ပြည့်စုံသောမိသားစု

သင့်မိသားစုအတွက် ဘုရားသခင်၏ပုံဖော်မှု

ဂျွန်မက်ကာသာ

THE FULFILLED FAMILY

Copyright © 2005 by John MacArthur Published by arrang

ement with Thomas Nelson, a division of Harper Collins Christian Publishing, Inc. All right reserved. No portion of this book may be reproduced, stored in a retrieval system, or transmitted in any form or by any means-electronic, mechanical, photocopy, recording, scanning, or other except for brief quotations in critical reviews or articles, without the prior written permission of the publisher. Originally published in Nashville, Tennessee, by Thomas Nelson, Inc. in association with the literary agency of Wolgemuth & Associates, Inc. Unless otherwise indicated, Scripture is taken from The New King James Version. Copyright © 1979, 1980, 1982 by Thomas Nelson, Inc. Used by permission. All right reserved. Scriptures marked KJV are from the King James Version of the Bible.

Edited by Phillip R. Johnson.

ထုတ်ဝေသူ – ဦးစောအယ်လားစေး (၀၂၉၇၃)

Expository Preaching & Teaching Society

အမှတ် (၉၄၃/ဘီ)၊ မောင်းမကန်ကမ်းသာလမ်းမကြီး၊

(၁၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်။

ပုံနှိပ်သူ – ဒေါ်ညောင်ရှင်းလွင် (၀၀၀၀၃)

Grace Printing House အမှတ် (၁၆၆)၊ မြေညီထပ်၊ (၃၇) လမ်း (အလယ်ဘလောက်)၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

ဘာသာပြန်သူ – စောသောမတ်

အုပ်ရေ – ၁၀၀၀ (ပထမအကြိမ်)၊ နိုဝင်ဘာလ၊ ၂၀၂၁ ခုနှစ်။

Cover Design – Ko Zar

Layout – Saw Thomas

ကျွန်တော်ချစ်သည့် မိသားစုထံသို့ အထူးသဖြင့် ချစ်စွာသော Patricia

“ထိုသို့သော မိန်းမသည် ပတ္တမြားထက်သာ၍ အဖိုးထိုက်ပေ၏။

( သု ၃၁း၁၀ )

မာတိကာ

နိဒါန်း • •

မိသားစု

အခန်း ၁။ မိသားစု သဟဇာတဖြစ်ခြင်းအတွက် ပထမနိယာမ –

အပြန်အလှန် ဝန်ခံခြင်း ….

ဇနီးသည်

အခန်း ၂။ ဇနီးသည်၏ အခန်းကဏ္ဍ –

နှိမ့်ချစွာ ဝန်ခံခြင်း၊ ကျွန်ဖြစ်ခြင်းမဟုတ် ……

ခင်ပွန်းသည်

အခန်း ၃။ ခင်ပွန်းသည်၏ တာဝန် –

ချစ်ခြင်းမေတ္တာ • •

သားသမီးများ

အခန်း ၄။ သားသမီးများတို့၏ တာဝန် –

နာခံခြင်း…

မိဘများ

အခန်း ၅။ မိဘများ၏ တာဝန် –

ကျွေးမွေးပြုစုခြင်းနှင့် ဆုံးမသွန်သင်ခြင်း …..

စာရေးသူအကြောင်း ……

အဆုံးမှတ်စုများ ••••••

နိဒါန်း

ကျွန်တော် အစောပိုင်း သာသနာပြုစဉ်ကတည်းက မိသားစုအတွက် ဘုရားသခင်၏ ပုံဖော်မှုအကြောင်း ပြောဆိုခြင်း၊ ရေးသားခြင်းများ ပြုလုပ်ခဲ့ သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ဧဖက်သြဝါဒစာ ၅-၆ ရှိ မိဘများနှင့် သားသမီးများအကြောင်း သမ္မာကျမ်းစာမှ သွန်သင်ထားသည့်အရာများကို ဂရုတစိုက် လေ့လာခြင်းဖြင့် အတွဲလိုက် တရားဟောချက်များကို ဟောခဲ့ပြီး၊ ကျွန်တော်တို့ သာသနာမှ ထုတ်ဝေသည့် တိတ်ခွေများ (tapes) နှင့် စီဒီ (CDs) များသည် ရောင်းအားအကောင်းဆုံးအဖြစ် ဆယ်စုနှစ် သုံးစုလောက် ရပ်တည်ခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုအကျော်လောက်တွင် မိသားစု အကြောင်း စာအုပ်တစ်အုပ်ကို ကျွန်တော် ပထမဆုံး ပုံနှိပ်ခဲ့သည်။ ထိုစာအုပ် သည် အလွန်ကောင်းလွန်းသောကြောင့် ထုတ်ဝေသူသည် နောက်နှစ်အနည်း ငယ်အကြာတွင် ဗွီဒီယိုအပိုင်း လေးပိုင်းဖြင့် ထုတ်ဝေခဲ့သည်။ ဆယ်စုနှစ်တစ်ခု (သို့) နောက်ပိုင်းတွင် ခရစ်ယာန် မိဘဖြစ်ခြင်းဆိုင်ရာ စာအုပ်တစ်အုပ်ကိုကျွန်တော် ထပ်ရေးခဲ့ပြီး၊ ဗွီဒီယိုအတွဲလိုက်ဖြင့်လည်း ထုတ်ဝေခဲ့သည်။ နှစ် အတော်ကြာကြာ ကျွန်တော် တို့သည် မိသားစုကိစ္စရပ်များကို လက်တွေ့အကူ အညီများပေးနိုင်ရန် လေ့လာရန်လမ်းညွှန်များနှင့် မိဘများလက်စွဲစာအုပ်များ ကို ထုတ်ဝေခဲ့သည်။ မိဘများ သည် အတော်စိတ်ဝင်တစားဖြင့် ဖတ်ရှုကြပြီး၊ပိုမို လိုချင်ကြသည်။

ထိုအချိန်အတောအတွင်း၊ အသင်းတော်တွင် ကျွန်တော် သင်းအုပ် လုပ်ခဲ့သည်မှာ (၃၅) နှစ်အထက် ရှိခဲ့ပြီဖြစ်ပြီး၊ ကျွန်တော်အသင်းတော်ထဲ စဝင်စဉ်က လူငယ်အဖွဲ့သည် အဘိုးအရွယ်ပင် ဖြစ်နေကြပြီဖြစ်သည်။ သူတို့ မိဘများနှင့် ဘိုးဘွားများကဲ့သို့ သူတို့သည် မိသားစုထံ ပတ်ဝန်းကျင်၏ တဖြည်း ဖြည်း လွှမ်းမိုးခြင်းများပြုနေသည့် တန်ခိုးကြီးသော ယဉ်ကျေးမှု လွှမ်းမိုးခြင်း ကို ခံနိုင်ရန် သူတို့၏ နောက်မျိုးဆက်သစ်များကို မြင်ချင်ကြသည်။ ထို့ကြောင့် ကျွန်တော်သည် သမ္မာကျမ်းစာရှုထောင့်မှ မိသားစုအကြောင်းကို ဖော်ပြရန်တောင်းဆိုခံရပြန်သည်။ ယခုတစ်ကြိမ်တွင် လောကီဆိုင်ရာ ပြဋ္ဌာန်းချက်များ အားလုံး၏ အရေးအပါဆုံးအကြောင်းအရာနှင့် ပတ်သက်ပြီး သမ္မာကျမ်းစာမှ သွန်သင်ထားသည့် အဆီအနှစ်များကို ဤစာအုပ်၌ ဖော်ပြထားသည်။

သမ္မာကျမ်းစာအရ ဘုရားသခင်သည် မိသားစုအား လူ့ဘောင်အဖွဲ့ အစည်း၏ အခြေခံအုတ်မြစ်အဖြစ် တည်ဆောက်ခဲ့ပြီး၊ သူက “ယောက်ျား သည် တစ်ယောက်တည်းမနေကောင်း” (က ၂၁၈)ဆိုသည့်အရာကို မှတ်ယူ ထားခြင်းကြောင့်ဖြစ်သည်။ ထိုကျမ်းပိုဒ်သည် ကျမ်းစာဖော်ပြပါ ဖန်ဆင်းခြင်း သမိုင်း၌ ထူးခြားစွာ ရှိနေသည်။ သမ္မာကျမ်းစာသည် ဖန်ဆင်းခြင်းရက်သတ္တ ပတ်၏နေ့များကို ဖော်ပြရာတွင် “ထိုအရာကောင်းသည်ကို မြင်တော်မူ၏” ဟူသော စကားလုံးဖြင့် ဖန်ဆင်းခြင်း၏ အဆင့်တိုင်းကို အလေးအနက် ဖော်ပြ ထားသည် (က ၁၄၊ ၁ဝ၊ ၁၂၊ ၁၈၊ ၂၁၊ ၂၅)။ ဖန်ဆင်းခြင်း အမှုအရာ၏ ကောင်းမြတ်ခြင်းသည် ကမ္ဘာဦးကျမ်း (၁)၏ အဓိကအချက်ကဲ့သို့ ထွက်ပေါ် လာခဲ့ပြီး “ထိုအရာကောင်းသည် ကို မြင်တော်မူ၏”ဟူသော ဖော်ပြချက်မှာ ရှည်လျားသော သီချင်းတစ်ပုဒ်၏ ထပ်ကျော့သီဆိုသည့် စာပိုဒ်အဖြစ် ထပ်ခါ ထပ်ခါ ဖော်ပြခြင်းခံရသည်။ ခြောက်ရက်မြောက် ဖန်ဆင်းခြင်းအမကြီး တွင် “ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၍”ဟု ပြောခြင်းကို လေးလေးနက်နက်ဖြင့် ကျွန်တော်တို့ကို ပြောခဲ့သည်။

ထို့နောက် က ၂း၁၈ တွင် နောက်ဆုံး ခြောက်ရက်မြောက်နေ့ အ ကြောင်းကို ကျွန်တော်တို့အား ဖော်ပြပြီး၊ ဘုရားသခင်သည် သူ့ဖန်ဆင်းခြင်း၊ အမှုမပြီးဆုံးသေးခင် အကြောင်းကို ဖော်ပြသည်။ သို့သော် “မကောင်း”ဆို သည့်အရာတစ်ခု ကျန်ရှိနေသေးသည်။ စကြဝဠာတစ်ခုလုံး၏ ပုံပန်းသွင်ပြင် များအားလုံး ပြီးသွားခဲ့ပြီဖြစ်သည်။ နဂါးငွေ့တန်း၊ ကြယ်၊ ဂြိုဟ်၊ ကျောက်၊ သဲမှုန်၊ သေးငယ်သည့် မော်လီကျူးများသည် သူ့နေရာနှင့်သူရှိနေကြသည်။ ဘုရားသခင်သည် သက်ရှိသတ္တဝါအားလုံးကိုလည်း ဖန်ဆင်းခဲ့သည်။ အာဒံ သည် “သားယဉ်အပေါင်းတို့ကို၎င်း၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲ အပေါင်းတို့ကို၎င်း အမည်ပေး၍ မှည့်လေ၏” (ငယ် ၂၀)။ သို့သော် ဖန်ဆင်း ခြင်းတွင် မပြီးသေးသော ထင်ထင်ရှားရှား မြင်ရမည့်အရာတစ်ခုမှာ “လူနှင့် တော်သော အထောက်အမ မပေါ်မရှိသေး” (ငယ် ၂၀) ခြင်း ဖြစ်သည်။ အာဒံသည် တစ်ကိုယ်တည်းဖြစ်သည်။ သင့်တော်သည့် အထောက်အမ လို အပ်သည်။ ထို့ကြောင့် ခြောက်ရက်မြောက်သောနေ့တွင် ဘုရားသခင်၏ နောက်ဆုံးလုပ်ဆောင်မှုအဖြစ်၊ စကြဝဠာထဲတွင် ဖန်ဆင်းထားသည့်အရာများ ပြည့်စုံခြင်း၌ တင့်တယ်စေသော အာဒံ၏ နံရိုးများမှ ဧဝကို ပုံဖော်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ထို့နောက် “လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။” (ငယ် ၂၂)။

ထိုလုပ်ဆောင်မှုတွင် ဘုရားသခင်သည် အချိန်တိုင်းအတွက် မိသားစု ကို အစပြုခဲ့သည်။ ကမ္ဘာဦးကျမ်းတွင် “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ့်မိဘကိုစွန့်၍၊ ကိုယ့်ခင်ပွန်းကို မှီဝဲသဖြင့်၊ ထိုသူတို့သည် တစ်သားတစ် ကိုယ်တည်း ဖြစ်ရလိမ့်မည်” (ငယ် ၂၄)ဟု ပြော ထားသည်။ သခင်ယေရှုသည် ရှင်မဿဲ ၁၉၅ တွင် ပညတ်ချက်တစ်ခုကဲ့သို့ အိမ်ထောင်ပြုခြင်း၏ မွန်မြတ် သန့်စင်မှုနှင့် ခိုင်မြဲမှုတို့ကို မီးမောင်းထိုးပြရန် ထိုကျမ်းပိုဒ်ကို ကိုးကားခဲ့သည်။ ဓမ္မဆရာများသည်လည်း ထိုကျမ်းပိုဒ်ကို ခရစ်ယာန်ထိမ်းမြားခြင်းပွဲတစ်ခု၌ ယုံကြည်သူနှစ်ဦးကို ပေါင်းစည်းရာတွင် အချိန်တိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် ကိုးကားကြသည်။ ထိုအရာသည် ဘုရားသခင် စီမံထားသည့် အိမ်ထောင်ပြုခြင်းနှင့် မိသားစုအသက်တာကို သတိပေးခြင်းတစ်ခုအဖြစ် ရှိနေသည်။ ထို့ကြောင့် အိမ်ထောင်ပြုခြင်းနှင့် မိသားစုသည် ဘုရားသခင် ၏ အမြင်တွင် အလေးအမြတ်ထားခြင်း ခံရသည်။

ထို့ကြောင့် မိသားစု ဆက်နွယ်ခြင်းအကြောင်းများသည် လူ့သမိုင်း တွင် အမြဲတမ်း အဓိကအချက်အချာဖြစ်ပြီး မတော်တဆဖြစ်မှုမျှသာ မဟုတ် ခဲ့ပေ။ သမ္မာကျမ်းစာအရ၊ ထိုအရာဖြစ်ဖို့ရန်အတွက် ဘုရားသခင်သည် အတိအကျ ပုံဖော်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မိသားစုသည် ဘုရားသခင် စီစဉ်ထားသည့်ပုံစံမှ လွဲချော်သွားခဲ့လျှင် လူ့အဖွဲ့အစည်းအားလုံးသည် တောက် လျှောက် လုံးဝပျက်စီးနေလိမ့်မည် ဖြစ်သည်။

လွန်ခဲ့သော မျိုးဆက်အနည်းငယ်တွင် ကျွန်တော်တို့မျက်စိရှေ့တွင် ပျက်စီးခြင်းအကျိုးဆက်များ နေရာယူခဲ့ကြောင်း တွေ့ခဲ့ကြသည်။ ထိုအရာမှာ ခေတ်သစ် လောကီလူ့အဖွဲ့အစည်းသည် မိသားစုတွင် စစ်ပွဲဖြစ်ရန် ကြေညာ ပုံပေါ်သည်။ လွတ်လွတ်လပ်လပ် လိင်ဆက်ဆံမှုများ ဖြစ်လာခဲ့သည်။ အိမ်ထောင်ကွဲခြင်းများ ပျံ့နှံ့လာသည်။ အိမ်ထောင်ပြုခြင်းကိုပင်လျှင် ငြင်းဆိုခြင်း များ ရှိလာကြပြီး၊ ယောက်ျားများနှင့် မိန်းမများသည် ပဋိညာဉ်တစ်ခု မပြုလုပ် ဘဲ (သို့) တရားဝင်မိသားစုကိုမပြုဘဲ အတူတကွ နေထိုင်ကြရန် မိမိတို့ နှစ်သက် သည့်အရာကို ဆုံးဖြတ်ကြသည်။ ကိုယ်ဝန်ဖျက်ချခြင်းသည် ကမ္ဘာတစ်ဝန်း ကပ်ဘေးတစ်ခု ဖြစ်သည်။ လူပျို၊ အပျိုပေါက်များ ကျူးလွန်သည့် ပြစ်မှုများ သည် အလွန်များပြားပြီး၊ မိဘအများ စုမှာ မိသားစု၌ သူတို့၏ အခန်းကဏ္ဍဖြစ်သော အခွင့်အာဏာကို လုံးဝလက်လျှော့ကြသည်။ တစ်ဘက်တွင်လည်း၊ ပုံစံအမျိုးမျိုးဖြင့် ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများ မြင့် တက်နေသည်။ ခေတ်ပေါ်အတွေးအခေါ်ပညာရှင်များကလည်း မိသားစု အကြား ယောက်ျားနှင့်မိန်းမတို့၏ အစဉ်အလာ အခန်းကဏ္ဍများကို တိုက်ခိုက် ကြသည်။ အထူးစောင့်ကြည့်အဖွဲ့များနှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့အစည်း များကလည်း မိသားစု အစဉ်အလာများကို ဖြိုခွဲကြပြီး၊ လိင်တူဆက်ဆံခြင်းကို ပုံမှန်ဖြစ်စေရန် အားပေးနေကြခြင်း၊ လိင်တူ “အိမ်ထောင်ပြုခြင်း” နှင့် (ယနေ့တွင် အချို့ယဉ်ကျေးမှုများတွင်) သားကြောဖြတ်ခြင်း အစီအစဉ်များပင် လုပ်ဆောင်နေကြသည်။ အိမ်ထောင်ကွဲခြင်းသည် အလွယ်တကူ လုပ်ဆောင်လို့ရ သည့်အရာဖြစ်သည်။ အစိုးရသည်လည်း ထိမ်းမြားခြင်းမှ အခွန်များကောက် ခံ၍၊ လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကလေးမွေးသူတို့ကို ကူညီပေးကြသည်။ ထိုအရာများသည် (ထိုအရာထက်ပိုသော အရာများသည်) မိသားစု၏ မွန်မြတ်သန့်စင်ခြင်း ကို တိုက်ရိုက် တိုက်ခိုက်ခဲ့သည်။

ဤနေ့ရက်များတွင် မိသားစုများသည် ရုပ်ရှင်များ၊ တီဗီ အချစ်ဇာတ် လမ်းများ၊ (သို့) ရုပ်သံဇာတ်လမ်းတွဲများ၏ ဆွဲဆောင်ခြင်း ခံရသောအခါ၊ သူတို့သည် ရိုင်းစိုင်းသည့် ဇာတ်ကောင်များကဲ့သို့ အမြဲတမ်း ပုံတူလုပ်ဆောင် ခဲ့ကြသည်။ ဘုရားကျောင်း အတူတကွ ပုံမှန်တက်လေ့ရှိသည့် ရုပ်မြင်သံကြား မိသားစုသည် Simpsons မိသားစုဖြစ်သည်ဟု တစ်စုံတစ်ယောက်က မကြာသေးမီတွင် ထောက်ပြခဲ့သည်။ သူတို့သည် ကာတွန်းပုံကြီး ချဲ့ကားပြခြင်းဖြင့် အသင်းတော်နှင့် မိသားစုများကို လှောင်ပြောင်ရန်၊ အထူးသဖြင့် ဒီဇိုင်းဆွဲရန် အဆိုးရွားဆုံးသော စိတ်ကူးရှိသည့် စရိုက်များတွင် တမင်တကာ လမ်းထွင် ထားခြင်း ဖြစ်သည်။ ထိုအရာသည် ဟာသမဟုတ်ပေ။ လူများအား ပုံစံတူသော ပျက်စီးခြင်းအမျိုးမျိုး၌ ညှာတာမှုကင်းမဲ့သော ပြသမှုတစ်ခုသည် ရုပ်မြင်သံ ကြားနှင့် ရုပ်ရှင်ဇာတ်ကားများတွင် ကျွန်တော်တို့ထံ ပြင်းထန်စွာ ကျူးလွန်နေပြီ ဖြစ်သည်။ ဟောလီးဝုဒ်သည် မိသားစုဟူသည့် စကားလုံးကို ကျယ်ပြန့်သည့် အဓိပ္ပာယ်သစ်တစ်ခုအဖြစ် ဖော်ဆောင်ပေးခဲ့သည်။

ထိုအချိန်အတောအတွင်း ခိုင်မာမှုတစ်ခုဖြင့် အစဉ်အလာဖြစ်သည့် မိသားစုများတွင် ယုံကြည်စိတ်ချရသော ဖခင်များနှင့် အိမ်တွင် ဦးစားပေးရ သည့် မိခင်များသည် လူကြိုက်များသည့် ယဉ်ကျေးမှုမှ ဖယ်ထုတ် ခြင်းခံရပြီး၊ သူတို့သည် ကာတွန်းရုပ်ပြောင်များကဲ့သို့ ခံစားစေရန် ဖန်တီးခဲ့ကြသည်။

များစွာသော ခရစ်ယာန်ခေါင်းဆောင်များသည် ဆယ်စုနှစ်အတော် ကြာ မိသားစုပြိုကွဲခြင်းအကြောင်းကို ပြင်းပြစွာ စိတ်ပူပန်မှု ရှိခဲ့ကြသော်လည်း လူ့ပတ်ဝန်းကျင်တွင် ပိုမိုကောင်းမလာဘဲ၊ ပိုမိုဆိုးလာခဲ့သည်။ မျက်မှောက်ရေးရာများကို ဟောပြောရေးသားသူများက အစဉ်အလာ မိသားစုများသည် “အစစ်အမှန်”မဟုတ်ကြောင်း တိုက်ခိုက်လာကြသည်။ သိပ်မကြာသေးခင်က အင်တာနက် မဂ္ဂဇင်း Salon တွင် ထုတ်ဝေခဲ့သော ဆောင်းပါးတစ်ခုတွင် “အမေရိကန် မိသားတစ်စုဖြစ်သော ဖခင်နှင့်မိခင်တို့သည် တရားဝင်လက် ထပ်ပြီး၊ ကလေးသူငယ်များကို ရရှိသည့် မိသားစုသည် အရိုးခြောက်ကဲ့သို့ လည်းကောင်း၊ တစ်နည်းနည်းဖြင့် အစစ်အမှန်မဟုတ်သော အရာဖြစ်သည်” ဟု ပြောခဲ့သည်။ ထို့ကြောင့် မိမိကိုယ်ကို “ပညာရှင်များ”ဟု ပြောဆိုသူများအရ၊ (၂၁) ရာစု လူ့ပတ်ဝန်းကျင်အတွက် မိသားစုအရေးကြီးခြင်းသည် မည်သည့် အဓိပ္ပာယ်မှ ရှိတော့မည်မဟုတ်ချေ။

သို့သော် ထိုအရာများသည် မှားကြောင်း ကျွန်တော်သိသည်။ မိသား စုနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာ သွန်သင်ချက်များကို လက်တွေ့တွင် ကျင့်သုံး သူကျွန်တော်တို့အသင်းတော်ရှိ မိဘအတော်များများ၏ သက်သေခံချက်များ ကို ကျွန်တော်ကြားခဲ့ရပြီး၊ သူတို့နှင့် သူတို့မိသားစုများသည် ထိုအတွက် ကောင်းကြီးများစွာ ခံခဲ့ရသည်။

လူ့အဖွဲ့အစည်းသည် မိသားစုကို ဖယ်ထုတ်ရန် သဲကြီးမဲကြီး လုပ် ဆောင်နေသကဲ့သို့ ကျွန်တော်တို့ ယဉ်ကျေးမှုတစ်ခုလုံးတွင် ပိုမိုများပြားလာ သည်နှင့်အမျှ မိသားစုအကြောင်း သမ္မာကျမ်းစာသွန်သင်ချက်များကို နား လည်ရန် ခရစ်ယာန်များအတွက် အမြဲတမ်း အရေးကြီးပြီး၊ သူတို့၏ အိမ်များ တွင် လက်တွေ့ကျင့်သုံးခြင်းအားဖြင့် လုပ်ဆောင်ရန်ဖြစ်သည်။ ခိုင်ခံ့သော မိသားစုများနှင့် ကျန်းမာသော မိသားစုများအားဖြင့် ကမ္ဘာကြီးရှေ့တွင် ကျွန်တော်တို့ ပုံသက်သေပြခြင်းသည် ရေရှည်တွင် တန်ခိုးကြီးစွာ၊ ဆွဲဆောင်မှုရှိစွာ ဖြင့် လုပ်ဆောင်နိုင်မည်။ သမ္မာကျမ်းစာ၌ ပြောထားသည့်အရာကို သက်သေပြ အသက်ရှင်နိုင်မည်။ ကျွန်တော်တို့အား ဖန်ဆင်းတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကိုလည်း ဖော်ပြနိုင်မည်။ မိသားစုသည် ပြည့်စုံခြင်းအတွက် ပုံ ဖော်ခဲ့သော ဘုရားသခင်ကို ဖော်ပြနိုင်မည်။ မိသားစုနှင့်ပတ်သက်ပြီး ကျမ်းစာမှ သွန်သင်ချက်များသည် ရိုးရှင်းခြင်း၊ လွယ်ကူခြင်းနှင့် ဧဖက် ၅-၆ ရှိ ယုံကြည်ရသည့် ကျမ်းပိုဒ်အနည်းငယ်၌ ပင် ရှင်းရှင်းလင်းလင်း အသေးစိတ်ဖော်ပြထားသည်။

ကျွန်တော်မိသားစုအကြောင်း ပြောခြင်း (သို့) ရေးသားခြင်း အချိန် တိုင်းတွင် ကျွန်တော်သည် ဧဖက် ၅း၂၂-၆၄ ကို အမြဲတမ်း ပြောဆိုသည်။ ထိုအရာသည် အကြောင်းအရာ၏ အချက်အချာကျသော ကျမ်းပိုဒ်ဖြစ်သည်။ ထိုကျမ်း ပိုဒ်များသည် မိသားစုအတွင်း ဆက်နွယ်မှု သော့အားလုံးအဖြစ်ဖော်ပြသည်။ ထိုကျမ်ပိုဒ်များသည် ဘုရားသခင်ပုံဖော်ထားသည့် အရာအဖြစ် မိသားစု၏ အခြေခံ အင်အားများအဖြစ် ဂရုတစိုက် ဖော်ပြထားသည်။ တမန်တော်ရှင်ပေါလု ရေးသားခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည် မိသား စုဝင်အတွင်း အသက်တာ စီမံခြင်းနှင့် ပြုမူဆက်ဆံခြင်းအတွက် ဘုရားသခင် ၏ အရေးကြီး ဆုံးသောစံများရှိ အံ့ဩဖွယ်ရာ အနှစ်ချုပ်တစ်ခုအဖြစ် ကျွန်တော်တို့ကို ပေးခဲ့သည်။ ထိုကျမ်းပိုဒ်များသည် တိုသော်လည်း ရိုးရှင်းသည့် သမ္မာတရားများနှင့် ပြည့်ဝနေပြီး၊ ဝိညာဉ်ရေးရာ ပြည့်ဝခြင်းနှင့် ပြည့်စုံသော မိသားစုတစ်ခု မည်သို့ ရှိခြင်းကို ဖော်ပြသည်။ ဤအရေးကြီးသော အကြောင်း နှင့်ပတ်သက်ပြီး ဘုရားသခင် နှုတ်ကပတ်တော်၌ ပြောထားသည့်အရာကို ကျွန်တော်တို့ ကြည့်သကဲ့သို့ ဤအနည်းငယ်သော ကျမ်းပိုဒ်များကိုလည်း ကျွန်တော်တို့၏ လမ်းပြမြေပုံအဖြစ် ထားကြရမည် ဖြစ်သည်။

မိသားစု

ဧဖက် ၅ ရှိ အိမ်ထောင်ပြုခြင်းနှင့် မိသားစုအကြောင်း ရှင်ပေါလု ရေးသားချက်သည် ယုံကြည်ခြင်းလမ်းတွင် မည်သို့လျှောက်ရမည်ဟူသော ခရစ်ယာန်တို့၏ ရှည်လျားသည့် သွန်သင်မှုကဏ္ဍပြီးမှ ရေးသားခြင်းဖြစ်သည်။ ခရစ်တော်၌ ယုံကြည်သူများသည် မယုံကြည်သူ တပါးအမျိုးသားများ လျှောက် သည့်လမ်းကို မလျှောက်ရကြောင်း သူပြောခဲ့သည် (ဧ ၄း၁၇)။

သူသည် ပြုပြင်ပြောင်းလဲခြင်းကို ဖော်ပြရန် အဝတ်အစားလဲခြင်းပုံ စံကို အသုံးပြုခဲ့ပြီး၊ ဧဖက်သြဝါဒစာ၌ မြင်ရန် အလိုရှိခဲ့သည်။ “စိတ်နှလုံး သဘောသစ်ကိုရပြီးလျှင်၊ မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ပါရမီ” ဖြင့် ဘုရားသခင်နှင့်အတူမျှ ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည် အကြောင်း၊ ခရစ်တော်၏ စကားကို ကြားနာရသည်ဖြစ်၍၊ ယေရှု၌ သမှာ တရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီသတည်း” (ငယ် ၂၂-၂၄)။

ရှင်ပေါလုသည် မယုံကြည်သူအသက်တာတစ်ခုရှိ သွင်ပြင်လက္ခဏာ များဖြစ်သည့် အမျိုးမျိုးသော အသေးစိတ်အပြစ်များကို ဖော်ပြထားပြီး၊ မုသာ စကားပြောခြင်း (ငယ် ၂၅)၊ အမျက်ထွက်ခြင်း (ငယ် ၂၆)၊ ခိုးခြင်း (ငယ် ၂၈)၊ ညစ်ညူးသောစကားကို ပြောခြင်း (ငယ် ၂၉)၊ များစွာသော မကောင်း မှုများ (ငယ် ၃၁) စသည်တို့ ဖြစ်သည်။ သူသည် ဧဖက်အသင်းသားများကို ထိုအရာများအား ချွတ်ပယ်ထားရန် တိုက်တွန်းထားပြီး၊ ကရုဏာရှိခြင်း၊ သနားကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာစိတ်တို့ကို အစားထိုးထားရန် တိုက်တွန်းခဲ့ သည်။ ထို့ပြင် ဧဖက်သြဝါဒစာ အခန်းကြီး ၅ အစတွင်၊ ရှင်ပေါလုသည် “ တို့သည် ဘုရားသခင်၏ ချစ်သားဖြစ်ကြသည်နှင့်အညီ၊ ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။ ခရစ်တော်သည် တို့ကို ချစ်တော်မူ သောအားဖြင့် ဘုရားသခင်ရှေ့တော်၌ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ ကိုယ် ကိုကိုယ်ဆက်ကပ်၍ ယဇ်ပူဇော်လျက်၊ ငါတို့အတွက် စွန့်တော်မူသည်နည်း တူ၊ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့”ဟူသည့် စကားများ အချုပ်အနေဖြင့်ပြောခဲ့သည် (ငယ် ၁-၂)။

အခန်း ၁

မိသားစု သတဇာတဖြစ်ခြင်းအတွက် ပထမ နိယာမ –

အပြန်အလှန် ဝန်ခံခြင်း ၊

ရှင်ပေါလုသည် ဧဖက် ၅ တွင် မိသားစုနှင့် ပတ်သက်သော သွန်သင် ချက်များကို ခရစ်ယာန်ယုံကြည်သူများအတွက် ရေးသားကြောင်းကို နားလည် ရန် အလွန်အရေးကြီးသည်။ သူသည် ဩဝါဒစာတစ်စောင်လုံးကို အသင်းတော်တစ်ပါးထံသို့ လိပ်မူရေးသားခဲ့သည်။ ပထမအခန်းကြီး (၄) ခန်းတို့တွင် ခရစ်တော်၌ ယုံကြည်သူများ၏ ရပ်တည်ချက်များကို ပြောဆိုထားပြီး၊ ယခုသူ ပြောသော ဖခင်များ၊ မိခင်များနှင့် သားသမီးများတို့သည်လည်း ခရစ်ယာန် ယုံကြည်သူများဖြစ်ကြသည်။ ထို့ကြောင့် သင်သည် ခရစ်ယာန်တစ်ဦး မဟုတ်ပါ က၊ ခရစ်တော်ကို လိုအပ်ခြင်းနှင့် သူ့အား ကယ်တင်ရှင် သခင်အဖြစ် ကိုးစား ခြင်း သင့်ထံတွင် မရှိပါက၊ သင်၏ အိမ်ထောင်ပြုခြင်းနှင့် သင်၏မိသားစု အပေါ် ဖြစ်စေနိုင်သည့် ဘုရားသခင်ရည်ရွယ်ထားသည့် အရာအားလုံး အတွက် မျှော်လင့်ချက် လုံးဝမရှိပေ။

ရှင်းလင်းသော အရာတစ်ခုမှာ ခရစ်ယာန်မဟုတ်သော မိသားစုများ သည် အပေါ်ယံအားဖြင့် အောင်မြင်သော မိသားစုဟု ဖြစ်နေကြသည်။ သူတို့ သည် အေးချမ်းစွာ အိမ်များတွင် ကိုယ်ကျင့်တရားကောင်းသည့် သားသမီးများနှင့် မိသားစု ဝင်များအကြား ရင်းနှီးသည့် ပြုမူဆက်ဆံရေးတို့ဖြင့် ရှိနေနိုင်သည်။ သို့သော် ခရစ်တော်အား သခင်အဖြစ် ဝန်မခံသော မိသားစုတွင်၊ မိသားစု၏ လုံးဝယိုင်လဲခြင်း မျိုးစေ့များသည် အဆင်သင့် ရှိနေပြီးသားဖြစ်သည်။ စစ်မှန် သည့် ဝိညာဉ်ရေးရာ တည်ငြိမ်မှုမရှိသော မိသားစုတစ်စုကဲ့သို့ (အထူးသဖြင့် မိသားစုကို တိုက်ခိုက်နေသော ပတ်ဝန်းကျင်မှာ) ထိုမိသားစုသည် ဘေးအန္တ ရာယ်ကြုံတွေ့နေရသည်။ ရှင်မဿဲ ၇း၂၆-၂၇ မှ ပုံရိပ်ကိုကြည့်ရင်း၊ ထိုကဲ့သို့ သော မိသားစုသည် သဲပေါ်တွင် အထင်ကြီးလောက်စရာ တည်ဆောက်ထား သော အိမ်တစ်ခုကဲ့သို့ ဖြစ်သည်။ ရေလွှမ်းမိုးခြင်းလာသည့်အခါ သူ့ကျရှုံးမှု သည် ကြီးမားလိမ့်မည်။

ထို့အပြင်၊ ဘုရားသခင်သည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ဝတ်ပြုကိုးကွယ် ရန် တောင်းဆိုထားသည် (တရားဟော ၆း၅)။ သူသည် လူသားကို ဖန်ဆင်းသူ၊ အိမ်ထောင်ပြုခြင်းကို အစပြုပေးခဲ့သူ၊ မိသားစုကို ပုံဖော်ပေးခဲ့သူ ဖြစ်ပြီး၊ မိသားစုအထဲတွင် သူ့အား ပထမနေရာတွင် ထားခြင်းကို ကျွန်တော် တို့ ငြင်းဆန်ပါက၊ ဘုရားသခင်ရည်ရွယ်ထားသည့် ကျွန်တော်တို့ မိသားစုမှာ မိုက်မဲမှု ဖြစ်သွားမည်ဖြစ်သည်။ နောက်ထပ် သမ္မာကျမ်းစာကလည်း “သားတော်ကို ငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကို မသိ။ သားတော် ကို ဝန်ခံသောသူမည်သည်ကား၊ ခမည်းတော်ကိုသိ၏”ဟု ပြောထားသည် (၁ ယော ၂း၂၃)။ ယေရှုကိုယ်တိုင် ပြောထားသည်မှာ “ငါသည် လမ်းခရီးဖြစ် ၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ”ဟု ပြောထားသည် (ယော ၁၄း၁၆)။ ထို့ပြင် ၂ ယော ၁း၉ တွင်လည်း “ခရစ်တော်၏ ဒေသနာ၌မတည်ဘဲ၊ လွန်ကျူးသောသူမည်သည်ကား ဘုရားသခင်ကို မသိ။ ခရစ်တော်၏ ဒေသနာ ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ၏”ဟု ပြောထား သည်။ ထို့ကြောင့် ခရစ်တော်မရှိသော မိသားစုသည် ဝိညာဉ်ရေးရာအုတ်မြစ် ခိုင်မာမှု မရှိပေ။ ထို့ပြင်၊ သခင်ယေရှုခရစ်တော်ကို ဝန်ခံခြင်း မရှိပါက၊ ကျွန်တော်တို့တွင် ဖြောင့်မတ်ခြင်းအတွက် စိတ်လှုံ့ဆော်မှုရှိမည် မဟုတ်ပေ။ မကောင်းမှု အား အနိုင်ယူချင်စိတ် ရှိမည်မဟုတ်ပေ။ ကျွန်တော်တို့ မိသားစုများအတွက် ဘုရား သခင်မိန့်မှာထားသည့်အရာများကို နှလုံးသားမှ နာခံရန် စစ်မှန်သည့် အရည် အချင်း မရှိပေ။ ထိုအရာသည် အရေးကြီးသည့် အုတ်မြစ်ဖြစ်ပြီး၊ ခရစ်တော် သည် ကျွန်တော်တို့နှလုံးသားနှင့် မိသားစုတွင် ပထမဖြစ်ရမည်။

ယေရှုပြောခဲ့သည့် “အကြင်သူသည် ငါ့ကို ချစ်သည်ထက် မိဘကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကိုချစ်သည် ထက် သားသမီးကို သာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်။”ဟူသည် ကို သတိရပါ (မ ၁၀၃၇)။ ထို့ကြောင့် သူသည် မိသားစုတွင် ပထမဖြစ်ခြင်း ကို တောင်းဆိုထားသည်။ ကျွန်တော်တို့သည် မိသားစုထက် သူ့ကိုပိုချစ်သော အခါ ကျွန်တော်တို့မိသားစုကို အမြင့်ဆုံး၊ အသန့်ရှင်းဆုံး အနှစ်သာရတို့ဖြင့် ပိုချစ်နိုင်မည် ဖြစ်သည်။

သင်သည် ယုံကြည်သူတစ်ဦး မဟုတ်ပါက၊ ကယ်တင်ရှင်ကို ဝန်ခံရန် သင်လိုအပ်သည်။ ဘုရားသခင်အား ဆန့်ကျင်သည့် အပြစ်များအားလုံးကို ဝန်ခံပါ။ နောင်တရပါ။ ကယ်တင်ခြင်းအတွက် သခင်ယေရှုခရစ်ကို ခေါ်ပါ။ သမ္မာကျမ်းစာသည် “အကြောင်းမူကား၊ ထာဝရဘုရားကို ပဌနာပြုသော သူရှိ သမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရ ကြလတံ့”ဟု ပြောထားသည် (ရော ၁၀း၁၃)။

နာခံခြင်းအတွက် ဘုရားသခင်၏ တန်ခိုးတော်သခင်ယေရှုခရစ်တော်ကို သိပြီး၊ ချစ်သော ခရစ်ယာန်များသည် မိ သားစုအတွက် ပေးထားသည့် သူ၏နိယာမများနှင့်အညီ နေထိုင်ခြင်း မရှိ သည်မှာ အမှန်ပင်ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ သူတို့သည် ဝိညာဉ်တော် နှင့် မပြည့်ဝကြသောကြောင့်ဖြစ်သည်။ ဤအကြောင်းအရာသည် ဧဖက်သြ ဝါဒစာ ၅း၁-၂၅ ၌ ရှင်ပေါလု ပြောထားသည့် အရာဖြစ်သည်။

ထိုအခန်းကြီး၏ ပထမတစ်ဝက်သည် ခရစ်ယာန်များ မည်သို့ အ သက်ရှင်ရမည့်အကြောင်း ဖြစ်သည်။ မေတ္တာတရား၌ ကျင်လည်လော့ဟု အခန်းငယ် ၂ တွင် သူပြောခဲ့သည်။ ထို့ပြင် သူသည် အတုအယောင်ချစ်ခြင်း များကို ဆုံးမခဲ့ပြီး၊ အိမ်ထောင်ပြုခြင်း ချစ်ခြင်းမေတ္တာကို ပျက်စီးစေသည့် မ တရားသော မေထုန်ပြုခြင်း၊ မကောင်းမှု၏ ချိုးဖောက်ခြင်းဖြစ်သော ချစ်ခြင်း ဖြစ်သည့် အမျိုးမျိုးသော ကိလေသာ ညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်း (သို့) ငွေနှင့် အရာဝတ္ထုများကို တပ်မက်ခြင်းတို့ဖြစ်သည် (ငယ် ၃)။ သူသည် ဧဖက်မြို့သားတို့၏ အချည်းနှီးသောစကား၊ မိုက်မဲသောစကားနှင့် ကြမ်းတမ်း သည့် ကျီစား ပြောဆိုမှုများကို ဆုံးမခြင်းအားဖြင့် လောကီ အပေါင်းအသင်း အကြောင်းကိုလည်း ပြစ်တင်ရှုတ်ချထားသည် (ငယ် ၄)။ ထိုကဲ့သို့သောဖောက်ပြန်သည့် လောကီချစ်ခြင်းများသည် ဘုရားသခင်၏ သန့်ရှင်းသော အမျက်တော်ကို နှိုးဆော်ကြောင်း သူပြောခဲ့သည်(ငယ် ၆)။ .

ထို့ကြောင့် အလင်း၏ သားကဲ့သို့ ကျင့်နေကြလော့ဟု အခန်းငယ် ၈-၁၄ တွင် ရှင်ပေါလုက ပြောထားခဲ့သည်။ သူသည် ယုံကြည်သူများကို “အလုံးစုံသော ကောင်းမွန်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်း”တို့ဖြင့်ကျင့်စောင့်ရန် မိန့်မှာခဲ့သည် (ငယ် ၉)။ “အကျိုးမဲ့သော မှောင်မိုက်အမှုတို့” မှလည်း ရှောင်ပြေးရန် ပြောခဲ့သည် (ငယ် ၁၁)။ အခြားနည်းအရ ဤအရာ သည် သန့်ရှင်းသောအသက်တာနှင့် ဖြောင့်မတ်သော အတွေးအခေါ်ရှိရန် တိုက်တွန်းခြင်းဖြစ်သည်။ ထိုသမ္မာတရား၌ အသက်ရှင်ပြီး၊ ဆက်လက် လျှောက်လှမ်းရန်လည်း ဖြစ်သည်။

ထို့ပြင်၊ ပညာရှိကဲ့ သို့ စေ့စေ့မြေ့မြေ့ ကျင့်ဆောင်မည် ကြောင်းဟု အခန်းငယ် ၁၅-၁၇ တွင် သူပြောခဲ့သည်။ သတိပြုလော့ (ငယ် ၁၅)။ ကျွန်တော်တို့ အသက်ရှင်သောအချိန်တွင် အမှတ်တမဲ့လာသော အန္တရာယ်များကို သတိထားရမည်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို နားလည်ရန် သင် ကိုယ်တိုင် ပိုင်းခြား၍ သိသောသူဖြစ်ရမည် (ငယ် ၁၆-၁၇)။

အထက်ပါ အမိန့်အားလုံးသည် အခန်းငယ် ၁၈-၂၁ ရှိ ဝိညာဉ်တော် နှင့် ပြည့်စုံလျက်ရှိလော့ဟူသည့် ရိုးရှင်းသော နိယာမအားဖြင့် ပြည့်ပြည့်စုံစုံ၊ အလေးအနက်ဖော်ပြထားသည့် အနှစ်ချုပ်ဖြစ်သည်။ အခြားနည်းအရ၊ သင့်အား ဝိညာဉ်တော်၏ ထိန်းချုပ်ခြင်းကို ခွင့်ပြုပြီး၊ သင့်လမ်းခရီးတိုင်းကို လမ်းညွှန်မှု ပြုစေခြင်းဖြစ်သည်။ ယုံကြည်သူဖြစ်သောအခါ ဝိညာဉ်တော်ကို ပိုင်ဆိုင်ပြီး၊ ဝိညာဉ်တော်၏ ထိန်းချုပ်မှုအောက်၌ အသက်တာတစ်ခုလုံး နေ ထိုင်ခြင်း ဖြစ်သည်။ ဂလာတိ ၅၂၅ တွင် ရှင်ပေါလု ပြောခဲ့သည့်အတိုင်း “သို့ ဖြစ်၍ ငါတို့ သည် ဝိညာဉ်ပကတိကြောင့် အသက် ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြကုန်အံ့” ဖြစ်သည်။

ဧဖက်သြဝါဒစာ ၅ တွင် ရှင်ပေါလုသည် ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း ၊ နှင့် စပျစ်ရည်နှင့် ယစ်မူးခြင်းနှစ်ခုအကြား ဖြစ်လေ့ဖြစ်ထရှိသော နှိုင်းယှဉ်မှု ‘တစ်ခုကို လုပ်ဆောင်ခဲ့သည်။ “လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူး ခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့” (ငယ် ၁၈)။ ရှင်ပေါ လုက ကျွန်တော်တို့သည် အမျိုးမျိုးသော အပြုအမူဖြင့် ဝိညာဉ်တော်ကို ပိုင် ဆိုင်နိုင်ကြောင်း အကြံပြုထားခြင်းမဟုတ်ပေ။ သန့်ရှင်းသော ဝိညာဉ်တော် သည် မျက်မြင်မရသော ပုဂ္ဂိုလ်တစ်ပါး၊ သုံးပါးတစ်ဆူ ဘုရားနှင့်ဆိုင်သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထိုအဓိပ္ပာယ်မှာ သူကိုယ်တိုင်သည် ဘုရားဖြစ်ပြီ လူတစ်ဦးထဲသို့ ကျိန်းဝပ်ခြင်း (သို့) မကျိန်းဝပ်ခြင်းကိုလည်း ပြုသည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်အား တစ်စိတ်တစ်ပိုင်းသာ ပိုင်ဆိုင်သော သူ မည်သူမျှမရှိနိုင်ပေ။ “ဝိညာဉ်တော်နှင့် ပြည့်စုံခြင်း”သည် ဝိညာဉ်တော်၏ ထိန်းချုပ်ခြင်းကို ခံခြင်းဖြစ်သည်။

အထက်ပါ နှိုင်းယှဉ်ချက်သည် ရှင်းလင်းပေသည်။ စပျစ်ရည်နှင့် ယစ်မူးခြင်းသည် မူးယစ်သေစာအားဖြင့် ထိန်းချုပ်မှုတွင် သင်သည် ရှိနေခြင်း ဖြစ်ပြီး၊ စပျစ်ရည်သည် မကောင်းသည့် လမ်းမှားသို့ သင့်အား ထိန်ချုပ်လွှမ်း မိုးမှုပြုခြင်းကို ဖြစ်စေသည်။ ဝိညာဉ်တော်နှင့် ပြည့်စုံခြင်းသည် သူ့၏ထိန်းချုပ် မှုအောက်တွင် နေခြင်းဖြစ်ပြီး၊ သူ့တန်ခိုးတော်သည် ကောင်းမွန်သည့်လမ်းသို့သင့်အား ထိန်းချုပ်သွားမည် ဖြစ်သည်။

တစ်နည်းအရ၊ ဘုရားသခင် ၏ ဝိညာဉ်တော်သည် ဘုရားသခင်အား နာခံခြင်းရှိသည့် အသက်တာဖြင့် အသက်ရှင်ရန် ကျွန်တော်တို့အား တန်ခိုး ပေးသည့် သူတစ်ဦးဖြစ်သည်။ သူသည် တစ်ခုတည်းသော တန်ခိုး၏ အရင်းအ မြစ်ဖြစ်ပြီး၊ ကျွန်တော်တို့အား ဘုရားသခင်၏ ပညတ်တော်ကို နှလုံးသွင်းရန် လုပ်ဆောင်နိုင်သည်။ သူ့တန်ခိုးတော် မပါဘဲ၊ ကျွန်တော်တို့သည် ဘုရားသခင် နှစ်ခြိုက်စေသည့်အရာကို မလုပ်ဆောင်နိုင်ပေ။ သန့်ရှင်းသည့် စိတ်လှုံ့ဆော်မှု (သို့) ဖြူစင်သည့် နှလုံးသားဖြင့် စစ်မှန်စွာ သူ့အား နာခံမှုမပြုနိုင်ပေ။ ရောမ ၈း၇-၈ တွင်၊ ရှင်ပေါလုက ရှင်းလင်းစွာ ပြောခဲ့သည်မှာ “အဘယ့်ကြောင့်နည်း ဟူမူကား၊ ဇာတိပကတိ စိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက် နိုင်။ ထို့ကြောင့် ဇာတိပကတိ၌ ကျင်လည်သောသူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်ကြ”ဟု ဖြစ်သည်။

ဆန့်ကျင်ဘက်အားဖြင့်၊ ဝိညာဉ်တော်နှင့် လျှောက်လှမ်းသူများနှင့် သူ၏ ထိန်းချုပ်မှုကို ခံရသောသူတို့သည် ဝိညာဉ်အသီးများဖြစ်သည့် “ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း”များ သီးမည်ဖြစ်သည် (ဂလာ ၅၂၂)။ ထိုအရည်အသွေးများသည် ကျန်းမာသော ပြုမူဆက်ဆံခြင်းအတွက် ဆေးအညွှန်းကဲ့သို့ တွေ့ရပြီး၊ အထူးသဖြင့် ကျန်း မာသည့် မိသားစုတစ်စုအတွက် ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုသည် ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းမှ မိသားစုသည် မည်သို့ပြုမူလုပ်ဆောင်ရမည်ကို ထပ်မံ ဆွေးနွေးခြင်းအကြောင်းသို့ ချက်ချင်း ပြောင်းသွားခြင်းသည် အံ့ဩစရာ မဟုတ်ပေ။

သို့သော် အကြောင်းအရာတစ်ခုမှ နောက်တစ်ခုသို့ မည်သို့ကူးပြောင်း သွားသည်ကို မှတ်သားပါ။ ရှင်ပေါလုသည် ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း အ သက်တာကို ပထမဖော်ပြရာတွင် ဤအသုံးအနှုန်းဖြင့် ဖော်ပြသည်။ “လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့။ ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဖတ်ရွတ်၍၊ နူးညွှတ်သောစိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ ကျူးဧ၍ သီချင်းဆိုကြလော့။ ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော် ကြီးလှပါ၏ဟု ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကိုထောက်၍ ခမည်းတော် ဘုရားသခင်ရှေ့၊ ကာလအစဉ်မပြတ် ဝန်ခံကြလော့။ ခရစ်တော်၌ ခန့်ညား သောအားဖြင့် အချင်းချင်း တစ်ယောက်နောက်တစ်ယောက် ကိုယ်ကိုနှိမ့်ချ လျက် နေကြလော့” (ဧ ၅း၁၈-၂၁)။ အခြားဝေါဟာရအရ၊ ဝန်ခံခြင်းသည် ဝိညာဉ်တော်နှင့် ပြည့်ဝသူ အစစ်အမှန်၏ လက္ခဏာအချုပ်ဖြစ်သော နိယာမ တစ်ခုဖြစ်သည်။ ဝန်ခံခြင်းသည် ကျွန်တော်တို့နှလုံးသား၌ ဝိညာဉ်တော် အလုပ်လုပ်ခြင်း၏ သော့ချက်နှင့် ကျောက်ဆူးဖြစ်သည်။ဝန်ခံခြင်းအကြောင်းသည် မိသားစုနှင့်ပတ်သက်ပြီး တမန်တော် ရှင်ပေါလု စတင်ဖော်ပြခဲ့သည့်အရာ ဖြစ်သည်။

