သမ္မာကျမ်းစာလာ ပုဂ္ဂိုလ်များ၏ ခေါင်းဆောင်မူပညာ အတွဲ (၁)

လျန်းမွမ်းကိမ်း

ဥယောဇဉ်

၂၀၀၆ ခုနှစ်တွင် ဒေါက်တာကိမ်း က “ခေါင်းဆောင်မှုပညာ” အမည်ရှိ စာအုပ်ကို ပထမအကြိမ်အဖြစ် ထုတ်ဝေရာ အမှုတော်ဆောင်များ သာမကဘဲ ဖတ်သောသူတိုင်း အတွက်များစွာအကျိုး ဖြစ်ထွန်းစေသော စာအုပ်ဖြစ်သဖြင့် မြန်မာဘာသာနှင့် အိန္ဒိယ နိုင်ငံရှိ Gangte

ဘာသာတိုဖြင့် ပြန်ဆိုထုတ်ဝေခဲ့သည်။ ၄င်းစာအုပ်ကိုပင် ပြင်ဆင် ဖြည့်စွက်၍ ၂၀၁၀ပြည့်နှစ်တွင် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခဲ့သည်။

ယခုတစ်ဖန် အထက်ပါ စာအုပ်များနှင့် ခြားနားသော “သမ္မာကျမ်းလာ ပုဂ္ဂိုလ်များ၏ ခေါင်းဆောင်မှုပညာ” ဟူသည့် စာအုပ်ကို ထုတ်ဝေရာ စာအုပ်ထဲတွင် ဓမ္မဟောင်းခေတ်မှ ပုဂ္ဂိုလ် ၁၆ဦး၊ ဓမ္မသစ်ခေတ်မှ ပုဂ္ဂိုလ် ၉ဦး ရွေးချယ်၍ ယောကျာ်း ၂၂ ဦး နှင့် မိန်းမ ၃ ဦးတို ပါဝင်သည်။ ထိုပုဂ္ဂိုလ် ၂၅ ဦး၏ ခေါင်းဆောင်မှု နည်းနာ များကို စေ့စပ်စုံလင်စွာ စိတ်ဝင်စားဖွယ် ရေးသားဖော်ပြသဖြင့် အသစ်အသစ်သော ဗဟုသုတများစွာကို ရရှိစေပါသည်။ ၄င်းအပြင် လက်တွေ့ကျင့်သုံးနိုင်မည့် နည်းနာ များ ဖြစ်သဖြင့် စာဖတ်သူတိုင်းအား ရင့်ကျက်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာ စေမည်ဟု ယုံကြည်မိပါသည်။ ။

ဒေါက်တာကိမ်း အနေဖြင့် ရှေ့အနာဂတ်တွင်လည်း ဤကဲ့သိုသော ထူးမြတ် သည့် စာအုပ်များကို အမြောက်အမြား ရေးသားပြုစုနိုင်ရန် ဘုရားသခင်ဆက်လက် ကောင်းချီးပေးပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

ဒေါက်တာ ဒိုဆွမ်းမုံ

စကားချီး

အသက်ရှင်သော ထာဝရဘုရားသည် ကမ္ဘာဦးမှစ၍ ယနေ့ထိတိုင်အောင် ခေါင်း ဆောင်များကို ပေါ်ထွန်းစေပြီး အသိပညာနှင့် အတတ်ပညာများအား အပ်နှင်း၍ အလို တော်အတိုင်း အသုံးပြုသည်ဟု ယုံကြည်ကြသည့်အတိုင်း ခေါင်းဆောင်မှုပညာကို လေ့လာသင်ယူနိုင်ရန် အကောင်းဆုံးစာအုပ် သမ္မာကျမ်းစာအုပ်သာ ဖြစ်သည်။ သို ဖြစ်၍ ယုံကြည်သူများ သာမက မယုံကြည်သူများကပါ သမ္မာကျမ်းစာ အုပ်အားဖြင့် ခေါင်းဆောင်မှုပညာကို လေ့လာဆည်းပူးကြသည်။

ထိုသို လေ့လာဆည်းပူးသည်နှင့်အမျှ သမ္မာကျမ်းစာလာ ခေါင်းဆောင်များ နှင့် သမ္မာကျမ်းစာနှင့် ကိုက်ညီသော ခေါင်းဆောင်များသည် လူ့သမိုင်းတစ်လျှောက် တွင် အကောင်းဆုံး ခေါင်းဆောင်များ ဖြစ်လာကြသည်။ သိုသော် သတိပြုရန်တစ် ချက်မှာ သမ္မာကျမ်းစာလာ ခေါင်းဆောင်များသည် ခေါင်းဆောင် မှုပညာကို သင်တန်း တက်သကဲ့သိုမဟုတ်ဘဲ ဘုရားသခင်၏ လမ်းပြမှုဖြင့် ၄င်းတို၏ အတွေ့အကြုံ၊ အသိ အမြင်များအားလုံးကို ပေါင်းစည်း၍ ခေါင်းဆောင်မှု ပေးသူများဖြစ်ကြရာ ၄င်းတိုထံမှ သင်ယူနိုင်မည့် သင်ရိုးညွှန်းတမ်းဟူ၍ မရှိပေ။

ဘုရားသခင်ကသမ္မာကျမ်းစာထဲတွင် ‘systematic theology’ ကို အလုံး အရင်းဖြင့် မပေးသကဲ့သို ခေါင်းဆောင်မှုပညာကိုလည်း ထိုနည်းအတိုင်း မပေးခဲ့ပါ။ ဘုရားသခင်၏အကြောင်း၊ ယေရှုခရစ်တော်၏ အကြောင်း၊ သန့်ရှင်းသော ဝိဉာဉ်တော်၏ အကြောင်း၊ ကောင်းကင်တမန်များ၏အကြောင်း၊ လူသားများ၏ အကြောင်း၊ အပြစ်၏အကြောင်း၊ ကယ်တင်ခြင်း၏ အကြောင်း၊ အသင်းတော်၏ အကြောင်း၊နောက်ဆုံးသော ကာလ၏အကြောင်း စသည်တိုကို သင့်တော်သလို စုစည်းရ သကဲ့သို ခေါင်းဆောင်မှုပညာကိုလည်း ထိုကဲ့သို စုစည်းရမည်သာ ဖြစ်သည်။

ဘုရားသခင်သည် `သူ၏ အကြောင်း ဓမ္မပညာ’ (theology) ကို သွန်သင် ရာ၌ နှုတ်တော်ထွက် စကားနှင့် လူတစ်ဦးချင်းစီကို အသုံးပြုလေ့ရှိသည်။ ဥပမာအရာခပ်သိမ်းကို ဖန်ဆင်းသော ဘုရားဖြစ်ကြောင်းကို သွန်သင်ပြီးနောက် အပြစ်ကို မုန်းတီးသော ဘုရားဖြစ်ကြောင်းကိုလည်း နောအားဖြင့် သွန်သင်သည်။ အနာဂတ် ကို ကြိုတင်ပြင်ဆင်ပေးသူနှင့် ထောက်ပံ့သော အရှင် ဖြစ်ကြောင်းကို အာဗြဟံအား ဖြင့် သွန်သင်သည်။ သူသာလျှင် တစ်ဆူတည်းသော ဘုရားဖြစ်ကြောင်းနှင့် အထွဋ် အမြတ် ဖြစ်ကြောင်းကို မောရှေအားဖြင့် သွန်သင်သည်။ ငြိမ်သက်ခြင်းကို ပေးသော ဘုရားဖြစ်ကြောင်းကို ဂိဒေါင်အားဖြင့် သွန်သင်သည်။ ဤသိုလူတစ်ဦးချင်းစီ၏ အသက်တာ၌ သွန်သင်ပေးသောအရာများကို စုစည်းခြင်းဖြင့် စနစ်ကျဓမ္မပညာ’ (systematic theology) ကိုရရှိနိုင်ခြင်းဖြစ်သည်။

ထိုနည်းတူစွာ ဘုရားသခင်က သူ၏အကြံအစည်တော်များ ထမြောက်အောင် မြင်နိုင်စေရန် အသုံးပြုသည့် သမ္မာကျမ်းစာလာ ပုဂ္ဂိုလ်တစ်ဦးဦး (ကောင်းသည် ဖြစ် စေ၊ ဆိုးသည် ဖြစ်စေ)၏ အသက်တာ အားဖြင့် ခေါင်းဆောင်မှုပညာများစွာကို သင်ယူ နိုင်သည်။ သိုဖြစ်၍ ဤစာအုပ်အားဖြင့် ခေါင်းဆောင်မှုပညာ များကို ဆွေးနွေးရင်း မည် ကဲ့သို လိုက်လျှောက်အသက်ရှင်ရန် ဘုရားသခင် အလိုရှိသည်ကို လေ့လာဆန်းစစ် ကြပါစို။ လျန်းမွမ်းကိမ်း

မာတိကာ

– ဥယောဇဉ် “

– စကားချီး

၁ အာဗြဟံ (Abraham)

၂  ယောသပ် (Joseph)

၃ မောရှေ (Moses)

၄ ယောရှု (Joshua)

၅ ကာလက် (Caleb)

၆ ဧဟုဒ (Ehud)

၇ ယာဗက်(Jabez)

၈ ဟန္ဒ (Hannah)

၉ ရှောလု (Saul)

၁၀ ဒါဝိဒ် (David)

၁၁ ယောနသန် (Jonathan)

၁၂ ဧလိယ (Elijah)

၁၃ ဧလိရှဲ (Elisha)

၁၄ ဒံယေလ (Daniel)

၁၅ နေဟမိ (Nehemiah)

၁၆ ဧသတာ (Esther)

၁၇ ပေတရု (Peter)

၁၈ အန္ဒြေ (Andrew)

၁၉ ယာကုပ် (James)

၂၀ ယောဟန် (John)

၂၁ ဖိလိပ္ပု (Philip)

၂၂ နာသနေလ (Nathanael)

၂၃ မဿဲ (Matthew)

၂၄ ယုဒရှကာရုတ် (Judas Iscariot)

၂၅ လုဒီ (Lydia)

  • ကိုးကားစာအုပ်များ

 

၁။ အာဗြဟံ

(Abraham)

သမ္မာကျမ်းစာ၌ အာဗြဟံ၏ နာမည်ကို အကြိမ်ပေါင်း ၂၈၀ (ဓမ္မဟောင်းတွင် ၂၁၃ ကြိမ်နှင့် ဓမ္မသစ်တွင် ၆ရကြိမ်) တွေရရာ ဒါဝိဒ်၊ မောရှေနှင့် ယာကုပ်တိုပြီးလျှင် အ ကြိမ်ရေ အများဆုံး ဖော်ပြခံရသောသူ ဖြစ်သည်။ ဓမ္မဟောင်းခေတ် သန့်ရှင်းသူများ အနက် ဓမ္မသစ်တွင် အများဆုံး ဖော်ပြခံရသူ ဖြစ်သည်။

သူသည် တေရ၏ သားဖြစ်၍ နာခေါ်နှင့် ခါရန်ဟူသည့် ညီအစ်ကိုနှစ်ယောက် ရှိသည်။ မယားကြီး စာရာနှင့် ဣဇက်၊ ကျွန်မဖြစ်သူ ဟာဂရနှင့် ဣရှမေလ ထွန်း ကားသည်။ စာရာကွယ်လွန်ပြီးနောက် ကေတုရနှင့် လက်ထပ်ရာ သားသမီး ခြောက်ယောက် ထွန်းကားသည်။ သားဣဇက်ကို အချစ်ရဆုံးဖြစ်သော်လည်း ကျန်သားသမီး များအတွက် အမွေခွဲဝေပေးပြီး ကျန်ရှိနေသေးသော အမွေများကိုသာ ဣဇက်အား ပေးလိုက်သည်။

အာဗြဟံသည် ဂျူးနှင့် မူစလင်တို၏ ပေါက်ဖွားရာ ပုဂ္ဂိုလ်ဖြစ်ပြီး “အသက်ရှင် သော ဘုရားသခင် တစ်ဆူသာ ရှိသည်” ဟု စွဲမြဲစွာခံယူသူ တစ်ဦး ဖြစ်သည်။ ဥရမြိုမှ ထွက်ခွာပြီးနောက် လူမျိုးအပေါင်း၏ အဘဖြစ်လာကာ နတ်ပူဇော်ခြင်းကို ဖျက်ဆီး မည့် ပထမဆုံး မျိုးစေ့ကြဲသူလည်း ဖြစ်လာသည်။ အကြောင်းမှာ သူ့အားဖြင့် ဘုရား သခင် တစ်ဆူတည်းသာ ရှိသည်ဟု ယုံကြည်ခံယူသည့် ယုဒ ဘာသာ၊ ခရစ်ယာန် ယုံကြည်ချက်နှင့် အစ္စလာမ် ဘာသာများ ပေါ်ပေါက်လာ၍ ဖြစ်သည်။ ၄င်း၏ ယုံကြည် ခံယူချက်ကို လက်ခံ ယုံကြည်သူ တဖြည်းဖြည်း တိုးပွားလာသဖြင့် ယခု အချိန်တွင် ကမ္ဘာ့ လူဦးရေ တစ်ဝက်ကျော်က အာဗြဟံကို “အဘ”ဟုပင် ခေါ်ဆိုနေနိုင်ကြသည်။

အာဗြဟံ၏ အသက်တာတွင် ချိုယွင်းအားနည်းချက် တချိုရှိနေသည့်တိုင် အောင် ကောင်းကွက် ပိုများသဖြင့် အတုယူစရာ ကောင်းသော ပုဂ္ဂိုလ်တစ်ဦး ဖြစ် သည်။ အထူးသဖြင့် သူ၏ ခေါင်းဆောင်မှုနှင့် ပတ်သက်၍ သင်ယူစရာ အမြောက် အမြားရှိရာ ၄င်းတိုအနက် အရေးကြီးသော အချက် ၁၁ ချက်ကို ဖော်ပြပါမည်။

ခေါင်းဆောင်တိုင်း ရူပါရုံရှိကြသည်

အာဗြဟံ၌ (ရည်မှန်းချက် ပန်းတိုင်) ရှိရာ ၄င်းသည် လူမျိုးကြီးဖြစ်မည် ဟူသည့် ဘုရားသခင်ပေးသော ရူပါရုံပင် ဖြစ်သည်။ သိုဖြစ်၍ ဘုရားသခင်စေခိုင်းသည့်အတိုင်း ဝမ်းမြောက်တက်ကြွစွာ ပြုမူဆောင် ရွက်သည်။ လူမျိုးကြီးဖြစ်ရုံသာမကဘဲ ဘုရားသခင် ကတိပေးထားသော ပြည်ကို ဝင်စားရမည်ဟူသည့် ရူပါရုံရှိပြီး ယုံကြည်ခြင်းဖြင့် ရူပါရုံလည်း ဖြစ်သည်။ ယုဒလူမျိုးတို၏ သမိုင်းတွင် စတင် ခြေလှမ်းသော အာဗြဟံသည် ဘုရားသခင်ကတိပေးထားသော ပြည်သိုသွားရင်း ရောက်လေရာ အရပ်ရပ်တို၌ ဘုရားသခင် တစ်ဆူတည်း သာရှိကြောင်းကို သွန်သင်လေ့ရှိပြီးရုပ်တုကိုးကွယ်ခြင်းနှင့် ဘုရားအမျိုးမျိုးရှိသည်ဟူ သည့် ခံယူချက် ကွယ်ပျောက်စေရန် ကြိုးစားဆောင် ရွက်သည်ဟု မှတ်တမ်းတင်ထားသည် (ကမ္ဘာ၁၂း၈၊ ( ၁၃း၄၊ ၁၃း၁၈)။ ။

အာဗြဟံသည် ပြည်သစ်ကို တည်၍ မျိုးနွယ်သစ်တစ်ခု စတင်နိုင်ပါက ဥရမြို မှာကဲ့သို မဟုတ်တော့ဘဲ ဘုရားတစ်ဆူတည်းသာ ကိုးကွယ်နိုင်မည်။ ဘုရားသခင်၏ အမှုတော်ကို စိတ်တစ်လုံးတစ်ဝတည်းဖြင့် ဆောင်ရွက်နိုင်မည့်အပြင် လူ့အဆင့် အတန်း ခွဲခြားမှုမရှိတော့ဘဲ အချင်းချင်း ရိုင်းပင်းကူညီနိုင်ကြ မည်။ဘုရားသခင်အုပ် စိုးသော ပြည်သစ်ဖြစ်သည့် အတိုင်း ဘုရားသခင်၏ အလိုတော်နှင့် အညီ အုပ်ချုပ် မည် ဟူသည့် ရူပါရုံဖြင့် ဘုရားသခင် ကတိပေးသော ပြည်သို ဦးတည်သွားရောက်ခြင်း ဖြစ်သည်။ “ရူပါရုံ” ရှိသည့်အတိုင်း ခြေလှမ်းလှမ်းပြီး “ရူပါရုံ” ပေးသော သူ ညွှန်ကြားချက်အတိုင်း ပြုမူဆောင်ရွက်သည်။

အသက်ရှင်သော ဘုရားသခင်တစ်ဆူတည်းကိုသာ လွတ်လပ်စွာ ကိုးကွယ် နိုင်မည့် ပြည်သစ်တစ်ခု တည်ထောင်မည်ဟူသည့် ရူပါရုံဖြင့် ခြေလှမ်းလာသော အာဗြဟံ၏ အကြောင်းကို လေ့လာသင်ယူရင်း ၁၆၂ဝ ပြည့်နှစ် စက်တင်ဘာလ ၆ ရက်နေ့က သင်းအုပ်ဆရာ John Robinson နှင့် သဘော်မာလိန်မူး Christopher Jonesတို၏ ဦးဆောင်မှုဖြင့် အင်္ဂလန်နိုင်ငံ Plymouth မှ ထွက်ခွာလာကြသော လူ ၁၀၂ ယောက်၏ အကြောင်းကို အမှတ်ရစေလိုပါသည်။ ဘုရားသခင်ကို လွတ်လပ် စွာ ကိုးကွယ်နိုင်ရန်နှင့် ဘုရားသခင်၏ အလိုတော်အတိုင်း လျှောက်လှမ်းနိုင်မည့် နယ်သစ်တစ်ခု တည်ထောင်မည် ဟူသည့် ရူပါရုံဖြင့် ပင်လယ်ပြင်၌ နှစ်လကျော်ကြာ ရွက်လွှင့်ပြီးနောက် သူတို အမေရိကသို ရောက်ရှိကြသည်။ လူ ၁၀၂ ယောက်အနက် တစ်ဝက်ခန့်သည် ဆောင်းဦး ကာလ အတွင်း သေဆုံးကြရှာသည်။ ယုံကြည်ခြင်းဖြင့် နယ် သစ်တစ်ခု တည်ထောင်ရာ၌ များစွာသော နေရာသို ခံစားရကြသည်။ သိုသော်လည်း ထိုနေ့ရက် ကာလ များသည် ဘုရားသခင်ထံမှ ကောင်းချီး စတင်ခံစား သော ကာလဖြစ်လာပြီး ၄င်းတို၏မျိုးဆက်များသည် ယနေ့ထိတိုင်အောင် ကောင်းချီး ခံစားလျက်ရှိနေ ကြသည်။

အာဗြဟံ၏ ရူပါရုံသည် သူ့အတွက် သာမဟုတ်တော့ဘဲ သူ့အမျိုးအနွယ်များ အတွက်ပါ ဖြစ်လာသည်။ မြေးဖြစ်သူ ယာကုပ် အီဂျစ်ပြည်၌ ကွယ်လွန်ခါနီးတွင် အာဗြဟံနှင့် ဣဇက်တို မြုပ်နှံရာ ဖြစ်သော Machpelah ၌ သူ့အလောင်းကို မြှုပ်နှံ ရန်မှာကြားသည်။ ထိုသို ယာကုပ်က ယောသပ်နှင့် ညီအစ်ကိုများထံ မှာကြားသကဲ့ သို ယောသပ်ကလည်း ၄င်းကွယ်လွန်ချိန်တွင် အရိုးတိုကို ကတိထားရာ ပြည်သို ပိုဆောင်ပေးရန် အမျိုးအနွယ်တို အား မှာကြားသည်။ “ယောသပ်ကလည်း၊ ကျွန်ုပ် အရိုးတိုကို ယူသွားရမည်” (ကမ္ဘာ ၅၀း၂၄-၂၅)။ သိုဖြစ်ရာအာဗြဟံ၏ ရူပါရုံသည် ဣဇက်နှင့် ယာကုပ်တိုထံမှ တစ်ဆင့် ယာကုပ်၏ အမျိုးအနွယ်များပေါ်တွင် ဆင်း သက်လာသည်။

 

ခေါင်းဆောင်သူတိုင်း စွန့်စားရဲကြသည်

အာဗြဟံ၏ စွန့်စားရဲပုံမှာ အံ့သြစရာပင်ဖြစ်သည်။ အသက်တာ၌ အသစ် သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်လေ့ရှိကြသော်လည်း သူ၏ တွေ့ကြုံမှုတိုမှာ တစ် ထူးခြားသည်။ ဥရမြိုမှ စတင် ထွက်ခွာချိန်မှစ၍ အသစ်အဆန်းများနှင့်သာ တွေ့ကြုံ နေရသည်။ ယခင်က ၄င်းကဲ့သို ဘုရားသခင်၏ ခေါ်ဆောင်ခြင်း ခံရသောသူ မရှိဖူး သဖြင့် အစိမ်းသက်သက် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။ မမြင်၊ မသိ၊ မသွားဖူးသော နယ်ပယ်သစ် တစ်ခုသို ဧည့်သည်ကဲ့သို သွားလာနေရပြီး အတွေ့အကြုံသစ်များ နှင့် ရင်ဆိုင်နေရသည်။ အသက်တစ်ရာ ကျော်ပြီးမှ သားရရှိသော အဖြစ်မျိုး၊ ရှားရှားပါးပါးရရှိသောသား ကို ဘုရားသခင် စကားနားထောင်သောအားဖြင့် ယဇ်ပူဇော်ခြင်းမျိုးကိုလည်း ယခင်ကကြားသိဖူးမည် ၊ မဟုတ်ပေ။

သိုသော်လည်း အရာရာကို ရင်ဆိုင်စွန့်စားရဲ သည်။ လုပ်ရဲသလို ခံရဲသည်။ ကောင်းသောအရာ မြောက် မြားစွာ စတင်လုပ်ဆောင်ရဲသဖြင့် သူ၏ပက တိထက် ပို၍ မြင့်သော နေရာသိုရောက်ရှိပြီး မျှော် လင့်နိုင်သည် ထက် ပို၍ ကောင်းကြီးခံစားရသည်။ ၄င်း၏နောက်လိုက်များသည် သူ့အားဖြင့် ဝိဉာဉ်ရေးရာနှင့် လောကရေးရာ၌ အကျိုး များစွာ ရရှိကြသည်။

Kemmons Wilson ဆိုသူသည် အသက် ၅နှစ်အရွယ်မှ စ၍ ကွယ်လွန် သည်အထိ အလုပ်နှင့်မပြတ်သူ ဖြစ်သည်။ အစတွင် စက္ကူနှင့် စားစရာ တိုလီမိုလီ မျိုးစုံရောင်းရန် အလွန် အလုပ်ကြိုးစားသူဖြစ်ပြီး ၁၉၃၀ ပြည့်နှစ်၊ ၁ရနှစ် အရွယ်မှစ၍ ဝါဂွမ်းစက်ရုံတွင် တစ်ပတ်လျှင် ၁၂ ဒေါ်လာဖြင့် လခစား ဘဝစတင်သည်။

ဝင်ငွေပိုများရန် မျှော်လင့်ချက်ဖြင့် တစ်ပတ်လျှင် ၃၅ ဒေါ်လာ ရရှိနိုင်မည့် စာအုပ်ဆိုင် တစ်ခုတွင် အလုပ်လျှောက်ရာ အလုပ်ရသော်လည်း တကယ်တမ်းလုပ်ခ ရှင်းသောအခါတွင်မူ ၁၂ ဒေါ်လာသာရရှိသည်။ လုပ်ခတိုးဖို တောင်းဆိုသောအခါ ၃ ဒေါ်လာသာ တိုးပေးကြသည်။ အခြား အလုပ်သမားများနည်းတူ လုပ်ခ ၃၅ ဒေါ်လာ ပေးရန် ထပ်မံတောင်းဆိုသောအခါ ဒီ ၁ရ နှစ်အရွယ် မလောက်လေး မလောက်စား ကလေးကိုတော့ ၃၅ ဒေါ်လာ မပေးနိုင်ဘူး” ဟု ငြင်းပယ်ခံရသည်။ ထိုစာအုပ်ဆိုင် သည် သူ့အတွက် လခစားအဖြစ် နောက်ဆုံး အလုပ်လုပ်သော နေရာ ဖြစ်လာသည်။

ထိုနောက် များမကြာမှီ အရောင်းအဝယ် လုပ်ငန်းအားဖြင့် သူ့မိခင်အတွက် အိမ်တစ်လုံးဆောက်ပေး နိုင်သည်။ ထိုအခါ ဆောက်လုပ်ရေး လုပ်ငန်းသည် အကျိုး အမြတ်များစွာ ရရှိသော လုပ်ငန်းဖြစ်မှန်းသိရှိလာပြီး တစ်စိုက်မတ်မတ် ဇောက်ချ လုပ်ကိုင်လာသည်။ ၁၉၅၁ ခုနှစ်ခန့်အထိ လုပ်ငန်းအောင်မြင်ပြီး ချမ်းသာလာသော် လည်း လူအများ၏အကျိုးအတွက် ကောင်းသော အရာတစ်ခုခု စတင် လုပ်ဆောင် လိုသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုတည်းဖြင့် မတင်းတိမ်နိုင်တော့ပေ။ တစ်နေ့ တွင် မိသားစုအားလုံးပျော်ပွဲစားထွက်ရန် Memphis နှင့် Washington DC သို ခရီးထွက်လာခဲ့ကြသည်။ လမ်းခရီးတွင် ညအိပ်ဖို ဖြစ်လာသဖြင့် တည်းခိုရန် ဟိုတယ် ရှာကြရာ မိသားစုအလိုက်သက်သာစွာ တည်းခိုနိုင်မည့် ဟိုတယ် မတွေ့နိုင်ဘဲ ရှိကြ သည်။ တစ်ချို ဟိုတယ်များသည် လူကြီး ၆ ဒေါ်လာ၊ ကလေး ၂ ဒေါ်လာ ဖြစ်သဖြင့် မိသားစုများသောသူအတွက် မလွယ်ကူချေ။ ဈေးသက်သာသော ဟိုတယ် ရှိသော် လည်း အလွန်ညံ့ဖျင်းပြန်သဖြင့် သူ့ဇနီးထံ “ငါတို အိမ်ပြန်ရောက်ရင် မိသားစုအလိုက် တည်းခိုနိုင်မည့် အခန်း ၄ဝဝ လောက် ဆောက်ရအောင်” ဟု ပြောလိုက်သည်။ သူ့မိန်းမကမူ နောက်ပြောင်သည်ဟု ထင်ပြီးရယ်မောလိုက်သည်။

 Wilson အနေဖြင့် ထိုကဲ့သို ပြောလိုက်သော်လည်း အခန်းပေါင်း ၄ဝဝ ဆောက်နိုင်ဖို ငွေကြေး သူ့လက်ထဲတွင် မရှိပေ။ ယင်းကြောင့်လည်း သူ့မိန်းမ ရယ် မောလိုက်ခြင်းဖြစ်သည်။ သိုသော် Wilson သည် သူ၏ ရည်မှန်းချက်များ အောင် မြင်နိုင်ရန် အခက်အခဲကြားထဲမှ စတင်လုပ်ဆောင်လာသည်။ ခေါင်းဆောင်တိုင်း စွန့်စားရဲကြသည်။

Memphis မြိုသို ပြန်ရောက်သောအခါ တည်းခိုခန်း စတင်ဆောက်လာ သည်။ မိသားစု အလိုက်အ ကောင်းဆုံးနှင့် အသက်သာဆုံးဈေးဖြင့် တည်းခိုနိုင်ရန် အတွက် သင့်တော်မည့် အသုံးအဆောင်ပစ္စည်း ပြည့်စုံစွာ တပ်ဆင်ပေးလိုက်သည်။ ထိုမှ တစ်နှစ်အကြာ ၁၉၅၂ ခုနှစ်တွင် Memphisမြို၊ အစွန်၌ တည်းခိုခန်း ဖွင့်လှစ် နိုင်ပြီး “Holiday Inn’ ဟု နာမည်ပေးလိုက်သည်။ ၁၉၅၉ခုနှစ် ရောက်သောအခါ “Holiday Inn’ အမည်ဖြင့် တည်းခိုခန်းပေါင်း ၁ဝဝ ပိုင်ဆိုင်ပြီး ၁၉၆၄ ခုနှစ်တွင် အ ခြားသူများနှင့် ပူးပေါင်း၍ တည်းခိုခန်းပေါင်း ၅ဝဝ ပိုင်ဆိုင်လာခဲ့သည်။ ၁၉၆၈ခုနှစ် တွင် ၁ဝဝဝ ပိုင်ဆိုင်ပြီး ယခုအချိန်တွင် တည်းခိုခန်း ၂၅၀၀ ကျော်နှင့် အိပ်ခန်းပေါင်း ၂၂၃,၄၄၀ ကျော် ပိုင်ဆိုင်ခဲ့ကြသည်။ ၄င်းတည်းခိုခန်းများတွင် နှစ်စဉ် လူပေါင်း ၁,၀၀၀,၀၀၀,ဝဝဝ ကျော် တည်းခိုကြသည်၊ Wilson သည် ခက်ခဲရုံသာမက ကိစ္စ မြောက်မြားလှသည့် လုပ်ငန်းဖြစ်သော်လည်း သူ၏ ရည်မှန်းချက်အောင်မြင်နိုင်ရန် အတွက် စွန့်စားရဲသော သတ္တိရှိသည်။ စွန့်စားရဲသောကြောင့်လည်း ရည်မှန်းချက် ပန်းတိုင်ထက် အဆပေါင်းများစွာမြင့်သော အဆင့်သို ရောက်ရှိခဲ့သည်။

ခေါင်းဆောင်တိုင်း ရှေ့တိုးရဲကြသည်

အာဗြဟံသည် ဥရမြိုမှ ဘုရားသခင်ခေါ်သည့် အချိန်မှစ၍ ကွယ်လွန်သည် အထိ အခက်အခဲ၊ ပြဿနာနှင့် စိတ်ဓါတ်ကျစရာမျိုးစုံ ကြုံတွေ့သော်လည်း ရှေ့သို သာ တိုးသွားသည်။ ကတိထားရာ ပြည်သို ပြန်ရောက်သောအခါတွင်လည်း အရာ ခပ်သိမ်း စိတ်ချမ်းမြေ့စရာကောင်းသည် မဟုတ်ပေ။ ကတိထားရာ ပြည်ဖြစ်သော် လည်း မြေကွက်တစ်လက်မစာပင် မပိုင်ဆိုင်ရပေ။ သူ့ဇနီး စာရာ ကွယ်လွန်သော အခါတွင်မူ မြုပ်နှံရန်မြေကွက် ကလေးတစ်ကွက်ဝယ်ယူခဲ့သည်။ ကတိထားရာ ပြည် ဖြစ်သည့်တိုင် နေစရာ မြေကွက်ကလေးပင် မပိုင် ဆိုင်ရသဖြင့် အလွန် စိတ်ဓါတ်ကျဖွယ်ဖြစ်သည်။ သို သော်လည်း နောက် မဆုတ်ဘဲ ရှေ့သိုသာ တိုးသွား သဖြင့် ရောက်ရှိသည့် နေရာတိုင်းသည် သူ၏ အမျိုး အနွယ်များ ကောင်းကျိုးခံစားဖို ဖြစ်လာသည်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် Tom Hanks သည် ရုပ်ရှင် တစ်ကား ရိုက်ကူးခအတွက် ဒေါ်လာ ၂၅ သိန်းရရှိသည်။ သူရိုက်ကူးသော ရုပ်ရှင် များမှာ Sleepless in Seattle, Forrest Gump. Toy Story, Apollo 13, Saving Private Ryan, Philadelphia, he Da Vinci Code, Angles & Demons, Cloud Atlas နှင့် Captain Phillips စသည်တို ဖြစ်သည်။ ၂၀၁၃ ခုနှစ်ခန့် အထိ ဇာတ်ကားပေါင်း ၇၀ ကျော်ရိုက်ကူးပြီး Golden Globe Awards ၄ကြိမ်၊ Academy Award ၂ ကြိမ်နှင့် အခြား ဂုဏ်ပြုဆု ၃၈ ကြိမ်ရရှိပြီး ဖြစ်သည်။ ထူးချွန်ဆုအတွက် ၅၇ ကြိမ် ဆန်ခါတင်စာ ရင်းဝင်ခဲ့သဖြင့် သူ့ကိုအလွန်အားကျနေကြမည်ဖြစ်သည်။

သိုသော် သူ၏ ဘ၀ အစပိုင်းတွင် အလွန် ရုန်းကန်ခဲ့ရသည်။ သရုပ်ဆောင် တစ်ယောက် ဖြစ်လာနိုင်ရန်အတွက် အစုံလေ့ကျင့်နေပြီး လူတွေ့စစ်ဆေးခြင်းတွင် အကြိမ်ကြိမ် ငြင်းပယ်ခြင်းခံခဲ့ရဖူးသည်။ သိုသော် စိတ်ဓါတ်မကျဘဲ ရှေ့သိုသာ တိုးသွားရာ ၁၉၈၀ ပြည့်နှစ်တွင် ရုပ်ရှင်တစ်ကားရိုက်ခဲ့ရသည်။ သရုပ်ဆောင်ခ အလွန်နည်းသော်လည်း အဆုံးထိတိုင် ကြိုးစားရိုက်ကူးခဲ့သဖြင့် အောင်မြင်ခြင်း ရရှိ လာခဲ့သည်။ အဆိုတော် Elvis Presley လည်း စတင်အသံသွင်းချိန်၌ အသံစစ် သူက “မင်းကားကိုပဲ ပြန်မောင်းလိုက်စမ်းပါကွာ”ဟု အပြောခံရသည်။ တစ်နေရာ တွင် လုပ်မနေဘဲ ရှေ့သိုသာ ဆက်လက်တိုးသွားသောအခါ အောင်မြင်မှု ရရှိကြ သည်။

ခေါင်းဆောင်တိုင်း စာနာစိတ်ရှိကြသည်

အာဗြဟံ၏ အသက်တာ၌ သူရဲဘောကြောင်သည့် အချိန်ရှိတတ်သော်လည်း လိုအပ်သည့်အချိန်တွင် အလွန်သတ္တိရှိသော သူဖြစ်သည်။ အီဂျစ်ပြည်သို ရောက်ခါ နီးတွင် သူ့ဇနီးစာရာ အလုခံရမည်ကို စိုးရိမ်သဖြင့် ““မင်းက ရုပ်ချောတော့ ငါ့ဇနီးလို ပြောရင် ငါ့အသတ်ခံရမှာစိုးလို ငါ့ညီမလို ပြောလိုက်မယ်”ဟု စာရာအား ပြောလိုက် သည်။ အသတ်ခံရမည်ကိုကြောက်သဖြင့် လိမ်ညာပြောဆိုခြင်း ဖြစ်သည်။ သိုရာ တွင် တော်ရုံ သတ္တိရှိရုံဖြင့် ဥရမြိုမှ ထွက်ခွာရဲခြင်း၊ ၁၅နှစ်ကြာပြီး နောက်ခါရန်မှ ထွက်ခွာခြင်း၊ လောတနှင့် ခွဲခွာခြင်းနှင့် ကျွန် ၃၁၈ ယောက်နှင့် အတူ မင်းလေးပါး တို၏ လက်ထဲမှ လောတကို ကယ်တင်ခြင်းစသည့် အလုပ်များကို လုပ်ဝံ့မည် မဟုတ်ပေ။ (၄င်းမင်းလေး ပါးတိုက မင်းငါးပါးတိုကို စစ်နိုင်သဖြင့် လောတ မိသားစုကို ကျွန်အဖြစ် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ် သည်။) အာဗြဟံနှင့် သူ့အပေါင်းအဖော်များသည် မင်းငါးပါးတိုမနိုင်နိုင်သော သူတိုကိုလာရောက်တိုက် ခိုက်ခြင်း ဖြစ်သည်။ ရဲစွမ်းသတ္တိနှင့်ပြည့်ကြသဖြင့် စစ် နိုင်ပြီး လောတမိသားစုကို ချောမောစွာ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။

အာဗြဟံသည် သူရဲဘောကြောင် ကောင်းကြောင် လိမ့်မည်။ တစ်ခါတစ်ရံ သတ္တိရှိကောင်းရှိလိမ့်မည်။ မည်သည့်အချိန်တွင် သူရဲဘောကြောင်ပြီး မည်သည့် အချိန်တွင် သတ္တိရှိသည်ကို မသိရကြသော်လည်း သူသည် ဆွေမျိုး ညီအစ်ကိုများ အတွက် အသက်စွန့်ဝံ့သည်အထိ ချစ်ခြင်းစာနာစိတ်ရှိသည်မှာ ထင်ရှားလှသည်။ သို ဖြစ်ရာ လူမျိုးအတွက် ရပ်တည်ပြီး၊ လူမျိုးကြီး ဖြစ်လိုရုံသက်သက် မဟုတ်ဘဲ မိသားစု နှင့် ဆွေမျိုးများအတွက် ရပ်တည်သူဖြစ်ကြောင်းတွေ့ ရှိရသည်။ အချုပ်အားဖြင့် ဆိုသော် သူ၏ လူမျိုးများအပေါ်ချစ်ခြင်း မေတ္တာရှိကြောင်း ပေါ်လွင် ထင်ရှားသည်။

အာဗြဟံသာ မဟုတ်ဘဲ သမ္မာကျမ်းစာလာ ခေါင်းဆောင်များနှင့် သမိုင်းထဲ က ခေါင်းဆောင်ကောင်း အားလုံးတို၏ အသက်တာကို ကြည့်လျှင် ၄င်းတို၏ လူမျိုး များအပေါ် ချစ်ခြင်းမေတ္တာထားရှိကာ အတတ်နိုင်ဆုံး ကူညီမစပြီး မြှင့်တင်ပေးသူများ ဖြစ်ကြောင်းတွေ့ရသည်။

ခေါင်းဆောင်တိုင်း ဧည့်ဝတ်ကျေပွန်ရန် ကြိုးစားကြသည်

သမ္မာကျမ်းစာကို ဖတ်လျှင် အာဗြဟံသည် ပထမဦးဆုံး ဆယ်ဖိုတစ်ဖိုပေး သူဖြစ်၍ သူ၏ ဘုရားသခင် အပေါ်ရိုသေလေးစားမှုနှင့် ရက်ရောမှုကို တွေ့ရှိနိုင်သည်။ (ကမ္ဘာ ၁၄း၂၀)။ ရက်ရော ရုံသာမကဘဲ ဧည့်ဝတ်ကျေ ပွန်သူ ဖြစ်ကြောင်းကိုလည်း တွေ့ရှိနိုင်သည်။ (ကမ္ဘာ ၁၈)။ အကြောင်းမှာ ရက်ရောခြင်းနှင့် ဧည့်ဝတ်ကျေ ပွန်ခြင်း၊ ကပ်စေးနည်းခြင်းနှင့် ဧည့်ဝတ် မကျေပွန်ခြင်း ဒွန်တွဲလျက်ရှိသည်။

အာဗြဟံသည် နေပူသော နေ့တစ်နေ့တွင် သူ၏ တဲတံခါးဝ၌ ထိုင်နေစဉ် (အာဗြဟံ၌ အိမ်မရှိဖူးပေ) အဝေးမှ လူသုံးယောက်လာနေသည်ကို လှမ်းမြင်သည်။ သူသည် ခရီးဦးကြိုပြု ပြေးသွားပြီး ၄င်းတိုရှေ့တွင် ဝပ်တွား၍ “သခင်၊ ရှေ့တော်၌ ကျွန်ုပ် မျက်နှာရလျှင် ကိုယ်တော် ကျွန်မှ လွန်၍ မသွားပါနှင့်။ ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကိုဆေးပြီးလျှင် သစ်ပင်အောက်၌ လျောင်းနေကြပါလော့။ မုန့် အနည်းငယ်ကိုလည်း ယူခဲ့ပါမည်။ အမောအပန်းပြေသောအခါ သွားကြပါလော့” ဟုပြောလိုက်သည်။

ထိုနောက် အာဗြဟံသည် တဲအတွင်းရှိ စာရာထံ အမြန်ပြေးဝင်လာပြီး မုန့် ဖုတ်ခိုင်းသည်။ တစ်ဖန် မွေးမြူထားသော နွားများအနက် နုပျိုထွားကြိုင်းထားသော နွားတစ်ကောင်ကို ခေါ်လာပြီး အလုပ်သမား တစ်ယောက်အား သတ်ခိုင်းလိုက်သည်။ ၄င်းကိုယ်တိုင်လည်း နွားနိုနှင့် ဒိန်ချဉ်ကို ယူလာ၍ အမဲသားဟင်း တိုနှင့်အတူ ဧည့် သည်တိုရှေ့တွင် တည်ခင်းပြီး ဝေယျာဝစ္စများ လုပ်ဆောင်ပေးသည်။ သူသည် အသက်တစ်ရာကျော် ဖြစ်နေသည့်တိုင် ဧည့်ဝတ်ကျေပွန်သူ ဖြစ်နေသဖြင့် ပေါ့ပါး တက်ကြွနေသည်။ ရက်ရောသူ ဖြစ်နေသဖြင့် အကောင်းဆုံး စားသောက်ဖွယ်ရာများ ကို ချက်ချင်း တည်ခင်းနိုင်သည်။ ခပ်မြန်မြန် စီစဉ်လှုပ်ရှား၍ စားပွဲထိုး တာဝန်ပင်ယူ လိုက်နိုင်သေးသည်။

ထိုသို ဝလင်စွာ ကျွေးမွေးဧည့်ခံပြီးနောက် ဧည့်သည်တိုကိုတောင် အဆုံးအထိ လိုက်ပိုသည် (ကမ္ဘာ ၁၈း၁၆)။ ဤသို လိုက်ပိုခြင်းသည် ဧည့်ဝတ်ကျေပွန်မှု တစ်ခု ဖြစ်ပြီး ဧည့်သည်တိုအား အလေး ထားရာလည်း ရောက်သည်။ ထိုနည်းတူပင် သူပြုစု ပျိုးထောင်ပေးသော တူ ဖြစ်သူ လောတလည်း ဧည့် ဝတ်ကျေပွန်သူတစ်ဦး ဖြစ်သည်။ ၄င်း၏ ဧည့်သည် များအပေါ် အဓမ္မပြုကျင့်လိုသော သောဒုံမြိုသားများ အား ဧည့်သည်များအစား သူ၏ သမီးပျိုနှစ်ယောက် ကိုပင် အပ်နှင်းသည်အထိ ဧည့်ဝတ် ကျေပွန်သူဖြစ် သည်။ (ဤအရာကား လွန်လွန်းပါသည်)။ သောဒုံမြို သိုရောက်ရှိလာသော ကောင်းကင်တမန်တိုကို သူကိုယ်တိုင် ညအိပ်တည်းခိုရန် အနူးအညွှတ် ဖိတ်ခေါ်ခြင်းဖြစ်သည်။ သိုဖြစ်၍ အာဗြဟံနှင့် လောတတိုသည် ဧည့် ဝတ်ကျေပွန်သူများ ဖြစ်ကြောင်းတွေ့ရှိနိုင်သည်။

ခေါင်းဆောင်တိုင်း ဝေတနာစိတ်ရှိကြသည်

အာဗြဟံသည် စေတနာရှိသဖြင့် ဧည့်ဝတ်လည်း ကျေပွန်သည်။ ဧည့်သည် များကလည်း စိတ်ကျေနပ်မှုရသဖြင့် ၄င်းတို၏ လျှိဝှက်ချက်ကို ဖွင့်ပြောလာသည်။ အကြောင်းမှာ စိတ်ကျေနပ်မှုဖြစ်စေသော သူတိုအပေါ်တွင် လျှိဝှက်ချက်ကို မျိုသိပ် ရန် မလွယ်ကူချေ။ ထိုကြောင့်ပင် ဧည့်သည်များက သောဒုံနှင့် ဂေါမောရမြိုတိုကို မီးရှိပစ်မည့် အကြောင်းကို ဖွင့်ပြောလိုက်ခြင်း ဖြစ်သည်။

ထိုအခါ အာဗြဟံသည် တုန်လှုပ်သွားပြီး ကြောက်ရွံသော စိတ်ဖြင့်ဘုရား သခင်အား “မြေကြီး တစ်ခုလုံးကို စီရင်တော်မူသောသခင်သည် တရားသဖြင့် ပြုတော်မူမည် မဟုတ်လော” ဟု လျှောက်လိုက်သည်။ သူသည် လူတိုင်းအပေါ် မှန်စ္စာတရားစီရင်၍အကျိုးမျှတစွာခံစားစေလိုသောစေတနာစိတ်ရှိသည်။ သိုဖြစ်၍ သောဒုံနှင့် မောရမြို တိုကိုလည်း မပျက်စီးစေလိုသော စေတနာစိတ် အပြည့် ရှိကြောင်း တွေ့မြင်နိုင်သည် (ကမ္ဘာ ၁၈း၂ဝ-၃၃)

အာဗြဟံက ဘုရားသခင်အား ထိုနေ့တွင် “ဖြောင့်မတ်သူ ၅ဝ ရှိလျှင် ဖျက်ဆီးတော်မူမည် လော”ဟု မေးရာဘုရားသခင်က “မဖျက်ဆီးပါ”ဟု ပြန်ဖြေသည်။ ဖြောင့်မတ်သူ ၅ဝ မရှိ၍ ဖြစ်မည်။ အာဗြဟံက “ဖြောင့်မတ်သူ ၄၅ ရှိလျှင် ဖျက်ဆီးမည်လော”ဟု ပြန်မေးရာဘုရားသခင်က“မဖျက်ဆီးပါ”” ဟု ဖြေသည်။

ထိုနောက် အာဗြဟံက အဆင့်ဆင့်ဈေးဆစ် ပြီး ဖြောင့်မတ်သူ၃၀၊ ၂ဝ ထိုမှနောက်ဆုံးတွင် ၁၀ အထိသို ရောက်ရှိလာသည်။ ထိုအခါ အာဗြဟံက အားနာလွန်း၍ဖြစ်မည်း ထိုထက် ဈေးမဆစ်ခဲ့တော့ ချေ။ အကယ်၍ ရ က်အထိ ဈေးဆစ်ဖြစ်လျှင် ဒုံနှင့်ဂေါမောရမြို တို ဖျက် ဆီးခြင်းမှ ကင်းလွတ်ကောင်း ကင်းလွတ်နေမည် ဖြစ်သည်။ သိုသော် နောက်ဆုံးတွင် ဖြောင့်မတ်သူ ဘ ယောက်မရှိသဖြင့် ထိုမြို တို ဖျက်ဆီးပစ်ခြင်း ခံရသည်။

မည်သိုပင်ဖြစ်စေ အာဗြဟံ၏ သူတစ်ပါး အပေါ်ထားရှိသည့် စေတနာစိတ်၊ ဖြောင့်မှန်စွာ တရားစီရင်စေလိုသောစိတ်၊ လူတိုင်းမျှတသော အကျိုးခံစားစေလို သော နှာစိတ်တိုကို တွေ့မြင်နိုင်သည် မည်မျှပင် အပြစ်ကြီး၍ ညစ်ညမ်းနေ ကြပါစေ ဖျက်ဆီးခြင်း ခံစေလိုသဖြင့် မည်သူကမျှ အကူအညီ မတောင်းစေကာ မူ သူ့ဘက်မှ တတ်နိုင်သမျှ ကိုယ်စားပြု တောင်းပန်ပေးသည်။ လူထုအပေါ်၌ ငြိမ် အက်ခြင်း သက်ရောက်စေလို၍ စေတနာစိတ်ကြီးမားစွာ ထားရှိသည်။

ခေါင်းဆောင်တိုင်း နှိမ့်ချကြသည်

အာဗြဟံ၏ နှိမ့်ချမှုကို ၄င်း၏ အသက်တာနှင့် အပြောအဆိုအားဖြင့် တွေ့မြင် နိုင်သည်။ ဧည့်သည် (ကောင်းကင်တမန်) များနှင့် စကားပြောဆိုရာ၌ သူ့ကိုယ်သူ “မြေမှုန့်နှင့် ပြာသက်သက်” ဟု တင်စားသည် (ကမ္ဘာ ၁၈၂၅)။ ဇနီးဖြစ်သူ စာရာအား မြုပ်နှံရန် မြေကွက်ရှာရာ၌ ဟေသအမျိုးသားများထံ သူသည် ဧည့်သည်သာ ဖြစ်၍ ဇနီးဖြစ်သူအား မြှုပ်နှံရန်အတွက် မြေကွက်ဝယ်ခွင့် ပေးစေလိုကြောင်း မေတ္တာရပ်ခံ သည် (ကမ္ဘာ ၂၃၄)။ ဟေသအမျိုးသားတိုကမူ အာဗြဟံမည်သူဖြစ်ကြောင်းကို ကောင်းစွာ သိသဖြင့် ဘုရားသခင်နှင့် ဆိုင်သောမင်း ဟု ခေါ်ဆိုကြသည် (ကမ္ဘာ ၂၃၆)။ ထိုသို ခေါ်ဆိုကြ သည်နှင့် အမျှ တကယ်လည်း ရိုသေလေးမြတ်ကြပြီး အာဗြဟံကလည်း လေးစားစွာပြောဆိုဆက်ဆံ၍ ၄င်း တို၏ ရှေ့တွင် နှိမ့်ချစွာ ဦးညွှတ်ချသည်။

အာဗြဟံ၏ နှိမ့်ချမှုကို လောတနှင့် ဆက်ဆံ ရေး၌လည်း တွေ့ရသည်။ အီဂျစ်ပြည်မှ ပြန်လာကြ သောအခါ ဖာရောဘုရင်က လက်ဆောင်အမျိုးမျိုးနှင့် တိရစ္ဆာန်များစွာ ပေးလိုက်သည်။ ၄င်းတို တဖြည်း ဖြည်း တိုးပွားလာကာ စားကျက်နေရာ မလုံလောက် တော့သည့်အပြင် အာဗြဟံ၏ နွားကျောင်းသားများ နှင့် လောတ၏ နွားကျောင်းသားတွေ ခိုက်ရန် မဖြစ်ပွားဖို ငါနှင့်ခွဲနေပါ။ သင့်ရှေ့မှာ မြေပြင် အကျယ်ကြီးဆိုတော့ ကြိုက်ရာရွေးပါ။ သင်လက်ဝဲဘက် သွားပါက ငါ လက် ယာဘက် သွားမယ်။ “သင်လက်ယာဘက်သွားပါက ငါလက်ဝဲဘက်သွားမယ်”ဟု ပြောသည် (ကမ္ဘာ ၁၃း ၈-၉)။ ဆူအောင်ကျွေးသော နွားတစ်ကောင်လုံးကို အချင်း ချင်း အငြိုးထားသောစိတ်နှင့် စားရသည်ထက် ချစ်ခြင်းမေတ္တာပါသော ဟင်းရွက်တစ် နပ်စာသည် သာ၍ ကောင်း၏။ (သုတ္တံ့ ၁၁ရ) ဟု ပြောသည့်အတိုင်း နွားကျောင်း သားများရန်ဖြစ်ရသည်ထက် ခွဲနေတာက ပိုကောင်းမည်ဟု အာဗြဟံက လောတထံ ပြောဆိုရခြင်းဖြစ်သည်။ ဤအရာအားဖြင့် သူတစ်ပါးနှင့် မသင့်မမြတ် ဖြစ်မည်ကို မလို လားသော အာဗြဟံ၏စိတ်ရင်းမှန် ပေါ်လွင်ထင်ရှားလာသည်။ “နီးတကျက်ကျက် ဝေးတသက်သက်” ဟူသည့် စကားအတိုင်းပင်ဖြစ်သည်။

အာဗြဟံသည် လောတ၏ ဦးလေးနှင့် ခေါင်းဆောင်တစ်ဦးဖြစ်လျှက်ပင် ရွေး ချယ်စရာရှိလျှင် လောတကိုသာ ဦးစားပေး ရွေးချယ်စေသည်။ လောတ မကြိုက်သော ခြောက်သွေ့သည် မြေသို သွားရန် အဆင်သင့်ရှိသည်။ ရစရာရှိလျှင် မိမိ အကျိုးကို ဦးစားမပေးဘဲ သူတစ်ပါးကို ဦးစားပေးတတ်သည့် စိတ်ကို တွေ့မြင်နိုင် သည်။ ထိုသို နှိမ့်ချသည့်စိတ်ဖြင့် လောဘမကြိုက်သော နယ်မြေသို အခြေချသော အခါ ကိုယ်စိတ်ချမ်းသာမှု အပြည့်အဝရရှိခဲ့သည်။ လောတမှာမူ ရန်သူ ဝိုင်းဝိုင်းလည် ၍ မိသားစု ပြဿနာမျိုးစုံနှင့် နပန်းလုံးနေရသည်။

ခေါင်းဆောင်တိုင်း အဖိုးအခ ပေးလို ကြသည် (သို) အလကားမလိုချင်ကြပေ

တစ်စုံတစ်ရာကို အလကားနှင့်သာ ရရှိလိုသော ခေါင်းဆောင် တချို ရှိတတ် သည်။ ကိုယ်တိုင် မလုပ်ဘဲနှင့် သူတစ်ပါး၏ အောင်မြင်မှုအပေါ် အမြတ်ထုတ် နာမည် ကောင်းလိုချင်သော၊ သူတစ်ပါးလက် နှင့်မြွေဖမ်းချင်သောခေါင်းဆောင်ရှိတတ်သည်။ ထိုကဲ့သိုသော ခေါင်းဆောင်များသည် အရာရာကို အခမဲ့ရရှိလိုပြီး မိမိတို၏ အတွေ့ အကျိုးကိုသာ ဦးထိပ်ထားကြသည်။

အာဗြဟံကမူ ထိုသိုမဟုတ်ချေ။ သူ့ဇနီး စာရာ၏ အလောင်းမြှုပ်နှံရန်အတွက် မြေကွက် လိုအပ်လာ သဖြင့် ပြောသလူမျိုးများထံ တောင်းဆိုခြင်းမှာ အလကားရရှိရန် မဟုတ်ဘဲ ဝယ်ယူရန် တောင်းဆို ခြင်း ဖြစ်သည်။ မြေ ကွက်ပိုင်ရှင်မှာ ငဖရုန်အမည်ရှိသည် ပုဂ္ဂိုလ်ဖြစ်၍ အာဗြဟံက ငွေလေးပိဿာဖြင့် ဝယ်ယူသည်။ စင် စစ်ထိုမြေကွက် ပမာဏသည် ငွေလေးပိဿာ ပေးရ လောက်အောင် အဖိုးမတန်ချေ (ထိုကာလမှ နှစ်ပေါင်း ၊ ၁ဝဝဝ ကျော် အကြာတွင် ထိုမြေကွက် ပမာဏခန့် ကိုပင် ယေရမိက ငွေ ၁၇ ကျပ်သားဖြင့်သာ ဝယ်ယူ ရရှိသည်)။

အကြောင်းမှာ မြေကွက်ပိုင်ရှင် ဧဖရုန်က မြေကွက်ကို အလကားပေးလိုသည့် ပုံစံဖြင့် စကားပြောသော် လည်း အမှန်မှာလောဘကြီးလွန်းသူ ဖြစ်နေသည်။ အာဗြဟ ထံ သခင့် ဇနီးအလောင်းကို မြှုပ်နှံပါ။ ဘာမှစိတ် မပူပါနှင့်ဟု ပြောဆိုရင်း ငွေလေး ပိသာတန်ပါသည်ဟု ထည့်ပြောလိုက်သည်။ သူ၏လောဘကြီးမှုကို အာဗြဟံက ရိပ်မိသဖြင့် ငွေလေးပိဿာ ပေးပစ်လိုက်သည်။ အာဗြဟံက စိတ်ရင်းစေတနာ အမှန်ဖြင့် မဟုတ်သည့် အရာဟူသမျှ လက်မခံလိုသည့်အပြင် သဒ္ဒါစိတ်ဖြင့် ကျွေးမွေးခြင်း မဟုတ်သဖြင့် အစာဟူအမျှ မလိုပေ။ အခမဲ့ရရှိခြင်း၏ နောက်ကွယ်၌ နှောင်ကြိုး များ ရှိတတ်သည်ကို သိသဖြင့် ထိုက်သင့်သောအဖိုးအခကို ပေးချေရခြင်း ဖြစ်သည်။

ခေါင်းဆောင်တိုင်း လေးစားမှုရရှိကြသည်

ကမ္ဘာ့လူဦးရေ၏ တစ်ဝက်ကျော်က အာဗြဟံကို အလေးအမြတ်ထားကြသဖြင့် ၄င်းကဲ့သို လေးစားမှုကို ရရှိသော ခေါင်းဆောင်ရှိချင်မှရှိမည် ဖြစ်သည် (ခရစ်ယာန်၊ မူစလင် ဂျူး = ၅၅%)။

သူ၏ အိမ်ထဲတွင် အလုပ်သမားများစွာရှိပြီး လူမြောက်မြားစွာကို ခေါင်းဆောင်မှုပေးသူ ဖြစ်သည်။

လောတကို ကယ်တင်စဉ်က ဆိုလျှင် အလုပ်သမား ၃၁၈ယောက်က အာဗြဟံကို လေးစားကြသဖြင့် စစ် သားပင် မဟုတ်သော်ငြား မင်းလေးပါးကို တိုက်ရန် စစ်မျက်နှာသို ချက်ချင်း လိုက်လာကြသည်။

ထိုအပြင် ဘုရားကိုမသိသော ဟေသလူမျိုး များကပင် အာဗြဟံကို မြင်သောအခါ “ဘုရားသခင် နှင့် ဆိုင်သောမင်း”ဟုခေါ်ဆိုကြသည်။ သူ၏မိသားစု နှင့် သူ့ကို သိသောသူများအပြင် မသိသောသူများ ကပါ ဤသိုလေးစားခြင်းမှာ သူကိုယ်တိုင်အလွန် လေးစားလောက်စရာ ကောင်း၍ ဖြစ်ပါသည်။

အာဗြဟံ၏ ဘဏ္ဍာစိုး ဖြစ်သူ Eliezer သည် အသက် ၈၅ နှင့် ကျော်ပြီ ဖြစ် သော်လည်း အာဗြဟံခိုင်း သည့်အတိုင်း ဣဇက်အတွက် သတိုသမီး တောင်းရန် ကုလားအုပ် ၁၀ကောင်၊ ရွှေ ငွေ ပစ္စည်းများနှင့်အတူ သွားရောက်သည်။ အာဗြဟံကို ရိုသေလေးစားသဖြင့် ခိုင်းသည့်အတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်နှင့်အမျှ အာဗြဟံ ကလည်း ၄င်းအပေါ် ယုံကြည်စိတ်ချမှုရှိသည်။ သိုဖြစ်ရာ အာဗြဟံသည် ရောက်ရှိ သည့် နေရာတိုင်း၌ သူတစ်ပါး၏ ရိုသေလေးစားမှုကို ရရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်သည်။

ရပ်ထဲရွာထဲရှိ သာမန်လူများ သာမက အဘိမလက်မင်းနှင့် ဗိုလ်ချုပ် ဖိကာလ တိုကလည်း အာဗြဟံကို လေးစားသည့်အပြင် ကြောက်လည်း ကြောက်သဖြင့် ၄င်းနှင့် ပူးပေါင်းရန် ကြိုးစားလာကြသည်။ အကြောင်းမှာ ဘုရားသခင်သည် အာဗြဟံ၊ နှင့် အတူပါရှိ၍ လုပ်ဆောင်လေသမျှ၌ ကောင်းကြီးပေးသောကြောင့် ဖြစ်သည် ၊ (ကမ္ဘာ ၂၁း၂၂-၂၃)။ သိုဖြစ်၍ အာဗြဟံသည် ဥရမြိုမှ အဓိပ္ပါယ်မဲ့ ထွက်ခွာလာခြင်း မဟုတ်ဘဲ လူအများ၏ သိရှိလေးစားခြင်း ခံရသော သူဖြစ်သည်။ ဘုရားသခင်၏ လူများကို ဆန့်ကျင်နေမည့်အစား ၄င်းတိုနှင့် ပူးပေါင်းခြင်းက အကျိုးများစွာ ရရှိ စေသည်။

ခေါင်းဆောင်တိုင်း ယုံကြည်ချက်ဖြင့် အသက်ရှင်ကြသည် ၊

အာဗြဟံသည် သူ၏ ယုံကြည်ချက်အတွက် အသက်ပေးရဲသည် သာမက တစ်ဦးတည်းသာရှိသော သားကိုပင် ပေးလှူရဲသူဖြစ်သည်။ သူကိုးကွယ်သော ဘုရား သခင်က စာရာနှင့် ရရှိသော တစ်ဦးတည်းသား ဣဇက်ကို ယဇ်ပူဇော်ရန် တောင်းဆို သည် (ကမ္ဘာ ၂၂)။ အာဗြဟံ ကိုယ်တိုင် ၄င်း၏ လက်နှင့် ဣဇက်ကို သတ်ဖြတ်ပြီး ယဇ်ပလ္လင်တည်ရမည့်အဖြစ်ထက် ခက်ခဲသောအရာ ဟူ၍ ရှိတော့မည် မဟုတ်ပေ။

ယဇ်ပလ္လင်တည်ရာသို သုံးရက်ခန့် သွားပြီးနောက် ဣဇက်က ယဇ်ကောင် ဘယ်မှာလဲဟု မကြာခဏ မေးလိုက်သေးသည်။ ယဇ်ကောင်က သားကိုယ်တိုင်ပဲ ဟု ပြောထုတ်ရန်လည်း မဖြစ်သဖြင့် ထိုအချိန်တွင် အာဗြဟံ၏ နှလုံးသား တစစ်စစ်နာကျင်နေမည် ဖြစ် သည်။ သိုသော် အာဗြဟံက “ဘုရားသခင်သည် မိမိအဖို ပြင်ဆင်တော်မူလိမ့်မည်” ဟု ပြန်ဆိုသည်။ ဣဇက်၏ အသက်နှင့် ယဇ်ပူဇော်ရသည် တိုင် ဘုရား သခင်က အသက်ပြန်ရှင်စေနိုင်မည် ဟူသည် ယုံ ကြည်ချက်ရှိသည်။ အကယ်၍ အသက်ပြန်မရှင်ခဲ့ လျှင်လည်း ဘုရားသခင်၏ စကားတော်ကို နာခံ အ သက်ရှင်ရန် ဆုံးဖြတ်ပြီး ဖြစ်သဖြင့် ဘုရားသခင်က .. လင်ကို မထိမခိုက်နှင့် သင်သည် ဘုရားသခင်ကို ကြောက်ရွံသည်ဟု ယခု ငါတိုသိ၏” (ကမ္ဘာ ၂၂း၁၂ ဟု ပြောလိုက်သည်။ ထိုနောက် ဘုရားသခင်က ယဇ်ပူဇော်စရာ သိုးတစ်ကောင် ပြင်ဆင်ပေးသည်။ ယုံကြည်ချက်ဖြင့် တစ်ဦးတည်း သော သားကိုပင် ပေးလှူရဲသော သူသည် ဘုရားတစ်ဆူ တည်းသာရှိသည့်အကြောင်းကို သက်သေခံရဲရုံသာမက ၄င်း၏ အသက်ကိုပင် စွန့်လွှတ်ရဲနေမည် ဖြစ်သည်။

အာဗြဟံကဲ့သို အသက်ရှင်သည် တစ်ဆူတည်းသော ဘုရားကို ယုံကြည်သူ တိုင်း၏ အသက်တာ၌ ဤယုံကြည်ချက်ကြောင့် အခက်အခဲ မြောက်မြားစွာ ကြုံရ တတ်သည်ကို ကြိုတင်သိရှိထားရန် အလွန်အရေးကြီးသည်။ အာဗြဟံသာမက ၄င်း ၏ နောက်လိုက်များ အားလုံးလည်း အခက်အခဲ မျိုးစုံကြုံတွေ့ခဲ့ကြသည်။ သိုသော် လည်း ထိုအခက်အခဲများသည် ယုံကြည်ခြင်းဖြင့် အသက်ရှင်သော ၄င်းတိုအတွက် ခက်ခဲလွန်းသောအရာ မဟုတ်တော့ပေ။

တစ်ခါက သမ္မာကျမ်းစာ ကထိကတစ်ဦးသည် အစ္စရေးနိုင်ငံကို အတွင်းကျကျ သိရှိလိုသဖြင့် ထိုနိုင်ငံသိုက လေ့လာရေးရောက်ရှိသည်။ တနေ့တွင် မမျှော်လင့် ဘဲ ပညာတတ် ပုဂ္ဂိုလ် တစ်ဦးနှင့် ဆုံစည်းမိသည်။ ထိုပုဂ္ဂိုလ်သည် ဓမ္မဟောင်းကျမ်း တစ်ခုလုံးကို ဟေဗြဲဘာသာဖြင့် အလွတ်ရသည်ဟု နာမည်ကြီးသူ ဖြစ်သည်။ ကထိက လည်း ထိုပုဂ္ဂိုလ်နှင့် ရင်းနှီးအောင် ကြိုးစားပြီး ၄င်း၏ အိမ်တွင် ထမင်းအတူ စားကြ ချိန်တွင် ထိုပုဂ္ဂိုလ်က “ဘယ်ကနေစကြမလဲ” မေးရာ ကထိကက ဆာလံအခန်းကြီး တစ်ကနေစမယ်ဟု ချက်ချင်း ဖြေလိုက်သည်။ ပြီးမှ ထိုပုဂ္ဂိုလ်က ဓမ္မဟောင်းကျမ်း တစ်ခုလုံးကို ဟေဗြဲဘာသာဖြင့် အလွတ်ရွတ်ဆိုရာ နှစ်နာရီအတွင်း ပြီးသွားသည်။ မေ့လျော့ထစ်ငေါ့ခြင်းမရှိသဖြင့် ကထိကမှာ အလွန်အံ့သြသွားသည်။

ထိုထက် အံ့သြစရာပိုကောင်းသော အချက်မှာ ထိုပုဂ္ဂိုလ်သည် ဘုရားသခင်ကို မယုံကြည်သောသူတစ်ယောက်ဖြစ်ခြင်းပင်ဖြစ်သည်။ ခရစ်ယာန်အများစုထက် သမ္မာ ကျမ်းစာကို ပို၍နားလည်သော ထိုပုဂ္ဂိုလ်သည် မိမိသိသည် အတိုင်း မယုံကြည်၊ အ သက်မရှိသောသူ ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသည်။

ခေါင်းဆောင်တိုင်း တစ်မူထူးခြားသည်

တစ်မူထူးခြားသည်ဟု ဆိုရာ၌ သာမန်လူများ မကောင်းသောသူများနှင့် မတူညီမှုများကို ပြောလိုခြင်းဖြစ်သည်။ တနည်းအားဖြင့် ထိုပုဂ္ဂိုလ်များသည် အမြော် အမြင်ကြီးမားသူများ ဖြစ်ကြသည်။

အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်းတွင် ဆွေမျိုးမိတ်ဆွေများအပြင် လူအများနှင့် မတူညီဘဲ တစ်မူထူးခြားသူ ဖြစ်သည်။ အ များစုက ရုပ်ထုကိုးကွယ်နေချိန်တွင် ၄င်းကမူ အသက်ရှင်သော ဘုရားသခင်ကိုသာ ကိုးကွယ်သည်။ အများစုက ၄င်းတို ကိုးကွယ်မည့် ဘုရားကို ထုဆစ်ချိန်တွင် ၄င်းကမူ ဘုရားသခင်၏ ထုဆစ်မှုကို ခံယူသည်။ ယုံကြည်ခံယူချက် လုံးဝ မတူညီသဖြင့် အပြု အမူ၊ အကျင့်အကြံများလည်း ထပ်တူမကျနိုင်တော့ပေ (မယုံကြည်သူများနှင့် ဆက် ဆံခြင်းတွင် သာယာပျော်မွေ့ပါက မိမိယုံကြည်ခြင်းကို ပြန်လည်သုံးသပ်သင့်သည်)။

ဧည့်ဝတ်ပြုခြင်းတွင်လည်း အာဗြဟံသည် တစ်မူ ထူးခြားသည်။ သောဒုံနှင့် ဂေါမောရ မြိုသားများ စည် ဝတ်ပြုပုံမှာ အဓမ္မကျင့်ရန် ဖြစ်ပြီး (ကမ္ဘာ ၁၉း၄-၅) အာဗြဟံကမူ ဧည့်သည်များ၏ ရှေ့တွင် ဦးညွှတ်၍ အကောင်းဆုံး အစားအစာများကို ပြင်ဆင် ကျွေးမွေး သည် အပြင် သူကိုယ်တိုင်စားပွဲထိုး လုပ်သေးသည်။

အများနှင့် မတူညီခြင်းသည် အလွန်မလွယ် ကူသောအရာ ဖြစ်စေကာမူအာဗြဟံကယုံကြည်ခြင်း ဖြင့် ရင်ဆိုင်ရဲသည်။ သိုဖြစ်၍လည်း ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်နိုင်၍ ဘုရား၏ မျက် နှာသာပေးခြင်းကို ရရှိပြီး အမြတ်ဆုံးသော ခေါင်း ဆောင်တစ်ဦး ဖြစ်လာနိုင်ခြင်းဖြစ်သည်။

 

အာဗြဟံ၏ နောက်ဆုံးခရီး

အာဗြဟံ မကွယ်လွန်မီ ကေတုရနှင့် လက်ထပ်၍ သားသမီးများ ထပ်မံ ထွန်း ၊ ကားသည်။ ဣရှမေလမှ စ၍ မယားငယ်များနှင့် ရရှိသော သားသမီးများကို ကောင်း ၊ ကြီးပေး၍ အမွေများကို ခွဲဝေပေးပြီး အရှေ့ဘက်သို ထွက်သွားခိုင်းသည်။ သိုသော် ဣဇက်ကိုမူ အမွေ အားလုံးပေးလိုက်သည်။

ခရစ်ယာန်(ကမ္ဘာ့လူဦးရေ၏ ၃၁. ၅၉%၊ မူစလင်၂၃. ၂%နှင့် ဂျူးo. ၂%)တိုက အာဗြဟံကို “အဘ” ဟု ခေါ်ဆိုကြသဖြင့် ကမ္ဘာ့လူဦးရေ တစ်ဝက်ကျော်၏ “အဘ” ဖြစ်လာသည်။ ဘုရားသခင်၏ ကတိတော်များသည် ၄င်းအပေါ် ပြည့်စုံသဖြင့် လူမျိုး ကြီးဖြစ် လာရုံသာမက သူ့အားဖြင့် ဝိဘာဉ်ရေးရာနှင့် လောကီရေးရာ၌ ကောင်းချီးမြောက်မြားစွာ ဆက်လက် ခံစားနေကြမည်ဖြစ်သည် (ကမ္ဘာ ၁၂၊ ၁၃၊ ၁၅၊ ၁၅၊ ၂၈။ ရာ ၁၆း၁၅-၁၉၊ တမန် ၃း၂၅၊ ရော ၄း၁၆-၁ရ၊ ဂလာ ၃း၆-၉၊ ၂၉)။

အာဗြဟံအသက် ၁၅ နှစ်အရွယ်တွင် ၄င်း မျှော်လင့်ရာဖြစ်သော ဘုရားသခင် ၏ ကောင်းကင်ရွှေ ပြည်တော်သို ဝင်စားသွားသည် (ဟေဗြဲ ၁၁၈-၁၀)။ စာရာကို မြှုပ်နှံရာဖြစ်သော မညေလအရပ်တွင်ပင် ၄င်းကို မြှုပ်နှံသည်။ ဘုရားသခင်၏ ကတိ ထားရာပြည်၌ ၄င်းအတွက် ကိုယ်ပိုင်နေရာမှာ ထိုနေရာတစ်ခုသာ ဖြစ်သည်။ ထို သင်္ချိုင်းကို သန့်ရှင်းသော နယ်မြေအဖြစ် သတ်မှတ်ခံရပြီး ယနေ့အထိ လေ့လာ သူများ တဖွဲဖွဲသွား ရောက်လျက်ရှိသည်။

(၂) ယောသပ် (Joseph)

ယာကုပ်၌ သား ၁၂ယောက်ရှိသည့်အနက် သူ၏ အချစ်ဆုံးဇနီးဖြစ်သူ ရာခေလနှင့် သား နှစ်ယောက်ထွန်းကားရာ ယောသပ်နှင့် ဗင်ယာမိန်တို ဖြစ်ကြသည်။ အချစ်ဆုံး ရာခေလမှ မွေးဖွားပေးသော သားနှစ်ယောက်ဖြစ်သည်နှင့် အညီ ယာကုပ်သည် ၄င်း တိုနှစ်ယောက်ကို အချစ်ဆုံးဖြစ်သည်။ အဝတ်အစား၊ အစားအသောက်မှ စ၍ အထူး ဆင်မြန်း ကျွေးမွေးသဖြင့် ယောသပ်တွင် ညီအစ်ကိုများ၌ မရှိသော အဆင်း ထူးခြား သည့် ဝတ်စုံတစ်ထည်ကိုပင် ပိုင်ဆိုင်ခွင့်ရရှိသည်။

ဤသို ယောသပ်သည် ဖခင်၏ အချစ်ဆုံးဖြစ်သကဲ့သို ညီအစ်ကိုများ၏ အမုန်းဆုံးလည်း ဖြစ်သည်။ အထူးချစ်ခြင်းနှင့် အထူးမုန်းခြင်းဟူသော ကွဲပြားသည့် ဆက်ဆံမှု အောက်တွင် ကြီးပြင်းလာခဲ့သောကြောင့် ခေါင်းဆောင်ပီပီ အကောင်း နှင့် အဆိုးကို ဆင်ခြင်သုံးသပ်နိုင်သည်။ သားသမီးများနှင့် ညီအစ်ကိုများ အပေါ် တွင်လည်း ဤအစွန်းနှစ်ဖက်ကို မထားရှိသဖြင့် ခေါင်းဆောင်လုပ်သည့် နေရာတွင် ကောင်းမွန်ဖြောင့်မတ်စွာ ခေါင်းဆောင်မှု ပေးနိုင်သည်။

ယောသပ်အသက် ၆နှစ်ခန့်အရွယ်တွင် အဘိုးဖြစ်သူ လာဗန်နေထိုင်ရာ ခါရန် မြိုမှ ကတိထားရာပြည်သို ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုမှ ၁၁နှစ်အကြာ (ယော သပ် ၁ရနှစ်အရွယ်ရှိ) တွင် အစ်ကိုများနှင့် အတူ သိုးဆိတ်များကို ထိန်းရင်း အစ်ကို များ၏ မကောင်းကြောင်းကို ဖခင်ထံသို တိုင်ကြားတတ်သည် (ကမ္ဘာ ၃း၂)။ သူ သည် ငွေ ၂၀ ကျပ်ဖြင့် အစ်ကိုများ၏ ရောင်းစားခြင်းခံရပြီးနောက် အီဂျစ်ပြည်သို ရောက်ရှိကာ ပေါတိဖာ၏ အစေခံအဖြစ်နေခဲ့ရသည်။ ထိုနောက်မတရား စွပ်စွဲခံရပြီး နှစ်နှစ်ထက် မနည်း ထောင်ချခံရသည် (ကမ္ဘာ ၄၁း၁)။ အသက် ၃၂ အရွယ်တွင် အီဂျစ်ပြည်၏ အုပ်ချုပ်သူဖြစ်လာပြီး (ကမ္ဘာ ၄၁၄၆) အသက် ၁၀နှစ် ကွယ်လွန်ချိန် အထိ တာဝန်ထမ်းဆောင်သည် (ကမ္ဘာ ၅၀း၂၂၊ ၂၆)။

သမ္မာကျမ်းစာ၌ ယောသပ်အမည်ပိုင်ရှင် ၅ ယောက်ခန့်ရှိသော်လည်း ယော သပ်ဟူသည့် နာမည်ကိုမူ ၂၂၉ကြိမ်ခန့် (ဓမ္မဟောင်းတွင် ၁၉၅ကြိမ် နှင့် ဓမ္မသစ်တွင် ၃၄ ကြိမ်) တွေ့ရသည်။ ၄င်းတိုအနက် ယခုဖော်ပြသော ယောသပ်၏ နာမည်ကို ၁၉၉ ကြိမ်ခန့် တွေ့နိုင်သည်။ ကမ္ဘာဦးကျမ်း တစ်စောင်ထဲတွင်ပင် ၁၃၆ကြိမ်ပါရှိပြီး ဓမ္မသစ် ကျမ်းတွင်မူ ၈ ကြိမ် တိတိသာ တွေ့ရသည်။

အကောင်းမြင်တတ်ခြင်း

ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ မိမိပကတိ အခြေအနေကို အ ကောင်းမြင်တတ် သူရှားပါးသည်။ မယုံကြည်သူများက အကောင်းမမြင်တတ်လျှင်မူ လက်ခံနိုင်စရာ ရှိသေးသည်။ (မယုံကြည် သူများက ယုံကြည်သူများထက် ပို၍ အကောင်းမြင်နိုင်ကြသည်) ယုံကြည်သူများသည် ကျန်းမာသည့်အချိန်၊ အဆင်ပြေသည့် အချိန်မျိုးတွင် အမှုမဲ့အမှတ်မဲ့ နေတတ်ကြပြီး အခက်အခဲကြုံရသည့် အချိန်တွင်မူအကောင်း မမြင်နိုင်ကြတော့ပေး ဘုရားသခင်၏ကောင်းချီးဖြစ်သည့် ချမ်းသာမှု အမျိုး ၊ မျိုးကိုသာ လိုချင်ကြပြီး ဘုရားသခင်၏ကောင်းချီးပင် ဖြစ်သည့် ခက်ခဲမှုတချိုကိုမူ လက်မခံလိုကြပေ သိုဖြစ်၍ ပကတိအခြေအနေကို အကောင်းမမြင်တတ်သူများ ဖြစ် ကြသည်။

ယောသပ်ကမူ ဘုရားသခင်ထားသည့် နေရာတိုင်းတွင် နေတတ်၍ ပကတိ အခြေအနေကို အကောင်းမြင်တတ်သည်။ သူ့ဖခင်၏ အချစ်ဆုံးသား ဖြစ်ရသည့် အချိန်တွင် အကောင်းမြင်တတ်သလို (ဘာကြောင့် ငါ့ကို ပိုချစ်သလဲဟု စောဒကမတက်ပေ) ညီအစ်ကို များ၏ အထင်လွဲခြင်းခံရသည့် အချိန်တွင်လည်း အ ကောင်းမြင်တတ်သည်။ စင်စစ်သူ၏ ညီအစ်ကိုများ သည် သူ့ဘက်၌ ရပ်တည်ပေးရမည့်သူ၊ သူ့ကို ချစ် ရမည့်သူ၊ သူ့ “ရူပါရုံ” အပေါ် ဝမ်းမြောက် ဂုဏ်ယူရ မည့်သူများ ဖြစ်ကြသည် (ရူပါရုံတစ်ခုခု ရရှိသောအခါ သူတစ်ပါးက ၄င်းတိုအတွက် အကျိုးရှိမည်ဟု မမြင်ပါက ချက်ချင်း ဆန့်ကျင် လာကြမည်)။

ယောသပ်သည် အထင်လွဲခြင်းခံရသည့် အချိန်၊ အီဂျစ်ပြည်သို ရောင်းစား ခံရသည့်အချိန်၊ ပေါတိဖာ၏ အိမ်အုပ်ရာထူးရသည့်အချိန်၊ မတရားစွပ်စွဲခံရ၍ ထောင် ကျသည့်အချိန်တိုတွင်လည်း အကောင်းမြင်နိုင်သည်။ အကောင်းမြင်တတ်သည်ဟု ဆိုရာ၌ လိုအင်ဆန္ဒပြည့်ဝမှ မဟုတ်ဘဲ ကြုံတွေ့ရသည့် အဖြစ်အပျက် တစ်ခုခုကို မပြောင်းလဲနိုင်တော့သည့် အတူတူ အမြင်ကို ပြောင်းလဲပစ်ခြင်း၊ ဘဝကို အရှုးမပေး ဘဲ အရာရာ၌အကောင်း ဆုံးဖြစ်အောင် အသက်ရှင်ခြင်းကို ဆိုလိုသည်။ ကြုံတွေ့ရ သည့် အဖြစ်အပျက်တစ်ခုခုကို ပြောင်းလဲနိုင်စွမ်း မရှိပါက အမြင်ကိုပြောင်းလဲပစ်ရန် လိုသည်။ ယောသပ်သည် သူ၏ ကျွန်ဘဝကို မပြောင်းလဲနိုင်တော့သဖြင့် အမြင်ကို ပြောင်းလဲပြီး အကောင်းဆုံးဖြစ်အောင် အသက်ရှင်သောကြောင့် မျက်နှာသာ ရရှိ သည်။ ပကတိအခြေအနေကို အကောင်းမြင်တတ်မှသာလျှင် ရှေ့တိုးသွားနိုင်ပြီး အောင်မြင်မှုရရှိမည် ဖြစ်သည်။

ကြိုးစားခြင်း

သခင်အတွက် စေတနာထား ကြိုးစားပြီး အလုပ်လုပ်သည့် ကျွန်ဟူ၍ မရှိ သလောက်ပင် ဖြစ်သည်။ အလုပ်လုပ်သည့် အခါတွင်လည်း မလုပ်လျှင် မဖြစ်သည့် ပုံစံဖြင့် စောင့်ကြည့်သူ မရှိပါကမကြိုးစားလိုကြပေ။ စောင့်ကြည့်သူရှိလျှင် ကြိုးစားချင် ယောင်ဆောင်ပြီးကွယ်ရာ၌ အချောင်ခိုတတ်ကြသည်။

ယောသပ်ကမူ ရောက်သည့် နေရာတိုင်း၌ အချောင်မခိုဘဲ စေတနာအပြည့်ဖြင့် ကြိုးစားပြီး အ လုပ်လုပ်သည်။ ငယ်စဉ်ကတည်းကစ၍ ဖခင်၏စကား ကို နားထောင်ပြီး ခိုင်းသမျှကို လုပ်ပေးသည်။ ငယ်စဉ် ကတည်းကစ၍ ဖခင်၏စကားကို နားထောင်ပြီး ခိုင်း သမျှကို လုပ်ပေးသည့်အတွက် သိုးကျောင်းရာသို ထမင်းပိုသွားစဉ် အစ်ကိုများက ဖမ်းဆီး၍ ရောင်းစား ပစ်လိုက်ခြင်း ဖြစ်သည်။

ပေါတိဖာ၏ အိမ်ရောက်သောအခါတွင်လည်း အလုပ်ကြိုးစားသည်။ ငါ့ကို ကျွန်လိုခိုင်းပြီး ညှင်းပန်းတဲ့သူတွေကို ငါဘယ်လို ကလဲ့စားချေမလဲ ဆိုသည့် စိတ်မျိုးသူ့၌ မရှိပေ။ အဆိုးကို အဆိုးနှင့် တုံပြန်ခြင်းမပြုဘဲ အကောင်းနှင့်သာ တုံပြန် သည်။ သိုဖြစ်၍ ပေါတိဖာလည်း တဖြည်းဖြည်း ချမ်းသာလာသည်။ မတရားစွပ်စွဲခံရ ၍ ထောင်ကျသည့် အချိန်တွင်လည်း ဘုရားသခင်၏ အတူပါရှိမှုကို ခံစားပြီး သူ့ အားဖြင့် လူအများ ပျော်ရွှင်ငြိမ်သက်ခြင်း ရရှိကြသည်။

ဆန့်ကျင်ခံရခြင်းကြားထဲမှာပင် အလုပ်မကြိုးစားဘဲနေပါက မိမိတို၏ ပကတိ စွမ်းရည်၊ အတတ်ပညာ နှင့် တန်ဖိုးရှိမှုတိုကို လူအများက တွေ့မြင်သိရှိနိုင်မည် မဟုတ်ချေ။

 

သည်းခံခြင်း

ယောသပ်သည် အိမ်မက် ရူပါရုံရရှိချိန်မှ စ၍ဘုရားသခင်သည် သူနှင့်အတူ ပါရှိပြီး ကောင်းချီးပေးမည် ဖြစ်ကြောင်းကို သိနှင့်ပြီး ဖြစ်သည်။ အစ်ကိုများထက် တော်တော် မတော်တော် ဘုရားသခင်က ထိုရူပါရုံအတိုင်း တကယ်ဖြစ်လာစေမည် ကိုလည်း သိသည်။ သိုဖြစ်၍ ခက်ခဲညှင်းပန်းမှု အမျိုးမျိုးခံရသည့် အချိန်တွင် စိတ် ရှည်စွာ သည်းခံပြီး ရှေ့သိုသာတိုးသွားသည်။

သူ့အနေဖြင့် ငါ့အိပ်မက် ရူပါရုံ ဘယ်တော့များ ပြည့်စုံလာမလဲဟု မျှော်လင့် စောင့်စားနေမည်ဖြစ်သည် (ဒါဝိဒ်သည် ဘိသိက်ခြင်းခံရပြီး ၁ဝနှစ်ကြာပြီးမှသာ ဘုရင် ဖြစ်လာသည်။) ရူပါရုံ မပြည့်စုံခင်ကြားထဲတွင် ရောင်းစားခံရ၍ ထောင်ကျသေးသည်။ ၄င်းကဲ့သို ထောင်ကျသူ ဖလားတော်ဝန်၏ အိပ်မက်ကို အ နက်ပြန်ဆို ပေးပြီး မင်းထံပြန်ရောက်သည့်အခါ မိမိ မတရား စွပ်စွဲခံရခြင်းဖြစ်၍ လွတ်ရာလွတ်ကြောင်း ပေးရန် တောင်းဆိုသော်လည်း ဖလားတော်ဝန်က သတိပင်မရတော့ချေ။

ဖလားတော်ဝန်သည် ရာထူးပြန်ရပြီးနောက် ယောသပ်ကို ကူညီလိုက ကူညီနိုင်မည် ဖြစ်သည်။ မကူညီနိုင်သည့်တိုင် တစ်ခါလောက် လည်ပတ်ကြည့်ရှုသင့်သည်။ ယောသပ်ကလည်း မျှေ,်ကောင်းမျှော်နေမည် ဖြစ်သည်။ သိုသော်လည်း ဖလားတော်ဝန်က သတိ လည်း တော့သဖြင့် ထိုသို မေ့လျော့ခြင်း၏ အတိုင်းအ ဆသည် ယောသပ်အဖို ထောင်ထဲတွင် နှစ်နှစ်ကြာထပ်မံ ညှင်းပန်းခံရခြင်းနှင့် ညီမျှသည်။ မည်မျှပင် နာကြည်းခံ ပြင်းစရာ ကောင်းနေပါစေ ယောသပ်က သည်းခံသည်။ ဘုရားသခင်ကို ကိုးစား၍ ဘုရားသခင်၏ အချိန်ကို စောင့်စားရင်း လုပ်စရာများကို ကြိုးစားလုပ်ဆောင်သည်။ ထိုသို မေတ္တာတရားနှင့် စိတ်ရှည်စွာ သည်းခံ စောင့်စားသဖြင့် အချိန်ကာလရောက် သောအခါ မည်သူမျှ တားဆီးမနာလို၍ မရသည့်အထိ မြှင့်တင်ချီး မြှောက်ခြင်း ခံရပြီး အီဂျစ်နိုင်ငံ အုပ်ချုပ်သူ ဖြစ်လာသည်။

သန့်ရှင်းစင်ကြယ်ခြင်း

ယောသပ်သည် ငယ်ရွယ်နုပျိုသူ ဖြစ်သော်လည်း ဘုရားမကြိုက်သည် အရာ များကို ငြင်းပယ်၍ စိတ်နှလုံးနှင့် ကိုယ်ခန္ဓာကို သန့်ရှင်းစင်ကြယ်စေပြီး ဘုရားကို ဦး ထိပ်ထားပြီး ရှေ့သိုသာလှမ်းသည်။ ပေါတိဖာ၏ မယားက မြူဆွယ်သောအခါ ချက် ချင်း ထွက်ပြေးလေ့ရှိသည်။ တနေ့တွင်မူ သူ့အင်္ကျီကို ပင် လှမ်းဆွဲ၍ အတင်းအဓမ္မမြူဆွယ်ရာ ငြင်းပယ်၍ မရတော့သည့် အခြေအနေဖြစ်သည့်တိုင် ယောသပ် သည် ကိုယ်လွတ်ရုန်း၍ ထွက်ပြေးလွတ်မြောက်သည် (ကမ္ဘာ ၃၉း၁၀-၂၁)။ဘုရားသခင် မကြိုက်သောအရာ တစ်ခုခုလုပ်ဆောင်ရင်း တဒင်္ဂပျော်ရွှင်မှုရသည်ထက် ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသောအရာ တစ်ခုခု လုပ်ဆောင်ရင်း အခက်အခဲကြုံရခြင်းက ပို ကောင်းသည်ဟု ယူဆသူ ဖြစ်သည်။

စုံစမ်းသွေးဆောင်ခြင်းကို အောင်မြင်နိုင်ရန် ယေဘုယျအားဖြင့် နည်းလမ်း နှစ်ခုရှိသည်။ (၁)စာတန်နှင့် သူ၏ အမှုရှိသမျှတိုကို တားဆီးငြင်းပယ်ပြီး (ယာ ၄းရ၊ ၁ပေ ၅း၉)၊ (၂) ဖိုမဆိုင်ရာမတရားသောမေထုန်ကို ရှောင်ကြဉ်ရမည်ဖြစ်သည် (၁ကော ၆း၁၈၊ ၂တိ ၂း၂၂)။ စုံစမ်းသွေးဆောင်မှု ဝင်လာပါက ငြင်းပယ်လျှင် ၄င်းသည် ထွက် ပြေးမည် ဖြစ်ပြီး အကယ်၍ မထွက်သွားလျှင် မိမိထွက်ပြေးရန် လိုသည်။ အတင်းငြင်း ပယ်ရမည့် အချိန်ရှိသလို ထွက်ပြေးရမည့်အချိန်လည်း ရှိမည်ဖြစ်သည်။ အထူးသဖြင့် ဖိုနှင့်မ ဆိုင်ရာ စုံစမ်းခြင်းဝင်လာပါက ငြင်းပယ်ခြင်းထက် ထွက်ပြေးခြင်းက သာ၍ ကောင်းသည်။

ယောသပ်ခံရသော စုံစမ်းခြင်းသည်လည်း မထွက်ပြေးလျှင် မဖြစ်သည့် စုံစမ်း ခြင်းမျိုးဖြစ်သည်။ သူသည် အခွင့်အရေးရသော်လည်း ဖြောင့်မတ်စွာ အသက်ရှင် သည်။ မည်သူမျှ မမြင်သည့်တိုင် ဘုရားသခင်သည် သူနှင့်အတူပါရှိကြောင်းကို သိ သဖြင့် ဘုရားသခင်နှင့် လူတို ရှေ့တွင် ကိုယ်ကျင့်တရားကို စောင့်ထိန်း၍ သန့်ရှင်းစင် ကြယ်စွာ အသက်ရှင်သည်။

အမေရိကန်နိုင်ငံတွင် ပျမ်းမျှအားဖြင့် မိန်းမများသည် အသက် ၁၅ နှစ် အရွယ်တွင် အပျိုရည်ပျက်၍၊ ယောကျာ်းများသည် အသက်၁၈ နှစ် မတိုင်ခင် လူပျို ရည်ပျက်သည်။ အမျိုးသမီးများ၏ ၉၅% သည် အသက် ၃၂နှစ် မတိုင်ခင် အပျိုမစစ် တော့ဘဲ အမျိုးသားများ ၉၅% သည် အသက် ၂၅ နှစ် မတိုင်ခင် လူပျို မစစ်တော့ပေ။ သိုဖြစ်၍ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် ကြည့်လျှင် အမေရိကန် ပြည်သူများသည် ဖိုမ ဆက်ဆံရေးကို အစောဆုံး (အသက် ၁၆နှစ် နှင့် ၄ လ) ပြုလုပ်ပြီး၊ မလေးရှား ပြည်သူများသည် အစောင့်ထိန်းနိုင် (အသက် ၂၃နှစ်) ဖြစ်သည်။ ဤ စာရင်းတွင် လက်ထပ်ပြီးသား သူများလည်း ပါဝင်သည်။ သိုဖြစ်ရာ ဖိုမဆိုင်ရာ ညစ်ညမ်းမှုနှင့် ပြည့်သော ကမ္ဘာကြီးထဲတွင် ခရစ်ယာန်လူငယ်များ အနာဂတ်၏ ခေါင်းဆောင်များ အသက်ရှင် နေထိုင်ခြင်းဖြစ်ကြသဖြင့် ကိုယ်ကျင့်တရားကောင်းမွန်အောင် သတိပြု နေထိုင်ရမည် ဖြစ်ပါသည်။ ဆုတောင်းရင်း သမ္မာတရားနှင့် အသက်မရှင်ပါက ဖိုမ ညစ်ညမ်းမှုက အနိုင်ယူမည် ဖြစ်သည်။ “လူပျိုသည် မိမိသွားသောလမ်းကို အ ဘယ်သို သန့်ရှင်းစေနိုင်ပါမည်နည်း ဟူမူကား နှုတ်ကပတ်တော်အတိုင်း သတိပြုရ မည်” (ဆာလံ ၁၁၉း၉)။

 နှိမ့်ချခြင်း ၊

ခေါင်းဆောင်ကောင်းများ၏ အသက်တာ၌ မြင်တွေ့ရလေ့ရှိသော အရာတစ်ခု မှာ ဂုဏ်ပြုခြင်း အလုံးစုံကို ဘုရားသခင်အား ပေးလိုက်ခြင်းပင် ဖြစ်သည်။ ဖါရော ဘုရင်က ယောသပ်ကို ထောင်ထဲမှ ခေါ်ဆောင်၍ “သင်သည် အိပ်မက်ကို နားလည် သော ဉာဏ်နှင့် အနက်ဖော်နိုင်သည်ကို ငါကြားရပြီ” ဟု ပြောရာ ယောသပ်က ကျွန် တော်သည် ကိုယ်အလိုအလျှောက် မတတ်နိုင်ပါ။ ဘုရားသခင်သည် မင်္ဂလာအဖြေ စကားကို ဖါရော ဘုရင်အားပေးတော်မူပါစေသောဟု ပြန်ဖြေသည် (ကမ္ဘာ ၄၁း၁၅ -၁၆)။ ယောသပ်သည် ချီးမွမ်း ဂုဏ်ပြုခြင်းကို မခံယူဘဲ ဘုရားသခင်အား ပေးအပ် လိုက်ခြင်းဖြင့် သူ၏ နှိမ့်ချခြင်းကို မြင်တွေ့နိုင်သည်။

စီမံတတ်ခြင်း

ယောသပ်က အီဂျစ်နိုင်ငံ ရနှစ် အစာရေစာပေါကြွယ်ပြီး ရနှစ် အစာခေါင်းပါး မှု ကြုံရမည့်အကြောင်း လျှောက်တင်သောအခါ ဖါရောက ယောသပ်၏ ဉာဏ် ပညာ အမြော်အမြင်ကြီးမှုကို မြင်တွေ့ပြီး အီဂျစ်ပြည်၏ ဒုတိယ အကြီးအကဲ အဖြစ် ခန့်အပ်လိုက်သည်။

ထိုအခါ ယောသပ်က အီဂျစ်ပြည်မြိုကြီးများ၌ စပါးကျီ တည်ဆောက်ပြီး စပါးများကို ချက်ချင်း သို လှောင်စေသည်။ အီဂျီပြည်သူအားလုံးဆာငတ်ခေါင်း ပါးသည့် ရနှစ် ကာလအတွင်းတွင် ဆန်ရေစပါး ပြတ် လပ်ခြင်း မရှိရန် ထိုသို စီမံလုပ်ဆောင်ခြင်းဖြစ်သည်။ သိုဖြစ်၍ ယောသပ်၏ စီမံတတ်မှုကြောင့် အီဂျစ်နှင့် အခြား ပြည်ပနိုင်ငံများကပါ အကျိုးခံစားရသည်။

အသွေးခံနိုင်ခြင်း

အကြိမ်ကြိမ် အသွေးခံသော်လည်း “မထက်” နိုင်သော လူတစ်ချိုရှိသည်။ သူတိုသာ အတော်ဆုံး အတတ်ဆုံးဟု ထင်နေပြီး ဆုံးမစကားနှင့် အကြံကောင်း ဉာဏ်ကောင်းများကို မခံယူတတ်ကြသဖြင့် မောရုံသာ အဖတ်တင်သည်။

ယောသပ်သည် အသွေးခံနိုင်သော သူတစ် ယောက် ဖြစ်သည်။ စကားနားထောင်ပြီး နှိမ့်ချသည်။ ဘုရားသခင်က သူ၏ အသက်တာ၌ “တွင်းနက်” တစ်ချိုအားဖြင့် သူ့ကို သွေးလိုက်သည်။ အစ်ကိုများ ၏မုန်းတီးမှုခံရခြင်းသည် သူ့အတွက် တွင်းနက် တစ်ခု ဖြစ်သည့်အပြင် တကယ့်တွင်းနက်ထဲတွင်လည်း အချ ခံလိုက်ရသေးသည်။ ထိုတွင်းမှ လွတ်မြောက်လာ သောအခါတွင်လည်း ရောင်းစားခြင်း ခံခဲ့ရပြန်သည်။ ပေါတိဖာ၏ အိမ်ရောက်သောအခါတွင်လည်း မ တရား စွပ်စွဲခံရပြီး ထောင်ကျပြန်သည်။ ထိုသိုတွင်း နက်တစ်ခုပြီး တစ်ခုကြုံရသော် လည်း စိတ်ဓါတ်ကျစရာ အဖြစ်မမြင်ဘဲ အသွေးခံရခြင်းအဖြစ် သဘောထားသည်။

အိမ်၌ နေစဉ်တွင် ဖခင်၏ စကားကို နားထောင်ပြီး အလုပ်ကြိုးစားသကဲ့သို ပေါတိဖာ၏ အိမ်တွင်လည်း စကားနားထောင်ပြီး သစ္စာရှိစွာအလုပ်လုပ်သဖြင့် ခေါင်း ဆောင်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ဤသိုဖြင့် ဘုရားသခင်က သူ့ကို တစ်ဆင့်ပြီး တစ်ဆင့် သွေးလိုက်သည်။ သိုသော်လည်း အီဂျစ်ပြည်၏ အုပ်ချုပ်သူတစ်ယောက် ဖြစ်ရန် မထက်မြက်သေးသဖြင့် ပေါတိဖာ၏ အိမ်မှ ထောင်ထဲသို ဘုရားသခင်က ထပ်သွေးလိုက်သည်။ ထိုသိုသောအားဖြင့် ယောသပ်သည် တဖြည်းဖြည်း ထက်မြက် ရင့်ကျက်လာရာ အချိန်စေ့သောအခါ အီဂျစ်ပြည် အုပ်ချုပ်သူအဖြစ် ဘုရားသခင် က ခန့်အပ်လိုက်သည်။

အသွေးခံသလောက် ထက်မြက်သူဖြစ်သဖြင့် အဆုံးတွင် အီဂျစ်ပြည်၌ အ ထက်ဆုံးသူ ဖြစ်လာသည်။ သူ၏ အိမ်နှင့် ပေါတိဖာ၏ အိမ်တို အပြင် သူ၏အိမ်နှင့် ပေါတိဖာ၏ အိမ်တိုမှာသာမက ရောက်သည့် နေရာတိုင်း၌ သစ္စာရှိသူ ဖြစ်သည်။ သိုးကျောင်းသည့် နေရာတွင်ပင် သစ္စာရှိသော ဒါဝိဒ်ကို ဣသရေလလူ မျိုးများ၏ ခေါင်းဆောင်အဖြစ် ဘုရားသခင် ခန့်အပ်သည်။ ဘုရားသခင်သည် သေးငယ်သော အမှု၌ သစ္စာရှိသောသူကို ကြီးမားသော အမှုဆောင်ရွက်ရန် ယုံကြည်စိတ်ချသည်။ မြက်ပင်ခုတ်ဖိုအတွက်ပင် မထက်သော ဓါးကို ကျွန်းပင်ကြီး ခုတ်ဖိုအတွက် အသုံးပြု မည် မဟုတ်ပေ။

အပြစ် ခွင့်လွှတ်ခြင်း

“သင်တို၏ ရန်သူတိုကို ချစ်ကြလော့။ သင်တိုကို ကျိန်ဆဲသော သူတို အား မေတ္တာပိုကြလော့။ သင်တိုကို မုန်းသော သူတိုအား ကျေးဇူးပြုကြလော့။ သင် တိုကို နှောင့်ယှက် ညှင်းဆဲသော သူတိုအဘို ဘုရား သခင်ကို ဆုတောင်းကြလော့” (မဿဲ ၅း၄၄ ယော သပ်သည် အစားအစာ ဝယ်ယူရန် ရောက်ရှိလာသော လူများကြားထဲတွင် သူ၏ အစ်ကိုများကို မြင်တွေ့ သည်။ တစ်ချိန်က သူ့ကို တွင်းနက်ထဲချသူများ၊ လှောင်ပြောင်သူများ၊ ရောင်းစားသူများ ဖြစ်သဖြင့် ၄င်း၏ စိတ်ထဲတွင် အတွေးအမျိုးမျိုး ဝင်လာမည် ဖြစ်သည်။

အစတွင် သူ့ကိုသူ မည်သူမည်ဝါဖြစ်ကြောင်း ထုတ်မပြောသော်လည်း ကြာ လာသောအခါ မချုပ်တည်းနိုင်တော့ဘဲ ငိုကြီးချက်မဖြင့် “ကျွန်ုပ်သည် ယောသပ် ဖြစ်၏။ … သင်တိုသည် ကျွန်ုပ်ကို ဤအရပ်သို ရောင်းလိုက်မိသောကြောင့် စိတ် မညှိးငယ်ကြနှင့်။ ကိုယ်ကို အမျက်မထွက်ကြနှင့်။ အကြောင်းမူကား ဘုရားသခင် သည် လူတိုအသက်ကို စောင့်မစေခြင်းငှါ သင်တိုရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော် မူပြီ” (ကမ္ဘာ ၄၅း၃-၅)ဟု ပြောလိုက်သည်။ ယောသပ်သည် သူ၏ အစ်ကိုများ အပေါ် နာကြည်းစိတ်၊ လက်တုံပြန်လိုသည့်စိတ် လုံးဝမရှိဘဲ အပြစ်ကို ခွင့်လွှတ်၍ ကောင်း မွန်စွာ ဧည့်ခံကျွေးမွေးသည်။

စင်စစ်တွင်မူ ယောသပ်သည် သူ၏အစ်ကို များနှင့် မတွေ့ဆုံမိမှာပင် ၄င်းတို၏ အပြစ်များကို ခွင့်လွှတ်၍ မေ့ပစ်နှင့် ပြီးသားဖြစ်သည်။ လာရောက် တောင်းပန်မှသာ ခွင့်လွှတ်ခြင်း မဟုတ်ချေ။ ၄င်းခွင့် လွှတ် မေ့ပစ်ခြင်းကို “Manasseh” အားဖြင့် တွေ့ရှိ နိုင်သည်။ Manasseh၏အဓိပ္ပါယ်မှာ“မေ့ပစ်ခြင်း” ဖြစ်သည်။

Carrie ten Boom ဆိုသူ၏ ညီအစ်မ Betsie သည် ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီတို၏ လက်ချက်ဖြင့် သေဆုံးသည်။ ရိုးရိုး အသတ်ခံခြင်း မဟုတ်ဘဲ နာဇီ ဂျာမဏီတို၏ နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းသည့် စခန်းဖြစ်သည့် Ravensbruck စခန်း သို ပိုဆောင်ခြင်း ခံရသူများဖြစ်သဖြင့် ညှင်းပန်းနှိပ်စက်မှု အမျိုးမျိုး ခံရပြီးနောက် သေဆုံးရခြင်းဖြစ်သည်။ ထိုစခန်း၏ တံခါးစောင့်သည် အလွန်အပေါက်ဆိုးသဖြင့် Carrie ten Boom ၏ မျက်စိထဲတွင် ဖျောက်ဖျက်၍ မရချေ။ မျက်စိထဲတွင် မြင် ယောင်မိတိုင်း ဒေါသထွက်သည်။

နှစ်ပေါင်း အတန်ကြာလာပြီးနောက် တစ်နေ့တွင် Carrie ten Boomသည် တရားပွဲ ကျင်းပ၍ ခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့်ကရုဏာတော် အကြောင်းကို ဟောပြောသည်။ တရားဟောနေစဉ် ယောသပ်က အစားအစာဝယ်ယူသည့် လူထု ကြားထဲမှ သူ၏ အစ်ကိုများကို မြင်တွေ့သကဲ့သိုပင် Carrie Boom ကလည်း ထို တံခါးစောင့်ကို ပရိတ်သတ်များကြားတွင် မမျှော်လင့်ဘဲ မြင်တွေ့လိုက်သည်။ ထိုအခါ ဒေါသထွက်လွန်းသဖြင့် တရားဟောချက်ကိုပင် စဉ်းစားမရတော့သည်အထိ ဖြစ်လာသည်။

ဟောနေသည်က ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကရုဏာတော် အကြောင်း၊ မြင်လိုက်ရ သည်က အမုန်းဆုံးဖြစ်သူ တံခါးစောင့်။ နောက်ဆုံးတွင် Corrie Boom သည် ထိုသူထံသွား၍ အပြစ်အားလုံးခွင့်လွှတ်သည်ဟု ပြောဆိုပြီး နောက် ယေရှုခရစ်တော်၏မေတ္တာအားဖြင့် အပြစ်ခွင့်လွှတ်သဖြင့် Corrie ten Boom သည် အအောင်မြင်ဆုံးနှင့် အကောင်းဆုံး အမျိုးသမီး ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။

သူသည် နိုင်ငံပေါင်း ၆၀ ကျော်၌ ဝမ်းမြောက်ဖွယ် သတင်းကောင်းကို လှည် လည် ဟောပြောရာ သူမကြုံဖူးသည် အကောင်းနှင့်အဆိုး ဟူ၍ မရှိသလောက်ပင် ဖြစ်သည်။ ညီအစ်မဖြစ်သူ Betsie မဆုံးခင်က သူ့ကို “အသက်တာထဲက အတွေ့ အကြုံ အားလုံးကို ဒီထောင်ထဲမှာရော အပြင်ရောက်တဲ့ အချိန်မှာပါ အသုံးပြုဖို ဖြစ်တယ်” ဟုပြောဆိုဖူးသည်။ သူသည် ကျမ်းစာကိုအမြဲတမ်းဖတ်ရှုပြီးလိုက်လျှောက် အသက်ရှင်သော မိန်းမကောင်းတစ်ဦး ဖြစ်သည်။ ၁၈၉၂ ခုနှစ်တွင် မွေးဖွား၍ ၁၉၈၃ ခုနှစ်တွင် ကွယ်လွန်သည်။ သူ၏ အုတ်ဂူပေါ်တွင် “အောင်မြင်သော ယေရှု” ဟု ရေးထွင်းထားသည်။

(၃) မာရှေ (Moses)

မောရှေ၏ နာမည်ကို ဓမ္မဟောင်းတွင် ရ၄၀ကြိမ်နှင့် ဓမ္မသစ်တွင် ရ၈ကြိမ် တွေ့ရ သည်။ အစ္စရေးသမိုင်း၌ အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံး ခေါင်းဆောင် တစ်ဦး ၊ အဖြစ် မှတ်တမ်းတင်ထားသည့်အပြင် လူ့သမိုင်းတစ်လျှောက် အနှိမ့်ချဆုံးနှင့် စိတ် အရှည်ဆုံးသူအဖြစ် သတ်မှတ်ခြင်းခံရသည်။ ဒုက္ခသည် အများဆုံး၏ ခေါင်းဆောင် ဖြစ်သလို ထိုသို ခေါင်းဆောင်လုပ်ဖူးသူများအနက် ဒုက္ခသည်များအပေါ် မေတ္တာ အထားနိုင်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်သည်။ ပရောဖက်များအနက် အကြီးဆုံး တစ်ဦးဖြစ် ပြီး အစ္စရေးသမိုင်းတွင် လူသိအများဆုံးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။

ဘုရားသခင်က မောရှေအားဖြင့် ဖွင့်ပြသော ကမ္ဘာဦးကျမ်းမှ တရားဟောရာ ကျမ်း (စုစုပေါင်း ၅ပုဒ်) အထိနှင့် သိနာတောင်မှ ယူဆောင်လာသော ပညတ်တော် ဆယ်ပါး (၆၁၃မျိုးဖြင့် ဖြာထွက်ဆင့်ပွား) တိုကို အခြေခံ၍ ဂျူးဘာသာ၊ အစ္စလာမ် ဘာသာနှင့် ခရစ်ယာန်ဘာသာတို ပေါ်ပေါက်လာသည်။ သိုဖြစ်၍ မောရှေသည် ၄င်း ဘာသာတိုအတွက် အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ထိုသို ကြီးမြတ်သော ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်လာနိုင်ရခြင်း၏ အ ကြောင်းရင်းကို လေ့လာကြည့်သောအခါ ခွန်အားရစရာ အလွန်ကောင်းသော အချက် တချိုကို တွေ့ရှိနိုင်သည်။ မောရှေ့၌ သာမန်လူ ကဲ့သိုပင် အားသာချက်နှင့် အားနည်း ချက်၊ တော်ချက်နှင့် ညံ့ချက်၊ ပြည်စုံချက်နှင့် ချိုယွင်းချက် မြောက်မြားစွာ ရှိသည်။ ၄င်းတိုအနက် သူ၏အားသာချက်များကို ဖော်ပြပြီး နောက်မှ သူ၏ အားနည်းချက် များကို ဆက်လက်ဖော်ပြပါမည်။

မောရှေ၏ အားသာချက်များ

ခေါင်းဆောင်မူပညာ ဟူသည် မွေးရာပါ မဟုတ်ဘဲ သင်ယူရာသည် ဆိုသည့် အတိုင်း မောရှေ့၌ မွေးရာပါ မဟုတ်သောခေါင်းဆောင်မှုပညာ (အားသာချက်) တချို ရှိသည်။ ထိုပညာကို မည်ကဲ့သိုရရှိပြီး မိမိတိုလည်း မည်ကဲ့သိုရရှိ နိုင်ပုံကို လေ့လာ ကြပါစို။

အလုပ်မအားသော မောရှေ

ဘုရားသခင်သည် အမှုတော်မြတ်အတွက် လူရွေးချယ်သောအခါ အလုပ် မအားသောသူများကိုသာ ရွေးချယ်လေ့ရှိသည်။ အလုပ်မအားရုံသာမကဘဲ လုပ် ဆောင်လေရာ၌ သစ္စာရှိစွာ အလုပ်ကြိုးစားသောသူ ကိုသာ အဓိကထား၍ ရွေးချယ်သည်။ အကြောင်းမှာ သေးငယ်သောအမှု၌သစ္စာရှိသောသူသည်ကြီးသော အမှု၌လည်း သစ္စာရှိမည် ဖြစ်သည် (လု ၁၆း၁၁)။

ဘုရားသခင်က မောရှေကို ခေါ်သောအချိန် တွင် သူသည် သိုးကျောင်းရင်း အလုပ်များနေ ချိန်ဖြစ် သည်။ စပါးနယ်နေသောဂိဒုန်၊ နွား ၁၂ ရှဉ်းဖြင့် လယ် ၊ ထွန်နေသော ဧလိရှဲ၊ သိုးကျောင်း နေသော ဒါဝိဒ်တို အပြင် တမန်တော်များကိုလည်း ငါးများ၊ ပိုက်ကွန် ဆေး၊ အခွန်ကောက်နေစဉ်များတွင် ခေါ်ခဲ့ခြင်း ဖြစ်သည်။ ပေါလုဆို လျှင်လည်း ခရစ် ၊ ယာန်များကို နှိပ်စက်ခြင်းဖြင့် အလုပ်များ နေစဉ် ခေါ်ခဲ့သည်။

ဘုရားသခင် ခေါ်မှပဲ အလုပ်စလုပ်မည်ဟု မပြောမိပါစေနှင့်။ ခေါင်းဆောင်ဖြစ်မည့် အချိန်ကို စောင့်စားနေရင်းနှင့် အချိန်မကုန်မိပါစေနှင့်။ ဘုရား သခင် ခေါ်မည့်အချိန်ကို စောင့်နေမိပါက တစ်သက် လုံး စောင့်ကောင်း စောင့်မိပါလိမ့်မည်။ ဒီလိုဖြစ်မှ၊ ဒီဥစ္စာရရှိမှ အလုပ်လုပ်မည်ဟု ဆင်ခြင်ပြီး မနေပါနှင့်။ ဘုရားသခင်က ပညာရှိများ အရှက်ရစေရန် မိုက်မ သောသူ၊ အစွမ်းသတ္တိ ရှိသူများ အရှက်ရစေရန် အား နည်းသောသူ၊ သူ၏ဘုန်း ထင်ရှားစေရန် လူရာမဝင်သောသူ စသည်တိုကို အသုံးပြုသည် (၁ကော ၁း၂၅-၂၈)။ ထိုသို ပညာမရှိသူ၊ ဆင်းရဲသူ၊ မိဘမဲ့သူ အမြောက်အမြားကို အသုံးပြုတတ်သော်လည်း ပျင်းရိသော သူကိုမူ အများအားဖြင့် အသုံးပြုလေ့မရှိပေ။ သိုဖြစ်၍ အလုပ်မအားသော သူများကို သာ ဘုရားသခင်က အသုံးပြုလိုကြောင်း အမြဲတမ်းသတိရဖို အရေးကြီးသည်။

အကင်းပါသော မောရှေ

မောရှေသည် အီဂျစ်ပြည်၌ ကျွန်ခံနေရသော အစ္စရေးလူမျိုးကို ခေါ်ဆောင်ရန် နှင့် ကတိထားရာပြည်သို ပိုဆောင်ပေးရန်အတွက် မိချန်ပြည်မှ မိသားစုလိုက် ထွက် ခွာလာကြသည်။ အာရုန်သည် ဘုရားသခင် စေခိုင်း သည့် မောရှေကို ကြိုဆို၍ နမ်းလိုက်သည်။ မောရှေ ကလည်း မိမိကိုစေလွှတ်သော ဘုရားသခင်၏ စကား တော်နှင့် မှာထားတော်မူသမျှသော နိမိတ်သက်သေ များ အကြောင်းကို ပြောပြရန် တိုင်ပင် ဆွေးနွေးကြ သည်။

မောရှေသည် ဘုရားသခင် စေခိုင်းသော အမှု ကို စတင်လုပ်သည့်အချိန်တွင် သူ့ဘက်မှ မားမား မတ်မတ်ရပ်တည်ပေးမည့် ညီနောင် အာရှန်အား ပထမဆုံး တွေ့ဆုံပြီး (ထွက် ၄၂၃-၂၈) တိုမှ ယုဒ ခေါင်းဆောင်များ၏ သဘောတူညီချက်နှင့် ပံ့ပိုးမှုများကို ဦးစွာရယူလိုက်ခြင်း ဖြစ် သည်။ နေဟမိလည်း ထိုနည်း၎င်းပင် ဖြစ်သည်။ ယေရုဆလင်မြိုရိုး ပြန်လည် တည်ဆောက်မည့်အချိန်တွင် ဦးစွာဆုတောင်းပြီး ဘုရင်ထံလျှောက်တင်ပြီးမှ ခေါင်း ဆောင်များကို စည်းရုံးသည်။ တစ်ယောက်တည်းအားဖြင့် မအောင်မြင်နိုင်သဖြင့် ကူညီရပ်တည်ပေးနိုင်မည့် သူများကို အကင်းပါးစွာ စည်းရုံးတတ်ရန် အရေးကြီး သည်။

တောင်းဆိုရဲသော မောရှေ

တောင်းဆိုရဲပါက တောင်းဆိုသည့် အရာကို မရရှိသည့်တိုင် မည်ကဲ့သို ရရှိ နိုင်မည် ဟူသည့် အသိပညာ တိုးပွားနိုင်သည်။ မောရှေက ဖာရောဘုရင်ထံ အစ္စရေးလူမျိုးများ လွတ်မြောက်ရေးအတွက် တောင်းဆိုရာ၌ စိတ်ပူပန်မှုကြီးစွာဖြင့် တောင်၊ ဆိုခြင်း ဖြစ်နိုင်သည်။ ဘုရားသခင်၏ အတူပါရှိမှုကို သိနေသည့်တိုင် အီဂျစ်တို၏ ရက်စက်ပြောမှုကိုလည်း သိနေမည် ဖြစ်သည်။ အခန့်မသင့်ပါက ချက်ချင်း အသတ်ခံ ရသည် နေရာ ဖြစ်သဖြင့် ကျွန်အားလုံး လွတ်မြောက်စေရေး တောင်းဆိုခြင်းသည် အလွန် သတ္တိရှိသော လုပ်ရပ်ပင်ဖြစ်သည်။

ထိုအပြင် မောရှေက ရှင်းလင်းတိကျစွာ တောင်းဆိုတတ်သည်။ အစ္စရေးလူမျိုး များ လွတ်မြောက်ရန်၊ တောထဲတွင် ခရီးသုံးရက် သွား၍ ဘုရားသခင်အား ပူဇော်ရန် (ထွက် ၅း ၃-၄) ဟူ၍ ဖြစ်သည်။ တောင်းဆိုရဲသည့် တိုင် ရှင်းလင်းတိကျစွာ မတောင်းတတ်သောသူနှင့် မည်သည့် အရာကို တောင်းဆိုရမှန်း မသိသောသူ ၊ လည်း ရှိတတ်သည်။ မောရှေကမူ တောင်းဆိုရဲသလောက် တောင်းဆိုသည့်အရာကိုလည်း တိကျရှင်း လင်းစေသည်။

တောင်းဆိုရဲခြင်း၏ အကျိုးရှိပုံကို သိနေသော Edgar Brontman Sr. ဆိုသူက ဒုတိယ ကမ္ဘာစစ် အတွင်း အသတ်ခံရသော ဂျူးလူမျိုး ချားလ်ဆွစ် ဇလန်ဘဏ်တွင် စုဆောင်းထားသည့် ငွေများကို ပြန် လည်ထုတ် ယူပေးနိုင်ရန် ကြိုးစားလာသည်။ အဖွဲ အစည်း တချိုကလည်း သူ့ကို ကူညီကြသည်။

ထိုသို Brontman ဦးဆောင်၍ ဆွစ်ဇလန်ဘဏ်တွင် စုဆောင်းထားသော ဂျူးလူမျိုးများ၏ ဘဏ်စာရင်းကို စုံစမ်းသောအခါ ဒေါ်လာ ၃၂,ဝဝဝ,ဝဝဝ ပိုင်ဆိုင် သူ လူပေါင်း ရရ၅ယောက် ခန့် ရှိကြောင်း သိရှိလာကြသည်။ ဤသို နာဇီ (ဟစ်တ လာ၏ အဖွဲ) တို၏ လက်ချက်ဖြင့် သေဆုံးကြသော ဂျူးလူမျိုးများ၏ စုဆောင်း ငွေများကို အသက်ရှင်ကျန်ရစ်သော ဂျူးလူမျိုးများ၏ လက်ထဲသို ပြန်လည်ရောက် နိုင်ရန် ကြိုးစားတောင်းဆိုလာကြရာ ၁၉၉၅ခုနှစ် ရောက်သောအခါတွင်မူ ဆွစ်ဇလန် ဘဏ်က ဒေါ်လာ ၆,၂၀၀,၀၀၀,၀၀၀ ပြန်လည်ထုတ်ပေးသည့်အပြင် အထွေထွေ အသုံးစရိတ်အဖြစ် ဒေါ်လာ ၂၅ဝ,ဝဝဝ,ဝဝဝ ပါ ထုတ်ယူခွင့်ပြုလိုက်သည်။

တောင်းဆိုရဲပါက ပေးမည့်သူက ကျေနပ်စွာ သိုမဟုတ် စိတ်ဆိုးစွာဖြင့် ပေး မည်သာ ဖြစ်ပြီး အကယ်၍ မရရှိလျှင်လည်း မကောင်းဆိုဘဲနေခြင်းထက် အကျိုး တစ်ခုခုရရှိနေမည်သာဖြစ်သည်။ “တောင်းကြလော့။ တောင်းလျှင်ရမည်” (သဲ) ဟူသည့် နှုတ်ကပတ်တော်သည် အမိန့်တစ်ခု ဖြစ်သည်ကို မမေ့ကြပါစို့နှင့်။

သစ္စာရှိသော မောရှေ

သမ္မာကျမ်းစာက မောရှေ၏ သစ္စာရှိပုံကို ““ဘုရားသခင်၏ အိမ်တော်တော် လုံး၌ အစေခံကဲ့သို သစ္စာစောင့်သည်” (ဟေဗြဲ ၃း၂၊၅ ) ဟုဖော်ပြသည်။ သူ သည် ဘုရားသခင်၏ အိမ်တော် တစ်ခုလုံး၌ မည်သည့် နည်းဖြင့် ရှိသူ တစ်ဦး ဖြစ်လာနိုင်သနည်းဆိုလျှင် ဘုရားသခင်၏ လူများအား ခေါင်းဆောင်မှုက ၌ သစ္စာရှိသောကြောင့် ဖြစ်သည် (တော ၁၂း၇)။

ဤအစေခံ (therapon) ဟူသည့် စကားလုံးကို သင်ကျမ်း၌ တစ်ကြိမ် သာ တွေ့ပြီး အစေခံမောရှေအား ရည်ညွှန်းရာ၌ အသုံးပြုလေ့ရှိသည် (ထွက် ၁၄း ၃၁ ကော ၁၁း၁၁၊ တရား ၁၂း၄ ယောရှု )။ သိုဖြစ်၍ “အ” ဟူသည် ဆိုလိုခြင်း မဟုတ်ဘဲ သူကောင်းပြုခြင်းတစ်ခုဖြစ်၍ ယုံကြည်စိတ်ချသော သူများ သာလျှင် ဤဘွဲထူးကိုရှိကြသည်။

မောရှေ သည် ဘုရားသခင်၏ အိမ်တော်၌ ယုံကြည်စိတ်ချသောသူနှင့် သစ္စာ ရှိသောသူ ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ ဘုရားသခင်၏ အမြင်၌လည်း ယုံကြည် စိတ်ချရသည့်သူ ဖြစ်ရုံမျှမကဘဲ သစ္စာရှိသော သူပါဖြစ်သဖြင့် ဘုရားသခင်၏ အခံ ကျွန်ဟု ခေါ်ဝေါ်ခြင်းသည်။

စွန့်လွှတ် ပေးသော အရှေ့

မောရှေသည် သစ္စာရှိရုံမျှမကဘဲ ဘုရားသခင် နှင့် သူ့လူမျိုးများအတွက်ဆိုလျှင် လွှတ်ပေးဆပ် သူ ဖြစ်သည် (ဟေဗြဲ ၁း၂၃-၂၉)။ မည်သညံ့ရော၊ မည်သည့်အချိန်တွင် ဘုရားသခင်ကိုချစ်ခြင်းဖြင့် ပေးဆပ်သည်။ အီဂျစ်ပြည်၌ လိုလေသေးမရှိလောက် အောင်ပင် စားသော စည်းအားလုံးကို လွှတ် ပြီး ဘုရားသခင်၏ လူများနှင့်အတူ ကဲ့ရဲ့ ညှဉ်းဆဲခံရ ခြင်းကို သာ၍ အလိုရှိသူဖြစ်သည်။ အီဂျစ်ဘုရင့်သမီး၏သားဟု အခေါ်ခံရခြင်း ကို ငြင်းပယ်၍ ကောင်းကင်၏ အကျိုးကို မျှော်လင့်သူ ဖြစ်သည်။

ထိုအပြင် မောရှေသည် အစ္စရေးလူမျိုးများ မည်မျှပင် ဆိုစေကာမူ သူ၏ လူမျိုး များသာ ဖြစ်သဖြင့် ၄င်းတိုအတွက် အမြဲတာဝန်ယူ၍ စွန့်လွှတ်ပေးဆပ်သည်။ ၄င်း တို၏ စကားနားမထောင်မှု၊ မြည်တမ်းညည်းတွားမှုနှင့် အပြစ်အမျိုးမျိုး ကျူးလွန်မှု စသည်တိုကြောင့် ဘုရားသခင်က ဖျက်ဆီးပစ်ရန် ကြံရွယ်သည့်အခါတိုင်း မောရှေ့ က သူ့အသက်ကိုပင် လောင်းကြေးထပ်၍ သူတိုကို ဖျက်ဆီးမည့်အစား ကျွန်ုပ် နာမည်ကို ကောင်းကင်စာရင်းမှ ချေဖျက်ပေးပါ (ထွက် ၃၂း၃၂-၃၃) ဟုပင် တောင်း ပန်ပေးသည်။ ခေါင်းဆောင်မြတ်ဖြစ်သည့်အတိုင်းပင် သူ့လူများအတွက် စွန့်လွှတ် ပေးဆပ်သူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ချစ်ခြင်းမေတ္တာရှင် မောရှေ

ချစ်ခြင်းမေတ္တာမရှိဘဲနှင့် ခေါင်းဆောင်လုပ်၍ ရသော်လည်း ခေါင်းဆောင် ကောင်း လုံးဝ ဖြစ်နိုင်မည်မဟုတ်ပေ။ တော်ခြင်း၊ မတော်ခြင်းတိုထက် ချစ်ခြင်းမေတ္တာ သည် ပို၍ အရေးကြီးပြီး၊ စွမ်းရည် ပညာထက်လည်း ပို၍ ထိရောက်သည်။

မောရှေသည် သိနာတောင်၌ ဘုရားသခင်၏ အတူပါရှိမှုအောက်တွင် ရက် ပေါင်း ၄ဝ ကြာနေထိုင်ပြီးနောက် ပြန်ဆင်းလာခဲ့သည်။ ထိုစဉ် ဘုရားသခင်က သင် သည် ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နုတ်ဆောင်ခဲ့သော သင်၏ လူတိုသည် ဖောက်ပြန်ကြပြီ၊ ငါမှာထားသော လမ်းမှ အလျင် အမြန်လွှသွား၍ နွားသူငယ်ရုပ်ကို သွန်းပြီးလျှင်… လည်ပင်းခိုင်မာသော အမျိုးဖြစ်၍ ငါသည်အမျက်ပြင်းစွာ ထွက်၍ သူတိုကို ဖျက်ဆီးမည်။ သင့်ကိုကားကြီးသော အမျိုး ဖြစ်စေမည်” (ထွက် ၃၂ရ-၁၀) ဟု ပြောသည်။

ထိုအခါ မောရှေကလည်း “အိုထာဝရဘုရား ကိုယ်တော်သည် မဟာတန်ခိုး အားကြီးသော လက်နှင့် အဲဂုတ္တုပြည်မှ နုတ်ဆောင်ခဲ့သော ကိုယ်တော်၏ လူတိုကို အဘယ်ကြောင့် အမျက်ပြင်းစွာ ထွက်တော်မူသနည်း။ … သူတို၏ အပြစ်ကို မလွှတ် လျှင် ကိုယ်တော်စီရင် တော်မူသော စာရင်း၌ အကျွန်ုပ်နာမကို ချေတော်မူပါ” (ထွက် ၃၂း၁၁-၃၂) ဟု တောင်းပန်သည်။

မောရှေသည် သူ၏ လူမျိုးများကို ချစ်လွန်းသဖြင့် အီဂျစ်ပြည်တွင် ခံစားရသော စည်းစိမ် အားလုံးကို စွန့်လွှတ်ခဲ့သည် (ဟေဗြဲ ၁၁း၂၄-၂)။ ယခုလည်း သူ၏ လူမျိုးများအပေါ် ချစ်လွန်းသောကြောင့်ပင် ကောင်းကင်ဆိုင်ရာ အကျိုးအားလုံးကို စွန့်လွှတ်ရန် အဆင်သင့်ရှိနေသည်။ သူ့လူမျိုးများအတွက်ဆိုလျှင် အသက်ကိုပင် လောင်းကြေးထပ်၍ စွန့်လွှတ်ရဲသူ ဖြစ်သည်။ အသက်ကိုပင် စွန့်လွှတ်ရဲသော ခေါင်း ဆောင်က အခြားအရာများကို မပေးဘဲနေပါမည်လော။ အတော်ဆုံး ခေါင်းဆောင် တစ်ယောက် မဖြစ်နိုင်လျှင်တောင်မှ အကောင်းဆုံး ခေါင်းဆောင်တစ်ယောက် ဖြစ် လာသည်ကို မမေ့ကြပါနှင့်။

အကြံဉာဏ်လက်ခံတတ်သော မောရှေ

John Wooden ဆိုသူက “သိသမျှ အားလုံးကို သူတစ်ပါးထံမှ သင်ယူရ ခြင်းဖြစ်သည်” ဟု ပြောဆိုဖူးသည်။ မှန်ပါသည်။ အပြစ်တစ်ချိုနှင့် အကြောင်းအရာ တစ်ချိုကလွှ၍ သိသမျှ အားလုံးကို သူတစ်ပါးထံမှ သင်ယူတတ်မြောက်ကြခြင်း ဖြစ် သည်။ အပြစ်ကိုမူ သူတစ်ပါးထံမှ မသင်ယူလျှင်တောင် မိမိတိုကိုယ်တိုင် အပြစ် သားဖြစ်ကြသဖြင့် အပြစ်ကျူးလွန်ကြသည်။ သိုဖြစ်၍ ရှင်ပေါလုက “သိလျှက်ပင် ကိုယ်တိုင်အပြစ် ကျူးလွန်သူများ ဖြစ်ကြသည်” ဟု ဆိုခဲ့သည် (ရော ၁း၃၂)။

တစ်ခါက အမေရိကန်ပြည်ထောင်စု North Carolina ပြည်နယ်အုပ်ချုပ်ရေး မှူးက Thomas Edison အား ဆန်းသစ် တီထွင်မှု အများဆုံးပြုလုပ်သူ အဖြစ် ဂုဏ် ပြုပွဲ ကျင်းပရာ Edison က “ကျွန်တော်အများကြီး မတီထွင်ပါဘူး”ဟု ပြောလိုက် သည်။ အုပ်ချုပ်ရေးမှူးက “အမျိုးပေါင်း တစ်ထောင် ကျော် ဆန်းသစ်တီထွင်တယ်မဟုတ်လား” ဟု ပြန် မေးရာ Edisonကဟုတ်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကိုယ်ပိုင် တီထွင်မှုဆိုလို ဓါတ်ပြားဖွင့်စက် (Phonograph) တစ်ခုတည်းပဲ ရှိပါတယ်ဟု ဖြေ သည်။ အုပ်ချုပ်ရေးမှူးက “ဘယ်လို ခင်ဗျား ဆိုလို တာနားသိပ်မရှင်းပါလား”ဟု ပြန်မေးရာ Edison က အခွင့်ရရင်ရသလို သင်ယူပြီးတော့ လက်တွေ့အ ကောင် အထည်ဖော်နိုင်ဖို ကြိုးစားပါတယ်။ ကိုယ်ပိုင်အကြံဉာဏ်ရယ်လို မရှိပါဘူး။ သူများတွေက သူတိုရဲ့ အကြံဉာဏ်တွေကို လက်တွေ့ အသုံးမချတော့ ကျွန်တော်က ယူပြီး အသုံးချလိုက်ရုံပါဟု ဖြေလိုက်သည်။ အကြံ ဉာဏ်ကို လက်ခံတတ်သောသူတိုသည် တိုးတက်ကြီးပွားပြီး အောင်မြင်လာကြသည်။

မောရှေသည် အီဂျစ်ပြည်၌ တတ်သိအပ်သော ပညာရပ်အားလုံးကို သင်ယူ တတ်မြောက်သူဖြစ်သော်လည်း သူ့ကိုယ်သူ ထောင်လွှားဝါကြွားခြင်းမရှိဘဲ အကြံ ကောင်း ဉာဏ်ကောင်း ပေးသူရှိပါက နှိမ့်ချစွာ ခံယူတတ်သည် (ထွက် ၁၈း၂၃-၂၅)။ ယောက္ခမဖြစ်သူ ယေသရော ထက် ပို၍ အသိပညာ အမြော်အမြင် ကြီးကောင်းကြီး မည် ဖြစ်သော်လည်း သူမစဉ်းစားဖူးသော ယောက္ခမ၏ အကြံဉာဏ်ကို ချက်ချင်း ခံယူကျင့်သုံးနိုင်သည်။

နေ့စဉ် နံနက်မှစ၍ ညမိုးချုပ်သည့်တိုင်အောင် သူ့လူများ၏ တရားကို စီရင် ပေးရန် ပင်ပန်းစွာ ထိုင်နေရသော မောရှေကို ယောက္ခမက မြင်သောအခါ လူများထဲမှ ၁ဝဝဝ အုပ်၊ ၁ဝဝ အုပ်၊ ၅ဝ အုပ်၊ ၁၀ အုပ် စသည်ဖြင့် ခန့်ထားပြီး တရားစီရင်ခိုင်းရန်၊ အမှုကြီးများကိုသာ မောရှေက စီရင်ပေးရန်နှင့် ထိုသို လုပ်ဆောင်လျှင် သက်သာ သည့်အပြင် ပို၍ အလုပ်လုပ်နိုင်မည် ဖြစ်ကြောင်း အကြံပေးသည်။ ထိုအခါ အကြံ ဉာဏ်လက်ခံတတ်သော မောရှေက ချက်ချင်းအကောင်အထည် ဖော်ရာ အလုပ် များစွာပြီးမြောက်သည့်အပြင် ပို၍လည်း ဝန်ပေါ့သွားသည်။

အကြံဉာဏ်လက်ခံတတ်သောခေါင်းဆောင် ဟုတ်မဟုတ်ကို ဖော်ပြပါ အချက် (၁၀) ချက်နှင့် နှိင်းယှဉ် ဆန်းစစ်နိုင်သည်။

၁။ သူတစ်ပါး၏ အကြံဉာဏ်ကို လက်ခံတတ်ပါသလား။

၂။ အပြောထက် နားထောင်ခြင်းကို ပို၍ အလေးပေးပါသလား။

၃။ ဆန်းသစ်သော အကြောင်းအရာ တစ်ခုခုသိ လိုက်ခြင်းအားဖြင့် အတွေးအခေါ်ဟောင်းကို ပြောင်းလဲနိုင်ပါသလား။

၄။ အမှားကို ဝန်ခံရဲပါသလား။

၅။ မလုပ်မီ ကြိုတင် စိတ်ကူးပါသလား။

၆။ သူတစ်ပါးထံ မေးဖူးပါသလား။

၇။ မသိနားမလည်သောအရာများကို သူတစ်ပါးအား မေးလိုစိတ်ရှိပါသလား။

၈။ ယခင်ကဤသိုမလုပ်ဖူးသော်လည်း ယခုလုပ်ပါတော့မည်ဟုပြောရဲပါသလား။

၉။ သူတစ်ပါးအား ခေါင်းဆောင်ပေးရန် တောင်းဆိုရဲပါသလား။

၁၀။ ဝေဖန်မှုများကို ပြုပြင်စရာအဖြစ် မမြင်ဘဲ ဆင်ခြင်တတ်လေ့ရှိပါသလား။

ဤအချက်(၁၀)ချက် နှင့် ကိုယ့်ကိုယ်ကို ဆန်းစစ်ပြီး အကယ်၍ အကြံဉာဏ် လက်မခံ တတ်သူ ဘက်သို အလေးသာပါကချက်ချင်း ပြုပြင်ရန် အရေးကြီးပါသည်။

ရူပါရုံရှိသော မောရှေ

မောရှေ့၌ ရူပါရုံရှိခြင်းနှင့် ပတ်သက်၍ ကျမ်းပိုဒ်များစွာတွင် တွေ့ရသော်လည်း ဤနေရာ၌ တရားဟောရာကျမ်း ၁း၅-၈ ကို အခြေခံ၍ ဖော်ပြပါသည်။

အစ္စရေး လူမျိုးများ တောထဲ၌ နှစ်ပေါင်း ၄၀ ကြာလာသောအခါ မောရှေက ဘုရားသခင်ထံ ဟောရပ်တောင်ပေါ်မှာ ငါတိုကို ပြောထားတဲ့အတိုင်း ဒီတောင်တစ် ဝိုက်မှာ နေတာလဲကြာပြီ။ ဒီလိုပျော်ရွှင် ကျေနပ်ရုံနှင့် မဖြစ်ဘူးဟုပြောသည်။ နှစ်ပေါင်း ၄၀ ကာလအတွင်း အခက်အခဲမျိုးစုံ ကြုံတွေ့ကြသော်လည်း ပြောပြ လောက်သော အခက်အခဲ မဟုတ်ချေ။ အင်္ကျီ တစ် ချက်တောင် မချုပ်ရသလို ဖိနပ်တစ်ရံပင် မပျက်စီးပေ။ ကိုယ်လုပ်မှ ကိုယ်စားရသည့် ဘဝမဟုတ်ဘဲ ဘုရား သခင်က မမုန့်ဖြင့် ကျွေးမွေးခြင်းဖြစ်သည်။ ဤသို ဘဝကို သက်တောင့်သက်သာစွာ ဖြတ်သန်းရခြင်း ၊ ဖြစ်သဖြင့် ၄င်းတို၌ ရူပါရုံ ဟူ၍လည်း မရှိတော့ချေ။ သိုဖြစ်၍ ဘုရားသခင်က ထိုဘဝကို စွန့်လွှတ်ပြီး ဘုရားသခင် ခေါ်သည့် လမ်းအတိုင်း အမြဲလျှောက်လှမ်းရန် အရေးကြီးသည်။

သက်တောင့်သက်သာ ဘဝတွင် ဘုရားသခင်ကိုပင် မေ့လျော့လု ဖြစ်သည့် အပြင် ခေါ်ဆောင်ခံရခြင်း၏ အကြောင်းရင်းကိုပင် မသိကြတော့ပေ။ ထိုအခါ မောရှေက သူ၏ ရူပါရုံကို တစ်ဖန်ပြန်လည် ဖော်ပြသည့်အ နေဖြင့် “လှည့်လည်၍ ခရီးသွားကြလော့။ အာမောရိတောင်သို၄င်း၊ ခါနာန်ပြည်၊ လေဗနုန်တောင်၊ ဥဖရတ်၊ မြစ်ကြီးတိုင်အောင်၄င်း သွားကြလော့။ ထိုပြည်ကို သင်တိုရှေ့မှာ ငါထားပြီ။ ထာဝရ ဘုရားသည် သင်တိုအဘ အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှ စ၍၊ သူတို အမျိုးအနွယ် အားပေးမည်ဟု ကျိန်ဆိုတော်မူသော ပြည်ကို ဝင်၍ သိမ်းယူကြလော့”ဟုပြောသည်။

ထိုသို မောရှေက ဘုရားသခင်ပေးသော ရူပါရုံကို ပြန်လည် အောက်မေ့စေ သည့်အပြင် ရူပါရုံအတိုင်း အကောင်အထည် ဖော်နိုင်အောင်လည်း ကြိုးစားပေးသည်။ ရူပါရုံရှိသော သူသည် အကောင်အထည် မပေါ်မချင်း ထိုရူပါရုံကို မမေ့လျော့ကြပေ။

လူရွေးတော်သော မောရှေ

လူအများစုက မဖြစ်နိုင်ပါဘူးဟု ပြောနေချိန်တွင် ဖြစ်နိုင်ပါတယ်ဟု ပြောဆို သူ တစ်ယောက်နှစ် ယောက်နှင့် ပူးပေါင်းဆောင်ရွက်တတ်ရန် အရေးကြီးသည်။ အ ကြောင်းမှာ အောင်မြင်လိုသောသူများနှင့် ပူးပေါင်းလျှင် အောင်မြင်ခြင်းရရှိပြီး၊ အောင် မြင်လိုသည့် ဆန္ဒမရှိသူများနှင့် ပူးပေါင်းလျှင် ရှုးနိမ့်မှုကိုသာ ရရှိမည် ဖြစ်သည်။

လူအင်အားများမှုကြောင့် အောင်မြင်မှု ရရှိခြင်း မဟုတ်ဘဲ၊ လူအင်အားနည်း စေကာမူ အောင်မြင် လိုစိတ်ရှိသူများကြောင့်သာ အောင်မြင်နိုင်ခြင်း ဖြစ်သည်။ သို ဖြစ်၍ လူဘယ်နှစ်ယောက် ရှိသည် ဆိုခြင်းထက် မည်သည့် စိတ်သဘောရှိသည် ဆို ခြင်းက ပို၍ အရေးကြီးသည်။

မောရှေက ခါနာန်ပြည်ကို လေ့လာထောက်လှမ်းရန် လူ ၁၂ ယောက်ကို စေလွှတ်လိုက်သည်။ ၄င်းတိုအနက် လူ ၁ဝ ယောက်သည် အောင်မြင်နိုင်ရေးအတွက် စိတ်မကူးရုံသာမက အောင်မြင်လိုသော ဆန္ဒလည်း မရှိကြ။ လူ ၂ ယောက်သာလျှင်အောင်မြင်လိုသော ဆန္ဒရှိကြပြီး ပြန်လည်နောက်ဆုတ်ရန် လုံးဝစိတ်မကူးသူများဖြစ် ကြသည်။ လုပ်ဖော် ဆောင်ဖက်အဖြစ် ၄င်းတိုနှစ်ယောက်ကို ရွေးချယ်သော မောရှေ့ သည် လူရွေးအလွန်တော်သော သူဖြစ်သည်။ ကြီးမားသော ရည်မှန်းချက်ရှိစေကာ မူ မိတ်ဆွေကောင်းမရှိပါက မအောင်မြင်နိုင်ကြောင်းကို မောရှေက သိသည်။ သိုဖြစ် ၍ မောရှေသည် အောင်မြင်လိုသော ဆန္ဒရှိသူများကို လုပ်ဖော်ဆောင်ဖက်နှင့် ခေါင်း ဆောင်အဖြစ် ရွေးချယ်လိုက်သဖြင့် ပြည့်စုံသော အောင်မြင်မှုကို ရရှိသည်။

ချီးမြှောက်တတ်သော မောရှေ

“ မောရှေသည် ခါနာန်ပြည်ကို အဝေးမှ ကြည့်ရှုပြီးနောက် ကွယ်လွန်ရမည့် အချိန်ရောက်ခါနီးသဖြင့် အစ္စရေးလူမျိုးများအား မည်သူက ခေါင်းဆောင်မည်နည်း၊ ဟု စိတ်ပူပန်မှု ရှိလာသည်။ သိုဖြစ်၍ “ထာဝရဘု ရား၏ ပရိသတ်တိုသည် အထိန်း မရှိသော သိုးကဲ့သို မဖြစ်မည်အကြောင်း၊ ခပ်သိမ်းသော သတ္တဝါတို၏ အသက်ဝိညာဉ်ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည်၊ ဤပရိသတ်တိုရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သိုထုတ်ခြင်း၊ အတွင်းသိုသွင်းခြင်း အမှုကို တတ်နိုင်သော သူတစုံတယောက်ကို သူတိုအပေါ်မှာ ခန့်ထားတော်မူပါစေသော” (တော ၂၇း ၁၂-၁၇) ဟု ဆုတောင်းသည်။

ထိုအခါ ဘုရားသခင်က “ဝိညာဉ်ကို ရသော နုန်၏သား ယောရှုကို ခေါ်၍၊ သင် ၏ လက်ကို သူ့အပေါ်မှာတင်လော့။ ယဇ်ပုရောဟိတ် လာဇာရှေ့၊ ပရိသတ် အ ပေါင်းတိုရှေ့၌ သူ့ကို ထား၍ မှာခဲ့။ ဣသရေလ အမျိုးသားအပေါင်းတိုသည်၊ သူ၏စကားကို နားထောင်မည် အကြောင်း၊ သင်၏ ဘုန်းအသရေ အချိုကို သူ့ အပေါ်၌ တင်ထားလော့” (တော ၂ရး၁၈-၂၁) ဟု မိန့်တော်မူသည်။ ခေါင်းဆောင် သစ်များ မည်မျှပင် အစွမ်းပြစေကာမူ ခေါင်းဆောင်ဟောင်းများက လူထုရှေ့တွင် မချီးမြှောက်ပါက လူရာဝင်နိုင်မည် မဟုတ်ချေ။

မောရှေကလည်း ဘုရားသခင် မိန့်တော်မူ သည့်အတိုင်း ချက်ချင်းဆောင်ရွက်သည်။ ငါ့နေရာ ကို ယူမည့်သူက ငါ့မိသားစုဝင်လည်း မဟုတ်ဘူး ဟူ သည့် စိတ်ထားမျိုးလုံးဝမရှိချေ။ သူ၏ ဆုတောင်း ချက် ပြည့်စုံသဖြင့် ပို၍ပင် ဝမ်းမြောက်သည်။ ယောရှု ကို မဆန့်ကျင်ဘဲ ပရိသတ်ရှေ့တွင် ချီးမြှောက်သည်။ ခေါင်းဆောင်ကြီး မောရှေ ကိုယ်တိုင် ချီးမြှောက်သော ခေါင်းဆောင်သစ်ဖြစ်သဖြင့် လူထုကလည်း ယောရှု ကို ချက်ချင်းပင် လက်ခံကြသည်။ ဤကဲ့သို ချီး မြှောက်တတ်သော ခေါင်းဆောင်ကို မည်သူမျှ မေ့ လျော့နိုင်မည် မဟုတ်ပေ။

ခေါင်းဆောင်သစ်တစ်ဦးဦး ပေါ်ထွက်လာသောအခါ လူထုရှေ့တွင် ချီးမြှောက် ၍ အာဏာအပ်နှင်း နိုင်သော ခေါင်းဆောင်သည် အလွန်ကြီးမြတ်သော ခေါင်း ဆောင်ပင် ဖြစ်သည်။ ထိုအပြင် ခေါင်းဆောင် ကောင်းတိုက ၄င်းတို၏ နောက်တွင် မျိုးဆက်သစ် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်နိုင်ရန် ဆုတောင်း ကြသည်။

ကိုယ်စားလှယ်ထားတတ်သော မောရှေ

မောရှေက တစ်ယောက်အားဖြင့် ကြီးမားသောအမှု မလုပ်ဆောင်နိုင်သည်ကို သိသဖြင့် သူ့ကို ကူညီရန် အတွက် ကိုယ်စားလှယ်များကို အသီးသီးခန့်ထားသည် (တရား ၁း၉-၁၂)။

မောရှေက သူ့လူမျိုးများထံ “သင်တိုအမှုကို ငါတစ်ယောက်တည်း မထမ်း နိုင်။ … သင်တို ပင်ပန်းခြင်း၊ အမှုဆောင်ရွက်ခြင်း၊ ရန်တွေ့ခြင်းဝန်ကို ငါတစ်ယောက် တည်း အဘယ်သို ထမ်းနိုင်မည်နည်း။ ဉာဏ်ပညာနှင့် ပြည့်စုံ၍ အသရေရှိသော သူတိုကို သင်တိုအမျိုးများထဲက ရွေးပေးကြလော့။ သူတိုကို မင်းအရာ၌ ငါခန့် ထားမည်”ဟု ပြောသည်။ ထိုနောက် လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်၊ လူငါးဆယ် အုပ်၊ လူတစ်ဆယ်အုပ် စသည်ဖြင့် ကိုယ်စားလှယ် ခေါင်းဆောင်များ အသီးသီး ခန့်ထားသည်။ ၄င်းအပြင် ၄င်းခေါင်းဆောင်များ၏ အထက်တွင် အကြီးအမှူးခေါင်းဆောင် တချိုကို ထပ်မံခန့်ထားလိုက်သည်။

