဆောင်ခွင့်ရယူဖို့မဟုတ်ပဲ ကောင်းမြတ် တဲ့အရာကိုရယူချင်လို့ ပဲဖြစ်တယ်။ ခရစ်တော်ရဲ့ အသေခံခြင်းက ကျွန်တော်တို့ရဲ့ အတ္တကို သတ်ပစ်နေခြင်းဖြစ်ပြီး အသစ်သောအသက်တာဆီသို့ ပို့ဆောင်နေပါ တယ်။ ခရစ်တော်ရဲ့ ရှင်သန်နေတဲ့မိတ်သဟာယဖွဲ့ခြင်းက အစားထိုး ဝင်ရောက်လာ ပြီး စိုးစံတော်မူပါတယ်။ အသီးအပွင့်တွေဝေဆာနေတဲ့ လွတ်မြောက်ခြင်းက ချုပ်နှောင်ထားတဲ့ပညတ်တရားနေရာမှာ အစားထိုးဝင်ရောက်လာပါတယ်။ “ထိုနည်းတူ ငါ့ညီအစ်ကိုတို့ သင်တို့သည် အခြားသောသူတည်း ဟူသောသေခြင်းမှ ထမြောက်တော်မူသောသူ၏မယားဖြစ်၍ ဘုရားသခင်၏အလိုတော်နှင့်အညီ တိုးပွားမည်အကြောင်း ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့်ကွာကြ၏”(ရော၊၇း၄)။
ကျွန်တော်တို့တစ်တွေ ပညတ်တရားနဲ့ အပြစ်မှ လွှတ်မြောက်ပြီး ကျွန်တော် တို့ကို ပိုင်သရန် ခရစ်တော်က ဒုက္ခဝေဒနာခံကာ အသေခံခဲ့ပါတယ်။ နာခံခြင်းက ဝန်ထုပ်ဝန်ပိုးတွေကို ပေါ့ပါးသွားစေပြီး လွှတ်မြောက်ခြင်းနဲ့ ဆိုင်တဲ့အသီးအပွင့်တွေ ကို ဝေဆာစေခဲ့တယ်။ သင်က သင့်ကိုယ်သင် မပိုင်ဘူးဆိုတာကို သတိပြုပါ။ သင့်ကို ဘယ်သူပိုင်သလဲ။ ခရစ်တော်ဖြစ်ပါက လာရောက်ပြီး သူ့ရဲ့ပိုင်ဆိုင်မှုကို ခံယူပါ။
၂၄။ ယုံကြည်စိတ်ချစွာဖြင့် အသန့်ရှင်းဆုံးသောငှါနတော်ထဲသို့ ဝင်စေရန်
ထိုသခင်ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင် ငါတို့သည် သန့်ရှင်းရာ ဌာနထဲသို့ အသွေးတော်ကိုအမှီပြု၍ အဆီးအတားမရှိ ဝင်ရသောအခွင့်ရှိသဖြင့် –
ဟေဗြဲ၊၁၀း၁၉ ၊
ဓမ္မဟောင်းကျမ်းထဲက ကြီးမြတ်လှတဲ့လျှို့ဝှက်နက်နဲချက်တစ်ခုကတော့ ဣသရေလတွေခေါ်ကြတဲ့ “ဝတ်ပြုရာတဲတော်”ဖြစ်ပြီး အဓိပ္ပါယ်ကတော့ ဝတ်ပြုတဲ့ အခါ အသုံးပြုတဲ့ တဲတော်ပဲဖြစ်ပါတယ်။ ဒီအကြောင်းကို အရိပ်အမြွက် ဖော်ပြထား ပေမယ့် တိကျစွာ ဖော်ပြထားခြင်းမရှိပါဘူး။ ဣသရေလတွေ အီဂျစ်ကနေထွက်လာ ပြီး သိနာတောင်ကိုရောက်တဲ့အခါမှာ ဝတ်ပြုကိုးကွယ်ရာ တဲတော်ဆောက်ဖို့ ဘုရား သခင်က အသေးစိတ် ညွှန်ကြားထားပါတယ်။ အဲဒီ လျှို့ဝှက်နက်နဲတဲ့အရာကို လုပ်ဆောင်ဖို့ အမိန့်ပေးထားပါတယ်။ “တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံ နှင့်ညီလျော်စွာ လုပ်ခြင်းငှါ သတိပြုရမည်”(ထွက်၊၂၅း၄၀)။
သခင်ယေရှုကမ္ဘာလောကကြီးထဲ ကြွဆင်းလာပြီးနောက် နှစ်ပေါင်း (၁၄၀၀)ကျော်ကြာတဲ့အခါမှာ ရှေးကျတဲ့ ဝတ်ပြုရာတဲတော် ရဲ့ ပုံသဏ္ဌာန်ကကောင်းကင်နိုင်ငံမှာ အမှန်တကယ်ရှိနေတဲ့အရာရဲ့ “မိတ္တူ” သို့မဟုတ် “ပုံရိပ်” ဖြစ်ကြောင်းကို ပိုမိုပြီး ပြည့်ဝစုံလင်စွာ ပုံဖော်ထားပါတယ်။ ဝတ်ပြုရာတဲတော်ဟာကောင်းကင်ဘုံကပုံကို မြေကြီးပေါ်မှာ ပုံဖော်ထားခြင်းဖြစ်တယ်။ ဒါကြောင့် ဓမ္မသစ် ကျမ်းထဲမှာ ဒီလိုဖော်ပြထားပါတယ်။ “မောရှေသည် တဲတော်ကို ဆောက်လုပ်အံ့ သောအခါ၊ တောင်ပေါ်မှာ သင့်အား ပြခဲ့ပြီးသောပုံနှင့်ညီလျော်စွာ အလုံးစုံတို့ကို လုပ်ခြင်းငှါ သတိပြုရမည်ဟု ဗျာဒိတ်တော်ကိုခံရသည်ဖြစ်၍ ထိုယဇ်ပုရောဟိတ် တို့သည် ကောင်းကင်အရာတို့၏ပုံပမာအရိပ်နှင့်သာဆိုင်လျက် ဝတ်ကိုပြုနေကြ၏ (ဟေဗြဲ၊၈း၅)။
ဓမ္မဟောင်းကျမ်းထဲက ဣသရေလတွေရဲ့ ဝတ်ပြုခြင်းပုံစံတွေက ပိုမိုပြီး စစ်မှန်တဲ့အရာဆီကို ဦးတည်နေကြောင်း မီးမောင်းထိုးပြထားပါတယ်။ တဲတော်ထဲမှာ သန့်ရှင်းရာအခန်းတွေ ယဇ်ပုရောဟိတ်က တိရစ္ဆာန်တွေရဲ့ အသွေးနဲ့ ယဇ်ပူဇော် ခြင်းကို မကြာခဏပြုလုပ်ပြီး ဘုရားသခင်နဲ့ တွေ့ဆုံတဲ့နေရာဖြစ်တဲ့အတွက် အနှိုင်းမဲ့ မြင့်မြတ်လွန်းတဲ့ “သန့် ရှင်းရာနေရာ”ပဲဖြစ်တယ်။ ကောင်းကင်ဘုံက သန့်ရှင်းရာ
နေရာမှာတော့ ခရစ်တော်က သူ့ရဲ့ အသွေးတော်ကို ထပ်ခါထပ်ခါ မဟုတ်ပါ တစ်ကြိမ်တစ်ခါတည်းနဲ့ အားလုံးအတွက် လုပ်ဆောင်ခဲ့ပါတယ်။ “ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့်မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သော တဲတော်၌ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည် ငါတို့အဘို့ ထာဝရရွေးနှုတ်ခြင်းကျေးဇူးကို ခံရ၍ ဆိတ်အသွေး၊ နွားကလေး အသွေးနှင့်မဟုတ် မိမိအသွေးတော်နှင့် သန့်ရှင်းရာဌာနထဲသို့ တခါတည်း ဝင်တော် မူ၏(ဟေဗြဲ၊၉း၁၁-၁၂)။
အဲဒီအတွက် အကျိုးသက်ရောက်မှုကတော့ ကျွန်ုပ်တို့အတွက် လမ်းပွင့် သွားပြီး ခရစ်တော်နဲ့အတူ ဘုရားရှင်ရှေ့တော်မှောက်က အသန့်ရှင်းဆုံးသောနေရာ ထဲသို့ ဝင်ခွင့်ရခဲ့ပါတယ်။ ယဇ်ပုရောဟိတ်မင်းတပါးတည်းသာလျှင် ဘုရားသခင် ရဲ့ ဘုန်းတော်ပေါ်လွင်တဲ့ တဲတော်ထဲကို တစ်နှစ်လျှင် တစ်ခါသာ ဝင်ခွင့်ရှိပါတယ် (ဟေဗြဲ၊၉း၇)။ ဘုန်းတော်ထင်ရှားစေတဲ့နေရာကို ကန့်လန့်ကာကာနဲ့ ကာထားပြီးတော့ တားမြစ်ထားပါတယ်။ သမ္မာကျမ်းထဲမှာ သခင်ယေရှုက ကားတိုင်ပေါ်မှာ နောက်ဆုံးသောအချိန် အသက်ချုပ်နေစဉ် “ဗိမာန်တော်၏ကုလားကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ မြေကြီးလှုပ်လေ၏။ ကျောက်များတို့သည် ကွဲပြားကြ၏”(မ၊၂၇း၅၁)။
ဒါက ဘာအဓိပ္ပါယ်ကို ဖော်ဆောင်သလဲ။ ဒီစကားလုံးတွေနဲ့ အနက်ဖွင့်ထား ပါတယ်။ “ထို့ကြောင့် ညီအစ်ကိုတို့ကို ယေရှု၏ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင်ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင် ငါတို့သည် သန့်ရှင်းရာဌာနထဲသို့အသွေးတော်ကိုအမှီပြု၍ အဆီးအတားမရှိ ဝင်ရသောအခွင် ရှိသဖြင့်” (ဟေဗြဲ၊၁၀း၁၉-၂၀)။ အသန့်ရှင်းဆုံးသောဘုရားက ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ ကို မကွယ်ကာဘူးဆိုရင် သူသည်လည်း ယုံကြည်လေးစားထိုက်သောသ မဟုတ်သလို ကျွန်ုပ်တို့လည်း အပြစ်အတွက် စီရင်ခြင်းခံရမှာဖြစ်ပါတယ်။ ဒါပေမယ် အခုတော့ ခရစ်တော်အားဖြင့် သန့်ရှင်းတော်မူသော ဘုရားသခင်ရဲ့အထံတော်ပါးကို တိုးဝင်ချဉ်းကပ်ခွင့်ရပြီး ကျွန်ုပ်တို့ရဲ့နှလုံးသားကလည်း ကြည်ညိုလေးစားရပါတယ်။ ကျွန်ုပ်တို့လည်းအပြစ်စီရင်ခြင်းခံရတော့မှာမဟုတ်ပါဘူး။ ခရစ်တော်က အားလုံး အတွက် ကွယ်ကာခဲ့ပြီဖြစ်လို့ ဘုရားက ကြည်ညိုလေးစားခြင်းခံရပြီး ထာဝရ လေးစားမှုကြား ကျွန်ုပ်တို့ရပ်တည်နိုင်မှာဖြစ်တယ်။ ဒါကြောင့် ဘုရားသခင် တိုးဝင်ဖို့ရန် မကြောက်ပါနဲ့။ ခရစ်တော်အားဖြင့် လာခဲ့ပါ။
၂၅။ ကျွန်ုပ်တို့ ဘုရားသခင်နှင့် ဆုံတွေ့စေရန်
ယေရှုကလည်း ဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင် တည်ဆောက် မည်ဟု မိန့်တော်မူ၏။ ယုဒလူတို့က အနှစ်လေးဆယ်ခြောက်နှစ်ပတ်လုံး ဤဗိမာန်တော် ကိုတည်ဆောက်ရကြ၏။ သင်မူကား သုံးရက်တည်းနှင့်တည်ဆောက်မည်လောဟုဆိုကြ၏။ ထိုသို့ မိန့်တော်မူရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်ကို အမှတ်ပြု၍မိန့်တော်မူ၏။ ယော၊၂း၁၉-၂၀
ကျွန်ုပ်ကိုသတ်ပါ။ တစ်ကမ္ဘာလုံးကို ဘုရားနဲ့ ဆုံတွေ့စေမယ်။ ဒါက (ယော၊၂း၁၉-၂ဝ)ကို ကျွန်တော့်စိတ်ကြိုက် ဘာသာပြန်ရေးသားထားခြင်းဖြစ်တယ်။ သူတို့က သခင်ယေရှုသည် ယေရုရှလင်မြို့က ဗိမာန်တော်ကိုရည်ညွှန်းပြီး ပြောဆို နေတယ်လို့ ထင်ကြပါတယ်။ “ဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်း ငါတည်ဆောက်မည်”။ သူက သူ့ရဲ့ ခန္ဓာကိုယ်နှင့်ဗိမာန်တော်ကြား ဘာကြောင့် ဆက် စပ်ပြီး ပုံဖော်ရတာလဲ။ သူက ဗိမာန်တော်အစားနေရာယူပြီး ဘုရားရှင်နဲ့ ဆုံတွေ့ စေနိုင်မယ့် နေရာကလေးတစ်ခုဖြစ်ချင်လို့ ပဲ။ ဘုရားရဲ့ သားတော်က သွေးသား ခန္ဓာအားဖြင့် ရောက်ရှိလာပြီး ဓလေ့ထုံးတမ်းနဲ့ ဝတ်ပြုကိုးကွယ်ပုံတွေကို ပြောင်းလဲ ပစ်ခဲ့ပါတယ်။ ခရစ်တော်ကိုယ်တော်တိုင် နောက်ဆုံးသောပသခါယဇ်၊ နောက်ဆုံးသောယဇ်ပုရောဟိတ်၊ နောက်ဆုံးသောဗိမာန်တော်ဖြစ်ခဲ့ပါတယ်။ အားလုံးက ကုန်လွန်သွားမှာဖြစ်ပေမယ့်လို့ သူကတော့ တည်ရှိနေမှာဖြစ်တယ်။ ကျန်ရစ်နေတဲ့ အရာက ထာဝရတည်တံ့ပြီး အနှိုင်းမဲ့ကောင်းမြတ်တဲ့အရာဖြစ်မှာပါ။ သူ့ကိုယ်ကို ရည်ညွှန်းပြီး ခရစ်တော်က ပြောခဲ့ပါတယ်။ “ငါဆိုသည်ကား ဤအရပ်၌ ဗိမာန်တော် ထက် သာ၍ကြီးမြတ်သောအရာရှိ၏”(မ၊၁၂း၆)။ ဗိမာန်တော်က ဘုရားသခင် ကိန်းအောင်းရာနေရာဖြစ်ခဲ့ပြီး ဘုရားသခင်ရဲ့ ဘုန်းတော်က သန့်ရှင်းသောနေရာ မှာ ထင်ရှားစေခဲ့ပါတယ်။ ဒါပေမယ့် သမ္မာကျမ်းထဲမှာ ခရစ်တော်က ပြောထားပါ တယ်။ “ဘုရားသခင်၏ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏(ကော၊၂း၉)။ သခင်ယေရှုက ဘုရားဖြစ်တယ်။ ခရစ်တော်ကိုတွေ့ခြင်းက ဘုရားကို တွေ့ခြင်းပါပဲ။ ဘုရားသခင်က ပြည့်ဝစုံလင်ခြင်း မရှိတဲ့ ကြားခံလူသားတွေအားဖြင့် ဗိမာန်တော်မှာ လူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အခုတော့ ခရစ်တော်ကပြောပါတယ်။ “ဘုရားသခင် တဆူတည်းရှိတော်မူ၏။ ဘုရားသခင်နှင့်လူတို့၏စပ်ကြားမှာ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံတစ်ဦး တည်းရှိ၏”(၁တိ၊၂း၅)။ ဝတ်ပြုကိုးကွယ်ခြင်း၌ ဘုရားနဲ့ ဆုံတွေ့ဖို့ ကျွန်ုပ်တို့ ချဉ်းကပ်ရမည့် တစ်ပါးတည်းသောအရှင်ကတော့ ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။ ခရစ်ယာန်ဘာသာတရားမှာ အစ္စလမ်နဲ့ ဂျူးတွေလို ပထဝီအနေအထားအရ ဗဟို ဌာနချုပ်ရယ်လို့ မရှိပါဘူး။ ဖောက်ပြန်တဲ့အမျိုးသမီးနဲ့ တွေ့ပြီး ပြောင်းလဲလာတဲ့ အမျိုးသမီးရဲ့ စကားကို ကွေ့ပတ်ပြီး ပြန်ပြောခဲ့တယ်။ “ဤတောင်သို့ မလာ ယေရု ရှလင်မြို့သို့ မသွားပဲ ခမည်းတော်ကို ကိုးကွယ်ရမည့် အချိန်ကာလရောက်ဆဲရှိ၏။ ပထဝီရေမြေအနေအထားက အဓိကပြဿနာမဟုတ်ဘူး။ သခင်ယေရှုက ဆက်ပြော တယ်။ “ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်၎င်း၊ သစ္စာ တရားနှင့်၎င်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏” (ယော၊၄း၂ဝ-၂၃)။ ။
သခင်ယေရှုက ကိုးကွယ်မှုပုံစံကို လုံးဝပြောင်းပစ်လိုက်ပါတယ်။ တောင် သို့မဟုတ် မြို့၌မဟုတ် နာမ်ဝိညာဉ်နှင့်၎င်း၊ သစ္စာတရားနှင့်၎င်း ကိုးကွယ်ရမယ်လို့ ပြောတယ်။ သူကမ္ဘာလောကကြီးထဲကိုဆင်းကြွလာရခြင်းက ပထဝီရေမြေအနေ အထားရဲ့ ကန့်သတ်ချက်တွေကို ပြောင်းလဲပစ်ဖို့ပါပဲ။ အခုတော့ ဗိမာန်တော်မရှိတော့ဘူး။ ယေရုရှလင်က ဗဟိုအချက်အချာကျတဲ့ နေရာမဟုတ်ဘူး။ ခရစ်တော်သာ လျှင် ဖြစ်တယ်။ သင်ဘုရားသခင်ကို မြင်လိုပါသလား။ သခင်ယေရှုက ပြောတယ်။ “ငါ့ကိုမြင်သောသူသည် ခမည်းတော်အားမြင်၏”(ယော၊၁၄း၉)။ ဘုရားရှင်ကို လက်ခံ လိုပါသလား။ သခင်ယေရှုက ပြောတယ်။ “ငါကိုလက်ခံသောသူသည် ငါ့ကိုစေလွှတ်သောသူကို လက်ခံ၏”(မ၁၀း၄၀)။ ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ ဝတ်ပြု ကိုးကွယ်လိုပါသလား။ ကျမ်းစာကပြောပါတယ်။ “သားတော်ကိုဝန်ခံသောသူ မည် သည်ကား ခမည်းတော်ကိုသိ၏”(၁ယော၊၂း၂၃)။ ခမည်းတော်ကို ကြည်ညိုလေးစား လိုပါသလား။ ယေရှုက ပြောတယ်။ “သားတော်ကို မရိုသေသောသူသည်ကား သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏ (ယော၊၅း၂၃)။ ခရစ်တော်ကအသေခံပြီး ရှင်ပြန်ထမြောက်ခဲ့တယ်။ ခရစ်တော်အား ဖြင့် ဗိမာန်တော်ဟောင်းက ကမ္ဘာတစ်ဝန်းရှိ လူတွေ စုစည်းစေနိုင်တဲ့နည်းလမ်းကို အစားထိုးခဲ့ပါပြီ။ တုန်လှုပ်ရွှေ့လျားခြင်းစိုးစဉ်းမျှမရှိပဲ သူ့ ထံသို့ လာကြပါ။ သူက ယုံကြည်ခြင်းနဲ့ ပိုပြီးနီးစေမှာဖြစ်တယ်။
၂၆။ ဓမ္မဟောင်းထဲမှ ယဇ်ပုရောဟိတ်မင်းများ၏အခန်းကဏ္ဍကို ရပ်တန့်၍ ထာဝရအမြင့်ဆုံးသောယဇ်ပုရောဟိတ်အဖြစ် ဆောင်ယူရန်
ယေရှုမူကား နိစ္စထာဝရတည်သောကြောင့် မပြောင်းမလဲသော ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလျက်ရှိ၏။ ထိုကြောင့် အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော် သို့ ချဉ်းကပ်ကြ၏။ ကာလအစဉ် အသက်ရှင်သောကြောင့် သူတို့ကို အစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။ ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ် အကြေးနှင့်ကင်းလွှတ်လျက် အပြစ်ရှိသော သူတို့နှင့်မဆက်ဆံ။ ကောင်းကင်သားအပေါင်း တို့ထက် မြင့်မြတ်သောသူဖြစ်၍ ငါတို့နှင့်တော်သင့်တော်မူ၏။ အခြားသော ယဇ်ပုရောဟိတ် မင်းတို့သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း နေ့တိုင်း ယဇ်ပူဇော်ရ သကဲ့သို့ ထိုသခင်သည် ယဇ်ပူဇော်စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်းဟူမူကား မိမိကိုယ်ကိုတခါတည်း ယဇ်ပူဇော်၍ ထိုအမှုကိုပြီးစေတော်မူပြီ။
ဟေဗြဲ၊၇း ၂၃-၂၇ ငါတို့အတွက်ကြောင့် ယခုဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကိုပြုခြင်းငှာ ကောင်းကင်ကိုယ် ထဲသို့ ဝင်တော်မူပြီ။ သို့ သော်လည်း ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းရာဌာနထဲသို့ သူတပါးအသွေးနှင့် နှစ်တိုင်းအစဉ် ဝင်ရသကဲ့သို့ ခရစ်တော်သည် အဖန်များစွာ ကိုယ်ကို ပူဇော်ရသည်မဟုတ်။ ထိုသို့ ပူဇော်ရသည်မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်များစွာ အသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ်ကာလအဆုံး၌ တခါတည်း ကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ ပေါ်ထွန်းတော်မူ၏။ ဟေဗြဲ၊၉၂၄-၂၆ ယဇ်ပုရောဟိတ်မည်သည်ကား နေ့တိုင်းဝတ်ပြုလျက် အပြစ်ကို မဖြေနိုင်သော ယဇ်ကို အထပ်ထပ်အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။ ထိုသခင်မူကား အပြစ်ကို ဖြေခြင်းငှါ ယဇ် တခုတည်းကိုပူဇော်ပြီးမှစ၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌ အစဉ်အမြဲထိုင်၍။ ဟေဗြဲ၊၁၀း၁၁-၁၂
ခရစ်ယာန်ဘာသာရဲ့ အကြီးမြတ်ဆုံးသောစကားစုက “တစ်ကြိမ်တည်းနှင့် အားလုံးအတွက်”ပဲဖြစ်တယ်။ ၎င်းဝေါဟာရဟာ ဂရိစကားလုံးမှ ဆင်းသက်လာပြီး “တစ်ကြိမ်တည်းနှင့်အားလုံးအတွက်”လို့ အဓိပ္ပါယ်ရပါတယ်။ တစ်စုံတစ်ခုက တိကျပြတ်သားစွာဖြစ်ပေါ်စေခဲ့တဲ့သဘောပါပဲ။ အားလုံးအောင်မြင်စွာပြီးဆုံးသွားတဲ့ အတွက် ထပ်ခါထပ်ခါ လုပ်စရာမလိုတော့ပါ။ တစ်ကြိမ်တည်းနဲ့ အားလုံးအတွက်လုပ်ဆောင်ခဲ့တဲ့အတွက် ဘာမှအားစိုက်ပြီး ထပ်လုပ်စရာမလိုတော့ပါဘူး။က္ကုသရေလနိုင်ငံက ယဇ်ပုရောဟိတ်တွေဟာ သူတို့အပြစ်နဲ့ လူတွေရဲ့ အပြစ်အတွက် တိရစ္ဆာန်တွေ ယဇ်ပူဇော်ရတာ စိတ်ပျက်စရာကောင်းလှပါတယ်။ ဒီလိုနဲ့ ခွင့်လွှတ်ခြင်းမခံရ ဘူးလို့ ပြောနေခြင်းမဟုတ်ပါ။ အဆိုပါ ယဇ်ပူဇော်ခြင်းအားဖြင့် သူ့ရဲ့ လူတွေ ရှင်သန်နိုင်ဖို့ပဲဖြစ်ပါတယ်။ အပြစ်ကြောင့် ခံရမယ့်စီရင်ခြင်းအတွက် အစားထိုး ဖို့လိုပါတယ်။ ဘုရားရှင်ရဲ့ ကရုဏာတော်က တိရစ္ဆာန်တွေနဲ့ အစားထိုးတဲ့ ယဇ်ပုရော ဟိတ်တွေရဲ့ လုပ်ရပ်ကို လက်ခံပေးခြင်းဖြစ်တယ်။ ထပ်ခါထပ်ခါ လုပ်နေခြင်းပဲ ဖြစ်တယ်။
သမ္မာကျမ်းကပြောတယ်။ “ယခုမူကား၊ ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်းအောက်မေ့ခြင်းရှိ၏”(ဟေဗြဲ၊၁၀း၃)။ လူတွေကသူတို့လက်ကို နွားပေါ်မှာ တင်ပြီး သူတို့အပြစ်ကို တိရစ္ဆာန်ဆီကို ကူးပြောင်းသွားစေဖို့ ထပ်ခါထပ်ခါ လုပ်ရမယ်ဆိုတာကို သိနေကြတယ်။ ဘယ်တိရစ္ဆာန်မဆို လူတွေရဲ့ အပြစ်တွေကို အပြီးအပိုင် ခံစားပေးဖို့ မဖြစ်နိုင်ပါဘူး။ အပြစ်ရှိတဲ့ ယဇ်ပုရောဟိတ်က သူတို့ရဲ့ အပြစ်အတွက် ယဇ်ပူဇော်ရတယ်။ နွားတွေ၊ ဆိတ်တွေက လူတွေရဲ့ အပြစ်ကို မဖယ် ရှားနိုင်ဘူး။ “နွား၊ ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ”(ဟေဗြဲ၊၁၀း၄)။ ယဇ် ပုရောဟိတ်တွေရဲ့ ပြီးပြည့်စုံစွာမလုပ်ဆောင်နိုင်တဲ့အရာတွေအတွက် လုပ်ဆောင် ပေးဖို့ အရည်အချင်းနဲ့ ပြည့်ဝတဲ့အစေခံတစ်ယောက်ကို စေလွှတ်ဦးမှာဖြစ်ပြီး တစ်ကြိမ်တည်းနဲ့ အပြစ်အားလုံးကို ယူဆောင်သွားမှာဖြစ်ပါတယ်။ သူကတော့ ယေရှုခရစ်တော်ပဲဖြစ်ပါတယ်။
သူဟာ နောက်ဆုံးသော ယဇ်ပုရောဟိတ်နဲ့ နောက်ဆုံးသော ယဇ်ကောင် ဖြစ်တယ်။ အပြစ်မဲ့သူဖြစ်ပြီး သူ့အတွက် ယဇ်ပူဇော် ခံဖို့မလိုပါဘူး။ ထာဝရရှင်သန် နေပြီး နောက်ထပ်အစားထိုးစရာလည်း မလိုပါဘူး။ လူသားဖြစ်ပြီး မည်သည့်အပြင် တစ်ခုမှမကျူးလွန်ခဲ့ဘူး။ ဒါကြောင့် သူ့အတွက် ယဇ်ပူဇော်စရာဘာအကြောင်းမှမရှိပေမယ့် သူက သူ့ကိုယ်သူ နောက်ဆုံးသော ယဇ်ကောင်အဖြစ် တင်လှူပူဇာ်ခဲ့ ပါတယ်။ နောက်ထပ်တစ်ယောက်လုံးဝ မလိုတော့ပါ။ ကျွန်ုပ်တို့ နဲ့ဘုရားသခင် အကြား ကြားခံတစ်ဦးတည်းသာရှိပါတယ်။ ယဇ်ပုရောဟိတ်တစ်ပါး ရှိတယ်။ အခြားအရာမလိုဘူး။ ခရစ်တော်တစ်ပါးတည်းအားဖြင့် ဘုရာနှင့်သာ၍ နီးစေရန် လုပ်ဆောင်ပေးခြင်းက ဘယ်မျှလောက်ပျော်စရာကောင်းလှပါသလဲ။
၂၇။ သနားကြင်နာတတ်၍ ကူညီတတ်သော ယဇ်ပုရောဟိတ်ဖြစ်ရန်
ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သော သူမဟုတ်။ ငါတို့ ခံရသည်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွှတ်တော်မူ၏။ ထိုကြောင့် ငါတို့သည် သနားခြင်းကရုဏာကို၎င်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့်ကျေးဇူးပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။ ဟေဗြဲ၊၄း၁၅-၁၆
ခရစ်တော်က ကားတိုင်ပေါ်မှာ သူ့ကိုယ်သူ ယဇ်ပူဇော်ခံခြင်းဖြင့် ကျွန်ုပ်တို့ ရဲ့ယဇ်ပုရောဟိတ်မင်းဖြစ်ခဲ့တယ်(ဟေဗြဲ၊၉း၂၆)။ သူက ဘုရားနဲ့ ကျွန်ုပ်တို့ကြားမှာ ရှိနေပါတယ်။ သူ့ရဲ့နာခံခြင်းနဲ့ ဒုက္ခဝေဒနာ ခံစားခြင်းက ပြည့်ဝစုံလင်ခဲ့တဲ့အတွက် ဘုရားသခင်က သူ့ကိုစွန့်ပစ်တော်မမူဘူး။ ဒါကြောင့်လည်း ကျွန်ုပ်တို့က သူနဲ့ အတူ သွားခဲ့ရင် ဘုရားရှင်က ကျွန်ုပ်တို့ကို စွန့်ပစ်မှာမဟုတ်ဘူး။ ပို၍ကောင်းမြတ်တဲ့ အရာကို ရမှာဖြစ်တယ်။ ကားတိုင်တော်ဆီကို နှစ်သုံးဆယ်အတွင်း လျှောက်သွားတဲ့ အခါမှာ ခရစ်တော်က လူသားတွေလိုပဲ စုံစမ်းခြင်းတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူလုံးဝ အပြစ်မလုပ်ခဲ့ပါဘူး။ ပညာရှိတွေရဲ့ မီးမောင်းထိုးပြချက်အရ သူခံရတဲ့ စုံစမ်းခြင်းတွေက ကျွန်ုပ်တို့ထက်မနည်းသာ၍များခဲ့ပါတယ်။ အကယ်၍ စုံစမ်းခြင်း တွေအကြား အလျော့ပေးခဲ့ရင် သဲကြီးမဲကြီးတိုက်ခိုက်မှုကြားမှာ ပြည့်ဝစုံလင်ခြင်း ဆီကိုရောက်တော့မှာမဟုတ်ဘူး။ ဖိအားတွေကြား ကြိုးစားတည်ဆောက်ရင်း အရှုံး ပေးတတ်ကြတယ်။ ဒါတွေကို သခင်ယေရှု လုံးဝမလုပ်ခဲ့ပါဘူး။ ဖိအားများစွာကို အဆုံးထိတိုင်အောင် သည်းခံပြီး ပြိုလဲသွားခြင်းမရှိခဲ့ပါဘူး။ ဘယ်အရာက ခွန်အား ကြီးစွာနဲ့ စုံစမ်းမလဲဆိုတာကို သူသိနေပါတယ်။ ဘဝအသက်တာ မှာစုံစမ်းခြင်းတွေ အထွဋ်အထိပ်ကိုရောက်တဲ့အခါမှာ မတရားပြုကျင့်မှုကို ထင်မြင်သုံးသပ်ခြင်းနဲ့ အရှုံးပေးလိုက်ခြင်းဆိုတဲ့အရာတွေကို သခင်ယေရှုက ယှဉ်ပြီးတွေ့ရပြီးတော့ ဒုက္ခဝေဒနာခံစားရတဲ့သူတွေနဲ့ စုံစမ်းခြင်းခံရတဲ့လူတွေကို ကြင်နာသနားတော်မူ တယ်။ တကယ်တော့ ဘယ်သူမှထာဝရဒုက္ခဝေဒနာ ခံစားရမှာမဟုတ်ဘူး။ ဘယ်သူမှ နိုင်ထက်စီးနင်းပြုခြင်းကို အမြဲသည်းခံနိုင်မှာမဟုတ်ဘူး။ တမန်တော်ပေတရုက ပြောတယ် “ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။