နှိမ့်ချခြင်းအတွက် ကျေးဇူးတော်

မကြာခဏဆိုသလို သမ္မာကျမ်းစာသည် ခရစ်ယာန်များအား နှိမ့်ချ ခြင်းနှင့် ဝန်ခံခြင်းရှိသည့် လူများဖြစ်ရန် ခေါ်ထားသည်။ ဤနေရာတွင် ရှင်ပေါ လုသည် ဝိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာသည် စေစားရန်အတွက် တိုက်ခိုက်ခြင်းမဟုတ်ကြောင်း၊ အစေခံဆက်ကပ်ရန်ဖြစ်ကြောင်း အကြံပေး ထားသည်။ ထိုအရာသည် သခင်ယေရှုပြောခဲ့သည့်အရာ အတိအကျဖြစ် သည်။ “အရင်ဦးဖြစ်လိုသောသူ မည်သည်ကား နောက်ဆုံး ဖြစ်ရမည်။ အလုံး စုံတို့၏ အစေခံလည်း ဖြစ်ရမည်ဟု မိန့်တော်မူ၏” (မာ ၉း၃၅)။ “ကိုယ့်ကိုကိုယ် ချီးမြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ့်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့ဟု မိန့်တော်မူ၏” (လု ၁၈း၁၄)။

ယုံကြည်သူအသိုင်းအဝန်းတစ်ခုတွင်၊ ပေးဆပ်အစေခံခြင်း နိယာမ သည် ပေါင်းသင်းဆက်ဆံမှု အားလုံးကို အစိုးရသည်။ တစ်ယောက်ချင်းစီတိုင်း သည် အားလုံးကို အစေခံကြသည်။ ထိုအရာသည် ဧဖက် ၅း၂၁ တွင် ရှင်ပေါ လု ဖော်ပြသည့် အထူးအခြေအနေ ဖြစ်သည်။ “ခရစ်တော်ကို ခန့်ညားသော အားဖြင့် အချင်းချင်း တစ်ယောက်အောက်တစ်ယောက် ကိုယ်ကိုနှိမ့်ချလျက် နေကြလော့။” ရှင်ပေတရုကလည်း ၁ ပေ ၅:၅-၆ တွင် ထိုအရာကိုပဲ ပြောခဲ့ သည်။

ထိုနည်းတူ အသက်ပျိုသောသူတို့၊ အသက်ကြီးသောသူတို့၏ စကားကို နားထောင်ကြလော့။ ထိုမျှမက အချင်းချင်း တစ်ယောက်နောက်တစ် ယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်း တန်ဆာကိုဆင်ကြလော့။ အကြောင်း မူကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီးတားတော်မူ ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။ ထို့ကြောင့်ကာလ အချိန်တန်လျှင် ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူ အ ကြောင်း တန်ခိုးကြီးသောလက်တော်အောက်၌ ကိုကိုယ် နှိမ့်ချကြလော့။

ဂရိဝေါဟာရမှ ဘာသာပြန်ဆိုသော “ဝန်ခံခြင်း”သည် /hupotasso ဖြစ်သည် (ဝေါဟာရနှစ်လုံးမှဖြစ်ပြီး၊ Hnaupo, “အောက်တွင်”နှင့် tasSo, “တန်း စီရန်၊ အစီအစဉ်လိုက်ဖြစ်ရန်၊ သေသေသပ်သပ် စီစဉ်ရန်” ဖြစ်သည်။) ထိုအ ရာက မိမိကိုယ်တိုင် အခြားသူလက်အောက်၌ ရာထူးနိမ့်စွာနေခြင်းကို ဆိုလို သည်။ ခရစ်ယာန်များဖြစ်သကဲ့သို့ ထိုအရာကို ကျွန်တော်တို့ ပြုမူဆက်ဆံမှု အားလုံး၏ ထိန်းချုပ်သူအဖြစ် စိတ်စွဲထားရမည်ဖြစ်သည်။ “ရန်တွေ့လိုသော စိတ်၊ အချည်းအနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မျှမပြုကြနှင့်။ သူတပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။ ကိုယ်အမူအရာကို မရှမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။”(ဖိ ၂း၃-၄)။

ထို့ပြင်၊ ကျွန်တော်တို့အတွက် သခင်ယေရှု ကိုယ်တိုင်သည် ဥပမာ လည်း ဖြစ်သည်။ သူသည် ဘုရားသခင်နှင့် တန်းတူအခွင့်အရေးဟူသည့် အရာတစ်စုံတစ်ခုကို ဆုပ်ကိုင်ခြင်းအခွင့်အား ငြင်းဆိုခဲ့သည်။ သူသည် ကောင်းကင်ဘုံမှ ဤလောကသို့ ဆင်းကြွလာခဲ့ပြီး၊ သူ့ကိုယ်သူ ဘာမျှမဟုတ်အောင် လုပ်ဆောင်ခြင်း၊ ကျွန်တစ်ဦးအဖြစ် နိမ့်ကျသည့် လူသားတစ်ဦးအသွင် ၌ ကြွလာခြင်း၊ အခြားသူများကိုယ်စား ကားတိုင်တွင် ရှက်ဖွယ်ရာ သေခြင်း တရားကို ဝန်ခံသွားခဲ့သည် (ဖိ ၂:၅-၈)။ ထိုသို့လုပ်ဆောင်ခြင်းတွင် သူသည် ကျွန်တော်တို့ မည်သို့ အသက်ရှင်ရမည်ဆိုသည့် ပုံပမာတစ်ခုကို ကျွန်တော် တို့အား ပေးခဲ့သည် (၁ ပေ ၂း၂၁)။

ထို့ကြောင့် အချင်းချင်းတစ်ယောက်နှင့်တစ်ယောက် ဆက်ဆံခြင်း အားလုံးတွင် နှိမ့်ချစွာ ဝန်ခံတတ်သောသူများဖြစ်ကြရန် ကျွန်ုပ်တို့ကြိုးစား ရမည်။ ဤအရာသည် စစ်မှန်သည့် ခရစ်တော်နှင့်သဏ္ဌာန်တူခြင်း လက္ခဏာ၏ မဏ္ဍိုင်ဖြစ်ပြီး၊ ခရစ်ယာန်များအားလုံးအတွက် ပုဂ္ဂိုလ်ရေးရာ ပြုမူဆက်ဆံရေး အားလုံးကို ထိန်းချုပ်သည့် အရေးကြီးဆုံး နိယာမတစ်ခုလည်း ဖြစ်သည်။ ခရစ်ယာန်များသည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် နှိမ့်ချစွာ အစေ ခံရမည် ဖြစ်သည်။

ထိုနိယာမကို နားလည်မှုလွဲခြင်း (သို့) တလွဲသုံးခြင်း မပြုပါနှင့်။ ထိုအ ရာသည် ခေါင်းဆောင်မှုပြုခြင်း (သို့) အခွင့်အာဏာ နိယာမအတွက် လိုအပ် ခြင်းကို ဖျက်ဆီးခြင်း မဟုတ်ပေ။ အဖွဲ့အစည်းများ၏ တည်ဆောက်ပုံများတွင် ရာထူးအဆင့်အတန်းများကို ဖယ်ထုတ်ခြင်းမဟုတ်ပေ။ ဥပမာ၊ အသင်းတော် တွင် သင်းအုပ်နှင့် သက်ကြီးသူများသည် ဘုရားသခင်ပေးသည့် ခေါင်းဆောင် မှုပြုခြင်း ကဏ္ဍကို တာဝန်ယူရမည်။ သမ္မာကျမ်းစာသည် အသင်းသားများကို အသင်းတော်တွင် သင်းအုပ်ဆရာများ၏ ဝိညာဉ်ရေးရာ ခေါင်းဆောင်မှုပြုခြင်း ကို ဝန်ခံရန် ညွှန်ကြားသည် (ဟေဗြဲ ၁၃း၁၇)။ ထိုကဲ့သို့ မိသားစုထဲတွင်၊ မိဘများသည် သားသမီးများအား လမ်းပြခြင်း၊ သွန်သင်ခြင်းပြုရန် ဘုရားသ ခင်ထံမှ ရှင်းလင်းသော အခွင့်အာဏာကို ရရှိကြပြီး သားသမီးများသည်လည်း အပြန်အလှန် လေးစားရမည့် တာဝန်နှင့် သူတို့မိဘများကို နာခံရန် သည် (ထွက် ၂၀း၁၂၊ သု ၁၈)။

ထိုအရာကို သမ္မာကျမ်းစာက ရှင်းလင်းစွာ သွန်သင်ထားသည်။ “အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်း မူကား၊ ဘုရားသခင်၏ အခွင့်မရှိလျှင်၊ မင်းအာဏာစက်မရှိ။ အာဏာစက်ရှိ သမျှသည် ဘုရားသခင်ခန့်ထားတော်မူရာ ဖြစ်သတည်း။ ထို့ကြောင့် မင်းအာ ဏာကို ဆန်သောသူသည် ဘုရားသခင်စီရင်တော်မူရာကို ဆန်သောသူဖြစ် ၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကို ခံရမည် ” (ရော ၁၃း၁-၂)။ ထို့ကြောင့် အပြန်အလှန် ဝန်ခံခြင်းနိယာမသည် ညီမျှသော အုပ်ချုပ်ခြင်းစနစ် (egalitarianism) ကို ညွှန်ကြားခြင်း မဟုတ်ပေ။ ထို့ပြင် အပြန်အလှန် ဝန်ခံခြင်းနိယာမသည် အသင်းတော်၌သော်လည်းကောင်း၊ အစိုးရအဖွဲ့အ စည်း၌သော်လည်းကောင်း (သို့) မိသားစု၌သော်လည်းကောင်း မည်သူမျှ အာဏာမရှိခြင်းကို မဆိုလိုပေ။

ပင်ကိုယ်အသိဉာဏ်အားဖြင့် လူ့ပတ်ဝန်းကျင်၌ အခွင့်အာဏာဆိုင် ရာ ဖွဲ့စည်းခြင်းများ လိုအပ်ခြင်းကို နားလည်သဘောပေါက်သည်။ လူ့ပတ်ဝန်း ကျင်ဆိုင်ရာ ဖွဲ့စည်းပုံများ၏ အကြီးဆုံးမှာ နိုင်ငံတစ်ခုဖြစ်သည်။ တရားဝင် နိုင်ငံတိုင်းသည် အုပ်ချုပ်သည့် အဖွဲ့အစည်းတစ်ခု ရှိကြရသည်။ အစိုးရမရှိသော နိုင်ငံတစ်ခုမျှမရှိပေ။ ဘုရားသခင်ကိုယ်တိုင်သည် အစိုးရ၏ လက် အောက်တွင် နေထိုင်ရန် လူ့ပတ်ဝန်းကျင်ကို စီစဉ်ခဲ့သည်။ ထို့ကြောင့် ရောမ ၁၃ နှင့် ၁ ပေ ၂း၁၃-၁၇ နှစ်ခုလုံးတွင် ကျွန်တော်တို့ကို သတိပေးထားသည်မှာ ဘုရားသခင်သည် အစိုးရသောမင်း ကို အခွင့်အာဏာပေးထားခြင်း ဖြစ်သည်။ အစိုးရသောမင်းများ၊ ရှင်ဘုရင်များ၊ အုပ်ချုပ်သူများ၊ စစ်သားများ၊ ရဲများနှင့် တရားသူကြီးများသည် “လူတို့ကို ဒဏ်စီရင်စေခြင်းငှါ၎င်း၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါ၎င်း” လိုအပ်သောသူများဖြစ်ကြသည် (၁ ပေ ၂း၁၄)။ သူတို့မရှိပါက လူ့ပတ်ဝန်းကျင်သည် မင်းမဲ့စရိုက် ဖြစ်လာမည်ဖြစ်ပြီး၊ မင်းမဲ့ စရိုက်ရှိသော နိုင်ငံသည် တည်မြဲမည်မဟုတ်ပေ။

ထိုနည်းတူ မိသားစုကဲ့သို့ လူ့အဖွဲ့အစည်းများရှိ အသေးဆုံးသော အရာ၌ပင် အခွင့်အာဏာ နိယာမသည် အသက်ဝင်သည်။ မိသားစုတစ်စု သည် မင်းမဲ့စရိုက်ဖြင့် မရပ်တည်နိုင်ပေ။ တစ်စုံတစ်ယောက်သည် စည်းကမ်း၊ လမ်းညွှန်ချက်နှင့် ဝိညာဉ်ရေးရာ ဦးဆောင်ခြင်းအတွက် တာဝန်ယူရမည် ဖြစ်သည်။ သမ္မာကျမ်းစာသည် ထိုအရာကို အသိအမှတ်ပြုပြီး၊ ကျွန်တော်တို့ နောက်ထပ် နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေမည့် ဧဖက်သြဝါဒစာ ၅ နှင့် ၆ တွင် တွေ့လိမ့်မည် ဖြစ်သည်။

မည်သို့ပင် ဆိုစေကာမူ၊ လူ့အဖွဲ့အစည်းများရှိ တစ်ယောက်နှင့်တစ် ယောက် ပုဂ္ဂိုလ်ရေး ပြုမူဆက်ဆံခြင်း ဖြစ်လာသည့်အခါ အပြန်အလှန် နှိမ့် ချစွာဝန်ခံခြင်း (အစေခံခြင်း) နိယာမသည် ကျွန်တော်တို့ အချင်းချင်း ပြုမူ ဆက်ဆံခြင်းကို ထိန်းချုပ်ရမည်ဖြစ်သည်။ အခွင့်အာဏာရှိသော လူပုဂ္ဂိုလ် ပင်လျှင် အခြားသူများနှင့် သူ၏ (သို့) သူမ၏ ဆက်ဆံခြင်းသည် ခရစ်တော်၏ သဏ္ဌာန်ကဲ့သို့ လုပ်ဆောင်ရမည်ဖြစ်ပြီး၊ သူတပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု ထင်မှတ်ရမည်။ ခရစ်တော်ကိုယ်တိုင်သည် “အကြောင်း မူကား၊ လူသားသည် သူတပါးကို စေစားခြင်းငှာမလာ။ သူတပါးကို အစေခံ ခြင်းငှာ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာ၎င်း ကြွလာသတည်း ဟု မိန့်တော်မူ၏”ဟု (မာ ၁၀း၄၅) ထိုကဲ့သို့သော ခေါင်းဆောင်မျိုးအတွက် စံပြဖြစ်သည်။

အပြန်အလှန် နှိမ့်ချစွာ ဝန်ခံခြင်း (အစေခံခြင်း) နိယာမသည် အခြေခံ သဘောတရား ဖြစ်သည်။ ထို့ပြင်၊ ဧဖက် ၅း၂၁ တွင် “ခရစ်တော်ကို ခန့်ညားသောအားဖြင့်၊ အချင်းချင်း တစ်ယောက်နောက်တစ်ယောက် ကိုယ်ကိုနှိမ့်ချ လျက် နေကြလော့”ဟု ပြောထားသည်။ ဝန်ခံခြင်းနိယာမသည် မည်သို့ဖြစ်ကြောင်းနောက် ထပ်ပုံဖော်ရှင်းပြရန်မှာ ခေါင်းဆောင်မှုပြုခြင်းအတွက် ဘုရား သခင် အခွင့်အာဏာဖြင့် စီမံခန့်ခွဲထားသည့် ပြဋ္ဌာန်းချက်ပုံစံ၌ ရှင်းပြရန် ဖြစ်သည်။ ရှင်ပေါလုသည် လူ့အဖွဲ့အစည်းအားလုံး၏ အရေးကြီးဆုံး အုတ် မြစ်ဖြစ်သည့် မိသားစုကို နမူနာအဖြစ် ရှင်းပြခဲ့သည်။

သူသည် အခွင့်အာဏာနှင့် ဝန်ခံခြင်းကို အစိုးရ အုပ်ချုပ်ပုံ နိယာ မများအားဖြင့် ရှင်းပြနိုင်သည်။ ရှင်ပေါလုက လူ့အစိုးရ အုပ်ချုပ်ပုံနိယာမကို ရော ၁၃ ၌ ဖော်ပြခဲ့ပြီး၊ ရှင်ပေတရုသည် ၁ ပေ ၂း၁၃-၁၆ တွင် ဖော်ပြခဲ့ သည်။ ထို့ပြင် သူသည် ဝန်ခံခြင်း နိယာမကို အသင်းတော်၌ မည်သို့ လုပ်ဆောင်ကြောင်းကို ရှင်းပြနိုင်ခဲ့သည်။ သူသည် ထိုအကြောင်းကို ၁ တိ ၂ နှင့် ၃ တို့တွင် ဖော်ပြခဲ့သည်။ သို့သော် ဤနေရာတွင် ရှင်ပေါလု၏ ဖော်ပြသော အကြောင်းမှာ အပြန်အလှန် ဝန်ခံခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် လူ့အဖွဲ့ အစည်းအားလုံးတွင် အသေးဆုံးဖြစ်သော မိသားစုကို အသုံးပြုပြီး၊ အပြန်အလှန်ဝန်ခံခြင်းသည် တစ်ဦးချင်းအသက်တာတွင် မည်သို့ လုပ်ဆောင် မည့်အကြောင်းကို ရှင်းပြသည်။ ထိုသို့ပြောဆိုရာတွင် လူ့အဖွဲ့အစည်းများတွင် ဘုရားသခင် စီမံထားသည့် အခွင့်အာဏာလိုအပ်မှုကို မပယ်ထားခဲ့ပေ။

မိသားစုအတွက် ကောင်းမွန်သည့် စည်းမျဉ်းတစ်ခု

အပြန်အလှန်နှိမ့်ချဝန်ခံခြင်း နိယာမသည် အခွင့်အာဏာ ရှိကြောင်း ကို တမန်တော်ရှင်ပေါလုက ဖယ်ရှားရန် မတွေးခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် သူသည် မိသားစုရှိ အခန်းကဏ္ဍအမျိုးမျိုးကို ဖော်ပြသည့်အခါ ခင်ပွန်းသည်က ဦးခေါင်းဖြစ်သည်ဟု ဆိုခြင်းကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားပြီး၊ မိဘများသည် သားသမီးများ အပေါ်တွင် ပြည့်ဝသည့် အခွင့်အာဏာ ရှိကြ သည်။

မည်သို့ပင်ဆိုစေကာမူ၊ ရှင်ပေါလုသည် အပြန်အလှန် နှိမ့်ချအစေခံ ခံခြင်း၏ နိယာမဖြင့် အစပြုခဲ့ခြင်းကို မှတ်သားရန် အရေးကြီးသည်။ ထိုအရာ သည် သူ၏ အဓိကအချက်ဖြစ်ပြီး၊ မိသားစုနှင့်ပတ်သက်ပြီး သူပြောခဲ့သည့် အရာအားလုံးအတွက် အခြေခံနိယာမဖြစ်သည်။ သင်သည် မိသားစုတွင် သဟဇာတဖြစ်ခြင်းနှင့် ကျန်းမာခြင်းတို့ကို ရရှိလိုပါက၊ အခြားအရာအားလုံး ထက် ပိုမိုလုပ်ဆောင်နိုင်သည့် ရိုးရှင်းသော စည်းမျဉ်းတစ်ခုမှာ ရှင်ပေါလု၏မိသားစုအခန်းကဏ္ဍများနှင့် ပတ်သက်ပြီး သွန်သင်သည့် “ခရစ်တော်ကို ခန့် ညားသောအားဖြင့် အချင်းချင်း တစ်ယောက်နောက်တစ်ယောက် နှိမ့်ချ လျက်နေကြလော့” ဟူသောအရာပင်ဖြစ်သည်။

အချို့သော မိန်းမတို့သည် ဧဖက် ၅ ကို မုန်းတတ်ကြသည်။ အဘယ့် ကြောင့်ဆိုသော် ထိုကျမ်းပိုဒ်က မိန်းမတို့အား ကျွန်ကဲ့သို့ပြောဆိုခြင်းနှင့် မိ သားစုတွင် ယောက်ျားတို့၏ အုပ်စိုးခြင်းသက်သက်ကို ပြောဆိုသော ကျမ်းပိုဒ် ဖြစ်သည်ဟု ယူဆသောကြောင့်ဖြစ်သည်။ ကျွန်ုပ်ကြားခဲ့ဖူးသောအရာမှာ အ ချို့သော မိသားစုတွင် ယောက်ျားသည် ဧဖက် ၅း၂၂ ကို ကိုင်တွယ်ပြီး၊ မိမိ သည် အာဏာရှင်တစ်ဦးကဲ့သို့ မိန်းမအား ဆက်ဆံတတ်ကြသည်။ (အချင်း မိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့၊ ငယ် ၂၂)။ ထိုကျမ်းပိုဒ်ကို တုတ်ချောင်းတစ်ခု ကဲ့သို့၊ မီးဖိုချောင်တွင် ချိတ်ထားတတ်ကြသည်။

သို့သော် ထိုသို့သော အပြုအမူမျိုးသည် ကျမ်းပိုဒ်အနှစ်သာရတစ်ခု လုံးကို စော်ကားလိုက်ခြင်း ဖြစ်သည်။ မှတ်သားဖွယ်ရာ စိတ်ဝင်စားမှုမှာ ဂရိ ကျမ်းစာတွင် “ဝန်ခံခြင်း”ဆိုသည့် ဝေါဟာရသည် အခန်းငယ် ၂၂ တွင် မပါ၊ ပေ။ အငယ် ၂၂ တွင် ဝန်ခံခြင်းအကြောင်းအရာကို ရည်ညွှန်းပြောဆိုသော် လည်း ဂရိကျမ်းစာတွင် ထိုစကားလုံးကို မြှုပ်ထားပြီး၊ ဝန်ခံခြင်း ဆိုသည့်ဝေါ် ဟာရကို ချန်ထားသည်။ ထို့ကြောင့် အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း ဖြစ်ဖို့ရန် အငယ် ၂၁ ကို ပြန်သွားရသည်။ အခြားစကား အရ၊ အခန်းငယ် ၂၁-၂၂ ၏ မူရင်းဘာသာပြန်ချက်ကို ဤကဲ့သို့ ဖတ်ရမည်။ “ခရစ်တော်ကို ခန့်ညာ သောအားဖြင့် အချင်းချင်း တစ်ယောက်နောက်တစ်ယောက် နှိမ့်ချလျက် နေကြလော့။ အချင်းမိန်းမတို့၊ သခင်ဘုရားကို ပြုသကဲ့သို့၊ ကိုယ့်ခင်ပွန်း အောက်တွင် နှိမ့်ချလျက်နေကြလော့”ဟု ဖြစ်သည်။

ထို့ကြောင့် ရှင်ပေါလုသည် အပြန်အလှန်နှိမ့်ချစွာ ဝန်ခံခြင်းကို အဓိကအရာအဖြစ် လေးနက်စွာ ဖော်ပြသည်ကို မှတ်သားရမည်။ အသင်း တော်ရှိ လူတိုင်းသည် တစ်ယောက်နောက်တစ်ယောက် နှိမ့်ချစွာနေရမည်။

နှိမ့်ချစွာ ဝန်ခံရန် အမိန့်ပေးခြင်းသည် မိန်းမများအတွက်သာ မဟုတ်ဘဲ၊ယောက်ျားများအတွက်လည်း ဖြစ်သည်။ ထို့ပြင် အငယ် ၂၂-၂၄ တွင် မိန်းမ များသည် သူတို့၏ ယောက်ျားများကို မည်သို့ ဝန်ခံရမည့်အကြောင်း ရိုးရှင်းစွာ ရှင်းပြထားသည်။ သူတို့သည် ခရစ်တော်ကို ရိုသေခြင်း၊ ဆက်ကပ်ခြင်းနည်း အတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။

သို့သော် ထိုအရာသည် သမ္မာကျမ်းစာမှ မိန်းမများအား ပေးထား သည့် အမိန့်ဖြစ်ပါက၊ အပြန်အလှန်ဝန်ခံခြင်း နိယာမတွင် ယောက်ျားသည် လည်း မိန်းမကို ထိုနည်းအတိုင်း ဝန်ခံရန် အဓိပ္ပာယ် ဖော်ဆောင်ခြင်းမဟုတ် ပေဘူးလား။ အသေအချာပင်ဖြစ်သည်။ ရှင်ပေါလုက အခန်းငယ် ၂၅-၂၉ တွင် ယောက်ျားသည် မိန်းမကို ခရစ်တော်၏ အသင်းတော်ကို ချစ်ခြင်းနှင့် ပေးဆပ်ခဲ့သည့်နည်းအတိုင်း “ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူ သကဲ့သို့” (ငယ် ၂၅) လုပ်ဆောင်ရန် ပြောခဲ့သည်။ တစ်စုံတစ်ယောက်အတွက် အသေခံခြင်းထက်ပိုသာသော ကြီးမြတ်သည့် ဝန်ခံခြင်း လုပ်ဆောင်မှု မရှိ ပေ။ ထိုအရာသည် အသင်းတော်အတွက် ခရစ်တော်အမှန်တကယ် လုပ် ဆောင်ခဲ့သည့်အရာဖြစ်သည်။ ယောက်ျားများသည် ခရစ်တော် အသင်းတော် ကို ချစ်သည့်နည်းအတိုင်း သူတို့မိန်းမများကို ချစ်ရန် မိန့်မှာခံခဲ့ရခြင်းကြောင့်၊ ထိုအရာသည် ကိုယ့်ကိုကိုယ် လုံးဝစွန့်လွှတ်အစေခံခြင်းနှင့် ဇနီးသည်ကိုယ်စား ဆက်ကပ်ခြင်း လိုအပ်သည်။

ထိုသို့ပြောသောအခါ ယောက်ျားသည် ဘုရားသခင် ခွဲခန့်ထားသည့် ခေါင်းဆောင်မှုပြုခြင်းနှင့် အခွင့်အာဏာရှိခြင်းကို အိမ်တွင်စွန့်လွှတ်ရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဆိုလိုသည်မှာ သူ၏ ခေါင်းဆောင်မှုပြုခြင်းအား လုပ်ဆောင်ရမည့်နည်းလမ်းသည် သူ့ဇနီးနှင့် မိသားစုအပေါ်တွင် သခင်လိုနေခြင်း မဟုတ်ဘဲ ခရစ်တော်ကဲ့သို့ နှိမ့်ချခြင်း ပုံသဏ္ဌာန်ဖြင့် သူတို့ကို အစေခံခြင်းနှင့် သူတို့အတွက် ပေးဆပ်အသက်ရှင်ခြင်းကိုဆိုလိုခြင်း ဖြစ်သည်။ သူသည် သူ့ ဇနီးသည်၏ ဝန်ထုပ်များကို ကူညီဖြေရှင်းပေးခြင်းအားဖြင့်၊ သူမသယ်ဆောင် ထားသည့်အရာကို ဝိုင်းထမ်းပေးခြင်းတို့ လုပ်ဆောင်နိုင်ပြီး၊ သူမ၏လိုအပ်ချက်အတွက် သူ၏စိတ်ဆန္ဒများကို ပေးဆပ်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။ ထို အရာသည် ဝန်ခံခြင်း အခြားတစ်မျိုးဖြစ်ပြီး၊ ပင်ကိုယ်အခွင့်အာဏာကို ဝန်ခံ ခြင်းမျိုး မဟုတ်ပေ။ သို့သော် ချစ်ခြင်းမေတ္တာဖြင့် လိုလိုလားလား သူမအတွက် ပေးဆပ်ခြင်း၊ အစေခံခြင်း၊ သူမကောင်းကျိုးအတွက် ရှာဖွေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားနှစ်သက်သည့် ယောက်ျား၏ အဓိကရည်ရွယ်ချက် သည် သူ၏အလိုအတိုင်း လုပ်ခြင်းနှင့် သူ့သဘောနှင့်ကိုက်ညီအောင် မိန်းမ အား အမိန့်ပေးခြင်းထက် သူ့မိန်းမကို စိတ်ကျေနပ်စေသူဖြစ်ရမည်။

ရှင်ပေါလုက ဘုရားသခင်နှစ်သက်သည့် ဖခင်သည် သူ၏သားသမီး များ၌ နှိမ့်ချစွာ ဝန်ခံရမည်ဟူသည့် အမှန်တရား အနှစ်သာရတစ်ခုကိုလည်းပြောခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် ဖခင်သည် သူ၏ မိဘဖြစ်ခြင်းဆိုင်ရာ အခွင်အာဏာကို စွန့်လွှတ်ခြင်းဖြင့် ထိုအရာကို လုပ်ဆောင်ရခြင်းမဟုတ်ဘဲ သူ့သားသမီးအတွက် ပေးဆပ်ခြင်းနှင့် တစ်ကိုယ်ကောင်းမဆန်သည့် အစေခံ ခြင်းမျိုးဖြင့် ပြုရမည်။ အခြားဝေါဟာရအရ သူသည် ခရစ်တော်၏ ပုံဥပမာအ တိုင်း သူ့ခေါင်းဆောင်မှုပြုခြင်းကို လုပ်ဆောင်ပြီး၊ ပရောဖက်များ ကြိုဟောခဲ့ သည့် နူးညံ့သိမ်မွေ့သောသဘောဖြင့် ဖြစ်သည်။

ငြင်းခုန်ခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍၊ လမ်းခရီး၌ သူ၏အသံကို အဘယ်သူမျှ မကြားစေရ။ နင်းနယ်လျက်ရှိသော ကျူပင်ကို မချိုးရ၊ မီးခိုးများသော မီးစာကို မသတ်။ တရားသည် အောင်ခြင်းသို့ ရောက် မည်အကြောင်း စီရင်လိမ့်မည် (မ ၁၂း၁၉-၂၀)။

သားသမီးများအပေါ် ဖခင်သည် နှိမ့်ချစွာ ဝန်ခံရမည့်အကြောင်း ကို ရှင်ပေါလု ရှင်းပြရာတွင် “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကို ပြုလျက် ကျွေး မွေးကြလော့”ဟု (ဧ ၆း၄)ဆိုသည့်အတိုင်း လုပ်ဆောင်ရန် ပြောခဲ့သည်။

ရှင်ပေါလုသည် သားသမီးများအား သူတို့၏ မိဘများကိုနာခံရန်နှင့် အစေခံများသည် သူတို့၏ သခင်များကို နာခံရန်လည်း မိန့်မှာခဲ့သည်။ သို့သော် သူသည် ဝန်ခံခြင်းကို တစ်လမ်းသွားပုံစံဖြင့် မဖော်ပြခဲ့ပေ။ မိဘများကဲ့သို့၊ သခင်များသည် သူတို့၏ ကျွန်များအား လေးစားခြင်းနှင့် ကြင်နာခြင်းကို ပြသရမည်ဖြစ်သည် (၆း၉)။

အချုပ်ပြောရလျှင်၊ မိသားစုဝင်အယောက်စီတိုင်းသည် တစ်နည်း တစ်လမ်းအားဖြင့် အခြားသူအောက်တွင် နှိမ့်ချစွာ ဝန်ခံရန် တာဝန်ရှိကြသည်။ မိန်းမများသည် သူတို့၏ ယောက်ျားများ၏ ဦးဆောင်ခြင်းကို ဝန်ခံရမည်ဖြစ် သည်။ သို့သော် ယောက်ျားများသည်လည်း သူတို့ မိန်းမများ၏ လိုအပ်မှုများကို လုပ်ဆောင်ပေးရမည်ဖြစ်သည်။ သားသမီးများသည်လည်း မိဘစကားကို နားထောင်ရမည်မှာ အသေအချာပင်ဖြစ်သည်။ သို့သော် မိဘများသည်လည်း သူတို့သားသမီးများအတွက် အစေခံရန်နှင့် ပေးဆပ်ဖို့ရန် တာဝန်ရှိသည်။ အစေခံများသည် သူတို့ သခင်များ၏ အခွင့်အာဏာကို လိုက်နာဖို့ရန် အမှန်လို အပ်သည်။ သို့သော် သခင်များသည်လည်း အနိမ့်ဆုံးကျွန်ကိုပင် သူတို့ထက်ကောင်းသည်ဟူသည့် ဂုဏ်သိက္ခာရှိခြင်း၊ လေးစားခြင်းတို့ဖြင့် ဆက်ဆံရန် မိန့်မှာထားသည်။

တစ်နည်းအားဖြင့်၊ ရှင်ပေါလုသည် ခရစ်ယာန်တိုင်းကို ဝန်ခံခြင်း၏ ပုံသာဓကတစ်ခုဖြစ်ရန်၊ အခြားသူများကို အစေခံရန် မိန့်မှာခဲ့သည်။ ထို ရိုးရှင်းသည့် နိယာမသည် မိသားစုတွင် သဟဇာတဖြစ်ခြင်းနှင့် ပျော်ရွှင်ခြင်းရှိ ရန် သော့ချက်ဖြစ်သည်။ ဗိုလ်ကျချင်သော ယောက်ျားများသည် ဧဖက် ၅ ကို တုတ်ချောင်းကဲ့သို့ အသုံးပြုပြီး၊ သူတို့မိန်းမများအား ကျွန်ပုံစံဖြင့် အစေ ခံရန် ပြုသောသူတို့သည် ကျမ်းပိုဒ်တစ်ခုလုံး ပြောချင်သောအချက်ကို လုံးဝ လွဲချော်သွားစေသည်။ ဘုရားသခင်သည် သင့်အား ခေါင်းဆောင်ပြုခြင်း အရာ တစ်ခုကို ပေးခဲ့သော်လည်း၊ သင့်ထံတွင် ဝန်ခံရန် တာဝန်တစ်ခုနှင့် အစေခံ ခြင်းအခန်းကဏ္ဍကို လုပ်ဆောင်ရန် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ထို အရာသည် ကျွန်တော်တို့အတွက် ခရစ်တော် အတိအကျ လုပ်ဆောင်ခဲ့သည့်အရာ ဖြစ်ခြင်းကြောင့် ဖြစ်သည်။

ကျွန်တော်တို့ သခင်ယေရှုသည် သူ၏ သွန်သင်ခြင်း၌ ဤကိစ္စ အ ကြောင်း အလွန်ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ ရှင်မသဲ ၂၀း၂၅-၂၈ သည် တပည့်တော်များကို အတူတကွ ယေရှု မည်သို့ခေါ်ခဲ့ကြောင်း၊ မည်သို့ သွန် သင်ခဲ့ကြောင်း ရေးသားထားသည်။

ယေရှုသည် ထိုသူတို့ကို ခေါ်တော်မူ၍၊ “သင်တို့သိသည်အတိုင်း လောကီ မင်းတို့သည် အစိုးတရ ပြုတတ်ကြ၏။ အကဲအမှူးတို့သည် အာဏာထား တတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်။ လူသားသည် သူတပါးကို စေစားခြင်းငှာ မလာ။ သူတပါးအစေကို ခံခြင်းငှာ၎င်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးစေခြင်းငှာ၄င်း၊ ကြွလာသည်ဖြစ်၍ ထိုနည်းတူ သင်တို့တွင် အကဲအမှူးပြုလိုသောသူကို သင်တို့အစေခံဖြစ်စေ။ သင်တို့ တွင် အထွဋ်အမြတ် လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ်စေဟု မိန့်တော်မူ၏။”

လင်မယားအတွက် အထောက်အကူဖြစ်စေသည့်

အမြင်တစ်ခု

အိမ်ထောင်ပြုခြင်းသည်ပင် အပြန်အလှန်အကျိုးပြုသည့် နိယာမ ပေါ်တွင် အစပြုသည်။ ယောက်ျားတို့၏ ဘုရားသခင်ခန့်အပ်ထားသည့် အိမ်ထောင် ဦးစီးဖြစ်ခြင်းသည် ဇနီးသည်ကို ဒုတိယနေရာတွင်ထားခြင်း (သို့) လင်မယား တစ်သားတစ်ကိုယ်တည်းဖြစ်ခြင်းကို ဖျက်ဆီးသည်ဟု မမှတ်ရပေ။ အိမ်ထောင်ပြုခြင်းသည် လက်တွဲဖော်ရရှိခြင်း (partnership) ဖြစ်ပြီး၊ အလွန် အုပ်ချုပ်ချင်သော ယောက်ျားများအတွက် လိုင်စင်ရခြင်းမဟုတ်ပေ။ လက်တွဲ ဖော်ဖြစ်ခြင်းအကြောင်းသည် ထိမ်းမြားခြင်းနှင့် ပတ်သက်သည့် နိယာများ နှင့် ယောက်ျား၏ အိမ်ထောင်ဦးစီးဖြစ်ခြင်းအကြောင်း သမ္မာကျမ်းစာ သွန်သင်ထားသည့် အရာတိုင်းတွင် ရှိနေသည်။

ပထမနေရာတွင်၊ သမ္မာကျမ်းစာသည် ယောက်ျားများနှင့် မိန်းမများ မှာ ဘုရားသခင်၏ ရှေ့တွင် ဝိညာဉ်ရေးရာ သာတူညီမျှရှိသူများဖြစ်ကြောင်း၊ ပြည့်စုံရှင်းလင်းစွာ ဖော်ပြထားသည်။ သူတို့သည် ခရစ်တော်၌ သာတူညီမျှ ရပ်တည်ပြီး ဝိညာဉ်ရေးရာ အခွင့်အရေး တန်းတူရှိသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့သည် တူညီသောနည်းလမ်း၌ ခရစ်တော်နှင့်အတူ ပေါင်း စည်းကြခြင်းကြောင့် ဖြစ်သည်။ ဂလာတိ ၃၂၈ က “ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏”ဟု ပြောထားသည်။ ဝိညာဉ်ရေးရာ နိုင်ငံသားဖြစ်ခြင်းတွင် ဒုတိယလူတန်းစား မရှိပေ။ ခရစ်တော် ၌သော်လည်းကောင်းနှင့် ဘုရားသခင်ရှေ့တွင်သော်လည်းကောင်း၊ တစ်လုံး တစ်ဝတည်းသာဖြစ်ကြသည်။ ကျွန်တော်တို့အားလုံးသည် အတူတူပင်ဖြစ် သည်။ ဝိညာဉ်ရေးရာတွင် ယောက်ျားများသည် မိန်းများထက် ရာထူးမြင့်ခြင်း မရှိပေ။

မည်သို့ပင်ဆိုစေကာမူ၊ သမ္မာကျမ်းစာနှင့် သဘာဝတရားသည် ယောက်ျားများနှင့် မိန်းမများကို ကွဲပြားသည့် အခန်းကဏ္ဍနှင့် ကွဲပြားသည့် လုပ်ဆောင်မှုများကို သတ်မှတ်ထားသည်မှာ အမှန်တရားဖြစ်သည်။ သမ္မာ ကျမ်းစာက မိသားစုတိုင်းတွင် မိန်းမ မဟုတ်ဘဲ၊ ယောက်ျားသည်သာ (အိမ်ထောင်ဦးစီးသူ) ဦးခေါင်းဖြစ်ကြောင်း သတ်မှတ်ထားမှုသည် အလွန်ရှင်းသည် ( ၅း၂၃)။ အသင်းတော်တွင် သွန်သင်ခြင်းနှင့် ဦးဆောင်ခြင်း တာဝန်များ သည် မိန်းမများကို မဟုတ်ဘဲ၊ ယောက်ျားများကို ပေးထားခြင်းဖြစ်သည် (၁ တိ ၂း၁၂)။ သို့သော် အမျိုးသမီးများသည် ကလေးသူငယ်များ မွေးဖွားခြင်းနှင့် ပြုစုစောင့်ရှောက်ရန် ထူးခြားစွာ သီးသန့်ပြင်ဆင်ထားခံရသူများဖြစ်ပြီး၊ ထိုပြီး ပြည့်စုံသည့် အခန်းကဏ္ဍသည် သူတို့အား ဝိညာဉ်ရေးရာတွင် ဒုတိယအဆင့် သို့ လျှော့ကျခြင်း မဟုတ်ကြောင်း သေချာသည်။ (၁ တိ ၂း၁၅ မှ ပြောထား သည့်အရာသည် ထိုအရာဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည်။) ယေဘုယျအားဖြင့် ယောက်ျားများသည် ရုပ်ပိုင်းဆိုင်ရာ ပို၍ သန်ကြသည် (၁ ပေ ၃း၇ တွင် ဇနီးသည် ကို “အားနည်းသောသူ”ဟု ရည်ညွှန်းထားသည်။ ထို့ကြောင့် ယောက်ျားများသည် လေးလံသည့်ဝန်များကို ထမ်းဖို့ရန် တာဝန်ရှိပြီး၊ မိသားစု အား ထောက်ပံ့ရန်ကျွေးမွေးရန်နှင့် ကာကွယ်ရန် တာဝန်ရှိကြသည်။ သမ္မာ ကျမ်းစာက ဘုရားသခင်သည် ရည်ရွယ်ချက်ရှိစွာဖြင့် ယောက်ျားများနှင့် မိန်း မတို့အား ရုပ်ပိုင်းဆိုင်ရာ ကွဲပြားခြင်းနှင့် လုပ်ဆောင်မှုများ ကွဲပြားခြင်းတို့ဖြင့် ဖန်ဆင်းထားသည်။ ထိုကြောင့် ယောက်ျားများနှင့် မိန်းမတို့၏ အခန်းကဏ္ဍ များနှင့် တာဝန်များကို အဘယ့်ကြောင့် ဘုရားသခင်သည် ရှင်းလင်းစွာ ခွဲခြား ထားခြင်းအကြောင်း ဖြစ်သည်။

သို့သော် သတိရရန်မှာ၊ သူတို့၏ အခန်းကဏ္ဍများ ရှင်းရှင်းလင်းလင်း ကွဲပြားသော်လည်း၊ ယောက်ျားများနှင့် မိန်းမတို့၏ ဝိညာဉ်ရေးရာ ရပ်တည် ချက်သည် ခရစ်တော်၌ လုံးဝတူညီသည်။ သမ္မာကျမ်းစာလာ ဖော်ပြချက်အရ လင်မယားနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်းဖြစ်ခြင်းမှာ ယောက်ျားနှင့် မိန်းမတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြပြီး၊ တန်းတူမဖြစ်ခြင်းကို လုံးဝဖော် ပြခြင်း မရှိပေ။

အမှန်မှာ ယောက်ျား၏ အခန်းကဏ္ဍသည် မိန်းမ၏ ခေါင်းဖြစ် ကြောင်း သမ္မာကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ယောက်ျားများနှင့်မိန်းမ များတို့၏ ဝိညာဉ်ရေးရာ တန်းတူညီမျှရှိခြင်းကို မီးမောင်းထိုးပြခြင်းဖြစ်သည်။ ၁ ကော ၁၁း၃ တွင် ရှင်ပေါလုက “ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ် သည်ကို၄င်း၊ မိန်းမခေါင်းကား ယောက်ျားဖြစ်သည်ကို၎င်း၊ ခရစ်တော်၏ ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကို၎င်း သင်တို့ သိမှတ်စေခြင်းငှာ ငါအလိုရှိ၏”ဟု ရေးသားခဲ့သည်။

ထိုရိုးရှင်းသည့် ကျမ်းပိုဒ်တစ်ခုတည်းမှ များစွာသော သိသာထင်ရှား သည့် သမ္မာတရားများ ထွက်ပေါ်လာခြင်းကို မှတ်သားပါ။ ပထမမှာ၊ ဘုရား သခင်သည် ယောက်ျားတိုင်းကို ဝိညာဉ်ရေးရာ ခေါင်းဆောင်မှုပြုခြင်းအတွက် ရှင်းလင်းသည့် တာဝန်တစ်ခုကို ပေးခဲ့ပြီး၊ ယောက်ျားများသည် ထိုတာဝန်ကိုစွန့်ပစ်ရမည် မဟုတ်ပေ။ မိန်းမမဟုတ်ဘဲ ယောက်ျားသည် မိသားစု၏ ဦး ခေါင်းဖြစ်သည်။ ထိုအရာသည် ဘုရားသခင်၏ ပုံဖော်ထားသည့်အရာ ဖြစ် သည်။ မိသားစုတိုင်းတွင် တစ်စုံတစ်ယောက်သည် ခေါင်းဆောင်မှုပြုခြင်း တာဝန် လုံးဝရှိရမည်ဖြစ်ပြီး၊ သမ္မာကျမ်းစာက ထိုတာဝန်သည် မိန်းမများ မ ဟုတ်ဘဲ ယောက်ျားများ၏ တာဝန်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ဖော်ပြ သည်။

ဒုတိယမှာ၊ ယောက်ျား၏ ခေါင်းဆောင်မှုပြုခြင်းအတွက် စံနမူနာမှာ ခရစ်တော်ဖြစ်သည်။ ခရစ်တော်နှင့်သဏ္ဌာန်တူသော ခေါင်းဆောင်မှုပြုခြင်း သည် ဝိညာဉ်ရေးရာ ခေါင်းဆောင်မှုပြုခြင်းအခွင့်အာဏာသာ မဟုတ်ဘဲ ဂရုစိုက်ခြင်း၊ ကျွေးမွေးပြုစုခြင်း၊ ကာကွယ်ခြင်းနှင့် ကိုယ်ကျိုးစွန့်ခြင်းစသည့် တာဝန်များလည်း ဖြစ်သည်။ ဧဖက် ၅၂၈-၂၉ တွင် “ထိုနည်းတူ ယောက်ျား တို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းကိုချစ်ရမည်။ ခင်ပွန်းကို ချစ်သော သူသည် ကိုယ်ကိုချစ်သောသူ ဖြစ်၏။ ကိုယ်အသားကို မုန်းသောသူတစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေး မွေးပြုစုတော်မူသကဲ့ သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေး ပြုစုတတ်ကြ၏”ဟု ပြောထားသည်။ ထိုကျမ်းပိုဒ်က ယောက်ျား၏ ဦးခေါင်းဖြစ်သည် မိန်းမအ ထက်၌ တစ်နည်းနည်းဖြင့် သာလွန်သည်ဟူသော ယူဆခြင်းကို ချိုးဖျက်လိုက် သည်။

တတိယမှာ၊ ၁ ကော ၁၁း၃ မှ တွေ့ရသည့် “ခရစ်တော်၏ ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်”ဟူသည့် ဖော်ပြချက်ကို မှတ်သားပါ။ တစ်နည်း အားဖြင့်၊ သုံးပါးတစ်ဆူမှာပင် ပုဂ္ဂိုလ်တစ်ဦးသည် ဦးခေါင်း (သို့) ဦးဆောင်သူ ဖြစ်သည်။ ခမည်းတော်ဘုရားသည် ခရစ်တော်၏ ဦးခေါင်းဖြစ်သည်။

သုံးပါးတစ်ဆူရှိ ပုဂ္ဂိုလ်များအားလုံးသည် ဘုရားဂုဏ်အင်္ဂါအပြည့်ရှိ ပြီး၊ ပင်ကိုယ် အရည်အသွေးတွင် လုံးဝတူညီမှု ရှိကြသည် မဟုတ်ပါသလား။ အမှန်ပင်ဖြစ်သည်။ သခင်ယေရှုက “ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝ တည်းဖြစ်သည်”ဟု ပြောခဲ့သည် (ယော ၁၀း၃၀)။ သူက “ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏” ဟု ပြောခဲ့သည် (ယော ၁၄း၉)။ ခရစ်တော် သည် “မျက်မြင်မရသော ဘုရား သခင်၏ ပုံသဏ္ဌာန်တော်ဖြစ်၏” (ကော ၁း၁၅)။ “ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏” (ကော ၂း၉)။ သုံးပါးတစ်ဆူ ပုဂ္ဂိုလ်များအကြား မည်သည့် အကြောင်းအရာမျှ မညီမျှသည့်အရာ မရှိပေ။

သို့သော် လုပ်ဆောင်မှုများတွင် ကွဲပြားမှုရှိကြသည်။ သားတော်သည် ခမည်းတော်၏ ဦးဆောင်ခြင်းကို လိုလိုလားလား ဝန်ခံသည်။ ယေရှုက “ကောင်းကင်ဘုံ၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှ တို့ကို ငါခံရပြီ”ဟု ပြောခဲ့သည် (မ ၂၈း၁၈)။ ထို့ပြင် “ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်းအမှုသည် ငါ့စားစရာဖြစ်၏”ဟု ပြောခဲ့သည်။ (ယော ၄း၃၄)။ သူက “အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်၊ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့ လိုက်၏”ဟု ပြောခဲ့သည် (ယော ၅း၃၀)။ ထို့ပြင် “ငါသည် ကိုယ် အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှ ဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသော သူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏”ဟု ပြောခဲ့ သည် (ယော ၆း၃၈)။ တစ်နည်းအားဖြင့် ခမည်းတော်နှင့် သားတော်သည် ဘုရားဖြစ်ခြင်း အရည်အသွေးနှင့် ဂုဏ်အင်္ဂါများတူညီသော်လည်း သူတို့သည် မတူညီသော လုပ်ဆောင်မှုများကို လုပ်ဆောင်ကြသည်။ ဘုရားသခင်ကိုယ် တိုင် ပုံဖော်ခြင်းဖြင့်၊ သားတော်သည် ခမည်းတော်၏ ဦးဆောင်မှုကို ဝန်ခံ သည်။ သားတော်၏ အခန်းကဏ္ဍသည် အနည်းငယ်နိမ့်သည့် အခန်းကဏ္ဍ တစ်ခုအဖြစ် လုံးဝဆိုလိုခြင်းမဟုတ်ဘဲ၊ ကွဲပြားသည့် လုပ်ဆောင်မှုတစ်ခုသာ ဖြစ်သည်။ သူသည် ခမည်းတော်၏ ဦးဆောင်ခြင်းကို လိုလိုလားလား ဝန်ခံ သော်လည်း ခရစ်တော်သည် ခမည်းတော်ထက် အနှစ်သာရ မနိမ့်ကျပေ။

ထိမ်းမြားခြင်း၌ အမှန်တရားသည် ထို့အတူပင်ဖြစ်သည်။ ဘုရား သခင်သည် ယောက်ျားများနှင့် မိန်းမများကို ကွဲပြားသည့် အခန်းကဏ္ဍများတွင် ခွဲခန့်ထားသော်လည်း မိန်းမများသည် ယောက်ျားများထက် မည်သည့်နည်းလမ်းဖြင့်မျှ နိမ့်ကျခြင်းမရှိပေ။ ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်သည်။ သူတို့သည် အနှစ်သာရ၌ လုံးဝ တူညီကြသည်။ မိန်းမသည် ယောက်ျား၏ ဦးဆောင်ခြင်းကို ဝန်ခံရမည့်နေရာတွင် ရှိသော်လည်း ဘုရား သခင်သည် ယောက်ျားကို သူ့မိန်းမနှင့် အတူတူဖြစ်ကြောင်း သိမှတ်ရန်နှင့် သူ့ကိုယ်ခန္ဓာကဲ့သို့ သူမကိုချစ်ရန် မိန့်မှာခဲ့သည်။