ယောက္ခမဖြစ်သူ ယေသရာ၏ အကြံဉာဏ် အတိုင်း ကိုယ်စားလှယ် အသီးသီးကို ခန့်ထားခြင်း ၊ ဖြစ်သည် (ထွက် ၁၈း၁၃-၂၆)။ထို ကိုယ်စားလှယ် အသီးသီးက တရားစီရင်ခြင်းမှအစ လုပ်ငန်းအမျိုးမျိုး ကို အသီးသီး တာဝန်ယူ ဆောင်ရွက်ကြသဖြင့်၊ မောရှေ၏တာဝန် ပို၍ ပေါ့ပါးလာသည်။ တရားစီရင်ရန် အတွက် နံနက်မှ မိုးချုပ်တိုင်အောင် တစ်နေကုန် ထိုင်စရာ မလိုတော့ဘဲ၊ ကြီးမား သော အမှုများကိုသာ စီရင်ရသည်။ ကိုယ်စားလှယ်ထားတတ်သူများသည် ၄င်းတို ကိုယ်တိုင် လုပ်စရာမလိုဘဲ အလုပ်များစွာကို လုပ်ဆောင်နိုင်ကြ သည်။ ပင်ပန်းကြီးစွာ အားစိုက်စရာမလိုဘဲ အောင်မြင်မှု ရရှိနိုင်ကြသည်။

စီမံတတ်သော မောရှေ

မောရှေက ကိုယ်စားလှယ် ရွေးချယ်ပြီးနောက် တာဝန်အသီးသီးကို စီမံခွဲဝေ ပေးသည် (တရား ၁း၁၆-၁၈)။ မည်ကဲ့သို ခေါင်းဆောင်မည်ဟူသည်က အစ ဗည့် သည်နှင့် အိမ်ရှင်အကြား၊ ကလေးနှင့် လူကြီးအကြား၊ ဆွေကြီး မျိုးကြီးနှင့် မုဆိုးမမိဘမဲ့များအကြား၊ ဆင်းရဲသူနှင့် ချမ်းသာသူအကြား စသည်တို၌ မည်ကဲ့သို တရား စီရင်ရမည်ဟူသည်အဆုံး ကောင်းမွန်စွာ သွန်သင်သည်။

ဘုရားသခင်မကြိုက်သောကျောသားနှင့်ရင်သားခွဲခြားသည် တရားစီရင်ခြင်း ၊ မျိုးကိုလည်း ပြင်းထန်စွာ တားမြစ်သည်။ ၄င်းအပြင် တရားစီရင်ရာ၌ လူ့မျက်နှာထောက်ရှုခြင်း၊ လူကို ကြောက်ရွံခြင်း မရှိရန်လည်း ဆုံးမသည်။ ကိုယ်တိုင် မစီရင် တတ်သော အမှုကြီးများကို ၄င်းထံယူ ဆောင်လာရန်လည်း မှာကြားသည်။ သိုဖြစ်၍ မောရှေသည် ခေါင်းဆောင်များကို ရွေးချယ်ရုံ မဟုတ်ဘဲ ၄င်းတို အသီးသီး ထမ်း ဆောင်ရမည့် တာဝန်ကိုလည်း စီမံခန့်ခွဲပေးသည်။

ကိုယ်စားလှယ်ထားလိုက်ရုံမျှနှင့် မပြည့်စုံဘဲ စီမံခန့်ခွဲပေးတတ်မှသာ စစ်မှန် သော အောင်မြင်မှုကို ရရှိနိုင်သည်။ ကိုယ်စားလှယ်များသည် စီမံခန့်ခွဲပေးမှုကြောင့် ရရှိလာသော အောင်မြင်မှု၏ အသီးအပွင့်ကို ခံစားရမည် ဖြစ်သော်လည်း ရှုးနိမ့်မှု၏ အသီးအပွင့်ကိုမူ ခေါင်းဆောင်က ခံစားရမည် ဖြစ်သည်။ “သင်တို ပြုရသမျှသော အမှုတိုကိုလည်း ထိုအခါ ငါမှာထားခဲ့၏” (တရား ၁၁၈)။

ပြဿနာဖြေရှင်းတတ်သော မောရှေ 

ရှောလမုန်က “နေ” အောက်တွင် အသစ်သောအရာ တစ်ခုမျှမရှိပါဟု ပြော သည် အတိုင်း အဖွဲအစည်း တစ်ခုခုကို ပြဿနာဖြစ်စေသော အကြောင်းအရာအ သစ် ဟူ၍ မရှိပေ။ သိုဖြစ်၍ ထိုကဲ့သို ပြဿနာကြုံဖူး သော သူများက မည်ကဲ့သို ဖြေရှင်းကြသည်ကို ဆန်း စစ်တတ်ရန် အရေးကြီးသည်။ ။

ခေါင်းဆောင်နေရာလုသည့် ပြဿနာကို အ များစုက ကြုံဖူးသကဲ့သို မောရှေကလည်း ကြုံဖူး သည်။ ကောရ၏ ဦးဆောင်မှုဖြင့် ဒါသန်၊ အဘိရံနှင့် ယုဒခေါင်းဆောင် ၂၅ဝ ပူးပေါင်း၍ မောရှေနှင့် အာရုန် တိုကို ပုန်ကန်ပြီး မောရှေနှင့် အာရုန်အား သင်တို၏ လုပ်ပုံကိုင်ပုံက လွန်လွန်းသည်။ အစ္စရေး လူမျိုးအား လုံး ဘုရားရှေ့တွင် သန့်ရှင်းသူများဖြစ်၍ ဘုရားသခင်လည်း သူတိုနှင့် အတူပါရှိ သည်။ သူတိုကို ဦးဆောင်ဖို အဘယ်ကြောင့် ကိုယ့်ကိုကိုယ် ချီးမြှောက်သနည်းဟုမေးသည်။ ထိုအခါ မောရှေက မည်သူသည် ဘုရားသခင် ရွေးချယ်သောခေါင်းဆောင် စစ်စစ်ဖြစ်သည်ကို သိလိုပါက မနက်ဖြန် အာရုန်နှင့် အတူ ယဇ်ပလ္လင်တည်ကြပါ။ ဘုရားသခင် လက်ခံသော ယဇ်သည် ခေါင်းဆောင်ဖြစ်မည်(တော၁၆း ၁-၃၅) ဟု ပြန် ဖြေသည်။

ထိုနောက် မောရှေက ဘုရားသခင်ထံ အစီအစဉ် အားလုံးကို အပ်နှံသည်။ နောက်တစ်နေ့တွင် ယဇ်ပလ္လင်တည်ရာသို လူထုပရိသတ်ကိုလည်း သက်သေအဖြစ် ကြည့်ရှုခွင့်ပေးသည်။ ပရိသတ်၏ မျက်မှောက်တွင်ပင် မောရှေနှင့် အာရုံ၏ ယဇ်ကို ဘုရားသခင်က လက်ခံပြီး ကောရနှင့် အပေါင်းပါတိုမှာမူ မြေမျိုခြင်းခံရသည်။

ပြဿနာဖြေရှင်းတတ်သော မောရှေက ပြဿနာကို မည်ကဲ့သို ဖြေရှင်း သနည်း ဟူမူ (၁) ပထမဆုံး ဘုရားသခင်ထံ အစီအစဉ်အားလုံးကို အပ်နှံပြီး ဘုရား သခင်၏ အချိန်ကို စောင့်သည်။ အကယ်၍ ပြဿနာကို ထိုနေရာ၌ပင် ချက်ချင်း ဖြေရှင်းရန် ကြိုးစားပါက လူထုပရိသတ်လည်း ဆူပူလာမည် ဖြစ်ရာ အဆိုးဘက်သို ဦးတည်သွားနိုင်သည်။ စိတ်ဆိုးဒေါသထွက် ချိန်တွင် တစ်ခုခုကို ဆုံးဖြတ်လုပ်ဆောင် လျှင် အများအားဖြင့် မှားတတ်လေ့ရှိသည်။ ၄င်းအပြင် ဗလောင်ဆူနေသောဒေါသကို တစ်ညခန့်စိမ်ထားလျှင် နောက်တစ်နေ့တွင် တစ်ဝက်ကျော်ငြိမ်း အေးနေပြီဖြစ်ရာ မောရှေကလည်း မနက်ဖြန်ဟု ပြောခြင်း ဖြစ်နိုင်သည်။

(၂) လူထုကို ခေါ်ဖိတ်သည်။ အကြောင်းမှာ ၄င်းတိုသည် အာရုန်နှင့် ကောရ နှစ်ဦးစလုံး၏ လူများမဟုတ်ဘဲ ဘုရားသခင်၏ တရားစီရင်မှုကို မျက်မြင် သက်သေ ထူမည့် ဘက်မလိုက်သော တတိယအဖွဲ ဖြစ်သည်။ လူထုသည် ၄င်းတို၏ မျက် မှောက်တွင် ဘုရားသခင်ရွေးချယ်သောသူ ပေါ်လွင်လာသောအခါ ဘုရားသခင်ကို ပို၍ ကြောက်ရွံကြသည်။ ဘုရားသခင်၏လူ မောရှေနှင့် အာရှန်ကိုလည်း ပို၍ ရိုသေ လေးစားကြပြီး ၄င်းတို၏ နောက်သို တွေဝေခြင်းမရှိဘဲ လိုက်လာကြသည်။

အနားယူတတ်သော မောရှေ

လုံးဝအနားမယူဘဲ နေ့စဉ်ရက်ဆက် အလုပ်လုပ်သော သူတစ်ယောက်နှင့် နား သင့်သည့် အချိန်တွင် အနားယူတတ်သော လူတစ်ယောက်၏ အလုပ်ပြီးမြောက်နိုင် ၊ မှု ပမာဏမှာ ကွာခြားမှု မရှိလှပေ။ တစ်ပတ်လျှင် ၆ရက် အလုပ်လုပ်သူထက် ၇ ရက်၊ ပြည့် အလုပ်လုပ်သူသည် ပို၍ ချမ်းသာသည်ဟုလည်း မရှိချေ။ အကြောင်း မှာ စိတ် ရောကိုယ်ပါ သူ့အချိန်နှင့်သူ အနားပေးတတ်ရန် ဘုရားသခင်က ဖန်ဆင်း၍ ဖြစ်သည်။ အနားမယူ တတ်ပါက သတိမထားမိသည့်အချိန်တွင် စိတ်ရော ကိုယ်ပါ ပင်ပန်းနွမ်းနယ်လာပြီးစိတ်ဓာတ်ကျခြင်း၊ စိတ် တိုခြင်း၊ ဒေါသထွက်ခြင်း၊ နာကြည်းလွယ်ခြင်းတို အပြင် အသက်တိုခြင်း စသည့် ဆိုးကျိုးများက တသီ တတန်းကြီး လိုက်ပါလာတတ်သည်။

အနားယူတတ်ခြင်းသည် အလွန်အရေးကြီးသဖြင့် ဘုရားသခင်က မောမှ အစ္စရေးလူမျိုးများအား တစ်ပတ်လျှင် တစ်ရက်အနားယူခိုင်းသည်။ ဘုရားသခင် ကိုယ်တိုင်က မည်မျှလောက် အလေးထားသလဲဆိုလျှင် လိုက်နာရမည့် ပညတ်တော် (၁၀)ပါးသာ ပေးသည့်အနက် စတုတ္ထ နေရာတွင် ထားသည် (ထွက် ၂၀း၈-၁၀)။

Albert Einstein သည် ၄င်း၏ အကြီးဆုံးအောင်မြင်မှုဖြစ်သော အနုမြူဗုံး တီထွင်နိုင်ရန်အတွက် လိုအပ်သည့် စာတမ်းကို ရေးသားပြုစုရာ၌ အလွန်ပင်ပန်း နွမ်း နယ်သဖြင့် စိတ်ဓာတ်ကျကာ ထိုအစီအစဉ်ကို ကျောခိုင်းရန်ပင် စိတ်ကူးလာသည်။ ထိုသိုဖြစ်၍ အလုပ်ကို ခဏထားရစ်ပြီး သစ်ပင်များကြားတွင် အေးဆေး သက်သာစွာ လမ်းလျှောက်ထွက်လာရာ ကိုယ်ရော စိတ်ပါ အနားရ၍ဖြစ်မည်။ ချက်ချင်းပင် ဦး နှောက်က ကောင်းမွန်စွာ အလုပ်လုပ်ပြီး ရေးရမည့် စာတမ်းများ အလိုလိုပေါ်လာ သဖြင့် ပြန်လှည့်၍ ရေးချလိုက်သည်။ ကိုယ်ရော စိတ်ပါ အနားပေးတတ်ပါက တွေး ခေါ်စဉ်းစားနိုင်စွမ်း ပို၍ ရှိလာနိုင်သည်။

ခေါင်းဆောင်သစ်ပျိုးထောင်သော မောရှေ

မောရှေက သူသည် အသက်ကြီးပြီဖြစ်သည့်အပြင် ဘုရားသခင်က ယောဒန် မြစ်ကို မကူးပါနှင့်။ ယေရှု လူထုကို ဦးဆောင်ပါလိမ့်မည်ဟု ပြောသည်ကို လူထုထံ ပြန်ပြောသည်။ ထိုနောက် ယောရှုကိုလည်း အားယူ၍ တည်ကြည်ပါ။ ကတိထား ရာပြည်သို ဦးဆောင်၍ဝင်သွားပါဟု တိုက်တွန်းသည်။ မောရှေသည် သူမကွယ်လွန် မီ(အသက် ၁၂ဝမပြည့်မီ) ကတည်းကပင် ခေါင်းဆောင်သစ်ဖြစ်မည့်သူကို ပျိုးထောင် ပြီး ဖြစ်သည်။ အသက် ၁၁၉ ရောက်ချိန်မှ ကမန်းကတန်း ပျိုးထောင်ခြင်း မဟုတ်ပေ။ မောရှေက ယေရှုကို အသက်ပျိုရွယ်၍ စွမ်းရည်ပညာနှင့် ပြည့်ဝနေချိန်ကတည်းကပင် ပျိုးထောင်ခြင်းဖြစ်ရာ နှစ်ပေါင်း ၄ဝ ခန့်ကာလအတွင်း ခေါင်းဆောင်မှု ပညာကို သင်ပေးခဲ့သည်။ ၄င်းအပြင် သူ၏နေရာကို လွှပြောင်းထမ်းဆောင်မည့်သူ ဖြစ်ကြောင်း ကိုလည်း လူထုရှေ့တွင် လူထု လက်ခံလာအောင် ကြေညာပြီး လက်တွဲ ပျိုးထောင် ပေးသည်။

မောရှေ၏ ခေါင်းဆောင်သစ် ပျိုးထောင်ပုံနှင့် ပတ်သက်၍ မှတ်သားစရာ အ ချက် (၂)ချက် တွေ့ရသည်။ (၁) ပျိုးထောင်ပေးသင့်သည် သူကို တွေ့သည်နှင့် တစ်ပြိုင်နက် စတင် ပျိုးထောင်ပြီး ကာလကြာရှည်စွာ လက်တွဲသည်။ (၂) ထမ်းဆောင်ရမည့် တာဝန်အ လိုက် ပျိုးထောင်ပေးသည်။

ယောရှုသည် မောရှေနှင့် သဘောသဘာဝ ချင်း မတူညီမှုများစွာရှိသော်လည်း ဤသိုဖြစ်ခြင်းကို ပင် မောရှေက ရွေးချယ်ခြင်းဖြစ်သည်။ ဥပမာ- ကတိ ထားရာပြည်သို ဝင်ကြတော့မည် ဖြစ်သဖြင့် စစ်တိုက် ရန်နှင့် နယ်မြေသိမ်းစရာ မြောက်မြားစွာ ရှိသည်။ မောရှေ ပါဝင်ရမည့် အခန်းကဏ္ဍပြီးဆုံးသွားပြီး ယောရှုပါဝင်ရမည့် အခန်းကဏ္ဍရောက်ရှိလာပြီ ဖြစ်သည်။ သည်းခံရသည့် ကာလ (မောရှေ) ကုန်သွားပြီး စစ်တိုက်ရမည် ကာလ (ယောရှု) ရောက်ရှိလာသည်။

မောရှေက သူနှင့် သဘောသဘာဝချင်းတူသော လူကို မရွေးချယ်ဘဲ စစ်တိုက် ခြင်း နယ်မြေသိမ်းခြင်း၊ နယ်မြေခွဲဝေခြင်းမှစ၍ လုပ်ဆောင်စရာ ကိစ္စအဝဝကို ပြီး မြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်စွမ်းရှိသည့် ယောရှုကို ရွေးချယ်ခဲ့သည်။ သိုဖြစ်၍ အချိန်အခါနှင့် လုပ်ငန်း အလိုက် ခေါင်းဆောင်ကို ရွေးချယ်တတ်ရန် အရေး ကြီးသည်။

မောရှေ၏ အားနည်းချက်တချို့

ပုထုဇဉ် လူသားတိုင်း အားနည်းချက် ကိုယ်စီရှိကြသည်။ အပြစ်ကြောင့် အ နည်းချက် ဝင်လာသော် လည်း အားနည်းချက်တိုင်း အပြစ်ကြောင့်တော့ မဟုတ်ပေ အပြစ်မရှိသော ယေရှုကိုယ်တိုင် အားနည်းတတ်၊ နွမ်းနယ်တတ်၊ ပင်ပန်းတ နည်းတတ်၊ ငိုကြွေးတတ်သည် ဆိုလျှင် အပြစ်ရှိသော လူသားများအဖိုများအဖို ပြောစရာပင် မလိုတော့ချေ။

အစ္စရေးလူမျိုးများအား ဟုတ်ရန် ဘုရားသခင်က ခေါ်သောအခါ မောရှေက ဆင်ခြေ အမျိုးမျိုးပေးသည် (ထွက် ၃း၁၁ – ၄း ၁၃)။ မိမိသည် မည်သူ ဖြစ်၍ ဖာရောဘုရင်ထံ ဝင်ရမည်နည်း။ အစ္စရေးလူမျိုးများထံ သင်၏ ဘိုးဘေးများ၏ ဘုရားသခင်က ငါ့ကို သင်တိုရှိရာသို စေလွှတ်ပြီဟု ပြောသည့်အတွက် အမည် နာမကို မေးလျှင် မိမိ မည်သိုပြန်ရမည်နည်း။ သူတိုက မိမိကို မယုံလျှင် စကား “ နားမထောင်လျှင်… မိမိနှုတ်လေးပါသည့် အခြားလူကိုခိုင်းပါ” စသည်ဖြင့် ဆင်ခြင် အမြဲတက်လေ့ရှိသည်။

ထိုသို ဆင်ခြင်တက်တတ်မှုက ဘုရားသခင် ကို အမျက်ထွက်စေပြီး (ထွက် ၄း၁၄) ၄င်း ခံစားရ မည့်အခွင့်အရေး တချိုကိုလည်း လက်လွှတ်စေ သည်။ သူရမည့် စကားပြောအတတ်ပညာကို အာရုန် က ရရှိသွားသည်။ မောရှေက ခေါင်းဆောင်တစ်ဦးအ တွက် ရာထူး၊ ပညာ၊ အပြောအဆိုနှင့် သြဇာ သည် တိုကို အလိုအပ်ဆုံးဟု မြင်သော်လည်း ဘုရားသခင် ကမူ ၎င်းအရာများထက် ဘုရားသခင်နှင့် လူတိုအ ပေါ် ချစ်ခြင်းကို ပို၍ လိုချင်သည်။

ခွန်အားကို အားကိုးသော မောရှေ

မောရှေသည် အသက် ၄၀အရွယ်တွင် အီဂျစ်ပြည်၌ တတ်သင့် သိသင့်သော ပညာအားလုံးကို သင်ယူ တတ်မြောက်ပြီး ဖြစ်သည်။ အတွေးအခေါ်ပိုင်း ဆိုင်ရာ ဆေးဘက်ဆိုင်ရာ မှအစ တိုက်ရည် ခိုက်ရည် ပညာ အမျိုးမျိုးတိုအပြင် အစ္စရေး လူမျိုးများ အကြောင်းကိုလည်း သိသင့်သလောက် သိပြီး ဖြစ်သဖြင့် သူ့ကိုယ်သူ ယုံကြည်မှု ကြီးမားနိုင်ပါသည်။

တစ်နေ့တွင် သူ၏လူမျိုးတစ်ယောက်ကို ကယ်တင်လိုသောကြောင့် အီဂျစ် လူမျိုး တစ်ယောက်ကို သတ်မိသည်။ မိုန်ပြည်သို ရောက်သောအခါတွင်လည်း ပေါရတို ညီအစ်မ ၇ ယောက် သိုး၊ ဆိတ်များကို တိုက်နေစဉ် သိုးထိန်းတချို ရောက်ရှိလာပြီး၊ ၄င်းတိုကို မောင်းထုတ်ကြသဖြင့် မောရှေက ထိုညီအစ်မများကို အကာအကွယ်ပေးသည်။ ဇိပေါရတို ညီအစ်မလည်း အိမ်သို အမြန်ပြေးလာပြီး၊ ဖခင်ဖြစ်သူ ယဇ်ပုရော ဟိတ် ယေသရောထံ အီဂျစ်လူတစ်ယောက်က ကယ် တင်ပေးသည်ဟု ပြောကြသည် (ထွက် ၂း၁ရ-၁၉)။ မောရှေအဖို ထိုဆိုးသွမ်းသော သိုးထိန်းတိုသည် ပြော ပလောက်စရာပင် မဟုတ်ချေ။

ထိုသို မောရှေသည် ဘုရားသခင်ကို အားကိုးရန်ထက် သူ့ကိုယ်သူ အားကိုးလွန်းသဖြင့် ကိုယ်ထိ လက်ရောက် မှားမိသွားသည်။ ပင်လယ်နီထဲတွင် ရေမြှပ်သေဆုံးရမည့် အီဂျစ်စစ် သား တစ်ယောက်သည် ဘုရားသခင်၏ အချိန်ကို မစောင့်စားနိုင်သော မောရှေ၏ လက်ချက်ကြောင့် သေဆုံးရသည်။ ဤသို ဘုရားသခင်၏ အချိန်ကို မစောင့်စားနိုင် သောကြောင့် “သင့်ကို ငါတိုအပေါ်မှာ အကဲအမှူးတရားသူကြီး အရာ၌ အဘယ်သူ သည် ခန့်ထားသနည်း” (ထွက် ၂း၁၄) ဟု သူ့လူမျိုး တစ်ယောက်၏ အမေးခံရသည်။ ဘုရားသခင်၏ အချိန်ရောက်သောအခါ အစ္စရေး ခေါင်းဆောင်နှင့် တရားသူကြီး ဖြစ် လာသော်လည်း (ထွက် ၁၈း၁၃-၂၇) ၄င်းမတိုင်ခင် အထိ ကြိုးစားသလောက်အရာ မထင်ခဲ့ချေ။

အာမောရိတို၏ အပြစ်သည် မစုံလင်သေး (ကမ္ဘာ ၁၅း၁၆) ဟု ပြောသည့် အတိုင်း ဘုရားသခင်၏ အချိန်မရောက်သေးသော်လည်း မောရှေက မစောင့်စားနိုင် ခဲ့ပေ။ ဘုရားသခင်၏ ဆန္ဒထက်သူ့ ဆန္ဒကို ဦးစားပေးမိသည်။ ဘုရားသခင်၏ စိတ် တော် ကျေနပ်ဖိုထက် သူ့စိတ်ကျေနပ်ဖိုကို ဦးစားပေးမိသဖြင့် မခံသင့်သော အရာ များကို ခံရသည် (ထွက် ၂း၁၁-၁၄)။

ထိုသို လူသတ်မိသည့်အတွက် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထွက် ပြေးရတော့သည် (ထွက် ၂း၁၅)။ သူ့ခွန်အားကို အားကိုးမိသဖြင့် သူ့ခွန်အားဖြင့် ထွက်ပြေးရန် ဟူသည့် ဘုရားသခင်၏ အလိုတော်နှင့် ဒဏ်ခတ်ခြင်း တစ်မျိုး သည်။ ဘုရားသခင်၏ အစွမ်းထက် သူ့အစွမ်းကို အားကိုးမိသဖြင့် ဒုက္ခမျိုးစုံကို ၊ ရသည်။

ထိုမှ နှစ်ပေါင်း ၄၀ ကြာသောအခါ တစ်ခါထပ်မှားမိ ပြန်သည်။ ဘုရား က ကျောက်ထဲမှ ရေထွက်ရန် အမိန့်ပေးခိုင်းသော်လည်း သူကမူ တောင်ဝှေးဖြင့် ထိုကျောက်ကို နှစ်ချက်ရိုက် လိုက်သည်။ ရေများ ထွက်လာသည့်တိုင် ဘုရားသခင် မှု လုံးဝ မကျေနပ်ချေ။ မာရှသည် ဘုရားသခင်ကို ကိုးစားသင့်သလောက် မကိုး နိုင်ဘဲ၊ သူ့အစွမ်၊ခွန်အားကို ကိုးစားပြန်သဖြင့် ခါနာန်ပြည်သို မဝင်ရတော့ပေ။

နှောင့်နှေးကြန့်ကြာတတ်သော မောရှေ

မောရှေသည် ဇိပေါရနှင့်ရသော သားဂေရရှုံကို မွေးဖွားပြီး ၈ ရက်မြောက်နေ့ တွင် အရေဖျားလှီးးရန် ဖြစ်သည်(ကမ္ဘာ ၁း၁၁-၁၂)။ သိုသော်လည်း သူသည် မိန်းမ နှင့် ယောက္ခမများသဘော မတူ၍လား (သို) ဘုရားသခင်၏ စကားကို နားမထောင် ဇင်မလား၊ သူ၏သားကို အရေဖျား မလှီးဘဲ ကာလအ တန်ကြာထားခဲ့သည်။ မိသားစု ကို ဦးဆောင်ရန်လက် မိသားစု၏ ဦးဆောင်မှုကို ခံယူသည့် ပုံပေါ်နေသည်။

၁တိ ၃း၅ တွင် ““မိမိအိမ်ကို မအုပ်စိုးတတ်လျှင် ဘုရားသခင်၏ အသင်းတော် ကို အဘယ်သို ပြုစုလိမ့်မည်နည်း” ဟုပြောသည်။ မောရှေသည် ယုဒ ခေါင်းဆောင် တစ်ဦး ဖြစ်သည်နှင့်အညီ လုပ်ဆောင်ရမည့် အရေး ကြီးဆုံး အချက်တစ်ခုမှာ သူ၏သားများကို အရေဖျား၊ လိုးရန် ဖြစ်သည်။ လုပ်ရမည့်အရာကို မလုပ်သဖြင့် ဘုရားသခင် အမျက်ဒေါသထွက်သည် (ထွက်၄း၂၄)။

ထိုသို ဘုရားသခင်သည် အမျက်ဒေါသထွက် သဖြင့် မောရှေအားကွပ်မျက်ရန်ကြံစည်သည်။ ဘုရား သခင်သည် စကားနားမထောင်ခြင်းကို အလွန် မုန်း တီးသော ဘုရားဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ အာ နှင့် ငဝ၏ အပြစ်သည်လည်း စကားနားမထောင်ခြင်း ကြောင့်ပင် ဖြစ်သည် (ကမ္ဘာ ၃)။ ထိုသိုဘုရားသခင် က မောရှေအား သတ်ရန်ကြံစည်သည်ကို သူ့ဇနီး ဇိပေါရက သိသဖြင့် ရရှံကို ချက်ချင်း အရေဖျားလှီးပြီးအသားစနှင့် မောရှေ၏ခြေရင်းကို ပစ်လိုက်သည်။ ထိုကြောင့် ဘုရားသခင်လည်း အမျက်ပြေသွားပြီး မောရှေကို လွှတ်လိုက်သည် (ထွက် ၄း၂၅-၂၆)။ |

မောရှေက သူ့သား၏ အရေဖျားလှီးရမည်ကို မသိ၍ မဟုတ်ပေ။ သူ့ဇနီးက လည်း သိလျက်နှင့် နှောင်းနှေးနေခြင်း ဖြစ်သည်။ လင်မယားနှစ်ယောက်စလုံး ဘုရားသခင်၏ စကားကို ချက်ချင်းနားမထောင်ဘဲ နှစ်ပေါင်း အတန်ကြာ နေမိကြသဖြင့် ဘုရားသခင်က သည်းမခံနိုင်တော့ဘဲ မောရှေကို သတ်ပစ်ရန်အထိ ကြံ သည်။ ပေတရုလည်း ထိုကဲ့သိုပင် ဖြစ်သည်။ သခင်ယေရှုကောင်းကင်ဘုံ ခါနီးတွင် လူမျိုးတကာတို အားဧဝံဂေလိတရားကို ပြောကြလော့ (မဿဲ ၂၈း၁၈-၂) ဟု မှာကြားသော်လည်း ပေတရုက တစ်ပါးအမျိုးသားတိုထံ ချက်ချင်းမပြောလိုသည် အပြင် ၄င်းတိုနှင့် ထမင်းအတူစားရန်ပင် ရှောင်ဖယ်သည်။ သခင်ယေရှု မှာထား သည် အတိုင်း တစ်သဝေမတိမ်း လုပ်ဆောင်နိုင်ဖို ၁၁ နှစ်ကြာအချိန်ယူသည်။ ပေ တရုသည် မြန်ဆန်သည့် နေရာရှိနေသည့်တိုင် ဤနေရာ၌မူ နှောင်းနှေးကြန့်ကြာ သည်။

သိုသော်လည်း ဘုရားသခင်က နှောင့်နှေးကြန့်ကြာတတ်သော သူများကိုပင် အသုံးပြု၍ ကြီးမားသော အမှုများစွာ ပြုသည်။ စိတ်ရှည်သည်းခံ၍ ပြုစုပျိုးထောင် ပေးမြဲ ဖြစ်သည်။ အချိန်ကို အုပ်စိုးသော သူက နှောင့်နှေးကြန့်ကြာတတ်သောသူတို အား အသုံးပြုရမည့် အချိန်ကို သိသည်။

စိတ်မထိန်းနိုင်သော မောရှေ

လူသားများအနက် စိတ်အရှည်ဆုံး ပုဂ္ဂိုလ်မှာ မောရှေဟု ဆိုသော်လည်း သူသည် ဒေါသမထွက်ဖူးသူ မဟုတ်ပေ။ ဒေါသထွက်လျှင် စိတ်မထိန်းနိုင်ဘဲ ဝုန်းဒိုင်း ကြတတ်သည်။ သိနာတောင်မှ အာရုန်နှင့် အတူဆင်းလာသောအခါ အစ္စရေးလူမျိုး များက နွားသူငယ်ရုပ်တု ပြုလုပ်၍ ကိုးကွယ်သည်ကို တွေ့သည်။ ထိုအခါအလွန် ဒေါသထွက်သဖြင့် ယူဆောင်လာသော ပညတ်တော် (၁၀)ပါး ကျောက်ပြားနှစ်ချပ် ကို ချခွဲပစ်လိုက်သည်။ စိတ်အရှည်ဆုံး ပုဂ္ဂိုလ်ဖြစ် သည့်တိုင် စိတ်မထိန်းနိုင်ဘဲ ဒေါသထွက်လျှင် ဆိုး ကျိုးဖြစ်ပေါ်လေ့ရှိသည်။

အစ္စရေး လူမျိုးများ ကာဒေရှအရပ်သို ရောက် လာကြသောအခါ မောရှေ၏ညီမ မိရိအံ ကွယ်လွန် သွားသည်။ ထိုကြားထဲတွင် ရေမရှိသဖြင့် လူထုသ မောရှေနှင့် အာရုံထံ ရောက်လာပြီး ညီအစ်ကိုတွေနှင့် အတူတူ သေသွားတာကမှ ပိုကောင်းကြောင်း၊ ဒီတောကြီးထဲမှာ ဘာဖြစ်လို ခေါ်ဆောင်ရတာလဲ၊ အခု ဆန်လည်း မရှိ၊ စားစရာအသီးအနှံ တွေလည်း မရှိ စသည်ဖြင့် အမျိုးမျိုး ဆူပူညည်းတွားကြသည်။ ထိုအခါ မောရှေနှင့် အာရှန်သည် လူထုထံမှ ထွက်ခွာပြီး တဲတော်ရှေ့တွင် ပျပ်ဝပ်လျက် ဆုတောင်းကြရာ ဘုရားသခင်၏ ဘုန်းတော် ထင်ရှားလာသည်။

ဘုရားသခင်က မောရှေအား တောင်ဝှေးကိုယူပြီး အာရုံနှင့် တကွ လူထုကို စုရုံးပါ။ သူတို၏ မျက်မှောက်၌ ဤကျောက်ကို အမိန့်ပေးပါ။ ရေထွက်လာလျှင် လူနှင့် တိရစ္ဆာန်များကို တိုက်ကျွေးပါဟု ခိုင်းသည်။ မောရှေကလည်း ဘုရားသခင်ခိုင်းသည့် အတိုင်း တောင်ဝှေးကို ယူ၍ ကျောက်ရှေ့တွင် လူထုကို စုရုံးသော်လည်း ကျောက်ကို အမိန့်မပေးဘဲ တောင်ဝှေးဖြင့် နှစ်ချက် ရိုက်လိုက်သည်။ ရေထွက်လာသဖြင့် လူထု နှင့် တိရစ္ဆာန်အားလုံး ပျော်ရွှင်ကြသည်။

သိုသော် ဘုရားသခင်က မောရှေနှင့် အာရုန်အား သင်တိုသည် ငါ့ကို လူထု ရှေ့တွင် မယုံကြည်၊ မထီမဲ့မြင် ပြုသည့်အတွက် ခါနန်ပြည်သို မဝင်စားရဟု ပြော လိုက်သည်။ ပြောသည့်အတိုင်းပင် အာရုန်သည် ဟောရတောင်ပေါ်တွင် ကွယ်လွန်၍ မောရှေသည် နေဗောတောင်ပေါ်မှ ခါနန်ပြည်ကို လှမ်းကြည့်ခွင့်ရပြီးနောက် ကွယ် လွန်သွားသည်။ စိတ်မထိန်းနိုင်မူက ဘုရားသခင်၏ စကားကို နားမထောင်ဖြစ်စေရုံ မက ခါနန်ပြည်သို ဝင်စားခွင့်ကိုပါ ဆုံးရှုံးသွားစေသည်။

၄။ ယောရှု (Joshua)

ယောရှုဟူသော အမည်နာမသည် “ယေဟောဝေါက ကယ်တင်သည်” ဟု အဓိပ္ပါယ် ရပြီး ဓမ္မသစ်ကျမ်း ထဲမှ “ယေရှု” နှင့် အဓိပ္ပါယ်အတူတူပင် ဖြစ်သည်။ ယောရှု၏ နာမည် အရင်းမှာ “ဩရှေ” ဖြစ်သော်လည်း (တော ၁၃း၈၊ ၁၆) ခေါင်းဆောင် ဖြစ်လာ ချိန်မှစ၍ (ဧဖရိမ် အမျိုး၏ ခေါင်းဆောင်) မောရှေက “ယောရှု”ဟူသော အမည် ပေးသည်။ ။

ဓမ္မဟောင်းကျမ်းတွင် နုန်၏သား ယောရှုနာမည်ကို အကြိမ်ပေါင်း ၂၀၀ ကျော် တွေ့ရှိနိုင်ရာ အများဆုံး ဖော်ပြခြင်းခံရသော နာမည် တစ်ခု ဖြစ်သည်။ ယောရှု မှတ်စာ တစ်အုပ်ထဲတွင်ပင် ၁၆၈ ကြိမ်တွေ့ရှိနိုင်ပြီး၊ ဓမ္မသစ်ကျမ်းတွင်မူ နှစ်ကြိမ်သာ တွေ့နိုင်သည် (တမန် ၇း၄၅၊ ဟေဗြဲ ၄း၈)။

ယောရှု၏ နာမည်ကို ထွက် ၁၉ တွင် ပထမဆုံးတွေ့ရှိနိုင်ပြီး စစ်တိုက်ရန် အမိန့်ပေးခြင်း ခံရသည့် အချိန်တွင် ဖြစ်သည်။ သူသည် အီဂျစ်ပြည်၌ အသက် ၄၀ အရွယ်အထိ နေထိုင်သည့်အပြင် မောရှေ၏ နောက် သို လည်း နှစ်ပေါင်း ၄ဝ ကြာလိုက်သဖြင့် “မောရှေ၏ လက်ထောက်” ဟု ခေါ်ဝေါ်ခြင်း ခံရသည် (ထွက် ၃၃း၁၁၊ တော ၁၁း၂၈ ၊ ယောရှု ၁း၁) ထိုမှ အစ္စရေး လူမျိုးများကို ခါနာန်ပြည်သို ဝင်ရန် နှစ်ပေါင်း ၃ဝ ကြာ ဦးဆောင်သည်။ အသက် ၁၁ဝနှစ် အရွယ်တွင် ကွယ်လွန်ပြီး သူ၏အမွေရပြည် ဖြစ်သော ဧဖရိမ် တောင်ပေါ် တိမနဿရ အရပ်တွင် သဂြိုလ်သည်။

ယောရှုနှင့် မောရှေ

ဘုရားသခင်သည် မောရှေအား တောထဲတွင် နှစ်ပေါင်း ၄၀ ကြာ သိုး စေပြီး၊ စိတ်ရှည်သည်းခံခြင်း သဘောကို လေ့ကျင့်သင်ပေးသကဲ့သို ယော လည်း မောရှေ၏ လက်အောက်တွင် နှစ်ပေါင်း ၄ဝ ကြာပြုစု ပျိုးထောင်ပေးသည် သိုသော်လည်း ထမ်းဆောင်ရမည့်ကဏ္ဍ မတူညီသဖြင့် ပြုစုပျိုးထောင်ပုံလည်း တစ် မူကွဲပြားသည်။ သိုဖြစ်၍ ခေါင်းဆောင်ပုံ ခေါင်းဆောင်နည်းလည်း မတူညီကြပေ။

မောရှေ၏ ခေါင်းဆောင်ပုံမှာ ညင်သာပျော့ပျောင်းပြီး ယောရှု၏ ခေါင်းဆောင် ပုံမှာ စစ်စရိုက်ဆန်သည်။ မောရှေက စိတ်ရှည်စွာ ထိုင်လျက် တရားစီရင်၍ သဲကန္တာရ ထဲ၌ သည်းခံခြင်း တရားကို စွဲကိုင်ရင်း ဦးဆောင်မှုပေးသည်။ ယောရှုကမူ မတ်တပ် ရပ်လျက် စစ်တိုက်ရင်း ဦးဆောင်မှုပေး၍ ခါနာန်ပြည်ကို သိမ်းပိုက်သည်။ သူ့လူမျိုး များ၏ အမှားများကို လုံးဝသည်းမခံဘဲ ချက်ချင်း လက်ညှိးထိုး၍ ဘုရားသခင်၏ အလို တော်မှ သွေဖည်မှုမရှိရန် ထိန်းကျောင်း ကာကွယ်ပေးသည်။

အစ္စရေးလူမျိုးများ ခါနာန်ပြည်သို ဝင်ရောက်သောအခါ တောထဲတွင် လှည် လည် သကဲ့သို မဟုတ် တော့သဖြင့် ၄င်းတို အမှန်တကယ် လိုအပ်သော ခေါင်းဆောင် မှာ ယောရှု ကဲ့သို ခေါင်းဆောင်မျိုးဖြစ်သည် (မောရှေကဲ့သို ခေါင်းဆောင် မလိုအပ်တော့ပေ)၊ သဲကန္တာရတွင် မောရှေ ကဲ့သိုသော သူကခေါင်းဆောင်နိုင်မည် ဖြစ်သည်။ ဘုရားသခင်က အချိန်အခါနှင့် ထမ်းဆောင်ရမည့် တာဝန်အလိုက် ခေါင်းဆောင် များကို ထွက်ပေါ်စေကြောင်းတွေ့မြင်နိုင်သည်။ သဘော သဘာဝချင်း မတူညီကြသော်လည်း ဘုရားသခင်က အသုံးဝင် နိုင်မည့် နေရာကို သိသဖြင့် သူ့နေရာ၊ သူ့ အချိန်အခါနှင့်သူ အသုံးပြုသည်။

                        မောရှေ                                                             ယောရှု

–      သဲကန္တာရတွင် နှစ်ပေါင်း ၄၀ ကြာ ”                  –  ခါနာန်ပြည်၌နှစ်ပေါင်း ၃၀ ကြာ ဦးဆောင်

–      ပြည်သူ့ စနစ်ဖြင့် ဦးဆောင် ‘                            – စစ်စနစ်ဖြင့် ဦးဆောင်

–      သူ့လူများ၏ ဆန္ဒကို စိတ်ရှည်စွာ နားထောင်      – ပျင်းရိ၍ သတ္တိမရှိသောသူများကို ဆူပူကြိမ်းမောင်း *

–      သဘောထားညင်သာ ပျော့ပျောင်း                   – သဘောထား တင်းမာ၍ အသံမာမာဖြင့် အမိန့်ပေး

–      ကျောက်ထဲမှ ရေထွက်စေသည်                       – ရေတွင်းကို တူးစေသည်။

ဘုရားသခင်က သူ့လူမျိုးများ၏ လိုအပ်ချက်အလိုက် ခေါင်းဆောင်များကို တက်ပေါ်စေသဖြင့် ထိုခေါင်းဆောင်များ၏ ခေါင်းဆောင်ပုံ ခေါင်းဆောင်နည်း၊ တွေး ခေါ်ပုံ တွေးခေါ်နည်း၊ လုပ်ကိုင်ပုံ လုပ်ကိုင်နည်းနှင့် ပညာအရည်အချင်း စသည်တို တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ သိုသော်လည်း သခင်တစ်ပါးတည်း၏ လက်အောက်တွင် ယုံကြည်ခံယူချက်ခြင်း တူညီကြသဖြင့် ဘုရားသခင်၏ ဘုန်းတော် ထင်ရှားစေ၍ လူမြောက်မြားစွာအတွက်လည်း အကျိုးဖြစ်ထွန်းစေသည်။

ယောရှု၏ အားသာချက်များ

ခေါင်းဆောင်များသည် ပုထုဇဉ် လူသားဖြစ်သည့်အတိုင်း ၄င်းတို၌ အားသာ ချက်နှင့် အားနည်းချက် ရှိစမြဲ ဖြစ်သည်။ သိုသော်လည်း ခေါင်းဆောင်ကောင်းဖြစ် လျှင် အားသာချက်က အလေးသာ၍ အားနည်းချက်က ၄င်းတိုကို ထိမိလဲကျစေနိုင် မည် မဟုတ်ပေ။ ယောရှု၏ အားသာချက်နှင့် အားနည်းချက်များ အလိုက် ဘုရားသခင် ၏ အသုံးပြုပုံကို လေ့လာကြပါစို။

သစ္စာရှိသော ယောရှု

ယောရှု၏ အကြီးမားဆုံးသော အားသာချက် တစ်ခုမှာ သစ္စာရှိမှုပင် ဖြစ်သည်။ ဘုရားသခင်နှင့် မောရှေတိုအပေါ်၌သာမကဘဲ သူ့လူမျိုးများ အပေါ်၌လည်း သစွာ ရှိသည်။ မောရှေ၏ နောက်သို နှစ်ပေါင်း ၄ဝတိုင်တိုင် သစ္စာရှိစွာလိုက်ပြီး လူအများ က မောရှေကို ပုန်ကန်ကြသော်လည်း သူကမူ တစ်ခါမျှပင် မပုန်ကန်ဖူးချေ။ လုပ် လေသမျှ၌ သစ္စာရှိသဖြင့် ဘုရားသခင်က မောရှေ၏ နေရာကို လွှပြောင်း လက်ခံသူ အဖြစ် ရွေးချယ်သည် (ထွက် ၃၃း၁၁၊ တော ၁၁း၂၄-၃ဝ)။

ယောရှု၏ သစ္စာရှိပုံကို မောရှေနှင့် သိနာတောင်သို တက်သည့်နေရာတွင် လည်း တွေ့ရသည်။ မောရှေက သူ့လူမျိုးများအား “ငါတိုမလာမီတိုင်အောင် ဤအ ရပ်၌ ငုံနေကြလော့။ အာရုန်နှင့် ဟုရသည် သင်တို၌ ရှိသည်ဖြစ်၍ မည်သည့် သူမဆို အမှုအခင်းရှိလျှင် သူတိုထံသို သွားစေ” ဟု မှာကြားပြီး ယောရှုနှင့်အတူ သိနာတောင် သိုတက်သွားသည်။ သိုသော် ယေရှုသည် တောင်ထိပ်အထိလိုက် သွားခွင့်မရရှိခဲ့ပေ (ထွက် ၂၄း၁၂-၁၈ ၊ ၃၂း၁၅)။ သိုဖြစ်၍ တောင်ခြေနှင့် တောင်ထိပ်ကြားတွင် ရက် ပေါင်း ၄၀ တိုင်တိုင် နေခဲ့ရသည်။

မောရှေမှာမူ တောင်ထိပ်တွင် ဘုရားသခင်နှင့် မွေ့လျော်ပြီး မိုးတိမ်က လွှမ်းခြုံနေသဖြင့် လှမ်းမြင်၍ မရသလို ထောင်ခြေရှိ လူထုကလည်း ရုပ်တုကို ကွယ်၍ ပျော်ရွှင်မြူးတူးနေကြချိန်တွင် ယောရှုတစ်ယောက်တည်း အလွန်အဖွဲ ကျန်ဆန်နေမည် ဖြစ်သည် (ထွက် ၃၂ ၅-၆)။ မောရှေ့ပြန်ဆင်းလာမည့်အချိန် မျှော်တလင့်လင့်ဖြင့် စောင့်စားနေမည် ဖြစ်သည်။ အကယ်၍ ယောရှုသည် သင့် မရှိသူ ဖြစ်လျှင် ပြန်လာမည့်ရက် မသိနိုင်သော မောရှေကို ရက်ပေါင်း ၄၀ တိုင် တစ်ကိုယ်တည်း အထီးကျန်စွာ စောင့်နေနိုင်မည် မဟုတ်ချေ။

စကား နားထောင်သော ယောရှု

ယောရှု၏ နာမည်ကို စစ်တိုက်ရန် အခိုင်းခံရသည့် အချိန်တွင် စတွေ့ရသည် ဟု ဖော်ပြခဲ့သည့်အတိုင်း မောရှေက ယောရှုအား လူတိုကို ရွေး၍ အာမလက် လူတို့ကို စစ်တိုက်ခြင်းငှါ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရား သခင်၏ လှံတံကိုကိုင်လျက် တောင်ထိပ်ပေါ်မှာ ငါ ရပ်နေမည်ဟု မှာကြားသည် (ထွက် ၁ရး၈-၁၆)။

စစ်တိုက်ရန် အမိန့်ပေးခံရခြင်း ဟူသည် လွယ် ကူမည့်ကိစ္စ မဟုတ်ချေ။ တခြားကိစ္စ အခိုင်းခံရခြင်း နှင့် မတူဘဲ သေရေး ရှင်ရေး ကိစ္စဖြစ်စေကာမူ ယေရှု က မောရှေ စကားကို နားထောင်ပြီး ချက်ချက် ဆောင်

ရွက်သည်။

အကယ်၍ ယောရှုအနေဖြင့် စကားနားမထောင်ဘဲ ငြင်းပယ်လိုသည့် ဆန္ဒရှိ လျှင် ခိုင်လုံသော ဆင်ခြင်ပေးစရာ တစ်ချက်ရှိသည်။ သူသည် အီဂျစ်ပြည်၌ နှစ် ပေါင်းကြာနေသော်လည်း ကျွန်တစ်ယောက်သာ ဖြစ်သဖြင့် စစ်မတိုက်ဖူးသည့်အပြင်၊ စစ်ပညာလည်း သင်ယူဖူးမည် မဟုတ်ပေ။ သိုသော် အမိန့်ပေး ခံရသောအခါ ရှေ့ တန်းသိုသွား၍ စစ်ထွက်တိုက်လိုက်သည်။ ဘုရားသခင်နှင့် မောရှေတို စေခိုင်းသော အရာဟူသမျှ တစ်ခုမှ ချန်လပ်မထားဘဲ ပြီးစီးအောင် ဆောင်ရွက်သည် (ယောရှု ၁၁း၁၅)။

၄င်းအပြင် ယောရှုသည် စကားနားထောင်သူ ဖြစ်သဖြင့် ဘုရားသခင်က ကို အသက်ရှင်ခွင့်ပေးသည်။ အီဂျစ်ပြည်မှ ထွက်လာသော အသက်၂ဝနှင့် အ ထက်လူအားလုံးကို သတ်ပစ်မည် ဖြစ်သော်လည်း ငါ့စကားကို နားထောင် ယေရှု နှင့် ကာလက်ကိုမူ မသတ်ဘူးဟု ဘုရားသခင်က မိန့်တော်မူသည် (တော ၃၂း၁၀-၁၂)

အီဂျစ်ပြည်မှ ထွက်ခွာလာကြသော အစ္စရေး လူမျိုး ၂,၀၀၀,၀၀၀ နီးပါးအနက် နှစ်ယောက်သာ အရွေးချယ်ခံရာ၌ ပါဝင်ရခြင်းသည် ယောရှုအဖို အလွန် ဂုဏ်ယူ ဝမ်းမြောက်စရာပင် ဖြစ်သည်။ ယောရှုအနေ ဖြင့် ဤကဲ့သို ကောင်းချီး ခံစားရသည့် အကြောင်းရင်းမှာ ၄င်း၏ စကားနားထောင်တတ်ခြင်းကြောင့် ဖြစ်သည်။

သတ္တရှိသော ယောရှု

Winston Chruchill က သဋ္ဌိဟူသည် မတ်တပ်လ၍ စကားပြောရဲခြင်း ဖြစ်သကဲ့သို လိုင်ချပြီး စကားနားထောင်ရဲခြင်းလည်း ဖြစ်သည်ဟု ပြောဆိုဖူးသည်။ သတ္တိမရှိလျှင် ကြီးမားသော အောင်မြင်ခြင်း မရရှိနိုင် သလို၊ သတ္တိရှိစွာ လျှောက်လှမ်းသော သူများသည် အများအားဖြင့် နောင်တရစရာမရှိချေ။

အစ္စရေးလူမျိုး ၁၂ မျိုးတိုသည် မျိုးနွယ်စု ခေါင်းဆောင် ၁၂ ဦး ရွေးချယ်ရာ၌ ဧဖရိမ် မျိုးနွယ်စု ခေါင်းဆောင်အဖြစ် ယောရှု အရွေးခံရသည်။ လိုမျိုး နွယ်စု ခေါင်းဆောင် ၁၂ ဦး တိုသည် ခါနာန်ပြည်ကို စုံစမ်း လေ့လာရန် တာဝန်ပေးခြင်းခံရသူများ ဖြစ်သ ဖြင့် စွမ်းရည်သတ္တိနှင့် ပြည့်စုံသူများ ဖြစ်ကြပေမည်။ လူထုကလည်း ၄င်းတို အပေါ် တွင် ယုံကြည်အားကိုးကြသည် ဖြစ်ရာ၊ ၄င်း ၁၂ ဦး အနက် ၁၀ ဦးတိုက ခါနာန်ပြည် ကို သိမ်းယူနိုင်မည် မဟုတ်ဟု သတင်းလာပိုသောအခါ လူထုသည် စိတ်နှလုံးကြေ ကွဲပြီး တစ်ညလုံး ငိုကြွေးကြသည်။

သိုသော်လည်း ယောရှုနှင့် ကာလက်ကမူ “ငါတို စူးစမ်းသော ပြည်သည် အ လွန်တစ်ရာ ကောင်းသော ပြည် ဖြစ်ပါ၏။ ထာဝရဘုရားသည် ငါတိုကို နှစ်သက်လျှင် နှင့် ပျားရည်စီးသော ထိုပြည်သို ငါတိုကို ထောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။ ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထာဝရဘုရားသည် ငါတိုဘက်၌ရှိတော်မူ၏။ သိုဖြစ်၍ သူတိုကို မကြောက်ကြနှင့်” ပြောသည် (ကော ၁၄း၅-၁၀)။

ဘုရားသခင်အတူပါရှိသဖြင့် ယောရှုသည် မည်သူ့ကိုမျှ မကြောက်တော့ ဘုရားသခင်အား ဒေါသထွက်စေသူ ဖြစ်မည်ကိုသာ ကြောက်သည်။ ထိုသို ယုံကြည် ခြင်းဖြင့် သတ္တိရှိသဖြင့် ဘုရားသခင်၏ ကတိထားရာပြည် တစ်ခုလုံးကို သိမ်းပိုက် အောင်ပွဲခံနိုင်ခဲ့သည်။ ယောရှုသည် သက်ဆုံးတိုင် သတိုရှိသောသူ ဖြစ်သည်။ ကွယ်လွန်ခါနီးတွင် “ငါနှင့် အိမ်သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည်။ (ယောရှု ၂၄၁၅) ဟု ပြောဆိုသည်။ ၄င်းအပြင် သင်တို ဘယ်ဘုရားကို ကိုးကွယ်ဝတ် ပြုကြမလဲဟု လူထုအား စိန်ခေါ်လိုက်သည်။

၁၉၆၄ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်အတွင်းက အင်္ဂလန်ဝန်ကြီးချုပ် ဖြစ်သူ Churchill ထံသို မေရိကန် စစ်ဗိုလ်ချုပ်ကြီး Dwight D. Eisenho wer သွားရောက်လည်ပတ်သည်။ ထိုအချိန်တွင် Churchill သည် ကျန်းမာရေး ဆိုးဝါးသဖြင့် စကား ပင် မပြောနိုင်တော့ချေ။ Eisenhower လည်း ငြိမ် သက်စွာ ထိုင်နေရသည်။ ၁၀မိနစ်ခန့် ကြာသောအခါ Churchill က သူ့လက်ကို ခက်ခဲစွာ မြှောက်ပြီး လက်ညှိးနှင့် လက်ခလယ်ဖြင့် “v” (victory – အောင်မြင်ခြင်း) ပုံသဏ္ဍာန် လုပ်ပြသည်။ ထို “v” ပုံသည် ဒုတိယ ကမ္ဘာစစ်အတွင်းက “အောင်မြင်ရမည်” ဟူသည့် အဓိပ္ပာယ်ဖြင့် လူထုအား မကြာခဏ ထောင်ပြသော သင်္ကေတ တစ်ခု ဖြစ်သည်။ Eisenhower သည် ၄င်းသင်္ကေတကို မြင်သောအခါ မျက်ရည်တပေါက်ပေါက်ကျရင်း ထိုင်ခုံကို အနောက်သို ဆုတ်ပြီး မတ်တပ်ရပ်လိုက်သည်။ ပြီးမှ Churchill အား အလေးပြုပြီး “ခင်ဗျားကို byeလုပ်ရပေမယ့် ခင်ဗျားကတော့ “သတ္တိ” ကို bye မလုပ်သော သူ ဖြစ်တယ်” ဟု ပြောဆိုရင်း အခန်းထဲမှ ပြန်ထွက် လိုက်သည်။

ဝိညာဉ်သဘောရှိသော ယောရှု

 မောရှေကွယ်လွန်ခါနီးတွင် သူ၏ နေရာ ဆက်ခံရေးနှင့် ပတ်သက်၍ စိုးရိမ် ပူပန်စွာဖြင့် ဆုတောင်းရာ ဘုရားသခင်က နုန်၏သား ယောရှုကို ရွေးချယ်လိုက သူသည် ဝိညာဉ်သဘောရှိသော လူဖြစ်သည်ဟု ပြောလိုက် သည် (တော ၂၇:၁၈)

ဘုရားသခင်က ယောရှုသည် စစ်မှုကျွမ်းကျင်သောကြောင့်ဟုလည်းကောင်း၊ အကြော်အမြင် ကြီးသောကြောင့်ဟုလည်းကောင်း၊ ခေါင်းဆောင်မှုတော်သော ကြောင့် ဟုလည်းကောင်း မပြောဘဲ ဝိညာဉ်သဘောရှိသောလူဖြစ်သဖြင့် ရွေးချယ်ပါ သသ ပြောသည်။ ယောရှုသည် ဝိညာဉ်သဘော ရှိသောသူဖြစ်သဖြင့် ယုံကြည်ခြင်း အသက်ရှင်ပြီး သစ္စာရှိ၍ ရဲစွမ်းသတ္တိရှိသည်။ ၄င်းအပြင် စကားနားထောင်ပြီး အ ကြိုးစားသူဖြစ်သဖြင့် ဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့သူဖြစ်သည်။ သိုဖြစ် သ၏ ဝိညာဉ်သဘာရှိမှုက မောရှေ၏ နေရာ ဆက်ခံရန် လိုအပ်သည့် အရည် အချင်းကို ပြည့်မီစေသည်။

ဝိညာဉ်သဘောရှိမှုသည် အခြားအရာများ ထက် ပို၍ အရေးကြီးပြီး ခေါင်းဆောင်ကောင်း ဖြစ် လာနိုင်ရန်အတွက်လည်း အလိုအပ်ဆုံး အရာတစ်ခု လည်း ဖြစ်သည်။ George W Bush က အမေရိကန် သမ္မတတာဝန် ထမ်းဆောင်စဉ်အတွင်း ဆောင်ရွက် ချက်များကို ပြန်ပြောရာ၌ ဝိညာဉ်သဘောရှိခြင်းသည် သာ အရေးကြီးဆုံးဖြစ်သဖြင့် နံနက်တိုင်း ကျွန်တော် ဇနီးနှင့်အတူ ကျမ်းစာဖတ်ပြီး ဆုအမြဲတောင်းကြ သည်။ ဘယ်လောက်ဘဲ အလုပ်များနေပါစေ ဆုတောင်းရင်း မနက်အရုဏ်တက်ကို စောင့်နေလေ့ရှိ ကြသည်။ ရုရှားသမ္မတ Putin နှင့်တွေဆုံသည့် အချိန်တိုင်းတွင်လည်း တခြားကိစ္စ များ မဆွေးနွေးခင် ဘုရားသခင် အကြောင်းကိုသာ အရင်ပြောပြလေ့ရှိပါသည်ဟု ဆို သည်။ သမ္မတ Bush ကို အမေရိကန်ပြည်သူများက မကြိုက်နှစ်သက်လှသော်လည်းနောက်ပိုင်းတွင်မူ လူကြိုက်များလာပြီး သမ္မတကောင်း တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသည်။ သူသည် အပြောကောင်းသူ မဟုတ်သော်လည်း ခေါင်းဆောင်ကောင်း တစ်ဦးဖြစ် လာနိုင်ခြင်းမှာ သူ၏ ဝိညာဉ်ဆန်မှုကြောင့် ဖြစ်မည်ဟု ထင်မြင်မိသည်။

ပညာရှိသော ယောရှု

ဘုရားသခင်က ယေရှုကို ဝိညာဉ်သဘောရှိသောလူဟူသည့် အချက်တစ်ခု က ရွေးချယ်သည်နှင့်အမျှ သူသည် မောရှေ ကွယ်လွန်ပြီး နောက်ပိုင်းတွင်လည်း ဝိညာဉ်သဘောရှိခြင်း၌ ဆက်လက်ကြီးထွားသည်။ ခေါင်းဆောင်ဖြစ်လာပြီးနောက် ဝိညာဉ်သဘောမရှိခြင်း ပုံစံမျိုး မရှိချေ။ အမြဲတမ်း ဝိညာဉ်ဆန်သဖြင့် ပြီး သဘောရှိမှုဟူသည် သူ၏ပင်ကိုယ် ဗီဇတစ်ခု ကဲ့သိုပင် ဖြစ်လာသည်။

သိုဖြစ်၍ ဘုရားသခင်က ခေါင်းဆောင်မှု၊ ရဲစွမ်းသတ္တိအပြင် ပြည့်စုံ ပညာကိုလည်း ပေးလိုက်သည် (တရား ၃၄း၉)။ ဝိညာဉ်သဘောရှိခြင်းက ပညာ၏ သီးကို သီးပွင့်စေသည်။ ပညာဟူသည် ဝိညာဉ်ဆန်ခြင်း မဟုတ်သော်လည်း ဝိညာဉ် သဘောရှိခြင်းနှင့် ပညာသည် အမြဲ ဒွန်တွဲသည်။ ဒါဝိဒ်၏ ဝိညာဉ်သဘောရှိမှုကြောင့် ဘုရားသခင်က ပညာကို ပေးသည်။ ဒံယေလ၏ ဝိညာဉ်သဘောရှိမှုက သူ့ကို ဗာဟု လုန်ပြည်၌ အတော်ဆုံးလူဖြစ်စေသည်။ ရှောလမုန်၏ ပညာလည်း ဘုရားသခင်အား ဝတ်ပြုခြင်းနှင့် ဆုတောင်းခြင်းဖြင့် ရရှိခြင်းဖြစ်ရာ ဝိညာဉ်သဘောရှိမှု၏ အသီးအပွင့်ပင် ဖြစ်သည်။

တာဝန်ယူရဲသော ယောရှု

မောရှေ၏ ဆုတောင်းချက်ကို ဘုရားသခင်က နားညောင်း၍ ခေါင်းဆောင် သစ် အဖြစ် ယောရှုကို ရွေးချယ်သည် (တော ၂၇း၁၈)။ ထိုနောက်မောရှေက ယဇ်ပု ရောဟိတ် လာဇာနှင့် လူထုအပေါင်းရှေ့တွင် ယေရှုကို ခေါ်ဆောင်၍ ခေါင်းဆောင် သစ်အဖြစ် တင်မြှောက်ပြီး သူ့အပေါ်တွင် လက်တင်ကောင်းကြီးပေးပြီး ရာထူး အာ ဏာအပ်နှင်းလိုက်သည် (တော ၂ရး၁၉-၂၃)။

ထိုနောက် မောရှေက ယောရှုအား “အားယူ ၍ ရဲရင့်ခြင်းရှိလော့။ ထာဝရဘုရားသည် ဘိုးဘေးတို အား ကျိန်ဆိုတော်မူသော ပြည်သို သင်သည် သူတို နှင့် အတူသွား၍ အမွေခံစေရမည်။ သင့်ရှေ့မှာ ထာဝရ ဘုရားသည် ကိုယ်တိုင်ကြွ၍ သင်နှင့် ရှိတော်မူလိမ့် မည်။ သင့်ကို စွန့်တော်မမူ။ ပစ်ထားတော်မမူ။ မစိုး ရိမ်နှင့်၊ စိတ်မပျက်နှင့်” ဟု လူထုပရိသတ်ရှေ့တွင် မှာကြားသည် (တော ၃၁းရ-၈)။ ။

အခက်ဆုံးသော တာဝန်တစ်ခု ပေးအပ်ခံ ခြင်း ဖြစ်သော်လည်း ယောရှုက မငြင်းခဲ့ပေ။ ရှောလု၊ ဒါဝိဒ်၊ ရှောလမုန် နှင့် ယေရောဗောင်တို ခေတ်မှ စ၍ ခေတ်အဆ က်ဆက် ဘုရင်နေရာ လုယူကြသည်။ အကြောင်းမှာ ထိုခေတ်ရောက် သောအခါ တိုင်းပြည် အတည်တကျနှင့် ဖွဲစည်းပုံ ဥပဒေမှစ၍ အရာခပ်သိမ်း အဆင်သင့်ရှိ၍ ဖြစ်သည်။

သိုသော် ယောရှုခေတ်တွင်မူ တိုင်းပြည်လည်းမရှိဘုရင်လည်းမရှိ၊ ဖွဲစည်းပံုဥပ‌ေဒမှစ၍ ဘာမှ အဆင်သင့် မရှိချေ။ အရာအားလုံး သုညမှ စရသည့်အပြင် လှထ စစ်သားများလည်း အတွေ့အကြုံ မရှိသေးသဖြင့် အလွန်ခက်ခဲနေမည် ဖြစ်သည်။ ဤသို ဖြစ်စေကာမူ ယောရှုက ဘုရားသခင်နှင့် မောရှေ၏ စကားကို နားထောင်ပြီး ထားတောဝန်ကို မငြင်းခဲ့ပေ။ ဘုရားကို ကိုးစားခြင်းဖြင့် တာဝန်ယူ၍ အမည် မြောက်ခြင်း)ကို စတင် ထမ်းရွက်သည်။ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အသက်ကို စွန့် ရန်အတွက် တာဝန်ယူခြင်း ဖြစ်ကြောင်းကို တွေ့မြင်နိုင်သည်။

စောင့်စားနိုင်သော ယောရှု

ဆိုခဲ့သည့်အတိုင်း ယောရှုသည် သူ၏ အချိန်ကာလကို တည်ငြိမ်စွာ စောင့်စား သည်။ မောရှေ၏ နောက်သို နှစ်ပေါင်း ၄၀ ကြာ လိုက်သည်နှင့်အမျှ နှစ်ပေါင်း ၄၀ ကြာ စောင့်စားသူ ဖြစ်သည်။ ထိုအချိန်တွင် မောရှေ၏ နေရာကို လုယူဖယ်လေးလိုသော လူ အမြောက်အမြားရှိလာသည်။

ကောရ၊ ဒါသန်၊ အဘိရံ၊ ဩနနှင့် လူမြောက် မြားစွာကမောရှေ၏ ခေါင်းဆောင်မှုကို အားမလို အား မရဖြစ်ပြီး၊ မောရှေအား ဖယ်ရှားလိုကြသည်။ မောရှေ့ ၏ မွေးချင်းဖြစ်သော မိရိအံနှင့် အာရှန်တိုကပါ မော ရှေကို အပြစ်တင်ကြသည်။ ယေရှုကမူ မဖယ်ရှား မဆန့်ကျင်သည်သာမက မောရှေ့ဖက်တွင် အမြဲရပ် တည်ပေးသည်။ မောရှေ နောက်သို အမြဲ တကောက် ကောက်လိုက်သည်။ အခြားခေါင်းဆောင်များ ပေါ် ထွက်မည်ဆိုလျှင်ပင် မောရှေ အသက်ရှင်သမျှ ကာ လပတ်လုံး မောရှေကိုသာ စောင့်စားသည်။ ။

သိနာတောင်ပေါ်သို ရက်ပေါင်း (၄၀) ကြာ မာရှ အချိန် လည်း ပြန်ဆင်းလာသည်အထိ စိတ်ရှည်စွာ စောင့်စားသည်။ မောရှေကဲ့သို သူရ သခင်နှင့် စကားပြောသည်လည်း မဟုတ်၊ ဘုရား၏ တန်ခိုးတော် မိုးတိမ်ကလွမ်းခြုံသည်လည်းမဟုတ်၊ ဘုရားသခင်နှင့် မောရှေ့ စကားပြောသည်ကို လှမ်းမြင်ရသည်။ လည်း မဟုတ်၊ ပျော်စရာ တစ်ခုမျှ မရှိသည့် နေရာမှ မောရှေကို သစ္စာရှိ သည်။ အကယ်၍ မစောင့်စားနိုင်ဘဲ လှည့်ပြန်ခဲ့မည်ဆိုလျှင် နောက်နောင် မောရှေက ပြန်ခေါ်ချင်မှ ခေါ်မည် ဖြစ်သည်။

သူတစ်ပါးကို ဦးစားပေးတတ်သော ယောရှု

အစ္စရေး လူမျိုးများ နယ်မြေခွဲဝေကြသောအခါ ယောရှုက ခေါင်းဆောင် သော်လည်း သူ့အတွက် အရင်မယူခဲ့ချေးမျိုးနွယ်ထဲမှာ အကြီးဆုံးဖြစ်သော ရူဗင်အား ဦးစွာနေရာချ ပေးပြီး၊ ထိုမှ ဂဒ်၊ မနာရှေ့၊ ယုဒ ပေ ဗယာ်မိန်၊ ရှိမောင်၊ ဇာဗုလုန်၊ ဣသခါ၊ အာရွာ၊ နဿလိ၊ ဒန် စသည်ဖြင့် အဆင့်ဆင့် ခွဲဝေပေးသည်။ ၄င်းတို အားလုံးရရှိပြီးမှ သာလျှင် ယောရှုက နောက် ဆုံးမှ ယူလိုက်သည်။

သူ၏အကောင်းဆုံး မိတ်ဆွေ ဖြစ်သူ ကာ လက်ကပင်လျှင် မောရှေ ကတိထားသော ဟေဗြန် တောင်တန်း ဒေသကို တစ်ခါတည်း တောင်းဆို လိုက် သည်။ နောက်ဆုံးတွင် ယောရှုက သူ့အတွက် ဧဖရိမ် တောင်ရှိ “တိမနဿရ” ဒေသကို ယူသည်။ တိမနဿရ၏ အဓိပ္ပါယ်မှာ ကျွန်ုပ်၏ ကောင်းစားသော အခွေဖြစ်၍ ပရိမ်၏အဓိပ္ပါယ်မှာ ကောင်းကြီး နှစ်ဆ ခံစားရ သော နေရာဖြစ်သည်။ သိုဖြစ်၍ လူအားလုံး နယ်မြေအသီးသီး ရရှိပြီးမှ ယောရှက ကောင်းဦးများစွာ ခံစားရမည့် “ကျွန်ုပ်၏ကောင်းစားသော အမွေ” အရပ်ကို ယူလိုက် ခြင်းဖြစ်သည် (ယောရှု ၁၉း၄၉-၅၀)။

ယောရှုသည် ခေါင်းဆောင်ဖြစ်သဖြင့် အကောင်းဆုံးသော နယ်မြေများ ဦးစားပေးလျှင်ပင် မည်သူမျှ ကန့်ကွက်မည်မဟုတ်သော်လည်း သူတစ်ပါးကို ဦးစားပေး ရွေးချယ်စေသည်။ ၄င်း၏ လုပ်ပိုင်ခွင့် အာဏာကို ကိုယ်ကျိုးအတွက် အသုံးမပြုဘဲ စွန့်စားရသည့် တိုက်ပွဲစသည်တို့၌သာ အသုံးပြုသည်။ ခေါင်း ဆောင် ကောင်းတစ်ဦး ဖြစ်သည်နှင့် အမျှ အကျိုးရရှိမည့်အရာ မှန်လျှင် သူ၏ လူမျိုးများ ကို ဦးစားပေးသည်။ ဆင်းရဲ ဒုက္ခခံရမည့် အရာဆိုလျှင်မူ သူကိုယ်တိုင် ပထမဆုံး ပေးဆပ်သည်။

လေးစားမှု ခံရသော ယောရှု

ယောရှုသည် သစ္စာရှိခြင်း၊ နာခံတတ်ခြင်း၊ ရဲစွမ်းသတ္တိနှင့် ပြည့်စုံခြင်း၊ တာဝန်ယူတတ်ခြင်း၊ ဝိညာဉ်ဆန်ခြင်း၊ အမြော်အမြင်ကြီးခြင်း၊ စိတ်ရှည်စွာ စောင့်စား တတ်ခြင်းစသည့် အရည်အချင်းများရှိသဖြင့် သူ့လူများ၏ လေးစားမှုခံရသော ခေါင်း ဆောင် ဖြစ်လာသည်။

ထိုသို လေးစားကြသဖြင့် ယောရှု၏ စကားကို နားထောင်ကြသည် (တရား ၃၄း၉)။ သူပြောသည့်အတိုင်း တစ်သဝေမတိမ်း လုပ်ဆောင်ကြသည်။ လေးစားရ သော သူ၏ စကားကို နာခံရန် မခက်သည့်အပြင် ပို၍ပင် ဂုဏ်ယူကြသည်။

ယောရှု၏စကားကို နားထောင်ကြသဖြင့် အစ္စရေးလူမျိုးများသည် ယေရှု ခေတ်ကာလ ပတ်လုံးတွင် ဘုရားသခင်၏ အမှုကိုသာ ဆောင်ရွက်ကြသည် (ယောရှု ၂၄း၃၁၊ သူကြီး ၂းရ)။ ထိုသို စကားနားထောင်ခြင်းဖြင့် ဘုရားသခင်၏ ကောင်းကြီး ခံစား၍ အချုပ်အခြာ အာဏာကို ထိပါးမခံရတော့ဘဲ လူသူအလယ်တွင် ရဲဝံ့စွာ အသက်ရှင်လာနိုင်ကြသည်။ ခေါင်းဆောင်ကောင်းများ၏ စကားကို နားထောင်ခြင်း က ငြိမ်သက်ခြင်း၊ အောင်မြင်ခြင်းနှင့် စိတ်ချမှုကို ရရှိစေသည်။

နယ်မြေခွဲဝေတတ်သော ယောရှု

ယောရှုသည် ခါနာန်ပြည်သို ဝင်ရောက်သောအခါ သိမ်းပိုက်သမျှ နယ်မြေ တိုကို မျိုးနွယ် အားလုံး ပြည့်စုံစွာ ရရှိသည်အထိ စီမံခွဲဝေပေးသည်။

မျိုးနွယ် (၁၂) ခုအတွက်နယ်မြေခွဲဝေပေးခြင်းဖြစ်သဖြင့် လုပ်မှား ကိုင်းမှား ရှိပါက ပြဿနာ မျိုးစုံ ဖြစ်ပွားနိုင်သည် အခြေအနေ ဖြစ်သည်။ အကြောင်းမှာ အဆင် သင့်ရှိနေသော နယ်မြေကို ခွဲဝေပေးခြင်း မဟုတ်ဘဲ သူတို နေထိုင်မည့်နယ်မြေကို ကိုယ်တိုင် သိမ်းပိုက်မှသာလျှင် ရရှိမည် ဖြစ်သည်။ အစ်ကိုကြီး ရုဗင် မိသားစုက ၄င်း က ပြည့်စုံစွာ ရရှိပြီး မှသာလျှင် ဂဒ်တို မိသားစုက ၄င်းတိုအတွက် တိုက်ပွဲ ဝင်၍ သိမ်းပိုက်ရမည်ဖြစ်သည်။ ထိုမှ မနာရှေ့၊ ယုဒ၊ ဧဖရိမ်၊ ဗယာ်မိန်၊ ရှိမောင်၊ ဇာဗုလုန်၊ ဣသခါ၊ အာရှာ၊ နဿလိ နှင့် ဒန် စသည်ဖြင့် ၄င်းတို နေထိုင်မည့် နယ်မြေ ကို သိမ်းပိုက်ရန် လိုသည်။

ဤသို နယ်မြေ ခွဲဝေရာ၌ အခန့်မသင့်လျှင် ငါတို မိသားစုကျတော့ ကောင်းတဲ့ နယ်မြေ မရဘူး။ ရန်သူပေါများ တဲ့ နယ်မြေပဲ ရတတ်တယ်။ ငါတိုကျတော့ တောင်ထိပ်မှာ၊ သူတိုကျတော့ တောင်အောက်မှာ စသည်ဖြင့် ဆူပူညည်းတွားမှု ကြုံတွေ့ သည့်နေရာ ဖြစ်သည်။ မောရှေ၏ ဦးဆောင်မှုအောက်တွင် အစက တည်းက မြည်တမ်း ညည်းတွားတတ်သော လူမျိုးများဖြစ်ကြသဖြင့် ယခုလည်း ညည်းတွားလိုက ညည်းတွားနိုင်မည် ဖြစ်သည်။

သိုသော် ယေရှုက ၄င်းတိုအား ညည်းတွားမှု၊ မကျေနပ်မှု မရှိစေဘဲ နယ် ခွဲဝေ ပေးသဖြင့် ရရှိသော နယ်မြေ အသီးသီးတွင် ကျေကျေနပ်နပ် နေထိုင်ကြသည်။ လူဦးရေများလျှင် များသည့်အလျောက်၊ နည်းလျှင် နည်းသည့်အလျောက် သင့်တော်သော နယ်မြေကို ရရှိကြသည်။ သိုဖြစ်၍ ယောရှု၏ နယ်မြေ ခွဲဝေတတ်မှုကို ထင် ရှားစွာ တွေ့ရှိနိုင်သည်။

ဘုရား၏ အမှုတော်ဆောင် ယောရှု ၊

ယောရှုသည် သူ၏ အသက်တာ တစ်လျှောက်လုံး ဘုရားကို ရိုသေ လေး မြတ်ရန် အမှုတော်ကို ဆောင်ရွက်သည်။ သိုဖြစ်၍ ဘုရားသခင် မုန်းတီးသောအရာ ကို မုန်းတီးပြီး ဘုရားပြောသည့်အတိုင်း ဖြောင့်မတ် စွာ တရားစီရင်သည် (ဥပမာ-အပြစ်ရှိသူကို ကျောက် ခဲ့ဖြင့် ပစ်သတ်)။ |

ယေရှုသည် မောရှေ၏ နောက်သို လိုက် သည့် အချိန်မှ စ၍ ကွယ်လွန်ချိန်အထိတိုင် ဘုရား၏ အမှုတော်ကို သစ္စာရှိစွာ ထမ်းရွက်သည်။ ကွယ်လွန် ခါနီးတွင် အစ္စရေးခေါင်းဆောင်များ၊ လူကြီးများ၊ တရားသူကြီးများနှင့် လူထုကို တွေ့ဆုံ၍ မှာစရာများကို မှာကြားပြီး ကျိန်ဆို ကတိပြုကြသည်။

ထိုသို ကျိန်ဆိုစေရာ၌ ဘုရားသခင်သည် မည်သူဖြစ်၍ သူတိုအတွက် မည့် သည့်အရာများ လုပ်ဆောင်ပေးသည်ကို ပြန်လည် အောက်မေ့စေပြီးနောက် “ငါနှင့် ငါ၏ သားဖြစ်လျှင် ထာဝရဘုရားကိုသာ ဝတ်ပြုမည် (ယောရှု ၂၄း၁၅)” ဟုပြော သည်။ သူကိုယ်တိုင် ထိုသို ပြောသောအခါ လူထုကလည်း “ထာဝရဘုရားကိုသာ ဝတ်ပြုပါမည်” ဟု သုံးကြိမ် တိုင်တိုင် ကျိန်ဆို ကတိပြုကြသည် (ယောရှု ၂၄း၁၈ ၊၂၁၊၂၄)။

 ယောရှုသည် ခေါင်းဆောင်နှင့် စစ်သူကြီး တစ်ဦး ဖြစ်သော်လည်း သူ့ကိုယ် သူ အမှုတော်ဆောင်အဖြစ် ပို၍ ခံယူသည်။ ဘုရားသခင်ကလည်း ယောရှုသည် ငါ နောက်ကို သစ္စာရှိစွာလိုက်ရန် ငါ့အမှုတော်ကို ဆောင်ရွက်သည်ဟု ပြောသည်။ ဘုရား ၏ အမှုတော်ကို ဆောင်ရာ၌ အရေးကြီးဆုံးအချက်မှာ ယောရှု၏ စကားနာခံတတ် မှုပင် ဖြစ်သည်။ –

အစိုးရဝန်ထမ်း၊ နိုင်ငံခေါင်းဆောင်၊ လူမျိုးခေါင်းဆောင် နှင့် အခြား လုပ်ငန်း များ လုပ်ကိုင်နေရင်းပင် ဘုရားသခင်၏ အမှုတော်ကို ထမ်းဆောင်နိုင်သည်။ ဘုရား သခင်ခိုင်းသော အရာကို သစ္စာရှိစွာ လုပ်ဆောင်ခြင်းသည် ဘုရား၏ အမှုတော်ကို ထမ်းဆောင်ခြင်းပင် ဖြစ်သည်။ ယောရှုကဲ့သို တစ်သက်တာလုံး ဘုရား၏ အမှုတော် ဆောင်သူဖြစ်ကြရန် အရေးကြီးသည်။

ယောရှု၏ အားနည်းချက်များ

John Powell ဆိုသူက ၄င်းရေးသားသော “The Secret of Staying in Love” ဟူသည့် စာအုပ်တွင် လူတိုသည် မိမိစွမ်းရည် အားလုံး၏ ၁၀% ကိုသာ အသုံးချတတ်ရန် ပတ်ဝန်းကျင်၏ လှပမှုကို ၁၀%သာ တွေ့မြင်ခံစားနိုင်သည်။ သာယာနာ ပျော်ဖွယ်သော အသံ (ဥပမာ-ဂီတ၊ သီချင်း) အားလုံး၏ ၁၀%ကိုသာ မြည်းစမ်းနိုင်ကြသည်ဟု ရေးထားသည်။

လူတိုသည် မိမိပင်ကိုယ်စွမ်းရည်၏ ၁၀%ကို သာ အသုံးချနိုင်သူများဖြစ်ကြသဖြင့် လုပ်ဆောင်လေ သမျှ၌ အားနည်းချက်ရှိကြသည်။ အကောင်းဆုံး ခေါင်းဆောင်တိုပင်လျှင် ထိုကဲ့သိုသာ ဖြစ်သဖြင့် ၄င်း တို၏ အားနည်းချက် အပေါ် သင်ခန်းစာယူတတ်ရန် အရေးကြီးသည်။

မယုံကြည်သူများနှင့် မိတ်သဟာယဖွဲ့ခြင်း

ဘုရားသခင်၏ အမိန့်တော်အတိုင်း ယောရှနှင့် အစ္စရေးလူမျိုးတိုသည် မော် နမြစ် တစ်ဖက်ကမ်းရှိ တိုင်းပြည်များ၊ မြို၊ ရွာများနှင့် ဟိတ္တိ၊ အာမောရိ၊ ခါနန်၊ ဖေရဇိ၊ ယေဗုသိ စသည့် လူမျိုးအားလုံးတိုကို တိုက်ခိုက်ဖျက်ဆီးရမည် ဖြစ်သည် (ယောရှု ၉း၁-၂၅)။

ထိုသတင်းကို ကြားသောအခါ ဗောင်မြိုသားများ (ဟိဝိလူမျိုးများ) တုန် သွားကြသည်။ ယောရှ၏ ဦးဆောင်မှုဖြင့် ယေရိဘေမြိုနှင့် အာက္ကမြို တို၌ မည်သို ဖြစ်ပျက်ခဲ့သည်ကိုလည်း ကြားသိပြီး ဖြစ်သဖြင့် အလွန်ကြောက်ရွံကြသည်။ ထိုအခါ ယောရှုနှင့် မိတ်သဟာယဖွဲနိုင်ရန် ကြံစည်ကြသည်။ တစ်ကျွန်းတစ်နိုင်ငံမှ လာ သော သံတမန်များကဲ့သို ဉာဏ်ဆင်ရန် ယောရှုထံ သွားရောက်ကြသည်။

ယောရှုနှင့် အစ္စရေးအကြီးအကဲများထံရောက် လာကြသောအခါ မိမိတိုသည် ကိုယ်တော်၏ ကျွန် ဖြစ်၍မိတ်သဟာယဖွဲရန်ရောက်လာခြင်းဖြစ်ကြောင်း ပြောသည်။ ထိုအခါ ယေရှုက မေးမြန်း စစ်ဆေးခြင်း မပြုသလို ဘုရားသခင်ကိုပင် မမေးတော့ဘဲ သူတိုကို လက်ခံလိုက်သည်။ ဤသို ဘုရားသခင်ကို မမေးခြင်း နှင့် မယုံကြည်သူများနှင့် မိတ်သဟာယဖွဲရန် လုပ် ဆောင်ခြင်းသည် သူ၏အကြီးမားဆုံး အမှားဖြစ်သည်။

မိတ်သဟာယဖွဲပြီး သုံးရက်မြောက်နေ့တွင် ထိုလူတိုသည် အဝေးမှလာသူများ မဟုတ်ဘဲ အနီး ၊ အနားရှိ ဂိဗောင်လူမျိုးများသာ ဖြစ်ကြောင်း ယောရှုနှင့် အဖွဲက သိလာကြသည်။ ထိုအခါ ဗောင်တို နေထိုင်သော မြိုကြီးများသို သွားကြပြီး အဘယ်ကြောင့် အဝေး မှ လာသူများဟု လိမ်ကြသနည်း။ ဤသို လိမ်ညာပြော ဆိုသည့်အတွက် ကျိန်ခြင်း ခံရမည်။ သင်တိုအားလုံး ငါ၏ ကျွန်ဘဝဖြင့် ဘုရား၏ အိမ်တော်အတွက် ထင်း ရေခပ်အလုပ်လုပ်ရမည်ဟု ယေရှုက ပြောလိုက်သည်။

စင်စစ် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် အမိန့်ကမူ ထိုသိုမဟုတ်ဘဲ ဂိဗောင် လူမျိုး အားလုံးကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ သိုသော်လည်း ယောရှုသည် ” သဘောဖြင့် မိတ်သဟာယဖွဲသောကြောင့် ဂိဗောင်လူမျိုးများ ဖျက်စီးခြင်း မခံရတော့ပေ။ ထိုသို မဖျက်ဆီးခြင်းသည် ဘုရား၏ စကားကို နားမထောင်ရာ ရောက်သည့် အပြင် ဘုရား၏ အလိုတော်အတိုင်း မဆောင်ရွက်နိုင်ခြင်းလည်း ဖြစ်ပေမည်။

ဘုရားကို မသိသောသူများနှင့် မိတ်သဟာယဖွဲခြင်းက ဘုရား၏ မျက်နှာသာ များစွာ အဟန့်အတား ဖြစ်စေပြီး ၄င်းတို၏ ယုံကြည်ခံယူချက်ထဲ၌ ထဲထဲဝင်ဝင် မိပါက မိမိတို၏ ယုံကြည်ခံယူချက်များပါ တဖြည်းဖြည်း လျော့ပါးလာမည် ဖြစ် သည်။ ၄င်းအပြင် ဘုရားသခင်နှင့် မိမိတို၏ မိတ်သဟာယဖွဲခြင်းကိုလည်း ထိခိုက် စေမည် ဖြစ်သည်။

ခေါင်းဆောင်သစ် ပျိုးထောင်ခြင်း

မောရှေက သူ၏ နေရာကို ဆက်ခံရန်အတွက် ယောရှုကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေး သော်လည်း ယောရှုကမူ ခေါင်းဆောင်သစ် မပျိုးထောင်ခဲ့ချေ။ မလိုအပ်တော့၍လည်း ဖြစ်ကောင်းဖြစ်ပါမည်။ သိုသော် ထိုသို မပျိုးထောင်ခြင်း ကြောင့် အစ္စရေးလူမျိုးများအဖို ခေါင်းဆောင်ကောင်းမရှိနိုင်တော့ဘဲ ဘုရင်လည်း မရှိသဖြင့် စိတ်ထင်တိုင်းကြဲနေကြတော့သည် (သူကြီး ၂၁း၂၅)။

အစ္စရေး လူမျိုးများအား သဲကန္တာရထဲတွင် စိတ်ရှည်စွာ ဦးဆောင်မည့် မောရှေကို မလိုအပ်တော့ သလို ခါနန်ပြည်ကို သိမ်းလိုက်မည့် ယောရှုကိုလည်း မလိုအပ်တော့ချေ။ မိမိတို၏ နယ်မြေအသီးသီးသို အခြေချ နေထိုင်ကြပြီ ဖြစ်သဖြင့် ထိုနယ်မြေများကို ကောင်းမွန်စွာ စောင့်ရှောက်တတ်ရန်သာ လိုတော့ သည်။ သိုသော်လည်း ခေါင်းဆောင်ကောင်း မရှိ တော့သဖြင့် ဘုရားသခင်ပေးသော နယ်မြေများကို ကောင်းမွန်စွာ မစောင့်ရှောက်နိုင်သည့်အပြင် မိမိတို ကိုယ်ကိုပင် ဘုရားသခင်၏ အလိုတော်နှင့်အညီ မစောင့်ရှောက်နိုင် ကြတော့ချေ။ ထိုသို ဖြစ်ခြင်းမှာ အခြားအကြောင်းအမျိုးမျိုးအပြင် ယောရှုကိုယ်တိုင် က ခေါင်းဆောင်သစ် မပြုစုမပျိုးထောင်ခြင်းကြောင့် လည်း ဖြစ်နိုင်သည်။

၅။ ကာလက် (Caleb)

အသက် ၈၅ နှစ်အရွယ်ရှိ လူအိုတစ်ဦးကို မည်သူမျှအခကြေးငွေပေးရန် အလုပ်လုပ် ခိုင်း မည်မဟုတ် သလို အထူးသဖြင့် တိုက်ပွဲပြင်းထန်သော စစ်မြေပြင်၌ စစ်တိုက်ရန်အ တွက် ၄င်းအသက်ရွယ်ရှိ လူအိုတစ် ဦးထက် ပျိုရွယ်သန်မာသော သူများကိုသာ အလို ရှိကြမည် ဖြစ်သည်။ သိုသော် ၈၅ နှစ်အရွယ်ရှိ ကာလက်ကမူ ဘုရားသခင် ကတိ ထားတော်မူသော ပြည်သို ဝင်ရောက်နိုင်ရန်အတွက် စိတ်အားထက်သန်စွာ ချီတက် လာခဲ့သည်။

ကာလက်သည် ယောရှုကဲ့သို စစ်သူရဲကောင်း မဟုတ်သလို မောရှေနှင့်လည်း လက်ပွန်းတတီး နေဖူးသူ မဟုတ်ချေ။ သမ္မာကျမ်းစာ၌ ယေရှုနာမည် အကြိမ်ပေါင်း ၂ဝဝ ကျော် တွေ့ရှိရသော်လည်း ကာလက်နာမည်ကို ၂၈ကြိမ်ခန့်သာ တွေ့ရသည်။ သိုသော်လည်း သူ၏ ယုံကြည်ခြင်းနှင့် ရည်မှန်းချက် ရှိသူ ဖြစ်ခြင်းကြောင့် ထင်ရှားသောသူတစ်ဦး ဖြစ်လာ သည်။

ကာလက်၏ အဓိပ္ပါယ်မှာ “ခွေး” ဖြစ်၍ သမ္မာ ကျမ်းစာ၌ ၂၆ ကြိမ်တွေ့ရှိရသည်။ ဘုရားသခင်က ကာလက်ကို အမြတ်ဆုံး အစေခံကျွန်ဟု ခေါ်သည်။ ယောရှုကိုလည်း ထိုကဲ့သိုပင် ခေါ်သဖြင့် ၄င်းနာမည် သည် အမြင့်ဆုံးဂုဏ်ပြုခြင်း တစ်ခုပင် ဖြစ်သည် (တော ၁၄း၂၄)။

ကာလက်၏ ဖခင်သည် ယေဖုန္ဓာဖြစ်၍ ကောနက် အမျိုးဖြစ်သော်လည်း ယုဒလူမျိုးတို၏ သံတမန် တစ်ဦး ဖြစ်သည်။ စင်စစ်သူသည် ယာကုပ်၏ အစ်ကို ဧသော ၏မျိုးဆက် ဖြစ်၍ ယုဒ အနွယ်ဝင် မဟုတ်သော် လည်း အစ္စရေး လူမျိုး အကြားတွင် ဝင်ဆန့်နိုင်ခြင်းမှာ အံသြစရာပင် ဖြစ်သည်။ အကြောင်းမှာ ဓမ္မဟောင်း ခေတ်၌ ဘုရားသခင်က သူ၏ အစ္စရေး လူမျိုးများကို တစ်ပါးအမျိုးသားများနှင့် ကင်း ရှင်းစွာ နေစေလို၍ ဖြစ်သည် (ကမ္ဘာ ၁၄း၁၉၊ ကော ၃၂း၁၂၊ ယောရှု ၁၄း၆, ၁၄)

သိုဖြစ်လျှင် ကာလက်သည် အဘယ်ကြောင့် ယုဒအနွယ်ဝင်များ၏ သံတမန် တစ်ဦး ဖြစ်လာနိုင် ရသနည်း။ ။

ထိုခေတ်၌ အစ္စရေးနိုင်ငံသား ခံယူလိုသော တစ်ပါးအမျိုးသားများသည် အစ္စ ရေးလူမျိုးများ၏ ကျင့်ထုံးစဉ်လာများကို လိုက်နာပြီး အရေဖျားလှီး မင်္ဂလာကို ခံယူ ကြပါက ဧည့်နိုင်ငံသားဖြစ်ခွင့် ရရှိနိုင်သည်။

ထွက်မြောက်ရာကျမ်း ၁၂း၄၈-၄၉ ၌ ဤသိုရေးထားသည်။

“သင်တိုထံမှာ တည်းခိုသောတစ်ပါးအမျိုးသားသည် ထာဝရဘုရားအဖို ပဿခါပွဲကိုခံခြင်းငှါ အလိုရှိလျှင်၊ သူ၌ရှိသော ယောကျာ်း အပေါင်းတို သည် အရေဖျားလှီး မင်္ဂလာကို ခံကြစေ။ သိုပြီးမှ ထိုသူသည် ပြည်သား ကဲ့သို ဖြစ်သောကြောင့် ချဉ်း၍ ထိုပွဲသို ဝင်စေ။ အရေဖျားလှီး မင်္ဂလာ ကို မခံသောသူမည်ကား ထိုပွဲ၌ ဝင်၍ မစားရ။ အမျိုးသားချင်း ဖြစ်သော သူ၊ သင်တိုတွင် တည်းခိုသော တစ်ပါးအမျိုးသားဖြစ်သောသူတိုသည် တစ်ပါးတည်းသော တရားနှင့် ဆိုင်ကြ၏။”

ဤသိုဖြင့် တစ်ပါးအမျိုးသားပင် ဖြစ်ပါစေ အစ္စရေးနိုင်ငံသား ဖြစ်ခွင့်ရရှိသူ ပါက အစ္စရေးလူမျိုး တစ်ယောက်ရရှိမည့် အခွင့်အရေး အားလုံးတိုအပြင် ဘုရား သခင်၏ ရွေးကောက်ထားသော လူစာရင်းထဲ တွင်လည်း ပါဝင်ပြီးသား ဖြစ်သည်။ သူ၏ ဆွေစဉ်မျိုးဆက် စာရင်းကိုလည်း အစ္စရေးတို၏ သမိုင်းတွင် ထည့်သွင်း ပြခြင်းခံရသည်။

“ခွေး” ဟု အခေါ်ခံရသူ ခေါင်းဆောင်ကောင်းဖြစ်လာ

“အသင်းတော်နှင့် ကမ္ဘာ့သမိုင်းတွင် ထင်ရှားသော Thomas Aquinas သည် “နွားရူး” ဟု အခေါ်ခံသော ဘဝမှ “Angelic doctor” ဟု အခေါ်ခံရဘဝသို ရောက်ရှိလာပြီး အဘယ်ကြောင့် လေးစားမှုအခံရဆုံး ခေါင်းဆောင်နှင့် တွေးခေါ်ပညာရှင် တစ်ယောက် ဖြစ်လာနိုင်ရသနည်း။

အဘယ်ကြောင့် “ခွေး” ဟု အခေါ်ခံရသူ ကာလက်သည် အစ္စရေး သမိုင်း တွင် အကောင်းဆုံးသော ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ရသနည်း။

ဤခေါင်းဆောင်များသည် မည်သည့် လူမျိုးဖြစ်သည် ဆိုသည်က အဓိက မကျဘဲ ၄င်းတို၏ စိတ်နေသ ဘောထားနှင့် ခံယူချက်ကအဓိကဖြစ်သည်။ “ခွေး”ဟု အ ခေါ်ခံရသူ ကာလက်၌ မည်သည့် ခံယူယုံကြည် ချက်မျိုးရှိသည်ကို လေ့လာကြပါစို။

သစ္စာရှိသော ကာလက်

ကာလက်သည် ဘုရားသခင်၏ အပေါ်၌ စိတ်နှလုံးအကြွင်းမဲ့ နာခံသော ကြောင့် ဘုရားသခင်ကလည်း သူ့ကို ချီးမြှောက်သည်။ “ကာလက်သည် တစ်မူ ထူးခြားသောသူ ဖြစ်၍ ငါနောက်သို စိတ်နှလုံး အ ကြွင်းမဲ့ လိုက်လျှောက်သောသူ ဖြစ်သဖြင့် သူနင်း သော နယ်မြေတိုင်းကို သူ၏သားမြေးတိုအတွက် အ မွေခံနယ်မြေ ဖြစ်စေမည်” ဟု ဘုရားသခင်က ပြော သည် (တော ၁၄း၂၄၊ ၃၂း၁၂၊ တရား ၁း၃၆၊ ယောရှု ၁၄း၁၄)။ လူအများစုက ဘုရားသခင်အပေါ် ယုံကြည် ခြင်း ကင်းမဲ့ပြီး စကားနားမထောင်သည့် အချိန်တွင် ကာလက်ကမူ စိတ်နှလုံးအကြွင်းမဲ့ဖြင့် စကားနား ထောင်ပြီး ဘုရားသခင်၏ နောက်သို လိုက်သည်။

အစ္စရေး လူမျိုးများ ယောဒန်မြစ် တစ်ဖက်ကမ်းသို ရောက်လာကြသောအခါ စူးစမ်းလေ့လာရန်အတွက် ခေါင်းဆောင်ကြီး မောရှေက မျိုးနွယ်စု တစ်စုစီမှ ခေါင်းဆောင်တစ်ဦးစီ ရွေးချယ်လိုက်ရာ ယုဒမျိုးနွယ်စုမှ ကာလက် အရွေးခံရသဖြင့် သူ သည် ခေါင်းဆောင် ၁၂ဦးထဲတွင် ပါဝင်လာခဲ့သည်။ ထိုခေါင်းဆောင် ၁၂ဦးတိုသည် ခါနာန်ပြည်မှ ပြန်လာကြသောအခါ သွားသည့် မြင်သည့် နေရာအတူတူ ဖြစ်သော် လည်း ရှုမြင် သုံးသပ်ပုံ မတူကြတော့ပေ။ ခေါင်းဆောင်ပုံ ခေါင်းဆောင်နည်းနှင့် ခံယူ ပုခံယူနည်းလည်း ကွာခြားသွားသည်။ ၁၂ဦး ထဲအနက် ၁ဝဦးက “မဖြစ်နိုင်ဘူး”ဟု °°နေကြချိန်တွင် ကျန် ၂ဦးကမူ ““ဖြစ်နိုင်ပါတယ်” ဟု ပြောနေကြသည်။ ခေါင်းဆောင် ၁၀ဦးက ရန်သူများ၏ အင်အားကြီးမားမှုကိုသာ ကြည့်နေကြချိန်တွင် ခေါင်းဆောင် ၂ဦးကမူ ဘုရားသခင်၏ သားသခင်၏ အင်အားကြီးမှုကိုသာ ကြည့်နေကြသည်။

 ခေါင်းဆောင် ၁၀ဦးက နောက်ပြန်ဆုတ်ရန်သာ တာစူနေကြသည့် အချိန်တွင် ကျန် ၂ဦးကမူ ဘုရားသခင်အပေါ် ယုံကြည်ခြင်းဖြင့် စစ်ချီတက်ရန်နှင့် အောင်မြင်ခြင်း, ရရှိရန်သာ စိတ်အားထက်သန်ကြသည်။ ကတိထားရာပြည် ဖြစ်သဖြင့် ခါနာန်ပြည်ကို လက်လွတ်ရန် ဟူသည့် အတွေးပင် အဝင် မခံကြချေ။ နောက်ဆုံးတွင် ယောင် ကာလက်တိုသည် ဘုရားသခင် အပေါ်အမြဲ ယုံကြည်၍ သစ္စာရှိသော သူများဖြစ် ကြောင်း ပေါ်လွင် ထင်ရှားလာသည် (တော ၁၃၊ ၁၄)။

မျက်မြင်အခြေအနေထက် ယုံကြည်ခံယူချက် ပို၍ အရေးကြီးပြီး ပြင်ပအရာ များထက် စိတ်နှလုံး အတွင်းခံစားချက်က လူကို ပို၍ ဖျက်ဆီးသည်။ မယုံကြည်ခြင်းက အခြားအရာများထက် လူကို ပျက်စီးစေပြီး ငရဲသို လားစေသော အပြစ်သည်ပင် မယုံကြည်ခြင်းကြောင့် ဖြစ်သည်။ မည်သည့် အရာကြုံတွေ့ရသည် ဆိုသည် ထက် ၄င်းအရာတိုအပေါ် မည်သို ခံယူ သဘောထား သည် ဆိုသည်က ပို၍ အရေးကြီးပြီး ဘုရားသခင်၏ အလိုတော်နှင့် ညီသော ခံယူယုံကြည်ချက် ရှိသမျှ ကာလပတ်လုံး တုန်လှုပ်ကြောက်ရွံစရာ ဟူ၍ မရှိ တော့ပေ။

ဘုရားသခင်၏ နောက်သို စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်လိုက်လျှောက်သော သူသည် ပြည့်စုံသော ကောင်းကြီး ခံစားရကြသည်။

ရည်မှန်းချက်ကြီးမားသော ကာလက်

ကာလက်သည် ဘုရားသခင်၏ နောက်သို စိတ်နလုံးအကြွင်းမဲ့ လိုက်လျှောက သည် သာမက ယုံကြည်ခြင်းဖြင့် ကြီးမားသော ရည်မှန်းချက်ရှိသူလည်း ဖြစ်သည် “ခွေး” ဟု အခေါ်ခံရာမှ ယုဒမျိုးနွယ်စု ခေါင်းဆောင်ဖြစ်လာသည် (တော ၁၃း၆)။ ထိုအချိန်က သူသည် အသက် ၄၀ သာ ရှိသေးသော်လည်း ကြီးမားသော ရည်မှ ချက်ရှိထားပြီးသူ ဖြစ်သည့်အလျောက် ခါနာန်ပြည်မှ ပြန်လာသော အချိန်တွင် ရည်မှန်းချက် အကြောင်းကိုသာ ပြောဆို ဖွင့်ဟသည်။

သိုသော်လည်း ရည်မှန်းချက်မရှိသော သူအများစုနှင့် လက်တွဲမိသဖြင့် ရည် မှန်းချက် ပန်းတိုင်သို အချိန်မီ မရောက်ရှိနိုင်တော့ချေ။ ထိုမှ နှစ်ပေါင်း ၄၅ ကြာ ပြီးနောက် ကာလက်က ယောရှုထံ ဤသို ပြောလိုက်သည်။

“ကာလက်က ထာဝရဘုရားသည် ကာဒေရှုဟနာ အရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကို ည်ထောင်၍ ဘုရားသခင်၏ လူမောရှေအား မိန့်တော်မူသော စကား ကို ကိုယ်တော် သိပါ၏။ ဤပြည်ကို စူးစမ်းစေခြင်းငှါ ဘုရားသခင်၏ ကျွန်မောရှေး သည် အကျွန်ုပ်ကို ကာဒေရှာနာ အရပ်မှ စေလွှတ်သောအခါ၊ အကျွန်ုပ်သည် အ သက်လေးဆယ်ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြား လျှောက်ထားပါ၏။ အကျွန်ုပ်နှင့် အတူသွားသော ညီအစ်ကိုတိုသည် လူများ စိတ် ပျက်စရာကို ပြုသော်လည်း အကျွန်ုပ်သည် အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား နောက်တော်သို လုံးလုံး လိုက်ပါ၏။ ထိုနေ့ရက်၌ မောရှေကသင်သည် ငါ၏ဘုရားသခင် ထာဝရဘုရား နောက်တော်သို လုံးလုံးလိုက်သောကြောင့် အကယ် ၍ သင်နှင့်ပြီးသော မြေသည် အစဉ်အဆက် သင်၏ အမွေ သင်၏သားတို၏ အမွေဖြစ်ရလိမ့်မည်ဟု ကျိန်ဆိုလေ၏။ ဣသရေလအမျိုးသည် တော၌ လှည့်လည်စဉ်အခါ ထာဝရဘုရားသည် ထိုသို မော ရွှေအား မိန့်တော်မူသော နေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည် အတိုင်း အနှစ်လေးဆယ်ငါး နှစ် ပတ်လုံး အကျွန်ုပ်အသက်ကို ရှင်စေတော်မူသဖြင့် ယ နေ့မှာအကျွန်ုပ်သည် အသက်ရှစ်ဆယ် ငါးနှစ်ရှိပါပြီ။

သိုရာတွင် မောရှေ့စေလွှတ်သော နေ့၌ ခွန်အားရှိသကဲ့သို ယနေ့၌ ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင်သကဲ့ သို ယခုလည်း တတ်စွမ်းနိုင်ပါ၏။ သိုဖြစ်၍ ထိုနေ့၌ ထာဝရဘုရား မိန့်တော်မူသော ဤတောင်ကို အကျွန်ုပ်အားပေးပါ။ ဤတောင်ပေါ်မှာ အာနကလူရှိကြောင်း ကို၄င်း၊ ကြီး မားခိုင်ခံ့သော တိုနှင့် ပြည့်စုံကြောင်းကို၄င်း ထိုနေ့၌ ကိုယ်တော်သည် ကြားရပြီ။ သိုရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့်အတူ ရှိတော်မူလျှင် အမိန့်တော်ရှိသည် အတိုင်း ထိုသူတိုကို နှင်ထုတ်ခြင်းငှါ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။

ထိုအခါ ယေရှုသည် ကောင်းချီးပေး၏။ ဟေဗြုန်ပြည်ကိုလည်း ယေဖု၍ သား ကာလက် အမွေခံစရာဘို အပ်ပေးလေ၏” (ယောရှု ၁၄း၆-၁၃)။

ကာလက်သည် သူ၏ ကြီးမားသော ရည်မှန်းချက်အတိုင်း အကောင်အထည် ချက်ချင်းမမြင် ရသေးသော်လည်း လုံးဝမမေ့လျော့ဘဲ နှစ်ပေါင်း ၄၅ ကြားပြီးနောက် ပိုင်းတွင်လည်း ထိုရည်မှန်းချက်ကို လက်မလျှော့ဘဲ ဝန်ခံပြောဆိုလေ့ရှိသည်။ ထို အခါသူ၏ ရည်မှန်းချက်အတိုင်း တကယ်ဖြစ်မြောက်လာပြီး လက်လွတ်မဆုံးရှုးနိုင် တော့သော ထိုနယ်မြေကို သူနှင့်တကွ သားမြေးများပါ အမွေရရှိကြသည်။ ကာလက် သည် သူ၏ရည်မှန်းချက် အောင်မြင်နိုင်ရန်အတွက်-

(၁) ဆင်ခြေမပေးခြင်း

ကာလက်သည် အသက် ၈၅နှစ်ရှိပြီ ဖြစ်သဖြင့် အသက် ၄၀ အရွယ်က ခွန်အားမျိုး ပိုင်ဆိုင်တော့မည်မဟုတ်ပေ။ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့သည့် အပြင် ရုပ်ပိုင်းဆိုင်ရာတွင်လည်း ချိနဲ့နေမည် ဖြစ်သည်။ သိုသော် သူသည် ၄င်းအရာ တိုကြောင့် လုံးဝဆင်ခြေမပေးဘဲ သူ၏ ယုံကြည် ချက်နှင့် ဘုရားသခင်၏ မပြောင်းလဲနိုင်သော တန်ခိုးတော်ကို မြဲစွာ ဆုပ်ကိုင်၍ အောင်မြင်ခြင်းရရှိရန် ရည်မှန်းချက် ရှိသည်။ ဆင်ခြေပေးစရာ အကြောင်း များစွာ ရှိသော်လည်း လုံးဝဆင်ခြေမပေးရန် စိတ် ပိုင်းဖြတ်သူ ဖြစ်ကြောင်း တွေ့ရသည်။

George Washington Carrer က “ရှုံးနိမ့်ခြင်း၏ ၉၉ % သည် ဆင်ခြေပေးမှုကြောင့် ဖြစ်သည်” ဟု ပြောဆိုဖူးသည်။ ဆင်ခြေပေးတတ်သော သူများထက် အရည်အချင်းပါရမီ မရှိသည့်တိုင် ကြိုးစားအားထုတ် သူများက ပို၍အောင်မြင်မှု ရရှိကြသည်။ ဆင်ခြေပေး စတမ်းဆိုလျှင် Ronald Reagan သည် အသက် ၅ဝ နှစ်ကျမှ အမေရိကန် သမ္မတ တာဝန် ထမ်းဆောင်မည် မဟုတ် ပေ။ ထုံထိုင်း ခုံအလွန်းသဖြင့် “ငါ့” ဟုပင် အခေါ်ခံရသူ Thomas Edison သည် သူ၏ ချိုယွင်းမှုများအပေါ် ဆင်ခြေပေးပြီး မကြိုးစားဘဲ နေပါက ယခု သုံးစွဲနေကြ သော လျှပ်စစ်မီး၊ ဘက်ထရီ၊ ဓာတ်ပြားဖွင့်စက်၊ ကြေးနန်းရိုက်စက် စသည်များ ရှိ လာနိုင်မည် မဟုတ်ပေ။

, နာမည်ကျော် စာရေးဆရာမ J.K.Knowling သည် သူ၏ ပထမဆုံး ရေးသားသော စာမူကို ပုံနှိပ်ထုတ်ဝေ ပေးနိုင်ရန်အတွက် ထုတ်ဝေရေး စာတိုက်ကြီး (၁၅)ခုသို လှည့်လည်၍ အကူအညီတောင်းသည်။ တချို ထုတ်ဝေရေးစာတိုက် ကြီးများက သူ့ကို အမျိုးသမီး ဖြစ်သဖြင့် အထင်သေး ဆက်ဆံကြသည်။ နောက်ဆုံး တွင် (၁၅)ခု မြောက်သော ထုတ်ဝေရေးစာတိုက်ကြီးက အုပ်ရေ(၁၀၀၀) ထုတ်ဝေပေး ကြရာ ထိုစာအုပ်တိုက်လည်း နာမည်အကြီးဆုံးစာ အုပ်တိုက် ဖြစ်သွားသည်။

အကြောင်းမှာ J.K.Knowling ၏ စာမူမှာ “Harry Potter” အမည်ရ သည့် စာအုပ်ဖြစ်ပြီး သမ္မာကျမ်းစာအုပ်ပြီးနောက် ဒုတိယအများဆုံး ထုတ်ဝေသော စာအုပ်ဖြစ်လာ၍ ဖြစ်သည်။ ၂၀၁၃ ခုအထိ အုပ်ရေ သန်းပေါင်း ၄၀၀ ကျော် ထုတ် ဝေပြီးဖြစ် (သမ္မာကျမ်းစာအုပ်ကို အုပ်ရေ သန်းပေါင်း ၆၀၀ ကျော် ထုတ်ဝေပြီး) ၍ ပထမဆုံး ထုတ်ဝေသော စာအုပ်များကို ယခုအချိန်တွင် တစ်အုပ်လျှင် ဒေါ်လာ ၂၀၀၀၀ တန်ကြေးရှိသည်။

စာရေးဆရာမ J.K.Knowling သည် လင်ယောက်ျားက စွန့်ပစ်သွားသဖြင့် တစ်ခုလပ် ဖြစ်သည့်အပြင် မိခင်ကလည်း ကျန်းမာရေး မကောင်းသဖြင့် ကျောင်း ဆရာမ အလုပ်လုပ်ပြီး ဘဝကို ခက်ခဲစွာ ရုန်းကန်နေရသည်။ ထိုကြားထဲတွင် သူ၏ စာမူကို ပုံနှိပ်ထုတ်ဝေရန် ငြင်းပယ်ခံရသဖြင့် စိတ်ဓာတ်ကျစရာ များစွာ ကြုံရသေး သည်။ အကယ်၍ သူကသာ “ငါဟာ မိန်းကလေး တစ်ယောက်မို ထုတ်မပေးချင် ကြတာ မဆန်းပါဘူးလေ။ ငါ့ကို တစ်ခုလပ် ဆင်းရဲသား တစ်ယောက်ကို အထင် သေးကြမှာပါလေ” ဟု ဆင်ခြေပေးပြီး စိတ်ဓာတ်ကျသွားမည် ဆိုလျှင် ယနေ့ ကမ္ဘာ ပေါ်တွင် အချမ်းသာဆုံးနှင့် နာမည်အကြီးဆုံး အမျိုးသမီး စာရေးဆရာ တစ်ယောက် ပေါ်ထွက်လာနိုင်မည် မဟုတ်ပေ။

Walt Disney က “Disneyland” ဟူသည့် အပန်းဖြေ ပျော်ရွင်စရာ ပန်းခြံတစ်ခုကို တည်ဆောက်ရန် စိတ်ကူးရသည့်အချိန်တွင် ငွေကြေးအမြောက်အ မြား လိုအပ်လာသည်။ ထိုအခါ ငွေချေးရန်အတွက် ဘဏ်အမျိုးမျိုးသို သွားရောက် ပြောဆိုသော်လည်း လုံးဝမရခဲ့ချေ။ ထိုသို ဘဏ်ပေါင်း (၃၀၁)ခုက ငြင်းပယ်သော် လည်း သူသည် လုံးဝစွဲ မလျှော့ဘဲ ဆက်လက်ကြိုးစားရာ နောက်ဆုံးတွင် (၃၀၂) ခု မြောက်သော ဘဏ်က သူလိုအပ်သော ငွေအားလုံး ချေးပေးလိုက်သည်။ ယခုတွင်မူ သူသည် ထိုဘဏ်အားလုံးထက် ပို၍ နာမည်ကျော်ပြီး ပို၍ လည်းချမ်းသာသည်။ဆင်ခြေမပေးတတ်သော သူများကို အောင်မြင်ခြင်းက စောင့်ကြိုနေ လျက်ရှိကြောင်း တွေ့မြင်နိုင်သည်။

စစ်သူကြီး Julius Caesar သည် ၄င်း၌ အနာဆိုးစွဲကပ်နေသော်လည်း ဆင် ခြေမပေးခြင်းကြောင့် ရောမနိုင်ငံ၏ ခေါင်းဆောင်ကြီး ဖြစ်လာသည်။ Napoleon သည် အရပ် ၅ ပေ ၂ လက်မသာ ရှိသည့်အပြင် ကျောင်းစာမေးပွဲတွင်လည်း ကျောင်း သား ၆၅ ယောက်အနက် အဆင့် ၄၆သာ ရသည်။ John Calvin သည် ခေါင်း ကိုက်ရောဂါ၊ အဆုတ်ရောဂါ၊ အဆစ်အမြစ်ရောင် ရောဂါ၊ ကျောက်ကပ်၌ ကျောက် တည် စသည့်ရောဂါများရှိနေသော်လည်း ဆင်ခြေမပေးဘဲ ကြိုးစားလာရာ သ ရှိသော အတွေးအခေါ်ပညာရှင်တစ်ဦး ဖြစ်လာသည်။ John C. Maxwell က ဆင်ခြေပေးခြင်းဖြင့် အောင်မြင်ခြင်းရရှိရန်ထက် ရှုးနှိမ့်ခြင်းမှ အောင်မြင်ခြင်း ရရှိ ပို၍ လွယ်ကူသည်” ဟု မှတ်ချက်ချဖူးသည်။

ဂီတပညာရှင် Beelaover သည် အမိမဲ့ဘဝဖြင့် တစ်ချိန်လုံး အရက်မူး၍ ဆိုးသွမ်းနေသော ဖခင်၏ လက်အောက်တွင် ခက်ခဲဆင်းရဲစွာ နေထိုင်ရသော်လည်း ကြိုးစား အားထုတ်နေသူ ဖြစ်သည်။ အသက် ၂၀ အရွယ်တွင် မျက်စိမှုန်လာပြီး အ သက် ၃ဝတွင် နားထိုင်းလာသော်လည်း သူ၏ဝါသနာ နှင့် ကြိုးစားအား ထုတ်မှုက ဆင်ခြေပေးရန်ပင် အခွင့်မပေးခဲ့ချေ။ Fanny Crosby သည် မွေးဖွားပြီး ၆ ပတ် အကြာတွင် မျက်စိကန်းလာပြီး အသက်တစ်နှစ်အရွယ်တွင် ဖခင်ကွယ်လွန် ပြန် သည်။ သိုသော် ဆင်ခြေမပေးဘဲ ကြိုးစားလာရာ သူ့အားဖြင့် ခရစ်ယာန် ဓမ္မသီချင်း ၊ များစွာ ပေါ်ထွက်လာသည်။

စောဒကတက်ခြင်းက စိတ်ဓာတ်ကျဆင်းစေသည်။ ရှုးနိမ့်စေသည်။ အပျင်းထူ စေသည်။ ထိုပြင် အတ္တမာနကို ပေါ်လွင်စေသည်။ တခြားအရာများထက် အောင်မြင် ခြင်းကို ပိတ်ပင် တားဆီးသောအရာသည် ဆင်ခြေပေးခြင်းပင် ဖြစ်သည်။ သိုဖြစ် ၍ ကာလက်နှင့် တခြား အောင်မြင်ခြင်းရရှိသူများ ကဲ့သိုပင် မိမိတိုလည်း ဆင်ခြေ မပေးသူဖြစ်ရန် အလွန်အရေးကြီးသည်။

(၂) ယုံကြည်ခြင်းရှိခြင်း

ကာလက်၌ ဆင်ခြေမရှိဘဲ ယုံကြည်ခြင်းသာ ရှိသည်။ အီဂျစ်ပြည်မှ “ ထုတ်သော ဘုရားသခင်ကိုသာ အမြဲယုံကြည်သည်။ အံ့သြဖွယ် နိမိတ်လက္ခဏာ”ပြုခဲ့သောဘုရားသည် ဆက်လက်ပြုဦးမည် ဖြစ်ပြီး တန်ခိုးတော်အားဖြင့် အောင် ခြင်း ပေးခဲ့သော ဘုရားသည် ဆက်လက်ပေးဦးမည် ဖြစ်ကြောင်းကို ယုံကြည် ဥတုရာသီများ အလီလီပြောင်းလဲစေကာမူ ဘုရားသခင်သည် မပြောင်းလဲ ဖြင့် သူငယ်ရွယ် နုပျိုစဉ်က ခွန်အားပေးတော်မူသော ဘုရားသည် ယခုအရွယ်အိ ဘဝတွင်လည်း ခွန်အားပေးလိမ့်မည်ဖြစ်ကြောင်း သိမြင် ယုံကြည်သည်။ သိုဖြစ်၍ လည်း “မောရှေ စေလွှတ်သောနေ့၌ ခွန်အားရှိသကဲ့သို ယနေ့ရှိပါ၏” ဟု ပြောဆို ခြင်း ဖြစ်သည်။ တကယ်တွင်မူ အသက် ၄၀ အရွယ်က သန်မာနုပျိုမှုကို ယခုအသက် အရ အရွယ်၌ လုံးဝ ပိုင်ဆိုင်တော့မည် မဟုတ်ချေ။ စိတ်အားထက်သန်သော်လည်း ကိုယ်အားချည့်နဲ့ နေမည် ဖြစ်သည်။ သိုသော်ဘုရားသခင်ကိုသာ ယုံကြည်သဖြင့် ကြောက်ရွံခြင်း စိုးစဉ်းမျှပင် မရှိချေ။ ဘုရားသခင်၏ အတူပါရှိခြင်းကို သိရှိယုံကြည်သူတစ်ဦး အနေဖြင့် အ ရာရာကို ရင်ဆိုင်ဝံ့သည်။ ဘုရား၏ ကတိထားရာပြည် သို ဝင်စားရမည်ဟူ၍လည်း ယုံကြည်ခြင်း ရှိသည်။

ခါနာန်ပြည်ကို စူးစမ်းလေ့လာသည့် ခေါင်း ဆောင် ၁၂ ယောက်အနက် ယောရှုနှင့် ကာလက်တို့ ကသာ အောင်မြင်မည်ဟု ယုံကြည်သည်။ ကျန် ၁ဝ ယောက်ကမူ ယုံကြည်ခြင်း မရှိသဖြင့် လူထုကို တစ် ညလုံး ဝမ်းနည်း ငိုကြွေးစေသည်။ စိတ်ဓာတ်ကျဆင်း စေသည်။ ထိုအခါ ကာလက်သည် မောရှေ၏ ရှေ့တွင် မတ်တပ်ရပ်လျက် “ချက် ချင်း ချီသွား၍ထိုပြည်ကို သိမ်းယူကြစို။ အောင်နိုင်ကောင်းသည်” ဟုပြောရာထိုအခါ သူနှင့် အတူလိုက်ပါသော သူတိုက “ထိုပြည်သားတိုကို ငါတို မတိုက်နိုင်။ သူတို သည် ငါတိုထက်သာ၍ ခွန်အားကြီးကြသည်” ဟု ဆိုကြသည်။ ထိုအပြင် ခါနာန် လူ မျိုးများ ခွန်အားဗလကြီးပုံ အရပ်မြင့်မားပုံ၊ မည်သည့်အနွယ်ဝင်ဖြစ်ပုံ၊ မိမိတိုသည် ခါနာန်လူမျိုးများ ရှေ့တွင် နှံကောင်ကဲ့သို အကောင်သေးပုံ စသည်ဖြင့် ပြောဆိုကြ သည်။ ထိုအခါ လူထုသည် ယောရှုနှင့် ကာလက်တိုရှေ့တွင် “အီဂျစ်ပြည်မှာ သေတာ ကမှ ပိုမြတ်သေးတယ်” ဟု ပြစ်တင် ညည်းတွားကြသည် (တော ၁၃း၃ဝ၊ ၁၄း၂)။

ခိုင်မာသော ယုံကြည်ခြင်းမရှိလျှင် အသက်တာကို ယောက်ယက်ခတ်စေပြီး စိုးရိမ်ကြောက်ရွံမှုကိုသာ ဖြစ်ပေါ်စေသည်။ နဂို စိတ်ဓာတ်ကျဆင်းမှုကို ပိုမို ဆိုးရွားစေသည်။ ယုံကြည်ခြင်း ခိုင်မာသော ခေါင်းဆောင်၏ နောက်ကိုမူ သံသယကင်း ဖြင့် အများသူငါ လိုက်ဝံ့လေ့ရှိသည်။

ကာလက်သည် ယုံကြည်ခြင်းဖြင့် အောင်မြင်ခြင်းရရှိပြီး ၄င်း၏ လ တွက် ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်သည်။ ခေါင်းဆောင်မှုပေးရာ၌ ယုံကြည်ခြင်း အလိုအပ်ဆုံးသော အချက်တစ်ခု ဖြစ်သဖြင့် ၄င်းကို ရရှိပိုင်ဆိုင်ရန် အရေးကြီး လူတချိုသည် မိမိတို၌ ယုံကြည်ခြင်း ရှိ၊ မရှိကိုပင် မသိရှိဘဲ ရှုပ်ထွေးတတ်ကြ သိုဖြစ်၍ ယုံကြည်ခြင်း ရှိ၊ မရှိ သိရှိ နိုင်ရန် ဖော်ပြပါအချက်များနှင့် ဆန်းစစ်ကြ

ယုံကြည်ခြင်းရှိသူ ဆိုသည်မှာ

၁။ စိတ်တည်ငြိမ်ပြီး အပြောင်းအလဲ မမြန်သူ။

 ၂။ တိကျသော ရည်မှန်းချက် ထားရှိသူ။

၃။ ဘုရားကိုသာ ယုံကြည်ကိုးစားပြီး သူတစ်ပါးအပေါ် မမှီခိုသူ။

၄။ ဘုရား၏ အလိုတော်ကို ဦးစားပေးပြီး မိမိဆန္ဒကို ငြင်းပယ်သူ။

၅။ ဘုရား၏ မျက်နှာကိုသာရှာပြီး ထင်ပေါ်ကျော်ကြားမှု မရှာသူ။

၆။ အောင်မြင်ခြင်းကို မျှော်လင့်ပြီး အကောင်းဆုံး အလုပ်လုပ်သူ။

၇။ ကြောက်တတ်သော်လည်း ရှေ့သို ခြေလှမ်းရဲသူ။

၈။ အပျင်းမထူဘဲ ဘုရားအတွက် တစ်စုံတစ်ခု လုပ်ဆောင်သူ။

၉။ ဇိမ်ခံလိုစိတ်မရှိဘဲ ယုံကြည်ခြင်းဖြင့် အခက်အခဲကို ရင်ဆိုင်လိုစိတ်ရှိသူ၊

၁၀။ ပေးကမ်းလိုစိတ်ရှိပြီး လူအများအား ကျေးဇူးပြုသူ။

ယုံကြည်ခြင်းရှိသော ကာလက်၏ အသက်တာအားဖြင့် ဖော်ပြပါအချက်များ ကို သင်ယူနိုင်သလို ၄င်းကဲ့သို ယုံကြည်ခြင်းရှိသူ ဟုတ်၊ မဟုတ်ကိုလည်း ဆန်းစစ် ပြီးသား ဖြစ်သွားသည်။ ယုံကြည်ခြင်း ရှိသူတစ်ဦး အားဖြင့် အောင်မြင်ခြင်းနှင့် အကျိုး ကျေးဇူးများစွာ ရရှိနိုင်သည် ဆိုလျှင် ယုံကြည်ခြင်းရှိသော ခေါင်းဆောင် အမြောက် အများ ပေါ်ထွက်လာပါက မည်မျှ ဝမ်းမြောက်စရာ ကောင်းမည်နည်း။

(၃)ကြောက်ရွံမှုမရှိခြင်း

ကာလက်က “မောရှေ စေလွှတ်သောနေ့(အသက် ၄၀ အရွယ်) ၌ ခွန်အား ရှိသကဲ့သို ယနေ့၌ ရှိပါ၏။ သိုဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူသော ဤတောင်ကို အကျွန်ုပ်အားပေးပါ။ အာနကလူရှိကြောင်းနှင့် ကြီးမားခိုင်ခံ့သောမြို့ ရှိကြောင်းကိုလည်း ကြားရပြီး။ သို့သော်လည်း ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူ ရှိတော်မူလျှင် အမိန့်တော်ရှီသည့်အတိုင်း ထိုသူတို့ကို နှင်ထုတ်ခြင်းငှါ တတ်စွမ်းနိုင်ပါသည်။(ယော ၁၄း၁၁-၁၃) ဟုပြောသည်။

ကျမ်းစာ၌ “အာနက” ဟူသည့် စကားလုံး ၉ ကြိမ်သာ ပါရှိသကဲ့သို “Anakim” ဟူသည့် စကားလုံးလည်း ၉ ကြိမ်ပါရှိသည်။ သူတိုသည် လူဦးရေများပြား သည် အပြင် အရပ်ရှည်၍ လူကောင်ကြီးထွားပြီး ခွန်အားဗလနှင့် ပြည့်စုံသော သူ များ ဖြစ်ကြသည်။ တရားဟောရာကျမ်းတွင် Raphai လူမျိုးတို၏ အကြောင်းကို တွေ့ရသည်။ သူတိုသည် အာနက လူမျိုးများ ကဲ့သိုပင် ခွန်အားဗလနှင့် ပြည့်စုံ သည့်အပြင် အရပ်အမောင်းမြင့်မားကြီးထွား၍ လူဦးရေလည်း များပြားသည်။ သူတို အထဲမှ Mo, အမည်ရှိသည့် ဗာရှန်ဘုရင်၏ သံခုတင်ဆိုလျှင် အလျား ၁၃.၅ ပေ။ အနံ ၆ ပေ ရှိသည် (တရား ၂း၁ဝ-၁၁၊ ၂၀-၂၁၊ ၃း၁၁)။

သာမန် ခုတင်တစ်ခုလုံးသည် အများအားဖြင့် အလျား ၆ ပေ (သိုမဟုတ် ၆.၅ ပေ) နှင့် အနံ ၄ပေခန့်သာ ရှိသည်။ ယခုခေတ်တွင် အရပ် ၆ပေကျော်မြင့်သူ ခပ်ရှား ရှားပင် ဖြစ်သည်။ အရပ် ၆ပေခန့်ရှိသည့် လူတစ်ယောက်အတွက် ၆ ပေခွဲ ရှည် သည့် ခုတင် လိုအပ်မည် ဖြစ်သော်လည်း ကျန်သူများအတွက်မူ ၆ပေ ရှည်သည် ခုတင်သာ လိုအပ်သည်။ သိုဖြစ်သဖြင့် ၁၃ ပေခွဲ ရှည်သည့် ခုတင်ပေါ် အိပ်သော သူ၏ အရပ်သည် မည်မျှ မြင့်မားမည်ကို မှန်းဆကြည့်နိုင်သည်။

ထို အာနက လူမျိုးတိုသည် ကာလက်၏ ဦးဆောင်မှုဖြင့် Hebron တောင်မှ တိုက်ခိုက် နှင်ထုတ်ခြင်းခံရ၍ Gaza Gathi Ashod ဒေသများသို ပျံ့နှံရောက်ရှိ နေထိုင်ကြပြီး ဒါဝိဒ် လက်ထက်တွင် မကြာခဏ ပြန်ပေါ်လာတတ်ကြသည်။

အထူးသဖြင့် အာနက လူမျိုးတစ်ဦးဖြစ်သော ဂေါလျက်သည် အရပ် ၉ပေ ၉လက်မမြင့်သည်။ သူ၏ ဝတ်စုံမှာ ၁၂၅ ပေါင်လေးပြီး လှံတံသည် ၁၅ ပေါင် လေး သည် (၁ ရာ ၁၇)။ သူသည် အရပ်အမောင်း မြင့်မားကြီး ထွားရုံသာမဟုတ်ဘဲ စစ်မှု ရေးရာ၌လည်း ထူးချွန်သူဖြစ်သဖြင့် ဘုရင်ရှောလုက သူ့ကို ကြောက်ရွံခြင်းမှာ အပြစ်မဆိုသာပေ။

မည်သိုပင်ဖြစ်စေ၊ ကာလက်ကမူ ဘုရားသခင်ကို ယုံကြည်ကိုးစားသဖြင့် မည်သူ့ကိုမျှ မကြောက်ရုံမျှ မက တိုက်ပွဲဝင် စိတ်အားထက်သန်နေသည်။

ရည်မှန်းချက်အောင်မြင်သော ကာလက်

ယောရှုက ယေဖုန္ဓာ၏သားကာလက်အား ဟေဗြုန်ဒေသတစ်ခုလုံးကို အမွေ ပေးသဖြင့် သူ၏ သားမြေးများအားလုံးက ထိုဒေသကို အစဉ်အဆက် အုပ်စိုးလာကြသည်။

ကာလက်သည် ယောရှုမိန့်မှာသည့်အတိုင်း လူကောင်ကြီးသူများ အုပ်စိုး ဟေဗြုန်တောင်တန်း ဒေသကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့သည်။ သူ့တွင် ဆင်ခြေမရှိခဲ့ ယုံကြည်ခြင်း ရှိသည်။ ယုံကြည်ခြင်းရှိသဖြင့် ကြီးမားသော ရည်မှန်းချက်ရှိသည်။ ရည်မှန်းချက်ရှိသဖြင့် အောင်မြင်သော ခေါင်းဆောင်ဖြစ်လာပြီး သူ၏ မိသားစ အောင်မြင်သော ခေါင်းဆောင်များ ပေါ်ထွက်လာသည်။

၄င်းအပြင် သူ၏ မိသားစုအတွင်းမှ ပထမဆုံး တရားသူကြီး ပေါ်ထွက်သည် (သူကြီး ၁း၃-၁၁)။ ရည်မှန်းချက်ရှိသော သူများကို အောင်မြင်ခြင်းက အစဉ်စောင့် နေပြီး ဆုံးရှုးခြင်းက အနိုင် မယူနိုင်ခဲ့ချေ။ ရည်မှန်းချက်ရှိသူများသည် ခေါင်းဆောင်ကောင်းများ ဖြစ်လာပြီး အောင်မြင်ခြင်းကို ဆောင်ကြဉ်းပေးမည့် သူများလည်း ဖြစ် သည်။

Papa John’s Pizza ဆိုင်ကို ၁၉၈၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ စတင် ဖွင့်လှစ်ရောင်းချသည်။ ဆိုင်ဖွင့်ပြီး ရနှစ် အတွင်းတွင် ဆိုင်ခွဲပေါင်း ၄၆အထိ ဖွင့်လှစ် နိုင်ပြီး ထိုမှ နောက်ထပ် နှစ် အတွင်းတွင် ၁၆ဝဝ အထိ ဖွင့်လှစ်နိုင်ခဲ့သည်။ ယခု အချိန်တွင် အမေရိကန်နိုင်ငံ တစ်ခုတည်း၌ ပင် ဆိုင်ခွဲပေါင်း ၂၆ဝဝ ကျော်ရှိပြီး ကမ္ဘာ တစ်ဝန်းလုံးရှိ ဆိုင်ခွဲများနှင့် ပေါင်းပါက ၃၃ဝဝ ကျော်ရှိပြီး ဖြစ်သည်။ ၁၉၈၄ ခုနှစ် တွင်မှ စတင်ရောင်းချခြင်း ဖြစ်သော်လည်း ၄င်းထက် အနှစ် ၂၀ ကျော် စော၍ ရောင်း ချသော Pizza Hut နှင့် Domino’s Pizza တိုနှင့် အင်အား မတိမ်းမယိမ်း ဖြစ် လာသည်။

Papa John’s pizza ဆိုင်ကို Schnatter ဆိုသူက စတင်ဖွင့်လှစ်ရောင်း: ချခြင်း ဖြစ်သည်။ သူသည် အသက် ၂၂ နှစ်အရွယ်ကပင် “ပီဇာရောင်းပြီးလတိုင်း ဆိုင်ခွဲ ၅ ခု၊ ၆ခု အမြဲ တိုးချဲ့မယ်” ဟု ကြွေးကြော်ရာ သူဌေးတစ်ချိုနှင့် သူ့မိတ်ဆွေ များက လှောင်ပြောင်သရော်ကြသည်။ ရည်မှန်းချက်ကြီးသဖြင့် သရော်ခံရသည်။ သိုသော် သူသည် ပြောသည့်အတိုင်းပင် ပီဇာဆိုင်ကို လတိုင်း အသစ်တိုးချဲ့ ဖွင့် လှစ်နိုင်ခဲ့သည်။

ဤကဲ့သို အောင်မြင်ခြင်းရရှိနိုင်ရန်အတွက် Schnatter ၌ ရည်မှန်းချက် ဝန် တာနှင့် ဝါသနာ ရှိသည်။ ပီဇာဆိုင်ကို အပျော်တမ်း ဖွင့်လှစ်လို၍ မဟုတ်ဘဲ သူကိုယ် တိုင် ပီဇာပြုလုပ်ခြင်းကို ဝါသနာပါသည်။ ပျော်မွေ့သည်။ ရည်မှန်းချက်၊ ဝန်တာ နှင့် ဝါသနာရှိခြင်းက ခက်ခဲခြင်း အားလုံးကို ကျော်လွှားစေနိုင်ပြီး အခက်ခဲဆုံးအရာ တစ်ခုကိုပင် ပျော်စရာအကောင်းဆုံးအရာအဖြစ် ပြောင်းလဲပေးနိုင်သည်။ ကမ္ဘာ့အ ချမ်းသာဆုံး ပုဂ္ဂိုလ်များ၏ ၅၀%ကျော်သည် ပညာရေးတွင် နိမ့်ကျသူများ ဖြစ်ကြ သည်။ အမေရိကန်ခေါင်း ဆောင်များထဲမှ ၇၅%ခန့်သည် ပညာရေးတွင် ထူးချွန်သူ များ မဟုတ်ကြချေ။ သိုသော်လည်း ၄င်းတိုသည် မိမိတို၏ အလုပ်၌ ပျော်ရွှင်ပြီး ၊ ဝါသနာနှင့် ဝန်တာရှိသောအရာများကိုသာ လုပ်ဆောင်ကြသူများဖြစ်ကြသည်။

သိုဖြစ်၍ ကာလက် မိသားစုမှ ဣသရေလတို၏ ပထမဆုံးတရားသူကြီး တစ်ဦး ပေါ်ထွက်လာခဲ့သည်။

ဆင်ခြင်စဉ်းစားစရာတချို့

ဆင်ခြေပေးတတ်သူအတွက် ဆင်ခြေမကုန်နိုင်သော်လည်း အောင်မြင်သူများ ကမူ ဆင်ခြေပေးလေ့ မရှိချေ။ ဆင်ခြေပေးစရာ နေရာ၌ ဘုရားသခင်ကို နေရာပေး လိုက်လျှင် အားနည်းချက် များသည် အားသာချက်နှင့် အောင်မြင်ခြင်းအဖြစ် ပြောင်း လဲသွားမည် ဖြစ်သည်။ ဘုရားသခင်ပေါ်၌ မှီခိုခြင်းသည် အောင်မြင်ခြင်း၏အစ ဖြစ် လာမည် ဖြစ်သည်။

ဘုရားသခင်သည် မိမိတိုနှင့် အတူပါရှိပြီး ဖြစ်သဖြင့် မိမိတိုကို မည်သူမျှ ဆန့်ကျင်နိုင်တော့မည် မဟုတ်ပေ။ ဘုရားဘက်၌ ပါရှိသောသူသည် အောင်မြင်ခြင်း အမြဲရသော်လည်း ဘုရားကို ဆန့်ကျင်သူသည် ပျက်စီးခြင်းသို ရောက်လိမ့်မည် ဖြစ် သည်။ ဘုရားသခင်ကို ယုံကြည် ကိုးစားခြင်းသည် ခွန်အားဖြစ် ရုံသာမကဘဲ ဂုဏ် အသရေနှင့် အောင်မြင်ခြင်းလည်း ဖြစ်ပေသည်။ ယုံကြည်ခြင်းသည် အောင်မြင်ခြင်း ဖြစ်သည်။

ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိသဖြင့် ယုံကြည်ကိုးစားသောသူများ၏ စွမ်းရည်လည်း မပြောင်းလဲ နိုင်ချေ။ ငယ်ရွယ်နုပျိုစဉ်က ယုံကြည်ကိုးစားသော ဘုရား သခင်သည် အိုမင်း မစွမ်း အရွယ်၌လည်း မိမိတို၏ ဘုရားပင် ဖြစ်သဖြင့် အသက်တာ ဒီ ယုံမှားသံသယဖြစ်စရာ၊ စိုးရိမ်ထိတ်လန့်စရာနှင့် ကြောက်ရွံစရာအကြောင်း လုံးဝ မရှိတော့ပေ။

၆။ ဧဟုဒ (Ehud )

ယောရှု ကွယ်လွန်ပြီးနောက်တွင် ဣသရေလလူမျိုးတိုသည် ဘုရားသခင်ကို မကြာ ခဏ မေ့လျော့ကြသည်။ ဘုရားကို မရှာတော့ဘဲ အကျင့်ဆိုးများဖြင့် စိတ်ထင်တိုင်း အသက်ရှင်ကြသည်။ ထာဝရဘုရားအစား ဗာလဘုရားနှင့် အာရှရဘုရားတိုကို ကိုး ကွယ်ကြသည်။ ထိုကြောင့် ဘုရားသခင်က ဣသရေလ လူမျိုးတိုကို တစ်ပါးအမျိုး သားများထံ မကြာခဏ ရောင်းပစ်လိုက်ရသည်။

ပထမဦးစွာ မေသောပေါတာမိ (Mesopotamia) ရှင်ဘုရင် ခုရှံရိရှသိမ် (Cushan Rishathaim) ထံရောင်းပြီး ၈နှစ်လုံးလုံး ကျွန်ခံစေလိုက်သည်။ ထိုအခါ ဣသရေလူမျိုးများသည် နောင်တရပြီး ဘုရားသခင်ကို ခေါ်သောအခါ ဘုရားသခင် သည် ဩသံယေလ (Othniel) ကို ခေါင်းဆောင်အဖြစ် ခန့်အပ်၍ သူတိုကို ကယ် တင်စေပြီး အနှစ် ၄ဝ လုံးလုံး လွတ်မြောက်ခွင့်ပေးသည် (သူကြီး ၃း၁-၁၁)။ ဣသ ရေလူမျိုးများသည် ဘုရားသခင်၏ စကားကို နားမထောင်သဖြင့် ဖိလိတ္တိတို လက်အောက်သို ရောက်ရှိပြီး ထိုမှ ဘုရားသခင်က ရုံဂါကို ပေါ်ထွန်းစေပြီး ကယ်လွှတ်ခဲ့ သည် (သူကြီး ၃း၃၁၊ ၅း၆)။

တစ်ဖန် ဣသရေလတိုသည် ဒုစရိုက်ကိုပြုသဖြင့် ခါနာန်ရှင်ဘုရင် ရာဘိန်၏ လက်အောက်တွင် အနှစ် ၂၀ လုံးလုံး ကျွန်ခံရပြန်သည်။ သိုသော် သူတိုသည် နောင် တရပြီး ဘုရားသခင်ကို အော်ဟစ်သောအခါ ဘုရားသခင်က ဒေဗောရနှင့် ဗာရက် အားဖြင့် ကယ်တင်သဖြင့် အနှစ် ၄၀ လုံးလုံး ပျော်ရွှင်စွာ နေထိုင်ကြသည်။

သိုသော်လည်း က္ကသရေလတိုသည် ဘုရားသခင်ကို ပြန်လည် မေ့လျော့ကြ သဖြင့် မိဒျန် လူမျိုးတို့ လက်အောက်သို ၇ နှစ် လုံးလုံး ကျွန်ခံရပြန်သည်။ ပြန်ရသောအခါ ဘုရားသခင်က ဂိဒေါင်အားဖြင့် ကယ်တင်ပြီး အနှစ် ၄၀ လွတ်မြောက်ကြပြန်သည်။

ထိုသို ဒုစရိုက်ကို မကြာခဏ ပြုကြသဖြင့် ဘုရားသခင်က ဖိလိတ္တိ လ နှင့် အမျှန် လူမျိုးများထံ ၁၈နှစ်လုံး ကျွန်ခံစေသည့်အချိန် ရှိသကဲ့သို အဖြစ် လုံးလုံး ကျွန်ခံစေသည့် အချိန်လည်းရှိသည်။ သိုသော် နောင်တရ၍ ဘုရားသခင် ခေါ်သော်အခါ ဘုရားသခင်က ယေဖသနှင့် ရှံဆုန်တိုအားဖြင့် ကျွန်ဘဝမှ မြောက်စေပြန်သည်။

ထိုကြားထဲတွင် ဘုရားသခင်၏ စကားကို နားမထောင်ကြသဖြင့် မောဘ ဘုရင် ဂလုံထံ ၁၈ နှစ် လုံးလုံး ကျွန်ခံရပြီး အခွန်ဆက်သရပြန်သည်။ အခွန်ပေးရာ တွင် ခေါင်းဆောင် တစ်ဦးမှ တစ်ဆင့် ဧဂလုံထံသို့ ပေးရသည်။ ထိုခေါင်းဆောင် ဗဟုဒပင် ဖြစ်သည်။ ဘုရားသခင်သည် ဣသရေလူမျိုးများ ခေါင်းဆောင်လိုအပ် သည် အချိန်တိုင်းတွင် ခေါင်းဆောင်တစ်ဦး အမြဲပေါ်ထွန်းစေသည် (သူကြီး ၃း၁၅)

ဧဟုဒသည် ဗယာ်မိန်အမျိုး ဂေရ၏သားဖြစ်သည်။ ဧဟုဒ၏ နာမည်ကို ပြော ကျမ်းစာတွင် ၉ ကြိမ်တွေ့ရသည်။ ၄င်းတွင် သားတချို့ရှိနေကြောင်းမှ လွှဲ၍ သူ၏ မိသားစုအကြောင်း မသိရချေ (၅ ရာ ၈း၆)။ သူ၏ ဦးဆောင်မှုကြောင့် ဣသရေလ လူမျိုးများ နှစ်ပေါင်း ၈ဝ တိုင် လွတ်လပ်ရေးရသဖြင့် သူသည် ခေါင်းဆောင်များအ နက် လွတ်လပ်ရေးကို အရှည်ကြာဆုံး ဆောင်ကြဉ်းပေးနိုင်သော ခေါင်းဆောင်ဖြစ် လာသည်။

ထိုအပြင် ယုဒသည် ခေါင်းဆောင်မှု ထူးချွန်သူ ဖြစ်ပြီး တရားသူကြီးများထဲ တွင်လည်း လေးစားအတု ယူဖွယ် အကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သိုဖြစ်၍ သူ၏ ခေါင်းဆောင်မှု ပညာ တချိုလေ့လာ သင်ယူခြင်း ဖြင့် အကျိုးများစွာ ရှိမည်ဟု ယုံကြည်မိပါသည်။

ခေါင်းဆောင်များသည် အမြော်အမြင် ရှိကြသည်

ဘုရားသခင် ပေါ်ထွန်းစေတော်မူသော ခေါင်းဆောင် ဗဟုဒသည် ဂလု။ နှစ်စဉ် အခွန်ဆက်သရန် သွားသောအခါ မည်သူမျှ မတွေးမိသော အရာတစ်ခုတွေးမိလာသည်။ ယင်းမှာ ရှင်ဘုရင်အား လုပ်ကြံရန် ပင်ဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့မည်သည် ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းပြီး သူတစ်ပါး မသိမမြင်သည့် အရာ များကို သိမြင်ကြသည်။ သိုဖြစ်၍ သူတစ်ပါးထက် အမြဲ ရှေ့တန်း ရောက်နေလေ့ ရှိသည်။

ရှင်ဘုရင်အား လုပ်ကြံရန် ဟူသည် အတွေးရရှိသည့် အပြင် မည်သည့် အချိန်တွင်• မည်သည့် လက်နက်ကို အသုံးပြုပြီး မည်ကဲ့သို လုပ်ကြံမည် စသည့် အချက် အားလုံးကိုလည်း ကြိုတင်မြင်တွေးပြီးသား ဖြစ်ပေသည်။ Alexander the Great က “မြွေ၏ဦးခေါင်းကိုသာနင်းချေနိုင်လျှင်အမြီးသည်မှုစရာမဟုတ်ပါ” ဟုပြောသည် အတိုင်းပင် ဟုဒကလည်း ရှင်ဘုရင် ဧဂလုံကိုသာ လုပ်ကြံနိုင်လျှင် တခြားအစွယ် အပွားတို ကိုလည်း အလွယ်တကူ ရှင်းပစ်နိုင်မည်ဖြစ်ကြောင်း သိမြင်ပြီး ဖြစ်သည်။

ခေါင်းဆောင်များသည် ကြိုတင်ပြင်ဆင်ကြသည်

“ငါသာ အသင့်ပြင်ထားလျှင် တစ်နေ့နေ့မှာ ငါ့အလှည့် ရောက်လာမှာပါ” ဟူသည့် Abraham Lincoln ၏ စကားသည် လိုက်နာဖွယ်ကောင်းသော စကား ဖြစ်သည်။ John F. Kennedy ကလည်း “သွပ်ပြားအပေါက်ဖာရန် အကောင်းဆုံး အချိန်သည် နေသာသော အချိန်ဖြစ်သည်” ဟု ပြောဖူးသည်။ ဤစကားများက အချိန် မကျမီ အသင့်ပြင် တတ်ရန်နှင့် အချိန်ယူတတ်ခြင်း၏ အရေးကြီးပုံကို မီးမောင်းထိုး ကြသည်။

ခေါင်းဆောင်ကောင်း ဖြစ်လာနိုင်ရန်အတွက် ဝိညာဉ်ရေး၊ လူမှု ဆက်ဆံရေး၊ စိတ်ဓာတ်ရေးရာ၊ ကိုယ်ကာယရေးရာ စသည့် အရာခပ်သိမ်းတိုဖြင့် ပြင်ဆင်ရမည် ဖြစ်သည်။ သူတစ်ပါး ကွယ်ရာ၌ မိမိ၏ အသင့်ပြင်ဆင်မှုသည် လူထုရှေ့တွင် ပေါ် လွင် ထင်ရှားလာပြီး ၄င်းက မည်သူမျှ မနာလို၍ မရသော အောင်မြင် မှုကို ရရှိစေမည် ဖြစ်သည်။

ဧဟုဒ၏ အသင့်ပြင်ဆင်မှု၌ အထူးသဖြင့် စိတ်ဓာတ်ရေးရာနှင့် ကိုယ်ကာယ ရေးရာ ပြင်ဆင်မှုကို တွေ့ရသည်။ ဝိညာဉ်ရေးရာ ပြင်ဆင်မှုကို ကျမ်းစာ၌ မတွေ့ရဘဲ ဘုရားသခင်က ဟုဒကို ပေါ်ထွန်းစေသည်ဟုသာ ဖော်ပြသည်။ ဘုရားသခင်ကိုယ် တိုင် ပေါ်ထွန်းစေသော ခေါင်းဆောင်အနေဖြင့် ဝိညာဉ်ရေးရာ၌လည်း မပြင်ဆင်ဘ နေမည်မဟုတ်ကြောင်း ယုံမှား သံသယရှိစရာ မလိုပါချေ။

သူ၏ လူမှုဆက်ဆံရေး အပိုင်းကိုလည်း ကျမ်းစာက ပြည့်စုံစွာ မဖော် သူသည် သူ၏ လူမျိုးများ ကိုယ်စား အခွန်ဆက်သရသူ၊ သံတမန်တာဝန် ထမ်း သူဖြစ်သဖြင့် လူထု၏ ယုံကြည်ကိုးစားမှု ရရှိသူ၊ ပေါင်းသင်း ဆက်ဆံရေး ဝင်ဆ ဖော်ရွေသူ ဖြစ်မည်ဟု ခန့်မှန်း သိမြင်နိုင်သည်။