ကဲ့ရဲ့ခြင်းကိုခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု တရားသဖြင့်စီရင်တော်မူသော သူ၌ ကိုယ်ကိုကိုယ်အပ်နှံတော်မူ၏”(၁ပေ၊ ၂း၂၂-၂၃)။
ဒါကြောင့် သမ္မာကျမ်းကပြောတယ်။ “သူသည် ငါတို့ခံရသော ဆင်းရဲဒုက္ခ များကြောင့် မကြင်နာနိုင်သောသူမဟုတ်”(ဟေဗြဲ၊၄း၁၅)။ အလွန် အံ့သြဖို့ကောင်းပါ တယ်။ ကောင်းကင်ဘုံက ဘုရားသခင်ရဲ့ သားတော်က ဘုရားရဲ့ လက်ျာဘက်မှာ ထိုင်နေတော်မူပြီး ကမ္ဘာလောကကြီးတစ်ခုလုံးကို လွှမ်းမိုးစိုးစံတော်မူပါတယ်။ ကျွန်ုပ်တို့ ဝမ်းနည်းမှု၊ နာကျင်မှုတွေနဲ့ သူ့ဆီကိုလာတဲ့အခါ အဲဒီခံစားချက်တွေကို နားလည်ပေးပြီး အပြစ်သားများအတွက် ကတိတော်ပေးခဲ့ပါတယ်။ ဒီလိုလုပ်ဆောင် ခြင်းအားဖြင့် ဘာတွေခြားနားမှုရှိပါသလဲ။ သခင်ယေရှုရဲ့ သနားကြင်နာမှုနဲ့ ကျွန်ုပ်တို့ ရဲ့ ဆုတောင်းခြင်းအပေါ် ယုံကြည်စိတ်ချမှုအကြား သမ္မာကျမ်းထဲက အဖြေ ပေးနေပါတယ်။ ကျမ်းစာကပြောပါတယ်။ “ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင် သောသူမဟုတ်. . ထိုကြောင့် ငါတို့သည် သနားခြင်းကရုဏာကို၎င်း၊ တော်လျော် သောမစခြင်း၊ ကျေးဇူးတော်ကို၎င်းခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့်ကျေးဇူး ပလ္လင်တော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့” (ဟေဗြဲ၊၄း၁၅-၁၆)၊
လူတွေက ဒီလိုပုံစံနဲ့ တွေးနေတာထင်ရှားပါတယ်။ ကျွန်ုပ်တို့ က ရုန်းကန်မှုတွေနဲ့ လာကြတဲ့အခါ ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ ကြိုဆိုခြင်း မခံရဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် သခင်ယေရှုက ကြင်နာသနားတတ် တယ်ဆိုတာကို ကျွန်ုပ်တို့သိမှတ်လာကြတယ်။ သူက ကျွန်ုပ်တို့နဲ့ အတူခံစားနေပြီး ဆန့်ကျင်ဘက်မှာရှိနေတာမဟုတ်ဘူး။ ခရစ်တော်ကကြင်နာသနားတယ်ဆိုတာကို နားလည်သဘောပေါက်ခြင်းဖြင့် ရဲရင့်သောစိတ်နဲ့ တိုးဝင်ချဉ်းကပ်နိုင်ပါတယ်။ ကျွန်ုပ်တို့ရဲ့သံကို သူသိပါတယ်။ ကျွန်ုပ်တို့ ရုန်းကန်နေရတာတွေကို မြည်းစမ်းကြည့် တယ်။ ကျွန်ုပ်တိလိုအပ်တယ်လို့ ခံစားရတဲ့အချိန်မှာ ယုံကြည်စိတ်ချမှုတွေနဲ့ ကျွန်ုပ်တို့ကိုကြိုးပမ်းအားထုတ်စေခဲ့ပါတယ်။ ဂျွန်နယူတန်ရဲ့ သီချင်းဟောင်းတစ်ပုဒ်ကို သတိပြုကြပါစို့။
ဘုရင်တစ်ပါးကြွမြန်းလာ
အသနားခံချက်များစွာယူဆောင်လာ
ကျေးဇူးတော်နဲ့ တန်ခိုးတော်
စစ်ကြော၍မကုန်နိုင်အောင်။
၂၈။ မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှလွှတ်မြောက်ရန်
မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ရွှေ၊ငွေအစရှိသော ဖောက်ပြန် ပျက်စီးတတ်သောဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ အညစ် အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့ သော ခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။ ၁ပေ၊၁း၁၈-၁၉
အနောက်တိုင်းက မယုံကြည်သူတွေနဲ့ နတ်ကိုးကွယ်သူတို့ က ဘိုးဘေး တွေရဲ့ တန်ခိုးကို ယုံကြည်ကြပါတယ်။ အဲဒါကို အမျိုးမျိုးခေါ်ကြတယ်။ နတ်ကိုးကွယ် သူတွေက ဘိုးဘေးတွေရဲ့ ဝိညာဉ်တွေနဲ့ စကားပြောနိုင်ပြီး ကျိန်ဆဲခြင်းကိုလည်း တစ်ဆင့် ပို့ပေးနိုင်ပါတယ်။ သူတို့က မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ လွှမ်းမိုးခြင်းအကြောင်းတွေ ကိုလည်း ပြောတယ်။ သို့မဟုတ် ကြမ်းတမ်းသောလုပ်ရပ်၊ တည်မီမှုတွေ စိတ်ပိုင်း ဆိုင်ရာတွေက မိဘတွေနဲ့ အလှမ်းဝေးတယ်လို့လည်း ပြောကြပါတယ်။ ကျိန်ဆဲခံရမှု နဲ့ အသက်ရှင်ခြင်း သို့မဟုတ် ဘိုးဘေးတွေရဲ့ အပြစ်ဒဏ်ကို ခံရခြင်းနှစ်ခုစလုံးက ကံတရားရဲ့ စီမံရာပဲဖြစ်ပါတယ်။ အနာဂတ်က အချည်းနှီးသက်သက်သာဖြစ်ပြီးပျော်ရွှင်မှုတွေနဲ့ ဝေးကွာနေကြပါတယ်။ သမ္မာကျမ်းကပြောတယ်။ “မိစဉ်အဆက် ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်း”လို့ဖော်ပြထားတယ်။ ရည်ညွှန်းလိုတာ ကတော့ ဘာမှမရှိခြင်း၊ အဓိပ္ပါယ်ကင်းမဲ့ခြင်း အကျိုးအမြတ်မရှိသော လုပ်ရပ်တွေဟာ ပျက်စီးမှုတွေနဲ့ ပဲ အဆုံးသတ်မှာဖြစ်တယ်။ အချည်းနှီးသောကျင့်ကြံပြုမူခြင်းက ဘိုးဘေးတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ဘယ်လိုဆက်စပ်နေသလဲဆိုတာကိုတော့ မဖော်ပြတော့ပါဘူး။ အရေးကြီးတာကတော့ အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ဘယ်လို နည်းနဲ့ လွှတ်မြောက်နိုင်မလဲဆိုတာကို သတိပြုမိဖို့ ပါပဲ။ လွတ်မြောက်ခြင်းရဲ့ တန်ခိုးတော်က လွတ်မြောက်ခြင်းအကြောင်းကို ထင်ရှားစွာ အနက်ဖွင့်ပေးလိမ့်မယ်။ ဘိုးဘေးတို့ ရဲ့ အချုပ်အနှောင်မှ လွှတ်မြောက်ခြင်းက “ရွှေငွေအစရှိတဲ့ ဖောက်ပြန် ပျက်စီးတတ်သောဥစ္စာ”မဟုတ်ပါဘူး။ ရွှေငွေဆိုတာ အလွန်အဖိုးထိုက်တန်တဲ့ ရတနာဖြစ်ပြီး ရွေးယူဖို့အတွက် အဖိုးအခပေးလို့ ရတဲ့အရာ ဖြစ်တယ်။ အဲဒါတွေ အားလုံးက အသုံးမတည့်ဘူးဆိုတာကို ကျွန်ုပ်တို့သိနေကြတယ်။ အချမ်းသာဆုံးသောသူတွေက အချည်းနှီးသော ကျင့်ကြံပြုမူခြင်းရဲ့ ကျေးကျွန်တွေ ဖြစ်နေကြပါတယ်။ ချမ်းသာတဲ့လူမျိုးစုတွေက သူတို့အသက်တာမှာ ဘိုးဘေးဘီဘင်တွေရဲ့ ခြိမ်းခြောက် မှုတွေကို ကြောက်နေကြရတယ်။ ကျော်ကြားတဲ့ကုမ္ပဏီတစ်ခုက အတွင်းရေးမှူးဟာ မသိစိတ်ရဲ့ တွန်းအားပေးမှုကြောင့် သူ့ရဲ့ အိမ်ထောင်ရေးနဲ့ မိသားစုဘဝ ပျက်စီးခဲ့ရ ပါတယ်။ ရွှေငွေတွေက ကူညီနိုင်တဲ့တန်ခိုး မရှိကြပါဘူး။ သခင်ယေရှုရဲ့ ဒုက္ခဝေဒနာ ခံစားခြင်းနဲ့ အသေခံခြင်းက လိုအပ်တာတွေကို ဖြည့်စွမ်းပေးနိုင်တယ်။ ရွှေငွေ မဟုတ် ပဲ “အညစ်အကြေးနှင့်ကင်းစင်သော သိုးသငယ်ကဲ့သို့ သော ခရစ်တော်၏အသွေးတော်မြတ်”ဖြစ်ပါတယ်။ ခရစ်တော် အသေခံတဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ ဘိုးဘေးတွေ အကြား ဆက်သွယ်မှုကို ဘုရားသခင်မြင်တော်မူတယ်။ ကျွန်ုပ်တို့ သူတို့ဆီက အမွေ ဆက်ခံခဲ့တဲ့ အချည်းနှီးသော ကျင့်ကြံပြုမူခြင်းတွေမှ လွတ်မြောက်စေခဲ့ပါတယ်။ ဒါက ခရစ်တော်အသေခံရခြင်းရဲ့ အကြောင်းရင်းတစ်ခုပဲဖြစ်တယ်။
သင့်ရဲ့ အပြစ်တွေ ခွင့်လွှတ်ခြင်းခံရပြီး၊ သင်က ခရစ်တော်ရဲ့ ဖြောင့်မတ် ခြင်းကို ယူတင်ဝတ်ဆောင်ကာ စကြာဝဠာကြီးကို ဖန်ဆင်းတဲ့အရှင်ရဲ့ ချစ်ခြင်းနဲ့ ရွေးနှုတ်ခြင်းကို ခံရပြီဆိုရင် ဘယ်ဘိုးဘေးမှ သင့်ကို ချုပ်နှောင်ထားလို့ မရတော့ပါ ဘူး။ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံခြင်းက နောက်ဆုံးသော အကြောင်းပြချက်တစ်ခုဖြစ်ပြီး သမ္မာကျမ်းက ဘုရားရဲ့ လူတွေကိုပြောထားပါတယ်။ “ယာကုပ်အမျိုးကိုထူးဆန်းသောအတတ်အားဖြင့် မနိုင်ရာ။ ဣသရေလအမျိုးကို အဘယ်သူမျှမပြုစားရ”(တော၊၂၃း၂၃)။ သခင်ယေရှု အသေခံခဲ့တဲ့အခါမှာ သူ့ကို ယုံကြည်ကိုးစားတဲ့သူတွေအတွက် ကောင်းကင်ဘုံကကောင်းကြီးအားလုံးရဲ့ အဖိုးအခါ တွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဘုရားကောင်းကြီးပေးတဲ့သူကို ဘယ်သူမှကျိန်ဆဲလို့ မရဘူး။ ခရစ်တော်ယေရှုက အနာရောဂါကို ငြိမ်းစေတဲ့အတွက် မိဘတွေကြောင့် ဖြစ်စေတဲ့အချည်းနှီးသော ဒဏ်ရာဒဏ်ချက်တွေမရှိနိုင်တော့ဘူး။ အနာရောဂါတွေ ငြိမ်းစေတဲ့ရွေးနှုတ်ခြင်းကို “အဖိုးထိုက်သောခရစ်တော်ရဲ့ အသွေးတော်” လို့ ခေါ်ပါ တယ်။ “အဖိုးထိုက်ခြင်း”ဆိုတဲ့ဝေါဟာရက အဆုံးမဲ့တန်ဖိုးရှိခြင်းပါပဲ။ ဒါကြောင့် ရွေးနှုတ်ခြင်းအားဖြင့် ထာဝရလွှတ်မြောက်ခွင့်ရပါတယ်။ အဲဒါကို ဘယ်အချုပ် အနှောင်ကမှ ဆန့်ကျင်ပြီးရပ်တည်လို့ မရပါဘူး။ ဒါကြောင့် ရွှေငွေကနေ နောက်ကြောင်းပြန်လှည့်ပြီး ဘုရားရဲ့ လက်ဆောင်တွေကို ယုံကြည်စွာနဲ့ ရယူဖို့ ဖြစ်တယ်။
၂၉။ ကျွန်ုပ်တို့အား အပြစ်ကျေးကျွန်မှ လွှတ်မြောက်စေရန်
ငါတို့ကိုချစ်၍ မိမိအသွေးနှင့်ငါတို့အပြစ်များကို ဆေးကြောတော်မူ၍ မိမိခမည်းတော် ဘုရားသခင်ရှေ့၌ ငါတို့ကိုရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း ခန့်ထားတော်မူသောသူသည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ ဗျာ၊၁၁း၅-၆
ကျွန်ုပ်တို့ ရဲ့ အပြစ်တွေက နည်းလမ်းနှစ်မျိုးနဲ့ ဖျက်ဆီးနေကြတယ်။ ကျွန်ုပ် တို့က ဘုရားရှေ့မှာညစ်ညမ်းတဲ့အတွက် သူ့ ရဲ့ တရားတဲ့ စီရင်ရှုတ်ချမှုအောက်မှာ ရှိနေပြီး အပြုအမူတွေလည်း အကျဉ်းတန်ရုပ်ဆိုးနေကာ ကျွန်ုပ်တို့ ပုံဖော်ရမယ့် ဘုရားရဲ့ သဏ္ဌာန်တော်ကလည်း ပုံပျက်ပန်းပျက်ဖြစ်နေပါပြီ။ အပြစ်တရားကြားမှာ ရေရွတ်စေပြီး မချစ်တတ်သောကျေးကျွန်ဖြစ်စေပါတယ်။ သခင်ယေရှုရဲ့ အသွေးတော်က ဒီဒုက္ခနှစ်မျိုးလုံးကနေ လွှတ်မြောက်စေခဲ့တယ်။ ဘုရားရဲ့ ဖြောင့်မတ်ခြင်း တရားတွေနဲ့ ရောင့်ရဲစေတဲ့အတွက် အပြစ်လွှတ်ခြင်းခံခဲ့ရပါတယ်။ အပြစ်ရဲ့ တန်ခိုးကြောင့် ချစ်ခြင်းကင်းမဲ့ခြင်းရဲ့ ကျေးကျွန်ဖြစ်စေတဲ့အရာတွေက ရှုံးနိမ့်ခဲ့ရပါတယ်။ ခရစ်တော်က ဘုရားရဲ့ အမျက်တော်နှင့်အပြစ်တွေကို ဘယ်လိုဆောင်ယူသွားခဲ့သလဲ ဆိုတာကို တွေ့ရမှာဖြစ်တယ်။ ခရစ်တော်ရဲ့ အသွေးတော်က အပြစ်ရဲ့ ကျေးကျွန် ဖြစ်ခြင်းကနေ ဘယ်လိုလွတ်မြောက်စေခဲ့သလဲ။ အဖြေကတော့ ကိုယ့်အတ္တတွေကို မြင်လာပြီး ကိုယ့်ကိုကိုယ် ရုန်းထွက်နိုင်အောင် လှုံ့ဆော်ပေးနေတဲ့ တန်ခိုးတော် မဟုတ်ဘူး။ သခင်ယေရှုကသာ အကောင်းဆုံးသောစံဖြစ်တယ်။ တန်ခိုးတော်နဲ့ ပြည့်ဝတယ်။ သူ့ကို အတုယူဖို့ရှင်းလင်းစွာ ဖော်ပြခဲ့တယ်။ “သင်တို့သည် အချင်းချင်း တယောက်ကိုတယောက်ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်း ချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏”(ယော၊၁၃း၃၄)။ အတုယူရန် ခေါ်တော် မူခြင်းက လွတ်မြောက်ခြင်းရဲ့ တန်ခိုးတော်မဟုတ်ဘူး။ ဒါထက် နက်နဲတဲ့အရာရှိတယ်။ အပြစ်က ကျွန်ုပ်တို့အသက်တာကို လွှမ်းမိုးနေတဲ့တန်ခိုးရှင်ဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ တန်ခိုးအစွမ်းနဲ့မဟုတ် ဘုရားရှင်ရဲ့ တန်ခိုးတော်အားဖြင့် လွတ်မြောက်ဖို့ဖြစ်ပါတယ်။ ကျွန်ုပ်တို့က အပြစ်သားတွေဖြစ်တဲ့အတွက် ဘုရားသခင်ရဲ့ တန်ခိုးတော်က ကျွန်ုပ် တို့ကို လွတ်မြောက်ခြင်း သို့မဟုတ် အပြစ်စီရင်ခြင်းကို တိုက်ရိုက်စွမ်းဆောင် ပေးမှာလား။ အဲဒီအတွက်ကြောင့် ခရစ်တော်က ဒုက္ခဝေဒနာ ခံစားရခြင်းပဲဖြစ်တယ်။
ခရစ်တော်ရဲ့ အသေခံ ခြင်းအားဖြင့် အပြစ်စီရင်ခြင်းတွေကို ပယ်ရှားပစ်တဲ့အခါမှာ အပြစ်ရဲ့ တန်ခိုးကနေ လွှတ်မြောက်ဖို့ကောင်းကင်နိုင်ငံတော်က သနားခြင်းကရုဏာ တွေ ခံစားရဖို့ လမ်းတွေ ဖွင့်ပေးခဲ့ပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် အပြစ်တရားရဲ့ အညစ်အကြေးနဲ့ ဘုရားရဲ့ အမျက်တော်ကနေ ကယ်တင်ခြင်းက ဘုရားရှင်ရဲ့ သနားခြင်း ကရုဏာတော်အားဖြင့် အပြစ်ရဲ့ တန်ခိုးတော်ကနေ ကယ်လွှတ်ခြင်းဖြစ်တယ်။ ဒီအကြောင်းတွေကို ဖော်ပြ ထားတဲ့ အရေးပါတဲ့ကျမ်းစကားတွေကတော့ အပြစ်စီရင်ခြင်းကအရင်လာပြီး သန့်ရှင်းစင်ကြယ်စေခြင်းဖြင့် ကယ်တင်ခဲ့တယ်။ ဒါတွေက ကွဲပြားပါတယ်။ တစ်ခုကကတော့ အချိန်မဆိုင်းကြော်ငြာလိုက်ခြင်းဖြစ်ပြီး(အပြစ်မရှိ) နောက်တစ်ခုက ဆက်လက်ပြီး ပြောင်းလဲနေခြင်းပဲဖြစ်ပါတယ်။ ခရစ်တော်ကိုယုံကြည်ကိုးစားသူ အတွက် ဘုရားသခင်ရဲ့ တန်ခိုးတော်က ပြစ်တင်ရှုတ်ချခြင်းမျိုးမဟုတ်ပဲ သူ့ရဲ့ သနား ခြင်းကရုဏာအားဖြင့် လွှတ်မြောက်စေခြင်းပဲဖြစ်ပါတယ်။ ဘုရားသခင်က သူ့ရဲ့ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပြောင်းလဲစေနိုင်တဲ့တန်ခိုးကို ကျွန်ုပ်တို့ အားပေး ပါတယ်။ ဒါကြောင့်လည်း ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်းတို့ကို ဝိညာဉ်အသီးတွေလို့ခေါ်ပါတယ်(ဂလာ၊၅း၂၂-၂၃)။ ဒါကြောင့် လည်း သမ္မာကျမ်းက အံ့ဩလောက်တဲ့ ကတိတော်တွေပေးနေခြင်းပဲ ဖြစ်တယ်။ “သင်တို့သည် ပညတ်တရားလက်၌မရှိ။ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ် တရားသည် သင်တို့ကို မအုပ်စိုးရ”(ရော၊၆း၁၄)။ ကျေးဇူးတရားအောက်၌ ရှိနေခြင်း က ထာဝရ တည်ရှိနေတဲ့ဘုရားရဲ့ တန်ခိုးတော်က ကျွန်ုပ်တို့ရဲ့ မေတ္တာတရား ကင်းမဲ့မှု (တစ်ကြိမ်မက အကြိမ်များစွာ)ကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ကျွန်ုပ်တို့က အတ္တ တရားထဲမှာကျဆုံးသွားခြင်းမျိုးမဟုတ်ပဲ အောင်နိုင်တဲ့ တန်ခိုးတော်ကို ရပါတယ်။ အဲဒါတွေက ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပါပဲ။ တမန်တော်ကြီး ရှင်ပေါလုက ပြောပါတယ်။ အခြားသောတမန်အပေါင်းတို့ထက် ငါသည် သာ၍ ကြိုးစားခြင်းကို ၏။ ထိုသို့ဆိုသော်လည်း ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူရှိသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြိုးစားတော်မူ၏(၁ကော၊၁၅း၁၀)။ ဘုရားသခင်ရဲ့ ကျေးဇူးတော် ဟာ ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့ကို အပြစ်၏ကျေးကျွန်မှ လွတ်မြောက် စေပါတယ်။
၃၀။ ကျွန်ုပ်တို့သည် အပြစ်ပြုခြင်းကို ရပ်တန့်၍ ဖြောင့်မတ်စွာ အသက်ရှင်ရန်
ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင် စေမည်အကြောင်း ငါတို့အပြစ်များကို ကိုယ်တော်တိုင်သစ်တိုင်ပေါ်မှာ ခံတော်မူပြီ။ ၁ပေ၊ ၂း၂၄
ခရစ်တော်က ကျွန်ုပ်တို့အပြစ်များအတွက် ကျွန်ုပ်တို့နေရာမှာ အသေခံခြင်း က ကျွန်တော်တို့ နားလည်ရခက်ပါတယ်။ သင့်နေရာမှာ အစားထိုး အသေခံခဲ့တဲ့ အတွက် သေတွင်းကနေ သင်လွတ်မြောက်ခဲ့ရပြီ။ ကျွန်ုပ်တို့က သေခြင်းကနေ လွတ်မြောက်ပြီး အဆုံးမဲ့တဲ့နာကျင်ခြင်း၊ ထာဝရသေခြင်း၊ ဘုရားနဲ့ ကွဲကွာခြင်းကနေ လွတ်မြောက်ရပါတယ်။ ယေရှုကပြောတယ်။ “ငါကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွှတ်ကြလိမ့်မည်” (ယော၊၁၁း၂၆)။ သခင်ယေရှုရဲ့အသေခံခြင်းကလည်း ဒီအတွက်ပဲဖြစ်ပါတယ်။ “ငါ့ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက် ထာဝရအသက်ကို ရလိမ့်မည်”(ယော၊၃း၁၆)။ ကျွန်ုပ်တို့အပြစ်အတွက် ခရစ်တော်က ကျွန်ုပ်တို့နေရာမှာ အသေခံခဲ့တဲ့အတွက် ကျွန်ုပ်တို့ရဲ့ သေခြင်းမှာ တိကျသေချာတဲ့အကြောင်း ရှိတယ်။ “အပြစ်နှင့်ဆိုင်တဲ့အရာမှာ အသေဖြစ်၍…. ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်ပေါ်မှာ ခံတော်မူပြီ”(၂ပေ၊ ၂း၂၄)။ သူအသေခံတဲ့အတွက် ကျွန်ုပ်တို့ ထာဝရ အသက်ရှင်ရမှာဖြစ်သလို သူအသေခံတဲ့အတွက် ကျွန်ုပ်တို့လည်း အပြစ်၌သေရ မယ်။ ခရစ်တော် အသေခံတဲ့အခါမှာ ခရစ်တော်ကို ယုံကြည်လက်ခံတဲ့ ကျွန်ုပ်အနေ နဲ့ သူနဲ့ အတူသေသွားပြီ။ ကျမ်းစာထဲမှာ ရှင်းလင်းနေပါတယ်။ “အသေခံတော် မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိ သည်မှန်လျှင် ထမြောက်တော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြ လိမ့်မည်”(ရော၊၆း၁၅)။ “တယောက်သောသူသည် လူအပေါင်းတို့ အတွက်ကြောင့် အသေခံသည်”(၂ကော၊၅း၁၄)။
ယုံကြည်ခြင်းဆိုတာက ခရစ်တော်နဲ့ တပေါင်းတစည်းတည်းဖြစ်ပြီး လေးနက်တဲ့သဘောတရားကို ထင်ရှားစေခြင်းပဲဖြစ်တယ်။ ယုံကြည်သူတွေက ခရစ်တော်နဲ့ အတူလက်ဝါးကပ်တိုင်မှာအသေခံပြီ(ဂလာ၊ ၂း၂၀)။ သူ့ရဲ့ အသေခံခြင်းကို ပြန်ပြောင်းစဉ်းစားခြင်းဖြင့် ဘုရားရဲ့ စိတ်ထဲမှာ ကျွန်ုပ်တို့ရှိနေမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အပြစ်တွေက သူ့အပေါ်ရောက်ပြီး ကျွန်ုပ်တို့နဲ့ ထိုက်တန်တဲ့သေခြင်းကို သူခံစားရတယ်။ ဗတ္တိဇံဆိုတာက ခရစ်တော်နဲ့ အသေခံတယ်ဆိုတာကို ဖော်ညွှန်းနေ ခြင်းပဲဖြစ်တယ်။ “ဗတ္တိဇံကိုခံသောအားဖြင့် ထိုသခင်နှင့်အတူ သဂြိုဟ်ခြင်းကိုခံ၏” (ရော၊၆း၄)။ ရေကအုတ်ဂူနဲ့ တူပါတယ်။ ရေထဲကိုနှစ်သွားတဲ့ပုံက သေခြင်းကိုဆိုလို တယ်။ ပြန်ပြီးပေါ်လာခြင်းက အသစ်သောအသက်တာကို ရရှိခြင်းဖြစ်တယ်။ ဒီဖြစ်စဉ်တွေက “ယုံကြည်ခြင်းအားဖြင့်” ဘုရားသခင်လုပ်စေလိုတဲ့အရာဖြစ်တယ်။ “ဗတ္တိဇံအားဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခြင်းကိုခံကြ၏။ ခရစ်တော်ကို သေခြင်း ၊ မှထမြောက်စေတော်မူသော ဘုရားသခင်၏ပြုပြင်အားထုတ်တော်မူခြင်းကို ယုံကြည်သောအားဖြင့် ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်းသို့ ရောက်ကြ၏” (ကော၊ ၂း၁၂)။ ခရစ်တော်နဲ့ အတူသေခြင်းက ကျွန်ုပ်အပြစ်အတွက် သူအသေခံခြင်း နဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ “ကျွန်ုပ်တို့အသေခံရမယ့်အစား သူကိုယ်တိုင် အပြစ်တွေကို ဆောင်ယူသွားခဲ့ပါတယ်”။ သခင်ယေရှုကို ကျွန်ုပ်ရဲ့ အရှင်သခင် အဖြစ် ယုံကြည်လက်ခံတဲ့သဘောက ကျွန်ုပ်ရဲ့ အပြစ်တွေကို ကိုယ်တိုင် သတ်လိုက် တယ်ဆိုတာကို ယုံကြည်လက်ခံတဲ့သဘောပဲဖြစ်တယ်။ ကျွန်ုပ်ရဲ့ အပြစ်တွေက ခရစ်တော်ကိုသချိုင်းထဲသို့ ခေါ်သွားပြီး ကျွန်ုပ်ကိုလည်း သူနဲ့ အတူခေါ်သွားခဲ့ ပါတယ်။ ယုံကြည်ခြင်းက အပြစ်တရားကို လူသတ်သမားအဖြစ် မြင်စေခဲ့ပါတယ်။ ၎င်းက ယေရှုကိုရော ကျွန်ုပ်ကိုပါသတ်ခဲ့ပါတယ်။
ဒါကြောင့် ခရစ်ယာန်ဖြစ်ခြင်းက အပြစ်တရားကို အသေသတ်ခြင်းပါပဲ။ အပြစ်ကိုခုံမင်တဲ့ကျွန်ုပ်ရဲ့ ခန္ဓာဟောင်းက ယေရှုနဲ့ အတူသေခဲ့ပါပြီ။ အပြစ်က ပြည်တန်ဆာမနဲ့တူနေပြီး ကြာကြာကြည့်လို့ မလှပါဘူး။ သူက ကျွန်ုပ်ရဲ့ ဘုရင်နဲ့ ကျွန်ုပ်ကို သတ်တဲ့လူသတ်သမားဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်သတ် အပြစ်ကိုသတ်ပစ်ပြီး သူ့ရဲ့ ဆွဲဆောင်မှုနောက် ထပ်ပြီး ပါမသွားဖို့ဖြစ်တယ်။ အပြစ်ကို ကျွန်ုပ်သတ်ပြီးတဲ့အခါမှာ ထပ်ပြီးပေါ်လာစရာမလိုတော့ဘူး။ ကျွန်ုပ်တို့ ရဲ့ ရန်သူဖြစ်တယ်။ အသစ်သောအသက်တာက ဖြောင့်မတ်ခြင်းတရားထဲမာ နေပါပြီ။ ယခုကျွန်ုပ်နာခံလိုက်လျောက်ဖို့ အလွန်မြတ်နိုးတဲ့ အမိန့်တော်က ( အတူ ပျော်ရွှင်ရန်ဖိတ်ခေါ်ပါတယ်) “သေခြင်းမှထမြောက်၍ အသက်ရှင်သောသူ ကဲ့သို့ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့”(ရော၊၆း၁၃)။