ဤအရာများအားလုံးသည် အပြန်အလှန်ဝန်ခံခြင်း နိယာမကို လှပ စွာ ပုံဖော်ခြင်းဖြစ်သည်။ ထို့ပြင် ထိုအရာသည် သမ္မာကျမ်းစာမှ ယောက်ျားနှင့် မိန်းမ ရုပ်ပိုင်းဆိုင်ရာပေါင်းစပ်ခြင်းအကြောင်း သွန်သင်ခြင်းအားဖြင့် နောက် ထပ် ပုံဖော်ထားသည့်အရာလည်း ဖြစ်သည်။ ၁ ကော ၇း၃ တွင် ရှင်ပေါလု က “ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအား ပြုစေလော့။ ထိုနည်း တူ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အား ပြုစေလော့”ဟု ရေးသားခဲ့သည်။ သူသည် ထိမ်းမြားခြင်းဖြင့် ပေါင်းစပ်ထားသည့် အယောက် စီတိုင်းသည် အခြားသူအတွက် တာဝန်တစ်ခုရှိကြောင်း သူရှင်းလင်းစွာ ဖော်ပြ ထားပြီး၊ ထိုတာဝန်ကို နှစ်ဘက်လုံးက ကျေပွန်ရန် အမိန့်ပေးခဲ့သည်။ သို့သော် သူက လင် (သို့) မယားသည် အခြားသူကိုယ်ခန္ဓာအပေါ် အခွင့်အာဏာ တစ်မျိုးရှိကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ “မိန်းမသည် မိမိကိုယ်ကို မပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိ ကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏”ဟု ဖြစ်သည် (ငယ် ၄)။ တဖန်၊ အသီးသီးသည် အချင်းချင်း ကို ဝန်ခံရမည်ဖြစ်ကြောင်း ကျွန်တော်တို့ တွေ့ရသည်။ ထိုတူညီသော အပြန် အလှန် ဝန်ခံခြင်းနိယာမသည် ရုပ်ပိုင်းဆိုင်ရာ ပေါင်းစပ်ခြင်းဖြင့် အစပြုပြီး၊ ထိမ်းမြားခြင်း ပြုမူဆက်ဆံခြင်း၏ ရှုထောင့်တိုင်းတွင် တည်ဆောက်ထား သည်။

တစ်ဖန်၊ ဤအရာသည် သမ္မာကျမ်းစာလာ ယောက်ျား၏ ဦးခေါင်းဖြစ် ခြင်းကို ဆန့်ကျင်မှု မပြုပေ။ သို့သော် ယောက်ျား၏ ဦးခေါင်းဖြစ်ခြင်းသည် အာဏာရှင်ကဲ့သို့ ဦးဆောင်မှုမျိုးကို မဆိုလိုပေ။ မိသားစုတစ်ခုလုံးသည် သူ၏ အလိုအတိုင်း နေရမည်ဆိုသည့် ပုံစံမျိုးလည်း မဟုတ်ပေ။

တစ်နည်းအရ၊ မိသားစုတွင် ဘုရာသခင်ခွဲခန့်ထားသည့် အခန်းကဏ္ဍ သည် သာလွန်ခြင်း (သို့) နိမ့်ကျခြင်းဟူသော အရာတစ်ခုမျှ မရှိပေ။ အမှန်မှာ ဇနီးသည်အတော်များများသည် သူတို့၏ အမျိုးသားများထက် ထူးချွန်ခြင်း၊ ဉာဏ်ပညာရှိခြင်း၊ ခေတ်ပညာတတ်ဖြစ်ခြင်း၊ စည်းကမ်းရှိခြင်း (သို့) ပိုင်းခြား ဉာဏ်ရှိသူများ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေကာမူ ဘုရားသခင်သည် မိသား စု၌ ယောက်ျားအား ဦးခေါင်းနေရာတွင် စီစဉ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မိန်းမသည် “အားနည်းသောသူ”ဖြစ်သောကြောင့် ဖြစ်သည် (၁ ပေ ၃း၇)။ ထို့ကြောင့် ယောက်ျားသည် သူ့မိန်းမကို ကိုယ်ကျိုးစွန့်ခြင်းနှင့် ကာကွယ်ခြင်းဖြင့် တုံ့ပြန်ရမည်။ မိန်းမသည် အဆင့်နိမ့်အခန်းကဏ္ဍတစ်ခုအဖြစ် နှိမ်ထားရန် မဟုတ်ဘဲ၊ သူသည် ယောက်ျားနှင့်အတူ ဘုရားသခင်ထံမှ အသက်ရှင်ခြင်းကျေးဇူးတော်ကို ထပ်တူထပ်မျှ အမွေခံရသူဖြစ်ပြီး၊ အိမ်ထောင်မိသားစု၏ အပြန်အလှန်ဆက်ကပ်ခြင်းကို ခံစားရသူပင်ဖြစ်သည်။

ထို့ကြောင့် ယောက်ျားသည် ဦးခေါင်းဖြစ်ပြီး၊ မိန်းမသည်လည်း အား နည်းသောသူဖြစ်နှင့်အလျောက် သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး အပြန် အလှန် နှိမ့်ချစွာဝန်ခံ ရမည်ဖြစ်ပြီး၊ မိမိခင်ပွန်းသည် ကိုယ်ထက်သာသည်ဟု ထင်မှတ်ရမည်။ အပြန်အလှန်ဝန်ခံခြင်း နိယာမသည် မိသားစု၌သော်လည်းကောင်း၊ အသင်းတော်၌သော်လည်းကောင်း ရှိရမည်။ ထို့ကြောင့် ခရစ်ယာန် အားလုံးအပါအဝင်၊ မိသားစုဝင် အယောက်စီတိုင်းသည် “ညီအစ်ကိုချစ်ခြင်း အရာမှာ၊ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ သူတပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့” (ရော ၁၂း၁၀)ဟူသော အရာကို လုပ်ဆောင် ရမည်ဖြစ်သည်။

ဤအရာသည် မိသားစုနှင့်ပတ်သက်ပြီး ရှင်ပေါလုပြောထားသည့် အရာအားလုံးအတွက် လုံးဝလိုအပ်သော အစပြုအချက်ဖြစ်သည်။ ခင်ပွန်း၊ ဇနီးသည်နှင့် သားသမီးများတို့၏ ကွဲပြားသည့် အခန်းကဏ္ဍအကြောင်း သွန် သင်ခြင်းအားလုံးသည် ဝိညာဉ်ရေးရာ ပြည့်ဝသော နှိမ့်ချခြင်း၌ တည်ဆောက် ထားသည်။ ထို့ကြောင့် ဤမရှိမဖြစ်သော ဝိညာဉ်တော်နှင့် ပြည့်ဝသည့် နှိမ့်ချပြည့်စုံသော မိသားစု ခြင်း ပညတ်သည် အပြန်အလှန်ဝန်ခံခြင်း၊ ဝိညာဉ်ရေးရာ ညီမျှခြင်း၊ ကိုယ့်ကို ကိုယ် အနစ်နာခံခြင်း၊ ဘုရားနှစ်သက်သည့် နှိမ့်ချခြင်းနှင့် ချစ်ခြင်းမေတ္တာဖြင့် အစေခံခြင်းတို့သည် အခြေခံနိယာမများအဖြစ် တည်ဆောက်ပေးသည်။ ထိုအရာများသည် မိသားစု သဟဇာတဖြစ်ခြင်း၏ သော့ချက်ဖြစ်ပြီး၊ ကျန် သည့်အရာများသည် စံနမူနာဖြစ်သော မိသားစုတစ်စု၏ အခြေခံအုတ်မြစ်ကဲ့ သို့ အရည်အသွေးများဖြစ်သည်။

ဇနီးသည်

ဘုရားသခင်သည် မိသားစုဖြစ်တည်ရန် ပုံဖော်ထားသည့် နည်းလမ်း ၌ လှပသည့် ဟန်ချက်ညီမှု တစ်ခုရှိသည်။ ယောက်ျားနှင့် မိန်းမသည် တစ်သားတစ်ကိုယ်တည်း ဖြစ်သည်။ ယောက်ျားများသည် ဝိညာဉ်ရေးရာ ဦးဆောင်မှုပြုခြင်း၏ အခန်းကဏ္ဍတွင် တာဝန်ရှိသော်လည်း နည်းလမ်းများ တွင် မိန်းမများသည် မိသားစုဝင်များ၏ အသက်တာ၌ ပိုမိုတန်ခိုးရှိခြင်းနှင့် လွှမ်းမိုးမှု အရှိဆုံးဖြစ်သည်။

ဤအရာ၏ ရှင်းလင်းသည့် သက်သေကို သင်မြင်ချင်ပါက၊ ရုပ်မြင် သံကြားတွင် ဘောလုံးပွဲအကြောင်း ကြည့်ပါ။ အမှတ်ရစရာ ကစားပွဲတစ်ခု ပြီးနောက် ဘေးထွက်ပေါက်နားတွင် ကစားသမားအချို့ကို ကင်မရာဖြင့် အနီး ကပ်ရိုက်ကြသည့်အခါ၊ သူတို့ ဧကန်အမှန်ပြောမည့်အရာမှာ “ဟိုင်း၊ မေမေ” ဟု ဖြစ်သည်။ ထိုအရာသည် အချိန်တိုင်း ဖြစ်သည်။ “ဟိုင်း၊ ဖေဖေ”ဟု ကျွန်တော် မမြင်ဖူးခဲ့ပေ။ ထိုပင်ကိုယ်အသိစိတ်သည် သူတို့မိခင်၏ လွှမ်းမိုး မှုတန်ခိုးကို သိနိုင်သည်။ သူတို့ဖခင်များသည် မည်သို့ တားဆီးရမည်၊ ကိုင်တွယ်ရမည်ကို သွန်သင်ပေးသူတစ်ဦး ဖြစ်သော်လည်း သူတို့နှလုံးသားများကို ချုပ်ကိုင်ထားသူမှာ မိခင်သာဖြစ်သည်။

ဘုရားသခင်သည် မိန်းမများကို အောက်ကျိုးခံခြင်းအတွက် ဖန်ဆင်း သည်မဟုတ်ဘဲ သူသည် မိန်းမများကို သားသမီးမွေးရန်နှင့် ကျွေးမွေးပြုစုရန် ပုံဖော်ထားခြင်းကြောင့် မိခင်များသည် သူတို့ကိုယ်တိုင် သားသမီးများကို ချစ်ခင်ပြီး၊ မည်သည့်ဖခင်မျှ မလုပ်နိုင်သည့် လွှမ်းမိုးမှုကို မိသားစုအပေါ် တွင် ပြုလုပ်နိုင်ကြသည်။

ထိုအရာသည် ၁ တိ ၂း၁၁-၁၅ ၏ အဓိပ္ပာယ်ဖြစ်ကြောင်း ကျွန်တော် ယုံကြည်သည်။ ရှင်ပေါလုက အသင်းတော်တွင် အမျိုးသမီးများ သွန်သင်ခြင်း (သို့) ယောက်ျားများအပေါ် အခွင့်အာဏာယူခြင်းကို တားမြစ်ထားခဲ့သည် (ငယ် ၁၂)။ သို့သော် သူက မိသားစုတွင် သူတို့အခန်းကဏ္ဍ၏ စွမ်းအားကို အသိအမှတ် ပြုထားပြီး၊ “သို့သော်လည်း ဣနြေစောင့်ခြင်းနှင့်တကွ ယုံကြည် ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌တည်လျှင်၊ သားဖွားခြင်းအမှု၌ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်”ဟု ပြောထားသည် (ငယ် ၁၅)။ သားသမီးမွေးဖွားခြင်းသည် မိန်းမများအတွက် ဝိညာဉ်ရေးရာ ကယ်တင်ခြင်း (သို့) အပြစ်မှ ရွေးနှုတ်ခံရ ခြင်းဆိုသည့် အဓိပ္ပာယ် မရှိကြောင်း သူက ရှင်းရှင်းလင်းပြောထားသည်။ ကျွန်တော်တို့သည် ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်သာ ကယ် တင်ခြင်းသို့ ရောက်ရကြောင်း ရှင်းလင်းသည့် သမ္မာတရားကို ချိုးဖောက်ရာ ရောက်ပေမည် ( ၂း၈-၉)။ ရှင်ပေါလု၏ ဆိုလိုရင်းမှာ မိန်းမများသည် မိသားစု၌ သူတို့၏ အခန်းကဏ္ဍအားဖြင့် မထင်ပေါ်စရာ၊ စိတ်ပျက်စရာမှ ကယ်တင်ခြင်းခံရသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူတို့ကိုယောက်ျားများနည်းတူ တန်ခိုးကြီးသော လွှမ်းမိုးနိုင်မှုတစ်ခုကို ပေးခဲ့ပြီး၊ အချို့ နေရာတွင် ယောက်ျားများ၏ ဦးခေါင်းဖြစ်ခြင်းထက် သာလွန်စေသည်။

အခန်း ၂

ဇနီးသည်၏ အခန်းကဏ္ဍ –

နှိမ့်ချစွာ ဝန်ခံခြင်း၊ ကျွန်ဖြစ်ခြင်း မဟုတ်

ဘုရားသခင်ခွဲခန့်ထားသည့် ဦးဆောင်ခြင်း အခန်းကဏ္ဍများနှင့် အ ခွင့်အာဏာကို အသိအမှတ်ပြုစဉ်တွင် မိသားစုအသက်တာတွင် အခြားသူ အား မည်သို့ အစေခံရမည်နည်း။ ထိုအရာသည် ရှင်ပေါလု နောက်ထပ်ဖော်ပြ သည့် အကြောင်းအရာဖြစ်ပြီး၊ ဧဖက် ၅း၂၂ တွင် အစပြုထားသည်။ သတိရ ရန်မှာ၊ စစ်မှန်သည့် ဝိညာဉ်တော်နှင့် ပြည့်ဝသော ပုဂ္ဂိုလ်၏ အသက်တာတွင် နှိမ့်ချစွာ ဝန်ခံသောလက္ခဏာ ရှိရမည်ဟု သူပြောခဲ့သည်။ ထို့နောက် သူသည် မိသားတစ်စုတွင် အပြန်အလှန်ဝန်ခံခြင်းကို မည်သို့ လုပ်ဆောင်ရမည့် အကြောင်း အသေးစိတ်ဖော်ပြသည်။

မိသားစုဘဝအသက်တာအတွက် တမန်တော်၏ ညွှန်ကြားချက်များ သည် ကျမ်းပိုဒ်အတော်များများတွင် တွေ့ရ၍ ဧဖက် ၅း၂၂ တွင် အစပြုပြီး အခန်းကြီး ၆၊ အခန်းငယ် ၄ အထိ ဖြစ်သည်။ သူသည် သန့်ရှင်းသောဝိညာဉ် တော်၏ သွန်သင်မှုအောက်တွင် ရေးသားခဲ့ခြင်းဖြစ်ခြင်းကြောင့် ထိုအရာသည်တမန်တော်၏ သီးသန့်အမြင်များသာ မဟုတ်ပေ (၂ ပေ ၁း၂၀-၂၁)။ ဘုရား သခင်ကိုယ်တိုင် ကျမ်းစာကို မှုတ်သွင်းရေးသားသည် (၂ တိ ၃း၁၆)။ ရှင်ပေါ လုက ဤနေရာတွင် မိန်းမများ၊ ယောက်ျားများ၊ သားသမီးများနှင့် မိဘများ အကြောင်းကို အစဉ်လိုက် ရေးသားခဲ့သည်။

မိန်းမများကို သတိပေးထားချက်သည် ရိုးရှင်းပြီး ကျမ်းသုံးပိုဒ်ဖြင့်သာ တွေ့ ရသည်။ “အချင်းမိန်းမတို့၊ ဘုရားသခင်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်ကို ဝန်ခံကြလော့။ အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ယောက်ျားသည် မိမိခင်ပွန်းအပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော် ၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ် စိုးခြင်းကို အရာရာ၌ ဝန်ခံကြရမည်” (ဧ ၅း၂၂-၂၄)။

ထိုကျမ်းပိုဒ်ရှိ များစွာသော သော့ချက်အမြင်များကို ချက်ချင်း ဖော်ပြ နိုင်သည်။ ပထမမှာ၊ ပြီးခဲ့သည့်အခန်းတွင် ကျွန်တော်တို့ လေ့လာခဲ့ပြီးသကဲ့ သို့၊ အခန်းငယ် ၂၂ ရှိ “ဝန်ခံခြင်း”ဟု ဘာသာပြန်ထားမှုသည် ဂရိမူရင်းကျမ်း တွင် အမှန်တကယ် မရှိပေ။ သို့သော်လည်း ထိုအမြင်သည် အခန်းငယ် ၂၁ ရှိ အမိန့်တော်မှ ရှင်းလင်းစွာဖော်ပြမှုကို သွယ်ဝိုက်ယူထားပြီး၊ ယုံကြည်သူ အားလုံးသည် အချင်းချင်း တစ်ယောက်နောက်တစ်ယောက် နှိမ့်ချစွာ ဝန်ခံမှု ရှိရန် ညွှန်ကြားထားချက်ဖြစ်သည်။ မှတ်သားရမည်မှာ မိန်းမများကိုသာ ပြော ဆိုခြင်းမဟုတ်ဘဲ၊ မိန်းမများသည် ဒုတိယလူတန်းစားဖြစ်ကြသည်ဟုလည်း မဆိုပေ။ ဆိုလိုသည့်အရာမှာ အသင်းတော်၌ လူအသီးသီးသည် တစ်ယောက်အောက်တစ်ယောက် နှိမ့်ချစွာဝန်ခံရမည်ဖြစ်သည် (၁ ပေ ၅း၅)။ ထို့ကြောင့် ဧဖက် ၅း၂၂ တွင် မိန်းမများသည် သူတို့၏ ဝန်ခံခြင်းကို မည်သို့ပြသရမည့် အကြောင်း လက်တွေ့ရှင်းပြခြင်းတစ်ခုဖြင့် အစပြုထားသည်။

ဒုတိယမှာ၊ ရှင်ပေါလုက ဤအပိုင်းတိုလေးတွင် မိန်းမများသည် မည် သူ့ထံသို့ ဝန်ခံရမည်ကို တိကျစွာဖော်ပြထားသည်ကို မှတ်သားရမည်။ သူက“အချင်းမိန်းမတို့ … ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့” ဟု ပြောထားသည် (ငယ် ၂၄)။ မိန်းမများသည် ယောက်ျားများ၏ အသုံးတော်ခံ များ မဟုတ်ဘဲ၊ ယောက်ျားများသည် အလိုအလျောက်အားဖြင့် မိန်းမအားလုံး အပေါ် အုပ်စိုးသောသူ မဟုတ်ပေ။ သို့သော် မိန်းမတစ်ဦးချင်းသည် မိမိခင် ပွန်း၏ ဦးခေါင်းဖြစ်ခြင်း၌သာ မိမိကိုယ်ကို ဆက်ကပ်ရန် ကျမ်းစာတွင် ဖော် ပြထားသည်။ တစ်နည်းအားဖြင့်၊ အငယ် ၂၁ တွင် သွန်သင်သည့်အတိုင်း ဘုရားသခင်ကို ကြောက်ရွံ့သော မိန်းမသည် မိသားစု၌ နှိမ့်ချသောစိတ်နှလုံး၊ အစေခံခြင်းနှင့် ပေးဆပ်ခြင်းများကို ကျင့်ရမည်ဖြစ်သည်။

တတိယမှာ၊ အမိန့်သည် ယေဘုယျဆန်ပြီး ကျယ်ပြန့်သည်။ ရှင်ပေါ လုက “အချင်းမိန်းမတို့”ဟု ဆိုထားသည်။ ဆိုလိုသည်မှာ ရှင်ပေါလုသည် မိမိယောက်ျားအပေါ် တာဝန်ကျေသည့် မိန်းမများကိုသာ ပြောဆိုသည်မဟုတ် ပေ။ ထို့ပြင် သားသမီးရှိသော အမျိုးသမီးများ၊ အသင်းတော် ခေါင်းဆောင် များ၏ ဇနီးသည်များ (သို့) သစ္စာရှိသော ယုံကြည်သူယောက်ျားများ၏ မိန်းမ များကိုသာ ပြောဆိုခြင်းမဟုတ်ပေ။ ထိုအရာသည် ဇနီးသည်တိုင်းအတွက် ပြတ်သားတိကျသည့် ခြွင်းချက်မရှိသည့် အမိန့်ဖြစ်သည်။ ထိုကြောင့် ယောက်ျားရှိသော မိန်းမတိုင်းသည် ထိုကျမ်းပိုဒ်၌ သွန်သင်သော မိမိခင်ပွန်း၏ အုပ်စိုးခြင်းကို နာခံရန် တာဝန်ရှိသည်။

ဤအမိန့်တွင် ရှင်ပေါလုဆိုလိုသောအရာသည် မည်သည့်အရာ နည်း။ ပြီးခဲ့သည့်အခန်းတွင် “ဝန်ခံခြင်း”အတွက် ဂရိဝေါဟာရသည် (nopotasso) “အောက်တွင် တန်းစီခြင်း” အနက်ရှိကြောင်း ကျွန်တော်တို့တွေ့ခဲ့ပြီဖြစ်သည်။ အနက်မှာ တစ်ဦးတစ်ယောက်က မိမိကိုယ်ကိုကို အခြား တစ်ယောက်အောက် နိမ့်ကျစေခြင်းဖြစ်သည်။ ထိုအရာသည် နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းအကြောင်း သွန်သင်ထားသည့် ဖိလိပ္ပိ ၂၃ နှင့်အတူတူ ပင် ဖြစ်သည်။ “သူတပါးသည် ကိုယ့်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။” ထိုသို့ ပြောဆိုရာတွင် အဆင့်အနိမ့်သည်ဟူသော ရည်ညွှန်းပြောဆိုသည့်ပုံစံ လုံးဝမရှိပေ။ အိမ်ထောင်မိသားစု (သို့) ထိမ်းမြားခြင်းတွင် ဒုတိယအဆင့်အတန်းအ ဖြစ် အမျိုးသမီးကို နှိမ့်ချခြင်းလည်း မဟုတ်ပေ။ ထိုအရာသည် အမျိုးသမီး များ၏ အခန်းကဏ္ဍကို ပြောခြင်းဖြစ်ပြီး၊ သူတို့၏ပင်ကိုယ် အနှစ်သာရကို နှိမ့်ချခြင်းမဟုတ်ပေ။

ဝန်ခံခြင်းဆိုသည့် ဝေါဟာရသည် နာခံခြင်း မဟုတ်ကြောင်း မှတ် သားပါ။ ခင်ပွန်းသည်၏ မြင့်မြတ်သည့် ပြင်းပြစိတ်များနှင့် ရည်ရွယ်ချက် များကို တက်ကြွစွာ လုပ်ဆောင်ခြင်း၊ စဉ်းစားချင့်ချိန်ခြင်း၊ ချစ်ခြင်း၊ ပညာရှိစွာ ဖြင့် အလေးထားခြင်းတို့အတွက် ပြောခြင်းဖြစ်သည်။ ထိုအရာသည် ယောက်ျား ၏ စိတ်ရှိသည့်အရာတိုင်းအား မျက်ကွယ်ပြုခြင်း၊ မျက်နှာလို မျက်နှာရလုပ် ခြင်း၊ စုံမှိတ်ပြီး ခေါင်းပိတ်ခြင်းမျိုးကို မဆိုလိုပေ။ “နာခံခြင်း” အတွက် ဂရိ ဝေါဟာရမှာ naupakoto ဖြစ်ပြီး၊ ထိုအရာသည် ၆း၁ ၌ သားသမီးများနှင့် ၆း၅ ၌ ကျွန်များအတွက် တောင်းဆိုထားသည့်အရာဖြစ်သည်။ သို့သော် ဇနီး သည်တစ်ဦးသည် ကလေးတစ်ဦးမဟုတ်သလို ကျွန်တစ်ဦးလည်း မဟုတ်ပေ။ ယောက်ျားသည် ကုလားထိုင်တွင်ထိုင်ပြီး၊ လိုအပ်သည်များကို ခိုင်းစေခံရန် စောင့်နေသူလည်း မဟုတ်ပေ (“ငါ့ကို ရီမုဒ်ပေးပါ။” “ငါ့ကို သောက်စရာ တစ်ခုခုပေးပါ။” “ငါ့ကို မုန့်တစ်ခုပေးပါ။” “ငါ့ဖိနပ် ယူပေး။” “ငါ့အတွက် ဆိုင်ကိုသွားပြီး တစ်ခုခုသွားဝယ်ပါ။”)။ သို့သော် ထိမ်းမြားခြင်းသည် အထက်ပါ ဆက်ဆံရေးကဲ့သို့မဟုတ်ဘဲ၊ ပုဂ္ဂိုလ်ရေးနှင့် ရင်းရင်းနှီးနှီး ပြုမူဆက်ဆံခြင်း ဖြစ်သည်။ ထိုအရာသည် ပေါင်းစပ်ထားမှုတစ်ခု၊ အပေါင်းအဖွဲ့တစ်ခု၊ အပြန် အလှန်အလေးထားရမည့် တစ်မူ ထူးခြားသည့် အရာဖြစ်ပြီး၊ ထိုသမ္မာတရား သည် “ကိုယ့်ခင်ပွန်း”ဟူသည့် ဝေါဟာရအားဖြင့် အလေးအနက်ဖော်ပြထား သည်။

ထိုဖော်ပြခြင်းအရာ၌ပင် အချင်းချင်း ကြင်နာမှုဖြင့် ပေါင်းဖွဲ့ခြင်းနှင့် အပြန်အလှန်ပိုင်ဆိုင်ခြင်းကို ဖော်ပြသည်။ ဇနီးသည်တစ်ဦးသည် မိမိပိုင်ဆိုင် သည့်သူတစ်ဦးထံသို့ ဝန်ခံခြင်းဖြင့် အဘယ့်ကြောင့် လိုလိုလားလား မတုံ့ပြန် ချင်သနည်း။ ရှင်ပေါလုသည် ယောက်ျားဖြစ်သူကို ဇနီးသည်က ဝန်ခံခြင်းသည် အကျိုးသင့်အကြောင်းသင့်ဖြစ်ခြင်းနှင့် လိုလားကြောင်းကို မသိမသာ ထောက် ပြခဲ့သည်။

ထိုအရာသည် ဇနီးသည်များအတွက် ဘုရားသခင်ကိုယ်တိုင် ခန့်ခွဲ ထားသည့် အခန်းကဏ္ဍတစ်ခုဖြစ်သည်။ က ၃း၁၆ တွင်၊ ဘုရားသခင်က ဧဝအား ပြောခဲ့သည်မှာ “ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်း၊ ကိုလည်း ခံရမည်”ဟု ဖြစ်သည်။ အခြားတစ်ဘက်တွင်၊ ထိမ်းမြားခြင်းသည် တစ်သားတစ်ကိုယ် တည်းဖြစ်လာသော လူနှစ်ယောက်၏ ပြည့်စုံသည့် ပေါင်း စပ်ခြင်းဖြစ်သည် (က ၂း၂၄)။ နောက်တစ်နည်းအရ၊ ဘုရားသခင်သည် ထိုပြု မူဆက်ဆံခြင်း၌ ယောက်ျားသည် ဦးဆောင်သူဖြစ်ရန်အတွက် ရှင်းလင်းစွာ ခွဲခန့်ထားခဲ့သည်။ သဘာဝတရားသည်ပင် ထိုအမိန့်တော်ကို အတည်ပြုကြောင်း တွေ့ရသည်။ ပုံမှန်အားဖြင့် ယောက်ျားသည် ပိုများသည့် ရုပ်ပိုင်း ဆိုင်နှင့် စိတ်ပိုင်းဆိုင်ရာခွန်အားများရှိ၍၊ အမျိုးသမီးများသည် ပိုမိုနူးညံ့သော နှလုံးသားရှိကြပြီး သူတို့ယောက်ျားများအတွက် သင့်တော်သော အထောက် အမအဖြစ် ပံ့ပိုးသူ၊ တွန်းအားပေးသူများအဖြစ် ကြင်နာတတ်သော ခွန်အား နှင့် လက္ခဏာများ အမြဲတမ်းရှိကြသည်။

ကျမ်းပြိုင်အဖြစ် ကော ၃း၁၈ တွင် ကျွန်တော်တို့ တွေ့ရပြီး၊ ရှင်ပေါ လုက အမျိုးသမီးများအား သူတို့ယောက်ျားများကို ဝန်ခံရန် ညွှန်ကြားထား သည်။ ထိုအမိန့်သည် အဘယ့်ကြောင့် အလွန်အရေးကြီးကြောင်း ဖော်ပြသည့် အတိုချုပ် စကားစုတစ်ခု သူထပ်ဖြည့်ထားသည်။ “အချင်းမိန်းမတို့၊ သခင် ဘုရား၌ လျောက်ပတ်သည့်အတိုင်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့”ဟု ဖြစ်သည်။ “လျောက်ပတ်သည့်အတိုင်း”ဆိုသည်ကို “လျော်ကန်သင့် မြတ်သော၊ သင့်တော်သော၊ (သို့) မှန်ကန်သော”ဟု ပြန်ဆိုသည်။ ထိုအရာ သည် တရားဝင်ခြင်း (သို့) ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ချည်နှောင်သည့် အရာတွင် အသုံးများသော အသုံးအနှုန်းဖြစ်သည်။ ရှင်ပေါလုသည် ယောက်ျား ၏ ခေါင်းဆောင်မှုပြုခြင်းနှင့် ဇနီးသည်၏ ဝန်ခံခြင်းမှာ လူ့အဖွဲ့ အစည်း အား လုံးနီးပါး လက်ခံရမည့် ပညတ်ဖြစ်ခြင်းကို ညွှန်ပြခြင်းဖြစ်ကြောင်း မြင်မိသည်။

(ထိုအမြင်သည် လူသားသမိုင်း၏ အားလုံးနီးပါးအတွက် အဖွဲ့အစည်းအများစု ၌ လက်ခံသည့်အရာအဖြစ် အသေအချာရှိခဲ့ပြီး၊ ရှင်ပေါလုအချိန်တွင် အတိ အကျ အမှန်တကယ် ဖြစ်ခဲ့သည်။) ရှင်ပေါလုက ထိုအရာသည် “လျောက်ပတ်သော”အရာဖြစ်ကြောင်း အကြံပြုထား၍၊ လူ့ယဉ်ကျေးမှုသမိုင်း တစ်လျှောက် တွင်လည်း လျောက်ပတ်သောအရာဖြစ်ကြောင်း မှတ်ယူရသည်။ အဘယ့်ကြောင့်ဆိုသော်၊ ထိုအရာသည် ဘုရားသခင်၏ အမိန့်တော်ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထိုအရာသည် “သခင်ဘုရား၌ လျောက်ပတ်သည့်အတိုင်း” ဖြစ် သည်။ ထိုအရာက ယောက်ျား၏ ဦးဆောင်မှုမှာ သင့်တင့်လျောက်ပတ်သည့် အကြောင်း အလွန်အားကြီးစွာ ဖော်ပြထားမှုဖြစ်သည်။

ယောက်ျား၏ ဦးဆောင်မှုပြုခြင်းနှင့် ဇနီးသည်၏ ဝန်ခံခြင်းသည် ယနေ့တွင် ရေပန်းစားသည့် အယူအဆမဟုတ်တော့ကြောင်း ကျွန်တော် သ ဘောပေါက်သည်။ အချို့သော ခရစ်ယာန်အသိုင်းအဝိုင်းများတွင်ပင် သမ္မာ ကျမ်းစာအမိန့်ကို ဖယ်ရှားရန် ကြိုးစား၍ လှုပ်ရှားနေကြပြီး၊ နိုင်ငံရေးအရ အသုံးအနှုန်း တစ်စုံတစ်ခုဖြင့် အစားထိုးလာကြသည်။ ကမ္ဘာကြီးက လူကို ခြင်းနှင့် သာတူညီမျှဖြစ်သည့် လူ့အဖွဲ့အစည်းကို ဖြစ်စေချင်ပြီး၊ လိင်ခွဲခြားမှု မရှိခြင်း၊ အဆင့်အတန်းခွဲခြားမှုမရှိခြင်း၊ ဖန်တီးထားသည့် သာတူညီမျှဖြစ်ခြင်း ကို လိုလားသည်။ ထိုအတွေးအခေါ်များကို ငြင်းဆန်ပြီး သမ္မာကျမ်းစာဆိုင်ရာ နိယာမများကို ဆွဲကိုင်ရမည့်အစား၊ အသင်းတော်အတော်များများသည် ကျွန် တော်တို့ခေတ်ကာလ၏ လိမ်ညာခြင်းများတွင် သားကောင်ဖြစ်နေခဲ့ကြသည်။

သို့သော် သမ္မာကျမ်းစာသည် ရှင်းလင်းပြီး ပြောင်းလဲမှုမရှိပေ။ ဇနီး သည်၏ အခန်းကဏ္ဍနှင့်ပတ်သက်ပြီး သမ္မာကျမ်းစာ ပြောထားသည့်အချိန် တိုင်းသည် အလေးထားမှုမှာ အတူတူပင်ဖြစ်သည်။ ထိုအရာသည် တမန်တော် ရှင်ပေါလု၏ တစ်ဖက်သက် သီးသန့်အမြင်၊ အကြံပြုချက်အချို့ မဟုတ်ပေ။ သမ္မာကျမ်းစာတွင် မပြတ်မသား ဖော်ပြထားသည့် မရှင်းလင်းသောအရာ တစ်ခု (သို့) ဒွိဟဖြစ်စေသည့် နိယာမလည်း မဟုတ်ပေ။ သမ္မာကျမ်းစာရှိ စာအုပ်တိုင်းတွင် ဇနီးသည်၏ အခန်းကဏ္ဍကို ပြောထားသည့် အကြောင်းအရာများသည် အခြေခံအားဖြင့် တူညီသည့်အရာများကို ပြောထားကြောင်း၊ သွန်သင်သည်။

၁ ပေ ၃း၁-၂

တမန်တော် ရှင်ပေတရုက ထိုအရာကို “အထက်ဆိုခဲ့ပြီးသည့်နည်းတူ၊ မိန်းမတို့ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ သို့ပြု၍ နှုတ်ကပတ် တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်၊ ထိုသူတို့သည် တရားမနာသော်လည်း၊ သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သော အကျင့် တို့ကို ထောက်ရှု၍၊ မိမိမယား၏ အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါ မည် အကြောင်းရှိ၏”ဟု ပြောထားသည် (၁ ပေ ၃း၁-၂)။

ရှင်ပေတရုသည် ရှင်ပေါလု သုံးထားသည့် ကြိယာ “ဝန်ခံကြလော့” (hupotasso) အတိုင်းပြန်ပြောထားသည်။ သူသည်လည်းအပြန်အလှန် ပိုင်ဆိုင်ခြင်း (“ကိုယ့်ခင်ပွန်း”)အကြောင်းကို အလေးအနက် ဖော်ပြခဲ့သည်။ မှတ်သားရမည့်အချက်မှာ ရှင်ပေတရုသည် ယုံကြည်သူတစ်ဦးမဟုတ်သည့်ယောက်ျားနှင့် အိမ်ထောင်ပြုသူမိန်းမ၏ အခြေအနေကို အသေအချာ ဖော်ပြ ခြင်းဖြစ်သည်။ ထို့ကြောင့် ဤအရာသည် ကျမ်းစာရှိ သော့ချက်ကျမ်းပိုဒ်တစ်ခု ဖြစ်ပြီး၊ ပုံမှန်ကြားနေရသည့် ဆွေးနွေးလမ်းညွှန်မှုပြုသူ (Counselor) မေး၊ ခွန်းတစ်ခု၏ အဖြေဖြစ်သည်။

အမျိုးသမီးတစ်ဦးက မကြာခဏပြောလိမ့်မည်မှာ “ကျွန်မယောက်ျား အကြောင်းကို သင် မသိပါဘူး။ သူက ခရစ်ယာန်တစ်ယောက်လည်း မဟုတ် ဘူး။ သူကိုယ်တိုင်လည်း ဘုရားသခင်ကို မနာခံဘူး။ အဲဒီလိုလူမျိုးကို ကျွန်မ ဘယ်လို ဝန်ခံရမှာလဲ။”ဟု ဖြစ်သည်။ သို့သော် ထိုသို့သော အခြေအနေမျိုး ကို ထိုကျမ်းပိုဒ်က ပြောဆိုသည့် အချက်ပင်ဖြစ်သည်။ “နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင်”ဟု အတိအကျဖြစ်ပြီး၊ ရှင်ပေတရုက မည်သည့်အခြေအနေမျိုးဖြစ်ဖြစ် ဝန်ခံပါဟု ပြောခဲ့သည်။

ထို့ကြောင့် မယုံကြည်သူ ယောက်ျားများနှင့် အိမ်ထောင်ပြုသူ အမျိုးသမီးများ အတွက် လွတ်ငြိမ်းခွင့်မရှိပေ။ အမှန်မှာ၊ ထိုသို့သော အမျိုးသမီးများသည် ချွင်းချက်မဟုတ်ဘဲ၊ ရှင်ပေတရုသည် အိမ်ထောင်ပြုခြင်းတွင် ဘုရားသခင် နှစ်သက်သည့် ဝန်ခံခြင်းအမှုကို ပြီးပြည့်စုံနိုင်သည့် ဥပမာတစ်ခုကဲ့သို့ သူတို့အား အသုံးပြုခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သော မိန်းမ၏ ဝန်ခံခြင်းသည် မယုံကြည်သူယောက်ျားကို အနိုင်ယူရန် အကောင်းဆုံး နည်း လမ်းဖြစ်နိုင်သည်ဟု သူပြောခဲ့ခြင်းဖြစ်သည်။

ယုံကြည်သောမိန်းမသည် သူမ နားပူနားဆာလုပ်ခြင်း (သို့) တရား ကို ဟောခြင်းများထက် သူမ၏ ဝန်ခံခြင်းအားဖြင့် မယုံကြည်သူ ယောက်ျား အပေါ် ပိုပြီးတန်ခိုးကြီး လွှမ်းမိုးမှုတစ်ခု ရှိနိုင်မည်ဖြစ်သည်။ ရှင်ပေတရုက သူမ၏ အကျင့်အားဖြင့် သူ့ယောက်ျားအား “တရားမနာသော်လည်း” (ငယ် ၂) သူ့အား ခရစ်တော်ထံသို့ ခေါ်ဆောင်နိုင်မည်ဖြစ်သည်။ မည်သို့သော အကျင့်ဖြစ်သနည်း။ “ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သော အကျင့်တို့” (ငယ် ၂) ဟု ဖြစ်သည်။ ဘုရားသခင်အား ကြောက်ရွံ့သောမိန်းမသည် ဝန်ခံခြင်းကို ပြသရမည့်နည်းမှာ သူမယောက်ျားအပေါ် အလွန်လေးနက်သော ရိုသေလေး စားခြင်းနှင့်တကွ သန့်ရှင်းစင်ကြယ်စွာ အသက်ရှင်ခြင်းအားဖြင့် ဖြစ်သည်။

အကျိုးအကြောင်း ဆက်စပ်ဆင်ခြင်ရမည့်အချက်မှာ “သင်တို့၌ တန် ဆာဆင်ခြင်းမူကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ …”(ငယ် ၃)ဟူသည့် အချက်ကို လည်း မှတ်သားရမည်။ ရှင်ပေတရုပြောသည့် အရာများသည် ယနေ့အတွက် လည်း လွန်စွာကိုက်ညီသည်။ အဘယ့်ကြောင့်ဆိုသော် မိန်းမများသည် အပြင် ပန်း အဆင်တန်ဆာများတွင် စွဲလန်းစေရန် ခေတ်ပြိုင်လူ့အဖွဲ့အစည်းများ၏ လွှမ်းမိုးမှုဖြင့် လောင်းရိပ်မိနေကြသည်။ ထိုအရာသည် မိန်းမတစ်ဦး၏ ဦးစား ပေးအလေးထားသင့်သည့်အရာ မဟုတ်ကြောင်း ရှင်ပေတရု ပြောခဲ့သည်။ ရှင်ပေါလုကလည်း ထိုသို့သောအရာကို ၁ တိ ၂း၉-၁ဝ တွင် “ထိုနည်းတူ မိန်းမတို့သည်၊ ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ၊ အဖိုးထိုက် သောအဝတ်နှင့် ကိုယ်ကိုမဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်းအား ဖြင့် လျောက်ပတ်သော အဝတ်ကို၎င်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်း၊ ကို ဝန်ခံပြုစုသော မိန်းမဆင်သင့်သည့်အတိုင်း ကောင်းသောအကျင့်နှင့်၄င်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏”ဟု ပြောထားသည်။

ထိုအဓိပ္ပာယ်ကို နားလည်မှု မလွဲပါစေနှင့်။ တမန်တော်များသည် လက်ဝတ်ရတနာများ၊ စတိုင်ကျသော ဆံပင်ပုံစံများ (သို့) အခြားလက်ဝတ် တန်ဆာများကို လုံးဝတားမြစ်ထားခြင်း မဟုတ်ပေ။ ထိုအရာများသည် အရေး ကြီးဆုံးအရာများ မဟုတ်ကြောင်းကို ရိုးရှင်းစွာ ပြောဆိုထားခြင်းသာ ဖြစ် သည်။ အမျိုးသမီးတစ်ဦး၏ ရုပ်ပုံသည် သူမ၏ စစ်မှန်သော လှပခြင်းအဖြစ် တိုင်းတာသတ်မှတ်ရန် မဟုတ်ပေ။

သမ္မာကျမ်းစာသည် အမျိုးသမီးများကို လက်ဝတ်ရတနာများ ဝတ် ဆင်ခြင်း၊ မိတ်ကပ်လိမ်းခြင်း (သို့) ဝတ်ကောင်းစားလှများ ဝတ်ဆင်ခြင်းကို တားမြစ်မထားပေ (က ၂၄:၂၂၊ သု ၂၅း၁၂၊ သီချင်း ၁း၁၀၊ ယေဇ ၁၆း၁၁-၁၃)။ သို့သော် သမ္မာကျမ်းစာက အမျိုးသမီးများသည် အပြင်ပန်း တန်ဆာ ဆင်ခြင်းဖြင့် အာရုံရောက်မနေကြသင့်ကြောင်း ရှင်းလင်းစွာ သွန်သင်ထား သည်။ မြင်သူတကာ၏ အာရုံစိုက်မှုကို လိုချင်မက်မောသော မိန်းမများသည် သူ့ခင်ပွန်းကို ဝန်ခံခြင်းမရှိကြောင်း ပြနေခြင်းဖြစ်သည်။

ထိုအပြင်ပန်းတန်ဆာဆင်ခြင်းများအစား ရှင်ပေတရုက အမျိုးသမီး များသည် အရင်ဆုံးလိုအပ်သည့် အရာမှာ အတွင်းစိတ်လှပခြင်းကို မွေးမြူရန် ဖြစ်သည်ဟု ပြောခဲ့သည်။ သူတို့ သည် အဓိကပူပန်သင့်သည်မှာ “ဘုရားသခင် ရှေ့မှာ အဖိုးများစွာထိုက်သော၊ နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော၊ တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့” (၁ ပေ ၃း၄) ဟု ဖြစ်သည်။ (၂၁) ရာစု နိုင်ငံရေး အရ မှန်ကန်သည့် အယူအဆများဖြင့် ရှင်ပေတရုပြောခဲ့သည့် မည်သည့်အရာ ကိုမဆို စဉ်းစားရန် ခဲယဉ်းသည်။ သူက အမျိုးသမီးများသည် ညင်သာခြင်း၊ သိမ်မွေ့ခြင်းနှင့် ဝန်ခံခြင်းတို့ ရှိရမည်ဟု ပြောထားပြီး၊ ကျယ်လောင်ခြင်း၊ဆူညံသောင်းကျန်းခြင်းနှင့် မိမိကိုယ်ကို ရှေ့တန်းတင်သူများ မဖြစ်သင့်ပေ။ သူတို့သည် သူတို့၏ အကျင့်စာရိတ္တနှင့်ပတ်သက်၍ ပူပန်ရမည်ဖြစ်ပြီး၊ လော ကကြီး၏ ခေတ်အလိုက် ဝတ်စားဆင်ယင်မှုများတွင် မဟုတ်ပေ။ တစ်နည်း အရ၊ ဘုရားသခင်နှစ်သက်သည့် အမျိုးသမီးတစ်ဦး၏ အစစ်အမှန်လှပခြင်းနှင့် အစစ်အမှန် ခွန်အားသည် သူမ၏ ယောက်ျားအတွက် အထောက်အမဖြစ်စေ ခြင်းနှင့် သူ့အား ဝန်ခံခြင်း၊ နူး ညံ့သိမ်မွေ့ခြင်းနှင့် တည်ငြိမ်အေးချမ်းမှုတို့ဖြင့် ဝန်ခံခြင်းကို ဖော်ပြရန်ဖြစ်သည်။ ထိုအရာက အမျိုးသမီးအခွင့်အရေးဝါဒထောက်ခံသူ (feminist) အတွက် လက်ခံရန် ခက်ခဲမည် ဖြစ်သော်လည်း သမ္မာကျမ်းစာမှ ပြောထားသည့်အရာဖြစ်သည်။

ရှင်ပေတရုက အမျိုးသမီးများသည် သူတို့ယောက်ျားများ ပြောသမျှ ကို မျက်စိမှိတ်ပြီး နာခံရမည်ဟု သွန်သင်ထားခြင်း မဟုတ်ပေ။ ထို့ပြင် သူတို့ သည် မတူညီသော အကြံပေးခြင်း (သို့) မိမိတို့ကိုယ်တိုင် စဉ်းစားခြင်းမပြုရ ဟုလည်း ဆိုလိုသည်မဟုတ်။ သို့သော် သူသည် ဘုရားသခင်နှစ်သက်သည့် အမျိုးသမီးတစ်ဦးမှာ သူ့ယောက်ျားအား ဆန့်ကျင်ပုံကန်ခြင်း (သို့) မိသားစု တွင် ဦးခေါင်းကဲ့သို့သော သူ့နေရာကို ရယူရန်ကြိုးစားခြင်းအားဖြင့် မဟုတ်ဘဲ၊ တိတ်ဆိတ်စွာ၊ ညင်သာစွာ၊ ရိုသေလေးမြတ်စွာဖြင့် သူမယောက်ျားကို “အနိုင်ယူ”ရန် လုပ်ဆောင်မည့်အကြောင်း ဖော်ထားခြင်းဖြစ်သည်။

မှတ်သားရမည်မှာ “ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သော၊ နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော၊ တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့”ဟု ဖြစ် သည်။ ဘုရားသခင်သည် အမျိုးသမီးတစ်ဦးကို ကြည့်သည့်အခါ၊ အပြင်ပန်း ပြင်ဆင်ထားသည့် လက်ဝတ်ရတနာများ၊ ဆံပင်ပုံစံ၊ မိတ်ကပ်စသည်တို့ကို သူအလေးထားမည်မဟုတ်။ သူမ၏အတွင်းစိတ်နှလုံး လှပခြင်းသည် ဘုရား သခင်၏ အမြင်တွင် တန်ဖိုးကြီးသည့်အရာ ဖြစ်သည်။ ထိုအရာသည် ဘုရား သခင် တန်ဖိုးထားသည့်အရာ ဖြစ်သည်။ ထိုအရာသည် ဘုရားသခင်ရှေ့တော် တွင် တန်ဖိုးကြီးသည့်အရာနှင့် သူ့အားကျေနပ်မှုကို ပေးသည်။ သူမ၏နူးညံ့သိမ်မွေ့ခြင်းနှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းသည် ဘုရားသခင်၏ အမြင် တွင် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည်။ သတိရ မှတ်သားရမည်မှာ “ထာ ဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်း သဏ္ဌာန်ကို ကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်ရှု တတ်သည်(၁ ရာ ၁၆း၇)။

ထို့ပြင် ရှင်ပေတရုသည် သမ္မာကျမ်းစာဆိုင်ရာနှင့် သမိုင်းကြောင်း ဆိုင်ရာ ရှုထောင့်များဖြင့် ဤအရာကို ဖော်ပြသည်။ “ဘုရားသခင်ကို ကိုးစား ၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ကိုယ်ကို တန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟု ခေါ်ဝေါ်၍ သူ၏ စကားကို နားထောင်သ ကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့ တုန်လှုပ်ခြင်း အလျှင်းမရှိဘဲနေလျှင် စာရာ၏ သမီးဖြစ် ကြ၏” (၁ ပေ ၃း၅)။ ရှင်ပေတရုသည် စည်းကမ်းအသစ်တစ်ခုကို လုပ်ဆောင် ခြင်းမဟုတ်ပေ။ ယနေ့ နိုင်ငံရေးဆိုင်ရာမှန်ကန်မှု (political correctness) က မည်သည့်အရာကို ပြောသည်ဖြစ်ပါစေ၊ ရှင်ပေတရု သွန်သင်သော နိယာမ များသည် ခေတ်နောက်မကျပေးပေ။ အဘယ့်ကြောင့်ဆိုသော် သန့်ရှင်းခြင်း သည် “ဘုရားသခင်ကို ကိုးစားသည့် အမျိုးသမီးများ”၊ ဘုရားသခင်နှစ်သက် သည့် အမျိုးသမီးများတွင် အမြဲတမ်း ပူပန်မှုရှိနေကြသည့် အရာဖြစ်သည်။ သူတို့သည် သူတို့၏ အပြင်ပန်းသဏ္ဌာန်ကို အလှဆင်ခြင်းထက် သူတို့၏ အကျင့်စရိုက်ကို အလှဆင်ခြင်းအား ပိုနှစ်သက်သည်။

ရှင်ပေတရုပေးသည့် ပုံဥပမာသည် စာရာ၏ အသက်တာမှဖြစ်သည်။ “စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏စကားကို နားထောင်သကဲ့ သို့” ဆိုသည်ကို မှတ်သားပါ။ “သခင်”ဆိုသည်မှာ ရာထူးဂုဏ်ပုဒ်ကိုသာ ဆိုလို သည်မဟုတ်ဘဲ၊ လေးလေးနက်နက် ရိုသေလေးစားခြင်းကိုလည်း ဖော်ပြ သည်။ ထိုအရာသည် စာရာ၏ နူးညံ့သိမ်မွေ့ခြင်းနှင့် တိတ်ဆိတ် ငြိမ်သက် သောစိတ်ထား ရှိခြင်း၏ သက်သေဖြစ်သည်။ ဂလာတိ ၃း၇ နှင့် ရောမ ၄း၁၁ အရ၊ အာဗြဟံသည် ဝိညာဉ်ရေးရာတွင် ယုံကြည်သူများ၏ ဖခင်ကြီးဖြစ်သည်။ ၁ ပေ ၃း၅ အရ “သင်တို့သည်ကောင်းမွန်စွာ ကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျှင်းမရှိဘဲနေလျှင် စာရာ ၏ သမီးဖြစ်ကြ၏”ဟု ဆိုသည့်အတိုင်း စာရာသည် ဝန်ခံခြင်းရှိသော မိန်းမ များ၏ မိခင်ကြီးဖြစ်သည်။