သိုဖြစ်၍ ကျမ်းစာတွင် ဖော်ပြသော ဧဟုဒ၏ စိတ်ဓာတ်ရေးရာ၊ ကိုယ် ရေးရာနှင့် အရာခပ်သိမ်းတို၌ အသင့်ပြင်ဆင်ပုံများကို ဆွေးနွေးကြပါမည်။ အကြောင်းမှာ အသင့်ပြင်ဆင်မှု ဟူသည် စိတ်ဓာတ် ယုံကြည်မှုမှ အစပြုလာပြီး ကိုယ် ကာယက နောက်မှ လိုက်လာသောကြောင့် ဖြစ်သည်။

ကျွမ်းကျင်မှုရှိရန် ကြိုတင်ပြင်ဆင်ခြင်း ၊

ဘတ်စကက်ဘောသမိုင်းတွင် အလွန်ထင်ရှားသူ John Wooden ၏ သ တစ်ပါးထက် ပိုကောင်းဖို မကြိုးစားပါနှင့်။ မိမိကိုယ်ကို ယခုထက်ပိုကောင်းဖို ကြိုးစားပါ” ဟူသည့် စကားသည် အလွန်မှန်သည်။ ဘုရားသခင်က မိမိတိုထဲမှ လင့်သောအရာသည် မိမိတို ကိုယ်တိုင်လည်း သူတစ်ပါးနှင့် မနှိင်းယှဉ်မိရန် အရေး ကြီးသည်။ သိုဖြစ်၍ အသင့်ပြင်ဆင်ရာ၌ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရန်သာ ဖြစ်ပြီး ကျန်သောအရာ များကို ဘုရားသခင်ထံ အပ်နှံရန် ဖြစ်သည်။

ဧဟုဒအနေဖြင့် ဧဂလုံကိုသာ လုပ်ကြံနိုင်လျှင် တခြားအရာများကို အလွယ် တကူ ရှင်းပစ်နိုင် မည်ဖြစ်ကြောင်း သိမြင်သဖြင့် ဧဂလုံအား ရှင်းပစ်နိုင်မည့် နည်းလမ်း ကို ရှာဖွေ၍ အကောင်းဆုံး ပြင်ဆင်ခဲ့သည်။ ထိုသို ကျွမ်းကျင်မှုရှိရန် ပြင်ဆင်လာ ရင်း ဗဿာမိန်အမျိုး ဖြစ်လျက်ပင် “ဘယ်သန်သူ” တစ်ဦး ဖြစ်လာသည်။ သမ္မာ ကျမ်းစာက “လက်ျာလက်ကို မသုံးတတ်သော ဗင်္ဃမိန်အမျိုး၊ ဂေရသား ဟုဒကို ပေါ်ထွန်းစေတော်မူ၏။ သူ့လက်တွင် က္ကသရေလလူတိုသည် လက်ဆောင်ကို မော ဘရှင် ဘုရင် ဂလုန်ထံသို ပေးလိုက်ကြ၏ (သူကြီး ၃း၁၅) ဟု ဖော်ပြသည်။

ဧဟုဒသည် ဗယာ်မိန်အမျိုး ဖြစ်လျက်ပင် အဘယ်ကြောင့် ဘယ်သန်သူ အထူးဖော်ပြရသနည်း။ “ဗယာ်မိန်” ဟူသည် “ညာဘက်လက်သား” ဟု အဓိပ္ပါယ် ရသည်။ “ညာဘက်လက်သား” ဟု အခေါ်ခံရသူသည် ညာသန်သူ ဖြစ်သော်လည်း “ဘယ်သန်သူ” တစ်ဦး ဖြစ်လာရသည်။ ဤနေရာ၍ “ဘယ်သန်” ဟူသည် စကား လုံးက မွေးရာပါ ဘယ်သန်ဖြစ်ခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲ “ညာဘက်လက် -ချည်နှောင်ခံရသည်” ဟု အဓိပ္ပာယ်ရသည်။ ညာဘက်လက် ချည်နှောင်ခံရသဖြင့် ဘယ် က်လက်ကို အသုံးပြုသည် သိုမဟုတ် ညာဘက်လက် ချည်နှောင်ခြင်း မခံရသည်  တိုင် ညာဘက်လက်ကို အသုံးမပြု၊ ဘယ်ဘက်လက်ကိုသာ အသုံးပြုသည်ဟု အဓိပ္ပာယ်ရသည်။ သိုဖြစ်၍ ရဟုဒ၏ ဘယ်ဘက်လက်သည် စစ်တိုက်ရန်အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်ထားသော လက် ဖြစ်ကြောင်း တွေ့ရသည်။

“ညာဘက်လက်သား” ဟု အခေါ်ခံရသည့် ဗင်္ယာမိန်အမျိုးအနွယ်ထဲမှ ဘယ် သန်သူ စစ်သူရဲ ရဝဝ ဦးခန့်ရှိပြီး ယင်းတိုသည် ဆံချည်တစ်မျှင်ကိုပင် လောက်လွှဖြင့် ထိမှန်အောင် ပစ်နိုင်သူများ ဖြစ်ကြသည် (သူကြီး ၂၀း၁၆-၁၇)။ အကယ်၍ ညာဘက် လက် ချည်နှောင်ခြင်းခံရလျှင် လောက်လွှထဲသို လောက်စာလုံး မည်ကဲ့သို ထည့်နိုင် မည်နည်း။ သိုဖြစ်သဖြင့် ဘယ်သန်သူ ဆိုရာ၌ စစ်တိုက်ရန် လေ့ကျင့်ပေးခြင်းခံရသူ၊ လက်နှစ်ဖက်စလုံး ကောင်းမွန်စွာ အသုံးပြုတတ်ရန် ကြိုတင်ပြင်ဆင်သူ၊ စစ်တိုက် ရာ၌ လက်ဖြောင့်သူဟု အဓိပ္ပာယ်ရသည်။ ဟုဒလည်း ထိုသိုသော အရည်အချင်း ရှိသူဖြစ်သည်။

အဘယ်ကြောင့် “ညာဘက်လက် ချည်နှောင်ခံရသည်” ဟုဖော်ပြ၍ ဟုဒ သည် အဘယ်ကြောင့် ဘယ်သန်သူ ဖြစ်လာရသနည်း။ ထိုအချိန်က စစ်သူရဲ အားလုံး နီးပါးသည် ညာသန်သူများ ဖြစ်ကြသည်။ ဘယ်ဘက်ခါးတွင် ဓားအိမ်ကို ချိတ်ဆွဲ ထားပြီး ဓားမြှောင်ကို ညာလက်ဖြင့် လျန်မြန်စွာ ထုတ်သွင်း နိုင်ကြသည်။ ထိုကြောင့် ရှင်ဘုရင်ထံသွားသောအခါ၌ ရှင်ဘုရင်ကို မလုပ်ကြံနိုင်ရန်အတွက် ထိုစစ်သူရဲများ၏ ညာဘက်လက်ကို ချည်နှောင်ကြပြီး ဘယ်ဘက်လက်ကိုသာ လှုပ်ရှားခွင့်ပြုကြသည်။

ထိုအချက်ကို ဧဟုဒက သိရှိပြီးဖြစ်သဖြင့် သူ၏ ညာဘက်လက်ကို အချည် နှောင်ခံရသကဲ့သို ထားပြီး ဘယ်ဘက်လက်ကို လိုအပ်သလို အသုံးပြုတတ်ရန် လေ့ ကျင့် ပြင်ဆင်သည်။ ထိုပြင် သူ၏ ညာဘက်ပေါင်တံ၌ ဝှက်ထားသော ဓားကို ဘယ် ဘက်လက်ဖြင့် လျန်မြန်စွာ ဆွဲထုတ်နိုင်ရန် လည်း ကြိုတင်လေ့ကျင့်နေမည် ဖြစ်သည်။

“လေ့ကျင့်ပြင်ဆင်သည်” ဟုဆိုရာ၌ လက်တစ်ခုတည်း မဟုတ်ဘဲ ကိုယ်ခန္ဓာ တစ်ခုလုံး သွက်လက် မြန်ဆန်စွာ လှုပ်ရှားနိုင်ရန် စည်းကမ်းတကျ လေ့ကျင့်နေရမည် ဖြစ်သည်။ “စိတ်သွားတိုင်း ကိုယ်ပါ” နိုင်ရန်အတွက် ကိုယ်ကာယ ကျန်းမာရန် လို သည်။ “အချိန်မရပါဘူး” ဟု ဆင်ခြေမပေးဘဲ ကိုယ်ကာယ ကျန်းမားရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ပေးရမည် ဖြစ်သည်။ ၄င်းက စိတ်ဓာတ်ရေး ရာအတွက်လည်း အလွန်အကျိုးပြုသည်။ ဘုရားသခင်က ခေတ္တ ခဏ ပေးသော ကိုယ်ခန္ဓာကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခြင်းသည် ဘုရားသ သစ္စာရှိသော ဘဏ္ဍာစိုးဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေသည်။

စာရေးသူ Baptist Bible Seminary, Pennsylvania တွင် ကျောင်းတက်စဉ်က ကျမ်းတတ်ပုဂ္ဂိုလ်နှင့် စာရေးဆရာဖြစ်သူ Charles C. Ryrie မကြာခဏ ရောက်လာလေ့ရှိသည်။ ဤသို လာရောက်ပြီး နောက်ဆုံး အခေါက် ၊ ပြန်ခါနီးတွင် “ငါအသက်ကြီးပြီ။ ဒီကျောင်းကို နောက်တစ်ခေါက်ပြန်မလာနိုင် ဘူး။ ဒါကြောင့် အရေးကြီးတဲ့အချက် (ရ)ချက်ကို မှာခဲ့ပါရစေ” ဟုပြောသည်။ ဆရာ ကြီးမှာကြားသော အချက်(၇)ချက်ထဲတွင် ကိုယ်ကာယ ကျန်းမာရေးအတွက် ” ကျင့်ခန်း” မဖြစ်မနေလုပ်ရန် ဟူသည့်အချက် တစ်ခုလည်း ပါဝင်သည်။

ပစ္စည်းကိရိယာ ကြိုတင်ပြင်ဆင်ခြင်း ၊

“(၈)နာရီကြာထင်းခွဲဖို ပုဆိန်ကို (၆)နာရီကြာသွေးရမယ်”ဟု Abraham Lincoln က ပြောဆိုဖူးသည်။ သူသည် အတော်ဆုံးအမေရိကန်သမ္မတတစ်ဦး ဖြစ်သော်လည်း သစ်လုံးအိမ်မှ မွေးဖွားသူဖြစ်သဖြင့် ငယ်စဉ်က တည်းကပင် မကြာခဏ ထင်းခွဲဖူးသည်။ ထိုကြောင့် ပုဆိန်သွားထက်အောင် သွေးခြင်း၏ အရေးကြီးပုံကို ကောင်းစွာနားလည်သည်။

ထင်းခွဲရာ၌ အသွားတုံးသောပုဆိန်ကို အသုံး ပြုပါက လူသာပင်ပန်းပြီး အလုပ်မတွင်နိုင်ချေ။ သို သော် အသွားထက်သောပုဆိန်ကို အသုံးပြုလျှင်မူ အချိန်တိုအတွင်း အလုပ်များစွာပြီးစီးသည့်အပြင် လူ လည်းမပင်ပန်းလှပေ။ လွှဆွဲသမားများသည် အသွား တုံးသောလွှ အသုံးပြုမိပါက အလုပ်မတွင်နိုင် သဖြင့် အချင်းချင်းစိတ်ဆိုးပြီး စကားများရုံသာအဖတ်တင် သည်။ သိုဖြစ်၍ ကြိုတင်ပြင်ဆင်ခြင်း၏ အရေးကြီးပုံ ကို တွေ့မြင်နိုင်သည်။

ဧဟုဒ၌ တိကျသောရည်မှန်းချက်ရှိပြီး ၄င်းရည်မှန်းချက်အတိုင်း ပြီးမြောက် နိုင်ရန်အတွက်ကိုယ်၊ စိတ်သာမက အသုံးပြုမည့်ပစ္စည်းကိရိယာများကိုပါ ကြိုတင်ပြင်ဆင်ထားသည်။

ထို သိုပြင်ဆင်ရာ၌ အလွှာနှစ်ဖက်ရှိလာ တစ်လက်ကို ကိုယ်တိုင်ပြုလုပ်သည် (သူကြီး ၃း၁၆)။ ထို‌ေခတ်တွင် အစ္စရေးပြည်၌ သံရှားပါးသည့်အပြင် ပန်းပဲ မရှိသေးသဖြင့် ဓားတစ်လက် ပိုင်ဆိုင်ရန် အလွန်ခက် ခဲသည်။ ထိုခေတ်သာမက နောင်နှစ်ပေါင်း (၃၀၀)ခန့်ကလိတွင်ပင် အစ္စရေး ပြည်တစ်ခုလုံး၌ ဓားနှစ်လက်သာ သည်။ တစ်လက်ကို ဘုရင်ရှောလုကိုင်ဆောင်၍ ကျန်တစ်လက်ကို သားတော် ယောနသန် ကိုင်ဆောင်သည်(၁ရာ ၁၃း၁၉-၂၂)။ သိုဖြစ်ရာ ဤမျှသံရှားပါးသောခေတ် တွင် ဓားပြုလုပ်ခြင်းသည် ဧဟုဒအဖို့ မည်မျှခဲယဉ်းမည်မှန်း တွေးဆသိမြင်နိုင်သည်။ မည်မျှပင် ခက်ခဲစေကာမူ သူ့အတွက် လိုအပ်သော ပစ္စည်းကိရိယာဖြစ်သဖြင့် မရှိမဖြစ် သောအရာအဖြစ် သတ်မှတ်သည်။ –

ဧဟုဒသည် ထိုစားကို မတိုလွန်းမရှည်လွန်း သော (၉)လက်မအရှည်ရှိဓားအဖြစ် ပြုလုပ်ထားသည် (တချိုနေရာ၌ တစ် “gomed’၊ သိုမဟုတ် တစ် “cubit’၊ သိုမဟုတ် တစ်တောင်ရှည်သည်ဟု ဖော်ပြ သည်။ သိုသော် “gomed’ သည် တစ်တောင်(၁၈ လက်မ)ဟုသာ အဓိပ္ပာယ်မရဘဲ တစ်ထွာ(၉လက် မ) ၊ ဟုလည်း အဓိပ္ပာယ်ရသည်။ အကယ်၍ (၁၈)လက်မ ရှည်ပါက ဗဟုဒသည် ထိုဓားကို သူ၏ပေါင်တံ၌ သို ဝှက်ထား နိုင်မည်မဟုတ်ချေ။ မယုံလျှင် လက်တွေ့ တိုင်းကြည့်ပါ။ တစ်တောင်သည် ပေါင်တံထက် ပိုရှည် သည်)။ သိုမှသာ ထိုဓားကို သူ၏ညာဘက်ပေါင်တံ အဝတ်အောက်တွင် သိုဝှက်နိုင်မည် ဖြစ်သည်။ အ ကယ်၍ရှည်လွန်းပါက ဝှက်၍ရမည်မဟုတ်သကဲ့သို တိုလွန်းပါကလည်း အလွန် သော ဘုရင်ဂလုန်ကို ထိုးသွင်းနိုင်မည်မဟုတ်ပေ။

ထိုဓားကို အသွားတစ်ဖက်သာပြုလုပ်ပါက ပစ်မှတ်နေရာကို ထိရောက်မြန် ဆန်စွာ ခုတ်ဖြတ် နိုင်မည်မဟုတ်သဖြင့် တစ်ဖက်ကမထိလျှင်ပင် အခြားတစ်ဖက်က မဖြစ်မနေသိနိုင်ရန် အသွားနှစ်ဖက် ပြုလုပ်ခြင်းဖြစ်နိုင်သည်။

ထိုအပြင် ထုံးစံအတိုင်းဆိုပါကဓားကို ဘယ်ဘက်ခါးတွင်ချိတ်၊ ညာဘက်လက်၊ ဖြင့် ဆွဲထုတ် ရစမြဲဖြစ်သည်။ သိုသော် ဧဟုဒသည် မည်သူမျှမယုံသင်္ကာမဖြစ်အောင် ဓားကို ညာဘက်ပေါင်တံတွင် တိတ်တဆိတ်သိုဝှက်ထားသည်။

လိုအပ်မည့်ပစ္စည်းကိရိယာများကို လိုလေသေးမရှိအောင် ကြိုတင်ပြင် ထားသောသူသည် နောက်ထပ်လိုအပ်မည့်အရာ ရှိတော့မည်မဟုတ်သဖြင့် ပြည့်စုံ သောအောင်မြင်မှုကို ရရှိလိမ့်မည်ဖြစ်သည်။

ခေါင်းဆောင်များက နည်းလမ်းရှာဖွေကြသည်

ဧဟုဒသည် အစ္စရေးလူမျိုးများကို ကယ်တင်နိုင်ရန်အတွက် နည်းလမ်းရှာဖွေသည်။ မည်သူမျှ မသွားဖူးသေးသော လမ်းတွင်သွား၍ မည်သူမျှမဖောက်ဖူး သော လမ်းကို ကိုယ်တိုင်ဖောက်သည်။ မည်သူမျှ မသွားရဲသော်လည်း သူကိုယ်တိုင်ရှေ့မှသွားသည်။

အစ္စရေးလူမျိုးများသည် မောဘရှင်ဘုရင်  ဧဂလုန်ထံ ဆက်သမည့်အခွန်များကို ဧဟုဒအား ပိုခိုင်း သောအခါ သူ၏ပေါင်တံ၌ ဓားဝှက်ယူပြီးသွားသည်။ အခွန်ဆက်သပြီးသောအခါ ဟန်မပျက် ပြန်ထွက် သည်။ ဂိလဂါလအရပ်သိုရောက်သောအခါ ရှင်ဘုရင် ထံပြန်သွားပြီးလျှိဝှက်ချက်တစ်ခုပြောစရာရှိကြောင်း လျှောက်သည်။

ထိုအခါ ဂလုန်က သူ၏ကိုယ်ရံတော်များအား အပြင်သိုထွက်စေလိုက်သည်။ ဧဟုဒသည် လေပြေတညင်းညင်းတိုက်နေသော နန်းတော်အပေါ်ဆောင်တွင် ထိုင် နေသည့် ဧဂလုန်ထံ “အရှင့်အတွက် ဘုရားသခင်ထံမှ လျှိဝှက်ချက်တစ်ခုရှိတယ်” ဟု လျှောက်သည်။ ဧဂလုန်ကလည်း ဘုရားသခင်ထံမှဖြစ်လျှင် အရေးတကြီးကိစ္စ ဖြစ်မည်ဟုဆိုပြီး ချက်ချင်းပင် သံလွန်ပေါ်မှ အိတွဲတွဲဆင်းလာသည်(သူသည် အလွန်ဝသည်)။ စင်စစ် ဧဟုဒပြောလိုသောလျှိဝှက်ချက်မှာ အခြားမဟုတ်ဘဲ ၄င်း၌ ဓား ပါလာသည့်အကြောင်းပင်ဖြစ်သည် (ဟေဗြဲလူမျိုးများသည် “အကြောင်းအရာနှင့် “အရာဝတ္ထု’ကို သီးခြားမခွဲဘဲ စကားလုံးတစ်ခုတည်းဖြင့် ခေါ်ဝေါ်ကြသည်)။

ဧဂလုံသည် လျှိဝှက်ချက်ကိုကြားလိုသောအားဖြင့် ဧဟုဒအနားသိုကပ်လာ သည်။ ထိုအခါ ဧဟုဒသည် သူညာဘက်ပေါင်တံတွင် ဝှက်ထားသောဓားကို ဘယ် ဘက်လက်ဖြင့် ဆတ်ခနဲဆွဲထုတ်ပြီး ဧဂလုန် ၏ဝမ်းဗိုက်ထဲသို ဓားရိုးအဆုံးထိဝင် အောင် လျှပ်တစ်ပြက်ထိုးသွင်းလိုက်သည်။ ဓားသည် အလွန်ဝသော ဧဂလုန်၏ ဝမ်းဗိုက်ထဲတွင် စုန်းစုန်းမြှုပ်သွားပြီး အူခွေများထွက်လာသည်။ ပြီးလျှင် ဧည့်ခန်းဘက်မှ အပြင်သို့ထွက်ပြီး အပေါ်ဆောင်တံခါးအားလုံးကို အတွင်းမှသော့ခတ်လိုက်သည်။

ဧဟုဒသည် ဧဂလုံကိုသတ်ပြီးနောက် ကိုယ်ရံတော်များမရိပ်မိခင် အပြင်သို တက်ပြေးသည်။ ဤလုပ် ကြံမှုအစီအစဉ်များဖြစ်သည့် ဂလုန်ထံ ရောက်ရှိနိုင်ခြင်း၊ ဧဂလုံသည် သံလွန်ပေါ်မှဆင်း၍ သူ့အနားသို့ ကပ်လာခြင်း၊ ဧဂလုန်ကိုလုပ်ကြံပြီး အပြင်သိုထွက်ပြေးခြင်းစသည့် အစီအစဉ်အားလုံးကို သူကိုယ်တိုင်ပင် နည်းလမ်း ရှာဖွေလုပ်ဆောင်ခြင်းဖြစ်သည်။

ဖောက်လုပ်ပြီးသား လမ်းအတိုင်း အဆင်သင့်လိုက်လျှောက်သောသူသည် ခေါင်းဆောင်မမည်ဘဲ ကိုယ်တိုင်ဖောက်လုပ်၍ နောက်လိုက်များပါ ဆွဲခေါ်လိုက် လျှောက်စေနိုင်သူသာ ခေါင်းဆောင်မည်ပေသည်။

ခေါင်းဆောင်များက လုပ်ဆောင်ရဲကြသည်

တကယ်မလုပ်ဆောင်မည့် စီမံချက်များရေးဆွဲခြင်းသည် စာရွက်နှမြောစရာ ကောင်းလှသည်ဟု William Danforth က ပြောဖူးသည်။ မှန်ပါသည်။ အသက် နှင့်ရင်းသည်အထိ မလုပ်ဆောင်ရဲပါက စီမံချက်များ လုံးဝမ ရေးဆွဲသင့်ချေ။

လူတချိုသည် ရည်မှန်းချက်ရှိပြီး စီမံချက်များ ရေးဆွဲ၍ အသင့်ပြင်ကြသည်။ လိုအပ်မည့်အရာများ ကိုစုဆောင်း၍ လုပ်ပုံလုပ်နည်းကိုလည်း အထပ်ထပ် သင်ယူကြသည်။ အတူလုပ်ဆောင်မည့်သူများကို စု ) စည်း၍ လူအများကိုတက်ကြွစေကြသည်။ ရက်ရှည် အားလပ်ရက်များအတွင်း ဘာလုပ်မည်၊ ဘာကိုင်မည် ဟု ကြိုတင်စီစဉ်၍ ရည်မှန်းချက်အကြီးကြီးထားရှိကြသည်။ သိုသော် တကယ်လုပ် ဆောင်ရတော့မည့်အ ချိန်တွင် တွန့်ဆုတ်နေတတ်ကြသည်။

ဧဟုဒအနေဖြင့် အရာရာပြည့်စုံအောင် ကြိုတင်ပြင်ဆင်ထားသည့်တိုင် အ ကောင်အထည်မဖော်ရဲ၊ အသက်နှင့်မရင်းရဲ၊ နန်းတော်တွင်းသို ဓားမယူဆောင်ရဲပါ က အချည်းနှီးသာဖြစ်ပါမည်။ စီမံချက်ရေးဆွဲသော် လည်း မဆောင်ရွက်ခြင်းသည် မိုးအံ့သော်လည်း မရွာသကဲ့သိုပင်ဖြစ်သည်။

သိုသော် ဧဟုဒသည် သူ၏ရည်မှန်းချက်အတိုင်း အကောင်အ သည်။ ကြိုတင်ပြင်ဆင်သည့်အတိုင်း လုပ်ဆောင်ရဲသည်။ အထူးသဖြင့် . တစ်ကြိမ်ဝင်ခွင့်ရရုံဖြင့် ဓားယူ ဆောင်ရဲခြင်းသည် အသက်နှင့်ရင်းထားမှန်း သိသာလှသည်။ အကယ်၍ ဘုရင်သာရိပ်မိပါက မီးခိုးကြွက်လျှောက် စုံစမ်းရုံမက အသတ် လည်းခံရမည် ဖြစ်သည်။

သူသည် ဓားယူဆောင်ရုံမဟုတ်ဘဲ ဘုရင်အား တကယ်လုပ်ကြံ အကြံအောင်မြင်သည့်တိုင် မည်ကဲ့သို လွတ်မြောက်ရမည်၊ မည်ကဲ့သိုထွက်ပြေး ကအစ အလွန်စဉ်းစားရခက်လိမ့်မည်ဖြစ်သည်။ မည်သိုပင်ဖြစ်ပါစေ သူ၏ရည်မှန်းချက်နှင့် ကြိုတင်ပြင်ဆင်ချက်အတိုင်း အန္တရာယ်များစွာကြားမှ အသက်နှင့်ရင်း၍ လုပ်ဆောင်ရဲ သည်။ ဘုရားသခင်သည် ဟုဒ၏လုပ်ဆောင်ရဲမှုကို ကောင်းချီးပေး သူ၏အသက်ကိုကာကွယ်ပေးပြီး ပြည့်စုံအောင်မြင်စေသည်။

ခေါင်းဆောင်များက စည်းရုံးသည်

“အောင်မြင်ခြင်းရနိုင်ရေးအတွက် အရေးကြီးဆုံးလျှိဝှက်ချက်တစ်ခုမှာ သူ တစ်ပါးအား မည်ကဲ့သိုစည်း ရုံးရမည်ကို နားလည်ခြင်းဖြစ်သည်”ဟု အမေရိကန် ခေါင်းဆောင် Theodore Rooseveltက ပြောဖူးသည်။ စည်းရုံးခြင်းဟူသည် အောင်မြင်မှုရယူခြင်းဖြစ်သဖြင့် စည်းရုံးရေးတော်ပါ က ခိုင်မာသောအောင်မြင်မှု ရရှိလိမ့်မည်ဖြစ်သည်။

ဧဟုဒသည် ဂလုန်အားလုပ်ကြံပြီးနောက် နန်းတော်ထဲမှ အမြန်ထွက်ခွာသည်။ မြိုအစွန်ရှိ ကျောက်ရုပ်တုများကို ဖြတ်ကျော်ပြီးနောက် စိရပ်ရွာ သိုကူးလိုက်သည်။

သူ၏ရပ်ရွာသို ရောက်သည်နှင့်တစ်ပြိုင်နက် ဧဖရိမ်တောင်ပေါ်တွင် တံပိုးမှုတ်၍ “လာကြလော့။ ငါ့နောက်သိုလိုက်ကြလော့။ ထာဝရဘုရားသည်မောဘလူတိုကို သင်တိုလက်၌ အပ် တော်မူမည်”ဟု ကိုယ်တိုင်ကြွေးကြော်စည်းရုံးသည်။ “ဘုရင်ဧဂလန်ကိုတောင် ငါတစ်ယောက်ထဲ သတ်ဖြတ်နိုင်သေးတာ။ ဘုရားသခင်ကအောင်မြင်ခြင်းပေးမှတော့ သူတစ်ပါးရဲ့အကူအညီမလိုပါဘူး။ ငါတစ် ယောက်ထဲတိုက်ရင်လည်း အောင်မြင်မှာ ပါ”ဟု ခံယူချက်မထားချေ။

ထိုသိုစည်းရုံးသောအခါ အစ္စရေးတိုသည် တောင်ပေါ်မှဆင်းလာပြီး ဗဟုဒ နောက်သို လိုက်လာကြ သည်။ သူတိုသည် မောဘပြည်သွားရာလမ်းဖြစ်သောဂျော်ဒန် မြစ်နားတွင်တပ်စွဲပြီး မြစ်ကူးလာသူ ရန်သူမှန် သမျှကို သတ်ပစ်ကြသည်။ သိုဖြစ်၍ နေ့တွင် မောဘစစ်သူရဲ(၁၀၀၀၀) သေဆုံးသည်။ ဘုရားသခင်က အောင်မြင်ခြင်း ၊ ပေးသဖြင့် မောဘလူတို၏လက်မှ လွတ်မြောက်ပြီး လွတ်မြောက်ငြိမ်သက်ခြင်း၏အရ သာကို နှစ်ပေါင်း(၈၀)တိုင်တိုင် ခံစားရကြသည်(သူကြီး ၃း၂၆-၃၀)။

“ခေါင်းဆောင်မှုပညာ” စာအုပ်တွင် ““မြင်းတစ် ကောင်သည် သာမန်အားဖြင့် ပေါင်(၆၀၀၀)မှ (ရဝဝဝ) အထိ ဆွဲနိုင်သည်။ သိုသော် မြင်းနှစ်ကောင် စိတ်သဘောတူပူးပေါင်းပါက ပေါင်(၁၈ဝဝဝ) အထိ ဆွဲနိုင် သည်”ဟု ဖော်ပြပြီးဖြစ်ရာ ပူးပေါင်းခြင်း၏အရေးပါမှု ကို တွေ့မြင်နိုင်သည်။ အလုပ်လုပ်ရာ၌ သူတစ်ပါးနှင့် မပူးပေါင်းဖြစ် သည့်တိုင် “မိတ်ဆွေ” ရှိပါက ခွန်အားကို ဖြစ်စေပြီး ပို၍ကျန်းမာစေသည်။

အိမ်ထောင်မရှိသူများသည် အိမ်ထောင်ရှင် များထက် စိတ်ကျရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာ ရောဂါစသည်တိုကို နှစ်ဆပိုရလွယ်ပြီး စိတ်ရောဂါကိုမူ ဆယ်ဆပိုရလွယ်သည်ဟု လည်းကောင်း၊ အပျိုများသည် အိမ်ရှင်မများထက် ရောဂါဝေဒနာကြောင့် အိပ်ရာပေါ် လဲသည့်အချိန် ပိုများသည်ဟု လည်းကောင်း National Institute of Healthcare Research ဥက္ကဌ Dr. David Larson က ပြောဖူးသည်။ အိမ်ထောင်ရှင် များထက် အိမ်ထောင်မရှိသူများသည် စိတ်ဆိုးလွယ်၊ အားငယ်လွယ်၊ နာကြည်းလွယ် သည်။ သိုဖြစ်၍ လူတိုင်းအပေါင်းအ ဖော်လိုအပ်ပြီး အထူးသဖြင့် ခေါင်းဆောင်များ အဖို ပို၍လိုအပ်သည်။

ဘုန်းကြီးခြင်းအလုံးစုံကို ဘုရားသခင်ထံ ပေးအပ်သည် ။

အောင်မြင်ခြင်းရရှိနိုင်ရေးအတွက် စီမံပြင်ဆင်သည့်အတိုင်း တကယ်လုပ် ဆောင်သူမှာဟုဒ ဖြစ်သည်။ အသက်ကိုရင်းပြီး ဘုရင်ဧဂလုန်ကို လုပ်ကြံသတ်ဖြတ် သူမှာလည်း ဧဟုဒပင်ဖြစ်သည်။ လူ့အမြင်အရ ထိုအောင်မြင်ခြင်းသည် ဧဟုဒကြောင့် ဖြစ်သည်။ သိုသော်လည်း ဧဟုဒသည် တံပိုးမှုတ် ပြီးကြွေးကြော်ရာ၌ ‘ဧဂလုန်ကို ငါသတ်ပြီး အောင်မြင်မှုရရှိခဲ့တယ်”ဟု လုံးဝမဝါကြွားပေ။

ရှံဆုန်သည် လားမေးရိုးတစ်ခုဖြင့် လူတစ်ထောင်သတ်ဖြတ်ပြီးနောက် မာန် တက်၍ဝါကြွားသည်။ ဘုန်းကြီးခြင်းအလုံးစုံကို ဘုရားသခင်ထံပေးအပ်မည့်အစား သူကိုယ်တိုင်သိမ်းကျုံးရယူသည်။ ဟုဒကမူ “ဘုရားသခင်က အောင်မြင်ခြင်းကို ပေးသည်။ ရန်သူများကို သင်တိုလက်ထဲသို အပ်တော်မူမည်”ဟု ဘုန်းကြီးခြင်းအလုံး စုံကို ဘုရားသခင်ထံပေးအပ်သည်(သူကြီး ၃း၂၈)။

နာမည်ကောင်းကို သူတစ်ပါးထံ ပေးအပ်သည် ဧဟုဒသည် ဘုန်းကြီးခြင်းအလုံးစုံကို ဘုရားသခင် ထံပေးအပ်ပြီးနောက် နာမည်ကောင်းကိုလည်း သူ တစ်ပါးထံပေးအပ်သည်။ “ထာဝရဘုရားသည် သင် တို၏ရန်သူ မောဘလူတိုကို သင်တို လက်၌ အပ်တော်မူမည်””(သူကြီး ၃၂း၈)ဟု ပြောသည်။

“ဧဂလုန်ဆီ ‘ငါ’ ကိုယ်တိုင်သွားတယ်။ “ငါ့” ဓားနှင့် ထိုးသတ်လိုက်တယ်။ အကင်းပါးပါးနှင့် “ငါ” ပြန်ထွက်လာနိုင်တယ်။ ဘုရားသခင်က ‘ငါ’ ကိုအောင် မြင်စေတယ်”ဟု ကြွားလုံးမထုတ်ချေ။ စင်စစ် ဤအောင်မြင်မှု၌ သူ့လူများ၏ကူညီမှု လုံးဝမပါရှိပေ။ ၄င်းတစ်ဦးတည်းသာ အစမှအဆုံးထိ စီမံလုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။ သိုသော်လည်း နာမည်ကောင်းကိုမူ သူ့လူများထံပေးလိုက်သည်။

ထိုအခါ ယခင်က ပျောက်ချက်သားကောင်းနေသူများပင်လျှင် စုဝေးရောက် ရှိလာသဖြင့် ထိုနေ့တွင် မောဘစစ်သူရဲ့(၁ဝဝဝ)တိတိ သတ်ပစ်နိုင်ကြသည်။ အကယ် ၍ နာမည်ကောင်းသာမပေးမိလျှင် ထိုသိုအောင် မြင်ချင်မှ အောင်မြင်မည်ဖြစ်သည်။

 

ခေါင်းဆောင်များသည် ရှေ့ဆုံးတွင်နေရဲသည်

ဧဟုဒသည် ဘုန်းကြီးခြင်းအလုံးစုံကို ဘုရားသခင်ထံပေးအပ်ပြီး နာမည် ကောင်းကိုလည်း သူတစ်ပါးထံပေးအပ်ပြီးနောက် လုပ်စရာအားလုံးတိုကို သူ့တာ အဖြစ်ခံယူသည်။ စားရမည့်ဘက်တွင် နေရာမဦးဘဲ လုပ်ရမည့်ဘက်တွင် နေရာ သည်။ သိုဖြစ်၍ သူသည် စစ်မှန်သောခေါင်းဆောင်ဖြစ်မှန်း ပေါ်လွင်ထင်ရှားသည်။

ဧဟုဒသည် ဘုရားသခင်အားဖြင့် အောင်မြင်မှုရပြီးနောက် သူ့လူမျိုးများကို လာကြလော့။ ငါ့ နောက်သိုလိုက်ကြလော့”ဟု ဖိတ်ခေါ်၍ဘုရင့်စစ်တပ်ကိုရင်ဆိုင်ရန် ရှေ့တန်းသို ပြန်ချီတက်ရသည်။ တစ်နည်းအားဖြင့် “ငါကိုယ်တိုင် ရှေ့ဆုံးကတိုက် မယ်။ ခံစရာရှိရင် ငါအရင်ခံမယ်။ သေစရာရှိရင် ငါ အရင်သေမယ်’ ဟု ဆိုလိုခြင်း ဖြစ်သည်။

အစ္စရေးလူမျိုးများသည် ဘုရင် ဧဂလုံထံ (၁၈)နှစ်လုံးလုံး အခွန်ဆောင်သည့် ကာလအတွင်း၌ ခေါင်းဆောင်လုပ်ရဲသူ၊ တော်လှန်ရဲသူ၊ စစ်တိုက်ရဲသူ တစ်ယောက် မျှမရှိချေ။ သိုသော်လည်း ဧဟုဒ ပေါ်ထွန်းလာသောအခါ ဂလုန်ကိုသတ်ဖြတ်သည့် အပြင် ဘုရင့်စစ်တပ်နှင့်ရင်ဆိုင်ရန် ရှေ့တန်းသို ထွက်လာ သည်။ ခေါင်းဆောင်လုပ်ရဲ သူမရှိသည့်အချိန်တွင် ဧဟုဒက “လာကြလော့။ ငါ့နောက်သို လိုက်ကြလော့’ဟု လူ ထုကိုဖိတ်ခေါ်၍ ရဲဝင့်စွာဦးဆောင်သည်။

၇။ ယာဗက်(Jabez)

ယာဗက်ဟူသည့်နာမည်ကို သင်မြင်လိုက်သည်နှင့် သင်၏ဆုတောင်းချက်ကို ပြန် လည်ဆန်း စစ်စေလိုပါသည်။ သင်သည် မည်သည့်အရာကိုတောင်းသနည်း။ တောင်း သင့်သည့်အရာ ဟုတ်ပါသလော။ သင်၏ဆုတောင်းချက်ကြောင့် ဘုရား၏ဘုန်းတော် ထင်ရှားပါမည်လော။ သင်၏အသက်တာ တကယ်ပြောင်းလဲစေပါမည်လော။ သူတစ် ပါးအဖို တကယ်အကျိုးဖြစ်ထွန်းပါမည်လော။ ထိုကဲ့သို ဆန်းစစ်ပါက ဆုတောင်းချက် အများစုတိုသည် အရေးမကြီးသည့် ဆုတောင်းချက်များဖြစ်နိုင်သည်။

ဘုရားသခင်၏တန်ခိုးတော်သည် အကန့်အသတ်မရှိသော်လည်း မိမိတိုဆု တောင်းသောအခါ ကန့်သတ်မိတတ်ကြသည်။ ဘုရားသခင်က ကြီးမားစွာလုပ်ဆောင် ပေးလိုလျက်နှင့် မိမိတိုသည် အရေးမပါသောအသေးအမွှားများကိုသာ တောင်းမိလေ့ ရှိကြသည်။ သိုဖြစ်၍ ဆုတောင်းသည့်အတိုင်း အစုံအလင်ရရှိလျှင်ပင် ဝိညာဉ်ရေးရာ နှင့် လောကရေးရာ၌ ပို၍ထူးခြားလာစရာအကြောင်းမရှိချေ။

သခင်ယေရှုက “တောင်းကြလော့။ တောင်း လျှင်ရမည်”( မ ၇း၇)ဟုပြောရာ ယင်းသည် အမိန့်နှင့် ကတိတော်ဖြစ်သဖြင့် နာခံယုံကြည်ရန်သာဖြစ်သည်။ ဘုရားသခင်သည် မိမိတိုကြံစည်နိုင်သမျှထက် သာ လွန်ကောင်းမွန်သော ကောင်းချီးများစွာကို သိထား ပေးပြီးသားဖြစ်ရာ မိမိတို၏ ဆုတောင်းခြင်းကိုသာ စောင့်မျှော်နေသည်။

သိုသော် မိမိတိုသည် ဆုတောင်းရန်ကိုပင် အပျင်းထူတတ်ကြသည်။ သို ဆုမတောင်းဘဲနေကြသဖြင့် မကြ”(ယာ ၄း၂-၃)ဟု မိန့်ဆိုထားခြင်းဖြစ် တောင်းကြလော့။ တောင်းလျှင် ရမည်”ဟူသည့် အမကတဘာပေး သားဖြစ်သဖြင့် ယခုမှစ၍ အရေးပါသောအရာများကိုသာ ကြိုးစားတောင်းရဲ သည်။ ထိုသို ဆုတောင်းရဲသူ များအနက် ယာဖက်ကိုနမူနာယူ ဆုတောင်းကြပါ ခေါ်ဖိတ်လိုပါသည်။

ဆုတောင်းခြင်းဖြင့် ထင်ရှားခြင်း

ယာဗက်သည် ၄င်း၏ဉာဏ်ပညာ၊ ရာထူးဂုဏ်ရှိန်၊ အစွမ်းသတ္တိကြောင် ရှားခြင်းမဟုတ်သကဲ့သို မောရှေကဲ့သို ခေါင်းဆောင်ကောင်းအဖြစ် ထင်ရှားသ မဟုတ်ပေ။ ဒါဝဒ်ကဲ့သို ဘုရင်ကောင်းအဖြစ် ထင်ရှားသူမဟုတ်သကဲ့သို ရောက် ကဲ့သို ဉာဏ်ပညာကြောင့် ထင်ရှားသူလည်း မဟုတ်ပေ။ လိယကဲ့သို သောပရောဖက်အဖြစ် ထင်ရှားသူမဟုတ်သကဲ့သို ဒံယေလကဲ့သို ရာထူးဂုဏ် ကြောင့် ထင်ရှားသူ လည်းမဟုတ်ပေ။

စင်စစ် ယာဗက် ထင်ရှားရခြင်းအကြောင်းမှာ ဆုတောင်းခြင်းကြောင့် သည်။ အခြားသောစွမ်းရည် များကြောင့် သူ့ကို သတိမထားမိကြသည့်တိုင် သည် ဆုတောင်းခြင်းကိုမူ မေ့နိုင်ကြမည်မဟုတ်ပေ။ ထိုသိုမမေ့နိုင်လောက်အောင် သည် မည်သည့်ဆုကို မည်ကဲ့သိုတောင်းပါသနည်း။ လေ့လာဆန်းစစ်ကြပါစို။ တစ် ဝင်ချုပ်ပထမစောင် ၄း၉-၁ဝ ၌ ဤသိုဖော်ပြသည်။

ယာဗက်သည် ဆွေမျိုးများထက် တစ်မူထူးခြားသည်

သူ၏မိခင်က ယာဗက်ဟု အမည်မှည့်သည်

အကြောင်းမှာ မွေးဖွားစဉ်က ပြင်းထန်သောဝေဒနာ ခံစားရ၍ဖြစ်သည်

အစ္စရေးလူမျိုးတို့၏ ဘုရားသခင်ထံ ယာဗက် အော်ဟစ်ဆုတောင်းသည်

အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေး၍

အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ

အကျွန်ုပ်ကို လက်တော်နှင့် စောင့်ထိန်းကွယ်ကာတော်မူ၍

ဘေးဥပဒ်အနှောင့်အယှက်နှင့် ကင်းလွတ်စေတော်မူပါ

တောင်းသောဆုကို ဘုရားသခင်ကပေးသည်

ယာဗက်သည် သာမန်လူတစ်ယောက်ဖြစ်သော်လည်း ထူးမြတ်သောအရာကို တောင်းသဖြင့် ထူးခြားသောပုဂ္ဂိုလ်ဖြစ်လာသည်။ သိုဖြစ်၍ သူ၏ဆုတောင်းချက်သည် ဖတ်တမ်းတင်ခံရသည်။ ရာဇဝင်ချုပ်ပထမစောင် အစပိုင်းကိုဖတ်ပါက လူအမည်များ တိုသာ မှတ်တမ်းတင်ထားသဖြင့် ငြီးငွေ့စရာပင် ဖြစ်သည်။ မည်သူမည်ဝါမှန်းမသိရ သည့်အပြင် ခွန်အားရယူစရာလည်းမကောင်းသဖြင့် အများအားဖြင့် ကျော်ဖတ်လေ့ရှိ ကြသည်။

အခန်းကြီး(၁)မှ (၉)အတွင်း၌ လူအမည်(၅၀၀)ကျော် မှတ်တမ်းတင်ထား သည်။ အခန်းကြီး (၄)တစ်ခု တည်းတွင်ပင် လူအမည်(၄၄)ခုပါရှိသည်။ ထိုသိုမှတ် တမ်းတင်ထားရာမှ ယာဗက်၏ဆုတောင်းခြင်းအကြောင်း ကြားဖြတ်ဝင်လာသည်။ ရာဇဝင်ချုပ်ရေးသားသောသူသည် ယာဗက်၏ဆုတောင်းခြင်းကို မှတ်သားထိုက်၊ အ သိအမှတ်ပြုထိုက်သည်ဟု ခံယူသဖြင့် မှတ်တမ်းတင်ခြင်းဖြစ်သည်။

ဆုတောင်းခြင်းဖြင့် ထူးမြတ်သောပုဂ္ဂိုလ်ဖြစ်လာခြင်း

စင်စစ် “ယာဗက်”၏အဓိပ္ပာယ်မှာ “ဒုက္ခဝေဒနာ” ဖြစ်သည်။ မွေးဖွားစဉ်က သူ၏ မိခင်သည် ဒုက္ခများစွာခံစားရသည့်အပြင် ထိုအချိန်က အစ္စရေးတိုသည် အမြဲစစ်တိုက် ရသည်ဖြစ်ရာ သူ၏ဖခင်မှာလည်း ရှေ့တန်းတွင် ကျဆုံး၍ ဖြစ်နိုင်သည်။ ထိုကြောင့် သူ၏ နာမည်ကို “ယာဗက်”ဟု မှည့်ခေါ်ခြင်း ဖြစ်ဟန်တူသည်။

ဓမ္မဟောင်းခေတ်တွင် နာမည်ဟူသည် အလွန် အရေးပါသည်။ တစ်စုံတစ်ဦးအား “သူ၏နာမည် ကို ပယ်ဖျက်ပါ”ဟု အမိန့်ပေးခံရပါက “သတ်ပစ်ပါ”ဟု ဆို လိုခြင်းဖြစ်သည်။ ထိုနည်းတူ “သင်၏နာမည်သည် မင်္ဂလာရှိပါစေ ́ဟုပြောခြင်းသည် သင်၌ မင်္ဂလာရှိပါ စေ”ဟု ဆိုလိုခြင်း ဖြစ်သည်။

အများအားဖြင့် လူတစ်ယောက်ကို မွေးကင်းစတွင် နာမည်မှည့်ပေးလေ့မရှိကြ ပေ။ မိဘ၏အ တွေ့အကြုံ ကလေး၏အနာဂတ်ဆိုင်ရာ တင်ကူးမြင်ထားချက်နှင့် နိုပြတ်အရွယ်ကလေး၏ အပြုအမူအရ နာမည်မှည့်ပေးလေ့ရှိကြသည်။ မည်သည့် နာမည်ကိုမှည့်သည်ဖြစ်စေ၊ နာမည်နှင့်အသက်တာ ထပ်တူကျ လေ့ရှိသည်ကို မြင် တွေ့ရသည်။

လူမျိုးအပေါင်းတို၏ဖခင်ဖြစ်လာမည့် Abram ကို ‘Abraham ဟုလည်း ကောင်း၊ လူမျိုးအပေါင်းတို၏ မိခင်ဖြစ်လာမည့် Sarai ကို Sarah”ဟုလည်း ကောင်းပြောင်းလဲမှည့်ခေါ်သည်။ ယာကုပ်၏နာမည်သည် “လိမ်ပြောသူ၊ ခြေဖနောင့် ကိုင်သူ”ဟု အဓိပ္ပာယ်ရှိသည့်အတိုင်း သူတစ်ပါးကိုလိမ်သကဲ့သို သူ့ကိုယ်သူလည်း မကြာခဏလိမ်တတ်သည်။ ယာကုပ်၏သားငယ်ကို ရာခေလက “BenOni (ပင်ပန်း ခြင်းသား)ဟု မှည့်ခေါ်သော် လည်း ယာကုပ်ကမူ ပင်ပန်းခြင်းသားမဟုတ်ရ၊ “ငါ၏ ညာ လက်ရုံး၊ ငါ၏ခွန်အားဖြစ်ရမည်ဟု ဆိုပြီး ‘Benjamin’ဟု ပြန်လှည့်လိုက်သည်။ ထိုသို မည်ခေါ်သည့်အတိုင်း ဗယ့်မိန်အမျိုးသည် ယုဒလူမျိုးများအတွက် အစွမ်းခွန်အား ဖြစ်လာသည်။ မောရှေကိုလည်း ရေထဲမှဆယ်ယူခြင်း ခံရသူဖြစ်သဖြင့် “Moses ́ဟုမှည့်ထားခြင်း ဖြစ်သည်။

Joshua ဟူသည် “ကယ်တင်သူ၊ ဘုရားက ကယ်တင်သည် ́ဟု အဓိပ္ပာယ်ရှိသည့်အတိုင်း ယောရှု သည် သူ၏လူမျိုးများကိုဦးဆောင်၍ ကယ်တင်သည်။ Naomiတိုလင်မယားသည် ၄င်းတို့၏ကလေးများကို Mahloh (သေးနုပ်သော၊ အရေးမပါသော၊ မကျန်းမာ သော) နှင့် Chilion (အထီးကျန်သော) ဟု မှည့် ခေါ်သည့်အတိုင်း ကျန်းမာရေးချိုတဲ့ပြီး အသက်လည်းတိုကြသည်။ Naomi ၏ အဓိပ္ပာယ်မှာ “ချိုမြိန်သော၊ အရသာရှိသော၊ ပျော်ရွှင်သော”ဖြစ်သော်လည်း ဇာတိ ပြည်ပြန်ရောက်သောအခါ Mara (ခါးသော)ဟု ပြောင်းခေါ်စေသည်။

Naomi ၏ချွေးမ Ruthနှင့် Orpah တို့လည်း ထိုနည်း၄င်းဖြစ်သည်။ Ruth သည် “ပေါင်းဖော်ခြင်း’ဟု အဓိပ္ပာယ်ရှိသည့်အတိုင်း သူသည် ခွဲခွာခြင်းထက် ပေါင်း စည်းခြင်းကို ပို၍ဦးစားပေးသည်။ Orpahသည် “နောက်ဆံတင်းခြင်း၊ နောက်လှည့် ခြင်း ဟု အဓိပ္ပာယ်ရှိသည့်အတိုင်း သူသည် နောက်ပြန်လှည့်ခဲ့သည်။

Solomon ၏အဓိပ္ပာယ်မှာ “ငြိမ်းချမ်းခြင်း၊ ငြိမ်ဝပ်ခြင်း” ဖြစ်သည့်အတိုင်း သူ၏လက်ထက်တွင် စစ်မက်ဖြစ်ပွားခြင်းမရှိပေ။ တခြားတိုင်းပြည်များနှင့် ချစ်ကြည် စွာဆက်ဆံရာမှ ဇနီးများစွာပင် ပိုင်ဆိုင်ရ ရှိခဲ့သည်။ Nabal၏အဓိပ္ပာယ်မှာ ‘နုံအသူ ဖြစ်သည့်အတိုင်း သူ့ဇနီး Abigail က “ကျွန်မရဲ့ခင်ပွန်းကတော့ နာမည်နှင့် အောင် တကယ်နုံလွန်းပါတယ်”ဟု ထုတ်ဖော်ခဲ့သည်။

ဆိုခဲ့သည့်အတိုင်း ယာဗက်၏အဓိပ္ပာယ်မှာ “ဒုက္ခဝေဒနာဖြစ်ရာ အကယ်၍ သူသာဆုမတောင်းပါက ဒုက္ခဝေဒနာများစွာကို သယ်ဆောင်ကောင်းသယ်ဆောင် လာနိုင်သည်။ သူ့ကိုခေါ်တိုင်း “ဒုက္ခဝေဒနာ”ဟု ခေါ်ရမည်ဖြစ်သဖြင့် အလွန်ဆိုးသော နာမည်ဖြစ်သည်။ သွားလေရာတိုင်း၌ ဒုက္ခဝေဒနာ ဖြစ်ပေါ်စေနိုင်သည်။ သိုသော် လည်း သူ၏ဆုတောင်းချက်ကို ဘုရားသခင်အဖြေပေးသဖြင့် ရောက်လေရာရာတိုင်း ၌ ပျော်ရွှင်ခြင်း၊ ကောင်းချီးခံစားခြင်းနှင့် ငြိမ်သက်ခြင်းကို သယ်ဆောင်ပေးသော ပုဂ္ဂိုလ်ဖြစ်လာသည်။

ဆုတောင်းခြင်းဖြင့် ကောင်းချီးရရှိခြင်း

ယာဗက်၏ဆုတောင်းခြင်းတွင် အချက်(၄)ချက်ပါဝင်သည်။ (၁) “အစ္စရေး လူမျိုးတို၏ဘုရား၊ အကျွန်ုပ်ကို အစဉ်ကောင်းကြီးပေးပါ” ဟု ဆုတောင်းသည်။ အ ခြားသောဘုရားများ မြောက်များစွာရှိစေကာမူ အစ္စရေးလူမျိုးများနှင့် ပဋိညာဉ်ပြုတော်မူသော၊ ကတိသစ္စာတည်တော်မူ၍ချစ်ခြင်းမေတ္တာရှိ တော်မူသော ထာဝရဘုရား သခင်ထံသာ ဆုတောင်းသည်။

ထိုအပြင် ဘုရားသခင်က သူအလိုရှိသည့်အ ချိန်၊ အလိုရှိသည့်နေရာ၌ ကောင်းချီးပေးရန်သာ ဆု တောင်းသည်။ ထိုသို မိမိဆန္ဒကိုဦးစားမပေးဘဲ အ ကောင်းဆုံးကိုသာပေးလိုသော ဘုရားသခင်ထံ ဆု တောင်းခြင်းသည် ဝိညာဉ်ဆန်ခြင်းနှင့် သူ့အပေါ်ကိုး စားခြင်းပင်ဖြစ်သည်။ ။

မိမိဆန္ဒအတိုင်းဆုတောင်းလျှင် ဘုရား၏တန် ခိုးတော်နှင့် စေတနာကို မကြာခဏ ကန့်သတ်မိလေ့ ရှိကြသဖြင့် ထွေထွေထူးထူးမတောင်းဘဲ ကောင်းချီး ပေးပါဟုသာ ဆုတောင်းသင့်သည်။ ပြည့်စုံပိုလျှံစွာပေးခြင်း သည် ဘုရားသခင်၏ ပင်ကိုယ်သဘောတစ်ခုဖြစ်သည်။ သူသည် မိမိတိုတောင်းသည်ထက် လျော့နည်း အောင်မ ပေးဖူးဘဲ အဆပေါင်းများစွာပေးနိုင်သော ဘုရားဖြစ်သည်(ဧ ၃း၂၀)။ ထို ဘုရားသခင်ထံ မည်သည့်ဆုကို တောင်းကြသနည်း။

ဆုတောင်းခြင်းဖြင့် နယ်မြေချဲ့ထွင်ခြင်း

(၂) “နေရာကျယ်ဝန်းစေပါ’ဟုဆုတောင်းခြင်းကိုသာမန်တွေးကြည့်ပါကအတ္တ ဆန်လွန်းသည်၊ ဇာတိဆန်လွန်းသည်ဟု ထင်မှတ်စရာဖြစ်သည်။ သို့သော် ထိုခေတ် အခြေအနေအရ ‘နယ်မြေချဲ့ထွင်ခြင်း’သည် ဘုရားသခင်နှင့် လူအများအတွက် ပိုမို အကျိုးသယ်ပိုးနိုင်ခြင်းကိုဆိုလိုသည်။ နယ်မြေကျယ်ဝန်းလေလေ၊ လူအများကိုကူညီ နိုင်လေလေ၊ ချမ်းသာလေလေ၊ ပေးကမ်းနိုင်လေလေ ဖြစ်နေပေမည်။

ယာဗက်သည် အချည်းနှီးကြွယ်ဝလိုခြင်း မဟုတ်ပေ။ ခါနန်ပြည်ရှိ ဘုရားသခင် ကတိထားရာ အမွေရနယ်မြေများကို ရရှိလိုခြင်းသာဖြစ်သည်။ အကြောင်းမှာ ဒုက္ခဆင်းရဲကြုံတွေ့နေသော အစ္စရေး လူမျိုးများကို ပိုမို ကူညီနိုင်ရန်အတွက်ဖြစ်သည်။ Naomi၊ Ruth နှင့် Boaz စသည်တိုသည် ထိုခေတ်က ကြီးပြင်းသူများ ဖြစ်ကြသည်။ Boaz သည် ချမ်းသာ(နယ်မြေကျယ် ဝန်း)သဖြင့် လူအမြောက်အမြားကို ကူညီနိုင်ပြီး ထို အထဲတွင် Ruth တို့ သမီးချွေးမလည်း ပါဝင်သည်။

နယ်မြေကျယ်ဝန်းသူတစ်ဦးသည် နယ်မြေမရှိ သောသူများအတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်သည်။ ထိုသိုကူညီခြင်းသည် ဘုရားသခင်၏ဘုန်းကို ထင်ရှားစေပြီး ဘုရားသခင်ခိုင်းသောအမှု(ဆင်းရဲသား၊ မုဆိုးမ၊ မိဘမဲ့ စသည်တိုကို ကူညီရန်)ကို နာခံခြင်းဖြစ်သည်။ “သစ်တစ်ပင်ကောင်း ငှက်တစ် သောင်းနား’ ဟူသည့် စကားအတိုင်း ကောင်းစားသူတစ်ယောက်ကြောင့် လူအများအကျိုးဖြစ်ထွန်းသည်။ ထိုနည်းတူ ယာဗက်၏ကောင်းစားမှုကြောင့် လူအများ အကျိုးဖြစ်ထွန်းလာမည် ဖြစ် သည်။

ဘုရားသခင်၏အမှုတော်ကို ပိုမိုဆောင်ရွက်နိုင်ရန်နှင့် သူတစ်ပါးကို ပိုမိုကူညီ နိုင်ရန်အတွက် ချမ်းသာလိုခြင်း၊ ပညာတတ်လိုခြင်းသည် အပြစ်မဟုတ်ရုံသာမက လူ တိုင်းကြိုးစားသင့်သည့်အရာပင် ဖြစ်သည်။ ငွေကြေးချမ်းသာခြင်းသည် အပြစ်မဟုတ်ဘဲ ငွေကြေးတပ်မက်လွန်းခြင်းသည်သာ အပြစ် ဖြစ်သည်။ ဘုရားသခင်ပေးထား သော အရာအားလုံးတိုကို ဘုန်းတော်ထင်ရှားရန် ပြန်လည်အသုံးပြုပါက ကောင်းချ မင်္ဂလာဖြစ်၍ ဘုရားသခင်နှင့် ဝေးကွာစေသောအရာအားလုံးတိုမှာမူ အပြစ်ဖြစ်သည်။

ချိုတဲ့သည့်အချိန်တွင် သင့်မြတ်ပါလျက်နှင့် ကောင်းစားသည့်အချိန်တွင် တ တက်ကျက်ဖြစ်ခြင်းသည် ကောင်းချီးမင်္ဂလာမဟုတ်ချေ။ စစ်မှန်သောကောင်းချီး မင်္ဂ လာက သောကစိတ်မပေးဘဲ ဘုရား၏ဘုန်းတော်ကို အမြဲထင်ရှားစေလေ့ရှိသည်။ ခံစားရသည့်ကောင်းချီးများကို ဘုရားဘုန်းတော်အတွက် ပြန်လည်အသုံးပြု ခြင်းသည် ကောင်းကင်ဘဏ္ဍာတိုက်၌ စုဆောင်းခြင်းဖြစ်သဖြင့် ယင်းသည် စစ်မှန်သောကြွယ်ဝ ခြင်းဖြစ်သည်။ ဘုရားဘုန်းတော်အတွက် အသုံးမပြုသည့်အရာဟူသမျှသည် အချည်း နှီးသာဖြစ်သဖြင့် ထိုအရာများက စစ်မှန်သောကြွယ်ဝမှုကို ပေးစွမ်းနိုင်မည်မဟုတ်ချေ။

ဆုတောင်းခြင်းဖြင့် ဘုရား၏လက်တော်လှုပ်ရှားစေခြင်း ၊

(၃) “လက်တော်သည် အကျွန်ုပ်ကိုစောင့်မတော်မူပါ”ဟုဆုတောင်းသည်။ ဘုန်း တန်ခိုးကြီးသော လက်တော်က အစဉ်ဆွဲကိုင်နေပါလျှင် မည်မျှစိတ်ချပါမည်နည်း။ “ဆုတောင်းခြင်းသည် ကောင်းကင်နှင့် မြေကြီးကိုဖန် ဆင်းသော ဘုရားသခင်၏လက်တော်ကို လှုပ်ရှားစေ သည်”ဟု Hudson Taylor က ပြောဆိုဖူးသည်။ ဓမ္မဟောင်းကျမ်းစာတွင် “လက်”ကို အထူးသဖြင့် တန် ခိုးကြီးခြင်း၊ ခွန်အားကြီးခြင်း၊ အုပ်စိုးခြင်းနှင့် အတတ် ပညာကိုဖော်ညွှန်းရာ၌ အသုံးပြုသည်။ ဘုရားသခင် ၏အတူပါရှိမှု၊ တန်ခိုးတော်ဖြင့် နိမိတ်လက္ခဏာပြုမှု စသည်တို၌ “ဘုရား၏လက်တော်”ဟု သုံးနှုန်းသည်။

အစွမ်းတန်ခိုးနှင့်ပြည့်စုံသော လက်တော်ကသာ အမြဲဆွဲကိုင်နေပါကကြောက် စရာ စိုးစဉ်းမျှ ရှိတော့မည်မဟုတ်ချေ။ ယာဗက်သည် သွားလာလုပ်ဆောင်လေရာ တိုင်း၌ ထိုလက်တော်၏ ပဲ့ကိုင်ဦးဆောင်ပေးမှုကို အလွန်တောင့်တသဖြင့် ထိုသိုဆု တောင်းခြင်းဖြစ်သည်။ ဘုရားသခင်၏ ကြီးမားစွာ အသုံးပြုသောပုဂ္ဂိုလ်များသည် ဘိသိက်ခြင်းတန်ခိုးရရှိ၍ နှိမ့်ချစွာအသက်ရှင်ပြီး ဘုရားသခင်၌သာမှီခိုကြသဖြင့် ၄င်း တိုကို ဘုရား၏လက်တော်က အမြဲဆွဲကိုင်လျက်ရှိသည်။

စာရေးသူသည် စာဖတ်သူမိတ်ဆွေကို မည်သူမည်ဝါ၊ မည်သည့်ရာထူး၊ အ လုပ်အကိုင်ရှိမှန်း သာမက နောင်တွင် မည်သိုသောသူဖြစ်မည်မှန်း လုံးဝမသိပါ။ သို သော ဘုရားသခင်သိပါသည်။ လက်ရှိအခြေအနေ၌ မည်သိုပင်ရှိနေပါစေ၊ သွားလာလုပ်ဆောင်ရာတိုင်း၌ ဘုရား၏လက်တော်အတူပါရှိရန် ဆုတောင်းလိုက်ပါ တွန်းလိုပါသည်။ ဘုရားမပါရှိပါက ရာထူးစည်းစိမ်နှင့် အစွမ်းသတ္တိအားလုံးတို အချည်းနှီးသာဖြစ်ပြီး စိုးရိမ်သောကကိုသာ ဆောင်ကြဉ်းလာမည်ဖြစ်သည်။

ဆုတောင်းခြင်းဖြင့် လုံခြုံမှု ရရှိခြင်း

(၄) “ဘေးဥပဒ်နှင့် ကင်းလွတ်စေတော်မူပါ”ဟု ဆုတောင်းသည်။ သူ၏နာမ သည် “ဒုက္ခဝေဒနာ ́ဖြစ်သည့်တိုင် ဒုက္ခနှင့်ကင်းလွတ်ရမည်ဟု ဆိုလိုရင်းဖြစ်သည်။ ယင်းသည် “လက်တော်သည် အကျွန်ုပ်ကို စောင့်မတော်မူပါ” ဟူသည့် ဆုတောင်းချက်နှင့် ခပ်ဆင်ဆင် ပင်ဖြစ်သည်။ ဘုရား၏လက်တော်က အမြဲဆွဲကိုင် သည့်အပြင် ဘေးဥပါဒ်အားလုံးမှလည်း ကွယ်ကာ ပေးရန်လိုအပ်သည်။

ယာဗက်သည် ဆုတောင်းသည့်အတိုင်း နယ် မြေကျယ်ဝန်းလာပါက ဘုရား၏အကာအကွယ် လို အပ်လာမည်ဖြစ်သည်။ ကောင်းချီးရလေလေ၊ ဘုရား၏ အကာအကွယ် လိုအပ်လေလေဖြစ်သည်။ အ ကြောင်းမှာ မယုံကြည်သူများ၏ မနာလိုမှု၊ နှောင့် ယှက်ဖျက်ဆီးမှုစသည်တိုကို ကြုံတွေ့နိုင်သောကြောင့် ဖြစ်သည်။ ယင်းကြောင့်ပင် “ဘေးဥပါဒ်နှင့် ကင်းလွတ်စေတော်မူပါ”ဟု ဆုတောင်းခြင်းဖြစ်သည်။

ဤဆုတောင်းချက်သည် ဘုရားသခင်၏ ကတိတစ်ခုလည်းဖြစ်သည်(တရား ၂၈)။ ဘုရားသခင်က သူ၏လူများကို တိုးပွားစေမည့်အပြင် ရန်သူဘေးမှလည်း လုံခြုံ စွာကွယ်ကာပေးမည်ဟု ကတိပေးထားသည်။ ယာဗက်သည် ထိုကတိတော်ပြည့်စုံ လာနိုင်ရန် ဆုတောင်းခြင်းဖြစ်သည်။ သခင်ယေရှု ကိုယ်တိုင်က “ မကောင်းသောအမှု အရာမှ ကယ်နုတ်တော်မူပါ” ဟူ၍ ဆုတောင်းရန် သွန်သင်ပေးသည်(မ ၆း၁၃)။

သူ၏ဆုတောင်းချက်ကို အဖြေချက်ချင်းမရသော်လည်း နောက်ဆုံးတွင် ဘုရာ သခင်ကအဖြေပေး သဖြင့် သူသည် တခြားဆွေမျိုးများထက် ထူးမြတ်သော သည်။ ထိုကြောင့် ၁ရာ ၄း၉-၁ဝတွင် သူ၏ဆုတောင်း ချက်ကို မှတ်တမ်းတင်ခံရသည်။

ယာဗက်၏ဆုတောင်းချက်အားဖြင့် သင်ခန်းစာများစွာ ရရှိနိုင်သည်။ ရာဇဝင် ထဲ၌ လူတစ်ယောက် ယောက်၏နာမည်ကို မှတ်တမ်းတင်ရာတွင် မည်သူမည်ဝါ၏ သား၊ အစ်ကို၊ ညီဖြစ်သည်ဟု အတိအကျဖော် ပြသည်။ သိုသော်လည်း ယာဗက် ရဲ့နာမည်တွင်မူ သူ၏ဖခင်နှင့် ညီအစ်ကို များ၏နာမည်ကို မဖော်ပြခဲ့ချေ။ ဆိုခဲ့ပြီး သည့်အတိုင်း သူ၏ဖခင်သည် ရှေ့တန်းစစ်မျက်နှာ၌ ကျဆုံးခဲ့၍ဖြစ်နိုင်သည်။

ထိုသို မှတ်တမ်းမဝင်သော သူများသည် မကျော်ကြားသူ၊ အသိအမှတ်ပြု လောက်စရာ မရှိသူများသာဖြစ်သည်။ ၄င်းတိုအထဲတွင် ယာဗက်လည်း ပါဝင်သည်။ စင်စစ် မွေးစကပင် “ဒုက္ခဝေဒနာ ́ဟု အခေါ်ခံရသော ယာဗက်သည် သာမန်လူသာဖြစ်သည်။ ၄င်း၏ ဆု တောင်းချက်သာမရှိပါက သူ့ကို မည်သူမျှ အလေး ထားလိမ့်မည်မဟုတ်ချေ။

သိုသော် “ဒုက္ခ” ရှိမှသာ “သုခ’ ရှိလာနိုင်သည်။ သန်းခေါင်ကျော်ပြီးမှသာ အာရုဏ်ဦး ရောက်လာနိုင် သည်။ တိမ်မှောင်လွင့်ပြီးမှသာ နေမင်းထွန်းပလာနိုင် သည်။ ဘုရားသခင်ထံမှ ကောင်းချီးခံစားနိုင်ရန် ဆင်း ရဲခြင်း၊ မိဘမဲ့ခြင်း၊ အနှိမ်ခံခြင်း စသည်တိုသည် အဓိ ကမဟုတ်သကဲ့သိုဉာဏ်ပညာ၊ ခွန်အားသတ္တိ၊ ပစ္စည်း ဥစ္စာ စသည်တိုနှင့်လည်းမဆိုင်ပေ။ ဘုရားသခင်ထံသို မည်သည့်ဆုကိုတောင်းသ နည်း ဟူသည့်အချက်ကသာ အဆုံးအဖြတ်ပေးသွားမည်ဖြစ်သည်။ ဆုတောင်းချက် က အခြေအနေအား လုံးလုံးပြောင်းလဲစေပြီး အသက်တာတစ်ခုလုံးကို အုပ်စိုးသွားမည်ဖြစ်သည်။ သို့ဖြစ်၍ ယာဗက်ကို နမူနာ ယူကြပါစို့။ ဆုမတောင်း သောကြောင့် မရရှိလိုက်သော ကောင်းများစွာအတွက် အလွန်နှမြောစရာပင် ဖြစ်သည်။

သင်ခန်းစာ (၄)ခု

၁။ အစနိမ့်ကျသေးငယ်သောကြောင့် အမြဲနိမ့်ကျသေးငယ်ရမည်ဟု သတ်မှတ် ချက်မရှိချေ။ လူသားတိုင်းသည် အမိဝမ်းထဲမှ လက်ဗလာဖြင့်မွေးဖွားပြီး အနိမ့်ဆုံး မှ စတင်လာသူချည်းဖြစ်ကြသည်။ တောင်ထိပ်သိုရောက်နိုင်သူများသည် တောင်ခြေ မှ စတက်ရသူချည်းဖြစ်ကြသည်။ တချိုက “ငါ့ဘဝ နိမ့်ကျလွန်းတယ်။ ဘာမှလည်းမပိုင်ဘူး။ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး”ဟု လက်ရှိဘ၀ကို ကြည့်ပြီး လက္ခဏာကိုသာ မြင်နေတတ်ကြသည်။ ဘုရားသခင်၏ အကန့်အသတ်မဲ့ တတ်နိုင်ခြင်း တန်ခိုးတော်ကို မေ့လျော့ပြီး ယုံကြည်ခြင်းဖြင့် မလျှောက်လှမ်းရဲကြတော့ပေ။

သိုဖြစ်၍ သတိနှင့်မနေပါက စာတန်သည်။ သံသယစိတ်နှင့် ကြောက်စိတ်ကို အမြဲထည့်ချင် ယုံကြည်ခြင်းဖြင့်လျှောက်လှမ်းခြင်းကို အမြဲ နေမည်ဖြစ်သည်။ မိမိကိုမိမိ ဘောင်ခတ်စေပြီး လက် ရှိဘဝထက် တိုးတက်နိုင်စရာမရှိတော့ဘူးဟု ခံစေမည်ဖြစ်သည်။

 ၂။ ဘုရားသခင်မပါရှိပါက မည်သည့်အရာမျှ လုံခြုံမှုမရှိချေ။ ရာထူးစည်။ တန်ခိုးအာဏာမှအစ အရာခပ်သိမ်းတိုကို ဘုရားသခင်မပါရှိပါက တာရှည် သိမ်းနိုင်ပေ။

ရှောလမုန်သည် မည်မျှပင်ကြွယ်ဝစေကာမူ မျိုးဆက်တစ်ဆက်သာ တာ ခံသည်။ စည်းစိမ်အားလုံးကို တိုင်းပြည်အတွက်ထားရစ်ခဲ့သော်လည်း သူ၏သားကြောင့် အရာမထင်ဖြစ်သွားသည်။ အီဂျစ်ပြည်ကို အနိုင်တိုက်နိုင်ရန်ရည်ရွယ်ချက် ဖြင့် ပြည့်စုံစွာစုဆောင်းထားသည့် ရွှေ၊ ငွေအားလုံးတိုသည် ဘုရားသခင်၏ ကွယ်ကာ၊ မှုမရှိသဖြင့် အချည်းနှီးဖြစ်သွားသည်။ စင်စစ် ဘုရားသခင်ထံမှ စစ်မှန်စွာရရှိသည့် စည်းစိမ်ဥစ္စာက စိတ်သောကမရောက်စေဘဲ နောင်မျိုးဆက်များစွာအတွက် ကောင်း ချီးကိုသာ ဖြစ်စေသည်။

၃။ ဘုရားသခင်ထံမှရရှိသော ကောင်းချီးအားလုံးကို ဘုန်းတော်ထင်ရှားရန် အတွက်သာ အသုံးပြု ရမည်ဖြစ်သည်။ ဖြုန်းတီးရန်မဟုတ်သကဲ့သို ကပ်စေးနည်းရန် လည်းမဟုတ်ပေ။ လိုအပ်သလို အသုံးပြုတတ်ရန် ဖြစ်သည်။ သိုမှသာ လူမြောက်မြားစွာအတွက် အ ကျိုးဖြစ်ထွန်းစေပြီး ဘုရားသခင်၏ နာမတော်ကို သာ ၍ချီးမွမ်းလာကြမည်ဖြစ်သည်။ ရှောလမုန်က “ပိုပြီ ကြွယ်ဝစေပြီး သြဇာရှိစေတော်မူပါ။ သိုမှသာ ဆင်းရဲ သားများနှင့် အကူအညီမဲ့သူများအတွက် ထိရောက်စွာ ရပ်တည်နိုင်ပါလိမ့်မည်”ဟု ဆုတောင်းသည်(ဆာ ၇၂)။

၄။ ဘုရားသခင်ထံ အားမနာဘဲဆုတောင်းရမည်။ ယာဗက်သည် ဘုရားသခင် ကို အားမနာဘဲ ဆုတောင်းသောအခါ အဖြေရရှိသည်။ နယ်မြေကျယ်ဝန်း၍ အခြား ဆွေမျိုးများထက် ထူးမြတ်လာကာ လူအများကို ကြည့်ရှုစောင့်မလာနိုင်သည်။ အ ကယ်၍သာ ဆုမတောင်းပါက အဖမဲ့သားဘဝနှင့် ရောက်လေရာတိုင်း၌ “ဒုက္ခဝေဒနာ” ဆောင်ကြဉ်းသူသာ ဖြစ်နေပါလိမ့်မည်။ သိုဖြစ်၍ နောင်ကာလတွင် မည်သည့်ဘဝ ရောက်မည်ကို ဆုတောင်းချက်ကသာ အဆုံးအဖြတ်ပေးသွားမည်ဖြစ်သည်။

၈။ ဟန္န(Hannah)

ဘီစီ (၁၁၀၀)ခန့်ကာလတွင် အစ္စရေးပြည်၌ ခေါင်းဆောင်ကောင်းဟူ၍ မည်မည်ရရ မရှိချေ။ အကြောင်းမှာ ခေါင်းဆောင်ဖြစ်သူ ယဇ်ပရောဟိတ်ဧလိသည် ခေါင်းဆောင် ဆက်ခံရမည့် ၄င်း၏ သားများကို သမ္မာတရားဖြင့်မသွန်သင်၊ မပျိုးထောင်ဘဲ ဘုရား သခင်၏အလိုတော်ထက် သားများ၏အလိုကို ဦးစားပေး သောကြောင့် ဖြစ်သည်။ ယင်းအချက်ကြောင့် ဧလိလည်း တရားစီရင်ခြင်းခံရသည်။

ထိုသို အစ္စရေးလူမျိုးများ စစ်မှန်သောခေါင်းဆောင် အလွန်လိုအပ်သည့် အချိန်တွင် ဘုရားသခင်သည် ဟဟူသောမိခင်ကောင်းတစ်ဦး ပေါ်ထွန်းစေသည်။ ကျမ်းစာထဲတွင် ဟန္န၏နာမည်ကို (၁၇)ကြိမ်သာတွေရပြီး ဓမ္မရာဇဝင်ပထမစောင် အခန်းကြီး(၁)နှင့် (၂)တွင် ဖော်ပြထားသည်။ ဟန္နအကြောင်းကို ခေါင်းဆောင်မှုနှင့် ပတ်သက်၍ ဖော်ပြစရာမရှိသော်လည်း “ကြီးမြတ်သောခေါင်းဆောင်တိုင်း၏နောက် တွင် “မိခင်”ရှိ သည်”ဟူသည့် အချက်နှင့်ပတ်သက်၍မူ ဖော်ပြစရာရှိသည်။ အစ္စရေး လူ မျိုးများအတွက် ရှမွေလဟူသော ခေါင်းဆောင်ကောင်း၊ နောက်ဆုံးသောတရား သူကြီး၊ ကြီးမြတ်သောယဇ်ပုရောဟိတ်နှင့် ပထမဆုံးသောပ ရောဖက်တစ်ဦး ပေါ်ထွန်း လာစေရန် ဘုရားသခင်၏ အသုံးပြုခြင်းခံရသူသည် မိခင်ကောင်းဟန္နပင်ဖြစ်သည်။

ဟန္နသည် ခေါင်းဆောင်မဟုတ်သော်လည်း တစ်မျိုးသားလုံး၏ခေါင်းဆောင် ဖြစ်သူ ရှမွေလကို ပြုစုပျိုးထောင်ပေးနိုင်သဖြင့် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။ ထိုအပြင် ဘုရားသခင်နှင့် ခင်ပွန်း၊ သားသမီးများကိုချစ်သော စံနမူနာယူစရာအိမ်ရှင်မကောင်းနှင့် ခေါင်းဆောင်ကောင်းတစ်ဦးလည်း ဖြစ်သည်။

ဟန္န၏အဓိပ္ပာယ်မှာ “ကရုဏာ”ဖြစ်သည်။ သူသည် နာမည်နှင့်လိုက် ကရုဏာခံစားရသ သည်။ သိုသော် သူ၏အသက်တာ၌ စိတ်ပျက်စရာနှင့် မျှော်လင့်ချက် မဲ့စရာများစွာ ကြုံတွေ့ရသည်။ စာရာကဲ့သိုပင် မြုံနေသူဖြစ် သောကြောင့် သူ၏ခင်ပွန်’ ဧလကာနသည် သူအပါအဝင် မယားနှစ်ယောက်ယူဖြစ်သွားသည်(ဓမ္မဟောင်းခေတ် အိမ်ထောင်အများစုသည် မကောင်းကြချေ။ ယောက်ျားများသည် တစ်မယားစနစ် မသုံးဘဲ နှစ်ဦးသုံးဦးထပ်မံယူ ကြသည်။ သိုသော် လင်ကွာမယားကွာ လုံးဝမရှိပေ။

ဟန္နအသက်တာ၌ စိတ်ပျက်စရာကြုံတွေ့ချိန်တွင် ကရုဏာတော်ခံစားရ စိတ်နှလုံးကြေကွဲချိန်တွင် ဘုရားသခင်အတူပါရှိပုံ၊ ဘုရားသခင်၌သာ ယုံကြည်မျှော် လင့်ပုံ၊ ကရုဏာတော်ခံစားရရှိပြီးနောက် ကျေးဇူး တော် ချီးမွမ်းပုံ စသည့်အချက် ကို ဆက်လက်ဖော်ပြသွားပါမည်။

မျှော်လင့်ချက်ရှိသော ဟန္န

မောရှေရေးသားသောကမ္ဘာဦး၊ ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တောလည်ရာနှင့် တရားဟောရာကျမ်းတို တွင် မေရှိယပြန်လည်ကြွလာမည့်အကြောင်းကို အထူးဖော် ပြထားသဖြင့် အစ္စရေးလူမျိုး အများစုတိုကလည်း ထို သိုယုံကြည်မျှော်လင့်ကြသည်။

လောကသို အပြစ်ဝင်ရောက်သည်နှင့် တစ် ပြိုင်နက် ဘုရားသခင်သည် မြွေဦးခေါင်းကိုနင်း ကြိတ် မည့် အမျိုးအနွယ်ကိုပေးရန် ဧဝထံကတိပေးလိုက် သည်(က ၃း၁၅)။ အာဗြဟံကိုခေါ်သော အချိန်တွင် လည်း အမျိုးအနွယ်ပေးရန်ကတိပေးပြီး(က ၁၂း၁-၃) ယာကုပ်ကြယ်အမည်ရှိသည့် အစ္စရေး ဘုရင်တစ်ပါး ပေါ်ထွန်းမည်ဟုမိန့်တော်မူသည်(တော ၂၄း၁ရ-၁၉)။ ယာကုပ်သည် သူ့သားများကို ကောင်းချီးပေးရာ၌ ရာဇလှံတံသည် ယုဒထံမှမရွေ့ရ ဟုပြောသည်(က ၄၉း၈-၁၂)။ ထိုနည်းတူ မောရှေကလည်း ၄င်းနှင့်တူသော ပရော ဖက်တစ်ပါးပေါ်ထွန်းမည့်အကြောင်း ကြိုတင်ပြောဆိုသည်(တရား ၁၈း၁၅။ ” ရေးလူမျိုးများသည် ဤပရောဖက်ပြုချက်နှင့် ကတိတော်တိုကြောင့် မေရှိယ(ခရစ် တော်)ကို မျှော်လင့်လျက်နေကြသည်။

စင်စစ် ဟန္န၏ခေတ်တွင် မေရှိယပြန်ကြွလာမည့်အကြောင်းကို ကျယ်ပြန့်စွာ မပြောရသေးသည့်အပြင် ပရောဖက်ခေတ်(ဟေရှာယ၊ ယေရမိ၊ ဇာခရိစသည်တို) လည်း မဟုတ်သေးသဖြင့် မောရှေ၏ကျမ်းငါးခုကို သာအခြေပြုကြသည်။ ဘုရားကိုယ် တော်တိုင်ပင် အကန့်အသတ်ဖြင့် ကိုယ်ထင်ရှားပြသည့်အချိန်ဖြစ်သည်။ ထိုသိုသော အခြေအနေတွင် ဟန္နသည် ဘုရားသခင်၏ကတိတော်ကို ယုံကြည်မျှော်လင့်သည့် အလျောက် ဖော်ပြပါအတိုင်းဆုတောင်းသည်။

၁။ ကယ်တင်ခြင်းကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရပါ၏

ဝမ်းမြောက်သောကြောင့် ရွှင်လန်းရပါ၏

ထာဝရဘုရားကြောင့် မြှင့်တင်ခြင်းခံရပါ၏

ရန်သူတိုအား ဟားတိုက်ရပါ၏

၂။ ထာဝရဘုရားကဲ့သို  အဘယ်သူမျှမသန့်ရှင်း  ထာဝရဘုရားကဲ့သို  ခိုလှုံစရာအခြားမရှိ

၃။ ကိုယ့်ကိုကိုယ်ချီးမြောက်သောစကား မပြောကြပါနှင့်  ဝါကြွားသောစကား မပြောကြပါနှင့်

 အဘယ်ကြောင့်ပါနည်း  ထာဝရဘုရားသည် အလုံးစုံသိတော်မူသောဘုရား

အမူအကျင့်အားလုံးကို ချိန်ညှိတော်မူ၏

၄။ သူရဲကောင်းတို၏ လေးများ ကျိုးသွား၏  အားနည်းလဲကျတတ်သူများ ခွန်အားနှင့်ပြည့်ဝကြ၏

၅။ ဝလင်သူတို ကိုယ်တိုင်အစာရှာရပြီ အစားတစ်လုတ်အတွက် အခကြေးငွေရှာရပြီ ငတ်မွတ်သူတို အစာဝကြပြီ မြုံသောသူတို ခုနစ်ကြိမ်တိုင်မွေးရပြီ သားများသူတို့ အားလျော့ပြီ

၆။ ထာဝရဘုရားသည် သေစေခြင်းနှင့် ရှင်စေခြင်းအခွင့် သေတွင်းသိုချပိုင်ခွင့်နှင့် ထမြောက်စေပိုင်ခွင့် ရှိတော်မူသည်

၇။ ဆင်းရဲစေခြင်းနှင့် ချမ်းသာစေခြင်းအခွင့် နှိမ့်ချခြင်းနှင့် ချီးမြောက်ခြင်းအခွင့် ရှိတော်မူသည်

၈။ မင်းစည်းစိမ်နှင့် ရာဇပလ္လင်အမွေခံစားဖို့ဆင်းရဲသူကို မြေမှုန့်ထဲမှ ငတ်မွတ်သူကို အမှိုက်ပုံထဲမှ

ချီးမြှောက်မြှင့်တင်ခဲ့ပြီ အဘယ်ကြောင့်ပါနည်း မြေကြီးတိုင်တိုကို ထာဝရဘုရားပိုင်၍ တစ်လောကလုံးကို တင်ခဲ့ပြီ

၉။ သန့်ရှင်းသူကို စောင့်မလိမ့်မည်

မတရားသောသူ တိတ်ဆိတ်လိမ့်မည်

အဘယ်ကြောင့်ပါနည်း

အစွမ်းသတ္တိကြောင့်

အောင်မြင်မှုမရနိုင်ခဲ့ပြီ

၁၀။ ရန်သူအားလုံးချိုးဖဲ့ခံရမည်

သူတိုအပေါ်မိုးချုန်းစေမည်

မြေကြီးစွန်းတိုင် တရားစီရင်မည်

ရှင်ဘုရင်ကိုခွန်အားပေးမည်

ဘိသိက်ခံသောသူကို ချီးမြှောက်မည် (၁ရာ ၂း၁-၁၀)

ဟန္နသည် ဘုရားသခင်၏ကတိတော်များကို ယုံကြည်ကိုးစားသဖြင့် မျှော်လင့် ချက်အပြည့်ရှိသော အသက်တာကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ သူ၏မျှော်လင့်ချက် သည် စည်းစိမ်ဥစ္စာနှင့် ထင်ရှားကျော် ကြားမှုမဟုတ်ဘဲ မေရှိယ(ယေရှုခရစ်တော်)သာ ဖြစ်၍ ကယ်တင်ခြင်းရရှိရန်နှင့် မေရှိယ၏အုပ်စိုးမှုအောက်တွင် တစ်သက်လုံးနေထိုင် သွားရန်ဖြစ်သည်။

မျှော်လင့်ချက်ရှိသော စိတ်အားထက်သန်နိုင်ပြီး တန်ဖိုးရှိရှိအသက်ရှင်သွား နိုင်မည်ဖြစ်သည်။ ကျပ်၊စာတစ်ခုလုံးကိုကြည့်လျှင် သာမဟုတ်ဘဲ သန့်ရှင်းသူ အားလုံးတို့၏ မျှော်လင့်ချက်သည် ယေရှုခရစ် တော်သာဖြစ်သဖြင့် မိမိတိုလည်း ကို နည်။အကိုင်းမျှော်လင့်ရန် အရေးကြီးသည်။ သိုမှသာ တန်ဖိုးရှိသော အသက်တာပိုင် ဆိုင်နိုင်ပြီး မိသားစုနှင့် သူတစ်ပါးအတွက် ခေါင်းဆောင်ကောင်းဖြစ်လာနိုင်ကြမည် ဖြစ်သည်။

ဝိညာဉ်ရေးရင့်ကျက်သော ဟန္န

အစ္စရေးပြည်တွင် ခေါင်းဆောင်ကောင်း မရှိ သဖြင့် ပြည်သူအားလုံး ထင်ရာစိုင်းနေကြသည် (သူ ကြီး၂၁း၂၅)။ ယဇ်ပရောဟိတ်များကိုယ်တိုင်ပင်လျှင် ၄င်းတို ဆန္ဒအတိုင်း အသက်ရှင်ပြီး တရားတော်ကို မသွန်သင်ကြတော့သဖြင့် ဘုရားသခင်ကို လေးစား ကြောက်ရွံသာသူ အလွန်နည်းပါးလာသည်။ ဝိညာဉ် ရေးနှင့် လောကီရေးရာနှစ်ခုစလုံးတွင် ခေါင်းဆောင် ကောင်းမရှိတော့သဖြင့် အလွန်စိတ်ပျက်စရာပင် ဖြစ် သည်။

ထိုသိုသောအခြေအနေတွင် ဘုရားသခင်သည် မည်သူမျှ မထင်မှတ်သည့် နေရာနှင့် မည်သူမျှ မထင်မှတ်သည့်မိသားစုမှ ခေါင်းဆောင်ကောင်းပေါ်ထွန်းစေရန် စီစဉ်ပေးခဲ့သည်။ ခေါင်းဆောင်ကောင်း ရှမွေလ မွေးဖွားနိုင်ရန်အတွက် မိခင်ဖြစ်လာ မည့်ဟန္ဒကို ဖရိမ်တောင်တန်းပေါ်ရှိ မြိုငယ် ဇနပုဒ်မှ ပေါ်ထွန်းစေသည်။

ဟန္နသည် ဧလကာန၏ဇနီးဖြစ်၍ မြုံနေသူတစ်ဦးဖြစ်သည်။ ဧလကာနသည် ဧဖရိမ်ပြည် သားဖြစ်သော် လည်း ဧဖရိမ်အနွယ်မဟုတ်ပေ(၁ရာ ၁း၁)။ လေဝိအမျိုး၊ ကောဟတ်အနွယ်ဖြစ်သဖြင့် (၅ရာ ၆း၂၂-၂၅) နယ်မြေမပိုင်ဆိုင်သော အမျိုးအနွယ် ဖြစ်သည်(လေဝိအမျိုးသည် ယဇ်ပုရောဟိတ် တာဝန်ထမ်းဆောင်ရသဖြင့် ကိုယ်ပိုင် နယ်မြေမရရှိပေ – တော ၁၈း၂၀)။ သိုဖြစ်၍ နယ်မြေမပိုင်ဆိုင် သောဧလကာနအဖို သူနေထိုင်သည့် နေရာသည် သူ၏ပြည်ကဲ့သိုဖြစ်သွားသည်။

ဧလကာနသည် လေဝိအမျိုး၊ ကောဟတ်အနွယ်ဖြစ်သည် နှင့် အာရုန်လည်း ကောဟတ်အနွယ်ဖြစ် သည်) ယဇ်ပူဇော်ရန်အတွက် တစ်နှစ်လျှင်တစ်ခါသွားရသည်။ ထိုသိုသွားတိုင်း ဟန္နလည်း ယဇ် တွက် အမြဲအတူလိုက်ပါပြီး ယဇ်ပူဇော်မှုအပေါ်မူတည်ပြီး တစ်ပတ်မှ နေလေ့ရှိကြသည်။

သိုသော် ဟန္နနှင့်ဆန့်ကျင်ဘက်ဖြစ်သူ လူနှစ်ဦးရှိသည်။ ယင်းတိုမှာ ဟိတ်ငလိ၏ သားဟောဖနိနှင့် ဖိနဟတ်တိုဖြစ်ကြသည်။ သူတိုသည် ယဇ်ပုဖြစ်သော်လည်း (၁ရာ ၁း၃) ဘုရားသခင်၏အလိုကို ဆန့်ကျင်သော အဓမ္မလူများဖြစ်ကြသည်(၁ရာ ၂း၁၃ -၁၆)။ ယဇ်ပုရောဟိတ်၏သား၊ ဘုရား၏အိမ်တော် မှ ကြီးပြင်းလာ သူများဖြစ်သဖြင့် ဝိညာဉ်ရေးအလွန် ရင့်ကျက်သင့်သော်လည်း ယခုတွင်မူ ဘုရားမသိ သောသူတိုထက်ပင် အကျင့်ဆိုးရွားကြသည်။ ဖခင် ဧလိကလည်း ကောင်းကောင်းမဆုံးမခဲ့ချေ။

ဝိညာဉ်ရေးရင့်ကျက်နေမည်ဟုထင်ရသူတချို ထင်သလိုမရင့်ကျက်ဘဲ မရင့်ကျက်လျှင်ပင် ဘာမှ မဖြစ်လောက်သည့် ဟန္နမှာမူ အလွန်ရင့်ကျက်သည်။ သူသည် ကိုးကွယ်ခြင်း၊ ချီးမွမ်းခြင်း၊ ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခြင်းတိုကို အရေး ထားသည့်အပြင် စိတ်သဘောထားကောင်းပြီး စိတ်ရှည်သည်းခံနိုင်သဖြင့် ဝိညာဉ် ရေးအလွန်ရင့်ကျက်သူဖြစ်မှန်း တွေ့မြင်နိုင်သည်။

ရည်မှန်းချက်ရှိသော ဟန္န

ဟန္နအဖို့ ဧလကာနသည် တစ်ဦးတည်းသောခင်ပွန်းဖြစ်သော်လည်း ဧလကာနအဖိုမူ ဟန္နသည် တစ်ဦးတည်းသောဇနီးမဟုတ်ပေ။ ပေနိန္ဒဟူသောဇနီးရှိသေး သည်။ ပေနိန္ဒသည် သားသမီးဖွား မြင်သဖြင့် ဟန္ဒကို အမြဲနိမ့်ချနှောင့်ယှက်သည် (၁ရာ ၁း၆)။ အကြောင်းမှာ ဧလကာနက ဟန္ဒကို ၄င်း ထက်ပိုချစ်မှန်းသိ သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် အစကပင် တစ်လင်တစ်မယားစနစ်ကျင့်သုံးရန် စ ထားပြီးဖြစ်သဖြင့် တစ်ဦးထက်ပိုယူသော အိမ်ထောင်တိုင်း ပြဿနာကြုံရစမြဲဖြစ်သည်။ဓမ္မဟောင်းခေတ်တွင် ဇနီးတစ်ဦးထက်ပို ယူသောကြောင့် ပြဿနာမကြုံဖူး သောအိမ်ထောင် မရှိသလောက်ပင်ဖြစ်သည်။ သိုသော် မှတ်သားစရာတစ်ခုမှာ လင် ကွာ၊ မယားကွာ မရှိခြင်းပင်ဖြစ်သည်။

ဟန္နသည် ပေနိန္ဒ၏ချိုးနှိမ်မှုကို မခံစားနိုင်တော့သည့်အပြင် သားသမီးလည်း အလွန်လိုချင်သဖြင့် မျက်ရည်မျက်ခွက်နှင့် မစားနိုင်မသောက်နိုင်ဘဲ ရှိနေသည်(၁ရာ ၁း၇) “မိခင်”ဖြစ်ရန်သာ ရည်မှန်းချက် ထားရှိသည်။ အိမ်ရှင်မတစ်ဦးအဖို သားသမီး စားလိုခြင်းသည် လောဘကြီးရာမကျဘဲ ဘုရားသခင် ကောင်းချီးတစ်ခုဖြစ်သည်။ ထိုအပြင် ဟန္န၏ရည်မှန်းချက်မှာ သားသမီးများနှင့် အတူ တစ်သက်လုံးနေထိုင် နိုင်ရေး၊ ခိုင်းချင်သလိုခိုင်း နိုင်ရေး အိုမင်းမစွမ်းဖြစ်ချိန်တွင် အလုပ်အကျွေးခံနိုင် ရေးစသည့် သာမန်ရည် မှန်းချက်မျိုးမဟုတ်ဘဲ သား သမီးရရှိပြီးလျှင် ဘုရားသခင်ထံ ပြန်လည်ဆက်ကပ် အပ်နှံရေးသာ အဓိကရည် မှန်းသည်။ အိမ်ရှင်မတစ်ဦး အဖို့ ယင်းရည်မှန်းချက်ထက် ပိုမိုကြီးမားသောအရာ ရှိနိုင်တော့မည်မဟုတ်ချေ(၁ရာ ၁း၁၁)၊

ထိုသိုပြောသောအခါ အိမ်ရှင်မများ၏ အလုပ် နိုင်ဆုံးသောအရာသည်သားသမီးများကိုဘုရားသခင် ထံအပ်နှံခြင်းဖြစ်သည်ဟု တစ်ထစ်ချမဆိုလိုပေ။ ဘုရားသခင်သည် မိန်းမတချို့ကို အိမ်ထောင်မပြုရန် စီမံသကဲ့သို( ၁ကော ရး၈-၉) တချိုကိုလည်း သားသမီးမရှိရန် စီမံသည်(ဆာ ၁၂း၃)။ လင်ယူသားမွေးမှ ဘုရား သခင်က အသုံးပြုခြင်းမဟုတ်ပေ။ ကျမ်းစာထဲတွင် ဘုရားသခင်သည် အိမ်ထောင်မပြုသောသူနှင့် သားသမီး မရှိသော သူများကိုလည်း အမှုတော်တွင်အသုံးပြုကြောင်း တွေ့မြင်နိုင်သည်။ သိုသော် သား သမီးရှိသောအိမ်ရှင် မများအဖို ထိုသားသမီးများကို ကောင်းမွန်စွာပြုစုပျိုးထောင်ပြီး ဘုရားသခင်ထံ ပြန်လည်ဆက်ကပ်ခြင်းထက် သာ၍မြတ်သောအရာမရှိချေ။

မိခင်များနေရာကို မည်သူမျှအစားယူ၍မရပေ။ အထူးသဖြင့် သားသမီးများ ပျိုးထောင်ရေးသည် မိခင်များ၏ အရေးကြီးဆုံးနှင့် အဓိကအကျဆုံးသော တာဝန် တစ်ခုဖြစ်သည်(၁တိ ၅း၁ဝ၊ တိ ၂း၃-၅)။ ကြီးမြတ်သောသူတိုင်း၏နောက်တွင် မိခင် များရှိသည်ဟူသည့်စကားအတိုင်း ကောင်းမြတ်သောမိခင်သည် ကောင်းမြတ်သော သားသမီးများ ဖြစ်ထွန်းစေပြီး ဆိုးယုတ်သောမိခင်သည် ဆိုးယုတ်သောသားသမီးများ ဖြစ်ထွန်းစေသည်။

ကျမ်းစာတွင် မိန်းမများနှင့်ပတ်သက်၍အနည်းငယ်သာဖော်ပြသည့်အပြင် ၄င်း တို၏ စွမ်းဆောင်ရည် နှင့်ပတ်သက်၍လည်း ဂုဏ်ပြုခြင်းနည်းပါးသည်။ ထိုသိုကြား ထဲမှ ဂုဏ်ပြုခြင်းခံရသော မိန်းမများ၏ အသက်တာကိုကြည့်လျှင် ၄င်းတိုအားလုံး လိုလိုသည် အိမ်ရှင်မတာဝန် ကျေပွန်သောသူများဖြစ်ကြသည်။ အကြောင်းတစ်ခုခု ရှာပြီး လင်ပစ်သားပစ်လျှောက်သွားတတ်သောသူကို ဘုရားသခင်က တန်ဖိုးမထား ချေ။ ဘုရားသခင်သည် ရုသကို တန်ဖိုးထားသဖြင့် ဓမ္မဟောင်းကျမ်းထဲတွင် သူ၏နာမည်ဖြင့် တစ်အုပ်ဖော်ပြ ခြင်းခံရသည်။ ရုသကို တန်ဖိုးထားသည့်အကြောင်း ရင်းမှာ အိမ်ရှင်မကောင်း ပီသ၍ဖြစ်သည်။

အစ္စရေးတို၏ အမြင့်မြတ်ဆုံးယဇ်ပုရောဟိတ်၊ သမာဓိအရှိဆုံးတရားသူကြီးနှင့် အကြီးမြတ်ဆုံး ပရော ဖက်ဖြစ်သူ ရှမွေလပေါ်ထွန်းနိုင်ရန်အတွက် အရေး ကြီးဆုံးသောပုဂ္ဂိုလ်မှာ ဟန္နဖြစ်သည်။

ဟန္န၏ ရည်မှန်းချက်ကြီးမှုကြောင့် ရှမွေလ သည် ဘုရားသခင်၏ အသုံးတော်ခံဖြစ်လာသည်။ သားသမီးရရှိရုံမဟုတ်၊ ဘုရားသခင်ထံ ပြန်လည်ဆက်ကပ်ရန် ရည်မှန်းချက်ထားရှိ သဖြင့် ဘုရားသခင်သည် သူ၏ဆုတောင်းချက်ကို အဖြေပေးသည့်အပြင် ရှမွေလကို ၄င်း၏ရည်မှန်းချက်ထက် သာလွန်စွာ အသုံးပြုပေး သည်။ တဲတော်၌ အလုပ်လုပ်ရန် အတွက်သာ ဆက်ကပ်ခြင်းဖြစ်သော်လည်း နောက်ဆုံးသောတရားသူကြီး၊ ယဇ်ပု ရောဟိတ်နှင့် (မောရှေပြီးလျှင်) ပထမဆုံးသောပရောဖက်အဖြစ် အသုံးပြုပေးသည်။ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန်အတွက် ရည်မှန်းချက်ထားရှိပါက ဘုရားသခင် သည် ထိုရည်မှန်းချက်ထက် သာလွန်စွာ ပေးတော်မူမည်ဖြစ်သည်။

ဇနီးကောင်း ဟန္န

ဇနီးကောင်းသည် ခင်ပွန်း၏မျက်နှာသာရရှိပြီး ကောင်းသောအရာများရရှိရန် တွန့်တိုခြင်းမခံရပေ။ ခင်ပွန်းကိုပီတိဖြစ်စေပြီး ဂုဏ်တင့်တယ်စေသည်။ ဇနီးကောင်းဟူသည် ဘုရားသခင်ပေးသနားခြင်းဖြစ်သဖြင့် မည်သည့်အရာနှင့်မျှ နှိင်းယှဉ်၍မရချေ(သု ၁၉း၁၄)။

ဟန္နသည် မျက်နှာသာရရှိသဖြင့် ခင်ပွန်းဖြစ်သူ ဧလကာနသည် ဟန္နအတွက် မည်သည့်အရာမျှ နှမြောတွန့်တိုခြင်းမရှိချေ။ ဧလကာနသည် ဟန္နကို ပေနိန္ဒနှင့် သား သမီးတို့ကိုပေးသည်ထက် နှစ်ဆပိုပေးလေ့ ရှိသည်။ အကြောင်းမှာ ဒုတိယဇနီးပေနိန္န ထက် ပထမဇနီးဟန္နကို ပိုချစ်သောကြောင့်ဖြစ်သည်(ကျမ်းစာက ဟန္န၏နာမည်ကို ဦးစွာဖော်ပြသဖြင့် ပထမဇနီးဖြစ်နိုင်သည်ဟု အဆိုရှိသည်။ သိုဖြစ်၍ ယဇ်ပူဇော်သူ အချင်းချင်းထဲတွင် ဟန္နကို နှစ်ဆပိုပေးရန် ဝန်မလေးခြင်းဖြစ်သည်(၁ရာ ၁း၄-၅)။

ဟန္နအဖို့ ဇနီးကောင်းဖြစ်နိုင်ရေးဟူသည် အ လွန်ခက်ခဲမည်ဖြစ်သည်။ အကြောင်းမှာ သူ၏ခင်ပွန်း ကနောက်မယားယူသောကြောင့်ဖြစ်သည်။ ခင်ပွန်းနှင့် ဆက်ဆံရေးပြေလည်သည့်တိုင် နောက်မယားက အ မြဲဆန့်ကျင်ဘက်ပြုသဖြင့် တစ်ခါတစ်ရံ မစားနိုင် မသောက်နိုင်ဖြစ်ရသည်။ ထိုခေတ်ကဇနီးတစ်ဦးသည် သားမမွေးဖွားပါက လင်ယောက်ျားသည် ၄င်း၏မျိုး ဆက်မပြတ်ရန်အတွက် ဇနီးတစ်ဦး ထပ်ယူလေ့ရှိ သည်။ စာရာသည် သားချက်ချင်းမမွေးဖွားသဖြင့် အာဗြဟံက ၄င်း၏ကျွန်မဟာဂရကို ပေါင်းသင်းခဲ့သည်။ ထိုနည်းတူ ဟန္နသည် သားချက်ချင်းမရသဖြင့် ငလကာနက ဇနီးတစ်ဦးထပ်ယူလိုက်ခြင်းဖြစ်သည်။ သိုဖြစ်၍ ဟန္နသည် အားငယ်ခြင်း၊ သိမ်ငယ် ခြင်းမှအစ ခက်ခဲခြင်းအမျိုးမျိုး ကြုံတွေ့နေမည်ဖြစ်သည်။

သိုသော် ဧလကာနနှင့် ဟန္နတိုသည် တစ်ဦးကိုတစ်ဦးအလွန်ချစ်ကြသည်။ သိုဖြစ်၍ ဧလကာနက ဟန္နကို ““အဘယ်ကြောင့်ငိုသနည်း။ အဘယ်ကြောင့်မစားဘဲ နေသနည်း။ အဘယ်ကြောင့် စိတ်ညှိးငယ်သနည်း။ သားတစ်ကျိပ်လက် သင်၌ ငါ ကောင်းသည်မဟုတ်လော”ဟု ကရုဏာစိတ်ဖြင့် မေးလိုက်သည်(၁ရာ ၁း၈)။

ဧလကာနသည် ဟန္န၏ခံစားချက်ကို စာနာနားလည်ပေးသည်။ ဝန်ထုပ်ဝန်ပိုး များကို ထမ်းကူပေးသည်။ အော်ဟစ်ကြိမ်းမောင်းခြင်းမပြုဘဲ အစွမ်းကုန်ဂရုစိုက်နှစ် သခဲ့သည်။ ထိုအခါ ဟန္နသည် နှစ်သိမ့်မှုရရှိပြီး ငိုကြွေး နေရာမှ လမင်းထစားသည်။ ပြီးလျှင် ဆုတောင်းရန်သွားလိုက်သည် (၁ရာ ၁း၉)။

၎င်းတိုလင်မယားအားဖြင့် လင်နှင့်မယားကြားဆက်ဆံရေး တွေ့မြင်နိုင်သည်။ အိမ်ထောင်တစ်ခုတွင် ခင်ပွန်းအဖို ဇနီးသည် သားသမီးများထက် အရေးကြီးဆုံးဖြစ်သကဲ့သို ဇနီးအဖို ခင်ပွန်းသည် အရေးကြီးဆုံး ဖြစ်သည်။ အကြောင်း မှာ လင်မယားဟူသည် တစ်ကိုယ်တည်းဖြစ်၍ သားသမီးများနှင့် မဟုတ်သောကြောင့် ဖြစ်သည်။ သားသမီးများနှင့်ဆက်ဆံရေးသည် ဒုတိယနေရာတွင် ရှိသည်။ သိုဖြစ်၍ ဟန္ဓ၏မြုံခြင်းက လင်မယားဆက်ဆံရေးကို မထိခိုက်စေသည့် အပြင် ချစ်ခြင်းမေတ္တာကိုလည်း မလျော့ပါးစေခဲ့ချေ။

သူတိုနှစ်ဦးသည် ၄င်းတိုနေထိုင်ရာ ရာမသိမ်ဇုဖိမ်မြိုမှ (၂၅)မိုင်ခန့် ရှိလောမြိုသို နှစ်တိုင်းယဇ်ပူဇော်ရန် အတူတကွသွားကြသဖြင့်(၁ရာ ၁း၃) ၊ ချစ်ခြင်းမေတ္တာကိုသာမက ယဇ်ပူဇော်မှုကိုပါ အထူးအလေး ထားသူများဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ ချစ်ခြင်း မေတ္တာဟူသည် ဘုရားသခင်ထံမှဖြစ်သဖြင့် ဘုရားကို ချစ်သောသူသည် သူတစ်ပါးကိုလည်း ချစ်သည်။ ဘုရားကိုချစ်သောဇနီးသည် ခင်ပွန်းကိုချစ်ပြီး ဘုရား ကိုချစ်သောခင်ပွန်းသည် ဇနီးကို ချစ်သည်။ သိုဖြစ်၍ ဘုရားကို တကယ်ချစ်သော မိန်းမသည် အဘယ် ကြောင့် ဇနီးကောင်းမဖြစ်နိုင်ရပါမည်နည်း။

ယုံကြည်ခြင်းရှိသောဟန္န

ဟန္နသည် ယုံကြည်ခြင်းအလွန်ကြီးမားသူဖြစ်မှန်း အထူးသဖြင့် သူ၏ဆု တောင်းချက်အားဖြင့် သိရှိနိုင်သည်။ သူသည် ၄င်း၏အတ္တဆန္ဒထက် ဘုရား၏အမှု တော်မြတ်တွင် ပါဝင်နိုင်ရန်နှင့် ရရှိသော ကောင်းချီးများကို ဘုရားထံ ပြန်လည်ပေး အပ်ရေးသာ ဦးစားပေးဆုတောင်းသည်။

ဆုတောင်းသောအခါ (၁) စိတ်နှလုံးသွန်းလောင်းသည် (၁ရာ ၁း၉-၁၀) (၂) ကြာမြင့်စွာတောင်းသည်(၁ရာ ၁း၁၂-၁၆)၊ (၃) တိတိကျကျတောင်းသည် ၁း၁၁-၁၂)၊ (၄) အဖြေရရှိသောအခါ သက်သေခံသည်(၁ရာ ၁း၂၆-၂၅၊ ၅) ကတိအတိုင်းဆောင်ရွက်သည်၊ (၆) ကျေးဇူးတော်ချီးမွမ်းသည်(၁ရာ ၂း၁-၁၀)။

စိတ်နှလုံးသွန်းလောင်းသည်။ ။ ဟန္နသည် မျက်ရည်ကျလျက် မစားနိုင် သောက်နိုင်သည့်အချိန်တွင် ဧလကာန၏နှစ်သိမ့်မှုကြောင့် ငိုနေရာမှထပြီး ထမင်း ၊ လက်သည်။ ပြီးလျှင် ခံစားရသည့်ဝမ်းနည်းမှု၊ သိမ်ငယ်မှုအားလုံးကို ဘုရားသခင် ရှေ့တွင်သွန်ချပြီး မခြွင်းမချန်ဆုတောင်းသည်(၁ရာ ၁း၉-၁၀)။

ကြာမြင့်စွာတောင်းသည်။ ။ ဟန္နသည် ဘုရားသခင်ရှေ့တွင် အမြဲဆုတောင်း သဖြင့် သူ့ကို ယဇ်ပုရောဟိတ်ဧလိကအကဲခတ်လျက်ရှိသည်။ သူသည် အခြားသူများ ၊ ကဲ့သိုအသံထွက်မတောင်းဘဲ (ထိုခေတ်က အသံကျယ်ကျယ်ဖြင့် ဆုတောင်းလေ့ရှိ ကြသည်) နှုတ်ခမ်းကိုသာလှုပ်ပြီး စိတ်နှလုံးအတွင်းမှ တောင်းသည်။ ထိုသို နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် ကြာ မြင့်စွာတောင်းသောအခါ ဧလိက အရက်မူးသည်ဟု ထင်ပြီး မသောက်တော့ရန်ပင် ဆုံးမလိုက်သေးသည် (အရက်မူးခြင်းဟုတ်မဟုတ် မခွဲခြားတတ်သော ယဇ် ပုရော ဟိတ်ကို ပါးနပ်သူဟု မဆိုသာပေ)။

ထိုအခါ ဟန္နက “အရက်မသောက်ပါ။ စိတ် အားငယ်လွန်း၍ ဘုရားသခင်ရှေ့တွင် မြည်တမ်းစရာ များစွာရှိသဖြင့် ရေရွတ်ဆုတောင်းခြင်း ဖြစ်ပါသည်”  ဟု နှိမ့်ချစွာပြန်ပြောသည်(၁ရာ ၁း၁၂-၁၆)။ ထိုသို ကြာမြင့်စွာဆုတောင်းပြီးနောက် အဖြေရရှိမည်ဟု စိတ်ချမှုရရှိသဖြင့် ရွှင်လန်းပေါ့ပါးစွာအိမ်ပြန်ပြီး ထမင်းစားနိုင်ခဲ့ သည်(၁ရာ ၁း၁၈)။

တိတိကျကျတောင်းသည်။ ။ ဟန္ဒသည် ဆုတောင်းသောအခါ ယေဘုယျ မဆန်ပေ။ သားလိုချင်သူ ဖြစ်သဖြင့် “သားပေးပါ”ဟုမတောင်းဘဲ “သားတစ်ယောက် ပေးပါ”ဟု တိကျစွာတောင်းသည်။ ထိုသို တိတိကျ ကျတောင်းသဖြင့် ဘုရားသခင်က လည်း သားတစ်ယောက်ပေးလိုက်သည်(၁ရာ ၁း၁၁)။

ယေရိခေါမြို့အနီးမှ မျက်စိမမြင်သူသည် သခင်ယေရှုကို “ဒါဝိဒ်၏သားတော် ယေရှု”ဟုခေါ်သော အခါယေရှုက “သင်၌အဘယ်သိုပြုစေလိုသနည်း”ဟုမေးသည်။ မျက်စိမမြင်သူက ““မျက်စိပြန်မြင်လို ပါသည်”ဟု တိတိကျကျတောင်းဆိုသည်။ ထို အခါ မျက်စိပြန်မြင်သွားသည်(လု ၁၈း၃၅-၄၃)။ သိုဖြစ်၍ ဆုတောင်းသောအခါဘုရားသခင်ကိုအားနာမနေဘဲ လိုချင်သည့်အတိုင်း အတိအကျ တောင်းတတ်ရန် အလွန်အရေးကြီးသည်။

အဖြေရရှိသောအခါ သက်သေခံသည်။ ။ ဟန္နသည် ဧလိ၏စကားကို နှိမ့်ချ ပြန်ဖြေသော်လည်း ဆုတောင်းချက်ကိုမပြောပေ။ အကြောင်းမှာ အဖြေပေးမည် သည် လိမဟုတ်သောကြောင့် ဖြစ်သည်။ မိမိစိတ်နှလုံးသွန်းလောင်းသည့်အရာကို သူတစ်ပါးထံ ပြောစရာမလိုပေ။ အဖြေပေးမည့် ဘုရားသခင်ကသိလျှင် လုံလောက်ပြီ ဖြစ်သည်။

အဖြေရရှိသောအခါတွင်မူ ဧလိထံ “ကျွန်မ သည် ယမန်အခါ ဤအရပ်၌ ကိုယ်တော်အနားမှာ ရပ်လျက် ဆုတောင်းသောမိန်းမဖြစ်ပါ၏။ ထိုအခါ ဤ သူငယ်ကိုရမည်အကြောင်း ဆုတောင်းပါ၏။ တောင်း သည့်အတိုင်း ထာဝရဘုရားသည် ပေးသနားတော်မူ ပြီ” (၁ရာ ၁း၂၆-၂ရ)ဟု သက်သေခံသည်။ ဘုရား၏ ကောင်းမြတ်မှုကို ပြောဆိုသက်သေခံခြင်းက ဘုရား ၏ဘုန်းတော်ကို ထင်ရှားစေသည်။

ကတိအတိုင်းဆောင်ရွက်သည်။ ။ ထိုသို သက်သေခံပြီးနောက် ဟန္နက “ကျွန်မသည် သူ့ကို ထာဝရဘုရားအား ငှားပါပြီ။ သူသည် တစ်သက်လုံး ထာဝရ ဘုရားထံတော်၌ အငှားခံ၍နေရပါမည်” (၁ရာ ၁း၂ရ-၂၈) ဟု ပြောပြီး ရှမွေလကို ထားခဲ့သည်။ ဘုရားသခင်ထံကတိပေးပါက ထိုကတိအတိုင်း မဖြစ်မနေဆောင်ရွက် ရန် ဖြစ်သည် (ဆာ ၅၀း၁၄၊ ၀တ် ၅း၄)။

ထိုခေတ်ကဘုရား၏အမှုတော်အတွက် ဆက်ကပ်ခြင်းခံရသူကို “Nazarite ဟုခေါ်ပြီး ဆံပင်မညှပ်ရသည့်အပြင် စပျစ်ရည်မှအစ မူးယစ်စေသောအရာအားလုံး ကို ရှောင်ကြဉ်စေသည်။ သိုသော် သူတိုသည် ကာလတစ်ခုကြာလာသောအခါ သာမန် လူပြန်ဖြစ်သွားနိုင်သည်။ ဗုဒ္ဓဘာသာ၌ ကိုရင်ခဏဝတ်ပြီး လူပြန်ထွက်နိုင်သကဲ့သိုပင် ဖြစ်သည်။ ဟန္နသည် ရှမွေလကိုမူ တစ်ခဏတာအတွက်မဟုတ်ဘဲ တစ်သက်တာ အတွက် ဆက်ကပ်ခြင်းဖြစ်သည်။ ထိုကြောင့် ရှမွေလသည် တရားသူကြီး၊ ပရော ဖက်နှင့် ယဇ်ပုရောဟိတ်တာ ဝန်များကို ကွယ်လွန်သည်အထိ ထမ်းဆောင်သွားသည်။

ဟန္နသည် ကတိအတိုင်းဆောင်ရွက်သဖြင့် သားသုံးယောက်နှင့် သမီးနှစ် ယောက် ထပ်မံမွေးဖွားသည်။ ဘုရားသခင်အတွက် နှမြောတွန့်တိုခြင်းမရှိသူသည် ကောင်းချီးများစွာကို ထပ်မံရရှိမြဲဖြစ်သည်။

ကျေးဇူးတော် ချီးမွမ်းသည်။ ။  ဟန္နသည် ဆုတောင်းချက်အဖြေရရှိခြင်း ကယ်တင်ခြင်းရရှိခြင်းအတွက် ကျေးဇူးတော်ချီးမွမ်း သည့်အပြင် ဘုရားသခင်၏ ကောင်းမြတ်မှု၊ စင်ကြယ်မှု၊ ကွယ်ကာမှု၊ ဘုန်းတန်ခိုးကြီးမှု၊ ဆင်းရဲသားများကို ကူညီကြားပလွှားသူများကိုနိမ့်ချမှု၊ အားနည်းသူများကိုထောက်ပင့်မှု၊ ရန်သူများအပေါ် အောင်နိုင်မှုနှင့် အလိုတော်အတိုင်းအုပ်ချုပ်စိုးစံမည့် ဘုရင်တစ်ပါးပေါ်ထွန်းလာမည့် အရေးတိုအတွက် ကျေးဇူးတော်ချီးမွမ်း သည်။

ဟန္ဒ၏ဆုတောင်းချက်အားဖြင့် ဘုရားသခင်၏နက်နဲသောအရာနှင့် ချစ်ခြင်း မေတ္တာအကြောင်းကို ပိုမိုနားလည်ရသည်(၁ရာ ၂း၁-၁၀)။ သိုဖြစ်၍ သူသည် ဘုရား သခင်၏လူ၊ ဘုရားသခင်နှင့်အကျွမ်းဝင်သော သူဖြစ်မှန်း ပေါ်လွင်ထင်ရှားသည်။

မိခင်ကောင်းဟန္န

ဟန္နသည် ဇနီးကောင်း၊ မိန်းမကောင်းနှင့် မိခင်ကောင်းတစ်ဦးဖြစ်သည်။ သူ သည် ဘုရားသခင်ကို ပထမနေရာတွင်ထားပြီး ခင်ပွန်းနှင့် မိသားစုများကိုလည်း အ လေးထားသောသူဖြစ်သည်။

သူသည် ဘုရား၏အိမ်တော်၌ ကျေနပ်စွာ ဆု တောင်းပြီးနောက် အိမ်သိုပြန်လာပြီး ခင်ပွန်းဖြစ်သူ နှင့် ဆက်ဆံခြင်းအားဖြင့် ဘုရားသခင်ကကောင်းချီး ပေးပြီး ကိုယ်ဝန်ရရှိလာသည်။ သားမွေးဖွားသောအခါ ဆုတောင်းခြင်းဖြင့်ရရှိခြင်း ဖြစ်သဖြင့် “ရှမွေလ” ဟု မှည့်သည်(၁ရာ ၁း၁၉-၂ဝ။ အဖြေပေးသောဘုရား သခင်ကို အမြဲအောက်မေ့နိုင်ရန်အတွက် ထိုသိုမှည့် လိုက်ခြင်းဖြစ်နိုင်သည်။

သူသည် ရှမွေလကို ပြုစုပျိုးထောင်ရန်အတွက် ၄င်း၏အသက်တာ၊ အချိန်နှင့် အစွမ်းရှိသမျှ အားလုံး အသုံးပြုသည်။ နှစ်စဉ်သွားနေကျ ယဇ်ပူဇော်ချိန်တွင် မလိုက်သွားသေးဘဲ “နိုနှင့်ကွာပြီးမှ သူငယ်ကိုဆောင် သွားပါမည်။ ထိုအခါ သူသည် ထာဝရ ဘုရားရှေ့တော်သိုရောက်၍ အမြဲနေရပါလိမ့်မည်”ဟုပြောသည်(၁ရာ ၁း၂၂)။

ဟန္နသည် ကလေးကိုပြုစုပျိုးထောင်ရန်၊ ရင်အုပ်မကွာနေထိုင်ရန် အချိန် တောင်းမှန်းနှင့် ကလေး တစ်ယောက်ကို ငယ်စဉ်ကတည်းကပင် ကောင်းမွန်စွာပြုစု ပျိုးထောင်ခြင်း၏ အရေးကြီးပုံကိုသိသဖြင့် ရသမျှအချိန်အားလုံးကို ရှမွေလအတွက် အသုံးပြုသည်။ ထိုခေတ်က ကလေးများကို သုံးနှစ်ပြည့် လျှင် နိုဖြတ်လေ့ရှိကြသည်။ သိုဖြစ်၍ ရှမွေလကိုလည်း သုံးနှစ်ပြည့်ပါက ဘုရား၏အိမ်တော်သို ပိုရ မည်ဖြစ်သဖြင့် မပြည့်ခင်အချိန်တိုအတွင်း ရင်အုပ်မကွာနေပေးခြင်းဖြစ်သည်။ ။

ကောင်းမြတ်သော အိမ်ရှင်မများသည် လျှောက်လည်နေလေ့မရှိဘဲ ရသမျှ အချိန်ကို သားသမီးများပြုစုရန်အတွက် အသုံးပြုကြသည်။ ဟန္နသည် ထိုကဲ့သိုသော မိခင်ကောင်း၊ အိမ်ရှင်မကောင်းတစ် ဦးဖြစ်သည်။ ။

သုတေသီများက ကလေးတစ်ယောက်သည် က အသက်သုံးနှစ်ပြည့်ချိန်တွင် လူ့အင်္ဂါရပ်၏ ၉၀%ခန့်

ပြည့်စုံလာသည်ဟုဆိုသည်။ အကယ်၍ ဆိုးသွမ်းမည့် သူအဖြစ် ပျိုးထောင်ခြင်းခံရပါက ထိုသုံးနှစ်အရွယ် တွင် ဆိုးသွမ်းတတ်လာပြီဖြစ်သည်။ ထိုအပြင် လေး နှစ်အရွယ်တွင် တစ်ဘဝလုံးစာ၏တစ်ဝက်ကို သိမှတ် နိုင်ကြပြီဟုဆိုသည်။ ထိုအချက်များကို ဟန္နသိသဖြင့် ရှမွေလကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်း ဖြစ် သည်။ “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သိုပြုလျှင် သူသည် အိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွား လိမ့်မည်”(သု၂၂း ၆)။

သိုဖြစ်၍ ရှမွေလသည် အရွယ်ရောက်လာသောအခါ ဘုရားသခင်နှင့် လူတို ရှေ့တွင် မျက်နှာရလာသည် (၁ရာ ၂း၂၆)။ ဟန္နသည် ရှမွေလကို အိမ်၌သာဂရုစိုက် ခြင်းမဟုတ်ဘဲ ဘုရား၏အိမ်တော်၌လည်း အင်္ကျီကအစ ဂရုစိုက်ပေးသည်(၁ရာ ၂း ၁၉)။ ကောင်းသောမိခင်သည် သားသမီးများကို ဝိညာဉ်ရေးသာမက လောကီရေး၌ပါ အမြဲဂရုစိုက်သည်။

ဘုရားသခင်သည် ဟန္နကို ယုံကြည်စိတ်ချ၍ ဖြစ်မည်၊ သားသုံးယောက်နှင့် သမီးနှစ်ယောက် ထပ်မံ ပေးလိုက်သည်(၁ရာ ၂း၂၁)။ ဝိညာဉ်ရေးရာနှင့် လော ကီရေးရာ၌ ဂရုတစိုက် ပြုစုပျိုးထောင်ပေးမှုအပေါ် ကောင်းချီးပေးလိုက်ခြင်းဖြစ်သည်။ ဟန္န၏ ခင်ပွန်း အပေါ်ချစ်မြတ်နိုးခြင်း၊ ဘုရားသခင်အပေါ်ကိုးစားခြင်း နှင့် မိခင်တာဝန်ကျေပွန်ခြင်းကိုကြည့်လျှင် သူသည် စစ်မှန်သောမိခင်ကောင်းတစ်ဦးဖြစ်မှန်း ပေါ်လွင် ထင် ရှားသည်(သု ၃၁)။

၉။ ရှောလု (saul)_ _

ခေါင်းဆောင်များကို ယေဘုယျအားဖြင့် (၁) လျှပ်စီးနှင့်တူသောခေါင်းဆောင်၊ (၂) ကြယ်တံခွန်နှင့် တူသောခေါင်းဆောင်၊ (၃) မိုးသောက်ကြယ်နှင့်တူသောခေါင်းဆောင်၊ (၄) သမန်းကျားနှင့်တူသော ခေါင်းဆောင် ဟူ၍ ခွဲခြားနိုင်သည်။

လျှပ်စီးနှင့်တူသောခေါင်းဆောင်များသည် အမြဲအလုပ်ရှုပ်လေ့ရှိပြီး နေရာတ ကာ၌ ပါဝင်ချင်ကြသည်။ လုပ်ချင်ရာများသော်လည်း မလုပ်သောအရာ ပို၍များတတ် ကြသည်။ စပ်စပ်စုစုနေတတ်ပြီး ထိရောက်မှုမရှိသူများဖြစ်ကြသည်။ နောက်ဆုံးတွင် အောင်မြင်မှု မည်မည်ရရမရရှိဘဲ နိဂုံးချုပ်လေ့ရှိကြသည်။

ကြယ်တံခွန်နှင့်တူသော ခေါင်းဆောင်များသည် အကြောင်းတစ်ခုခုကြောင့် တစ်ဟုန်ထိုးနာမည် ကြီးသူများဖြစ်၍ လူတိုငြီးငွေ့ လွယ်သည်။ မထင်မှတ်ဘဲနှင့် ခေါင်း ဆောင်နေရာရရှိသူများဖြစ်သဖြင့် အချိန်တိုအတွင်းပျောက် ကွယ်သွားလေ့ရှိကြသည်။

 မိုးသောက်ကြယ်နှင့်တူသောခေါင်းဆောင်များသည် တည်ကြည်ခြင်း၊ အကင်း ပါးခြင်းနှင့် ရင့်ကျက်ခြင်း ဖြင့် လျှောက်လှမ်းသောသူများဖြစ်ကြသည်။ ၄င်းတိုသည် မည်သူမျှအဖက်မလုပ်၊ နာမည်ကြီးစေကာမူ တဖြည်း ဖြည်းတိုးတက်သွားပြီး နောက် ဆုံးတွင် ရည်မှန်းချက်အောင်မြင်၍ သမိုင်းတွင် ရစ်သူများ ဖြစ်လာကြသည်။ ၄င်းတို၏ လုပ်ငန်းလည်း ရေရှည်တည်တံ့သည်။

သမန်းကျားနှင့်တူသော ခေါင်းဆောင်များသည် ရည်မွန်ခြင်း၊ ထူးချွန်ခြင်း၊ လှပခြင်း၊ နိမ့်ချခြင်းစသည့် အောင်မြင်ခြင်းအတွက် အရည်အချင်းများကို ပိုင်ဆိုင် ကြသည်။ သိုသော်လည်း ထိုအရည်အချင်းများကို အလွဲသုံးမိ၍ နောင်တကြီးစွာဖြင့် အသက်တာကုန်ဆုံးစေကြသည်။ အစပိုင်းတွင် ဟုတ်သလိုလိုရှိသော နောက် ဆုံးတွင် အရှုံးနှင့်အဆုံးသတ်ကြသည်။

ဘုရင်ရှောလုသည် သမန်းကျားနှင့်တူသော ခေါင်းဆောင်မျိုးဖြစ်သည်။ ကျမ်း စာ၌ ရှောလုဟူ သည့်နာမည်ကို (၃၆)ကြိမ်ခန့်တွေ့ရသည်။ ဓမ္မသစ်၌ တွေ့ရသော ရှောလုဟူသည် တမန် တော်ပေါလုသာဖြစ်၍ ဘုရင်ရှောလု မဟုတ်ပေ။

ရှောလု၏အသက်တာ၌ အဆိုးနှင့်အကောင်း ဒွန်တွဲလျက်ရှိသဖြင့် J. Sid- low Baxter က ဖော်ပြပါ အတိုင်းမှတ်ချက်ပြုသည်။

ရှောလု၊ အစ္စရေးတို၏ ပထမဆုံးသောဘုရင်

အကြီးကျယ်ဆုံးနှင့် အညံ့ဖျင်းဆုံးသောဘုရင်

ကိုယ်လုံးကြီးထွား အရပ်မြင့်မားသော်လည်း

အတွေးအခေါ် သေးသိမ်နိမ့်ကျသူ

 ရုပ်ရည်ချောမော ကြည့်ကောင်းသော်လည်း

တစ်ခါတစ်လေ အကျည်းတန်(နုံအ)တတ်သူ

ကိုးစားစရာကောင်းသော်လည်း အားကိုးစရာမကောင်းသူ

ရဲရင့်သော်လည်း သူရဲဘောနည်းသူ

ဘုရင်ဖြစ်သော်လည်း ကျွန်လည်းဖြစ်နေသူ

ပရောဖက်ဖြစ်သော်လည်း အကျင့်ပျက်ယွင်းသူ

ဘိသိက်ရသူဖြစ်သော်လည်း နတ်ဆိုးစွဲသကဲ့သိုနေထိုင်သူ

Baxter မှတ်ချက်ပြုသကဲ့သိုပင် ရှောလု၏အသက်တာသည် တစ်မူထူးခြား၍ နား လည်ရခက်ခဲသည်။

 

ရှောလု၏ဘ၀အစ

ပရောဖက်ရှမွေလ အိုမင်းလာသောအခါ ၄င်း၏သားများလည်း အကျင့်မ ကောင်းသဖြင့် အစ္စရေးတို သည် ဘုရင်တစ်ပါးတင်မြှောက်ပေးရန် ရှမွေလထံတောင်း ဆိုကြသည်(၁ရာ ၈း၁-၅)။

ရှမွေလ၏သားများသည် ဖခင်ကဲ့သိုမဟုတ်ဘဲ တိတ်တခိုးလာဘ်စား၍ တရား စီရင်ရာ၌ မမှန်ကန် ကြပေ။ ဖခင်ကောင်းမပီသသောဧလိသည် ၄င်း၏သားရှမွေလ ကို ကောင်းမွန်စွာမသွန်သင်သဖြင့် ရှမွေလလည်း ဖခင်ကောင်းမပီသသူ ဖြစ်လာသည်။ စင်စစ် ဧလိနှင့် ရှမွေလတိုသည် ယဇ်ပုရောဟိတ်ကောင်း၊ ပရောဖက် ကောင်း၊ ခေါင်းဆောင်ကောင်းများဖြစ်ကြပြီး ၄င်းတို၏လုပ်ငန်းတွင် အပြစ်ပြောစရာ မရှိသောသူများဖြစ် ကြသည်။ သိုသော် နှစ်ဦးစလုံးသည် ဖခင်ကောင်းပီသသူမဟုတ် ကြချေ။ အခြားကဏ္ဍများတွင် ပြည့်စုံသူဖြစ် တိုင်း မိဘကောင်းဖြစ်လာရမည်ဟု မပြော နိုင်သကဲ့သို လုပ်ဆောင်ရာတစ်ခုခုတွင် တာဝန်ကျေပွန်သူဖြစ်တိုင်း မိသားစုအရေး ကိုလည်း တာဝန်ယူနိုင်ရမည်ဟု မသတ်မှတ်နိုင်ပေ။ သိုဖြစ်ရာ ကောင်းသောကဏ္ဍ တိုင်း၌ တာဝန်ကျေပွန်သော ခေါင်းဆောင်ကောင်းများ ဖြစ်လာနိုင်ရန် ဆုတောင်း ကြပါစို။

စင်စစ် အစ္စရေးတို၌ ဘုရင် မလိုအပ်ချေ။ အကြောင်းမှာ ဘုရားသခင်ကိုယ်တိုင် အုပ်ချုပ်ပြီး (Theocracy) ၄င်းတို၏ လိုအပ်ချက်အားလုံးကို စီမံဆောင်ရွက်ပေး၍ဖြစ်သည်။ သိုဖြစ်ရာ ဘုရင်တစ် ပါးတောင်းဆိုခြင်းသည် ဘုရားသခင်၏အုပ်ချုပ်မှုနှင့် ရှမွေလ၏ခေါင်းဆောင်မှုကို ငြင်းပယ်ရာ ရောက် သည်(၁ရာ ၈း၇-၉)။ ဘုရားသခင်နှင့် ခေါင်းဆောင် များကို ငြင်းပယ်ပါက ပြဿနာအစပြုလာပြီ ဖြစ် ကြောင်း သတိပြုရပါမည်။ ။

နောက်ဆုံးတွင် ရှမွေလသည် ဘုရင်တစ်ပါးရှာဖွေပေးလိုက်ရသည်။ သိုသော် မရှာပေးမီ ကြုံ တွေ့ရမည့်အရာများကို ဤသိုကြိုတင်ပြောဆိုသည်။

သင်တိုကိုအုပ်စိုးသော ရှင်ဘုရင်၏ထုံးစံဟူမူကား

သင်တိုသားများကိုယူ၍

မိမိရထားထိန်း၊ မြင်းထိန်းအရာ၌ ခန့်ထား၍

အချိုတိုသည်လည်း သူ၏ရထားရှေ့မှာ ပြေးကြရလိမ့်မည်။

လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အရာ၌ ခန့်ထား၍

လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်း၊ စစ်တိုက်တန်ဆာ၊ ရထားတန်ဆာကိုလုပ်ခြင်း

အမှုများကို ဝေဖန်လိမ့်မည်။

သင်တိုသမီးများကိုလည်းယူ၍

ခဲဖွယ်စားဖွယ်တိုကို ပြင်ဆင်စေခြင်းငှာလည်းကောင်း

 

စားတော်ကဲ၊ မုန့်သည်ဖြစ်စေခြင်းငှာလည်းကောင်း ခန့်ထားလမ်း

သင်တိုလယ်ကွက်၊ စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ် အကောင်းဆုံးတိုကို

မိမိကျွန်တိုအား ပေးလိမ့်မည်။

သင်တိုမျိုးစေ့ စပျစ်သီးဆယ်ဖိုတစ်ဖိုကိုယူ၍

သူ၏အရာရှိအမှုထမ်းတိုအား ပေးလိမ့်မည်။

သင်တိုကျွန်၊ ကျွန်မ၊ အကောင်းဆုံးလုလင်၊ မြည်းများကိုယူ၍

သူ၏အမှုကို လုပ်ကိုင်စေလိမ့်မည်။ ။

သင်တိုသိုးစု ဆယ်ဖိုတစ်ဖိုကိုလည်းယူ၍

သင်တိုသည် သူ၏ကျွန်ခံရကြမည် (၁ရာ ၈း၁၁-၁၅)။

ဖော်ပြပါ စာလုံးအစောင်းများကိုကြည့်လျှင် “ယူ”ဟူသောစာလုံးသည် “ထား”ဟူသော စာလုံးထက် ပိုများသည်။ သိုဖြစ်၍ ရှင်ဘုရင်သည် “ပေးသူ” ထက် “ယူသူသာ ဖြစ်ကြောင်း တွေ့ရသည်။

ထိုသိုသတိပေးသော်လည်း အစ္စရေးတိုမနာခံဘဲ သူတစ်ပါးနှင့်တန်းတူဖြစ် နိုင်ရန် ဘုရင်တစ်ပါးကိုပေးပါ ဟုသာ တောင်းဆိုမြဲတောင်းနေကြသည်။ မယုံကြည်သူ များနှင့် တန်းတူဖြစ်လိုခြင်းသည် သေခြင်းငရဲတွင်းသို ဦးတည်ခြင်းပင်ဖြစ်သည်။

ဘုရား၏အလိုတော်ထက် မိမိဆန္ဒကိုသာ အ မြဲဦးစားပေးကြရာ ဘုရားသခင်ကလည်း နောက်ဆုံး တွင် ၄င်းတို၏ဆန္ဒအတိုင်းဖြစ်စေလိုက်သည်။ “ခလုတ် ကို ထိမှ အမိတ”ဆိုသကဲ့သို ဒုက္ခကြုံတွေ့မှသာလျှင် ဘုရား၏အလိုတော်ကို နားလည်နိုင်ကြမည်ဖြစ်သ ဖြင့် ဘုရားသခင်က လွှတ်ထားပေးသည့် အချိန်ရှိ တတ်သည်။ ။

ဘုရားသခင်က ဗဃာမိန်အနွယ်ထဲမှ ကိရှ၏သားရှောလုကို ဘုရင်အဖြစ်ရွေး ချယ်လိုက်သည်။ ရှောလုသည် အစ္စရေးလူမျိုးများထဲတွင် ရုပ်ရည်အချောဆုံးနှင့် အရပ်အမြင့်ဆုံးဖြစ်ပြီး လူတကာထက် ခေါင်းတစ်လုံးပိုမြင့်သူဖြစ်သဖြင့်(၁ရာ ၉း၁-၂) ကန့်ကွက်စရာ တစ်စက်မျှမရှိချေ။ ထိုအပြင် လူတကာလေး စားရသော သူရဲကောင်း မိသားစုမှ မွေးဖွားလာသူဖြစ်သဖြင့် ဂုဏ်ယူစရာ၊ အားကျစရာ၊ ကိုးစားစရာ ကောင်းသူဖြစ်သည်။ သိုသော် ထိုအရာများထက် သူ၏နိမ့်ချမှုသည် ပို၍လေးစားစရာကောင်း သည်။

၄င်းကို ဘုရင်အဖြစ်လျာထားသည့်အချိန်တွင် ရှောလုက “အကျွန်ုပ်သည် အစ္စရေးလူမျိုးတိုတွင် အငယ်ဆုံးသောအမျိုး၊ ဗယာ်မိန်အမျိုးသားဖြစ်ပါသည် မဟုတ်လော။ အကျွန်ုပ်အဆွေအမျိုးသည် ဗယာ်မိန်အဆွေအမျိုးအပေါင်းတိုတွင် အငယ်ဆုံး ဖြစ်ပါသည်မဟုတ်လော။ ကိုယ်တော်သည် အကျွန်ုပ်အား အဘယ်ကြောင့် ဤ သို့ပြောပါသနည်း”ဟု ပြန်လည်ပြောဆိုသည်(၁ရာ ၉း၂၁)။ ဟန်ဆောင်ခြင်းမပါသော ၄င်း၏စစ်မှန်သည့်နိမ့်ချမှုကို တွေ့မြင်ရသည်။

ဘုရင်အဖြစ်ရွေးချယ်သည့်နေ့တွင် သူသည် ပုန်းအောင်းနေသဖြင့် ချက်ချင်းမတွေ့ကြချေ။ သို သော် ဘုရားသခင်က ရှောလုပုန်းသည့်နေရာကို ပြော ပြသဖြင့် တွေ့ကြသောအခါ လူထုက “ရှင်ဘုရင်ကြီး သက်တော် ရှည်ပါစေ”ဟု တစ်ခဲနက်ကြွေးကြော်ကြ သည်(၁ရာ ၁၀း၂၀-၂၄)။ ထိုနေ့သည် လူထုအဖို ရှင်ဘုရင်တစ်ပါး ရရှိသောနေ့၊ မမေ့နိုင်သည့် နေ့ထူး နေ့မြတ်ဖြစ်သော်လည်း ရှောလုအဖိုမူ ကြောက်ရွံရ သောနေ့၊ ဝမ်းနည်းရသော နေ့သာဖြစ်ချေသည်။ သူ သည် မည်မျှနိမ့်ချပါသနည်း။ မည်မျှ ချီးကျူးဖွယ် ကောင်းပါသနည်း။

ရှောလု၏ အောင်မြင်မှု

ရှောလုကဲ့သိုသော အဘက်ဘက်၌ပြည့်စုံသူတစ်ဦးကို ဘုရင်အဖြစ် ပိုင်ဆိုင် လိုကြမည်သာဖြစ်သည်။ ထိုခေတ်တွင် ရှောလုကဲ့သိုသောသူမရှိသဖြင့် သူ၏ဘဝ အစသည် အားကျစရာကောင်းလှ သည်။

အစ္စရေးတိုက ရှင်ဘုရင်တစ်ပါးပေးရန် တောင်းဆိုစဉ်က “လူထုရှေ့မှာနေ၍ သူကပေးရန်” (၁ရာ ၈း၁၉-၂၀)ဟု ပါရှိသည့်အတိုင်း ရှောလုစတင်ဦးဆောင်သည်။ ထိုနေ့တွင် ၄င်း၏နောက်သို စစ်သူရဲတချို ချက်ချင်းလိုက် သွားကြသည်(၁ရာ ၁၀း ၂၅-၂၆)။

ထိုနောက် ရန်သူအမ္မုန်လူမျိုးတိုကိုတိုက်ရန် ပြင်ဆင်ကြသည်။ ရှောလုကိုယ် တိုင်ဦးဆောင်ပြီး စစ်သားစုဆောင်းရာ အစ္စရေးလူ လူမျိုးထဲမှ စစ်သားသုံးသောင်း ချက်ချင်းရရှိသည်။ ရှမွေလနှင့်ပင် ပူးပေါင်းတိုက် ခိုက်သဖြင့် အောင်မြင်မှုရရှိလာသည်။

စစ်အောင်ပြီးနောက် ဘုရားသခင်ကိုဝတ်ပြုကြသည်။ သိုသော် လူတချို့  ရှောလု၏အုပ်စိုးမှုကို ကန့်ကွက်ကြရာ ထောက်ခံသောသူများက ထိုသူတိုကိုသတ်ပစ် ရန် တောင်းဆိုကြသည်။ ရှောလုက မသတ် ရန်တားမြစ်သည်။ ဤနေရာ၌ ရှောလု၏ မေတ္တာကြီးမားမှုကို တွေ့မြင်နိုင်သည်။

ရှောလုသည် လူထုကိုဦးဆောင်ပြီး အတင်း စစ်တိုက်ကြရာ အမ္ဗုန်၊ မောဘ၊ ဧဒုန်၊ ဇောဘ၊ အ လက်စသည့် လူမျိုးများနှင့် အခြားရန်သူများအပေါ် အောင်ပွဲ အလီလီရရှိကြသည်။ ထိုအခါ လူထုသည် ရှောလုကို ပို၍လေးစားကြသည်။ ထိုအချိန်တွင် လူ ထုသည် အရည်အချင်းပြည့်စုံသော ဘုရင်တစ်ပါး ပိုင်ဆိုင်ကြသဖြင့် အလွန်လုံခြုံပြီဟု ခံစားကောင်း ခံစားကြမည်ဖြစ်သည်။ “ငါတိုလိုချင်တာ ဒီလိုဘုရင် မျိုးပဲ” ဟု ကြွေးကြော်ကောင်း ကြွေးကြော်ကြမည် ဖြစ်သည်။

ရှောလု၏ ရှုးနိမ့်မှု

ရှောလုသည် သမန်းကျားနှင့်တူသော ခေါင်းဆောင်မျိုးဖြစ်သည့်အတိုင်း မကြာမီအချိန်တွင် ၄င်း၏မူလဇာတိ ပေါ်လာတော့မည်ဖြစ်သည်။ လူထုသည် ၄င်းကို အမြင့်ဆုံးသောနေရာသို ဝိုင်းဝန်းတွန်း ပိုပြီးဖြစ်သဖြင့် ပြန်လည်လျှောကျရန်သာ ကျန် တော့သည်။ အောင်မြင်မှုအရဆုံးသောအချိန်တွင် ရှုးနိမ့်မှုက စတင်နေရာယူတော့ မည်ဖြစ်သည်။

ရှောလု၌ အရာခပ်သိမ်းပြည့်စုံလာသဖြင့် မာနစိတ်ဝင်လာသည်။ အာဏာရှင် ဆန်ပြီး မောက်မာလာ သည်။ လူထု၏ ဝိုင်းဝန်းချီးမြှောက်မှုရရှိသဖြင့် အမှားကိုပင် မဝန်ခံရဲတော့ပေ။ ဘုရားသခင်ထက် လူ့မျက်နှာကို သာ ထောက်ရှုလာသည်။ အတ္တကြီးလာ၍ အခြားတစ်ယောက်ယောက် နာမည်ကြီးလာမည်ကိုပင် မနာလိုစိတ်ရှိ လာသည်။

နောက်ဆုံးတွင် အောင်မြင်မှုနေရာတွင် ရှုံးနှိမ့်မှုနေရာယူလာပြီး မရှုမလှဇာတ် သိမ်းခဲ့ရသည်။ အစနိဒါန်း တွင် အောင်မြင်သောခေါင်းဆောင်ဖြစ်သော်လည်း အဆုံး နိဂုံးတွင် ရှုံးနိမ့်သောခေါင်းဆောင် ဖြစ်သွားသည်။

ရှောလု၏ မီးရှိရာယဇ်ပူဇော်မှု

ရှောလုသည် မြင်းရထားသုံးထောင်၊ မြင်းခြောက်ထောင်နှင့် စစ်သားများစွာ ပိုင်ဆိုင်သော ဖိလိတိုစစ်တပ်ကို ရင်ဆိုင်ရန်အတွက် စစ်သားပြန်လည်စုဆောင်း သည်။ သိုသော် သူ၏စစ်သားများသည် ရန်သူများကို ကြောက်လွန်းသဖြင့် တောအုံတောင်ကြားနှင့် ဥမင် လိုဏ်ဂူများတွင် ကစဉ့်ကလျား ပြေးထွက် ပုန်းအောင်း နေကြသည်။ ထိုကြားထဲတွင် တစ်ပတ်အတွင်းလာခဲ့ မည်ဟုပြောသော ရှမွေလလည်း ရောက်မလာနိုင်သေးချေ။

ရှောလုသည် ရှမွေလကို မစောင့်နိုင်တော့ သဖြင့် မလုပ်သင့်မလုပ်ထိုက်သည့် မီးရှိရာယဇ်ကို ကိုယ်တိုင်ပူဇော်လိုက်သည်။ ရှမွေလရောက်လာသော အခါ “ဘာတွေလျှောက်လုပ်နေတာလဲ”ဟု မေးသည်။ ရှောလုက ““ရန်သူတွေအနား ထိရောက်လာပြီ။ ဘုရားသခင်ကို မတောင်းပန်ရသေးလို ယဇ်ပူဇော်မိတာပါ”ဟု ဖြေသည်။

ထိုအခါ ရှမွေလက “တော်တော်မိုက်မဲတာပဲ။ ဘုရားသခင်ရဲ့ ပညတ်တော်ကို မစောင့်စည်းတဲ့အတွက် အာဏာလည်းမတည်ရတော့ဘူး။ ဘုရားသခင်က သူ့စိတ်တော်နှင့်တွေ့တဲ့သူကို ရှာဖွေပြီးပြီ။ အဲဒီလူကပဲ ရှင်ဘုရင်လုပ်လိမ့်မည်”ဟု ပြော လူကသည်။ ရှောလုသည် ရန်သူများကိုအောင်နိုင်သော်လည်း ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူကို မအောင်နိုင်ကြောင်း တွေ့ရသည်။ ပြင်ပ ရန်သူများကို အောင်နိုင်သော်လည်း အတွင်းရန်သူ၏စုံစမ်းခြင်းကို မအောင်နိုင်ခဲ့ချေ။

ရှောလု၏ စကားနားမထောင်မှု

ရှမွေလက ရှောလုကို “ဘုရားသခင်က သူ့လူမျိုးတွေရဲ့ဘုရင်အဖြစ် သင့်ကိုရွေးလိုက်ပြီ။ အာမလက်လူမျိုးတွေကို အခုသွားတိုက်လိုက်ပါ။ လူ၊ တိရစ္ဆာန် ပစ္စည်း အကုန်လုံး ဖျက်ဆီးပစ်လိုက်ပါ” ဟုပြောသည်။ သိုသော် ရှောလုက စကားနားမထောင်ဘဲ အာမလက်ဘုရင်နှင့် ဆူဖြိုးသောတိရစ္ဆာန်တိုကို အရှင်ဖမ်းထားပြီး အသုံး မဝင်သောအရာများကိုသာ အကုန်ဖျက်ဆီးသည်။