၃၁။ ကျွန်ုပ်တို့သည် ပညတ်တရား၌သေ၍ ဘုရားသခင်အတွက် အသီးအပွင့်များဆောင်ယူနိုင်ရန်
ထိုနည်းတူ ငါ့ညီအစ်ကိုတို့ သင်တို့သည် တခြားသောသူတည်းဟူ သောသေခြင်းမှ ထမြောက်သောသူ၏မယားဖြစ်၍ ဘုရားသခင်အလိုတော်နှင့်အညီ တိုးပွားမည်အကြောင်း ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့်ကွာကြ၏။
ရော၊၇း၄
ခရစ်တော်က ကျွန်ုပ်တို့အဖို့ အသေခံတဲ့အတွက် ကျွန်ုပ်တို့က သူနဲ့ အတူ သေကြတယ်။ ဘုရားသခင်က ယုံကြည်သောသူကို ခရစ်တော်၌ တစ်ပေါင်းတစ်စည်း တည်းဖြစ်စေတယ်။ ကျွန်ုပ်တို့အပြစ်အတွက် သူအသေခံခြင်းက သူ၌ ကျွန်ုပ်တို့ သေဆုံးသွားခြင်းပဲဖြစ်တယ်။ (ရှေ့ကအခန်းကိုဖတ်ပါ)။ ဒါပေမယ့် အပြစ်က သခင် ယေရှုနဲ့ ကျွန်ုပ်တို့ကိုသတ်တဲ့ တစ်ခုတည်းသော အမှန်တရားမဟုတ်ဘူး။ ဘုရား သခင်ရဲ့ ပညတ်တရားလည်းပါတယ်။ ပညတ်တော်တွေ ကျူးလွန်ခြင်းအားဖြင့် အပြစ် ပြုတဲ့အတွက် ပညတ်တရားက သေခြင်းဆီကို ပို့ခဲ့ပါတယ်။ ပညတ်မရှိရင် အပြစ် လည်း ရှိမှာမဟုတ်ဘူး။ “ပညတ်တရားမရှိလျှင် လွန်ကျူးခြင်းအပြစ်မရှိ” (ရော၊၄း၁၅)။ “ပညတ်တရား၌ ပါသမျှသောစကားတို့သည် ပညတ်တရားကို ခံသောသူတို့နှင့်စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ သို့ဖြစ်၍ လောကီသားအပေါင်းတို့ သည် စကားတခွန်းကိုမျှမပြောနိုင်ပဲ ဘုရားသခင့်ရှေ့တော်၌ အပြစ်သင့်သောသူ ဖြစ်ကြ၏”(ရော၊၃း၁၉)။ ကျွန်ုပ်တို့တစ်တွေ အပြစ်လုပ်ကြတဲ့အတွက် ပညတ်တရား ရဲ့ ကျိန်ခြင်းကနေ မလွှတ်မြောက်နိုင်ပါဘူး။ ဒါကတော့ တရားပါတယ်။ လွတ်နိုင် ဖို့နည်းလမ်းတစ်ခုတည်းရှိတယ်။ ဒါကြောင့် ယေရှုဆင်းကြွလာခြင်းပဲ ဖြစ်တယ်။ “ခရစ်တော်သည် ငါတို့အတွက်ကြောင့် ကျိန်ခြင်းကိုခံရသောသူဖြစ်၍ ငါတို့ကို ပညတ်တရား၏ကျိန်ခြင်းမှ ရွေးနှုတ်တော်မူပြီ(ဂလာ၊၃၁၃)။ ဒါကြောင့် ကျွန်ုပ်တို့က ခရစ်တော်၌ရှိနေရင် ဘုရားသခင်ရဲ့ ပညတ်တရားက ကျွန်ုပ်တို့ကို စီရင်လို့ မရတော့ ပါဘူး။ လွှမ်းမိုးလိုတဲ့တန်ခိုးတော်က ပျက်စီးသွားပါပြီ။ တစ်နည်းအားဖြင့်ပြောရရင် ပညတ်တရားရဲ့ တောင်းဆိုချက်တွေကို ကျွန်ုပ်တို့ကိုယ်စား ခရစ်တော်က ပြီးပြည့်စုံ စေခဲ့ပါတယ်။ သူ့ရဲ့ ရာနှုန်းပြည့် ပညတ်တော်ကို စောင့်ရှောက်ခြင်းက ကျွန်ုပ်တို့ရဲ့အကြွေးကို ကျေစေခဲ့တယ်(အခန်း ၁၁ကို ကြည့်ပါ)။
တစ်ဘက်မှာလည်း ပညတ်တရားရဲ့ အပြစ်စီရင်ခြင်းကို ခရစ်တော်ရဲ့ အသွေးတော်အားဖြင့် ပေးဆပ်ခဲ့ပါတယ်။ ဘုရားသခင်နဲ့ ဖြောင့်မတ်မှန်ကန်ခြင်းက ပညတ်တရားစောင့်ထိန်းခြင်းအပေါ်မှာ အခြေမပြုကြောင်း သမ္မာကျမ်းက ရှင်းလင်း စွာ သွန်သင်ထားပါတယ်။ တစ်ခုတည်းသော မျှော်လင့်ခြင်းက အသွေးတော်နဲ့ ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းလည်း ဖြစ်ပါတယ်။ “ထိုသို့ ပညတ်တရားသည် ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်ဖြစ်သောကြောင့် ပညတ်တရား၏အကျင့်အားဖြင့် ဘုရားသခင်ရှေ့တော်၌ အဘယ်သူမျှ ဖြောင့်မတ် ရာသို့ မရောက်နိုင်ရာ”(ရော၊၃း၂၀)။
“ပညတ်တရား၏အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ မရောက်။ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်၏”(ရော၊ ၃း၂၈)။ သူ့ရဲ့ ပညတ်တရား တွေက အသေဖြစ်သွားရင် သူကကျွန်ုပ်တို့ရဲ့ သခင် မဟုတ်တော့ဘူးလား။ သူ့ကို ကျေနပ်အောင်ဘယ်လိုလုပ်မလဲ။ ပညတ်တရားက သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်းမရှိတော့ဘူးလား(ရော၊၇း၁၂)။ တောင်းဆိုခြင်း၊ အပြစ်တရားကို စီရင်သောပညတ်တော်တွေကို လိုက်လျှောက်မယ့်အစား အရာအားလုံး ခရစ်တော် က ပိုင်သတော်မူကြောင်း ကျမ်းစာထဲမှာ အဖြေပေးထားပါတယ်။ အရင်တုန်းကဖြောင့်မတ်ခြင်းတရားက ကျောက်တုံးပေါ်မှာ ရေးသားထားတဲ့စာတွေကို တောင်းဆို တယ်။ ဒါပေမယ့် အခုတော့ ဖြောင့်မတ်ခြင်းတရားက ကျွန်ုပ်တို့အထဲက ပေါ်ထွက် လာပြီး ခရစ်တော်နဲ့ မိတ်သဟာယဖွဲ့နိုင်ဖို့ မျှော်လင့်တောင့်တခြင်းပဲဖြစ်တယ်။ သူက စစ်မှန်ပြီး တည်ရှိတော်မူတယ်။ သူ့ရဲ့ ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ရဲ့ အားနည်း ချက်တွေကို ကူမတော်မူတယ်။ အသက်ရှင်တော်မူသောသူက သေစေလောက်တဲ့စရင်း တွေကိုအစားထိုးပေးခဲ့ပါတယ်။ “မောရှေ၏ကျမ်းစာကိုဖတ်ကြသောအခါ သူတို့စိတ်နှလုံးသည် ဖုံးအုပ်လျက်ရှိသေး၏။ သို့ သော်လည်း သခင်ဘုရား။ ပြောင်းလဲသောအခါ ထိုဖုံးအုပ်ခြင်းအကြောင်းကို ပယ်ရှင်းလိမ့်မည် ( ၂ကော ၃း၁၆ ) အခန်း(၁၄)ထဲတွင် ကြည့်ရန်။
အသစ်သောနာခံခြင်းနည်းလမ်းက ပညတ်တော်ကိုစောင်ခြင်း မဟုတ်ပဲ အသီးများကိုဆောင်ယူခြင်းဖြစ်ကြောင်း သမ္မာကျမ်းကပြောထားပါတယ် သည် အခြားသောသူတည်းဟူသော သေခြင်းမှထမြောက်တော်မူသောသူ၏မယားဖြစ်၍ ဘုရားသခင်၏အလိုတော်နှင့်အညီ တိုးပွားမည်အကြောင်း ခရစ်တော်၏ ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့်ကွာကြ၏(ရော၊၇း၄)။ ပညတ်တရား၌သေ၍ အသီးများကိုဆောင်ယူလျက် အသက်ရှင်ရမည်။ အသီးဆိုတာ သဘာဝ အလျောက် အပင်ပေါ်မှာသီးတာပါ။ အပင်ကောင်းရင် အသီးကောင်းမယ်။ အပင် က မေတ္တာတရားနဲ့ ယေရှုခရစ်တော်ကို ရှင်သန်လျက် ဆက်သွယ်နေခြင်းပါပဲ။ ဒီအတွက် သူအသေခံခဲ့ပါတယ်။ အခုတော့ ကျွန်ုပ်တို့ ဆီလာပြီး “ငါ့ကိုယုံကြည် ကိုးစားပါ”လို့ ပြောပါတယ်။ ပညတ်တရားမှာ အသေဖြစ်ပြီးတော့ မေတ္တာတရားရဲ့ အသီးတွေကို ဆောင်ယူကြပါစို့။
၃၂။ ကျွန်ုပ်တို့အတွက်မဟုတ် ခရစ်တော်အတွက် အသက်ရှင်စေရန်
အသက်ရှင်သောသူတို့သည် တဖန် ကိုယ်အလိုသို့လိုက်၍မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှထမြောက်တော်မူသော သူ၏အလိုသို့ လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်ဟူ၍၎င်း ငါတို့သည်သဘောထား လျက် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင်၏။
၂ကော၊၅း၁၅
ခရစ်တော်အသေခံခြင်းက ခရစ်တော်ကိုချီးမြှောက်ရန် ဖြစ်တယ်ဆိုတဲ့ အချက်ဟာ လူတွေအတွက် နားလည်ရခက်စေပါတယ်။ အနှစ်သာရကိုချုပ်ပြီး ဖော်ပြရမယ်ဆိုရင် (၂ကော၊၅း၁၅)ထဲက ဖော်ပြချက်အရ ခရစ်တော်က ကျွန်ုပ်တို့ အတွက် အသေခံခဲ့တာမို့လို့ ကျွန်ုပ်တို့က သူ့အတွက် အသက်ရှင်ရပါမယ်။ တစ်နည်းအားဖြင့် ပြောရရင် သူက ကျွန်ုပ်တို့ဖို့ အသေခံခဲ့တာမို့လို့ သူ့အတွက် အများကြီးလုပ်ဆောင်ရမှာဖြစ်တယ်။ တဲ့တိုးပြောရမယ်ဆိုရင် ခရစ်တော်က ခရစ်တော်အတွက် အသေခံခဲ့ခြင်းဖြစ်တယ်။ အဲဒါအမှန်ပဲ။ လှည့်စားနေတဲ့စကား မဟုတ်ဘူး။ အပြစ်ပြုခြင်းရဲ့ အနှစ်ချုပ်က ကျွန်ုပ်တို့က ဘုရားရဲ့ ဘုန်းတော် ထင်ရှား စေဖို့ ပျက်ကွက်ခြင်းပဲဖြစ်ပါတယ်။ သားတော်ရဲ့ ဘုန်းတော်ထင်ရှားစေဖို့ ပျက်ကွက် ခြင်းလည်းဖြစ်ပါတယ်။ (ရော၊၃း၂၃) ခရစ်တော်က အပြစ်အားလုံး ဆောင်ယူသွား ၊ ဖို့နဲ့ ကျွန်ုပ်တို့အားလုံး လွှတ်မြောက်စေဖို့ အသေခံခဲ့ပါတယ်။ ကျွန်ုပ်တို့က သူ့ကို မကြည်ညိုလေးစားစေနိုင်တဲ့ အပြစ်ကို ဆောင်ယူသွားဖို့ ခရစ်တော်အသေခံခဲ့ ပါတယ်။ ခရစ်တော်က သူ့ရဲ့ ဘုန်းတော်အတွက် အသေခံခဲ့ပါတယ်။ ဒီလိုလုပ်ရပ် တွေဟာ လူတွေအတွက် အချည်းနှီးပါပဲ။ မြတ်မြတ်နိုးနိုး လုပ်ဆောင်သင့်တဲ့အရာ တစ်ခု ဖြစ်မနေပါဘူး။ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းက သမ္မာကျမ်းထဲက ဖော်ပြထားတဲ့ မြင့်မြတ်တဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးခြင်းနဲ့ ဆန့်ကျင်ဘက် ဖြစ် ပါတယ်။ တကယ်တော့ အကြောင်းရင်းနှစ်ခုစလုံးကြောင့်လည်း ပါပါတယ်။ ခရစ်တော်က သူ့ရဲ့ ဘုန်းတော် ထင်ရှားဖို့နဲ့ သူ့ရဲ့ မေတ္တာတော်ကို ဖော်ပြဖို့ အသေခံ ခြင်းနှစ်ခုစလုံးက မှန်နေရုံမက တူနေပါတယ်။ ခရစ်တော်ကအနှိုင်းမဲ့ဖြစ်တယ်။ ဘယ်သူမှ သူ့ရဲ့ ချစ်ခြင်းမေတ္တာကို အပြည့်အစုံ မဖော်ပြနိုင်ပါဘူး။ ခရစ်တော်ကစကြာဝဠာကြီးထဲမှာ တစ်ဦးတည်းသော လူသားဖြစ်ပြီး ဘုရားတစ်ဆူတည်းဖြစ်တဲ့ အလျောက် အဆုံးမဲ့အဖိုးထိုက်တန်တဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ကျင့်တရားတွေက အလွန်တရာပြည့်စုံလှပနေပါတယ်။ သူက အလွန်တရာပညာရှိခြင်း၊ တရားမျှတခြင်း၊ကောင်းမြတ်ခြင်းနဲ့ ပြည့်စုံလျက် ရှိနေပါတယ်။ “ထိုသားတော်သည် ဘုရားသခင်၏ ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန်ဖြစ်၍ တန်ခိုးနှင့်ပြည့်စုံသော မိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစသောသူဖြစ်လျက်”(ဟေဗြဲ၊၁း၃)။ သူ့ကို သိမြင်ခြင်းဟာ ကမ္ဘာပေါ်ကရှိရှိသမျှ အရာအားလုံးကို ပိုင်ဆိုင်နိုင်ခြင်း ထက် ပိုပြီးကျေနပ်စရာကောင်းပါတယ်။ သူ့အကြောင်းကို ကောင်းကောင်းသိတဲ့ သူတွေက ဒီလို ပြောကြပါတယ်။
သို့သော်လည်း ငါ၏အကျိုးစီးပွားကိုပြုစုသောအရာရှိသမျှတို့ကို ရှုံးစေ သောအရာကဲ့သို့ ခရစ်တော်ကြောင့် ငါထင်မှတ်၏။ ထိုမျှမက ငါ၏သခင်ယေရှု ခရစ်ကို သိသောပညာသည် အဘယ်မျှလောက်မြတ်သည်ကို ထောက်၍ ခပ်သိမ်း သောအရာတို့ကို ရှုံးစေသောအရာကဲ့သို့ ငါထင်မှတ်၏(ဖိ၊၃း၇-၈)။ .
ခရစ်တော်အသေခံခြင်းဟာ ကျွန်တော်တို့ တစ်တွေ သူ့အတွက် အသက် ရှင်ရန်ဖြစ်တယ်ဆိုတဲ့အချက်က သူ့ကိုကူညီသင့်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မဟုတ်ပါ ဘူး။ “ဘုရားသခင်သည်….. တစ်စုံတစ်ခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်”(တ၊၁၇း၂၅)။ “လူသားသည် သူတစ်ပါးကို စေစားခြင်းငှါမလာ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှါ၎င်း ကြွလာသတည်းဟု မိန့်တော်မူ၏”(မာ၊၁၀း၄၅)။ ခရစ်တော် အသေခံ ခြင်းက သူ့ကိုကူညီမစဖို့မဟုတ်ပဲ သူ့ကိုအလွန် အဖိုးထိုက်တန်တဲ့ ကယ်တင်ရှင် အဖြစ် မြင်တွေ့နိုင်ဖို့ပါပဲ။ အဆိပ်သင့်တဲ့ ပျော်ရွှင်မှုတွေကနေ ကယ်နှုတ်ဖို့နဲ့ သူ့ရဲ့ အလှတရားထဲမှာ ပျော်မွေ့နိုင်ဖို့ အသေခံခဲ့ခြင်းဖြစ်တယ်။ ကျွန်ုပ်တို့က သူ့ရဲ့ချစ်ခြင်း မေတ္တာကို ခံစားရမှာဖြစ်ပြီး သူကတော့ ကြည်ညိုလေးစားခြင်းကို ခံယူဖို့ပါပဲ။ ဒါတွေက အပြိုင်သွားနေတာမဟုတ်ဘူး။ အားလုံးက တစ်ခုတည်းဖြစ်တယ်။ သခင်ယေရှုကသူအဝေးကို သွားမယ့်အကြောင်းနဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို ကူညီ ထောက်မဖို့ စေလွှတ်မည့်အကြောင်း တပည့်တော်တွေကိုပြောခဲ့ပါတယ်(ယော၊၁၆ ၇)။ အကူအညီပေးမယ့်သူက ဘာတွေလုပ်မလဲဆိုတော့ “ငါ့ရဲ့ ဘုန်းတော်ကို ထင်ရှားစေမည်”လို့ ပြောခဲ့ပါတယ်(ယော၊၁၆း၁၄)။ ခရစ်တော်ရဲ့ အသေခံခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းကို ကျွန်ုပ်တို့ မြင်တဲ့အတွက် သူ့ကို ချီးမြှောက်ရမယ်။ ဒါက ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးသော အကူအညီပါပဲ။ ဒါက ချစ်ခြင်းမေတ္တာပါပဲ။ သခင်ယေရှုအမြတ်နိုးဆုံးသော ဆုတောင်းချက်က “အိုအဖ ကိုယ်တော်သည် ဤကမ္ဘာ မတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အားပေးသောသူတို့သည် ရှုမြင်ရမည်အကြောင်း အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိနေစေခြင်းငှာ အကျွန်ုပ် အလိုရှိပါ၏”(ယော၊၁၇း၂၄)။ ဒီအတွက် ကြောင့် ခရစ်တော်အသေခံခဲ့တာပါ။ ၎င်းမေတ္တာတော်က ကျွန်ုပ်တို့ကို ထာဝရ ပျော်ရွှင်မှုပေးဖို့ ခံစားခဲ့တဲ့ ဝေဒနာတွေ ဖြစ်တယ်။
၃၃။ ကားတိုင်တော်က ကျွန်ုပ်တို့ ဝါကြားရာအကြောင်းဖြစ်ရန်
ငါဖြစ်လျှင် ငါတို့သခင်ယေရှု၏ လက်ဝါးကပ်တိုင်တော်မှတပါး အဘယ်အရာ၌မျှ ဝါကြွား ၊ ခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာ ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ ရိုက်ထားခြင်းကိုခံလျက်ရှိ၏။ ဂလာ၊၆း၁၄
ဒါကတော့ အားလုံးရဲ့ အထွဋ်အထိပ်ပဲ။ လက်ဝါးကပ်တိုင်၌သာ ဝါကြွားပါ။ တကယ်ပဲလား။ ကားတိုင်တော်တစ်ခုတည်းလား။ ကျမ်းစာထဲမှာ အခြားသော ဝါကြွားခြင်းအကြောင်းတွေ ဖော်ပြထားတယ်။ ဘုရားသခင်ရဲ့ ဘုန်းတော်၌ ဝါကြွား ဝမ်းမြောက်ပါ(ရော၊၅း၂)။ ဒုက္ခဆင်းရဲခံရခြင်းအတွက် ဝါကြွားပါ(ရော၊၅း၃)။ ကျွန်ုပ်တို့ရဲ့အားနည်းခြင်းအရာ၌ ဝါကြွားပါ( ၂ကော၊၁၂း၉ )။ သခင်ယေရှုခရစ်၌ ဝါကြွားဝမ်းမြောက်ပါ(၁သက်၊၂း၁၉)။ ဝါကြွားစရာအများကြီးရှိပေမယ့် ကားတိုင်၌ သာလို့ ဖော်ပြထားတာ ဘာသဘောလဲ။ ဆိုလိုတာက ဝါကြွားစရာအားလုံးရဲ့ အရင်း အမြစ်က ကားတိုင်တော်ကိုအခြေပြုထားလို့ ဖြစ်တယ်။ မျှော်လင့်ခြင်းရဲ့ ဘုန်းတန်ခိုးတော်မှာ ဝါကြွားမယ်ဆိုရင် အဲဒီဝါကြွားခြင်းက ကားတိုင်တော်၌ ဝါကြွားခြင်းသာ ဖြစ်ရမယ်။ ခရစ်တော်၌ ကျွန်ုပ်တို့ဝါကြွားတယ်ဆိုရင်လည်း ကားတိုင်အားဖြင့်သာ ဝါကြွားခြင်းဖြစ်ရမယ်။ ကားတိုင်တော်၌သာ ဝါကြွားခြင်းဆိုတဲ့အဓိပ္ပါယ်က ကားတိုင်တော်ကသာ အခြားသောဝါကြွားခြင်းအားလုံးကို အသက်ဝင်စေပြီး ကြွားဝါခြင်း အားလုံးကလည်း ကားတိုင်တော်ကို ချီးမြှောက်သင့်ပါတယ်။
ဘာကြောင့်လဲ။ ကောင်းတဲ့အရာတွေသာမက ဆိုးတဲ့အရာတွေတောင်မှ ဘုရားသခင်က ကောင်းအောင်လုပ်ပေးနေတဲ့အတွက် ကျွန်ုပ်တို့ ရရှိထားတဲ့အရာ တွေက ခရစ်တော်ရဲ့ ကားတိုင်တော်ကြောင့်သာဖြစ်တယ်။ ခရစ်တော်ကိုယုံကြည်သူ တွေကလွဲရင် အပြစ်သားအားလုံး အပြစ်စီရင်ခြင်းခံရမှာဖြစ်တယ်။ မယုံကြည်သူ တွေဆီကို ရောက်လာတဲ့သာယာပျော်ရွှင်မှုတွေ အများကြီးပါပဲ။ အသက်တာနဲ့ ဆိုင်တဲ့ ကောင်းကြီးတွေကို မထီမဲ့မြင်ပြုပြီး ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံခြင်းကို ကျေးဇူး တင်စွာဖြင့် လက်ခံရယူခြင်းမပြုရင် ဘုရားသခင်ရဲ့ တရားတော်ထင်ရှားတဲ့နေ့မှာ ကိုယ်ခံစရာဘို့ အမျက်ဒေါသကို ဆည်းပူးရမှာဖြစ်တယ် (ရောမ၊ ၂း၄-၅)။ ကျွန်ုပ်တို့ က ခရစ်တော်ကို ယုံကြည်နေတဲ့သူဖြစ်တဲ့အလျောက် ကျွန်ုပ်တို့ရဲ့ ပျော်ရွှင်စရာအားလုံးက သူ့ရဲ့အသေခံခြင်းနဲ့ သက်ဆိုင်နေပါတယ်။ သူ့ရဲ့ ဒုက္ခဝေဒနာခံစားခြင်း က အပြစ်သားတွေနဲ့ ထိုက်တန်တဲ့အပြစ်စီရင်မှုအားလုံးကို ယူဆောင်သွားပြီး အပြစ် သားတွေကို ခွင့်လွှတ်ပြီး ကောင်းမြတ်တဲ့အရာအားလုံးကို ပေးခဲ့ကာ ပျော်ရွှင်စေပါ တယ်။ ဒါကြောင့် ဒီအရာတွေအားလုံးအတွက် ဝါကြွားခြင်းက ခရစ်တော်ရဲ့ ကားတိုင် ၌သာ ဝါကြွားခြင်းဖြစ်သင့်တယ်။ ကျွန်ုပ်တို့က ကားတိုင်၌ဦးတည်သူ၊ ကားတိုင်ကို မြတ်နိုးတွယ်တာတဲ့သူတွေဖြစ်သင့်ပေမယ့် မဖြစ်ကြပဲ ဘုရားသခင်က မကောင်းတဲ့ အရာတွေကို ကောင်းအောင်လုပ်ခဲ့တာတွေ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းဖြင့် ရွေးနုတ်ဝယ်ယူခဲ့တဲ့ အမှန်တရားတွေနဲ့ ကောင်းမြတ်ခြင်းတွေကို တွေးဆချင့်ချိန် နိုင်စွမ်းမရှိကြဘူး။ ဒီတော့ ကျွန်ုပ်တို့က ကားတိုင်တော်ကို ဦးတည်နေတဲ့သူတွေလို့ ဘယ်လိုပြောနိုင်မှာလဲ။ ခရစ်တော်နဲ့ အတူ ကျွန်ုပ်တို့အသေခံခဲ့တဲ့ကားတိုင်တော်က အမှန်တရားတွေကြား ကျွန်ုပ်တို့ နိုးထသင့်ပါပြီ(အခန်း၊၃၁ ကို ကြည့်ပါ)။ ဒီခံစားမှုမျိုးကို တမန်တော်ကြီးရှင်ပေါလုက ကြုံဆုံခဲ့တဲ့အခါမှာ “ဤလောကသည် ငါ့အဘို့ ရိုက်ထားခြင်းကို ခံလျက်ရှိ၏။ ငါသည်လည်း ဤလောကအဘို့ ရိုက်ထား ခြင်းကိုခံလျက်ရှိ၏” လို့ပြောခဲ့ပါတယ်(ဂလာ၊၆း၁၄)။ ဒီကျမ်းပိုဒ်ရဲ့ အဓိကသော့ချက် က ခရစ်တော်ကို ဗဟိုပြုတဲ့ ကားတိုင်တော်မှာ ဝါကြွားရန်ဖြစ်တယ်။ ခရစ်တော်ကို ယုံကြည်ကိုးစားတဲ့အသက်တာမှာ ကမ္ဘာကြီးရဲ့ဆွဲဆောင်မှုတန်ခိုးမှ လွတ်မြောက် သွားမှာဖြစ်တယ်။ သင်ကကမ္ဘာကြီးထဲမှာ အလောင်းကောင်ဖြစ်နေသလို ကမ္ဘာကြီး ကလည်း သင့်အတွက် အလောင်းကောင်ကြီးပါပဲ။ ဟောင်းနွမ်းနေတဲ့ ကမ္ဘာကြီးဟာ သင့်အတွက် အသေကောင်ကဲ့သို့ ဖြစ်နေမှာပါ။ ခရစ်တော်၌ ယုံကြည် ကိုးစားခြင်းက သင့်အတွက် အသစ်သောအသက်တာဖြစ်တယ်။ယုံကြည်ခြင်းရဲ့ အမှတ်အသားကတော့ ကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးထက် ခရစ်တော်ကို တန်ဖိုးထားခြင်းပဲဖြစ် တယ်။ သင့်ရဲ့မေတ္တာတရားကို မြူဆွယ်တဲ့လောကနဲ့ဆိုင်တဲ့ တန်ခိုးတွေက အဆုံး သတ်သွားမှာဖြစ်တယ်။ ကမ္ဘာကြီးရဲ့ သေဆုံးမှုဆိုတဲ့အဓိပ္ပါယ်က ကမ္ဘာပေါ်က တရားဝင်ပျော်ရွှင်မှုအားလုံးက အသွေးနဲ့ ဝယ်ယူထားတဲ့ ခရစ်တော်ရဲ့ ချစ် မေတ္တာကို ထင်ရှားစေပြီး ကားတိုင်တော်မှာ ဝါကြွားခြင်းဖြစ်စေပါတယ်။ တ နှလုံးသားတွေက ကောင်းကြီးမင်္ဂလာတွေဖြာထွက်နေတဲ့ ကားတိုင် ဦးတည်နေတယ်ဆိုရင် လောကီနဲ့ ဆိုင်တဲ့ကောင်းကြီးတွေက အနန္တဖြစ်ပြီး အားလုံးကို ခရစ်တော်ရဲ့ ကားတိုင်အားဖြင့် အောင်နိုင်မှာဖြစ်ပါတယ်။
၃၄။ ကျွန်ုပ်တို့သည် သူ့အား ကြိုးစားယုံကြည်လျက် အသက်ရှင်နိုင်ရန်
ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင် ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သောအသက်သည် ဘုရား သခင်၏သားတော်ကို ယုံကြည်ခြင်း၊ အားဖြင့်တည်၏။ သားတော်သည် ငါ့ကို ချစ်၍ ငါ့အဘို့ ကိုယ်ကိုကိုယ်စွန့်တော်မူ၏။ ဂလာ၊ ၂:၂၀