အမျိုးသမီးအချို့က “ကျွန်မ ကျွန်မယောက်ျားကို ဝန်ခံဖို့ ကြောက် တယ်။ ကျွန်မရဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားမှာ ကြောက်တယ်။ သူက ကျွန်မအပေါ် မတရားလုပ်မယ်”ဟု ဖြစ်သည်။ ရှင်ပေတရု၏ အဓိကအချက် မှာ ရှေးခေတ်က သန့်ရှင်းသော မိန်းမသည် “ဘုရားသခင်ကို ကိုးစား”သောသူ (ငယ် ၅) ဖြစ်သောကြောင့် သူတို့သည် ဘုရားသခင်ကို နာခံခြင်း၌ ကြောက်ရွံ့ ခြင်း ရှိမည်မဟုတ်ဟု ဖြစ်သည်။ အကယ်၍ သူတို့၏ ယောက်ျားများသည် ဝန်ခံမှုကို အသုံးချပါက၊ ဇနီးသည်များသည် ပြဿနာများကို ဖြေရှင်းရန် ဘုရားသခင်ကို ကိုးစားခဲ့ကြသည် (ရော ၁၂း၁၉)။ သူတို့က ဘုရားသခင်သည် မိမိတို့နာခံခြင်း၏ အကျိုးကိုပေးမည်ဟု သိခဲ့ကြသောကြောင့်၊ သူတို့သည် မိမိတို့ယောက်ျားအား ဝန်ခံခြင်းအမှုကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်မည်ဖြစ်သည်။

အခန်းငယ် ၂ (“သင်တို့၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့် တို့ကို ထောက်ရှု၍”နှင့် အခန်းငယ် ၅ (သင်တို့သည် ကောင်းမွန်စွာကျင့်၍ကြောက်ရွံ့တုန်လှုပ်ခြင်းအလျှင်းမရှိဘဲနေလျှင်”) နှစ်ခုအကြား စိတ်ဝင်စား ဖွယ် ဆက်နွယ်မှုကို မှတ်သားပါ။ ထိုနေရာတွင် ကြောက်ရွံ့ခြင်း နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ငြိမ်သက်မှုတို့ဖြင့် ပြီး ပြည့်စုံပြီး သဟဇာတဖြစ်သည့် နက်နဲသော၊ ရိုသေလေးစားခြင်းဖြစ်သည် (ငယ် ၂)။ အခြားတစ်ခုမှာ တုန်လှုပ်ခြင်းကို ဖြစ်စေသည့် ကြောက်ရွံ့မှုတစ်ခုဖြစ်သည် (ငယ် ၅)။ သို့သော် စစ်မှန်သော ယုံကြည်ခြင်းသည် ပထမ၌ ကြောက်ရွံ့ခြင်း ကို ဖြစ်စေပြီး၊ ဒုတိယ၌ ကြောက်ရွံ့ခြင်းကို ပယ်ရှားပေးသည်။

တမန်တော် ရှင်ပေတရု ဖော်ပြချက်အရ ဘုရားသခင် နှစ်သက်သည့် ဇနီးသည်တစ်ဦး၏ လက္ခဏာများမှာ သူမသည် ဝန်ခံခြင်း၊ ဣန္ဒြေရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ တိတ်ဆိတ်ညင်သာခြင်း၊ ရိုသေလေးစားခြင်း၊ ကိုးစားခြင်း နှင့် သူမ၏ အကျင့်အားလုံးတွင် သန့်ရှင်းစင်ကြယ်ခြင်းရှိသူ ဖြစ်သည်။ အ ထက်ပါလက္ခဏာများသည် ဘုရားသခင်၏ မျက်မှောက်တော်၌ အလွန်အဖိုး ၊ ထိုက်သောအရာအဖြစ် ဖျက်ဆီးမရနိုင်သည့် အမျိုးသမီးဆန်သော လှပမှုကို ပြည့်စုံစွာ ဖော်ပြချက်တစ်ခုဖြစ်သည်။ ထိုအရာသည် ကောင်းမွန်သော ခြုံငုံ သုံးသပ်ချက်နှင့် အစပြုခြင်းဖြစ်သည်။ သို့သော် သမ္မာကျမ်းစာသည် ဘုရား သခင်နှစ်သက်သည့် ဇနီးသည်နှင့် မိခင်တို့၏ အခန်းကဏ္ဍအကြောင်း များစွာ ပြောရန် ရှိသေးသည်။

တိတု ၂:၃-၅

ယခုတွင် ကျွန်တော်တို့သည် ဘုရားသခင်နှစ်သက်သည့် ဇနီးသည် တစ်ဦးရှိ လုပ်ငန်းတာဝန်များ၏ အသေးစိတ်ဖော်ပြသည့် အခြား ကျမ်းပိုဒ်များ ကို ကြည့်ကြမည်ဖြစ်သည်။ တိတု ၂ သည် “စင်ကြယ်သော ဩဝါဒနှင့် ထိုက်တန်သမျှ” အကြောင်းနှင့်ပတ်သက်ပြီး တိတုထံသို့ ရှင်ပေါလု ၏ သတိပေးခြင်းဖြင့် အစပြုထားသည် (ငယ် ၁)။ သို့သော် ရှင်ပေါလု ဖော် ပြခဲ့သည့် အကြောင်းအရာများသည် ငြီးငွေ့ဖွယ်ကောင်းသော၊ စိတ်ကူးယဉ် သက်သက်ဖြစ်သော (သို့) ဓမ္မပညာရေးဆိုင်ရာ အတွေးအခေါ်များသာ မ ဟုတ်ပေ (အဘယ့်ကြောင့်ဆိုသော် “ဩဝါဒ”ကို အထက်ပါကဲ့သို့ လူအများ ထင်သောကြောင့် ဖြစ်သည်)။ ထိုအစား ရှင်ပေါလုက အသက်ကြီးသော ယောက်ျားများ၊ အသက်ကြီးသော မိန်းမများ၊ အသက်ပျိုသော ယောက်ျားများ၊ အသက်ပျိုသော မိန်းမများတို့၏ အမျိုးမျိုးသော တာဝန်များကို အစဉ်လိုက် ဖော်ပြခဲ့သည်။

ဤအရာသည် အသက်ကြီးသူ မိန်းမများနှင့် အသက်ပျိုသူ မိန်းမ များတို့၏ တာဝန်များကို အသေးစိတ် ဖော်ပြသည့်အခန်းဖြစ်သည်။ထိုနည်းတူ အသက်ကြီးရင့်သော မိန်းမတို့သည်၊ ကျင့်ကြံပြုမူရာမှာ၊ဓမ္မအမှုနှင့် ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကျူးတတ်သောသူ၊ ကောင်းသောအတတ်ကို သင်ပေးတတ်သော သူ ကိုယ်တိုင်ဖြစ်၍၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ ခြင်းနှင့် ကင်းလွတ်စိမ့်သောငှာ၊ အသက်ပျိုသော မိန်းမတို့သည် ကိုယ် ခင်ပွန်းကို ချစ်သောသူ၊ သားသမီးကို ချစ်သောသူ၊ ဣန္ဒြေစောင့်သော သူ၊ စင်ကြယ်သောသူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသောသူ ဖြစ်စေခြင်းငှာ၊ အသက်ကြီး ရင့်သော မိန်းမတို့သည် ဆုံးမပေးရမည်အကြောင်း တိုက်တွန်းသွေး ဆောင်လော့” (ငယ် ၃-၅)။

“အသက်ကြီးရင့်သောမိန်းမ”ဟု ဖော်ပြခြင်းသည် အသက်အရွယ် ကြီးရင့်ခြင်းကို ပြောခြင်းမဟုတ်ဘဲ ရင့်ကျက်သော အမျိုးသမီးများကို ရည် ညွှန်းခြင်းဖြစ်သည်။ သို့သော် မိသားစုကို မြှင့်တင်ပေးခြင်းနှင့် အိမ်သားများကို စည်းကမ်းရှိစွာပြုစုနိုင်သည့် အရည်အချင်းရှိသော အတွေ့အကြုံရှိ အမျိုးသမီး များနှင့် မိခင်များကို ပြောခြင်းဖြစ်သည်။ သူတို့အတွက် ရှင်ပေါလှပေးသည့် တာဝန်များသည် ရိုးရှင်းပြီး ပြတ်သားသည်။ သူတို့သည် သန့်ရှင်းသော အ သက်တာရှိသည့် အမျိုးသမီးများ ဖြစ်ရမည် (“ဓမ္မအမှုနှင့်ထိုက်တန်သောသူ၊ မချော စားတတ်သောသူ၊ စပျစ်ရည်၌ မလွန်ကျူးတတ်သောသူ)။ ထို့ပြင် သူတို့သည် သွန်သင်ဆုံးမတတ်သော သူများဖြစ်ရမည် (“ကောင်းသော အတတ်ကို သင်ပေးတတ်သောသူ”)။

မည်သူကို သူတို့ သင်ကြားရမည်နည်း။ ပျိုရွယ်သော အမျိုးသမီးများ ကို သင်ပေးရမည်။ သူတို့ ဘာကိုသင်ရမည်နည်း။ ရှင်ပေါလုသည် အမျိုးသမီး များအတွက် ရိုးရှင်းသည့် တာဝန်များကို အစဉ်လိုက် စာရင်းပြုစုထားသည်။ ဩဝါဒစာစောင်ရှိ ဤအခန်းတွင် အမျိုးသမီးများသည် အမှုတော်မြတ်၌ မိမိ တို့၏ ဝိညာဉ်ဆုကျေးဇူးများကို အကောင်းဆုံး အသုံးပြုနိုင်ရန် လှပစွာ ဖော်ပြ သည့် အခန်းလည်းဖြစ်သည်။ မိသားစုနှင့် အိမ်ထောင်ပြုခြင်း၌ အောင်မြင်မှုရှိရန် လိုအပ်သည့် နိယာမများနှင့် ကျွမ်းကျင်မှုများအား အသက်ကြီးသူ အမျိုး သမီးများက ငယ်ရွယ်သော အမျိုးသမီးများကို သွန်သင်ပေးရမည်။ အတွေ့ အကြုံရှိသော အမျိုးသမီးများနှင့် မိခင်များသည် ကောင်းမွန်သော ဇနီးသည် များ၊ မိခင်များနှင့် အိမ်ထောင်ရှင်မများဖြစ်ရန် လိုအပ်သည့် သိမှတ်ဖွယ်ရာ များကို ငယ်ရွယ်သော အမျိုးသမီးများအား သွန်သင်ခြင်း၌ သူတို့၏ ကြီးမြတ် သည့် အမှုတော်ဆောင်ခြင်းတစ်ခုကို တွေ့လိမ့်မည်ဖြစ်သည်။

အမျိုးသမီးများ၏ သမ္မာကျမ်းစာဆိုင်ရာ ဦးစားပေး လုပ်ဆောင်ခြင်း သည် မိသားစုနှင့် အိမ်တွင် ဗဟိုဖြစ်ကြောင်းကို မှတ်သားပါ။ “ကိုယ်ခင်ပွန်းကို ချစ်သောသူ၊ သားသမီးကို ချစ်သောသူ၊ ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သော သူ၊ မိမိအိမ်ကိုပြုစုသောသူ၊ ကောင်းမွန်သောသူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသောသူ ဖြစ်စေခြင်းငှာ” (ငယ် ၄-၅)။ အစပြုထားသည့်အချက်သည် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အမျိုးသမီး၏ ချစ်ခြင်းသည် သူ့ခင်ပွန်းနှင့် သားသမီး များအတွက်ဖြစ်သည်။ ထို့ပြင် သူမသည် ထိုချစ်ခြင်းကို သူမ၏ မိသားစုတွင် အဓိကနယ်ပယ်ထဲတွင် အကျင့်နှင့် ကိုယ်ကျိုးစွန့် ပေးဆပ်ခြင်းတို့ဖြင့် ဖော်ပြရ မည်ဖြစ်သည်။

“နာခံသောသူ” (မြန်မာ့စံမီကျမ်းစာ) ဟု ဖော်ပြမှုသည် အခန်းငယ် ၅ ၌ အချို့သော ဘာသာပြန်ကျမ်းများတွင် အသုံးပြုထားသော်လည်း၊ ဂရိဝေါဟာရသည် hupakauo (“နာခံခြင်း”)မဟုတ်ဘဲ၊ ဧဖက် ၅း၂၂ နှင့်ကော ၃း၁၈ ရှိ /hupotasso (“ဝန်ခံခြင်း”)နှင့် အတူတူဖြစ်ကြောင်း၊ ကျွန်တော်တို့ တွေ့ရ သည်။ အပြန်အလှန်ပိုင်ဆိုင်ခြင်းကို ဖော်ပြသည့် စကား လုံး “မိမိခင်ပွန်းကို နာခံသောသူ”ကို ထပ်မံမှတ်သားပါ။ ထိုအသုံးအနှုန်းသည် ရင်းနှီးမှုနှင့် ဇနီးမောင်နှံနှစ်ဦး၏ ချစ်ခြင်းမေတ္တာကို အပြန်အလှန် အလေး ထားခြင်းဖြစ်သည်။ ထို့ကြောင့် အချင်းချင်း အနစ်နာခံရမည်ဖြစ်သည်။ ရှင် ပေါလုက အမျိုးသမီးများသည် သူတို့ ၏ ယောက်ျားများကို ဝန်ခံသည့်အခါ တစ်လမ်းသွားပုံစံဖြင့် လုပ်ဆောင်ရန် ဆိုလိုသည်မဟုတ်ပေ။

တိတု ၂ ရှိ ဖော်ပြချက်တစ်ခုသည် အထူးမှတ်သားဖွယ်ရာ ဖြစ်သည်။

ထိုအရာမှာ “မိမိအိမ်ကို ပြုစုသောသူ”(homemakers) ဖြစ်သည်။ ဂရိဝေါ ဟာရမှာ oikourgous ဖြစ်ပြီး၊ မူရင်းအဓိပ္ပာယ်မှာ “အိမ်မှာ အလုပ်လုပ်သူ” ဖြစ်သည်။ Oikos ဟူသော ဂရိစကားလုံးသည် “အိမ်”ဖြစ်ပြီး၊ ergon မှာ “အလုပ်၊ အလုပ်ထမ်းဆောင်ခြင်း”ဖြစ်သည်။ ထိုအရာက အိမ်ထောင်ပြုသော အမျိုးသမီး၏ ပထမဆုံးတာဝန်မှာ သူမ မိသားစု၊ သူမအိမ်၌ ဖြစ်ကြောင်း ၊ဖော်ပြထားသည်။ ထို့ကြောင့် သူမအိမ်ကို စီမံခန့်ခွဲခြင်းသည် သူမ၏ ဦးစား ပေးလုပ်ဆောင်ရမည့်အရာ၊ သူမ၏ ပထမဆုံးအလုပ်၊ သူမ၏ အရေးအကြီး ဆုံးအလုပ်၊ သူမ၏ စစ်မှန်သော လုပ်ငန်းဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် (၂၁) ရာစုတွင် ဤအချက်ကို ယုံကြည်သူများ ကျင့်သုံးဖို့ရန် ဖော်ပြခြင်းဖြစ်ကြောင်း ကျွန်တော် ယုံကြည်သည်။

ကျွန်တော်တို့သည် ယခုခေတ် လူ့အသိုင်းအဝိုင်းတွင် ကြီးမားသည့် ပြဿနာတစ်ခုကို ရင်ဆိုင်နေသည်။ ထိုအရာမှာ အိမ်၌ မည်သူမျှ မရှိခြင်းဖြစ် သည်။ အမေရိကန်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနမှ လက်ရှိစာရင်းများအရ အသက်ခြောက်နှစ်အောက် ကလေးများ၏ အမေရိကန် မိခင်များ သုံးပုံနှစ်ပုံ ခန့်သည် အိမ်အပြင်တွင် အလုပ်လုပ်နေရကြောင်း ဖော်ပြသည်။ သန်း (၅၀)လောက်သော မိခင်များသည် အိမ်အပြင်တွင် အလုပ်လုပ်နေကြရပြီး၊ သန်း ပေါင်းများစွာသော မူကြိုအရွယ် ကလေးသူငယ်များသည် အိမ်တွင်မဟုတ်ဘဲ နေ့ကလေးထိန်းစင်တာများတွင် ကြီးပြင်းခဲ့ကြရသည်။ ၁၉၇၀ ခုနှစ်များတွင် မိခင်များ လုပ်ငန်းခွင်ထဲသို့ ပိုမိုပြီး ဝင်လာခဲ့ကြသည်။ ထို့နောက် သက်ရောက် မှုများသည် လူ့အဖွဲ့ အစည်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့သည်။ အိမ်ပြင်ထွက် အလုပ်လုပ်ကြရသော မိခင်များကြောင့် အရွယ်မရောက်သေးသူ များ ပြစ်မှုကျူးလွန်မှုများလာခြင်း၊ အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် ကွာရှင်းမှု များ သိသိသာသာ တိုးလာခြင်း၊ မိသားစုပြိုကွဲခြင်းနှင့် အခြားပြဿနာများစွာ ကို ဖြစ်စေခဲ့သည်။

စီးပွားရေးနှင့် လူမှုရေးရာ အခြေပြုသည့် အမြင်များသည် အိမ်ပြင် ပတွင် အလုပ်လုပ်သော အမျိုးသမီးများအား ကာကွယ်ပေးကြောင်းကိုလည်းကျွန်ုပ်သတိထားမိပါသည်။ ထိုသို့သော အတွေးအခေါ်များသည် ယနေ့အဖွဲ့ အစည်းများ၌ မိခင်ဝတ္တတရားပျက်ကွက်သူအတော်များများကို ဆိုးကျိုးသက် ရောက်မှုများ ရှိခြင်းကြောင့် ကောင်းမွန်သော ဖြေရှင်းချက် မရှိပေ။ သို့သော် ပိုအရေးကြီးသည်မှာ၊ မိခင်များ၏ လုပ်ငန်းနှင့်ပတ်သက်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ခေတ်ပေါ်အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု အစီအ စဉ် (feminist agenda)ကို ပြတ်သားစွာ ဆန့်ကျင်သည်။ သမ္မာကျမ်းစာအရ၊ မိခင်တစ်ဦး၏ အသက်တာသည် အိမ်၌သာ ရှိသည်။ ထိုအရာက သူမ ပထမ ရှိရမည့်နေရာ၊ အရေးအကြီးဆုံးသောအရာ၊ ဘုရားသခင်ပေးထားခဲ့သည့် တာဝန်ဖြစ်သည်။ ထိုအရာက အသက်ကြီးသူအမျိုးသမီးများသည် အသက် ငယ်သူ အမျိုးသမီးများကို သွန်သင်ရမည့်အရာလည်း ဖြစ်သည်။

၁ တိ ၅ တွင်၊ ရှင်ပေါလုက မုဆိုးမများအား ဂရုစိုက်ရန် အသင်းတော် တစ်ပါး၏ တာဝန်ဖြစ်ကြောင်း မေးခွန်းဖြင့် ဖော်ပြထားသည်။ ရှင်ပေါလုက မုဆိုးမများသည် မိမိတို့ကိုယ်ကို လုပ်ကျွေးဖို့ရန် အလုပ်လုပ်ရန်ထက်၊ သူတို့၏ သားသမီးများသည် စောင့်ရှောက်လုပ်ကျွေးရန် တိုက်တွန်းခဲ့သည်(၁ တိ ၅း၈)။ အကယ်၍ ပြုစုမည့်သူ သားသမီးများမရှိပါက၊ အသင်းတော်မှ မုဆိုးမကို စောင့်ရှောက်ရန် တာဝန်ရှိသည် (ငယ် ၁၆)။ ထိုအကြောင်းအရာကို ဆွေးနွေး ခြင်းတွင် ရှင်ပေါလုက “ထို့ကြောင့် အသက်အရွယ်နုပျိုသော မုဆိုးမတို့သည် အိမ်သင့်ခြင်း၊ သားဖွားခြင်း၊ အိမ်မှုကြည့်ရှုပြုစုခြင်း၊ ကဲ့ရဲ့စရာအခွင့်ကို ရန်သူ အားမပေးဘဲ နေခြင်းအမှုများကို ပြုစေခြင်းငှာ ငါအလိုရှိ၏”ဟု ထပ်ပြောထား သည် (ငယ် ၁၄)။ “အိမ်မှုကိစ္စကို ကြည့်ရှုပြုစုခြင်း”ဆိုသည့် ဖော်ပြချက်သည် ဂရိဝေါဟာရ oikodespoteo အား ဘာသာပြန်ဆိုမှု တစ်ခုဖြစ်ပြီး၊ လမ်းညွှန် ခြင်း၊ အုပ်စိုးခြင်း (သို့) အိမ်တစ်ခုကို စီမံခန့်ခွဲခြင်းဟု ပြောခြင်းဖြစ်သည်။ ထိုအမှုများကို မလုပ်ဆောင်သော မိန်းမသည် မိမိကိုယ်ကို အရှက်ဖြစ်စေခြင်း၊ ပင်ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုက အသက်ငယ် မုဆိုးမများအား အသက် မွေးဝမ်းကြောင်း လုပ်ခြင်းထက် ပြန်လည်အိမ်ထောင်ပြုရန် တိုက်တွန်းထားပြီး အမျိုးသမီးများအတွက် ဘုရားသခင်၏ ပုံဖော်ထားသည့်အရာလည်းဖြစ်သည်။

ဆက်လက်ပြီး၊ သမ္မာကျမ်းစာကလည်း ဇနီးသည်၏ အခန်းကဏ္ဍသည် အိမ်အတွင်းတွင် ဖြစ်ပြီး၊ အပြင်ဘက်တွင်မဟုတ်ကြောင်း ဖော်ပြထားသည်။

ဤနိယာမသည် “မိမိခင်ပွန်းကို” ဝန်ခံခြင်းအမြင်နှင့် သက်ဆိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သင်သည် အိမ်အပြင်တွင် အသက်မွေးဝမ်းကြောင်း အလုပ် လုပ်နေသည့် ဇနီးသည်တစ်ဦးဖြစ်ပါက၊ ဖြစ်နိုင်ချေရှိသည်မှာ သင့်ယောက်ျားအပြင် တစ်စုံတစ်ယောက်ကို ဝန်ခံဖို့ရန် လိုအပ်သည့် အခြေအနေ တစ်ခု သင်ရှိလာမည်ဖြစ်သည်။

၁ တိ ၂:၁၅ ရှိ နိယာမကို မှတ်မိရမည် (“သို့သော်လည်း၊ ဣနြေ စောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌ တည်လျှင်၊ သား ဖွားခြင်းအမှု၌ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်”)။ အမျိုးသမီးများသည် မိမိတို့ ခင်ပွန်းသည်၏ ဦးဆောင်မှုအောက်တွင် မိမိ၌ရှိသော သားသမီးများ အား အဓိကလွှမ်းမိုးမှုရှိရန် ဘုရားသခင်အလိုတော်ရှိသည်။ အခြားအသက် မွေးဝမ်းကြောင်းအတွက် ရွေးချယ်သော ဇနီးသည်များနှင့် မိခင်များသည် သူတို့၏ အိမ်နှင့် မိသားစုတွင် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို အဆုံး ရှုံးခံရန် စွန့်စားရာရောက်ပေသည်။

ထိုသို့ဆိုရာတွင် အမျိုးသမီးများသည် ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးများနှင့် အရည်အချင်းများကို ဘေးဖယ်ထားပြီး အိမ်မှုကိစ္စများကို ကျွန်ကဲ့သို့ လုပ်ရမည်ဟု ဆိုလိုခြင်း ဖြစ်ပါသလား။ ထိုအရာသည် အမျိုးသမီး အခွင့်အရေး အားပေးသူ (feminist) မှ လှောင်ပြောင်သောအရာပင် ဖြစ် သည်။ သို့သော် သမ္မာကျမ်းစာ၌ သီလနှင့်ပြည့်စုံသော ဇနီးသည်နှင့် မိန်းမကို ပုံဖော်ထားသည်မှာ ထိုသို့မဟုတ်ပေ။

သုတ္တံ ၃၁:၁ဝ-၃၁

သုတ္တံ ၃၁ သည် ကျွန်တော်တို့အတွက် အတုယူစရာကောင်းသော အမျိုးသမီးကို ပုံဖော်ထားသည်။ သူမသည် တီထွင်ဖန်တီးမှုရှိသူ၊ ဝီရိယရှိသူ၊

ဉာဏ်ရည်ရှိသူ၊ လုပ်ရည် ကိုင်ရည်ရှိသူနှင့် စွန့်စားရဲသူဖြစ်သည်။ ဇနီးသည်တစ် ဦးနှင့် မိခင်တစ်ဦးကဲ့သို့ သူမ၏ အသက်မွေးခြင်းအလုပ်သည် စိတ်ပျက်ဖွယ် ရာ (သို့) ငြီးငွေ့ဖွယ်ရာ (သို့) မွန်းကျပ်ဖွယ်ရာ မရှိပေ။ အံ့သြဖွယ်ကောင်းသည့် အမျိုးသမီးတစ်ဦးကို လေ့လာကြည့်ပါ။

၁ဝ သီလနှင့်ပြည့်စုံသော မိန်းမကို အဘယ်သူတွေ့ရသနည်း။ထိုသို့သော မိန်းမသည် ပတ္တမြားထက် အဖိုးသာ၍ ထိုက်ပေသည်။

၁၁ သူ၏ ခင်ပွန်းသည် သူ့ကိုယုံ၍၊ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။

၁၂ ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊တစ်သက်လုံး ပြုစုတတ်၏။

၁၃ သိုးမွေးနှင့်ဝါကို ရှာ၍၊မိမိလက်နှင့် အလိုအလျောက် လုပ်တတ်၏။

၁၄ ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။

၁၅ မိုးမလင်းမှီထလျက်၊ အိမ်သူအိမ်သားတို့ စားစရာကို၎င်း၊ကျွန်မတို့အား အငန်းအတာကို၎င်း ပေးဝေတတ်၏။

၁၆ ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကို ဝယ်ယူတတ်၏။ကိုယ်တိုင်လုပ်၍ ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။

၁၇ မိမိခါးကို ခွန်အားနှင့်စည်း၍၊မိမိလက်မောင်းတို့ကို သန်မာစေတတ်၏။

၁၈ မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊သူ၏မီးခွက်သည် တစ်ညလုံး မသေတတ်။

၁၉ ချည်ဖြစ်စေတတ်သော တန်ဆာတို့ကို ကိုယ်လက်နှင့်ကိုင်၍၊လုပ်ဆောင်တတ်၏။

၂၀ ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ငတ်မွတ်သောသူတို့အား လက်ရုံးကို ဆန့်တတ်၏။

၂၁ မိုးပွင့်ကျသော်လည်း မိမိအိမ်သူအိမ်သားတို့အတွက်မစိုးရိမ်။အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။

၂၂ ကိုယ်အဘို့ စောင်တို့ကို ရက်၍၊ပိတ်ချောနှင့်မောင်းသော အထည်ကို ဝတ်တတ်ကြ၏။

၂၃ သူ၏ ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သူပြည်သားအသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူ ဖြစ်၏။

၂၄ ချောသောအထည်လိပ်ကို ရက်၍ရောင်းတတ်၏။ခါးစည်းတို့ကိုလည်း၊ ကုန်သည်၌ ချတတ်၏။

၂၅ သူလုပ်သော အထည်အလိပ်သည် ခိုင်ခံ့၍၊ လှသောအဆင်းနှင့်ပြည့်စုံသဖြင့်၊ သူသည် နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။

၂၆ ပညာစကားကို ပြောတတ်၍၊မေတ္တာတရားအားဖြင့် နှုတ်မြွတ်တတ်၏။

၂၇ အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ်၏။ပျင်းရိခြင်းအစာကို မစားတတ်။

၂၈ သူ၏ သားသမီးတို့သည် ထ၍၊ အမိကို ကောင်းကြီးပေးတတ်ကြ၏။သူ၏ခင်ပွန်းကလည်း၊

၂၉ လူအမျိုးသမီးများတို့သည် ကောင်းမွန်စွာ ပြုကြပြီ။ သို့ရာတွင်သင်သည် ထိုသူအပေါင်းတို့ထက် လွန်ကဲပြီဟု သူ့ကို ချီးမွမ်းတတ်၏။

၃၀ ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ်၏။ ထာဝရဘုရားကိုကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။

၃၁ ထိုသို့သော မိန်းမကျင့်ရာ အကျိုးကို ပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။

ဤကျမ်းပိုဒ်က အမျိုးသမီးများသည် ဘုရားသခင်ခန့်အပ်သည့် အိမ်မှုလုပ်ငန်းများကိုသာ လုပ်ဆောင်ရမည်ဟု ပြောဆိုသူတို့အတွက် ကျမ်းစာနည်း ကျ အဖြေတစ်ခုပေးထားသည်။

ကျမ်းပိုဒ်သည် ရှားရှားပါးပါး သီလနှင့်ပြည့်စုံသောမိန်းမကို အသိအ မှတ်ပြုထားခြင်းအားဖြင့် အစပြုထားကြောင်း မှတ်သားပါ။ သူမ၏ ထိုက် တန်မှုသည် နှိုင်းယှဉ်၍ မရှိပေ (ငယ် ၁၀)။ သို့သော် သူမသည် အိမ်တွင်းတာ ဝန်များကြောင့် မည်သည်နည်းနှင့်မျှ သူမသည် ဖိနှိပ်ခံရခြင်း (သို့) ကျွန်ပြုခံရ ခြင်း ရှိသောသူမဟုတ်ပေ။ သူမသည် အိမ်၌ အလုပ်လုပ်သောသူဖြစ်ပြီး၊ မိမိအိမ်နှင့် မိသားစုအတွက် ကောင်းကျိုးပေးတတ်သူနှင့် တည်ဆောက်သူ လည်းဖြစ်သည်။

သူမသည် ကိုးစားထိုက်သူဖြစ်သည်။ သူမ၏ ခင်ပွန်းသည် သူမကို စည်းစိမ်ဥစ္စာများအားလုံး ယုံကြည်စွာ အပ်နှံထားနိုင်သည် (ငယ် ၁၁)။ သူက သူမသည် မိသားစုအရင်းအမြစ်များကို ဖြုန်းတီးလိမ့်မည်အကြောင်းကို မစိုးရိမ် ပေ။ သူမသည် ခြိုးခြံချွေတာသည်သာမက၊ သူ့ခင်ပွန်း၏ အကျိုးစီးပွားကို လည်း ဖျက်မည့်သူမဟုတ်ပေ (ငယ် ၁၂)။

ဆက်လက်ပြီး၊ သူမသည် သူမလက်ဖြင့် ကိုယ်တိုင်လုပ်ဆောင်ပြီး၊ ထုတ်ကုန်များနှင့် အရင်းအမြစ်များ ပြုလုပ်သည် (ငယ် ၁၃)။ ထိုအရာသည် သူမ၏ ဝါသနာဖြစ်သည်။ ထိုအရာသည် သူမ၏ ဝမ်းမြောက်ခြင်းဖြစ်သည်။ ထိုအရာသည် သူမ လုပ်ချင်သောအရာ ဖြစ်သည်။ တိကျစွာ ဖော်ပြရလျှင် သူမသည် မိသားစုအတွက် ကိုယ်တိုင်လက်ဖြင့်လုပ်ခြင်းမှ ဝမ်းမြောက်ခြင်းကို ရရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

သူမ၏ အိမ်တွင်းမှုတာဝန်များအားဖြင့် အကျဉ်းကျသောသူ မဟုတ် ဘဲ၊ “(သူမသည်) ကုန်သည် သင်္ဘောကဲ့သို့ဖြစ်”(ငယ် ၁၄) ပြီး၊ ဈေးသင့်သော နေရာများသို့ သွားရောက်တတ်သည်။ သူမသည် ဈေးအကောင်းဆုံးရသည့် မည်သည့်နေရာကိုမဆို သူမသွားလိမ့်မည်ဖြစ်ပြီး၊ အရည်အသွေး အမြင့်ဆုံး ဖြစ်သော ထုတ်ကုန်များ (သို့) ပစ္စည်းများကို ရှာဖွေဝယ်ယူသည်။ သူမသည် “ချည်ဖြစ်တတ်သော တန်ဆာ”များအတွက် အကြမ်းထည်များကို ဝယ်မည်ဖြစ်သည်။ ထိုအရာများကို သူမသည် ချည်မျှင်ဖြစ်ရန် အတွက် ဗိုင်းငယ်စက်နှင့် ချည်ငင်စက်များတွင် ထည့်မည်ဖြစ်သည် (ငယ် ၁၉)။ ပြီးလျှင်၊ ချည်မျှင်ဖြင့် သူမသည် ရောင်စုံအထည်များနှင့် အဝတ်များကို လုပ်မည်ဖြစ်သည် (ငယ်၂၂)

သူမသည် သူမမိသားစုအတွက် ကြီးမြတ်သည့် ပေးဆပ်မှုတစ်ခု လုပ် ဆောင်ပြီး၊ သူတို့အတွက် စားစရာ ပြင်ဆင်ရန် စောစောထမည်ဖြစ်သည် (ငယ် ၁၅)။ တစ်နည်းအရ၊ သူမသည် မိမိကိုယ်ကို ဂရုစိုက်မည့်အစား သူတို့ကို ပိုပြီးဂရုစိုက်သည်။ သူမသည် ပျင်းရိသူမဟုတ်ပေ။ သူမသည် စည်းကမ်းရှိပြီး လုံ့လရှိသူဖြစ်သည်။

ထိုအရာတွင်မဟုတ်ဘဲ၊ သူမသည် စီးပွားရေးတွင် လိမ္မာပါးနပ်သည်။ မိသားစု ဘဏ္ဍာရေးကို ကောင်းမွန်စွာနှင့် ခြိုးခြံစွာ စီမံခန့်ခွဲတတ်ပြီး၊ ကောင်းသောအသီးအနှံရသည့် မြေကွက်တစ်ခုကို တွေ့၍၊ ထိုမြေကို ဝယ်သည်။ စ ပျစ်ပင်ကို ဝယ်၍၊ စပျစ်ဥယျာဉ်ကို စိုက်ပျိုးသည် (ငယ် ၁၆)။ ယခု သူမတွင် အိမ်တွင်း စီးပွားရေးတစ်ခု ရှိခဲ့သည်။ သူမသည် သန်မာသည် (ငယ် ၁၇)။ သူမသည် တီထွင်ကြံဆမှုရှိသည် (ငယ် ၁၈)။ သူမသည် ရက်ရောသည် (ငယ် ၂၀)။ သူမသည် ယုံကြည်မှုရှိသည် (ငယ် ၂၁)။ သို့သော် သူမအိမ်သည် သူမကျောက်ဆူးချထားသည့် နေရာဖြစ်သည်။

ဤအမျိုးသမီးသည် သင်ထင်ထားသည့် ဖိနှိပ်ခံသော အိမ်ရှင်မ ဖြစ် လိမ့်မည်မဟုတ်ပေ။ သူမသည် အားနွဲ့သော (သို့) စိတ်အလို လိုက်လွန်းသော သူ မဟုတ်ပေ။ သူမသည် ရုပ်ဝတ္ထုပစ္စည်း (သို့) မိမိကိုယ်ကို ဗဟိုပြုသူ မဟုတ် ပေ။ သူမသည် လိပ်ပြာမလုံသူ (သို့) ကိုယ့်အတွက်သာ စိတ်ဝင်စားသူ မဟုတ် ပေ။ သူမသည် ဣန္ဒြေရှိသူ၊ တက်ကြွ လှုပ်ရှားသူဖြစ်သည်။ သူမသည် ဉာဏ် ပညာရှိသူ၊ အကြင်နာစကားဖြင့် ပြော တတ်သူဖြစ်သည် (ငယ် ၂၆)။ သူမ သည် အိမ်သူအိမ်သားများအပေါ် နိုးနိုးကြားကြားရှိသူ၊ သူတို့၏ အကျိုးစီးပွား ကို ကြည့်သူဖြစ်သည် (ငယ် ၂၇)။ သူမသည် သူမ၏ခင်ပွန်းအောင်မြင်ခြင်း အတွက်နှင့် ကောင်းသောဂုဏ်သရေရခြင်းအတွက် အဓိကအကြောင်းအရင်းတစ်ခု ဖြစ်သည် (ငယ် ၂၃)။

သို့သော် သူမရရှိသည့် ဆုလဒ်အမှန်မှာ “သူ၏ သားသမီးတို့သည် ထ၍၊ အမိကို ကောင်းကြီးပေးတတ်၏။ သူ၏ခင်ပွန်းကလည်း … သူ့ကို ချီးမွမ်းတတ်၏” (ငယ် ၂၈-၂၉)ဟု ဖြစ်သည်။ ထိုအရာသည် သူမ၏အသက် တာကို ပြည့်စုံသည့်အရာနှင့် သူမနှလုံးသားကို ကျေနပ်စေသည်။ ထိုကဲ့သို့သော အမျိုးသမီးတစ်ဦးသည် ဘ၀ဖြစ်တည်ခြင်းကို ငြီးငွေ့သွားစေခြင်းနှင့် စိတ်ဓာတ်ကျသွားစေခြင်း၌ ပိတ်မိခဲ့သည်ဟု ခံစားချက်မျိုး ရှိလိမ့်မည်မဟုတ် ပေ။ ထို့ပြင်၊ ထိုအရာများသည် ဇနီးသည်တိုင်းနှင့် မိခင်တိုင်းအတွက် ဘုရား သခင် ကိုယ်တိုင်ခန့်ခွဲခဲ့သည့် ဦးစားပေးအရာများဖြစ်သည်။ အမှန်တရားမှာ အလုပ်အကိုင်အတွက် မိမိအိမ်နှင့် မိသားစုကိုစွန့်လွတ်ပြီး ပြင်ပအလုပ်ကို လုပ်သောမိန်းမ (သို့) မိခင်တစ်ဦးကို စစ်မှန်သော “မင်္ဂလာရှိသူ” (သို့) ပြီးပြည့် စုံသူဟု ခေါ်ရန်မဖြစ်နိုင်ပေ။

ထိုအရာအားလုံးသည် မိမိခင်ပွန်းသည်၏ အုပ်စိုးခြင်းကို ဝန်ခံရန် ရှင်ပေါလု တိုက်တွန်းထားသည့်အရာဖြင့် အထင်အရှား တွေ့ရသည်( ၅း၂၂)။ လုပ်ငန်းခွင့်ရှိ အမျိုးသမီးတစ်ဦးသည် အခွင့်အာဏာရှိသူ တစ်စုံတစ်ယောက် ကို နာခံရမည်။ ထိုသို့ဖြင့် သူမ၏ ဦးစားပေးမှုအရာသည် လွယ်ကူစွာ ရှုပ်ထွေး သွားနိုင်သည်။ သူမသည် သူမရှိနေရမည့်နေရာတွင် မရှိတော့ပေ။ သူမသည် အမြင့်မြတ်ဆုံး ခေါ်ထားခြင်းဖြစ်သည့်အရာကို ဆုံးရှုံးရမည်ဖြစ်သည်။

သို့သော် အိမ်သည် စစ်မှန်သော ဘုရားသခင်နှစ်သက်သည့် အမျိုး သမီး အလှဆင်ထားသည့်နေရာ ဖြစ်သည်။ ထိုနေရာတွင် သူမ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်းကို ရှာတွေ့သည့် နေရာဖြစ်သည်။ ထို့ပြင် ထိုနေရာ သည် သူမ၏ ပိုအရေးကြီးဆုံး လွှမ်းမိုးမှုရှိသည့် နေရာလည်းဖြစ်သည်။

ခင်ပွန်းသည်

လမ်းပေါ်ရှိ သာမန်လူတစ်ဦးကို ဦးဆောင်ခြင်းအနှစ်သာရအား ဖော် ပြသည့် စကားလုံးတစ်လုံး ပြောပါဟု မေးပါက၊ သူသည် အခွင့်အာဏာ၊ ထိန်းချုပ်ခြင်း၊ စွမ်းအား (သို့) ခေါင်းဆောင်မှုပြုခြင်းကဲ့သို့သော စကားလုံး များကို အကြံပြုလိမ့်မည်ဖြစ်သည်။ သို့သော် သမ္မာကျမ်းစာသည် ကွဲပြားသည့် ဝေါဟာ ရတစ်ခုဖြစ်သည့် ချစ်ခြင်းမေတ္တာဖြစ်ကြောင်း မေးခွန်းကို ထား၊ သည်။ ဦးဆောင်မှုပြုခြင်းသည် ခေါင်းဆောင်မှုပြုခြင်း၏ အရေးကြီးသည့် အချက်တစ်ခု ဖြစ်သည်။ သို့သော် ဤအရာသည် ခရစ်တော်ကဲ့သို့ ဦးဆောင်မှ ပြုခြင်းဖြစ်ပြီး၊ ချစ်ခြင်းမေတ္တာဖြင့် မောင်းနှင်ခြင်းနှင့် လေးနက်ခြင်း၊ သနား ကြင်နာခြင်းအားဖြင့် အမြဲတမ်း ဖေးမရမည်ဖြစ်သည်။ အာဏာသက်သက်ဖြင့် အုပ်စိုးသူသောသူသည် ဦးဆောင်သူမဟုတ်ဘဲ၊ အာဏာရှင်တစ်ဦး ဖြစ်သည်။

သမ္မာကျမ်းစာရှိ “ဦးဆောင်ခြင်း (သို့) ဦးခေါင်းဖြစ်ခြင်း”သည် ကြမ်း တမ်းသည့် အခွင့်အာဏာကို ဘယ်သောအခါမျှ မဆိုလိုပေ။ ထိုအစား၊သမ္မာကျမ်းဆိုင်ရာ ဦးဆောင်ခြင်း အမြင်သည် ပေးဆပ်ခြင်းနှင့် အစေခံခြင်း ကို လေးနက်စွာ ဖော်ပြထားသည်။ ခရစ်တော်ကဲ့သို့ စစ်မှန်သည့် ဦးအောင် ခြင်းသည် ကာကွယ်ခြင်း၊ ကူညီမစခြင်းရှိလိမ့်မည်ဖြစ်ပြီး၊ သူ့ဦးဆောင်မှုအောက်တွင် ရှိသောသူများအတွက် အသက်ပင် ပေးဆပ်မည်ဖြစ်သည်။ “ဦးခေါင်း”သည် သာလွန်ခြင်း နေရာတစ်ခုကို ဆိုလိုခြင်းမဟုတ်ပေ။ ထိုအရာ သည် ချစ်ခြင်းမေတ္တာဖြင့် ပြုစုပျိုးထောင် ပြုမူဆက်ဆံခြင်း ဖြစ်သည်။ ခရစ်တော်သည် သူ့တပည့်တော်များအား ခြေဆေးခြင်းအမှု၌ အစေခံခြင်း၏ အခန်းကဏ္ဍကို သူပြုခြင်းတွင် အကောင်းဆုံး စံနမူနာဖြစ်သည်။

ခင်ပွန်းသည်တစ်ဦးသည် မိမိဇနီးသည်အား သူ့အလိုအတိုင်း အသက် ရှင်စေချင်သောသူ ဖြစ်လျှင် မိသားစုအတွက် ဘုရားသခင်စီစဉ်ထားသော အရာကို နောက်ပြန်ဆုတ်စေသောသူ ဖြစ်သည်။ အမှန်မှာ သူ၏တာဝန်သည် သူမကို ချစ်ပြီး၊ အစေခံရမည် ဖြစ်သည်။ ထိုနည်းတူ၊ ဖခင်သည် သူ၏ သား သမီးများကို မိမိပိုင်ဆိုင်သည့်အရာများဟု စဉ်းစားပြီး သူ့အမိန့်အောက်တွင် ထားပါက၊ အိမ်ထောင်ဦးစီးတာဝန်ကို နားမလည်သေးပေ။ ထို့ကြောင့် ဦး ဆောင်ခြင်းဆိုသည်မှာ သူ့မိသားစုအတွက် ပေးဆပ်ခြင်း၊ အစေခံခြင်း၊ ကာကွယ်ခြင်းနှင့် ထောက်ပံ့ခြင်းများဖြစ်ပြီး၊ ထိုအရာများကို အခြားအမြင်ဖြင့် မြင်ပါက သူ့ဦးဆောင်မှုပြုခြင်းသည် ခရစ်တော်ကဲ့သို့ မဟုတ်ပေ။

အခန်း ၃

ခင်ပွန်းသည်၏ တာဝန် –

ချစ်ခြင်းမေတ္တာ

ဘုရားသခင်သည် ခရစ်တော်နှင့် အသင်းတော်ပုံရိပ်ကဲ့သို့ အိမ် ထောင်ပြုခြင်းကို စီမံခဲ့သည်။ ယောက်ျားကို ဇနီးသည်၏ ဝန်ခံခြင်းအမှုသည် သက်ရှိပုံဖော်မှုအဖြစ် သခင်ယေရှုအား အသင်းတော်၏ ဝန်ခံမှုနှင့် နှိုင်းယှဉ် ထားသည်။ ထိုအရာသည် ဇနီးသည်များ ဝန်ခံခြင်းအတွက် ရှင်ပေါလု အမိန့် ပေးထားရခြင်း အကြောင်းအရင်း ဖြစ်သည်။ “အကြောင်းမူကား၊ ခရစ်တော် သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည် မိမိ၏ ခင်ပွန်းအပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည် လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ မိန်းမတို့လည်း ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံကြရမည်” (ဧ ၅း၂၃-၂၄)။

အပြန်အလှန်အားဖြင့် ယောက်ျားသည် ခရစ်တော်၏ သက်ရှိပုံဖော် မူအဖြစ် ဖြစ်ရပြီး၊ “ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့”ဟု ဖြစ်သည် (ငယ် ၂၅)။ မှတ် သားရမည်မှာ အသင်းတော်၏ ကောင်းကျိုးအတွက် ခရစ်တော်၏ ပေးဆပ် ခြင်းနှင့် အစေခံခြင်းကို လေးနက်စွာဖော်ပြသည်။

ထိုအသင်းတော်သည် သန့်ရှင်းလျက်၊ အပြစ်ကင်းလျက်ရှိသည်ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သ ဖြင့်၊ အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်း အားဖြင့် စင်ကြယ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဖို့ အလို့ငှာ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။ ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သောသူဖြစ်၏။ ကိုယ်အသားကို မုန်းသော သူတစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြု စုတတ်ကြ၏။ အကယ်စင်စစ် ငါတို့သည် သခင်ဘုရား၏ အသားတော်၊ အရိုးတော်တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါဖြစ်ကြ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရ လိမ့်မည်။ ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ ငါဆိုသော်၊ ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ ဆိုသတည်း။ သို့ရာတွင် သင်တို့သည် အသီးသီး ကိုယ်ကိုကိုယ်ချစ်သကဲ့သို့ ကိုယ်ခင် ပွန်းကို ချစ်ကြလော့။ မိန်းမသည်လည်း ကိုယ်ခင်ပွန်းကို ရိုသေခြင်း ရှိစေလော့ (ငယ် ၂၆-၃၃)။

ဧဖက်သြဝါဒစာ ၅း၂၁ မှစ၍ ရှင်ပေါလုပြောသည့် အဓိကအချက်သည် အပြန်အလှန် ဝန်ခံခြင်းအကြောင်းဖြစ်သည်ကို မှတ်သားရမည်။ အငယ် ၂၃ ၌ ရှင်ပေါလုက ယောက်ျား၏ ဦးဆောင်ခြင်းအကြောင်း မိတ်ဆက်သည့် အခါ၊ သူသည် အဓိက အကြောင်းအရာကို မပြောင်းပေ။ သူက လူတိုင်းသည် ယောက်ျားကို ဝန်ခံရန် လိုအပ်ကြောင်း ပြောခြင်းမဟုတ်ပေ။ အိမ်ထောင်ဦးစီး ဖြစ်သကဲ့သို့ သူ၏ အလိုနှင့် သူ့ဆန္ဒများကို လူတိုင်းက နာခံရမည်ဟု သတ်မှတ် ချက်များပေးခြင်း လုံးဝမဟုတ်ပေ။ ဤနေရာတွင် ရှင်ပေါလု၏ အဓိကအချက် မှာ ခင်ပွန်းဖြစ်သူသည် ဇနီးသည်ကိုယ်စား စေတနာအလျောက် လုပ်ဆောင် ခြင်း၊ ချစ်ခြင်းမေတ္တာဖြင့် ပေးဆပ်ခြင်းနှင့် အစေခံခြင်းဖြင့် ခရစ်တော်ကဲ့သို့ ဦးဆောင်ခြင်းကို အကောင်းဆုံး ပြသရမည်။ ထိုအရာသည် ခင်ပွန်းသည်၏ ဦးဆောင်မှုပြုခြင်းအပေါ် ဇနီးသည်၏ သစ္စာစောင့်သိခြင်းနှင့် မိဘများအပေါ် သားသမီးများ၏ နာခံခြင်းအကြောင်းအား ဝန်ခံခြင်း ပုံစံတစ်ခုအဖြစ် လုပ် အောင်ခြင်းဖြစ်သည်။

အပြစ်တရားသို့ ကျရှုံးနေသော အမျိုးသားများ၏ ပြုချင်သော အရာ မှာ သူတို့၏ ဇနီးများကို ရက်စက်စွာ အင်အားသုံးခြင်းဖြင့် အုပ်ချုပ်ချင်ကြ သည်။ အချို့သော ခရစ်ယာန်ယောက်ျားများသည်ပင် အခွင့်အာဏာကို လွန်စွာ သုံးတတ်ကြသည်။ သူတို့သည် သူတို့ဇနီးသည်များအပေါ် သခင် လိုဆက်ဆံပြီး၊ အိမ်ထောင်ပြုခြင်းကို ကျွန်နှင့်သခင် ဆက်ဆံခြင်းကဲ့သို့ ထင် မှတ်တတ်ကြသည်။ အချို့က ဧဖက် ၅း၂၄ ကို အသုံးချပြီး ထိုကျမ်းပိုဒ်တွင် မိန်းမသည် ယောက်ျား၏ အုပ်စိုးခြင်းကို “အရာရာ၌” ဝန်ခံရမည်ဟု ပြောထား ခြင်းကြောင့်ဖြစ်သည်။ သို့သော် ထိုသို့သောအမြင်သည် ခရစ်တော်ပေးခဲ့ သည့် ခေါင်းဆောင်မှုပြုခြင်းနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

ထိုနည်းအတိုင်း တွေးထင်သူတိုင်းသည် ဧဖက် ၅ ကို ဆက်ဖတ်ရန် လုံးဝလိုအပ်သည်။ ရှင်ပေါလုက ခင်ပွန်းသည်များကို အမိန့်ပေးသောအခါ၊ သူက “အချင်းယောက်ျားတို့၊ သင်တို့၏ မိန်းမများကို အုပ်စိုးပါ။ ညွှန်ကြားပါ။ အမိန့်ပေးပါ။ အခွင့်အာဏာကိုသုံးပါ။ သူတို့ကို အုပ်ချုပ်ပါ”ဟု မပြောခဲ့ပေ။ (သို့) ထိုသို့သောအရာ တစ်စုံတစ်ခုကိုမျှ မပြောခဲ့ပေ။ သူက ယောက်ျားများကိုခရစ်တော်သည် အသင်းတော်ကို ချစ်သကဲ့သို့ သူ တို့ဇနီးသည်များကို ချစ်ရန်ပြောခဲ့သည်။ ပေးဆပ်ခြင်း၊ ကြင်နာခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ အစေခံခြင်း နှလုံးသားတို့ဖြင့် ဖြစ်သည်။ ထိုအရာသည် ခင်ပွန်းသည်များ မိမိတို့၏ ဇနီး သည်များကို မည်သို့ ဝန်ခံကြောင်း ပြသရန်ဖြစ်သည်။