အောင်ပွဲရရှောလုကို ရှမွေလကဆီးကြိုပြီး “သိုးအော်သံ၊ နွားအော်သံတွေ ကဘယ်ကလဲ” ဟု မေးသည်။ ရှောလုက “ဘုရားသခင်ကို ယဇ်ပူဇော်ဖိုဆိုပြီး ဆူဖြိုး တဲ့သိုးနွားတွေကို “သူတို ́က အရှင် ဖမ်းလာတာပါ။ ကျန်တာတွေကိုတော့ “ကျွန်တော်တို ́က အကုန်ဖျက် ဆီးလိုက်ပါတယ်”ဟုဖြေသည်။ စကားနားမထောင် သောသူများတွင် ၄င်းမပါသည့်အလား “သူတို ́ဟု အ ပြစ်ပုံချပြီး စကားနားထောင်သောသူများအဖြစ် “ကျွန် တော်တို” ဟု ၄င်းကို၄င်း အမွှန်းတင်ထည့်သွင်းသည်

ထိုအခါ ရှမွေလက “နေပါဦး။ ညတုန်းက ဘုရားသခင်ပြောတဲ့စကားကို ငါပြန်ပြောမယ်။ ယဇ် ပူဇော်တာထက် စကားနားထောင်တာက ပိုမြတ် တယ်။ အခုတော့ သင်ဟာ ဘုရားသခင်ရဲ့ စကားကို ငြင်းပယ် တဲ့အတွက် ဘုရားသခင် ကလည်း သင့်ကို ရှင်ဘုရင်အရာကနေ ငြင်းပယ်လိုက်ပြီ”ဟု ပြောလိုက်သည်။ စကားနားမထောင်ခြင်းက ဘုရားသခင်ကို အမျက်ထွက်စေပြီး အဆိုးကိုသာသက် ရောက်စေသည်။ ပူဇော်သက္ကာအားလုံး အချည်းနှီးဖြစ်သွားသည့်အပြင် အပြစ် တိုးပွားစေပြီး ဘုရားသခင်နှင့် ဝေးကွာစေသည်။

ရှောလု၏ နောင်တရ

ထိုအခါ ရှောလုသည် နောင်တရရှိပြီး “ဘုရားသခင်ရဲ့ စကားကို ငြင်းပယ်မိ ပါပြီ။ ဘုရားသခင်ထက် လူတွေကို ပိုကြောက်မိခဲ့ပါပြီ”ဟု ဝန်ခံသည်။ သိုသော် “ကျေးဇူးပြုပြီး လူတွေရဲ့ ရှေ့မှာ အသရေမဖျက်ပါနှင့်။ ကျွန်တော်နှင့်အတူ ဘုရား သခင်ကို ဆက်လက်ကိုးကွယ်ပေးပါ” ဟု တောင်းဆိုသည်။ နောင်တရပါပြီဟုပြော သော်လည်း ဘုရားသခင်ထက် လူတို၏မျက်နှာကို ဆက်လက်ထောက်ရှုမှန်း သိ သာသည်။ ယင်းသည် စစ်မှန်သောနောင်တမဟုတ်ချေ။

ဒါဝိဒ်ပေါ်ထွန်းသောအခါ လူထုက “ရှောလုက ထောင်နှင့်ချီသတ်တယ်။ 8ဒ်က သောင်းနှင့်ချီသတ်တယ်”ဟု ကြွေးကြော်ကြသည်။ ထိုအခါ ရှောလှသည် အလွန်စိတ်ဆိုးပြီး ဒါဝိဒ်ကိုလုပ်ကြံရန် အမြဲချောင်းမြောင်းလာတော့သည်။

နောက်တစ်နေ့တွင် ရှောလုသည် ၄င်းထံခစားဖျော်ဖြေပေးသော ဒါဝိဒ်ကို လှံဖြင့် ရုတ်တရက် ထိုးလိုက်သည်။ သိုသော် အချိန်မီရှောင်လိုက်နိုင်သဖြင့် မထိုး မိချေ။ ထိုနေ့မှစ၍ ရှောလုသည် အခွင့်သင့်တိုင်း လုပ်ကြံသည်။ သိုသော် အရှုံးနှင့်သာ အိမ်ပြန်ခဲ့ရသည်။

ရှောလု၏ သေဆုံးမှု

ရှောလုသည် နိုင်နေကျဖိလိတိုလူမျိုးတိုကို ရှုံးနိမ့်သောအခါ သူ၏သားများ နှင့်အတူ ထွက်ပြေးကြသည်။ သိုသော်မလွတ်နိုင်ဘဲ သားများဖြစ်သော ယောနသန်၊ အဘိနဒပ်နှင့် မေလဓိရွှေတို အသတ်ခံရသည့်အပြင် သူလည်းဒဏ်ရာများစွာ ရရှိ သည်။ ။

ထိုအခါ ရှောလုက သူ၏ရဲဘော်ထံ “ငါ့ကို ထိုးသတ်လိုက်ပါ။ အရေဖျားလှီး တဲ့သူတွေက ငါ့ကို ထိုးသတ်ညှဉ်းဆဲလိမ့်မယ်”ဟု မိန့်လိုက်သည်။ သိုသော် သူ၏ ရဲ ဘော်က မထိုးရဲသဖြင့် ရှောလုသည် ရဲဘော်၏ဓားကိုဆွဲထုတ်ပြီး ပြောင်းပြန်ထောင် ၍သူ့ကိုသူ ဓားပေါ်သို မှောက်ချအဆုံးစီရင်သည်။ ထိုအခါ သူ၏ရဲဘော်လည်း ရှောလု နည်းတူ အဆုံးစီရင်သည်။

ဖိလိတ္တိတိုသည် ရှောလု၏ဦးခေါင်းကို ဖြတ်ပစ်ကြသည်။ လက်နက်ကို အာရှ တရက်ကျောင်းတော် ၌ထားရှိပြီး အလောင်းကိုမူ ဗက်ရှန်မြိုရိုးပေါ်တွင် ချိတ်ဆွဲကြ သည်။ ။

ဤသတင်းကြားသောအခါ အစ္စရေးတိုင်းပြည်မှ စစ်သူရဲတချိုသည် ညတွင်း ချင်းချီတက်လာပြီး ရှောလှနှင့် သူ့သားများ၏အလောင်းကို သယ်ယူကြသည်။ ထိုနောက် ယာဗက်မြို၌မီးရှို့ပြီး အရိုးပြာများကို တမရစ်သစ်ပင်အောက်တွင် မြှုပ်နှံကြသည်။ သေခြင်းဟူသည် မဆန်းသောအရာဖြစ်သော်လည်း ရှောလုမှာမူ ရှုံးနိမ့်မှုများ စွာဖြင့် သေခြင်းဖြစ်သည်။

သင်ခန်းစာယူစရာအချက်တချို

၁။ သတ္တိရှိခြင်းနှင့် သူရဲဘောနည်းခြင်းသည် ကူးစက်တတ်သည်။ ရှောလု၏ ကြောက်ရွံမှုကြောင့် အစ္စရေးတိုသည် ဂေါလျတ်ကို အလွန်ကြောက်ရွံကြ ပြီး ဒါဝိဒ်၏သတ္တိရှိမှုကြောင့် အစ္စရေးတိုသည် ဖိလိတ္တိတိုကို လိုက်လံသတ် ဖြတ်ရဲသည်(၁ရာ ၁၇။ ၂ရာ ၂၃း၈-၁၂)။ အတွေးကောင်းအမြင်ကောင်း ရှိစေကာမူ သတ္တိမရှိပါက မည်သည့်အရာမျှ မလုပ်ဆောင်နိုင်သကဲ့သို မည်သူ့ကိုမျှလည်း မရဲရင့်စေနိုင်ချေ။

၂။ အစနိဒါန်းထက် အဆုံးနိဂုံးသည် ပို၍အရေးကြီးပြီး လုပ်ဆောင်ဖူးသော အရာထက် လုပ်ဆောင်နိုင် သောအရာများသာ သမိုင်းတွင်ကျန်ရစ်မည်ဖြစ် သည်။ “အစကောင်းမှ အနှောင်းသေချာ”ဟူသည့် စကားရှိသော်လည်း အစကောင်းမွန်တိုင်း အဆုံးထိကောင်းမွန်ရလိမ့်မည်ဟု တစ်ထစ်ချယူဆက် မရပေ။

၃။ ထောင်လွှားခြင်းထက် နိမ့်ချခြင်းကအမြင့်သိုပိုဆောင်ပေးနိုင်သည်။ ထောင် လွှားသော စိတ်ရှိသောနေ့သည် ကျဆင်းခြင်းအစပြုသောနေ့ ဖြစ်သည်။ ထောင်လွှားသောစိတ်က သူတစ်ပါးကို မထီမဲ့မြင်စေသည့်အပြင် အရာရာ ကိုလည်း အလေးမထားစေသဖြင့် ထောင်လွှားသောသူကို သွန်သင်ဆုံးမ၍ မရပေ။ ထိုအပြင် ဘုရားတရားမှလည်း လမ်းလွဲစေမည်ဖြစ်သည်။

၄။ ဘုရားသခင်ရွေးကောက်သည့်ခေါင်းဆောင်များကို ဆန့်ကျင်နေမည့်အစား ပူးပေါင်းလက်တွဲပါက အကျိုးပိုများပြီး မိမိရာထူးနေရာလည်း ပို၍ခိုင်မြဲစေ သည်။ ရှောလုသည် ၄င်းဘက်၌ ဒါဝိဒ် ပါရှိနေသမျှကာလပတ်လုံး စစ်မရှုး ဖူးသော်လည်း ဒါဝိဒ်ကိုဆန့်ကျင်သည့်နေ့မှစ၍ ရှုံးနိမ့်မှုစတင်လာသည်။

၅။ ရာထူးနေရာတည်မြဲရေးအတွက်သာ အားထုတ်ကာကွယ်နေပါက ဝတ္တရား မကျေပွန်နိုင်ဘဲ၊ ဝတ္တရားသာကျေပွန်နေပါက ရာထူးနေရာလည်း တကူး တက ကာကွယ်နေစရာမလိုတော့ပေ။ ရှောလုသည် ၄င်း၏ရာထူးကာကွယ် လိုဇောဖြင့် ဒါဝိဒ်ကို လိုက်လံလုပ်ကြံသည့်အချိန်တွင် ရန်သူများသည် အင် အားပိုကြီးထွားလာသည်။ အကယ်၍ သူ၏ဝတ္တရားကိုသာ ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါလျှင် ဒါဝိဒ်လည်း ပူးပေါင်းပါဝင်ပြီး အောင်မြင်မှုရရှိ မည်ဖြစ်သည်။

၆။ မိမိအမှားကို ထောက်ပြခြင်းခံရပါက အပြစ်မရှိသကဲ့သိုမနေဘဲ ဘုရားသခင် ထံ ချက်ချင်း ဆက်ကပ်ရန် အရေးကြီးသည်။ ရှမွေလက အပြစ်ထောက် ပြသောအခါ ရှောလုသည် အပြစ်မရှိသကဲ့ သိုနေသည့်အပြင် နိမ့်ချသော စိတ်မရှိဘဲ လူထုရှေ့၌ အသရေမဖျက်မည့်အကြောင်းကိုပင် တောင်းဆို လိုက်သေးသည်။

၇။ မိမိအမှားများကို နောက်လိုက်များထံ မလွှချသင့်သည်သာမက ၄င်းတို၏ အမှားများကိုပင် တာဝန်ယူပေးတတ်ရန် အရေးကြီးသည်။ ရှောလုက ရှမွေလထံ “ကျွန်တော်ကတော့ အာမလက်လူ အားလုံးကို အကုန်သတ်ပစ် ပါတယ်။ ဒါပေမဲ့ သူတို(စစ်သားကတော့ ရှင်ဘုရင်ကို အရှင်ထားလိုက် ကြတယ်။ ကျွန်တော်ကတော့ သိုးနွားအားလုံးကို အကုန်ရှင်းပစ်ပါတယ်။ ဒါပေမဲ့ သူတိုကတော့ ယဇ်ပူဇော်ဖိုဆိုပြီး ဆူဖြိုးတဲ့အကောင်တွေကို သယ် ဆောင်လာကြပါတယ်”ဟုအမှားများအားလုံးကို စစ်သားများထံလွှဲချလိုက် သည်။

၈။ နောင်တရသည်ဟု ဆိုသော်လည်း အကျင့်မပြုပြင်ခြင်းသည် မုသားပင် ဖြစ်သည်။ သူတစ်ပါးသာမက မိမိကိုယ်ကိုပါ လိမ်ညာခြင်း ဖြစ်သည်။ ထိုကဲ့သိုသော နောက်တရခြင်းမျိုးက ကောင်းကျိုးမဖြစ်ထွန်းစေဘဲ ဆိုးကျိုး အမျိုးမျိုးကိုသာ သက်ရောက်စေသည်။

၁၀။ ဒါဝိဒ် (David)

ယုဒလူမျိုးတို၏သမိုင်း၌ အထင်ရှားဆုံးသောပုဂ္ဂိုလ်တစ်ဦးမှာ ဒါဝိဒ်ဖြစ်သည်။ ထို အပြင် ယုံကြည်သူမဟုတ်သော ယုဒလူမျိုးများနှင့် ယုံကြည်သူများအကြား၌ပါ ခေါ် ဝေါ်မှုအများဆုံးနာမည်တစ် ခုမှာလည်း ဒါဝိဒ်ပင်ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဒါဝိဒ် ၏နာမည်ကို (၆၅၉)ကြိမ်တွေ့ရသည်။ ဟေဗြဲကျမ်းစာတွင် အကြိမ်(၆ဝဝ)နှင့် ဂရိကျမ်း စာတွင် (၅၉)ကြိမ်ဖြစ်သည်။ အင်္ဂလိပ်၊ ဂျာမန်၊ ပြင်သစ်နှင့် စပိန်စသည့် ကျမ်းစာအုပ် များတွင်လည်း အကြိမ်တစ်ထောင်ကျော်ခန့်စီ တွေ့ရသည်။

ဓမ္မဟောင်းကျမ်း၌ အာဗြဟံအကြောင်းဖော်ပြသော အခန်းကြီး (၁၄)ခု၊ ယာ ကုပ်အကြောင်း ဖော်ပြသော အခန်းကြီး (၁၁)ခုနှင့် ဧလိယအကြောင်းဖော်ပြသော အ ခန်းကြီး (၁၀)ခုသာရှိသော်လည်း ဒါဝိဒ်အကြောင်းဖော်ပြသော အခန်းကြီးမှာမူ (၆၆) ခုပင်ရှိရာ သခင်ယေရှု၏နောက်တွင် ဒုတိယအများဆုံးဖြစ်သည်။ ထိုအပြင် ဆာလံ ကျမ်းတွင်ပါဝင်သော သူ၏သီချင်းပုဒ်ရေ (ရ၅)ခုနှင့်ပေါင်းပါက အခန်းကြီး (၁၄၁)ခု အထိ ဖော်ပြခြင်းခံရသူဖြစ်သည်။

အဘယ်ကြောင့် ဘုရားသခင်သည် အညတရဒါဝိဒ်ကို ရွေးကောက်ချီးမြောက် ပြီး စိတ်တော်နှင့် တွေ့သောသူအဖြစ် သီးသန့်စောင့်ရှောက်ရသနည်း။ အကြောင်း ရင်းများစွာအနက် အချက်(၃)ချက်ကို လေ့လာကြပါစို။

တရားတော်နှင့် ပြည့်ဝခြင်း ၊

ဘုရားသခင်သည် စိတ်တော်နှင့်တွေ့မည့်သူကို အမြဲရှာဖွေလျက်ရှိရာ ဒါဝိဒ် ကို တွေ့ရှိသွားသည် (၁ရာ ၁၃း၁၄)။ သူ့စကားတော်ကို တစ်သဝေမသိမ်းနားထောင်သော၊ သူ့ကိုယုံကြည်ကိုးစား၍ စိတ်နှလုံးအ ကြွင်းမဲ့ဆက်ကပ်သော ဒါဝိဒ်ကို သိုးခြံထဲမှရွေးယူပြီး အစဉ်တည်မြဲနေမည့် ရှင်ဘုရင်အရာကို ပေးအပ်လိုက်သည်။  ယခုအချိန်တွင်လည်း ဘုရားသခင်သည် ခေါင်းဆောင်နေရာအတွက် ဒါဝိဒ်ကဲ့သို့သောလူကို ရှာဖွေလျက်ရှိနေသည်(၆ရာ ၁၉း၆ )။

နှိမ့်ချခြင်း

“ဘုရားသခင်က “ကျွန်တော်မျိုး ဒါဝိဒ်ကို သိုးခြံထဲမှရွေးယူ”ကြောင်း သိရှိကြ ပြီးဖြစ်သည်(ဆာ ၇၈း၇ဝ)။ ဤနေရာတွင်ဖော်ပြသော “ကျွန်တော်မျိုးမှာ စိတ်နှိမ့်ချ သူ၊ ဘုရားသခင်အတွက် သစ္စာရှိစွာ အလုပ်လုပ်သူ၊ တာဝန်ကျေပွန်သူ၊ အကျိုးအ မြတ်နှင့် နာမည်ကောင်းကိုမျှော်ကိုးပြီး အလုပ်လုပ်ခြင်း မဟုတ်သူဟု အဓိပ္ပာယ်ရ သည်။ မည်သူမျှမလုပ်လိုသော သိုးထိန်းအလုပ်ကိုလုပ်ပြီး ဖခင်၏စကားကို စွာ နာခံသော ဒါဝိဒ်သည် မိသားစုနှင့် ပြည်သူအားလုံးအတွက် အကောင်းဆုံးခေါင်း ဆောင်ဖြစ်လာသည်။

ဖြောင့်မတ်တည်ကြည်ခြင်း

“သားငယ်ရှိသောသိုးမတို့ကို ထိန်းခြင်းအမှုမှနှုတ်၍ မိမိလူတည်းဟူသော ယာကုပ်အမျိုးသား၊ အမွေတော်တည်းဟူသောဣသရေလလူတိုကိုကျွေးမွေးစေခြင်း ငှာ (ဒါဝိဒ်ကို)ခန့်ထားတော်မူ၏။ ထိုသူသည် ဖြောင့်သောသဘောရှိသည်အတိုင်း ကျွေးမွေး၍ လိမ္မာသောလက်နှင့် ပိုဆောင်လေ၏” (ဆာ ရ၈း၅၁-၅၂)။

ဘုရားသခင်သည် ခေါင်းဆောင်ရွေးချယ်ရာ၌ ဆင်းရဲသူ၊ ချမ်းသာသူ၊ ထောင် လွှားသူ၊ ထင်ရှားသူဟူ၍မကြည့်ဘဲ တရားတော်နှင့်ပြည့်ဝသူ၊ နှိမ့်ချသူ၊ ဖြောင့်မတ် တည်ကြည်သူကိုသာ ဦးစားပေး ရွေးချယ်သည်။ ဖြောင့်မတ်တည်ကြည်ခြင်း thamam’ ဟူသည် ဟေဗြဲစကားဖြစ်ပြီး “တိကျသည်၊ မှန်ကန်သည်၊ တည်ငြိမ်သည်။ နူးညံ့သည် ́ဟု အဓိပ္ပာယ်ရသည်။ ထိုအချက်များသည် လူသူမမြင်ကွယ်ရာ၌လe ရှိထားရမည့် အပြုအမူနှင့် စိတ်သဘောများဖြစ်၍ ယင်းကိုပင် ဘုရားသခင် အလေးအထားဆုံးဖြစ်သည်။

ဒါဝိဒ်သည် ချမ်းသာသော၊ သြဇာကြီးသော၊ ပညာရှိသော၊ ဂုဏ်အသရေ ကျော်ကြားသော မိသားစုမှ မွေးဖွားလာသူ မဟုတ်စေကာမူ သူသည် အလွန်ဖြောင့်မတ်တည်ကြည်သဖြင့် ဘုရားသခင်က ကြီးမားစွာ အသုံးပြုသည်။

ဒါဝိဒ်၏အသက်ထာ၌ ကြုံဆုံခဲ့ဖူးသောပုဂ္ဂိုလ်များ

ဒါဝိဒ်၏အသက်တာ၌ ကြုံဆုံခဲ့ဖူးသောပုဂ္ဂိုလ်များသည် အကောင်းနှင့်အဆိုး ရောပြွမ်းသော်လည်း ထိုပုဂ္ဂိုလ်များ အားဖြင့် သူ၏အသက်တာရင့်ကျက်လာသည်။ သို့ဖြစ်၍ ဒါဝိဒ်နှင့် ထိုပုဂ္ဂိုလ်များ၏ ပတ်သက်ဆက်နွယ်မှုအားဖြင့် ခေါင်းဆောင်မှု ပညာရပ်တချိုကို လေ့လာကြပါစို။

ဒါဝိဒ်နှင့် ယေရှဲ

ဒါဝိဒ်သည် ယေရှု၏သားဖြစ်၍ ဗက်လင်မြိုသား သိုးထိန်းသမားတစ်ဦးဖြစ် သည်။ ဘုရင်ရှောလုနန်းစံ ပြီး ဆယ်နှစ်ခန့်အကြာတွင် မွေးဖွားသည်။ ညီအစ်ကို မောင်နှမ ယောက်ျား(၈)ယောက်နှင့် မိန်းကလေး(၂) ယောက်အနက် အထွေးဆုံးဖြစ် သည်။ ထိုအပြင် အနှိမ်ခံရဆုံး (သိုးထိန်း၍ စစ်ထဲဝင်ခွင့်မရ)နှင့် ဖခင်ကိုယ်တိုင် ၏ အထင်သေးမှု အခံရဆုံးသူ ဖြစ်သည်။ ဘုရင်အသစ် ဘိသိက်မည့်အချိန်တွင် ဖခင်ယေရှဲက သူ၏သားများကိုတစ်ယောက်ပြီးတစ်ယောက်ပြသော်လည်းဒါဝိဒ် ကျန်သေး မှန်းကိုပင် သတိရဟန်မပေါ်ချေ။ ရှမွေလက အတန် တန်မေးမှသာ ထုတ်ပြခြင်းဖြစ်သည်(၁ရာ ၁၆း၆-၁)။

အကယ်၍ ယေရှဲကိုသာ ဘုရင်အသစ်ရွေး ချယ်ရန်နှင့် မိသားစုခေါင်းဆောင် ရွေးချယ်ရန် တာဝန် ပေးထားပါက ဒါဝိဒ်ကို လုံးဝလူရာသွင်းမည်မဟုတ် ပေ။ သိုသော် ခေါင်းဆောင်ရွေးချယ်သောသူသည် လူ မဟုတ်ဘဲ ဘုရားသခင်ဖြစ်သဖြင့် ဝမ်းသာစရာပင် ဖြစ်သည်။

ဒါဝိဒ်နှင့် သူ၏အစ်ကို များ

ယေရှုသည် အကြီးပိုင်းသားသုံးယောက်တို၏ အခြေအနေကို စုံစမ်းရန်နှင့် ထမင်းပိုရန် သားထွေးဒါဝိဒ်ကို စေခိုင်းလိုက်သည်။ သားသုံးယောက်(ဧလျာဘ၊ အဘိနပ်၊ ရှိမာ)တိုသည် ထိုအချိန်က ရှာခေါအရပ်၌ ရှောလု၏စစ်သားအဖြစ် ဖိလိတ္တိ ပြင်နေချိန်ဖြစ်သည်။ ဒါဝိဒ်ကသိုးထိန်းမည့် သူတစ်ယောက်လိုက်ပြီးနောက် တစ်နေ့မနက်တွင် သွားလိုက်သည်(၁ရာ ၁၇း၂ဝ-၂၃)။

ရှောခေါ်သို့ရောက်သောအခါ အကြီးဆုံးအစ်ကိုလျောဘက “ဘာဖြစ်လို့လာ တာလဲ။ သိုးတွေကို ဘယ်သူထိန်းမလဲ”ဟု ကြိမ်းမောင်းသည်။ သူသည် အိ၌သာ မကဘဲ တောထဲတောင်ထဲ၌ပါ အနှိမ်ခံရသည်။ အစ်ကိုများက သူ့ကို လိုလား မရှိချေ။

သူ့ကို အစ်ကိုများက အထင်သေးကြသော်လည်း ဘုရားသခင်က အလေး သည်။ နိမ့်ချသော်လည်း ဘုရားသခင်က ချီးမြှောက်သည်။ မလိုလားကြသော်လည် ဘုရားသခင်က ငါ့စိတ်နှင့် တွေ့သောသူဟု ဂုဏ်ပြုချီးမွမ်းသည်။

ဒါဝိဒ်နှင့် ရှမွေလ

ရှမွေလသည် ယေရှဲ၏သားတစ်ယောက်ကို ရှင်ဘုရင်အဖြစ်ဘိသိက်ပါလာ သည့် ဘုရားသခင်၏ အမိန့်တော်ကြောင့် ထိုသားများကို ကြီးစဉ်ငယ်လိုက်တန်းနိုင် သည်။ ရှမွေလသည် အကြီးဆုံးသား ဧလျောဘကိုမြင် လျှင် “ဘုရားသခင်ဘိသိက်ထားတဲ့သူပဲ”ဟုချက်ချင်း ပြောလိုက်သည်။ သိုသော် ဘုရားသခင် က “မျက်နှာ နှင့် အရပ်အမောင်းကို မကြည့်ပါနှင့်။ သူ့ကိုငါပယ် တယ်။ ငါက လူတွေလိုမကြည့်ဘူး။ လူတွေက အပေါ် ယံကိုကြည့်တယ်။ ငါကတော့ နှလုံးသားကို ကြည့် တယ်”ဟုမိန့်လိုက်သည်(၁ရာ၁၆း၆-ရ)။တစ်ယောက် ၊ ပြီးတစ်ယောက် ကြည့်ရှုသော်လည်း ဘုရားသခင်၏ ဘိသိက်သော သူ တစ်ယောက်မျှမရှိချေ(ရှမွေလကမူ သားအားလုံးကို သဘောကျသည်)။ နောက်ဆုံးတွင် တောထဲ သိုးထိန်းနေသော ဒါဝိဒ်ကို ဆင့်ခေါ်ကြသည်။

ရှမွေလသာ ရွေးပိုင်ခွင့်ရှိပါက ဒါဝိဒ်ကို ရွေးလိမ့်မည်မဟုတ်ပေ။ အပေါ် သာကြည့်သဖြင့် အကြီးဆုံး သားကိုမြင်သောအခါ ချက်ချင်းဆိုသလို သဘောကျ ဖြစ်သည်။ လူတိုသည် အပေါ်ယံကို သာမြင်သည့် အလျောက် တစ်ခုခုရွေးသည့်အ တွင်လည်း ယုံကြည်ခြင်းကိုမကြည့်ဘဲ အမြင်အားဖြင့်သာ ရွေးချယ်လေ့ရှိကြ သိုဖြစ်၍အပေါ်ယံကိုမကြည့်ဘဲ နှလုံးသားနှင့် ယုံကြည်ခြင်းကိုသာကြည့်သောသူ သခင်ကို ပိုင်ဆိုင်ရသည့် အတွက် ခေါင်းဆောင်ကောင်း ဖြစ်နိုင်သေးကြသည်ကို သတိရကြပါစို။

ဒါဝိဒ်နှင့် ရှောလု

ဒါဝိဒ်သည် ရှောလုကို စောင်းတီးဖျော်ဖြေသူဖြစ်သဖြင့် သူတိုနှစ်ဦး မကြာ ခဏဆုံတွေ့လေ့ရှိကြသည်။ သိုသော် ရှောလှသည် ဒါဝိဒ်ကို ဂီတကျွမ်းကျင်တစ်ဦး အဖြစ်ထက်ပို၍ သိချင်မှသိလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ဂေါလျတ်ကိုအနိုင်ရ သောအခါမှသာ ဒါဝိဒ်အကြောင်း စုံစမ်းသောကြောင့် ဖြစ်သည်။ ယင်းမှာလည်း ဂေါ လျတ်ကိုသတ်ဖြတ်နိုင်သူရှိပါက သမက်တော်မည်ဟု ကတိပေးသဖြင့် စုံစမ်းခြင်းဖြစ် နိုင်သည်။ မည်သိုပင်ဖြစ်စေ၊ သူတိုနှစ်ဦး၏ဆက်ဆံရေး ပိုမိုနွေးထွေးလာသည်။

ဒါဝိဒ်သည် နေ့ချင်းညချင်းပင် သူရဲကောင်းဖြစ်လာသဖြင့် ရှောလုက အိမ်ပြန် ခွင့်မပေးတော့ပေ။ ရှောလုစေခိုင်းလေရာသို စစ်တိုက်ပြီး အောင်မြင်မှုများစွာ ယူ ဆောင်ပေးခဲ့သည် (၁ရာ ၁၈း၂၊ ၅။ ရှောလု၏သမီး မိခါလနှင့် လက်ထပ်ပြီး သမက်တော်ဖြစ်လာသည်။ သူသည် နောက်ပိုင်းတွင် ပို၍ပင်ကျော်ကြားလာသ ဖြင့် ရှောလှကြောက်လာသည်။ ထိုကြားထဲတွင် “ဒါဝိဒ် က အလောင်းအသောင်းသတ်သည် ရှောလုက အ ထောင်အထောင်သတ်သည်”ဟူသည့် လူထု၏ကြွေးကြော်သံကြောင့် ဒါဝိဒ်ကို မုန်းတီးလာသည်။ သိုသော် ဒါဝိဒ်သည် အုပ်စိုးသောဘုရင်၏စကားကို နားထောင် သဖြင့် သူ၏ဝင်ခြင်း ထွက်ခြင်း၌ ဘုရားသခင်က ကောင်းချီးပေးသည်(၁ရာ ၁၈း၅-ရ၊ ၁၄)။

တစ်နေ့တွင် ဒါဝိဒ်သည် ရှောလုကို စောင်းတီးဖျော်ဖြေနေစဉ် ရှောလုက သူ၏ လှံတံဖြင့် ရုတ်တရက်ထိုးလိုက်သည်(၁ရာ ၁၈း၁၀-၁၁)။ နောက်ပိုင်းတွင်လည်း အ ကြိမ်ကြိမ်လုပ်ကြံသည်။ သိုသော် မအောင်မြင်ပေ။ ဒါဝိဒ်ကမူ ရှောလုကို မလုပ်ကြံဖူး ချေ။ ဒါဝိဒ်သည် သူ၏ဘုရင်ကိုလေးစား၍ ဘုရင်အသက်ရှင်နေသမျှ ရာထူးလုယူ မည့်သူ မဟုတ်ချေ။

ရှောလုက အခွင့်ရတိုင်းလုပ်ကြံသဖြင့် ဒါဝိဒ်သည် အမြဲရှောင်တိမ်းနေရသည်။ ထိုသိုရှောင် တိမ်းရာ၌ သူသာဆန္ဒရှိပါကရှောလှကိုလုပ်ကြံခွင့်ရလေ့ရှိသည်။ သိုသော် သူသည် ဘုရားသခင်ဘိ သိက်သောပုဂ္ဂိုလ်ကို လုံးဝမထိပါးဘဲ ဘုရား၏အချိန်ကိုသာ စောင့်သဖြင့် အစဉ်တည်မည့်နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့သည်။ မည်မျှပင် အကျင်ပျက်နေပါစေ၊ ဘုရားသခင်ဘိသိက်သောသ ပါက ထိပါးဆန့်ကျင်ခြင်းမပြုမိရန် အလွန်အရေးကြီး သည်။ ဘုရားကိုယ်တိုင်၏ ဖယ်ရှားပေးမည့်အချိန် စောင်ပြီး အလိုတော်နှင့်အညီ အသက်ရှင်သွားပါ မိမိအလှည့်တွင် ကောင်းချီးခံစားသော ခေါင်းဆောင် ကောင်းဖြစ်လာနိုင်မည်ဖြစ်သည်။

ဒါဝိဒ်နှင့် ဂေါလျတ်

ဂေါလျတ်သည် အရပ် (၉)ပေနှင့်၉)လက်မမြင့်သော စစ်သူရဲတစ်ဦးဖြစ်သည်။ ဘတ်စကက် ဘောသမားသာဖြစ်ပါက ပြိုင်ဖက်အသင်းကို ဂိုးများစွာသွင်းမည့် အရပ် မျိုးဖြစ်သည်။ သူ၏စစ်ဝတ် တန်ဆာသည် (၁၂၅)ပေါင်လေးသဖြင့် သာမန်လူတစ် ယောက်ထက်ပင် ပိုလေးသည်။ လှံတံ၏အဖျားသည်ပင် (၁၅)ပေါင်လေးသဖြင့် ကာ ကွယ်ရအလွန်ခက်နေမည်ဖြစ်သည်။

ဤမျှကြီးထွားသောပုဂ္ဂိုလ်က တစ်ယောက်ချင်းစိန်ခေါ်သောအခါ ရှောလှ၏ စစ်သားများသည် အလွန်ကြောက်ရွံပြီး စိတ်ဓာတ်ကျဆင်းနေကြသည်။ ရှောလှနှင့် အဖွဲသည် ရှမွေလကဲ့သိုပင် အပေါ်ယံ ကိုကြည့်ပြီး ကြောက်သင့်၊ မကြောက်သင့် ဆုံးဖြတ်နေကြသည်။ ယုံကြည်ခြင်းဖြင့် လျှောက် လှမ်းသူများသည် သတ္တိရှိပြီး အမြင် အားဖြင့် လျှောက်လှမ်းသူများသည် သူရဲဘောနည်းသည်။

ဒါဝိဒ်ကမူ အပေါ်ယံကိုမကြည့်ဘဲ ဘုရား၏တတ်နိုင်မှုကိုသာကြည့်သည်။ လူ့ အမြင်အားဖြင့် မည်မျှပင်မဖြစ်နိုင်သည့်တိုင် ဂေါလျတ်ကိုတိုက်ခိုက်ရန် ချီတက်ရဲ သည်။ စစ်ဝတ်တန်ဆာကိုပင်သူ့အဖိုလေးလွန်းသဖြင့် ဝတ်မနေတော့ဘဲ လောက်လွှ နှင့်တောင်ဝှေးကိုသာ ယူဆောင်သွားသည်။ လောက်စာအတွက် ကျောက်ခဲများ ကိုပင် သွားနေရင်းမှ ကောက်ယူခြင်းဖြစ်သည်။

ဂေါလျတ်က “တောင်ဝှေးတစ်ချောင်းတည်းနှင့်လာရအောင် ငါ့ကို ခွေးများ မှတ်နေသလား”ဟု ကြိမ်းဝါးပြီးမှ ၄င်း၏ဘုရားများကိုတိုင်တည်ပြီး ကျိန်ဆဲလိုက် သည်။ ထိုအခါ ဒါဝိဒ်က “သင်က ဓား၊ လှံတွေကိုကိုင်ပြီး ငါ့ဆီလာပေမဲ့ ငါ သင်မထီမဲ့မြင်ပြုတဲ့ အစ္စရေးစစ်သားတွေရဲ့ဘုရား၊ လူထုရဲ့ဘုရား နာမတော်ကို ကိုင် ပြီး လာတာဖြစ်တယ်။ ဘုရားသခင်က သင့်ကို ငါ့လက်ထဲမှာအပ်ပြီးပြီ။ သင့်လည်ပင်းကို ဖြတ်မည်။ သင်တိုရဲ့အလောင်းတွေကို သားရဲတိစ္ဆာန်တွေစားဖို ကျွေးပစ်လိုက် မယ်။ ဒါမှ အစ္စရေးတွေက သူတိုနှင့်အတူ ဘုရားသခင်ရှိတာကို နားလည်ကြလိမ့် မယ်”ဟု ပြန်ပြောသည်။

ထိုသိုပြောပြီးမှ ဂေါလျတ်ထံပြေးသွားရင်း လွယ်အိတ်ထဲမှ ကျောက်ခဲတစ်လုံး ယူပြီးလွှပစ်လိုက်သည်။ ခဲလုံးသည် ဂေါလျတ်၏နဖူးကို ထိမှန်ရာ သူသည် နောက် လှန်လဲကျမည့်အစား ရှေ့သို ငိုက်စိုက်လဲကျပြီး သေဆုံးသွားသည်။ ထိုအခါ ဒါဝိဒ် သည် ဂေါလျတ်၏ဦးခေါင်းကို ဖြတ်ယူလိုက် သည်။

သင်ခန်းစာယူစရာအချက်တချို့

၁) ဒါဝိဒ်၏အမြင်နှင့် သူတစ်ပါး၏အမြင် မတူချေ။ သူတစ်ပါး၏အမြင်တွင် ဂေါလျတ်သည် အလွန်ကြီးမားသော်လည်း ဒါဝိဒ်ကမူ အောင်မြင်မှုအတွက် အခွင့်ကောင်းတစ်ခုအဖြစ် မြင်သည်။ ရန်သူအင်အားကြီးလေလေ အောင် မြင်မှုပိုကြီးလေလေဟုသာ ခံယူသည်။

ဒါဝိဒ်၏အမြင်တွင် ဂေါလျတ်နှင့် မိမိ သိုမဟုတ် ဂေါလျက်နှင့် အစ္စရေးစစ်သား များ၏ တိုက်ပွဲဟု မမြင်ဘဲ အစ္စရေးတိုဘုရား နှင့် ဂေါလျတ်၏ဘုရားတို တိုက်ခိုက်သကဲ့ သိုသာ မြင်သည်။ အစ္စရေးတို၏ ထာဝရ ဘုရားသည် ရှုးနိမ့်သောဘုရားမဟုတ်သ ဖြင့် ဒါဝိဒ်သည် တုန်လှုပ်ခြင်းလုံးဝမရှိချေ။

အခြားသူများက ဂေါလျတ်ကို ခွန်အား ကြီးမားလွန်းသည်ဟုဆိုပြီး မတိုက်ခိုက်ရဲ သည့်အချိန်တွင် ဒါဝိဒ်ကမူ လွတ်မြောက် သွားပါက နှမြောစရာကောင်းလှသည်ဟု ခံယူသည်။

 ၂) ဒါဝိဒ်၏စစ်တိုက်နည်းနှင့် သူတစ်ပါး၏စစ်တိုက်နည်း မတူချေ။ အခြားသူ များက စစ်လက်နက်ပစ္စည်းများကို မိမိတိုနှင့် အံဝင်၊ မဝင်မကြည့်ဘဲ အသုံး ပြုလိုကြသည်။ ဒါဝိဒ်ကမူ သုံးနေကျလက်နက်များကိုသာ အသုံးပြုသည်။

အသုံးဝင်မှန်းသိသည့် လက်နက်ကိုသာ အသုံးပြုသဖြင့် စစ်တိုက်ရာတွင် ပြဿနာမရှိတော့ပေ။ သိုဖြစ်၍ အခြားသူများ၏ ခေါင်းဆောင်မှုစနစ်ကို မိမိတိုနှင့် အံမဝင်ကအတုခိုးရန်မဟုတ်ဘဲ မိမိတိုနှင့် အံဝင်သည့်စနစ်ကိုသာ အသုံးပြုသင့်သည်။

ဒါဝိဒ်သည်ဂေါလျတ်ကိုသတ်ဖြတ်နိုင်ပြီးနောက်ဘုရင့်စစ်သူကြီးတစ်ဦး ဖြစ်လာသည်။ ထိုအခါတွင်မူ မိမိနှင့်အံဝင်သည့်စစ်လက်နက်များကို သူ့ နေရာနှင့်သူ အသုံးပြုသည်။

 ၃) ဒါဝိဒ်၏ယုံကြည်ခြင်းနှင့် သူတစ်ပါး၏ယုံကြည်ခြင်း မတူချေ။ အခြားသူများ က ဂေါလျတ်ကို ခွန်အားကြီးမားလွန်းသဖြင့် နိုင်မည်မဟုတ်ဟု ယုံကြည် သည့်အချိန်တွင် ဒါဝိဒ်ကမူ ဘုရားသခင်အတူပါရှိ သဖြင့် နိုင်ရမည်ဟု ယုံကြည်ချက်ရှိသည်။ အကြောင်း မှာ ဂေါလျတ်သည် အရေဖျားလှီးသူ မဟုတ်သည့် အပြင် ဘုရားသခင်အား ကျိန်ဆဲသူတစ်ဦးဖြစ်မှန်း ၊ သိရှိသောကြောင့် ဖြစ်သည်။ ။

ဒါဝိဒ်သည် မိမိကိုမိမိ ဘုရားသခင် ရွေးကောက် သောလူမျိုး၊ ကတိတော်ဖြင့် ပြည့်သော လူမျိုး၊ ဘုရား သခင်နှင့် ပဋိညာဉ်ပြုသောလူမျိုးဖြစ်မှန်း ရှင်းလင်းစွာ သိရှိသဖြင့် မယုံကြည်သူများကို ကြောက်စရာအဖြစ် မမြင်ချေ။ ယုံကြည် ခြင်းက ရဲစွမ်းသတ္တိကို မွေးဖွားစေ၍ အောင်မြင်ခြင်းကို ဆွတ်ခူးစေသည်။

 ၄) ဒါဝိဒ်၏ပန်းတိုင်နှင့် သူတစ်ပါး၏ပန်းတိုင် မတူချေ။ အခြားသူများက ကျော် ကြားမှု၊ အောင်မြင်မှု၊ ချီးမြောက်မှု စသည်တိုအတွက် ပန်းတိုင်ထားရှိသည့် အချိန်တွင် ဒါဝိဒ်ကမူ ယင်းတိုကို ဘုရားသခင်ကိုသာ ပေးအပ်သည်။ အခြားသူများက ရှောလု၏သမီးကို လက်ထပ်လိုသဖြင့် စစ်တိုက်ကြသည့် အချိန်တွင် ဒါဝိဒ်ကမူ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေရန်သာ စစ် တိုက်သည်။

သီချင်းစပ်ဆိုသည့်အခါတွင်လည်း ဘုရားသခင်၏ ဘုန်းတော်ထင် ရှားရေးကိုသာ ပန်းတိုင်အဖြစ် ထားရှိသည်။ ထိုသို အရာရာ၌ ဘုရားသခင် ကိုသာ ဦးထိပ်ထားသဖြင့် တစ်ကြိမ်မျှပင် စစ်မရှုံးဖူးခဲ့ချေ။

၅) ဒါဝိဒ်၏အတွေ့အကြုံနှင့် သူတစ်ပါး၏အတွေ့အကြုံ မတူချေ။ အခြားသူ များက စိုးရွံသောစိတ်ဖြင့် စစ်တိုက်ကြသည့်အချိန်တွင် ဒါဝိဒ်ကမူ ယုံကြည် သောစိတ်ဖြင့် စစ်တိုက်သည်။ အကြောင်းမှာ ခြင်္သေ့နှင့် ဝက်ဝံများအပေါ် အနိုင်ရစေသော ဘုရားသခင်က ဂေါလျက်အပေါ်လည်း အနိုင်ရစေမည် မှန်း သိထား၍ ဖြစ်သည်။ ဒါဝိဒ်သည် တွေ့ကြုံခဲ့ဖူးသော ဘုရားသခင်၏ တန်ခိုးတော်နှင့် ကောင်းမြတ်မှုတိုကိုကြည့်ပြီး ခြေလှမ်းလှမ်းရဲသည်။

ပြဿနာတစ်ခုခု ကြုံတွေ့ရသည့်အချိန်တွင် ယခင်က ဘုရားသခင်၏ အတူပါရှိပေးမှုတိုကို ပြန်လည်ဆင်ခြင်မည်ဆိုလျှင် မရင်ဆိုင်ရဲစရာမရှိပေ။ စိုးရွံသောစိတ်ဖြင့် ခြေလှမ်းလှမ်းမိလျှင်မူ ထိုအရာက အားအင်ချည့်နဲ့စေမည် ဖြစ်သည်။

ဒါဝိဒ်နှင့် ယောနသန်

“ကတိပေးရာမှာတော့ ယောက်ျားတိုင်းက အတူတူပါပဲ။ ဒါပေမဲ့ ကတိတည်၊ မတည်မှာတော့ ကွဲပြားမှုရှိပါတယ်”ဟု Moliereက မှတ်ချက်ချဖူးသည်။ ကတိပေး ဖိုလွယ်သလောက် ကတိတည်ဖို ခက်ခဲသည်။ အခက်အခဲကြားမှ ကတိတည်သော သူများကို လူတိုင်းက လေးစားမြတ်နိုးကြသည်။

ဒါဝိဒ်နှင့် ယောနသန်တို၏ ပေါင်းသင်းဆက် ဆံမှုကို ယောနသန်၏အကြောင်းတွင် ပြည့်စုံစွာ ဖော် ပြသွားမည်ဖြစ်၍ ဤနေရာ၌ အကျယ်မချဲ့တော့ပါ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကတိပေးကြပုံ၊ ပေါင်း သင်းဆက်ဆံပုံ၊ ချစ်ခင်ရင်းနှီးပုံ၊ စာနာထောက်ထား ပုံ၊ တည်ကြည်ဖြောင့်မတ်ပုံ၊ ကတိတည်ကြပုံနှင့် သား စဉ်မြေးဆက်အထိ ခိုင်မြဲသောဆက်ဆံရေးရှိပုံတိုကို ကြည့်ခြင်းအားဖြင့် ဒါဝိဒ်သည် မိတ်ဆွေစစ်ပိုင်ဆိုင် သူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ဒါဝိဒ်နှင့် သူ၏လုပ်ဖော်ဆောင်ဖက်များ

ဒါဝိဒ်သည် ကာလအတန်ကြာ ထွက်ပြေးပုန်းရှောင်ပြီးနောက် အဒုလံအမည်ရှိ တစ်ခုသို ရောက်ရှိသွား သည်။ ဤမျှဒုက္ခရောက်သည့်ကြားထဲတွင် ၄င်းထက်ပို၍ဒုက္ခရောက်သော လူ(၄၀၀)က လာရောက်မှီခို သဖြင့်(၁ရာ ၂၂;၁-၂) ထိုသူတို၏ လို အပ်ချက်များကို ဦးဆောင်စီမံပေးဖိုဖြစ်လာသည်။ အခါ အခက်အခဲကြားမှ ဘုရားသခင်ကိုတမ်းတပြီး ကိုးစားလျက်ရှိ နေပုံတိုကို သီချင်း ရေးစပ်ဖွဲဆိုသည်(ဆာ ၃၄၊ ၁၄၂)။ နောက်ပိုင်းတွင် လူ(၂၀၀) ထပ်ရောက်လာသဖြင့် ပို၍ဒုက္ခရောက်သည်(၁ရာ ၂၃;၁၃)။

သိုသော်လည်း ကာလကြာလာသောအခါ ထိုဒုက္ခသည်(၆ဝဝ)တိုသည် ဒါ8ဒ် ၏ စစ်သူရဲများ ဖြစ်လာကြသည်(၁ရာ ၂၇း၂၊ ၃ဝး၉)။ ဒုက္ခအရောက်ဆုံးသောနေရာ သည် လေ့ကျင့်သင်ကြားသောနေရာနှင့် အောင်မြင်ခြင်းအစပြုသောနေရာ ဖြစ်လာ သည်။ ဒါဝိဒ်သည် သူတိုအတွက် အသက်စွန့်ရဲသကဲ့သို သူတိုကလည်း ဒါဝိဒ်အတွက် အသက်စွန့်ရဲကြသည်။ တစ်ခါကဆိုလျှင် ဒါဝိဒ်သည် ရေငတ်လာပြီး ဗက်လင်မြို ကရေကိုသာ တောင့်တသည်။ ဗက်လင်မြိုကို ရန်သူများဝိုင်းထားနေဆဲဖြစ်သဖြင့် ထို မြိုကရေသယ်ယူရေးသည် အလွန်ခက်ခဲသော အရာတစ်ခုဖြစ်သည်။ သိုသော်လည်း စစ်သားသုံးယောက်ခန့်သည် ရန်သူများရှေ့ကို ဖြတ် ပြီး သွားသယ်ကြသည်။ ဒါဝိဒ်ကို အသက်နှင့်ရင်းပြီး ချစ်ကြမှန်း ပေါ်လွင်ထင်ရှားသည်။

ထိုအပြင် ဒါဝိဒ်က ထိုလူ(၆ဝဝ)တိုကို တန်း တူညီတူဆက်ဆံသည်။ အားနည်းသည်၊ အားကြီး၏။ သည်ဟုမခွဲခြားဘဲ ရသင့်ရထိုက်သည်များကို တူညီ စွာခွဲဝေပေးသည်(၁ရာ ၃၀း၂၁-၂၂)။ ခွဲခြားဆက် ဆံမှု မကျင့်သုံးသော ခေါင်းဆောင်သည် နောက် လိုက်များကို စိတ်မနာစေသည့်အပြင် အချင်းချင်း မနာလိုမှုမှလည်း ကင်းဝေးစေမည်ဖြစ်သည်။

ဒါဝိဒ်နှင့် ဥရိယ

ကျမ်းစာထဲတွင်ဥရိယဟူသည့်နာမည်ကို(၃၈)ကြိမ်တွေ့ရသည်။ဒါဝိဒ်၏ရဲမက် ဥရိယ၏ နာမည်ကိုမူ (၂၅)ကြိမ်တွေ့ရသည်။ ဓမ္မဟောင်းတွင် (၂၄)ကြိမ်နှင့် ဓမ္မ တွင် (၁)ကြိမ် ဖြစ်သည်။ သူသည် ယုဒလူမျိုး မဟုတ်သော်လည်း (ဟိတ္တိလူမျိုးဖြစ် သည်) ယုဒနိုင်ငံအတွက် အလွန်သစ္စာရှိပြီး အသက်ကိုပင် စွန့်လွှတ်ခဲ့သူဖြစ်သည်။

ဒါ8ဒ်သည် စစ်တိုက်ရမည့်ရက်တွင် ရှေ့တန်းသိုမသွားဘဲ နန်းတော်ခေါင်မိုး ပေါ်၌အေးအေး လူလူလမ်းလျှောက်စဉ်အလွန်ချောမောလှပသောမိန်းမတစ်ယောက် ကို လှမ်းမြင်သည်(၂ရာ ၁၁း၂)။ အစေခံတစ်ယောက်ကိုစုံစမ်းခိုင်းရာ “ဧလျံရဲ့သမီး၊ ဟတ္တိလူမျိုးဥရိယရဲ့ဇနီး ဗာသရှေဘဖြစ်ပါတယ်” ဟု ပြန်လည်အစီရင်ခံသည်။ ယုဒ တို၏ထုံးစံအရ တစ်စုံတစ်ယောက်၏အကြောင်းပြောလျှင် အမည်၊ ဖခင်အမည်နှင့် မျိုးနွယ်စုအမည်ကို အတိအကျပြောရသော်လည်း ဇနီး၏နာမည် သိုမဟုတ် ခင်ပွန်း ၏နာမည်ကို အများအားဖြင့် ပြောလေ့မရှိကြပေ။ သိုဖြစ်ရာ ဤနေရာ၌ ဗာသရှေဘ ကို “ဥရိယ၏ဇနီး” ဟု အထူးပြုပြောဆိုခြင်းမှာ “လင်ရှိမယားဖြစ်သဖြင့် မပစ်မှားနှင့်” ဟု သတိပေးလိုခြင်းဖြစ်သည်။

သိုသော် ဒါဝိဒ်သည် မည်သူ့ကိုမျှမမှုနိုင်တော့ဘဲ ဗာသရှေဘကိုကျူးလွန် သည်။ မကြာမီတွင် ဗာသရှေဘက ဒါဝိဒ်ထံ “ကိုယ်ဝန်လွယ်ထားပြီ”ဟု သတင်းပို လိုက်သည်။ ခိုးစားရသောအရာတစ်ခုခုသည် အရသာချိုမြိန်သော်လည်း လူမိသော အခါတွင်မူ အရသာမရှိတော့ပေ။ ထိုနည်းတူ အပြစ်တစ် ခုခုကျူးလွန်သည့်အချိန်တွင် ကျေနပ်သလိုလိုဖြစ်သော်လည်း ပူပန်ခြင်းနှင့် အရှက် ကွဲခြင်းက လိုက် လာစမြဲပင်ဖြစ်သည်။

ဒါဝိဒ်သည် အပြစ်ဖုံးကွယ်လိုသဖြင့် ဥရိယကို ရှေ့တန်းမှပြန်ခေါ်ပြီး အိမ်ပြန်ခိုင်းသည်။ သိုသော် ဥရိယသည် အိမ်သိုမပြန်ဘဲ အစေခံများနှင့်အတူ နန်းတော်တံခါးဝတွင် အိပ်လိုက်သည်။ ထိုအခါ ဒါဝိဒ်က “ဒီညတော့ ဒီမှာပဲအိပ်ပြီး မနက်ဖြန်မှာတော့ ပြန် လိုက်ပါ” ဟု ပြောပြီး စားသောက်ဖွယ်ရာများဖြင့် ဧည့် ခံသည်။ နောက်တစ်နေ့တွင်လည်း ဥရိယသည် အိမ် သိုမပြန်ဘဲ အစေခံများနှင့်အတူအိပ်သည်။ ထိုအခါ ဒါဝိဒ်က ဥရိယကို ရှေ့တန်းသို ပြန်လွှတ်ပြီး စစ်သူကြီးတွိဘထံ စာပါးလိုက်သည်။ စာထဲတွင် “ဥရိယကို တိုက်ပွဲ အပြင်းထန်ဆုံးနေရာမှာပိုပြီး ကျန်တဲ့စစ်သားတွေကို နောက်ဆုတ်ခိုင်းလိုက်ပါ။ ဒါမှ သူကျဆုံးလိမ့်မယ်”ဟု ရေးလိုက်သည်။ ။

ဥရိယသည် ဒါဝိဒ်နှင့် အစ္စရေးလူမျိုးများအပေါ် အလွန်သစ္စာရှိသော်လည်း ဒါဝိဒ်သည် ဥရိယအပေါ် လုံးဝသစ္စာမရှိချေ။ ဥရိယသည် စစ်ပွဲမပြီးသေးသဖြင့် မိန်းမထံမအိပ်သည်အထိ သစ္စာရှိသော်လည်း ဒါဝိဒ်ကမူ စစ်ရေးကိုဦးစားမပေးဘဲ သူ၏ ဆန္ဒကိုသာ ဦးစားပေးသည်။

နောက်လိုက်များသည် ခေါင်းဆောင်များအပေါ် သစ္စာရှိကြသော်လည်း ခေါင်း ဆောင်များသည် နောက်လိုက်များအပေါ် သစ္စာဖောက်ဖျက်တတ်သည်။ ခေါင်း ဆောင်များက ကိုယ်ကျိုးသာကြည့်သောအခါ နောက်လိုက်များက ခံရလေ့ရှိကြ သည်။ သိုဖြစ်၍ ခေါင်းဆောင်များသည် နောက်လိုက်များအပေါ်သစ္စာရှိပြီး ရသင့်ရ ထိုက်သည်များကိုလည်း မနာလိုခြင်းမရှိဘဲ မှန်ကန်စွာမျှဝေပေးရန် အရေးကြီးသည်။

ဒါဝိဒ်၏သစ္စာမဲ့မှုကြောင့် ဥရိယအသက်စွန့်ခဲ့ရသည်။ ထိုကြောင့် ဘုရားသခင် က ဒါဝိဒ်ကို ပြင်းထန်စွာအရေးယူသည်။ ဘုရားသခင်သည် ၄င်း၏စိတ်တော်နှင့်တွေ့သော ဒါဝိဒ်ကိုပင် ပြင်းထန်စွာ အရေးယူသည်ဆိုလျှင် နောက်လိုက်များအပေါ် တစ် နည်းနည်းဖြင့်သစ္စာမဲ့ကြသော ခေါင်းဆောင်များကို လွှတ်ထားလိမ့်မည်မဟုတ်ချေ။

ဒါဝိဒ်နှင့် အဗရှလုံ

အဗရှလုံသည် ဖခင်ဒါဝိဒ်ကိုလှည့်ဖြားပြီး ညီအစ်ကိုများကိုခေါ်ထုတ်သည့် အပြင် အစ်ကိုဖြစ် သူအာမနုန်ကို သတ်လိုက်သေးသည်။ ထိုနောက် ဂေရှုရမြိုရှိ ၄င်း၏ အဖိုးထံ (၂)နှစ်ခန့် ပုန်းခိုနေထိုင်သည်။ ထိုအဖြစ် သည် ဒါဝိဒ်အဖို မည်မျှခံရခက်ပါမည်နည်း။

အဗရှလုံသည် ဒါဝိဒ်ကပြန်ခေါ်သဖြင့် အိမ်သို ပြန်လာသည့်တိုင် ဒါဝိဒ်ကို (၂)နှစ်လုံးလုံးအ တွေ့ မခံချေ။ အပြစ်နောင်တမရသည့်အပြင် ဖခင်၏အရိုက် အရာလုယူရန်သာ အမြဲကြံစည်သည်။ ထိုကြောင့် ပုန်ကန်သတ်ဖြတ်ရန် စစ်သားစုဆောင်းသည်။ လူထု ကို ၄င်းဘက်သိုပါအောင် စည်းရုံးဆွဲဆောင်ခဲ့သည် (၂ရာ ၁၅း၅-၆၊၁၃)။

အဗရှလုံနှင့်အဖွဲ စစ်ချီလာသောအခါ ဒါဝိဒ်ခမျာ နန်းတော်နှင့် ကိုယ်လုပ် များကိုထားခဲ့ပြီးထွက်ပြေး တိမ်းရှောင်ရသည်။ ထိုအခါ အဗရှလုံသည် အောင် အနေဖြင့် ဖခင်၏ကိုယ်လုပ်တော်များကို လူထုရှေ့မှောက်၌ လွန်ကျူးလူ ထိုနောက် ဖခင်ကို လိုက်လံတိုက်ခိုက်ရာ နောက်ဆုံးတွင် ၄င်းပင်သေဆုံးသွားသည်။

အ‌ဗရှလုံသေဆုံးသောအခါ ဒါဝိဒ်ဝမ်းသာမှာပဲဟု ထင်မိကြသော်လည်း အ ထင်နှင့်အမြင်လွဲသွားသည်။ သူသည် ဝမ်းနည်းစွာငိုယိုလျက် “အို၊ ငါ့သားအဗရှလုံ၊ အဗရှလုံ၊ မင်းနေရာမှာ ငါဖြစ်ရင် ပိုကောင်းမှာပဲ။ အို၊ အဗရှလုံ၊ အဗရှလုံ”ဟု မြည် တမ်းနေရှာသည်(၂ရာ ၁၈၃၃)။ ဒါဝိဒ်၏ ဘုရင်အနေဖြင့် လူထုကိုခေါင်းဆောင်မှု၊ သေအတူရှင်မကွာတိုက်ပွဲဝင်မှု၊ ဖခင်အနေဖြင့် အဗရှလုံအပေါ် သနားကြင်နာမှု၊ အပြစ်ခွင့်လွှတ်မှုစသည်တိုကို တွေ့မြင်နိုင်သည်။ အဗရှလုံအပေါ် အမျက်ဒေါသထက် ချစ်မေတ္တာပိုကြီးပြီး အမုန်းတရားထက် အကြင်နာတရားပိုကြီးသည်။ မောဟထက် ကရုဏာပိုကြီးပြီး တုံပြန်ရန်ထက် ခွင့်လွှတ်ခြင်းပိုကြီးသည်။ နေရာလုသူအပေါ် ရန်ငြိုး မဖွဲဘဲ မေတ္တာကိုသာ ဦးစားပေးသည်။ ခွင့်လွှတ်ခြင်းတရားစွဲကိုင်သောခေါင်းဆောင် သည် ရန်ဖက်မများဘဲ တစ်ခါတစ်ရံ ရှုးနိမ့်တော့ မလိုလိုဖြစ်သည့်တိုင် မေတ္တာဖြင့် အမြဲအောင်မြင်နေမည်သာဖြစ်သည်။

ဒါဝိဒ်နှင့် ရှောလမုန်

ဒါဝိဒ်နှင့် ရှောလမုန်တိုအကြားတွင် ပြောဆိုစရာများစွာ ရှိသော်လည်း အရေး ကြီးဆုံးအချက် တစ်ခုဖြစ်သည့် ဒါဝိဒ်နောက်ဆုံးမှာကြားချက်ကို လေ့လာကြပါမည်။ ဒါဝိဒ်က “လောက ဓမ္မတာအတိုင်း ငါသွားရတော့မယ်။ ဒါကြောင့် အားတင်းထား ပြီး ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သတ္တိကို ပြသလိုက်ပါ။ ဘုရားသခင်ရဲ့ စကားကို တစ်သဝေမတိမ်းနာခံပြီး အလိုတော်အတိုင်း လိုက်လျှောက်ပါ။ ပညတ်တော်နှင့် စီရင် ထုံးဖွဲ ချက်တွေကို ထိန်းသိမ်းစောင့်ရှောက်ပါ။ ဒါမှပြု လေရာရာ၊ သွားလေရာရာမှာအောင်မြင်မှာဖြစ်တယ်” ဟု ရှောလမုန်ကို မှာကြားသည်(၃ရာ ၂း၁-၄)။

နောက်ဆုံးစကားဖြစ်သဖြင့် “အားတင်းထား ရန်၊ သတ္တိရှိရန်၊ ဘုရားသခင်ကို လေးမြတ်ရန်၊ စကား တော်အတိုင်းနာခံလိုက်လျှောက်ရန်’ဟူသည့် အရေး ကြီးဆုံးအချက်များကိုသာ မှာကြားခဲ့ခြင်းဖြစ်သည်။ သူကိုယ်တိုင်က ဘုရားသခင်ကို အလေးအမြတ်ထား သည့်နည်းတူအရိုက်အရာဆက်ခံမည့် ရှောလမုန်ကို လည်း ထိုနည်းအတိုင်းဖြစ်စေလိုသည်။

ရှောလမုန်သည် ဘုရင်ဖြစ်လာသောအခါ ဖခင်၏ဆန္ဒအတိုင်း ယဇ်ပူဇော်ခြင်း နှင့် ဆုတောင်းခြင်းဖြင့် အစပြုခဲ့သည်။ သိုဖြစ်၍ မိဘများသည် သားသမီးများအတွက် မည်သည့်ဆန္ဒရှိကြသနည်း။ ခေါင်းဆောင်များ သည် အရိုက်အရာဆက်ခံမည့်သူများ အတွက် မည်သည်ကို အလေးအမြတ်ထားစေလိုကြသနည်း။

ဒါဝိဒ်နှင့် စစ်သူရဲများ

ဒါဝိဒ်သည် လူကြီးတချိုနှင့် စစ်သူရဲတချိုတို၏ အမြဲကူညီပေးမှုကြောင့် တစ် ဆင့်ပြီးတစ်ဆင့် အောင်မြင်လာခဲ့သည်။ ခေါင်းဆောင်ကောင်းတိုသည် ၄င်းတိုကို ကူညီမည့် လူကြီးလူကောင်းများကို ပိုင်ဆိုင်ခဲ့ကြသည်။ ၄င်းတို၏အနားတွင် ဘုရား သခင်၏လူများနှင့် ထူးချွန်သောခေါင်းဆောင်များ ဝန်းရံနေခြင်းဖြင့် ခေါင်းဆောင် ကောင်းများ ဖြစ်လာနိုင်ကြသည်။

ဒါဝိဒ်ကိုဝန်းရံသည့်စစ်သူရဲများအနက် ယွာဘ သည် တစ်တပ်လုံးကိုဦးဆောင်ပြီး အောင်ပွဲ အလီလီ ရရှိခဲ့သည်။ယာရှောဘံသည် လှံတစ်ချောင်းတည်းဖြင့် လူ(၃၀၀)သတ်ပစ်နိုင်သည်။ ဧလာဇာသည် လက် ညောင်း၍ ဓားကိုမှီနေရသည့်တိုင် ရန်သူအမြောက် အမြားသတ်ဖြတ်နိုင်သည်။ ရှမ္မာသည် ရန်သူများကို ကြံ့ကြံ့ခံတွန်းလှန်တိုက်ဖျက်နိုင်ခဲ့သည်။

အဘိရှဲသည် လှံတစ်ချောင်းဖြင့် လူ(၃၀၀) သတ်ပစ်နိုင်သည့်အပြင် ဂေါလျတ်နှင့်တူသော လူ ထွားကြီးတစ်ယောက်ကို သတ်ဖြတ်နိုင်သည်။ ဧလဟာနန်က ဂေါလျတ်၏ညီကို သတ်ပစ်နိုင်သည်။ နာယသည် ဂူအောင်းခြင်္သေ့ကြီးတစ်ကောင်ကို သတ်ပစ်နိုင်သည့်အပြင် လှံကိုင်သော ရန်သူကို တောင်ဝှေးတစ်ချောင်းဖြင့် တိုက်ခိုက်ပြီး လှံကိုလုယူ၍ ထိုလှံဖြင့်ပင် ရန်သူ ကိုထိုးသတ်နိုင်ခဲ့သည်။ ဒါဝိဒ်သည် ဖော်ပြပါစစ်သူရဲများအပြင် ၄င်းတိုကဲ့သိုသော စစ်သူရဲ(၃ဝ)နှင့် စစ်သားများစွာ ပိုင်ဆိုင်နေသေးသည်။

ဒါဝိဒ်နှင့် သူ၏ဇနီးမယားများ

ဒါဝိဒ်၏ မိတ်ဆွေရှာဖွေနည်းအပြင် ဇနီးမယားရှာဖွေနည်းကိုလည်း ဖော်ပြလို ပါသည်။

၁)         ဒါဝိဒ်သည် သူ့ကိုချစ်သော မိမိလကို လက်ထပ်သည် (၁ရာ ၁၈း၂၀-၂၁)။ မိခါလသည် ဘုရင်ရှောလု၏ ဒုတိယမြောက်သမီးဖြစ်သည်။ ဖခင်ကဲ့သိုပင် အရပ်မြင့်သည့်အပြင် ချောမောလှပဟန်ရှိသည်။ ဒါဝိဒ်သည် ဘုရင့်သမက် ဖြစ်လိန် မိခါလကို လက်ထပ်ခြင်းမဟုတ်ဘဲ မိခါလက သူ့ကိုချစ်သော ကြောင့်သာ လက်ထပ်ခြင်း ဖြစ်သည်။ သူချစ်နှင့် ပေါင်းဖက်ခြင်းသည် ကိုယ် ချစ်နှင့်ပေါင်း ဖက်ခြင်းထက် ပို၍စိတ်ချမ်းသာရသည်ဟု အဆိုရှိသည်။ ထို အချက်မှန်ကန်ပါက ဒါဝိဒ်သည် အလွန်စိတ်ချမ်းသာလိမ့်မည်ဖြစ်သည်။ မိခါလသည် ဒါဝိဒ်ကိုတကယ်ချစ်သဖြင့် သူ့အဖေက ဒါဝိဒ်ကို သတ်ရန် ကြံ စည်သောအခါ တိမ်းရှောင်စေလိုက်သည်။ သူ၏ချစ်စိတ်သည် ဖခင်ထက် ခင်ပွန်းအပေါ် ပိုမိုအလေးသာကြောင်း တွေ့မြင်နိုင်သည်(၁ရာ ၁၉း၁၁-၁၂)။

၂)         ဒါဝိဒ်သည် ဉာဏ်ကောင်းပြီးချောမောလှပသော အဘိဂဲလကို လက်ထပ် သည်(၁ရာ ၂၀း ၁၅-၄၃)။ အဘိဂဲလဟူသည် “ငါ၏ဖခင်သည် ဝမ်းမြောက် ခြင်း ဖြစ်သည်” ဟု အဓိပ္ပာယ်ရသည်။ သူ၏ ယောက်ျားနာဗလသည် မိုက်မဲသည့်အပြင် ခက်ထန်ရုပ်ဆိုးသူ ဖြစ် သည်။ စင်စစ် “နာဗလ” ဟူသည် “မိုက်မဲသူ” ဟု အဓိပ္ပာယ်ရသဖြင့် နာမည်နှင့်လိုက်ဖက် သူဖြစ်သည်။ မိုက်မဲလွန်း၍လည်း ဒါဝိဒ်နှင့် စစ်သားများကို ကူညီမည့်အစား လှောင် ပြောင်ဆဲဆိုသည်။ ဘုရားသခင်သည် သူ၏ အပြုအမူကို သဘောမကျသဖြင့် ဒဏ်ခတ် ရာ နာဗလသေဆုံး သွားသည်။ အဘိဂဲလ သည် ရုပ်ချောဉာဏ်ကောင်းသူ ဖြစ်သည့် အတိုင်း ဒါဝိဒ်ကို ကျေနပ်စေသဖြင့် ဒါဝိဒ်ကလည်း သဘောကျသည်။ နာဗလသေဆုံးသော အခါ ဒါဝိဒ်သည် အဘိဂဲလကို လက်ထပ်ရန် အခေါ်လွှတ်လိုက်ရာ အဘိဂဲလကလည်း အစေခံငါးယောက်နှင့် အတူ ချက်ချင်း လိုက်သွားသည်။

၃)        ဒါဝိဒ်သည် သူတပ်မက်သော ဗာသရှေဘကို လက်သည် (၂ရာ ၁၁)။ ““လင်ရှိမယား ဖြစ်တယ်။ သူ့ယောက်ျားက ဥရိယဖြစ်တယ်”ဟု အစာစား ပြောကြသော်လည်း ဒါဝိဒ်သည် ဂရုမစိုက်နိုင်တော့ဘဲ သူတပ်မက်သော ဗာသရှေဘကို ကျူးလွန်လိုက်သည်။ နောက်ဆုံးတွင် ဗာသရှေဘ၏ ခင်ပွန်း ဥရိယသည် ဒါဝိဒ်၏စီစဉ်မှုဖြင့် ကျဆုံးသွားသည်။ ထိုအခါ ဒါဝိဒ်သည် ဗာသရှေဘကို လက်ထပ်လိုက်သည်။

၄)        ဒါဝိဒ်သည် အချောအလှဆုံး အဘိရှက်ကို လက်ထပ်သည်(ရာ ၁း၁-၄)။ အရွယ်အိုမင်းလာသော ဒါဝိဒ်သည် စောင်ခြုံသော်လည်း မနွေးနိုင်တော့သ ဖြင့် နွေးထွေးမှုရရှိနိုင်ရန်အတွက် အချောဆုံး အပျိုတစ်ယောက်ကို ရှာဖွေ ပေးကြသည်။ ထိုအခါ ရှုနင်မြို့ သူအဘိရှက်ကို တွေ့ရှိသည်။ အဘိရှက် သည် ဒါဝိဒ်ကို နွေးထွေးစွာပြုစုပေးသည်။

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဒါဝိဒ်၏ ဇနီးမယားရှာဖွေနည်း တချိုကို လေ့လာကြပြီးဖြစ်သည်။ တရားဝင်ဇနီးများအပြင် မယားငယ်(၁၀) ၊ ယောက်ခန့်နှင့် သားသမီး အမြောက်အမြားရှိသဖြင့် မိသားစုထဲတွင် ဘ ဘောကွဲလွဲမှုများစွာ ကြုံတွေ့ခဲ့ရသည်။ အကြောင်းမှာ ထိုခေတ်တုံးတမ်း စဉ်လာအရ ဇနီးအမြောက်အမြားယူနိုင်သော်လည်း ယင်းသည် ဘုရား သခင်၏အလိုတော်မဟုတ်သဖြင့် ပြဿနာများစွာကြုံတွေ့ခြင်းဖြစ်သည်။

ဒါဝိဒ် ၏အသက်တာ၌ အရေးပါသောအရာများ

လူတိုင်း၌ အသက်တာကိုပုံသွင်းပေးသော အရာတချိုရှိသည်။ ယင်းတိုကို အစပိုင်းတွင် ဂရုမစိုက်မိကြသော်လည်း နောက်ပိုင်းတွင် အရေးပါသောအရာဖြစ်မှန်း သဘောပေါက်တတ်ကြသည်။ ထိုနည်းတူ အလေးထားသည့်အရာ တချိုသည် နောက်ပိုင်းတွင် အရေးမပါသောအရာဖြစ်တတ်သည်။

မည်သိုပင်ဖြစ်စေ၊ အမြဲမှတ်ထားရမည့်အချက်တစ်ခုမှာ ဘုရား၏ခွင့်ပြုချက် ဖြင့် ကြုံတွေ့ရသည့် အရာအားလုံးတိုသည် အသက်တာကိုအကျိုးဖြစ်ထွန်းစေရန် ပုံသွင်းပေးသည့်အရာများဖြစ်ကြသည်။

ဒါဝိဒ်နှင့် သိုးများ

သိုးထိန်းကောင်းသည် သိုးများကို အသက်နှင့်ရင်းပြီး လုံခြုံစွာစောင့်ရှောက် သည်။ ဘေးအမျိုးမျိုးတိုမှ ကာကွယ်ပေးသည်။ သိုးများ၏အသံကိုသိပြီး လမ်းပျောက်သောသိုးများကို တစ်ကောင်မျှ မပျောက်ရလေ အောင် အချိန်မီရှာဖွေနိုင်သူဖြစ်သည် (၁ရာ ၁ရး၃၄-၃၆၊ ယော ၁၀း၁၄၊၂ရ-၂၈)။

သိုးကျောင်းသည့်နေရာသည် ဒါဝိဒ်အဖို လေ့ ကျင့်သည့်နေရာ ဖြစ်ဟန်တူသည်။ သိုးကျောင်းနေ ရင်း တီးမှုတ်သီဆိုချိန်လည်းရရှိသဖြင့် ဆာလံ(၂၃)နှင့် အခြားသီချင်းများကို ဖွဲဆိုရေးစပ်သည်။ ထိုအပြင် တောကောင် များ၏ဘေးမှ သိုးများကို ကယ်တင်နိုင် ရန် လေ့ကျင့်ဟန်တူသည်။ အကြောင်းမှာ ခြင်္သေ့။ ဝက်ဝံတို၏ပါးစပ်ထဲမှ သိုးများကိုကယ်တင်ခြင်းသည် သူ့အဖို မခဲယဉ်းသောကြောင့်ဖြစ်သည်။ သူသည် သိုးထိန်းရင်းလေ့ကျင့်ရာမှ နောက်ပိုင်းတွင် ဘုရင်ကြီး ၏ ဂီတဖျော်ဖြေသူနှင့် စစ်သူရဲကောင်းဖြစ်လာသည်။

ကြုံတွေ့ရသည့်အရာများသည် ဘုရားသခင်က မိမိတိုကို ပို၍ထက်မြကလာ စေရန် လေ့ကျင့်သွန်သင်ပေးသည့် အရာများဖြစ်ကြသည်။ သေးငယ်သောအမှုတွင် သစ္စာရှိပါကကြီးမားသောအမှု လုပ်ဆောင်ခွင့် ရရှိကြမည်ဖြစ်သည်(လု ၁၆း၁၀)။ ဒါဝိဒ် သည် သိုးကျောင်းရာ၌ သစ္စာရှိသောကြောင့် လူထိန်း ကျောင်းသည့် ရှင်ဘုရင်အဖြစ် ရွေးချယ်ခြင်းခံရသည်။

ဒါဝိဒ်နှင့် တေးဂီတ

“လက်တစ်ဖက်တွင် သမ္မာကျမ်းစာအုပ်ကို ကိုင်ပြီး ကျန်လက်တစ်ဖက် တွင် သီချင်းစာအုပ်ကို မကိုင်သေးသမျှ အသင်းတော်ပြုပြင်ရေး လုပ်ငန်းစဉ်သည် မပြည့်စုံနိုင်ချေ”ဟု Martin Luther က မိန့်ဆိုဖူးသည်။ ထိုသိုမိန့်ဆိုသည့်အတိုင်း သူသည် တေးသီချင်းပေါင်းများစွာ ကိုယ်တိုင်ရေးစပ်ခဲ့သည်။

ဒါဝိဒ်သည် တေးဂီတကျွမ်းကျင်မှုကြောင့် ချီးမြှောက်ခံရပြီး ရှင်ဘုရင်ထံ ခစား ခွင့်ရရှိသည်။ ဘုရင် ရှောလုသည် ၄င်းထံခစားရန် တေးဂီတကျွမ်းကျင်သူတစ်ဦးကို ရှာဖွေခိုင်းရာ အစေခံများက ဗက်လင်မြိုမှ စ်၏ သားဖြစ်သူဒါဝိဒ်သည် တေးဂီတကျွမ်းကျင်သည်အ ပြင် ဗလကောင်းသည်၊ စစ်မှုကျွမ်းကျင်သည်။ အသံ ကောင်းသည်၊ ရုပ်ရည်ချောမောသည်၊ ဘုရားသခင် အတူပါရှိသည်ဟု လျှောက်တင်ကြသဖြင့် ဒါဝိဒ်သည် ဘုရင့်နန်းတော်သို ရောက်ရှိလာနိုင်သည်။

သူသည် သီချင်းပုဒ်ရေများစွာကိုလည်း ရေး စပ်ဖွဲဆိုခဲ့ရာ ယင်းတိုအနက် ဆာလံကျမ်းထဲတွင် (၇၅)ပုဒ်ထက်မနည်း ဖော်ပြခြင်းခံရသည်။ သီချင်း သံစဉ်ကို အလွတ်မရကြတော့သော်လည်း စာသားများမှာမူ ဘုရားသခင်၏ဖြစ်တည် မှု၊ ကောင်းမြတ်မှု၊ ဘုရားသခင်အပေါ်ဝမ်းမြောက်မှုနှင့် ဘုရားသခင်နှင့်မိတ်သဟာ ဖွဲမှုတိုကို ရေးဖွဲခြင်းဖြစ်သဖြင့် အလွန်ထိရောက်ကောင်းမွန်သည်။

ဒါဝိဒ်နှင့် လက်နက်

ဒါဝိဒ်သည် ၄င်း၏လက်ထဲတွင်ရှိသော အရာတစ်ခုခုကို ကောင်းစွာအသုံးချ နိုင်ရန် အားထုတ်လေ့ ရှိသည်။ သိုးကျောင်းရာတွင် တောင်ဝှေးနှင့် လောက်လွှဲဖြင့် ကောင်းစွာ ထိန်းကျောင်းနိုင်သည့်အပြင် ခြင်္သေ့နှင့် ဝက်ဝံများကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။

ဂေါလျတ်ကို တိုက်ခိုက်ရာတွင် တောင်ဝှေး လောက်လွှနှင့် ကျောက်ခဲလုံးကိုသာ အသုံးပြုသည်။ ဂေါလျတ်၏ဦးခေါင်းကိုပင် ၄င်း၏ဓားဖြင့် ဖြတ်ပစ်ခြင်း ဖြစ်သည်။

ရှောလုက လိုက်လံလုပ်ကြံသည့်အချိန်တွင် ဒါဝိဒ်သည် ဘုရားကျောင်း၌ထားသော ဂေါလျတ် လှံတံကိုယူပြီး ထွက်ပြေးတိမ်းရှောင်လိုက်သည်။ အချိန်မှစ၍ ထိုလှံတံသည် ဒါဝိဒ်၏လက်နက် ဖြစ်သွားသည်။ ဒါဝိဒ်သည် မည်သည့်နေရာတွင် မည်သူ နှင့်တိုက်ခိုက်သည်ဖြစ်စေ ၄င်း၏လက်ထဲရှိ အရာတစ်ခုခုနှင့် တိုက်ခိုက်ရာ အားလုံးအပေါ်အောင်နိုင်ခဲ့သည်။ လက်ထဲ၌ရှိသော အရာရာ တစ်ခုခုသည် ဘာမှမရှိခြင်းထက်ပိုကောင်းပြီး ကောင်းစွာအသုံးချတတ်ပါက ထိုက် သင့်ဆီလျော်သောအောင်မြင်မှုကို ရရှိမည်သာဖြစ်သည်။ သိုသော်လည်း အသုံးမချ တတ်လျှင်မူ ထိုအရာတစ်ခုခုသည် အချည်းနှီးသာဖြစ်ပါမည်။

ခေါင်းဆောင်များသည် ဒီဟာရှိမှ၊ ဟိုဟာရှိမှ ကောင်းစွာလုပ်ဆောင်နိုင် မည်ဟု အချိန်ကို ခဏခဏ ရွှေ့ဆိုင်းရန် မဟုတ်ချေ။ မရှိသေးသောအရာကို ရရှိမှသာ ကောင်းစွာလုပ်ဆောင်နိုင်မည်ဟူသည့် ခံယူချက် ကိုဖယ်ရှားပြီး ရှိပြီးသားအရာကို ကောင်းစွာအသုံးချနိုင်ရန် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ သိုမှသာ ပြည့်စုံသော အောင်မြင်မှု ရရှိနိုင်မည်ဖြစ်သည်။

 

၁၁။ ယောနသန် (Jonathan)

တစ်နေ့တွင် ဝါရှင်တန်ဒီစီ၌ အမေရိကန်ခေါင်းဆောင်များ အတူတကွဆုတောင်းကြ သည်။ နံနက်စာ စားမည့်အချိန်တွင် ထိုခေါင်းဆောင်(၅၀၀)ဦးတိုသည် အသီးသီး နေ ရာယူကြသည်။ မိန့်ခွန်းပြောကြားမည့် အထက်လွှတ်တော်အမတ် Harold Huges လည်း အသင့်ပြင်ဆင်ထားပြီးဖြစ်သည်။

ထိုအချိန်တွင် အစားအသောက်သယ်ယူလာသော စားပွဲထိုးမလေးသည် မ မျှော်လင့်ဘဲ လင်ပန်းလွှတ် ကျသွားရာ Huges ၏ကိုယ်ပေါ်၌ အရည်အဖတ်များ ပေကျံသွားသည်။ ထိုအခါ ခေါင်းဆောင်အားလုံး တိုသည်ရုတ်တရက်ငြိမ်သက်သွားပြီး စားပွဲထိုးမလေးကို ပြိုင်တူကြည့်ကြသည်။ စားပွဲထိုးမလေးသည် သူ၏ အင်္ကျီဖြင့် Huges ၏အင်္ကျီကို ခပ်သွက်သွက်သုတ်ပေးရင်း တတွတ်တွတ် တောင်းပန်သည်။

Huges က “ကိစ္စမရှိပါဘူး။ ဒါဖြစ်တတ်တဲ့ သဘာဝပဲ။ အားနာမနေပါနှင့်” ဟု နှစ်သိမ့်သည်။ မည်မျှ နှစ်သိမ့်စေကာမူ စားပွဲထိုးမလေးသည် အားနာလွန်းသဖြင့် မျက်နှာနီမြန်းလျက်ရှိသည်။ Huges ၏နှစ်သိမ့်မှု ကိုလည်း မကြားတစ်ချက် ကြား တစ်ချက်ဖြစ်သည်။ ။

အားလုံးသုတ်ပြီးသောအခါ စားပွဲထိုးမလေးသည် ချက်ချင်းပြန်ထွက်ရန် ပြင် လိုက်သည်။ ထိုအချိန်ထိ သူ၏မျက်နှာ၌ အလွန်အားနာဟန်ပေါ်သေးသဖြင့် Huges သည် မတ်တပ်ထပြီး နီမြန်းသော မျက်နှာကိုကိုင်ရင်း တစ်ချက်နမ်းလိုက်သည်။ စင်စစ် Huges က “ငါတကယ်ခွင့်လွှတ်တာကို သူရှက်ရွံအားနာနေသေးတဲ့ပုံပဲ။ အမူ အရာနှင့် ပြလိုက်မှဖြစ်မယ်”ဟု ဆိုပြီး ထိုသိုနမ်းလိုက်ခြင်း ဖြစ်သည်။

ထိုအခါ စားပွဲထိုးမလေး၏မျက်နှာသည် ပြုံးရွှင်လာပြီး ရှက်ရွံအားနာခြင်းဖြင့် ပြန်ထွက်ရမည့်အစား ဝမ်းမြောက်ခြင်းဖြင့် ပြန်ထွက်ခဲ့ရသည်။ သူက “Huges ရဲ အင်္ကျီကို ခေါင်းဆောင်(၅၀၀)ရဲ့ ရှေ့မှာ ပေကျံမိစေ ပေမဲ့ ခွင့်လွှတ်တဲ့အနေနှင့် ကျွန်မ ကိုနမ်းလိုက်တယ်”ဟု အမြဲသတိရပြောဆိုသည်။

စိတ်ရင်းဖြင့် ပြောဆိုခြင်းဖြစ်သည့်တိုင် တစ်ခါတစ်လေ နားလည်မှုလွဲတတ် သေးကြရာ အပြုအမူဖြင့် ဖော်ပြလိုက်လျှင်မူ ချက်ချင်းသဘောပေါက်နိုင်ကြသည်။ စေတနာနှင့်အလုပ် ဒွန်တွဲလာသောအခါ ကောင်းကျိုး ဖြစ်ထွန်းလာပြီး လူတို၏နှလုံးသားထဲတွင် အမြဲတင် ကျန်နေမည့်အရာများစွာ လုပ်ဆောင်နိုင်မည် ဖြစ် သည်။

ယောနသန်သည် ၄င်း၏စိတ်စေတနာကို အ လုပ်နှင့်သက်သေပြသောအခါ ဒါဝိဒ်သည် သံသယ လုံးဝမရှိ သည့်အပြင် တစ်သက်လုံးမှတ်သားပြီး အ လျဉ်းသင့်သည့်ချိန်တွင် ပြန်လည်တုန့်ပြန်သည်။ သို ဖြစ်၍ ယောနသန်၏ စေတနာအရင်းခံသော မိတ်ဆွေ ရှာနည်းအကြောင်းကို လေ့လာကြပါစို။

ယောနသန်၏ မိတ်ဆွေရှာနည်း

ဤအကြောင်းမလေ့လာမီ ယောနသန်၏အကြောင်းကို ဦးစွာလေ့လာကြပါ မည်။

“ယောနသန်”ဟူသည် “ဘုရားသခင်၏လက်ဆောင်’၊ သိုမဟုတ် “ဘုရားသခင် ကပေးသည်”ဟု အဓိပ္ပာယ်ရသည်။ ယောနသန်ဟူသည့်နာမည်ကို ကျမ်းစာ၌ (၁၂၁) ကြိမ်တွေ့ရသည့်အနက် (၉၅)ကြိမ်သည် ရှောလု၏သားယောနသန်ကို ဆိုလိုခြင်း ၍ကျန်(၂၆)ကြိမ်သည် အခြားသူများကို ဆိုလိုခြင်း ဖြစ်သည်။ ယခုဖော်ပြမည့် ရှောလု ၏သားယောနသန်သည် စစ်သူကြီးတစ်ဦးဖြစ်သည့်အပြင် ဒါဝိဒ်၏ အကောင်းဆုံး နှင့် သစ္စာအရှိဆုံး မိတ်ဆွေလည်းဖြစ်သည်။

ဘုရားသခင်အပေါ် လေးမြတ်ခြင်းရှိသောသူကို မိတ်ဆွေဖွဲသည်

“စည်းစိမ်ရှိလျှင် အဆွေခင်ပွန်းများတတ်၏။ ဆင်းရဲသူမူကား မိမိအိမ်နီးချင်း မျှနှင့် မပေါင်းဖော်ရ”(သု ၁၉း၄)ဟု ဖော်ပြသော်ငြား ယောနသန်ကမူ ၄င်း၏ဂုဏ် စည်းစိမ်ဖြင့် မိတ်ဆွေမရှာချေ။

ဘုရင့်သားတော်ဖြစ်သဖြင့် မိတ်ဆွေရှာမည်ဆိုပါက သူနှင့်မိတ်ဆွေဖြစ်လိုသူ၊ မိတ်ဆွေဖြစ်ရန် ချဉ်းကပ်သူ၊ မိတ်ဆွေဖြစ်ခြင်းဖြင့် ဂုဏ်ယူလိုသူစသည်ဖြင့် အမြောက် အပြားတွေ့ရှိမည်ဖြစ်သည်။

သိုသော်လည်း ယောနသန်သည် အခြားသူ များကိုမရွေးဘဲ ပစ္စည်းဥစ္စာမရှိသော်လည်း ဘုရား သခင်ကိုလေးမြတ်သော ဒါဝိဒ်ကို မိတ်ဆွေအဖြစ်ရွေး ချယ်သည်။ ဒါဝိဒ်သည် သူ၏စည်းစိမ်ဖြင့် မိတ်ဆွေ ရှာပါက မည်သူကိုမျှ ရရှိမည်မဟုတ်ပေ။ သိုရာတွင် “စိတ်နှလုံးဖြူစင်ခြင်းကို နှစ်သက်သော သူသည် လျောက်ပတ် သောစကားကိုပြောတတ်၍ရှင်ဘုရင်နှင့် မိတ်ဆွေဖွဲ ရလိမ့်မည်” (သု ၂၂း၁၁) ဟု ဖော်ပြသည့် အတိုင်း သူသည် ဘုရင့်သားတော်ယောနသန်၏ မိတ် ဆွေဖြစ်လာသည်။

ယောနသန်သည် ဘုရားသခင်ကို မလေးမြတ်မကိုးစားသောသူများနှင့် မိတ် ဆွေဖွဲခြင်းထက် စိတ်နှလုံးဖြူစင်၍ ဘုရားသခင်ကို လေးမြတ်ကိုးစားသောသူနှင့်သာ မိတ်ဆွေဖွဲ လိုသည်။ သိုဖြစ်၍ လည်း အစ္စရေးသမိုင်းတွင် အကောင်းဆုံးဘုရင်အဖြစ် သတ်မှတ်ခြင်းခံရသော ဒါဝိဒ်၏မိတ်ဆွေဖြစ်လာသည်။ ဒါဝိဒ်သည် ယောနသန်၌ သာမကမိသားစုအပေါ်၌ပါ သစ္စာရှိခဲ့သည်။ ဘုရားသခင်အပေါ် လေးမြတ်ခြင်းရှိသော သူကို မိတ်ဆွေဖွဲပါက အရှက်မကွဲရသည့်အပြင် ၄င်းတိုနှင့်အတူ မြင့်သောနေရာသို ရောက်ရှိနိုင်မည်ဖြစ်သည်။

ချစ်ခြင်းမေတ္တာရှိသည်

မိတ်ဆွေရှာဖွေရာ၌ အရေးကြီးဆုံးအချက်မှာ ချစ်ခြင်းမေတ္တာဖြစ်သည်။ ချစ် ခြင်းမေတ္တာဖြင့် မိတ်ဆွေရှာဖွေပါက ချစ်ခြင်းမေတ္တာကို မည်သူမျှမမုန်းတီးသဖြင့် လူ အငြင်းခံရသည့်တိုင် ချစ်ခြင်းမေတ္တာကို မည်သူမျှမငြင်းနိုင်ချေ။

ယောနသန်သည် အောင်ပွဲနှင့်ပြန်လာသောဒါဝိဒ်ကို မြင်တွေ့ရသည့်အခါ တွင် ကိုယ်နှင့်အမျှ ချစ်သဖြင့် အချင်းချင်းသစ္စာရှိကြရန် ပဋိညာဉ်တစ်ခုချုပ်ဆိုကြ သည်(၁ရာ ၂၀း ၁၇)။

သူတိုနှစ်ဦးသည် ခွဲခွာရမည့်အချိန်တွင် အချင်းချင်းဖက်နမ်းပြီး အတူတက ငိုကြွေးကြသည်။ ဒါဝိဒ်သည် ပို၍ပင်ငိုသည်(၁ရာ ၂၀း၄၁)။ ယောနသန်ကွယ်လွန် သောအခါ ဒါဝိဒ်က “ညီလေးယောနသန်ရေ၊ မင်းကိုငါသိပ် ချစ်တယ်။ မိန်းမတစ် ယောက်ထက်တောင် ချစ်ခဲ့တယ်။ ငါ့ကိုလည်း မင်းသိပ်ချစ်ခဲ့တာ ငါသိပါတယ်ကွာ” ဟု မြည်တမ်းငိုကြွေးသည် (၂ရာ ၁း၂၆)။

ချစ်ခြင်းမေတ္တာဖြင့် မိတ်ဆွေရှာဖွေသောယော နသန်သည် အကောင်းဆုံးမိတ်ဆွေတစ်ဦးရရှိပြီး ထို မိတ်ဆွေကလည်း သူ့ကို အသက်ရှင်စဉ်သာမက ကွယ်လွန်စဉ်တွင်ပင် ချစ်မြဲချစ်နေသည်။

မိတ်ဆွေဘက်၌ နေသည်

ယောနသန်သည် ဒါဝိဒ်ဘက်၌ အမြဲပါရှိသည်။ ရှောလုက ဒါဝိဒ်ကို အမြဲလုပ်ကြံလာသောအခါ ယော နသန်က ဖခင်ဖြစ်သူရှောလုထံ “ဒါဝိဒ်ကို မပြစ်မှားမိပါနှင့်။ သူ့ကျေးဇူးတွေများလှပါ ပြီ။ ဘာဖြစ်လို ဒါဝိဒ်သေ ရမလဲ။ သူ့မှာဘာအပြစ်ရှိသလဲ” ဟုမေးသည်(၁ရာ ၁၉း၄၊ ၂၀း၃၂)။ ရှောလုသည် မည်သိုဖြေရမှန်းမသိသဖြင့် စိတ်ကိုလျှော့လိုက်သည်။

ဤနေရာ၌ ယောနသန်၏ မိတ်ဆွေကိုအမြဲကာကွယ်ပုံ၊ စောင့်ရှောက်ပုံနှင့် မည်သည့်အခါတွင်မျှ အဆိုးမပြောခဲ့ပုံ စသည်တိုကို တွေ့မြင်နိုင်သည်။ အမျက်ကြီးသော ဖခင်ရှောလုက ဒါဝိဒ်ကိုသတ်ရန် ကြံစည်သည့်အချိန်တွင်လည်း “ဒါဝိဒ်က လူ ကောင်းပါ။ သူ့မှာအပြစ်မရှိဘူး။ မသေသင့်ဘူး”ဟု အမြဲကာ ကွယ်သည်။

ယောနသန်သည် ရှောလုထံ ဒါဝိဒ်မကောင်းကြောင်းကို တစ်ခွန်းမျှပင် မဟခဲ့ ဖူးချေ။ အကယ်၍ တစ်ခွန်းနှစ်ခွန်းပြောပါက ရှောလုအလွန်အားရပြီး ယောနက အပေါ် အချစ်ပိုလိမ့်မည်ဖြစ်သည်။ သိုသော်လည်း ယောနသန်က ဒါဝိဒ်၏ဆိုးကွက် များကို မပြောရုံမဟုတ်ဘဲ ကောင်းကွက်များကိုသာ အမြဲပြောခြင်းဖြင့် ရှောလု ပြေစေရန် ကြိုးစားအားထုတ်သည်။

 မိတ်ဆွေများ၏ကောင်းကွက်ကို မချီးကျူးလိုလျှင်ပင် သူတို၏ဆိုးကွက်ကို မရှုတ်ချကြပါစိုနှင့်။ သိုမှသာ တာရှည်လက်တွဲနိုင်၍ ကိုယ်စီအကျိုးခံစားရမည်ဖြစ် သည်။ ပြောလိုသောအရာထက် ပြောသင့် သောအရာကိုပြောပြီး နာကြည်းစေမည့် စကားထက် အားတက်စေမည့်စကားကိုပြောပါက မိတ်ဆွေကောင်း ပို၍ရရှိနိုင်မည် ဖြစ်သည်။

မိတ်ဆွေကို ပေးကမ်းသည်

ကပ်စေးနှဲသောသူများသည် မိတ်ဆွေရရှိရန်ခက်ခဲသဖြင့် အများအားဖြင့် အထီးကျန်ဆန် နေတတ်ကြသည်။ ကပ်စေးနည်းလွန်းသူများသည် မိတ်ဆွေရှိရန် မဆိုထားဘိ၊ ၄င်းတို၏ကိုယ်ကိုပင် သဒ္ဒါစိတ်မရှိသူများဖြစ်ကြသည်။

ကမ္ဘာပေါ်၌ ကပ်စေးအနည်းဆုံးမောင်နှမဟု သတ်မှတ်ခြင်းခံရသူမှာ နယူးယောက်မြို၌နေ ထိုင် သော John G. Wendel တိုမောင်နှမများဖြစ်၍ ၄င်းတို၌ မိတ်ဆွေရှိ၊ မရှိ လေ့လာကြပါမည်။ သူတို သည် မိဘထံမှ အမွေများစွာရရှိသဖြင့် အလွန်ချမ်း သာသည်။ သိုသော် အလွန်ကပ်စေးနှဲသဖြင့် ဆင်း ရဲသားကဲ့သို နေထိုင်ပြီး အစားအသောက်ကိုပင် ကောင်းစွာ မစားသောက်ရက်ကြပေ။

ထိုအပြင် ၄င်းတို၏ကြွယ်ဝမှုကို အခြားတစ် ယောက်ယောက်ထံ မဝေမျှလိုသဖြင့် အိမ်ထောင်ပင် မပြုကြချေ။ မပြုပြင်ဘဲပစ်ထားသော အိမ်ကြီးထဲ တွင် နှစ်ပေါင်း (၅၀)တိုင်တိုင် ဖြစ်သလိုနေထိုင်ကြ သည်။ ထိုမှ ရောဂါအမျိုးမျိုးကြောင့် တစ်ယောက်ပြီးတစ်ယောက်ကွယ်လွန်ကြရာ နောက်ဆုံးတွင် မိန်းကလေး တစ်ယောက်သာ ကျန်ရှိတော့သည်။ –

ထိုမိန်းကလေးလည်း ၁၉၃၁ခုနှစ်တွင် ကွယ်လွန်သွားသည်။ အမွေဆက်ခံ မည့်သူမရှိသဖြင့် တာဝန်ရှိသူများက သူတို၏ပိုင်ဆိုင်မှုကို စစ်ဆေးသောအခါ ဒေါ်လာ သန်းတစ်ထောင်ရှိကြောင်း တွေ့ရှိကြသည်။ ထိုမျှချမ်းသာသော်လည်း သူတို့သည် တယ်လီဖုန်း၊ လျှပ်စစ်မီး၊ ကား၊ မော်တော်ဆိုင်ကယ်စသည်တို မသုံးကြ သည့်အပြင်နောက်ဆုံးကွယ်လွန်သော မိန်းကလေး၏အင်္ကျီသည် (၂၅)နှစ် တိုင်တိုင် တောင် လျှောက်ဝတ် ဆင်ခြင်းဖြစ်သဖြင့် အလွန်ဟောင်းနွမ်းဆွေးမြည့်သည်။ ယင်းသည်ပင် ဆိုင်တွင်ဝယ်ယူခြင်းမဟုတ်ဘဲ ကိုယ်တိုင်ရက်လုပ်ခြင်းဖြစ်သည်။

ကပ်စေးနှဲမှုကြောင့် ဆွေမျိုးသင်္ဂဟများကို မဆက်ဆံသည့် အလျောက် ကွယ်လွန်ကြသည့် အချိန်တွင်လည်း ဆွေမျိုးသင်္ဂဟများမရှိဘဲ အထီးကျန်ဆန်စွာ ကွယ်လွန်ကြသည်။ ရက်ရောသောသူများသည် မိတ်ဆွေပေါများပြီး ကပ်စေးနှဲသော သူများသည် မိတ်ဆွေမရှိပေ။

ယောနသန်သည် အလွန်ရက်ရောသောသူဖြစ်သည်။ ဒါဝိဒ်ကိုချစ်သဖြင့် အမြဲ ကွယ်ကာသည့်အပြင် အကောင်းဆုံးများကိုသာ ရက်ရောစွာပေးကမ်းသည်။ ဝတ်နေ ဆဲဝတ်ရုံကိုပင် ပေးဝတ်သည့်အပြင် လှံတံ၊ လေးနှင့် ခါးပတ်တိုကိုပါ ပေးသည်(၁ရာ ၁၈း၁-၄)။ ထိုအချိန်က အစ္စရေးပြည်တွင် ပန်းပဲသမား မရှိသေးသဖြင့် လှံတံ(၃)လက်သာရှိရာ ဂေါလျတ်၊ ရှောလုနှင့် ယောနသန်တိုက တစ်လက်စီကိုင်သည် (၁ရာ ၁၃၂၂)။ သိုဖြစ်၍ ယောနသန်သည် ဒါဝိဒ်ကို သူကိုင်သည့်လှံတံပေးခြင်းမှာ တန်ဖိုးအကြီးဆုံးအရာ တစ်ခု ပေးကမ်းခြင်း ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် သူ၏အမွေများကိုပင် ပေးကမ်းရဲသူဖြစ်ကြောင်း တွေ့ မြင်နိုင်သည်။

ချစ်ခြင်းမေတ္တာရှိသူသည် ကပ်စေးမနဲဘဲ ပေးကမ်းခွင့်မကြုံလျှင် အိပ်မပျော်သောသူဖြစ်သည့် ချစ်ခင်သူအတွက် အကောင်းဆုံးနှင့် တန်ဖိုးအကြီးဆုံးကိုပေးလိုပြီး ပေးကမ်းသည့် အခါတွင်လည်း လက်ခံရရှိသူ ထက်ပင် ပို၍ဝမ်းမြောက်သူဖြစ်သည်။

အပြောသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် ချစ်ခင်မှုကိုပြသပါက ထိုသူတိုကလည်း ချစ်ခင်လာပြီး သင့်ဘက်၌ အမြဲပါရှိလာမည်ဖြစ် သည်။ များများရသောသူ မပို၊ နည်းနည်းရသောသူ မလို”(၂ ကော ၈း၁၄)ဟူသည်စကားအမြဲသတိချပ်သင့်သည်။

မိတ်ဆွေအတွက် ဆုတောင်းပေးသည်

အမြဲဆုတောင်းပေးသော မိတ်ဆွေများကို ပြဿနာရှာရန်၊ မေတ္တာလျော့ပါးရန် အလွန်ခဲယဉ်းသည်။ မထီမဲ့မြင်ပြုရန်၊ မုန်းတီးရန်လည်း မလွယ်ကူပေ။ စင်စစ် ၄င်းတို့ ၏ဆုတောင်းပေးမှုကြောင့် မိမိတို၏ဒုက္ခများ ကင်းငြိမ်းလွှင့်ပျောက်နိုင်ခြင်းဖြစ်သည်။

ဒုက္ခကြုံတွေ့သောဒါဝိဒ်ကို ယောနသန်က ဘုရားသခင်အတူပါရှိရန်၊ ကောင်း ချီးရရန်နှင့် ရန်သူများအပေါ် အောင်မြင်နိုင်ရန် ဆုတောင်းပေးသည်(၁ရာ ၂၀း၁၃၊ ၁၆၊ ၄၂)။ ယောနသန်သည် ၄င်း ၏ဆုတောင်းချက်ရလဒ်ကို မြင်ခွင့်မကြုံသော်လည်း ဘုရားသခင်ကနားညောင်းပြီး ဒါဝိဒ်ကို ကောင်း ချီးများစွာပေးခဲ့သည်။

မိတ်ဆွေများကို ကူညီနိုင်ရန် အရေးကြီးဆုံး အချက်မှာ ဆုတောင်းပေးခြင်းဖြစ်၍ ယင်းသည်ပင် သူတိုအတွက် တန်ဖိုးအရှိဆုံးဖြစ်သည်။ မိတ်ဆွေများ အတွက် ဆုတောင်းပေးပါက မိမိလည်း တစ်နည်း နည်းဖြင့် အကျိုးကျေးဇူးခံစားရမည်ဖြစ်သည်။

တစ်ခါက အာဖရိကနိုင်ငံအလယ်ပိုင်းတွင် သာ သနာပြုနေသော ဆရာဝန်တစ်ဦးသည် မီချီဂန်သို ပြန် လာပြီး ဤသိုသက်သေခံသည်။ သူသည် ကျေးလက် ဆေးရုံတွင်အလုပ်လုပ်ပြီး ဆေးပစ္စည်းများဝယ်ယူရန် မြိုပေါ်သို နှစ်ပတ်လျှင်တစ်ကြိမ်သွားရသည်။ နှစ်ရက်ခရီးဖြစ်သဖြင့် လမ်းတွင် တစ် ညအိပ်ရသည်။ တစ်နေ့တွင် မြိုပေါ်သိုသွားစဉ် လမ်းပေါ်တွင် လူနှစ်ယောက်ရန် ဖြစ် နေသည်။ တစ်ယောက်၏ဒဏ်ရာမှာ အလွန်ပြင်း ထန်သဖြင့် ကုသပြုစုပေးပြီး ရွာထဲ သိုပြန်လာသည်။

နှစ်ပတ်အကြာတွင် ထုံးစံအတိုင်း မြိုပေါ်သိုသွားရင်း ထိုလူနာကို ပြန်လည် ကြည့်ရှုရာ လူနာက ၄င်းတိုအဖွဲသည် လမ်းတွင် ဆရာဝန်ညအိပ်စဉ် ဓားပြတိုက်ပြီး ပအပစ်ရန်ကြံစည်ကြောင်း၊ ဆရာဝန်ထံချဉ်း ကပ်သောအခါ လူ(၂၆)ဦးစောင့်ကြပ် မထမြောက်ကြောင်း ပြောဆိုသည်။ ထိုစကားကိုကြားသောအခါ သူရယ်လိုက်သည်။ အကြောင်းမှာ ထိုညတွင် သူတစ်ယောက်တည်းအိပ်မှန်း သူ့ကိုယ်သူအသိဆုံးဖြစ်သည်။ ထိုအခါ လူနာက အမှန်ကိုပြောခြင်းဖြစ်ကြောင်း၊ အဖွဲသားများအား တွေ့နေကြောင်း ပြောပြသည်ဟု သက်သေခံသည်။

ထိုစဉ် ပရိသတ်တစ်ယောက်က ဖြစ်ပွားသည့်နေ့ရက်ကိုမေးရာ ဆရာဝန်က နေ့ရက်ကိုပြောသောအခါ ထိုသူသည်ပြုံးလျက် ယင်းညသည် ၄င်းတို့အတွက် နံနက် ပိုင်းဖြစ်ကြောင်း (အာဖရိကတွင် ညသည် အမေရိကတွင် နံနက်ဖြစ်သည်)၊ ထိုနေ့ နံနက်ပိုင်း ဂေါက်သီးရိုက်ရန်ပြင်ဆင်နေစဉ် ဆရာဝန်အတွက် ဆုတောင်းပေးလိုသော စိတ် တဖွားဖွားပေါ်လာကြောင်း၊ ထိုကြောင့် အသင်းတော်ကြီးတချိုကို ခေါ်ပြီး ဘုရားကျောင်းထဲတွင် ဆုတောင်းပေးခဲ့သည်ဟုပြောသည်။

ထိုအခါ ယင်းနေ့က ဆုတောင်းပေးသည့် အဖွဲကို မတ်တတ်ရပ်ခိုင်းရာ လူ (၂၆)ဦးတိတိ မတ်တပ်ရပ် လာသည်။

မိတ်ဆွေကို ဦးစားပေးသည်

ယောနသန်ကဒါဝိဒ်ကို အမြဲဦးစားပေးပြီး သူကမူ နောက်တွင်နေလေ့ရှိသည်။ မည်မျှဦး စားပေးသနည်း ဆိုလျှင် ဒါဝိဒ်ကဘုရင်လုပ်ပြီး သူကလက်ထောက်လုပ်မည် ဟုပင်ပြောဆိုသည်။ တစ်နည်းအားဖြင့် ဒါဝိဒ်က ပထမ၊ သူကဒုတိယဟု ဆိုလိုခြင်းဖြစ်သည်(၁ ရာ ၂၃း၁၇)။

ယောနသန်သည် သူ၏ရပိုင်ခွင့်များဖြစ်သော နန်းတော်စည်းစိမ်၊ နန်းတော်ပလ္လင်၊ နန်းတော် သ ရဖူ၊ နန်းတော်အာဏာတိုကို စွန့်လွှတ်ပြီး အညတရ သိုးထိန်းဒါဝိဒ်အတွက် ထားပေးခဲ့သည်။ စင်စစ် ဘုရင့် သားတော်ဖြစ်သဖြင့် ထိုရပိုင်ခွင့်များကို အခိုင်အမာ ဆုပ်ကိုင်ထားလျှင်ပင် အပြစ်ပြောစရာ မရှိရုံမျှမက ပြည်သူအများစုကလည်း ထောက်ခံနေမည်သာ ဖြစ် သည်။

ရပိုင်ခွင့်ရှိသည့်အထွတ်အထိပ်ရာထူးကို စွန့် လွှတ်ပြီး မိတ်ဆွေကောင်းဒါဝိဒ်ကို ဦးစားပေးခြင်း သည် သူ့ကိုသူ ဒုတိယနေရာသို တွန်းပိုခြင်းဖြစ်ရာ သူသည် ချစ်ခြင်းမေတ္တာကြောင့် အလွန်နှိမ့်ချသူဖြစ် ကြောင်းတွေ့ မြင်နိုင်သည်။

မိတ်ဆွေကို ကူညီသည်

အကူအညီမလိုသူ မရှိသကဲ့သို အကူအညီမပေးနိုင်သူလည်း တစ်ယောက်မျှ မရှိချေ။ ကူညီလို စိတ်သာရှိပါက ကူညီရမည့်လူရှိပြီး ကူညီနိုင်စွမ်းလည်း ရှိလာကြ မည်ဖြစ်သည်။ ကူညီရမည့် မိတ်ဆွေများရှိသကဲ့သို မိမိတိုလည်း မိတ်ဆွေများ၏ ကူညီမှု လိုအပ်ကြသည်။ သိုဖြစ်ရာ တစ်ဦးနှင့်တစ်ဦး ကူညီလိုက်ခြင်းအားဖြင့် မိတ် ဆွေကောင်းဖြစ်မှုသည်လည်း ပို၍အမြစ်ခိုင်မာလာမည်ဖြစ်သည်။

ထိုအပြင် အကူအညီပေးသောသူများ၏ကျေးဇူးကို မတုန့်ပြန်နိုင်သည့်တိုင် မမေ့နိုင်ကြပေ။ ထိုသူတိုသည် မိတ်ဆွေကောင်းပီသသူများဖြစ်သဖြင့် ၄င်းတိုနှင့် အမြဲ တမ်းမိတ်ဆွေဖြစ်ရန်လည်း ဆန္ဒရှိကြသည်။

ယောနသန်သည် ဒါဝိဒ်ကို တတ်စွမ်းသမျှဖြင့် အမြဲကူညီသည်။ တောထဲပုန်းရှောင်ရင်း အတိ ဒုက္ခ ရောက်နေသော ဒါဝိဒ်ထံ ယောနသန်ရောက်လာပြီး “ဖြစ်ချင်တာကိုပြောပါ။ လုပ်ပေးမယ်”ဟု ကတိပေး သည်(၁ရာ၂၀း၄)။ အချိန်ရမှ၊ ဆန္ဒရှိမှမဟုတ်ဘဲ ဒါဝိဒ် ဖြစ်လိုသမျှကို လုပ်ဆောင်ပေးရန် ဆုံးဖြတ်ခြင်းဖြစ် သဖြင့် ၄င်းထက်သာလွန်သောစေတနာ ရှိနိုင်တော့ မည်မဟုတ်ပေ။

အမေရိကန်သမ္မတ Roosevelt ၏ ဇနီး Eleanor Roosevelt သည် မြင့် မြတ်သော မိန်းမတစ်ဦးဖြစ်ပြီး သမ္မတကတော်များအနက် မိတ်ဆွေအများဆုံးရှိသူ တစ်ဦးလည်းဖြစ်သည်။ အိမ်ဖြူတော်၌နေထိုင်စဉ်နှင့် ထွက်ခွာပြီးနောက်ပိုင်းတွင်ပင်ကျောင်းသားများနှင့် လူအမြောက်အမြားကို သူ၏ချွေးနည်းစာဖြင့် ကူညီခဲ့သည်။ စင်စစ် သူဌေးများနှင့် အဖွဲအစည်းများထံ အလှူခံပေးလိုက်လျှင် အဆင်ပြေမည့် အရာဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျသာ တတ်စွမ်းသမျှဖြင့် အမြဲကူညီသည်။

တစ်နေ့တွင် ကျောင်းသားတစ်ယောက်သည် ချက်(ငွေထုတ်လက်မှတ်) တစ် စောင်ကို မမျှော်လင့်ဘဲ ရရှိသည်။ ထိုချက်ပေါ်တွင် Eleanor Roosevel က ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည်။ ထိုနေ့မှစ၍ လပေါင်းများစွာ ဆက်လက်ရရှိပြီး ၄င်းကဲ့သို့ ကူညီငွေရရှိသူ (၂၅)ယောက်ခန့်ပင်ရှိသည်ဟု ဆိုသည်။ ထိုသို ကူညီမှုကြောင့် လူများစွာ အသက်ရှင်ရပ်တည်နိုင်ပြီး ပညာသင်ယူနိုင်ကြသည်။

အပေါ်ယံစိတ်ထားမရှိ

အပေါ်ယံစိတ်ထားရှိသူများကို စိတ်နှလုံးအကြွင်းမဲ့ပေးရန် ခဲယဉ်းပြီး နက်ရှိင်း စွာဆက်ဆံရန်လည်း စဉ်းစားရခက်သည်။ ၄င်းတိုသည် ကိုယ်ပေါင်းစိတ်ခွာသမား များဖြစ်ပြီး အပေါ်ယံဖြင့်သာ ပြောဆိုဆက် ဆံတတ်ကြသည်။ သိုဖြစ်ရာ ၄င်းတိုနှင့် ပေါင်းဖော်ရန်ထက် ခွာပြရန် ပို၍လွယ်ကူသည်။

ယောနသန်နှင့် ဒါဝိဒ်တို၌မူ အပေါ်ယံစိတ်ထား လုံးဝမရှိကြချေ။ ဝမ်းမြောက် လျှင် အတူတကွ ဝမ်းမြောက်ကြပြီး ဝမ်းနည်းလျှင် အတူတကွဝမ်းနည်းကြသည်။ ပြဿနာကြုံတွေ့လျှင် အတူတကွ ရင်ဆိုင်ဖြေရှင်းကြသည်။

ရှောလုသည် ဒါဝိဒ်ကိုသတ်ရန် ကြံစည်ကြိုး စားတိုင်း အကြောင်းတစ်ခုခုကြောင့် ပြန်ရပ်လေ့ရှိ သည်။ သိုသော်လည်း ရပ်ပြီးမှ ပြန်ကြိုးစားလေ့ရှိ သဖြင့် ရပ်ရသည့်အကြောင်းရင်းတစ်ခုခု ရှိလိမ့်မည် ဖြစ်သည်။

စင်စစ် ယောနသန်က ရှောလုသည် ဒါဝိဒ်ကို သတ်မည့်အစီအစဉ် ရုပ်သိမ်းခြင်းရှိ၊ မရှိ အမြဲ နားစွင့် သည်။ ဒါဝိဒ်ကိုလည်း “မစိုးရိမ်ပါနှင့်။ ငါ့အဖေက ငါ့ကိုအရင်မပြောဘဲ မင်းကိုသတ်မှာမဟုတ်ဘူး။ တ ကယ်လို မင်းကိုသတ်မယ်ဆိုရင်လည်း ငါကြိုမပြောဘဲနေပါ့မလား။ ဘာဖြစ်လို ငါ လျှိထားပါ့မလဲ”ဟု ပြောသည်(၁ရာ ၂၀း၂၊ ၉)။ ယောနသန်၏ ဒါဝိဒ်အပေါ် သိသင့် သိထိုက်သည့်အရာ အားလုံး လျှိမထားခြင်းနှင့် အပေါ်ယံစိတ် ထားမရှိခြင်းကို တွေ့ မြင်နိုင်သည်။ သိုဖြစ်၍ မိတ်ဆွေနှစ်ဦး ကြားတွင် အချင်းချင်းယုံကြည်မှုနှင့် ကိုးစားမှု ပိုမိုခိုင်မြဲလာသည်။

မိတ်ဆွေကို ခွန်အားပေးသည်

“ယောနသန်သည်ထ၍ ဒါဝိဒ်ရှိရာတောထဲသိုသွားပြီး ခွန်အားပေးသည် (၁ရာ ၂၃း၁၆)။ ယောနသန်သည် ဘုရားသခင်၌ရှိသော ယုံကြည်ခြင်းဖြင့် ဒါဝိဒ် ခွန်အားပေးခြင်းဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

အဘယ်ကြောင့် ဒါဝိဒ်ကို ခွန်အားပေးရန်လိုသနည်း။ သူသည် ယောက္ခမကြီး လည်းဖြစ်သူ ဘုရင်ရှောလု၏ ဘေးရန်မှကင်းဝေးရန် တောထဲသိုရှောင်ပုန်းသည်။ ရာထူးအာဏာအားလုံး စွန့်လွှတ်ခဲ့ရသည်။ စားဝတ်နေရေးကြပ်တည်းပြီး မျှော်လင့် ဆက်မဲ့ဘဝဖြင့် ဒုက္ခအကြီးအကျယ်တွေ့သည်။ ဘုရင်အဖြစ် ဘိသိက်ခြင်းခံသောသူ သည် စစ်ပြေးဘဝရောက်သဖြင့် ရင်နင့်ဖွယ်၊ စိတ်ဓာတ်ကျဖွယ်ပင်ဖြစ်သည်။

ထိုသိုသောအချိန်တွင် ယောနသန်ရောက်လာပြီး “သင်သည်မသေရ”ဟု ခွန်အားပေးသည်။ ကိလသိုရောက်သည့်အချိန်တွင်လည်း အတိဒုက္ခရောက်ပြန်ရာ ယောနသန်ကပင် “ မကြောက်နှင့်။ သင်သည် အစ္စ ရေးဘုရင်ဖြစ်ရလိမ့်မည်” ဟု ခွန်အားပေးပြန်သည် (၁ရာ ၂၀း၂၊ ၂၃း၁၆၊ ၁ရ)။ဤသိုဖြင့် ဒါဝိဒ်ဒုက္ခရောက် တိုင်း ယောနသန်က မိတ်ဆွေပီသစွာ အမြဲခွန်အား  ပေးသည်။

ဒုက္ခပြဿနာအမျိုးမျိုး ကြုံတွေ့ရသည့် အ ချိန်တွင်ဖြစ်စေ၊ အပြစ်လုပ်မိသည့်အချိန်တွင်ဖြစ်စေ၊ စိုးရိမ် ကြောက်ရွံပြီး စိတ်ဓာတ်ကျတတ်သဖြင့် ခွန် အားပေးတတ်မည့်မိတ်ဆွေ အမြဲလိုအပ်သည်။ ထို မိတ်ဆွေများနှင့် အတူ အောင်မြင်မှုကို ပြန်လည်ဆွတ်ခူးလိုကြသည်။

၁၉၅၂ခုနှစ်ကထုတ်ဝေသော Norman Vincent Peale\ The Power of Positive Thinking စာအုပ်သည် အုပ်ရေသိန်း(၂၀၀)ကျော်ရောင်းချရပြီး ဘာသာ စကား(၄၀)ကျော်ဖြင့် ပြန်ဆိုရေးသားခြင်းခံရသည်။ ယနေ့အထိ ဖတ်ရှုသူအများဆုံး စာအုပ်အဖြစ် ရပ်တည်နေဆဲဖြစ်သည်။

ထိုစာအုပ်ဖြစ်ပေါ်လာပုံကို အနည်းငယ်လေ့လာကြပါစို။ Norman သည် ငယ်စဉ်က ဆင်းရဲလွန်းခြင်းနှင့် အကြောင်းအမျိုးမျိုးတိုကြောင့် ကြောက်ရွံသိမ်ငယ် စိတ်ဝင်လာသည်။ ထိုအခါ သတ္တိပြန်မွေးပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရန် လေ့ကျင့် သင်ယူသည်။ ထိုအတွေ့အကြုံများနှင့် ကိုယ်ပိုင် စိတ်ကူးများကိုပေါင်းစပ်ပြီး စာအုပ် တစ်အုပ်ရေးသားရာမှ အထက်ပါစာအုပ် ဖြစ်ပေါ်လာခဲ့သည်။

စာအုပ်ပုံနှိပ်ရန် စာပေတိုက်ကြီးများသို လိုက်လံမိတ်ဆက်သော်လည်း မည် သူကမျှလက်မခံချေ။ သူသည် အလွန်စိတ်ဓာတ်ကျပြီး ထိုစာမူကို အမှိက်ပုံးထဲသို ပစ်ထည့်လိုက်သည်။ သူ့ဇနီးက ပြန်ကောက်ပြီး အခြားတစ်နေရာသိုဆက်ပိုရန် ခွန် အားပေးသည်။ သိုသော် သူကလက်မခံဘဲ အမှိက်ပုံးထဲသို ပြန်ထည့်ပြီး ပြန်မကောက် တော့ရန် အမိန့်ပေးလိုက်သည်။ ထိုအခါ သူ့ဇနီးက အမှိက်ပုံးတွင်စာရေးပြီး သေသပ် စွာထုပ်ပိုး ကာ ပုံနှိပ်တိုက်တစ်ခုသိုပိုလိုက်သည်။ ပုံနှိပ်တိုက်ကလက်ခံပြီး ထုတ်ဝေ လိုက်သောအခါ ကမ္ဘာပေါ်တွင် အုပ်ရေအများဆုံးပုံနှိပ်ရသော စာအုပ်တစ်အုပ်ဖြစ် သွားသည်။ သူသည် ခွန်အားပေးမည့်မိတ်ဆွေ၊ သိုမဟုတ် ဇနီးရှိသောကြောင့် အောင်မြင်မှုရရှိခြင်း ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

မိတ်ဆွေကို တာရှည်ထိန်းသိမ်းနိုင်သည်

တစ်စုံတစ်ခုကို ရရှိရန်ထက် ထိန်းသိမ်းနိုင်ရန် ပို၍ခက်ခဲသည်။ ပိုက်ဆံရှာ ရန်ထက် ကောင်းစွာ ထိန်းသိမ်းနိုင်ရန် ပို၍ခက်ခဲသည်။ ထိုနည်းတူ မိတ်ဆွေရရှိရန် ထက် တာရှည်ထိန်းသိမ်းနိုင်ရန် ပို၍ ခက်ခဲသည်။

ဘုရားသခင်က “သင်နှင့် သင့်အဖေ၏မိတ် ဆွေများကို မစွန့်နှင့်”ဟု မိန့်မှာထားသည်(သု ၂၇း ၁၀)။ မိတ်ဆွေရှိသူသည် ကူညီမည့်သူရှိပြီး မိဘ၏ မိတ်ဆွေများကို ထိန်းသိမ်းနိုင်သောသူသည် သွန် သင်မည့်သူရှိသည်။ မိတ်ဆွေရှိသောသူသည် အထီး ကျန်မဆန်ဘဲ မိဘ၏မိတ်ဆွေကို ထိန်းသိမ်းနိုင်သော သူသည် မနိမ့်ကျနိုင်ပေ။

မိတ်ဆွေကို မစွန့်သောသူသည် ခေတ်နှင့် အမီလိုက်မြင်နိုင်ပြီး စွန့်သောသူမှာမူ နောက်မှမြင် တတ်သည်။ မိဘ၏မိတ်ဆွေကို ထိန်းသိမ်းသောသူသည် ရှေ့ကိုကြိုတင်မြင်တတ်ပြီး မထိန်းသိမ်းနိုင် သောသူမှာမူ တစ်ခေတ် နောက်ကျသည်။

ယောနသန်သည် မိတ်ဆွေရှာနည်းကျွမ်းကျင်ရုံမဟုတ်ဘဲ တာရှည်ထိန်းသိမ်း နိုင်သူဖြစ်သည်။ ဘုရားသခင်၏လူများကို မိတ်ဆွေဖွဲသည့်အပြင် ချစ်ခြင်းမေတ္တာထိန်းသိမ်းနိုင်သည်။ မိတ်ဆွေများဘက်တွင် အမြဲအတူပါရှိသည်။ ပေးကမ်းကူညီ သည်။ ဆုတောင်းပေးသည်။ ဦးစားပေးသည်။ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ခွန်အားပေး၍ ထိုဆက်ဆံရေးကို ကွယ်လွန်သည်အထိ သစ္စာရှိစွာထိန်းသိမ်းနိုင်သည်။

ထိုကြောင့် ဒါဝိဒ်သည် ယောနသန်သာမက သူနှင့်ပတ်သက်သူမှန်သမျှကို မမေ့မလျော့ ပြန်လည်ကျေး ဇူးပြုကူညီသည်။ အထူးသဖြင့် ယောနသန်၏သား ခြေ ထောက်မသန်သော မေဖိဗောရှက်ထံ ယောနသန်၏ ပိုင်ဆိုင်မှုအားလုံးကို ပြန်လည် အပ်နှင်းလိုက်သည်။ ယောနသန်၏ မိတ်ဆွေတာ ရှည်ထိန်းသိမ်းနိုင်မှုက သူကိုယ် တိုင်သာမက သားဖြစ်သူနေမေဖိဗောရှက်အထိ ကောင်းချီးခံစားစေသည်(၂ရာ ၉း၁ -၁၃)။

 

၁၂။ ဧလိယ (Elijah)

ဧလိယကို ဂိလဒ်ပြည်၊ တိရှဘိမြိုမှ ကြီးပြင်းသည့် ပရောဖက်တစ်ဦးဖြစ်သည် ဟူသည့် အချက်က လွဲပြီး(၃ရာ ၁၇း၁) သူ၏မိဘနာမည်နှင့် ဘုရားသခင်က မည်ကဲ့သိုရွေး ကောက်သည်ဟူသည့် အချက်ကို စိုးစဥ်းမျှမသိရချေ။ J. Oswald Sanders m ““ဧလိယသည် ကြယ်တံခွန်နှင့်တူသည်”ဟု ပြောဆိုသည့်အတိုင်း သူသည် အစ္စရေး နိုင်ငံ၌ ဝိညာဉ်ရေးရာအမှောင်ဆုံးကာလတွင် မထင်ရှားသောနေရာမှ ဖျတ်ခနဲပေါ် ထွန်းလာပြီး လုပ်ဆောင်စရာများပြီးစီးသောအခါ ကောင်းကင်ဘုံသို ဖျတ်ခနဲချီဆောင် ခြင်းခံရသည်။

“ဧလိယ ́ဟူသည် ဟေဗြိစကားဖြစ်၍ “ငါ၏ဘုရားသခင်သည် ယေဟောဝါဖြစ် သည်”ဟု ဆိုလို သည်။ အစ္စရေးပြည်သူအများစုက ဗာလဘုရားနှင့် အာရှရဘုရားကို ကိုးကွယ်သည့်အချိန်တွင် ဧလိယကမူ “ငါ့ဘုရားက တော့ အသက်ရှင်တဲ့ ယေဟောဝါ ဖြစ်တယ်”ဟု ပြသလိုက်ခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၌ ဧလိယ၏နာမည်ကို ဓမ္မ ဟောင်းကျမ်းတွင် (၅၂)ကြိမ်၊ ဓမ္မသစ်ကျမ်းတွင် (၂၉)ကြိမ်၊ စုစုပေါင်း (၁၀၁)ကြိမ်တွေ့ ရသည်။ သူသည် ပရောဖက်များအနက် ဓမ္မသစ်ကျမ်းတွင် အကြိမ်ရေအများ ဆုံး ဖော်ပြခံရသူတစ်ဦးသည်။

သူ၏အသက်တာ၌ နိမိတ်လက္ခဏာ(၅)ခု ပြုလုပ်ခဲ့ပြီး သေခြင်းကို ကြုံရသူ မဟုတ်ပေ(အသက် ရှင်လျက် ချီဆောင်ခြင်းခံရသည်)။ ထိုနိမိတ်လက္ခဏာများအနက် ရတ္တမြိုရှိ မုဆိုးမ၏သားကို အသက်ပြန်ရှင် စေခြင်းသည် အံ့သြဖွယ်အကောင်းဆုံး ဖြစ်၍ သမ္မာကျမ်းစာ၌ ပထမဆုံးဖော်ပြခံရသော သေသူပြန်ရှင်ခြင်း လည်းဖြစ်သည်။

ကျမ်းစာတစ်ခုလုံးတွင် သူပြန်ရှင်ခြင်း အတိအကျဖော်ပြချက် (၈)ခုရှိသည်။

၁) လိယပြန်ရှင်စေသော ဇရမြိုသူ မုဆိုးမသား (၃ရာ ၁၇း၂၂

၂) ဧလိရှဲပြန်ရှင်သော ရှုနင်မြိုသူ မိန်းမသား (၄ရာ ၄း၃၄-၁၅

၃) ဧလိရှဲ၏အရိုးစုနှင့် ထိတွေ့သူပြန်ရှင် (၄ရာ ၁၃း၂၀-၂၁)

၄) ယေရှုပြန်ရှင်စေသော နာက္ကမြိုသူ မုဆိုး၏သား (လု ၇း၁၄-၁၅

၅) ယေရှုပြန်ရှင်စေသော ယာဣရု၏သမီး (လု ၈း၅၂-၅၆)

၆) ယေရှုပြန်ရှင်စေသော လာဇရု (ယော ၁၁)

၇ ) ပေတရုပြန်ရှင်သော ဒေါ်ကာ (တ ၉း၄၀)

၈) ပေါလုပြန်ရှင်စေသော ဥတုခု (တ ၂၀း၉-၁၂)

လူမှန်နေရာမှန်ခေါင်းဆောင်

ဧလီယမွေးဖွားရာဂိလဒ်ပြည်သည် ထင်ရှားကျော်ကြားသော်လည်း တီရှဘီ မြိုကိုမူ လူတိုင်း မသိရှိကြချေ။ ထိုမြိုသည် ရေခံမြေခံမကောင်းသဖြင့် အခက်ခဲ သော ဒေသတစ်ခုဖြစ်သည်။ ထိုသို ဝိညာဉ်ရေး ရာ၌ အမှောင်မိုက်ဆုံးအချိန်၊ လူနေမှု ဘဝခက်ခဲသောအချိန်၊ ဆိုးသွမ်းသောဘုရင်အုပ်စိုး နေချိန်တွင် ဧလိယ ပေါ်ထွန်းလာခြင်းသည် ကျောက် စရစ်ပုံထဲတွင် ကျောက်ခွဲစက်ထားရှိသကဲ့သိုပင် ဖြစ် သည်။ ထိုပြဿနာများကို ဧလိယကဲ့သိုသော လူတ မျိုးကသာလျှင် ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။

စကော့တလန်နိုင်ငံ၌ ရှေးရိုးထုံးစံအမျိုးမျိုးကို စွဲလမ်းကျင့်သုံးနေသဖြင့် ဝိညာဉ်ရေးရာနှင့် လောက် ရေးရာ အလွန်ဆိုးသွမ်းနေချိန်တွင် ထိုပြဿနာကို နှိမ်နှင်းရန် ဘုရားသခင်က John Knox ကို ပေါ် ထွန်းစေခဲ့သည်။

Peter Young က “John Knox သည် စရိုက်ကြမ်းသူ၊ အသံ အငြင်းသန်သူ၊ အရပ်ပုသူ၊ ပခုံးကျယ်သူ၊ လက်သန်းရည်သူ၊ ဦးခေါင်းသေးသူ နှက်သူ၊ အသားညိုသူ၊ စိတ်ဆိုးလျှင်ဖူး တွန့်သူ၊ ပါးဖောင်းသူ၊ မျက်တွင် မျက်နှာနှင့် နှာခေါင်းရှည်သူ၊ ပါးစပ်ကျယ်သူ၊ အပေါ်နှုတ်ခမ်းထူသူ၊ မုတ်ဆိတ်မွေး ရှည်ပြီးထူသူ ဟု ပြောခဲ့သည်။ အင်္ဂလန်ဘုရင်မကြီးက “ စကော့တလန်စစ် တပ် ထက် John Knox ရဲ့ ကလောင်သွားကို ပိုကြောက်ပါတယ်”ဟု ပြောဖူးသည်။ တကယ်လည်းသူသည် စိတ်မာသူဖြစ်သည့်အတိုင်း ဘုရားသခင်ထံ ““စကော့တလန် ပြည် မနိုးထပါက အသေခံမယ်” ဟု ဆုတောင်းသည်။ ဘုရားသခင်ကအဖြေပေးပြီး သူ့အားဖြင့် စကော့တလန်နိုင်ငံ နိုးထလာသည်။

ဘုရားသခင်ကိုမယုံကြည်သောဘုရင်၊ ဆိုးသွမ်းသောဘုရင်မနှင့် ပျက်စီးသော ပြည်သူတိုကို ဆုံးမသွန်သင်ရန် ဘုရားသခင်က သတ္တိရှိပြီးစရိုက်ကြမ်းသော ပရော ဖက်တစ်ပါးပေါ်ထွန်းစေ၍ သံက သံကို ထက်စေသကဲ့သို ဆိုးသွမ်းသူ၊ စရိုက်ကြမ်း သူ့အချင်းချင်း ထိပ်တိုက်တွေ့ဆုံစေခဲ့သည်။ သိုဖြစ်၍ ဧလိယသည် အချိန်ကိုက် ပေါ်ထွန်းလာသော လူမှန်နေရာမှန်ခေါင်းဆောင်တစ်ဦးဖြစ်သည်။

ရဲရင့်သောခေါင်းဆောင်

ဧလိယ၏နာမည်ကို ၃ရာ ၁၇း၁တွင် ပထမဆုံးတွေ့ရရာ ဘုရင်ရှေ့၌ရောက် ရှိနေပုံဖြစ်သည်။ ရောက်ရောက်ချင်းပင် “ငါကိုးကွယ်သော ထာဝရဘုရား အသက် ရှင်တော်မူသည့်အတိုင်း ငါ့အခွင့်မရှိဘဲ မိုးမရွာနှင်း မကျရ” ဟု ဘုရင်၏မျက်နှာကိုတည့်တည့်ကြည့်ရင်း ပြောဆိုလိုက်သည်။

စင်စစ် တိရှဘိဟူသည့် မထင်မရှားမြိုငယ် ကလေးမှ မည်သူ့သားမှန်းမသိရသော အညတရသာ ဖြစ်သော်လည်း ရှင်ဘုရင်ရှေ့တွင် ကြောက်ရွံတုန် လှုပ်ခြင်း၊ တွန့်ဆုတ်နှောင့်နှေးခြင်းမရှိဘဲ တိုင်းပြည် တွင် ငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့ရမည်ဖြစ်ကြောင်း ရဲရင့်စွာပြောဆိုသည်။

ထိုအချိန်၌ အစ္စရေးပြည်တွင် ဗာလရုပ်တုနှင့် အာရှရရုပ်တုကိုးကွယ်ကြသည်မှာ နှစ်ပေါင်း (၆၀)ခန့် ရှိနေပြီဖြစ်သည်။ ဘုရင်အာဟပ်နှင့် မိဖုရားယေဇဗေလတို ကိုယ်တိုင် ထိုဘုရားများ ကိုးကွယ် ရုံသာမက ယေဇဗေလသည် ဘုရားသခင်၏ပရောဖက်များကို တစ်ဦးပြီး တစ်ဦးသတ်ဖြတ်ခဲ့သည်။ ဤမျှဆိုးသွမ်းလှသော ဘုရင်တစ်ပါး ရှေ့တွင် “ငါဟာထာဝရဘုရားသခင်ရဲ့ အမှုတော်ဆောင်ဖြစ်တယ်။ တခြားဘုရားတွေကို မကိုးကွယ် ဘူး။ ငါကိုးကွယ်တာ အသက်ရှင်တဲ့ဘုရားဖြစ်တယ်”ဟု ပြောဆိုနိုင်ရန် ရဲရင့်ခြင်း အလွန်လိုအပ်မည်ဖြစ်သည်။ ဧလိယသည် ထိုစကားကို အသက်နှင့်ရင်းပြီး ပြောဆို လိုက်ခြင်းဖြစ်သည်။

အစ္စရေးတို၏ဘုရား၊ တစ်ပါးတည်းသော သားတော်ကို ပေးတော်မူသော ထာဝရဘုရားသာလျှင် စစ်မှန်သောဘုရားဖြစ်၍ ထိုဘုရားကိုသာကိုးကွယ်ရမည်ဟု ရဲရင့်စွာပြောဆိုဝံ့သောခေါင်းဆောင်များ အလွန်လိုအပ်လျက်ရှိသည်။ ရာထူးနေရာ ကောင်းရရန်၊ လူတောထဲတိုးနိုင်ရန်၊ ပိုက်ဆံများများရရန်၊ အထင်သေးမခံရရန်စသည့် အတ္တကိုယ်ကျိုးကြောင့် ‘ထာဝရဘုရားသာလျှင် စစ်မှန်သောဘုရားဖြစ်ကြောင်း’ မဝန် ခံရဲသော ခေါင်းဆောင်တချိုရှိလာပြီဖြစ်ရာ ဝမ်းနည်း စရာကောင်းလှသည်။

ဧလိယကဲ့သို အမည်းကိုအမည်း၊ အဖြူကိုအ ဖြူဟု ပြတ်သားစွာပြောရဲသော၊ စစ်မှန်သော ဘုရား တစ်ဆူသာရှိသည်။ ခရစ်ယာန်များ ကိုးကွယ်သော ဘုရားသာလျှင် စစ်မှန်သည်ဟု ဝန်ခံရဲသော ခေါင်းဆောင် လိုအပ်သည်။ ဘုရားသခင်က ထိုကဲ့သိုသော ခေါင်းဆောင်ကို ရှာဖွေလျက်ရှိသည်။

 စကားနာခံသောခေါင်းဆောင်

ဧလိယသည် ဘုရင်အာဟပ်၏ရှေ့တွင် ထိုသိုပြောဆိုပြီးနောက် ဘုရားသခင် က သူ့ကို “ဤအရပ်မှ ထွက်သွားလော့။ အရှေ့သိုပြောင်း၍ ယော်ဒန်မြစ်တစ်ဖက် ခေရိတ်ချောင်းနားမှာ ပုန်းရှောင်၍နေလော့။ ထိုချောင်းရေကိုသောက်ရမည်။ ကျ တိုသည် သင့်ကိုကျွေးမွေးမည်အကြောင်း ငါမှာထားပြီ” ဟု ပြောလိုက် သည်။ လည်း ခေရိတ်ချောင်းနားသို သွားရောက်နေထိုင်၍ ထိုချောင်းရေကို သောက ကျီးအများက နံနက်နှင့် ညနေတွင် အသားနှင့် စားစရာများပိုပေးသည်။ ဧလိယသ ဘုရားသခင်ခိုင်းသည့်အတိုင်း အတိအကျလုပ် ဆောင်သူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ဧလိယသည် ဘုရားသခင်၏ မြင့်မြတ်သောပရောဖက်တစ်ဦးဖြစ်သည်။ မိုးရွာ ရန်နှင့် မိုးစဲရန် ဟူသည် သူ၏နှုတ်တွင်မူတည်သည်။ မိုးရွာရန်အမိန့်ပေးသောအခါ ချက်ချင်းရွာပြီး မိုးစဲရန်အမိန့်ပေးသောအခါ ချက်ချင်းစဲမည်ဖြစ်သည်။ ထိုမျှဘိသိက် ခြင်းခံရသူဖြစ်သော်လည်း ဘုရားသခင်က ခေရိတ်ချောင်း နားတွင်ပုန်းခိုရန် ပြောဆို သောအခါ ချက်ချင်းသွားလိုက်သည်။ သူသည် ဘုရားသခင်၏စကားကို မြေဝယ် မကျနာခံသူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ဧလိယက ဘုရားသခင်ထံ “ကျွန်တော့်ကို လူများတဲ့မြိုပေါ်မှာပဲ ဆက်လက် နေထိုင်ခွင့်ပြုပါဦး။ တရားလည်းဟောချင်ပါသေးတယ်။ ဒါမှလူတွေက အထင်ကြီး လေးစားမှာပေါ့။ မိုးရွာဖို၊ မရွာဖိုလည်း ကျွန်တော့်လက်ထဲအပ်ထားတာဆိုတော့ နည်း နည်းလေး နာမည်ကြီးချင်ပါသေးတယ်”ဟု လုံးဝမတောင်းဆိုဘဲ ဘုရားသခင်ခိုင်းသည့်အတိုင်းသာ လူ သူကင်းမဲ့သော ချောင်းကြိုမြောင်းကြားထဲတွင် တစ် ယောက်တည်း ပုန်းခိုနေထိုင်သည်။

ယခုခေတ်ခေါင်းဆောင်တချိုသည် ဧလိယ နှင့် ဆီနှင့်ရေပမာကွာခြားသည်။ ၄င်းတိုသည် ထင်ရှား ကျော်ကြားမှုကို တပ်မက်သဖြင့် ပရိသတ်အမြောက် အမြားရှေ့တွင်သာ ဟောပြောလိုကြသည်။ ပရိသတ် နည်းပါးပါက ကောင်းစွာမဟောတော့ဘဲ ဝေဖန်ရေး ဖြင့်သာ အဆုံးသတ်သူလည်းရှိသည်။ ဧလိယသာ ထင်ရှားကျော်ကြားမှုကို တပ်မက်ပါက အလွယ်တကူရရှိလိမ့်မည်ဖြစ်သည်။ ဘုရား သခင်က သူ၏စကား နာခံမည့်သူနှင့် ဘုန်းတော်ထင်ရှားစေမည့်ခေါင်းဆောင်ကို အမြ ရှာဖွေလျက်ရှိပြီး သူ၏ ဘုန်းတော် ထင်ရှားရေးထက် ပုဂ္ဂလိကထင်ရှားကျော်ကြား ရေးသာ ရှာဖွေနေသောခေါင်းဆောင်ကို ဖယ်ရှားလိမ့် မည်ဖြစ်သည်။

နှိမ့်ချသောခေါင်းဆောင်

ကောင်းရှိမှ၊ ရေသန့်သော သခင်ပေးသလောက်မှ ဧလိယသည် ရိတ်ချောင်းနားတွင် မည်သည့်အ ရာမျှမပိုင်ဆိုင်ခဲ့ချေ။ အိမ် “မှ ရေသန့်သောက်ရမှ၊ ဟင်းကောင်းစားရမှဟု စောဒကမတက်ဘဲ ဘုရား ပေးသ လောက်နှင့်သာ နှိမ့်ချကျေနပ်စွာ နေထိုင်အသက်ရှင်သည်။

သူ့ကိုကျွေးမွေးသောသူများသည် ယခုခေတ်ခေါင်းဆောင်တချို တို့ကဲ့သို့ အ ပျိုချောလေးများကိုရွေး ကာစားကောင်းသောက်ဖွယ်တည်ခင်းခိုင်း၊ အဝတ်လျှော် နင်းနှိပ်ခိုင်းခြင်းမျိုးမဟုတ်ဘဲ ငှက်တကာတိုတွင် အကျည်းတန်ဆုံး၊ အသံအဆိုး အညစ်ပတ်ဆုံးဖြစ်သော ကျီးအများဖြစ်ကြသည်။ မည်သိုပင်ဖြစ်စေ၊ ဘုရားသခင်က စေခိုင်းခြင်းဖြစ်သဖြင့် ဧလိယ အလွန်ကျေနပ်သည်။ ငါပရောဖက်တစ်ပါးပဲ၊ မိုးရွာ မရွာဖို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူပဲ၊ ငါလိုလူတစ်ယောက်က ကျီးအတွေရဲ့ စားကြွင်းစား ကျန်တွေကို ဘာဖြစ်လို စားနေရမှာလဲဟု လုံးဝမပြောပေ။

ဧလိယကဲ့သိုသော နှိမ့်ချသောခေါင်းဆောင် လိုအပ်သည်။ ဘုရားကိုမသိသော ခေါင်းဆောင် များနည်းတူ အလုပ်ရှင်သဖွယ်၊ အာဏာရှင်သဖွယ် အသက်မရှင်မိရန် အလွန်သတိထားရပါမည်။ ထမင်းဟင်းကောင်းမရှိ လည်း ရှိသလောက်နှင့် စားသောက်တတ်ရပါမည်။ ဟိုတယ်ကောင်းမရှိလည်း တစ်နေရာရာတွင် အိပ် စက်တတ်ရပါမည်။ စောင်ထည်ကောင်းမရှိလည်း ရှိ သည့်စောင်ကို ခြုံတတ်ရပါမည်။ ကောင်းကင်ဘုံမှ ဆင်းကြွလာသည့် သခင်ယေရှုကို အောက်မေ့ကြပါစို။ ဘုရားသခင်ကနှိမ့်ချသောသူကိုချီးမြှောက်၍မာနကြီး သောသူကို နှိမ့်ချသည်။ အမြင့်မြတ်ဆုံးသောခေါင်း ဆောင်များသည် အနှိမ့်ချဆုံးသောသူများဖြစ်သည် ကို မမေ့ကြပါစိုနှင့်။

သွန်သင်ခြင်းခံရသောခေါင်းဆောင်

ဧလိယပေါ်စတွင် “တိရှဘိမြိုသားဧလိယ”ဟု ဖော်ပြသော်လည်း(၃ရာ ၁ သုံးနှစ်ခွဲကြာ လာသောအခါ တွင်မူ “ဘုရားသခင်၏လူ ́ဟု ဖော်ပြခြင်းခံရသည့် (၃ရာ  ၁၇း၁၈၊ ၂၄)။ တိရှဘိမြိုသား ဘဝမှ အဘယ်ကြောင့် ဘုရားသခင်၏လူ ဖြစ် သနည်း။

ခေရိတ်ချောင်းနား၌ ပုန်းခိုခြင်းတွင် ရည်ရွယ်ချက်နှစ်ခုရှိသည်။ ၁) အာဟပ်၏ရန်မှ ကင်းလွတ်နိုင်ရန်နှင့် ၂) ဘုရားသခင်၏လူ ဖြစ်နိုင်ရန်ဖြစ်သည်။

ဧလိယသည် ခေရိတ်ချောင်းနားတွင် တစ်ကိုယ်တည်းဖြစ်သဖြင့် ဘုရားသခင် ကလွဲ၍ စကားပြော ဖော်ရှိမည်မဟုတ်ချေ။ စားသောက်ရေးကိုလည်း ဘုရားသခင် သာမခိုင်းပါက ကျီးအများက ပိုပေးမည်မဟုတ် သဖြင့် ဘုရားသခင်အပေါ်၌ ယခင် ထက်နီးကပ်စွာ မှီခိုရပ်တည်နေရမည်ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ သွန်သင် မှု တစ်မျိုးဖြစ်သည်။

နာခံခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ နှိမ့်ချခြင်း၊ ငြိမ်ဝပ်ခြင်း၊ ဘုရားသခင်နှင့် နေ့စဉ်မိတ် သဟာယဖွဲခြင်း၊ ဘုရားသခင်၌ အလုံးစုံမှီခိုခြင်း၊ ဘုရားသခင်၏နည်းနာ များကို နားလည်သိရှိခြင်း စသည်တိုကို သုံးနှစ်ခွဲလုံးလုံး လေ့ကျင့်သွန်သင်ခြင်းခံရ သည်။

ထိုသို လေ့ကျင့်သင်ယူပြီးနောက် အခက်ခဲဆုံးသွန်သင်မှုတစ်မျိုး ထပ်မံရင် ဆိုင်ရသေးသည်။ ယင်းမှာ ခေရိတ်ချောင်းရေ ခန်းခြောက်ခြင်းပင်ဖြစ်သည်။ ရေရင်း မြစ်မှ ရေမထွက်တော့သဖြင့် မျှော်လင့်ချက်မဲ့စရာပင် ဖြစ်သည်။

အသက်တာ၌ ရင်းမြစ်တစ်ခုခု ခန်းခြောက် သွားပါက အလွန်ဒုက္ခရောက်ရသည်။ အလုပ်ရသော် လည်း ပြန်ပြုတ်ခြင်း၊ ဈေးရောင်းသော်လည်း ရောင်း မကောင်းခြင်း၊ စီးပွားရေးလုပ်သော်လည်း အလိမ်ခံရ ခြင်း၊ အဆိုတော်သော်လည်း လည်ချောင်းရောဂါရှိ ခြင်း၊ ပညာတော်သော်လည်း စကားမပြောနိုင်ခြင်း စသည့် ရင်းမြစ်ပျက်စီးမှုများ ကြုံတွေ့ရတတ်သည်။ ထိုသိုသောအချိန်မျိုးတွင် ဘုရားသခင်မရှိ၍လော၊ သို မဟုတ် ရှိသော်လည်း သတိမရ၍လောဟုပင် ထင်မိ စရာဖြစ်တတ်သည်။ ဆွေမျိုးမိတ်သင်္ဂဟများနှင့် ချစ် ခင်ရသူ များကလည်း ဂရုမစိုက်ကြတော့ပေ။ ..