ဒီကျမ်းပိုဒ်ထဲမှာ ဝိရောဓိသဘောကို ရှင်းလင်းစွာဖော်ပြထားပါတယ်။ “ငါသည် အသေခံပြီ”။ သို့သော် ယခုအသက်ရှင်သေး၏။ ဒါပေမယ့် သင့်အနေနဲ့ ဒါကဝိရောဓိသဘောတရားမဟုတ်ဘူး။ အစီအစဉ်တကျ ရေးသားခြင်းပဲဖြစ်တယ်လို့ ပြောကောင်းပြောမှာပါ။ ကျွန်ုပ်ဦးစွာခရစ်တော်နဲ့ အတူအသေခံတယ်။ အဲဒီနောက် သူနဲ့အတူ ထမြောက်ပြီး အသက်ရှင်တယ်၊ မှန်ပါတယ်။ ဒါပေမယ့် ရှေ့ဆက်ဖတ်ရင် ဝိရောဓိဆန်တဲ့ သဘောတရားတွေကို ပိုပြီးတွေ့ရမှာဖြစ်တယ်။ “ကျွန်ုပ်က ကြာကြာ အသက်ရှင်မှာမဟုတ်ဘူး”။ ဒါပေမယ့် အခုရှင်နေသလား။ ကျွန်ုပ် အသက်ရှင်လား။ ဒါမှမဟုတ် မရှင်ဘူးလား။ ဝိရောဓိဆိုတာ ဆန့်ကျင်ဘက်သဘောတရားတွေမပါ ဘူး။ ရှေ့နောက်ကိုက်ညီတယ်။ ရှင်ပေါလု ဖော်ပြထားတဲ့သဘောက “ကျွန်ုပ်” (သေဆုံးသူ)နဲ့ “ကျွန်ုပ်”(အသက်ရှင်သူ)ဆိုတဲ့ ခြားနားတဲ့သဘောကို တွေ့ရ တယ်။ ဒါက ခရစ်ယာန်ဖြစ်ခြင်းရဲ့ အနှစ်သာရပဲ။ ဟောင်းနွမ်းတဲ့ ခန္ဓာကိုယ်က သေဆုံး သွားတယ်။ အသစ်သောခန္ဓာက “ဖန်ဆင်းခံရခြင်း” သို့မဟုတ် “ရှင်ပြန်ထမြောက်” ခဲ့တယ်။ “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏” ( ၂ကော၊၅း၁၇)။ “ဒုစရိုက်အပြစ်၌ သေလျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ . . . . ယေရှုခရစ်အားဖြင့် ငါတို့ကို ထမြောက်စေ၍ကောင်းကင်အရပ်၌ နေရာပေးတော်မူပြီ”(ဧ၊၂:၅-၆)။ ခရစ်တော် အသေခံခြင်းရဲ့ ရည်ရွယ်ချက်က ကျွန်ုပ်တို့ရဲ့ ခန္ဓာဟောင်းကို သင်္ချိုင်းထဲ ယူဆောင်သွားပြီး အဲဒီနေရာ မှာ အဆုံးသတ်ပစ်ဖို့ပါပဲ။ “ထိုမှတပါး ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ငါတို့သည် နောက်မှအပြစ်တရား၏အစေကို မခံစေခြင်းငှါ အပြစ်တရား၏ကိုယ်ကိုဖျက်ဆီးမည်အကြောင်းတည်း”(ရော၊၆း၆)။ ခရစ်တော်ကို ကျွန်ုပ်တို့ယုံကြည်ရင် သူနဲ့ တပေါင်းတစည်းတည်းဖြစ်ပြီ။ ကျွန်ုပ်တို့ရဲ့ ခန္ဓာဟောင်းက ခရစ်တော်နဲ့ အတူ သေသွားပြီလို့ ဘုရားသခင်က မှတ်ယူမှာဖြစ်တယ်။ ရည်ရွယ်တာကတော့ အသစ်သောအသက်တာ ပေါ်ထွက်လာဖို့ပါပဲ။ ဒါဆိုရင် အသစ်သော ခန္ဓာက ဘယ်သူလဲ။ ဒီခန္ဓာနှစ်ခုမှာ ဘာတွေခြားနားမှုရှိသလဲ။ ဒီအခန်းရဲ့ အစပိုင်းကျမ်းပိုဒ်ထဲမှာ ဖော်ပြ ထားတာက အသစ်သောခန္ဓာကို ပုံစံနှစ်မျိုးနဲ့ ဖော်ပြထားတယ်။ တစ်ခုကတော့ မစဉ်းစားနိုင်စရာဖြစ်ပြီး၊ နောက်တစ်ခုကတော့ ရိုးရိုးရှင်းရှင်းပဲဖြစ်တယ်။ ပထမ အချက်အနေနဲ့ ဖော်ပြတဲ့ အသစ်သောခန္ဓာမှာ ခရစ်တော်က ကျွန်ုပ်အထဲမှာ အသက်ရှင်နေခြင်းဖြစ်တယ်။ “ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏”။ ဆိုလိုတာက အသစ်သောခန္ဓာကိုယ်ထဲမှာ ခရစ်တော်အမြဲရှိနေပြီး အချိန်တိုင်းမှာကူညီဖေးမနေပါတယ်။ သူက ကျွန်ုပ်ကို အသက်ရှင်စေတယ်။ ကျွန်ုပ်ကိုခေါ်ပြီး လုပ်စေလိုတဲ့အရာတွေအတွက် အမြဲခွန်အားပေးနေပါတယ်။ ဒါကြောင့် ကျမ်းစာက ပြောပါတယ်။ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏”(ဖိ ၄း၁၃)။ “ထိုသို့ အလို့ငှါ ငါသည် အမှုဆောင်ရွက်၍ ငါ၌တန်ခိုးတော်ပြုပြင်အားထုတ်တော်မူသည် အတိုင်း ကြိုးစားအားထုတ်လေ့ရှိ၏(ကော၊၁း၂၉)။ “ခရစ်တော်သည် ငါ့အားဖြင့် ပြုတော်မူသမျှမှတပါး တစုံတခုမျှငါမပြော”ဟု အသစ်သောခန္ဓာ၌ရှိသောသူတို့က ပြောကြသည်(ရော၊၁၅း၁၈)။
ဒါက ဂလာတိ၊ ၂:၂ဝ မှာ ဖော်ပြထားတဲ့အသစ်သောခန္ဓာနဲ့ ဆိုင်တဲ့ ပထမ နည်းလမ်းဖြစ်တယ်။ ခရစ်တော်ကိန်းအောင်းနေတဲ့၊ ခရစ်တော် တည်ရှိနေတဲ့၊ ခရစ်တော် ခွန်အားပေးနေတဲ့ အသက်တာဖြစ်တယ်။ ခရစ်တော်အသေခံခြင်းက ဒါတွေ ယူဆောင်လာဖို့ ဖြစ်တယ်။ ဒါက ခရစ်ယာန်ဖြစ်ခြင်းပဲဖြစ်တယ်။ အသစ်သောခနာ နဲ့ဆိုင်ပြီး နောက်ထပ် အနက်ဖွင့်ဆိုတာရှိတယ်။ ခရစ်တော်ကို အချိန်တိုင်း ပါ ကိုးစားတဲ့ အသက်တာဖြစ်တယ်။ “ကျွန်ုပ်ကိုချစ်ပြီး အသက်ပေးခဲ့တဲ့ ဘုရား သားတော်ကိုယုံကြည်ခြင်းဖြင့် ယခုအသစ်သောအသက်တာဖြင့် အသက်ရှင်နေပါတယ်။ အသစ်သောခန္ဓာနဲ့ ဆိုင်ပြီး ဒုတိယအနက်ဖွင့်ဆိုချက်မရှိရင် ကျွန်ုပ်တို့ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက ခရစ်တော်ရဲ့ နေ့စဉ်ဖေးမမှုကို ခံစားနေရသည် ကို အံ့သြနေမိမှာဖြစ်ပါတယ်။ အခုတော့ ကျွန်ုပ်တို့ဆီမှာ “ယုံကြည်ခြင်း”ဆိုတဲ့အဖြေရှိနေပါတယ်။ ဘုရားဘက်က ကြည့်ရင်တော့ ခရစ်တော်က ကျွန်ုပ်တို့ အထဲမှာအသက်ရှင်နေပြီး သူအသက်ရှင်စေလိုတဲ့အတိုင်း ရှင်သန်နိုင်ဖို့ သွန်သင်နေ ပါတယ်။ ဒါက သူ့ရဲ့ အလုပ်ပါပဲ။ ကျွန်ုပ်တို့ ဘက်က ကြည့်ရင်တော့ ကျွန်ုပ်တို့နဲ့ အစဉ်ရှိနေပြီး ကူညီမစနိုင်ဖို့ အချိန်တိုင်း ယုံကြည်ကိုးစားနေဖို့ပဲဖြစ်တယ်။ သူ့ရဲ့ ဒုက္ခဝေဒနာခံစားပြီး အသေခံခြင်းက ကျွန်ုပ်တို့နဲ့ အတူရှိပြီး ကူညီမစရန်သာ ဖြစ်ပါတယ်။
၃၅။ လေးနက်သည့်အပ္ပါယ်ဆောင်သော ထိမ်းမြားခြင်းဖြစ်ရန်
အချင်းယောက်ျားတို့ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့။ ဧဖက်၊၅း ၂၅
သမ္မာကျမ်းထဲမှာ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်ပြီး ဘုရားသခင် ပုံဖော်ထားတာကတော့ ခရစ်တော်က သူ့လူတွေကို ချစ်သလို ခင်ပွန်းကဇနီးကို ချစ်ရမှာဖြစ်ပြီး ခရစ်တော်ကိုသူ့လူတွေက ပြန်ပြီးတုံ့ပြန်သလို ဇနီးက ခင်ပွန်းကို ပြန်ပြီး တုံ့ပြန်ရမှာဖြစ်တယ်။ ဒီပုံဖော်ထားတဲ့သဘောတရားက ဘုရားရဲ့ စိတ်တော် ထဲမှာရှိနေပြီး ခရစ်တော်ကို ကမ္ဘာလောကထဲ စေလွှတ်စဉ်ကလည်း ဒီအတွေး ရှိနေ တယ်။ ခရစ်တော်က သူ့ရဲ့ သတို့ သမီးအတွက် ဆင်းကြွလာပြီး သူမအတွက် အသေ ခံတဲ့ပုံဖော်ချက်က လက်ထပ်ထိမ်းမြားခြင်းရဲ့ အဓိပ္ပါယ်ကို ပေါ်လွင်စေပါတယ်။ ဒီအချက်ကို နှိုင်းယှဉ်ဆင်ခြင်ကြည့်တဲ့အခါ ယောက်ျားတွေက သူတို့ဇနီးတွေရဲ့ လက်ထဲမှာ ဝေဒနာခံစားရမယ့်သဘော မဟုတ်ဘူး။ သခင်ယေရှုက ဒါတွေ ကြုံဆုံခဲ့ တာတော့မှန်တယ်။ သခင်ယေရှုက သတို့ သမီးကိုဆောင်ယူဖို့ မြောက်များလှစွာသော လူတွေရဲ့ အကြားမှာ သူ့အတွက် ဒုက္ခဝေဒနာတွေခံခဲ့ရပါတယ်။ တပည့်တော် တွေရဲ့ စွန့်ခွာခြင်းဟာ သူ့အတွက် ကြီးစွာသော ဝမ်းနည်းကြေကွဲမှုဖြစ်စေခဲ့တယ် (မ၊၂၆း၅၆)။ ဒီမှာ နှိုင်းယှဉ်ဆင်ခြင်ရမယ့်အချက်က သခင်ယေရှုဟာ သူတို့ကို စွန့်ပစ် မသွားပဲ အသေခံခဲ့ခြင်းဖြင့် အဘယ်မျှလောက် ချစ်သလဲဆိုတာကို သိနိုင်ပါတယ်။ ဘုရားက ကနဦးကတည်းက အာဒံနဲ့ဧဝကို ပေါင်းဖက်စေတဲ့ ထိမ်းမြားခြင်းသဘော တရားက ခရစ်တော်ရဲ့ ကြွမြန်းခြင်းနဲ့ ဆက်စပ်ပါတယ်။ ခရစ်တော်ရဲ့ တမန်တော်တွေ က လက်ထပ်ထိမ်းမြားခြင်းတွေရဲ့ လျှို့ဝှက်နက်နဲမှုတွေကို ဖော်ပြတဲ့အခါ (က၊ ၂း၂၄) ကို ကိုးကားပြီး ရှင်းပြထားပါတယ်။ “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ့် ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူတို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်”။ ဒီကိုးကား ချက်ကို အနက်ဖွင့်ထားတယ်။ “ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ ငါဆိုသော် ခရစ်တော်နှင့် အသင်းတော်ကိုရည်မှတ်၍ ဆိုသတည်း”(ဧ ၅း၃၁-၃၂)။ အဓိပ္ပါယ်က လက်ထပ်ထိမ်းမြားခြင်းက ခရစ်တော်နဲ့ သူ့ရဲ့လူတွေအကြား ဆက်သွယ်ရေးကို ပုံဖော်နေခြင်းဖြစ်တယ်ဆိုတဲ့အကြောင်း ဘုရားရဲ့ စိတ်တော်ထဲမှာရှိနေပါတယ်။ ဒါကြောင့် လက်ထပ်ထိမ်းမြားခြင်းက “လျှို့ဝှက်နက်နဲခြင်း”လို့ခေါ်ပြီး ခရစ်တော် မကြွလာခင်အထိ လက်ထပ်ခြင်းရဲ့ ရည်ရွယ်ချက်က ရှင်းလင်းစွာ ပုံဖော် ခြင်းမရှိခဲ့ပါဘူး။ အခုတော့ လက်ထပ်ထိမ်းမြားခြင်းက ကမ္ဘာကြီးထဲမှာ လူတွေအပေါ် ထားရှိတဲ့ ဘုရားရှင်ရဲ့ ချစ်ခြင်းမေတ္တာတော်ကို မြင်သာစေကြောင်း တွေ့ရပါတယ်။
ဘုရားရဲ့ စိတ်တော်ထဲမှာ ကနဦးကတည်းက အသေခံခြင်းနဲ့ ဒီအကြောင်း တွေက သူ့စိတ်ထဲမှာ ရှိနေပါတယ်။ အဘက်ဘက်မှ စုံစမ်းခြင်းအမျိုးမျိုးကို ခံစားရ တဲ့အခါမှာ နက်နဲတဲ့ လက်ထပ်ထိမ်းမြားခြင်းရဲ့ သဘောကို ထုတ်ဖော်ရမယ်ဆိုတာကို သူသိနှင့်နေပါတယ်။ သူ့ရဲ့ ဒုက္ခဆင်းရဲအပေါင်းက အထူးသဖြင့် ခင်ပွန်းသည်တွေ အတွက် သတင်းကောင်းတစ်ပုဒ်ဖြစ်စေခဲ့ပြီး ခင်ပွန်းသည်တိုင်း သူတို့ ရဲ့ ဇနီးကို ဘယ်လို ချစ်ရမလဲဆိုတာကို ဖော်ပြနေပါတယ်။ အစကတည်းက ဘုရားသခင်ရဲ့ အကြံအစည်တော်ထဲမှာ လက်ထပ်ထိမ်းမြားခြင်းက မသက်မသာ ဖြစ်စေတဲ့အရာ မဟုတ်ကြောင်း တွေ့ရပါတယ်။ ဒါကို နားမလည်တော့ အပြစ်က ဝင်လာတယ်။ ဒါကြောင့်လည်း အချင်းချင်း ဆိုးဆိုးရွားရွား ဆက်ဆံလာကြတယ်။ ဒါတွေကိုပြောင်းလဲပစ်ဖို့ ခရစ်တော်က ဒုက္ခဝေဒနာခံပြီး အသေခံခဲ့တယ်။ ဒီပြောင်းလဲစဉ် အတွက် ဇနီးတွေမှာလည်း တာဝန်ရှိပါတယ်။ ဒါပေမယ့် ခရစ်တော်က ခင်ပွန်းတွေကို အထူးတာဝန် အပ်နှင်းခဲ့တယ်။ ဒါကြောင့် ကျမ်းစာထဲမှာ ဖော်ပြထားတယ်။ “ယောက်ျားတို့ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ့်ခင်ပွန်းကိုချစ်ကြလော့”(ဧ၊၅း၂၅)။ ယောက်ျားတွေက ခရစ်တော် မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့က ခရစ်တော်နဲ့တူဖို့ ခေါ်ဖိတ်ခြင်းခံရတယ်။ သူနဲ့ တူစေလိုတဲ့ အဓိကအချက်က သူ့ရဲ့ ဇနီးသည်အပေါ်မှာ ခြိမ်းခြောက်ခြင်း အဓမ္မပြုကျင့်ခြင်း မရှိဖို့ပဲဖြစ်တယ်။ သူမအတွက် ခံစားပေးရမယ့်အရာက သူ့ကို အန္တရာယ်ဖြစ်စေမယ့် အပြင်ကလာတဲ့ တွန်းအားတွေကို ကာကွယ်ပေးဖို့ သူမကို နာကျင်ဒုက္ခဖြစ်စေမယ့် မတရား ပြုကျင့်မှုတွေကို ကာကွယ်ပေးဖို့ပဲဖြစ်တယ်။ ခရစ်တော်က ယောက်ျားရော မိန်းမ အတွက်ပါ အသေခံခဲ့တဲ့အတွက် ဒီချစ်ခြင်းမေတ္တာက နှစ်ဦးနှစ်ဘက်အတွက် ဖြစ်ပါတယ်။ သူတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီး အပြစ်အတွက် ခံစားနေဖို့ မလိုတော့ဘူး။ ခရစ်တော်က အဲဒီဝေဒနာတွေကိုယူတင်ခဲ့ပြီးဖြစ်တယ်။ အပြစ်ပြုခြင်း နဲ့ ခွင့်လွှတ်ခြင်းတရားနှစ်ခုက မကောင်းတဲ့အရာကနေ ကောင်းမြတ်ခြင်းသို့ ဦးတည် စေခဲ့ပါတယ်။
၃၆။ ကောင်းသောအလုပ်များကို စိတ်အားထက်သန်စွာ လုပ်ဆောင်စေရန်
ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကိုရွေးနုတ်ခြင်းငှါ၎င်း၊ ကောင်း သောအကျင့်ဘက်၌ စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသောအမျိုးကို မိမိအဘို့ စင်ကြယ် စေခြင်းငှါ၎င်း၊ ကိုယ်ကိုကိုယ်စွန့်ကြဲတော်မူပြီ။
တိတု၊ ၂း၁၄ ၊
ခရစ်ယာန်တွေရဲ့ နှလုံးသားထဲမှာရှိနေတဲ့ အမှန်တရားတစ်ခုကတော့ ကျွန်ုပ်တို့ အပြစ်လွှတ်ခြင်းခံရပြီး ဘုရားသခင်လက်ခံရခြင်းအကြောင်းက ကျွန်ုပ်တို့ကောင်းတာတွေလုပ်လို့ မဟုတ်ပဲ ကောင်းတာတွေလုပ်ချင်တဲ့စိတ် ထက်သန်လာဖို့ ပဲ ဖြစ်တယ်။ ကျမ်းစာကဖြေတယ်။ “ဘုရားသခင်သည် ငါတို့ကို ကယ်တင်ရာ၌… ငါတို့ကျင့်သော အကျင့်ကိုထောက်တော်မမူ”(၂တိ၊၁း၉)။ ကောင်းသောလုပ်ရပ် တွေက ကျွန်ုပ်တို့ကို လက်ခံရခြင်းအကြောင်းရင်းမဟုတ်ပဲ ၎င်းရဲ့ အသီးတွေကြောင့် သာဖြစ်တယ်။ ကျွန်ုပ်တို့ ကောင်းတာတွေလုပ်ပြလို့ ခရစ်တော်က ဒုက္ခဝေဒနာတွေ ခံပြီး အသေခံခဲ့ရခြင်းမဟုတ်ပဲ သူအသေခံခြင်းက “ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသောအမျိုးကို မိမိအဘို့ စင်ကြယ်စေခြင်းအလို့” ဖြစ်တယ် (တိတု၊ ၂း၁၄)။
ဒါကကျေးဇူးတော်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ကောင်းတဲ့ လုပ်ရပ်တွေကြောင့် ဘုရားရှေ့မှာရပ်ခွင့်မရနိုင်ဘူး။ ယုံကြည်ခြင်းအားဖြင့်သာ ရယူ နိုင်ပြီး အဖိုးထိုက်တန်တဲ့ရတနာအဖြစ် မြတ်နိုးတွယ်တာဖို့ ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာကပြောတယ်။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း သို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသိ ရောက် သည်မဟုတ်။ သို့ဖြစ်၍အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ(ဧ၊၂း၈-၉)။ ကျွန်ုပ်တို့ကောင်းတာတွေလုပ်ပြီး ပြီးပြည့်စုံလို့ ကျွန်ုပ်တို့ကို လက်ခံခဲ့တာမဟုတ်ဘဲ ခရစ် ရဲ့ ဒုက္ခဝေဒနာခံစားခြင်းနဲ့ အသေခံခဲ့ခြင်းကြောင့်ဖြစ်တယ်။
အံ့ဩစရာမရှိပါဘူး။ နောက်ထပ်ကျမ်းပိုဒ်ထဲမှာလည်းပြောထားတယ်။ “ငါတို့သည်ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း ယေရှုခရစ်၌ပြပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏”(ဧ၊၂း၁၀)။ ကောင်းတဲ့အကျင့်ကို ကျင့်ဖို့ကယ်တင်ခြင်းခံရတာဖြစ်ပြီး ကောင်းတာကိုလုပ်နေလို့ မဟုတ်ပါဘူး။ ခရစ်တော်ရဲ့ ရည်မှန်းချက်ကကောင်းတာကိုလုပ်ရုံပဲမဟုတ်ဘူး။ စိတ်အားထက်သန်စွာလုပ်ဆောင်ဖို့ဖြစ်တယ်။ ဒါကြောင့် ကျမ်းစာက “စိတ်အားထက်သန်စွာ”ဆိုတဲ့စကားလုံးကို သုံးနှုန်းထားခြင်း ဖြစ်တယ်။ ခရစ်တော်အသေခံခြင်းက ကျွန်ုပ်တို့ တစ်တွေ ကောင်းသောအကျင့်ကို စိတ်အားထက်သန်စွာ ကျင့်ဖို့ ဖြစ်တယ်။ စိတ်အားထက်သန်ခြင်းရဲ့ အဓိပ္ပါယ်က အားကြိုးမာန်တက် လုပ်ဆောင်ခြင်းပဲဖြစ်တယ်။ ခရစ်တော်ရဲ့ အသေခံခြင်းကကောင်းတဲ့အလုပ်ကို လုပ်ရုံ သို့မဟုတ် တစ်ဝက်တစ်ပြတ်သာ အစပြုဖို့မဟုတ်ပါဘူး။ သူအသေခံခြင်းက ကောင်းတဲ့အလုပ်ကို စိတ်ဆန္ဒပြင်းပြစွာ လုပ်ဆောင်စေလို့ပဲဖြစ် တယ်။ ခရစ်ယာန်တို့ရဲ့ သန့်ရှင်းစင်ကြယ်ခြင်းဆိုတာက မကောင်းမှုကို ရှောင်ရှားရုံ မဟုတ်ပဲ ကောင်းတာကို ကြိုးစားလုပ်ဖို့ ဖြစ်တယ်။
ကျွန်ုပ်တို့ကောင်းတဲ့အလုပ်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်နိုင်ဖို့ ခရစ်တော်ယေရှုက ကြီးစွာသောအဖိုးအခတွေ ပေးခဲ့ရတဲ့ အကြောင်းပြချက်များစွာ ရှိတယ်။ အဓိကအကြောင်းပြချက်တွေကို ဒီကျမ်းပိုဒ်ထဲမှာ ဖော်ပြထားတယ်။ “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှါ သူတပါးရှေ့၌ သင်တို့ အလင်းကိုလင်းကြလော့”(မ၅း၁၆)။ ခရစ်ယာန်တွေဟာ ကောင်းတဲ့အကျင့်ကိုကျင့် ခြင်းဖြင့် ဘုရားသခင်ရဲ့ ဘုန်းတော်ထင်ရှားစေဖို့ဖြစ်တယ်။ အဲဒီဘုန်းတော်အတွက် ခရစ်တော်ဒုက္ခဝေဒနာခံပြီး အသေခံခဲ့ခြင်းပဲဖြစ်တယ်။ ဘုရားရှင်က ကျွန်ုပ်တို့ကို ခွင့်လွှတ်ပြီး လက်ခံလိုက်တဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ ကြောက်ရွံ့ခြင်း၊ မာနထောင်လွှား ခြင်းနဲ့ လောဘတက်ခြင်းတို့မှလွတ်မြောက်ပြီး ကျွန်ုပ်တို့ခံစားရတဲ့ ချစ်ခြင်းမေတ္တာ အတိုင်း သူတပါးကိုပြန်ချစ်ဖို့ စိတ်အားထက်သန်လာပါတယ်။ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့အသက်တာလုံခြုံစေကတည်းက ကျွန်ုပ်တို့ရဲ့ ပိုင်ဆိုင်မှုနဲ့ အသက်တာကို စွန့်စားလာနိုင်ခဲ့ပါတယ်။ ။
ဒီလိုမေတ္တာမျိုးနဲ့ သူတစ်ပါးကို ချစ်တဲ့အခါမှာ ကျွန်ုပ်တို့ရဲ့ အပြုအမူတွေက လူသားဆန်တဲ့ကိုယ့်ဘဝမြှင့်တင်ဖို့ ကိုယ့်ဘဝ ထိန်းသိမ်းစောင့်ရှောက်ဖို့ဆိုတာ တွေနဲ့ခြားနားနေပါတယ်။ကျွန်ုပ်တို့ရဲ့ အသက်တာမှာ တန်ဖိုးထားတဲ့အရာတွေက ပြောင်းလဲသွားပြီး အဖိုးထိုက်တန်တဲ့ လုံခြုံမှုအပြည့်ရှိနေတဲ့ ဘုရားဆီကိုပဲ ဦးတည်နေပါတယ်။
ကောင်းတဲ့အလုပ်တွေကဘာတွေလဲ၊ နယ်ပယ်တွေကို ကန့်သတ်ထားခြင်းမရှိပဲ သမ္မာကျမ်းရဲ့ ရှင်းလင်းစွာ ဖော်ပြချက်အရ အငယ်ဆုံးသောသူ ဒုက္ခဝေဒနာ ကြုံဆုံရသောသူ အကူအညီလိုတဲ့သူတွေကို ကူညီဖို့ ဖြစ်ပါတယ်။ သမ္မာကျမ်းထဲမှာဖော်ပြ ထားတာကို ဥပမာအဖြစ်တွေ့နိုင်တယ်။ “ငါ၏လူများသည်လည်း အသီးမဲ့သောသူ မဖြစ်၊ ကိုယ်သုံးစရာဘို့ ရှိရမည့်အကြောင်း ကောင်းသောအကျင့်တို့ကို အမြဲကျင့်အံ့သောငှါ သင်ကြစေ”(တိတု၊၃း၁၄)။ ဆင်းရဲသားတွေနဲ့ ကျိုးပဲ့ကြေမွနေတဲ့သူတွေကို အားတက်သရော ကူညီနိုင်တဲ့လူတွေဖြစ်ဖို့ ခရစ်တော်က အသေခံခဲ့ပါတယ်။ ဒီလိုကောင်းမြတ်တဲ့အသက်တာထက် တန်ဖိုးရှိတဲ့အရာ ဒီကမ္ဘာပေါ်မှာ မရှိတော့ဘူး။ လူတွေက ကူညီမစမှုခံရတယ်။ ကျွန်ုပ်တို့လည်း ပျော်ကြတယ်။ ဘုရားရဲ့ ဘုန်းတော် သည်လည်း ထင်ရှားပါတယ်။
၃၇။ သူ့ရဲ့ နှိမ့်ကျခြင်းနဲ့ အဖိုးထိုက်တန်တဲ့ ချစ်ခြင်းမေတ္တာတွေကို အတုယူလိုက်လျှောက်နိုင်ဖို့ ကျွန်ုပ်တို့အား ခေါ်ယူရန်
ဘုရားသခင်၏မျက်နှာတော်ကိုထောက်၍ မတရားသောညဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင်ကျေးဇူးရှိ၏။ … ထိုသို့အလို့ငှါ သင်တို့ကို ခေါ်တော်မူပြီး ခရစ်တော်သည် ငါတို့အတွက် ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကို ထားတော်မူပြီ။ ၁ပေ၊ ၂း၁၉-၂၁ အပြစ်ရှိသောသူတို့လက်တွင် ထိုမျှလောက်ကြီးစွာသော ဆီးတားနှောင့်ရှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွှတ်အံ့သောငှါ ကြိုးစားကြလော့။ သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ်အသွေးထွက်သည်တိုင်အောင် မခံရကြသေး။ ဟေဗြဲ၊၁၂း၃-၄ ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့။ ထိုသခင်သည် ဘုရား သခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင် မိမိအသရေကို စွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက် လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကိုခံတော်မူ၏။ ထိုသို့လူ၏ဂုဏ်အင်္ဂါ လက္ခဏာနှင့်ပြည့်စုံလျက် အသေခံခြင်းသာမဟုတ် လက်ဝါးကပ်တိုင်မှာ အသေခံခြင်း တိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။
ဖိ၊ ၂:၅-၈
အတုယူခြင်းသည် ကယ်တင်ခြင်းမဟုတ်ပါ။ သို့သော် ကယ်တင်ခြင်းသည် အတုယူခြင်းကို ယူဆောင်လာစေပါတယ်။ ခရစ်တော်က ကျွန်ုပ်တို့ကို စံပြုထိုက်သူ အဖြစ် ဦးစွာဖော်ပြခဲ့တာမဟုတ်ပဲ ကယ်တင်ရှင်အဖြစ် ပြညွှန်ခဲ့ပါတယ်။ ယုံကြည်သူတွေရဲ့ဘဝအတွေ့အကြုံထဲမှာ ဦးစွာ ခရစ်တော်ရဲ့ ခွင့်လွှတ်ခြင်းကိုခံစားရပြီး နောက် မှ ခရစ်တော်ရဲ့ ပုံစံအတိုင်း အသက်ရှင်ဖို့ဖြစ်တယ်။ ခရစ်တော်ကိုယ်တော်တိုင် သူ့ရဲ့ ဘဝအတွေ့အကြုံမှာ အဖြစ်အပျက်နှစ်ခု တစ်ခါတည်းဖြစ်ခဲ့တယ်။ ကျွန်ုပ်တို့ အပြစ်တွေ ခွင့်လွှတ်ဖို့ခံရတဲ့ ဒုက္ခဝေဒနာက ကျွန်ုပ်တို့တစ်တွေ ချစ်ခြင်းမေတ္တာ ပုံဖော်ဖို့ စီမံပေးနေခြင်းပါပဲ။ တကယ်တော့ ခရစ်တော်ရဲ့ ခွင့်လွှတ်ခြင်းတရားကို ကြုံဆုံရခြင်းက ကျွန်ုပ်တို့အတွက် စံပြုထိုက်စရာဖြစ်လာတယ်။ ခရစ်တော်ရဲ့ အနှိုင်းမဲ့ ဒုက္ခဝေဒနာ ခံခဲ့ခြင်းကြောင့် ယုတ္တိဆန်တယ်လို့ လက်ခံခဲ့တာတွေက မှားပါတယ်။ သူ့ကို သူတို့ အတုမယူနိုင်ဘူး။ ဘုရားရဲသားတော် သခင်ခရစ်တော်ကလွဲပြီး ကျွန်ုပ်တို့အတွက် ဘယ်သူမှဒုက္ခမခံစားနိုင်ဘူး။ ဘယ်သူမှ မလုပ်နိုင်တဲ့နည်းလမ်းနဲ့ ကျွန်ုပ်တို့ရဲ့ အပြစ် တွေကို ဆောင်ယူသွားခဲ့တယ်။ သူက ဒုက္ခတွေကို အစားထိုးခံစားတယ်။ ဒါကို ကျွန်ုပ်တို့ ထပ်တူ ဘယ်တော့မှလိုက်မလုပ်နိုင်ဘူး။ ဖြောင့်မတ်ခြင်းမရှိတဲ့သူတွေ ဖြောင့်မတ်အောင် အားလုံးအတွက် တစ်ကြိမ်တည်း လုပ်ဆောင်ခဲ့တယ်။ မြင့်မြတ် တော်မူတဲ့ဘုရားက အပြစ်သားတွေရဲ့ ဒုက္ခဝေဒနာကို တစ်ဆင့်ခံ ခံစားရတာတွေကို တော့ မတုပနိုင်ကြပါဘူး။ ဘာပဲဖြစ်ဖြစ် အပြစ်သားတွေအတွက် ခွင့်လွှတ်ခြင်း၊ တရားမျှတစွာ လုပ်ဆောင်ပေးခြင်းတွေပြီးနောက် သူခံစားရတဲ့ အနှိုင်းမဲ့ဒုက္ခဝေဒနာ က လူတွေကို သခင်ယေရှုကဲ့သို့ ကျင့်ကြံပြုမူဖို့ အသွင်ပြောင်းစေပြီး သူခွင့်လွှတ်တဲ့ ပုံစံမျိုး လိုက်လုပ်ဖို့ မဟုတ်ပဲ သူ့ရဲ့ မေတ္တာတော်အတိုင်းအသက်ရှင်ဖို့ ဖြစ်တယ်။ သူကဲ့သို့ သူတပါးအတွက်ကောင်းတဲ့ အလုပ်ကိုဒုက္ခခံပြီးလုပ်ပေးဖို့ ဖြစ်တယ်။ သူကဲ့သို့ မကောင်းမှုဆီကို နောက်တစ်ကျော့ ပြန်လှည့်မသွားဖို့ ဖြစ်တယ်။ သူနဲ့ သို့ နှိမ့်ချပြီး အောက်ကျိုးခံတတ်ဖို့ဖြစ်တယ်။ သူကဲ့သို့ စိတ်ရှည်သည်းခံဖို့ ဖြစ်တယ်။ သူကဲ့သို့ အစေခံဖို့ ဖြစ်တယ်။ သခင်ယေရှုက ကျွန်ုပ်တို့အတွက် အနှိုင်းမဲ့ဒုက္ခဝေဒနာ ခံစားခဲ့တဲ့အတွက် ချစ်ခြင်းမေတ္တာဝေမျှဖို့ သူကဲ့သို့ ဝေဒနာခံစားရမှာဖြစ်တယ်။ ခရစ်တော်ရဲ့ တမန်တော်ဖြစ်တဲ့ ရှင်ပေါလုက သူ့ရဲ့ ရည်ရွယ်ချက်က ဦးစွာ ယုံကြည် ခြင်းဖြင့် ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းကို ဝေမျှဖို့ဖြစ်ပြီး အဲဒီနောက် အမှုတော်မြတ် အတွက် ဒုက္ခဝေဒနာတွေကို ဝေမျှခံစားမယ့်အကြောင်း ပြောပြခဲ့ပါတယ်။ “….ထိုသခင်ကြောင့် ခပ်သိမ်းသောအရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှ ထမြောက်သောအခွင့်ကို ငါရနိုင်ကောင်းလျှင် ကိုယ်တော်သည် အသေခံတော်မူသည်နည်းတူ ငါသည်လည်း အသေခံ၍ထိုသခင်ကို၎င်း ထမြောက်တော်မူခြင်း၏တန်ခိုးကို၎င်း၊ ဆင်းရဲခံတော်မူခြင်းကိုဆက်ဆံ၍ခံခြင်းကို၎င်း သိကျွမ်းခြင်းငှါ ပညာတရားအားဖြင့် ရသောကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားပဲ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ရတဲ့ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင်ပေးတော်မူ သောဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့် ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌တည်ပါ မည်အကြောင်း ခပ်သိမ်းသောအရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏” (ဖိ၊၃း၉-၁၁)