ချစ်ခြင်းမေတ္တာ၏ အဓိပ္ပာယ်

စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ဦးဆောင်မှုပြုခြင်းကို အာဏာရှင် ပုံစံ (သို့) သခင်ပုံစံအမြင်နှင့် မကိုက်ညီပေ။ ရှင်ပေါလုက ခရစ်တော်သည် အသင်းတော်အားချစ်သကဲ့သို့ ခင်ပွန်းက ဇနီးသည်ကို ချစ်ရန် မိန့်မှာခဲ့သည့် အခါ၊ သူက သူတို့၏ဇနီးသည်များအပေါ် အခွင့်အာဏာကို ကြီးလေးစွာ (သို့) ကြမ်းတမ်းစွာ အသုံးပြုခြင်းကို တားမြစ်သည်။ ထိုချစ်ခြင်းမေတ္တာ၏ စံပြမှာ “သူတပါးအစေကို ခြင်းငှာ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်း ငှာ၎င်း ကြွလာ”သူ (မ ၂၀၂၈) ယေရှုဖြစ်ပါက၊ မိမိအလိုကို မိန်းမနှင့် သား သမီးများသည် လိုက်နာရမည်ဟု ထင်မြင်သော ယောက်ျားတို့သည် ခရစ်တော် သွန်သင်သော ပစ်မှတ်လုံးဝလွဲချော်ခဲ့သည်။

အရေးကြီးသည့်အချက်မှာ ခင်ပွန်းသည်များသည် အမိန့်ပေးပြီး ဦးဆောင်ရန်မဟုတ်ဘဲ သူတို့၏ဇနီးသည်များကို ချစ်ရန်ဖြစ်သည်။

ချစ်ခြင်းမေတ္တာရှိရန် မိန့်မှာချက်တစ်ခု၏ ပါဝင်သည့်အရာများကို ဆင်ခြင်ပါ။ ထိုအရာက စစ်မှန်သော ချစ်ခြင်းမေတ္တာသည် စိတ်ခံစားချက် သက်သက် (သို့) တမင်တကာ စွဲဆောင်မှုရှိအောင် လုပ်ဆောင်ခြင်းမျှသာ မဟုတ်ဘဲကြောင်း ဖော်ပြထားသည်။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ဆုံး ဖြတ်ချက်ချပြီး ရွေးချယ်ခြင်းဖြစ်သောကြောင့် အမိန့်စကားဖြင့် ဖော်ပြခြင်းဖြစ် သည်။ မထင်မှတ်ဘဲ ကျွန်တော်တို့ “ချစ်မိသည်”ဟူသော ပုံစံမျိုးမဟုတ်ဘဲ၊ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် တမင်တကာ ရွေးချယ်ခြင်း၊ စိတ်ရောကိုယ် ပါ ဆက်ကပ်ခြင်းမျိုးဖြစ်ပြီး၊ ကျွန်တော်တို့ ချစ်မြတ်နိုးသူ၏ ကောင်းကျိုးအတွက် ဘာမဆို ပေးဆပ်ခြင်းမျိုးဖြစ်သည်။

၁ ကော ၁၃း၄-၈ တွင်၊ တမန်တော် ရှင်ပေါလုသည် စစ်မှန်သော ချစ်ခြင်းမေတ္တာ၏ လက္ခဏာများကို အသေးစိတ်ဖော်ပြထားသည်။ စစ်မှန် သည့် ချစ်ခြင်းမေတ္တာ လက္ခဏာတွင် မပါသောအရာများမှာ စိတ်မပါဘဲ လုပ်ဆောင်ခြင်း၊ လက်တွေ့လုပ်ဆောင်ခြင်း မရှိသောအရာ (သို့) ခံစားချက် ပေါ် အခြေခံခြင်းတို့ဖြစ်သည်။ အမှန်တွင်၊ ရှင်ပေါလုက နေရာတိုင်းတွင် နာမဝိသေသနကို သုံးခြင်းထက် ပြုခြင်းပြကြိယာကို အသုံးပြုခဲ့ပြီး၊ ချစ်ခြင်း မေတ္တာသည် အင်တိုက်အားတိုက် တက်ကြွမှုရှိခြင်းနှင့် တမင်တကာ ရွေး ချယ်ခြင်းဖြစ်ကြောင်း လေးနက်စွာ ဖော်ပြထားသည်။

မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ် ၊ ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ။ မာန်မာနမရှိ။ မလျောက်ပတ်စွာ မကျင့်တတ်။ ကိုယ်အကျိုးကို မရှာတတ်။ ဒေါသအမျက်မထွက်တတ်။ အပြစ် ရှိသည်ဟု မထင်တတ်။ မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ် ၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့် တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။ မေတ္တာသည် ဖောက် ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏ (၁ ကော ၁၃း၄-၈)။

ထို့ကြောင့် ယောက်ျားများသည် သူတို့ဇနီးသည်များကို ချစ်ရန် ရှင် ပေါလုမိန့်မှာသည့်အခါ၊ ၁ ကော ၁၃ ရှိ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ရက်ရောခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စာနာထောက်ထားခြင်း၊ သဘော ထားကြီးခြင်း၊ ညင်သာခြင်း၊ ယုံကြည်အားကိုးခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာရှိ ခြင်းနှင့် စိတ်ရှည်ခြင်း စသည့် အသေးစိတ်ဖော်ပြထားသော အကျင့်သီလ အားလုံးကို သူ တောင်းဆိုခဲ့သည်။ ထိုအရာသည် ကိုယ်ကျိုးမကြည့်သော၊ ပေးဆပ်သော ချစ်ခြင်းမေတ္တာကို ဖော်ပြသည့် ဂုဏ်သတ္တိအားလုံးအဖြစ် ထင်ရှားသည်။ သူ့ဇနီးကို စစ်မှန်သည့် ချစ်ခြင်းမေတ္တာဖြင့် ချစ်သော ယောက်ျား သည် တုတ်ချောင်းတစ်ခုကဲ့သို့ သူမအပေါ် သူ့အခွင့်အာဏာကို သုံးမည် မဟုတ်ပေ။ မိသားစုအပေါ် အခွင့်အာဏာသုံးခြင်းအစား ဘုရားသခင်အားကြောက်ရွံ့သော ခင်ပွန်းနှင့် ဖခင်သည် ကိုယ့်ကိုကိုယ် အားလုံး၏ အစေခံ အဖြစ် လုပ်ဆောင်ရန် ဖြစ်သည် (မာ ၉း၃၅)။

ချစ်ခြင်းမေတ္တာ၏ စရိုက်လက္ခဏာ

လက်တွေ့အသက်တာမှာ ခင်ပွန်းသည်တစ်ဦးသည် သူ့ဇနီးသည် အတွက် ချစ်ခြင်းမေတ္တာကို မည်သို့ဖော်ပြသင့်သနည်း။ ပထမဦးဆုံး၊ သတိရ ရမည့်အရာမှာ အသင်းတော်အပေါ် ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် ဇနီး နှင့် ပြုမူဆက်ဆံခြင်းတွင် ခင်ပွန်းသည်တိုင်းအတွက် စံနမူနာဖြစ်သည်။ ထိုအ ရာသည် သူ့ဇနီးသည်အတွက် ခင်ပွန်းသည်၏ ချစ်ခြင်းမေတ္တာကို အဆင့်မြင့် စေပြီး သန့်ရှင်းခြင်းရှိရန် တွန်းအားပေးသည်။ သို့ဖြစ်သောကြောင့် မိသားစု၏ ဦးခေါင်းအဖြစ် သူ၏အခန်းကဏ္ဍကို အလွဲသုံးသော ခင်ပွန်းများသည် ခရစ်တော်ကို မရိုသေခြင်းဖြစ်ပြီး၊ အထွတ်အမြတ်ထားသည့် ထိမ်းမြားခြင်း၏ ပေါင်းစပ်ခြင်းကို ဖောက်ဖျက်ခြင်း၊ သူ၏ ဦးခေါင်းဖြစ်သည့် ခရစ်တော်ကို တိုက်ရိုက် ဆန့်ကျင်သည့်အပြစ်ပြုခြင်း ဖြစ်သည် (၁ ကော ၁၁း၃)။ ထို့ကြောင့် ခရစ်တော်၏ ချစ်ခြင်းမေတ္တာကဲ့သို့ သူ့ဇနီးသည်ကို ချစ်ရမည့် တာဝန်သည် အလွန်အရေးကြီးသည်။ ထို့ပြင် ခင်ပွန်းသည်၏ တာဝန်သည် သူ့မိသားစုအ တွက် ခရစ်တော်၏ ချစ်ခြင်းမေတ္တာမျိုးကို စံနမူနာထားရမည်ဖြစ်သည်။ ခင် ပွန်းသည်မှတပါး မိသားစုထဲရှိ မည်သူကိုမျှ ပိုကြီးမြတ်သည့် တာဝန်များ ပေးမထားပေ။ (ထို့ကြောင့် ခင်ပွန်းသည်များကို ရှင်ပေါလု၏ တိုက်တွန်းထား မှုသည် ဧဖက် ၅း၂၂-၆၉ ရှိ အရှည်ဆုံး၊ အလွန်အသေးစိတ်အကျဆုံးအခန်း ၊ တစ်ခုအဖြစ် ထင်ရှားသည်ဟု ကျွန်တော်မြင်သည်)။ ထိုကျမ်းပိုဒ်သည် ခရစ်တော်၏ ချစ်ခြင်းမေတ္တာကဲ့သို့ ချစ်ခြင်းလက္ခဏာ (၄) ခုကို ဖော်ပြထားသည်။

ပေးဆပ်သော ချစ်ခြင်းမေတ္တာ

ရှင်ပေါလု သွန်သင်သည့် အဓိကအချက်မှာ ခရစ်တော်၏ ချစ်ခြင်း ၊ မေတ္တာသည် ကိုယ်ကျိုးစွန့် ချစ်ခြင်းမေတ္တာတစ်ခု ဖြစ်ကြောင်း ဖြစ်သည်။ သူသည် “အသင်းတော်အဖို့အလို့ငှာ ကိုယ်ကိုကိုယ် စွန့်တော်မူသည်” (ဧ ၅း၂၅)။ သခင်ယေရှုကိုယ်တိုင်က မိမိကိုယ်ကို ပေးဆပ်ခြင်းသည် ချစ်ခြင်း မေတ္တာ၏ အရည်အသွေးများမှ အမြင့်မြတ်ဆုံးဖြစ်သည်ဟု ပြောဆိုထားသည်။ “ကိုယ်အဆွေတို့အဖို့အလို့ငှာ၊ ကိုယ်အသက်ကိုစွန့်ခြင်း မေတ္တာထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌ မျှမရှိပေ” (ယော ၁၅း၁၃)။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် အမြဲတမ်း ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဖြစ်သည်။ ဤ အရာက ခင်ပွန်းသည်၏ ဦးဆောင်ခြင်းသည် ဗိုလ်ကျချင်ရန်၊ နိုင်လိုမင်းထက် ပြုလိုရန် မဟုတ်ကြောင်း ပြည့်စုံသော သက်သေဖြစ်သည်။ သူ့ဇနီးသည် အတွက် သူ့ချစ်ခြင်းမေတ္တာ၏ ပထမအမှတ် လက္ခဏာမှာ မိမိကိုယ်တိုင် ပေးဆပ်ရန် စိတ်ဆန္ဒရှိရမည်ဖြစ်သည်။

နိုင်လိုမင်းထက်ပြုလိုသောသူသည် မာန်မာနကြီးသောသူ၊ ကိုယ့်ကို ကိုယ် ဗဟိုပြုသောသူ ဖြစ်သည်။ သို့သော် စွန့်လွှတ်အနစ်နာခံ ချစ်ခြင်းမေတ္တာ ရှိသူသည် ဆန့်ကျင်ဘက်လူဖြစ်ပြီး၊ သူသည် နှိမ့်ချသောသူ၊ နူးညံ့သိမ်မွေ့ သောသူ၊ မိမိထက်သူတပါးအား ဂရုစိုက်သောသူ ဖြစ်သည်။ တစ်ဖန် ခရစ် တော်သည် စံနမူနာဖြစ်သည်။ သူသည် ဘုရားအဖြစ် ထာဝရတည်ရှိပြီး အား လုံး၏ ဝတ်ပြုကိုးကွယ်ခြင်း၊ ရိုသေလေးစားခြင်းကို ခံထိုက်သူ ဖြစ်သော်လည်း၊ ထိုအရာများကို ဘေးဖယ်ထားပြီး အပြစ်သားများအတွက် အသေခံရန် လာ ကသို့ ဆင်းကြွခဲ့သည်။ သမ္မာကျမ်းစာက “မိမိအသရေကိုစွန့်၍၊ အစေခံကျွန်၏ သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ် ဘဲ၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏” (ဖိ ၂း၇-၈)ဟု ပြောထားသည်။ ထိုအရာသည် ခရစ်တော်၏ စွန့်လွှတ်အနစ် နာခံခြင်း ချစ်ခြင်းမေတ္တာအကြောင်းဖြစ်ပြီး၊ ခင်ပွန်းသည်များ အတုယူလုပ်ဆောင်ရမည့် ဘုရားသခင်ပြောထားသောအရာ ဖြစ်သည်။

နောက်ထပ်မှတ်သားရမည်မှာ ခရစ်တော်သည် အသင်းတော်၌ လူများကို ချစ်သောအခါ သူ့ချစ်ခြင်းမေတ္တာကို ခံထိုက်သောကြောင့် ချစ်သည် မဟုတ်ပေ။ အမှန်တကယ်မှာ၊ ထိုသူများသည် အမျက်တော်နှင့် အပြစ်ဒဏ်ခံ ခြင်းကို ထိုက်တန်သူများသာ ဖြစ်သည်။ သို့သော် သူတို့သည် ထိုက်တန်မှုမရှိ သော်လည်း ခရစ်တော်သည် ချစ်ခဲ့သည်။ “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ် တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင် သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏” (ရော ၅း၈)။

ထို့ကြောင့် ဤကဲ့သို့သော ချစ်ခြင်းမေတ္တာမျိုးသည် ချစ်စရာကောင်း ခြင်း (သို့) ဆွဲဆောင်မှုရှိသော အရာဖြစ်ခြင်းတွင် မမူတည်ပေ။ ထိုအရာသည် အခြေအနေပေါ်၊ အရည်အချင်းပေါ်၊ ကန့်သတ်ချက်ပေါ် မမူတည်ပေ။ ဇနီး သည်များသည် ချစ်ခြင်းကို ခံထိုက်သောကြောင့် (သို့) ခင်ပွန်းသည်က စိတ်ခံ စားချက်ရှိသောကြောင့် မိမိဇနီးကို ချစ်ရမည်ဟု ရှင်ပေါလု မဆိုလိုပေ။ သူက သေချာသည့် အမိန့်တစ်ခုကို ပေးခဲ့ခြင်းဖြစ်သည်။ ထပ်မံသတိပေးသည့်အနေ ဖြင့်၊ ချစ်ခြင်းမေတ္တာသည် တမင်တကာရွေးချယ်ခြင်းဖြစ်ကြောင်း သတိရ ရမည်။ ချစ်ခြင်းမေတ္တာသည် စိတ်ခံစားမှုပေါ်တွင် မူတည်ပါက၊ ထိုစိတ်ခံစား ချက်များ ရပ်တန့်သွားသည့်အခါ၊ ချစ်ခြင်းမေတ္တာလည်း ကုန်ဆုံးသွားမည်ဖြစ် သည်။ လူအများစု တွေးထင်ကြသည့် ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့သောပုံစံ မျိုးဖြစ်သည်။ သို့သော် သမ္မာကျမ်းစာဆိုင်ရာ ချစ်ခြင်းမေတ္တာသည် စွန့်လွှတ် အနစ်နာခံရန် လိုလိုလားလား ကတိပြုထားသည့်အရာဖြစ်ပြီး၊ ကျွန်တော်တို့ ချစ်သောသူနှင့်ပတ်သက်၍ ကျွန်တော်တို့၏ “ခံစားချက်”ပေါ်၌ အခြေခံသည် မဟုတ်ပေ။

သို့သော်လည်း ဤအမိန့်တော်သည် အံ့သြဖွယ်ကောင်းသော နိယာမ ဖြစ်သည်။ ချစ်ဖို့ရန် ကျွန်တော်တို့ ရွေးချယ်သောအရာသည် ကျွန်တော်တို့ အတွက် ဆွဲဆောင်မှု ဖြစ်လာသည်။ ချစ်ခြင်းမေတ္တာရှိရန် ဆုံးဖြတ်သော နှလုံးသားတစ်ခုသည် လှပခြင်းကိုသာ မြင်ရသည်။ ထို့ကြောင့် စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ချစ်ခြင်းမေတ္တာဖြင့် ကျွန်တော်တို့ မကြာခဏ ပေါင်း ဖက်ခြင်းနှင့် ပြင်းပြသော စိတ်ဆန္ဒနှင့် ဆွဲဆောင်ခြင်းဖြစ်စေသည့် ရလဒ်တစ်ခု ထွက်ပေါ်စေသည်။ ခံစားချက်များသည် အဝင်အထွက်ရှိခြင်း၊ အတက်အ ကျရှိခြင်း (သို့) အချိန်နှင့်အမျှ လေးနက်မှုများ လျော့သွားခြင်း (သို့) မြင့်မား ခြင်းများဖြစ်နိုင်သည်။ ထိုသို့သော ခံစားချက်များသည် ချစ်ခြင်းမေတ္တာ မဟုတ် ဘဲ၊ ချစ်ခြင်းမေတ္တာနှင့် မတူညီကြောင်း သတိပြုရမည်။ စစ်မှန်သော ချစ်ခြင်း မေတ္တာသည် သူတပါးအတွက် ကိုယ့်ကိုကိုယ် အလိုအလျောက် ဆက်ကပ်ခြင်း၊ တမင်တကာ ရွေးချယ်ခြင်းဖြစ်သည်။

ထိုအရာသည် သမ္မာကျမ်းစာက ခင်ပွန်းများအတွက် အတိအကျ တောင်းဆိုထားသည့် အရာဖြစ်ပြီး၊ သူတို့သည် မိမိတို့ဇနီးသည်များအတွက် ကိုယ့်ကိုကိုယ်ပေးဆပ်ရန် ဝန်ခံကတိပြုခြင်းဖြစ်သည်။ သူ့ဇနီးသည်အတွက် အနစ်နာခံရန် ဆန္ဒမရှိသော ခင်ပွန်းတစ်ဦးသည် စစ်မှန်သည့်ချစ်ခြင်းမေတ္တာ မှာ ဘာဖြစ်သည်ကို မသိသေးပေ။ မိမိခေါင်းဆောင်မှုအောက်တွင်ရှိသော ဇနီးသည်ကို အစေခံကျွန်ကဲ့သို့ဆက်ဆံသော ခင်ပွန်းသည် အိမ်ထောင်ပြုခြင်း နှင့် မိသားစုဆိုင်ရာ သမ္မာကျမ်းစာ သွန်သင်သောအရာကို နားလည်သဘော ပေါက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် တစ်ကိုယ်ကောင်းဆန်သော ယောက်ျားများ သည် ပြည့်စုံသော အိမ်ထောင်ပြုခြင်းနှင့် မိသားစုတစ်ခု ရှိခြင်းအကြောင်းကို မည်သို့သောအခါမျှ သိလိမ့်မည် မဟုတ်ပေ။ အိမ်ထောင်ပြုခြင်း၌ စစ်မှန်သောပျော်ရွှင်ခြင်းသည် ဘုရားသခင်ဖော်ပြသည့် ပုံစံကို လိုက်နာသူများသာ တွေ့ ရှိနိုင်သည်။ စွန့်လွှတ် အနစ်နာခံခြင်းသည် စစ်မှန်သောကောင်းကြီးမင်္ဂလာရ ခြင်း၏ နည်းလမ်းဖြစ်သည်ဟု သခင်ယေရှုကိုယ်တိုင် ဟောပြောခဲ့သည့် “အ စွန့်ကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် မင်္ဂလာရှိ၏”(တ ၂၀း၃၅)။

ဧဖက် ၅း၂၅ ကို မှန်ကန်စွာ နားလည်လျှင် (အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့ သင်တို့လည်း ကိုယ်ခင် ပွန်းကို ချစ်ကြလော့ . . ထိုအသင်းတော်အဘို့အလို့ငှာ ကိုယ်ကိုကိုယ် စွန့်တော်မူ၏)။ ထိုကျမ်းပိုဒ်က ခင်ပွန်းသည်သည် မိမိကိုယ်ကို အသေခံရန် အမိန့် ပေးခြင်းဖြစ်သည်။ အမှန်မှာ၊ သူသည် သူ့ဇနီးအတွက် သူ့ကိုယ်သူ ကားတိုင် ပေါ်၌ အသေခံဖို့ရန် ခေါ်ထားခြင်းဖြစ်သည်။ ထိုအရာသည် အမြဲတမ်း သူ့ ဇနီးအတွက် ပန်းကန်ဆေးကူခြင်းကဲ့သို့ အသေးအဖွဲ့ ပေးဆပ်ခြင်းမျိုးအကြောင်းကို ပြောခြင်းမဟုတ်ပေ။ သူ့ဇနီး ကောင်းဖို့ရန်အတွက် ယောက်ျား သည် သူ့ဘဝတစ်ခုလုံး အနစ်နာခံရန်၊ အသေခံဖို့ရန်ပင် ဆန္ဒရှိခြင်းကို ဆိုလို ခြင်း ဖြစ်သည်။

စစ်မှန်သော ချစ်ခြင်းမေတ္တာသည် “ကိုယ့်အကျိုးကို မရှာတတ်”ခြင်း ကို သတိရပါ (၁ ကော ၁၃း၅)။ ထိမ်းမြားခြင်းမှ ကိုယ်ကျိုးအတွက် ရရှိခြင်းကို သာ စိတ်ဝင်စားသူသည် သူ့မိသားစုတွင် ပျက်စီးမျိုးစေ့များကို ကြဲနေသော သူဖြစ်သည်။ ခရစ်တော်သည် အသင်းတော်ကိုချစ်သကဲ့သို့ သင်သည်လည်း သင်၏ဇနီးကို တတ်နိုင်သမျှ ချစ်ရန်ဖြစ်ပြီး ပြန်လည်ချစ်ခြင်းခံဖို့အတွက် မ ဟုတ်ပေ။ ထို့ပြင်၊ ခရစ်တော်သည် သူ့အကျိုးအမြတ်အတွက် ကျွန်တော်တို့ကို ချစ်သည် မဟုတ်ဘဲ၊ သူသည် ကျွန်တော်တို့အား မျက်နှာသာ ပေးလိုသည့် မွန်မြတ်သော သခင်ဖြစ်ခြင်းကြောင့် ဖြစ်သည်။

ကွယ်ကာပေးသည့် ချစ်ခြင်းမေတ္တာ

သူ့ဇနီးသည်အတွက် ဘုရားနှစ်သက်သည့် ခင်ပွန်းသည်တစ်ဦး၏ ချစ်ခြင်းမေတ္တာသည် သူမ သန့်ရှင်းခြင်းကို ကာကွယ်ပေးသည့် ချစ်ခြင်းမေတ္တာ မျိုးဖြစ်သည်။ ရှင်ပေါလုက အသင်းတော်အတွက် ခရစ်တော်၏ စွန့်လွှတ်အ နစ်နာခံခြင်းသည် အသင်းတော်ကို “သန့်ရှင်းလျက်၊ အပြစ်ကင်းလျက်”ရှိစေ ခြင်း(ဧ ၅း၂၆)၊ “အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်း စသည်တို့နှင့် လွတ် လပ်သဖြင့်” (ငယ် ၂၇) အစွန်းအထင်း (သို့) အတွန့်အကြေမရှိဘဲ၊ သူမဘုန်း ထင်ရှားခြင်းကို ပြုလုပ်ရန်မှာ သူ၏ ရည်ရွယ်ချက်ဖြစ်သည်ဟု ပြောခဲ့သည်။ အသင်းတော်၏ သန့်ရှင်းခြင်းသည် ခရစ်တော်၏ အဓိကပူပန်မှုဖြစ်သည်။

ထိုနည်းတူ၊ အိမ်ထောင်ပြုခြင်းတွင် သူ့ဇနီးသည်၏ သန့်ရှင်းခြင်းကို ကာကွယ်ရန်မှာ ခင်ပွန်းတိုင်း၏ အဓိကတာဝန်ဖြစ်သည်။ အမှန်တကယ် ချစ် သည့် တစ်စုံတစ်ယောက်အပေါ် မည်သူကမျှ တမင်တကာ ညစ်ညမ်းမှုများ ပြုကြလိမ့်မည်မဟုတ်ပေ။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် “မတရားသော အမှု၌ ဝမ်းမမြောက်တတ်။ သမ္မာတရား၌ ဝမ်းမြောက်တတ်”ကြောင်း သတိရ ပါ (၁ ကော ၁၃း၆)။ ချစ်ခြင်းမေတ္တာရှိသော ခင်ပွန်းသည်တစ်ဦးသည် သူ ချစ်မြတ်နိုးသူ၏ သန့်ရှင်းစင်ကြယ်ခြင်းအား ထိခိုက်စေမည့်အရာတစ်ခုခုကို မည်သို့ နှစ်သက်မည်နည်း။ ။ ၊ ဆန့်ကျင်ဘက်အဖြစ်၊ အသင်းတော်ကို ခရစ်တော်ချစ်သကဲ့သို့ မိမိ ဇနီးသည်ကို ချစ်သော ခင်ပွန်းသည် သူမအား ညစ်ညမ်းစေမည့် အရာတိုင်းအား သဘာဝအားဖြင့် မုန်းတီးလိမ့်မည်ဖြစ်သည်။ သူသည် သူမ၏ အကျင့် သီလများအတွက် တိုက်ခိုက်လာသည့်အရာများကို ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။ သူသည် သူ့အိမ်ကို ခရစ်တော်အား ရိုသေလေးစားသည့် နေရာ ဖြစ်အောင် တိုက်ခိုက်လိမ့်မည်ဖြစ်ပြီး၊ ညစ်ညမ်းစေမည့်အရာတိုင်းကို ဖယ် ထုတ်မည်ဖြစ်သည်။ သူသည် မည်သည့်အပြစ်မျိုးကိုမဆို သူမထံ အဝင်ခံစေ မည် မဟုတ်ပေ။ သူသည် သူမအား တမင်တကာစိတ်ဆိုးခြင်း(သို့) အမျက်ဒေါ သထွက်အောင် လုပ်လိမ့်မည် မဟုတ်ဘဲ၊ အခြားသွေးဆောင်ခြင်းများ ခံရခြင်း မျိုးကိုလည်း လုပ်လိမ့်မည် မဟုတ်ပေ။ သို့သော် သူသည် သူမအား မရိုမသေပြု ခြင်း၊ သိက္ခာကျစေခြင်း၊ နှိမ်ခြင်း (သို့) အပြစ်ပြုရန် သွေးဆောင်ခြင်းများမှ ကာကွယ်လိမ့်မည် ဖြစ်သည်။ ထို့ပြင် သူကိုယ်တိုင်သည် သန့်ရှင်းသော အ သက်တာကို ပုံသက်သေအဖြစ် ရှိနေမည်ဖြစ်ပြီး၊ သူ့အား ညစ်ညမ်းစေသော အရာသည် သူမကိုလည်း ညစ်ညမ်းမှုပြုစေကြောင်း သိမည်ဖြစ်သောကြောင့် ဂရုစိုက်စွာ အသက်ရှင်လိမ့်မည်ဖြစ်သည်။ ခရစ်တော်သည် အသင်းတော်၏ သန့်ရှင်းစင်ကြယ်မှု နည်းလမ်းကိုသတိပြုပါ။ “နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်းအားဖြင့်” ဖြစ်သည် (ဧ၊ ၅း၂၆)။ ခင်ပွန်းများသည် ဘုရားသခင် နှုတ်ကပတ်တော်၏ သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်း အကျိုးသက်ရောက်မှုကို သူတို့၏ဇနီးသည်များ ပုံမှန်ထိတွေ့မှု ရှိရန် လုပ်ဆောင်ရမည့် တာဝန်တစ်ခုရှိသည်။ ယောက်ျားသည် အိမ်တွင် ဝိညာဉ်ရေးရာ ဦးဆောင်သူသည့် ယဇ်ပုရောဟိတ်ကဲ့သို့ မိမိအိမ်ကို စောင့်ရှောက်သောသူ ဖြစ်သည်။ ထို့ကြောင့် မိမိအိမ်နှင့် မိသားစုဗဟိုတွင် ဘုရား သခင်၏ နှုတ်ကပတ်တော်ဖြစ်ကြောင်းကို သေချာစေရန် သူလုပ်ရမည့် တာဝန် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ရိုသေခြင်းနှင့်နာခံခြင်းရှိသည့် အသင်းတော်တစ်ခုတွင် ပါဝင်ခြင်း၌ သူ့မိသားစုကို ဦးဆောင်ရမည် ဖြစ်သည်။ ထိုအရာများထက်၊ သူကိုယ်တိုင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် ဆက်ကပ်ပြီး၊ ကျမ်းစာကို လုံလောက်စွာ လက်စွဲအသုံးပြုထားသူဖြစ်ရန် လို အပ်သည်။ သို့မှသာ သူသည် အိမ်ထောင်ပြုခြင်းတွင် မှန်ကန်သော ဝိညာဉ် ရေးရာ ဦးဆောင်မှုကို ပြုနိုင်မည်ဖြစ်သည် (၁ ကော ၁၃း၃၄-၃၅)။

ထိုအရာ၏ ဆိုလိုရင်းမှာ ခင်ပွန်းသည်များ ဦးစားပေးရမည့်အရာမှာ စည်းကမ်းရှိစွာ အသက်ရှင်ခြင်းဖြစ်သည်။ လူတစ်ဦးသည် တစ်နေ့ (၄) နာရီလောက် နေ့တိုင်း၊ လတိုင်း၊ နှစ်တိုင်း ရုပ်မြင်သံကြားတွင် အားကစားပွဲကြည့် ခြင်း (သို့) သူ့မိသားစု၏ ဝိညာဉ်ရေးရာ လိုအပ်ချက်ကို လျစ်လျူရှုခြင်း ပြုနေပါ က၊ သူသည် နောက်ဆုံးတွင် ခါးသီးခြင်း အသီးအပွင့်ကိုသာ ရိတ်သိမ်းရမည် ဖြစ်သည်။ ဤနေရာတွင် သူ့ဇနီးသည်၏ ကောင်းကျိုးအတွက် စွန့်လွှတ်အနစ် နာခံခြင်းသည် လက်တွေ့ကျကျ လုပ်ရမည်ဖြစ်သည်။ သူမ၏ သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းကို ပျိုးထောင်ပေးခြင်းသည် ညနေပိုင်း ရုပ်မြင်သံကြား ကြည့်ခြင်း ထက် အရေးမပါခဲ့ပါက၊ ထိုခင်ပွန်းသည် သူ့ဇနီးသည်အပေါ် ခရစ်တော် အသင်းတော်ကို ချစ်သည့်နည်းအတိုင်း ချစ်ခြင်းမေတ္တာမရှိခဲ့ပေ။

သို့သော် ခရစ်တော်သည် သူ့အသင်းတော်၏ စင်ကြယ်ခြင်းကို ချစ် ခြင်းမေတ္တာဖြင့် ကာကွယ်ခြင်း နည်းလမ်းအတိုင်း၊ ဘုရားသခင်နှစ်သက်သည့် ခင်ပွန်းသည် သူ့ဇနီးသည်၏ သန့်ရှင်းခြင်း၊ စင်ကြယ်ခြင်းနှင့် ဝိညာဉ်ရေးရာကြီးထွားခြင်းကို ရှာဖွေလိမ့်မည်ဖြစ်သည်။ ထိုအရာသည် ယောက်ျားတိုင်း၏ တာဝန်ဖြစ်သည်။

ဂရုစိုက်မှုကိုပြသော ချစ်ခြင်းမေတ္တာ

စစ်မှန်သော ချစ်ခြင်းမေတ္တာသည် ကြင်နာသော ဂရုစိုက်မှု ပါဝင်ပြီး၊ ရှင်ပေါလုသည် “ထိုနည်းတူ ယောက်ျားတို့သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်။ ခင်ပွန်းကို ချစ်သောသူသည် ကိုယ်ကိုချစ်သော သူဖြစ်၏”ဟူသော အမြင်ဖြင့် ဖော်ပြထားသည် (ဧ ၅း၂၈)။

ကျွန်တော်တို့သည် ကျွန်တော်တို့ ကိုယ်ခန္ဓာကျန်းမာခြင်းအတွက် အချိန်နှင့် စွမ်းအားများကို ပေးခြင်းဖြင့် ဂရုစိုက်ကြသည်။ ကျွန်တော်တို့ လေ့ ကျင့်ခန်းလုပ်ခြင်း၊ စားသောက်ခြင်း၊ ဝတ်ကောင်းစားလှများ ဝတ်ဆင်ခြင်းနှင့် နွေးနွေးထွေးထွေးဖြင့် နေထိုင်ကြသည်။ ကျွန်တော်တို့ ဖျားနာခြင်း(သို့) ပင် ပန်းနွမ်းနယ်ပါက၊ အနားယူကြသည်။ ကျွန်တော်တို့ခန္ဓာကိုယ် နာကျင်ပါက၊ နာကျင်မှုကို သက်သာရန် ရှာဖွေကြသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ ခန္ဓာကိုယ်ကို အမြဲမပြတ် ဂရုစိုက်ကြပြီး၊ သူတို့လိုအပ်သည့် အစာစားခြင်း၊ ဝတ်ဆင်ခြင်း၊ သက်သောင့်သက်သာနေခြင်း၊ အပန်းဖြေခြင်း၊ စသည်တို့ကို ပြုလုပ်ကြသည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ခန္ဓာကိုယ်ကို အလေးထား ကြသည်။ ခန္ဓာကိုယ် လိုအပ်သည်များအတွက် ပူပန်ကြသည်။ ခန္ဓာကိုယ် တောင့်တသည့်အရာကို သတိထားပြီး မဆိုင်းမတွ လုပ်ဆောင်ပေးတတ်သည်။

ထိုအရာသည် ရှင်ပေါလု မိန့်မှာထားသည့် သူတို့၏ ဇနီးသည်များ အပေါ် ခင်ပွန်းသည်များ ထားရမည့် ချစ်ခြင်းမေတ္တာမျိုးဖြစ်သည်။ သမ္မာကျမ်း စာသည် စိတ်လှုပ်ရှားမှုဖြင့်သာ ချစ်ခြင်းမေတ္တာကို ဖော်ပြထားခြင်းမဟုတ်ကြောင်း သိမှတ်ပါ။ ထိုသို့သော ချစ်ခြင်းမေတ္တာမျိုးသည် ပြုမူခြင်း၊ ဆန္ဒအ လျောက်ဖြစ်ခြင်း၊ ခံစားချက်သက်သက်ဖြင့်သာ ဖော်ပြခြင်းမဟုတ်ဘဲ၊ အင် တိုက်အားတိုက် တက်တက်ကြွကြွ ကျွန်တော်တို့ လုပ်ဆောင်မှုမျိုးဖြစ်သည်။ ထိမ်းမြားခြင်းတွင် “ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်” (ငယ် ၃၁)ဟု ဆိုထားခြင်းကြောင့်၊ ယောက်ျားသည် သူ့ခန္ဓာကိုယ်ကို ချစ်သကဲ့သို့ သူ့ဇနီးသည်ကို ချစ်သင့်သည်။ ထိုအရာသည် ထိမ်းမြားခြင်းကို ဘုရားသခင်ပုံဖော်ထားသည့်အရာ ဖြစ်သည်။ ရှင်ပေါလု သည် ကမ္ဘာဦးကျမ်း ၂း၂၄ မှ ကိုးထားခြင်းဖြစ်ပြီး၊ (ဤစာအုပ်၏ အစပိုင်းတွင် ကျွန်တော်တို့ သိမှတ်ခဲ့ပြီးသကဲ့သို့) ထိုအရာက ဘုရားသခင်သည် ပထမဆုံး အိမ်ထောင်ပြုခြင်းကို မည်သို့ပုံဖော်ခဲ့ကြောင်း ဖော်ပြထားသည်။ တစ်နည်း အရ၊ ဤအရာသည် ထိမ်းမြားခြင်းအတွက် အဓိကနိယာမတစ်ခုဖြစ်သည်။ ထိုနိယာမသည် လူသားအားလုံးနှင့်သက်ဆိုင်မှုရှိပြီး၊ ကမ္ဘာဦးကတည်းက အမှန်တရားလည်း ဖြစ်သည်။ ခင်ပွန်းသည်များသည် သူတို့ခန္ဓာကိုယ်ကို ဂရုစိုက်သည့်နည်းအတိုင်း သူတို့၏ဇနီးသည်များကို ချစ်ရမည်ဖြစ်ပြီး၊ အဘယ့်ကြောင့်ဆိုသော် ထိုသူနှစ်ဦးသည် တစ်သားတစ်ကိုယ်တည်း ဖြစ်ခြင်းကြောင့် ဖြစ်သည်။

ဤအရာသည် ထိမ်းမြားခြင်း၏ အနှစ်သာရ ဖြစ်သည်။ ထိမ်းမြားခြင်း တွင် ယောက်ျားနှင့် မိန်းမတို့သည် ခန္ဓာကိုယ်အားဖြင့် တစ်သားတစ်ကိုယ် တည်း ပေါင်းစပ်ကြသည်။ ထိုအချိန်မှစ၍ ယောက်ျားသည် သူ့ကိုယ်ခန္ဓာကဲ့သို့ သူ့ဇနီးသည်ကို မှတ်ယူရမည်ဖြစ်သည်။ သူမနာကျင်ခံစားရပါက၊ သူသည် ထိုနာကျင်မှုကို ခံစားရမည်ဖြစ်သည်။ သူမတွင် လိုအပ်မှုများ ရှိပါက၊ သူလို အပ်သကဲ့သို့ ထိုအရာများကို လက်ခံယုံကြည်ရမည်။ သူသည် သူမ ခံစားသည့် အရာကို လိုက်ခံစားရမည်။ သူမဆန္ဒရှိသည့်အရာကို ဖြည့်ဆည်းပေးရမည်။ သူ့ခန္ဓာကိုယ်ကို သူဖြည့်ဆည်းသကဲ့သို့ သူမအပေါ်တွင် ဂရုစိုက်မှု၊ စဉ်းစားပေး မှု ရှိရမည်ဖြစ်သည်။

တမန်တော် ရှင်ပေတရုသည် ခင်ပွန်းသည်များအတွက် အကြံပေး သည့် ဤစကားများကို ပြောခဲ့သည်မှာ “ထိုနည်းတူ ယောက်ျားတို့၊ ဆုတောင်း ခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသော သူချင်းကဲ့သို့၊ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်း နှင့်အတူနေ၍ အားနည်းသောသူကို ပြုသင့်သည့်အတိုင်း သူ့ကို စောင်မပြုစုကြလော့” (၁ ပေ ၃း၇)။ ကျမ်းပိုဒ်မှ များစွာသော အကြောင်းအရာများ ထွက်လာသည်ကို သတိပြုပါ။

ပထမမှာ၊ ခင်ပွန်းသည်များအတွက် ဦးဆောင်ခြင်းသည် ကြီးမြတ် သည့် တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းဖြစ်ပြီး၊ အဆင့်မြင့်သည့် အခွင့်အရေး တစ်ခုကို ရရှိခြင်းမဟုတ်ပေ။ ရှင်ပေတရုက ခင်ပွန်းသည်များ၏ ဦးခေါင်းဖြစ် ခြင်းသည် ဘုရားသခင်စီစဉ်ထားခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည် (ငယ် ၁-၆)။ သူက ဇနီးသည်သည် “အားနည်းသောသူ”ဖြစ်ကြောင်း မှတ်သားခဲ့ သည်။ ထို့ကြောင့် ခင်ပွန်းသည် မိမိ၏အခွင့်အရေးကို စွန့်လွှတ်ပြီး၊ သူ့ဇနီး အား “တန်ဖိုး”ထားရန် သင့်လျော်ကြောင်း ရှင်ပေတရု ရှင်းပြခဲ့သည်။

ဒုတိယမှာ၊ ခင်ပွန်းသည်များ၏ တာဝန်သည် ခေါင်းဆောင်ခြင်း အကြောင်း ရှင်းရှင်းလင်းလင်း ပါဝင်သော်လည်း၊ သူသည် မိမိဇနီးသည်အား ၊ ထပ်တူထပ်မျှ အမွေဆက်ခံသူနှင့် အဖော်မွန်တစ်ဦးကဲ့သို့ မှတ်ယူရမည်။ အဘယ့်ကြောင့်ဆိုသော် ခင်ပွန်းသည်နှင့် ဇနီးသည်သည် “အသက်ရှင်ခြင်း ကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသောသူချင်း”ဖြစ်ကြသည်။

တတိယမှာ၊ ခင်ပွန်းသည်များသည် မိမိတို့ထက် မိမိတို့၏ ဇနီးသည် များအပေါ် ပိုပြီး အလေးထားသင့်ကြောင်း လက်တွေ့နည်းလမ်းသုံးခုဖြင့် ကျမ်းပိုဒ်က ဖော်ပြထားသည်။

နားလည်ပေးခြင်း၊ စဉ်းစားဆင်ခြင်ခြင်း “ထိုနည်းတူ ယောက်ျား တို့ … သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍” (ငယ် ၇)။ သူတို့ယောက်ျားများနှင့် ပတ်သက်ပြီး ဆွေးနွေးလမ်းညွှန်ခံ အမျိုးသမီးများထံမှ ကြားရသည့် အများဆုံး မကျေနပ်မှုတစ်ခုမှာ “သူက ကျွန်မကို နားလည်ဖို့ ဘယ်တော့မှ မကြိုးစားဘူး။ သူက ကိုယ်ချင်းစာစိတ် မရှိဘူးလို့ ကျွန်မခံစားရ တယ်”ဟု ဖြစ်သည်။

တစ်စုံတစ်ယောက်၏ ဇနီးသည်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ သည် သူမ မည်သို့ခံစားနေရခြင်းကို စဉ်းစားဆင်ခြင်ခြင်း ပါဝင်သည်။ ခင်ပွန်း သည်များသည် သူတို့ဇနီးသည်များ၏ ပူပန်နေမှုများကို သတိပြုရန် လိုအပ်ပြီး၊သူတို့ရှိထားသည့် ပန်းတိုင်များ၊ သူတို့အမြတ်တနိုးထားသည့် အိပ်မက်များ၊ သူတို့ဦးတည်ချင်သည့် စိတ်ဆန္ဒများ၊ သူတို့ကြောက်ရွံ့သည့်အရာများ၊ သူတို့ သယ်ဆောင်သည့် ပူပန်စိတ်များ စသည်တို့ကို စဉ်းစားပေးရသည်။ ထိုအရာ သည် သူမမြင်သကဲ့သို့ မြင်ဖို့ရန်နှင့် သူမခံစားသကဲ့သို့ ခံစားတတ်ရန် တမင် လေ့လာရှာဖွေရန် လိုအပ်ကြောင်း ဖော်ပြသည်။ ထိုအရာက သူမကို ဂရုတ စိုက်နားထောင်ပေးခြင်း၊ သူမနှလုံးသားထဲရှိ အရာကို မျှဝေရန် အချိန်ပေးခြင်း၊ နှင့် သူမခံစား နေရသည့်အရာအတွက် စာနာစိတ်ရှိစေခြင်းတို့ကို ဆိုလိုသည်။ ထိုသို့သော နားလည်မှုရှိခြင်းမျိုးသည် ခင်ပွန်းသည် အများစုတွင် သဘာဝအ တိုင်း ဖြစ်လာသည့်အရာ မဟုတ်သော်လည်း ဇနီးသည်တိုင်းသည် ထိုသို့သော ၊ နားလည်မှုပေးခြင်းကို ခင်ပွန်းသည်များထံမှ သမ္မာကျမ်းစာ၏ တောင်းဆိုထား သည့်အရာလည်းဖြစ်သည်။

ယဉ်ကျေးစွာ ဆက်ဆံခြင်း – ရှင်ပေတရုက ဆက်လက်ပြီး “အား နည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင်မကြလော့”ဟု ပြောခဲ့သည် (ငယ် ၇)။ ငြင်းဆန်လို့မရသည့် အရာတစ်ခုမှာ၊ အမျိုးသမီးများသည်ယေဘုယျသဘောသဘာဝအားဖြင့် အမျိုးသားများထက် ရုပ်ပိုင်းဆိုင်ရာ အား နည်းသူများဖြစ်ကြသည်။ ထိုအရာကို ရှင်ပေတရု ရည်ညွှန်းပြောဆိုခြင်း ဖြစ် သည်။ ယနေ့တွင် “အားနည်းသောသူ”အဖြစ် အမျိုးသမီးများကို ရည်ညွှန်းခြင်း သည် လူ့အဖွဲ့အစည်းတွင် မှန်ကန်သည်ဟု မမြင်ရသော်လည်း ရှင်ပေတရု၏ ဆိုလိုရင်းသည် အမျိုးသမီးများကို စော်ကားထားခြင်းမဟုတ်ပေ။ ဆန့်ကျင် ၊ ဘက်အရ၊ သူတို့၏ ဇနီးသည်များကို ညင်သာစွာ၊ ချစ်ခြင်းမေတ္တာဖြင့် ယဉ်ကျေးစွာ ဆက်ဆံရန် ခင်ပွန်းသည်များအတွက် အကြောင်းအရင်းတစ်ခုကဲ့သို့ ရှင်ပေတရု ဖော်ပြခြင်းဖြစ်သည်။ ဇနီးသည်၏ အားနည်းသည့်နေရာများတွင် သူ့အင်အားကိုသုံးပြီး အစေခံသောသူသည် ဇနီးသည်ကို လေးစားမြတ်နိုး ၊သော ခင်ပွန်းဖြစ်သည်။ ဇနီးသည်တစ်ဦးထံ ထိုယဉ်ကျေးသော အကျင့်မျိုးကို ပြရန် လက်တွေ့ကျသည့်နည်းလမ်းရှိပြီး၊ ဥပမာ – သူမအတွက် တံခါးဖွင့်ပေး ခြင်း၊ ကားတာယာများ လဲပေးခြင်း၊ ပြတင်းပေါက်များ သုတ်ပေးခြင်းနှင့်ပရိဘောဂများ ရွေ့ပေးခြင်းများ လုပ် ဆောင်နိုင်သည်။

ရှင်ပေတရုက သင့်ခွန်အားဖြင့် သင့်ဇနီးသည်ကို အစေခံပါဟု ပြော ထားသည်။ သူမသည် အားနည်းသူဖြစ်ကြောင်း သိပါ။ သင့်ရုပ်ပိုင်းဆိုင်ရာ၊ ခွန်အားများကို သူမအားနည်းငယ်မှု မလုပ်နိုင်သည့် နေရာများတွင် ကူညီရန် အသုံးပြုပါ။ ဤအရာသည် ခင်ပွန်းသည်များက မိမိဇနီးသည်များကို ဝန်ခံခြင်း ၊ နည်းလမ်းတစ်ခုဖြစ်သည်။ ထိုနည်းလမ်းမှာ ဇနီးသည်တို့၏ အားနည်းသည့် နေရာတွင် ဆင်ခြင်၍ နားလည်မှုပေးခြင်းဖြစ်သည်။

မျှဝေခံစားခြင်း – ၁ ပေ ၃၇ ရှိ နောက်ဆုံး စကားစုတွင် ရှုထောင့် အားလုံး ပေါင်းထည့်ထားသည်။ “ထိုနည်းတူ၊ ယောက်ျားတို့ ဆုတောင်းခြင်း အမှု၌ အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ ၍ အမွေခံရသော သူချင်းကဲ့သို့၊ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့် အတူနေ၍ အားနည်းသောသူကို ပြုသင့်သည့်အတိုင်း သူ့ကို စောင်မပြုစုကြ လော့။” အမျိုးသမီးများသည် အမျိုးသားများထက် ရုပ်ပိုင်းဆိုင်ရာ အားနည်း သော်လည်း ဝိညာဉ်ပိုင်းတွင် အတူတူဖြစ်ကြောင်း ကျွန်တော်တို့ ထပ်မံတွေ့ရ သည်။ ယောက်ျားနှင့် မိန်းမတို့သည် “အသက်နှင့်ဆိုင်သော ကျေးဇူးတော်ကို” အတူကွ အမွေခံသူများဖြစ်ကြသည်။ ထိုသို့ ဖော်ပြခြင်းဖြင့် ရှင်ပေတရုက ချိုမြိန်ခြင်း အထွတ်အထိပ်ကဲ့သို့ ထိမ်းမြားခြင်းသည် ဘဝ၏ အကောင်းဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ညွှန်ပြခြင်းဖြစ်သည်။ ထိုကျေးဇူးတော်ကို လင်နှင့်မယားတို့သည် အတူတကွ မျှဝေခံစားကြသည်။

ကျွန်တော့်ဇနီးသည် Patricia အတွက် ကျေးဇူးတော်ချီးမွမ်းသည်။ သူမသည် ကျွန်တော့်၏ အကောင်းဆုံး မိတ်ဆွေနှင့် အနီးဆုံးယုံကြည်ရသူ ဖြစ်သည်။ သူမသည် ကျွန်တော့်၏ အဓိက ဝိညာဉ်ရေးရာ အပေါင်းအပါဖြစ် ပြီး၊ ကျွန်တော်ကြုံတွေ့သောအရာများအား သူ့ကိုအမြဲတမ်းမျှဝေပြီး ဘုရား သခင်ထံ အတူတကွဆုတောင်းကြသည်။ ရှင်ပေတရုက ထိုသို့သော ပြုမူဆက် ဆံခြင်းသည် အရေးကြီးကြောင်း နားလည်သဘောပေါက်ခဲ့ပြီး၊ သူတို့၏ ဇနီး သည်များထံ စဉ်းစားဆင်ခြင်ခြင်းနှင့် ယဉ်ကျေးစွာ ဆက်ဆံခြင်းတို့ပြုရန် ခင်ပွန်းသည်များအတွက် အဓိကအကြောင်းအရင်းကဲ့သို့ “ဆုတောင်းခြင်းအမှု၌ အဆီးအတားမရှိစေခြင်းငှာ”ဟု တိုက်တွန်းနှိုးဆော်သည်။ ယောက်ျားနှင့်မိန်းမ ပြုမူဆက်ဆံရေး၌ အတားအဆီးတစ်ခုခု ရှိခဲ့ပါက၊ ကောင်းကင်မှ ကောင်းကြီး မင်္ဂလာတံခါးများ ပိတ်သွားနိုင်သည်။