သိုသော်လည်း ရေရင်းမြစ်ခန်းခြောက်ခြင်းသည် ဧလိယ၏ဆုတော စုခြင်းပင်ဖြစ်သည်(ယာ ၅း၁၇)။ ဘုရားသခင်က ဧလိယကို ကြီးမားစွာအသုံးပြုလိုသဖြင့် ရေရင်းမြစ်ခန်းခြောက်စေခဲ့သည်။ အကြောင်းမှာ ရေမခန်းခြောက်ပါက ဧလိယသည် ခေရိတ်ချောင်းနားမှ ဇရတ္တမြိုသို့ သွားချင်မှသွားလိမ့်မည်ဖြစ်သည်။ အကယ်၍မသွားပါက ဆီဘူးထဲတွင် ဆီမကုန်ခန်းနိုင်ခြင်း၊ သေသောသူ ပြန်ရှင်ခြင်းစသည့် ကြီးမားသောနိမိတ် လက္ခဏာတချိုကို ပြုလုပ်ခွင့်ရမည်မဟုတ်ပေ။ လေ့ကျင့် သွန်သင်ခြင်းခံရသည့်အချိန်တွင် အလွန်ခက်ခဲသော် လည်း အသုံးပြုခြင်းခံရသည့် အချိန်တွင်မူ ဘုရားသခင်၏ဘုန်းတော်သာ၍ထင်ရှားလာမည်ဖြစ်သည်။ လေ့ကျင့် သွန်သင်ခြင်းခံရလေလေ သာ၍ထက် မြက်ထိရောက်လေလေဖြစ်သည်။

ဧလိယသည်အာဟပ်မင်းရှေ့တွင် စကားပြောဆိုပြီးနောက်တွင်လည်းကောင်း၊ ခေရိတ်ချောင်းနား၌ ပုန်းခိုပြီးနောက်တွင်လည်းကောင်း၊ ခေရိတ်ချောင်းနားမှ ထွက် ခွာပြီးနောက်တွင်လည်းကောင်း၊ မုဆိုးမထံ ဆီပေးပြီးနောက်တွင်လည်းကောင်း မည် သည့်အရာထပ်ဖြစ်လာမည်မှန်း ကြိုတင်မသိရှိပေ။ “နေ့စဉ်စားလောက်သောအစာကို ပေးတော်မူပါ’ဟုဆိုသည့်အတိုင်း နေ့စဉ် ဘုရားသခင်၏စကားကို နာခံလုပ်ဆောင်ပြီး ဘုရားအပေါ်၌သာ မှီခိုရပ်တည်သည်။ ထိုသို ဘုရားသခင်၏ လေ့ကျင့်သွန်သင် ပေးမှုကို ခံယူနေသဖြင့် မြင့်မြတ်သောခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

စာနာစိတ်ရှိသောခေါင်းဆောင်

ဧလိယတည်းခိုသည့် အိမ်ရှင်မုဆိုးမ၌ သားတစ်ယောက်သာရှိသည်။ ထိုသား သည် ရောဂါခံစားပြီး ကွယ်လွန်သွားသည်။ မုဆိုးမသည် အလွန်ဝမ်းနည်းပူဆွေးကာ ဧလိယကို “အို၊ ဘုရားသခင် ၏လူ၊ ကိုယ်တော် သည် ကျွန်မနှင့် အဘယ်သိုဆိုင်သနည်း။ ကျွန်မအပြစ်တို ကို အောက်မေ့စေ၍ ကျွန်မသားကိုသတ်အံ့သောငှာ ကျွန်မဆီသို ကြွလာတော်မူသလော”ဟုပင် အပြစ် တင်ပြောဆိုမိသည်။

ထိုအခါ ဧလိယသည် ထိုကလေးကို မုဆိုးမ၏ ရင်ခွင်ထဲမှပွေ့ယူပြီး အခန်းထဲတွင်လျောင်းစေသည်။ ထိုနောက် ငါအသက်ရှင်သကဲ့သို ဤကလေးလည်း ‘ အသက်ပြန်ရှင်ပါစေ။ ငါ၏အသက်ကို ဝေမျှပေးပါ။ သည် ဟူသည့်အဓိပ္ပာယ်ဖြင့် ကလေး၏ကိုယ်ပေါ်သိုမှောက်ချပြီး “အကျွန်ုပ်၏ဘုရား သခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တစ်ဖန်ဝင်စေတော်မူပါ”ဟု ဆုတောင်း သည်။ သိုသော် အဖြေ ချက်ချင်းမရသဖြင့် သုံးကြိမ်တိုင်တိုင်ဆုတောင်းသောအခါ အသက်ပြန်ရှင်သည်။

ဧလိယသည် မုဆိုးမနှင့် ၄င်း၏သားအပေါ် အလွန်စာနာစိတ်ရှိကြောင်းကို တွေ့ မြင်နိုင်သည်။ စင်စစ် ဧလိယသည် အသုဘအိမ်သို သွားသင့်သူမဟုတ်ချေ။ ပရော ဖက်တိုသည် လူသေအလောင်း ကြောင့် ကိုယ်ခန္ဓာညစ်ညမ်းခွင့်မရှိချေ။ သိုသော် သူ သည် ကလေး၏အလောင်းပေါ်သို သုံးကြိမ်သုံးခါမှောက်ချပြီး ဆုတောင်းပေးသည်။ အကယ်၍ သုံးကြိမ်ဖြင့်မရလျှင်လည်း မရမချင်းတောင်းပေးမည် သာဖြစ်သည်(၃ရာ ၁၈း၄၃)။

စိတ်နှစ်ခွမရှိသောခေါင်းဆောင်

စိတ်နှစ်ခွရှိသောသူများသည် သူရဲဘောနည်းသူများဖြစ်ကြသည်။ ရဲရင့်သော သူများသည် စိတ်နှစ်ခွမရှိဘဲ တိကျသောရပ်တည်ချက်နှင့် ယုံကြည်ချက်ရှိကြ၍ သူ တစ်ပါးပြောဆိုသမျှ အလိုက်သင့် လက်မခံတတ်ဘဲ သဘောမတူပါက အသက်ပင် စွန့်ရဲကြသည်။

ဘုရင်အာဟပ်၏ အမုန်းဆုံးသောလူသားမှာ ဧလိယဖြစ်သည်။ သူ့ရှေ့မှောက်၌ “မိုးရွာဖို၊ မရွာဖိုက ငါ့နှုတ်ပေါ်မှာမူတည်တယ်””ဟု ရဲရင့်စွာပြောဆိုပြီးမှ ပုန်းရှောင်ထွက်ပြေးသွားသော ဧလိယကို မည်သို ရမှန်းမသိခဲ့ပေ။ သုံးနှစ်ပြည့်သွားချိန်တွင် ဧလိယသာ အမိန့်မပေးပါက မိုးရွာမည်မဟုတ်သဖြင့် ဧလိယကို အသည်းအသန်ရှာဖွေခိုင်းသည်။

ထိုအခါ ဘုရားသခင်က ဧလိယထံ “ငါမိုးရွာစေတော့မှာမို အာဟပ်ဆီသွား ပြောလိုက်ပါ”ဟု မိန့်ဆိုလိုက် သည်။ ဧလိယလည်း ချက်ချင်းသွားလိုက်သည်။ အာ ဟပ်နှင့်တွေ့သောအခါ အာဟပ်က “သင်ဟာ အစ္စရေးပြည် ကို အနှောင့်အယှက် ပေးတဲ့သူမဟုတ်လား”ဟု ဆီးကြိုမေးလိုက်သည်။ ဧလိယက “နှောင့်ယှက်တောင် မဟုတ်ဘူး။ သင်နှင့် သင့်ဆွေမျိုးတွေကပဲ နှောင့်ယှက်တာပါ။ ဘုရားသခင်ရဲ့ ပညတ် တွေကို စွန့်ပစ်လိုက် ကြတယ်။ အခုဆက်သားစေလွှတ်ပြီး ကာရမေလတောင်ပေါ်မှာ ဆီကို ပြည်သူလူထုရော၊ ဗာလပရောဖက် (၄၅ဝ)တွေရော၊ ယေဇဗေလမှာစားတဲ့ အာရှရပရောဖက် (၄ဝဝ)တွေရော အကုန်လုံးဆင့်ခေါ်စုဝေးစေလိုက်ပါ” ဟုပြန်ပြောသည်။ အသည်။ လူထုစုဝေးလာသောအခါ ဧလိယက “ဘယ်အချိန်ထိ စိတ်နှစ်ခွ  ထားကြဦးမှာလဲ။ ထာဝရဘုရားဟာ ဘုရားသခင်အမှန်ဟုတ်ရင် သူ့ကိုကိုးကွယ်ကြပါ။ ဒါမှမဟုတ်ရင်လည်း ဗာလဟာ ဘုရားသခင် အမှန်ဟုတ်ရင် သူ့ကိုကိုးကွယ်ကြပါ” ဟု စိန်ခေါ်လိုက်သည်။ လူထုကမူ တစ်ခွန်းမျှပြန်မဖြေကြဘဲ(၃ရာ ၁၈း၁-၂၁) နိုင်တဲ့ သူဘက်မှာပါမည်ဟူသည့် နှစ်ခွသောစိတ်ထားဖြင့် ပွဲကြည့်ပရိသတ်လုပ်နေကြသည်။

စိတ်နှစ်ခွရှိသောလူထုသည် အသက်ရှင်သောထာဝရဘုရားကို မကိုးကွယ် ကြသကဲ့သို ဗာလဘုရား ကိုလည်း မကိုးကွယ်ကြပေ။ စင်စစ်ကိုးကွယ်ရာမဲ့ခြင်းသည် ရုပ်တုကိုးကွယ်မှုတစ်မျိုးပင်ဖြစ်သည်။ အကြောင်း မှာ ထာဝရဘုရားကို မကိုးကွယ် ပါက ရုပ်တုကိုးကွယ်သည်နှင့် အတူတူဖြစ်သည်။

ဧလိယသည် စိတ်နှစ်ခွမရှိသဖြင့် သူရဲဘောမကြောင်ချေ။ ပျက်စီးသွားသော ယဇ်ပလ္လင်တော်ကို သူ့ဘက်၌ မည်သူမျှမပါရှိသည့်တိုင် တစ်ဦးတည်းပြန်တည်သည် (၃ရာ ၁၈း၃၁-၃၂)။ သူ့နေရာ၌သူ ရဲရင့်စွာရပ်တည်သည်။ သူ့ဘက်၌ ဘုရားသခင် အတူပါရှိသည်ကို ရှင်းလင်းစွာသိသဖြင့် မကြောက်ခဲ့ ပေ။ တိကျသောယုံကြည်ချက်နှင့် ရပ်တည်ချက်ရှိ သဖြင့် တိကျသောအောင်မြင်မှု ရရှိသွားသည်။

သူတစ်ပါးပြောဆိုသမျှကို လက်သင့်ခံပြီး တိ ကျသောရပ်တည်ချက်မရှိသည့်ခေါင်းဆောင်၊ တိကျ သော ယုံကြည်ချက်မရှိဘဲ ကြုံသလိုလုပ်ဆောင်တတ် သည့်ခေါင်းဆောင်၊ တိကျသောရည်မှန်းချက် မရှိဘဲ စားကွက် ရှာတတ်သည့်ခေါင်းဆောင်မျိုးသည် ပြည့်စုံ သောအောင်မြင်မှု မရရှိနိုင်သည်သာမက နောက်လိုက်ကောင်း လည်း ရရှိနိုင်မည်မဟုတ်ချေ။ “အေး ခြင်းဖြစ်စေ၊ ပူခြင်းဖြစ်စေ၊ တစ်ခုခုကို ငါအလိုရှိ၏။ အအေးမဟုတ်၊ အပူမဟုတ်၊ နွေး၍သာရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလှပြီ” (ဗျာ ၃း၁၆)။

ဆုတောင်းသောခေါင်းဆောင်

ဧလိယသည် အများနည်းတူ သာမန်လူသာဖြစ်သော်လည်း မိုးမရွာရန် စိတ် နှလုံးအကြွင်းမဲ့ဆုတောင်းရာ အစ္စရေးပြည်၌ သုံးနှစ်ခွဲလုံးလုံး မိုးမရွာတော့ချေ။ ဆို ပြန်တောင်းသောအခါ မိုးပြန်ရွာသည် (ယာ ၅း၁ရ-၁၈)။ မိုးရွာဖို့၊ မရွာဖို့ဟူသည် သူ၏ဆုတောင်းချက်အပေါ်တွင် တည်မှီနေသည်။

သားကွယ်လွန်သောအခါ မုဆိုးမက ဧလိယ ကို “အိုဘုရားသခင်၏လူ၊ ကိုယ်တော်သည် ကျွန်မနှင့် အဘယ်သိုဆိုင်သနည်း။ ကျွန်မအပြစ်တိုကို အောက် မေ့စေ၍ ကျွန်မသားကိုသတ်အံ့သောငှာ ကျွန်မဆီသို ကြွလာတော်မူသလော”ဟု အပြစ်တင်ပြောဆိုသည် (၃ရာ ၁း၁၈)။ ထိုအခါ ဧလိယသည် ကလေးကိုပွေ့ ယူကာ အခန်းထဲတွင်လျောင်းစေပြီး “အကျွန်ုပ်၏ ထာဝရဘုရား၊ အကျွန်ုပ်၏အိမ်ရှင် ဤမုဆိုးမ၌ ဘေး ဥပါဒ်ပြု၍ သူ၏သားကို သေစေတော်မူမည်လော” ဟု ဟစ်အော်သည်။

ထိုနောက် ကလေး၏ကိုယ်ပေါ်သို သုံးကြိမ်တိုင်တိုင်မှောက်ချပြီး “အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ဤသူငယ်၏ဝိညာဉ်ကို တစ်ဖန်ဝင်စေတော်မူပါ” ဟု ဆု တောင်းသည်။ ဘုရားသခင်က အဖြေပေးသဖြင့်ထိုကလေးအသက်ပြန်ရှင်သွားသည်။

ကာရမေလတောင်ပေါ်၌ ဗာလပရောဖက်(၄၅၀)ဦး၊ အာရှပရောဖက်(၄၀၀) ဦးတိုနှင့် စစ်မှန်သည့်ဘုရား သက်သေပြမည့်အချိန်တွင် ဧလိယက “သင်တိုပိုများတဲ့ အတွက် သက်သေအရင်ပြပါ။ ပြီးမှငါပြမယ်”ဟု ဦးစားပေးသည်။ ထိုအခါဗာလနှင့် အာရှရပရောဖက်များက စတင်ဆုတောင်းကြသည်။

သူတိုသည် နံနက်မှစ၍ ယဇ်ပလ္လင်ပတ်ပတ်လည်၌ အော်ဟစ်ကခုန်၍သော် လည်းကောင်း၊ သူတိုဘုရားက သနားပြီးကရုဏာသက်စေရန် မိမိကိုယ်ကို ဓား၊ သံချွန်စသည်တိုဖြင့် သွေးထွက်အောင် မွှန်း၍သော်လည်းကောင်း ဆုတောင်းကြ သော်လည်း အကြောင်းမထူးချေ။ ထိုအခါ ဧလိယက “သင်တိုဘုရားက အိပ်ပဲ ပျော် နေတာလား။ ခရီးပဲသွားနေတာလား။ ဒါမှမဟုတ် အတွေးပဲလွန်နေတာလား”ဟု သရော်လိုက်သည်။

ညနေပိုင်းတွင် ဧလိယ၏အလှည့်ရောက်လာသည်။ သူသည် မိစ္ဆာပရောဖက် များကဲ့သိုမဟုတ်ဘဲ တစ်မိနစ်ခန့်သာသာ ဆုတောင်းလိုက်သည်။ ဘုရားသခင်က ကျောက်၊ မြေမှုန့် ပေးသဖြင့်ရေဖြင့်စိုရွဲလျက် ရှိသည့်ယဇ်ကောင်နှင့် ထင်း၊ အားလုံး တစ်စမကျန်လောင်ကျွမ်းသွားသည်။ ဖြောင့်မတ်သူ၏ဆုတောင်းခြင်း၊ သည် တန်ခိုးကြီး၍ အဖြေရရှိစမြဲဖြစ်သည်။

ထိုနောက် ဧလိယသည် မိစ္ဆာပရောဖက်(၈၅၀) တိုကို ကိရှုန်ချောင်း၌ အကုန်ကွပ်မျက်ပြီး ဆုတောင်း ရန် တောင်ပေါ်သိုပြန်တက်သည်။ အောင်ပွဲရရှိသော် လည်း နှိမ့်ချစွာဖြင့် သူ၏မျက်နှာကို ဒူးနှစ်ဖက်ကြား တွင်ထားလျက် စတင်ဆုတောင်းသည်။ တစ်ကြိမ် တောင်းပြီးတိုင်း မိုးရွာမည့်လက္ခဏာရှိ၊ မရှိသိနိုင်ရန် သူ၏အစေခံကို ပင်လယ်ဘက်သို လှမ်းမျှော်ကြည့် ခိုင်းသည်။ဆုတောင်းရာတွင်အခြားနှင့်မရောထွေးဘဲ မိုးရွာရန်ကိုသာ အတိအကျတောင်းသည်။ ခုနစ်ကြိမ် တိုင်တိုင်တောင်းသဖြင့် သူ၏ဇွဲလုံလရှိမှုကို တွေ့မြင် နိုင်သည်။ တစ်ကြိမ်တောင်းပြီးတိုင်း ယုံကြည်မှု အပြည့်ဖြင့် ပင်လယ်ဘက်သို လှမ်းကြည့်ခိုင်းသဖြင့် သူ၏မျှော်လင့်ချက်ကြီးမှုကို တွေ့မြင်နိုင်သည်။

ဆုတောင်းသောခေါင်းဆောင်များနှင့် လက်တွဲပူးပေါင်းခြင်းသည် ဘုရားသခင် နှင့် လက်တွဲပူးပေါင်းခြင်း ဖြစ်သဖြင့် ရှုးနိမ့်ရမည်မဟုတ်ပေ။ အဖြေရပြီလားဟု အမြဲ စောင့်ကြည့်ပြီး အောင်ပွဲဆင်နွှရမည်ဖြစ်သည်။

အပြစ်ကိုမုန်းတီးသောခေါင်းဆောင်

ဧလိယခေတ်တွင် ဘုရင်အာဟပ်သည် အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ဧလိယကမူ လုံးဝမ ကြောက်ပေ။ ဘုရင်မိုလို ဖားထားလိုက်မှ၊ လွှတ်ထား မှ၊ မသိသလိုနေလိုက်မှဟူ၍ လုံးဝသဘောမထားဘဲ လိုအပ်သည့်နေရာတွင် လိုအပ်သလို ရင်ဆိုင်ပြော ဆိုရဲသည်။

အာဟပ်က “သင်ဟာ အစ္စရေးပြည်ကို အ နှောင့်အယှက်ပေးတဲ့သူမဟုတ်လား”ဟုမေးရာ ဧလိယက “နှောင့်ယှက်တာငါမဟုတ်ဘူး။ သင်နှင့် သင့် ဆွေမျိုးတွေကပဲ နှောင့်ယှက်နေတာပါ”ဟု ပြန် သည်။ ဘုရင်တစ်ပါး ကို ထိုသိုပြောဆိုရဲသည့်သူမှာ ဧလိယတစ်ဦးတည်းသာ ဖြစ်ပါလိမ့်မည်။ ဧလိယသည် ရုပ်တုကိုးကွယ် ခြင်းအပြစ်ကို မုန်းတီးသောကြောင့် ထိုသိုပြောဆိုရဲခြင်းဖြစ်သည်။

ကာရမေရတောင်၌ အောင်ပွဲရရချင်းပင် ဗာလနှင့် အာရှရရုပ်တုဘုရား ကိုး ကွယ်သူအားလုံး (၈၅ဝယောက်)ကို ကိရှုန်ချောင်း၌ ကွပ်မျက်ပစ် လိုက်သည်(၃ရာ ၁၈း၁-၄၀)။ သူသည် ဘုရားသခင်ကို ဆန့်ကျင်သည့်သူများနှင့် အပြစ်ကိုမုန်းတီး ဖြစ်သဖြင့် ဘုရားသခင်ရွေးကောက်သော ခေါင်းဆောင် စစ်စစ်တစ်ဦးဖြစ်မှန်း သိသာ ထင်ရှားသည်။

ထိုမိစ္ဆာပရောဖက်တိုကို အဘယ်ကြောင့် ချက်ချင်းကွပ်မျက်ရသနည်း။ အ ဘယ်ကြောင့် ခွင့်မလွှတ် ရသနည်းဟု တချိုမေးခွန်းထုတ်လိုပါလိမ့်မည်။ အနာရှိလျှင် အကုန်လုံးကုသရသည်။ အညစ်အကြေး စွန့်လျှင် တစ်စမကျန်ရှင်းလင်းရသည်။ ထို နည်းတူ မိစ္ဆာပရောဖက်များသည် အစ္စရေးပြည်အဖို့ အနာ သိုမဟုတ် အညစ်အကြေး ဖြစ်သဖြင့် အကုန်လုံးရှင်းလင်းရမည်သာဖြစ်သည်။

နောက်ပြန်လဲကျသောခေါင်းဆောင်

ဆုတောင်းခြင်းဖြင့် သုံးနှစ်ခွဲလုံးလုံးမိုးခေါင်စေသူ၊ သေသောသူကိုပြန်ရှင်စေ သူ၊ ဆုတောင်းခြင်းဖြင့် မိုးရွာစေသူ၊ ဘုရားသခင်ကိုယုံကြည်ခြင်းဖြင့် ဘုရင် အာဟပ် ကိုရင်ဆိုင်ရဲသူ၊ ဗာလနှင့် အာရှ ရပရောဖက်တိုကို မခိုးမခန့်လုပ်သူ၊ ယင်းတိုကို သုတ် သင်ကွပ်မျက်သူ ဧလိယခမျာ နောက်ပြန်လဲကျရှာသည်။ အဘယ်ကြောင့် နည်း။ လေ့ လာကြည့်ကြပါစို။ ။

ရှင်ယာကုပ်ပြောသည့်အတိုင်း ဧလိယသည် လူသားဖြစ်သည်နှင့်အညီ ရှက် တတ်ကြောက်တတ်သည်။ ယုံကြည်ခြင်းဖြင့် ရင်ဆိုင်တတ်သကဲ့သို ယုံမှားခြင်းဖြင့် ထွက်ပြေးတတ်သည်။ အောင်မြင်မှု အထွတ်အထိပ် ရရှိသည့်အချိန်တွင် စုံစမ်းခြင်းလာသဖြင့် နောက်ပြန် လကျရန် အစပျိုးလာသည်။ ရှင်ဘုရင်ကိုပင် အချိန် မရွေး ရင်ဆိုင်ရဲသူသည် မိဖုရား ယေဇဗေလကို ကြောက်ပြီး ထွက်ပြေးရရှာသည်။

ဘုရင်အာဟပ်က မိဖုရားယေဇဗေလထံ ဧလိယ၏လုပ်ဆောင်ချက်တိုကို ပြောလိုက်သောအခါ ယေဇဗေလသည် ဧလိယထံ လူစေလွှတ်ပြီး “နက်ဖြန်နေ့ ယခုအချိန်ရောက်မှ သင့်အသက်သည် ထိုပရောဖက်တို၏အသက်ကဲ့သို ငါမဖြစ်စေလျှင် ဘုရားတိုသည် ငါ၌ ထိုမျှမကပြုပါစေသော”ဟု ပြောဆို ခိုင်းသည်(၃ရာ ၁၉း၁-၂)။

ထိုအခါ ဧလိယအလွန်ကြောက်သွားသည်။ ချက်ချင်းထပြီး ယုဒခရိုင်၊ ဗေရရှေ့ ဘမြို့သို့ ကိုယ်လွတ် ရုန်း၍ထွက်ပြေးသည်။ ထိုမြိုတွင် အစေခံကိုထားခဲ့ပြီး သူကမူ တောထဲသိုဆက်သွား၍ ရသမ် ပင်အောက်၌ အနားယူလေသည်။ ကြောက်ရွံမောပန်း၊ လွန်းပြီး အသက်ရှင်လိုစိတ်ပင် မရှိတော့သဖြင့် “အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ။ အကျွန်ုပ်သည် ဘိုးဘေး တိုထက်သာ၍ မကောင်းပါ”ဟု မြည်တမ်းဆုတောင်းသည်(၃ရာ ၁၉း၃-၄)။

သိုသော် ဘုရားသခင်က လုံးဝအဖြေမပေးချေ။ ဘုရားသခင်ထံမှ ဧလိယ၏ ဆုတောင်းချက် အဖြေမ ပေးခြင်းကို ဤတစ်ကြိမ်သာတွေ့ရသည်။ အခြားဆုတောင်း ချက်များ အဖြေပေးသော်လည်း သေဖို့ဆုတောင်းချက်ကိုမူ ဘုရားသခင်က သဘော မတူပေ။ ယင်းသည် အကောင်းဆုံးအဖြေပင်ဖြစ်သည်။ အကယ်၍ ဧလိယသေဆုံး ပါက ၄င်း၏ နှစ်ဆသောဘိသိက်ခြင်း ရရှိသည့် ဧလိရှဲကို သိခွင့်ရကြမည်မဟုတ်ပေ။ သိုဖြစ်၍ မည်မျှပင် နောက်ပြန်လဲကျစေကာမူ ဘုရားသခင်သည် ဧလိယကို ပြန်လည် ထူမတ်ရန် အကြံအ စည်ရှိပြီးဖြစ်မှန်း တွေ့မြင်နိုင်သည်။

ဧလိယ၏ အသက်သေချင်လောက်အောင် စိတ်ဓာတ်ကျခြင်းက လူ့သဘာဝ နှင့် နောက်ပြန်လဲ တတ်သည့် သဘောရှိခြင်းကို ပြဆိုသည်။ သိုသော် သူ၏နောက် ပြန်လဲကျခြင်းကို ကြည့်လျှင် –

၁)         ဆင်ခြင်တုံတရားမရှိခြင်း။ အရာခပ်သိမ်းအုပ်စိုးသော ဘုရားသခင်၏ အမှုတော် ဆောင်သူဖြစ်မှန်း အမြဲဆင်ခြင်ခဲ့ပါက မိန်းမသားဖြစ်သော ယေဇဗေလ၏ရန်မှ လုံးဝထွက်ပြေးမည်မဟုတ်ပေ။

၂)          တစ်ကိုယ်တည်းလှုပ်ရှားခြင်း၊ အစေခံကိုထားခဲ့ပြီး တစ်ယောက်တည်း ဆက်လက်ထွက်ပြေးသဖြင့် အားပေးမည့်သူ၊ တိုက်တွန်းမည့်သူ၊ အတူဆုတောင်းမည့် သူ မရှိတော့ဘဲ စိတ်ဓာတ်ပိုကျလာသည်။ ခရစ်ယာန်အသက်တာဟူသည် တကိုယ်တော်လှုပ်ရှားမှုဖြင့် အောင်မြင်နိုင်သောအရာမဟုတ်ပေ။

၃)         အောင်မြင်မှုရပြီးနောက် စိတ်လျှော့ချလိုက်ခြင်း။ ခရစ်ယာန်အသက်တာ၌အောင်မြင်မှုအထွတ်အထိပ် ရရှိသည့်အချိန်တွင် ကြီးမားသောစုံစမ်းခြင်း သက်ရောက်လာတတ်သည်။ အောင်မြင် ပြီးနောက်ပိုင်း တွင် ဆုတောင်းခြင်းနှင့် စိတ် အားထက်သန်မှု လျှော့ချမိတတ်ကြရာ ထိုသိုသောအချိန်တွင် စုံစမ်းခြင်းလာ ပါက အလွယ်တကူ လဲကျသွားနိုင်သည်။

၄)         ကိုယ်ခန္ဓာမောပန်းလွန်းခြင်း။ ဂရိတို့၌ “လေးမြားကို မောင်းတင်လျက်သား အမြဲထားရှိပါက ကျိုးသွားနိုင်သည်”ဟူသည့် စကားပုံတစ်ခုရှိသည်။ ဧလိယ လည်း အမြဲမောင်းတင်ထားသော လေးမြားနှင့်တူသည်။ ဘုရင်အာဟပ်ကရှာဖွေ နေသည့်အချိန်တွင် ပြဿနာပေါင်းစုံကြုံရသေးသည်။ မိစ္ဆာ ပရောဖက်(၈၅၀) တိုကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ရသဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်း နွမ်းနယ်လွန်းရာမှ စိတ်ဓာတ်ကျဆင်းပြီး နောက်ပြန်လဲခြင်းဖြစ်နိုင်သည်။ အကြောင်းမှာ မောပန်းလွန်း သောအချိန်သည် စိတ်ဓာတ်ကျဆင်းရန် လွယ်ကူလွန်းသောအချိန်ဖြစ်သည်။

၅)         သူ့ကိုသူ သနားဖွယ်ဖြစ်အောင်နေခြင်း။ ဘုရားသခင်က ဧလိယကို “ဒီနေရာမှာ ဘာလုပ် နေတာ လဲ”ဟုမေးရာ သူက “ကျွန်တော်ဟာ ကိုယ်တော့်အတွက် အလုပ်သိပ်လုပ်ချင်သူပါ။ ကိုယ်တော့် လူမျိုးအစ္စရေးတွေက ကိုယ်တော့်ကို သစ္စာ ဖောက်ကြပြီ။ ယဇ်လ္လင်တွေကိုဖျက်ဆီးပြီး ကိုယ် တော့်ပရော ဖက်တွေကို ဓားနှင့်ထိုးသတ်ပစ်ကြ ပြီ။ အခုလည်း တစ်ယောက်တည်းကျန်တဲ့ ကျွန် တော့်ကို သတ်ဖို ဖြတ်ဖိုရှာဖွေနေကြပါပြီ” ဟု သူ့ကိုသူ သနားဖွယ်ဖြစ်အောင် ပြန်လည်ဖြေဆို သည် (၃ရာ ၁၉း၅-၁၀)။ သူ့ကိုသူ ထိုသို သ ဘောထားသဖြင့် တကယ်စိတ်ဓာတ်ကျဆင်းပြီး မည်သူ့ပယော ဂမျှမပါဘဲ နောက်ပြန်လဲကျခြင်း ဖြစ်သည်။

ခေါင်းဆောင်များသည်လည်း လူဖြစ်သည့်အားလျော်စွာ နောက်ပြန်လဲ တတ်ကြသည်။ ထိုသိုသော အချိန်တွင် အပြစ်တင်မစောဘဲ ဆုတောင်းပေးခြင်း၊ အပြင် အဘက်ဘက်မှ ကူညီပံ့ပိုးပေးရန်ဖြစ်သည်။ သိုဖြစ်၍ နောက်ပြန်မလဲကျ စေရေးအတွက် ဤအချက်(၅)ချက်တိုကို အမြဲမှတ်ထားရပါမည်။

ခေါင်းဆောင်သစ်ပျိုးထောင်သော ခေါင်းဆောင်

ခေါင်းဆောင်ကောင်းသည် ခေါင်းဆောင်သစ်ပျိုးထောင်သဖြင့် အမွေဆက်ခံ မည့်ခေါင်းဆောင် အလုံအလောက်ရှိသွားသည်။

ဘုရားသခင်က ဧလိယကို ပြန်လည်ထူမပြီး ယခင်ကဲ့သိုပင် အသုံးပြုသည်။ ဟောရပ်တောင် ပေါ်တွင်ဆုံးမသွန်သင်ပြီးနောက် “ဒမာသက်တောထဲပြန်သွားပြီးဟာ ဟာဇေလကို ဆီးရီးယားဘုရင်အဖြစ် ဘိသိက်ပေးပါ။ နိမ်ရှိ၏သား ယေဟုကိုလည်း အစ္စ ရေးဘုရင်အဖြစ် ဘိသိက်ပေးပါ။ အာဗေလမ ဟောလမြိုနေ ရှာဖတ်၏သား ဧလိရှဲ ကိုတော့ သင့်နေရာမှာအစားထိုးဖို ပရောဖက်အဖြစ် ဘိသိက်ပေးပါ”ဟု ခိုင်းသည်။

ဧလိယလည်း ချက်ချင်းသွားလိုက်ရာ နွား(၁၂)ရှဉ်းဖြင့်လယ်ထွန်သည့် ဧလိရှဲ ကိုတွေ့သည်။ အနားသို သွားပြီး သူ၏ဝတ်ရုံကို ဧလိရှဲ၏ကိုယ်ပေါ်သို ပစ်တင်လိုက် သည်။ ထိုအခါ ဧလိရှဲက “မိဘနှစ်ပါးကို အရင်သွား နမ်းပြီးမှ ကိုယ်တော့်နောက်လိုက်ပါမယ်” ဟု ပြော သည်။ ထိုအချိန်မှ ချီဆောင်ခြင်းခံရချိန်အထိ ဧလိရှဲ ကို ကောင်းမွန်စွာပျိုးထောင်ပေးသည်။ သိုဖြစ်၍ ဧလိရှဲ သည် ကွယ်လွန်ချိန် အထိ ပရောဖက်ခေါင်းဆောင် ကြီးအဖြစ် တာဝန်ယူရသည့်အပြင် သူ့ကိုပျိုးထောင် ပေးသော ဧလိယ၏ နှစ်ဆသောဘိသိက်ခြင်း ရရှိ လေသည်။

 

၁၃။ ဧလိရှဲ (Elisha)

ကျမ်းစာ၌ ဧလိရှဲနာမည်ကို (၅၈)ကြိမ်တွေ့ရသည်။ ဟေဗြဲကျမ်းစာထဲတွင် (၅၅) ကြိမ်နှင့် ဂရိကျမ်းစာထဲတွင် (၁)ကြိမ်ဖြစ်သည်(လု ၄း၂၅)။ ဧလိရှဲ၏ခေတ်တွင် ဆီးရီး ယားနိုင်ငံ၌ အရေပြားရောဂါသည် အမြောက်အမြားရှိသော်လည်း ဗိုလ်ချုပ်နေမန် တစ်ယောက်သာ ကျန်းမာခြင်းရရှိသည်ဟု ဆိုသည်။ ဧလိရှဲဟူသည် “ဘုရားသခင် သည် ကယ်တင်ခြင်း၏ဘုရားဖြစ်သည်”ဟု အဓိပ္ပာယ်ရသည်။ နာမည်နှင့်လိုက်ဖက် စွာပင် ဧလိယအသက်တာ၌ ဘုရားသခင်သည် ကယ်တင်ရှင်ဘုရားဖြစ်ခြင်းကို အ ကြိမ်များစွာ တွေ့ရှိရသည်။

အကောင်းဆုံးဆေးဝါးသည် “အချိန်”ဟု တင်စားသည့်အတိုင်း ဘုရားသခင်၏ အသုံးတော်ခံမည့် ခေါင်းဆောင်တစ်ဦးဦးပေါ်ထွန်းနိုင်ရန် “အချိန်”လိုအပ်သည်။ ရောမ မြိုကို တစ်ရက်တည်းဖြင့် တည်ဆောက်ခြင်းမဟုတ်ဟု အဆိုရှိသည့်အတိုင်း ကြီး မြတ်ကောင်းမွန်သော အရာတစ်ခုခု ဖြစ်ပေါ်နိုင်ရန် အချိန်များစွာ ပေးရသည်။ သိုဖြစ်ရာ ခေါင်းဆောင်ကောင်းလိရှ် ပေါ်ထွန်းနိုင်ရန်လည်း အချိန်လိုအပ်သည်။

စောင့်စားနိုင်သောသူများက ကောင်းချီးရရှိသည်

ဘုရားသခင်က အာဒံထံ မြွေ၏ဦးခေါင်းနှင်းကြိတ်မည့်သူ ပေါ်ထွန်းမည်ဟု ကတိပေးသော်လည်း နှစ်ထောင်ပေါင်းများစွာ စောင့်စားရသည်။ အာဟ်ထံ၌ သာ။ နီကားမည်ဟု ကတိပေးသော်လည်း ဆယ်စု နှစ်များစွာ စောင့်စားရသည့်အပြင် တီထားရာပြည်ကို ယနေ့အထိ အကုန်အစင်မရရှိသေးပေ။ မောရှေသည် သူ့လူမျိုးများကို ချက်ချင်းကယ်တင်လိုသော်လည်း ဘုရားသခင်က နှစ်ပေါင်း လေးဆယ် ထပ်မံစောင့် စားခိုင်းသည်။ ဒါဝိဒ်သည် ဘိသိက်ခြင်းခံရပြီးနောက် ဘုရင်ဖြစ်ရန် ဆယ် နှစ်ကျော်စောင့်စားရသည်။

ထိုနည်းတူ ဧလိရှဲသည် ဧလိယ၏နေရာရရှိရန် ဆယ်နှစ်ခန့်စောင့်စားရသည်။ ဧလိယသည် လယ်ထွန်နေ သောဧလိရှဲကို ခေါ်ဆောင်ပြီး(၃ရာ ၁၉း၁၉) ဆယ်နှစ်ခန့် ပြုစုပျိုးထောင်ပြီးမှ တာဝန်လွှပေးခြင်းဖြစ်ရာ(၃ရာ ၂၀း၁ – ၄ရာ ၂၀း၁-၁၈) ဧလိရှဲ သည် ထိုကာလအတွင်း နှိမ့်ချမှု၊ စောင့်စားနိုင်မှု၊ စိတ်ရှည်မှုစသည်တိုကို သင်ယူခွင့်ရသည်။ ခေါင်းဆောင်ကောင်းဖြစ်နိုင်ရန် “အချိန်’များ စွာ လိုအပ်သည့်အပြင် ပြုစုပျိုးထောင်ပေး မှုလည်း များစွာ လိုအပ်သည်။ သိုသော် စောင့်စားနိုင်သော သူကသာလျှင် ကောင်းချီးရရှိသည်။

စောင့်စားနိုင်သူဖြစ်ရန် တည်ကြည်ခြင်း လို အပ်သည်။ ဧလိရှဲကဲ့သိုသောသူကို ပျိုးထောင်ပြုစု ခွင့်ရရှိသောသူသည် အခွင့်ထူးရရှိသောသူဖြစ်သည်။ အကြောင်းမှာ ဧလိရှဲသည် တည်ကြည်ခြင်း၊ ဖြောင့်

မတ်ခြင်း၊ ကြိုးစားခြင်းနှင့် ပြည့်စုံသူဖြစ်သဖြင့် ခေါင်း ဆောင်ဖြစ်ရန်ပျိုးထောင်ခြင်းခံရသည့် နောက်လိုက် ကောင်းတစ်ဦးဖြစ်မှန်း တွေ့မြင် နိုင်သည်။

ဧလိယသည် ချီဆောင်ခြင်းခံရနီးတွင် ဧလိရှဲထံ “ဒီမှာပဲနေခဲ့ပါ။ ငါကတော့ ဘုရားသခင်ခိုင်း တဲ့အတိုင်း ဗေသလမြိုကိုသွားလိုက်မယ်”ဟု ပြောသည်။ သိုသော ဧလိရှဲက “ဘုရားသခင်နှင့် ကိုယ်တော်အသက်ရှင် နေသရွေ့ ကိုယ်တော့်အနာ ကျွန်တော်မခွာဘူး”ဟု ပြန်ပြောသည်။ ဧလိယသည် ထိုသိုသုံးကြိမ်တိုင်တိုင် ဧလိရှဲကလည်း သုံးကြိမ်စလုံးငြင်းလိုက်သည်(၄ရာ ၂း၂၊ ၄၊ ၆)။ ယင်းသည် ဧလိရှဲ ၏တည်ကြည်မှုကို စမ်းသပ်ခြင်းလည်းဖြစ်နိုင်သည်။ မည်မျှပင် စမ်းသပ်နေပါ ဧလိရှဲ၏တည်ကြည်မှုက ထိုစမ်းသပ်ချက်ကို အောင်မြင်ပြီး ဧလိယချီဆောင်ခြင်းခံရ ချိန်အထိ တောက်လျှောက်လိုက်ပါသွားသည်။ သိုဖြစ်၍ ဧလိရှဲသည် သူ၏ဆရာ သခင်အပေါ်တွင် မည်မျှတည်ကြည်မှုရှိကြောင်း တွေ့မြင်နိုင်သည်။

ဓမ္မသစ်ကျမ်းတွင်ဖော်ပြသည့် ရှင်ပေါလုကိုစွန့်ခွာသော ဒေမနှင့် အလွန်ကွာ သည်။ ဒေမသည် လောကီအရာများကို ပိုမိုစွဲလမ်းသဖြင့် ခေါင်းဆောင်ဖြစ်သူ ‌ပေါလုကို စွန့်ခွာသည်(၂တိ ၄း၁၀)။ မတည် ကြည်ခြင်းက ဆင်ခြေဆင်လက်တက်စေပြီး ရှုံးနိမ့်မှုကိုသာ ရရှိစေသည်။ တည်ကြည်ခြင်းကမူ စုံစမ်းခြင်း အမျိုးမျိုးကို အောင် မြင်စေပြီး စစ်မှန်သော ယုံကြည်ဝမ်းမြောက်မှုကို သယ်ဆောင်ပေးသည်။

စောင့်စားနိုင်သူဖြစ်ရန် သည်းခံခြင်း လိုအပ်သည်။ အခြားလူများက ဧလိရှဲထံ ဆင်များရဲ့ ဆရာကို ဘုရားသခင်က ချီဆောင်တော့မယ်ဆိုတာ သိတယ်မဟုတ် လား”ဟု မကြာခဏဝိုင်းမေးကြရာ ဧလိရှဲက “သိတာပေါ့။ တိတ်တိတ်လေးနေပေး ကြပါ”ဟုသာ ပြန်ဖြေသည်(၄ရာ ၂း၃-၅)။ ဧလိယချီ ဆောင်ခြင်းခံရလျှင် ဧလိရှဲ သည် သူတစ်ယောက်တည်းသာ အထီးကျန်ဆန်မည် မှန်းသိသည်။ သိုသော် ခံနိုင်ရည်ရှိမှန်းသိသဖြင့် ချီ ဆောင်ချိန်အထိ လိုက်ပါသွားခြင်းဖြစ်သည်။

အမေရိကန်သမ္မတဟောင်းတစ်ဦးဖြစ်သူ Calvin Coolidge က “သည်းခံခြင်းကပဲ အောင်မြင် စေတယ်။ ပင်ကိုယ်အရည်အချင်း၊ ကျွမ်းကျင်မှု၊ အ တတ်ပညာတွေကြောင့်မဟုတ်ဘူး။ လောကကြီးထဲ မှာ ပညာတတ် တွေအများကြီးပဲ။ ဒါပေမဲ့ သည်းခံခြင်း ကပဲ အောင်မြင်စေတယ်”ဟု မိန့်ဆိုဖူးသည်။ ဧလိရှဲ ရရှိသည့် ကောင်းချီး မင်္ဂလာ အားလုံးသည် သူ၏ သည်းခံခြင်းရှိမှုမှ စီးဆင်းလာခြင်းဖြစ်သည်။

စောင့်စားနိုင်သူဖြစ်ရန် ယုံကြည်ခြင်း လိုအပ်သည်။ ဘုရားသခင်အတွက် မဖြစ် နိုင်သောအရာ တစ်ခုမျှ မရှိမှန်း သိရှိနားလည်လျက် ယုံကြည်ခြင်းဖြင့်လျှောက်လှမ်း ကသူအဖို မစောင့်စားနိုင်မည့်အရာ တစ်ခုမျှမရှိချေ။ ယုံကြည်ခြင်းက မျက်စိဖြင့် နိုင်သည့် ဘုရားသခင်၏တန်ခိုးတော်ကို မြင်တွေ့စေပြီး ဘုရားသခင်၏စိတ် တော်ကို ကျေနပ်ထိတွေ့စေသည်(ဟေ ၁၁း၆)။

ဧလိရှဲသည် ဧလိယနောက်သိုလိုက်သွားစဉ်တွင် ခိုင်မာသောယုံကြည်ခြင်း ရှိ ရှေ့တွင် ယော်ဒန်မြစ် ကာဆီးထားပြီး ပရောဖက်အပါး(၅၀)ခန့်က ဧလိရှိကို ကြသည်။ ဧလိယကို ဘယ်လိုပဲလိုက်လိုက် မြစ်ကိုတော့ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးဟူသည့် တွေးထင်ချက်ဖြင့် လှမ်းကြည့်ကြခြင်းဖြစ်သည်။ သိုသော် ယုံကြည် ခြင်းဖြင့်လျှောက်လှမ်းသော ဧလိရှဲအဖို့ မည်သည့်အရာကာဆီး စေကာမူ မလျှောက်လှမ်းရဲစရာအ ကြောင်းမရှိချေ(၄ရာ ၂းရ-၈)။

ယုံကြည်ခြင်းဖြင့်လျှောက်လှမ်းမှုကြောင့် ဧလိယနှင့်အတူတူ ပြောဆိုသွား လာနိုင်သည့်အပြင် ယော်ဒန်မြစ်နှစ်ခြမ်းကွဲရန် မည်ကဲ့သိုပြုလုပ်သည်စသည့် ဧလိယ ပြုသောအမှုများကိုလည်း မြင်တွေ့ ခွင့်ရရှိသွားသည်(၄ရာ ၂း၁၀-၁၁)။ ထိုယုံကြည် ခြင်းကပင် ဧလိယထံမှ ပရောဖက်အမွေရမည့်အချိန်ကို စောင့်စားနိုင်စေသည်။

စောင့်စားနိုင်သူဖြစ်ရန် ရဲရင့်ခြင်း လိုအပ်သည်။ ဧလိရှဲသည် အကယ်၍ ယော်ဒန်မြစ်နှစ်ခြမ်း မကွဲလျှင်ပင် ဖြစ်လာသမျှကိုရင်ဆိုင်ရန် ဧလိယ၏နောက်သို့ လိုက်သွားခြင်း ဖြစ်သည်။ မည်သိုဖြစ်ပျက်မည်မှန်း မသိစေကာမူ ဧလိယသွားသည့်နေရာတိုင်းသို လိုက် သွားရဲသည်။ သွားရောက်ရမည့် ယော်ဒန်မြစ်တစ် ဖက်ကမ်း သည် ရန်သူ့နယ်မြေဖစ်သဖြင့် အန္တရာယ် အလွန်များသည်။ သိုသော်လည်း ကောင်းချီးမင်္ဂလာ ရရှိရန်သာဖြစ် ပါက ဧလိရှဲသည် မည်သည့်အရာမျှ မကြောက်ချေ။

တောင်းရဲသောသူများက ကောင်းချီးရရှိသည်

ဧလိယသည် ၄င်းချီဆောင်ခြင်းမခံရမီ တစ်စုံတစ်ခုကိုတောင်းပါဟု ဧလိရှဲထံ ပြောရာ ဧလိရှဲက “ကိုယ်တော့်ဝိညာဉ်နှစ်ဆသောအဖိုကို အကျွန်ုပ်အပေါ်မှာ ရှိပါ စေသော”ဟု တောင်းသည်(၄ရာ ၂း၉-၁၀)။

“ဝိညာဉ်နှစ်ဆ”ဆိုရာ၌ ဧလိယထက် နိမိတ်လက္ခဏာနှစ်ဆပြုလုပ်နိုင် ခွင့်ကို တောင်းဆိုခြင်းမဟုတ်ပေ။ အားလုံးသိကြသည့်အတိုင်း ဧလိယက နိမိတ လက္ခဏာ(၈)ခုပြုလုပ်၍ ဧလိရှဲက (၁၄) ခုပြုလုပ်သည်။ သိုသော် ယုဒတို၏ထုံးစံ၌ “ဝိညာဉ်နှစ်ဆ”(နှစ်ဆသောအမွေ)ဟူသည် သားဦးအရာ၊ သိုမဟုတ် သားဦးဖြစ် ခြင်းကို ပြောလိုရင်းဖြစ်သည်(တရား ၂၁း၁ရ)။ သားဦးဖြစ်သူသည် တစ်ဦးချင်းရသ ဝေစု၏ နှစ်ဆပိုရသည်။ သိုဖြစ်ရာ နှစ်ဆသောမင်္ဂလာ၊ နှစ်ဆသောအမွေ၏အဓိပ္ပာယ် မှာ ဖခင် အရာ၊ ဖခင်၏လုပ်ပိုင်ခွင့်အာဏာကို လွှပြောင်းရယူခြင်းပင်ဖြစ်သည်။

ပျောက်သောသား ဥပမာထဲတွင် ဖခင်ဖြစ်သူက သားနှစ်ယောက်ကို အမွေ ပေးသည်(လု ၁၅း၁၁-၃၂)။ သိုသော် အညီအမျှရရှိမည်မဟုတ်ဘဲ သုံးပုံပုံ၍ အကြီးကနှစ်ပုံနှင့် သားအငယ်က တစ်ပုံ ရရှိမည်ဖြစ်သည်။ သားအကြီးက နှစ်ပုံ ခြင်းမှာ ယုဒတို၏ထုံးစံအရ သူသည် ဖခင်၏အရိုက်အရာကို ဆက်ခံသောကြောင့် ဖြစ်သည်။

သင်က ဘယ်နှစ်နှစ်စောင့်နိုင်မည်နည်း။

ဧလိရှဲသည် ဧလိယထံမှ ဉာဏ်ပညာ၊ စွမ်းရည်သတ္တိ၊ ဂုဏ်ရှိန်နေစသည်တိုကို လုံးဝ မတောင်းဆိုပေ။ သူ၏ဆန္ဒအရှိဆုံးနှင့် အလေးထားဆုံးအရာမှာ ဧလိယမရှိ တော့လျှင်ပင် မိမိအားဖြင့် ဘုရား၏ ဘုန်းတော် ဆက် လက်ထင်ရှားရန်နှင့် အရိုက်အရာဆက်ခံမည့် ပရော၊ ဖက်တစ်ပါးရှိရန်ဖြစ်သဖြင့် ထိုအရာကိုသာ ရဲရင့်စွာ တောင်းဆိုသည်။

အမွေကိုရရှိလျှင်လည်း မည်မျှခက်ခဲမည်မှန်း ဧလိရှဲသိသည်။ ထာဝရဘုရားကို မရိုသေသော ရှင် ဘုရင်နှင့် ရင်ဆိုင်ရမည်။ ရုပ်တုကိုးကွယ်သူများကို ပြင်းထန်စွာဆုံးမ၍ထာဝရဘုရားအကြောင်း သွန်သင် ဟောပြောရမည်။ ဧလိယနည်းတူ ဆန့်ကျင်မှုအမျိုး မျိုးကြုံရမည်။ သိုသော်လည်း ဘုရားသခင်၏နိုင်ငံ တော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစားပေးလိုသောကြောင့် “ဝိညာဉ်နှစ်ဆ”ကို တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အကယ်၍ ထိုသိုသာမတောင်းဆိုခဲ့ပါက ပြန်လာ သည့်အချိန်တွင် ယော်ဒန်မြစ်ကို မည်ကဲ့သိုဖြတ်ကျော် ပါမည်နည်း။ ပရောဖက်အသစ် တစ်ပါး မည်ကဲ့သိုပေါ်ထွန်းပါမည်နည်း။ ကျမ်းစာထဲတွင် ဧလိရှဲဟူသည့်နာမည် မှတ်တမ်းတင်ထားပါမည်လော။

ဝိညာဉ်နှစ်ဆတောင်းဆိုခံရခြင်းသည် ဧလိယအဖို ချက်ချင်းအဖြေပေးရန် ခက်ခဲသောအရာ တစ်ခုဖြစ် သဖြင့် “သင်နှင့် ကွာသည်ကိုမြင်လျှင် ရမည်။ သို့ မဟုတ်မရ”ဟု ပြန်ဖြေသည်(၄ရာ ၂း၉-၁၀)။

ဧလိရှဲသည် တောင်းသောဆုကိုရရှိရန် ဧလိယကို ၁) ထက်ကြပ်မကွာလိုက် သည်(၄ရာ ၂း၁၁-က)၊ ၂) စကားအမြဲပြောသည်(၂း၁၁-ခ)၊ ၃) စောင့်ကြပ်သည် (၂း၁၁-၁၃)။ အကယ်၍ ပေါ့ပေါ့တန်တန် သဘောထား မိပါက လုံးဝရရှိလိမ့်မည် မဟုတ်ပေ။ သိုဖြစ်ရာ တောင်းဆိုရဲသည်နှင့်အညီထက် ကြပ်မကွာလိုက်ပြီး ပြောဆို ဆက်ဆံရဲသောသူသည် တောင်းသောဆုကို မလွဲမသွေရရှိကြောင်း သင်ခန်းစာ ယူနိုင်သည်။

အသုံးချရဲသောသူများက ကောင်းချီးရရှိသည်

ဧလိရှဲသည် ဧလိယထံမှရရှိသည့် ကောင်းချီးမင်္ဂလာများကို သိုဝှက်ထိန်ချန် ခြင်းမပြုဘဲ စတင် အသုံးချသည်။

ချီဆောင်ခြင်းခံရသောအခါ ဧလိယသည် ၄င်း ၏ဝတ်ရုံကို ဧလိရှဲထံပစ်ချလိုက်သည်။ ဧလိရှဲသည် ဝတ်ရုံကိုယူပြီး အိမ်သိုပြန်လာသည်။ ယော်ဒန်မြစ်သို ရောက်သောအခါ “ဧလိယ၏ဘုရားသခင်၊ ထာဝရ ဘုရားသည် ဘယ်မှာရှိသနည်း”ဟု ကြွေးကြော်ပြီး ထိုဝတ်ရုံဖြင့် မြစ်ကိုရိုက်ချလိုက်သည်။ ချက်ချင်းပင် မြစ်နှစ်ခြမ်းကွဲသွားသည်။ သူသည် ဧလိယ၏အမွေ ဆက်ခံသူဖြစ်မှန်း ထင်ရှားရုံမကဘဲ ထိုကောင်းချီး များကိုပါ ချက်ချင်းအသုံးချသူဖြစ်သည်။ သိုဖြစ်၍ လည်း မြစ်တစ်ဖက်ကမ်းသိုကူးသွားနိုင်ပြီး ခေါင်းဆောင်အလွန် တောင့်တသော အ ခြားပရောဖက်များနှင့် ဆုံဆည်းနိုင်ခဲ့သည်။

ဧလိရှဲသည် ရရှိသောကောင်းချီးများကို ချက်ချင်းအသုံးချခြင်းအားဖြင့် ယေရ ခေါ်မြိုရှိ ပရောဖက်များ က သူ့အပေါ်၌ ဧလိယ၏ဝိညာဉ်ကျိန်းဝပ်မှန်း မြင်တွေ့လာ ကြပြီး ပျပ်ဝပ်လေးမြတ်သည့်အပြင် ခေါင်းဆောင် အဖြစ် ထားရှိလာကြသည်(၄ရာ ၂း၁၅-၁၉)။

ကောင်းကျိုးရှင် ဧလိရှဲ

ခေါင်းဆောင်ကောင်းပေါ်ထွက်တိုင်းကောင်းသောအရာဖြစ်ပေါ်စမြဲဖြစ် ကောင်းသော အရာဖြစ်ပေါ်စေ သူတိုင်း ခေါင်းဆောင်ကောင်း မဟုတ်သော်လည်း‌ေခါင်း‌ေဆာင်ကောင်းဖြစ်သူတိုင်းသည် လူအများ၏ အကျိုးအတွက် ကောင်းသော အရာဖြစ်ပေါ်စေစမြဲဖြစ်သည်။

 

ခါးသောရေမှ ချိုသောရေ

ယေရိခေါမြို့သည် အလွန်သာယာသောမြိုဖြစ်သော်လည်း သောက်သုံးရေ မကောင်းရုံမဟုတ်ဘဲ လုံးဝသောက်၍ပင်မရချေ။ ထိုအပြင် မြေဆီလွှာမကောင်းသဖြင့် – မည်သည့်အပင်မျှ စိုက်ပျိုး ၍မရပေ။ ထိုအကြောင်းကို လူထုက ဧလိရှဲထံ အစီရင်ခံကြသည်။

ထိုအခါ ဧလိရှဲက ခွက်အသစ်တစ်လုံးထဲသို ဆားထည့်ခိုင်းသည်။ ထိုနောက် ခက်ကိုယူပြီး စမ်းရေ တွင်းထဲသို ဆားခတ်ထည့်ရင်း “ထာဝရဘုရား မိန့်တော်မူ သည်ကား ဤရေကို ငါချိုစေ၏။ နောက်တစ်ဖန် သေစေမည်အကြောင်း၊ ယ်ဝန် ပျက်စေမည်အကြောင်းကို မပြုရ”ဟု မိန့်လိုက်သည် ) (၄ရာ ၂း၁၉၊ ၂၂)။ ထိုရေတွင်းသည် ယခုအချိန်ထိ ရေချိုဖြစ်သွားပြီး “ဧလိရှဲ၏ရေတွင်း”ဟု အမည်တွင် သည်။

ဧလိရှဲသည် ခွက်အသစ်တစ်လုံး တောင်းဆို ခြင်းမှာ ဘုရားသခင်ရှေ့တွင် ကိုယ်၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံး သန့်ရှင်းစင်ကြယ်ခြင်းကိုဖြစ်စေ၊ ဆားကို တောင်းဆိုခြင်းမှာ မပုပ်သိုးမပျက်စီးခြင်းကို ဖြစ်စေ ပုံဆောင်ခြင်းဖြစ်နိုင်သည်။ မည်သိုပင်ဖြစ်စေ၊ လက် ထဲရှိအရာတစ်ခုခုအားဖြင့် ဧလိရှဲ၏ နိမိတ်လက္ခဏာ ပြုခြင်းကို တွေ့မြင်နိုင်သည်။ ဘုရား၏အလိုတော်သာရှိပါက မောရှေ၏တောင်ဝှေးကို အသုံးပြုသကဲ့သို မိမိတို လက်ထဲရှိအရာတစ်ခုခုကို အသုံးပြုနိုင်သည်သာဖြစ်သည်။ ဧလိရှဲ၏ နိမိတ်လက္ခဏာ ပြုမှုကြောင့် ယေရိခေါ မြိုသားများသည် အစဉ်အဆက်အကျိုးခံစားရသည်။

ဘုရားသခင်က ခေါင်းဆောင်ကောင်းလိရှဲကို ပေါ်ထွန်းစေခြင်းမှာ လူတိုင်း သည် ဝိညာဉ်ရေး ၌သာမက လောကီရေး၌ပါ ကြီးမားစွာအကျိုးခံစားနိုင်ရန်ဖြစ်သည်။ လိရှဲသည် ယေရိဘေမြိုသားများ၏ အကြီးမားဆုံး ပြဿနာနှင့် အလိုအပ်ဆုံးအရာ တစ်ခုကို ဖြေရှင်းစီစဉ်ပေးသည်။ ခေါင်းဆောင်ကောင်းတိုသည် လူတို၏ အလိုအပ်ဆုံးအရာကိုသိရှိပြီး အကျိုးအရှိဆုံးဖြစ်မည့်အရာကို စီစဉ်လုပ်ဆောင်ပေးသည်။ များများ မလုပ်သည့် တိုင် လုပ်သမျှတိုင်းသည် လူထုကောင်းစားရန်သာဖြစ်သည်။

 

တရားသဖြင့် ဒေါသထွက်သော ဧလိရှဲ

သူသည် သောက်ရေပြဿနာကို ဖြေရှင်းပေးပြီးနောက် ဗေသလမြိုသိုပြန် သွားသည်။ လမ်းတွင် ယေရိဘေမြိုလူငယ်တချိုက “ဟေဦးပြည်း၊ တက်ဦးလော့။ ဟေဦးပြည်း၊ တက်ဦးလော့”ဟု ကဲ့ရဲ့ကြသည်။ ဧလိရှဲကလှည့်ကြည့်ပြီး သူတိုကိုကျိန် ဆဲသည်။ ထိုအခါ တောထဲမှ ဝံနှစ်ကောင်ထွက်လာပြီး ထိုလူငယ်(၄၂)ယောက်တိုကို ကိုက်သတ်လိုက်သည်(၄ရာ ၂း၂၃-၂၄)။

ဤနေရာတွင် “လူငယ်’ကို တချိုက “ကလေး”ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ မူရင်းဟေဗြဲစကား ကိုကြည့်လျှင် “ကလေး ဖြစ်နိုင်သလို အသက်(၃၀)နှစ်အထိ ‘လူ ငယ်” လည်း ဖြစ်နိုင်သည်။ သိုသော် ဧလိရှဲအား ကဲ့ရဲ့သူများသည် ကလေးများ မဟုတ် နိုင်လောက်ချေ။ ဧလိယထံမှ ဝိညာဉ်နှစ်ဆရရှိပုံ၊ ယေ ရိဘေမြိုတွင် နိမိတ်လက္ခဏာ ပြုလုပ်ပုံတိုကို ကြား သိခဲ့သောသူများသာ ဖြစ်နိုင်သည်။ ရပ်ရွာတိုင်း၌ ဆိုး သွမ်းပျက်စီးသော၊ ဘုရားကိုမကြောက်သော၊ ရပ်ရွာ ကို ညစ်ညမ်းစေသောလူငယ်များ ရှိတတ်စမြဲ ဖြစ် သည်။ သိုဖြစ်၍ ဧလိရှဲသည် ရပ်ရွာသန့်ရှင်းရန်နှင့် ဘုရားကိုမကြောက်သောသူများအား ဆုံးမရန် ထိုလူ ငယ်များကို ကျိန်ဆဲခြင်းဖြစ်နိုင်သည်။

“တက်ဦးလော့၊ ဦးပြည်း’ ဟု ပြောကြရာတွင်လည်း ယေရိခေါမှ ဗေသလမြို အထိ တက်သွားရန် လောက်သာ ပြောခြင်းမဟုတ်နိုင်ပေ။ ဘုရားနှင့်သာမက ဘုရား ၏လူများနှင့်ပါ မပတ်သက်၊ မထိတွေ့လို ကြသဖြင့် ဧလိယကဲ့သို ကောင်းကင်အထိ တက်သွားရန် ပြောဆိုခြင်းဖြစ်နိုင်သည်။

“ဦးပြည်း’ ဟုခေါ်ဆိုခြင်းသည် ဧလိရှဲ၏ ပင်ကိုယ်ကတိကို ကဲ့ရဲ့လှောင်ပြောင် ခြင်းပင်ဖြစ်သည်။ အစ္စရေးပြည်၌ ဆံပင်ရိပ်ခြင်းကို တားမြစ်သည်(တရား ၁၄း၁)၊ သိုသော် ဧလိရှဲသည် နဂိုဆံပင်မ ပေါက်သူ(ဘုရားကဖန်ဆင်းခြင်း)ဖြစ်သဖြင့် -ကဲ့ရဲ့လှောင်ပြောင်စရာမဟုတ်ချေ။ တစ်စုံတစ်ယောက်၏ ပင်ကိုယ်ကတိကို ကဲ့ရဲ့လှောင် အောင်ခြင်းသည် ၄င်းကိုဖန်ဆင်းသောဘုရားသခင်အား ကဲ့ရဲ့လှောင်ပြောင်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

“ဧလိရှဲ၏ကျိန်ဆဲမှုကြောင့် ဝံနှစ်ကောင်ထွက်လာပြီး ထိုလူငယ်များကို ချိုးဖဲ့ ကိုက်သတ်သည်။ ထိုအချက်ကိုကြည့်လျှင် ဘုရားသခင်နှင့် ဧလိရှဲကို ရက်စက်ကြမ်း ကြုတ်သူဟု ထင်စရာပင်ဖြစ်သည်။ သိုသော် ထိုသိုမဟုတ်ချေ။ ဘုရားသခင်သည် ထို လူငယ်(၄၂)ယောက်ကို ဖျက်ဆီးလိုက်ခြင်းဖြင့်

၁) အမှုတော်ဆောင်များကို ပို၍လေးမြတ်ခြင်းရှိရန် (အမှုတော်ဆောင်မှန်သမျှကို ဆိုးဆိုး ကောင်းကောင်း လေးမြတ်ရန်အရေးကြီးသည်)၊

၂) ယေရိခေါမြို သန့်ရှင်းစေရန် (မြေကြီးထက် လူသန့်ရှင်းရေးကို ဦးစားပေးသည်)၊

၃) ကဲ့ရဲ့လှောင်ပြောင်မှုကို မနှစ်မြိုကြောင်းပြသရန် (အမှားကျူးလွန်သော ကောင်းကင်တမန်ကိုပင် မနှမြောသူဖြစ်သည်)၊

၄) လူထက် တိရိစ္ဆန်က ပို၍စကားနာခံကြောင်းပြသရန် (ယောန ထက် ငါးကြီးက ပို၍စကားနာခံသည်) စသည့် သင်ခန်းစာများရရှိနိုင်သည်။

ဘုရားသခင်က ၄င်းဘိသိက်သော အမှုတော်ဆောင်တစ်ဦးဦးကို အမြဲတစေ ကကွယ်သဖြင့် ဆန့်ကျင်ဘက်မပြုခြင်းသည်သာ ပို၍မင်္ဂလာရှိလိမ့်မည်ဖြစ်သည်။ ယေရှုခရစ်တော်ကို ဆန့်ကျင်သော ပေါလုကဲ့သို သံဆူးပေါ်တက်နင်းသည့်အလား အန္တရာယ်ရှိသဖြင့် အတင့်မရဲမိရန် အရေးကြီးသည်။ ၄င်းတို၌အားနည်း ချက်ရှိလျှင်ပင် ဘုရားသခင်သိပြီးဖြစ်သည်။ ဒါဝိဒ် သည် ရှောလုကို သူ၏ခွန်အား ဖြင့်မဖယ်ရှားဘဲ ဘုရား၊ အချိန်အခါစောင့်သဖြင့် ပြည့်စုံသောအောင်မြင်မှု ရရှိသည့်အပြင် လူအများနှင့်လည်း ဆက်ဆံရေးပို၍ “ပြစ်သည်။ “ငါ့ထံ၌ ဘိသိက်ခံသောသူတိုကို မထိ မခိုက်နှင့်။ ငါ၏ပရောဖက်တိုကို အပြစ် မပြုနှင့်” (ဆာ ၁၁း၁၅) ဟူသည့် ကျမ်းပိုဒ်ကို အမြဲသတိချပ်သင့် သည်။

ခေါင်းဆောင်သည် မိမိ၌အားနည်းချက်ရှိသည့်တိုင် ဘိသိက်ခံရသူတစ် နေဖြင့် သူတစ်ပါး၏လို အပ်ချက်များကို သွန်သင်ပြောဆိုရဲရပါမည်။ အ ဘုရား၏နာမတော်ထိခိုက်စေသည့် ကိစ္စရပ်များတွင် အမျက်ဒေါသထွက်ပြီး လို သလို ပြောရဲဆိုရဲရပါမည်။ တရားသောအမျက်ဒေါသသည် ဘုရား၏ဘုန်းတော် ပကတိဂုဏ်အင်တိုကိုပို၍ထင်ရှားပေါ်လွင်စေသည်။ ဝိညာဉ်ရေးရင့်ကျက်ခြင်းဟူသည် လူတိုင်းနှင့် ဆက်ဆံရေးပြေပြစ်၍ လိုက်လျောညီထွေနေတတ်ခြင်းကို ဆိုလိုခြင်း မဟုတ်ပေ။ ဂလာတိ ၄၂၂-၂၃၌ ဖော်ပြသော ဝိညာဉ်အသီးများတွင် ယင်းအချက် မပါရှိချေ။ သိုဖြစ်၍ခေါင်းဆောင်ကောင်းလိရှဲကဲ့သို လိုအပ်သည့်နေရာတွင် ဘုရား၏ နာမဖြင့် အမျက်ဒေါသထွက်ရဲ၊ ရပ်တည်ရဲ၊ အများအကျိုးဆောင်ရဲရန် လိုအပ်သည်။

အောင်ပွဲဆွတ်ခူးပေးသော ဧလိရှဲ

ဘုရင်အာဟပ် ကွယ်လွန်သွားသောအခါ သားတော်ဖြစ်သူယောရံက ထီး နန်းဆက်ခံသည်။ သူသည် ယုဒဘုရင်ယောရှဖတ်၊ ဧဒုံဘုရင်တိုနှင့်ပူးပေါင်းပြီးမောဘ ပြည်သူများကို စစ်တိုက်ကြသည်။ အကြောင်းမှာ မောဘပြည်သူများသည် အစ္စရေး တိုထံ နှစ်စဉ်ဆက်သမြဲဖြစ်သော သိုးကောင်ရေတစ် သိန်းနှင့် သိုးထီးသား ရေတစ် သိန်းတိုကို အာဟပ်ကွယ်လွန်ပြီးချိန်မှစပြီး မဆက်သ တော့၍ဖြစ်သည် (၄ရာ ၃း၁-၈)။

ဖော်ပြပါ ဘုရင်သုံးပါးတိုသည် မောဘတိုကို တိုက်ရန်ခုနစ်ရက်ချီတက်ပြီးနောက်အစာရေစာပြတ် သွားသည်။ ထိုအခါ အစ္စရေးဘုရင်ယောရံက “ငါတို ကိုတော့ ဘုရားသခင်က မောဘတွေရဲ့ လက်ထဲမှာ အပ်နှံတော့မယ်ထင်တယ်”ဟု ညည်းတွားသည်(၄ရာ ၃း၉-၁၀)။

ယောရှဖတ်က “ဘုရားသခင်ကိုစကားပြောဖို ပရောဖက်တစ်ပါးပါး မရှိတော့ ဘူးလား”ဟုမေးရာ ယောရံ၏အစေခံတစ်ယောက်က “ရှာဖတ်ရဲ့သား ဧလိရှိရှိပါ၊ တယ်။ သူဟာ ဧလိယရဲ့ လက်ထောက် ဖြစ်ပါတယ်”ဟုပြောသည်။ ထိုအခါ ယောရှ ဖတ်က “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ ဧလိရှဲအပေါ် မှာ တကယ်ရှိပါတ ဟုဆိုပြီး ဧလိရှဲထံသွားကြသည်(၄ရာ ၃း၁၁-၁၂)။

ဧလိရှဲက ယောရံကို “သင်နှင့်ငါ ဘာဆိုင်လိုလဲ။ သင့်မိဘတွေရဲ့ ပရောဖက် တွေဆီ သွားပါလား”ဟု ကြိမ်းလိုက်သည်(၄ရာ ၃း၁၃)။ အကြောင်းမှာ ယာရံ၏မိဘ ဖြစ်သ အာဟပ်နှင့် ယေဇဗေလတိုသည် ထာဝရဘုရားထက် ရုပ်တုကို ပို၍ကိုးကွယ် သောကြောင့်ဖြစ်သည်။

ဆက်လက်၍ဧလိရှဲက ““သင့်မျက်နှာကို ငါလုံးဝမမြင်ချင်ဘူး။ ငါ့ရှေ့မှာယော ရှဖတ်ကိုပဲရပ်ခိုင်းပါ။ ပြီးတော့ စောင်းသမားတစ်ယောက်ကိုလည်း ခေါ်ခဲ့ပါ” ဟု ပြောသည်(၄ရာ ၃း၁၄-၁၅)။ ဘုရား၏ အမှုတော်မြတ်၌ တေးဂီတ၏အရေးပါမှုကို တွေ့မြင်ရသည်။ တေးဂီတအားဖြင့် ဘုရား၏အသံတော်ကို ကြားသိနိုင်သည်။

စောင်းသမားက စောင်းတီးနေစဉ် ဧလိရှဲအပေါ်၌ နှုတ်ကပတ်တော်ရောက်ရှိ လာသည်။ ထိုအခါ ဧလိရှဲက “ဒီချိုင့်ဝှမ်းပတ်လည်မှာဆည်ပြုလုပ်ကြပါ။ မိုးမရွာပေမဲ့ သောက်စရာရေတွေ ပြည့်လျှံလာလိမ့်မယ်။ ဒီအမှုဟာ ဘုရားသခင်အတွက် အသေး အဖွဲသာဖြစ်ပြီး မောဘတွေရဲ့လက်ထဲမှလည်း ကယ်တင်ပါလိမ့်မယ်” ဟု ပြောဆို လိုက်သည်(၄ရာ ၃း၁၅-၁၈)။

တကယ်လည်း နောက်တစ်နေ့တွင် အောင်မြင် မှုရရှိကြသည်။ မောဘတိုသည် အစ္စရေး၊ ယုဒ၊ ငဒုံ သုံးနိုင်ငံပေါင်းစခန်းကို လှမ်းကြည့်သောအခါ ရေပြည့် လျှံသည်ကို သွေးရောင်ကဲ့သိုမြင်ကြသည်။ ထိုအခါ အချင်းချင်းသတ်ဖြတ်ကြပြီဟုဆိုပြီး ဝမ်းပန်းတသာ သွားကြည့်ကြရာ ထိုစစ်တပ်တိုက တိုက်ခိုက်ချေမှုန်း ပစ်ကြသည်။ ဘုရားသခင်သည် ဧလိရှဲအားဖြင့်သောက်သုံးရေပေးသည့်အပြင် စစ်ပွဲကို လည်းအောင် မြင်စေသည်(၄ရာ ၃၁၉-၂၇)။

ဘုရားသခင်သည် အမှုတော်ဆောင်များအားဖြင့် နိမိတ်လက္ခဏာများစွာကို ပြုလုပ်ခဲ့၊ ပြုလုပ်ဆဲ၊ ပြုလုပ်ဦးမည်ဖြစ်သည်။ အစ္စရေးတိုသည် ရေစုနိုင်မည့်ဆည်ကို ပြုလုပ်သကဲ့သို ဘုရားခိုင်းသော အရာများကိုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်အခါ ဘုရားသခင်က သူ့အလုပ်ကို သူ ဆက်၍လုပ်ဆောင်မည်ဖြစ် ။ “ဘုရားသခင်၏နိုင်ငံတော်နှင့် နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာ ဖြောင့်မတ်ခြင်းတော်ကို ရှေးဦးစွာရှာကြလော့၊။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့”ဟု မိန့်ဆိုသည့်အတိုင်း၊ ဘုရား၏အလိုတော်ကိုရှာဖွေပြီး ကြိုတင်ပြင်ဆင်ထားပါက ထိုအရာအားလုံးကို ထပ်မံ ပေးလိမ့်မည်သာ ဖြစ်သည်(မ ၆း၃၃)။

လုပ်ဖော်ဆောင်ဖက်များကို ကူညီသော ဧလိရှဲ

ဧလိရှဲသည် ခေါင်းဆောင်ဖြစ်သည့်အားလျော်စွာ ပြဿနာမျိုးစုံဖြေရှင်းပေးရ သည်။ ထိုပြဿနာများ အနက် အထင်ရှားဆုံးမှာ “မုဆိုးမနှင့် အိုးထဲကဆီ’အကြောင်း ဖြစ်သည်။

ငွေရတတ်သောသူသည် ဆင်းရဲသောသူကို အစိုးရ၏။ ချေးငှားယူသောသူ သည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏(သု ၂၂းရ)ဟု ဖော်ပြသည့်အတိုင်း အကြွေး ကြောင့် သားနှစ်ယောက် သိမ်းယူခြင်းခံရတော့မည့် မုဆိုးမတစ်ယောက် (ပရောဖက် တစ်ပါး၏ကတော်)သည် ဧလိရှဲထံရောက်လာသည် (၄ရာ ၄း၁-ရ)။ ထိုနောက် “ကိုယ်တော့်လုပ်ဖော် ဆောင်ဖက် ကျမယောက်ျားဟာ ကွယ်လွန်သွားပါပြီ။ ကိုယ်တော်သိတဲ့အတိုင်း သူဟာ ဘုရားသခင်အပေါ် မှာ သစ္စာရှိသူဖြစ်တယ်။ ဒါပေမဲ့ ကျမရဲ့ သားနှစ် ယောက်ကို အကြွေးအစားသိမ်းယူဖို ကြံစည်ကြပါပြီ။ ကျမဘယ်လိုလုပ်ရမလဲ”ဟုမေးသည်။ ဧလိရှဲက “ငါ ဘာလုပ်ပေးနိုင်မလဲ။ သင့်ဆီမှာ ဘာရှိသလဲ” မေးရာ မုဆိုးမက ““ဆီအိုးတစ်လုံးကလွဲလို ဘာမှမရှိပါဘူး” ဟု ပြန်ဖြေသည်။

ထိုအခါ ဧလိရှဲက မုဆိုးမကို အိမ်နီးနားချင်းများထံ ရသမျှအိုးလွတ်များငှားရမှ နှင့် သားနှစ်ယောက်နှင့်အတူ အိမ်ထဲ၌သော့ခတ်ပြီး အိုးထဲကဆီကို အိုးလွတ်များထ သို တစ်အိုးပြီးတစ်အိုးအပြည့် လောင်းထည့်ရန် မှာကြားသည်။ ထိုသိုလုပ် သောအခါ အိုးများအားလုံး ဆီပြည့်သွားပြီး ဧလိရှဲ ၏အမိန့်အရရောင်းချကြ ထိုအခါ အကြွေးအားလုံး ပြန်ဆပ်နိုင်သည့်အပြင် ပိုလျှံသောငွေဖြင့် အသက်ဆက်နိုင်ကြသည်။

ပရောဖက်များ၏ခေါင်းဆောင်ဖြစ်သူ ဧလိရှဲသည် လုပ်ဖော်ဆောင်ဖက” သာမက ၄င်းတို၏မိ သားစုများကိုပါ ချစ်ခင်စာနာထောက်ထားသည်။ အကြွေးအား”အားလုံးပြန်ဆပ်နိုင်ရေးအပြင် အကြွေးကင်း ကင်းဖြင့်အသက်ရှင်နိုင်ရေးပါ စီစဉ်လုပ်ဆောင် ပေးသည်။ ထိုအပြင် လုံလောက်ရုံမျှသာမဟုတ်ဘဲ အိုးလွတ်များအားလုံးထဲသို ဆီ အပြည့်အလျှံထားရှိပေးသည်။ ဘုရားသခင်ကိုစစ်မှန်စွာချစ်သော ခေါင်းဆောင်တစ် ယောက်ကြောင့် မိဘမဲ့များနှင့် ဆင်းရဲသားများသည်ပင် အကျိုးကျေးဇူးခံစားရ ကြောင်း တွေ့မြင်နိုင်သည်။

နားလည်သိတတ် သော ဧလိရှဲ

တစ်နေ့တွင် ဧလိရှဲသည် ရှုနင်မြိုသိုသွားရာ ထိုမြိုရှိသူဌေးကတော် တစ် ယောက်က သူ့ကိုမြင်သောအခါ ထမင်းလာစားရန် ပျူငှာစွာခေါ်ဖိတ်သည်။ ထိုနေ့မှ စ၍ ရှုနင်မြိုကိုဖြတ်သွားတိုင်း ထိုသူ ဌေးကတော်၏အိမ်၌ ထမင်းစားရသည်။ သူဌေး ကတော်က သူ့ခင်ပွန်းထံ “ကြည့်စမ်းပါဦး။ အိမ်ရှေ့ ကိုအမြဲဖြတ်သွားတဲ့ ဒီပုဂ္ဂိုလ်က ဘုရားသခင်ရဲ့ပရောဖက်တစ်ပါး ဖြစ်ကိုဖြစ်ရမယ်။ သူ့ အတွက်အိပ်ခန်းတစ်ခု အပေါ်ထပ်မှာ သီးသန့်ပြင်ပေး ကြရအောင်”ဟု ပြောသည်။

ဧလိရှဲသည် သူ့ကိုသူ ဘုရားသခင်၏ပရော ဖက်ဖြစ်ကြောင်း ကြေညာစရာမလိုချေ။ ၄င်း၏ အ ပြောအဆိုနှင့် အမူအရာကိုကြည့်လျှင် ဘုရားသခင်၏ လူဖြစ်မှန်း သိသာထင်ရှားသည်။ ထိုသိုသော ခေါင်း ဆောင်မျိုး၏နောက်သို ဖိတ်ခေါ်စည်းရုံးစရာပင်မလို ဘဲ လူအများလိုက်လိုကြရုံမက ကောင်းမွန်စွာ ပြုစုလို ကြသည်။

သူဌေးကတော်က ကောင်းမွန်စွာဧည့်ဝတ်ပြုသဖြင့် ဧလိရှဲကလည်း ကျေးဇူး တုံပြန်လိုသည်။ သိုဖြစ်၍ “တစ်ခုခုကိုတောင်းဆိုပါ။ ရှင်ဘုရင် သိုမဟုတ် စစ်သူကြီး ဆီပြောပေးမယ်”ဟု ပြောသော်လည်း သူဌေးက တော်က ““ဘာမှမလိုအပ်ဘူး”ဟု မကြိမ်ငြင်းလိုက်သည်။ ထိုအချိန်တွင် ဧလိရှဲသည် အစေခံဂေဟာဇိအားဖြင့် သူဌေးလင်မယား၌ သားသမီးမရှိမှန်းသိသွားသည်။ ထိုကြောင့် သူဌေးကတော်ထံ နောက်နှစ်ဒီအချိန်မှာ သားမွေးဖွားလိမ့်မယ်”ဟု ပြောလိုက်သည်။

အချိန်စေ့သောအခါ သူဌေးကတော်သည် သားတစ်ယောက်မွေးဖွားသည်။ ထိုသားအရွယ်ရောက်သော အခါ ဖခင်နှင့်အတူ လယ်ထဲသိုဆင်းသည်။ တစ်နေ့တွင် လယ်ထဲဆင်းနေစဉ် ခေါင်းမူးပြီး သတိမေ့မြော သွားသည်။ အိမ်သိုပြန်သယ်ပြီး မိခင် ပေါင်ပေါ်၌အိပ်ခိုင်းစဉ် သေဆုံးသွားသည်။ ထိုအခါ သူဌေးကတော်သည် သူ၏သား ကို ဧလိရှဲ၏ခုတင်ပေါ်ထားပြီး သူကမူ ဧလိရှဲရှိရာ(၁၅မိုင်ခန့် ဝေးသော) ကရမေလ တောင်သို မြည်းစီး၍သွားသည်။ ရောက်သောအခါ ဧလိရှဲ၏ခြေထောက်ကို မြဲမြဲဖက် ထားသည်။ ဧလိရှဲသည် သူဌေးကတော်၏အဖြစ်မှန်ကို သိသောအခါ(ဘုရားသခင်က ချက် ချင်းမဖော်ပြပေ) သူ၏တောင်ဝှေးကို ထိုသား၏မျက်နှာပေါ်တင်ထားရန် အစေခံ ဂေဟာကို ခိုင်း လိုက်သည်။ သိုသော် သူဌေးကတော်က “ကိုယ်တော်မလိုက်ပါက ဒီကနေ ကျမဘယ်မှမသွားဘူး”ဟု တင်းခံနေသဖြင့် နောက်ဆုံးတွင် ဧလိရှဲကိုယ်တိုင် လိုက်သွားသည်။

သေဆုံးသောသား၏မျက်နှာပေါ်၌ တောင်ဝှေးတင်ထားရုံဖြင့် အသက်ပြန် မရှင်လာသောအခါ ဧလိရှဲကိုယ်တိုင် ထိုသား၏ကိုယ်ပေါ်မှောက်ချပြီး နှုတ်ခမ်းချင်း၊ မျက်စိချင်း၊ လက်ဝါးချင်းတည့်ဆိုင်၍ အသက်မှုတ် သွင်းလိုက်သည်။ ကလေး၏ကိုယ်ခန္ဓာလည်း နွေး ထွေးစပြုလာသည်။ ဧလိရှဲသည် ခဏလမ်းလျှောက် ပြီး ပြန်လာသောအခါ ယခင်အတိုင်းပြန်လုပ်သည်။ ထိုအခါ ကလေးသည် ခုနစ်ကြိမ် နာချေပြီး အသက် ပြန်ရှင်လာသည်။ –

ဧလိရှဲသည် ဘုရားသခင်၏အချိန်ကို စောင့် စားတတ်သူ၊ ဘုရားသခင်ကိုသာ ဦးထိပ်ထားသူ၊ ဘုရားသခင်အားဖြင့် သူ့အပေါ်ကောင်းမှုတစ်ခုခုပြု သူများအား ကျေးဇူးတင်တတ်သူ(ကျေးဇူးမမမေ့သူ)၊ ကလေးများကို ချစ်ခင် ထားသောစိတ်ဖြင့် ကိုယ်ဖိရင်ဖိပြုစုတတ်သူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ က‌ေလးများကို ဝန်တာမထားသော ခေါင်းဆောင်သည် ယေရှုခရစ်တော်၏ မဟုတ်သကဲ့သို ကလေး၏ မိဘများကိုလည်း ဝန်တာထားလိမ့်မည်မဟုတ်” ချေ။

စားစရာစီစဉ်ပေးသော ဧလိရှဲ

ဧလိရှဲသည် ကလေးကိုပြန်ရှင်စေပြီးနောက် အငတ်ဘေးကြုံနေရသော ဂိလဂါလမြို့သို့ သွားလိုက်သည်(၄ရာ ၄း၃၈-၄၄)။ စစ်မှန်သောခေါင်းဆောင်ပီသစွာ အစာပေါများ သည့်နေရာသို မသွားဘဲ အငတ်ဘေးကြုံနေသူများနှင့် အတူတကွဒုက္ခခံရန် လိုက်ခြင်းဖြစ်သည်။ စင်စစ်သူသည် ဝမ်းတစ်ထွာအတွက် အလုပ်လုပ်သူမဟုတ် အစားအတွက် အလုပ်လုပ်သူဖြစ်သဖြင့် ဘုရားသခင်သာခိုင်းပါကနေရာမရွေးသူ ဖြစ်သည်။

တစ်ယောက်စာအတွက်ပင် မလောက်ငှသည့်ကြားထဲတွင် သူ့ထံသို ငတ် ပြတ်နေသော ပရောဖက် အပါး(၁၀၀)ခန့် ရောက်ချလာသည်။ သူတိုသည် ထမင်း မချက်တတ်၍လားမသိ (ထမင်းမချက်တတ်သော အမှုတော်ဆောင်များစွာရှိသည်)၊ ဧလိရှဲက အစေခံဂေဟာကို ထမင်းချက်ခိုင်းသည်။ ဧည့်သည်များထဲမှ တစ်ယောက် သည် ဟင်းစားရှာရန် တောထဲသိုသွားရာ နွယ်ပင်လိုလိုအပင်များမှ ဘူးသီးလိုလို သောအသီး များတွေ့သဖြင့် ရသမျှခူးလာသည်။ ဟင်းချက်စားကြသောအခါ အဆိပ် ဖြစ်နေသည်။ ထိုအခါ ဧလိရှဲက ဟင်းအိုးထဲသို ဆန်မှုန့် ထည့်မွှေခိုင်းရာ အဆိပ်များပြယ်သွားပြီး ကောင်းစွာ စားသုံးနိုင်ကြသည်။ ။

ဗာလရှလိရှမြိုမှ လူတစ်ယောက်သည် ဧလိရှဲ ထံရောက်လာပြီး ပေါင်မုန့်အလုံး(၂၀)နှင့် အသီးအနှံ များပေးလှူလိုက်သည်။ ဧလိရှဲက ဧည့်သည်များကို ကျွေးခိုင်းရာ ထိုလူက “ဒီအစာလေးနှင့် လူတစ်ရာ ဘယ်လိုလောက်မလဲ”ဟု ပြန်မေးသည်။ ဧလိရှဲက “ကျွေးသာကျွေးလိုက်ပါ။ လောက်ရုံမဟုတ်ဘူး။ ပို တောင်ပိုနေလိမ့်မယ်လို ဘုရားကပြောတယ်”ဟု ပြန်ဖြေသည်။ တကယ်ကျွေးသော အခါ ဧလိရှဲ ပြောသည့် အတိုင်း ပိုလျှံခဲ့သည်။

ဧလိရှဲသည် နောက်လိုက်များအတွက် ဝိညာဉ်ရေးသာမက စားသောက်ရေး အတွက်ပါ ဝန်တာထား ရှိသည်။ အားနည်းသူရှိလျှင် အပြစ်မတင်ဘဲ ဖေးမကူညီသည်။ ဆာငတ်သောသူကို ဝလင်စွာ ကျွေးသည်။ အခွင့်အရေးရှိလျှင် သူတစ်ပါးကို ဦးစား ပေးသည်။ မိမိရပိုင်ခွင့်ကိုပင် သူတစ်ပါးထံ ခွဲဝေပေးသည်။

ဒါဝိဒ်ကအစ နာမည်ကြီးစစ်သူကြီးများဖြစ်သော အလက်ဇန်းဒါးသည်ဂရိတ် နှင့် ဂျူလီယက်ဆီ ဇာတိုသည် နောက်လိုက်များငတ်ပြတ်ပါက မိမိတိုလည်းမစား တော့ဘဲ အတူတူအငတ်ခံကြသည်။ ဧလိရှဲလည်း ထိုသိုသောပုဂ္ဂိုလ်မျိုးဖြစ်ရာနောက် လိုက်များကို မည်မျှချစ်မှန်း ထင်ရှားပေါ်လွင်သည်။

လောဘစိတ် မရှိသော ဧလိရှဲ

ဧလိရှဲသည် ဘုရားသခင်ကိုချစ်သဖြင့် လူတိုင်းကို အဆင့်အတန်းမခွဲခြားဘဲ တန်းတူညီတူချစ်သည်။ မုဆိုးမသားအမိကို ချစ်သကဲ့သို သူဌေးကတော်၏သားကို လည်းချစ်သည်။ ဆင်းရဲသားများကို ချစ်သကဲ့သို သူဌေးသားများကိုလည်းချစ်သည်။ ပရောဖက်များကိုချစ်သကဲ့သို ဘုရားကိုမသိသော စစ်သူကြီး နေမန်ကိုလည်းချစ် သည်။ အစ္စရေးလူမျိုးများကိုချစ်သကဲ့သို တစ်ပါးအမျိုးသားများကိုလည်း ချစ်သည်။ ဤကဲ့သိုသောခေါင်းဆောင်များကြောင့် စိတ်နာသူမရှိသလောက်ရှားပြီး ဘုရားသခင် ၏ ဘုန်းတော်သာ၍ထင်ရှားနေမည်သာဖြစ်သည်။

စစ်သူကြီးနေမန်သည် အောင်ပွဲအလီလီရရှိ သော်လည်း “အရေပြားရောဂါ”ကိုမူအရှုးပေးခဲ့ရသည် (သူ၏ရောဂါသည် အနာကြီးရောဂါနှင့် မတူချေ)။ မျှော်လင့်ချက်မဲ့နေသည့်အချိန်တွင် ဇနီး၏ အစ္စရေး လူမျိုးအစေခံမက အစ္စရေးပြည်ရှိ ပရောဖက်လိရှဲထံ သွားလျှင် ကျန်းမာမည်ဟု တင်ပြသည်။

နေမန်သည် ရွှေ(၉၀)ကီလိုဂရမ်၊ ငွေ(၃၁) ကီလိုဂရမ်၊ အဝတ်(၁၀)ထည်နှင့် ဆီးရီးယားဘုရင်က အစ္စရေးဘုရင်ထံ ပေးပိုသောသဝဏ်လွှာကို တစ်ပါး တည်းယူဆောင်ပြီး လိရှဲထံသွားသည် (ပရော ထံအကူအညီတောင်းမည့်အရေး သဝဏ်လွှာယူလာခြင်းသည် ဘုရင်ကို မျကမှ လုပ်လျှင် အရာခပ်သိမ်းပြေလည်မည်ဟု ယူဆ၍ဖြစ်နိုင်သည်။ အစ္စရေးဘုရင် သဝဏ်လွှာကို ဖတ်ရှုပြီးနောက် စိတ်ဆိုးမာန်ဆိုးဖြင့် အဝတ်များကို ဆုတ်ဖြဲပြီး “ဆီးရီးယားဘုရင်က ငါ့ကိုအပြစ်ဖိုရန်ရှာချင်လို ဒီစာကိုပို တာပဲ”ဟု ထင် မြင်သွားသည်။

ဧလိရှဲသည် ထိုသတင်းကိုကြားလျှင် နေမန်ကိုခေါ်ပြီး ယော်ဒန်မြစ်ထဲသို (၅) ချစ်ခိုင်းသည်။ နေမန်၏စိတ်ထဲတွင်မူ ၄င်းကဲ့သိုသောစစ်သူကြီးတစ်ဦးကို မထီမဲ့ သလားဟု စိတ်ဆိုးသွားသည်(သင်သည် မထီမဲ့မြင်ပြုခြင်းခံရသည့်အချိန်တွင် စိတ်ဆိုးပါက မာနကြီးသူဖြစ်သည်)။ သို သော်လည်း ခိုင်းသည့်အ တိုင်းလုပ်သောအခါ က်ရင်းကျန်းမာသွားသည်။ အလွန်ဝမ်းသာသဖြင့် ယူလာသောပစ္စည်းများကို ဧလိရှဲ ပေးရာ ဧလိရှဲက လုံးဝလက်မခံချေ။ ဘုရားသခင်၏ အံ့ဩဖွယ်အမှုတော်မြတ်ကို ငွေကြေးတံစိုးဖြင့် ဝယ်ယူ၍မရစကောင်းပေ။

ဤနေရာ၌ အစ္စရေးတို၏ ဘုရားသခင်သည် တစ်ပါးအမျိုးသားတို၏ ဘုရား သခင်လည်း ဖြစ် သည်ကိုလည်းကောင်း၊ ဘုရားသခင်၏အမှုတော်ကို ငွေကြေးဖြင့် ဝယ်ယူ၍မရနိုင်သည်ကိုလည်းကောင်း၊ ဆန္ဒရှိရှိ၊ မရှိရှိ စကားနားထောင်သောသူကို ဘုရားသခင်က ကောင်းချီးပေးသည်ကိုလည်းကောင်း တွေ့မြင်နိုင်သည်။ ထိုအပြင် ခေါင်းဆောင်ကောင်းလိရှဲတွင် လောဘစိတ်၊ ငွေကြေးတံစိုးတပ်မက်သောစိတ်၊ ဘုရား၏နာမကိုအမှီပြုပြီး တစ်ခုခုရယူလိုသောစိတ် လုံးဝမရှိခြင်းကိုလည်း သင်ခန်း စာယူစရာ ဖြစ်သည်။

အပြစ်ဖော်ထုတ်သော ဧလိရှဲ

ဧလိရှဲက ထိုသိုငြင်းပယ်သောအခါ နေမန်သည် သူ၏ပစ္စည်းများနှင့်အတူ အိမ်သိုပြန်သွားသည်။ ခရီးအတန်ရောက်သောအချိန်တွင် ဧလိရှဲ၏ အစေခံဂေဟာဇီ သည် ဘုရား၏နာမကိုအမှီပြုပြီး လက်ဆောင် တချိုတောင်းမည်အကြံဖြင့် နေမန်၏၊ နောက်သို အပြေးလိုက်လာသည်။ နေမန်ထံ ရောက် သောအခါ “ကျွန်တော့်သခင်ရဲ့ဧည့်သည် ပရောဖက် တွေကိုပေးဖို ငွေ(၉)ကီလိုဂရမ်နှင့် အဝတ်နှစ်ထည် ပေးပါ” ဟုတောင်းရာ နေမန်ကလည်း ငွေ(၁၈)ကီလို ဂရမ်နှင့် အဝတ်နှစ်ထည်ကို ချက်ချင်းပေးလိုက်သည် (၄ရာ  ၅း၂၃-၂၄)။

ဂေဟာဇိ အိမ်ပြန်ရောက်သောအခါ ဧလိရှဲက ဘယ်သွားနေတာလဲ” ဟု မေးရာ ဂေဟာဇိက “ဘယ်မှမသွားပါဘူး မှမသွားပါဘူး” ဟု ပြန်ဖြေသည်။ ထိုအခါ ဧလိရှဲက “မင်းကို ကြိုဖို မြင်းပေါ်ကနေ နေမန်ဆင်းလာတာ ငါမြင်တယ်။ ဘာဖြစ်လို လောဘမထိန်းနိုင်တာလဲ။ ဒီလိုအချိန်မှာ ငွေကြေးနှင့် လက်ဆောင်ပစ္စည်းတွေကို လက်ခံလိုရမတဲ့လား။ မင်းနှင့် မင်းရဲ့မျိုးဆက်တွေအပေါ်မှာ နေမန်ရဲ့ ရောဂါတွေ သက်ရောက်လာလိမ့်မယ်”ဟု ပြောလိုက်သည်(၄ရာ ၅း၂၄-၂၇)။

ဘုရား၏နာမကိုအမှီပြုပြီး ချမ်းသာလိုခြင်း၊ မုသာကိုသုံးပြီး ပစ္စည်းဥစ္စာအမျိုး မျိုးကို ရရှိလိုခြင်းနှင့် တပ်မက်စွဲလမ်းလွန်းခြင်းသည် ဂေဟာ၏အသက်တာကို ဖျက် ဆီးဆုံးရှုးစေသည်။ ဘုရားသခင်မပါရှိပါက ထိုအရာအားလုံးတိုသည် အချည်းနှီး သာဖြစ်သည်။

လက်ဝှေ့လောကတွင် မိုဟာမက်အလီထက် ပိုမိုကျော်ကြားသူ အတော်ရှား ပါးပါလိမ့်မည်။ သူသည် အောင်မြင်မှုကြောင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရုပ်မြင် သံကြားနှင့် ဂုဏ်ပြုညစာစားပွဲအမျိုးမျိုး စသည်တို၌ အမြဲပါရှိရသူဖြစ်သည်။

သိုသော် သူ၏နာမည်သည် တဖြည်းဖြည်း မှေးမှိန်လာပြီး ပရိသတ်ရှေ့မှ ပျောက်ကွယ်သွားသည်။ ထိုအခါ ဂယ်ရီစမစ်ဆိုသူသည် အခြေအနေကိုစုံစမ်းရန် အ လီထံသွားလည်သည်။ အလီက ဧည့်ခန်းထဲရှိ ၄င်း၏ဓာတ်ပုံ၊ ဆုတံဆိပ်၊ ချန်ပီယံ ခါးပတ်အမျိုးမျိုးတိုနှင့် ပုံတူရုပ်တု စသည်တိုကို လိုက်လံပြသသည်။

ထိုသိုပြသရင်း ဆုတံဆိပ်အမျိုးမျိုးတိုအပေါ် တွင် ခိုချေးများဖုံးလွှမ်းသည်ကို တွေ့ရသည်။ ထိုအခါ အလီက “တစ်ချိန်တုန်းက ဘုရင်တစ်ပါးလိုဖြစ်ခဲ့ ပေမဲ့ အခုတော့ အနတ္တသက်သက်ပါပဲ”ဟု သံဝေဂ စကားဆိုခဲ့သည်။ မတည်မြဲနိုင်မည့် အရာတစ်ခုခု အတွက်အသက်တာကုန်လွန်စေပါက နောင်တ တရားကိုသာ ရိတ်သိမ်းရပါလိမ့်မည်။ ဂေဟာဇိသည်လောကအရာများကိုလောဘတက်မိသောအခါတွင် တရားစီရင်ခြင်း ခံရသည်။

ဧလိရှဲသည် ရောဖက်တစ်ပါးအနေဖြင့် အပြစ် စီ ရင်ရသည်။ လောဘစိတ်၊ မတရား ၊ ဘုရားနာမကို အမှီပြုပြီး အခွင့်အရေးရယူလိုသော စိတ် စသည်တိုကို ဖယ်ရှားသန့်စင်ရန် တာဝန်ရှိသည်။ အကြောင်းမှာ –

လောဘကြီးသူများသည် စုံစမ်းခြင်းကျော့ကွင်းထဲမိနေသည်။

ငွေကြေးတပ်မက်လွန်းခြင်းသည်

မကောင်းမှုတို၏မူလအမြစ်ဖြစ်သည်။

လူတချိုတိုသည် ငွေကြေးတပ်မက်မှုကြောင့်

ယုံကြည်ခြင်းမှလမ်းလွှဲ၍ ပူပန်ခြင်းသယ်ယူကြသည်ဟု

ဖော်ပြ၍ဖြစ်သည် (၁တိ ၆း၉-၁၀)။

ဧလိရှဲသည် ထိုသိုသန့်စင်ရန်အတွက် မိမိအိမ်မှ စတင်ရမည်ဖြစ်သည်။ သူ တစ်ပါးအပြစ်ကိုသာ ဖော်ထုတ်ပြီး မိမိအပြစ်ကိုမူ မသိသလိုမနေရစကောင်းပေ။ အ ပြစ်များကို ဖော်ထုတ်သင့်က ဖော်ထုတ်ရဲပြီး စီရင်သင့်က စီရင်ရဲမည့် ဧလိရှဲကဲ့သို သောခေါင်းဆောင် လိုအပ်သည်။

ပုဆိန်ကိုပေါ်လောပေါ်စေသော ဧလိရှဲ

ဧလိရှဲကို တပည့်များက ၄င်းတို၏နေရာ ကျဉ်းမြောင်းလာပြီဖြစ်၍ နေရာချဲ့ ထွင်ရန်အတွက် ယော်ဒန်မြစ်နားတွင် သစ်ပင်ခုတ်ရမည်ဖြစ်သဖြင့် ကိုယ်တိုင်လိုက် ပေးပါဟုတောင်းဆိုရာ ဧလိရှဲလည်း လိုက်သွားသည် (၄ရာ ၆း၁-၅)။

သစ်ပင်ခုတ်နေစဉ် တစ်ယောက်သောသူ၏ပုဆိန်သည် မြစ်ထဲသိုကျပြီး စုန်း၊ စုန်းမြှုပ်သွားသည်။ သူတစ်ပါးထံမှ ငှားရသောပုဆိန်ဖြစ်သဖြင့် ထိုသူက ဧလိရှဲထံ အကူအညီတောင်းသည်။ ထိုအခါ ဧလိရှဲကသည် ပုဆိန်ကျသည့်နေရာသို တုတ်တစ် ချောင်းပစ်ချ လိုက်ရာ ပုဆိန်ပေါလောပေါ်လာပြီး ပြန်လည်ရရှိသည်။

ဤနိမိတ်လက္ခဏာသည် ယခင်ပြုဖူးခဲ့သော ခါးသောရေကို ချိုစေခြင်း၊ သဲလွင်ပြင်တွင် ရေအိုင်စေ ခြင်း၊ နေမန်ကို ကျန်းမာစေခြင်း စသည်တိုနှင့်နှိင်း လျှင် သေးငယ်သလိုထင်ရသည်။ ပုဆိန်ပြန်ပေါ်စေ မည့်အတူတူ ပုဆိန်အလက်တစ်သိန်းခန့် ဖြစ်ပေါ်စေ ပါက သူတစ်ပါးထံမှလည်း ငှားနေစရာ လိုတော့မည် မဟုတ်ပေ။

သိုသော် ထိုသေးငယ်သော အမှုက ဘုရား သခင်သည် ၄င်း၏လူတိုကို အသေးစိတ်တာဝန်ယူ၍ အလိုရှိပါက သေးနုပ်သောအရာဖြစ်နေပါစေ အမြဲပေးချင်နေသူဖြစ်ကြောင်း တွေ့မြင်စေသည်။ လူရှု့ ထောင့်မှကြည့်လျှင် ခေါင်းဆောင်ကောင်း ဧလိရှဲသည်

၁) တပည့်များ၏လိုအပ်ချက်၊ ပြဿနာများနှင့် ဒုက္ခ သုခအားလုံးကိုသိ၍ ကိုယ်ဖိရင်ဖိ ကူညီဖြေရှင်းပေးသူဖြစ်ကြောင်း တွေ့ရသည်။

၂) သူတစ်ပါးထံမှ ငှားရသော အရာတစ်ခုခုကို ပြန် လည်ပေးအပ်ရန် တာဝန်ယူသူဖြစ်ကြောင်း တွေ့ ရသည်။ ငွေကြေးဖြစ်စေ၊ပစ္စည်းဖြစ်စေ အလွယ် တကူ ချေးငှားတတ်သော်လည်း ပြန်ပေးရန် တွန့်ဆုတ်တတ် သောသူကို ခေါင်းဆောင်အဖြစ် အလိုမရှိကြချေ။

၃) တပည့်များ၏ဆန္ဒကို အလေးထား၍ လိုက်လျော သင့်က လိုက်လျောသောသူဖြစ်ကြောင်း တွေ့ရ သည်။ ကောင်းသောအကြံဉာဏ်ဖြစ်ပါက ချက် ချင်းလက်ခံတတ်သောခေါင်းဆောင်သည် ခေါင်း ဆောင်ကောင်း ဖြစ်သည်။

စစ်အောင်နိုင်သော ဧလိရှဲ

ဧလိရှဲသည် သူ၏လူမျိုးများကို အလွန်ချစ်သဖြင့် လက်နက်ကိုင်လူမသတ်စေ ကာမူ (အမျိုးကို ချစ်သော်လည်း သူတစ်ပါးကိုမူ မပျက်စီးစေလိုပေ) မိမိတတ် သည့်ဘက်မှ အမြဲကွယ်ကာသည်။

ဆီးရီးယားဘုရင်က အစ္စရေးတိုကို တိုက်ပွဲဆင်နွှဲရန်ကြံစည်တိုင်း ဧလိရှိသည့် ထိုအကြံအစည်များကို အစ္စရေးဘုရင်ထံ သတင်းပိုလေ့ရှိသည်။ ဆီးရီးယား လျှိဝှက်ချက်အားလုံးပေါက်ကြားလေ့ရှိသဖြင့် လှုပ်ရှား၍မရတော့ချေ(၄ရာ ၆း၈-၁၀)

ထိုအခါ ဆီးရီးယားဘုရင်သည် အလွန်စိတ်ဆိုး၍ ဗိုလ်ချုပ်များကိုခေါ် တရားခံဘယ်သူလဲဟု စုံစမ်းစစ်ဆေးသည်။ ဗိုလ်ချုပ်များထဲမှတစ်ယောက်က ဧလိရှဲ သည် အရှင်မင်းကြီး၏ အိပ်ခန်းတွင်းစ ကားများကို အစ္စရေးဘုရင်ထံ သတင်းပို့လေ့ရှိပါသည်ဟု ပြန်ပြောသည်။

ထို အခါ ဆီးရီးယားဘုရင်က ဧလိရှဲကို ဖမ်းမိန့်ထုတ်သဖြင့် ဧလိရှဲရှိရာ ဒေါသန်မြို့ကို ဝိုင်းလိုက် ကြသည်။ ဧလိရှဲ၏အစေခံသည် နံနက်အိပ်ရာထသောအခါ ဆီးရီးယားစစ် သားများကို မြင်တွေ့သဖြင့် ဧလိရှဲထံ စိုးရိမ်ကြောက်လန့်စွာ သတင်းပိုလိုက် သည်(၄ရာ ၆း ၁၁-၁၅)။ ။

ဧလိရှဲက “မစိုးရိမ်နှင့်။ သူတိုရဲ့ စစ်သားထက် ငါတိုရဲ့ စစ်သားပိုများတယ်”ဟု ပြီး အစေခံ၏မျက် စိပွင့်လင်းရန် ဆုတောင်းပေးလိုက်သည်။ အစေခံသည် ချက်ချင်းပင် ၄င်းတိုဘက်တွင်ရှိသော စစ်တပ်အလုံး အရင်းတိုကို မြင်တွေ့ရသည်(၄ရာ ၆း ၁၆-၁၇)။ မည်မျှစိတ်ချမ်းသာစရာ ကောင်းပါသနည်း။ ဘုရားသခင်၏ လူများနှင့်အ တူ လုပ်ဆောင်သောအခါ အလွန်စိတ်ချမ်းမြေ့ရသည်။ စိုးရိမ်ကြောက်လန့်ရသည့် အချိန်တွင် ခွန်အားပေးတိုက်တွန်းပြီး ဆုတောင်းပေးကြသည်။

ဆီးရီးယားစစ်သားများ အနားသိုရောက်လာသောအခါ ဧလိရှဲသည် ၄င်းတိုကို မျက်စိမမြင်နိုင် ရန်ဆုတောင်းရာ ချက်ချင်းပင်မမြင်ရကြတော့ချေ။ ထိုအခါ ဧလိရှဲက ထိုစစ်သားများကို သင်တိုရှာဖွေသော ပုဂ္ဂိုလ်ထံ ပိုပေးမည်ဟုဆိုပြီး ရှမာရိမြိုသိုခေါ် သွားသည်။ ထိုနောက် ပြန်တောင်းသောအခါ မျက်စိပြန်မြင်ကြပြီး ရှမာရိမြိုထဲသို ရောက်ရှိမှန်း သိသွားကြသည်။ အစ္စရေးဘုရင်က ထိုစစ်သားများ ကိုသတ်ပစ်ရန် ခွင့်တောင်းရာ ဧလိရှဲက မသတ်ပါနှင့်။ စားစရာအဝ ကျွေးမွေးပြီး ၄င်းတို၏ဘုရင်ထံပြန်ခိုင်းလိုက်ပါဟု ပြန် ပြောသည်။ ထိုသို ပြန်လွှတ်သောအခါ ဆီးရီးယား ဘုရင်သည် အစ္စရေးတိုကို တိုက်ခိုက်ရန် စိတ်ပင်မကူး ခဲ့တော့ချေ။

ဧလိရှဲသည် မျက်စိပွင့်လင်းရန်နှင့် မျက်စိမမြင် ရန် လိုအပ်သလိုဆုတောင်းသည်။ အဖြေရသောအခါ တွင်လည်း ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန်သာ ဖြစ်စေသည်။ ရန်သူပျက်စီးရန် ဆုမတောင်းဘဲ နောင် တရရန်သာ ဆုတောင်းပေးသည်။ အဆိုးကို အကောင်းဖြင့် တုံပြန်သောကြောင့် ရန်ငြိမ်းအေးသွားသည်။ ဧလိရှဲကဲ့သိုသော ခေါင်းဆောင် အများအပြားရှိပါက မသင့် မြတ်ခြင်းများ ရှိရတော့မည်မဟုတ်ပေ။

ဧလိရှဲထံမှ ခေါင်းဆောင်ကောင်းများ၏ ခေါင်းဆောင်မှု၊ ပြုမူကျင့်ကြံမှု၊ ဆင်း ရဲချမ်းသာမရွေး တန်းတူဆက်ဆံမှု၊ အုပ်ချုပ်သူများနှင့်ဆက်ဆံမှုစသည့် သင်ခန်းစာများ သင်ယူကြပြီးဖြစ်ရာ ကိုယ်တိုင်လိုက်ကျင့်သွားမည်ဆိုလျှင် ခေါင်းဆောင်ကောင်း များ ဖြစ်လာကြပါလိမ့်မည်။

ဧလိယနှင့် ဧလိရှဲ

ဧလိယနှင့် ဧလိရှဲတို၏ ခေါင်းဆောင်မှုအားဖြင့် သင်ခန်းစာတချို ဆက်၍သင် ယူကြပါစို။

၁) ရည်မှန်းချက်ချင်း တူညီသည် – ဘုရား၏ဘုန်းတော်ကို တရားသဖြင့်ထင်ရှား နိုင်ရန် ရည်မှန်းချက်ထားရှိကြသည်။ ထိုကြောင့် စိတ်တူကိုယ်တူ လက်တွဲလုပ် ဆောင်နိုင်ကြသည်။ အမေရိကန် သမ္မတဟောင်း သီအိုဒရုစဗဲလ်က “အောင်မြင် ခြင်းရရှိရန် မပါမဖြစ်ဆေးဝါးတစ်ခုမှာ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံရေး ပင်ဖြစ်သည်”ဟု မိန့်ဆိုဖူးသည်။

ဧလိယပြုခဲ့သော နိမိတ်လက္ခဏာအားလုံးတိုသည် ဘုရားသခင်ထံမှဖြစ် ပြီး ဘုန်းတော်ထင်ရှား စေရန်ဖြစ်သည်။ ထိုနည်းတူ ဧလိရှဲ၏အသက်တာ၌လည်း လုပ်ဆောင်လေသမျှတိုသည် ကိုယ်ကျိုးအတွက် မပါဘဲ ဘုရားဘုန်းတော်အ တွက်သာဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

၂) မျှော်လင့်ချက်ချင်း တူညီသည် – ဘုရားသခင်၌ မြဲမြံစွာရပ်တည်ရုံမက ကြီးမားသောအမှု ပြုရန်လည်း မျှော်လင့်ချက်ထားရှိကြသည်။ မျှော်လင့်သည့် အတိုင်းပင် ဧလိရှဲသည် ဧလိယ၏ ကောင်းချီးနှစ်ဆ ရရှိသည်။ “ဘုရားသခင်ထံမှ ကြီးမားစွာမျှော်လင့်ပြီး ဘုရားသခင်အတွက် ကြီးမားစွာပြုပါ” ဟူသည့် ဝီလျံ ကယ်ရီ၏ စကားကို အမှတ်ရစရာပင်ဖြစ်သည်။

၃) ပေးဆပ်မှုချင်း တူညီသည် – ခေါင်းဆောင်တစ်ဦးဦး၏နောက်သို တစ်ခုခုကို မျှော်ကိုးပြီး လိုက်ရခြင်းဖြစ်သည့်နည်းတူ ထိုခေါင်းဆောင်အတွက် တစ်ခုခုလုပ်ဆောင်ပေးရန်လည်း ဝန်မလေးကြပေ။ သိုဖြစ်၍ ခေါင်းဆောင်နှင့် နောက် ဟူသည် အပြန်အလှန်အကျိုးပြုနေကြသည်။ ဧလိယနှင့် ဧလိရှဲတိုလည်း ၄င်းပင်ဖြစ်သည်။ ဧလိယသည် သူ့နေရာကိုဆက်ခံရန် ဧလိရှဲကို ပြုစုပျိုးထောင် သကဲ့သို ဧလိရှဲကလည်း နှိမ့်ချစွာနာခံလိုက်လျှောက်သည်။

( ၄) သစ္စာရှိမှုချင်း တူညီသည် – သစ္စာမရှိပါက ရည်မှန်းချက်သို ရောက်ရှိနိုင်မည် မဟုတ်ပေ။ ဧလိယ၏အချိန် ကုန်ဆုံးခါနီးလေလေ၊ ဧလိရှဲသည် ဧလိယအပေါ် သစ္စာရှိလေလေဖြစ်သည်။ ဧလိယက ၄င်းကိုစွန့်လွှတ်ရန် သုံးကြိမ်တိုင်တိုင်ပြော သော်လည်း ဧလိရှဲကမူ “ဘုရားသခင်နှင့် ကိုယ်တော်အ သက်ရှင်နေသမျှ ကိုယ်တော့်ကိုမစွန့်ဘူး”ဟု ပြန်လည်ပြောဆိုသည်(၄ရာ ၂း၂၊ ၄၊ ၆)။ ဧလိယ သည် ၄င်းအပေါ်သစ္စာရှိသော ဧလိရှဲကို အမွန်မြတ်ဆုံးဖြစ်သော ကောင်းချီး နှစ်ဆ ပေးလိုက်လေတော့သည်။

 

၁၄။ ဒံယေလ (Daniel)

ဘုရားသခင်ကို ချစ်ကြောက်ရိုသေသော လူငယ်များအကြောင်း ပြောဆိုဆွေးနွေးမည် ဆိုပါက ယောသပ်နှင့်ဒံယေလတိုထက် မြင့်မြတ်သောလူငယ် ရှိလိမ့်မည်မထင်ပေ။ အလွန်ငယ်သောအရွယ်မှာပင် ကျွန်ဘဝသိုရောက်သဖြင့် ဒုစရိုက်ထဲပျော်မွေ့နေလျှင် ပင် အပြစ်တင်၍မရသောအခြေအနေတွင် ဘုရားသခင်ကို ဦးထိပ်ထားပြီး အသက် ရှင်နေကြသည်။ သိုဖြစ်၍ သူတိုနှစ်ဦးသည် လူငယ်များနှင့် ခေါင်းဆောင်များအတွက် အတုယူစရာကောင်းလှသော ခေါင်းဆောင်များဖြစ်ကြသည်။

ဒံယေလဟူသည် “ဘုရားသခင်သည် ငါ့ကို တရားစီရင်သောသူဖြစ်သည်”ဟု အဓိပ္ပာယ်ရသည့်အတိုင်း သူသည် ဘုရားသခင်က တရားစီရင်မည်ကို အမြဲနှလုံး သွင်းပြီး ဘုရားသခင်ကို ချစ်ကြောက်ရိုသေခြင်းဖြင့် အသက်ရှင်နေထိုင်သည်။

ကျမ်းစာတွင် ဒံယေလအမည်ပိုင်ရှင် (၄)ဦးခန့်ရှိရာ ယခုဖော်ပြသည့် ရူပါရုံ ပိုင်ရှင်၊ ပရောဖက်ဖြစ်သူ ဒံယေလသည် အထင်ရှားဆုံးဖြစ်သည်။ သူ၏နာမည်ကို ဓမ္မဟောင်းတွင်(ရရ)ကြိမ်နှင့် ဓမ္မသစ်တွင်(၁)ကြိမ် တွေ့ရသည်(မ ၂၄း၁၅)။ ဟေဗြဲ ၁၁း၃၃တွင် သူ၏ယုံကြည်ခြင်းနှင့် ခြင်္သေ့ခံတွင်းမှ လွတ်မြောက်ပုံကို ရေးသားထား သော်လည်း သူ၏နာမည်ကိုမူ မဖော်ပြခဲ့ချေ။

ဒံယေလသည် ဘုရားသခင်ကိုမသိသော မင်းသုံးပါး(နေဗုခဒ်နေဇာ၊ ဗေလရှာ တို၏ လက်အောက်တွင် အမှုထမ်းရပြီး ကျွန်ဘဝရောက်ချိန်မှစ၍ ကွယ်လွန် ဗာဗုလုန်၌သာ နေခဲ့ရသည်။ ဘုရားသခင်ပြောသည့်အတိုင်း အစ္စရေး များသည် ဗာဗုလုန်၌ နှစ်ပေါင်း(၅၀)လုံးလုံး ကျွန်ဘဝဖြင့် တရားစီရင်ခြင်း ချိန်အထိ ဗာဗုလုန်၌သာ နေခဲ့ရသခံခဲ့ရသည်။ ဒံယေလသည်လည်း ရာထူးကြီးထမ်းဆောင်ရသည့်တိုင် ကျွန်တစ် ယောက်သာပင် ဖြစ်သည်။

သူသည် ဘုရားသခင်ကိုကြောက်ရွံရိုသေသဖြင့် ကောင်းချီးများစွာရရှိသည်။ လူတိုင်းမက်မောသော စည်းစိမ်အားလုံးနီးပါး ရရှိသူဖြစ်သည်။ ငယ်ရွယ်၍ အမြော် အမြင်ကြီးမားသော်လည်း နှိမ့်ချစွာ နေထိုင်သည်။ ရုပ်ရည်ရူပကာချောမောသဖြင့် လူသူရှေ့တွင်မျက်နှာရပြီး ရှင်ဘုရင်၏အမှုထမ်းဖြစ်ရန် အရည်အချင်းပြည့်စုံသူဖြစ် သည်။

အရက်သေစာ – ဝိညာဉ်သဘောရှိကြပါစို့

ပါရမီဟူသည် ဘုရားသခင်ထံမှဖြစ်၍ အကျင့်ကောင်းမှာမူ လူတို၏ရွေး ချယ်မှုဖြစ်သည်။ ပါရမီတစ်ခု တည်းဖြင့် ခရီးမတွင်နိုင်ဘဲ အကျင့်ကောင်းပါမှသာ ပန်း တိုင်ရောက်ရှိနိုင်မည်ဖြစ်သည်။ အကြောင်းမှာ ပါရမီက မာနထောင်လွှားလွယ်စေပြီး အကျင့်ကောင်းကမူ ပို၍ဝိညာဉ်ဆန်စေသည်။

ဝိညာဉ်သဘောရှိခြင်းသည် ပညာထက် အ ရေးကြီးပြီး ၄င်း၏နောက်တွင် ပညာလိုက်လာသည်။ ချုပ်တည်းနိုင်ခြင်းသည် ဝိညာဉ်သဘောရှိခြင်း၏ အသီးအပွင့်ဖြစ်ပြီး မချုပ်တည်းနိုင်ပါက ဝိညာဉ် သဘော မရှိနိုင်သကဲ့သို ခေါင်းဆောင်ကောင်းလည်း ဖြစ်နိုင်မည်မဟုတ်ပေ။ သိုဖြစ်ရာ ခရစ်ယာန်ခေါင်းဆောင်မှုနှင့် ဝိညာဉ်သဘောရှိမှုသည် အမြဲဒွန်တွဲနေရမည်ဖြစ်သည်။

ဒံယေလသည် တတ်သိပညာများမရမီ၊ ခေါင်းဆောင် မဖြစ်မီကပင် ကိုယ့်ကို ကိုယ်ချုပ်တည်း၍ ဝိညာဉ်သဘောရှိပြီးသားဖြစ်သည်။ အချုပ်အားဖြင့် ဘုရားသခင် မနှစ်သက်သောအပြစ် မကျူးလွန်ခဲ့ပေ။

အမေရိကန်သမ္မတ Calvin Coolidge သည် စကားအလွန်နည်းသူ သည်။ သူ့ထံမှ စကားနှစ်ခွန်းကို ဆက်တိုက်မကြားခဲ့ဖူးဘူးဟု အဆိုရှိသည်။ ငယ် က ဘုရားကျောင်းမှပြန်လာလျှင် သူ့အဖေက “တရားဟောဆရာက ဘာအကြောင်း ဟောသလဲ”ဟု မေးရာ “အပြစ်”ဟု တစ်ခွန်းတည်းသာ ဖြေသည်။ သူ့အဖေကအားမရ သဖြင့် “အပြစ်ကဘာဖြစ်သလဲ။ ဆက်ပြောပါဦး”ဟုထပ်မေးရာသူက “မလုပ်ရ” ဟု ခပ်တိုတိုပြန်သည်။ အပြစ်မလုပ်ဘဲ ဝေးဝေးရှောင်ရမည်ဖြစ်သည်။

ဒံယေလနှင့် ဘဝတူကျွန်များသည် ဗာဗုလုန်၏ အတတ်ပညာများသင်ယူ ရင်း အရက်သေစာများဖြင့် မူးယစ်ပျော်မွေ့နေကြသည်။ အထူးသဖြင့် အရက်သေစာ နှင့် စားကောင်းသောက်ဖွယ်များကို ဘုရင်ကြီး သုံးဆောင်သကဲ့သို သုံးနှစ်လုံးလုံးစား သောက်ရန် အမိန့်ထုတ်ထားရာ မလိုက်နာပါက သေဒဏ်ခံရမည်ဖြစ်သည်။

သိုသော် ဒံယေလနှင့် သူ၏သူငယ်ချင်းသုံးယောက်(ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ်)တိုက မစားရန်ဆုံးဖြတ်သည်။ အကြောင်းမှာ စားကောင်းသောက်ဖွယ် စားသုံးခြင်းသည် အပြစ်မဟုတ်သော်လည်း ( ဒံယေ လကမူ ထိုဘုရင့်အစာများထဲတွင် ယုဒလူမျိုးများရှောင်ကြဉ်ရမည့် မစင်ကြယ်သောအသားများကိုတွေ့ မြင်ဟန်ရှိသည် ထိုသိုစားသောက်ပါက ဒွန်တွဲပါလာ သောအရက်ကို သောက်မိရမည်စိုးသဖြင့် ကြိုတင် ကာကွယ်ခြင်းဖြစ်သည်။ “မိုးလွန်မှ ထွန်မချဘဲ မိုးမရွာ မီ ထွန်ရေးချမှသာ စိတ် ချရမည်ဖြစ်သည်။

ဒံယေလသည် ထိုသိုဆုံးဖြတ်ပြီးနောက် စားဖို မှူးကို အသီးအရွက်သာကျွေးမွေးရန် တောင်းဆို လိုက်သည်။ စားဖိုမှူးကမူ အသီးအရွက်များသာစားပါက အခြားကျွန်များထက် ပိန် လိုရုပ်ဆိုးသွားမည်။ ထိုသိုပိန်သွားလျှင် ဘုရင်မင်းကြီး အမျက်ထွက်မည်စိုးသဖြင့် သ ဘောမတူပေး သိုသော်ဒံယေလကိုချစ်သဖြင့် နောက်ဆုံးတွင် သဘောတူလိုက်သည်။

ဒံယေလက စားဖိုမှူးကို “ဘယ်သူပိုကျန်းမာပြီး အဆင်းလှမယ်ဆိုတာ (၁၀) ရက်လောက်ပဲ စောင့်ကြည့် ပေးပါ”ဟု ပြောသည်။ သူ၏စိတ်ထဲတွင် ဘုရားသခင် သည် ၄င်းတိုနှင့်အတူပါရှိသဖြင့် အသားစားသော သူများထက် ပိုမလှသည့်တိုင် ပိုဆိုး၊ မည်မဟုတ်မှန်း ယုံကြည်ချက်ရှိသည်။ ယုံကြည်သည့်အတိုင်း ခြေလှမ်း လှမ်းရဲသည်။

(၁ဝ)ရက်ကြာသောအခါ ပြန်လည်စစ်ဆေးရာ ဒံယေလနှင့် သူငယ်ချင်းများ၊ အခြားသူများထက် ပို၍ကျန်းမာလှပသည်သာမက ဉာဏ်ရည်လည်း ပိုကောင်း သုံးနှစ်ကြာလာသောအခါ ဘုရင်ကိုယ်တိုင်ပြန်စစ်ရာ ယခင်ထက်(၁၀)ဆ ပိုကျန်းမာကြသည်ကို တွေ့ရှိသွားသည်။

အရက်သေစာမသောက်ခြင်းကြောင့် အထက်လူကြီးများက ငြိုငြင်ကောင်း ငြိုငြင်ပါလိမ့်မည်။ အထင်သေးကောင်း အထင်သေးပါလိမ့်မည်။ သိုသော် ကိစ္စမရှိချေ။ ဘုရား၏နာမ၌ ကိုယ့်ကိုယ်ကို ချုပ်တည်းသောသူသည် အချိန်တန်လာသောအခါ အခြားသူများထက် အဘက်ဘက်၌ သာလွန်ထူးချွန်ပါမည်။ လူတိုင်း၏ လေးစားမှုကို ခံရပြီး အောင်မြင်သောခေါင်းဆောင် ဖြစ်လာပါမည်။

ကောင်းစားခြင်း – ဉာဏ်ပညာဦးအားပေးကြပါစို့။

ပညာ၏နောက်သို ကောင်းစားခြင်းလိုက်လာသည်။ ဆမ်ဆောင်းကုမ္ပဏီ သည် ဝင်ငွေအများဆုံး ရရှိသည့် ကုမ္ပဏီဖြစ်ပြီး တစ်စက္ကန့်တိုင်းတွင် ဒေါ်လာ(၆၀၀၀)ဝင်သည်ဟု ဆိုသည်။ ပညာ၏ နောက်သို ကောင်းစား ခြင်းတကယ်လိုက်လာမှန်း တွေ့မြင်နိုင်သည်။

ဒံယေလသည် ရှောလမုန်ကဲ့သို မကြွယ်ဝ သည့်တိုင် ပိုင်ဆိုင်မှု၌ မည်သူ့ကိုမျှ အားကျလိမ့်မည် မဟုတ်ပေ။ ရှောလမုန်ကဲ့သိုဉာဏ်ပညာမရှိသည့်တိုင် ရှောလမုန်လုံးဝမသိနိုင်သည့် အရာတချိုကိုသိသည်။ သူသည် အိပ်မက်အနက်ကို ပြန်ဆိုတတ်ပြီး ဖြစ်လာ မည့်အရာများစွာကိုလည်း ကြိုတင်သိရှိသည်။ ဘုရား

ကိုကြောက်ရွံရိုသေပြီး ကိုယ့်ကိုယ်ကို ချုပ်တည်းခြင်း၊ ဖြင့် အသက်ရှင်သောကြောင့် ဘုရားသခင်က လိုအပ်သမျှအားလုံးနီးပါးအပြင် မည်သူ မျှမရရှိသော အိပ်မက်၏အနက် ပြန်ဆိုတတ်ခြင်းပညာကိုပါ ပေးခဲ့သည်။

တစ်ညတွင် ဘုရင်နေဗုခဒ်နေဇာသည် အိပ်မက်မက်ပြီး နိုးလာသောအခါ အ လွန်ထိတ်လန့်သဖြင့် အိပ်မက်အကြောင်းကိုပင် မေ့သွားသည်။ ထိုကြောင့် တိုင်းပြည် အတွင်းရှိ ဗေဒင်ဆရာများ၊ နက္ခတ္တပညာရှင်များ၊ အင်းအိုင်လက်ဖွဲ ပညာရှင်များကို ဖိတ်ခေါ်ပြီး အိပ်မက်နှင့် အိပ်မက်၏အနက်ကို ဖော်ပြပြန်ဆိုရန် အမိန့်ပေးလိုက်တော့ သည်။

ယောသပ်ခေတ်တွင် ဘုရင်ဖာရိုးကသူ၏အိပ်မက်ကိုပြောပြီးအနက်ပြန်ဆိုခိုင်း ခြင်းဖြစ်သည်။ ယခုတွင်မူ ဘုရင်က ၄င်းကိုယ်တိုင်ပင်မေ့နေသော အိပ်မက်ကို ဖော်ပြ ပြန်ဆိုခိုင်းသည်။ မပြောပြနိုင်ပါက သူတိုအားလုံးကိုသတ်ပြီး အိုးအိမ်များကို ဖျက်ဆီး ပစ်ရန်နှင့် ပြောပြနိုင်လျှင်မူ ဆုလာဘ်များစွာ ပေးပြီး သူကောင်းပြုမည်ဖြစ်ကြောင်း ဆိုလိုက်သည်။ သိုသော်မည်သူကမျှ ဖော်ပြပြန်ဆိုခြင်းမပြုနိုင်ကြသဖြင့် မသိသော အိပ်မက်ကို ဝိညာဉ်များကသာ ဖော်ပြပြန်ဆိုနိုင်လိမ့်မည်ဟု ရှင်ဘုရင်ထံ လျှောက် တင်ကြသည်။ ထိုအခါ ဘုရင်မင်းကြီးသည် အလွန်စိတ်ဆိုးပြီး သူတိုအားလုံးကိုသတ် ရန် အမိန့်ပေးလိုက်သည်။ “

ထိုအမိန့်အတိုင်း ဒံယေလတိုကိုပါသတ်ရန် ပြင်ဆင်လာကြသည်။ ထိုအခါ ဒံယေလသည် ဘုရင့်ကိုယ်ရံတော်မှူးအာရုတ်ကို လိမ္မာပါးနပ်စွာချဉ်းကပ်ပြီး ဘုရင့် အမိန့်တော်သည် အဘယ်ကြောင့် ဤမျှလောက်မြန်သနည်းဟုမေးရာ အာရုတ်က လည်း အကြောင်းစုံပြောပြသည်။

ဒံယေလသည် ဘုရင်မင်းကြီးထံသွားပြီး အချိန် နည်းနည်းပေးပါက အိပ်မက်နှင့် အနက်ကို ဖော်ပြ ပြန်ဆိုပေးနိုင်ပါမည်ဟု လျှောက်တင်ပြီးမှ အိမ်သိုပြန် လာကာ သူငယ်ချင်းသုံးယောက်နှင့်အတူ စတင်ဆု တောင်းကြသည်။ ဘုရားသခင်ကလည်း သူတို၏ ဆုတောင်းသံကိုနားညောင်းပြီး လျှိဝှက်ချက်အားလုံး ကို ဖော်ပြပေးသည်။ ထိုအခါ ဒံယေလသည် အိပ် မက်နှင့်အနက်ကို ဖော်ပြပြန်ဆိုပေးနိုင်သဖြင့် ၄င်းတို နှင့်အတူ ဗေဒင်ဆရာ၊ နက္ခတ္တပညာရှင်နှင့်၊ အင်းအိုင် ၊ လက်ဖွဲ ပညာရှင်တိုပါ အသတ်မခံရတော့ပေ။ ဒံယေလ၏ ဉာဏ်ပညာက လူအများ တိုကို အသက်ရှင်စေခဲ့သည်(ဒီ ၂း၂၄-၄၉)။

ဘုရားသခင်သည် ဒံယေလကို ဉာဏ်ပညာအပြင် ဘုရင်ကြီးအားဖြင့် ကောင်း စားခြင်းနှင့် ချီးမြှောက် ခြင်းကိုပါပေးသည်။ အိပ်မက်နှင့်အနက် ဖော်ပြပြန်ဆိုနိုင်သော အခါ ဘုရင်ကြီးသည် ဝမ်းသာလွန်းသဖြင့် ဒံယေလကို ပျပ်ဝပ်ရှိခိုးသည်။ ပူဇော် သက္ကာပစ္စည်းများ လှူဒါန်းသည်။ ဝန်ကြီးရာထူးနှင့် ပညာရှိအကြီးအ ကဲရာထူးကိုကိုအပ်နှင်းလိုက်သည်။

ထိုမှ နှစ်ပေါင်းအတန်ကြာပြီးနောက် တစ်နေ့တွင် ဘုရင့်အိမ်တော်နံရံပေါ်၌ မေနေမေနေ၊ တေကလ၊ ဖေရက်”ဟူသောစာလုံးပေါ်လာသည်။ ထိုအခါ ဘုရင်ဗေလရှာဇာ သည် အလွန်စိုးရိမ်ပူပန်သဖြင့် အနက်ပြန် ဆိုပေးနိုင်မည့်သူရှာဖွေရာ ဒံယေလကို တွေ့သွားသည်။ ဒံယေလကလည်း ချက်ချင်း ပြန်ဆိုပေးလိုက်ရာ ဘုရင်မင်း သည် အလွန်ဝမ်းမြောက်သဖြင့် ဒံယေလကို အနီရောင်ဝတ်ရုံနှင့် ရွှေစလွယ်ဆင်မြန်း ပေးသည့်အပြင် တိုင်းပြည်၏ တတိယအကြီးဆုံးရာထူးကို အပ်နှင်းသည်(ဒံ ၅း၂၅-၂၉)။ ဒံယေလ၏ဉာဏ်ပညာနောက်သို ကောင်းစားခြင်း၊ ဂုဏ်အသရေရှိခြင်းနှင့် ချီးမြှောက်ခြင်းတိုသည် ဆက်တိုက်လိုက်လာသည်။

ချီးမြှောက်ခြင်း – ဘုရားသခင်ကို ပေးကြပါစို

နေဗုခဒ်နေဇာမင်းကြီးက “ငါ့အိပ်မက်ကိုဖော်ပြပြီး အနက်ပြန်ဆိုနိုင်ပါ့မလား” ဟု မေးသောအခါ ဒံယေလက “အရှင်မင်းကြီးရဲ့အိပ်မက်ကို ဘယ်ပညာရှိကမျှ ဖော် ပြပြန်ဆိုနိုင်မယ်မဟုတ်ပါ။ ဒါပေမဲ့ နက်နဲတဲ့အရာတွေကိုဖွင့်ပြတဲ့ ဘုရားသခင်တစ် ဆူရှိပါတယ်။ အဲဒီဘုရားက အနာဂတ်မှာဖြစ်လာမယ့် အရာတွေကို ကျွန်တော့်အပေါ်မှာ ဖွင့်ပြပေးပြီ” ဟု ပြန်ပြောသည်(ဒီ း၂၇)။

ဒံယေလသည် အိပ်မက်နှင့် အနက် ဖော်ပြပြန် ဆိုခြင်းကို သူ၏ကိုယ်ပိုင်ပညာကဲ့သိုမပြောဘဲ ဘုရား သခင်ပေးခြင်းဖြစ်ကြောင်း ပြောဆိုသောအခါ ဘုရင် မင်းကြီးကလည်း ဒံယေလ၏ဘုရားသည် ဘုရားတ ကာတို့၏ စစ်မှန်သောဘုရားသခင်ဖြစ်ကြောင်း ထုတ် ဖော်ဝန်ခံသွားသည်။ ဘုရားသခင်ကို မသိသော ဘုရင်တစ်ပါးသည် ဒံယေလအား ဖြင့် ဘုရားသခင်ကိုသိသွားသည်။

 ချီးမြှောက်ခြင်းနှင့် ထိုက်တန်သောဘုရားကို ချီးမြှောက်သောသူသည် အကျိုး ကျေးဇူးခံစားရသည်။ ဘုရားသခင်ကိုအမြဲဦးစားပေးသော ဒံယေလကို ဘုရားသခင် ကလည်း အမြဲဦးစားပေးပြီး အရာခပ်သိမ်းကို ပြင်ဆင်ပေးသည်။

အကျိုးကျေးဇူး – အချင်းချင်းမျှစေကြပါစို့

အေးအတူပူအမျှ အတူတကွမျှဝေခြင်းသည် အသက်တာကို လန်းဆန်း သည်။ ပစ္စည်းဥစ္စာများကိုသာ မျှဝေခြင်းမဟုတ်ဘဲ ဂုဏ်ပြုခြင်း၊ ချီးမြှောက်ခြင်းမှစ၍ အကျိုးကျေးဇူးတစ်ခုခုရရှိသည့်အခါတွင်လည်း အတူတကွမျှဝေကြပါက ပို၍တန်ဖိုး ရှိသည်။

ဘုရင်မင်းကြီး၏ အိပ်မက်နှင့် အနက်ကို ဖော်ပြပြန်ဆိုတတ်သောသူသည် ဒံယေလဖြစ်သည်။ သိုသော် ဒီယေလက အိပ်မက်ကိုဖော်ပြပြီးနောက် “အနက်ကို လည်း ပြန်ဆိုကြပါမည်”ဟု ပြောသည်။ “အနက်ကို ပြန်ဆိုပါမည်”ဟုမပြောပေ။ “ပြန်ဆိုကြပါမည်”ဟု ပြောခြင်းသည် အကျိုးကျေးဇူးအားလုံးကို ၄င်းတစ်ဦးတည်း မခံစားဘဲ အခြားသူများနှင့် အတူတကွမျှဝေခံစားရန်ဖြစ်ကြောင်း ထင်ရှားပေါ်လွင် စေသည်။ စင်စစ် အိပ်မက်ပြန်ဆိုသောသူသည် ၄င်းတစ်ဦးတည်းဖြစ်သဖြင့် အကျိုး ကျေးဇူးအားလုံးကိုလည်း တစ်ဦးတည်း ယူပိုင်ခွင့်ရှိသည်။ သိုရာတွင် သူငယ်ချင်းများ နှင့်အတူ ဆုတောင်းခြင်းဖြစ်သည့်အလျောက် အကျိုးကျေးဇူးများကိုလည်း အတူ တကွမျှဝေခံစားကြသည်။

“ပြန်ဆိုကြပါမည်”ဟုပြောသောအခါ ဘုရင်ကြီးကလည်း ဒံယေလ၌ သူ ငယ်ချင်းများရှိမှန်းနှင့် ၄င်းတစ်ဦးတည်း၏ ဉာဏ်ပညာကြောင့် မဟုတ်မှန်း သဘော ပေါက်ပြီး ထိုသူတို၏ ဉာဏ်ပညာကိုလည်း အသုံးချ လိုပါလိမ့်မည်။ ထိုအချိန်တွင် ဒံယေလက ၄င်း၏ သူငယ်ချင်း သုံးယောက်ကိုလည်း ဗာဗုလုန်ပြည် ဝန်မင်းများအဖြစ် ခန့်ထားပေးရန် တောင်းဆိုရာ တောင်းဆိုသည့်အတိုင်းရသဖြင့် ၄င်းတိုလေးယောက် သည် ကောင်းစားခြင်း၊ ချီးမြှောက်ခြင်းနှင့် အခွင့်အာ ဏာများကို အတူတကွရရှိကြသည်။

ခေါင်းဆောင်များ၏စကား – နားထောင်ကြပါစို့

ဒံယေလသည် စားဖိုမှူးထံ အသီးအနှံကိုသာကျွေးရန် တောင်းဆိုရာ စားဖိုမှူး ကလည်း စိုးရိမ်သည့်ကြားထဲမှ စမ်းသပ်ကျွေးလိုက်သည်။ ဘုရင်ကြီးသာသိပါက တန်စွာအရေးယူခံရမည်မှန်း သိသိကြီးနှင့် ဒံယေလ၏စကားကို နားထောင်ခြင်း ပြင်းထန်စွာအရေးယူခံရ ဖြစ်သည်။

ဒံယေလသည် ၄င်းတိုကိုသတ်မည့် ဘုရင့်ကိုယ်ရံတော်မှူးအာရုတ်ကို ဘုရင့် အမိန့်တော်သည် အဘယ် ကြောင့် ဤမျှလောက်မြန်သနည်းဟုမေးရာ အာရုတ်က လည်း အကြောင်းစုံရှင်းပြသည်။ သူသည် ဒံယေလ၏စကားကို မည်မျှအလေးထားကြောင်း ထင်ရှားပေါ်လွင်သည်။

ဒံယေလ၏စကားကို ဘုရင်များဖြစ်ကြသော နေဗုခဒ်နေဇာနှင့် ဗေလရှာဇာတို ကလည်း လေးနက်စွာ နားထောင်သည်။ ထိုအပြင် သာမန်လူနှင့် ဘုရင်များမဆိုထား ဘိ၊ ဘုရားသခင်ကပါ ဒံယေလ၏ဆုတောင်းသံကို အမြဲနားညောင်းသည်။

စကားကို မည်ကဲ့သိုပြောလျှင် လူအများက နားထောင်လိုပါမည်နည်း။ ဒံယေ လ၏စကားကို အဘယ်ကြောင့် လူအများနှင့် ဘုရားသခင်ကပါ နားထောင်ပါသနည်း။ လေ့လာကြပါစို့။

၁) ဆက်ဆံမှု။ ။ ဒံယေလကို လူအများက ဘုရားသခင်နှင့် အမြဲဆက်ဆံသူဖြစ်မှန်းသိသဖြင့် ၄င်း၏စကားကို နားထောင်လိုခြင်းဖြစ်သည်။ ဘုရားသခင် နှင့်ဖြစ်စေ၊ ပညာရှိများနှင့်ဖြစ်စေ ဆက်ဆံမှုအမြဲရှိပါက ပညာရှိခေါင်း ဆောင်ဖြစ်လာပြီး စကားပြောဆိုရာတွင်လည်း ပို၍ အရာရောက်လိမ့်မည် ဖြစ်သည်။

 ၂) ဆက်ကပ်မှု။ ။ ဒံယေလသည် ၄င်း၏ကိုယ်ကို စားကောင်းသောက်ဖွယ်များဖြင့် မညစ်ညမ်းစေရန် ဆုံးဖြတ်ပြီးနောက် မည်မျှခက်ခဲစေကာမူ ဆုံးဖြတ် သည့်အတိုင်း အသက်ရှင်ရဲသည်။ ခံစရာရှိ ခံရဲရန်၊ ငတ်စရာရှိ ငတ်ရဲရန် ဆက်ကပ်မှသာလျှင် လူအများ၊ က ယုံကြည်လာပြီး စကားပြောဆိုသည့်အခါ နား ထောင်လိုကြမည်ဖြစ်သည်။

၃) တည်ကြည်မှု။ ။ ဒံယေလသည် ယုံကြည်ခြင်း၊ လိုက်လျှောက်ခြင်း၊ ပြုမူ ခြင်း၊ ပြောဆိုခြင်းနှင့် လုပ်ဆောင်လေသမျှတိုင်းတွင် အပြစ်တင်စရာမရှိအောင် တည်ကြည်သူဖြစ်သည်။ ရှင်ဘုရင်ကိုပင် အမှားကျူး လွန်ပါကပြော ဆိုရဲသူဖြစ်သည်။ အတိုချုံပြောရလျှင် အလွန်တည်ကြည်ဖြောင့်မတ်လူအများကလေးစားပြီး သူ၏စကားကို နားထောင်ခြင်းဖြစ်သည်။

၄) ထပ်တူခံစားတတ်မှု။ ။ ဒံယေလသည် ကျွန်ဘဝဖြင့် ဘုရင့်အိမ်တော်တွင် အရာရှိတစ်ဦးဖြစ်လာ သည်။ ဒုက္ခနှင့်သုခ၊ အစေခံနှင့်အရာရှိ၊ ကဲ့ရဲ့ လေးစားမှု၊ မထီမဲ့မြင်မှုနှင့်အရေးထားမှုစသည့် ဘဝမျိုး စုံကြုံတွေ့ဖူးသဖြင့် လူအများနှင့် ထပ်တူခံစားတတ်ပြီး စာနာနားလည်ပေးတတ်သည်။ သိုဖြစ် ၍ သူ၏စကားကို လူအများက နားထောင်လိုကြသည်။

၅) ဉာဏ်ပညာရှိမှု။ ။ ဒံယေလသည် အခြားသူများထက် ပို၍ဉာဏ်ပညာရှိ သည်။ ဘုရားသခင်က နက်နဲသောသောအရာများကို မကြာခဏဖွင့်ပြရာ လူအများထက် အမြော်အမြင်ပိုရှိသဖြင့် သူ၏စကားကို လူအများက နားထောင်လိုကြသည်။ ခေါင်းဆောင်ဖြစ်လိုသူ၊ စကားနားထောင်လို သူသည် အသက်ရှူနိုင်ရန် “လေ”လိုအပ်သကဲ့သို ဉာဏ်ပညာကို ဘုရားသခင်ထံမှ  မဖြစ်မနေတောင်း ဆိုရမည်ဖြစ်သည်။

၆) ဟိတ်ဟန်ကင်းမှု။ ။ ဒံယေလ၏အသက်တာသည် ဖတ်၍ရသောစာအုပ် နှင့်တူသည်။ တိုးလျှိပေါက်မြင်ရသော မှန်တစ်ချပ်ကဲ့သိုပင် ဘုရားသခင်နှင့် လူတိုရှေ့တွင် မည်သည့်အရာမျှ မဖုံးကွယ်ခဲ့ပေ။ ဟန်ဆောင်ခြင်းမရှိဘဲ အပြောနှင့်အလုပ်ကိုက်ညီသည်။ သူ၏အ သက်ရှင်နေထိုင်ပုံသည်ပြည်တွင်းနှင့်ပြည်ပ (ဗာဗုလုန်)တွင်ဖြစ်စေ၊ လူမြင်ကွင်းနှင့် လူ ကွယ်ရာတွင်ဖြစ်စေ အတူတူပင် ဖြစ်သည်။ ဟိတ်ဟန်ကင်းသဖြင့် ၄င်း၏ ဆုတောင်း ခြင်း ကလွဲ၍ အခြားစွပ်စွဲစရာအပြစ် မတွေ့ ရှိကြချေ။ သိုဖြစ်ရာ သူ၏စကားကို နား မထောင်လိုသူ မည်သူရှိနိုင်ပါမည်နည်း။ ။

၇) အတွေ့အကြုံရှိမှု။ ။ တောင်ထိပ်သိုတက်ရောက်ရန်အတွက် တောင်ထိပ် သိုရောက်ဖူးသူက ခေါ်ဖိတ်မှသာ လိုက်ဝံ့ကြမည်ဖြစ်သည်။ ထိုနည်းတူ ကျွမ်းကျင်သူက သင်ကြားပေးမှသာ သင်ယူဝံ့ကြ မည်ဖြစ်သည်။ ဒံယေလ သည် အသက်တာ၌ အောင်မြင်မှုများစွာ ရရှိပြီးဖြစ်သဖြင့် သူ၏စကားကိုလူအများက နားထောင်ကြသည်။

 ၈) နှိမ့်ချမှု။ ။ သူ့ကိုယ်သူ ချီးမွမ်းတတ်သူ၏စကားကို အများအားဖြင့် မယုံကြည် ကြသည့်အပြင် သူ၏နောက်သိုလည်း လိုက်လိုစိတ်မရှိကြပေ။ ထိုနည်းတူ ဝင့်ကြွားတတ်သူ၏စကားကို မငြင်းကြသည့်တိုင် လိုက်လုပ်လေ့မရှိကြချေ။ သိုသော် နှိမ့်ချသူ၏စကားမှာမူ နားဝင်ချို၍ စိတ်နှလုံးကိုတိုထိပြီး လက်တွေ့ လုပ်ဆောင်လိုစိတ် ဖြစ်ပေါ်စေသည်။ ဒံယေလသည် ဘုရင်ကြီး၏အမိန့်ကို ဘုရား၏အလိုတော် နှင့်မဆန့် ကျင်သရွေ့ အမြဲနားထောင်ပြီး နှိမ့်ချစွာ အသက်ရှင်သောကြောင့် သူ၏စကားကို လူအများက နားထောင်ကြ သည်။