ဦးစွာကာကွယ်ပေးခြင်းဖြင့် သူ့ကို အတုယူနိုင်စရာဖြစ်လာတယ်။ ကာကွယ်ပေးဖို့ ခရစ်တော်က ဒုက္ခဝေဒနာတွေခံစားခဲ့ခြင်းဖြင့် ကျွန်ုပ်တို့ရဲ့ ဒုက္ခဝေဒနာတွေကို ကြွေးကြော်ပေးခဲ့တယ်။ ကျွန်ုပ်တို့က သူတစ်ပါးအတွက် ဒုက္ခဝေဒနာကိုခံစား ပေမယ့် ဘုရားရဲ့ အမျက်တော်ကို မပယ်ရှားနိုင်ပါဘူး။ ဘုရားရဲ့ အမျက်တော်ကို အဖိုးထိုက်တဲ့ ခရစ်တော်ရဲ့ ဒုက္ခဝေဒနာခံစားခြင်းကသာ ဖယ်ရှားပေးနိုင်ပါတယ်။ လူတွေကို သူ့ဆီ လမ်းညွှန်ပြခဲ့တယ်။ “ရွေးကောက်တော်မူသောသူတို့သည် ထာဝရ ဘုန်းအသရေနှင့်တကွ ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ သူတို့အဖို့အရာရာကိုသည်းခံဖို့” သမ္မာကျမ်းက ကျွန်ုပ်တို့ကိုခေါ်ယူနေပါတယ် (၂တိ၊ ၂း၁၀)။ ဆိုလိုတာက ခရစ်တော်ကို ကျွန်ုပ်တို့တုပခြင်းက သူတစ်ဦးတည်း ကယ်တင်ခြင်းပေးနိုင်ကြောင်းကို ပြညွှန်ပေးခြင်းပဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ဒုက္ခခံရမှာက အရေးကြီးပေမယ့် ခရစ်တော်တစ်ပါးတည်းသာ ကယ်တင်ခြင်းပေးနိုင်ပါတယ်။ ဒါကြောင့် သူ့ရဲ့နေရာကို ယူဖို့မဟုတ်ပဲ သူ့ရဲ့ချစ်ခြင်းမေတ္တာကို အတုယူဖို့ဖြစ်တယ်။
၃၈။ ကားတိုင်ပေါ် အသေခံသည့်တိုင် နောက်တော်လှိုက်အဖွဲ့ဖွဲ့နိုင်ရန်
ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ လု၊၉း၂၃
အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်၊ ထိုသူသည် ငါနှင့်မထိုက်မတန်။ မ၁၀း၃၈
ခရစ်တော်ရဲ့ အသေခံခြင်းက ကရာနီလမ်းပေါ်လျှောက်နိုင်မယ့် နောက်လိုက် တွေ ဖန်တီးပေးဖို့ပါပဲ။ ကရာနီဆိုတာကတော့ ကားတိုင်ပေါ် အတင်ခံခဲ့ရတဲ့ တောင် ရဲ့ နာမည်ပါပဲ။ သူ့ ရဲ့ အသက်တာခရီးလမ်းမှာ နောက်ဆုံးတော့ အဲဒီနေရာကို ခေါ်ဆောင်သွားခြင်း ခံရမယ်ဆိုတာကို သူသိနေတယ်။ တကယ်ပဲ အဲဒီနေရာကို သူသွားဖို့ မျက်နှာမူခဲ့ပါတယ်(လု၉း၅၁)။ သာသနာအတွက် အသေခံဖို့ ဘာတစ်ခု ကမှ မတားဆီးနိုင်ခဲ့ပါဘူး။ ဘယ်နေရာ၊ဘယ်အချိန်မှာ ဘာတွေဖြစ်ပျက်မလဲဆိုတာ ကို သူသိနေပါတယ်။ ယေရုရှလင်မြို့ကိုသွားမယ့် ခရီးစဉ်အတွက် ဟေရုဒ်မင်းရဲ့ အန္တရာယ်ကို တစ်စုံတစ်ယောက်က သူ့ကို သတိပေးတဲ့အခါ သူတို့ကိုအပြစ်တင်ပြီး ဟေရုဒ်က ဘုရားရဲ့ အကြံအစည်တော်အတိုင်း လိုက်လုပ်နေခြင်းဖြစ်ကြောင်း ပြောခဲ့ ပါတယ်။ “ယနေ့နှင့်နက်ဖြန်နေ့၌ စုံလင်ခြင်းသို့ရောက်မည်အရာကို ထိုမြေခွေးအား ပြောကြလော့”လု၊၁၃း၃၂)။ အားလုံးက အစီအစဉ်အတိုင်းဖြစ်လာတာပဲ။ နောက်ဆုံး တော့ လူဆိုးတွေက သူအသေမခံခင်ညမှာပဲ သူ့ကို လာဖမ်းသွားတဲ့အခါ မှာ သူက ပြောပါတယ်။ “ထိုအကြောင်းအရာဟူမူကား အနာဂတ္တိကျမ်းစာ ပြည့်စုံမည် အကြောင်းတည်း”(မ၊ ၂၆း၅၆)။ ကရာနီလမ်းက လူတိုင်း သခင်ယေရှုနဲ့ တွေ့နိုင်တဲ့ နေရာဖြစ်တယ်။ သူက အဲဒီလမ်းပေါ် လျှောက်ခဲ့ခြင်း၊ အသေခံခြင်း၊ ရှင်ပြန် ထမြောက်ခြင်းပြီးနောက် နောက်တစ်ကြိမ် သူပြန်မလာခင်အထိ ကောင်းကင်ဘုံမှာ စမြန်းနေတယ်ဆိုတာက အမှန်တရားတွေပါ။ ဒါပေမယ့် ဒီကနေ့အထိ ခရစ်တော်က လူတွေနဲ့ ကရာနီလမ်း၊ ကားတိုင်တော်သို့ သွားတဲ့လမ်းမှာ တွေ့ဆုံနေဆဲဖြစ်တယ်။ ကရာနီလမ်းမှာ တစ်ယောက်ယောက်နဲ့ ဆုံတွေ့တဲ့ အချိန်တိုင်း သူအမြဲပြောတယ်။ င၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကို ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင် ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့ လိုက်ရမည်”(လု၉း၂၃)။ ခရစ်တော်ကားတိုင်ဆီသို့သွားတုန်းက သူ့ရဲ့ ရည်ရွယ်ချက်က သူ့နောက်လိုက်မယ့် ယုံကြည်သူတစ်စု ပေါ်ထွက်လာဖို့ပဲဖြစ်တယ်။ သခင်ယေရှု နောက်တစ်ကြိမ်ထပ်ပြီး အသေခံဖို့ မဟုတ် ဘဲ ကျွန်ုပ်တို့ အသေခံဖို့ပဲဖြစ်တယ်။ ကားတိုင်တော်ကို ထမ်းပါဆိုတဲ့အဓိပ္ပါယ် ကတော့ လာပြီး အသေခံဖို့ပဲဖြစ်ပါတယ်။ ကားတိုင်ဆိုတာ သိပ်ကြောက်စရာ၊ကောင်းတဲ့ လူသတ်ရာ နေရာဖြစ်တယ်။ သခင်ယေရှုလက်ထက်က ကားတိုင်တော် ကို အဖိုးတန်ရတနာအဖြစ် ဆင်မြန်းကြတာ မတွေးရဲလောက်စရာပါပဲ။ ယနေ့ခေတ် သေဒဏ်ပေးတဲ့ လျှပ်စစ်ခုံ သို့မဟုတ် ကြိုးကွင်းစွပ်ရသလိုပါပဲ။ သူပြောတဲ့စကားတွေ ကြောက်စရာကောင်းလောက်အောင် ထိရောက်လှပါတယ်။ “ကားတိုင်ကို ထမ်းပြီး ငါ့နောက်သို့ မလိုက်သောသူသည် ငါနှင့်မထိုက်မတန်”(မ၊၁၀း၃၈)။
ဒီကနေ့အတွက်တော့ ဒီစကားတွေက ထိုက်သင့်လျောက်ပတ်လာပါတယ်။ သခင်ယေရှုကိုကယ်တင်ပိုင်ရှင်၊ အရှင်သခင်အဖြစ် ယုံကြည်လက်ခံတဲ့သူက သူ့ ကိုယ်သူ ဖန်တီးထားတဲ့အရာတွေ၊ ကိုယ့်အတွက်သာကိုယ် စိတ်ဝင်စားတဲ့အရာတွေ ကိုပါ ကားတိုင်ပေါ်တင်သတ်ရမှာဖြစ်တယ်။ နေ့စဉ်အသက်တာမှာ အပြစ်ကို သတ်ပစ်ပြီး ဘုရားရဲ့ အလိုအတိုင်း ကိုးစားအသက်ရှင်ရမယ်။ “အပြစ်တရားနှင့်ဆိုင်သောအရာ၌ကား အသေဖြစ်သည်ဟူ၍၎င်း၊ ဘုရားသခင်နှင့်ဆိုင်သောအရာ၌ကား ငါတို့ သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်ခြင်း”သည် အသက်တာရဲ့ ခရီးလမ်းပဲဖြစ် တယ်(ရော၊၆း၁၁)။ ဒါပေမယ့် ကရာနီလမ်းက ရဲဘော်ရဲဘက်တွေရဲ့ အသက်ရှင်ခြင်း ၊ အဓိပ္ပါယ်ကတော့ ပိုပြီးလေးနက်ပါတယ်။ သခင်ယေရှုက အသေခံခဲ့ပြီး ဖြစ်တဲ့ အတွက် သူ့ရဲ့ အပြစ်တင်ဝေဖန်မှုကို လိုလိုလားလား လက်ခံနိုင်ဖို့ဖြစ်တယ်။ “ယေရှု သည် မိမိ အသွေးအားဖြင့် လူများကိုစင်ကြယ်စေခြင်းငှါ မြို့တံခါးပြင်၌ အသေခံ တော်မူ၏။ သို့ဖြစ်၍ ငါတို့သည် ထိုသခင်နှင့်အတူ ကဲ့ရဲ့ခြင်းကိုခံ၍ တပ်ပြင် အထံတော်သို့ ထွက်သွားကြကုန်အံ့”(ဟေဗြဲ၊၁၃း၁၂-၁၃)။ အပြစ်တင်ခံရုံပဲ မဟုတ်ဘူး။ လိုအပ်ရင် မာတုရဖြစ်နေရမယ်။ သခင်ခရစ်တော်ရဲ့ နောက်လိုက်တွေကို သမ္မာကျမ်း က ဒီလို ပုံဖော်ထားပါတယ်။ “သူတို့သည် သိုးသငယ်၏အသွေးအားဖြင့်၎င်း၊ မိမိတို့ သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၎င်း အောင်မြင်၍ အသေခံသည့်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ”(ဗျာ၊၁၂း၁၁)။ ကျွန်ုပ်တို့အတွက် သွန်းလောင်း ခဲ့တဲ့ သူ့ရဲ့အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့် စာတန်ကို ရှုံးနိမ့်စေခဲ့ပါတယ်။ သခင်ယေရှုက ကျွန်ုပ်တို့ကို ကားတိုင်လမ်းသို့ ဖိတ်ခေါ်နေပါတယ်။ ကြမ်းတမ်းတဲ့ လမ်း ဖြစ်ပေမယ့် ကောင်းမြတ်တဲ့ အသက်လမ်းပါပဲ။ လာကြပါ။
၃၉။ သေခြင်းကို ကြောက်ရွံ့နေတဲ့ အချုပ်အနှောင်ထဲမှ လွတ်မြောက်စေရန်
သူငယ်တို့သည် အသွေးအသားနှင့်ဆက်ဆံကြသောကြောင့် ခရစ်တော်သည် အသေခံ တော်မူသောအားဖြင့် သေခြင်းတရားကိုအစိုးရ သောသူတည်းဟူသော မာရ်နတ်၏တန်ခိုး ကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံးကျွန်ခံရသောသူတို့ကို ကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏နည်းတူ အသွေးအသားကိုဆောင်ယူတော်မူ၏။ ဟေဗြဲ၊ ၂း၁၄၁၅
သခင်ယေရှုက စာတန်ကို လူသတ်သမားလို့ ခေါ်ခဲ့တယ်။ “မာရ်နတ်သည် ရှေးဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။ သူ၌ သစ္စာတရားမရှိ… မုသာ ၌ကျင်လည်သောသူ၊ မုသာ၏အဘလည်းဖြစ်၏”(ယော၊၈း၄၄)။ သူအဓိက စိတ်ဝင် စားတာကတော့ ဖျားနာရုံပဲမဟုတ်ဘူး။ ငရဲကျစေဖို့ ဖြစ်တယ်။ စင်စစ်အားဖြင့် သူကနောက်လိုက်တွေကို ပျော်ရွှင်တဲ့အသက်တာနဲ့ အသက်ရှင်စေပြီး သူတော်စင်တွေကို ဒုက္ခဝေဒနာနဲ့ လှောင်ပြောင်ပြီး ထိတ်လန့်ဖွယ်ရာဖြစ်စေတယ်။ လူတွေ ကိုယ့်ကို ကိုယ်လိမ်လည်ဖို့ အပြစ်တရားမှာကျင်လည်ဖို့ အတိုင်းအတာတစ်ခုအထိတန်ခိုးရှိပြီး သူ့ ရဲ့ လိမ်လည်ပြောဆိုမှုတွေက အစွမ်းထက်လှပါတယ်။ တစ်ဦးတစ်ယောက်မှ အပြစ်လွှတ်ခြင်းမခံရဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ အစွမ်းကုန်ဖျက်ဆီးတယ်။ နှစ်သက် ကြည်နူးခြင်းများ၊ စုန်းကဝေ၊ မှော်ကိုးကွယ်မှု၊ နတ်ဗေဒင်ဟောခြင်း၊ ကျိန်ခြင်း၊ မှော်၊ တစ္ဆေ၊ သရဲ စတာတွေက ငရဲကနေ လူတွေကို မမောင်းထုတ်နိုင်ပါဘူး။ အဲဒါတွေက ငရဲရဲ့ လေချွန်သံ၊ ခေါင်းလောင်းသံတွေပဲဖြစ်ပါတယ်။ ဒီလိုလက်နက်တန်ခိုးတွေနဲ့ လူတွေကို လှည့်စားတယ်။ သူ့ရဲ့ အဓိက လိမ်လည်ချက်က ခရစ်တော်ကို ချီးမြှောက် ခြင်းထက် ကိုယ့်ကိုကိုယ် ချီးမြှောက်ဖို့ ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်ခြင်းထက် အပြစ်ကို ဦးစားပေးခြင်းပဲဖြစ်ပါတယ်။ ဒီလက်နက်တွေကို သူ့လက်ထဲကနေ ဆွဲထုတ်သွားနိုင် ရင် ထာဝရသေခြင်းကို ကြာကြာလွှမ်းမိုးနိုင်တဲ့တန်ခိုးမရှိနိုင်တော့ဘူး။
စာတန်လက်ထဲက လက်နက်တွေကိုဆောင်ယူသွားဖို့ ခရစ်တော် ကြွလာ ခြင်းဖြစ်တယ်။ ဒါတွေလုပ်နိုင်ဖို့ ခရစ်တော်က ကျွန်ုပ်တို့အပြစ်တွေကို ကိုယ်တိုင်ဆောင်ယူသွားပြီး ဒုက္ခဝေဒနာခံခဲ့ပါတယ်။ ဒါတွေ ဖြစ်ပျက်တဲ့အခါမှာ စာတန်က ကျွန်ုပ်တို့ကို နောက်ထပ်ဖျက်ဆီးဖို့မစွမ်းတော့ပါဘူး။ မခံချင်အောင် ထိကပါးရိကပါး ပြောဆိုနေသလား။ လှောင်ပြောင်နေသလား၊ ဟုတ်ပါတယ်။ ငရဲထဲချပစ်ဖို့ လုပ်နေ သလား။ မဟုတ်ပါ။ ခရစ်တော်က ကျွန်ုပ်တို့ရဲ့ နေရာမှာ ကျိန်ဆဲခြင်းခံခဲ့ပါတယ်။
သူဘယ်လောက်ပဲ ကြိုးစားပါစေ စာတန်က ကျွန်ုပ်တို့ကို မဖျက်ဆီးနိုင်တော့ဘူး။ ဘုရားရှင်ရဲ့ အမျက်တော်က ကွယ်ပျောက်သွားပြီး သူ့ရဲ့ သနားခြင်းကရုက ကျွန်ုပ် တို့ရဲ့ ဒိုင်းလွှားဖြစ်စေခဲ့တယ်။ စာတန်က ကျွန်ုပ်တို့အပေါ် အောင်မြင်မှုမရနိုင်တော့ ဘူး။ ဒီလွှတ်မြောက်ခြင်းတွေ ပြီးမြောက်အောင်မြင်နိုင်ဖို့ ခရစ်တော်က လူ့ သဘော သဘာဝကို ခံယူခဲ့တယ်။ အဲဒီလိုမှမဟုတ်ရင် သူက သေခြင်းကိုတွေ့ကြုံရင်ဆိုင်မှာ မဟုတ်ဘူး။ ဘုရားရဲ့ သားတော် အသေခံခြင်းတစ်ခုတည်းကသာသေခြင်းရဲ့ တန်ခိုး ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျမ်းစာကပြောထားပါတယ်။ “ကိုယ်တို့ သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်(လူသားရဲ့ သဘောသဘာဝ) ခရစ်တော်သည် အသေခံတော်မူသောအားဖြင့် သေခြင်းတရားကို အစိုးရသောသူတည်း ဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း… ထိုသူငယ်တို့၏နည်းတူ အသွေးအသားကို (လူသားရဲ့ သဘောသဘာဝ) ဆောင်ယူတော်မူ၏(ဟေဗြဲ၊ ၂း၁၄)။ ခရစ်တော်က အပြစ်တရားအတွက် အသေခံခဲ့တဲ့အခါမှာ ခွင့်မလွှတ်နိုင်တဲ့အပြစ် တရားတွေ သေစေလောက်တဲ့စာတန်ရဲ့လက်နက်တွေကို ဆောင်ယူသွားပါတယ်။
ကြောက်ရွံ့ခြင်းမှလွှတ်မြောက်စေခြင်းက ခရစ်တော်လုပ်ဆောင်ခဲ့တဲ့အချက်ပဲဖြစ်ပါ တယ်။ အသေခံခြင်းဖြင့် သေဘေးကိုကြောက်ရွံ့ပြီးတော့ အပြစ်ရဲ့ ကျေးကျွန်ပြုခြင်း ခံရတဲ့သူတို့ကို ကယ်လွှတ်ခဲ့ပါတယ်(ဟေဗြဲ၊ ၂း၁၄)။ ခရစ်တော်ရဲ့ အသေခံခြင်းက ကျွန်ုပ်တို့ကိုလွှတ်မြောက်စေခဲ့တယ်။ ကြောက်ရွံ့ခြင်းမှလွတ်မြောက်ခဲ့ပြီး စိတ်ပျက် စရာတွေ ဖယ်ရှားခဲ့ကာ စိတ်ပျက်စရာကောင်းတဲ့ အချုပ်အနှောင်ထဲမှ ဖြေလွှတ်ခဲ့ တယ်။ ခရစ်တော်ကဲ့သို့ လွတ်လပ်စွာချစ်ခွင့်ရပြီး ကျွန်ုပ်တို့အသက်တာကိုလည်း တန်ဖိုးထားတတ်လာတယ်။ စာတန်က ကျွန်ုပ်တို့ခန္ဓာကိုသတ်နိုင်ပေမယ့် စိတ်ဝိညာဉ် ကိုတော့မသတ်နိုင်ပါဘူး။ ခရစ်တော်မှာ လုံခြုံမှုရှိနေတယ်။ မတည်မြဲတဲ့ခန္ဓာကိုယ်က တစ်နေ့ကျရင် ထမြောက်လိမ့်မယ်။ “ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော် မူသောဘုရားသည် သင်တို့အထဲ၌ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ်ကာယကို ရှင်စေတော်မူမည်”(ရော၊၈း၁၁)။ အားလုံးထဲမှာ ကျွန်ုပ်တို့က အလွတ်မြောက်ဆုံးသောသူတွေဖြစ်တယ်။ လွတ်မြောက်ခြင်းနဲ့ ပတ်သက်ပြီး ကျမ်းစာထဲမှာ အမှားအယွင်းမရှိနိုင်ပါဘူး။ “ညီအစ်ကိုတို့ သင်တို့သည် လွတ်ခြင်းအခွင့်ရသောသူဖြစ်ကြ၏။ သို့သော်လည်း ဇာတိပကတိအား အခွင့်ကိုပေး ၍ ထိုလွှတ်ခြင်းကိုမသုံးကြနှင့်။ အချင်းချင်းချစ်၍ အမှုချင်းကို ဆောင်ရွက်ကြလော့” (ဂလာ၊၅း၁၃)။
၄၀။ ကျွန်ုပ်တို့သေပြီးနောက်တွင် သူနှင့်အတူ ချက်ချင်းရှိနေစေရန်
ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ၊ ထိုသခင်နှင့်အတူ အသက်ရှင်မည် အကြောင်း ငါတို့အဘို့ အသေခံတော်မူပြီ။ ၁သက် ၅း၁၀
ငါအသက်ရှင်သည်အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား၊ သာ၍ အကျိုးရှိ၏။ …. ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည် ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့် အတူနေခြင်းငှါ တောင့်တလိုချင်သောစိတ်ရှိ၏။ သာ၍ အလွန်ထူးမြတ်သောအကျိုးဖြစ်၏။
ဖိ၊၁း၂၁-၂၃
ကိုယ်ခန္ဓာနှင့်ကွာဝေးရာအရပ်သို့ သွား၍ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှါ အလိုရှိ လျက် ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။
၂ကော၊၅း၈
ကျွန်ုပ်တို့ ကိုယ်ခန္ဓာက မကောင်းမှုဖြစ်ကြောင်း ကျမ်းစာထဲမှာ ဖော်ပြ မထားပါဘူး။ ခရစ်ယာန်ဘာသာတရားက ရှေးကျတဲ့ဂရိဘာသာတွေလို ခန္ဓာကိုယ်ကို ဝန်ထုတ်ဝန်ပိုးအဖြစ် ရှုမြင်တဲ့ဘာသာတရားမဟုတ်ဘူး။ သေခြင်းတရားက ရန်သူ မဟုတ်ဘူး။ ခန္ဓာကြီးကသေသွားရင် အဖိုးတန်တဲ့ အရာဆုံးရှုံးသွားတယ်။ ခရစ်တော် က ခန္ဓာကိုယ်ကိုဆန့်ကျင်တာမဟုတ်ပဲ ခန္ဓာကိုယ်အတွက် ဖြစ်တယ်။ ကျမ်းစာထဲမှာ ရှင်းလင်းစွာတွေ့ရပါတယ်။ “ကိုယ်ခန္ဓာသည် မတရားသောမေထုန်အဘို့ ဖြစ်သည် မဟုတ်၊ သခင်ဘုရားအဖို့ ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအဘို့ ဖြစ်တော်မူ၏”(၁ကော၊၆း၁၃)။ ဒါက အလွန်အံ့သြစရာကောင်းတဲ့ အကြောင်းအရာ ပါပဲ။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအဘို့ ဖြစ်တော်မူ၏။ ဒါပေမဲ့ ခန္ဓာကိုယ် မရှိရင် အသက်နဲ့ အသိစိတ်လည်း မရှိနိုင်ဘူးဆိုတဲ့ နက်နဲတာတွေက ကျမ်းစာထဲမှာ မသွန်သင်ဘူး။ သခင်ခရစ်တော် အသေခံတာက ခန္ဓာကိုပဲကယ်ဖို့ မဟုတ်ဘူး။ ခန္ဓာမပါဘဲ ဝိညာဉ်နဲ့လည်း ပေါင်းစည်းပြီး သူနဲ့ အတူ ဝင်စားနိုင်တယ်။ ဒီအချက်က အသက်ရှင်ခြင်းနဲ့ သေခြင်းအတွက် ကြီးစွာသောနှစ်သိမ့်မှုကိုဖြစ်စေပြီး ခရစ်တော် အသေခံခြင်းကြောင့် ဒီလိုမျှော်လင့်ခြင်း၌ ဝမ်းမြောက်နိုင်ပါတယ်။
အခြားတဘက်မှာ ကျမ်းစာကပြောထားပါတယ်။ သေခြင်းအားဖြင့် ခန္ဓာကိုယ်ဆုံးရှုံးသွားခြင်းက ဝိညာဉ်ကို အလွတ်ဗလာဖြစ်နေစေခြင်းပါပဲ။ “ဤတဲ့ (ခန္ဓာ)၌နေသော ငါတို့သည် လေးသောဝန်ကိုထမ်း၍ ညည်းတွား မြည်းတမ်းကြ၏။ နေရာထဲကထွက်ချင်သောကြောင့် ညည်းတွားသည်မဟုတ်… မြဲသောနေရာထဲသို့ ဝင်စားချင်သောကြောင့် ညည်းတွားကြ၏”(၂ကော၊၅း၄)။ တစ်နည်းအားဖြင့် ပြောရ ရင် ကျွန်ုပ်တို့ခန္ဓာကိုယ်က တိုက်ရိုက်ရှင်ပြန်ထမြောက်ပြီး ခန္ဓာကိုယ်က သင်္ချိုင်းထဲမှာ နေရမယ့်ကြားကာလမရှိဘူး။ ခရစ်တော်က ကောင်းကင်ကနေ တစ်ဖန်ပြန်ကြွဆင်း လာတဲ့အခါ အသက်ရှင်နေတဲ့လူတွေက တွေ့ကြုံရမှာဖြစ်တယ်။ ကျမ်းစာထဲမှာ ကြားကာလနဲ့ ပတ်သက်ပြီးနောက် တစ်မျိုးပြောတာရှိသေးတယ်။ ဝိညာဉ်ကတော့ကောင်းကင်မှာရှိနေပြီး ခန္ဓာက သင်္ချိုင်းထဲမှာဖြစ်တယ်။ ဒါက နောက်ဆုံးသောဘုန်း တန်ခိုး မဟုတ်ပေမယ့် ဘုန်းတော်ထင်ရှားခြင်းပါပဲ။ “အသက်ရှင်လျှင် ခရစ်တော် အတွက်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏”(ဖိ၊၁း၂၁)မှာ ဖော်ပြရပါတယ်။ “အကျိုးရှိ၏” ခန္ဓာကိုယ်ဆုံးရှုံးရခြင်းရဲ့ အကြောင်းရင်းရှိတယ်။ တစ်နည်းအားဖြင့်တော့ အရာခပ်သိမ်းထက်သာ၍ မြတ်သော အကျိုးဖြစ်တယ်။ “အကျိုးရှိတယ်”။ “ဘာကြောင့်လဲ”။ ခရစ်ယာန်တွေအတွက် သေခြင်းဆိုတာ ခရစ်တော်ရဲ့ အိမ်တော်သို့ ပြန်သွားခြင်းပါပဲ။ တမန်တော်ရှင်ပေါလု ပြောတယ်။ “စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှာ တောင့်တလိုချင်သောစိတ်ရှိ၏။ သာ၍အလွန်ထူးမြတ်သောအကျိုး ဖြစ်၏”(ဖိ၊၁း၂၃)။ “သာ၍ကောင်း၏”ဟုဆိုရာမှာ အားလုံးထဲမှာ အကောင်းဆုံးတော့ မဟုတ်ဘူး။ ခန္ဓာက ဘုန်းတော်ထင်ရှားစွာ ထမြောက်မယ့်အချိန် ရောက်လာလိမ့် မယ်။ အဲဒီအချိန်ဟာ သာ၍ ကောင်းမှာဖြစ်တယ်။
ကနဦးခရစ်ယာန်တွေက ပြောပါတယ်။ “ကိုယ်ခန္ဓာနှင့် ဝေးရာအရပ်သို့ သွား၍ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှာ အလိုရှိလျက် ရဲရင့်သောစိတ်နှင့် ပြည့်စုံကြ၏”(၂ကော၊၅း၈)။ ခရစ်တော်ကိုယုံကြည်တဲ့သူတွေက သေလွန်သွားတဲ့အခါ အပြင်ဘက်ကိုရောက်မသွားဘူး။ “ဝိညာဉ်တို့နားခိုရာ နေရာ”ရယ်လို့ တချို့ ဘာသာ တွေ သက်ဝင်ယုံကြည်နေတဲ့ နေရာကိုလည်း မသွားဘူး။ ခရစ်တော်နဲ့ အတူ ရှိမယ့် နေရာကို သွားတယ်။ အဲဒီနေရာက ကျွန်ုပ်တို့အတွက် အိမ်တော်ဘဲဖြစ်တယ်။ အဲဒါက ပိုကောင်းတယ်။ သာ၍အကျိုးရှိတယ်။ ဒီအတွက် ခရစ်တော်က ကြီးစွာ သောဝေဒနာခံစားခြင်းဖြစ်တယ်။ “ငါတို့သည် နိုးလျက်ရှိသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ ထိုသခင်နှင့်အတူ အသက်ရှင်မည်အကြောင်း ငါတို့အဘို့ အသေခံတော်မူပြီ”(၁သက်၊၅း၁၀)။ သင်္ချိုင်းထဲမှာ ခန္ဓာကိုယ်က အိပ်ပျော်နေသကဲ့သို့ လဲလျောင်းနေပေမဲ့လို့ အသက်ဝိညာဉ်က ကောင်းကင်ဘုံမှာ ခရစ်တော်နဲ့ အသက်ရှင်နေတယ်။ ဒါက ကျွန်ုပ်တို့ရဲ့ နောက်ဆုံးသော မျှော်လင့်ချက်မဟုတ်ဘူး။ တစ်နေ့မှာ ခန္ဓာကိုယ်က ရှင်ပြန်ထမြောက်မယ်။ အချုပ်ပြောရရင် စကားအားဖြင့် ပုံဖော်မတတ်ဖြစ်နေပေမဲ့ ခရစ်တော်နဲ့ ပျော်ရွှင်စွာ အတူနေရမှာဖြစ်တယ်။