ထို့ကြောင့် ရှင်ပေတရုက ခင်ပွန်းသည်များ သူတို့၏ ဇနီးသည်များ ကို နားလည်မှုရန်၊ ရိုသေလေးစားမှုရှိရန်နှင့် စာနာစိတ်ရှိရန် တိုက်တွန်းခဲ့ သည်။ တမန်တော် ရှင်ပေါလုက ဧဖက် ၅း၂၈ ၌ “ထိုနည်းတူ ယောက်ျားတို့ သည် မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်”ဟု ပြောထား သည့်အတိုင်း ထိုအရာသည် အခြားသော ရိုးရှင်းသည့် နည်းလမ်းဖြင့် ပြောခြင်းဖြစ်သည်။

ဧဖက် ၅ ကို ပြန်ကြည့်ပါက၊ အငယ် ၂၉ တွင် ရှင်ပေါလု ပြောထား သည်မှာ “ကိုယ်အသားကို မုန်းသောသူတစ်ယောက်မျှမရှိ။ … ခပ်သိမ်း သောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏”ဟု ဖြစ်ကြောင်း ကျွန်တော်တို့ တွေ့ရသည်။ ထိုအရာသည် မှန်ပေသည်။ ကိုယ့်ကိုကိုယ် မနှစ် သက်ကြောင်း ပြောသည့်လူများ များစွာရှိကြသည်။ ယနေ့တွင် “ကိုယ့်ကိုကိုယ် တန်ဖိုးထားမှု နည်းပါးခြင်း” (low self-esteem) ပြဿနာများ ကျွန်တော်တို့ များစွာကြားနေရသည်။ ထိုအရာသည် မှားယွင်းသည့် သနားစိတ်ဖြင့် မိမိ ကိုယ်ကို ဟန်ဆောင်ရန် အခြားအကြောင်းပြချက်တစ်ခုဖြစ်သည်။

သို့သော် ကျွန်တော်တို့သည် သဘာဝအားဖြင့် ကိုယ့်ကိုကိုယ် မုန်းတီး သောသူ မဟုတ်ပေ။ ကျွန်တော်တို့အား နာကျင်စေသည့်အရာကို ရှောင်ရှား ခြင်း၊ ကျွန်တော်တို့ လိုချင်သည့်အရာကို ရှာဖွေခြင်း၊ ကျွန်တော်တို့အရသာ တွေ့ အစာကို စားသုံးခြင်းနှင့် ကျွန်တော်တို့အသက်နှင့် ကိုယ်အင်္ဂါအစိတ် အပိုင်းများကို ထိခိုက်စေခြင်းမျိုးအား ရှောင်ရှားခြင်း စသည်တို့သည် ပြည့်ဝသော ဆင်ခြင်တုံတရားရှိခြင်း ဖြစ်သည်။ ကျွန်တော်တို့ ရှင်သန်ခြင်းအတွက် ကြိုးပမ်းမှုသည် အခြေခံသဘောသဘာဝ ဖြစ်သည်။ သမ္မာကျမ်းစာသည် ၊ လည်း ထိုအရာကို အသိအမှတ်ပြုထားသည်။ ထိုအရာနှင့် ပတ်သက်ပြီးမှားယွင်းသည့်အရာမရှိပေ။ သို့သော် ကိုယ့်ကိုကိုယ် ညှင်းဆဲခြင်း (သို့) အစာ ရှောင်ခြင်းသည် မည်သည့်ကောင်းကျိုးမျှမရှိသည်မှာ အမှန်ပင်ဖြစ်သည်။

ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ရမည်ဟု သမ္မာကျမ်းစာက ကျွန်တော်တို့ကို မိန့်မှာသည့်အခါ (မာ ၁၂း၃၁)၊ လူ့နှလုံးသားတွင် ကိုယ့်ကို ကိုယ် မုန်းခြင်း (self-hate) သည် မည်မျှခက်ခဲကြောင်း ဖော်ပြထားသည်။ ယေရှုက ထိုပညတ်ကို ဒုတိယအကြီးဆုံးပညတ်တော်ဟု ပြောခဲ့သည် (မ ၂၂:၃၉)။ တစ်ခဏ ပြန်စဉ်းစားရန်မှာ၊ “ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်ပါ”ဟု ဖော်ပြခြင်းသည် အခြားသောနည်းလမ်းဖြင့် အပြန်အလှန် ဝန်ခံရန် ဖော်ပြသည့် ရိုးရှင်းသော နိယာမဖြစ်သည်။

ထိုနိယာမသည် မိမိအိမ်နီးချင်းများအား ကျွန်တော်တို့ ချစ်ခြင်း မေတ္တာပြရမည်ဟု ပြောပါက၊ လင်နှင့်မယားကြားရှိ ဆက်ဆံပြုမူခြင်းတွင် ပို၍ ရှိသင့်သည်။ အမှန်မှာ၊ ခင်ပွန်းသည်နှင့် ဇနီးသည်အကြောင်း ဧဖက် ၅ တွင် ရှင်ပေါလုအသုံးပြုခဲ့သည့် စကားသည် သူ့ဇနီးသည်အတွက် ခင်ပွန်းသည် ၏ ကြင်နာသောချစ်ခြင်းမေတ္တာရှိ လုံးဝရင်းနှီးကျွမ်းဝင်မှုခြင်းကို မီးမောင်း ထိုးပြရန် တမင်တကာ ရွေးချယ်ထားပုံရသည်။ “ထိုနည်းတူ ယောက်ျားတို့ မိမိကိုယ်ကို ချစ်သကဲ့သို့ မိမိခင်ပွန်းတို့ကို ချစ်ရကြမည်” (ငယ် ၂၈)။

ရှင်ပေါလု သုံးထားသည့် စကားလုံးများသည် အလွန်နွေးထွေးသော ပုဂ္ဂိုလ်ရေးဆန်သည့် အသုံးအနှုန်းများဖြစ်သည်။ “ကိုယ်အသားကို မုန်းသော သူတစ်ယောက်မျှမရှိ။ ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော် မူသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ ၏” (ငယ် ၂၉)။ “ကျွေးမွေး” (nourishes)ဟု ဘာသာပြန်သော ဂရိဝေါဟာရ သည် ဤနေရာနှင့် ဧဖက် ၆း၄ ရှိ ကလေးငယ်များကို ပြုစုခြင်းကို ဖော်ပြသော “ကျွေးမွေး”ဟု ဘာသာပြန်သည့် နေရာတွင်သာ တွေ့ရသည်။ ထိုစကားလုံး သည် ရင့်ကျက်ခြင်းအထိ ကျွေးမွေးပြုစုခြင်းကို ဆိုလိုသည်။ ထို့ပြင် ကျွေးမွေး သူ တစ်ဦးအဖြစ် ခင်ပွန်းသည်၏ တာဝန်ကို ပြောထားခြင်းသာမဟုတ်ဘဲ၊ သူ့အခန်းကဏ္ဍသည် မိသားစုတွင် ဝိညာဉ်ရေးရာ ဦးဆောင်သူအဖြစ်လည်းဖော်ပြသည်။

“ပြုစု”ဟု ဘာသာပြန်သည့် ဝေါဟာရ၏ မူရင်းအဓိပ္ပာယ်မှာ “နွေး ထွေးရန်”ဖြစ်သည်။ ထိုဂရိဝေါဟာရကို ၁ သက် ၂း၇ တွင် အသုံးပြု ထားပြီး၊ “နို့ထိန်းသည် မိမိသူငယ်ကို ကျွေးမွေးပြုစုသကဲ့သို့”ဟု ဖော်ပြထားသည်။ ထိုစကားလုံးသည် အသိုက်ထဲတွင် မိမိသားငယ်များကို ဝပ်နေသော ငှက်တစ်ကောင်အား ဖော်ပြရန်သုံးထားသည့် စကားလုံးဖြစ်သည်။ ထိုအသုံးအနှုန်း သည် အလွန်လှပသော နွေးထွေးခြင်းနှင့် လုံခြုံခြင်းကို ဖော်ပြပြီး၊ ဘုရားသခင်ကြောက်ရွံ့သော ခင်ပွန်းသည်တစ်ဦးသည် သူ၏မိန်းမအား ကြင်နာသော လုံခြုံမှုကိုပေးခြင်းနှင့် တန်ဖိုးကြီးသောအရာကဲ့သို့ အကာအကွယ်ပေးလိမ့်မည် ဖြစ်သည်။

ဇနီးသည် တစ်ဦးမှာ ခရစ်တော်သည် အသင်းတော်ကို လုပ်ဆောင် သကဲ့သို့ ကျွေးမွေးပြုစုခြင်းနှင့် ယုယမြတ်နိုးခြင်းကို ခံရမည့် ဘုရားသခင်ပေး ထားသော ရတနာတစ်ပါးဖြစ်သည် (ဧ ၅း၂၉)။ သူမသည် သူမယောက်ျား၏ ဂရုစိုက်ခြင်းကို ရရန်အတွက်၊ ခင်ပွန်း၏ အပေါင်းအပါနှင့် ချစ်ခင်ဖွယ် အထောက်အမ၊ ချစ်ခြင်းမေတ္တာအတွက် လိုအပ်သည့်အရာတိုင်းကို ဖြည့်ဆည်း ပေးခံရသူ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊ ရုပ်ခန္ဓာပိုင်းဆိုင်ရာ ရင်းနှီးမှုရှိသူ ဖြစ်သည်။ သူမသည် သူ့သားသမီးများအတွက် မိခင်ဖြစ်ရမည့်သူ ဖြစ်သည်။ သူတို့နှစ်ဦးသည် တစ်သားတစ်ကိုယ်တည်းဖြစ်သည်။ ထိုအရာသည် လောက တွင် အပြည့်စုံဆုံးနှင့် အရင်းနှီးဆုံး ပေါင်းစပ်မှုဖြစ်သည်။

ရှင်ပေါလု၏ အဓိကအချက်မှာ အိမ်ထောင်ပြုခြင်းသည် အသင်း တော်အတွက် ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို သက်ရှိပုံဖော်မှုတစ်ခု ဖြစ် သည်။ ထို့ကြောင့် သူ့ဇနီးသည်ကို စောင့်ရှောက်ရန် ခင်ပွန်းသည်၏ တာဝန် ဖြစ်ရခြင်းမှာ၊ အထူးသဖြင့် ခရစ်ယာန်ထိမ်းမြားခြင်းတစ်ခုတွင် မွန်မြတ်သည့် တာဝန်တစ်ခုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဇနီးသည်သည် ခင်ပွန်းသည် နှင့် တစ်သားတစ်ကိုယ်တည်းဖြစ်ခြင်းသာမဟုတ်ဘဲ ခရစ်တော်နှင့်လည်း တစ် သားတစ်ကိုယ်တည်း ဖြစ်သည်။ ထိမ်းမြားခြင်းတွင် သူမသည် ခင်ပွန်းသည်နှင့်တစ်သားတစ်ကိုယ်တည်းဖြစ်ပြီး၊ ကယ်တင်ခြင်း၌ သူမသည် ခရစ်တော်နှင့် တစ်သားတစ်ကိုယ်တည်းဖြစ်သည်။ ထို့ကြောင့် သူမအပေါ် ခင်ပွန်းသည်၏ ဆက်ဆံခြင်းသည် သခင်ဘုရားကို ဆက်ဆံခြင်းကဲ့သို့ တန်ပြန်မှုရှိသည် (မ ၂၅း၄၀)၊ “အကယ်စင်စစ်၊ ငါတို့သည် ဘုရားသခင်၏ အသားတော်။ အရိုးတော်တို့အဝင်ဖြစ်၍၊ ကိုယ် တော်မြတ်၏ အင်္ဂါဖြစ်ကြ၏” (ဧ ၅း၃၀)။

တည်မြဲသော ချစ်ခြင်းမေတ္တာ ၊

သူ့ဇနီးသည်အတွက် ခင်ပွန်းသည်၏ ချစ်ခြင်းမေတ္တာကို အသင်း တော်အတွက် ခရစ်တော်၏ ချစ်ခြင်းမေတ္တာဖြင့် ပုံဖော်ထားခြင်းကြောင့်၊ စုံစမ်းခြင်းများရှိသည့်အခါ စွဲမြဲနေခြင်းနှင့် အတားအဆီးများ ရှိသည့်အခါအောင်မြင်ကျော်လွှားသည့် ချစ်ခြင်းမေတ္တာမျိုး ဖြစ်ရမည်။ ထိုအရာသည် အိမ်ထောင်ပြုခြင်းအတွက် မူလကတည်းက ဘုရားသခင်ပုံဖော်ခဲ့သည့်အရာ ဖြစ်သည်။ ကျွန်တော်တို့သည် အခန်းငယ် ၃၁ ၌ ကမ္ဘာဦးကျမ်း ၂း၂၄ မှ ရှင်ပေါလု ကိုးကားထားသည်ကို ပြန်မှတ်မိရမည်ဖြစ်သည်။ “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူ တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။” အိမ်ထောင်ကွဲခြင်းအကြောင်း ခရစ်တော်ကို မေးခွန်းမေးကြသည့်အခါ၊ သူသည် ထိုကျမ်းပိုဒ်ကို ပဲ ကိုးကားပြီး ပေါင်းစပ်ခြင်း၏ တည်မြဲခြင်းကို မီးမောင်းထိုးပြသည်။ “ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။ ဘုရားသခင် ဘက်စပ်၍ ထမ်းဘိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော် မူ၏” (မ ၁၉း၆)။

လောကီသဘောသဘာဝအရ အိမ်ထောင်ပြုခြင်းသည် ရုပ်ပိုင်းဆိုင် ရာ ပေါင်းစပ်ခြင်း ဖြစ်သည်။ “နှစ်ဦးမဟုတ်၊ တစ်ဦးတည်းဖြစ်၏။” ထိုပေါင်း စပ်ခြင်းမှ မွေးလာသော သားသမီးများသည် လူနှစ်ဦးမှ တစ်ဦးတည်းဖြစ်လာသော ဗီဇအင်္ဂါများကို ရရှိမည်ဖြစ်သည်။ သို့သော် ထိမ်းမြားခြင်းတွင် ဝိညာဉ် ရေးရာ ပေါင်းစပ်ခြင်းလည်း ပါဝင်သည်။ ဘုရားသခင်သည် ယောက်ျားနှင့်မိန်းမကို ပေါင်းစည်းပေးသူ ဖြစ်သည် (မ ၁၉၆)။ ထိမ်းမြားခြင်းသည် ဝိညာဉ် နှစ်ခုကို ပေါင်းစည်းခြင်းဖြစ်သောကြောင့်၊ ထိမ်းမြားခြင်း ပေါင်းစပ်မှုသည် အသက်တာ၏ ရှုထောင့်တိုင်း၌ နှစ်ချောင်းထိုး သိုးမွေးထိုးသလို နှစ်ခုအတူတူ လုပ်ဆောင်ကြသည်။ သူတို့၏ စိတ်ခံစားမှုများ၊ အသိဉာဏ်များ၊ ပုဂ္ဂိုလ်ရေး များ၊ စိတ်ဆန္ဒများ၊ ဘဝရည်မှန်းချက်များသည် ခွဲခြား၍ မရနိုင်အောင် အတူတူပေါင်းစည်းသွားသည်။ သူတို့သည် ဘဝအသက်တာ၏ အမြင်တိုင်းကို မျှဝေကြသည်။ ဝတ်ပြုကိုးကွယ်ခြင်း၊ အလုပ်လုပ်ခြင်းနှင့် အား လပ်ချိန်များကို အတူတူလုပ်ဆောင်ကြသည်။ ထိုအရာသည် ဘုရားသခင် ပုံဖော်ထားသည့် ထိမ်းမြားခြင်းဖြစ်သည်။

ထို့ပြင် ဘုရားသခင်သည် ထိမ်းမြားခြင်းကို ခိုင်မြဲသည့် ပေါင်းစပ် ခြင်း၊ မပြိုကွဲခြင်းနှင့် ပျက်စီးခြင်းမရှိစေရန် ပုံဖော်ခဲ့သည်။ သမ္မာကျမ်းစာက “မယားကိုစွန့်ခြင်းအမှု၊ မိမိခင်ပွန်း၌ ပြစ်မှားသောအပြစ်ကို ဖုံးအုပ်ခြင်းအမှုကို ငါမုန်းသည်ဟု ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု ပြောထားသည် (မာလ ၂း၁၆)။ ဧဖက် ၅း၃၁ ရှိ ကျမ်းစာဆိုင်ရာ အသုံးအနှုန်းသည် ထိမ်းမြားခြင်း ပေါင်းစပ်မှုကို ခိုင်မြဲသည့် အရာအဖြစ် ဖော်ပြထားသည်။ “ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင် ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရ လိမ့်မည်။”

ထိုကျမ်းပိုဒ်ရှိ “စွန့်ခြင်း”ဟု ဘာသာပြန်သော ဂရိဝေါဟာရမှာ katoleip ဖြစ်သည်။ ထိုဝေါဟာရသည် “နောက်တွင် စွန့်ထားခဲ့ခြင်း” (သို့) “လုံးဝ စွန့်လွတ်ခြင်း”ဟု အဓိပ္ပာယ်ရှိသည့် ပြင်းထန်စေသော ကြိယာတစ်လုံး ဖြစ်သည်။ စုံတွဲတစ်တွဲ လက်ထပ်သည့်အခါ၊ ယခင်က မိဘနှင့်သားသမီး ပြုမူဆက်ဆံရေးသည် ပျက်ပြားသွားသည်။ သို့သော် အိမ်ထောင်ပြုပြီးသော သားသမီးများသည် သူတို့၏ မိဘများနှင့် အရေးကြီးသည့် ဆက်သွယ်ခြင်း ၊ တစ်ခုရှိနေသေးသည်။ (အရွယ်ရောက်သည့် သားသမီးများသည်ပင် သူတို့ အဖေနှင့် အမေများ ရိုသေခြင်းရှိရန် အမိန့်များ ပေးခံရသည်။) သို့သော်အိမ်ထောင်ပြုခြင်းသည် ပြုမူဆက်ဆံခြင်း အသစ်တစ်မျိုး ဖြစ်သည်။ ထိမ်းမြား ခြင်းဖြင့် ကလေးတစ်ဦးသည် မိဘ၏တိုက်ရိုက်အုပ်ထိန်းမှုမှ ထွက်ခွာပြီး၊ ဦး၊ ခေါင်းအသစ်ဖြစ်သော ခင်ပွန်းသည်၏ မိသားစုအသစ်သို့ ရောက်ရှိသွား သည်။ အဖေနှင့်အမေကို စွန့်ခွာခြင်းသည် ထိမ်းမြားခြင်းတိုင်း၌ အလွန်အရေး ကြီးသည့်အပိုင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အိမ်ထောင်အသစ်တစ်ခု ၌ ခင်ပွန်း (သို့) ဇနီးသည်က ရုပ်ပိုင်းအရနှင့် စိတ်ပိုင်းအရပါ မိဘလွှမ်းမိုးမှုအောက်မှ လုံးဝထွက်ခွာခြင်း မပြုပါက၊ ထိုမိသားစုသည် အိမ်ထောင်ရေး ပြဿနာများကို လုံးဝရင်ဆိုင်ရမည်ဖြစ်သည်။

“မှီဝဲ”ဟု ပြန်ဆိုသော ဝေါဟာရသည် ဂရိဝေါဟာရ proskolla ဖြစ်ပြီး မူရင်းအနက်မှာ တစ်ခုခုကို တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင် ကော် နှင့်ကပ်လိုက်ခြင်းဟု ပြောခြင်းဖြစ်သည်။ ထိုအရာက ထာဝရတည်မြဲခြင်း၊ ဖျက်ဆီးမရအောင် ပေါင်းစည်းခြင်းကို ဖော်ပြသည်။ ထိုအရာသည် ထိမ်းမြား ခြင်းအတွက် ဘုရားသခင်၏ အကြံအစည်ကို သင့်လျော်အောင် ဖော်ပြချက် တစ်ခုဖြစ်သည်။ ထိုအရာသည် ရေရှည်တည်တံ့သော ချစ်ခြင်းမေတ္တာဖြင့် အတူတကွ ပေါင်းစပ်ထားမှုတစ်ခု ဖြစ်သည်။

 

ချစ်ခြင်းမေတ္တာ၏ ရည်ရွယ်ချက်

သမ္မာကျမ်းစာသည် ရှင်းလင်းသည်။ မိသားစုအတွက် ဘုရားသခင် ၏ အစီအစဉ်သည် ရာသက်ပန် တစ်လင်တစ်မယားစနစ် ထိမ်းမြားခြင်းဖြင့် အစပြုထားပြီး၊ စွန့်လွှတ်အနစ်နာခံခြင်း ချစ်ခြင်းမေတ္တာ၌ အခြေပြုသည်။ ထိုအရာသည် အဘယ့်ကြောင့် လုံးဝအရေးကြီးသည့်အရာ ဖြစ်ရသနည်း။ သူတို့၏ ဇနီးသည်များကို ချစ်ရန် ခင်ပွန်းသည်များအတွက် အမြင့်ဆုံးနှင့် အကောင်းဆုံး တွန်းအားပေးမှုမှာ အဘယ်နည်း။ ရှင်ပေါလုက ဧဖက် ၅း၃၂ ၌ အဖြေပေးထားသည်။ “ဤအရာသည် အလွန်နက်နဲသောအရာ ဖြစ်ပေ၏။ ထိုသို့ဆိုသော် ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ ဆိုလိုသတည်း” ဟု ဖြစ်သည်။ တစ်နည်းအရ သူ့ဇနီးသည်အတွက် ခင်ပွန်းသည်၏ ချစ်ခြင်းမေတ္တာသည် ၄င်း၏ ပုံဆောင်ခြင်းကြောင့် မွန်မြတ်သည့် တာဝန်ဖြစ်သည်။

ခရစ်တော်သည် ကောင်းကင်မှ သတို့သားဖြစ်ပြီး အသင်းတော်သည် သူ၏ သတို့သမီးဖြစ်သည် (ဗျာ ၁၉း၇-၈၊ ၂၁း၉)။ ထိမ်းမြားခြင်းသည် ထိုသို့ ပေါင်းစပ်ခြင်းမျိုးကို ပုံဆောင်သောကြောင့် ခင်ပွန်းသည်သည် ဇနီးသည်ကို သူချစ်ခြင်းတွင် ခရစ်တော်ကဲ့သို့ ဖြစ်ရမည်ဖြစ်ပြီး၊ သူမသည်လည်း သူ့ဦးဆောင်မှုကို ဝန်ခံရမည်ဖြစ်သည်။ သို့မဟုတ်လျှင်၊ ဘုရားသခင် ပြင်ဆင်ထား သည့် သင်ခန်းစာလည်း ပျက်စီးပြီး၊ ထိမ်းမြားခြင်းသည် ဘုရားသခင်ရည်ရွယ် ထားသည့်အတိုင်း ဖြစ်လာနိုင်မည် မဟုတ်ပေ။

သူ့ဇနီးသည်ကို ချစ်ရန် ခင်ပွန်းသည်တစ်ဦးအတွက် မည်သည့်မြင့် မားသော ရည်ရွယ်ချက်ရှိနိုင်သနည်း။ ခရစ်တော်သည် အသင်းတော်ကို ချစ် သကဲ့သို့ သူမကိုချစ်ခြင်းအားဖြင့်၊ သူသည် ခရစ်တော်ကို တိုက်ရိုက် ရိုသေ လေးမြတ်ခြင်းပြုသည်။ သူသည် ခရစ်တော်၏ ချစ်ခြင်းမေတ္တာ ပြယုဂ်အဖြစ် သူ့ဇနီးသည်အတွက် ဖြစ်လာပြီး၊ သူ့မိသားစုတစ်ခုလုံး၏ သက်ရှိ စံနမူနာ တစ်ခု၊ သူ့မိသားစုဝင်အားလုံးကို ကောင်းကြီးမင်္ဂလာဖြစ်စေသည့် လမ်းတစ်ခု၊ စောင့်ကြည့်နေသော လောကကြီးအတွက် တန်ခိုးကြီးသည့် သက်သေခံချက် တစ်ခု ဖြစ်လာသည်။

သားသမီးများ

ဓမ္မဟောင်းကျမ်း ပညတ်တရားသည် သူတို့၏မိဘများကို နာခံရန် မှာ သားသမီးတို့၏ တာဝန်ဖြစ်ကြောင်း မကြာခဏ မီးမောင်းထိုးပြထားသည်။ ဘုရားသခင်က မိဘကို ပုန်ကန်ခြင်းအပြစ်သည် သေးငယ်သောအပြစ်မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောဆိုခဲ့သည်။ မောရှေ၏ ပညတ်တရားအောက်တွင်၊ မိဘများကို ရိုင်းစိုင်းစွာ ဆက်ဆံသူများအား အသေသတ်ခြင်း အပြစ်ဒဏ်ကို ပင် ပေးခဲ့သည်။ “မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရ မည်။ မိဘကို ကျိန်ဆဲ သောကြောင့် သေထိုက်သော အပြစ်ရှိ၏” (ဝတ် ၂၀း၉)။ “မိဘကို အသေသတ်သောသူသည်၊ အသေသတ်ခြင်းကို အမှန်ခံရ မည်” (ထွက် ၂၁း၁၅)။

ပေါ်ပေါ်ထင်ထင် ပုန်ကန်ခြင်းကြောင့် သား (သို့) သမီးသည် လုံးဝပြု ပြင်ရန် မဖြစ်တော့ကြောင်း သက်သေထူသည့်အခါ မြို့တံခါးဝတွင် သေဒဏ် ပေးခြင်းကို ခံရနိုင်သည်။

အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘောရှိ၍ မိဘစကားကို နားမ ထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင် မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိ ရာ မြို့တံခါးဝသို့ ဆောင်ခဲ့လျှင် အကျွန်ုပ်တို့သည် ဆိုးသောသူ၊ ခက်ထန်သော သဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင်သော သူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူသောသူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆိုရမည်။ မြို့ သားအပေါင်းတို့သည် ထို သားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလ အမျိုးသားအပေါင်းတို့ သည် ထိုသိတင်းကိုကြား၍ ကြောက်ရွံ့ခြင်း ရှိကြလိမ့်မည် (တရားဟော ၂၁း၁၈-၂၁)။

အထက်ပါအရာသည် အဆိုးဆုံးအခြေအနေတစ်ခုကို ဖော်ပြထား ခြင်းဖြစ်သည်။ လွန်စွာ ဆိုးသွမ်းမိုက်မဲလျက်၊ နာခံမှုအလျင်းမရှိဘဲ အစဉ်အမြဲ ဆန့်ကျင်ပုန်ကန်သူများအား ဆိုလိုသည်။ ကျွန်တော်တို့သိခဲ့သည့် ဣသရေလ သမိုင်းတွင် ထိုအရာကို အလွန်ရှားပါးဖြစ်ရပ်အဖြစ် လုပ်ဆောင်ခဲ့ရကြောင်း ဖော်ပြခဲ့သည် (ထိုပညတ်ချက်ကိုယ်တိုင်က ထိရောက်သော အဟန့်အတား ဖြစ်စေခြင်းကြောင့် ဖြစ်နိုင်သည်။) မည်သို့ပင်ဆိုစေကာမူ၊ သမ္မာကျမ်းစာ ဆိုင်ရာ မှတ်တမ်းတွင် ဘုရားသခင်က သားသမီးများသည် မိဘများကို ရိုသေ လေးစားရန် တာဝန်ကို အလွန်လေးလေးနက်နက်ထားကြောင်း ထင်ရှားသော သက်သေအထောက်အထားအဖြစ် ဖော်ပြသည်။

သို့သော် သမ္မာကျမ်းစာသည် သားသမီးများက သူတို့၏မိဘများကို ပင်ကိုယ်အားဖြင့် နာခံမှုမရှိကြောင်း သွန်သင်ထားသည်။ “မိုက်သောသဘော သည် သူငယ်၏ စိတ်နှလုံးထဲမှာ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်း၊ ဆုံးမသော ကြိမ်လုံးသည် ထိုသဘောကို ဝေးစွာနှင်တတ်၏” (သု ၂၂း၁၅)။ ကျွန်တော်တို့အားလုံးသည် “ငြင်းဆန်သောသူတို့”ဖြစ်ကြပြီး ၂:၂) ဗီဇအပြစ် ရှိသောသူနှင့် ပုန်ကန်တတ်သောသူများလည်း ဖြစ်ကြသည်။ ကလေးတစ်ဦးကို မည်သူကမျှ နာခံမှုမရှိရန် (သို့) ပုန်ကန်ရန် သွန်သင်ပေးစရာမလိုပေ။

“မတရားသောသူတို့သည် အမိဝမ်းထဲမှစ၍ ရိုင်းသောသဘောရှိကြ၏။ မွေးကတည်းက လမ်းလွှဲ၍ မုသာစကားကို ပြောတတ်ကြ၏”(ဆာ ၅၈း၃)။

သားသမီးများအတွက် နာခံခြင်းကို သင်ယူရန် တစ်ခုတည်းသော နည်းလမ်းမှာ နာခံခြင်းကို သွန်သင်ခြင်းအားဖြင့် ဖြစ်သည်။ ထိုအရာသည် မိဘတို့ပြုမူရမည့် ကျင့်ဝတ်ပင် ဖြစ်သည်။ သုတ္တံကျမ်းရှိ အများစုမှာ ဤအဓိက အချက်ကို ဖော်ပြထားသည်။ “ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ် မှစ၍ ဆုံးမတတ်၏”(သု ၁၃း၂၄)။ “သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ။ ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏာနိုင်ငံမှ ကယ်နှုတ်ရမည်” (သု ၂၃း၁၃-၁၄)။

ထိုကျမ်းပိုဒ်သည် သူတို့၏ သားသမီးများကို နာခံခြင်းရှိရန် မိဘများ မည်သို့ သွန်သင်ရမည့်အကြောင်းကို ဖော်ပြထားသည်။ ဤအရာသည် လုံးဝ ဆိုးသွမ်းသည့် သားသမီးများကို ဆုံးမခြင်းအကြောင်း မဟုတ်ပေ။ ရုပ်ခန္ဓာပိုင်း ဆိုင်ရာ အားသုံးပြီး ကြမ်းကြမ်းတမ်းတမ်း လုပ်ရမည့်အရာတစ်ခုအဖြစ် ဖော် ပြထားခြင်းလည်း မဟုတ်ပေ။ ယနေ့တွင် အင်္ဂလိပ်ဝေါဟာရ ရိုက်ခြင်း (beat) တွင် အနာတရဖြစ်စေသည့် မညှာမတာရိုက်နှက်မှု အဓိပ္ပာယ်များ ရှိစေခဲ့ကြ သည်။ ဤအဓိပ္ပာယ်သည် ထိုကဲ့သို့မဟုတ်ပေ။ “ရိုက်ခြင်း”ဟူသော စကားလုံးဟေဗြဲဝေါဟာရသည် “အပြစ်ပေးခြင်း” (punish) (သို့) “ရိုက်နှက်ခြင်း” (Smite) ဖြစ်သည်။ ထိုစကားလုံးသည် တည်ကြည်သော ဆုံးမခြင်းကို ဆိုလို ပြီး၊ ဒဏ်ရာရသည်အထိ ရိုက်နှက်ခြင်းကို မဆိုလိုပေ။ အမှန်မှာ၊ ယေဇကျေလ ၂၁း၁၄ နှင့် ၁၇ တွင် လက်ခုပ်တီးခြင်းနှင့် လက်ချင်းရိုက်ခြင်းကို ပြောရာ၌ ထိုဝေါဟာရကို သုံးထားသည်။

သမ္မာကျမ်းစာသည် ကလေးငယ်အား ဒဏ်ရာရစေနိုင်သည့် ဆုံးမ ခြင်းကို ဖော်ပြခြင်းမရှိပေ။ မိဘ၏ဆုံးမခြင်းသည် တည်ကြည်ရမည်ဖြစ်ပြီး၊ လိုအပ်လျှင် နာကျင်ခြင်းလည်း ရှိနိုင်သည် (သု ၂၀:၃၀)။ မည်သည့်ဆုံးမခြင်းကို ပြုသောအခါ မိဘများသည် ချစ်ခြင်းမေတ္တာဖြင့် အမြဲတမ်း ဆုံးမခြင်းကို ပြုရမည်ဖြစ်ပြီး၊ အမျက်ထွက်ခြင်းကြောင့် (သို့) မိမိစိတ်ကျေနပ်ခြင်းအတွက် မဖြစ်ရပေ။ ထိုသို့သော ဆုံးမခြင်းမျိုးအတွက် စံပြ ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်။ “ထာဝရဘုရားသည် ချစ်တော်မူသော သူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသူကို ဆုံးမတော်မူ တတ်၏”(သု ၃း၁၂)။ သို့သော် ဘုရားသခင်သည် သူ့သားသမီးများကို ဆုံး မပြီး “မိမိသန့်ရှင်းခြင်း ပါရမီတော်ကို ငါတို့သည် ဆက်ဆံစေခြင်းငှာ၊ ငါတို့ အကျိုးကိုထောက်၍ သာ ဆုံးမပေးတော်မူ၏” (ဟေဗြဲ ၁၂း၁၀)။

အခန်း ၄

သားသမီးများတို့၏ တာဝန် နာခံခြင်း

ဇနီးသည်များနှင့် ခင်ပွန်းသည်များကို ဆုံးမသွန်သင်မှု ပြုပြီးနောက်၊ တမန်တော်ရှင်ပေါလုသည် သားသမီးများအကြောင်းကို ပြောခဲ့သည်။ ဧဖက် အသင်းတော်သို့ ပေးပို့သော ရှင်ပေါလု၏ ဩဝါဒစာရှိ နောက်ထပ် အခန်းကြီး အသစ်၏ (အခန်းကြီး ၆) အစပိုင်းတွင် ပြောထားခြင်း ဖြစ်သည်။ သို့သော် ဤအကြောင်းအရာသည် ကျွန်တော်တို့ လေ့လာခဲ့သည့် ခေါင်းစဉ်အောက် တွင်သာ ရှိနေသေးသည်။ သူသည် မိသားစုအကြောင်းကို စနစ်တကျဖော်ပြခဲ့ ပြီး၊ မိသားစုဝင်တိုင်း၏ တာဝန်များကို ဖော်ပြခြင်း၊ မိသားစုတည်ဆောက်ပုံ ဆက်စပ်မှု၌ အပြန်အလှန်ဝန်ခံခြင်း အဓိပ္ပာယ်ဖြစ်ကြောင်း ဖော်ပြသည်။

သားသမီးများသည် သူတို့၏ မိဘများကို နာခံခြင်းဖြင့် ဝန်ခံကြောင်း ၊ ကို ဖော်ပြရန်ဖြစ်သည်။ ဤကျမ်းပိုဒ်သည် သားသမီးများကို သီးသန့်လမ်းညွှန် ထားသည့် သမ္မာကျမ်းစာ၌ အနည်းငယ်သောကျမ်းပိုဒ်များမှ တစ်ပိုဒ်သာ။ ဖြစ်သည် (ထွက် ၂၀း၁၂၊ သု ၁း၈-၉၊ ၆း ၂ဝ၊ ကော ၃း၂၀)။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သားသမီးများအား ပြောသည့်အခါ အစဉ်တူညီပြီး၊ ဧဖက် ၆း၁-၃ အားဖြင့် ချက်ကျလက်ကျ အချုပ်ဖော်ပြထားသည်။ “သားသမီးတို့၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြလော့။ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏။ မိဘကို ရိုသေစွာ ပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား ၍ အသက်တာရှည်မည်အကြောင်းဟူ၍ ကတိတော်နှင့်ဆိုင်သော ပထမ ပညတ်ဖြစ်၏။”

အငယ် ၂ တွင်၊ ရှင်ပေါလုသည် ထွက်မြောက်ရာ ၂၀း၂၁ မှ ပဉ္စမ ပညတ်တော်ကို ကိုးကားခဲ့ခြင်းဖြစ်သည်။ “သင်၏ဘုရားသခင် ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း သင် ၏ မိဘကို ရိုသေစွာပြုလော့။” ထိုပညတ်တော်သည် ပညတ်တော် (၁၀)ပါးရှိ အကြောင်းအရာ ပြောင်းစေသည့် ပညတ်တော်ဖြစ်သည်။ ပထမ ပညတ်တော် (၄) ခုသည် (ပညတ်တော်၏ ပထမဇယားဟုလည်းခေါ်) ဘုရားသခင်ထံ ကျွန်တော်တို့လုပ် ဆောင်ရမည့် တာဝန်ဖြစ်ပြီး၊ အခြားဘုရား မကိုးကွယ်ရခြင်း၊ ရုပ်တုဆင်းတု မလုပ်ရခြင်း၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မပြောရခြင်း၊ ဥပုသ်နေ့ကို အောက်မေ့ခြင်းတို့ ဖြစ်သည်။ ကျန်ရှိသော ပညတ်တော် (၆) ခုသည် (ပညတ်တော်၏ ဒုတိယဇယား) အခြားသူများကို ရိုသေမှုပြုရာတွင် ကျွန်တော်တို့ လုပ်ရမည့် တာဝန်များဖြစ်ပြီး၊ မိဘကို ရိုသေစွာပြုခြင်း၊ လူ့ အသတ်မသက်ရခြင်း၊ သူ့မယားကို မပြစ်မှားရခြင်း၊ မခိုးရခြင်း၊ မမှန်သော သက်သေမခံခြင်းနှင့် တပ်မက်လိုချင်စိတ်မရှိခြင်းတို့ ဖြစ်သည်။

အစပြုသည့်နေရာနှင့် လောကီပြုမူဆက်ဆံခြင်းအားလုံးအတွက် အ ခြေခံအုတ်မြစ်မှာ သူတို့၏ မိဘကို ရိုသေစွာပြုရမည့် ကလေး၏ တာဝန်ဖြစ် သည်။ ထိုအရာသည် ကျွန်တော်တို့ လုပ်ဆောင်ရမည့် ပထမဆုံး ပြုမူဆက်ဆံ ခြင်းဖြစ်သောကြောင့်၊ ဤအရာသည် ကလေးတိုင်း သင်ယူရန်မည့် ပထမဆုံး ကိုယ်ကျင့်တရား နိယာမဖြစ်သည်။ ထို့ကြောင့် ပညတ်တော်၏ ဒုတိယဇယား ၌ ဦးဆောင်ပညတ်အဖြစ် မိဘနှင့်သားသမီး ပြုမူဆက်ဆံခြင်းကို လုပ်ဆောင် ထားခြင်းမှာ လိုက်လျောညီထွေမှုရှိသည်။ တမန်တော်ရှင်ပေါလု မီးမောင်းထိုးပြသကဲ့သို့၊ ပဉ္စမပညတ်ချက်သည်ကတိတော်နှင့်ဆိုင်သော ပထမပညတ်”လည်း ဖြစ်သည်။ အမှန်မှာ၊ ဤ ပညတ်သည် ပညတ်တော် (၁၀) ပါးတွင် ကတိတော်ဖြင့်လာသည့် တစ်ခု တည်းသော ပညတ်ဖြစ်သည်။ အခြားပညတ်တော်နှစ်ခုမှာ (ဒုတိယနှင့် တတိ ယ) ခြိမ်းခြောက်ခြင်းများ ပါဝင်သည်။ စတုတ္ထ ပညတ်တော်မှာ ပညတ်တော် အတွက် အကြောင်းအရင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြခြင်းဖြင့် လိုက်ပါ လာခဲ့သည်။ သို့သော် “သင်၏ မိဘကို ရိုသေစွာပြုလော့”ဟူသော ပညတ်သာ လျှင် နာခံသောသူအတွက် ကောင်းကြီးမင်္ဂလာဖြစ်စေသည့် ပညတ်တော်ဖြစ် သည်။

အသက်တာရှည်ခြင်း၊ ကောင်းကြီးခံစားရခြင်းနှင့် ကြွယ်ဝခြင်း ကတိ တော်တစ်ခုဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ဖွင့်ပြမှုအောက်တွင် ရေး သားခြင်းဖြင့် ရှင်ပေါလုသည် ထွက်မြောက်ရာ ၂၀၁၂ ရှိ ကတိတော်ကို (“ပြည်တော်၌ ကောင်းစား၍ အသက်တာ ရှည်မည်အကြောင်း”)၊ တရားဟော ရာ ၄း၄ဝ တွင်တွေ့ရသည့် “သင်တို့နှင့်တကွ သားမြေးတို့သည် ပြည်တော်၌ အသက်တာရှည်စေခြင်းငှာ၎င်း” နှင့် အတူတကွ ဖော်ပြသည့်အတွက် ကတိတော်အပိုင်း နှစ်ခုကို တွေ့ရသည်။ တစ်ခုမှာ၊ အသက်တာ၏ အရည် အသွေး ကတိတော်ဖြစ်သည် (“သင်သည် ပြည်တော်၌ ကောင်းစား၍”)။ အခြားတစ်ခုမှာ အသက်ရှည်ခြင်း ကတိဖြစ်သည် (“အသက်တာ ရှည် မည်အကြောင်း)။

ဤ“ကတိတော်”သည် ဣသရေလူမျိုးကို လူမျိုးတစ်မျိုးအဖြစ် ဘုရား သခင်၏ ကတိတော်ဖြစ်သည်။ တစ်ဦးချင်းစီအနေနှင့် ပတ်သက်ပြီး၊ ထိုကတိတော်သည် လုံးဝအာမခံခြင်း မဟုတ်ဘဲ အမှန်တရားတစ်ခုသာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် လူအချို့သည် သူတို့၏ မိဘများကို ရိုသေကြပြီး၊ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသူအချို့ ရှိကြသည်။ အခြားတစ်ဘက်တွင် မိဘ များ၏ အခွင့်အာဏာကို မထီမဲ့မြင်ပြုခဲ့ကြသူများသည် အသက်အရွယ်ကြီး သည်အထိ နေသွားခဲ့သည့် ဖြစ်ရပ်များ ရှိသည်မှာလည်း သံသယမရှိပေ။ ထို့ကြောင့် ထိုကတိတော်သည် ယေဘုယျအားဖြင့် မှန်ကန်သော နိယာမတစ်ခု ဖြစ်သည်။ မိဘကို ပုန်ကန်ခြင်းသည် လူတို့၏ အသက်တာကို တိုစေ ၊ သည့် နောက်ဆက်တွဲ အကျိုးဆက်များ ဖြစ်ပေါ်စေသည်။

ဧဖက် ၆ ရှိ သားသမီးများအတွက် ရှင်ပေါလု၏ သွန်သင်ချက်မှာ ရိုးရှင်းပြတ်သားစွာ ထင်ရှားသည်။ ဤနေရာတွင် တာဝန်အများကြီး၊ ရှုပ်ထွေး သည့် ညွှန်ကြားချက်များ မရှိဘဲ “မိဘကို နာခံပါ”ဟူသည့် ရိုးရှင်းသော အမိန့် သာဖြစ်သည်။ အခြားတာဝန်များဖြစ်သည့် ဘုရားသခင်ကိုချစ်ခြင်း၊ ညီအစ် ကိုမောင်နှမကိုချစ်ခြင်း၊ အိမ်နီးချင်းကိုချစ်ခြင်း၊ ကိုယ်ကျင့်တရားနှင့် စပ်ဆိုင် သည့် အခြားပညတ်များမှာ အခန်းငယ် ၄ ရှိ “သခင်ဘုရား၏ အလိုတော်နှင့် ၊ ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့”ဟူသည်ကို မိဘ ၊ များက ပြုလုပ်ပေးပါက ဤမိဘကိုရိုသေစွာ ပြုခြင်းပညတ်ကို နာခံခြင်းဖြင့် အားလုံးကို လုပ်ဆောင်ပြီးသား ဖြစ်သည်။ သူတို့မိဘကို မည်သို့နာခံရမည့် အကြောင်း သင်ယူသော သားသမီးများသည် ဘုရားသခင်အား နာခံခြင်း ၊ အကြောင်းကိုပါ သင်ယူကြလိမ့် မည်ဖြစ်သည်။ ဤအရာသည် ခရစ်ယာန် မိသားစုတစ်ခုတွင် လုံးဝအရေးကြီးသည့်အရာတစ်ခုအဖြစ် ထပ်မံ မီးမောင်း ၊ ထိုးပြလိုက်သည်။

နာခံခြင်းသည် သင်ယူရန် အဘယ့်ကြောင့် ခက်ခဲရသနည်း။

နာခံခြင်းရှိရန် ကလေးများကို သင်ကြားခြင်းသည် မလွယ်ကူသည့် အလုပ်ဖြစ်သည်။ မိဘများအတွက် အချိန်ပြည့်၊ နှစ်အတော်ကြာအထိ တာ ၊ ဝန်တစ်ခုဖြစ်ပြီး၊ မကြာခဏ စိတ်ပျက်ခြင်းနှင့် အမြဲတမ်း ဇွဲရှိရန် လိုအပ်သည်။ အဘယ့်ကြောင့် ခက်ခဲရသနည်း။

ဤအခန်း၏ အစပိုင်းတွင် ကျွန်တော်တို့ မှတ်သားခဲ့သည့်အတိုင်း နာခံခြင်းသည် မည်သူ့ထံတွင်မျှ သဘာဝအလျောက် ရှိနေသည် မဟုတ်ပေ။ အာဒံကျရှုံးခဲ့ပြီးနောက် လူ့မျိုးဆက်တစ်ခုလုံးကို အပြစ်တရားထဲသို့ သူဆွဲခေါ် သွားသည် (ရော ၅း၁၂-၂၁)။ ထိုအရာကို ဗီဇအပြစ်ဩဝါဒ(the doctrine

of original sin)အဖြစ် သိရသည်။ လူများသည် သဘာဝအားဖြင့် ဘုရားသခင်ကို ရန်ပြုသူများဖြစ်သည် ဆိုလိုခြင်းဖြစ်ပြီး၊ ဖြူစင်သည့် လုပ်ဆောင်မှုများ (သို့) ဖြူစင်သည့် နှလုံးသားတစ်ခုဖြင့် ဘုရားသခင်ကို နာခံရန် မဖြစ်နိုင်ဘဲ၊ ဘုရားသခင် အမှန်တကယ် စိတ်ကျေနပ်အောင် တစ်ခုခု လုပ်ဆောင်ပေးနိုင်ခြင်း မရှိကြောင်းဖြစ်သည် (ရော ၈း၇-၈)။ အာဒံ၏ သားစဉ်မြေး ဆက်အားလုံးတို့သည် သဘာဝအားဖြင့် လုံးဝပျက်စီးခြင်းတွင် မွေးဖွားခဲ့ကြပြီး၊ အပြစ်နှင့်ပုန်ကန်ခြင်း ဆီသို့သာ ဝါသနာပါနေကြသည်။

မိဘများသည် သူတို့သားသမီးများကို နာခံခြင်းအကြောင်း သွန်သင် ရာတွင် အဓိကအတားအဆီး နှစ်ခုရှိသည်။

၁) သူတို့နေထိုင်သည့် လောက ကြီးသည် ပျက်စီးနေသည်သာမက၊

၂) သူတို့ကိုယ်တိုင်ကလည်း အပြစ်သား များဖြစ်နေကြခြင်းကြောင့်လည်း ဖြစ်သည်။ သူတို့သည် အတွင်းဘက်ရော အပြင်ဘက်ကပါ ခက်ခဲရုန်းကန်ရခြင်းကို ရင်ဆိုင်ရသည်။

ကျွန်တော်တို့ သားသမီးများသည် ကျရှုံးနေသည့် လောကကြီးတွင် အသက်ရှင်ကြသည်။

ကျွန်တော်တို့ နေထိုင်ရာ လောကကြီးသည် ပျက်စီးနေပြီး အပြစ် တရားဖြင့် ကျိန်ခြင်းခံနေရခြင်းကို ငြင်းဆိုနိုင်မည် မဟုတ်ပေ။ တစ်စုံတစ်ဦးက သမ္မာကျမ်းစာရှိ အခြားသမ္မာတရားများထက် ဗီဇအပြစ်ဩဝါဒအတွက် ပိုမိုလက်တွေ့ကျသော အထောက်အထားများရှိသည်ဟု ပြောခဲ့သည်။ ထို အရာသည် မှန်ပေသည်။ အာဒံ၏အပြစ်သည် လူသားမျိုးနွယ်တစ်ခုလုံး ပျက်စီးသွားစေသည်ဆိုသည့် သမ္မာတရားကို လက်ခံရန် လူအချို့အတွက် ခက်ခဲမှုအဖြစ် ရှိနိုင်သော်လည်း ထိုဩဝါဒအတွက် များစွာသော သက်သေများ ကို ငြင်းဆိုရန် ဆင်ခြင်တုံတရားရှိသည့် လူတစ်ဦးအတွက် လုံးဝမဖြစ်နိုင်ပေ။သင်ကြည့်လိုက်သည့် နေရာတိုင်းတွင် လူတို့အပြစ်၏ အကျိုးသက် ရောက်မှုသည် လူ့အဖွဲ့အစည်းကို ပျက်ပြားစေသည်။ မိသားစု၏ လက်ရှိသွားနေကြသည့် ဦးတည်ရာများသည် (အိမ်ထောင်ကွဲခြင်း၊ ဖောက်ပြန်ခြင်း၊ လိင်တူဆက်ဆံခြင်း၊ လူငယ်များ ကျူးလွန်မှုများနှင့် အခြားအရာများ) လူသား တို့၏ အပြစ်တရားနှင့်ပြည့်ခြင်းကို ဖော်ပြခြင်း ဖြစ်သည်။ ထို့ပြင် အပြစ်တရား သည် ကျွန်တော်တို့ယဉ်ကျေးမှုကို လွှမ်းမိုးခြင်းအဖြစ် လူ့အဖွဲ့အစည်း၌ လေး လေးနက်နက် အရိုးစွဲနေပြီဖြစ်သည်။ ထို့ကြောင့် အပြစ်တရား၏ ပျက်စီးခြင်း ကို မရင်ဆိုင်ဘဲ လောကတွင် အသက်ရှင်ခြင်းသည် လုံးဝ မဖြစ်နိုင်တော့ပေ။

ဥပမာ၊ ကျွန်တော်တို့ ခေတ်ကာလသည် ပုန်ကန်ခြင်းကို ကုသိုလ် အဖြစ်လည်းကောင်း၊ နာခံခြင်းကို ပျက်ရယ်ပြုစရာအဖြစ်လည်းကောင်း ၊ပြောင်းလဲစေသည်။ ဤလျော့ရဲလာသည့် ပုန်ကန်မှုပြုလာသော အတွေးအမြင် သည် ရေပန်းစားလာသော ယဉ်ကျေးမှု၏ ရှုထောင့်တိုင်း၌ ထွက်ပေါ်လာ သည်။ ဖျော်ဖြေခြင်း၊ တေးဂီတနှင့် ရုပ်မြင်သံကြား သတင်းများသည် ပုန်ကန် မှုကို အမွှမ်းတင်နေကြပြီး၊ အခွင့်အာဏာပုံစံတိုင်းကို ဆန့်ကျင်သည်။ ယနေ့ ကလေးများနေထိုင်ရာ ယဉ်ကျေးမှုသည် အခွင့်အာဏာကို ဆန့်ကျင်ရန် သူ တို့အား သင်ပေးသည်။