၉) ကျွမ်းကျင်မှု။ ။ ဒံယေလသည် ယုံကြည်ခြင်း၊ အတွေးအခေါ်၊ အပြောအဆိုနှင့် လုပ်ပုံကိုင်ပုံ စသည်တို၌ အခြားသူများထက် သာလွန်ကျွမ်းကျင်သဖြင့် သူ၏စကားကို လူအများက နားထောင်ကြသည်။ ယင်းတိုသည် မွေးရာ ပါအရည်အချင်းမဟုတ်ဘဲ ဘုရားသခင်ကို ရိုသေကြောက်ရွံပြီး ယုံကြည် ခြင်းဖြင့်အသက် ရှင်ရာမှ ရရှိလာခြင်းဖြစ်သည်။

၁၀) သတ္တိရှိမှု။ ။ အများပြောသည့်အတိုင်း လိုက်လုပ်လေ့ရှိသောသူ၌ တိကျသောဆုံးဖြတ်ချက် မရှိသဖြင့် ၄င်း၏နောက်သို မည်သူမျှမလိုက်လိုကြချေ။ ဒံယေလကမူ မှန်သည်ဟုထင်လျှင် အသက်ပင် အသေခံရဲပြီး မှားသည်ဟု ထင်လျှင်လည်း လုံးဝငြင်းပယ်ရဲသည်။ သတ္တိရှိစွာ ခြေလှမ်းရဲသဖြင့် သူ ၏စကားကို လူအများက နားထောင်ကြသည်။

ဖော်ပြပါအချက်များကြောင့် ဒံယေလ၏စကားကို လူအများက နားထောင် ကြခြင်းဖြစ်သည်။

နောက်လိုက်ကလည်း ဒံယေလကဲ့သိုသောခေါင်းဆောင် ပိုင်ဆိုင်နေလျက်နှင့် ၄င်း၏စကားကို နားမထောင်လိုဘဲ ရှိမိနေသလားဟု ကိုယ့်ကိုကိုယ်ဆန်းစစ်သင့် သည်။ ခေါင်းဆောင်၏စကားထက် မိမိအတွေ့ကိုဦးစား ပေးသူ တဖြည်းဖြည်းများလာပါက အများနှင့် များ ပေါင်းနိုင်တော့သဖြင့် ကြီးမားသော အမှုတစ်ခုကိုမျှ လုပ်ဆောင်နိုင်တော့မည်မဟုတ်ပေ။

သိုဖြစ်၍ ခေါင်းဆောင်များ၏စကားကို နား ထောင်ကြပါစို။ ခေါင်းဆောင်များကလည်း လူအများ နားထောင်လိုက်အောင် အသက်ရှင်ကြပါစို။

တိုင်းပြည်အတွက် – ဆုတောင်းကြပါစို့

ဒံယေလအနာဂတ္တိကျမ်း၏ ထက်ဝက်ကျော်သည် အိပ်မက်နှင့် အနက် ပြန်ဆို ခြင်းအကြောင်း ဖြစ်သည်။ အထူးသဖြင့် အခန်းကြီး(၇)မှ နောက်ဆုံးအခန်းကြီး(၁၂) အထိသည် အိပ်မက်အကြောင်း ဖြစ်သည်။ သိုသော် အခန်းကြီး(၉)တွင် ဒံယေလ ဆုတောင်းခြင်းအကြောင်း ကြားဖြတ်ပါလာပြီး ဘုရားသခင်က အဖြေပေးသည့်အ ဖြင့် အိပ်မက်တစ်ခုထပ်ပေးသည်။

ထိုဆုတောင်းချက်ကိုကြည့်လျှင် ဒံယေလသည် သူ့လူမျိုးများ၏ ဝိညာဉ်ရေး၊ စားဝတ်နေရေးနှင့် အနာဂတ်အရေး စသည့်တိုအတွက် မည်မျှဝန်တာလားရှိမှန်း တွေ့ မြင်နိုင်သည်။

ဆုတောင်းရာ၌ ၁။ ဘုရားသခင်၏ဗျာဒိတ်တော်(နှစ်ပေါင်း(၅၀)ကျွန်ခံရေးနှင့် အညီ တောင်းပြီး(ဒံ ၉း၂၊ ၂။ နှိမ့်ချစွာအစာရှောင်ကာ လျှော်တေကိုဝတ်၍ ပြာထဲ၌ လူးသည်(ဒံ ၉း၃)။ ထိုနောက် ၃။ သူ၏အပြစ်နှင့် အခြားသူများ၏အပြစ်ကို ဝန်ချ တောင်းပန်သည်။ ယင်းအပြစ်များသည် သူကိုယ်တိုင် ကျူးလွန်ခြင်းမဟုတ်ဘဲ အစိုးရ မင်းများနှင့် ဘိုးဘေးများကျူးလွန်သည့် အပြစ်များဖြစ်သည်။ သိုသော် သူ့အပြစ်ကဲ့သို သဘောထားပြီး တစ်ခုချင်းတောင်းပန်သည်(ဒံ ၉း၅-၁၅)။

သူ့လူမျိုးများအတွက် ဒံယေလ၏ အလုပ်ပေး နိုင်ဆုံးအရာမှာ ဆုတောင်းခြင်း ဖြစ်သည်။ ယင်းသည် ပင် အရေးကြီးဆုံးဖြစ်သဖြင့် အစာရှောင်၍ ဆုတောင်း ပေးသည်။ အနာဂတ်အတွက် ပူပန်ပေးသဖြင့် ဘုရား သခင်ထံဆုတောင်းပြီးမည်သိုလုပ်ရမည်ကို လမ်းညွှန် ပေးခဲ့သည်(ဒံ ၉း၂ဝ-၂၇)။ သူ တစ်ပါးအတွက် ဆု တောင်းသော ခေါင်းဆောင်သည် ခေါင်းဆောင် ကောင်းဖြစ်သဖြင့် ၄င်း၏နောက်သို လိုက်လျှောက် သင့်သည်။

တစ်ယောက်ထည်း – သို သော် မကြောက်ကြပါစို့ နှင့်

မေဒိနှင့် ပေရသိမင်းတိုသည် ဗာဗုလုန်တိုင်းပြည်ကို သိမ်းပိုက်ပြီးနောက် ငံပေါင်း(၁၂၀) အုပ်စိုးရသည်။ ထိုနိုင်ငံများကိုအုပ်ချုပ်ရန် ဒံယေလအပါအဝင် ခေါင်းဆောင်သုံးဦးကို ခန့်ထားသည်။ ဒံယေလသည် အခြားခေါင်းဆောင်နှစ်ဦးလက် ထက်မြက်သဖြင့် အစိုးရလူကြီးများက မနာလိုပြီး အပြစ်ရှာဖွေကြသည်။

သိုသော် အပြစ်တင်စရာတစ်ကွက်မျှ မတွေ့ကြချေ။ ထိုအခါ ဘုရားသခင်နှင့် လျဉ်းသော အမှုမှအပ အခြားအပြစ်တွေ့လိမ့်မည်မဟုတ်ဟု ဆုံးဖြတ်ကြသည်။ နက် ဘုရင်ဒါရိထံသွားပြီး ရက်ပေါင်းသုံးဆယ်အတွင်း၌ ဘုရင်ကြီးကိုမကိုးကွယ်အခြားဘုရားကိုးကွယ်သူရှိပါက ခြင်္သေ့တွင်းသို ပစ်ချခံရမည်ဟူသည့် ဥပဒေ ရေးဆွဲကြ ပါသည်ဟု လျှောက်တင်ကြသည်။

ထိုသတင်းကိုကြားသောအခါ ဒံယေလသည် အိမ်အပေါ်ထပ်သို တက် ပြတင်းပေါက်ကိုဖွင့်၍ ယေရုရှလင်မြို့ဘက်သို မျက်နှာမူလိုက်သည်။ ထိုနောက် ပြီး နေကျအတိုင်း တစ်နေ့လျှင်သုံးကြိမ် ဒူးထောက်ဆု တောင်းသည်။ ယင်းကို အစိုးရက သိသောအခါ သူ့ကိုဖမ်းပြီး ဥပဒေအတိုင်း ခြင်္သေ့တွင်း သိုပစ်ချကြသည်။ အတိုချုံ့ ဖော်ပြလျှင် ဒံယေလသည် အထိအခိုက်လုံးဝမရှိချေ။ ဘုရင်ဒါရိသည် ဒံယေလကို အလွန်ချစ်သဖြင့် တစ်ညလုံးအိပ်မပျော်ရာမှ ဒံယေလဘေးကင်းကြောင်း ကြားသိ သောအခါ ပစ်ချသူများနှင့် ၄င်းတို၏ မိသားစုအားလုံးကို ခြင်္သေ့တွင်းသိုပစ်ချရာ အောက်ခြေသိုမရောက်မီ တွင်းခုလတ်မှာပင် ခြင်္သေ့များက ချိုးဖဲ့ကိုက်စားကြသည်။

အစိုးရခေါင်းဆောင်အားလုံးက ဒံယေလကို ဆန့်ကျင်နေစဉ် ၄င်း၏ဘက်တွင် ဘုရားသခင်ကလွဲ၍ မည်သူမျှမရပ်တည်ခဲ့ပေ။ လူ့အမြင်ဖြင့် ကြည့်လျှင် အလွန်ကြောက်ရွံစရာပင်ဖြစ်သည်။ ဆန့်ကျင်မှုခံရ ဖူးသောသူများ သိကြပါလိမ့်မည်။ လူကြီးများနှင့် လုပ်ဖော်ဆောင်ဖက်များ၏ ဆန့်ကျင်မှုမဆိုထားဘိ၊ ကလေးတစ်ယောက်၏ဆန့်ကျင်မှုခံရလျှင်ပင်မလွယ် ကူခဲ့ချေ။ ဒံယေလသည် ဆန့်ကျင်မှုခံရသဖြင့် အချိန် မရွေးဒုက္ခရောက်နိုင်မှန်း သူ့ကိုသူသိပါလိမ့်သည်။ သိုသော်လည်း မည်မျှပင်ခက်ခဲသည့်တိုင် ယုံကြည်ခြင်းကို မစွန့်ဘဲ ဘုရားသခင်နှင့် လျှောက်လှမ်းနေသဖြင့် မကြောက်ရွံခဲ့ချေ။ တစ်ယောက်တည်းဖြစ်စေကာမူ ဘုရား သခင်နှင့်သာဖြစ်ပါက ရန်သူထက်အင်အားပိုကြီးသဖြင့် ကြောက်စရာလုံးဝမရှိပေ။

တစ်ယောက်တည်းဖြစ်သည့်အချိန်တွင် ဆုံးဖြတ်စရာအရေးကြီးရှိပါက ဖော်ပြ ပါအချက်များကို ဦးစွာသတိရသင့်သည်။

၁) ရှေ့တိုးသင့်၊ မတိုးသင့် ဦးစွာသုံးသပ်ပါ။ တရားသောအရာ၊ ဘုရားဘုန်း တော်ထင်ရှားစေမည့်အရာ၊ လူထုအကျိုးဖြစ်စေမည့်အရာဖြစ်ပါက မဖြစ် မနေရှေ့တိုးရန် အရေးကြီးသည်။

၂) လက်ခံသင့်၊ မခံသင့် စဉ်းစားပါ။ ဘုရားသခင်၏အလိုတော်နှင့် ကွဲလွဲမှုတစ် ခုခုရှိပါက မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်နေပါစေ၊ ငြင်းပယ်ရဲရန် အရေးကြီးသည်

၃) အကြံကောင်း၊ ဉာဏ်ကောင်းရှာဖွေပါ။ ဘုရားသခင်ထံ ဦးစွာဆုတောင်းပြီးမှမိမိထက် အမြော်အ မြင်ပိုကြီးသောသူများထံမှလည်း အကြံဉာဏ်ရယူ၍လိမ္မာအကင်းပါးစွာ ပြုမူလုပ်ဆောင်ရန် အရေးကြီးသည်။

၄) ကြိုတင်ပြင်ဆင်ပါ။ အသာစံစရာဖြစ်စေ၊ အနာခံစရာဖြစ်စေ သေချာ စဉ်းစား၍အခက် အခဲနှင့် ကြောက်စရာတစ်ခုခုကြုံတွေ့သည့်အချိန်တွင်ပင် ရှေ့တိုးနိုင်ရေးအတွက် ကိုယ်၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံး ကြိုတင်ပြင်ဆင်ရန် အရေးကြီးသည်။

၅) တရားသဖြင့်အသက်ရှင်ပါ။ တစ်ခုခုဆုံးဖြတ်ရာတွင် စည်းမျဉ်းစည်းကမ်း နှင့်အညီဖြစ်ရန် အရေးကြီးသည်။ တရားသဖြင့်အသက်မရှင်ဘဲ “စိတ်ခံ စားမှု’ တစ်ခုခုဖြင့် အသက်ရှင်ပါက အသက် တာ ရှုပ်ထွေးလာပါမည်။ ထိုနည်းတူ စည်း မျဉ်းစည်းကမ်းနှင့်မညီပါက တစ်လုံးတစ်ဝ တည်း ဖြစ်နိုင်လိမ့် မည်မဟုတ်ပေ။

၆) ဆုံးဖြတ်ချက်အတိုင်း ချက်ချင်းအကောင်အထည်ဖော်ပါ။ ဆုံးဖြတ်ရန်နှောင့်နှေးပါက ချမှတ် သည့်အချိန်တွင်အခါလွန်တတ်သကဲ့ သို ချက်ချင်းအကောင်အထည်မဖော်လျှင် လည်း အချည်းနှီး ဖြစ်တတ် သည်။

 

၁၅။ နေဟမိ (Nehemiah)

ခေါင်းဆောင်မှုပညာနှင့်စပ်လျဉ်းပြီး ကျမ်းတစ်ခုတည်းကိုသာ ကိုးကားခိုင်းပါက နေ ဟမိမှတ် စာထက် ပို၍ပြည့်စုံမည့်ကျမ်း ရှိလိမ့်မည်မဟုတ်ပေ။ ကျမ်းစာ၌ နေဟမ် အမည်ကို (၈)ကြိမ်တွေ့ရသည့်အနက် ယခုဖော်ပြမည့် ဟာခလီ၏သား နေဟမိ၏ နာမည်ကို (၅)ကြိမ်တိတိတွေ့ရသည်။

နေဟမိဟူသည် “ဘုရားသခင်က နှစ်သိမ့်သည်’ဟု အဓိပ္ပာယ်ရသည်။ သူ သည် ဘီစီ(၄၅၀) ခန့်က ပါရှားပြည်ဘုရင်အာတဇေရဇ်၏ ဖလားတော်ဝန်ဖြစ်သဖြင့် ရာထူးအလွန်ကြီးသူဖြစ်သည်။ –

နေဟမိမှတ်စာ ထဲတွင် ခေါင်းဆောင်မှုပညာနှင့်ပတ်သက်၍ သင်ယူစရာများ စွာရှိသည့်အနက် အရေးကြီးဆုံးအချက်များကိုသာ ထုတ်နုတ်ဖော်ပြသွားပါမည်။ ။

နားကြားမြန်ကြပါစို့

“နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာလည်းကောင်း၊ အမျက် ထွက်ခြင်းငှာ လည်းကောင်း နှေးကြစေ”(ယာ ၁း၁၉)ဟု ဖော်ပြသည့်အတိုင်း နေဟမ် သည် အမြော်အမြင်ကြီးပြီး နားကြားမြန်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်(နေ ၁း၁-၃)။ ယေရုရှလင်မြိုသားများနှင့် အခြားသူများ မမြင်သောအရာများကို မြင်တွေ့ “သဖြင့် မည်သိုဆက်လုပ်ရမည်ကိုသိသည်။ ထိုအပြင် ရက်ပေါင်း(၅၂) ရက်အတွင်း “ပြီးပြန်တည်နိုင်မည့်မြိုရိုးကို နှစ်ပေါင်း(၁၂၀)ကျော်တိုင် ပစ်ထားခဲ့သောသူများ ထက်လည်း အမြော်အမြင်ပိုကြီးသည်။

ယေရုရှလင်မြိုမှ ရှုရှန်နန်းတော်မြိုသိုရောက်လာသော သူ၏ညီဟာနစ် ဆွေမျိုးညီအစ်ကိုများ၏ သာရေးနာရေးသတင်းထက် ယေရုရှလင်မြိုအကြောင်း ဦးစားပေးမေးမြန်းသည်။ ယင်းက ယေရုရှလင်မြိုအပေါ် မည်မျှဝန်တာထားသည် ဖော်ပြသည်။ ထိုစဉ်က ယေရုရှလင်မြိုသည် မြိုရိုးများပြိုကျပျက်စီးပြီး မြိုသ ၊ သားများ၏လုံခြုံရေးလည်း အဆိုးရွားဆုံးကာလဖြစ်ရာ ဆွေမျိုးများ၏အခြေအနေကို သဘောပေါက် ပြီးဖြစ်သဖြင့် ဦးစွာမမေးခြင်းလည်းဖြစ်နိုင်သည်။

ခေါင်းဆောင်များသည် တိုင်းပြည်နှင့်လူမျိုး ကိုချစ်ပြီး အခြေအနေမေးမြန်းတတ်ရန်လိုသည်။ အ ကြီးမားဆုံးယုတ်မာမှုဟူသည် မုန်းတီးခြင်း မဟုတ် ဘဲ ဥပေက္ခာပြုခြင်းဖြစ်သည်ဟု အဆိုရှိသည့်အတိုင်း မိမိမြိုရွာကို ဥပေက္ခာပြုခြင်းသည် ဆိုးရွားသောအပြု အမူဖြစ်သည်။ အခြေအနေကို မကြာခဏ မေးမြန်းမှ သာလျှင် လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်း ပေးနိုင်မည် ဖြစ်သည်။ ပြဿနာတစ်ခုခုရှိလျှင်လည်း လူထုကြားမပြန့်ပွားမီ ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

 ဦးစွာဆုတောင်းကြပါစို

အင်္ဂလန်နိုင်ငံဘုရင် ဝီလျံ(၄)နှင့် ထီးနန်းဆက်ခံခွင့်ရှိသူများ အချိန်တိုအတွင်း ကွယ်လွန်ကြသောအခါ အသက်(၁၈)နှစ်သာရှိသေးသော ဗစ်တိုးရီးယား(၁၈၁၉-၁၉၀၁)ကို ၁၈၃၅ခုနှစ်၊ ဇွန်လ (၂၀)ရက်နေ့တွင် ဘုရင်မကြီးအဖြစ် ထီးနန်းအပ်နှင့် သည်။ သူသည် အင်္ဂလန်နိုင်ငံကို (၆၃)နှစ်နှင့် (၅)လအုပ်ချုပ်သဖြင့် ကမ္ဘာ့ သမိုင်း တွင် ဘုရင်မဖြစ်ဖူးသူများအနက် သက်တမ်းအကြာဆုံးနှင့် အတော်ဆုံးတစ်ဦးဖြစ်လာသည်။

သူသည် ဘုရင်မဖြစ်လာသောအခါ သူ့ကိုသူ ငယ်သေးမှန်း၊ ဘာမှမသိမှန်း၊ ဆုမတောင်းပါက အုပ်ချုပ်နိုင်မည်မဟုတ်မှန်းသိသဖြင့် ဆုတောင်းခြင်းကို ဦးစားပေး သည်။ ဘုရားသခင်ကိုကိုးစား၍ စိတ်နှလုံးအကြွင်းမဲ့ဆုတောင်းသောအခါ တိုင်းပြည် တိုးတက်လာပြီး သူ၏လက်ထက်တွင် တစ်ကမ္ဘာလုံးနီးပါး ကို အုပ်ချုပ်နိုင်ခဲ့သဖြင့် အင်္ဂလန်နိုင်ငံသည် “နေမဝင်အင်ပိုင်ရာ ́ဟုပင် အမည်တွင်ရစ်သည်။ သိုဖြစ်၍ “လုပ်ဆောင်တာတစ်ခုခု၌ ဘုရားသခင်ကိုကိုးစားပြီး ဆုတောင်းခြင်းဖြင့် ခေါင်းဆောင် သူသည် ပြည့်စုံသောအောင်မြင်မှုရရှိကြောင်း ပေါ်လွင်ထင်ရှားသည်။

နေဟမိ၌ အရေးကြီးတာဝန်အပြင် လုပ်စရာများစွာရှိသဖြင့် လေးလတိုင်တိုင် ဆုတောင်းပြီးမှသာ အစပြုသည်။ ဆုတောင်းပြီးလျှင်လည်း “ငါဆုတောင်းပြီးပြီပဲ။ အလုပ်မသွားတော့ဘူး”ဟု မခံယူဘဲ တာဝန်မလစ်ဟင်းစေခဲ့ချေ။ “ဘုရင်ကြီးဆီ စကားပြောဆိုရင်းနှင့် ငါဆုတောင်းတယ်”ဟု ပြောသည်(နေ ၂း၄။ အရေးကြီးကိစ္စ ကြုံတွေ့ရသည့်အချိန်တွင် သူတစ်ပါးထံ ပြောဆိုရင်းနှင့်ပင် ဘုရားသခင်ထံလည်း ဆုတောင်းရမည်ဖြစ်သည်။

အပြစ်ခံယူကြပါစို့

နေဟမိသည် (၁) သူ့လူမျိုးဖြစ်သော အစ္စရေးတို၏အပြစ်ကို ကိုယ်စားတောင်း ပန်သည်။ (၂) ဘိုးဘေးများ၏အပြစ်ကို ကိုယ်စားတောင်းပန်သည်။ (၃)သူ၏အပြစ်ကို လည်း တောင်းပန်သည်(နေ ၁း၅-၆)။

သူသည် ကိုယ်တိုင်အပြစ်မရှိသည့်အလား သူ တစ်ပါးကိုသာ အပြစ်တင်တတ်သော လူစားမျိုး မ ဟုတ်ပေ။ “ငါဟာ ရှုရှန်နန်းမြိုတော်မှာ ဖလားတော် ဝန်ရာထူးနှင့် ဒုက္ခကင်းကင်း၊ လုံလုံခြုံခြုံနေရတာပဲ။ ယေရုရှလင်မြိုသားတွေကတော့ သူတိုအပြစ်နှင့် သူတို ခံနေပါစေ”ဟူသည့် သဘောထားလုံးဝမရှိချေ။ ယင်းတို၏ မလုံခြုံမှု(မြိုရိုးပြိုပျက်မှု)နှင့် အခက်အခဲ ပြဿနာက သူ့ကိုမထိခိုက်စေကာမူ သူ၏ပြဿနာ ကဲ့သိုပင် သဘောထားသည်။ ယင်းတို၏အပြစ်ကို သူ ၏အပြစ်ကဲ့သို ခံယူသည်။

ခေါင်းဆောင်ကောင်းတိုသည် အဆိုးအားလုံးကို တစ်ယောက်တည်းခံယူ၍ အကောင်းအားလုံးကို နောက်လိုက်များထံပေးသည်။ “သူတိုအမှားပါ”ဟုမပြောဘဲ ငါအမှားပါ ဟုပြောသည်။

တိကျသောရူပါရုံ ရှိကြပါစို့

“ရူပါရုံ’ ဟူသည် ဝန်တာရှိခြင်းမှ ဖြစ်ပေါ်လာသည်။ ဝန်တာရှိခြင်းသည် ၊ မြင်ခြင်းမှ ဖြစ်ပေါ်လာသည်။ ကြီးမားသောဝန်တာမရှိလျှင် ကြီးမားသောရူပါရုံ မပို နိုင်သဖြင့် ကြီးမားသောအမှုလည်း လုပ်ဆောင်နိုင်မည် မဟုတ်ချေ။

နေဟမိသည် ယေရုရှလင်မြိုအခြေအနေကို ကြားသိရသောအခါ အလွန် ဝမ်းနည်းသည်။ ရှိက်ကြီး တငင်ငိုကြွေးရင်း ရက်ပေါင်းများစွာအစာရှောင်၍ ဘုရား သခင်ထံ မြည်တမ်းဆုတောင်းသည် (နေ ၁း၄-၆)။

ထိုအခါ ဘုရားသခင်က နေဟမိကို ယေရုရှလင်မြိုရိုး ပြန်လည်တည်ဆောက် ရန် “ရူပါရုံ’ ပေးလိုက် သည်။ စစ်မှန်သောဝန်တာဖြင့် ဆုတောင်းကြပါက ဘုရားသခင် သည် ကြီးမားသောရူပါရုံကိုပေး၍ လမ်းပြပို့ ဆောင်လိမ့်မည်ဖြစ်သည်။

သူသည် “ရူပါရုံ” ရရှိသောအခါ အကောင်အထည်ဖော်နိုင်ရန် စီမံချက်ရေး ဆွဲပြီး သူ၏’ရူပါရုံ’ ကို လူထု၏’ရူပါရုံ’ ဖြစ်လာစေသည်။ ထိုအခါ လူထုပါဝင်လာ သဖြင့် အောင်မြင်မှုရရှိသွားသည်။

နှစ်ပေါင်း(၁၂၀)ခန့်ကြာ ပြိုပျက်ခဲ့သည့် မြိုရိုး ကို ပြန်လည်တည်ဆောက်ရန် မည်သူမျှ “ရူပါရုံ မရှိကြချေ။ သိုသော် ဘုရားသခင်ထံ လူမျိုးကိုအလွန် ချစ်သော နေဟမိသည် ဝန်တာသိစိတ်ဖြင့် ဆုတောင်း သောအခါ ပြန်လည်တည်ဆောက်ရန် “ရူပါရုံ’ ရရှိပြီး အကောင်အထည်ဖော်ခြင်းဖြင့် အကောင်းဆုံးခေါင်း ဆောင်တစ်ဦးဖြစ်လာသည်။

ကြိုတင်ပြင်ဆင်ကြပါစို့

တစ်ခါက လင်မယားနှစ်ယောက် ထမင်းအတူတူစားရင်း စကားပြောကြသ ထိုစဉ် ဇနီးက “တကယ်လို ကျမအရင်သေသွားရင် နောက်မိန်းမယူအုံးမလား ၊ မေးသည်။ ခင်ပွန်းသည် အတန် ကြာစဉ်းစားပြီးမှ “အင်း၊ ယူမိမယ်လိုထင်တာပဲ ” ပြန်ဖြေသည်။ ဆက်လက်ပြီး ဇနီးက “ဒါဆိုရင် ဒီအိမ်မှာပဲခေါ်ထားမှာလား။ ကျ တိုရဲ့ ခုတင်မှာပဲ အိပ်ခိုင်းမှာလား”ဟုမေးရာ ခင်ပွန်းက “အဲဒီအထိတော့ မစဉ်းစား သေးဘူး။ ဒါပေမဲ့ အိမ်ကိုခေါ်ထားမိ မယ်ထင်တာပဲ။ ခုတင်ပေါ်လည်း အိပ်ခိုင်းမိမယ်ထင်တာပဲ”ဟု မရေမရာလိုက်သည်။ တစ်ဖန် ဇနီးက “ငါလိုရင် ကျမရဲ့ ဂေါက်သီးရိုက်တံတွေနှင့်ကော ကစားခိုင်းမှာလာမေး”ဟုမေးသည်။ ထိုအပါ ခင်ပွန်း က “ဟ ဒါတော့မကစားခိုင်းဘူး။ သူ ကဘယ်သန်လေ”ဟု မဆိုင်းမတွပြန်ဖြေသည်။ ဤနေရာ၌ ထိုသူ၏ ကြိုတင် ပြင်ဆင်မှုမရှိပုံကို တွေ့မြင်နိုင်သည်။ “

နေဟမိသည် လေးလလုံးလုံးဆုတောင်းရင်းပင် တာဝန်မလစ်ဟင်းစေဘဲ ရှေ့ ဆက်လုပ်ရမည့် အရာများ ကို မည်ကဲ့သိုလုပ်မည်၊ မည်သည့်အချိန်တွင်လုပ်မည်။ မည်သည့်အရာလိုအပ်မည်စသည်ဖြင့် ကြိုတင်စဉ်းစား ပြင်ဆင်သည်။ လောကီနှင့် လောကုတ္တရာရေးရာအတွက် အလုံးစုံကြိုတင်ပြင် ဆင်သူ ဖြစ်ကြောင်း တွေ့မြင် နိုင်သည်။

သူသည် ယေရုရှလင်မြိုနှင့် မိုင်ပေါင်း(၅၀၀) ဝေးသော ရှုရှန်နန်းတော်၌ နေရစဉ်ကတည်းကပင် ကြိုတင်ပြင်ဆင်သူဖြစ်သည်။ ယေရုရှလင်သို ကိုယ် တိုင်ရောက်ရှိသည့်အချိန်တွင်လည်း မြိုရိုးပြန်လည် တည်ဆောက်ရေးအတွက် လိုအပ်မည့်အရာများကို ကြိုတင်စီမံပြင်ဆင်သည်။ ထိုသို ပြင်ဆင်ရာတွင် လူမသိစေလိုသေးသဖြင့် ညအချိန်တွင် တိတ်တဆိတ်လှုပ်ရှားသည် (မစဉ်းစားသေး၊ မပြင်ဆင်သေးဘဲနှင့် လုပ်ဆောင်မည်ဟု လူအများရှေ့တွင် ခပ်ကြွားကြွားသတင်း လွှင့်ချေ။ ဘုရားသခင်ကို ယုံကြည်ကိုးစားပြီး မိမိတတ်စွမ်းသမျှဖြင့် တိကျကျ ကြိုတင်ပြင်ဆင်သည်။

ယေရှုခရစ်တော်ကိုယ်တိုင်က ကြိုတင်ပြင် ဆင်မှုနှင့်ပတ်သက်၍ “အိမ်ဆောက်မည့်သူသည် အ ပြီးတည်ဆောက်နိုင်ရန် မိမိငွေနှင့် လောက်မည် မ လောက်မည်ကို ကြိုတင်တွက်ချက်ဘဲနေမည်လော။ စစ်သားတစ်သောင်း ပိုင်ဆိုင်သော ရှင်ဘုရင်သည် စစ်သားနှစ်သောင်းပိုင်ဆိုင်သော ရှင်ဘုရင်ကို စစ် တိုက်မည်ဆိုပါက နိုင်မည်မနိုင်မည်ကို ကြိုတင်မစဉ်း ဘဲနေမည်လော”ဟု ဥပမာပေးသည် (လု ၁၄း ၁၅-၃၅။ ကြိုတင်ပြင်ဆင်မှု၏အရေးကြီးပုံနှင့် ကြိုတင်ပြင်ဆင်မှုမရှိဘဲနှင့် ကြီးမားသောအမှု မလုပ်ဆောင်နိုင်ပုံကို မီးမောင်းထိုးပြုခြင်း ဖြစ်သည်။

နေဟမိသည် လေးလလုံးလုံးဆုတောင်းပြီးနောက် ဘုရားသခင်က သူအလို တော်ရှိသလို ဆက်လက် လုပ်ဆောင်သွားမှာပါဟူ၍ လက်ပိုက်ကြည့်မနေချေ။ လုပ် ငန်းစဉ်အတွက် လိုအပ်သောအရာများကို ကြိုတင်စဉ်းစားသည်။ ကြိုတင်စီမံသည်။ ကြိုတင်ပြင်ဆင်သည်။

စည်းရုံးတတ်ကြပါစို့

နေဟမိသည် ကြိုတင်ပြင်ဆင်ပြီးနောက် အတူလက်တွဲလုပ်ဆောင်မည့်သူ များကို ဖိတ်ခေါ်စည်းရုံး သည်။ သူ၏ရည်မှန်းချက်များကို ရှင်ဘုရင်ထံ တင်ပြသော အခါ ရှင်ဘုရင်က သဘောတူရုံ မကဘဲ လိုအပ် သမျှတိုကို ထောက်ပံ့ကူညီသည်။ သူ သည် မည်သူ့ကိုစည်းရုံး၍ မည်သူ့ထံ အကူအညီ တောင်းရမည်ကို သိသည့်အားလျော်စွာ မြိုရိုးပြန်လည်တည်ဆောက်ရန်အတွက် ရှင် ဘုရင်အပါအဝင် လူကြီးများ၊ ခေါင်းဆောင် များ၊ ယဇ် ပရောဟိတ်များ၊ ပညာရှင်များ၊ ပြည်သူများစသည် ဖြင့် လူတန်းစားပေါင်းစုံကို ဆက်လက်စည်းရုံး သည်။ လုပ်ဖော်ဆောင်ဖက်များသောသူသည် အောင်မြင်မှု ရရှိရန် ပို၍လွယ်ကူသည်(နေ ၃း၁၂-၁၇)။

ကြီးမားသောအောင်မြင်မှု ရရှိလိုပါက မိမိ ထက်တော်သော၊ တတ်သော၊ ချမ်းသာသော၊ သြဇာ ကြီးသော၊ အတွေ့အကြုံရင့်သောသူများ၏ ကူညီ ထောက်ပံ့မှုရရှိရန် အရေးကြီးသည်။ အကြောင်းမှာ ဘုရားသခင်သည် လူတိုကိုကူညီ မစရာ၌ ကောင်းကင်မှ မန္ဒမုန့်ချပေးသည့် တစ်ကြိမ်မှလွဲ၍ လူအချင်း ချင်းကိုလည်း ကောင်း၊ အခြားအရာတစ်ခုခုကိုလည်းကောင်း အသုံးပြုသောကြောင့်ဖြစ်သည်။

လူတချိုက “လူအပေါ်မှာမှီခိုစရာမလိုဘူး။ ဘုရားသခင်ကို ယုံကြည်ရgs ဟု ပြောတတ်ကြသည်။ မှန်ပါသည်။ ယုံကြည်ခြင်းမရှိပါက ဘုရားသခင်၏ တော်နှင့် တွေ့နိုင်မည်မဟုတ်ပေ။ ယုံကြည်ခြင်းရှိမှသာ ဘုရားသခင်၏လက်တော်က တွေ့မြင်ရမည်ဖြစ်သည်။ သိုသော် ဘုရားသခင်က သူ၏အမှုကို လူအားဖြင့် သာလုပ်သည်ကိုမမေ့သင်ချေ။ သိုဖြစ်၍ခေါင်းဆောင်မှုတွင် လုပ်ဖော်ဆောင်ဖက်ကောင်းများ ပိတ်စည်းရုံးနိုင်ရန် အရေးကြီးသည်။

ဘုရားသခင်အသုံးပြုသော အမှုတော်ဆောင်များအနက် ဆရာကြီးနှစ်ဦး၏ “ရန်ပုံငွေ ရှာဖွေနည်းကို ဝေမျှလိုပါသည်။

၁) Hudson Taylor(1832-1905)သည် တရုတ်နိုင်ငံ၌သာသနာပြုစဉ်စာသင်ကျောင်း (၁၂၅)ခုခန့်ဖွင့် လှစ်ပြီး ဆရာအယောက်(၈ဝဝ)ခန့်နှင့် အ လုပ်လုပ်ခဲ့သည်။ သာသနာပြုဌာန(၃၀၀)ခန့် ဖွင့်လှစ်ပြီး လူပေါင်း (၁၈ဝဝဝ) ခန့် အသက်တာပြောင်းလဲသည်။ ဤမျှကြီးမားသောအမှုကို ဆောင်ရွက် နိုင်ရန် ငွေကြေးအမြောက် အမြား လိုအပ်သဖြင့် ရန်ပုံငွေရှာဖွေရသည်။ ဘုရားသခင်ကိုကိုးစားပြီး ဆုတောင်းသကဲ့သို လူအများထံ လည်းဖွင့်ပြောသည်။ ထိုအခါ ဘုရားသခင်က လိုအပ်သမျှကို လူအား ဖြင့်ကူညီခဲ့သည်။

၂) D. L. Moody(1837-1899)၏ ရန်ပုံငွေ ရှာဖွေနည်းသည် Taylor နှင့်မတူချေ။ သူ သည် မပြောင်းလဲ မီကပင် စီးပွားရေးသမား ဖြစ်သဖြင့် အမှုတော်အတွက် ရန်ပုံငွေရှာ ဖွေရာ၌လည်း စီးပွားရေးနည်းကို အသုံးပြု သည်။ တစ်ခါတစ်ရံ ပေးလှူနိုင်မည့်ဟု ထင်သည့်သူများထံ အကြွေးပြန်တောင်းသ ကဲ့သိုပင် တောင်းဝံ့သူ ဖြစ်သည်။ Taylor က ဆုတောင်းပြီးမှ လူအများထံဖွင့်ပြော သည်။ Moody ကမူ ဆုတောင်းပြီးမှ လူ အများထံ တောင်းသည်။ ဘုရားသခင်က လိုအပ်သမျှကို လူအားဖြင့်ကူညီခဲ့သည်။

ဆုတောင်းပြီးနောက် ကူညီထောက်ပံ့ပေးနိုင်မည့်သူများကို စည်းရုံးတတ်ရန်သည့်နှင့် လိုအပ်သည့် အချိန်တွင် ၄င်းတိုကို သူ့နေရာနှင့်သူ တာဝန်ပေးတတ်ရန် အ ရေးကြီးသည်။ တစ်ဦးတစ်ယောက်တည်းဖြင့် မအောင်မြင်နိုင်ဘဲ လက်တွဲလုပ် ဆောင်ခြင်းဖြင့်သာ အောင်မြင်နိုင်လိမ့်မည်။

နေဟမိသည် လူတိုကို သူ့နေရာနှင့်သူ တာဝန်ပေးတတ်သဖြင့် ကြီးမားသော အောင်မြင်မှု ရရှိခဲ့သည်။ ထိုသို တာဝန်ပေးတတ်ခြင်းသည် ထူးမြတ်သော တစ်ခုပင်ဖြစ်သည်။

မြို့ရိုးအတူပြန်တည်ကြပါစို့

နေဟမိသည် အထက်လူကြီးများနှင့် မိတ်ဆွေများကို စည်းရုံးသည်။ သူ့ကို ဘုရင့်စစ်တပ်က စောင့်ရှောက်သည်သာမက သူ့တွင် အနီးကပ်ဆက်ဆံသော မိတ် ဆွေတချို့လည်းရှိသည်။

ထိုမိတ်ဆွေများနှင့်အတူ ယေရုရှလင်မြိုသို ညအချိန်တွင်ဝင်ရောက်ပြီး မြိုရိုး ပြန်တည်မည့် အစီအ စဉ်ကို လျှိဝှက်စွာ အသေးစိတ်ဆွေးနွေးကြသည်။ ပြီးလျှင် လူထုထံဖွင့်ပြောပြီး စည်းရုံးတိုက် တွန်းကြသည်။ ထိုနောက် မြိုရိုးပြန်လည်တည်ဆောက်ကြရာ ဘုရားသခင်၏အတူပါရှိမှုနှင့် လူထု၏ ကူညီမှုဖြင့် (၅၂)ရက် အတွင်းပြီးစီးကြသည်။

မြိုရိုးပြန်တည်ခြင်း၏အဓိကရည်ရွယ်ချက်မှာ လုံခြုံမှုရှိရန်ဖြစ်သည်။ ခိုင်ခံ့စိတ်ချရသော မြို တစ်ခု ဖြစ်ရန် ကင်းမျှော်စင်၊ မြင်းတပ်၊ ရထားတပ်နှင့် ရုံးဝန် ထမ်းများရှိရန်လိုအပ်သည်(နေ ၂း၉)။ သိုမှသာ ယေရုရှ လင်မြိုသည် မြိုတစ်ခု၏အင်္ဂါရပ်များနှင့် ပြည့်စုံ တင့်တယ်လာနိုင်မည်ဖြစ်သည်။

မြိုရိုးပြန်တည်ခြင်းဟူသည် နိုင်ငံရေးနှင့် လူမူရေးအရ လုံခြုံခြင်း၊ ခိုင်ခံ့ခြင်း၊ တည်မြဲခြင်းဖြစ်သည်။ ဘာသာရေးအရ ဘုရားသခင်၏အတူပါရှိခြင်း၊ မှန်မှန်ဝတ်ပြုနိုင်ခြင်း၊ ယုံကြည်ခြင်း ရင့်ကျင့်ခြင်း ဖြစ်သည်။

လက်အပေခံလိုက်ကြပါစို့

နေဟမိသည် သူ၏လူမျိုးများအပေါ် ဘုရားသခင်ကိုမသိသော ခေါင်းဆောင် များကဲ့သို အတင်းအဓမ္မမခိုင်းချေ၊ အခန့်သားလက်ပိုက်ပြီး၊ အဝေးမှ အမိန့်ပေးတတ်သူမဟုတ်ပေ။ ‘ငါ့ဘက်ကတာဝန် ကျေပြီ။ ကျန်တာကို မင်းတို့ဆက်လုပ်ကြ ဟူ၍ ” မျက်နှာလွှဲတတ်သူမဟုတ်ချေ။

သူကိုယ်တိုင် လုပ်ငန်းခွင်သို့ သွားရောက်လုပ် ကိုင်သည်။ အဝတ်ကိုပင်လဲချိန်မရဘဲ တစ်နေ့လုံး တစ်ညလုံး အလုပ်လုပ်သည်။ သူသည် လက်ပေခြင်း မှုကို ဂရုစိုက်သူမဟုတ်သဖြင့် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်လာသည်(နေ ၄:၂၂-၂၃)။

နေဟမိသည် မြိုရိုးပြန်တည်ရေးကို ရှုရှန်နန်း တော်မှ အမိန့်တစ်ချက်ပေးလိုက်လျှင် ရသည်။ သို သော် ကိုယ်တိုင်သွားလုပ်သည်။ အလုပ်ရှိရာသို စိတ်ရောကိုယ်ပါရောက်ရှိသည်။ စင်စစ် အဝေးမှ အမိန့်ပေးရုံဖြင့် ကြီးမားသောအမှု မလုပ်ဆောင်နိုင်ပေ။ မိမိရပ်ရွာအ တွက်ဖြစ်စေ၊ အသင်းတော်အတွက်ဖြစ်စေ အဝေးမှ ဝန်တာရှိရုံဖြင့် လောက်လောက် လားလား လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ အမှန်တကယ်ဝန်တာရှိပါက စိတ်နှလုံး၊ ငွေကြေးနှင့် အသက်တာလည်း လိုက်ပါရမည်ဖြစ်သည်။

အုပ်ချုပ်ရေးစနစ်ပြောင်းလဲကြပါစို့

နေဟမိသည် မြိုရိုး၊ ကင်းမျှော်စင်နှင့် စစ်တပ်တိုကို မည်မျှပင်ပြုပြင်စေကာမူ အုပ်ချုပ်သူစနစ်နှင့် အုပ်ချုပ်ရေးသူမပြောင်းလဲပါက အချည်းနှီးသာဖြစ်နေပါမည်။ သို ဖြစ်၍ ယေရုရှလင်မြိုကို အုပ်ချုပ်မည့် မြိုတော်ဝန်အိမ်တော်ကို တည်ဆောက်ပေး သည်(နေ ၂း၈)။ သူကမူ ပြည်သူလူထုထံမှ ရိက္ခာနှင့်အခွန် မကောက် ရုံသာမက အိမ် တစ်လုံး၊ မြေတစ်ကွက်မျှပင် ရယူပိုင်ဆိုင်ခြင်းမရှိပေ (နေ ၅း ၁၄-၁၆)။

ထိုအိမ်တော်မှ တစ်ဆင့် အုပ်ချုပ်ရေးကိစ္စ အဝဝကို အလွယ်တကူ စီမံဆောင်ရွက်နိုင်မည် ဖြစ် သည်။ နေဟမိသည် သူ၏ညီဟာနန်ကို မြိုတော်ဝန် အဖြစ်ခန့်အပ်သည်။ အကြောင်းမှာ ဟာနန်သည် ဘုရားသခင်ကို ချစ်ကြောက်ရိုသေ၍ သစ္စာရှိသော သူတစ်ဦးဖြစ်သည်(နေ ၇း ၂)။

နေဟမိသည် အုပ်ချုပ်ရေးစနစ်ပြုပြင်ပြီး အုပ် ချုပ်သူအသစ်ခန့်အပ်ခြင်းဖြင့် ယေရုရှလင်မြိုကို ကောင်းမွန်စွာစောင့်ရှောက်ပြီး တိုးတက်သည်။ ခေါင်းဆောင်သစ်ကိုလည်း ဘုရားသခင်ကို ချစ်ကြောက်ရိုသေ၍ သစ္စာရှိသောသူကိုသာ ရွေးချယ်ခန့်အပ်သည်။ လုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်တိုးတက်ခဲ့သည်။

မြို့တော်ဝန်ရွေးကြပါစို့

မြိုရိုးပြန်တည်ပြီးသည့်တိုင် လူမနေပါက လုံခြုံမှုကင်းမဲ့ပြီး နေချင်စရာကောင်း သောမြို ဖြစ်လာနိုင် မည်မဟုတ်သကဲ့သို စည်ပင်ဖွံဖြိုးလာနိုင်မည် မဟုတ်သဖြင့် ဒါဝိဒ်၏မြိုဟုခေါ်သော အစ္စရေးတို၏ ဂုဏ်ယူ ဝင့်ကြွားရာ ယေရုရှလင်မြိုကြီး ကွယ် ပျောက်သွားလိမ့်မည်ဖြစ်သည်။

သိုဖြစ်၍နေဟမိကလူများလာရောက်နေထိုင်နိုင်ရေး စီမံဆောင်ရွက်သည်(နေ ၇း၄-၅။ လူ (၁၁)ဦးပြည့်တိုင်း (၁)ဦးနေထိုင်ရန် ညွှန်ကြားသည်(နေ ၁၁း၁-၄။ သိုမှ သာ မြိုတော်စည်ပင်ဖွံဖြိုးပြီး ခိုလှုံစရာ ကောင်းလာမည်။ မြိုတော်ဝန်၊ စစ်တပ်နှင့် တိုင်းပြည်ရေးရာတာဝန်ယူမည့်သူ ပြည့်စုံရှိလာတော့မည်ဖြစ်သဖြင့် ခေတ်အ ဆက်ဆက် ဖွံဖြိုးစည်ပင်လာမည်ဖြစ်သည်။

စွန့်ပစ်ခြင်းခံရသောမြို့သည် မဖွံဖြိုးနိုင်ပေ။ လူများစွာ နေထိုင်ပြီး ပြုပြင်တည်ဆောက်မှသာ ဝိညာဉ်ရေးရာနှင့် ရုပ်ပိုင်းဆိုင်ရာ၌ပါ တိုးတက်မှု ပို၍ မြန်ဆန်နိုင်မည်ဖြစ်သည်။ သိုဖြစ်ရာ မိမိမြိုကို အမှန်တ ကယ်ချစ်ပါက အဝေးမှပြုပြင်၍မရဘဲ ကိုယ် တိုင်နေထိုင်ပြီး ပြုပြင်တည်ဆောက်ရန်ဖြစ် သည်။

နေဟမိသည် ထိုအချက်ကို နားလည်သဘော ပေါက်သဖြင့် လူ (၁၀) ဦးရှိတိုင်း (၁) ဦးနေထိုင်ရန် စီမံခဲ့ရုံမက မိမိကိုယ်တိုင်ပြန်လာပြီး လိုအပ်သမျှတိုကို (၁၂)နှစ်ကြာပြုပြင်တည်ဆောက်ခဲ့သည်။ လုပ်ငန်းအား လုံးပြီးစီးသောအခါ ရှုရှန်မြို့တော်သိုပြန်လာပြီး ဖလားတော်ဝန်ရာထူး ပြန်လည်ထမ်း ဆောင်ခဲ့သည်။

ဒေါသထွက်သင့်သည့်အချိန်ကို သိကြပါစို့

တစ်စုံတစ်ယောက်ကို အကြောင်းမဲ့နှိပ်စက်မှု၊ တရားဥပဒေမဲ့မှု၊  ဘုရားသခင်၏နာမတော် အသရေပျက်စေမှုနှင့် တရားမျှတမှုမရှိသည့်နေရာတွင် ယေရှုခရစ်တော်ကဲ့သို အမျက်ဒေါသထွက်တတ်ရန် အရေးကြီးသည်။ အတ္တကိုယ်ကျိုးနှင့် အ ခြားအကြောင်းများကြောင့် ဒေါသထွက်ခြင်းမှာမူ မာနတစ်မျိုး ဖြစ်သဖြင့် ဘုရား သခင်မနှစ်သက်ပေ။ နေဟမိသည် မြိုရိုးပြန်တည်သည့်အချိန်တွင် ဆင်းရဲ သားများ နှိပ်စက်ခံရပုံကို တွေ့မြင်သွားသည်။ ၄င်းတိုအပေါ် အဓမ္မအကြွေးတောင်းမှု၊ ကျွန်ကဲ့သို ဆက်ဆံမှုနှင့် စာနာခြင်းကင်းသောပြုမူမှုတိုကို မြင်တွေ့ရသောအခါ ဒေါသ အလွန်ထွက်သည်။

ထိုကြောင့် “အပြစ်တင်မြည်တမ်းသောစကား ကို ငါသည် ကြားသောအခါ အလွန်ညှိးငယ်သော စိတ်ရှိ၍ ကိုယ်အလိုအလျောက်ဆင်ခြင်ပြီးမှ မှူးမတ် နှင့် မင်းအရာရှိတိုကိုခေါ်၍ သင်တိုသည် အမျိုးသား ချင်းတို၌ အတိုးစားတတ်ကြသည်တကားဟု ဆုံးမသ ဖြင့် သူတိုတစ်ဘက်၌ လူအများတိုကိုစုဝေးစေလျက် တစ်ပါးအမျိုးသားတိုလက်၌ ကျွန်ခံသော ငါတိုညီ အစ်ကိုယုဒလူတိုကို ငါတိုသည် တတ်နိုင်သမျှ အတိုင်းရွေး နုတ်ပြီးမှ သင်တိုသည် ညီအစ်ကိုတိုကို တစ်ဖန်ရောင်းဦးမည်လော။ သူတိုသည် အမျိုးသားချင်းတိုတွင် အ ရောင်းခံရမည်လော”ဟု ဆုံးမကြိမ်းမောင်းသည်(နေ ၅း၆-၈)။

အစ္စရေးတိုသည် အချင်းချင်း မသင့်မြတ်သူများ ဖြစ်ကြသည်။ အာဗြဟံ၏ အနွယ်အချင်းချင်း တိုက်ခိုက်ရုံသာမဟုတ်ဘဲ တစ်ခါကဆိုလျှင် အထွေးဆုံးဖြစ်သော ဗဟ်မိန်၏မျိုးဆက်များကို (၆၀၀) ဦးခန့်သာ ကျန်သည်အထိ မျိုးသုဉ်းတိုက်ခိုက်ပစ် ကြသည်။ သိုဖြစ်ရာ ငွေရေးကြေးရေး၌ အချင်းချင်းအတိုးစား ကြခြင်းသည် ထူးဆန်း သောအရာမဟုတ်ပေ။ သိုသော် ခေါင်းဆောင်ကောင်းနေဟမိကမူ ထိုအကျင့်များ ၊ ပျောက်ကွယ်စေရန် ကြိုးစားအားထုတ်သည်။

“တရားမျှတမှု’ သက်ရောက်ကြပါစို့

ယုဒတိုသည် နေဟမိ၏ဦးဆောင်မှုဖြင့် မြိုရိုးပြန်တည်ရေးတွင် နေ့မအား ညမနား အချိန်ပေးလုပ်ဆောင် ရကြသဖြင့် စီးပွားရေး၊ မိသားစုရေးနှင့် ကိုယ်ရေးကို အတွက် အချိန်မပေးနိုင်ကြတော့ချေ။ သိုဖြစ်ရာ ငွေရေး ကြေးရေးကြပ်တည်း သည်။ ထိုကြားထဲတွင် ထုံးစံအတိုင်း အခွန်အကောက်ရှိသေးရာ ပို၍ပင် ကြပ်တည်း လာကြသည်။

ထိုအခါ ငွေကြေးမတောင့်တင်းသူများသည် အခက်အခဲကြုံလာပြီး ချမ်းသာ သူများထံ အတိုးဖြင့် ချေးယူလာကြသည်။ သိုသော်လည်း ပြန်ဆပ်ရန်အခြေအနေ မပေးသဖြင့် နောက်ဆုံးတွင် အိမ်နှင့် ယာအပြင် သားသမီးများကိုပါ ကျွန်အဖြစ်သိမ်း ယူခြင်းခံရကြသည်။ “တရားမျှတမှုမရှိတော့သဖြင့် ဆင်းရဲသားများသည် အနှိပ်စက် ခံရပြီး ချမ်းသာသူများသာ ဩဇာရှိလာကြသည်။

ဤအဖြစ်အပျက်များကြောင့် နေဟမိ အလွန် ဒေါသထွက်သည်။ စိတ်မကောင်းဖြစ်ရသည်။ မိမိ ချစ်သကဲ့သိုမဟုတ်ဘဲ သူ့လူမျိုးများ အချင်းချင်း မေတ္တာခေါင်းပါးလွန်းကြသဖြင့် ဘုရားသခင်ကိုရိုသေ

ကြောက်ရွံရန် ဆုံးမကြိမ်းမောင်းသည်။ ဘုရားသခင် သည် နေဟမိကို ကောင်းချီးပေးသဖြင့် လူထု၏စိတ် ဓာတ်ပြောင်းလဲလာပြီး ဆင်းရဲသူနှင့် ချမ်းသာသူ အကြားတွင် ပြဿနာများမရှိတော့ချေ(နေ ၅း ၆-၉)။

အချင်းချင်းခေါင်းပုံဖြတ်မှုရှိနေသရွေ့ တိုးတက်နိုင်မည်မဟုတ်ပေ။ တကျက် ကျက်ဖြစ်နေရင်း အသားဟင်းစားခြင်းထက် ချစ်ခြင်းမေတ္တာလွှမ်းခြုံရင်း အရွက်ဟင်း စားခြင်းသည် ပို၍ချိုမြိန်သည်။ မိသားစု၊ အသင်းတော်၊ အဖွဲအစည်းစသည်တိုတွင် အချင်းချင်းဝေဖန်ကဲ့ရဲ့ကြပါက အကျိုးလုံးဝမရှိသည်သာမက ဘုရားသခင်နာမ တော်ရှုံ့ချစရာနှင့် မိမိနာမည်ပျက်ခြင်းသာ အဖတ်တင်နေလိမ့်မည် ဖြစ်သည်။

ဆန့်ကျင်မှုကို မကြောက်ကြပါစို့ နှင့်

မောရှေ၊ ဒါဝိဒ်နှင့် နေဟမိတို့ထက် ဆန့်ကျင်မှုကြုံရသောသူ အလွန်ရှား မည်ဖြစ်သည်။ မောရှေဆိုလျှင် သူ၏လူမျိုးများသာမက တစ်အူထုံဆင်း အာရုန်နှင့် မိရိအံတိုကပါ ဆန့်ကျင်သည်။ ဒါဝိဒ်ကို သားအရင်း အဗရှလုံက ဆန့်ကျင် သည်။ နေဟမိကို သူ၏လူမျိုးများက ဆန့်ကျင် သည်။

အထူးသဖြင့် သမ္ဘာလတ်၊ တောဘိနှင့် ဂေရှင်တိုကနေဟမိ၏ မြိုရိုးပြန်တည် ခြင်းလုပ်ငန်းကို အတိုက်အခံပြုကြသည်။ မြိုရိုးပြီးအောင်ဆောက်နိုင်မှာမဟုတ်ဘူး။ ဆောက်နိုင်ရင်တောင်မှ ကြာကြာခံမှာ မဟုတ်ဘူးဟု စိတ်ဓာတ်ကျစေရန် အမျိုးမျိုး တိုက်ခိုက်ကဲ့ရဲ့ကြသည်။ သိုသော် ၄င်းတို၏အကြံ မအောင်မြင်ပေ။

 စိတ်ဓာတ်ကျသူတချိုရှိသော်လည်း နေဟမိကအစ အများစုကမူ စိတ်ဓာတ် လုံးဝမကျချေ။ ထိုအခါ သမ္ဘာလတ်တိုအဖွဲက နေဟမိကို ယေရုရှလင်မြိုမှ မိုင်(၂၀) ဝေးသော ဩနောအရပ်၌ တွေ့ဆုံစကားပြောရန် မကောင်းသောအကြံဖြင့် ဖိတ် ခေါ်ကြသည်။ နေဟမိကမူ ၄င်းတို၏အကြံကိုသိသဖြင့် “ငါ့မှာ အရေးကြီး တဲ့အလုပ် ရှိတယ်။ မလာနိုင်ဘူး”ဟု အကြောင်းပြန်ကြားသည်။ လေးကြိမ်တိုင်တိုင် ဖိတ်သော် လည်း လုံးဝမသွားခဲ့ပေ(နေ ၆း၁-၄)။

မိမိအလုပ်ကိုတန်ဖိုးထားပါကမကြာခဏပစ်မထားရဘဲအခြားအရာများထက် ဦးစားပေးရမည်ဖြစ် သည်။ မကြာခဏပစ်ထားပါက အလုပ်မတွင်နိုင်သည့်အပြင် မလိုလားအပ်သောပြဿနာများ ဖြစ်ပွားစေ နိုင်သည်။

လေးကြိမ်တိုင်ဖိတ်သော်လည်း မရသောအခါ သန္တာလတ်တို့အဖွဲ့က မမှန်သောသတင်းဖြင့် အ နှောင့် အယှက်ပေးပြန်သည်(နေ ၆း၅-၉)။ နေဟမိက ဘုရင်ဖြစ်ချင်လို မြိုရိုးပြန်တည်တာဖြစ်တယ်။ ဒါဟာ ဘုရင်ကိုပုန် ကန်တာပဲဟု သတင်းလွှင့်ကြသည်။ နေ ဟမိကမူ ဒါဟာ လိမ်ညာတဲ့စကားပဲဟု ချေပခဲ့သည်။ ထိုအခါ နေဟမိ ပုန်းရှောင်ထွက်ပြေးစေရန် မိစ္ဆာ ပရောဖက်တစ်ပါးအားဖြင့် ခြိမ်းခြောက်ကြပြန်သည်။ သိုသော်လည်း နေဟမိက ငါ့အသက်ထက် ငါ့အလုပ် က ပိုအရေးကြီးတယ်ဟု လုံးဝဂရုမစိုက်ပေ(နေ ၆း၁ဝ-၁၄)။

နေဟမိသည် မည်မျှပင် ဆန့်ကျင်မှုကြုံတွေ့စေကာမူ စိတ်ဓာတ်ကျစရာ၊ ကြောက်ရွံစရာဟုလုံးဝ သဘောမထားဘဲ အလုပ်ကိုသာအလေးထားသဖြင့် အကျယ် ၉)ပေရှိသောမြိုရိုးကို ယေရုရှလင် မြိုပတ်ပတ် လည်၌ ရက်ပေါင်း(၅၂)ရက်အတွင်း အပြီးတည်ဆောက်နိုင်ခဲ့သည်။ ထိုသိုဆောက်နိုင်ခြင်းကို နေဟမိက “ဘုရား သခင်ရဲ့ မစမှုကြောင့် ပြီးစီးနိုင်တာဖြစ်တယ်”ဟု မှတ်ချက်ချသည်။ ဘုရားသခင်၏ဘုန်းတော် သည် အခြားအရာ အားလုံးထက်တန်ခိုးကြီးသဖြင့် ဘုရားသခင်အတွက်ဖြစ်ပါက မအောင်မြင်နိုင်စရာ၊ ကြောက်ရွံစိုးရိမ်စရာ လုံးဝမ ရှိချေ(နေ ၆း၁၆)။

တိုင်းပြည်ကို မည်သည့်အရာပေးနိုင်မည်နည်း

နေဟမိသည် ယေရုရှလင်မြိုသားများ ဒုက္ခပြဿနာကြုံတွေ့သောအခါ ရှင်းပေးပြီး ၄င်းတိုဘက်မှ တတ်နိုင်သမျှ ကူညီရပ်တည်ပေးသည်။

ထိုအချိန်က ယုဒပြည်သည် ပါရှားနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်ပြီး နေဟမိက အုပ်ချုပ်သည်။ သိုဖြစ်၍ ရှုရှန်နန်းတော်မှ ယေရုရှလင်မြိုသို (၁၂)နှစ်တာ ပြန်လာ သည့်အချိန်တွင် ယုဒလူမျိုးတို၏ အခွန်အားလုံးသည် သူ၏လက်ထဲသို ရောက်ရှိရ မည်ဖြစ်သည်။

သိုသော်လည်း နေဟမိသည် အခွန်လုံးဝမစား ဘဲ ဘုရားသခင်ကို လေးမြတ်ပြီး ပြည်သူလူထုကို စာနာသောအားဖြင့် အခွန်ကင်းလွတ်ခွင့်ပေးသည် (နေ ၅း၁-၁၅)။ လူထုထံမှ အခွန်မစားရုံမက ၄င်းကပင် လူထုကိုပေးကမ်းသည်(နေ ၅း ၁၆-၁၅)။ အုပ်ချုပ်သူ ဖြစ်သည်နှင့်အညီ လုပ်ပိုင်ခွင့်ရှိသည့်အတိုင်း အခွန် ကင်းလွတ်ခွင့်ပြုခြင်းကို ကြည့်လျှင် လူထုအပေါ်ထားသောသူ၏စေတနာကို တွေ့မြင်နိုင်သည်။ အခွန်ကင်း ၊ လွတ်ခွင့်ပြုသော်လည်း ရာထူးမကျသည့်ပြင် ပို၍ လည်းမဆင်းရဲပေ။ ထိုက်သင့်သည့် အခွန်ထက် ပိုမို ကောက်ခံလိုသဖြင့် အပြစ်ရှာဖွေတတ်သောလူတချို နှင့် နေဟမိ အလွန်ကွာခြားသည်။

နေဟမိကဲ့သို ပြည်သူလူထုအပေါ် စာနာနားလည်ပြီး စေတနာမှန်ဖြင့် ကူညီ တတ်သောခေါင်းဆောင် အလွန်လိုအပ်လျက်ရှိသည်။ လူထုထံမှ စားကွက်အမြာ ဖွေသောခေါင်းဆောင်များလည်း နောင်တရသင့်ပါပြီ။ “တိုင်းပြည်က ငါ့ကို ဘာပေး နိုင်မလဲ” ဆိုခြင်းထက် “တိုင်းပြည်အတွက်ငါဘာပေးနိုင်မလဲ”ဟုတွေးခေါ်သင့်ပါပြီ။ ကိုယ်ကျိုးသာကြည့်ပြီး အဂတိလိုက်စားသောခေါင်းဆောင်များရှိပါက တိုင်း၊ အကျိုးနည်းလိမ့်မည်ဖြစ်သည်။ သိုဖြစ်၍ နေဟမိနှင့်တူသောခေါင်းဆောင် မြောက်မြားစွာပေါ်ထွက်နိုင်ရန် ဆုတောင်းကြပါစို့။

၁၆။ ဧသတာ (Esther)

“There is a Fountain” သီချင်းရေးဖွဲသူ William Cowper (၁၇၃၁-၁၈၀၀)သည် အသက် (၆)နှစ် အရွယ်တွင် သူ၏မိခင်ကွယ်လွန်သည်။ “Amazing Grace’ သီချင်းရေးဖွဲသူ John Newton လည်း အသက်(၆)နှစ် အရွယ်တွင် သူ၏ မိခင်ကွယ်လွန်သည်။ ထိုနှစ်သည် William Cowper ၏ မွေးနှစ်လည်း ဖြစ်သည် (သူတိုနှစ်ဦး သည် oney Hymn Book အမည်ရှိ သီချင်းစာအုပ်ကို ၁ရ၉ခုနှစ် တွင် ထုတ်ဝေပြီး William ၏သီချင်း အပုဒ်(၂၀၀)ခန့်နှင့် Newton ၏သီချင်း (၆၈)ပုဒ် ထည့်သွင်းဖော်ပြသည်)။ Cowper သည် အမိမဲ့ဘဝဖြင့် သိမ်ငယ်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းများစွာ ကြုံတွေ့ရသည်။ စိတ်ကျရောဂါကိုလည်း မကြာခဏခံစားရ သည်။ ထိုကြားထဲတွင် သူ၏ဖခင်က အကြမ်းပတမ်းဆက်ဆံသဖြင့် အထီးကျန်ဆန် စွာ အသက်ရှင်ရသည်။

ထိုသိုကြီးပြင်းလာရင်းပင် ဂရိနှင့်လက်တင်စာပေသင်ကြားပြီး စာဖတ်စာရေး ဝါသနာပါလာသည်။ သိုသော် စိတ်ကျရောဂါကလွှမ်းမိုးသဖြင့် အသက်(၃၂)နှစ်တွင် သူ့ကိုသူသေကြောင်းကြံသည်။ သိမ်းမြစ်ထဲ သိုခုန်ချရန်အကြံဖြင့် မြင်းလှည်းတစ်စီး ငှားပြီး ထွက်လာခဲ့သည်။ မြစ်ထဲသိုခုန်ချတော့မည့်အချိန်တွင် မြင်းလှည်းသမားက အချိန်မီတားဆီးနိုင်ခဲ့သည်။ အိမ်သိုပြန်လာ၍ အဆိပ်သောက်လိုက်ရာ လူတစ် ယောက်က မြင်သွားပြီး ကယ်တင်ခဲ့ပြန်သည်။

အကြံမထမြောက်သောအခါ ညအချိန်တွင် ဓားတစ်လက်ကိုထောင်၍ ဓား သွား မှောက်ချလိုက်ရာဓား ကျိုးသွားပြန်သည်။ မကျေနပ်နိုင်သေးဘဲ မိုးလင်းသောအခါ ကြိုးတစ်ချောင်းကိုယူ၍ ကြိုးကွင်းစွပ်ဆွဲချရာ အိမ်နီးချင်းကတွေ့ပြီး ဖြတ်ပစ်သည်။ မည်မျှပင်သေကြောင်းကြံစေကာမူ မအောင်မြင်နိုင်ခဲ့ချေ။ စင်စစ် ကိုယ်တိုင်သတိမထားမိသော်လည်း ဘုရားသခင်၏ဘုန်းတော်သည် သူနှင့်အတူ မထင်မရှားပါရှိပြီး သူ့ကိုကာကွယ်လျက်ရှိသည်။

ထိုကြောင့် (၁၃)နှစ်ကြာသောအခါ “ဘုရားသခင်က မထင်မရှားအလုပ်လုပ် သည်”ဟူသည့် ခေါင်းစဉ်ဖြင့် အလွန်ကောင်းသောသီချင်းတစ်ပုဒ်ရေးဖွဲရာ ကျော် ကြားသောသီချင်းတစ်ပုဒ်ဖြစ်လာသည်။

သူ၏အသက်တာ၌ ဘုရားသခင်က အလုပ် မလုပ်သည့်အပြင် သူ၏စိတ်ဖိစီးမှုကိုလည်း လျစ်လျူ ရှုသည်ဟု ထင်မြင်သဖြင့် ဘုရားသခင်ပေါ် နာကြည်း ၊ မိသည်။ သိုသော်လည်း နောက်ပိုင်းတွင် ဘုရားသခင် က သူ၏အသက်တာ၌ မထင်မရှား အလုပ်လုပ် လျက်ရှိပုံကို ပြန်လည်သဘောပေါက်သွားသည်။

ဧသတာဝတ္ထုတွင် အခန်းကြီး (၁၀)ခန်းနှင့် အပုဒ်ငယ် (၁၆၇)ပုဒ်ထိတိုင်ရှိသော်လည်း “ဘုရား သခင်”ဟူသည့်စကားလုံး တစ်ကြိမ်မျှပင်မတွေ့ရချေ။ ထိုအချက်ကိုထောက်၍ ဘုရားသခင်က အလုပ် မလုပ်ပါလား၊ သူ့လူမျိုးများကို ဂရုမစိုက်၊ လျစ်လျူရှုနေပါလားဟု ကောက်ချက်ချ၍ မရပေ။ ဘုရားသခင်သည် Cowper ၏အသက်တာ၌ မထင်မရှားအလုပ်လုပ်သကဲ့သိုပင် ဧသတာဝတ္တုတွင်လည်း မထင်မရှားအလုပ် လုပ်နေသည်ကို တွေ့မြင်နိုင်သည်။

ဧသတာဝတ္ထု

သမ္မာကျမ်းစာ(၆၆)အုပ်ထဲတွင် မိန်းမနာမည်ဖြင့်နှစ်အုပ်သာရှ ဧသတာဝတ္ထုဖြစ်သည်။ စင်စစ်ရုသသည် ယုဒလူမျိုးမဟုတ်၊ ဘုရားသခင်၏ကျိန်ခြင်းခံရသော မောဘလူမျိုးသာ ဖြစ်သည်။ သိုသော် ယုဒတို၏ကျမ်းစာ တွင် သူ၏ နာမည်ဖြင့် ကျမ်းစာတစ်အုပ်ဖော်ပြခြင်းခံရသည်။

ထိုနည်းတူ ဧသတာသည် မြင့်မြတ်သောမိန်းမမဟုတ်ပါက မိန်းမကိုအထင် သေးသောယုဒတို့ ၏ကျမ်းစာတွင် ဖော်ပြခြင်းခံရမည်မဟုတ်ပေ။ထိုအပြင် ကျွန်ခံရာ ဘေဘီလုန်မှ ယေရုရှလင်သို ပြန်မသွားလိုသူဖြစ်သည့်အပြင် မိဘမဲ့တစ်ယောက် စသဖြင့် အရေးပါသူသာမဟုတ်ပါက ယုဒလူမျိုးတို၏ လျစ်လျူရှုပစ်ပယ်ခြင်း ခံရ လိမ့်မည်ဖြစ်သည်။

ယုဒတိုသည် ဧသတာဝတ္ထုကို “Megilloth’ခေါ်သည့် တစ်နှစ်လျှင် တစ်ကြိမ် ဖတ်ရှုရစမြဲဖြစ်သော ကျမ်းစာအုပ်ငါးခုထဲတွင် ထည့်သွင်းလျက် Purim ပွဲတော်တိုင်း ဖတ်ရှုကြသည်။ ထိုနည်းတူ ရှောလမုန်သီချင်းကို ပသခါပွဲတော်၌လည်း ကောင်း၊ ယေရမိမြည်တမ်းစကားကို Abလ (၉)ရက် ဇူလိုင် /ဩဂုတ်လ ၉)ရက်နေ့တွင် ယုဒတိုစုဝေး ရာဇရပ်၌လည်းကောင်း၊ ရုသဝတ္ထုနှင့် တရားဟောရာ ကျမ်းကို ပင်တေကုတွေ့ပွဲတော်၌ လည်းကောင်း ဖတ်ရှု ကြသည်။

ဧသတာဝတ္ထု၏ အဓိကဖော်ပြလိုသည့်အချက် မှာဧသတာအကြောင်းမဟုတ်ဘဲ မော်ဒကဲနှင့် ဟာမန် တို၏ တိုက်ပွဲအကြောင်းပင်ဖြစ်သည်။ မော်ဒကဲသည် ဗဿာမိန်အမျိုးဖြစ်၍ ဟာမန်သည် အာဂတ်လူဖြစ် သည်။ ၄င်းတိုမမွေးဖွားမီ နှစ်ပေါင်း(၆၀၀)နီးပါးခန့်က ဗယ့်မိန်အမျိုး ဘုရင်ရှောလု သည် ဘုရားသခင်၏ စကားကို အာခံပြီး အာမလက်လူမျိုး အာဂတ်ဘုရင်နှင့် ပြည်သူ များကို မသတ်ဘဲနေသဖြင့် ယင်း၏အကျိုးဆက်သည် သတာခေတ်တွင်သက် ရောက်ပြီး လူမျိုးနှစ်မျိုးအကြား ပြဿနာဖြစ် ပွားလာသည်။

ဗယာ်မိန်နှင့် အာမလက်လူမျိုးတိုသည် သူစိမ်းများမဟုတ်ကြဘဲ ယာကုပ်နှင့် ဧသောတို၏ အမျိုးအ နွယ်များဖြစ်ကြသည်။ အချုပ်အားဖြင့် မော်ဒကဲနှင့် ဟာမန်တို့၏ တိုက်ပွဲသည် ရှောလုနှင့် အာဂတ်တို၏တို က်ပွဲဖြစ်သည်။ သူတိုနှစ်ဦး၏တိုက်ပွဲသည် မောရှေးခေတ်ကစတင်သော အစ္စရေးနှင့် အာမလက်လူမျိုးတို ၏တိုက်ပွဲဖြစ်သည်။ ယင်းသည် ယာကုပ်နှင့် သောတိုထံမှ ဆင်းသက်ခြင်းဖြစ်၍ တစ်နည်းအားဖြင့် ဘုရားသခင်နှင့် စာတန်မာရ်နတ်တို၏တိုက်ပွဲဖြစ်သည်။ စင်စစ် ဧသတာဝတ္ထုတွင် တွေ့ရသော ပြဿနာများသည် လူအချင်းချင်းဖြစ်ပွားခြင်းမဟုတ်ဘဲ ဘုရားသခင်နှင့် စာတန်မာရ်နတ်တို၏ တိုက်ပွဲပင်ဖြစ်သည်။

ဧသတာဟူသည်မှာ

“ဧသတာ’ဟူသည့်နာမည်ကို သတာဝတ္ထုတွင် အကြိမ်(၄ဝ)တွေ့ရသည်မှ အပ မည်သည့်ကျမ်း စာထဲတွင်မျှ မတွေ့ရချေ။ ဤနာမည်သည် ပါရှားနာမည်ဖြစ်ပါက “ကြယ်”ဟု အဓိပ္ပာယ်ရပြီး ဘေဘီလုန် နာမည်ဖြစ်ပါက “အီရှတာ=အချစ်နတ်ဘုရား” ဟု အဓိပ္ပာယ်ရသဖြင့် ယုဒတိုသည် ဧသတာဟူ သည့်နာမည်ကို ၄င်းတို၏ကျမ်းစာ တွင် ဖော်ပြလိုမည်မဟုတ်ပေ။ ၄င်းအစား ဟေဗြဲနာမည်ဖြစ်သော “ဟဒဿ’ဖြင့် ဖော်ပြလိုကြမည်ဖြစ်သည်။ မည်သိုပင်ဖြစ်စေကာမူ ငသတာ၏မြင့်မြတ်မှုကို ငြင်းဆို၍မရသဖြင့် “ဧသ တာ ́ဟူသည့်နာမည်ဖြင့်ပင် ဖော်ပြခြင်းခံရသည်။

ဧသတာဟူသည် ‘ကြယ်’ဟု အဓိပ္ပာယ်ရသည့် အတိုင်း အလှမယ်ပြိုင်ပွဲတွင် လူတကာ၏မျက်လုံး ကို ဖမ်းစားနိုင်ခဲ့သည်။ ဟဒဿဟူသည် “မွှေးကြိုင် သည်”ဟု အဓိပ္ပာယ်ရသည်။ ဧသတာသည် နာမည် နှင့်လိုက် ဖက်စွာ ယဉ်ကျေးသိမ်မွေ့၍ အဆင်းချော မောလှပသည်(ဧသ ၂း၇)။

ဧသတာအကြောင်း

ဧသတာသည် ပါရှားပြည်၊ ရှုရှန်မြို၌နေထိုင်သော အဘိဟဲလ၏သမီးဖြစ်၍ ငယ်စဉ်ကပင် မိဘမဲ့သဖြင့် ဝမ်းကွဲအစ်ကိုဖြစ်သူမော်ဒကဲ(ဖခင်ညီအစ်ကို)နှင့် အတူ ကြီးပြင်းလာသော မိန်းမချောတစ်ဦးဖြစ်သည်။ ဝမ်းကွဲမောင်နှမသာ ဖြစ်သော်လည်း မော်ဒကဲကမူ သမီးအရင်းကဲ့သို မှတ်ယူသဘောထားသည်(ဧသ ၂းရ၊ ၁၅)။

သူ၏ချောမောလှပမှုကြောင့် ပါရှားဘုရင်အာရွှေရုသည် ဧသတာကို မိဖုရား ကြီးဝါရှတိ၏နေရာတွင် ဘီစီ(၄၈၆)မှစ၍ အစားထိုးရွေးချယ်ခဲ့သည်။ ယုဒသနှင့် ပညာရှင်တစ်ဦးဖြစ်သူ Josephus က “ဘုရင်အာရွှေရု၏ မိဖုရားကြီးနေရာအတွ” အလှမယ်အယောက်(၄ဝဝ) ယှဉ်ပြိုင်ခဲ့သည်”ဟု မှတ်တမ်းတင်သည်။ အီဂျစ်နိုင်ငံ မှ အိန္ဒိယနိုင်ငံအထိ နိုင်ငံပေါင်း(၁၂၅)ခုမှ လက်ရွေးစင်အလှမယ်များ ယှဉ်ပြိုင်ခြင်း ဖြစ်သဖြင့် အလှမယ်ဦးရေ အလွန်များပြားသည်။

ဧသတာကို အစေခံကျွန်မခုနစ်ယောက်က မုရန်ဆီဖြင့် ခြောက်လပတ်လုံး ဆက်လက်၍ နံ့သာမွှေးဖြင့် ခြောက်လပတ်လုံးလိမ်းခြယ်ကြသည်။ ထိုမှဝတ်ဆင်စေပြီး ဘုရင်အာရွှေရုထံ ခေါ်ဆောင်ကြသည်။ ဧသတာ၏ ခင်းသည်အထိ ရဲဝံ့စွာလုပ်ဆောင်မှုကြောင့် ယုဒတစ်မျိုးသားလုံး အကျိုး  ကျေးဇူးခံစားရကြသည်။

ဧသတာ၏ အလုံးစုံပုံအပ်မှု

ဘုရင်အာရွှေရုသည် နန်းသက်သုံးနှစ်ပြည့်ချိန်တွင် လက်အောက်ခံနိုင်ငံ(၁၂၇) ခု (အီဂျစ်မှ အိန္ဒိယနိုင် ငံအထိ)မှ ပညာရှိများ၊ ဝန်ကြီးမှူးမတ်များကို ဖိတ်ခေါ်ပြီး ရက် ပေါင်း(၁၈၀)ရက်တိုင်တိုင် ပွဲတော်ကျင်းပသည်။ ပွဲ တော်ကာလတွင် ပါရှားတိုင်းပြည်၏ ဘုန်းအသရေနှင့် ကြွယ်ဝချမ်းသာမှုများကို အမျိုးမျိုးပြသသည်။ ပွဲ တော်ပြီး သွားသောအခါတွင်လည်း လူအမြောက် အမြားဖိတ်ခေါ်၍ နောက်ထပ် (၇)ရက် ပျော်ရွှင်သိုက် မြိုက်စွာ ဆက်လက်ကျင်းပသည်။

(၇)ရက်မြောက်နေ့တွင် အရက်မူးမူးဖြင့် မိဖုရား ကြီးပါရှတိကို ဧည့်ပရိသတ်ရှေ့သိုထွက်လာရန် ခေါ် ခိုင်းလိုက်သည်။ စင်စစ်မိဖုရားကြီး၏ ချောမောလှပမှု နှင့် ရာဇသရဖူကို ဝင့်ကြွားပြသလို၍ ဖြစ်သည်။ သိုသော် ပါရှတိထွက်မလာခဲ့ချေ။ ဘုရင်ကြီးကို မလေးစား၍လော။ မူးယစ် သူများရှေ့သို မလာချင်၍လော။ မိန်းမများ အတွက် ပွဲသီးသန့်ပြုလုပ်ပေးသဖြင့် မအား လပ်၍လော။ မည်သိုပင်ဖြစ်စေ ထွက်မလာသောအခါ ဘုရင်ကြီးနှင့် ပညာရှိမှူးမတ် များ အလွန်ဒေါသထွက်ကြသည်။ ပါရှတိ၏ လင်ယောက်ျားအပေါ် ပြုမူဆက်ဆံပုံကို တိုင်းသူ ပြည်သားများကြားသိပါက မိန်းမများသည် ၄င်းတို၏ လင်ယောက်ျားများကို မထီမဲ့မြင်ပြုနိုင်သည်ဟူသည့် အချက်ဖြင့် ပါရှတိကို ကွာရှင်းခိုင်းကြသည်။

ကာလအတန်ကြာသောအခါ ဘုရင်ကြီးလွမ်းဆွတ်လာသည်။ ပါရှတိ၏နေ ရာကို အစားထိုးမည့်သူ လိုအပ်လာသည်။ ထိုအခါ အလှမယ်ပြိုင်ပွဲကျင်းပပြီး ပထမ ရသောသူကို မိဖုရားတင်မြှောက်ရန် ဆုံးဖြတ် ကြသည်။

ထိုသတင်းကို ဧသတာကြားသောအခါ ပြိုင်ပွဲဝင်ရန် တစ်နှစ်လုံးလုံးပြင်ဆင် သည်။ မုရန်ဆီဖြင့် ခြောက်လလုံးလုံးသန့်စင်ပြီး နံ့သာမွှေးဖြင့် ခြောက်လလုံးလုံးလိမ်း ခြယ်သည်။ ထိုနောက် ဘုရင်ကြီးထံသွား ရောက်ရာ ဘုရင်ကြီးကလည်း ကျေနပ်အား ရစွာ မိဖုရားကြီးအဖြစ် အတည်ပြုလိုက်သည်။

ပြိုင်ပွဲဝင်ရာ၌ ညပိုင်းတွင် ဘုရင်ကြီး၏အိပ်ခန်းထဲသို တစ်ယောက်ပြီးမှတစ် ယောက်ဝင်သွားပြီး နံနက်ပိုင်းတွင် ပြန်ထွက်လာကြသည်။ ပြန်ထွက်သည့်အခါတွင် လည်း အိမ်သိုမပြန်ရဘဲ မောင်းမ မိဿံများ၏အခန်းသို ပြန်ရခြင်းဖြစ်သည်(ဘုရင်ကြီး၏ မောင်းမဖြစ်သွားကြသည်)။ တစ်နည်းအားဖြင့် ဘုရင်ကြီးနှင့် အတူအိပ်ရခြင်းဖြစ်ရာ အလုံးစုံပုံအပ် မှုသာမရှိပါက ထိုသိုပြုမူနိုင်မည်မဟုတ်ပေ။

အထူးသဖြင့် ဧသတာသည် အခြားအလှမယ် များနှင့် မတူချေ။ သူသည် ယေရုရှလင်မြိုမှ ကျွန်များ ၊ ၏မျိုးဆက်ဖြစ်သဖြင့် ဘဝအမှန်ပေါ်ပါက မိဖုရား တင်မြှောက်ကြမည်မဟုတ်ပေ။ ထိုခေတ်ပါ ရှားဘုရင် များသည် မိဖုရားတင်မြှောက်ရာ၌ တော်ဝင်အနွယ်(၇) ၊မျိုးထဲမှသာ ရွေးချယ်တင်မြှောက်ကြ သည်။

သိုဖြစ်ရာ ဧသတာအဖို့ မျှော်လင့်ချက်အလွန်နည်းသည်။ တော်ဝင်အနွယ် မဟုတ်ရုံမကဘဲ မိဘမဲ့ဖြစ် နေသေးသဖြင့် သူ၏ဘဝမှန်ကိုသာချက်ချင်းသိကြပါက အလှမယ်ပြိုင်ပွဲဝင်ရန်ပင် ခွင့်ပြုကြလိမ့်မည်မဟုတ်ပေ။ ထိုကြောင့် ဧသတာသည် ဘဝမှန်ထုတ်ပြောမနေဘဲ သူ၏ရည်မှန်းချက်ပြည့်ဝ ရေးသာရှေးရှုလျက် အလုံးစုံ အပ်လိုက်ခြင်းဖြစ်သည်။

ဧသတာ၏နှိမ့်ချမှု

ဧသတာသည် ဝမ်းကွဲအစ်ကိုမော်ဒကဲ၏လက်မှ ကြီးပြင်းလာသူဖြစ်သဖြင့် မနှိမ့်ချဘဲနေလိမ့် မည်မ ဟုတ်ပေ။ မော်ဒကဲ၏စကားကို ဆန္ဒမရှိသည့်တိုင် မြေဝယ် မကျနားထောင်ရလိမ့်မည်ဖြစ်သည်။ အလှမယ်ပြိုင်ပွဲ တွင်ဖြစ်စေ၊ ဘုရင်ကြီးနှင့် ရသည့်အချိန်တွင်ဖြစ်စေ ၄င်း၏ဆန္ဒအရမဟုတ်ဘဲ မော်ဒကဲ၏စကားကိုမငြင်း လို၍ ပါဝင်ခြင်းဖြစ်နိုင်သည်။

မည်သူမဆို နိမ့်ကျသည့်အချိန်တွင် အလွယ်တကူနှိမ့်ချနိုင်သည်။ ယခုတွင် ဧသတာသည် မိဖုရားဖြစ် လာပြီ။ မော်ဒကဲသည် ဘုရင်ဝန်ထမ်းတစ်ယောက်သာ ဖြစ်သဖြင့် ဧသတာ၏လက်အောက်ခံဖြစ်သွားသည်။ သိုဖြစ်၍ မော်ဒကဲ၏စကားကို ခံဖိုနေနေသာသာ သတာကသာ ကြိုက်သလိုအ မိန့်ပေးနိုင်သည်။ “

သိုသော် ဧသတာ၏နှိမ့်ချမှုသည် အခြေအနေနိမ့်ကျမှုကြောင့်မဟုတ်ဘဲ ချစ် ခြင်းမေတ္တာအရင်း ခံမှုကြောင့်ဖြစ်သဖြင့် မည်သည့်အခြေအနေတွင်မဆို မပြောင်းလဲချေ။ မိဖုရားဘဝတွင်လည်း မော်ဒကဲ ၏စကားကို အမြဲနာခံသည်။ တစ်နည်းအားဖြင့် ဆုံးမမှုကိုခံယူတတ်သူဟု ဆိုနိုင်သည်။ ဘဝမှန်မပြော ရန် တားမြစ်သောအခါ နာခံသကဲ့သို ဘုရင်ကြီးထံ သွားခိုင်းသောအခါတွင်လည်း အသက်နှင့်ရင်း ပြီး သွားလိုက်သည်။

ခေါင်းဆောင်များသည် လိုအပ်သည့်အချိန် တွင် ဆုံးမနိုင်မည့်သူ၊ အကြံကောင်းပေးနိုင်မည့်သူ ရှိရန် အထူးလိုအပ်သည်။ ဆုံးမမှုကိုခံယူနိုင်ရန် အမြဲ နှိမ့်ချနေရမည်ဖြစ်သည်။

ဧသတာ၏ အသက်ကို ရင်းမှု

ဧသတာ၏ အသက်တာ၌ အခက်ခဲဆုံးအချိန်တစ်ခု ရောက်ရှိလာခဲ့သည်။ ယင်းမှာ ဟာမန်၏ စီမံမှုကြောင့် ယုဒလူမျိုးအားလုံးအသတ်ခံရမည့်နေ့ အမိန့်ထွက် ပေါ်လာခြင်းဖြစ်သည်။ ထိုအမိန့်ပြောင်း ပြန်လှန်ရန်ဟူသည် သဘာ၏တာဝန်ဖြစ် လာသည်။ သိုဖြစ်၍ ဘုရင်ကြီးထံသွားပြီး အသနားခံခြင်း ကလွဲ၍ အခြားနည်းလမ်း မရှိတော့ပေ။

ဘုရင်ကြီးထံသွားပြီး တစ်မျိုးသားလုံးအသတ်မခံရရေး တောင်းပန်ရန် မော်ဒကဲကခိုင်းသောအခါ ဧသတာက ““ဘုရင်ကြီးမခေါ်ဘဲနှင့် ဘယ်သူမှသွားခွင့်မရှိတာ အားလုံးသိပြီးသားဖြစ်တယ်။ ဒါပေမဲ့ ကျမအစေ ခံတွေနှင့်အတူ သုံးရက်အစာရှောင် ဆုတောင်းမယ်။ ရှင်တိုယုဒလူမျိုးအားလုံးလည်း သုံးရက်အစာရှောင် ဆုတောင်း လိုက်ပါ။ သေရင်လည်းသေပါစေ၊ ဘုရင်ကြီးဆီ ကျမသွားလိုက်မယ်”ဟု ပြန်ပြောသည်(ဧသ ၄း၁-၁၇)။

ခေါင်းဆောင်ဟူသည် ထိုကဲ့သိုဖြစ်သည်။ လိုအပ်ပါကသေရဲ ရှေ့တိုးရဲရသည့် ပြည်သူများ၊ နောက်လိုက်များအတွက် စည်းစိမ်ဥစ္စာသာမက အသက်ကိုပင် စွန့်ရဲရမည်ဖြစ်သည်။ သိုသော် ဤနေရာ၌ သတိပြုရမည့်အချက်မှာ အရာရာ အတွက် အသက်ကိုစွန့်ရန် ဆိုလိုခြင်းမဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော် ထင်ရှားဖို၊ လူအများအကျိုးရှိဖိုစသည့် တန်ဖိုးဖြတ်၍မရသောအရာများအတွက် ဆိုလိုခြင်းဖြစ်သည်။ ဧသတာ၏ အသက်ကိုရင်းမှုကြောင့် ယုဒတစ်မျိုးသားလုံးက သက်ချမ်းသာခွင့်ရရှိကြသည်။

ထိုသို ပြည်သူများအတွက် အသက်ကိုရင်းရာ၌ ပထမဆုံးခြေလှမ်းမှာ ဆုတောင်းခြင်းဖြစ်သည်။ ဆု တောင်းခြင်းမပါသော လုပ်ဆောင်ခြင်းသည် ထိ ရောက်မှုမရှိသကဲ့သို လုပ်ဆောင်ခြင်းမပါဘဲ ဆုတောင်းခြင်းသည် ပျင်းရိခြင်း၊ သူရဲဘောနည်းခြင်း ဖြစ်သည်။ ထိုသတာသည် ၄င်း၏လူမျိုးများအသက် ချမ်းသာခွင့်ရရှိရန် ကိုယ်တိုင်ဆုတောင်းသည့်အပြင် အစေခံများနှင့် တစ်မျိုးသားလုံးကပါ ဆုတောင်းရန် အမိန့်ပေးလိုက်သည်။ ဆုတောင်းခြင်းသည် လူအ များအတွက် ရင်းနှီးပေးဆပ်မှုတစ်မျိုးဖြစ်၍ ဆုတောင်းသော သူသည် လိုအပ်ပါက အသက်နှင့်ရင်းရန်ပင် ဝန်မလေးသူဖြစ်သည်။ လူအများအတွက် အသက်နှင့်ရင်း သောသူကို မည်သူမျှ မေ့ပျောက်၍မရနိုင်ချေ။

၁၉၅၅ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့တွင် Rosa Park (1913-2005)ဆိုသူ လူမည်းအမျိုးသမီးတစ်ဦးသည် အမေရိကန်နိုင်ငံ၊ အာလာဘားမားပြည်နယ်၊ မောင့် ဂိုမာရီမြို၌ ဘတ်စ်ကားစီးလျက် လူဖြူများသာထိုင်ခွင့် ရှိသည့် အရှေ့ပိုင်း၏နောက် ဆုံးတန်းအလွန်၊ လူမည်းများသာထိုင်ခွင့်ရှိသည့် အနောက်ပိုင်း၏ရှေ့ဆုံးတန်းတွင် လိုက်ပါလာသည်။ ယာဉ်မောင်းသူမှာ သူ့ကို ၁၉၄၃ခုနှစ်က မိုးလေကြားထဲ စွန့်ပစ်သော James F. Blake ဆိုသူဖြစ်သည်။

တစ်နေရာတွင် လူဖြူအမျိုးသားတစ်ဦးတက်လာရာ ကားပေါ်တွင် လွတ်မရှိတော့သဖြင့် ယာဉ်မောင်းက Park နှင့် အခြားလူမည်းအမျိုးသားသုံးဦးကို နေရာမှဖယ်ပေးရန် အမိန့်ပေးတော့သည်။ ထိုလူမည်းသုံးဦးက ချက်ချင်းဖယ်ပေးကြသော်လည်း သူကမူမဖယ်ပေးဘဲ အစွန်ဘက်သိုရွှေ့ ထိုင်လိုက်သည်။ ယာဉ်မောင်းက နေရာမှမထလျှင် ရဲကိုခေါ်မည်ဟုပြောသည့်တိုင် လုံးဝမမူချေ။

ထိုအခါ ယာဉ်မောင်းကရဲကိုခေါ်ပြီး သူ့ကိုဖမ်းခိုင်းသည်။ တရားရုံးတွင်အမှုရှုံး သဖြင့် (၃၈၁) ရက်ထောင်ကျသည်။ ထိုအချိန်မှစ၍ လူမည်းများစုဝေးပြီး လူဖြူနှင့်လူ မည်းတန်းတူဖြစ်ရန်၊ တစ်စုံတစ်ဦးကို အသားအရောင်မကြည့်ဘဲ အကျင့်စာရိတ္တကို ကြည့်ပြီး တရားစီရင်ရန် ဆန္ဒပြကြသည်။

ထိုဆန္ဒပြမှု၏အကျိုးဆက်နှင့် Martin Luther King, Jr. ၏ဦးဆောင်မှု ဖြင့် ၁၉၆၉ခုနှစ်တွင် အသားအ ရောင်ခွဲခြားမှုပပျောက်သွားသည်။ Rosa Park ကို လည်း “လွတ်လပ်ရေး ကြိုးပမ်းသူများ၏မိခင်”ဟု ဂုဏ်ပြုကြ သည့်အပြင် Spingam Medal, Presidential Medal of Freedom, Congressional Gold Medal နှင့် အခြားဆု တံဆိပ်ပေါင်းများစွာ ချီးမြှင့်ခြင်းခံရသည်။

Park သည် ၄င်းကိုယ်တိုင်နှင့် အခြားလူမည်းများနှိပ်စက်ခံရမှုကို အလွန် စိတ်နာသဖြင့် ဆန္ဒပြခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သူ၏လူမျိုးများအတွက် ကိုယ် တိုင်အသက်နှင့်ရင်းပြီး ကြိုးစားလုပ်ဆောင် သောအခါ နောက်ဆုံးတွင် ကြီးမားသော အောင်မြင်မှုတစ်ခု ရရှိလာကြခြင်းဖြစ်သည်။

ဧသတာ၏ ရဲရင့်မှု

မိဖုရားဖြစ်ရန် ခြေလှမ်းပြင်ဝံ့ခြင်းသည်ပင် ဧသတာ၏ရဲရင့်မှုတစ်ခုဖြစ်သည်။ ပြိုင်ဖက်အလှမယ် (၄ဝဝ)ခန့်ကြားတွင် ပထမဆုရရန် အလွန်ခက်ခဲနေမည်ဖြစ်သည်။ ထိုအပြင် အခြားအလှမယ်များသည် ပညာတတ်၊ သူဌေးသူကြွယ် အထက်တန်းလွှာ အသိုင်းအဝိုင်းမှ ဖြစ်နိုင်ခြေများရာ ၄င်းကဲ့သို မိဘမဲ့တစ်ယောက် အဖို အားငယ်စရာ၊ မျှော်လင့်ချက်မဲ့စရာပင်ဖြစ်သည်။

ဘုရင်ကြီးမခေါ်ဘဲနှင့် အနားသိုသွားရောက်ခြင်းသည်လည်း သူ၏ရဲရင့်မှုပင်၊ ဖြစ်သည်။ ဘုရင်ကြီးက အလိုရှိရာကိုတောင်းခိုင်းသောအခါ မနက်ဖြန်ပြုလုပ်မည့်ပွဲ သူ့ ဟာမန်နှင့်အတူ ကြွရောက်ပေးရန်တောင်း ဆိုသည်။ ဘုရင်ကြီးကလည်းသဘော တူလိုက်သည်။

နောက်တစ်နေ့တွင် ဘုရင်ကြီးကြွလာပြီး “ဘာလိုချင်သလဲပြောပါ။ မိဖုရား ကဆို တိုင်းပြည်တစ်ဝက် တောင်ပေးမယ်”ဟု ပြောသောအခါ ဧသတာ က“ကျမရဲ့ လူမျိုးတွေ အသက်ချမ်းသာခွင့် ရစေချင်တယ်။ သူတိုအရောင်းစားခံနေရပြီ” ဟု ပြန်ပြောသည်။ ဘုရင်ကြီးက “ဘယ်သူရောင်းစားသလဲ” မေးရာ ဧသတာက “ဟာမန်”ဟု ချက်ချင်းဖြေလိုက်သည်။

ဧသတာတောင်းဆိုသည့်အတိုင်း ယုဒလူမျိုးများ အသတ်မခံရတော့သည် သာမက ဟာမန်နှင့် သား(၁၀)ယောက်မှာမူ တိုင်ပေါ်တွင် ချိတ်ဆွဲသတ်ပစ်ခြင်းခံရ သည်။ ထိုအပြင် နောင်တွင် ယုဒလူမျိုးများကို လုပ်ကြံသူရှိပါက ထိုသူအားလုံးကို သတ်ပစ်ရန် ထပ်မံတောင်းဆိုသည်။ ဤသိုဖြင့် ဘုရင်ကြီး၏ နှစ်သက်မှုရရှိချိန်မှစ၍ အလိုရှိသမျှကို တစ်ခုပြီးတစ်ခု အားမနာဘဲတောင်းဆိုသည်။

ဧသတာသည် တိုင်းပြည်နှင့်လူမျိုးအတွက် ဆိုလျှင် အာဏာပိုင်များထံ ရဲရင့်စွာတောင်းဆို၍ အ သက်ကိုပင် ရင်းဝံ့သည်။ တောင်းဆိုသည့်အတိုင်း တကယ်ရရှိသဖြင့် မော်ဒကဲအပါအဝင် အစ္စရေးတစ် မျိုးသားလုံး အသက်ချမ်းသာရသည်။ ယင်းအောင်ပွဲ အထိမ်းအမှတ်အဖြစ် “Purim’ ပွဲတော်ကို ယနေ့ အထိနှစ်စဉ်ကျင်းပကြသည်။

ဘုရားသခင်၏ဘုန်းတော်ထင်ရှားရန်၊ တိုင်းပြည်နှင့်လူမျိုးတိုးတက်ရန်ဖြစ်ပါ က မည်သည့်အရာကိုမဆို ပေးပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရှိသူများထံ ရှက်ကြောက်အားနာ ခြင်းမရှိဘဲ တောင်းဆိုရဲကြပါစို။ အထူးသဖြင့် ဘုရားသခင်ထံ လုံးဝအားနာခြင်းမရှိဘ ဆုတောင်းကြရန်အရေးကြီးသည်။ ဘုရားသခင် ကိုယ်တိုင်က ဘုန်းတော်ထင်ရှားရန် ဖြစ်ပါက ကြီးမားသောအမှုပြုလိုသည်ကို မမေ့ကြပါစိုနှင့်။

မိမိတိုကိုယ်တိုင်လည်း ပေးပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ရှိသူဖြစ်ပါက ဘုရားသခင်အ တွက်၊ တိုင်းပြည်နှင့်လူမျိုးအတွက် ရဲရင့်စွာလုပ်ဆောင်ရန် အရေးကြီးသည်။ – သည့် ရာထူးရှိသည်ဆိုခြင်းထက် မည်သိုလုပ်ဆောင်ပေးသည်ဆိုခြင်းက ပို တမ်းဝင်လိမ့်မည်ဖြစ်သည်။

လက်စားချေသော ဧသတာ

(၇၅)ပေမြင့်သောတိုင်ပေါ်၌ ဟာမန်ကိုချိတ်ဆွဲသောသူသည် ဧသတာ မဟုတ်ပေ။ ဟာမန်အပေါ် ဘုရင်အာရွှေရု အလွန်စိတ်ဆိုးနေသည့်အချိန်တွင် အစေခံတစ်ယောက်ဖြစ်သူ ဗောနက “မော်ဒကဲကိုချိတ်ဆွဲဖို့ ဟာမန်က (၇၅)ပေမြင့် တဲ့တိုင်စိုက်ထူပြီးပြီ ဟုပြောရာအာရွှေရုက “အဲဒီတိုင်ပေါ်မှာဟာမန်ကိုချိတ်ဆွဲကြ” ဟု အမိန့်ချလိုက်သည်(ဧသ ၇း၉)။ နောက်ပိုင်းတွင် သား(၁၀)ယောက်ကိုပါ ချိတ် ဆွဲကြသည်(ယုဒတို၏ Targum စာအုပ်တွင် ဟာမန်၌ သားသမီး(၂၀၈)ယောက်ရှိ သည်ဟု ဖော်ပြသည်)။

ပါရှားတစ်ပြည်လုံးတွင် ဧသတာနှင့် မော်ဒကဲတို၏ တားမြစ်မှုကြောင့် ယုဒ တိုသည် ရန်သူများကို ကိုယ့်ကိုကိုယ်ကာကွယ်ခြင်းမှအပ လက်စားချေခြင်း၊ လုပ် ကြံခြင်း၊ သတ်ဖြတ်ခြင်းမပြုကြပေ။ အချုပ်အားဖြင့် ဧသတာသည် ဟာမန်ကိုဖြစ်စေ၊ ရန်သူများကိုဖြစ်စေ၊ လက်စားမချေခဲ့ရဘဲ လက်စားချေခြင်းသည် ဘုရား ၊ သခင်၏တာဖြစ်သည့်အတိုင်း ဘုရားသခင်က အာ ရွှေရုအားဖြင့် လက်စားချေပေးသည်။

ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၁ခုနှစ်၊ ဒီဇင် ဘာလ(၅)ရက်နေ့တွင် ဂျပန်တိုသည် အမေရိကန် တို၏ ပုလဲဆိပ်ကမ်းကို အလစ်တိုက်ခိုက်ကြရာ အမေ ရိကန်တို (၂၄ဝ၂)ယောက်ကျဆုံးပြီး (၁၂၄၅) ယောက် ဒဏ်ရာရရှိ သည်။ အိပ်ပျော်သောခြင်္သေ့ကို လှုပ်နှိးမိ သကဲ့သိုပင်ဖြစ်သည်။ အမေရိကန်တိုကလည်း ၁၉၄၅ခုနှစ်၊ သြဂုတ်လ(၆)ရက်နှင့် ၉ရက်နေ့တိုတွင် ဟီရိုရှီးမားနှင့် နာဂါစကီးမြိုကြီးနှစ်ခုကို အနုမြူဗုံးကြဲချကြရာ နှစ်မြိုစလုံး ပြာအတိကျ၍ လူပေါင်း(၂၅ဝဝဝဝ)ခန့် သေကြေပျက်စီးသည်။

ထိုနောက် ဂျပန်တိုလက်နက်ချသဖြင့် စစ်ပြီးဆုံးသွားသည်။ သိုသော် ဗိုလ် ကြီးဒေါက်ဂလပ်စ် မက်အာသာက သမ္မတထရူးမင်းထံစာရေးပြီး ဂျပန်နိုင်ငံ၌ အ တန်ကြာဆက်နေမည့်အကြောင်း၊ ၄င်းတို၏ မြင့်မြတ်သောဂုဏ်သိက္ခာကို ထိန်းသိမ်း ပေးရန် မျှော်လင့်ချက်အသစ်ရရှိရန် အလုပ်ကြိုးစားသော အစိုးရလို အပ်ကြောင်း၊ တို၏တိုင်းပြည်ကို ပြန်လည်ထူထောင်ပေးရမည်ဖြစ်ကြောင်း တောင်းဆိုသည်။

မက်အာသာက “သူတိုစစ်ရှုံးနေတာ၊ ဒီလောက်တော့ခံရမှာပေါ့။ ငါတိုကြိုက် လိုလုပ်လိုရတယ်’ဟူသည် လက်စားချေလိုစိတ်၊ နှိပ်စက်လိုစိတ်၊ အဆိုးကို အဆိုးနှင့် တုံပြန်လိုစိတ် လုံးဝမရှိချေ။ သူသည် ဂျပန်တို၏အပြစ် ကိုခွင့်လွှတ်၍ တတ်စွမ်း ကူညီသဖြင့် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသည်။

တစ်ဦးတစ်ယောက်ကြောင့်

ကမ္ဘာ့သမိုင်းကိုကြည့်လျှင် ထူးမြတ်သောပုဂ္ဂိုလ်များကိုတွေ့ရပြီး ၄င်းတိုသည် သမိုင်းကိုဖြစ် ပေါ်စေသူများဖြစ်ကြသည်။ သမိုင်းက ၄င်းတိုကိုပုံမသွင်းဘဲ ၄င်းတို့ ကသာ သမိုင်းကိုပုံသွင်းသည်။

ဧသတာကြောင့် ယုဒတစ်မျိုးသားလုံး အသက်ချမ်းသာခွင့်ရရှိသည်။ အာဒံ ကြောင့် လောကသို အပြစ်ဝင်ရောက်လာပြီး ဒုတိယအာဒံဖြစ်သော ယေရှုခရစ်တော် ကြောင့် ထာဝရအသက်ရရှိသည်။ ယောသပ်ကြောင့် အစာခေါင်းပါးသောကာလတွင် လူမြောက်များစွာဖူလုံပြီး မောရှေကြောင့် အစ္စရေး တစ်မျိုးသားလုံး အီဂျစ်ပြည်မှလွတ်မြောက်သည်။

ယောရှုကြောင့် အစ္စရေးတိုသည် နယ်မြေ တစ်ခုစီရရှိပြီး ကာလက်ကြောင့် ၄င်း၏အနွယ်များ ကဟေဗြုန်တောင်တန်းရရှိသည်။ Othnielကြောင့် ဘုရင် Cushan-Rishathaim လက်မှ နှစ်ပေါင်း (၄၀)တိုင်လွတ်မြောက်ပြီး ဧဟုဒကြောင့် မောဘတို လက်မှ နှစ်ပေါင်း(၈၀)တိုင်လွတ်မြောက်သည်။

ဒေဘောရကြောင့် ဗာရတ်သည် ရှေ့တန်းသိုစစ်တိုက်ဝံ့၍ ခါနန်ဘုရင်ယာဘိန် လက်မှ လွတ်မြောက်ပြီး ဂိဒေါင်ကြောင့် မိဍန်နှင့်အာမလက်တိုလက်မှ နှစ်ပေါင်း(၄၀) တိုင် လွတ်မြောက်သည်။ ယေဖသကြောင့် ဖိလိတိုနှင့် အမျှန်တိုလက်မှလွတ် မြောက်ပြီး ရုံဆုန်ကြောင့် ဖိလိတ္တိတိုလက်မှ နှစ်ပေါင်း (၄၀)တိုင် လွတ် မြောက်သည်။

ဟန္နကြောင့် ကြီးမြတ်သောပရောဖက်၊ ယဇ်ပရောဟိတ်နှင့် တရားသူကြီး ဖြစ်သူ ရှာမွေလကို ပိုင်ဆိုင်သည်။ ဒါဝိဒ်ကြောင့် ဖိလိတ္တိတိုလက်မှလွတ်မြောက်ပြီး တိုင်းပြည်တည်ထောင်နိုင်သည်။ ဧလိယကြောင့် ဗာလပရောဖက် အားလုံးကွယ် ပျောက်ပြီး ဧလိရှဲကြောင့် ထာဝရဘုရားသာလျှင် စစ်မှန်သော ဘုရားဖြစ်ကြောင်း ၊ သက်သေထူနိုင်သည်။ ဒံယေလကြောင့် နက္ခတ်တာရာလှည့်လည်ပုံနှင့် ကမ္ဘာကြီး ပျက်စီးမည့် အကြောင်း သိရပြီး နေဟမိကြောင့် ယေရုရှလင်မြိုရိုး ပြန်လည်တည် ဆောက်နိုင်သည်။

Athanasius က “ယေရှုခရစ်သည် ဘုရားမဟုတ်” ဟူသည့် အယူဝါဒမှ၎င်း Augustine က ယုံကြည်သူများအား လှောင်ပြောင်ခြင်းမှ၎င်း အသင်းတော်ကိုကာကွယ်သည်။ Tyndale ကြောင့် အင်္ဂလိပ်ကျမ်းစာပေါ်ထွက်ပြီး လက်တင်ဘာ သာ မတတ်သူများ ကျမ်းစာဖတ်နိုင်သည်။ Luther က အသင်းတော်ပြုပြင်ပြီး Calvin က ယုံကြည်သူများလိုအပ်သည့် ဓမ္မအတွေးအခေါ်စာအုပ်နှင့် ကျမ်းစာ အနက် ဖွင့်ခြင်းစာအုပ်ရေးသားသည်။ Whitefieldကြောင့် လူထောင်ပေါင်းများစွာ အပြစ်နောင်တရ၍ အသက်တာပြောင်းလဲသည်။

Westley ကြောင့် မက်သဒစ်အသင်းတော်ပေါ်ပေါက်၍ အင်္ဂလန်နှင့် အမေ ရိကန်နိုင်ငံတို၌ ဝိညာဉ်ရေးနိုးထမှုဖြစ်ပေါ်သည်။ Jonathan Edwardsကြောင့် အမေရိကန်၌ လူထောင်ပေါင်းများစွာ ပြောင်းလဲပြီး နက်နဲသော သမ္မာတရားကို ပိုမိုနားလည်ကြသည်။ Spurgeonကြောင့် အင်္ဂလန်၌ ကြီးမားသော နိုးထ မှုတစ်ခုဖြစ်ပေါ်ပြီး အမှုတော်ဆောင်များစွာပေါ်ထွက်သည်။ Moodyကြောင့် အမေရိကန်နှင့် အင်္ဂလန်နိုင်ငံ တို၌ ဝိညာဉ်ရေးနိုးထပြီး Billy Grahamကြောင့် “ငရဲမီးအိုင်သိုကျရောက်မည့်သူလျော့နည်းသွားသည်။

Judsonကြောင့် မြန်မာပြည်သည် ထာဝရ ဘုရားကိုကြားသိပြီးကျမ်းစာအုပ်လည်းပိုင်ဆိုင်သည်။ Copeကြောင့် ဇိုစာပေနှင့် ကျမ်းစာအုပ်ဖြစ်ပေါ်သည်။ မဲတစ်ပြားကြောင့်- ၁၆၄၅ခုနှစ် တွင် oliver Cromwell သည် အင်္ဂလန်ဝန်ကြီးချုပ်ဖြစ်သွားသည်။ ၁ရရ၆ခုနှစ်တွင် အင်္ဂလိပ်စကားကို အမေရိကန်ဘုံစကားအဖြစ် သတ်မှတ်သည်။ ၁၈၃၉ခုနှစ်တွင် Marcus Mortonသည် မက်ဆာချူးဆက်ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် အရွေး ခံရသည်။ ၁၈၄၅ခုနှစ်တွင် တက္ကဆက်ပြည်နယ်သည် အမေရိကန်ပြည်ထောင်စုဝင် ဖြစ်လာသည်။ ၁၈၅၅ခုနှစ်တွင် ပြင်သစ်နိုင်ငံသည် ဘုရင်အုပ်ချုပ်ရေးစနစ် မှ သမ္မတ အုပ်ချုပ်ရေးစနစ်သို ပြောင်းလဲသည်။ ၁၈၅၆ခုနှစ်တွင် Rutherford B. Hayes သည် အမေရိကန်သမ္မတဖြစ်သွားသည်။ ၁၉၂၃ခုနှစ်တွင် Adolph Hitler သည် နာဇီပါတီခေါင်းဆောင်ဖြစ်လာသည်။

သိုဖြစ်၍ လူတစ်ဦးတစ်ယောက်ကို မထီမဲ့မြင်မပြုသင့်ပေ။ ဘုရားသခင်သည် ကယ်တင်ခြင်းမှစ၍ ကြီးမားသောအမှုတစ်ခုခု ပြုသည့်အခါတိုင်း လူတစ်ဦးတစ် ယောက်ကို အသုံးပြုလေ့ရှိသည်။

 

၁၇။ ပေတရု (Peter)

တမန်တော်များအကြောင်းကိုပြောဆိုတိုင်း ပေတရု၏နာမည်ကို အဘယ်ကြောင့် ဦးစားပေးကြ ပါသနည်း။ သူသည် တမန်တော်(၁၂)ပါးအနက် ပထမဆုံးအခေါ်ခံရ သူလော။ မဟုတ်ပါ၊ အန္ဒြေ ပထမဆုံး ဖြစ်သည်။ အသက်အကြီးဆုံးသူလော။ မဟုတ် ပါ။ အတော်ဆုံးသူလော။ လုံးဝမဟုတ်ပါ၊ ဖိလိပ္ပုနှင့် ဗာသောလမဲတို့ ပိုတော်ပါလိမ့် မည်။ အစိုးရအလုပ်အကျွမ်းဆုံးသူလော။ မဟုတ်ပါ၊ တမန်တော်များအနက် မဿဲက သာ အစိုးရဝန်ထမ်းလုပ်ဖူးသည်။ အချမ်းသာဆုံးသူလော။ မဟုတ်ပါ၊ တံငါသည် အချင်းချင်းအနက် ယာကုပ်နှင့် ယောဟန်က ပိုချမ်းသာသည်။ ဟန်ဆောင်ကောင်း ၍လော။ မဟုတ်ပါ။ ယုဒရှကာရုတ် ပိုတော်သည်။ သိုဖြစ်လျှင် အဘယ်ကြောင့် ဦးစား ပေးကြပါသနည်း။ မြင့်မြတ်သော ခေါင်းဆောင်များ၏ နာမည်ကို မကြာခဏခေါ်ဆို ရကြစမြဲပင်ဖြစ်သည်။

ထိုအပြင် ပေတရု၏နာမည်ကို ခရစ်ဝင်ကျမ်းလေးအုပ်တို၌ (၁၅၆)ကြိမ်တွေ့ ရသဖြင့် ယေရှု၏ နာမည်ပြီးလျှင် အကြိမ်အများဆုံးဖြစ်သည် (အခြားနာမည်များဖြစ် သည့် ကေဖ၊ ရှိမုန်၊ ရှိမုန်ပေတရုတိုကို ရေတွက်ပါက (၁၈၁)ကြိမ်တွေ့ရပြီး (၁၇၇) ကြိမ်တွေ့ရသော ပေါလုရှောလု၏နာမည်ထက် ပိုများသည်)။ သခင်ယေရှုက ပေ တရုကို အခြားတမန်တော်များထက် အဘယ်ကြောင့် မကြာခဏခေါ်ပါသနည်း။ ပေတရုကဲ့သို သခင်ယေရှုကို အပြစ်တင်ဝံ့သူမရှိသကဲ့သို ပေတရုကဲ့သို သခင်ယေရှု၏ ကြမ်းမောင်းမှု ခံရသူလည်း မရှိသောကြောင့်ဖြစ်သည်။ မည်မျှခံရသနည်းဆိုလျှင် “စာတန်”ဟုပင် အခေါ်ခံရသည်။ ခေါင်းဆောင်လုပ်မည့်သူဖြစ်သဖြင့် အခြားသူများ ထက် စမ်းသပ်မှုပိုခံရသည်။

သူသည် တမန်တော်များ၏ခေါင်းဆောင်ဖြစ်သည်။ ပြောစရာ၊ လုပ်စရာရှိလ ရှေ့ဆုံးမှ ပြောဆိုလုပ်ဆောင်သကဲ့သို (ယေရှုကိုပင် အပြစ်တင်မိသည်။ မာ ၈း၃၂ ) ခံစရာရှိလျှင်လည်း ရှေ့ဆုံးမှခံရသူ ဖြစ်သည်။ သတ္တိရှိ၍ ထက်မြက်သူလည်းဖြစ်သည်။

 တမန်တော်(၁၂)ပါးတို့သည် အုပ်စုသုံးခုခွဲ၍ အုပ်စု(၁)တွင် ပေတရု၊ အခြွေ၊ ယာကုပ်နှင့် ယောဟန်၊ အုပ်စု(၂)တွင် ဖိလိပ္စု၊ ဗာသောလမဲ၊ သောမနှင့် မသဲ၊ အုပ်စု(၃)တွင် အာလဖဲ၏သား ယာကုပ်၊ လေထဲ (သဒ္ဒဲ)၊ ရှိမှန်နှင့် ယုဒရှကာရုတ်တိုပါဝင်သည်။ ပေတရုသည် အုပ်စု(၁)၏ခေါင်းဆောင်အပြင် အုပ်စုသုံးခု စလုံး၏ ခေါင်းဆောင်လည်း ဖြစ်သည်။ သူ၏အကြောင်းကို ဆက်လက်လေ့လာကြပါစို။

ပေတရု၏နောက်ကြောင်း

သခင်ယေရှုနှင့်မတွေ့မီအထိ သူ၏နာမည်မှာ ရှိမုန်ဖြစ်သည်။ ဟေဗြဲဘာသာ ဖြင့် Symeon မှ ဂရိဘာသာဖြင့် Simonဖြစ်သွားသည်။ ယုဒလူမျိုးတိုတွင် ရှိမုန် နာမည်များလွန်းသဖြင့် သူ့ကို တံငါ သည် ရှိမုန်၊ အနွေ၏အစ်ကို ရှိမုန်ဟုခေါ်ကြသည်။

သူသည် ဂရိလက်အောက်ခံ ဗက်ဇဲဒမြို(တံငါသည်များ၏မြို)ဇာတိဖြစ်သဖြင့် | ဂရိစာပေနှင့် ယဉ်ကျေးမှုကို ငယ်စဉ်မှစ၍ အတော်အသင့်တတ်မြောက်လိမ့်မည် ဖြစ်သည်(အဋေနှင့် ဖိလိပ္ပဟူသည့် နာမည်လည်း ဂရိနာမည်ဖြစ်သည်)။ ထိုမြိုမှ ကပေရနောင်မြိုသိုပြောင်းရွှေ့ပြီးနောက် ယေရှုနှင့်ဆုံ တွေ့ခြင်းဖြစ်သည်။ ထိုအချိန်၌ သူသည် အိမ်ထောင်ကျနေပြီဖြစ်သည်(လု ၄း၃၈၊ ၁ကော ၉း၅ )။

သခင်ယေရှုက ရှိမုန်ကိုမြင်သောအခါ ကေဖ(ပေတရု)ဟုသာခေါ်သည်။ ဟေဗြဲ စာချဆရာ(ရွ)များက ကျောင်းသားများကို ၄င်းတိုမြင်သည့်အတိုင်း ခေါ်လေ့ရှိကြ သည်။ အာရမိတ်စကားကေဖဟူသည် “ကျောက်’ဟု အဓိပ္ပာယ်ရသည်။ ယင်းစကား လုံးကို ဂရိစကားဖြင့်ဖလှယ်သောအခါ “ပီတာ”ဖြစ်လာပြီး ကျောက် ́ဟုပင် အဓိပ္ပာယ် ရသည်(ပီထရာနှင့် ပေတရုလည်း အဓိပ္ပာယ်အတူတူပင်သည်။ မ ၁၆း၁၈)။

ခရစ်ဝင်ကျမ်းလေးအုပ်ထဲတွင် “ကေဖ”စကားလုံးကို တစ်ကြိမ်သာတွေ့ရပြီး (ယော ၁း၄၂) ကျန် ကျမ်းစာအုပ်များတွင် ရှင်ပေါလုက အသုံးပြုသည်( ၁ကော ၁း၁၂၊ ၃း၂၂၊ ၉း ၅၊ ၁၅း၆၊ ဂလာ ၁း၁၈၊ ၂း၉၊ ၁၁၊ ၁၄)။ ရဗ္ဗိများနည်းတူ သခင်ယေရှုက လည်း ရှိမုန်ကို ကျောက်ကဲ့သိုမာကျောခိုင်ခံ့သူဖြစ်ရန် ပေတရုဟု မှည့်ခေါ်ခြင်းဖြစ်နိုင် ပေတရုအမည်သစ်ပေးသော်လည်း တစ်ခါတစ်ရံ ရှိမုန်ဟုလည်းကောင်း၊ ပေတရုဟု လည်းကောင်း ခေါ်ဝေါ်တတ်သည်။ အဘယ်ကြောင့် ထိုသိုအမျိုးမျိုး ခေါ်ဝေါ်သနည်း။ ဆက်လက် လေ့လာကြပါစို။ ။

ပေတရုကို သူ၏မိသားစုအရေးနှင့် လုပ်ငန်းကိုင်ငန်းစသည့် လောကီရေးရာ ကိစ္စများတွင် များသော အားဖြင့် ရှိမုန်ဟု ခေါ်ဝေါ်လေ့ရှိသည်။ ဥပမာ၊ ရှိမုန်၏အိမ်(မာ ၁း၂၉၊ လု ၄း၃၈)၊ ရှိမုန်၏ ယောက္ခမ(မာ ၁း၃ဝ၊ လု ၄း၃၈၊ ရှိမုန်၏လှေ(လု ၅း၃)နှင့် ရှိမုန်၏အပေါင်း အဖော်များ(လု ၅း၁၀)။ ထိုအပြင် သခင်ယေရှုက အပြစ်သားဖြစ်ခြင်းနှင့် အားနည်းချက်ရှိသူဖြစ်ခြင်းကိုပေါ်လွင်စေလိုသည့် အချိန်တွင်လည်း ရှိမုန်ဟု ခေါ် လေ့ရှိသည်။ “ရှိမုန်၊ သင်၏လှေကို ရေနက်ရာသိုရွှေ့ လော့။ … သခင်၊ အကျွန်ုပ်သည် အပြစ်များသော သူဖြစ်ပါ၏။ အကျွန်ုပ်ဆီမှ ကြွသွားတော်မူပါ”(လု ၅း၄-၈)။ ““ရှိမုန်၊ သင်သည် ငါ့ကိုချစ်သလော”(ယာ ၊ ၂၁း၁၅-၁၇)။

ဘာသာရေးနှင့် ဝိညာဉ်ရေးရာကိစ္စများတွင်မူ ပေတရုဟု သုံးနှုန်းခေါ်ဝေါ် သည်။ ဥပမာ၊ “သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်”(၁၆း၁၈)။ “ပေတရုက သခင်ယေရှုထံ အရှင်ဘုရား၊ ဤအရပ်၌ နေ ထိုင်ကြပါရစေ” (မာ ၉း၄)။ ယောဟန်ကမူ ဓာတ်သိသူ ချင်းဖြစ်သဖြင့် ရှိမုန် ပေတရုဟု သာ ခေါ်ဝေါ်လေ့ရှိသည်။

ပေတရုသည် သခင်ယေရှုနှင့်မထိတွေ့မီအထိ သာမန်နာမည်၊ သာမန်အလုပ်၊ သာမန်အသက်တာဖြင့် အသက်ရှင်သူဖြစ်သည်။ ချီးကျူးမှုခံရသည့်နည်းတူ ရှုတ်ချ မှုလည်းခံရသည်။ ပင်ကိုယ်ကပင် စိတ်မြန်လက်မြန် သူဖြစ်သဖြင့် ဆုံးဖြတ်ချက် တစ်ခုခု၊ လုပ်စရာတစ်ခုခုရှိသည့်အချိန်တွင် မဆင်မခြင်ချမှတ်လုပ်ဆောင် တတ်သည်။ ထိုကြောင့် မကြာခဏလွှချော်လေ့ရှိသည်။ ယင်းက သူသည် သာမန် လူတစ်ယောက် သာဖြစ် ကြောင်း ပေါ်လွင်စေသည်။

သိုသော် ဘုရားသခင်က သာမန်လူတစ် ယောက်ကို ခေါင်းဆောင်ကောင်း ဖြစ်စေလိုသည်။ ရှိမှန်၌ ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည် အချင်းတချိုကို တွေ့ရှိသဖြင့် ယင်းအချက်ကိုပင်အ ခြေခံပြီး ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရန် ပြုစုပျိုးထောင်ပေးသည်။ သူ၏ စိတ်မြန်လက်မြန်မှု ကို အကောင်း ဘက်သို အသုံးချတတ်ရန် ပြောင်းလဲ ပေးလိုက်သည်။

ပေတရု၏ ပင်ကိုယ်သဘာဝ

ပေတရု၏ ပင်ကိုယ်သဘာဝနှင့် စိတ်နေသဘောထားကိုကြည့်လျှင် ခေါင်း ဆောင်တစ်ယောက်၌ရှိရမည့် အတွေးအခေါ်နှင့်အပြုအမူများ ပိုင်ဆိုင်သူဖြစ်မှန်း တွေ့မြင်ရသည်။ ၄င်း၏ စူးစမ်းသိရှိလိုမှု၊ တစ်ခုခုကို အစပြုဝံ့မှု၊ ပါဝင်လုပ်ဆောင်ကြံမှု တိုက ခေါင်းဆောင်အရည်အချင်းရှိကြောင်း ပေါ်လွင်စေသည်။

ခေါင်းဆောင်များက စူးစမ်းလို ကြသည်

ပေတရုသည် စူးစမ်းလိုသူတစ်ဦးဖြစ်သည်နှင့်အညီ နားမလည်သည့်အရာ တစ်ခုခုရှိပါက မေးမြန်းစူး စမ်းရန် ဝန်မလေးခဲ့ချေ။ သိုဖြစ်၍လည်း သိသင့်သည်များ ကို သိရှိသည့်အပြင် ပြဿနာများကို မည်သိုဖြေရှင်း ရမည်ကိုလည်း သိရှိသည်။

ပေတရုသည် အခြားတမန်တော်များထက် အမေးအမြန်းထူသူဖြစ်သည်။ “ထို ဥပမာ၏အနက်ကို အကျွန်ုပ်တိုအား ဖွင့်ပြတော်မူပါ”(မ ၁၅း၁၅၊ လု ၁း၂၄၁)၊ “သခင်၊ ညီအစ်ကိုသည် အကျွန်ုပ်ကို ပြစ်မှား၍ အကျွန်ုပ်သည် သူ၏အပြစ်ကို ဘယ် နှစ်ကြိမ်လွှတ်ရအံ့ပါနည်း” (မ ၁၈း၂၁)၊ “အကျွန်ုပ်တိုသည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သိုလိုက်ကြပါပြီ။ အဘယ်အကျိုးကိုရကြပါမည်နည်း”(မ ၁၉း၂၅)၊ “အရှင် ဘုရားကြည့်တော်မူပါ။ ကျန်တော်မူသော သင်္ဘောသဖန်းပင်သည် သွေ့ခြောက်ပါပြီတကား” (မာ ၁၁း၂၁)၊ “နောက်ဆုံးသောနေ့ရက်ကို မည်သိုသိနိုင်မည် နည်း”(မာ ၁၃း၃)၊ “သခင်၊ ကိုယ်တော်ကိုအပ်နှံသောသူကား အဘယ်သူနည်း” (ယော ၂၁း၂ဝ-၂၁) စသည်ဖြင့် မေးခွန်းများစွာပေးခဲ့သည်။ သခင်ယေရှုကလည်း မေးသမျှ ကိုဖြေပေးသဖြင့် အသိပညာပို၍တိုးပွားသည်။

ခေါင်းဆောင်ရှာဖွေရာ၌ စူးစမ်းလိုစိတ်၊ မေးမြန်းလိုစိတ်ရှိသောသူကို ဦးစွာ ရှာပါက ပို၍တွေ့ရလွယ် မည်ဖြစ်သည်။ အကြောင်းမှာ ထိုသိုသောသူများသည် ခေါင်းဆောင်ကောင်းတို၏ အရည်အချင်း တစ်ခုကို ပိုင်ဆိုင်ရပြီးသားဖြစ်သည်။ အမေး အမြန်းထူသောပေတရုသည် တမန်တော်များ၏ခေါင်းဆောင်ဖြစ်လာသည်။

ခေါင်းဆောင်များက အစပြုခဲ့ကြသည်

တစ်ခုခုကို အစပြုရဲသောသူများသည် နောက်လိုက်ဘဝဖြင့် အချိန်ကုန်ရမည် မဟုတ်ပေ။ အစပြုရဲခြင်းသည် ခေါင်းဆောင်ပီသခြင်းဖြစ်၍ တွန့်ဆုတ်နေလျှင်မူ အစပြုရဲသူများ၏နောက်သိုသာ လိုက်ရလိမ့်မည်ဖြစ် သည်။ ခေါင်းဆောင်ကောင်းတိုမည်သည် စွန့်ဦးတီ ထွင်ရဲသူများဖြစ်၍ မည်သူမျှ မသိဖူးသောလမ်း၊ နေ ရာကို ဖောက်လုပ်ရှာဖွေပြီး နောက်လိုက်များကို သာ ယာစွာ လက်တွဲခေါ်ဆောင် ကြသည်။ အစပြုရဲသူများ ကို ဝိုင်းဝန်းပံ့ပိုးရဲကြသည်။

ပေတရုသည် စူးစမ်းလိုသူ၊ မေးမြန်းလိုသူသာ မဟုတ်ဘဲ မေးခွန်းဖြေဆိုရဲသူလည်းဖြစ်သည်။ သခင် ယေရှုက “ငါ့ကို ဘယ်သူတိုထိသလဲ”ဟုမေးရာ မည် သူမျှ မဖြေဆိုရဲသည့်အချိန်တွင် ပေတရုက ဖြေဆို သည်(လု ၈း၄၅)။ သခင်ယေရှုက “ငါ့ကို ဘယ်သူလိုထင်ကြသလဲ” ဟုမေးရာ ပေတရု ကပင် ဦးစွာဖြေဆိုသည်(မ ၁၆း၁၆)။ မည်သူမျှ မဖြေရဲသည့်အချိန်တွင် သခင်ယေရှု၏ မေးခွန်းအများစုကို ပေတရုက ဒိုင်ခံဖြေဆိုရသည်။ ထိုအပြင် တမန်တော်အဖြစ် ပထမ ဆုံးပါဝင်ရဲသူတစ်ဦးဖြစ်သည်။

ခေါင်းဆောင်များက အကြွင်းမဲ့လုပ်ဆောင်သည်

ခေါင်းဆောင်ကောင်းတိုသည် ၄င်းတို၏စိတ်နှလုံး၊ ဉာဏ်ပညာ၊ အစွမ်းသတ္တိ နှင့် ဥစ္စာရှိသမျှတို ကိုပုံအောပြီး အကောင်းဆုံးဦးဆောင်ရုံသာမကဘဲ အသက်ကိုပင် ပေးရဲကြသည်။ လူတိုက အညံ့ဆုံးစ ပျစ်ရည်ကို ဦးစားပေးဝေငှချိန်တွင် ခေါင်းဆောင် ကောင်းများက အကောင်းဆုံးကိုသာ ဝေငှပေးကြသည်။

ပေတရုသည် စိတ်မြန်သူဖြစ်သည့်အားလျော်စွာ သွက်လက်ပေါ့ပါး၍ လုပ် ဆောင်ရာတိုင်း၌ အစွမ်းရှိသမျှပုံအောပြီး လုပ်ဆောင်တတ်သူဖြစ်သည်။ Clarence Macartney က “ပေတရုသည် တမန်တော် များအနက် “လူ့သဘာဝအစစ်ရှိသူ” ဖြစ်သည်”ဟု မှတ်ချက်ချသည်။ တကယ်လည်း လူ့သဘာဝအစစ်ကို ပေတရု၏ အသက်တာ၌ တွေ့မြင်နိုင်သည်။

စိတ်ဆိုးလျှင် ဓားကိုချက်ချင်းဆွဲထုတ်၍ နောင်တရလျှင် ရှိက်ကြီးတငင် ငို သည်။ သခင်ယေရှု၏ အမိန့်ကြောင့် ငါးများစွာဖမ်းမိသောအချိန်တွင် သခင်ယေရှုကို စစ်မှန်သောဘုရားဖြစ်ကြောင်း သိသဖြင့် “သခင်၊ ကျွန်တော့်ရှေ့မှ ရှောင်ထွက်တော်မူပါ”ဟု စိတ်နှလုံးအကြွင်းမဲ့ ဒူးထောက်တောင်းပန်သည်(လု ၅း၈)။

သခင်ယေရှုနောက်လိုက်သည့်အချိန်တွင် အ ကြွင်းမဲ့လိုက်သကဲ့သို မလိုက်တော့သည့်အချိန်တွင် လည်း ချက်ချင်းပင် တံငါသည်ပြန်လုပ်သည်။ စိတ်ထဲ ရှိသည့်အတိုင်း ပွင့်လင်းစွာ ပြောဆိုလုပ်ဆောင်တတ်သဖြင့် မှားသည့်အချိန်တွင် ရှုတ်ချမှုခံရသကဲ့သို မှန် သည့်အချိန်တွင်လည်း ချီးကျူးမှုခံရသည်။ ပြည့်စုံသောအောင် မြင်မှုရရှိနိုင်ရန် စိတ် နှလုံးအကြွင်းမဲ့ပေးအပ်ရန်လိုအပ်ပြီး တစ်ဝက်သာပေးပါက တစ်ဝက်သာအောင် မြင်ပါမည်။ အေးလည်းမအေး၊ ပူလည်းမပူ၊ မပူမအေးရှိနေပါက အရသာမရှိသဖြင့် ထွေးထုတ်ခြင်းခံရ နိုင်သည်(ဗျာ ၃း ၁၆)။

ခေါင်းဆောင်များသည် ပါဝင်လုပ်ဆောင်ခဲ့ကြသည်

ခေါင်းဆောင်ကောင်းများသည် အရေးကိစ္စတစ်ခုခု ပေါ်ပေါက်သည့်အခါ ရှောင်ထွက်ခြင်းမပြုဘဲ လူထုကိုဦးဆောင်မှုပေး၍ ပါဝင်လုပ်ဆောင်ရဲကြသည်။ ပြင်း ထန်ကြမ်းတမ်းသော မုန်တိုင်းကို အတူတကွ ဖြတ်ကျော်ပေး၍ နာစရာရှိလျှင် ရှေ့ဆုံး မှအနာခံရဲကြသည်။

ရေပေါ်လမ်းလျှောက်သောယေရှုကို တမန်တော်များမြင်သောအခါ အလွန် ကြောက်ရွံကြသည်။ သိုသော် ပေတရုကမူ မုန်တိုင်းဒီလှိင်းကြား၊ ကြောက်ရွံသည့်ထဲမှပင် လှေပေါ်မှဆင်းပြီး ယေရှုထံသွားရဲသည်။ ကြောက်စရာကောင်းသော တများထဲသို ပါဝင်ရဲသည်။ တရားဟောဆရာတချိုက ပေတရုကို “ယုံကြည်ခြင်း ၊ အားနည်းသောကြောင့် ရေထဲမြုပ်လုနီးသူ” ဟု ဝေဖန်ကြသည်။ စင်စစ် အခြား တမန်တော်များကသာ ယုံကြည်ခြင်းပို၍အားနည်းသည်။ အကြောင်းမှာပေတရုကဲ့သို လေပေါ်မှ ဆင်းဝံ့သူ၊ ရေပေါ်လမ်းလျှောက်ဝံ့သူ မည်သူမျှမရှိ၍ဖြစ်သည်။

တချိုက ပေတရု၏ သခင်ယေရှုကို သုံးကြိမ်တိတိငြင်းပယ်မှုကို ဝေဖန်တတ် လေ့ရှိကြသည်။ မှန်ပါသည်။ သိုသော်လည်း ယေရှုနောက်သို လိုက်မြဲလိုက်သွား ချိန်တွင် အခြားတမန်တော်များ မည်သည့်နေ ရာသို ရှောင်ပုန်းကြပါသနည်း။ ပေတရုကသာ ယဇ်ပရော ဟိတ်မင်း၏အိမ်အထိ လိုက်သွားရဲသည်။ သိုဖြစ်၍ ပေတရုသည် ကြောက်စရာကောင်းသောအခြေအနေ တွင် ပါဝင်ရဲသူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

သခင်ယေရှုရှင်ပြန်ထမြောက်ကြောင်း ကြား သိရသောအခါ ပေတရုနှင့် ယောဟန်တို အပြေး သွား ကြည့်ကြသည်။ ယောဟန်သည်ပေတရုထက်သချိုင်း သို ဦးစွာရောက်ရှိသော်လည်း သင်္ချိုင်း တွင်းထဲသို ပေတရု ဦးစွာရောက်ရှိသည်။ ယောဟန်က သင်္ချိုင်းကို အကဲခပ်စူးစမ်းချိန်တွင် ပေတရုသည် သင်္ချိုင်းတွင်းထဲသို တောက်လျှောက်ဝင်သွားသည်။ ခေါင်းဆောင် ကောင်းတိုသည် ကိစ္စတစ်ခုခု ပေါ်လာပါက ကြောက်ရွံခြင်းမရှိဘဲ ပါဝင်ရဲကြသည်။

ပေတရု၏ ဝိညာဉ်ရေးအသက်တာ ၊

အထူးသဖြင့် ခရစ်ယာန်ခေါင်းဆောင်ကောင်းဖြစ်လာနိုင်ရန်အတွက် ဝိညာဉ် ရေးအသက်တာသည် အလွန်အရေးကြီးသည်။ ဘုရားသခင်၏အသုံးတော်ခံနိုင်ရန် ဘုရားသခင်ကိုဦးထိပ်ထား၍နှုတ်ကပတ်တော်နှင့် အညီလိုက်လျှောက်အသက်ရှင်ရန် အလွန်လိုအပ်သည်။

ခေါင်းဆောင်နှင့် နှုတ်ကပတ်တော်

ပေတရုသည် စူးစမ်းလိုသူဖြစ်သည့် အားလျော်စွာ နှုတ်ကပတ်တော်ကို သဘောပေါက်လွယ်သူဖြစ် သည်။ သခင်ယေရှုက ၄င်းသည် အသက်မုန့်ဖြစ်ကြောင်း ရှင်းပြသောအခါ လူအများစုသဘော မပေါက်နိုင်ကြဘဲ စွန့်ပစ်ထွက်သွားကြသည်။ ထိုအခါယေရှုကတမန်တော်များထံ“သင်တိုလည်းငါ့ကိုမစွန့်ကြဘူးလား”ဟုမေးရာ ရှိမှန်ပေတရုက “သခင်၊ ကျွန်တော်တို ဘယ်သူ့ဆီသွားရမလဲ။ ကိုယ်တော့်ဆီမှာပဲ အသက်ရှိတယ်ဆိုတာ သိကြပါတယ်။ ကိုယ်တော့်ကို ဘုရားသခင်ရဲ့သား၊ ခရစ် တော်ဖြစ်တာကို ယုံကြည်ကြပါတယ်”ဟု ချက်ချင်းဖြေဆိုသည် (ယော ၆း၆၆-၆၇)။

သခင်ယေရှုကလည်း “ယောနရဲ့သားရှိမုန်၊ သင်ဟာမင်္ဂလာရှိသူဖြစ်တယ်။ ဒါတွေကို သင့်ဇာတိ အသွေးအသားက သိစေတာမဟုတ်ဘူး။ ကောင်း ကင်ဘုံရှင် ငါ့အဖက ဖော်ပြပေးတာဖြစ်တယ်” ဟု ပြန်ပြောသည်(မ ၁၆း၁၅-၁၈)။

ပေတရုသည် ဘုရားသခင်အသုံးပြုမည့်သူ၊ ဘုရားသခင်ကို ဦးထိပ်ထားသောသူဖြစ်သဖြင့် ဘုရား သခင်ကလည်း အချည်းနှီးမထားဘဲ ဉာဏ်ပညာကို လိုအပ်သလိုပေးခဲ့သည်။

ခေါင်းဆောင်နှင့် အိမ်ထောင်မိသားစု

သင်းအုပ်ဆရာသည် အပြစ်တင်စရာမရှိသူ၊ ဇနီးတစ်ဦးတည်းရှိသူ၊ အိမ်ထောင် ကို ကောင်းမွန် စွာဦးဆောင်နိုင်သူ၊ သားသမီးများ၏ ရိုသေလေးစားမှုရရှိသူဖြစ်ရမည် ဟု ကျမ်းစာကပြောသည်(၁တိ ၃း၂-၄)။ အိမ်ထောင်ကို မဦးဆောင်နိုင်သောသူသည် အိမ်ထောင်ထက်ပိုကြီးသော အဖွဲအစည်းအမျိုးမျိုးတိုကို ဦးဆောင်နိုင်မည်မဟုတ် သဖြင့် နောက်လိုက်လည်းရှိလိမ့်မည်မဟုတ်ပေ။

ပေတရုသည် အိမ်ထောင်ဦးစီးကောင်းဖြစ် သည်။ သခင်ယေရှုနောက်သိုလိုက်ခြင်းဖြင့် အိမ်သား များသာမက ယောက္ခမကပါ ကျန်းမာခြင်းရရှိသည် (မာ ၁း၃၀-၃၁၊လု ၄း၃၈-၃၉)။ ဇနီးသည်ကို ကောင်း ၊ မွန်စွာ သွန်သင်ပေးနိုင်သဖြင့် ဧဝံဂေလိသွားသည့် နေရာတိုင်းသို အတူတကွသွားရောက်လေ့ရှိကြသည် (၁ကော ၁း၅)။ ထိုသို စိတ်တူကိုယ်တူ လုပ်ဆောင်ဖြင့် သူ၏ဇနီးသည် ၄င်းထက်ပင် စော၍ လက်ဝါးကားတိုင်ပေါ်၌ ဆွဲချသတ် ခြင်း ခံရသည်။

ထိုသို့ဆွဲချစဉ် ဇနီးသည်အား“သခင်ယေရှုကိုသာအောက်မေ့ရန်” တိုက်တွန်း၍ ၄င်းကိုမူ သခင် ယေရှုကဲ့သိုဆွဲချခံရန် ထိုက်တန်သူမဟုတ်သဖြင့် ဇောက်ထိုးဆွဲချ ရန်တောင်းဆိုပြီး ဇောက်ထိုးဆွဲချခြင်း ခံသည်ဟု မှတ်တမ်းတင်ထားသည်။

အိမ်ထောင်မိသားစုကို စိတ်တူကိုယ်တူဖြစ်ရန် ပုံသွင်းဦးဆောင်နိုင်သောသူ သည် အောင်မြင်သော ခေါင်းဆောင်ကောင်းဖြစ်သည်။

ခေါင်းဆောင်နှင့် ကောင်းချီးမင်္ဂလာ

ပေတရုက ဘုရားသခင်ကိုဦးထိပ်ထားသဖြင့် ဘုရားသခင်ကလည်း ဉာဏ် ပညာကိုပေးသည်။ သခင်ယေရှုကို ဘုရားသခင်၏သား၊ ခရစ်တော်ဖြစ်သည်ဟု ပြော ဆိုသောအခါ သခင်ယေရှုက “သင်ဟာ ပေတရု(ကျောက်)ဖြစ်တယ်။ ဒီကျောက် ပေါ်မှာ မရဏာနိုင်ငံက မဖျက်ဆီးနိုင်တဲ့ ငါ့အသင်းကိုငါ တည် ဆောက်မယ်” ဟု ပြော သည် (မ ၁၆း၁၆-၁၈)။ ပေတရု(ကျောက်)ဟူသည် ‘နာမည်” (proper name) မဟုတ်ဘဲ အရာဝတ္ထု’ (noun)ဖြစ်သည်။ သိုသော် သခင်ယေရှုက ထို “အရာဝတ္ထု ကို “နာမည်” ဖြစ်စေသဖြင့် အလွန် ကောင်းသော ဂုဏ်ပြုမှုတစ်ခုဖြစ်သွားသည်။

သခင်ယေရှု၏စကားအတိုင်း ပေတရုသည် ကောင်းကင်တံခါးကို တကယ် ဖွင့်လှစ်ခဲ့သည်။ သူ၏တရားဟောချက်ကြောင့် ပင်တေကုတ္တေနေ့တွင် လူသုံးထောင် ကယ်တင်ခြင်းရသည်(တ ၂)။ ထိုမှ လူငါးထောင် ကယ်တင်ခြင်းရသည်(တ ၄။ ဘုရား သခင်ကိုဦးထိပ်ထားပါက ဘုရားသခင်ကလည်း ကောင်းချီးပြန်ပေးသည်။

ခေါင်းဆောင်နှင့် အမှားကျူးလွန်ခြင်း

ပေတရုသည် စိတ်မြန်လက်မြန်သည့်အတိုင်း အကောင်းပြုရန်မြန်ဆန်သကဲ့ အဆိုပြုရန်လည်း မြန်ဆန်သည်။ တည့်သည့်အချိန်တွင် အလွန်ကောင်းမွန် သလောက် လွဲသည့်အချိန်တွင် အလွန်ဆိုးရွားသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် ကသတိရှိပါကဤမျှအမှား ကျူးလွန်မိမည်မဟုတ်ပေ။ ခေါင်းဆောင်ကောင်းတစ် ဦးဖြစ်သော်ငြား မှားယွင်းလေ့ရှိသဖြင့် သူလည်း သာမန်လူတစ်ဦးသာဖြစ်မှန်း ထင်ရှားပေါ်လွင်သည်။

သခင်ယေရှုက တမန်တော်များထံ ၄င်းသည် ယေရုရှလင်သိုသွားပြီး အစိုး လူကြီးများ၊ ယဇ်ပုရောဟိတ် များနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များ၏ ဖမ်းဆီးသတ်ဖြတ်မခံ ရမည့်အကြောင်း ပြောလိုက်သောအခါ ပေတရုက သခင်ယေရှုကို ““ဒီလိုမျိုး မလာစေရ”ဟု ဒေါသတကြီးကြိမ်းမိသည်။ ခေါင်းဆောင် တစ်ဦးအနေဖြင့် “ငါလက် ထက်မှာ အသတ်မခံစေရဘူး’ဟု ကြိမ်းလိုက်ခြင်းဖြစ်သည်။ ထိုအခါ သခင်ယေရှုသည် ပေတရုကို လှည့်ကြည့် ကာ “အချင်းစာတန်၊ ငါ့နောက်သိုဆုတ်လော့”ဟု ကြိမ်း မောင်းလိုက်သည်(မ ၁၆း၂၃)။

ပေတရုသည် ဂုဏ်ပြုမှု အမြင့်ဆုံးရရှိသည့် အချိန်တွင် မာန်တက်မိသဖြင့် “စာတန်’ဟု အခေါ်ခံ ရသည်။ စုံစမ်းခြင်းဝင်ရောက်လာသဖြင့် ပေတရုအဖို့ အောင်မြင်မှုအရဆုံးအချိန်သည် ရှုံးနှိမ့်မှုအရဆုံး အ ချိန် ဖြစ်သွား သည်။ ဘုရားသခင်အတွက် အသုံး တော်ခံသကဲ့သို စာတန်အတွက်လည်း အသုံးတော်ခံ မိသွားသဖြင့် ကြိမ်းမောင်းခြင်းခံရသည်။

လောကရေးရာနှင့် ဝိညာဉ်ရေးရာနှစ်ခုစလုံး၌ အောင်မြင်မှုအရဆုံးအချိန်သည် အမှားကျူးလွန်ရန် အလွယ်ကူဆုံးအချိန်ဖြစ်သည်။ တောင်ထိပ်ရောက်လေလေ၊ လေပြင်းထန်လေလေ၊ စာတန်၏ စုံစမ်းခြင်း ကြီးမားလေလေပင်ဖြစ်သည်။ သခင်ယေရှုသည် ရက်ပေါင်း (၄၀) အစာရှောင်ပြီးသည့် အချိန်၊ တစ်နည်းအားဖြင့် ဝိညာဉ်ရေးအလွန်ရင့်ကျက် သည့်အချိန်တွင် ဗိုက်အလွန်ဆာသဖြင့် စာတန်၏စုံစမ်းခြင်းခံရသည်။ ထိုသိုသော အချိန်သည် စာတန်အဖို အလုပ်အရှုပ်ဆုံးအချိန်၊ ၄င်း၏ကျော့ကွင်းထဲမဆင်းမိရန် အန္တရာယ်အရှိဆုံးအချိန်ဖြစ် သည်။ ကောင်းသောအရာတို၏နောက်သို ဆိုးသောအရာ တိုက လိုက်လာတတ်လေ့ရှိသည်ကို သတိချပ်သင့် သည်။

ခေါင်းဆောင်နှင့် ပြန်ထခြင်း

ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရား ၊ သောသူမူကား လဲသော အခါ ဆုံးရှုးလိမ့်မည်(သု ၂၄း၁၆)။ အခက်အခဲအမျိုးမျိုးဖြစ်စေ၊ စုံစမ်းခြင်းတစ်ခုခုဖြစ်စေ ရင်ဆိုင်ရသောအ ချိန်တွင် လဲကျတတ်ပြီး ပေတရုနည်းတူ မှားမိတတ်ကြသည်။ ထိုအခါ စစ်မှန်သော ယုံကြည်သူဖြစ်ပါက ပြန်ထလေ့ရှိပြီး မဟုတ်ပါက ပြန်မထနိုင်တော့ချေ။ အထူးသဖြင့် ခေါင်းဆောင် များလဲကျသောအခါ ဘုရားသခင်ကပြန်လည်ထူမပြီး ဆက်လက်အမှုဆောင်နိုင်ရန် ခွန်အားပြန်ပေးသည်။ အကယ်၍ လဲကျသည့် အတိုင်းထားပစ်ပါက ပေတရုပင်လျှင် ခေါင်းဆောင်ကြီးဖြစ်နိုင် မည်မဟုတ်ပေ။