၄၁။ သေခြင်းမှရှင်ပြန်ထမြောက်ပြီး လုံခြုံစိတ်ချမှုရရန်
တနည်းကား အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင် ထမြောက်တော်မူခြင်း၏ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုး လျက်ရှိကြလိမ့်မည်။ ရော၊၆း၅ ယေရှုကို သေခြင်းမှထမြောက်စေတော်မူသော ဘုရား၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင် ခရစ်တော်ကိုသေခြင်းမှ ထမြောက်စေတော်မူသောဘုရားသည် သင်တို့အထဲ၌ကျိန်းဝပ်သော မိမိဝိညာဉ်တော်အားဖြင့် သေတတ်သော သင်တို့၏ကိုယ် ကာယကိုပင် ရှင်စေတော်မူ၏။
ရော၊၈း၁၁
သစ္စာစကားဟူမူကား ထိုသခင်နှင့်အတူသေလျှင် အတူရှင်လိမ့်မည်။
၂တိ၊၂း၁၁
သေခြင်းတရားရဲ့ အဓိကသော့ချက်တွေကို ခရစ်တော်ရဲ့ အုတ်ဂူထဲမှာ ချိတ်ဆွဲထားပါတယ်။ အပြင်ဘက်မှာ ခရစ်တော်က အံ့ဩဖွယ်ရာ အလုပ်များစွာ လုပ်နေပါတယ်။ တစ်ဆယ့်နှစ်နှစ်သမီးနဲ့ အခြားသော သေနေသူနှစ်ဦးကို ရှင်ပြန် ထမြောက်စေခဲ့ပါတယ်(မာ၊း၅၄၁-၄၂။ လု၊ ၇း၁၄-၁၅။ ယော၊၁၁း၄၃-၄၄)။ တစ်စုံ တစ်ယောက်က သေခြင်းမှထမြောက်ပြီဆိုရင် နောက်တစ်ခါ သေခြင်းဆိုတာ မရှိတော့ပါဘူး။ ခရစ်တော်ရဲ့ အသေခံခြင်းက ဘုရားရှင်ရဲ့ အမျက်တော်ကို ပယ်ရှား ပေးပြီး အပြစ်အတွက် စွန်းထင်းနေတဲ့အရာတွေအတွက် လုံးဝဥသုံ အောင်မြင်ခဲ့ ခြင်းဖြစ်တယ်။ ဒီသဘောတရားကို “ထိုကြောင့်”ဆိုတဲ့စကားလုံးထဲမှာ တွေ့ရတယ်။ “ထိုသို့လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် အသေခံခြင်းသာမဟုတ်။ လက်ဝါး ကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ ထက်ကြီးမြတ်သောဘွဲ့နာမကို ပေးသနားတော်မူ၏”(ဖိ၊ ၂း၈-၉)။ ကားတိုင်တော်မှာ ဘုရားရဲ့ သားတော်က “အမှုပြီးပြီ”(ယော၊၁၉း၃ဝ)လို့ ကြွေးကြော်ခဲ့ပါတယ်။ ရှင်ပြန် ထမြောက်ခြင်းနဲ့ အတူ အမှန်တကယ် အမှုပြီးခဲ့ကြောင်း ဘုရားရဲ့ သားတော်ကကြွေးကြော်ခဲ့ပါတယ်။ ခရစ်တော်အသေခံခြင်းဖြင့် ကျွန်ုပ်တို့အပြစ်အတွက် ပေးဆပ် ခြင်း၊ ကျွန်ုပ်တို့ ဖြောင့်မတ်ရာသို့ ရောက်အောင်စီမံလုပ်ဆောင်ခြင်း၊ ဘုရားသခင်ရဲ့ တရားမျှတခြင်းနဲ့ ဆိုင်တဲ့ ရောင့်ရဲကျေနပ်မှုတွေရရှိလာမှာဖြစ်တယ်။ သင်္ချိုင်းဂူထဲမှာ သေခြင်းနဲ့ ဆိုင်တဲ့ သော့ကို ကိုင်နိုင်တဲ့အခွင့်တန်ခိုးတွေရှိနေပြီး ယုံကြည်ခြင်းနဲ့ သူ့ဆီကိုလာတဲ့လူတိုင်းအတွက် တံခါးဖွင့်ထားပေးပါတယ်။ အပြစ်ကြွေးတွေ ပေးဆပ် ပြီး ဖြောင့်မတ်ခြင်းအတွက် စီမံခန့်ခွဲကာ တရားမျှတခြင်းဖြင့် ရောင့်ရဲစေမယ်ဆိုရင် ခရစ်တော်နဲ့ သူ့ရဲ့ လူတွေကို သင်္ချိုင်းထဲမှာဘာမှဖွက်ထားစရာမလိုတော့ပါဘူး။ ဒါကြောင့် သခင်ယေရှုက ကြွေးကြော်ခဲ့ပါတယ်။ “ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာအဆက်ဆက်အသက်နှင့်ပြည့်စုံ၏၊ မရဏာနှင့်မရဏာနိုင်ငံကိုလည်း ငါအစိုးရ ၏”(ဗျာ၊၁း၁၈)။
သမ္မာကျမ်းက ရှင်းလင်းစေတာကတော့ ကျွန်ုပ်တို့ကို ယေရှုက ပိုင်သပြီး တော့ သူနဲ့ အတူ သေခြင်းမှထမြောက်မယ်။ “တနည်းကား အသေခံတော်မူခြင်း၏ ပုံသဏ္ဌာန်ကိုဆောင်၍ ထိုသခင်နှင့်အတူ ငါတို့သည် စိုက်ပျိုးလျက်ရှိသည်မှန်လျှင် ထမြောက်တော်မူခြင်း၏ပုံသဏ္ဌာန်ကိုဆောင်၍ စိုက်ပျိုးလျက်ရှိကြလိမ့်မည်”(ရော၊၆း ၅)။ “ယေရှုသည်သေပြီးမှ တဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင် ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်”(၁သက်၊၄း၁၄)။ “ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် သခင်ဘုရားကို ထမြောက်စေတော်မူသည်ဖြစ်၍ ငါတို့ကိုလည်း ထမြောက်စေတော် မူလိမ့်မည် (၁ကော၆း၁၄)။ ခရစ်တော်ရဲ့ သေခြင်းနဲ့ ကျွန်ုပ်တို့ရဲ့ ထမြောက်ခြင်းဟာ ဆက်စပ်နေပါတယ်။ “သေမင်း၏လက်နက်ကား ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက် အပြစ်၏တန်ခိုးကား ပညတ်တရားပေတည်း”(၁ကော၊၁၅း၅၆)။ ဆိုလိုတာက ကျွန်ုပ် တို့အားလုံး အပြစ်ပြုကြလို့ ပညတ်တရားရဲ့ စီရင်ချက်အရ အပြစ်သားတိုင်း ထာဝရ သေခြင်းကို ခံစားရမှာဖြစ်တယ်။ ကျမ်းစာထဲမှာ ဆက်ပြီးပြောထားတယ်။ “ငါတို့ သခင်ယေရှုခရစ်အားဖြင့် ငါတို့အားအောင်မြင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရား သခင်၏ကျေးဇူးတော်သည် ကြီးလှစွတကား”(အငယ်၊၅၇)။ တစ်နည်းအားဖြင့် ပြောရရင် ပညတ်တရားရဲ့ တောင်းဆိုချက်ကို သခင်ယေရှုရဲ့ အသက်ရှင်ခြင်းနဲ့ သေခြင်း ၏အားဖြင့်ပြည့်စုံခဲ့ပါတယ်။ ဒါကြောင့် အပြစ်တွေကို ခွင့်လွှတ်တယ်။ ဒါကြောင့် သေမင်းရဲ့ လက်နက်တွေ ကွယ်ပျောက်ကုန်တယ်။ ခရစ်တော်ကို ယုံကြည်တဲ့သူတိုင်းက ထာဝရသေခြင်းအားဖြင့် အပြစ်စီရင်ခြင်း မခံရတော့ပါဘူး။ “မပုပ်နိုင် သော အဖြစ်၌တည်လျက် ထမြောက်၍… ဆိုတဲ့စကားအတိုင်း “သေခြင်းသည် အောင်ခြင်း၌ နစ်မြှုပ်ပြီ”ဟု ဖော်ပြထားပါတယ်(၁ကော၊၁၅၅၂။ ၅၄)။ အံ့ဩခြင်း များစွာနဲ့ ခရစ်တော်ထံလာခဲ့ပါ။ သင့်ကို ဖိတ်ခေါ်နေပါတယ်။ “ယေရှု ကလည်း ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်”(ယော၊၁၁း၂၅)။
၄၂။ အထွဋ်အမြတ်နှင့် အာဏာစက်များကို လုယူဖျက်သိမ်းရန်
ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်းအထုံးအဖွဲ့နှင့်စပ်ဆိုင်သော လက်မှတ်ကိုချေ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက် ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ။ အထွဋ်အမြတ် အာဏာစက်များကို လုယူလျှင် ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကို ခံတော်မူ၏။
ကော၊၂း၁၄-၁၅ ၊
မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ ဘုရားသခင်၏သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ၏။ ၁ယော၊၃း၈
၂။ သမ္မာကျမ်းထဲက “အထွဋ်အမြတ်နှင့်အာဏာစက်”ဆိုတဲ့ ဝေါဟာရက အစိုးရအဖွဲ့အစည်းကို ရည်ညွှန်းနေခြင်းဖြစ်ပါတယ်။ ခရစ်တော်ရဲ့ လက်ဝါးကပ်တိုင် အားဖြင့် “အထွဋ်အမြတ်၊ အာဏာစက်များ”ကို “အရှက်တကွဲဖြစ်စေပြီး” “အောင်ပွဲခံတော်မူ၏”လို့ ပြောတဲ့အခါမှာ စာတန်ရဲ့ တန်ခိုးတော်တွေက ကမ္ဘာလောကကို ဒုက္ခရောက်စေကြောင်း တွေးမိဖို့လိုတယ်။ စာတန်ရဲ့ တန်ခိုးတော်တွေနဲ့ ပတ်သက်ပြီး (ဧ၊၆း၁၂)ထဲမှာ ရှင်းလင်းစွာဖော်ပြထားပါတယ်။ ခရစ်ယာန်များက အသွေးအသား ရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့နှင့်၎င်း၊ မိုယ်ကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏။ စာတန်က ကမ္ဘာကို အုပ်စိုးတဲ့သူလို့ သုံးကြိမ်တိုင်တိုင်ခေါ်ထားပါတယ်။ သခင်ယေရှုက သူ့ရဲ့ မြေကြီးအသက်တာ နောက်ဆုံးသော အချိန်ကာလမှာ ပြောပြတာကတော့ “ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကိုခံရ၏။ ယခုတွင် ဤလောကကိုအစိုးရသောမင်း သည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်”(ယော၊၁၂း၃၁)။ သခင်ယေရှုရဲ့ အသေခံ ခြင်းက “ကမ္ဘာကြီးကိုအစိုးရတဲ့ စာတန်”ရဲ့ ရှုံးနှိမ့်ခြင်းပဲဖြစ်တယ်။ စာတန်ကျဆုံးသွား တဲ့အခါ သူ့ရဲ့တမန်တော်တွေအားလုံးလည်း ကျဆုံးခဲ့ပါတယ်။ ခရစ်တော်သေဆုံးတဲ့ အခါမှာ သူတို့အားလုံးက ပြတ်ပြတ်သားသားရှုံးနိမ့်ခဲ့ကြတယ်။
သူတို့ရဲ့ တည်ရှိမှုက လုံးဝကွယ်ပျောက်သွားတာမဟုတ်ဘူး။ အခုထိ သူတို့နဲ့ နပန်းလုံးနေရတုန်းပါပဲ။ ဒါပေမဲ့ သူတို့က အရှုံးဘက်မှာရှိနေတဲ့ ရန်သူတွေ ဖြစ်တယ်။ နောက်ဆုံးမှာတော့ ကျွန်ုပ်တို့နိုင်မယ်ဆိုတာကို ကျွန်ုပ်တို့သိပြီးသားပါပဲ။ နောက်ဆုံး မှာ နဂါးကြီးရဲ့ ခေါင်းကိုဖြတ်ပစ်ပြီး ယက်ကန်ယက်ကန်နဲ့ သွေးတွေလွန်ပြီးသေရမှာ ပဲ။ ဒါပေမယ့် သူလုပ်နိုင်တဲ့ ဖျက်ဆီးမှုတွေကိုတော့ ဆက်ပြီး သတိထားရဦးမှာ ဖြစ်ပါတယ်။ ယေရှုအသေခံတဲ့အခါမှာ “ငါတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ဝိနည်း အထုံးအဖွဲ့နှင့်စပ်ဆိုင်သော လက်မှတ်ကိုချေ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားလျက်၊ ငါတို့စပ်ကြားထဲက ပယ်ရှင်းတော်မူပြီ”ကော၊၂း၁၄။ အခန်း ၇ တွင် ကြည့်ပါ)။ အထွဋ်အမြတ်နဲ့ အာဏာစက်တွေကို အရှက်တကွဲဖြစ်အောင် ဘယ်လိုလုပ်ခဲ့သလဲ ဆိုတာဖော်ပြနေခြင်းပဲ။ “တစ်နည်းအားဖြင့်ပြောရရင် ဘုရားရှင်ရဲ့ ပညတ်တရားတွေက ကျွန်ုပ်တို့ကို ထပ်ပြီး အပြစ်မပေးနိုင်တော့ဘူး။ ခရစ်တော်က ကျွန်ုပ်တို့ အပြစ်တွေကို ချေဖျက်ပေးတဲ့အတွက် စာတန်က ကျွန်ုပ်တို့က ဘာမှ စွပ်စွဲလို့ မရနိုင်တော့ပါဘူး။
ခရစ်တော်ရဲ့ရှေ့မှာ ဘုရားရဲ့လူတွေကို အပြစ်တင်ပြောဆိုခြင်းက စာတန်ရဲ့ အဓိက လုပ်ရပ်ပဲဖြစ်တယ်။ “စာတန်”ရဲ့ အဓိပ္ပါယ်က “ရန်သူ သို့မဟုတ် အပြစ်တင် သူ”ဖြစ်တယ်။ ဒါပေမယ့် ခရစ်တော်သေတဲ့အခါ ဘာတွေဖြစ်သလဲဆိုတာကို နားထောင်ကြည့်ပါ။ ဒါကတော့ တမန်တော်ယောဟန်ရဲ့ စကားတွေပါပဲ။ “ကောင်းကင် ဘုံ၌ ကြီးသောအသံကား ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် ခရစ်တော်၏အာဏာစက်လည်း ဖြစ်၏။ အကြောင်းမူကား ငါတို့ ညီအစ်ကိုများကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ် အပြစ်တင်သော ရန်သူကိုအောက်သို့ချလေပြီ”(ဗျာ၊၁၂း၁၀)။ ဒါက အထွဋ်အမြတ်၊ အာဏာစက်တို့ကို ဖျက်သိမ်း၊ ရှုံးနိမ့်စေခြင်းပဲဖြစ်တယ်။ အခုတော့ ဘုရားသခင်ရဲ့ လူတွေကိုဆန့်ကျင်ပြီး စွပ်စွဲခွင့်မရှိတော့ပါဘူး။ ခရစ်တော် ကြွဆင်းခြင်းက “ဘုရား သခင်ရွေးကောက်တော်မူသောသူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း”(ရော၊၈း၃၃)။ လူဖြစ် စေ၊ စာတန်ဖြစ်စေ ဝေဖန်တိုက်ခိုက်စွဲချက်တင်ပိုင်ခွင့် မရှိတော့ဘူး။ ခရစ်တော်က ကျွန်ုပ်တို့ရဲ့ ဖြောင့်မတ်စေခြင်းဖြစ်တယ်။ ကျွန်ုပ်တို့ကို စွဲချက်တင်တဲ့သူကို အောင်နိုင်ပြီး ကောင်းကင်ဘုံက တရားရုံးတော်မှာ စွဲချက်တင်ဖို့ ဆက်ကြိုးစားလို့ရှိရင် သူ့မျက်နှာက အရှက်တရားတွေနဲ့ပဲ ဖုံးလွှမ်းနေမှာဖြစ်တယ်။ ခရစ်တော်ရဲ့ အစေကိုခံခြင်းနဲ့ လူတွေကိုချစ်ခင်ခြင်းက ဒီကမ္ဘာပေါ်မှာ ဘယ်လောက်ထိ ရဲဝံ့ လွတ်လပ်စွာ လုပ်ဆောင်သင့်တဲ့အရာလဲ။ ခရစ်တော်၌ရှိနေတဲ့ လူတွေကို ဘာအပြစ် စီရင်ရှုတ်ချမှုမှမရှိနိုင်တော့ပါဘူး။ စာတန်ရဲ့ ဖြားယောင်သွေးဆောင်မှုနဲ့ ဝေးရာကိုလှည့်ထွက်သွားကြစို့ ။ သူ့ရဲ့ ကတိတွေက လိမ်ညာမှုတွေသာဖြစ်ပြီး သူ့ရဲ့ တန်ခိုးက ၊ အစွမ်းမရှိပါဘူး။
၄၃။ ဧဝံဂေလိတရားအားဖြင့် ဘုရား၏တန်ခိုးတော် ထင်ရှားလာစေရန်
အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ရောက်သော ငါတို့၌ ထိုတရားသည် ဘုရားသခင် ၏တန်ခိုးတော်ဖြစ်၏။ ၁ကော၊၁း၁၈
ဧဝံဂေလိတရားရဲ့ အဓိပ္ပါယ်က သတင်းကောင်းပဲဖြစ်တယ်။ သတင်းဆို တာက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေထဲက ထူးခြားထင်ရှားတာတွေကို မှတ်တမ်းတင်ထားခြင်းဖြစ်တယ်။ သတင်းကောင်းဆိုတာကလူတွေကို ပျော်ရွှင်သွား စေမယ့် အဖြစ်အပျက်တွေကို ကြော်ငြာပေးခြင်းပဲဖြစ်တယ်။ ဧဝံဂေလိတရားက အကောင်းဆုံးသောသတင်းဖြစ်ပြီး ၎င်းရဲ့ မှတ်တမ်းတွေက လူတွေကို အမြဲပျော်ရွှင် စေပါတယ်။ ဧဝံဂေလိရဲ့ မှတ်တမ်းတွေကတော့ ခရစ်တော်ရဲ့ သေခြင်းနဲ့ ရှင်ပြန် ထမြောက်ခြင်းပဲဖြစ်တယ်။ တမန်တော်ကြီးရှင်ပေါလုက ဧဝံဂေလိသတင်းကောင်းရဲ့ အရည်အသွေးတွေကို ဖော်ပြထားတယ်။ “ဧဝံဂေလိတရားကို သင်တို့အား တဖန် ငါကြားလိုက်၏… သမ္မာကျမ်း ဖော်ပြချက်အရ ခရစ်တော်က ကျွန်ုပ်တို့အပြစ် အတွက် အသေခံခဲ့ပြီး သင်္ဂြိုဟ်ပြီးမှ သုံးရက်မြောက်သောနေ့မှာ ရှင်ပြန်ထမြောက်ခဲ့ တယ်။ ထို့ နောက် ညီအစ်ကိုငါးရာမက တစ်ပြိုင်နက်မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူတို့သည် ယခုတိုင်အောင် အသက်ရှင်ကြသေး၏”(၁ကော၊၁၅း၁၇)။ ဧဝံဂေလိရဲ့ အနှစ်ချုပ်က “ခရစ်တော်က ကျွန်ုပ်တို့အပြစ်အတွက် အသေခံပြီ … သင်္ဂြိုဟ်ခံပြီ. . ထမြောက်ခဲ့ပြီ…. လူငါးရာထက်မက တစ်ပြိုင်နက် မြင်ရ၏။ ထိုသူတို့တွင် ယခုတိုင်အောင် အသက်ရှင်သောသူတို့သည် ဧဝံဂေလိအကြောင်းကိုပြောနိုင်ကြတယ်။ သူက သူ့ရဲ့ စာဖတ်ပရိသတ်တွေ သက်သေအချက်အလက်တွေ ရှာတွေ့နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဧဝံဂေလိဆိုတာ သက်သေအချက်အလက်ခိုင်လုံတဲ့ သတင်းဖြစ်တယ်။ ၎င်းအချက်အလက်တွေကို စမ်းသပ်စစ်ဆေးလို့ ရတယ်။ သခင်ယေရှုရဲ့ အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းတွေမှာ သက်သေတွေ ရှိနေပါတယ်။ ဝမ်းနည်းစရာကောင်းတာကတော့ အများစုအတွက် ဒီသတင်းကောင်း က ရူးသွပ်မိုက်မဲခြင်းလို့ ယူဆကြတာဖြစ်တယ်။ ရှင်ပေါလုက ပြောတယ်။ “ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရား ဖြစ်၏။ ကယ်တင်ခြင်းသို့ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏တန်ခိုးတော် ဖြစ်၏(၁ကော၊၁း၁၈)။ ခရစ်တော်အသေခံခြင်းဖြင့် တန်ခိုးတော်တွေ ပွင့်ထွက်လာ တယ်။ “ခရစ်တော်၏ဧဝံဂေလိတရားသည် ..ယုံကြည်သမျှသောသူအပေါင်း တို့ကို ကယ်တင်စေသောဘုရားသခင်၏တန်ခိုးတော်ဖြစ်၏”(ရော၊၁း၁၆)။
ခရစ်တော်ရဲ့ အသေခံခြင်းက လူတိုင်းအတွက် ဘာကြောင့်သတင်းကောင်း မဖြစ်စေတာလဲ။ ကျွန်ုပ်တို့မယုံသေးခင် ၎င်းအရာသည် ကောင်းမြတ်မှန်ကန်ကြောင်း တွေ့မြင်နေဖို့လိုတယ်။ ဒါကြောင့် မေးခွန်းက “တချို့လူတွေအတွက်က မှန်ကန်ကောင်းမြတ်ပြီး တချို့အတွက်က ဘာကြောင့် မကောင်းဘူးလို့ မြင်ကြတာ လဲ။ ၂ကော၊၄း၄ ထဲမှာ အဖြေတစ်ခုပေးထားပါတယ်။ “ထိုသို့ မယုံကြည်သောသူတို့ ကား ဘုရားသခင်၏ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ဘုန်းအသရေနှင့် ပြည့်စုံသောဧဝံဂေလိတရား၏အရောင်သည် အလင်းကို မပေးစေခြင်းငှါ ဤလောက ကို အစိုးရသောဘုရားသည် သူတို့၏ဉာဏ်မျက်စိကိုကွယ်စေ၏။” ဒါ့အပြင် “ဇာတိ ပကတိလူသည် ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ်၏”(၁ကော၊၂း၁၄)ဟုဆိုထားပါတယ်။ တစ်ဦးတစ်ယောက်က ဧဝံဂေလိတရားကို မှန်ကန်ကောင်းမြတ်ကြောင်း မမြင်တတ်၊ မမြင်နိုင်ဖို့ ကန်းစေတဲ့ စာတန်မာရ်နတ်ကို ဘုရားသခင်ရဲ့ တန်ခိုးတော်အားဖြင့်
အောင်မြင်နိုင်မှာဖြစ်တယ်။ ဒါကြောင့် သမ္မာကျမ်းကပြောပါတယ်။ ဧဝံဂေလိတရား က လူအများအတွက် မိုက်မဲစရာအကြောင်းဖြစ်သော်လည်း ခေါ်တော်မူသောသူတို့ ၌ ဘုရားသခင်၏တန်ခိုးတော်နှင့် ပညာတော်တည်းဟူသော ခရစ်တော်၏တရားဖြစ် ၏( ၁ကော၊၁း၂၄)။
“ခေါ်တော်မူခြင်း”သည် ဘုရားသခင်၏သနားခြင်းကရုဏာတော်ကြောင့် ဖြစ်ပြီး ဇာတိသဘော၏သေခြင်းနှင့် စာတန်၏အမှောင်ထုကို ပယ်ရှင်းပေးခြင်းကြောင့် ခရစ်တော်ကိုမှန်ကန်ကောင်းမြတ်သောသူအဖြစ် ကျွန်ုပ်တို့မြင်နိုင်ခြင်းဖြစ် တယ်။ သနားခြင်းဂရုဏာတော်ရဲ့ လုပ်ရပ်က ခရစ်တော်ကိုယ်တော်တိုင် အသွေး နှင့် ဝယ်ယူသောလက်ဆောင်ဖြစ်တယ်။ သူ့ကိုမျှော်ကြည့်ပြီး ဆုတောင်းခြင်းဖြင့် ခရစ်တော်ရဲ့ ဧဝံဂေလိတရားကို သင်ကိုယ်တိုင် မြင်တွေ့နားလည်ယုံကြည်သက်ဝင် လာဖို့ ဘုရားသခင်ကိုယ်တော်တိုင် လုပ်ဆောင်ပေးသွားမှာဖြစ်တယ်။
၄၄။ လူမျိုးစုတွေကြားမှ ရန်လိုမှုများကို ဖျက်ဆီးပစ်ရန်
ထိုသခင်သည် ငါတို့၏ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူ၏။ ဝိနည်းအထုံးအဖွဲ့နှင့် စပ်ဆိုင်သော ပညတ်တရားတည်းဟူသော ရန်ငြိုးဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာတော် တွင် ပယ်ရှင်းတော်မူသဖြင့် ပိုင်းခြားလျက်ရှိသောစပ်ကြား အုတ်တံတိုင်းနံရံကို ဖြိုဖျက်၍ လူမျိုးနှစ်တို့ကို တစ်ခုတည်းဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကိုငြိမ်းစေပြီးလျှင် ကိုယ်တော်၌ထိုလူနှစ်စုတို့ကို လက်ဝါးကပ်တိုင်တော်အားဖြင့် ရန်ကိုသတ်ဖြတ်လျက် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့စေမည်အကြောင်းတည်း။” ဧ၊၂း၁၄-၁၆
ဓမ္မသစ်ကျမ်းထဲက ဂျူးနဲ့ ဟေလသ (ဂျူးမဟုတ်သူ)တွေကြားမှာ သံသယ တွေ၊ မနာလိုမုန်းတီးမှုတွေ၊ သိက္ခာချခြင်းတွေက ကြီးမားတဲ့ပြဿနာဖြစ်ခဲ့ပြီး လူမျိုးတွေ၊ နိုင်ငံတွေကြားမှာလည်း ဒီကနေ့အထိ မနာလိုမုန်းတီးမှုတွေရှိနေပါတယ်။ ရန်လိုမှုကြောင့် ကေဖ (တစ်ခါတစ်ရံ ပေတရုဟုခေါ်သည်) နှင့် ပေါလုတို့အကြား အန္တိအုတ်မြို့၌ ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို ကြည့်လျှင်မြင်နိုင်ပါသည်။ ဒီအကြောင်းအရာကို ရှင်ပေါလုက ပြန်ပြီးပြောပြထားပါတယ်။ “ထို့နောက် ပေတရု သည် အန္တိအုတ်မြို့သို့ ရောက်လာသောအခါ သူ၌ အပြစ်တင်စရာအခွင့်ရှိသောကြောင့် သူ့ကိုယ်တိုင်ကို ငါငြင်း၍ ဆီးတားရ၏။ အကြောင်းမူကား၊ လူအချို့တို့သည် ယာကုပ်ထံက မရောက်မလာမီ ပေတရုသည် တပါးအမျိုးသားတို့နှင့် အတူစား၏။ သူတို့ရောက်လာသောနောက် ပေတရုသည် အရေဖျားလှီးခြင်းကို ခံသောသူတို့၏ မျက်နှာကိုထောက်၍ တပါးအမျိုးသားတို့နှင့် မပေါင်းဝံ့။ တယောက်တခြားစီနေ၏” (ဂလာ၊ ၂း၁၁-၁၂)။ ပေတရုက သခင်ယေရှုခရစ်တော်၌ လွတ်လပ်စွာအသက်ရှင်တဲ့ သူဖြစ်တယ်။ သူက ဂျူးခရစ်ယာန်တစ်ယောက်ဖြစ်ပေမယ့် မဟုတ်တဲ့ ခရစ်ယာန် တွေနဲ့ အတူ စားသောက်တယ်။ ခြားထားတဲ့ နံရံတွေပြိုကျခဲ့ပြီး မနာလို မုန်းတီးမှုတွေ ကို အောင်နိုင်ခဲ့ပြီ။ ဒါကခရစ်တော်အသေခံခြင်းဖြင့် ရရှိတဲ့ အောင်မြင်မှုဖြစ်တယ်။
အယူသည်းတဲ့ဂျူးတွေ အန္တိအုတ်မြို့ကိုရောက်ရှိလာတဲ့အခါမှာ ကေဖ ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ သူတို့ရဲ့ ဝေဖန်ခံရမှာကို ကြောက်ရွံ့နေမိပါတယ်။ ဒါကြောင့် ဟေလသလူတွေနဲ့ မိတ်ဖွဲ့ရာကနေ နောက်ဆုတ်လိုက်တယ်။ ဒီအဖြစ် အပျက်ကို တမန်တော်ကြီးရှင်ပေါလုက တွေ့တယ်။ သူဘာလုပ်မလဲ၊ ပုံမှန်အတိုင်း ဆက်လုပ်နေသလား။ အလည်အပတ်ရောက်လာတဲ့ အယူသည်းသူတွေနဲ့ အန္တိအုတ်