အမေရိကရှိ အိမ်၌နေသော ကလေးသူငယ်များသည် အပတ်တိုင်း ရုပ်မြင်သံကြားကို (၂၈) နာရီအနည်းဆုံး ကြည့်ကြသည်ဟု စစ်တမ်းများက ဖော်ပြသည်။ (အချို့ကလေးများသည် နာရီအရေအတွက် ပိုများကြသည်။) လူငယ်များကို ပစ်မှတ်ထားသည့် အစီအစဉ် (ဂိမ်း)များသည် အပြစ်တရားထဲ ကို တမင်တကာရောက်အောင် ဖန်တီးထားခြင်းဖြင့် ထပ်ခါထပ်ခါ ဆိုးသွမ်း ခြင်းကို ဖြစ်စေသည်။ လူငယ်အများစု အထက်တန်းကျောင်း ပြီးသည့်အချိန် တွင်၊ စိတ်လှုပ်ရှားစရာကောင်းသော “ဖျော်ဖြေရေး” မီဒီယာများမှတဆင့် လုံးဝအဆိုးရွားဆုံးသော မကောင်းသည့်အရာများကို အလွန်အမင်း ခံစားခဲ့ကြ သည်။ ထို့ကြောင့် မည်သည့်အရာကိုမျှ ကြောက်ရကောင်းမှန်း မသိတော့ပေ။ ထို့ပြင် မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ ကိုယ်ကျင့်တရား ပျက်ပြားခြင်း၊ ရမ်းကားခြင်း ၊ နှင့် ရိုသေလေးစားမှု မရှိခြင်းများကို ရုပ်မြင်သံကြားမှ စံနမူနာယူပြီး ထုံးစံ အဖြစ် ဖြစ်လာကြသည်။ မျိုးဆက်တစ်ခုလုံး ထိုပုံစံအတိုင်း တဖြည်းဖြည်းကြီးထွားလာသည့်အခါ၊ အပြစ်တရားသည် သူတို့အတွက် အလွန်အပြစ်ကြီး သည့်အရာအဖြစ် မမြင်ရတော့သည်မှာ အံ့သြစရာမဟုတ်ပေ။

ကြိုတင်ခန့်မှန်းမှုအရ ရလဒ်သည် ဘာဖြစ်မည်နည်း။ မူးယစ်ရမ်းကား မှု၊ ရက်စက်သည့် ပြစ်မှု၊ လူတကာနှင့် လိင်ဆက်ဆံခြင်းနှင့် အခြားဥပဒေမဲ့ လုပ်ရပ်များသည် ဆယ်ကျော်သက်အရွယ်များတွင် ပျံ့နှံ့ဖြစ်ပွားမည် ဖြစ်သည်။ ခန္ဓာကိုယ်များအပေါ်တွင် ထူးထူးဆန်းဆန်းပုံဖော်ခြင်းများဖြင့် (တတ်တူးထိုး ခြင်းကဲ့သို့) လုပ်ဆောင်လာကြသည့် လူငယ်များသည် နတ်ဘုရားများကို ကိုး ကွယ်ခြင်းနှင့် လူ့အသိုင်းအဝိုင်းကို ဆန့်ကျင်သည့် အပြုအမူများတွင် နှစ်မြှုပ် လာကြသည်။ မည်သူသည် ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်တွင် အပြစ်တရား နှင့် ပုန်ကန်မှုရှိခြင်းကို ငြင်းဆန်နိုင်မည်နည်း။ ထိုအပြစ်တရား၏ ဝမ်းနည်းဖွယ် ရာ သက်ရောက်မှုများသည် ကျွန်တော်တို့ လူငယ်များအသိုင်းအဝိုင်းတွင် ရှင်းရှင်းလင်းလင်း ဖြစ်ပေါ်နေခြင်းကို မည်သူက ငြင်းဆန်နိုင်မည်နည်း။

သို့သော် သန်းပေါင်းများစွာသော လူ့အဖွဲ့အစည်းများ၊ အထူးသဖြင့် ဖျော်ဖြေ ရေးမီဒီယာများ၏ ထိန်းချုပ်ခြင်းကို ခံနေရသူများသည် မကောင်းမှု၌ ဂုဏ်ယူ နေကြသည်။ တမန်တော်ရှင်ပေါလုသည် ဤကဲ့သို့သော အချိန်အခါ ကို ပရောဖက်ပြု၍ ကြိုတင်ဟောခဲ့သည်။ သူက တိမောသေထံသို့ ရေးသားခဲ့ သည်မှာ –

နောင်ကာလသည် ခဲယဉ်းသောကာလ ဖြစ်မည်ဟု သိမှတ်လော့။ အ ဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ် မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသ ရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူး မရှိသောသူ၊ သန့်ရှင်းခြင်း မရှိသောသူ၊ ပကတိကြင်နာ စုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့ သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကို ဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့်၊ယစ်မူးသောသူ၊ ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ်ခံစား ခြင်းကို သာ၍နှစ်သက်သောသူ၊ ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင် ၍၊ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူ ဖြစ်ကြလိမ့်မည်။ ထိုသူ တို့ကို ရှောင်လော့ (၂ တိ ၃း၁-၅)။

မကောင်းမှုအားလုံး၏ အချုပ်သည် မိဘကို ပုန်ကန်ခြင်းဖြစ်၍၊ အ ခြား အပြစ်များအားလုံးသည် (အထူးသဖြင့် မိမိကိုယ်ကို ချစ်ခြင်း၊ ကျေးဇူး မတင်တတ်ခြင်း၊ ကိုယ့်ကိုကိုယ် မထိန်းချုပ်ခြင်း၊ ဇွတ်တရွတ်လုပ်ပြီး မာန်မာနထောင်လွှားခြင်း၊ အပျော်အပါးလိုက်စားခြင်း) မိဘအား ပုန်ကန်သည့် လူငယ် များ၏ ဆိုးရွားသော အသီးများဖြစ်သည်။ ပုန်ကန်ခြင်း ယဉ်ကျေးမှုတစ်ခုသည် အခြား အပြစ်မျိုးများကိုလည်း ဖြစ်ပွားစေသည်။

ကျွန်တော်တို့သည် လူ့ကျင့်ဝတ်မဲ့သော ခေတ်ကာလတစ်ခု၌ နေထိုင် နေကြခြင်းဖြစ်သည်။ ဤအရာသည် ကျွန်တော်တို့ သားသမီးများကြီးထွားရာ ရှိ ယဉ်ကျေးမှုဖြစ်သည်။ လောက၌ မကောင်းမှုများအား ကလေးတစ်ဦး ထိ တွေ့ခြင်းကို ပညာရှိသော မိဘများက လျှော့ကျအောင် လုပ်နိုင်သော်လည်း၊ ထိုအရာများအားလုံး၏ လွှမ်းမိုးမှုမှ ကျွန်တော်တို့၏ သားသမီးများကို လုံးဝ ခွဲခြားထားရန် နည်းလမ်းမရှိပေ။ ကျွန်တော်တို့ လုပ်နိုင်လျှင်တောင်မှ ကျွန်တော်တို့ မိဘများအားလုံး ရင်ဆိုင်ရမည့် စိန်ခေါ်မှုများကို ပယ်ဖျက်နိုင်မည် မဟုတ်ပေ။ ကျွန်တော်တို့ ကလေးများသည် ပုန်ကန်ရန် လွယ်ကူပြီး၊ နာခံရန် ခက်ခဲသည့် အခြားအဓိကအကြောင်းအရာများ ရှိသေးသည်။

ကျွန်တော်တို့ သားသမီးများသည် အပြစ်တရားသို့ ကျရှုံးသော သူများဖြစ်သည်။

လောကကြီး ပျက်စီးခြင်းသည် သားသမီးများအတွက် အန္တရာယ် ၊ ဖြစ်စေသည်။ အကြောင်းအရင်းမှာ သူတို့ကိုယ်တိုင်သည် အပြစ်တရားသို့ ကျရှုံးသောသူများဖြစ်ကြပြီး၊ သဘာဝအားဖြင့် မကောင်းသောအရာကို ပြုတတ်ကြသည်။ ယောဘ ၅း၇ က “မီးပွားတို့သည် အထက်သို့ ပျံတက်သည် နည်းတူ၊ လူသည်ဒုက္ခ၌ ကျင်လည်ခြင်းငှာ မွေးဖွား၏။”ဟု ပြောထားသည်။

သားသမီးများသည် ပုန်ကန်ခြင်းအမှုပြုရန် လွယ်ကူသည်။ အချို့က အခြားသူများထက် ဆိုးသည်ဟု မြင်ရနိုင်သော်လည်း သဘာဝအားဖြင့် နာခံ ခြင်းရှိသည့်ကလေး မရှိပေ။ ဆိုးယုတ်ခြင်းသည် လူသားအားလုံးနှင့် သက်ဆိုင် သည် (ရော ၃း၁၀-၁၈)။ မနာခံခြင်းအကြောင်းကို မည်သူမျှ သင်ပေးစရာ မလိုပေ။ ကျွန်တော်တို့အားလုံးသည် ထိုစွမ်းရည်ဖြင့် မွေးဖွားခဲ့ကြသည်။

ထို့ပြင်၊ အပြစ်တရားသို့ ကျရှုံးသော လူ့ဇာတိ fallen human nottune) က ပုန်ကန်ခြင်းသည် ကျွန်တော်တို့အတွက် စိတ်ဝင်စားစရာကောင်းအောင် မြင်စေတတ်သည်။ မည်သူကမှ သဘာဝအားဖြင့် နာခံခြင်းကို မနှစ် သက်ပေ။ တစ်စုံတစ်ခုကို မလုပ်ရန် အမိန့်ကို ကြားသည့်အခါ၊ ထိုအမိန့် ကိုယ်တိုင်က တားမြစ်သောအရာကို ပြုချင်သည့် ဆန္ဒတစ်ခုအား ကျွန်တော်တို့ စိတ်ထဲ၌ ဖြစ်စေတတ်သည်။ တမန်တော်ရှင်ပေါလုက ထိုအရာကို လက်ခံခဲ့ ပြီး၊ ရောမ ၇း၇-၈ တွင် “သို့ဖြစ်၍ အဘယ်သို့ပြောရမည်နည်း။ ပညတ်တရား၌ အပြစ်ရှိသလော။ အပြစ်မရှိနိုင်ရာ၊ သို့ရာတွင် ပညတ်တရားအားဖြင့်သာ အပြစ်သဘောကို ငါသိရ၏။ အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေ နှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကို ငါမသိ။ အပြစ်တရားသည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌ အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ ၏။ ပညတ်တရားမရှိလျှင်၊ အပြစ်တရားသေ၏”ဟု ရေးသားခဲ့သည်။

ပြေးလွှားဆော့ကစားခြင်းကို လုပ်ဆောင်လာနိုင်သည့် ကလေးငယ် တိုင်းသည် ဤအရာမှန်ကန်ကြောင်းကို သက်သေပေးလိမ့်မည်။ သူ့အား တစ် ခုခု မကိုင်တွယ်ရန် ပြောပါ။ သင်မျက်ကွယ်ပြုသွားသည့်အခါ၊ သူသည် တား မြစ်ထားသည့်အရာကို လုံးဝလုပ်ဆောင်သွားလိမ့်မည်ဖြစ်သည်။ ထိုအရာသည် အပြစ်တရားပြုရန် အာဒံ၏ စိတ်နေသဘောထား ဟုတ်သည် မဟုတ်လော။ ကျွန်တော်တို့သည် သူ့ထံမှ အမွေရခဲ့သည့်အရာဖြစ်ပြီး၊ ထိုစိတ်သဘောသည် ကျွန်တော်တို့ တစ်သက်လုံးတွင် ရှိလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် မိဘများသည် စိတ်ပျက် (သို့) လက်လျော့၍မရပေ။ အလုပ်မပြီးမချင်း သူတို့ငြိမ် နေ၍ မရပေ။ ထိုအရာသည် ပြီးဆုံးသည့် အလုပ် လည်း မဟုတ်ပေ။ သားသမီးများကို နာခံစေရန် သွန်သင်ရာတွင် မကြာခဏ ရုန်းကန်ရခြင်းသည် သူတို့ ကြီးထွားလာသည်နှင့်အမျှ ပိုပြီးခက်ခဲသည်။

ဧဖက် ၆း၁ ရှိ မိန့်မှာချက်မှာ သူတို့ အိမ်ထောင်ပြုခြင်း (သို့) ကိုယ် တိုင်မိသားစုကို မတည်ထောင်ခင်အချိန်အထိ၊ မိဘတို့ကို မှီခို၍ အိမ်၌နေထိုင် သည့် ဆယ်ကျော်သက်အရွယ်နှင့် အရွယ်ရောက်သူများကို ရည်ညွှန်းသည်။ ဧဖက် ၆း၁ ၌ “သားသမီး”ဟု ဘာသာပြန်သော ဂရိဝေါဟာရသည် ဆယ် ကျော်သက်အရွယ်များနှင့် ငယ်ရွယ်သော ကလေးများကို ဆိုလိုသည်။

ကျွန်တော်တို့ ကြည့်ခဲ့ပြီးသကဲ့သို့၊ ဘုရားသခင်၏ အစီအစဉ်မှာ သားသမီးများသည် အိမ်ထောင်ပြုသောအခါ သူတို့၏မိဘများကို စွန့်ရမည် ဖြစ်ပြီး၊ သူတို့ခင်ပွန်း၌မှီဝဲရမည်ဖြစ်သည် (က ၂း၂၄)။ “စွန့်ခြင်း”၏ ဆိုလိုရင်းမှာ ကလေးတစ်ဦးသည် မိဘတို့၏ အခွင့်အာဏာအောက်တွင် မရှိတော့ကြောင်းကို ဆိုလိုသည်။ သို့သော် အဖေနှင့်အမေကို ရိုသေစွာပြု ခြင်း တာဝန်သည် ဆက်လက်ရှိနေသေးသည် (မ ၁၅း၃-၆)။ သက်ဆုံးတိုင်အောင် မိဘကိုရိုသေလေးစားမှုပြုခြင်းသည် သားသမီးများအား နာခံခြင်းရှိရန် သင်ပေးခြင်း၏ ရလဒ်ဖြစ်သည်။ ထို့ကြောင့် အိမ်တွင် နာခံခြင်းကို သင်ယူသည့် ကလေးသည် ကိုယ်ကျင့်တရားကောင်း ရှိလိမ့်မည်ဖြစ်ပြီး၊ အိမ်မှထွက်သွားပြီးနောက် သမ္မာကျမ်းစာနိယာမများနှင့် ဘုရားသခင်ကို ကြောက်ရွံ့သော မိဘတို့၏ တန်ဖိုးထားသည့်အရာကိုလည်း ရိုသေလေးစားမည်ဖြစ်သည်။

သို့သော် ဧဖက် ၆း၁ သည် အိမ်၌နေထိုင်၍ မိဘများ၏ အခွင့်အာ ဏာအောက်တွင် ရှိသောသားသမီးများကို အဓိကရည်ရွယ်ပြောဆိုသည်။ ကျမ်းပြိုင်အဖြစ် ကောလောသဲ ၃၂၀ ၌ နာခံခြင်း၏ကျယ်ပြန့်မှုကို ထပ်မံရှင်း ပြထားသည်။ “သားသမီးတို့ မိဘစကားကို အရာရာ၌ နားထောင်လော့။” ထို့ကြောင့် နာခံခြင်းသည် လူ့ဇာတိအတွက် အလွန်ခက်ခဲသောအရာ ဖြစ် သော်လည်း သားသမီးများသည် မိဘတို့၏ စောင့်ထိန်းမှုနှင့် မိဘတို့၏ လုပ်ကျွေးခြင်းကို ခံစားရသည့် အချိန်ကာလပတ်လုံး မိဘစကားကို နားထောင် ရန် တာဝန်ရှိသည်။

နာခံခြင်းကို မည်သို့ သင်ယူမည်နည်း။

သူတို့၏ သားသမီးများကို နာခံခြင်းရှိစေရန် မိဘများက မည်သို့ သွန်သင်မည်နည်း။ ပထမမှာ၊ အပြုသဘောဆောင်သည့် သွန်သင်မှုများနှင့် ကောင်းသော ပုံသက်သေပြခြင်းသည် အချုပ်ဖြစ်သည်။ အပြစ်ပေးခြင်းသည် နောက်ဆုံး ရွေးချယ်ရမည့်အရာဖြစ်ပြီး (အရေးကြီးသည့်အရာတစ်ခုဖြစ်သော် လည်း)၊ အစပြုခြင်းဖြင့် မလုပ်ရပေ။ ကလေးများသည် အပြုသဘောဆောင် သည့် အားပေးမှုဖြင့် အပြုသဘောဆောင်သော လမ်းညွှန်မှု လိုအပ်သည်။ ၊ ယေရှုသည်ပင် နာခံခြင်းကို သင်ယူခဲ့ကြောင်း သင်နားလည်ခဲ့ပါသ လား။ ဟေဗြဲ ၅း၈ က “ဘုရားသခင်၏ သားတော်မှန်သော်လည်း၊ ဆင်းရဲဒုက္ခ ကို ခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏” ဟု ပြောထားသည်။ “ပညတ်တရားအောက်၌ ဖွားမြင်”(ဂလ ၄း၅)သော သခင် ယေရှုသည်လည်း အခြားကလေးများ ပြုသကဲ့သို့ သူ့အဖေနှင့်အမေကို ရိုသေ ရန် ပဉ္စမပညတ်တော်ကို နာခံခြင်းအားဖြင့် လုပ်ဆောင်ခဲ့သည်။ သူတို့အား ဝန်ခံရန် သူသင်ယူခဲ့သည် (လု ၂း၅၁-၅၂)။

သူသည် နာမခံခြင်း (သို့) လွဲမှားသည့် အပြုအမှုများ ဘယ်တော့မှ မလုပ်ခဲ့ပေ။ သူသည် “ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက် ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏”ဟု (ဟေဗြဲ ၄း၁၅) ဖြစ်သည်။ သူသည် လောကတွင် ရှင်သန်ခဲ့စဉ် ချိန်တွင်ပင် “သန့်ရှင်းစင်ကြယ်၍၊ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ် သော သူတို့နှင့်မဆက်ဆံ” (ဟေဗြဲ ၇း၂၆) သောသူဖြစ်သည်။

သို့သော် ယေရှုသည် လူသားအဖြစ်ကြွလာသည့်အခါ၊ အသွင် ဆောင်ခြင်း (appearance) သက်သက်မဟုတ်ကြောင်း သတိရပါ။ သူသည်လူသားစစ်စစ်ဖြစ်သည်။ သူသည် လူ့သဘောသဘာဝများ၊ အပြစ်မရှိသော ကန့်သတ်ချက်များနှင့် ကိုယ်ကာယတွင် အားနည်းချက်များ ရှိသောသူဖြစ် သည်။ သူသည် ဆာလောင်ခြင်းနှင့် ရေဆာခြင်းတို့ ရှိခဲ့သည် (မ ၄း၂၊ ယော ၁၉း၂၈)။ သူသည် ပင်ပန်းနွမ်းနယ်တတ်သည် (ယော ၄း၆)။ ကလေးတစ်ဦးကဲ့ သို့ နာခံခြင်းအပါအဝင် အရာရာကို သင်ယူခဲ့သည်။ သူ၏ လောကီမိဘများ သည် သူ့အား သွန်သင်ပေးခဲ့ပြီး၊ သူလည်း သင်ခန်းစာများကို ကောင်းစွာ လေ့လာခဲ့သည်။

အမှန်တရားတစ်ခုမှာ၊ ယေရှု သင်ယူခဲ့ခြင်းနှင့် ကြီးထွားခဲ့ခြင်း နည်း လမ်းသည် ကလေးတိုင်း သင်ယူပြီး ကြီးထွားသည့်အတိုင်းဖြစ်သည်။ သူသည် အပြစ်မဲ့သောကြောင့်၊ သူ့အား ဆုံးမရန်မလိုအပ်ခဲ့ပေ။ သို့သော် သူသည် ချစ်ရသော မိဘများထံမှ အပြုသဘောဆောင်သည့် ညွှန်ကြားချက်များနှင့် အားပေးမှုများဖြင့် သင်ယူခဲ့ခြင်းမှာ သံသရ မရှိနိုင်ပေ။ သမ္မာကျမ်းစာက သူသည် “အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက်၊ ဘုရား ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏” (လု ၂း၅၂) ဟု ပြောထားသည်။

သူသည် နည်းလမ်း (၄) မျိုးဖြင့် ကြီးပြင်းခဲ့သည်ကို သတိပြုပါ။ သူသည် ရုပ်ပိုင်းဆိုင်ရာ (“အစဉ်အတိုင်းကြီး၍”)၊ ဉာဏ်ပညာပိုင်း ဆိုင်ရာ (“ပညာတိုးပွားလျက်”)၊ လူ့ပတ်ဝန်းကျင်ဆိုင်ရာ (“လူတို့ရှေ့မှာ မျက်နှာရ”) နှင့် ဝိညာဉ်ရေးဆိုင်ရာ (“ဘုရားရှေ့မှာ မျက်နှာရ)တို့ ဖြစ်သည်။ ကလေးများ အားလုံးသည် ထိုနယ်ပယ် (၄) ခု ရှိရန် လိုအပ်ပြီး၊ ပညာရှိသော မိဘများသည် အပြုသဘောဆောင်သည့် သွန်သင်မှုနှင့် ကောင်းမွန်သည့် ပုံသက်သေအား ဖြင့် ထိုအရာများကို လုပ်ဆောင်ပေးလိမ့်မည်ဖြစ်သည်။

ကျွန်တော်တို့ ကလေးများသည် ပညာတိုးပွားရန် လိုအပ်ပြီး၊ သူတို့ အတွက် ဘယ်အရာကောင်းသည်၊ ဘယ်အရာ မကောင်းသည်ကို သိသော ဉာဏ်မပါဘဲ မွေးဖွားလာခဲ့ခြင်းကြောင့် ဖြစ်သည်။ မိဘများသည် ဉာဏ်ပညာ နိယာမများကို သူတို့အား သွန်သင်ပေးရန် လိုအပ်သည်။ နာခံခြင်းသည် ဉာဏ်ပညာ၏ ပထမအဆင့်ဖြစ်သည်။

သူတို့သည် ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိပြီး၊ ငယ်ရွယ်သောသူတို့ သည် ပိုမိုလိုအပ်ချက်များ ရှိသည်။ နို့တိုက်သတ္တဝါ အားလုံးတွင် လူသားများ သည် မွေးဖွားခြင်း၌ ခွန်အားအနည်းဆုံးနှင့် အာရုံစိုက်မှု အလိုအပ်ဆုံး ရှိသော သူများဖြစ်သည်။ မွေးလာသည့် ကလေးသည် မိမိကိုယ်ကို မလုပ်ဆောင်နိုင် သေးပေ။ သူတို့ကြီးထွား သကဲ့သို့၊ သူတို့ ကြွက်သားများနှင့် ဖျက်လတ်မှုများ ၊ ရရှိလာသည်။ သို့သော် ထိုအချိန်အတောအတွင်း မိဘ၏ အမိုးအရိပ်ဖြစ်သော အခွင့်အာဏာသည် ဘုရားသခင် ပြင်ဆင်ခဲ့သည့် ကာကွယ်ခြင်း၏ လိုအပ် သောကဏ္ဍတစ်ခုဖြစ်သည်။

သူတို့သည် လူ့ပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များ ရှိကြပြီး၊ အခြားသူများနှင့် အပြန်အလှန် မည်သို့ဆက်ဆံရမည်ကို သူတို့ သင်ယူရမည် ဖြစ်သောကြောင့် ဖြစ်သည်။ ကလေးငယ်များသည် သူတို့လိုချင်သောအရာ များကိုသာ အာရုံစိုက်ကြပြီး၊ သူတို့သိသည့် တစ်ခုတည်းသော ပြောဆိုခြင်းပုံစံ မှာ ငိုခြင်းဖြစ်သည်။ သူတို့ ကြီးထွားလာသကဲ့သို့၊ သူတို့သည် အခြားသူများ အတွက် ဂရုစိုက်တတ်ရန် သင်ယူဖို့ရန် ရှိသည်။ သူတို့သည် အခြားသူများနှင့် ပြောဆိုဆက်ဆံသောအခါ ဆင်ခြင်စွာ ပြောဆိုတတ်ရန် သင်ယူရမည်။ သူတို့ သည် အခြားသူများအတွက် မည်သို့ မျှဝေရ မည်၊ မည်သို့ စာနာမှုရှိရမည်ကို သင်ယူရန် ရှိသည်။ သူတို့မိဘများကို နာခံရန် သင်ယူခြင်းသည် သူတို့ အသက် တာအတွက် လိုအပ်သည့် လူ့အသိုင်းအဝန်း ဆက်ဆံခြင်းအားလုံး၌ ပထမ အရေးအကြီးဆုံး အဆင့်ဖြစ်သည်။

အထက်ပါအရာများအပြင်၊ သူတို့သည် ဝိညာဉ်ရေးရာ လိုအပ်မှုရှိ သည်။ သူတို့မိဘများသည် ကယ်တင်ခြင်း ဧဝံဂေလိတရားကို သူတို့အား သွန်သင်ပေးရန် လိုအပ်သည်။ သူတို့သည် သခင်ဘုရားကို ချစ်တတ်ရန် သဘာဝအလျောက် သင်ယူကြမည်မဟုတ်ပေ။ သူတို့သည် ဘုရားသခင် အကြောင်း သွန်သင်ပေးရန်လိုအပ်ပြီး၊ သူ့နှုတ်ကပတ်တော်၏ နိယာမများကို ကြားရန် လိုအပ်သည်။ ကလေးများအတွက်၊ မိဘများအား နာခံခြင်း အ ကြောင်းသည် သူတို့ နားလည်ရန်နှင့် ဝန်ခံရန် လိုအပ်သည့် ပထမဆုံး ဝိညာဉ်ရေးရာ နိယာမဖြစ်သည်။

တစ်နည်းအရ မိဘတို့၏ အခွင့်အာဏာသည် သားသမီးများအတွက် ဘေးကင်းလုံခြုံသောနေရာကို ဖန်တီးပေးပြီး၊ ထိုနေရာတွင် သားသမီးတို့သည် အထက်ပါအချက်များကို သင်ယူရမည်ဖြစ်သည်။ သားသမီးများ၏ နာခံ ခြင်းသည် သူတို့၏ သင်ယူခြင်းနှင့် ကြီးထွားခြင်းအားလုံးအတွက် လောင်စာ ဖြစ်ပြီး၊ နာခံခြင်းကို အကောင်းဆုံး သင်ယူလေ့လာလေလေ၊ သူတို့သည် ဉာဏ်ပညာ၊ ရုပ်ခန္ဓာတိုး တက်ကြီးထွားပြီး၊ ဘုရားရှေ့နှင့် လူရှေ့တို့တွင် မျက်နှာရလေလေ ဖြစ်သည်။

နာခံခြင်းတွင် မည်သည့်အရာ ပါဝင်ခဲ့သနည်း။

ဧဖက် ၆း၁ တွင် ရှင်ပေါလု ပြောထားသည့် နာခံခြင်းသည် စိတ်နေ သဘောထားဖြစ်ပြီး၊ မြင်ရသည့် အပြုအမူတစ်ခုမျှသာ မဟုတ်ပေ။ “နာခံခြင်း” အတွက် ဂရိဝေါဟာရမှာ nupakon ဖြစ်ပြီး၊ “ကြားခြင်း” (သို့) “အရေးစိုက် ခြင်း”ဟု အဓိပ္ပာယ်ရှိသည့် အရင်းအမြစ်တစ်ခုမှ ဖြစ်သည်။ ထိုအရာတွင် နာခံခြင်း ပါဝင်သကဲ့သို့၊ ဂရုတစိုက် နားထောင်ခြင်းလည်း ပါဝင်သည်။ ရှင် ပေါလုက ကျမ်းပြိုင်အဖြစ် ပဉ္စမမြောက်ပညတ်တော်ကို ကိုး ကားခဲ့ခြင်းဖြစ် သည်။ “သင်၏ မိဘကို ရိုသေစွာပြုလော့” (ငယ် ၂)။

ပဉ္စမြောက် ပညတ်တော်သည် နာခံခြင်း ဝေါဟာရ မပါသည်မှာ သတိပြုဖွယ်ရာ ဖြစ်သည်။ “ရိုသေစွာပြုလော့”ဟူသော စကားလုံးသည် နာခံခြင်းအပါအဝင် ပိုမိုကျယ်ပြန့်သော အနက်ရှိသည်။ တစ်ချိန်တည်းမှာပင် ထိုစကားလုံးသည် မကျေနပ်သောစိတ်၊ စိတ်ဆိုးခြင်း၊ တွန့်ဆုတ်သောစိတ်၊ ပုန်ကန်တတ်သော အခြားစိတ်သဘောထားများနှင့် ထိုအရာများကို ဖုံးအုပ် တတ်သော အပြင်ပိုင်းမျှသာ နာခံမှုများကို ရှုတ်ချသည်။ ရိုသေမှုမရှိသော နာခံခြင်းသည် အတုအယောင် ဟန်ဆောင်ခြင်း)ဖြစ်သည်။ သမ္မာကျမ်းစာ တောင်းဆိုသော နာခံမှုသည် စိတ်နှလုံးမှ နာခံခြင်းမျိုးဖြစ်သည်။

အခန်းငယ် ၁ တွင် “ဘုရားသခင်၏ အလိုတော်နှင့်အညီ မိဘစကား ကို နားထောင်လော့”ဟူသော စကားစုဖြင့် နာခံခြင်း၏ တိကျသော အပြု အမှုကို ရှင်ပေါလုက နောက်ထပ်ရှင်းပြခဲ့သည်။ တစ်နည်းအရ၊ သားသမီးများ သည် မှန်ကန်စွာ နာခံပါက၊ သူတို့သည် ဘုရားသခင်ထံ ပြုမူသကဲ့သို့ ထိုအရာ ကို လုပ်ဆောင်ခြင်းဖြစ်သည် (ကော ၃း၂၃-၂၄)။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည် အခွင့်အာဏာကို မိဘများထံ လွဲပြောင်းသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မိဘများသည် ကလေးများနှင့်ပတ်သက်လျှင် ဘုရား သခင်၏ အစေခံများဖြစ်ကြသည် (ရော ၁၃း၁-၄)။

ဤနိယာမသည် မည်မျှအထိ ကျယ်ပြန့်သနည်း။ အကယ်၍ မိဘများ သည် မယုံကြည်သူများဖြစ်ကြပြီး၊ ဘုရားသခင် နှုတ်ကပတ်တော် တားမြစ်သောအရာကို ပြုလုပ်ရန် သားသမီးများအား ပြောခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ ထိုကိစ္စတွင်၊ သမ္မာကျမ်းစာသည် “လူ၏စကားထက် ဘုရားသခင်၏ စကားကို နားထောင်သင့်ပါ၏” (တ ၅း၂၉) ဟု ရှင်းလင်းသည့် နိယာမတစ်ခု ပေးထား သည်။ သို့သော် “မင်းရဲ့ အခန်းကို သန့်ရှင်းရေးလုပ်ပါ” “အမှိုက်ကောက်ပါ” စသည်ကဲ့သို့ မည်သည့်အခြေအနေတွင်မဆို မိဘတို့၏ မိန့်မှာမှုအားလုံးကို သားသမီးများ နာခံရမည်ဖြစ်သည်။ နှုတ်ကပတ်တော်၏ ရှင်းလင်းသော အမိန့် ကို ကျူးလွန်ရန် မိဘသည် ကလေးတစ်ဦးအား အမိန့်ပေးသည့် ရှားပါးသော အခြေအနေမျိုးတွင် ထိုကလေးသည် မိဘကို နာခံစရာမလိုပေ။

ဝမ်းနည်းဖွယ်ရာမှာ၊ အချို့သောမိဘများသည် သူတို့ကလေးများကို မကောင်းမှုလုပ်ဆောင်ရန် အမိန့်ပေးကြပြီး၊ အချို့မှာ သူတို့ကလေးများကို ခရစ်တော်အတွက် (သို့) ခရစ်တော်ကို ယုံကြည်သောကြောင့် နှိပ်စက်ကြ သည်။ ခရစ်တော်အတွက် နှိပ်စက်ခံရခြင်းသည် ဖြစ်ရမည့်အရာဖြစ်သည်။ ယေရှုက “အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမအချင်းချင်း ကွဲပြား စေခြင်းငှာ ငါလာသတည်း။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူ ဖြစ်ကြလိမ့်မည်” (မ ၁၀း၃၅-၃၆)ဟု ပြောခဲ့သည်။ အပြစ်နှင့် မယုံကြည်ခြင်း ၊ ကြောင့် ဧဝံဂေလိတရားသည် မိသားစု၌ ခါးသီးသည့် ကွဲပြားမှုများ တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်သည်။

ဥပမာ၊ ကျွန်တော်သိခဲ့သည့် အခြေအနေများတွင်၊ ခရစ်ယာန်မဟုတ် သည့် မိဘများက သူတို့၏ ယုံကြည်သူ သားသမီးများကို ကျမ်းစာဖတ်ခွင့် မပေးခြင်း (သို့) အခြားယုံကြည်သူများနောက် လိုက်ပါခွင့်မပေးခြင်းကို ကြိုး စားခဲ့ကြသည်။ အချို့သောမိဘများသည် သူတို့သားသမီးများကို ခရစ်တော် အား လုံးဝစွန့်လွှတ်ရန် ဖိအားပေးလုပ်ဆောင်ခဲ့ကြသည်။ ထိုသို့ဖြင့် မိဘများ သည် ခရစ်တော်အား သူတို့ကိုယ်တိုင် ဆန့်ကျင်သောအခါ၊ သားသမီးများ သည် ခရစ်တော်နှင့်အတူ ရပ်တည်ရန် တာဝန်ရှိကြောင်း သမ္မာကျမ်းစာက ရှင်းလင်းစွာပြောထားသည်။ ယေရှုက “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ချစ်၏။ ထိုသူသည် ငါနှင့်မထိုက်မတန်” (ငယ် ၃၇) ဟု ဆက် ပြောခဲ့သည်။

ထို့သို့သော အခြေအနေ၌ပင် မိဘများအပေါ် သားသမီးများ၏ စိတ် သဘောထားသည် ပုန်ကန်ခြင်း (သို့) ရန်လိုခြင်းမျိုး မလုပ်ရပေ။ အကယ်၍ နာခံခြင်းမရှိရန် ဖိအားပေးလာပါက၊ ကလေးသည် အကျိုးဆက်ကို လိုလိုလား လား လက်ခံရမည် ဖြစ်သည်။ ခရစ်တော်အား ယုံကြည်ခြင်းအတွက် အပြစ် ပေးခံရပါက၊ ထိုသား (သို့) ထိုသမီးသည် ဝမ်းမြောက်စွာဖြင့် လက်ခံရမည် ဖြစ်သည် (မ ၅း၁ဝ-၁၂)။ သို့သော် အခြားသောအကြောင်းကိစ္စများတွင် သားသမီးသည် ဖြစ်နိုင်သည့် နည်းလမ်းတိုင်း၌ မိဘများကို နာခံမှု ဆက်ရှိခြင်း၊ ရိုသေပေးမှု ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။

ဤသို့သော သဘောထားသည် လုံးဝအရေးကြီးသည့် အရာဖြစ် သည်။ အဘယ့်ကြောင့်ဆိုသော် သဘောထားသည် မှန်ကန်ပါက၊ ကောင်းမွန်သောအကျင့်များသည် အလိုလိုဖြစ်လာမည်ဖြစ်သည်။ “သူသည် စိတ်ထင် သည့်အတိုင်း ဖြစ်၏” (သု ၂၃း၇)။ သို့သော် လုပ်ဆောင်မှုသည် မှန်ကန်သော် လည်း သဘောထား မှားယွင်းပါက၊ ထိုအရာသည် အချည်းအနှီးဖြစ်ပြီး အတု အယောင်လည်း ဖြစ်သည်။ သားသမီးသည် မိဘများကို မရိုသေခြင်းနှင့် ကျေးဇူးတရားမသိခြင်းလည်း ဖြစ်သည်။ ကျွန်တော်တို့ မိသားစုတွင်၊ သားသမီးများကို ဆိုးသွမ်းသည့် အပြုအမူထက် ဆိုးသွမ်းသည့် သဘောထားများ အတွက် မကြာခဏ ဆုံးမခဲ့ရသည်။

ထို့ကြောင့် သားသမီးများအတွက် သတင်းစကားကို နာခံခြင်းဆို သည့် တိုတောင်းပြီး ရိုးရှင်းသည့်အရာဖြစ်သည်။ သဘောထားနှင့် လုပ်ဆောင် မှုနှစ်ခုလုံးတွင် ရှိရမည့်အရာ ဖြစ်သည်။ “မိဘစကားကို နားထောင်ခြင်းအမှု သည် တရားသောအမှုဖြစ်သည်” (ဧ ၆း၁)။ ထိုအရာသည် “ဘုရားသခင် နှစ်သက်တော်မူသော အမှု”လည်း ဖြစ်သည် (ကော ၃း၂၀)။ နာခံခြင်းသည် မိဘများကို ရိုသေခြင်းဖြစ်သည်။ ထို့ပြင် သားသမီးများအတွက် ကောင်းမြတ် သည့်အရာ ဖြစ်ပြီး၊ လောက၏ မကောင်းမှုများမှ သူတို့ကို ကာကွယ်ပေးခြင်း၊ သူတို့ အသက်တာများကို ရှည်စေခြင်း၊ သူတို့အတွက် ကြွယ်ဝသည့် ကောင်း ကြီးများ ယူဆောင်လာခြင်းဖြစ်သည်။

မိဘများ

ယနေ့မိဘများသည် ဖြစ်ပျက်သမျှကို လက်ခံခြင်းဘက်သို့ သွားနေကြ ပြီး၊ ကျွန်တော်တို့နိုင်ငံသမိုင်းရှိ အရင်မျိုးဆက်များထက် သူတို့သားသမီးများ ၏ အသက်တာတွင် ပါဝင်မှု လျော့နည်းလာခဲ့ကြသည်။ သူတို့သည် သူတို့၏ သားသမီးများကို အတုအပများ၊ အားမိဘများထံ လွှဲပြောင်းပေးခဲ့ကြသည်။ နေ့ကလေးထိန်း စင်တာများ၊ ဆွေမျိုးများ၊ ရုပ်မြင်သံကြားနှင့် အဆင့်မြင့် ကိုယ်ပိုင်ကလေးထိန်းများသည် ကိုယ်ကျင့်တရားပိုင်းနှင့် လူ့ပတ်ဝန်းကျင် အသက်ရှင်ခြင်းတွင် မိဘများထက် လွှမ်းမိုးမှုရှိလာသည်။

ထိုအရာက ဘုရားသခင်ရှေ့တွင် မိဘတို့၏ တာဝန်ကို စွန့်ပစ်လိုက် ခြင်းတစ်မျိုးဖြစ်သည်။ သားသမီးတို့အား ကျွေးမွေးခြင်းနှင့် ဆုံးမသွန်သင်ခြင်း တာဝန်ကို ဘုရားသခင်ကိုယ်တိုင်သည် စာသင်ကျောင်း၊ လူငယ်ခေါင်းဆောင် များ၊ ဓမ္မပညာဆရာမများ (သို့) မည်သူ့ထံကိုမျှ ပေးတော်မမူဘဲ၊ မိဘများထံသို့ သာ ပေးတော်မူသည်။ ဘုရားသခင်က မိဘဝတ္တရားသည် အချိန်ပြည့်တာဝန် ဖြစ်ပြီး၊ အားလပ်သည့်အချိန်မရှိဟု ပြောထားသည်။

သင့်သားသမီးကို ကျောင်းမပို့ဘဲ အိမ်တွင်စာသင်ရမည်ဟု ကျွန်တော် အကြံပြုခြင်းမဟုတ်ပေ။ အမှန်တွင်၊ သင်သည် ကျောင်းဆရာတစ်ဦးရှိသကဲ၊ သို့ သင့်ထံတွင် ကလေးငယ်ကို သင်ကြားနိုင်သည့် အဆင့်မြင့်ပညာ ရပ်ရှိချင်မှ ရှိနိုင်မည်။ ကျွန်တော်ပြောလိုသည်မှာ သူတို့အသက်တာ၏ ရှုထောင့်တိုင်း၌ သင်သည် ရင်းရင်းနှီးနှီးရှိနေရန် လိုအပ်ပြီး၊ သင့်ကလေးအတွက် သင်ရွေးချယ် သည့် ပညာရေးဆိုင်ရာ စဉ်းစားမှုနှင့် ပတ်သက်သည့် ကျောင်းကိစ္စများအပါအဝင် ဖြစ်သည်။ ခရစ်ယာန်ကျောင်းတစ်ခုသည်ပင် မိဘကို အစားထိုးရန် သင့်တော်သည့်နေရာတစ်ခုမဟုတ်ဘဲ၊ မိဘ၏အလုပ်ကို တစ်နည်းတစ်လမ်း ဖြင့် ဖေးမကူညီခြင်းကိုသာပြုသည်။ မိဘများသည် ကလေး၏ ပညာရေး ကြီးကြပ်ခြင်းအတွက် တာဝန်ရှိသူအဖြစ် ရှိနေဆဲဖြစ်သည်။ သူတို့သည် သူတို့ကလေးများ သင်ယူခဲ့သည့် အရာတိုင်းကို ဂရုတစိုက်ကြည့်ရှုခြင်းကို ဆက်လက်လုပ်ဆောင်ရမည်။ အထူးသဖြင့် တစ်စုံတစ်ယောက်က သင်ကြား ပေးသည့် အခါတွင် ပိုဂရုစိုက်ရမည်။ ထို့ကြောင့် မိဘဝတ္တရားသည် အချိန်ပြည့် ရှိနေပြီး၊ သားသမီးများ ကျောင်းသွားနေလျှင်တောင်မှ လုပ်ဆောင်နေရသည်။

ဘုရားသခင်သည် ဣသရေလ လူမျိုးကို ပညတ်တော်(၁၀)ပါး ပေး သည့်အခါ ပြောခဲ့သည့်အရာကို သတိပြုပါ။ “ယနေ့ ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင် ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကို ပြောရမည်” (တရားဟော ၆း၆-၇)။

ဘုရားသခင်သည် မိဘတာဝန်ကို အချိန်ပြည့်၊ ရာသက်ပန်အလုပ် ဖြစ်သည်ဟု ရှင်းလင်းစွာ ပြောဆိုသည်။ အသက်တာရှိ အချိန်နာရီတိုင်း၊ ရာသီတိုင်းသည် လုံ့လရှိသော မိဘအတွက် သင်ကြားခြင်း အခွင့်အရေးတစ်ခု ဖြစ်သည်။ သင်သည် ထိုအရေးကြီးသည့် အခွင့်အရေးကို အကောင်းဆုံးဖြစ်အောင် လုပ်ချင်ပါက၊ အနားယူခြင်း (သို့) လက်လျော့ခြင်း စသည်တို့ကို မပြုရပေ။ ထို့ပြင် သင့်ကလေးများကို အခြားသူများထံသို့ ပေးအပ်ပြီး၊ ထိုသူတို့ ထံမှ သင်လိုချင်သော စောင့်ရှောက်ခြင်းနှင့် သွန်သင်ခြင်းကို မျှော်လင့်၍ မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သစ္စာရှိသော မိဘများသည်သာ ထိုစောင့်ရှောက်ကျွေးမွေးခြင်းနှင့် ဆုံးမသွန်သင်ခြင်းကို ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။

အခန်း ၅

မိဘများ၏ တာဝန် –

ကျွေးမွေးပြုစုခြင်းနှင့် ဆုံးမသွန်သင်ခြင်း

သားသမီးများသည် မိသားစု၌ သက်သာသည့် တာဝန်ရှိသည်။ သူတို့ လုပ်ဆောင်ရမည့်အရာများမှာ သူတို့မိဘကို နာခံရန်သာ ဖြစ်သည်။ မိဘများ ၏ တာဝန်သည် အမှန်တကယ် ခက်ခဲသည့်အရာ ဖြစ်သည်။ သူတို့သည် စံနမူနာကောင်းတစ်ခုအဖြစ် နေထိုင်ရခြင်း၊ လုံ့လရှိသော ဆရာများဖြစ်ရခြင်း၊ ပုံမှန်အမှားပြင်ဆင်မှုများ ပြုလုပ်ပေးရခြင်း၊ ပြောဆိုဆုံးမခြင်းများ အမြဲတမ်း လုပ်ဆောင်ပေးရသည်။ ထိုအရာများကို လုပ်ဆောင်သည့်အခါတွင်လည်း သားသမီးများကို စိတ်ဆိုးအောင်မပြုဘဲ လုပ်ရမည်။

လူတစ်ဦးပြောခဲ့သည့်အရာတစ်ခုမှာ “ကျွန်တော်တို့သည် ကလေးကို တစ်နှစ်ပြည့်သည်အထိ မည်သို့စကားပြောမည်၊ မည်သို့လမ်းလျှောက်မည်ကို သင်ပေးခဲ့ပြီး၊ သူသည် နှစ် (၂၀) ပြည့်သည်ထိတိုင် မည်သို့ထိုင်မည်။ မည်သို့ တိတ်ဆိတ်စွာ သင်ပေးရမည်”ဟု ပြောခဲ့သည်။ ထို့ကြောင့် မိဘအုပ်ထိန်းခြင်းအမှုသည် စိတ်ပျက်အားလျော့၍ မရပေ။ မိဘကောင်းများဖြစ်ရန် လိုအပ် သည့် ကျွမ်းကျင်မှုများနှင့် စိတ်ရှည်ခြင်းတို့သည် မိဘများအတွက် သဘာဝ အတိုင်း ဖြစ်လာခြင်းမဟုတ်သလို နာခံခြင်းသည် ကလေးများအတွက် သဘာဝအတိုင်း ဖြစ်လာသည့်အရာမဟုတ်ပေ။

ကလေးများကဲ့သို့ မိဘများသည်လည်း အပြစ်တရားသို့ ကျရှုံးသော သူ၊ အပြစ်သားများဖြစ်ကြသည်ကို သတိရပါ။ ကျွန်တော်တို့သည် အာဒံ၏ အပြစ်ကို အမွေခံသူများဖြစ်ကြပြီး၊ ပျက်စီးနေသူများ ဖြစ်ကြသည်။ ကျွန်တော် တို့ ကလေးများနည်းတူ ကျွန်တော်တို့သည်လည်း အပြစ်ဒုစရိုက်ကို ပြုချင် သောစိတ်နှင့် မွေးလာကြသည်။ ခရစ်တော်အားဖြင့် ကျွန်တော်တို့ရရှိသည့် ရွေးနှုတ်ကယ်တင်ခြင်းသည် ကျွန်တော်တို့အား အသစ်သောနှလုံးသားနှင့် ဖြောင့်မတ်ခြင်းတရားကို နှစ်သက်ရန် စွမ်းအားကို ပေးခဲ့သည်။ သို့သော် ကျွန်တော်တို့၏ ရွေးနှုတ်ကယ်တင်ခြင်းသည် ပြီးပြည့်စုံခြင်းကို မရောက်သည့် တိုင် ကျွန်တော်တို့သည် ဇာတိ၏ အပြစ်သွေးဆောင်ခြင်းများကို ဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုဇာတိအပြစ်သွေးဆောင်ခြင်းကြောင့် ကျွန်တော်တို့ သည် ကိုယ်မုန်းသောအရာကိုပင် ပြုတတ်ကြသည် (ရော ၇း၁၅-၂၄)။ ထို့

ကြောင့် ကျွန်တော်တို့သည် “ညည်းတွားမြည်တမ်းလျက်” နေကြသည် (ရော ၈၂၃၊ ၂ ကော ၅း၂)။ ကျွန်တော်တို့သည် အပြင်ဘက်မှ ပဋိပက္ခများနှင့် အတွင်းဘက်မှ ကြောက်မက်ဖွယ်ရာများကို ရင်ဆိုင်နေရဆဲဖြစ်သည် (၂ကော ၇း၁)။ ထိုအရာများအားလုံးသည် ကောင်းမွန်သော မိဘများဖြစ်ရန် ကျွန်တော်တို့ ကြိုးစားမှုကို အနှောင့်အယှက်ပေးနေသည်။

တစ်နည်းအရ၊ သမ္မာကျမ်းစာက သားသမီးများသည် အရာရာ၌ သူတို့၏ မိဘများကို နာခံရမည်ဟု အမိန့်ပေးထားသော်လည်း၊ မိဘများသည် အမြဲတမ်း မှန်ကန်နေမည်မဟုတ်ပေ။ မိဘများသည် အပြစ်နှင့် ကင်းစင်သောသူများ မဟုတ်ပေ။ အပြစ်နှင့်ကင်းသောသူဖြစ်သည်ဟု ထင်မြင်သောမိဘ သည် အမင်္ဂလာရှိသည်။ အမှန်မှာ၊ အပြန်အလှန် ဝန်ခံခြင်း နိယာမသည် မိဘများ၏ အခန်းကဏ္ဍကိုလည်း အကျုံးဝင်သည်။ မိဘများသည် သားသမီးများကို ဝန်ခံခြင်း သည်လည်း မှန်ကန်သည့် အနှစ်သာရတစ်ခုဖြစ်ပြီး၊ ရှင်ပေါလုက ဧဖက် ၆း၄ တွင် မည်သို့ဖြစ်ခြင်းကို ရှင်းပြထားသည်။ “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမ သွန်သင်ခြင်းကိုပြုလျက် ကျွေးမွေးကြလော့”ဟု ပြောထားသည်။

“အဘတို့/ဖခင်တို့”ဟု အင်္ဂလိပ်ကျမ်းစာအများစုက ထိုကျမ်းပိုဒ်တွင် ဘာသာပြန်ကြပြီး၊ ဂရိဝေါဟာရမှာ patera ဖြစ်သည်။ အနက်မှာ “ဖခင်များ” (သို့) “မိဘများ”ဟု နှစ်မျိုးလုံးကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ ဟေဗြဲ ၁၁း၂၃ တွင် ထိုစကားလုံးကို ရှင်းလင်းစွာဖြင့် “မိဘများ”ဟု အဓိပ္ပာယ်ရှိပြီး၊ ဤနည်းအ တိုင်း ဘာသာပြန်ခဲ့သည်။ ဧဖက် ၆၄ တွင်လည်း ထိုအဓိပ္ပာယ် (“မိဘများ) အတိုင်း နားလည်ရမည်။ ထိုအရာသည် အကောင်းဆုံးအဓိပ္ပာယ် ဖြစ်သည်ဟု ကျွန်တော်ယုံကြည်သည်။