သခင်ယေရှုက သိုးထိန်းရှင်အသတ်ခံရပြီး သိုးစုများဖရိုဖရဲကွဲပြားကုန်မည့်အ ကြောင်း ပြောလိုက်သော အခါ ပေတရုက “လူတွေက ကိုယ်တော့်ကိုစွန့်ခွာရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှမစွန့်ဘူး။ ကိုယ် တော့်ကိုငြင်းပယ်မဲ့အစား ကိုယ်တော်နှင့်အတူ အသေ ခံလိုက်မယ်”ဟုပြောသည် (မ ၂၆း၃၁-၃၅။ သိုသော် ယေရှုအဖမ်းခံရသည့်အချိန်တွင် တိတ်တိတ်ကလေး လိုက်သွားသေးသော်လည်း နောက်ဆုံးတွင် ငြင်းပယ် မိသွားသည်။ သုံးကြိမ်သုံးခါ ငြင်းမိလိုက်သည့် အ ချိန်တွင် ‘ကြက်မတွန်မီ ငါ့ကိုသုံးကြိမ်ငြင်းလိမ့်မည်” ဟူသည့် သခင်ယေရှု၏ စကားကို ပြန်သတိရပြီး ရှိက်ကြီးတငင်ငိုကြွေးလိုက်သည်(မ ၂၆း၆၉၊၇၅)။

ပေတရုသည် သခင်ယေရှုကို ငြင်းပယ်ရုံနှင့်မရပ်ဘဲ တံငါသည်ပြန်လုပ်သဖြင့် ယေရှုနှင့် ပို၍ ဝေးကွာ သွားသည်။ သိုသော် သခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက် ပေတရု၏လုပ်ငန်းခွင်သိုသွားပြီး ““ယောန၏သား ရှိမုန်ပေတရု၊ ငါ့ကို တခြားသူတွေ ချစ်တာထက် ပိုချစ်တယ်မဟုတ်လား”ဟု မေးသည်။ ပေတရုက “ပိုချစ်ပါ တယ်။ ကိုယ်တော်လည်းသိပါတယ်”ဟု ဖြေသည်။ ထိုအခါ ယေရှုက “ငါ့သိုးတွေကို ကျွေး မွေးပြုစုပါ” ဟုပြောသည်။ ထိုသို သုံးကြိမ်တိုင်တိုင်မေးပြီးမှ သူ့နောက်သိုလိုက်ရန် ခေါ်လိုက်သည်(ယော ၂၁း၁၅-၁၉)။

ပေတရု၏အသက်တာ၌ အကြိမ်ကြိမ်လဲကျမိသော်လည်း ယေရှုကပြန်လည် ထူမသဖြင့် အသက်ဆုံး ထိတိုင်အောင် တမန်တော်ခေါင်းဆောင်ပြန်ဖြစ်သွားသည်။ ခေါင်းဆောင်ကောင်းဟူသည် မလဲကျဖူးသော သူမဟုတ်ဘဲ လဲကျသည့်တိုင် မဖြစ် မနေပြန်ထသောသူဖြစ်သည်။ ဘုရားသခင်ကို မငြင်းပယ်ဖူးသောသူ မဟုတ်ဘဲ ဘုရား သခင်၏ ငြင်းပယ်ခြင်းမခံရသောသူဖြစ်သည်။

ခေါင်းဆောင်နှင့် ပေါင်းသင်းဆက်ဆံရေး

လူသားများကို တစ်ယောက်နှင့်တစ်ယောက်ပေါင်းသင်းဆက်ဆံရန် ဘ သခင်ဖန်ဆင်းထားခြင်း ဖြစ်သည်။ မိဘနှင့်သားသမီးကြား၊ လင်နှင့်မယားကြား လူအချင်းချင်းကြားချစ်ခင်မှု၊ ယုံကြည်မှု၊ နားလည်မှုနှင့် ဝန်တာထားမှုများ ပိုမို ပွားနိုင်ရန် ပေါင်းသင်းဆက်ဆံမှုလိုအပ်သည်။ ဆက်ဆံမှုရှိမှသာ ချစ်ခင်မှုရှိလာပြီး ချစ်ခင်မှုရှိမှသာ ခေါင်းဆောင်မှု လွယ်ကူလာသည်။

ပေတရုသည် သခင်ယေရှုနှင့်သာမက ယောဟန်တို့ညီအစ်ကို၊ ယာကုပ်၊ ပေါလုနှင့် မာကုတိုနှင့် အချိန်များများယူ၍ ပေါင်းသင်းဆက်ဆံသည်။ ယောဟန်နှင့် အတူ ယုဒခေါင်းဆောင်များကို ရဲဝံ့စွာ ရင်ဆိုင်ကြ သည်။ မာကုဆိုလျှင် တမန်တော်မဟုတ်သော်လည်း ပေတရုနှင့် အချိန်များများဆက်ဆံသူဖြစ်သဖြင့် ရှင် မာကုခရစ်ဝင်ကျမ်းကိုပင် ရေးသားနိုင်ခဲ့သည်။

ပေတရုသည် ယေရုရှလင်၊ အန္တိအုတ်၊ ရောမ နှင့် အခြားမြို အမျိုးမျိုးတိုမှ ယုံကြည်များကို လက်တွဲ ဆက်ဆံဦးဆောင်၍ ယုဒများသာမက တစ်ပါးအမျိုး သားများနှင့်ပါ ကောင်းမွန်သောဆက်ဆံရေးရှိသဖြင့် ခေါင်းဆောင်ကောင်းပီသသူဖြစ်မှန်း တွေ့မြင်ရသည်။ ထိုအပြင် နေရာအနှံအပြားသိုရောက်ရှိနေသော ယုံကြည်သူများကို ဦးဆောင် မှုပေးနိုင်ရန် စာရေးဆက်သွယ်ခြင်းကို အထူးအလေးထားသည်။ စာရေးသား ရာတွင် နှုတ်ကပတ်တော်ဖြင့်တိုက်တွန်း၍ ၄င်းတို၏ယုံကြည်မျှော်လင့်ချက်ကို ပြန်လည်ရှင် သန်လာစေသည်။ အစိုးရနှင့်ဆက်ဆံရေး၊ မိသားစုအတွင်းဆက်ဆံရေး၊ အသင်း တော်အတွင်းဆက်ဆံရေး၊ လူအချင်းချင်း ဆက်ဆံ ရေးစသည့် ခရစ်ယာန်အသက် တာအတွက် လိုအပ်သောအရာများစွာကို ရေးသားသွန်သင်ပေး သည်(၁ပေနှင့်၂ပေ)။ စာရေးဆက်သွယ်ခြင်း၏အရေးကြီးပုံကို ကောင်းစွာနားလည်သော ခေါင်းဆောင်

ကောင်းဖြစ်သဖြင့် မည်သည့်အခက်အခဲရှိနေပါစေ ကြိုးစားရေးသားသည်။ ထိုစာ များက တစ်ကမ္ဘာလုံးရှိ ယုံကြည်သူအားလုံးကို ကပ်ကမ္ဘာကုန်သည့်အထိ လမ်း ဦးဆောင်ပေးနေမည်သာဖြစ်သည်။

ပေတရုသင်ယူရမည့် သင်ခန်းစာများ

‘မယ်သူမျှ ခေါင်းဆောင်အဖြစ် မွေးဖွားလာခြင်းမဟုတ်” ဟူသည့်အတိုင်း ပေတရု လည်း ခေါင်းဆောင် အဖြစ် မွေးဖွားလာခြင်းမဟုတ်ပေ။ သခင်ယေရှုနှင့် ပေါင်းသင်း ဆက်ဆံရာမှ လေ့ကျင့်သွန်သင်ပေးခြင်း ခံရသဖြင့် ခေါင်းဆောင်ကောင်းဖြစ်လာ တယ်။ သွန်သင်ဆုံးမမှုခံယူတတ်သူသည် အသိပညာ တိုးတက်၍ မခံယူတတ်သူမှာမူ မာနကြီးသူဖြစ်သည်။ ခေါင်းဆောင်ကောင်းများသည် အခြားသူများထံမှ ပညာရယူ၍ မာနကြီးသူများမှာမူ ခေါင်းဆောင်ကောင်း ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။

ခေါင်းဆောင်နှင့် နာခံမှု ၊

ပေတရုအနေဖြင့် နာခံတတ်သူဖြစ်ရန် လေ့ကျင့်ရလိမ့်မည် ဖြစ်သည်။ အ ကြောင်းမှာ ခေါင်းဆောင်များ သည် ၄င်းတို၏စကားကိုသာ လူတိုနာခံမြဲဖြစ်သဖြင့် လူတို၏စကားကိုနာခံရန် ခဲယဉ်းတတ်ကြသည်။ ပေ တရုလည်း ထိုနည်း၎င်းပင်ဖြစ်သည်။ ထိုအပြင် စိတ် မြန်လက်မြန်သူ၊ သူတစ်ပါး၏ အားကိုးမှီခိုခြင်း ခံရသူ ဖြစ်သဖြင့် အခြားခေါင်းဆောင်များ စကားကိုလည်း နာခံတတ်သူဖြစ်ရန် လေ့ကျင့်ရမည်ဖြစ်သည်။ သိုဖြစ် ၍ သခင်ယေရှုက “အခုငါးသွားများလိုက်ပါ။ အရင် ဆုံးဖမ်းမိတဲ့ ငါးရဲ့ပါးစပ်ထဲမှာ ငွေတစ်ပြားတွေ့ရလိမ့် မယ်။ အဲဒါကိုယူပြီး ငါတိုအတွက် အခွန်သွားဆောင် လိုက်ပါ” ဟု ခိုင်းသည်(မ ၁၇း၂၄-၂၇)။

စင်စစ် ပေတရုသည် အခွန်ခံများ၊ အမှုထမ်း များနှင့် ရောမဘုရင်ကို အမြင်ကပ်သည့်အပြင် ဘုရင် ယေရှု၏ တမန်တော်လည်းဖြစ်သဖြင့် ရောမဘုရင်ထံ အခွန်သွားပေးရန်ဟူသည် သူ့ အတွက် အလွန်ခက်သော အရာဖြစ်သည်။ ထိုကြောင့် သခင်ယေရှုကလောကီအစိုးရ ၏အမိန့်ကို နာခံတတ်ရန် သွန်သင်ပေးလိုက်ခြင်း ဖြစ်သည်။ အကြောင်းမှာ အစိုးရဟူ သည် ဘုရားသခင်ခန့်ထားသောသူများပင် ဖြစ်သည်(ရော ၁၃း၁-၄)။

ပေတရုက သခင်ယေရှု၏သွန်သင်ချက်ကို အလွန်သဘောကျသဖြင့် ၄င်း၏ ပေးစာတွင် “ဘုရားသခင် ၏ မျက်နှာတော်ကိုထောက်လျက် အထွတ်အမြတ်တည်း ဟူသော ရှင်ဘုရင်ဖြစ်စေ၊ လူဆိုးတိုကို ဒဏ်စီရင်စေ ခြင်းငှာလည်းကောင်း၊ လူကောင်းတိုကို ချီးမွမ်းစေခြင်းငှာလည်းကောင်း ရှင်ဘုရင်ခန့်ထားသောဝန်မင်းဖြစ် လူတိုတွင် စီရင်ခန့်ထားသမျှသောမင်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်း ကား သင်တိုသည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို၏ ။ မဲသောစကားကို ချေစေခြင်းငှာ ဘုရားသခင်သည် ထိုသိုသောအလိုတော်ရှိ၏။ လ လွတ်ဖြစ်သော်လည်း လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတိုကို ဖုံးအုပ် သောသူကဲ့သိုမကျင့်၊ ဘုရားသခင်၏ကျွန်ကဲ့သို ကျင့်နေကြလော့။ ခပ်သိမ်းသော သူ တိုကို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက်ရွံ ခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့”ဟု ရေးသားသည်(၁ပေ ၁၃-၁၅)။

နာခံတတ်ခြင်းသည် သခင်ယေရှုနှင့် သဏ္ဍာန်တူခြင်းဖြစ်၍(ဖိ ၂း၅-၁၁) ခေါင်း ဆောင်ကောင်းဖြစ်နိုင်ရန် အဓိကလိုအပ်ချက်တစ်ခုလည်း ဖြစ်သည်။

ခေါင်းဆောင်နှင့် ချုပ်တည်းမှု

ကိုယ်ခန္ဓာအတွက် မကောင်းသောအရာများကို ရှောင်ကြဉ်ခြင်း၊ စိတ်အလိုကို ချုပ်တည်း၍ ဒေါသကို ထိန်းနိုင်ခြင်း၊ တုံပြန်လိုသောစိတ်ကိုချုပ်တည်း၍ သည်းခံနိုင် ခြင်း စသည်တိုက အောင်မြင်မှု လမ်းကြောင်းသို ပိုဆောင်ပေးမည်ဖြစ်သည်။ ကိုယ်၊ စိတ်မချုပ်တည်းနိုင်လျှင်မူ ရှုးနိမ့်မှု၊ အရှက်ကွဲမှုနှင့် နာမည်ပျက်မှုတိုဖြင့်သာ အိမ်ပြန် လာရမည်ဖြစ်သည်။ သိုဖြစ်၍ ခေါင်းဆောင်တစ်ဦးသည် ကိုယ်၊ စိတ်ချုပ်တည်းခြင်း ကို အလေးအနက် ထားအသက်ရှင်ရန် လိုအပ်သည်။

ပေတရု၏အသက်တာ၌ အထူးသဖြင့် စိတ်ကို ချုပ်တည်းတတ်ရန် သခင်ယေရှုက ဆုံးမသွန်သင် ပေးသည်။ ယေရှုကိုဖမ်းဆီးရန်အတွက် ဂေသရှေမန် ဥယျာဉ်သိုလာသော ယဇ်ပုရောဟိတ်များ၊ မင်းမှုထမ်း များနှင့် စစ်သားများ စုစုပေါင်းလူ (၅၀၀) ကျော်ကို ပေတရုကတိုက်ခိုက်ရာ အစေခံတစ်ယောက် နား ရွက်ပြတ် ထွက်သွားသည်။ ထိုအဖြစ်ကို ယေရှုက သဘောမကျသဖြင့် “ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်””ဟု ပေတရုကို ကြိမ်းမောင်း ရင်း နားရွက်ပြန်တပ်ပေးလိုက်သည်။ ပေတရု စိတ်မချုပ်တည်းနိုင်သည့်အချိန်တွင် သခင်ယေရှု ကမူ ရန်သူ၏နားရွက်ကို ပြန်တပ်ဆင်ပေးည်။

ပေတရုသည် သခင်ယေရှု၏ဆုံးမမှုကို မမေ့နိုင်သဖြင့် သူ၏ပေးစာတွင် “အ ကြောင်းမူကား ထိုသိုအ လိုငှာ သင်တိုကိုခေါ်တော်မူပြီ။ ခရစ်တော်သည် ငါတိုအ တွက်ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို လျှောက် လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ။ ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့။ ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကို မပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုယ်ကိုအပ်နှံတော်မူ၏”ဟု ရေး သားသည်(၁ပေ ၂း၂၁-၂၃)။

ပေတရုသည် သခင်ယေရှု၏ ချုပ်တည်းနိုင်မှု၊ သည်းခံနိုင်မှုကြောင့် အောင် မြင်မှုရရှိပုံကို တွေ့မြင်ပြီး ဖြစ်သဖြင့် သူ့အလှည့်ရောက်သည့်အချိန်တွင် သည်းခံခြင်း ရှိနိုင်ရန် ကြိုးစားအားထုတ်သည်။ တကယ်လည်း သူ၏သည်းခံနိုင်မှု၊ ချုပ်တည်း နိုင်မှုကို အသတ်ခံရသည့်အချိန်တွင် တွေ့မြင်ရသည်။

ခေါင်းဆောင်နှင့် နှိမ့်ချမှု

ပေတရုအနေဖြင့် နှိမ့်ချတတ်သူဖြစ်ရန် လေ့ကျင့်ရမည်ဖြစ်သည်။ အကြောင်း မှာ ယေရှုထံ “ကိုယ်တော့် ကို တခြားသူတွေကစွန့်ပစ်ရင်တောင် ကျွန်တော်ကတော့ ဘယ်တော့မှမစွန့်ပစ်ဘူး”ဟု ခပ်ကြွားကြွားပြော လိုက်ခြင်းသည် “ငါဟာသူတိုလို သူရဲ ဘောကြောင်သူမဟုတ်ဘူး။ သူတိုနှင့် အဆင့်အတန်းမတူဘူး” ဟု မာန်တက်ခြင်း ဖြစ်သည်။ သိုသော် သူ၏မာန်မာနကြီးခြင်းသည် အရှက်ကွဲစရာ ဖြစ်လာသဖြင့် ဘုရား သခင်မနှစ်သက်မှန်း သဘောပေါက်လာသည်။

သိုဖြစ်ရာ သူ၏ပေးစာတွင် “ထောင်လွှားစော်ကားသောသူတိုကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတိုအား ကျေးဇူးပြုတော်မူ၏”ဟု ရေးသား သည်(၁ပေ ၅း၅)။ ပေတရုသည် နှိမ့်ချမှုကို တကယ်သင်ယူသူဖြစ်သဖြင့် တမန်တော် များ၏ ခေါင်းဆောင်ဖြစ်သော်လည်း ယာကုပ်၏ဦးဆောင်မှု အောက်တွင် ငြိမ်ငြိမ် ကလေးနေခဲ့သည်(တ ၁၅း၁-၂၁)။ ထိုအပြင် သူ၏အားနည်းချက်များကို လူထုရှေ့ တွင် ပေါလုကဝေဖန်သောအချိန်တွင်လည်း တစ်ခွန်းမျှမတုံပြန်ခဲ့ချေ(ဂလာ ၂း၉၊ ၁၄)။ | တမန် တော်ခေါင်းဆောင်ကြီး ဖြစ်သော်လည်း အခြားခေါင်းဆောင်များ၏ ဦးဆောင်မှု အောက်တွင် နှိမ့်ချစွာ နေထိုင်နိုင်ခဲ့သည်။

ခေါင်းဆောင်နှင့် ပေးဆပ်မှု

ခေါင်းဆောင်သည် ငွေကြေး၊ ပစ္စည်းများသာမက လိုအပ်လျှင် အသက်ကိုပင် ပေးဆပ်ရဲရပါ မည်။ အကြောင်းမှာသခင်ယေရှုကအစခေါင်းဆောင်ကောင်းများသည်။ ပေးဆပ်ရဲသူများဖြစ်ကြသည်။

ပေတရုလည်း တမန်တော်ခေါင်းဆောင်ဖြစ်ရန်အတွက် ပေးဆပ်ရန်လိုသည်။ သိုဖြစ်၍ ယေရှုက “ငါအမှန်အကန်ဆိုသည်ကား သင်သည်ပျိုသောအသက် ကိုယ်ကိုကိုယ်ပတ်စည်း၍ အလိုရှိရာ အရပ်ရပ်သို သွားလာတတ်၏။ သင်သည် အိုသောအခါ လက်နှစ်ဘက်ကိုဆန့်ပြီးလျှင် သူတစ်ပါး သည် သင့်ကိုပတ်စည်း၍ သင်အလိုမရှိရာအရပ်သို ယူသွားလိမ့်မည်” ဟု ပြောသည် (ဤစကားသည် ပေတရု မည်ကဲ့သိုသေရမည်ကို ကြိုတင်ပြောဆိုခြင်း ဖြစ်သည်။ ထိုသိုပြောပြီးမှ သူ့နောက်သိုလိုက်ရန် ခေါ် ဖိတ်သည်(ယော ၂၁း၁၈-၁၉)။

ယေရှုနောက်သိုလိုက်ခြင်း၊ ခေါင်းဆောင်လုပ် ခြင်းတွင် အသက်ကိုပင် ပေးဆပ်ရလိမ့်မည် ဖြစ် ကြောင်း ပေတရုသိသည်။ သိုသော် လုံးဝမတွန့်ဆုတ် ဘဲ နောက်ဆုံးတွင် အသတ်ခံခြင်းဖြင့် ယေရှု၏ဘုန်းတော် ထင်ရှားစေသည်။ ယေရှု၏ နာမတော်အတွက် ရှက်ကြောက်ခြင်းမရှိသည့်အပြင် ထိုသိုခံရခြင်းအတွက်လည်း လုံးဝနောင်တမရပေ(၁ပေ ၄း၁၄၊ ၁၆၊ ၁၉)။

ခေါင်းဆောင်နှင့် ချစ်ခြင်းမေတ္တာ

နောက်လိုက်များကိုမချစ်သောခေါင်းဆောင်က သူ၏အသက်နှင့် ပစ္စည်းဥစ္စာ တစ်ခုခုကိုပင် ပေးဆပ်ရဲမည်မဟုတ်ချေ။ အသက်မပေးဆပ်ရဲသော ခေါင်းဆောင်သည် ခေါင်းဆောင်ကောင်းမဖြစ်နိုင်သဖြင့် နောက်လိုက်ကောင်းလည်း ပိုင်ဆိုင်နိုင် မည်မဟုတ်ပေ။ အကြောင်းမှာ ချစ်ခြင်းမေတ္တာမရှိဘဲ ခေါင်းဆောင်မ ဖြစ်နိုင်သော ကြောင့်ဖြစ်သည်။

သခင်ယေရှုက ချစ်ခြင်းမေတ္တာမပါက အလုပ်မဖြစ်နိုင်မှန်းကိုသိသဖြင့် တပည့် တော်များ၏ ခြေထောက်ကို ကိုယ်တိုင်ဆေးကြောပေးသည့်အပြင် တစ်ယောက်နှင့် တစ်ယောက် ချစ်ခြင်းမေတ္တာထားကြရန် အဓိကဆော်ဩသည်။ အထူးသဖြင့် ခေါင်း တင်လုပ်မည့်ပေတရုကို သေချာစွာမိန့်မှာသည်။

ညစာစားကြပြီးနောက် သခင်ယေရှုသည် နေရာမှထသွားပြီး ဝတ်ရုံကိုချွတ် သက်သည်။ ထိုနောက် တဘက်တစ်ထည်ကိုခါးပေါ်ပတ်ပြီး ဇလုံထဲရေထည့်ကာ တမန်တော်များ၏ခြေထောက်ကို ဆေးကြောပေး သည်။ ပြီးလျှင် တဘက်ဖြင့်သုတ် ပေးသည်။ ပေတရုအလှည့်တွင် ပေတရုက “သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ၊ ခြေကို ပေးတော်မူမည်လော”ဟုမေးသည်။ ယေရှုက “သင်သည် ငါပြု သောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်”ဟုဖြေသည်။ တစ်ဖန် ပေတရုက “ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကို အလျဉ်းဆေးတော်မမူရ”ဟုပြောရာယေရှုက “သင့်ကို ငါမဆေးရလျှင် သင်သည် ငါနှင့်မဆက်ဆံရ”ဟု ပြန်ဖြေသည်။ ထိုအခါ ပေတရုက “အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကိုလည်းကောင်း၊ ဦးခေါင်းကို လည်းကောင်း ဆေးတော်မူပါ”ဟု ပြန်ပြောသည်(ယော ၁၃း ၄-၉)။ သခင်ယေရှုသည် သူ၏ချစ်ခြင်းမေတ္တာကို ဤသိုပြသကာ တမန်တော်များကိုလည်း အချင်းချင်းမေတ္တာ ထားကြရန် သွန်သင်သည်။

ခေါင်းဆောင်မှုတွင် ချစ်ခြင်းမေတ္တာသာလျှင် အရေးကြီးဆုံးဖြစ်သည်ကို ပေတ ရုသိသဖြင့် “အခြားသောအမှုအရာထက်မက အချင်းချင်း အားကြီးသောချစ်ခြင်း မေတ္တာရှိကြလော့။ ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်ကို ဖုံးအုပ်တတ်၏”ဟု ရေးသားသည်( ၁ပေ ၄း၈)။ ခေါင်းဆောင်တစ်ဦး၌ စစ်မှန်သော ချစ်ခြင်းမေတ္တာရှိပါက အပြစ်အားလုံးကို ခွင့်လွှတ်နိုင်လိမ့်မည်ဖြစ်သည်။

ခေါင်းဆောင်နှင့် သတ္တိ

ယခင်ကမရှိခဲ့ဖူးသောအသင်းတော်တစ်ခု တည်ထောင်ရတော့မည်ဖြစ်သဖြင့် ခေါင်းဆောင် လုပ်မည့် သူသည် သတ္တိအလွန်ရှိရမည်ဖြစ်သည်။ နှိပ်စက်မှု၊ ဆန့်ကျင် မှုအမျိုးမျိုး ကြုံတွေ့ရမည်ဖြစ်သဖြင့် ခေါင်းဆောင်လုပ်မည့်ပေတရုအနေဖြင့် သတ္တိ အလွန်ရှိရန်လိုအပ်သည်။ သတ္တိမရှိလျှင် ရှေ့မတိုးနိုင်သည့်အပြင် ကောင်းသော အရာတစ်ခုမျှ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

သိုဖြစ်၍ ပေတရုသတ္တိရှိလာစေရန် သခင်ယေရှုက သူ၏အသက်တာဖြင့် သည်။ ယေရှုသည် အစိုးရလူ ကြီးများနှင့် ဘာသာရေးဆရာကြီးများ၏ရှေ့တွင် သတ္တိရှိရှိရပ်ရဲသည်။ သမ္မာတရားကို သတ္တိရှိရှိဟောပြောရဲ သည်။ သတ္တိရှိရှိသေရဲသည်။ ဖမ်းဆီးခြင်းခံရမည်ကိုသိသော်လည်း လုံးဝမထွက်ပြေးခဲ့ချေ။ ပိလတ်မင်း ထံ စကားတစ်ခွန်းဟလိုက်လျှင် လွတ်မြောက်လိမ့်မည်ဖြစ်သော်လည်း တစ်ခွန်းမှ မဟဘဲ ဘုရားသခင်၏ အကြံအစည် ထမြောက်အောင်မြင်ရန် အခက်အခဲများကို ကြိတ်ရင်ဆိုင်ခဲ့သည်။ သေခြင်းကို သတ္တိရှိရှိရင်ဆိုင်ရဲ သဖြင့် ပေတရုအသတ်ခံရမည် အကြောင်းပြောလိုက်သောအချိန်တွင်ပေတရုလည်း သတ္တိရှိရှိ အသင့်ပြင်ခဲ့ သည်(ယော၊ ၂၁း၁၈-၁၉)။ ပေတရုသည် ယေရှု၏ သတ္တိရှိပုံကို မြင်တွေ့ရပြီးဖြစ်သဖြင့် သူ့အလှည့် ရောက်သောအချိန်တွင်လည်း သတ္တိရှိရှိသေရဲသည်။

ပေတရု(နှင့်ယောဟန်)သည် သတိုတကယ်ရှိလာသဖြင့် တရားသူကြီးရှေ့တွင် လုံးဝမကြောက်ရွံဘဲ ရဲရဲအစစ်ခံခဲ့သည်။ ယေရှုအကြောင်း သက်သေမခံတော့ရန် ပြင်းထန်စွာတားဆီးခြင်းခံရသော် လည်း ပေတရုနှင့် ယောဟန်တိုက “ဘုရားသခင်၏ စကားတော်ကို နားထောင်သည်ထက် သင်တို၏ စကားကို သာ၍နားထောင် သော် ဘုရားသခင်ရှေ့မှာ ကောင်းမည်၊ မကောင်းမည်ကိုဆင်ခြင်၍ စီရင်ကြလော့။ ငါတို သည် ကြားလျက်မြင် လျက်ရှိသောအရာတိုကို မဟောမပြောဘဲမနေနိုင်”ဟုဆိုပြီး ဟောမြဲဟောနေကြသည်(တ ၄း၁၉-၂၀)။ မည်သူက တားဆီးသည်ဖြစ်စေ လုံးဝမ ကြောက်သဖြင့် ခေါင်းဆောင်ကောင်းပီသသူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

စတင်ခေါင်းဆောင်သော ပေတရု

သခင်ယေရှုသည် ပေတရုကို နာခံမှု၊ ချုပ်တည်းမှု၊ နှိမ့်ချမှု၊ ပေးဆပ်မှု၊ ချစ်ခြင်း မေတ္တာနှင့် သတ္တိစ သည်တိုကို သွန်သင်လေ့ကျင့်ပေးပြီးနောက် စိတ်ချရသဖြင့် စတင် ခေါင်းဆောင်စေသည်။ ။

ယုဒရှကာရုတ်သည် သခင်ယေရှုကို သစ္စာဖောက်ပြီးနောက် ၄င်းကို၄င်း၊ သတ်သေရာ တမန်တော် (၁၁)ပါးသာကျန်တော့သဖြင့် နောက်ထပ်တစ်ပါးကို ပေတရု ၏ဦးဆောင်မှုဖြင့် ရွေးချယ်ကြသည်(တ ၁း၁၅-၂၆)။ ပေတရု၏ ဦးဆောင်မှု ပင်တေကုတ္တေနေ့တွင် လူသုံးထောင်ပြောင်းလဲသည်(တ ၂း၁၄-၄၀)။ သူ၏ဦးဆောင် မှုဖြင့်ပင် ယောဟန်နှင့်လက်တွဲပြီး ခြေတစ်ဖက်မသန်စွမ်းသူကို ကျန်းမာစေကြသည် (တ ၃း၁-၁၁)။ ယေရုရှ လင်မြိုရှိ ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်များ ၊ ရဲဝံ့စွာ ရင်ဆိုင်ကြသည်(တ ၄း၁-၂၂)။

ပေတရုဦးဆောင်၍ အာနန်နှင့် ရှဖီရေတိုကို တရားစီရင်သည်(တ ၅း၁-၁၁)။ သူကိုယ်တိုင် နတ်ဝိဇ္ဇာ ရှိမုန်အပေါ် အနိုင်ရရှိသည်(တ ၈း၉-၂၅)။ သူကိုယ်တိုင် အဲနေကို ကျန်းမာစေ၍ ဒေါ်ကာကို ပြန်ရှင်စေသည်(တ ၉း၃၂-၄၃)။ သူကိုယ်တိုင် တစ်ပါးအမျိုးသားများထံ ဧဝံဂေလိဟောပြောသည်(တ ၁၀း၁-၁၁၊၁၈)။ တမန်တော် ဝတ္ထု အခန်းကြီး (၁)မှ (၁၀)အထိသည် အများအားဖြင့် ပေတရု၏ ခေါင်းဆောင်မှု မှတ်တမ်းဖြစ်သည်။

ပေတရု၏နောက်ဆုံးနေ့

Alexandria မြို့သား အသင်းတော် ခေါင်းဆောင်ကြီး Clement နှင့် အသင်းတော်သမိုင်းပညာရှင် Cusebiusတို့က ၁ကော ၉း၅တွင်ဖော်ပြသောပေတရု ၏ဇနီးသည် Perpetua ဖြစ်၍ Aristobulus ၏သမီး ဖြစ်သည်ဟု ဆိုကြသည်။ ပေတရု၏ဇနီးသည် ပေတရုနှင့်အတူ ဧဝံဂေလိဟောပြော၍ အသတ်ခံရနီးတွင် ပေ တရုက ဘုရားသခင်ကိုသာ အောက်မေ့ရန် ခွန်အားပေးခဲ့သည်။ ဘုရားသခင်၏ အိမ်တော်၌ စံမြန်းရတော့ မည်ဖြစ်သဖြင့် ပေတရုကလည်း အလွန်အားကျခဲ့သည်ဟု ဆိုသည်။

ပေတရုသည် ဧဝံဂေလိဟောပြောရင်း နိုင်ငံအများအပြားသို ရောက်ရှိခဲ့သည်။ သူ၏ ပထမဆုံး ပေးစာသည် ရောက်ရှိဖူးသော Pontus Galatia Cappadocia Asia နှင့် Bithymia နိုင်ငံတိုရှိ ယုံကြည်သူများထံ ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုအပြင် Corinth Greece၊ Antiochi Gaul၊ Britian Rome စသည်တို၌ လည်း ရောက်ရှိဖူးသည်။ ရောက်ရှိသည့်နေရာတိုင်းတွင် မကြာခဏဖမ်းဆီးခြင်းနှင့် နှိပ်စက်ခြင်းခံခဲ့ရသည်။

ဘုရင် Nero လက်ထက် အေဒီ(၆၅)ခုနှစ်တွင် Mamertime ဟူသည့် အလွန်ကြောက်မက်ဖွယ်ကောင်း သောအမှောင်ထောင်ကြီးထဲသို အကျဉ်းချခံရသည်။ ထိုထောင်ကြီးထဲတွင် ယုံကြည်သူ ထောင်ပေါင်းများစွာ သေဆုံးကြသော်လည်း ပေတရုမှာမူ (၉)လကြာသည်အထိ အသက်ရှင်နေသေးသည်။

မှတ်တမ်းတချိုတွင် ပေတရုက ထောင်အာဏာပိုင်ကိုလာဘ်ထိုးပြီး ထွက်ပြေး လွတ်မြောက်သည်။ ထိုသိုထွက်ပြေးစဉ် လက်ဝါးကားတိုင်ထမ်းနေသော ယေရှုကို လှမ်းမြင်လိုက်သဖြင့် “Domi, quo vadis”(ကိုယ်တော်၊ ဘယ်သွားမလိုလဲ)ဟုမေးရာ ယေရှုက ““Venio Romana iterum crucifigi” (လက်ဝါးကား တိုင် ပေါ် ပြန်အဆွဲချခံဖို ရောမကိုသွားနေတာ)ဟု ပြန်ဖြေသည်။ ထိုအခါ ပေတရုသည် ထောင်သိုပြန်သွားပြီး လက်ဝါးကားတိုင်ပေါ် ဇောက်ထိုးဆွဲချပေးရန် ထောင်အာဏာ ပိုင်ထံတောင်းဆိုသည်ဟု ဖော်ပြသည်။

ဆက်လက်၍ သင်းအုပ်တစ်ပါးဖြစ်သူ Marcellinusက ပေတရု၏အ လောင်းကိုတောင်းယူ၍ ဆေးဖြင့်မွမ်းမံပြီးလျှင် Vatican မြိုရှိ Triumpha Way အနီးတွင် သဂြိုလ်သည်။ ထိုမှ ရောမမြိုအနီးရှိ Appian Way တွင် ပြောင်းရွှေ့၍ ဘုရင် Constantine လက်ထက်တွင် ဗာတီကန်သိုပြန်ရွှေ့ပြီး အရိုးခေါင်းကိုမူ ရောမမြိုရှိ St. John Lateran ဘုရားကျောင်းအောက်တွင် မြုပ်နှံသည်ဟု ဖော် ပြသည်။

Pope ရဟန်းမင်းကြီး Paul V1 ကမူ ပေတရု၏အရိုးစုများကို ရောမမြိုရှိ စိန့်ပီတာဘုရား ကျောင်းထောင့် အောက်တွင် တွေ့ရှိသည်ဟု ၁၉၆၈ခုနှစ်၊ ဇွန်လတွင် ကြေညာသည်။

 

၁၈။ အန္ဒြေ (Andrew)

မိတ်ဆွေသူငယ်ချင်းများကြားတွင် အမေ့ခံ၊ စွန့်ပစ်ခံဘဝရောက်ပါက ငါ့ကို မချစ် ကြတော့ပါလားဟု စိတ်အားငယ်သကဲ့သို တစ်ခါတစ်ရံ စိတ်ဆိုးနာကြည်းတတ်ကြ သည်။

အထူးသဖြင့် မိမိထက်တော်သူဖြစ်ရန် ပျိုးထောင်ပေးခဲ့သောသူက တကယ် တော်လာသောအခါ ဂုဏ်ယူရမည့်အစား မနာလိုဖြစ်မိတတ်ကြသည်။ ဘုရားကျောင်း တက်ရန် မိမိဆွဲခေါ်ခဲ့သောသူက မိမိထက်နေရာရပြီး လူကြီးများက ယုံကြည်စိတ်ချစွာ တာဝန်ပေးခြင်းခံရသောအခါ ပီတိဖြစ်ရမည့်အစား ဝန်တိုမိတတ်ကြသည်။

ခေါင်းဆောင်များ ချန်ထားခြင်းခံရတတ်သည်

တမန်တော်များထဲတွင် အသည် ထိုသိုသောအဖြစ်မျိုးခံရသည်။ သူသည် ပေတရုကို ယေရှုထံသို ခေါ်ဆောင်ခဲ့သူဖြစ်သော်လည်း အတန်ကြာလာသောအခါ ယေရှုနှင့် ပေတရုတို တတွဲတွဲဖြစ်လာကာ သူကမူ မကြာခဏဆိုသလို လူပိုကဲ့သို ဖြစ်လာသည်။ ပေတရုထက် ဝါရင့်သူဖြစ်သော်လည်း အန္ဒြေ နှင့် ပေတရုဟု ဖော်ပြခြင်း မခံရဘဲ ပေတရုနှင့် အန္ဒြေ ဟုသာ ရေးသားခြင်းခံရသည်။

သခင်ယေရှုသည် ကောင်းစွာဆုတောင်းပြီးနောက် လူထုထဲမှ တမန်တော် (၁၂)ပါးရွေးချယ်၍ ၄င်းတိုကို ယေဘုယျအားဖြင့် အုပ်စု(၄)စုခွဲထားသည်။ ပေတရု၊ အန္ဒြေ ၊ ယောဟန်နှင့် ယာကုပ်တိုသည် တစ်အုပ်စုဖြစ်ပြီး အခြားသူများထက် ယေရှု နှင့် အနီးကပ်နေသူများဖြစ်ကြသည်။ တမန်တော်များ၏နာမည် စီတန်းရေးသားရာတွင် မဿဲနှင့် လုကာတို့က အန္ဒြေ ကို ပေတရု၏နောက် ဒုတိယနေရာ၌ထားပြီး မာကု နှင့် တမန်တော်ဝတ္ထုတွင်မူ စတုတ္ထနေရာ၌ထားသည်။ ယေရှုနှင့် အနီးကပ်နေသူဖြစ် သော်လည်း တစ်ခါတလေ ချန်ထားခြင်းခံရသည်။

ခေါင်းဆောင်များ ထားရစ်ခြင်းခံရတတ်သည်

ယေရှုသည် ယာက္ကရု၏သမီး သေရာမှပြန်ရှင်စေမည့်အချိန်တွင် အခန်းထဲသို အခြားမည်သူမျှ မဝင်စေဘဲ ပေတရု၊ ယာကုပ်နှင့် ယောဟန်တိုကိုသာ ဝင်ခွင့်ပြု သည်(မာ ၅း၃၇)။ လေးယောက်တစ် အုပ်စုထဲ တွင် တစ်ယောက်ထားရစ်ခြင်းခံရရာ ယင်းမှာ အပင်ဖြစ်သည်။ နောက်တစ်ခါ မျက်နှာအရောင်ပြောင်းစေသော တောင် ပေါ်သို သခင်ယေရှုတက်ရောက်သည့် အချိန်တွင် ပေတရု၊ ယာကုပ်နှင့် ယောဟန် တိုကိုသာ ခေါ်သွားသည်(မ ၁း၁)။ အန္ဒြေ သည် သူ့အဖွဲသားများ အခေါ်ခံရသည့် အချိန်တွင် သူလည်းအခေါ်ခံရမည်ဟု မျှော်လင့်လိမ့်မည်ဖြစ်သည်။ သိုသော် ထား ရစ်ခြင်းခံရပြန်သည်။

တစ်ဖန် ယေရှုအဖမ်းခံရမည့်အချိန်တွင် ဂေသရှေမန်ဥယျာဉ်ထဲသို ပေတရု၊ ယာကုပ်နှင့် ယောဟန်တို ကိုသာ ခေါ်သွားပြန်သည်။ ဤနေရာတွင်လည်း အထား ရစ်ခြင်းခံရပြန်သည်(မာ ၁၄း ၃၂-၃၃)။ လေးယောက်ထဲမှ နှစ်ယောက်အခေါ်ခံရပြီး နှစ်ယောက်ထားရစ်ခြင်းဖြစ်လျှင် ဖြေသာသေးသည်။ ယခုတွင်မူ အန္ဒြေ တစ်ဦးတည်း သာ အမြဲထားရစ်ခြင်းခံရသည်။

ထိုအပြင် နာမည်ရေးရာ၌ အန္ဒြေ နှင့် ပေတရုဟူ၍ ဖော်ပြရမည်ဖြစ်သော်လည်း ယခုမူ ပေတရုနှင့် အန္ဒြေ ၊ သိုမဟုတ် ပေတရု၏ညီအစ်ကို အန္ဒြေ ဟုသာ ဖော်ပြခြင်း ခံရသည်။ ပေတရုကိုယေရှုထံသို ခေါ်ဆောင်ခဲ့သူဖြစ်သော်လည်းရေပန်းစားသူမဟုတ်မှန်း ပေါ်လွင်သည်။ ကျမ်းစာ၌ ပေတရု၏နာမည်ကို (၁၅၆)ကြိမ်ခန့်ဖော်ပြသော်လည်း အန္ဒြေ ၏နာမည်ကိုမူ (၉)ကြိမ်သာဖော်ပြသည်။

ခေါင်းဆောင်များ သတ္တိ ရှိကြသည်

အန္ဒြေ ဟူသည် ယောက်ျားပီသသူဟု အဓိပ္ပာယ်ရသည်။ ညီဖြစ်သူ ပေတရုကဲ့သိုပင် ဂါလိလဲပြည်၊ ဗက်ဇဲဒမြိုဇာတိဖြစ်၍ ကပေရနောင်မြိုမှ ကြီးပြင်းသူဖြစ်သည် (ယော ၁း၄၄)။ ပေတရုအိမ်ထောင်မကျမီအထိ ညီအစ်ကိုနှစ်ယောက် အတူတူလုပ်ကိုင်စားသောက်ကြပါလိမ့်မည်။ သူ၏နာမည်အတိုင်း သူသည် သတ္တိရှိ သူဖြစ်သည်။ ယေရှုနောက်သို ပထမဆုံးလိုက်သောသူဖြစ်သည်ဟု အသင်းတော်သမိုင်းတစ်အုပ် က မှတ်တမ်းတင်၍ Protoclete (ပထမဆုံးအခေါ်ခံရသူ)ဟု နာမည်ပေးခြင်းခံရ သည်။ ယေရှုနောက်သို ပထမဆုံးလိုက်သူဟူသည် သာမန်စွန့်စားမှုမဟုတ်ချေ။

ယေရှုဟူသော ရောမဘုရင်၏လက်အောက်ရှိ အလွန်သေးငယ်သောအစ္စရေး နိုင်ငံမှ ဂါလိလဲပြည် သားဖြစ်သည့်အပြင် စစ်သူကြီးလည်းမဟုတ်၊ အလွန်ဆင်းရဲ သောမိသားစုမှ မွေးဖွားလာသူတစ်ဦး၏နောက်သို လိုက်သွားရဲခြင်းသည် တော်ရုံ သတ္တိမဟုတ်သည့်အပြင် ခြေစုံပစ်ဆက်ကပ်မှုတစ်ခုလည်း ဖြစ်သည်။

စွန့်ဦးသူ (ခေါင်းဆောင်) ဖြစ်နိုင်ရန်အတွက် သတ္တိမရှိမဖြစ်လိုအပ်သည်။ တရားသည်ဟု သိပါက တိုက်ပွဲ ဝင်ရဲရန် လိုသည်။ ဆုံးဖြတ်ချက်ချတတ်ပြီး အကောင် အထည်ဖော်ရာ၌ အနာခံရန်လိုပါက ခံရဲရမည် ဖြစ် သည်။ အသည် ဘုရားသခင်ကို ဦးထိပ်ထားရုံ မဟုတ်ဘဲ ပုံသက်သေကောင်းပြသသူလည်း ဖြစ် သည်။ ဆင်းရဲသောတံငါသည်တစ်ဦးဖြစ်သော်လည်း ဘုရားတရားမြတ်နိုးသူဖြစ်သဖြင့် ယေရှုနှင့်မတွေ့ ကပင် နှစ်ခြင်းဆရာယောဟန်၏ တပည့်တစ်ဦးဖြစ် နှင့်သည်(ယော ၁း၃၅-၃၇)။

ခေါင်းဆောင်များ တိုးတက်လိုသည်

အန္ဒြေ သည် ယောဟန်၏နောက်သို အတန်ကြာလိုက်ပြီးနောက် သူ၏မြိုမှ မိုင်(၅၀)ကျော်ခန့်ဝေးသော ယော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ဗေသနိရွာ၌ ရေနှစ်ခြင်းခံယူ သည်။ ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို၏ တရားဟော ချက်များသည် သူ့အဖို အနှစ် သာရမရှိ၊ ပေါ့ပျက်ပျက်ဖြစ်နေသဖြင့် ယောဟန်၏တရားဟောချက်များကိုသာ တ စိုက်မတ်မတ်နားထောင်သည်။ ထိုကြောင့် ယောဟန်က “လောက၏အပြစ်ကို ယူ ဆောင်သွားသော သိုးသူငယ်” ဟု သခင်ယေရှုကို လက်ညှိးထိုးသောအခါ သူ၏ မျှော်လင့်ချက် အစစ်အမှန်သည် သခင်ယေရှုဖြစ်မှန်း ချက်ချင်းသဘောပေါက်သည်။

ဝိညာဉ်ရေးရာ၌ တိုးတက်လိုသဖြင့် ဖာရိရှဲတိုနောက်မလိုက်ဘဲ ယောဟန် နောက်လိုက်သည်။ ယောဟန် အားဖြင့် သူ၏မျှော်လင့်ရာအစစ်အမှန်သည် ယေရှုဖြစ် မှန်းသိသောအခါ ယောဟန်နောက်မလိုက်တော့ဘဲ ယေရှုနောက်စတင်လိုက်သွား သည်။ တစ်နည်းအားဖြင့် သမ္မာတရားကို ပို၍တွေ့မြင်နိုင်ရန်နှင့် ယေရှုနှင့် ပို၍နီးကပ် နိုင်ရန်အတွက် နေရာဟောင်းကိုစွန့်ခွာသည်။ စွန့်ခွာသင့်သူကိုစွန့်ခွာ၍ မှီခိုသင့်သူကို မှီခိုသည်။ ထိုသိုမှီခိုရဲခြင်းသည်လည်း သတ္တိရှိခြင်းနှင့် အကင်းပါးခြင်းတစ်မျိုးဖြစ် သည်။ ခေါင်းဆောင်ကောင်းများသည် ပတ်ဝန်းကျင်ကိုလေ့လာပြီး အကင်းပါးပါးဖြင့် ရှေ့တိုးသည်။ ဘုရားစကားကိုနားထောင်ပြီး သမ္မာတရားကို သိသည်။ စွန့်ပစ်သင့် သည်များကိုစွန့်ပစ်၍ ပို၍တိုးတက်ရန်အတွက် အပြောင်းအလဲလုပ်ရဲသည်။

ယေရှုကို အန္ဒြေ နှင့် အခြားတစ်ယောက်က “ဘယ်မှာနေသလဲ”ဟု မေးသည်။ ထိုသိုမေးခြင်း၊ သည် ယေရှုအကြောင်းကို ပိုမိုသိလိုသောကြောင့် ဖြစ်သည်။ ယေရှုက “လာပြီးတော့ကြည့်ကြ” ဟု ခေါ်သည်။ တစ်နေ့ လုံး ယေရှုနှင့်အတူစကားပြောကြ သည်။ ဆွေးနွေးကြသည်။ နောက်ဆုံးတွင် အန္ဒြေ ၏ ‘ အသက်တာပြောင်း လဲသည်။

ထိုနောက် ညီအစ်ကိုဖြစ်သူပေတရုကို ချက် ချင်းရှာဖွေပြီးယေရှုအကြောင်းသွားပြောသည်။ ခေါင်း ဆောင်ကောင်း အန္ဒြေ သည် သိသင့်သည်များကို စူး စမ်း၍ ယုံကြည်သင့်သည်များကို ချက်ချင်းယုံ ကြည် သည်။ ယုံကြည်သည့်အတိုင်းလျှောက်လှမ်း၍ သူ၏ ညီအစ်ကို(အခြားသူများ)ကို လည်း ခေါ်ဖိတ်သည်။ အသည် မကြာခဏဆိုသလို အမေ့လျော့ခံ၊ အချန်ရစ်ခံရသူဖြစ်သော် လည်း အားငယ်စရာ၊ အားလျော့စရာ၊ နာကြည်းစရာအဖြစ် လုံးဝသဘောမထားဘဲ၊ ဘုရားသခင်အတွက် တတ်နိုင်သည့်ဘက်မှ သစ္စာရှိရှိ လုပ်ဆောင်ခြင်းဖြင့် ခေါင်းဆောင်ပီသသူဖြစ်ကြောင်း ပြသသည်။

ခေါင်းဆောင်များက လူများကိုဆွဲခေါ်ကြသည် – မိသားစုထဲမှ

အန္ဒြေ က ယေရှုကိုမြင်သောအခါ ဘုရားသခင်၏သိုးသူငယ်၊ သေခြင်းမှကယ်၊ လွှတ်မည့် စစ်မှန်သော မေရှိယဖြစ်ကြောင်း သိသည်။ ထိုကြောင့် အလွန်ဝမ်းမြောက် ညီအစ်ကိုပေတရုထံ စိတ်အား ထက်သန်စွာ ချက်ချင်းသွားပြောသည်(ယော ၁း ၄ဝ-၄၂)။ သူ၏အချစ်ဆုံးညီအစ်ကိုကို ယေရှုနှင့်ဆုံနိုင်ရန် စေတနာစိတ်အား ကြီး သဖြင့် သွားပြောရုံမဟုတ်ဘဲ ပေတရုကို ယေရှုထံ လက်တွဲဆွဲခေါ်သည်။

တချိုကျမ်းစာအုပ်များတွင် အန္ဒြေ က ပေတရုကို ပထမဆုံးပြောသည်ဟု ဖော် ပြသည်။ ယင်းသည် အခြားသူများထက် ညီအစ်ကိုကို အဦးဆုံးပြောသည်ဟုအဓိပ္ပာယ် ရသည်။ သိုသော်လည်း“ပထမဆုံး’ဟူသည့် စကားလုံးသည် ဂရိဘာသာဖြင့် proton ဖြစ်ရာ ပေတရုထံ အဦးဆုံးပြောသည်ဟုဆိုခြင်းထက် ယေရှုကို မြင်ပြီးနောက် သူ၏ ပထမဆုံးလုပ်ဆောင်ချက်မှာ အခြားသူများထံသွား ပြောခြင်းဖြစ်သည်ဟု ပို၍ အဓိပ္ပာယ်သက်ရောက် သည်။ အသက်တာပြောင်းလဲပြီးနောက် အန္ဒြေ ၏ ပထမဆုံးလုပ်ဆောင်ချက်မှာ သက်သေခံခြင်း ဖြစ် သည်။ ။

ပထမဆုံးအနေဖြင့် ပေတရုကိုသွားပြောသည်။ အကြောင်းမှာ ခေါင်းဆောင်ကောင်းတိုသည် အခြား သူများကို ယေရှုထံသိုမဆွဲခေါ်မီ မိသားစုကို ပထမဆုံး ဝန်တာထားသည်။ ယေရုရှလင်၊ ယုဒ၊ ရှမာရိနှင့် ကမ္ဘာတစ်ဝှမ်းလုံးသိုဟု ပြောသည့်အတိုင်း ယေရုရှလင်မြိုဖြစ်သော မိမိမိသားစု အတွင်း၌ စတင်လုပ် ဆောင်ရန်ဖြစ်သည်။

အန္ဒြေ သည် ပင်တေကုတွေ့နေ့တွင်တရားဟောသော ပေတရုကိုကြည့်ပြီး အ လွန်ပီတိဝေဖြာ ပါလိမ့်မည်။ အကြောင်းမှာပေတရုသည် ညီအစ်ကိုသာမကဘဲ ဝိညာဉ် ရေးရာ၌ သားတစ်ယောက်လည်း ဖြစ်သည်။ သူကိုယ်တိုင်ပျိုးထောင်၍ ယေရှုထံ ဆွဲခေါ်ပေးသော ပေတရု၏ဟောပြောမှုကြောင့် လူများစွာ ပြောင်းလဲသည်ကို မြင် တွေ့သောအခါ အလွန်ဂုဏ်ယူလိမ့်မည်ဖြစ်သည်။ ယေရှုထံ စတင်ဆွဲခေါ်စဉ်က ဘုရားသခင်အသုံးပြုမည်ဟု မျှော်လင့်ချက်ထားရှိလိမ့်မည်မဟုတ်ပေ။ ခေါင်းဆောင်ကောင်းများသည် အနာဂတ် ကိုကြိုမသိသော်လည်း အနာဂတ်ကိုကြိုသိသောဘုရား သခင်ထံ တတ်စွမ်းသမျှဖြင့် လူများစွာကို ဆွဲခေါ်ပေး သည်။

ခေါင်းဆောင်များက လူများကို ဆွဲခေါ်ကြသည် – နေရာတစ်ခုခုမှ

Jews for Jesus ဟူသည့်အဖွဲ စတင်တည်ထောင်သူ Moishe Rosen သည် တစ်နေ့တွင် သူ၏ဇနီးကို ပရိသတ်နှင့်မိတ်ဆက်ပေးရာ၌ “ကျွန်တော့်ဇနီး၊ Ceilဟာ ပျောက်ဆုံးဝိညာဉ် အများကြီးမဖမ်းမိပါဘူး။ သူဖမ်းမိတာကကျွန်တော် သားအဖတွေပါဘဲ”ဟု ပြောသည်။ ဘုရားသခင်၏အသုံးတော်ခံ ပုဂ္ဂိုလ်သည် မည်သူ မျှသိပ်သတိမထားမိသော ၄င်း၏ဇနီးအားဖြင့် ပြောင်းလဲလာသူဖြစ်သည်။ ။

မထင်မရှားမိန်းကလေးတစ်ယောက်၏ လုပ် ဆောင်မှုတစ်ခုကိုလည်း ဆက်လက်ဆွေးနွေးကြပါစို။ တစ်ခါက နေစရာအိမ်မရှိသဖြင့် လမ်းဘေးတွင်အိပ်၍ ကြုံသလိုစားသော Peter Joshua ဟူသည့် ယော က်ျားကလေးတစ်ယောက် ရှိသည်။ တစ်နေ့တွင် London’s Hyde Park ၌ ကယ်တင်ခြင်းတပ်မှ မိန်းကလေး တစ်ယောက်သည် သီချင်းစာသားရွတ်ဖတ်ရန် စင်ပေါ်သိုတက်လာသည်။

Peter Joshua သည် သီချင်းစာသားကို နားထောင်လိုသဖြင့် စင်အနီးသို ချဉ်းကပ်လာသည်။ ထိုမိန်းကလေးက စာသားမရွတ်ဖတ်တော့ဘဲ သီချင်းဆို လိုက် သည်။ ပြီးလျှင် Peter Joshua ၏ မျက်နှာကို စေ့စေ့ကြည့်ရင်း ကျမ်းပုဒ်တချို အလွတ်ရွတ်ဆိုလိုက်သည်။ ထိုနောက် မည်သူ့ကိုမျှ နှုတ်မဆက်ဘဲ စင်ပေါ်မှဆင်း သွားသည်။ သိုသော် သန့်ရှင်းသောဝိညာဉ်တော်ကတို့ ထိသဖြင့် Peter Joshua သည် ထိုနေရာ၌ပင် အသက်တာပြောင်းလဲသွားသည်

နှစ်ပေါင်းအတန်ကြာပြီးနောက် Chicago’s Soldiers Field ၌ကျင်းပသော ရှင်ပြန်ထမြောက်ရာ တနင်္ဂနွေနေ့တွင် တရားဟောပြောရန် Peter ရောက် လာသည်။ သူ၏စိတ်ထဲ၌ ယနေ့ရောက်ရှိသော ပရိသတ်(၅ဝဝဝ)ထဲတွင် ကယ်တင် ခြင်းတပ်မှ မိန်းကလေးလည်း ပါရှိလာလျှင်ကောင်းမှာဘဲဟု တွေးမိကြောင်း ပြန် ပြောဆိုသည်။ သူသည် လူမသိသူမသိ မိန်းကလေးတစ်ယောက်အားဖြင့် ပြောင်းလဲ လာသူဖြစ်သည်။

ယေရှုထံသို လူတစ်ယောက်တည်းပင်ဖြစ်နေပါစေ၊ အရောက်ပိုဆောင်ပေးနိုင် သောသူသည် ဘုရားသခင်၏အမြင်တွင် ခေါင်းဆောင်ပီသသူဖြစ်သည်။ အန္ဒြေ သည်ပေတရုကို ယေရှုထံပိုဆောင် ပြီးနောက်ပိုင်းတွင် ကြီးမားသောအမှုလုပ်ဆောင်ပြီး ဖြစ်သဖြင့် မည်သည့်အလုပ်မျှမလုပ်တော့လျှင်ပင် တန်ဖိုးရှိသောသူတစ်ဦးဖြစ်သွား သည်။ သိုသော် ထိုမျှနှင့်မတင်းတိမ်ဘဲ ဆက်လက်၍အမှုတော်ဆောင်သည်။ ခေါင်းဆောင်ကောင်းသည် ဘုရား၏အမှုတော်ဆောင်နိုင်ရန် အစဉ်အမြဲနည်းလမ်းရှာဖွေ သည်။ အတိတ်ကအောင်မြင်မှုများ၌ သာယာမနေဘဲ ပို၍ကျယ်ပြန့်နိုင်ရန် အချိန် ကောင်းကို စောင့်နေသည်။

ခေါင်းဆောင်များက လူများကို ဆွဲခေါ်ကြသည် – လူထုထဲမှ

သခင်ယေရှုသည် တရားနာလူထုများ ဗိုက်အလွန်ဆာသည်ကိုသိသောအခါ ဖိလိပ္စုထံ “လူထု စားဖိုမုန့် ဘယ်မှာဝယ်ရင်ကောင်းမလဲ” ဟု မေးရာ “ဒေနာရိအပြား (၂၀၀)ဖိုးဝယ်ရင်တောင် နည်းနည်း စီပဲရကြမှာ”ဟု ဖြေသည် (ဒေနာရိတစ်ပြားသည် ယောက်ျားတစ်ယောက်၏ တစ်ရက်စာ လုပ်ခနှင့် ညီမျှသည်)။

လူထုထဲတွင် ယောက်ျားချည်းပဲ(၅ဝဝဝ)ရှိရာ အမျိုးသမီးများနှင့် ကလေးများပါရေတွက်လျှင် လူ နှစ်သောင်းခန့်ရှိမည် ဖြစ်သည်။ ထိုမျှများပြားသော လူထုအတွက် မုန့်နှစ်ရာဖိုးဟူသည် ရေပုံးထဲမှ ရေ တစ်စက်ကဲ့သိုသာဖြစ်နေပါမည်။ သိုဖြစ်၍ တမန် တော်များက ယေရှုထံ “နေစောင်းလုပါပြီ။ ကျွန်တော် တိုကတောထဲမှာဆိုတော့ လူထုကိုအိမ်ပြန်ခိုင်းပြီး သူ တိုဘာသာရွာထဲဝယ်တာပဲကောင်းလိမ့်မယ်” ဟုပြော ရာယေရှုက ““ပြန်ခိုင်းစရာမလိုပါဘူး။ သူတိုကိုစားစရာ ပေးလိုက်ပါ” ဟု မိန့်သည် (မ၁၄း ၁၅-၁၆)။

ဖိလိပ္ပုသည် မဖြစ်နိုင်မည့်ဘက်ကိုသာကြည့်ပြီး စိတ်ပူပန်နေသည့်အချိန်တွင် အန္ဒြေ သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ပိုင်ရှင်ကလေးတစ်ယောက်ကို ယေရှုထံခေါ် လာသည်(ယော ၆း၉)။ ထိုကလေးအားဖြင့် လူအားလုံး ဝလင်စွာစားရသည်။ ခေါင်းဆောင်ကောင်းတိုသည် လူသာအဓိကထားပြီး ကလေးလူကြီး၊ ဆင်းရဲချမ်းသာဟူ၍ လူတန်းစားမခွဲခြားကြချေ။ လက်ထဲရှိသောအရာကို နည်းသည် များသည်မကြည့်ဘဲ ဘုရားသခင်၏တန်ခိုး တော်ကိုသာကြည့်၍ ယေရှုထံယူဆောင်လာကြသည်။ ဘုရားသခင်သည် လူ့အမြင်၌ မျှော်လင့်ချက်မရှိတော့ သည့်အချိန်တွင် မမျှော်လင့်သည့် နေရာတစ်ခုမှပင် ကြီးမားသောအမှုပြုနိုင်သူဖြစ်သည်။

စကော့တလန်နိုင်ငံရှိ အသင်းတော်တစ်ခုတွင် ဧဝံဂေလိဟောပြောပွဲကို တစ် ပတ်လုံးလုံးနေ့ရောညပါ အကြီးအကျယ်ပြုလုပ်ကြသည်။ သိုသော် နောက်ဆုံးနေ့ အထိ ကယ်တင်ခြင်းရသူမရှိချေ။ နောက်ဆုံးညတွင်မူ ကလေးတစ်ယောက်သာဆက်ကပ်သည်။ ဒီလောက်အကြီးအကျယ်လုပ်တာတောင် ပြောပလောက်အောင် အကျိုး မရှိပါလားဟု ဝေဖန် ကြသည်။

ထိုကလေးကြီးပြင်းလာသောအခါ David Livingstone ဟူသည့် အလွန်ကျော်ကြားသော သာသနာပြု ဆရာ ဖြစ်လာသည်။ သေးငယ်လွန်း သည်၊ နည်းလွန်းသည်၊ ကလေးတစ်ယောက်ပဲ၊ အရေးမကြီးဘူးဟူ၍မရှိဘဲ ဘုရားသခင်ထံ အပ်နှံပါက ဘုရားသခင်က အသုံးပြုရမည့်နေရာကိုသိသည်။

ခေါင်းဆောင်များက လူများကို ဆွဲခေါ်ကြသည် – တစ်ပါးအမျိုးများထဲမှ

ယေရှုကိုမြင်လိုဇောဖြင့် ကြိတ်ကြိတ်တိုးနေသောလူထုထဲတွင် ဂရိလူမျိုးတချို လည်းပါဝင်သည်။ ၄င်းတိုက ဖိလိပ္ပုထံ ယေရှုကိုမြင်တွေ့လိုကြောင်းခွင့်တောင်းရာ ဖိလိပ္ပုကလည်း အထံခေါ်ဆောင်သွားသည်။ ထိုမှ သူတိုနှစ်ဦးသည် ယေရှုထံ သွားပြီး သတင်းပိုလိုက်သည်(ယော၁၂း၂ဝ-၂၂)။ ယေရှုအနေဖြင့်ထိုဂရိလူမျိုး များကို လက်မခံဘဲနေမည်မဟုတ်ပေ။ အကြောင်းမှာ ထိုဂရိလူမျိုးများထဲတွင် ခရစ်ဝင်ကျမ်း နှင့် တမန်တော် ဝတ္ထုကိုရေးသော ဆရာဝန်လုကာလည်းပါသည်ဟု အသင်းတော် သမိုင်းတစ်ခုတွင် ဖော်ပြ၍ဖြစ်သည်။

ဖိလိပ္ပုအနေဖြင့် ထိုတစ်ပါးအမျိုးသားဂရိတိုကို ယေရှုထံသို ချက်ချင်းမခေါ်၊ သွားရဲခြင်းမှာ ခွေးအဆင့်သာသတ်မှတ်သောသူတိုကို ကိုယ်တိုင်ခေါ်ဆောင်သွားပါ က ယေရှုစိတ်ဆိုးနေမလားဟု စိုးရိမ်မိ၍ လော၊ သိုမဟုတ် ၄င်းထက် အန္ဒြေ က ယေရှု နှင့်ပို၍ရင်းနှီး၍လော၊ သိုမဟုတ် လူများကို ယေရှုထံ ကိုယ်တိုင်ပို ဆောင်လိုသည့် အန္ဒြေ ၏စိတ်ဓာတ်ကိုသိထား၍လော၊ အကြောင်းတစ်ခုခုရှိလိမ့်မည်ဖြစ်သည်။ မည်သို့ ပင်ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုထက် အန္ဒြေ ကိုပို၍အားကိုးသဖြင့် ဦးစွာအကြောင်းကြား ခြင်း ဖြစ်သည်။

ယေရှုသည် သူ့ထံလာသမျှသောသူတိုကို မည်သည့်အခါမျှမငြင်းဘဲ ကောင်း ပေးလေ့ရှိသည်ကို အကသိသည်။ သိုဖြစ်၍ ယေရှုနှင့်တွေ့ဆုံလိုသူ မည်သူ့ ကိုမဆို ယေရှုထံပိုဆောင်ပေးရန် ဝန်မလေးချေ။ ခေါင်းဆောင်ကောင်းသည် လူများကို နေရာအမျိုးမျိုးသို ဆွဲခေါ်နိုင်သော်လည်း ယေရှုထံသိုသာ ဦးစွာဆွဲ ခေါ်သည်။ အ ကြောင်းမှာ ယေရှုသည် မည်သူ့ကိုမျှ မငြင်းပယ်သောကြောင့်ဖြစ်သည်။

အန္ဒြေ သည် ပေတရုကို ယေရှုထံဆွဲခေါ်ခြင်း ဖြင့် မိသားစုအတွင်းသို ပထမဆုံးအမှုတော်ဆောင် ဖြစ်သကဲ့သို ဂရိလူမျိုးတိုကို ယေရှုထံဆွဲခေါ်ခြင်းဖြင့် တစ်ပါးအမျိုးသားများအတွင်းသို ပထမဆုံးသာသနာ ပြုသူဖြစ်လာသည်။ ဘုရား၏အမှုတော်ဆောင်ခြင်း ဟူသည် မိသားစုမှစတင်လာပြီး ထိုမှအခြားသူများနှင့် ကမ္ဘာတစ်ဝှမ်းလုံးသိုထိတိုင် အဆင့်ဆင့်လုပ်ဆောင် ရသည်။

ဦးဆောင်မှုမပေးထိုက်သောသူမရှိ

၁၈၅ဝပြည့်ဝန်းကျင်၌ Edward Kimball ဆိုသူ Sunday Schoolဆရာ တစ်ယောက်ရှိသည်။ စာသင်ပေးခြင်းကို ဝါသနာပါသော်လည်း ပရိသတ်ရှေ့၌တရား ဟောရန်မူ အလွန်ဝန်လေးသည်။ စိုးရွံတတ်သူ ဖြစ်ရုံမက အသံလည်းအလွန်ပျော့ သည်။ သိုသော် ဧဝံဂေလိဟောပြောရန် ရည်ရွယ်ချက်ရှိသဖြင့် တစ်ခုသော ညနေခင်း တွင် ဘော်စတွန်မြိုထဲသို စတင်ထွက်လာခဲ့သည်။

မြိုထဲသိုရောက်သွားသည့်တိုင် မဟောပြောရဲသေးဘဲ မြိုပြင်အနားရှိ Holtonဖိနပ်ဆိုင်ပင် ကျော်လုလု ဖြစ်သွားသည်။ ဆိုင်ထဲ၌ (၁၉)နှစ်အရွယ်ရှိ ဝန်ထမ်းလူ ငယ်တစ်ယောက်ကိုတွေ့သဖြင့် ဧဝံဂေလိဟောပြောရန် စိတ်ကူးလိုက်သည်။ ထို လူငယ်မှာ ပညာတတ်ပုံမပေါက်၊ ခပ်နွမ်းနွမ်းဖြစ်သော် လည်း ဆိုင်ထဲဝင်တော့မည့် အချိန်တွင် Kimballသည် ခြေလက်တဆတ်ဆတ်တုန်နေသည်။ အထဲရောက်သော အချိန်တွင်လည်း ထိုလူငယ် ကို ဘာတွေပြောမှန်းပင်မသိတော့ဘဲ ခဏခန့်ကြာ သောအခါ နောက်အပတ်ဘုရားကျောင်းလာတက်ရန် ဖိတ်ခေါ်လိုက်သည်။ ထို လူငယ်သည် နောက်အပတ်တွင် ဘုရားကျောင်းတကယ်တက်ပြီး အသက်တာပြောင်း လဲ၍ ယနေ့ထိတိုင် ကျော်ကြားထင်ရှားနေသော D.L, Moody ဖြစ်လာသည်။

Kimballသည် လူသိများသူမဟုတ်သော်လည်း လူထောင်ပေါင်းများစွာ ကယ်တင်ခြင်းရရှိရန် ဘုရားသခင်အသုံးပြုသော D.L. Moody မှာ သူ့အားဖြင့် ပြောင်းလဲလာခြင်းဖြစ်သည်။ ထိုသို D.L. Moody အားဖြင့်ပြောင်းလဲသောလူများစွာ ထဲတွင် နာမည်ကြီးအမှုတော်ဆောင် C.T. Studd နှင့် Wilbur Chapman တို လည်းပါဝင်သည်။ Moody သည် ကျမ်းစာကျောင်း လည်းဖွင့်လှစ်ပြီး သာသနာပြုဆရာ၊ ဧဝံဂေလိဆရာ၊ သင်းအုပ်ဆရာနှင့် အချိန်ပြည့်အမှုတော်ဆောင်ဆရာ အမြောက်အမြားကို မွေးထုတ်ပေးခဲ့သည်။ ဤအရာ အားလုံးတိုသည် Kimball အားဖြင့် စတင်လာခြင်း ဖြစ်သည်။

ဘုရားသခင်အသုံးပြုသော အမှုတော်ဆောင် များသည် နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ Sunday Schoolမှ အစပြုသူများသာဖြစ်ကြသည်။ သိုဖြစ်၍ Sunday Schooဆရာ၊ ဆရာမတို အနေ ဖြင့် ပျင်းရိခြင်း၊ စိတ်ဓာတ်ကျခြင်း မရှိကြပါနှင့်၊ ဆရာ၊ ဆရာမတိုသည် ဘုရားသခင်အသုံးပြုမည့် အမှုတော် ဆောင်များကို ပြုစုပျိုးထောင်ပေးသူများဖြစ်ကြသည်။

ဆရာ၊ ဆရာမတိုအနေဖြင့် တပည့်များကို မေ့ကောင်းမေ့နေမည်ဖြစ်သော် လည်း တပည့်များကမူ မမေ့နိုင်ရုံသာမက သွန်သင်ပေးချက်များကို အမြဲကြားယောင် နေဆဲဖြစ်သည်။ ကလေးဘဝတွင် တစ်ခွန်းပြောဆိုသွန်သင်ပေးခြင်းသည် အရွယ် ရောက်ချိန်တွင်မှာ အခွန်းတစ်ရာပြောဆိုခြင်းထက် ပိုမိုထိရောက်သည်။ –

ကလေးလူငယ်များကို သွန်သင်ပေးခြင်းသည် ခေါင်းဆောင်လောင်းများကို ပြုစုပျိုးထောင်ပေးခြင်း ဖြစ်ရုံမက ပျောက်ဆုံးသော ဝိညာဉ်များကို ဘုရားသခင်ထံ ပို ဆောင်ပေးခြင်းလည်းဖြစ်သည်။ လမ်းမှား ပျက်စီးမည့်သူကို ကယ်တင်ပေးခြင်းသည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် မိမိကိုကယ်တင်မည့်သူ ဖြစ်နိုင်သည်။ သိုဖြစ်၍ ယနေ့ မိမိပျိုးထောင်ပေးသောသူသည် မနက်ဖြန်၌ မိမိသားသမီးများကို ပျိုးထောင်ပေးမည့် သူဖြစ်နိုင်သဖြင့် မိမိသားသမီးများအပေါ် ပျိုးထောင်ပေးစေလိုသည့်ပုံစံအတိုင်း ပျိုး ထောင်ပေးရမည်ဖြစ်သည်။

ခေါင်းဆောင်ကောင်းတစ်ဦး၏ ဦးဆောင်မှုကိုခံယူလိုပါက မိမိသားသမီးများ နှင့် မိတ်ဆွေသူငယ် ချင်းများကို ယနေ့တွင်ပင် သမ္မာတရားနှင့်အညီ မပျင်းမရိညွန် သင်ပျိုးထောင်ပေးပါ။ မနက်ဖြန်အတွက် ခေါင်းဆောင်ကောင်းမပိုင်ဆိုင်ရသေးသူ ဖြစ်ပါကယနေ့အတွက်အရေးကြီးဆုံး အလုပ်တစ်ခု မဆောင်ရွက်သေး သူပင်ဖြစ်သည်။ ယနေ့ ပျိုးထောင်ပေးသောသူသည် မနက်ဖြန် ခေါင်း ဆောင်မည့် သူဖြစ်သဖြင့် အရေးကြီးဆုံး အလုပ်တစ်ခု ဆောင်ရွက်ခြင်းဖြစ်သည်ကို မမေ့ပါနှင့်။

အန္ဒြေ ၏ အဓိကတာဝန်တစ်ခုမှာ သိုးကဲ့သို ပျောက်ဆုံးနေသော အစ္စရေးလူမျိုးများကို ပြန်လည် ရှာဖွေရန်ဖြစ်သော်လည်း (မ ၁၀း၆) တစ်ပါးအမျိုးသား များကိုပါယေရှုထံပိုဆောင်ရန် ဝန်မလေးသူဖြစ်သည်။ မိသားစုအတွင်း၌ကောင်းမွန်စွာအလုပ်လုပ်ပြီးနောက် သူတစ်ပါးအတွက်လည်း အလုပ်လုပ်သူဖြစ်သည်။ အကယ်၍ ကိုယ်ကျိုးကြည့်တတ်သူသာဖြစ်ပါက ဂရိလူမျိုးများကိုပင် ယေရှုထံသို ခေါ်ဆောင်လိမ့်မည် မဟုတ်ချေ။ ခေါင်းဆောင်ကောင်းများသည် သူတစ်ပါးအကျိုး အတွက် ကျောသားရင်သားမခွဲခြားဘဲ အဘက်ဘက်မှ စေတနာအပြည့်ဖြင့် ဆောင် ရွက်ပေးကြသည်။

ခေါင်းဆောင်များက ပစ္စည်းများကို ယူဆောင်ကြသည် – နေရာတစ်ခုခုမှ

ခေါင်းဆောင်များက လူကိုသာမက အသုံးတည့်မည့်ပစ္စည်းတစ်ခုခုကို ယေရှု အတွက် ယူဆောင်ပေး လိုကြသည်။ အကြောင်းမှာ ယေရှုသည် ပစ္စည်းတစ်ခုခုကို အသုံးပြု၍ ကြီးမားသောနိမိတ် လက္ခဏာ ပြုလိုသောကြောင့်ဖြစ်သည်။

ဖိလိပ္ပုနှင့် အခြားတမန်တော်များက မဖြစ်နိုင်မည့်ဘက်ကိုသာ စဉ်းစားနေ သည့်အချိန်တွင် အန္ဒြေ ကမူ ယေရှုထံသို မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ယူဆောင်လာ သည်(ယော ၆း၉၊ မ ၁၄း၁၅)။ ထောင်ချီသောလူထုက ဝလင်စွာစားရလိမ့်မည်ဟုယုံကြည်ချက်ရှိ၍မဟုတ်နိုင်ဘဲ ယေရှုလက်ထဲ ရောက်ပါက ရေကို စပျစ်ရည်ဖြစ်စေ သောယေရှုက ထူးခြားစွာအသုံးပြုနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိ၍ ယူဆောင်လာ ခြင်းဖြစ်နိုင်သည်။

ထိုသိုယုံကြည်သည့်အတိုင်း နိမိတ်လက္ခဏာ မြင်ရသည့်အပြင် ကိုယ်တိုင်လည်းစားရသည်။ ယုံ ကြည်ခြင်းဖြင့် လျှောက်လှမ်းသောသူအဖို ထူးဆန်း လွန်းသောအရာ ဟူ၍ မရှိချေ။ လေဟာပြင်ထဲမှ

ကောင်းကင်နှင့် မြေကြီးကို ဖြစ်တည်စေနိုင်သော ဘုရားသခင်သည် သေးမွှားသောအရာတစ်ခုခုအား ဖြင့် နိမိတ်လက္ခဏာပြုနိုင်လွန်းမှန်းသိကြသဖြင့် သေး ငယ်သောအရာပင်ဖြစ်နေပါစေ ယေရှုထံသို ယူလာ ကြခြင်းဖြစ်သည်။ ယူဆောင်လာသော မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ထက် မည်သူ့လက်ထဲသိုပေးသည် ဟူသည့်အချက်က ပို၍အဓိကကျ သည်။ ယေရှုလက်ထဲသိုရောက်သဖြင့် လူထောင်ပေါင်းများစွာက ဝလင်စွာစားရ သည် (ယော ၆း၁၀-၁၃)။

အရာဝတ္ထုတစ်ခုခု ယေရှုလက်ထဲရောက်ပါက တန်ဖိုးရှိသွားသည်။ ဘုရား သခင်၏အမြင်တွင် မုဆိုးမ၏ အလှူငွေဒင်္ဂါးနှစ်ပြားသည် ချမ်းသာသူများ၏ အလှူ ငွေများစွာထက် ပို၍တန်ဖိုးရှိသည်။ အကြောင်းမှာ ဘုရားသခင်က အရေအတွက်ကို မကြည့်ဘဲ စိတ် နှလုံးကိုကြည့်သောကြောင့်ဖြစ်သည်။ အရေအတွက် ထက် မည်သည့်စိတ်ဖြင့်ပေးသည်၊ မည်သူ့လက်ထဲ သိုပေးသည် ဟူသည့်အချက်က ပို၍အရေးကြီးသည်။ မုဆိုးမသည် ဘုရားသခင်ထံ ရှိသမျှပေးလှူခြင်းဖြစ် သဖြင့် အလှူငွေအများဆုံးဖြစ် သွားသည်(လု ၂၁း၁-၄)။

သခင်ယေရှုသည် လူ့အမြင်၌ အရေးမပါသောအရာများပင်လျှင် စေတနာမှန် ဖြင့် သူ့ထံပေးလှူခြင်းဖြစ် ပါက နည်းသည်များသည်၊ အရေးပါသည်မပါသည်ဟူ၍ မရှိဘဲ နိမိတ်လက္ခဏာဖြစ်စေသည်။

ခေါင်းဆောင်များ၏ ခေါင်းဆောင်

အန္ဒြေ ကို ရှိမုန်တစ်ဖြစ်လဲ ပေတရု၏ညီအစ်ကိုဟုသာ သိထားကြသည်။ ၄င်း၏ အရည်အချင်းထက် ပေတရု၏ ညီအစ်ကိုဖြစ်ခြင်းကြောင့်သာ လူသိပိုများသည်။ ပေ တရု၊ ယောဟန်နှင့် ယာကုပ်တို့ အကြီးဆုံးရာ ထူးအတွက် ယှဉ်လုနေကြချိန်တွင် သူသည် တိတ်တိတ်ကလေးသာနေသည်။ ရာထူးအာဏာမမက်မောဘဲ ယေရှုထံသို လူများများပိုဆောင်နိုင်ရေးသာ ရည်မှန်းချက်ထားသည်။ သိုဖြစ်၍ ပေတရုအကြီးဆုံး ရာထူးရနေ ချိန်တွင်သူကမူသစွာရှိသောတပည့်တော် ၊ ဖြစ်ရန်နှင့် အလုပ်ပြီးစီးရန်ကိုသာ အာရုံစိုက်သည်။

သူသည် ပေတရု၊ ယောဟန်နှင့် ယာကုပ်တို ကဲ့သို ထင်ရှားကျော်ကြားသူ၊ ခေါင်းဆောင်လုပ်ဖူး သူ၊ လူအမြောက်အမြားရှေ့တွင် တရားဟောဖူးသူ၊ အသင်းတောတည်ထောင်ဖူးသူ မဟုတ်သည့်အပြင် သူ့နာမည်နှင့်ကျမ်းစာဟူ၍လည်း မရှိဖူးသူဖြစ်သည်။ သူ၏အရည်အချင်းမှာ သူတစ်ပါးဆုကျေးဇူးကို လုယူ ရန် စိတ်ကူးမရှိဘဲ ၄င်း၏ဆုကျေးဇူးတိုးပွားရန်သာ အာရုံစိုက်ခြင်းဖြစ်သည်။

သူသည် ကန့်လန့်ကာနောက်ကွယ်မှ တတ်စွမ်းသမျှဖြင့်လုပ်ဆောင်ပြီး လူ့ မျက်နှာရအောင် လူရှေ့သူရှေ့တွင် ဟန်ဆောင်တတ်သူမဟုတ်ချေ။ စိတ်နှလုံး အ ကြွင်းမဲ့ဖြင့် ဘုရား၏အလိုတော်အတိုင်း အသက်ရှင်၍ ခရစ်တော်အတွက် အမှုတော်ဆောင်သူဖြစ်သည်( ၆း၆)။ အန္ဒြေ နှင့် ပေတရုဟု အခေါ်ခံရမည့် အစား ပေတရုနှင့် အန္ဒြေ ဟုအခေါ်ခံရသည့်တိုင် မမှုသူဖြစ်သည်။ ပထမနေရာ၌မနေရသော်လည်း ပထမ နေရာ၌နေသောသူများကို အစွမ်းကုန်ကူညီသူဖြစ်သည်။

ခေါင်းဆောင်ကောင်းသည် လူတို၏ အသိအမှတ်ပြုမှုထက် အလုပ်ပြီးစီးရန် သာအလိုရှိသည်။ သူ့မျက်နှာရရှိရန်ထက် ဘုရား၏မျက်နှာရရှိရန်၊ နာမည်ရရန်ထက် လူရရန်သာ အလေးပိုထားသည်။ ဘုရားသခင်၏ အစေခံဖြစ်ကြောင်းမမေ့သဖြင့် နှိမ့်ချရန်လည်း ဝန်မလေးတတ်ချေ။ “ကောင်းကင်ဘုံ၌ အကြီးဆုံးဖြစ်လိုသောသူသည် လူအားလုံး၏အစေခံဖြစ်ရမည်” (မာ ၉း၃၅)ဟူသည့်ကျမ်းပိုဒ်အတိုင်း လိုက်နာအသက် ရှင်ရေးသည် အန္ဒြေ အဖို့ အလွန်လွယ်ကူသည်။ တကယ်စင်စစ် အန္ဒြေ သည် နာမည် မကြီးသော်လည်း နာမည်ကြီးခေါင်းဆောင်များ၏ ခေါင်းဆောင်ပင်ဖြစ်သည်။

သမိုင်းပညာရှင်များ၊ အထူးသဖြင့် အေဒီ(၃ဝဝ)ပတ်ဝန်းကျင်က သမိုင်းအထူး ကျွမ်းကျင်သူ တစ်ဦးဖြစ်သူ Eusebius က အန္ဒြေ သည် Scythia (ရုရှား)ပြည်အထိ ရောက်ရှိသည်ဟုပြောသည်။ ထိုအပြင် Bithynia နှင့် ဂရိပြည်တိုသိုလည်း ဧဝံ ဂေလိဟောပြောသည်ဟုဆိုသည်။ Achaia ဘုရင် Aaegaas ၏ဇနီး ထောငူနှင့် ဘုရင်ကြီး၏ညီအစ်ကိုဖြစ်သူ Stratoklis တိုသည် အန္ဒြေ အားဖြင့်ပြောင်းလဲ သဖြင့် ဘုရင်ကြီး အလွန်စိတ်ဆိုးသည် (Stratoklis သည် အထံမှ ဓမ္မသိက္ခာခံယူ၍ Patrasမြို၌ သင်းအုပ်ဆရာလုပ်သည်)။ ဘုရင်ကြီးက သူ၏ဇနီး၊ ညီအစ်ကိုဖြစ်သူနှင့် အန္ဒြေ တိုထံ သခင်ယေရှုကို ငြင်းပယ်ရန် အကြိမ်ကြိမ်ပြောဆို သော်လည်း ၄င်းတိုက လက်မခံသဖြင့် နောက်ဆုံးတွင် အန္ဒြေ ကိုသတ်ပစ်ရန် အမိန့်ပေးလိုက်တော့သည်။

အန္ဒြေ ၏နောက်ဆုံးနေ့

ဘုရင်ကြီးက အန္ဒြေ ထံ ““အသက်ရှင်ချင်ရင် ယေရှုကိုငြင်းပယ်လိုက်ပါ”ဟု တောင်းဆိုသည်။ အန္ဒြေကလည်း “ထာဝရအသက်ရရှိချင်ရင် ယေရှုကိုလက်ခံလိုက် ပါ”ဟု ပြန်လည်တောင်းဆိုသည်။ ထိုအခါ ဘုရင်ကြီးက တိုင်ပေါ်ချိတ်ဆွဲသတ်ပစ်ရန် အမိန့်ပေးလိုက်ရာ အေသင်မြိုအနီးရှိ ကြက်ခြေခတ်(X)ပုံစံတိုင်ပေါ် တွင် ချိတ်ဆွဲကြ သည်။

ဝေဒနာကြာရှည်ခံစားစေရန် ရည်ရွယ်ချက်ဖြင့် သံမှိမရိုက်ဘဲ ကြိုးဖြင့်ချည် ထားပြီး အဆက်မပြတ် ရိုက်နှက်ကြသည်။ အန္ဒြေ သည် ရိုက်နှက်ခံရသည့်ကြားမှပင် ထိုသူတိုအတွက်ဆုတောင်းပေးပြီး ဧဝံဂေလိ ဟောပြောသည်။ ထိုသို တိုင်ပေါ်တွင် နှစ်ရက်လုံးလုံးနေပြီးနောက် ဘုရားသခင်ထံ အိမ်ပြန်သွားသည်။

နောက်ဆုံးသောအချိန်တွင် အန္ဒြေ က “အို၊ အကျွန်ုပ်အလွန်ချစ်သော ယေရှု ခရစ်တော်ဘုရား၊ ကိုယ်တော့်ဆီထာဝရစံစားဖို အကျွန်ုပ်၏ဝိညာဉ်ကို အခုယူတော်မူ ပါ”ဟု ဆုတောင်းသည်။ ဆုတောင်းသည့် အတိုင်း ကောင်းကင်ဘုံသိုရောက်ရှိ၍ ယေရုရှလင်မြိုသစ်၌ သူ၏နာမည်ကို ကမ္ပည်းတပ်ခံရမည်ဖြစ်သည်။

အန္ဒြေ ကဲ့သိုသော ယေရှုထံသို လူများစွာပိုဆောင်ပေးမည့် ခေါင်းဆောင် အလွန်လိုအပ်သည်။ ခေတ်သစ်အအဖြစ် မိတ်ဆွေလည်းပါဝင်နိုင်ပါသည်။

 

၁၉။ ယာကုပ် (James)

ခရစ်ဝင်ကျမ်းများတွင် ယာကုပ်၏နာမည်ကို သူ၏ညီအစ်ကိုဖြစ်သူ ယောဟန်နှင့် အမြဲတွဲဖက် ဖော်ပြသည်။ သူ့နာမည်သီးသန့်ဖော်ပြသော ကျမ်းပိုဒ်တစ်ခုတည်းရှိရာ ယင်းမှာ တမန်တော်ဝတ္ထု ၁၂း၁-၂ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ယာကုပ်အမည် ပိုင် ရှင်ငါးဦးရှိပြီး အကြိမ်ပေါင်း(၄၂)ကြိမ်တွေ့ရသည့်အနက် ယခုဖော်ပြမည့် ယောဟန် ၏ညီအစ်ကိုဖြစ်သူ ယာကုပ်၏နာမည်ကို (၂)ကြိမ်တွေ့ရသည်။

ထိုယာကုပ်အမည်ပိုင်ရှင်ငါးဦးမှာ –

၁) ယာကုပ်၊ ယောဟန်၏ညီအစ်ကို။

 ၂) ယာကုပ်အငယ်(မာ ၁၅း၄၁)။ တစ်ခါတစ်ရံ မာရိ၏သား၊ သိုမဟုတ် ယောသေ၏ ညီအစ်ကိုဟုလည်း ဖော်ပြသည်။

၃) ယာကုပ်၊ ယုဒ၏အစ်ကို(လု ၆း၁၆၊ တ ၁း၁၃)။ ဤယုဒကို Thaddaeus သိုမဟုတ် Lebbaeus ဟုလည်း ဖော်ပြသည်။

၄) ယာကုပ်၊ ယေရှု၏ညီအစ်ကို(မ ၁၃း၅၅၊ မာ ၅း၃)။ ဤယာကုပ်သည် ယာ ကုပ်ဩဝါဒစာ ရေးသားသူနှင့် ယေရုရှလင်အသင်းတော်၏ ခေါင်းဆောင်ဖြစ်သည်။

၅) ယာကုပ်၊ Alphaeus ၏သား။ ဤယာကုပ်၏နာမည်ကို ကျမ်းစာထဲတွင် (၄)ကြိမ်သာတွေ့ရသည်(မ ၁၀း၃၊ မာ ၃း၁၈၊ လု ၆း၁၅၊ တ ၁း၁၃)။

ကျမ်းစာထဲတွင် ယာကုပ်နှင့်ယောဟန်ဟူ၍ ယာကုပ်ကို ပထမနေရာ၌ အများ အားဖြင့်ဖော်ပြသည်(လု ၈း၅၁၊ ၉း၂၈နှင့် တ ၁း၁၃ တိုတွင်မူ ယောဟန်နှင့် ယာကုပ်ဟု ဖော်ပြသည်)။ အန္ဒြေ နှင့်ပေတရုဟု ဖော်ပြနေရာမှ ပေတရုက ပို၍ဦးဆောင် သဖြင့် ပေတရုနှင့် အန္ဒြေ ဟု ဖော်ပြခံရသည့်နည်းတူ (ယော ၁း၄၄၊ မ ၁၀း၂)ဗာနဗင် ရှောလု(ပေါလု)ဟု ဖော်ပြနေရာမှ ပေါလုက ပို၍ဦးဆောင်နိုင်သဖြင့် ပေါလုနှင့် ဗာနဗ ဟု ဖော်ပြခြင်းခံရသည်(တ ၁၂း၂၅၊ ၁၃း၄၃)။ ဦးဆောင်သူ၏နာမည်ကို ပထမနေရာ တွင် ဖော်ပြလေ့ရှိသည့်အတိုင်း ယာကုပ်နှင့် ယောဟန်တို ညီအစ်ကိုကြားတွင်လည်း ယာကုပ်သည် အသက်ပိုကြီးသည်သာမက ပို၍ဦးဆောင်နိုင်သူဖြစ်ကြောင်း တွေ့ရ သည်။

ယာကုပ်ဟူသည် ခြေဖနောင့်ကိုင်သူ၊ လိမ်ညာသူဟု အဓိပ္ပာယ်ရသည်။ ယော ဟန်နှင့် ညီအစ်ကိုဖြစ်၍ ငါးဖမ်းကျွမ်းကျင်သူ ဇေဗေဒဲ၏သားများဖြစ်သဖြင့် တံငါလုပ် ငန်းဖြင့်အသက်မွေးကြသည်။ အလုပ်သမား များကိုပင် ငှားရမ်းနိုင်သဖြင့် တံငါသည် များအနက် ချမ်းသာသူများဖြစ်ကြသည်။ သိုသော် ယေရှုကခေါ်သော အခါ ဖခင်ကို ထားခဲ့ပြီး ချက်ချင်းလိုက်သွားကြသည်။

သခင်ယေရှုကယာကုပ်တိုညီအစ်ကိုကို ‘မိုးခြိမ်းသံ၏သားများ”ဟု နာမည်မှည့် ပေးသည်(မာ ၃း ၁ရ။ အကြောင်းမှာ သူတိုနှစ်ဦးသည် စိတ်ဆတ်သည်။ ဒေါသကြီး သည်။ လက်မြန်ခြေမြန်ရှိသည်။ ခံစားချက်ကြီး သည်။

ထိုသိုသော စိတ်ထားရှိသူယာကုပ်သည် မည်သိုသော မိသားစုမှမွေးဖွားလာ ပြီး ယေရှုက သူ၏ ဘုန်းတော်ထင်ရှားရန် မည်သိုသွန်သင်ပေးသည်ကို လေ့လာကြ ပါစို။

ယာကုပ်၏မိသားစုအကြောင်း

ကောင်းမွန်သောမိသားစုမှ မွေးဖွားလာသူအများစုသည် လူကောင်းများ ဖြစ် လာကြသည်။ မိသားစုဦးဆောင်ပုံနှင့် ချစ်ခြင်းမေတ္တာရှိကြပုံတို့မှာ စံပြုအတုယူစရာ ဖြစ်သည်။ ကျမ်းစာတွင်တွေ့ရသည့် ကောင်းမွန်သောမိသားစုအနည်းငယ်ထဲတွင် ယာကုပ်နှင့်ယောဟန်တိုမိသားစုပါဝင်သည်။ သူတိုမိသားစုသည် ဘုရားသခင်ကို ချစ်၍ သမ္မာတရားကိုအလေးထားသဖြင့် တစ်မိသားစုလုံး ယေရှုနောက်သို လိုက်ကြ သူများ ဖြစ်သည်။

ဖခင်ကောင်း ဇေဗေဒဲ

ဇေဗေဒဲသည် သူ၏သားများကို ယေရှုနောက်သိုလိုက်ရန် မတားဖြစ်ခဲ့ချေ။ သူသည် ဂုဏ်သတင်းကျော် ကြားသူ လူကောင်းလူမြတ်တစ်ဦးဖြစ်သဖြင့် ယာကုပ်နှင့် ယောဟန်တိုကို ရည်ညွှန်းလိုသည့်အခါ ၄င်း၏နာမည်ကိုအစွဲပြု၍ ဇေဗေဒဲ၏သား များဟု မကြာခဏခေါ်ကြသည်(မ ၂၀၂၀၊ ၂၆း ၃ရ၊ မာ ၃း၁ရ၊ ၁၀း၃၅၊ လု ၅း၁ဝ၊ ယော ၂၁း၂)။

ထိုအပြင် ဇေဗေဒါသည် ဂါလိလဲပြည်သာမက ယေရုရှလင်မြိုအထိ တိုင် အောင် လူသိများသူဖြစ်သဖြင့် ယေရုရှလင်ဗိမာန်တော်ရှိ ယဇ်ပုရောဟိတ်မင်းနှင့် လည်း သိကျွမ်းသူဖြစ်သည်(ယော ၁၈း ၁၅၊၁၆ -ယဇ်ပုရော ဟိတ်မင်းထံ ယေရှုအစစ် ဆေးခံရမည့်အချိန်တွင် ပေတရုဝင်ခွင့်ရရန် ယောဟန်က ခွင့်တောင်းပေးသည်)။ သ မိုင်းမှတ်တမ်းတစ်ခု၌ ဇေဗေဒါတိုမိသားစုသည် လေဝိအမျိုးဖြစ်ပြီး ယဇ်ပုရောဟိတ် မင်းတိုမိသားစုနှင့် မိတ်ဆွေရင်းဖြစ်သည်ဟု ဖော်ပြသည်။

မိခင်ကောင်း ရှာလုံ

ရှာလုံသည် ယေရှု၏နောက်လိုက်ဖြစ်သည့်အပြင် အဒေါ် (မာရိနှင့်ညီအစ်မ) လည်းဖြစ်သည်။ သစ္စာရှိသောနောက်လိုက်ဖြစ်သဖြင့် လက်ဝါးကားတိုင်ပေါ် ယေရှု အသက်ထွက်သည်အထိ အဝေးမှ ငေးကြည့်နေရှာသည်။

သူသည် မိသားစုနှင့်အတူ ယေရှုနောက်လိုက်သောမိခင်၊ သားသမီးများအ တွက် ယေရှုထံ အကောင်းဆုံးနေရာတောင်းရဲသောမိခင်၊ စေတနာစိတ်ကြီးမားသော မိခင်ဖြစ်သဖြင့် ထိုသိုသောမိခင်ကို ပိုင်ဆိုင်သည့် ယာကုပ်တိုညီအစ်ကိုသည် ကောင်း ချီးခံစားသူများဖြစ်ကြသည်။ မိခင်ကောင်းပိုင်ဆိုင်သည့် သားသမီးများသည် လူရာ ဝင်ပြီးခေါင်းဆောင်ကောင်းအများစုတိုသည်မိခင်ကောင်းပိုင်ဆိုင်သူများဖြစ်ကြသည်။

ရှာလုံသည် တောင်းဆိုလိုသောအရာတစ်ခုရှိသဖြင့် သူ၏သားများနှင့်အတူ ယေရှု၏ရှေ့တွင် ဒူးထောက်ကြပြီး ကောင်းကင်နိုင်ငံတော်တွင် ၄င်း၏သားနှစ်ယောက် ကို ယေရှု၏ဘေးတစ်ဖက်စီ၌ ထိုင်ခွင့်ပြုရန်တောင်းဆိုသည်။ သိုသော် ယေရက ၄င်းတိုအနေဖြင့် မည်သည့်ဆုကို တောင်းဆိုမှန်းပင် မသိသည့်အကြောင်း၊ မကြာခင် သောက်ရမည့် သူ၏ခွက်ကို ၄င်းတိုသောက်နိုင်ပါမည်လော၊ သူကဲ့သို အပ်နှံခြင်းခံယူ၊ နိုင်ပါမည်လောဟု ပြောဆိုမေးမြန်းရာ ၄င်းတိုကလည်း လုပ်ဆောင်နိုင်ပါမည်ဟု ပြန် ဖြေကြသည်။

ထိုအခါ ယေရှုက ငါသောက်ရမည့်ခွက်ကို သင်တိုသောက်ရမည်။ ငါခံယူမည့် အပ်နှံခြင်းကို သင်တိုခံယူရမည်။ သိုသော်လည်း ငါ၏ဘေးတစ်ဖက်စီ၌ထိုင်ခွင့်ကိုမူ ငါ့ခမည်းတော်ကဆုံးဖြတ်လိမ့်မည်ဟု ပြန်ပြောသည်(မ ၂၀း၂၀-၂၃)။ ရှာလုံသည် ရ၊ မရ မသေချာသည့်တိုင် စေတနာစိတ် ကြီးမားစွာ တောင်းဆို ရဲသောသူဖြစ်ကြောင်း တွေ့မြင်ရသည်။

ရှာလုံက သူ၏သားသမီးများအတွက် ချမ်းသာ ခြင်း၊ နာမည်ကြီးခြင်းစသည့် လောကအရာများကို ဦးစွာမတောင်းဆိုဘဲ ထိုအရာများထက် အဆများစွာ ပိုအရေးကြီးသော ထာဝရအသက်အပြင် ယေရှုနှင့် အနီးကပ်နေထိုင်ခွင့်ကိုပါ တောင်းဆိုခြင်းဖြစ်သည်။ မိခင်ကောင်းဟူသည် သားသမီးများအတွက် အခြား အရာများထက် ဝိညာဉ်ရေးကို ဦးစွာတောင်းဆိုသူဖြစ်သည်။ ဝိညာဉ်ရေးဦးစားပေးသော မိခင်သည် ဝိညာဉ်ရေးဦးစားပေးသော သားသမီးမွေးဖွား၍ ဘုရားသခင်အတွက် ကြည်ဖြူစွာ ဆက်ကပ်သည်။

ယာကုပ်သင်ယူရမည့် သင်ခန်းစာများ

ခေါင်းဆောင်ကောင်းဖြစ်နိုင်ရန်အတွက် တာဝန်ယူမှုနှင့် တာဝန်ခံမှုလိုအပ် သည်။ မည်သိုနေရာယူ၍ မည်သိုလုပ်ဆောင်ရမည်ကို သင်ယူရမည်ဖြစ်သည်။ ထို အပြင် ခေါင်းဆောင်တာဝန်ယူရခြင်းကြောင့် လိုအပ်ပါက အသက်ကိုပင်ပေးဆပ်ရ မည်ကို ကြိုတင်သိရှိထားရန်လိုသည်။

ခေါင်းဆောင်နှင့် နေရာ

ခေါင်းဆောင်၏နေရာသည် ရာထူးရာခံနှင့် အထက်စီးမှ ဆက်ဆံသည့်နေရာ မဟုတ်ရဘဲ သူတစ်ပါးအတွက် လုပ်ဆောင်ပေးသည့်နေရာဖြစ်ရပါမည်။ အာဏာဖြင့် အုပ်ချုပ်ရမည့်နေရာမဟုတ်ရဘဲ မေတ္တာဖြင့် ဦးဆောင်ရမည့်နေရာဖြစ်ရပါမည်။ မိမိ အကျိုး ပြည့်စုံစေရမည့်နေရာမဟုတ်ဘဲ သူတစ်ပါးအကျိုး ပြည့်စုံစေရမည့်နေရာ၊ အထူးသဖြင့် သူတစ်ပါး၏အသက်တာ၌ ဘုရားသခင်၏အလိုတော် ပို၍ပြည့်စုံစေရ မည့်နေရာဖြစ်သည်။ညယာကုပ်၏နေရာသည် တမန်တော်များ အနက်ပေတရုပြီးလျှင် ဒုတိယအကြီးဆုံးနေရာ ဖြစ်သည် (မာ ၃း၁၆-၁၉၊ တ ၁း၁၃)။ ဂုဏ်သတင်းကြီးသော မိသားစုမှ မွေးဖွားလာသူဖြစ်သဖြင့် ခေါင်းဆောင် နေရာအတွက် ပေတရုနှင့် အငြင်းပွားသည့်အချိန် ရှိ တတ်ပုံရသည်(လု ၂၂း၂၄)။

သခင်ယေရှုသည် ၄င်းနှင့်အနီးကပ်လက်တွဲရန် တမန်တော်သုံးဦးရွေးချယ်ရာ၌ ယာကုပ်အမြဲ ပါဝင် သည်။

၁) ယေရှုသည် ယာက္ကရု၏သမီးကို ကျန်းမာစေရာ၌ – ပေတရု၊ ယာကုပ်၊ ယောဟန်(မာ ၅း၃ရ)၊

 ၂) ယေရှုသည် မျက်နှာပြောင်းလဲသောတောင်ပေါ်၌ ပေတရု၊ ယာကုပ်၊ ယောဟန်(မ ၁၇း၁)၊

၃) ယေရှုသည် ဂေသရှေမန်ဥယျာဉ်၌ – ပေတရု၊ ယာကုပ်၊ ယောဟန် (မာ ၁၄း၃၃)။

နောက်ဆုံးသောညစာစားပွဲတွင် ယေရှုနှင့်အနီးဆုံးနေရာ၌ ပေတရု၊ ယာကုပ် နှင့် ယောဟန်တို ထိုင်နေပုံရသည်။ ယေရှုက “သင်တိုထဲမှာ ငါ့ကိုသစ္စာဖောက်မယ့် သူရှိတယ်”ဟု ပြောသောအခါ ပေတရုသည် ယေရှု၏ညာဘက်ရင်ခွင်၌ လျောင်းမှီ နေသော ယောဟန်ကိုကြည့်ပြီး ဘယ်သူလဲဟုမေးကြည့်ရန် လက်ဟန်ဖြင့် ပြလိုက် သည်(ယော ၁၃း၂၁-၂၆)။

အကယ်၍ ပေတရုသည် ယေရှု၏ဘယ်ဘက် ၌ထိုင်နေလျှင် ညာဘက်၌ထိုင်နေသောယောဟန်ကို တစ်ဆင့်မေးခိုင်းစရာမလိုဘဲ ကိုယ်တိုင်မေးလိမ့်မည် ဖြစ်သည်။ ယခုတွင်မူ ယေရှု၏ညာဘက်၌ ယောဟန်၊ ယောဟန်၏ညာဘက်၌ ပေတရု အစဉ်လိုက်ထိုင် နေပုံရသည်။ သိုဖြစ်လျှင် ယေရှု၏ဘယ်ဘက်၌ မည် သူထိုင်နေသနည်း။

ယေရှုသည် ရှာလုံတောင်းဆိုသည့်အတိုင်း ၄င်း၏ဘယ်ဘက်နှင့်ညာဘက်၌ ယာကုပ်နှင့်ယောဟန်ကို ထိုင်ခိုင်းနေပုံရသည်။ သိုဖြစ်၍ယာကုပ်နှင့်ယောဟန်တိုသည် အရေးကြီးသောနေရာ ရရှိသူများဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ယာကုပ်သည် အရေးကြီးသောနေရာ ရရှိသူဖြစ်သည်နှင့်အညီ တာဝန်လည်း အလွန်ကြီးသည်။ ကြီးလေးသောတာဝန်ကို အောင်မြင်စွာထမ်းဆောင်နိုင်ရန်နှင့် ခေါင်းဆောင်ကောင်းဖြစ်နိုင်ရန်အတွက် ယေရှုသည် သေသောသူပြန်ရှင်စေခြင်း၊ တောင်ပေါ်၌မျက်နှာပြောင်းလဲခြင်းနှင့် နိမိတ်လက္ခဏာအမျိုးမျိုးပြု ခြင်းတိုကိုမြင်တွေ့ စေသည်။ သိုဖြစ်၍ ယာကုပ်၏ ယုံကြည်ခြင်း ပို၍ရင့်ကျက်လာသည်။

ဘုရားသခင်သည် အရည်အချင်း ရှိသူနှင့် အောင်မြင်သောသူတိုကို ဦးစားပေး မခေါ်ဘဲ ခေါ်သောသူတိုကို အရည်အချင်းနှင့် အောင်မြင်ခြင်းပေးသည့်အတိုင်း ယာ ကုပ်ကိုလည်း အရည်အချင်းရှိ၍ အောင်မြင်သောသူဖြစ်ရန် တစ်ဆင့်ပြီးတစ်ဆင့် သွန်သင်ပြုစုပျိုးထောင်ပေးသည်။ နေရာကိုပေးလျှင် အောင်မြင်နိုင်ရန်အတွက် လို အပ်သောအရာများကို လိုအပ်သလို ပြင်ဆင်ပေးသည်။

ခေါင်းဆောင်နှင့် စိတ်အားထက်သန်မှု

စိတ်အားထက်သန်မှုမရှိဘဲနှင့် အရေးကြီးသည့်အလုပ်တစ်ခုခုကို တွင်ကျယ် မြန်ဆန်စွာ လုပ်ဆောင်ပြီး စီးနိုင်မည်မဟုတ်ချေ။ စိတ်အားထက်သန်မှုက ပျင်းရိခြင်း ဖယ်ရှားပေးသဖြင့် အချိန်အချည်းနှီးမကုန်တော့ပေ။ စိတ်အားထက်သန်မှုက ခွန်အား ကိုဖြစ်စေပြီး အိုးထဲမှရေကို ပွက်ပွက်ဆူစေသော မီးတောက်နှင့်တူသည်။

ယာကုပ်သည် စိတ်အားထက်သန်သူတစ်ဦးဖြစ်သဖြင့် လုပ်ဆောင်သည့်နေရာ တချို၌ စိတ်အားထက် သန်သူများတွေ့ပါက အမြင်ကပ်တတ်သည်။ ထိုသူတိုက လည်း ပြန်လည်အမြင်ကပ်တတ်သဖြင့် ရန်သူပေါ များသည်။ သိုဖြစ်၍ တမန်တော် များအနက် ပထမဆုံးအသတ်ခံရသည်။

သူသည် ၄င်းကဲ့သို စိတ်အားထက်သန်သူများ၊ ယေရှုကို လက်မခံသူများတွေ့ ရသောအခါ ထိုသူတိုကို ချေမှုန်းပစ်လိုစိတ်ပေါ်လာသည်။ ရှမာရိမြိုငယ်တစ်ခုတွင် ယေရှုကို ငြင်းပယ်ကြသဖြင့် ယာကုပ်တိုညီအစ် ကိုသည် အလွန်စိတ်ဆိုးပြီး သခင် ယေရှုထံ “ကိုယ်တော်၊ ဒီလူတွေကို ဧလိယလုပ်သလို ကောင်းကင်ကနေမီး ကျစေပြီး ရှိပစ်လိုက်ရင်မကောင်းဘူးလား”ဟု မေးသည်(လု ၉း၅၄)။ သိုသော် ယေရှုက “သင်တို ဘယ်လိုစိတ် ဓာတ်မျိုးရှိတယ်ဆိုတာ သတိထားကြမိရဲ့လား။ ငါက လူတွေရဲ့ အသက်ဖျက်ဆီးဖို လာတာမဟုတ်ဘူး။ ကယ်တင်ဖို့လာတာ” ဟု ဆူလိုက်သည်(လု ၉း၅၆)။

အာရှုရိတိုသည် ရှမာရိမြိုကို ဘီစီ(၂၂)တွင် တိုက်ခိုက်ပြီး သန်စွမ်းသော ယောက်ျားအားလုံးကို ကျွန်အဖြစ်ခေါ်သွားသည်။ ကျန်ရှိသောသူများသည် ပတ်ဝန်းကျင်မြိုများရှိ ဘုရားကို မသိသောသူများ နှင့် လက်ထပ်ထိမ်းမြားသဖြင့် အစ္စရေး သွေးမစစ် တော့ချေ (၄ရာ ၁၇း၂၄-၃၄)။ ထိုသွေးမစစ်ကပြားများ ကို အစ္စရေးတိုက ရွံရှာမုန်းတီးကြသည်။ ထိုအချက် ကြောင့် ယာကုပ်နှင့်ယောဟန်တိုကလည်း ရွံရှာ မုန်း တီးခြင်းဖြစ်နိုင်သည်။

ယေရှုကမူ ရွံရှာမုန်းတီးမည့်အစား မေတ္တာပြသသည်။ ရှမာရိအမျိုးသမီးနှင့် မြိုသူမြိုသားများထံ ၄င်းသည်မေရှိယဖြစ်ကြောင်း ပြောသည်။ ရှမာရိအမျိုးသမီး တိုက်သောရေကို သောက်သည်။ ထိုမြို၌ နှစ်ရက်နေထိုင်သည်(ယော ၄း၁-၄၂)။ ရှမာရိနူနာသည် တစ်ယောက်ကို ကျန်းမာစေသည်(လု ၁း ၁၆)။ ကောင်းသော ရှမာရိလူအကြောင်းကို ဥပမေယျဖြင့်ပြောဆိုသည်(လု ၁၀း၃၀-၃၇)။ ရှမာရိပြည်၌ ဧဝံဂေလိဟောပြောရန် အမိန့်ပေးသည်(တ ၁း၈)။ ရှမာရိပြည်၌ ဖိလိပ္စုက ယေရှု အ ကြောင်းဟောပြောသည်(တ ၈း၅)။

ယာကုပ်တိုညီအစ်ကိုသည် ကပြားများနှင့် ၄င်း တိုကဲ့သို စိတ်အားထက်သန်ခြင်းမရှိသူများကို ချေ မှုန်းပစ်ရန်စိတ်ကူးရှိသဖြင့် သခင်ယေရှုက ဆူပူကြိမ်း မောင်းသည်။ စိတ်အားထက်သန်ခြင်းသည် ကောင်း သောအရာဖြစ်သော်လည်း ဘုရားအလိုတော်နှင့်မညီ ပါက မကောင်းတော့ပေ။ ယေရှုကိုငြင်း ပယ်ကြခြင်း အပေါ် စိတ်ဆိုးသင့်ပါသည်။ သိုသော် ယေရှုက မည် သည့်ဝန်တာထားသည်ကို ဦးစွာသိရှိသင့်သည်။

ယာကုပ်ကဲ့သိုသော စိတ်အားထက်သန်သူများနှင့် လက်တွဲလုပ်ဆောင်ခြင်း သည် တက်ကြွမှုကိုပေး သဖြင့် ပျော်စရာကောင်း၍ အလုပ်လည်းတွင်သည်။ သိုသော် တစ်ဖက်တွင်မူ စိတ်အားထက်သန်မှုသည် ဆုတောင်းခြင်းနှင့် ဝိညာဉ်တော်၏လမ်း ပြမှု ဒွန်မတွဲပါက အန္တရာယ်အလွန်များသည်။ သိုဖြစ်၍ ခေါင်းဆောင် များသည် စိတ် အားထက်သန်ရမည်ဖြစ်သော်လည်း ဆုတောင်းခြင်းနှင့် ဝိညာဉ်တော်၏လမ်းပြမှုဖြင့် လုပ်ဆောင် ရမည်ဖြစ်သည်။

ခေါင်းဆောင်နှင့် စာနာစိတ်

ခေါင်းဆောင်ကောင်းများ၏ အသက်တာနှင့် လုပ်ပုံကိုင်ပုံအကြောင်းကိုပြော လျှင် မပါမဖြစ်သောအရာ တစ်ခုမှာ ၄င်းတို၏စာနာစိတ်ပင်ဖြစ်သည်။ အကြောင်းမှာ ခေါင်းဆောင်ကောင်းများသည် စာနာစိတ်ရှိကြပြီး စာနာစိတ်မရှိဘဲနှင့် ခေါင်းဆောင်ကောင်းမဖြစ်နိုင်၍ ဖြစ်သည်။

ယာကုပ်သည် သားသမီးများအပေါ် စိတ်စေ တနာအလွန်ကြီးမားသော မိခင်ကောင်းပိုင်ဆိုင်သူ ဖြစ်ကြောင်း အားလုံးသိကြပြီးဖြစ်သည်။ မိခင်၏သား နှစ်ယောက်ကို ယေရှု၏ဘေးတစ်ဖက်စီ၌ ထိုင်စေလို သည့်စိတ်စေတနာကို ယာကုပ်တိုညီအစ်ကိုကလည်း လုံးဝမငြင်းပေ။ တစ်နည်းအားဖြင့် သူတို နှစ်ဦးက လည်း သွယ်ဝိုက်နည်းဖြင့်တောင်းဆိုခြင်းဖြစ်သည်။ အရာခပ်သိမ်းစွန့်လွှတ်ပြီး ယေရှု နောက်လိုက်သူချင်းအတူတူ အခြားတမန်တော်များအပေါ် စာနာစိတ်မရှိကြချေ။

ယေရှုကို ရှမာရိမြိုသားများက ငြင်းပယ်သောအခါ ယာကုပ်တိုညီအစ်ကိုက ဖြစ်နိုင်လျှင် တစ်မြိုလုံး မီးရှို့လိုသည်။ ချစ်ခြင်းတရားနှင့် စာနာစိတ်ကင်းမဲ့ကြသဖြင့် ယေရှု၏အဆူခံရသည်။ ခေါင်းဆောင်တစ်ဦးသည် ချစ်ခြင်းမေတ္တာ၊ စာနာစိတ်နှင့် သည်းခံခြင်းတရားရှိရန်လိုအပ်သဖြင့် ထိုအချက်များကို ယေရှုက သွန်သင်ဆုံး မခြင်း ဖြစ်သည်။ ယောဟန်ကကောင်းစွာနားထောင်သဖြင့်သူ့ကို“ချစ်ခြင်းမေတ္တာအကြောင်း အထူးအလေးထား သောတမန်တော် ́ဟုပင် တင်စားသတ်မှတ်ကြသည်။

ယာကုပ်သည် စိတ်သဘောမတိုက်ဆိုင်သူများအဖို အလွန်ခံရခက်သူဖြစ် သဖြင့် လူမုန်းအလွန်များ သည်။ သိုဖြစ်၍ တမန်တော်များအနက် ဟေရုဒ်မင်း၏ ပထမ ဆုံးအသတ်ခံသူဖြစ်သွားသည်။ စာနာစိတ်မရှိခြင်း က ပြဿနာမျိုးစုံသယ်ဆောင် လာပြီး ခေါင်းဆောင်ကောင်း မဖြစ်စေနိုင်တော့ပေ။

ခေါင်းဆောင်မှု၏ အဖိုးအခ

ယာကုပ်သည် လွန်ခဲ့သော(၁၅)နှစ်၊ ယေရှု ဘေးတစ်ဖက်စီ၌ထိုင်ခွင့်ရရန် တောင်းဆိုစဉ်က ယေရှု သောက်မည့်ခွက်ကို သူလည်းသောက်နိုင်မည်၊ ယေရှုခံရမည့် ဒုက္ခကို သူလည်းခံနိုင်မည်ဟု ကတိပြုသည့် အတိုင်း ယခု အသတ်ခံရတော့မည် ဖြစ်သည်။ အသတ်ခံခါ တွင် ခါးသောရေ သောက်ခိုင်းလေ့ရှိရာ ယာကုပ်က လည်း ယေရှုကိုအောက်မေ့ရင်း သောက်လိုက်သည်။ ယုံကြည်ချက်ကြောင့် ပထမဆုံး အသတ်ခံရသည့် သတေဖန်နည်းတူ ယာကုပ်သည် သူ့ကိုသတ်သည့် သူများအတွက် ဆုတောင်းပေးသည်။

ယာကုပ်သည် တမန်တော် (၁၂)ပါး အနက် ပထမဆုံးအသတ်ခံရသူဖြစ်သဖြင့် “ယုံကြည်ချက်ဖြင့် အသတ်ခံရသောသူများ၏ ခေါင်းဆောင် ́ဟု သတ် မှတ်ခြင်းခံရသည်။ ထိုနည်းတူ ကျမ်းစာ၌လည်း သူ၏ အသတ်ခံရမှုကိုသာ မှတ်တမ်း တင်ထားသည် (အခြားတမန်တော်များ၏ အသတ်ခံရမှုကို မှတ်တမ်းမတင်ထား ချေ။

ဟေရုဒ်သည် ယုဒလူထု၏မျက်နှာရလိုဇောဖြင့် တမန်တော်များအနက် လူမုန်း အများဆုံးယာကုပ်ကို ဦးစွာသတ်ပစ်ခြင်းဖြစ်နိုင်သည်။ ယင်းက ယာကုပ်သည် သာမန် တမန်တော်မဟုတ်ကြောင်း ပြသသည်။ စင်စစ် ပေတရုထက်ပင် ပိုမိုထက်မြက်၍သာ ခရစ်ယာန်များအမြန်ပျောက်ကွယ်စေရန် သူ့ကိုဖယ်ရှားပစ်ခြင်းဖြစ်သည်။ သိုဖြစ်၍ သူသည်ခေါင်းဆောင်ပီသသူ၊ သူတစ်ပါးအပေါ်သြဇာရှိသူနှင့် သူတစ်ပါး၏အကြောက် ရဆုံးသူဖြစ် ကြောင်း တွေ့မြင်နိုင်သည်။

လူထုက ခေါင်းဆောင်များကို ရိုသေကြောက်ရွံကြသည်။ ခေါင်းဆောင်များ ကောင်းနေပါက အလွန်ချစ် ကြသကဲ့သို ဆိုးနေလျှင်မူ အလွန်မုန်းတီးကြသည်။ စံစရာရှိသည့်အချိန်တွင် အားကျစရာကောင်းသော်လည်း ခံစရာရှိသည့်အချိန်တွင်မူ အားကျစရာမကောင်းတော့ချေ။ ခေါင်းဆောင်မှု၏ အဖိုးအခသည် ပျော်စရာထက် စိတ်ညစ်စရာပိုများသည်။

ယာကုပ်၏ အတောင့်တဆုံးသောအရာသည် ရွှေသရဖူဖြစ်သော်လည်း တ ကယ်ရရှိလိုက်သည်မှာ ဒုက္ခနှင့်သေခြင်း ဖြစ်သည်။ “ဦးခေါင်း’ဖြစ်လိုသော်လည်း “ခြေဖျား” ဖြစ်သွားသည်။ “မင်း’ဖြစ်လိုသော်လည်း “ကျွန်” ဖြစ်သွားသည်။ တမန်တော် များအနက် အဦးအဖျားဖြစ်လိုသော်လည်း ပထမဆုံး အသတ်ခံရသူ ဖြစ်သွားသည်။

အသတ်ခံရသည့်အချိန်အထိ ဧဝံဂေလိဟော ပြောသဖြင့် ကယ်တင်ခြင်းရသူ တိုးပွားလာသည်။ Alexandria မြို့သား Clement ပြောဆိုချက်ကို Eusebius က မှတ်တမ်းတင်ရာ၌ ယာကုပ်သည်

သေဒဏ်ခံယူရန် တရားရုံးသိုသွားနေရင်းပင် ဧဝံဂေ လိဟောပြောသဖြင့် သူ့ကိုစောင့်ကြပ်လိုက်ပိုသော ဟေရုဒ်၏စစ်သားဖြစ်သူ Josias ပင် ကယ်တင်ခြင်း ရရှိသည်ဟု ဖော်ပြသည်။

သိုဖြစ်၍ ထိုစစ်သားကိုသတ်ပစ်ရန် ယာကုပ်နှင့်အတူခေါ်သွားစဉ် ထိုစစ်သား က ခွင့်လွှတ်ပေးပါဟု တောင်းပန်ရာ ယာကုပ်သည် ခေတ္တစဉ်းစားပြီးမှ ငြိမ်သက်ခြင်း သက်ရောက်ပါစေဟုပြောရင်း ထိုစစ်သား ကိုနမ်းရှုပ်လိုက်သည်။ ထိုနောက် နှစ်ဦး စလုံးခေါင်းဖြတ်ခြင်းခံရသည်ဟု ထိုမှတ်တမ်း၌ ဆက်လက်ဖော်ပြသည်။

ယာကုပ်၏အလောင်းကို စပိန်နိုင်ငံမြောက်ပိုင်း၌ ပိုဆောင်သဂြိုဟ်သည်။ ထိုမှ နှစ်ပေါင်း (၈၀၀)ခန့် အကြာတွင်ဖြစ်ပွားသော Moorish စစ်ပွဲအတွင်း၌ စစ်သား တချိုက ယာကုပ်၏သင်္ချိုင်းကို တွေ့ရှိကြသဖြင့် အစောင့်အကြပ်ထူထပ်စွာ ချထား သည်ဟု ဆိုသည်။

 

၂၀။ ယောဟန် (John)

ယောဟန်သည် တမန်တော်များထဲ၌ လူသိအများဆုံးသူတစ်ဦးဖြစ်သည်။ ပေတရုနှင့် ယာကုပ်တိုကဲ့သို ခေါင်းဆောင်မဟုတ်သော်လည်း တမန်တော်များအနက် ကျမ်းစာ အုပ်အများဆုံးရေးသားသူနှင့် ပေတရုပြီးလျှင် နာမည်ဖော်ပြခြင်းအခံရဆုံးသူ ဖြစ် သည်။ ဓမ္မသစ်ကျမ်းတွင် ယောဟန်ဟူသည့်နာမည်ကို (၁၃၄)ကြိမ်တွေ့ရ သည့်အ နက် တမန်တော်ယောဟန်၏နာမည်ကို (၃၄)ကြိမ်တွေ့ရသည်။

ယေရှုနောက်လိုက်ရာ၌ အစ်ကိုဖြစ်သူယာကုပ်က အမြဲဦးဆောင်ပြီး(ယာကုပ် နှင့်ယောဟန်ဟု အမြဲဖော်ပြသည်) နောက်ပိုင်းတွင် ပေတရုဦးဆောင်သည်(ပေတရု နှင့်ယောဟန်ဟု အမြဲဖော်ပြသည်၊ တမန်တော်ဝတ္ထု အခန်းကြီး ၁မှ ၁၂)။ သိုသော် သူသည် အခြားတမန်တော်များအထက် ပို၍အသက်ရှည်သဖြင့် အသင်းတော်ခေါင်း ဆောင်ကြီးတစ်ဦးဖြစ်လာသည်။

ယောဟန်သည် ပေါလုနှင့် လုကာပြီးလျှင် ဓမ္မသစ်ကျမ်းအများဆုံးရေးသား သူဖြစ်သည်။ ရှင်ယောဟန် ခရစ်ဝင်၊ ရှင်ယောဟန်သြဝါဒစာ ပထမစောင်၊ ဒုတိယစောင်၊ တတိယစောင်နှင့် ဗျာဒိတ်ကျမ်းတိုသည် ၄င်းရေး သားခြင်းဖြစ်သည်။ ရှင်ယော ဟန်ခရစ်ဝင်ကျမ်းထဲတွင် မတူညီသောစကားလုံး (၁၀၁၄)လုံးခန့်သုံးနှုန်း၍ ယင်းတို အနက်မှ (၂၁၆)လုံးကို ဆယ်ကြိမ်နှင့်အထက်သုံးနှုန်းပြီး (၃၆)လုံးကို တစ်ကြိမ် သုံးနှုန်းသည်။ ရှင်ယောဟန်သြဝါ ဒစာပထမစောင်တွင် မတူညီသောစကားလုံး (၂၃၄) လုံးခန့်သုံးနှုန်း၍ ယင်းတိုအနက်မှ (၄၁)လုံးကို ဆယ်ကြိမ်နှင့် အထက်သုံးနှုန်းပြီး (၈၈) လုံးကို တစ်ကြိမ်သုံးနှုန်းသည်။

ရှင်ယောဟန်သြဝါဒစာဒုတိယစောင်တွင် မတူညီသောစကားလုံး (၉၅)လုံး သုံးနှုန်း၍ ယင်းတိုအနက်မှ နှစ်လုံးကို ဆယ်ကြိမ်နှင့်အထက်သုံးနှုန်းပြီး (၄၈)လုံးကို တစ်ကြိမ်သုံးနှုန်းသည်။ ရှင်ယောဟန်သြဝါဒစာ တတိယစောင်တွင် မတူညီသော စကားလုံး (၁၀၉)လုံးခန့်သုံးနှုန်း၍ ယင်းတိုအနက်မှ သုံးလုံးကို တစ်ဆယ်ကြိမ် နှင် အထက်သုံးနှုန်းပြီး အလုံး(ရ၀)ကို တစ်ကြိမ်သုံးနှုန်းသဖြင့် သူ့ကို စာရေးတော်သူခင် စကားလုံးကြွယ်ဝသူဟု သတ်မှတ်ကြသည်။

ယောဟန်၏စကားလုံးများထဲတွင် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၊ ချစ်ခြင်း မေတ္တာ၊ ယုံကြည်ခြင်း၊ သမ္မာတရား၊ အသင်းတော်၊ စာတန်မာရ် နတ်၊ တရားစီရင်ခြင်းနှင့် အနာဂတ်အကြောင်း စသည်တို ပြည့်စုံစွာပါဝင်သည်။ သူ သည် ယေရှုအသတ်ခံရပြီးနောက် နှစ်ပေါင်း(၅၀) ခန့် အသက်ရှင်နေသေး သဖြင့် ခရစ်ယာန်အသက်တာအတွေ့အကြုံ အလွန်ရင့်ကျက်ကြွယ်ဝလိမ့်မည် ဖြစ်သည်။

ယာကုပ်နှင့် ညီအစ်ကိုဖြစ်သဖြင့် ၄င်းတိုမိသားစုနှင့်ပတ်သက်၍ ယာကုပ်၏ အကြောင်းတွင် ဖော်ပြပြီးဖြစ်သည်။ စိတ်နေသဘောထားနှင့်ပတ်သက်၍ ယာကုပ် ကဲ့သို စိတ်အားထက်သန်၍ စာနာစိတ်ရှိမှု၊ မရှိမှုတွင်လည်း အတူတူပင်ဖြစ်သည်။ ဥပမာ- ရှမာရိမြိုကို မီးရှိပစ်ရန်တောင်းဆိုရာ၌ ယာကုပ်နှင့် သဘောချင်းတူသည်(လု ၉း၅၁-၅၆)။

သူသည် ပေတရု၊ အနှင့် ယာကုပ်တိုကဲ့သိုပင် ယေရှုနှင့် အနီးကပ်လက်တွဲ ရသူဖြစ်သည်။ ၄င်းတို အနက်မှ ယေရှုက သုံးဦးသာခေါ်သောသူထဲတွင်လည်း အမြဲ တမ်းပါဝင်သည်။ အမှာမူ မကြာခဏအချန် ခံရသည်။

ခေါင်းဆောင်နှင့် ချစ်ခြင်းမေတ္တာ

ယောဟန်ကို “ချစ်ခြင်းမေတ္တာအကြောင်း အထူးအလေးထားသော တမန် တော်”ဟု ခေါ်ကြသော်လည်း လူငယ်ဘဝ၌မူ မေတ္တာခေါင်းပါးသူဖြစ်သည်။ ၄င်းနှင့် ၊ စိတ်သဘောမတိုက်ဆိုင်သူ၊ ခံယူချက်မတူသူများကို အငြိုးဖွဲ ဖျက်ဆီးလိုသည်။ ယေရှု ကို ၄င်းယုံကြည်လက်ခံသကဲ့သို ယုံကြည်လက်ခံခြင်းမရှိသော ရှမာရိမြိုသား များကို ဖြစ်နိုင်လျှင် မီးရှိပစ်လိုသူဖြစ်သည်(လု ၉း၅၁-၅၆)။ ချစ်ခြင်းထက် မုန်းခြင်းကို ပို၍ ပြသလိုသူ၊ သည်းခံရန် ထက် ရှင်းပစ်ရန်သာ ဆန္ဒရှိသူဖြစ်သည်။ သိုသော် ယေရှုကမူ ထိုနေရာ၌ပင် ချစ်ခြင်းမေတ္တာပြ သသည်။

ချမ်းသာသောလူရွယ်သည် ယေရှု၏စကားကိုနားမထောင်ဘဲ ထွက်သွားသော် လည်း ယေရှုကမူ ချစ်မြဲချစ်နေသည်။ ယေရှုက ထိုလူရွယ်ကိုကြည့်ရင်း “တစ်ခုပဲ လိုတယ်။ ပိုင်ဆိုင်တာတွေအားလုံး ရောင်းပြီး ဆင်းရဲသားတွေကို ပေးလိုက်ပါ။ ပြီးရင် ဒီကိုပြန်လာပြီး လက်ဝါးကားတိုင်ထမ်းရင်း ငါ့ နောက်သိုလိုက်ပါ” ဟုပြောသည်။ (မာ ၁၀း၂၁)။ ယေရှုသည် သူ၏စကားနားမထောင်သောသူကိုပင် မေတ္တာမပျက်သဖြင့် စကားနား မထောင်သောသူများစွာက ထာဝရအသက်ရရှိနိုင်ခြင်းဖြစ်သည်။

ထိုအချက်ကို ယောဟန်ကသိသဖြင့် ချစ်ခြင်း မေတ္တာကို ပို၍အလေးထားလာသည်။ မေတ္တာ၌သာ အသက်ရှိ၍ မေတ္တာဖြင့်သာ အောင်မြင်နိုင်ကြောင်း သွန်သင်သည်။ သူ၏အသက်တာ၌ မေတ္တာ၏အရေး ကြီးမှုကို တဖြည်းဖြည်းနားလည်လာသဖြင့် အပြော အဆိုဆင်ခြင်၍ သည်းခံနိုင်လာသည်။ ယေရှု၌ ရင့် ကျက်လာသောအခါ ပြုမူနေထိုင်ရမည့်ပုံစံနှင့် မေတ္တာ အရေးကြီးပုံကို သူ၏အသက်တာအားဖြင့် ကြိုတင် မြင်တွေ့စေသည်။ သူကိုယ်တိုင် ချစ်ခြင်းမေတ္တာရှိပြီး ပို၍ရင့်ကျက်လာသဖြင့် ယေရှု၏ ရင်ခွင်၌ ငြိမ်ငြိမ် ကလေးလျောင်းမှီရင်း စကားကောင်းစွာနားထောင်သည်။

ထိုသို မေတ္တာအလေးထားသဖြင့် ကျမ်းစာ၌ မေတ္တာအကြောင်း အများဆုံး ပြောဆိုသူအဖြစ် မှတ်တမ်း ဝင်သွားသည်။ ချစ်ခြင်းမေတ္တာဟူသည့် စကားလုံးကို အကြိမ်(၈၀)ကျော်သုံးနှုန်း၍ ဘုရားသခင်ကိုယ်တိုင် ချစ်ခြင်းမေတ္တာဖြစ်ပုံ၊ ခမည်း တော်ကသားတော်ကိုချစ်ပုံ၊ သားတော်ကခမည်းတော်ကိုချစ်ပုံ၊ ယေရှုက အပြစ်သား များနှင့် တပည့်တော်များကိုချစ်ပုံ၊ တပည့်တော်များက ယေရှုကိုချစ်ပုံ၊ အသင်းတော် ကိုချစ်ပုံ၊ အချင်းချင်းချစ်ရန်နှင့် ချစ်ခြင်းမေတ္တာကသာ အချက်အချာဖြစ်ပုံတိုကို အ လေးထားသွန်သင်သည်။ သိုဖြစ်၍ အသင်းတော်သမိုင်းတွင် အကောင်းဆုံးခေါင်း ဆောင်တစ်ဦးအဖြစ် မှတ်တမ်းတင်ခြင်းခံရသည်။

ယောဟန်သည် ခရစ်သက္ကရာဇ် ၉၈ခုနှစ်၊ ရောမဘုရင် Trajan အုပ်စိုးစဉ် မီးစာကုန်ဆီခန်း အိုမင်း မစွမ်းအရွယ်၌ ကွယ်လွန်သည်ဟု အသင်းတော်သမိုင်းတွင် ဖော်ပြသည်။ တမန်တော်များအနက် အသက်အ ရှည်ဆုံးဖြစ်သဖြင့် လုပ်ဖော်ဆောင်ဖက်များနှင့် ယုံကြည်သူများအသတ်ခံရမှုကြောင့် စိတ်ဒုက္ခအရောက်ဆုံးနှင့် အခက် အခဲအတွေ့ဆုံးသူဖြစ်နိုင်သည်။

Jerome ၏မှတ်တမ်း၌ ယောဟန်ကွယ်လွန်ခါနီးတွင် ဘုရားကျောင်းသွား လျှင် ထမ်းသယ်ရသည်ဟု ဖော်ပြသည်။ ပေါလုတည်ထောင်သော Ephesusအသင်း တော်၌ သင်းအုပ်ထမ်းဆောင်ခြင်း ဖြစ်ရာ အသင်း သားများကို “ချစ်သားသမီးတို၊ အချင်းချင်းချစ်ကြပါ”ဟု အသံသဲ့သဲ့ဖြင့် မကြာခဏ မှာကြားသည်။ အဘယ် ကြောင့် မကြာခဏမှာရသနည်းဟု မေးကြရာ “ဘုရားကခိုင်းလိုပါ။ အချင်း ချင်းချစ်ကြရင် ပြီးပြီ”ဟု ပြန်ဖြေသည်။

ခေါင်းဆောင်နှင့် သမ္မာတရား

ယောဟန်က ချစ်ခြင်းမေတ္တာကို အထူးအလေးထားသည့်နည်းတူ သမ္မာတရား ကိုလည်း အထူး အလေးထားသည်။ ချစ်ခြင်းမေတ္တာဟူသည့်စကားလုံး အကြိမ်(၈၀) ကျော်သုံးနှုန်း၍ သမ္မာတရားဟူသည့် စကားလုံး (၄၅)ကြိမ်သုံးနှုန်းသည်။ သိုဖြစ်၍ ယောဟန်သည် ချစ်ခြင်းမေတ္တာရှိသည့်နည်းတူ သမ္မာတရား ကိုလည်း လက်မလွတ်သူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

သူသည် ဖြောင့်မတ်မှန်ကန်သည့်အလျောက် “အဖြူနှင့်အမည်း’ ကို ကွဲကွဲပြားပြား ထင်ရှားစေ၍ လူ့မျက်နှာရလိုသည့်စိတ်ဖြင့် ပြောဆိုရေးသားခြင်း မပြုဖူးချေ။ ချစ်ခြင်းနှင့် မုန်းခြင်း၊ အလင်းနှင့် အမှောင်

အလင်းထဲ၌ အသက်ရှင်ခြင်းနှင့် အမှောင်ထဲ၌ အ သက်ရှင်ခြင်း၊ နေ့နှင့်ည၊ ရှင်ခြင်းနှင့်သေခြင်း၊ ထာဝရရှင် ရန်အတွက် ရှင်ပြန်ခြင်းနှင့် ထာဝရသေရန်အတွက် ရှင်ပြန်ခြင်း၊ ကောင်းကင်နှင့်ငရဲ၊ ဘုရား၏သားနှင့် စာတန် ၏သား၊ ဖြောင့်မတ်သူအတွက် တရားစီရင်ခြင်းနှင့် မတရားသူအတွက် တရားစီရင် ခြင်း၊ ကောင်းသောသူနှင့် ဆိုးသောသူ၊ ယေရှုကို လက်ခံခြင်းနှင့် ငြင်းပယ်ခြင်း၊ ဝိညာဉ် ရေးနှင့် လောကီရေး၊ ကောင်းကင်နှင့် မြေကြီး စသည့် စကားလုံးများကိုသုံးနှုန်း၍ တိကျရှင်းလင်းစွာ ပြောဆိုရေးသားသည်။

ယောဟန်သည် ချစ်ခြင်းမေတ္တာကို အထူးအလေးထားသော်လည်း သမ္မာ တရားနှင့် မကိုက်ညီလျှင်မူ မည်သူ့ကိုမျှမညှာချေ။ ယေရှုကိုလက်မခံသူ၊ နောင်တမရ သူ၊ မုသားပြောသူ၊ ဒုစရိုက်ပြုသူတိုကို ကြပ်တည်း စွာဆုံးမသည်။ ချစ်ခြင်းမေတ္တာရှိ သည်ဟုဆိုသည့်တိုင် သမ္မာတရားနှင့်မပေါင်းဖက်ပါက မုသားကျူးလွန်ခြင်း ဖြစ်၍ ထိုသူသည် ဘုရားသခင်ထံမှမဟုတ်သဖြင့် ငြင်းပယ်ရန်ဖြစ်သည်ဟု ပြောသည်။

ခေါင်းဆောင်တချိုသည် လူတိုင်းကို စိတ်ကျေနပ်စေလိုသဖြင့် စိတ်နှစ်ခွရှိ တတ်၍ တိကျသော ရပ်တည်ချက် မရှိကြချေ။ တချိုကဆိုလျှင် ၄င်းတို၏ခံယူချက်ကို ပင် ပွင့်လင်းစွာမပြောဆိုရဲကြပေ။ ခံယူချက်အမှားရှိ သူကိုလည်း ထိုသူစိတ်နာမှာစိုးသဖြင့် ပြတ်သားစွာ မငြင်းရဲကြချေ။ ချမ်းသာသူ၊ ဩဇာဂုဏ်ရှိန်ရှိသူတစ် ယောက်၏စကားကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ထောက်ခံလေ့ရှိသည်။ ယောဟန်ကမူ ထိုသိုမဟုတ် ချေ။ တိကျသောရပ်တည်ချက်၊ ခံယူချက်၊ ရည်မှန်း ချက် ရှိသည်နှင့်အညီ ပြတ်သားစွာလျှောက်လှမ်း၍ ထိုသိုလျှောက်လှမ်းရာ၌ ချစ်ခြင်းမေတ္တာကို အမြဲအ လေးထားသည်။

ခေါင်းဆောင်နှင့် ကြိုတင်ပြင်ဆင်ခြင်း

ဒုတိယကမ္ဘာစစ်အတွင်း၌ အမေရိကန်စစ်ဗိုလ်ချုပ် George Patton ဆို သူသည် ဂျာမနီကို စစ်ဆင်နွှနိုင်ရန် ၄င်း၏တင့်ကားတပ်ဖြင့် အဓိကဦးစီးသူအဖြစ် နာမည်ကျော်ကြားသည်။ သူသည် ရဲစွမ်းသတ္တိ ရှိသည့်အပြင် စစ်ရေးစစ်ရာကျွမ်း ကျင်သဖြင့် တိုက်တိုင်းအောင်မြင်သူဖြစ်သည်။ သိုသော် သူ၏အားနည်းချက် တစ်ခုမှာ စက်သုံးဆီ မကြာခဏမလုံလောက်ခြင်းပင်ဖြစ်သည်။ သူသည် အခြားကဏ္ဍများတွင် အားသာသော် လည်း ကြိုတင်ပြင်ဆင်ခြင်းတွင် အားနည်းသဖြင့် ပြဿနာများစွာ ရင် ဆိုင်ရသည်။ တင့်ကားအစီးများစွာ ပိုင်ဆိုင်ရသည့်တိုင် စက်သုံးဆီမလုံလောက်လျှင် မူ အချည်းနှီးသာဖြစ်ပါလိမ့်မည်။ ။

စစ်ပွဲမပီးမချင်း စက်သုံးဆီလုံလောက်စွာရှိရန် ကြိုတင်ပြင်ဆင်ရမည် ဖြစ် သည်။ ကြိုတင်ပြင် ဆင်ထားသူအဖို စိုးရိမ်စရာမရှိပေ။ အကြောင်းမှာ အရေးကြုံလာ လျှင် အချိန်မနောက်ကျဘဲ ချက်ချင်း ဦးဆောင်နိုင်၍ဖြစ်သည်။

ခရစ်ဝင်ကျမ်းများတွင် ယာကုပ်နှင့်ယောဟန်ဟု မကြာခဏ အခေါ်ခံရသည်။ အတိုင်း ယောဟန်သည် ယာကုပ်၏ဦးဆောင်မှုကို ခံယူသည်(မ ၁၀း၂၊ ၁၇း၁၊ မာ ၁၃း၃-၄၊ ၁၄း၃၃၊ လု ၆း၁၄)။ သူ၏ အချိန်မရောက်သေး သဖြင့် ကြိုတင်ပြင်ဆင်၊ သင်ယူလေ့ကျင့်ခြင်းလည်းဖြစ်နိုင်သည်။

ယာကုပ်၏ဦးဆောင်မှုကိုခံယူပြီးနောက် ပေတရု၏ဦးဆောင်မှုကိုလည်း တစ် ဖန်ခံယူသည်(လု ၂၂း၈၊ တ ၁း၁၃၊ ၈း၁၄)။ ရေပေါ်လမ်းလျှောက်လာသောယေရှုကို အဦးဆုံးမြင်တွေ့သောသူသည် ယောဟန်ဖြစ်သော်လည်း ယေရှုထံလျှောက်လှမ်းရဲ သူသည် ပေတရုဖြစ်သဖြင့် ပေတရု၏ဦးဆောင်မှုကို တွေ့ရှိနိုင်သည်။

ယောဟန်သည် ပင်ကိုယ်စိတ်နူးညံ့သူဖြစ်သဖြင့် အစိုးရလူကြီးများ၏ရှေ့တွင် ရဲဝံ့စွာစကားပြော နိုင်ရန်နှင့် လူထုပရိသတ်ရှေ့တွင် ရဲဝံ့စွာတရားဟောနိုင်ရန် ပေတရု ထံမှ နည်းနာသင်ယူပါလိမ့်မည်(တ ၃း၁၊ ၃၊ ၁၁၊ ၄း၁၃၊ ၁၉)။ အ ကြောင်းမှာ ပေတရု အသတ်ခံရသောအခါ ကြိုတင်ပြင်ဆင်ထားသူ ဖြစ်သည့်အတိုင်း ယုံကြည်သူများကို ချက်ချင်းဦးဆောင်ပေးနိုင်သည့်အပြင် ပေါလုတည်ထောင်ထားသော ဖက်အသင်း တော်၌လည်း အကောင်းဆုံးသင်းအုပ်ဆရာဖြစ်လာသည်။ ယေရှု၏နာမတော်ကြောင့် ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးခံရသော်လည်း ကြိုတင်ပြင်ဆင်ထားသူဖြစ်သဖြင့် ၄င်း၏ အချိန် ကျရောက်သောအခါ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်လာသည်။

ယောဟန်၏ ခံရသောဒုက္ခနှင့် နောက်ဆုံးနေ့

ယောဟန်သည် တမန်တော်များအနက် အသက်အရှည်ဆုံးဖြစ်သဖြင့် ဝမ်း နည်းကြေကွဲဖွယ်ရာ အများဆုံးကြုံတွေ့ရသူဖြစ်ပါလိမ့်မည်။ အစ်ကိုဖြစ်သူယာကုပ် အသတ်ခံရသည့်အချိန်တွင် အခြားတမန်တော် များထက် ပို၍ ဝမ်းနည်းကြေကွဲပါ လိမ့်မည်။ အခြားတမန်တော်များအသတ်ခံရပြီးနောက် ၄င်းတစ်ဦးသာကျန် တော့ သဖြင့် မခံနိုင်လောက်အောင် အထီးကျန်လွမ်းဆွတ်နေမည်ဖြစ်သည်။

ရောမဘုရင် Domitianကယုံကြည်သူများကို နှိပ်စက်ညှဉ်းပန်းရာတွင် ယော ဟန်ကို Patmos ကျွန်း၌ တစ်ဦးတည်းနေထိုင်စေ(အကျဉ်းချသည်။ ချစ်ခြင်းမေတ္တာ ကို အထူးအလေးထားသောသူသည် ချစ်သောသူ အားလုံးနှင့် ကွဲကွာနေရသည်။ အိုမင်းမစွမ်းအရွယ်ဖြစ်သော်လည်း နေစရာ၊ စားစရာမှအစ ကိုယ်တိုင်လုပ်ဆောင် ရှာဖွေနေရသည်။

မှတ်တမ်းတစ်ခု၌ ယောဟန်သည် ကျွန်းသိုအပိုမခံရမီ ရောမဘုရင်ကခေါ်၍ ပြင်းထန်စွာစစ်ဆေးသည်။ သူသည် အစစ်ဆေးခံရန်သွားနေစဉ် ခရစ်ယာန်ယုံကြည် ချက်မှန်ကန်ကြောင်း ဖော်ထုတ်ပြသသည့်အနေဖြင့် အစာမစား၊ ရေမသောက်ဘဲသွား ပြီး ဘုရင်ကြီးရှေ့တွင် အဆိပ်သောက်လိုက်သည်။ သိုသော်လည်း ဘာမှမဖြစ် သဖြင့် ဘုရင်ကြီးအလွန်အံ့သြသွားသည်။

ယောဟန်က ဘုရင်ကြီးထံ ဘုရင်ကြီးဖြစ်စေ၊ နောင်လာမည့်ဘုရင်ကြီးများ ဖြစ်စေ မစိုးစံတော့ သည့်အချိန်တွင်ပင် ကောင်းကင်နှင့်မြေကြီးဘုရင်သည် ထာဝရ စိုးစံနေမည်ဟု ယေရှုခရစ်တော်သာလျှင် ဘုရင်ဖြစ်ကြောင်းနှင့် ထိုနိုင်ငံတော် အစဉ် တည်မြဲမည့်အကြောင်းကို ထုတ်ဖော်ပြောဆိုသည်။ ထိုသိုပြောဆိုပြီး နောက် ဘုရင် ကြီး၏အရင်းအချာတစ်ယောက်ကို ကျန်းမာစေသည်။

ယောဟန်သည် ကျွန်းပေါ်ရှိ ကျောက်ဂူများထဲနေထိုင်စဉ် ယေရှုကိုယ်ထင်ပြပြီး အနာဂတ်တွင် ဖြစ်ပျက်လာမည့် အကြောင်းအရာများစွာကို ပြောပြပေးသည်။ ယော ဟန်ကလည်း သေချာစွာမှတ်ထားသဖြင့် ဗျာဒိတ်ကျမ်းဖြစ်ပေါ်လာသည်(ဗျာ ၁း၉)။

ယောဟန်သည် ထိုကျွန်းပေါ်၌ သေမိန့်ကျခံခြင်း ဖြစ်သော်လည်း ဘုရင် Trajan လက်ထက်တွင် ပြန်လည်လွတ်မြောက်ပြီး အေဒီ(၉၈)ခုနှစ်တွင် ကွယ်လွန် သည်ဟု ဖော်ပြသည်။ အေဒီ(၂၀၀)ပြည့်ကျော် ဝန်းကျင်က Hieropolis သင်းအုပ် ဖြစ်သူ Papius ကမူ ယောဟန်ကို ယာကုပ်ကဲ့သိုပင် ယုဒလူမျိုးများက သတ်သည် ဟု ဆိုသည်။ ထိုအဆိုကို ကျမ်းတတ်ပုဂ္ဂိုလ် Origen က သဘောတူသည်။

 

၂၁။ ဖိလိပ္ပု (Philip)

ကျမ်းစာ၌ ဖိလိပ္စုဟူသည့်နာမည်ကို (၃)ကြိမ်တွေ့ရပြီး ၄င်းအနက်မှ (၁၆)ကြိမ်သည် တမန်တော် ဖိလိပ္ပု၏နာမည်ဖြစ်သည်။ တမန်တော်များ၏တန်းစီဇယားတွင် သူသည် ပဉ္စမမြောက်ဖြစ်သည် (မ ၁၀၂-၄၊ မာ ၃း၁၆-၁၉၊ လု ၆း၁၃-၁၆၊ တ ၁း၁၃)။ ပေတရု၊ အန္ဒြေ၊ ယာကုပ်နှင့် ယောဟန်တိုသည် ပထမအုပ်စုဖြစ်၍ ပေတရုဦးဆောင်သည်။ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲနှင့် သောမတိုသည် ဒုတိယအုပ်စုဖြစ်၍ ဖိလိပ္ပုဦးဆောင် သည်။

ဖိလိပ္စုသည် နာမည်မကြီးသော်လည်း ဦးဆောင်မှုပေးရာ၌ တစ်ခါတစ်ရံ ပေတရုထက်ပင် အခက်အခဲတွေ့လိမ့်မည် ဖြစ်သည်။ အကြောင်းမှာ ပထမအုပ်စု သည် ညီအစ်ကိုရင်းနှစ်စုံ(ပေတရုနှင့် အန္ဒြေ၊ ယာကုပ်နှင့်ယောဟန်)သာဖြစ်ပြီး တစ် ရပ်တည်းသားချင်းဖြစ်သဖြင့် အချင်းချင်းနားလည်မှုရှိပြီးသားဖြစ်သည်။ ဖိလိပ္စုမှာမူ ဗာသောလမဲ(နာသနေလ)နှင့် သောမတိုနှင့်သာ သိပြီးသားဖြစ်ပြီး မသဲကိုမူ မိတ်ဆွေ မဟုတ်သည့် အပြင် ရန်သူပင်ဖြစ်လိုက်သေးသဖြင့် အခက်အခဲပိုတွေ့မည်ဖြစ်သည်။

ဖိလိပ္ပုဟူသည် ဂရိစကားဖြစ်၍ “မြင်းချစ်သူ ́ ဟု အဓိပ္ပာယ်ရသည်။ သူ့ကို ယုဒလူမျိုးဖြစ်သော်လည်း အဘယ်ကြောင့် သူ့ကို ဂရိနာမည်နှင့်ခေါ်ကြသနည်းဟု သည်ကို အကြောင်းရင်းမသိရပေ။ ဂရိနာမည်နှင့်ခေါ် ပါက ယုဒနာမည်နှင့်ခေါ်ခြင်း ထက် လူသိပိုများ၍ဖြစ်နိုင်သည်။

ဗက်ဇဲဒမြိုမှလာသူဖြစ်သဖြင့် ထိုမြိုမှပင်လာသူများဖြစ်ကြသော ပေတရုနှင့် အန္ဒြေ၊ ယာကုပ်နှင့် ယောဟန် တိုနှင့်လည်း သိကျွမ်းပြီးသားဖြစ်နိုင်သည်(ယော ၁း၄၄၊ ၂၁း၂)။ ယေရှုက သူ့နောက်သို လိုက်မည့်သူများကို နေရာဒေသအမျိုးမျိုးမှခေါ်လင် ပို၍ကောင်းမည်ဖြစ်သော်လည်း တစ်နေရာတည်းမှ တံငါသည်(၇)ယောက်ခေါ်ပြီး နှင့်အနီးကပ်ဆုံးနေရာတွင် ထားလိုက်သည်။ ယေရှုသည် အညတရများကို အသုံးပြု လိုသူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ဖိလိပ္ပု အခေါ်ခံရခြင်း

ယေရှုက ပေတရုတိုကိုခေါ်ပြီး နောက်တစ်နေ့တွင် ဂါလိလဲသိုသွားရန်ဟန်ပြင် နေစဉ် ဖိလိပ္ပုတွေ့သဖြင့် ချက်ချင်းခေါ်လိုက်သည်(ယော ၁၄၃)။ ကမ္ဘာမတည်မီ ကတည်းကပင် ထိုးထွင်းမြင် တွေ့သိပြီးသားဖြစ်သဖြင့် တွေ့တွေ့ချင်းခေါ်လိုက်ခြင်း ဖြစ်သည် (ယော ၆း၄၄၊ ၁၅း၁၆)။ သိုဖြစ်ရာ ဖိလိပ္ပုသည် အညတရတစ်ယောက်သာ ဖြစ်သော်လည်း မေရှိယကို မျှော်လင့်ပြီး အသက်ရှင်သူတစ်ယောက်ဖြစ်နိုင်သည်။

ထိုနောက် ဖိလိပ္ပုသည် နာသနေလထံ ယေရှုကို မြင်တွေ့ပြီဖြစ်ကြောင်း သတင်းပိုလိုက်သည် (ယော ၁း၄၅)။ စင်စစ် ဖိလိပ္ပုက ဦးစွာမြင်တွေ့ခြင်းမဟုတ်ဘဲ ယေရှုကသာ ဦးစွာမြင်တွေ့ခြင်းဖြစ်သည်။ ယေရှုကိုယ်တိုင် ကိုယ်ထင်ပြမှသာ လူတို မြင်တွေ့ပြီး ယုံကြည်လက်ခံနိုင်ခြင်းဖြစ်သည်။ ရှေးမဆွကပင် ရွေးကောက်ပြီးသား ဖြစ်သော်လည်း အခေါ်ခံသည့်အချိန်ကျမှသာ တွေ့မြင်နိုင်ကြသည်။

ဖိလိပ္ပုသည် ပေတရုနှင့် နာသနေလတိုကဲ့သို ယေရှုထံအပိုခံရသူမဟုတ်ဘဲ ယေရှုကိုယ်တိုင်ခေါ်ခဲ့သော ပထမဆုံးတမန်တော်ဖြစ်သည်။ နောက်နှစ်နှစ်ကြာပြီးမှ သာ ယေရှုက ပေတရုကိုခေါ်သည် (ယော ၂၁း၁၉၊ ၂၂)။ သူသည် ဘုရားသခင်အ ကြောင်း ဆာငတ်တောင့်တသူဖြစ်သဖြင့် ယေရှုနှင့်ဆုံတွေ့သည့်အချိန်တွင် ယုံမှား သံသယလုံးဝမရှိပေ။

ဖိလိပ္ပု၏ စေတနာစိတ်

ဖိလိပ္စုသည် ယေရှု၏အခေါ်ခံရပြီးနောက် မိတ်ဆွေဖြစ်သူနာသနေလထံ ၄င်း၊ တိုစိတ်ဝင်တစားရှိပြီး အလွန်မျှော်လင့်နေသည့်ယေရှုကို မြင်တွေ့ရပြီဖြစ်ကြောင်း အားတက်သရောသတင်းပိုလိုက်သည်။ သိုဖြစ်၍ ဖိလိသည် မိတ်ဆွေများအပေါ် စေတနာစိတ်ကြီးမားသူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

တန်ဖိုးကြီးအရာတစ်ခုခု တွေ့ရသည့်အချိန်တွင် မိတ်ဆွေများကို အသိပေးရ ကြပါသလား။ တန်ဖိုးကြီး သတင်းတစ်ခုခု ကြားရသည့်အချိန်တွင် ပြောပြရဲကြပါသလား။ ခေါင်းဆောင်ကောင်းတိုသည် ကောင်းချီးတစ် ခုခုရရှိသည့်အချိန်၊ သိုမဟုတ်ရမည့်လမ်းတွေ့သည့် အချိန်တွင် တစ်ဦးတည်းမခံစားဘဲ မိတ်ဆွေများကို စေတနာရှိစွာ ခွဲဝေပေး၊ အသိပေးကြသည်။

ထိုသို နာသနေလထံ သတင်းပိုသောအခါ နာသနေလက နာဇရက်မြိုမှ ကောင်းသောအရာ မည် သို ရောက်လာနိုင်ပါမည်နည်းဟု သံသယစိတ်ဖြင့် မေးလိုက်သည်။ ထိုအခါ ဖိလိပ္ပုက နာသနေလ၏ သံသယကို ချေဖျက်လိုသဖြင့် လာ၍ကြည့်ပါဟု စေ တနာစိတ်ကြီးမားစွာ ခေါ်လိုက်သည်(ယော ၁း၄၆)။

ဖိလိပ္ပုနှင့် စီမံခန့်ခွဲမှု

ခေါင်းဆောင်၏ အဓိကတာဝန်တစ်ခုမှာ စီမံခန့်ခွဲခြင်းဖြစ်သည်။ မစီမံလိုသော စီမံမှုညံ့သော ခေါင်းဆောင်၌ နောက်လိုက်မြဲလိမ့်မည် မဟုတ်ပေ။ ဖိလိပ္စုသည် ယုံ ကြည်ချက်၊ ခံယူချက်၊ မျှော်လင့်ချက် စသည့်အချက်တို၌ အပြစ်ပြောစရာမရှိသူဖြစ် သည်။ မည်သူ့စည်းရုံးမှုမျှမပါဘဲ ယေရှုနှင့်တွေ့ရသည့်အပြင် ယေရှုကိုယ်တိုင်၏ ခေါ် ခြင်းခံရသူဖြစ်သည်။ သူ့ကိုမည်သူကမျှ မစည်းရုံးဖူးသော်လည်း သူကမူ လူများကို စည်းရုံး၍ ယေရှုထံပိုဆောင်ပေးသည်။ သူသည် ဝိညာဉ်ရေးအသက်တာအပြင် လုပ် ဆောင်ချက်များနှင့်ပတ် သက်၍ ချီးကျူးစရာကောင်းသူဖြစ်သည်။

ယေရှုက “တရားနာပရိသတ်တွေစားဖို မုန့်ဘယ်မှာဝယ်ရမလဲဟု မေးသော အခါ ဖိလိပ္ပုက ငွေ (၂၀၀)ဖိုးဝယ်ရင်တောင် ဝကြမှာမဟုတ်ဘူး၊ နည်းနည်းစီပဲ ရကြ လိမ့်မယ်” ဟု ပြန်ဖြေသည်(ယော ၆း၅၊၇ )။ ဖိလိပ္ပုသည် စီမံခန့်ခွဲရသူတစ်ဦးအနေဖြင့် လူဘယ်နှစ် ယောက်ခန့်ရှိ၍ ဘယ်လောက်ကုန်ကျနိုင်မည်ကို ခန့် မှန်းတွက်ချက်ပြီး ဖြစ်သဖြင့် ငွေ(၂၀၀)နှင့်မလောက် ဘူးဟု ဖြေဆိုခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် သူ၏ တာဝန်ကို ကျေပွန်နိုင်နင်းစွာထမ်းဆောင်နိုင်ခဲ့သည်။

သိုသော် သူ၏အားနည်းချက်မှာ အတွက်အချက်တော်သော်လည်း ယေရှု၏ တန်ခိုးတော်ကို အသုံးမချတတ်ခြင်းပင်ဖြစ်သည်။ ရေကို စပျစ်ရည်ဖြစ်စေသောသူ (ယော ၂း၂)၊ အနာငြိမ်းစေသောသူ၊ သေသူကို ပြန်ရှင်စေသောသူ၊ နိမိတ်လက္ခဏာအ မျိုးမျိုး ပြုလုပ်နိုင်သောယေရှုသည် သူ၏အနီးတွင် ထိုင်နေသည့်တိုင် အသုံးမချတတ် ခဲ့ပေ။ အိတ်ကပ်ထဲတွင် ပိုက်ဆံရှိလျက်သားနှင့် ရှိနေမှန်းသတိမရသောသူနှင့် တူ နေသည်။

သတ္တိမရှိသော ဖိလိပ္ပု

သတ္တိမရှိခြင်းသည် အောင်မြင်မှုကို ကျန်းမာရေးချိုတဲ့ခြင်း၊ ခွန်အားနည်း ခြင်း၊ ဆင်းရဲခြင်း၊ ပညာနည်းခြင်းစသည်တိုထက် အဓိကဟန့်တားသောအရာတစ် ခု ဖြစ်သည်။ သတ္တိဟူသည် ကြောက်ရွံမှုကင်း ခြင်းမဟုတ်ဘဲ ကြောက်ရွံသည့်ကြား မှပင် လုပ်ဆောင်ရဲခြင်းဖြစ်သည်။

ပသခါပွဲသိုလာသော ဂရိလူမျိုးအချို့တိုသည် ယေရှုနှင့်တွေ့ လိုသဖြင့် ဖိလိပ္ပုထံ အကူအညီတောင်း ကြသည်(ယော ၁၂း၂၀-၂၁)။ အခြားတမန်တော်များ လည်းရှိပါလျက် ဖိလိပ္ပုထံ၌သာ အကူအညီတောင်း ရခြင်းမှာ၊ ၁) ဖိလိပ္ပုဟူသည် ဂရိနာမည်ဖြစ်သဖြင့် အခြားတမန်တော်များထက် ပိုမိုရင်းနှီး၍ဖြစ်နိုင်သည်။ ၂) စီမံခန့်ခွဲရသူဖြစ်သဖြင့် ဦးစွာသတင်းပိုခြင်း ဖြစ်နိုင် သည်။

ထိုအခါ ဖိလိပ္ပုက အထံပြောပြီး ထိုမှတဆင့် ယေရှုထံသတင်းပိုကြသည် (ယော ၁၂း၂၂)။ စင်စစ် ဖိလိပ္ပါသည် ထိုဂရိလူမျိုးများကို ယေရှုထံသို သူကိုယ်တိုင်မခေါ်ဆောင်ရဲသဖြင့် အရွှေ့ကို အကူအညီ တောင်းခြင်းဖြစ်သည်။ အကြောင်းမှာ မကြာသေးခင်က ယေရှု သည် “တစ်ပါးအမျိုးသားတွေရဲ့ လမ်းမှာ မသွားကြပါနှင့်။ ရှမာရိလူမျိုးတွေရဲ့မြိုမှာ မဝင်ကြပါနှင့်။ ဒါပေမဲ့ ပျောက်ဆုံးသွားတဲ့ ငါ့သိုးအစ္စရေးတွေရဲ့ အိမ်မှာတော့ ဝင်ကြ ပါ”(မ ၁၀း၅-၆)ဟုလည်းကောင်း၊ “ပျောက်ဆုံးသွားတဲ့ ငါ့သိုးအစ္စရေး တွေဆီပဲသွား ဖို ငါ့ကိုစေလွှတ်တာဖြစ်တယ်”(မ ၁၄း၂၄)ဟုလည်းကောင်း မိန့်ဆို၍ဖြစ်သည်။ သို့ဖြစ်၍ သူ၏စိတ်ထဲတွင် ယေရှုသည် တစ်ပါးအမျိုးသားဂရိတိုနှင့်မဆိုင်ဟု တွေးမိ သွားဟန်တူသည်။

အမှန်တကယ်တွင် ယေရှုသည် တစ်ပါးအမျိုးသားတိုကို ငြင်းပယ်ခြင်းမဟုတ် ဘဲ အစ္စရေးတိုကို ဦးစားပေးခြင်းဖြစ်သည်။ သိုသော်လည်း တစ်ပါးအမျိုးများစွာကို အနာငြိမ်းစေ၍ ၄င်းတိုအတွက်လည်း ကယ်တင်ရှင်ဖြစ်ကြောင်း သက်သေပြသည်။ ထိုအပြင် ပေါလုသည် ဧဝံဂေလိဟောပြောရာ၌ ယုဒတိုကိုဦး စားပေးသော်လည်း ဂရိ တို့အတွက်လည်း ဟောပြောသည်(ရော ၂း၁၀)။

မည်သိုပင်ဖြစ်စေ၊ ဖိလိပ္ပုသတ္တိမရှိသော်လည်း အန္ဒြေကမူ ယေရှုထံ ရဲရဲရင့်ရင့်ပြောဆိုသည်။ သတ္တိ မရှိခြင်းက လွယ်ကူသောအရာတစ်ခုကိုပင် ခက်ခဲစေတတ်ပြီး ဖြစ်နိုင်မည့်အရာတစ်ခုကိုပင် မဖြစ်နိုင်စေ တော့ချေ။ အောင်မြင်ခြင်းရရှိစေကာမူ အချိန်နောက် ကျစေတတ်သည်။

အကင်းမပါးသော ဖိလိပ္ပု

နောက်ဆုံးညစာစားပွဲတွင် ယေရှုက တမန်တော်များကို မှာကြားစရာများမှာ ကြားပြီး ၄င်းတို၏ခြေ ထောက်ကို ဆေးကြောပေးလိုက်သည်။ ထိုနောက် ခမည်း တော်ထံ ကြိုတင်ပြန်သွားရတော့မည် ဖြစ်ကြောင်း ပြောဆိုသည်။

ယေရှုက ““သင်တိုမစိုးရိမ်ကြနှင့်။ ဘုရားသခင်ကိုယုံကြည်ပြီး ငါ့ကိုလည်းယုံ ကြည်ပါ။ ငါ့ခမည်းတော်ရဲ့ အိမ်တော်မှာ နေစရာအခန်းများစွာရှိသည်။ သင်တိုနေဖို အခန်းကို ကြိုတင်ပြင်ဆင်ဖို ငါသွားရမည်။ ပြီးမှပြန်လာပြီး သင်တိုကိုခေါ်ဆောင်မည်။ ငါသွားမည့်နေရာနှင့် လမ်းခရီးကို သင်တို သိပြီးသားဖြစ်သည်”ဟု မှာကြားသည်။ ထိုအခါ သာမက ကိုယ်တော်သွားမည့်နေရာကို ကျွန်ုပ်တိုမသိကြသဖြင့် ကိုယ်တော် လမ်းခရီးကိုလည်း မသိကြပါဟုမေးရာ ယေရှုက “ငါသည် လမ်းခရီးနှင့်သမ္မာတရား လည်းဖြစ်သည်။ ငါ့ကိုအမှီမပြုပါက မည်သူမျှ ခမည်းတော်ထံသိုမရောက်ရ။ သင်တို သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော် ကိုလည်းသိကြသည်။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ရကြပြီ” ဟု ပြန်ဖြေသည်(ယော ၁၄း၁-၇)။

ဖိလိပ္ပုသည် ထိုမျှရှင်းလင်းသော အဖြေကို ကြားသိရသည့်တိုင် ယေရှုထံ “ခမည်းတော်ကိုပြပေးမှသာ ကျေနပ်ကြပါမည်”ဟု ပြောရာ ယေရှုက ဖိလိပ္ပု၊ သင် တိုနှင့် ဤမျှလောက်အတူနေလျက်သားနှင့် ငါ့ကိုမသိကြ သလော။ ငါ့ကိုမြင်သောသူ သည် ခမည်းတော်ကို မြင်သည်နှင့်အတူတူဖြစ်သည်။ သိုဖြစ်သည့်တိုင် အဘယ် ကြောင့် ခမည်းတော်ကိုပြပေးရန် တောင်းဆိုသေးသနည်းဟု ပြန်ပြောသည်(ယော ၁၄း၈-၉)။

ဖိလိပ္ပုသည် ယေရှု၏စကားကိုနားထောင်သည့်တိုင် သဘောမပေါက်နိုင်ဘဲ “ခမည်းတော်ကိုပြပေးရန် တောင်းဆိုသဖြင့် သူသည် အကင်းမပါးသူဖြစ်ကြောင်း တွေ့မြင်ရသည်။ စင်စစ် သူတစ်ဦးတည်းသာ အကင်း မပါးသူမဟုတ်ပေ(လု ၂၄း၂၅)။ အခြားတမန်တော် များနှင့်နှိင်းလျှင် အကင်းပါးမှု နည်းသူဖြစ်ကြောင်း ပြောလို ခြင်း ဖြစ်ပါသည်။ ။

ဘုရားသခင်သည် မည်သိုသော လူများကို ရွေးကောက်အသုံးပြုတတ်သည်ကို ပေါလုကသိသ ဖြင့် ““ပညာရှိတိုကို ရှက်ကြောက်စေခြင်းငှာ မိုက်မဲ သောလောကီသားတိုကို ရွေးကောက်တော်မူ၏။ ခွန် အားအစွမ်းရှိသူတိုကို ရှက်ကြောက်စေခြင်းငှာ အားနည်းသောလောကီသားတိုကို ရွေးကောက်တော်မူ၏။ မြတ်သောသူတိုကို ရှက်ကြောက်စေခြင်းငှာ ဆင်းရဲသော၊ မရေရာသော၊ ယုတ်သော လောကီသားတိုကို ရွေးကောက်တော်မူ၏။ သိုဖြစ်၍ ဘုရားသခင်ရှေ့၌ မည်သူမျှ ဝါကြွားစရာမရှိ” ဟုပြောသည်( ၁ကော ၁း၂ရ-၂၉)။

ဖိလိပ္ပု၏ နောက်ဆုံးနေ့

မှတ်တမ်းတစ်ခု၌ ဖိလိပ္ပုသည် Phrygia ပြည်၊ Heliopolis မြို Mars နတ် ဘုရားကျောင်းထဲရှိ မြွေကြီးကို လက်ဝါးကားတိုင်ပုံဖြင့် နှင်ထုတ်လိုက်သည်။ ထိုအခါ မြွေကြီးကို ကိုးကွယ်သူတိုစိတ်ဆိုးပြီး ဖိလိပ္ပု လက်ဝါးကားတိုင်ပေါ်၌ ချိတ်ဆွဲသတ် ပစ်ကြသည်။ ထိုသိုချိတ်ဆွဲစဉ်တွင် ဖိလိပ္ပုက ၄င်းတိုအတွက် ဆုတောင်း ပေးရာ ငလျင်အကြီးအကျယ် လှုပ်ခတ်သည်ဟု ဆိုသည်။ နောက်ထပ်မှတ်တမ်းတစ်ခုကမူ ဖိလိပ္ပုကို ကျောက်ခဲ ဖြင့်ပစ်သတ်ကြသည်ဟုဆိုသည်။

သူ၏အလောင်းကို မောင်နှမဖြစ်သူ Marianna က သဂြိုဟ်သည်။ Marianna သည် နာသနေလနှင့် လက်တွဲပြီး ဧဝံဂေလိဟောပြောကြရာ မြွေကြီးကို ကိုးကွယ်သူတိုပြောင်းလဲ၍ ရေနှစ်ခြင်းမင်္ဂလာခံယူသည် ဟုဆိုသည်။

မည်သည့်နည်းဖြင့်သေရသည်ဖြစ်စေ၊ ယေရှုနာမတော်ကြောင့် သေရခြင်းဖြစ် ကြောင်း တွေ့မြင်ရ သည်။ သူသည် ယာကုပ်အသတ်ခံရပြီးနောက်ပိုင်း (၈)နှစ်ခန့် အကြာတွင် အသတ်ခံရခြင်းဖြစ်သဖြင့် တမန်တော်များအနက် အစောပိုင်းကွယ်လွန် သူဖြစ်နိုင်သည်။

ဖိလိပ္ပုသည် အားနည်းချက်များရှိစေကာမူ ယင်းတိုကြောင့် အမှုတော်ဆောင် ခြင်းကို မနှောင့်နှေးစေဘဲ ပကတိအရှိအတိုင်း ယေရှုနောက်သိုလိုက်သဖြင့် အသင်း တော်သမိုင်း၌ အကောင်းဆုံး ခေါင်းဆောင် တစ်ဦးဖြစ်လာသည်။

ဖိလိပ္ပု၏နာမည်ကို ကောင်းကင်တံခါးဝနှင့် ယေရုရှလင်သစ်တံခါးဝတိုတွင် ကမ္ဗည်းတင်လိမ့်မည်ဖြစ် သည်။ ၄င်းကဲ့သိုသော အညတရသာမန်လူတစ်ယောက်ကို အသုံးပြုနိုင်သောဘုရားသခင်သည် သင့်ကိုလည်း အသုံးပြုလိုသည်။

၂၂။ နာသနေလေ (Nathanael)

ဘုရားသခင်အသုံးပြုသော အမှုတော်ဆောင်များကိုကြည့်လျှင် နောက်ခံအခြေအနေ အမျိုးမျိုးမှ ဘုရားသခင်ရွေးကောက်ခြင်းဖြစ်သည်။ ပညာတတ်သူရှိသကဲ့သို ပညာ မတတ်သူလည်းရှိသည်။ ချမ်းသာသူရှိသကဲ့သို ဆင်းရဲသူလည်းရှိသည်။ သိုဖြစ်၍ ဘုရားသခင်က မည်သည့်စနစ်ဖြင့် ရွေးကောက်ခြင်းဖြစ်သည်ကို မသိကြသော်လည်း ၄င်းတိုအားလုံး၌ တူညီသောအချက်တစ်ခုမှာ တည်ကြည်ဖြောင့်မတ်မှု ရှိခြင်းပင် ဖြစ် သည်။

တမန်တော်တစ်ဦးဖြစ်သူ နာသနေလလည်း တည်ကြည်ဖြောင့်မတ်သူဖြစ်၍ လုပ်ဆောင်လေရာတိုင်း၌ တိကျမှန်ကန်သူဖြစ်သည်။ ကျမ်းစာတွင် သူ၏အကြောင်း ကို နည်းနည်းသာဖော်ပြသဖြင့် လူသိမများသူဖြစ် သည်။ သူ့အကြောင်းပထမဆုံး ဖော်ပြရာ၌ ယေရှုထံသို သူ့ကို ဖိလိပ္ပါက ခေါ်ဆောင်ပေးသည့်နေရာ ဖြစ်သည်(ယော ၁း၃၅-၄၅)။

ဖိလိပ္စုနှင့် နာသနေလသည် ပေတရုနှင့်အ၊ ယာကုပ်နှင့်ယောဟန်တိုကဲ့သို ညီအစ်ကိုရင်းမဟုတ် သော်လည်း တစ်ဦးအပေါ်တစ်ဦးစေတနာထား၍ အလွန်ချစ် ကြသည်။ သိုဖြစ်၍ ဖိလိသည် ယေရှုကိုတွေ့မြင်ပြီးနောက် မိတ်ဆွေဖြစ်သူ နာသ နေလကို ခေါ်ဆောင်လာခြင်းဖြစ်သည်။ စစ်မှန်သော မိတ်ဆွေပိုင်ဆိုင်ပါက အတူတူ ကောင်းချီးခံစား၍ အောင်မြင်မှုကိုလည်း အတူတူဆွတ်ခူးရလိမ့်မည် ဖြစ်သည်။

ဤနေရာ၌ မှတ်သားသင့်သည့်အချက်မှာ လူတစ်ဦးတစ်ယောက်၏ဝိညာဉ် ရရှိနိုင်ရန်အတွက် ထိုလူနှင့် ကိုယ်တိုင်တွေ့ဆုံပြီး ယေရှုထံလာရောက်ရန် စည်းရုံးဖိတ်ခေါ်ရမည်ဖြစ်သည်။ လာကြပါဟု ပြောရုံနှင့် လူတိုင်းလာချင်မှလာမည်ဖြစ်သည်။ အကယ်၍ ဖိလိပ္ပါက နာသနေလကို ကိုယ်တိုင်မခေါ်ခဲ့ပါက နာသနေလ သည် တမန် တော်(၁၂)ပါးထဲတွင် ပါဝင်ရလိမ့်မည်မဟုတ်ချေ။

နေသနေလကို ရှင်ယောဟန်ခရစ်ဝင်ကျမ်းမှအပ ကျန်ခရစ်ဝင်ကျမ်းများတွင် ဗာသောလမဲဟု ဖော်ပြကြသည်။ ဗာသောလမဲဟူသည် ဟေဗြဲနာမည်ဖြစ်၍ ဦးပြည် ၏သားဟု အဓိပ္ပာယ်ရပြီး ကျမ်းစာထဲတွင် (၄)ကြိမ်သာဖော်ပြခံရသည်(မ ၁၀း၃၊ မာ ၃း၁၈၊ လု ၆း၁၄၊ တ ၁း၁၃)။ ယောဟန်ကမူ နာသနေလဟု (၆)ကြိမ် ဖော်ပြသဖြင့် (ယော ၁း၄၅-၄၉၊ ၂၁း၂) ကျမ်းစာတစ်အုပ်လုံးတွင် စုစုပေါင်း(၁၀) ကြိမ် ဖော်ပြခံရသည်။ သူသည် ဂါလိလဲ ပြည်၊ ကာနမြိုသားဖြစ်သဖြင့် ယေရှုနှင့် မြိုနီးချင်းဖြစ် သည် (ယော ၂၁း၂)။ ကာနမြိုသည် ယေရှု၏ ပထမ ဆုံးနိမိတ်လက္ခဏာပြသရာမြိုဖြစ်သည်။

နာသနေလဟူသည် ဘုရားသခင်ကပေးသည် ဟု အဓိပ္ပာယ်ရ၍ ယောနသန်နှင့် မသဲတို၏နာမည် နှင့် အနက်တူသည်။ တချိုက နေသနေလနှင့် ဗာ သောလမဲကို မခွဲခြားတတ်ဘဲ တချိုကမူ လူတစ်ဦး စီသာဖြစ်မည်ဟု ဆိုကြသည်။ ဤနာမည်နှစ်ခု ခွဲခြားရန်မခက်ခဲပေ။ ဗာသောလမဲကို ဦးပြည်း၏သား နာသနေလဟု အလွယ်တကူမှတ်သားရန်ဖြစ်သည်။

ခေါင်းဆောင်များက နားလည်သိကျွမ်းကြသည်

နာသနေလသည် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကျမ်းစာဖတ်၊ ဘုရားကိုရှာဖွေ၍ ဘုရားကိုသိကျွမ်း နားလည်သူဖြစ်သည်(ယော ၁း၄၅)။ ဖိလိပ္ပါက နာသနေလကို တွေ့ သောအခါ ပညတ္တိကျမ်းထဲကမောရှေနှင့် ပရောဖက်များပြောသည့် ယောသ၏သား၊ နာဇရက်မြိုသားယေရှုကို မိမိတိုတွေ့မြင်ကြပြီဟု သတင်းပိုလိုက် သည်။ ‘

ဖိလိပ္ပုအနေဖြင့် နာသနေလသည် ဘုရားသခင်ကတိထားသော မေရှိယအ ကြောင်းကို ကျမ်းစာအားဖြင့် သိကျွမ်းပြီးဖြစ်မှန်းသိသဖြင့် နာသနေလဝမ်းသာရန် ယေရှု(မေရှိယ) အကြောင်းကို ချက်ချင်းသတင်းပို လိုက်ခြင်းဖြစ်သည်။

စင်စစ် ဖိလိပ္စုသည် ဓမ္မဟောင်းကျမ်းကို နားမလည်သူဖြစ်သည်။ ဓမ္မဟောင်း ကျမ်းတွင် ယေရှုကို ယောသပ်၏သား၊ နာဇရက်မြိုသားဟု မဖော်ပြဘဲ ဒါဝိဒ်၏သားဟုသာ ဖော်ပြသည်။ မည်သိုပင်ဖြစ်စေ၊ ဘုရားသခင်သည် နာသနေလက ယေရှုကို မြင်တွေ့နိုင်ရန် ဖိလိပ္ကိုအသုံးပြုသည်။ ၄င်းတိုနှစ်ဦး၏ တောင့်တသောအရာသည် လည်း ထိုမေရှိယပင်ဖြစ်သည်။

ဖိလိပ္ပုက နာသနေလထံ သင့်ကို ကောင်းစား စေမည့်သူ၊ ချမ်းသာစေမည့်သူ၊ ကျန်းမာစေမည့်သူ၊ အောင်မြင်စေမည့်သူ၊ ဝမ်းမြောက်စေမည့်သူ၊ ချီး မြှောက်ပေးမည့်သူတွေ့ပြီဟု မပြောချေ။ ထိုအချက် တိုသည် နာသနေလ၏ ဦးစားပေးမျှော်လင့်ချက် လည်း မဟုတ်ပေ။

သူ၏ဦးစားပေးမျှော်လင့်ချက်မှာ ဘုရားသခင် ကတိထားသော မေရှိယ(ခရစ်တော်)နှင့် ပရောဖက် ပြုချက်များ ပြည့်စုံလာမည့်အချိန်ဖြစ်သည်။ ထိုသိုမျှော်လင့်စောင့်စားနေစဉ် မေရှိယ ကြွရောက်လာသဖြင့် အလွန်ဝမ်းမြောက်နေမည်ဖြစ်သည်။ သူသာ သမ္မာကျမ်းစာကို နားမလည်ပါက ဖိလိပ္ပုက သတင်းပိုသည့် အချိန်တွင်ဖြစ်စေ၊ မေရှိယနှင့်တွေ့သည့် အချိန်တွင်ဖြစ်စေ ဝမ်းမြောက်လိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ သမ္မာတရားကို နားလည်ခြင်းက အသက်ကိုပေးသဖြင့် ဝမ်းမြောက်စေပြီး နားမလည်ခြင်းက သေခြင်း ကိုပေးသဖြင့် ပူပန်စေသည်။

ခေါင်းဆောင်ကောင်းများသည် နားလည် သိ ကျွမ်းကြသဖြင့် လူထုကို အကင်းပါးလိမ္မာစွာ ဦး ဆောင်ပေးနိုင်ကြသည်။ အလွယ်တကူ အလိမ်မခံရ သဖြင့် အမှားကျူးလွန်ရန် ပို၍ ခဲယဉ်းသည်။ အလို အပ်ဆုံးသောအရာ(မေရှိယ…)ကိုသိပြီးမလွတ်တမ်း ထိန်းသိမ်းနိုင်ကြသည်။ နားလည်သိကျွမ်းသည့် အလျောက် စိတ်အားထက်သန်သင့်သည့်နေရာတွင် တက်ကြွစွာလုပ်ဆောင်ပြီး စိတ်အားထက်သန် သင့်သည့်နေရာတွင် အချည်းနှီးအချိန် မဖြုန်းတီးကြပေ။

မည်သည့်နည်းဖြင့် နားလည်သိကျွမ်းသူ ဖြစ်နိုင်ပါမည်နည်း။ နာသနေလ သည် နားလည်သိကျွမ်း နိုင်ရန်အတွက် သမ္မာကျမ်းစာဖတ်ရှုပြီး ပြန်လည်ဆင်ခြင်တွေးတောသည်(ယော ၁း၄၈)။ နားလည်သိကျွမ်းခြင်း သည် ဖတ်ရှုခြင်းမှဖြစ်ပေါ် လာသည်။ နားလည်သိကျွမ်းမှုမရှိဘဲ ခေါင်းဆောင်ကောင်းမဖြစ်နိုင်ပေ။ ကျမ်းစာအမြဲ ဖတ်သောသူသည် ပညာမဲ့နိုင်ဘဲ ပညာရှိအများစုတိုက ကျမ်းစာ အမြဲဖတ်ကြသည်။ စာဖတ်သောသူ၏ အသက်တာကို လူအများကဖတ်ကြပြီး စာမဖတ်သောသူ၏ အ သက်တာကို မည်သူမျှမဖတ်ကြပေ။

ခေါင်းဆောင်များက အထင်သေးမိတတ်ကြသည်

ခေါင်းဆောင်များက သူတစ်ပါးကို တစ်ခါတစ်ရံ အထင်သေးမိတတ်ကြသည်။ ၄င်းတိုကဲ့သို ပညာမတတ်သူ၊ မချမ်းသာသူ၊ မအောင်မြင်သူ၊ မြိုကြီးတွင် မနေထိုင်နိုင်သူများကို အထင်သေးမိသကဲ့သို တစ်ခါတစ်ရံ တွင် ထိုသူတို၏ ရုပ်ရည်၊ အဝတ်အစား၊ အရပ်အ မောင်းကိုကြည့်ပြီး အထင်သေးမိတတ်ကြသည်။

နာသနေလလည်း ထိုကဲ့သိုသောခေါင်းဆောင် မျိုးဖြစ်သည်။ ဖိလိပ္ပုက နာဇရက်မြိုသားယေရှုဟု ပြောလိုက်သည်နှင့် နာသနေလက နာဇရက်မြိုမှ ကောင်းသောအရာ ထွက်လာနိုင်ပါ့မလားဟု ပြန်မေး သည်(ယော ၁း၄၆)။ တကယ်ဆိုလျှင် မိက္ခာ ၅း၂တွင် ဗက်လင်မြိုသားယေရှုဟု ဖော်ပြသဖြင့် မိမိဖတ်သော ကျမ်းစာနှင့် မကိုက်ညီပါလားဟုလည်းကောင်း၊ ယေရုရှလင်မြိုမှာ စိုးစံမည့်သူဖြစ် သဖြင့် ယေရုရှလင်မြိုမှ လာခြင်းဖြစ်လိမ့်မည်ဟုလည်းကောင်း ပြန်ပြောသင့်သည်။ ယခုတွင်မူ နာဇရက်မြိုမှ ကောင်းသောအရာထွက် လာပါ့မလားဟု အထင်အမြင် သေးစွာ ပြန်မေးသည်။

စင်စစ် နာသနေလကြီးပြင်းရာ ကာနမြိုသည် နာဇရက်မြိုလောက် ပိုမစည် ကားသည်သာမက (ယော ၂၁း၂) ပို၍ပင်တောကျနိုင်သည်။ အကြောင်းမှာ နာဇရက မြိုသည် တောင်နှင့်မြောက်လမ်းဆုံရာမြိုဖြစ်သဖြင့် ခရီးသွားတစ်ဦးစနှစ်ဦးစနှင့် ပို၍ စည်ကားနိုင်သည်။ ကာနမြိုမှာမူ လမ်းမပေါ်ကမြို မဟုတ်သဖြင့် စည်ကားမှုနည်း နိုင်သည်။

မည်သိုပင်ဖြစ်စေ၊ နာသနေလ အထင်သေးသည့်အတိုင်းပင် နာဇရက်မြိုသည် ကျေးရွာဇနပုဒ် သာသာမြိုဖြစ်သည်။ ပညာတတ်နည်းပါးသည်။ ယဉ်ကျေးမှုနိမ့်ကျ သည်။ ဒုစရိုက်ပေါများသည်။ ယုဒလူတိုက ဂါလိလဲလူတိုကို အထင်သေးသကဲ့သို ဂါလိလဲလူတိုက နာဇရက်လူတိုကို အထင်သေးသည်။ သိုဖြစ်၍ နာသနေလအနေဖြင့် နာဇရက်မြိုကို အထင်သေးမိနိုင်ပါသည်။

လူတစ်ဦးတစ်ယောက်ကို အကြောင်းမသိဘဲနှင့် အထင်သေးမိပါက ကြီးမား သောဆုံးရှုးမှုကြုံ တွေ့နိုင်သည်။ တစ်ခါက Elisa Tinsley ဆိုသူသည် USA Today တွင် ဝါရှင်တန်ဘဏ်နှင့်ပတ်သက်၍ အဖြစ်အပျက်တစ်ခုရေးဖူးသည်။

ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် John Barrier ဆိုသူသည် ထိုဘဏ်ရှိ ၄င်း၏ချက်စာရင်းသို ဒေါ်လာ(၁၀၀)ထပ်ထည့်ရန် အလုပ်မှတန်းလာသည်။ အိမ်ပြန်ရင်းဖြစ်သဖြင့် အဝတ်အစားနည်းနည်း ညစ် နွမ်းသည်။ ဘဏ်ဝင်းအတွင်းရှိ ကားထားရန်နေရာ သိုရောက်သောအခါ ဝန်ထမ်းမတစ်ယောက်က “ဒီ ဘဏ်ရဲ့လည်ပတ်မှုမှာ ရှင့်ပိုက်ဆံတစ်ပြားတစ်ချပ်မှ မပါလောက်ပါဘူး။ ဒါကြောင့် ဒီနေရာမှာ ကားမထား ပါနှင့်။ တကယ်လိုထားချင်ရင် ပိုက်ဆံပေးရမယ်”ဟု ခပ်တင်းတင်းပြောလိုက်သည်။

John Barrier က ကားထားခအကျေပေးပြီးသားဖြစ်ကြောင်း ကောင်းမွန်စွာ ရှင်းပြသော်လည်း ဝန်ထမ်းမက လုံးဝမယုံကြည်ပေ။ မန်နေဂျာထံထပ်ပြောသည်။ မန်နေဂျာကလည်း လက်မခံချေ။ နောက်တစ်နေ့တွင် John Barrierသည် ထို ဘဏ်တွင်စုထားသော ၄င်း၏ပိုက်ဆံအားလုံး ဒေါ်လာတစ်သန်းကို ပြန်ထုတ်ယူလိုက် သည်။ ထိုဘဏ်ဝန်ထမ်းများသည် နောက်နောင်တွင် မည်သူ့ကိုမဆို အထင်သေးရဲ ကြတော့မည်မဟုတ်ချေ။

သိုဖြစ်ရာ အထင်သေးတတ်ခြင်းက ဆိုးကျိုးကိုသာ သက်ရောက်စေသည်။ အထင်သေးမိပါက တစ်နေ့နေ့တွင် နောင်တရလိမ့်မည်ဖြစ်သည်။

အထင်သေးတတ်ခြင်းကြောင့် အစ္စရေးတိုက မေရှိယကို ငြင်းပယ်ကြသည်။ ဒုစရိုက်ပေါများသော နာဇရက်မြိုမှ ကယ်တင်ရှင်မပေါ်ထွန်းနိုင်ဟု ပုံသေတွက်ဆကြသဖြင့် ငြင်းပယ်မိကြခြင်း ဖြစ်သည်။ ထိုအပြင် တမန်တော်များကိုလည်း ဂါလိလဲ ဇာတိဖြစ်သဖြင့် လှောင်ပြောင်ခဲ့ကြသည်။

ယေရှုကို အပြစ်ရှာကြသော ဖာရိရှဲအချိုထံ နိကောဒင်က လူတစ်ယောက်ကို အကြောင်းစုံမသိဘဲနှင့် အပြစ်ရှာတရားစီရင်ဖို ဥပဒေကခွင့်ပြုလိုလားဟုမေးရာ ဖာ ရိရှဲတိုက နာဇရက်မြိုကနေ ပရောဖက် မပေါ်ထွန်းဖူးပါဘူးဟု ပြန်ဖြေကြသည်(ယော၊ ၇း၅၂)။ နာဇရက်မြို ကို အထင်သေးလွန်းကြသဖြင့် ပရောဖက် ယောနနှင့် နာဟုံတို ကိုလည်း ဂါလိလဲမှလာခြင်းဖြစ်သည်ကိုပင် မေ့နေကြသည်။

သို့သော် နာသနေလ၏ အထင်သေးတတ်ခြင်း က ၄င်း၏အသိပညာနှင့် ယုံကြည်ချက်ကို မလွှမ်းမိုး နိုင်ခဲ့ချေ။ ယေရှုအပေါ် အထင်သေးခြင်းထက် ကျမ်း စာလာယေရှုကို သိကျွမ်းခြင်းက ပိုအလေးသာသဖြင့် ယေရှုကို ချက်ချင်းလက်ခံနိုင်သည်။ ၄င်း၏ အထင် သေးတတ်သောစိတ်ကို ဘုရားသခင် ပြုပြင်ပြောင်း လဲပေးသဖြင့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်လာခဲ့သည်။

အကြောင်းမှာ ဘုရားသခင်က ခွန်အားကြီး သောသူများ အရှက်ရစေလိုသဖြင့် ( ခွန်အားနည်းသော သာမန်လူများကို အသုံးပြု၍ဖြစ်သည်( ၁ကော ၁း၂ရ)။ မထင်ရှား သောနေရာမှရွေးကောက်သော သာမန်လူများကို ကမ္ဘာကြီးပြောင်းလဲစေရန် အသုံး ပြုနေသည်။

တစ်ခါက ရေသည်တစ်ယောက်သည် ချောင်းရေကို အလွန်ဝေးသောအိမ်သို ရေပုံးနှစ်လုံးဖြင့် နေ့တိုင်းထမ်းသယ်သည်။ ရေပုံးတစ်လုံးသည် အပေါက်ရှိသဖြင့် အိမ်ရောက်သောအခါ ထိုရေပုံး၌ ရေတစ်ဝက်သာကျန်တော့သည်။

နှစ်နှစ်ခန့်ကြာလာသောအခါ အပေါက်ရှိသောရေပုံးသည် ရေသည်ကို အလွန် အားနာသဖြင့် “နှစ်နှစ်လုံး လုံး ချောင်းထဲကနေအိမ်အထိ ပင်ပင်ပန်းပန်းရေထမ်းပေမဲ့ ကျွန်တော့်မှာအပေါက်ရှိလို ရေတစ်ဝက်ပဲ ကျန်တဲ့အတွက် အပြစ်ခွင့်လွှတ်ပေးပါ”ဟု တောင်းပန်သည်။

ထိုအခါ ရေသည်က “ဘာမှအားမနာပါနှင့်။ ချောင်းထဲကနေအိမ်အထိ တစ် လမ်းလုံးကိုကြည့်လိုက် စမ်းပါ။ အပေါက်ရှိတဲ့မင်းဘက်ခြမ်းမှာ ပန်းပင်တွေပွင့်နေပြီး အပေါက်မရှိတဲ့ဘက်ခြမ်းမှာ ဘာပန်းမှမပွင့်တာ တွေ့မှာပါ။ အဲဒီပန်းတွေနှင့် ငါ့အ လုပ်ရှင်ရဲ့စားပွဲကို နေ့တိုင်းအလှဆင်နိုင်လို ငါက မင်းအပေါ်ကျေးဇူးတင် နေတာ” ဟု ပြန်ပြောသည်။

လူတိုင်းအပြစ်ရှိသဖြင့် မယိုယွင်းသူမရှိချေ။ ခေါင်းဆောင်အဖြစ် ထိုက်တန်သူ လည်းမရှိပေ။ သိုသော် ယိုယွင်းနေသည့်ကြားမှပင် ဘုရားသခင်ထံဆက်ကပ်ပါက အံ့သြဖွယ်အသုံးပြုနိုင်သည်ကို မမေ့ကြပါစိုနှင့်။ ဘုရားသခင်၏လက်ထဲတွင် အချည်း နှီးသောအရာမရှိပါ။

ခေါင်းဆောင်များက ဆန်းစစ်စုံ စမ်းကြသည်

နာသနေလက ““နာဇရက်မြိုမှ ကောင်းသော အရာထွက်နိုင်ပါမည်လော”ဟု မေးသောအခါ ဖိလိပ္စု က လာ၍ကြည့်ပါဟု ဖိတ်ခေါ်လိုက်သည်(ယော ၁း ၄၆)။ နာသနေလက ယေရှုအပေါ် အထင်အမြင်သေး မိသော်လည်း မဆန်းစစ်မစုံစမ်းဘဲနှင့် ဆုံးဖြတ်ချက် မချပေ။ သူ၏သံသယ မှန်မမှန်ဆုံးဖြတ်နိုင်ရန် ကိုယ် တိုင်သွားရောက်စုံစမ်းသည်။

ထိုနောက် ကိုယ်တော်သည် ဘုရားသခင်၏ သား၊ အစ္စရေးဘုရင်ဖြစ်သည်ဟု ဝန်ခံယုံကြည် လိုက် သည်(ယော ၁း၄၉)။

ခေါင်းဆောင်ကောင်းများက မှန်ကန်သောစိတ် ပိုင်ဆိုင်ကြသည်

စိတ်ထားမှန်ကန်သူတိုင်း ခေါင်းဆောင်ကောင်းမဖြစ်ကြသော်လည်း ခေါင်း ဆောင်ကောင်းဖြစ်သူတိုင်း သည် စိတ်ထားမှန်ကန်ကြသည်။

နာသနေလ၌ အထင်သေးတတ်သောသဘောရှိသော်လည်း မမှန်ကန်သော စိတ်မရှိပေ။ စိတ်ထားမှန် ကန်၍သာ တစ်ခုခုကို ချက်ချင်းလက်မခံတတ်ခြင်း ဖြစ် သည်။ ယေရှုထံရောက်သောအခါ ယေရှုက “ကြည့်ကြ ပါဦး။ ဒီမှာ အစ္စရေးလူမျိုး စစ်စစ်တစ်ယောက်ရှိတယ်။ သူ့အထဲမှာ မုသားဆိုတာ လုံးဝ မရှိဘူး”ဟု ထောမနာ ပြုသည်(ယော ၁း၄၅)။ လူသူပရိသတ်ရှေ့တွင် နာသနေလ၏ ပကတိအရှိတရား ကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်သဖြင့် နာသနေလအဖို မည်မျှနားဝင်ချို၍ ဂုဏ်ယူဖွယ် ကောင်းပါမည်နည်း။ ယင်းထက် ဂုဏ်ယူဖွယ်ကောင်း မည့်အရာတစ်ခုမှာ ယေရှုထံမှ ““သာဓု၊ သစ္စာရှိသောငယ်သားကောင်း” ဟူသည့် စကားပင်ဖြစ်သည်(မ ၂၅း၂၁-၂၃)။

အသုဘအိမ်များတွင် ကွယ်လွန်သူ၏ကောင်း ကွက်များကို ထုတ်ဖော်ချီးကျူးလေ့ရှိကြသည်။ သို သော် ကွယ်လွန်သူက မကြားနိုင်တော့သဖြင့် သူ့အဖို အကျိုးမရှိပေ။ ထိုစကားများကို အသက်ရှင်စဉ်က သာကြားပါက သူ့အဖို မည်မျှအကျိုးရှိပါမည်နည်း။

နာသနေလမှာမူ စစချင်းပင် ၄င်း၏ကောင်း ကွက်ကို ထုတ်ဖော်ချီးကျူးခြင်းခံရသဖြင့် မည်မျှ ခွန် အားရစရာကောင်းပါသနည်း။ သူသည် ဟန်ဆောင် ခြင်းကင်း၍ ယေရှုနောက်သို ကိုယ်ကျိုးကောင်းစား ရေးမပါဘဲ စိတ်ရင်းမှန်ကန်စွာဖြင့် လိုက်လျှောက်ခြင်းဖြစ်သည်။ ၄င်း၌ မှန်ကန်သော စိတ်ထားရှိသဖြင့် ခေါင်းဆောင်ကောင်းပီသသူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ထိုခေတ်ဘာသာရေး ခေါင်းဆောင်များဖြစ်သော ဖာရိရှဲတိုသည် မှန်ကန်သော စိတ်မရှိဘဲ အမြဲဟန် ဆောင်လေ့ရှိကြသည်။ အစ္စရေးလူမျိုးဟုခေါ်ဆိုရန်ပင် မထိုက် တန်သူများ ဖြစ်ကြသည်။

သိုဖြစ်၍ ယေရှုက ကျမ်းပြုဆရာနှင့် ဖာရိရှဲ တိုကို “သင်တိုဟာ ကောင်းကင်နိုင်ငံတော်ထဲ မဝင် ချင်ရုံသာမဟုတ်ဘဲ ဝင်ချင်တဲ့သူတွေကိုပါ တားဆီး ကြတယ်။ မုဆိုးမအိမ်ကိုလုယူပြီး ဟန်ဆောင်ဆု တောင်းကြ တယ်။ အပေါ်ယံဖြူစင်နေပေမဲ့ အထဲမှာ ပုပ်စော်နံနေတဲ့ သင်္ချိုင်းအုတ်ဂူနှင့် တူကြတယ်”ဟု ဆုံးမရှုတ်ချသည်(မ ၂၃း၁၃-၁ရ။ ပေါလုကလည်း “ထိုသူတိုသည် အစ္စရေးလူမျိုးစစ်စစ် မဟုတ်”ဟု မှတ်ချက်ချသည်(ရော ၂း၂၈၊ ၉း၆)။

အစ္စရေးလူမျိုးများစွာ ရှိသော်လည်း မှန်ကန်သောစိတ်ထားရှိသူ လူမျိုးစစ်စစ် အလွန်ရှားပါးရာ ၄င်းတိုအထဲတွင် နာသနေလလည်းပါဝင်သည်။ သိုဖြစ်၍ ယေရှုက ဟန်ဆောင်လှည့်ဖြားခြင်းကင်းသော လူမျိုးစစ်စစ်နာသနေလဟု ချီးကျူးခြင်း ဖြစ်သည်။

ခေါင်းဆောင်ကောင်းများက ယုံကြည်ခြင်းအမှန် သိကြသည်

ယေရှုက နာသနေလကိုမြင်သောအခါ “အစ္စရေးလူမျိုးစစ်စစ်”ဟုပြောရာ နာသနေလက “မည်ကဲ့သိုသိသနည်း”ဟု ပြန်မေးသည်(ယော ၁း၄၈)။ စင်စစ် လက် သမားတစ်ယောက်က အရာခပ်သိမ်းကို မည်ကဲ့သိုသိနိုင်ပါမည်နည်းဟု ပြန်မေးခြင်း ဖြစ်သည်။ ထိုအခါ ယေရှုက “သင့်ကို ဖိလိပ္စုခေါ် မလာမီ သဖန်းပင်အောက်မှာ ရှိနေစဉ်ကတည်းကပင် မြင်ပြီးသားဖြစ်တယ်”ဟု ပြန်ဖြေသည်။

မိမိတို ယေရှုကို မသိမမြင်မှီကပင် ယေရှုကမူ သိပြီးမြင်ပြီးဖြစ်ကြောင်း သတိပြုသင့်သည်။ ကိုယ့်ကို ကိုယ်သိသည်ထက် ယေရှုပိုသိသဖြင့် ခေါင်းဆောင် အဖြစ်ရွေးချယ်ပါက “ကိုယ်တော်၊ မဖြစ်နိုင်ဘူး။ ကျွန်တော်မတော်မတတ်ဘူး”ဟု မငြင်းပယ်ဘဲ လက် တော်ထဲသို ဆက်ကပ်အပ်နှံရန်သာဖြစ်သည်။

ယေရှုက နာသနေလသည် ဘယ်မှာနေ၍ ဘာလုပ်သည်ကို သိမြင်သည်။ နာသနေလသည် ထိုခေတ် ဘာသာရေးခေါင်းဆောင်များနှင့်မတူဘဲ လူသူမရှိသော ဆိတ်ငြိမ်ရာအရပ်၌သာ ဆုတောင်းလေ့ရှိသည်။ ဖာရိရှဲတိုကမူ လူသူစည်ကားရာ လမ်းဆုံလမ်းခွများ၌ အော်ဟစ်ဆုတောင်းလေ့ရှိကြသည်။

သိုသော် ယေရှုသည် ခေါင်းဆောင်ဖြစ်လိုသောစိတ်ဖြင့် လမ်းဆုံလမ်းခွများ၌ ဟန်ဆောင်ဆုတောင်း သောသူထက် လူမမြင်ကွယ်ရာ၌ ဘုရားသခင်နှင့် အမြဲစကား ပြောသောသူတစ်ယောက်ကို ခေါင်းဆောင် အဖြစ်မွေးထုတ်တတ်သည်။ လူတိုက အ ပေါ်ယံကိုကြည့်သော်လည်း ဘုရားသခင်ကမူ စိတ်နှလုံးကိုကြည့်ပြီး ခေါင်းဆောင် အဖြစ်ရွေးချယ်သည်။

နာသနေလသည် ကျမ်းစာကို အမြဲဖတ်ရှုဆင်ခြင်သူဖြစ်သည်နှင့်အညီ ယေရှု ကိုမြင်သောအခါ ဘုရားသခင်၏သား၊ အစ္စရေးဘုရင်ဖြစ်ကြောင်း(ဆာ ၂။ ဇာ ၉း၉၊ မိ ၅း၂) ကျမ်းစာလာသည်အတိုင်း ချက်ချင်း ဝန်ခံနိုင်သည်။ ဖိလိပ္ပုကမူ နှစ်နှစ် နောက်ကျပြီးမှသာ “ခမည်းတော်ကို ပြပေးပါ”ဟု ယေရှုထံ တောင်းဆိုသည်(ယော ၁း၄၈)။

သောမကလည်း ယေရှုရှင်ပြန်ထမြောက်ပြီးမှသာ “ကျွန်ုပ်၏ အရှင်၊ ဘုရားသခင်ပါ တကား”ဟု ဝန်ခံနိုင်သည်(ယော ၂၀း၂၈)။

ယေရှုက နာသနေလထံ “သဖန်းပင်အောက်၌ သင့်ကိုငါမြင်သည်ဟုဆိုသော ကြောင့် ယုံသလော။ ထိုမျှမက သင်သည် သာ၍ကြီးစွာသောအကြောင်းအရာကို မြင် လတံ့”ဟု မိန့်သည်(ယော ၁း၅ဝ)။ သမ္မာတရားကိုသိရုံမက ယုံကြည်သောကြောင့် များစွာထပ်ဖြည့်ဖော်ပြပေးမည်ဟု ကတိပေးခြင်း ဖြစ်သည်။

ထိုအပြင် ယေရှုက “နောင်ကာလ၌ ကောင်း ကင်ဖွင့်လှစ်၍ ငါ့အပေါ်တွင် ကောင်းကင်တမန်များ အတက်အဆင်းလုပ်သည်ကို မြင်တွေ့ရမည်” ဟု ထပ်မံပြောဆိုသည့်အတိုင်း ယာကုပ်သည် ဘုရား သခင်နှင့် လူသားတို၏ ဆက်သွယ်ရာလှေကားကို မြင်တွေ့၍(က ၂၈း၁၂) နာသနေလကလည်း ဘုရား သခင်နှင့် လူသားတို၏ဆက်သွယ်ရာ ယေရှုကို တ ကယ်မြင်တွေ့ပြီး ကယ်တင်ခြင်းအကြောင်းကို ရှင်း လင်းစွာသဘော ပေါက်သည်။

ခေါင်းဆောင်များက စဉ်းစားတွေးတောကြသည်

နာမည်ကျော်စာရေးဆရာ Napoleon Hill က ရွှေကို မြေအောက်ထက် ဦးနှောက်ထဲမှ အများဆုံးတွေ့ရှိ တူးဖော်ရသည်ဟု ပြောဆိုဖူးသည်။ စဉ်းစားတွေးတောတတ်ခြင်းသည် ရွှေထက်တန်ဖိုးကြီးသည့်အပြင် ပို၍လည်းတာရှည်ခံသည်။ ရွှေတွင်းသည် ကုန်ခန်းနိုင်သော်လည်း စဉ်းစားတွေးတော တတ်ခြင်းသည် မကုန်ခန်း နိုင်သည်သာမက ပို၍ပင်တိုးပွားသည်။ ။

Tom Fatjo ဆိုသူသည် စိတ်ထားနူးညံ့သိမ်မွေ့သည့်အပြင် တည်ကြည် ဖြောင့်မတ်သဖြင့် လုပ်ငန်းခွင်၌ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သိုသော် သူ၏အ လုပ်သည် ငြီးငွေ့ဖွယ်ကောင်းသည့်အပြင် တိုးတက်မှုလမ်း မရှိသဖြင့် ရှေ့ရေးအတွက် အားတက်စရာမရှိပေ။

တစ်ညတွင် Houston မြို၊ Willowbrook Civic Club အနီး၌ ထိုင် နေစဉ် သူ၏ပတ်ဝန်းကျင်တွင် အမှိုက်များပြည့်နှက်နေသည်။ နွေရာသီဖြစ်သဖြင့်ယင်ကောင်များအုံနေသည့်အပြင် အနံ့လည်း အလွန်ဆိုးသည်။ အမှိက်သိမ်းခြင်းကို ကုမ္ပဏီတစ်ခုကတာဝန်ယူသော်လည်း အလုပ်မနိုင်သဖြင့် ပြည်သူများမကျေမနပ် ဖြစ်ကြသည်။

သူသည် ထိုညတွင် အိပ်သာအိပ်သော်လည်း အိပ်မပျော်ပေ။ ထိုအမှိက်ပုံကြီး ကို မည်ကဲ့သို ဖယ်ရှားရှင်းလင်းပေးနိုင်မလဲဟု စဉ်းစားတွေးတောသည်။ ထိုအခါ အကြံတစ်ခုရရှိသည်။ ထိုအကြံအတိုင်း အမှိုက်ကားတစ်စီးဝယ်ပြီး အမှိက်သိမ်းလုပ် ငန်းစတင်သည်။ သူ၏လုပ်ငန်းသည် နှစ်ပေါင်းအတန်ကြာလာ သောအခါ ကမ္ဘာ့အကြီးဆုံးအမှိုက်သိမ်းကုမ္ပဏီ Browning-Ferris Industries, Inc. ဖြစ်လာသည်။

ဤကုမ္ပဏီ၏ဝင်ငွေသည် တစ်နှစ်လျှင် အမေ ရိကန်ဒေါ်လာ သန်းငါးရာနှင့်အထက်ရှိသည့် အပြင် အခြားကုမ္ပဏီ (၁၀)ခု ကိုလည်း ထပ်မံတည်ထောင် နိုင်သဖြင့် Tom Fatjo သည် ကမ္ဘာ့အချမ်းသာဆုံး လူတစ်ဦးဖြစ်လာသည်။ ထိုသို အောင်မြင်ခြင်းသည် အမှိက်ကားတစ်စီးကြောင့် ဖြစ်သည်။ အမှိက်ကား တစ်စီးဖြင့် လုပ်ငန်းစတင်နိုင်ခြင်းသည် စဉ်းစားတွေး တောမှုကြောင့်ဖြစ်သည်။

ယေရှုက နာသနေလကို သဖန်းပင်အောက်တွင်နေစဉ်ကပင် သိမြင်သည်ဟု ပြောသည်။ သဖန်းပင်ဟူသည် ထိုခေတ်ဘာသာရေးဆရာများ၏ အသုံးအနှုန်းဖြစ် ၍ ကျမ်းစာသင်ကြားရာနှင့် ဆင်ခြင် စဉ်းစားသည့်နေရာဖြစ်သည်။ အချုပ်အားဖြင့် စဉ်းစားတွေးတောသည့်နေရာဖြစ်သည်။ ထိုခေတ်အိမ်များသည် ကျဉ်းလွန်းပြီး မီးဖို ချောင်၊ ဧည့်ခန်းနှင့် စာဖတ်ခန်းဟူ၍ မရှိသဖြင့် အနီးပတ်ဝန်းကျင်တွင် သဖန်းပင်များစိုက်ပြီး စာဖတ်သည့်နေရာအဖြစ် အသုံးပြုကြသည်။ အရွယ်ရောက်ပြီးသားသဖန်းပင် သည် (၁၅)ပေခန့်မြင့်ပြီး (၂၅)ပေမှ ပေ(၃၀)ခန့်အထိကျယ်သဖြင့် အရိပ်အောက်တွင် ထိုင်ရသည်မှာ သက်သောင့်သက်သာရှိလှသည်။

နာသနေလသည် မကြာခဏစဉ်းစားတွေးတောသူ၊ ဘုရားသခင်အကြောင်း ကြာခဏဆင်ခြင် စဉ်းစားသူဖြစ်သည်။ စဉ်းစားတွေးတောခြင်းက နားလည်သိကျွမ်း ဖြစ်ပေါ်စေပြီး နားလည်သိကျွမ်းခြင်းက ခေါင်းဆောင်ကောင်းဖြစ်လာစေသည်။ ဘယကမ္ဘာစစ်အတွင်းက နာမည်ကျော်စစ်သားတစ်ဦးဖြစ်သူ Eddie Ricken backer က အောင်မြင်ခြင်းရရှိနိုင်ရန် စကားလုံး(၆)ခုသာရှိသည်။ ယင်းမှာ “စဉ်းစား ပြီးမှလုပ်ပါ” ဖြစ်သည်ဟု ပြောသည်။

နာသနေလ၏ နောက်ဆုံးနေ့

အသင်းတော်သမိုင်းတွင် နာသနေလသည် ဧဝံဂေလိလှည့်လည်ဟောရာမှ Mesopotamia Persia India Armenia Lycaonia Phrygia ပြည်တို့နှင့် ပင်လယ်နက်အနီးပတ်ဝန်းကျင်တိုသို ယေရှုအကြောင်း ပျံ့နှံရောက် ရှိသည်ဟု ဟုဖော်ပြသည်။ သမိုင်းပညာရှင် Eusebiusu Alexandra မြို့သား: Pantenus ဆိုသူသည် အန္ဒိယနိုင်ငံ၌ ဟေဗြဲဘာသာဖြင့်ရေးသားသည့် ရှင်မဿဲခရစ်ဝင်ကျမ်း စာအုပ် တွေ့ရှိရာ ယင်းသည် နာသနေလထားခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

နာသနေလ၏ နောက်ဆုံးနေ့နှင့်ပတ်သက်၍ မှတ်တမ်းအတိအကျမရှိချေ။ အိတ်တစ်လုံးထဲတွင် ကြိုးနှင့်အချည်ခံရပြီး မြစ်ထဲသိုပစ်ချခံရသည်ဟုလည်းကောင်း၊ လက်ဝါးကားတိုင်ပေါ် ချိတ်ဆွဲသတ်ပစ် သည်ဟုလည်းကောင်း ဖော်ပြချက်ရှိသည်။ မည်သည့်နည်းဖြင့်သေသည်ဖြစ်စေ၊ ယေရှုခရစ်တော်၏ ဧဝံဂေလိတရားကြောင့် အ သတ်ခံရသော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း ပေါ်လွင်ထင်ရှားသည်။

 

၂၃။ မဿဲ (Matthew)

မဿဲ၏အဓိပ္ပာယ်မှာ “သခင်၏လက်ဆောင်” ဖြစ်သည်။ မသဲသည် ရောမအစိုးရ၏ အခွင့်တော်ရ အခွန်ခံတစ်ဦးဖြစ်သဖြင့် သူ့လူမျိုးများ၏ မျက်မုန်းကျိုးခြင်း ခံရသည်။ အစိုးရနှင့်ပေါင်းပြီး အခွန်ခံသဖြင့် မတရားငွေတောင်းသူ၊ လုယူသူ၊ ပြည်သူလူထုကို သစ္စာဖောက်သူအဖြစ်ပင် စွတ်စွဲခံရသည်။

ပြည်သူများက မျက်မုန်းကျိုးသလောက် အခွန်ခံများကလည်း လာဘ်စားနေ ကြသည်။ သူဌေးများထံမှ ကျသင့်သည့် အခွန်မှန်မကောက်ဘဲ ၄င်းတို၏အိတ်ကပ် ထဲထည့်ကြသည်။ ဥပမာ၊ အခွန်ငွေ တစ်ထောင်ကျသင့် ပါက ခုနစ်ရာဖြင့် ရာဖြတ် ပြီး ရာဖြတ်ခနှစ်ရာယူကြသည်။ ထိုအခါ အခွန်ငွေတစ်ထောင်ဆောင်ရမည့်သူသည် ကိုးရာသာဆောင်ရတော့သဖြင့် ငွေတစ်ရာ အမြတ်ထွက်သေးသည်။ လူလတ်တန်း စားနှင့် ဆင်းရဲသားများထံ ကမူ ကျသင့်အခွန်ငွေထက်ပိုကောက်ပြီး ပိုငွေကို ၄င်းတို ၏အိတ်ကပ်ထဲ ထည့်ထည့်နေကြသည်။

သို့ဖြစ်၍ အစ္စရေးလူမျိုးများက အခွန်ခံများကို အင်္ဂါချိုယွင်းသူ၊ ညစ်ညမ်းသူ၊ တစ်နည်းအားဖြင့် ၄င်း တို၏အရွံရှာဆုံးဖြစ်သော “ဝက်နှင့် တန်းတူထားပြီး ဘုရားကျောင်းထဲသို အဝင်မခံသည့်အပြင် လုံးဝ မထိ တွေ့၊ မဆက်ဆံချင်ကြပေ။

သို့သော် ဘုရားသခင်၏ကျေးဇူးတော် အလွန် ပြည့်စုံလုံလောက်သဖြင့် ခရစ်ဝင်ကျမ်းများတွင် ကယ် တင်ခြင်းရရှိသော အခွန်ခံသုံးဦးအကြောင်း ဖော်ပြ သည်။ ထိုသုံးဦးမှာ အပြစ်နောင်တရပြီး ဆုတောင်း သူ(လု၁၈း၁၀-၁၄)၊ ဇကွဲ(လု ၁၉း၂-၁၀)နှင့် မသဲ(၉၉)တိုဖြစ်ကြသည်။ ပထမလူ၏ ဆုတောင်းချက်ကိုကြည့်လျှင် ဘုရားကျောင်းထဲသို အခွန်ခံများလုံးဝမဝင်ရကြောင်း တွေ့ရသည်။

ထိုအခွန်ခံသည် ဖာရိရှဲတစ်ယောက်၏ အဝေးတစ်နေရာ၌ ဆုတောင်းသည်။ အကြောင်းမှာ ဘုရားကျောင်းထဲသို ဝင်ခွင့်မရသောကြောင့်ဖြစ်သည်။ ဘုရားကျောင်း ထဲတွင် ယဇ်ပုရောဟိတ်၊ လေဝိနှင့် အစ္စရေးတိုအတွက် ဦးစားပေးနေရာသီးသန့်ရှိပြီး ၄င်းတို၏နောက်တွင် တစ်ပါးအမျိုးသားများ ထိုင်ရသည်။ သိုသော် အစ္စရေးလူမျိုး အခွန်ခံများအတွက် နေရာလုံးဝမရှိပေ။

အခွန်ခံ Gibbai

အခွန်ခံများ အုပ်စုနှစ်ခုကွဲသေးသည်။ ပထမအုပ်စုကို Gibbai ဟုခေါ်သည်။ ဤအုပ်စုကပစ္စည်းဥစ္စာ၊ အိမ်မြေယာမြေ၊ အသီးအနှံစသည်တိုမှအခွန်ကောက်သည်။ ဥပမာ၊ စပါးစိုက်ပျိုးပါက ၁ဝရာခိုင်နှုန်း၊ အသီးအနှံစိုက်ပျိုးပါက ၅ရာခိုင်နှုန်း၊ ငွေကြေး ရပါက တစ်ရာခိုင်နှုန်းကောက်သည်။ သိုဖြစ်၍ လူမုန်းအလွန်များသည်။

အခွန်ခံ Mokhes

အခွန်ခံဒုတိယအုပ်စုကို Mokhes ဟုခေါ်ပြီး Great Mokhes နှင့် Small Mokhes ဟူ၍ နှစ်မျိုးကွဲ သေးသည်။ ဤအုပ်စုက ပြည်ဝင်ပြည်ထွက်၊ ထုတ်ကုန် သွင်းကုန်၊ လမ်းတံတား၊ ဆိပ်ကမ်းနှင့် အရောင်းအဝယ် အစရှိသည်တို၌ အခွန်မျိုးစုံ ကောက်သည်။ ထိုထက်ပိုဆိုးသည်မှာ ချောထုပ်ချောစာများကို ဖွင့်ဖောက်ကြည့်ရှု ပြီး တန်ဖိုးအများအနည်းအလိုက် အခွန်ကောက်လိုက်သေးသည်။ ဤအုပ်စုကို ပထမ အုပ်စုထက်ပင် ပြည်သူများမျက်မုန်းကျိုးကြသည်။ –

Great Mokhes တိုက ကိုယ်တိုင်အခွန်မကောက်ဘဲ ကိုယ်စားလှယ်ထားရှိ သဖြင့် ပြည်သူများက မမြင်ဖူးကြပေ။ သိုဖြစ်၍ ကိုယ်စားလှယ်များသာ အမုန်းခံရ သည်။ Small Mokhes တိုမှာမူ ပို၍ လောဘကြီးကပ်စေးနှဲပြီး ကိုယ်စားလှယ် မထားဘဲ ကိုယ်တိုင်ကောက်ခံကြသဖြင့် ပြည်သူများ၏မုန်းတီးမှု အခံရဆုံးအဖြစ် သည်။ သိုဖြစ်၍ ပြည်သူများအနေဖြင့် Gabbai အုပ်စုကို မုန်းသည်။ ၄င်းထက Great Mokhes အဖွဲ့ကို ပိုမုန်းသည်။ ၄င်းထက် Small Mokhes အဖွဲ့ကို အမုန်းဆုံး ဖြစ်သည်။

ဆိုးသည်ပြောရမည်လား၊ ကောင်းသည်ပြောရမည်လား မသိ၊ မဿဲသည် Small Mokhes အဖွဲ့သားဖြစ်နေသည်(မ ၉း၉)။ အခွန်ခံစားပွဲတွင် ကိုယ်တိုင် ထိုင်လျက် အခွန်ကောက်သည်။ ထိုကြောင့် ပြည်သူများ အမြင်၌ တမန်တော်(၁၂) ပါးတို့အနက် နာမည်အပျက်ဆုံး၊ သိက္ခာအမဲ့ဆုံး၊ စက်ဆုပ်ရွံရှာစရာ အကောင်းဆုံးသူ မှာ ယုဒရှကာရုတ်မဟုတ်ဘဲ မဿဲသာဖြစ်သည်။

ကပေရနောင်မြိုတွင် ငါးဖမ်းခြင်းဖြင့်အသက်မွေးသော ပေတရုတို့၊ ယာကုပ် တို့ကလည်း မဿဲကို အလွန်မုန်းတီးနေနိုင်သည်။ အကြောင်းမှာ ဖမ်းမိသမျှထဲမှ မဿဲတို့အဖွဲက အခွန်ကောက်လိမ့် မည်ဖြစ်သည်။ ပင်ပန်းကြီးစွာဖြင့် ညလုံးပေါက် မျှားသည့်တိုင် အရနည်းသည့်အချိန်များတွင် အခွန်ဆောင်စရာ ပို၍အခက် တွေ့ကြ မည်ဖြစ်သည်။ သိုဖြစ်ရာ ယေရှုကခေါ်သောအချိန်တွင် အခြားတမန်တော်များက လိုလိုလားလား မဆက်ဆံဘဲရှိနေနိုင်သည်။

နှိမ့်ချသော မဿဲ

မည်သိုပင်ဖြစ်စေ၊ ယေရှုက ခေါ်သောအခါ မသဲသည် အလုပ်ကိုစွန့်လွှတ်ပြီး ချက်ချင်းလိုက် သွားသည်။ အသက်တာသစ်ဖြင့် စတင်လျှောက် လှမ်းသည်။ ယခင်က မောက်မာဝင့်ကြွားခဲ့သလောက် ယခုတွင် နှိမ့်ချစွာအသက်ရှင်သည်။ ကိုယ်တိုင်ရေး သားသော ရှင်မဿဲခရစ်ဝင်ကျမ်းတွင် သူ့နာမည်ကို နှစ်ကြိမ်သာ ဖော်ပြသည် (ဓမ္မသစ်ကျမ်းတစ်ခုလုံးတွင် သူ့ကို မဿဲနာမည်ဖြင့် (၅)ကြိမ်နှင့် လေဝိ နာမည် ဖြင့် (၃)ကြိမ်တွေ့ ရသည်။ မာ ၂း၁၄၊ လု ၅း ၂ရ၊၂၉)။

ပထမအကြိမ်ကို မ၊ ၉း ၉-၁ဝ၌တွေ့ရ၍ ယေရှု၏ ခေါ်ခြင်းခံရသည့်အကြောင်း ဖြစ်သဖြင့် သူနာမည်မဖော်ပြ၍မရပေ။ ဒုတိယအကြိမ်ကို မ၊ ၁၀ ၌ တွေ့ရ၍ တမန် တော်များ၏နာမည် စီတန်းရေးသား ခြင်းဖြစ်သဖြင့် သူ့နာမည်မဖော်ပြ၍မရပေ(ကျန် သုံးကြိမ်ကို မာ၊ ၃း၁၈၊ လု ၆း၁၅နှင့် တ ၁း၁၃၌ တွေ့ရသည်)။

သူ့နာမည်ဖော်ပြရာတွင်လည်း အခြားတမန်တော်များနှင့် မတူဘဲ “အခွန်ခံ” ဟူ၍အထူးပြုဖော်ပြသည်။ နာမည်ရှေ့တွင် သိက္ခာတော်ရ၊ ဧဝံဂေလိဆရာ၊ သင်းအုပ်၊ပါမောက္ခ ဒေါက်တာစသည့်ဖြင့် ဖော်ပြတတ်ခြင်းမှာ လိုအပ်မှုရှိ၍ဖြစ်နိုင်သည်။

အခွန်ခံဟုဖော်ပြခြင်းမှာ လောဘကြီးသူ၊ လုယူသူ၊ အပြစ်ရှိသူ၊ အမြင်ကပ် ခြင်းခံရသူဟု သူ့ကိုသူ တံဆိပ်ကပ်ခြင်းဖြစ်သည်(မ ၁၀း၃)။ တစ်ယောက်ယောက်၏ ထည့်သွင်းပေးခြင်းဖြစ်လျှင် အလွန်ဒေါ သထွက်စရာပင်ဖြစ်သည်။ သိုသော် သူကိုယ် တိုင်ထည့်သွင်းခြင်းဖြစ်သဖြင့် သူ၏နှိမ့်ချမှုကို တွေ့မြင်ရသည်။

သူသည် ဘုရားကျောင်းထဲဝင်ခွင့် မရသော်လည်း ဓမ္မဟောင်းကျမ်းစာကို ကောင်းစွာလေ့လာ ဟန်တူသည်။ ယေရှုကြွလာမည့်ကတိတော်ကို ကောင်းစွာ သ ဘောပေါက်သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းတွင် ဓမ္မဟောင်းကျမ်းစာကို (၉၉)ကြိမ်ပြန် လည်ကိုးကားသည်။ မာကု၊ လုကာနှင့် ယောဟန်တိုပင်လျှင် ထိုမျှမကိုးကားချေ။

ထိုကိုးကားချက်များထဲတွင် ဓမ္မဟောင်းကျမ်း၏ပြည့်စုံမှုကို (၁၀)ကြိမ်ခန့်ဖော် ပြသည်(မ ၁း ၂၂-၂၃၊ ၂း၁၅၊ ၁ရ-၁၈၊ ၂၃၊ ၄း၁၄-၁၆၊ ၈း၁၅၊ ၁၂း၁ရ-၂၁၊ ၁၃း၃၅၊ ၂၁း၄-၅၊ ၂၇း၉-၁၀)။ သိုဖြစ်၍ ဓမ္မဟောင်းကျမ်းစာကို အလွန်ကျေညက်သူ ဖြစ်ကြောင်း တွေ့ရသည်။ မှတ်တမ်းတစ်ခုတွင် သူသည် ပြည်တွင်းပြည်ပရှိ သူ၏ လူမျိုးများထံ ဧဝံဂေလိ လှည့်လည်ဟောပြောနေစဉ် ဖမ်းဆီးသတ်ပစ်ခြင်းခံရသည်ဟု ဆိုသည်။

ယေရှုက ပြောင်းလဲစေနိုင်သည်

ဖော်ပြပြီးသည့်အတိုင်း လူတို၏အမြင်၌ စက်ဆုပ်ရွံရှာဖွယ်အကောင်းဆုံးဟု ယူဆသူမှာ ယုဒရှကာရုတ် မဟုတ်ဘဲ မဿဲသာဖြစ်နိုင်သည်။ သိုသော် ယေရှုကခေါ် သောအခါ အသက်တာပြောင်းလဲသွားသည်။

သူသည် ယေရှု၏ခေါ်ခြင်းရသောအခါ အလုပ် ကိုစွန့်လွှတ်ပြီး ချက်ချင်းလိုက်သွားသည်။ အစိုးရဝန် ထမ်းဖြစ်သဖြင့် သူအခွန်ခံရာထူးကို ပြန်ရတော့မည် မဟုတ်ပေ။ အသက်တာအသစ်၊ အတွေးအခေါ်အ သစ် ရရှိပိုင်ဆိုင်ပြီး အသက်တာဟောင်း၊ အလုပ်အ ကိုင်ဟောင်းကို လုံးဝစွန့်ပစ်သဖြင့် ခြေစုံပစ်လိုက်သွား သူဖြစ်မှန်း တွေ့မြင်နိုင်သည်။

ပေတရုတို့ဖြစ်စေ၊ ယာဟန်တိုဖြစ်စေ တံငါအလုပ်ကို စွန့်လွှတ်သော်လည်း ၄င်းတို၏လှေများ၊ ပိုက်ကွန်များ ကျန်ရှိနေသေးသည်။ အခြေအနေမဟန်ပါက မူလ အလုပ်ပြန်လုပ်ရုံဖြစ်သည်။ တကယ်လည်း ယေရှုအသတ်ခံရပြီးနောက် ငါးပြန်ဖမ်း ကြသည်။

မဿဲကမူ ထိုသိုပြန်လုပ်၍မရချေ။ သူ၏နေရာတွင် အခြားလူတစ်ယောက် ထိုင်ပြီးဖြစ်ပါလိမ့်မည်။ သေသေရှင်ရှင် ယေရှုနောက်သို တစ်သက်လုံးလိုက်ရန်သာ ဖြစ်တော့သည်။ သိုဖြစ်၍ သူ၏ ဆက်ကပ်မှုသည် အကြီးမားဆုံးဆက်ကပ်မှုတစ်ခု ဖြစ်သည်။ သူသည် ပိုင်ဆိုင်သမျှအားလုံးထက် ယေရှုကိုပိုမြတ်နိုးသည်။ အကြောင်း မှာ အရာခပ်သိမ်းပြောင်းလဲစေနိုင်သောယေရှုက သူ့ ကို ပြောင်းလဲစေသောကြောင့် ဖြစ်သည်။

မော်နီကာဆိုသူ မိခင်၌ ဆိုးသွမ်းပြီး ဘုရား တရားမသိသော သားတစ်ယောက်ရှိသည်။ ထိုသူ သည် ထင်ရာစိုင်းအသက်ရှင်၍ ဘုရားသခင်မနှစ် သက်သော ရုပ်တုကိုးကွယ်ခြင်းနှင့် ဒုစရိုက်ပေါင်းစုံ၌ မွေ့လျော် သည်။ မိခင်က ကျမ်းစာအားဖြင့် မည်မျှပင် ဆုံးမသွန်သင်စေကာမူ အချည်းနှီးသာဖြစ်သည်။

နောက်ဆုံးတွင် သင်းအုပ်ဆရာထံ အကူအညီ တောင်းလိုက်သည်။ ထိုအခါ သင်းအုပ်ဆရာက ““ခင်ဗျားရဲ့ဆုတောင်းမှုနှင့် ခရစ်ယာန်ပုံသက်သေကောင်းကြောင့် ပျက်စီးနေတဲ့ခင်ပွန်းလည်း ပြောင်းလဲသွား တယ်မဟုတ်ဖူးလား။ ခင်ဗျားသားလည်း ပြောင်းလဲလာမှာပါ။ ဆက်ပြီးဆုတောင်းပါ။ ခင်ဗျားရဲ့မျက်ရည်တွေ အချည်းနှီးဖြစ်မှာ မဟုတ်ပါဘူး” ဟု ညင်သာစွာ ခွန်အားပေးသည်။

၃၈၆ခုနှစ်၏ နွေရာသီကုန်ခါနီးတစ်နေ့တွင် မော်နီကာ၏သားသည် စိတ်ချမ်း သာမှုရနိုင်ရန်အတွက် စာဖတ်သည်။ ထိုစဉ် တစ်ခုခုခံစားသည့်ဟန်ဖြင့် အပြင်သို ရုတ်တရက်ထွက်ပြီး ခြံစည်းရိုး အနီးသိုရပ်လိုက်ရာ ကလေးတစ်ယောက်၏ စကား ပြောသံကြားလိုက်သည်။ ထိုအသံက “ယူပြီးဖတ် လိုက်ပါ”ဟု ခိုင်းနေသည်။ သူ လည်း စောစောကဖတ်ခဲ့သော ရောမသြဝါဒစာကို ပြန်ယူပြီးဖတ်လိုက်သည်။

ထိုအခါ ရော ၁၃း၁၃-၁၄ကို ဖတ်ရှုမိရာ ချက်ချင်းဆိုသလိုပင် အသက်တာ ပြောင်းလဲသွားသည်။ မော်နီကာ့ကို မျက်ရည်ကျစေသောသားသည် ယနေ့ထိတိုင်အောင် လူပေါင်းများစွာကို ကောင်းချီးရစေသောသား ဖြစ်လာသည်။ ထိုသားသည် ဓမ္မအတွေးခေါ်ပညာရှင် ခေါင်းဆောင်ကောင်း St. Augustine ပင်ဖြစ်သည်။

မည်သူမျှ မသိသလောက်ပင်ဖြစ်သော မော်နီကာသည် သူ၏သားကို ယေရှု ထံသို ပိုဆောင်နိုင်သည်။ ထိုကြောင့် ခေါင်းဆောင်ကောင်းတစ်ဦး ပေါ်ထွက်လာ သည်။ အပြစ်သားများနှင့် အညတရများကို ယေရှုထံသို ပိုဆောင်ပေးသော မဿဲကဲ့သိုပင် မိမိတတ်နိုင်သည့်ဘက်မှ ဘုရားသခင်အတွက် လူမသိသူမသိလုပ်ဆောင်သူ များကြောင့် အသုံးတော်ခံအမှုတော်ဆောင်များစွာ ပေါ်ထွက်လာခဲ့သည်။ ထိုသို သော သူများလည်း ခေါင်းဆောင်ကောင်းများ ဖြစ်ကြသည်။ ပညာရှိများထက် ပညာမဲ့ များကို ဦးဆောင်ရခြင်းသည် ပို၍ခက်ခဲပြီး လူကောင်းများထက် လူဆိုးများကို ဦးဆောင်ရခြင်းသည် ပို၍ခက်ခဲသည်။ ဘုရားသခင်သည် အရာခပ်သိမ်း ကိုပြောင်းလဲ စေနိုင်သဖြင့် အဆိုးဆုံးသောသူကိုပင် အသုံးပြုဆုံးသောသူ ဖြစ်နိုင်သည်။

ယေရှုက အသုံးပြုနိုင်သည်

မဿဲက ယေရှု၏ခေါ်သံကြားသောအခါ အလုပ်ကိုစွန့်ပစ်၍ ချက်ချင်းလိုက် သွားသည်(လု ၅း၂၇-၂၈)။ သိုသော် တရားမဟောတတ်သေးသည့်အပြင် ရွံရှာ ဖွယ်ကောင်းသောဘဝမှ စတင်ပြောင်း လဲသူဖြစ်သဖြင့် တရားဟောလျှင်ပင် မည်သူမျှ ယုံကြည်လိမ့်မည်မဟုတ်ပေ။ ထိုအချက်ကို ကောင်းစွာ သဘောပေါက်သဖြင့် ယေရှု ထံသို မိတ်ဆွေများအပြင် လူအမြောက်အမြားပိုဆောင်နိုင်ရေးသာ ပို၍ အားစိုက် သည်။ အခွန်ခံများနှင့် အပြစ်သားများစွာကို အစိမ်းစိမ်းသက်သက်ခေါ်ပါက လာ ရောက်ကြမည် မဟုတ်သဖြင့် ဆွဲဆောင်စည်းရုံးရန် ပွဲများကျင်းပပေးသည်(လု ၅း၂၉)။

အဘယ်ကြောင့် မဿဲက အခွန်ခံများနှင့် အပြစ်သားများကိုသာ ဖိတ်ခေါ်ပါသနည်း။ သူသည် လူမုန်းများ သူဖြစ်သဖြင့် ဘဝတူအခွန်ခံများနှင့် အ ပြစ်သားများသာလျှင် သူနှင့်မိတ်ဆွေတော်လိမ့်မည် ဖြစ်သည်။ ထိုပြင် သူ၏အိမ်သို ဖာရိရှဲများ၊ ကျမ်းပြု ဆရာများ၊ ယုဒခေါင်းဆောင်များ လာရောက်လိုကြ မည် မဟုတ်ပေ။ သိုဖြစ်၍ လာနိုင်မည့်သူများကိုသာ ဖိတ်ခေါ်ခြင်းဖြစ်သည်။ မည်သိုပင်ဖြစ်စေ၊ ဘုရားသခင်သည် မဿဲကို အသုံးပြုခြင်း အားဖြင့် အခွန်ခံများနှင့် အပြစ်သားများစွာတိုသည် ယေရှုကို လက်ခံယုံကြည်လာကြသည်။

မဿဲကိုဖြစ်စေ၊ အခွန်ခံများနှင့် အပြစ်သားများကိုဖြစ်စေ အသုံးပြုနိုင်သော ယေရှုက အလိုရှိရာကို အသုံးပြုနိုင်သည်။ သင်သည် မသဲကဲ့သိုပင် လူမုန်းများသူ၊ စက်ဆုပ်ဖွယ်ကောင်းသူ၊ နိမ့်ချမှုခံရသူ၊ အထင်သေး မှုခံရသူ၊ ကြဉ်ဖယ်မှုခံရသူ ဖြစ် နိုင်သည်။ သိုသော် စိတ်ဓာတ်မကျပါနှင့်။ ဘုရားသခင်၏အမှုတော်၌ သင့်အ တွက် နေရာများစွာရှိပါသေးသည်။

မဿဲ၏ခေါင်းဆောင်မှုကို အနည်းငယ် ထပ်မံ လေ့လာကြပါစို။ သူသည် ဆင်ခြေမပေးဘဲ ဘုရား သခင်အတွက် တတ်စွမ်းသမျှဖြင့် အလုပ်လုပ်သည်။ ယေရှုထံသို အပြစ်သားများကိုပိုဆောင်သည်။ ထိုသို ပိုဆောင်နိုင်ရန် လိုအပ်သလို အကုန်အကျခံသည်။ ဘုရားအတွက်ဆိုလျှင် နှမြောတွန့်တိုခြင်းမရှိဘဲ ရက် ရောစွာအသုံးပြုသည်။ ။

Maria Fahy ဆိုသူ မိန်းကလေးသည် ငယ်စဉ်ကတည်းကပင် မိဘမဲ့တစ် ယောက်ဖြစ်ခဲ့သည်။ ဆင်းရဲလွန်းသဖြင့် မိတ်ဆွေသူငယ်ချင်းပင် မရှိခဲ့တော့ချေ။ ခိုလှု စရာမရှိတော့သဖြင့် နောက်ဆုံးတွင် ပြည့်တန်ဆာဘဝသို ရောက်ခဲ့ရရှာသည်။ ထို အပြင် မူးယစ်ဆေးဝါးစွဲသဖြင့် မျှော်လင့်ချက်မဲ့ဘဝရောက် သွားသည်။

ထိုနေရာ၌ပင် သူနှင့်ဘဝချင်းတူ Jerry McAuler ဆိုသူ ယောက်ျားလေး တစ်ယောက်နှင့် တွေ့ဆုံမိကြပြီး ၁၈၅၂ခုနှစ်တွင် လက်ထပ်ကြသည်။ ဘုရား၏ကျေး ဇူးတော်ကြောင့် မမျှော်လင့်ဘဲနှင့် သူတိုအိမ်သို ဧဝံဂေလိ အဖွဲ့ရောက်ရှိလာရာ မကြာမီတွင် အသက် တာပြောင်းလဲလာကြသည်။ ထိုအချိန်မှစပြီး အမှု တော်အတွက် တတ်နိုင်သမျှလုပ်ဆောင်ကြသည်။

ဘုရားသခင်၏လမ်းပြမှုကြောင့် New York Rescue Mission McAuley တည်ထောင်ကြ သည်။ ဘုရားသခင်သည် သူတိုလင်မယားကို အံ့သြ ဖွယ်အသုံးပြုပြီး ကယ်တင်ခြင်းရရှိသူ အမြောက် အ မြားရှိလာ သည်။ ဘုရားသခင်သည် ရွံရှာဖွယ်ကောင်းသောသူအားဖြင့် ရွံရှာဖွယ်ကောင်းသောသူများကိုပင် အသက်တာ ပြောင်းလဲစေပြီး ကြီးမားသောအမှုဖြစ်ပေါ်စေသည်။

အရာခပ်သိမ်းကိုအသုံးပြုနိုင်သော ဘုရားသခင်က မထင်ရှားသောသူများကို အသုံးပြုပြီး ထင်ရှားသူဖြစ် ရန် ပြောင်းလဲစေသည်။ ညစ်ညမ်းသောသူများကိုအသုံး ပြုပြီး သန့်ရှင်းသောသူများစွာ ပေါ်ပေါက်စေသည်။ ဆိုးသောသူများကိုအသုံးပြုပြီး ကောင်းသောသူများစွာ မွေးဖွားစေသည်။ ပညာမဲ့များကိုအသုံးပြုပြီး ပညာတတ်များ စွာ ဖြစ်ထွန်းစေသည်။ ဆင်းရဲသူများကိုအသုံးပြုပြီး ဘုရား၏အမွေခံမည့်သူ တိုးပွား စေသည်။

၂၄။ ယုဒရှကာရုတ် Judas Iscariot)

ပန်းချီကျော် Leonado da Vinci သည် “သခင့် နောက်ဆုံးညစာစားပွဲ’ အမည်ရ ပန်းချီကားရေးဆွဲစဉ် သခင်ယေရှု၏မျက်နှာကို ပုံဖော်ရေးဆွဲနိုင်သော်လည်း ယုဒရှ ကာရုတ်၏မျက်နှာကို ပုံမဖော်နိုင်ဘဲရှိသည်။ နှစ်အတန်ကြာသောတစ်နေ့တွင် မြိုစွန် ဘက်သို လမ်းလျှောက်ထွက်လာရာ အလွန်ဒေါသထွက်ဟန်၊ အလွန်စိတ်ပူပန်ဟန် ရသည့် လူတစ်ယောက်နှင့်ဆုံမိသည်။ သူ၏စိတ်ထဲတွင် ယုဒ၏ မျက်နှာပုံဖော်ရေးဆွဲ ရန် အဆင်ပြေသွားပြီဟုဆိုပြီး ချက်ချင်းရေးဆွဲသည်။ ပြီးသောအခါ ထိုလူ့ထံ “ခင်ဗျား ဘယ်သူလဲ”ဟုမေးရာ ထိုလူက “ကျွန်တော့်ကို မမှတ်မိတော့ဘူးလား။ ဟိုးတစ်ချိန်က ခင်ဗျားပဲ ကျွန်တော့်ကိုကြည့်ပြီးတော့ ယေရှုမျက်နှာကို ပုံဖော်ရေးဆွဲတာလေ”ဟု ပြန်ဖြေသည်။

ယုဒရှကာရုတ်၏နာမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ရုပ်ဆိုးသူ၊ အမြဲ မျက်မှောင်ကြုပ်ပြီး ဒေါသကြီးမည့်သူအဖြစ် မြင်ယောင်မိလေ့ရှိကြသည်။ စင်စစ် လူ တစ်ဦးသည် နာမည်ထက် အကျင့်စရိုက် ပိုအရေးကြီးသည်။ ရုပ်ရည်သွင်ပြင်ထက် စိတ်နေသဘောထား ပိုအရေးကြီးသည်။

မွေးကင်းစကလေးကို သူ၏မိခင်က Nosmo King ဟု နာမည်ပေးလိုက် သည်။ လူတချိုက အဓိပ္ပာယ် ကိုမေးသောအခါ သူသည် စာမတတ်သူဖြစ်၍ ကလေး နာမည်ကို မည်သိုမှည့်ရမှန်းမသိသဖြင့် တစ်နေရာတွင် တွေ့ရသော “NoSmoking စာသားကိုကူးပြီး မှည့်ပေးလိုက်ခြင်းဖြစ်သည်။ နာမည်ထက် လူအရေးပိုကြီးသည်။

ယုဒရှကာရုတ်ဟူသည် “Kerioth မြိုသား ယုဒ ́ဟု ဆိုလိုခြင်းဖြစ်၍ “အ သက်ရှင်သောဘုရားက လမ်းပြသည်၊ သိုမဟုတ် ဘုရားကိုချီးမွမ်းသည်”ဟု အဓိပ္ပာယ်ရသည်။ ဓမ္မသစ်ကျမ်းထဲတွင် ယုဒအမည်ပိုင်ရှင်(ယာကုပ်၏သားယုဒနှင့် ယုဒ မပါ) လူငါးယောက်တွေ့ရသည်။ ၁) ယေရှုကိုသစ္စာ ဖောက်သူ ယုဒရှကာရုတ်၊ ၂) စိုးရကို ဆန့်ကျင်ပုန်ကန်သူ ဂါလိလဲလူ ယုဒ(တ ၅း၃၇)၊ ၃) တမန် တော်ယာကပ် ညီ ယုဒ(လှ ၆း၁၆၊ တ ၁း၁၃)၊ ၄) ဗာရှဗဟုခေါ်သည့် ပရောဖက်ယုဒ(တ ၁၅း၂၂၊ ၂၇၊ ၃၂)နှင့် ၅) ယေရှု၏ညီ ယုဒ(မာ ၆း၃၊ မ ၁၃း၅၅)တိုဖြစ်ကြသည် ။

သိုဖြစ်၍ ယုဒရှကာရုတ်ဟူသည် အလွန်လှ သောနာမည်ဖြစ်သည်။ သူ့ကို ဓမ္မသစ်ကျမ်းတွင် ယုဒ ရှကာရုတ်နာမည်ဖြင့်(၁၀)ကြိမ်နှင့် ယုဒနာမည်ဖြင့်(၂) ကြိမ်၊ စုစုပေါင်း(၁၂)ကြိမ်တွေ့ရသဖြင့် တမန်တော် တချို (ဥပမာ၊ မဿဲ (၈)ကြိမ်၊ နာသနေလ(၁၀)ကြိမ်၊ သောမ(၁၁)ကြိမ်)ထက် ပိုများသည်။ သူ၏နာမည် နောက်တွင် အများအားဖြင့် “ယေရှုကိုသစ္စာဖောက်သူ”  ဟု ဖော်ပြလေ့ရှိသည်။

နာမည်လှသော်လည်း သူ၏နာမည်ကိုကြားတိုင်း စက်ဆုပ်ရွံရှာကြသည်။ လူ များစွာက ၄င်းတို၏နာမည် ကိုပေတရု၊ ယောဟန်၊ ယာကုပ်၊ မဿဲ၊ အန္ဒြေ၊ သောမတ်စ် စသည့်နာမည်များသာ မှည့်လေ့ရှိကြသည်။ ယုဒရှကာရုတ် ဟူ၍ တစ်ယောက်မျှ မမှည့်သေးချေ။

မည်သည့်အရပ်မှ လာသနည်း

ယုဒရှကာရုတ်သည် ရှိမုန်ရှကာရုတ်၏သားဖြစ်၍ ယုဒပြည်တောင်ပိုင်း၊ Kerioth မြိုဇာတိဖြစ် သည်(ယော ၆း၇၁၊ ၁၃း၂၆)။ ထိုမြိုတွင် ကျောက်ဂူပေါများသဖြင့် ဒါဝိဒ်ထွက်ပြေးစဉ်က ပုန်းခိုသည့် နေရာဖြစ်သည်။ ယုဒရှကာရုတ်ကလွဲပြီး ကျန်တမန်တော်(၁၁)ပါးတို သည် ဂါလိလဲလူဖြစ်ကြသည်။

ယေရှုနောက်သိုစတင်လိုက်စဉ်က သူ့အပေါ် ဆွေမျိုးမိတ်ဆွေများက မျှော်လင့်ချက် ကြီးမားစွာ ထားရှိကြမည်ဖြစ်သည်။ ဘီစီ(၁၆၄ ခုနှစ်က နာမည်ကျော် အစ္စရေးခေါင်းဆောင် ယုဒ (Maccabaeus)ကဲ့သို လွတ်မြောက်ရေးခေါင်းဆောင် ဖြစ်လာလေမလားဟု မျှော်လင့်မိကြမည်ဖြစ် သည်။

မည်သည့် အရာကို ပြောင်းမည်နည်း ၊

Alexander ဆိုသူ လူငယ်တစ်ယောက်သည် စရိုက်ဆိုးသည့်အပြင် သတ္တိ အလွန်နည်းသဖြင့် Alexander the Great ထံ ခေါ်သွားကြသည်။ ဘုရင်ကြီးက “နာမည်ပြောင်းမလား၊ သိုမဟုတ် စရိုက်ပြောင်းမလား”ဟု မေးသည်။ နာမည်လှ သော်လည်း လူလုံးမလှသူ များစွာရှိသည်။

သစ်သီးတစ်လုံးသည် အပြင်ပန်း လှသော် လည်း အတွင်း၌ပုပ်တတ်သည်။ ထိုကဲ့သိုပင် ကောင်း မည်ဟုထင်ရသောသူသည် ဆိုးနေတတ်သည်။ တစ် ခါက စုံတွဲတစ်တွဲသည် ဟိုတယ်တစ်ခု တွင်မုန့်ဝယ်ပြီး ကမ်းခြေတစ်ခုသိုသွားစားကြသည်။ ထိုစဉ် မမျှော် လင့်ဘဲနှင့် မုန့်ထုပ်ထဲတွင် ဒေါ်လာ (၈ဝဝ) တွေ့ကြ ရာ ဟိုတယ်သိုပြန်သွားပြီး ထိုငွေကို မန်နေဂျာထံပြန် အပ်သည်။

မန်နေဂျာကလည်းဤမျှရိုးသားသောသူ ရှိနေသေးပါလားဟု သတင်းစာထဲ ဖော်ပြလိုသဖြင့် ဓာတ်ပုံရိုက် ရန်ဟန်ပြင်သည်။ သိုသော် ထိုစုံတွဲက လုံးဝလက်မခံ ချေ။ မန်နေဂျာက အတင်းတောင်းဆိုသောအခါ အမျိုးသား သည် မန်နေဂျာနားသို ကပ်ပြီး “ဒီအမျိုးသမီးက ကျွန်တော့်မိန်းမ မဟုတ်ဘူး။ သူများမိန်းမ”ဟု ပြောချ လိုက် သည်။

သူတစ်ပါးက နေပုံထိုင်ပုံကအစ ပြောဆိုဆက်ဆံပုံအဆုံး အထင်ကြီးလေးစား ပြီး တာဝန်ကြီး ကြီးမားမားပေးအပ်နိုင်သည်။ သိုသော် သူတစ်ပါး၏လေးစားမှုနှင့် ထိုက်တန်ပါမည်လော။ ယုဒရှကာရုတ်သည် နာမည်အတိုင်းအသက်ရှင်ပါက ဘုရား သခင်ကိုအမြဲချီးမွမ်း၍ ခေါင်းဆောင်ကောင်းလည်း ဖြစ်ပါလိမ့်မည်။ သိုသော် နာမည် နှင့်အကျင့်စရိုက် မလိုက်ဖက်တော့ချေ။

မည်သည့်အရာကို ပေးမည်နည်း

ယုဒရှကာရုတ်သည် တမန်တော်များအနက် အရေးပါသူတစ်ဦးဖြစ်သည်။ လူ တကာမက်မောသည့် ငွေထိန်းရာထူးတာဝန်ယူသူဖြစ်သည်(ယော ၁၂း၆)။ သူ့နေရာ သည် ဂုဏ်ယူအားကျစရာရာထူးဖြစ်သော်လည်း ပုလင်းတစ်လုံးကို မည်မျှဆေးကြော စေကာမူ အတွင်းဘက်မဆေးကြောပါက ညစ်ပတ်မြဲညစ်ပတ်သကဲ့သိုသာ ဖြစ်သည်။

တမန်တော်ဘဝတွင် ယေရှုနှင့် အနီးကပ်နေရ ပါလိမ့်မည်။ ယေရှုပြုသည့် နိမိတ်လက္ခဏာများကို (၃)ကြိမ်အထက်မနည်း မြင်တွေ့ရနိုင်သည်(ယေရှု သည် နိမိတ်လက္ခဏာ (၃၉)ကြိမ်ပြုသည်)။ ယေရှုထံမှ နတ်ဆိုးနှင်ထုတ်ခြင်းနှင့် အနာရောဂါငြိမ်းစေသည့် တန်ခိုးများ ရရှိသူလည်းဖြစ်သည်။ သိုသော် ၄င်းအဖိုမူ ထူးမခြားနားသာဖြစ်သည်။ ခေါင်းဆောင်ကောင်းများ နှင့်အနီးကပ်လက်တွဲရတိုင်းခေါင်းဆောင်ကောင်းဖြစ် ရမည်ဟု တစ်ထစ်ချသတ်မှတ်၍မရချေ။ အတွင်း နှလုံးမပြောင်းလဲသရွေ့ အပြင်ဘက်သဏ္ဍန် မထူးခြား နိုင်ပေ။

ယုဒရှကာရုတ်သည် ထိုအခွင့်အရေးကောင်းများကို အချည်းနှီးဖြစ်စေသည်။ ယေရှုနှင့် နေ့ည အတူလုပ်ဆောင်ရသော်လည်း စိတ်နှလုံးကိုမပေးဘဲ ကိုယ်ပေါင်း စိတ်ခွာဆက်ဆံသည်။ စင်စစ် ယေရှု အလိုရှိသည်မှာ ကိုယ်ခန္ဓာမဟုတ်ဘဲ စိတ်နှလုံး သာဖြစ်သည်။

မည်သည့် အရာကို ရွေးမည်နည်း

ယုဒရှကာရုတ်သည် ယေရှုကို စိတ်နှလုံးမပေးနိုင်သည့်တိုင် မနှောင့်ယှက်ပါ က အဆိုးဖြစ်လာမည် မဟုတ်ချေ။ ယခုမူ မာရိက ဆီမွှေးပုလင်းကိုဖောက်ပြီး ယေရှု ခြေထောက်လိမ်းပေးသောအခါ ထိုဆီမွှေးကိုငွေ သုံးရာနှင့်ရောင်းပြီးဆင်းရဲသားများ ကူညီသင့်သည်မဟုတ်လားဟု မဆီမဆိုင်ဝင် နှောင့်ယှက်သည်(ယော၁၂း၆)။ စင်စစ် ငွေများများထိန်းရပါက များများခိုးယူနိုင်မည်ဖြစ်သဖြင့် ထိုသို ပြောလိုက်ခြင်း ဖြစ် သည်။

သူ၏ရှေ့တွင် ရွေးချယ်ရမည့်အရာနှစ်ခုရှိသည်။ ယေရှုလော၊ ငွေလော။ သို သော် သူကမူ ယေရှုထက် ငွေကို ရွေးလိုက်သည်။ ယေရှုကို ငွေသုံးရာနှင့်ပင် အဖိုး မထိုက်ဟုမြင်သဖြင့် ငွေသုံးဆယ်ဖြင့် သာရောင်းစားပြီး ဖမ်းဆီးနိုင်ရန်လည်း အခွင့် ကောင်းကိုချောင်းသည်(မ ၂၆း၁၄-၁၆)။ ။

သူသည် ယေရှုနောက်သို စတင်လိုက်စဉ်က ဖြောင့်မတ်တည်ကြည်ဟန်ရှိ သည်။ ယေရှုကို အများစုက စွန့်ခွာသည့်အချိန်တွင် သူကမူ တကောက်ကောက်လိုက် နေဆဲဖြစ်သည်(ယော ၆)။ သိုသော် နှလုံးသားဖြင့်မ လိုက်ဘဲ ကိုယ်အားဖြင့်သာလိုက် သဖြင့် နောက်ဆုံးတွင် ကောင်းကင်ဘုံမှ ငရဲဘုံအထိ တိုင်အောင် ဝေးကွာ သွားသည်။

သူသည် ယုံကြည်သူများကို ပြုစုကျွေးမွေးမည့် အစား အမြတ်ထုတ်လိုသူဖြစ်သည်။ ဘုရား၏ ငွေ တိုက်တွင် စုဆောင်းရမည့်အစားခိုးယူလိုသူဖြစ်သည်။ ယေရှုထံမှီခိုရမည့်အစား အခြားတစ်ယောက်ယောက် ထံ မှီခိုလိုသူဖြစ်သည်။ ယေရှုနှင့် လက်ပွန်းတတီး နေထိုင်သော်လည်း ငွေကိုသာ ရွေးချယ်သူဖြစ်သည်။

၁၈၅ဝ ပြည့်နှစ် ဝန်းကျင်၌ သရုပ်ဆောင် Edwin Thomas ဆိုသူသည် ကိုယ်လုံးမကြီးသော် လည်း အသံသြဇာကြီးသဖြင့် ပရိသတ်အလွန်သ ဘောကျသည်။ သူသည် အသက်(၁၅)နှစ်အရွယ်တွင် Richard ill ပြဇာတ်ကပြရာ အလွန်နာမည်ကြီးသွားသည်။ နယူးယောက်မြို၌ Hamlet ဝတ္ထုကို ပြဇာတ်ကပြရာ လူကြိုက် များလွန်းသဖြင့် ညပေါင်း(၁၀၀)တိုင်တိုင် ကပြရသည်။

၄င်း၌ John နှင့် Junius ဟူသည့် မွေးချင်းနှစ်ဦးရှိသည်။ သူတိုသုံးဦး ပေါင်းပြီး ၁၈၆၃ခုနှစ်တွင် Julius Caesar အ ကြောင်း ပြဇာတ်ကပြကြရာ John သည် Caesar ကို လုပ်ကြံသည့် Brutus နေရာ၌ သရုပ်ဆောင် သည်။ သူတိုအဖွဲ့ လည်း နာမည်ကြီးသထက်ကြီးလာသည်။

သိုသော် John သည် ၁၈၆၅ခုနှစ်တွင် ပြဇာတ်လာရောက်ကြည့်ရှုသော အ မေရိကန်သမ္မတ အာဗြဟံလင်ကွန်းကို နောက်စေ့တည့်တည့်မှ သေနတ်ဖြင့်ပစ် သတ်လိုက်သည်။ သူ၏နာမည်ရင်းမှာ John Wilkes Booth ဖြစ်သည်။ ထိုအခါ Edwin သည် အလွန်အရှက်ရ၍ နယူးဂျာဆီ မီးရထား ဘူတာ အဖြစ်အပျက် သာမရှိ ပါက ထိုညမှစပြီး တစ်သက်လုံး ပြဇာတ်ကတော့မည်မဟုတ်ချေ။

ထိုရထားဘူတာအဖြစ်အပျက်မှာ သူသည် ရထားစောင့်နေစဉ် ဝတ်ကောင်းစားလှနှင့် လူငယ်တစ်ဦး သည် လူတိုးခံရသဖြင့် ရထားလာနေသည့်သံလမ်းနှင့် လူသွား။ စကြံအကြားသို လဲကျသွားသည်။ ထိုအခါ သူသည် ခြေထောက်ကို လျင်မြန်စွာ ချည်ပြီး ထိုလူငယ်ကို ငုံ၍ဆွဲထုတ်လိုက်သည်။ သူ၏နာမည်ကို ထိုလူငယ် ကသိသော် လည်။ သူကမူ ထိုလူငယ်ကိုမသိချေ။

ကာလအတန်ကြာပြီးနောက် သူသည် ဗိုလ်ချုပ်ကြီး Ulysses S. Grants ၏ အတွင်းရေးမှူးဖြစ် သူ Adam Judent ထံမှ စာတစ်စောင်ရရှိသည်။ စာထဲတွင် အာဗြဟံလင်ကွန်း၏သားရောဘတ်တောလင်ကွန်း ကို သေတွင်းမှကယ်တင်ပေးသည့်အတွက် ကျေးဇူး တင်ပါကြောင်း ရေးသားသည်။ ထိုစာကို သူ၏အိတ် ကပ်ထဲ တွင် တစ်သက်လုံးဆောင်ထားသည်။ သူ့ညီက ဖခင်ကိုသတ်သော်လည်း သူက သားကို အသက်ပေးသည်။

စင်စစ် သူတိုညီအစ်ကိုသည် တစ်အူထုံဆင်း ဖြစ်သည်။ အလုပ်ချင်းလည်းတူညီသည်။ အတူတူ နာမည်ကျော်သည်။ သိုသော် တစ်ဦးက သေခြင်းကို ရွေး၍ တစ်ဦးက ရှင်ခြင်းကိုရွေးသည်။ တစ်ဦးက လူ့အသက်ကိုသတ်၍ တစ်ဦးက လူ့အသက်ကိုကယ်တင်သည်။ ရွေးချယ်မှုချင်းမတူကြချေ။

ကာဣနနှင့် အာဗေလတိုသည် ညီအစ်ကိုရင်းဖြစ်သော်လည်း ကာဣနက လူသတ်ခြင်းဟူသည့် သေခြင်းကိုရွေးပြီး အာဗေလ အသက်ရှင်ခြင်းဟူသည့် ဘုရား သခင်ကိုရွေးသည်။ အာဗြဟံနှင့် လောတတိုသည် အစပြုရာချင်း၊ သွားရာလမ်းချင်း တူညီသော်လည်း အာဗြဟံက ဘုရားသခင်ကိုရွေးပြီး လောတက ပျက်စီးခြင်း ကိုရွေး သည်။ ဒါဝိဒ်နှင့် ရှောလူတိုသည် နှစ်ဦးစလုံး ဘုရင်ဖြစ်ဖူးကြသော်လည်း ဒါဝိဒ်က ဘုရားသခင်ကိုရွေးပြီး ရှောလုက ဂုဏ်ပကာသနကိုရွေးသည်။

လက်ဝါးကားတိုင်ပေါ်က လူဆိုးနှစ်ဦးတိုသည် အပြစ်ချင်းတူညီသည်။ ယေရှု ကို အတူတူမြင်ပြီး အတူတူစကားပြောကြသည်။ သိုသော် ရွေးချယ်မှုခြင်းမတူကြချေ။ တစ်ဦးက ယေရှုထံ အပြစ်တောင်းပန်ပြီး တစ်ဦးက ယေရှုကို လှောင်ပြောင်ခနဲ့ခဲ့သည်။ တစ်ဦးသည် ကောင်းကင်ဘုံသိုရောက်ပြီး တစ်ဦးသည် ငရဲမီးအိုင်သိုရောက်သည်။

ကောင်းသည်ဟုယူဆပြီး ရွေးချယ်လိုက်သည့်အရာက အသက်တာကိုချုပ် ကိုင်သည်။ သိုဖြစ်၍ ဘုရားသခင်လား၊ စာတန်လား၊ အသက်ရှင်ခြင်းလား၊ သေခြင်း လား။ ကြိုက်သည့်အရာကို ရွေးပိုင်ခွင့်ရှိကြ သည်။ ရွေးသည့်အတိုင်း ရရှိလိမ့်မည်သာ ဖြစ်သည်။

မည်သည်လမ်းသို လိုက်မည်နည်း

ခေါင်းဆောင်များလည်း မှားတတ်သည်။ မမှားတတ်သောခေါင်းဆောင်ရှိပါက ၄င်းနောက်သို မလိုက်မိ ပါနှင့်။ လိုက်နိုင်မည်မဟုတ်သည့်အပြင် ၄င်းကလည်း အလို ရှိမည်မဟုတ်ချေ။ သင့်အပေါ် အမြဲတမ်းအားမလို အားမရ၊ မကျေမနပ်ဖြစ်နေပါမည်။ သိုသော် မှားမိ သောခေါင်းဆောင်သည် စစ်မှန်သော ခရစ်ယာန်ဖြစ် ပါက အပြစ်နောင်တရပြီး ယေရှုထံပြန်လာနိုင်မည့် လမ်း အဆင်သင့်ရှိနေသည်။

ယေရှုသည် ယုဒရှကာရုတ် အပြစ်နောင်တရ နိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။ ဥပမာ၊ မမှန်ကန်သော ငွေထိန်းအကြောင်းနှင့် မင်္ဂလာပွဲဝတ်စုံ မဝတ်သူ အကြောင်း ပြောရာ၌လည်းကောင်း(လု ၁၆း၁-၁၃၊ မ ၂၂း၁၁-၁၄)၊ ငွေတပ်မက်လွန်းခြင်းအကြောင်း ၊ ပြောရာ၌လည်းကောင်း(မ ၆း၁၉-၃၄၊ လု ၁၃း၁၃-၂၁) အထူးသဖြင့် ယုဒရှကာရုတ် နောင်တရနိုင်ရန် လမ်းဖွင့်ပေးခြင်းဖြစ်နိုင်သည်။ သိုသော် ယုဒကမူ လုံးဝမမှုခဲ့ချေ။

ထိုအပြင် သင်တိုအထဲမှတစ်ယောက်သည် စာတန်ဖြစ်သည်ဟုလည်းကောင်း (ယော ၆း၁-၁၂၊ ၁၃း၁၀)၊ ယုဒကို မိတ်ဆွေဟုလည်းကောင်း(မ ၂၆း၅၀)၊ ခေါ်ဝေါ် ပြောဆိုသည့်တိုင် ယုဒအနေဖြင့် သူ့ကိုသူ သတိမရနိုင် သေးချေ။

သူသာ နောင်တရလိုပါက အချိန်များစွာရရှိခဲ့သည်။ သိုသော် လမ်းမှန်သိုပြန် ရောက်ရန်ထက် လမ်းမှား သို ဆက်လျှောက်ရန်သာ ဦးတည်သွားသဖြင့် ထာဝရ ပျက်စီးခြင်းသို ရောက်ရှိသွားခဲ့သည်။ အမှန်တွင် သူသည် သူတော်ကောင်းယောင် ဆောင်သူ (hypocrite) ဖြစ်သည်။ ဟန်ဆောင်ကောင်းလွန်းသဖြင့် အခြားတမန် တော်များကပင်လျှင် လုံးဝမရိပ်မိခြင်းဖြစ်သည်။ သိုသော် ယေရှုကိုမူ မလိမ်နိုင်ခဲ့ပေ။ ကောက်ကျစ်သော စိတ်ထားသည် အမှားကျူးလွန်မိခြင်းထက်လည်းကောင်း၊ ဟန် ဆောင်ခြင်းသည် ဝန်ခံခြင်းထက်လည်းကောင်း ပို၍အန္တရာယ်ကြီးသည်။ စင်စစ် သူ့ အပြစ်သည် ပေတရု၏အပြစ်ထက် ပို၍မကြီးမားခဲ့ပေ။ သိုသော် လျှောက်ခဲ့သည့် လမ်း ချင်း ကွာခြားသွားခဲ့သည်။

The Great Divide ဟုခေါ်သည့် အတန်အသင့်မြင့်သော တောင်တစ်လုံးရှိသည်။ တောင်ပေါ် ၌ မိုးရွာသောအခါ မိုးရေများသည် ထိုတောင်မှတစ် ဆင့် မြောက်ဘက်နှင့် တောင်ဘက်သို ခွဲထွက်စီး ဆင်းသည်။

မြောက်ဘက်သိုစီးဆင်းသော မိုးရေများသည် ကနေဒါနိုင်ငံရှိ ကိုလံဘီယာမြစ်မှတစ်ဆင့် ပစိဖိတ် သမုဒ္ဒရာထဲသို စီးဝင်သွားသည်။ တောင်ဘက်သိုစီး ဆင်းသော မိုးရေများသည် မစ်ဆူရီမြစ်မှတစ် ဆင့် မက္ကဆီကိုပင်လယ်ထဲသိုစီးဝင်ပြီး နောက်ဆုံးတွင် အတ္တလန်တိတ်သမုဒ္ဒရာထဲသို စီး ဝင်သွားသည်။ ထိုမိုးရေများသည် တောင်ပေါ်မှစတင်စီးဆင်းချိန်တွင် တစ်ကြောင်း နှင့်တစ်ကြောင်း တစ်လက် မခန့်စီသာ ဝေးကွာခဲ့သော်လည်း သမုဒ္ဒရာထဲသိုရောက် သောအခါ မိုင်ပေါင်း(၅ဝဝဝ)ခန့် ဝေးကွာသွားခဲ့သည်။

လူကောင်းဖြစ်လျက်ပင် လိုက်လျှောက်ရသောလမ်းကြောင့် လူဆိုးဖြစ်သွားနိုင် သည်။ အနည်းငယ် လမ်းလွဲမိခြင်းကြောင့် ရောက်ရှိသည့်နေရာ အလွန်ဝေးကွာသွား တတ်သည်။ လောက၌ အပြစ်တရားဝင်လာ ခြင်းသည်ပင် ကြီးမားသည်ဟုထင်ရသော အပြစ်များကြောင့်မဟုတ်ဘဲ ဖြောင့်မတ်မှုမရှိခြင်း ကြောင့်သာဖြစ်သည်(ရော ၃း၂၃)။

ယုဒရှကာရုတ်သည် ဤမျှရွံရှာဖွယ်ဘဝသို ရောက်ရှိရခြင်းမှာ ယေရှုထက် ငွေကို ရွေးချယ်၍ ဖြစ်သည်။ ယေရှု၏နာမည်ကို မပြတ်ခေါ်နေသည့်တိုင် စိတ်နှလုံးကို မပေးပါက အဝေးဆုံးနေရာသို ရောက်ရှိရမည်သာဖြစ် သည်။ သာမန်လူထက် ခေါင်း ဆောင်များသည် ယေရှုနှင့်ဝေးကွာသွားပါကလူများစွာထိမိလဲကျ သွားမည်ဖြစ် သည်။

 

၂၅။ လုဒိ (Lydia)

ဓမ္မဟောင်းကျမ်းတွင် တစ်စုံတစ်ဦးအကြောင်းကို ထိုသူ၏ရုပ်ရည်၊ ကိုယ်လုံးကိုယ် ထည်၊ ဖခင်အမည်နှင့်မျိုးနွယ်နာမည်ဖြင့် ဖော်ပြလေ့ရှိသည်။ အာဗြဟံ၏ ဇနီးရာရာ သည် ချောမောလှပသည် (က ၁၂း၁၁။ ရေဗက္ကသည် အသားအရောင်လှသည်(က ၂၆းရ)။ လေအာသည်မျက်လုံးလှပ၍ ရာခေလသည် ကိုယ်လုံးလှပသည်(က ၂၉း ၁၅)။ ယာကုပ်၏သမီးဒိနကို ဟိဝိဘုရင်၏သားရှေ့ခင်က မြင်မြင်ချင်း ချစ်သွားသည် (က ၃၄း၃)။ မောရှေ ဇနီးသည် အဆင်းမလှသဖြင့် မိရိအံက လှောင်ပြောင်သည် (တော ၁၂း၁)။ အဘိဂဲလသည် ဉာဏ်ကောင်း၍ အဆင်းလှသည် (၁ရာ ၂၅း၃)။ ဗာသ ရှေဘသည် တပ်မက်ဖွယ်အဆင်းလှသဖြင့် ဒါဝိဒ်က မြင်မြင်ချင်းစွဲသွားသည်(၂ရာ ၁၁း၂။ ဒါဝိဒ်၏သမီးတာမာသည် ချောမောသူဖြစ်သဖြင့် အစ်ကိုဖြစ်သူအာမနုန်က အလွန်ချစ်သည်(၂ရာ ၁၃း၁)။ အိုမင်းမစွမ်း ဒါဝိဒ်အတွက် ဆေးပေးမီးယူဖြစ်ရန် အလွန်လှပသောအဘိရှက်နှင့် လက်ဆက်ပေးကြသည်(၃ရာ ၁း၃)။

ဧသောသည် မုဆိုးဖြစ်၍ မုတ်ဆိတ်မွေးထူ သည်။ ယာကုပ်သည် အေးဆေးသူဖြစ်၍ အပြင်ထွက် ခဲသည်(က၂၅း၂၅)။ ယောသပ်သည် ဗလတောင့်တင်း ၍ရုပ်ရည်ချောမောသည်(က ၃၉း၆)။ ဒါဝိဒ်သည် ဂီတ နှင့် စစ်ရေးကျွမ်းကျင်ပြီး ချောမောသူ ဖြစ်သည် (၁ရာ ၁၇း၄၂)။ အဗရှလုံသည် ဦးခေါင်းမှ ခြေဖဝါးအထိ အ ပြစ်ပြောစရာ မရှိအောင် ချောမောသည်။ ဆံပင် ကောင်းသူဖြစ်သဖြင့် တစ်နှစ်လျှင် တစ်ကြိမ်ရိတ်သည့်အခါတိုင်း အလေးချိန်သုံးပေါင်(၃၄ကီလိုဂရမ်)ရှိသည်(၂ရာ ၁၄း၂၅-၂၆)။ ဧလိရှဲ သည် ဦးခေါင်းပြောင်သူဖြစ်သည်(၄ရာ ၂း၂၃)။ ဒံယေလတို့သူငယ်ချင်းသုံးယောက် သည် အခြားသူများထက် ဗလကောင်းသည်၊ ချောမောသည်၊ ဉာဏ်ကောင်းသည် (ဒံ ၁း၁၅-၂၀)။

ထိုကြောင့် ဓမ္မဟောင်းကျမ်းကို ဇာတိဆန်သည့်ကျမ်းဟုပင် ခေါ်ဆိုနိုင်သည်။ သိုသော် ယင်းသည်ပင် ပုထုဇဉ်သဘာဝကို ဖော်ပြခြင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် မူ ဧလိဇဘက်၊ မာရိ၊ မာသ၊ လုဒိတိုမှအစ မည်သူ့ကို မဆို ထိုသိုမဖော်ပြတော့ဘဲ ယေရှုနှင့် မည်သိုအသက်ရှင်ရမည်ကို အထူးပြုဖော်ပြသည်။

သိုဖြစ်၍ လုဒိအကြောင်းဖော်ပြရာတွင်လည်း ခရစ်ယာန်အသက်တာ အ ကြောင်းကိုသာ အထူးပြု ဖော်ပြလိုပါသည်။ ကျမ်းစာ၌ သူ၏နာမည်ကို တစ်ကြိမ်သာ တွေ့ရသော်လည်း သူသည် အမွန်မြတ်ဆုံးမိန်း မတစ်ဦးဖြစ်သည်အပြင် ဘုရားသခင် အတွက် အထူးဆက်ကပ်လုပ်ဆောင်သူဖြစ်သည်။ ထိုကြောင့် လုကာက ဤသိုမှတ် တမ်းတင်ထားသည်။

နီမောင်းသောအထည်အလိပ်ကိုရောင်းသော

သွာတိရဲမြိုသူ ၊

လုဒိအမည်ရှိသောမိန်းမတစ်ယောက်သည်

ဘုရားသခင်ကိုကိုးကွယ်သောသူဖြစ်၍

တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကို

မှီဝဲဆည်းကပ်စေခြင်းငှာ

သူ၏စိတ်နှလုံးကို သခင်ဘုရားပွင့်တော်မူ၏။

ထိုမိန်းမသည် အိမ်သူအိမ်သားတိုနှင့်တကွ

ဗတ္တိဇံကိုခံပြီးမှ

“ကျွန်မသည် သခင်ဘုရား၌အမှန်ယုံကြည်သည်ကို

သင်တို့သည်ထင်မှတ်လျှင်

ကျွန်မအိမ်သိုဝင်၍နေကြပါ”ဟု

တောင်းပန်လျက် ငါတိုကိုအနိုင်သွေးဆောင်လေ၏

(တ ၁၆း၁၄-၁၅)။

လုဒိကို ဥရောပပြည်သူများအနက် ပထမဦးဆုံးပြောင်းလဲသူဟု သိရှိကြသော် လည်း မည်ကဲ့သို ပြောင်းလဲပြီး အသက်ရှင်သည်ကိုမူ ဖော်ပြချက်မရှိပေ။ သူသည် ဖိလိပ္ပံမြိုသို ပေါလု၊ သိလ၊ တိမောသေနှင့် လုကာတို ဧဝံဂေလိဟောရာမှ ပြောင်းလဲ ခြင်းဖြစ်သည်။ ထိုနောက် ပေါလုတိုအဖွဲကို သူ့အိမ်သိုတည်းရန် ခေါ်ဖိတ်သည့်အပြင် ဘုရားကျောင်းအဖြစ်ပါ အသုံးပြုခွင့်ပေးသည်။

သူ့ကို အာရှတိုက်အတွင်းရှိ လုဒိမြိုမှ ရောက်ရှိလာသူဖြစ်သဖြင့် လုဒိဟု အ လွယ်တကူခေါ်ကြခြင်းဖြစ် ရာ နာမည်အရင်းကိုမူ မည်သူမျှမသိကြချေ။ စီးပွားရှာဖွေ ရင်း ဥရောပတိုက်အတွင်းရှိ ဖိလိပ္ပံမြို့သို့ ရောက်ရှိလာ ခြင်းဖြစ်မည်ဟု ယူဆကြသည်။

မည်သိုပင်ဖြစ်စေ၊ သူသည် ဥရောပတိုက်မှ အဦးဆုံးပြောင်းလဲသူအဖြစ် မှတ် တမ်းဝင်သွားသည်။ ထိုအပြင် စိတ်ဝင်စားဖွယ်အချက်တစ်ခုမှာပေါလု၏အာရှမိုင်းနား ဧဝံဂေလိခရီးစဉ်ကို သန့်ရှင်းသော ဝိညာဉ်တော်က တားမြစ်သည်(တ ၁၆း၆)။ ထို ကြားထဲတွင် ပေါလု၏အိပ်မက်ထဲ၌ မာကေဒေါနိအမျိုးသား တစ်ယောက်ပေါ်လာပြီး မာကေဒေါနိပြည်သိုလာ၍ အကူအညီပေးပါဟု တောင်းပန်သည်(တ ၁၆း၉)။ အိပ် မက်ထဲ၌ခေါ်သူမှာ အမျိုးသားတစ်ယောက်ဖြစ်သော်လည်း တကယ်ရောက်ကြသည့် အချိန်တွင်မူ အဦးဆုံး ပြောင်းလဲသူမှာ “အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။

အဟောင်း လုဒီ

ပေါလု၊ သိလနှင့် တိမောသေတို မာကေဒေါနိပြည်သိုသွားကြသောအခါ လု ကာကလည်း အာရှနှင့် ဥရောပဆက်သွယ်ရာဖြစ်သည့် တရောမြိုမှ လိုက်ပါ ပူး ပေါင်းသည်(တ ၁၆း၁၀)။ တရောမြိုမှ သင်္ဘောဖြင့် သွားပြီး သာမောသရက်ကျွန်း၌ တစ်ညအိပ်သည်။ နောက်တစ်နေ့တွင် နာပေါလိမြိုမှတစ်ဆင့် ဖိလိပ္ပံမြိုသို ရောက်ရှိပြီး ရက်အတန်ကြာနေထိုင်ကြသည်(တ ၁၆း၁၁-၁၂)။ တရောမှ နာပေါလိ အထိ မိုင် (၁၄၀)ခန့်၊ နာပေါလိမှ ဖိလိပ္ပံအထိ မိုင်(၁၀)ခန့်ဝေး၍ ဖိလိပ္ပံမြိုသည် မာကေဒေါနိ ပြည်ရှိ ရောမအစိုးရအုပ်ချုပ်သည့် မြိုကြီးတစ်မြိုဖြစ်သည်။

ဖိလိပ္ပိမြို့ကို မာကေဒေါနိပြည်သား Philip II (Alexander the Great ၏ဖခင်)က တည်ထောင်သည်။ စတင်တည်ထောင်သည့်အချိန်မှ ဘီစီ(၃၁)အထိ ဂရိလက်အောက်ခံဖြစ်၍ ထိုမှ ရောမ လက်အောက်ခံဖြစ်လာ သည်။ ထိုမြိုတွင် လုဒိ နှင့် ပေါလုတို့အဖွဲ ဆုံဆည်းမိကြသည်။

ရောမလက်အောက်ခံဖြစ်သဖြင့် ရောမလူမျိုးအများဆုံးနေထိုင်ပြီး မာကေ ဒေါနိအစိုးရထံ အခွန်မပေးရ တော့ပေ။ ထိုကြောင့် အာရှနိုင်ငံများနှင့်ကူးသန်းရောင်း ဝယ်ရန် အဆင်ပြေလွယ်ကူလာပြီး အာရှနိုင်ငံများသို ဧဝံဂေလိတရားလည်း ချက်ချင်း ရောက်ရှိလာသည်။ ထိုအပြင် ဥရောပနိုင်ငံသို ဧဝံဂေလိရောက်ရှိနိုင်မည့် ဗဟိုအချက် အခြာ ဖြစ်သည်။

ပေါလုတို့အဖွဲ ထိုမြိုသိုရောက်သောအခါ ဝတ်ပြုကိုးကွယ်ခြင်းပြုလုပ်နိုင်မည့် ဇရပ်(ယုဒလူမျိုးများ ဥပုသ်နေ့တိုင်း ဝတ်ပြုသည့်နေရာ)ကို ပထမဆုံးရှာဖွေကြသည် (ပေါလုသည် မည်သည့်နေရာ၌မဆို ဇရပ်ကို ပထမဆုံးရှာဖွေပြီး ဧဝံဂေလိတရားကို ယုဒလူမျိုးများထံ ဦးစားပေးဟောပြောလေ့ရှိသည်)။ သိုသော် ယုဒလူမျိုးနည်းပါးသေး သဖြင့် ဇရပ်တစ်ဆောင်မျှမတွေ့ချေ။ ယုဒထုံးစံတွင် အိမ်ခြေ(၁၀)ခုမပြည့်ပါက ဇရပ် မရှိကြပေ။ အကြောင်းမှာ (၁) ဖြောင့်မတ်သူ(၁၀)ယောက်ပြည့်ခဲ့လျှင် သောဒုံနှင့် ဂေါ မရမြို မီးရှိခံရမည် မဟုတ်ပေ(က ၁၈း၃၂-၃၃)၊ (၂)ဇရပ်တစ်ဆောင် ဆောက်လုပ် ထိန်းသိမ်းရန် အကုန်အကျများသဖြင့် အိမ်ခြေ(၁၀ )ခုမပြည့်ပါက အခက်အခဲရှိ၍ ဖြစ်သည်။

ယုဒအိမ်ထောင်ဦးစီးများသည် ဇရပ်မရှိပါက ဝတ်ပြုခြင်း မပြုလုပ်ကြသော် လည်း အိမ်ရှင်မများကမူ အဆင်ပြေသည့်နေရာတစ်ခုခုတွင် အတူတကွဆုတောင်း လေ့ရှိကြသည်။ ပေါလှတိုသည် ဇရပ်မတွေ့သောအခါ အိမ်ရှင်မများဆုတောင်းလေ့ ရှိရှာ Gangitis မြစ်နားသို ရောက်ရှိလာကြပြီး ဧဝံဂေလိဟော ပြောကြသည်(တ ၁၆း၁၃)။

ယုဒလူမျိုးများထံ ဦးစားပေးဟောပြောရမည်(ရော ၁း၁၆)ဟု ဆိုသည့်အတိုင်း တစ်ပါးအမျိုးသားများထံ မဟောပြောခင် လာရောက်ခြင်းဖြစ်သည်။ သိုသော် ပထမ ဆုံးပြောင်းလဲသောသူမှာ ယုဒလူမျိုးမဟုတ်ဘဲ ယုဒတိုနည်းတူ ယေဟောဝါ ဘုရား ၊ သခင်ကိုကိုးကွယ်သူ တစ်ပါးအမျိုးသမီးကုန်သည် လုဒိဖြစ်နေသည်။ သိုဖြစ်၍ မည် ၊ သည့်ပုံစံဖြင့် ဝတ်ပြုကိုးကွယ်သည်ဖြစ်စေ ယေရှုမပါရှိလျှင် မပြည့်စုံနိုင်ချေ။

အသစ် လုဒီ

ပြောင်းလဲသည်ဟုဆိုရာ၌ အပြစ်နောင်တရပြီး ယေရှုခရစ်တော်ကို ကယ်တင် ရှင်သခင်အဖြစ် လက်ခံခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ယေရှုကိုယုံကြည်ခြင်း ဖြစ်သည်။ သိုသော် ထိုသိုယုံကြည်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ပေး မူလိုအပ်သည်(ရော ၈းရ-၈)။ လူတိုသည် ဘုရားသခင်ကို ဦးစွာမရှာဘဲ ဘုရားသခင် က လူတိုနှလုံးသားထဲတွင် အလုပ်လုပ်မှသာ ဘုရားသခင်ကို ရှာဖွေနိုင်ကြသည်။

လုဒိသည် ဘုရားသခင်ကို ရှာဖွေသူ၊ ကိုးကွယ် သူဖြစ်သည်။ သိုသော် သူ၏ဆန္ဒအလျောက်မဟုတ် ဘဲ ဘုရားသခင်ကဆွဲခေါ်မှသာ ယေရှုထံ ရောက် ရှိနိုင်ခြင်းဖြစ်သည်(ယော ၆း၄၄၊ ၆၅)။ ဘုရားသခင် က သူ၏နှလုံး သားကို ဖွင့်ဟပေးမှသာ ပေါလု၏ စကားကို လက်ခံယုံကြည်နိုင်ခြင်းဖြစ်သည်(တ ၁၆း ၁၄)။ ပေါလုနှင့်မဆုံမီက အသက်ရှင်သောဘုရားကို သိသောသူဖြစ်သည်။ သိုသော်ပေါလုနှင့်ဆုံပြီးနောက် ပိုင်း အသက်ရှင်သောဘုရားကို ပိုင်ဆိုင်သောသူ ဖြစ် လာသည်။

သူသည် ပေါလု၏စကားကို သေချာစွာ နားထောင်သည်။ ဘုရားကိုရှာသူဖြစ် သည့်အလျောက် ဘုရားသခင်ကလည်း သူ၏နှလုံးသားကို ဖွင့်ပေး၍ နားလည် သဘောပေါက်နိုင်ရန် ကောင်းချီးပေးသည်။ ကယ်တင်ခြင်းရရှိရန် ယုံကြည်နိုင်ခြင်း သည် ဘုရားသခင်၏လက်ဆောင်ဖြစ်သည်(ဧ  ၂း၈-၉)။ လုဒိလည်း ထိုလက်ဆောင် ရရှိသူဖြစ်သည်။

ထိုသိုပြောင်းလဲပြီးနောက် မိသားစုနှင့်အတူ ရေနှစ်ခြင်းမင်္ဂလာခံယူသည်(တ ၁၆း၁၅)။ Gangitis မြစ်နား၌ ပြောင်းလဲလာသူဖြစ်သဖြင့် အဲသယောပိမင်းကြီး ကဲ့သို့ပင်(တ ၈း၂၆-၄၀) မြစ်ထဲသို ချက်ချင်းခံယူ ဟန်ရှိသည်။ လုဒိသည် တန်ဖိုးကြီးအထည်အလိပ် ကုန်သည်ဖြစ်သဖြင့် အလွန်ချမ်းသာပြီး မိသားစုများ အပါအဝင် ခြွေရံသင်းပင်းများနှင့်အတူ နေထိုင်သူဖြစ် နိုင်သည်(တ ၁၆း၄၀)။ ပြောင်းလဲပြီးနောက် မိသားစု ဝင်အားလုံးကိုပါ ယေရှုထံ ပိုဆောင်သူဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

ခေါင်းဆောင် လုဒိ

ခေါင်းဆောင်မှုပေးရာတွင် မိသားစုဝင်များကို ယေရှုထံပိုဆောင်ပေးခြင်းထက် မွန်မြတ်သော အရာမရှိသဖြင့် လုဒိသည် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း တွေ့ရ သည်။ ယေရှုထံပိုဆောင်ပေးသော ခေါင်းဆောင်သည် အမြင့်ဆုံးနေရာသိုပိုဆောင် ပေးသော အကောင်းဆုံးခေါင်းဆောင် ဖြစ်သွားသည်။ ခေါင်းဆောင်မဟုတ်သည့် တိုင်အောင် ယေရှုထံသို ပိုဆောင်ပေးသူသည် သင့်အတွက် ခေါင်းဆောင်ကောင်း ဖြစ်သည်။

လုဒိသည် ၄င်း၏မိသားစုများကို ယေရှုထံ ဦးဆောင်မှုပေးပြီးနောက် ဧည့်ဝတ် ပြုခြင်းတွင်လည်း ဦးဆောင်မှုပေးကြောင်း တွေ့ရသည်။ ပေါလုတို့အဖွဲ့ကို ၄င်း၏ အိမ်၌တည်းခိုရန် ဖိတ်ခေါ်ကြိုဆိုသည်။ စင်စစ် ဧည့် သည် ဝတ်ပြုခြင်းသည် လွယ်ကူသောအရာမဟုတ်ပေ။ အ ထူးသဖြင့် ပေါလုတို့အဖွဲ့သည် အသင်းတော် တည် ထောင်ရန် ရောက်ရှိလာခြင်းဖြစ်သဖြင့် မည်သည့် အချိန်ပြန်မည်မှန်း မသိရချေ။ ယင်းအပြင် ထိုခေတ် သည်ခရစ်ယာန်များအနှိပ်စက်ခံရသည့်ကာလဖြစ်ရာ အန္တရာယ်ကြားထဲမှ ဧည့်ဝတ်ပြုခြင်းဖြစ်ပေသည်။

ပေါလှတိုအဖွဲသည် ထိုအိမ်၌ ရက်ပေါင်းအ တန်ကြာတည်းခိုကြသည်(တ ၁၆း၁၈)။ ထိုကာလတွင် နတ်ဆိုးစွဲမိန်းမတစ်ယောက်ကို နတ်ဆိုးနှင်ထုတ်ပေး ကြရာ ထိုမိန်းမ၏ဆွေမျိုးများစိတ်ဆိုးပြီး ပေါလုနှင့် သိလကို ထောင်ချပစ်ကြသည်။ ဘုရားသခင်၏အံ့ဩဖွယ်အမှုကြောင့် ထောင်မှူးနှင့် မိသားစု ပြောင်းလဲလာကြ သည်(တ ၁၆း၂၅-၃၄)။ မြိုနေလူထုနှင့် အစိုးရ၏ အငြိုငြင်၊ ခံသူများကို ဧည့်ဝတ်ပြုဝံ့ခြင်းသည် တော်ရုံသတ္တိ မဟုတ်ပေ။ ထိုသိုသောသတ္တိမျိုးရှိမှ သာ ခေါင်းဆောင်ဖြစ်နိုင်သည်။

ထောင်မှလွတ်မြောက်လာပြီးနောက် တည်းခိုအိမ်သိုပြန်လာပြီး ယုံကြည်သူ များနှင့် မိတ်သဟာယဖွဲ့ ကြသည်။ ထိုမှ ခရီးဆက်ထွက်ကြသည်(တ ၁၆း၄၀)။ ထို အချက်ကိုကြည့်ခြင်းဖြင့် လုဒိ၏ အိမ်၌ပင် အသင်းတော်တည်ထောင်ခြင်းဖြစ်ကြောင်း တွေ့ရှိနိုင်သည်။

လုဒိ၏ ဧည့်ဝတ်ပြုဝံ့မှုကြောင့် ဖိလိပ္ပံမြို၌ အသင်းတော်ပေါ်ပေါက်ရာ ဥရောပ တိုင်းပြည်များအတွက် ပထမဦးဆုံးအသင်းတော်ဖြစ်လာသည်။ ထိုအိမ်ကို ဗဟိုအ ချက်အခြာမအဖြစ်ထားပြီး အနောက်နိုင်ငံ အနှံ အပြားသို့ အသင်းတော်များပြန့်ပွား လာသည်။ သိုဖြစ်၍ ခေါင်းဆောင်ကောင်း လုဒိ၏နာမည်သည် လောက၌ သာမက ကောင်းကင်၌ပါ အစဉ်ကမ္ဗည်းထိုးခြင်းခံရလိမ့်မည်ဖြစ်သည်။

ကိုးကားစာအုပ်များ

 

Baron, David. Moses On Management: 50 Lessons from the Greatest Manager of All Time. New York:                 Pocket Books, 1999.

Baxter, J. Sidlow. Mark These Men. Grand Rapids: Zondervan, 2005.

Brown, Elizabeth B. Living Successfully with Screwed-up People. Grand Rapids: Baker, 1999,

Carson, D. A. & Moo, Douglas J. An Introduction of the New Testament. Grand Rapids: Zondervan, 2005.

Covey, Stephen R. The 7 Habits of Highly Effective People. New York: Rockefeller Center, 1989.

Cullmann, Oscar. Peter: Disciple, Apostle, Martyr. Waco, Texas: Baylor University Press, 2011,

Duvall, J. Scott and Hays, J. Daniel. Grasping God’s Word. Grand Rapids: Zondervan, 2001.

Erickson, Matt. Ed. Walk through the Life of Abraham: Faith in God’s Promises. Grand Rapids: Baker,       2010.

Eusebius, Ecclesiastical Church History 2.9.2-3.

Flynn, Leslie B. The Twelve. Wheaton: Victor Books, 1982.

Friedman, Hershey H. Abraham as a Transformational Leader. Journal of Leadership Studies, Vol 7:2,       Spring 2000.

Haslam, Greg. Elisha: A Sign & A Wonder. Colorado Springs: Chariot Victor Publishing, 1995.

Hengel, Martin Saint Peter: The Underestimated Apostle. Translated by Thomas H. Trapp. Grand Rapids:             Eerdmans Publishing Company, 2010.

Hosier, Helen Kooiman. 100 Christian Women Who Changed the 20th Century Grand Rapids: Fleming H.             Revell, 2008.

Hull, John. & Elmore, Tim. Pivotal Praying. Nashville: Nelson, 2002.

Inch, Morris. The Lives and Legends of the Disciples: 12 Who Changed the World, Nashville: Nelson,        2003.

Jobes, Karen H. Esther: The NIV Application Commentary. Grand Rapids: Zondervan, 1999.

Jones, Laurie Beth. Jesus CEO: Using Ancient Wisdom for Visionary Leadership. New York: Hyperion,        1995.

Keller, Phillip W.Joshua: Man of Fearless Faith. Waco: Word Books, 1983.

Kim, Lian Muan. Makaih Pilna. 2nd Edition. Yangon: FBTS, 2010.

Köstenberger, Andreas J. A Theology of John’s Gospel and Letters. Grand Rapids, Zondervan, 2009.

Köstenberger, Andreas J. John: BECNT. Grand Rapids, Zondervan, 2009.

Lane, William L. Hebrews 1-8: WBC 47A. Ed. Ralph P. Martin. Nashville: Thomas Nelson, 1991.

Lang, Andrew. John Knox and the Reformation. Ed. David Price. Green: Longmans, 1905.

Lockyer, Herbert. All the Apostles of the Bible. Grand Rapids: Zondervan, 1982.

Lucado, Max. He Chose the Nails. Nashville: Word, 2000.

MacArthur, John F. The Master’s Men. Panorama: Word of Grace Communications, 1982.

__ Twelve Ordinary Men. Nashville: Word, 2002.

__ Hard to Believe. Nashville: Thomas Nelson, 2003.

__ Twelve Extraordinary Women. Nashville: Thomas Nelson, 2005.

Maxwell, John C. Talent is Never Enough. Nashville: Thomas Nelson, 2007.

Macartney, Clarence Edward. He Chose Twelve. Grand Rapids: Kregel, 1993.

McBirnie, William Steuart. The Search for the Twelve Apostles. Wheaton: Tyndale House, 1973.

Morris, Leon. 1, 2 Thessalonians: Word Biblical Themes. Edited by Ralph P. Martin. Dallas: Word Publishing, 1989.

Mung, Do Suan. Tapidaw Pawlpi leh A Upna Taangthu. FBTS, 2005.

O’Brien, Peter T. The Letter to the Hebrews: PNTC. Grand Rapids: Eerdmans, 2010.

Osborne, Grant R. Matthew. Zondervan Exegetical Commentary on the New Testament. Edited by          Clinton E. Arnold. Grand Rapids: Zondervan, 2010.

Perkins, Pheme. Peter: Apostle for the Whole Church. Columbia, South Carolina: University of South                   Carolina, 1994.

Piper, John. The Hidden Smile of God: The Fruit of Affliction in the Lives of John Bunyan, William             Cowper, and David Brainerd. Wheaton: Crossway Books, 2001.

Pue, Carson. Mentoring Leaders: Wisdom for Developing Character, Calling, and Competency. Grand      Rapids: Baker, 2005.

Richards, Larry. Men of the Bible. Nashville: Thomas Nelson, 2003.

Robertson, A. T. Some Misnor Characters in the New Testament. New York: Garden City, 1928.

—, Epochs in the Life of Simon Peter. Nashville: Broadman Press, 1974.

Swindoll, Charles R. David: A Man of Passion and Destiny. Dallas: Word Publishing, 1997.

—, Esther: A Woman of Strength and Dignity. Nashville: Thomas Nelson, 1997.

—, Elijah: A Man of Heroism and Humility. Nashville: Thomas Nelson, 2000.

— Fascinating Stories of Forgotten Lives. Nashville: Thomas Nelson, 2005.

—. Great Days with the Great Lives. Nashville: Thomas Nelson, 2005.

— Jesus: The Greatest Life of all. Dallas. Thomas Nelson, 2008.

Thiede, Carsten P. Simon Peter: From Galileee to Rome. Grand Rapids: Zondervan, 1988.

Thom, Cleland. Moses: The Making of a Leader, Chariot Victor Publishing: Colorado Springs, 1999.

Wahlde, Urban C. von. The Gospel and Letters of John. Eerdmans Critical Commentary, vol. 1. Eerdmans:             Grand Rapids, 2010.

Leave a Reply

Your email address will not be published. Required fields are marked *