က ပိုပြီးလွတ်လပ်တဲ့ ဂျူးခရစ်ယာန်တွေအကြား ငြိမ်းချမ်းမှုရအောင် ဆက်ပြီး ထိန်းထားပါသလား။ ရှင်ပေါလုရဲ့ အပြုအမူနဲ့ သက်ဆိုင်တဲ့အဓိကလုပ်ဆောင်ချက်ကို ဒီစကားတွေထဲမှာတွေ့နိုင်ပါတယ်။ “သူတို့သည် မှန်သောဧဝံဂေလိတရားနှင့်အညီဖြောင့်မတ်စွာမကျင့်ကြောင်းကို ငါသည်မြင်လျှင်…” (ဂလာ၊၂း၁၄)။ ဒီအချက်က အရေးပါတဲ့ အချက်ပါပဲ။ အသားအရောင်နဲ့ လူမျိုးရေးခွဲခြားခြင်းကို ဧဝံဂေလိတရား က ဖြေရှင်းပေးသွားတာ ဖြစ်ပါတယ်။ ကေဖက ကြောက်လန့်ပြီး မိတ်သဟာယပြု ခြင်းကို ရပ်တန့်ခဲ့တာဟာ လူမျိုးရေးကြောင့်ဖြစ်လို့ စစ်မှန်သော နည်းလမ်းမဟုတ်ပါ ဘူး။ ခရစ်တော် အသေခံခြင်းက ဒီတံတိုင်းတွေကို ဖြိုချဖို့ ဖြစ်တယ်။ ဒါကို ကေဖက တဖန်ထပ်ပြီး ဆောက်နေပြန်တယ်။ ဒါကြောင့် ပေါလုက ကေဖကို ပွင့်လင်းစွာပြောပြခဲ့တယ်။ “သင်သည် ယုဒလူဖြစ်လျက်ပင် ယုဒထုံးစံအတိုင်းမကျင့်ဘဲ တပါး အမျိုးသား၏ထုံးစံအတိုင်းကျင့်လျှင် တပါးအမျိုးသားတို့သည် ယုဒထုံးစံအတိုင်း ကျင့် စေခြင်းငှါ အဘယ်ကြောင့် သူတို့ကို အနိုင်အထက်ပြုသနည်း”(ဂလာ၊၂း၁၄)။ တစ်နည်းအားဖြင့်ပြောရရင် ကေဖက ဂျူးမဟုတ်တဲ့ ခရစ်ယာန်အဖွဲ့ကနေ မိတ် သဟာယဖွဲ့ခြင်းမှ နုတ်ထွက်လာပြီး တစ်ယောက်ရဲ့ ထုံးစံအတိုင်း သီးခြား နေထိုင် လာခဲ့တယ်။ ဒီအရာတွေကို ဖျက်သိမ်းဖို့ ခရစ်တော် အသေခံခဲ့ခြင်းပဲဖြစ်တယ်။ ခရစ်တော်ရဲ့ အသေခံခြင်းက လူမျိုးစုတွေအကြား ပြန်လည်သင့်မြတ်ပြီး အသစ်သော လမ်းကို ဖန်တီးပေးဖို့ပါပဲ။ ဓလေ့ထုံးစံတွေနဲ့ လူမျိုးတွေက အတူတကွ စုရုံးပျော်ရွှင်ဖို့ အတွက် အခြေခံကျတဲ့အရာတွေမဟုတ်ပါဘူး။ ခရစ်တော်သာလျှင် ဖြစ်တယ်။ သခင်ခရစ်တော်ရဲ့ဧဝံဂေလိတရားကသာလျှင် လူတွေအကြား ခွဲခြားမှုတွေကို အဆုံး သတ်ပေးတယ်။ ဘာသာတရားတွေအားလုံး ညီမျှစွာ စုရုံးကြပြီး လူမျိုးစုတွေကြား စည်းလုံးမှု တည်ဆောက်မယ်ဆိုတဲ့စကားက မဖြစ်နိုင်လှပါဘူး။ သခင်ယေရှုခရစ်တော်က ဘုရားရဲ့ သားဖြစ်တယ်။ ဘုရားသခင်က သူ့ကို ကမ္ဘာလောကကြီးထဲကို စေလွှတ်ခဲ့တဲ့ တစ်ခုတည်းသောအကြောင်းက အပြစ်သားတွေကို ကယ်တင်ပြီး လူမျိုးစုတွေကြား ထာဝရသင့်မြတ်စေဖို့ဖြစ်တယ်။ ကားတိုင်ပေါ်မှာ အသေခံခြင်းက ဒေသအစွဲ လွန်ကဲမှုတွေအတွက်သာမဟုတ်ပဲ စကြာဝဠာကြီးရဲ့ လိုအပ်ချက် ပြီးပြည့်စုံ စေဖို့ဖြစ်တယ်။ ဘုရားနဲ့လူ ပြန်လည်သင့်မြတ်ခဲ့ပြီး လူမျိုးစုတွေကြား အချင်းချင်း ချစ်ခြင်းမေတ္တာနဲ့ ပျော်ရွှင်မှုတွေ ထာဝစဉ်ရနိုင်ဖို့ဖြစ်တယ်။ ဘုရားနဲ့ ကျွန်ုပ်တို့ကြား အဆက်ဖြတ်ခြင်းတွေကို အောင်မြင်ခဲ့ပြီး ခရစ်တော်က လူမျိုးတွေရဲ့ ကြားမှာ အောင်မြင်မှုရယူနိုင်ပါတယ်။
၄၅။ လူမျိုးတိုင်း၊ လူသားတိုင်း မျိုးနွယ်စုနဲ့ ဘာသာစကားတိုင်းမှ လူသားများကိုရွေးနှုတ်ရန်
ကိုယ်တော်သည် အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့် အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍ အသွေးတော်နှင့် ဘုရားသခင်အဘို့ ရွေးနှုတ်တော်မူ၏။ ဗျာ၊၅း၉-၁ဝ
ဒါကကောင်းကင်နိုင်ငံတော်ရဲ့ ဖြစ်စဉ်ပါပဲ။ တမန်တော်ကြီးရှင်ယောဟန်က ဘုရားသခင်လက်တော်ထဲက အနာဂတ်ကို ရိပ်ကနဲ ဖော်ပြခြင်းဖြစ်တယ်။ “ထိုအခါ တဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူ၏လက်ျာဘက်၌ငါမြင်၏”(ဗျာ၅း၁)၊ စာလိပ်ကို ဖွင့်လိုက်တဲ့သဘောက အနာဂတ်ရဲ့ ကမ္ဘာ့သမိုင်းမှာ ဖြစ်ပျက်မယ့်အရာတွေကို ဖွင့်ပြ လိုက်ခြင်းပါပဲ။ အသက်ကြီးသူတစ်ဦးက “မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့တည်းဟု သော ဒါဝိဒ်၏အမြစ်သည် ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနစ်ချက်တို့ကို၎င်း ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ပြောဆို၏”(ဗျာ၊၅း၄-၅)။ ၎င်းသည် ယေရှုခရစ်တော်တည်းဟု သော မေရှိယကို ရည်ညွှန်းနေခြင်းဖြစ်ပါတယ်။ သူသည် သေခြင်းကို အောင်မြင်ပြီး ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ယောဟန်က သူ့ကို မြင်ပါတယ်။ “အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏”(ဗျာ၊၅း၆)။ ထို့နောက်ကောင်းကင်သားတို့သည် ပလ္လင်တော်ပတ်လည်၌ ဒူးထောက်လျက် ခရစ်တော်ကို ကိုးကွယ်ကြ၏။ အသစ်သောသီချင်းကို ဆိုကြ၏။ အံ့သြစရာကောင်းတာက သီချင်း ထဲမှာ ခရစ်တော်ရဲ့ အသေခံခြင်းအားဖြင့် သမိုင်းနဲ့ဆိုင်တဲ့ အဖိုးထိုက်တဲ့စာလိပ်ကို ဖွင့်ခွင့်ရခဲ့ပါတယ်။ ခရစ်တော်ရဲ့ အသေခံခြင်းအားဖြင့် သမိုင်းထဲက ကမ္ဘာလောက ကြီးအတွက် ဘုရားသခင်ရဲ့ ရည်ညွှန်းချက်တွေကို ပြည့်စုံစေခဲ့ပါတယ်။ “အကျွန်ုပ်တို့ ၏ဘုရားသခင်ရှေ့မှာ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍ မြေကြီးပေါ်မှာ စိုးစံရသောအခွင့်ကို ပေးတော်မူ၏။ ထို့ကြောင့် ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်လိုက်တော်မူ၏ဟု အသစ်သောသီချင်းကို သီ၍လျှောက်ဆိုကြ၏”(ဗျာ၊၅း၉)။
လူသားတွေကြားက ကြီးစွာသောကွဲပြားမှုကို ဖြေရှင်းပြီး ကယ်တင်ဖို့ခရစ်တော် အသေခံခဲ့ပါတယ်။ အပြစ်တရားက ယဉ်ကျေးမှုကိုအလေးအနက် မထားပါဘူး။ လူတိုင်းအပြစ်လုပ်ကြပါတယ်။ လူမျိုးစုတိုင်း ယဉ်ကျေး မှုတိုင်း ဘုရားသခင်နဲ့ သင့်မြတ်ဖို့ လိုပါတယ်။ အပြစ်က ကမ္ဘာနဲ့အဝန်းပြည့် နှက်နေလို့ ကမ္ဘာတစ်ဝန်းလုံးကို ကယ်တင်ဖို့လိုပါတယ်။ ကားတိုင်နဲ့ဆိုင်တဲ့ ကြေကွဲမှုကိုယေရှုမြင်ရပြီး သူ့ရဲ့ ရည်ရွယ်ချက်တွေကို ရဲဝံ့စွာပြောခဲ့ပါတယ်။ “
“ငါသည်လည်းမြေကြီးနှင့်ခွာ၍မြှောက်ထားခြင်းကိုခံရလျှင် လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟုမိန့်တော်မူ၏ ” (ယော၊၁၂း၃၂)။ သူအသေခံခြင်းဖြင့် ကမ္ဘာကြီးက ယုံကြည်သက်ဝင်လာခဲ့ပါတယ်။
ခရစ်ယာန်ဘာသာတရားက အရှေ့ဘက်ကနေ အစပြုပါတယ်။ ရာစုနှစ်တွေအတော်ကြာတဲ့အခါ အနောက်ဘက်ကိုရွှေ့လျားသွားခဲ့ပြီး ကြီးထွားလာပေမယ့် အနောက်တိုင်းရဲ့ ဘာသာတရားတော့မဟုတ်ဘူး။ ဒါကခရစ်တော်အတွက်အဆန်း မဟုတ်ဘူး။ဓမ္မဟောင်းကျမ်းမှာလည်း ကမ္ဘာတစ်ဝန်းနဲ့ဆိုင်တဲ့သူ့ရဲ့လုပ်ဆောင်ချက်ကို ကြိုပြောခဲ့ပါတယ်။ “မြေကြီးစွန်းရှိသမျှတို့သည် သတိရ၍ထာဝရဘုရားထံတော်သို့ ပြောင်းလဲကြလိမ့်မည်။ လူအမျိုးအနွယ်အပေါင်းတို့သည် ရှေ့တော်၌ ကိုးကွယ်ကြလိမ့်မည်”(ဆာ၊၂၂း၂၇)။ “လူအမျိုးမျိုးတို့သည် ဝမ်းမြောက်၍ ရွှင်လန်းစွာသီချင်းဆိုကြပါစေသော”(ဆာ၊၆၇း၄)။ ဒါကြောင့် ယေရှုက မြေကြီးပေါ်မှာသူ့ရဲအမှုတော်မြတ်လုပ်ငန်း ပြီးဆုံးခါနီးမှာ သူ့ရဲ့ သာသနာပြုခြင်းကို ရှင်းလင်းစွာဖော်ပြခဲ့ပါ တယ်။ “ဤသို့ကျမ်းစာလာ၏။ ဤသို့ ခရစ်တော်သည် အသေခံ၍ သုံးရက်မြောက်သောနေ့၌ သေခြင်းမှထမြောက်ရမည်။ ခရစ်တော်၏အခွင့်အားဖြင့် နောင်တရား နှင့်အပြစ်လွှတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟောပြောရမည်”(လု၊ ၂၄း၄၆-၄၇)။ သူ့ရဲ့ တပည့်တော်တွေကို ပေးခဲ့တဲ့ အမိန့်တော်ကအမှားအယွင်းမရှိပါဘူး။ “သင်တို့သွား၍လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလော့။ (မ၊ ၂၈း၁၉)။ ယေရှုခရစ်တော်က ယဉ်ကျေးမှုတစ်ခု သို့မဟုတ် လူမျိုးစုတစ်စုနဲ့ သက်ဆိုင်နေတာမဟုတ်ဘူး။ “သူက လောကရဲ့ အပြစ်ကိုဆောင်ယူသွားတဲ့ သိုးသငယ်ဖြစ်တယ်” (ယော၊၁း၂၉)။ “ယုဒအမျိုး၊ ဟေလသ အမျိုးကိုမရွေး၊ လူအပေါင်း တို့ကို အစိုးရသော အရှင်တပါးတည်းရှိ၍ ကိုယ်တော်ကို ပဌနာပြုသူ တို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။ အကြောင်းမူကား၊ ဘုရားကို ပြသော သူရှိသမျှတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏”(ရော၊၁း၁၂-၁၃)။ သူ့ကို ယခုဖတ်ပါ။ ကမ္ဘာတစ်ဝန်းနဲ့ ဆိုင်တဲ့ ကယ်တင်ခြင်းလုပ်ငန်း၌ ပါဝင်လုပ်ဆောင်ပါ။
၄၆။ကမ္ဘာတစ်ဝန်းရံ သူ၏သိုးများကို ပြန်လည်စုစည်းရန်
ထိုစကားကို ကိုယ်အလိုအလျောက်ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်း ဖြစ်လျက် ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍၎င်း၊ ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုစေခြင်း သေရမည်ဟူ၍၎င်း၊ ပရောဖက်ဉာဏ်နှင့် ဟောပြော၏။
ယော၊၁၁း၅၁-၅၂
ဤသိုးခြံထဲသို့မဝင်သော အခြားသီးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ ရမည်။ သူတို့သည်လည်း ငါစကားသံကို နားထောင်သဖြင့် သီးခြံတခု သိုးထိန်းတပါး တည်းရှိရလိမ့်မည်။
ယော၊၁း၁၆
အကြောင်းရင်းကိုမသိပဲ မြည်းက ဘုရားသခင်အတွက် စကားပြောမည် လော(တော၊၂း၂၈)။ တရားဟောသူ သို့မဟုတ် ယဇ်ပုရောဟိတ်တွေလည်း ဒီလိုပါ ပဲ။ ဣသရေလတို့၏ယဇ်ပုရောဟိတ်မင်းဖြစ်သော ကာယဖက သခင်ယေရှုရဲ့ အသက်တာမှာ ဖြစ်ပျက်မဲ့အကြောင်းတွေ ပြောထားပါတယ်။ သူက အမှတ်မထင် ဣသရေလခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။ “ယုဒအမျိုး အကုန်အစင် ပျက်စီး သည်ထက် လူတယောက်သည် လူများတို့အတွက် သေသော် သာ၍ ကောင်းသည် (ယော၊၁၁း၅ဝ)။ အဲဒီမှာ အဓိပ္ပါယ်နှစ်မျိုးသက်ရောက်ပါတယ်။ ကာယဖဆိုလိုသည် မှာ လူတွေကို ဖျက်ဆီးသူ လူမျိုးကိုသစ္စာဖောက်သူလို့ ရောမရဲ့ စွပ်စွဲခံမယ့်အစား သခင်ယေရှု အသေခံတာသာ၍ကောင်းတယ်။ ဒါပေမယ့် ဘုရားသခင်အတွက်က အခြားအဓိပ္ပါယ်ဖြစ်နေတယ်။ သမ္မာကျမ်းထဲမှာ ဖော်ပြထားပါတယ်။ “ထိုစကားကို ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ် လျက် ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍၎င်း၊ ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးစေခြင်းငှါ သေရမည်ဟူ၍၎င်း၊ ပရောဖက်ဉာဏ်နှင့်ဟောပြော၏”(ယော၊၁၁း၅၁-၅၂)။
သခင်ယေရှုကိုယ်တော်တိုင်လည်း ပြောခဲ့ပါတယ်။ “အရပ်ရပ်၌ကွဲပြားနေ သော ဘုရားသခင်၏လူ” အစား သခင်ယေရှုက ဣသရေလတို့၏ခြံအပြင်ဘက်ရှိ “သိုး”လို့ပြောခဲ့ပါတယ်။ “ဤသိုးခြံထဲသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေးထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင် သဖြင့် သိုးခြံတစ်ခုသိုးထိန်းတပါးတည်း ရှိရလိမ့်မည်(ယော၊၁၀း၁၆)။ နည်းလမ်း နှစ်မျိုးစလုံးနဲ့ ပြောတာတွေက အံ့သြဖို့ကောင်းပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ လူတွေကို ယေရှုခရစ်တော်အားဖြင့် ကယ်တင်ခြင်းရစေဖို့ ဘုရားသခင် ရွေးထားတာ ဖြစ်တယ်။ “သူတို့က ဘုရားရဲ့ သားသမီးတွေဖြစ်ပြီး အရပ်ရပ်မှာကွဲပြားနေကြတယ်”။ သူတို့က “တွေရဲ့ သီးခြံထဲက သိုးတွေမဟုတ်ဘူး။ ဆိုလိုတာက ဘုရားရှင်က သူ့ အတွက် လူတွေကို စုစည်းခြင်းဖြစ်တယ်။ သူ့လူတွေကိုခေါ်ပြီး တပည့်တော်အဖြစ် စေလွှတ်ကာ သူတို့ကလည်း အရပ်ရပ်ကိုသွားရောက်ခဲ့ကြပါတယ်။ ဘုရားရှင်က သူ့အဖို့ ရွေးချယ်ထားတဲ့သူကို ယေရှုက ပြောင်းလဲဖို့ ပြောခဲ့ပြီး ခရစ်တော်ထံသို့ လာစေခဲ့ပါတယ်။ “ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသောသူတို့သည် ငါ့ထံ သို့လာကြလိမ့်မည်။ ငါ့ထံသို့လာသောသူကို ငါသည် အလျင်းမပယ်”ယော၊၆း ၃၇)။ “ထိုသူတို့ကို ကိုယ်တော်သည် ပိုင်သတော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏” (ယော၊၁၇း၆)
အံ့သြစရာကောင်းတဲ့အချက်ကတော့ ဘုရားရှင်က ကမ္ဘာပေါ်က လူသား များအားလုံး ကယ်တင်ခြင်းရနိုင်ဖို့ ခရစ်တော်၏နာမတော်အားဖြင့် သာသနာပြုတွေ ကို စေလွှတ်တယ်။ သူရွေးချယ်ထားတဲ့သူတွေ ဧဝံဂေလိအတွက် ဦးဆောင်ခိုင်းပြီး လူတွေကို ကယ်တင်ခဲ့ပါတယ်။ အခြားနည်းလမ်းနဲ့ မကယ်ပါဘူး။ ဒါကြောင့်လည်း သာသနာပြုဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ “သူ၏စကားသံကို သိုးတို့သည် နားထောင် တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ် ၏…. သိုးများသည် သူ၏စကားသံကိုကျွမ်းသောကြောင့် လိုက်တတ်ကြ၏” (ယော၊၁၀း၃-၄) သခင်ယေရှုရဲ့ ဒုက္ခဝေဒနာခံခြင်းနဲ့ အသေခံခြင်းကြောင့် သိုးတွေ ကသူ့အသံကိုကြားပြီး အသက်ရှင်နိုင်ပါတယ်။ ကာယဖပြောတဲ့အကြောင်းရင်းကို မသိဘဲနှင့်ဆိုတာ အဲဒါပါပဲ။ “သခင်ယေရှုက ထိုအမျိုးအတွက်သာမက အရပ်ရပ် တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေးခြင်းငှါ ငါသေရ မည်။ သိုးတွေကိုစုစည်းဖို့ သူ့အသက်ပေးခဲ့တယ်။ သူ့ ရဲ့ အသွေးတော်အားဖြင့် သနားခြင်း ကရုဏာကိုဝယ်ယူခဲ့ပြီး သူပိုင်ဆိုင်တဲ့ လူတွေအတွက် သူ့အသံက အမှား အယွင်း မရှိနိုင်တော့ပါဘူး။ သူ့ရဲ့ သနားခြင်းကရုဏာ သက်ရောက်ဖို့ သူ့အသံ ကြားပြီး အသက်ရှင်နိုင်ဖို့ ဘုရားသခင်ထံ ဆုတောင်းပါ။
၄၇။ နောက်ဆုံးသော တရားစီရင်ခြင်းမှ ကျွန်ုပ်တို့ကို ကယ်တင်ရန်
ထိုနည်းတူ ခရစ်တော်သည် လူများအပြစ်တို့ကိုခံခြင်းငှါ တခါတည်း ကိုယ်ကိုပူဇော်ပြီးမှ နောက်တဖန်ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလိုငှါ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။
ဟေဗြဲ ၉း၂၈
ကယ်တင်ခြင်းနဲ့ဆိုင်တဲ့ ခရစ်ယာန်တွေရဲ့ယုံကြည်ချက်က အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလသုံးခုစလုံးနဲ့ စပ်ဆိုင်ပါတယ်။ “ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏”လို့ ကျမ်းစာကပြောပါတယ်(ဧ၊၂း၈)။ “ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင် တန်ခိုးတော် ဖြစ်၏”လို့ ဖော်ပြထားပါတယ်(၁ကော၊၁း၁၈)။ “ငါတို့ကို ကယ်တင်သောကျေးဇူးတော်သည် ငါတို့ယုံကြည်သောနေ့ရက်၌ သည်ထက် ယခုသာ၍နီး၏”(ရော၊၁၃း၁၁)။ ကျွန်ုပ်တို့က ကယ်တင်ခြင်းခံရပြီး ဖြစ်တယ်။ အခုလည်း ကယ်တင်ခြင်းရဲ့ အကျိုးဆက်ကိုခံရလျက်ရှိပါတယ်။ နောက် နောင်မှာလည်း ခံစားရဦးမှာဖြစ်တယ်။ သခင်ယေရှုရဲ့ အသေခံခြင်းဖြင့် ကျွန်ုပ်တို့ အချိန်တိုင်း ကယ်တင်ခြင်းကိုခံစားရလျက်ရှိပါတယ်။ အတိတ်က အသေခံ ပေးဆပ်ခဲ့ တဲ့ သခင်ယေရှုကြောင့် ကျွန်ုပ်တို့ရဲ့ အပြစ်ဝဋ်ကြွေးအားလုံးပေးဆပ်ခဲ့ပြီးဖြစ်တယ်။ ကျွန်ုပ်တို့က ယုံကြည်ခြင်းကြောင့်သာ အပြစ်ကနေ လွှတ်မြောက်ခဲ့တာဖြစ်တယ်။ သခင်ယေရှုရဲ့အသေခံခြင်းက ကျွန်ုပ်တို့ကို လက်ရှိဘဝအပြစ်ရဲ့ လွှမ်းမိုးထိန်းချုပ်မှု၊ အညစ်အကြေးတွေကနေ လွှတ်မြောက်ဖို့ကာကွယ်ပေးနေပါတယ်။ ကားတိုင်ပေါ်မှာ သွန်းခဲ့တဲ့ သခင်ယေရှုရဲ့အသွေးတော်က ကျွန်ုပ်တို့ကို အနာဂတ်ကာလမှာ ကျရောက်လာမယ့် အမျက်တော်ကနေ လွှတ်မြောက်စေမှာဖြစ်ပြီး ဝမ်းမြောက်ခြင်းနဲ့ ပြီးပြည့်စုံခြင်းကို ယူဆောင်လာပေးမှာဖြစ်တယ်။
တရားစီရင်ခြင်းနဲ့ ပတ်သက်ပြီးတော့ ကျမ်းစာထဲမှာ ဖော်ပြထားပါတယ်။ “ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဘွယ်သော မျှော်လင့်ရသောအကြောင်း၊ ငြင်းဆန်သောသူတို့ကို ဖျက်ဆီးဘို့ ရာ အမျက်တော်မီးလောင်ခြင်းခံရသော အကြောင်းရှိ၏”(ဟေဗြဲ၊၁၀း၂၇)။
“ခန့်ညားကြောက်ရွံ့သောသဘောနှင့် ဘုရားသခင်ကို လျောက်ပတ်စွာဝတ်ပြုမည်အကြောင်း… ဘုရားသခင်သည် လောင်သောမီးဖြစ်တော်မူ၏” (ဟေဗြဲ၊၁၂း၂၈-၂၉)။ သခင်ယေရှုက ရောက်ရှိလာမယ့် အမျက်ဒေါသကနေ လွတ် မြောက်ဖို့ လူတွေကို သတိပေးခဲ့ပါတယ်(မ၃း၇)။ “သခင်ယေရှုသည် တန်ခိုးရှိသောကောင်းကင်တမန်တို့နှင့်အတူ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍ ဘုရားသခင်ကို မသိသောသူ ငါတို့ သခင်ယေရှုခရစ်၏ဧဝံဂေလိတရားကို နားမထောင်သောသူတို့ ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူ၏… ထိုသူတို့သည် ဘုရားသခင်၏မျက်နှာ တော်နှင့်၎င်း၊ တန်ခိုးရှိသောဘုန်းတော်နှင့်၎င်း ကွာ၍ ထာဝရပျက်စီးခြင်းတည်းဟူ သော အပြစ်ဒဏ်ကိုခံရကြလတံ့”(၂သက်၊၁၇-၁၀)။ ဘုရားသခင်ရဲ့ နောက်ဆုံးသော အပြစ်စီရင်ခြင်းနဲ့ ပတ်သက်ပြီး အချို့သော ဖော်ပြချက်တွေက အရမ်းကြောက်စရာကောင်းလှပါတယ်။ တမန်တော်ကြီးရှင်ယောဟန်က နောက်ဆုံးသောနေ့ရက်နဲ့ပတ် သက်ပြီး အခုလို ဖော်ပြထားပါတယ်။ သခင်ယေရှုကို ငြင်းပယ်တဲ့ လူတွေက ဘုရား သခင်ရဲ့ အမျက်တော်ကို ရင်ဆိုင်ကြရမှာဖြစ်ပြီး ကန့်နဲ့ရောတဲ့ မီးထဲသို့ပစ်ချခြင်းခံရ မှာဖြစ်ပါတယ်။ အဲဒီမီးက ဘယ်တော့မှငြိမ်းနိုင်တော့မှာ မဟုတ်လို့ နေ့ညမပြတ်လောင်ကျွမ်းခံရမယ်လို့ပြောပါတယ်(ဗျာ၊၁၄း၁၀-၁၁)။ ဘုရားသခင်ရဲ့ အမျက်တော် ကို သတိမပြုမိသေးသမျှတော့ ကနဦးအသင်းတော်က ယုံကြည်သူတွေ ပြောခဲ့တဲ့ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကျေးဇူးကိုဆုပ်ကိုင်မိမှာ မဟုတ်သေးပါဘူး။ “ရောက် လတံ့သော ဘေးဒဏ်မှ ငါတို့ကိုကယ်နုတ်သော သခင်ယေရှုတည်းဟူသော သေခြင်း၊ မှ ဘုရားသခင်ထမြောက်စေတော်မူသော သားတော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်အရာကို ငံ့လင့်လော့”(၁သက်၊၁း၁၀)။ အဲဒီ ဘေးဒဏ်ကြီးကနေ ကယ်တင်နိုင်မယ့်သူက သခင်ယေရှုတစ်ပါးတည်းသာဖြစ်ပါတယ်။ သူသာ မကယ် ဘူးဆိုရင် ကျွန်ုပ်တို့တစ်သက်လုံး စွန့်ပစ်ခံရမှာဖြစ်ပါတယ်။ အဲဒီနောက်ဆုံးသော ကယ်တင်ခြင်းက သူ့ရဲ့ အသွေးတော်ကြောင့်သာဖြစ်ပါတယ်။ “ခရစ်တော်သည် လူများအပြစ်တို့ကိုခံခြင်းငှါ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ နောက်တဖန်ထိုသခင်ကို မျှော်လင့်လျက်နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှါ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်း၊ တော်မူလတံ့”(ဟေဗြဲ၊၉း၂၈)။ အပြစ် နဲ့ပတ်သက်တဲ့ ချေဖျက်မှုက တစ်ကြိမ်သာ ဖြစ်တယ်။ နောက်တစ်ကြိမ် အသေခံဖို့ မလိုတော့ပါဘူး။ သခင်ယေရှုရဲ့ ပေးဆပ်မှု တွေက အနာဂတ်မှာကျရောက်လာမယ့် ဘေးဒဏ်ကြီးကနေ ကျွန်ုပ်တို့ ကို လွတ် မြောက်စေမှာဖြစ်ပါတယ်။ လက်ဝါးကားတိုင်ကြောင့်သာ ကျွန်ုပ်တို့ ကျေးဇူးတော်နဲ့ဝမ်းမြောက်ခြင်းကိုခံစားရတာဖြစ်ပါတယ်။
၄၈။ သခင်ရဲ့ ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့ ခံစားရန်
ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ ထောက်ရှ ကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။ ဟေဗြဲ၊၁၂း၂
ဝမ်းမြောက်သောအသက်တာကို ရရှိပိုင်ဆိုင်နိုင်ဖို့၊ ခက်ခဲကြမ်းတမ်းတဲ့ခရီး ကို ကျွန်ုပ်တို့သာမက သခင်ယေရှုသည်လည်း ဖြတ်သန်းခဲ့ရပါတယ်။ သူဆိုရင် အသက်တောင်ပေးရပါတယ်။ သူ့ရှေ့မှာရှိနေတဲ့ဝမ်းမြောက်ခြင်းကြောင့်ပဲ သခင် ယေရှုက ကားတိုင်ကိုထမ်းခဲ့တာဖြစ်တယ်။ ကားတိုင်ရဲ့ မချိမဆံ့ဝေဒနာကို ခံစားပြီးမှကောင်းကင်ဘုံရဲ့ ဝမ်းမြောက်ခြင်းအသီးအပွင့်ကို ခံစားရတာဖြစ်ပါတယ်။ အခြား နည်းလမ်းမရှိပါဘူး။ သခင်ယေရှုရှေ့မှာရှိနေတဲ့ ဝမ်းမြောက်ခြင်းက အဆင့်အမျိုးမျိုး ရှိပါတယ်။ ခမည်းတော်နဲ့ ပြန်လည်ပေါင်းစည်းခွင့်ရတဲ့ ဝမ်းမြောက်ခြင်းဖြစ်တယ်။ “အထံတော်၌ စုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ျာတော်နားမှာ အစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏”(ဆာ၊၁၆း၁၁)။ အပြစ်တရားကိုအောင်နိုင်တဲ့ ဝမ်းမြောက် ခြင်းဖြစ်တယ်။ “ငါတို့အပြစ်များကို ကိုယ်တော်တိုင် အားဖြင့် သုတ်သင်ပယ်ရှင်းပြီး လျှင် မြင့်သောအရပ်မှာ တန်ခိုးအာနုဘော်တော်၏ လက်ျာတော်ဘက်မှာ ထိုင်ခွင့်ရ တဲ့ ဝမ်းမြောက်ခြင်းဖြစ်တယ်။ “ဘုရားသခင်၏ပလ္လင်တော်လက်ျာဘက်၌ ထိုင် နေတော်မူ၏”(ဟေဗြဲ၊၁၂း၂)။ သူ့ရဲ့ အသေခံခြင်းကြောင့် အပြစ်လွှတ်ခြင်းအခွင့်ရတဲ့သူ တွေကြောင့်လည်း ဝမ်းမြောက်ရခြင်းဖြစ်ပါတယ်။ “နောင်တရသောလူဆိုး တယောက်၌ သာ၍ဝမ်းမြောက်ခြင်းရှိ၏ (လု၊၁၅း၇)။ ဒီလိုဆို ကျွန်ုပ်တို့အတွက်ကော ဘယ်လိုလဲ။ သူကတော့ ဝမ်းမြောက်ခြင်းတွေဆီ တိုးဝင်သွားပြီး ကျွန်ုပ်တို့ကကော သောကဝေဒနာတွေနဲ့ ကျန်ရစ်ခဲ့တော့မှာလား။ မဟုတ်ပါဘူး။ သူအသေမခံခင် ကတည်းက သူ့ရဲ့ ဝမ်းမြောက်ခြင်းနဲ့ ကျွန်ုပ်တို့ရဲ့ ဝမ်းမြောက်ခြင်းကို စည်းနှောင် ထားပြီးဖြစ်တယ်။ “သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ၎င်း၊ သင်တို့ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ၎င်း ဤစကားကို သင်တို့အား ငါဟောပြော၏” (ယော၊၁၅း၁၁)။ သူ့ ရဲ့ ဝမ်းမြောက်ခြင်းကို ကျွန်ုပ်တို့ဆီမှာလည်း ရှိနေမယ်ဆိုတာ သခင်ယေရှု သိပါတယ်။ သူ့ကို အားကိုးယုံကြည်သူတိုင်းက သူခံစားခဲ့ရတဲ့ ဝမ်းမြောက် ခြင်းမျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဒါပေမယ့် လျှောက်ရမယ့်လမ်းကတော့ ခက်ခဲလှပါ တယ်။ သခင်ယေရှုက အခုလိုသတိပေးခဲ့ပါတယ်။ “သင်တို့၌ ဤလောက၏ဒုက္ခ ဆင်းရဲခြင်းကို ခံရလိမ့်မည်”(ယော၊၁၆း၃၃)။ “တပည့်သည် ဆရာထက်မသာ. . . အိမ်ရှင်ကို ဗေလဇေဗုလဟုခေါ်ဝေါ်ကြလျှင် အိမ်သူအိမ်သားတို့ကိုသာ၍ ခေါ်ဝေါ် ကြလိမ့်မည်”(မ၊၁၀း၂၄-၂၅)”။ တချို့တို့ကိုလည်း သတ်ကြလိမ့်မည်။ လူအပေါင်း တို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်”(လု၊ ၂၁း၁၆-၁၇)။ ဒါက သခင်ယေရှု လျှောက်ခဲ့တဲ့လမ်းဖြစ်သလို ဝမ်းမြောက်ခြင်း ဆီသို့ သွားတဲ့လမ်းဖြစ်ပါ တယ်။ သခင်ယေရှုက အဲဒီဝမ်းမြောက်ခြင်းကြောင့်ပဲ လက်ဝါးကားတိုင်ကို ထမ်းခဲ့ သလို သခင်နဲ့ အတူ ဒုက္ခခံနိုင်ဖို့ ကျွန်ုပ်တို့ကိုလည်း အားပေးလျက်ရှိပါတယ်။ ကျွန်ုပ် တို့ခံရမယ့် ဒုက္ခဆင်းရဲတွေအတွက် သခင်ယေရှုက ပြင်ဆင်ပေးပြီးဖြစ်တယ်။ “ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကားကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ”၏(မ ၅း၁၁-၁၂)။ ကျွန်ုပ်တို့ခံစားရမယ့် ဆုကျေးဇူးကတော့ ဝမ်းမြောက်ခြင်းတွေနဲ့ ဘုရားသခင်ထံတိုးဝင်ခွင့်ပဲဖြစ်တယ်။
တစ်ကယ်လို့ သခင်ယေရှုသာအသေမခံခဲ့ရင် ထာဝရဝမ်းမြောက်ခြင်းကို သူရော ကျွန်ုပ်တို့ပါ ခံစားရမှာမဟုတ်ပါဘူး။ သူကဘုရားသခင်ရဲ့ စကားတော်ကို နား မထောင်တဲ့သူဖြစ်သွားပြီး ကျွန်ုပ်တို့လည်း အပြစ်တရားမှချေဖျက်ခြင်းခံရမှာ ဖြစ်ပါတယ်။ သခင်ယေရှုရဲ့ ဝမ်းမြောက်ခြင်းရော ကျွန်ုပ်တို့ရဲ့ ဝမ်းမြောက်ခြင်းပါ ကားတိုင်မှာ ရှာတွေ့ခဲ့တာဖြစ်ပါတယ်။ အခုတော့ ကျွန်ုပ်တို့က သခင်နဲ့ အတူ ချစ်ခြင်းမေတ္တာထဲမှာ လျှောက်လှမ်းနေပြီဖြစ်ပါတယ်။ ကျွန်ုပ်တို့က အခုခံရမယ့် ဒုက္ခထက် နောင်ရရှိမယ့်ဆုကျေးဇူးကို တွက်ဆပြီးဖြစ်ပါတယ်။ “ငါတို့အား ပေါ်ထွန်း လတံ့သောဘုန်းကို ထောက်သော် ယခုမျက်မှောက် ကာလ၌ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါသဘောရှိ၏”(ရော၊၈း၁၈)။ အခုအချိန်မှာတော့ ကျွန်ုပ်တို့က သခင်ယေရှုနဲ့ အတူ အပြစ်တင်ခံရမှာဖြစ်ပေမယ့် ကျွန်ုပ်တို့အတွက် ထာဝရ ဝမ်းမြောက်ခြင်းရှိနေပါတယ်။ ဘယ်ဒုက္ခဆင်းရဲမျိုးမဆို ကျွန်ုပ်တို့ရင်ဆိုင်နိုင်ပါတယ်။ တစ်ချိန်မှာခံစားရမယ့် မျှော်လင့်ချက်ကြောင့်ဖြစ်ပါတယ်။ “ညဦးယံ၌ ငိုကြွေးခြင်း သည် လာ၍တည်းခို၏။ နံနက်ယံ၌ကား သီချင်းဆိုရသောအခွင့်ရှိ၏”(ဆာ၊၃၀း၅)။
၄၉။ သခင်ယေရှုသည် ဘုန်းအသရေတော်နှင့် ချီးမြှောက်ခြင်းခံရရန်
ယေရှုသည်…. အသေခံရသောကြောင့် ခေါင်းတော်၌ဘုန်းအသရေ ပတ်ရစ်လျက် ရှိသည်ကို ငါတို့မြင်ကြ၏။
ဟေဗြဲ၊ ၂:၉
မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့ သောအဖြစ်၌ ဘွားမြင်ခြင်းကိုခံတော်မူ၏။ ထိုသို့လူ၏ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် အသေခံခြင်း သာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။ ထိုကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန် ချီးမြှောက်၍ ဘွဲ့နာမ တကာတို့ ထက်ကြီးမြတ်သော ဘွဲ့နာမကိုပေးသနားတော်မူ၏။
ဖိ၊ ၂း၇-၉
အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည် တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏။
ဗျာ၊၅း၁၂
ခရစ်တော်အသေမခံခင်ညက ဖြစ်ပျက်လာမည့်အရာတွေကို ကြိုသိနေခဲ့ပါ တယ်။ ဒါကြောင့် သူဆုတောင်းတယ်။ “အိုအဖ ဤကမ္ဘာမတည်မရှိမှီ အထံတော်၌ ချီးမြှောက်တော်မူပါ”(ယော၊၁၇း၅)။ နောက်ဆုံးတော့ အောင်မြင်ကျော်လွှားနိုင်ခဲ့ပါ တယ်။ “အသေခံရသောကြောင့် ခေါင်း၌ ဘုန်းအသရေပတ်ရစ်လျက်ရှိသည်” (ဟေဗြဲ၊ ၂း၉)။ ချီးမြှောက်ခြင်းခံခဲ့ရတဲ့ ဘုန်းအသရေတော်က သူ့ ရဲ့အသေခံခြင်း အတွက် ရရှိတဲ့ဆုလဒ်ပဲဖြစ်ပါတယ်။ “လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ဘွဲ့ နာမတကာတို့ထက် ကြီးမြတ်သောနာမကိုပေးသနားတော်မူ၏”(ဖိ၊ ၂း၇-၉)။ “အသေ သတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည် ဘုန်းအာနုဘော် .. ကောင်းကြီးမင်္ဂလာ ကို ခံထိုက်တော်မူ၏”(ဗျာ၊၅း၁၂)။
သခင်ယေရှု ဒုက္ခဝေဒနာခံစားခဲ့ရတာက သရဖူဆောင်းရဖို့ အတွက် တန်ရာတန်ကြေး ပေးဆပ်ခဲ့ရခြင်းဖြစ်ပါတယ်။ သူအသေခံခဲ့ခြင်းကလည်း အဲဒီ အတွက် အပါအဝင်ဖြစ်တယ်။ လူအများစု စမ်းတဝါးဝါးဖြစ်ရတဲ့ကိစ္စကလည်း အဲဒါပဲ ၊ ဖြစ်တယ်။ ဒါကို ချစ်ခြင်းမေတ္တာကြောင့်လို့ ခေါ်ဆိုနိုင်မလား။ သူ့အကျိုးအတွက်အသေခံခဲ့တဲ့ ကိစ္စက ကျွန်ုပ်တို့နဲ့ဘာဆိုင်သလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဒါက သတော်ကောင်းတရားလား၊ ဝင့်ဝါမှုလား… သိပ်ကိုကောင်းတဲ့မေးခွန်းပါ။ အဲဒီ အတွက် သမ္မာကျမ်းထဲမှာအဖြေရှိပါတယ်။ ”
အဲဒီမေးခွန်းရဲ့ အဖြေက ကြီးမြတ်တဲ့ချစ်ခြင်းမေတ္တာအပေါ် မူတည်ပါတယ်။ ကျွန်ုပ်တို့အများစုက “အချစ်က ပေးဆပ်ခြင်းပါ”ဆိုတဲ့အတွေးအခေါ်ပေါ်မှာ ကြီးပြင်း ခဲ့ရတဲ့သူတွေဖြစ်ပါတယ်။ ချစ်သောသူအတွက် အများကြီးပေးဆပ်မယ်ဆိုတဲ့ အယူ အဆမျိုးဖြစ်ပါတယ်။ အကူအညီပေးတာ ချစ်လို့ဖြစ်ပါတယ်။ ဘယ်သူမှမသိဘဲ တိတ်တိတ်ကလေး ကျေနပ်နေတဲ့ပျော်ရွှင်မှုမျိုးဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်တော့ကောင်းကောင်း သိနေတာပေါ့။ ကျမ်းစာမဖတ်ခင်ကတည်းက ဒီအကြောင်း သိနေ တာပါ။ ကျွန်ုပ်တို့ အပျော်ရွှင်ဆုံးအချိန်က ကိုယ့်အတ္တဆန္ဒတွေ ပြည့်ဝနေတဲ့အချိန် မဟုတ်ဘဲ ပေးဆပ်ရတဲ့ အချိန်လေးတွေပါ။ ကျွန်ုပ်တို့ ရှုမငြီးလှပတဲ့လွင်ပြင် တစ်နေရာရာမှာရပ်နေစဉ် သို့မဟုတ် ဆာဟာရသဲကန္တာရမှာနေဝင်သွားစဉ် ပျော်ရွှင် ကြည်နူးဖွယ်ရာ အခြေအနေတွေ ခံစားရသလိုပါဘဲ။ ဒီလိုအတွက် ကျွန်ုပ်တို့ ကို ဖန်ဆင်းခြင်းဖြစ်တယ်။ ပရဒိသုဘုံဆိုတာ မှန်တွေနဲ့ စီမံထားတဲ့ ခန်းမကြီးမဟုတ်ပါ ဘူး။ ကြီးကျယ်ခမ်းနားခြင်းကို ပုံဖော်ထားခြင်းဖြစ်တယ်။ အကယ်၍ ခရစ်တော်က စကြာဝဠာကြီးထဲမှာ အကြီးမြတ်ဆုံးသော အမှန်တရားဖြစ်နေတယ်ဆိုရင် သူ့ရဲ့ ချစ်ခြင်းမေတ္တာက ကျွန်ုပ်တို့အတွက် ဘယ်လိုတဲ့လဲ။ ကျွန်ုပ်တို့ဘဝမှာ ပျော်ရွှင်မှု ရယူလိုပါက အားလုံးထဲမှာ အကြီးမြတ်ဆုံးဖြစ်တဲ့ သခင်ယေရှုခရစ်တော်ကို ခံစား ကြည့်မြင်သင့်ပါတယ်။ ကျွန်ုပ်တို့ ပျော်ရွှင်ဖို့အတွက် ခရစ်တော်က ပေးဆပ်ရတာဖြစ် တယ်။ ဒါကြောင့် သူ မသေခင်ညမှာ သူဆုတောင်းခဲ့ပါတယ်။ အိုအဘ၊ ကိုယ်တော် သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍ အကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို အကျွန်ုပ်အား ပေးသောသူတို့သည် ရှုမြင်ရမည်အကြောင်း အကျွန်ုပ် ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိနေစေခြင်းငှါ အကျွန်ုပ်အလိုရှိပါ၏”(ယော၊၁၇း၂၄)။ ဒါက ချစ်ခြင်းမေတ္တာပဲ။ ကျွန်ုပ်၏ဘုန်းတော်ကို သူတို့သည် ရှုမြင်ရမည်။ သခင်ယေရှုက သူ့ရဲ့ဘုန်းတော် ပြီးပြည့်စုံဖို့ အသေခံခဲ့သလို ကျွန်ုပ်တို့ပျော်ရွှင်စေဖို့ အသေခံခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာက ဘယ်လောက်ပဲပေးဆပ်ရပါစေ လုပ်ဆောင်ပေးနေခြင်းဖြစ်ပြီး သခင်ယေရှုခရစ်တော်ရဲ့နာမတော်အားဖြင့် လူတွေကို ကြည်နူးနှစ်သိမ့်မှုတွေ ပေးနေပါတယ်။ ဒါက သခင်ယေရှု ကျွန်ုပ်တို့ကို ဘယ်လောက် တောင်ချစ်သလဲဆိုတဲ့အချက်ပါပဲ။
၅၀။ အဆိုးရွားဆုံးသော မကောင်းမှုတွေက ဘုရားသခင်အားဖြင့် ကောင်းလာသည်ကို ပြသရန်
ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသား၊ တပါးအမျိုးသားတို့သည် ကိုယ်တော်၏အလိုရှိသည်အတိုင်း ရှေးမဆွက လက်တော်ဖြင့် ခွဲခန့်မှတ်သားတော်နှင့် သမျှတို့ကို ပြုခြင်းငှါ ဘိသိက်ပေးတော်မူသော သားတော်မြတ်ယေရှုကို ဤမြို့၌ ရန်ဘက်ပြီး ၍ စည်းဝေးကြပြီ အမှန်ဖြစ်ပါ၏။ တ၊၄း၂၇-၂၈
ဒုက္ခဆင်းရဲနဲ့ပတ်သက်ပြီး ကျွန်ုပ်တို့ ပြောနိုင်တဲ့အချက်က ဘုရားသခင့် လက်တော်အားဖြင့် အကောင်းဘက်ကို ပြောင်းသွားနိုင်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါ တယ်။ ဒုက္ခဆင်းရဲခြင်းရဲ့ မူလအစကတော့ လျှို့ဝှက်နက်နဲပြီး မသိနိုင်ပါဘူး။ သမ္မာကျမ်းထဲမှာ ဖော်ပြသလောက်ပဲ ကျွန်ုပ်တို့သိခွင့်ရတယ်။ တရား၊ ၂၉:၂၉ မှာ ဖော်ပြထားသလိုပဲ မထင်ရှားတဲ့ အငန်းအတာတွေက ဘုရားသခင်နဲ့ ဆိုင်ပါ တယ်။ “ဒုက္ခဆင်းရဲခြင်းက ဘယ်ကလာသလဲဆိုတာကို သမ္မာကျမ်းကနေ ဖော်ပြ မထားပါဘူး။ အဲဒီ“ဒုက္ခဆင်းရဲတွေကို ဘုရားသခင်က ပြောင်းလဲပစ်နိုင်စွမ်းရှိပြီး ထာဝရပျော်ရွှင်မှုနဲ့ ဖြောင့်မတ်ခြင်းသို့ ပြောင်းလဲပေးနိုင်ပါတယ်။ သမ္မာကျမ်းထဲမှာ ထောက်ပြထားတဲ့အချက်တွေ အများကြီးရှိပါတယ်။ ယောသပ်က အီဂျစ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံခဲ့ရပါတယ်။ သူ့အတွက်ကတော့ (၁၇)နှစ်လုံးလုံး စွန့်ပစ်ခံ ထားရသလိုပါပဲ။ ဘုရားသခင်က သူ့ကိုကယ်နှုတ်ပြီး အီဂျစ်ပြည်ရဲ့ အုပ်စိုးသူအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အငတ်ဘေးကြီး ကြုံနေရတဲ့အချိန်မှာ သူ့ကိုရောင်းစားခဲ့တဲ့ အစ်ကိုတွေရဲ့ ဘဝကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်း မှာ ယောသပ်က အစ်ကိုတွေကိုပြောခဲ့တဲ့စကားက အချုပ်ပဲလို့ ပြောနိုင်ပါတယ်။ “သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံကြသော်လည်း ဘုရားသခင်သည် ယနေ့ ဖြစ်သည်အတိုင်း လူများအသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည်” (က၊၅ဝး ၂၀)။ သခင်ယေရှု စွန့်ပစ်ခံလိုက်ရတာက လူအပေါင်း ကယ်တင်ခြင်းခံရဖို့ပဲဖြစ်တယ်။ သခင်ယေရှုဟာ တစ်ချိန်တုန်းကတော့ ဣသရေလတို့ရဲ့ ရှင်ဘုရင်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က ဘုရားသခင်ကို ပုန်ကန်ပြီး ရှင်ဘုရင်တစ်ပါး တောင်းခဲ့ကြပါတယ်။ “မဟုတ်ပါ၊ အုပ်စိုးသောအရှင်ကို လိုချင်ပါ၏”လို့ ပြောခဲ့ကြပါတယ် (၈း၁၉)။ နောက်ပိုင်းတော့ သူတို့မှားကြောင်း အခုလို ဝန်ခံခဲ့ပါတယ်။ “အထက် အပြစ်များတို့အပေါ်မှာ ထပ်၍ ဒုစရိုက်ကိုပြုမိပါပြီ”(၁ရာ၊၁၂း၁၉)။ ဒါပေမယ့် ဘုရား သခင်က အဲဒီအမှားထဲကနေပြီး အကောင်းကိုဖြစ်စေခဲ့ပါတယ်။ သခင်ယေရှုက အဲဒီ ရှင်ဘုရင်ရဲ့ မျိုးဆက်ကနေ ဆင်းသက်လာခဲ့ပါတယ်။ အပြစ်သားတွေကို ကယ်တင်ဖို့ အပြစ်ကင်းတဲ့ကယ်တင်ရှင်က အပြစ်သားဘဝကို ခံယူခဲ့ပါတယ်။ အံ့သြ စရာအကောင်းဆုံးအချက်က ဒုက္ခဆင်းရဲနဲ့ နာကျင်မှုတွေကို အောင်ပွဲခံနိုင်ဖို့ သခင် ယေရှုက ဒုက္ခဆင်းရဲကို တွေ့ကြုံခံစားခဲ့ရတာပဲဖြစ်ပါတယ်။ သခင်ယေရှုကို သစ္စာမဲ့မှု၊ ကြမ်းတမ်းစွာ ပြုမူမှုတိုင်းက အပြစ်ပဲဖြစ်ပါတယ်။ ဒါပေမယ့် သခင်ယေရှုအပေါ် ကျူးလွန်ခဲ့ကြတဲ့ အဖြစ်အပျက်ကြီးမှာတော့ ဘုရားသခင်ရဲ့ အကြံအစည်တော်ရှိနေ ပါတယ်။ သခင်ယေရှု သေခြင်းကို အပ်နှံခြင်းခံခဲ့ရတဲ့အဖြစ်က ဘုရားသခင်ရဲ့ အလို တော်ကြောင့်ဖြစ်ပါတယ်(တ၊ ၂း၂၃)။ သခင်ယေရှုရဲ့ကျောပေါ်က ကြာပွတ်နှင့် ရိုက်ထားတဲ့ မှတ်ရာတွေ ခေါင်းတော်ပေါ်က ဆူးဦးရစ်၊ ပါးတော်ပေါ်က တံတွေးစက်၊ မျက်နှာပေါ်က ဒဏ်ချက်တွေ၊ လက်ဖဝါးတော်ပေါ်က သံချက်ရာ၊ နံဘေးက လှံချက် ရာ၊ အာဏာပိုင်တွေရဲ့ လှောင်ပြောင်ပြက်ရယ်ပြုမှု၊ မိတ်ဆွေတွေရဲ့ သစ္စာဖောက်မှု၊ တပည့်တော်တွေရဲ့ စွန့်ပစ်မှု၊ ဒါတွေအားလုံးက အပြစ်ပါပဲ။ ဒါတွေအားလုံးက အပြစ် ရဲ့ တန်ခိုးကို ချိုးဖျက်ဖို့ ဘုရားသခင်ကိုယ်တော်တိုင် ပြင်ဆင်ထားခဲ့တာပဲဖြစ်ပါတယ်။ “ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသားတစ်ပါးအမျိုးသားတို့သည် ကိုယ်တော်အလိုရှိသည်အတိုင်း ရှေးမဆွက လက်တော်ဖြင့် ခွဲခန့်မှတ်သားတော်မူပြီ” (တ၊၄:၂၇-၂၈)။
ဘုရားသခင်ရဲ့ သားတော်ကိုမှန်းပြီး သတ်ဖြတ်ခဲ့တဲ့အပြစ်လောက် ကြီးမား အပြစ်မရှိဘူး။ သခင်ယေရှုလို အပြစ်ကင်းစင်တဲ့သူရှိမှာမဟုတ်သလို သူခံစားရတဲ့ နာကျင်ခြင်းဝေဒနာထက် ကြီးကျယ်တဲ့အရာ ရှိမှာလည်းမဟုတ်ဘူး။ ဒါတွေ အားလုံးက ဘုရားရဲ့ အကြံအစည်တော်ပဲဖြစ်တယ်။ “ထာဝရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှါ အလိုတော်ရှိ၍ နာစေတော်မူ၏”(ဟေ၊၅၃း၁၀)။ ရည်ရွယ်ချက်ကတော့ ဆင်းရဲခြင်းနဲ့ မကောင်းမှုတွေကို ချေဖျက်ဖို့ ဖြစ်တယ်။ “သူခံရသောဒဏ်ချက် များအားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိ၏”(ဟေ၊၅၃း၅)။ သခင်ယေရှု ရတဲ့ ဒုက္ခဝေဒနာက ဘုရားသခင်ပေးမယ့် ဖြောင့်မတ်ခြင်း၊ ဝမ်းမြောက်ခြင်းတွေကနေ လုယူနိုင်တဲ့ အပြစ်တရားနဲ့ မကောင်းမှုဆိုတာမရှိဘူးဆိုတာကို ဖွင့်ပြ လိုက်တာပါပဲ။ ကျွန်ုပ်တို့ကြောင့် ခံစားရတဲ့ဒုက္ခဆင်းရဲခြင်းပဲဖြစ်တယ်။ ကျွန်ုပ်တို့ ကယ်တင်ခြင်းအတွက် မျှော်လင့်ချက်ဖြစ်လာရပါတယ်။ “အိုအဖ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ”(လု၊ ၂၃:၃၄)။
ဆုတောင်းချက်
ကောင်းကင်ဘုံရှင် အဖဘုရားသခင် စာဖတ်သူတွေ ဒီစာအုပ်ထဲ မှာ အမှန်တရားများကို တွေ့မြင်နိုင်ဖို့ မစတော်မူပါ။ အကယ်၍ အမှားအယွင်းများ ပါခဲ့မယ်ဆိုရင်လည်း ပယ်ရှားတော်မူပါ။ သားတော်အရှင်ယေရှုရဲ့ ဘုရားဖြစ်ခြင်း၊ ကျွန်ုပ်တို့အတွက် ဒုက္ခဝေဒနာခံစားခြင်းတွေကို မည်သူမျှ တိုက်ခိုက်နိုင်မည်မဟုတ် ပါ။ လူအများစုအတွက် ဒီအကြောင်းအရာက အသစ်အဆန်းပဲဖြစ်ပါတယ်။ သူတို့ အနေနဲ့ ဂရုပြုဆင်ခြင်လာစေဖို့ မစတော်မူပါ။ နားလည်နိုင်ဖို့ကိုလည်း ဖွင့်ပြတော်မူ ပါ။ ထာဝရကာလနဲ့ သက်ဆိုင်သော အကြောင်းအရာတွေကို ဖုံးကွယ်ထားသော မြူနှင်းများကို ပယ်ရှားတော်မူပါ။ ထိုအခါ ကောင်းကင်နှင့်ငရဲတို့၏အမှန်တရားများ ထင်ရှားလာမည်ဖြစ်ပါသည်။ ဤလောကအလယ်မှာ ခရစ်တော်ရဲ့ အဓိက ဗဟိုချက် ကျမှုကိုထင်ရှားစေတော်မူပါ။ သို့မှသာ သခင်ခရစ်တော်၏ဝေဒနာခံစားခြင်း အဖြစ် အပျက်က ကမ္ဘာ့သမိုင်းတစ်လျှောက် အရေးကြီးဆုံး အဖြစ်အပျက်တစ်ခုအဖြစ် ‘ထင်ရှားလာမည်ဖြစ်ပါသည်။ သမ္မာတရားတွေနဲ့ လင်းလက်နေမယ့် ထာဝရကာလ ဆီကို အရောက်လှမ်းနိုင်ဖို့ ကျွန်ုပ်တို့ကို မစတော်မူပါ။ သခင်ယေရှုဒုက္ခဝေဒနာ ခံစားခဲ့ပြီး ပေးဆပ်ခဲ့ရတဲ့ ကိုယ်တော်ရှင်ရဲ့ မဟာအကြံအစည်တော်ကနေ ကျွန်ုပ်တို့ ကို သွေဖယ်မသွားဖို့ မစတော်မူပါ။ သားတော်ကို ကားစင်တင်ခဲ့တဲ့အမှုအတွက် ဘယ်သူဘယ်ဝါဆိုတာ မေးခွန်းထုတ်ခဲ့တဲ့အတွက် ခွင့်လွှတ်တော်မူပါ။ ကျွန်ုပ်တို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ုပ်တို့အပြစ်အတွက် ကားစင်တင်ခံခဲ့ရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေထက် ပိုပြီး အရေးကြီးတဲ့အချက်က ဒီအဖြစ်အပျက်ကြီးတစ်ခုလုံးအပေါ်မှာ ထားရှိတဲ့ ကိုယ်တော်ရဲ့ အကြံအစည်တော်သာလျှင် ဖြစ်ပါတယ်။ ကိုယ်တော်ရှင်မှတစ်ပါး အခြားဘယ်သူမှ သူ့လို ဒုက္ခဝေဒနာခံစားရဖို့ မကြံစည်နိုင်ဘူးဆိုတာမြင်နိုင် ကျွန်ုပ်တို့ရဲ့ဉာဏ်မျက်စိကို ဖွင့်ပေးတော်မူပါ။ ထိုမှတစ်ဆင့် ကိုယ်တော်ရှင်ရဲ့ကြီးမား တဲ့မေတ္တာဂရုဏာကိုမြင်နိုင်ဖို့ မစတော်မူပါ။
အပြစ်ရှိသောသူတို့ကို ကယ်တင်ဖို့ သခင်ယေရှု ဤလောကသို့ ကြွလာ တယ်ဆိုတဲ့အချက်က ကိုယ်တော်ရှင်ရဲ့ အံ့ဩဖွယ်ရာ ဖွင့်ပြချက်ဖြစ်ပါတယ် (၁တိ၊၁း၁၅)။ သခင်ယေရှုက သူ့ ရဲ့ ကယ်တင်ခြင်းအမှုတော်မြတ်ကြီးကို သွန်သင်ချက်တွေနဲ့ လုပ်ဆောင်ခဲ့တာမဟုတ်ပဲ အသေခံခြင်းနဲ့ ပြီးမြောက်အောင်မြင်စေခဲ့ တာဖြစ်ပါတယ်။ ကျမ်းစာလာတဲ့အတိုင်း သခင်ယေရှုက ကျွန်ုပ်တို့အပြစ်အတွက် အသေခံခဲ့တာဖြစ်ပါတယ်(၁ကော၊၁၅း၃)။ ကျွန်ုပ်တို့ရဲ့ အစွမ်းအစအားဖြင့်မဟုတ်ပဲ ကိုယ်တော်ရှင်ရဲ့ သန့်ရှင်းတော်မူခြင်းကြောင့်သာ အပြစ်လွှတ်ခွင့် ရခဲ့ခြင်းဖြစ်ပါ တယ်။ ဒီသတင်းစကားကို ရရှိထားတဲ့ ကျွန်ုပ်တို့လောက် ဘယ်သူမှ ဝမ်းမြောက် နိုင်မယ်မထင်ပါဘူး။ ဒီစာအုပ်ကိုဖတ်တဲ့သူအားလုံးက သခင်ယေရှုအားဖြင့် ဘုရား သခင် ဖန်တီးပေးထားတဲ့ အခွင့်အရေးကို မြင်တွေ့နိုင်ပြီး ကိုယ်တော်ကို ယုံကြည်လာ ဖို့ မစတော်မူပါ။ “ဘုရားသခင်သည် တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ သည် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏”ဆိုတဲ့ သားတော် ယေရှု၏ ကတိတော်ကို ယုံ၍တောင်းလျှောက်ပါ၏(ယော၊၃း၁၆)။ သခင်ယေရှု၏နာမတော်၌ တောင်းလျှောက်ပါ၏။ အာမင်။