ဧဖက် ၅း၂၂-၆၄ ရှိ မိသားစုအတွက် ရှင်ပေါလု အသေးစိတ်ဖော်ပြခဲ့ သည့် နိယာမများမှ ဤအချက်သည် ရှင်ပေါလုအချိန်က ယဉ်ကျေးမှုနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်မှာ သေချာသည်။ ရောမအုပ်စိုးချိန်ကာလ၌၊ ဖခင်များသည် သူတို့မိသားစုကို ဦးဆောင်ပြီး၊ သူတို့နှစ်သက်သည့်အရာကို မိသား စုက လုံးဝလုပ်ဆောင်ပေးရသည်။ Patric potestas (မူရင်း- “ဖခင် ၏ တန်ခိုး”) ဟုခေါ်သည့် ရောမဥပဒေသည် ရောမနိုင်ငံသားဖြစ်သော အိမ်ထောင် ဦးစီးများအားလုံးကို သူတို့၏ မိသားစုများအပေါ် လုံးဝပိုင်ဆိုင်ခြင်း အခွင့် အရေးများ ပေးခဲ့သည်။ ဇနီးသည်များ၊ သားသမီးများနှင့် ကျွန်များသည် ဥပဒေအရ အိမ်ထောင်ဦးစီးသူ၏ ပိုင်ဆိုင်မှုများဖြစ်ကြပြီး၊ သူဆန္ဒ ရှိသည့်အ တိုင်း သူတို့ကို လုပ်ဆောင်နိုင်သည်။ သူ့တွင် အခွင့်အဏာအပြည့် အဝရှိပြီး၊ သားသမီးများကို ပယ်ထုတ်ခြင်း၊ သူတို့ကို ကျွန်အဖြစ်ရောင်းစားခြင်း (သို့) အသေသတ်ခြင်းအခွင့် ပင်ရှိသည်။ ထင်ရှားသည်မှာ၊ ရောမအုပ်ချုပ်ချိန်တွင်၊ ဖခင်အား အမျက်ဒေါသမဖြစ်စေရန် ကြိုးစားခဲ့သူမှာ သားသမီးဖြစ်သည်။ အပြန်အလှန် မဟုတ်ပေ။

သို့သော် တမန်တော်ရှင်ပေါလု၏ သွန်သင်မှုများသည် ယဉ်ကျေးမှု ဓလေ့ထုံးစံကို ပြောင်းပြန်လှန်လိုက်သည်။ မိဘများသည် သားသမီးများအား ဝန်ခံရန် လိုအပ်ခြင်းကိုပင်၊ ရှင်ပေါလု သွန်သင်ခဲ့သည်။ မိဘများသည် ဝန်ခံ ခြင်းကို အနစ်နာခံခြင်းဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ သားသမီးတို့၏ လိုအပ်မှု များကိုလည်း ဖြည့်ဆည်းပေးရမည်။ ထိုအရာများကို ပြုရာတွင် သားသမီးများ ကို စိတ်ဆိုး(သို့) စိတ်ပျက်အောင် မပြုဘဲ လုပ်ရမည်။ ကျမ်းပိုဒ်ရှိ အမိန့်တွင် အပိုင်း (၃) ခုရှိသည်။

သူတို့ကို စိတ်ဆိုးစေခြင်းငှာ မပြုနှင့်။

ပထမမှာ၊ ရှင်ပေါလုက “ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြု နှင့်”ဟု ပြောခဲ့သည်။ သူတို့ကို အဓိပ္ပာယ်မဲ့သည့် စိတ်တိုစရာကောင်းသော အရာများ မလုပ်ရပေ။ မလိုအပ်သည့် နှိုးဆွပေးမှုများ မလုပ်ရပေ။ တမင်သက် သက် ဒေါသထွက်အောင် မလုပ်ရပေ။ မိုက်မဲသည့် စိတ်ဓာတ်ကျစေမှုများ မလုပ်ရပေ။ သို့သော် နူးညံ့သိမ်မွေ့ခြင်း၊ သနားကြင်နာခြင်း၊ စဉ်းစားဆင်ခြင် ခြင်းနှင့် ရိုသေလေးစားခြင်းတို့နှင့် သူတို့ကို ဆက်ဆံခြင်းအားဖြင့် ဝန်ခံခြင်း ကို ပြပါ။ ထို့နောက် သူတို့အတွက် စံနမူနာကောင်းတစ်ခုဖြစ်ခြင်းသည် အရေး ကြီးဆုံး အပိုင်းဖြစ်သည်။

ရှင်ပေါလုက ကလေးငယ်တစ်ဦး အမျက်ထွက်တိုင်း မိဘတွင် အပြစ် ရှိသည်ဟု ပြောထားခြင်း မဟုတ်ပေ။ မှန်ကန်သောအရာမှာ မိဘ၏ အပြစ်ဖြစ် စေသော စိတ်ဆိုးအောင် ပြုလုပ်ခြင်း လုံးဝမရှိဘဲ၊ ကလေးများသည် စိတ်ဆိုးနိုင် ပြီး၊ ဒေါသလည်း ထွက်နိုင်သည်။

ဤကျမ်းပိုဒ်က မည်သည့်အခြေအနေများ ရင်ဆိုင်သည်ဖြစ်စေ စိတ်ဆိုးတတ်သော ကလေးများကို ခွင့်မပြုပေ။ သားသမီးများသည် သူတို့၏ မိဘများကို ရိုသေရမည့် တာဝန်တစ်ခုရှိပြီး၊ သူတို့၏ မိဘများသည် ဆိုးရွား စွာ နှောင့်ယှက်မှုပြုလျှင်တောင် နှလုံးသားထဲမှ နာခံမှုရှိရမည်။

မည်သို့ပင်ဆိုစေ၊ ဤနည်းဖြင့် အပြစ်ကျူးလွန်သော မိဘများသည် နှစ်ဆအပြစ်ရှိသည်ဟု ဆိုထားသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့သည် မိဘ၏ တာဝန်ကို ချိုးဖောက်ခြင်းသာမကဘဲ၊ သူတို့၏ သားသမီးများအတွက် ထိမိ၍ လဲစရာအကြောင်း ဖြစ်စေခြင်းကြောင့်လည်း ဖြစ်သည်။

“စိတ်ဆိုးစေခြင်းငှာ မပြုနှင့်”ဟု ဖော်ပြခြင်းသည် ဂရိဝေါဟာရ panorgic တစ်လုံးတည်းဖြင့် ဖြစ်သည်။ ထိုစကားလုံးသည် အမျက်ထွက်ခြင်း အားလုံးကို ရည်ညွှန်းပြီး၊ တိတ်တဆိတ် ဒေါပွခြင်းမှ ခံပျင်းပြီး ဒေါသပေါက် ကွဲသည်အထိ၊ လုံးဝပုန်ကန်ခြင်းဖြင့် အမျက်ထွက်ခြင်းအထိ ဖြစ်သည်။ က လေးများသည် သူတို့၏အမျက်ဒေါသများကို ပုံစံအမျိုးမျိုးဖြင့် ဖော်ပြကြသည်။

မိဘများသည်လည်း သူတို့၏ သားသမီးများကို ပုံစံအမျိုးမျိုးဖြင့် အ မျက်ထွက်အောင် နှိုးဆွပေးကြသည်။ ကျွန်တော် သင်းအုပ်လုပ်သည့်ကာလ တစ်လျှောက်၊ မိဘများသည် နည်းလမ်းအမျိုးမျိုးဖြင့် ဤကဲ့သို့ ပြုကြကြောင်း ကျွန်တော် လေ့လာခဲ့မိသည်။ ထိုအရာများကို ရှောင်ပါ။ ဤနေရာတွင် ဥပမာ အချို့ ကို ဖော်ပြပေးမည်။

အချို့သော မိဘတို့သည် သူတို့သားသမီးများအပေါ် လွန်ကဲသော ဆုံးမခြင်းကို သုံးတတ်ကြသည်။ ကလေးတစ်ဦးအတွက် ဆုံးမခြင်းသည်ကောင်းပြီး၊ လွန်စွာဆုံးမလျှင် ပိုကောင်းသည်ဟု ထင်မြင်သည့် မိဘများကို ကျွန်တော်တွေ့ခဲ့သည်။ သူတို့သည် အပြစ်ဒဏ်ပေးခြင်းကို နှစ်သက်ပုံရပြီး၊ ကလေးများကို ခြိမ်းခြောက်တတ်သည်။ မည်သည့် မိဘကမဆို အပြစ်ဒဏ် ပေးခြင်းကို စိတ်အားထက်သန်မှု မရှိရပေ။ မည်သူကမျှ ပြစ်ဒဏ်ပေးခြင်းကို ရက်စက်ကြမ်းကြုတ်ခြင်း (သို့) ကြီးနိုင်ငယ်ညှဉ်း ပုံစံမျိုး မလုပ်ရပေ။ မိဘများ သည် စိတ် ထဲတွင် ကလေးများ၏ ကောင်းကျိုးကိုသာ ရည်ညွှန်း၍ ဆုံးမခြင်း ကို ပြုရမည်ဖြစ်ပြီး၊ ဘယ်သောအခါမျှ လိုအပ်သည်ထက်မပိုဘဲ အမြဲတမ်း ချစ်ခြင်းမေတ္တာဖြင့်ဖြစ်သည်။

အခြားသော မိဘများသည် သူတို့၏ သားသမီးများကို တစ်သမတ် တည်းမဟုတ်သော ဆုံးမခြင်း ဖြင့် အမျက်နှိုးဆွပေးသည်။ သင်သည်ကလေး၏ အပြစ်ပြုမှု သုံးကြိမ်တိုင် လျစ်လျူရှုထားပြီး လေးကြိမ်မြောက်တွင် ပြင်းထန်စွာ အပြစ်ပေးပါက၊ သင့်ကလေးအတွက် ရှုပ်ထွေးမှုဖြစ်ပြီး ဒေါသ ဖြစ်ရလိမ့်မည်။ ထို့ကြောင့် မိဘ၏ ဆုံးမခြင်းသည် တစ်သမတ်တည်း ဖြစ်ရ မည်။ ဤအရာသည် အချိန်ပြည့် ဇွဲလုံ့လဖြင့် လုပ်ရမည့် မိဘအုပ်ထိန်းခြင်း အမှုတွင် လိုအပ်သည့် အဓိကအကြောင်းအရင်း တစ်ခုဖြစ်သည်။

အချို့သော မိဘများသည် သူတို့၏ သားသမီးများကို ရက်စက်ခြင်း ဖြင့် အမျက်နှိုးဆွပေးသည်။ မိဘများက သားသမီးများအား ကြမ်းတမ်းစွာ တမင်တကာပြောနေကြသည်ကို ကျွန်တော်ကြားသည့်အခါ အလွန်ဝမ်းနည်း မိသည်။ သို့သော် မိဘအတော်များများက ပြောကြသည်။ ပြဿနာပိုကြီးစေသောအရာမှာ သူတို့သည် မကြာခဏ လူများရှေ့တွင်ပြောဆိုကြသည်။ တခြား သူများကို သူတို့မပြောသည့် စကားကိုပင် သူတို့ သားသမီးများကို ပြောကြ သည့် မိဘများကို ကျွန်တော်တွေ့ခဲ့ဖူးသည်။ ထိုအရာသည် ကုလေး၏ နှလုံးသားကို ဖျက်ဆီးစေပြီး ခါးသီးမှုကို နှိုးဆွပေးသည်။

သားသမီးများကို စိတ်ဆိုးစေသည့် အခြားသောအရာတစ်ခုမှာ ကလေးတစ်ဦးဦးအပေါ် မျက်နှာသာပေးခြင်း ဖြစ်သည်။ ဣဇက်သည် ယာကုပ်ထက် ဧသောအပေါ် မျက်နှာသာ ပိုပေးခဲ့သလို၊ ရေဗက္ကာသည် ဧသောထက် ယာကုပ်ကို ပိုချစ်ခဲ့သည် (က ၂၅း၂၈)။ သူတို့မျက်နှာသာပေး ခြင်း၏ မကျေမနပ်ဖြစ်မှုသည် မိသားစုတွင် ရာသက်ပန် ကွဲကွာခြင်းကို ဖြစ်စေ ခဲ့သည် (က ၂၇)။ သို့သော် ယာကုပ်သည်လည်း သူ့သားသမီးများတွင် ထိုသို့သော အမှားမျိုးကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး၊ အငယ်ဆုံးသား ယောသပ် အား မျက်နှာသာပေးခြင်းကြောင့် ယောသပ်၏ အစ်ကိုများသည် သူ့အား အဝေးသို့ ထွက်သွားစေရန် ပူးပေါင်းကြံစည်ခဲ့သည် (က ၃၇)။ ဘုရားသခင် သည် ယောသပ်အပေါ် ဖြစ်ပျက်ခဲ့သည့်အရာများမှ ပိုကောင်းသည့်အရာများ ကို ပိုင်သအုပ်စိုးမှုဖြင့် ယူဆောင်ပေးခဲ့သော်လည်း (က ၅၀း၂၀)၊ ယာကုပ်၏ မျက်နှာပေးခြင်းဖြင့် အစပြုခဲ့သည့် ကွင်းဆက်အဖြစ်အပျက်ကြောင့် ယာကုပ် နှင့် သူ့မိသားစုတွင် ဝမ်းနည်းခြင်း၊ စိတ်နှလုံး ပူဆွေးခြင်းနှင့် ဆိုးယုတ်ခြင်းများသည် ပြောင်းလဲမသွားခဲ့ပေ။

အချို့သော မိဘများသည် သူတို့သားသမီးများအပေါ် အလွန်အလို လိုက်ခြင်းအားဖြင့် ဒေါသထွက်စေရန် အမှန်တကယ် နှိုးဆွမှုပေးခဲ့ကြသည်။ သူတို့သည် အလွန့်အလွန် လွတ်လပ်ခွင့် ပေးထားသည်။ လေ့လာမှုများ၏ စစ်တမ်းအရ အလွန်အလိုလိုက်ခံရသည့် ကလေးများသည် မလုံခြုံခြင်းနှင့် ချစ်ခြင်းမေတ္တာမခံစားရခြင်းတို့ ဖြစ်စေကြောင်း ဖော်ပြသည်။ ထိုသို့ဖြစ်ရခြင်း မှာ အံ့သြစရာ မဟုတ်ပေ။ ထို့ပြင်၊ သမ္မာကျမ်းစာက မှားယွင်းသည့် အပြုအမူ ရှိသော ကလေးများကို မဆုံးမဘဲ လွတ်လပ်ခွင့်ပေးထားသော မိဘများသည် ကလေးကို မုန်းသောသူဖြစ်သည်ဟု ပြောထားသည် (သု ၁၃း၂၄)။ ထိုကဲ့သို့ လုံးဝဆုံးမခြင်းမရှိခြင်းကို ကလေးများသည် အလိုအလျှောက်သိကြပြီး၊ ထိုအ ရာသည် သူတို့ကို အမျက်ထွက်စေသည်။

အခြားတစ်ဖက်တွင်၊ အချို့သောမိဘများသည် သူတို့သားသမီးများ ကို လွန်ကဲသော အကာအကွယ်ပေးခြင်းဖြင့် အမျက်နှိုးဆွပေးသည်။ မိဘ များက သားသမီးများကို ခြံဝင်းခတ်ထားသည်။ သူတို့ကို မွန်းကျပ်စေသည်။ လွတ်လပ်ခြင်းကို မပေးခြင်း (သို့) သူတို့အပေါ် ယုံကြည်မှုမရှိခြင်း စသည်တို့ကို ပြုတတ်ကြသည်။ ထိုအရာသည် အမျက်ထွက်ရန် ကလေးငယ်တစ်ဦးကို နှိုးဆွ ပေးသည့် အသေချာဆုံး နည်းလမ်းဖြစ်သည်။ ထိုနည်းလမ်းမှာ သင့်ကလေးကို မည်သည့် လွတ်လပ်မှုကိုမျှ လုံးဝမပေးခြင်းဖြစ်သည်။

များစွာသော မိဘများသည် သူတို့သားသမီးများ၏ အမျက်ဒေါသ အား အောင်မြင်မှုရရန် တွန်းအားပေးခြင်းဖြင့် နှိုးဆော်ပေးသည်။ သင် သည် သင့်ကလေးများ အောင်မြင်မှုရသည့်အခါ မည်သည့်အခါမှ မချီးကျူးဘဲ နောက်တစ်ကြိမ်တွင် ပိုကြိုးစားရန်ပြောခြင်း၊ သင့်ကလေးများ ကျရှုံးသည့်အခါ အားပေးတိုက်တွန်းခြင်းကို မပြုခြင်း၊ ပို၍ ဆိုးသောအရာမှာ သင်ကိုယ်တိုင် မည်သည့်အခါမှ မအောင်မြင်နိုင်သော ပန်းတိုင်များကို သင့်ကလေးများ ကြိုး စားခိုင်းခြင်း စသည်တို့ကို လုပ်ဆောင်ပါက၊ သူတို့သည် ခါးသီးစွာ မကျေ မနပ် ဖြစ်သွားမည် အမှန်ပင်ဖြစ်သည်။ ကျွန်တော်တို့ သားသမီးများကို ထူးချွန်ရန် တွန်းအားပေးခြင်းသည် ကောင်းမွန်ပါသည်။ အမှန်မှာ ထိုအရာသည် မိဘအုပ်ထိန်းခြင်းအပိုင်း၏ သဘာဝနှင့် ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်သည် (၁ သက် ၂း၁၁)။ သို့သော် သင်ဖြစ်စေချင်သော ဆန္ဒကို စိတ်ရှည်ခြင်းနှင့်တကွ သူတို့၏စွမ်းရည်ကို နားလည်ပေးရမည်ကို မမေ့ပါနှင့်။ သို့မဟုတ်လျှင် သင် သည် ခါးသီးသော နာကြည်းမှုများကို နှိုးဆွပေးလိမ့်မည်။

သူတို့သားသမီးများကို မိဘများ နှိုးဆွပေးသည့် အခြားနည်းလမ်းများ မှာ လျစ်လျူရှုခြင်း၊ အမြဲတမ်း ဝေဖန်ခြင်း၊ အဆင့်အတန်း ခွဲခြားခြင်း၊ ဂရုမ စိုက်ခြင်း၊ အလေးမထားခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း၊ သူတော်ကောင်းပုံစံ နေခြင်း၊ ဟန်ဆောင်ခြင်း၊ မျှတမှုမရှိခြင်း (သို့) တမင်သက်သက် အရှက်ခွဲခြင်း၊ တို့ဖြင့် ဖြစ်သည်။ ဤအရာများအားလုံးသည် စိတ်ဓာတ်ကျအောင်လုပ်ခြင်း ဖြင့် အမျက်ဒေါသထွက်ရန် ကလေးများကို နှိုးဆွပေးခြင်း ဖြစ်သည်။ ထိုအရာ သည် ကျမ်းပြိုင် ကော ၃း၂၁ ၌ ရှင်ပေါလု ပြောခဲ့သည့်အရာ အတိအကျ ဖြစ်သည်။ “အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ထိုသို့ ပြုလျှင် သူတို့သည် အားလျော့စိတ်ပျက်ခြင်းသို့ ရောက်ကြလိမ့်မည်။”

ထိုအရာသည် ဧဖက် ၆း၄ ၏ ဆန့်ကျင်ဘက်အမြင်ဖြစ်သည်။ မိဘ အုပ်ထိန်းခြင်းတာဝန်၏ အပြုသဘောဆောင်သည့် အရာနှစ်ခု ထိုကျမ်းပိုဒ် တွင် ဖော်ပြထားပြီး၊ “သွန်သင်ခြင်း/လေ့ကျင့်ပေးခြင်းနှင့် ဆုံးမခြင်း”တို့ဖြစ် သည်။ လေ့ကျင့်ပေးခြင်းတွင် ပြုစုပေးခြင်းနှင့် ပညာသင်ပေးခြင်းပါဝင် သည်။ ဆုံးမခြင်းတွင် သတိပေးခြင်း၊ သတိရစေခြင်း၊ အမှားပြင်ပေးခြင်း၊ တစ်ခါတစ်ရံ ဆုံးမခြင်း ပါဝင်သည်။ ကျွန်တော်တို့ ထိုအပြုသဘောဆောင် သည့် တာဝန်တစ်ခုစီတိုင်းကို လေ့လာသွားမည်ဖြစ်သည်။

သူတို့ကို ပြုစုကျွေးမွေးပါ

“ကလေး”အတွက် ပုံမှန်အသုံးပြုသည့် ဂရိဝေါဟာရမှာ pais ဖြစ် သည်။ Paideia “သွန်သင်ခြင်း/လေ့ကျင့်ပေးခြင်း”ဟု ဘာသာပြန်သည့်ဝေါဟာရင်းအမြစ် မှလာသည်။ ထို့ကြောင့် ထိုဝေါဟာရသည် ကလေးကို ကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ခြင်းဟု ဆိုသည်။ ထိုစကားလုံးသည်လေ့ကျင့်ပေးခြင်း၊ ညွှန်ကြားခြင်း၊ ဆုံးမခြင်း၊ စည်းကမ်းပေးခြင်း၊ ပြုစုခြင်း စသည့်ရှုထောင့်များကို အကျုံးဝင်စေသည်။ ထိုအချက်တွင်၊ paideid ဆိုသည့် စကားလုံးကို အမျိုးမျိုးသော အင်္ဂလိပ်ဘာသာပြန်များတွင် ထိုသို့သော နည်းလမ်းများဖြင့် ဘာသာပြန်ခဲ့ကြသည်။ (၂ တိ ၃း၁၆ တွင် ထိုဝေါဟာ တစ်ကြိမ်ပေါ်ပြီး၊ ဟေဗြဲ ၁၂း၅-၁၁ ၌ ဘုရားသခင်၏ ဆုံးမခြင်းအကြောင်း ဆွေနွေးခြင်းတွင် လေးကြိမ်တွေ့ရသည်။)

ကျွန်တော်သည် ပြုစုခြင်းဆိုသည့် စကားလုံးကို ပိုသဘောကျပြီး၊ ကလေးများကို ပျိုးထောင်ပေးရာတွင် သင့်တော်သည့် ကြင်နာခြင်းနှင့် ချစ် ခြင်းမေတ္တာစိတ်တို့ကို ပုံပေါ်စေခြင်းကြောင့် ဖြစ်သည်။ ထိုစကားလုံးနှင့် ရှေ့ နောက်ဆက်စပ်မှုတွင် ရှင်ပေါလုသည် ချစ်ခြင်းမေတ္တာဖြင့် သွန်သင်ခြင်းနှင့် စာနာစိတ်ဖြင့် ဂရုစိုက်ခြင်းအကြောင်းကို ပြောထားကြောင်း တွေ့ရသည်။

ရှင်ပေါလုက “ကျွေးမွေးလော့”ဟု ပြောခဲ့သည် (ဧဖက် ၅း၂၉ ရှိ “ကျွေးမွေးပြုစုခြင်း”ဟု ဘာသာပြန်သော စကားလုံးကို ရည်ညွှန်းပြောဆို သည်)။ သားသမီးများသည် သူတို့ကိုယ်တိုင်အားဖြင့် ရင့်ကျက်ခြင်းရှိအောင် မလုပ်ဆောင်နိုင်ပေ။ မိဘများက သူတို့ကို ဆုံးမသွန်သင်ခြင်း ပြုရမည်ဖြစ် သည်။ သားသမီးများသည် ကောင်းမွန်သော မိဘအုပ်ထိန်းမှုကို လိုအပ်သည်။ အမှန်မှာ သူတို့ကို ပိုမိုလျစ်လျူရှုထားလေလေ၊ သူတို့ ဖြစ်သင့်သည့်အရာ၊ ဖြစ်လာရန် အားနည်းလေလေ ဖြစ်သည်။ သုတ္တံ ၂၉း၁၅ တွင် “တတ်တိုင်းနေ စေသော သူငယ်သည် အမိကို အရှက်ခွဲတတ်၏”ဟု ပြောထားသည်။

ထိုအရာသည် သူတို့၏ ဗီဇကိုယ်တိုင်က ပျက်စီးနေခြင်းကြောင့် ဖြစ် သည်။ ပြီးခဲ့သည့်အခန်းတွင် ကျွန်တော်တို့ မြင်ခဲ့ပြီးအတိုင်း၊ ကလေးများသည် အပြစ်ပြုခြင်းကိုသာ နှစ်သက်ခြင်းဖြင့် မွေးဖွားခဲ့ကြသည်။ ထိုအရာသည် က လေး၏နာခံခြင်းကို လုံးဝအတားအဆီးဖြစ်စေသည့်အရာတစ်ခုဖြစ်ကြောင်း ၊ ကျွန်တော်တို့ ဆင်ခြင်ခဲ့ပြီးပြီဖြစ်သည်။ ထိုအရာသည် မိဘများ ဖြေရှင်းရန်လိုအပ်သည့် တစ်ခုတည်းသော အကြီးဆုံးကိစ္စလည်း ဖြစ်သည်။

တစ်နည်းအရ မိဘများသည် သားသမီးများ၏ အခြေခံအကျဆုံး လိုအပ်ချက်များမှာ ဝိညာဉ်ရေးရာဖြစ်ကြောင်း သိနားလည်စေရန် ကူညီပေး ခြင်းမရှိဘဲနှင့် သူတို့၏သားသမီးများကို ပြုစုပျိုးထောင်ပေးရန် မဖြစ်နိုင်ပေ။ (ခရစ်ယာန်မိသားတစ်စု၏ လုံးဝအရေးကြီးသည့် အရာအဖြစ်လည်း ကျွန် တော်တို့ တွေ့ ရသည်။)

ကလေးများတွင် စိတ်နှလုံးသား ပြဿနာတစ်ခုရှိသည်။ သူတို့သည် မွေးလာကတည်းက လမ်းလွဲနေသူများဖြစ်သည်။ သူတို့၏ မိဘများနှင့် အာဒံမှ ဆင်းသက်လာသော လူအားလုံးကဲ့သို့၊ သူတို့သည်လည်း အပြစ်တရားသို့ ကျရှုံးနေသော လူသားများဖြစ်သည်။ သူတို့အလိုအပ်ဆုံးအရာမှာ စိတ်နှလုံး အသစ်ပြောင်းလဲခြင်း (ဒုတိယမွေးခြင်း) ဖြစ်သည်။ ထိုအရာသည် မိဘအုပ် ထိန်းခြင်းတာဝန်၌ အခြေခံအကျဆုံး အကြောင်းအရာဖြစ်သည်။ ကလေး၏ အကျင့်စရိုက်ကောင်းခြင်းသည် အရေးကြီးဆုံးမဟုတ်ဘဲ၊ သူ့စိတ်နှလုံးအသစ် ပြောင်းလဲခြင်းပင် ဖြစ်သည်။

အပြုအမူသည် စိတ်နှလုံးထဲ၌ ရှိသည့်အရာကို ရိုးရှင်းစွာ ထင်ဟပ် သည်။ မာ ၇း၂၁-၂၃ တွင်၊ ယေရှုက “လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ လူအ သက်ကို သတ်ခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေဖျက်ခြင်း၊ ထောင်လွှား စော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ဤဆိုးညစ်သောအရာတို့သည် အတွင်းမှထွက် လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏”ဟု ပြောခဲ့သည်။ သု ၄း၂၃ ကလည်း “နှလုံးသည် အသက်၏ အခြေအမြစ်ဖြစ်သောကြောင့်၊ သင် ၏ နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့”ဟု ပြောထားသည်။ လု ၆း၄၅ ကလည်း “ကောင်းသောသူသည် ကောင်းသောမိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲ က ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မ ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံး အပြည့်ရှိသည့်အတိုင်း နှုတ်မြွတ်တတ်၏”ဟု ပြောထားသည်။ အခြားကျမ်းပိုဒ် များကလည်း ဆိုးညစ်သောနှလုံးသားမှ မကောင်းသော အပြုအမူဖြစ်ပေါ်ကြောင်းကို သွန်သင်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့ သားသမီးများ၏ အပြုအမူများကို အမှန်ပြင်ပေးခြင်းသည် လုံလောက်ခြင်းမရှိဘဲ၊ သူတို့အမှန် လိုအပ်သည်မှာ နှလုံးသားအသစ်ပြုပြင်ခြင်း ဖြစ်သည်။

သို့သော် မိဘများသည် ကလေးတစ်ဦး၏ စိတ်နှလုံးကို အသစ်ပြုပြင် ရန် တန်ခိုးမရှိပေ။ ထိုအရာကို ဘုရားသခင်သာ လုပ်ဆောင်နိုင်သည် (ယေဇ ၃၆း၂၆-၂၇)။ သို့သော်လည်း ကလေးများသည် သူတို့၏စိတ်နှလုံး အသစ်ပြု ပြင်ခြင်း လိုအပ်ကြောင်း၊ သူတို့၏ အဓိကပြဿနာမှာ အပြစ်တရားဖြစ်ကြောင်းနှင့် အလိုအပ်ဆုံးအရာမှာ ဝိညာဉ်ရေးဖြစ်ကြောင်း နားလည်ရန် မိဘ များ ကူညီမစရမည်။ မိဘများသည် သားသမီးများ လိုအပ်သည့် ခွင့်လွှတ်ခြင်း နှင့် ရွေးနှုတ်ကယ်တင်ခြင်းကို ပေးနိုင်သူဖြစ်သည့် တစ်ဦးတည်းသော ကယ် တင်ရှင် ခရစ်တော်ထံသို့ လမ်းညွှန်ပေးရန်လည်း လိုအပ်သည်။ ဤအရာ သည် မိဘအုပ်ထိန်းသူ တာဝန်အားလုံး၏ အရေးအကြီးဆုံးဖြစ်ပြီး၊ ထိုအရာကို လျစ်လျူရှုသော မိဘသည် သူတို့၏ သားသမီးများကို “ဘုရားသခင်၏ အလို တော်နှင့်ညီသော ဆုံးမသွန်သင်ခြင်းကိုပြုလျက် ကျွေးမွေး”သူများ မဟုတ်ပေ။

သဘာဝအားဖြင့် ကလေးများသည် ရင့်ကျက်မှုမရှိကြပေ။ မိဘတို့၏ ထို့ကြောင့် မိဘများသည် ကလေးများ၏ ရင့်ကျက်ခြင်းကို ရည်ရွယ်ပြီး၊ သူတို့ ကြီးလာသည်နှင့်အမျှ လိုအပ်သည့် အတွေ့အကြုံနှင့် ဉာဏ်ပညာကို ပေးရ မည်။ သို့သော် သွန်သင်ခြင်းအားလုံးကို ပြုလုပ်ရာတွင် ကလေး၏ ဝိညာဉ်ရေး ၊ လိုအပ်မှုကို အဓိကအချက်အဖြစ် ထားရမည်။ အဘယ့်ကြောင့်ဆိုသော် ပျက် စီးယိုယွင်းခြင်းသည် ကလေးများကြီးထွားလာသည်နှင့်အမျှ အလိုအလျှောက် ပျောက်သွားမည့်ပြဿနာမဟုတ်ပေ။

တစ်နည်းအရ၊ မှားယွင်းသည့် အပြုအမူကို ပြင်ပေးခြင်းနှင့် ကောင်း မွန်သည့် ကိုယ်ကျင့်တရားကို သွန်သင်ခြင်းသည် လုံလောက်မှုမရှိပေ။ ကောင်း မွန်သော မိဘအုပ်ထိန်းခြင်းသည် အပြုအမူကို ထိန်းချုပ်ခြင်းသာမဟုတ်သလို၊ကလေးများ နာခံခြင်းရှိရန် သွန်သင်ခြင်းသက်သက်လည်း မဟုတ်ပေ။ ကျွန်တော်တို့သားသမီးများကို “သခင်ဘုရား၏ အလိုတော်နှင့်ညီသော ဆုံးမသွန် သင်ခြင်းကိုပြုလျက် ကျွေးမွေး”ခြင်းသည် သူတို့အား ခရစ်တော်ထံ လမ်းညွှန် ပေးခြင်းဖြစ်သည်။

မိဘများသည် သူတို့သားသမီးများ၏ ကယ်တင်ခြင်းကို အာမခံမပေး နိုင်ပေ။ ကျွန်တော်တို့သည် သူတို့ကိုယ်စား ယုံကြည်ပေးလို့မရပေ။ သန့်ရှင်းသောဝိညာဉ်တော်သာလျှင် သူတို့ကို နှလုံးသားအသစ်ပေးနိုင်သည် (ယော ၃း၆-၈)။ သို့သော် မိဘများသည် ခရစ်တော်ထံသို့သွားသောလမ်းကို ညွှန်ပြ ရန် ဧဝံဂေလိအမှုပြုရမည်။ သူတို့သည် သူတို့သားသမီးတို့အတွက် သတိ ဝီရိယနှင့် ဇွဲရှိစွာဖြင့် ဆုတောင်းသည့် စစ်သူရဲများ ဖြစ်ရမည်။ ထိုအရာအားလုံး သည် “သခင်ဘုရား၏ အလိုတော်နှင့်အညီ ဆုံးမသွန်ခြင်းနှင့် ကျွေးမွေးခြင်း” မှာ ခြုံငုံပြောထားသည်။

မိဘတို့၏ တာဝန်သည် ကယ်တင်ခြင်းအတွက် ခရစ်တော်ထံ သူတို့ ကို ညွှန်ပြခြင်းထက် ကျယ်ပြန့်သည်။ ကလေးသည် ယုံကြည်ခြင်းရှိလာသည့် အခါ အံ့ဩဝမ်းမြောက်စရာ ဖြစ်သော်လည်း မိဘများသည် ပြုစုခြင်းနှင့် ညွှန်ကြားချက်များ ပေးနေရဦးမည်ဖြစ်သည်။ အဓိက အကြောင်းကိစ္စမှာ ဝိညာဉ်ရေးရာ ဖြစ်နေသေးသည်။ လူမှုဆက်ဆံရေးအကြောင်းများ သွန်သင် ပေးခြင်းသည် လုံလောက်မှုမရှိသေးဘဲ၊ စုံစမ်းသွေးဆောင်ခြင်းကို မည်သို့ ကြံ့ကြံ့ခံမည့် အကြောင်းကိုလည်း ကျွန်တော်တို့ သင်ပေးရန် လိုအပ်သည်။ အခြားသူများနှင့် ဝေမျှပေးကမ်းခြင်း၊ အခြားသူများ၏ ပစ္စည်းဥစ္စာများကို မည်သို့ရိုသေရမည့်အကြောင်း သွန်သင်ပေးခြင်းသည် မလုံလောက်ဘဲ၊ သူတို့ သည် အပြစ်တရား၏ အလွန့်အလွန် လွဲမှားခြင်းအကြောင်းကိုလည်း သင်ယူ ရန် လိုအပ်သည်။ မာနကြီးခြင်း၊ ကာမလွန်ကျူးခြင်းနှင့် တပ်မက်လိုချင်စိတ် ပြင်းပြခြင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့် အပြစ်များဖြစ်ကြောင်း သူတို့သိရန် လိုအပ်သည်။ “သခင်ဘုရား၏ အလိုတော်နှင့်အညီ ဆုံးမသွန်သင် ခြင်းနှင့် ကျွေးမွေး” ခြင်းဆိုသည့်အတိုင်း သူတို့ကို သွန်သင်ပေးရန် မိဘတို့၏တာဝန်ဖြစ်သည် ( ဧ ၆း၄)။ သူတို့သည် ထိုအရာများကို တဖြည်းဖြည်း သိလာကြလိမ့်မည်ဟု စိတ်ကူးမယဉ်ပါနှင့်။

မိဘများသည် အပြင်ပိုင်း အပြုအမူအကြောင်းအရာများကို သွန်သင် ပေးရန် လိုအပ်သည်။ သို့သော် ထိုအရာသည် ပြုစုခြင်းနှင့် ဆုံးမသွန်သင်ခြင်း ၏ အစနှင့်အဆုံး မဟုတ်ပေ။ ကလေးများသည်လည်း အဓိကပြဿနာမှာ သူတို့၏အပြစ်ဖြစ်ကြောင်းကို သင်ယူရန် လိုအပ်ပြီး၊ အပြစ်အတွက် အဖြေကို လည်း နားလည်ရမည်။ ပြင်းထန်သောဆုံးမခြင်းသည် စိတ်တိုသော မိဘများ ၏ ကောင်းကျိုးအတွက်မဟုတ်ပေ။ ထိုအရာသည် ကလေး၏ ကောင်းကျိုး အတွက်ဖြစ်ရမည်။ ထိုအကျိုးကျေးဇူး အပြည့်အဝရရန်မှာ၊ သူတို့သည် ပြဿနာအစစ်အမှန်ဖြစ်သည့် သူတို့၏ အပြစ်ကို နားလည်ရန်၊ ထိုအပြစ်သည် ဘုရားသခင်ကို ပြစ်မှားခြင်းဖြစ်ကြောင်း နားလည်ရန် လိုအပ်သည်။

သင်သည် သားသမီးများအား “သခင်ဘုရား၏ အလိုတော်အတိုင်း ပြုစုခြင်းနှင့် ကျွေးမွေးခြင်း”အမှုကို သစ္စာရှိစွာ ပြုနေသူဖြစ်ပါက၊ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်အားလုံးကို သူတို့အား သင်ပေးရန် လိုအပ် သည်။ သမ္မာကျမ်းစာအားလုံးသည် သူတို့အတွက် အကျိုးရှိသည် (၂ တိ ၃း၁၆-၁၇)။ ထို့ကြောင့် ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း အမှုများကို လျစ်လျူမရှုရပေ။

တရားဟောရာ ၆း၆-၇ သည် (“ယနေ့ ငါမှာထားသောစကားကို နှ လုံးသွင်းရမည်။ ထိုစကားကို သင်၏ သားသမီးတို့အား ကြိုးစား၍ သွန်သင် ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ။ ခရီး၌သွားသည်ဖြစ်စေ။ အိပ်လျက်၊ ထလျက် ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။”) မိဘတို့၏ အဓိကတာဝန် အဖြစ် အချိန်ပြည့် ဝိညာဉ်ရေးရာ သွန်သင်မှုများ ပြုရမည်ဖြစ်ကြောင်းကို သတိရပါ။ ထိုအရာသည် ကျွန်တော်တို့သားသမီးများ လိုအပ်သည့် “ပြုစုခြင်း” မျိုးဖြစ်ပြီး၊ ဧဖက် ၆း၄ မှ ပြောထားသည့် အဓိပ္ပာယ်လည်း ဖြစ်သည်။ ထိုတာ ဝန်ကို လျစ်လျူမရှုပါနှင့်။

သူတို့ကို ဆုံးမသွန်သင်ပါ

ဧဖက် ၆း၄ ရှိ “ဆုံးမသွန်သင်ခြင်းကို ဘာသာပြန်သော ဝေါဟာရမှာ ဂရိတွင် notitlnesia ဖြစ်သည်။ ထိုအဓိပ္ပာယ်မှာ “ဆုံးမခြင်း” (သို့) “သတိပေး ခြင်း”ဖြစ်သည်။ ထိုစကားလုံးသည် paideid နှင့် နီးစပ်သည့် စကားလုံး ဖြစ်သည်။ ရှင်ပေါလုသည် ထိုဝေါဟာရနှစ်ခု ဖော်ပြချက်များကို ကွဲလွဲစွာဖြင့် မဖော်ပြဘဲ၊ သူသည် အမြင်တစ်ခုကို ထပ်ခါပြောခြင်းနှင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။ “လေ့ကျင့်ခြင်း” (ပြုစုခြင်း) ဖြစ်စဉ်သည် “သွန်သင်ဆုံးမခြင်း” လုံးဝ လိုအပ်သည် (သတိပေးခြင်း၊ အမှားပြင်ပေးခြင်း၊ တိုက်တွန်းခြင်းနှင့် ဆုံးမခြင်း)။

ထိုအရာသည် ဆုံးမခြင်းအကြောင်းကို ဖော်ဆောင်ပေးသည်။ မည် သည့် ဆုံးမခြင်းမျိုးကို မိဘများက အသုံးပြုသင့်သနည်း။ နှုတ်ဖြင့် ဆုံးမခြင်း လား။ အချိန်ကန့်သတ်ခြင်းဖြင့်လား။ အခွင့်အရေးများကို ဖယ်ရှားခြင်းဖြင့် လား။ ရိုက်နှက် ပြစ်ဒဏ်ပေးခြင်းဖြင့်လား။ အထက်ပါအရာ အားလုံးဖြင့်လား။

ကလေးများကို ဆုံးမပဲ့ပြင်ခြင်းသည် မိဘများအတွက် ရှုပ်ထွေးသည့် ကိစ္စဖြစ်သည်။ လောကီရေးရာ “ပညာရှင်များ”က ရုပ်ပိုင်းဆိုင်ရာ ပြစ်ဒဏ် ပေးမှုများအားလုံးသည် ကလေး၏ စိတ်သဘောကို ညှဉ်းဆဲခြင်းနှင့် လေးလေး နက်နက် ဒဏ်ရာရစေသည်ဟု အခိုင်အမာပြောဆိုကြသည်။ အချို့က မိဘ များသည် ကလေးများကို မည့်သည့် အမှားပြင်ခြင်းမျိုးကို လုံးဝမသုံးဘဲ၊ အပြု သဘောဆောင်သည့် အားပေးခြင်းသည် လုံလောက်မှုရှိသည်ဟု ပြောကြ သည်။

သို့သော် သမ္မာကျမ်းစာက သူတို့ပြောသောအရာကို ဆန့်ကျင်သည်။ အမှန်မှာ၊ သမ္မာ ကျမ်းစာတွင် ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းကို တိုက်တွန်းပြော ဆိုပြီး၊ ထိုအရာသည် မိဘချစ်ခြင်းမေတ္တာတွင် ပါဝင်သည့် အရာတစ်ခုဖြစ် သည် (သု ၁၃း၂၄၊ ၂၃း၁၃)။ သို့သော်လည်း ထိုအရာသည် သမ္မာကျမ်းစာတွင် ဖော်ပြသည့် တစ်ခုတည်းသော နည်းလမ်းမဟုတ်ပေ။ တစ်မျိုးတည်း ပြစ်ဒဏ်ပေးခြင်းသည် အခြေအနေတိုင်း၌ ကလေးတိုင်းအတွက် မမှန်ကန်ပေ။ အ ထက်တွင် ကျွန်တော်ဖော်ပြခဲ့သည့် ဆုံးမခြင်းပုံစံအားလုံးနှင့် အခြားအရာများ သည် အမျိုးမျိုးသော အခြေအနေများ၌ သင့်တော်သည်။ မိဘများသည် သူတို့အသုံးပြုမည့် ဆုံးမခြင်းနည်းလမ်းများကို ရွေးချယ်ရန်လိုအပ်ပြီး၊ ဉာဏ်ပညာ၊ ထိန်းထိန်းသိမ်းသိမ်း၊ ချစ်ခြင်းမေတ္တာနှင့် နားလည်ခြင်းတို့ဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်သောအကြောင်းအရာများကို ဤစာအုပ် ထဲတွင် ဖော်ပြရန် မဖြစ်နိုင်ပေ။ သို့သော် ဆုံးမပဲ့ပြင်ခြင်း ဥပမာ သုံးခုကိုဖော်ပြပေးမည်ဖြစ်ပြီး၊ သားသမီးတို့၏ အမျက်ကို နှိုးဆွခြင်းမပြုဘဲ မည်သို့ ဆုံးမပဲ့ပြင်ရမည်ကို နားလည်ချင်သည့် မိဘများကို အကူအညီပေးလိမ့်မည် ဖြစ်သည်။

ပထမမှာ၊ ဆုံးမခြင်းသည် အပြောင်းအလဲမရှိရပေ။ “သင်၏ စကားမှာ ဟုတ်သည်ကို အဟုတ်၊ မဟုတ်သည်ကို မဟုတ် ဖြစ်စေလော့” (မ ၅း၃၇)။ မိဘက ကလေးကို တစ်ခုခုမလုပ်ရန်ပြောပြီး၊ ကလေးက ထိုအရာ ကို လုပ်ဆောင်ပါက၊ မိဘက ထိုကလေးကို ဆုံးမရမည် ဖြစ်သည်။ အပြစ်ပြု ခြင်းကို လျစ်လျူရှုခြင်းသည် နာမခံခြင်းကို ခွင့်ပြုပေးခြင်းဖြစ်ပြီး ပိုမိုပုန်ကန်ခြင်း အတွက် တွန်းအားဖြစ်စေသည်။ ထို့ပြင်၊ တစ်ခါတစ်ရံ ပြင်းပြင်းထန်ထန် ဆုံးမပြီး တချို့အချိန်များတွင် သက်ညှာခြင်းကို မပြုရပေ။ ဆုံးမခြင်းကို အမြဲ တမ်း မြဲမြံစွာလုပ်ဆောင်ရမည်(ကြမ်းတမ်းဖို့ရန်မလို)။ ချစ်ခြင်းမေတ္တာနှင့် အမြဲတမ်း တစ်သမတ်တည်းဖြစ်ရမည်။ သင့်ကလေးများအားလုံးကို တန်းတူ ညီမျှလုပ်ဆောင်ပါ။ သင်ကတိ ပေးထားသည့်အရာများအပေါ် ကတိတည်ပါ။

ဒုတိယမှာ၊ အပြစ်ပေးခြင်းသည် ပြစ်ဒဏ်နှင့် မျှပါစေ။ ကလေး သည် တမင်တကာ နာမခံခြင်းအဖြစ်အပျက်များအတွက် ပြင်းပြင်းထန်ထန် ပြစ်ဒဏ် ချမှတ်ပါ။ ပြစ်ဒဏ်အနည်းငယ်သာ ထိုက်တန်သည့် ကလေးငယ်ကို ကြီးမား သည့်ပြစ်ဒဏ်ပေးခြင်းမျိုး မလုပ်ပါနှင့်။ ကြီးမားသည့် အပြစ်ဒုစရိုက် အတွက်သာ ရိုက်နှက်ဆုံးမခြင်းကို ပြုပါ။ သေးငယ်သော အပြစ်တိုင်းအတွက်မပြုပါနှင့်။ အတော်ဆုံးသော မိဘများသည် သူတို့အပြစ်ဒဏ်ပေးခြင်းများကို ဖန်တီးကြပြီး၊ ပြစ်မှုနှင့် ကိုယ်ညီသည့် ပြစ်ဒဏ်များကို ချိတ်ဆက်မိစေသည်။ ဥပမာ၊ ညီ (သို့) ညီအစ်မတစ်ဦးကို မကြင်နာသော ကလေးတစ်ဦးသည် သူကျူးလွန်ခဲ့သူ မွေးချင်းမောင်နှမ၏ အိမ်မှုကိစ္စများကို လုပ်ပေးခြင်းအားဖြင့် ပြစ်ဒဏ်ပေးနိုင်သည်။ တမင်တကာ မနာခံသောသူအား ရိုက်ခြင်းကို ပေးရ မည်။

နောက်ဆုံးမှာ၊ သင့်လေ့ကျင့်ပေးမှုသည် အဖြစ်နိုင်ဆုံး အပြုသ ဘော ဆောင်ရမည်ကို သတိရပါ။ မကောင်းသော အပြုအမူများကို အပြစ် ဒဏ်ပေးသကဲ့သို့၊ အပြုသဘောဆောင်သည့် အပြုအမူများကို သတိပြုမိပြီး ဆုပေးခြင်းလည်း လုပ်ဆောင်ပါ။ နာခံသူများသည် ကောင်းကြီးမင်္ဂလာ ဆု ကျေးဇူးရမည်ဟူသော အပြုသဘောဆောင်သည့် လှုံ့ဆော်မှုဖြင့် ပဉ္စမပညတ် တော်က တွန်းအားပေးထားသည်မှာ အထင်အရှားဖြစ်သည်ဟု ကျွန်တော် ထင်သည်။ နာခံသူအတွက် ဆုလဒ်ပေးခြင်းသည် လုံးဝသဘာဝကျပေသည်။

မိသားစုများအတွက် သမ္မာကျမ်းစာဆိုင်ရာ နိယာမများအားလုံးကဲ့သို့ ဤနိယာမများသည် ရိုးရှင်းပြီး ပြတ်သားသည်။ မိဘအုပ်ထိန်းခြင်းသည် ရှုပ်ထွေးသည့်အရာမဟုတ်ဘဲ၊ “အခက်အခဲ”ဖြစ်စေသည့်အရာမှာ ထိုနိယာမ များကို သစ္စာရှိစွာ၊ ဇွဲလုံ့လရှိစွာနှင့် မပြောင်းမလဲဘဲ လိုက်လျှောက်ရန် မတတ် နိုင်ခြင်းဖြစ်သည်။

ချစ်စွာသော စာဖတ်သူများခင်ဗျား။ ကျွန်တော်ဆုတောင်းပေးလို သည်မှာ ဘုရားသခင်သည် သင့်အား နားလည်နိုင်သောဉာဏ်ပညာနှင့် သင့်မိ သားစုနှင့်ပတ်သက်သည့် ဘုရားသခင်၏ နှုတ်ကပတ်တော် သွန်သင်သော နိယာမအားလုံး ကျင့်သုံးနိုင်ရန် ဆုံးဖြတ်ခြင်း ကျေးဇူးတော်ကို ပေးပါမည်အကြောင်း ဆုတောင်းပါသည်။ သင့်မိသားစုကို ဘုရားသခင် ကောင်းကြီးပေးပါ စေ။ ခွန်အားများပေးပါစေ။ လက်တွေ့ကျင့်သုံးခြင်းတွင် ဘုရားသခင်၏ သမ္မာတရားကို ထည့်သွင်းခြင်းဖြင့် ပြီးပြည့်စုံသော မိသားစု ဖြစ်ကြပါစေ။

 

 

စာရေးသူအကြောင်း

ယနေ့ ထင်ရှားကျော်ကြားသော သမ္မာကျမ်းစာ ဆရာ John MacArthur သည် သန်းပေါင်းများစွာသော အသက်တာများကို ထိတွေ့မှုရှိခဲ့သည့် ရောင်း အားအကောင်းဆုံး စာအုပ်များအား ရေးသားခဲ့သူဖြစ်သည်။ သူသည် California, Sun Valley Grace Community Church ၏သင်းအုပ်ဆရာနှင့် ဆရာဖြစ်ပြီး The Master’s College and Seminary တွင်ကျောင်းအုပ်ဖြစ်သည်။ သူသည် Grace to You ၏ ဥက္ကဋ္ဌလည်းဖြစ်ပြီး၊ ထိုသာသနာ သည် Grace to Yon၊ နိုင်ငံတကာ ရေဒီယို အစီအစဉ်ကို ရေးသားထုတ်လွှင့် သည်။ ထိုနေရာတွင် သူသည် အစီအစဉ်မှူး၊ အစီအစဉ်တင်ဆက်သူ၊ အင် တာနက် ရင်းမြစ်များကို ထုတ်လွှင့်ပေးသူဖြစ်သည်။ John ၏ နာမည်အကြီး ဆုံး လက္ခဏာတစ်ခုမှာ ကျမ်းတစ်ပိုဒ်ချင်းစီ သွန်သင်ခြင်းဖြစ်သည်။ The MacArthur Study Bible တွင်မှတ်စုများကိုရေးသားသူလည်းဖြစ်ပြီး၊ ထိုစာအုပ်သည် ရွှေတံဆိပ်ဆု ရခဲ့၍၊ အုပ်ရေ (၅၀၀၀၀၀) အထက် ရောင်း ခဲ့ရသည်။ John နှင့် သူ့ဇနီးသည် Patricia တို့တွင် သားသမီး (၄) ဦးရှိပြီး၊ မြေ (၁၅) ဦးရှိသည်။

John MacArthur နှင့် သူ၏ ကျမ်းစာသင်ကြားခြင်း အရင်းအမြစ် များကို အသေးစိတ်သိလိုပါက၊ Grace to You 80055 GRACE (သို့) www.gty.org သို့ ဆက်သွယ်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *