ဂျွန်မက်ကာသာ – TWELVE EXTRAORDINARY WOMEN
Copyright © 2005 by John MacArthur
Published by arrangement with Thomas Nelson, a divi
sion of Harper Collins Christian
Publishing, Inc.
All rights reserved. No portion of this book may be reproduced, stored in a retrieval system, or transmitted in any form or by other means-electronic, mechanical, photo recording, scanning, or other–except for brief quotations in critical reviews or articles,
Originally published in Nashville, Tennessee, by Thomas Nelson, Inc., in association with the literary agency of Wolgemuth & Associates, Inc.
Scripture quotations noted NASB are taken from the New American Standard Bible ®, © The Lockman Foundation 1960, 1962, 1963, 1968, 1971, 1972, 1973, 1975, 1977. Used by permission. Scripture quotations marked by NKJV are taken from the New King James Version ®, © 1982 by Thomas Nelson, Inc. Used by permission. All rights reserved. Quotations marked KJV are from the King James Version of the Bible.
ထုတ်ဝေသူ – ဦးစောအယ်လားစေး (၀၂၉၇၃)
Expository Preaching & Teaching Society
အမှတ် (၉၄၃/ဘီ)၊ မောင်းမကန်ကမ်းသာလမ်းမကြီး၊
(၁၉)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်။
ပုံနှိပ်သူ – ဒေါ်ညောင်ရှင်းလွင် (၀၀၀၀၃) ၊
Grace Printing House အမှတ်
(၁၆၆)၊ မြေညီထပ်၊ (၃၇) လမ်း(အလယ်ဘလောက်)၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
ဘာသာပြန်သူ – ဆရာမ Priscilla
အုပ်ရေ – ၁ဝဝဝ (ဒုတိယအကြိမ်)၊ နိုဝင်ဘာလ၊ ၂၀၂၁ ခုနှစ်။
Cover Design – Ko Zar, Layout – Saw Thomas
ဆပ်ကပ်ခြင်း
ကျွန်ုပ်၏ ဘဝအသက်တာ၌ ရှိကြသော အမျိုးသမီးများနှင့် ကျွန်ုပ်၏ မြေးများအားဂုဏ်ပြုသောအားဖြင့် ဤစာအုပ်အား သူတို့အတွက် ဆက်ကပ် ပါသည်။ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် သာမန်ထက် ထူးကဲသော အမျိုးသမီးများဖြစ်ရန် ကြိုးစားသောသူများလည်း ဖြစ်ကြသည်။
Kathryn, Olivia, Kylee, Jessica, Susannah
Gracie, Brooke, Elizabeth, Audrey
အသိအမှတ်ပြုခြင်း
ကျွန်ုပ်၏စာအုပ်များကို အကောင်းမွန်ဆုံးလုပ်ဆောင်ပေးသော Phil Johnson အား အထူးပင်ကျေးဇူးတင်ရှိပါသည်။ သူသည် ဤစာအုပ်အတွက် များစွာလုပ်ဆောင်ပေးသည် သာမက၊ ကျွန်ုပ်ရေးထားသည့် အရာများမှ လိုအပ် သောနေရာများမှာ ထပ်မံဖြည့်စွက်ပေးသည်။
ဆက်လက်ပြီး ကျွန်ုပ်၏ဇနီးသည် Patricia အား အထူးပင် ကျေးဇူး တင်ပါသည်။ သူသည် သာမန်လူဖြစ်သောကျွန်ုပ်ကို နှစ်ပေါင်း (၄၀)ကျော် ဘေးမှ ဖေးမကူညီပေးခဲ့သူဖြစ်သည်။
မာတိကာ
အမှာစကား
နိဒါန်း ……
(၁) ဧ၀ – “လူသားအားလုံး၏ မိခင်ကြီးဖြစ်သူ”..
(၂) စာရာ – “မျှော်လင့်ခြင်းဖြင့် အသက်ရှင်သူ” ….
(၃) ရာခပ် – “ရှက်ကြောက်ရွံစရာကောင်းသောဘဝမှရွေးနုတ်ခြင်းခံရသူ”…
(၄) ရုသ – “သစ္စာတရားနှင့် မေတ္တာတရားရှိသူ” …….
(၅) ဟန္န – “အမျိုးသမီးနှင့်ဆိုင်သော ကျေးဇူးတရား ပုံရိပ်ဖော်ဆောင်သူ” …
(၆) မာရိ – “အမျိုးသမီးများထဲမှ ကောင်းကြီးမင်္ဂလာခံရသူ” …
(၇) အန္ဓ – “သစ္စာရှိစွာ သက်သေခံသူ” ………………………………………
(၈) ရှမာရိအမျိုးသမီး – “အသက်တွေကို တွေ့ရှိသူ” ……………….
(၉) မာသနှင့် မာရိ – “အလုပ်လုပ်နေသူနှင့် ဝတ်ပြုကိုးကွယ်နေသူ”.
(၁၀) မာဂဒလမာရိ – “အမှောင်ထုထဲမှ ကယ်တင်ခြင်းခံရသူ” …
(၁၁) လုဒိ – “စိတ်နှလုံးကို ဘုရားသခင်ဖွင့်ပေးခြင်း ခံရသူ”…
နိဂုံး . .
လေ့လာချက် လမ်းညွှန် …. စာရေးသူအကြောင်း ……
အမှာစကား
စာဖတ်ပရိသတ်များအနေနှင့် တမန်တော်များ (သာမန်လူဖြစ်သော အမျိုးသား တစ်ဆယ်နှစ်ဦး) စာအုပ်ကို အားပေးလိမ့်မည်ဟု မျှော်လင့်မထား ပေ။ စာဖတ်သူများသည် လူပုဂ္ဂိုလ်များ၏သမိုင်းများ လေ့လာရသည်ကို နှစ် သက်ကြသည်။ ထိုစာအုပ်သည် ကျွန်တော်၏ ပုံမှန်ကျမ်းစာ ဟောပြောခြင်း၊ ဆိုင်ရာ စာအုပ်များနှင့် ကွဲပြားသောရေးသားသည့် စာအုပ်လည်းဖြစ်သည်။ လူအနည်းငယ်နှင့်စုဝေး၍ သမ္မာကျမ်းလေ့လာရာတွင် သင့်တော်သော စာအုပ် ဖြစ်သောကြောင့်၊ စာဖတ်သူများသည် ထိုကဲ့သို့ စာအုပ်များကို ပိုမိုဖတ်ချင် လာကြသည်။ အထူးသဖြင့် ထိုစာအုပ်သည် လူပုဂ္ဂိုလ်များ၏ သမိုင်းဖြစ်သောကြောင့် တစ်ဦးချင်းအသက်တာတွင် လက်တွေ့ကျသော စာအုပ်လည်း ဖြစ် သည်။ တမန်တော်များသည်လည်း သာမန်ပုဂ္ဂိုလ်များဖြစ်ကြကြောင်း သိမြင်ဖို့ လိုသည်။ ဤတမန်တော်များ အသက်တာနှင့် လူတိုင်း ဆက်စပ်၍ ရပါသည်။ ၊ ဤလူပုဂ္ဂိုလ်များ၏ အကျင့်စရိုက်၊ ပင်ကိုအရည်အသွေး၊ ဘဝရုန်းကန်လှုပ်ရှားမှု၊ ရံဖန်ရံခါ ပြုလုပ်မိသောအမှားများ၊ အမျက်ဒေါသနှင့် ခရစ်တော်ဖြစ်စေလိုသော အရာများတွင် ဆက်ကပ်သူများဖြစ်ကြသည်။ ဘုရားသခင်သည် ထိုသူများကို အံ့ဩကြီးမားစွာ အသုံးပြုသည်နည်းတူ ကျွန်ုပ်တို့ကို လည်း အသုံးပြုနိုင်သည်ဟု မျှော်လင့်ပါသည်။
“သာမန်လူဖြစ်သော အမျိုးသား တစ်ဆယ်နှစ်ဦး” (Twelve Ordinary Men) စာအုပ်သည် အရောင်းရဆုံး စာအုပ်တစ်အုပ်အဖြစ် တစ်နှစ်ကျော်ခန့်ရှိခဲ့သည်။ ကျွန်ုပ်၏လုပ်ဖော်ဆောင်ဘက်များ ဖြစ်ကြသော Thomas Nelson အဖွဲ့က ပထမစာအုပ်နှင့်ဆင်တူအောင် နောက်ဆက်တွဲစာအုပ် ဆက်လက်ထုတ်ဝေရန် ကျွန်ုပ်ကို အကြံပြုသည်။ ထို့ကြောင့် သမ္မာကျမ်းမှ အမျိုးသမီး များနှင့်ဆိုင်သော စာအုပ်ကို ဆက်လက်ပြုစုခဲ့ခြင်းဖြစ်သည်။ ဤအကြံပေးချက် ကို သိသောသူတိုင်းသည် ပျော်ရွှင်ဝမ်းမြောက်ကြသည်။ အမှန်တကယ်ပင်“သမ္မာကျမ်းမှ သာမန်ထက်ကူးကဲသော အမျိုးသမီး တစ်ဆယ့်နှစ်ဦး”စာအုပ်ကို ထုတ်ဝေခဲ့သည်။
ပထမစာအုပ်တွင် မည်သည့်ပုဂ္ဂိုလ်များ၏ အကြောင်းရေးသားမည်ကို ဆုံးဖြတ်ချက်ချမှတ်ခြင်း မရှိပေ။ သခင်ယေရှု၏ တပည့်တော် တစ်ဆယ့် နှစ်ယောက်ကို ရွေးချယ်ခြင်းနှင့် အသက်တာအကြောင်းကို သုတေသနပြုလုပ် ခဲ့သည်။ ဤဒုတိယစာအုပ်မှာ ပထမစာအုပ်နှင့် မတူညီသောအရာဖြစ်သည်။ သမ္မာကျမ်းစာမှ သာမန်ထက်ထူးကဲသော အမျိုးသမီးများ အကြောင်း ပြုစုရာ၌ ဖြစ်နိုင်ချေရှိသော အမျိုးသမီးမြောက်များစွာ စာရင်းပြုလုပ်သည်။ ထိုပြုစုသော အမျိုးသမီးများအကြောင်းကို အကျဉ်းချုပ်ပြန်ရေးရန် အခက်အခဲရှိသည်။ ထို့ကြောင့် သမ္မာကျမ်းသမိုင်းနှင့်စပ်လျဉ်း၍ ရွေးနုတ်ကယ်တင်ခြင်းနှင့် စပ်ဆိုင်သော အရေးကြီးသော အမျိုးသမီးအသက်တာများကို ရွေးချယ်ပြုစုရေးသား ထားသည်။
နောက်ဆုံးရွေးချယ်ထားသော အမျိုးသမီး တစ်ဆယ့်နှစ်ဦး၏ အသက် တာသမိုင်းများသည် အမှန်တကယ်သာမန်ထက်ထူးကဲသော အသက်တာများရှိကြောင်း ကျွန်တော်နှင့်သဘောတူမည်ဟု ယုံကြည်မိသည်။ ပထမစာအုပ်ကဲ့သို့ ပင် စာဖတ်ပရိသတ်များသည် ခေတ်အဆက်ဆက် ယုံကြည်သူများတွေ့ကြုံရသော ခက်ခဲမှုများနှင့် အပြစ်သွေးဆောင်ခြင်းများသည် ယနေ့ခေတ် ယုံကြည် သူများ တွေ့ကြုံသောအရာများနှင့် အတူတူဖြစ်ပြီး၊ ထိုသူတို့၏အသက်တာ အားဖြင့် ခွန်အားပေးနှစ်သိမ့်မှုရ ရှိစေလိမ့်မည်ဟု မျှော်လင့်မိသည်။ ကျွန်တော် တို့ကို ပြန်လည်သတိရစေသည့်အရာမှာ အခက်အခဲကြားမှ ဘုရားသခင်သည် ထာဝရသစ္စာရှိမှု ဆက်လက်ရှိနေသေးခြင်းပင် ဖြစ်သည် (၁ ကော ၁၀း၁၃)။ အာဗြံ၊ ဣဇာတ်၊ ယာကုပ်တို့၏ ဘုရားသည် စာရဲ၏ဘုရား၊ ရေဗက္ကနှင့် ရာ လတို့၏ ဘုရားသခင် လည်းဖြစ်သည်။ ဤခေတ်အမျိုးသား၊ အမျိုးသမီးများ၏ ဘုရားလည်းဖြစ်သည်။ ကျွန်တော်တို့သည် သမ္မာကျမ်းမှ ဤလူပုဂ္ဂိုလ်များနှင့် မခြားနားဘဲ အမှားများကို ပြုလုပ်လေ့ရှိပါသည်။ သို့သော် “ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ထာဝရ ဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်းဖြစ်ကြ၏ ”
(ဆာလံ ၁ဝဝး၃)။ “သစ္စာတော်သည် မိုးတိမ်သို့လည်းကောင်း မှီပါ၏” (ဆာလံ ၃၆း၅)။
ဤခေါင်းစဉ်၏ အရေးပါသော ပြောင်းလဲခြင်းကို စာဖတ် ပရိသတ်များ မေးမြန်းကြသည်။ တပည့်တော်များသည် သာမန်လူများဖြစ်လျှင် ဤအမျိုး သမီး ဆယ့်နှစ်ဦးသည် အဘယ်သို့ သာမန်ထက်ထူးကဲသော အမျိုးသမီး ဖြစ်ရ ကြသနည်း။
တပည့်တော်များသည် သာမန်လူများ ဖြစ်ကြသော်လည်း တစ်ခြား ဘက်၌ သာမန်ထက်ထူးကဲသောသူများလည်း ဖြစ်ကြသည်။ တပည့်တော်များ ၏ ပင်ကိုယ်စွမ်းရည်နှင့် သူတို့၏ နောက်ခံရာဇဝင်မှလွဲ၍ သူတို့သည် စစ်မှန်သော သာမန်လူများ ဖြစ်ကြသည်။ ၁ ကော ၁း၂၇-၂၉ တွင် “ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ မိုက်မဲသောသူတို့ကို ‘ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိ သောသူတို့ကို ရှက်ကြောက်စေခြင်းငှာလောကီအရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏ မြတ်သောသူ တို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ ဆင်းရဲသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏။ ထို့ကြောင့် ဘုရားသခင်ရှေ့၌ အဘယ်သူမျှ ဝါကြွားစရာအကြောင်းမရှိ” ဟု ရှင်ပေါလု ရေးသားသည်။ တပည့်တော်များ၏ အသက်တာ၌ အလုပ်လုပ်သောသူမှာ ခရစ်တော်ဖြစ်သည်။ ထူး ခြားပြောင်မြောက်သော စွမ်းရည်တန်ခိုးနှင့် ဩဇာအရှိန်ကိုပေး၍ သာမန် မဟုတ်သောအရာများကိုလည်း ပြီးမြောက်စေသည်။ တမန်တော် ၁၇း၆ တွင် သာမန်ထက် ထူးကဲသောအရာများ တွေ့ရသည်။
ပထမစာအုပ်ကဲ့သို့ပင် ဤစာအုပ်၌လည်း အမျိုးသမီးများ ပင်ကိုယ် အားဖြင့် ထူးခြားပြောင်မြောက်သောသူများ မဟုတ်ပေ။ တပည့်တော်များနည်း တူ ဤအမျိုးသမီးများထဲမှ တချို့သည် သာမန် အမျိုးသမီးများဖြစ်ကြပြီး၊ ဇာတ် နိမ့်သောသူ (low-caste) များလည်းပါဝင်သည်။ ဥပမာ – ရှင်ယောဟန် ၄ တွင် ရှမာရိအမျိုးသမီးကို တွေ့ရပြီး သူမ၏ အမည်ရင်းသည် မည်သူ၊ မည်ဝါ ဖြစ်ကြောင်းလည်း မသိရပေ။ ထိုနည်းတူ အန္နသည်လည်း အသက်အရွယ်ရပြီးဖြစ်သော မုဆိုးမဖြစ်ကြောင်း လု ၂း၃၆-၃၈ တွင် ဖော်ပြထားသည်။ ရာခပ်သည် လည်း သာမန်ပြည်တန်ဆာတစ်ဦးသာ ဖြစ်သည်။ ယေရှုခရစ်တော်၏ မိခင် မာရိသည်လည်း ထူးခြားသောသူမဟုတ်ပေ။ သူမသည် စိုက်ပျိုးရေး မဖြစ် ထွန်းသော ဂါလိလဲအရပ်၌ ရှိသော လူတိုင်းအထင်သေးသည့် မြို့ကလေးတွင် နေထိုင်သူဖြစ်သည်။ ဤအမျိုးသမီးများ၏ နောက်ခံသမိုင်းကိုကြည့်လျှင် သာ မန်ထူးကဲသည့်အရာ ရှိနိုင်မည်ဟု ထင်မည်မဟုတ်ပေ။ သို့သော် ဘုရားသခင် နှင့်ဆုံတွေ့သည့်အခါ သူတို့၏ အသက်တာသည် ထိုဘုရားသခင်အားဖြင့် ပြောင်းလဲမှုရှိလာပြီး သာမန်ထက်ထူးကဲသောသူများ ဖြစ်လာကြသည်။
ချွင်းချက်သောသူသည် ဧဝ တစ်ဦးသာဖြစ်ပြီး၊ သူမ၏အသက်တာ သည် အခြားလူများနှင့် မတူညီဘဲ၊ ဘုရားသခင်၏ တိုက်ရိုက်ဖန်ဆင်းခြင်း ခံရသူဖြစ်သည်။ ဧဝကို ဖန်ဆင်းချိန်၌ အပြစ်ကင်းစင်သော မိန်းမမြတ်အဖြစ် ဘုရားသခင်ဖန်ဆင်းပြီး၊ အပြစ်တရားကြောင့် ထိုအရာအားလုံးကို ပျက်ဆီးစေ သည်။ အပြစ်တရားသို့ ကျဆုံးရသော်လည်း ဘုရားသခင်သည် မိမိ၏ကျေးဇူး တော်ကြောင့် လူသားများကို ထိုအပြစ်မှ ရွေးနုတ်ကယ်တင်နိုင်သောသူ၊ ပြန် လည်ထူထောင်ပေးနိုင်သောသူ ဖြစ်သည်။ ကျွန်တော်အခိုင်အမာ ယုံကြည် သည့်အရာမှာ ဧဝသည် ဖန်ဆင်းခြင်းအစ အပြစ်ကင်းစင်သော အသက်တာ ထက် အပြစ်တွင်းကျရောက်၍ ဘုရားသခင်၏ ရွေးနုတ်ခြင်းကျေးဇူးတော် ခံစားရသည့်အရာမှာ ထာဝရဘုန်းတော်ရရှိမည်ဟု ယုံကြည်သည်။
ဤအမျိုးသမီးများသည် သူမတို့၏ ပင်ကိုယ်အရည်အချင်းများဖြင့် ထူးကဲသောအမျိုးသမီးများ ဖြစ်လာသည်မဟုတ်ဘဲ၊ သူမတို့ယုံကြည်ကိုးကွယ် သော ဘုရားသည် စစ်မှန်သောထာဝရဘုရား၊ ခွန်အားကြီးမားသောဘုရား၊ဘုန်းကြီးခြင်းနှင့် အံ့ဩဖွယ်သောဘုရားဖြစ်၍၊ ထိုဘုရားသခင်ကို သိကျွမ်းခြင်း သည် အဓိကအချက်အခြာ ဖြစ်သည်။ ဘုရားသခင်သည်လည်း သူမတို့အား ငွေကဲ့သို့ကြည်လင်စေသည်။ သာမန်ထက်ထူးကဲသော ကယ်တင်ရှင် ဘုရား သားတော်သည် သူမတို့ကို ရွေးနုတ်ခဲ့ပြီး သားတော်၏ ပုံသဏ္ဌာန်နှင့် တညီ တည်းဖြစ်စေသည် (ရော ၈း၂၉)။ တစ်နည်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်သည် ဤအမျိုးသမီးများအသက်တာ၌ သက်ရောက်၍ အလုပ်လုပ်သော ကြောင့် သာမန်ထက်ထူးကဲသော အမျိုးသမီးများအဖြစ်သို့ ပြောင်းလဲစေသည်။ ဤအမျိုးသမီးများသည် ကျွန်တော်တို့၏ ကျရှုံးခြင်းနှင့် အောင်မြင်မှု များကို သတိရစေပြီး၊ ခရစ်တော်ကို လမ်းညွှန်ပေးကြသည်။ သူတို့သည် ဘုရား သခင်ကိုသာ ကယ်တင်သောအရှင်အဖြစ် မျှော်ကြည့်သောသူများ ဖြစ်ကြသည်။ ဥပမာအားဖြင့်ဆိုသော် ဧဝ၊ စာရာ၊ ရာခပ်နှင့် သတို့သည် မြွေ၏ခေါင်းကို ကြိတ်မည့်သူဖြစ်သော ကယ်တင်ရှင်၏ မျိုးတော်ဆက်၌ ပါဝင်သူများ ဖြစ်ကြ သည်။ ဟန္နသည် ကယ်တင်ရာနေ့ကို စောင့်မျှော်နေသလို ကယ်တင်ခြင်း က တိတော်၌ ဝမ်းမြောက်သည်။ မာရိသည် ယေရှုခရစ်တော် မွေးဖွားရန်အတွက် ရွေးချယ်ခံရသောအခါ ချီးမွမ်းသောအရာမှာ ၁ ရာ ၂း၁-၁ဝ ၌ ဖော်ပြသော ဟန္န၏ ချီးမွမ်းခြင်းကို ထင်ဟပ်စေသည်။ အန္နသည်လည်း ဗိမာန်တော်၌ ကယ် တင်ရှင် ကြွရောက်လာမည့်နေ့ကို မျှော်လင့်နေသောသူဖြစ်သည်။ ဤအမျိုး သမီးအားလုံးသည် ခရစ်တော်၏ တပည်တော်များဖြစ်ကြပြီး၊ သူမတို့သည် ကျွန်ုပ်တို့အား ခရစ်တော်အကြောင်းကို သက်သေခံနေခြင်းဖြစ်သည်။
ဤစာအုပ်ဖတ်ရှုခြင်းအားဖြင့် သာမန်ထက်ထူးကဲသော အမျိုးသမီးများ ၏ ယုံကြည်ခြင်းကို မျှဝေ၍၊ သူတို့၏ သစ္စာရှိမှုကို အတုယူရန်ဖြစ်သည်။ ကယ်တင်ရှင်သည် မည်ကဲ့သို့ တစ်ဦးတစ်ယောက်၏ အသက်တာ၌ မည် သို့အလုပ်လုပ်ကာ စစ်မှန်၍ ထူးခြားသောသူ ဖြစ်စေနိုင်ကြောင်း လေ့လာရမည်။ ထို့ကြောင့် ဘုရားသခင်၏ အံ့ဩဖွယ်ကျေးဇူးတော်အားဖြင့် သင့်အသက်တာ သည်လည်း သာမန်ထက်ထူးကဲသော အသက်တာဖြစ်နိုင်သည်။
နိဒါန်း
သမ္မာကျမ်း၏ ထူးခြားသောလက္ခဏာတစ်ခုမှာ အမျိုးသမီးများကို ချီးမြှောက်ခြင်းပင်ဖြစ်သည်။ သမ္မာကျမ်းသည် အမျိုးသမီးများအား နိမ့်ကျအောင်ပြုခြင်း (သို့) သိမ်ငယ်စေသော အပြုအမူများကို မပြုဘဲ၊ သူတို့ကို အရိုအသေပေးခြင်း၊ ပတ်ဝန်းကျင်နှင့် မိသားစုဝင်များ၌ ဂုဏ်တက်အောင် ပြုလုပ်သောသူများ ဖြစ်ကြောင်းကို ဖော်ပြသည်။ ထို့အပြင် ကျမ်းစာသည် အမျိုးသမီးများ၏ လွှမ်းမိုးနိုင်စွမ်းနှင့် အထူးသဖြင့် ဘုရားသခင်အား ကြောက်ရွံ့သောသူတို့ကို ပုံသက်သေကောင်းအဖြစ် တင်မြှောက်သည်။
သမ္မာကျမ်းစာ၏ ပထမစာအုပ် အခန်းကြီးတစ်၌ အမျိုးသမီးသည် အမျိုးသားများကဲ့သို့ပင် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဆောင်ကြသူများ ဖြစ်ကြောင်းကို ဖော်ပြသည် (က ၁း၂၇၊ ၅း၁-၂)။ သမ္မာကျမ်းစာ၌ အမျိုးသမီး များသည် အရေးကြီးသောနေရာမှာ လုပ်ဆောင်နေသော သူများဖြစ်ကြောင်း၊ ဇနီးသည်များသည် ခင်ပွန်းသည်အတွက် ရိုသေထိုက်သောသူ၊ ချစ်ခင်မြတ်နိုး ဖွယ်ကောင်းသော အဖော်ဖြစ်ကြောင်းကို ထင်ရှားစွာဖော်ပြထားသည်။ သူတို့သည် အိမ်မှာရှိသော ပရိဘောဂအစိတ်အပိုင်းလည်း မဟုတ်ပေ (က ၂း၂ဝ-၂၄၊ သု ၁၉း၁၄၊ ဒေ ၉း၉)။ သိနာတောင်ပေါ်တွင် မောရှေထံ ဘုရား စကားပြောရာမှာ “သင်၏မိဘကို ရိုသေစွာပြုလော့” ဟူ၍ ဖြစ်သည် (ထွက် ၂၀း၁၂)။ ကျမ်းစာသွန်သင်ချက်အားဖြင့် ယောက်ျားများသာ မြင့်မြတ်သောသူ၊ အမျိုးသမီးများအား အားနွဲ့သောသူ နှင့် သံမဏိစည်းကမ်းဘောင်အတွင်း၌ ဖိနှိမ့်ကာအစေခံသာသာ မြင်တတ်သော မှားယွန်းသည့် အတွေးအခေါ်ကို ပြောင်းလဲစေသည်။
အခြားတဘက်မှာ ကျမ်းစာသည် လူယောက်ျားနှင့် လူမိန်းမ၏ မတူ ညီသောတာဝန်များကို ဘုရားသခင်စီစဉ်ထားကြောင်း အသိအမှတ်ပြုသည်။ ထိုမတူညီသောအရာများသည် ဖန်ဆင်းခြင်း၌ ထင်ရှားသည်။ ဥပမာ၊ အမျိုးသမီးများသည် ကလေးသူငယ်များကို မွေးဖွားခြင်းနှင့် စောင့်ရှောက်ခြင်း၌ ထူးခြားသော တာဝန်များရှိသည်။ ထို့အပြင် အမျိုးသမီးများသည် ကိုယ်ခန္ဓာ အားဖြင့် အားနွဲ့သောသူများ ဖြစ်ကြသောကြောင့် ဖေးမမှုနှင့် အကာအကွယ် ပေးမှုကို လိုအပ်သည် (၁ ပေ ၃း၇)။ သမ္မာကျမ်းစာတွင် ယောက်ျားသည် အိမ်ထောင်မိသားစု၌ ဦးခေါင်းနေရာ နှင့် အကာအကွယ်ပေးသူအဖြစ် တိကျ စွာဖော်ပြထားသည် ( ၅း၂၃)။ အသင်းတော်၌လည်း လူယောက်ျားသည် ဦးဆောင်သူနှင့် သင်ကြားပေးသူအဖြစ် တာဝန်ပေးခြင်းခံရသည် (၁ တိ ၂း၁၁-၁၅)။
သို့သော်လည်း အမျိုးသမီးများသည် နိမ့်ကျသော ဒုတိယလူတန်းစား များမဟုတ်ပေ (ဂလာတိ ၃း၂၈)။ ဆန့်ကျင်ဘက်အားဖြင့်ပြောလျှင် အမျိုးသမီး များသည် “အားနည်းသောသူကို ပြုသင့်သည့်အတိုင်း သူ့ကိုစောင်မပြုစုကြ လော့” ဟု ၁ ပေ ၃း၇ ၌ အမျိုးသားများအား ကျမ်းစာတိုက်တွန်းထားသည်။ ယောက်ျားအနေဖြင့် မိမိ၏ဇနီးကို ခရစ်တော်သည် အသင်းတော်ကို ချစ်သကဲ့ သို့ စွန့်လွှတ်အနစ်နာခံပြီးချစ်ရန်နှင့် လိုအပ်လျှင် မိမိအသက်ကိုလည်း ပေးဆပ် ရန် ကျမ်းစာမိန့်မှာထားသည် (ဧ ၅း၂၅-၃၁)။ သမ္မာကျမ်း အသိအမှတ်ပြုသည့် သီလနှင့်ပြည့်စုံသောမိန်းမကို သု ၁၂း၄၊ ၃၁း၁ဝ၊ ၁ ကော ၁၁း၇ တို့၌ တွေ့ရ မည်ဖြစ်သည်။ သမ္မာကျမ်းစာက အမျိုးသမီးများသည် သာမန်ထက်ထူးကဲသော အမျိုးသမီးများ ဖြစ်ကြသည်ဟု သွန်သင်ထားပါသည်။
သမ္မာကျမ်းစာသည် ဖခင်ကြီးများ၏ ဇနီးသည်များကို ထူးချွန်မှုရှိ ကြောင်းကို ဖော်ပြထားသည်။ ကမ္ဘာဦးကျမ်း၌ ဘုရားသခင်သည် စာရာ၊ရေဗက္ကနှင့် ရာခေလတို့ကို သူတို့၏ခင်ပွန်းသည်များနှင့် တန်းတူထား၍ ဆက် ဆံမှုများကိုတွေ့ရသည်။ မောရှေနှင့် အာရုန်၏အစ်မဖြစ်သူ မိရိအံသည် ပရော ဖက်မနှင့် သီချင်းစပ်သူ ဖြစ်သည်။ မိ ၆း၄ တွင် ထွက်မြောက်ရာကာလ၌ သူ မ၏ အစ်ကို၊ မောင်တို့နှင့်အတူ ဘုရားသခင်ကို ချီးမြှောက်သည်။ ဒေဗောရ သည် ပရောဖက်မ တစ်ဦးဖြစ်ပြီး ဣသရေလအမျိုးကိုလည်း ရှင်ဘုရင်ခေတ် မတိုင်မှီကာလ၌ အုပ်စိုးသောသူတစ်ဦးဖြစ်သည် (သူကြီး ၄၄)။ သမ္မာကျမ်းတွင်မိသားစုအကြောင်း ပြောဆိုရာ၌ ဇနီးများသည် ခင်ပွန်းသည်ကို ဉာဏ်ပညာ ရှိစွာ အကြံဉာဏ်ပေးသောသူများဖြစ်ကြသည်ကို တွေ့ရသည် (သူကြီး ၁၃း၂၃၊ ၄ ရာ ၄း၈-၁၀)။ ရှောလမုန်သည် ရှင်ဘုရင် ဖြစ်လာသောအခါ သူ၏မိခင်ကြီး ကို အများပြည်သူရှေ့၌ အရိုအသေပေးခဲ့သည်။ “ရှင်ဘုရင်မယ်တော်ကို ခရီးဦး ကြိုပြုအံ့သောငှါထ၍ ဦးချပြီးမှ၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။ မယ်တော် ထိုင်စရာဘို့ စီရင်၍ သူသည် လက်ျာတော်ဘက်မှာ ထိုင်လေ၏” (၃ ရာ ၂း၁၉)။ စာရာနှင့် ရာခပ်အသက်တာသည် ယုံကြည်ခြင်း၏ လူစွမ်းကောင်းကြီး များဟူ၍ ဟေဗြဲသြဝါဒစာ အခန်းကြီး (၁၁) တွင် မှတ်တမ်းတင်ထားသည်။ မောရှေ၏မိခင် ယောခေဗက်သည်လည်း ယုံကြည်ခြင်း၏ လူစွမ်းကောင်းကျောက်တိုင်၌ ပါဝင်သည် (အငယ်၂၃)။ သုတ္တံကျမ်းတွင် ဉာဏ်ပညာကို အမျိုးသမီးကဲ့သို့ တင်စားအသုံးပြုထားသည်။ ထိုနည်းတူ ဓမ္မသစ် အသင်းတော် သည်လည်း အမျိုးသမီးကဲ့သို့ တင်စားခြင်းခံရပြီး၊ ခရစ်တော်၏ သတို့သမီးဟူ၍ လည်း ခေါ်သည်။
ဣသရေလလူမျိုးများ၏ လူမှုရေး၊ ဘာသာရေးပွဲများနှင့် ဓမ္မသစ် အသင်းတော်တွင် အမျိုးသမီးများသည် နှိမ့်ချစွာ ဆက်ဆံခြင်းမခံရကြပေ။ သူတို့သည် ဓမ္မပွဲများ ၌အမျိုးသားများနှင့်အတူတကွ စားသောက်သုံးဆောင်ပြီး၊ ဣသရေလူမျိုးများ၏ အများဝတ်ပြုခြင်းများ၌လည်း အမျိုးသားများနည်းတူ ဝတ်ပြုကြသည် (တရားဟော ၁၆း၁၄၊ နေဟမိ ၈း၂-၃)။ အမျိုးသမီးများသည် ယနေ့ထိ ကျင့်သုံးနေသောအရှေ့အလယ်ပိုင်း ယဉ်ကျေးမှုကဲ့သို့ မိမိတို့ဦးခေါင်း ကိုလည်း ဖုံးစရာမလိုအပ်ပေ (က ၁၂း၁၄၊ ၂၄း၁၆၊ ၁ ရာ ၁း၁၂)။ ဖခင်များသာ မဟုတ်ဘဲ၊ မိခင်များသည်လည်း သားသမီးများကို သွန်သင်ခြင်း၌ တာဝန်ယူကြ သည် (သု ၁း၈၊ ၆း၂၀)။ ဣသရေလနိုင်ငံ၌ အမျိုးသမီးများသည် မြေပိုင်ရှင်များ ဖြစ်နိုင်သည် (တော ၂၇း၈၊ သု ၃၁း၁၆)။ ထို့ပြင် ဇနီးသည်များသည် မိမိအိမ်သူ အိမ်သားတို့ကို ပြုစုရန် တာဝန်ရှိကြသည် (သု ၁၄း၁၆၊ ၁ တိ ၅း၈-၁ဝ၊ ၁၄)။
ယခုပြောဆိုသောအမျိုးသမီးများ၏ ရပ်တည်မှုသည် အခြားရှေးရိုးရာ ယဉ်ကျေးမှုများနှင့် ဆန့်ကျင်ဘက်ရှိသည်။ ရှေးရိုးရာယဉ်ကျေးမှု၌ အမျိုးသမီးများကို အရည်အချင်းနည်းသောသူ၊ အဆင့်တန်းမရှိသော သူများဟု သတ်မှတ်ကြသည်။ သမ္မာကျမ်းစာနှင့်စပ်ဆိုင်သော ခေတ်ကာလ၌ ဘုရားမသိသောလူမျိုးတို့သည် အမျိုးသမီးများကို တိရိစ္ဆာန်ထက် အနည်းငယ်သာ တန်ဖိုး ရှိသောသူအဖြစ် ဆက်ဆံခဲ့ကြသည်။ ဂရိအတွေးအခေါ်ပညာရှင်များ ခေတ် ကာလတွင် “အမျိုးသမီးများသည် သဘာဝအားဖြင့် နိမ့်ကျစွာ ဖန်ဆင်းခြင်း ခံရသူများ ဖြစ်သည်” ဟု သင်ပေးခဲ့ကြသည်။ ရောမအင်ပါယာခေတ်၌လည်း အမျိုးသမီးများကို ထုံးစံအားဖြင့် အားနွဲ့သောသူဟူ၍ သိမှတ်ကြသည်။ ခင်ပွန်း (သို့)ဖခင်ပိုင်ဆိုင်သော အရာဝတ္ထုကဲ့သို့လည်းကောင်း၊ အိမ်ထောင်မိသားစု၏ ကျွန်များသကဲ့သို့လည်းကောင်း ဆက်ဆံခဲ့ကြသည်။ သို့သော် ထိုအရာသည် ဟေဗြဲလူမျိုးများ၏ တွေးခေါ်ယူဆချက်နှင့် ကျယ်ပြန့်စွာ ကွဲပြားမှုရှိသည်။ အိမ်ထောင်ပြုခြင်းသည် နှစ်ကိုယ်တူသဘောတူညီစွာ ပေါင်းစပ်ခြင်း ဖြစ် သည်ဟု ဟေဗြဲလူမျိုးများက ယူဆခဲ့ကြသည်။ မိဘဖြစ်ခြင်းသည် ခင်ပွန်းနှင့် မယားလက်တွဲလုပ်ရသော အလုပ်ဖြစ်ပြီး၊ သားသမီးများသည်လည်း မိဘနှစ်ဦး စလုံးကို ရိုသေခြင်းနှင့် နာခံခြင်းပြုလုပ်ရမည်ဖြစ်သည် (ဝတ် ၁၉း၃)။
ဘုရားသခင်ကို မကိုးကွယ်သောဘာသာများသည် အမျိုးသမီးများကို ဂုဏ်နိမ့်သောသူဟု သတ်မှတ်ကြသည်။ ဂရိနှင့် ရောမဒဏ္ဍာရီလာ နတ်သမီးများ မှာ (Diund and Aphrodite) တို့ဖြစ်သည်။ အမျိုးသမီးရုပ်ရှိသော နတ်သမီး များကို ကိုးကွယ်ခြင်းအားဖြင့် အမျိုးသမီးများသည် လူအဖွဲ့အစည်း၌ မြှင့်တင် လိုက်ခြင်းနှင့်တူသည်ဟု မထင်မှတ်ရပေ။ အမှန်မှာ ဆန့်ကျင်ဘက်ပင်ဖြစ် သည်။ နတ်ဘုရားမများ၏ ဗိမာန်များ၌ ပြည်တန်ဆာများ၊ မြင့်မြတ်သော ပုရောဟိတ်မများက မိမိခန္ဓာကိုယ်ကို ငွေကြေးနှင့်ရောင်းစားကြပြီး၊ ဘာသာရေး အတွက် ကောင်းမွန်သော လုပ်ရပ်များကို ပြုလုပ်ကြသည်ဟု ထင်ကြသည်။ နတ်ဘုရားများကိုးကွယ်သောသူနှင့် စစ်မှန်သောဘုရားသခင်ကို လက်မခံသော ဘာသာများသည် အမျိုးသမီးများကို အလွန်အကျွံ ရှုတ်ချသည်။ နတ်ဘုရားများ သည် တည်တံ့ခြင်း မရှိဘဲ အမျိုးသမီးများကို မုန်းတီးသည်။ ရိုးရာပွဲတော်များ၌ ဗြောင်ကျကျညစ်ညမ်းစွာကျင့်ခြင်း၊ ဗိမာန်တော်များ၌ အပျော်အလွန်ကျူးခြင်း၊လိင်တူဆက်ဆံခြင်းများနှင့် အဆိုးရွားဆုံးမှာ လူသားများကို ယဇ်ပူဇော်ခြင်းတို့ ပါဝင်သည်။
ခရစ်ယာန်ဘာသာသည် ရောမနှင့် ဟေဗြဲယဉ်ကျေးမှု ပေါင်းစပ်သည့် ကာလတွင် ဖြစ်ပေါ်လာခဲ့သည်။ ခရစ်ယာန်ဘာသာသည် အမျိုးသမီးများ အခွင့်အရေးကို မြှင့်တင်ပေးပြီး၊ မကြုံစဖူးပြောင်းလဲမှု ဖြစ်ပေါ်စေသည်။ ခရစ်တော်၏ တပည့်များအပါအဝင် အမျိုးသမီးမြောက်မြားစွာအကြောင်း လု ၈၁-၃ တွင် ဖော်ပြထားပြီး၊ ကျမ်းတတ်ဆရာများထံမှ မကြားဖူးသော အရာကို သခင်ယေရှုထံမှ ကြားရသည်။ ထို့အပြင် တပည့်တော်ဖြစ်ခြင်းသည် မိသားစု ရေးရာထက် ပိုအရေးကြီးကြောင်း သခင်ယေရှု တိုက်တွန်းသည် (လု ၁၀း၃၈-၄၂)။ ခရစ်တော်သည် စစ်မှန်သော ကယ်တင်ရှင် ဖြစ်ကြောင်း ရှမာရိအမျိုးသမီးထံ၌ ပထမဦးဆုံး ထင်ရှားစွာ ဖော်ပြခဲ့သည် (ယော ၄း၂၅-၂၆)။ ယေရှု သည် အမျိုးသမီးများကို လေးစားစွာဆက်ဆံခဲ့ပြီး၊ ပတ်ဝန်းကျင် အသိအမှတ်မပြုသော အမျိုးသမီးများကိုလည်း တန်ဖိုးထားခဲ့သည် (မ ၉း၂ဝ-၂၂၊ လု ၇း၃၇-၅၀၊ ယော ၄း၇-၂၇)။ သူမတို့၏ သူငယ်များကိုလည် ကောင်းကြီး ပေးခဲ့သည် (လု ၁၈း၁၅-၁၆)။ သေသောသူကို ရှင်ပြန်ထမြောက်စေခဲ့သည် (လု ၇း၁၂-၁၅)။ သူတို့၏အပြစ်ကို ခွင့်လွတ်ခဲ့သည် (လု ၇း၄၄-၄၈)။ သူတို့၏ သီလနှင့် ဂုဏ်ကိုလည်း အသိအမှတ်ပြုခဲ့သည် (ယော ၈း၄-၁၁)။ ဤသို့ဖြင့် သခင်ယေရှုသည် အမျိုးသမီးများ၏ ရပ်တည်ခြင်းကို ချီးမွမ်းပြောဆိုခဲ့သည်။
ကနဦးအသင်းတော်၌ အမျိုးသမီးများ အရေးပါလာသည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ (တ ၁၂း၁၂-၁၅၊ ၁ ကော ၁၁း၁၁-၁၅)။ ဓမ္မသစ်အသင်းတော် စတင်မွေးဖွားလာသော ပင်တေကုတ္တနေ့တွင် တမန်တော်ကြီးများနှင့် အတူ အမျိုးသမီးများသည်လည်း ဆုတောင်းနေသည်ကို တွေ့ရသည် (တ ၁၂း၁၂-၁၄)။ အမျိုးသမီးတချို့မှာ ကောင်းမွန်သောအကျင့်ရှိသူများ ဖြစ်ကြပြီး (တ ၉း၃၆)၊ အခြားတို့သည် ဧည့်ဝတ်ကျေပွန်သောသူအဖြစ် ထင်ရှားသည်။ (တ ၁၂း၁၂၊ ၁၉း၁၄-၁၅)။ ထပ်မံ၍ အခြားထင်ရှားသော အမျိုးသမီးများမှာ သမ္မာတရားကို သေချာနားလည်ပြီး၊ ဝိညာဉ်ဆုကျေးဇူးရှိသူများ ဖြစ်ကြသည်(တ ၁၈း၂၆၊ ၂၁း၈-၉)။ ရှင်ယောဟန် ကိုယ်တိုင်သည် အသင်းတော်တွင် မိမိကိုယ်တိုင်ပြုစုပေးခြင်းအားဖြင့် ဒုတိယစာစောင်၌ အရေးပါသောအခါ တစ်ဦးရှိသည်ဟုဆိုသည်။ တစ်ခါတစ်ရံ “အမျိုးသမီး ဆန့်ကျင်သူ” (ingle chanvinist) ဟု ဝေဖန်ခံရသူဖြစ်သော တမန်တော် ရှင်ပေါလုကိုယ်တိုင်သည် ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ အမျိုးသမီးများ နှင့်အတူတကွ အလုပ်လုပ်ခဲ့သည် (ဖိ ၄း၃)။ သူသည် အမျိုးသမီးများ၏ သစ္စာရှိခြင်းနှင့် ဝိညာဉ်ဆုကျေးဇူးများကို အသိအမှတ်ပြုချီးကျူးလေ့ရှိသည် (ရော ၁း၁၆၊ ၂ တိ ၁း၅)။
ခရစ်ယာန်ယုံကြည်ချက်သည် အနောက်တိုင်းနိုင်ငံများကို လွှမ်းမိုးလာ ပြီး အမျိုးသမီးများ၏ ရပ်တည်မှုမှာလည်း တဖြည်းဖြည်းတိုးတက်လာခဲ့သည်။ ၂ ရာစုမကုန်မှီ၊ ကနဦးအသင်းတော်ကာလ၌ ယုံကြည်ခြင်း၏ ဖခင်ကြီးတစ်ဦး ဖြစ်သော Tertullian က “အမျိုးသမီးများ၏ ဝတ်စားဆင်ယင်ခြင်း” (On the Apparel of Vommen) စာအုပ်ကို ရေးခဲ့သည်။ သူ၏စာအုပ်တွင် ဘုရားသခင် ကို မသိသောအမျိုးသမီးများ၏ လှပသောတန်ဆာများဖြင့် ဆံပင်ကိုဆင်ယင် ခြင်း၊ မသင့်တော်သော အဝတ်အစားများကို ဝတ်ဆင်ခြင်းသည် ပတ်ဝန်းကျင် ၏ ဖိအားပေးခြင်းကြောင့် ဖြစ်သည်ဟု ရေးခဲ့သည်။ ထိုအရာများသည် စစ်မှန်သော အမျိုးသမီးဖြစ်ခြင်းကို ဖုံးကွယ်ခဲ့သည်။ ထို့ပြင် ဧဝံဂေလိတရားကြောင့် အသင်းတော်သည် ကြီးပွားလာပြီး၊ သိသာမြင်သာသော ပြောင်းလဲမှုတစ်ခုမှာ အမျိုးသမီး၏ ဝတ်စားဆင်ယင်မှု ပြောင်းလဲခြင်း၊ ခေတ်မီတိုးတက်ခြင်း၊ အမျိုး သမီးများ၏ ဂုဏ်မြှင့်တက်လာခြင်းရှိသည်ဟု Tertullian က ဆိုခဲ့သည်။ အမျိုး သမီးများသည် ခရစ်ယာန်တစ်ဦးဖြစ်လာလျှင် “သာ၍နွမ်းပါးမှုရှိသည်” ဟု ဘုရားသခင်ကို မသိသော ယောက်ျားများက ဝေဖန်ကြခဲ့သည်။ သို့သော် အမှန်မှာ ယုံကြည်သူအမျိုးသမီးသည် “ခေတ်မီလှပသော ယဇ်ပုရောဟိတ်မ များ” ဖြစ်လာကြသည်။ ဆက်လက်၍၊ ယုံကြည်သူများခရစ်တော်၏ အုပ်စိုးမှု အောက်၌ရှိနေခြင်းသည် ဝိညာဉ်အရာ၌ကြွယ်ဝခြင်း၊ ပို၍စင်ကြယ်ခြင်းဖြစ် စေပြီး၊ သူတို့သည် လောကီအရာများနှင့် အသက်ရှင်သည့် အမျိုးသမီးများထက် သာ၍ ကြီးမြတ်လာကြသည်ဟု ပြောဆိုခဲ့သည်။ ထိုယုံကြည်သူ အမျိုး သမီးများသည် “ဖြောင့်မတ်ခြင်းဝတ်ရုံ၊ သန့်ရှင်းခြင်းဝတ်ရုံနှင့် သီလနှင့်ပြည့်စုံသောဝတ်ရုံ” ကို ဝတ်ဆင်ကြပြီး၊ အမျိုးသမီးဖြစ်ခြင်းကို မြှင့်တင်ပေးကြသည် ဟု ရေးသားဖော်ပြခဲ့သည်။
အထက်ပါ ပြောဆိုသောအရာသည် မှန်ကန်ကြောင်းကို ဘုရားသခင် မသိသောသူများကလည်း လက်ခံသည်။ ၄ ရာစုအချိန်တွင် နာမည်ကျော်ကြား သော တရားဟောဆရာတစ်ပါးမှာ Chrysostom ဖြစ်သည်။ Chrysostom ၏ ဆရာတစ်ပါးဖြစ်သော Libanius သည် “ခရစ်ယာန် အမျိုးသမီးများ၏ သန့်ရှင်းခြင်း” ကို မြင်သောအခါ အံ့ဩမိသည်။ Libanius အံ့ဩခြင်းအရာမှာ Chrysostom ၏ မိခင်ကြောင့်ဖြစ်သည်။ သူမသည် အသက်နှစ်ဆယ်ခန့်တွင် မုဆိုးမဖြစ်လာပြီး၊ နှစ်ပေါင်း (၂၀) ခန့် သန့်ရှင်းစွာ အသက်ရှင်ခဲ့သည်။ ခရစ် ‘ယာန်ယုံကြည်ခြင်း၏ လွှမ်းမိုးမှုသည် ပိုမိုကျယ်ပြန့်လာခြင်းကြောင့်၊ အမျိုးသမီး များအပေါ်၌ နှိပ်စက်မှုများ နည်းပါးလာသည်။ ထို့ပြင် အမျိုးသမီးများသည် အမျိုးသားများအတွက် ဖျော်ဖြေမှုပေးသောသူသက်သက် မဟုတ်တော့ချေ။ ဤသို့ဖြင့် အမျိုးသမီးများသည် မိမိတို့သီလရှိခြင်းနှင့် ယုံကြည်ခြင်းကို ဂုဏ်ပြု ခြင်းခံရလာကြသည်။
ခရစ်တော်ကို မသိသောလူ့အသိုင်းအဝိုင်းမှ ပြောင်းလဲလာသော ယုံကြည်သူ အမျိုးသမီးတို့သည် ဂုဏ်သိက္ခာကျစေသောလုပ်ရပ်တို့မှ အလို အလျောက် လွတ်မြောက်ခဲ့ကြသည်။ သူတို့သည် ပြဇာတ်ရုံနှင့် ရုပ်တုဆင်းတု ကိုးကွယ်သော နေရာများ၌ အပျော်အပါးလိုက်စားမှုများမှ လွတ်မြောက် လာကြသည်။ ဤ နေရာများသည် အမျိုးသမီးများကို လူသိရှင်ကြားနှိမ့်ချ၊ ရက်စက်စွာ ပြုမူကျင့် ကြံသော နေရာဖြစ်သည်။ ယခုတွင် ပြောင်းလဲလာသော အမျိုးသမီးတို့သည် မိသားစုနှင့် အသင်းတော်များ၌ တန်ဖိုးရှိလှသော အမျိုး သမီးဖြစ်လာကြသည်။ မိမိတို့မိသားစုနှင့် အသင်းတော်များ၌ စစ်မှန်သော အမျိုးသမီးဖြစ်ခြင်းကို ပြသပြီး၊ သူတို့၏အကျင့်ကောင်းတို့မှာ ဧည့်ဝတ်ကျေပွန်ခြင်း၊ လူနာများကို ကြည့်ရှုခြင်း၊ မိသားစုများကို ကျွေးမွေးစောင့်ရှောက်ခြင်း၊ မေတ္တာလက်နှင့် အစေခံကြခြင်း ဖြစ်သည် (တ ၉း၃၉)။
ရောမဧကရာဇ် Constantine သည် အေဒီ (၃၁၂) တွင် ခရစ်ယာန် ဘာသာသို့ ပြောင်းလဲခဲ့သည်။ သူသည် ခရစ်ယာန်ဘာသာကို တရားဝင်အဆင့် သို့ အသိအမှတ်ပြုခဲ့ပြီးနောက်၊ မကြာမှီ၌ပင် ရောမအင်ပါယာတစ်ခုလုံး၌ ခရစ်ယာန်ဘာသာသည် အင်အားကြီးသောဘာသာတစ်ခု ဖြစ်လာသည်။ Constantine ပြောင်းလဲခြင်း၏ ထူးခြားသောရလဒ်တစ်ခုမှာ – ဥပဒေဆိုင်ရာ တွင် အမျိုးသမီးများ၏ အသစ်သောရပ်တည်မှု ဖြစ်သည်။ ဤအသစ်သော ရပ်တည်မူတွင် တရားဥပဒေအရ အမျိုးသမီးများအား မြေပိုင်ရှင်ဖြစ်ခွင့် ရရှိစေ သည်။ အစိုးရ အသိအမှတ်ပြုတရားဝင်လက်ထပ်ခြင်း ဥပဒေကိုလည်း ပြန် လည်ပြုပြင်ခဲ့ပြီး၊ လက်ထပ်ထိမ်းမြားခြင်းသည် အမျိုးသမီးများအား ယောက်ျား များ၏ ကျွန်ကဲ့သို့ဆက်ဆံခြင်းမှ တရားဝင်နှစ်ဦးသဘောတူ ပေါင်းသင်းခြင်း ဖြစ်သည်ဟု ဥပဒေအသစ် ရေးဆွဲခဲ့သည်။ ခရစ်ယာန်ခေတ်မတိုင်ခင်၌ ရောမ အမျိုးသားများသည် သူတို့၏ဇနီးများကို အကြောင်းမရှိဘဲ ကွာရှင်းနိုင်သော အခွင့်အရေးရှိခဲ့သည်။ သို့သော် ဤပြဋ္ဌာန်းချက်နည်းဥပဒေသစ်သည် လင် မယား ကွဲကွာမှုကို ခက်ခဲစေပြီး၊ အမျိုးသမီးများဘက်မှ တရားစွဲပိုင်ခွင့်ရှိစေခဲ့ သည်။ အထူးသဖြင့် ဇနီးသည် အခြားမိန်းမနှင့် ပြစ်မှားသောခင်ပွန်းသည်ကို ဥပဒေအရ အရေးယူပိုင်ခွင့်ရှိသည်။ ထို့ကြောင့် သစ္စာမရှိသောယောက်ျားများ သည် ရောမထုံးစံဓလေ့အဖြစ် လက်ခံခဲ့သော အပြစ်ဒုစရိုက်များကို မိမိတို့ဇနီးအပေါ်၌ မပြုနိုင်တော့ချေ။
ဧဝံဂေလိတရားပျံ့နှံ့သည်နှင့် လူမှုရေး၊ ဥပဒေရေးရာ၊ ဝိညာဉ်ရေးရာ၌ အမျိုးသမီးများ၏ အဆင့်အတန်းမြှင့်တင်ပေးခဲ့သည်။ ဧဝံဂေလိတရားသည် (ဖိနှိပ်ခြင်း၊ မှားယွင်းသောကိုးကွယ်ခြင်း၊ ခေတ်သစ်ဆန်သောအတွေးအခေါ်၊ လူ့အတွေးအခေါ် နှင့် ဝိညာဉ်ရေး၌ အသင်းတော်ကျဆင်းလာခြင်းအားဖြင့်) ပျောက်သွားသောအခါ အမျိုးသမီးများ၏ နေရာသည်လည်း အလိုအလျှောက်ကျဆင်းသွားသည်။
လူ့အတွေးခေါ်ဖြစ်သောလှုပ်ရှားမှုများက အမျိုးသမီးများ၏ အခွင့် အရေး (women’ rights) ကို မြှင့်တင်ပေးသည်ဟု ဆိုကြသည်။ သို့သော် အမှန်မှာ ဤလှုပ်ရှားမှုကြောင့် အမျိုးသမီးများ၏ ဖြစ်တည်မှုကိုလည်း ထိခိုက် စေသည်။ ဥပမာအားဖြင့် ယနေ့ကျွန်ုပ်တို့မြင်နေသော အမျိုးသမီးများလှုပ်ရှားမှု (feminist movement) သည် အမျိုးသမီးများ၏ သဘာဝဖြစ်ခြင်း (femininity) ကို တန်ဖိုးကျစေသည်။ မွေးရာပါဖြစ်သော သဘာဝ ဖိုမဖြစ်ခြင်း (gender distinction) ကို တန်ဖိုးမထားခြင်း၊ မထီမဲ့မြင်ပြုခြင်း၊ ငြင်းပယ်သော အပြုအမူများနှင့် ဆက်ဆံကြသည်။ ဤအကြောင်းအရာများကြောင့် ယခု ခေတ်အမျိုးသမီးများသည် ခက်ခဲသောအခြေအနေများ၌နေရပြီး အမျိုးသား များကဲ့သို့ အလုပ်လုပ်ရသည်။ ယောက်ျားများအတွက်ဖြစ်သော အလုပ်မျိုးကို လည်း အမျိုးသမီးများသည် လုပ်ကိုင်လာကြပြီး၊ အမျိုးသားများကဲ့သို့ပင် စကား လည်း ပြောလာကြသည်။ ခေတ်သစ်အမျိုးသမီးလှုပ်ရှားမှုသည် အိမ်ထောင်ပြု လိုသောမိန်းမများကို ကဲ့ရဲ့ အပြစ်တင်သည်။ အမှန်မှာ အမျိုးသမီး၏ ထူးခြားသောအရာသည် မိခင်တစ်ဦးဖြစ်လာခြင်းပင် ဖြစ်သည်။ မိခင်ဖြစ်ခြင်းအရာ သည် အမျိုးသမီးများအတွက်သာ ဖြစ်သည်။ ဤသို့ဖြင့် ခေတ်သစ်အမျိုးသမီး လှုပ်ရှားမှု၏ အဓိကသတင်းစကားသည် အမျိုးသမီးများအတွက် မည်သည့် အရာမှ သာမာန်ထက်ထူးကဲသောအရာ မရှိတော့ပေ။
အထက်ပါဖော်ပြသောအရာများသည် နှုတ်ကပတ်တော် သွန်သင် ချက် မဟုတ်ပေ။ ကျမ်းစာသည် အမျိုးသမီးများကို အမျိုးသမီးကဲ့သို့ မြင်၍၊ မိမိတို့၏ဂုဏ်ကိုလည်း အမျိုးသမီးနည်းလမ်းဖြင့် ရှာဖွေရန် တိုက်တွန်း နှိုး ဆော်သည် (သု ၃၁း၁၀-၃၀)။
သမ္မာကျမ်းတွင် အမျိုးသမီးများသည် ဉာဏ်ရည်နည်းပါးသူ၊ အရည် အချင်းမရှိသူနှင့် ဝိညာဉ်ဆုကျေးဇူးများကိုလွဲမှားစွာ အသုံးပြုသူများဟူ၍ မသွန် သင်ထားပေ။ နှုတ်ကပတ်တော်၌ အလွန်ကောင်းမွန် သောမိန်းမဟု ပြောဆို သည့်အခါ သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ခြင်းကို ပြောဆိုခြင်းဖြစ်သည်။ သမ္မာ ကျမ်းတွင် ထင်ရှားသော အမျိုးသမီးများသည် မိမိတို့အလုပ်ကြောင့် ဩဇာရှိသောသူများမဟုတ်ဘဲ၊ သူတို့၏ အသက်တာကြောင့်သာ ဖြစ်သည်။ ဤအ သမီးများ၏ အကြောင်းကိုစုစည်း၍ ပြောရခြင်းသည် မိန်းမနှင့်ယောက် တူညီနေခြင်း (gender equaliy) အကြောင်းမဟုတ်ဘဲ၊ သူတို့၏မိန်းမဖြစ်ခြင်း အရည်အသွေးကို ပြောခြင်းဖြစ်သည်။ သူတို့၏မိန်းမဖြစ်ခြင်း အရည်အသွေး သည် လူမှုပတ်ဝန်းကျင်၌ မည်ကဲ့သို့လှုပ်ရှားမှုရှိခြင်း၊ ဥစ္စာဓနမည်မျှရှိခြင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လှပခြင်းကြောင့်မဟုတ်ဘဲ၊ အကျင့်တရားကောင်းမွန်ခြင်းနှင့် ဝိညာဉ်ရေးရာ အရည်အချင်းကြောင့်ပင် ဖြစ်သည်။
ရှင်ပေတရု၏ ပြောပြချက်အရ စစ်မှန်သော အမျိုးသမီးများ၏ လှပ ခြင်းသည် အပြင်ပန်းသဏ္ဌာန် လှပသောဝတ်ဆင်မှုများ၌ မဟုတ်ပေ။ သူတို့၏ လှပခြင်းသည် ဆံပင်ပြင်ဆင်ပုံ၊ ရွှေများဝတ်ဆင်ခြင်း၊ ကောင်းမွန်သော အဝတ် အစားများဝတ်ဆင်ခြင်းကြောင့်လည်း မဟုတ်။ “သင်တို့၏ တန်ဆာဆင်ခြင်းမှု ကား ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင် တန်ဆာဆင်ခြင်း မဖြစ်စေဘဲ၊ ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်း သဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့” (၁ ပေ ၃း၃-၄)။ ပေါလုသည်လည်း ၁ တိ ၂း၉-၁ဝ ကို အခြေခံ၍ ပြောထားသည်မှာ “ထိုနည်းတူ မိန်းမတို့သည် ကျစ်သောဆံပင်၊ ရွှေတန်ဆာ၊ ကျောက်ပုလဲ အဖိုး ထိုက်သော အဝတ်နှင့်ကိုယ်ကို မဆင်ဘဲ၊ ရှက်ကြောက်ခြင်း၊ ဣန္ဒြေစောင့်ခြင်း အားဖြင့်၊ လျောက်ပတ်သောအဝတ်နှင့် လည်းကောင်း၊ ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသောမိန်းမ ဆင်သင့်သည်အတိုင်း ကောင်းသော အကျင့်နှင့်၄င်း၊ ကိုယ်ကိုတန်ဆာဆင်စေခြင်းငှာ ငါအလိုရှိ၏။” ဤ စာအုပ်၌ ဖော်ပြသောအမျိုးသမီးများသည် အထက်ပါအရည်သွေးများကို ပိုင်ဆိုင်သူများဖြစ်ကြောင်း ရေးသားဖော်ပြသည်။
ဤအမျိုးသမီးများသည် အမှန်သစ္စာရှိသူများဖြစ်ကြပြီး၊ သူတို့ထားခဲ့ သည့် သမိုင်းသည်လည်း အစဉ်တည်မြဲသော အမွေအနှစ်ဖြစ်သည်။ ဤအမျိုး သမီးတို့သည် သင့်အသက်တာကိုလည်း စိန်ခေါ်မှုများ၊ တွန်းအားပေးခြင်း၊တိုက်တွန်းခြင်းနှင့် ဘုရားသခင်ကိုသာ ချစ်နိုင်ရန်တွန်းအားကို ပေးကြလိမ့် မည်။ ထိုသူတို့သည် ဘုရားသခင်၌သာ ယုံကြည်စိတ်ချပြီး အစေခံခဲ့ကြသည်။ ဤအမျိုးသမီးများကဲ့သို့ပင် သင်၏စိတ်နှလုံးနှင့် ယုံကြည်ချက်သည် မီးကဲ့သို့တောက်လောင်ပြီး၊ သင့်အသက်တာသည်လည်း သမ္မာကျမ်းလာ အမျိုးသမီး များကဲ့သို့ပင် သစ္စာရှိသောအသက်တာ၊ ဘုရားသခင်ကို သာမန်ထက် ထူးကဲသောချစ်ခြင်းဖြင့် ချစ်ခင်မြတ်နိုးသော အသက်တာဖြစ်ပါစေဟု မျှော်လင့်လျှက် ဆုတောင်းပေးပါသည်။
နိဒါန်း ကိုးကားမှတ်စုများ
၁။Tertullian, On the Appear of Women, book II, Chapter 11.
၂။ Ibid, chapter 12.
၃။Ibid, chapter 13.
၄။ Chrysostom, Letter to a Young Widow, 2.
(၁)
ဧဝ – လူသားအားလုံး၏ မိခင်ကြီးဖြစ်သူ
“ထိုအခါလူသည် မိမိမယားကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား သူသည် အသက်ရှင်သော သူအပေါင်းတို့၏အမိ ဖြစ်သတည်း။”
ကမ္ဘာဦးကျမ်း ၃း၂၀။
ဧဝသည် အလွန်ထူးခြားသော လှပခြင်းရှိသူ တစ်ဦးဖြစ်ခဲ့သည်။ သူမသည် ဘုရားသခင်ဖန်ဆင်းခြင်း ခံရသူအားလုံး၏ အထင်ကရ သရဖူအဖြစ် ထင်ရှားသည်။ သူမသည် ပထမဦးဆုံးသောလူယောက်ျားအာမှ ဖန်ဆင်းရှင် ၏ လက်တော်နှင့် ဖန်ဆင်းခြင်းခံသူဖြစ်ပြီး အထူးဂရုစိုက်မှုပြသခဲ့ခြင်း အသေး စိတ်ကို ထင်ဟပ်စေသည်။ ဧဝသည် အာဒံကဲ့သို့ မြေမှုန့်မှ ဖန်ဆင်းခဲ့ခြင်း မ ဟုတ်ဘဲ၊ အသက်ရှင်သောအာဒံ၏ အသားနှင့်အရိုးမှ ဘုရားသခင်၏ ဘုန်း တန်ခိုးတော်ဖြင့် အံ့ဩစွာ ဖန်ဆင်းခြင်းခံရသူဖြစ်သည်။ သူမသည် အာဒံ အတွက် အထူးလက်ဆောင်ပင် ဖြစ်သည်။ သူမသည် အာဒံ၏ အထောက်အမ နှင့် ဖန်ဆင်းခြင်းအားလုံးကို ပြည့်စုံစေသောသူလည်း ဖြစ်သည်။
ဧဝသည် အခြားအသက်ရှင်သောအရာမှ တစ်ခုတည်းသော ဖန်ဆင်း ခြင်းခံရသူဖြစ်ပြီး၊ အမှန်တကယ်အံ့သြစရာကောင်းသော သူတစ်ဦးလည်း ဖြစ်သည်။ ဘုရားသခင်သည် အလွန်ကြီးမား ကျယ်ပြန့်သော စကြဝဠာကိုဘာမျှမရှိခြင်းမှ ဖန်ဆင်းခဲ့သည်။ ထိုနောက် မြေမှုန့်ကိုယူ၍ အာဒံကို ဖန်ဆင်း သည်ဟု ကျမ်းစာကဆိုသည်။ အာဒံ၏နံရိုးမှ ဧဝကို ဖန်ဆင်းခြင်းထက် လောက ၌ ထူးဆန်းသော အရာမရှိပေ။ လူသည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြင့် ဖန်ဆင်းခြင်းခံရသောကြောင့် ဖန်ဆင်းသောအရာအားလုံးထက် အကြီးမြတ်ဆုံး ဖြစ်သည်။ ဧဝသည်လည်း လူသားအားလုံး၏ ဘုန်းအသရေ ပုံဆောင်သူလည်း ဖြစ်၍ (၁ ကော ၁၁း၇)၊ ဘုရားသခင်သည် အကောင်းဆုံးအရာ (ဧ၀)ကို နောက်ဆုံးမှ ဖန်ဆင်းခဲ့သည်။ သူမ၏ဖန်ဆင်းခြင်းသည် မည်သည့်အရာနှင့်မျှ နှိုင်းလို့မရဘဲ ဖန်ဆင်းသောအရာအားလုံး၏ အကောင်းမွန်ဆုံးဖြစ်သည်။
ဖန်ဆင်းခြင်းအစ၌ သူမသည် အပြစ်ကင်းမဲ့ခြင်း၊ ရောဂါဆိုးများ၏ ထိခိုက်ပျက်ဆီးစေခြင်းမရှိ ပြီးပြည့်စုံသောသူဖြစ်၍ အမျိုးသမီးဖြစ်ခြင်း၏ ပြည့် စုံခြင်းကို ပိုင်ဆိုင်ခဲ့သည်။ သူမသည် အရာရာ၌ ခမ်းနားထည်ဝါသောသူ ဖြစ် သည်။ အပြစ်မရှိသော ကမ္ဘာမြေတွင် မည်သည့်အမျိုးသမီးမျှ မရှိခဲ့သောကြောင့်၊ ဧဝ၏ကရုဏာ၊ ဆွဲဆောင်မှု၊ သီလနှင့် ပြည့်စုံမှု၊ စဉ်းစားဉာဏ်၊ ဉာဏ် ပညာနှင့် အပြစ်ကင်းစင်သောအရာများသည် မည်သူနှင့်မျှ နှိုင်းယှဉ်၍မရပေ။ သူမသည် ရုပ်ပိုင်းဆိုင်ရာမှာလည်း ခွန်အားနှင့်ပြည့်စုံ၍ လှပခြင်းကို ဝတ်ဆင် ထားသူဖြစ်သည်။ ထို့ကြောင့် သူမသည် အလင်းပေးသော ပုံရိပ်တစ်ခု ဖြစ်ပေ လိမ့်မည်။
သို့သော်လည်း ဧဝ၏ ရုပ်ပိုင်းဆိုင်ရာဖော်ပြချက်ကို နှုတ်ကပတ်တော်၌ မတွေ့ရပေ။ ကျမ်းစာက သူမ၏လှပမှုကို (မည်မျှပင်လှပသည်ဖြစ်စေ) တစ်ခါ မျှ မဖော်ပြဘဲ၊ သွယ်ဝှက်၍လည်း မပြောပေ။ သမ္မာကျမ်းယူဆချက်အရ ဧဝ၏ တာဝန်မှာ ဖန်ဆင်းရှင် (သို့မဟုတ်) သူမ၏ခင်ပွန်းထံ ပြုလုပ်ရမည့် ဝတ္တရားများ သာ ဖြစ်ပါသည်။ ဤအရာသည် အလွန်အရေးကြီးသည့် အချက်ဖြစ်၍၊ ကျွန်ုပ် တို့အား သတိပေးသည်မှာ မှန်ကန်သောအမျိုးသမီးဖြစ်ခြင်းသည် ရုပ်ပိုင်းဆိုင် ရာအရာနှင့် မစပ်ဆိုင်ခြင်းပင်ဖြစ်သည်။ အပြင်ပန်းသဏ္ဌာန်အလှအပ၊ ခန္ဓာ ကိုယ်အသွင်အပြင်ကို အလွန်တန်ဖိုးထား သောအမျိုးသမီးများသည် စစ်မှန် သောအမျိုးသမီးဖြစ်ခြင်းကို ပုံပျက်သွားစေသည်။ အနောက်တိုင်း နိုင်ငံများနှင့်အသင်းတော်များတွင် ဤအရာသည် ရှုပ်ထွေးသောအရာတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သမ္မာကျမ်းဘက်သို့ပြန်လှည့်၍ ဘုရားသခင်စံထားသော အမျိုးသမီးအကြောင်းကို လေ့လာရရန် အလွန်အရေးကြီးသည်။ သမ္မာကျမ်းဆိုင်ရာ ဖော်ပြချက်အရ ဧဝအသက်တာသည် ကောင်းသော သတိ ပေးချက်ဖြစ်ရာ အမျိုးသမီးများ၏ မှန်ကန်သောဦးစားပေးမှုရှိရန် ဖော်ပြသည်။
ဧဝသည် လူသားအားလုံး၏ မိခင်ဖြစ်သည်နှင့်အလျှောက် သူသည် လူသားများအပြစ်တရားသို့ ကျရှုံးခြင်းနှင့် ရွေးနုတ်ကယ်တင်ခြင်းအကြောင်းတွင် အဓိကလူလည်း ဖြစ်သည်။ သို့သော်လည်း နှုတ်ကပတ်တော်၌ သူမ၏အမည် ကို လေးကြိမ်သာတွေ့ရပြီး ဓမ္မဟောင်းကျမ်း၌ နှစ်ကြိမ် (က ၃း၂၀၊ ၄း၁) နှင့် ဓမ္မသစ်ကျမ်း၌ နှစ်ကြိမ် (၂ ကော ၁၁း၃၊ ၁ တိ ၂း၁၃) တွေ့ရသည်။ ထို့ပြင် ” သူမ၏ ရုပ်ပိုင်းဆိုင်ရာများကို ကျမ်းစာက မဖော်ပြသလို၊ သူ၌သားသမီး မည်မျှ ရှိသည်ကိုလည်းကောင်း၊ အသက်မည်မျှရှင်ပြီး မည်သည့်နေရာ၌ မည်ကဲ့သို့ သေဆုံးကြောင်းကိုလည်း ပြောပြထားခြင်းမရှိပေ (က ၅း၃-၅)။ သမ္မာကျမ်း၊ သည် ဧဝအကြောင်းကို အကျဉ်းချုပ်အားဖြင့်သာ ပြောပြထားပြီး၊ သူမဘဝ အသက်တာ၌ အရေးကြီးသည့်အရာကို ဆင်ခြင်ရန်ပို၍ အလေးထားသည်။
ကျွန်ုပ်တို့သည် ဧဝအကြောင်းနှင့်ပတ်သက်၍ သိလိုသော အကြောင်း အရာ မြောက်များစွာရှိနိုင်သော်လည်း ကျမ်းစာသည် အသံတိတ်လျက်ရှိနေ သည်။ သို့သော် သူမကို ဖန်ဆင်းခြင်းအကြောင်း အသေးစိတ်အချက်အလက် အား ကျမ်းစာတွင်ရေးသားဖော်ပြပြီး၊ သူမ၏စုံစမ်းသွေးဆောင်ခံရခြင်း၊ အပြစ်တွင်းသို့ကျရှုံးခြင်း၊ ကျိန်ခြင်းအမင်္ဂလာနှင့် သူ၌ရှိနေသည့် မျှော်လင့်ချက် အကြောင်းများကို ဖော်ပြပါသည်။ ဤသို့ဖြင့် သာမန်ထက်ထူးကဲသောသူမ၏ အကြောင်းကို လေ့လာသည့်အခါ အထက်ပါဖော်ပြသည့် အရာများကို အဓိကထား၍ လေ့လာကြရမည်။
လူမိန်းမကို ဖန်ဆင်းခြင်း ၊
သမ္မာကျမ်းသည် အံ့ဩဖွယ်ရာ ဇီဝဖန်ဆင်းခြင်းအကြောင်းကို ကမ္ဘာဦးကျမ်း ၂း၂၀-၂၅ ၌ ဖော်ပြထားသည်။
“ထိုသို့လူသည် သားယဉ်အပေါင်းတို့ကိုလည်းကောင်း၊ အမည်ပေး၍ မှည့် ၏။ သို့သော်လည်း လူနှင့်တော်သော အထောက်အမပေါ်မရှိသေး။ ထိုအ ခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုကြီးသော အိပ်ခြင်းဖြင့် အိပ်စေတော်မူ၍ လူသည်အိပ်ပျော်စဉ်၊ နံရိုးတစ်ချောင်းကို ဘုရားသခင် ထုတ်ပြီး လျှင် ထိုအရိုးအစား အသားကို စေ့စပ်စေတော်မူ၏။ ထာဝရအရှင် ဘုရား သခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာ သို့ဆောင်ခဲ့တော်မူ၏။ လူကလည်း ယခုဤသူသည် ငါ့အရိုးထဲက အရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲကထုတ်သောကြောင့် သူ့ကို လူမိန်း မဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။ ထိုအကြောင်းကြောင့် ယောကျာ်း သည် ကိုယ့်မိဘကို စွန့်၍ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့ သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်။ ထိုသူလင်မယားနှစ်ဦး တို့သည် အဝတ်မဝတ်ဘဲနေ၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏။”
တစ်နည်းဆိုသော် ဘုရားသခင်သည် အာဒံကို ခွဲစိတ်ခဲ့သည်။ သမ္မာ ကျမ်းသည် အံ့သြဖွယ်ကောင်းသော အသေးစိတ်အချက်အလက်များနှင့် ခွဲစိတ် ကုသသည်ဟု ဖော်ပြထားသည်။ ဘုရားသခင်သည် အာဒံအား မေ့ဆေးထိုး ခြင်းအားဖြင့်မဟုတ်ဘဲ၊ အိပ်ပျော်စေခြင်းအားဖြင့် နာကျင်ခြင်းမခံစားအောင် ပြုလုပ်ခြင်းဖြစ်သည်။ အထူးသဖြင့် အာဒံသည် ဘုရားသခင်၏လုပ်ဆောင်ခြင်း ကို မိမိဘက်မှလုပ်ခြင်းမပါဘဲ ကြည်ဖြူစွာလက်ခံပြီး၊ ဘုရားသခင်၏ ကျေးဇူးတော်ကိုလည်း ထိုနည်းတူအမြဲလက်ခံခဲ့သည်။ ဘုရားသခင်၏ ကျေးဇူးတော် သည် လူ့ဘက်မှအလုပ်လုပ်ခြင်း၊ ကြိုးစားအားထုတ်ခြင်းဖြင့် ဘယ်သောအခါမျှမလာဘဲ၊ ဘုရားသခင်၏ အလိုတော်အတိုင်းသာ ဆင်းသက်လာသည်။ ထို့အ ပြင် အာဒံသည် ထာဝရအရှင် ဘုရားသခင်ကို မိန်းမပေးဖို့ရန်လည်း မတောင်း ဆိုခဲ့ပေ။ သူသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားရရှိဖို့ရန် မည်သည့် အခြေအနေ (လုပ်ဆောင်ချက်) နှင့် အရည်အချင်းလည်း မရှိခဲ့ပေ။ ဘုရား သခင်ကိုယ်တိုင် လုပ်ဆောင်ခြင်းသာဖြစ်ပြီး၊ အာဒံအတွက် ဘုရားသခင်၏ ကျေးဇူးတော်နှင့် သနားခြင်းဖြင့်သာ ရရှိခဲ့သည်။ အာဒံလုပ်ဆောင်သည့်အရာ တစ်ခုမှာ သူ၏နံရိုးတစ်ချောင်းကို ဘုရားသခင် အသုံးပြုဖို့ရန် ဆက်ကပ်ခဲ့ သည်။ ထို့ကြောင့် မိန်းမဖန်ဆင်းခြင်းအလုပ်အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ခြင်းဖြစ်သည်။
ဘုရားသခင်သည် အာဒံ၏နံရိုးကို ဖွင့်လိုက်ပြီးမှ ထိုနေရာကို ပြန် ၂လည်ပိတ်လိုက်သည်။ ထိုအရိုးအစား အသားကို စေ့စပ်စေတော်မူ၏။ ပြီးပြည့်စုံသော ဧဒင်ဥယျာဉ်ကြီး၌ ဘုရားသခင်သည် ခွဲစိပ်ပါရမီရှင်ကဲ့သို့ ကျွမ်းကျင်စွာ အာဒံ၏နံရိုးကို ခွဲထုတ်ပြီး၊ ရောဂါပိုးကူးစက်မှုအန္တရာယ်လည်းမရှိ ခွဲစိတ်ကုသမှုအပြီးတွင်လည်း နာကျင်ခြင်းမရှိ အမာရွတ်တောင်မရှိဘဲ ပြုလုပ်ခဲ့ သည်။ အာဒံ၏နံရိုးကိုထုတ်ယူ၍ သူ၌လိုအပ်သော အထောက်အမကို ပြင် ဆင်ပေးခဲ့သည်။ အာဒံသည် သူ၏နံရိုးတစ်ခု ဆုံးရှုံးသွားရသော်လည်း “ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှ” (ယာ ၁း၁၇) ကိုပေးတော်မူသော ဘုရားသခင်ထံမှ ချစ်စဖွယ်ကောင်းသော အဖော်မွန်ကို ရရှိခဲ့သည်။
မူရင်းစာဟေဗြဲဘာသာ၏ ဖော်ပြချက်အရ ဘုရားသခင်သည် “နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်းခြင်း” သည် သေချာစွာစေ့စပ်၍ ပုံစံထုတ်ခြင်းကို ရည်ညွှန်းသည်။ တိကျစွာပြောရလျှင် ဘုရားသခင်သည် လူမိန်းမကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ သူသည် မှန်ကန်တိကျသောအရာများဖြင့် လူမိန်းမကို ဖန်ဆင်း၍ အာဒံအတွက် အသင့်လျော်ဆုံးသောသူအဖြစ် လုပ်ပေးခဲ့သည်။
အာဒံ၏ အသွေးအသားနှင့် ဖန်ဆင်းထားခြင်းဖြစ်သောကြောင့် ဧဝသည် အာဒံ၏လိုအပ်ချက်များနှင့် အသင့်တော်ဆုံးသောသူဖြစ်သည်။ သူမသည် ဘုရားသခင်၏ကျေးဇူးတော်ကောင်းမြတ်ခြင်းနှင့် ပြီးပြည့်စုံသောဉာဏ်ပညာကို ဖော်ပြသည်။ ဘုရားသခင်သည် အာဒံနှစ်ခြိုက်စွာအိပ်ပျော်နေ စဉ် ဧဝကိုဖန်ဆင်းခြင်းဖြစ်ပြီး၊ မည်သည့်အကြံပြုချက်ကိုမျှ အာဒံထံမှမယူခဲ့ပေ။ သူမသည် အာဒံကို စိတ်ကျေနပ်စေသောသူဖြစ်ပြီး၊ သူ၏စိတ်ခံစားချက်များ၌ ပျော်မွေ့စေသောသူလည်း ဖြစ်သည်။ သူ့လိုအပ်ချက်ဖြစ်သော ကောင်းမွန် သည့် အဖော်အဖြစ်တည်ရှိပြီး၊ ဝမ်းမြောက်ခြင်း၏ အရင်းအမြစ်နှင့် ပျော်ရွှင် ခြင်းတို့ကိုလည်း ပေးခဲ့သည်။ သူမသည် လူသားအားလုံး၏ မိခင်လည်း ဖြစ်လာသည်။ အာဒံနှင့် တစ်သားတည်း ကျစေပြီး၊ သူ၏အသက်ရှင်ခြင်း ကိုလည်း ပြည့်စုံစေခဲ့သည်။ ဧဒင်ဥယျာဉ်သည် အမှန်တကယ် ပျော်ရွှင်ဖွယ်ရာ ကောင်းသောနေရာဖြစ်လာသည်။
အာဒံအိပ်ရာမှထ၍ ဧဝကိုတွေ့သောအခါ အတိုင်းမသိ ဝမ်းမြောက်မိ သည်မှာ သူမ လုံးဝသေချာသည်။ ထို့ပြင် ဧဝကို တွေ့သည့်အချိန်မှစ၍ ချစ်ခဲ့ သည်။ အာဒံ၏ဦးစွာသောစကားလုံးမှာ စစ်မှန်သောဝမ်းသာမှု၊ ကျေနပ် အားရမှုများနှင့် ပြည့်နေသည်။ သူက “ဤသူသည် ငါ့အရိုးထဲကအရိုး၊ အသား ထဲက အသား” ဟုဆိုခဲ့သည်။ အာဒံသည် နက်နဲသောခံစားချက်နှင့် စွဲလမ်း တွယ်တာခြင်းများ ဧဝ၌ရှိကြောင်းတွေ့ရသည်။ တန်ဖိုးဖြတ်၍ မရလောက်အောင် တန်ဖိုးထားမြတ်နိုးပြီး၊ ခွန်အားပေးတိုက်တွန်းသောသူလည်း ဖြစ် သောကြောင့် နှစ်သက်အားရစွာချစ်၍၊ ဧဝ၏ချစ်ခြင်းကိုလည်း ပြန်ခံရသော ခင်ပွန်းဖြစ်သည်။ သူမကို နှစ်သက်မြတ်နိုးပြီး သူ့ဇနီးအဖြစ်လက်ခံခဲ့သည်။
ဧဝဖန်ဆင်းခြင်းအကြောင်းကို ဖော်ပြရာမှာ ယေဘုယျအားဖြင့် အမျိုးသမီး၏ စစ်မှန်သော အကြောင်းအရာများကို ပြောပြလိုခြင်းဖြစ်သည်ဟု ကျွန်ုပ်ယုံကြည်သည်။
ပထမဦးစွာ ဧဝသည်အခြေခံအားဖြင့် အာဒံနှင့် တန်းတူညီမျှသည်။ သူမသည် လူယောက်ျားကိုယ်တွင်းမှ ထုတ်ယူခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် တူညီသောပင်ကိုယ်အရည်အသွေးများ ရှိကြသည်။ ဧဝသည် တခြားဖန်ဆင်းသည်အရာမှ ဖန်ဆင်းခြင်းခံရသည်မဟုတ်ဘဲ၊ အာဒံကဲ့သို့ ဖန်ဆင်းခြင်းခံရသူဖြစ်သည်။ သူမသည် နိမ့်ကျစွာခင်ပွန်း၏ အစေကိုခံရန်မဟုတ်ပေ။ သူမသည် ဝိညာဉ်ရေးရာ၌ တူညီသောအရာများရှိခြင်း၊ တူညီသောအသိဉာဏ်ရှိခြင်း၊ အလုံးစုံ၌ ပြီးပြည့်စုံသော အိမ်ထောင်ဖက် အဖော်မွန် ဖြစ်သည်။
ဒုတိယမှာ ဧဝဖန်ဆင်းခြင်းအားဖြင့် အိမ်ထောင်ရေး၌ တစ်လုံးတစ်ဝ တည်းဖြစ်ခြင်းလိုအပ်ကြောင်း စံနမူနာပြခဲ့သည်။ မ ၁၉း၄-၆ တွင် သခင်ယေရှု ကိုယ်တိုင်က ဧဝဖန်ဆင်းခြင်းကို ရည်ညွန်းခဲ့ပြီး၊ အိမ်ထောင်ပြုခြင်းသည် လူသားဘဝသမိုင်းတွင် ဘုရားသခင်ကိုယ်တိုင် အစပြုထားကြောင်း အတည်ပြု ခဲ့သည်။ ဘုရားသခင်သည် တစ်လင်တစ်မယားစနစ်၊ တစ်ဦးတည်းသောသူနှင့် ထာဝရတည်မြဲပေါင်းစပ်ရမည့်နိယာမများကို အခြေခံ၍ အစပြုခဲ့သည်။ ယေရှုက “အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည် တစ် သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့ မဘတ်ဘူး သလော။ ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင်တော်မူသောအရာကို လူမခွဲခွာစေနှင့်ဟု မိန့်တော်မူ၏။” ဧဝဖန်ဆင်းခြင်းကို ကြည့်ခြင်းအားဖြင့် တစ်သားတစ်ကိုယ် တည်းဖြစ်ခြင်း အခြေခံသဘောကို နားလည်စေ၍၊ စစ်မှန်သော အမျိုးသမီး ဖြစ်ခြင်း နိယာမကိုလည်း ဖော်ပြသည်။
တတိယမှာ ဧဝဖန်ဆင်းခြင်းအားဖြင့် အိမ်ထောင်ပြုခြင်း၏ နက်နဲ သောအရာကို ပုံဖော်တွေ့မြင်စေသည်။ အိမ်ထောင်ပြုခြင်းသည် ကိုယ်ခန္ဓာ ပေါင်းစပ်ခြင်းဖြစ်သည်သာမက၊ စိတ်နှင့် ဝိညာဉ်ပေါင်းစပ်ခြင်းလည်းဖြစ်သည်။ ဧဝသည် အလုံးစုံ၌ အာဒံအတွက်ပြီးပြည့်စုံစေသူဖြစ်သည်။ ဧဝ၏ ရင်းနှီးသော ဆက်ဆံခြင်းသည် အာဒံမှ ဖန်ဆင်းထားသောသူဖြစ်ကြောင်း တွေ့ရသည်။ Puritan စာရေးဆရာတစ်ဦးအနက် ကျမ်းစာအနက်ဖွင့် တစ်ဦးဖြစ်သော Matthew Henry ပြောဆိုသောစကားကို မင်္ဂလာဆောင်ပွဲများ၌ ကိုးကား ပြောဆိုလေ့ရှိပြီး၊ သူက “လူမိန်းမသည် အာဒံ၏ဘေးနံရိုးမှ ဖန်ဆင်းခြင်းခံရသူဖြစ်သည်။ သူမသည် လူယောက်ျားကို စိုးမိုးရန် ဦးခေါင်းမှ ဖန်ဆင်းထားခြင်း မဟုတ်သလို၊ ယောက်ျားမှနှင်းခံရန် ခြေထောက်မှ ဖန်ဆင်းထားခြင်းလည်း မဟုတ်ပေ။ သူမသည် ယောက်ျားနှင့်တန်းတူဖြစ်ရန် နံရိုးမှဖန်ဆင်းထားခြင်း ဖြစ်ပြီး၊ ယောက်ျား၏ အကာအကွယ်ကိုရယူရန်နှင့် နှလုံးသားမှ ချစ်မြတ်နိုးခြင်း ကို ခံစားရန်ဖြစ်သည်” ဟုဆိုခဲ့သည်။
Matthew Henry ပြောဆိုသည်အတိုင်း ဇနီးနှင့် ခင်ပွန်းသည်၏ သင့် တော်လျောက်ပတ်သော ဆက်ဆံရေးရှိခြင်းသည် နှုတ်ကပတ်တော်၏ သင် ကြားချက်နှင့် လျော်ညီနေသောကြောင့်ပင် ဖြစ်သည်။ သမ္မာကျမ်း၌ အမျိုးသမီး များ ချီးမြှောက်ပြောဆိုကြောင်းကို ပြန်၍ အမှတ်ရစေရန်ဖြစ်သည်။
စတုတ္ထမှာ ဧဝကိုဖန်ဆင်းခြင်းသည် သမ္မာကျမ်း အခြေခံကျသော အမျိုးသမီးများ၏ ဝတ္တရားကို ဖော်ပြသည်။ ဧဝသည် ဝိညာဉ်ရေးရာ၌ သော် လည်းကောင်း၊ စိတ်ဓာတ်ရေးရာ၌ သော်လည်းကောင်း၊ ဘုရားသခင် မျက် မှောက်တော်၌သော်လည်းကောင်း၊ အခြားဖန်ဆင်းသောအရာများ အပေါ်၌ သော်လည်းကောင်း အာဒံနှင့် တန်းတူဖြစ်သော်လည်း၊ လောကဆိုင်ရာ ဝတ္တ ရားများ၌ မတူညီသော အရာများရှိသည်။ ၁ ကော ၁၁း၈-၉ တွင် ရှင်ပေါလုက “ယောကျာ်းသည် မိန်းမကြောင့် ဖြစ်သည်မဟုတ်။ မိန်းမသည် ယောက်ျားကြောင့် ဖြစ်၏။ ယောကျာ်းကို မိန်းမတို့ ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားတို့ ဖန်ဆင်း၏” ဟု ရေးသားသည်။ အာဒံသည် ပထမဦးဆုံးသော ဖန်ဆင်းခြင်းခံဖြစ်ပြီး ဧဝသည်အာဒံ၏ ဖြစ်တည်ခြင်းကို ပြီးပြည့်စုံစေသည်။ အာဒံသည် ဦးခေါင်းဖြစ်၍ ဧဝသည် အထောက်အမတစ်ဦးဖြစ်သည်။ အာဒံ သည် ဖခင်တစ်ဦး၊ ထောက်ပံ့သူ၊ ကာကွယ်ပေးသူနှင့် ဦးဆောင်သူအဖြစ် ဖန်ဆင်းထားခြင်းဖြစ်သည်။ သို့သော် ဧဝသည် မိခင်တစ်ဦး၊ နှစ်သိမ့်ပေးသူ၊ ပြုစုစောင့်ရှောက်ပေးသူနှင့် ဖေးမသူအဖြစ် ဖန်ဆင်းထားခြင်းဖြစ်သည်။
ဘုရားသခင်သည် လူယောက်ျားနှင့် လူမိန်းမအတွက် အသီးသီးသော တာဝန်ဝတ္တရားများကို ခွဲခန့်သတ်မှတ်ခဲ့သည်။ ဤမတူညီသောတာဝန်များ သည် ဖန်ဆင်းခြင်းအရာကိုကြည့်ခြင်းအားဖြင့် တွေ့နိုင်သည်(၁ ကော ၁၁း၁၄)။
လူယောက်ျားနှင့် မိန်းမသည် မတူညီသော ခွန်အားများ ပိုင်ဆိုင်ထားသည်။ သူတို့သည် ခန္ဓာကိုယ်အားဖြင့် ကွဲပြားခြားနားမှုများရှိသည်။ ဆေးပညာနှင့် လက်တွေ့လေ့လာမှုအရ အမျိုးသားနှင့် အမျိုးသမီးများသည် အရေးကြီးသော အရာ၌ ကွဲပြားခြင်း မြောက်များစွာရှိသည်ဟု ဆိုသည်။ ထိုကွဲပြားမှုများတွင် လူမှုရေး၊ စိတ်ခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာများလည်း ပါဝင်သည်။
အမျိုးသားများနှင့် အမျိုးသမီးများသည် အခြေခံကျသော ကွဲပြားခြား နားမှု အင်္ဂါအစိတ်အပိုင်းရှိကြပြီး၊ မတူညီသောတာဝန်ဝတ္တရားများရှိကြောင်းကို နှုတ်ကပတ်တော်က သွန်သင်သည်။ နှုတ်ကပတ်တော် သွန်သင်ချက်သည် ခေတ်သစ် အတွေးအခေါ်ဖြစ်သော မိန်းမ-ယောက်ျား တန်းတူခြင်းဝါဒီ (modern feminist sensibilities) နှင့် လုံးဝဆန့်ကျင်သည်။ ဘုရားသခင်သည် လူမိန်းမနှင့် လူယောက်ျားကွဲပြားစွာ ဖန်တီးခြင်း၌ သူ၏အကြံအစည် , တော်အားဖြင့် ရည်ရွယ်ချက်ရှိရှိ ဖန်ဆင်းခဲ့သည်။ နှုတ်ကပတ်တော်၌ ရှင်းလင်းစွာ သင်ကြားထားသည်မှာ အိမ်ထောင်မိသားစု၌ ဇနီးသည် ခင်ပွန်းအုပ်စိုးမှုကို ဝန်ခံရမည် ( ၅း၂၂-၂၄၊ ကော ၃း၁၈၊ ၁ ပေ ၃း၁-၆)။ အသင်းတော်၌လည်း အမျိုးသမီးများသည် အမျိုးသားများ၏ သွန်သင်မှုကို ဝန်ခံရမည် (၁ ကော ၁၁း၃-၇၊ ၁၄း၃၄-၃၅)။
၁ တိ ၂း၁၁-၁၅ သည် အရေးပါသော ကျမ်းပိုဒ်ဖြစ်သည်။ အမျိုးသား များသည် အသင်းတော်၌ ဦးခေါင်းဖြစ်ရမည်ဟု ပြောဆိုသည်။ ပထမ အကြောင်းအရင်းမှာ ဖန်ဆင်းခြင်း၏ အစီအစဉ်တိုင်းကို ကြည့်ခြင်းအားဖြင့် ပြော ဆိုခြင်းဖြစ်ပြီး၊ ကျရှုံးခြင်းမှ ပြောဆိုခြင်းမဟုတ်ပေ။ “အာဒံကိုရှေးဦးစွာ ဖန်ဆင်းတော်မူ၍ နောက်မှ ဧဝကိုဖန်ဆင်းတော်မူ၏” (၁ တိ ၂း၁၄)။ အမျိုးသားများ သည် ဦးခေါင်းဖြစ်ခြင်း၏ အခြေခံသဘောတရားကို ဖန်ဆင်းခြင်း၌ တွေ့ရသည်။ ဦးခေါင်းဖြစ်ခြင်းအရာသည် အာဒံ၏အပြစ်အကျိုးဆက်ကြောင့် အပြစ်တရား ၏ အသီးအပွင့်မဟုတ်ပေ။ နှုတ်ကပတ်တော် သွန်သင်သောအရာမှာ အမျိုး၊ သားများသည် အိမ်ထောင်မိသားစုနှင့် အသင်းတော်၌ ဦးခေါင်းများဖြစ်ကြ၍၊ ဘုရားသခင်၏ စီစဉ်ခန့်ထားခြင်းကြောင့် ဖြစ်သည်။ ယနေ့ခေတ်လူတို့သည်ဘုရားသခင် စီစဉ်ထားသည့် ဖိုမကွဲပြားခြင်းကို ဝန်ခံကြလျှင် အမျိုးသားနှင့် အမျိုးသမီးတို့သည် ပို၍ပျော်ရွှင်မှုများရရှိခြင်း၊ အသင်းတော်သည်လည်း ပိုမိုကျန်းမာလာကာ၊ အိမ်ထောင်ရေးသည် ပိုမိုခိုင်ခံ့သာယာလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သည်။
အာဒံသည် လူသားအားလုံးကိုယ်စားပြုပြီး လူသားအားလုံး၏ ဦး ခေါင်းလည်းဖြစ်သည်။ ဧဝသည် အာဒံနှင့် ဝိညာဉ်ရေးရာ၊ စိတ်ဓာတ်ရေးရာ၌ တူညီသော်လည်း အာဒံ၏ လမ်းပြမှုအောက်၌ ရှိနေခဲ့သည်။ သူမသည် အာ အတွက် အထောက်အမကောင်းတစ်ဦးဖြစ်ပြီး၊ အာဒံ၏ ကျွန်မလည်းမဟုတ်၊ ကြီးကြပ်သူလည်း မဟုတ်ပေ။ အာဒံ၏ အထောက်အမဟု ခေါ်ခြင်းသည် နှစ်ဦးနှစ်ဖက် ဖြည့်ဆည်းခံလက်တွဲဖော်များ ဖြစ်ကြသောအကြောင်းကို ဆိုလိုသည်။ ဧဝသည် အာဒံထက် နိမ့်ကျနေခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ၊ အာခံ ၏ ဦးဆောင်မှုနောက်မှ လိုက်လျှောက်အသက်ရှင်ခြင်းဖြင့် ဝန်ခံသော အသက် တာကို ဆိုလိုသည်။
အာဒံ၏ဦးဆောင်မှုအောက်၌ နေခြင်းနှင့် တန်းတူဖြစ်ခြင်းသည် မည် သည့်အရာဖြစ်သနည်း။ နှစ်ခုစလုံးသည် အမှန်ပင်ဖြစ်သည်။ ဤအရာသည် သုံးပါးတစ်ဆူတည်းသော ဘုရားသခင်၌ မည်သည့်ပုံစံဖြင့် တစ်ဦးနှင့်တစ်ဦး ဆက်ဆံပြီး၊ တစ်ဦး၏ဦးခေါင်းဖြစ်ခြင်းအောက်၌ ကျန်တစ်ဦးက မည်သို့ ဆက် ကပ်သည်ကို ဖော်ပြပေးသည်။ ခရစ်တော်ဘုရားသခင်သည် အဖခမည်းတော် ဘုရားထက် နှိမ့်ကျခြင်းမရှိပေ။ “အကြောင်းမူကား ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော် မူ၏” (ကော ၂း၉)။ သူသည် ထာဝရဘုရားသခင် ဖြစ်၍၊ “ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်” (ဖိ ၂း၆)။ ယေရှုက “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်း ဖြစ်သည်ဟုမိန့်တော်မူ၏” (ယော ၁၀း၃၀)။ ယေရှု ခရစ်သည် ထာဝရမှထာဝရအထိ ဘုရားသခင်နှင့်အတူရှိတော်မူ၍၊ ဘုရား သခင်လည်းဖြစ်တော်မူသည်ဟု ရှင်ယောဟန်က ရှင်းလင်းစွာဖော်ပြသည် (ယော ၁း၁-၂)။ သုံးပါးတစ်ဆူတည်းသော ဘုရားသည် (အဖခမည်းတော်၊သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်) သမ္မာကျမ်းသွန်သင်သော စစ်မှန် သောဘုရား ဖြစ်သည်။ တစ်ဦးချင်းသည်လည်း ဧကန်အမှန်ဘုရားဖြစ်ပြီး တူညီသော ပင်ကိုယ်အရည်အသွေးရှိကြသည်။ သို့သော်လည်း သားတော်ဘုရား သည် ခမည်းတော်ဘုရား ဦးဆောင်ခြင်းအောက်၌ လုံးဝဆက်ကပ်သည်။
ယေရှုက “ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင် … ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့လိုက်၏” (ယော ၅း၃၀)။ “ငါ့ကိုစေလွှတ်တော်မူသောသူ…(၏) နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ် ငါပြုသည်” (ယော ၈း၂၉) ဟု ဆိုသည်။
ရှင်ပေါလုသည် ရှင်းလင်းသောနှိုင်းယှဉ်ခြင်းတစ်ခုကို ဖော်ပြသည်။ ခရစ်တော်သည် အဖခမည်းတော်၏ အလိုတော်ကို ဝန်ခံသကဲ့သို့ ဇနီးသည် ဆန္ဒရှိစွာ သူ၏ခင်ပွန်းအလိုကို ဝန်ခံခြင်း ပြုရမည်။ “ယောက်ျား၏ဦးခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ဦးခေါင်းကား ယောက်ျားဖြစ် သည်ကိုလည်းကောင်း၊ ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင်ဖြစ်တော်မူ သည်ကို လည်းကောင်း၊ သင်တို့သိမှတ်စေခြင်းငှါ ငါအလိုရှိ၏” (၁ ကော ၁၁း၃)။ လူနှစ်ဦးသည် အမှန်တကယ်တူညီသော လူများဖြစ်သော်လည်း၊ ဆက် ဆံရာ၌ တစ်ဦးသည် ကျန်တစ်ဦး၏ ဦးခေါင်းဖြစ်ခြင်းအောက်၌ မည်သို့ အသက် ရှင်ခြင်းအကြောင်းကို သင်အံ့ဩနေလျှင်၊ သုံးပါးတစ်ဆူဩဝါဒ အကြောင်းကိုလေ့လာပါ။ ထို့ကြောင့် ဘုရားသခင်ကိုယ်တိုင်က ဤကဲ့သို့သောဆက်ဆံခြင်းကို ပုံသွင်းခဲ့သည်။
ဧဝဖန်ဆင်းခြင်းသည် လူသားများအတွက် နိယာမတစ်ခုဖြစ်သည်။ ထိုအရာမှာ ယောက်ျားနှင့် မိန်းမသည် တူညီသော ပင်ကိုယ်အရည်အသွေးများ ရှိသော်လည်း မတူကွဲပြားသော ဝတ္တရားများရှိကြသည်။ မိန်းမများသည် ဝိညာဉ်အရာနှင့် အသိဉာဏ်စွမ်းရည်၌ ယောက်ျားထက်နှိမ့်ချနေသူများ မဟုတ်သော်လည်း၊ မတူကွဲပြားသောရည်ရွယ်ချက်ဖြင့် ဖန်ဆင်းခံသူများ ဖြစ် ကြသည်။ မိသားစုနှင့်အသင်းတော်အရေး၌ သမ္မာကျမ်းပြောပြချက်နှင့်အညီ အမျိုးသမီးများသည် အမျိုးသားများ၏ အခွင့်အာဏာ၌ ဝန်ခံရမည်ဟုဆိုသည်။
အခြားတဘက်မှာ နှုတ်ကပတ်တော်သည် အမျိုးသမီးများကို အမျိုးသားများ အပေါ် မြှင့်တင်ချီးမွမ်းပြီး၊ သူတို့သည် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်၊ ဘုန်း အသရေတော်ကိုဆောင်သော သူများလည်း ဖြစ်သည် (၁ ကော ၁၁း၇)။
ထို့ကြောင့် ဧဝ၏တာဝန်ဝတ္တရားသည် ဖန်ဆင်းခြင်းမတိုင်မှီနှင့် အပြစ် တွင်း၌ကျရောက်သွားခြင်း နောက်တွင်လည်း အတူတူပင်ဖြစ်သည်။ သူမသည် ခင်ပွန်းဦးဆောင်မှု၌ရှိသော်လည်း၊ အာဒံထက် ဘုန်းကြီးစွာဖြင့်ဖန်ဆင်းခြင်းခံရ ပြီး၊ မိမိခင်ပွန်း၏ တန်ဖိုးထားချီးမြှောက်ခြင်းခံရသည်။ ထိုသူနှစ်ဦးတို့သည် ဧဒင်ဥယျာဉ်ကြီး၌ ပေါင်းဖော်၍ အဖော်မွန်နှင့်လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြ သည်။ ဘုရားသခင်ကလည်း အာဒံအား လူသားအားလုံး၏ဦးခေါင်းကဲ့သို့ ဆက် ဆံ၍၊ ဧဝသည်လည်း ခင်ပွန်းပေါ်၌ တာဝန်ရှိသည်။ ဧဝကို အစေခံကျွန် သဖွယ် အိမ်တွင်းကျွန်ကဲ့သို့ ဆက်ခံခြင်း လုံးဝမရှိခဲ့ပေ။
ဤသို့ဖြင့် အာဒံနှင့်ဧဝသည် ပျော်ရွှင်ဖွယ်ကောင်းသည့် ပြီးပြည့်စုံသော ပရဒိသုဘုံ၌ နေထိုင်ကြပြီး၊ ဘုရားသခင်ဖြစ်စေလိုသော လင်မယားဖြစ်ကြ သည်။
သို့သော်ဤအရာအားလုံးသည် အပြစ်တရားကြောင့် ပျက်ဆီးသွားရ သည်။ ဧဝသည်လည်း မာရ်နတ်၏အသုံးတော်ခံဖြစ်လာပြီး၊ ပျော်ရွှင်မှုအားလုံး ပျောက်ကွယ်ပြီးနောက်ဆုံးတွင် ဝမ်းနည်းစွာဖြင့် သွေးဆောင်ခြင်း နှင့် ကျရှုံးမှုကို အာဒံအား ခံစားစေလိုက်ရသည်။
သူမကို သွေးဆောင်ခြင်း
ကမ္ဘာဦးကျမ်း ၂း၂၅ ကိုကြည့်လျှင် အပြစ်ကင်းစင်သော ဧဒင်ဥယျာဉ် ပရဒိသုဘုံအကြောင်းတွေ့ရသည်။ “ထိုသူ လင်မယားနှစ်ဦးတို့သည် အဝတ် မဝတ်ဘဲနေ၍ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏။”
ကမ္ဘာဦးကျမ်း ၃ သည် မြွေ၏စုံစမ်းသွေးဆောင်ခြင်းနှင့် အစပြုသည်။ ဤမြွေသည် စာတန်ဖြစ်ကြောင်းရှင်းလင်းစွာ မဖော်ပြသော်လည်း၊ သူသည်တွားတတ်သောသတ္တဝါ သဖွယ်ထင်ရှားသည်။ သို့သော် ဗျာဒိတ်ကျမ်းသည် ဤသတ္တဝါကို စာတန်မာရ်နတ်ဟု အခိုင်အမာပြောဆိုထားသည် (ဗျာ ၁၂း၉၊ ၂၀း၂)။
စာတန်သည် ကောင်းကင်တမန်ဖြစ်ပြီး အပြစ်ကြောင့် ကောင်းကင်မှ ကျလာသောသူဖြစ်သည်။ ဟေရှာ ၁၄း၁၂-၁၅ နှင့် ယေဇ ၂၈း၁၂-၁၉ တွင် စာတန်သည် ကောင်းကင်တမန်တစ်ဦးဖြစ် ကြောင်းဖော်ပြပြီး၊ သူသည် ဖန် ဆင်းခြင်းခံရသူအားလုံးထက် ကြီးမြတ်သောသူ၊ ဘုန်းအသရေနှင့် ပြည့်စုံသော သူဖြစ်ကြောင်း ဖော်ပြသည်။ ထိုကောင်းကင်တမန်သည် စာတန်ဘဲဖြစ်နိုင် သည်။ စာတန် ဘယ်အချိန်၌ကျရှုံး၍ မည်သည့်အကြောင်းကြောင့် ကျရှုံးသွား သည်ကို တိကျစွာ ကျွန်ုပ်တို့မသိရပေ။ သို့သော်လည်း ကမ္ဘာဦးကျမ်း ၂ အတွင်း ဖြစ်နိုင်ချေရှိပြီး၊ အကြောင်းမှာ ကမ္ဘာဦးကျမ်း ၁ ၏ နိဂုံးပိုင်းကြည့်လျှင် မြင်ရသော စကြဝဠာနှင့် မမြင်ရသောဝိညာဉ်ကမ္ဘာ (spiritual world) သည် ပြည့်စုံပြီး အပြစ်တင်စရာမရှိ စင်ကြယ်သန့်ရှင်းခြင်းများရှိသည်။ “ဘုရားသခင်သည် မိမိ ဖန်ဆင်းသမျှသော အရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော် မူ၏”(က ၁း၃၁)။ သို့သော် က ၃း၁ တွင် မြွေကို ချက်ချင်းတွေ့ရသည်။ ဖန် ဆင်းခြင်းအဆုံးနှင့် စာတန်ကျရှုံးခြင်း နှစ်ခုကြား အချိန်ကာလသည် တိုတောင်းသောအချိန်ကာလ ဖြစ်နိုင်သည်။ ထိုနည်းတူ သူ၏ကျဆုံးခြင်းနှင့် ဧဝအား သွေးဆောင်မှုကြားကာလသည် တိုတောင်းသောအချိန်ဟု ယူဆရသည်။ ရက် အနည်း (သို့) နာရီအနည်းငယ်အတွင်း ဖြစ်သည်ဟု ခန့်မှန်းရသည်။ အာဒံနှင့် ဧဝသည် ကလေးမရသေးသောကြောင့် ကြာရှည်သောအချိန် မဟုတ်နိုင်ပေ။
ဤသို့ဖြင့် မာရ်နတ်သည် အချိန်ကိုမဖြုန်းဘဲ ဧဝကို သွေးဆောင်ခဲ့ပြီး၊ သူမ၏ ခင်ပွန်းကိုလည်း အပြစ်သို့ ကျဆုံးစေခဲ့သည်။ စာတန်သည် လူသား အားလုံး၏ ဦးခေါင်းကိုနင်း၍၊ သားသမီးများမရခင်မှာ သတ်ဖြတ်ရန် ကြိုးစားခဲ့ ခြင်းဖြစ်သည်။ ဧဝကို သွေးဆောင်ပြီး၊ ဘုရားသခင်စကားကို နားမထောင်ခြင်း၊ ငှာ ဦးခေါင်းဖြစ်သောအာဒံကို သွေးဆောင်နိုင်လျှင် လူသားအားလုံးကို လုံးဝ အနိုင်ယူပြီးပြီဟု စာတန်မှတ်ယူခဲ့သည်။
ကမ္ဘာဦးကျမ်း ၃း၁-၇ တွင် ပြည့်စုံစွာ ဖော်ပြထားသည် –
“မြွေသည် ထာဝရအရှင်ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရစ္ဆာန် တကာတို့ထက် လိမ္မာသည် ဖြစ်၍ မိန်းမအား သင်တို့သည် ဥယျာဉ်၌ ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင် မိန့်တော်မူသလောဟု မေး၏။ မိန်းမကလည်း ငါတို့သည် ဥယျာဉ်ရှိသော အပင်တို့၏ အသီးကိုစားရ သောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၌ အသီးကိုကား သင်တို့သည် မကိုင်မစားဘဲ နေကြလော့။ သို့မဟုတ် သေမည်ဟုဘုရားသခင် အမိန့်တော်ရှိသည်ဟုမြွေအား ဆို၏။ မြွေကလည်း သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူ ကား ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို ဘုရား သခင်သိတော်မူသည်ဟု မိန်းမသားဆို၏။ ထိုအပင်သည် ဘွယ်ကောင်းခြင်း၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေ လိုသောငှာ နှစ်သက် ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင် အသီးကို ယူ၍ စား၏။ မိမိခင်ပွန်းအားလည်း ပေး၍ သူသည်လည်း စား၏။ ထိုသူနှစ်ယောက် တို့သည် မျက်စိပွင့်လင်း၍ မိမိတို့၌ အဝတ်ချည်းစည်းရှိသည်ကို သိမြင် လျှင် မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင် အရွက်တို့ကို ချုပ်စပ်၍ ခါးစည်း ကိုလုပ်ကြ၏။”
စာတန်သည် ဧဝကို လှည့်ဖျားရန် ပါးနပ်စွာ ချဉ်းကပ်လာသည်။ ဧဝသည် အာဒံနှင့် အတူသွားလာခြင်း မရှိသောအချိန်၌ မြွေသည် ဧဝထံလာရောက်၍ သွေးဆောင်ခဲ့သည်။ အားနွဲ့သောမိန်းမဖြစ်သည်နှင့်အလျှောက်၊ မိမိအမျိုးသားမရှိသည့်အချိန်၌၊ ဧဝသည် ဘုရားသခင်တားမြစ် ထားသော သစ်ပင်၏အနီးမှာနေခြင်းသည် စာတန်အတွက် အကောင်းဆုံးသောအချိန် ဖြစ်လေသည်။
မြွေကြီးပြောသောစကားသည် ယုတ္တိမရှိကြောင်းနှင့် တစ်စိတ်တစ်ပိုင်း သာ မှန်ကန်ကြောင်းသိရ သည်။ အသီးကိုစားသုံးခြင်းဖြင့် သူမ၏ မျက်လုံးဖွင့်၍ ကောင်း၊ မကောင်းကို နားလည်လာလိမ့်မည်။ သူမ၏ ရိုးရှင်းသောစိတ်သည် မြွေ၏ လှည့်ဖြားခြင်းကို ယုံလွယ်ခဲ့သည်။
က ၃း၁ တွင် လူသားများကို စာတန်သည် မည်ကဲ့သို့ဖြားယောင်းခဲ့ သည်ကို ဖော်ပြသည်။ “ဘုရားသခင်အမှန်တကယ်ပြောရဲ့လား” ဟု စာတန်က မေးခဲ့သည်။ သူ၏မေးခွန်းသည် သံသယဝင်ရန် တွန်းအားပေးနေသည်။ မြွေသည်လည်း ဆရာပီသစွာ လုပ်ဆောင်နေသည်။ စာတန်သည် ဘုရားသခင် ၏ စကားတော်ကို မေးခွန်းထုတ်ပြီး ဘုရားသခင်၏ နှုတ်တော်ထွက်ကို သံသယ ရှိစေကာ ဘုရားသခင်အကြံအစည်တော်ကို မယုံသင်္ကာ ဖြစ်လာစေသည်။
နှုတ်ကပတ်တော်ကို မှားယွင်းသောအဓိပ္ပာယ်နှင့် ပြောဆိုပြီး၊ “သင် တို့သည် ဥယျာဉ်၌ ရှိသမျှသောအပင်တို့၏ အသီးကိုမစားရဟု ဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟု မေး၏” (၃း၂)။ သို့သော် ဘုရားသခင်၏ စကားသည် အာဒံအား ပြောဆိုသည်မှာ “ထာဝရအရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး ထိုဥယျာဉ်၌ ရှိသမျှသော အပင် တို့၏အသီးကို သင်သည်စားရသောအခွင့်ရှိ၏” (၂း၁၆-၁၇)။ သို့သော်လည်း မြွေသည် ဘုရားသခင်၏စကားကို အဓိပ္ပာယ်လွဲအောင်လုပ်ခဲ့ပြီး (“… အပင် တို့၏အသီးကိုမစားရ)၊ ဘုရားသခင်အား ကပ်စီးနည်းသောသူအဖြစ် မြင်ရန် ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုခြင်းအားဖြင့် မြွေသည် ဘုရားသခင်၏ မိန့်မှာချက်ကို အဓိပ္ပာယ်လွဲအောင် ပြုလုပ်ခဲ့သည်။
ဖြစ်နိုင်ချေမှာ ဧဝသည်ဘုရားသခင်တားမြစ်ချက်ကို ဘုရားသခင်ထံမှ တိုက်ရိုက်မဟုတ်ဘဲ၊ သူမ၏ခင်ပွန်းသည်မှ ကြားခဲ့သည်။ က ၂း၁၆-၁၇ တွင် ဘုရားသခင်သည် ဤတားမြစ်ခြင်းကို ဧဝကို မဖန်ဆင်းချိန်၌ အာဒံအား ပြောပြ ထားသည်။ ဤအကြောင်းအရာသည် သမ္မာကျမ်းဖော်ပြသည့်အတိုင်း အာဒံ သည် လူသားအားလုံးကို စစ်မှန်သောကိုယ်စားပြုသောသူဖြစ်သည်။ အာဒံ သည် တာဝန်အပြည့်အဝရှိကြောင်း သိရသည်။
ဧဝကို ကာကွယ်၊ သွန်သင်၍ဦးဆောင်ရမည်မှာ သူ၏တာဝန်ဖြစ်သည်။ သို့သော် ဧဝသည် အာဒံ၏ ကာ ကွယ်ခြင်းအောက်၌ မနေခြင်းသည် စာတန်အတွက် အခွင့်ကောင်းဖြစ်လာ သည်။
အပြစ်မရှိသောဧဒင်ဥယျာဉ်ကြီးတွင် ဘေးအန္တရာယ်ပြုစေမည့် အရာ များ ရှိမည်ကို ဧဝ သတိမထား မိပေ။ သူမသည် သစ်ပင်ကို ကြည့်ရုံခြင်းဖြင့် အပြစ်မလုပ်သလို၊ မြွေသည်လည်းသိ၍၊ ဘုရားသခင်သည်လည်း မတားမြစ်ခဲ့ ပေ။ ထို့ပြင် က ၃း၃ ၌ ဧဝပြောသောအရာနှင့် ဆန့်ကျင်ဘက်ဖြစ်သော ထို အပင်ကို ထိတွေ့ဖို့ရန်လည်း မတားမြစ်ခဲ့ပေ။ သူမသည် ဘုရားသခင် တားမြစ် ချက်တစ်ခုကို ချဲ့ထွင်ပြောဆိုခြင်းဖြစ်သည်။
ဧဝသည် ဘုရားသခင်၏သတိပေးချက်ကို လျော့တွက်ထားပြီး “စား သောနေ့၌ ဧကန်အမှန်သေရမည်” ဆိုသည့် အချက်ကို (က ၂း၁၇) သို့မဟုတ် သေမည်” ဟု စကားလုံးပြောင်းခဲ့သည် (က ၃း၃)။
ဤအခြေအနေ၌ သူမသည် စိတ်ရှုပ်ထွေး၍ နားလည်နိုင်ခြင်းစွမ်း အားမရှိပေ။ သူမသည် ရည်ရွယ်ချက်ရှိရှိနှင့် ဘုရားသခင်၏စကားကို မှားအောင်ပြောဆိုခြင်းတော့ မဟုတ်ပေ။ သူမ၏လုံခြုံမှုအတွက် အာဒံသည် တား မြစ်ထားသောအပင်ကို မထိရန် အကြံပေးခဲ့သည်လည်း ဖြစ်ကောင်းဖြစ်နိုင် သည်။ မည်သို့ပင်ဖြစ်စေကာမူ ထိုအပင်ကို ကြည့်ခြင်းဖြင့် ဧဝသည် ပြစ်မှားခြင်း မရှိခဲ့ပေ။ သူမသည် ထိုအပင်နှင့်ပတ်သက်၍ စူးစမ်းသိလိုသောစိတ်ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်လိမ့်မည်။ ထိုသို့ဖြင့် အပင်ကို ဧဝကြည့်နေသည့်အချိန်ကို စာတန် သည် အခွင့်ကောင်းယူပြီး၊ သူမကို လှည့်ဖြားခဲ့သည်။ ထိုနောက် ဧဝအားဖြင့် အာဒံကိုလည်း သွေးဆောင်ခဲ့သည်။
ဒုတိယအကြိမ် မြွေသည် ဧဝကိုစကားပြောစဉ် ဘုရားသခင်၏ စကား ကို သံသယရှိစေရန်ပြုလုပ် သည်သာမက၊ အာဒံထံသို့ ဘုရားသခင် ပြောသော စကားနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ အာခံထံ ဘုရားသခင်ပြောသော စကားမှာ “ထိုအပင်၏အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်ဟု လူကိုပညတ်ထားတော်မူ၏” (က ၂း၁၇)။ သို့သော် စာတန်သည်
ထိုစကားနှင့်ဆန့်ကျင်သော စကားပြောဆိုသည်မှာ “မြွေကလည်း သင်တို့သည် ဧကန်အမှန်သေရမည် မဟုတ်” (က ၃း၄)။
ထိုနောက် စာတန်သည် ဧဝအား ပို၍ရှုပ်ထွေးစေရန် ပြောဆိုပြီး၊ ထိုအပင်အသီးကိုစားလျှင် “ထိုအသီးကိုစားသောနေ့၌ သင်တို့သည် မျက်စိပွင့် လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင် ကဲ့သို့ဖြစ်ကြလတံ့သည်ကို ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆိုလေ၏” (က ၃း၅)။ ဤအရာသည် တစ်စိတ်တစ်ပိုင်းမှန်သောအရာ ဖြစ်သည်။ ဤအသီးကို အမှန်တကယ်စားခဲ့ လျှင် ကောင်းမကောင်းသိလာမည်ဖြစ်သည်။ တစ်ခြားစကားလုံးနှင့်ဆိုသော် သူမ၏အပြစ်ကင်းစင်ခြင်းကို သူဆုံးရှုံးမည်ဖြစ်သည်။
မြွေပြောသောစကားများတွင် ဖျားယောင်းလှည့်ဖျားခြင်း သက်သက် ဖြစ်သည်။ ယနေ့ထိတိုင်အောင် စာတန်သည်လူများကို ဤသို့လှည့်ဖျားခြင်းမျိုး ဖြင့် ဆက်လက်သွေးဆောင်နေသည်။ စာတန်ကိုယ်တိုင်သည်လည်း မိမိကိုယ်ကို လှည့်ဖျားခြင်းခံရပြီး၊ အပြစ်သို့ကျဆုံးခဲ့သည်။ ဤလှည့်ဖျားခြင်း- “သင်တို့သည် ဘုရားသခင်ကဲ့သို့ဖြစ်လိမ့်မည်” ဟူသောစကားသည် မကောင်းသော အရာ အားလုံးကို ခြုံငုံပြောဆိုသည်။
သို့သော် အပင်၏အသီးစားခြင်းဖြင့် ဧဝသည် ဘုရားကဲ့သို့ ဖြစ်မလာ စေဘဲ၊ စာတန်ကဲ့သို့ ကျရှုံးသောသူ၊ ပျက်စီးသောသူ၊ မကောင်းသောအမှုပြု သောသူ ဖြစ်လေသည်။
ဧဝသည် လိမ်လည်ခြင်းခံရခြင်းကို ကျမ်းစာက “ထိုအပင်ကိုတွေ့သော အခါ ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလှခြင်း၊ ပညာတိုးပွားစေလိုသောငှာ၊ နှစ်သက်ဖွယ်သော အပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင် အသီးကို ယူ၍စား၏”(၃း၆) ဟု ဖော်ပြသည်။ သူမ၏ စိတ်ရှုပ်ထွေးမှုအရာများကို သတိ ပြုရမည်မှာ – ခန္ဓာကိုယ်၏တပ်မက်ခြင်း (စားဘွယ်ကောင်းခြင်း)၊ မျက်စိ၏ တပ်မက်ခြင်း (အဆင်းလှခြင်း) နှင့် မိမိဉာဏ်၏စမ်းသပ်လိုခြင်း (ပညာတိုးပွား စေလိုသောငှာ)၊ တို့ဖြစ်သည်။ ဤအရာ အားလုံးသည် ကောင်းသည့်အရာ နှင့် ကျန်းမာသည့်အရာဖြစ်သည်။ သို့သော် အလိုဆန္ဒ၏ရည်ရွယ်ချက်သည်အပြစ်လဲသို့ကျရောက်စေလျှင် စိတ်၏တပ်မက်ခြင်းဖြစ်လာသည်။ စိတ်၏ တပ်မက်ခြင်း အကျိုးရလာဒ်ကောင်းများ မရရှိနိုင်ပေ။ ရှင်ယောဟန်က ၁/ယော ၂း၁၆ တွင် “လောက၌ ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယ တပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာစပ်ဆိုင်ကြ၏” သတိပေးခဲ့သည်။
ဧဝသည် ထိုအသီးကိုစား၍ မိမိခင်ပွန်းသည်ကိုလည်း ပေး၏။ ထိုစဉ် တွင် အားခံသည် ဧဝကို လိုတားမြစ်သောသစ်ပင်အနီးနား၌ တွေ့ရသည်ဟုသော်လည်းကောင်း၊ သူကိုယ်တိုင်ရှာ၍ တွေ့ သည်ဟူ၍ လည်းကောင်း နှုတ် ကပတ်တော် ဖော်ပြထားခြင်းမရှိပေ။ ရော ၅း၁၂ ကိုဖတ်လျှင် “ဤအကြောင်း အရာမူကား အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့ လည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရလေ၏။” ဤအရာသည် ဗီဇအပြစ် (original sin) ဩဝါဒ ဟုခေါ်သည်။ ဗီဇအပြစ်ဩဝါဒသည် ခရစ် ယာန် ဓမ္မအတွေးအမြင်များထဲမှ အခြေခံအုတ်မြစ်ကျသော၊ အလွန်ရေးကြီး သော သွန်သင်မှုတစ်ခုဖြစ်သောကြောင့် ဧဝအကြောင်းမှ သိနားလည်ရန် လေ့လာရမည်။
ဧဝသည် ထိုအပင်၏အသီးကို ဦးစွာစားသုံးသော်လည်း၊ အာဒံသည် အပြစ်တွင်းသို့ ကျရှုံးသွားခြင်းသည် လူသားအားလုံး အပြစ်ထဲသို့ ကျရောက် စေသည်။ ဘာကြောင့် အာဒံသည် အပြစ်တင်ခြင်းခံရသနည်းဟု တချို့က မေးလေ့ရှိသည်။ ဧဝသည် တားမြစ်ထားသော အသီးကိုစား၍ အဦးဆုံး ဖြား ယောင်းခြင်းကို ဖြစ်ပေါ်လာစေခြင်းဖြစ်သည်။ ထို့ပြင် သူမသည် ကနဦး သွေး ဆောင်ခြင်းကို ခံရသူဖြစ်ပြီး၊ မိမိတပ်မက်မှုကိုဦးစားပေးခဲ့ခြင်းဖြင့် ဘုရား သခင်၏စကားတော်ကို ငြင်းပယ်ခဲ့သူဖြစ်သည်။ အာဒံ၏ အပြစ်သည် လူသားများ၏ ဗီဇအပြစ်ဟု အဘယ့်ကြောင့် မှတ်ယူကြသနည်း။
၁ တိ ၂း၁၄ တွင် ရှင်ပေါလုပြောသောစကားကို မှတ်ထားရမည်။ “ထိုမှတစ်ပါး အာဒံသည် လှည့်ဖြားခြင်းကိုမခံ၊ မိန်းမသည် လှည့်ဖျားခြင်းကိုခံ၍လွန်ကျူး၏။” အာဒံသည် သိရက်နှင့်ပြုလုပ်ခြင်း၊ နာမခံခြင်းဖြစ်၍၊ ဧဝ၏ အပြစ်မှာမူ လှည့်ဖြားခံရခြင်းဖြစ်ကြောင်းသိရသည်။ သို့သော် ဧဝပေးသော အသီးကိုယူ၍ စားသောအချိန်တွင် အာဒံသည်ဘုရားသခင်အား လုံးဝဆန့်ကျင် ကြောင်းသိခဲ့သည်။
ဧဝ၏အပြစ်ကြောင့်မဟုတ်ဘဲ၊ အာဒံအပြစ်တွင်းသို့ ကျရောက်ခြင်း၊ ကြောင့် လူသားအားလုံးကို အပြစ်တွင်းသို့ ကျရောက်စေသောသူဖြစ်ကြောင်း ပို၍စဉ်းစားဆင်ခြင်ရမည့် အရာများရှိသည်။ အာဒံသည် ထူးခြားစွာ ဖန်ဆင်း ထားခြင်းဖြစ်ပြီး မိသားစု၏အစနှင့် လူသားအားလုံး၏ ဦးခေါင်းဖြစ်သောကြောင့်ဖြစ်သည်။ အာဒံသည် လူသားများအားလုံးအတွက် ထူးခြားသော ဦး ခေါင်းနေရာ၌ နေရာယူထားခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သူ့အား မိမိအတွက်သော်လည်းကောင်း၊ လူသားအားလုံးအတွက်သော်လည်းကောင်း၊ မိမိဇနီးအတွက်သော်လည်းကောင်း တာဝန်ယူခိုင်းသည်။ ထိုသို့ဖြင့် အာဒံအပြစ်ပြုလုပ်မိသည့်အခါ ဘုရားသခင်ရှေ့၌ ကျွန်ုပ်တို့သည်လည်း အပြစ် ပြုမိသည်။ အကြောင်းမှာ သူသည် ကျွန်ုပ်တို့၏ ကိုယ်စားပြုသောသူဖြစ်သောကြောင့် ဖြစ်သည်။ သူသည် အပြစ်သို့ကျရောက်သောအခါ ကျွန်ုပ်တို့သည် လည်း ကျရောက်သွား၏။ နှုတ်ကပတ်တော်ပြောဆိုသည်မှာ လူသားအားလုံး သည် မွေးလာကတည်းကပင် အပြစ်သားများဖြစ်သည်ဟုဆိုသည် (က ၈း၂၁၊ဆာ ၅၁း၅၊ ၅၈း၃)။ ထို့ပြင် အာဒံ၏ အပြစ်နှင့်တရားစီရင်ခြင်းသည်လည်း ငါတို့အပေါ်သို့ ကျရောက်သွားသည် (ရော ၅း၁၈)။
တစ်နည်းဆိုသော် လူအများထင်မှတ်ခြင်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေ သည်မှာ လူသားအားလုံးသည် မိမိကိုယ်တိုင်တစ်ဦးချင်း အပြစ်တွင်းသို့ ကျ ရောက်သည်မဟုတ်ပါ။ သို့သော် အာဒံသည် လူသားအားလုံး၏ ကိုယ်စားလှယ် ဖြစ်သောကြောင့် သူ့အပြစ်သည် လူတိုင်း၌ကျရောက်သည်။ ထို့ကြောင့် အာဒံ ၏ အပြစ်တစ်ခုပြုလုပ်ခြင်းဖြင့် လူသားအားလုံးသည် အပြစ်သားများ ဖြစ်ရ သည်။ ရော ၅း၁၉ တွင် “အကြောင်းမူကား တစ်ယောက်သောသူသည် နား မထောင်သောအားဖြင့် လူအများတို့သည် အပြစ်ရောက်သည်နည်းတူ တစ်ယောက်သော သူသည် နားထောင်သောအားဖြင့် လူအများတို့သည် ဖြောင့် မတ်ရာသို့ ရောက်ရကြ၏။” အာဒံ၏သားသမီးများသည်လည်း သူပြုလုပ်သော အပြစ်ကြောင့် စီရင်ခြင်းခံရသည်။ ထို့ကြောင့် သက်ရှိလူသားများအားလုံးသည် ဧဝ၏အပြစ်ကြောင့်မဟုတ်ဘဲ၊ အာဒံ၏အပြစ်ကြောင့် အပြစ်ရှိသောသူ ဖြစ်ကြ သည်။
အာဒံသည် လူသားအားလုံး၏ ဦးခေါင်းဖြစ်သည်ဆိုသည့် အခြေခံ ဩဝါဒကိုနားမလည်လျှင် ဗီဇအပြစ်အကြောင်းကို နားလည်ရန်ခက်ခဲပေမည်။ ထို့ပြင် ဤအရေးကြီးသော ဗီဇအပြစ်ဩဝါဒကို နားမလည်လျှင် နှုတ်ကပတ်တော်ကိုလည်း နားလည်မည်မဟုတ်ပါ။ ဧဝံဂေလိ သတင်းကောင်းသည်လည်း ကိုယ်စားလှယ်ဖြစ်ခြင်း (ဦးခေါင်းဖြစ်ခြင်း) နိယာမအပေါ်မှာ တည်ရှိနေသည်။ သမ္မာကျမ်းပြောဆိုသည့်အရာမှာ အာဒံသည် လူသားများ၏ ဦးခေါင်းဖြစ်သည် ဟု ဆိုသကဲ့သို့ ခရစ်တော်သည်လည်း သူရွေးနှုတ်ထားသောသူများအတွက် ဦးခေါင်းဖြစ်သည် (ရော ၅း၁၈၊ ၁ ကော ၁၅း၂၂)။ အာဒံသည် ငါတို့အား ကိုယ်စားပြုလျက် သူ့အပြစ်ကို ငါတို့အပေါ်သို့ ကျရောက်စေသကဲ့သို့၊ ယေရှု ခရစ်တော်သည်လည်း မိမိကိုယုံကြည်သောသူများအတွက် ကိုယ်စားလှယ် (ဦးခေါင်းဖြစ်ခြင်း)အဖြစ် ရပ်တည်ပြီး၊ သူတို့၏အပြစ်များကို ပေးဆပ်ခဲ့သည်။ ဘုရားသခင်၏ မျက်မှောက်တော်၌ မိမိချစ်သော လူသားများအတွက် ရပ်တည် ညီညွတ်စေသည်။ အာဒံဆုံးရှုံးသောအရာများကို ခရစ်တော်သည် ပြုလုပ်ပြီး၊ ယုံကြည်သူများကိုယ်စား ဘုရားသခင်၏စကားကို နားထောင်ခဲ့သည်။ ထို့ကြောင့် ရော ၅း၁၉ တွင် “တစ်ယောက်သောသူသည် နားထောင်သောအား ဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ကြရ၏။” တစ်နည်းဆိုသော် သခင်ယေရှု၏ ဖြောင့်မတ်ခြင်းသည် ကျွန်တော်တို့၏ ဖြောင့်မတ်ခြင်းဖြစ်လာ သည်။ အကြောင်းမှာ သူသည် ငါတို့နေရာကို သူယူပြီး၊ ယုံကြည်သော သူများ ကိုယ်စားအဖြစ် ဖြစ်သောကြောင့် ဖြစ်သည်။ ဤအရာသည် ဧဝံဂေလိသတင်း ကောင်း အနှစ်ချုပ်လည်း ဖြစ်သည်။
ဧဝ၏ အပြစ်သည် အာဒံသိလျက်နှင့် ပြုသည့်အပြစ်နှင့်မတူသော ကြောင့် သူသည် အပြစ်တင်ခြင်းနှင့်ကင်းလွတ်မည်ဟု မထင်မမှတ်ရ။ သူမ၏ အပြစ်သည် အလွန်မှားယွင်းပြီး၊ အာဒံနှင့်အတူ ဘုရားသခင်၏စကားကို နာခံခြင်းမရှိရန် ဆန္ဒရှိစွာသဘောတူသောသူလည်း ဖြစ်သည်။ (ငါတို့သည် လည်း ဧဝကဲ့သို့ ပြုလုပ်လေ့ရှိပြီး၊ အထက်ဖော်ပြသော ဗီဇအပြစ်သည် အလွန် မှန်ကန်သည်။ မည်သို့ငြင်းပယ်ရန် ကြိုးစားသည်ဖြစ်စေ အာဒံ၏ အပြစ်စီရင် ခြင်းမှ မည်သူမျှ မလွတ်နိုင်ပေ။ အကြောင်းမှာ ကျွန်ုပ်တို့၏အကျင့်သည် ဗီဇ အပြစ်မှန်ကန်ကြောင်း ပြသပါသည်)။
ဧဝ၏အပြစ်သည်လည်း ဘုရားသခင့်ရှေ့တော်၌ အပြစ်တင်ခြင်း ခံရသည်။ ဧဒင်ဥယျာဉ် ပရဒိသုဘုံကို ဆုံးရှုံးခဲ့ပြီး၊ ဧဝသည် နာကျင်မှုနှင့် စိတ်ညစ်ခြင်းများကိုသာ ရရှိသွားလေသည်။ ထို့ကြောင့် ဘုရားသခင်၏ တရား စီရင်ခြင်းသည် သူ့အတွက်ထူးခြားစွာ ရောက်ရှိခြင်းဖြစ်သည်။
သူမ၏ ရှက်ကြောက်ခြင်း
မြွေကြီးပြောသော စကား၌မှန်သောအရာတစ်ခုရှိသည်။ ထိုအရာမှာ တားမြစ်ထားသော သစ်ပင်၏ အသီးစားသောအချိန်၌ မျက်စိပွင့်လာမည်ဟု ဆိုခြင်းဖြစ်သည်။ အမှန်တကယ်ပင် မကောင်းသောအရာများကို သူမ၏ အတွေ့အကြုံအားဖြင့် သိလာပြီး အပြစ်ပြုလုပ်ရန် ရွေးချယ်ခြင်းကြောင့်ဖြစ်၏။ ထိုအချိန်၌ပင် သူမ၏အပြစ်နှင့်ကင်းစင်ခြင်းကို သူဆုံးရှုံးခဲ့သည်။ ဤအရာ၏ ရလဒ်မှာ အရှက်တကွဲနာကျည်းခြင်းပင်ဖြစ်သည်။
နှုတ်ကပတ်တော်ဖော်ပြချက်မှာ “ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့် လင်း၍ မိမိတို့၌ အဝတ်ချည်းစည်းရှိသည်ကို သိမြင်လျှင် မိမိတို့ဝတ်ရန်ဖို့ သင်္ဘောသဖန်းပင်အရွက်တို့ကို ချုပ်စပ်၍ ခါးစည်းကိုလုပ်ကြ၏” (က ၃း၇)။
သူတို့သည် မိမိတို့အရှက်ကိုဖုံးအုပ်ရန် သင်္ဘောသဖန်းရွက် ချုပ်စပ်ခြင်း ဖြင့်ကြိုးစားခဲ့သည်။ ထိုအရာသည် အရှက်ကိုဖုံးအုပ်ရန် မလုံလောက်သောကြိုးစားခြင်းကို ထင်ရှားစေသည်။ လူသားများ၏ ကြိုးစားမှုများဖြစ်သည့် ဘာ သာတရား၊ ပညာရေး၊ မိမိကိုယ်ကိုမြှင့်တင်ခြင်း၊ မိမိကိုယ်ကိုဂုဏ်ရှိသည်ယူဆ ခြင်း၊ အခြားလုပ်ရပ်များသည် အပြစ်သို့ကျဆုံးခြင်းနှင့် အရှက်တရားမှ ကယ် တင်ခြင်းမပေးနိုင်ချေ။ လူသားများပြုလုပ်သော ကုထုံးနည်းအမျိုးမျိုးတို့သည် မိမိတို့၏ အပြစ်ကိုမဖျောက်နိုင်။ ထိုနည်းတူ ငါတို့၏ ပထမဦးဆုံးသော မိဘများ သည်လည်း သင်္ဘောသဖန်းပင်ရွက်နှင့် သူတို့၏ အဝတ်ချည်းရှိခြင်းကို မဖုံးအုပ် နိုင်ပေ။ အကြောင်းမှာ မိမိတို့၏ အရှက်ကိုဖုံးကွယ်ခြင်းဖြင့် အဓိကပြဿနာ ဖြစ်သော အပြစ်တရားကို ဖြေရှင်းနိုင်ခြင်းမပေးနိုင်။ အဆိုးဆုံးအရာမှာ လူသား များအတွက် အပြစ်ဖြေခြင်းကို မိမိတို့ကိုယ်တိုင် မပြုနိုင်တော့ဘဲ၊ မဖြစ်နိုင်သော အခြေအနေပင်ဖြစ်သည်။
သူတို့မျက်စိပွင့်သောအချိန်၌ နားလည်လာသည်မှာ ကောင်းမကောင်း သိခြင်း အရာဖြစ်သည်။ ဘုရားသခင်သည် အပြစ်မပြုလုပ်ခင်၌ပင် အာဒံ၏ အပြစ်ကို ကြိုသိမြင်ခဲ့ပါသည်။ ဘုရားသခင်ထံမှ ပုန်းကွယ်ဖို့ရန် မဖြစ်နိုင်ပေ။ လူလင်မယား ဘာတွေလုပ်နေသနည်းဟု ဘုရားသခင်သည် ဧဒင်ဥယျာဉ်သို့ ခန္ဓာကိုယ်အားဖြင့် ဆင်းကြွ၍ကြည့်ရှုစရာမလိုပေ။ ကမ္ဘာဦးကျမ်း၏ ဖော်ပြ ခြင်းသည် ငါတို့လူသားများ၏ အမြင်အရ ဖော်ပြခြင်းသာဖြစ်သည်။ က ၃း၈-၁၃ ပြောဆိုသည်မှာ –
“နေဧသောအချိန်တွင် ထိုဥယျာဉ်၌ ထာဝရဘုရားသခင် ကြွတော်မူသော အသံကို လူလင်မယားတို့သည်ကြားလျှင် အထံတော်မှလွတ်ခြင်းငှာ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏။ ထာဝရအရှင်ဘုရားသခင် ကလည်း သင်သည်အဘယ်မှာရှိသနည်းဟု လူကိုခေါ်တော်မူ၏။ လူက လည်း ဥယျာဉ်၌ ကိုယ်တော်၏အသံကို ကျွန်တော်ကြားလျှင် အဝတ်ချည်း စည်းရှိသောကြောင့် ကြောက်၍ ပုန်းလျက်နေပါသည်ဟုလျှောက်လေ၏။ ဘုရားသခင်ကလည်း သင်၌အဝတ်အချည်းစည်းရှိသည်ကို သင့်အား အဘယ်သူပြောသနည်း။ မစားရဟုငါပညတ်သော အပင်၏ အသီးကိုစားပြီလောဟု မေးတော်မူ၏။ လူကလည်း ကျွန်တော်၌အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကိုပေး၍ ကျွန်တော်စားမိပါသည်ဟုလျှောက်လေ၏။ ထာဝရအရှင်ဘုရားသခင်ကလည်း သင်သည်အဘယ်သို့ ပြုပြီးသနည်းဟု မိန်းမသားမေးတော်မူလျှင် မိန်းမက မြွေသည် ကျွန်တော်မ ကို လှည့်၍ ကျွန်တော်မသည် မိပါပြီဟု လျှောက်လေ၏။”
ကျွန်ုပ်တို့၏ ပထမဦးဆုံးသောမိဘများသည် အရှက်ရခြင်း၊ ကြောက်ရွံ့ ခြင်း၊ စိုးရိမ်ခြင်းများရှိပြီး၊ ဘုရားသခင်အား ရင်ဆိုင်ရန် မရဲဝံ့တော့ပေ။ ထို့ ကြောင့် သူတို့သည် ပုန်းနေခဲ့သည်။ သင်္ဘောသဖန်းပင် အရွက်ဖြင့်လည်း ကောင်း၊ သူတို့သည်ပုန်းရန် မည်မျှပင်ကြိုးစားနေသည်ပါစေ၊ အရာခပ်သိမ်းကို မြင်သောဘုရားသခင်ထံမှ ပုန်းကွယ်၍ မရနိုင်ပေ။
အာဒံသည် ကြောက်ရွံ့ခြင်းများနှင့် အပြစ်ကြောင့် လေးနက်စွာ ဝမ်း နည်းခြင်းရှိသော်လည်း အပြစ်ကို ဝန်ခံခြင်းမပြုလုပ်ပေ။ အာဒံသည် မိမိကိုယ်ကို ရိုးသားဖြူစင်သည်ဟု ထင်နေသောကြောင့် ဘုရားသခင်ထံ တိုးလျိုးတောင်းပန် ရန် မစဉ်းစားခဲ့ပေ။ သူသည် ဧဝကိုအပြစ်တင်ခဲ့သည်။
ထို့အပြင် အာဒံသည် သွယ်ဝိုက်သောစကားဖြင့် ဘုရားကိုလည်း အပြစ် တင်သည် (“ကျွန်တော်၌ အပ်ပေးတော်မူသောမိန်းမသည်…”)။ အပြစ် တရားသည် သူ၏အတွေးအခေါ်ကို လျှင်မြန်စွာပျက်စီးစေသည်။ ဘုရားသခင် ကိုယ်တိုင် ဤအပြစ်ပြုလုပ်ခြင်း၌ ပါဝင်သည်ဟု စွပ်စွဲပြောဆိုသည်။ အပြစ်သား တိုင်းသည် အပြစ်တင်ခြင်းမှ ကင်းလွတ်ရန် ပြောဆိုတတ်ကြသည်။ ရှင်ယာကုပ် က “အပြစ်သွေးဆောင်ခြင်းကိုခံရသောသူမည်သည်ကား ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။ မိမိတပ်မက်သော စိတ်ဆွဲငင်ဖြားယောင်း ခြင်းကို ခံသော သူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏”
ဟု ရေးခဲ့သည် (ယာ ၁း၁၃-၁၄)။ သို့သော်လည်း အာဒံသည် ဘုရားသခင်ကို တစ်နည်းတစ်လမ်းအားဖြင့် အပြစ်တင်ခဲ့သည်။
ထို့အပြင် အာဒံသည် မိမိအပြစ်အတွက် ဧဝအားအပြစ်ပုံချခဲ့သည်။ သို့သော် ဘုရားသခင်သည် အာဒံနှင့်စကားဆက်မပြောတော့ဘဲ၊ ဧဝကို တိုက် ရိုက်စကားပြော၍ အပြစ်တင်သည်။ ထိုသို့ဆိုသော် ဘုရားသခင်သည် အာဒံကို ပစ်ပယ်ထားခြင်းတော့ မဟုတ်ပေ။ ဘုရားသခင်သည် အား နောင်တရပြီး အပြစ်ဝန်ချတောင်းပန်ရန် အခွင့်အရေးပေးခဲ့သည်။
သို့သော်လည်း ဧဝသည် မြွေကိုအပြစ်တင်ပြန်၏။ လူမိန်းမက “မြွေ သည် ကျွန်တော်မကို လှည့်စား၍ ကျွန်တော်မသည် စားမိပါပြီဟု လျှောက်လေ ၏” (က ၃း၁၃)။ သူမပြောသည့်အရာသည် မှန်ကန်သော်လည်း (၁ တိ ၂း၁၄)၊ မြွေ၏အပြစ်သည် သူမ၏အပြစ်ကို ကိုယ်စားမပြုနိုင်ပေ။ ယာ ၁း၁၄ တွင် “မိမိတပ်မက်သောစိတ်ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏” ဟု ဆိုသည်နည်းတူ ငါတို့သည် အပြစ်ပြုတိုင်း မိမိတို့၏တပ်မက်သောစိတ်ကြောင့် ဖြစ်ပါသည်။ စာတန်က အပြစ်ထဲသို့ ကျရောက်ရန် စဉ်းလဲသောဉာဏ်နှင့် သွေးဆောင်သော်လည်း မိမိတို့၏ ရွေးချယ်မှုအားဖြင့် ပြုသောကြောင့် မိမိတို့မှာ တာဝန်အပြည့်ရှိသည်။ ဧဝသည် သူတပါးအား မည်မျှပင်အပြစ်လွှဲသည်ဖြစ်စေ၊ မိမိပြုလုပ်သော အပြစ် အတွက် သူ၌တာဝန်အပြည့်ရှိသေးသည်။
မှတ်ထားရမည်မှာ – ဘုရားသခင်သည် အာဒံနှင့် ဧဝအကြောင်းကို ထိုထက်ပို၍ ပြောဆိုထားခြင်းမရှိပေ။ သူတို့၏ အပြစ်ကြောင့် အပြစ်တင်ခြင်း ခံရပြီး၊ သူတို့သည် အပြစ်ဝန်ချတောင်းပန်ရန် ရှောင်ရှားခဲ့သည်။ သူတို့၏ အကြောင်းပြချက်များသည်လည်း အဓိပ္ပါယ်မရှိဘဲ၊ သင်္ဘောသဖန်းပင် အရွက် ဖြင့် မိမိတို့အပြစ်ဖုံးကွယ်ရန် ကြိုးစားခြင်းနှင့် တူညီသည်။
က ၃း၁၄-၁၉ တွင် ဘုရားသခင်သည် သူတို့အပြစ်ကြောင့် ပထမဦးစွာ မြွေ၊ ဒုတိယအနေဖြင့် ဧဝ၊ တတိယမှာ အာခံတို့အား ကျိန်ခြင်းကို ပေးတော်မူ သည်။
“ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကို ပြုသောကြောင့် သားယဉ် သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည်ဝမ်းဖြင့်သွား၍ မြေမှုန့်ကိုတသက်လုံးစားရမည်။ သင်နှင့် မိန်းမ ကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုးဖွဲ့ စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့် မည်။ သင်သည်သူ၏ ဖနောင့်ကိုကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။ မိန်းမ ကိုလည်း သင်၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာခံ၍ သားဘွားရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့်တော်မူ၏။ ယောက်ျားကိုလည်း ထိုအပင်၏ အသီးကိုမစားရဟု ငါပညတ်သော်လည်း သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့် မြေသည် သင်၏အတွက် ကျိန် ခြင်းကို ခံလျက်ရှိ၏ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင်အဖို့မြေပေါက်စေမည်။ လယ်၌ဖြစ်သောဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ သင်ထွက်ရာ မြေသို့မပြန်မီတိုင်အောင် သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကိုစားရမည်။ အကြောင်းမှု ကား သင်သည်မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်ဟု မိန့်တော်မူ၏။”
ဤကျိန်ခြင်းအကြောင်းကို ရေးမည်ဆိုလျှင် စာမျက်နှာအများကြီး ရေး ရမည်။ ထို့ကြောင့် စိတ်ဝင်စားသည့်အရာမှာ ဤကျိန်ခြင်းသည် အထူးသဖြင့် ဧဝနှင့်စပ်လျဉ်းသောအရာဖြစ်ပြီး၊ ကျိန်ခြင်းကို သုံးပိုင်း ခွဲခြား၍ သိနိုင်သည်။ ပထမအပိုင်းတွင် မြွေ၏ ကျိန်ခြင်းခံရကြောင်းကို အဓိက ဖော်ပြထားပြီး ဒုတိယ ပိုင်းတွင်မူ ဧဝအကြောင်းနှင့် တတိယမှာ အာဒံအကြောင်းဖြစ်ပါသည်။ ဤအဓိ က အကြောင်းအရင်းသုံးပိုင်း၌ ဧဝအတွက်အရေးကြီးသော အကြောင်းအရာ များရှိသည်။ နောက်ဆုံးကျန်ခြင်းဖြစ်သော အာဒံမှ အစပြုလေ့လာကြပါစို့။
ပထမဦးစွာ အာဒံ၏အပြစ်သည် သူတစ်ဦးအပေါ်ကျရောက်သကဲ့သို့ လူသားအားလုံးအပေါ်၌လည်း အကျိုးသက်ရောက်သည်ကို နားလည်စေသည်။ ဤအပြစ်ကြောင့် မြေကြီးပတ်ဝန်းကျင်၌ သိသာသော ပြောင်းလဲခြင်း များ ဖြစ်ပေါ်လျက်ရှိသည်။ ထို့ကြောင့် အာဒံ၏ကျိန်ခြင်းသည် ဧဝအတွက် နှင့် သူတို့၏သားသမီးများအတွက်ပါ သက်ရောက်မှုရှိသည်။ အပြစ်တရားကြောင့် ဆုံးရှုံးခဲ့သည့် ပရဒိသုဘုံနှင့် သဘာဝပြောင်းလဲမှုအားဖြင့် ဧဝ၏ နေ့စဉ် ဘဝသည်လည်း အာဒံ၏ဘဝကဲ့သို့ ပင်ပန်းခြင်းနှင့် ပြည့်နေမည် ဖြစ်သည်။ သူတို့၏အလုပ်သည် ပင်ပန်ခြင်းများပင်ဖြစ်လာသည်။ ယခုတွင် အလုပ်ပင်ပန်း စွာလုပ်ကိုင်ပြီး ဦးခေါင်းမှစ၍ ခြေဖျားများထိတိုင်ချွေးထွက်လုပ်ကိုင်ရပြီး၊ ဆူးပင်များကြားလုပ်ကိုင်ရပြီး နောက်ဆုံးတွင် သေခြင်းကို ရင်ဆိုင်ရမည်။ ထို့ ကြောင့် အာဒံ၏ ကျိန်ခြင်းသည် ဧဝ၏ ကျိန်ခြင်းသည်လည်း ဖြစ်သည်။
ထူးဆန်းသောအရာတစ်ခုမှာ – ဧဝ၏ ကျိန်ခြင်းအမင်္ဂလာအကြောင်း ပြောဆိုခြင်းသည် တိုတောင်းလှပြီး ကျမ်းပိုဒ်တစ်ပိုဒ်တွင်သာ တွေ့ရမည် (က ၃း၁၆)။ ဧဝ၏ ကျိန်ခြင်းကို နှစ်ပိုင်းဖြင့် ပိုင်းနိုင်ပြီး၊ ပထမအပိုင်းမှာ သားဘွား ခြင်း ဝေဒနာဖြစ်သည်။ “မိန်းမကိုလည်း သင်၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဖွားရမည်” (၃း၁၆)။ ဒုတိယတစ်ခုမှာ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်လိုက်၍ သူ၏အုပ်စိုးခြင်းကို လည်း ခံရမည်ဖြစ်သည်။ တစ်နည်းဖြင့်ဆိုသော် သူမ၏ကျိန်ခြင်းသည် သူ့အ တွက် ဆက်ဆံရေးနှစ်မျိုးကို ထိခိုက်သွားသည်။ ထိုအရာများမှာ သူမ၏ ပျော်ရွှင် ခြင်းဖြစ်သည့် သူ၏ခင်ပွန်းနှင့် ကလေးများနဲ့ ဆက်ဆံရေးဖြစ်သည်။
အပိုဒ်ငယ် (၁၆) ပထမပိုင်းသည် ရိုးရှင်းပြီး တိုက်ရိုက်ပြောဆိုထား သည်မှာ “မိန်းမကိုလည်း သင်၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များ ပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဘွားရမည်။” အပြစ်သည် ဝမ်း နည်းခြင်းနှင့် စိတ်ညစ်ခြင်းကို ဤလောက၌ ဖြစ်ပေါ်စေသည်။ “ကိုယ်ဝန်ဆောင်ခြင်း ဝေဒနာကို ငါအလွန်များပြားစေမည်” ဆိုသည့်ဖော်ပြခြင်းသည် ဝေဒနာခံစားမှုနည်းပြီး ကျိန်ခြင်းအမင်္ဂလာမရှိသော ဧဒင်ဥယျာဉ်ကြီးမှာ စိတ်ညစ်ခြင်းမရှိဟုလည်း မဆိုလိုပေ။ ဖြစ်နိုင်ချေမှာ ဧဒင်ဥယျာဉ်၌ ကလေး မီးဖွားခြင်းသည် နာကျင်မှုမရှိဘဲ မွေးဖွားနိုင်သည်။ သို့သော် ဤအကြောင်းရိုးရှင်းစွာပြောလိုသည့်အရာမှာ ပျက်ဆီးနေသော ကမ္ဘာကြီး၌ ဝမ်းနည်းခြင်း၊ နာကျည်းခြင်း၊ ခန္ဓာကိုယ်အားဖြင့်နာကျင်ကိုက်ခဲမှုသည် အမျိုးသမီးများအတွက် ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာတော့သည်။ အထူးသဖြင့် ကလေးမွေးဖွားခြင်း၌ ဝေဒနာ နှင့် ဝမ်းနည်းခြင်းသည် ပုံမှန်ထက်ပို၍ များပြားလာမည်ဖြစ်သည်။ ကလေးမွေး ဖွားခြင်း၌ ပြော၍မဆုံးနိုင်သော ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းကို ခံစားမည့် အစား၊ ယခုတွင်မူ နာကျင်မှုနှင့်ခက်ခဲခြင်းများကို ခံစားရပေသည်။
အငယ် (၁၆) ဒုတိယအပိုင်းကို အနက်ဖွင့်ရန်ခက်ခဲပေသည်။ “ကိုယ် ခင်ပွန်း၏အလိုသို့လိုက်၍၊ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်” (၁၆-ခ)။ စကား အသုံးအနှုန်းတူညီသည်ကျမ်းပိုဒ်မှာ က၊ ၄း၇ ဖြစ်ပြီး၊ ထိုနေရာတွင် အပြစ် တရားရင်ဆိုင်ခြင်းအကြောင်းကို ဖော်ပြထားသည်။ “… အပြစ်ဖြေသော ယဇ်ကောင်သည် တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏အလိုသို့လိုက်၍ သင်သည်သူ့ကို အုပ်စိုးရ၏။” တစ်နည်းအရ အပြစ်သည် သင့်ကို ထိန်းချုပ်လို သော စိတ်ရှိပြီး၊ ထိုအရာကို သင်တားဆီးရပါမည်။
က ၃း၁၆ တွင်လည်း တူညီသောစကားအသုံးအနှုန်းများကို အသုံးပြု သည်။ ဤကျမ်းပိုဒ်ဆိုလိုသည်မှာ ဧဝနှင့် သူမ၏ယောက်ျားအာဇံကြားမှာ ဖြစ် ပေါ်လာမည့်ပြသနာကို ပြောဆိုထားသည်။ အာဒံသည် အပြစ်တွင်း မကျ ရောက်မီ သူ၏ ဦးဆောင်မှုသည် ဉာဏ်ပညာရှိပြီး ချစ်ခင်မြတ်နိုး၍ ကြင်နာ ခြင်းသာ ဖြစ်သည်။ ဧဝသည်လည်း အပြစ်တွင်းသို့မကျရောက်မီ သူမသည် အာဒံ၌ ဆက်ကပ်အပ်နှံသော အသက်တာသည် နူးညံ့သိမ့်မွေ့သော အမျိုး သမီးအဖြစ် အတုယူစရာ အသက်တာရှိသည်။ သို့သော် အပြစ်တရားသည် ထိုအရာအားလုံးကို ပြောင်းလဲစေသည်။ ယခုမှာ သူမသည် အာဒံကို ထိန်းချုပ် လိုသောစိတ် ရှိလာမည်။ အာဒံသည်လည်း သူမကို ကြမ်းတမ်းစွာ (သို့) အပေါ် စီးပုံစံဖြင့် အုပ်ချုပ်မည်ဖြစ်သည်။ ထိုအချိန်မှစ၍ ယနေ့တိုင်အောင် လင်မယား ကြား၌ဖြစ်ပေါ်တတ်သော ပြဿနာကို ငါတို့၏ပထမဆုံး မိဘများအသက်တာ ၌ပင် တွေ့ရသည်။ ဤအရာသည် အပြစ်တရား၏ ဆိုးကျိုးသက်ရောက်မှုဖြစ်ပြီး၊ ယနေ့တိုင်အောင်ငါတို့အားလုံးကြုံတွေ့ရသောကျိန်ခြင်းအမင်္ဂလာလည်း ဖြစ်လေသည်။
ဤသို့ဖြင့် ပျော်ရွှင်ဖွယ်ကောင်းသော နေရာသည် အပြစ်ကြောင့် ပျက် ဆီးသွားသည်။ ပြင်းစွာသော ကျိန်ခြင်းအမင်္ဂလာသည် ဧဝ၏စိတ်နှလုံးကိုကြေမွစေပြီ။ သို့သော် ဘုရားသခင်၏တရားစီရင်ခြင်းသည် သူမအတွက် လုံး လုံးလျားလျား ကြမ်းတမ်းခြင်းနှင့် မျှော်လင့်ခြင်းမဲ့ခြင်း မဟုတ်ပေ။ ကျိန်ခြင်း အမင်္ဂလာထဲ၌ပင်လျှင် ဘုရားသခင်၏ ကျေးဇူးတော်ရှိသေး၏။ ယုံကြည်ခြင်း မျက်စိဖြင့်ကြည့်လျှင် ဘုရားသခင်၏တရားစီရင်ခြင်း၌ပင် ဝမ်းမြောက်ခြင်း ရောင်ခြည်ကို တွေ့မြင်နိုင်ပါသည်။
ဥပမာအားဖြင့် ဧဝသည် သူမမိုက်မဲစွာယုံကြည်ခဲ့သော မြွေထံမိမိကိုယ် ကို အပ်နှံနိုင်သည်။ ထိုသို့မပြုလုပ်ဘဲ သူမကိုချစ်ခင်သော ခင်ပွန်းဦးဆောင်မှု၌ ဆက်လက်တည်ရှိသည်။ ဤအခြေအနေ၌ သူမအသက်ရှင်သန်ရန် မိမိတစ်ဦး တည်းထွက်သွားနိုင်ခဲ့သည်။ သို့သော် သူမသည် အာဒံနှင့်အတူ ဆက်လက်နေ ခဲ့ပြီး၊ မိမိခင်ပွန်း၏ စောင့်ရှောက်ခြင်းနှင့် ကျွေးမွေးခြင်းကို ခံစားခဲ့သည်။ ဧဒင်ဥယျာဉ်၌ မရှိခဲ့သောပြဿနာကို ယခုတွင် ရင်ဆိုင်ရသော်လည်း အာဒံ၏ အထောက်အမအဖြစ် ဆက်လက်တည်ရှိသည်။ သူမသည် ပစ်ပယ်ခြင်း ခံနိုင်ခဲ့သော်လည်း၊ ထိုသို့မခံရသည်သာမက အာဒံ၏ ဇနီးသည်အဖြစ် ဆက်လက် နေခဲ့ပြီး၊ မိန်းမတစ်ဦး၏ တာဝန်ဝတ္တရားများကို ဆက်လက်လုပ်ကိုင်သည်။
အဆိုးဝါးဆုံးအခြေအနေမှ ပြောရလျှင် ဧဝသည် ကလေးမွေးဖွားရန် တားမြစ်ထားသော ကျိန်ခြင်းကို ရရှိနိုင်ခဲ့သည်။ သို့သော် ထိုသို့သောကျိန်ခြင်း အစား ကလေးမွေးဖွားရာ၌ နာကျင်ခြင်းနှင့် ဝမ်းနည်းခြင်းကို ရင်ဆိုင်ရမည်ဖြစ်သော်လည်း လူသားအားလုံး၏ မိခင်ဖြစ်လာမည်ဖြစ်သည်။ ကျိန်ခြင်း အမင်္ဂလာ ခံရပြီးနောက် အာဒံအမည်ပေးသောနာမည်ကို ကြည့်ခြင်းအားဖြင့် အထက်ပါ အရာသည် မှန်ကန်ကြောင်း ထင်ရှားစေပါသည်။ “ထိုအခါ လူသည် မိမိမယား ကို ဧဝအမည်ဖြင့် မှည့်လေ၏။ အကြောင်းမူကား သူသည် အသက်ရှင်သော သူအပေါင်းတို့၏ အမိဖြစ်သတည်း” ဟု က ၃း၂ဝ တွင် ဖော်ပြသည်။
ကျိန်ခြင်းအမင်္ဂလာသည်မှန်သော အရာဖြစ်သော်လည်း ဘုရားသခင် ၏ ဂတိတော်အတိုင်း ဧဝ၏ ကလေးမွေးဖွားခြင်းသည် တစ်ခြားသောကျိန်ခြင်း နှင့်ယှဉ်လျှင် သက်သာသည်။ လူသားအားလုံးအတွက် မျှော်လင့်ခြင်းအလင်းကို ပေးသည်။ ကျိန်ခြင်းအမင်္ဂလာ ဖြေဖျက်ရန် ဧဝ၏မျိုးဆက်တစ်ဦးသည် မာရ် နတ်နှင့် အပြစ်မှောင်ကို ထိုးထွင်းမည်။ သူမ၏နာခံမှုမရှိခြင်းကြောင့် ကမ္ဘာ မြေကြီး၌ မကောင်းမှုများဖြစ်ပေါ်စေသော်လည်း၊ ယခုတွင် သူမ၏မျိုးဆက်မှ ကယ်တင်ရှင်ထွက်ပေါ်လာမည်။ ဤကြီးမားသောမျှော်လင့်ခြင်းကို ထင်ရှားစွာ သူမ၌ ပေးပြီးဖြစ်သည်။
သူမ၏မျှော်လင့်ခြင်း
ဘုရားသခင်သည် မြွေကိုကျိန်ခြင်းမှာ အရာအားလုံးထက် ပြင်းထန် သည်။ တိကျစွာပြောရလျှင် ဘုရားသခင်၏ကျိန်ခြင်းသည် တွားသွားသတ္တဝါ ဖြစ်သောမြွေအပေါ်၌ ကျရောက်မည်ဖြစ်သည်။ သို့သော် ဤတွားသွားသတ္တဝါ မြွေထဲတွင် စာတန်ဝင်ခြင်း (သို့) ထိန်းချုပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်မှန်သောကျိန်ခြင်း အမင်္ဂလာသည် မြွေနှင့်သူ၏အမျိုးများအပေါ်၌သာမဟုတ်ဘဲ။ စာတန်အပေါ်၌ပင် ဖြစ်သည်။
သို့သော်လည်း မြွေနှင့်သူ၏မျိုးနွယ်စုကိုလည်း တစ်နည်းဖြင့် ကျိန်ခြင်း အမင်္ဂလာ သက်ရောက်သေးသည်။ “ထာဝရအရှင်ဘုရားသခင်သည် မြွေကို ခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့် သားယဉ် သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည်ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တစ်သက်လုံးစားရမည်(က ၃း၁၄)။ အာဒံ၏အပြစ်ကြောင့် သားယဉ် သားရဲ သတ္တဝါအပေါင်းတို့သည် လည်း ဘုရားသခင်၏ ကျိန်ခြင်းကို ခံစားရသည်။ သို့သော် ဘုရားသခင်သည် သတ္တဝါတို့အား အပြစ်တင်ခြင်းမပြုပေ။ (ဘုရားသခင်သည် မည်သည့်အခါမျှ တိရိစ္ဆာန်များကို လူကဲ့သို့အပြစ်တင်ခြင်းမပြုခဲ့ချေ။ စာတန်အသုံးပြုသော မြွေကိုလည်း အပြစ်မတင်ဘဲ၊ စာတန်ကိုသာ အပြစ်တင်ခဲ့သည်)။ သို့သော်အာဒံ၏ အပြစ်ကြောင့် သတ္တဝါများသည်လည်း ကျိန်ခြင်း ခံရသည်။ သတ္တဝါတို့ အပေါ်၌ ကျရောက်သောကျိန်ခြင်းအမင်္ဂလာသည် အာဒံ၏ အပြစ်သက်သက် ကြောင့် ဘုရားသခင်၏ စီရင်ခြင်းဖြစ်သည်။
ကျိန်ခြင်းအမင်္ဂလာသည် အာဒံ၏ပတ်ဝန်းကျင်တစ်ခုလုံးကို ဆိုးကျိုး များ ဖြစ်ပေါ်စေသည်။ အပြစ်တရားသည် ကူးစက်တတ်သော ရောဂါနှင့် တူသည်။ အာဒံ အပြစ်ပြုလုပ်သည့်အခါ သူ၏ပတ်ဝန်းကျင်နေရာတစ်ခုလုံး သည် ပျက်စီးသွားခဲ့သည်။ အငယ် ၁၇ ကိုကြည့်လျှင် ဘုရားသခင်သည် မြေကို ပင် ကျိန်ထားသည်။ သားယဉ်သားရဲ တိရစ္ဆာန်များသည်လည်း ယိုယွင်းပျက် စီးခြင်းများနှင့် ဘေးအန္တရာယ်များကြောင့် ခက်ခဲခြင်းများကို ရင်ဆိုင်ကြရသည်။ အာဒံ၏အပြစ်ကြောင့် တိရစ္ဆာန်များသည် ရောဂါအမျိုးမျိုး၊ ပျက်စီးခြင်း၊ သ ဘာဝဘေးဒဏ်၊ သေခြင်းနှင့် အမျိုးမျိုးသောခက်ခဲမှုများကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် တိရိစ္ဆာန်များသည်လည်း ဘုရားသခင်၏ ကျိန်ခြင်းကို သွယ်ဝှက် ခံစားရသည်။ အာဒံ၏ပတ်ဝန်းကျင်တစ်ခုလုံးသည် မိမိ၏အပြစ်ကြောင့် ဆိုးကျိုးများကို ရင်ဆိုင်နေရသည်။ ဤအရာများသည် အပြစ်အပေါ်၌ ဘုရား သခင်၏ စိတ်ဆိုးခြင်းကို ထင်ရှားစေပြီး၊ အာဒံအတွက်လည်း အပြစ်စီရင်ခြင်း နှင့် သတိပေးခြင်း ဖြစ်သည်။
မြွေသည် ကျိန်ခြင်းကိုခံရပြီးနောက် ဝမ်းဖြင့်သွား၍ မြေမှုန့်ကိုတသက် လုံးစားရသည်။ မြွေသည် ကျိန်ခြင်းမခံရစဉ် အလွန်ခေတ်မီလှပ၍ ခြေထောက် နှင့် သွားသောသတ္တဝါဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျိန်ခြင်းမတိုင်မှီတွင် မြွေ၏ ရုပ်ပိုင်းဆိုင်ရာဖော်ပြချက်များကို ကျမ်းစာ၌ မတွေ့ရပေ။ ဖြစ်နိုင်ချေမှာ မြွေသည် အလွန်လှပပြီး ပညာရှိသော သတ္တဝါ ဖြစ်နိုင်သည်။ သို့သော် ယခုတွင် မြွေတို့သည် မြေမှုန့်ကိုစား၍၊ ဝမ်းဖြင့်သွားလာပြီး၊ ညစ်ပတ်သော အစားအစာ များကို စားလာတော့သည်။ ကျိန်ခြင်းမတိုင်မှီမှာ မည်မျှပင် လှပခေတ်မှီသော သတ္တဝါဖြစ်စေကာမှု၊ မာရ်နတ်၏ အသုံးခံအဖြစ်တည်ရှိသောကြောင့် ရွံစရာ ကောင်းသော သတ္တဝါဖြစ်လာသည်။
ထို့အပြင် မြွေသည် လူအများ မုန်းတီးသောသတ္တဝါ ဖြစ်လာသည်။ တကယ်မှန်ကန်သော မိန့်မြွက်ခြင်းသည်ကမ္ဘာမြေကြီး၌ လူသားများ အမုန်းရ ဆုံး၊ အကြောက်ရဆုံးနှင့် ရွံစရာအကောင်းဆုံး သတ္တဝါသည် မြွေပင်ဖြစ်သည်။
ဆက်လက်၍ က ၃း၁၄-၁၅ ၏ အဓိကသတင်းစကားသည် မြွေကို သာ ပြောသည်မဟုတ်ဘဲ၊ မြွေကိုထိန်းချုပ်သောသူ မာရ်နတ်ကို ပြောဆိုသည်။ မြွေ၏မြေမှုန့်ကိုစားခြင်းသည်လည်း စာတန်မာရ်နတ် ကောင်းကင်မှ ကျဆုံး ခြင်းကို သတိရစေသည်။ ဟေရှာ ၁၄း၁၂ တွင် “အို နံနက်သား၊ မိုးသောက် ကြယ် သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည်တို့ကို နှိပ်စက်သော သင်သည် ခြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။” လူသား အားလုံးသည်လည်း စာတန်မာရ်နတ်ကို မုန်းတီးကြ၏။ လူသားတို့သည် ဝိညာဉ်ရေးသဘောအရ စာတန်၏သားသမီးများဖြစ်ကြသော်လည်း၊ စာတန် မာရ်နတ်ကိုယ်တိုင်သည် ဧဝ၏သားသမီးများအလယ်၌ မုန်းတီးခြင်း ခံရသူ ဖြစ်သည် (ယော ၈း၄၄)။ ယေဘုယျနိယာမတစ်ခုမှာ လူသားတို့သည် သဘာဝ အရ စာတန်၏ထိန်းချုပ်မှုအောက်၌ နေကြသူများဖြစ်သည်။
မြွေကို ကျိန်ခြင်းအမင်္ဂလာသည် ဝိညာဉ်ရေးရာနှင့် ပတ်သက်နေသည် ဖြစ်ကြောင်းကို ဧဝနားလည် ပုံရသည်။ က ၃း၁၅ သည် “protoevangelinam” ဟုခေါ်ပြီး၊ အဓိပ္ပာယ်မှာ “အဦးဆုံးသော ဧဝံဂေလိတရား” ဖြစ်သည်။ လူသား များ အပြစ်တရားသို့ ကျရှုံးပြီးနောက် သတင်းကောင်းတစ်ခုဖြစ်ပြီး၊ ဘုရား သခင်ဆိုခဲ့သည့် ကျိန်ခြင်းအမင်္ဂလာ၌ တွေ့ရသည်။ မြွေထဲ၌ကိန်းဝပ်သော မာရ်နတ်အား “သင်၏အမျိုးအနွယ်နှင့် မိန်းမ၏ အမျိုးအနွယ်ကို၎င်း ငါသည် ရန်ငြိုးဖွဲ့ စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်ဟု မိန့်တော်မူ၏။”
ဤစကားသည် မာရ်နတ်အတွက် ကျိန်ခြင်းဖြစ်ပြီး၊ ဧဝအတွက်မူ တောက်ပသောရောင်ခြည်နှင့် ရှင်းလင်းပြတ်သားသော ကတိတော်ဖြစ်သည်။ “မိန်းမ၏ အမျိုးအနွယ် … သည် သင်၏ (မာရ်နတ်) ဦးခေါင်းကို ကြိတ်လိမ့်မည်။” ဘုရားသခင်၏ ကတိပေးချက်ကို ပြည့်ပြည့်၀၀နားလည် (သို့) နားမလည်သော်လည်း ထိုကတိပေးချက်ကို နှလုံးသားထဲ၌ ဧဝသိုထားသည်။
ပထမဦးစွာ “သူမ၏ မျိုးနွယ်” ဟုပြောဆိုခြင်းမှာ သူမသည် ကလေး ရရှိမည်ဖြစ်ပြီး၊ မိသားစုကို ပျိုးထောင်မည်ဖြစ်သည်။ ထို့အပြင် သူသိလိုက်သော အရာမှာ သူမ၏အပြစ်ကြောင့် ရုတ်တရက် သေဆုံးခြင်း (ကိုယ်ခန္ဓာ) မရှိခဲ့ပေ။ မြွေကဲ့သို့ အပြစ်ဒဏ်ချမှတ်ခြင်းကို အမှန်တကယ် ခံစားရတော့မည်မဟုတ်ပေ။ ယခုတွင် သူမသည် လူသားများအားလုံး၏ အမေတစ်ယောက် ဖြစ်လာမည် (ဘုရားသခင်၏ ကျေးဇူးကရုဏာတော် သက်သက်ကြောင့်ဖြစ်သည်)။ ဧဝ၏ မျိုးနွယ်စုနှင့် မာရ်နတ်၏မျိုးနွယ်စုတို့သည် ထာဝစဉ်ရန်ငြိုးခြင်း ရှိမည်ဖြစ်သည်။ ထိုကြောင့် ဤအရာအားလုံးသည် ဧဝအတွက် ရှင်းလင်းပြတ်သားသော သတင်းကောင်းဖြစ်သည်။
သာ၍ကောင်းသော ဂတိတော်မှာ သူမ၏မျိုးစေ့သည် မြွေ၏ဦးခေါင်း ကို ကြိတ်လိမ့်ဟုဆိုသော ကတိဖြစ်၏။ သူမ၏သားသမီးတို့သည် စာတန်၏ လွှမ်းမိုးမှုအောက်တွင် ထာဝစဉ်ရှိမည်မဟုတ်ပေ။ ဧဝသည် ကောင်းစွာ နားမ လည်သော်လည်း စာတန်ကိုကျိန်ခြင်းသည် သူမ၏အပြစ်ကို ဖြေရှင်းပေးခြင်း ဖြစ်ပြီး၊ တစ်ချိန်ချိန်တွင် သူမ၏မျိုးနွယ်သည် ရန်သူ၏ဦးခေါင်းကို ကြိတ်လိမ့် မည်။ သူမ၏မျိုးနွယ်သည်လည်း မာရ်နတ်နှင့်အပေါင်းအဖော်များနှင့် လွှမ်းမိုး ခြင်းများကို ဖျက်စီး၍၊ ဧဝ ဆုံးရှုံးခဲ့သည့် အပြစ်တရားကိုပင် အနိုင်ယူလိမ့်မည် ဖြစ်သည်။
ဤစကား၏ဆိုလိုရင်းမှာ မြွေကိုကျိန်ခြင်းသည် ဧဝအတွက် ဂတိတော် ဖြစ်ကြောင်း မှတ်သားရမည်။ သူမ၏ “မျိုးနွယ်” သည် မြွေ၏ဦးခေါင်းကို ကြိတ်ရမည်။ သူမ၏မျိုးနွယ်သည် ဖျက်စီးစေသောသူကို ဖျက်စီးလိမ့်မည်။ က ၃း၁၅ သည် ဘုရားသခင်၏ စစ်မှန်သောရည်ရွယ်ချက်ကို မြင်စေသည်။ ဤရည်ရွယ်ချက်သည်လည်း ကျမ်းစာတစ်အုပ်လုံးတွင် ရှင်းလင်းစွာ ထင်ရှား သည်။ ဥပမာအားဖြင့် ရော ၁၆း၂၀ တွင် ဆင်တူသောစကားအသုံးအနှုန်းကို သုံးထားသည်။ “ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် မကြာမမြင့်မီ စာတန်ကို သင်တို့အောက်၌ နှိပ်စက်တော်မူမည်။” ဆက်လက်၍ ဟေဗြဲ ၂း၁၄ ၌လည်း “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့် ခရစ်တော်သည် အသေခံတော်မူသောအားဖြင့် သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်းငှာ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံးကျွန်ခံရသောသူတို့ကို ကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ် တို့၏နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏” ဟု ခရစ်တော်သည် ဧဝ၏သားတစ်ဦး ဖြစ်လာခြင်းအကြောင်းကို ဖော်ပြထားသည်။ ၁ ယော ၃း၈ ပြောသည်မှာ “မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှာ ဘုရားသခင်၏ သားတော် သည် ထင်ရှားပေါ်ထွန်းတော်မူ၏။” ဂလ ၄း၄ တွင် “အချိန်ကာလစေ့သော အခါ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊ ပညတ်တရား လက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ် “တရားအောက်၌ မြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။” ခရစ်တော်သည် အပျိုကညာဝမ်းမှ ဘွားမြင်ပြီး၊ လူ့ဇာတိကို ယူတင် ကာ မိန်းမ၏မျိုးနွယ်ဖြစ်ခြင်းကို တိကျစွာ ပြည့်စုံစေ၍ မြွေ၏ဦးခေါင်းကိုလည်း ကြိတ်လိမ့်မည်ဖြစ်သည်။
ဧဝသည် ဤအရာများကို ဘယ်လောက်နားလည်သည်ကို သမ္မာကျမ်း၊ ၌ မပြောပြထားပေ။ သို့သော် သူမ၏ မျှော်လင့်ချက်သည် သူမ၏မျိုးနွယ်မှ တစ်ဦးသောသူသည် ရန်သူကို အနာတရဖြစ်စေမည်ကို သိခဲ့သည်။ သူမ၏မျိုး ဆက်သည် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ကလေးမီးဖွား ခြင်းဝေဒနာမှ ကယ်တင်နိုင်မည် (၁ တိ ၂း၁၅)။ သူမသည် မာရ်နတ်အပေါ်၌ အသက်ရှင် သမျှကာလပတ်လုံး ဘယ်သောအခါမှ ကျေနပ်မည်မဟုတ်ပေ။ ဧဝသည် သူမ ၏မျိုးဆက်တစ်ဦးမှ ရန်သူ၏ ဦးခေါင်းကြိတ်မည့်ရက်ကိုသာ မျှော်ကြည့်နေ မည်။
ထိုမျှော်လင့်ခြင်းသည် မိခင်ဖြစ်လာချိန်၌ သူ၏ဝမ်းသာခြင်းအားဖြင့် ထင်ရှားလာသည်။ က ၄း၁ တွင် သားကြီးကာဣနကို ဘွားမြင်ကြောင်းကို ဖော်ပြသည်။ ဧဝက “ထာဝရဘုရား၏ လူကိုရသည်” ဟု ဆို၏။ ဟေဗြဲစကားလုံး၏ အနက်မှာ “ယေဟောဝါ (YHWH) ၏ လူတစ်ဦးကို ငါရပြီ” ဖြစ်သည်။ တချို့သောအနက်ဖွင့်ကျမ်းများ၌ သူမသည် ကာဣနရရှိခြင်းသည် ကတိပေးသောကယ်တင်ရှင်ဘွားမြင်သလောဟု ယုံကြသည်။ သို့သော် မေရှိယ မျှော်လင့် ခြင်းသည် အကြောင်းရင်းအားနည်းနေသေးသည်ဟု ဆိုနိုင်သည်။ အကယ်၍ ကာဣနသည် ဂတိတော်သားဟု ခံယူထားလျှင်၊ ဧဝသည် လုံးဝမှားနေပြီး၊ ကာဣနသည် သူ့ညီအာဗေလကိုသတ်ခြင်းဖြင့် ဧဝ၏နှလုံးသားကို ပြင်းထန်စွာ ဝေဒနာပေးခဲ့သူဖြစ်သည်။
က ၄း၁ ၏ ပြောဆိုသောအရာသည် မည်သို့ပင်ဖြစ်စေကာမူ ဧဝ အတွက် ရှင်းလင်းပြတ်သားသော ဝမ်းမြောက်မှုနှင့် မျှော်လင့်ခြင်းဖြစ်စေ၍၊ ဘုရားသခင်၏ ကျေးဇူးတော်၊ သနားကြင်နာခြင်း၊ ကရုဏာနှင့် ခွင့်လွှတ်ခြင်း သက်သက်ကြောင့်ဖြစ်သည်။
သူမ၏မျှော်လင့်ခြင်းသည် သားသမီးထံမှ ဖြစ်ရမည်ဖြစ်သည်။ ဘုရား သခင်ပေးသော သားသမီးများသည် ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့် ကတိတော်များကို သတိရစေသည်။ ထိုဂတိတော်သည် သူမ၏မျိုးနွယ်သည် စာတန်မာရ်နတ်ကိုဖျက်ဆီးရန် အသုံးပြုခံမည့်သူဖြစ်လိမ့်မည်။ လူသားဦး ကာ ဣနသည် အာဗေလကို သတ်ခြင်းအားဖြင့် သူမ၏စိတ်ကိုကြေကွဲစေပြီးနောက်၊ ဧဝသည် သားရေသကို ဖွားမြင်သောအခါ၊ “ရှေသ” ဟု အမည်ပေးလေသည်။ “ရှေသ”၏ အဓိပ္ပာယ်မှာ “ဘုရားသခင်၌ ခန့်ထားတော်မူပြီ။” “အကြောင်းမှု ကား ကာဣနသတ်သော အာဗေလကိုယ်စား၊ တပါးသော အနွယ်ကို အကျွန်ုပ် အဘို့ ဘုရားသခင်ခန့်ထားတော်မူပြီဟု ဆိုသတည်း” (က ၄း၂၅)။ သူမမျှော်လင့်ချက်ဖြစ်သော ရန်သူနတ်ဆိုးကို သူမ၏မျိုးနွယ်မှ ကြိတ်မည်ဟူသော ဂတိတော်ကို မိမိ၏မျိုးနွယ်ထဲမှ တစ်ဦးဦးက ပြည့်စုံစေမည်ဟု မျှော်လင့်သည်။
အာဒံနှင့်ဧဝသည် ကယ်တင်ခြင်းရရှိကြမည်လော။ သူတို့သည် ကယ် တင်ခြင်းရရှိခဲ့ကြသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ က ၃း၂၁ ကို ကြည့်လျှင် “ထာဝရအရှင်ဘုရားသခင်သည်လည်း လူလင်မယားကို သားရေဖြင့် ဝတ်လုံကို လုပ်၍ ဝတ်ကြစေတော်မူ၏”ဟု ဆိုသောစကားတွင် ဘုရားသခင်၏ ကျေးဇူးတရားကို တွေ့ရသောကြောင့် ဖြစ်သည်။ သားရေအ၀တ်ကို ပြုလုပ်ရန် သတ္တဝါ တချို့ကို သတ်ရ၏။ ထိုသို့ အဦးဆုံး အသွေးဖြင့်ယစ်ပူဇော်ခြင်းကို ဘုရားသခင် ကိုယ်တိုင် ထိုသူတို့ကိုယ်စား ပြုလုပ်ခဲ့သည်။ ထို့အပြင် ဘုရားသခင်၏ ကြွေးကြော်ခြင်းသည် လူမိန်းမ၏ မျိုးနွယ်မှ စာတန်၏ဦးခေါင်းကို ကြိတ်လိမ့်ဟု ပြောသောစကားဖြင့် မိမိတို့၏ အပြစ်နှင့် ထိုအပြစ်၏ အကျိုးဆက်များ ကွယ် ပျောက်သွားလိမ့်မည်ဖြစ်သည်။ ဤပြောပြချက်ကို ဓမ္မသစ်ကျမ်း၌ တွေ့ရပြီး ဘုရားသခင်သည် မိမိ၌ရှိသော တစ်ပါးတည်းသော သားတော်ကို စေလွှတ်ခြင်း အားဖြင့် အာဒံ ကျူးလွန်ခဲ့သော အပြစ်များအားလုံးကို ယူတင်ဝတ်ဆင်ဖို့ရန် ဖြစ်သည်။
ထိုကတိတော်ကို သူတို့သည် ယုံကြည်ကြသည်။ သမ္မာကျမ်း၌ ရေး သားထားသည်မှာ “ရှေသ” မှစ၍ ဘုရားကိုသိသော မျိုးနွယ်များဖြစ်လာခဲ့သည်။ “ရေသသည်လည်းသားကိုရ၍ နုတ် ဟူသောအမည်ဖြင့်မှည့်လေ၏။ ထိုကာ လ၌ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍ ကိုးကွယ် စပြုကြလေ၏” (က ၄း၂၆)။ ဘုရားသခင်ကို သိခြင်းဉာဏ်သည် အဘယ်အရပ်မှလာသနည်း။ အာဒံ နှင့် ဧဝထံမှ လာခြင်းဖြစ်၍ သူတို့သည် ဘုရားသခင်နှင့် တိုက်ရိုက်တွေ့မြင်သည်။ ယခု ဘုရားသခင်သိသော မျိုးဆက်သည် ဧဝအတွက်ကောင်းသော အမွေပင် ဖြစ်၏။ ဧဝအတွက် ဝမ်းသာစရာဖြစ်ပြီး၊ ကောင်းကင်ဘုံသည်လည်း သူမ၏ မျိုးဆက်မှ ကယ်တင်ခြင်းခံရသော လူများနှင့်ပြည့်နေမည်ဖြစ်ပြီး၊ ထာဝရ ချီးမွမ်းခြင်းကို သူ၏မျိုးဆက်များနှင့်အတူ ကျင်းပမည်ဖြစ်သည်။
အခန်း (၁) အောက်ခြေမှတ်စု
၁။ အင်္ဂလိပ်ကျမ်းစာများတွင် “အပြစ်ဖြေသောယဇ်ကောင်”ဟု ဘာသာမပြန် ဘဲ၊ “အပြစ်သည် …” (sin lies at the door…) ဟု ဘာသာပြန်ထားသည်။
(၂)
စာရာ – မျှော်လင့်ခြင်းဖြင့်အသက်ရှင်သူ
“သူ၏ခင်ပွန်းစာရာသည်လည်း အရွယ်လွန်သောအခါ ပဋိသန္ဓေ ယူနိုင်သော အခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့် ခံရလေ၏။ အကြောင်းမူကား ဂတိထား တော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။”
– ဟေဗြဲ ၁၁း၁၁
ဝန်ခံမည်ဆိုလျှင် ကျမ်းစာသမိုင်းထဲတွင် စာရာသည် တစ်ခါတစ်ရံ မလိမ္မာသည့် အမျိုးသမီး ဖြစ်သည်။ သူမသည် ကြီးမားကျော်ကြားသော အာဗြ ဟံ၏ မယားဖြစ်သောကြောင့် ငါတို့သည် သူမကို အလိုအလျှောက် လေးစားလေ့ရှိသည်။ သို့သော် သမ္မာကျမ်းဆိုင်ရာ ရေးသားချက်ကိုဖတ်လျှင် သူမသည် မဖြစ်နိုင်ရလောက်အောင် ဆိုးသောအပြုအများရှိသည်။ သူမသည် အမျက် ဒေါသကြီးပြီး သူတစ်ပါးကိုမည်ကဲ့သို့ ဩဇာညောင်းမည်ကိုလည်း သိသောသူ ဖြစ်သည်။ သူမသည် ဆိုးသောမိန်းမများကဲ့သို့ ကျင့်တတ်သည်။ သူမ၌ စိတ်ရှည် ခြင်းမရှိ၊ ချစ်ခြင်းမေတ္တာမရှိ၊ မိမိကိုယ်တိုင် ထိန်းချုပ်နိုင်စွမ်းမရှိသူ၊ ရက်စက် သောသူ၊ တာဝန်ယူခြင်းမရှိ၊ မနာလိုခြင်းရှိသောသူ၊ ယုတ္တိကင်းမဲ့သောသူ၊ ညည်းတွားတတ်သောသူနှင့် သူတစ်ပါးကို ဒုက္ခပေးတတ်သောသူ ဖြစ်သည်။ သူမသည် ပြည့်စုံသော အမျိုးသမီးမဖြစ်သည်သာမက၊ ကျေးဇူးတရားနှင့် နူးညံ့သိမ်မွေ့ခြင်း အားနည်းသောသူလည်းဖြစ်ပြီး၊ အတုယူစရာကောင်းသော မိန်းမ အစဉ်အမြဲ မဟုတ်ပေ။
သူမသည် အလွန်လှပသောအဆင်းသဏ္ဌာန်ကို ပိုင်ဆိုင်သူဖြစ်သည်။ သူ၏မွေးဖွားချိန်တွင် သူ့အားအမည်ပေးသည်မှာ “စာဖြစ်ပြီး၊ ဆိုလိုရင်းမှာ “ငါ၏မင်းသမီး” (my princess) ဟူ၍ ဖြစ်သည်။ (က ၁၇း၁၅ အရ သူ၏ နာမည် “စာရဲ” မှ “စာရာ” အမည်သို့ အသက်ကိုးဆယ်မပြည့်တိုင်အောင်ပြောင်းလဲသွားခြင်း မရှိပေ)။ သမ္မာကျမ်းတွင်လည်း သူမ၏ အလွန်လှပသော အဆင်းသဏ္ဌာန်ကို ဖော်ပြထားသည်။ ထိုကဲ့သို့ ရုပ်ရည်လှပခြင်းသည် ကောင်း မွန်သော မိန်းမများကိုလည်း ဖျက်ဆီးစေတတ်သည်။
သမ္မာကျမ်းစာတွင် စာရာ၏ဘဝကို အသက်ခြောက်ဆယ့်ငါးနှစ်မှစ၍ တွေ့ရသည်။ သူမသည် အသက်ခြောက်ဆယ့်ငါးနှစ်ဖြစ်သော်လည်း သူမ၏ ရုပ်ရည်အလှအပသည် ပျက်စီးသွားခြင်း မရှိသောကြောင့်၊ အခွင့်အာဏာ ရှိသောလူတို့သည် သူ့ကို လုယူသွားမည်ကို အာဗြဟံစိတ်ပူ၍စိုးရိမ်မိသည်။ အာဗြဟံစိတ်ပူခြင်းသည် မှန်ပေ၏။ ပထမဦးစွာမှာ ဖာရောဘုရင်သည် စာရာ အား အာဗြဟံ၏ဇနီးဖြစ်သည်ကိုမသိဘဲ ဇနီးသည်တစ်ဦးအဖြစ် ရယူရန် ကြိုး စားခဲ့သည်။ ယနေ့ထိတိုင် ဒဏ္ဍာရီဆန်သော စာရာ၏လှပခြင်းကို သတိရနေဆဲ ဖြစ်သည်။ “Moslem” ရိုးရာသင်ကြားချက်အရ စာရာသည် ဧဝ၏ ပုံတူဖြစ် သည်ဟု ဆိုသည်။ (“Moslem” ယုံကြည်ချက်အရ “Allah” သည် လှပခြင်း အားလုံးမှ သုံးပုံမှာနှစ်ပုံကို ဧဝအားပေးပြီး၊ ကျန်သောလှပခြင်းများကို ကျန်သည့် အမျိုးသမီးအား ပေးသည်ဟု ဆိုသည်)။ သို့သော် စာရာ၏ လှပခြင်းကို ပုံပြင်များနှင့် အလှဆင်၍ ပြောနေရန်မလိုအပ်ပေ။ သမ္မာကျမ်း ပြောပြချက် သည် ပြီးပြည့်စုံ၍ ရှင်းလင်းသည်။ သူမသည် သာမန်ထက်ထူးကဲသောလှပခြင်းရှိသည်။
အာဗြဟံဇနီးဖြစ်လာသည့်အချိန်မှစ၍ သူမ၏စိတ်ဆန္ဒတစ်ခုမှာ ကလေးရရှိရန်ဖြစ်သည်။ သို့သော်သူမသည် ကလေးရနိုင်မည့်အသက်အရွယ်၌ ကလေးမရနိုင်ဘဲ၊ သူမသည် မြုံသောမိန်းမဖြစ်သည်။ နှုတ်ကပတ်တော်၌ သူမအကြောင်း အစဦးကြားရခြင်းသည် သူမ၏မြုံခြင်း ဖြစ်သည်။ က ၁၁း၂၉-၃၀ တွင် စာရာသည် အာဗြဟံ၏မယားဖြစ်ကြောင်း ဖော်ပြပြီးလျှင် “စာရဲမူကား၊ မြုံသောမိန်းမဖြစ်၍ သားသမီးမရှိ” ဟု ဖော်ပြရေးသားသည်။
သူမ၏ မြုံခြင်းသည် စိတ်ဖိအားဖြစ်စေသည်။ သူမ၏မိသားစုပြဿနာ အားလုံး (သို့) စာရာအပြုအမှုရိုင်းစိုင်းခြင်းသည် သူမ၏နေသော စိတ်ဖိစီးမှုကြောင့်ပင်ဖြစ်သည်။ ဤမြုံခြင်းသည် သူမ၏ဘဝတစ်ခုလုံးကို လွှမ်းမိုးခဲ့လေ သည်။ စိတ်ပျက်ခြင်းနှင့် စိတ်ညစ်ခြင်းများကိုသာ ရင်ဆိုင်၍အသက်ရှင်ခဲ့သည်။ မိခင်တစ်ယောက်ဖြစ်ချင်သော်လည်း ဘုရားသခင်သည်သာ ထိုအရာကို ဟန့် စားခြင်းဖြစ်သည်ဟု ယူဆလိုသည် (က ၁၆း၂)။ သူမသည် ကလေးမရနိုင် သောကြောင့် သူမစိတ်တိုင်းကျတစ်ခုကို စီစဉ်ခဲ့သည်။ ထိုအစီအစဉ်သည် ဖြောင့်မတ်ခြင်း မရှိခြင်း၊ မိုက်မဲခြင်းနှင့်စိတ်လွတ်သော လုပ်ရပ်ဖြစ်သည်။ အာဗြဟံ ဖခင်တစ်ဦးဖြစ်လာရန် သူမ၏အိမ်ဖော်မ ဟာဂရကို အသုံးပြုခဲ့သည်။
ဤကဲ့သို့သော ဇာတိစိတ်နှင့်လုပ်ဆောင်ချက်သည် သူမကိုအကျိုးမဲ့ ကြေမွစေပြီး နာကျင်စေခဲ့သည်။ သူမ၏ခါးသီးခြင်းကို ဆယ့်သုံးနှစ်လုံးလုံး ခံစားခဲ့ရသည်။ နောက်ဆုံးတွင် စာရာသည် အာဗြဟံအား ဟာဂရနှင့် သူ၏ သားကို နှင်ထုတ်ရန်တိုက်တွန်းခဲ့လေသည်။
စာရာ၏ မှားယွင်းခြင်းသည် သိသာထင်ရှားလှသည်။ သူမသည်လည်း အပြစ်သို့ကျဆုံးသော တစ်ယောက်ဖြစ်သည်။ သူမ၏ယုံကြည်ခြင်းသည်လည်း အားနည်းလေ့ရှိသည်။ သူမ၏ စိတ်နှလုံးသားသည်သူမကို လမ်းလွဲစေပြီး၊ သူ၏ အမှားများကို ငြင်းဆန်၍မရနိုင်ပေ။ ဤအကြောင်းအရာများကိုသာ ငါတို့ သည်သိလျှင်၊ စာရာသည် ကြမ်းတမ်းသောသူ၊ သနားခြင်းမရှိသောသူ၊ တစ် ကိုယ်ကောင်းဆန်သောသူနှင့် ဒေါသထွက်တတ်သောသူဟူ၍ ထင်မိမည်ဖြစ် သည်။ သူမသည် ငါတို့ထင်သည့်ပုံစံ အမျိုးသမီးတစ်ဦး မဖြစ်နိုင်ပေ။
သို့သော် စာရာအသက်တာသည် မိမိသိရှိထားသော စာရာထက်သာ ၍ အားကြီးသောအသက်တာရှိပြီး၊ အားနည်းချက်များလည်း ရှိသည်။ သမ္မာ ကျမ်းချီးမွမ်းပြောဆိုထားသည်မှာ – သူမ၏ယုံကြည်ခြင်းသည် တည်ကြည်၍ သစ္စာရှိသည်။ ရှင်ပေတရုက သူမ၏အသက်တာကို ပုံဥပမာအားဖြင့် အသုံး ပြုသည်မှာ “ဇနီးများ မိမိခင်ပွန်းအုပ်စိုးခြင်းကိုခံစေ”ဟူ၍ဖြစ်သည်။ စာရာ၏ အသက်တာသည် ဆိုးဝါးခြင်းနှင့် မိုက်မဲသောအရာများ ရှိသော်လည်း (ထို့သို့သောအရာသည် အသွေးအသားနှင့်တည်ဆောက်ထားပြီး မိမိတို့ကဲ့သို့ဖြစ်သည် ဟုမြင်စေသည်)၊ စာရာ၏အသက်တာ တစ်လျှောက်လုံးသည် နှိမ့်ချခြင်း၊ နူး ညံ့သိမ်မွေ့ခြင်း၊ ဧည့်ဝတ်ကျေပွန်ခြင်း၊ သစ္စာရှိခြင်း၊ နှစ်နှစ်ကာကာ ခင်ပွန်းကို ချစ်ခြင်း၊ ဘုရားသခင်ကို ချစ်ခြင်းနှင့် တည်ကြည်သောမျှော်လင့်ချက်နှင့် အသက်ရှင်ခဲ့သူဖြစ်သည်။
စာရာသည် အမှန်တကယ်ပင် သာမန်ထက်ထူးကဲသော အမျိုးသမီး ဖြစ်သည်။ သူမသည် သားတစ်ဦးတည်းသာ ဖွားမြင်ပြီး၊ ထိုသားကိုလည်း ကလေးရနိုင်သည့်ပုံမှန်အချိန်မှာ မရရှိသော်လည်း၊ သူမသည် ဟေဗြဲလူမျိုးတို့၏ သမိုင်းတွင် မိခင်ကြီးဖြစ်လာသည်။ သူမသည် မိမိ၏ခင်ပွန်း၌ သစ္စာရှိခြင်းကြောင့် အတုယူစရာ ဖြစ်သော်လည်း၊ သူမ၏ဘဝမှာ သစ္စာမရှိခြင်းကိုလည်း တွေ့ရသည်။ တခါတရံ သူမသည် မတည်ကြည်သော်လည်း၊ နောက်ဆုံးတွင် မယုံကြည်နိုင်သည့်ခက်ခဲမှုများကို အောင်နိုင်ခဲ့သည်။ ထိုသို့ဖြင့် စာရာသည် ယုံကြည်ခြင်း၌ သစ္စာရှိသူဟု ပုံသက်သေကောင်းဖြစ်လာသည်။ ဓမ္မသစ် ကျမ်းတွင် သူမ၏ယုံကြည်ခြင်းကို ချီးမွမ်းခဲ့သည်။ “ကတိထားတော်မူသော သူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏” (ဟေဗြဲ ၁၁း၁၁)။
ထို့ကြောင့် သူမ၏အံ့ဩဖွယ်ယုံကြည်ခြင်းသည် အပေါ်ယံ လေ့လာ ခြင်းအားဖြင့် မထင်ရှားဘဲ၊ ကြီးမားသော စိန်ခေါ်မှုမြောက်များစွာ အောင်နိုင်ပြီးမှ ထင်ရှားကြောင်း တွေ့ရသည်။
ခါလဒဲလူမျိုးတို့နေထိုင်သည် ဥရမြို့၌ သူမ၏နောက်ခံသမိုင်း
စာရာသည် အာဗြဟံ၏ တဝမ်းကွဲညီမဖြစ်သည်။ က ၂၀း၁၂ တွင် အဘိမလက် ရှင်ဘုရင်ထံတွင် “သို့သော်လည်း သူသည်အကျွန်ုပ်နှမမှန်ပါ၏။ အကျွန်ုပ်အဘ၏သမီးဖြစ်၏။ အမိ၏သမီးမဟုတ်။ အကျွန်ုပ် မယားလည်း ဖြစ်ပါ၏” ဟု အာဗြဟံ ဆိုသည်။ တေရသည် အာဗြဟံနှင့် စာရာ၏ ဖခင်ဖြစ် သည်။ စာရာသည် အာဗြဟံထက် အသက်ဆယ်နှစ်မျှငယ်၏ (က ၁၇း၁၇)။ သို့သော် သူတို့နှစ်ဦး၏မိခင်ကို ကျမ်းစာတွင် ဖော်ပြထားခြင်း မရှိပေ။
မောင်နှမဝမ်းကွဲ ထိမ်းမြားခြင်းသည် အာဗြဟံခေတ်၌ မထူးဆန်းလှ ပေ။ အာဗြဟံညီ နာခေါ်သည်လည်း သူ၏တူမနှင့် လက်ထပ်ခဲ့သည်။ ဣဇက် နှင့် ယာကုပ်တို့သည် ဝမ်းကွဲညီမများနှင့် အိမ်ထောင်ပြုကြသည်။ ဤကဲ့သို့သော ဆွေမျိုးသားအချင်းချင်း ပေါင်းဖက်ခြင်းသည် အံ့ဩဖွယ်ရာမဟုတ်ဘဲ ဖန်ဆင်း ခြင်း ခေတ်မှစ၍ ဖခင်ကြီးများ ခေတ်တိုင်အောင်ဖြစ်ခဲ့သည်။ အာဒံနှင့် ဧဝသည် အစဦး၌ ဘုရားသခင် ဖန်ဆင်းထားသောလူသားများ ဖြစ်ကြသည်။ အစဦး၌ပင် အာဒံ၏ မျိုးဆက်များသည် သူတို့၏ ညီအစ်ကို မောင်နှမနှင့်သာ ထိမ်းမြားခြင်း ပြုရန် လိုအပ်ပေသည်။
အာဗြဟံခေတ်နောက်ပိုင်းတိုင်အောင် သမ္မာကျမ်းသည် ဆွေမျိုးသား ချင်းအိမ်ထောင်ပြုခြင်းကို မတားမြစ်ခဲ့ပေ။ သို့သော် ဘုရားသခင်သည် နောက် ပိုင်းတွင် ပိတ်ပင်တားမြစ်ခဲ့သည်။ လူသားများ၏ မျိုးရိုးဗီဇကို စုစည်းစေလို သောကြောင့်ပင်ဖြစ်သည်။ ဆွေမျိုးသားခြင်းများ ပေါင်းဖက်ခြင်းသည် အမွေ ဆက်ခံပေးရာ၌ ပြဿနာ မရှိပေ။ တစ်ခုတည်းသော သတိထားရာသည် မွေးရာပါရောဂါများရှိလာမည်ကိုပင်ဖြစ်သည်။ မောရှေးခေတ်တိုင်အောင် ညီအစ်ကိုမောင်နှမများ အိမ်ထောင်ဖက်ပြုခြင်းကို တားမြစ်ထားခြင်း မရှိပေ။ ဝတ် ၁၈း၆-၁၈ နှင့် ၂၀း၁၇-၂၁ ရောက်လာမှသာလျှင် ညီအစ်ကိုမောင်နှမ အချင်းချင်း ဆက်ဆံပေါင်းဖက်ခြင်းကို တားဆီးသည်။ ထို့ကြောင့် ငါတို့သည် နောက်ပိုင်းမှ ရေးထားသော ပညတ္တိကျမ်းများဖြင့် ဖခင်ကြီးများကို (ဥပမာ၊အာဗြဟံ) အပြစ်တင်ရန်မသင့်တော်ပေ။ အာဗြဟံက စာရာကို လက်ထပ် သည် အပြစ်မဟုတ်ပါ။ နှုတ်ကပတ်တော်သည် အာဗြဟံနှင့် စာရာ တို့၏အိမ်ထောင်မိသားစုအဦးပိုင်းကို မပြောပေ။ ငါတို့သိထားသောအရာမှာစာရာသည် မြုံသောမိန်းမဖြစ်၏။ “စာရာမူကား မြုံသောမိန်းမဖြစ်၍၊ သားသမီးမရှိ” (က ၁၁း၃၀)။ ဤကျမ်းပိုဒ်သည် သူတို့၏ ပထမပိုင်း အိမ်ထောင်သက်တမ်း နှစ် ပေါင်း ခြောက်ဆယ့်ငါးနှစ် အကြောင်းကို အကျဉ်းချုပ်ဖော်ပြသည်။ ထို့ကြောင့် သူမသည် ခဏခဏ စိတ်ညစ်ခြင်းနှင့် ခါးသီးမှုကို ထင်ရှားပြသခဲ့လေသည်။
ထိုနည်းတူ သမ္မာကျမ်း၏ပြုစုချက်အရ အာဗြဟံအသက်တာကိုလည်း အသက်ခုနှစ်ဆယ့်ငါး နှစ်နှောင်းပိုင်းမှသာလျှင် တွေ့ရသည်။ သူသည် Sumeria ဒေသ၊ Mesopotamia နိုင်ငံတွင် မွေးဖွား၍၊ တိုင်းဂရစ်မြစ် (lligris)နှင့် ဥဖရိတ် မြစ် (Epirates) ကြား မြေနိမ့်ပိုင်းဒေသ၌ ကြီးပြင်းလာသည်။ (ထိုဒေသသည် ပါရှားပင်လယ်ကွေ့ထိပ် (The Persian Gall) နှင့် နီးစပ်ပြီး၊ လက်ရှိ အီရတ် နိုင်ငံတွင် တည်ရှိသည်)။ အာဗြဟံ၏ ဇာတိမြို့သည် နာမည်ကျော်နေရာဖြစ်ပြီး၊ ထိုခေတ်တွင် ခါလဒဲလူမျိုးတို့၏ ဥရမြို့ဟု ခေါ်တွင်ခဲ့သည်။
ဥရမြို့သည် ခေတ်မှီလှပသော ရှေးယဉ်ကျေးမှု၏ ဗဟိုဖြစ်ခဲ့သည်။ စာရာနှင့် အာဗြဟံတို့သည် ထိုမြို့ကြီး ခွန်အားကြီးမားပြီး လွှမ်းမိုးခြင်း ရှိသော အချိန်တွင် နေထိုင်ကြသည်။ အစိုးရသည်လည်း အယူသီးသော ယုံကြည်ချက် ရှိပြီး၊ ဗာဗုလုန်ဘုရားဖြစ်သော “လ” ဘုရားကို ကိုးကွယ်ကြသည်။ (ထိုခေတ်၌ နာမည်ကျော်ကြားသောမျှော်စင်ကြီးကို တည်ဆောက်ခဲ့သည်။ ထိုကြီးမားသော လှေကားထစ်မျှော်စင်၌ ရုပ်ထု၊ ဆင်းထုများတည်ခဲ့ကြသည်)။
အာဗြဟံသည်သူ၏ ဘိုးဘေးများအားဖြင့် မှန်ကန်သောဘုရားသခင် ထာဝရဘုရားသခင် (YHWH)ကို ကိုးကွယ်သူဖြစ်သည်။ အာဗြဟံသည် နောဧ ၏သား ရှမ မျိုးဆက်မှ ကိုးကြိမ်မြောက်မျိုးဆက်မှ ဆင်းသက်လာသူလည်းဖြစ်သည်။
အာဗြဟံခေတ်တွင် အများကိုးကွယ်သောဘာသာတရားသည် ရုပ်တု ဆင်းတုကိုးကွယ်ခြင်း ဖြစ်ပါသည်။ ဗာဗုလုန်ရဲတိုက်ကြီး မတိုင်မှီကတည်းကလူတို့သည် သမ္မာတရားကို ချစ်ခြင်းမှာ သိသာစွာ ခေတ်အဆက်ဆက် ကျဆင်း လာသည်။ အာဗြဟံခေတ်ရောက်လာသောအခါ ရုပ်တုကိုးကွယ်ခြင်းသည် တစ်ကမ္ဘာလုံးကို လွှမ်းမိုးလာခဲ့သည်။
သို့သော် ကြွင်းကျန်မှန်ကန်သော ယုံကြည်သူများသည် နေရာအနှံ့ တွင် ရှိသေး၏။ လူမျိုးတို့သည် ကမ္ဘာတစ်ခွင်၌ ဖြန့်ကျက်လျှက်ရှိသောအခါ၊ အချို့မိသားစုများသည် သစ္စာရှိစွာ အသက်ရှင်သော ထာဝရဘုရားသခင်ကို ကိုးကွယ်ကြသည်။ ထိုမိသားစုတို့သည် နောဧခေတ်ကာလမှစ၍ ခေတ်အဆက် ဆက် သူတို့၏ယုံကြည်ခြင်းကို ထိန်းသိမ်းခဲ့ကြသည်။ ဥပမာအားဖြင့် ယောဘ ဝတ္ထု၌ သူ၏အသက်ရှင်ခြင်းကို လေ့လာခြင်းအားဖြင့် သူသည် အာဗြဟံခေတ် ၌ နေထိုင်သူဖြစ်နိုင်သည်။ ယောဘနှင့် သူ၏မိတ်ဆွေများသည် ဘိုးဘေးများ၏ ဘုရားသခင်နှင့် စေ့စေ့စပ်စပ်ရင်းနှီးသူများ ဖြစ်ကြသည်။ ထိုသူတို့သည် ဥဇပြည် ၊ ၌ နေထိုင်ခဲ့ကြသည်။ ဥဇပြည်၏ တည်နေရာသည် ရှင်းလင်းစွာ ဖော်ပြထား ခြင်း မရှိသော်လည်း အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နိုင်သည် (ယေ ၂၅း၂၀)။ ဥဇပြည်သည် ခါလဒဲလူတို့နေထိုင်သည့် ဥရမြို့ အနီး၌ မဟုတ်ပေ။ ထို့ကြောင့် ထာဝရဘုရားသခင်ကို ကိုးကွယ်ယုံကြည်သူတစ်ချို့သည် နေရာတစ်နေရာ တည်းနှင့် မိသားစုတစ်စုတည်း၌သာ ကန့်သတ်နေခြင်းမျိုးမဟုတ်ပေ။
အာဗြဟံခေတ်ကာလအချိန်၌ ယဇ်ပုရောဟိတ် မေလခိဇေဒက် အ ကြောင်းကိုလည်း ကျမ်းစာမိတ်ဆက်ပေးသည် (က ၁၄း၁၈)။ ဤယဇ်ပုရော ဟိတ်ကြီးသည် လှည့်လည်သောယဇ်ပုရောဟိတ်များကို ကိုယ်စားပြုပြီး၊ မှန်ကန်သော ဘုရားသခင်ကိုသိသော အစေခံများဖြစ်ကြသည်။ အာဗြဟံနှင့် မေလခိဇေဒက်သည် ပင်လယ်သေ (Dead Sea) နေရာဒေသ၌ တွေ့မြင်ကြ သည်။ ထို့ကြောင့် အာဗြဟံခေတ်တွင် သစ္စာရှိသော ထာဝရဘုရားသခင်ကို ကိုးကွယ်သော ယုံကြည်သူများရှိကြပြီး၊ ထိုယုံကြည်သူများသည် နေရာ အသီးသီး၌နေထိုင်ကြကြောင်း သိနိုင်သည်။
ဘုရားသခင်သည် အာဗြဟံအား ကြီးမားသောလူမျိုး၏ ဖခင်ဖြစ်ရန် ရွေးချယ်ထားပြီး၊ လောက၌သူ၏သက်သေဖြစ်ရန် ခေါ်တော်မူခဲ့သည်။ ထိုလူမျိုးသည် ဣသရေလလူမျိုးဖြစ်၍၊ ဘုရားသခင်သည်လည်း သူတို့နှင့် ပဋိညာဉ်ပြု ခဲ့သည်။ သူတို့အားဖြင့် သမ္မာတရားသည် ဆက်လက်ရှင်သန်ပြီး ကောင်းမွန်စွာ ထိန်းသိမ်းရန်ဖြစ်သည်။ ကျမ်းစာက “ယုဒလူတို့သည် ဘုရားသခင်၏ ဗျာဒိတ် တော်များကို ခံရကြ၏” ဟု ပြောသည် (ရော ၃း၂)။ တစ်နည်းအားဖြင့်ဆိုသော် အာဗြဟံမှ ဆင်းသက်လာသောလူမျိုးအားဖြင့် ပရောဖက်များထွက်ပေါ်လာကြ မည်။ ထိုသူတို့အားဖြင့် သမ္မာကျမ်းကို လောကီသားများအတွက် ပေးအပ်မည်။ ဘုရားသခင်သည် ထိုလူတို့အလယ်၌ရှိ၍ သန့်ရှင်းရာအရပ်ကို တည်ဆောက် မည်။ ထိုသူတို့၏ မျိုးနွယ်မှ မေရှိယ ကယ်တင်ရှင် ပေါ်ထွန်းလာမည်။ ထိုကယ် တင်ရှင်အားဖြင့် လူခပ်သိမ်းတို့သည် ကောင်းချီးမင်္ဂလာခံရကြမည် (က ၁၈း၁၈)။
ဤဂတိတော်များ ပြည့်စုံဖို့ရန် စာရာ၏ ဘဝအသက်တာမှာ အရေးပါ လှသည်။ စာရာသည် သားသမီးများမရှိခဲ့လျှင် အာဗြဟံသည် ကြီးမားသော လူမျိုး၏ ဖခင်ကြီး မဖြစ်နိုင်ပေ။ ဘုရားသခင်သည် အာဗြဟံအား ပေးထားသော ကတိတော်များကို သူမသိသည်။ သူမသည် ဤဂတိတော်များ ပြီးပြည့်စုံ သည်ကို တွေ့မြင်ချင်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် သူမသည် မြုံသော မိန်းမ ဖြစ်သောကြောင့် ဂတိတော်သည် သူ့အတွက် ကြီးမားသောဝန်ထုပ်ကဲ့သို့ ဖြစ်လာသည်။
ဂတိတော်ပြည်သို့ ခရီးနှင်ခြင်း
ဥရမြို့၌ နေထိုင်စဉ်တွင် အာဗြဟံသည် အသက်အရွယ်ကောင်းသည့် အချိန်ဖြစ်နိုင်သည်။ ထိုအခါ ထာဝရဘုရားသခင်သည် အာဗြဟံအား “သင်၏ ပြည်နှင့်တကွ အမျိုးသားချင်းပေါင်းဘော်များထဲက ထွက်ပြီးလျှင် ငါပြလတံ့ သောပြည်သို့ သွားလော့” ဟု ပြောဆိုခဲ့သည် (က ၁၂း၁)။
အာဗြဟံသည် ဘုရားသခင်၏စကားကို နာခံခဲ့သည်ဟု ဟေဗြဲ ၁၁း၈ တွင် ထပ်မံဖော်ပြသည်။ “အာဗြဟံသည် အမွေခံရလတံ့သောပြည်သို့ ထွကသွားမည့်အကြောင်း ဘုရားသခင်ခေါ်တော်မူသောအခါ သူသည် အဘယ် အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျှက် ယုံကြည်ခြင်းအားဖြင့် နားထောင် ၍ ထွက်သွားလေ၏။ သို့သော်လည်း လမ်းခရီးသည် ရှည်လျား၍ နှေးသည်။ ရှင်းလင်းသောအရာတစ်ခုမှာ အာဗြဟံသည် သူ၏မိသားစုနှင့် ချက်ချင်းမစွန့်ခွာ ခဲ့ပေ။ သူ၏ဖခင်ကို သူနှင့်အတူခေါ်ဆောင်ခဲ့သည်။ သူ့အနေနှင့် မိဘများစွန့်ခွာ ရမည်ကို တွန့်ဆုတ်နေသည်ဟု သိရသည်။
အာဗြဟံ၏မိသားစု ဥရမြို့မှ ထွက်ခွာစဉ်တွင် ဖခင်ကြီး တေရသည် ဦးဆောင်သူဖြစ်သေးကြောင်း နှုတ်ကပတ်တော် ပြောဆိုသည်။ “တေရသည်သားအာဗြံကိုလည်းကောင်း၊ ခါရန်၏သားဖြစ်သော မြေးလောတကိုလည်း ကောင်း၊ သားအာဗြဲ၏ မယားဖြစ်သော မိမိချွေးမ စာရဲကိုလည်းကောင်း ခေါ် ၍၊ သူတို့သည် ခါနာန်ပြည်သို့သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ရောက်၍ နေကြ၏”(က ၁၁း၃၁)။ တေရသည် မိသား စုဝင်အားလုံးကို ဆက်လက်ဦးဆောင်ဖြစ်ပြီး၊ ခရီးသွားရာတွင် အာဗြဲ၊ စာရဲနှင့်လောတတို့၏ ခေါင်းဆောင်လည်းဖြစ်သည်ဟု နှုတ်ကပတ်တော်၌ တွေ့ရ သည်။
သူတို့သည် ဥဖရတ် (Euphrates) မြစ်ကြောင်းတစ်လျှောက်ဖြင့် အနောက်မြောက်ပိုင်း မိုင်ပေါင်း (၆၅၀ ခန့်) ခရီးနှင်ကြပြီး၊ ပထမ အခြေချသော နေရာသည် ခါရန်မြို့ဖြစ်သည်။ ဖြစ်နိုင်ချေမှာ တေရသည် အသက် အရွယ်ကြီးသောကြောင့် ခရီးဆက်နှင်ရန် မတတ်နိုင်တော့ပေ။ အာဗြဟံနှင့် စာရာတို့သည် ခါရန်မြို့၌မည်မျှကြာ နေခဲ့သည်ကို ငါတို့မသိပါ။ သူတို့သည် ထိုမြို့၌ တေရ သေသည့်တိုင်အောင် နေထိုင်ခဲ့သောကြောင့် အချိန်ကာလ အတိုင်းအတာတစ်ခုထိတော့ ဖြစ်နိုင်သည်။ တေရသည် အသက်(၂၀၀) ကျော် ရှိသော် ခါရန်မြို့၌သေလေ၏။ ခါရန်မြို့မှ ခါနာန်ပြည်သို့ ထွက်ခွာသွားချိန်၌ အာဗြဟံသည် အသက် (၇၅) နှစ် ရှိပြီဟု ကျမ်းစာဖော်ပြသည်။
စာရာသည် ယခုတွင် (၆၅) နှစ် ရှိပြီး၊ ယနေ့ခေတ်ဆိုလျှင် ပင်စင်ယူ မည့်အရွယ်ဖြစ်သည်။ အာဗြဟံခေတ်တွင် လူတို့သည် ပို၍ အသက်ရှည်ပြီးအသက် (၆၅) နှစ်နောက်ပိုင်းတွင်လည်း ခွန်အားနှင့်ပြည့်သော်လည်း စာရာ သည် ငယ်ရွယ်သောအမျိုးသမီးတစ်ယောက် မဟုတ်တော့ပေ။ ရွေ့ပြောင်းနေ သည့်ဘဝသည် အသက် (၆၅) နှစ်အရွယ်ရှိသော စာရာအတွက် လွယ်ကူလှ မည်မထင်။ သို့သော် သူမအနေနှင့် အာဗြဟံနောက် လိုက်ရန်နှင့် သူတို့မမြင် ဖူးသောပြည်သို့ ခရီးသွားရန် တွန့်ဆုတ်ခြင်းနှင့် ဆန္ဒမရှိခြင်း လုံးဝမရှိပေ။
သူမသည် ညည်းညူနေမည့်အစား အာဗြဟံနောက်သို့ ဆန္ဒပြင်းပြစွာ နှင့် ဝမ်းမြောက်ပျော်ရွှင်စွာ လိုက်လျှောက်ခဲ့သည်။ သူမသည် လုံးလုံးလျားလျား ခင်ပွန်းဦးဆောင်ရာကို လိုက်သွားသည်။ ဘုရားသခင် ကတိပေးထားသည့် တိုင်းနိုင်ငံ၏ ဖခင်ကြီးဖြစ်မည်ကို မျှော်လျက်နေကြသည်။ စာရာသည် ဤကတိတော် ပြည့်စုံရန် ကလေးမွေးခြင်းကို စိတ်အားထက်သန်စွာ ဘုရားသခင်၏ အချိန်ကို စောင့်နေခဲ့သည်။
အာဗြဟံသည် ဖခင်တေရကို ခါရန်မြို့၌ သင်္ဂြိုဟ်ပြီးနောက် ထိုနေရာမှ ထွက်ခွာလာကြသည်။ “အာဗြသည် မယားစာရဲ၊ အစ်ကိုသား လောတနှင့် ဥစ္စာရတတ်သမျှကိုလည်းကောင်း၊ ခါရန်မြို့၌ရသော လူတို့ကိုလည်းကောင်း၊ ယူပြီးလျှင်၊ ခါနာန်ပြည်သို့ ရောက်ခြင်းငှါ ထွက်သွား၍ ထိုပြည်သို့ရောက်ကြ၏” (က ၁၂း၅)။
အထက်ပါကျမ်းပိုဒ်အရ ခါရန်မြို့မှ ခါနန်ပြည်သို့ သူတို့၏ခရီးစဉ်သည် ချောမွေ့ခဲ့ပါသည်။ ခါရန်မြို့မှ ခါနာန်ပြည်သည် ခြေကျင်ဖြင့် မိုင်ပေါင်း (၃၅၀) ခန့်ရှိပြီး၊ ခရီးစသည်နေရာ ဥရမြို့ မှရေတွက်လျှင် မိုင်ပေါင်း (၁၀၀၀) ကျော်ကို ခရီးနှင်ကြခဲ့သည်။ ဥစ္စာအများကြီးနှင့်လည်းကောင်း၊ ကျွန်၊ ကျွန်မများနှင့်လည်းကောင်း သူတို့သည် တစ်နေ့တွင် (၈) မိုင် မှ (၁၀) မိုင်ခန့်နှုန်းဖြင့်သာ ခရီးသွားရ သည်။ ခါရန်မြို့ မှ ခါနန်ပြည်သို့ သွားရသောကြာချိန်သည် ခြောက်ပတ်မှ ခုနှစ်ပတ်ခန့် သွားရသောခရီးဖြစ်သည်။ အာဗြဟံသည် လမ်းခရီး၌မနားဘဲ။ ဗေသလမြို့ရောက်သည့်တိုင်အောင် ခရီးနှင်ခဲ့သည်။ ဗေသလမြို့သည် အသီး အနှံပေါများ၍ စမ်းရေတွင်းများ ရှိသည့်နေရာလည်းဖြစ်သည်။
အာဗြဟံသည် ဂတိတော်ပြည့်သို့ရောက်သောအခါ ကျောက်နှင့်တည် သော ယဇ်ပလ္လင်ကို ပြုလုပ်ပြီး ယဇ်ပူဇော်ခဲ့သည်။ ထာဝရဘုရားသခင်သည် လည်း သူ့အားထင်ရှားခဲ့သည်။ ဘုရားသခင်သည် မူလပေးသောဂတိတော်များ ကို ထပ်မံတိုးပွားစေပြီး၊ ယခုတွင် ဘေးပတ်ဝန်းကျင်၌ရှိသော မြေနေရာအားလုံး ကို အာဗြ၏မျိုးဆက်များအား ဆက်ခံစေမည်ဟု ဆိုသည်။ ထိုခေတ်၌ သူတို့ သည် နေရာဒေသတစ်ခု၌ နေထိုင်ခြင်းမရှိသော်လည်း၊ အာဗြဲတည်သော ယဇ် ပလ္လင်သည် သူတို့၏ မှတ်တိုင်တစ်ခုဖြစ်လာခဲ့သည်။ (ဤယဇ်ပလ္လင်ဆောက်သောနေရာတွင် နောက်ပိုင်း၌ ယာကုပ်သည် အိမ်မက်၌ထာဝရဘုရားသခင် (YHWH)နှင့် တွေ့ဆုံပြီး၊ ကောင်းကင်တမန်များ လှေခါးဖြင့်ကောင်းကင်မှ မြေကြီးသို့ ဆင်းသက်နေကြသည်ကို မြင်ခဲ့သည်)။
သို့သော် အကြောင်းအမျိုးမျိုးကြောင့် အာဗြဲသည် တောင်ဘက်ပိုင်းသို့ အမြန်ရွှေ့ရမည့် အခြေအနေဖြစ်ပေါ်လာသည်။ “ထိုနောက် ခါနာန်ပြည်၌ အစာခေါင်းပါးခြင်းဖြစ်၏။ အလွန်အစာခေါင်းပါးသောကြောင့် အာဗြဲသည် အဲဂုတ္တုပြည် (အီဂျစ်နိုင်ငံ)၌ တည်းခိုခြင်းငှါ သွားလေ၏” (က ၁၂း၁၀)။ ဤနေ ရာ၌ အာဗြဟံသည် သူ့ဇနီးစာရာကို ညီမ ပထမဦးဆုံးပြောဆိုခဲ့သည်။ စာရာ သည် သူ၏ဇနီးဟုပြောဆိုလျှင် သူအသက်ခံရမည်ကို စိုးရိမ်သောကြောင့် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဤအခြေအနေ၌ အာဗြဟံ၏ကြီးမားလှသော ယုံကြည် ခြင်းသည် ယိမ်းယိုင်ခဲ့သည်။ ထိုသို့ အာဗြဲသည် လူကိုကြောက်ခဲ့ရသည်။ အ ကယ်၍ ဘုရားသခင်ကို ကိုးစားခဲ့လျှင်၊ ဘုရားသခင်သည် စာရာကိုကာကွယ် ခဲ့လိမ့်မည် (နောက်ဆုံးတွင် ကာကွယ်ခဲ့ပါသည်)။
သမ္မာကျမ်းပြောပြချက်မှာ လင်မယားနှစ်ဦးသည် အဲဂုတ္တုပြည်သို့ မဝင် ခင် ဆွေးနွေးပြီး သူတို့ဝင် သွားရမည့်မြို့သည် လှပသောမိန်းမကို ပိုင်ဆိုင်သူ အာဗြံအတွက် အန္တရာယ်ရှိလှပေသည်။ “အဲဂုတ္တုလူတို့သည် သင့်ကိုမြင်သော အခါ ဤမိန်းမသည် သူ၏မယားဖြစ်၏ဟုဆိုလျက်၊ ငါ့ကိုသတ်၍ သင့်ကို အသက်ချမ်းသာ ပေးလိမ့်မည်” (က ၁၂း၁၂)။ ထို့နောက်အာဗြဟံ၏ ဆွေးနွေး တိုင်ပင်ခြင်းကို စာရဲလက်ခံပြီး မိမိကိုယ်ကို အာဗြဟံ၏ညီမဟူ၍ ပြောဆိုခဲ့သည်(ငယ် ၁၃)။ အာဗြဟံသည် မိမိအတွက်သာစဉ်းစားပြီး၊ သူရဲဘောကြောင်ဖြစ်ခဲ့ သည်။ သူ့အကြံအစည်ကို ကြည့်ခြင်းအားဖြင့် သူသည် ယုံကြည်ခြင်း၌ အား နည်းကြောင်းတွေ့ရသည်။ သို့သော်စာရာသည် ခင်ပွန်း၌အကြွင်းမဲ့ဆက်ကပ် ခြင်းကို ဘုရားသခင် ချီးမွမ်းဂုဏ်ပြုခဲ့သည်။
ဖာရောဘုရင်၏ တပည့်များသည် စာရာကိုတွေ့သောအခါ၊ ဖာရော ဘုရင်ထံသို့ ယူဆောင်ခဲ့ကြသည်။ “
ဖါရောဘုရင်သည် ထိုမိန်းမအတွက် အာဗြဲ ၌ ကျေးဇူးပြုသဖြင့်၊ သူသည်သိုး၊ နွား၊ မြည်းထီး၊ မြည်းမ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်များနှင့် ကြွယ်ဝ၏”ဟု ကျမ်းစာဖော်ပြသည်(ငယ် ၁၆)။ ဆိုလိုသည်မှာ ဖါရောဘုရင်သည် စာရာအား လက်ထပ်ရန်တောင်းဆိုခြင်း ဖြစ်သည်။ သို့သော် ထာဝရဘုရား၏ကာကွယ်ခြင်းအားဖြင့် ဖါရောဘုရင်သည် စာရာနှင့်အတူ မနေခဲ့ပေ (ငယ် ၁၉)။ ငယ် ၁၇ တွင် “ထာဝရဘုရားသည် အာဗြဲ၏ မယားစာရဲအတွက်ကြောင့် ဖါရောဘုရင်မှစ၍ နန်းတော်သားတို့ကို ကြီးသောဘေးဒဏ်ဖြင့် ဆုံးမတော်မူ၏။”
ဖါရောဘုရင်သည် သေဒဏ်ခတ်ခြင်း၏ အကြောင်းရင်းကို သိလာ သောအခါ အာဗြဟံအား အပြစ်တင်၍၊ သူ့နိုင်ငံမှ ထွက်ခိုင်းလေသည် (က ၁၂း၁၉-၂၀)။ သို့သော် ဖါရောဘုရင်သည် သူတို့ကို ဒုက္ခမပေးတော့ဘဲ၊ စာရာ၏ မျက်နှာကိုထောက်၍ အာဗြဟံအား ချမ်းသာကြွယ်ဝသောသူဖြစ်စေသည် (က ၁၃း၂)။ ထိုနောက် အာဗြဲနှင့် စာရာသည် ဗေသလမြို့သို့ပြန်ရောက်ခဲ့သည်။ ထိုနေရာသည် “ယဇ်ပလ္လင်ကိုတည်ခဲ့ဘူးသောအရပ်သို့ ရောက်ပြန်လျှင်၊ ထို အရပ်တွင် ထာဝရဘုရား၏ နာမတော်ကို ပဌာနာပြုလေ၏” (က ၁၃း၄)။ ထိုအချိန်မှစ၍ ထာဝရဘုရားသည်သာ သူတို့၏ ခိုလှုံရာဖြစ်၏။ သူတို့သည် “သူတပါးပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့ ဂတိတော်နှင့် စပ်ဆိုင်သော ပြည်၌ ယုံကြည်ခြင်းအားဖြင့် ဧည့်သည်ဖြစ်၍ နေ၏။ … အကြောင်းမူကား၊ ဘုရားသခင် တည်ထောင်ပြုစုတော်မူသော ခိုင်ခံ့မြဲမြံသောမြို့ကို မျှော်လင့်သတည်း” (ဟေဗြဲ ၁၁း၉-၁၀)။ ဤအကြောင်းအရာသည် စာရာ၏ယုံကြည်ခြင်း ဖြင့် မိမိခင်ပွန်းနောက်သို့ လိုက်လျှောက်ခြင်း၏ အချုပ်ဖြစ်သည်။ သူမသည်လောက၏အဆင်မပြေမှုများကို ထာဝရကတိတော် ကောင်းကြီးမင်္ဂလာနှင့် တွန်းလှန်နိုင်သည်။
ဂတိတော်ကောင်းချီးမင်္ဂလာကို ပြင်းပြသောစိတ်နှင့်စာရာစောင့်နေခြင်း
အာဗြဟံနှင့်စာရာသည် မြို့ပြဘဝအခြေအနေမှ ဆင်းလက်လာသူ များဖြစ်သည်။ သူတို့သည် ဘဝတလျှောက်လုံး ခရီးသွားလှည့်လည်နေသော သူများသာမဟုတ်ပါ။ အာဗြဟံအသက် (၇၅) နှစ်၊ စာရာသည် အသက် (၆၅) နှစ်ခန့်မှသာလျှင်၊ သူတို့သည် ခရီးစပြုကြသည်။ ခရီးသည်ဘဝသည် စာရာ အတွက် ကျင့်သားမဟုတ်သောကြောင့် ထိုဘဝကို သူသင်ယူလက်ခံခဲ့သည်။ စာရာသည် တက်ကြွသောစိတ်နှင့် သူမ ရင်းနှီးပြီးသော ပတ်ဝန်းကျင်ကိုစွန့်၍ နေရာအတည်တကျမရှိသောဒေသသို့ သွားခဲ့သည်မှာ အဘယ်ကြောင့်နည်း။ အာဗြဟံအား ဘုရားသခင် ပေးသောကတိတော်၏ ကြီးမားခြင်းကို မှတ်ထား ရမည်။ “ငါသည် သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ ငါကောင်းချီးပေး၍ သင်၏နာမ ကို ကြီးမြတ်စေမည်။ သင်သည် ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်။ သင့်ကိုကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကိုကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာ ကို ခံရကြမည်ဟု မိန့်တော်မူ၏” (က ၁၂း၂-၃)။ ဤအရာသည် အာဗြဟံပဋိ ညာဉ် (Abrandonic Covenant) ဖြစ်၍၊ အာဗြဟံနှင့်သူ၏သားသမီးအား ဘုရားသခင် တရားဝင်ပြုသော ထာဝရဂတိတော်ဖြစ်သည်။ ဘုရားသခင်ပြုသော ဂတိတော်သည် အခြေအနေပေါ်၌မမူတည်ဘဲ၊ ကောင်းချီးမင်္ဂလာသည် လည်း အကန့်အသတ်မရှိပါ။
ဘုရားသခင်သည်အာဗြဟံကိုကောင်းကြီးပေးပြီးကောင်းကြီးမင်္ဂလာဖြစ်စေမည်။ ထိုကောင်းကြီးမင်္ဂလာသည် လူသားအားလုံး အတွက်ဖြစ်စေသည် (ဂလ ၃း၉-၁၄)။ ဘုရားသခင်၏ ဂတိတော်သည် ထာဝရ နှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာဖြစ်သည်။
တစ်နည်းဆိုသော် အပြစ်မှရွေးနုတ်ခြင်းအကြောင်းနှင့် ဘုရားသခင်၏ တရားစီရင်ခြင်းမှ ကယ်တင်ခြင်းသည် အာဗြဟံပဋိညာဉ်၏အစိတ်အပိုင်း၌ ပါဝင်သည် (ဂလ ၃း၈၊ ၁၆-၁၇)။ စာရာသည်လည်း ထိုပဋိညာဉ်ကိုနားလည်ပြီး ကျမ်းစာ၏ ပြောပြချက်အတိုင်း ယုံကြည်ခဲ့သည်။
ဓမ္မသစ်ရှုထောင့်မှ ကြည့်မယ်ဆိုလျှင် ဘုရားသခင်သည် အာဗြဟံနှင့် ပြုသောပဋိညာဉ်သည် ဧဒင်ဥယျာဉ်ကြီး၌ ဘုရားသခင် ဂတိပြုပေးသော ဧဝ၏ မျိုးဆက်သည် မြွေ၏ဦးခေါင်းကိုကြိတ်မည်ဆိုသည့် ဂတိတော်ဖြစ်သည်။ ယေရှု ခရစ်သည် ဧဝ၏မျိုးဆက်မှဆင်းသက်၍ မြွေ၏ဦးခေါင်းကိုကြိတ်သောသူ၊ အာဗြဟံ၏မျိုးဆက်လည်းဖြစ်ပြီး သူ့အားဖြင့် လောကလူသားအားလုံးသည်ကောင်းချီးမင်္ဂလာ ရရှိမည်ဖြစ်သည်။ ရှင်ပေါလုရေးသား ပြောဆိုထားသည်မှာ “ဂတိတော်တို့ကို အာဗြဟံနှင့် သူ၏အမျိုးအနွယ်၌ ထားတော်မူ၏။ အမျိုး “အနွယ်တို့ ́ဟု အများသောသူတို့ကို ရည်မှတ်၍ မိန့်တော်မူသည်မဟုတ်။ သင်၏ “အမျိုးအနွယ်” ဟု တယောက်သောသူကို ရည်မှတ်၍ မိန့်တော်မူ၏။ ထိုတယောက်သောသူကား ခရစ်တော် ဖြစ်သတည်း” (ဂလ ၃း၁၆)။ ဤကတိတော်သည် ကျမ်းစာတစ်ခုလုံး၏ အဓိကအချက်ဖြစ်ပြီး၊ ကမ္ဘာဦးကျမ်း (၃) မှစ၍၊ ထိုအရာ၏ပြည့်စုံခြင်းကို ဗျာဒိတ်ကျမ်း၏ နောက်ဆုံးအခန်းထိတိုင် အောင် တွေ့ရသည်။
အာဗြဟံသည် လူသားအားလုံးကို ကယ်တင်ခြင်းအစီအစဉ်ကို ဖော် ဆောင်ပေးသော ဘုရားသခင်၏အသုံးတော်ခံ တစ်ဦးဖြစ်သည်။ ထိုအစီအစဉ် ကို သူကိုယ်တိုင်လည်း နားလည်၍ စာရာလည်းနားလည်ပြီး လက်ခံခဲ့သည်။ “အကြောင်းမူကား ကတိထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်း ခြင်းရှိ၏” (ဟေဗြဲ ၁၁း၁၁)။
သို့သော် စာရာသည် ထိုဘုရားသခင်၏ ကတိတော်ကို နားလည်သော် လည်း လူသားများ၏ အမြင်၌ နှစ်ပေါင်းများစွာ ကလေးမရှိသောကြောင့် ကတိတော်ပြည့်စုံရန်စောင့်ဆိုင်းခြင်းသည် မလွယ်ကူလှပေ။ သူမသည် ဘုရားသခင်ပေးသောဂတိတော်များကို နှစ်၊ လပေါင်းများစွာ တွေးတောဆင်ခြင်ခဲ့ မည်ဖြစ်ပြီး၊ ဝန်လေးခြင်းနှင့် စိတ်ပူပန်ခြင်းများတိုးပွားလာသည်။
သို့သော် ဘုရားသခင်သည် စာရာအား စိတ်ရှည်စွာစောင့်ဆိုင်းရန် အကြောင်းရင်းများကိုလည်း ပေးခဲ့သည်။ က ၁၅း၇-၂၁ တွင် ဘုရားသခင်သည် အာဗြဟံ၌ ထားသောကတိတော်ကိုပြန်လည်တိုးချဲ့ခဲ့သည်။ စိတ်ဝင်စားစရာကောင်းသော အရာမှာ (က ၁၅း၁၂) တွင် “နေဝင်သောအခါ အာဗြဟံသည် ကြီးသောအိပ်ခြင်းဖြင့် အိပ်ပျော်ခဲ့သည်။” ဆိုလိုသည်မှာ ဘုရားသခင်သည် သူတစ်ဦးတည်းသာ ဤပဋိညာဉ်မင်္ဂလာကို ပြုလုပ်ခဲ့သည်။ (ဟေဗြဲစကားလုံး တွင် “ကြီးသောအိပ်ခြင်း” သည် အာဒံ၏ “ကြီးသောအိပ်ခြင်း”နှင့်တူပေသည်။ အာဒံသည် ကြီးသောအိပ်ခြင်း ခံရစဉ်တွင် သူ၏နံရိုးကို ဘုရားသခင် ထုတ်ယူ ပြီး၊ ဧဝကို ဖန်ဆင်းခဲ့သည်)။ အာဗြဟံအိပ်ပျော်ခြင်း၏ အကြောင်းရင်းမှာ ဤပဋိညာဉ်သည် ဘုရားသခင်ဘက်မှ အာဗြဟံထံသို့ပေးသော အခြေအနေ ပေါ် မူတည်သောဂတိတော်ဖြစ်သောကြောင့် ဖြစ်သည်။ အာဗြဟံနှင့် စာရာတို့ ထံမှ ဘုရားသခင်သည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ အာဗြဟံအတွက် ဘုရားသခင်သည် မည်သည့်အရာကို ပြုပေးမည်ဟုသည့် တစ်ဖက်သက် ပဋိညာဉ်တော်ဖြစ်သည်။
စာရာသည် ထိုဂတိတော်ကို နားလည်ပြီးလက်ခံခဲ့လျှင်၊ သူမ၏ ဝန် ထုပ်ဝန်ပိုးသည် သိသာစွာ ပေါ့ပါးလာခဲ့မည်။
ဟာဂရနှင့်ပတ်သက်၍ သူမ၏မိုက်မဲသောအပြုအမူ
သူမတစ်သက်တာလုံး နောင်တရမည့်အရာတခုကို စာရာစီစဉ်ခဲ့သည်။ သူမ၏အပြုအမူအားဖြင့် ရလာသောဆိုးရွားသည့်ရလဒ်မှာ မယုံကြည်နိုင်ရလောက်အောင် ကျယ်ပြန့်သည်။ ယနေ့ အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်စဉ်များ သည် စာရာ၏ မိုက်မဲသော လုပ်ရပ်တစ်ခုကြောင့်လည်း ဖြစ်သည်။
လူသားတစ်ယောက်အမြင်နှင့် စာရာ၏ စိုးရိမ်ခြင်းကို နားလည်ပေးရန် လိုသည်။ အာဗြဟံနှင့် သူမသည် ခါနန်ပြည်သို့ ရောက်လာသည့်အချိန်မှနောက်ထပ်ဆယ်နှစ်လုံးလုံး သားသမီးမရဘဲ နေကြသည် (က ၁၆း၃)။ ယခုတွင် စာရာသည် ခုနှစ်ဆယ့် ငါးနှစ်ရှိပြီး၊ သားသမီးရမည့်အရွယ်ကိုလည်း ကျော်လွန် ပြီးပြီဖြစ်သည်။ ဘုရားသခင်သည် အာဗြဟံအားဖြင့် လူမျိုးကြီး၏ မိခင်ဖြစ်ရန် ရွေးချယ်ထားလျှင် ယခုအချိန်ထိ အဘယ့်ကြောင့်မလုပ်သနည်းဟု မေးခွန်း ထုတ်ခဲ့သည်။ စာရာ၏စိုးရိမ်မှုသည် သဘာဝဖြစ်ပြီး ဘုရားသခင်သည် သူမ အား ကလေးမပေးရန် ရည်ရွယ်ချက်ရှိသည်ဟု ထင်ယူမည်ကို အမှန်ပါ။ သို့သော်လည်း ဘုရားသခင်၏ ဂတိတော် ပြည့်စုံရန်အချိန်ရောက်လာလျှင် အ ဘယ်သူမျှတားဆီးနိုင်မည်မဟုတ်ဘဲ၊ ဤသို့လုပ်ဆောင်ခြင်းသည်လည်း ဘုရား သခင် လုပ်ဆောင်ခြင်းဖြစ်သည်ကို နားလည်မည်ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်မှာ စာရာသည် အသက်အရွယ်ကြီးလာမှ ကလေးကိုမွေးရန် ဖြစ် သည်။ ထိုအရာသည် လူ့အကြံအစည်နှင့် မျှော်လင့်ချက်များ လုံးဝပျောက်သွား ပြီးမှ ပြည့်စုံမည်ဖြစ်သည်။ ဤသို့ဖြင့် ထာဝရဘုရားသခင် (YHWH) သည် သူ၏အစွမ်းတန်ခိုးနှင့် လုပ်ဆောင် ပိုင်ခွင့်ရှိသည်ကိုလည်း ထင်ရှားစေမည်။
စာရာသည် မိမိအခြေအနေကိုစဉ်းစားပြီး၊ သူမ၏ပြသနာကို ဖြေ ရှင်းရန် နည်းလမ်းကို ရှာခဲ့သည်။ ဘုရားသခင်သည် အာဗြဟံထံ၌ ထားသော ဂတိတော် ပြည့်စုံစေရန်အတွက်၊ အာဗြဟံသည် တစ်နည်းနည်းဖြင့် သားသမီး ရှိရမည်ဟု စာရာကြံစည်ခဲ့သည်။ ထိုသို့ဖြင့် စာရာသည် အာဗြဟံအား ဘုရား သခင်ပေးသောဂတိတော်ကို သူမ၏အကြံအစည်နှင့် ပြည့်စုံရန် ကြံစည်ခဲ့ သည်။ ဘုရားသခင်လုပ်မည့်အလုပ်ကို မိမိ ကိုယ်တိုင်လုပ်ခဲ့လေသည်။ စာရာ၌ ကျွန်မတဦးရှိပြီး၊ သူမ၏နာမည်မှာ ဟာဂရဖြစ်သည်။ ဟာဂရသည် အဲဂုတ္တုပြည် မှ စာရာ၏ကျွန်မဖြစ်သည်။ စာရာ၏ကြံစည်မှုမှာ ဟာဂရသည် သူ၏ကျွန်မဖြစ်သောကြောင့် သူ့အားဖြင့်ရလာသောကလေးသည် အာဗြဟံ၏ကလေးဖြစ်လာ မည်ဟု တွေးမိသည်။ “စာရဲက အကျွန်ုပ်အား သားဖွားရသောအခွင့်ကို ထာဝရ ဘုရားပေးတော်မမူ။ အကျွန်ုပ်၏ ကျွန်မထံသို့ ဝင်ပါလော့။ သူအားဖြင့်အကျွန်ုပ်သည် တည်ဆောက်ခြင်း ရှိကောင်းရှိပါလိမ့်မည်ဟု အာဗြဟံအားဆို၍ အာဗြဟံသည် စာရဲ၏ စကားကို နားထောင်လေ၏” (က ၁၆း ၂)။ ဤဖြစ်စဉ်သည် သမ္မာကျမ်းမှ ပထမဦးစွာ ဖြောင့်မတ်သောသူတဦးသည် မိန်းမနှစ်ဦးယူသည့် အဖြစ်အပျက်ဖြစ်သည်။ ကျမ်းစာတစ်အုပ်လုံးမှ ပထဦးဆုံး မိန်းမနှစ်ဦးယူသောသူမှာ လာမက်ဖြစ်သည် (က ၄း၁၉)။ လာမက်သည် ဆိုး ယုတ်သော ကာဣနမျိုးနွယ်မှ ဆင်းသက်လာသူလည်း ဖြစ်သည်။ (သို့သော် ယခုပြောနေသော လာမက်သည် ရှေ့သ၏အမျိုးမှဆင်းသက်လာသော နော ၏ဖခင် လာမက်ဖြစ်သည်၊ က ၅း၂၅-၂၉)။
အာဗြဟံသည် ဇနီးသည်၏ တိုက်တွန်းခြင်းဖြင့် ကျွန်မဟာဂရကို ယူသည်။ “ထိုသို့အာဗြသည် ခါနာန်ပြည်၌ ဆယ်နှစ်နေပြီးမှ၊ အာဗြဲ၏ မယား စာရဲသည် မိမိကျွန်မ အဲဂုတ္တုပြည်သူ ဟာဂရကိုယူ၍ မိမိခင်ပွန်း အာဗြိသိမ်းပိုက် စေဘို့ အပ်နှင်းလေ၏” (က ၁၆း၃)။ ဤအရာသည် တိုင်းပြည်ဖခင်တစ်ဦး၏ ဝမ်းနည်းဖွယ်ရာ အကြောင်းဖြစ်သည်။ ယာကုပ်သည်လည်း လေဆာနှင့် ရာခေါ် လကို ထိမ်းမြားသည် (က ၂၉း၂၃-၃၁)။ ဒါဝိဒ်သည်လည်း မယားအများကို ယူသလို၊ ရှောလမုန်လည်း မယုံကြည်နိုင်ရလောက်အောင် တစ်ထောင်ထက် များသော အမျိုးသမီးများကို ယူခဲ့သည် (၃ ရာ ၁၁း၁-၃)။
လက်ထပ်ထိမ်းမြားခြင်းသည် အစအဦးကတည်းက တစ်လင်တစ် မယားစနစ်ဖြင့် ဘုရားသခင် ဖွဲ့စည်းထားသည်။ ထိုအကြောင်းကြောင့်ယောက်ျားသည် ကိုယ့်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူနှစ်ယောက် တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်” (မ ၁၉း၄-၅)။ ရှင်ပေါလုသည် ဘုရားသခင် စံနမူနာပြထားသော ထိမ်းမြားခြင်းကို “ယောက်ျားတိုင်း မိမိမယား ရှိစေလော့။ မိန်းမတိုင်း မိမိလင်ရှိစေလော့” ဟု သွန်သင်ထားသည် (၁ ကော ၇း၂)။ ဤအရာကို နာခံခြင်းမရှိလျှင် ဆိုးဝါးသောရလဒ်များ အမြဲတမ်း ရရှိစေသည်။ ဒါဝိဒ်၏ မိန်းမအများလိုချင်သောစိတ်နှလုံးသည် သူ့ကို ဗာသရှေ့ တနှင့် ပြစ်မှားခြင်းသို့ ပို့ဆောင်ခဲ့သည်။ ရှောလမုန်သည်လည်း မိန်းမအများယူခဲ့ သောကြောင့်၊ မိမိကိုယ်ကို ပျက်စီးစေ၍၊ သူ့နိုင်ငံကိုလည်း နှစ်ခြမ်းကွဲခြင်းကိုခံခဲ့ရသည် (၃ ရာ ၁၁း၄)။ ထို့ကြောင့် “တသားတကိုယ်တည်း (one-flesh) နိယာမကို မလိုက်နာလျှင် မည်သည့်ကောင်းသောအရာတစ်ခု ထွက်လာမည် မဟုတ်ပေ။ အာဗြဟံနှင့် ကျွန်မ ဟာဂရ၏ ပေါင်းသင်းခြင်းသည်လည်း ခြွင်းချက်မဟုတ်ပေ။ ဟာဂရသန္ဓေတည်သောအချိန်မှစ၍ စာရာ သိလိုက်ရ သည့်အရာမှာ မှားယွင်းသောလုပ်ရပ်များ လုပ်ခဲ့ခြင်းဖြစ်သည်။ ဟာဂရသည် စိတ်မောက်မာလာပြီး ရန်တွေ့တတ်လာသည်။ “ဟာဂရသည် မိမိတွင်ပဋိသန္ဓေ စွဲနေခြင်းကြောင်းကိုသိလျှင် မိမိသခင်မကို မထီမဲ့မြင်ပြုလေ၏” (က ၁၆း၄)။
ထိုအခါ သူမ၏ပထမဦးဆုံးသော ဒေါသထွက်ခြင်းကို တွေ့မြင်ပါမည်။ “စာရဲကလည်း အကျွန်ုပ်ခံရသောအပြစ်သည် ကိုယ်တော်ခေါင်းပေါ်၌ တည်ရှိ ပါစေ။ အကျွန်ုပ်၏ကျွန်မကို ကိုယ်တော်ရင်ခွင်၌ အကျွန်ုပ်အပ်နှင်းပါပြီ။ သူ သည် ကိုယ်၌ ပဋိသန္ဓေစွဲနေကြောင်းကိုသိလျှင် အကျွန်ုပ်ကို မထီမဲ့မြင်ပြုပါ သည်တကား။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်ကိုယ်တော်အမှုကို စီရင်တော် မူပါစေသောဟု အာဗြံအားဆိုလေ၏” (က ၁၆း၅)။
စာရာသည် ဆင်ခြင်တုံတရားမရှိဘဲ ပြောဆိုခဲ့သည်။ ဤအပြုအမှု အားလုံးသည် သူမ၏ကြီးသော အကြံအစည်ဖြစ်ပါသည်။ အာဗြဟံသည် မိ သားစု၏ ဝိညာဉ်ရေးရာဖခင်ဖြစ်သည်နှင့်အညီ စာရာ၏အကြံအစည်ကို ငြင်းပယ်သင့်သော်လည်း၊ ထိုသို့မပြုခဲ့ပေ။ သို့သော် အာဗြဟံကို စာရာအပြစ်တင် ခြင်းသည် အလွန်မှားခဲ့ပါသည်။ တခြားတစ်ဘက်၌ စာရာ ပြင်းစွာ သောဒေါသ အမျက်ထွက်ခြင်းသည် ဟာဂရကြောင့်လည်းဖြစ်သည်။ သူ့သခင်မအပေါ်၌ ဟာဂရ၏ ရိုင်းစိုင်းသောဆက်ဆံခြင်းသည် ခွင့်လွတ်၍မရပေ။ စာရာ၏ မြုံခြင်း နှင့် သူ၏ဝမ်းနည်းခြင်းကိုလည်း ဟာဂရသိခဲ့သည်။ သို့သော် စာရာ၏ ဒဏ်ရာ ကို ပို၍ နာကျင်စေသည်။ ဟာဂရသည် စာရာ၏ ကျွန်မဖြစ်သောကြောင့် လည်းကောင်း၊ စာရာသည် သခင်မဖြစ်သောကြောင့်လည်းကောင်း၊ ဟာဂရ၏ အပြုအမူသည် ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
ဤကဲ့သို့အခြေအနေမျိုးကို သုတ္တံကျမ်း ဖော်ပြရာမှာ –
“မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာ လေးပါဟူမူကား၊ မင်းပြုသော ကျွန်တပါး၊ ဝစွာစားရသော လူမိုက်တစ်ပါး။ လက်ထပ်သောမိန်းမဆိုးတစ်ပါး၊ သခင်မဥစ္စာကို အမွေခံရသော ကျွန်မ တစ်ပါးတည်း”(သု ၃၀း၂၁-၂၃)။
အမှန်မှာ ဤပြဿနာ၌ ပါဝင်သောသူ အားလုံးသည် အပြစ်ရှိကြပြီး၊ မိမိတို့စိုက်ခဲ့သောအသီးကို ပြန်လည် ရိတ်သိမ်းခြင်းဖြစ်သည်။
အာဗြဟံသည် စာရာ၏ ညဉ်းတွားခြင်းကို အသိအမှတ်ပြုသည်။ အာဗြ ဟံအနေဖြင့် သမာဓိရှိစွာ ဤအမျိုးသမီးနှစ်ဦး၏ ပဋိပက္ခဖြေရှင်းပေးနိုင်သော် လည်း မဖြေရှင်းခဲ့ပေ။ စာရာ၏ ဒေါသထွက်ခြင်းကြောင့် အာဗြဟံသည်လည်း ဟာဂရ၏အရေးကို စာရာအား ဖြေရှင်းခွင့်ပေးလိုက်သည်။ “အာဗြဲကလည်း သင်၏ကျွန်မသည် သင်၏လက်၌ရှိ၏။ သူ၌ပြုချင်သမျှ ပြုပါလော့ဟု စာရဲအား ပြန်ပြောလျှင်၊ စာရဲသည် ကျွန်မကို ညဉ်းဆဲသဖြင့် ကျွန်မသည် သခင်မထံမှ ထွက်ပြေးလေ၏” (က ၁၆း၆)။
စာရာ၏ဒေါသထွက်ခြင်းကို ပို၍နားလည်ရန် ဟာဂရအကြောင်းကို အနည်းငယ်လေ့လာကြပါစို့။ စာရာသည် သူမ၏ကျွန်မကို ရက်စက်စွာ ဆက် ဆံခဲ့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော်သည် ဟာဂရအသက်တာ၌ သက်ရောက်သည်။ ဘုရားသခင်၏ ကောင်းကင်တမန်သည် သူ့ကို ရှာဖွေခဲ့ သည်။ ဤကောင်းကင်တမန်သည် ဖန်ဆင်းထားသော ကောင်းကင်တမန် တစ်ပါးသာမဟုတ်ဘဲ၊ ကောင်းကင်တမန်ပုံစံ (သို့) လူသားပုံစံဖြင့် ထင်ရှားသော ထာဝရဘုရားသခင် (YHWH) ကိုယ်တိုင် ဖြစ်နိုင်သည်။ (ဤကောင်းတမန် သည် “လူ့ဇာတိမခံမှီ ဘုရားသခင်၏သားတော်ယေရှု” “pre-incarnate Son of God” လည်းဖြစ်နိုင်သည်။ ဤကဲ့သို့သော ကောင်းကင်တမန်ကို ဓမ္မဟောင်း ကျမ်း၌ ကြိမ်ဖန်များစွာတွေ့မြင်ရသည်၊ က ၂၂း၁၁-၁၈၊ ထွက် ၃း၂-၅၊ ၃ ရာ ၁၉း၅-၇)။ ဟာဂရထံရောက်လာသော ကောင်းကင်တမန်သည် ထာဝရဘုရားသခင်ကိုယ်တိုင် စကားပြောသကဲ့သို့ ပြောဆိုပြီး၊ ထာဝရဘုရား သခင်၏ တမန်ဖြစ်သော ကောင်းကင်တမန်ကဲ့သို့ စကားမပြောခဲ့ပေ။
ထာဝဘုရား၏ စကားသည် ဟာဂရအား နူးညံ့ပြီး၊ ကရုဏာ အပြည့် ရှိသည်။ ထာဝရဘုရားသည် မည်သည့်အရပ်မှ လာရောက်၍ မည်သည့်အရပ် သို့သွားမည်ကို မေးမြန်းခဲ့သည်။ သူမကို တိုက်ရိုက်ပြောဆိုသည်မှာ “ဟာဂရ စာရာ၏ကျွန်မ” ဟူ၍ ဖြစ်သည်။ သူမသည် မည်သူဖြစ်သည်ကိုလည်းကောင်း၊ သူမ၏တာဝန်ဝတ္တရားသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း ထာဝရ ဘုရားသိ၏။ ဟာဂရသည်လည်း အမှန်တရားကို ပြောဆိုသောအခါ၊ ထာဝရ ဘုရား၏ ကောင်းကင်တမန်က “သင်၏ သခင်မထံသို့ ပြန်၍ သူ၏အုပ်စိုးခြင်း ကို ခံလော့ဟု အမိန့်ရှိ၏” (က ၁၆း၁၃)။ သူမသည် ကျွန်ဖြစ်သည်နှင့်အညီ ထွက်ပြေးရန် အခွင့်အရေးမရှိဘဲ၊ စိတ်နှိမ့်ချစွာဖြင့် သူ့သခင်မထံသို့ ပြန်သွားရန် ဖြစ်သည်။
ထာဝရဘုရား၏ ကောင်းကင်တမန်သည်လည်း ဟာဂရထံသို့ အံ့သြ ဖွယ်ကောင်းသော ဂတိတော်များကို ပေးခဲ့သည်မှာ “သင်၏အမျိုးအနွယ်ကို မရေတွက်နိုင်အောင် ငါအလွန်များပြားစေမည်” (က ၁၆း၁၀)။ ဟာဂရမမွေး သေးသောကလေးအကြောင်းကိုလည်း ကောင်းကင်တမန်သည် ပရောဖက်ပြု ခဲ့သည်။ “သူသည် လူရိုင်းဖြစ်လိမ့်မည်။ လူအပေါင်းတို့ကို ရန်ဘက်ပြုလိမ့်မည်။ သူ့ကိုလည်း လူအပေါင်းတို့သည် ရန်ဘက်ပြုကြလိမ့်မည်။ မိမိညီအစ်ကို အ ပေါင်းတို့၏ အပါး၌နေရလိမ့်မည်” (က ၁၆း၁၂)။ ဟာဂရသည် ကောင်းကင် တမန်အား ခေါ် သည်မှာ “အာတောဧလ” (သို့) “ငါ့ကိုမြင်တော်မူသော သူ” ဟု ခေါ်ဆိုခဲ့သည်။ ဆိုလိုချက်မှာ ဘုရားသခင်သည် ထွက်ပြေးနေသော ဟာဂရအား မြင်ပြီး၊ ရှာဖွေတွေ့ရှိသောကြောင့် ဖြစ်သည်။
ဤအရာကို ဆင်ခြင်ကြည့်လျှင် စာရာသည်ဤကဲ့သို့ ဘုရားသခင်၏ ဂတိတော်များကို မရရှိပါ။ စာရာ၏ ယုံကြည်ခြင်းသည် အာဗြဟံ၌ ဘုရားသခင် ပေးသော ဂတိတော်များ၌သာ မှီခိုခဲ့သည်။ ဘုရားသခင်သည် အာဗြဟံထံ၌ သူ၏ဂတိတော်ကို သုံးကြိမ်ခန့် ဖော်ပြခဲ့သည်။ ပထမမှာ အာဗြဟံသည် ကြီးမားသောလူမျိုး၏ ဖခင်ကြီးဖြစ်မည် (က ၁၂း၃)။ ဒုတိယမှာ အာဗြဟံ၏ အမျိုး သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ “သင်၏အမျိုးအနွယ်ကို မြေမှုန့်ကဲ့သို့
များပြားစေမည်။ သို့ဖြစ်၍ လူသည်မြေမှုန့်ကို ရေတွက်နိုင်လျှင်၊ သင်၏အမျိုး အနွယ်ကို ရေတွက်နိုင်ကြလိမ့်မည်” (က ၁၃း၁၆)။ နောက်ဆုံးမှာ အာဗြဟံသည် သ၌ တရားဝင်အမွေခံသားမရှိသောကြောင့် ထာဝရဘုရားအား မေးမြန်းသော အခါ၊ ဘုရားသခင်က အာဗြဟံ၏အမျိုးအနွယ်သည် ကောင်းကင်၌ရှိသော ကြယ်များကဲ့သို့ များပြားလိမ့်မည်ဟု ပြန်လည်အတည်ပြုခဲ့သည် (က ၁၅း၁၆)။
ဤဖြစ်ပျက်ခဲ့သော အကြောင်းအရာများ၌ ဘုရားသခင်သည် စာရာ အား မိခင်ကြီး ဖြစ်စေမည်ဟု တိုက်ရိုက်မပြောခဲ့သော်လည်း၊ ထိုအရာသည် သူ၏မျှော်လင့်ခြင်းနှင့် မျှော်လင့်ရာဖြစ်သည်။ သို့သော်လည်း ဟာဂရ၏ အရေး သည် သူမ၏ မျှော်လင့်ချက် တဖြည်းဖြည်း လျော့နည်းလာခြင်းကို ဖော်ပြနေသည်။
ကာလကြာရှည်တိတ်ဆိတ်စွာ စောင့်နေခြင်း
ဟာဂရသည် ဣရှမေလကို မွေးဖွားသောအခါ အာဗြဟံသည် သက် တော် (၈၆) နှစ်ရှိပြီဟု သမ္မာကျမ်းပြောသည် (က ၁၆း၁၆)။ ထို့နောက် စာရာ သည် (၁၃) နှစ်လုံးလုံး ကလေးမမွေးဘဲနေသေး၊ မြုံနေသေးသည်။ သူမသည် ယခုမှာ အသက် (၉၈) နှစ်ရှိပါပြီ။ ခါနန်ပြည်၌နေသည့်အချိန်ကာလလည်း (၂၄) နှစ်ရှိပြီး၊ အာဗြဟံမှာမူ အသက် (၁၀၀) ပြည့်မွေးနေ့ကို ကျင်းပလုဆဲဆဲ ဖြစ်သည်။ သူမ၏ မျှော်လင့်ချက်သည် ပျောက်ကွယ်မသွားလျှင်လည်း၊ အနည်း ငယ်သာကျန်တော့မည်ဖြစ်သည်။
– ယခုတွင် စာရာ၏ ကြီးမားသောယုံကြည်ခြင်းသည် ထွန်းထောက်လာ သည်။ သူမတွင် မျှော်လင့်ချက်ပြည့်စုံရန် စောင့်သည်မှာ နှစ်ရှည်ကြာလှပြီ။ တစ်နှစ်ပြီးတစ်နှစ်ကုန်ဆုံးလာသည်။ ထိုသူလင်မယားသည် အသက်အရွယ် အားဖြင့် အိုမင်းလာကြပြီ။ လူအနေဖြင့် ကလေးများရရှိနိုင်ရန် မည်မျှပင်ဆန္ဒရှိ သော်လည်း ဘုရားသခင်၏ဂတိတော်သည် မပြည့်စုံသေးပေ။ ယခုအချိန်တွင်အချို့ မိန်းမများသည် လက်လျော့ကြပြီး၊ ထာဝရဘုရား၏ ဂတိတော်ကို မ ကြည်တော့ဘဲ ရုပ်တုဆင်းတုများကို ကိုးကွယ်ကြလိမ့်မည်။ သို့သော် စာရာသည် ထာဝရဘုရားကို ကိုးစားခဲ့သည်။ “အကြောင်းမူကား၊ ဂတိထားတော်မူသော သူသည် သစ္စာရှိသည်ဟု စိတ်စွဲလန်းခြင်းရှိ၏” (ဟေဗြဲ ၁၁း၁၁)။ ထို့ကြောင့် သူမ၏ ယုံကြည်ခြင်းသည် သူ့ကို ထူးဆန်းသော အမျိုးသမီးတစ်ဦးဖြစ်စေ သည်။
– နောက်ဆုံးတွင် အာဗြဟံ၏အသက် (၉၉) နှစ်တွင် ဘုရားသခင်သည် အာဗြဟံထံရောက်လာ၍ ပဋိညာဉ်ကို အသစ်တစ်ဖန်ပြုပြင်သည်။ ဘုရားသခင် သည် အာဗြဟံ၌ပြုသော ပဋိညာဉ်ကို ပြန်လည်အတည်ပြုခြင်းဖြစ်သည်။ အာဗြဟံထံ၌ပြုသောပဋိညာဉ်သည် ထပ်ခါထပ်ခါပြန်လည်တိုးချဲ့ပြီး၊ သာ၍ ကြီးမြတ်လာသည်။ “ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုး အများတို့၏ အဘဖြစ်လိမ့်မည်” (က ၁၇း၄)။ ဘုရားသခင်သည် အာဗြဟံအား “လူမျိုးကြီး” ဖြစ်စေရုံသာမက၊ ရေတွက်လို့မရနိုင်အောင် ကြယ်ကဲ့သို့ များပြားစေ ပြီး၊ “လူမျိုးများ”၏ အဘလည်းဖြစ်စေမည်။ ယခုအချိန်တွင် ဤအသက်အရွယ် နှင့် သားတစ်ဦးတည်း၏ဖခင်သာ ဖြစ်နေသည်။ ဘုရားသခင်က အာဗြဟံထံ ပြောသောစကားမှာ “ငါသည် သင့်ကိုအလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏အမျိုးအနွယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြ လိမ့်မည်” (က ၁၇း၆)။
ဤအချိန်တွင် ဘုရားသခင်သည် သူ၏အမည် “အာဗြ” (က ၁၇း၅) မှ “အာဗြဟံ” သို့ ပြောင်းပေးခဲ့သည်။ “အာဗြ” ၏အဓိပ္ပါယ်မှာ “ချီးမြောက်ခြင်း ခံရသောဖခင်” ဖြစ်၍၊ “အာဗြဟံ” ဟူသောအမည်သစ်၏ ဆိုလိုရင်းမှာ “လူမျိုးများ၏ ဖခင်” ဖြစ်သည်။
ထို့ပြင် ထာဝရဘုရားသည် အာဗြဟံ၏ ပဋိညာဉ်ကို ထပ်မံတိုးချဲ့ပြီး၊ သူ၏မျိုးနွယ်တို့သည် ခါနာန်ပြည်ကို “အစဉ်အမြဲအပိုင်” အဖြစ် ပိုင်ဆိုင်မည် ဖြစ်သည်။ “ငါသည်သင်၏ဘုရား၊ သင့်နောက်၌သင့်အမျိုးအနွယ်၏ ဘုရားဖြစ် မည်ဟု၊ သင်နှင့်သင်၏ အမျိုးအနွယ် အစဉ်အဆက်တို့၌ ငါ့ပဋိညာဉ်ကို ထာဝရမျှော်လင့်ခြင်းဖြင့် အသက်ရှင်သူ ဖြစ်စေမည်။ သင်သည် ယခုဧည့်သည်ဖြစ်၍နေသော ပြည်တည်းဟူ သော ခါနန်ပြည်တရှောက်လုံးကို၊ သင်အားလည်းကောင်း၊ သင့်နောက်၌ ၍အမျိုးအနွယ်အားလည်းကောင်း၊ အစဉ်အမြဲအပိုင်ပေးမည်။ သူတို့၏ တရားလည်း ငါဖြစ်မည်” (က ၁၇း၇-၈)။ အရေဖျားလှီးခြင်း မင်္ဂလာသည် တရားဝင် ပဋိညာဉ်သင်္ကေတဖြစ်သည်။ မည်ကဲ့သို့ အရေဖျားလှီးခြင်း မင်္ဂလာ ပြုလုပ်မည် ကိုလည်း ညွှန်ကြားခဲ့သည် (က၁၇း၁၀-၁၄)။ ပဋိညာဉ်နှင့်သက် ဆိုင်သောအရာအားလုံးကို သူ့နေရာနှင့်သူထားရှိသည်။
ကမ္ဘာဦးကျမ်း (၁၇) အစပိုင်းတွင် ထာဝရဘုရားသည် မိမိကိုယ်ကို နာမည်သစ်ဖြင့် အာဗြဟံထံသို့ ထင်ရှားခဲ့သည်။ “ငါသည် အနန္တတန်ခိုးရှင်” ဟူသော အမည်သစ်သည် ဟေဗြဲစကားနှင့် “El Shaldai” ဖြစ်သည် (က ၁၇း၁)။ ထိုနာမည်သစ်သည် အရာခပ်သိမ်းကိုတတ်စွမ်းနိုင်သော ဘုရားသခင် ကို ထင်ရှားစွာဖော်ပြခြင်းဖြစ်သည်။ ဘုရားသခင်၏ ကတိစကားတော်များ ကြိမ်ဖန်များစွာကြားရသော်လည်း အာဗြဟံသည် သူ၏မျိုးဆက်များ၌ ဂတိ တော်များပြည့်စုံခြင်းကို မမြင်ရသေးပေ။ သို့သော် ထာဝရဘုရား၏ နာမည် သစ်သည် အာဗြဟံအတွက် ခွန်အားဖြစ်လာပြီး၊ ဘုရားသခင်အတွက် အဘယ် အရာမျှ ခက်ခဲသောအရာမရှိခြင်းကို ထင်ရှားစေသည်။
ဆက်လက်၍ ယခုတွင် ထာဝရဘုရားသည် စာရာနှင့်ပတ်သက်သော အရာကို ပြောလာသည်။ သူမ၏အမည်သည် အာဗြဟံနှင့် ဘုရားသခင်ပြုသော ပဋိညာဉ်၌ ပထမဦးဆုံး ပါဝင်လာသည်။ -တဖန် ဘုရားသခင်က၊ သင်၏မယား၊ စာရဲ (“ငါ၏မင်းသမီး” – my princess) ကိုမူကား၊ စာရဲဟူသောအမည်ဖြင့် မခေါ်ရ။ စာရာ (“မင်းသမီး”- princess) ဟူသောအမည်ဖြင့်ခေါ်ရ၏။ သူ့ကိုငါကောင်းကြီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုး အနွယ်၌လည်း အပြည်ပြည်သောရှင်ဘုရင်ဖြစ်ရကြလိမ့်မည်ဟု အာဗြံအားမိန့်တော်မူ၏” (က ၁၇း၁၅-၁၆)။ ပိုင်ဆိုင်မှုပြ နာမ်စားဖြစ်သော “ငါ၏” တူသောစကားလုံးကို ဖယ်ရှားပြီး၊ ဘုရားသခင်သည် အကန့်အသတ်ရှိသော နာမည်ကို ဖယ်ရှားပြီး၊ တိုင်းနိုင်ငံများ၏ မိခင်ကြီးဖြစ်စေမည်။
ဘုရားသခင်သည် ဤစကားကိုပြောစဉ်တွင် စာရာ ကြားသည်၊ မကြား သည်ကို ကျမ်းစာက ဖော်ပြသော်လည်း၊ ဖြစ်နိုင်ချေမှာ သူမ မရှိသောအချိန် ဖြစ်လိမ့်မည်။ သို့သော် သူသည် အာဗြဟံထံမှ ကြားခဲ့မည်သေချာသည်။ ဘုရား သခင်ဂတိတော်များကို ကြားနာသောအချိန်၌ အာဗြဟံ၏တုံ့ပြန်ခြင်းသည် မှတ်သားဖွယ်ရာဖြစ်ပါသည်။ “ထိုအခါ အာဗြဟံသည် ပြပ်ဝပ်လျက်၊ အသက် တစ်ရာရှိသော သူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည်သားကို ဖွားလိမ့်မည်လောဟု ရယ်လျှက် စိတ်နှလုံးထဲမှာ အောက် မေ့ပြီးလျှင်…” (က ၁၇း၁၇)။ မယုံကြည်နိုင်ရလောက်အောင် ဝမ်းမြောက် ပျော်ရွှင်ခြင်းများ အာဗြဟံ ရှိခဲ့မည်ဖြစ်သည်။ အာဗြဟံသည် အံ့ဩ၍၊ သူမ ယုံကြည်နိုင်သောအရာပင် ဖြစ်ပေလိမ့်မည်။ သို့သော် သူ၏အံ့ဩခြင်းသည် မယုံကြည်ခြင်းတော့ မဟုတ်ပေ။ ရောမ ၄း၂၀-၂၁ တွင် ဤအဖြစ်အပျက်ကို ရှင်ပေါလု ပြောရာမှာ – အာဗြဟံသည် “ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရား သခင်၏ ဂတိတော်ကို တွေးတောခြင်းမရှိ၊ ယုံကြည်ခြင်း အားကြီးသဖြင့် ဘုရားသခင်ကို ချီးမွမ်း၍၊ ဂတိထားတော်မူသောသူသည် ဂတိတော်အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏။”
အာဗြဟံသည် အသက် (၁၃) နှစ်ရှိသော ဣရှမေလကိုလည်း လစ်လျူ မရှုရန် ဘုရားသခင်အား အသနားခံသည်မှာ “ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေဟု ဘုရားသခင်ကိုလျှောက်သော အခါ” (က ၁၇း၁၈)။
ထာဝရဘုရားသည်လည်း စာရာ၌ပေးသောဂတိတော်ကို ချက်ချင်း ပြန်လည်ပြောကြားခဲ့သည်။ “ဘုရားသခင်က၊ သင်၏မယား စာရာသည် သင့် အားသားကို ဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့် မှည့်ရမည်။ သူ၌လည်းကောင်း၊ သူ့နောက်မှ သူ၏အမျိုးအနွယ်၌လည်းကောင်း ငါ၏ ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်” (က ၁၇း၁၉)။ ထိုသို့ဖြင့် ဟာဂရ၏ သား၌မဟုတ်ဘဲ၊ စာရာ၏ သား၌ ဘုရားသခင်၏ပဋိညာဉ်တော်သည် ပြည့်စုံ မည် (ဂလ ၄း၂၂-၂၈)။
ဘုရားသခင်သည် ဣရှမေလနှင့် ပတ်သက်၍ပြောသည်မှာ “ဣရှမေ လအမှု၌ကား၊ သင်၏စကားကိုငါနားထောင်၏။ သူ့ကိုငါကောင်းကြီးပေး၏။ သူ့အနွယ်ကို တိုးပွါးစေ၍ သူ့ကို အလွန်များပြားစေမည်။ သူသည်မင်းသား ဆယ်နှစ်ပါးတို့၏ အဘဖြစ်လိမ့်မည်။ ကြီးသောလူမျိုး ဖြစ်စေခြင်းငှါလည်း ငါပြုမည်။ သို့သော်လည်း၊ နောင်နှစ် ချိန်းချက်သောအချိန်တွင် စာရာသည် သင်အားကွာလတံ့သောသား ဣဇာက်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်” (က ၁၇း၂၀-၂၁)။ ယခုတွင် ဘုရားသခင်သည် ဂတိတော်အား တိကျသော အချိန်နှင့်လည်းကောင်း၊ စာရာနှင့်ပတ်သက်သောအရာကို လည်းကောင်း ပထမဆုံး ပြောဆိုခြင်းဖြစ်သည်။ အာဗြဟံနှင့် ထိုသို့စကားပြောပြီးနောက်ကျမ်းစာက “မိန့်မြွက်တော်မူသံငြိမ်း၍၊ ဘုရားသခင်သည် အာဗြဟံထံမှ တက် ကြွတော်မူ၏” ဟု ဖော်ပြသည် (က ၁၇း၂၂)။
အာဗြဟံအနေဖြင့် ဘုရားသခင်ထံမှ ကြားသောစကားအားလုံးကို စာရာထံသို့ချက်ချင်းပြောခဲ့မည်မှာ သေချာသည်။ စာရာသည် မည်ကဲ့သို့ ပြန် လည်တုံ့ပြန်သည်ကို ကျမ်းစာမှ မပြောထားသော်လည်း၊ အာဗြဟံသည် ဘုရား သခင်၏ ဂတိစကားတော်ကို ယုံကြည်သည်ကို သူသိခဲ့သည်။ အဘယ်ကြောင့် ဆိုသော် အာဗြဟံသည် မိမိကိုယ်တိုင် အရေဖျားလှီးခြင်းကို ချက်ချင်းပင် ခံယူပြီး၊ သူ၏အိမ်၌ရှိသော ယောက်ျားအားလုံးကိုလည်း အရေဖျားလှီးခြင်းကို ခံယူစေသည်။ “အာဗြဟံသည်လည်း … အိမ်၌ ဘွားသောသူအပေါင်း၊ ကိုယ် ငွေနှင့်ဝယ်သောသူအပေါင်းတည်းဟူသော … ယောက်ျားအပေါင်းတို့ကို ယူ၍၊ ဘုရားသခင်မိန့်တော်မူသည်အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီး မင်္ဂလာကို ပေးလေ၏” (က ၁၇း၂၃-၂၇)။
ဂတိတော်များပြည့်စုံခြင်း၌ သူမ၏ဝမ်းမြောက်ခြင်း
နောက်တစ်ဖန် ဘုရားသခင် အာဗြဟံထံလာရောက်ခြင်းသည် ပဋိညာဉ်ကို စာရာ ကိုယ်တိုင်ကြားရန်ဖြစ်မည်။ ကမ္ဘာဦးကျမ်း (၁၈) တွင်ထာဝရဘုရားသည် ကောင်းကင်တမန်နှစ်ပါးနှင့်အတူ ထင်ရှားကြောင်း တွေ့ရ သည်။ “ထာဝရဘုရားသည် မံရေသပိတ်တော နားမှာ အာဗြဟံအား ထင်ရှားတော်မူသည် အကြောင်းအရာဟူမူကား နေပူသောအချိန်တွင် အာဗြဟံသည် တဲတံခါးဝ၌ထိုင်လျှက် မျှော်ကြည့်၍ မိမိရှေ့မှာလူသုံးယောက်ရပ်နေကြသည်ကို မြင်သောအခါ ခရီးဦးကြို ပြုခြင်းငှာ တဲတံခါးဝမှပြေး၍ မြေသို့ဦးညွှတ်ချလျက် အကျွန်ုပ်သခင် ရှေ့တော်၌အကျွန်ုပ်သည် မျက်နှာရလျှင် ကိုယ်တော်ကျွန်မှလွန် ၍မသွားပါနှင့်။ ရေအနည်းငယ်ကို ယူခဲ့ပါရစေ။ ခြေကိုဆေးပြီးလျှင် သစ်ပင်အောက်၌ လျောင်းနေကြပါလော့။ မုန့်အနည်းငယ်ကိုလည်း ယူခဲ့ပါမည်…” (က ၁၈း၄-၈)။ ထိုသို့ အာဗြဟံသည် သူတို့အတွက် စားစရာများကို ပြင်ဆင်ပေး ခဲ့သည်။ စာရာသည်လည်း ဧည့်သည်များလာရောက်မည်ကို ကြိုတင်မသိခဲ့သော်လည်း၊ ဧည့်ဝတ်ကျေပွန်စွာ လုပ်ဆောင်ခဲ့သည်။ ဤလုပ်ရပ်သည် သူမမှာ အာဗြဟံ၏ ဦးဆောင်မှု၌ ဝန်ခံခြင်းနှင့်လိုက်လျှောက်သော ဇနီးတစ်ယောက် ဖြစ်ကြောင်း တွေ့ရသည်။ ရှင်ပေတရုသည် စာရာကို ချီးမြောက်သည်မှာ “ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသောမိန်းမတို့သည် ရှေးကထိုသို့ ကိုယ်ကို တန်ဆာဆင်လျက်၊ စာရာသည် အာဗြဟံကို သခင်ဟု ခေါ်ဝေါ်၍ သူ၏စကား ကို နားထောင်သကဲ့သို့ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည်ကောင်းမွန်စွာကျင့်၍ ကြောက်ရွံ့တုန်လှုပ်ခြင်း အလျင်းမရှိဘဲနေလျှင် စာရာ၏ သမီးဖြစ်ကြ၏” (၁ ပေ ၃း၅-၆)။ ရှင်ပေတရုသည် အထက်ပါ အဖြစ်အပျက်ကို အခြေခံပြီး ရေးသားခဲ့သည်။ စာရာသည်လည်း အာဗြဟံ၏ အုပ်စိုးခြင်းအောက်၌ အစဉ်အမြဲနေခဲ့သော်လည်း၊ က ၁၈း၁၂ ၌သာ အာဗြဟံကို “ငါ့သခင်” ဟု ခေါ်ခဲ့သည်။
ထိုဧည့်သည်များသည် အစားစားနေစဉ် အာဗြဟံအား “သင်၏မယား စာရာသည် အဘယ်မှာရှိသနည်းဟုမေးကြလျှင်၊ အာဗြဟံက တဲအတွင်း၌ ပြသည်မှာ – ရှိပါသည်” ပြန်ပြော၏ (က ၁၈း၉)။ သမ္မာကျမ်းသည် အသေးစိတ်ဖော်ပြသည်မှာ“ထိုသူတို့တွင် တစ်ပါးကလည်း သွားချိန်စေ့သောအခါ ငါသည် သင့်ဆီသို့ ဆက်ဆက်ပြန်လာဦးမည်။ ထိုအခါ သင်၏မယားစာရာသည် သားကိုရ လိမ့်မည်ဟု ဆို၏။ ထိုသို့ဆိုသောသူ၏ နောက်၌တံခါးဝ အနားမှာ စာရာရှိသောကြောင့် ထိုစကားကိုကြား၏။ ထိုအခါ အာဗြဟံနှင့် စာရာသည် အသက်အရွယ် ကြီးရင့်လှပြီ။ စာရာ သည် မိန်းမတို့၌ ဥတုရောက်မြဲရှိသည့်အတိုင်း မရောက်ပြီ။ ထို့ကြောင့် စာရာက ငါလည်းဆိုပြီး ငါ့သခင်လည်း အိုပြီ။ သို့ဖြစ်၍ ငါသည် ပျော်မွေ့ ခြင်းရှိလိမ့်မည်လောဟုဆိုလျှက် တိတ်ဆိတ်စွာ ရယ်လေ၏။ သင်မယားစာရာက အကယ်၍ငါသည် အိုပြီးမှ သားကိုဖွားလိမ့်မည်လော ဟုဆိုလျှက် အဘယ့်ကြောင့် ရယ်သနည်း။ ထာဝရဘုရားမတတ်နိုင်သော အမှု တစ်စုံတစ်ခုရှိသလော။ ချိန်းချက်သော ဖွားချိန်စေ့သောအခါ သင့်ဆီ ‘ သို့ပြန်လာ၍ စာရာသည် ကိုရလိမ့်မည်ဟု ထာဝရဘုရားသည်အာဗြဟံအား မိန့်တော်မူ၏။ စာရာကလည်း ကျွန်မ မရယ်ပါဟုငြင်းလေ၏။ မဟုတ်ဘူး သင်ရယ်ပြီဟု မိန့်တော်မူ၏”(က ၁၈း၁၀-၁၅)။
စာရာ၏ရယ်မောခြင်း (အာဗြဟံသည်လည်း လုပ်ခဲ့ဖူးသည်) သည် ဝမ်းမြောက်ခြင်းကို ကြွေးကြော်ခြင်းနှင့် အံ့ဩခြင်းဖြစ်ပြီး သံသယဖြစ်ခြင်းကြောင့် မဟုတ်ပေ။ သို့သော် ထာဝရဘုရားက “စာရာက အဘယ့်ကြောင့်ရယ် နေသနည်း” ဟု မေးမြန်းသောအခါ၊ သူမငြင်းဆိုခဲ့သည်။ ထိုငြင်းဆန်ခြင်းသည် ကြောက်ရွံ့ခြင်းကြောင့်ဖြစ်၏။ သူမကြောက်ရွံ့ခြင်းသည် ကျယ်လောင်စွာ မရယ် မောဘဲ၊ စိတ်ထဲ၌သာ ရယ်သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရောက်လာသောသူစိမ်းသည် သူမ၏စိတ်နှလုံးထဲ၌ရှိသောအရာအားလုံးကို ကောင်းမွန်စွာသိမြင်သောကြောင့်ဖြစ်၍၊ ထိုဧည့်သည်သည် ထာဝရဘုရားပင် ဖြစ်သည်ကို စာရာချက်ခြင်း နားလည်ခဲ့သည်။
ထိုနှစ်သည် အာဗြဟံနှင့် စာရာအတွက် အလွန်ခက်ခဲသောနှစ် ဖြစ်ခဲ့ သည်။ ထိုနှစ်တွင် ဘုရားသခင်သည် သောဒုံနှင့် ဂေါမောရမြို့ကို ဖျက်ဆီးခဲ့ သည် (က ၁၈း၁၆ – ၁၉း၂၉)။ ထိုနှစ်အတွင်းမှာ အာဗြဟံသည် တောင်ပိုင်းသို့ ခရီးသွားခဲ့သည်။ ယခုသွားသောပြည်သည် အဘိမလက် အုပ်စိုးသည် ရာမြို့ ဖြစ်သည်။ စာရာသည် ယခုတွင် အသက် (၉၀) နှစ် ပြည့်ပြီးဖြစ်သော်လည်း လှပဆဲပင်ဖြစ်သည်။ လွန်ခဲ့သော (၂၅) နှစ်တုန်းက တွေ့ကြုံပြီးသော ဖြစ်ရပ်မျိုး၊ ကို ယခုတွင်တွေ့ကြုံ ရသည်။ အာဗြဟံသည် သူ၏ဇနီးကို ညီမဟုပြောဆိုပြီး အဘိမလက်သည်လည်း လှပသောစာရာကို သိမ်းယူရန် ကြိုးစားခဲ့သည်။ သို့သော် ဘုရားသခင်သည် အဘိမလက်အား အိပ်မက်အားဖြင့် သတိပေးပြီး၊ စာရာသည် အာဗြဟံ၏မယားဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ထိုသို့ ဘုရားသခင် သည် စာရာကို စောင့်ရှောက်ခဲ့သည်။ ကျမ်းစာက “ထိုအိပ်မက်၏ ဘုရားသခင် ကလည်း မှန်ပေ၏။ သင်သည် ဖြောင့်မတ်သောသဘောနှင့် ပြုသည်ကို ငါသိ၏။ သင်သည် ငါ့ကို မပြစ်မှားစေခြင်းငှာ သင့်ကိုငါဆီးထားပြီ။ သို့ဖြစ်၍ ထိုမိန်းမနှင့် ပေါင်းဖော်ရသော အခွင့်ကို ငါမပေး” ဟု ဖော်ပြထားသည် (က ၂၀း၆)။ အဘယ်ကြောင့်ဆိုသော် အကယ်၍ အဘိမလက်သည် စာရာနှင့်ပေါင်းဖော်ခဲ့လျှင် သူမွေးလာသည့်သားသည် ဘယ်သူ့သားဖြစ်သည်ကို ခွဲခြားရန် ခက်ခဲမည်ဖြစ်သည်။
အဘိမလက်သည် အိပ်မက်အားဖြင့် ထာဝရဘုရား ရောက်လာသော ကြောင့် အလွန်ကြောက်ရွံ့ပြီး အာဗြဟံနှင့်စာရာတို့၌ ကျေးဇူးပြုခဲ့သည်။ သူသည် အာဗြဟံအား လက်ဆောင်များကိုလည်း ပေးခဲ့သည်။ ထို့ပြင် အာဗြဟံအား “အဘိမလက်ကလည်း ငါ့မြေသည် သင့်ရှေ့မှာရှိ၏။ အလိုရှိသည်အတိုင်းနေပါ ဟု အမိန့်ရှိ၏”ဟု ပြောဆိုသည် (က ၂၀း၁၅)။ “စာရာကိုလည်း သင်နှင့် သင့် အပေါင်းအဖော်တို့အဖို့ မျက်နှာဖုံးများကို ဝယ်စရာဖို့ သင်၏မောင်အား ငွေ တစ်ထောင်ကိုငါပေးပြီဟု အမိန့်ရှိသဖြင့် သူသည်လည်း အရာရာ၌ အဆုံးအမခံရ၏” (က ၂၀း၁၆)။
ထိုအဖြစ်အပျက်ဖြစ်ပြီးချက်ချင်းတွင် သမ္မာကျမ်းအရ “ထာဝရဘုရား သည် အမိန့်တော်ရှိသည်တိုင်း စာရာကို အကြည့်အရှုကြွတော်မူ၍ ဂတိတော်ရှိ သည်နှင့်လျော်စွာ သူ၌ပြုတော်မူသဖြင့် စာရာသည် ပဋိသန္ဓေစွဲယူ၍ ဘုရား သခင်မိန့်တော်နှင့် ချိန်းချက်သောအချိန်၌ အာဗြဟံအသက်ကြီးသောအခါ သူ့အားသားကိုဘွားလေ၏”(က၂၁း၁-၂)။ စာရာသည် သားအမည်ကို ဣဇာက် ဟူ၍ နာမည်ပေးပြီး၊ ဆိုလိုရင်းမှာ “ရယ်မောခြင်း” ဖြစ်သည်။ ထိုအခါ “စာရာက လည်း၊ ငါရယ်ရသော အခွင့်ကို ဘုရားသခင်ပေးတော်မူပြီ။ ဤသတင်းကိုကြား သောသူ လူအပေါင်းတို့သည်လည်း ငါနှင့်အတူ ရယ်ကြလိမ့်မည်” (က၂၁း၁၆)။ ဤသို့ဖြင့် စာရာသည် အရင်ငြင်းခဲ့သည့်ရယ်မောခြင်းကို ယခုတွင် ဝန်ခံခဲ့သည်။
စာရာ၏ စစ်မှန်သောစိတ်သဘောထား (ရယ်စရာကောင်းသော အသက်တာ) ကို သူမအသက်တာ၌ ဘုရားသခင်ပြုသောအမှုအရာအားဖြင့် ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ “စာရာသည် သားကို နို့တိုက်လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူပြောနှင့်ရသနည်း။ သူသည် အသက်ကြီးသောအခါ ငါသည် သားကိုဘွားပြီ ဟူ၍လည်းကောင်းဆိုလေ၏” (က ၂၁း၇)။ စာရာသည် ကြိမ်ဖန်များစွာ သူမ၏ ရုန်းကန်လှုပ်ရှားမှု၌ ဒေါသအမျက်ရှိခဲ့သော်လည်း သူမသည် အခက်အခဲကို ကောင်းသောစိတ်နေသဘောထားနှင့် ဆက်လက်အ သက် ရှင်ခဲ့သည်။ ခါးသီးသောစိုးရိမ်ပူပန်ခြင်းများကို ကြာရှည်စွာခံစားရသော် လည်း အသက်အရွယ်ကြီးရင့်သောအချိန်၌ ဝမ်းမြောက်ပျော်ရွှင်မှုရှိသော မိခင်တစ်ဦးဖြစ်လာသည်။ ယခုတွင် သူမအသက်ရှင်ခြင်း၏ ရည်ရွယ်ချက်ကို နားလည်လာပြီး၊ သူ၏ခါးသီးခြင်းများကိုလည်း လျှင်မြန်စွာ မေ့ပျောက်သွားခဲ့ သည်။ ထာဝရဘုရားသည် အမှန်တကယ်သစ္စာရှိ၏။
ဣရှမေလကို ကြမ်းတမ်းစွာ ဆက်ဆံခြင်း
ယခုတွင် စာရာသည် နောက်ဆုံးလုပ်ရပ်တစ်ခုကို ပြုခဲ့သည်ဟု သမ္မာ ကျမ်းက ဆိုသည်။ သူငယ် ဣဇာက်သည် ကြီး၍ နို့နှင့် ကွာလေ၏။ သူသည်အသက် (၂) နှစ် (သို့) (၃) နှစ်လောက်သာ ရှိမည်ဖြစ်သည်။ ကျမ်းစာက “နို့ ကွာသောနေ့၌ အာဗြဟံသည် ပွဲကြီးလုပ်လေ၏”ဟု ရေးထားသည် (က ၂၁း၈)။ ထိုနေ့သည် ပျော်ရွှင်စွာနေရမည် အချိန်ဖြစ်သည်။ သို့သော် စာရာသည် ဟာဂရကို အာဗြဟံ၏ မယားငယ်အဖြစ် လက်ခံရန်ခက်ခဲသော အချိန်ဖြစ်စေသော အရာတစ်ခုဖြစ်ခဲ့သည်။ ဟာဂရဖြင့် အာဗြဟံရသော သားသည် ဣဇာက် အားဆဲရေးသည်ကို စာရာသိမြင်ခဲ့သည် (ငယ် ၉)။ သမ္မာကျမ်းတွင် ဣရှမေလ သည် ဣဇာက်အား အဘယ့်ကြောင့်ဆဲရေးသည်ကို မဖော်ပြပေ။ ကလေး သဘောသဘာဝဖြင့် တစ်ဦးနှင့်တစ်ဦး ပြောဆိုကြခြင်းဖြစ်နိုင်သည်။ မိဘများ အနေဖြင့် ဣရှမေလ၏ အပြုအမူသည် သူအသက်အရွယ်နှင့် ပုံမှန်မဟုတ်ကြောင်း တွေ့မြင်သည်။ ဣရှမေလသည် ယခုတွင် အသက် (၁၄) နှစ်အရွယ် ခန့်ရှိပြီး၊ သူ၏အသက်ရွယ်နှင့်အညီ သူ့အပြုအမှုကို သူတာဝန်ယူရမည့် အရွယ်ဖြစ်သော်လည်း၊ လိမ္မာသည့်အရွယ်တော့ မရောက်သေးပေ။
သို့သော် ထိုအရာအတွက် စာရာသည် သည်းခံပြီးခွင့်မလွှတ်နိုင်ပေ။ စာရာက “ဤကျွန်မနှင့် သူ၏သားကို နှင်ထုတ်ပါလော့။ ဤကျွန်မသားသည် (က ၂၁း၁၀)။ အကျွန်ပ်၏သား ဣဇက်နှင့်အတူ အမွေမခံရ” ဟု ချက်ခြင်းပင် ပြောဆိုခဲ့သည်။
အာဗြဟံ၏ ဝမ်းမြောက်ပျော်ရွှင်ခြင်းသည် ချက်ခြင်းပျောက်ကွယ်သွား ခဲ့သည်။ မည်သည့်အရာဖြစ်ပါစေ ဣရှမေလသည် သူ၏သားဦးဖြစ်သည်။ သူ့ကိုလည်း စစ်မှန်သောမေတ္တာနှင့် သူချစ်ခဲ့သည်။ ထာဝရဘုရားထံတော်သို့ အာဗြဟံ၏ ဆုတောင်းခြင်းကို ပြန်ကြည့်နိုင်သည်။ “ဣရှမေလသည် ရှေ့တော် ၌ အသက်ရှင်ပါစေသော” (က ၁၇း၁၈)။
စာရာသည် အမှန်တကယ်ပင် လွန်ကြူးစွာ ကြမ်းတမ်းသလား။ သူမ သည် အမှန်တကယ် ထိုသို့ မဟုတ်ပေ။ ခင်ပွန်းအာဗြဟံကို မယားငယ်နှင့်အတူ ပေါင်းဖက်မျှဝေရသည်မှာ လွယ်ကူလှသည့် အခြေအနေမဟုတ်ပေ။ စာရာ သည် အာဗြဟံ၏ တရားဝင်ဇနီးဖြစ်ပြီး ဟာဂရသည် အသုံးတော်ခံ တရားမဝင် ဇနီး ဖြစ်သည်။ ထို့ပြင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဣဇာက်သာလျှင် အာဗြဟံ၏ စစ်မှန်သော အမွေခံဖြစ်ပြီး သူ၏ မျိုးဆက်ဖြင့်သာ ပဋိညာဉ်ကို ပြည့်စုံစေမည်။ သားဦးအမွေကိုခံဖို့ရန် ဣရှမေလအတွက် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ဂတိပြုထားသောအရာသည် ဣရှမေလ မဟုတ်ဘဲ ဣဇာက်ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ အာဗြဟံ၏မျိုးဆက် အတွက် ဘုရားသခင် ပဋိညာဉ်ပြုထားသောအရာတွက် ဣရှမေလသည် အန္တရာယ်ဖြစ်စေမည့်အကြောင်း တစ်ရပ်ဖြစ်လာသည်။
တစ်နည်းအရ ဣရှမေလအပေါ် စာရာ၏ဆက်ဆံခြင်းသည် ကြမ်း တမ်းသည်ဟု အသေအချာ ထင်မှတ်မည်ဖြစ်သည်။ သို့သော် ထိုသို့စာရာ၏ လုပ်ရပ်သည် ဘုရားသခင်ဂတိတော်၌ သူ၏ကြီးမားသော ယုံကြည်ခြင်းကို ထင်ရှားစေသည်။ ဘုရားသခင်ကိုယ်တော်တိုင်သည်လည်း သူမ၏တောင်းဆို ချက်ကို လက်ခံခဲ့သည်။ “သို့ရာတွင် ဘုရားသခင်က ထိုသူငယ်နှင့် သင်၏ကျွန်မကြောင့် ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာပြောလေရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား ဣဇာက်၌သာ သင်၏ အမျိုးတည်လိမ့် မည်” (က ၂၁း၁၂)။
ဣရှမေလသည် လုံးဝစွန့်ပယ်ခြင်းကိုခံသည်မဟုတ်ပေ။ ဘုရားသခင် သည် ဣရှမေလအား လူမျိုးကြီးဖြစ်စေမည်ဟု ကတိပေးသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း “သင်၏အမျိုးဖြစ်သောကြောင့်” ဖြစ်သည် (ငယ် ၁၃)။ နောက်ပိုင်းတွင်လည်း ထာဝရဘုရားသည် ဟာဂရနှင့် သူ၏သား အလွန်ခက်ခဲသည့်အခြေအနေကြုံသည့်အခါတွင် သူတို့ထံသို့ ပြန်လည်ထင်ရှား ခဲ့ပြီး၊ လိုအပ်သည့်အရာများကိုပေးရန် ကတိပြုခဲ့သည် (ငယ် ၁၄-၂၁)။ ထို့ပြင် ဣဇာက်နှင့်ဣရှမေလသည် ကောင်းမွန်သောဆက်ဆံခြင်းရှိကြ၍၊ ဖခင်ကြီး အာဗြဟံ သေဆုံးသွားသည့်အချိန်တွင်လည်း၊ စာရာနှင့်အတူ သားနှစ်ဦးတို့ သည် သင်္ဂြိုဟ်ကြ၏ (က ၂၅း၉-၁၀)။
ရှင်ပေါလုသည် ဟာဂရနှင်ထုတ်ခြင်းကို ပညတ်တရားနှင့် ကျေးဇူး တော်တရား ရှင်းပြဖို့ရန် “ပုံပမာ” အဖြစ် သုံးခဲ့သည် (ဂလ ၄း၂၄)။ ရှင်ပေါလု သည် “ပုံပမာ” (on allegon) အဖြစ်သုံးခဲ့သော်လည်း၊ သမိုင်းအဖြစ်မှန်ကိုသူငြင်းဆိုခြင်းမဟုတ်ပေ။ သူသည် ပုံဆောင်ခြင်းတစ်ခု (typology)၊ သို့မဟုတ် အသက်တာဆိုင်ရာသင်ခန်းစာအဖြစ်သာ သုံးခဲ့ခြင်းဖြစ်သည်။
ကျွန်မဖြစ်သော ဟာဂရသည် ပညတ်တရားတော် (legalism) အောက်၌ ကျွန်ခံခြင်းကို ပုံဆောင်သည် (ဆိုလိုသည်မှာ အကျင့်အားဖြင့် ဘုရား သခင်မျက်နှာသာကိုရှာခြင်း ဖြစ်သည်)။ စာရာသည် သစ္စာရှိသောဇနီး ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းကျေးဇူးတရားကို ပုံဆောင်သည်။ ပေါလုသည် ဂလာတိယုံကြည်သူများကို သတိပေးသည်မှာ “ငါတို့သည် ဣဇာက်ကဲ့သို့ ကတိတော်နှင့် စပ်ဆိုင်သောသားဖြစ်ကြ၏” (ဂလ ၄း၂၈)။ ဆိုလိုသည်မှာ ကယ်တင် ခြင်းသည် အကျင့်အားဖြင့်မဟုတ်ဘဲ၊ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။ “ထိုအခါ ဇာတိပကတိအားဖြင့် ဖွားသောသားသည် ဝိညာဉ်တော်အားဖြင့် ဘွားသောသားကို ညှဉ်းဆဲသကဲ့သို့ ထိုနည်းတူ ယခုပင်ဖြစ်၏” (ဂလ ၄း၂၉)။ ဣရှမေလသည်ဣဇာက်ကို နှိပ်စက်သကဲ့သို့ ဂလာတိပြည်၌ရှိသော မှားယွင်း သောဆရာများသည် စစ်မှန်သောယုံကြည်သူများကို နှိပ်စက်ခဲ့ကြသည်။ ပေါလုသည် မည်သို့ဖြေရှင်းခဲ့သနည်း။ “သို့သော်လည်း အဘယ်သို့ ကျမ်းစာ လာသနည်းဟူမူကား၊ ကျွန်မနှင့်သူ၏သားကို နှင်ထုတ်လော့။ ကျွန်မ၏ သားသည် ကျွန်မ မဟုတ်သောမိန်းမ၏သားနှင့်အတူ အမွေမခံရဟုလာသတည်း” (ဂလ ၄း၃၀)။ စာရာ၏လုပ်ရပ်သည် ကြမ်းတမ်းခဲ့သော်လည်း၊ ဟာဂရနှင့် ဣရှမေလအား နှင်ထုတ်ခြင်းသည် လိုအပ်သောအရာဖြစ်၍၊ ဝိညာဉ်ရေး သင်ခန်းစာတစ်ခုဖြစ် လာသည်။ အဓိကသင်ခန်းစာမှာ လူ့အကျင့်ကို အားကိုးသော ဘာသာရေးလုပ်ရပ်များကဣရှမေလအား ပုံဆောင်သည် (လူ့ဇာတိအား ဖြင့် ကြံစည်ခြင်းဖြင့် မွေးလာသောဣရှမေလသည် ဘုရားသခင်၏ ဂတိတော် ပြည့်စုံ သည်ဟု ယုံမှားခြင်းကို ဆိုလိုသည်)။ ထို့ကြောင့် လူ့အကျင့်အားဖြင့် ကယ်တင်ခြင်းရရန်ကြိုးစားအားထုတ်ခြင်းသည် ဘုရားသခင်၏ ကျေးဇူးတရား နှင့်ဆန့်ကျင်ဘက် ဖြစ်သည် (ဘုရားသခင်၏ ဂတိတော်အတိုင်းမွေးလာသော ဣဇက်သည် ကျေးဇူးတရားကို ပုံဆောင်သည်)။ ထိုသူနှစ်ဦးတို့သည် တစ်ဦး နှင့်တစ်ဦးရန်ဘက်ဖြစ်ကြသောကြောင့် အတူတကွ ရှိနေဖို့ရန် မဖြစ်နိုင်ချေ။
အသက်အရွယ်ကြီးရင့်ချိန်၌ စာရာ၏ဝမ်းမြောက်ခြင်း ၊
ဟာဂရသည် အာဗြဟံထံမှ ထွက်ခွာပြီးနောက်၊ စာရာသည် သန်မာလာပြီး၊သူချစ်သောခင်ပွန်းနှင့် သားဣဇက်နှင့်အတူ နေထိုင်ခဲ့သည်။ ဣဇက်လည်း စာရာနှင့် အာဗြဟံအတွက် ဘုရားသခင်၏ ကြီးမားသော သစ္စာ ခြင်းကို အစဉ်သတိရစေသည်။ ထိုအချိန်မှစ၍ စာရာ၏ကျန်ရစ်သော နေ့ ရက်များ သည် ဝမ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းနှင့် ပြည့်လျှက်ရှိသည်။
ဣဇက်ကို ယဇ်ကောင်အဖြစ် ယဇ်ပူဇော်ရသောအချိန်၌ စာရာအမည် ဖော်ပြထားသည်ကို မတွေ့ရပေ။ ဣဇက်ကို ယဇ်ကောင်အဖြစ် ယဇ်ပူဇော်ခြင်း သည် အာဗြဟံ၏ ယုံကြည်ခြင်းကို ဆန်းစစ်ရန်ဖြစ်သည်။ ထိုအဖြစ်အပျက်မပြီး ခင်၊ စာရာသည် ထိုကိစ္စကို လုံးဝမသိခဲ့ပေ။ ဤမီးရှို့ရာယဇ် ပူဇော်သောနေ ရာသည် မောရိပြည်ဖြစ်သည် (က ၂၂း၂)။ (၆ ရာ ၃း၁ အရ၊ ယေရုရှလင်မြို့ သည် မောရိတောင် ဟုခေါ်သောနေရာ၌ တည်ရှိပြီး၊ ယေရုရှလင်မြို့အလယ် ဖြစ်သော် ထိုနေရာ၌ပင် ထာဝရဘုရား၏ အိမ်တော်လည်း တည်ရှိခဲ့သည်)။ မောရိတောင်သည် အာဗြဟံနေထိုင်သည့် ဗေရရှေ့ဘမှ မိုင်ပေါင်း (၄၅) မိုင်ခန့် ရှိသည် (က ၂၁း၃၃-၃၄)။ စာရာသည် သူမ၏ယုံကြည်ခြင်း စစ်ဆေးခြင်းခံခဲ့ရ ပြီး၊ သူမသည်ဘုရားသခင်၌သာ လုံးလုံးလျားလျားကိုးစားခဲ့သည်။ ထိုကြောင့် ဘုရားသခင် သည်လည်း သူမကိုအသိအမှတ်ပြု၍၊ ဓမ္မသစ်ကျမ်း၌ သူမ၏ တည်ကြည်သော ယုံကြည်ခြင်းကို ပြန်လည်ဖော်ပြထားသည်။
ထိုနည်းတူ၊ ဓမ္မသစ်ကျမ်းတွင် အာဗြဟံကိုလည်း ဝိညာဉ်ရေးဖခင်ကြီး ဟူ၍ ဖော်ပြသည် (ရော ၄း၉-၁၁၊ ဂလ ၃း၇)။ စာရာသည် ဝိညာဉ်ရေးရာမိခင် ကြီးဟူ၍ သမုတ်ခံရပြီး၊ သန့်ရှင်းသောရှေးက မိန်းမတဦးဖြစ်ခဲ့သည် (၁ ပေ ၃း၆)။ စာရာသည် ဆိုးရွားသောအပြုအမူရှိသော်လည်း၊ “နူးညံ့ငြိမ်သက်ခြင်း သဘောတည်းဟူသော မဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်” သောသူ တဦးဖြစ်သည် (၁ ပေ ၃း၄)။ စာရာသည် အမှန်ပင် သာလွန်ထူးကဲသော အမျိုးသမီးဖြစ်ပေသည်။
ရာခပ် – ရှက်ကြောက်ရွံ့စရာကောင်းသော ဘဝမှရွေးနှုတ်ခြင်းခံရသူ
စာလမုန်သည် မိမိခင်ပွန်းရာခပ်တွင် မြင်သောသား တေဇ၊ တေဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား ဩဗက်၊ ဩဝက်သား ယေရှုံး၊ ယေရဲသား ဒါဝိဒ်မင်းကြီးတည်း။”
– ရှင်မသဲ ၂ ၁း၅။
ရာခပ်ဆိုသည့် အမည်ကို သမ္မာကျမ်း၌ တွေ့ရှိချိန်တွင် သူမ၏ မနှစ် သက်ဖွယ်ရာ စရိုက်လက္ခဏာများဖြင့် တွေ့ရပါသည်။ သူမကို “ရာခပ် အမည်ရှိသော ပြည်တန်ဆာမိန်းမ” ဟု ကျမ်းစာက မှတ်တမ်းတင်သည် (ယော ၂း၁)။ ရာခပ်ဘဝ ပြောင်းလဲခြင်းမရှိခင် ကြည့်လျှင် လုံးဝမျှော်လင့်ခြင်းကင်းမဲ့သော အသက်တာဖြင့် တွေ့ရမည်ဖြစ်သည်။ သူမသည် ထာဝရဘုရားရွံရှာသော အရာများကိုပြုလုပ်သည့်လူ့အသိုင်းအဝိုင်းတွင် မကောင်းသောမိန်းမအဖြစ် အသက်ရှင်ခဲ့သည်။ ထိုသူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းကိုသာ ရေမည်သူများဖြစ်သည်။ သူတို့၏ အကျင့်များနှင့် ဝိညာဉ်ရေး ဖောက်ပြန်ခြင်း သည် အလွန်ဆိုးရွားသဖြင့် ပြည်လည်ပြုပြင်ရန် မဖြစ်နိုင်ပေ။
ရာခပ်အကြောင်း သိထားရသည်မှာ လူမူပတ်ဝန်းကျင်၏ ပျော်ပါး လိုက်စားမှု၌ တက်ကြွစွာ ပါဝင်နေသောသူဖြစ်သည်။ ထိုဆိုးသောလူ့အသိုင်း အဝိုင်းမှ ရာခပ်သည် အမြတ်ထုတ်သောသူတစ်ဦးလည်းဖြစ်သည်။ သူတို့၏ အပြစ်ဒုစရိုက်များကြောင့် ဘုရားသခင်သည် ထိုလူမျိုးတစ်ခုလုံးကို ဖျက်စီးရန် ဆုံးဖြတ်ခဲ့သည်။ ရာခပ်သည် သူမ၏အပြစ်အတွက် ပျက်စီးခြင်း အဘယ်ကြောင့် မခံရမည်နည်း။ သူမသည် ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးကို ခံဖို့ရန် သူမ၌အရည်အချင်း လုံးဝမရှိခဲ့ပေ။ အမှန်တကယ်ပြောရလျှင် ရာခပ်သည် ထိုခေတ်၌ရှိသော လူ့အသိုင်းအဝိုင်းမှ အဆိုးဝါးဆုံးလူမျိုး၌ နေထိုင်သူဖြစ်ပြီး၊ သူမ၏ ကိုယ်ကျင့်တရားသည်လည်း အလွန်နိမ့်ပါးသည်။ သူမသည် လူတွေ၏ စိတ်ကျေနပ်မှုများကို အပျော်အပါးလိုက်စားမှုဖြင့် လုပ်ကျွေးသူဖြစ်ခဲ့သည်။ ဤကဲ့သို့ ဆိုးယုတ်လှသော အသက်တာကို ဘုရားသခင်ရွေးနုတ်ခြင်းသည် စိတ်ကူးယဉ်ရန်ခက်ခဲလှပေသည်။
သို့သော် ဟေဗြဲ ၁၁း၃၁ တွင် (ပြည်တန်ဆာမ ရာခပ်ဟုထပ်ပြော သည်)၊ သူမသည် အားကြီးသော ယုံကြည်ခြင်းရှိကြောင်း သတ်မှတ်ဖော်ပြ သည်။ ထို့အပြင် သခင်ယေရှု၏ မျိုးရိုးစဉ်ဆက် ဖော်ပြရာ၌လည်း သူမအမည် ကို ဖော်ပြသည် (မ ၁း၅)။ သာမန်ထက်ထူးကဲသော မိန်းမ ဖြစ်သည်မဟုတ် လာ။
မနှစ်သက်ဖွယ်သော သူမ၏နောက်ခံသမိုင်း
ရာခပ်သည် ယောရှု၏ကာလတွင် ယေရိဘေမြို့၌နေသည်။ ထိုမိန်းမ နေရာအိမ်သည် မြို့ရိုးနှင့်ကပ်လျက်တည်ရှိသည် (ယောရှု ၂း၁၅)။ ထိုမြို့ရိုးသည် အပေါ်၌ အိမ်ဆောက်ရန်ကျယ်ပြန့်မည်ဖြစ်ပြီး၊ လျှောက်လမ်းလည်း ရှိခဲ့လိမ့် မည်။ သူမနေထိုင်သော တည်နေရာသည် စီးပွားရေးလုပ်ဆောင်ရန် အကောင်း ဆုံးသော နေရာဖြစ်သည်။ သူမ ကုန်သွယ်လုပ်ငန်း၌ ငွေကြေးအောင်မြင် ပျော်ရွှင်နေသော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ခန့်မှန်းရသည်။
သို့သော် သူမကုန်သွယ်ခြင်းသည် ပြည်တန်ဆာအလုပ်ကို လုပ်ကိုင်ခဲ့ ” သည်။ သူမသည် မိမိကိုယ်ကို ရက်စက်ယုတ်မာသောမြို့တွင် ရှိလူများနှင့် ကုန်သွယ်မှုပြုခဲ့သည်။
ယေရိဘေမြို့သည် အာမောရိတိုင်းပြည်တွင်တည်ရှိသည်။ အာမောရိ လူတို့သည် အကြမ်းဖက်မှုများ၊ အကျင့်စရိုက်ပျက်ပြားမှု၊ ဘုရားမသိသော ယဉ်ကျေးမှု၊ ဆိုးယုတ်သောအရာများကို ပြုလုပ်သည့် လူမျိုးဖြစ်သောကြောင့်၊ ထာဝရဘုရားသခင်သည် ဣသရေလအမျိုးတို့အား ရှင်းရှင်းဖျက်ဆီးရန် မိန့်မှာ ခဲ့သည် (တရားဟော ၂၀း၁၇)။ အာမောရိ ယဉ်ကျေးမှုဆိုးယုတ်ခြင်းသည် ကြာလှပြီဖြစ်ပြီး (အာဗြဟံခေတ်ကတည်းကဖြစ်သည်)၊ သူတို့၏ ဆိုးယုတ်သော အကျင့်များကြောင့် ဘုရားသခင်သည် သူတို့၏ပြည်ကို အမွေအဖြစ် အာဗြဟံ အား ပေးရန်ကတိပြုခဲ့သည် (တရားဟော ၁၈း၁၂၊ ၃ ရာ ၂၁း၂၆)။ အာမောရိ အမျိုးသားတို့၏ ဒုစရိုက်အပြစ်သည် စုံလင်ခြင်းရောက်သောအခါ၊ အာဗြဟံ၏ မျိုးဆက်သည် ထိုပြည်ကို ပိုင်ဆိုင်မည်ဟု ထာဝရဘုရား ကတိတော်ပေးခဲ့သည် (က ၁၅း၁၆)။ ထိုစုံလင်ခြင်းကာလသည် ယခုတွင်ကျရောက်၍၊ ဤဆိုးဝါးသော လူမျိုးအပေါ်တွင် ဘုရားသခင်သည် သည်းခံတော်မူခြင်း မရှိတော့ချေ။
ထို့ကြောင့် ရာခပ်သည် အာမောရိယဉ်ကျေးမှု၏ အပြစ်ဒုစရိုက်အဆိုး ဝါးဆုံးကို ပုံဖော်သူလည်းဖြစ်သည်။ အာမောရိလူမျိုးတို့၏ အပြစ်ဒုစရိုက်သည် အစွန်းဆုံးနေရာသို့ ရောက်ခဲ့သည်။ သူမအသက်တာ တစ်လျှောက်လုံးသည် ဇာတိဆန္ဒလိုက်စားခြင်းနှင့် အချိန်ကုန်ခဲ့သည်။ ရာခပ်အသက်ရှင်ခြင်းသည် လူတွေ၏ ကာမဆန္ဒပြည့်စုံဖို့ရန်သာဖြစ်သည်။ ထို့ပြင် သူမသည် အလွန်ဆိုး ယုတ်သော အပြစ်တရား၏ချည်နှောင်ခြင်း ကြောက်ရွံ့ဖွယ်ရာပတ်ဝန်းကျင်၌ ကျင်လည်သည်။ ထိုအပြစ်အလုံးစုံတို့သည် ဘုရားသခင်ပြစ်တင်ရှုတ်ချခြင်း ဖြစ်ပြီး ထာဝရပျက်စီးရန် ဘုရားသခင်စီရင်ပြီးပြီဖြစ်သည်။ သို့သော် ဘုရား သခင်၏မြင့်မြတ်သော ကျေးဇူးတော်သည် သူမကို ရွေးနုတ်ကယ်တင် လွတ် မြောက်စေပြီး မီးထဲမှ ဆွဲထုတ်ယူခဲ့သည်။
ရာခပ်၏အကြောင်းသမိုင်းမှာ မောရှေသည် ကွယ်လွန်ခဲ့ပြီး (ယောရှု ၁း၁-၂)၊ အဲဂုတ္တုပြည်မှ ထွက်လာသောဣသရေလမျိုးဆက်များသည်လည်း သေကြကုန်ပြီဖြစ်သည်။ “ဣသရေလအမျိုးသားမိန်းမနှင့် သူငယ်ကို မဆိုဘဲ။ ယောက်ျားအရေအတွက်အားဖြင့် ခြောက်သိန်းခန့်မျှ ရှိသောသူတို့သည် ရာမ သက်မြို့မှထွက်၍ သုကုတ် အရပ်သို့ ခရီးသွားကြ၏” (ထွက် ၁၂း၃၇)။ သို့သော် ဣသရေလအမျိုးတို့သည် ကာဒေရှဗာနာအရပ်ထိ ရောက်လာကြသော်လည်း၊ သူတို့၏ မာကြောသောစိတ်နှင့် ထာဝရဘုရားကိုမယုံကြည်ခြင်းကြောင့် ကတိတော်ပြည်သို့ဝင်ရန် အသက်နှစ်ဆယ်ကျော်အရွယ်များကို ဘုရားသခင်တားဆီး ခဲ့လေသည်။ ထိုမျိုးဆက်တစ်ခုလုံးသည် ဂတိတော်ပြည်ကို မမြင်တွေ့ဘဲ တော ၌သေကြခဲ့လေသည်။
အလွန်ထူးခြားသော ခြွင်းချက်နှစ်ခုမှာ ယေရှုနှင့် ကာလက်တို့ဖြစ် သည် (တော ၁၄း၃၀)။ ထိုသူနှစ်ဦးတို့သည် မောရှေ၏အမိန့်အတိုင်း ဂတိတော် ပြည်ကို စုံစမ်းခဲ့ကြပြီး၊ ဣသရေလူမျိုးများပိုင်ဆိုင် မည့်တိုင်းပြည်ကို သိမ်းပိုက်ရန် စိတ်အားထက်သန်ကြသူများလည်း ဖြစ်သည်။ ထာဝရဘုရား၏ ဂတိတော်အ တိုင်း သူတို့သည် ယုံကြည်ခြင်းနှင့်အသက်ရှင်ကြသည်။ သို့သော် ကျန်သော ဆယ်ဦးတို့သည် စိတ်သဘောထားကွဲလွဲမှုများ၊ စိတ်ပျက်အားလျော့စေသော သတင်းကို သယ်ဆောင်လာကြပြီး၊ ကြုံလာမည့်အခက်အခဲများကြောင့် ဣသ ရေအမျိုးသည်လည်း ဂတိတော်ပြည်ကို မသိမ်းပိုက်ဘဲ နောက်ဆုတ်ခဲ့သည်။ ဣသရေအမျိုးသည် ထာဝရဘုရား၏ဂတိတော်ကို မယုံကြည်ဘဲ၊ ထိုဆယ်ဦး တို့၏ သတင်းစကားကိုယုံကြည်ခဲ့သည်။ ထိုသို့ဖြင့် ဣသရေတစ်မျိုးသားလုံး သည် မောရှေနှင့် ဘုရားသခင်ကို ဆန့်ကျင်ခဲ့သည် (တော ၁၃-၁၄)။ ထို့ကြောင့် ဣသရေလလူမျိုးများသည် အနှစ်လေးဆယ်ကာလပတ်လုံး တော၌ ကျင်လည် ခဲ့ရပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံခဲ့ကြသည် (တော ၁၄း၃ဝ-၃၅)။ ထိုသို့ဖြင့် ဣသရေလအမျိုး တစ်မျိုးသားလုံးသည် သေဆုံးကြပြီး၊ သူတို့၏အလောင်းများကို တော၌ပင် မြုပ်နှံပြီး တိရစ္ဆာန်များ၏အစာများဖြစ်သွားသည် (ငယ် ၃၂-၃၃)။
ကာဒေရှဗာနာ အရပ်တွင် သူတို့၏ဆန့်ကျင်သည့်အချိန်မှ ယခုအချိန် မှာ နှစ်ပေါင်း (၃၈) ခန့်ရှိနေပြီဖြစ်သည်။ ယောရှုမှတ်စာအစပြုသည်မှာ ဣသ ရေလူမျိုးများသည် ခါနန်ပြည်အနီး ရှိတ္တိမ်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုနေရာအရပ်သည် ယော်ဒန်မြစ်၏အရှေ့ဘက်၌တည်ရှိပြီး၊ ယေရိဘေမြို့မှ (၇)မိုင်သာဝေးသည် (ယောရှု ၂း၁-၃း၁)။ ယခုတွင် မောရှေနေရာ၌ ယောရှုနေ ရာယူဦးဆောင်သည်။ ယောရှု အခန်းကြီး (၁) ၌ ဘုရားသခင်ထာဝရဘုရား သည် ယေရှုကိုအားယူ၍ ရဲရင့်ခြင်းရှိလော့ဟု ဆိုသည်။ ဘုရားသခင်ပေးသော ကတိတော်များနှင့် ယေရှုသည် ဣသရေလလူမျိုးများကို ကတိတော်ပြည်၌ ဝင်စားရန် ပြင်ဆင်သည်။ သူနှင့်အတူပါလာသော မျိုးဆက်သစ်များသည် ဤ အချိန်ကို စောင့်ဆိုင်းသည်မှာ ကြာမြင့်လှပြီဖြစ်၍၊ ယခုတွင် အမှန်တကယ်ပင် ကတိတော်ပြည်သို့ ဝင်စားတော့မည်ဖြစ်သည်။
မောရှေသည် သူလျှိုစေလွှတ်သကဲ့သို့ ယခုတွင် ယောရှုသည် ဖော် ဒန်မြစ်တဘက်ကမ်းသို့ သူလျှိုများကို စေလွှတ်ခဲ့သည်။ သို့သော် ယောရှုသည် သူလျှိုနှစ်ယောက်သာစေလွှတ်ခဲ့ပြီး၊ “ခါနန်ပြည် ယေရိဘေမြို့ကို သွား၍ ကြည့်ရှု ကြလော့”ဟု မှာထားလိုက်သည် (ယောရှု ၂း၁)။
သမ္မာကျမ်းပြောသည်မှာ “သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမအိမ်သို့ ဝင်၍နေလေ၏” ဟုဆိုသည် (ယောရှု ၂း၁)။ ရာခပ်သည် ကတိတော်ပြည်မှ ပထမဦးဆုံး တွေ့ရသောသူလည်း ဖြစ်သည်။ သူမသည် ဘုရားသခင်၏ ကြံစည်တော်ခြင်းအားဖြင့် ဣသရေလ စစ်တပ်အောင်ပွဲခံရန်အတွက် အရေးပါသောသူဖြစ်လာသည်။ သူမအလုပ်၊ သူမဘဝ နှင့် အနာဂတ်တစ်ခုလုံးသည် သူလျှိုနှစ်ဦးနှင့် အထိတ်အလန့်တွေ့ဆုံခြင်းဖြင့် ပြောင်းလဲသွားမည်ဖြစ်သည်။
ထိုတွေ့ဆုံခြင်းသည် သူမဘဝပြောင်းလဲသွားရန် အဖြစ်အပျက်တစ်ခု လည်းဖြစ်ခဲ့သည်။ တစ်ဘက်မှကြည့်လျှင် အသက်ရှင်သော ထာဝရဘုရားမသိ သည့် အမျိုးသမီးတစ်ဦးသည် လူစွမ်းကောင်း တစ်ဦးဖြစ်ပြီး၊ သူမ၏အိမ်သည်လည်း မိဘများ၏မနာခံမှုကြောင့် နှစ်ပေါင်း (၄၀)ခန့် တောထဲတွင် လှည့်လည် သွားလာနေသောသူတို့၏ ခိုလှုံရာဖြစ်လေသည်။
သူလျှိုနှစ်ဦးနှင့် ရာခပ်ပူးပေါင်းလုပ်ဆောင်ခြင်းသည် ယေရိဘေမြို့ ကျရှုံးရန် အစဖြစ်သည်။ ဣသရေလလူမျိုးတို့၏သမိုင်းတွင် ယေရိခေါ သိမ်းပိုက် ခြင်းသည် အင်အားကြီးမားသော အောင်ပွဲခံခြင်းဟု ဆို၍ ရသည်။
မမျှော်လင့်သောကြင်နာခြင်းလုပ်ရပ်
ယောရှု ၂း၁-၇တွင် အဖြစ်အပျက်အသေးစိတ်ကို တွေ့ရပေသည်။
“နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာ စေလွှတ်လျှက် ခါနန်ပြည်၊ ယေရိဘေမြို့ကိုသွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက်သည့်အတိုင်း သူတို့သည်သွားပြီးလျှင် ရာခပ် အမည်ရှိသော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။ ပြည်သားအချို့ တို့ကလည်း ဤပြည်ကိုစူးစမ်းခြင်းငှာဣသရေလအမျိုးသားအချို့ တို့သည် ယနေ့ညမှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိဘေမင်းကြီးအား လျှောက်ကြားကြသည်ရှိသော် ယေရိဘေမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍ သင့် အိမ်သို့ဝင်သော သူတို့ကိုအပ်လော့။ သူတို့သည် တစ်ပြည်လုံးကို စူးစမ်း ခြင်းငှာ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။ ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထားနှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် ၊ မှန်ပါ၏။ သို့ရာတွင် အဘယ်အရပ်ကလာသည်ကို မသိပါ။ မိုးချုပ်၍ တံခါးပိတ်ချိန်ရှိသောအခါ သူတို့သည် ထွက်သွားကြပါ၏။ အဘယ်အရပ် သို့ ထွက်သွားသည်ကို မသိပါ။ အလျင်အမြန် လိုက်ကြလော့။ မှီကောင်း မှီပါလိမ့်မည်ဟု ပြန်ပြော၏။ သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်ပေါ်သို့ တက်စ၍ အမိုးပေါ်မှ ဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ။
မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ၏။ မြို့ပြင်သို့ ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။”
ယောရှုသည် သူလျှိုလွှတ်ခြင်းကို တမင်သက်သက် လျှို့ဝှက်ထား သည်။ ဣသရေလလူမျိုးသည်ပင် ထိုသူလျှိုတို့၏လုပ်ရပ်ကို မသိခဲ့ပေ။ ထိုသူတို့ သည် ဣသရေလတမျိုးလုံးသို့ သတင်းစကားပြန်ပေးရန်မဟုတ်ဘဲ၊ ယောရှု တစ်ဦးတည်းထံသို့သာ ပေးပို့ရမည် (၂း၂၃-၂၄)။ ယောရှုသည် သတင်းစကား ကို ဣသရေလတမျိုးလုံးနှင့် ဆွေးနွေးပြီး၊ ယော်ဒန်မြစ်ကို ကူးရမည်၊ မကူးရမည် ဆိုသည့်အရာအတွက် ထိုသူလျှိုများအား စေလွှတ်သည်မဟုတ်။ သူသည် အ မှားကိုထပ်၍ မပြုလုပ်ချင်တော့ပေ။ လူအများ၏အမြင်ကို နားထောင်ခြင်းကြောင့် ဣသရေလအမျိုးသည် သေမင်းအရိပ်ဖုံးလွှမ်းသောလမ်း၌ နှစ်ပေါင်း (၄၀) ခန့် တော၌လည့်လည်ခဲ့ရသည်။ ယခုတွင် ယောရှုသည် ပြတ်သားသော တပ်မှူးဖြစ်လာသည်။ သူလျှိုများ၏ သတင်းစကားကို ဆင်ခြင်၍ ဘုရားသ ခင်အကူအညီတောင်းခဲ့၍ ဆုံးဖြတ်ချက်ချပြီး၊ သူ၏စစ်တပ်ကို ဦးဆောင်တော့ မည်ဖြစ်သည်။
ယေရိဘေမြို့သည် စစ်ဗျူဟာအချက်ချာ ကျရာနေရာဖြစ်ပြီး အထူး အရေးပါသော လမ်းကြောင်း နှစ်ခုဆက်ပြီး တောင်များနှင့်ဝန်းရံထားသည်။ အနောက်တောင်ဘက်၌ ယေရှုရှလင်မြို့သို့ လည်းကောင်း၊ အနောက်မြောက် ဘက်၌ အာဣမြို့နှင့် ဗေသေလမြို့သို့လည်းကောင်း ဆက်သွယ်ထားသည်။ ယေရိဘေမြို့ကို အောင်နိုင်ခြင်းသည် ဣသရေလူမျိုးများအတွက် ကတိတော် ပြည်သိမ်းပိုက်ရန် စစ်စခန်းဖြစ်လာမည်။ သို့သော် ယေရိဘေမြို့သည် မြို့ရိုးကိုကောင်းမွန်စွာတည်ဆောက်ထားသော မြို့တစ်မြို့ဖြစ်သည်။ သူလျှို နှစ်ဦး၏ အလုပ်မှာ ထိုမြို့ရိုး၏အခြေအနေကို ယောရှုထံ တင်ပြရန်ဖြစ်သည်။
သူလျှိုများသည် ညနေမိုးမချုပ်ခင်မှာ လုပ်ဆောင်မည့်အလုပ်ကို စတင် ကြသည်။ ယော်ဒန်မြစ်သည် ခုနှစ်မိုင်အကွာအနောက်ဘက်တွင် တည်ရှိသည်။ အချိန်နှစ်နာရီခန့်မျှ လမ်းလျှောက်သွားလျှင် မြစ်နားသို့ ရောက်ရှိမည်။ ယော်ဒန်မြစ်၏ရေနက်သောနေရာအချို့သည် ရင်ဘတ်ခန့်ရှိသည်ဖြစ်၍၊ ထိုသူလျှို သည် လွယ်ကူစွာ ဖြတ်ကူးနိုင်ခဲ့မည် (ယောရှု ၂း၇)။ ထို့ပြင် ယော်ဒန်မြစ်မှ နောက်ထပ် (၇) မိုင်ခရီးနှင်ခြင်းဖြင့် ယေရိဘေမြို့သို့ ရောက်ရှိမည်။ မော်ဒန်မြစ် ကို ကူးသွားခြင်းဖြင့် ခန္ဓာကိုယ်စိုစွတ်မည်ဖြစ်သော်လည်း ခုနှစ်မိုင်ခြေကျင်ခရီး ဖြင့် ခန္ဓာကိုယ်ခြောက်သွေ့စွာ သွားမည်နေရာကို ရောက်ရှိခဲ့မည်။ ယခုတွင် မည် သူမျှသံသယမရှိစေရန် မြို့ရိုးများကို ကျော်ဖြတ်ပြီး တည်းခိုမည့်နေရာကို လိုက်လံရှာရမည်။
ယေရိဘေမြို့သည် ကြီးမားသောမြို့ဖြစ်ပြီး ခရီးသွားလာသူ များပြား သောမြို့လည်းဖြစ်သည်။ သူလျှိုနှစ်ဦးတို့သည် မိုးမချုပ်မှီ၊ တံခါးကိုလည်း မပိတ် မှီတွင် မြို့ထဲသို့ ဝင်နိုင်ခဲ့သည် (ငယ် ၅)။ သမ္မာကျမ်းတွင် ထိုလုလင်တို့သည် မည်ကဲ့သို့ ယေရိဘေမြို့ထဲ ရောက်ရှိသွားသည်ကို ဖော်ပြထားခြင်းမရှိပေ။ သူတို့ သည် ခက်ခဲမှုမရှိဘဲ မြို့ထဲသို့ ဝင်နိုင်ခဲ့သည်ဟု ယူဆရသည်။ သို့မဟုတ်၊ သူတို့သည် ခရီးသွားလာသူတို့နှင့် ရောပြီးဝင်ခဲ့သည်လည်း ဖြစ်နိုင်သည်။
သူတို့မြို့ထဲသို့ရောက်သောအခါ တည်းခိုမည့်နေရာ အကောင်းဆုံး သည် မြို့ရိုးနှင့်နီးသော နေရာဖြစ်သည်။ ထိုနေရာမှ သူတို့သည် မြို့တော်ကို စုံစမ်းမည်ဖြစ်သည်။ မြို့သားများ၏ သံသယရှိခြင်းမှရှောင်ရန် အာရုံစိုက်မှုနည်း သောနေရာကို ရှာရမည်ဖြစ်သည်။
ဤတည်းခိုမည့်အခန်းရှာဖွေရာ၌ ပြည်တန်ဆာမိန်းမ ရာခပ်နှင့်တွေ့ ပြီး၊ သူမသည် မြို့ရိုးနှင့်နီးသောနေရာ၌ အိမ်ပိုင်ရှင်တစ်ဦးဖြစ်သောကြောင့် ချမ်းသာသောသူလည်း ဖြစ်နိုင်သည်။ သူမနှင့်သူပြုလုပ်သောစီးပွားရေးသည်ယေရိခေါမြို့၌ နာမည်ကျော်စောခဲ့သည်။ ထို့ကြောင့် ထိုနေအိမ်သည် သူလျှိုတို့ အတွက် ကောင်းဆုံးနေရာ ဖြစ်လာသည်။ သူမသည်လည်း သူလျှိုနှစ်ဦးအားမည်သူများဖြစ်သည်ကို မေးခွန်းများမမေးဘဲ သူမတည်းခိုခန်း၌ တည်းခိုစေ သည်။ သူမ၏ စီးပွားရေးလုပ်ငန်းသည် စည်းကမ်းရှိပြီး ယုံကြည်စိတ်ချစွာ ပူးပေါင်းလုပ်ဆောင်မှုလိုအပ်သည်။ ရာခပ်သည် ပုံမှန်ဖောက်သည်များကို ဆက်ဆံသည့်အတိုင်း လျှင်မြန်စွာ သူတို့အား အခန်းထဲသို့ ဝင်စေသည်။
သို့သော် လုလင်နှစ်ဦးသည် သူမကို အခွင့်အရေးယူ၍ ကာမဂုဏ် ဆက်ဆံခြင်းကို မပြုကြပေ။ ထို့ကြောင့်လည်း သူမသည် ထိုသူတို့ကို ယုံကြည်ခဲ့ သည်။ သူမ တွေ့ကြုံနေကျသူများကဲ့သို့မဟုတ်ဘဲ၊ ဤလုလင်များသည် သူ့အား အနိုင်ကျင့်ခြင်းကိုလည်း မပြုကြပေ။ သူလျှိုများသည် ဂုဏ်အသရေရှိစွာ နေကြ ပြီး၊ သူမကိုကြောက်လန့်မှုကို မပေးဘဲ၊ လေးစားမှုများနှင့် စိတ်ရှည်ခြင်းဖြင့် သူ့ကို ဆက်ဆံကြသည်။ ဖြစ်နိုင်သောအရာမှာ ထိုလုလင်တို့သည် ရာခပ်အား သူတို့၏ရည်ရွယ်ချက်နှင့် ထာဝရဘုရား (YHWII) အကြောင်းကိုလည်း ပြောခဲ့ မည်ဖြစ်သည်။ သူတို့သည်လည်း အုတ်နံရံများတိုင်းတာပြီး စစ်မြေပြင် အခြေ အနေများကို အသေးစိတ် စူးစမ်းခဲ့သည်။
ဤသို့ဖြင့် ရာခပ်အိမ်သည် သူလျှိုများ၏ ရည်ရွယ်ချက်အတွက် အ ကောင်းဆုံးနေရာဖြစ်လာသည်။ ထိုနေရာသည် မြို့ရိုးနှင့် ကပ်လျှက်ရှိသော ကြောင့် မြို့တော်၏အကွယ်အကာဖြစ်သော မြို့ရိုး၏အထူ-အပါး စသည်တို့ကို လေ့လာနိုင်ခဲ့သည်။ ထို့ပြင် သူမတည်နေရာသည်လည်း လိုအပ်လျှင် အလွယ် တကူ လွတ်မြောက်ရန် ပြုလုပ်၍ ရသောနေရာဖြစ်သည်။ ရှေးမြို့ရိုးများသည် ရန်သူကျူးကျော်ခြင်းဘေးမှ ကာကွယ်ရန် တည်ဆောက်ထားကြသည်။ ထို့သို့ဖြင့် ဘုရားသခင်သည် သူလျှိုများအတွက် အကောင်းဆုံး နေရာသို့ပို့ဆောင်ပေးပြီး၊ ရာခပ်၏စိတ်နှလုံးကိုလည်း ထာဝရဘုရားကို ယုံကြည်ရန် ပြင်ဆင်ပေးခဲ့သည်။
သို့သော် သူလျှိုနှစ်ဦးသည် ရာခပ်အိမ်တွင်းသို့ ဝင်ရောက်သောအခါ၊ မြို့ထဲသို့ သူလျှိုများရောက်လာကြောင်းကို သိကြသည်။ ထို့ပြင် ယေရိခေါမြို့တော်သားများသည် ဣသရေလလူမျိုးများ မြစ်နားတဘက်ကမ်း၌ အခြေချကြ သည်ကို သိနေသည်။ ယေရိဘေမြို့ရှိလူများသည် ဣသရေလလူမျိုးများ ဖာရော ဘုရင်လက်ထဲမှ လွတ်မြောက်ပြီး၊ ပင်လယ်နီကို ကျော်ဖြတ်ကာ အဲဂုတ္တုစစ်သား များအားလုံး ပင်လယ်ထဲနှစ်မြုပ်သေဆုံးကြောင်းကိုလည်း ကြားသိပြီးဖြစ်သည် (ငယ် ၁၀)။ သူတို့သည် ဣသရေလအမျိုးတော၌ နှစ်ပေါင်း (၄၀) မျှ လည့်လည်ကြောင်းကိုလည်း သိပြီးပြီဖြစ်သည်။ ရာခပ်ကိုယ်တိုင်သည် သူလျှို နှစ်ဦးအား မြို့သူ၊ မြို့သားများသည် ဣသရေလလူမျိုးများအပေါ်၌ ဘုရားသခင်၏ ပြုလုပ်သောအရာများကို ကြားရသောကြောင့် အလွန်ကြောက်ရွံ့ကြသည်ဟု ဆိုသည်။ သူမပြောသောစကားမှာ “ထိုသတင်းကို ကြားသောအခါ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစ်စုံတစ်ယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိ အလျင်းမကျန်ကြွင်းပါ” (အငယ် ၁၁)။
သို့သော် ရာခပ်မှလွဲ၍ ယေရိဘေမြို့ရှိလူများသည် ထာဝရဘုရား၏ တန်းခိုးကို ကြောက်ရွံ့ခြင်းမရှိသောသူများ ဖြစ်ကြသည်သာမက၊ ဣသရေလ အမျိုး၏ စစ်အင်အားကိုလည်း မကြောက်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဣသရေလစစ်တပ်တို့သည် တောအရပ်၌ နှစ်ပေါင်း (၄၀) ခန့် လည့်လည်ကြ ပြီး စစ်တိုက်ဖို့ရန် အင်အားရှိမည်ဟု မထင်ခဲ့ပေ။ မည်သို့အကြောင်းအရာ ဖြစ်စေကာမူ၊ ယေရိဘေမြို့သားတို့သည် သူတို့၏မြို့ရိုးကို အားကိုးပြီး၊ ရန်သူကို အထင်သေးခဲ့ကြသည်။
မြို့တော်ကို ကျူးကျော်သူဘေးမှ ကာကွယ်ရန် တင်းကြပ်သော စောင့် ကြပ်ခြင်း ပြုလုပ်ပြီး သံသယရှိ သောသူကို ရှင်ဘုရင်ထံသို့ သတင်းပေးပို့ရန် အမိန့်ရှိသည်။ ဤခေတ်တွင် ရှင်ဘုရင်သည် မြို့တော်ဝန်ကဲ့သို့ လုပ်ဆောင်ရပြီး စစ်တပ်ကိုလည်း ထိန်းချုပ်သောသူဖြစ်သည်။ ထို့ကြောင့် ကျူးကျော်သူ ဝင် ရောက်လာလျှင် ဦးစွာသူ့ဆီသို့ သတင်းပေးပို့ရမည်။
သူလျှိုလုလင်နှစ်ဦးသည် မြို့တွင်းသွားရမည့်နေရာကို တစ်စုံတစ်ဦးထံ ၌ လမ်းညွှန်မှု ရယူခြင်းဖြင့်သော်လည်းကောင်း၊ သူတို့ဝတ်ထားသော အဝတ် အစားဖြင့်သော်လည်းကောင်း သူလျှိုဖြစ်သည်ကို သိကြသည်။ ဤသို့ဖြင့် သူတို့ အကြောင်းအရာကို ရှင်ဘုရင်ထံသို့ သတင်းပေးပို့ကြသည်။ ရှင်ဘုရင်ရရှိသော သတင်းအချက်အလက်မှာ တိကျသောကြောင့် ရာခပ်အိမ်ကို စစ်ဆေးရန် လူတစ်ချို့ကို ချက်ချင်းစေလွှတ်လိုက်သည်။
ယခုတွင် ရာခပ်သည် အလွန်အံ့ဩစရာတစ်ခုကို ပြုခဲ့သည်။ သူမ၏ အဓိကစီးပွားရေးလုပ်ငန်းသည် ပြည်တန်ဆာလုပ်ခြင်းဖြစ်သည်ကို မှတ်သားရမည်။ သူမအနေဖြင့် သူလျှိုနှစ်ဦးကို ရှင်ဘုရင်လက်ထဲအပ်နှံလျှင် ထိုက်တန် သောဆု ရရှိမည်ဖြစ်သော်လည်း၊ ထိုသို့ မပြုလုပ်ဘဲ သူလျှိုနှစ်ဦးအား ဝှက်ထားခဲ့သည်။ သူမအတွက် အသက်အန္တရာယ်ရှိသည့် လုပ်ရပ်ဖြစ်သည်ကို သိသော် လည်း ရှင်ဘုရင်ကိုယ်စားလှယ်များကို လမ်းလွဲသို့ လမ်းညွှန်ခဲ့လေသည်။ ရှင် ဘုရင်ကိုယ်စားလှယ်များသည် ရာခပ်အိမ်၌ သူလျှိုများရှိသည်ကို သိခဲ့ကြ သည်ဖြစ်၍၊ အကယ်၍ သူလျှိုများမြို့ပြင်သို့ ထွက်သွားခြင်း သက်သေများ မတွေ့ရှိပါက၊ ရာခပ်အိမ်ကို ပြန်လည်စစ်ဆေးမည် သေချာသည်။ ထိုသို့ဖြင့် သူလျှိုနှစ်ဦးကို ကယ်တင်ခြင်းသည် သူမအတွက် အသက်အန္တရာယ် ရှိသော် လည်း၊ သူမ၏ယုံကြည်ခြင်းကို လက်တွေ့ အသက်တာ၌ ပြသခဲ့သည်။
ရာခပ်သည် လုလင်သူနှစ်ဦး ဝှက်ထားခြင်းတွင် မုသာပြောခဲ့သည်။ မုသာစကားပြောခြင်းသည် အပြစ်မဟုတ်ဘူးလားဟု မေးခွန်းမေးစရာရှိသည်။ ကျမ်းစာတွင် သူမ၏ယုံကြည်ခြင်းကို ချီးကျူးခြင်းရှိသော်လည်း၊ သူမ၏ မုသာ စကားပြောခြင်းကို မည်သို့ဆိုရမည်နည်း။ ထိုကဲ့သို့ ခက်ခဲသောမေးခွန်းကို ကျမ်းတတ်ဆရာများသည် အဖြေရှာရန် ကြိုးစားခဲ့ကြသည်။ အမှတ်တရားပြော ရမည်ဆိုလျှင် ဤမေးခွန်းသည် လွယ်ကူသောမေးခွန်း မဟုတ်ပေ။ သမ္မာကျမ်း၊ ပြောပြချက်မှာ “မုသာသုံးသောနှုတ်ခမ်းသည် ထာဝရဘုရား စက်ဆုပ်ရွံရှာ တော်မူဖွယ်ဖြစ်၏။ သစ္စာတရားကို စောင့်ရှောက်သောသူတို့မူကား နှစ်သက်တော်မူဖွယ်ဖြစ်၏” (သု ၁၂း၂၂)။ ဘုရားသခင်ကိုယ်တိုင်သည်လည်း မုသာ စကားကို မပြောနိုင် (တိ ၁း၁၊ တော ၂၃း၁၉၊ ၁ ရာ ၁၅း၂၉။ ထို့ကြောင့် ဘုရားသခင်သည် မုသာကို ဘယ်သောအခါမျှ လက်ခံခြင်း (သို့) ချီးကျူးခြင်းကို မပေးနိုင်ပေ။ အချို့သောလူတို့သည် အခြေအနေအမျိုးမျိုးကြောင့် မုသာသည် “မုသာ” မဟုတ်ဘဲ၊ စစ်နည်းဗျူဟာအတွက် သုံးလို့ရသည့်စကားဖြစ်သည်ဟု ဆိုကြသည်။ အချို့တို့သည်လည်း မုသာကို ကောင်းသောစိတ်နှင့်ပြောလျှင် လက်ခံနိုင်သောအရာဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း ဤကဲ့သို့သော အမြင်များသည် အကျင့်ပိုင်းဆိုင်ရာ မှားယွင်းမှုများစွာ ရှိနေသည်။
ရာခပ်၏ မုသာပြောခြင်းကို မှန်ကန်သည်ဟု ပြောစရာမလိုအပ်ပေ။ သာ၍ကောင်းသော အရာအတွက် မုသာကို ပြောရန်လိုအပ်ပါသလား။ လုံးဝ မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဒံယေလ၊ ရှာဒရက်၊ မေရှက်နှင့် အဗေဒနေဂေါတို့သည် မုသာစကားကို ပြောခဲ့လျှင်၊ ပြစ်ဒဏ်မှ လွတ်မြောက်ပြီး၊ကောင်းသောအရာအတွက် ပြောခဲ့သည်ဟု ဆိုကြခဲ့လိမ့်မည်။ သို့သော် အမှန် တရားကို ပြောပြခြင်းသည် သာ၍ကောင်းသောအရာဖြစ်ပြီး၊ မည်သည့် မုသာ စကားနှင့်မျှ အစားထိုးရန်မရပေ။ ရှာဒရက်နှင့် သူငယ်ချင်းများသည် အမှန် တရားပြောခြင်းဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုလည်း ထင်ရှားစေကြသည်။ ဘုရားသခင်သည်လည်း သူတို့အား မီးပြင်းဖို၏ဘေးမှ ကယ်တင်ခဲ့သည်။ ထိုနည်းတူ ဘုရားသခင်သည် ရာခပ်နှင့် သူလျှိုနှစ်ဦးတို့ကို မုသာစကားမပါဘဲ ကယ်တင်နိုင်ခဲ့သည်။
သို့သော်လည်း ရာခပ်အကြောင်းပြောပြရာ၌ သူ၏မုသာပြောခြင်း အရာသည် အဓိကမဟုတ်ပေ။ သူမ၏မုသာပြောခြင်းအကြောင်းကို လွန်စွာ စဉ်းစားရန်လည်း မလိုအပ်ပေ။ သမ္မာကျမ်းသည် မုသာကို ဘယ်သောအခါမျှ မချီးကျူးပေ။ ရာခပ်သည် ကိုယ်ကျင့်တရားကြောင့် အတုယူစရာမဟုတ်ဘဲ၊ ယုံကြည်ခြင်း၌သာ ကောင်းသောပုံသက်သေဖြစ်သည်။
ဤအချိန်တွင် သူမယုံကြည်ခြင်းသည် အသစ်သောမွေးဖွားခြင်းဖြစ်ပြီး အားနည်း၍ ပြုစုပျိုးထောင်ရန်လိုအပ်သည်။ ထာဝရဘုရားသခင်ကို သိခြင်း အရာသည် မလုံလောက်သေးပေ။ (ယောရှု ၂း၉-၁၁ တွင် သူမသည် ဣသရေ လလူမျိုးများ အဲဂုတ္တုပြည်မှ ထွက်ခွာ၍ ဧဒုံပင်လယ်ရေကို ခမ်းခြောက်စေခြင်း နှင့် ရောဂါကပ်အမျိုးမျိုးမှ ကယ်တင်ကြောင်းကို ကြားနာခြင်းဖြင့် ရာခပ်သည် ထာဝရဘုရားကိုသိခြင်း၌ စိတ်အားထက်သန်လာသည်။ သို့သော် သူမသည် သူလျှိုများမတွေ့မှီတွင် ထာဝရဘုရားကိုးကွယ်သောသူများကို မတွေ့ခဲ့ပေ။ သူမသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်း တရားကိုလည်း တန်ဖိုးမထားဘဲ၊ ပျက်စီးယိုယွင်းသောယဉ်ကျေးမှုမှ ကြီးလာသောသူတစ်ဦးဖြစ်သည်။ သူမနေ ထိုင်သည့် ယဉ်ကျေးမှုသည်လည်း ကိုယ်ကျင့်တရားမရှိသည့် ယဉ်ကျေးမှု ဖြစ်သည်။ မုသာပြောဆိုခြင်းသည် ပုံမှန်ပြောနေသည့်စကားသာဖြစ်ပြီး၊ အထူးသဖြင့် သူမလုပ်ငန်းတွင် အစဉ်သုံးနေသည့်စကားဖြစ်သည်။ ထို့ကြောင့်သူမ၏မုသာပြောခြင်းကို အသစ်သောယုံကြည်သူတစ်ဦး၏ အကျင့်စရိုက် တစ်ခုဖြစ်သည်ဟု ခံယူရမည်ဖြစ်သည်။
အဓိကအချက်မှာ ရာခပ်၏ယုံကြည်ခြင်းဖြစ်ပြီး၊ ထိုယုံကြည်ခြင်းသည် ကြီးထွားခြင်းမရှိသေးသော်လည်း၊ ချက်ချင်းပင် အသီးသီးလာသည်။ “ပြည့်တန် ဆာရာခပ်သည် သူလျှိုတို့ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်” ဟု ဟေဗြဲ ၁၁၃၁ တွင် ရေးထားပြီး၊ သူလျှိုနှစ်ဦးအား ဝှက်ထားသည်သာမက၊ သူတို့၏ ရည်ရွယ်ချက်ကိုလည်း လုံးဝလက်ခံခဲ့သည်။ ထိုသို့ဖြင့် ရာခပ်သည် သူလျှို နှစ်ဦး ယုံကြည်သော ဘုရားသခင်ထံသို့ သူမ၏ဘဝတစ်ခုလုံးကို အပ်နှံခဲ့သည်။ သူမယုံကြည်ခြင်း၏ သက်သေမှာ မုသာပြောခြင်းမဟုတ်ဘဲ “တမန်တို့ကို လက် ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်”ခြင်းဖြင့် ထင်ရှားသည် (ယာ ၂း၂၅)။ သူလျှိုတို့ကိုမလွှတ်ဘဲ၊ ငွေကြေးဖြင့် လက်လွှဲပြောင်း၍ ရသော်လည်း ထိုသို့မပြု ခဲ့ပေ။ ထို့ကြောင့် သူမ၏မုသာပြောခြင်းကို ချီးကျူးစရာအကြောင်း ဘာမျှမရှိ ပေ။ သူမအသက်တာ၌ ချီးကျူးစရာကောင်းသောအရာမှာ လွယ်ကူစွာရနိုင် သည့်ငွေကို မမက်ဘဲ၊ မိမိအသက်အန္တရာယ်ရှိသော်လည်း ဣသရေလ ဘုရား သခင်ကို ယုံကြည်ခြင်းပင်ဖြစ်သည်။
ယုံကြည်ခြင်းမှလွှဲ၍ ရာခပ်၏အသက်တာကို မည်သည့်အရာမှ ချက် ချင်းပြောင်းလဲစေနိုင်သော အရာမရှိပေ။ သူမသည် ဣသရေလအမျိုးအပေါ် ဘုရားသခင်၏ လုပ်ဆောင်မှုသတင်းစကားကြောင့် ထာဝရဘုရားကို ပိုမိုသိချင် လာသည်။ ယခုတွင် သူမသည် ထာဝရဘုရားကို ကိုးကွယ်သောသူတို့နှင့် အမှန်တကယ်တွေ့ဆုံပြီး ထိုသူတို့နှင့်အတူ ခရီးနှင်ရန် လက်ခံခဲ့လေသည်။
ယုံကြည်ခြင်းကို အံ့ဩဖွယ်ဖော်ထုတ်ခြင်း
ရာခပ်၏လျှင်မြန်သော စဉ်းစားဆုံးဖြတ်ခြင်းအားဖြင့် သူလျှိုနှစ်ဦးသည် လွတ်မြောက်ကြသည်။ ရှင်ဘုရင်တမန်တို့ တံခါးခေါက်စဉ် ရာခပ်သည် လျှင် မြန်စွာ လုလင်နှစ်ဦးတို့အား ဝှက်ထားခဲ့သည် (ယောရှု ၂း၃-၄)။ သူမ၏ လျှင်မြန်စွာလုပ်ဆောင်ခြင်းသည် ထိုသို့သောအခြေအနေကို အတွေ့အကြုံရှိခဲ့ပုံ သည်။ “ထိုသူတို့ကို အိမ်ပေါ်မှာတင်စေ၍ အမိုးပေါ်မှာ ဖြန့်ထားသော ပိုက်ဆန် ရိုးထဲ၌ ဝှက်ထားနှင့်ပြီး” (ငယ် ၆) ဟု ဖော်ပြသောအရာသည် ရည်ရွယ်ချက်ရှိသောလုပ်ဆောင်ခြင်းဖြစ်နိုင်ပြီး၊ မိန်းမရှိသော ယောက်ျားတို့ ပုန်းရှောင်ရန်ဖြစ် နိုင်သည်။ ထို့ပြင် ရာခပ်သည် ရှည်သောကြိုးကိုလည်း အဆင်သင့်ထားခဲ့သည် (ငယ် ၁၅)။ ဤကဲ့သို့သောအရာများကို ကြည့်ခြင်းအားဖြင့် သူမသည် လူ အများကို အတိတ်၌ ကူညီခဲ့ဖူးကြောင်း သိရသည်။
သို့သော် ယခု သူမ၏လုပ်ဆောင်ချက်နှင့် ရည်ရွယ်ချက်တို့သည် ကြီး မြတ်၍ သန့်ရှင်းသော လုပ်ဆောင်ချက်ဖြစ်လာသည်။ ရှင်ဘုရင်၏ တမန်တော် တို့သည် ရာခပ်အိမ်သို့ လာရောက်စူးစမ်း သော်လည်း သူလျှိုနှစ်ဦးကို မတွေ့ဘဲ ပြန်သွားကြသည်။
ရှင်ဘုရင်၏တမန်တို့သည် ရာခပ်အိမ်မှ ထွက်သွားပြီးမှ၊ ရာခပ်သည် သူလျှိုနှစ်ဦးအား စကားပြောရန် အိမ်မိုးပေါ်သို့ ထွက်သွားသည်။ သူမသည် ရိုးသားရှင်းလင်းသော ယုံကြည်ခြင်းကို သက်သေပြခဲ့သည်။
သမ္မာကျမ်းပြောပြ ချက်မှာ
“သူလျှိုတို့သည် မအိပ်မှီမိန်းမသည် သူတို့ရှိရာအိမ်မိုးပေါ်သို့တက်၍ လာ ဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေးတော်မူကြောင်းကို လည်းကောင်း၊ သင်တို့ကို ငါတို့ကြောက်လန့်အားကြီး၍ သင်တို့ကြောင့် ပြည်သူ ပြည်သား အပေါင်းတို့သည် စိတ်ပျက်ကြောင်းကိုလည်းကောင်း၊ ကျွန်မသိ ပါ၏။ သင်တို့သည် အဲဂုတ္တု ပြည်မှ ထွက်လာသောအခါ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခမ်းခြောက်စေတော်မူကြောင်းကိုလည်းကောင်း၊ မော်ဒန် မြစ်တစ်ဖက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောင် ရှင်ဘုရင် ရှိဟုန်နှင့် သြဃတို့၌ သင်တို့ပြုသောအမှုကို လည်းကောင်း၊ အကျွန်ုပ်တို့ ကြားရပြီး ထိုသတင်းကိုကြားသောအခါ အကျွန်ုပ်တို့သည်စိတ်ပျက်၍ သင်တို့ကြောင့်တစ်စုံတစ်ယောက်၌မျှ ရဲရင့်ခြင်း သတ္တိအလျင်းမကျန်ကြွင်းပါ။ အကြောင်းမူကား သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် အထက်ကောင်းကင်ဘုံ၌လည်းကောင်း၊ အောက်အရပ် မြေကြီး၌လည်းကောင်း၊ အစိုးရသော ဘုရားသခင်ဖြစ်တော်မူ၏။ သို့ဖြစ်၍ သင်တို့၌ ကျွန်မသည်ကျေးဇူးပြုသောကြောင့် သင်တို့သည် ကျွန်မပေါက်ဘော်တို့၌ ကျေးဇူးပြု၍ ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့နှင့်ဆိုင်သမျှ သောသူတို့ကို မသတ်ဘဲ အသက်ချမ်းသာပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာ သက်သေကိုလည်း ပေးခဲ့ ကြပါဟုဆိုလျှင် ထိုသူတို့က သင်သည် ငါတို့အမှုကို မဖော်မပြလျှင် သင့် အသက်တွက် ငါတို့အသက်သည် အာမခံဖြစ်စေတော့။ ဤပြည်ကို ကာ ဝရဘုရားပေးတော်မူသောအခါ သင်၌ သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏” (ယောရှု ၂း၈-၁၄)။
” ရာခပ်၏ယုံကြည်ခြင်းသည် ကြောက်ရွံ့ခြင်းနှင့် ဒွန်တွဲနေသည်။ မှား ယွင်းသောအရာတော့ မဟုတ်ပေ။ “ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏အချုပ်အခြာဖြစ်၏” (ဆာ ၁၁၁း၁၀)။ ရာခပ်၏ ကြောက်ရွံ့ခြင်း သည် သူမအား ယုံကြည်ခြင်းရှိရန် နှိုးဆော်ပေးသည်။ ထာဝရဘုရားသည် အရာခပ်သိမ်းအပေါ်၌ ဘုရားဖြစ်ပြီး ကြီးမားသောသက်သေများကို အဲဂုတ္တု ပြည်၌ ပြသခဲ့သည်ကို ကြားဖူးခဲ့သည်။ ယော်ဒန်မြစ် တစ်ဘက်၌နေသော အာမောရိရှင်ဘုရင်နှစ်ပါး ရှိဟုန်နှင့် သြဃတို့ကို သတ်ခဲ့သည် (ယောရှု ၂း၁၀)။ သူမသည် နှစ်ပေါင်းလေးဆယ် တောအရပ်၌လည့်လည်သော ဣသရေလ အမျိုးအပေါ် ပြုတော်မူသော ထာဝရဘုရားသခင်၏တန်ခိုးအာဏာကို ကြားခဲ့ သည်။ ထို့ကြောင့် ရာခပ်၏ကြောက်ရွံ့ခြင်းသည် ကောင်းမွန်သောကြောက်ရွံ့ ခြင်းဖြစ်သည်။ ထိုသို့ကြောက်ရွံ့ခြင်းဖြင့် ထာဝရဘုရားသည် စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်းကို နားလည်ခဲ့သည်။ ဆာလံဆရာရေးသားချက်မှာ “သူတို့သည် ကြောက်မက်ဖွယ်သောအမှုတို့၌ ပါသောတန်ခိုးကိုမြွက်ဆို၍၊ အကျွန်ုသည်လည်း ကြီးမြတ်တော်မူခြင်းအကြောင်းကို ကြားပြောပါမည်” (ဆာ ၁၄၅း၆ )။ ဤအကြောင်းအရာသည် ရာခပ်ယုံကြည်ခြင်းရှိလာဖို့ရန် အကြောင်း ဖြစ်လာသည်။
သူလျှိုနှစ်ဦးတို့သည်လည်း ယေရိဘေမြို့ သိမ်းပိုက်ချိန်၌ ကောင်းမွန် သောဆက်ဆံခြင်းပြုမည်ဟု သစ္စာပေးခဲ့သည်။ သို့သော် ရာခပ်အား တောင်းဆို သည်မှာ “ဤပြည်သို့ငါတို့ရောက်လာသောအခါ ယခု လျှော့ချသော ပြတင်း ပေါက်၌ ဤကြိုးနီကိုချည်ထားရန်” ဖြစ်သည် (ယောရှု ၂း၁၇-၁၈)။ သူချည် သောကြိုးအားဖြင့် ဣသရေလအမျိုးတို့သည် သူမ၏အိမ်ကိုပိုင်းခြားနိုင်၍၊ အိမ်သူ၊ အိမ်သားများကိုလည်း အသက်ချမ်းသာပေးမည်။ အငယ် (၁၈) တွင် ဖော်ပြထားသော “ကြိုးနီ”သည် အငယ် (၁၅) ၌ ဖော်ပြထားသော “ကြိုး”နှင့် မတူကြောင်း မူရင်းဟေဗြဲစကားလုံးတွင် ဖော်ပြထားသည်။ ထို “ကြိုးနီ” သည်တောက်ပသောအရောင်ရှိပြီး၊ အလှဆင်ရန် အသုံးပြုသည့်အရာဖြစ်၏။ ကြိုးနီ၏ အရောင်သည် တောက်ပသောကြောင့် မြို့ရိုးမှ လွယ်ကူစွာ တွေ့မြင် နိုင်သည်။ ဤအရာသည် ပထမဦးဆုံးသော ပသခါပွဲ၌ တံခါးဝဘေးပေါ်မှာ သုတ်ထားသော သိုးသငယ် အသွေးတော်နှင့် ဆင်တူမူရှိသည်။ တချို့ ကျမ်း တတ်ဆရာတို့ အနက်ဖွင့်ကျမ်းအများစု၏ ပြောပြချက်မှာ နီရဲသောအရောင် သည် အသေသတ်ခြင်းကိုခံသော သိုးသူငယ်၏သင်္ကေတဖြစ်သည်ဟု ဆိုကြ သည်။ ထို့ကြောင့် ဘုရားသခင် အမျက်ပြေစေသော ယေရှုခရစ်တော်၏ အ သွေးတော်အား ပုံဆောင်ထားသည်ဟု ဆိုရသည်။
သောအရာမဟုတ်။ ဣသရေလအမျိုးသည် ယေရိဘေမြို့ သို့ဝင်ရောက် တိုက် ခိုက်သည့်အခါ အခြားအိမ်များထဲမှ ရာခပ်၏အိမ်ကို လွယ်ကူစွာ သိမှတ်နိုင်ရန် ပြုလုပ်ထားခြင်းသာဖြစ်သည်။
ထိုသို့ သူလျှိုတို့သည် ရာခပ်၏အိမ်သူအိမ်သားတို့အား အသက်ချမ်း သာပေးရန်နှင့် အမှန်အသားပြုလုပ်ရန် သဘောတူညီမှုပြုပြီးမှ(ငယ် ၁၇-၂၀)၊ ပြတင်းပေါက်မှ ကြိုးနှင့် ဆင်းခဲ့ကြသည်။ ရာခပ်သည်လည်း လှလင်တို့အား တော၌သုံးရက် ပုန်းရန် အကြံပေးသည် (ငယ် ၁၆)။ “ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင်သွား၍ လိုက်ရှာသောသူတို့ မပြန်မှီတိုင်အောင် သုံးရက် နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတစ်လျှောက်လုံးရှာ၍ မတွေ့ကြ” (ငယ် ၂၂)။
လုလင်နှစ်ဦးသည် ယေရှုထံသို့ ရောက်လာသောအခါ၊ သူတို့၏ တင် ပြချက်နှင့် လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်က မောရှေစေလွှတ်ခဲ့သော သစ္စာမရှိသော သူလျှိုဆယ်ဦးတို့၏ တင်ပြချက်ကို နှိုင်းယှဉ်လျှင်၊ ယခုတင်ပြသောသတင်းစကားသည် လုံးဝခြားနားသည်။ ယခုတင်ပြသော သတင်းစကား သည်လည်း ယောရှုမျှော်လင့်ချက်နှင့် တစ်ထပ်တည်းကျသည်။ သူလျှိုနှစ်ဦး၏ သတင်းစကားမှာ “အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တစ်လျှောက် လုံးကို ငါတို့လက်တို့အပ်တော်မူပြီ။ ငါတို့ကြောင့်ပြည်သူပြည်သား အပေါင်း တို့သည် စိတ်ပျက်လျှက်ရှိကြပါ၏ဟု ယေရှုအား လျှောက်ဆို၏” (ယောရှု၂း၂၄)။
ခိုင်မြဲသော အမွေအနှစ်
ဣသရေလလူမျိုးများယေရိဘေမြို့ကို အံ့သြဖွယ်ရာ အောင်ပွဲခံခြင်း သည် ရင်းနှီးပြီးသော သမိုင်းအဖြစ်အပျက်တစ်ခုဖြစ်သည်။ ဝိညာဉ်ရေးရာအောင်ပွဲခံခြင်းအတွက် ရှင်းလင်းသော ပုံဥပမာလည်းဖြစ်၏။ “ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ၏” (ဇာ ၄း၆)။ သို့သော် ဘုရားသခင်သည် နိ မိတ်လက္ခဏာဖြင့်သာ အလုပ်လုပ်သည်မဟုတ်။ တစ်ခါတစ်ရံ ဘုရားသခင် သည် မိမိ၏ ရည်ရွယ်ချက်ပြီးမြောက်ရန် ပုံမှန်ဖြစ်နေသည့်အဖြစ်များကို အသုံး ပြုလေ့ရှိသည်။ ဣသရေလအမျိုးတို့၏ စစ်အောင်ပွဲများတို့သည် ဘုရားသခင် ပါဝင်ခြင်းအားဖြင့် ဖြစ်သည်ကို များသောအားဖြင့် တွေ့မြင်ရသည်။ သို့သော် ဣသရေလစစ်တပ်အနေဖြင့် စစ်တိုက်ခိုက်ရမှာဖြစ်ပြီး၊ သို့သော်လည်း ဘုရား သခင် တန်ခိုးတော်မရှိလျှင် မည်သည့်စစ်ပွဲကိုမျှ မနိုင်ခဲ့ပေ။
ယခုအချိန်မှာ ဘုရားသခင်သည် ဣသရေလလူမျိုးဘက်၌နေ၍ စစ် တိုက်ခိုက်သည်ကို ခါနာန်ပြည်၌ ရှိသောသူတို့သည် ရှင်းလင်းစွာ သိကြသည်။ယေရိခေါမြို့ရိုးကြီးကို စစ်အကူအညီမပါဘဲ ဖြိုခွဲနိုင်ခဲ့သည်။ ငလျင်လှုပ်၍ ဖြိုခွဲ၍မဟုတ်။ ဘုရားသခင်သည် ဣသရေလလူမျိုးကို ညွှန်ကြားသည်မှာ ပ ညာဉ်သေတ္တာကိုသယ်ယူ၍ ခုနှစ်ရက်ပြည့်သည့်တိုင်အောင် ယေရိဘေမြို့ကို နေ့တိုင်း ပတ်စေသည် (ယောရှု ၆)။ ခုနှစ်ရက်ပြည့်သောနေ့၌ မြို့ကို ခုနှစ်ကြိမ် ပတ်ခိုင်း၍၊ တံပိုးကိုမှုတ်ပြီး လူအများတို့သည် ကြွေးကြော်ကြ၏။ ထိုသို့ ဘုရား သခင်ပြောသည့်အတိုင်းပြုသောအခါ ယေရိဘေမြို့ရိုးသည် ချက်ချင်းပြိုလဲသွား သည် (ယောရှု ၆း၂၀)။
ယေရိခေါမြို့၏ မြို့ရိုးအကုန်အစင်ပြိုလဲစဉ်တွင်၊ မပြိုလဲသောနေရာ တစ်ခုသာရှိသည်။ ထိုနေရာမှာ ရာခပ်နေသည့် အိမ်ဖြစ်သည်။ ယခုတွင် ယော ရှုသည် သူလျှိုလုလင်နှစ်ဦးအား ပြောသည်မှာ “သင်တို့သည် ကျိန်ဆိုသည် အတိုင်း၊ ပြည်တန်ဆာမ အိမ်သို့သွား၍ သူနှင့်တကွ သူ၌ရှိသမျှတို့ကို ဆောင် ခဲ့ကြလော့ ဟုမှာလိုက်သည့်အတိုင်း၊ သူလျှိုလုပ်သောလုလင်တို့သည် ဝင်၍ ရာခပ်နှင့် သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကိုလည်းကောင်း သူ့ပေါင်းဖော် အပေါင်းတို့ကိုလည်းကောင်း ထုတ်ဆောင်ခဲ့၍ ဣသရေလ တပ်ပြင်မှာထား သည်” (ငယ် ၂၂-၂၃)။ ထို့နောက် ယောကလည်း (ယောရှုမှတ်စာကို သူကိုယ် တိုင်ရေးသားခြင်းဖြစ်သည်) ရာခပ်သည် “ဣသရေလအမျိုးသားတို့တွင် ယနေ့တိုင်အောင် နေရလေ၏”ဟု မှတ်တမ်းတင်ခဲ့သည် (ငယ် ၂၅)။
ရာခပ်သည် ယုံကြည်ခြင်းတန်ခိုးတော်အားဖြင့် အသက်တာပြောင်းလဲ သော ကောင်းမွန်သည့် ပုံဥပမာဖြစ်သည်။ သူမသည် ဝိညာဉ်ရေးအရာနှင့် သမ္မာတရားကို အနည်းငယ်သာသိသော်လည်း၊ သူမ၏စိတ်နှလုံးသည် ထာ ဝရဘုရားရှင်၌ရှိ၏။ သူမသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်းမရှိသောအရာရာကို စွန့်ခွာပြီး (သူ့မိသားစုများမှလွှဲ၍ – သူတို့ကိုလည်း ဘုရား သခင်ထံသို့ပို့ဆောင်ခဲ့သည်)၊ ဘုရားသခင်ကိုသိသော လူမျိုး၌နေလာသည်။ ထိုနေ့မှစ၍ သူမသည် ထာဝရဘုရားကိုသိရှိပြီး၊ ခြားနားသောအသက်တာဖြင့်အသက်ရှင်၍၊ ယုံကြည်ခြင်းသူရဲကောင်းဖြစ်လာသည်။ ဟေဗြဲသြဝါဒစာ အခန်း ကြီး (၁၁) တွင် ယုံကြည်ခြင်း “သက်သေအပေါင်းတို့” ဟူ၍ မှတ်တမ်းတင်ခြင်းခံ ရသော ယုံကြည်သူများနှင့်အတူ ပါဝင်လာသူဖြစ်ပြီး၊ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းတန်ခိုးတော်ကို သက်သေပြခဲ့သူဖြစ်သည်။
ယောရှုမှတ်စာ (၆) တွင် ယေရိဘေမြို့ပျက်စီးပြီးနောက် ရာခပ်နာမည် ကို ဓမ္မဟောင်း၌ ပြန်လည် ဖော်ပြထားခြင်းမရှိပေ။ ယေရိဘေမြို့ပျက်စီးပြီးနောက် နှစ်ပေါင်းကြာရှည်ပြီးတွင် ယေရှု၏ မှတ်တမ်းချက်အရ ရာခပ်သည် ဣသရေလတိုင်းပြည်၌ နေထိုင်သည်။ သူမသည် ဘုရားသခင်၏လူများနှင့် အတူ ဖြောင့်မတ်ခြင်းနှင့် ကျေးဇူးပြုတတ်သောအသက်တာနှင့် အသက်ရှင် သည်။ ယခုတွင် သူမသည် အရင်ဆိုးယုတ်သောဘဝမျိုးဖြင့် မဟုတ်တော့ဘဲ၊ပြောင်းလဲသောအသက်တာဖြင့် အသက်ရှင်သူဖြစ်လာသည်။ ထို့ပြင် ရာခပ် သည် ယုံကြည်ခြင်းဖြင့် ရရှိသော ကယ်တင်ခြင်း တန်ခိုးတော်၏ ပုံသက်သေ လည်း ဖြစ်သည်။ ထိုအရာသည်လည်း သူမ၏သမိုင်း အဓိကအချက်ဖြစ်သည်။
ရာခပ်အမည်ကို ဓမ္မသစ်ကျမ်း၌ နောက်ထပ်သုံးကြိမ်တိုင်အောင် ပြန် တွေ့ရသည်။ သူမ၏နာမည်ကို သုံးကြိမ်ဖော်ပြပြီး၊ သူမ၏ ထူးခြားသော ယုံ ကြည်ခြင်းကို အလေးအနက်ထားသည် ( ဟေဗြဲ ၁၁း၃၁၊ ယာ ၂း၂၅)။ သူမယုံ ကြည်ခြင်းသည် အမျိုးသား၊ အမျိုးသမီးများအတွက် သာဓကယူစရာပင်ဖြစ် သည်။ အထူးသဖြင့် ရှင်ယာကုပ်သည် သူမ၏ယုံကြည်ခြင်းကို အခြေပြု၍၊ ယုံကြည်ခြင်းသည် အကျင့်ကို ဖြစ်စေသည်ဟု ပြောဆိုထားသည်။ ရာခပ်သည် ထာဝရ ဘုရား၌ယုံကြည်ခြင်းကို ကြာရှည်စွာ မဝှက်ထားပေ။ သူလျှိုလုလင် နှစ်ဦးအားဝှက်ထားပြီးမှ ထာဝရဘုရားသည် စစ်မှန်သောဘုရားသခင် ဖြစ် သည်ဟု ယုံကြည်၍ နှုတ်ဖြင့် ဝန်ခံပြောဆိုခဲ့သည်။ ထို့ပြင် သူမသည် မိမိ၏ ယုံကြည်ခြင်းကို နှုတ်နှင့်ဝန်ခံခြင်းမပြုမှီကတည်းက၊ အကျင့်အားဖြင့် သက် သေပြခဲ့သည်။ ရှင်ယာကုပ်ပြောသည်မှာ စစ်မှန်သော ယုံကြည်ခြင်းသည် ရာခပ် ယုံကြည်ခြင်းကဲ့သို့ လုပ်ဆောင်ခြင်းနှင့် အသီးသီးရမည်။ “အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏” (ယာ ၂း၂၆)။ ရာခပ် ယုံကြည်ခြင်း သည် ထာဝရဘုရားကို မသိခင်၌ အသေဖြစ်သည်။
အလွန်အံ့သြစရာကောင်းသောအရာမှာ ရာခပ်နာမည်ကို ဓမ္မသစ် ကျမ်းစာ ပထမစာမျက်နှာ၊ ပထမစာပိုဒ်၊ ပထမခရစ်ဝင်ကျမ်းတွင် ပထမဦးဆုံး တွေ့ရသည်။ ရှင်မဿဲသည် သခင်ယေရှု မျိုးရိုးစဉ်ဆက်ကို အာဗြဟံမှစတင် ရေးသားထားသည်။ ရှင်မဿဲ ရည်ရွယ်ချက်မှာ သခင်ယေရှုသည် အာဗြဟံ၏ အမျိုး၊ ကတိတော်မျိုးဆက်မှ ဆင်းသက်လာသူဖြစ်ပြီး၊ ဒါဝိဒ်မင်းကြီး၏ ရာဇ ပလ္လင်တော်ကို ဆက်ခံခွင့်ရသောသူ ဖြစ်သည်။ ထိုသို့ ယေရှု၏ ဘိုးဘေးစာရင်း ပြုစုရာ၌ ရာခပ်အမည်ကို မမျှော်လင့်ဘဲ တွေ့ရသည်။ “စာလမုန်သည် မိမိခင် ပွန်း ရာခပ်တွင်မြင်သောသား ဗောဇ။ ဗောဇသည် မိမိခင်ပွန်းရုသတွင် မြင်သောသား ဩဗက်။ ဩဗက်သား ယေရှဲ။ ယေရှဲသား ဒါဝိဒ်မင်းကြီးတည်း” (မ ၁း၅)။
ဟေဗြဲမျိုးရိုးမှတ်တမ်းတင်ရာ၌ အမျိုးသမီးနာမည်ထည့်သွင်းထားခြင်း သည် ဖြစ်လေ့ဖြစ်ထမရှိပေ။ (အာဒံ၏ သားစဉ်မြေးဆက်စာရင်းကို ကမ္ဘာဦး ကျမ်း (၅) တွင် ဖော်ပြထားပြီး၊ သူ့သမီးများ၏ နာမည်များကို မတွေ့ရပေ)။ သို့သော် ရှင်မဿဲသည် အမျိုးသမီး ငါးဦးအကြောင်းအထူးဖော်ပြထားသည်။ ထိုသူတို့အားလုံးသည် ထင်ရှားသောအမျိုးသမီးများ ဖြစ်ကြသည်။ တာမာ (မဿဲ ၁း၃)၊ ရာခပ် (၁း၅)၊ ရုသ (၁း၅) ဗာသရှေဘ (၁း၆)၊ မာရိ (၁း၁၆)။ ထိုအမျိုးသမီးငါးဦးထဲမှ သုံးဦးတို့သည် တပါးအမျိုးသမီးများ (Gentiles) ဖြစ်ကြ သည်။ ထို့ပြင် ငါးဦးထဲမှ သုံးဦးတို့သည် မိမိတို့၏အပြစ်ဒုစရိုက်ကြောင့် နာမည် ပျက်သူများဖြစ်ကြသည်။ သူတို့အားလုံးသည် လူများ၏ ပယ်ခြင်းခံရခြင်းနှင့် အရှက်တရားနှင့်အသက်ရှင်ခြင်းကို ကောင်းမွန်စွာ နားလည်သိရှိသူများလည်း ဖြစ်ကြသည်။
တာမာ – သူမသည် ခါနန်အမျိုးသမီး တစ်ဦးဖြစ်သည်။ သူမသည် ကလေးမရရှိဘဲ၊ သူ့ခင်ပွန်းကိုလည်း ဆုံးရှုံးခဲ့ရသည်။ သူမသည် ပြည်တန်ဆာ အမျိုးသမီးကဲ့သို့ မိမိယောက္ခမဖြစ်သော ယုဒကို သွေးဆောင်၍ ကလေးရရန်လုပ်ကြံခဲ့သည်။ စိတ်ဝင်စားဖြစ်သောအရာသည် တာမာသည် သားနှစ်ဦး (အမွှာ)ကို မွေးသောအချိန်တွင် ကြိုးနီဖြင့် သားငယ်၏လက်ကို ချီခဲ့သည် (က ၃၈း၁၃-၃ဝ)။
ရာခပ် – သူမ၏ နောက်ခံသမိုင်းသည် အရှက်တရဖြစ်၍ ကြောက်လန့် ဖွယ်ရာအသက်တာ ရှိသည်။
ရုသ – (မကြာခင်လေ့လာကြမည်) သူမသည် ဣသရေလတိုင်းပြည်၌ မထီမဲ့မြင်ပြုခြင်းခံရသော မောဘလူမျိုးမှ ဆင်းသက်လာသူဖြစ်သည် (ရုသ ၁း၃)။
ဗာသရှေဘ – (ရှင်မဿဲသည် ဗာသရှေဘကို နာမည်ဖြင့် မဖော်ပြဘဲ၊ ဟိတ္တိလူ ဥရိယ၏ မယားဟူ၍ ရေးသားထားသည်။ သူမသည် ဒါဝိဒ် မင်းကြီး နှင့် ပြစ်မှားသူဖြစ်သည် (၂ ရာ ၁၁)။
မာရိ – သူမသည်လည်း ထိမ်းမြားခြင်းမရှိဘဲ ကိုယ်ဝန်ဆောင် သောကြောင့် နာမည်ပျက် ခံရသည်။
ဤအကြောင်းအရာအားလုံးကို ခြုံငုံလေ့လာလျှင် ဘုရားသခင်သည် အရာအားလုံးကို လူသားများကောင်းမြတ်ခြင်းအတွက် တစ်ညီတစ်ညွတ်တည်း ဖြစ်စေသည်။ လူ့အမြင်အားဖြင့်ကြည့်လျှင် ခရစ်တော်၏ ဆွေစဉ်မျိုးတော်ဆက်စာရင်းသည် လူတန်းစားနိမ့်သောသူများနှင့် ကျရှုံးခြင်းများနှင့် ပြည့်နှက်ပြီး ကောင်းမြတ်ရာမရှိပေ။ သို့သော် ဘုရားသခင်သည် အမျိုးသမီးများ ကို အသုံးပြုလျက် ယေရှုခရစ်တော်မွေးဖွားရန် အကြောင်းဖြစ်ပေါ်လာသည်။ ထိုအမျိုးသမီးများသည် တစ်ပါးအမျိုးသမီးများ၊ လူတန်းစားနိမ့်သောသူများ နှင့် အပြစ်သားများဖြစ်ကြသည်။ သို့သော်လည်း ဘုရားသခင်သည် သူ၏သားတော် ဤလောကသို့ စေလွှတ်ရန် အမျိုးမျိုးသောအမျိုးသမီးများကို အသုံးပြု၍ သူ၏အကြံအစည်တော်ပြည့်စုံစေသည်။
ခရစ်တော် မျိုးရိုးစဉ်ဆက်၌ အထက်ပါအမျိုးသမီးများ၏နာမည်များ တွေ့ရခြင်းသည် မတော်တဆ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ခရစ်တော် သည် ဆန္ဒရှိစွာ “မိမိအသေရေကိုစွန့်၍ အစေခံကျွန်သဏ္ဌာန်ကို ယူတင်ဝတ်ဆောင်လျက် လူသားကဲ့သို့ ဖွားမြင်ခြင်းကို ခံတော်မူ၏” (ဖိ ၂း၇)။ သူသည် လူများ၏ငြင်းပယ်ခြင်း၊ နိမ့်ကျခြင်းကိုခံရပြီး၊ ငါတို့ကိုယ်စား ကျိန်ခြင်းကို ခံရ သည် (ဂလ ၃း၁၃)။ ထို့ပြင် သူသည် မယုံကြည်သူများအတွက် “ထိမိ၍ လဲစ ရာကျောက်၊ မှားယွင်းရာကျောက်လည်းဖြစ်လာသည်” (၁ ပေ ၂း၈)။ ထို့ကြောင့် ဧဝံဂေလိတရားသည်လည်း ဆုံးရှုံးခြင်းသို့ရောက်သောသူတို့အတွက် မိုက်မဲသောတရား၊ ရှက်စရာကောင်းသောတရား ဖြစ်သည်။ သို့သော် ကယ်တင်ခြင်း သို့ရောက်သောသူတို့အတွက် ဘုရားသခင်၏တန်ခိုးတော်ပင် ဖြစ်သည် (၁ ကော ၁း၁၈)။
ထို့ပြင် “ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာ သော သူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို ခေါ်ခြင်းငှာ (ခရစ်တော်)လာသည်မဟုတ်။ ဆိုးသော သူတို့ကို ခေါ်ခြင်းငှာ (သူ)လာ၏” (မာ ၂း၁၇)။ ရာခပ်အသက်တာသည် ဤကျမ်းပိုဒ်၏ ရုပ်လုံးဖော်တစ်ခုဖြစ် သည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်း၌ ထပ်တလဲလဲ ဖော်ပြထားသည်မှာ ရာခပ်၏ အသက်တာသည် ကယ်တင်သောယုံကြည်ခြင်း အသီးပွင့်ဖြစ်သည်။ သူမအ သက်တာသည် အဆိုးဝါးဆုံးသော အပြစ်သားများအတွက် ပုံသက်သေဖြစ်လာ ပြီး၊ ဘုရားသခင်ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအားဖြင့် ရွေးနှုတ်ကယ်တင် ခြင်း ကျေးဇူးတော်ကို ခံစားရရှိနိုင်ကြောင့် ထင်ရှားစေသည်။ “ယုံကြည်သော အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သည်ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း၊ ယေရှုခရစ်၌ ပြုပြင်၍ ဖန် ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌ ငါတို့သည် ကျင်လည် ရမည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီ” (ဧ ၂း၈-၁၀)
ရာခပ်ရွေးနုတ်ကယ်တင်ခြင်းသည် ကောင်းသောအကျင့်ကို ကျင့် သောကြောင့် မဟုတ်ပေ။ သူမ၏ကုသိုလ်ကြောင့် ဘုရားသခင်၏ မျက်နှာသာ ကိုလည်း ရသည်မဟုတ်ပေ။ သူမ၏ သူလျှိုလုလင်နှစ်ဦးကို ကာကွယ်ခြင်းပင် လျှင် ကောင်းမွန်သောအကျင့်မဟုတ်။ အဘယ်ကြောင့်ဆိုသော် သူမ၏ လုပ် ကိုင်သည့်ပုံစံသည် မုသာနှင့်လုပ်သောကြောင့်ဖြစ်သည်။ ရာခပ်အသက်တာ သည် ဇာတိအကျင့်ဆိုင်ရာတွင် ငါတို့အတွက် အတုယူဖွယ်ရာမဟုတ်ဘဲ၊ ဘုရား သခင်၏ ကျေးဇူးတော်ဖြင့် အဆိုးဆုံးသောအပြစ်သားအတွက် ရွေးနှုတ်ကယ် တင်ခြင်းရရှိနိုင်ခြင်း၏ ပုံသက်သေဖြစ်သည်။
သခင်ယေရှုခေတ်မတိုင်ခင် အချို့ယုဒကျမ်းဆရာများသည် သခင် ယေရှု၏ မျိုးဆက်စာရင်း၌ ရာခပ်ပါဝင်ခြင်းနှင့် ယေရိဘေမြို့ဖျက်ဆီးခြင်း၌ မသေဘဲ၊ ဣသရေလူမျိုးထဲသို့ ဘာသာဝင်ခြင်းကို လက်မခံနိုင်ကြပေ။ ထိုကျမ်း တတ်ဆရာများသည် ယောရှု ၂း၁ (နှင့် ၆း၁၅၊ ၂၅)တွင် အသုံးပြုသော “ပြည် တန်ဆာ”ကို “ပြုစုကျွေးမွေးသောသူ” ဟု အနက်ပြန်ဆိုကြသည်။ ရာခပ်သည် တည်းခိုခန်းပိုင်ရှင် (သို့) ဧည့်သည်များကို ဆိုကြိုသောသူသာဖြစ်သည်ဟု ဆိုကြသည်။
သို့သော် ဤဟေဗြဲစကားလုံး၏ အဓိပ္ပါယ်မှာ “ပြည်တန်ဆာ”ပင် ဖြစ် သည်။ ဤကျမ်းပိုဒ်၏ အဓိပ္ပာယ်ကို ရာစုပေါင်းများစွာ ဤကဲ့သို့ နားလည်ရ၏။ ထို့ပြင် “ပြည်တန်ဆာ” ဟူသော စကားလုံးကို ဂရိဘာသာဖြင့်ပြန်ဆိုသော ဓမ္မဟောင်းကျမ်း (the Septuagint) ၌လည်း “ပြည်တန်ဆာ” ဖြစ်ပြီး၊ ဂရိ ကျမ်းစာ ဓမ္မသစ်ကျမ်း (ဟေဗြဲ ၁၁း၃၁၊ ယာ ၂း၂၅) ၌လည်း “ပြည်တန်ဆာ” ဟူ၍ ဖြစ်သည်။ “ပြည်တန်ဆာ” ဟူသောစကားလုံးသည် ဂရိစကားလုံး porno ဖြစ်၍၊ အနက်မှာ ပြည်တန်ဆာ (“harlot”) ဖြစ်သည်။ ထို့ပြင် ဤစကားလုံးမှ အင်္ဂလိပ်စကားလုံး pornography ဆင်းသက်လာပြီး၊ “ညစ်ညမ်းသောပုံနှင့် ဇာတ်ကားများ” ကို ဆိုလိုသည်။
အင်္ဂလန်နိုင်ငံ၏ ဘုရင်မ Victoria ခေတ် (the Victorian era, 1837-1901 A.D.) တွင် ရာခပ်၏သမိုင်းရာဇဝင်အား အချို့သင်းအုပ်များ က ဝေဖန်ခြင်းပြုလုပ်လာကြသည်။ ထို့ကြောင့် (၁၉) ရာစုနှောင်းပိုင်းကာလ၌ နာမည်အကြီးဆုံး နှစ်ခြင်းတရားဟောဆရာကြီး C. H. Spurgeon က တုံ့ပြန် သည်မှာ “ရာခပ်သည် ဧည့်ကြိုပြုသောသူသာမဟုတ်ဘဲ၊ အမှန်တကယ် ပြည် တန်ဆာ ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရရှိ ခြင်းကို လက်ခံသောသူရှိသမျှသည် သူမ၏အပြစ်ဒုစရိုက်ကို အသိအမှတ်ပြု မည်” ဟု ဆိုခဲ့သည်။
Spurgeon ပြောပြချက်သည် မှန်ပေသည်။ အဘယ်ကြောင့်ဆိုသော် အပြစ်ဒုစရိုက်ကို ဖယ်ရှားခြင်းသည် ကျေးဇူးတော်လိုအပ်မှုကို ဖယ်ရှားခြင်းပင် ဖြစ်သည်။ ရာခပ်သည် သာလွန်သော အပြစ်သားဖြစ်သောကြောင့် သာလွန် သောကျေးဇူးတော်ကိုလည်း ခံစားရသည်။ ထို့ကြောင့် သူမအတိတ်သမိုင်းကို အမျိုးမျိုးဖြင့်ပြန်လည်တီထွင်ပြီး၊ အပြစ်နည်းသောသူကဲ့သို့ ပြောစရာမလိုအပ် ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏အတိတ်ဘဝအားဖြင့် သူမသည် ဘုရား သခင်၏ မဟာကျေးဇူးတော်နှင့် ဘုန်းတော်ထင်ရှားစေသူဖြစ်လာသည်။ ထို ကျေးဇူးတော်သည်လည်း သူမအား သာမာန်ထူးကဲသော အမျိုးသမီး ဖြစ်လာ စေပြီး၊ ရာခပ်ဘဝအသက်တာမှ သင်ခန်းများကို ရရှိခြင်းဖြစ်သည်။
(၄)
ရုသ – သစ္စာတရားနှင့် မေတ္တာတရား ရှိသောသူ
“ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရား ဖြစ်ပါစေ။ ”
ရုသ ၁း၁၆။
ဓမ္မဟောင်းကျမ်းတွင် ရုသဝတ္ထုသည် အပြစ်အနာဆာမရှိသော အချစ် ဇာတ်လမ်းတစ်ခုဖြစ်သည်။ ရုသဝတ္ထုသည် ဒဏ္ဍာရီသာမဟုတ်ဘဲ၊ အဖြစ်မှန် ပုံပြင်ကို အကျဉ်းချုပ်ဖြင့် ရေးသားသော စာအုပ်တစ်အုပ်ဖြစ်သည်။ ရုသဝတ္ထု တွင် အခန်းငယ် (၈၅) သာ ရှိသည်)။ ဤစာအုပ်သည် လူသားများ၏ ခံစား ချက်များနှင့် ပြည့်စုံပြီး၊ နာကျည်းဖွယ်ရာများ၊ အဖြစ်အပျက်များမှ ဝမ်းမြောက်သော နှလုံးသားဖြင့် အောင်ပွဲခံခြင်းတို့အကြောင်းကို မှတ်တမ်းတင်သော စာအုပ်ဖြစ်သည်။
ရုသအသက်တာမှာ အမှန်တကယ်စစ်မှန်ပြီး သမိုင်းအတွေ့အကြုံနှင့် စစ်မှန်စွာတည်ရှိသော သာလွန်ထူးကဲသော အမျိုးသမီးဖြစ်သည်။ သူမအသက် တာသည် ပြီးပြည့်စုံသော ရွေးနှုတ်ကယ်တင်ခြင်းကို ပုံဆောင်သောသူတစ်ဦးဖြစ်သည်။ ရုသသည် အပြစ်သားအားလုံးကို ပုံဆောင်ပြီး၊ သူမသည် မုဆိုးမ တစ်ဦးဖြစ်ပြီး၊ တပါးအမျိုးသမီးကဲ့သို့ သူ့နိုင်ငံမဟုတ်သောနိုင်ငံသို့ သွားနေ ထိုင်ခဲ့သည်။ ထို့ပြင် သူမသည် မရင်းနှီးဖူးသေးသောတိုင်းပြည်၌ နေထိုင်သည် သာမကဘဲ၊ အားကိုးစရာမရှိသော အလွန်ဝမ်းနည်းဖွယ်ရာအခြေအနေမှာ ဆင်းရဲမွဲတေခြင်းကို ခံစားရသူလည်း ဖြစ်သည်။ ထိုအခြေအနေမှ မိမိကိုယ်ကို ကယ်နှုတ်ရန်လည်း မတတ်နိုင်ပေ။ ထို့ကြောင့် သူမသည် ယောက္ခမထံမှ အနီးစပ်ဆုံးသူ ဆွေမျိုးတစ်ဦးကို တောင်းဆိုခဲ့သည်။ သမ္မာကျမ်းတစ်ခုလုံးကို ခြုံငုံကြည့်လျှင် သူမပြောင်းလဲခြင်းသည် လူသားများအတွက် နက်နဲသော ထိတွေ့ခြင်းကို ခံစားရရှိစေသည်။
ပျက်စီးခြင်း
ဓမ္မဟောင်းကျမ်း တရားသူကြီးခေတ်ကာလ အဆုံးမသတ်မှီ၌ ရုသ အကြောင်းကို တွေ့ရသည်။ ဒါဝိဒ်မင်းကြီးခေတ်ကာလမတိုင်မီ နှစ်ပေါင်း (၁၀၀) ခန့်အချိန်၌ဖြစ်၍၊ ထိုခေတ်သည် မင်းမဲ့စရိုက်၊ ရှုပ်ထွေးခြင်းနှင့်ထာဝရဘုရား၏ပညတ်တော်ကို နားမထောင်ခြင်းနှင့် ပြည့်စုံသောအချိန် ဖြစ် သည်။ ဣသရေလတိုင်းပြည်၌ ကြီးမားသောအစာခေါင်းပါးခြင်းသည်လည်း ဖြစ်ပေါ်ခဲ့သည်။
ဧလိမလက် မိသားစုဝင်များအကြောင်းကို ရုသ ၁း၁-၂ တွင် တွေ့ရ သည်။ ဧလိမလက်၏ ဇနီးသည် နောမိ၊ သားနှစ်ဦးတို့သည် မဟာလှန်နှင့် မိလျန်တို့ဖြစ်ကြသည်။ သူတို့သည် ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရက်အရပ်သား များဖြစ်ကြပြီး၊ ဗက်လင်မြို့သည်လည်း နာမည်ကြီးသောမြို့၊ ရာခေလ သင်္ဂြိုဟ် မြုပ်နှံရာမြို့ဖြစ်သည် (က ၃၅း၁၉)။ ထို့ပြင် ဗက်လင်မြို့သည် နောက်ပိုင်းတွင် ဒါဝိဒ်မင်းကြီးနှင့် ခရစ်တော်မွေးဖွားရာမြို့ဖြစ်လာသောကြောင့် နောက်ပိုင်းတွင် ပိုမိုထင်ရှားလာသည်။ ဧလိမလက်မိသားစုသည် ဗက်လင်မြို့နှင့် မေရှိယ (ခရစ် တော်) မွေးဖွားခြင်းအတွက် အဓိကချိတ်ဆက်ပေးသော မိသားစုဖြစ်လာသည်။
အာဗြဟံခေတ်တွင် အစာခေါင်းပါးခြင်းကြောင့် အဲဂုတ္တုပြည်သို့ သူ ထွက်ပြေး တိမ်းရှောင်ခဲ့သည်နည်းတူ၊ ယခုတွင်လည်း ယုဒပြည်၌ အစာခေါင်း ပါးသောကြောင့် ဧလိမလက်နှင့် သူ၏မိသားစုသည် မောဘပြည်သို့ တည်းခို ခြင်းငှာသွားကြသည်။ ဤကဲ့သို့သောအခြေအနေသည် ဧလိမလက်မိသားစု အတွက် ခက်ခဲနေသောအချိန်ဖြစ်သည်။ မောဘပြည်သည် တောတောင် ဒေသ နေရာဖြစ်ပြီး၊ မြောက်ပိုင်း၌ ပင်လယ်သေ (Dead Sea)နှင့် အရှေ့ပိုင်း တွင် အလွန်ခေါင်သောဒေသ၊ သဲကန္တာရမြေနေရာရှိသည်။ မြောက်နှင့်တောင် ပိုင်းတွင် နက်နဲသောမြောင်းနှစ်ခု (the Armon and the Zeed) တည်ရှိသည်။ ထိုမြောင်းနှစ်ခုသည်လည်း တနှစ်ကာလပတ်လုံး ရေအနည်းငယ်သာရှိသည်။ ထို့ကြောင့် မောဘပြည်သည် စိုက်ပျိုး၍ ရသောဒေသဖြစ်သော်လည်း၊ အလွန်ပူ ပြင်းခြောက်သွေ့သောကြောင့် မြေပြင်၌ သစ်ပင်များ အနည်းငယ်သာရှိသည်။ ကျွဲ၊ နွား၊ တိရိစ္ဆာန်အုပ်စုများ ထိန်းကြောင်းခြင်းအတွက်သာ ကောင်းသည့် ဒေသဖြစ်သည်။
မောဘလူမျိုးများသည် လောတနှင့် သူ၏သမီးအကြီးမှ ဆင်းသက် သော လူမျိုးဖြစ်သည်။ ထိုမတရားသော မေထုန်ပြုခြင်းမှ ရသောကလေးကို “မောဘ” ဟူ၍နာမည်ပေးခဲ့သည်။ ထို့ကြောင့် မောဘသည် ယာကုပ်၏ ဒုတိ ယဝမ်းကွဲညီလည်း ဖြစ်သည်။ (လောတသည် အာဗြဟံ၏တူ ဖြစ်သည်ကို သိ မှတ်ရမည်)။ ဤကဲ့သို့ ဘိုးဘေးတော်ဆက်မှု နီးစပ်နေသော်လည်း မောဘလူ မျိုးနှင့် ဣသရေလအမျိုးတို့သည် အချင်းချင်းရန်ငြိုးဖွဲ့ကြသည်။
ဣသရေလလူမျိုးများတောအရပ်၌ လှည့်လည်သွားနေစဉ် မောဘ၊ အမျိုးသမီးများသည် ဣသရေလ အမျိုးသားများအား ဖျားယောင်းသွေးဆောင်ပြီး၊ မတရားသော မေထုန်ပြုခြင်း၊ ရုပ်ထုဆင်းတုများ ပူဇော်သက္ကာပြု ခြင်းအမှုများကိုပြုရန် တိုက်တွန်းသွေးဆောင်ကြသည် (တော ၂၅)။ ထို့ပြင် မောဘရှင်ဘုရင် ဗာလက်မင်းသည် မှားယွန်းသောပရောဖက် ဗာလမ်အား ဣသရေလအမျိုးကို ကျိန်ဆဲရန် ခေါ်ခဲ့သည်။ ထို့ကြောင့် ဓမ္မဟောင်းကျမ်းသမိုင်း တလျှောက်လုံး၌ ဣသရေလအမျိုး နှင့်မောဘလူတို့သည် အချင်းချင်း မုန်းတီးခြင်းနှင့် ရန်ဖြစ်ခြင်းများ ဖြစ်ကြသည်။
မောဘလူမျိုးများသည် ခေမရှဘုရား (Chemosa) ကို ကိုးကွယ်ကြ သည်။ (ခေမုရှဘုရားသည် သူတို့၏အမြင့်မြတ်ဆုံးသောဘုရားဖြစ်သော်လည်း၊တော ၂၅း၂ အရ အခြားဘုရားများကိုလည်း ကိုးကွယ်ကြသည်)။ သမ္မာကျမ်း၊ တွင် ခေမုရှဘုရားသည် “ရွံရှာဖွယ်သော မောဘဘုရား” ဟု ခေါ်သည် (၃ ရာ ၁၁း၇၊ ၄ ရာ ၂၃း၁၃)။ ခေမုရှဘုရားကိုးကွယ်ခြင်းသည် အလွန်ရွံစရာကောင်းပြီး၊ လူသားယစ်ပူဇော်ခြင်းလည်း ပါဝင်သည် (၄ ရာ ၃း၂၆-၂၇)။ ထို့ ပြင် တောလည်ရာ ၂၅ အရ၊ မောဘလူမျိုးများ၏ကိုးကွယ်ခြင်းသည် လူ၏ကို လေသာစိတ်ဖြစ်စေသော လုပ်ရပ်များနှင့် ညစ်ညမ်းသောအပြုအမူများ ဖြစ်စေ သည်။ ထို့ကြောင့် မောဘလူတို့၏အကျင့်ရှိသမျှကို ရှောင်ကြဉ်ရန် သစ္စာရှိ သော ဣသရေလအမျိုးတို့အား ဘုရားသခင်တိုက်တွန်းခဲ့သည်။
ထို့ကြောင့် ဧလိမလက်နှင့် သူ၏မိသားစုသည် မောဘပြည်သို့ တည်း ခိုနေထိုင်ရန် ခရီးထွက်ခြင်းအားဖြင့် တုန်လှုပ်မှုဖြစ်ပေါ်စေသည်။ ဗက်လင်မြို့၌ ဧလိမလက်သည် မြေယာပိုင်ဆိုင်ပြီး အသက်ကြီးသူများရှေ့မှ မျက်နှာရပြီး “ညီအစ်ကို” ဟုခေါ်ခြင်းခံရသူဖြစ်သည် (ရု ၄း၂-၃)။ ဧလိမလက်ဟူသော အမည်၏အဓိပ္ပါယ်မှာ “ဘုရားသခင်သည် ငါ၏ရှင်ဘုရင်ဖြစ်၏။” သူ၏နာမည် နှင့် နောမိ၏ ယုံကြည်ခြင်းကိုကြည့်လျှင်၊ သူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောသူများဖြစ်ကြသည်ကို တွေ့ရပေသည်။ သူတို့သည် လောကီဆန်သောဂျူး များမဟုတ်ပေ။ ဧလိမလက်သည်သူ၏မိသားစုများ မောဘပြည်သို့ ခေါ်ဆောင်သွားခြင်းသည် ဆိုးဝါးသော အစာခေါင်းပါးမှုကြောင့် ဟုသိရသည်။ ယုဒပြည်သည်လည်း ဝိညာဉ်ရေးရာ နှင့်ကာယဆိုင်ရာ၌ ခြောက်သွေ့ပြီး ခက်ခဲ ကြမ်းတမ်း သောအချိန်ကို ရင်ဆိုင်ခဲ့သည်။
ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်များသည် သူ၏မိသားစု၌ ကျရောက် လာခဲ့သည်။ ပထမဦးစွာ ဧလိမလက်သည် မောဘ၌သေဆုံး၍ နောမိကို မုဆိုးမ အဖြစ်ထားခဲ့သည်။ နောမိသည် သားနှစ်ဦးတို့ကို လည်းပြုစုရန် တာဝန်ရှိလာသည်။ သူတို့ထိမ်းမြားသော အမျိုးသမီးများသည် မောဘလူမျိုး စ်ကြသည် (ရုသ ၁း၃-၄)။ စစ်မှန်သောယုဒလူတို့သည် ထိုသူတို့၏ ထိမ်းမြားခြင်းအား မင်္ဂလာရှိသောလုပ်ရပ်ဟု သတ်မှတ်မည်မဟုတ်ပါ။
ဘုရားသခင်သည် ယုဒလူယောက်ျားများအား ခါနာန်အမျိုးသမီးများနှင့် လက်ထပ်ထိမ်းမြားရန် တားမြစ်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ သည် ထာဝရဘုရားအားစွန့်ပယ်၍ တပါးသောဘုရားများကိုးကွယ်မည်ကို အလိုတော်မရှိသောကြောင့် ဖြစ်သည် (တရားဟော ၇း၁-၃)။ ထိုနည်းတူစွာ မောဘအမျိုးသမီးများနှင့် လက်ထပ်ခြင်းကိုလည်း မသင့်တော်ဟု ယူဆရ သည်။ သို့သော် နောမိနှင့်အတူ သားများသည် အခြေအနေအမျိုးမျိုးကြောင့် ခက်ခဲမှုပေါင်းစုံကို ကြုံတွေ့ရပြီး၊ နောမိအနေဖြင့် ချွေးမများအား ကရုဏာ ပြည့်ဝစွာဖြင့် လက်ခံခဲ့သည်။ ချွေးမတစ်ဦး၏ အမည်မှာ “ဩရပ” ဖြစ်သည်။ အဓိပ္ပါယ်မှာ “ခေါင်းမာသောသူ” ဖြစ်သည်။ နောက်တစ်ဦး၏အမည်မှာ “ရုသ” ဖြစ်၍၊ အဓိပ္ပါယ်မှာ “မိတ်ဆွေပေါင်းဖော်ပြုသူ” ဖြစ်သည်။ ရုသသည် မဟာလုန် နှင့် လက်ထပ်ခဲ့သည် (ရု ၄း၁၀)။ မဟာလုန်သည်လည်း သားဦးဖြစ်သည်။ သားငယ်ခိလျန်သည် ဩရပနှင့် ထိမ်းမြားခဲ့သည်။ ရု ၁း၄ အရ နောမိနှင့် သားများသည် မောဘပြည်၌ (၁၀) နှစ်ခန့် နေထိုင်ခဲ့ကြသည်။ (သူတို့၏ နေ ထိုင်သောကာလ ဆယ်နှစ်သည် သားနှစ်ဦးအိမ်ထောင်ပြုပြီးနောက်မဟုတ်ဘဲ။ မောဘပြည်၌ နေထိုင်သည့်ကာလပတ်လုံး အချိန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစာခေါင်းပါးချိန်တွင်ပင် ဆယ်နှစ်ခန့်မျှအိမ်ထောင်ပြုခဲ့လျှင် သား နှစ်ဦးသည် သားသမီးများရှိခဲ့ရမည်။ သို့သော် သူတို့၌သားသမီးမရှိခဲ့ပေ။)
မောဘပြည်၌ နေထိုင်ရခြင်းသည် နောမိအတွက် ဘဝအခြေအနေ တိုးတက်လာခြင်းမရှိဘဲ ပိုပြီး ဆိုးဝါးလာသည်။ သားနှစ်ဦးဖြစ်သော မဟာလုန်နှင့်ခိလျုန်သည်လည်းသေဆုံးပြီး၊ အမျိုးသမီးသုံးဦးကို ထားခဲ့သည်။ ထိုခေတ် ယဉ်ကျေးမှု၌ သူတို့၏အခြေအနေသည် မျှော်လင့်ချက်မဲ့သောဘဝ ဖြစ်သည်။ အစာခေါင်းပါးသောအချိန်၌ မုဆိုးမသုံးဦးတို့သည် သားသမီးလည်းမရှိ ဆွေမျိုးလည်းမရှိသောကြောင့် သူတို့၏ဘဝသည် ကာလကြာရှည်စွာနေထိုင်ရန်လည်း မျှော်လင့်ချက်မရှိတော့ပေ။ ကျမ်းစာက မည်ကဲ့သို့အကြောင်းအရာကြောင့် သားနှစ်ဦးတို့၏သေဆုံးခြင်းကို မဖော်ပြသော်လည်း၊ သေချာသော အရာတစ်ခု မှာ ခက်ခဲသောဘဝရုန်းကန်လှုပ်ရှားရသော အခြေအနေကြောင့်ဟု ဆိုနိုင် သည်။ ဖြစ်နိုင်ချေတစ်ခုမှာ မဟာလုန်နှင့် မိလျန်သည် အစာခေါင်းပါးခြင်း ကြောင့် ကပ်ဘေးတခုခုဖြင့် ကွယ်လွန်သွားကြသည်ဟု ယူဆရသည်။
ထို့ကြောင့် နောမိ၊ ရုသနှင့် ဩရပတို့သည် ပျက်စီးခြင်းထဲသို့ ဝင် ရောက်လုဆဲဆဲဖြစ်ခဲ့လေသည်။ သို့သော်လည်း ယုဒပြည်၌ အစာခေါင်းပါးမှု ဆုတ်ယုတ်သွားသည်ဟု နောမိကြားသောအခါ ယုဒပြည်သို့ ချက်ချင်းပြန်သွား ရန် ပြင်ဆင်ခဲ့သည်။ ယခုတွင် သူမသည် ကလေးမရှိသော မုဆိုးမ၊ ဆင်းရဲပြီး၊ အသက်အရွယ်လည်း ကြီးလာသည် (ရု ၁း၁၂)။ နောမိသည် မြေပိုင်ဆိုင်ခြင်း လည်းမရှိ၊ ဆွေမျိုးများမရှိ၊ သူမကို ဂရုစိုက်ပြုစုမည့်သူမရှိသောဘဝသို့ ရောက်ခဲ့သောကြောင့် သူမ၏တိုင်းပြည် နှင့် လူမျိုးများကို ပြန်လည်တမ်းတပြီး၊ ဗက်လင်မြို့သို့ ပြန်သွားရန် ဆုံးဖြတ်ခြင်းဖြစ်သည်။
ထိုအခါ နောမိ၏ ချွေးမနှစ်ဦးတို့သည်လည်း နောမိနှင့်အတူ ခက်ခဲ ကြမ်းတမ်းသော ခရီးကိုသွားရန်ဆုံးဖြတ်ချက်ချကြသည်။ သို့သော် နောမိသည် ချွေးမနှစ်ဦး၏အခြေအနေကို ကြည့်သောအခါ၊ ချွေးမနှစ်ဦးသည် သူနှင့်အတူ ခရီးဆက်သွားကြလျှင် ပိုမိုခက်ခဲသောအရာများကို ရင်ဆိုင်ကြမည်ဖြစ်သောကြောင့် မိမိတို့အမျိုးထံသို့ ပြန်သွားရန်တိုက်တွန်းခဲ့သည်။ ထိုအချိန်တွင် နောမိသည် ထာဝရဘုရားလက်တော် မိမိအသက်တာ၌ ကန့်လန့်ရှိသည်ဟု ယူဆခဲ့သည် (၁း၁၃)။ သူ့ယောက်ျား အဘိမလက်နှင့် မောဘပြည်သို့ လာ ရောက်ခြင်းသည် ခါးသီးသော နောင်တရခြင်းရှိစေသည်။ ယခုတွင် သူမသည် ထာဝရဘုရားကို မသိသောတိုင်းပြည်၌ ခင်ပွန်းနှင့် သားနှစ်ဦးအား သင်္ချိုင်း ထဲ၌ထားခဲ့ရမည်။ ထို့ကြောင့် နောမိသည် စိတ်ပျက်ခြင်းနှင့်ပြည့်စုံပြီး၊ မောဘ ပြည်သို့သွားရောက်ခြင်းအားဖြင့် ဘုရားသခင်အား အမျက်ထွက်စေသည်ဟု ခံစားရသည်။ သူမအပေါ်၌သက်ရောက်လာသော ဘုရားသခင်၏ ဆုံးမခြင်းလက်တော်ကို ချွေးမတို့သည် အဘယ်ကြောင့် ခံရမည်နည်း။ ထို့ကြောင့် နောမိ သည် ချွေးမနှစ်ဦးအား မိမိတို့အိမ်သို့ ပြန်သွားရန် ဖျောင်းဖျခဲ့သည်။ သမ္မာကျမ်း ဖော်ပြသော ထိုအမျိုးသမီးသုံးဦးတို့၏ ခါးသီးသောအတွေ့အကြုံအကြောင်းကို ဖတ်သောအခါ အလွန်ပူဆွေးဝမ်းနည်းခြင်းဖြစ်စေသည်။
တစ်ဖန် ထာဝရဘုရားသည် မိမိလူတို့ကို အကြည့်ရှုကြွ၍ မုန့်ကို ပေး သနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ ကြားသောအခါ၊ မောဘပြည်မှ ပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊ တည်း ခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှါ သွားကြ၏။ သို့ရာတွင် ချွေးမနှစ်ယောက်တို့ သင်တို့သည် ကိုယ်အမိအိမ်သို့ ပြန် သွားကြလော့။ သေလွန်သောသူ၌လည်းကောင်း၊ ငါ၌လည်းကောင်း ကျေးဇူးပြုသည်နှင့်အညီ ထာဝရဘုရားသည် သင်တို့၌ ကျေးဇူးပြုတော်မူ ပါစေသော။ သင်တို့နှစ်ယောက်သည် နောက်ရသော လင်အိမ်၌ ချမ်း သာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူစေသော ဟု ဆိုလျက် သူတို့ကို နမ်းလေ၏။ သူတို့သည်လည်း အသံကို လွှင့်၍ ငို ကြွေးလျှက်၊ အကယ်စင်စစ် အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ကိုယ် တော်အမျိုးထံသို့ လိုက်သွားပါမည် ဟုဆိုကြ၏။ နာမိကလည်း သမီးတို့ ပြန်သွားကြလော့။ ငါနှင့်အတူ အဘယ်ကြောင့် လိုက်ရမည်နည်း။ သင်တို့လင်ရှာဖို့ ငါ၏ဝမ်း၌ သားရှိသေးသလော။ ငါ့သမီးကို ပြန်သွားကြလော့။ ငါသည်အသက်ရွယ်လွန်၍ လင်နှင့်မနေ သင့်။ သို့မဟုတ် မျှော်လင့်စရာ ရှိသေးသည်ဟု ဆိုလျှင်လည်းကောင်း၊ ယနေ့ညမှာလင်နေလျှင်လည်းကောင်း၊ သားတို့ကိုလည်း ဖွားမြင်လျှင် လည်းကောင်း၊ ထိုသားတို့သည် ကြီးပွားသည့်တိုင်အောင် ဇွဲနေလိမ့်မည်လော။ ငါသမီးတို့ ထိုသို့မဖြစ်ရ။ ထာဝရဘုရား လက်တော်သည် ငါ၌ကန့် လန့်ရှိသည်ကို သင်တို့အတွက် အလွန်ကြင်နာသော စိတ်ရှိသည် ဟု ဆိုလေသော်၊ သူတို့သည် တဖန် အသံကိုလွှတ်၍ ငိုကြွေးကြ၏။ ထိုအခါဩရပသည် ယောက္ခမကိုနမ်း၍ မိမိအမျိုးသားတို့ထံသို့ ပြန်သွား၏။ ရုသမူကား ယောက္ခမ၌ မှီဝဲဆည်းကပ် လျက်နေသေး၏ (ရု ၁း၆-၁၄)
စိတ်ဆုံးဖြတ်ချက်
ရုသသည် မည်သည့်အခြေအနေကိုကြုံသည်ဖြစ်စေ နောမိနှင့်အတူ သွားရန် ဆုံးဖြတ်ခဲ့သည်။ ငယ်ရွယ်သော မောဘအမျိုးသမီးတစ်ဦးဖြစ်သော ရုသအနေဖြင့် နောမိထံ၌ မည်သည့်ရစရာတစ်ခုမှ မရှိသော်လည်း သူ့ကို မထားခဲ့ပေ။ သူ့နာမည်၏အဓိပ္ပါယ်နှင့်ညီလျော်စွာ (ရုသ = “မိတ်ဆွေပေါင်းဖော်ပြုသူ”) ရုသသည် နောမိနှင့် ခိုင်ခံ့သောခင်မင်ရင်းနှီးမှုကို တည်ဆောက်ပြီး သံယောဇဉ်ရှိခဲ့သည်။
သို့သော် နောမိသည်လည်း ရုသအား သူနှင့်အတူ ခရီးဆက်မသွားရန် ထပ်မံတိုက်တွန်းခဲ့သည်။ “နောမိကလည်း၊ သင့်အစ်မသည် အမျိုးသားရင်း ဘုရားရင်းတို့ထံသို့ ပြန်သွားပြီ။ အစ်မနောက်သို့လိုက်သွားပါ” ဟု ဆိုခဲ့သည် (ရု ၁း၁၅)။ နောမိ၏ခံစားချက်သည် အသက်အိုမင်းသော အဘွားအိုနှင့် နေထိုင်မည်မှာ အဟန့်အတားဖြစ်စေမည်ကို စိုးရိမ်သည်။ တစ်ဖက်မှကြည့်လျှင် ရုသသည် မိဘထံသို့ ပြန်သွားပြီး ရုပ်ထု၊ ဆင်းတုပြန်လည်ကိုးကွယ်မည်ကိုနောမိ မလိုလားပေ။ ဖြစ်နိုင်သောအရာတခုမှာ နောမိသည် ရုသ၏စိတ်ကို စမ်းသပ်ခြင်းဖြစ်နိုင်၍၊ ထာဝရဘုရား၌ယုံကြည်ခြင်းကို ရုသ၏နှုတ်ခမ်းမှ ပြတ်သားစွာဝန်ခံမှသာလျှင် ယုဒပြည်သို့ ခေါ်ဆောင်သွားလိုသည်။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားကိုးကွယ်သော ယုဒလူအသိုင်းအဝိုင်းထဲသို့ ငွေ ကြေးထောက်ပံ့ခြင်းမရှိသော မုဆိုးမတစ်ဦးအနေဖြင့် စစ်မှန်သော ယုံကြည်ခြင်း မရှိသော သူတစ်ဦးနှင့်အတူခရီးသွားခြင်းသည် ခက်ခဲလှသောကြောင့်ဖြစ်သည်။ သို့သော် ရုသ၏ တုံ့ပြန်ချက်ကို ဟေဗြဲကဗျာဖြင့် လှပစွာမှတ်တမ်းတင်ခဲ့သည်။
ရုသက၊ ကျွန်မသည် ကိုယ်တော်ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့ မလိုက်ဘဲပြန်သွား စေခြင်းငှာ မပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည် ကျွန်မဘုရားဖြစ်ပါ စေ။ ကိုယ်တော် သေရာအရပ်၌ ကျွန်မသေ၍ သဂြိုဟ်ခံပါမည်။ သေခြင်း မှတစ်ပါး အခြားသောအမှုကြောင့် ကိုယ်တော်နှင့် ကျွန်မကွာလျှင်၊ထာဝရဘုရားသည် ကျွန်မ၌ ထိုမျှမက ပြုတော်မူပါစေသော ဟု ပြန်ဆို၏ ( ရု ၁း၁၆-၁၇)။
ထိုသို့ဖြင့် ရုသသည် နောမိနှင့်အတူလိုက်ရန် ခိုင်ခံ့သော ဆုံးဖြတ်ချက် ” ကိုချခဲ့သည်။ ယောက္ခမကို ချစ်ခြင်းသည် ဟန်ဆောင်ခြင်းမရှိပေ။ ရုသသည်နောမိမိသားစုတွင် ဆက်လက်ရပ်တည်ရန် ဆန္ဒရှိခဲ့သည်။ ထို့ပြင် သူမသည် ယုဒဘုရား၌လည်း ဆည်းကပ်ခဲ့သည်။ ရုသသည် ဘုရားမသိသော ယဉ်ကျေးမှု နောက်ခံသမိုင်းရှိသော်လည်း၊ မိမိ၏ယုံကြည်ခြင်သည် ရင့်ကျက်တည်ငြိမ်သော ယုံကြည်ခြင်းပင်ဖြစ်သည်။ နောမိနှင့် သူ၏မိသားစုသည် ရုသအသက်တာကို ကြီးမားစွာလွှမ်းမိုးမှုရှိခဲ့သည် ကိုတွေ့ရသည်။
နောမိသည် ရုသ၏ခိုင်ခံ့သောဆုံးဖြတ်ချက်ကို မြင်သည့်အခါ သမ္မာ ကျမ်းစာတွင် နောမိသည် “တိတ်ဆိတ်စွာနေလေ၏”ဟု ရေးထားသည် (ငယ် ၁၈)။ ထို့ကြောင့် နောမိသည် ရုသအား ဗက်လင်မြို့သို့ မသွားရန် တိုက်တွန်းခြင်း ကို ရပ်တန့်သွားလေသည်။ သူတို့နှစ်ဦး၏ စိတ်ဝိညာဉ်နှင့်သွားလိုရာခရီးသည် ခင်မင်ရင်းနှီးခြင်းနှင့် တူညီနေသောယုံကြည်ခြင်းအားဖြင့် တစ်ထပ်တည်းဖြစ် လေသည်။
နောမိသည် မောဘပြည်၌ ဆယ်နှစ်နေခဲ့ပြီးမှ ယုဒပြည်သို့ ပြန်လာ သောအခါ သူ့ကို မှတ်မိသောသူများရှိသေးသည်။ ယုဒပြည်သို့ သူပြန်ရောက် သောအခါ လူတို့ကို စိတ်လှုပ်ရှားစေခဲ့သည်။ သမ္မာကျမ်းပြောဆိုသည်မှာ “ထိုသူနှစ်ယောက်တို့သည် ခရီးသွား၍ ဗက်လင်မြို့သို့ရောက်သောအခါတစ်မြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ်၍ ဤသူကားနာမိဟုတ်သလော ဟု မေးကြ၏” (ရု ၁း၁၉)။ နောမိ ဟူသောစကားလုံး၏ ဆိုလိုချက်မှာ “ကျေနပ်စေသောသူ” ဖြစ်ကာ၊ သူမအသက်တာ အစောပိုင်းတွင် သူမသည် နာမည်နှင့် ညီလျှော်စွာ အသက်ရှင်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် သူ့ကိုမှတ်မိသော အမျိုးသမီးတို့သည် သူ့ကိုမြင်ကြသောအခါ အလွန်ဝမ်းသာကြသည်။ ထို့ကြောင့် နောမိသည် သူမအသက်တာအစောပိုင်း၌ လူတိုင်း၏ချစ်ခြင်းကို ခံရသူဖြစ်ခဲ့ သည်။ သို့သော် ယခုတွင် ဝမ်းနည်းကြေကွဲခြင်းနှင့် ကြုံတွေ့ရသောကြောင့်၊ “နောမိကလည်း၊ နောမိဟူ၍မခေါ်ပါနှင့်။ မာရဟူ၍ခေါ်ပါ။ အနန္တတန်ခိုးရှင် သည် ငါ့အားအလွန်ခါးသောအရာကို ပေးတော်မူပြီ။ ငါသည် ကြွယ်ဝပြည့်စုံ လျက် ထွက်သွားသည်။ ယခုမူကား ဆင်းရဲလျက် တစ်ကိုယ်တည်းရှိမှ ထာဝရ ဘုရားသည်ငါကိုပို့ပြန်တော်မူပြီ။ ထာဝရဘုရားသည် ငါ့ကိုနှိမ့်ချ၍ အနန္တတန်ခိုး ရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည်ဖြစ်၍၊ နောမိအမည်ဖြင့် အဘယ့်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော၏” (၁း၂၀-၂၁)။
အထက်ပါစကားကို ပြောခြင်းသည် ထာဝရဘုရားအား အပြစ်တင် ခြင်း မဟုတ်ဘဲ၊ သူမ၏စိတ်နှလုံးမှ ငိုကြွေးခြင်းခြင်းကို ဖွင့်ပြခြင်းပင်ဖြစ်သည်။ သူမသည် ယောဘအသက်တာကဲ့သို့ “ထာဝရဘုရားသည် ပေးတော်မူ၍၊ ထာဝရဘုရားသည် ရုပ်သိမ်းတော်မူကြောင်း” ကို သိခဲ့သူဖြစ်သည်။ ထာဝရ ဘုရားသခင်၏ အချုပ်အခြာအာဏာရှိခြင်းကိုလည်း ကောင်းမွန်စွာ နားလည် ခဲ့သည်။ “မာရ” ဟုခေါ်ဆိုစေခြင်းမှာ သူမသည် “ခါးသီးသောသူ” ဖြစ်လာခြင်း မဟုတ်ဘဲ၊ ထာဝရဘုရားသခင်သည် သူမအား ခါးသီးသောခွက်ကို သောက် စေသောကြောင့်ဖြစ်သည်။ သူမဒုက္ခဝေဒနာခံစားရချိန်၌လည်း ဘုရားသခင်၏ လက်တော်ကို တွေ့မြင်ပြီး မကျေနပ်ခြင်းများအကြောင်း ပြောဆိုခြင်းမဟုတ် ပေ။ ထို့ကြောင့် နောမိယုံကြည်ခြင်းသည် ခါးသီးသောအသက်တာကို ရင်ဆိုင် သည့်အချိန်တွင်လည်း ဘုရားသခင်၏ အချုပ်အခြာအာဏာ၌ တည်ရှိသည်။ ကျမ်းစာတွင် ဆင်းရဲဒုက္ခများကြုံတွေ့နေချိန်၌ပင် နောမိသည် ယုံကြည်ခြင်း၌ တည်ကြည်စွာ အသက်ရှင်ခဲ့ကြောင်း တွေ့ရသည်။ သူမ၏အသက်တာနှင့်ယောဘ၏အသက်တာသည် ခြားနားခြင်းမရှိပေ။ သူမသည် ယုံကြည်ခြင်း၌ အားကြီးသော အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ စိတ်ကူးယဉ်ပုံဖော်၍မရနိုင်သော စစ်ကြောခြင်းကို အောင်မြင်စွာရင်ဆိုင်နိုင်ပြီး၊ အနန္တတန်ခိုးရှင်ဘုရားအား ဆက်လက်မြတ်နိုး၍၊ ဘုရားသခင်၏အလိုတော်ကိုလိုက်ရန် ယိမ်းယိုင်ခြင်း မရှိပေ။ ထို့ကြောင့် နောမိသည် မိမိ၏ယုံကြည်ခြင်းကို ပေါ်လွင်စွာပုံဖော်ပြီး၊ ထာဝရဘုရားကိုလည်း အပြစ်ပြုခြင်းမျိုး မရှိခဲ့ပေ။
ဧလိမလက်၌ ကြွယ်ဝချမ်းသာသော ဆွေမျိုးဗောဇရှိသည်။ သူသည် အစာခေါင်းပါးမှုကို ရင်ဆိုင်ခဲ့သော်လည်း၊ ချမ်းသာကြွယ်ဝသောသူဖြစ်ခဲ့သည်။ သူသည် မြေယာမြောက်များစွာကို ပိုင်ဆိုင်ထားသူဖြစ်ပြီး ဩဇာရှိသူတစ်ဦး လည်းဖြစ်သည်။ ကျမ်းစာတွင် ဗောဇသည် “မိ၏လင် ဧလိမလက်၏ အဆွေအမျိုး” ဟူ၍ဖော်ပြပြီး (ရု ၂း၁)၊ မည်ကဲ့သို့သော ဆွေမျိုးသားချင်းဖြစ်ကြောင်း မဖော်ပြထားပေ။ ဧလိမလက်နှင့် ညီတော်စပ်သူဟု ယူဆရသော် လည်း၊ သူထက်ပိုနီးသောသူရှိသေး သောကြောင့်မဖြစ်နိုင်ပေ (၃း၁၂)။ ဖြစ်နိုင် ချေအရှိဆုံးမှာ ဗောဇသည် ဧလိမလက်၏ ညီမတစ်ဝမ်းကွဲ (သို့) တူဖြစ်နိုင် သည်။
ဗောဇသည် ရာခပ်မျိုးနွယ်မှ တိုက်ရိုက်ဆင်းသက်သည်။ မ ၁၅ တွင် ဖော်ပြသည်မှာ “စာလမုန်သည် မိမိခင်ပွန်း ရာခပ်တွင် မြင်သော သားဗောဇ” ဟုဖြစ်သည်။ ထို့ကြောင့် မ ၁း၅ နှင့် ရုသ ၄း၂၁ ဖော်ပြခြင်းသည် တူညီသည်။ သို့သော်လည်း ယေရိဘေမြို့ပျက်စီးသည့်အချိန်နှင့် ဒါဝိဒ်မင်းကြီး နန်းစံသည့် အချိန်ကာလကြားတွင် နှစ်ပေါင်းများစွာရှိနိုင်သည်။ ထိုနည်းတူ မ ၁း၅ နှင့် ရု ၄း၂၁ ဖော်ပြသော ရှောလမုန်နှင့် ဒါဝိဒ်မင်းကြီးကြားတွင်လည်း၊ မျိုးဆက် ပေါင်း များစွာရှိသည်။ ဟေဗြဲလူမျိုးတို့သည် မျိုးဆက်စာရင်းကိုရေးသည့်အခါ၊ အကျဉ်းချုပ်အားဖြင့်သာ ရေးကြပြီး၊ အထင်ကရဘိုးဘေးများကိုသာ ရေးသား လေ့ရှိသည်။ ထို့ကြောင့် ရှင်မဿဲသည် ခရစ်တော်၏မျိုးရိုးဆက်တော်ကို ရေးသည့်အခါ စာဖတ်သူအတွက် မှတ်မိလွယ်ကူရန် တမင်သက်သက် ကိန်း ဂဏန်းများဖြင့် ရေးသားခဲ့သည် (မ ၁း၁၇၊ “အာဗြဟံမှ ဒါဝိဒ်တိုင်အောင် ၁၄ဆက်၊ ဒါဝိဒ်မှ ဗာဗုလုန်မြို့ သို့ နေရာပြောင်းသည့်တိုင်အောင် ၁၄ ဆက်၊ တ ဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် ၁၄ ဆက်”)။ သို့ဖြစ်သောကြောင့် ဗောဇသည် ရာခပ်၏သားအရင်းမဟုတ်ဘဲ၊ မြစ်တော်တစ်ဦးသာဖြစ်၍၊ ရာခပ်မျိုးဆက်မှ တိုက်ရိုက်ဆင်းသက်သောသူ ဖြစ်သည်။ ဗောဇသည် ရာခပ် အသက်တာအကြောင်းကိုသိ၍ သူမ၏ အမွေခံခြင်းအရာသည်လည်း သူ အတွက် ချီးမွမ်းရာ ဖြစ်သည်။ ထို့ကြောင့် ဗောဇနှင့် ရာခပ်မျိုးနွယ် တော်စပ် ခြင်းအားဖြင့်၊ ဗောဇသည်လည်း ရာခပ်ကဲ့သို့ ထာဝရဘုရားကိုယုံကြည်ပြီး တပါးအမျိုးသမီးဖြစ်သော ရုသအား သနားမိသည်။
ရွေးနှုတ်ခြင်း
ရုသသည် နောမိနှင့်အတူ ဗက်လင်မြို့သို့ ပြန်သွားရန် ဆုံးဖြတ်ချက်ချ ခြင်းမှာ အိုနေသော ယောက္ခမကို ပြုစုရန် သဘောတူခြင်းလည်း ဖြစ်သည်။ သမ္မာကျမ်းအချက်အလက် တင်ပြရာ၌ ရုသသည် အသက်ငယ်ရွယ်ခြင်း၊ ရုပ် ပိုင်းဆိုင်ရာ သန်မာသောသူတစ်ဦးဖြစ်သည်။ သူမသည် လယ်သို့သွားခဲ့ပြီး၊ ကောက်သင်းရိတ်သူတို့၏ ချန်ခဲ့သည်စပါးများကို လိုက်ကောက်ခဲ့သည်။
ပညတ္တိကျမ်းအရ ယုဒပြည်၌ ဆင်းရဲနွမ်းပါးသော သူသည် အသက်ရှင် ရန် ဤကဲ့သို့အလုပ်လုပ်ရသည်။ ဝတ် ၁၉း၉၊ ၂၃း၂၂ နှင့် တရားဟော ၂၄း၁၉-၂၁ ၏ သွန်သင်ချက်မှာ “ကိုယ်မြေ၌ဖြစ်သောစပါးကို ရိတ်သောအခါ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ ကောက်သိမ်းရာတွင် ကျန်ကြွင်းသော အရာကို ပြန်၍ မကောက်သိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ၊ ဧည့်သည် အာဂန္တုအဖို့ ချန်ခြင်းရမည်”ဟု ဖော်ပြသည်။ သစ်ပင်များနှင့် စပျစ်သီးများကို လည်း ထိုနည်းတူပြုရမည်ဟု ထာဝရဘုရား ပညတ်ထားပြီး၊ ဆင်းရဲသော လူတို့သည် အလုပ်လုပ်၍ အသက်ရှင်ရန် ဖြစ်သည်။
ရုသသည်လည်း သူမမှာ ရွေးချယ်ရာမရှိသောကြောင့် ထိုကျန်ကြွင်း သော စပါးများကို လိုက်ကောက်ခဲ့ရသည်။ သူမ၌ သူ့ယောက္ခမမှ လွဲ၍တခြားဆွေမျိုးမရှိပေ။ နောမိဆွေမျိုးသားတစ်ဦးရှိသော်လည်း ဥပဒေအရ တာဝန်ယူပြုစုမည့်သူ မဟုတ်ပေ။ ထို့ကြောင့် “မောဘပြည်သူ သက ကျွန်မ သည် လယ်ပြင်သို့သွား၍ စိတ်နှင့်တွေ့သောသူနောက်မှာ စပါးကျန်ကို ကောက် ပါရစေဟု နောမိ၌ အခွင့်ပန်လျှင် နောမိက သွားတော့ငါ့သမီးဟုဆို၏” (ရုသ ၂း၂)
ရုသသည် သွား၍ စပါးရိတ်သောသူတို့နောက်မှာ စပါးကျန်ကို ကောက်သည်တွင် ဧလိမလက် ၏အဆွေအမျိုးဖြစ်သော ဗောဇ ပိုင်သောလယ် ၌ အမှတ်တမဲ့ သွားခဲ့သည် (ငယ် ၃)။ ကျမ်းစာသွန်သင်ချက်အရ၊ ကျွန်ုပ်တို့သိ သည်မှာ ဤအဖြစ်အပျက်သည် အမှတ်တမဲ့ဖြစ်သည်မဟုတ်ဘဲ၊ ဘုရားသခင် လမ်းပြပို့ဆောင်ခြင်းကြောင့်ပင် ဖြစ်သည် (သု၊ ၁၆း၃၃)။ လောကတွင် မည် သည့်အရာမျှ အမှတ်တမဲ့ ဖြစ်ပျက်ခြင်းဆိုတာမရှိဘဲ၊ ဘုရားသခင်၏ အစဉ်လမ်း ပြမှု၊ ထိန်းချုပ်မှုအားဖြင့်သာ ဖြစ်သည်။ ဘုရားသခင်သည်လည်း မိမိယုံကြည်သူ များကောင်းကျိုးအတွက် အရာခပ်သိမ်းအား တညီတညွတ်တည်း ပြုလုပ်သည် (ရော ၈း၂၈)။ ထို့ကြောင့် ယုံကြည်သူများအတွက် “ကံကောင်းခြင်း” (သို့) “အမှတ်တမဲ့ဖြစ်ခြင်း” မရှိပေ။
လယ်သို့ရုသသွားသည့်နေ့၌ပင် ဗောဇသည် မိမိလယ်ပြင်သို့လာ၍ ကောက်ရိတ်သိမ်းခြင်း အခြေအနေလာကြည့်ရာ၊ ရုသကိုသတိထားမိပြီး၊ ချက် ချင်းပင် စိတ်ဝင်းစားမှုရှိသည်။ သူမသည် ငယ်ရွယ်ပြီး၊ ဆွဲဆောင်ခြင်းနှင့်ပြည့် စုံသည်။ ဗောဇသည် သူ၏လူများကိုခေါ်၍ ရုသအကြောင်းကို စုံစမ်းခဲ့လေ သည်။
“လယ်ခေါင်းက၊ မောဘပြည်မှ နောမိနှင့်အတူ လိုက်လာသော မော တအမျိုးသမီးဖြစ်ပါသည်။ သူကလည်း ကျွန်မသည် စပါးရိတ်သောသူတို့ နောက်၌ ကောက်လှိုင်းစုထဲမှ ကျန်သောစပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့် နံနက်မှစ၍ ယခုခဏတဲ၌နေသော အချိန်တိုင်အောင် လုပ်နေပါပြီဟု ပြောဆိုသည်” (ရု ၂း၆-၇)။
ဗောဇ ချက်ချင်းနားလည်သည်မှာ၊ ရုသသည် သူ၏ဆွေမျိုးတစ်ဦးနှင့် ထိမ်းမြားထားသော သူဖြစ်ကြောင်း သိခဲ့ပြီး၊ သူမအား မျက်နှာသာပေးခဲ့သည်။ သူမကို သူ၏လယ်ပြင်၌သာကောက်ရိတ်ရန် ပြောဆိုထားပြီး၊ မိမိအစေခံများ နောက်သို့လိုက်ရန် ပြောခဲ့သည်။ ထို့ပြင် ဗောဇသည် မိမိအစေခံများ သောက် သုံးရန်ပေးသော ရေကိုလည်းသောက်သုံးရန်နှင့် သူမအား မည်သူမျှ မနှောက် ယှက်ရန် အစေခံများကိုလည်း မိန့်မှာခဲ့သည်။
ထိုသို့ ဗောဇ၏ ကျေးဇူးကရုဏာနှင့် ရက်ရောခြင်းကြောင့် “ရုသသည် မြေပေါ်မှာ ဦးချငြိမ်ဝပ်လျှက်၊ ကျွန်မသည် တစ်ပါးအမျိုးသားဖြစ်၍ ကိုယ်တော် သည် ကျွန်မကို သိမှတ်မည့်အကြောင်း၊ အဘယ်သို့ စိတ်တော်နှင့် တွေ့ရပါသ နည်းဟု လျှောက်လေ၏” (ငယ် ၁၀)။
ဗောဇကလည်း နောမိအပေါ်၌ ရုသ၏သစ္စာရှိခြင်းကိုလည်းကောင်း၊ မိမိကိုယ်ကျိုးစွန့်၍ မိမိနေရာမဟုတ်သောဒေသသို့ လာရောက်နေထိုင်ခြင်းကို လည်းကောင်း ကြားသိခဲ့သည်။ ထိုနောက် သူမအား ထုံးစံတိုင်းမဟုတ်သောကောင်းချီးမင်္ဂလာများကိုပေးခဲ့ခြင်းအားဖြင့် ဗောဇ၏ဝိညာဉ်ရေး ရင့်ကျက်ခြင်း ကို တွေ့ရသည်။ “သင့်အမှု၏အကျိုးကို ထာဝရဘုရားပေးတော်မူပါစေသော။ သင်သည် အတောင်တော်အောက်၌ ခိုလှုံခြင်းငှာ ချဉ်းကပ်သော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေ သောဟုဆိုသည်” (၂း၁၂)။
ရုသ၏ တုံ့ပြန်ချက်သည် နှိမ့်ကျ၍ လှပသော ကျေးဇူးတရားနှင့် ပြည့် စုံသည်။ “ရုသကလည်း၊ သခင်ကျွန်မသည် ရှေ့တော်၌ မျက်နှာရပါစေ။ ကျွန်မ သည် ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း ကိုယ်တော်သည် လောကဝတ် စကားကိုပြော၍ ကျွန်မကို နှစ်သိမ့်စေပါပြီဟု လျှောက်လေ၏” (ငယ် ၁၃)။ပထမဦးဆုံးတွေ့ဆုံချိန်၌ ဗောဇကလည်း ရုသကိုစိတ်ဝင်စားခဲ့သည်။ ထို့ပြင် စပါးရိတ်သောသူတို့နှင့်အတူ အစာစားရန်လည်း ဖိတ်ခဲ့ပြီး၊ ဝစွာစားရန် တိုက်တွန်းခဲ့သည် (ငယ် ၁၄-၁၆)။ ထို့နောက် ဗောဇသည် ရသအား ကောက် လှိုင်းများကို ယူခွင့်ပြုရန်၊ စပါးအချို့ကိုလည်း သူ့အဖို့တမင်သက်သက်ချန်ထားရန်နှင့် အပြစ်မတင်ကြရန် မိမိ၏လုပ်သားများကို မှာထားသည်။ သိဖြင့် ဗောဇသည် ရုသအတွက် အလုပ်ကိုပင်ပန်းစွာမလုပ်ရဘဲ၊ လွယ်ကူစေ ရန်လုပ်ပေးခဲ့သည်။
သို့သော်လည်း ရုသသည် အလုပ်ကိုကြိုးစားစွာလုပ်ဆောင်ခဲ့သည်။ “သသည် ထိုလယ်၌ ညဦးတိုင်အောင် စပါးကျန်ကိုကောက်၍ ရသောစပါးကို နယ်ပြီးလျှင် မုယောဆန်တစ်ဧဖာခန့်မျှရှိ၏” (ငယ် ၁၇)။ သူရသောစပါး (တစ်ဧဖာ) သည် နောမိနှင့် ရုသအတွက် ငါးရက် (သို့) ငါးရက်ထက်မနည်း စားသောက်ရန် လုံလောက်မည်ဖြစ်သည်။ တစ်ဧဖာသည် သာမန်အလုပ် သမားတစ်ဦး ၏ပုံမှန်ရသောလုပ်ခထက် လေးဆခန့်ပိုများသည်။ ထို့နောက် ရုသသည် မိမိရသောစပါးနှင့် နေ့လယ်စာအကျန်ကိုလည်း အိမ်သို့သယ်ဆောင် လာပြီး၊ နောမိအားပေးခဲ့သည်။ ၊ နောမိသည်လည်း ရုသ၏အောင်မြင်ခြင်း၌ ကျေနပ်အားရပြီး၊ အံ့ဩခဲ့လေသည်။ ထို့ကြောင့် ရုသ၏အောင်မြင်သည် တစ်စုံတစ်ဦး၏ အကူ အညီမပါဘဲ မဖြစ်နိုင်ကြောင်းကို နောမိသတိထားမိသည်။ “ယောက္ခမကလည်း ယနေ့အဘယ်အရပ်တွင် အလုပ်သွားလုပ်သနည်း။ သင်သိမှတ်သော သူသည် မင်္ဂလာရှိပါစေသောဟု မြွက်ဆိုလျှင်၊ ရုသက ယနေ့ ကျွန်မလုပ်သော သူ၏ အမည်ကား ဗောဇဖြစ်ပါသည်ဟု ယောက္ခမအား ပြောကြားသည်” (ငယ် ၁၉)။
ထိုသို့ ရုသအားကျေးဇူးပြုသောသူသည် ဗောဇ ဖြစ်ကြောင်းကို ကြား သောအခါ၊ နောမိသည် ထာဝရဘုရား၏လမ်းပြတော်မူသောလက်တော်ကို မြင်ခဲ့သည်။ နောမိသည် ချွေးမအားပြောသည်မှာ “ယောက္ခမကလည်း၊ အ သက်ရှင်သောသူ၊ သေသောသူတို့၌ ကျေးဇူးမပြတ်ပြုတော်မူသေးသော ထာ ဝရဘုရားသည် သူ့ကို ကောင်းချီးပေးတော်မူစေသော ဟူ၍လည်းကောင်း၊ ထိုသူသည် ငါတို့နှင့် ပေါက်ဘော်တော်သောသူ၊ နီးစပ်သောအမျိုးသားချင်း အဝင် ဖြစ်သည်ဟူ၍လည်းကောင်း၊ ချွေးမအားပြောဆို၏” (ငယ် ၂၀)။
“နီးစပ်သောအမျိုးသားချင်းအဝင်” ဟူသောစကားစုသည် ဟေဗြဲ စကားလုံးဖြင့် goel ဖြစ်သည်။ Goel ဟူသောစကားလုံး၏အနက်သည် ဆွေမျိုး ထက်လွန်သောတော်စပ်မှုကို ဆိုလိုသည်။ Goel စကားလုံးဆိုလိုရင်းမှာ ကယ် နှုတ်ရန်ရောက်လာသော “ဆွေမျိုးတစ်ဦး” ကိုဆိုလိုသည်။ ထို့ပြင် goel သည် “ရွေးနှုတ်ခြင်း” (သို့) “ကယ်တင်ခြင်း” ဟူ၍လည်း အဓိပ္ပာယ်သက်ရောက် သည်။ အင်္ဂလိပ်စကားနှင့် ပြည့်စုံစွာဖွင့်ပြလျှင် ဓမ္မဟောင်းကျမ်းပညာရှင်များ သည် “ဆွေမျိုးပေါက်အားရွေးနုတ်သောသူ” ဟူ၍ အနက်ဖွင့်ကြသည်။ ဓမ္မဟောင်းကျမ်းတွင် goel ကို “ရွေးနှုတ်သောသခင်” (ယောဘ ၁၉း၂၅)၊ (သို့) တစ်ခါတစ်ရံ “လက်စားချေသောသူ” (တော ၃၅း၁၂ “သေစားသေစေ သောသူ”) ဟူ၍ ဖော်ပြထားသည်။ ။
“Goel” သည် ဆွေမျိုးမိသားစုမှ အရေးပါသောယောက်ျား တစ်ဦးဖြစ် သည်။ သူသည် မိသားစုတစ်ခုလုံး၏ ဂုဏ်သရေကို စောင့်ထိန်းသူလည်းဖြစ် သည်။ ထို့ပြင် အခြေအနေအရ သူသည် မိသားစုတစ်ဦးဦးကိုသတ်သောလူကို လက်စားချေသောသူသည် (ယောရှု ၂၀း၂-၉)။ သူသည် ခက်ခဲသော အချိန်၌ မိသားစုမှ ရောင်းခဲ့သောမြေကို ပြန်လည်ဝယ်နိုင်သောသူလည်းဖြစ်သည် (ဝတ် ၂၅း၂၃-၂၈)။ ထို့ပြင် သူသည် မိသားစုဝင်တစ်ဦးဦးအား ကျွန်ခံခြင်းမှ ရွေး နှုတ်ဝယ်နိုင်သူဖြစ်သည် (ဝတ် ၂၅း၄၇-၄၉)။ အကယ်၍ သူသည်အိမ်ထောင် မရှိသေးသောသူ (သို့) မုဆိုးဖိုဖြစ်ခဲ့လျှင်၊ သေဆုံးသောဆွေမျိုး၏ မျိုးဆက်ကို ထိန်းသိမ်းရန် ကျန်ရစ်သောမုဆိုးမအား လက်ထပ်ခွင့်ရှိသည်။ ဤအရာသည် မိသားစုချင်းဆိုင်ရာ ပညတ်တရားဖြစ်သည်။ တရားဟော ၂၅း၅-၁ဝ တွင် မိသားစုတစ်ခုမှာ တစ်စုံတစ်ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ မိမိညီတစ်ဦးက အစ်ကို၏မိန်းမအားလက်ထပ်ရမည်။ သူသည် လက်ထပ်ခြင်း မပြုလိုဘဲ၊ goel တာဝန်ကိုမယူလျှင်၊ ဆွေမျိုးအားလုံး၏ အမျက်ဒေါသကိုခံရမည်ဖြစ်သည်။
ထို့ကြောင့် ဓမ္မဟောင်းကျမ်းသည် goel တာဝန်ယူမှုကို အလေးအ နက်ပြောထားသည်။ ထို့ပြင် goel တာဝန်ယူမှုသည် ခရစ်တော်၏ လူသားများအတွက်ပြုလုပ်သော အရာနှင့် ဆင်တူသည်။ ခရစ်တော်သည်လည်း ငါတို့၏ စစ်မှန်သောရွေးနုတ်ကယ်တင်သူဖြစ်သည်။ သူသည် ငါတို့၏ အမျိုးသားချင်း ဖြစ်လာပြီး၊ ငါတို့အား အပြစ်၏ကျေးကျွန်မှလည်းကောင်း၊ သေခြင်းတရားမှ လည်းကောင်း၊ မိမိတို့အပြစ်ကြောင့် ဆုံးရှုံးသွားသည့်အရာများမှလည်းကောင်း ပြန်လည်ရွေးနှုတ်သူဖြစ်သည်။
ဗောဇသည် ရုသအတွက် goel “ရွေးနှုတ်ရှင်” ဖြစ်လာသည်။ သူမ အသက်တာ နွမ်းပါးခြင်းနှင့် မုဆိုးမဘဝမှ ရွေးနှုတ်မည်ဖြစ်သည်။ ဗောဇသည် ရုသ၌ စိတ်ဝင်စားခြင်းရှိပြီး ရွေးနှုတ်ကယ်တင်ရှင် ဖြစ်လာနိုင်ကြောင်းကို နောမိ သိ၍ ဝမ်းမြောက်မိသည်။ ဗောဇသည်လည်း ဆွေမျိုးပေါက်ဘော် သက်သက် မဟုတ်ဘဲ၊ ရွေးနှုတ်နိုင်သောကြွယ်ဝချမ်းသာသူလည်းဖြစ်သည်။ ထို့ကြောင့် နောမိသည် ဗောဇ၏စကားကိုနားထောင်ပြီး သူ၏လယ်၌သာ အလုပ်ဆက် လုပ်ရန် ရုသကိုတိုက်တွန်းခဲ့သည်။ နောမိ၏လမ်းညွှန်ချက်အတိုင်း စပါးရိတ် သိမ်းခြင်းအမှု ပြီးသည့်တိုင်အောင် ဗောဇ၏လယ်၌ ရုသအလုပ် လုပ်ခဲ့သည် (ရု ၂း၂၁-၂၃)။
နောမိသည် ခက်ခဲကြမ်းတမ်းသောအချိန်၌ မိမိအပေါ် ရုသ၏ ကျေး ဇူးတရားကြီးခြင်း၊ ဝီရိယရှိခြင်း၊ အကျင့်ကောင်းမွန်ခြင်းများကို အသိမှတ်ပြုပြီး၊ယောက္ခမကောင်းတစ်ဦးပီသစွာ ရုသအတွက်အဖော်မွန်ကိုလည်း ရှာပေးရန် ကြံစည်ခဲ့သည်။ ထိုခေတ်ယဉ်ကျေးမှု၌ မိဘစီစဉ်သော အိမ်ထောင်ပြုခြင်း အကျင့်ကို ကျင့်သုံးခဲ့ကြသည်။ နောမိသည်လည်း မိခင်နေရာ၌ ရပ်တည်လျှက် ဗောဇနှင့် ရုသကို ထိမ်းမြားလက်ထပ်နိုင်ရန် ကြိုးစားခဲ့လေသည်။
သို့သော် အမျိုးသမီးတစ်ဦးအနေဖြင့် နောမိသည် ယောက်ျားတစ်ဦးကို စကားပြောရန် မသင့်တော်သည့်အရာဖြစ်သည်။ ထို့ပြင် မောဘပြည်မှ ပြန်လာ ပြီးနောက် ဗောဇနှင့် အတူကောင်းစွာ စကားပြောခြင်းမရှိခဲ့ပေ။ သို့သော်လည်း ဗောဇသည် ရုသ၌ စိတ်ဝင်တစားရှိနေသည်ကို နောမိကောင်းစွာ နားလည်ခဲ့ သည်။ စပါးရိတ်ခြင်းပြီးသည့်တိုင်အောင် စောင့်ခဲ့ပြီးနောက်၊ နောမိသည် ဗောဇ ၏လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုလိုအပ်ချက်မှာ ဗောဇသည် အိမ်ထောင်မရှိသေးခြင်းပင် ဖြစ်သည်။ နောမိ၏ကြံစည် ဆုံးဖြတ်ချက်သည် နောက်ဆုံးရလဒ်များအားဖြင့် မှန်ကန်ကြောင်း တွေ့ရပေ သည်။
ကျမ်းစာတွင် ဗောဇအိမ်ထောင်ပြုခဲ့သည်၊ မပြုခဲ့ကြောင်း ဖော်ပြခြင်း မရှိပေ။ ဣသရေလအမျိုးတို့၏ အယူအဆအရ သူသည်တစ်သက်တာလုံး လူပျိုကြီးဖြစ်သည်ဟု ဆိုသည်။ သူနှင့်သင့်တော်သောမိန်းကလေးနှင့် ထိမ်းမြား ရန်အစီအစဉ်မရှိခြင်းကို လေ့လာခြင်းအားဖြင့် ဗောဇသည် ရုပ်ပိုင်းဆိုင်ရာ၌ မပြည့်စုံသောအရာများ ရှိနိုင်သည်။ မည်သို့အကြောင်းအရာဖြစ်စေကာမူ၊ သူသည် တစ်စုံတစ်ဦး၏တိုက်တွန်းခြင်းကို လိုအပ်နေသည်။ ရုသကို စတင် တွေ့ဆုံသည့်အချိန်ကတည်းက သူသည်စိတ်လှုပ်ရှားပြီး ရုသကို စိတ်ဝင်စား သော်လည်း၊ “goel” တာဝန်ကိုလုပ်ဆောင်ရန် မစဉ်းစားခဲ့ပေ။ ဗောဇသက်သေ ခံချက်အရ (ရု ၃း၁၀)၊ ရုသသည် သူ့အားလက်ထပ်ရန် မသင့်လျော်သောသူဟု မထင်မှတ်သောကြောင့် ဗောဇအံ့ဩခဲ့လေသည်။
ထိုနောက် နောမိသည် အခြေအနေကောင်းကို အခွင့်ယူပြီး၊ ရုသကို လမ်းညွှန်ခဲ့သည်။ နောမိ၏အကြံအစည်သည် ရဲရင့်၍ ဉာဏ်ပညာနှင့်ပြည့်စုံ သည်။ မောဘအမျိုးသမီးဖြစ်သော ရုသအတွက်လည်း ယုဒထုံးတမ်းအရ ထိမ်း မြားခြင်းသည် ခက်ခဲသောအရာဖြစ်သော်လည်း၊ နောမိ၏ ရဲရင့်ပြတ်သားသော အစီအစဉ်ကို လိုက်နာရန် အဆင်သင့်နေခဲ့သည်။ အကယ်၍၊ နောမိ၏အစီ အစဉ်ကို ယုဒလူတို့သည်သိခဲ့လျှင်၊ လုံးဝကန့်ကွက်မည်ဖြစ်သည်။ ထိုအစီအစဉ် မှာ မဖြောင့်မတ်သောပြုလုပ်ခြင်း၊ မသင့်တော်သောပြုလုပ်ခြင်းများ လုံးဝမရှိ သည့်အပြင်၊ ရုသ၏ ကောင်းမွန်သောအကျင့်စရိုက်ကိုလည်း ထိခိုက်နိုင်သည့် အရာ တစ်စုံတစ်ခုမျှမရှိခဲ့ပေ။
ထိုသို့ဖြင့် နောမိသည် တုန်လှုပ်ဖွယ်ရာအကြံများကို ရုသအားပေးခဲ့ သည်။ သူမ၏အကြံပေးခြင်းသည် ဗောဇထံသို့ ရုသသွား၍ သူ့ကို လက်ထပ်ခွင့်တောင်းခံရန်ဖြစ်သည်။ နောမိသည် ရုသအား “သင်သည် ရေချိုးခြင်း၊ ဆီလိမ်း ခြင်း၊ အဝတ်တန်ဆာဆင်ခြင်းတို့ကို ပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားသူသည် စားသောက်ခြင်းအမှုကို မပြီးမီကိုယ်ကိုမပြနှင့်။ သူအိပ်သော အခါ အိပ်ရာအရပ်ကို မှတ်ပြီးမှ ဝင်၍ သူ့ခြေ၌ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင်
အိပ်တော့။ သင်သည်အဘယ်သို့ပြုရမည်ကိုသူပြောလိမ့်မည်ဟုဆို၏။ ( ရု ၃း၃-၄)။ ထိုခေတ် ဓလေ့ထုံးတမ်းအရ ဤသို့ပြုလုပ်ခြင်းဖြင့် ရုသသည် ဗောဇကို လက်ထပ်ရန် ဆန္ဒရှိခြင်းကို ထင်ရှားစေသည်။
ယခုမှာ ကောက်ရိတ်သိမ်းခြင်း ပြီးဆုံးသွားပြီဖြစ်သည်။ စပါးနယ်သည့် တလင်းပြင်သည် လယ်၏အပြင်၌လုပ်လေ့ရှိပြီး၊ ထိုနေရာတွင် စပါးနယ်ကြ သည်။ ဤအလုပ်သည် မျိုးစေ့ခွံများကိုချွတ်၍ ဖွဲကြမ်းများကိုဖယ်ရှားသည်။ ဗောဇသည်လည်း အလုပ်ကြိုးစားသောသူဖြစ်ပြီး၊ ညနေမိုးချုပ်ခါနီးထိ အလုပ် လုပ်၍၊ စပါးနယ်သည့်နေရာ၌ပင်အိပ်ပြီးမှ မနက်စောစောပြန်ထလေ့ရှိသည်။ စပါးနယ်သည့်နေရာ၌အိပ်ခြင်းအားဖြင့် မိမိ၏စပါးများကို စောင့်ရှောက်ခြင်း ၊ လည်းဖြစ်သည်။ ညနေမိုးချုပ်ခါနီးထိအလုပ်လုပ်သောကြောင့် အစားအသောက်ပြီးပြီးချင်း အိပ်ရာဝင်ခဲ့သည်။ ကျမ်းစာက “ဗောဇသည် စားသောက်၍ ရွှင်လန်းလျှက်” နေသည်ဟု ဆိုသည် (၃း၇)။ အစာခေါင်းပါးခြင်း နှစ်များကို ခံပြီးမှ ယခုတွင် ဗောဇသည် စပါးကိုများစွာရသောကြောင့် အလွန်ဝမ်းသာမိ သည်။
နောမိ သွန်သင်ချက်နှင့်အညီ “ရုသသည် တိတ်ဆိတ်စွာချဉ်းကပ်၍ သူ့ခြေဖုံးသောအဝတ်ကို ဖွင့်ပြီးလျှင် အိပ်လေ၏” (ငယ် ၇)။ အလုပ်ကို ကြိုးစား စွာလုပ်ဆောင်သောကြောင့် ဗောဇသည် ပင်ပန်းပြီး၊ ကောင်းမွန်စွာအိပ်ပျော်၍ ရုသလာရောက်ခြင်းကို မသိခဲ့ပေ။ သန်းခေါင်အချိန်၌သာ သူသည် လန့်၍ လှည့်သဖြင့် မိန်းမတဦးခြေရင်း၌ ရှိသည်ကိုသိခဲ့သည်။
“သင်သည် အဘယ်သူနည်း” ဟု မေးခဲ့သည်။
သူမက “ကျွန်မသည် ကိုယ်တော် ကျွန်မ ရုသဖြစ်ပါ၏။ ကိုယ်တော် သည် ရွေးပိုင်သောအမျိုးသားချင်း (goel) ဖြစ်သောကြောင့် ကိုယ်တော်၏ ကျွန်မကို အဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆို၏” (ငယ် ၉)။ “အဝတ်တော်စွန်း နှင့်ဖုံးပါတော့” ဟူသော စကားသည် ဗောဇဆိုခဲ့သော ကောင်းချီးမင်္ဂလာနှင့်ဆင်တူသည် (၂း၁၂ “အတောင်တော်အောက်၌ ခိုလှုံခြင်းငှာ)။ ရုသပြောဆို သောစကားသည် သူနှင့်လက်ထပ်ရန် တောင်းဆိုခြင်းလည်းဖြစ်သည်။
ရုသ၏စကားသည် ဗောဇအတွက် မမျှော်လင့်သော ကောင်းချီး မင်္ဂလာဖြစ်ပေသည်။ ရု ၃း၁၀-၁၃ တွင်၊“သူက သမီး ထာဝရဘုရား ကောင်းကြီးပေးတော်မူပါစေ။ သင် သည်ငွေရတတ်သော လူပျို၊ ဆင်းရဲသောလူပျိုတစ်စုံတစ်ယောက်ကို မမှီဝဲ ဘဲနေ၍ အရင်ပြသောကျေးဇူးထက် နောက်ပြုသောကျေးဇူးသည် သာ၍ ကြီး၏။ မစိုးရိမ်နှင့် သမီး။ တောင်းသမျှကို ပြုမည်ဟုဆိုသည်။ သင် သည် သီလနှင့်ပြည့်စုံသော မိန်းမဖြစ်ကြောင်းကို လူမျိုးနေသော တစ်မြို့ လုံးသိ၏။ ငါသည် ရွေးပိုင်သောအမျိုးသားချင်း မှန်ပေ၏။ သို့သော်လည်း ငါ့ထက်သာ၍ ရွေးပိုင်သော အမျိုးသားချင်းတစ်ယောက်ရှိသေး၏။ ယနေ့ ညမှာ နေဦးတော့။ ထိုသူသည် ရွေးပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလို လျှင် ပြုပါလေစေ။ ကောင်း၏။ မပြုလျှင် ထာဝရဘုရား အသက်ရှင်တော် မူသည်အတိုင်း ပြုမည်။ နံနက်တိုင်အောင် အိပ်ဦးတော့ဟုဆို၏။”
ကျမ်းစာတွင် နောမိ၏ အခြားအမျိုးသားချင်း မည်သူဖြစ်ကြောင်းကို မဖော်ပြပေ။ ထိုသူသည် ဗောဇ၏အစ်ကို (သို့) ဝမ်းကွဲညီဖြစ်နိုင်သည်ဟု ခန့် မှန်းသည်။ ဗောဇသည် ထိုအမျိုးသားချင်း မည်သူဖြစ်ကြောင်း သိသော်လည်း အစဉ်အလာအရ ထိုအမျိုးသားချင်းကို ဦးစားပေးရန်လိုအပ်သည်။ ထို့ကြောင့် သူ၏အခြေအနေအား ရုသထံသို့ ရှင်းပြပြီးမှ၊ ရုသကိုလည်း ရွေးချင်သော စိတ်ရှိကြောင်းကို ကတိပြုခဲ့သည်။ ထို့နောက် သူ၏ခြေ၌ ဆက်လက်အိပ်နေရန် တိုက်တွန်းခဲ့လေသည်။
သမ္မာကျမ်း၌ အကျင့်ပျက်သောလုပ်ဆောင်မှုများ ပြုလုပ်သည်ဟု မရေးထားပေ။ ဗောဇသည် ရုသ၏ဂုဏ်အသရေကို ကာကွယ်ရန် မိုးမလင်းမီ တွင် အိမ်သို့ပြန်ခိုင်းသည်။ ထို့ပြင် ဗောဇက “သင်သည် ယောက္ခမထံသို့လက်ချည်း မသွားနှင့်” ဟုဆိုလျက်၊ မုယောစပါးခြောက်ဩမဲကိုပေးခဲ့သည် (ငယ် ၁၇)။
နောမိသည် စိတ်ပူပန်လျှက် သသတင်းကောင်း ယူဆောင်လာမည် ကို စောင့်နေသည်။ ရသသည် အကြောင်းစုံကို ပြောပြပြီး နောမိက၊ “ငါ့သမီး ဤအမှုသည် အဘယ်သို့ပြီးလိမ့်မည်ကို မသိမှီတိုင်အောင် ထိုင်နေတော့။ ယောက်ျားသည် ယနေ့ ဤအမှုကို မပြီးစီးမီ ငြိမ်ဝပ်စွာမနေဟု ပြောဆို၏” (ငယ် ၁၈)။
နောမိပြောထားသည့်အတိုင်း၊ ဗောဇသည် မြို့တံခါးဝသို့ ချက်ချင်း သွား၍ နောမိ၏ အမျိုးသားချင်းတစ်ယောက်ကို သွားတွေ့လေ၏။ ထိုသူတို့ နှစ်ဦးသည် မြို့တံခါးဝ၌ လူကြီးဆယ်ဦးနှင့်အတူ ရသကို ရွေးယူဖို့ရန်အတွက် ညှိနှိုင်းဆွေးနွေး ကြသည်။
ရွေးနှုတ်ခြင်းအမှု၌ပါဝင်သောအရာမှာ ဧလိမလက်၏မြေယာများကို ပြန်လည်ရွေးနုတ်ရမည်။ ယုဒပြည်တွင် မြေယာပိုင်ဆိုင်ထားရှိခြင်းသည် မိသား စု၏အမွေအနှစ်ဖြစ်ပြီး၊ ခေတ်အဆက်ဆက် အမွေခံရသောကြောင့် ထိုအမွေ မြေကို အပြီးအပိုင်ရောင်းခွင့်မရှိပေ (ဝတ် ၂၅း၂၃)။ အကြွေးကိုပေးဆပ်ရန် ရောင်းခဲ့သောမြေယာသည် ဝယ်သူလက်၌ ယုဘိလနှစ်တိုင်အောင်သာ ရှိစေရ မည်။ ယုဘိလနှစ်ရောက်လာပြီး၊ ပိုင်ရှင်ဟောင်းသည် ပြန်မရွေးနိုင်လျှင်လည်း၊ ထိုမြေယာကို ဝယ်သူက သူ့ထံသို့ပြန်ပေးရမည်။ ဤကဲ့သို့သောပညတ်သည် ယုဒချမ်းသာကြွယ်ဝမှုကို ဖြန့်ဝေခြင်းဖြစ်ပြီး မြေနေရာရောင်းချခြင်းသည် ကာလကြာရှည် ငှားရမ်းခြင်းနှင့်တူပေသည်။ အကြွေးဆပ်ရန် ရောင်းခဲ့သည့် မြေနေရာကို မူလပိုင်ရှင် (သို့) သူ၏အမျိုးသားချင်းတစ်စုံတစ်ဦးသည် အချိန် မရွေး ပြန်လည်ရွေးနှုတ်ဝယ်ယူနိုင်သည်။ သို့သော် ဧလိမလက်၌ အမွေခံသူ တစ်ဦးမျှ မရှိသောကြောင့်၊ လင်မယားနှစ်ဦးရောင်းခဲ့သည့်မြေယာကို ပြန်လည် ရွေးနှုတ်ပေးနိုင်သောသူက အစဉ်အမြဲ ပိုင်ဆိုင်သွားမည်။ ထို့ကြောင့် ယခု ဆွေးနွေးနေသည့်အရာသည် အလွန်ကောင်းသည့် အခွင့်အရေးဖြစ်သည်။
ဗောဇက “သင်သည် ရွေးလိုလျှင်ရွေးပါတော့။ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့။ သင်မှတစ်ပါး ရွေးပိုင်သောသူမရှိ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟု” ဆိုသော် အမျိုးသားချင်းက “ကျွန်ုပ်ရွေးမည်”ဟု ပြန်ပြော၏ (ရု ၄း၄)။
ဗောဇကလည်း ဧလိမလက်၌ အသက်ရှင်သော အမွေခံသူ မရှိသော ကြောင့် (မဟာလုန် အသက်ရှင်ခဲ့လျှင် အမွေခံမည့်သူဖြစ်သည်)၊ ကျန်ရစ်သော မဟာလုန်၏ဇနီး ရှိသေးသည်။ ထို့ကြောင့် “ဗောဇကလည်း ထိုလယ်ကွက်ကိုနောမိလက်မှ ဝယ်သောနေ့ရက်တွင် သေသောသူ၏အမွေဥစ္စာအားဖြင့် သူ၏ နာမည်ကို ထောက်မခြင်းငှာ၊ သူ၏မယား မောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေးသည်” ဟု ဆိုသည် (ရု ၄း၅)။
ထိုသို့ ဗောဇသည် ပြောဆိုသောအခါ၊ အခြေအနေပြောင်းလဲသွားခဲ့ သည်။ အဘယ်ကြောင့်ဆိုသော် ရုသသည် ဣသရေလရှေးထုံးစံအောက်၌ တစ်စုံတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး မဟာလုန်၏ မျိုးဆက်အတွက် သားမွေးခဲ့ လျှင်၊ ဧလိမလက်၏ မြေကွက်သည် ရုသ၏ မျိုးဆက်အမွေခံမြေအဖြစ် တည်ရှိ လိမ့်မည်။ သို့သော် ထိုအန္တရာယ်များအားလုံးကို ရုသနှင့်ထိမ်းမြားခြင်းအားဖြင့် ဖယ်ထုတ်မည်ဖြစ်သည်။ “အမျိုးသားချင်းက အကျွန်ုပ်သည် ကိုယ့်အဖို့ မရွေး နိုင်ပါ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည်ဟု စိုးရိမ်စရာရှိ၏။ ကျွန်ုပ်မရွေး နိုင်သောကြောင့် အကျွန်ုပ်ရွေးပိုင်သောအရာကို ကိုယ့်အဖို့ ရွေးပါတော့ဟု ပြန်ပြော၏” (ရု ၄း၆)။
ထို့နောက် ယုဒဓလေ့အတိုင်း လူကြီးများမျက်မှောက်၌ ကတိပြုကြပြီး မှ၊ အမျိုးသားချင်းသည် မိမိခြေနင်းကို ဗောဇအားပေးခဲ့သည် (ငယ် ၈)။ “ခြေ နှင်းကို ဗောဇအားပေးသောအရာ”၏ ဆိုလိုချက်မှာ – ယခုတွင် ဗောဇသည် နောမိနှင့် ရုသ အတွက် ရွေးနှုတ်ခြင်းပြုနိုင်သူ (goel) ဖြစ်လာသည်။
ဗောဇသည်လည်း လူကြီးများနှင့် အမျိုးသားချင်းတို့အား ဆိုသည်မှာ“ဧလိမလက် ဥစ္စာ၊ ခိလျုန်ဥစ္စာ၊ မဟာလုန်ဥစ္စာဟူသမျှကို နောမိလက်မှ ငါဝယ် ၍ သေသောသူ၏နာမည်ကို သူ၏ညီအစ်ကို စုထဲကလည်းကောင်း၊ သူနေရာမြို့တံခါးထဲကလည်းကောင်း မပြတ်စေခြင်းငှာ သူ၏အမွေအားဖြင့် သူ၏ နာ မည်ကို ထောက်မမည်အကြောင်း၊ မဟာလှန်၏မယား မောဘအမျိုးသမီး ၊ ရုသကို ငါ၏ မယားဖြစ်စေခြင်းငှာ ငါဝယ်သည်ကို သင်တို့သည် ယနေ့သက်သေ ဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူအပေါင်းတို့အားပြောဆို၏” (ရု ၄း၉-၁၀)။
လူသားတိုင်းသည် ကောင်းသောပုံပြင်ကို နှစ်သက်ကြသည်အတိုင်း၊ ဗက်လင်မြို့သားတို့သည်လည်း နှစ်သက်ကြသည်။ တံခါးဝ၌ မဖြစ်စဖူးသော အရာ ဖြစ်လာကြောင့် လူအပေါင်းတို့သည် ဗောဇနှင့် ဇနီးဖြစ်လာမည့် အမျိုး သမီးအား ကောင်းကြီးပေးကြပြီး၊ “ငါတို့သည် သက်သေဖြစ်ကြ၏။ သင့်အိမ်သို့ ရောက်သော ဤမိန်းမသည် ဣသရေလအမျိုးကို တည်ထောင်သော မိန်းမ နှစ်ယောက် ရာခေလနှင့် လေအာကဲ့သို့ ဖြစ်မည်အကြောင်း၊ ထာဝရဘုရား ပြုတော်မူပါစေသော။ သင်သည်လည်း ဧဖရတ်အရပ်၌ အစွမ်းသတ္တိနှင့် ပြည့်စုံ ၍ ဗက်လင်မြို့၌ အသရေကျော်စောခြင်းရှိပါစေသော။ အသက်ပျိုသော ဤ မိန်းမတွင် ထာဝရဘုရားပေးတော်မူလတံ့သော မျိုးစေ့အားဖြင့် သင်၏အမျိုး အနွယ်သည် ယုဒမယား တာမာ ဘွားမြင်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟု ပြောဆိုကြ၏” (ငယ် ၁၁-၁၂)။
ဗောဇနှင့် ရုသအား လူတို့ပေးသောကောင်းချီးမင်္ဂလာသည် ပရော ဖက်ပြုခြင်းနှင့်တူသည်။ သူတို့နှစ်ဦးသည် အိမ်ထောင်ပြုပြီး၊ ထာဝရဘုရားသခင် သည်လည်း သားကိုပေးလေသည်။ “ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့်၊ ရုသသည် ပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လေ၏။ မိန်းမတို့သည် လည်း နောမိအား သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော။ ယခုရသော အမျိုးသား ချင်းသည်လည်း ဣသရေလအမျိုး၌ အသရေ ကျော်စောပါစေသော။ သူသည် သင်၏ အသက်ကိုပြုပြင်သောသူ၊ သင်အသက်ကြီးသောအခါ သင့်ကို ကောင်းမွန်စွာပြုစုသောသူဖြစ်ပါစေသော။ သင့်ကိုချစ်၍ သားခုနှစ်ယောက်ထက်သင့်အဖို့ သာ၍ကောင်းသော သင်၏ချွေးမသည် သားယောက်ျားကိုဖွားမြင်ပြီး ဟုပြောဆိုကြ၏” (ငယ် ၁၄-၁၅)။
မိန်းမတို့ပေးသော ကောင်းကြီးမင်္ဂလာသည်လည်း အမှန်တကယ်ပြည့် စုံလာသည်။ ငယ် ၁၇ တွင် “အိမ်နီးချင်းမိန်းမတို့ကလည်း၊ နောမိသည်သားယောက်ျားကိုရပြီဟု ဆိုလျှက်၊ ထိုသူငယ်ကို ဩဗက်အမည်ဖြင့် မှည့်ကြ၏။ ဩဗက်သားကား ယေရှ်၊ ယေရဲသားကား ဒါဝိဒ်တည်း။” ထို့ကြောင့် ရုသသည် ဒါဝိဒ်၏ အဘွားဖြစ်လာသည်။
ထိုသို့ဖြင့် မောဘအမျိုးသမီးဖြစ်သော ရုသသည် သူမ၏သစ္စာရှိခြင်း နှင့် ယုံကြည်ခြင်းကြောင့် မိမိဇာတိပြည်ကိုစွန့်လွှတ်၍ ဣသရေလနိုင်ငံ၌ ဧည့် သည်ကဲ့သို့ နေထိုင်ပြီးမှ၊ တော်ဝင်မျိုးနွယ်၏ မိခင်ကြီးအဖြစ်လည်းကောင်း၊ တိုင်းပြည်၏ ပထမဦးဆုံးကြီးမြတ်သော ရှင်ဘုရင်ကို မွေးထုတ်ပေးခဲ့သည်။ သူဘွားမြင်သော မျိုးစေ့သည်လည်း အာဗြဟံ၏မျိုးစေ့၊ ဧဝမျှော်လင့်သော ကယ်တင်ရှင်ဖြစ်သည်။
ရုသအသက်တာသည် ယုံကြည်သူတိုင်းအတွက် အတုယူဖွယ်ရာဖြစ် သည်။ အသင်းတော်သည်လည်း ရွေးနှုတ်ခြင်း၊ ဘုရားသခင်၏ မျက်နှာသာ ရခြင်း၊ ကြွယ်ဝခြင်းနှင့်အခွင့်အရေးများ၊ ရွေးနှုတ်ကယ်တင်သောရှင်၏ ချီး မြှောက်ခြင်းနှင့် နက်နဲသိမ်မွေ့သောချစ်မေတ္တာကို ခံစားရရှိသည်။ ထို့ကြောင့် သာလွန်ထူးကဲသော ရုသ၏အသက်တာ ရွေးနုတ်ကယ်တင်ခြင်းသည် ယုံကြည် သူစိတ်နှလုံးသားကို နက်နဲသောဝမ်းမြောက်ခြင်း ရှိစေသည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ကိုလည်း မိမိတို့အပြစ်ဒုစရိုက်မှ ရွေးနှုတ်ကယ်တင်သောကြောင့် ဘု ရားသခင်၏ ကျေးဇူးတော်ကို အစဉ်ချီးမွမ်းရန် ကျွန်ုပ်တို့တာဝန်ရှိသည်။
(၅)
ဟန္န – အမျိုးသမီးနှင့် ဆိုင်သောကျေးဇူးတရားပုံရိပ်ဖော်ဆောင်သူ
“တစ်ဖန်ဟသည် ပဌာနစကားကို မြွက်ဆိုသည်ကား၊ ငါ့စိတ်နှလုံးသည် ကာ ၊ ဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျှက်၊ ထာဝရဘုရားကြောင့် ဦးမြင့်လျက်ရှိ ၏။ ကယ်တင်ခြင်းကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍၊ ရန်သူတို့အား ဝါ သောစကားကို ပြောရ၏။”
၁ ရာ ၂း၁
ဟန္နနာမည်မှာ “ကျေးဇူးတော်”ဟု အဓိပ္ပာယ်သက်ရောက်သည်။ သူမ ၏နာမည်သည် သူမအသက်တာနှင့်ဆီလျော်သည်။ သူမသည် ကျေးဇူးတော် ဦးရစ်သရဖူဆောင်းခဲ့၍၊ မိခင်များ၏ အတုယူစရာဖြစ်ခဲ့သည်။ သူမ၏ အသက် တာကိုလေ့လာခြင်းအားဖြင့် ဟန္နသည် ဘုရားသခင်ကို ကြောက်ရွံ့သော မိခင် တစ်ဦးဖြစ်ခဲ့သည်ကို တွေ့ရသည်။
သို့သော် ဟန္နသည် အမေတစ်ယောက်ဖြစ်လာရန် ခက်ခဲမှုရှိသော ကြောင့် စိတ်အားငယ်ခဲ့သည်။ သူမ၏ အတွေ့အကြုံသည် စာရာ၏ အတွေ့ အကြုံနှင့် ဆင်တူသည်။ စာရာကဲ့သို့ ဟန္နသည်လည်း ကလေးမရှိသောကြောင့် စိတ်ဓာတ်ပျက်ပြားခဲ့သည်။ ဤအမျိုးသမီးနှစ်ဦး၏ အိမ်ထောင်ရေး စိတ် ဖိစီးမှုများသည် သူတို့၏ခင်ပွန်းသည်များ၏ မိန်းမအများယူခြင်းကြောင့်လည်း ဖြစ်သည်။ ဘုရားသခင်ထံမှ သားသမီးကောင်းချီးမင်္ဂလာ တောင်းခံသည့် အတိုင်း သူတို့၏ဆုတောင်းချက်သည် ပြည့်စုံ၍ လုံလောက်ကြွယ်ဝခြင်းနှင့် စိတ်ကူးယဉ်၍မရနိုင်သော ကောင်းချီးများကို ခံစားရရှိကြသည်။ ဟန္န၏သား ရှမွေလသည် နောက်ဆုံးတရားသူကြီးနှင့် ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သည်။ ရှမွေလသည် ဒါဝိဒ်ကို ရှင်ဘုရင်အဖြစ် ဘိသိက်ပေးခဲ့ပြီး၊ ယုဒပြည်၏ စစ်မှန်သော ဘုရင်မျိုးဆက်ကို တရားဝင် အစပြုခဲ့လေသည်။ ရှမွေလသည် ဣသရေ လသမိုင်း၌ မျှော်စင်ပုံရိပ်ဖြစ်ပေါ်လာခဲ့သည်။ ထိုသို့ဖြင့် ဟန္န အသက်တာသည် ဣသရေလအမျိုး၏ မိခင်ကြီး စာရာနှင့် တူညီသည်။ ထို့ပြင် သူမသည် စာရာ၏ ယုံကြည်ခြင်းနှင့် သည်းခံနိုင်ခြင်းကို ပေါ်လွင်စေခဲ့သည်။
ဟန္နသည် သခင်ယေရှု၏မိခင် မာရိကိုလည်း နိမိတ်ပြခဲ့သည်။ ဟန္န၏ ဆုတောင်းခြင်းနှင့် ဆက်ကပ်ခြင်းအတိုင်း (၁ ရာ ၂း၁-၁၀)၊ မာရိသည်လည်း ဆုတောင်းခဲ့လေသည် (လု ၁း၄၆-၅၅)။ ဟန္နနှင့် မာရိသည် သူတို့၏သားဦးကို ဘုရားသခင်၌ အပ်နှံပူဇော်ခဲ့သည် (၁ ရာ ၁း၂၄-၂၈၊ လု ၂း၂၂-၂၄)။ သူမတို့ နှစ်ဦးအသက်တာကို ဘုရားသခင်အလိုတော်လက်သို့ အပ်နှံသောကြောင့် သူ တို့သည် စိတ်ဝေဒနာများကို ပြင်းထန်စွာခံစားခဲ့ကြသည်။ (ဟန္န၏ ဝေဒနာခံစား ခြင်းသည် သားရှမွေလနှင့် ခွဲခွာရခြင်းဖြစ်သည်။ ရှမွေလသည် ကလေးသူငယ် အရွယ်မှစ၍ မိဘအိမ်ကိုစွန့်ခဲ့ပြီး၊ တဲတော်၌ အချိန်ပြည့်အစေခံရန် သွားခဲ့ သည်။ သူ၏အသက်အရွယ်သည် မိဘနှင့်အတူ အိမ်၌ သက်တောင့်သက်သာ ပျော်ရွှင်စွာ နေရမည့်အချိန်ဖြစ်သည်)။
မျှော်လင့်ခြင်းကို မြတ်နိုးသူ
ဟန္နသည် မေရှိယဆင်းကြွလာမည့်မျိုးရိုးမှ မဟုတ်သော်လည်း မိန်းမ တကာတို့တွင် ထူးခြားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ထင်ပေါ် ကျော်ကြားသောဆက်ကပ်မှုကို မိမိ၏သားအား ဘုရားသခင်ထံသို့ ဆက်ကပ် သောအချိန်၌ မြွက်ဆိုသည်။ သူမ၏ဆုတောင်းချက်သည်လည်း ဣသရေလ၏ မေရှိယ (ခရစ်တော်) ကြွလာခြင်းကို ကြိုတင်ပြောဆိုခဲ့သည်။ ထို့ပြင် သူမသည် သာလွန်ထူးကဲသော အမျိုးသမီးများကဲ့သို့ မေရှိယကို မျှော်လင့်ခဲ့သည်။
ဓမ္မဟောင်းကျမ်းမှ ဟန္နအသက်တာသည် နောက်ဆုံး လေ့လာမည့်သူ ဖြစ်သောကြောင့် အရေးကြီးသည့်အရာတစ်ခုကို ဖော်ပြလိုပါသည်။ ဓမ္မဟောင်းကျမ်းတွင် အထက်ပါလေ့လာခဲ့သော အမျိုးသမီးများသာမကဘဲ၊ ပညတ္တိကျမ်း၊ ပရောဖက်ကျမ်းများ၊ ဆာလံကျမ်း၌ ဖော်ပြသောယုံကြည်သူတို့ သည် မေရှိယကြွလာခြင်းကို မျှော်လင့်လျက်နေကြသည် (လု ၂၄း၄၄)။ ဤ မေရှိယကြွလာခြင်းမျှော်လင့်ချက်သည် ဓမ္မဟောင်းကျမ်းတစ်ခုလုံး၌ ကျယ် ကျယ်ပြန့်ပြန့်ရှိသည်ကို တွေ့ရသည်။ မေရှိယမျှော်လင့်ခြင်းသည် ထင်ရှားသော ကတိတော်များဖြင့်လည်းကောင်း၊ ပရောဖက်ပြုခြင်းအားဖြင့်လည်းကောင်း၊ ထင်ရှားလျက်ရှိသည်။ သို့သော် တစ်ခါတစ်ရံ မမြင်ရအောင် ဝှက်ထားလျှက်ရှိ ပြီး၊ အရိပ်အယောင်အားဖြင့်သာ ဖော်ပြထားသည်။ ထို့ကြောင့် ဓမ္မဟောင်း ကျမ်း၏ အဓိကဆောင်ပုဒ်သည် မေရှိယကြွလာခြင်းပင်ဖြစ်သည်။
ဓမ္မဟောင်းကျမ်းမှ အမျိုးသမီးအကြောင်း အဓိကပြောဆိုရာ၌ မေရှိယ မျှော်လင့်ခြင်းအကြောင်းသည် ရှေ့ဆုံး၌ ဖော်ပြထားသည်။ ဓမ္မဟောင်းကျမ်း၌ အမှန်တကယ် စစ်မှန်ဖြောင့်မတ်သောအမျိုးသား၊ အမျိုးသမီးများသည် မေရှိယကြွလာခြင်းကို မျှော်လင့်နေကြသောသူများဖြစ်၏။ မေရှိယ (ခရစ်တော်)သည် ဓမ္မဟောင်းကျမ်း၏ ဗဟိုအချက်ချာဖြစ်ပြီး၊ ယုံကြည်သူတို့၏ အနာဂတ် မျှော်လင့်ချက်လည်းဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော်၊ ခရစ်တော်သည် ဓမ္မဟောင်းခေတ်၌ပင် ကယ်တင်သော ယုံကြည်ခြင်း (viving faili) ၏ အဓိကအချက်အခြာဖြစ်သည်။ လူ့ ဇာတိခံယူခြင်းမတိုင်မှီကတည်းက၊ ခရစ်တော်သည် ရွေးနှုတ်သော အရှင်ဖြစ်ကြောင်း ဓမ္မဟောင်းကျမ်း၌ ကတိတော်ရှိသည်။ ဓမ္မဟောင်းယုံကြည်သူများ သည် ခရစ်တော်ကို ထင်ရှားစွာမမြင်ရဘဲ၊ အရိပ်အယောင်ဖြင့်သာ မြင်တွေ့ ရသော်လည်း၊ သူတို့၏ ကယ်တင်ခြင်းမျှော်လင့်ချက်သည် ခရစ်တော်၌သာ တည်ရှိသည်။ ယောဘအသက်တာသည် ရှေးအကျဆုံးသော ယုံကြည်ခြင်းရှိသူ အဖြစ် သမ္မာကျမ်း၌ ဖတ်ရသည်။ သူ၏အနိမ့်ဆုံးသောအခြေနေနှင့် အဆိုးဆုံးသော ဒုက္ခပြဿနာ ကြုံတွေ့စဉ်၊ ယောဘက၊ “ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍ နောင်ကာလ၌မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူ မည်ဟူ၍ လည်းကောင်း၊ ငါ့ရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည် ကိုယ်ခန္ဓာ၌ ဘုရားသခင်ကို မြင်မည်ဟူ၍လည်းကောင်း ငါသိ၏။ ငါ့ဘက်၌ နေတော်မူသော ဘုရားသခင်ကို ငါမြင်မည်။ သူတပါးမြင်သည်သာမက၊ ငါ သည် ကိုယ်မျက်စိနှင့် ဖူးမြင်မည်။ ထိုသို့မျှော်လင့်၍ ငါ့ကျောက်ကပ်သည် ပျက်လျက်ရှိ၏” (ယောဘ ၁၉း ၂၅-၂၇)။ ယောဘ၏ယုံကြည်ခြင်းသည် သူ၏ ခန္ဓာကိုယ် ရှင်ပြန်ထမြောက်ခြင်းကိုလည်း မျှော်လင့်ခဲ့သည်။
ထို့ကြောင့် စစ်မှန်သောယုံကြည်သူအသက်တာ၌ ခရစ်တော်ကို ဗဟို ပြုသောရှုထောင့် အစဉ်အမြဲရှိသည်။ သာလွန်ထူးကဲသော အမျိုးသမီးများ၏ အသက်တာ၌လည်း မေရှိယကို စိတ်နှလုံးအကြွင်းမဲ့ မျှော်လင့်သည်မှာ မထူး ဆန်းလှပေ။ မေရှိယကို မျှော်လင့်ခြင်းအားဖြင့်သာ ထိုအမျိုးသမီးတို့သည် ၊ ဘုရားသခင်၏ဂတိတော်များကို စွဲကိုင်ထားကြသည်။ ထို့ကြောင့် သူတို့သည် ဘုရားသခင်၏ကတိတော်ကို မြဲမြံစွာစွဲကိုင်သောအမျိုးသမီးဖြစ်သောကြောင့် အမှန်ပင် သာလွန် ထူးခြားသောသူများဖြစ်ကြသည်။
ဘုရားသခင်ကိုကြောက်ရွံ့သောသူ၏ အမွေအနှစ်
ဟန္နသည် ဓမ္မဟောင်းကျမ်း၌ မထင်ရှားသော အမျိုးသမီးတစ်ဦးဖြစ် ပြီး၊ သူနှင့်သူ့ခင်ပွန်း ဧလကာန နေထိုင်သည့်မြို့သည်လည်း ဣသရေလတိုင်း ပြည်၊ တောအရပ်၌နေထိုင်ခဲ့ကြသည်။ ဟန္နနှင့် ဧလကာနသည် ဧဖရိမ်လူမျိုး နေထိုင်သည့် ရာမသိမ်မြို့၌ နေထိုင်ခဲ့ကြသည် (၁ ရာ ၁း၁)။ ဧလကာနသည် ဧဖရတ်မြို့သား ဇုဖ၊ တောဟူ၊ ဧလိဟူ၊ ယေရောဟံမှ ဆင်းသက်လာသူ တစ်ဦး ဖြစ်သည်။ “ဧဖရတ်မြို့သား” ဟု ဖော်ပြရာတွင် သူတို့၏နေထိုင်သည့်မြို့ကိုသာ ရည်ညွှန်းခြင်းဖြစ်ပြီး၊ သူတို့၏မျိုးနွယ်ကို ဆိုလိုသည်မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် ၅ ရာ ၆း၂၂-၂၇ အရ၊ ဧလကာနသည် လေဝိမျိုးနွယ်၊ ကောဟတ် မှ ဆင်းသက်လာသည်။ ကောဟတ်၏မျိုးနွယ်သည် လေဝိသားသုံးဦးထဲမှ တစ်ဦးဖြစ်ပြီး၊ အဓိကမျိုးနွယ်တစ်ခုလည်းဖြစ်သည်။ ထို့ပြင် မောရှေနှင့် အာ ရုန်သည်လည်း ကောဟတ်အမျိုးမှ ဆင်းသက်ကြောင်းသိရသည် (၅ ရာ ၆း ၂၃)။ ကောဟတ်၏သားများသည် သန့်ရှင်းမြင့်မြတ်သော သေတ္တာတော်နှင့် တဲတော်တန်ဆာများကို စောင့်ထိန်းခြင်းအမှုကို လုပ်ဆောင်ခဲ့ကြသည် (တော ၃း၃၀-၃၁)။ ဣသရေလအမျိုးသည် တော၌ တစ်နေရာမှ အခြားတစ်နေရာသို့ပြောင်းရွှေ့သည့်အခါ၊ ကောဟတ်သားများသည် သန့်ရှင်းသော တဲတော်ကို လည်းကောင်း၊ သေတ္တာတော်ကိုလည်းကောင်း၊ သန့်ရှင်းသောအသုံးအဆောင် များကိုလည်းကောင်း ဘုရားသခင်မိန့်မှာသည့်အတိုင်း သယ်ဆောင်ခဲ့ကြသည် (တော ၄း၄-၁၆)။
သို့သော် ဣသရေလူမျိုးများသည် ဂတိတော်ပြည်၌ အတည်တကျ အခြေကျပြီးနောက်၊ တဲတော်သည်လည်း ရှိလောမြို့၌ တည်ရှိခဲ့သည်။ ကော ဟတ်၏သားများသည် ယဇ်ပုရောဟိတ်တာဝန်များဖြစ်သော တေးဂီတတီးခြင်း၊ သီချင်းဆိုခြင်း၊ ချီးမွမ်းခြင်းအမှုများကို လုပ်ဆောင်ခဲ့ကြသည် (၅ ရာ ၆း၃၁-၃၃)။ ထို့ကြောင့် ကောဟတ်အမျိုးမှ “သီချင်းသည် ဟေမန်” သည် ဧလကာန ၏ အဘိုးဖြစ်သည် (ငယ် ၃၃-၃၈)။
လေဝိသားတို့သည် ဣသရေလအမျိုးထဲမှ အမွေခံမြေမရှိသော တစ် ခုတည်းသောမျိုးနွယ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ပရိသတ် စည်းဝေးရာ တဲတော်အမှုကိုဆောင်ရွက်ကြပြီး၊ ထာဝရဘုရားသည် သူတို့၏ အမွေဖြစ်သည် (တော ၁၈း၂၀)။ ထို့ကြောင့် ဂတိတော်ပြည်ကို ဣသရေလအ မျိုး ဆယ့်နှစ်မျိုးအတွက် မြေနေရာခွဲဝေရာတွင် လေဝိလူသားတို့သည် အမွေ မြေနေရာမရကြဘဲ၊ တစ်နိုင်ငံလုံး၌ ပျံ့နှံ့နေထိုင်ခဲ့ကြသည်။ သူတို့သည် ဣသ ရေလတိုင်းပြည်၊ မြို့များအနှံ့၌ ကောင်းမွန်သောလယ်ယာမြေများနှင့် စားကျက် မြေများကို ရရှိကြသည်။ ခါနန်ပြည်အောင်နိုင်ပြီးနောက် ဧလကာန၏ ဘိုးဘေး များသည်လည်း ဧဖရိမ်အမျိုးများနှင့်အတူ နေထိုင်ခဲ့ကြသည်။ ထို့ကြောင့် ဧလကာန၏ အဘိုးဖြစ်သူ ဇုဖသည် လေဝိအမျိုး၊ ကောဟတ်မျိုးနွယ်မှ ဆင်း သက်လာသောသူဖြစ်သော်လည်း၊ ဧဖရိမ်အမျိုးများနေထိုင်သည့် ဧဖရတ်မြို့ တွင်နေထိုင်သောကြောင့် “ဧဖရတ်မြို့သား”ဟု ခေါ်ခြင်းဖြစ်နိုင်သည်။
လေဝိအမျိုးသားများသည် နှစ်စဉ် တဲတော်သို့သွားရောက်၍ (အပတ် အနည်းငယ်ခန့်မျှ) အစေခံကြသည်။ ထိုချိန်တွင် တဲတော်သည် ရှိလောမြို့၌ တည်ရှိသည်။ လေဝိများသည် တဲတော်၌ နှစ်စဉ် အမှုဆောင်ခြင်းဖြင့် အချိန် ကုန်ခံကြသောကြောင့် သူတို့၏စားဝတ်နေရေးဖြည့်ဆည်းစေရန် ဣသရေလ အမျိုးအားလုံးထံမှ ဆယ်ဖို့တစ်ဖို့ကို ခံရကြသည် (တော ၁၈း၂၄-၃၂)။
ဟန္နသည် ဧလကာနနှင့်အတူ ယဇ်ပူဇော်သက္ကာပြုရန် တဲတော်သို့ သစ္စာရှိစွာ နှစ်စဉ်ခရီးသွားခဲ့သည်။ သမ္မာကျမ်းပုံဖော်သည်မှာ သူတို့မိသား စုသည် ဘုရားသခင်၌ စိတ်အားထက်သန်သောသူများဖြစ်သည်ဟု ဆိုသည်။ သို့သော် သူတို့သည်ဣသရေလသမိုင်း၏ အဆိုးဝါးဆုံးသောကာလ၌ နေထိုင်ခဲ့ ကြသည်။ သမ္မာကျမ်းတွင် ဧလကာနသည် ရှိလောမြို့သို့ ပုံမှန်နှစ်တိုင်း ခရီး သား၍ ယဇ်ပူဇော်သက္ကာပြုသည့်အခါ၊ “ထာဝရဘုရား၏ယဇ်ပုရောဟိတ် ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ်သည် ရှိလောမြို့၌ နေသတည်း”ဟု ဖော်ပြ ထားသည် (၁ ရာ ၁း၃)။
ဧလိ၏သား ဟောဖနိနှင့် ဖိနဟတ်တို့သည် အဆိုးရွားဆုံးသော ယဇ် ပုရောဟိတ်ဖြစ်ကြောင်း ကျမ်းစာ၌ တွေ့ရသည်။ သူတို့သည် တပ်မက်သော စိတ်ကြီးသူများဖြစ်၍၊ မတရားမှုအားဖြင့်လည်းကောင်း၊ အတင်းအဓမ္မအားဖြင့် လည်းကောင်း၊ လူများ ယဇ်ပူဇော်သက္ကာမှ အကောင်းဆုံး အစိတ်အပိုင်း မိမိတို့အတွက် ယူခဲ့ကြသည် (၁ ရာ ၂း၁၃-၁၆)။ ထို့ပြင် သူတို့သည် မိမိတို့ ယဇ်ပရောဟိတ်နေရာကိုအသုံးချပြီး၊ မိန်းမငယ်များကိုလည်း အနိုင်ကျင့်ကြ သည် (ငယ် ၂၂)။ ထာဝရဘုရား၏ တဲတော်ကို ပြည်တန်ဆာအိမ်ကဲ့သို့ အသုံး ပြုလျှက် ယဇ်ပုရောဟိတ်ဂိုဏ်းကိုဖွဲ့၍ လာရောက်ကိုးကွယ်သူများကို အနိုင် ကျင့်ခြင်း၊ ထာဝရဘုရား၏ ပြဌာန်းထားသောစီရင်ထုံးဖွဲ့ချက်များကို မထီမဲ့မြင် ပြုလျှက် အသက်ရှင်ကြသည်။ ထို့ကြောင့် သူတို့လုပ်ရပ်၏ရလဒ်မှာဣသရေလ လူများသည် ထာဝရဘုရားသခင်၌ ယဇ်ပူဇော်ရန် တဲတော်သို့ လာရောက်ခြင်း မပြုတော့ပေ (ငယ် ၁၇)။ ဣသရေလအမျိုးတစ်ခုလုံးသည် ဟောဖနိနှင့် ဖိနဟက်၏လုပ်ရပ်ကိုသိကြသည်။ သို့သော် ဖခင်ကြီး ဧလိသည် အကြီးမြတ်ဆုံးသော ယဇ်ပုရောဟိတ်ဖြစ်သော်လည်း၊ မိမိ၏သားများကို ပြင်းထန်စွာ မဆုံး မခဲ့ပေ (ငယ် ၂၄)။
ပဋိညာဉ်သေတ္တာတော်၌ရှိခဲ့သော ဘုရားသခင်၏ ဘုန်းတန်ခိုးသည် လည်း ယခုတွင် ပျောက်ကွယ်သွားသည်။ ပဋိညာဉ်သေတ္တာတော်သည်လည်း ဣသရေလများအတွက် အရေးပါခြင်းမရှိတော့ပေ။ ဟောဖနိနှင့် ဖိနိဟတ်သည် သေတ္တာတော်ကို ကံကောင်းခြင်းဖြစ်စေနိုင်သော အရာဝတ္ထုတစ်ခုကဲ့သို့သာ ထင်မှတ်ခဲ့ကြသည်။ ပို၍ ဆိုးသောအရာမှာဣသရေလသည် တိုက်ပွဲအောင်နိုင် မည်ဟု မှတ်ယူပြီး၊ ဖိလိတ္တိလူများနှင့်စစ်ဖြစ်သောနေရာသို့ သေတ္တာတော်ကို သယ်သွားခဲ့ကြသည်။ သို့သော်လည်း သူတို့ထင်ထားသည့်အတိုင်းမဟုတ်ဘဲ၊ ဖလိတ္တိစစ်တပ်သည် စစ်ပွဲကိုအပြတ်အသတ်နိုင်ခဲ့ပြီး ပဋိညာဉ် သေတ္တာ တာကို ဖမ်းဆီးသွားခဲ့သည်။ ထိုပဋိညာဉ်သေတ္တာသည် ရှိလောမြို့၊ တဲတော်သို့ဘယ်သောအခါမျှပြန်လာခြင်းမရှိတော့ချေ။ (ဖိလိတ္တိလူမျိုးလက်မှ ရယူပြီး နောက်ပိုင်းတွင်လည်း၊ ပဋိညာဉ်သေတ္တာသည် နှစ်ပေါင်းတစ်ရာခန့် ကိရယတ်ယာရိမ်မြို့၌ ရှိခဲ့သည်။ ဒါဝိဒ်မင်းကြီးသည် ကိရယတ်-ယာရိမ်မြို့မှ ယေရုရှလင် မြို့သို့ ပဋိညာဉ်သေတ္တာကိုပြန်လည်သွယ်ဆောင်ခဲ့ပြီးနောက်၊ ပဋိညာဉ်သေတ္တာ သည် ရှောလမုန်မင်းကြီး တည်ဆောက်သည့် ဗိမာန်တော်၌ ရှိလာခဲ့သည်)။
ပဋိညာဉ်သေတ္တာ ပျောက်ကွယ်သွားခြင်းသည် (၁ ရာ ၄း၁ဝ-၁၁) ဟန္နအကြောင်းကို သမ္မာကျမ်းက မိတ်ဆက်ပြီးနောက် နှစ်အနည်းငယ်ခန့်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည် (၁ ရာ ၁း၂)။ ထိုကာလသည် ဣသရေလအမျိုးအတွက် အလွန်ဆိုးသည့်အချိန်နှင့် ဝိညာဉ်ရေးကျဆုံးသည့် အချိန်လည်းဖြစ်သည်။ ပဋိ ညာဉ်သေတ္တာကို ဖမ်းဆီးသွားသည့်စစ်ပွဲ၌ပင် ဟောဖနိနှင့် ဖိနဟတ်သည် လည်း သေဆုံးခဲ့ကြသည်။ ဧလိသည်လည်း သတင်းဆိုးကိုကြားသောအခါ ရုတ်တရက်သေဆုံးခဲ့သည်။ ဖိနဟတ်၏မယားသည် ချက်ချင်းပင် ကလေးမွေး လာ၍၊ ထိုကလေး၏နာမည်ကို ဣခဗုဒ် ဟုမည့်လေသည်။ ဣခဗုဒ်၏ အနက် သည် “ဣသရေလအမျိုး၏ ဘုရားသခင် သေတ္တာတော်သည် ရန်သူလက်သို့ ရောက်သောကြောင့် ဣသရေလ ဘုန်းအသရေပျောက်ခဲ့ပြီဟု ဆိုလေ၏”(၁ ရာ ၄း၁၂-၂၂)။ ထိုနာမည်သည်လည်း ဣသရေလသမိုင်းကို ထင်ရှားစွာဖော်ပြ ပြီး၊ ဝိညာဉ်ရေးအမှောင်ကာလကို ပုံဖော်ခဲ့သည်။
သို့သော် ထိုမှောင်နေသည့်အချိန်ကာလတွင် ဟန္နအသက်တာသည် အလင်းရောင်ကဲ့သို့ ထောက်ပစွာ လင်းနေခဲ့သည်။ ထို့ပြင် သူမသည် ဘုရား သခင်ကို ကြောက်ရွံ့သောမိခင်ကောင်း၊ မယားကောင်းဖြစ်သည်သာမက၊ ဝိညာဉ်ရေးမှောင်နေသည်ကာလ၌ သူမသည် စိတ်ရှည်ခြင်း၊ ဆုတောင်းခြင်း၊ ယုံကြည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ဝန်ခံအပ်နှံခြင်း၊ ဝိညာဉ်ရေးရာတက်ကြွခြင်းနှင့် မိခင်၏ချစ်ခြင်းမေတ္တာရှိခြင်း စသည့်တို့တွင် ပုံသက်သေကောင်းဖြစ်ခဲ့သည်။
သန့်ရှင်းသောရည်ရွယ်ချက်
ဟန္နသည် ချစ်ခင်နှစ်လိုဖွယ်သော အကျင့်စရိုက်ရှိသော်လည်း ဒုက္ခ ဆင်းရဲခြင်းနှင့် ဝမ်းနည်းခြင်းများကို မကြာခဏတွေ့ကြုံရသည်။ သူမ၏ခင်ပွန်းသည် မယားနှစ်ဦးရှိခဲ့သည်။ ကျမ်းစာတွင် “ထိုသူသည် မယားနှစ်ယောက်ရှိ၏။ တစ်ယောက်ကား ဟန္န၊ တစ်ယောက်ကား ပေနိန္နအမည်ရှိ၏။ ပေနိန္ဒ၌ သားသမီးရှိ၏။ ဟန္န၌ မရှိ”ဟု ဖော်ပြထားသည် (၁ ရာ ၁း၂)။ ဤအဖြစ်အပျက်ကြောင့် မိသားစု၌ ကြီးစွာသော ဆိုးညစ်ခြင်းရှိခဲ့သည်။ ပေနိန္ဒသည် ဟန္န၏ “ရန်သူ” ဟု ကျမ်းစာဖော်ပြထားသည် (ငယ် ၆)။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် ဟန္န၌ ကလေးမပေးသောကြောင့် ပေနိန္ဒ သည် ဟန္နကိုနှောင့်ယှက်တတ်သည်။
ဧလိကာနသည် ဟန္နကို ပေနိန္ဒထက်ပို၍ချစ်သော်လည်း၊ သူမကိုချစ် လေလေ ထိုအမျိုးသမီးနှစ်ဦးတို့သည် ပို၍ ရန်ဘက်ပြုခြင်းများလေလေ ဖြစ်ခဲ့ သည်။ ထိုသို့ရန်ပြိုင်ခြင်းသည် ဧလိကာန၏ မယားနှစ်ဦးယူခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ တစ်လင်တစ်မယားစနစ် တည်ဆောက် ခြင်းသည် ထိုကဲ့သို့သော ရန်ပြိုင်ခြင်းများကို ရှောင်ရန်အတွက်ဖြစ်သည်။ ၊ ဟန္နသည် မြုံနေသောကြောင့် စိတ်ညစ်ခြင်းများ မကြာခဏဖြစ်ပေါ် သည်။ ထို့ပြင် ပေနိန္ဓ၏ လှောင်ပြောင်ခြင်းကြောင့်လည်း စိတ်ညစ်ခဲ့ရသည်။ သူမ၏ စိတ်ဖိစီးမှုများနှင့် စိတ်ညစ်ခြင်းများသည် သူမအတွက် မခံမရပ်နိုင် သောအရာဖြစ်လာသည်။ ထို့ကြောင့် သူမသည် မိခင်ဖြစ်ခြင်းကို အလွန် တောင့်တသောအရာဖြစ်သည်။
သူမ၏မိခင်ဖြစ်ချင်သောဆန္ဒသည် တစ်ကိုယ်ကောင်းဆန်သော ဆန္ဒ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသခင်၏ အမှုတော်ဆောင် ခြင်းအတွက် သူမ၏ အသက်အရွယ်ငယ်သည့် သားဦးဆက်သခြင်းကို လေ့လာ ခြင်းအားဖြင့် သူမ၏မိခင်ဖြစ်ချင်သောဆန္ဒ သန့်ရှင်းသောအရာဟု ယူဆနိုင် သည်။ ထို့ပြင် မိခင်ဖြစ်ခြင်းသည် အမျိုးသမီးအတွက် ဘုရားသခင် ပေးတော် မူသော အမြင့်မြတ်ဆုံးသော တာဝန်ဖြစ်သည်ကိုလည်း ကောင်းမွန်စွာ နားလည် ခဲ့သည်။
မိခင်ဖြစ်ခြင်းသည် အမျိုးသမီးများအတွက် တစ်ခုတည်းသော အလုပ် တာဝန်မဟုတ်ပေ။ သမ္မာကျမ်းပြောကြားသည်မှာ အချို့သောအမျိုးသမီးမှာထိမ်းမြားစုံဖက်ခြင်းမပြုဘဲ၊ အပျိုဘဝဖြင့်နေရန် ဘုရားသခင်အလိုတော်ရှိသည် (၁ ကော ၇း၈-၉)။ ထို့ပြင် ပညာနှင့်ပြည့်စုံသောဘုရားသခင်၏ အကြံအစည် အားဖြင့် အချို့မယားများသည်လည်း ကလေးမရှိဘဲ နေရသည် (ဆာ ၁၂၇း၃ ကို ဖတ်ပါ)။ ထို့ကြောင့် ဘုရားသခင်အသုံးတော်ခံဖြစ်ဖို့ရန် အမျိုးသမီးများသည် မယားဖြစ်ခြင်း (သို့) မိခင်ဖြစ်ခြင်း မလိုအပ်ပေ။ ဥပမာအားဖြင့် မိရိအံ (မောရှေ့ ၏အစ်မ) နှင့် ဒေဗောရ (ဣသရေလလူမျိုးကို ကယ်တင်ရန် တရားသူကြီးအဖြစ် အစေခံသည်) တို့သည် အိမ်ထောင်ပြုခြင်း၊ မိခင်ဖြစ်ခြင်းမရှိဘဲ၊ အံ့ဩဖွယ် ကောင်းစွာ ဘုရားသခင်အသုံးတော်ခံ ဖြစ်ကြသည်။
သို့သော် လက်ထပ်ထိမ်းမြားခြင်းကို သမ္မာကျမ်း၌ “အသက်ရှင်ခြင်း ကျေးဇူးတော်” ဟူ၍ ကြိမ်ဖန်များစွာ ဖော်ပြပြီး (၁ ပေ ၃း၇)၊ မိခင်ဖြစ်ခြင်းကို လည်း အမျိုးသမီးအတွက် ဘုရားသခင်ပေးသော အမြင့်မြတ်ဆုံးသော တာဝန် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိခင်ဖြစ်ခြင်းကို အမျိုးသမီးများအတွက် ဘုရားသခင်သည် အထူးစီစဉ်ထားပြီး၊ အမျိုးသားတို့သည် ထိုအရာကို ပြုလုပ် ရန် မတတ်နိုင်ပေ။ ဤစာအုပ်၌လေ့လာခဲ့သည့် အမျိုးသမီးများ၏ အသက်တာ သည် မိခင်ဖြစ်ခြင်း၌ ဂုဏ်ယူကြသူများလည်း ဖြစ်ကြသည်။ ကျမ်းစာ၌ရှိသော အမျိုးသမီးတိုင်းသည်လည်း မိခင်ဖြစ်ခြင်းကို လိုလားခဲ့ကြသည်။ ထို့ကြောင့် သမ္မာကျမ်းသည် ဤအမျိုးသမီးများ၏ အိမ်ထောင်မိသားစု၌ သစ္စာရှိခြင်းကို ဂုဏ်ပြုပြောဆိုသည်။ ရာခပ်နှင့် ရုသအသက်တာကိုကြည့်လျှင် ယုံကြည်ခြင်း အားဖြင့် အပြစ်ချည်နှောင်ခြင်းမှ လွတ်မြောက်ပြီး မယားနှင့် မိခင်အရာသို့ ဘုရားသခင်မစချီးမြှောက်ခြင်း ခံရသည်။ အိမ်ထောင်မရှိသော အချို့အမျိုးသမီး များသာလျှင်၊ သူတို့၏ စွန့်စားခြင်းနှင့် လုပ်ရပ်များကြောင့် ချီးမွမ်းခြင်းခံရကြ သည်။ ထို့ကြောင့် သမ္မာကျမ်းတွင် အမျိုးသမီးတစ်ဦး၏ ထူးကဲထင်ရှားခြင်းနှင့် ဂုဏ်ပြုခြင်းသည် များသောအားဖြင့် အိမ်ထောင်မိသားစု၌သာရှိသည်။ ဤ အရာကို ဟန္နနားလည်သောကြောင့် မြင့်မြတ်သော မိခင်တစ်ဦးဖြစ်ခြင်းကို ပြင်းပြစွာ စိတ်ဆန္ဒရှိခဲ့သည်။
သို့သော် သမ္မာကျမ်း၏ မိခင်များကို မြှင့်တင်ပေးခြင်းသည် “ယခုခေတ် လူများ” အတွက် အထင်သေး စရာဖြစ်လာသည်။ ယခုခေတ်လူတို့သည် “အမျိုး သမီးများ၏အခွင့်အရေး” ဟူသောအရာကို အကြောင်းပြပြီး၊ မိခင်ဖြစ်ခြင်းကို အထင်သေးခြင်း၊ ပြက်ရယ်ပြုခြင်းအဖြစ် ဖြစ်စေကြသည်။ သို့သော်လည်း ဘုရားသခင်၏အစီအစဉ်မှာ အမျိုးသမီးများသည် သားသမီးများအား ဘုရား သခင်ကို ကြောက်ရွံတတ်ရန်နှင့် လူမှုပတ်ဝန်းကျင်ကို လွမ်းမိုးရန် ထိန်းသိမ်းပျိုးထောင်ရန် တာဝန်ရှိသည် (၁ တိ ၅း၁၀၊ တိ ၂း၃-၅)။ ဟန္နအသက်တာသည် ပုံသက်သေကောင်းတစ်ဦး ဖြစ်သည်။ သူမသည် မိခင်များအတွက် အတု ယူစရာအဖြစ်ရပ်တည်ပြီး၊ မိခင်များသည် ကျော်ကြားသောလူတို့အား ပျိုးထောင်သောသူနှင့် အနာဂတ်မျိုးဆက်သစ်ကို တည်ဆောက်သော ဗိသုကာ များပင်ဖြစ်သည်။ ဟန္န၏ ကလေးရရှိရန် ဆုတောင်းခြင်းသည် ဣသရေလ အမျိုးအား ဝိညာဉ်ရေးမှောင်မိုက်ခြင်းမှ အလင်းသို့လှည့်ပြန်ခြင်း၏ အစလည်း ဖြစ်သည်။ သူမအသက်တာသည် ဝိညာဉ်ရေးနိုးကြားမှုကို အစပြုလာပြီး၊ ဒါဝိဒ် မင်းကြီးခေတ်တွင် ထင်ရှားစွာဖြစ်ပေါ်လာသည်။
ဟန္နအကြောင်း စတွေ့သည့်အချိန်တွင် ယုဒပြည်၌ ခေါင်းဆောင် ကောင်းကို အလွန်လိုအပ်နေသောအချိန်ဖြစ်သည်။ ထိုခေါင်းဆောင်ကောင်း တစ်ဦးပေါ်ပေါက်လာရန် ဘုရားသခင်သည် ဟန္နကို အသုံးပြုခဲ့သည်။ ထို့သို့ဖြင့် ရှမွေလသည် ယုဒပြည်၌လိုသောခေါင်းဆောင်ကောင်းနေရာယူရန် မွေးဖွားလာခဲ့သည်။ အသက်ငယ်ရွယ်စဉ် မိဘများကိုစွန့်၍ ဧလိနှင့်အတူ ဗိမာန်တော်၌ အစေခံနေသော်လည်း၊ ရှမွေလသည် မိခင်၏လွှမ်းမိုးခြင်းကို ရရှိခဲ့သည်ကို သူ၏အသက်တာအားဖြင့် တွေ့ရသည်။
ဟန္နသည် ဘုရားသခင်ကိုကြောက်ရွံ့သော မယားနှင့် မိခင်ဖြစ်သကဲ့သို့ သူမ၏လွှမ်းမိုးခြင်းကို မိမိ၏ ကြီးမားသောမေတ္တာသုံးပါးဖြင့် လေ့လာနိုင်ပါသည်။
၁။ ခင်ပွန်းအပေါ် သူမ၏ချစ်ခြင်းမေတ္တာ
ကျမ်းစာတွင် ဟန္ဒ၏မိသားစုအကြောင်းကို ပထမဦးဆုံးဖော်ပြရာတွင် ဟန္နသည် ဧလကာနကို နက်နဲစွာချစ်ခဲ့သည်ကို တွေ့ရသည်။ ဧလကာနသည် လည်း သူမကို အလွန်ချစ်ခဲ့သည်။ ထာဝရဘုရားသခင်ထံသို့ ယဇ်ပူဇော်သော အခါ ဧလကာနသည် မယားပေနိန္ဒနှင့် သူ၏သားသမီးတို့အား မျှဝေပေးပြီး နောက်၊ ဟန္နအား အလွန်ချစ်သောကြောင့် နှစ်ဆကို ပေးခဲ့သည်(၁ ရာ ၁း၄၅)။ ထိုသို့ဖြင့် လူတို့မျက်မှောက်၌ ဧလကာနသည် ဟန္ဒအား သူ၏ချစ်ခြင်းကို ပြသခဲ့သည်။
သို့သော်လည်း ဟန္ဒ၏အိမ်ထောင်ရေးသည် ပြည့်စုံမှုမရှိဘဲ၊ ခင်ပွန်း၏ မယားနှစ်ယောက်ရှိခြင်းကြောင့် ရန်ပြိုင်ခြင်းနှင့် မနာလိုခြင်းများကို ကြုံတွေ့ခဲ့ရ သည်။ ဟန္ဒ၏နာမည်ကို ဦးစွာဖော်ပြသောကြောင့် သူမသည် ဧလကာန၏ ပထမမိန်းမဖြစ်နိုင်သည် (၁ ရာ ၁း၂)။ သို့သော် ဟန္နသည် ကလေးမရနိုင်သောကြောင့် ဧလကာနသည် ပေနိန္ဒအား ထပ်မံလက်ထပ်ခဲ့ပုံရသည်။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်တွင် ကလေးရရှိခြင်းသည် မိသားစု၏အမွေနှင့် မိသားစုထိန်းသိမ်းရန် အလွန်အရေးပါသည်။ ဤအကြောင်းအရာကြောင့် အာဗြဟံသည်လည်း ဟာဂရနှင့် ပေါင်းသင်းဆက်ဆံပြီး၊ မယားနှစ်ယောက်ရှိ လာခြင်းဖြစ်သည်။ ထိုကဲ့သို့သောဖြစ်ရပ်များကြောင့် တစ်ဦးထက်များသော မယားယူခြင်းစနစ်ကို ဓမ္မဟောင်းကျမ်း၌ ထပ်ခါထပ်ခါတွေ့ရခြင်းဖြစ်သည်။
သို့သော် ဟန္န၏အိမ်ထောင်ရေးသည် စိတ်ညစ်မှုများရှိသော်လည်းဘဲ၊ တည်ငြိမ်မူရှိသည်။ ဧလကာနသည် သူမကိုအလွန်ချစ်၍၊ ဟန္နသည်လည်း သူ့ကိုအလွန်ချစ်သည်။ ထို့ပြင် ဧလကာနသည် ဟန္နကို ထပ်ခါထပ်ခါ နှစ်သိမ့်မှု ပေးခဲ့သည်မှာ “ဟန္နအဘယ်ကြောင့်ငိုသနည်း။ အဘယ်ကြောင့် မစားဘဲနေ သနည်း။ အဘယ်ကြောင့် စိတ်ညှိုးငယ်သနည်း။ သားတကျိပ်ထက် သင်၌ငါ သာ၍ ကောင်းသည်မဟုတ်လောဟုဆို၏” (အငယ် ၈)။ ထိုသို့ ဧလကာန၏ နှစ်သိမ့်မှုကြောင့် ဟန္နသည် အချိန်ခဏအတွက် သက်သာမှုကိုခံစားပြီး စား သောက်ခဲ့သည်ကို တွေ့ရသည် (ငယ် ၉)။
ခင်ပွန်းသည်အပေါ်၌ထားရှိသော ဟန္ဒ၏ချစ်ခြင်းမေတ္တာအားဖြင့် မိခင်တစ်ဦး၏ လွှမ်းမိုးခြင်းကို နားလည်ရန် အဓိကသော့ချက်ဖြစ်သည်။ လူများထင်သည့်အရာနှင့် ဆန့်ကျင်ဘက်ဖြစ်သောအရာမှာ- ဘုရားသခင်ကိုကြောက်ရွံ့သော မိခင်တစ်ဦး၏ ထူးခြားသောအသက်တာသည် မိမိ၏ သားသမီးများ နှင့် ဆက်ဆံခြင်းမဟုတ်ဘဲ၊ မိမိ၏ ခင်ပွန်းသည် နှင့် ဆက်ဆံ ခြင်းပင်ဖြစ်သည်။ လင်မယားကြား၌ရှိသော ချစ်ခြင်းမေတ္တာသည် အိမ်ထောင် မိသားစုတည်မြဲခြင်းအတွက် အဓိကသော့ချက်လည်း ဖြစ်သည်။ သာယာပျော် ရွှင်သောမိသားစုကို သားသမီးများအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာ၌ မဟုတ်ဘဲ၊ လင်မယားကြား၌ရှိသော ချစ်ခြင်းမေတ္တာ၌ တည်ဆောက်ရမည်။ ထို့ကြောင့် မိသားစုတည်ဆောက်ခြင်းအတွက် သားသမီးများကို အဓိက မထား ဘဲ၊ လင်မယားတို့သည် အချင်းချင်း ချစ်ခြင်းမေတ္တာရှိရမည်။ ” မိဘများအားလုံးကို ကျွန်ုပ်သိစေလိုသည့်အရာမှာ- သင်၏ မယား (သို့) ခင်ပွန်းသည်နှင့် ဆက်ဆံပုံသည် သင့်သားသမီးများ၏ အသက်တာ၌ (တစ်သက်လုံးတည်ရှိမည်ကို သိမှတ်ရမည်။ ဇနီးသည်နှင့် ခင်ပွန်းသည် အချင်း ချင်းမည်သို့ပြောဆိုဆက်ဆံသည်ကို သားသမီးတို့သည် အစဉ်ကြည့်ရှုနေသည်။ ထို့ကြောင့် လင်မယားဆက်ဆံပြောဆိုခြင်းသည် သူတို့အတွက် ဘဝ၏သင်ခန်း စာများဖြစ်သည်။ သူတို့သည်လည်း ချစ်ခြင်းမေတ္တာအကြောင်း၊ ကိုယ်ကျိုးစွန့် ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ကောင်းသောအကျင့်ကျင့်ခြင်း၊ အပြစ်ဒုစရိုက်၊ သနားကြင်နာခြင်း၊ နားလည်မှုရှိခြင်းနှင့် အပြစ်ခွင့်လွှတ်ခြင်း စသည့်တို့ကို သင်ယူနေကြသည်။ အမှားဖြစ်စေ၊ အမှန်ဖြစ်စေ၊ အထက်ပါအရာများသည် သင်မည်သို့သင်ပေးနေခြင်းအားဖြင့် သူတို့၏စိတ်နှလုံးထဲတွင် နက်နဲစွာ ရှိနေ မည်ဖြစ်သည်။ )
အိမ်ထောင်မိသားစုအရေးကြီးပုံကို ဧလကာနနှင့် ဟန္နအိမ်ထောင်၌ မျက်မြင်တွေ့ရသည်။ သူတို့၏မိသားစု၌ ခက်ခဲမှုများရှိသော်လည်း၊ သူတို့သည် ကျန်းမာသန်စွမ်းသော အိမ်ထောင်ရေးရှိပြီး၊ တစ်ဦးနှင့်တစ်ဦး စစ်မှန်သော ချစ်ခြင်းမေတ္တာကို ထားရှိကြသည်။ သူတို့၌ကလေးမရနိုင်ခြင်းသည် အနာရောဂါတစ်ခုကဲ့သို့ ခံစားခဲ့ကြသည်။ သို့သော် ဤအခြေအနေကြောင့် ဧလကာ နသည်လည်း သူ့ဇနီးကို ပို၍ချစ်ခဲ့သည်။ မည်သည့်အခြေအနေဆိုး ဖြစ်ပေါ် ပါလေစေ (ဧလကာန၏ မယားနှစ်ယောက်ယူခြင်းကြောင့်ဖြစ်စေ၊ ပေနိန္ဒ၏နှောက်ယှက်ခြင်းကြောင့်ဖြစ်စေ) ဟန္နနှင့် ဧလကာနသည် တစ်ဦးပေါ်တစ်ဦး နက်နဲစွာ မေတ္တာထားကြသည်။
ထိုသူလင်မယားတို့သည် ဘုရားသခင်ကို အတူတကွ ပုံမှန်ဝတ်ပြုခဲ့ ကြသည်။ အငယ် (၃) တွင် “ဧလကာနသည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ကိုးကွယ်၍ ယစ်ပူဇော်ခြင်းမှာ မိမိနေရာမြို့မှ ရှိလောမြို့သို့ နှစ်တိုင်း သွားမြဲရှိ၏”ဟု ဖော်ပြထားသည်။ ထိုသို့ဖော်ပြရာတွင် ဟန္နနှင့် ပေ နိန္ဒသည် တစ်နှစ်တွင်တစ်ခါသာ တဲတော်သို့သွားသည်ဟု မဆိုလိုပေ။ အဘယ်ကြောင့်ဆိုသော် ဣသရေလအမျိုး ယောက်ျားများသည် တစ်နှစ်တွင်သုံးခါ ဓမ္မပွဲသို့ သွားရသည် (တရားဟော ၁၆း၁-၁၇)။ ထို ဓမ္မပွဲများသို့ ဧလကာနသည် လည်း သူ၏မိသားစုနှင့်အတူ ခရီးသွားခဲ့သည်။ (မိမိတို့နေသည့်မြို့မှ ရှိလာ မြို့သည် မိုင်ပေါင်း(၂၅) ခန့်ဝေးသည်။ နှစ်ရက် (သို့) နှစ်ရက်ထက်နည်း ခရီး စဉ်ဖြစ်သည်)။ ထာဝရဘုရားကိုးကွယ်ခြင်းသည် ဟန္ဒနှင့် ဧလကာန အသက် တာ၌ အဓိကအရာဖြစ်ခဲ့သောကြောင့် မည်သည့်ခက်ခဲမှုများကြုံသည်ဖြစ်စေ သူတို့၏အိမ်ထောင်ရေးသည် အစဉ်တည်မြဲလျက်နေသည်။
ဟန္နသည် လွှမ်းမိုးသောမိခင်ဖြစ်ကြောင်း ပြောပြီးလျှင်၊ ဧလကာနအပေါ် သူမ၏ ချစ်ခြင်းမေတ္တာထက် သာ၍ကြီးမားသော ချစ်ခြင်းမေတ္တာရှိသေး
သည်။
၂။ ဘုရားသခင်အပေါ် သူမ၏ချစ်ခြင်းမေတ္တာ
ဟန္နသည် ထာဝရဘုရားသခင်ကို နက်ရှိုင်းစွာ ချစ်ခဲ့သည်။ သူမ၏ ဝိညာဉ်ရေးအသက်တာကို သူမ၏စိတ်မလျော့သော ဆုတောင်းခြင်း၌ တွေ့ရ သည်။ သူမသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူတစ်ဦး ဖြစ်၍၊ မြေကြီး အရာများ၌မဟုတ်ဘဲ ကောင်းကင်အရပ်၌ရှိသောအရာများကို စိတ်စွဲလမ်းသူလည်းဖြစ်သည်။ သူမ၏ ကလေးလိုချင်သောစိတ်သည်လည်း မိမိကိုယ်ကို ကျေနပ်ရန်အတွက်မဟုတ်ပေ။ မိမိဆန္ဒ ပြည့်ဖို့အတွက်သာမဟုတ်ဘဲ၊ မိမိကိုယ်ကိုစွန့်၍ ထိုကလေးငယ်အား ဘုရားသခင့်ထံတော်သို့ ပြန်လည် ဆက်ကပ် ရန် ဖြစ်သည်။ ယာကုပ်၏ ဇနီးရာခေလ၏ဆုတောင်းချက်တွင် ရာခေလသည် ယာကုပ်အား သားမဖွားကြောင်းကို မိမိသိမြင်သောအခါ၊ “ငါ့အား သားကို ပေးပါ။ သို့မဟုတ် ငါသေတော့အံ့” ဟုဆိုခဲ့သည် (က၊ ၃၀း၁)။ သို့သော် ဟန္န ဆုတောင်းချက်သည် ထိုကဲ့သို့ဆုမတောင်းခဲ့ပေ။ သူမသည် “သားသမီးများ” ရရှိရန်ဆုမတောင်းခဲ့ဘဲ၊ “သားတစ်ဦး”ကို ပေးပါဟု ဆုတောင်းခဲ့သည်။ တဲတော်၌ ဘုရားသခင်၏အမှုတော်ကိုဆောင်နိုင်သော သားတစ်ဦးတည်းကိုသာ ရရှိရန် ဆုတောင်းခဲ့သည်။ အကယ်၍ ဘုရားသခင်သည် သူ့အားသားကိုပေး ခဲ့လျှင်၊ ထိုသားကိုလည်း ထာဝရဘုရားထံသို့ ပြန်လည်ဆက်ကပ်မည်ဟု ကတိပြုခဲ့သည်။ ထို့ကြောင့် ဟန္န၏ကလေးရလိုသောစိတ်သည် မိမိကိုယ်ကျိုး အတွက်မဟုတ်ဘဲ၊ ထာဝရဘုရားအတွက်ဖြစ်ကြောင်းကို သာလွန်စွာ ထင်ရှား သည်။
ထို့ကြောင့် ဟန္နသည် မိမိဆန္ဒကို ထာဝရဘုရားသခင်ထံသို့ ကြားပြော ခဲ့သည်။ သူမသည် မည်သည့်ခက်ခဲမှုများကို ကြုံတွေ့ခဲ့သော်လည်း၊ ထာဝရ ဘုရားသခင်ကိုလည်းကောင်း၊ မိမိခင်ပွန်းကိုလည်းကောင်း၊ အပြစ်မတင်ခဲ့ပေ။ သူမသည် ဧလကာနအား အဘယ်ကြောင့် အပြစ်တင်ရမည်နည်း။ သားသမီး များသည် ဘုရားသခင်ပေးတော်မူသော အမွေဖြစ်သောကြောင့် မည်သူကိုမျှ အပြစ်မတင်ဘဲ နေခဲ့သည် (ဆာ ၁၂၇း၃၊ က၊ ၃၃း၅)။ ထိုအရာကို ဟန္နသည်ကောင်းမွန်စွာ နားလည်သောကြောင့် ထာဝရဘုရားသခင်ထံ၌ မိမိ၏အမှုအရာ များကို တင်ပြခဲ့သည်။ မည်သည့်စိတ်ပျက်ခြင်းများနှင့် ခေါင်းကိုက်စေမည့် အရာများကို ကြုံခဲ့သော်လည်း၊ ဟန္ဒသည် ထာဝရဘုရားသခင် (YHWH) ၌ သစ္စာရှိစွာ အသက်ရှင်ခဲ့သည်။ သူမ၏စိတ်ညစ်ခြင်းများသည် မိမိကို ထာဝရ ဘုရားနှင့်ခွဲခွာခြင်းသို့မဟုတ်ဘဲ၊ ပို၍နီးစပ်ခြင်းသို့ ပို့ဆောင်ပေးခဲ့သည်။ ထို့ ကြောင့် သူမသည် ဆုတောင်းခြင်း၌ စိတ်မလျော့ဘဲ ကြိုးစားခဲ့လေသည်။
ဟန္န၏လှပထူးခြားသော အသက်တာမှာ သူမသည် သီလရှိသောသူ၊ ခိုင်မြဲသောသူ၊ ယုံကြည်ခြင်း၌ မြဲမြံသောသူဖြစ်သည်။ “ဟန္ဒသည် ထာဝရဘုရား ရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်” ဟု ၁ ရာ ၁၁၂ တွင် ဖော်ပြထားသည်။ သူမသည် ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာဆုတောင်းခြင်း၊ မိမိ၏ စိတ် နှလုံးကြေကွဲခြင်းကို ဖွင့်ဟပြီး၊ ငိုကြွေးခြင်းနှင့်တကွ ဆုတောင်းခဲ့သည်။ သူမ၏ စိတ်ညစ်မှုများသည် သူမအား ဆုတောင်းသောအမျိုးသမီး ဖြစ်စေသည်။ ထို့ကြောင့် ဟန္နသည် “မခြားမလပ် ဆုတောင်းပဌနာပြုကြလော့”(၁ သက် ၅း၁၇၊ လု၊ ၁၈း၁-၈) ဟူသောအမိန့်ကို နာခံပြီး၊ ပုံသက်သေကောင်းတဦးဖြစ်ခဲ့သည်။
ဟန္နအသက်တာမှ သင်ခန်းစာတစ်ခုသည် ကြိုးစား၍ စိတ်မလျော့ သော ဆုတောင်းခြင်းအသက်တာ ဖြစ်သည်။ ဆုတောင်းခြင်း၌ သူမ၏ကြိုးစား ခြင်းကို ၁ ရာ ၁း၁၀-၁၁ တွင် ဖော်ပြထားသည်မှာ “ဟန္နသည် ညှိုးငယ်သော စိတ်နှင့်ထ၍ မျက်ရည်များစွာကျလျှက် ထာဝရဘုရားကို ဆုတောင်းသည်ကား။ အိုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရား ကိုယ်တော် ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော်ကျွန်မ၏ ဆင်းရဲ ခြင်းကို ကြည့်ရှုအောက်မေ့ သဖြင့် သားယောက်ျားကို ပေးသနားတော်မူလျှင်၊ သူ၏ ဆံပင်ရိတ်ခြင်းကို အလျှင်းမပြု၊ တစ်သက်လုံး ထာဝရဘုရား၏ ကျွန်ဖြစ်စေခြင်းငှာ ကျွန်မအပ်ပါ မည်ဟု သစ္စာကတိပြုလေ၏။”
ဟန္န၏သစ္စာကတိပြုခြင်းမှာ အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ ကလေးကို ထာဝရဘုရားထံသို့ ပြန်ပေးမည်။ သူမ၏ သစ္စာကတိပြုသည့် အတိုင်း ထိုကလေးသည် တဲတော်၌ အချိန်ပြည့်အစေခံခဲ့သည်။ ဒုတိယ အချက်မှာ ထိုကလေး၏ဆံပင်ရိတ်ခြင်းကို လုံးဝပြုမည်မဟုတ်။ ဆံပင်မရိတ် ခြင်းသည် နာဇရိသစ္စာပြုခြင်းအချက် (၃)ချက်မှ တစ်ခုဖြစ်သည် (တော ၆း၁၉)။ ဟန္ဒ၏သစ္စာကတိပြုခြင်းတွင် သူမ၏ကလေးသည် နာဇရိဖြစ်မည်ဟု ပါ ဝင်ခဲ့လျှင်၊ ထိုကလေးသည် စပျစ်ရည်သောက်ခြင်းနှင့် မသန့်ရှင်းသော အရာများ ရှောင်ကြဉ်ခြင်းကိုလည်း ပြုလုပ်မည်ဖြစ်သည်။ အထက်ပါတားမြစ်ချက် (၃)ချက်သည် ဘုရားသခင်၌ လုံးဝဆက်ကပ်ခြင်းကို ဖော်ပြလျက်ရှိသည်။
သို့သော် ဟန္န၏သစ္စာကတိပြုခြင်းတွင် သူမ၏ကလေးသည် အချိန် အကန့်အသတ်တစ်ခုသာ အမှုတော်ဆောင်ရန် ဖြစ်နိုင်သည်။ အဘယ်ကြောင့် ဆိုသော် အထက်ဖော်ပြသည့်အတိုင်း လေဝိသားတို့သည်လည်း တဲတော်၌ အလှည့်ကျ အမှုဆောင်ခဲ့ကြသည်။ ထို့ပြင် နာဇရိသစ္စာကတိပြုခြင်းသည်လည်း အချိန်အကန့်အသတ်ရှိခဲ့သည်။ ခြွင်းချက်အနေဖြင့် ဘုရားသခင်သည် ရှံဆုန်ကို တစ်သက်လုံးနာဇရိဖြစ်ရန် သူ့မိခင်အား မိန့်မှာခဲ့သည် (သူကြီး ၁၃း၁-၇)။ ဖြစ်နိုင်သောအရာသည် ဟန္ဒသည် မြုံသောအမျိုးသမီးဖြစ်သော ရှံဆုန်၏မိခင် အကြောင်းကိုကြားခဲ့ပြီး၊ ထိုနည်းတူပြုချင်သည်ဟု ယူဆနိုင်သည်။ နှစ်ခြင်းဆရာဟောဟန်သည်လည်း တစ်သက်လုံးနာဇရိဖြစ်ခဲ့သည် (လု ၇း၃၃)။ သို့သော် လည်း ပုံမှန်အားဖြင့် သစ္စာကတိပြုခြင်းသည် ရက်အနည်းငယ် (သို့) နှစ်အနည်း ငယ်သာ ကြာမြင့်ခဲ့သည်။
ဟန္နသည် သူမ၏သားကို ဘုရားလူဖြစ်၍၊ တစ်သက်လုံး အမှုဆောင် ရန်နှင့် ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန် အလိုရှိခဲ့သည်။ သူမ၏ ကတိ ပြုခြင်းများသည် လွယ်ကူသည့်အရာမဟုတ်ဘဲ၊ ဆုတောင်းချက်ကို ဘုရားသခင် က အဖြေပေးသည့်အခါ သူပြုခဲ့သောကတိကို ပြုလုပ်ရမည် ဖြစ်သည်။
တဲတော်၌ ဟန္န၏ ပြင်းပြသောဆုတောင်းခြင်းကြောင့် သူမသည် မကောင်းသောမိန်းမကဲ့သို့ အထင်မှားခြင်းခံရသည်။ အထူးသဖြင့် ဝိညာဉ်ရေး အမှောင်ဖြစ်နေသည့်ကာလတွင် သူမကဲ့သို့ ဆုတောင်းသောသူ မရှိသောကြောင့် ဖြစ်သည်။ သူမသည် စိတ်နှလုံးအကြွင်းမဲ့ဆုတောင်းပြီး၊ ငိုကြွေးခြင်း နှင့်တကွ ထာဝရဘုရားထံသို့ တောင်းလျှောက်သောကြောင့် (၁ ရာ ၁း၁၀)၊ အသက်ကြီးသော ဧလိသည် သူ့ကိုအထင်လွဲခဲ့သည်။ ဧလိသည် ဟန္နကဲ့သို့ ကြိုးစားစွာနှင့် စိတ်အားထက်သန်စွာ ဆုတောင်းသောသူကို မမြင်ဖူးသော ကြောင့် ဟန္နကို အမြင်မှားခဲ့ခြင်းဖြစ်နိုင်သည်။
“ဟန္နသည် ထာဝရဘုရားရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်းစဉ်၊ ဧလိသည် သူ၏နှုတ်ကို ကြည့်မှတ်လေ၏။ စိတ်နှလုံးနှင့် ဆုတောင်း၍ နှုတ်ခမ်းလှုပ်
သော်လည်း၊ စကားသံမတွက်သောကြောင့် ယစ်မူးသည်ဟု ဧလိထင် လျက်၊ သင်သည် အဘယ်မျှ ကာလပတ်လုံးယစ်မူလိမ့်မည်နည်း။ သင်၏ စပျစ်ရည်ကို ပယ်ရှောင်လော့ ဟုဆို၏။ ဟန္နကလည်း၊ မဟုတ်အရှင်။ ကျွန်မသည် စိတ်သေးငယ်သော မိန်းမဖြစ်ပါ၏။ စပျစ်ရည်ကို မသောက်ပါ။ သေရည်သေရက်ကို မသောက်ပါ။ ထာဝရဘုရားရှေ့တော်၌ စိတ်နှလုံးကို သွန်းလောင်းလျက်နေပါ၏။ ကိုယ်တော်၏ ကျွန်မကို အဓမ္မမိန်းမဟူ၍ မမှတ်ပါနှင့်။ မြည်တမ်းစရာအကြောင်း၊ ဝမ်းနည်းစရာအကြောင်း များ သည်ဖြစ်၍၊ ယခုတိုင်အောင် လျှောက်နေပါသည်ဟု ပြန်ပြောသော်၊ ဧလိ က၊ ငြိမ်ဝပ်စွာသွားလော့။ ယခုဆုတောင်းသည်အတိုင်း ဣသရေလအမျိုး ၏ ဘုရားသခင် ပေးသနားတော်မူပါစေသောဟု မြွက်ဆို၏”(၁ ရာ ၁း၁၂-၁၇)။
ဧလိ၏တုံ့ပြန်ခြင်းသည် သူ၏ထုံးစံဖြစ်သည့်အကျင့်ကို ထင်ရှားစေ သည်။ သူသည် ဝိညာဉ်ရေး၌ အလွန်အားနည်းသောသူဖြစ်သည်။ ထို့ကြောင့် သူသည် ယဇ်ပုရောဟိတ်ဖြစ်သော်လည်း၊ တိုင်းပြည်အတွက်သော်လည်းကောင်း၊ မိမိ၏သားများအတွက်သော်လည်းကောင်း ခေါင်းဆောင်ကောင်း မဖြစ်ခဲ့ပေ။ ဟန္နအပေါ် သူ၏အပြစ်တင်ခြင်းသည် ပင်တေကုတ္တေနေ့၌ တပည့်တော်များအပေါ် လူတို့၏ထင်မှားခြင်းနှင့် အတူတူပင်ဖြစ်သည် (တ ၂း၁၃)။ ဧလိသည်လည်း ဟန္နဆုတောင်းနေသည်ကို လုံးဝမသိနိုင်ခဲ့ပေ။
ဧလိနားလည်မှုလွဲသွားခြင်းသည်လည်း အခြားအကြောင်းအရာများ ကြောင့် ဖြစ်နိုင်သည်။ ပထမဖြစ်နိုင်ချေမှာ ဣသရေလလူတို့သည် ဆုတောင်း သည့်အခါ ထုံးစံအတိုင်း အသံထွက်ဆုတောင်းကြပြီး၊ တိတ်ဆိတ်စွာ ဆုတောင်းလေ့မရှိပေ။ သို့သော် ဘုရားသခင်သည် လူတို့၏စိတ်နှလုံးကို မြင်နေ သည်ကို ဟန္ဒသိခဲ့သည်။ ဘုရားသခင်သည် ငါတို့၏အတွေးအခေါ်များ၊ စကား များကို ပါးစပ်ဖြင့်မပြောမီ သိတော်မူသောဘုရားဖြစ်သည် (ဆာ ၁၃၉း၁-၄)။ ထို့ပြင် သန့်ရှင်းသော ဝိညာဉ်တော်သည် ငါတို့အတွက် ဆုတောင်းပေးနေသည်ဟု ကျမ်းစာတွင် ဖော်ပြထားသည် (ရော ၈း၂၆)။ ထို့ကြောင့် ဟူသည် အသံထွက်ပြီး ဆုတောင်းစရာအကြောင်းမရှိခဲ့ပေ။ သူမဆုတောင်းသည်မှာ လသိရန်အတွက် မဟုတ်ပေ။ သူမ၏စိတ်နှလုံးကို ထာဝရဘုရား သိတော်မူကြောင်းကို ကောင်းမွန်စွာ နားလည်ခဲ့သည်။ သို့သော်လည်း ဧလိ အတွက် ထိုကဲ့သို့သောအသံတိတ်ဖြင့်ဆုတောင်းခြင်းသည် အလွန်ထူးဆန်းပြီး၊ တစ်ခါမျှမမြင်ခဲ့ပုံရသည်။ သူသိသောအရာမှာ လူသိရှင်ကြားအသံထွက်ဖြင့် ဆုတောင်းခြင်းသာ ဖြစ်သည်။
ဧလိ၏ထင်မှားခြင်း ဒုတိယဖြစ်နိုင်သောအကြောင်းအရာမှာ သူ၏ သားများသည် မိန်းမငယ်များနှင့် တဲတော်၌ပြစ်မှားခြင်းကြောင့် ဖြစ်နိုင်သည် (၁ ရာ ၂း၂၂)။ ဧလိသည် မိမိ၏သားများလုပ်ရပ်များကို သိခဲ့သော်လည်း၊ သူတို့ကို ကျပ်တည်းစွာမဆုံးမသောကြောင့် သူတို့သည်လည်း ဆက်လက်လုပ် နေခဲ့ကြသည်။ ထို့ကြောင့် တဲတော်သို့လာရောက်ကိုးကွယ်သော မိန်းမငယ်များ သည် ဘုရားသခင်ကိုကြောက်ရွံ့သောသူများထက် မကောင်းသောမိန်းမများ ပိုများပြီး၊ ဧလိကလည်း ထိုမိန်းမငယ်များကို အကြိမ်ကြိမ်မြင်ခဲ့သောကြောင့် ဟန္နကိုလည်း အမြင်မှားခဲ့သည်ဟု ယူဆရသည်။
သို့သော်လည်း ဧလိ၏အပြစ်တင်ခြင်းသည် အလွန်မိုက်မဲသည်။ အ ဘယ်ကြောင့်ဆိုသော် အရက်မူးသောမိန်းမသည် အသံကျယ်လောင်စွာ ဆု တောင်းခဲ့လိမ့်မည်။ သို့သော် ဟန္နသည် အသံမထွက်ဘဲ၊ တိတ်ဆိတ်စွာ ဆု တောင်းခဲ့လေသည်။ မည်သည့်အကြောင်းအရာကြောင့်ဖြစ်ပါစေ၊ ဧလိသည် ဟန္ဒကို အပြစ်မတင်ဘဲ နေသင့်သည်။
ဟန္နသည် ဧလိအား နှိမ့်ချသောစိတ်နှင့် နူးညံ့စွာဖြင့် ဖြေကြားခဲ့သည်။ သို့သော် ထိုကဲ့သိုအပြစ်တင်ခြင်းကိုကြားသောအချိန်မှာ ဟန္နသည် ထိတ်လန့် သွားပြီး၊ ဧလိထင်မြင်သကဲ့သို့မဟုတ်ကြောင်း ဖြေရှင်းခဲ့ရသည်။ သူမသည် ဝမ်းနည်းကြေကွဲသော နှလုံးသားကို ထာဝရဘုရား၌ သွန်းလောင်းခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း မည်သည့်အကြောင်းကြောင့် သူမ ဝမ်းနည်းသည်ကို မပြောခဲ့ဘဲ၊ ပြောပြရန်လည်း မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ဆုတောင်းသံကို ဘုရားသခင်သာလျှင် အဖြေပေးနိုင်သည် သိခဲ့သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမသည် အသံတိတ်ဖြင့် ဆုတောင်းခဲ့ ခြင်းဖြစ်သည်။
ဟန္ဒ၏ဖြေကြားခြင်း၌ သူမ၏ဝိညာဉ်ရေး အကောင်းမြင်အချက် တစ်ခုရှိသည်။ ထိုအရာမှာ “ဟန္ဒကလည်း၊ ကိုယ်တော်၏ ကျွန်မသည် ရှေ့တော် ၌ မျက်နှာရပါစေသောဟု လျှောက်ပြီးမှ၊ ခြားနားသောမျက်နှာနှင့် သွား၍ အစာစားလေ၏” (၁ ရာ ၁း၁၈)။ သူမသည် မိမိ၏ဝန်များကို ထာဝရဘုရား သခင်ထံ၌ အပ်နှံခဲ့သည်။ သူမ လုပ်ချင်သောအရာကို ဆောင်ရွက်ရန် တဲတော် သို့လာရောက်ခဲ့ခြင်းဖြစ်သည်။ ယခုတွင် ထာဝရဘုရားထံ၌ ဆုတောင်းခဲ့လေပြီး၊ သူ၏လက်တော်၌ အမှုအရာအားလုံးကို အပ်နှံခဲ့လေသည်။
ဟ၏ယုံကြည်ခြင်းစစ်မှန်ခြင်းနှင့် သည်းခံနိုင်ခြင်းသည် ထင်ရှားနေ သည်။ “ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထားလော့။ သင့်ကို မစတော် မူသည်”ဟု ဆာ ၅၅း၂၂ ပြောထားသည်။ သို့သော် အချို့က၊ “အိုဘုရားသခင်၊ ကျွန်ုပ်၏ပြဿနာများကို ကိုယ်တော်ထံအပ်နှံပါ၏”ဟု ဆုတောင်းကြသော် လည်း သံသယစိတ်နှင့် စိတ်ညစ်ခြင်းများဖြင့် ဘုရားသခင်ထံမှ ပြန်ထွက်သွား ကြသည်။ ဘုရားသခင်ထံသို့ဆုတောင်းခဲ့သည့် ပြဿနာသည်လည်း သူတို့၏ အသက်တာတွင် ဆက်လက်ရှိနေပြီး၊ ဘုရားသခင်ကိုလည်း ကိုးစားခြင်း မရှိတော့ပေ။ သို့သော်၊ ဟန္နသည် သူမဒုက္ခများကို အမှန်တကယ်ပင် ဘုရားသခင် ၌သာ ချထားသည်။ ဘုရားသခင်သည် သူမဆုတောင်းချက်ကို သူ့အလိုတော် နှင့်အညီ အဖြေပေးမည်ဟု ယုံကြည်ခဲ့သည်။ ထိုသို့ဆုတောင်းခြင်းသည်စိတ်နှိမ့်ချခြင်းကို ပေါ်လွင်စေသည်။ ရှင်ပေတရုက၊ “ထို့ကြောင့် ကာလအချိန် တန်လျှင် ဘုရားသခင်သည် သင်တို့ကို ချီးမြောက်တော်မူမည့်အကြောင်း တန်ခိုးကြီးသော လက်တော်အောက်၌ ကိုယ့်ကိုနှိမ့်ချကြလော့။ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသောကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့” (၁ ပေ ၅း၆-၇)။
နောက်ဆုံးတွင် ဘုရားသခင်သည် ဟန္ဒ၏ဆုတောင်းသံကို နား ညောင်းပြီး၊ သားကိုပေးတော်မူသောအခါ၊ ဟန္နသည် ကျေးဇူးတော်ချီးမွမ်းခြင်း နှင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ ၁ ရာ ၂း၁-၁ဝ တွင် သူမ၏ဆုတောင်းချက်ကို တွေ့မြင်ရပြီး၊ မာရိ၏ဆုတောင်းခြင်းနှင့် ဆင်တူသည် (မာရိအကြောင်းကို အခန်း ၆ တွင် လေ့လာမည်)။
“တဖန် ဟန္နသည် ပဌနာစကားကို မြွက်ဆိုသည်ကား၊ ငါစိတ်နှလုံးသည် ထာဝရဘုရားကို အမှီပြု၍ ရွှင်လန်းလျှက်၊ ထာဝရဘုရားကြောင့် ဦး ချိုမြင့်လျှက်ရှိ၏။ ကယ်တင်ခြင်းကျေးဇူးတော်ကြောင့် ဝမ်းမြောက်၍ ရန် သူတို့အား ဝါကြွားသောစကားကိုပြောရ၏။ ထာဝရဘုရား သန့်ရှင်းတော် မူသကဲ့သို့ အဘယ်သူမျှ မသန့်ရှင်း။ ကိုယ်တော်မှတစ်ပါး အခြားသော ဘုရားမရှိ။ ငါတို့ဘုရားသခင်ကဲ့သို့ ခိုလှုံစရာမရှိ။ ကိုယ့်ကိုကိုယ် မချီးမြောက်ကြနှင့်။ ဝါကြွားစော်ကားသော စကားကို မပြောကြနှင့်။ အဓမ္မ စကားကို နှုတ်ထဲက မထွက်စေကြနှင့်။ အကြောင်းမူကား ထာဝရဘုရား သည် သဗ္ဗညုတဘုရားဖြစ်တော်မူ၏။ အမှုအရာတို့ကို ညီညွတ်တော် မူ၏။ သူရဲတို့ကိုင်သောလေးများကျိုးလျှက်၊ လဲတတ်သောသူတို့သည် ခွန်အားနှင့် ပြည့်စုံလျှက်ရှိကြ၏။ ဝစွာစားသောသူတို့သည် စားစရာကို ရခြင်းငှာ၊ သူလုပ်ရကြပြီ။ ငတ်မှတ်သော သူတို့မူကား တစ်ဖန်ကြပြီ။ မြဲသောသူသည် ခုနှစ်ကြိမ်တိုင်အောင် ဖွားမြင်ပြီး သားများသောသူမူကား တစ်ဖန်အားလျော့ပြီ။ ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက် ရှင်စေသောအခွင့်၊ မရဏာနိုင်ငံသို့နိမ့်ချသောအခွင့် ထမြောက်စေသော အခွင့်ရှိတော်မူ၏။ ဆင်းရဲစေခြင်းငှာလည်းကောင်း၊ ရတတ်စေခြင်းငှါ လည်းကောင်း၊ ထာဝရဘုရားပြု၍ နှိမ့်ချသောအခွင့်၊ ချီးမြောက်သော အခွင့် ရှိတော်မူ၏။ ဆင်းရဲသောသူကို မြေမှုန့်ထဲကလည်းကောင်း၊ ငတ် မွတ်သောသူကို နောက်ချေးပုံထဲကလည်းကောင်း၊ ချီးမြှောက်၍ မင်း သားတို့ နှင့်ထိုင်ရသောအခွင့်၊ ဘုန်းကြီးသောပလ္လင်ကို အမွေခံရသောအခွင့်ကို ပေးတော်မူ၏။ အကြောင်းမူကား မြေကြီးတိုင်တို့ကို ထာဝရ ဘုရားပိုင်၍ ထိုတိုင်တို့အပေါ်မှာ လောကဓာတ်ကို တည်တော်မူပြီ။ မိမိ သန့်ရှင်းသူတို့ ခြေကို စောင့်မတော်မူလိမ့်မည်။ မတရားသောသူတို့သည် မှောင်မိုက်၍ တိတ်ဆိတ်စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်းအဆအားဖြင့် အဘယ်သူမျှ မနိုင်ရာ။ ထာဝရဘုရားသည် ရန်သူတို့ကို ချိုတော်မူမည်။ သူတို့အပေါ်၌ မိုးကောင်းကင်မှ မိုးချုန်းစေတော်မူမည်။ ထာဝရဘုရား သည် မြေကြီးစွန်းတိုင်အောင် တရားစီရင်သဖြင့် ခန့်ထားတော်မူသော ရှင်ဘုရင်ကို ခွန်အား နှင့်ပြည့်စုံစေ၍ အထံတော်၌ ဘိသိက်ခံသောသူကို ချီးမြောက်တောမူမည် ဟု မြွက်ဆို၏”(၁ ရာ ၂း၁-၁၀)။
ဟန္န၏ ဆုတောင်းခြင်းသည် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ပြည့်စုံ သည်။ သူမ၏ဆုတောင်းချက်မှ တရားဟောချက်များနှင့် စာမျက်နှာမြောက် များစွာ ရေးနိုင်သည့်အချက်များစွာ ရှိသည်။ သို့သော် အကျဉ်းချုပ်ပြောလို သည်မှာ ဟန္နသည် ဘုရားသခင်၏နက်နဲသောအရာများကို သိခဲ့သည်။
ဥပမာအားဖြင့် သူမသည် ဘုရားသခင်၏သန့်ရှင်းခြင်း၊ ကောင်းမြတ် ခြင်း၊ အချုပ်အခြာအာဏာရှိခြင်း၊ တန်ခိုးတော်နှင့်ပညာ စသည့်တို့ကို ကောင်း မွန်စွာနားလည်ခဲ့သည်။ ထို့ပြင် သူမသည် ထာဝရဘုရားသခင်အား ကယ်တင် ရှင်ကဲ့သို့လည်းကောင်း၊ ဖန်ဆင်းရှင်ကဲ့သို့လည်းကောင်း၊ တရားစီရင်ပိုင်သော သူကဲ့သို့လည်းကောင်း ကိုးကွယ်ချီးမွမ်းခဲ့သည်။ လူသားတို့၏ အပြစ်တရား သို့ကျဆုံးခြင်းနှင့် လုံးဝဥသုံပျက်စီးခြင်း၊ မယုံကြည်ခြင်းနှင့် ပုန်ကန်ခြင်း၏ မိုက်မဲမှုကိုလည်း ဖော်ပြပြောဆိုခဲ့သည်။ ထို့ကြောင့် တိုတောင်းလှသော သူမ၏ ဆုတောင်းချက်သည် သီဩလော်ဂျီ (theology)နှင့် ပြည့်နေပြီး၊ ထာဝရဘုရား သခင်နှင့်ကျွမ်းဝင်ခြင်းမှ ရရှိခြင်းဖြစ်သည်။ သူမ၏ဆုတောင်းချက်မှာ ချစ်ခြင်း နှင့် အံ့ဩခြင်းများနှင့် ပြည့်နေသည်။ သူမသည် ဘုရားသခင်ကိုလည်းကောင်း၊ကောင်းကင်အရပ်၌ရှိသည်အရာများကိုလည်းကောင်း ချစ်မြတ်နိုးပြီး၊ ထိုချစ် ခြင်းကြောင့်လည်း မိခင်တစ်ပါးအဖြစ် ဆက်လက်ရှင်သန်လွှမ်းမိုးနေသည်။
၃။ မိသားစုအပေါ် သူမ၏ချစ်ခြင်းမေတ္တာ
တတိယမြောက် ဟန္ဒအကျင့်စရိုက်သည် အိမ်သားများနှင့် မိသားစု၌ အလေးထားမှုရှိသည်။ မိသားစုအပေါ် သူမ၏ချစ်ခြင်းမေတ္တာကို ၁ ရာ ၁ တွင် တွေ့ရသည်။ ဟန္နသည် ဧလကာန၌ ရှိသောချစ်ခြင်းမေတ္တာနှင့် ဧလကာ နသည်လည်း ဟန္န၌ထားသော ချစ်ခြင်းမေတ္တာကို ဖတ်ရသည်။ သူမသည် ပေနိန္ဒ၏နှောက်ယှက်ခြင်းများကို ကျော်လွန်နိုင်ခဲ့သည်။ သူမသည် မိခင်ဖြစ်လိုသောပြင်းပြသောဆန္ဒရှိခြင်းနှင့် ရှမွေလကို ကောင်းမွန်စွာ ငယ်သော အရွယ်မှ စ၍ ပြုစုခြင်းအားဖြင့် မိသားစုအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာသည် ထောက်ပလျက်ရှိသည်။
ဧလိနှင့် တဲတော်၌ တွေ့ဆုံပြီးနောက်၊ ဟန္ဒနှင့် ဧလကာနသည် မိမိတို့ အိမ်သို့ ပြန်သွားခဲ့ကြသည်။ “ထိုအခါ ဧလကာနသည် မယားဟန္နနှင့် ဆက်ဆံ၍ ထာဝရဘုရား အောက်မေ့တော်မူသဖြင့် ဟန္နသည် ပဋိသန္ဓေယူ၍ ကာလအချိန်စေ့သောအခါ သားယောက်ျားကို ဖွားမြင်ပြီးလျှင်၊ ထိုသားကို ထာဝရဘုရားထံ၌ ဆုတောင်းသောကြောင့် ရှမွေလအမည်ဖြင့် မှည့်လေ၏” (၁ ရာ ၁း၁၉-၂၀)။ “ရှမွေလ” ဟူသော အဓိပ္ပာယ်သည် မရှင်းလင်းပေ။ ဤ စကားလုံးသည် “ဘုရားသခင်၏နာမတော်” လည်းဖြစ်နိုင်သည်။ အချို့ကျမ်း တတ်ဆရာများက “ဘုရားသခင်ထံမှ တောင်းလျှောက်ခြင်း” (သို့) “ဘုရားသခင် သည် ဆုတောင်းသံကိုနားညောင်းတော်မူ၏” ဟု ဆိုကြသည်။ ဟေဗြဲဘာသာ တွင် “ရှမွေလ” ဟူသောစကားလုံးသည် “ဣရှမေလ” နာမည်နှင့် ဆင်တူပြီး၊ အနက်မှာ “ဘုရားသခင် ကြားတော်မူမည်”။ “ရှမွေလ”၏ အဓိပ္ပာယ်သည် မည်သည့်အရာဖြစ်ပါလေစေ၊ အဓိကအချက်မှာ ဘုရားသခင်သည် ဟန္န၏ ဆုတောင်းသံကိုနားညောင်းပြီး၊ သားကို ပေးတော်မူသည်။ ထို့ကြောင့် ရှမွေလ သည် ဆုတောင်းခြင်း၏အဖြေဖြစ်၍၊ ဟန္နစိတ်နှလုံးဆန္ဒ၏ ပြည့်စုံစေသော သူလည်း ဖြစ်သည်။
ထိုသို့ဖြင့် ဟန္နသည် ရှမွေလကို နှစ်အနည်းငယ်ခန့် မိမိကိုယ်တိုင် ပြုစုခဲ့သည်။ ကလေးမွေးဖွားပြီး ရှိလောမြို့သို့ ခရီးသွားရန်အချိန်စေ့သောအခါ၊ရှမွေလ နို့နှင့်ကွာပြီးမှသွားရန် ဟန္န ဆုံးဖြတ်ခဲ့သည်။ “ဟန္နက၊ နို့နှင့်ကွာပြီးမှ သူငယ်ကို ဆောင်သွားပါမည်။ ထိုအခါ သူသည် ထာဝရဘုရားရှေ့တော်သို့ ရောက်၍ အမြဲနေရလိမ့်မည်ဟုဆိုသည်” (၁း၂၂)။
သူမသည် သားရှမွေလနှင့်အတူ နေနိုင်မည့် နေ့ရက်တိုတောင်းလှ သည်ကို သိခဲ့သည်။ ထိုခေတ်တွင် မိခင်များသည် ကလေးကို သုံးနှစ်ထိတိုင်အောင် နို့တိုက်ပေးခဲ့ကြသည်။ ရှမွေလ၏ငယ်စဉ်ဘဝသည် ဟန္နအတွက် အ လွန်အရေးကြီးပြီး၊ သူ့ကိုကောင်းမွန်စွာ စောင့်ရှောက်ပြီးမှ မိမိပြုခဲ့သည့် ကတိ ကိုပြုရန် ဆုံးဖြတ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမသည် ရှမွေလအသက်တာကို ကောင်းအောင် ပဲ့ကိုင်နေသူလည်း ဖြစ်ခဲ့၏။ အိမ်မှနေ၍ စံပြမိခင်သဖွယ် မိခင်တစ်ဦး လုပ်ဆောင်ရန်အဖို့အတာများ လုပ်ဆောင်ခဲ့သည်။ ထိုအရာမှာ ပြုစုပျိုးထောင်ခြင်း၊ ဂရုစိုက်ခြင်း၊ ဘဝအခြေခံအကြောင်းတရားများကို သင်ပေးခြင်းနှင့် ဉာဏ်ပညာ တို့ကို မှတ်ယူရန် လေ့ကျင့်ပေးခြင်းဖြစ်သည်။ ထာဝရဘုရား (YHWH) အကြောင်းကိုလည်း သင်ပေးခဲ့သည်။ သူမ၏ အိမ်မှုပတ်ဝန်းကျင်ကို စိတ်ချလုံခြုံ စွာ သင်ယူကြီးထွားသောနေရာအဖြစ် ဖန်တီးခဲ့သည်။ ရှမွေလကို ဂရုတစိုက် လမ်းညွှန် သင်ကြားလေ့လာခြင်းများ လုပ်ဆောင်ပြီး သူ၏စိတ်ဝင်စားသော အရာများကိုလည်း ကူညီပုံဖော်ပေးခဲ့သည်။
ကလေးတစ်ဦး၏ ပင်ကိုယ်စရိုက် ၉၀% ခန့်သည် ငယ်ရွယ်သော အသက်အရွယ်၌ ပုံစံသွင်းခြင်းမှ ဖြစ်သည်ကို ဟန္နနားလည်ခဲ့သည်။ “သူငယ် သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည် အိုသောအခါ ထိုလမ်း၊ မှမလွှဲ လိုက်သွားလိမ့်မည်” (သု ၂၂း၆)။ ရှမွေလအသက်တာကို အသက်အရွယ် မှစ၍ ပုံသွင်းခြင်းအားဖြင့် ဟန္နသည် သူ့ကိုတစ်သက်လုံး ဘုရားသခင် အိမ်တော်၌ အမွန်မြတ်ဆုံးသောအမှုတော်ဆောင်ရန် ပြင်ဆင်ပေးခဲ့သည်။ ရှမွေလသည်လည်း ဉာဏ်ပညာ၌ ကြီးထွားလာခဲ့သည်။ သူ၏ငယ်စဉ်က သင်ယူခဲ့သည့်သင်ခန်းစာမှ ဘယ်တော့မှမလွဲဘဲ အသက်ကြီးသည့်တိုင်အောင် လိုက်နာခဲ့သည်။ သူ၏အားနည်းချက်တစ်ခုမှာ၊ သူအသက်ကြီးလာပြီး မိမိ၏သားများကို အုပ်ချုပ်သူများအဖြစ်ခန့်အပ်ခြင်းဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သူ့သားများသည် ဖခင်ကဲ့သို့မဟုတ်ဘဲ၊ မတရားစွာဖြင့် တရားစီရင်ကြ သောကြောင့်ဖြစ်သည် (၁ ရာ ၈း၁-၃)။ ထိုအားနည်းချက်သည်လည်း မိခင် ကြီးဟန္နကြောင့်မဟုတ်ဘဲ၊ ဧလိ၏လွှမ်းမိုးခြင်းကြောင့် ဖြစ်နိုင်သည်။
အိမ်ထောင်မိသားစုနှင့် မိခင်ဖြစ်ခြင်းအတွက် ဟန္န၏ဆက်ကပ်ခြင်း သည် အတုယူစရာဖြစ်သည်။ သူမ၏သားရှမွေလအတွက် သူမ၏ဆက်ကပ် ခြင်းနှင့် ရှမွေလအား တသက်လုံးတဲတော်၌ အမှုဆောင်ရန်အပ်နှံခြင်းတို့သည် မှတ်သားဖွယ်ရာဖြစ်ပေသည်။ သူမအနေဖြင့် ချစ်ခင်မြတ်နိုးသောအရွယ် ရှမွေ လကို စေလွှတ်ခြင်းသည် အလွန်နာကြင်ခဲ့လိမ့်မည်။ တဲတော်သည် သူနေသော အဆောင်ဖြစ်လာပြီး၊ ယဇ်ပုရောဟိတ် ဧလိသည် သူ၏ ဆရာဖြစ်လာသည်။ သို့သော် ရှမွေလအတွက် ဝိညာဉ်ရေးအားနည်းသောသူ ဧလိ၏လွှမ်းမိုးခြင်း ထက် ဟန္န၏လွှမ်းမိုးခြင်းသည် သာ၍ထိရောက်မှု ရှိသည်။
ဟန္နသည် အတတ်နိုင်ဆုံး ရှမွေလထံသို့ခရီးသွားပြီး၊ အဝေးမှစောင့် ရှောက်ခဲ့သည်။ သူမနှင့် ခင်ပွန်း ဧလကာနသည် ရှိလောမြို့သို့ အကြိမ်ကြိမ် ခရီးသွားကြပြီး၊ သားရှမွေလနှင့်အတူ နေသောရက်များကိုလည်း တိုးခဲ့သည်။ “နှစ်စဉ်ပြုရသောယဇ်ကိုပူဇော်ခြင်းငှါ၊ သူ၏မိဘသည် ရောက်လာသောအခါ၊ အမိသည် တစ်နှစ်မပြတ် သားအဘို့ အကျီငယ်ကိုချုပ်၍ ဆောင်ခဲ့တတ်၏” (၁ ရာ ၂း၁၉)။ “နှစ်စဉ်” ဟု ဆိုခြင်းမှာ “တစ်နှစ်ကိုတစ်ကြိမ်” ကိုမဆိုလို။ မိဘတို့သည် သစ္စာရှိစွာပုံမှန်ခရီးသွားခြင်းကို ဆိုလိုသည်။ ရှမွေလ အသက် အရွယ် ကူးပြောင်းသောနှစ်ကာလပတ်လုံး ဟန္နသည် မိခင်ကောင်းတစ်ဦးကဲ့သို့ ဆက်လက်လွှမ်းမိုးရန်လုပ်ခဲ့လေသည်။
ကျမ်းစာတွင် ဘုရားသခင်သည် ဟန္နကိုကောင်းချီးပေး၍ သားသမီး (၅)ယောက် “သားသုံးယောက်နှင့် သမီးနှစ်ယောက်” ကို ထပ်မံပေးခဲ့သည်။ သူမ၏အိမ်သည် ချမ်းသာခြင်းနှင့်ပြည့်ခဲ့သည်။ သူမ၏လိုချင်သော အရာကို လည်း ထာဝရဘုရားပေးခဲ့သည်။ ဘုရားသခင်အပေါ်၊ ခင်ပွန်းအပေါ်၊ မိသား အပေါ် ထားရှိသော သူမ၏ချစ်ခြင်းမေတ္တာသည် မိခင်တိုင်းအတွက် အတုယူစရာဖြစ်သည်။ သူမ၏ထူးကဲသောအသက်တာသည် ယနေ့အမျိုးသမီးများ အတွက် ပုံသက်သေကောင်းဖြစ်သည်။ မိခင်တိုင်းသည်လည်း မိမိတို့အိမ်၌ ဘုရားသခင်ဘုန်းတော်ထင်ရှားစေရန်နှင့် မှောင်မိုက်နေသောပတ်ဝန်းကျင်တွင် အလင်းလင်းစေရန် ဟန္ဒ၏အသက်တာမှ သင်ယူရမည်။ ဟန္နသည် ထာဝရ ဘုရားသခင်၌ လုံးဝဆက်ကပ်သောကြောင့် ဘုရားသခင်သည်လည်း သူ့အ သက်တာအားဖြင့် ကြီးမားသောအမှုကို ပြုတော်မူသကဲ့သို့၊ ယနေ့ယုံကြည် သူတို့သည်လည်း ဟန္န၏သားသမီးများဖြစ်ကြရန် ဆုမွန်တောင်းပေးလျှက် နိဂုံးချုပ်ပါသည်။
(၆)
မာရီ – အမျိုးသမီးအများထဲမှ ကောင်းကြီးမင်္ဂလာခံရသောသူ
“ထိုသတို့သမီးကညာကား မာရိအမည်ရှိ၏။ ကောင်းကင်တမန်သည် ရောက် လာလျှင် ကျေးဇူးတော်ကိုခံရသော မိန်းမ၊ သင့်အား မင်္ဂလာဖြစ်စေသတည်း။”
လုကာ ၁း၂၇-၂၈
သမ္မာကျမ်းရှိ သာလွန်ထူးကဲသော အမျိုးသမီးများအနက် အမျိုးသမီး တစ်ဦးသည် တစ်ခြားသော အမျိုးသမီးများထက် ကောင်းချီးမင်္ဂလာ ခံစားရဆုံး သူ၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရဆုံးသူနှင့် တစ်လောကလုံး၏ လေးစားမြတ်နိုးခြင်း ခံရဆုံးသောသူဖြစ်သည်။ စင်စစ်၊ မာရိ ထက်ပို၍ မှတ်သား အပ်သော အမျိုးသမီးမရှိပါ။ သူမသည် ဘုရားသခင်၏ အစိုးရခြင်းဖြင့် မွေးဖွား ဖူးသော အမျိုးသမီးအများထဲမှ ရွေးချယ်ခံရသူဖြစ်သည်။ သူမသည် လောကသို့ မေရှိယကြွလာဖို့ရန် အသုံးတော်ခံသော ဘုရားသခင်၏ တစ်ခုတည်းသော တန်ဆာပလာဖြစ်သည်။
မာရိ ကိုယ်တိုင်က နောင်ကာလတွင် ခပ်သိမ်းသောလူမျိုး အစဉ်အ ဆက်တို့သည် ငါ့ကို မင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု သက်သေခံ သည် (လု ၁း၄၈)။ ၄င်းမှာ သူမသည် အလွန်စင်ကြယ်၍ မွန်မြတ်ထူးခြားသော သူဖြစ်သောကြောင့်မဟုတ်ဘဲ၊ ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော် ကြောင့်သာဖြစ်သည်။
မာရိသည် သာလွန်ထူးကဲသော အမျိုးသမီးတစ်ယောက်အဖြစ် သိမှတ်ပြီး လိုအပ်သည်ထက် အလွန်အကျွံ မချီးမြှင့်ဖို့လည်း သတိပေးစကား တစ်ခွန်းပြောလျှင် သင့်လျော်ပေမည်။ သူမသည် အမျိုးသမီးတစ်ဦးသာဖြစ်ပြီး နတ်တစ်ပိုင်း လူတစ်ပိုင်းမဟုတ် လူသားမျိုးနွယ်တစ်ခုလုံးကို ပြောင်းလဲစေသော သူ မဟုတ်ပေ။ သူမသည် ကောင်းချီးမင်္ဂလာခံရသောသူဟု ဆိုရခြင်းမှာ သူမ ထံ ကောင်းချီးမင်္ဂလာတောင်းလျှောက်နိုင်ခြင်းမဟုတ်ပေ။ သို့သော် သူမကိုယ် တိုင်က ဘုရားသခင်ထံမှ အမြင့်ဆုံးသောကောင်းချီးကို ခံစားရခြင်းဖြစ်သည်။ သမ္မာကျမ်းစာ၌ သူမကို ကျေးဇူးတော်၏ အရင်းအမြစ် (သို့) လမ်းကြောင်း အဖြစ်မဖော်ဘဲ သူမကိုယ်တိုင်က ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ခံစားရ သူဖြစ်သည်။ မာရိမဟုတ်၊ သူမ၏ သားသည် ကျေးဇူးတော်၏ အရင်းအမြစ် ဖြစ်သည် (ဆာ ၇၂း၁၇)။ သူသည် ကာလကြည်ရှည်စွာ စောင့်ဆိုင်းခဲ့ရသော ပဋိညာဉ်တော်၌ ဂတိထားသော အာဗြဟံ၏ မျိုးစေ့ဖြစ်သည်။ “သင်၏အမျိုး အနွယ်အားဖြင့် လူအပေါင်းတို့သည် ကောင်းချီးမင်္ဂလာကိုခံရကြလိမ့်မည်” (က ၂၂း၁၈)။
သမ္မာကျမ်းစာအပြင် ဘာသာရေး အစဉ်အလာများနှင့် အယူသီး ၊ သော စိတ်ရှိသူများက မာရိကို ဂုဏ်ပြုသင့်ထက် ကျော်လွန်၍ ချီးမြှောက်ကြ သည်။ ဘာသာရေးအယူဝါဒတစ်ခုအတွက် ကြည်ညိုလေးစားပြီး ဘုရားနေရာ ၌ထားကြသည်။ ဘုရားသခင်သာ ပိုင်ဆိုင်သော ဂုဏ်ပုဒ်များနှင့် ပင်ကိုယ် အရည်အချင်းများကို ပေးကြသည်။ ကာလကြာရှည်စွာ ရိုးရာအစဉ်အလာတွင် စိတ်ဓာတ်ပြင်းထန်သောသူတို့သည် သမိုင်းတစ်လျှောက်တွင် သူမကို ဘုရား နေရာ၌ ချီးမြှောက်ကြသည်။ ဝမ်းနည်းဖွယ်ကောင်းစွာပင် ယခုခေတ်၌လည်းလူသန်းပေါင်းများစွာတို့သည် ခရစ်တော်မဟုတ်ဘဲ မာရိကို အဓိကထား၍ ကိုးကွယ်ကြသည်။ သူတို့သည် မာရိကို ခရစ်တော်ထက် ပို၍ ချည်းကပ်လွယ်ပြီး သနားကြင်နာတတ်သည် ယူဆကြသည်။ သူတို့သည် သူမကို ပြည့်စုံသော မက်ဒေါနာကဲ့သို့ ရိုသေလေးမြတ်ကြပြီး မူလအပြစ်တရားသည် သူမနှင့်ကင်း ရှင်းသည်ဟူ၍လည်းကောင်း၊ ခရစ်တော်နှင့်အတူ ရွေးနုတ်ကယ်တင်ခြင်း ပြု သည်ဟု ယူဆကြသည်။ ကက်သလစ်တရားဝါဒတွင် မာရိသည် သေခြင်းကို မရင်ဆိုင်ရဘဲ ခန္ဓာကိုယ်အားဖြင့် ချီဆောင်ခြင်းခံရပြီး “ကောင်းကင် ဘုရင်မ” ဟူသော ဘွဲ့အမည်နာမကို ဆောင်နှင်းသည်ဟု သွန်သင်သည်။ သူမ၏ ကဏ္ဍ မှာ ကက်သလစ်ပုံပြင်အရ ကြားဝင်ဖျန်ဖြေသူနှင့် မိမိတို့ကိုယ်စားဆုတောင်းပေး သူဖြစ်သည်။ ထို့ကြောင့် များစွာသောလူတို့သည် ဘုရားသခင်တစ်ပါးတည်းထံ ဆုမတောင်းကြတော့ဘဲ မာရိသည် နေရာတိုင်းတွင်ရှိသောသူဖြစ်ပြီး အရာ ခပ်သိမ်းကိုသိသောသူကဲ့ပင်ယူဆကာ သူမထံ ဆုတောင်းကြသည်။
မာရိ၏ ရုပ်သွင်သည် ပုံမှန် ထွက်ပေါ်လေ့ရှိသည်ဟု လူသားအများ စုက အစွဲလမ်းကြီးစွာ စိတ်ကူးယဉ်ကြသည်။ ထိုသို့ ပေါ်ထွက်လာခြင်းအားဖြင့် သူမသည် ဤကမ္ဘာသို့ ပရောဖက်ပြုချက်တစ်ခုခု ယူဆောင်လာသည်ဟု ယုံ ကြည်ကြသည်။ ထိုသို့ မာရိ၏ ရုပ်သွင်ပေါ်ထွက်ခြင်းပုံစံသည် တစ်ခါတစ်ရံတွင် ရယ်စရာကောင်းလှပါသည်။ ၂၀၀၄ နိုဝင်ဘာတွင် နံစော်နေသော ဒိန်ခဲ (ချီးစ်) ကင်အသားညှပ်ပေါင်မုန့်၌ မာရိ၏ ပုံရိပ်ကိုလောင်ကျွမ်းသော အမှတ်အသား နှင့် တွေ့ရသောကြောင့် အမေရိကန်ဒေါ်လာ ၂၈ဝဝဝ ဖြင့် ရောင်းချခဲ့ရသည်။ လအနည်းငယ်ကြာသောအခါ တစ်စုံတစ်ယောက်က တံတားနံရံပေါ်တွင် ဆားမှုန့်များဖြင့် သူမ၏ ရုပ်ပုံစံကို မြင်ရသည်ဟု ပြောဆိုသောကြောင့် ချီကာ ဂိုမြို့၌ လူသွားလမ်းတွင် ထောင်ပေါင်းများစွာသော မာရိကို ကိုးကွယ်သူ လူများ စွာတို့သည် မာရိအားအထွဋ်အမြတ်ထားသော ယာယီဗိမာန်ကို တည်ဆောက် ခဲ့ကြသည်။
ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ထက် မာရိအပေါ် ဆက်ကပ်သူ သိပ်ရှိ မည်မဟုတ်ပါ။ သူ၏ လုံးလုံးလျားလျား ဆက်ကပ်မူကို သူကြေငြာခဲ့သည်။
သူ၏ ပုပ်ရဟန်းအသက်တာတစ်ခုလုံးကို ဆက်ကပ်ပြီး ပုပ်ရဟန်း ဝတ်ရုံတိုင်း၌ မာရိကို ရည်ညွှန်း၍ “M” ဟူသော စာသားကို အမွှမ်းတင်တန်ဆာဆင် ရေး သားသည်။ သူသည် သူမထံဆုတောင်းပဌနာပြုသည်။ သူ့ကို ကယ်တင်သည်ဟု ဆိုသည်။ သူ၏ ဆုတောင်း ရောမကစ်သလစ်အသင်းတော်ကိုလည်း သူမ၏ လက်ထဲသို့ ဆက်ကပ်ခဲ့သည်။ ရောမသည် မိရိအံ၏ မှားယွင်းသော ယုံကြည် ချက်များကို ကာလကြာရှည်စွာ စောင့်ထိန်းခဲ့သည်။ ကစ်သလစ်အသင်းတော် များသည် မာရိအား ကြီးမားစွာ အရိုအသေပေးကြပြီး မယ်တော်ကို ကိုးကွယ် ခြင်းဖြင့် ဗဟိုကျသောခရစ်တော်၏ မြင့်မြတ်ခြင်းကို လျစ်လျူရှုခဲ့ကြသည်။
ထိုသို့သော မာရိအား ကြည်ညိုလေးစား၍ ကိုးကွယ်ခြင်းသည် သမ္မာ ကျမ်းစာ၏ အမိန့်စေခိုင်းချက်မပါရှိပေ။ စင်စစ် ၄င်းတို့သည် သမ္မာကျမ်းစာ၏ သွန်သင်ချက်နှင့် ကွဲလွဲနေသည် (ဗျာ ၉း၁၀)။ သို့သော် မာရိကို ကိုးကွယ်ခြင်းအ မှုသည် အသစ်အဆန်းတော့မဟုတ်ပေ။ သခင်ယေရူ၏ လောကတွင် အမှုဆောင်သည့် ကာလအတွင်း၌ပင် မာရိသည် သခင်ယေရှု၏ မယ်တော်ဖြစ် သောကြောင့် သူမကို အရိုအသေပေးခဲ့ကြသည်။ သမ္မာကျမ်းတွင် အဖြစ်အ ပျက်တစ်ခု၌ လူအစုအဝေး အလယ်၌ အမျိုးသမီးတစ်ဦးသည် ဟစ်ကြွေး၍ သခင်ယေရူကို “ကိုယ်တော်ကို လွယ်သော ဝမ်းစို့တော်မူသော သားမြတ်သည် မင်္ဂလာရှိပါ၏” ဟုလျှောက်ဆိုသည်။
သခင်ယေရှုက ဆုံးမသံဖြင့် ပြန်တုံ့ပြန်ခဲ့သည်မှာ၊ “ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာ၍ ကျင့်စောင့်သောသူသည် မြတ်စွာသော မင်္ဂ လာရှိသည်ဟု မိန့်တော်မူ၏” (လု ၁၁း၂၇-၂၈)။
မာရိကိုယ်တိုင်သည် နှိမ့်ချလျက်ရှိပြီး သခင်ယေရှု၏ သက်တော်စဉ် မှတ်တမ်းဖြစ်သော ခရစ်ဝင်ကျမ်းများတွင် အကြီးအကျယ် ဖော်ပြခြင်းမရှိပေ။ မာရိအကြောင်း ဒဏ္ဍာရီများကိုလည်း ကျမ်းစာက မမှန်ကန်အကြောင်း ထောက် ပြသည်။ ဥပမာ သူမသည် ရာသက်ပန်အပျိုကညာ အဖြစ်ရှိသည်ဟု ဆိုခြင်း၊ သည် ကျမ်းစာတွင်ဖော်ပြထားသော သခင်ယေရှု၏ ဝမ်းကွဲညီများအကြောင်း နှင့် ကိုက်ညီမှုမရှိပေ။ ထို့အပြင် သူတို့၏ မိဘများအဖြစ် မာရိနှင့် ယောသပ်ကိုဖော်ပြသည်။ “သူ၏ မိခင်ဖြစ်၍ သူသည် လက်သမားသား မဟုတ်လော။ သူ့အမိကား မာရိအမည်ရှိသည် မဟုတ်လော။ သူ့ညီကား ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟုဆိုကြသည်မဟုတ်လော” (မ ၁၃း၅၅)။ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၂၅ တွင် ယောသပ်က “သားဦးကို မဖွားမီတိုင်အောင်” မာရိနှင့် သံဝါသ မပြုဘဲနေ၏ဟုသာ ဖော်ပြထားသည်။ ကျမ်းစာကို ရိုးရိုးဖတ်ရုံနှင့်ပင် မာရိသည် ရာသက်ပန် အပျိုစင်ဖြစ်ကြောင်းကို ထောက်ခံဖို့ရန် မဖြစ်နိုင်ပေ။
မာရိ၏ သန္ဓေတည်ခြင်းသာ ခြောက်ပြစ်ကင်းသန့်စင်ပြီး သူမသည် အပြစ်ကင်းစင်သည်ဟု ယူဆခြင်းသည် သမ္မာကျမ်းစာအခြေခံထားခြင်းမရှိပေ။ မာရိသည် ထာဝရဘုရားအား ချီးမွမ်းရာတွင် အစပိုင်း၌ “ကယ်တင်ရှင်” ဟုခေါ် ဝေါ်သည်။ ထိုသို့ သူမသည် ကယ်တင်ခြင်းလိုအပ်ကြောင်း သူမကိုယ်တိုင်ပြော ဆိုသည်။ ထိုကျမ်းချက်၏ ရှေ့နောက်ဆက်စပ်မူတွင် အပြစ်မှ ကယ်တင်ခြင်းကို သာ ဆိုလိုနိုင်သည်။ မာရိသည် သူမ၏ အပြစ်သားဖြစ်ခြင်းကို ဝန်ခံပြောဆို သည်။
စင်စစ်၊ မာရိ၏ အသက်တာကို ပုံဖော်ကြည့်မည်ဆိုလျှင် သာမန်မိန်းက လေးတစ်ဦးဖြစ်ပြီး လယ်ယာစိုက်ပျိုးသော အလုပ်နှင့် ယုဒပြည်၌ နေထိုင်သည်။ သူမသည် လက်သမား အလုပ်နှင့် အသက်မွေးသောသူတစ်ဦးနှင့် စေ့စပ်ထား သူဖြစ်သည်။ သင်သည် မာရိကို သူမတွင် အံ့ဩဖွယ်ရာ သန္ဓေတည်ခြင်းမရှိခင် ရှိသောရိုးရိုးသာမန် မိန်းကလေးအဖြစ်တွေ့မြင်ခဲ့ပါက သူမကို ခရစ်တော်၏ မယ်တော်အဖြစ် ထင်မှတ်ခဲ့မည်မဟုတ်ပေ။ သူမ၏ အသက်တာသည် ရိုးရှင်း လှပေမည်။ သူမ၏ နောက်ခံ သမိုင်းနှင့် လူမှုပတ်ဝန်းကျင်တွင် ရှိနေခဲ့ပုံကို ကြည့်လျှင် သူမ၏ နောက်ပိုင်း ဘဝအတွေ့အကြုံနှင့် မအပ်စပ်ပေ။ သူမသည် သာလွန်ထူးကဲသော အမျိုးသမီးတစ်ဦးဖြစ်စေရန် မယူဆမိမည်မှာ အမှန်ပင် ဖြစ်သည်။
မာရိ၏ အမွေအနှစ်
မာရိတွင် ထင်ရှားသော ဘိုးဘေးအချို့ရှိသည်။ ရှင်လုကာသည် သူမ ၏ ဆွေစဉ်မျိုးဆက်စာရင်းကို အသေးစိတ်ဖော်ပြသည် (လု ၃း၂၃-၃၈)။ ထိ နည်းတူ ရှင်မသဲက ယောသပ်၏မျိုးဆက်ကိုလည်း ဖော်ပြထားသည် (မ ၁း၁-၁၆)။ ယောသပ်နှင့် မာရိတို့နှစ်ဦးစလုံးသည် ဒါဝိဒ်၏ မျိုးရိုးမှ ဆင်းသက် သည်။ မာရိ၏ မျိုးရိုးကို ဒါဝိဒ်၏သား နာသန်မှ ဆွဲယူနိုင်သည်။ ယောသပ်၏ မျိုးရိုးမှာ မင်းမျိုးနွယ်မှဖြစ် ဘုရင်မျိုးနွယ် ရှောလမုန်မှ ဆင်းသက်သည်။ ထိုသို့ဖြင့် ခရစ်တော်သည် သူ၏ ပထွေးအားဖြင့် ဒါဝိဒ်၏ ပလ္လင်တော်ကို အမွေဆက်ခံရ သည်။ ၄င်းသည် သူ၏ သားဦးအရာဖြင့် အမွေခံခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ် စေ သခင်ယေရှုနှင့် ဒါဝိဒ်၏ သွေးသားဆက်စပ်မှုမှာ ဒါဝိဒ်မျိုးနွယ်မှ ဆင်းသက် လာသော မာရိအားဖြင့် ဖြစ်သည်။
ရှင်မသဲသည် ခရစ်တော်၏မျိုးဆက်စာရင်းတွင် မြောက်မြားစွာသော အမျိုးသမီးများကို ထည့်သွင်းဖော်ပြသည်ကို သတိပြုရပါမည်။ ဤအမျိုးသမီး များအားလုံးတို့သည် အာဗြဟံနှင့် ဒါဝိဒ်တို့ကြားတွင် ဝင်ရောက်လာသောကြောင့် ရာခပ်နှင့်ရုသ အပါအဝင် သူတို့အားလုံးသည် ယောသပ်နှင့် မာရိတို့၏ ဘိုးဘေးများဖြစ်ကြသည်။ စာရာ (ဓမ္မသစ်ကျမ်းဆွေတော်စဉ် မျိုးတော်ဆက်စာ ရင်းတွင် မပါရှိသော်လည်း)သည် ဣဇက်၏ မိခင်ဖြစ်ပြီး အာဗြဟံ၏ ဇနီးဖြစ် သည်ကိုလည်း မှတ်သားအပ်ပေသည်။ ထို့အပြင် ဧဝသည် အသက်ရှင်သော လူသားအားလုံး၏ မိခင်ဖြစ်သည်။ ထို့ကြောင့် ဟန္နမှ လွဲ၍ ကျွန်ုပ်တို့လေ့လာခဲ့သော သာလွန်ထူးကဲသော အမျိုးသမီးအားလုံးတို့သည် မာရိ၏ ဘိုးဘေးများ ဖြစ်ကြသည်။ မာရိသည် ထိုအမျိုးသမီးများကဲ့သို့သော ကောင်းသော စရိုက် မျိုးကို ဆက်ခံလာဟန်ရှိသည်။ (ကျွန်ုပ်တို့ အထက်ကလေ့လာမည့် ဟန္န၏ စရိုက်နှင့်လည်း ဆင်တူမူရှိသည်။) အရေးကြီးဆုံးသောအချက်မှာ သူမ၏ သာလွန်ထူးကဲသော ယုံကြည်ခြင်းသည် သခင်ယေရှု ကောင်းချီးပေးသော ယုံကြည်ခြင်းမျိုးဖြစ်သည်။ သူမသည် စိတ်နှလုံးဖြူစင်သူ၊ စိတ်ဓာတ်ပြင်းပြစွာဝတ်ပြုကိုးကွယ်သူ၊ ကလေးသူငယ်ကဲ့သို့ ဘုရားသခင်ကို ယုံကြည်သူနှင့် ဘုရားသခင်ကို လုံးလုံးလျားလျား မှီခိုသူဖြစ်သည်။
ထို့နောက် မာရိသည် မမျှော်လင့်ဘဲ သူမဘိုးဘေးများ စောင့်နေခဲ့ ကြသော မေရှိယဆင်းသက်လာခြင်းကို ပြည့်စုံဖို့ရန်အတွက် အသုံးတော်ခံသူ ဖြစ်လာခဲ့သည်။ သူမသည် ဂတိထားတော်မူသော ရွေးနုတ်ကယ်တင်သော အရှင်၏ မိခင်ဖြစ်လာသတည်း။
သူမ၏ဘဝကို ပြောင်းလဲစေသော ကြေငြာချက်
ရှင်လုကာခရစ်ဝင်ကျမ်းတွင် မာရိအကြောင်းကို ဦးစွာတွေ့ရသည့် နေရာတွင် ကောင်းကင်တမန်သည် သူမထံ လာရောက်၍ ဘုရားသခင်၏ အံ့သြ ဖွယ်ရာအကြံအစည်များကို ပြောကြားခဲ့သည်။ ကျမ်းစာပြောပြချက်မှာ “ဘုရားသခင်သည် ကောင်းကင်တမန် ဂါဗြလအား ဂါလိလဲနယ်၊ နာဇရက် ဟုခေါ်သော မြို့၌ရှိသည့် အပျိုကညာတစ်ဦးထံသို့ စေလွှတ်တော်မူ၏။ ထို အပျိုကညာသည် ဒါဝိဒ်အမျိုး၊ ယောသပ်အမည်ရှိသောသူနှင့် စေ့စပ်ထားသူ ဖြစ်ပြီး၊ သူ၏နာမည်မှာ မာရိဖြစ်၏” (လု ၁း၂၆-၂၇)။
“မာရိ” ဟူသော စကားလုံးသည် ဟေဗြဲစကားတွင် “မိရိအံ”နှင့်တူ သည်။ ထိုအမည်သည် ဟေဗြဲစကား “ခါးသော” ဟူသည့် ဝေါဟာရမှ ဆင်း သက်ခဲ့သည်။ (ရုသဝတ္တု၌တွေ့ရသည့်အတိုင်း ယောက္ခမနောမိသည် “မာရ” ဟု ခေါ်ပါဆိုကာ သူမကြုံတွေ့ခဲ့ရသော စုံစမ်းနှောင့်ယှက်ခြင်းများ၏ ခါးသီးမူကို ရည်ညွှန်းသည်။) မာရိ၏ ငယ်ဘဝတွင် ခါးသီးသော အတွေ့အကြုံများ ရှိခဲ့ခြင်း ဖြစ်နိုင်သည်။ သူမ၏မွေးရပ်မြေမှာ ဂါလိလဲပြည်ဖြစ်ပြီး မဖွံ့ဖြိုးသေးသော ဒေ သဖြစ်သည်။ တပည့်တော်တစ်ယောက်သည် နာဇရက်မြို့ကို အထင်သေးခဲ့ကြောင်း သင်မှတ်မိလိမ့်မည်။ ဖိလိပ္စုသည် နာသနေလထံ နာဇရက်မှ မေရှိယ၊ ဘိသိတ်ခံရသော ဂါလိလဲလူကိုတွေ့ခဲ့ကြောင်း ပြောပြသည့်အခါ နာသနေလ က လှောင်ပြောခဲ့သည်မှာ “နာဇရက်မြို့ထဲက ကောင်းသောအရာ တစုံတခုမျှထွက်နိုင်သလော”ဟု မေးခဲ့သည် (ယော ၁း၄၅-၄၆)။ မာရိသည် ထိုသို့ ကောင်းသောအရာ ထွက်ခဲသော နေရာဖြစ်သည့် နာဇရက်မြို့တွင် တစ်သက်လုံး နေထိုင်ခဲ့သည်။
မာရိ၏ နောက်ကြောင်း အသေးစိတ်ကို သမ္မာကျမ်း၌ အနည်းငယ် သာ ရေးသားထားသည်။ ယော ၁၉း၂၅ အရ မယ်တော်မာရိတွင် ညီမတစ် ယောက်ရှိသည်။ သူမ၏ညီ မည်သူဆိုတာ သိနိုင်လောက်အောင် သူမအကြောင်းကို အမြောက်အမြား ဖော်ပြထားခြင်းမရှိပေ။ သို့သော် သူမ၏ ညီမ ကိုယ်တိုင်သည် သခင်ယေရှု၏ ရင်းနှီးသော တပည့်တော်တစ်ဦးဖြစ်ပြီး ယေရှု၏ လက်ဝါးကပ်တိုင်ပေါ်အသေခံသည့်နေရာ၌ အခြားသစ္စာရှိသော အမျိုးသမီး များနှင့် အတူရှိနေခဲ့သည်။ မာရိသည် နှစ်ခြင်းဆရာယောဟန်၏ မိခင် ဧလိရှဗက်နှင့်လည်း ဆွေမျိုးတော်စပ်၏ (လု ၁း၃၆)။ သူတို့နှစ်ဦး၏ ရင်းနှီးတော်စပ်ပုံကို တိကျစွာ ဖော်ပြခြင်းမရှိပေ။ ညီမဝမ်းကွဲ သို့မဟုတ် ဧလိရှဖက် သည် မာရိ၏ ဒေါ်လေး ဖြစ်နိုင်သည်ဟု ဆိုသည်။ ရှင်လုကာခရစ်ဝင်ကျမ်း၌ “ဧလိရှဖက် အသက်အရွယ်ကြီးရင့်ပြီးသော်”ဟု ရေးသားထားသည်။ တစ် ဖက်တွင် မာရိသည် ငယ်ရွယ်သောသူ ဖြစ်သည်။
စင်စစ် ကောင်းကင်တမန်သည် မာရိထံထိုသတင်းကောင်းကို ကြား ပြောစဉ် သူမသည် ဆယ်ကျော်သက်အရွယ်မျှပင် ရှိသေးသည်။ ထိုခေတ်ထုံးစံ အရ အမျိုးသမီးများသည် အသက်တစ်ဆယ့်သုံးနှစ်ခန့်တွင်ပင် လက်ထပ်ထိမ်း မြားရန် စေ့စပ်လေ့ရှိသည်။ လက်ထပ်မင်္ဂလာသည် သတို့သားမိဘများမှ စီစဉ်၍ သတို့သမီးလောင်း၏ ဖခင်ထံသွားရောက်တောင်းဆိုရသည်။ မာရိ သည် ယောသပ်နှင့် စေ့စပ်ထားသူဖြစ်ပြီး ယောသပ်အကြောင်း လက်သမား တစ်ယောက် (မာ ၆း၃) နှင့် ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်ကြောင်း (မ ၁း၁၉)မှ လွဲ၍ ဘာမှမသိရပေ။
မာရိသည် သခင်ယေရှုကို အံ့သြဖွယ်ကောင်းစွာ ပဋိသန္ဓေယူစဉ်တွင် သူမသည်အပျိုကညာဖြစ်သည်ကို ကျမ်းစာက အလွန်ရှင်းလင်းစွာ ဖော်ပြထား သည်။ လု ၁း၂၇တွင် သတို့သမီးကညာဟူ၍ ကျမ်းစာက နှစ်ကြိမ်တိုင်အောင်ခေါ်ဆိုသည်။ အသုံးပြုသော ဂရိဝေါဟာရသည် ရှင်းလင်းပြီး ရှုပ်ထွေးသော အဓိပ္ပာယ် မရှိပေ။ သမ္မာကျမ်း၏ ရှင်းလင်းစွာပြောဆိုချက်နှင့် မာရိ၏ သက် သေခံချက်အရ သူမသည် မည်သည့် ယောက်ျားနှင့်မျှ ရှက်တင်ခြင်းမရှိပေ။ သူမသည် ယောသပ်နှင့် စေ့စပ်ထားခြင်း “ကစ်ဒူရှင်း (Kiddushin)”ဟု ဟေဗြဲ ရိုးရာအရ တရားဝင် အသိအမှတ်ပြုကြသည်။ ထိုသို့စေ့စပ်ခြင်းသည် တစ်နှစ် လုံး ကြာရှည်လေ့ရှိသည်။ “ကစ်ဒူရှင်း(Kiddishon)”သည် လက်ထပ်ပေါင်းသင်း ခြင်းကဲ့ပင် တရားဝင်သတ်မှတ်ကြသည်။ လင်နှင့်မယားကဲ့သို့ ယုံကြည်စွာလက် တွဲရန် တရားဝင်ကတိသစ္စာပြုခြင်းဖြစ်ပြီး၊ တရားဝင် ကွာရှင်းခြင်းသာလျှင် မင်္ဂလာစာချုပ်ကို ပျက်ပြားစေမည် (မ ၂၁း၁၉)။ သို့သော် ဤအချိန်ကာလ အတောအတွင်းတွင် ထိုစုံတွဲတို့သည် သီးခြားစီ နေကြရပြီး၊ ခန္ဓာပိုင်း ထိတွေ့မှု မရှိရပေ။ “ကစ်ဒူရှင်း(Kiddishn)”၏ အဓိကအချက်တစ်ခုမှာ ပုံဖော်ခြင်းမှာ နှစ်ဦးစလုံး၏ သစ္စာရှိခြင်းကို ပြသရန် ဖြစ်သည်။ မှ ကောင်းကင်တမန်သည် မာရိထံရောက်လာစဉ်တွင် သူမသည် ယော သပ်နှင့် “ကစ်ဒူရှင်း(Kiddushin)” ပြုလုပ်ထားပြီးဖြစ်သည်။ လု ၁း၁၈-၃၅ တွင် ကောင်းကင်တမန်နှင့် မာရိတို့ တွေ့ဆုံပြောဆိုခြင်းကို ရေးသားထားသည်။
“ကောင်းကင်တမန်သည် ရောက်လျှင် ကျေးဇူးတော်ကို ခံရသောမိန်းမ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူရှိတော်မူ၏။ သင်သည် မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ သည်ဟု ပြောဆို၏။ မာရိသည် ထိုစကားကို ကြားလျှင် စိတ်နှလုံးမငြိမ်မဝပ်ရှိ၍ ဤနှုတ်ဆက် ခြင်းကား အဘယ်သို့သော နှုတ်ဆက်ခြင်းဖြစ်လိမ့်မည်နည်းဟု တွေးတော ဆင်ခြင်လျက်နေ၏။
ကောင်းကင် တမန်ကလည်း မာရိ ကြောက်ရွံ့ခြင်းမရှိနှင့် သင်သည် ဘုရား သခင်ရှေ့တော်၌ မျက်နှာရပြီ။ သင်သည် ပဋိသန္ဓေ စွဲယူ၍ သား ယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။
ထိုသားသည်ကား ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူအဘဒါဝိဒ် ရာဇ ပလ္လင်ကို ထာဝရအရှင်သခင်သည် အားပေးတော်မူမည်။ ထိုသူသည် လည်း ယာကုပ် အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံ သည်လည်း ဆုံးခြင်းမရှိရဟုပြောဆို၏။ မာရိကလည်း ဤအမှုအရာသည် အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ် ယောကျာ်းနှင့် မဆက်ဆံပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။
ကောင်းကင်တမန်ကလည်း သန့်ရှင်းသောဝိဉာဉ်တော်သည် သင်၏ အပေါ်မှာ သက်ရောက်တော်မူ၍ အမြင့်ဆုံးဘုရား၏ တန်ခိုး အာနုဘော် သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသော သားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းခံရ လိမ့်မည်။”
ဤစာအုပ်၌ ဘုရားကိုချစ်သော အမျိုးသမီးများအကြောင်းကို လေ့ လာရာတွင် မာရိ၏ ဘိုးဘေးများမှ ဘုရားကိုချစ်သော အမျိုးသမီးများသည် “ဧ၀”မှ စ၍ မိမိသည် ရွေးနုတ်ကယ်တင်ရှင်၏ မိခင်လောင်းဖြစ်မည်လားဟူ၍ မျှော်လင့်ခဲ့ကြသည်။ သို့သော် မာရိထံ၌ ထိုအခွင့်အရေးသည် အဖိုးအခကြီးစွာ ရောက်ရှိလာခဲ့သည်။ အကြောင်းမှာ လက်ထပ်ထိမ်းမြားခြင်းမရှိဘဲ ကိုယ်ဝန်ရှိ ရန်အကြောင်း ထွက်ပေါ်လာသောကြောင့်ဖြစ်သည်။ သူမသည် သစ္စာရှိစွာ နေထိုင်၊ လေ့ကျင့်သောသူဖြစ်သော်လည်း လောကကြီးသည် မကောင်းတွေး မြင်လာမည်ဖြစ်သည်။ ယောသပ်ပင်လျှင် အဆိုးဆုံး ထင်မှားခဲ့သည်။ မာရိ၌ သန္ဓေသား ရှိနေသည်ကို သိလာခဲ့သည့်အချိန်တွင် သူသည် ၄င်း၏ဖခင် မဟုတ် မှန်းသိနေသည့်အတွက် သူ၏စိတ်ခံစားချက်မှာ နာကြင်အံ့ဩမိမည်ကို မြင်ယောင်ကြည့်နိုင်သည်။ သူသည် တိတ်တဆိတ် စွန့်ပယ်မည်ဟု အကြံရှိသည်။ သူသည် ဖြောင့်မတ်သောသူဖြစ်ပြီး၊ မာရိကိုလည်း ချစ်သောကြောင့် ကျမ်းစာက သူမအကြောင်းကို လူအများအားမသိစေချင်ခဲ့ပေ။ သို့သော် ပထမအကြိမ်မာရိတွင် ကိုယ်ဝန်ရှိကြောင်း ကြားသိရသည့်အခါ အလွန်အံ့ဩပြီး၊ ကွာရှင်း ဖို့သာ သူစဉ်းစားနေခဲ့မိသည်။ ထိုနောက် ကောင်းကင်တမန်တစ်ပါးသည် ယော သပ်၏ အိမ်မက်တွင် ထင်ရှားပြီး မာရိအကြောင်းကို ရှင်းပြသည်။ “ဒါဝိဒ်အမျိုးယောသပ် သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည့်အခွင့်ကို မစိုးရိမ်နှင့်။ ဤ ပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည်သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏ (မ ၁း၂၀-၂၁)။
ကောင်းကင်တမန်သည် မာရိထံရောက်လာပြီး ကိုယ်ဝန်လွယ်မည့် အကြောင်းအရာကိုပြောသောအခါ ဤခက်ခဲမှုများရှိလာမည်ကို မာရိ ကြို သိနေမည်ကို မှန်းဆနိုင်သည်။ ရွေးနှုတ်ကယ်တင်ရှင်၏ မိခင်ဖြစ်လာမည်ကို အံ့အားသင့်ဝမ်းမြောက်သော်လည်း ကြီးမားသော ကြောက်ရွံ့ ထိတ်လန့်ခြင်း အကြောင်းသည် ရှေ့၌ရှိနေသည်ကိုမြင်၏။ သူမအနေဖြင့် အဖိုးအခကြီးစွာ ပေးရမည်ဖြစ်သော်လည်း မေရှိယ၏မိခင်ဖြစ်လာရန် အခွင့်ထူး၏ အဖိုးအခါ သည် ကြီးမြတ်ကြောင်းကို နားလည်သော်လည်း မာရိသည် ဘုရားသခင်၏ အလိုတော်အတိုင်း လုံးလုံးလျားလျား ဆက်ကပ်အပ်နှံလိုက်ပြီး ရိုးရိုးရှင်းရှင်း ပြောလိုက်သည်မှာ၊ “အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏ ကိုယ် တော်၏ စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ ကောင်းကင် တမန်သည် မာရိထံမှ သွားလေ၏” (လု ၁း၃၈)။
မာရိသည် သူ၏သန္ဓေတည်ခြင်းနှင့်ပတ်သက်၍ ရှိလာနိုင်သည့် သူ များ၏ပြောဆိုမှုကြောင့် စိတ်ညှိုးငယ်ခြင်းရှိကြောင်း အထောက်အထားမရှိပေ။ သူမသည် နောက်ထပ် သံသယ (သို့) မေးခွန်းထပ်မမေးတော့ဘဲ ဘုရားသခင် ၏ အလိုတော်ကို ချက်ချင်းပင်၊ နှိမ့်ချစွာ နှင့် ဝမ်းမြောက်စွာ ဝန်ခံဆက်ကပ်လိုက် သည်။ ကောင်းကင်တမန် ပြောခဲ့သတင်းကို ဤထက်ပို၍ ကောင်းမွန်သော တုံ့ပြန်မှုရှိနိုင်တော့မည်မဟုတ်ပေ။ ထိုအချက်က သူမသည် ငယ်ရွယ်သော် လည်း ယုံကြည်ခြင်း၌ ရင့်ကျက်သောအမျိုးသမီးဖြစ်ကြောင်းနှင့် စစ်မှန်သောထာဝရဘုရားကို ကိုးကွယ်သူဖြစ်ကြောင်း ဖော်ပြသည်။ သူမအတွက် ဘုရား သခင်၏ အကြံစည်တော်၌ သူမ၏ကြီးမားသောဝမ်းမြောက်ခြင်းကို မကြာမီ တွေ့မြင်ရမည်ဖြစ်သည်။
ကိုးကွယ်ခြင်းဖြင့် မာရိ၏ တုံ့ပြန်ခြင်း
မာရိသည် ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝပြီး နှုတ်မြွတ်ချီးမွမ်းခဲ့သည်။ ထို့ နောက် တောင်ကုန်းကျေးလက်ဒေသသို့ အလောတကြီးသွားခဲ့ပြီး ချစ်သော ဆွေမျိုးဖြစ်သည့် ဧလိရှဗက်ထံသို့ ရောက်လာခဲ့သည်။ မာရိသည် သူမ၏ အချိန် မစေ့မီရခဲ့သော သန္ဓေသားကြောင့် အရှက်ရခြင်းမှ ရှောင်ပြေးသည်ဟူသော အကြောင်းမရှိပေ။ သူမသည် ရိုးသားစွာ သူမ၏ သွေးသားချင်းနီးစပ်သူထံ မိမိဝမ်းမြောက်ခြင်းကို မျှဝေရန် သွားရောက်ခြင်းသာဖြစ်သည်။ ကောင်းကင် တမန်သည် ဧလိရှဗက်သန္ဓေတည်ခြင်းကို မာရိထံ ပြောကြားသည်။ထို့ကြောင့် သူမကဲ့သို့ ယုံကြည်ခြင်းခိုင်ခံ့ပြီး အံ့ဩဖွယ်ရာ သားဦးမွေးဖွားရန် ကောင်းကင် တမန်မှ ကြေညာခဲ့သည့် ဆွေမျိုးထံသွားရောက်ရခြင်းသည် သဘာဝကျလှပါ သည် (လု ၁း၁၃-၁၉)။ ဧလိရှဖက်သည် အသက်ကြီးရင့်ပြီး အသက်ရှစ်ဆယ် ဝန်းကျင်ရှိသည့်တိုင် မြုံသောအမျိုးသမီး ဖြစ်သည်။ မာရိမူကား အပျိုဝင်ခါစဖြစ် သည်။ သူတို့နှစ်ဦးစလုံးမှာ အံ့သြဖွယ်ရာ သန္ဓေတည်ရန် ဘုရားသခင် ကောင်း ချီးပေးခြင်းခံစားရသည်။ ဤအမျိုးသမီးနှစ်ဦးတို့သည် သူတို့အပေါ် ဘုရားသခင် ၏ ကောင်းမြတ်ခြင်းအတွက် အတူတကွဝမ်းမြောက်ရန် အကောင်းဆုံးသော အချိန်ဖြစ်သည်။
ဧလိရှဗက်သည် မာရိ၏ အသံကို တုံ့ပြန်ရာတွင် မာရိအား ကောင်း ကင်တမန်ပြောသည့်အရာကို အတည်ပြုရာရောက်သည်။ ကျမ်းစကားမှာ၊
“မာရိသည်ထ၍ တောင်ကြားအရပ်၌ရှိသော ယုဒမြို့ တစ်မြို့သို့ အလျှင် အမြန်သွား၍ ဧလိရှဗက်ကို နှုတ်ဆက်လေ၏။ ထို့နှုတ်ဆက်ခြင်းစကားကိုဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိသော သူငယ်သည်ခုန်၍ မိမိ သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျှက် “သင်သည် မိန်းမတကာ တို့ထက် မြတ်စွာသော မင်္ဂလာရှိ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည် လည်း မြတ်စွာသောမင်္ဂလာရှိ၏။ အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီကိုကြွလာသော ကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။ သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြား စဉ်တွင် အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည် ရွှင်မြူးသောစိတ်နှင့်ခုန်သည်။ ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏ အကြောင်းမူကား ထိုမိန်းမအား ထာဝရဘုရား မိန့်တော်မူသောစကားသည် ပြည့်စုံလိမ့်မည်ဟု ကြီးသော အသံနှင့်မြွက်ဆို၏”(လု ၁း၄၁-၄၃)။
ဧလိရှဗက်၏ သတင်းစကားသည် ပရောဖက်ပြုချက်ဖြစ်သည်ကို မာရိ ချက်ချင်းနားလည်၏။ မာရိသည် ဧလိရှဗက်၏ သန္ဓေတည်ခြင်းကို ကောင်းကင် တမန်ထံမှ သိခဲ့ရသည်။ မာရိအနေဖြင့် သူမကိုယ်တိုင်တွေ့ကြုံရသော အဖြစ် အပျက်ကို ကြို၍ ဧလိရှဗက်ထံပြောထားခြင်းမရှိပေ။ စင်စစ် မာရိသည် အမှတ် မထင် ရုတ်တရက် ရောက်လာခဲ့သည်ကို ဧလိရှဗက် အံ့ဩသွားခဲ့သည်။ ထို့ကြောင့် ဧလိရှဗက်သည်လည်း မာရိ၏ဝမ်း၌ ကလေးရှိနေသည်ကို ဗျာဒိတ် အားဖြင့်သိခဲ့ခြင်းဖြစ်နိုင်သည်။ ပရောဖက်ပြုချက်ကို ပြောကြားသည့်အချိန်တွင် သူမသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်နေသည်။
မာရိကလည်း သူမ၏ ပရောဖက်ပြုချက်ဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ သူမ၏ ပြောဆိုချက်ကို “မာရိ၏ ချီးမွမ်းခြင်း” ဟုခေါ်သည် (မာရိ၏ ချီးမွမ်းခြင်း အစပြုသောစကားလုံး၏ လက်တင်ဘာသာစကားဖြစ်သည်)။ ၄င်းသည် ခရစ်တော်၏ လူ့ဇာတိခံယူမည့်အကြောင်း ချီးမွမ်းခြင်းသီချင်းဖြစ်၏။ ၄င်းသည် ဓမ္မသစ်ကျမ်းတွင် အခမ်းနားဆုံးဆာလံသီချင်းဖြစ်ပြီး နှုတ်မြွက်၍ မမှီသော ဝမ်းမြောက်ခြင်းအကြောင်းဖြစ်သည်။ ကျွန်ုပ်တို့တွေ့ခဲ့ရသည့်အတိုင်း ဓမ္မ ဟောင်းရှိ ဆာလံသီချင်းတစ်ပုဒ်နှင့်တူညီပြီး ဟန္ဒသည် ရှမွေလမွေးဖွားခြင်းအတွက် သီဆိုသော သီချင်းနှင့် ဆင်တူသည်။ မေရှိယအပေါ် မျှော်လင့်ချက် အကြောင်း၊ ကျမ်းစကားနှင့် အာဗြဟံ၏ ပဋိညာဉ်ပြုချက်ကို ကိုးကားခြင်းတို့နှင့် ပြည့်ဝသည်။
“မာရိကလည်း စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏ ငါ့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်ကို အမှီပြု၍ ဝိညာဉ်သည် ရွှင်လန်းခြင်းရှိ၏။ အကြောင်းမူကား မိမိကျွန်မ၏ နှိမ့်ချသော အဖြစ်ကို ကြည့်ရှုတော်မူပြီ။ နောင်ကာလ၌ ခပ်သိမ်းသောသူ အစဉ်အဆက်တို့ သည် ငါ့ကို မင်္ဂလာရှိသော သူဟူ၍ ခေါ်ကြလိမ့်မည်။ တန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည် အံ့ဘွယ်သောကျေးဇူးတော်ကို ငါ့အား ပြုတော် မူပြီ။ ထာဝရဘုရား၏ နာမတော်သည် ရိုသေဖွယ်ဖြစ်တော်မူ၏။ ထာဝရ ဘုရားကို ကြောက်ရွံ့ သောသူတို့သည် သနားတော်မူခြင်းကျေးဇူးကို အစဉ် မပြတ်ခံစားကြ၏။ လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ။ မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ။ ဘုရင်တို့ကို ရာဇ ပလ္လင်ပေါ်မှချ၍ နှိမ့်ချသော သူတို့ကို ချီးမြောက်တော်မူပြီ။ ငတ်မွတ်သော သူတို့ကိုကောင်းမွန်စွာကျွေး၍ ရတတ်သောသူတို့ကို လက်ချည်း လွှတ် လိုက်တော်မူပြီ။ ငါတို့ကို ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့် အညီ အာဗြဟံမှစသော သူ၏ အမျိုးအနွယ်အား သနားခြင်းကျေးဇူးတော် ကို အစဉ်အမြဲပြုခြင်း သတိထား၍ မိမိကျွန်ဣသရေလကို မစတော် မူပြီဟုဆို၏”(လု ၁း၄၆-၅၅)။
မာရိ၏ နုပျိုသေးသော စိတ်နှင့် နှလုံးသားသည် ဘုရားသခင်၏ နှုတ် ကပတ်တော်နှင့်ပြည့်ဝနေကြောင်း ထင်ရှားလှသည်။ ဟန္ဒ၏ ဆုတောင်းချက် နှစ်ခုတို့ကို ပဲ့တင်သံထပ်သည်သာမက (၁ ရာ ၁း၁၁၊၂း၁-၁၀)၊ အခြားသော ပညတ္တိကျမ်း၊ ဆာလံကျမ်းနှင့် ပရောဖက်ကျမ်းများနှင့်လည်း အလားတူသည်။
ရှင်လုကာခရစ်ဝင်ကျမ်း ၁
၁။ “ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏” (၄၆)။
ဓမ္မဟောင်းကျမ်း – “ထာဝရဘုရားအား အမှီပြု၍ ရွှင်လန်း လျက်” (၁ ရာ ၂း၁)။ – “ငါ့ဝိညာဉ်သည် ထာဝရဘုရားကိုအမှီပြု၍ ဝါကြွားခြင်းကိုပြုမည်” (ဆာ ၃၄း၂)။ – ထာဝရဘုရားကိုအမှီပြု၍ ဝမ်းမြောက်ခြင်း ရှိလိမ့်မည်” (ဆာ ၃၅း၉)။ – “ထာဝရဘုရားကြောင့် ငါသည် အလွန် ဝမ်းမြောက်၍ ငါ၏ဘုရားသခင်ကြောင့် ငါ့ဝိညာဉ်သည် ရွှင်လန်းမည်”(ဟေရှာ၆၁း၁၀)။
၂။ “ငါ့ဝိညာဉ်သည်ရွှင်လန်းခြင်းရှိ၏” (၄၇)။
“ဘုရားသခင်သည်ငါ၏ ၊ ကယ်တင်ရှင်”(ဟေရှာ ၁၂း၂)။
“ထာဝရဘုရားသည် ဟောပြောသည် မဟုတ်လော။ ငါမှတစ်ပါး အခြားသောဘုရားသခင်မရှိ” (ဟေရှာ ၄၅း၂၁)။
၃။ “မိမိကျွန်မ၏ နှိမ့်ချသောအဖြစ်ကို ကြည့်ရှုတော်မူပြီ” (၄၈)။
“ကျွန်မကို မေ့လျော့တော်မမူဘဲ၊ ကိုယ်တော်ကျွန်မ၏ ဆင်းရဲခြင်းကို ကြည့်ရှုအောက်မေ့သဖြင့်” (၁ ရာ ၁း၁၁)။ – “ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု သူတို့၏ပတ္ထနာ ကို မှတ်တော်မူလိမ့်မည်” (ဆာ ၁၀၂း၁၇)။ – “ကရုဏာတော်အစဉ်အမြဲတည်သည်ဖြစ်၍ နှိမ့်ချလျက်နေသော ငါတို့ကို အောက်မေ့တော်မူထသော” (ဆာ ၁၃၆း၂၃)။
၄။ နောင်ကာလ၌ခပ်သိမ်းသောလူအစဉ်တို့သည်ငါ့ကိုမင်္ဂလာရှိသောသူသည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ခေါ်ကြလိမ့်မည်” (၄၈)။
“လေအာက ငါ၌မင်္ဂလာရှိ၏။ လူသမီးတို့ သည် ငါ့ကိုမဂ်လာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်” (ကမ္ဘာ၃၀း၁၃)။
“လူမျိုးအပေါင်းတို့သည် သင်တို့က မင်္ဂလာ ရှိသောသူဟူ၍ခေါ်ဝေါ်ကြလိမ့်မည်”
(မာလ ၃း၁၂)။
၅။“တန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသည်အံ့ဘွယ်သော ကျေးဇူးတော်ကို ငါ့အားပြုတော်မူပြီ” (၄၉)။“နာမတော်သည် ရိုသေဘွယ်ဖြစ် တော်မူ၏” (၄၉)။
“ဖြောင့်မတ်တော်မူခြင်း တရားသည် အလွန်မြင့်ရာသို့ မှီသည်ဖြစ်၍ ကိုယ်တော်သည် ၊ ကြီးစွာသောအမှုတို့ကို ပြုတော်မူ၏” (ဆာ ၇၁း၅)။
“ထာဝရဘုရားသည် ငါတို့အဖို့ကြီးသော အမှုကို ပြုတော်မူပြီ။ ငါတို့သည်လည်း ဝမ်းမြောက်လျက်နေကြ၏” (ဆာ ၁၂၆း၃)။
“ထာဝရဘုရားသန့်ရှင်းတော်မူသကဲ့သို့ အ ဘယ်သူမျှမ သန့်ရှင်း” (၁ ရာ၂း၂)။
“နာမတော်သည် သန့်ရှင်း၏ ကြောက်ရွံ့ ရိုသေ ဖွယ်ဖြစ်၏” (ဆာ ၁၁၁း၉)။
“အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော အထွဋ်အမြတ် ဖြစ်တော်မူသောဘုရား” (ဟေရှာ ၅၇း၁၅)။
၆။ “ထာဝရဘုရားကို ကြောက်ရွံ့သောတို့သည် သနားတော်မူခြင်း ကျေးဇူး ကရုဏာတော်ကို အစဉ်မပြတ်ခံစားကြ၏” (၅၀)။
“ထာဝရဘုရားကိုကြောက်ရွံသော သူတို့၌ ကရုတော်သည် အားကြီးပေ၏” (ဆာ ၁ဝ၃း၁၁)။
“ထာဝရဘုရား၏ ကရုဏာတော်မူကား ကြောက် ရွံ့သောသူတို့အပေါ်သို့ ကာလအစဉ်အဆက် သက်ရောက်တတ်၏” (ဆာ ၁၀၃း၁၇)။
“ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရ ဖြစ်၍ ငါ၏ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာအဆက်ဆက်တည်လိမ့်မည်”
(ဟေရှာ ၅၁း၈)။
၇။ “လက်ရုံးတော်အားဖြင့် တန်ခိုးကို ပြတော်မူပြီ” (၅၁)။
“တန်ခိုးရှိသော လက်ရုံးနှင့်ပြည့်စုံတော်မူ၏။လက်တော်သည် အားကြီး၍ လက်ျာလက်တော်သည်မြင့်ပါ၏” (ဆာ ၈၉း၁၃)။
“အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူပြီ။ လက်ျာလက်တော်နှင့် သန့်ရှင်းသော လက်ရုံးတော်သည် ကိုယ်တော်ဖို့ ကယ်တင်ခြင်းအမှုကိုပြုလေပြီ” ( ဆာ ၉၈း၁ )
“ထာဝရဘုရားသည် ခပ်သိမ်းသော လူအ မျိုးမျိုးတို့ရှေ့မှာ၊ သန့်ရှင်းသော လက်ရုံးတော်ကို ဖွင့်ပြတော်သဖြင့်” (ဟေရှာ ၅၂း၁၀)။
၈။ “မာနထောင်လွှားသောသူတို့ကို ကွဲလွင့်စေတော်မူပြီ” (၅၁)။
“အားကြီးသောလက်ရုံးတော်ဖြင့် ရန်သူတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူ၏”(ဆာ ၈၉း၁၀)။
“စိတ်နှလုံးအကြံအစည်ဆိုးကြ၏”
(က ၈း၂၁)။
၉။ “ဘုရင်တို့ကိုရာဇပလင်ပေါ်မှချ၍ နှိမ့်ချသောသူတို့ကို ချီးမြှောက်တော်မူပြီ” (၅၂)။
“ထာဝရဘုရားသည် သေစေသောအခွင့်၊ အသက်ရှင်စေသောအခွင့်၊ မရဏာနိုင်ငံသို့ နှိမ့်ချသောအခွင့်၊ ထမြောက်သောအခွင့် ရှိတော်မူ၏ဆင်းရဲစေခြင်းငှာ လည်းကောင်း၊ ရတတ်စေခြင်းငှာလည်းကောင်း ထာဝရ ဘုရားပြု၍ နှိမ့်ချသောအခွင့် ချီးမြှောက်သောအခွင့်ရှိတော်မူ၏။ ဆင်းရဲသော သူကို မြေမှုန့်ထဲကလည်းကောင်း၊ ငတ်မွတ်သောသူ ကို နောက်ချေးပုံထဲကလည်းကောင်း ချီး ၊ မြှောက်၍ မင်းသားတို့နှင့်ထိုင်ရသောအခွင့် ကိုပေးတော်မူ၏။ အကြောင်းမူကား မြေကြီး တိုင်တို့ကို ထာဝရဘုရား ပိုင်၍ ထိုတိုင်တို့ ၊ အပေါ်မှာလောကဓာတ်ကိုတည် တော်မူပြီ” (၁ ရာ၂း၆-၈)။
“အားကြီးသောသူတို့ကိုပင် မစစ်ဘဲ ချိုးဖျက်၍ သူတို့အရာ၌ အခြားသောသူကိုခန့်ထားတော်မူ၏” (ယောဘ ၃၄း၂၄)။
၁၀။”ငတ်မွတ်သော သူတို့ကိုကောင်းမွန် ကျွေး၍ ရတတ်သော သူတို့ကိုလက်ချည်းလွှတ်လိုက်တော်မူပြီ”(၅၃)။
“တောင့်တသောဝိညာဉ်ကို ရောင့်ရဲစေ၍ မွတ်သိပ်သောဝိညာဉ်ကိုလည်း ကောင်းသောအရာနှင့်ဝစေ တော်မူ၏” (ဆာ ၁၀၇း၉)။
၁၁။ “ငါတို့ ဘိုးဘေးများတို့အား ဗျာဒိတ်ထားတော်မူသည်နှင့် အညီအာဗြံမှ စသောသူ၏အမျိုးအနွယ်အားသနားခြင်း ကျေးဇူးတော်ကို အစဉ် အမြဲပြုခြင်းငှာ သတိထား၍ မိမိကျွန်ဣသရေလကို မစတော်မူပြီဟု ဆို၏” ( ၅၄ -၅၅ )။
“ကရုဏာတော်နှင့်သစ္စာတော်ကို အောက် မေ့တော်မူပြီ”(ဆာ ၉၈း၃)။
“အိုဣသရေလအမျိုး သင့်ကို ငါမမေ့ မလျော့” (ဟေရှာ ၄၄း၂၁)။
“ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည် အတိုင်းယာကုပ်၌ သစ္စာစောင့်ခြင်း၊ အာဗြဟံအားကရုဏာကျေးဇူးပြုခြင်းကို စီရင်တော်မူလိမ့်မည်” (မိ ၇း၂၀)။
“ထာဝရဘုရား၏ကျွန် အာဗြဟံအမျိုး ရွေးကောက်တော်မူသော ယာကုပ်တဲကို ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါ့တို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတစ်ပြင် လုံး၌ တရားစီရင်ပိုင် တော်မူ၏။ ငါသည် ၊ သင်တို့အမွေခံရာဖို့ ခါနန်ပြည်ကို သင်၌ပေး မည်ဟု ငါတို့အမျိုးသည် အရေတွက်အားဖြင့် မများ၊ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်ပြုသောအခါ” (ဆာ ၁၀၅း၆-၉)။
မာရိကို ချီးမြှောက်၍ ကိုးကွယ်သော ဘာသာများအနေဖြင့် မာရိ ပုံ ဥပမာထားပြီး သင်ခန်းစာယူသင့်သည်။ ဘုရားသခင်ကိုသာ သူမချီးမွမ်းကိုး ကွယ်သည်။ သူမ၏ နိမ့်ကျသောအခြေအနေကို သိမှတ်လျက် ဘုရားသခင်၏ ဘုန်းအသရေတော်နှင့် တန်ခိုးတော်ချီးမွမ်းသည်ကို မှတ်သားသင့်သည်။ သူမသည် မိမိကိုယ်ကို ကောင်းသည်ဟု မသတ်မှတ်ပေ။ သို့သော် သူမသည် ထာဝရဘုရား၏ ဂုဏ်အရည်အချင်းများကို ချီးမွမ်းသည်။ သူမမြွက်ဆို ချီးမွမ်းသော ဘုရားသခင်၏ ဂုဏ်အရည်အချင်းအချို့မှာ သူ၏တန်ခိုးတော်၊ သူ၏ ကရုဏာတော်နှင့် သူ၏သန့်ရှင်းခြင်းတို့ဖြစ်သည်။ ဘုရားသခင်သာလျှင် သူမ အတွက် ကြီးမားသောအမူကို ပြုသူဖြစ်ပြီး သူမသည် ဘုရားသခင်အတွက အမှုပြုသည်မဟုတ်ကြောင်း သူမ ပွင့်လင်းစွာ ဝန်ခံသည်။ သူမ၏ သီချင်းသည်ခေတ်အဆက်ဆက် ဘုရားသခင်၏ ကြီးမြတ်ခြင်း၊ သူ၏ဘုန်းတန်ခိုးတော်၊ သူ့လက်ရုံးတော်ခွန်အား၊ သူ၏သစ္စာတော်တို့အကြောင်းဖြစ်သည်။
မာရိ၏ ချီးမွမ်းကိုးကွယ်ခြင်းသည် သူမ၏နှလုံးသားထဲမှ ယိုထွက် လာသည်ကို ရှင်းလင်းစွာ သိမြင်ရသည်။ သူမရရှိခဲ့သော ဘုရားသခင်၏ အံ့ဩ ဖွယ် ကျေးဇူးတော်တွင် နစ်မျှောခဲ့သည်။ သူမကဲ့သို့ ထိုက်တန်ခြင်း မရှိသော သူပေါ် သန့်ရှင်းသော ဘုရားသခင်ပြုသော ကြီးမားသောအမူကို သူမအံ့သြ မဆုံးနိုင်ခဲ့ပေ။ ဤဆုတောင်းချက်များသည် မူလအပြစ်နှင့် ကင်းစင်ပြီး သန္ဓေသားလွယ်ရမည့်သူ၏ ဆုတောင်းချက်များမဟုတ်ပေ။ ဆန့်ကျင်ဘက်တွင် ထာဝရဘုရားသခင်ကို သူမ၏ ကယ်တင်ရှင်အဖြစ် သိကျွမ်းသော ပျော်ရွှင် ဝမ်းမြောက်ခြင်းဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့သောသူများအပေါ် ဘုရားသခင်၏ ကရုဏာတော်သက်ရောက်ကြောင်းကို ချီးမွမ်းသည်။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်သည် ဘုရားသခင်ကို ကြောက်ရွံ့၍ သူ၏ ကရုဏာကိုခံစားရသောသူဖြစ်သည်။ သူမသည် ပထမဆုံးအနေဖြင့် နှိမ့်ချ သောသူကို ဘုရားသခင်သည် ချီးမြှောက်၍၊ စာငတ်သောသူကို ကြွယ်ဝစေကြောင်း သိခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်သည် ဖြောင့်မတ် ခြင်းကို စာငတ်တောင့်တ၍ နှိမ့်ချသော အပြစ်သားဖြစ်ပြီး ယခုတွင် ပြည့်ဝ တော်မူသည်။
အတိတ်က ဘုရားသခင်၏ သစ္စာရှိခြင်းကို ရွတ်ဆိုခြင်းသည် ယုဒတို့ ၏ဓလေ့ထုံးစံဖြစ်သည် (ထွက် ၁၅း တရား၅ ဆာလံ ၆၈၊ ၇၈၊ ၁၀၄၊ ၁၀၅၊ ၁၁၄၊ ၁၃၅၊ ၁၃၆၊ ၁၄၅ နှင့် ဟဗ္ဗ ၃)။ မာရိသည် ထိုထုံးစံကို ဤနေရာတွင် အတိုချုပ်ဖြင့် အသုံးပြုသည်။ သူမသည် ဘုရားသခင်ကဣသရေလလူများကို ကူညီမစခဲ့ပုံနှင့် သူ၏ ကတိတော်ကို ပြည့်စုံစေခဲ့သည့်ပုံကို ပြန်လည် အောက်ခြင်းဖြစ်သည်။ ယခုတွင် သူမ၏ သားသမီးများသည်ပင် ဘုရားသခင်၏ ကတိတော်ပြည့်စုံခြင်းဖြစ်လာသည်။ ထိုသို့သောချီးမွမ်းခြင်းနှင့် မာရိ၏ နှလုံးသား ပြည့်ဝရခြင်းသည် အံ့သြဖွယ်မဟုတ်ပေ။
သူမ၏သားနှင့်ဆက်ဆံရေး
ခရစ်တော်၏ လောကအမှုတော်တွင် မာရိကို ဖြစ်ရပ်သုံးခုတွင် တွေ့ရ သည်။ ထိုဖြစ်ရပ်သုံးခုတို့မှ နှစ်ခုတွင် သခင်ယေရှုသည် သူ၏မိခင်မှ သူ၏ကယ် တင်ခြင်းအလုပ်နှင့် ပတ်သက်ပြီး စေခိုင်းမှုတစ်စုံတစ်ခု ပြောဆိုသည့်အခါ သူမအား သူ့ပေါ်အခွင့်အာဏာမရှိစေကြောင်း ထင်ရှားစွာပြခဲ့သည်။ ထိုအရာ ကို မရိုမသေ ပြုမူခြင်းတော့မဟုတ်ပေ။ သို့သော် မာရိသည် သခင်ယေရှု၏ ကျေးဇူးတော်၏ ကြားခံဖြစ်သည့်အကြောင်းနှင့်ပတ်သက်လျှင် သခင်ယေရှု သည် ရှင်းလင်းပြတ်သားစွာ ငြင်းပယ်သည်။
ထိုဖြစ်ရပ်သုံးခုတို့မှ ပထမဆုံးဖြစ်ရပ်မှာ ကာနမြို့က မင်္ဂလာပွဲဖြစ် သည်။ ထိုအချိန်တွင် သခင်ယေရှုသည် သူ၏ ပထမဦးဆုံးသော နိမိတ်လက္ခ ဏာကို ပြုခဲ့သည်။ ရှင်ယောဟန်က ထိုအဖြစ်အပျက်ကို မှတ်တမ်းတင်ခဲ့သည်။ “စပျစ်ရည်ကုန်သောအခါ ယေရူ၏မယ်တော်က စပျစ်ရည်မရှိဟုကြားပြော၏” (ယော ၂း၃)။ မင်္ဂလာပွဲဧည့်ခံသောသူသည် ရင်းနှီးသောမိတ်ဆွေများကို ဆုံးရှုံး ရမည်ကို မာရိ စိုးရိမ်နေသည်။ (ငယ် ၁ တွင် “ယေရူ၏ မယ်တော်ရှိ၏” ဟု ဆိုသော်လည်း၊ ငယ်၂ တွင် “ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ် ပင့်ကြ၏”ဟု ဆိုထားသည်။ မာရိသည် သူ၏မိတ်ဆွေအတွက် ကျွေးမွေးဧည့်ခံ ခြင်းကို ကူညီခဲ့ကြောင်း ထင်ရှားသည်။ ထိုကြောင့် စပျစ်ရည် မလုံလောက်ကြောင်းကို သူမအဦးဆုံးသိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မာရိသည် ထိုလူမူရေး ပြသနာကို ခရစ်တော်ဖြေရှင်း နိုင်ကြောင်းကို သိရှိပြီး၊ တစ်စုံတစ်ခုပြုလုပ်ပေးရန် သူ့ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ နိမိတ်လက္ခဏာတစ်ခုခု ပြုရန် သူမ မျှော်လင့် ခဲ့မည်လားဟု ရှင်းလင်းစွာ မသိရပါ။ မင်္ဂလာပွဲဧည့်ခံသူ၏ အရှက်ကို ဖုံးကွယ်ရန် သင့်လျော်သည့် ကြေငြာချက်တစ်ခုခုကို ပြောပေးရန် နှိုးဆော်ခြင်းလည်းဖြစ်နိုင်၊ သည်။ သို့မဟုတ်၊ သူသည် မောရှေကြိုတင်ဟောကြားခဲ့သောသူဖြစ်ကြောင်းကို မာရိက အပြည့်အဝနားလည်ပြီး၊ လိုအပ်မှုကို ဖြည့်ဆည်းရန် မောရှေကဲ့သို့ နိမိလက္ခဏာ ပြုလုပ်မည်ကို မျှော်လင့်ခဲ့ခြင်းလည်းဖြစ်နိုင်သည်။ သူမသည် လူသိရှင်ကြားမပြောခဲ့ပေ။ သို့သော်လည်း သူမ၏ သားအား သူမပြောခဲ့သည့် ဆိုလိုချက်မှာ ရှင်းလင်းလှသည်။
သခင်ယေရှုက သူ့အပိုင်းတွင် စပျစ်ရည် ပြန်လည်ပြည့်စေသည့် နိမိတ် သကုဏာတွင် ရည်ရွယ်ချက်ရှိသည်ကို သိမြင်ရသည်။ အကြောင်းမှာ နောက် ပိုင်းတွင် ၎င်းကို သူပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် မပြတ် သားခြင်း၊ တွေဝေခြင်း (သို့) စိတ်ပြောင်းသွားခြင်းများမရှိပေ (ဟေဗြဲ ၁၃း၈)။ သူသည် နောက်ဆုံးတွင် နိမိတ်လက္ခဏာပြုလုပ်လိုက်ခြင်းသည် စီစဉ်ထား ကြောင်း ထင်ရှားသည်။
သို့သော် ကျမ်းစာက သခင်ယေရှုသည် မာရိကို တုံ့ပြန်ခြင်းမှာ ပြတ် ပြတ်တောင်းတောင်းဖြစ်သည်ဟု သွယ်ဝိုက်ရည်ညွှန်းသည်။ သူသည် မာရိ၏ ပြတ်သားသော တောင်းဆိုချက်အတိုင်း တုံ့ပြန်ခြင်းဖြစ်နိုင်သည်။ “ယေရှုက လည်း အချင်းမိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ဆိုင်သနည်း။ ငါ့အချိန်မရောက်သေးဟုမိန့်တော်မူ၏” (ယော ၂း၄)။ သခင်ယေရှုသည် ရိုင်းစိုင်းစွာ တုံ့ပြန်သည် မဟုတ်၊ မာရိသည်လည်း စိတ်ထိခိုက်ခြင်း(သို့)နာကြည်းခြင်းမျိုး မရှိခဲ့ပါ။ “အမျိုး သမီး”ဟု ခေါ်ဆိုခြင်းသည် ထိုခေတ်တွင် ပုံမှန်သုံးလေ့ရှိသော အသုံးအနှုန်းဖြစ် သည်။ သူ၏ တုံ့ပြန်ချက်သည် ရိုင်းစိုင်းမှုမရှိဘဲ ပြတ်သားသောသဘောရှိသည်။ သို့သော် ခရစ်တော်၏ စကားသံသည် ညင်သာမှုရှိပြီး အပြစ်တင်ခြင်း မပြုပေ။ “သင်သည် ငါနှင့်အဘယ်သို့ ဆိုင်သနည်း” ဟူသော မေးခွန်းသည် ကျမ်းစာတွင် မကြာခဏတွေ့ရသော စိန်ခေါ်မှုကို ရည်ညွှန်းသည့် အသုံးအနှုန်းဖြစ်သည် (တရားဟော ၁၁း၁၂၊ ၂ ရာ ၁၆း၁၀၊ ဧရ ၄း၂-၃၊ မ ၈း ၂၉)။ ၄င်းသည် မကျေနပ်မှုနှင့် ပြင်းထန်သော နှိုးဆော်မှုတို့ကို ရှင်းလင်းစွာ ထင်ပေါ်စေသည်။ သို့သော်လည်း မာရိသည် ထိုစကားကို စိတ်နာစရာအဖြစ် မခံယူခဲ့ပေ။ သူ၏ ရည်ရွယ်ချက်မှာ စိတ်နာစေရန်မဟုတ်၊ အမှားပြုပြင်ရန်နှင့် သွန်သင်ရန်ဖြစ် သည်။
မာရိသည် ဤဖြစ်စဉ်နှင့်တူသော အတွေ့အကြုံကို မှတ်မိပေလိမ့်မည်။ သခင်ယေရှုသည် တစ်ဆယ့်နှစ်နှစ်ရှိသောအခါ လူပျိုဝင်ခါစဖြစ်သော လူငယ်လေးဖြစ်သည့်အရွယ်တွင် သူ့မိဘများနှင့်မလိုက်ဘဲ ဗိမာန်တော်၌ ရစ်ခဲ့ သည်။ ကမန်းကတန်းရှာဖွေပြီးနောက် သူ့ကိုတွေ့ရာ၊ မာရိသည် သူတို့ကို စိုး ရိမ်ပူပန်စေသည့်အကြောင်းကြောင့် သခင်ယေရှုကို ညင်သာစွာဆူလိုက်သည်။ သခင်ယေရှုသည် အမှန်တကယ် အံ့ဩခြင်းဖြင့် တုံ့ပြန်လိုက်မှာ၊ “ကျွန်ုပ်ကို အဘယ့်ကြောင့်ရှာရသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလော” (လု ၂၄၉)။ ထိုသို့ဖြင့် သခင်ယေရူက သူ၏ လောကီမိဘတို့ သည် သူ၏ ကောင်းကင် အဖခမည်းတော်၏ အခွင့်အာဏာတော်ကို မလွှမ်းမိုး ရမည်အကြောင်း သတိပေးရာရောက်သည်။
၄င်းသည် ကာနမြို့မင်္ဂလာဆောင်အခမ်းအနားတွင်လည်း မာရိအား ပြောသော စကားနှင့်ဆင်တူသည်။ ဝိညာဉ်ရေးရာတွင် ဇာတိမိခင်၏ အခန်း ကဏ္ဍသည် အဖခမည်းတော်၏ အချိန်ဇယားရှိ အလိုတော်ကို ဆောင်ရွက်ပြည့် စုံစေရန် လောကီမိခင်၌ ညွှန်ကြားရန် တာဝန်မရှိပေ။ လူသားအဖြစ် သခင် ယေရှုသည် သူမ၏သားဖြစ်သည်။ သို့သော် ဘုရားအဖြစ်တွင် ခရစ်တော်သည် သူမ၏ အရှင်သခင်ဖြစ်သည်။ ဝိညာဉ်ရေးရာ၌ အမိန့်ပေးစေခိုင်းအမှုသည် မာရိ၏ လုပ်ဆောင်ချက်မဟုတ်ပေ။ ခရစ်တော်၏ တုံ့ပြန်ချက်သည် မရှိ သေမူမဟုတ်ဘဲ ထိုအချက်ကို မိခင်အား သတိပေးခြင်းဖြစ်သည်။
နောက်ဆုံးတွင် သူသည် ရေကို စပျစ်ရည် ဖြစ်စေခဲ့သည်။
ထို့နောက် မာရိသည် နောက်ခံ၌သာ ရှိနေခဲ့သည်။ လူအမြောက် အများက သူ့ကို မြင့်မြတ်သောနေရာတွင် ချီးမြှောက်ကြသော်လည်း၊ ထိုသို့သော မြင့်မြတ်ခြင်းနေရာကို သူမ မလိုလားခဲ့သည့်အပြင် လက်မခံခဲ့ပေ။ မာရိသည် နောက်ပိုင်းတွင် သူမ၏ မိတ်ဆွေ၊ ဆွေမျိုးများနှင့် အခြားသူများ အတွက် သခင်ယေရှုထံ နိမိတ်လက္ခဏာ၊ အထူးမျက်နှာသာ (သို့) ကောင်းကြီး မင်္ဂလာများကို တောင်းဆိုခြင်း မပြုတော့ပေ။ မာရိသည် သူမ၏ ကြားဝင်ဖြန်ဖြေသူ ကဏ္ဍကို ကောင်းကင်ဘုံ၌ ဆုပ်ကိုင်လျက်ရှိသည်ဟု ထင်မြင်ယူဆခြင်းသည်မိုက်မဲမှုသက်သက်ဖြစ်သည်။
ခရစ်တော်၏ လောကအမှုတော်တွင် နောက်တစ်ကြိမ် မာရိကို ထပ် တွေ့ရသည်။ ခရစ်တော်ထံ များစွာသောလူအုပ်က နိမိတ်လက္ခဏာ တောင်းဆို ခဲ့အချိန်ဖြစ်သည်။ ရှင်မာကုက သခင်ယေရှုသည် သာသနာတွင် ထမင်းစားချိန် မရနိုင်လောက်အောင် အလုပ်များသည့်အချိန်ဖြစ်သည်ဟု မှတ်တမ်းတင်ထား သည် (မာ ၃း၂၀)။ ကိုယ်တော်၏ မိသားစုဝင်များကိုယ်တိုင်က သူ၏ လုံခြုံ ရေးအတွက် စိုးရိမ်လာခဲ့ကြသည်။ ထို့နောက် သူတို့သည် (မှားယွင်းစွာ) ခရစ်တော်ကို စိတ်မနှံ့တော့ဘူးဟု ထင်မှတ်ခဲ့ကြသည် (မာ ၃း၂၁)။ ကျမ်းစာက သူတို့သည် သခင်ယေရှုကို လူထုများမှ ဆွဲထုတ်ရန် လာခဲ့ကြခြင်းဖြစ်ပြီး၊ သူ့ကို ပြန်လာဖို့ရန် အခိုင်အမာ ပြောဆိုခဲ့ကြသည်။
ထိုအချိန်အတောအတွင်းတွင် ယေရုရှလင်မြို့မှလာသော ကျမ်းပြု ဆရာတို့ကလည်း သူသည် ဗေလဇေဗလ၏ တန်ခိုးကိုအသုံးပြု၍ နတ်ဆိုးများ ကို နှင်ထုတ်သည်ဟု စွပ်စွဲခဲ့ကြသည် (ငယ် ၂၂)။ ရှင်မာကုသည် သိသာထင်ရှား စွာ ရှုပ်ထွေးမှု၊ ဆန့်ကျင်မှု၊ အလွန်များပြားလှသော အကူအညီလိုနေသည့် လူထုသည် သခင်ယေရှုအား ဖိစီးမူတို့ကို သရုပ်ဖော် ရေးသားသည်။ ဤ အရာသည်လည်း ထိုကျမ်းချက်၏ ရှေ့နောက်ဆက်စပ်မူတွင် ရှိသည်။ သူ၏ မိသားစုဝင်များ ရောက်ရှိလာကြပြီး လူထုများကြားမှ သူ၏ လုံခြုံရေးနှင့် စိတ် ပိုင်းဆိုင်ရာအတွက် ထွက်ခွာရန် တောင်းဆိုခဲ့ကြသည်။
မာ ၃း၃၁-၃၅ တွင် ထိုဖြစ်ရပ်ကို ဖော်ပြထားသည်။
“ထိုအခါ မယ်တော်နှင့်ညီတော်တို့သည်လာ၍ ပြင်မှာရပ်နေလျက် တစ်စုံ တစ်ယောက်သောသူကို ကိုယ်တော်ထံသို့ စေလွှတ်၍ခေါ်ကြ၏။ ခြံရံလျက် ၊ ထိုင်သောသူများတို့က၊ “မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကို ရှာလျက် ပြင်မှာရှိကြပါ၏”ဟု လျှောက်လျှင်၊ ကိုယ်တော်က၊ “ငါ့အမိ၊ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၍ ခြံရံလျက် ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ငါ့ညီပေတည်း။ ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း” ဟု မိန့်တော်မူ၏။
သခင်ယေရှုသည် ထပ်တူသော သတင်းစကားကို ပြန်လည်စေလွှတ်ခဲ့ သည်။ သူ့ဝိညာဉ်ရေးရာ လုပ်ဆောင်မှုနှင့်ပတ်သက်လျှင် သူ၏ မိသားစု၊ ဆွေ မျိုးများသည် သူ့အပေါ် ပြောဆိုခွင့်မရှိပေ။ ရှင်းလင်းစွာဖြင့် သူသည် မာရိကို တပည့်တော်များအထက်၌ မြင့်မြတ်သောရာထူးနေရာတွင် မထားကြောင်းကို ရှင်းလင်းစွာမြင်ရသည်။ သူမထက် သူသည် သူ၏ လူသားအနေဖြင့် လုပ်ဆောင်နိုင်မှုတွင် အကန့်အသတ်ရှိသည်ကို ပိုနားလည်သည်။ သူမ၏ တိုက်တွန်း စေခိုင်းဖြင့်လည်း သူသည် သူလုပ်ဆောင်နေသည့်အရာကို စွန့်ပစ်ထားမည် မဟုတ်ပေ။ သူ့မိခင်၏ အာဏာဖြင့် ခရစ်တော်သည် သူ၏ အမှုတော်မြတ်ကို အနှောက်ယှက် (သို့) လမ်းလွဲခံမည်မဟုတ်ပေ။ ထုံးစံအတိုင်းပင် ခမည်းတော် ၏ လုပ်ငန်းများကို လုပ်ဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် သူမသည် သူ၏ အမူတော်ကို ထိန်းချုပ်ရမည်မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ၊ နောက်ထပ်တစ်ကြိမ်၊ မာရိသည် မိခင်အနေဖြင့် သခင်ယေရှုကို ထိန်းချုပ်မည့်အစား၊ သူ၏ သခင်အဖြစ် ဝန်ခံသည်ကို တွေ့ရ သည်။ သူမသည် ခရစ်တော်၏ သစ္စာရှိသော တပည့်တော်တစ်ဦး ဖြစ်လာ သည်။ ခရစ်တော်သည် သူလုပ်ရမည့်အလုပ်ကို တည်ကြည်စွာ လုပ်ဆောင်ရ မည်ဖြစ်ပြီး သူမ၏ညွန်ကြားချက် မလိုအပ်သည်ကို သူမ နားလည်ခဲ့ဟန်ရှိ သည်။ နောက်ဆုံးတွင် မာရိသည် ကားတိုင်နားထိတိုင်အောင် လမ်းတစ်လျှောက်လုံး ခရစ်တော်၏ နောက်သို့လိုက်ခဲ့သည်။ မှောင်မိုက်သော ထိုနေ့လည် ခရစ်တော် သေသည့်အချိန်တွင် ကားတိုင်တော်နားမှာ အခြားမိန်းမအချို့နှင့် ကိုယ်တော်၏ ဝေဒနာခံစားရခြင်းကို ရပ်ကြည့်ခဲ့ရသည်။ ခရစ်တော် လက်ဝါး ကပ်တိုင်ပေါ် အသေခံသည့်အချိန်သည် တတိယနှင့် နောက်ဆုံးအကြိမ် မာရိ နာမည်ကို သခင်ယေရှုနှင့်တွဲ၍ ကိုယ်တော်၏ လောကအမှုတော်ကာလတွင် မြင်တွေ့ရခြင်းဖြစ်သည်။
သူမ၏စိတ်နှလုံးကို ထိုးဖောက်သော ဓား
မာရိသည် သခင်ယေရှု လက်ဝါးကပ်တိုင်၌ အသေခံမည့် နေ့ရက် ရောက်ရှိလာသည်ကို ရိပ်မိနိုင်ဖွယ်ရှိသည်။ သခင်ယေရှုက သူ၏အသေခံခြင်း အကြောင်းပြောဆိုခြင်း (မကြာခဏ ပြောဆိုခဲ့သည့်အတိုင်း)ကို ကြားခဲ့မည်မှာသေချာသည်။ ထိုအကြောင်းအရာသည် သခင်ယေရှု ကလေးသူငယ် အရွယ် ကတည်းက မာရိ၏ စိတ်ထဲတွင် တိမ်စိုင်လို ထင်ကျန်နေခဲ့ပေလိမ့်မည်။ ၄င်း သည် သူမ၏ စိတ်တွင် မှတ်ကြုံ၍ စဉ်းစားဆင်ခြင်နေခဲ့သောအရာဖြစ်မည်မှာ သေချာသည် (လု ၂း၁၉၊ ၅၁)။ ရှင်လုကာခရစ်ဝင်ကျမ်းတွင် မာရိ၏ စိတ်တွင် ကျရောက်လာမည့် အဖြစ်ဆိုးကြီး၏ ပထမဆုံးသဲလွန်စကို အမြဲတွေးတော နေမိသည်ကို ဖော်ပြသည်။
သခင်ယေရှုသည် မွေးကင်းစကလေးဘဝမှပင် သူ၏ လောကမိဘ နှစ်ပါးတို့သည် ဗိမာန်တော်၌ သူ့ကို ထွက် ၁၃း၂-၁၃တွင် ဖော်ပြထားသည် အတိုင်း ဆက်ကပ်ခဲ့ကြသည်။ “လူဖြစ်စေ၊ တိရိစ္ဆာန်ဖြစ်စေ သားဦးအပေါင်း တို့ကို ငါ့အဖို့သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်ဟု မိန့်တော်မူ၏။” လု ၂း၂၄ တွင် ယောသပ်နှင့်မာရိတို့သည် ခိုနှစ်ကောင်ဖြင့် ပူဇော်ခဲ့ကြသည်။ ၄င်းသည် သိုးသူငယ်ဖြင့် ယစ်ပူဇော်ရန် မတတ်နိုင်သည့် ဆင်းရဲသောသူများ အတွက် ဖော်ပြချက်ဖြစ်သည် (ဝတ် ၁၂း၈)။ ထိုနေ့ရက်၌ နာဇရက်မြို့ငယ်လေး မှ လာရောက်သော မိသားစုသည် အသက်ကြီးရင့်သောသူတော်စင် နှစ်ဦးနှင့် တွေ့ဆုံသည်။ ထိုသူတို့မှာ ရှုမောင်နှင့် အန္ဒတို့ဖြစ်ကြသည်။ (အန္ဒအကြောင်းကို နောက်အခန်းတွင် လေ့လာမည်။)
ရှုမောင်သည် အသက်ရွယ်ကြီးရင့်ပြီး “ဖြောင့်မတ်သောသူ၊ တရားကို ရိုသေသောသူ ဣသရေအမျိုး၏ သက်သာခြင်းအကြောင်းကို မျှော်လင့်သော သူ” ဟု ကျမ်းစာက ဖော်ပြသည် (လု ၂:၂၅)။ သူသည် မသေခင်မှာ မေရှိယကို မြင်ရသောအခွင့်ရှိမည်အကြောင်း ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် ဗျာဒိတ်ရခဲ့သည်။ ယောသပ်နှင့်မာရိတို့သည် သခင်ယေရှုကို ဗိမာန်တော်၌ဆက်ကပ်ခဲ့သည့်နေ့တွင် သန့်ရှင်းသောဝိညာဉ်တော်သည် ရှုမောင်ကိုလည်း ထိုနေရာသို့ ပို့ဆောင်ခဲ့သည် (လု ၂း၂၇)။
ရှုမောင်သည် သူငယ်တော်ယေရှုကို တွေ့သောအခါ ဘုရားသခင် ဘိသိတ်ထားသော သူငယ်ဖြစ်ကြောင်း ချက်ချင်းပင်သိခဲ့သည်။ ကျမ်းစာက သူသည် သူငယ်တော်ယေရှုကို လက်ဖြင့်ချီ၍ ပရောဖက်ပြုချက်ကို မြွတ်ဆိုသည် ဟု ပြောသည်။ ထို့နောက် မာရိ ဘက်ကို လှည့်၍ သူမအား ပြောခဲ့သည်မှာ “ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ အများထမည် အကြောင်း၊ လူအများတို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှာ ငြင်းခုံစရာ ဖြစ်မည်အကြောင်း ခန့်ထားသော သူဖြစ်၏။ (ထိုမှတစ်ပါး သန်လျက်သည် သင်၏ စိတ်နှလုံးကို ခွင်းလိမ့်မည်ဟုမြက်ဆို၏”) (လု ၂း၃၄-၃၅)။ရှင်လုကာခရစ်ဝင်ကျမ်းတွင် ရှင်လုကာသည် သခင်ယေရှု၏ မွေးဖွား ခြင်းအကြောင်းနှင့် မာရိ၏ အသက်တာကို အသေးစိတ် လေ့လာဖော်ပြခဲ့သည် မှာ သေချာသည်။ လု ၁း၁-၄ တွင် လုကာသည် မျက်မြင်ကိုယ်တွေ့ အမြောက် အမြားနှင့်လည်း တွေ့ဆုံမေးမြန်းခွင့်ရကြောင်းကို ဖော်ပြသည်။ မာရိသာသိနိုင် မည့် မာရိအကြောင်းကို အသေးစိတ်ရေးသားသောကြောင့် မာရိကိုယ်တိုင် သည် ရှင်လုကာ၏ အရင်းအမြစ်တစ်ခုဖြစ်နိုင်သည်ဟု ဆိုနိုင်ပေသည်။ သခင် ယေရှု၏ သူငယ်ဘဝအကြောင်းများကို (လု ၂း၁၉-၄၈၊၅၁) ရေးသားခြင်းသည် ထိုအရာကို အတည်ပြုစေသည်။ ရှုမောင်၏ ပရောဖက်ပြုချက်အတွက်လည်း မာရိသည် ရှင်လုကာ၏ မျက်မြင်သက်သေ အရင်းအမြစ်ဖြစ်ပေမည်။ သူ့အကြောင်းကို ကောင်းကောင်းမသိခဲ့ပေမဲ့ ထိုဖြစ်စဉ်ကို ကောင်းကောင်းမှတ်မိပေ လိမ့်မည်။ နောက်ဆုံးတွင် ထိုလူကြီး၏ လေးလံသော အသံဖြင့် ပရောက်ဖက်ပြု ပြောကြားချက်သည် သူမ၏ စိတ်တွင်အစဉ်အမြဲ ကျန်ရစ်ခဲ့ပေလိမ့်မည်။
နှစ်ပေါင်းအတန်ကြာခဲ့သော် ရောမစစ်သားများသည် သခင်ယေရှု၏ နံဘေးကို ဓားဖြင့် ထိုးခွင်းသည်ကို ရှုစားရသည်။ သူမသည်လည်း မိမိအား ထိုးဖောက်သကဲ့သို့ ခံစားခဲ့ရမည်ဖြစ်သည်။ ထိုအချိန်တွင် ရှုမောင်၏ ပရောဖက်ပြုချက်ကို ကောင်းကောင်းသတိရနေမည်ဖြစ်ပြီး၊ ရုတ်တရက်ပင် ၄င်း၏ အနက် အဓိပ္ပာယ်သည် ပြည့်စုံလာသည်ကို သူမတွေ့မြင်ခဲ့ရသည်။
မာရိသည် ဆိတ်ငြိမ်စွာ သူမ၏သား သေနေသည်ကို ကြည့်မြင်နေစဉ် အခြားသောသူတို့သည် သူ့ကို ယုတ်မာစွာ အပြစ်တင်ပုတ်ခပ်ကြပြီး ခနဲ့ကြ သည်။ သူ့ကို မတရားစွာ ညှင်းဆဲခြင်းသည် မာရိ၏ စိတ်တွင် ဆူးဆူးရှရှခံစား ရပေမည်။ နောက်ဆုံးတွင်၊ သခင်ယေရှု၏ လုံးဝ အပြစ်ကင်းစင်ပြီး ပြည့်စုံခြင်း ကို မာရိသာလျှင် အသိဆုံးဖြစ်သည်။ သူမသည် သူ့ကို နို့စို့သူငယ်အရွယ်မှ မွေးထုတ် စောင့်ရှောက်ခဲ့ပြီး ကလေးဘဝတစ်လျှောက်တွင်လည်း စောင့် ရှောက်ခဲ့သည်။ သူ့ကို သူမချစ်သည်ထက် မည်သူမျှ ချစ်လိမ့်မည်မဟုတ်။ ထိုအချက်များ အားလုံးပေါင်းပြီးကြည့်လျှင် ထိုရက်စက်သော မြင်ကွင်းကို မည်သည့် မိခင်မျှ ကြည့်မြင်ရဲမည်မဟုတ်။ မာရိ ခံစားရသော ရင်တွင်း ဝေဒနာ ကို စဉ်းစား၍ပင် မရနိုင်ပေ။ ထိုအခြေအနေမှာပင် သူမသည် မညည်းမည္။ တိတ်ဆိတ်စွာ ရပ်လျက်နေသည်။ တစ်ခြားမိခင်များဆိုလျှင် မကြည့်ရက်ဘဲ ထွက်ပြေးပြီး၊ အော်ဟစ်ငိုကြွေးကာ၊ ကြောက်လန့်နေမည်။ သို့မဟုတ် ထိုမြင် ကွင်း၏ ရက်စက်မှုကြောင့် သတိမေ့လဲကျနိုင်သည်။ မာရိသည် ကျေးဇူးတရား နှင့်လည်းကောင်း၊ ရဲစွမ်းသတ္တိနှင့်လည်းကောင်း ပြည့်ဝသောသူဖြစ်ကြောင်း ရှင်းလင်းသည်။
မာရိအနေဖြင့် ပူပန်ထိတ်လန့်စရာ ကောင်းသောအချိန်၌ သခင်ယေရှု နှင့်အတူ ရှိနေခြင်းသည် သူ့အား အားပေးနှစ်သိမ့်ရာရောက်ပြီး သူတတ်နိုင်သောအရာတစ်ခုဖြစ်သည်ကို နားလည်ဟန်ရှိသည်။ သို့သော် ထိုအရာသည် လူထုကြားမှ အားပေးနှစ်သိမ့်ခြင်းသာဖြစ်သည်။ မာရိ၏ ကိုယ်တိုင်ခံစားရသော စိတ်ဝေဒနာသည် သခင်ယေရှု၏ အပြစ်ဖြေခြင်း အမူတော်မြတ်တွင် ပါဝင်ထိ ရောက်ခြင်းမရှိပေ။ သူမ၏ ဝမ်းနည်းခြင်းသည် တပါးလူများ၏ အပြစ်များ အတွက် သခင်ယေရှုခံစားရသည့် ဝေဒနာတွင် ပါဝင်ထိရောက်မှုမရှိချေ။ သူသည် လောက၏ အပြစ်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ သူမသည် ထို ကယ်တင်ခြင်းအမူကို ကူညီ၍မရနိုင်ပေ။ ကိုယ်တော်သည်လည်း ရွေးနုတ်ကယ်တင်ခြင်းအမှုတွင် သူမ၏ ပူးပေါင်းမှုနှင့် ကြားဝင်ဖျန်ဖြေခြင်းအမှုတွင် သူမ၏ ပူပေါင်းမှု မလိုအပ်ပေ။ အထောက်အပံ့မပေးနိုင်။ “ဘုရားသခင် တစ်ဆူ တည်းရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို့၏ စပ်ကြားမှာ လူဖြစ်သော သခင်ယေရှုခရစ်တည်းဟူသော အာမခံတစ်ဦးတည်းရှိ၏” (၁ တိ ၂း၅)။ မာရိ ကိုယ်တိုင်က ထိုရာထူးသို့ ကျူးကျော်ဝင်ရောက်ခြင်းမပြုပေ။ လူအမြောက်အ များက သူမကို ထိုနေရာသို့ရောက်သည်ဟု ပြောဆိုကြခြင်းသည် ရှက်ဖွယ်ရာ ကောင်းလှသည်။
ဖြစ်ရပ်မှာ သခင်ယေရှု၏ နောက်ဆုံး အသက်ကုန်ခါနီးအချိန်တွင် သခင်ယေရှုသည် သူမကို အားပေးခဲ့သည်။ သေလုနီးပါးဖြစ်နေသည့်အချိန် တွင် သူသည် အနားမှာ အခြားအမျိုးသမီးအဖွဲ့နှင့်အတူ သူချစ်သော တပည့် တော် ယောဟန်နှင့်လည်း ရပ်လျက်ရှိနေသော မာရိကို လှမ်းကြည့်ခဲ့သည်။ နောက်ဆုံးကြိမ်အဖြစ် သခင်ယေရှုသည် လူ့ဇာတိအားဖြင့် မာရိအား သူ၏မိခင် ဖြစ်ကြောင်းကို အသိအမှတ်ပြုခဲ့သည်။ ရှင်ယောဟန်က သူ၏ ခရစ်ဝင်ကျမ်း တွင် ဖော်ပြထားသည်မှာ၊ “ထိုအခါ မယ်တော်နှင့်ချစ်တော်မူသော တပည့်တော် သည် အနားမှာ ရပ်နေသည်ကို သခင်ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော် အား၊ “အချင်းမိန်းမ၊ သင်၏သားကိုကြည့်ပါ’ဟူ၍လည်းကောင်း၊ တပည့်တော် အားလည်း၊ “သင်၏အမိကို ကြည့်ပါ” ဟူ၍လည်းကောင်း မိန့်တော်မူ၏။ ထိုအ ခါမှစ၍ ထိုတပည့်တော်သည် မာရိကို မိမိအိမ်၌ သိမ်းထား၏ (ယော ၁၉း ၂၆-၂၇)။
ထို့ကြောင့် သခင်ယေရှုသည် အဖဘုရားသခင်ထံ မိမိဝိညာဉ်ကို မ အပ်နှံမီ သူ၏လောကတွင် နောက်ဆုံးပြုခဲ့သည့်အရာမှာ မာရိ၏ ဘဝအသက် တာသည် ကြည့်ရှုစောင့်ရှောက်ခြင်းရရှိရန် သေချာအောင်ပြုလုပ်ခြင်း ဖြစ် သည်။
ထိုလုပ်ရပ်သည် မာရိနှင့် သူမ၏သားဦးကြား ဆက်ဆံရေးကို နမူနာ ပြသည်။ သူမသည် ကိုယ်တော်၏ လောကမိခင်ဖြစ်ပြီး၊ ကိုယ်တော်သည် သူမ ၏ သခင်ဖြစ်သည်။ သူမသည် ထိုဆက်ဆံရေးကို နားလည်ခံယူခဲ့သည်။
ကိုယ်တော်သည် ငယ်စဉ်ကလေးဘဝတွင် လောကီအရာများ၌ မာရိအပေါ် မိခင်အဖြစ် သူ၏အုပ်ချုပ်မူကို ဝန်ခံ (လု ၂း၅၁)သကဲ့သို့ မာရိသည်လည်းကောင်းကင်အရာများ၌ ကိုယ်တော်၏ အုပ်ချုပ်မူကို ဦးညွတ်ဝန်ခံခဲ့သည်။ မိခင်အနေဖြင့် တစ်ချိန်တုန်းက သူ၏ လိုအပ်မှုများကို ထောက်ပံ့ပေးခဲ့သည်။ သို့သော် နောက်ဆုံးနှင့် ထာဝရတွင် ကိုယ်တော်သည် သူမ၏ ကယ်တင်ရှင်နှင့် ထောက်ပံ့ပေးသူဖြစ်သည်။
မာရိသည် တစ်ခြားသော မိခင်များနှင့်မတူပေ။ ဘုရားသခင်ကို ရိုသေ သော မိခင်များသည် သားသမီးများကို ကောင်းကင်နိုင်ငံတော်အတွက် အကျိုး ရှိရန် ပြုစုပျိုးထောင်ကြသည်။ မာရိ၏ သားသည် အရှင်သခင်ဖြစ်ပြီး ကောင်း ကင်၏ ဖန်ဆင်းရှင်ဖြစ်သည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ ဤအရာများနှင့် “သူမ၏နှလုံးသားလာသည့်အချိန်တွင် ပြည့်ဝစွာ နားလည်လာခဲ့သည်။ သူမသည် တပည့်တော်နှင့် ကိုးကွယ်သူဖြစ်လာသည်။ သူမ၏ သားနှင့် ရုပ်ပိုင်းဆိုင်ရာ ဆက်စပ်မှုသည် နောက်ကွယ်သို့မှေးမှိန်သွားခဲ့သည်။ သခင်ယေရှု ကားတိုင် ပေါ်မှ သူ၏မိခင်ကို လောကတွင် ဂရုစိုက်ပေးရန် ယောဟန်လက်သို့ အပ်နှံခဲ့ သည့် အချိန်တွင် မာရိနှင့် သူ၏ လောကတွင် ဆက်စပ်မှုကို အဆုံးသတ်ခြင်း အမှတ်အသားပင်ဖြစ်သည်။
သခင်ယေရှုသေပြီးနောက် မာရိသည် ကျမ်းစာ၌ နောက်ထပ်တစ်ကြိမ် မျှသာ ထင်ရှားသည်။ ရှင်လုကာ၏ ကနဦးအသင်းတော် ဖြစ်စဉ်မှတ်တမ်းတွင် ဖော်ပြသည်မှာ ယေရုရှလင်မြို့၊ ပင်တေကုတ္တေနေ့တွင် တပည့်တော်များ တညီ တညွတ်တည်းကြိုးစား၍ ဆုတောင်းပဌာနာပြုလျက်ရှိနေစဉ် တပည့်တော်များ နှင့် မာရိအတူပါရှိခဲ့သည် (လု ၁း၁၄)။ ဩဝါဒစာစောင်များ၌ သူမ၏နာမည်ကိုဖော်ပြထားခြင်းမရှိပေ။ ခရစ်ယာန်သမိုင်းနှင့် ထုံစံများတွင် များစွာလူတို့ ပြုသကဲ့သို့ ကနဦးအသင်းတော်သည် မာရိကို ဘာသာရေးအယူဝါဒအရ ကြည် ညိုလေးမြတ်ခြင်းမပြုကြောင်း ထင်ရှားလှပါသည်။
မာရိကိုယ်တိုင်သည် မိမိကိုယ်ကို ထိုသို့ တစ်ကြိမ်တစ်ခါမျှ ထိုသို့ဖြစ် ကြောင်း မဆိုခဲ့ဖူးချေ။ ထိုသို့လည်း ဟန်ဆောင်ပြုမူခြင်းမပြုခဲ့ဖူးချေ။ ကိုယ်တော်ကို စောင့်ရှောက်ခဲ့သော နှိမ့်ချသည့်အမျိုးသမီးတစ်ဦးအဖြစ်မှလွဲ၍ မည်သူ အဖြစ်မျှ ပြုမူဆောင်ရွက်ခြင်းမရှိခဲ့ပေ။ သူမသည် သာလွန်ထူးကဲသောသူ ဖြစ်ရ ခြင်းမှာ ဘုရားသခင်က သူမကို သာလွန်ထူးကဲစွာ အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။ သူမကိုယ်တိုင်သည် ဘုရားအစီအစဉ်တွင် စီမံခန့်ခွဲသူအဖြစ် မ ပြောဆိုခဲ့ဖူးချေ။ မည်သူ့ကိုမျှလည်း သူမကို ကြားဝင်ဖျန်ဖြေသူအဖြစ် ကြည်ညို လေးစားရန် မတိုက်တွန်းခဲ့ပေ။ မာရိ၏ ချီးမွမ်းခြင်းတွင် မိမိကိုယ်ကို နှိမ့်ချခြင်း သည် သူမ၏ ဘဝနှင့်စရိုက်ကို ရိုးရှင်းစွာဖော်ပြသည်။
အယူသီးသော ဘာသာရေးခံယူခြင်းသည် မာရိကို ရုပ်တုသဖွယ် ကိုးကွယ်ရာရောက်အောင်ပြုလုပ် ခြင်းသည် အမှန်တကယ် စိတ်မကောင်း နောင် တရဖွယ်ကောင်းလှသည်။ သူမသည် အတုယူဖွယ်ကောင်းသောသူဖြစ်သည်မှာ မှန်ပေသည်။ သို့သော်၊ မာရိကိုယ်တိုင်သည် မိမိထံ ဆုတောင်းပဌနာပြုခြင်း၊ ကြည်ညိုလေးမြတ်ခြင်း၊ ဖရောင်းတိုင်ထွန်းပြီး အရိုအသေပေးခြင်းတို့ကို တုန် လှုပ်ခြောက်ခြားမိမှာအမှန်ပင်ဖြစ်သည်။ သူမ၏အသက်တာနှင့် သက်သေ သည် သူမ၏ သားကို အဆက်မပြတ် ရည်ညွှန်းသည်။ သူ့ကိုသာ သူမ၏ ကိုး ကွယ်ခဲ့သည်။ သူ့ကိုသာ သူမ၏သခင်အဖြစ် သူမအသိအမှတ်ပြုခဲ့သည်။ သူ့ ကိုသာ အရာခပ်သိမ်းအတွက် ယုံကြည်အားကိုးခဲ့သည်။ မာရိ၏ပုံဥပမာအတိုင်း ၊ ဤနေ့ယုံကြည်သူများသည်လည်း လုပ်ဆောင်ကြရရန် ကျမ်းစာသည် မီးမောင်းထိုးပြ သွန်သင်လျက်ရှိသည်။
(၇)
အန္န – သစ္စာရှိစွာ သက်သေခံသူ
“သူသည်လည်း ထိုခဏချင်းတွင်ဝင်၍ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရှုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူ အပေါင်းတို့အား ထိုသူငယ်၏အကြောင်းကို ပြောလေ၏။”
လု ၂း၃၈။
သခင်ယေရှုမွေးဖွားချိန် ယုဒပြည်၌ လူအနည်းငယ်သာလျှင် မေရှိယ ဖြစ်ကြောင်း သိသည်။ မည်သူမျှ သူ့အား မျှော်လင့်မထားခဲ့သောကြောင့် မဟုတ်ပေ။ ပထမရာစုနှစ်အစောပိုင်းတွင် မေရှိယကို မျှော်လင့်ခြင်းသည် အဆက်မပြတ် မြင့်မားပေ၏။
ဒံယေလသည် ခရစ်တော်သခင်အကြောင်း ပရောဖက်ပြုချက်ကို တိကျသော ရက်စွဲဖြင့်ရေးသားထားသည် (ဒံ ၉း၂၄-၂၇)။ ဒံယေလ၏ ရေး သားချက်၌ “… သိတင်းခုနှစ်ဆယ်ကို သင်၏အမျိုးသားချင်းအဘို့နှင့် သင်၏ သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။ ထို့ကြောင့် ယေရုရှလင်မြို့တဖန် တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည်နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ခုနှစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည် ဟု သိမှတ်နားလည်လော့ .။ “ဒံယေလ၏ “သိတင်းခုနှစ်ဆယ်” ကို (ဟေဗြဲဘာသာစကား၌ “ခုနစ်”ဟူ၍နားလည်ရသည်) “ခုနစ်နှစ်ကာလ”ဟု နားလည်ရလျှင် ဒံယေလသည် စုစုပေါင်း (၄၈၃) နှစ် ကာလအပိုင်းအခြားကိုဖော်ပြနေခြင်းဖြစ်သည်။ နှစ်ပေါင်း (၄၈၃)ကို “ခုနစ်သတင်း” (၇ x ၇=၄၉ နှစ်) နှင့် “ခြောက်ဆယ့်နှစ်သီတင်း” (၇ x ၆၂= ၄၃၄) နှစ်ဟု ပိုင်းနိုင်သည်။ “ယေရုရှလင်မြို့တဖန် တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည်နေ့”သည် အာတဇေရစ်မင်းကြီး ပေးခဲ့သည့် အမိန့်တော်ကို ရည်ညွှန်းဟန်ရှိသည် (နေ ၂း၁-၈)။ ၄င်းအချိန်မှ ဘီစီ (၄၄၄) မှ (၄၄၅) ဘီစီ ထိတိုင်အောင်ဖြစ်သည်။ Lunar ပြက္ခဒိန်တွက်ချက်ခြင်းအရ တစ်နှစ်တွင် ရက်ပေါင်း (၃၆၀) ရက်ရှိသည်။ ထို့ကြောင့် “ခရစ်တော်သခင်၏လက်ထက်တိုင်အောင် ခြောက်ဆယ်နှစ်သိ တင်း” ဟူသောအရာသည် အေဒီ (၃၀)ခန့်တွင် ပြည့်စုံလာမည်ဖြစ်ပြီး၊ ထိုအချိန် ၌ သခင်ယေရှုသည် ယေရုရှလင်မြို့သို့ ဘုရင်ကဲ့သို့မြည်းကလေးကိုစီးလျှက် ဝင်ရောက်လာခြင်းနှစ်လည်း ဖြစ်သည်။
ကျမ်းစာမှတ်တမ်းတင်ချက်အရ နှစ်ခြင်းဆရာယောဟန် သာသနာ အစပြုချိန်တွင်၊ “လူများတို့သည် မျှော်လင့်၍၊ ယောဟန်သည် ခရစ်တော်မှန် သည် မမှန်သည်ကို နှလုံးထဲမှာ တွေးတော ဆင်ခြင်ကြသည်” (လု ၃း၁၅)။ အကယ်စင်စစ် တပည့်တော်အများစုတို့သည် ခရစ်တော်နှင့် တွေ့ရခြင်းအကြောင်းမှာ သူ၏ပေါ်ထွန်းလာခြင်းကို မျှော်လင့်လျက် စောင့်ဆိုင်းပြီး၊ ခရစ် တော်ထံ ညွှန်ပြပေးသော နှစ်ခြင်းဆရာယောဟန်ထံသို့ ချဉ်းလာကြသော ကြောင့် ဖြစ်သည် (ယော ၁း၂၇-၃၇)။
ဖြစ်စဉ်မှာ အစ္စရေးတွင် သစ္စာရှိသောယုံကြည်သူများသည် မေရှိယကို စောင့်မျှော်နေကြသည်။ သခင်ယေရှု မွေးဖွားသည့် အချိန်ကိုလည်း အတိအကျ သေသေချာချာ လေ့လာခဲ့ကြသည်။ ဝမ်းနည်းစရာမှာ လူအနည်းမျှသာ ခရစ် တော်ကို လက်ခံထားကြသည်။ အကြောင်းမှာ သူတို့၏ မျှော်လင့်ချက်အတိုင်းသူမဖြစ်လာသောကြောင့် ဖြစ်သည်။ ယုဒလူမျိုးများ၏ မျှော်လင့်ချက်သည် နိုင်ငံရေးသြဇာညောင်းသောသူ၊ စစ်တပ်ခေါင်းဆောင်ကြီးနှင့် အောင်ပွဲယူ နိုင်သော ရှင်ဘုရင်ကို စောင့်စားကြသည်။ လယ်သမားမိသားစုမှ မွေးဖွားလာ ပြီး ပွဲလမ်းသဘင်နှင့် ကြိုဆိုခြင်းမရှိခဲ့ပေ။ တိရစ္ဆာန်တင်းကုပ်တွင် မည်သူမျှ မသိလောက်အောင် ဖွားမြင်ခဲ့သည်။
ဣသရေလတိုင်းပြည်တွင် ယေရှုကိုသခင်အဖြစ် လက်ခံသော လူများ မှာ ကျိုးနွံသောသူများဖြစ်ပြီး၊ ထူးခြားပြောင်မြောက်သောလူများ မဟုတ်ပေ။ မ ၂း၁-၁၂ တွင် ဂျူးမျိုးမဟုတ်၊ တစ်ပါးအမျိုးသားများဖြစ်ပြီး အလွန်ချမ်းသာ၍ ဩဇာတန်ခိုးရှိကာ မိမိတို့ဓလေ့ရိုးရာ၌ ဩဇာအရှိန်အဝါရှိသောသူ ဖြစ်ကြ သည်။ သို့သော် ဣသရေလလူမျိုးများတွင် ခရစ်တော်သည် မေရှိယဖြစ်သည် ကို ယောသပ်နှင့်မာရိ၊ သိုးထိန်းများ၊ ရှိမုန်နှင့် အန္ဒတို့ကသာ နားလည်ကြသည်။ ဤလူသားအားလုံးသည် သာမန်လူများ ဖြစ်သည်။ သို့သော် ထိုသူတို့အားကောင်းကင်တမန်များအားဖြင့်၊ အထူးဗျာဒိတ်တော်အားဖြင့် ဖော်ပြပြောခဲ့ သောကြောင့် ခရစ်တော်ကို သိမှတ်ရခြင်းဖြစ်သည်။ ရှင်လုကာသည် ထိုသူတို့၏ ဇာတ်လမ်းများကို အစဉ်လိုက် ပြန်လည်ဖော်ပြပြီး တစ်ချိန်တည်းတွင် အဖြစ် အပျက်များအတွက် သက်သေခံများအဖြစ် ဖော်ပြသည်။
နောက်ဆုံးသက်သေခံသူမှာ အန္ဒ ဖြစ်သည်။ သူမ၏အကြောင်း အားလုံးကို လု ၂း၃၆-၃၈ တွင်တွေ့ရသည်။ ဤကျမ်းပိုဒ်မှအပြင် တစ်ခြားသော ကျမ်းပိုဒ်၌ ဖော်ပြထားခြင်းမရှိပေ။ သို့သော် ရှင်လုကာရှိ ကျမ်းပိုဒ်များသည် သူမ၏ ဂုဏ်သတင်းကို ဖော်ပြပေးပြီး၊ သူမသည် အမှန်တကယ် ထူးကဲသော အမျိုးသမီးဖြစ်ကြောင်းကို လုံလောက်စွာ ဖော်ပြပေသည်။
“အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး အန္နအမည်ရှိသော ပရောဖက်မ တစ်ယောက်ရှိ၏။ သူသည် ပျိုအရွယ်မှစ၍ ခုနှစ်နှစ်သာလင်နှင့် နေပြီးလျှင် အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ် လေးနှစ်ခန့်မျှတိုင် မုဆိုးမ ဖြစ်လျှက် ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ်ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့်မခွာဘဲနေ၏။ သူသည်လည်း ထိုခဏ ချင်းတွင်ဝင်၍ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနှုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့ အား ထိုသူငယ်အကြောင်းကိုပြောလေ၏”(လု ၂း၃၆-၃၈)။
ရှုမောင်သည် ယေရှုသူငယ်ကို ချီ၍ ပရောဖက်ပြုချက်နှင့်ဆိုင်သော ကောင်းကြီးပေးခြင်းများ ကိုရေရွတ်သည်။ ရှင်လုကာပြောပြချက်မှာ အန္ဓသည် ချက်ချင်းပင် ခရစ်တော်မည်သူဖြစ်သည်ကိုသိ၏။ ရှုမောင်၏ ကောင်းကြီး မင်္ဂလာကိုကြားခဲ့နိုင်ပြီး၊ ရှုမောင်ကိုလည်း သိခဲ့သည်။ အန္နသည် ဗိမာန်တော်နှင့် မကွာနေသောသူဟုဖော်ပြပြီး၊ ရှုမောင်သည် ဖြောင့်မတ်ပြီး တရားကို ရိုသေသောသူဟု ဖော်ပြထားသည် (ငယ် ၂၅)။ ရှုမောင်နှင့် အန္ဓတို့သည် အသက် အရွယ်ကြီးရင့်ပြီဖြစ်သည်။ သခင်ယေရှုအကြောင်းကြားသိသော်လည်း နှစ်ဦး လုံးမတွေ့ကြုံရဖူးပေ။ အန္နသည် ရှုမောင်၏ ဖြောင့်မတ်သောသူဖြစ်ကြောင်း ဂုဏ်သတင်းကို သိလျက်၊ သူသည် “ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်း”ကို မသေခင် မြင်ချင်သောသူဖြစ်သည်။ သူ၏ ဝမ်းမြောက်ဖွယ်ရာ ယေရှုကိုတွေ့မြင်ပြီး ကောင်းချီးမင်္ဂလာပေးခြင်းကို အန္ဒသည် နားထောင်လျက် နှလုံးသွင်းမှတ်သားခဲ့သည်။
သူမအသက်တာသည်လည်း ကျွန်တော်တို့လေ့လာခဲ့ပြီးသော အခြား သော ထူးကဲသည့် အမျိုးသမီးများကဲ့သို့ပင် အန္ဒသည် မေရှိယအရှင်သခင်ကို စောင့်မျှော်သောသူတစ်ဦးဖြစ်သည်။ သူသည် ဓမ္မဟောင်းကတိတော်များကို သိပြီး၊ အပြစ်မှ ကယ်တင်ခြင်းနှင့် ကယ်တင်ရှင်နှင့် ဣသရေလအမျိုး၏ အနာ ဂတ်ကောင်းကြီးမင်္ဂလာသည် မေရှိယ၏ ဆင်းကြွလာခြင်းအပေါ်မူတည်သည်။ တစ်နေ့တွင် အန္ဒသည် ဗိမာန်တော်၌ ပုံမှန်တာဝန်ထမ်းဆောင်သည့်အတိုင်းဆောင်ရွက်နေစဉ်တွင် ရုတ်တရက်နှင့် အံ့သြဖွယ်ကောင်းစွာ မေရှိယကို မြင် တွေ့ရန် သူမ၏ မျှော်လင့်တောင့်တချက်သည် ပြည့်စုံလာခဲ့ပါသည်။
ရှင်လုကာခရစ်ဝင်ကျမ်း၌ အန္နအကြောင်းကို အကျဉ်းချုပ်သာ ဖော်ပြ သည်။ သို့သော်လည်း သူမအသက်တာနှင့် သက်သေခံချက်တို့၏ အရေးကြီး ပုံကို မြှင့်တင်ဖော်ပြထားသည်။ သူသည် ခရစ်တော်မွေးဖွားခြင်း အကြောင်းကို နားလည်ပြီး အနည်းငယ်သော မျက်မြင်တွေ့မြင်သူအများမှ ဘုရားသခင်၏ကောင်းချီးခံရသောသူ တစ်ဦးမှန်သည်။ သူမသည် ထိုအရာကိုလျှို့ဝှက်၍ မထားချင်ပေ။ ထို့ကြောင့် သူမသည် ခရစ်တော်အတွက် အဦးဆုံးနှင့် အသည်း ခံနိုင်ဆုံးသော သက်သေခံသူတစ်ဦးဖြစ်သည်။ ရှင်လုကာခရစ်ဝင်ကို ကြားရ သည့်နေရာတိုင်းတွင် သူမ၏ သက်သေခံချက်သည် လူများကို ခရစ်တော်ထံ ပို့ဆောင်နေဆဲပင်ဖြစ်သည်။ သို့ဖြစ်၍ အန္ဒသည် သာလွန်ထူးကဲသော အမျိုး သမီး စာရင်းတွင် ပါဝင်ထိုက်ပေသည်။
အကယ်စင်စစ်၊ ရှင်လုကာခရစ်ဝင်ကျမ်းရှိ ကျမ်းပိုဒ်သုံးပိုဒ်တွင် အန္ဓ၏ သာလွန်ထူးကဲသော အသက်တာအကြောင်းကို ဖော်ထားသည်။ ရှင်လုကာ ဖော်ပြသော ဇာတ်ကြောင်းတွင် အရေးပါသောသော့ချက် စကားစုအားဖြင့် အန္ဒ၏ဘဝနှင့် အကျင့်စရိုက်တို့ကို အံ့သြဖွယ်ကောင်းပြီး လေးနက်စွာ နားလည်စေပါသည်။
သူမသည် ပရောဖက်မတစ်ဦးဖြစ်သည်
တမန်တော်ရှင်လုကာအစပြုသည်မှာ “အန္နအမည်ရှိသော ပရောဖက် မတစ်ယောက်ရှိ၏”ဟုဖြစ်သည်(လု ၂း၃၆)။ ဟေဗြဲစကားတွင် သူမ၏ နာမည်သည် “ဟန္ဒ”နှင့်တူသည်။ ရှမွေလ၏မိခင် ဟန္န၏ ဇာတ်လမ်းမှ သင် သတိပြုမိမှာပါ။ ဟန္ဒအဓိပ္ပာယ်မှာ “ကျေးဇူးတော်” ဖြစ်ပြီး ဘုရားသခင်၏လူ လေးစားထိုက်သောအမျိုးသမီးတစ်ဦးနှင့် လိုက်ဖက်သော နာမည်ဖြစ်သည်။ အန္ဒ၏အသက်တာသည် ဓမ္မဟောင်းကျမ်း၌ ဟန္ဒနှင့် တူညီသောအချက်မှာ အစာရှောင်၍ ဆုတောင်းခြင်း”ကို ကျင့်ဆောင်သော အမျိုးသမီးများ ဖြစ်ကြသည်။ နှစ်ဦးစလုံးသည် ဗိမာန်တော်၌တည်ရှိကြသည်။ နှစ်ဦးစလုံးသည် သူမတို့နှစ်ဦးထံသို့ ပရောဖက်ပြုထားချက်များရှိသည်။ ဟန္နအနေဖြင့် ၁ ရာ ၂:၁-၁ဝတွင် သူ၏ဂုဏ်တော်ချီးမွမ်းခြင်းသည် မေရှိယအကြောင်းကို ပရော ဖက်ပြုချီးမွမ်းသော ဆာလံသီချင်းဖြစ်သည်။ အန္နကမူ မေရှိယ ကြွလာမည်ကို မျှော်လင့်စောင့်စားသော ပရောဖက်မဟု ဖော်ပြထားသည်။
ရှင်လုကာက ပရောဖက်မဟု ခေါ်ခြင်း၏ အဓိပ္ပာယ်မှာအဘယ်နည်း။ အန္နသည် အနာဂတ်အဖြစ်အပျက်များကို ကြိုတင်ဟောပြောသူဟူ၍ ဆိုလိုခြင်း မဟုတ်ပေ။ ဗေဒင်ဆရာမလည်း မဟုတ်ပေ။ ဘုရားသခင်ထံမှ အထူးဖွင့်ပြခြင်း ခံရသည်ဟူ၍လည်း မဖော်ပြပေ။ ဤနေရာတွင် “ပရောဖက်မ”ဆိုခြင်းမှာ နှုတ်ကပတ်တော်ကို ပြောသောသူကိုဆိုလိုသည်။ ယေဘုယျအားဖြင့် သမ္မာ ကျမ်းစာအရ နှုတ်ကပတ်တော်ကို သစ္စာရှိစွာဟောပြောသောသူတိုင်းသည် “ပရောဖက်” ဖြစ်သည်။ “ပရောဖက်မ”သည် ဘုရားသခင်၏ နှုတ်ကပတ် တော်ကို ပြောကြားရန် ထူးထူးခြားခြား ဆက်ကပ်သော အမျိုးသမီးဖြစ်သည်။
အန္ဒသည် အခြားအမျိုးသမီးများအား ဓမ္မဟောင်းကျမ်းကို သွန်သင် ခဲ့ခြင်းဖြစ်နိုင်သည်။ သို့မဟုတ် သူမသည် အခြားအမျိုးသမီးများကို ဟေဗြဲကျမ်း စာမှ တိုက်တွန်းခွန်အားပေးခြင်းနှင့် သွန်သင်ခြင်းတို့ကို ပြုလုပ်နေခြင်းလည်း ဖြစ်နိုင်သည်။ သူမသည် ဗျာဒိတ်တော်၏ အရင်းအမြစ်မဟုတ်၊ သူမသည် အထူးဗျာဒိတ်တော်ကို တိုက်ရိုက်ရရှိခံယူခဲ့သည်ဟုလည်း အကြံပြုခြင်းမရှိပေ။ သခင်ယေရှုသည် မေရှိယဖြစ်ကြောင်း သိရှိခဲ့ရခြင်းမှာလည်း ရှုမောင် ရရှိခံယူခဲ့ သော ဗျာဒိတ်တော်နှင့် ရှိမောင်၏ ကောင်းကြီးပေးစကားကို ကြားနာခဲ့ခြင်း ကြောင့်ဖြစ်နိုင်သည်။ သို့သော် သူမကို ပရောဖက်မဟု ခေါ်ခြင်းသည်လည်း ဘုရားသခင်၏ သမ္မာတရားကို ကြားပြောတတ်သောသူမ၏ စရိုက်ကြောင့်ပင် ဖြစ်၏။ နှုတ်ကပတ်တော်ကို ကြွေးကြော်ခြင်းသည် အဓိကအရေးပါသော အမှုတော်မြတ်လုပ်ငန်းဖြစ်သောကြောင့် သူမကို ယနေ့တိုင်အောင် အောက်မေ့ရသည်။
ဓမ္မဟောင်းကျမ်း၌ အမျိုးသမီးငါးဦးကိုသာ –ပရောဖက်မ”ဟု ဖော်ပြ ထားသည်။ ပထမဦးဆုံးမှာ မောရှေ၏ညီမ “မိရိအံ”ကို “ပရောဖက်မ”ဟူ၍ ထွက် ၁၅၂၀တွင် ဖော်ပြထားသည်။ သူမသည် ဣသရေလလူမျိုးများအားလုံး ဖာရောမင်း၏ စစ်တပ်လက်မှ လွတ်မြောက်ပြီးနောက် ဆာလံသီချင်းကို ဦးဆောင်၍ သီဆိုသောသူမည်၏။ ပရောဖက်မ မိရိအံသည် ပတ်သာကို ကိုင်၍ မိန်းမအပေါင်းတို့သည် ပတ်သာတီးလျှက်၊ ကလျှက်လိုက်သွားကြ၏ (ထွက် ၁၅း၂၁)။ ဘုရားသခင်သည် သူမအား ဗျာဒိတ်တော်ပေးသည်။ ထိုအရာအား ဖြင့် မာန်မာနနှင့် ပုန်ကန်မှုရှိလာသည့်အတွက်(တော ၁၂း၁-၂) သူမကို ဘုရား သခင်ဆုံးမ၍ နူနာစွဲလေ၏ (ငယ် ၉-၁၅)။
တရားသူကြီးမှတ်စာ ၄း၄ တွင် ဒုတိယပရောဖက်မအကြောင်း ပြော လိုသည်။ “လပိဒုတ်မြို့သား ပရောဖက်မ ဒေဗောရသည် ဣသရေလအမျိုးကို အုပ်စိုး၏” (သူကြီး ၄း၄)။ သူမသည်ဣသရေလတွင် ဘုရင်မင်းများ မအုပ်စိုးခင် လူများကို ဦးဆောင်သောသူအများတို့တွင် တစ်ဦးတည်းသော အမျိုးသမီးဖြစ် သည်။ စင်စစ် ကျမ်းစာတစ်အုပ်လုံးတွင် ထိုသို့သော ခေါင်းဆောင်နေရာမျိုးကို ယူပြီး၊ ထိုအရာအတွက် ကောင်းကြီးခံစားရသော တစ်ဦးတည်းသောအမျိုးသမီး ဖြစ်သည်။ သူ့ခေတ်က ကြောက်ရွံ့နေကြသော အမျိုးသားများကို ဆုံးမရန် ဘုရားသခင်က သူမကို ချီးမြှောက်ခဲ့ခြင်းဖြစ်နိုင်သည်။ သူမသည် သူ့ကိုယ်သူ အမျိုးသားများထက်သာလွန်သည်ဟု မမြင်ပေ။ သို့သော် ဗာရက်ကဲ့သို့သော ခေါင်းဆောင်ညံ့များ ပေါ်ထွန်းနေစဉ်မှာ ခေါင်းဆောင်နေရာယူရန် စွမ်းဆောင် နိုင်ခြင်းသာဖြစ်သည် (၅း၁၂)။ ထို့ကြောင့် သူ့ကိုယ်သူ “ဣသရေလအမျိုး၏ အမိ” ဟုရည်ညွှန်းခဲ့သည် (ငယ် ၇)။ သူမသည် ထာဝရဘုရားထံမှ ဗာရက်အား လမ်းညွန်ချက်ကို ပေးခဲ့သည် (သူကြီး ၄း၆)။ ထို့ကြောင့် ထိုအချိန်ခါတွင် ဘုရားသခင်ထံမှ ဗျာဒိတ်ရခဲ့ခြင်းဖြစ်နိုင်သည်။
၄ ရာ ၂၂း၁၄ တွင် ပရောဖက်မ ဟုလဒအကြောင်းတွေ့ရသည်။ ပေ ၁၅-၂၀ တွင် သူမသည် ယဇ်ပုရောဟိတ် ဟိလိနှင့် အခြားသောသူများ အတွက် ဘုရားသခင်ထံမှ သတင်းစကားများကို ရခဲ့သည်။ သူမအကြောင်းနှင့်နောက်ခံအကြောင်းကို ဘာမသိရပေ။ သူမအကြောင်းကို ဤနေရာနှင့် ဤ ကျမ်းပိုဒ်၏ ကျမ်းပြိုင်ဖြစ်သော ၆ ရာ ၃၄း၂၂-၂၈ တွင်သာ ဖော်ပြထားသည်။
ဓမ္မဟောင်းကျမ်း၌ နောက်ထပ် ပရောဖက်မ နှစ်ဦးရှိသေးသည်။ သူတို့ မှာ မှားယွင်းသော ပရောဖက်စာရင်းတွင်ပါသည့် ပရောဖက်မ နောဒိ (နေ၊ ၆း၁၄) နှင့် ဟေရှာယ၏ ဇနီး (ဟေရှာ ၈း၃) တို့ဖြစ်သည်။ ဟေရှာယ၏မယား သည် သူမကိုယ်တိုင် ပရောဖက်ပြုသောကြောင့်မဟုတ်ဘဲ၊ ပရောဖက်ဟေရှာ ယ၏ဇနီး ဖြစ်သောကြောင့်သာ ပရောဖက်မဟုခေါ်သည်။ (သို့မဟုတ် သူမ၏ သားကို မဟေရရှာလလဟာရှက်ဟူသော အမည်ဖြင့် မှည့်ရန် ဆုံးဖြတ်ခဲ့ခြင်း ကို ပရောဖက်ပြုချက်ဟုခံ ယူနိုင်သည်။)
ဓမ္မဟောင်းကျမ်း၌ အမျိုးသမီးများကို အသုံးပြု၍ စကားပြောခြင်း သည် ဖြစ်ခဲ၏။ ဟေရှာယနှင့် ဧလိကဲ့သို့သော ပရောဖက်အမှုတော်လုပ်ငန်း လုပ်ဆောင်သော အမျိုးသမီးမရှိ။ သမ္မာကျမ်း၌ အမျိုးသမီး ပရောဖက်ကဏ္ဍ လုပ်ဆောင်ခြင်းရှိသည်ဟု မဆိုထားပေ။ ကျမ်းစာတွင် “ပရောဖက်မများ”သည် ရည်ရှည်အမူတော်အဖြစ်ထမ်းဆောင်ပြီး တိုက်ရိုက်ဖွင့်ပြချက် ဗျာဒိတ်တော်ကို ရခဲ့သည်ဟူသော သဘောတရားမရှိပေ။
ရှင်လုကာသည် အန္နအား “ပရောဖက်မ” ဟုဆိုခြင်းမှာ ဘုရားသခင် ထံမှ အထူးဖွင့်ပြခြင်းရရှိသောကြောင့်မဟုတ်။ ရှင်လုကာ၌ ပရောဖက်မဟု ခေါ်ဆိုခြင်းမှာ သူမသည် ထိုအမူတော်ကဏ္ဍကို ဖြည့်စွက်ခြင်းမဟုတ်ပေ။ ဖြစ်နိုင်ခြေအများဆုံးမှာ သူမ၏ဂုဏ်သတင်း ကျော်စောခြင်းမှာ ကျွမ်းကျင်စွာ သင်ကြားပေးပြီး၊ ဗိမာန်တော်၌ ဝတ်ပြုကိုးကွယ်သော တစ်ခြားသောအမျိုးသမီး များကို သစ္စာရှိစွာ အားပေးစကားပြောတတ်သော အမျိုးသမီးဖြစ်နိုင်သည်။ သူမသည် သူမ၏ စိတ်နှလုံး၌ရှိသော နှုတ်ကပတ်တော်အကြောင်းကိုသာ ပြောသည်။ ၄င်းသည် သူမ၏ ပြောလေ့ပြောထရှိသော အကြောင်းအရာဖြစ် သည်။ ထိုကြောင့် ရှင်လုကာသည် သူမကို ပရောဖက်မဟု ခေါ်ခြင်းမှာ သူမ၏ စရိုက်နှင့် သူမ၏ စိတ်ဝင်စားသောအရာကို ဖော်ပြသည်။
အာရှာအမျိုးဖြစ်သောသူ
အန္နကို “အာရှအမျိုးဖြစ်သောဖနွေလ၏သမီး” (Anna, the daughter of Phanuel, of the tribe of Asher) ဟုထပ်မံဖော်ပြသည်။ (လု ၂း၃၆)။ သူမ၏ မျိုးရိုးထူးခြားသောကြောင့် ဖော်ပြထားသည်။ အာရှာသည် ယာကုပ်၏ ရှစ်ယောက်မြောက်သောသားဟု သိရှိရသည်။ လေအာ၏ ကျွန်မဇိလပ ယာကုပ်မယားငယ်မှ မွေးဖွားသည် (က ၃၀း၁၂-၁၃)။ အာရှာ အမျိုးမှ ဆင်းသက်လာသော သူများသည် ဣသရေလ မြောက်ပိုင်း၌ နေထိုင် ကြသည်။
ဓမ္မဟောင်းသမိုင်းကို ဖတ်လျှင် ရှောလမုန်လက်ထက်ပြီးနောက် ဣ သရေလတိုင်းပြည်သည် တောင်ပိုင်း နှင့်မြောက်ပိုင်းဟူ၍ နှစ်ခြမ်းကွဲ၏။ ဖောက်ပြန်သော မြောက်ပိုင်းတိုင်းနိုင်ငံသည် လူမျိုးတစ်ဆယ်နှင့် တည်ထောင် ထားပြီး၊ မိမိတို့ရှင်ဘုရင်ရှိ၏ (ထိုရှင်ဘုရင်သည် ဒါဝိဒ်ပလ္လင်တော်ကို အမွေ ဆက်ခံမည့်သူမဟုတ်)။ ထိုအချိန်မှစ၍ ဓမ္မဟောင်းကျမ်း၌ “ဣသရေလ” အမည်ကို ဖောက်ပြန်သော မြောက်ပိုင်းနိုင်ငံဟုခေါ်သည်။ တောင်ပိုင်းနိုင်ငံကို “ယုဒ”ဟုခေါ်သည်။ (အကြောင်းမှာ ယုဒလူမျိုးသည် တောင်ပိုင်းတွင်ရှိသော လူမျိုးနှစ်မျိုးတွင် ပိုကြီးသောလူမျိုးဖြစ်သောကြောင့်ဖြစ်သည်။ အခြားလူမျိုးမှာ ဗာ်မိန်အမျိုး ဖြစ်သည်။)
တောင်ပိုင်းနိုင်ငံသည် ဒါဝိဒ်ထီးနန်းစနှစ်၌ ဆက်လက်တည်ရှိသည်။ ယေရုရှလင်မြို့သည် တောင်ပိုင်းနိုင်ငံ ယုဒနှင့် ဗာ်မိန်လူမျိုးများတည်နေရာ စပ်ကြား၌ တည်ရှိသည်။ ယေရှုရှလင် ဗိမာန်တော်သည် စစ်မှန်သော ယဇ် ပုရောဟိတ်များ ယဇ်ပူဇော်ခြင်းပြုလုပ်ရသည်။ လူမျိုးပေါင်းတစ်ဆယ်မှ သစ္စာရှိသော လူမျိုးအနည်းငယ်မျှသာ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းကို ဆန္ဒရှိသောကြောင့် တောင်ပိုင်းသို့ပြောင်းရွှေ့ လာကြသည်။ ထိုသို့ပြုခြင်းအားဖြင့် မိမိတို့ အမွေခံတိုင်းပြည်ကို စွန့်လွှတ်ရသည်။
ယုဒနှင့် ဣသရေလပြည်သည် ခေတ်အဆက်ဆက် သီးခြားစီ ဆက် လက်တည်ရှိသည်။ တစ်ခါတစ်ရံ သူတို့သည် မဟာမိတ်ဖွဲ့ရန် မလွယ်ကူခဲ့ ကြပေ။ သို့သော် အများစုအချိန်များတွင် သူတို့ရှင်ဘုရင်များ ခါးသီးမှုနှင့် ယှဉ် ပြိုင်ခဲ့ကြသည်။ မှားယွင်းသော သင်ကြားချက်နှင့် ရုပ်ထုဆင်းတု ကိုးကွယ်ခြင်း သည် နှစ်နိုင်ငံလုံး၌ ဆက်လက်ရှိနေခဲ့သည်။ ပရောဖက်များသည် ဘုရားသခင် စေလွှတ်သောသူများဖြစ်သည်။ မြောက်ပိုင်းနှင့် တောင်ပိုင်းပြည်များ ဝိညာဉ် အရာတွင် ကျရှုံးနေခြင်းကို သတိပေးရန် ဘုရားသခင် အသုံးပြုသူများဖြစ် သည်။ သို့သော် ပရောဖက်များကို မလေးမစားဘဲ နေကြသည်။ ဣသရေလ ပြည်ရှိ ရှင်ဘုရင်များသည် ဆိုးဝါးလာကြသည်။ ယုဒနိုင်ငံတွင် ဘုရားသခင်ကို ရိုသေသော ဘုရင်ကောင်းအချို့ရှိခဲ့သည်။ သို့သော် ဣသရေလဘုရင် အား လုံးသည် မကောင်းသောဘုရင်များ ဖြစ်ကြသည်။
ဖောက်ပြန်သောဣသရေလသည် မိမိတို့ကိုယ်တိုင် ယဇ်ပလ္လင်ကို တည်ဆောက်၍ ယဇ်ပုရောဟိတ် အမှုကိုတည်ထောင်ပြီး ကိုးကွယ်ခြင်း ပြုလုပ် သည်။ ထိုအရာကြောင့် မြောက်ပိုင်းနိုင်ငံတွင် ထာဝရဘုရားသခင် ကိုးကွယ်ခြင်း သည် လျှင်မြန်စွာ လုံးဝပျောက်သွားခဲ့သည်။ ဆိုးယုတ်သော လောကီယဉ်ကျေး မှုကို ပိုမိုဖွဲ့စည်းခဲ့သည်။ နောက်ဆုံး၌ ဘီစီ (၇၂၂) တွင် အာရှုရိဘုရင်သည်မြောက်ပိုင်းလူမျိုးဆယ်စုကို ဖမ်းယူခေါ်ဆောင်သွားသည်။ လူအနည်းမျှသာ မိမိပြည်သို့ပြန်လာကြသည်။
အန္နသည် အာရှအမျိုးမှ ဆင်းသက်ပြီး၊ ထိုအမွေဥစ္စာသည် ဘုရား သခင်ကျေးဇူးတော်ကြောင့်သာ ရှိသည်။ အန္န၏ဘိုးဘေးများသည်ဣသရေလ ပြည်ကို မသိမ်းပိုက်မှီတွင် တောင်ပိုင်းနိုင်ငံသို့ ပြေးထွက်သွားသည် (သို့မဟုတ်)၊ အာရှုရိနိုင်ငံမှ ပြန်လာကြသော လူနည်းစုထဲတွင် ပါဝင်သူများ ဖြစ်နိုင်သည်။ မည်သည့်အရာဖြစ်လေပါစေ၊ အန္ဒသည် မြောက်ပိုင်းနိုင်ငံ၊ အာရှအမျိုးမှကျန်ရစ်သောယုံကြသူတစ်ဦးနှင့် မိမိလူမျိုးအပေါ် ဘုရားသခင်၏ သစ္စာရှိမှုကို ပုံဖော်နေသူတစ်ဦး ဖြစ်ခဲ့သည်။
သူမသည် မုဆိုးမဖြစ်၏
သခင်ယေရှု မွေးဖွားအချိန်၌ အန္နအသက်ကြီးရင့်ပြီ။ သူမဘဝသည် လွယ်ကူလှသော ဘဝမဟုတ်ပေ။ ငယ်ရွယ်သော အသက်ရွယ်မှ ဝမ်းနည်းဖွယ် ရာ ကြုံတွေ့၍ သားသမီးပင်မရသေးပေ။ အန္နခင်ပွန်းနှင့်အတူ ခုနစ်နှစ်တာမျှ ပေါင်းသင်းပြီး ခင်ပွန်းကွယ်လွန်သွားခြင်းဖြင့် တစ်ကိုယ်တည်းနေရလေသည်။
ဂရိကျမ်းစာတွင် သူမ၏အသက်အရွယ်ကို အတိအကျ မဖော်ထားပေ (မုဆိုးမဖြင့် အသက်ရှစ်ဆယ့်လေး နှစ်ခန့်မျှ အသက်ရှင်သည်ဟူ၍ ဆိုသည်)။ သူမသည် စောလျှင်စွာ အိမ်ထောင်ပြုထားကြောင်း ခန့်မှန်းရသည်။ (ထိုခေတ်၌ အသက်ဆယ့်သုံးနှစ်ပြည့်တိုင်း လက်ထပ်ထိမ်းမြားခြင်းသည် မထူးဆန်းလှပေ)။ အန္နသည် ခင်ပွန်းနှင့်ခုနှစ်နှစ် အသက်ရှင်ခြင်းကို နှစ်လတွက်ယူလျှင် အသက် (၁၀၄) နှစ်ခန့်မျှ အသက်ရှင်နိုင်ခြေရှိသည်။
ကျမ်းစာပြောပြခြင်းသည် သူမအသက်ရှစ်ဆယ့်လေးနှစ် မုဆိုးမဖြစ်ပြီး ခင်ပွန်းနှင့် ခုနစ်နှစ် အသက်ရှင်ပြီး ခင်ပွန်းသေဆုံးပြီးနောက် သူမနောက်အိမ်ထောင်ပြုခြင်း မပြောထားပေ။ မုဆိုးမဘဝနှင့် နှစ်ပေါင်းခြောက်ဆယ်ခန့် အ သက်ရှင်သွားသည်ကိုလည်း တွေ့ရသည်။
မုဆိုးမဘဝဖြင့် လူမှုပတ်ဝန်းကျင်၌ အသက်ရှင်ခြင်းသည် ထိုအချိန် တွင် ခက်ခဲလှပြီး ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ ကျရောက်စေသည်။ ထို့ကြောင့် အသင်းတော် ကနဦးပိုင်း၌ ရှင်ပေါလုက ငယ်ရွယ်သေးသော မုဆိုးမ များကို နောက်အိမ်ထောင်ပြုရန် တိုက်တွန်းခဲ့သည် (၁ တိ ၅း၁၄)။ သို့ပြုလျှင် အသင်းတော်မှ မုဆိုးမများကို ထောက်ပံ့ခြင်းဝန်ထုပ်ပို၍ လျော့နည်းစေမည် ဖြစ်သည်။
အန္နအသက်ရှင်ခြင်းသည် ငွေကြေးထောက်ပံ့ရရှိခြင်း (သို့) မိသားစု အမွေကျန်ကြွင်းများဖြင့် အသက်ရှင်သည်ဟု ခန့်မှန်းရသည်။ မည်သို့ပင်ဖြစ်စေ သူမအသက်တာသည် ခြိုးခြံချွေတာပြီး၊ တည်ကြည်သောအသက်နှင့် ရိုးရှင်း သော အသက်တာဖြင့် အသက်ရှင်ကြောင်းတွေ့ရသည်။ “ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍ ဗိမာန်တော်နှင့် မခွာဘဲနေ၏”ဟု ရှင်လုကာ ဖော်ပြသည် (လူ၂း၃၇)။ အသက်ရွယ်ကြီးရင့်ပြီး၊ ဂုဏ်သရေရှိစွာငြိမ်သက်ခြင်းနှင့် အစဉ်ဘုရားဝတ်၌ မွေ့လျော်၍ အမှုတော်ဆောင်သော သူမ၏ အသက်တာကိုပေါ်လွင်စေသည်။
ဗိမာန်တော်နှင့် မခွာဘဲနေသောသူ
ရှင်လုကာသည် နောက်ထပ်သိသာထင်ရှားသော အန္န အကြောင်းကို ဖော်ပြသည်။ “အန္ဒသည် ဗိမာန်တော်နှင့်မခွာဘဲနေ၏” (လု ၂း၃၇)။ ရှင်လု ကာသည် သူမအကြောင်းကို လေးနက်စွာဖော်ပြထားပြီး အမှန်ဖြစ်ကြောင်း ပေါ်လွင်စေသည်။ ထင်ရှားသည်မှာ အန္နသည် ဗိမာန်တော်ခြံဝင်းတွင် နေ ထိုင်ကြောင်း ပေါ်လွင်စေသည်။ ဗိမာန်တော် အပြင်ဘက်အဆောင်များတွင် အခန်းများရှိသည် (နေ ၁၃း၇-၉) နှစ်ပတ်လည်ပွဲတော်ကို နှစ်ပတ်ခန့်ကျင်းပရာ ပရောဖက်များအတွက် တစ်ခဏနားခိုရန် အိပ်ခန်းများကို ဗိမာန်တော်၌ ပြင်ဆင်သည်။
အန္ဓကြာရှည်သောသစ္စာရှိခြင်း၊ သိသာထင်ရှားသော ဝိညာဉ်ဆုကျေး ဇူးများ ဗိမာန်တော်အတွက် အသုံးပြုသည်။ ထာဝရဘုရားသခင်၌ တည်ကြည် မြဲမြံသော ဆက်ကပ်မှုနှင့် သူမ၏ အစဉ်တစိုက် ဆုတောင်းခြင်း၊ အစာရှောင် ခြင်းတို့ကို ပြုသောကြောင့် ဗိမာန်တော်အရာရှိတို့သည် သူမအား ဗိမာန်တော်၌ နေခွင့်ပေးပြီး အိပ်ခန်းကိုလည်း စီစဉ်ပေးခဲ့ခြင်းဖြစ်နိုင်သည်။ ထိုကဲ့သို့ အမှုတော် ၌ ပါဝင်ခြင်းတို့ကြောင့် ဗိမာန်တော် အိမ်တော်တန်းကို တရားဝင်ပေးရခြင်းဟု သိရသည်။ ယခုတွင် ပြုစုစောင့်ရှောက်ခြင်းအလုပ်ပြုလုပ်ရန် သူမသည် အလွန် အသက်ကြီးနေပြီဖြစ်သည်။ သူမအသက်တာ တစ်လျှောက်လုံးတွင် ဗိမာန်တော် အစေခံခြင်း၌ပါဝင်သည်။ ဘုရားသခင်၏ မဟာကရုဏာတော်ကြောင့် သာ ဗိမာန်တော်ဝန်းတွင် အခန်း တစ်ခန်းရသည်။ ဘုရားသခင် အခွင့်အာဏာတော်နှင့် ဗိမာန်တော်အုပ်ထိန်းသူ စီစဉ်ထားခြင်းကြောင့် အိမ်တော်တန်တိုင်းမှာ နေထိုင်ရသည်။
အန္နကိုသိသောသူတို့သည် သူမ၌ သာလွန်ထူးကဲသော အသက်တာရှိ ခြင်းကို မျက်မြင်တွေ့ရသည်။ သူမဘဝသည် ရိုးရှင်းပြီး ဗိမာန်တော်၌ အစဉ် တွေ့ရသည်။ အန္နသည် ဗိမာန်တော်အငန်းအတာများ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းကိုလည်း လုံးလုံးလျားလျား ကိုးကွယ်ဆက်ကပ် လုပ်ဆောင် သည်။
သူမဆုတောင်းခြင်း အစာရှောင်ဆုတောင်းခြင်းသည် မိမိကိုယ်ကိုယ် ငြင်းဆန်ခြင်းသဘောနှင့် ရိုးရှင်းသောသဘောကို မီးမောင်းထိုးပြသည်။အစာ ရှောင်ရုံသက်သက်သည် ဝိညာဉ်အသက်အတွက် အကျိုးမရှိပေ။ အစားအ သောက်မစားခြင်း တစ်ခုတည်းသည် ဝိညာဉ်အကျိုးမရှိပေ။ သို့သော်လည်း အစာရှောင်ဆုတောင်းခြင်းသည် မိမိစိတ်နှလုံးကို ဆုတောင်းရန် ကျွမ်းလောင် စေသည်။ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာရရှိရန် ပြင်းပြသောဆန္ဒရှိပြီး အစာမစားလိုသောစိတ်ကြောင့် အစာရှောင်ခြင်းမဟုတ်ပေ။ စစ်မှန်သော အစာရှောင်ခြင်းသည် အမှန်တကယ် တန်ဖိုးရှိလှသည်။
အန္နသည် မှန်သော အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းကို နှစ်ပေါင်း ခြောက်ဆယ့်လေးနှစ်ခန့် သို့မဟုတ် ထိုထက်မက ကျင့်ဆောင်ခဲ့သည်။ သူသည် စိတ်ထက်သန်သောသူ တစ်ဦးဖြစ်သည်။ အဲန္နသည် အဘယ်သောအရာကို ဆုတောင်းမည်ဟု ထင်သနည်း။ သူမသည် ဆုတောင်းချက်များစွာ ရှိကောင်း ရှိလိမ့်မည်။ သို့သော် တစ်ခုတည်းသော တောင့်တသောအရာသည် ပရောဖက် ရှုမောင်ဆုတောင်းချက်အတိုင်းဖြစ်၏။ ထိုအရာမှာ “ဣသရေလကို နှစ်သိမ့်ပေး သူ” (လု ၂း၂၅)။ သူမ၏ မျှော်လင့်ချက်သည် ဧဝကဲ့သို့ဖြစ်ရာ ထိုအရာမှာ မြွေဦးခေါင်းကို ခြေဖဝါးဖြင့် ကြိတ်မည့်သူ အမျိုးအနွယ်ကို စောင့်မျှော်နေသည်။ စာရာအသက်တာကဲ့သို့ပင် မြေကြီးတပြင်လုံးကို ကောင်းကြီးပေးမည့် အာဗြဟံ ။ အမျိုးအနွယ်ကို စောင့်မျှော်နေ၏။ အန္နဆုတောင်းချက်မှာ ကတိတော်ထား သောသားတော် မေရှိယ အမြန်ကြွလာရန် ဖြစ်သတည်း။
အန္န၏ မဟာယုံကြည်ခြင်းသည် ဓမ္မဟောင်းကျမ်း ကတိတော်ကို ယုံကြည်သောကြောင့်ဖြစ်၏။ ဘုရားသခင် နှုတ်တော်ထွက်ကို တည်ကြည်လေး နက်စွာခံယူပြီး၊ မေရှိကြွလာမည်ကို သံသယဝင်ခြင်းမရှိဘဲ လုံးဝ ယုံကြည်သည်။ သူမဆုတောင်းချက်သည် မကြာမီ ပြည့်စုံလာမည်ဆိုသည်ကိုလည်း ယုံကြည် သည်။
အန္န၌ အံ့ဩဖွယ်ဝိညာဉ်ဆိုင်ရာ အသိတရားရှိတယ်ဆိုတာ ကျွန်တော် ယုံကြည်ပါသည်။ သူမသည် မေရှိယကို ယုံကြည်သောအမျိုးကြွင်းကျန်ဖြစ်ပြီး မှားယွင်းသော ယုံကြည်ခြင်းရှိသူမဟုတ်။ သူမသည် ခရစ်တော်က ပြင်းထန်စွာ အပြစ်တင်ခဲ့သည့် ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကဲ့သို့ သူတော်ကောင်း ယောင်ဆောင်ပြီး မှားယွင်းသော ယုံကြည်ခြင်းရှိသောသူမဟုတ်ပါ။ ဗိမာန် တော်၌ ငွေကြေးလဲလှယ်စီးပွားရေးပြုလုပ်ရာ၌ သူမမပါဝင်ပေ။ အန္န သိထား သည်မှာ ဖာရိရှဲများသည် အကျင့်တရားကို ဦးစားပေးပြီး၊ ဇဒ္ဒကဲများသည် ဝိညာဉ်အရာ၌ လွတ်လပ်စွာရွေးချယ်ခံယူကြသည်။ သူမသည် ဘုရားသခင်ကို ချစ်ပြီး ကိုယ်တော်စိတ်နှင့်နှလုံးကို သိသည်။ နှုတ်ကပတ်တော်ကို စစ်မှန်စွာ ခံယူသည်။ ကျမ်းစာတွင် တွေ့ရသောအမျိုးသမီးအများ၌ ထူးခြားစွာ ထာဝရ ဘုရား၌ စိတ်အားထက်သန်သောသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ အနူကဲ့သို့ အနှစ်ခြောက်ဆယ် ကျော်ခန့် အစာရှောင်ဆုတောင်းသောသူတစ်ဦးမျှ မရှိခဲ့ဘူး ပေ။
ဘုရားသခင်သည် သူမဆုတောင်းခြင်းကို ပြဇာတ်ဆန်ဆန် အဖြေပေး တော့မည်ဖြစ်သည်။ ငယ် ၃၈ တွင် ရှုမောင်သည် ထာဝရဘုရား၏ ကျေးဇူး တော်ကို ကလေးအတွက်သော်လည်းကောင်း၊ မိဘများအတွက်သော်လည်းကောင်း ချီးမွမ်းသည်ဟု ဖော်ပြသည်။ ဟေရုဒ်ဗိမာန်သည် ကြီးမားသော အဆောက်အဦးဖြစ်ပြီး ဗိမာန်တော်အဆောက်အဦးသည် ကျယ်ပြန့်ပြီး ထောင် ၊ သောင်းများစွာသောလူတို့သည် တံတိုင်းဝင်းပတ်လည်၌ အလုပ်လုပ်ကြသည်။
ယောသပ်နှင့်မာရိတို့သည် ရှုမောင်ကို မသိ။ သို့သော် ဘုရားသခင်၏ မစမှုနှင့် ဝိညာဉ်တော်၏ လမ်းပြမှုအားဖြင့် သူတို့တွေ ဆုံဆည်းခဲ့ကြရသည်။
(ငယ် ၂၇)။ ထိုသို့ ရှုမောင်သည် ဘုရားသခင်၏ မှုတ်သွင်းခြင်းဖြင့် ပရောဖက် ပြကာ ကောင်းကြီးပေးနေစဉ်တွင် ဘုရားသခင်သည် အသက်ကြီးသော ထိုမိန်း မကို စောင်မကာ ကောင်းကြီးမင်္ဂလာစကားများကို ကြားနာစေခဲ့သည်။ ရှင်လု ကာ ဖော်ပြချက်မှာ “သူသည်လည်း ထိုခဏချင်းတွင်ဝင်၍ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏” (ငယ် ၃၈)။
အန္နဆုတောင်းချက်သည် ချက်ချင်းပင် သူမမျက်မှောက်၌ ရောက်ရှိ လာပြီး ရှုမောင်သည် သူငယ်တော်ယေရှုကို လက်နှင့်ချီ၏။ ယုံကြည်ခြင်းအား ဖြင့် ရှုမောင်ပရောဖက်ပြုချက်သည် မှန်ကန်၍ ဘုရားသခင်သည် သူမ ဆုတောင်းခြင်းကို နားညောင်းသည်။ အန္ဒသည် သူမ၏နှစ်ပေါင်းများစွာ အသနား ခံဆုတောင်းခြင်းသည် ဂုဏ်တော်ချီးမွမ်းဖွယ်ရာအဖြစ် ပြောင်းလဲလာသော ကြောင့် ကျေးဇူးတော်ကို ချီးမွမ်းခဲ့သည်။
အန္ဒ ရာစုနှစ်များစွာ အစာရှောင်ဆုတောင်းခြင်း၌ စူးစိုက်လုပ်ဆောင် ပြီး၊ ဣသရေလ၏ကယ်တင် ရှင်ကို စောင့်မျှော်ခဲ့ရာ ယခုတွင် သူမဝမ်းမြောက် မိသည်မှာ ဧကန်အမှန်ပင်။ ဆုတောင်းခြင်းအဖြေမှာ ယေရှုကို အသွေးအသား ဖြင့် မျက်မြင်တွေ့ရှိရခြင်းအပေါ် သူမ၏ခံစားချက်ကို စဉ်းစားကြည့်နိုင်သည်။
သူမသည် ယေရှုအကြောင်းကို လူအားလုံးထံ ပြောကြားသည်
အန္နသည် ချက်ချင်းပင် ရဲဝံ့စွာ ပရောဖက်ပြုပြောဆိုခဲ့သည်။ “ထိုခဏ ချင်းတွင်ဝင်၍ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှ လင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကိုပြောလေ၏” (လု ၂း၃၈)။ ပြုခြင်းပြကြိယာ၏ ကာလအသုံး အနှုန်းသည် ဆက်လက်ဖြစ်ပေါ်နေသော လုပ်ဆောင်ချက်ကိုပြသည်။ သူမ သည် ရွေးနုတ်သောအရှင်ကို မျှော်လျက်နေသောသူများထံသို့ ထိုအကြောင်း အရာကို အစဉ်အဆက်ပြောပြသည်။ သခင်ယေရှုနှင့် တွေ့ဆုံခြင်းသည် သူမ တစ်သက်တာ တစ်ခုတည်းသော သက်သေခံစရာအကြောင်းဖြစ်လာသည်။
အန္နသည် အာရှအမျိုး၌ ကြွင်းကျန်သော ယုံကြည်သူများအကြောင်း သိ၏။ သူမကို မှန်သော ကိုးကွယ်သူ ကယ်တင်ရှင်ကို မျှော်လင့်တကြီး စောင့် စားနေသူဖြစ်ကြောင်း ဖော်ပြထားသည်။ သူမသည် လူအများအား ဤသတင်းကောင်း ကြားပြောရန် ရှာဖွေပြီး ထိုအခွင့်အရေးနှင့် ကြုံသည့်အလျောက် ကယ်တင်ရှင် အကြောင်းကြားပြော၏။
အန္ဒသည် ကျန်ကြွင်းသော ယုံကြည်သူများကို သိခဲ့ကြောင်း မှတ်သား အပ်ပေသည်။ သူမသည် စစ်မှန်သော ကိုးကွယ်သူများကို ပိုင်းခြားသိမြင်နိုင်လိမ့် မည်။ ထိုသူတို့မှာ သူမကဲ့သို့ မေရှိယကို စောင့်မျှော်သောသူများဖြစ်ကြသည်။ ထိုသို့သောသူများကို သူမရှာဖွေပြီး မေရှိယအကြောင်းကို ပြောကြားဝေငှခဲ့ သည်။
ထိုသို့သော အမျိုးသမီးသည် နှစ်ပေါင်းများစွာ ဘုရားသခင်နှင့် စကား ပြောပြီးနောက် ယခုတွင် ထိုသခင်အကြောင်းကို လူအများအား ကြားပြောခဲ့ရ သည်။ နောက်ဆုံးတွင် မေရှိယသည် ကြွလာပြီး အန္နသည် ပထမဦးဆုံးသော ကယ်တင်ရှင်ကိုတွေ့မြင် နားလည်သောသူလည်းဖြစ်သည်။ ဤသတင်းကောင်း ကို သူမအတွက်သာခံယူပြီး အငြိမ်မနေနိုင်သောကြောင့် သူတစ်ပါးထံ ခရစ် တော်၏ ပထမဆုံးသော သက်သေခံသူတစ်ဦးဖြစ်လာသည်။
သခင်ယေရှုနှင့်တွေ့ပြီးနောက် အန္နအသက်တာကို မှတ်တမ်းတင်ထား ခြင်းမရှိပေ။ ခရစ်တော် အသက်သုံးဆယ်တွင် အမှုတော်မြတ်၌ ပါဝင်လုပ်ဆောင်သောချိန်၌ သူမသည် ကောင်းကင်ဘုံသို့ ရောက်ရှိပြီးကြောင်း ခန့်မှန်းရ သည်။ သခင်ယေရှုကို ဗိမာန်တော်သို့ ဆက်ကပ်ခဲ့သည့်အချိန်သာလျင် သူမအ နေဖြင့် ကယ်တင်ရှင်ကို တွေ့မြင်ခွင့်ရသောအချိန်ဖြစ်သည်။ ထိုသို့ ခဏတ ဖြုတ် တွေ့မြင်ရသော်လည်း သူ့အတွက် လုံလောက်သည်။ သခင်ယေရှု အကြောင်းကို မပြောဘဲမနေနိုင်သည် အထိဖြစ်ခဲ့ပါသည်။
ထိုအရာသည် အန္ဒချန်ထားခဲ့သည့် သာလွန်ထူးကဲသော အမွေအနှစ် ၏ ချစ်မြတ်နိုးဖွယ် အကောင်းဆုံးဖြစ်သော အပိုင်းဖြစ်သည်။
(၈)
ရှမာရီအမျိုးသမီး – အသက်ကို တွေ့ရှိသူ
“အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ ကြည့် ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လော။”
ယော ၄း၂၉
ရှင်ယောဟန် အခန်းကြီး (၄) တွင် နောက်ခံအကြောင်းနှင့် အမည်နာ မမဖော်ပြထားသော ရှမာရိအမျိုးသမီးအကြောင်းကို တွေ့ရသည်။ ရေတွင်း တစ်ခု၌ ရေခပ်ရန်လာနေစဉ်တွင် သခင်ယေရှုနှင့် တွေ့ဆုံ၍ စကားပြောဆိုရာမှ သူမဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့သည်။ တမန်တော် ရှင်ယောဟန်သည် ကျမ်းပိုဒ်လေးဆယ့်နှစ်ပိုဒ်ဖြင့် အံ့ဩဖွယ်ရှမာရိအမျိုးသမီး ဘုရားသခင်နှင့် ကြုံကြိုက်ခြင်းအကြောင်း ဖော်ပြသည်။ ထိုကျမ်းပိုဒ်များတွင် သူမအကြောင်းကို အလွန်အရေးမကြီးလျှင် နှုတ်ကပတ်တော်၌ ထည့်သွင်းဖော်ပြမည်မဟုတ်ပေ။
သူမအကြောင်း လျှပ်တစ်ပြက်ကြည့်လျှင် သာမန်လူတစ်ဦးနှင့် အ ရေးမပါသောလူကဲ့သို့ မြင်တွေ့ရသည်။ အမည်မသိအမျိုးသမီးတစ်ဦး သူမ၏သာမန် အလုပ်ပြုလုပ်ပြီး သူမမိသားစုအတွက် လိုအပ်သော ရေကိုနေ့တိုင်း သယ်ဆောင်ရသောသူမည်၏။ သူမတစ်ဦးတည်း အချိန်တစ်နာရီခန့်မျှ ထိုရေ တွင်း၌ မည်သူမျှမရှိသည့်အချိန်တွင် ရောက်လာ၏ (ဤအမျိုးသမီးကို မည်သူမျှ အထင်မကြီး လူများ၏စွန့်ပယ်ခံထားသောသူဖြစ်သောကြောင့် ဖြစ်နိုင်သည်)။ သခင်ယေရှုသည် ယေရုရှလင်မြို့သို့ ခရီးနှင်စဉ် ရှမာရိဒေသကို ဖြတ်ကျော်ရပြီး ရေတွင်းနား၌ အနားယူလေ၏။ သူ့နောက်လိုက် တပည့်တော်များသည် ရွာ အနီးတွင် အစားအသောက်ဝယ်ယူရန် ထွက်သွားကြသည်။ သခင်ယေရှုသည် ရေတွင်းနား၌ နေခဲ့ရလေ၏။ သခင်ယေရှု၌ ရေခပ်ယူရန် ရေအိုး (သို့) ကြိုးမရှိ ပေ။ ထို့ကြောင့် ဤအမျိုးသမီးထံမှ ရေခပ်ပေးရန် အကူအညီတောင်းခံသည်။ ဤဇာတ်လမ်းသည် ဇာတ်ဝတ္တုမဟုတ်၊ ဇာတ်ကွက်တစ်ခုလည်းမဟုတ်ပေ။ ထိုဇာတ်လမ်းသည် အလွန်လေးနက်သော သီဩလော်ဂျီနှင့်ဆိုင်သည့် သင်ခန်း စာများကိုပေးမည့် ဇာတ်လမ်းမျိုးဟုလည်း မထင်ရပေ။
မှတ်သားဖွယ်ရာ နောက်ခံသမိုင်း
သို့သော်လည်း ဤပုံရိပ်အသေးစိတ်ကို ကြည့်လျှင် အလွန်ကြီးမား၍ အရေးပါသော သူမအကြောင်းဖော်ပြသည်။
ဓမ္မဟောင်းကိုအထူးလေ့လာနေသောသူများ ရင်းနှီးသောနေရာ ယာ ကုပ်ရေတွင်း ဖြစ်သည်။ ထိုနေရာ မြေကွက်သည် ယာကုပ်က ခါနန်ပြည်တွင် တဲတော်ကိုဆောက်နိုင်ရန် ဝယ်ယူထားသောမြေဖြစ်သည် (က ၃၃း၁၈-၁၉)။ ထိုအရပ်၌လည်း ယဇ်ပလ္လင်ကို တည်ပြီး၊ “လေလော ဣသရေလ” ဟူ၍ သမုတ်သည် (ငယ် ၂၀)။ အနက်မှာ “ဣသရေလ၏ ဘုရားသခင်” ဟူ၍ ဖြစ်သည်။ ဤလယ်ကွက်သည် ကတိတော်ပြည်၌ ဣသရေလ ပိုင်ဆိုင်ခဲ့သော ပထမဆုံးနယ်မြေအဖြစ် သမ္မာကျမ်း၌ ဖော်ပြထားသည်။ ယခင်က အာဗြဟံ သည် ဧဖရန် မြေလယ်ပြင်ကို ဝယ်ယူခဲ့ပြီး၊ သူနှင့် စာရာတို့ သင်္ဂြိုလ်ခံရသော နေရာဖြစ်လာသည် (က ၂၃း၂၇-၁၈၊ ၂၅း၉-၁၀)။ သို့သော်လည်း ဤမြေနေရာ သည် ယာကုပ်ကျက်စားရာမြေ ဖြစ်လာသည်။
ယော ၄၅ အမှတ်ရစေသည်မှာ ယာကုပ်သည် သူ၏အချစ်ဆုံးသား ယောသပ်အား မြေကွက် ကောင်းချီးမင်္ဂလာ ပေးသောမြေနေရာဖြစ်သည် (က ၄၈း၂၁-၂၂)။ နောက်ပိုင်းတွင် ထိုနေရာသည် ယောသပ်၏အရိုးစုများ မြုပ်နှံရာ နေရာဖြစ်လာသည် (ယောရှု ၂၄း၃၂)။ မောရှေသည် အဲဂုတ္တုပြည်မှ ထွက်ခွာစဉ် ယောသပ်အရိုးစုများကို သယ်သွားခဲ့သည် (က ၅၀း၂၄-၂၆၊ ထွက် ၁၃း၁၉)။ ဣသရေလလူမျိုးများသည် ယောသပ်၏အရိုးတို့ကို နှစ်ပေါင်း လေး ဆယ်တောအရပ်၌ သယ်ဆောင်ခဲ့သည်။ ကတိတော်ပြည်ဝင်ရောက်သွားလျှင် ထိုအရိုးစုများကို နောက်ဆုံးမြေမြှုပ်သဂြိုလ်သည်။ အောင်မြင်စွာ နယ်မြေကို သိမ်းပိုက်ပြီးနောက် ဣသရေလူမျိုးများ၏ ပထမဆုံးလုပ်ဆောင်ချက်မှာ ယော သပ်၏ အရိုးစုများကို မြေမြုပ်ခြင်းဖြစ်သည်။ ဤဖြစ်ရပ်သည် ယောသပ်ကိုယ် တိုင် မှာကြားခဲ့သည့်အမူ ပြည့်စုံခြင်းဖြစ်သည် (ဟေဗြဲ ၁၁း၂၂)။ ဣသရေလူမျိုး များအတွက် ယောသပ်၏အရိုးသည် ဘုရားသခင်၏သစ္စာရှိခြင်းကို သိသာစွာ သတိရစေသည် (တ ၇း၁၅-၁၆)။
ဓမ္မဟောင်းကျမ်းတွင် ထိုမြေကွက်၌ ရေတွင်းရှိကြောင်းကို မဖော်ပြ ထားပေ။ သို့သော် သခင်ယေရှုခေတ်၌ ယုဒဓလေ့အရ အထူးတည်ဆောက် ထားသော မှတ်တိုင်အဖြစ်ကျန်ရစ်လေသည်။ ထိုရေတွင်း အလွန်နက်သည် (ယော ၄း၁၁)။ အပြားချပ်ထူသော ထုံးကျောက်နှင့် ခြံရံထားပြီး ကြိုးတန်းရှည် ဖြင့်သာ ရေခပ်ယူရသည်။ ရေလှောင်ကန်အောက်ခြေသည် သက်စမ်းရေ ပေါက်ရှိသောကြောင့် ထိုရေကုန်မှရေသည် သန့်စင်အေးမြပြီး သစ်လွင်သော အရသာရှိသည်။ ထိုမြို့နယ်ဒေသ၌ အများစုမှာ ငန်သောရေစမ်းဖြင့် ပြည့်နှက် သဖြင့် ဤရေတွင်းသည် အသန့်ရှင်းဆုံးရေဖြစ်ပြီး ယာကုပ်ပိုင်ဆိုင်သော လယ် ပြင်၌ ရေတွင်းရှိခြင်းသည် ဣသရေလ ဖခင်ကြီးများကြောင့်ဖြစ်သည်။ ထိုအရာ သည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကျေးဇူးကြောင့်ပင်ဖြစ်သည်။ ရေတွင်းတည်နေရာသည်လည်း ယုဒယဉ်ကျေးမှုအရ လေးနက်ရှည်လျားသော ရာဇဝင် ရှိသည်။
သခင်ယေရှုခေတ်ကာလ၌ ရေတွင်းမြေကွက်သည် ရှမာရိနယ်နမိတ်၌ တည်ရှိသည်။ ရှင်ယောဟန် (၄) ၌ အံ့ဩဖွယ်ရာ ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ကြောင်း တွေ့ရသည်။ သခင်ယေရှုသည် ရှမာရိနယ်မြေ၌ ရှိနေခြင်းသည် အံ့ဩဖွယ်ရာ ပင် (အချို့လူတွေအတွက် ကဲ့ရဲ့ အပြစ်တင်စရာပင်ဖြစ်သည်)။ ရှမာရိလူမျိုးများ သည် မသန့်ရှင်းသောသူဟူ၍ ဣသရေလလူမျိုးများသတ်မှတ်ကြသည်။ သခင်ယေရှုသည် ယေရုရှလင်မြို့ မှ ဂါလိလဲပြည်သို့ ခရီးနှင်နေခဲ့ခြင်းဖြစ်သည် (ငယ် ၃)။ မြေပုံကိုကြည့်လျှင် ရှမာရိပြည်ကို ဖြတ်၍ခရီးနှင်ခြင်းသည် ခရီးတိုစေ သည်။ သို့သော် သခင်ယေရှုအချိန်၌ မိမိကိုယ်ကိုလေးစားသောသူဣသရေလ များသည် အခြားသောလမ်းကို ရွေးချယ်ကာ ခရီးသွားကြသည်။ ဣသရေလလူ အများနှစ်သက်သော လမ်းကြောင်းမှာ ယော်ဒန်မြစ်အရှေ့ဘက်မှ မြောက် ဘက်ကို ဖြတ်ပြီး ကာပေါလိမှ ယောဒန်မြစ်ကို မကူးခင် ဂါလိလဲပြည်သို့ ဝင်ရသည်။ ထိုလမ်းစဉ်သည် ခရီးရှည်လျားသော်လည်း ရှမာရိပြည်ကို လွှဲ၍ သွားသောကြောင့် ထိုလမ်းကို သွားခဲ့ကြသည်။ ထိုအချက်သည် အဓိကကျ သည်။
ရှမာရိ လူမျိုးများသည် လူမျိုးနှီးနှောထားပြီး ဘုရားကိုမသိသော ကိုး ကွယ်ခြင်းမှ ဆင်းသက်သည်။ အာရှုရိပြည်သည် မြောက်ပိုင်းနိုင်ငံကို သိမ်းပိုက် ပြီးနောက် ကျန်ခဲ့သော ဣသရေလလူများသည် တစ်ပါးအမျိုးသားများနှင့် ထိမ်းမြားခဲ့ကြသည် (ဘီစီ ၇၇၂)။ နေဟမိအစောပိုင်းကာလ (ဘီစီ ၅ ရာစု အလယ်ပိုင်း)၌ ရှမာရိလူများသည် ဣသရေလလူမျိုးစစ်များအား ဆိုးရွားစွာ ပြဿနာရှာခဲ့ပါသည်။ ကမ္ဘာ့သမိုင်းတွင်လည်း နေဟမိ၏ အဓိက ပြေးမလွတ်သော ရန်သူ သမ္ဘာလတ်(Sanballat)သည် ရှမာရိပြည်ကို စိတ်အားထက်သန်စွာ အုပ်ချုပ်ခဲ့သောသူဖြစ်သည် (နေ ၄း၁-၂)။ ဂျူးလူမျိုး ယဇ်ပုရောဟိတ် အကြီး အကဲ၏မြေးတစ်ဦးသည် သမ္ဘာလတ် (Sunbullut) ၏သမီးနှင့် ထိမ်းမြားခဲ့ခြင်း ကြောင့် နေဟမိသည် အမျက်ဒေါသထွက်၍ “သူ့ကိုငါနှင်ထုတ်၏” ဟု ရေးခဲ့သည် (နေ ၁၃း၂၈)။ ထိုသို့သော လက်ထပ်ထိမ်းမြားခြင်းသည် “ယဇ်ပုရော ဟိတ်အရာကိုလည်းကောင်း၊ ယဇ်ပုရောဟိတ် လေဝိသားနှင့်ဖွဲ့သော ပဋိညာဉ် တော်ကိုလည်းကောင်း ရှုတ်ချ” ရာရောက်သည် (ငယ် ၂၉)။
ပထမရာစုနှစ်၌ ကွဲပြားခြားနားသောဘာသာရေးများကြား သူတို့၏ ကိုယ်ပိုင်ဓလေ့ရိုးရာကို တည်ဆောက်ခဲ့သည်။ ထိုအရာမှာ ယုဒဘာသာနှင့် ဆန့်ကျင်ပြီး ပို၍လောကီဆန်သည်။ ထိုသူတို့သည် ဂရေဇမ် (Gerizim) တောင် ပေါ်၌ ဝတ်ပြုကြသည်။ သမ္ဘာလတ်သည် ယေရုရှလင်ဗိမာန်နှင့် ယှဉ်ပြိုင်လျက် ဗိမာန်တစ်ခု တည်ဆောက်ခဲ့သည်။ ရှမာရိဗိမာန်၌ မမှန်သောယဇ်ပုရောဟိတ် များ အစေခံကြသည်မှာ သေချာလှသည်။ အမှတ်ရသင့်သည်မှာ မြောက်ပိုင်း နိုင်ငံ၌ ဂျူးဘာသာရေးကို ယခင်ရာစုနှစ်များတွင် မှားယွင်းသော ယဇ်ပုရော ဟိတ်များကို ခန့်အပ်ခြင်းဖြင့် ဖျက်စီးခဲ့သည်။ ထိုသို့ ညစ်ညမ်းသော သာသာ ရေးသည် ရှမာရိဘာသာရေးကို ဖွားမြင်စေခဲ့သည်။ ထိုကြောင့် ရှမာရိ ဘာသာ ရေးကို သမ္မာတရားမှ နှစ်ကြိမ် ပယ်ထုတ်ခဲ့ရသည်။ သို့သော်လည်း သူတို့သည် ဂျူးဘာသာ၏ ယုံကြည်ခံယူချက်အချို့တို့ကို မကိုင်စွဲပေ။ ရှမာရိလူများသည် ပင်တေတု (Pentateuch) (ဓမ္မဟောင်းကျမ်းရှိ ပထမကျမ်းငါးကျမ်း)ကို ကျမ်း စာအဖြစ်ခံယူခဲ့ကြပြီး၊ ဆာလံကျမ်းနှင့် ပရောဖက်ကျမ်းများကို ငြင်းပယ်ခဲ့ကြ သည်။
မက်ကာဘင်ကာလတွင် ခရစ်တော်ခေတ်ကာလမတိုင်မီ ရာစုနှစ် တစ် နှစ်ခွဲ မတိုင်ခင်အထိ ဂျူးစစ်သားများ ဂျွန် ဟီကားနားစ် (John Hyorcanus) ဦးဆောင်မှုဖြင့် ရှမာရိဗိမာန်တော်ကို ဖျက်စီးခဲ့သည်။ မည်ကဲ့သို့သော အခြေ အနေရှိသော်လည်း Gerizim တောင်သည် ရှမာရိဘာသာ၌ ဆက်လက်တည် ရှိပြီး သူတို့ယုံကြည်ကိုးကွယ်ခြင်းအတွက် ဗဟိုကျသော တည်နေရာလည်းဖြစ် သည် (ယနေ့တွင်လည်း ရှမာရိလူမျိုးများ ဆက်လက်ပြီး ထိုနေရာ၌ ဝတ်ပြုကြ သည်)။
ပထမရာစုနှစ်မှစ၍ ယုဒလူမျိုးများသည် ရှမာရိလူမျိုးများကို အလွန် ပင် အထင်သေးမုန်းတီးကြသည်။ ထို့ကြောင့် ရှမာရိပြည်သည် ဂျူးလူမျိုးများအတွက် အရေးပါသော သမိုင်းဝင်အမွေအနှစ်ဒေသဖြစ်သော်လည်း ယုဒလူ အများစုသည် ရှမာရိပြည်ကို မဖြတ်လျှောက်လိုကြပေ။
သခင်ယေရှုသည် ထိုကဲ့သို့သော လုပ်ရိုးလုပ်စဉ်အခြေအနေကို သိ လျက်ပင်ဖောက်၍ ရှမာရိဒေသကို ဖြတ်လျှောက်ခဲ့သည်။ ယော ၄း၄ တွင် “ရှမာရိပြည်အလယ်၌ လျှောက်သွားရ၏” ဟု ရေးထားသည်။ သခင်ယေရှု သည် ပြီးမြောက်ရမည့် ရည်ရွယ်ချက်တစ်ခုရှိသည်။ ထိုအရာအတွက် ရှမာရိ ပြည်ကို ဖြတ်လျှောက်ရန်လိုအပ်သည်။ ထိုသမိုင်းဝင်ရေတွင်း၌ ခဏရပ်နားပြီး ပြသနာနှင့် ရင်ဆိုင်နေရသော မိန်းမနှင့်တွေ့ဆုံရသည်။ ခရစ်တော်သည် သူ၏ ဖြစ်ခြင်းနှင့် သူ၏သာသနာကို ထိုမိန်းမအား ပြောပြခဲ့သည်။
ထိုအရာများကို သိရှိနားလည်ခြင်းသည် ယောဟန်(၄)ရှိ ဆက် တင်သည် မှတ်သားဖွယ်ကောင်းသောအရာ ဖြစ်လာစေသည်။ ယေရှုခရစ်တော် တစ်ဦးတည်းနေခြင်းအရာသည် သာမန်ဖြစ်ရပ်မဟုတ်ပေ။ သခင် ယေရှုသည် လူသားဖြစ်သောကြောင့် ခန္ဓာကိုယ်အားဖြင့် ကြီးထွားသည့်အလျောက် မောပန်းတတ်သည် (ငယ် ၆)။ ရေဆာလာတတ်သည် (ငယ် ၇)။ သခင်ယေရှုသည် အပြစ်နှင့်ပြည့်သော အမျိုးသမီးကို ရည်ရွယ်ချက်ရှိရှိ အစပြုစကားလက်ဆုံကျခြင်းသည် အံ့ဩဖွယ်ဖြစ်သည်။ သူမအတွက်လည်း ဂျူးလူမျိုးယောက်ျားတစ်ယောက်ဖြစ်လျက်ပင် သူမအား ဤသို့စကားပြောခြင်းသည် အံ့အားသင့်ဖွယ်ဖြစ်ပေသည် (ငယ် ၉)။ ထိုနည်းတူ တပည့်တော်များ အတွက် လည် သခင်ယေရှုသည် သူမနှင့်စကားပြောဆိုနေသည်ကို မြင်တွေ့ရခြင်းသည် တုန်လှုပ်စေလောက်အောင် အံ့သြဖွယ်ကောင်းသည် (ငယ် ၂၇)။ သခင်ယေရှု အတွက် မသန့်ရှင်းသောမိန်းမထံမှ စင်ကြယ်ခြင်းမရှိသော ရေအိုးမှ ရေသောက် ရခြင်းသည် အလွန်ရွံ့ဖွယ်ကောင်းသောအပြုအမူဟု တွေးတောရသည်။ ရှမာရိ အမျိုးသမီးအတွက်ပင် လျင်မြန်စွာ ဘုရားအကြောင်း စကားပြောဆိုရခြင်း သည် ကသိကအောင့်ခံစားရပေမည်။ သခင်ယေရှု၏သွန်သင်ချက်သည် ဤသို့သော ပတ်ဝန်းကျင်နှင့် လျော်ညီစွာ နက်နဲသော အမှန်တရားကို ပြောကြားသွန် သင်ခြင်းသည် အံ့သြဖွယ်ကောင်းပါသည် (ငယ် ၂၁ မှ ၂၄ တွင် စစ်မှန်သော
ကိုးကွယ်ခြင်းအကြောင်း ကျမ်းစာ၏ အဓိကကျသော သွန်သင်ချက်ဖြစ်သည့် နှလုံးသားနှင့် ဝိညာဉ်ကို သခင်ယေရှု၏ စကားတွင် တိုရှင်းလိုင်းတွေ့ရသည်)။ သခင်ယေရှုက သွယ်ဝိုက်နည်းဖြင့် ပြောဆိုပေမဲ့ (ငယ် ၁၈) သူမ၏ နှလုံးသား နှင့် စိတ်ထဲတွင် သူမ၏ အပြစ်သည် အကြီးမားဆုံးသော ပြဿနာဖြစ်သည် (ငယ်၂၉)။ သို့သော် သူမသည် ထိုအချက်ကို လွှဲရှောင်ရန် ကြိုးစားခဲ့သည် (ငယ် ၁၉-၂၀)။သခင်ယေရှုသည် ဤဇာတ်လမ်း၏ ဆက်တင်အတွက် ဤအချိန်၊ ဤနေရာနှင့် ဤအမျိုးသမီးကို အထူးရွေးချယ်ထားခြင်းသည် မထင်မှတ်သော အရာဖြစ်ပြီး အံ့အားသင့်ဖွယ် ကောင်းလှပါသည်။ ထိုနေရာတွင် သူ၏အဖြစ် အမှန် မေရှိယဖြစ်ခြင်းကို ဖော်ပြပြောဆိုခဲ့သည်မှာ အလွန်အံ့သြဖွယ် ကောင်းပါသည်။
ဤတစ်ခုတည်းသော အဖြစ်အပျက်ကြောင့် ဤအမျိုးသမီးသည် သာမန်ထက်ထူးကဲသော အမျိုးသမီးများထဲတွင် နေရာရရှိစေသည်။
စိတ်ဝင်စားဖွယ်ရာ စကားလက်ဆုံ
သခင်ယေရှုနှင့် ရှမာရိအမျိုးသမီးတို့၏ စကားပြောဆိုခြင်း အစအဦး စကားမှာ ရိုးရှင်းပြီး သဘာဝကျလှသည်။ သခင်ယေရှုက သူမထံ သောက်ရေ တစ်ခွက်ပေးရန် တောင်းဆိုခဲ့ခြင်းသာ ဖြစ်သည်။ ရေတွင်းကနက်၍ ရေကို ခပ်ယူရမည့် နည်းလမ်းမရှိသောကြောင့် “ငါသောက်ဖို့ ရေပေးပါ” ဟု လျှောက်ခဲ့ သည် (ငယ် ၇)။ ခရစ်တော်၏တောင်းဆိုခြင်းမှာ ဖော်ရွေသော်လည်း အမိန့်ပုံစံ တောင်းခံခြင်းဖြစ်ပြီး၊ မေးခွန်းမေးခြင်းမဟုတ်ပေ။
ရှမာရိမိန်းမသည် သခင်ယေရှုတောင်းဆိုသည့်ပုံစံကို ရိုင်းပြလှသည်ဟု မထင်။ သူမအား စော်ကားနေသလိုပြောနေသကဲ့သို့ မတုံ့ပြန်ခဲ့ပေ။ ထိုသို့အစား သူမကချက်ချင်းပင် အံ့အားသင့်ပြီး၊ သခင်ယေရှုသည်သူမကို စကားပြောရုံသာ က ရေတစ်ခွက်သောက်ဖို့ရန်လည်းတောင်းဆိုသေးသည်ကို အံ့ဩစိတ်ကိုဖော်ပြခဲ့သည်မှာ၊ “သင်သည် ယုဒလူဖြစ်လျက်ပင် ရှမာရိမိန်းမဖြစ်သော အကျွန်ုပ်ကို အဘယ့်ကြောင့် သောက်ဖို့ရေ တောင်းသနည်းဟုဆို၏” (ငယ် ၉)။ ယောက်ျားနှင့် မိန်းမကွာခြားမူ၊ လူမျိုးကွာခြားမှု၊ ဂုဏ်အဆင့်အတန်း ကွာခြားမူ စသည့်အချက်များကြောင့် သူမပိုင်သော ရေအိုးမှ ရေကိုသောက်ရန် မှာ ပတ်ဝန်းကျင်မှ အမြင်မတော်သောဖြစ်ရပ်ဖြစ်သည်။
သူမ၏ မေးခွန်းကို မဖြေဘဲ၊ သခင်ယေရှုက ဤသို့ပြန်ဆိုသည်။ “ဘုရားသခင်ကျေးဇူးတော်ကိုလည်းကောင်း၊ငါသောက်ဖို့ရေပေးပါဟု ဆိုသော သူကား အဘယ်သူဖြစ်သည်ကိုလည်းကောင်း သင်သည်သိလျှင် ထိုသူကိုတောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ကိုပေးလိမ့်မည်” ဟု ပြန်၍ မိန့်တော်မူခဲ့သည် (ငယ် ၁၀)။ ခရစ်တော်သည် သူမအား အမှန်ပြောပြလိုသည့် သတင်းစကားကို သဲလွန်စပေး ပြောဆိုခဲ့ပြီဖြစ်သည်။
သူမသည် ချက်ချင်းပင် သခင်ယေရှုပြောသောစကားကိုနားလည်၍ ပြန်ပြောသည်မှာ “သခင်၌ ရေခပ်စရာမရှိ၊ ရေတွင်းလည်းနက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ရပါမည်နည်း။ ဤရေတွင်းကို ငါတို့အဘ ယာကုပ် သည် ငါတို့အားပေး၏။ သူ့ကိုယ်တိုင်မှစ၍ သားသမီး၊ တိရိစ္ဆာန်များတို့သည် ဤရေတွင်းကို သောက်ကြပြီ။ သခင်သည်ထိုသူထက်ကြီးမြတ်သလောဟုဆို၏” (ငယ် ၁၃-၁၂)။
သခင်ယေရှုသည် ယာကုပ်ထက် ကြီးမြတ်သောသူဖြစ်ကြောင်း သူမ အားလက်တွေ့ပြသလိုသည်။ သို့သော် သူမ၏မေးခွန်းကို တိုက်ရိုက်ပြန်ဖြေသည့် အစား အသက်ရေအကြောင်းကို ဆက်လက်ပြီး ပြောဆိုခဲ့သည်။ စင်စစ်၊ ယာ ကုပ်ရေတွင်း၌ရှိသော ရေထက်သူပေးသောရေသည် အတိုင်းမသိပိုကောင်း ကြောင်း သူမကို အာမခံသည်။ “ယေရှုကလည်း ငါပေးသောရေကို သောက် သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလို့ငှာ ထွက်သော စမ်းရေဖြစ်လိမ့် မည်ဟု မိန့်တော်မူ၏” (ငယ် ၁၃-၁၄)။
ယခုတွင်သူမအလွန်ပင် စိတ်ဝင်စားလာသည်။ သူမကို အသက်ရေ ပေးရန်တောင်းဆိုလိုက်သည် (ငယ် ၁၅)။ ရှမာရိမိန်းမက သခင်ယေရှုပြော သော အသက်ရေသည် ဝိညာဉ်အရာဖြစ်ကြောင်း နားလည်လာသည်ဟု ထင် သည်။ ပုံဥပမာများနှင့် ပုံဆောင်ချက်များသည် ထိုအချိန်က သင်ကြားရေး တင် အသုံးပြုလေ့ရှိသော ကိရိယာမည်၏။ သူမစိတ်၌ သခင်ယေရှုသည် ဝိညာဉ်ခေါင်းဆောင် တစ်ဦး သို့မဟုတ် ဆရာတစ်ဦးဖြစ်သည်ဟု ယူဆသည်မှာ သေချာသည်။ သို့သော်၊ ရှမာရိမိန်းမ၏ ပြန်လည် တုံ့ပြန်ခြင်းသည် သခင် ယေရှုအသုံးပြုသော ပုံဆောင်ချက်ကို ပြန်လည်တုံ့ပြန်သည့်သဘောဖြစ်သည်။ “မိန်းမကလည်း၊ သခင်၊ ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်လည်းကောင်း၊ သည်ကို လာ၍ ရေခပ်ခြင်းနှင့်လည်းကောင်း ကင်းလွတ်မည့်အကြောင်း၊ ထိုရေကို ပေးပါဟုတောင်းလျှင်” (ငယ် ၁၅)။
ထို့နောက် သခင်ယေရှုပြောစကားသည် မမျှော်လင့်ဘဲသူမကို အံအား သင့်စေသည် “ယေရှုကသွားလော့။ သင်၏လင်ကို ခေါ်၍ သည်ကိုလာဦးဟု မိန့်တော်မူ၏” (ငယ် ၁၆)။
ယခုတွင် သူမသည် ဝေခွဲမရ၊ အကျပ်ရိုက်ခံရသကဲ့သို့ဖြစ်သည်။ သူမ ၏ ဘဝအမှန်သည် ရွံ့ရှာဖွယ်ကောင်းသောကြောင့် သူ့အား အမှန်အတိုင်း ဝန်ခံ၍ မပြောပြဝံ့ပေ။ ခရစ်တော်သည် သူမ၌ ရိုသေလေးစားထိုက်သော အိမ်ထောင်နှင့် ဂုဏ်ယူရလောက်သော ခင်ပွန်းသည်ရှိသည်ဟု ခန့်မှန်းယူဆ ပုံပေါ်သည်။ သူမ၌ထိုကဲ့သို့သောအရာ မရှိပါ။ သို့သော် ရှမာရိမိန်းမသည် ညှိုးငယ်၍ မျက်နှာငယ်စရာသူမ၏ အကြောင်းကို ပြောပြမည့်အစား၊ သူမ ဘဝအမှန် အပိုင်းအနည်းငယ်ကို ပြောလိုက်သည်မှာ “အကျွန်ုပ်၌ လင်မရှိဟု” ဖြစ်သည် (ငယ် ၁၇)။
သခင်ယေရှုသည် ရှမာရိ၏အသက်တာအကြောင်းကို သိပြီးဖြစ်သော် လည်း မေးမြန်းခြင်းပြုလုပ်သည်။ သခင်ယေရှု သူမထံ ပြန်ပြောသည်မှာ “ယေရှု က၊ “လင်မရှိဟူသော စကားသည်မှန်၏။ အကြောင်းမူကား၊ သင်၌လင်ငါး ယောက်ရှိဖူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်။ ဤအရာ၌သင်သည် မှန်သောစကားကိုပြောပြီဟု မိန့်တော်မူ၏” (ငယ် ၁၇-၁၈)။ သခင် ယေရှုက သူမကို မုသားပြောသူဟု ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ၊ မှန်သောစကား ကို ပြောဆိုသည်ဟုဆိုခဲ့သည်ကို မှတ်သားအပ်ပါသည်။ သူမ၏ အပြစ်ရှိခြင်းကို သူမမငြင်းခဲ့ပေ။ သို့သော် ထိုအရာအတွက်လည်း သူမ ဂုဏ်ယူဝါကြွားခြင်း မရှိပါ။ ထို့ကြောင့် သူမ၏ ဂုဏ်သရေကို ကာကွယ်ရန် အပြစ်ကို ဖုံးကွယ်ရန် မကြိုးစားဘဲ၊ စကားလမ်းကြောင်းလွဲရန်သာ ကြိုးစားခဲ့သည်။
မည်သို့ဖြစ်စေ၊ သခင်ယေရှုသည် သူမ၏သေးငယ်သော အပြစ်ကို တောင်သိသော ဘုရားဖြစ်သည်။ သခင်ယေရှုနှင့် တွေ့ဆုံခြင်းကို ပြန်ပြော သည့်အခါ သူမ၏စိတ်တွင် ခိုင်မာသော သိမြင်ချက်မှာ ထိုအချက်ပင်ဖြစ်သည်။ ရှမာရိမိန်းမက အကျွန်ုပ်ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဖော်ပြီ ဟု ပြောဆိုခဲ့သည် (ငယ် ၂၉၊ ၃၉)။ ထိုမတိုင်မီ သူမက သခင်ယေရှုသည် ယာကုပ်ထက်ကြီးမြတ်သလား ဟူသော မေးခွန်းဖြစ်ပြီး၊ ယခုတွင် သူမသဘော ပေါက် နားလည်သွားခဲ့ပါသည်။
သူမသည် နိမ့်သောလေသံဖြင့် သူမ၏ အပြစ်ကို အသိအမှတ်ပြုလိုက် သည်ကို ကျွန်တော် သဘောကျမိပါသည်။ “ထိုမိန်းမကလည်း၊ သခင်ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏” (ငယ် ၁၉)။ သခင်ယေရှု သည် သူမ၏ မျက်စိကို ပွင့်လင်းစေသည်။ သူသည် မည်သူပင်ဖြစ်စေ သူသည် သူမအကြောင်းအစုံကို သိနေသည်။ သူမကို ကဲ့ရဲ့ အပြစ်တင် ရှုတ်ချမည့်အစား သူမအား အသက်ရေကို ချပေးခဲ့ပါသည်။
ဤအချိန်တွင် ထောင်ပေါင်းများစွာသောမေးခွန်းနှင့် အတွေးများ သည် သူမ၏ခေါင်းထဲတွင် ပျံဝဲနေလိမ့်မည်။ သူမအကြောင်းကို တိတိကျကျ မည်သို့သိရှိထားပါလိမ့်ဟု အံ့ဩတွေဝေနေမည်ဖြစ်သည်။ သူမအား သူ၏ အကြောင်းအမှန်ကို ပြောပြရန် ရည်ရွယ်ချက်ရှိသည်မှာ ထင်ရှားပါသည်။ ချက် ချင်းဆိုသလိုပင် သူသည် ထိုအချက်ကို မီးမောင်းထိုပြလိုက်သည် (ငယ် ၁၀)။ သို့သော် သူမစိတ်တွင်ရှိသော ထိုမေးခွန်းများကို မမေးဘဲ၊ စကားလမ်းကြောင်း လွဲလိုက်သည်။ ဂျူးများနှင့် ရှမာရိလူများကြား ဘာသာရေး တင်းမာမှုအကြီးဆုံးတစ်ခုကို သူမပြောဆိုလိုက်သည်။ “အကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင် ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့ဆို တတ်ကြ၏” (ငယ် ၂၀)။ သူမက မေးခွန်းမေးသည့်ပုံစံဖြင့် မပြောပေ။ စိန်ခေါ် သည့် လေသံမျိုးဖြင့်လည်းမဆိုပေ။ သူမသည် အရာခပ်သိမ်းကို သိနိုင်သော ထိုရွဆရာ (Robbi) သည် ခေတ်အဆက်ဆက် အငြင်းအခုံများသောအရာ၊ သူမ သိချင်ဆုံးသောအရာတစ်ကို မေးမြန်းလိုက်သည်။ မည်သူ မှန်သနည်း။ ဂျူးများလား၊ ရှမာရိလူများလား။ ဂေရိဇမ်လား၊ ယေရုရှလင်လား။
သခင်ယေရှုသည် သူမရိုးသားစွာမေးသော မေးခွန်းကို ဥပက္ခာမပြု ပေ။ သူမသည် လက်ဆုံစကားလမ်းကြောင်း ပြောင်းသွားသော်လည်း အလွယ် တကူအပြစ်မတင်ခဲ့ပေ။ ယော ၄း၂၁-၂၄ တွင် တွေ့ရသည့်အတိုင်း တိုရှင်း လိုရင်း အဖြေပေးသွားခဲ့သည်။ “ယေရှုက၊ အချင်းမိန်းမ ငါ့စကားကို ယုံလော့။ ဤတောင်သို့မလာ၊ ယေရု ရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့်အချိန်ကာလ ရောက် ဆဲရှိ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။ ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့်၄င်း၊ သစ္စာတရားနှင့်၄င်း၊ ကိုးကွယ်ရမည့် အချိန် ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ ဘုရားသခင် သည် နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့်၄င်း၊ သစ္စာနှင့်၄င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။”
ဤတုံ့ပြန်ချက်ဖြင့် အကြောင်းအရာများစွာကို ပြီးမြောက်စေသည်။ ပထမအနေဖြင့် သခင်ယေရှုသည်သူမကို သိစေသည်မှာ ကိုးကွယ်သော တည် နေရာသည် ပြဿနာမဟုတ်ကြောင်းနှင့် မည်သူ့ကို မည်သို့ကိုးကွယ်သနည်း ဟူသောအချက်ဖြင့် စစ်မှန်သော ကိုးကွယ်သူများကို ခွဲခြားသိနိုင်သည်။
ဒုတိယအနေဖြင့် သူမကြီးပြင်းလာခဲ့သော ကိုးကွယ်ယုံကြည်ခြင်းသည် လုံးဝမှားယွင်းကြောင်း ရှင်းလင်းပြောကြား၏။ “သင်တို့သည် ကိုယ်မသိသော အရာကို ကိုးကွယ်၏။ ငါတို့သည်ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏” (ငယ် ၂၂)။ သူသည် အပေါ်ယံမျှသာပြောပြီး သူမကို စိတ်ကျေနပ်စေရန်သာမဟုတ်ဘဲ၊ သူမသိလိုသော မေးခွန်းကို ဖြေပေးခဲ့သည်။
တတိယအနေဖြင့် သခင်ယေရှုက သူမကို စကားလက်ဆုံကျရာ အဓိ ကအကြောင်းသို့ ပြန်ဆွဲခေါ်ခဲ့သည်။ ထိုအရာကို ဂေရဇမ် (သို့) ယေရုရှလင်၌ ယဇ်ပုရောဟိတ် တစ်ဦးတည်းထားရှိခြင်းဖြင့် ခေတ်သစ်ရောင်ခြည်ပေါ်လာ သည်ဟု ပြောပြခြင်းဖြင့်ဖြစ်သည်။ ပဋိညာဉ်သစ်၏ ခေတ်ကာလ ကျရောက် လာပြီဖြစ်သည်။ သခင်ယေရှု၏စကားတွင် မေရှိယနှင့်ဆိုင်သော မျှော်လင့်ချက် ပါဝင်နေပြီး၊ သူမလည်း နားလည်ခဲ့ပါသည်။
သူမသည်အံ့ဖွယ်စကားလုံးဖြင့် ဤသို့တုံ့ပြန်သည်၊ “မေရှိယ ကြွလာ တော်မူသည်ဟု အကျွန်ုပ် သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကိုဖော်ပြတော်မူမည်ဟု လျှောက်ပြန်၏ (မေရှိအနက်ကား ခရစ် တော်ဟုဆိုလိုသတည်း)” (ငယ် ၂၅)။
ရှမာရိမိန်းမသည် ပျက်စီးနေသော ဘာသာယဉ်ကျေးမှုပတ်ဝန်းကျင်၌ မွေးဖွားကြီးပြင်းလာလျက်ပင် သူမသည် သမ္မာကျမ်းစာ၌ဖော်ပြသော အခြားသော အမျိုးသမီးများကဲ့သို့ မေရှိယကိုမျှော်နေသောသူ ဖြစ်နေခြင်းသည် အံ့သြ ဖွယ်ကောင်းသည်မဟုတ်လော။
ယခုတွင် သူမပြောသော စကား၏ အကျိုးသက်ရောက်မူကို ဆင်ခြင် ကြည့်ပါ။ သူမသည် မေရှိယဆင်းကြွလာမည်ကို သိခဲ့သည်။ ထိုအချက်သည် တိကျစိတ်ချသော ယုံကြည်စိတ်ချမှုဖြစ်သည်။ ထိုအရာသည် မွေးဖွားမည့်အချိန် ကို စောင့်ဆိုင်းနေသော ယုံကြည်ခြင်းမျိုးစေ့သဖွယ်ဖြစ်သည်။ သူမက စစ်မှန်သော မေရှိယသည် မိမိကိုယ်ကို မည်သို့ဖော်ပြမည်ဟု မျှော်လင့်ခဲ့သနည်း။ “ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကိုဖော်ပြတော်မူမည်”(ငယ် ၂၅)။ သူမ၏ လျှို့ဝှက်ချက်များအားလုံးကို သိကြောင်း သခင်ယေရှုဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် သူမသည် မြို့ထဲသို့ဝင်၍ လူများအား ပြော ကြားသည်မှာ “အကျွန်ုပ်ပြုဘူးသမျှသောအမူအရာတို့ကို ထုတ်ဖော်သူကို လာ ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော်မှန်လိမ့်မည်လောဟု လူအများတို့အား ပြောဆိုသည်” (ငယ် ၂၉)။
ရှမာရိမိန်းမကိုယ်တိုင်က သခင်ယေရှုကိုယ်တိုင်သည် မေရှိယဖြစ်နိုင် ကြောင်း ခိုင်မာစွာပြောဆိုသည်။ နောက်ပိုင်းတွင် ပေတရုအနေဖြင့်လည်း သူ၏ယုံကြည်ခြင်းကို ဖော်ထုတ်ရာ၌ ယေရှုသည် ခရစ်တော်ဖြစ်၍၊ အသက်ရှင်သော ထာဝရဘုရားသားတော်ဖြစ်သည်ဟု ဝန်ခံသည့်အခါ သခင်ယေရှုပြန် ပြောသည်မှာ “ရှိမုန် ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား အသွေးအသားသည် ဤအကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။
ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော်ပြတော်မူသတည်း” ဟုဖြစ်သည် (မ ၁၆း၁၇)။ သန့်ရှင်းသောဝိညာဉ်တော်သည် သူမ၏နှလုံးသား တွင် အလုပ်လုပ်သည်။ ဘုရားသခင်သည် သူမကို လူမျက်စိဖြင့်မမြင်ဖူး၊ နား ဖြင့်မကြားဖူးသော သမ္မာတရားကို ဖော်ပြခြင်းဖြင့် ပြန်ငြင်းဆန်လို့ မရနိုင် လောက်အောင် ခရစ်တော်ထံသို့ ပို့ဆောင်ခဲ့သည်။
ယခုတွင် ယေရှုသည် အရင်ကမရှိခဲ့ဖူးသော နည်းလမ်း၊ ပုံမှန်လုပ်ထုံး နည်းမဟုတ်သော နည်းလမ်းဖြင့် သူ၏အကြောင်းအမှန်ကို ပြောပြရန်အသင့် ဖြစ်နေသည်။
အံ့ဩဖွယ်ရာ ဖွင့်ပြချက်
မကြာမီတွင် ရှမာရိမိန်းမသည် စကားလက်ဆုံ၏ အထူးပြုဘာသာရပ် ဖြစ်သော မေရှိယအကြောင်းကို စပြီးပြောဖြစ်လာသည်။ ထို့နောက် သခင်ယေရှုကလည်း “သင်နှင့်စကားပြောသောငါသည် မေရှိယပင်ဖြစ်သည်”ဟု မိန့်ခဲ့ပါသည် (ယော ၄း၂၆)။ သမ္မာကျမ်းမှတ်တမ်းတင်ရာ၌ မိမိအကြောင်းသခင်ယေရှု ပြောခဲ့သော စကားများတွင် ဤကဲ့သို့သော ပွင့်လင်းမြင်သာသော ပြောဆိုခြင်းမတွေ့ရပေ။ မည်သူ့အပေါ်မျှ သခင်ယေရှုသည် ထိုသို့မပြောပြခဲ့ဖူး ပေ။ သခင်ယေရှုအပေါ် သစ္စာဖောက်၍ ရန်သူ့လက်ဝယ်အပ်နှံထားခြင်း မတိုင်မှီအောင် ဤကဲ့သို့ ပြောကြားခြင်းလည်း နောက်ထပ်မရှိပေ။
ပေတရုက ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်ကို သခင်ယေရှုက မှန်ကန်ကြောင်းအတည်ပြုပေးခဲ့ခြင်းမှာ မှန်ပါသည်(မ ၁း၁၇-၁၉)။ သို့သော် ချက်ချင်းပင် သခင်ယေရှုသည် တပည့်တော်များအား မိန့်ခဲ့ သည်မှာ “ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို အဘယ်သူအားမျှ မပြော စိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏” (မ ၁၆း၂၀)။ ယုဒလူတို့က
တောင်းလျှောက်သည့်အခါ “ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါ” ဟု ဆိုကြသည်။ ယေရှုသည်မှန်သောအရာကို ငြင်းဆိုခြင်းမရှိ။ သို့သော် သူသည် ပရိတ်သတ်ကိုရှောင်၍ “ယေရှုကလည်း ငါပြောပြီ။ သင်တို့သည်မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏” (ငယ် ၂၅)။
ကားတိုင်တွင် တင်သတ်ခြင်းမပြုမှီ အစောဦးနံနက်ယံ၌ ကယာဖ ရှေ့မရောက်ခင်ထိ ရှမာရိမိန်းမထံ၌ အတည့်အလင်းပြောသကဲ့သို့ မိမိကိုယ် ကိုယ်ပြောဆိုသည်။ “တဖန်ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်ဟူ သော မင်္ဂလာရှိသော ဘုရားသခင်၏သားတော်လှန်သလောဟု မေးမြန်းလျှင်၊ ယေရှုက မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ျာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတံ့ဟု မိန့်တော် မူ၏” (မာ ၁၄း၆၁-၆၂)။
ဤကြွေးကြော်ခြင်းသည် ကားတိုင်အသေခံရန် အကြောင်းတရားဖြစ် လာသည်။ ရှင်မာကု ရေးသားချက်မှာ၊ “ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကိုဆုတ်လျက် အဘယ်သက်သေကိုလိုသေးသနည်း။ ဘုရားကို လွန် ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟုမေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့ သည် စီရင်ကြ၏” (ငယ် ၆၃-၆၄)။
သခင်ယေရှုသည် မေရှိယအဖြစ် ပထမဆုံး အံ့ဩဖွယ်ဖွင့်ပြသည်မှာ နောက်ခံမကောင်းသော ရှမာရိမိန်းမထံ၌သာဖြစ်သည်။ မိမိကိုယ်ကို ဖွင့်ပြပြော ဆိုခြင်းသည် သူမယုံကြည်ခြင်းအကြောင်း သက်သေခံချက်ဖြစ်လာသည်။ သူမ သည် မေရှိယကယ်တင်ရှင်ကို မျှော်လင့်စောင့်စားနေခြင်းဖြစ်ပြီး ယေရှုနှင့် တွေ့ဆုံခြင်းသည် စစ်မှန်သောယုံကြည်ခြင်း ရှင်သန်စေပြီး အပင်ပေါက်လာ သည် (ယော ၂း၂၄)။ကျမ်းစာပြောကြားသည်မှာ ထိုအချိန်တွင် “တပည့်တော်တို့သည် ရောက်လာ၍ ထိုမိန်းမနှင့် စကားပြော တော်မူသည်ကို အံ့ဩခြင်းရှိကြ၏” (ယော ၄၂၇)။ ဂရိကျမ်းစာတွင် အထူးပြုဖော်ပြသည်မှာ တပည့်တော်များ သည် သခင်ယေရှုက မိမိသည် “မေရှိယ”ဖြစ်ကြောင်း ကြွေးကြော်ခြင်းကို ကြားရန် တိကျသောအချိန်တွင် ပြန်လာခဲ့ကြသည်။ ထိုဇာတ်ကွက်ကို တပည့် တော်များ အံ့ဩခြင်းရှိကြသည်။ ယောဟန်ကိုယ်တိုင်သည် မျက်မြင်သက်သေ ဖြစ်ပြီး မည်သူမျှ “အဘယ် အလိုတော်ရှိသနည်း။ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြောတော်မူသနည်းဟု အဘယ်သူမျှမလျှောက်ကြ” (ငယ် ၂၇)။
အံ့ဩဖွယ်ရာ ပြောင်းလဲခြင်း
မကြာမီအချိန်တွင် တပည့်တော်များ ရောက်လာကြပြီးနောက် မိန်းမ သည်လည်း အိုးကိုထားခဲ့ပြီး ထိုတွင်းမှ ထွက်ခွာသွားခဲ့သည်။ သူမသည် အပြီးအပိုင် ထွက်ပြေးသွားခြင်းမဟုတ်ပေ။ ပြန်လာရန် ရည်ရွယ်ချက်အပြည့်ရှိ သည်။ သူမ၏ ရည်ရွယ်ချက်မှာ မြို့တွင်းခေါင်းဆောင်သူ လူကြီးများကို ခေါ်ပြီး ခရစ်တော်နှင့် မိတ်ဆက်ပေးချင်သည်။ သူမ သိမြင်ခဲ့သော အံ့ဩဖွယ် အသိ တရားကို လျှို့ဝှက်မထားဘဲ ပြောကြားလိုသောစိတ်ရှိခဲ့သည်။
သူမ၏ တုံ့ပြန်ချက်သည် အသစ်သော ယုံကြည်သူ၏ စစ်မှန်သော ယုံကြည်ခြင်း ထင်ရှားသိသာမှုဖြစ်သည်။ မိမိအပြစ်ဝန်ထုပ်ကြီးမှ လွတ်မြောက် ခြင်းရရှိသောသူသည် သူတစ်ပါးအား ထိုသတင်းကောင်းကို မပြောဘဲမနေနိုင် ဖြစ်လာသည်။ သူမသည်သတင်းကောင်းမျှဝေရန် စိတ်လှုပ်ရှားသည်။ ပထမ ဦးစွာမြို့တွင်းလူကြီးများထံသို့ ပြောကြားသည်မှာ ကျွန်မပြုလုပ်သော အရာမှန် သမျှကို သခင်ယေရှုအကုန်သိ၍ပြောပြသည်ဟု တအံ့တဩပြန်လည်ပြော ကြားခဲ့သည်။ သူမ၏ အပြစ်များအကြောင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလာတော့သည်။ သူမအပြစ်လွှတ်ခြင်းရရန် တောင်းဆိုခြင်းသည်လည်း သိမ် ငယ်စရာ မဟုတ်တော့ပေ။
သူမ၏ဝမ်းမြောက်ပျော်ရွှင်၍ တက်ကြွသောအသက်တာကို တောင့် ထားနိုင်စွမ်းမရှိဘဲ မြို့တွင်းလူကြီးများကို ရေတွင်းနားသို့ခေါ်၍ သခင်ယေရှုနှင့် ပေးတွေ့ခဲ့သည်။
ရှုခါမြို့၌ ရှာမာမိန်းမ၏ သက်သေခံချက်သည် ထိရောက်လှသည်။ ရှင်ယောဟန်က ဤသို့ ရေးသားထားသည် “ရှမာရိမိန်းမက အကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ပြီဟု သက်သေခံသောစကားကြောင့် ထိုမြို့၌နေသော ရှာမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏”(ငယ် ၃၉)။
ယေရုရှလင်မြို့၌ ကျမ်းပြုဆရာနှင့် ဖာရိရှဲများ၏ ကြိုဆိုခြင်းသည် ရှမာရိမိန်းမကြိုဆိုခြင်းနှင့် ဆန့်ကျင်လျက်ရှိ၏။ လုကာရေးသားသည်မှာ “ဖာရိရှဲနှင့် ကျမ်းပြုဆရာတို့က၊ ဤသူသည် ဆိုးသောသူတို့ကို လက်ခံ၍ သူတို့နှင့် အတူ စားပါသည်တကားဟု ကဲ့ရဲ့ အပြစ်တင်ကြ၏” (လု ၁၅း၂)။
ယုတ်ညံ့သောအမျိုးသမီးနှင့် ဆန္ဒရှိစွာစကားပြောခြင်းဖြင့် ဘာသာရေး ခေါင်းဆောင်များသည် သခင်ယေရှုကိုရွံရှာမုန်းတီးကြသည်။ လူအများရှေ့၌ ပျက်ရယ်ပြုကြသည်။ “ဤသူသည် စားကြူးသောသူ၊ စပျစ်ရည်သောက်ကြူးသောသူပါတကား” (မ ၁၁း၁၉)။ ဥပမာအားဖြင့် ဇကွဲအိမ်သို့ သခင်ယေရှု ရောက်လာသောအခါ သူတို့စိတ်ဆိုးကြသည်။ “ထိုအကြောင်းကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသော လူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါ သည်တကားဟု ကဲ့ရဲ့ပြစ်တင်ကြ၏” ဟုတွေ့ရသည် (လု ၁၉း၇)။
သို့သော် ရှမာရိမိန်းမတွင် ထိုသို့သော ဟန်ဆောင်ကောင်းသော ဘာ သာရေးဆရာများမရှိပေ။ ရှမာရိမြို့ရွာများမှ ဦးဆောင်သောသူတို့နှင့် ယေရု ရှလင်မြို့ဘာသာရေး ခေါင်းဆောင်များက ဆန့်ကျင်ဘက်ဖြစ်ကြသည်။ ယုဒ ခေါင်းဆောင်များက စိတ်ချစွာခံယူထားသည်မှာ မေရှိယဆင်းသက်လာလျှင် ယုဒလူများအပေါ် ထင်ရှားလာမည်။ ထို့နောက် ရောမအာဏာရှင်စနစ်ကို ပယ် ထုတ်ပြီး သူ၏နိုင်ငံတော်ကို တည်ဆောက်ရန် မျှော်လင့်ယုံကြည်ခဲ့ကြသည်။ ထိုမေရှိယသည် ရှမာရိအပါအဝင် ယုဒ၏ရန်သူများကို ချေမှုန်းမည်။ ယုဒပြည် ကို နိုင်ငံရေးရော ဘာသာရေးအရ အုပ်ချုပ်သွားမည်ဟု မျှော်လင့်ထားကြ သည်။ သူတို့၏ မေရှိယကို မျှော်လင့်စောင့်ဆိုင်းခြင်းသည် မြင့်မားသော မျှော်လင့်ချက်ဖြစ်လျက်ပင် ခရစ်တော်ကို သူတို့တိုက်ခိုက်ကြံစည်ရခြင်းသည် လည်း ထိုအကြောင်းကြောင့်ဖြစ်သည်။ သူတို့မျှော်လင့်ထားသော မေရှိယနှင့် သခင်ယေရှုသည် ကိုက်ညီမှုမရှိပေ။ အပြစ်သားများနှင့်သခင်ယေရှု ပွင့်လင်းစွာ မိတ်သဟာယဖွဲ့နေစဉ် ဘာသာရေးခေါင်းဆောင်များကို ပြင်းထန်စွာ ဆုံးမ ခဲ့သည်။ ထို့ကြောင့် ယုဒခေါင်းဆောင်များက သခင်ယေရှုကို မုန်းတီးခဲ့ကြသည်။
ရှမာရိလူများသည် ထိုသို့မဟုတ် ယုဒခေါင်းဆောင်များနှင့် ဆန့်ကျင် သော အတွေးအမြင်ရှိကြသည်။ မေရှိယကို ကတိတော်ထားပြီးဖြစ်ကြောင်း သူတို့သိခဲ့ကြသည်။ သူတို့ယုံကြည်လက်ခံသော မောရှေရေးသားထားသော ကျမ်းစာများသည် ဓမ္မဟောင်းကျမ်း၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သော်လည်း ထိုကျမ်းများ၌ မေရှိယအကြောင်း ကတိတော်များရေးသားထားသည်။ ဖာရိရှဲ ထံသို့ ယေရှုပြောဆိုခြင်းသည် “သင်တို့သည်မောရှေ၏ စကားကိုယုံလျှင် ငါ့ စကားကို မယုံဘဲမနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏” (ယော ၅း၄၆)။ ဥပမာအားဖြင့် တရားဟော ၁၈း၁၈ တွင် သူတို့အမျိုးသားချင်းထဲမှ မောရှေနှင့်တူသော (သို့) မောရှေ့ထက်ကြီးမြတ်သော ပရောဖက်တစ်ပါး ပေါ်ထွန်းစေရန် ကတိတော်ပေးခဲ့သည်။ “သူတို့ အမျိုးသားချင်းတို့ထဲ၌ သင်နှင့်တူသော ပရောဖက်တစ်ပါးကို သူတို့အဖို့ငါပေါ်ထွန်းစေ၍ ထိုပရောဖက်နှုတ်၌ ငါ့စကားကို ငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။” ပင်တေကုကျမ်း၌ မြွေ၏ဦးခေါင်းကို ခြေဖနောင့်ဖြင့် နှင်း မည့်သူ၊ လူမျိုးတကာတို့ကို ကောင်းကြီးပေးမည့် အာဗြဟံ၏ အမျိုးအနွယ် အကြောင်းကို ဖော်ပြထားသည်။ ထို့ကြောင့် ရှမာရိမိန်းမသည် မေရှိယကြွလာ မည်ကို သိရခြင်း ဖြစ်သည်။
သို့သော်လည်း ရှမာရိဒေသသည် မှားယွင်းသောအယူအဆများနှင့် အကျင့်စာရိတ္တပျက်ပြားခြင်းများ၊ သိက္ခာကျခြင်းများဖြင့် အသက်ရှင်ခဲ့ကြသည်။ ရှမာရိလူများသည် သူတို့ကိုသူတို့ အပြစ်သားများဖြစ်ကြောင်းသိကြသည်။ မိမိကိုယ်ကိုယ် မှန်ကန်သည်ဟုထင်တတ်ကြပြီး၊ ဇကဲနှင့်ဖာရိရှဲများ၏ တာ သာရေးဆေးရောင်ခြယ်သောသူမရှိကြပေ။ သူတို့သည် ရှိယ ဆင်းကြွလာ မည့်အကြောင်းကို တွေးတောကြသည့်အခါတွင် ကြောက်ရွံ့သောစိတ်နှင့် မျှော်နေခဲ့ကြပေလိမ့်မည်။
ရှမာရိမိန်းမက မေရှိယအမှန်တကယ်လာပြီး သူမ၏အပြစ်အလုံးစုံကို သိထားသော်လည်း လက်ခံခဲ့သည်ဟုဆိုသောအခါ ရှုခါမြို့ လူကြီးများသည် ဝမ်းသာအားရစွာ ခရစ်တော်ကိုလက်ခံကြသည်။ “ထို့ကြောင့် ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင် မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်း ပန်၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။ အခြားသောသူအများတို့သည် နှုတ် ကပတ်စကားတော်ကြောင့် ယုံကြည်၍ ထိုမိန်းမအား ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင် ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင် တည်းဟူသော ခရစ်တော်စင်စစ်ဖြစ်တော်မူကြောင်းကို သိသည်ဟု ဆိုကြ၏” (ယော ၄း၄ဝ-၄၂)။ ထိုရှုခါမြို့၌ အံ့သြဖွယ်ကောင်းသော ဝိညာဉ်နိုးထမှု တစ် ရပ်ဖြစ်ပေါ်ပြီး ကြီးစွာသော ပြောင်းလဲခြင်းဖြစ်ပေါ်လာသည်။
သခင်ယေရှုသည်စစ်မှန်သော ကိုးကွယ်သူများနှင့်တွေ့ပြီ။ ရှမာရိအမျိုး သမီးသည် သခင်ယေရှုနှင့်တွေ့ဆုံပြီးနောက် မည်သို့ဖြစ်သည်ကို ကျမ်းစာကမဖော်ပြထားပေ။ ခရစ်တော်နှင့် တွေ့ဆုံခြင်းအားဖြင့် သူမ၏စိတ်နှလုံးသား အမှန်တကယ်ပြောင်းလဲသွားခဲ့သည်။ သူမ၏ဘဝနေထိုင်မှုလည်း ပြောင်းလဲ သွားသည်မှာသေချာသည်။ အဘယ်ကြောင့်ဆိုသော်၊ ကျမ်းစာအရ “လူမည် သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ ကော ၅း၁၇)။
ယာကုပ်၏ ရေတွင်းနားတွင် ရှမာရိမိန်းမသည် ခရစ်တော်နှင့် တွေ့ဆုံ ပြီးနောက် သုံးနှစ်အတွင်းတွင် ထိုနေရာ၌ အသင်းတော် တည်ရှိလာခဲ့သည်။ ထိုလွှမ်းမိုးမူသည် အလျင်အမြန်ပင် ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ရှမာရိပြည် နှင့် မြေကြီးစွန်းတိုင်အောင်ပျံ့နှံ့သည် (တ ၁း၈)။ ထို့ကြောင့် ရှမာရိမိန်းမနှင့် ရှုခါမြို့လူကြီးများသည် မကြာမီအချိန်တွင် အချင်းချင်းမိတ်သဟာယဖွဲ့ပြီး၊ နှုတ်ကပတ်တော် သင်ကြားလေ့လာခြင်းများပြုလုပ်ရာ ဟေဗြဲ၊ ရှမာရိ၊ ယုဒ၊
ကျေးကျွန်၊ အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ စုဝေး၍ ခရစ်တော်၌ ဆက်နွယ်မှု ရှိနိုင်ခဲ့ကြသည် (ဂလ ၃း၂၈)။ ရှမာရိပြည်ရှိ ရှုခါမြို့သည် ဧဝံဂေလိ သတင်းကောင်း သက်သေခံသောနေရာနှင့် သာသနာအတွက် အဓိကကျသော နေရာဖြစ်လာမည်မှာ သေချာပါသည်။ ထိုမြို့ထဲသို့သွားရောက်၍ ရေငတ်သူ များအား အငတ်ပြေစေရန် အသက်ရေကိုပေးခဲ့ပြီး၊ စွန့်ပစ်မထားခဲ့ဘူးဆိုတာသေချာပါသည်။ သူမအသက်တာတွင် အစပြု၍ လူအများကို ခရစ်တော်ထံ ခေါ်ဆောင်လာပြီး ဧဝံဂေလိလုပ်ငန်းကို ဆက်လက်ကျယ်ပြန့် စေမည်မှာသေ ချာသည်။ သမ္မာကျမ်း၌ သူမအကြောင်းကို ဖော်ပြထားသောကြောင့် သူမ အကြောင်းကိုဖတ်ရှုခြင်းအားဖြင့် ယနေ့တွင်လည်း သူမသည် ကျွန်ုပ်တို့အား ဆက်လက်၍ သာသနာပြုလျက်နေသည်။ ယောဟန် (၄) ၏ လွှမ်းမိုးမှုအား ဖြင့် လူအမြောက်အများသည် သခင်ယေရှုကိုမိမိကယ်တင်ရှင်အဖြစ် လက်ခံ လာကြသည်။ “သက်သေခံသောစကားကြောင့် ထိုမြို့၌နေသော ရှမာရိလူ အများတို့သည်ယေရှုကို ယုံကြည်ကြ၏” (ငယ် ၃၉)။ သာလွန်ထူးကဲသည့် အမျိုးသမီးတစ်ဦးသည် မေရှိယနှင့်တွေ့ဆုံကာ စကားပြောခွင့် ရခဲ့သောဖြစ်ရပ်၏ ကြီးမားကျယ်ပြန့်သော အသီးအပွင့်ကို ကောင်းကင်ဘုံကသာဖော်ပြ သွားပါမည်။
(၉)
မာသနှင့် မာရိ – အလုပ်လုပ်နေသူနှင့်ဝတ်ပြုကိုးကွယ်နေသူ
“မာရိသည် ယေရှု၏ခြေတော်ရင်း၌ထိုင်၍စကားတော်ကို နားထောင်လျှက်နေ ၏။ မာသမူကား လုပ်ကျွေးခြင်းများ၌ စိတ်ပူပန်နေခြင်းရှိသဖြင့်…”
လု ၁၀း၃၉-၄၀
ဤအခန်း၌ သာမန်ထက်ထူးကဲသော အမျိုးသမီးနှစ်ဦးဖြစ်သော မာရိ နှင့်မာသကို တွေ့ရသည်။ သမ္မာကျမ်းက ထိုကဲ့သို့ ဤနှစ်ဦးကိုတွဲ၍ ပြောထား သောကြောင့် ကျွန်ုပ်လည်းအတူတွဲ၍လေ့လာကြမည်။ ဗေသနိမြို့ရွာလေးတွင် သူမတို့၏ မောင်လာဇရုနှင့်အတူနေထိုင်သည်။ ထိုနေရာသည် ယေရုရှလင်မြို့မှ ခြေလျင်ခရီးဖြင့် လွယ်ကူစွာ ရောက်ရှိနိုင်သော နေရာဖြစ်သည်။ ဗိမာန်တော် အရှေ့ဂိတ်ဝ၏ အရှေ့ဘက်မှ နှစ်မိုင်ခန့်အကွာအဝေး၌ တည်ရှိသည် (ယော ၁၁း၁၈)။ ယေရုရှလင်မြို့အလယ်တွင်တည်ရှိသော သံလွင်တောင်အထက်တွင် တည်ရှိသည်။ ရှင်လုကာနှင့်ရှင်ယောဟန်ပြုစုသော ခရစ်ဝင်ကျမ်း၌ သခင်ယေရှု သည် ဤမိသားစု၏ ဧည့်ခံကျွေးမွေးခြင်းကို နှစ်သက်သည်ဟုဆိုသည်။ ခရစ်ဝင် ကျမ်းများအရ သခင်ယေရှုသည် မာရိနှင့်မာသအိမ်သို့ အနည်းဆုံးသုံးကြိမ်တိုင်ထူးခြားသောအချိန်တွင် ရောက်သည်ဟုပြောထားသည်။ သခင်ယေရှုသာသနာ ခရီးစဉ်သွားရာ၌ ဗေသနိရွာ၌ မကြာခဏရပ်နားလျက်နေသည်။ ယုဒပြည် ခရီးနှင်ရာ၌ ဤမိသားစုအိမ်သည် နားနေရန် အချက်အချာ ကျလှသည်။ မာရိနှင့်မာသသည် အလွန်ခင်မင်ဖွယ်ကောင်းသော ညီမနှစ်ဦးဖြစ်သော်လည်း စရိုက်ခြင်းမတူကြပေ။ သို့သော် သူမတို့နှစ်ဦးစလုံးသည် ခရစ်တော်ကို ချစ်ကြ သည်မှာ ထင်ရှားလှသည်။ ထိုအရာသည် သမ္မာကျမ်းစာတွင် ဥပမာအဖြစ်ဖော်ပြသော အမျိုးသမီးတိုင်း၏ အမှတ်အသားဖြစ်ကြောင်း ယခုတွင် သင်သည် မှတ်သားမိပေလိမ့်မည်။ သူတို့အားလုံးသည် ခရစ်တော်ကို ညွှန်ပြကြသည်။ သူတို့၏ခရစ်တော်ကို ဗဟိုပြုသော အသက်တာသည် ချီးမွမ်းဖွယ်ရာ မည်သည်။ ဓမ္မဟောင်းကျမ်းတွင် ထူးချွန်ထက်မြတ်သော အမျိုးသမီးများ၏ မျှော်လင့်ချက် သည် ခရစ်တော်ဖြစ်ပြီး၊ ဓမ္မသစ်ကျမ်း အမျိုးသမီးများသည် ခရစ်တော်ကို ချစ်ကြသည်။ ဗေသနိရွာမှ မာရိနှင့်မာသတို့သည် ကောင်းသော ပုံဥပမာ ဖြစ်သည်။ သခင်ယေရှု၏ လောကထဲ သာသနာလုပ်ငန်းစဉ်တွင် မာရိနှင့်မာသ တို့နှင့် ချစ်ခင်မြတ်နိုး ရင်နှီးလာခဲ့ကြသည်။ ထိုမျှမက သခင်ယေရှုသည် သူမတို့ မိသားစုကို အလွန်ချစ်ခင်သည်။ တမန်တော်ယောဟန်သည် သခင်ယေရှုက မည်သည့်အရာကို နှစ်သက်၍ မည်သူ့ကိုချစ်ခင်ကြောင်း ကောင်းမွန်စွာ လေ့ လာထားသည်ဖြစ်ရာ၊ ထိုအရာကို ဤသို့မှတ်တမ်းတင်ထားသည်။ “ယေရှုသည် မာသကိုလည်းကောင်း သူ၏ညီမနှင့် လာဇရုကိုလည်းကောင်း ချစ်တော်မူ၏” (ယော ၁၁း၅)။
သခင်ယေရှုသည် ဤမိသားစုနှင့် မည်ကဲ့သို့ ရင်းနှီးကျွမ်းဝင်းခြင်းရှိ သည်ကို မဖော်ပြထားပေ။ သခင်ယေရှုနှင့် ဗေသနိရှိလူများသည် ဆွေမျိုးတော် စပ်ခြင်းမရှိသည်ဖြစ်၍ သခင်ယေရှုသာသနာပြုခရီးစဉ်အစပိုင်း၌ မာသနှင့်မာရိ တို့သည် ခရစ်တော်၏ သွန်သင်ခြင်းကိုကြားနာရပြီး သူ့ကိုဧည့်ခံကျွေးမွေးပြုစု ခြင်းမှ ရင်းနှီးမှုရယူခဲ့ခြင်းဖြစ်နိုင်သည်။ မည်ကဲ့သို့သောအကြောင်းဖြင့် ရင်းနှီး ဆက်နွယ်မှု စတင်ခဲ့ပါစေ အရေးကြီးသည်မှာ ထိုရင်းနှီးမှုသည် နွေးထွေး၍လေးနက်သော မိတ်သဟာယရှိသည်။ လုကာ၏ရှင်းလင်းသော ဖော်ပြချက်အရ သခင်ယေရှုသည် သူမတို့နေအိမ်ကို မိမိအိမ်ပမာ ဝင်ထွက်သွားလာခဲ့သည်။
သခင်ယေရှုသည် ထိုသို့သော မိတ်ဆွေဖွဲ့ခြင်းကို ပျိုးထောင်ခဲ့ခြင်း ၊ သည် သူသည်မည်သို့သောသူ ဖြစ်ကြောင်းကို အလင်းပြနေသည်။ ယုဒပြည်၌ လှည့်လည်၍ သာသနာခရီးပြုစဉ် ကိုယ်ပိုင်အိမ် အတည်တကျမရှိခဲ့သော်လည်း နားခိုစရာအိမ်မဲ့တော့မဖြစ်ခဲ့သည်ကို နားလည်ရသည် (မ ၈း၂၀)။ နောက်ဆုံး တွင် မာရိနှင့်မာသကဲ့သို့သော ချစ်ခင်သူများက ကြိုဆိုကြသောကြောင့်၊ သခင်ယေရှုသည် ချစ်ခင်ရသော မိတ်ဆွေများ၏အိမ်တွင် လွတ်လပ်စွာ ဝင်ထွက် သွားလာခဲ့ကြောင်း တွေ့ရသည်။
ဤမိသားစု၏ ထင်ရှားသည့်အရာမှာ ဧည့်ခံကျွေးမွေးခြင်း ဖြစ်ပေလိမ့် မည်။ မာသအကြောင်း ပုံဖော်ပြောသည့်အခါ ဧည့်ခံခြင်း၌ စေ့စပ်သေချာ လှပေသည်။ သူမ၏အမည်ပင်လျှင် အာရမိစကား (Aramaic) တွင် ‘သခင်’ဟု အဓိပ္ပာယ်ရပြီး၊ အမျိုးသမီးအတွက်သုံးသည့် စကားလုံးဖြစ်သည်။ သူမသည် အိမ်ရှင်မနေရာယူသောကြောင့် သူမ၏အမည်သည် သူမနှင့်လုံးဝ လိုက်ဖက် သည်။ လု ၁၀း၃၈ တွင် ထိုမိသားစု၏ အိမ်ကို မာသ၏အိမ်ဟု ရည်ညွှန်းဖော်ပြ သည်။ ထိုအချက်နှင့်အတူ သူမတို့မောင်နှမတို့၏ အမည်ကို ဖော်ပြသည့်အခါ မာသ၏အမည်ကို အစဦးပြောရခြင်းသည် မောင်နှမတွင်သူမသည် အကြီးဆုံး ဖြစ်ကြောင်း ခန့်မှန်းရသည်။ မောင်နှမသုံးဦးတို့တွင် လာဇရုသည် အငယ်ဆုံး ဖြစ်နိုင်ခြေ ရှိကြောင်းကို ယောဟန်က သူတို့၏မိသားစုစာရင်းပြုစုဖော်ပြရာ၌ နောက်ဆုံးတွင် ထားသောကြောင့် ခန့်မှန်းရသည် (ယော ၁၁း၅)။ လာဇရုသည် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းမတိုင်မှီ အချိန်ထိ သူ့အကြောင်းကို ဖော်ပြထား ခြင်းမရှိပေ။
အချို့၏ ယုံကြည်ချက်မှာ မာသသည် အိမ်ပိုင်ရှင်နှင့် အိမ်ရှင်မနေရာ ကို ယူသည်ဖြစ်၍ သူမသည် မုဆိုးမဖြစ်နိုင်သည်ဟုဆိုသည်။ ထိုအရာသည် ဖြစ်နိုင်ခြေရှိသော်လည်း ကျမ်းစာ၏ ဖော်ပြချက်အရ ကျွန်ုပ်တို့ သိနိုင်သလောက် မှာ ဤမောင်နှမသုံးဦးတို့သည် အတူတူတစ်အိမ်တည်းတွင်နေထိုင်လျက်ရှိပြီးတစ်စုံတစ်ဦးသည် အိမ်ထောင်ပြုခဲ့ကြောင်း မဖော်ပြပေ။ သူတို့၏ အသက်အ ရွယ်နှင့် ပတ်သက်၍လည်း သဲလွန်စမပေးချေ။ သို့သော် သခင်ယေရှုသည် ထိုသူတို့အိမ်သို့ ကြွရောက်လာလျှင် မာရိသည် အမြဲပင် သခင့်ခြေရင်း၌ ရှိသောကြောင့် သူသည် အသက်အရွယ်ကြီးမည်ဟု ယူဆရခက်ပါသည်။ ထိုမျှမက မာသနှင့်မာရိတို့၏ စိတ်နေသဘောထား ကွဲပြားမှုကြောင့် အသက်အရွယ် များစွာကွာခြားမှုရှိသည့်ပုံ မပေါ်ပေ။ သူတို့သုံးဦးတို့သည် ငယ်ရွယ်၍ ဘဝ အတွေ့အကြုံနည်းသေးသည်ဟု ကျွန်တော်ခံယူမိသည်။ ခရစ်တော်နှင့် သူတို့၏ စကားပြောဆိုရာတွင်၊ ခရစ်တော်သည် သူတို့ကို အစ်ကိုကြီးကဲ့သို့ ပြောဆိုလေ့ ရှိပြီး၊ သူသွန်သင်ခဲ့သော သင်ခန်းစာများသည်လည်း အရွယ်ရောက်လာခါစ လူငယ်များကို သွန်သင်သည့်ပုံစံဖြင့် လက်တွေ့ကျကျ သင်ပေးခဲ့သည်ကို တွေ့ရ သည်။ ထိုသင်ခန်းစာများမှ အချို့သောသင်ခန်းစာများကို ကျွန်ုပ်တို့ မကြာခင်၌ တွေ့ရှိလေ့လာရမည်။
မာသနှင့်မာရိအကြောင်း အတိုချုပ် (၃) ချက်
သမ္မာကျမ်းစာ၌ ဤမိသားစုနှင့် သခင်ယေရှု စကားလက်ဆုံပြောဆို ခြင်း သုံးချက်ကို ဖော်ပြသည်။ ပထမအနေဖြင့် လု ၁၀း၃၈-၄၂ တွင် မာသနှင့် မာရိတို့ကြား ခရစ်တော်အပေါ် မြတ်နိုးဆက်ကပ်မှုကို ပြသခြင်းနှင့်ပတ်သက်၍ သေးငယ်သော သဘောထားကွဲလွဲမှုအား ဖော်ပြထားသည်။ ဤအကြောင်း အရာဖြင့် ဓမ္မသစ်ကျမ်းတွင် မာသနှင့်မာရိကို စတင်၍ သိရသည်။ ရှင်လုကာဖော်ပြထားသည့် သူတို့၏ သဘောထားကွဲလွဲမှုသည် နောက်အဖြစ်အပျက် နှစ်ခုတို့တွင် ထပ်မံ၍ ရှင်ယောဟန် ဖော်ပြသည့်အတိုင်းတွေ့ရသည်။ (လု ၁၀ တွင် သူမတို့နှစ်ဦး၌ မတူညီသော ပင်ကိုစရိုက်ကို အရှင်းအလင်းဆုံးမြင်ရ သောကြောင့် ထိုကျမ်းချက်ကို အထူးပြုလေ့လာမည်။)
ယောဟန် (၁၁) တွင်လည်း ဤအမျိုးသမီးနှစ်ဦးအကြောင်း ဒုတိယ အကြိမ် တွေ့ရသည်။ တစ်ခန်းလုံးနီးပါး သူတို့၏မောင် လာဇရု မည်သို့သေဆုံးရကြောင်းနှင့် ခရစ်တော်အားဖြင့် အသက်ပြန်လည်ရှင်သန်လာကြောင်းကို ဖော်ပြထားသည်။ သခင်ယေရှုသည် မာသနှင့်စာရိတို့အား တစ်ဦးချင်းစီ စကား ပြောဆိုခြင်းသည် သူတို့နှစ်ဦး၏ မတူညီသောစရိုက်အသီးသီးကို ရည်ညွှန်းဖော် ပြသည်။ ဤစာအုပ်တွင် ဤအကြောင်းကို အသေးစိတ်ရှင်းပြရန် အချိန်မလုံလောက်သော်လည်း၊ နောက်ပိုင်းတွင် လာဇရုသေခြင်းနှင့်ထမြောက်ခြင်းသည် မာသနှင့်မာရိတို့အပေါ် ထူးခြားစွာ မည်သို့အကျိုးသက်ရောက်သည်ကို အတို ချုပ် လေ့လာသွားပါမည်။ ရှင်ယောဟန်ခရစ်ဝင်၌ ညီအစ်မနှစ်ယောက်သည် လာဇရု သေဆုံးသွားသောကြောင့် စိတ်သောကရောက်ရသည်။ ခရစ်တော် သည် မိတ်ဆွေနှစ်ဦး ပူဆွေးသောက ရောက်နေသောအချိန်၌ ခွန်အားပေး သည်။ သခင်ယေရှုသည် သူ၏မိတ်ဆွေမိသားစုနှင့်အတူ ငိုကြွေးဝမ်းနည်းရ၏။ သခင်ယေရှုသည် ဈာပနအစီအစဉ်အလယ်၌ လာဇရုကို ဘုန်းကြီးစွာ သင်္ချိုင်း မှထမြောက်စေသည်။ ဤအံ့ဩဖွယ်ရာဖြစ်ရပ်သည် လူထုအလယ်၌ပြုလုပ်သော ဆောင်ရွက်ခြင်းဖြစ်သည်။ ယုဒခေါင်းဆောင်များသည် အခြားအရာ များထက် ပြုလုပ်ခြင်းအားဖြင့် သခင်ယေရှုကိုသတ်ရန် အခိုင်အမာ ဆုံးဖြတ် ခဲ့ကြသည်။ အကြောင်းမှာ ဤကဲ့သို့ သေသောသူများကို ထမြောက်စေသော နိမိတ်လက္ခဏာများပြုလုပ်လျှင် လူခပ်သိမ်းတို့သည် သူ့နောက်သို့လိုက်ကြပြီး သူတို့သည်သည် အာဏာဆုံးရှုံးရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည် (ယော ၁၁း၄၅-၅၇)။ သူတို့သည် ခေါင်းမာလျက် သူ၏ အသက်ပေးနိုင်ပြီး သူပြောခဲ့ သည့်အတိုင်း သူသည် ဘုရားသခင်၏သားတော်မှန်ကြောင်း ခိုင်လုံသော သက်သေအထောက်အထားကို လျစ်လျူရှုခဲ့သည်။
သခင်ယေရှုက လာဇရုကိုအသက်ပြန်ရှင်စေခြင်းသည် သူ့အတွက် အန္တရာယ်ရှိသည်ကို မာသနှင့်မာရိနားလည်ပုံပေါ်သည်။ စင်စစ်၊ ထိုအမျိုးသမီး နှစ်ဦးအကြောင်းတွေ့ရသည့် တတိယမြောက်နှင့် နောက်ဆုံးသော အဖြစ်အ ပျက်တွင် မာရိ၏ နက်နဲသောဝမ်းမြောက်ခြင်းနှင့် နားလည်ခြင်းကို ဖော်ပြထား သည်။ ယောဟန် (၁၂) တွင် (ကျမ်းပြိုင်များမှာ မ ၂၆း၆-၁၃ နှင့် မာ ၁၄း၃-၉) မာရိက တန်ဖိုးကြီးသော နာဒုဆီမွှေးစစ်အကျပ်သုံးဆယ်ကိုယူ၍ သခင်ယေရှု၏ခြေတော်ကို လိမ်းပြီးလျှင် မိမိဆံပင်နှင့်သုတ်ခဲ့သည်ကို ရေးသားဖော် ပြထားသည်။ မဿဲ နှင့် မာကုသည် ဤဖြစ်စဉ်ကို ဖော်ပြသော်လည်း မာရီနာ မည်ကို မဖော်ပြထားပေ။ သို့သော်လည်း ယောဟန် (၁၂)နှင့် ဖြစ်စဉ်တူ အကြောင်းအရာဖြစ်ကြောင်း သေချာသည်။ မ ၂၆း၁၂ နှင့် ယော ၁၂း၇ တွင် သခင်ယေရှု၏ သင်္ဂြိုဟ်ခြင်းအတွက် ဆီမွှေးသုတ်လိမ်းသည်ဟု မာရိနားလည်ကြောင်း ရည်ညွှန်းဖော်ပြသည်။ သူမ ခိုင်ခံစွာသိရှိခြင်းသည် လာဇရုရှင်ပြန်ထ မြောက်ခြင်းအဖြစ်အပျက်ကြောင့် သခင်ယေရှု၏ရန်သူတို့သည် သခင်ယေရှုကို အလွန်မုန်းတီးပြီး သတ်ရန်ကြံစည်နေမည်ကို မာရိသည် ခိုင်မာစွာ ထင်မှတ်ခဲ့ လိမ့်မည် (ယော ၁၁း၃၅-၅၄)။ လာဇရုကို ရှင်ပြန်ထမြောက်စေပြီးနောက် သခင်ယေရှုသည် ဗေသနိရွာမှ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့ သို့ကြွ၍ တပည့်တော်တို့နှင့် အတူနေတော်မူ၏။ သို့သော် ယုဒပသခါပွဲခံခါနီးတွင် ယေရုရှလင်မြို့ သို့ပြန်လာခဲ့သည် (ငယ် ၅၅-၅၆)။ မာရိ (မာသလည်း ပါဝင်နိုင် သည်)သည် သခင်ယေရှု၏ အသက်အန္တရယ် ကျရောက်အံ့ဆဲဆဲရှိကြောင်း နားလည်ဆုံးသောသူ ဖြစ်နိုင်သည်။ သခင်ယေရှု၏ ကျေးဇူးပြု ကူညီခဲ့သည့် လုပ်ရပ်အပေါ် ကျေးဇူးတင်သောကြောင့် မာရိသည် ဆီမွှေးဖြင့် သခင့်ခြေကို သုတ်ပေးပြီး ကိုးကွယ်မှုပြုခဲ့သည်မှာ ထင်ရှားသည်။
မာရိ – စစ်မှန်သော ကိုးကွယ်သူ
ရှင်မဿဲ နှင့် ရှင်မာကုခရစ်ဝင်ကျမ်းများအားဖြင့် မာရိသည် သခင့် ခြေကိုဆီသုတ်လိမ်းပေးခြင်း သည် နူနာစွဲသောသူ ရှိမုန်၏အိမ်၌ ပြုလုပ်ခဲ့သည်။ နူနာစွဲလျက်ရှိသောသူအိမ်၌ စုဝေးခြင်းသည် ရှားလှသည်။ နူနာများသည် အခမ်းအနားကျင်းပရန် မသန့်ရှင်းသောသူများဖြစ်ပြီး လူအုပ်ကြားမှ နှင်ထုတ်ခံ ရသောသူများဖြစ်ကြသည် (ဝတ် ၁၃း၄၅ – ၄၆)။ ထို့ကြောင့် ရှိမုန်၏အမည်ကို အရင်က နူနာစွဲသူဟု ဖော်ပြရခြင်းဖြစ်သည်။ သမ္မာကျမ်းစာက သခင်ယေရှု သည် သူ့ထံသို့လာရောက်သောသူကို အနာငြိမ်းစေသည်ဟုဆိုသောကြောင့် ရှိမုန်သည် နူနာရောဂါမှ သခင်ယေရှု ငြိမ်းစေခဲ့သောသူတစ်ဦး ဖြစ်ပေသည်။ (လု ၅း၁၂-၁၅ တွင်ထိုသို့သော ဖြစ်စဉ်ကို ဖော်ပြထားသည်)။
ရှိမုန်သည် ကောင်းမွန်စွာလုပ်ကိုင်တတ်သောသူမည်၏။ တပည့်တော် များပါဝင် ညစာစားပွဲ တစ်ခုကို ကျင်းပခဲ့သည်။ ရှိမုန်သည် အိမ်ထောင်မရှိသူ ဖြစ်နိုင်သည်။ အကြောင်းမှာ မာသသည် ထိုစားပွဲတွင် ဧည့်ခံကျွေးမွေးခြင်းကို ဦးဆောင်ခဲ့ပုံရှိသည်။ ပွဲလမ်းသဘင်များ၌ အကျွေးအမွေးတာဝန် ယူခြင်းသည်သူမ၏ကျွမ်းကျင်ရာနှင့် အသက်မွေးဝမ်းကြောင်းဖြစ်နိုင်သည်ဟု အချို့ကဆို သည်။ ဤနေရာတွင် ရှိမုန်သည် မာသမိသားစုနှင့် ရင်းနှီးသော မိတ်ဆွေဖြစ်နိုင် သည်။ အကြောင်းမှာ မာသသည် အဖိုးအခမယူဘဲ မိမိဆန္ဒအလျောက် ကူညီ ပေးခဲ့သည်။ လာဇရုသည်လည်း ပါဝင်ခဲ့သည် (ယော ၁၂း၂)။ ထိုတွေ့ဆုံစားသောက်ပွဲသည် သခင်ယေရှုနှင့် အရင်းနှီးဆုံးမိတ်ဆွေများနှင့် တပည့်တော်များ ‘တွေ့ဆုံစားသောက်ပွဲဖြစ်သည်။ လာဇရု အသက်ပြန်ရှင်လာခြင်းကြောင့် ကျေး ဇူးတော်ချီးမွမ်းပွဲ ပြုလုပ်ရခြင်းလည်းဖြစ်နိုင်သည်။ သို့ဖြစ်လျှင်၊ ဤတွေ့ဆုံပွဲ၌ ကြွရောက်လာသော မိတ်ဆွေများသည် သခင်ယေရှုပြုလုပ်သော အမူအရာအ တွက် ကျေးဇူးတော်ချီးမွမ်းရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။
မာရိသည် သခင်ယေရှုထံ ကျေးဇူးတုံ့ပြန်ရန် အကောင်းဆုံးနည်းလမ်း ကိုသိခဲ့သည်။ သခင်ယေရှု၏ သာသနာအစပိုင်းတွင် မာရိ၏ သခင်ယေရှုအား ဆီလိမ်းဘိသိတ်ပေးခြင်းအမူနှင့် ဆင်တူသော အဖြစ်အပျက်တစ်ခုရှိခဲ့သည် (လု ၇း၃၆-၅ဝ)။ ဤဖြစ်စဉ်နှင့် ကွဲပြားချက်မှာ အခြားသောတွေ့ ဆုံစုဝေးခြင်း၊ တစ်ခုဖြစ်သည်။ အခြားသောလူ ဖာရိရှဲတစ်ယောက် (တိုက်တိုက်ဆိုင်ဆိုင် သူ့နာမည်သည်လည်း ရှိမုန်ဖြစ်သည်)၏ အိမ်ဖြစ်သည်။ အပြစ်များသော မိန်းမ တစ်ယောက်၏ ပြုလုပ်ခြင်းဖြစ်သည် (ငယ် ၃၇)။ ဤအဖြစ်အပျက်မှာ အပြစ်ကို နောင်တရသော ပြည်တန်ဆာမတစ်ယောက်က သခင်ယေရှု၏ ခြေကိုဆီလိမ်း ပေးခဲ့ပြီး မိမိဆံပင်နှင့် သုတ်ပေးခဲ့ခြင်း ဖြစ်သည် (ငယ် ၃၉)။ ထိုအဖြစ်အပျက် သည် ယောဟန် (၁၂) တွင် တွေ့ရသော မာရိ၏ပြုလုပ်မှုနှင့် ထပ်တူကျသည်။ ထမဖြစ်စဉ်အကြောင်းကို မာသနှင့်စာရိတို့ ကောင်းကောင်း သိထားကြပေမည်။ ထိုအချိန်က သခင်ယေရှု သင်ကြားပေးခဲ့သည့် သင်ခန်းစာကိုလည်း မှတ်မိနေမည်ဖြစ်သည်၊ “သူသည်များစွာသော အပြစ်တို့နှင့်လွတ်သည်ဖြစ်၍ အလွန်ချစ်တတ်၏။ အနည်းငယ်သော အပြစ်လွတ်သောသူသည် အနည်းငယ် မျှသာ ချစ်တတ်သည်ဟု မိန့်တော်မူ၏” (ငယ် ၄၇)။ ထိုသို့ မာရိသည် ထိုအဖြစ် အပျက်မှ အတုယူပြုလုပ်ရာတွင် သခင်ယေရှုအပေါ် သူမ၏ ချစ်ခြင်းနှင့် သူမ၏ အထူးကျေးဇူးတင်သောစိတ်ကို ဖော်ပြခြင်းဖြစ်သည်။
ရှင်မဿဲ နှင့် ရှင်မာကုတို့သည် သခင်ယေရှုက ထိုသို့သော ဝတ်ပြု ကိုးကွယ်ခြင်း အပြုအမူကို လက်ခံခြင်းဖြင့် သခင်ယေရှုကို လှည့်ဖြားရန် ယုဒ ရှကာရုတ်၏ နောက်ဆုံး ဆုံးဖြတ်ချက်အကြောင်း ဖြစ်လာသည်။ ရှင်ယောဟန် ကျမ်းအရ ယုဒရှကာရုတ်က ထိုအမူသည် ဖြုန်းတီးမူတစ်ခုဖြစ်သည်ဟု ဝေဖန် ပြောဆိုသည်။ သို့သော် သူ၏ လောဘစိတ်ကြောင့်သာ ထိုသို့ဝေဖန်ခြင်းဖြစ် သည်။ အမှန်တော့၊ သူက တပည့်တော်တို့၏ ဘဏ္ဍာငွေကို ခိုးယူခဲ့သည် (ယော ၁၂း၄-၆)။
သို့ဖြစ်၍ ဤအမျိုးသမီးနှစ်ဦး၏ အသက်တာသည် အမှတ်မထင်ဘဲ သခင်ယေရှု အသေသတ်ခြင်းအကြံအစည်ကို တွန်းအားပေးသည့်အရာအဖြစ် နှစ်ကြိမ်တိုင်အမှတ်တမဲ့ ကြုံဆုံလာခဲ့သည်။ သူတို့၏ ညီလာဇရုသေခြင်းမှ ထမြောက်စေခြင်းသည် ယုဒခေါင်းဆောင်များအတွက် သခင်ယေရှုကို အသေ သတ်ရန်အကြောင်း ဖြစ်လာခဲ့ပြီ။ ယခုတွင်လည်း မာရိ၏ သခင်ယေရှုအပေါ် အလွန်တရာ ရက်ရောသောကျေးဇူးပြုခြင်းသည် ယုဒရှကာရုတ်အား သခင် ယေရှုကိုလှည့်ဖြားရန် အစွန်ဆုံးသို့ သွင်းပို့လိုက်သကဲ့သို့ ဖြစ်လာသည်။
မာသ – ဆက်ကပ်သော အစေခံ
ဤအခန်းတွင် ကျွန်ုပ်တို့ အလေးထားအထူးပြုလိုသောအရာသည် ရှင်လုကာ (၁၀) နောက်ဆုံးတွင် ဖော်ပြထားသော အဖြစ်အပျက်တစ်ခု အ ကြောင်းဖြစ်သည်။ ထိုနေရာတွင် သခင်ယေရှုသည် မာသကို ညင်သာစွာဆုံးမခြင်းနှင့် သူမအမှန်တကယ်ဦးစားပေးမည့်အရာ နှင့်ပတ်သက်၍ ပြင်း ထန်သော သင်ခန်းစာတစ်ခုကို ပေးခဲ့ပါသည်။ ကျမ်းပိုဒ်တိုသော်လည်း အဓိပ္ပာယ် ပြည့်ဝနက်နဲလှ၏။ ရှင်လုကာ၏ ရေးသားချက်မှာ –
“ယေရှုသည် တပည့်တော်တို့နှင့်ခရီးသွားကြစဉ် ရွာတစ်ရွာသို့ဝင်သော်၊ မာသအမည်ရှိသော မိန်းမတစ်ဦးသည် မိမိအိမ်၌မာရိအမည်ရှိသော ညီ အစ်မတစ်ယောက်ရှိ၏။ ထိုမာရိသည်ယေရှု၏ ခြေတော်ရင်း၌ ထိုင်၍ စကားတော်ကိုနားထောင်လျက်နေ၏။ မာသမူကား၊ လုပ်ကျွေးခြင်းအမှု များ၌ စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ ‘သခင်၊ ကျွန်မ၏ ညီမသည်၊ ကျွန်မတစ်ယောက်တည်း လုပ်ကျွေးစေခြင်းငှာ ကျွန်မကိုကူညီ မည့်အကြောင်း အမိန့်ရှိတော်မူပါ” ဟုလျှောက်သော်၊ ယေရှုက၊ ‘မာသ၊ မာသ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ယှက်ခြင်းကို ခံရ၏။ လိုသောအရာတစ်ခုတည်းရှိ၏။ မာရိမူကား၊ ကောင်းသောအဖို့ကို ရွေးယူ ပြီ။ ထိုအဖွဲ့ကို အဘယ်သူမျှ မနုတ်မယူရာဟု မိန့်တော်မူ၏”(လု ၁၀း၃၈-၄၂)။
ညီအစ်မနှစ်ယောက်တွင် မာသသည်အစ်မကြီး ဖြစ်နိုင်ချေရှိသည်။ လုကာသည်သူမအပြုအမူအရ ညီအကိုမောင်နှမသုံးဦးမှာ လူလတ်အသက် အရွယ်ရှိသည်။ မာသစိတ်ညဉ်းတွားခြင်းမှာ မိန်းကလေးဆန်ပြီး ဘဝအတွေ့ အကြုံနည်းခြင်းကိုပြသည်။ ယေရှုသည်ညင်သာသော စကားလေသံဖြင့် သူမကို ဆိုဆုံးမ၏။
ယခုတွင်မာသသည် သခင်ယေရှုကို မိမိအိမ်၌ဖိတ်ခေါ်၍ ဧည့်ခံလေ ၏။ ဤအခါသမယ၌ သူမသည် မိသားစုကိုယ်စား မိတ်ဆွေများအား ကျွေးမွေး ဧည့်ခံလေ၏။ သူမသည်အိမ်မှုကိစ္စအဝဝကို ကြီးကြပ်သူ ဖြစ်၏။
လု ၇း၃၆-၅ဝ တွင် ယေရှုသည်ရှိမုန်ဖာရိရှဲအိမ်၌ လည်ပတ်သည်။ သူ့ကို ကြိုဆိုခြင်း အလျဉ်းမရှိ။ ရှိမှန်သည် သခင်ယေရှုခြေထောက် ဆေးကြောရန် ရေကိုလည်းမထောက်ပံ့ဘဲ၊ ဖော်ရွေသော ကြိုဆိုခြင်းကိုလည်း မပြုပေ (လု ၇း၄၄-၄၆)။ လူမှုယဉ်ကျေးမှု၏ အဓိကအချက်နှစ်ချက် ကိုတွေ့ရသည်။ ပထမရာစု အရှေ့အလယ်ပိုင်းယဉ်ကျေးမှု၌ ဧည့်သည်ကိုခြေထောက် ဆေးပေး ခြင်းသည် ဧည့်သည်အဝတ်စား ယူ ခြင်းနှင့် တူ၏ (ယော ၁၃း၁-၇)။ ဤ ကဲ့သို့ပြုလုပ်ခြင်းသည် ဧည့်သည်ကို လျင်မြန်စွာ စွန့်ခွာစေသောလုပ်ရပ်နှင့် တူသည်။ ထိုဒေသနာတော် မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူကို သင့်အိမ်၌လက်မခံနှင့်။ မင်္ဂလာရှိစေသော ဟုနှုတ်မဆက်နှင့်။ မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင်၊ သူ၏ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာ သို့ရောက်၏။
မာသ၌ကြီးမားသော ဧည့်ဝတ်ခံလိုသောစိတ်ရှိပြီး ရှိမုန်ဖါရိရှဲမှာ ထိုသို့မဟုတ်ပေ။ သူမသည် ဧည့်ခံကျွေးမွေးခြင်းအလုံးစုံကို တာဝန်ကျေပွန်စွာ လုပ်ဆောင်လိုသည်။ ဧည့်သည်များအတွက် စဉ်းစားလုပ်ဆောင်ပေးခြင်းများ ပြုလုပ်၍ သူမအပြုအမူသည် ချီးကျူးဖွယ်ရာဖြစ်သတည်း။
ခရစ်တော်ပုံရိပ်ပမာသည် ဧည့်သည်တစ်ဦးကဲ့သို့ထိုအိမ်သည် မိမိအိမ် ကဲ့သို့မှတ်ယူလျက် မိတ်သဟာယဖွဲ့ခြင်း၊ ဆွေးနွေးခြင်း၊ သွန်သင်ခြင်းသည် ဉာဏ်အမြော်အမြင်ပွင့်စေသည်။ တပည့်တော်များသည် မေးခွန်းများ ဖြေရာ ၌လည်း စဉ်းစားဆင်ခြင်မှုပေးပြီး၊ အခွင့်အာဏာရှိလိုသောစိတ်ကို အကြွင်းမဲ့ စိတ်ကိုပြုပြင်ပေးသည်။ မာရိစိတ်သည် ယေရှုခြေတော်ရင်း၌ ထိုင်၍နားထောင် ရန်ဖြစ်၏။ မာသသည် စေ့စပ်သေချာစွာ ဧည့်ခံကျွေးမွေးရန် ပြင်ဆင်အလုပ် လုပ်သည်။
ညီအစ်မနှစ်ဦး သဘောထားကွဲလွဲခြင်း
သို့သော်လည်း မကြာမီတွင် မာသသည် မာရိအပေါ် စိတ်ကတိက အောင့်ဖြစ်လာသည်။ သူမ၏ဒေါသစိတ်သည် သူမကို အလွန် စိတ်အနှောင့် အယှက်ပေးသည်။ အစဦးတွင် သူမအကူအညီလိုအပ်ခြင်းကို သိမြင်စေရန်အနီးအနားမှာရှိတဲ့ မီးဖိုချောင်ရှိ အိုး၊ ခွက်၊ ပန်ကန်များကို အသံကျယ်လောင်စွာ ထိတွေ့လုပ်ဆောင်၍ လွတ်ချကောင်းလွတ်ချနိုင်သည်။ အခြားအခန်းမှ ကြား နိုင်အောင် မာသသည် ချောင်းဆိုးတာ၊ သက်ပြင်းချပြတာတွေကိုလည်း ပြု လုပ်ခဲ့နိုင်သည်။ မာရိထံမှ အကူအညီမျှော်လင့်နေကြောင်းကို အကြိမ်ကြိမ် အချက်ပြခဲ့နိုင်သည်။ ထိုအရာတွေအားလုံး မအောင်မြင်သည့်အခါ ဧည့်ခန်း ဘက်ကို ချောင်းကြည့်ပြီး မာရိမှ သိမြင်နိုင်စေရန် လမ်းလျောက်ပြကာ အလုပ် များနေတာကို ကူညီသင့်ကြောင်း အရိပ်ပြခဲ့ပေလိမ့်မည်။ နောက်ဆုံးတော့ ထိုဟန်ပြမူ အမူအရာများကိုရပ်လိုက်ပြီး သခင်ယေရှု၏ ရှေ့တော်တွင် မာရိကို မကျေနပ်သည့်အကြောင်းအရာကို ဖွင့်ပြောလိုက်သည်။ စင်စစ်၊ သခင်ယေရှုထံ တိုင်ကြားပြီး၊ ကြားဝင်ပြောပေးဖို့နှင့် မာရိကို လုပ်သင့်သည်ကို လုပ်စေဖို့ ပြော ပေးရန် တောင်းဆိုလိုက်သည်။
သခင်ယေရှု၏ပြန်လည်တုံ့ပြန်ချက်ကြောင့် မာသသည် ထိတ်လန့်သွား ပေလိမ့်သည်။ သူမ၏ အမြင်တွင် မာရိ၏လုပ်ရပ်သည် မှားနေသည်ဟုပင် မြင်သည်။ သို့သော် တိုတုတ်သော ဇာတ်ကွက်တွင် မာသသည် သခင်ယေရှု၏ နူးညံ့သောနှိုးဆော်တိုက်တွန်းခြင်းခံရသည်။ ရှင်လုကာကျမ်းမှ ဖော်ပြချက်သည် ထိုနေရာတွင် အဆုံးသတ်ထားသည်။ ထို့ကြောင့် ဤဇာတ်လမ်း၏ ရည်ရွယ် ချက်မှာ မာသ၏ နှလုံးသား ထိုးထွင်းသိမြင်ကာ ခရစ်တော်သည် သူ့ကိုချစ်သော လူသားများအား သန့်ရှင်းစင်ကြယ်စေရန် ခွန်အားပေးတိုက်တွန်းသောစကားကို ကြားသိစေရန်ဖြစ်သည်။
စင်စစ် ယောဟန်(၁၂)တွင် မာရိသည် သခင်ယေရှု၏ ခြေတော်ကို နံ့သာဆီနှင့် လိမ်းပေးသကဲ့သို့ မာသသည်လည်း ဧည့်ခံကျွေးမွေး၍ အစေခံသူ အဖြစ်တွေ့ရသည်။ သို့သော် ထိုကျမ်းချက်တွင် ဝေဖန်တိုင်ကြားခဲ့သူမှာ ယုဒ ဖြစ်သည် (ယော ၁၂း၄-၅)။ နောက်ဆုံးတွင် သူသည် မာရိ၏ အဖိုးတန်သော ကိုးကွယ်မူကို ဖြုန်းတီးမှုအဖြစ် ဝေဖန်ပြီး၊ တပည့်တော်တို့ဘက် မကျေနပ်သည့် အကြောင်းကို ပြသရန်ကြိုးစားခဲ့သည် (မ ၂၆း၈)။ သို့သော် ဤအချိန်တွင် မာသသည် လိမ်မာပါးနပ်စွာ မိမိကိုယ်ကို ချုပ်တည်းပြီး ငြိမ်သက်သွားခဲ့ပုံကိုတွေ့ရသည်။ မာရိ၏ ဝတ်ပြုကိုးကွယ်ခြင်းအပေါ် နာကျည်းစိတ် မရှိတော့ပေ။ သူမကိုယ်တိုင် မာရိနှင့်အမျှ ယေရှုကို ချစ်ခဲ့ပါသည်။ သခင်ယေရှုကလည်း သူတို့နှစ်ဦးလုံးကို လေးလေးနက်နက် ချစ်ခဲ့သည် (ယော ၁၁း၅)။
သခင်ယေရှုသည် မာသအားဆိုဆုံးမခြင်းသည် ကျွန်ုပ်တို့အတွက် လည်း နားစွင့်သတိပြုရမည့် သွန်သင်ချက်များဖြစ်သည်။
မိမိထက်သူတစ်ပါးအား ဦးစားပေးခြင်း သင်ခန်းစာ
သခင်ယေရှုသည် ညှင်သာစွာ မာသအားသွန်သင်ချက်သည် မိမိထက် သူတစ်ပါးအား ဦးစားပေးခြင်းအကြောင်း သင်ယူစေရန်ဖြစ်သည်။ အခြားကျမ်း ချက်၌လည်း “ညီအစ်ကိုချစ်ခြင်းအရာ၊ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကို တစ်ယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ၊ သူတစ်ပါးကို ကိုယ်ထက် ချီးမြှောက်ကြလော့” ဟုဖော်ပြထားသည် (ရော ၁၂း၁၀)။ “အချင်းချင်း တစ်ယောက်အောက် တစ်ယောက်နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့ကား ကျေးဇူးပြုတော်မူ၏ (၁ ပေ ၅း၅)။ “ရန်တွေ့လိုသောစိတ်၊ အချည်းနှီးကျော်စောကိတ္တိကို တပ်မက်သော စိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့် သူတစ်ပါးသည် ကိုယ်ထက်သာ၍ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ် ကြလော့။ ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့ (ဖိ ၂း၃-၄)။
ယေရှုခရစ်သင်ကြားခြင်း၌ နှိမ့်ချခြင်းသည် အဓိကဆောင်ပုဒ်ဖြစ်ပြီး၊ တပည့်တော်များအတွက် ခက်ခဲသောသင်ခန်းစာလည်းဖြစ်သည်။ သခင်ယေရှု ကို ရန်သူလက်သို့အပ်နှံခြင်းကိုခံသောည၌ပင် တပည့်တော်များသည် ဧည့်ခံ ကျွေးမွေးခြင်းကို လျစ်လျူရှု၍၊ အစေခံခြင်းဖြင့် အခြားတပည့်တော်များ၏ ခြေကိုဆေးရန် မည်သူမျှ မလုပ်ချင်ကြပေ (ယော ၁၃း၁-၇)။
ရှင်လုကာ (၁၀) ၌ မာသ၏ အပြင်ပန်းအပြုအမူသည် စစ်မှန်သော အစေခံတစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။ မာသသည် ရှေ့ဖုံးခါးစည်းကိုစည်း လျက် သူတစ်ပါးအားအစေခံသည်။ သို့သော် မာရိအပေါ်ဆက်ဆံခြင်းကြောင့် သူမ၏ အစေခံခြင်းစိတ် အားနည်းချက်ကို မြင်တွေ့ရသည်။ မာသသည် မိမိ နှုတ်ကိုစူးရှပြီး အပြစ်ရှာရန် အခွင့်ပေးခဲ့မိသည်။ မာရိကို ဤကဲ့သို့ ဧည့်သည်များ ရှေ့တွင် ပြောဆိုသည့်စကားများသည် မာရိကို အမှန်ပင်အရှက်ကွဲစေသည်။ မာသအနေဖြင့် သူမစကားလုံးဖြင့် သူ့ညီမ မာရိကို စိတ်ထိခိုက်စေနိုင်သည်ကို သတိမထားမိခြင်း (သို့) ဂရုမစိုက်ခြင်း တစ်ခုခုဖြစ်နိုင်သည်။
ထို့အပြင် မာသသည် မာရိကို အပြစ်တင်ရာ၌ သူ့ဘက်ကသာ မှားနေ သည်။ သူမစိတ်အထင်၌ မာရိသည် အပျင်းထူသည်ဟုမှတ်ယူသည်။ “သူတစ် ပါးပိုင်သောလူကိုစစ်ကြောစီရင်သော သင်သည် အဘယ်သူနည်း။ သူသည်မိမိ သခင် စီရင်သောအားဖြင့်သာအပြစ်လွတ်ခြင်း၊ အပြစ်ခံခြင်းသို့ ရောက်ရ၏” (ရော ၁၄း၄)။ မာရိသည် ခရစ်တော်ထက် သူမက မာရိ၏ စစ်မှန်သော သခင်ဖြစ်သည်ဟု ထင်မှတ်နေသလားမသိပေ။
အမှန်မှာ မာရိ၏ စိတ်နှလုံးသည် မှန်ကန်သောနေရာတွင်ရှိခဲ့ပါသည်။ သူမ၏ ဆန္ဒနှင့်ရည်ရွယ်ချက်တို့သည် မာသထက်ချီးကျူးဖွယ်ရာဖြစ်သတည်း။ သခင်ယေရှုသည် လူသားများအပြင်ပန်းအပြုအမူကို လေ့လာခြင်းဖြင့် စီရင် လျှင်မှားနိုင်မည်ဖြစ်သော်လည်း ဤအမျိုးသမီးနှစ်ဦး၏ အတွင်းနှလုံးသားကို သိနေသောဘုရားဖြစ်သည်။ သခင်ယေရှုသည် လူသားများ၏ စိတ်နှလုံးသားကို သိသောကြောင့် သိမြင်နိုင်သည်။
မာသ၏ အပြုအမူအားဖြင့် လူသား၏မာန်မာနသည် အကောင်းဆုံး သော အပြုအမူများကိုပင် ပျက်စီးစေသည်။ မာသ၏လုပ်ဆောင်မှုသည် ဆိုး သောအရာတော့ မဟုတ်ပေ။ သူမသည် ခရစ်တော်နှင့် အခြားဧည့်သည်များ ကိုစောင့်မျှော်နေရသည်။ မာသသည် ခရစ်တော် မိန့်မှာသည့်အတိုင်း အား လုံးကို လက်တွေ့ကျကျ အစေခံခဲ့သည်။ သူမသည် အကောင်းဆုံးနှင့် လေးစား ဖွယ်ကောင်းသော ရည်ရွယ်ချက်တို့ဖြင့် အစပြုခဲ့မည်မှာ သေချာသည်။
သို့သော် ခရစ်တော်ပြောသောစကားကို နားမထောင်သည့်အချိန်မှ စ၍ ခရစ်တော်ထက် အခြားအရာများကို ပို၍ အာရုံပြုလာသောကြောင့် သူမ အမြင်သည် တစ်ကိုယ်ကောင်းဆန်လာသည်။ ဤအခြေအနေ၌ပင်လျှင် ခရစ်တော်အပေါ်ပြုသော အစေခံခြင်းပင်လျှင် မိမိတစ်ကိုယ်ကောင်းဆန်စိတ်များ ဖြင့် စွန်းထင်းလာသည်။ သူမ၏ညီမပေါ် ချစ်ခြင်းမေတ္တာမရှိသော အပြုအမူကြောင့် သူမပုံသက်သေ ပျက်စီးခဲ့သည်။ မာသ၏အသက်တာသည် ထောင် လွှားသောစိတ်ကြောင့် တစ်ခြားသောဆိုးယုတ်ခြင်းများ ပေါ်ပေါက်လာစေ သည်။ အမျက်ဒေါသ၊ နာကျည်းဝမ်းနည်းမှု၊ မနာလိုမှု၊ ယုံကြည်မှုမရှိခြင်း၊ အပြစ်တင်တတ်သောနှလုံးသား၊ စီရင်တတ်သောသူနှင့် ကြင်နာတရား မရှိခြင်းတို့ကြောင့် ထွက်ပေါ်လာရသောဖြစ်စဉ်မည်၏။ မာသအသက်တာတွင် အချိန်တိုအတွင်း ရုတ်တရက် ထတောက်လာရသည်။
အဆိုးရွားဆုံးမှာ မာသစကားလုံးသည် သခင်ဘုရားကိုပင် အပြစ်တင် ရာရောက်သည်။ “သခင်၊… လျစ်လျူသောစိတ် ရှိတော်မူသလော” (လု ၁၀း၄၀)။ သခင်လျစ်လျူရှုသည်ဟု သူမအမှန်တကယ် ထင်သလား။ သခင်ယေရှုက ဤမိသားစုဝင် သုံးဦးကို ချစ်ခြင်းမေတ္တာရှိကြောင်း သူအသိဆုံးဖြစ် သည် (ယော ၁၁း၅)။
သို့သော် မာသ၏အတွေးများနှင့်ခံစားချက်များသည် အလွန်ပင် ကိုယ် ကျိုးငဲ့လွန်းလာသည်။ ကောရိဩဝါဒစာဒုတိယစာစောင်၌လည်း ဤသို့ ရှင် ပေါလုပြောထားသည့်အတိုင်း အများထိမိသော ထောင်ချောက်တွင် ကျမိခဲ့ သည်။ “ကိုယ်ကိုကိုယ်ချီးမွမ်းသော သူတို့နှင့်ရေတွက်ဝင်ခြင်းကို လည်းကောင်း၊ ပြိုင်နှိုင်းခြင်းကိုလည်းကောင်း၊ ငါတို့မပြုဝံ။ ထိုသူတို့သည် အချင်းချင်းတစ်ယောက်နှင့် တစ်ယောက် ခိုင်းနှိုင်းခြင်း၊ ပြိုင်မှိုင်းခြင်းတို့ကိုပြု၍ ပညာမဲ့ဖြစ်ကြ ၏” (၂ ကော ၁၀း၁၂)။ ခရစ်တော်ကို အာရုံမပြုတော့ဘဲ မာရိကို အပြစ်မြင်သောမျက်လုံးနှင့်ကြည့်၏။ သူမအတွက် ထိုနေ့ညနေခင်းတစ်ခုလုံးသည် ပျော် ရွှင်ဖွယ်ရာမရှိဖြစ်ခဲ့ရသည်။
မာရိအနေဖြင့် အခြားအရာများကို မေ့ပျောက်ကာ ခရစ်တော်ပြော သောတရားတော်ကိုမှတ်လျက် သူမ၏စိတ်နှလုံးကို နစ်မြှုပ်ထားခဲ့သည်။ ခရစ် တော်၏ခြေရင်းတွင် ထိုင်လျက် ကိုယ်တော်၏ နှုတ်တော်ထွက် စကားအား လုံးကို တစိုက်မတ်မတ် ခံယူမှတ်သားခဲ့သည်။ သူမသည် ပျင်းရိ၍ အလုပ်မလုပ် လိုသောကြောင့် မဟုတ်ပေ။ ဤအခါသမယသည် အမှန်တကယ်အရေးကြီးကြောင်း သူမသိ၏။ ဘုရားသခင်၏သားတော်ကိုယ်တိုင်သည် သူမတို့အိမ်၌ ဧည့်သည်မည်၏။ ခရစ်တော်သည် သူတို့နှင့်အတူတကွ ရှိနေသောအချိန်တွင် ကိုယ်တော်၏စကားကို တက်ကြွစွာနားထောင်လျက်၊ သူ့ကိုကိုးကွယ်ခြင်းသည် မာရိအတွက် အကောင်းဆုံးသော အာရုံပြုခြင်းဖြစ်သည်။
ဗေသနိရွာမှမာရိ၏ ထူးခြားသော အရည်အချင်းတစ်ခုမှာ ခရစ်တော် ၏ စိတ်တော်ကို လေ့လာ နားလည်နိုင်ခြင်းပင်ဖြစ်သည်။ မာရိ၏ စိတ်နေ သဘောထားသည် မာသနှင့်ယှဉ်လျှင် ပို၍ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသည်။ ရှင်လုကာ (၁၀) တွင် မာရိသည် သခင်ယေရှုထံမှ နားထောင် လိုသောစိတ် ရှိနေစဉ်မှာ မာသာကတော့ အစားအသောက်အတွက် အလုပ်ရှုပ်နေသည်။ ရှင်ယောဟန် (၁၁) တွင် သခင်ယေရှုသည် လာဇရုသေသွားပြီး လေးရက် မြောက်သောနေ့၌ရောက်ရှိလာသည်။ ထိုအချိန်တွင် မာသသည် အိမ်မှထွက် လာ၍ သခင့်ကိုကြိုဆိုခဲ့သည်။ မာရိကတော့ အိမ်ထဲတွင် ဝမ်းနည်းကြေကွဲလျက် ရှိနေခဲ့သည် (ယော ၁၁း၂၀)။ သူမတွင် နက်နဲသောအတွေးအခေါ်များရှိသည်။ မာရိကဲ့သို့သောလူများသည် ရုတ်တရက် အသွင်ပြောင်းခြင်း (သို့) အရေးမကြီးသော လုပ်ရပ်များဖြင့် အချိန်ဖြုန်းလေ့မရှိကြပေ။ သခင်ယေရှုသည် မာသထံမှ သူ၏ ယုံကြည်ခြင်းကို မေးမြန်းအတည်ပြုခိုင်းနေရစဉ်တွင် (ငယ် ၂၃-၂၇)၊ ထိုဝန်ခံချက်မှာပင်လျင် ခိုင်မာတည်ခြင်းမရှိခဲ့သေးပေ (ငယ် ၃၉)၊ မာရိသည်ယေရှု၏ ခြေတော်ရင်း၌ ရိုးရိုးလေးပင် ပြပ်ဝပ်ပြီး ကိုယ်တော်ကို ကိုးကွယ်ခဲ့ ပါသည် (ငယ် ၃၂)။
သခင်ယေရှုပြောသည့်စကားကို မာရိသည် တပည့်တော် တစ်ဆယ့် တို့ထက်ပင် မှန်ကန်စွာ ပိုင်းခြားနားလည်တတ်ကြောင်းတွေ့ရသည်။
ခရစ်တော်၏ ခြေတော်ကို ဆီသုတ်လိမ်းခြင်းလုပ်ရပ်သည် ယေရုရှလင်မြို့တွင် ခရစ်တော်၏ နောက်ဆုံးရက်သတ္တပတ်၏အစတွင် သူ့အား သဂြိုလ်ခြင်းပြုသည့် သဘောဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သူမ၏ ရင့်ကျက်သောနားလည်ခြင်းသည် မှတ် သားဖွယ်ကောင်းလှသည်။ ထိုအရာသည် ကိုယ်တော်၏ ခြေတော်ရင်း ခရစ် တော်ခြေရင်း၌ ငြိမ်ဝပ်စွာထိုင်၊၍ တရားစကားကိုနားထောင်ခြင်းကာ၊ ဆင်ခြင် နှလုံးသွင်းရန် အလိုဆန္ဒရှိခြင်း၏ အသီးအပွင့်ဖြစ်သည်။ ဤအဖြစ်အပျက်အား ဖြင့် မာသနှင့်စာရိတို့၏ ကွဲပြားကွာခြားမှုကို ထင်ရှားစေသော အချက်ဖြစ်သည်။ မာသသည် တစ်စုံတစ်ရာကို အလျင်စလို ပြုလုပ်တတ်သောအကျင့် (သို့) ပြန်တုံ့ပြန်တတ်သောအကျင့်ရှိသည်။ (ထိုနေရာတွင် မာသနှင့် ပေတရုတို့ တူညီ ကြသည်။)
မာသသည် အမှန်တကယ် မာရိကို သူ့ထက်ဦးစားပေးခဲ့လျှင် သူ့ထက် တောင်မှ မာရိသည် ခရစ်တော်ကို လေးလေးနက်နက်ချစ်၍ သူ၏အကြောင်း နက်နဲစွာနားလည်သည်ကို တွေ့မြင်ခဲ့ပေလိမ့်မည်။ တိတ်ဆိတ်စွာနေတတ်ပြီး၊ ဆင်ခြင်တွေးခေါ်တတ်သည့် သူ့ညီမထံမှ များစွာသူသင်ယူနိုင်ပေသည်။ သို့သော် ယခုတွင် ထိုသို့မလုပ်မိခဲ့ပေ။ မာသတွင် စားပွဲခင်းရန်ရှိသည်။ မီးဖိုချောင်မှ အစားအသောက်များကို ယူဆောင်ရန်ရှိသည်။ ထို့အပြင် သူမသည် “များစွာသောအမှု”ကို “စိုးရိမ်၍ နှောင့်ယှက်ခြင်းခံရသည်” (လု ၁၀း၄၁)။ သူမ မသိခင်၊ မာရိအပေါ် သူမ၏အမျက်ဒေါသသည် အရှိန်မြင့်လာပြီး သူ့ ကိုယ်သူ မထိန်း ချုပ်နိုင်လောက်အောင်ဖြစ်လာသည်။ မာရိကို လူအများရှေ့ တွင် ဝေဖန်ခြင်း သည် သူမ၏အရုပ်ဆိုးသော မာန်မာနကို ထုတ်ဖော်ရာရောက်သည်။
ကိုးကွယ်ခြင်းကို အစေခံခြင်းထက် ဦးစားပေးသင့်ကြောင်း
သင်ခန်းစာ
ဤအဖြစ်အပျက်ကို ဖတ်ရှုပြီး အမျိုးသမီးအများစုသည်လည်း မာသ ကဲ့သို့ အခြေအနေတွင်ရှိလျှင် မာသနည်းတူပြုမိကြမည်ဆိုတာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ ကျွန်တော့်အမြင်တွင် အမျိုးသမီးအများစုသည် မာရိထက် မာသကို ပို၍သနားမိမည်ဟု အခိုင်အမာထင်မှတ်သည်။ နောက်ဆုံးတွင် ကိုယ့်အစ်မ အား အလုပ်တွေအားလုံး လုပ်ခိုင်းပြီးမှ ကိုယ်က ဧည့်သည်များနှင့် အေးဆေး ထိုင်စကားပြောသည်ဆိုတာသည် ရိုင်းသည်ဟု ထင်မှတ်ရသည်။
ထို့ကြောင့် တကယ့်လက်တွေ့တွင် မာသ၏ ခံစားချက်များသည် ဖြစ် တတ်သောသဘာဝဖြစ်ပြီး နားလည်ပေးလို့ရသည့် အနေအထားရှိသည်။ ထို အချက်အကြောင့် သခင်ယေရှုသည် သူမကို သိမ်မွေ့စွာ ဆိုဆုံးမခြင်း ဖြစ်နိုင် သည်။ ပုံမှန်အခြေအနေတစ်ရပ်တွင် အသက်ရွယ်အားဖြင့် ပိုကြီးသော အစ်မ သည် ဧည့်သည်များအတွက် အစားအသောက်များ ချခင်းပေးခြင်းမှာ ညီမက ကူညီရမည်ဟု မျှော်လင့်ထားကြသည်။ တစ်နည်းဆိုလျှင် မာသသည် မာရိ အပေါ်ထားသော မျှော်လင့်ချက်သည် ပြည့်စုံကောင်းမွန်သည်ဟုဆိုလိုသည်။ မည်သို့ပင်ဖြစ်စေ မာရိလုပ်ဆောင်သောအရာသည် သာ၍ကောင်း ၏။ သူမသည် “ထိုကောင်းသောအပိုင်းကို ရွေးချယ်ပြီ” (လု ၁၀း၄၂)။ မာရိသည် အလိုအပ်ဆုံးသောအရာဖြစ်သည့် စစ်မှန်သော ကိုးကွယ်ခြင်းနှင့် ခရစ်တော် အပေါ် စိတ်နှလုံးအကြွင်းမဲ့ အပြည့်အဝ အာရုံပြု၍ ကိုးကွယ်ဆက်ကပ်ခြင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုအရာသည် အစေခံခြင်းထက် ဦးစားပေးသင့်သော အမှုဖြစ်သည်။ ထို့ပြင် သူမ ရွေးချယ်လိုက်သော ကောင်းသောအပိုင်းကို သူမထံမှ မည်သူမျှလှယူမည်မဟုတ်ပါ။ မာသ၏ အစားအသောက် ပြင်ဆင်မှု မှာ ဝင်ကူခြင်းသည် အကျိုးရှိသော၊ ကျေးဇူးပြုခြင်းဖြစ်သော်လည်း ထိုအရာ အတွက် မာရိ၏ ရွေးချယ်မှုကို စတေးရမည်မဟုတ်ပေ။ မာသ၏ ကောင်းမွန်သော ထမင်းစားပွဲခုံပြင်ဆင်ခြင်းထက်သာ၍ ကောင်းသောအရာမှာ မာရိကဲ့သို့ နှမချ၊ နာခံတတ်သောနှလုံးသားကို ခရစ်တော်အားပေးအပ်ခြင်းသည် အ ကောင်းဆုံးလက်ဆောင်မည်၏။
ဤအဖြစ်အပျက်အရ ယုံကြည်သူတိုင်းအတွက် ဘုရားသခင်အား ကိုး ဝတ်ပြုခြင်းသည် အမြင့်ဆုံးသော ဦးစားပေးမှုဖြစ်ရမည်။ အစေခံခြင်း၊ အဝင် ခရစ်တော်အား ဆက်သသော အရာမှန်သမျှတွင် မည်သည့်အရာမျှစိတ်နှလုံးအကြွင်းမဲ့ ကိုယ့်တော်ကို ရိုသေလေးမြတ်ခြင်းနှင့် ကိုယ်တော်၏ စကား ကို နားထောင်ခြင်းထက် အရေးကြီးသောအရာမရှိပေ။ ရေတွင်းနားတွင် ရှမာရိ အမျိုးသမီးအား သခင်ယေရှုပြောခဲ့သည်ကို သတိရသင့်သည်မှာ။ ဘုရားသခင် သည် စစ်မှန်သော ကိုးကွယ်သူကိုရှာဖွေနေသည် (ယော ၄း၂၃)။ ခရစ်တော် သည် မာရိအသက်တာ၌ စစ်မှန်သော ကိုးကွယ်သူတစ်ဦးအဖြစ် တွေ့ခဲ့သည်။ ကိုယ်တော်သည် မာသ၏ မာရိအား အပြစ်တင်ရှုံ့ချခြင်းကို သဘောမတူ၊ အတည်မပြုခဲ့ပေ။ အကြောင်းမှာ၊ ခရစ်တော်အား အစေခံ၍ လုပ်ဆောင်သော အမှုများထက် ခရစ်တော်ကို ကိုးကွယ်ခြင်းသည် အလွန်ပင်ပို၍ အရေးကြီး မြင့်မားသော တာဝန်ဖြစ်ကြောင်းကို နားလည်သူမှာ မာသမဟုတ်ဘဲ မာရိသာ ဖြစ်နေသောကြောင့်ဖြစ်သည်။
ကိုယ်တော်အတွက် အမှုများကို လုပ်ဆောင်ရန် အလွန်စိတ်ပြင်းပြ နေချိန် ကိုယ်တော်၏ စကားကို နားထောင်၍ ကျွန်ုပ်တို့အတွက် သူပြုခဲ့သော အမှုကိုဆင်ခြင်အောက်မေ့ခြင်း မပြုမိခြင်းသည် ခရစ်တော်ကို ချစ်သောသူများ အတွက်ပင် အန္တရာယ်ရှိလှပါသည်။ ကျွန်ုပ်တို့၏ အစေခံလုပ်ဆောင်ချက်အား ဖြင့် ယေရှုခရစ်တော်အား ကျွန်ုပ်တို့၏ကိုးကွယ်ခြင်းအမှုကို မဟန့်တားစေရန် ခွင့်မပြုသင့်ပေ။ မိမိတို့သည် ခရစ်တော်ကို ကိုးကွယ်ခြင်းထက် မိမိအလုပ်ကို ဦးစားပေး လုပ်ဆောင်ကြသည့်အခါတွင်၊ ကျွန်ုပ်တို့သည် စစ်မှန်သော ဝိညာဉ် အရာ ဦးစာပေးမူမှ လမ်းလွှဲသွားစေသည်။
စင်စစ်၊ ထိုသို့လုပ်ဆောင်တတ်သော အကျင့်သည် အန္တရာယ်ရှိသည်။ လွန်ကဲသောဘာသာရေးဝါဒနှင့် ဘုရားသခင်နှင့်ပတ်သက်၍ လွတ်လပ်သော ဘာသာရေးဝါဒတို့သည် ထိုသို့ပြုတတ်ကြသည်။ ကောင်းသောအလုပ်များကို စစ်မှန်သောဩဝါဒနှင့် စစ်မှန်သောကိုးကွယ်ခြင်းထက် အရေးပေး မြှင့်တင် သည့်အခါတွင် မိမိပြုသော အကျင့်များကိုလည်း ဖျက်ဆီးရာရောက်သည်။ကောင်းသော အလုပ်များကို အလုပ်သက်သက်အဖြစ်သာ လုပ်ဆောင်ခြင်း သည် မိမိကိုယ်ကို မြှောက်ပင့်ခြင်းနှင့်တူပြီး ယေရှုခရစ်တော်ပြုလုပ်သော အ လုပ်ကို ငြင်းဆိုခြင်းနှင့်တူသည်။ ကောင်းသောအလုပ်များ၊ ရက်ရောပေးကမ်းမှုနှင့် ကရုဏာဖြင့်လုပ်ဆောင်မှုအားလုံးသည် စစ်မှန်သော ယုံကြည်ခြင်း အရေး၊ ပါသော ဖော်ပြချက်များဖြစ်သော်လည်း၊ ထိုအရာများသည် ဘုရားသခင်၏ရွေးနုတ်ကယ်တင်ခြင်းနှင့် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းကို အမှီပြုခြင်းမှ စီးထွက်လာရပါမည်။ နောက်ဆုံးတွင်၊ ကျွန်ုပ်တို့၏ ကောင်းသော အလုပ်များ အားဖြင့် ဘုရားသခင်၏ မျက်နှာသာကို မရနိုင်ပါ။ ထို့ကြောင့် ကျမ်းစာတွင် ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုလုပ်ပေးသောအမူအရာ ၌သာ ဗဟိုပြုသည်။ မိမိတို့ပြုလုပ်သောအလုပ်များအပေါ် ဘယ်သောအခါမျှ မမူတည်ပေ (ရော ၁၀း၂-၄)။ စစ်မှန်သောယုံကြည်ခြင်း သို့မဟုတ် စစ်မှန်သော ဩဝါဒထက် ကောင်းသောအလုပ်များကို ဦးစာပေးသော ဘာသာတရားများ ကို လေ့လာကြည့်ပါ၊ ခရစ်တော်၏ ဂုဏ်သရေပျက်စေပြီး မိမိကိုယ်ကိုယ် ပုံကြီးချဲ့ ချီးမြှောက်သောစနစ်ကို မြင်တွေ့ရပါမည်။
မာသသည် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟု ခံယူသောသူတော့ မ ဟုတ်ပေ။ ခရစ်တော်ထက် ကျော်လွန်ပြီး ကျွန်ုပ်တို့သည် သူမကို ပို၍ ပြင်းထန် စွာ မစီရင်သင့်ပေ။ သူမသည် ကိုယ်တော်ကို ချစ်ပါသည်။ သူမ၌ စစ်မှန်သော ယုံကြည်ခြင်းရှိသည်။ သို့သော်လည်း သူမအတွက် ပို၍လိုအပ်သော အရာကို လျစ်လျူရှုထားပြီး အရေးမကြီးသောလုပ်ရပ်နှင့် အလုပ်များခဲ့သည်။ သူမ၏ ဝိညာဉ်ရေးရာမှာ မတည်မငြိမ်ဖြစ်လာသည်။ မာသ၏ အပြုအမူက သတိပေး သည်မှာ ခရစ်တော်ကို တည်ကြည်သောစိတ်နှင့် မိမိ၏ဖြောင့်မတ်ခြင်းအတွက် လက်ခံယုံကြည်ထားသော်လည်း လူ၏စိတ်နှလုံးသားတွင် မိမိကိုယ်ကို ဖြောင့် မတ်သည်ဟုထင်သောအမြင် ဝင်လာတတ်ပြီး ရိုးသားသော စိတ်နှလုံးကို ညစ် ညူးစေတတ်သည်။ မာသ၏ မာရိအပေါ် ခက်ထန်စွာပြောဆိုမူသည် သူမ၏ နှလုံးသားတွင် မျှတမှုမရှိခြင်းကြောင့်ပေ။
သခင်ယေရှုသည် မာရိ၏ အမှားကို နူးညံ့သိမ်မွေ့စွာပြုပြင်ခြင်း (မာရိ အား ချီးကျူးသော စကားအပါအဝင်)သည် ဦးစားပေးသင့်သော အရာများကို အစဉ်အလိုက် ပြန်စီခြင်းဖြစ်သည်။ ကိုးကွယ်ခြင်း (ဤနေရာတွင် သခင်ယေရှု ၏ သွန်သင်ခြင်းကို တစ်စိုက်မတ်မတ် နားထောင်ခြင်းအဖြစ်ဖော်ပြသည်)သည်အလိုအပ်ဆုံးသောအရာဖြစ်သည်။ ယေရှုခရစ်တော်အတွက် အစေခံခြင်းသည် ကိုးကွယ်ခြင်းနောက်မှသာ အမြဲလာရပါမည်။
ယုံကြည်ခြင်းသည် အလုပ်ထက်အဓိကကျကြောင်း သင်ခန်းစာ
တတိယအရေးကြီးသော ဝိညာဉ်ရေးရာအခြေခံ စည်းမျဉ်းသည် အ စေခံခြင်းထက် ကိုးကွယ်ခြင်းကို ဦးစားပေးရမည်ဟူသောအချက်နှင့် နီးစပ်စွာ ဆက်စပ်မူရှိပြီး ထပ်တူကြညီညွတ်ပါသည်။ ဤတတိယနိယာမမှာ ကျွန်ုပ်တို့၏ လုပ်ဆောင်မူထက်၊ ကျွန်ုပ်တို့၏ ယုံကြည်မူသည် ပို၍ အရေးကြီးသည်ဟူသော သမ္မာတရား (ကျမ်းစာ၏ အစမှအဆုံးတွင် သွန်သင်ထားချက်)ဖြစ်သည်။
မာသ၏ “များစွာသော အစေခံမှု” (လု ၁၀း၄၀)သည် “တစ်ခုတည်း သောအရာ” (ငယ် ၄၂)ကို ရယူရန် အနှောက်အယှက်ဖြစ်စေသည်။ ထိုအရာ သည် အမှတ်တကယ် လိုအပ်သောအရာဖြစ်ပြီး သခင်ယေရှု၏ စကားတော်ကို နားထောင်၍ သင်ယူရန်ဖြစ်သည်။ ဘာသာရေး လေ့ကျင့်လုပ်ဆောင်ခြင်း သည် ယုံကြည်ခြင်းကို မကြာခဏ မှေးမှိန်သွားစေသည်။ မှန်ကန်စွာပြုလုပ်သောကောင်းမြတ်သောအလုပ်သည် စစ်မှန်သောယုံကြည်ခြင်းမှ စီးထွက်၍ ယုံကြည်ခြင်း၏ အသီးအပွင့်မည်၏။ မိမိတို့နေ့စဉ် ပြုလုပ်သောအရာသည် အရေးပါ၏။ အကြောင်းမှာ ထိုအလုပ်များသည် မိမိယုံကြည်ခြင်းစစ်မှန်မူကို ပြသသည် (ယာ ၂း၁၄-၂၆)။ သို့သော် ယုံကြည်ခြင်း အရင်လာရပါမည်။ ယုံ ကြည်ခြင်းသာလျှင် စစ်မှန်၍ အစဉ်တည်မြဲသော အကျင့်တရား၏ အခြေခံ အုတ်မြစ်ဖြစ်သည်။ ထိုအချက်အားလုံးသည် ဖြောင့်မတ်ခြင်း၏ ကိရိယာတန် ဆာမှာ အလုပ်(အကျင့်)မဟုတ်ဘဲ ယုံကြည်ခြင်းသာဖြစ်သည်ဟူသော သမ္မာ တရားတွင် ပြည့်စုံသည် (ရော ၄း၄-၅)။
မာသသည် ဤအရာများကို ခဏတဖြုတ် မေ့လျော့သည်ပုံရှိသည်။ သူမသည် ခရစ်တော်၏ လုပ်ဆောင်ပေးခြင်းကို လိုအပ်သည်ထက် ကိုယ်တော် သည် သူမ၏ လုပ်ဆောင်ချက်ကို ပို၍လိုအပ်သည်ဟု ထင်မှတ်ပုံရသည်။
သူမ၏ ယုံကြည်ခြင်းကို အပြစ်သားများအတွက် ခရစ်တော်ပြုခဲ့သော အမှု အပေါ်တွင် မမှီထားဘဲ၊ သူမသည် ကိုယ်တော်အတွက် ဘာလုပ်ပေးနိုင်သည် ။ ဆိုသည်ကို ပိုပြီးစဉ်းစားနေသည်။
ဤသို့သောအရာသည် လူ့နှလုံးသား၏ သဘာဝပြုလေ့ရှိသောအရာ ဖြစ်သည်။ ကျွန်ုပ်တို့ မှားယွင်းစွာစဉ်းစားတတ်ကြသည်မှာ ခရစ်တော်အတွက် မိမိတို့လုပ်ပေးခြင်းသည် ခရစ်တော်၏ လူသားများအတွက် လုပ်ဆောင်ပေး ခြင်းထက်အရေးပါသည်ဟု ထင်တတ်ကြခြင်းဖြစ်သည်။ ဝိညာဉ်ရေးရာ သမိုင်း ၌ အသင်းတော်သည် ယုံကြည်ခြင်း၏ အရေးကြီးမှုကို မမြင်နိုင်တော့သည့်အခါ အကျင့်တရားကို ဦးစားပေးလုပ်ဆောင်ကြသည်။ လေးနက်သောဩဝါဒတိုင်း သည် အသင်းတော်သမိုင်း ခေတ်ကာလ တစ်လျှောက်မှ စီးထွက်လာခြင်းဖြစ်ပြီး ထိုသို့သော လွဲမှားမှုများရှိခဲ့ကြသည်။ ယုဒဘာသာတရားမှအစ သူတို့၏ အမှား မှာ ဓမ္မဟောင်းပဋိညာဉ်ကျင့်စဉ် (အရေဖျားလှီးခြင်း) သည် ဖြောင့်မတ်ခြင်းအ တွက် လိုအပ်သည် ဟူသောကျင့်စဉ်ဖြစ်သည်။ သူတို့သည် ယုံကြည်ခြင်းသာ လျှင် ဖြောင့်မတ်ခြင်းအတွက် လမ်းစဉ်ဖြစ်ကြောင်းငြင်းပယ်ခဲ့ပြီး ဧဝံဂေလိတရား ၏ အခြေခံအုပ်မြစ်ကို မထီမဲ့မြင်ပြုခြင်းပင်မည်၏။
လူသား၏စိတ်တွင် မိမိတို့ယုံကြည်ခြင်းထက် ပြုလုပ်ဆောင်ရွက်သော အမှုသည် အရေးကြီးကြောင်း ပြောသည်။ သို့သော် ထိုအရာသည် မှားယွင်းသောအတွေးဖြစ်ပြီး မိမိကိုယ်ကို ဖြောင့်မတ်သည်ဟူ ယူဆခြင်း၏ အသီးအပွင့် ဖြစ်သည်။ ထိုအရာသည် လုံးဝမှားယွင်းသော အတွေးအခေါ်ဖြစ်ပြီး အပြစ်ရှိပါ သည်။ ခရစ်တော်မိမိတို့ကိုယ်စား လုပ်ဆောင်သွားသောအရာသည် မိမိတို့ ကျင့်ကြံပြုမူသော လုပ်ရပ်ထက် နိမ့်ပါးသည်ဟု မထင်အပ်ပေ။
ဤကဲ့သို့သော တွေးတောခြင်းသည် မာသ၌ရှိမည် မဟုတ်ပေ။ သူမ သည်ခရစ်တော်ကိုချစ်၏။ သူ၏ယုံကြည်ခြင်းသည် တစ်ခါတစ်ရံအားနည်းသော်လည်း ခရစ်တော်၌စစ်မှန်သော ယုံကြည်ခြင်း ရှိသည်။ ဤဖြစ်စဉ်တွင် ခရစ်တော်ကို ကျွေးမွေးဧည့်ခံလိုသော ဆန္ဒကြောင့် သူမ၏စိုးရိမ်သော စိတ်သည် ကိုယ်တော်က သူမအတွက်ပြုမည့်အရာအတွက် ဝမ်းမြောက်ခြင်း အနိုင်ယူစိုးမိုးစေသည်။
မာသအား ခရစ်တော်၏ အပြစ်တင်ဆုံးမခြင်းသည် ညင်သာသော ကြောင့် ကျွန်တော်ဝမ်းသာ ပါသည်။ ကျွန်ုပ်အတွက်ပင်လျှင် သူမကဲ့သို့ ထပ်တ ဖြစ်လာရန် အလွန်လွယ်ကူသည်ကို ကျွန်တော်ဝန်ခံပါသည်။ ဘုရားသခင် ကိုအစေခံခြင်း အထူးအခွင့်အရေးကို ကျွန်တော်နှစ်သက်လှပါသည်။ ကိုယ်တော်ကလည်း ကျွန်ုပ်ကို အလုပ်များစေရန် လုံလောက်သည်ထက် ကောင်းကြီး ပေးခဲ့သည်။ ဤကဲ့သို့ များစွာသော အမူတော်လုပ်ငန်းတာများ လုပ်ဆောင်ခြင်း ဖြင့် ခရစ်တော်၌ရှိသော စစ်မှန်သော ယုံကြည်ခြင်းနှင့် ကိုးကွယ်ခြင်း၏ ပို၍ အရေးကြီးမူကို မေ့လျော့တတ်သည်။ ထိုသို့သော ကာလဆိုးကို ကြုံရသည့်အခါ မာရိ၏ ကိုးကွယ်တတ်သောနှလုံးသာကို မွေးမြူရပါမည်။ နားထောင်တတ် သော စိတ်နှလုံးကို တိုးချဲ့၍ မာသ၏ အလုပ်ရှုပ်နေတတ်သောစိတ်မျိုးကို လျော့ချရမည်။
မာသနှင့် မာရိအသက်တာအားဖြင့် ဘုရားသခင်သည် လူအမျိုးအစား အပေါင်းကို အသုံးပြုသည်ကို သတိပြုရသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရည်ရွယ်ချက်ရှိရှိ မတူညီသော ဝိညာဉ်ဆုကျေးဇူးများကို ပေးခဲ့သည်။ အချင်း ချင်း မနာလိုစိတ်မရှိသင့်ပါ။ မတူညီသောစိတ်ဓာတ်နှင့် ခြားနားသော ပုဂ္ဂိုလ် ရေးရာရှိခြင်း အချင်းချင်း မနာလိုမုန်းတီးရန်မလိုပေ။
မာသသည် မြင့်မြတ်၍ ဘုရားဝတ်၌မွေ့လျော်သော သူဖြစ်ပြီး အစေ ခံတတ်သော နှလုံးသားရှိသည်။ သူမတွင် အများမပိုင်ဆိုင်သော အလုပ်လုပ်နိုင်သောစွမ်းဆောင်ရည်များသည်။ မာရိသည်သာ၍ မြင့်မြတ်ပြီး တစ်မူထူးခြား သော ဉာဏ်ပညာနှင့်ကိုးကွယ်တတ်သော စိတ်ရှိသည်။ သူတို့နှစ်ဦးလုံးတွင် အံ့သြဖွယ် ပင်ကိုယ်ထူးခြားချက်ရှိသည်။ သူတို့ရရှိထားသော ဝိညာဉ်ဆုကျေးဇူး နှင့် ပင်ကိုစရိုက်နှစ်မျိုးလုံးကို ချိန်ကြည့်လျှင် ကျွန်ုပ်တို့ လိုက်လျှောက်ရမည့် အံ့ဩဖွယ်ရာပုံဥပမာ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဤသာလွန်ထက်ထူးကဲသော အမျိုးသမီးနှစ်ဦးတို့၏ အကောင်းဆုံးသော စရိုက်များကို ဇွဲရှိရှိ ပျိုးထောင်ရမည်။
(၁၀)
(၁) မာဂဒလ မာရိ – အမှောင်ထုထဲမှ ကယ်တင်ခြင်းခံရသူ
“ကိုယ်တော်သည် ခုနှစ်ရက်တွင် ပဌမနေ့ရက်စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနှစ် ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေးဦးစွာ ကိုယ်ကိုပြတော်မူ၏။”
မာ ၁၆း၉
မာဂဒလမာရိသည် လူသိများသော နာမည်ဖြစ်သော်လည်း သမ္မာ ကျမ်းစာ၌ တွေ့ရသောနာမည်များတွင် လူတွေနားလည်မှုလွဲသောသူတစ်ဦး ဖြစ်သည်။ သမ္မာကျမ်း၌ သူမ၏နောက်ခံသမိုင်းအကြောင်း တိတ်ဆိတ်ထား သည်။ သို့သော် ဓမ္မသစ်ကျမ်းတွင် အရေးပါသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ခရစ်ဝင်ကျမ်းများ၌ သူမကိုအမည်ဖြင့် ဖော်ပြထားပြီး သခင်ယေရှုကားတိုင်ပေါ် အသေခံခြင်းဖြစ်စဉ်နှင့်ဆက်စပ်၍ တွေ့ရသည်။ ခရစ်တော် ရှင်ပြန်ထမြောက် ပြီးနောက် သူမထံ ပထမဦးဆုံး ထင်ရှားခဲ့ပါသည်။
အသင်းတော် ထုံးတမ်းအစဉ်အလာများတွင် ကနဦးဖခင်များသည် မာဂဒလမာရိကို လု ၇း၃၇-၃၈ တွင် အမည်မဖော်ပြသော ယေရှု၏ခြေကို ဆီလိမ်း၍ သူမ၏ဆံပင်ဖြင့်သုတ်ပေးသည့် အမျိုးသမီး (“အပြစ်များသော”သူ ဟုသာဖော်ပြသည်) ဖြစ်သည်ဟု ခံယူကြသည်။ သို့သော် ထိုသို့သော ဆက်စပ်မှုကို ပြုဖို့ရန် အကြောင်းအရင်း လုံးဝမရှိပေ။ စင်စစ်၊ ကျမ်းချက်ကို သေချာ ဖတ်ကြည့်လျှင် ထိုသို့ ထင်မြင်စရာမရှိပါ။ ရှင်လုကာသည် မာဂဒလမာရိ အကြောင်း အစပြုပြောဆိုစဉ် နာမည်ဖြင့် လုံးဝကွဲပြားသော ရှေ့နောက် ဆက် စပ်မှုကျမ်းပိုဒ် (၈း၁-၃) တွင် အပိုဒ်ငယ်သုံးပိုဒ်ဖြင့်သာ ဖော်ပြပြီး သူမ၏ ဇာတ်ကြောင်းကို ထိုနေရာတွင်အဆုံးသတ်ထားသည်။ သခင်ယေရှု၏ ခြေကို ဆီလိမ်းသော အမျိုးသမီးသည် လုကာကျမ်း၌ ဖော်ပြသော အမျိုးသမီး ဖြစ်ကြောင်းကို မဖော်ပြထားပေ။ လုကာသည် အရေးကြီးသော အသေးစိတ်များကို ချန်မထားဘဲ ဂရုတစိုက်ရေးသားတတ်သော သမိုင်းပညာရှင်ဖြစ်သည်။
ကနဦးအချိန်က ကျမ်းစာအနက်ဖွင့်ရေးသားသူများသည် မာဂဒလ မာရိ အမျိုးသမီးအကြောင်းကို ယော ၈း၁၂ တွင် ဖောက်ပြန်နေစဉ်တွင် အဖမ်း ခံရ၍ ကျောက်တုံးနှင့်ပစ်သတ်ခြင်း အပြစ်ဒဏ်မှ ခရစ်တော် ကယ်တင်ခဲ့သော မိန်းမအဖြစ် ယူဆကြသည်။ ထိုသို့ဆိုနိုင်ရန်လည်း အထောက်အထားမရှိပေ။
မာဂဒလမာရိသည် သမ္မာကျမ်းစာအပြင်လောကတွင် ဒဏ္ဍာရီဆန်စွာ အလယ်ပိုင်းခေတ် အေဒီ ၁၁၀၀ မှ ၁၄၀၀ ကြားအချိန်၌ ခေတ်စားခဲ့သည်။ အလယ်ခေတ်အစောပိုင်းကာလ၌ နောစတစ် (ginostic) ခေါ် မှားယွင်းသော ယုံကြည်မှုများသည် မာဂဒလမာရိ၏ စရိုက်လက္ခဏာကို ယူပြီး ရိုးရာပုံပြင်ကဲ့သို့ အသုံးပြုသည်။ အပိုခရေဖာ (pocrypha) ကျမ်းပယ်ကျမ်း၌ သူမအကြောင်း ကို ရေးသားထားပြီး ခရစ်တော်၏ သက်တော်စဉ်အကြောင်းတွင် မာဂဒလမာရိ ပါဝင်သည့်၊ မာရိ ခရစ်ဝင်ကျမ်း (The Gospel of Mury) ကိုရေးခဲ့သည်။နောက်ထပ် နောစတစ် ကျမ်းဖြစ်သော ဖိလိပ္ပု ခရစ်ဝင်ကျမ်း (The Gospel of Philip) တွင်လည်း သူမကို ပေတရု၏ ပြိုင်ဘက်သဖွယ် မှတ်တမ်းတင်ထား သည်။
မကြာခင်နှစ်များများတွင် ထိုဒဏ္ဍာရီပုံပြင်များကို ပြန်လည်အသက်ဝင် စေခဲ့ကြပြီး၊ တရားဝင် သတ်မှတ်ထားခြင်းမရှိသော ကျမ်းပယ်ကျမ်းမှ မာဂဒလ မာရိအကြောင်း ပုံပြင်များကို ပြန်လည်ပုံနှိပ်ခဲ့ကြသည်။ သူမသည် အမျိုးသမီး လှုပ်ရှားမှုတစ်ရပ်တွင် လေးစားရသော စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် တင်ထားသည်။
မာဂဒလမာရိ၏ ရုပ်တုကို သူတို့ကိုးကွယ်သော ဆင်းတုနှင့် ထပ်တူပြုလုပ် ယုံကြည်ကြသည်။ ရှေးခေတ်က သူမအကြောင်း ရေးသားထားသော နောစတစ် ဒဏ္ဍာရီပုံပြင်များသည် ထိုအမြင်နှင့်ထပ်တူကျသည်။ ရောင်းအား အကောင်းဆုံးသောဝတ္ထုဖြစ်သော The Da Vinci Code စာအုပ်ကို Dan Brown မှ ရေးသားပြုစုပြီး၊ ထိုဝတ္ထုတွင် ကာလကြာမြင့်စွာ မေ့လျော့ထားသောသုတ ပုံပြင်များနှင့် မာဂဒလမာရိအကြောင်းကို တွေ့ရသည်။ သူမအကြောင်းကို အကျယ်ချဲ့၍ ယေရှုဘုရားအား ပုတ်ခတ်ပြောဆိုခြင်းမှာ သခင်ယေရှုနှင့်မာဂဒလမာရိတို့သည် လျှို့ဝှက်စွာ ပေါင်းသင်းခဲ့ပြီး သားသမီးများရှိသည်ဟုဆိုသည်။ (ဤထင်မြင်ယူဆချက်အရ တမန်တော်ယောဟန်သည် ခရစ်တော်အချစ်ဆုံးသော တမန်တော်မဟုတ် သူမသာလျှင်ဖြစ်သည်ဟု ဆိုသည်။ ရှင်ယောဟန် ၂၀း၂၊ ၂၁:၂၀။) စာအုပ်ပေါင်းမြောက်များစွာ၌ လုံးဝအရေးမကြီးသော ဆင် ခြင်ချက်ကို ပညာရှင်များ ရှာဖွေစူးစမ်းကြရာ မာဂဒလမာရိအကြောင်းကို ရွေး ချယ်ဖန်တီး ရေးသားထားကြောင်း တွေ့ရသည်။ တီဗွီမှတ်တမ်းဆောင်းပါး အချို့တို့သည်လည်း ထိုသို့ ပြန်လည်အသက်ဝင်လာသော ဒဏ္ဍာရီပုံပြင်များ၏ ကျော်ကြားမှုကို ပိုမိုအားကောင်းစေခဲ့သည်။
မာဂဒလမာရိအကြောင်းကို အရင်ထက်ပို၍ ပြောဆိုလာကြသည်။ ရှေးဟောင်းခေတ်က မှားယွင်းသော ယုံကြည်ခံယူချက်များမှ ငှားယူပြီး ပုံဖော် ထားခြင်းမည်၏။ ကျမ်းစာပြောပြခြင်းသည် သာလွန်ထူးကဲပြီး မှားယွင်းသော ချယ်လှယ်မွန်းမံမှုမရှိပေ။ ဤကဲ့သို့ မှတ်သားအပ်သော ကျမ်းစာလာ အမျိုး သမီးကို မှားယွင်းသော ရှေးခေတ်ဒဏ္ဍာရီပုံပြင်များနှင့် နတ်ဆိုးဆန်သော အတွေးများ၏ မြူမှုန်ကြားတွင် ကွယ်ပျောက်မခံ၊ ထိန်းသိမ်းကြပါစို့။
အမှောင်ထု
မာဂဒလမာရိသည် မှောင်မိုက်သော အတိတ်ဘဝခရီး ရှိခဲ့သည်။ သူမ၏အမည်ကို အများစုခံယူထားသကဲ့သို့ သူမသည် ညစ်ညမ်းပြီး ရွံ့စရာကောင်းသော အကျင့်စာရိတ္တပျက်ပြားသောသူဖြစ်ကြောင်း ဖော်ပြချက်မရှိပါ။ သို့သော် အမှန်တကယ်ပင် နတ်ဆိုးချည်နှောင်ခြင်းမှ ခရစ်တော်လွတ်မြောက် လာစေသောသူဖြစ်သည်။ ရှင်လုကာ မိတ်ဆက်ထားပုံမှာ “ထိုမိန်းမတို့တွင် နတ်ဆိုးခုနှစ်ယောက်ထွက်သော မာဂဒလ ဟုခေါ်ဝေါ်သော မာရိရှိ၏။” (လု ၈း၂)။ မာကု ၁၆း၇ တွင်လည်း နတ်ဆိုးခုနစ်ယောက် အကြောင်းကို ရေးထား သည်။ သူမ၏ မိသားစုနာမည်မှ သဲလွန်စမှလွဲ၍ မာဂဒလမာရိ၏ အတိတ် ဇာတ်လမ်းနှင့်ပတ်သက်ပြီး ထိုအချက်ကိုသာ တွေ့ရသည်။
အမှန်ဆိုလျင် “မာဂဒလ”သည် ယနေ့ခေတ်လို သူမ၏မိသားစု အမည် မဟုတ်ပေ။ သူမသည် ဤနာမည်ရှိသော မိသားစုမှ မွေးဖွားဆင်းသက်လာ ခြင်းမဟုတ်ဘဲ မာဂဒလရွာမှဖြစ်သည်။ သူမ၏နာမည်နောက်၌ “မာဂဒလ” ထည့်သွင်းခေါ်ဆိုခြင်းသည် ယေရှုမိခင်မာရိနှင့် ဗေသနိမာရိတို့အပါအဝင် ဓမ္မသစ်ကျမ်းရှိ အခြားမာရိများနှင့် မရောဘဲခွဲခြားသိမြင်နိုင်ရန် သူမ၏ ဇာတိ ရွာနာမည်ကို ထည့်သွင်း၍ ခေါ်ဆိုခြင်းဖြစ်သည်။
တံငါသည်ရွာ မာဂဒလသည် (မ ၁၅း၃၉ တွင်သာ တစ်ကြိမ်သာ ဖော်ပြထားသည်) ဂါလိလဲပင်လယ် အမြောက်နောက်ဘက် ကမ်းခြေ၌ တည် ရှိပြီး ရောမမြို့တော်တစ်ခုဖြစ်သော တိဗေရီမြို့ (Tiberius) မှ နှစ်မိုင်၊ သုံးမိုင်ခန့် ကွာဝေးပါသည်။ ကပေရနောင် တောင်ပိုင်းနှင့် အနောက်ပိုင်းမှ ငါးမိုင်ခွဲခန့်မျှ ကွာဝေးသည်။ (ကပေရနောင် ရေကန်မြောက်ပိုင်းတွင် ပေတရု၏ မွေးရပ်မြေ ဖြစ်ပြီး နေအိမ်လည်းရှိရာ သခင်ယေရှုသည် ဂါလိလဲဘက် သာသနာပြုစဉ်တွင် အခြေချရာနေရာလည်းဖြစ်သည်။ မာရိ၏ ဇာတိမှာ အလွယ်တကူ လမ်းလျှောက်နိုင်သော အကွာအဝေးဖြစ်ပြီး၊ လှေဖြင့်လည်း ရေအိုင်ပေါ်တွင် အလွယ်တကူဖြတ်ကူးနိုင်သည်။) သခင်ယေရှု၏ သာသနာလုပ်ငန်းစဉ်တွင် ဤနေရာ၌ များစွာသော နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ ထိုနေရာသည် နတ်ဆိုးများ၏ လှုပ်ရှားရာ ဒုစရိုက်နယ်ကဲ့သို့ပင်ဖြစ်သည်။
ဓမ္မသစ်ကျမ်း၌ နတ်ဆိုးကိန်းဝပ်ခြင်းသည် မတူကွဲပြားသော လက္ခဏာ အမျိုးမျိုးဖြင့်ရှိသည်။ နတ်ဆိုးစွဲသောသူများသည် တခါတရံမှာ သင်္ချိုင်း၌နေ၍
ကြမ်းကြုတ်သန်မာပြီး မည်သူမျှ ချဉ်းကပ်မရနိုင်သော နတ်ဆိုးစွဲသော လူနှစ်ဦး ကဲ့သို့ အရူးနှင့်တူကြသည် (မ ၈း၂၈-၃၄၊ မာ ၅း၁-၅)။ ရှင်မာကု ပြောသည့်အ တိုင်း အနည်းဆုံး သူတို့နှစ်ဦးမှတစ်ဦးသည် ညအချိန်တွင် ကျောက်တုံးများနှင့် မိမိကိုယ်ကို နာကျင်စေသော အကျင့်ရှိသည် (မာ ၅း၅)။ နတ်ဆိုးစွဲအများစုမှာ မျက်စိကန်းခြင်း (မ ၁၂း၂၂)၊ နားမကြားခြင်း (မာ ၉း ၂၅)၊ စကားမပြောနိုင်ခြင်း (မ ၉း၃၂-၃၃)၊ တက်၍တောင့်မာခြင်း (မာ ၁း၂၆၊ လု ၉း၃၈-၄၀) နှင့် အထွေ ထွေသောမသန်စွမ်းခြင်း (လု ၁၃း၁၁-၁၃) အစရှိသည့် ခန္ဓာကိုယ်ချည့်နဲ့ အမျိုး မျိုးရှိသည်။
ကျမ်းစာဖော်ပြသော နတ်ဆိုးစွဲခြင်းသည် လူသားတို့၏ အယူသည်း ယူဆချက်များကို ဆန့်ကျင်ခြင်းကြောင့်သာ ဖြစ်လာသည်ဟုခံယူခြင်းဖြစ်ပြီး၊ ကျမ်းစာတွင် ဖော်ပြသော နတ်ဆိုးစွဲရောဂါအမျိုးမျိုးတို့မှာ ဝက်ရူးပြန်ရောဂါ၊ စိတ်မနှံ့ရူးသွပ်ခြင်းရောဂါ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ရောဂါအမျိုးမျိုး တို့ဖြစ်ကြသည်ဟု တွေးတောခံယူခြင်း(အများခံယူသကဲ့သို့) မပြုသင့်ပေ။ ကျမ်းစာသည် နတ်ဆိုးစွဲခြင်းနှင့် အနာရောဂါများကို ရှင်းရှင်းလင်းလင်း ကွဲပြား ခြားနားစွာ ဖော်ပြထားသည်။ ရောဂါအမျိုးအစားတွင် ဝက်ရူးပြန်ခြင်းနှင့် လေ ဖြတ်ခြင်းတို့ ပါဝင်သည်(မ ၄:၂၄)။ နတ်ဆိုးစွဲခြင်းတွင် နတ်ဆိုး၊ ဝိညာဉ်ဆိုးများ ၏ ကျေးကျွန်ဖြစ်ခြင်းဖြစ်ပြီး၊ ထိုနတ်ဆိုးများသည် အမှန်တကယ်ရှိသော၊ ကျရှုံးသော၊ ပုဂ္ဂိုလ်ရှိသော ဖန်ဆင်းခံဝိညာဉ်များဖြစ်ကြသည်။ အချိန်တော်တော် များများတွင် ကျမ်းစာက နတ်ဆိုးများသည် သူတို့ညှဉ်းဆဲသောလူများအားဖြင့် မည်ကဲ့သို့စကားပြောကြောင်း ပြောထားသည် (မာ ၁း၂၃-၂၄ ၊ လု ၄း၃၃-၃၅)။ တစ်ခါတစ်ရံ သခင်ယေရှုသည် နတ်ဆိုးများက သူတို့၏ ပုဂ္ဂိုလ်ကိုဖော်ပြ ရန် ဖိအားပေးတတ်ပြီး၊ ထိုသို့အားဖြင့် နတ်ဆိုးများအပေါ် သူ၏ တန်ခိုးတော်ကို သက်သေပြ ထင်ရှားစေရန်ဖြစ်သည် (မာ ၅း၈-၁၄)။
အခြေအနေတိုင်းတွင် နတ်ဆိုးစွဲခြင်းကို အပြစ်မဟုတ်ဘဲ နှိပ်စက်ခြင်း တစ်မျိုးအဖြစ်ဖော်ပြသည်။ ပညတ်တရားမလိုက်နာခြင်း၊ အယူသည်းခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတို့သည် နတ်ဆိုးစွဲရန်အလားအလာများဖြစ်သော်လည်း
ဓမ္မသစ်ကျမ်းရှိ နတ်ဆိုးစွဲသူ အယောက်စီတိုင်းတွင် တစ်ယောက်မျှ မကောင်းသော အကျင့်တရားနှင့် ဆက်စပ်မှုမရှိပေ။ သူတို့ကို အနိုင်ကျင့်ညှင်းဆဲခံရသူ များအဖြစ်ပြဖော်ပြပြီး၊ ရာဇဝတ်ကောင်များအဖြစ် မဖော်ပြပေ။ ဝိညာဉ်ဆိုးများ လက်ထဲတွင် သနားစရာကောင်းသော အသက်တာနှင့် ဂုဏ်သိက္ခာပျက်ပြား ခြင်းခံရသည်။ သူတို့အားလုံးသည် စိတ်ပျက်စရာကောင်းသော၊ ဝမ်းနည်းစရာ ကောင်းသော၊ အထီးကျန်သော၊ စိတ်ဓာတ်ကျစရာကောင်းသော၊ ခိုကိုးရာမဲ့ သော၊ သနားစရာကောင်းသော သတ္တဝါများဖြစ်လာသည်။ ဖန်ဆင်းခံဖြစ် သည်။ သူတို့ကို အမျိုးဇာတ်ပျက်သောသူများနှင့် အပယ်ခံသောလူများ အဖြစ် လူ့အသိုင်းအဝိုင်းက သတ်မှတ်ကြသည်။ ကျမ်းစာက သူတို့ကို ဘဝဖျက်ဆီးခံရ သော ဒုက္ခသည်သားကောင်များအဖြစ် ရှင်းလင်းစွာ ဖော်ပြသည်။
မာဂဒလမာရိ၏ ဘဝသည် ထိုသို့ဖြစ်မည်မှာ သေချာပါသည်။ စာတန် သည် သူမကိုနတ်ဆိုးခုနှစ်ဦးဖြင့် ညှင်းပန်းနှိပ်စက်ခဲ့သည်။ သူမကို ကူညီရန် လူယောက်ျား၊ မိန်းမ မည်သူမျှ ပြုလုပ်ပေးနိုင်သည့်အရာမရှိပါ။ နတ်ဆိုးများ၏ နှိပ်စက်ခြင်းထောင်တွင် အကျဉ်းသားတစ်ဦးပင်ဖြစ်သည်။ ဤနှိပ်စက်ခြင်းများ တွင် စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ခြင်း၊ မပျော်ရွှင်နိုင်ခြင်း၊ အထီးကျန်ခြင်း၊ မိမိကိုယ် ကိုမနှစ်သက်ခြင်း၊ ရှက်ကြောက်ခြင်း၊ ကြောက်ရွံ့ ထိန့်လန့်ခြင်းနှင့် အခြားသော စိတ်ပျက်ဖွယ်ကောင်းသော အဖြစ်ဆိုးများရှိမည်ဖြစ်သည်။ နောက်ထပ်ဖြစ်နိုင် ခြေများမှာ ဓမ္မသစ်ကျမ်းတွင် နတ်ဆိုးစွဲသောအခြေအနေများဖြစ်သည့် မျက်စိ ကွယ်ခြင်း၊ နားမကြားခြင်း၊ ရူးနေခြင်းနှင့် တစ်ခြားသော ပုံမှန်မဟုတ်ခြင်းများကို သူမခံစားရနိုင်သည်။ သူမ ဘယ်လိုအခြေအနေရှိရှိ၊ သူမသည် အနည်းဆုံး ခုနစ်မျိုးသော နာကျင်ခြင်းဝေဒနာကို မရပ်မနား အမြဲပြင်းပြစွာ နာကျင်ခံစားရ မည်မှာ သေချာပါသည်။ နတ်ဆိုးစွဲသောသူအကြောင်း သမ္မာကျမ်းပြောသည့် အခါ သူတို့သည် အဖော်မဲ့ကြပြီး၊ ဖြစ်ခဲသော ချွင်းချက်ဖြင့် မိသားစုဝင်များ၏ ဂရုစိုက်ပြုစုမှုကို ခံရတတ်သည်။ နတ်ဆိုး၏နှိပ်စက်ခြင်းမှ မလွတ်မြောက် နိုင်သောကြောင့် အဆက်မပြတ် မနားမနေ နှိပ်စက်ခြင်း ခံနေရကြသည်။ သူတို့၌ အဆက်မပြတ် ဝမ်းမြောက်ခြင်းမရှိနိုင်ကြ။ အဘယ်ကြောင့်ဆိုသော်ဘဝတစ်ခုလုံးသည် သူတို့အတွက် အမှောင်ထုသာဖြစ်လာပြီး၊ အလွန်စိတ်ပျက် ဖွယ်ကောင်းလှသည်။ သူတို့၏ ဝိညာဉ်ရေးရာ ဒုက္ခများအတွက် ကုသရန်အဖြေ လောကတွင်မရှိသောကြောင့် သူတို့တွင် မျှော်လင့်ချက်မရှိဖြစ်ကြရသည်။
မာဂဒလမာရိ၏ အတိတ်အကြောင်းနှင့်ပတ်သက်ပြီး အသေအချာ ပြောနိုင်သည်မှာ ဤမျှလောက်ပင်ဖြစ်သည်။ ကျမ်းစာက သူမ၏ ကြောက်မက် ဖွယ်ကောင်းသော နတ်ဆိုးစွဲခြင်းဖြစ်စဉ် အသေးစိတ်ကို တမင်သက်သက် ကြင်ကြင်နာနာဖြင့် မဖော်ပြထားပေ။ သို့သော် သူမ၏ စိတ်ဝိညာဉ်သည် မည်းမှောင်ကျသော၊ ဇီဇာကြောင်သော၊ နှိပ်စက်ခံရသောသူဖြစ်ကြောင်း အကောင်းဆုံးသိနိုင်လောက်သည့် လုံလောက်သော သတင်းအချက်အလက်ကို ကျမ်းစာတွင် ပေးထားသည်။ သူမ၏ အခြေအနေသည် အလွန်ပင်ဆိုးရွားနိုင် ပေသည် (အထူးသဖြင့် နတ်ဆိုးအများ နှိပ်စက်ခံရသောကြောင့်)။ လူအများစု ၏ အမြင်တွင် သူမသည် ပြန်လည်ကောင်းမွန်လာနိုင်ခြင်းမရှိသော အလွန်ဆိုး သည့် အရူးမတစ်ယောက်ပင်ဖြစ်နိုင်သည်။
ကယ်တင်ခြင်း
ခရစ်တော်သည် သူမကို ထိုသို့နတ်ဆိုးစွဲခြင်းအလုံးစုံတို့မှ ကယ်တင်ခဲ့ သည်။ ရှင်မာကုနှင့်ရှင်လုကာတို့ သူမအပေါ် ခရစ်တော်၏ကောင်းမြတ်ခြင်းနှင့်ကျေးဇူးတော်ကို မြင်တွေ့ချီးမွမ်းစေရန် ရည်ရွယ်ချက်ဖြင့်သာ သူမ၏ ယခင်က နတ်ဆိုးစွဲခြင်းအကြောင်းကို ဖော်ပြထားသည်။ သူမ၏ အတိတ်က အချက်အ လက်အသေးစိတ်ကို ညစ်ည္းရွံ့ရှာဖွယ်ကောင်းအောင် ထုတ်ဖော်ခြင်းမပြုဘဲ။ ခရစ်တော်၏ ကျေးဇူးပြုခြင်းတန်ခိုးတော်ကို ထင်ရှားသိမြင်စေရန် သူမ၏ နတ်ဆိုးများလက်အောက် ကျေးကျွန်ဘဝအကြောင်းကို မှတ်တမ်းတင်ထားကြ သည်။
သမ္မာကျမ်း၌ ရေးသားထားသည့် နတ်ဆိုးစွဲခြင်းမှ ကယ်တင်ခြင်းနှင့် ပတ်သက်၍ စိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ခုမှာ နတ်ဆိုးစွဲသူများသည် ကယ်တင်ခြင်းအတွက် ခရစ်တော်ထံ မည်သည့်အခါမျှ ချဉ်းကပ်မလာ ပေ။ များသောအားဖြင့် အခြားလူတွေက သူတို့ကို ခရစ်တော်ထံ ပို့ဆောင်ခဲ့ သည် (မ ၈း၁၆၊ ၉း၃၂၊ ၁၂း၂၂၊ မာ ၉း၂၀)။ တစ်ခါတစ်ရံ ကိုယ်တော်က သူတို့ကိုခေါ် ရသည် (လု ၁၃း၁၂) (သို့) ကိုယ်တော်ကိုယ်တိုင် သူတို့ထံသို့ ချဉ်းကပ်ရသည် (မ ၈း၂၈-၂၉)။ တော်တော်များများအခြေအနေတွင် သခင် ယေရှုခရစ်ကြွရောက်လာမည့်နေရာ၌ နတ်ဆိုးစွဲသူများ ရောက်ရှိလာကြ သည့်အခါ တစ်ခါတစ်ရံ သူတို့သည် အံ့သြထိတ်လန့်ဖွယ်ကောင်းစွာ စကား ပြော အော်ဟစ်တတ်ကြသည် (မာ ၁း၂၃-၂၄၊ လု ၈း၂၈)။
နတ်ဆိုးများသည် မည်သည့်အခါမျှ သူတို့အလိုအလျှောက် ခရစ်တော် ထံပါးသို့ မဝင်လာကြပေ။ သူတို့ဝင်ရောက်ချုပ်နှောင်ထားသောသူများကိုလည်း ခရစ်တော်ထံ ဝင်ရောက်ခွင့်မပေးချေ။ သူတို့သည် ကိုယ်တော့်ထံသို့ မကြာခဏ ကြွေးကြော်ကြသည် (လု ၄း၃၄)။ “ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင် ချက်ခြင်း သူငယ်ကို တောင်မာစေသဖြင့် သူငယ်သည် မြေပေါ်၌လဲ၍ အမြုတ် ထွက်လျက် ကိုယ်ကိုလှိမ့်လျက်နေ၏” (မာ ၉း၂၀)။ “နတ်ဆိုးတို့သည် ကိုယ် တော်ကို သိကြသောကြောင့် စကားတစ်ခွန်းကိုမျှပြောစေခြင်းငှာ အခွင့်ပေးတော်မမူ” (မာ ၁း၃၄၊ ၃၉)။ နတ်ဆိုးစွဲခြင်းကျေးကျွန်မှ လွတ်မြောက်ခြင်းသည် ချက်ခြင်းပင် ပြည့်စုံသည်။
မာဂဒလမာရိသည် နတ်ဆိုးကျေးကျွန်တစ်ဦးဖြစ်ခဲ့သည်။ သူမသည် မည်သည့်အချိန်၌ နတ်ဆိုးစွဲခြင်းမှ ခရစ်တော် လွတ်မြောက်စေကြောင်း မဖော်ပြ ထားပေ။ နတ်ဆိုးကျေးကျွန်မှ လွတ်မြောက်လာခြင်းသည် ဖြောင့်မတ်ခြင်း၏ ကျေးကျွန် ဖြစ်လာစေသည် (ရော ၆း၁၈)။ သူမဘဝသည် ပြုပြင်ပြောင်းလဲခြင်း သို့ ရောက်သည်သာမက အသက်တာကူးပြောင်းခြင်းသို့ ရောက်သည်။
ဤအမှုတော်မြတ်လုပ်ငန်း၌ သခင်ယေရှုသည် စိတ်ထိခိုက်ဖွယ်ရာ ပုံဥပမာတစ်ရပ်ပေးသည်။ “ညစ်ညူး”သော နတ်သည် လူထဲကထွက်လျှင်ခြောက်ကပ်သောအရပ်တို့၌လှည့်၍ ငြိမ်သက်ခြင်းကို ရှာတတ်၏။ မတွေ့လျှင် ငါသည် ထွက်ခဲ့သောနေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို၍ ရောက်သောအခါထိုအိမ်သည် သုတ်သင်ပြင်ဆင်လျှက်ရှိသည်ကို တွေ့သော် မိမိထက်သာ၍ ညစ်ညူးသောနတ်ဆိုးခုနှစ်သည် … ရှေ့ဖြစ် ဟန်ထက်သာ၍ ဆိုးသည်ဟု မိန့်တော်မူသည် (လု ၁၁း၂၄-၂၆)။
မာဂဒလမာရိသည် ညစ်ညူးသောနတ်ဆိုးခုနစ်ဦးကို မိမိကိုယ်ပိုင်စွမ်း ရည်ဖြင့် ပြောင်းလဲလိုသော်လည်း ဤနတ်ဆိုးကျေးကျွန်ဖြစ်ခြင်းမှ မိမိကိုယ်တိုင် လွတ်မြောက်ရန် မလွယ်ကူလှချေ။ ကောင်းသောအလုပ်ဖြင့် ကြိုးစားလုပ်ဆောင်ခြင်းသည် အပြစ်ကိုပြန်ဖြေနိုင်စွမ်းမရှိပေ (ဟေရှာ ၆၄း၆)။ အပြစ်သား သည် မိမိနှလုံးသားကို မိမိကိုယ်တိုင် မပြောင်းလဲစေနိုင် (ယေ ၁၃း၂၃)။ မိမိတို့ အပြင်ပန်းသဏ္ဌာန်ကို ပြောင်းလဲ၍ ရနိုင်မည်။ သို့သော် မှောင်မိုက်သည် အ လင်းကို စိုးမိုးအုပ်ချုပ်နိုင်ခွင့်မရှိပေ (၁ ပေ ၂း၉)။ ဘုရား သခင်တစ်ဦးတည်းသာ “မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူသော ဘုရား သခင်သည် ယေရှုခရစ်၏မျက်နှာ၌ ထွန်းလင်းသော ဘုရားသခင်၏ ဘုန်းတော် ကိုသိသောဉာဏ်၏အရောင်ကို ပေးလိုသောငှါ၊ ငါတို့စိတ်နှလုံးထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏” (၂ ကော ၄း၆)။ ဘုရားသခင်သည် မာဂဒလမာရိ၌ ပြုလုပ်သောအလုပ်ဖြစ်သည်။ မာဂဒမာရိသည် အရာလုံးစုံကို သခင်၌ အကြွေး တင်သည်ဟုသိသည်။ နောက်ပိုင်းတွင် သခင်ယေရှု၏နက်နဲသော ချစ်ခြင်း မေတ္တာသည် သူမ၌ထားသော ကျေးဇူးတော်ကြောင့်သာမည်၏။
တပည့်တော်ဖြစ်ခြင်း
မာဂဒလမာရိသည် သခင်ယေရှု၏ သာသနာခရီးစဉ်များတွင် လိုက် ပါခဲ့ကြသော တပည့်အတော်များနှင့်အတူ ပူပေါင်းလိုက်ပါခဲ့သည်။ သူမ၏ ကယ်တင်ခြင်းသည် ခရစ်တော်၏ ဂါလိလဲနယ် သာသနာ နောက်ဆုံးပိုင်းတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်နိုင်သည်။ ခရစ်ဝင်ကျမ်း ရေးသားသူ ရှင်လုကာတစ်ဦး တည်းသာ ယေရှုခရစ် ကားတိုင်တင်၍အသေသတ်ခြင်းမတိုင်မီ သူမ၏နာမည် ဖြင့် ဖော်ပြခဲ့သည်။ သူမ၏ နာမည်ကို ဖော်ပြသည့် ကျမ်းချက်၏ ရှေ့နောက် ဆက်စပ်မှုကို သတိပြုပါ။
“ထို့နောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည် ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏။ တစ်ကျိပ်နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။ နတ်ဆိုးဘေး၊ အနာရောဂါဘေးနှင့် ကင်းလွတ်စေတော်မူသော မိန်းမအချို့ သည်လည်း လိုက်ကြ၏။ ထိုမိန်းမတို့တွင် နတ်ဆိုးခုနှစ် ယောက်ထွက်သော မာဂဒလဟု ခေါ်ဝေါ်သော မာရိ၊ ဟေရုဒ်မင်း၏ စားတော်ကဲ ခုဇ၏မယား၊ ယောဟန္ဒနှင့် ရှရှန္ဓမှစ၍ မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကိုလုပ်ကျွေးသော အခြားမိန်းမများပါကြ၏။”(လု ၈း၁-၃)။
သခင်ယေရှုသည် အမျိုးသမီးများကို တပည့်တော်များအဖြစ် လက်ခံ ၍ နောက်တော်သို့လိုက်စေခြင်းသည် မသင့်တော်သည့်အရာမဟုတ်ခဲ့ပေ။ အသင်းအုပ်စုလိုက် ခရီးစဉ်များကို စီစဉ်ရာတွင်၊ သခင်ယေရှု၏ နာမည်နှင့် ဂုဏ်သိက္ခာ (အဖွဲ့ထဲမှ အမျိုးသားနှင့် အမျိုးသမီးများ အပါအဝင်)ကို ဂရု တစိုက်စောင့်ထိန်း ခဲ့ကြသည်မှာ သေချာပါသည်။ နောက်ဆုံးတွင် သခင်ယေရှု ၏ ရန်သူတို့သည် သူ့ကို အပြစ်တင်ရှုတ်ချနိုင်ရန် အကြောင်းမျိုးစုံကို မရရအောင်လိုက်လံ ရှာဖွေခဲ့ကြပါတယ်။ သခင်ယေရှုနှင့်အမျိုးသမီးများကြား၌ သံသယဝင်ဖွယ်ရာများအကြောင်းရှိလျှင် သူတို့သည် မလွဲမသွေမြှင့်တင်ပြောဆို ကြမည်။ သို့သော် သူ့ရန်သူများက သခင်ယေရှုကို အမျိုးမျိုးအပြစ်ရှာ၊ လိမ်ညာ ပြောဆိုပြီး၊ သူ့ကို စားကြူးသောသူ၊ စပျစ်ရည်သောက်ကြူးသောသူဟု ပြောဆို ကြသော်လည်း (မ ၁၁း၁၉)၊ တပည့်တော်စုတွင် အမျိုးသမီးများကို သခင်ယေရှု ၏ဆက်ဆံပုံနှင့်ပတ်သက်၍ အပြစ်တင်စရာရှာမတွေ့နိုင်ခဲ့ကြပေ။ ထိုအမျိုး သမီးများသည် သူတို့၏ဘဝတစ်ခုလုံးကို ဝိညာဉ်အရာအတွက်သာ အသက်ရှင် ရန် ဆက်ကပ်ကြသောသူမည်၏။ သူတို့တွင် မိသားစုတာဝန်နှင့် ကင်းလွတ်၍ အိမ်၌နေထိုင်ရန် မလိုအပ်သည်မှာ ထင်ရှားပေသည်။ ထိုသူတို့၌ မိသားစု တာဝန်များရှိခဲ့လျှင် သခင်ယေရှုသည် သူ့နောက်လိုက်ရန် ခွင့်ပြုမည်မဟုတ်ပါ။
သူတို့သည် သခင်ယေရှုနှင့်ဆက်နွယ်ခြင်း၌ အမြင်မတော် နေထိုင်သွားလာမှု (သို့) စည်းမစောင့်ခြင်းတို့ မရှိချေ။
ယုဒယဉ်ကျေးမှု၌ ရံဆရာများသည် အမျိုးသမီးများကို တပည့် တော်အဖြစ် လက်ခံခြင်းကို ခွင့်မပြုချေ။ သို့သော် ခရစ်တော်သည် အမျိုးသား များနှင့် အမျိုးသမီးများကို တန်းတူဆက်ဆံကာ သူ၏ထမ်းပိုးကိုထမ်းလျက် သူ့ထံ၌ နည်းခံကြရန် ဖိတ်ခေါ်တိုက်တွန်းခဲ့သည်။ ထိုသို့ ကျမ်းစာတွင် အမျိုး သမီးများအား အလေးထားခြင်းသက်သေကို မြင်တွေ့ရသည်။
ရှင်လုကာသည် မာဂဒလမာရိနှင့် အခြားသောအမျိုးသမီးတို့သည် မိမိဥစ္စာကိုလှူ၍ ကိုယ်တော်ကို လုပ်ကျွေးသော မိန်းမများတွက် ပါဝင်သည်ဟု ဆိုသည် (လု ၈း၃)။ မာရိအနေဖြင့် သခင်နှင့်သူ၏တပည့်တော်များကို ပံ့ပိုးဖြည့် စွမ်းရန် ငွေကြေးဘဏ္ဍာအချို့ကို အမွေဆက်ခံထားသည်ဟု ခန့်မှန်းရသည်။ သခင်ယေရှုတပည့်တော်များ နှင့်အတူတကွ နောက်တော်သို့လိုက်နိုင်ခြင်းသည် သူမတွင် အိမ်ထောင်မရှိ၊ မိသားစုကိုစောင့်ရန် ဝတ္တရား မလိုအပ် သောကြောင့် ပင်။ သို့မဟုတ် မုဆိုးမဖြစ်ကောင်း ဖြစ်နိုင်သည်။ သူမသည် အသက်အရွယ် ငယ်သော အမျိုးသမီးဖြစ်ကြောင်း အထောက်အထားမရှိပေ။ အဖွဲ့တွင် အမျိုး သမီးစာရင်းကို ဖော်ပြရာ၌ သူမ၏အမည်ကို ထိပ်ဆုံးမှာ ရေးထားသောကြောင့် သူတို့ကြားတွင် သူမသည် အရိုအသေခံရဆုံးသောအမျိုးသမီးဖြစ်ကြောင်းကို ညွှန်ပြသည်။
အခြားတပည့်တော်များက သခင်ယေရှုကိုစွန့်ခွာစဉ် မာဂဒလမာရိ သည် သခင်ယေရှု၏ သစ္စာရှိသော တပည့်တော်အဖြစ်ရှိနေဆဲပင် ဖြစ်သည်။ စင်စစ်၊ ရှင်လုကာခရစ်ဝင်ကျမ်းတွင် သခင်ယေရှုသည် ပုံဥပမာများကို အသုံးပြု ၍ သွန်သင်ပြီး၊ ရန်တိုက်မှုများကို ဆိုင်ရင်ခါစတွင် မာဂဒလမာရိ၏ နာမည်ကို စတင်ဖော်ပြခဲ့သည် (မ ၁၁း၁၀-၁၁)။ အခြားသောလူများသည် သူဟောပြောသောတရားကြောင့် စိတ်မကျေနပ်ခြင်းများ ရှိခဲ့သော်လည်း သူမသည် သခင်ယေရှုအနားတွင်ရှိခဲ့သည်။ အခြားသူများသည် သခင်ယေရှုနောက် လိုက် ခြင်းမရှိတော့ဘဲ စွန့်ခွာသွားကြသော်လည်း သူမသည် ဆက်လက်ပြီး ယေရှုခရစ်တော်အတွက် သစ္စာရှိနေခဲ့သည်။ ဂါလိလဲမှ ယေရုရှလင်တိုင်အောင် နောက်ဆုံး ပသခါညစာစားပွဲကျင်းပသည့်အချိန်ထိပင် မာရိသည် သခင်ယေရှု နောက်ကိုလိုက်ခဲ့သည်။ သခင်ယေရှုသည် ကားတိုင်ပေါ် တင်သတ်ခြင်း ခံရ သည့်အချိန်ထိမကကျော်လွန်၍ ခရစ်တော်အပေါ် သစ္စာရှိခဲ့ပါသည်။
ဘေးဒုက္ခ
ရှင်မဿဲ၊ ရှင်မာကုနှင့် ရှင်ယောဟန်တို့ မှတ်တမ်းတင်ထားသည်မှာ သခင်ယေရှုကားတိုင်တင် သတ်ခံရသည့်အချိန်တွင် မာဂဒလမာရိ ရှိနေသည် ဟုဆိုသည်။ ဤခရစ်ဝင်ကျမ်းသုံးခုကို ပေါင်းစပ်ကြည့်လျှင် သူမသည် သခင်ယေရှုမိခင်မာရိ၊ ရှလောမီ (တမန်တော် ရှင်ယာကုပ် နှင့် ယောဟန်တို့၏ မိခင်) နှင့် အခြား လူသိသိပ်မများသော မာရိ (ယာကုပ်အငယ်နှင့် ဂျိုးစက်တို့၏ မိခင်)တို့နှင့်အတူ ရပ်လျက်ရှိကြောင်း ထင်ရှားသည်။
ခရစ်ဝင်ကျမ်းများတွင် ဖော်ပြမှုသည် အဆင့်ဆင့်ပြည့်လာခြင်းသည် စိတ်ဝင်စားဖွယ်ရာ ကောင်းပေသည်။ ရှင်ယောဟန်သည် သူမ၏ သခင်ယေရှု လက်ဝါးကပ်တိုင်တော်နှင့်အနီးကပ်ရှိနေပုံကို ဖော်ပြသည်မှာ “ယေရှုလက်ဝါး ကပ်တိုင်တော်နားမှာ… ရပ်နေကြ၏” ဟုရေးထားသည် (ယော ၁၉း၂၅)။ သခင်ယေရှုက မယ်တော်ကို သူချစ်ရသော တပည့်တော်၏ လက်ထဲသို့ အပ်နှံ လိုက်သည့်အခါ ပြောသောစကားများကို ကြားနိုင်လောက်အောင် သူတို့သည် အနီးတွင်ရပ်နေခဲ့ကြသည် (ငယ် ၂၆း၂၇)။
သို့သော် ရှင်မဿဲ နှင့် ရှင်မာကု ဖော်ပြချက်အရ သခင်ယေရှု၏ နောက်ဆုံးခက်ခဲသောအချိန်ကို ဖော်ပြရာတွင် “မိန်းမများတို့သည်လည်း ထိုအရပ်၌ အဝေးကကြည့်ရှု၍နေကြ၏” ဟုဆိုပြန်သည် (မ ၂၇း၅၅၊ မာ ၁၅း၄၀)။ ကားတိုင်တင်သတ်ခြင်းလုပ်ရပ် ပို၍ အရှိန်ပြင်းလာပြီး၊ လူထုများမှ ကဲ့ရဲလျက် ယုတ်မာကြမ်းတမ်းစွာ ဝင်လာကာ အမျိုးသမီးများကို နောက်သို့ ရောက်သွားစေခဲ့သည်။ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းသည် ဆိုးဝါးလာသောအခါအမျိုးသမီးများသည်လည်း လူထုနောက်သို့ တဖြည်းဖြည်း ဆုတ်ခွာကြခြင်း ဖြစ်နိုင်သည်။ ထိုအဖြစ်သည် သူမတို့က မကြည့်ဝံ့သောကြောင့်မဟုတ်။ သခင် ယေရှုကို မစွန့်ခွာဝံ့သောကြောင့်ဖြစ်သည်။
သခင်ယေရှု ခါးသီးစွာ နိဂုံးချုပ်သည့်တိုင်အောင် သူတို့ရှိနေခဲ့ကြ သည်။ သူတို့အနေဖြင့် ကြည့်ရှု၍ ဆုတောင်းပြီး ဝမ်းနည်းခြင်းမှလွဲ၍ ဘာကိုမျှ မတတ်နိုင်ပေ။ သူတို့ချစ်သောသခင်သည် ရာဇဝတ်ကောင်များကြား၌ ပြင်းထန် စွာ ရိုက်နှက်ခြင်းခံရခြင်းသည် သူတို့အတွက် အကြီးမားဆုံးသော ဘေးဒုက္ခဖြစ် ပေသည်။ ထိုအရပ်တွင် သူတို့ချစ်သောသခင်ကို သေစေရန် ဟစ်ကြွေးကြသော သွေးဆူရူးမူးသောသူများကြားတွင် သူတို့သည် ရပ်နေကြရသည်။ သခင်ယေရှု ကို မုန်းတီးသောစိတ်ပြင်းထန်စွာ အော်ဟစ်ဆူပူမှုကြားတွင် သူတို့သည်လည်း လူစု၏သားကောင်းဖြစ်လာနိုင်သည်။ သို့သော် သူတို့သည် လုံးဝနောက်ဆုတ် စွန့်ခွာမသွားခဲ့ကြပေ။ နောက်ဆုံး နာကျင်ခါးသီးသော နိဂုံးချုပ်သည့်အချိန်ထိ မထွက်ခွာခဲ့ကြပေ။ ထိုနောက် သခင်ယေရှု၏ အလောင်းတော်နှင့်လည်း နီးနီး ကပ်ကပ်နေခဲ့ကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ခရစ်တော်အပေါ် သစ္စာရှိခြင်း နှင့် ချစ်သောစိတ်ကြောင့်ဖြစ်သည်။
စင်စစ်၊ တပည့်တော်များသည် မာဂဒလမာရိထံမှ သခင်ယေရှု မည် သည့်သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြောင်းသိရသည်။ ရှင်မာကုခရစ်ဝင်ကျမ်းအရ အရိ မသဲမြို့သားယောသပ်သည် မင်းကြီးပိလတ်ထံသို့ သခင်ယေရှု၏ အလောင်းတော်ကို တောင်းဆိုခဲ့ပြီး သေသပ်စွာ သဂြိုဟ်ခဲ့သည်။ ဤယောသပ်သည် ပိလတ်မင်းကြီးနှင့် ဆက်နွယ်မှုရရှိနိုင်သည့်အကြောင်းမှာ သူသည် ဆန်ဟေ ရင်း (Sanhedrin) ဟုခေါ်သော ယဇ်ပုရောဟိတ်အကြီးအကဲတွင် အဖွဲ့ဝင်တစ် ဦးဖြစ်ပြီး ယုဒအုပ်ချုပ်ရေးဆိုင်ရာအမတ် လည်းဖြစ်သည် (မာ ၁၅း၄၃)။ ထို သူတို့အဖွဲ့သည် ထိုနေ့မနက်တွင် သခင်ယေရှုကို သတ်ရန် ကြံစည်လုပ်ဆောင် သူများဖြစ်သည်။ သို့သော်လည်း ယောသပ်သည် တိတ်တဆိတ် သခင်ယေရှု၏ တပည့်တော်ဖြစ်လာခဲ့ပြီး (ယော ၁၉း၃၈)၊ သူသည် “အခြားသော လွှတ်တော် အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်” ပေ (လု ၂၃း၅ဝ)။
ခရစ်ဝင်ကျမ်း လေးခုလုံး၌ ယောသပ်က သခင်ယေရှု၏ အလောင်းတော်ကို ရယူလိုကြောင်းဖော်ပြကြသည်။ မာကုကဖြည့်စွက်ဖော်ပြထားသည်မှာ မာဂဒလ မာရိနှင့် ယောသပ်အမိဖြစ်သော မာရ်တို့သည် ယောသပ်၏ နောက်သို့လိုက်ပြီး “အလောင်းတော်ထားရာ အရပ်သို့ ကြည့်ရှုကြ၏” (မာ ၁၅း၄၇)။
တမန်တော် ရှင်ယောဟန်က ခရစ်ဝင်ကျမ်းတွင် အရိမဿာမြို့သား ယောသပ်သည် နိကောဒင်(ယော ၃း၁ အရ၊ “ယုဒလူတို့တွင် အရာရှိဖြစ်သော” သူဖြစ်ပြီး ဆန်ပြောရင်း (Sihedrin) အဖွဲ့ဝင်တစ်ဦးဖြစ်နိုင်ပြီး၊ လျှို့ဝှက်စွာ သခင်ယေရှု နောက်လိုက်တပည့်တော်ဖြစ်ခဲ့သည်)နှင့်အတူတကွ “ယေရှု၏ အလောင်းတော်ကိုယူ၍ ယုဒလူတို့၏ သင်္ဂြိုဟ်ခြင်းနှင့်ဆိုင်သော ပြင်ဆင်ခြင်း ထုံးစံရှိသည့်အတိုင်း နံ့သာမျိုးစုံနှင့်တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏” (ယော ၁၉း၄၀)။ “
နိကောဒင်သည်လည်း အခွက်သုံးဆယ်မျှ လောက် အချိန်ရှိသော မုရန်နှင့် အကျော်ကိုရောနှောသော နံ့သာပေါင်းကို ဆောင်လျှက်လာ၏”ဟု ရှင်ယောဟန်ရေးသားထားသည် (ငယ် ၃၉)။ ယုဒရိုးရာ ၌ နံ့သာမျိုးနှင့် လူသေအလောင်းများကို မပုပ်သိုးအောင် ဆေးကြောသုတ်လိမ်းလေ့ရှိသည် (ငယ် ၄၀)။ သူတို့နှစ်ဦးသည် အလောင်းတော်ကို လျှင်မြန်စွာ ဆီလိမ်းပြီး ပတ်ရစ်ကြသည် (ငယ် ၄၀)။ ဥပုသ်နေ့ မစခင်အချိန်မှီပြီးနိုင်အောင် အလျှင်အမြန်ပြုလုပ်ရပေလိမ့်မည် (ငယ် ၄၂)။
မာဂဒလမာရိ၏ သခင်ယေရှုကိုချစ်သောစိတ်သည် ခိုင်ခံ့ခြင်းရှိသည်။ သခင်ယေရှု၏အလောင်းတော်ကို အဘယ်နေရာ၌ သဂြိုဟ်သည်ကိုလည်း သိရန်ကြည့်ရှုခဲ့သည်။ သူမကို ကယ်တင်ခဲ့သူကို ယခုတွင် အေးစက်သောဂူ၌ ဆင်းရဲစွာ လှဲလျောင်းသည်ကို တွေ့သောအခါ ကြေကွဲဝမ်းနည်းရလိမ့်မည်။ ကိုယ်တော်၏ အလောင်းတော်ကို ဆီမွှေးနှင့်နံ့သာမျိုးတို့ဖြင့် လိမ်းကာ ဘိသိတ် ရန် ဆုံးဖြတ်ပြီးပြင်ဆင်ထားသည်။ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ် မလုပ်ဘဲနေကြ၏။ ထို့ကြောင့် လု ၂၃း၅၅-၅၆တွင် သူမနှင့် အခြားသော မာရိသည် ဥပုသ်နေ့မတိုင်ခင် မိမိတို့မှ သခင်ယေရှု၏ သင်္ဂြိုဟ်ခြင်းအတွက် ဆီမွှေးနံ့သာများကို ပြင်ဆင်ထားကြသည်ဟု ဖော်ပြသည်။ မာ ၁၆း၁ တွင်ဥပုသ်နေ့လွန်မှ (စနေနေ့ နေဝင်ပြီးနောက်) သူတို့သည်သွား၍ အလောင်း တော်ကို လိမ်းခြင်းငှာ နံ့သာမျိုးကို ထပ်မံဝယ်ယူကြသည်ဟုဆိုသည်။
အာရုဏ်ဦး
မာဂဒလမာရိသည် တခြားသောတပည့်တော်များထက် တာရှည်စွာ ကားတိုင်တော်နားတွင်ရှိနေခဲ့သည်။ ထို့နောက် သူမသည် ရက်သတ္တပတ်၏ ပထမဆုံးနေ့ အာရုဏ်ဦးတက်ချိန်တွင် သခင်ယေရှု၏သင်္ချိုင်းဂူသို့ ပထမဦးဆုံး ရောက်ရှိလာသောသူလည်းဖြစ်၏။ သူမ၏ ဆက်ကပ်မှုသည် ကိုယ်တော်၏ သေခြင်းအပေါ်သူမ၏ တုံ့ပြန်မူတွင် အထင်ရှားဆုံးဖြစ်သည်။ ထိုဆက်ကပ်မှုကြောင့် သူမသည် ကြံ၍ မမှီနိုင်သော ဆုလဒ်ကို အောင်ပန်းဆွတ်ရမည်ဖြစ် သည်။
မာဂဒလမာရိ၏ စိတ်တွင် သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းကို မျက် မြင်သက်သေတွေ့ဖို့ရန် လုံးဝမတွေးတောမိပေ။ သခင်ယေရှုသည် ကားတိုင် လမ်းခရီးလျှောက်သွားစဉ်တွင် ခံခဲ့ရသော ဝေဒနာများကိုသာ သူမတွေ့မြင်ခဲ့ ရသည်။ သခင်ယေရှုအသက်တော် ကျရှုံးသွားသည်ကိုလည်း မြင်ခဲ့သည်။ သူ၏ အသက်မရှိတော့သော ခန္ဓာကိုယ် ရုပ်အလောင်းကို ဝမ်းနည်းဖွယ်ကောင်းစွာ ရစ်ပတ်ပြီး၊ နံ့သာဆီမွှေးဖြင့်လိမ်းကာ သင်္ချိုင်းတွင် ဤကဲ့သို့ထားခြင်းကိုလည်း မြင်တွေ့သည်။ နိကောဒင်နှင့်ယောသပ်တို့သည် အလောတကြီး သခင်ယေရှု၏ ရုပ်ကလပ်အား သဂြိုဟ်ခြင်းကို ကောင်းကောင်းမွန်မွန်လုပ်ဆောင်စေချင်သည်။ (သူမသည် သူတို့ကို သခင်ယေရှုကိုမုန်းတီးသော ဆန်ပြောရင်း အဖွဲ့ဝင်ဖြစ် သည်ကို သိမှတ်နေမည်ဖြစ်သည်။ ထိုအချက်မှလွဲ၍ သူမသည် သူတို့ကို လုံးဝ သိမည်မဟုတ်ပေ။) သူမသည် နောက်ဆုံးတစ်ကြိမ် သူမ၏ သခင့်အား ချစ်ခြင်း မေတ္တာကို ပြသရန် သင်္ချိုင်းဂူသို့ရောက်လာခြင်းဖြစ်သည်။ သူမ၏ သခင့်အပေါ် အရာရာအတွက် အကြွေးတင်ကြောင်းသူမသိခဲ့သည်။
တမန်တော်ရှင်ယောဟန်သည်လည်း ပြဇာတ်ဆန်သော မနက်၌ ဖြစ်ရပ်ကိုမြင်တွေ့ခဲ့သည်နှင့်အညီ ဖော်ပြသည်မှာ –
“ခုနှစ်ရက်တွင် ပထမနေ့ရက် မိုးမလင်းမှီစောစောအချိန်၌ မာဂဒလ မာန်သည် သင်္ချိုင်းဘက်သို့သွား၍ တွင်းဝ၌ ပိတ်သောကျောက်သည် ရွေ့လျက်ရှိသည်ကိုမြင်လျှင် ရှိမှန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ပြေးသွား၍ သချိုင်းဘက်သို့သွားကြ၏။ ထိုသူ နှစ်ယောက်တို့သည် အတူပြေးသည်တွင် အခြားသောတပည့်တော်သည် ပေတရုကို လွန်၍ သင်းဘက်သို့ အရင်ရောက်သည်ရှိသော် ငါ့၍ ကြည့် သဖြင့် ပိတ်ပဆုံးရှိရစ်သည်ကိုမြင်လျှင် မဝင်ဘဲနေ၏။ ရှိမန် ပေတရုသည် နောက်သို့လိုက်၍ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင် ပိတ်ပုဆိုးရစ် သည်ကိုလည်းကောင်း၊ ခေါင်း၌ရှိသောပုဝါသည် ပိတ်ပုဆိုးနှင့် အတူမရှိဘဲ တခြားစီလိပ်လျက်ရှိသည်ကိုလည်းကောင်း မြင်လေ၏။ ထိုအခါ သချိုင်းတော်သို့ အရင်ရောက်လာသော အခြားတပည့်တော် သည်ဝင်၍ မြင်သဖြင့် လေ၏။ ကိုယ်တော်သည် သေခြင်းမှ ထမြောက် ရမည်ဟူသောကျမ်းစကားကို တပည့်တော်တို့သည် နားလည်ကြ၏။ နောက်မှ ထိုသူနှစ်ယောက်တို့သည် မိမိတို့အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။ မာရိသည် သင်္ချိုင်း တော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ့်၍ တွင်းထဲသို့ကြည့်လျှင် ကောင်းကင်တမန်နှစ်ပါးတို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျှက် ယေရှု၏အလောင်းတော် လျောင်းရာ အရပ် ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်ကြသည်ကိုမြင်လေ၏။ ထိုသူတို့က အချင်းမိန်းမ အဘယ်ကြောင့် ကြွေးသည်ဟုမေးလျှင် ကျွန်မ ၏သခင်ကိုယူသွားကြပြီး အဘယ်မှာထားကြ သည်ကိုမသိဟုပြောဆို၏” (ယော ၂၀း၁-၁၃)။
မ ၂၈း၂ တွင် “မြေကြီးသည်ပြင်းစွာလှုပ်” ခြင်းနှင့်အတူ ကျောက်လှိမ့် လှန်သွားခဲ့သည့်ဖြစ်ရပ်ကို ရေးသားဖော်ပြထားသည်။ ရှင်မဿဲနှင့် ရှင်မာ ကုခရစ်ဝင်ကျမ်း၌ မာဂဒလမာရိနှင့်အတူ ကူညီရန် အနည်းဆုံး တစ်ခြားအမျိုး သမီးနှစ်ဦး (“အခြားသော မာရီ” နှင့် ရှာလုံ)တို့သာ ပါလာသည်ကို သိရသည်။
ကျောက်တုံးကြီးကို အုတ်ဂူဝမှဖယ်ထုတ်ရန် ခက်ခဲမည့်အကြောင်းကို ဆွေးနွေး ခဲ့ကြရာ (ကြီးမား၍ ဘီးပုံစံရှိပြီး ပြားချပ်၍ အုတ်ဂူဝတွင်မှီထားသော ကျောက်) အုတ်ဂူဝသို့ရောက်ရှိလာလျှင် အုတ်ဂူသည် ပွင့်လျက်ရှိနေသည်။
မာ ၁၆း၅ နှင့် လု ၂၄း၃ တွင် ဤအမျိုးသမီးများသည် အုတ်ဂူတွင်းထဲ သို့ ဝင်ရောက်သောအခါ အလောင်းတော်ကိုမတွေ့ကြ။ မာရိသည် တစ်စုံ တစ်ဦးက သခင်ယေရှုရုပ်ကလပ်ကို လာရောက်ခိုးယူသွားသည်ဟု ပထမဆုံး ယူဆလိုက်သည်။ သူမသည်ချက်ချင်းပင် တွင်းထဲမှ သူမလာရာလမ်းအတိုင်း ပြန်နောက်ဆုတ်၍ အကူအညီတောင်းရန် ထွက်လာခဲ့သည်။ သို့သော် အဝေး ကြီးမရောက်ခင်တွင် အုတ်ဂူဘက်သို့ လာနေသော ပေတရု၊ ယောဟန်တို့နှင့် တွေ့ဆုံသည်။ သူမက သူတို့ကို အသက်ပင်မရှူနိုင်လောက်အောင် သခင်ယေရှု မရှိတော့သည့်အကြောင်း ပြောပြသည်။ သူတို့သည်လည်း ကိုယ်တိုင်တွေ့မြင် ရန် ပြေးသွားခဲ့သည်။ ယောဟန်ကိုယ်တိုင်ရေးထားသည်မှာ ပေတရုကို ကျော် ပြေးခဲ့ပြီး အုတ်ဂူ၏အဝတွင်ရပ်ကာ အထဲသို့လှမ်းကြည့်နေစဉ်တွင် ပေတရုက သူ့ကိုပြန်ကျော်ပြီး ဂူထဲသို့ ဝင်ခဲ့သည်။ ထိုနေရာတွင် ပေတရုသည် ဘာမှမရှိသော ဗလာအုတ်ဂူထဲတွင် ဦးခေါင်းစာမျှလောက်ရှိပြီး ခေါက်ထား၍ ဘေးတွင် ချထားသော ပိတ်ပုဆိုးမျှကိုသာတွေ့ရသည်။ ထို့နောက် ယောဟန်သည်လည်း ဂူတွင်းသို့ဝင်လာသည်။ အုတ်ဂူပိတ်ပုဆိုးသည် မထိရသေးသော အသစ်သ ဖွယ်ရှိနေပြီး၊ အုတ်ဂူဗလာဖြစ်မှုသည်လည်း သူ့အတွက် ယုံကြည်ရန် လုံလောက် သည်ဟု ယောဟန်ပြန်ပြောသည်။ ထိုနောက် သူနှင့် ပေတရုသည် ချက်ချင်းပင် ထိုနေရာမှ ထွက်ခွာခဲ့ကြသည် (လု ၂၄း၁၂)။ ထိုအချိန်တွင် အခြားအမျိုးသမီး များသည်လည်း လာရောက်၍ ဂူတွင်းဝသို့ လာကြည့်ကြခြင်းဖြစ်နိုင်သည် (မာ ၁၆း၄-၅)။
ထိုအချိန်တွင် မာဂဒလမာရိသည် ယေရှု၏ အလောင်းတော်ကို တစ်စုံ တစ်ယောက် ခိုးယူသွားသည်ဟု ထင်မှတ်ပြီး ဝမ်းနည်းကြေကွဲလျက် ဂူအပြင် ဘက်တွင် တစ်ယောက်တည်းငိုကြွေးနေခဲ့သည်။ သူမသည် ကုန်းငုံ့ပြီး ဂူထဲ ကိုပြန်ကြည့်လိုက်သည့်အခါ ဂူထဲတွင် ကောင်းကင်တမန် နှစ်ပါးထွက်ပေါ်လာ သည်ကို တွေ့လိုက်သည် (ယော ၂၀း၁၂)။ ရှင်မဿဲ၊ ရှင်မာကုနှင့် ရှင်လုကာတို့ သည် ဤအကြောင်းအရာကို အကျဉ်းချုပ်သာ ပြောပြပြီး၊ အသေးစိတ်ကို ချန်လှပ်ထားခဲ့သည်။ ကျမ်းရေးသူများသည် ထိုဇာတ်လမ်းကို ကွဲပြားသော ရှုထောင့်မှ ဖော်ပြကြသည်။ သို့သော်လည်း သူတို့ကို ယှဉ်ကြည့်လျှင် သဟဇာတ ဖြစ်ပြီး နားလည်ရန် လွယ်ကူသည်။ ဤဖြစ်စဉ်တွင် အမျိုးသမီးအားလုံးသည်ကောင်းကင်တမန်များကို မြင်တွေ့ရသည်မှာ သေချာသည်။ သို့သော် ကောင်း ကင် တမန်တစ်ပါးသာလျှင် စကားပြောသည်။ အုတ်ဂူတွင်း၌ ရှိသောအမျိုး သမီးထံ “ဤအရပ်၌ မရှိ။ မိန့်တော်မူသည့်အတိုင်း ထမြောက်တော်မူပြီ” ဟု ပြောခဲ့သည် (မ ၂၈း၆၊ မာ ၁၆း၆၊ လု ၂၄း၆)။ ထို့နောက် ကောင်းကင်တမန်က ညွှန်ကြား လိုက်သည်မှာ “အလျင်အမြန်ပြန်သွား၍ သေခြင်းမှ ထမြောက်တော် မူကြောင်း ကို တပည့်တော်တို့အား ပြောကြားလော့” (မ ၂၈း၇)။ ထိုအချိန်တွင် မာရိတစ်ဦးသာလျှင် ကျန်ရစ်နေခဲ့သည်။ ရှင်မသဲ၏အဆိုပြုချက်အရ “ထိုမိန်းမ တို့သည်လည်း ကြောက်ရွံ့ သဖြင့်လည်းကောင်း၊ အလွန်ဝမ်းမြောက်သဖြင့် လည်းကောင်း သင်္ချိုင်းတော်မှအလျင်အမြန်” ထွက်သွားကြသည် (မ ၂၈း၈)။
မာရိသည် အုတ်ဂူအပြင်ဘက်တွင် ကျန်ရစ်ခဲ့ပြီး ပျောက်ဆုံးသွားသော သခင်ယေရှု၏အလောင်းတော်ကြောင့် ပူဆွေးဝမ်းနည်းနေသေးသည်။ သူမ သည် ပိတ်ပုဆိုးသာ ဂူတွင်းဝ၌ မြင်တွေ့ခဲ့သည်ကို သတိထားပုံမရပေ။ မာဂဒ လမာရိသည် ကောင်းကင်တမန်မှပြောကြားခဲ့သော သတင်းကောင်းကို မကြား မိခဲ့ပုံရှိသည်။ သို့မဟုတ် ပေတရုနှင့်ယောဟန်တို့သည် ဂူတွင်းမှထွက်ခွာစဉ် ဝမ်းမြောက်ပျော်ရွှင်သည်ကို နားမလည်ခဲ့ပုံရှိသည်။ ကောင်းကင်တမန်သည် သူမအား “အချင်းမိန်းမ အဘယ်ကြောင့်ငိုကြွေးသနည်း” ဟု တိုက်ရိုက်စကား ပြော မေးမြန်းခဲ့သည် (ယော ၂၀း၁၃)။
ရင်ထုမနာကြေကွဲလျက် မာရိသည် “ကျွန်မသခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိပါ” ဟု တုံ့ပြန်လိုက်သည် (ယော ၂၀း၁၃)။
ထိုသို့ဆိုပြီးမှ နောက်သို့လှည့်သောအခါ သခင်ယေရှုရပ်လျက်နေ တော်မူသည်ကို မြင်လိုက်ရပါသည်။ ပထမတွင် သူမ၏ မျက်စိတို့သည် မျက်ရည် များပြည့်လျက် သခင်ယေရှုဖြစ်တော်မူသည်ကိုမသိခဲ့ပေ။ (ကိုယ်တော်ရှင်ပြန် ထမြောက်တော်မူပြီးနောက် သူ့ကို ချက်ချင်းမမှတ်မိသူများသည် သူမတစ်ယောက်တည်းမဟုတ်ခဲ့ပေ။ ထိုနေ့နောက်ပိုင်းတွင် လု ၂၄း၁၃-၃၅ အရ ဧ မောက်အမည်ရှိရွာသို့ သခင်ယေရှုနှင့်အတူ ခရီးသွားနေသည့် တပည့်တော် နှစ်ဦးသည်လည်း သူတို့၏မျက်စိမပွင့်မှီတိုင်အောင် သူ့ကို မသိကြခဲ့ပေ)။ သူ၏ မျက်နှာတော်အသွင်အပြင်သည် ထူးခြားပြီး ဘုန်းကြီးသည်။ ဗျာ ၁း၁၄ တွင် ‘ ယောဟန်ပြောထားသကဲ့သို့ သူ့ကိုကြည့်ခဲ့လျှင် သူ၏ “ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသောသိုးမွှေးကဲ့သို့လည်းကောင်း၊ မိုးပွင့်ကဲ့သို့လည်းကောင်း ဖြူ၏။ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။”
သခင်ယေရှုပြောသည်မှာ “ယေရှုကလည်း အချင်းမိန်းမ၊ အဘယ် ကြောင့်ငိုကြွေးသနည်း၊ အဘယ်သူကို ရှာသနည်းဟုမေးတော်မူ၏” (ယော ၂၀း၁၅)။
မာရိသည် သူ့ကို ဥယျာဉ်ထိန်းဟုထင်မှတ်ကာ ခရစ်တော်၏ အ လောင်းတော်ကို ထားသောနေရာကို ညွှန်ပြရန် တောင်းဆိုခဲ့သည်။
ကိုယ်တော် ပြုလိုက်သည်အရာမှာ သူမ၏ နာမည်ကို ပြောလိုက်ရုံသာ ဖြစ်ပြီး၊ သူမသည်လည်း ချက်ချင်း မှတ်မိသွားလေသည်။ “သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ … သိုးများသည်လည်း သူ၏စကားသံကို ကျွမ်းသော ကြောင့် လိုက်တတ်ကြ၏” (ယော ၁၀း၃-၄)။
“ရဗ္ဗုနိ” (Rabboni) ဟု ထူးလေဝယ် မာရိ၏ပူဆွေးခြင်းသည် ဖော်ပြ ၍ မရနိုင်သော ပျော်ရွှင်မှုသို့ပြောင်းလဲလာပြီး (ယော ၂၀း၁၆)၊ သူမသည် သခင်ယေရှုကို နောက်တစ်ကြိမ်ပြန်မဆုံးရှုံးရလေအောင် မြဲမြံစွာ ပွေ့ဖက်ဆုပ် ကိုင်မိလိမ့်မည်။
သခင်ယေရှုသည် သူထမြောက်ပြီးနောက် သူ့ကို တွေ့မြင်ပြီး စကား တော်ကို ကြားစေရန် ပထမဆုံးသူအဖြစ် အခွင့်ကိုပေးခဲ့ခြင်းဖြင့် သူမကို ထူးခြား ၍ နှိုင်းမရသော အခွင့်ထူးကို ပေးအပ်လိုက်ခြင်းဖြစ်သည်။ အခြားသူများသည် ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ကောင်းကင်တမန်၏ နှုတ်မှကြားခဲ့ရပြီး၊ ယုံကြည်ခဲ့ပြီးဖြစ်သည်။ မာရိသည် ၄င်းကို သခင်ယေရှုကိုယ်တိုင်မှ ကြားခဲ့ရ သည်။ မာ ၁၆း၉ တွင် သူမ၏အကြောင်းကိုမှတ်တမ်းတင်သည်မှာ “ကိုယ်တော်သည် ခုနှစ်ရက်တွင် ပထမနေ့ရက်၏ စောစောအချိန်၌ ထမြောက်ပြီးမှ .. မာဂဒလမာရိအား ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။”
ဤအရာသည် သူမ၏ သာလွန်ထူးကဲသော အမွေဖြစ်သည်။ သူမရရှိ သောဂုဏ်ပြုခြင်းကို မည်သူနှင့်မျှ ဝေမျှ၍မရ၊ သူမထံမှ မည်သူမျှ လုယူ၍ မရပေ။ သို့သော် ကျွန်ုပ်တို့သည် ခရစ်တော်အပေါ် မာရိ၏ နက်ရှိုင်းသော ချစ်ခြင်းကို အတုယူနိုင်ပြီး၊ အတုယူသင့်ပါသည်။
(၁၁)
လူဒိ – စိတ်နှလုံးကို ဘုရားသခင်ဖွင့်ပေးခြင်း ခံရသူ
“ထိုအခါ နီမောင်းသောအထည်အလိပ်ကိုရောင်းသော သွားတိရဲ မြို့သူ လုဒိ အမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကိုးကွယ်သောသူဖြစ်၍ တရားနာစဉ်တွင် ပေါလု ဟောပြောသော အရာကို မှီဝဲဆည်းကပ်စေခြင်းငှာ သူမစိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။”
တ ၁၆း၁၄
လုဒိ (Lydia) သည် မူလတွင် ဧဝံဂေလိတရားကိုကြားပြီး ခရစ်တော်ကို ယုံကြည်လက်ခံသော ဥရောပတိုက်မှ အမျိုးသမီး တစ်ဦးအဖြစ်သည် လူသိများ သည်။ ရှင်ပေါလု၏ မူလ ဥရောပသာသနာခရီးစဉ်တွင် ခရစ်တော်သတင်း ကောင်းကို ပထမဆုံး လက်ခံသောသူအဖြစ် မှတ်တမ်းတင်ထားသည်။ သူမ၏ ပြောင်းလဲခြင်းသည် ကနဦးအသင်းတော်အတွက် အခြေခိုင်မြဲရာဖြစ်စေပြီး၊ သူမအားဖြင့် နေရာအနှံ့ ဧဝံဂေလိသတင်းကောင်း ပျံ့နှံ့သွားသည်။ ( ဥရော ပတွင် ဧဝံဂေလိတရားရောက်ရှိလာခြင်းသည် မြောက်အမေရိကတိုက်ထက်နှစ်ပေါင်းရာကျော်ပိုစောသည်။ )
မည်သို့ဖြစ်စေ၊ စိတ်ဝင်စားဖွယ်မှာ လုဒိသည် ဥရောပနိုင်ငံသူ မဟုတ် ခဲ့ပေ။ သူမ၏နာမသည်လည်း အာရှတွင် ကျယ်ပြန့်သောပြည်နယ်တစ်ခု၏အမည်ဖြစ်၍ သူမ၏ မွေးရာဇာတိဖြစ်ကောင်းဖြစ်နိုင်သည်။ လုတ္တရပြည်နယ် (Lydia) ၏မြို့တော်မှာသာဒိ (Sardis) ဖြစ်သည်။ ထိုနယ်နမိတ်အုပ်ချုပ်သောသူမှာ ခရိုးစားစ် (Ciroesnus) ဖြစ်သည်။ ဘီစီ (၆) ရာစုမှ အုပ်ချုပ်ခဲ့ပြီး သူ၏အမည်သည် စည်းစိမ်နှင့် ဆင်တူဖြစ်သည်။ သူသည် ဧဇရခေတ်ကာလ တွင် မီဒို-ပါးရှား(Melo-Persia)ကို အုပ်ချုပ်ခဲ့သူ ဆိုင်းရပ်ကုရုဘုရင်(Cyrus) ၏ တိုက်ခိုက်တွန်းလှန်ခြင်းကိုခံခဲ့ရသည်။ ဆိုင်းရပ်သည် ဖမ်းဆီးထားသော ခရိုးစားစ်(Croesnts)၏ စည်းစိမ်ကိုအသုံးပြုကာ ကမ္ဘာ့နေရာအနှံ့ အမြောက် အများကို အောင်နိုင်သည်။ ရောမခေတ်ကာလတွင် အာရှမိုင်နာပြည် (Asia Minor) တွင် လုဒိသည် ပြည်နယ်တစ်ခုအဖြစ်သာ ရှိခဲ့သည်။ သို့သော်၊ တမန် တော်ကြီးများခေတ်အနှောင်းပိုင်းတွင် လုဒိပြည်နယ်သည် ခရစ်ယာန်များအတွက်ဗဟိုကျသောနေရာဖြစ်လာသည်။ သာဒိ ( တမန်တော် ရှင်ယောဟန်ခေတ်တွင်သာဒိမြို့သည် ပြည်နယ်၏ မြို့တော်အဖြစ် တည်ရှိဆဲဖြစ်သည်) သည် ဗျာဒိတ်ကျမ်းတွင် ဖော်ပြသော အသင်းတော်ခုနှစ်ပါးထဲက တစ်ပါးဖြစ် သည် (ဗျာ ၃း၁-၆)။
လုဒိ၏ မွေးရပ်ဇာတိမြို့မှာ သွားတိရမြို့ဖြစ်ပြီး သွားတိရမြို့သည် လုဒိ ပြည်နယ်တွင်ရှိသည်။ ထို့ပြင် ဗျာဒိတ်ကျမ်းရှိ အသင်းတော် ခုနှစ်ပါးထဲက တစ်ပါးလည်း ဖြစ်သည် (ဗျာ ၂း၁၈-၂၉)။ အရေးကြီးသည့်အချက်တစ်ချက်မှာ သွားတိရမြို့သည် အာရှမိုင်နားတွင် တည်ရှိပြီး၊ ထိုနေရာတွင် ရှင်လုကာ ပြော ထားသည့်အတိုင်း ရှင်ပေါလု၊ သိလနှင့် တိမောသေတို့အား “အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်သည် မြစ်တော်မူသည်” (တ ၁၆း၆)။
ထိုသို့တံခါးများအားလုံး ပိတ်ပင်သွားပြီးနောက်၊ ပေါလုအနေဖြင့် အာရှမိုင်နားတွင် အသင်းတော်တည်ထောင်ခြင်း လုပ်ငန်းများ လုပ်ဆောင်ရန် ပိတ်ပင်တားဆီးခြင်း ခံရပြီးနောက် ဘုရားသခင်သည် သာသနာပြုအဖွဲ့ကို အိမ်မက်(ရူပါရုံ)အားဖြင့်ဖော်ပြကာ ဥရောပဘက်သို့ လမ်းညွှန်ခဲ့သည်။ အိမ်မက် မှာ “မာကေဒေါနိလူတစ်ယောက်က မာကေဒေါနိပြည်သို့ကူးပါ။ ငါတို့ကို မစပါဟု ရပ်လျက်တောင်းပန်း၏” (ငယ် ၉)။ မာကောဒေါနပြည်သည် ထိုအချိန်၌ ရောမပိုင်နက် ပြည်နယ်ဒေသတစ်ခု၏ အမည်ဖြစ်သည်။ ဤပြည်သည် ဂရိပြည် အထက်ပိုင်းကျွန်းဆွယ်ထိ မြေနေရာချဲ့၍ Adriatic မှ Aegeun ထိ ကျယ်ပြန့် သည်။ ထိုမြေနေရာသည် ပေါလုအစေခံခဲ့သည့်နေရာဖြစ်ပြီး ယခုခေတ်တွင် ဂရိနိုင်ငံအမည်ဖြင့်သိရသည်။ (ယနေ့ခေတ် မာကေဒေါနိပြည်သည် ဧရိယာ ကျဉ်းငယ်ပြီး ဂရိနိုင်ငံထဲတွင် မရှိတော့ပေ)။ ရှင်လုကာက “ချက်ချင်းပင်” ဟု ဖော်ပြပြီး “မာကေဒေါနိပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှာ သခင် ဘုရားသည် ငါတို့ကိုခေါ်တော်မူသည်ဟု ငါတို့သဘောကျသဖြင့် ထိုပြည်သို့ သွားခြင်းငှာ ချက်ခြင်းရှာကြံကြ၏” ဟုရေးသားသည် (ငယ် ၁၀)။
ထူးဆန်းသော အဖြစ်အပျက်များရှိခဲ့သည်။ လုဒိကို သူမ၏ ဇာတိပြည် နယ်သို့သွားရောက်၍ ဧဝံဂေလိတရားမဟောပြောခဲ့ဘဲ ဧဝံဂေလိသတင်းကောင်းသည် သူမ၏ စီးပွားရေးဆိုင်ရာ ခရီးပြုသောနေရာ ဥရောပပြည်သို့ လိုက်လာခဲ့သည်။ ရှင်ပေါလုသည် မာကေဒေါနိလူ ယောက်ျားတစ်ဦးကို သူ၏ ရူပါရုံ၌ မြင်တွေ့ခဲ့သော်လည်း အာရှိအမျိုးသမီးတစ်ဦးသည် ဥရောပတွင် ပထမဆုံးသော ပြောင်းလဲလာသူဖြစ်လာခဲ့သည်။
လုဒိသည် မမျှော်လင့်ဘဲ သမ္မာကျမ်းစာ ဇာတ်ကြောင်းတွင် ပါဝင်လာ သည် မှတ်သားဖွယ်ကောင်းသော အမျိုးသမီးတစ်ဦးဖြစ်သည်။ ဘုရားသခင်၏ အခွင့်အာဏာပြည့်ဝသော ရည်ရွယ်ချက်များသည် ကျွန်ုပ်တို့၏ မျက်စိတွင် လျှို့ဝှက်ထားလေ့ရှိပြီး၊ ဘုရားသခင်သည် သူ၏ နာမတော်အတွက် လူတို့ကို ခေါ်တော်မူသောအခါ မြင်၍မရသောနေရာမှ အံ့ဩဖွယ်သောနည်းလမ်းများ ဖြင့် အမြဲတမ်း လုပ်ဆောင်တတ်သည်။
လုဒိထံ ဧဝံဂေလိတရား ရောက်ရှိလာပုံ
လုဒိအကြောင်း တိုတောင်းသော်လည်း စိတ်ဝင်စားဖွယ် ကောင်းလှပါ သည်။ ရှင်လုကာသည် သူ၏ ဇာတ်ကြောင်းတွင် ရှင်ပေါလု၏ ဒုတိယသာသနာခရီးစဉ်အကြောင်းကို စတင်ရေးသားသည့်နေရာတွင် သူမအကြောင်းကို ကျမ်း ပိုဒ်အနည်းအတွင်း ရေးသားခဲ့သည်။ ထိုသို့ ထပ်မံတိုးချဲ့သော သာသနာခရီးစဉ် အကြောင်းကို တ ၁၅း၃၆-၁၈း၂၂ တွင် ဖော်ပြထားသည်။ ဤရှည်လျားသော သာသနာခရီးစဉ်တွင် ပေါလု၏ အဓိက လုပ်ဖော်ဆောင်ဖက်များမှာ သိလ နှင့်တိမောသေတို့ဖြစ်သည်။ နောက်ပိုင်းတွင် ရှင်လုကာသည် တရောမြို့ (အာ ရှမိုင်နားတွင်ရှိသည်)မှ မာကေဒေါနိပြည်(ဥရောပတိုက်အဝင်)သို့ မကူးပြောင်း သေးမှီအချိန်လေးတွင် လိုက်ပါလာခဲ့သည်။ လုကာသည် သာသနာပြုအဖွဲ့ အမည်စာရင်းကိုပြုစုရာတွင် တမန် ၆း၁၀(“မာကေဒေါနိပြည်၌ ဧဝံဂေလိတရား ကို ဟောစေခြင်းငှာ သခင်ဘုရားသည် ငါတို့ကိုခေါ်တော်မူသည်ဟု ငါတို့သဘောကျသဖြင့် ထိုပြည်သို့ သွားခြင်းငှာ ချက်ချင်းရှာကြံကြ၏”) မှ အစပြု၍ ပထမပုဂ္ဂိုလ်နာမ်စားကို ရုတ်တရက် ပြောင်းလဲအသုံးပြုလိုက်သည်။ ထိုအချိန်မှ စ၍ လုကာသည် မျက်မြင်သက်သေတစ်ဦးအနေဖြင့် ရေးသားထားသည်။ ထိုအချိန်မှစ၍ လုဒိအကြောင်း စတင်ပေါ်ထွက်လာသည်။
လမ်းပြပို့ဆောင်ပေးသည့် အုပ်စိုးပိုင်သော ဘုရားသခင်၏လက်တော် ပေါလု၏အဖွဲ့တစ်ခုလုံးတွင် ထင်ရှားစွာမြင်တွေ့ရသည်။ လုကာသည် အခြေ အနေအားလုံးကို မရှင်းပြသော်လည်း အချို့သော နည်းလမ်းများဖြင့် သန့်ရှင်း သောဝိညာဉ်တော်သည် အာရှမိုင်နား အလယ်ပိုင်းသို့ သွားရောက်ရန် မြစ်တား တော်မူခဲ့သည် (တ ၁၆း၆-၈)။ ထိုအချိန်တွင် ဥရောပတိုက်သို့ ဧဝံဂေလိတရား ဟောပြောရန် ရှင်ပေါလု၏ ခေါ်တော်မူခြင်းအကြောင်းဖြစ်လာခဲ့သည်။ မာကေ ဒေါနိပြည်သို့သာ သွားရောက်ရမည်ဟု ဘုရားသခင်သည် ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။ ထိုသို့ဖြင့် သူတို့သည် အချိန်မဖြုန်းဘဲ၊ ဂရိနိုင်ငံဘက်သို့ ဦးတည် ၍ခရီးသွားခဲ့ကြသည်။
လုကာသည် မာကေဒေါနိပြည်ခရီးလမ်းကို ရွေးချယ်သွားခဲ့ကြောင်းကို အသေးစိတ် ဖော်ပြထားသည်။ “ထို့ကြောင့်၊ တရောမြို့မှ သင်္ဘောလွှင့်၍၊ သာမောသရက်ကျွန်းသို့ တည့်တည့်သွားသဖြင့်၊ နက်ဖြန်နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။ ထိုမြို့မှ ထွက်ပြန်ကြလျှင် မင်းမှုလွတ်သောမြို့တည်းဟူသော
မာကေဒေါနိပြည်တစ်ပိုင်းကို အစိုးရသော ဖိလိပ္ပံမြို့သို့ရောက်၍ ကာလအတန် အရာ နေကြ၏” (တ ၁၆း၁၁-၁၂)။ တိုသော ခရီးမှာ ပင်လယ်ခရီးစဉ်ဖြစ်ပြီး နှစ်ရက်သုံးရက်ကြာသော ခရီးစဉ်ဖြစ်သည်။ တရောမြို့မှ နိပေါလစ်သို့ ခရီး စဉ်သည် ရေကြောင်းခရီးမိုင် ၁၄ဝ ခန့် ကွာဝေးသည်။ နိပေါလစ်သည် သင်္ဘော ဆိပ်ကမ်းမြို့ဖြစ်ပြီး ဖိလိပ္ပံမြို့နှင့် ကပ်လျက်ရှိသော မြို့ဖြစ်ပြီး၊ ထိုနေရာမှ နောက်ထပ် ကုန်းလမ်းခရီးစဉ်ဖြင့် ဆယ်မိုင်ခန့်ရှိသည်။
ဖိလိပ္ပံမြို့အမည်ကို အဲလစ်ဇင်းဒါး (Alexander the Great)၏ ဖခင် ဖြစ်သော မက်ကေဒေါပြည်မှ ဒုတိယ ဖိလိပ္ပံ၏အမည်မှ ကောက်ယူထားခြင်း ဖြစ်သည်။ အရှေ့ပိုင်းနယ်နမိတ်မှ ထင်ရှားသော ရောမလမ်းသည် Egnction လမ်းဖြစ်သည်။ နောက်ပိုင်းတွင် ရှင်ပေါလု အသင်းတော်တည်ထောင်မည့် နေရာ သက်သာလောနိတ်သည် Egnation လမ်း၏ အခြားဘက်အစွန်းမှ အနောက်ဘက် (၁၅၀) မိုင်တွင် တည်ရှိသည်။ ပေါလုခေတ်၌ ဖိလိပ္ပံမြို့တွင် ကုန်သွယ်လမ်းများ (တစ်ခုမှာ သက်သာလောနိတ်မြို့မှ ကုန်းကြောင်းလမ်းဖြစ်ပြီး၊ နောက်တစ်ခုမှာ နေအာပိုလစ် ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြစ်သည်) ရှိပြီး စည်ကား၊ ရှုပ်ထွေး လှသည်။ လုကာသည် ဖိလိပ္ပံမြို့ကို “ရောမလက်အောက်ခံမြို့” ဟု ဖော်ပြသည် (တ ၁၆း၁၂၊ မြန်မာ့စံမီကျမ်းစာ)။ ဆိုလိုသည်မှာ ထိုမြို့သည် ရောမလက်အောက်ခံ ကိုလိုနီဖြစ်ပြီး ရောမအစိုးရနှင့် ရောမနိုင်ငံသားများစွာနေထိုင်ရာမြို့ ဖြစ်သည်။ သမိုင်းတွင် ဖိလိပ္ပံမြို့သည် ဘီစီ(၃၁) တွင် ရောမ ကိုလိုနီဖြစ်ခဲ့သည်ဟု ရေးမှတ်ထားသည်။ ထို့ကြောင့် ထိုမြို့သည် မိမိကိုယ်ပိုင်နယ်မြေ အုပ်ချုပ်ရေး မှူးရှိပြီး ရောမအုပ်ချုပ်ရေးဌာနသို့ တာဝန်ရှိသည်။ မာကေဒေါနိပြည်နယ် အစိုးရအုပ်ချုပ်ရေးနှင့် လုံးဝကင်းလွတ်သည်။ မြို့သူမြို့သားများသည်လည်း မက်ကေဒေါနိမှ ကောက်ခံသော အခွန်များနှင့် ကင်းလွတ်သည်။ ထို့ကြောင့် ထိုမြို့သည် တိုးပွားပြီး ချမ်းသာသော နိုင်ငံဖြစ်သည်။ တိုင်းပြည်အသီးသီးမှ လာရောက်၍ စီးပွားကူးသန်း ရောင်းဝယ်ရေးလုပ်ငန်းများကို စည်ကားသိုက်မြိုက်စွာ လုပ်ဆောင်သောမြို့ဖြစ်သည်။ ဤနေရာသည် ဥရောပအတွက် ဧဝံ ဂေလိသတင်းကောင်းအစပြုရန် ဗျူဟာကောင်းသောနေရာဖြစ်သည်။
ရှင်ပေါလုနှင့်အဖွဲ့သားများသည် ဖိလိပ္ပံမြို့တွင် ကာလအတန်အရာနေ ၍ ဥပုသ်နေ့ကိုစောင့်နေကြသည်။ ရှင်ပေါလု၏ ဧဝံဂေလိနည်းဗျူဟာမှာ ရောက်သည့်နေရာတိုင်းတွင် ဒေသခံ တရားဇရပ်သို့ ဦးစွာ သွားရောက်လေ့ရှိ သည်။ အကြောင်းမှာ တစ်ပါးအမျိုးသားတို့ထံသွားရောက်လျှင် ယုဒလူမျိုးတို့ သည် သူ့စကားကို နားထောင်တော့မည်မဟုတ်ပေ။ သို့သော်လည်း ဖိလိပ္ပံမြို့ သည် တစ်ပါးအမျိုးသားအများစု နေထိုင်ရာ မြို့ဖြစ်ပြီး တရားဇရပ်မရှိပေ။
ဖိလိပ္ပံမြို့တွင် ယုဒလူအနည်းငယ် သာနေထိုင်သည်။ ထိုအနည်းငယ် သောလူသည် တရားဇရပ်ကို ထောက်ပံ့ရန် မလုံလောက်ပေ။ နေရာတစ်ခုတွင် ကူရန်(quorum)ဟု ခေါ်ပြီး မင်းရန်(Minyan)ဟု လူသိများသော တရားဇရပ် ကို စတင်ရန် ယုဒရိုးရာယဉ်ကျေးမှုအရ လိုအပ်ချက်မှာ ယုဒအမျိုးသား ဆယ်ဦး ခန့်မျှရှိရန် (Bar- Minyan )ဟုခေါ်သော ဝတ်ပြုခြင်းအတွက် အသက်အရွယ် ပြည့်မှီသော ၁၃ နှစ်ပြည့် ယုဒအမျိုးသားများကိုဆိုလိုသည်) လိုအပ်သည်။ ဤအရေအတွက်သည် ဓမ္မဟောင်းကျမ်းမှ သောဒုံနှင့် ဂေါမောရမြို့တို့ကို မဖျက်စီးခင် ဘုရားသခင်က အာဗြဟံအား ဖြောင့်မတ်သောသူ ဆယ်ယောက်ရှိ လျှင် မဖျက်ဆီးဟု ပြောခဲ့သည့်အချက်မှာ ကောက်နုတ်ခြင်းဖြစ်သည် (က ၁၈း၃၂-၃၃)။ သို့သော် မင်းရန်(Minyan) ထုံးစံသည် ရှေးခေတ် ယုဒဘုန်းတော် ကြီးများ၏ တီထွင်မူဖြစ်သည်။ သမ္မာကျမ်းစာလာ ပညတ်တရားတွင် ထိုသို့ ကန့်သတ်ချက်မရှိပေ။
ယုဒထုံးစံအရ လူမှုနေထိုင်ရာပတ်ဝန်းကျင်၌ တရားဇရပ်မရှိခဲ့လျှင် ယုဒအမျိုးသမီးများ အုပ်စုလိုက်ဖွဲ့၍ အလိုရှိလျှင် ဆုတောင်းခြင်းကိုပြုနိုင်သည်။ သို့သော် အမျိုးသားများသည် အသိအမှတ်ပြုသော မင်းရန်အဖြစ် ဖွဲ့စည်းပြီးမှသာ ချီးမွမ်းကိုးကွယ်ခြင်း၊ ဆုတောင်းခြင်း၊ ပညတ်ကျမ်းများ (Torah)ကို ဖတ် ခြင်းနှင့် လူထုအားကောင်းကြီးမင်္ဂလာပေးခြင်းစသည်တို့ကို လုပ်ဆောင်နိုင်မည်။
ဖိလိပ္ပိမြို့ရှိ ယုဒအသိုင်းအဝိုင်းသည် အသိအမှတ်ပြုသော မင်းရန် ဖွဲ့စည်းရန်လုံလောက်မှု မရှိသောကြောင့် ရှင်ပေါလုနှင့်အဖွဲ့သည် ဥပုသ်နေ့၌ အမျိုးသမီးများစုဝေးသည့်နေရာကို လေ့လာပြီး သွားရောက်ခဲ့ကြသည်။ ရှင်လုကာရေးထားသောကျမ်း၌ ဤသို့ရေးထားသည်၊ “ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင် ပဌနာဇရပ်ရှိတတ်ရာ မြစ်နားသို့ သွား၍ ထိုင်ပြီးမှ ထိုဇရပ်၌ စည်းဝေးသောမိန်းမတို့အား ဟောပြောကြ၏” (တ ၁၆း၁၃)။ ထိုမြစ်သည် ဂန်ဂီတီစ် (Gongitis)ဟု ထင်ရှားသော ချောင်းငယ်တစ်ခုဖြစ်ပြီး မြို့၏ နောက် ဘက်တွင် တည်ရှိသည်။ ထိုသို့စုဝေးကြသော အမျိုးသမီးအဖွဲ့ငယ်သည် ဖိလိပ္ပံ မြို့၌ ဥပုသ်နေ့တွင် တွေ့ဆုံသည့် တစ်ခုတည်းသော ယုဒလူမျိုးများ၏ စုဝေးရာ ဖြစ်သည်။ ရှင်ပေါလု၏ ဧဝံဂေလိတရားဟောပြောခြင်းတွင် “ရှေ့ဦးစွာ၌ ယုဒလူ” (ရော ၁း၁၆) ဟူသော လုပ်ရိုးလုပ်ထုံးရှိသည်အတိုင်း ပေါလုသည် မြစ်နားသို့သွားရောက်၍ ဧဝံဂေလိဟောပြောသည်။
သို့သော် ပြင်းပြသောစိတ်ဖြင့် တုံ့ပြန်ခဲ့သောအမျိုးသမီးသည် ယုဒလူ မဟုတ်ခဲ့ပေ။ လုဒိသည် ယေဟောဝါဘုရားကို အနည်းဆုံးအပြင်ပန်းသဏ္ဌာန် ဖြင့် ကိုးကွယ်သောသူဖြစ်သည်။ သူမသည် တစ်ပါး အမျိုးသားဖြစ်ပြီး စစ်မှန်သောဘုရားကို ရှာဖွေနေသောသူတစ်ဦးလည်းဖြစ်၏။ ယုဒဘာ သာဝင်သူ တစ်ဦးပင် မဟုတ်သေးပေ။ ရှင်လုကာသည် လုဒိနှင့်ပထမတွေ့ဆုံခြင်းကို ဤသို့ပြောသည်။ “ထိုအခါ နီမောင်းသော အထည်အလိပ်ကို ရောင်းသော သွာဒိရဲ မြို့သူ လုဒိအမည်ရှိသော မိန်းမတစ်ယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍ တရားနာစဉ်တွင် ပေါလုဟောပြောသောအရာကို မှီဝဲဆည်း ကပ်စေခြင်းငှာ သူ၏စိတ်နှလုံးကို ဘုရားသခင်ဖွင့်ပြတော်မူ၏” (တ ၁၆း၁၄)။
သူမသည် စီးပွားရေးပြုလုပ်နေသော အမျိုးသမီးမည်၏။ သူမ၏ဇာတိ သွားတိရဲမြို့တွင် ပြုလုပ်သော ကျော်ကြားသည့် နီမောင်းသော အထည်အလိပ် ကိုရောင်းသော အမျိုးသမီးဖြစ်သည်။ (ရှေးဟောင်သုတေသန ပညာရှင်များ သည် ရောမ ကျောက်တင်စာများ၌ ပထမရာစုမှစ၍ သွားတိရဲမြို့ရှိ အထည် အလိပ် ဆေးဆိုးရောင်ဝယ်ပြုလုပ်ခြင်းကို ဖော်ပြခဲ့သည်။) အလွန်ရှားပါး၍ဈေးကြီးသော နီမောင်းသောအထည်အလိပ်တစ်မျိုး (ခရမ်းရောင်ထက် ပိုရင့်သောအရောင်)ကို မူရက်စ် (maurer) ဟုလူသိများပြီး၊ မိုလတ်စ် (Mollusk) ဟုခေါ်သော အရိုးချွန်များရှိသည့် ခရုအကောင်တစ်မျိုး၏အခွံမှ ပြုလုပ်သည်။ ထိုပြုလုပ်နည်းကို ရှေးခေတ်က တုရုမြို့ (Tyre) တွင် တီထွင်ခဲ့ပြီး ထိုနီမောင်းသော အထည်အလိပ်သည် တုရုမြို့၏ (Tyrian dye) အထည်အလိပ်ဟု (ယ နေ့ထိ) ထင်ရှားခဲ့သည်။ ခရုခွံ (Molliusk) များမှ ဆေးထိုးခြင်းဖြစ်ရာ သွားတိရဲ၌ ထုတ်လုပ်ခြင်းသည် ပို၍ ပြည့်စုံသောနည်းစနစ်ဖြစ်သည်။ ထိုအရာနှင့် အရောင် ဆင်တူသည့် ပိုဈေးနည်းပြီး မက်တာ (madder) အပင်တစ်မျိုး၏ အမြစ်မှ ပြုလုပ်ထားသည်။ အလုပ်ရှိသောလူတန်းစားများကြားတွင် လူကြိုက်များသော အရောင်အဖြစ် အစားထိုးဝင်ရောက်လာသည်။ သို့သော် ပို၍ ဈေးကြီးသော တုနူမြို့ (Tyrian) မှ ပြုလုပ်သော နီမောင်းဆေးဆိုးအထည်လိပ်သည် တော်ဝင် အရောင်ဖြစ်သည်။ ရှေးခေတ်တွင် တန်ဖိုးထားရသော လူသုံးကုန်အထည် အလိပ်တစ်ခုအဖြစ်လည်း ထင်ရှားသည်။ ထိုကြောင့် လုဒိသည် ထိုသို့သော အထည်မျိုးကို ရောင်းနေသော အမျိုးသမီးတစ်ဦးဖြစ်နိုင်သည်။ တ ၁၆၁၅တွင် သူမ၏ မိသားစုအကြောင်းကို ဖော်ပြချက်အားဖြင့် သူမ၏ နေအိမ်သည် ဖိလိပ္ပံ မြို့တွင် ရှိကြောင်းသိရသည်။ အိမ်အကူ အလုပ်သမားများလည်း ရှိနိုင်ချေရှိ သည်။ ဤအချက်အားလုံးက သူမသည် ချမ်းသာသော အမျိုးသမီးတစ်ဦးဖြစ် ကြောင်း သေချာစေသည်။
လုဒိ၏ နှလုံးသားကို ဧဝံဂေလိတရားက ဖမ်းဆုပ်ထားပုံ
လုဒိ၏ ပြောင်းလဲခြင်း ပုံစံသည် ဘုရားသခင်က ပျောက်ဆုံးသော ဝိညာဉ်များကို ရွေးနုတ် ကယ်တင်နေခြင်းပုံစံကို ဖော်ပြသော ကောင်းမွန်သည့်သာဓကဖြစ်သည်။ လူ့အမြင်မှ ကြည့်လျှင် ကျွန်ုပ်တို့သည် သခင်ဘုရားကို ရှာကြပြီး သူ့ကိုယုံကြည်ခြင်းသည်လည်းကျွန်ုပ်တို့၏ အလိုဆန္ဒဖြင့် ဆုံးဖြတ်ကြ သည် (သို့) ကျွန်ုပ်တို့သည် ကိုယ့်အလိုဆန္ဒနှင့် စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်သည်ဟု ထင်တက်ကြသည်။ အမှန်တကယ်မှာတော့ လုဒိကဲ့သို့သော အမှန်တ ကယ်ဘုရားကို ရှာဖွေသူများသည်၊ ဘုရားသခင်မှ ဆွဲခေါ်သောကြောင့်ဖြစ် သည်။ တစ်စုံတစ်ဦးသည် ခရစ်တော်ကိုယုံကြည်လက်ခံချိန်တိုင်း ဘုရားသခင် က သူ၏စိတ်နှလုံးကို ယုံကြည်စေရန် ဖွင့်ပေးခြင်းသာဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်က ကျွန်ုပ်တို့ကို ခရစ်တော်ထံ မဆွဲခေါ်လျှင် ကျွန်ုပ်တို့သည် ဘယ်တော့မှ ခရစ်တော်ထံ လုံးဝလာမည်မဟုတ်။ သခင်ယေရှုက ထိုအရာကို ရှင်းလင်းစွာပြောခဲ့သည်။ “ငါ့ကို စေလွတ်တော်မူသော ခမည်းတော်သည် သွေးဆောင်တော်မမူလျှင် အဘယ်သူမျှ ငါ့ထံသို့ မလာနိုင်” (ယော ၆း၄၄)။ “ငါ့ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင် အဘယ်သူမျှငါ့ထံသို့ မလာနိုင်” (ငယ် ၆၅)။
ကျရှုံးသော လူ့နှလုံးသားသည် အပြစ်ကျေးကျွန်ဖြစ်သည်။ အပြစ်သား တိုင်းသည် မာဂဒလမာရိအား နတ်ဆိုးခုနှစ်ယောက်စွဲသကဲ့သို့ပင် အကူအညီမဲ့ အခြေအနေ၌ရှိသည်။ ရော ၈း၇-၈အရ “အဘယ်ကြောင့်နည်းဟူမူကား ဇာတိ ပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်စေသည်။ ဘုရား သခင်တရားတော်အလိုသို့ မလိုက်တတ်။ ထိုမျှမက မလိုက်နိုင်။ ထို့ကြောင့် ဇာတိပကတိ၌ ကျင်လည်သောသူတို့သည် ဘုရားသခင်စိတ်တော် နှင့်မတွေ့နိုင် ကြ။” ကောင်းသောအမှုပြုရန် မိမိနှလုံးသားကို ကျွန်ုပ်တို့မပြောင်းလဲနိုင်ပါ။ “အဲသသောပိလူသည် မိမိအရေ၏အဆင်းကိုလည်းကောင်း၊ ကျားသစ်သည် မိမိ အကွက်အကျားတို့ကိုလည်းကောင်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင် လျှင် ဒုစရိုက်ကိုပြုလေ့ရှိသူတို့သည် သုစရိုက်ကိုပြုခြင်းငှာ တတ်နိုင်ကြလိမ့် မည်” (ယေ ၁၃း၂၃)။ ဒုစရိုက်ကိုနှစ်သက်ခြင်းသည် ကျွန်ုပ်တို့၏ ကျရှုံးသော ပင်ကိုယ်သဘာဝပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ပျက်ဆီးခြင်း၏ သားကောင်များဖြစ်ကြသည်။ သမ္မာကျမ်းစာသည် ကျရှုံးသောအပြစ်သားများကို အပြစ်၏ ကျွန်ဖြစ်ပြီး မျှော်လင့်ချက်မဲ့သော အခြေအနေတွင် ရှိနေသည့် အကြောင်းကို ဖော်ပြသည်။စင်စစ်၊ ထိုအရာထက် ပိုဆိုးနိုင်သည်။ ၄င်းသည် သေခြင်းနှင့် ဝိညာဉ် အရာတွင် ခြောက်သွေ့ခြင်းဖြစ်ပြီး မိမိဇာတိတပ်မက်ခြင်းများတွင် ကျင်လည်စေ သည် ( ဧ ၂း၁-၃)။ ကျွန်ုပ်တို့သည် မိမိစိတ်နှလုံးသားကောင်းရန် မိမိကိုယ်တိုင် ပြုပြင်နိုင်စွမ်းမရှိပါ။
တ ၁၆း၁၄ တွင် လုဒိကို “ဘုရားသခင်ကိုးကွယ်သောသူ”ဟူ၍ ဖော်ပြ သည်။ သူမ၏အသိစိတ်တွင် ယေဟောဝါသည် စစ်မှန်သောဘုရားဖြစ်သည်ဟု သိထားသည်။ သူမသည် ဥပုသ်နေ့တွင် စုဝေးကြတဲ့ အမျိုးသမီးအဖွဲ့များနှင့် ပုံမှန်တွေ့ဆုံခဲ့သည်။ သို့သော် သူမသည်ယုဒဘာသာဝင် မဟုတ်ခဲ့သေးပေ။
ရှင်လုကာတွင် လုဒိသည် “ကြား၍”ဟု ရေးထားသည် (တ ၁၆း၁၄)။ ဂရိစကားလုံး အသုံးပြုပုံသည် “ရည်ရွယ်ချက်အပြည့်ဖြင့် နားထောင်” သည်ဟုဖော်ပြသည်။ သူမသည် တရားဟောချက်အသံကိုသာ နားထောင်နေခြင်း မဟုတ်ဘဲ စကားလုံးတို့ရဲ့ အဓိပ္ပာယ်ကို သေချာစွာအာရုံစိုက်သည်။ သူမသည် ရှောလုနှင့်အတူသွားသော သူတို့ကဲ့သို့ အသံကိုကြားရုံမျှသာရှိပြီး (တ ၉း၇) ဘာမျှနားမလည်ဘဲနေသူ မဟုတ်ပေ (တ ၂၂း၉)။ ရှင်ပေါလုနှင့် အပေါင်းအပါ တို့မှ ရှင်းပြခဲ့သော သတင်းကောင်းကို သူမသည် တစ်စိုက်မတ်မတ် နား ထောင်ခဲ့သည်။
သူမ၏ စိတ်နှလုံးသည် အမှန်တကယ် ဖွင့်ဟချက်ရှိခဲ့သည်။ သူမသည် စစ်မှန်သော ဘုရားသခင်ကိုရှာဖွေသောသူမည်၏။ သို့သော် ရှင်လုကာပြောဆို လိုသည့် အချက်ကို သတိပြုရမည်မှာ လုဒိသည် သူမကိုယ်တိုင် သူမ၏စိတ်နှလုံး ကို ဖွင့်ဟပြီး နားဖြင့် သမ္မာတရားကို နားထောင်နေခြင်းမဟုတ်ပေ။ သူမ ရှာ ဖွေခဲ့ပါသည် သို့သော် ဘုရားသခင်မှ ဆွဲခေါ်သွေးဆောင်ခဲ့သောကြောင့် ဖြစ် သည်။ သူမနားထောင်ခဲ့သည်၊ သို့သော် ဘုရားသခင်မှ ကြားနိုင်သော နားကို ပေးခဲ့သည်။ သူမသည် မိမိစိတ်နှလုံးကို ဖွင့်ဟခဲ့ပါသည်။ သို့သော် ဘုရားသခင်မှ သူမ၏ စိတ်နှလုံးကို ဖွင့်ပေးခဲ့သည်။ ရှင်လုကာသည် လုဒိ၏ ကယ်တင်ခြင်းရရှိခြင်းတွင် ဘုရားသခင်၏ အုပ်စိုးပိုင်သောအာဏာတော်ကို ထင်ရှားပေါ်လွင်စေသည်။ “ပေါလု ဟောပြောနေသောအရာတို့ကို အာရုံစိုက်စေရန် သခင် ဘုရားသည် သူ၏စိတ်နှလုံးကို ဖွင့်ပေးတော်မူ၏” (တ ၁၆း၁၄)။
လူအမြောက်အများသည် ဤသမ္မာတရားကို လက်မခံနိုင်ကြပေ။ ခက် ခဲသော အကြောင်းအရာဖြစ်သည်။ သို့သော် ထိုသမ္မာတရားကြောင့် ကျွန်တော် ဝမ်းသာမိသည်။ ဘုရားသခင်၏ အုပ်စိုးပိုင်သော အခွင့်အာဏာတော်ဖြင့် အပြစ်သားများ၏ စိတ်နှလုံးသားများကို ဖွင့်ဟပေးခြင်းမရှိလျှင် တစ်ယောက်မျှ ကယ်တင်ခြင်းသို့ မရောက်ရ။ ပေါလုသည် ထိုအကြောင်းကို ဧဖက် ၂ တွင် ရေးထားရာ အပြစ်သားများသည် ဝိညာဉ်ရေးရာ၌ သေသောသူမည်၏။ ကယ် တင်ခြင်း အလုံးစုံသည် ဘုရားသခင်ထံမှ ရရှိသောလက်ဆောင်ပင်ဖြစ်သည် (ဧ ၂း၈-၉)။
ယုံကြည်ခြင်းသည်လည်း ဘုရားသခင်မှရရှိသော ဆုကျေးဇူးဖြစ်သည် ကို သင်နားလည်ရဲ့လား။ ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်နှလုံးကို နိုးဆော်ပြီး ပြင်းပြသော ဆန္ဒဖြင့် ယုံကြည်ခြင်းရှိရန် ကြိုးစားအားထုတ်ရခြင်းမျိုးမဟုတ်ပေ။ ယုံကြည်ခြင်းမဟုတ်ပေ။ ဘုရားသခင်သာလျှင် ကျွန်ုပ်တို့၏စိတ်နှလုံးသားကို ယုံကြည်စေရန် ဖွင့်ပေးသောသူဖြစ်သည်။ နောင်တရခြင်းသည် ဘုရားသခင် ပေးသနားသည့်အရာဖြစ်သည် (တ ၁၁း၁၈၊ ၂ တိ ၂း၂၅)။
ခရစ်ယာန်တိုင်းတွင် ဤသမ္မာတရားကို နားလည်နိုင်သောဉာဏ်ရှိ သည်ဟု ကျွန်တော်ထင်မှတ်သည်။ ထိုကြောင့် ကျွန်ုပ်တို့သည် ပျောက်ဆုံးသော မိတ်ဆွေများအတွက်လည်း ဆုတောင်းပေးရကြမည်။ (ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏ အလိုဆန္ဒနှင့် ရွေးချယ်မှုအပေါ် မူတည်လျှင်၊ ဘာကြောင့် ဘုရား သခင်ထံဆုတောင်းနေရမှာလဲ။) မယုံကြည်ကြသေးသော သူများထက် ကိုယ် က ပို၍ သင်ယူလေ့လာထားသည်၊ ပို၍ ပညာရှိသည်ဟု အဘယ်သူမျှ ဝါကြွား စရာအကြောင်းမရှိသည်ကို ကျွန်ုပ်တို့ သိထားကြသည်။ ကျွန်ုပ်တို့၏ ကယ်တင် ခြင်းသည် ဘုရားသခင် ကျေးဇူးတော်သက်သက်ကြောင့်သာရရှိပြီး ကျွန်ုပ်တို့၏ လုပ်ဆောင်ချက် မပါကြောင်းကို ကျွန်ုပ်တို့ စိတ်နှလုံးတွင် သိထားကြသည်။
လုဒိကဲ့သို့ ယုံကြည်သူအားလုံးသည်လည်း ယုံကြည်စေရန် ဘုရားသခင်သာ လျှင် မိမိစိတ်နှလုံးကို ဖွင့်ဟပေးသူဖြစ်သည်ဟု ဝန်ခံရမည်။
ဘာသာစကားသည် အလွန်အရေးကြီးပါသည်။ အများလက်ခံထား သည်မှာ ဘုရားသခင် အုပ်စိုးပိုင်သောအခွင့်အာဏာတော်သည် ခရစ်တော်ကို ယုံကြည်လာစေရန် လူသားများ၏ အလိုဆန္ဒကို တွန်းအားပေးသည်ဟု ဆို သည်။ တစ်ခါတစ်ရံ ဓမ္မအတွေးအခေါ်ပညာရှင်များသည် “ငြင်းပယ်၍မရနိုင်သော ကျေးဇူးတော်”ဟူသော စကားအသုံးအနှုန်းဖြင့် အပြစ်သားကို ဘုရား သခင်နိုင်ငံတော်သို့ ဆောင်သွင်းခြင်းအကြောင်းကို ဖော်ပြသည်။ ဘုရားသခင် သည် လူသားများကို သူ့ထံသို့ ဆွဲခေါ်သည်ဆိုခြင်းမှာ အတင်းအဓမ္မ ခေါ်ယူသွတ်သွင်းခြင်းဖြစ်သည်ဟု မစဉ်းစားမိလိုက်ပါနှင့်။ ကျေးဇူးတော်သည် အပြစ် သားများအား သူတို့အလိုဆန္ဒကို ဆန့်ကျင်၍ ခရစ်တော်ထံလာရန် တွန်းအား မပေးချေ။ သူတို့၏ အလိုဆန္ဒအလျောက် စိတ်နှလုံးသားများကို ဖွင့်ပေးပြီး ဆွဲခေါ်သည်။ ၄င်းသည် သူတို့၏ အပြစ်ကို အရှိအဖြစ်တိုင်း သိမြင်စေပြီး၊ ယခင်က သူတို့ နှစ်သက်ခဲ့သည့်အရာများကို စွန့်လွတ်ရွံ့ရှာနိုင်ရန် ခွန်းအား လည်းပေးသည်။ ၄င်းသည် သူတို့အား ခရစ်တော်ကို သူ၏အဖြစ်အတိုင်း သိမြင်နိုင်ရန် ပြင်ဆင်ပေးသည်။ ဤကဲ့သို့ စိတ်နှလုံးသား ဖွင့်ဟသော သူသည်ဘုရားသခင်၏အလုပ် လုပ်ခြင်းကို ငြင်းဆန်လို့မရပေ။ ထိုအရာသည် “ငြင်းပယ် ၍မရနိုင်သော ကျေးဇူးတော်”၏ အဓိပ္ပာယ်ဖြစ်သည်။ ထိုသို့ ဘုရားသခင်သည် အပြစ်သားများကို သူ့ထံသို့ ဆွဲခေါ်ခြင်းဖြစ်သည်။ လုဒီ ပြောင်းလဲခြင်း အကြောင်းကို ရှင်လုကာ၏ဖော်ပြချက်သည် လှပသည်။ ဘုရားသခင်သည် သူမ၏ စိတ်နှလုံးကို ဖွင့်ပေးရုံမျှသာဖြစ်ပြီး၊ သူမသည်လည်း ထိုသို့ပြုသည်။
ရှင်လုကာ၏ ရေးသားဖော်ပြချက်တွင် ဘုရားသခင်၏ အုပ်စိုးပိုင်သော လက်တော်ကို တွေ့ရသည်။ ဘုရားသခင်သည် ပေါလှအား မကေဒေါနိပြည် သို့ သွားစေရန် အခြေအနေများကို ဖန်တီးပေးခဲ့သည်။ ထိုနည်းတူ လုဒိအခြေ အနေသည်လည်း ဘုရားသခင်အလုပ်လုပ်၍ ဥပုသ်နေ့၌ မြစ်နားတွင် ဖွင့်ဟ သောစိတ်နှလုံးဖြင့် လာရောက်တရားနားထောင်ရခြင်းမည်၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူမအား ဖွင့်ဟသောစိတ်နှလုံး၊ ကြားနိုင်သော ဝိညာဉ်နား နှင့် ငြင်းပယ်မရနိုင်သော ခရစ်တော်၏ သွေးဆောင်ခြင်းကို မြင်နိုင်သော ဝိညာဉ်မျက်စိကို ပေးခဲ့သူဖြစ်သည်။
သူမ၏အပိုင်းသည် ချက်ချင်း တုံ့ပြန်ခြင်းဖြစ်သည်။ ဘုရားသခင်၏ အုပ်စိုးပိုင်သောအခွင့်အာဏာတော်သည် အပြစ်သားများကို ပစ်ပယ်မထားပေ။ လုဒိသည် ကြားခဲ့ပြီး အာရုံစိုက်ခဲ့သည်။ သူမသည် ဆန္ဒရှိရှိ ဧဝံဂေလိ အမှန်တ ရားကို ခံယူပြီး ထိုမနက်တွင်ပင် ယုံကြည်သူဖြစ်လာခဲ့သည်။ ယခင် ကြာရှည် လွန်လေခဲ့ပြီးသောအချိန်က ဧ၀အား ပေးခဲ့သော ဘုရားသခင်၏ ကတိတော် ပြည့်စုံခြင်းတွင် သူမသည်လည်း ပါဝင်လာခဲ့ရသည်။ မိန်းမ၏အမျိုးအနွယ် သည် သူမအတွက် မြွေ၏ဦးခေါင်းကို ကြိတ်ပေးခဲ့သည်။
လုဒိ၏ဘဝ ဧဝံဂေလိတရားအားဖြင့် ပြောင်းလဲခဲ့ပုံ
လုဒိ၏ယုံကြည်ခြင်းသည် သူမ၏ လုပ်ဆောင်ချက်များတွင် ချက်ချင်း ပင် ထင်ရှားလာခဲ့သည်။ မထင်မှတ်စရာပင် “ထိုမိန်းမသည် အိမ်သူအိမ်သားတို့ နှင့်တကွ ဗတ္တိဇံကိုခံပြီးမှ” ဟူ၍ တ ၁၆း၁၅ တွင် လုကာရေးသားထားသည်။ တွေ့ဆုံဝတ်ပြုခြင်းသည် မြစ်နားတွင်ဖြစ်ပျက်ခဲ့သည်ကို သတိရပါ။ လုဒိ၏ အဖြစ်အပျက်သည် အီသီယိုးပီးယား မှူးမတ်ကဲ့သို့ ခရစ်တော်ကို နာခံရမည့် ခြေလှမ်းစတင်ရန် အားပေးမူအနည်းငယ်သာလိုအပ်ခဲ့သည်။ ထိုနေရာ၌ပင် လုဒိသည် ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့သည်။
သမ္မာကျမ်းစာက သူမ၏ “မိသားစုဝင်များ” ကိုလည်း ထည့်သွင်းဖော် ပြထားသည်ကို သတိပြုအပ်သည်။ ထိုအရာသည် သူမ၏ မိသားစုအရင်းကို ရည်ညွှန်းခြင်းဖြစ်နိုင်သည်။ သို့သော် သူမသည် အိမ်ထောင်ပြုကြောင်း ကျမ်း ချက်တွင် မတွေ့ရပေ။ ထိုခေတ်အခါတွင် သူတို့၏ ယဉ်ကျေးမှုထုံးစံအရ အိမ်ထောင်ရှိသော အမျိုးသမီးသည် အိမ်မှုတာဝန်များကို စွန့်လွတ်ပြီး စီးပွားရေး လုပ်ငန်းအတွက် ပြည်နယ်သို့ ခရီးထွက်ခြင်းသည် ဖြစ်လေ့ဖြစ်ထမရှိပေ။
ထို့အပြင် သူမသည် သူမ၏မိသားစုတွင် ခေါင်းဆောင်ဖြစ်နေသည်။ နောက်ပိုင်း တွင် “ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်”ဟုဖော်ပြပြီး အငယ် ၄၀ “လုဒိအိမ်” ဟုဖော်ပြထားသည်။ ထိုအချက်က လုဒိသည် အိမ်အဆောက်အဦးကို ပိုင်သော သူဖြစ်ကြောင်းကို ပြသသည်။
လုဒိသည် မုဆိုးမတစ်ဦးဖြစ်နိုင်ဖွယ်ရှိသည်။ သူမ၏ အိမ်တွင် အစေခံ ကျွန်များလည်းရှိနိုင်သည်။ သူမ၏ ကလေးများကိုလည်းပြုစုပျိုးထောင်ခဲ့ပြီး၊ သူမနှင့်အတူ ခရီးသွားခဲ့ကြလိမ့်မည်။ သူမ၏အိမ်တွင် မည်သူဘဲရှိပါစေ၊ သူမ ၏ မိသားစုဝင်အားလုံးတို့သည် ခရစ်တော်ကို ယုံကြည်လက်ခံပြီး လုဒိနှင့်အတူ ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့ကြသည်။ ယခုတွင် သူမသည် အခြားသူများကို ခရစ်တော်ထံ ခေါ်ဆောင်လာခဲ့ပြီဖြစ်ပြီး၊ ဘုရားသခင်သည်လည်း ကျေးဇူးပြုကာ သူတို့၏စိတ်နှလုံးများကို ဖွင့်ပေးခဲ့သည်။
လုဒိသည် သာသနာပြုဆရာများကိုလည်း လျှင်မြန်စွာ ဧည့်ဝတ်ပြုခဲ့ သည်။ ရှင်လုကာ၏ ရေးသားချက်အရ ထိုမိန်းမက သူတို့ကို အိမ်သို့လာစေရန်တောင်းဆိုခဲ့သည်။ “ကျွန်မသည် သခင်ဘုရား၌ အမှန်ယုံကြည်သည်ကို သင်တို့ သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ဝင်၍ နေကြပါဟု တောင်းပန်လျက် ငါတို့ကို အနိုင်သွေးဆောင်လေ၏” (တ ၁၆း၁၅)။ လုကာက “ငါတို့ကို အနိုင်သွေး ဆောင်လေ၏”ဟု အထူးပြုဖော်ပြထားသည်။
လုဒိအိမ်သို့ ဘုရားသခင်၏နာမတော်၌ လာရောက်သော သူစိမ်းဧည့် သည်တော်များအပေါ် ဧည့်ဝတ်ကျေပွန်ခြင်းသည် ချီးကျူးစရာကောင်းလှပါ သည်။ ထိုမျှမက သူမ၏ ဧည့်ခံလိုသော စိတ်ထက်သန်ခြင်းသည် သူမ၏စိတ် အမှန်ကို ဖော်ပြသည်။ ထိုသာသနာပြုအဖွဲ့တွင် ပေါလု၊ သိလ၊ တိမောသေနှင့် လုကာတို့ ပါဝင်ကြောင်း ကျွန်ုပ်တို့သေချာသိနိုင်သည်။ တခြားအမည်မဖော်သောသူများလည်း ပါဝင်နိုင်သည်။ လူများသောအဖွဲ့ဖြစ်နိုင်သည်။ ယနေ့ အတွက်ပင်လျှင် သူစိမ်းများစွာကို ကျွေးမွေးဧည့်ခံခြင်းသည် လွယ်ကူမည် မဟုတ်၊ အပန်းကြီးလှပါမည်။ သူတို့သည် ထိုနေရာမှ ဆက်သွားရန် နေရာ အစီအစဉ်မရှိသေးသောကြောင့် (နောက်ဆုံးတွင် သူတို့သည် ထိုနေရာ၌အသင်းတော် တည်ထောင်ခဲ့သည်)၊ သူမက သူတို့ကို ရက်အကန့်အသတ်မရှိ နေထိုင်ရန် အခွင့်ပေးခဲ့သည်။
ထိုမျှမက၊ လုဒိမှ သာသနာပြုဆရာများအတွက် အစားအသောက်နှင့်အခန်းများ ဖြင့်ပြင်ဆင်ခြင်းအတွက် ကုန်ကျမှုထက်၊ သူမအတွက် သူတို့ပေးဆပ် ခဲ့သော တန်ဖိုးသည်သာ၍ ကြီးလှပါသည်။ ဖိလိပ္ပံမြို့၌ ပေါလုနှင့်သိလတို့သည် ဆိုးရွားစွာရိုက်နှက်ခံခဲ့ရပြီး ထောင်ချခြင်းခံခဲ့ရသည်ကို သတိရပါ။ နောက်ဆုံး တွင် သူတို့သည် ကြီးမားသောမြေငလျင်လှုပ်ခြင်းဖြစ်ပေါ်လျက် ထူးဆန်းသော နိမိတ်လက္ခဏာဖြင့် လွတ်မြောက်ခဲ့ရာ၊ ထောင်မှူးနှင့်သူ၏အိမ်သားများသည် ခရစ်တော်ကို ယုံကြည်လာခဲ့ကြသည်။ ဧဝံဂေလိတရား ဟောပြောခြင်းသည်ထောင်ဒဏ်ပေးခံရလောက်သည်အထိဖြစ်လျှင် လုဒိတွင်လည်း ဒုက္ခကျရောက် လာနိုင်သည်။ စီးပွားရေးဆုံးရှုံးနိုင်သည်။ ပတ်ဝန်းကျင်တွင်အမုန်းခံရနိုင်သည်။ သူစိမ်းများကို သူမအိမ်၌တည်းခိုစေခြင်းဖြင့်လည်း ဧဝံဂေလိတရား ဟောပြော ခြင်းအမှုကို ပံ့ပိုးရာရောက်သောကြောင့် ထောင်ချခံရနိုင်သည်။
သို့သော် သူမသည် မကြောက်မရွံ့ ဧည့်ခံကျွေးမွေးခြင်းဖြင့် ဥရောပ တိုက်တွင် အသင်းတော်ထိုးဖောက်လာနိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။ ပေါလုနှင့် တစ်ခြားသော သာသနာပြုဆရာများသည် အချိန်အတန်ကြာ လုဒိအိမ်၌ တည်း နေခဲ့ကြသည်။ အငယ် ၁၈ တွင် ရှင်ပေါလုက “စိတ်မသာလျှက် လှည့်ကြည့်၍ သင်သည် သူ၏အထဲမှ ထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ ငါ၏အမိန့်ရှိ၏ဟု ထိုနတ်ကိုဆိုသောအခါ ခဏချင်းတွင် နတ်သည် ထွက်သွား” ရသည်ထိတိုင်အောင် နတ်ဆိုးစွဲသော အမျိုးသမီးသည် သူတို့ကို လိုက်နှောင့် ယှက်ခဲ့သည်။
ထိုနတ်ဝင်သော မိန်းမသည် ကျွန်တစ်ဦးဖြစ်ပြီး အနာဂတ်ကို ဟော နိုင်သောကြောင့် သူမ၏သခင်တို့သည် အကျိုးအမြတ်ရခဲ့သည် (ငယ် ၁၆)။ နတ်ဆိုးထွက်သွားပြီးနောက် သူမသည် ထိုသို့သော ဗေဒင်ဟောခြင်းကို မပြုနိုင် ခဲ့တော့ချေ။ ထို့ကြောင့် သူမ၏ သခင်တို့သည် လူထုရှေ့တွင် ပေါလုနှင့် သိလ တို့ကို တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် သူတို့ကိုထောင်ချခဲ့သည်။
ပေါလုနှင့်သိလ ထောင်မှလွတ်မြောက်ပြီး ထောင်မှူး ပြောင်းလဲလာပြီးနောက် ရှင်လုကာက “ထိုအခါ ပေါလုနှင့်သိလတို့သည် ထောင်မှထွက်၍ လုဒိအိမ်သို့ ဝင်သဖြင့် ညီအစ်ကိုများကိုတွေ့မြင်၍ သက်သာစေပြီးမှ ထွက်သွားကြ၏” ဟု ရေးသားထားသည် (တ ၁၆း၄၀)။
ထိုအဖြစ်အပျက်များက သူတို့သည် ဖိလိပ္ပံမြို့တွင် အသင်းတော် တစ်ပါး စတင်ပေါ်ပေါက်လာနိုင်သည်အထိ ကာလရှည်ကြာနေထိုင်ခဲ့သည်ကို ပြသသည်။ နောက်ဆုံးတွင်၊ လူအမြောက်အများသည် ဧဝံဂေလိတရားကို လက်ခံလာခဲ့ကြသည်။ လုဒိအိမ်တွင် ပထမဦးစွာ ဝတ်ပြုစည်းဝေးခဲ့ကြသည်။ လုဒိသည် သူမ၏အိမ်တံခါးကို ပေါလုနှင့်အဖွဲ့သားများအား ဖွင့်ပေးခဲ့ခြင်းဖြင့် သူမသည် မိမိ နေအိမ်ကို ယုံကြည်သူများစုဝေး၍ ဝတ်ပြုသော နေရာဖြစ်စေ သောကြောင့် ဥရောပတွင် ဦးစွာသော အသင်းတော်အစပြုရသည့် အိမ်ဖြစ် လာခဲ့သည်။ သူမသည် သူသိပ်မသိခဲ့သော သာသနာပြုဆရာများကို နွေးထွေး စွာဧည့်ခံကျွေးမွေးခြင်းဖြင့် ကောင်းသောဂုဏ်သရေကိုရရှိခဲ့သည်။ သမ္မာ ကျမ်းတွင် ဧည့်ဝတ်ပြုခြင်း အမှုကိုပြုစေရန် ခရစ်ယာန်များအားလုံးအတွက် သူမသည် စံနမူနာ ဖြစ်လာခဲ့သည်။
လုဒိ၏ ဧည့်ဝတ်ပြုခြင်းသည် သူမ၏ယုံကြည်ခြင်းနှင့်အမျှ အသိအ မှတ် ပြုဖွယ်ကောင်းလှပါသည်။ ပေါလုနှင့်သာသနာပြု အသင်းအဖွဲ့များအပေါ် သူမ၏ ရက်ရောခြင်းကြောင့် ဧဝံဂေလိတရားသည် ဖိလိပ္ပံမြို့၌ ခိုင်ခံ့စွာ အခြေ ပြုခဲ့ရသည်။ နှစ်အနည်းငယ်ကြာသော် ပေါလုသည် ထိုအသင်းတော်၏ အ မည်ကိုခေါင်းစဉ်တပ်၍ ဩဝါဒစာတစ်စောင်ရေးသားခဲ့သည်။ ထိုစာစောင်တွင် သူ၏လေသံကိုနားထောင်ခြင်းဖြင့် ဖိလိပ္ပံမြို့တွင် ဧဝံဂေလိတရား တိုက်ခိုက်မှု ပြင်းထန်နေဆဲဖြစ်သည်ကို သိနိုင်သည်။ သို့သော် ဧဝံဂေလိတရားသည် ပို၍ တန်ခိုးကြီးပါသည်။ ခရစ်တော်အကြောင်း သက်သေခံချက်တို့သည် ဖိလိပ္ပံမြို့မှ ဥရောပတစ်ခွင်လုံး ပျံ့နှံ့သွားခဲ့သည်။ ယနေ့တွင်လည်း ကမ္ဘာမြေစွန်းတိုင်အောင် ဧဝံဂေလိတရား ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သည်။
ကောင်းကင်ဘုံ၌ လုဒိ၏ ဆုလဒ်သည် အလွန်ကြီးမားမည်မှာ သေချာ လှပါသည်။ သူမသည် စစ်မှန်သော သာမန်ထက်ထူးကဲသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဤစာအုပ်ရှိ တစ်ခြားသောအမျိုးသမီးများကဲ့သို့ပင် သူမအသက်တာ ကို ထူးခြားစေသော အရာမှာ ဘုရားသခင်သည် သူမစိတ်နှလုံးကို ဖွင့်ဟပေးသောအလုပ်ပင်ဖြစ်သည်။ သမ္မာကျမ်းသည် ထိုအရာတွင် ရှင်းလင်းပြတ်သား လှပါသည်။ အထူးသဖြင့် လုဒိအကြောင်းကို လေ့လာခြင်းတွင် တွေ့ရသည်။ သို့သော် ဤစာအုပ်၌ ကျွန်ုပ်တို့လေ့လာပြီးသော အမျိုးသမီးများတွင်လည်း ထိုကဲ့သို့ပင်ဖြစ်သည်။
နိဂုံး
ကျွန်ုပ်တို့လေ့လာခဲ့သည့် သာလွန်ထူးကဲသောအမျိုးသမီး တစ်ဆယ် နှစ်ယောက်တို့သည် သမ္မာကျမ်းက ချီးကျူးသော အမျိုးသမီးများကို ကိုယ်စား ပြုသည်။ ဤတစ်ဆယ့်နှစ်ယောက်သော အမျိုးသမီးများသည် သမ္မာကျမ်းတွင် ဘုရားဝတ်၌ မွေ့လျော်သော တစ်ခြားအမျိုးသမီးများနှင့်တူညီသော ဂုဏ် လက္ခဏာများ ရှိကြသည်။
ပထမဆုံးနှင့် အရေးကြီးဆုံးမှာ သူတို့၏ ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်း သည် ခရစ်တော်ကို လုံးလုံးလျားလျား ဗဟိုပြုကြသည်။ ဤအချက်သည် သမ္မာကျမ်းစာလာ အမျိုးသမီးများအကြောင်းကို လေ့လာရာမှ ထွက်ပေါ်လာ သည့် တစ်ခုတည်းသော၊ အဓိကကျသော၊ ဩဇာကြီးသော သမ္မာတရားဖြစ် သည်။ ဤစာအုပ်ကို ဖတ်ရူလေ့လာရင်း ၄င်းကို ရှင်းလင်းစွာ မြင်ရလိမ့်မည်ဟု ယုံကြည်ပါသည်။ ဤတစ်ဆယ့်နှစ်ယောက်သော အမျိုးသမီးများသည် ကျွန်ုပ် တို့အား သင်ခန်းစာ ပေးခဲ့သည်မှာ ကျွန်ုပ်တို့၏ အသက်တာ၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် အနာဂတ်အတွက် ကျွန်ုပ်တို့၏ မျှော်လင့်ချက်များကို ခရစ်တော်တစ်ပါးတည်းအပေါ် ဗဟိုပြုရမည်ဖြစ်သည်။ အကယ်စင်စစ်၊ ချုံငုံကြည့် လျှင် ထိုအချက်သည် ဧဝံဂေလိသတင်းကောင်းကို တုံ့ပြန်ရမည့်နည်းလမ်းဖြစ် သည်။ ၄င်းသည် သမ္မာကျမ်းစာလာ အမျိုးသမီးများ ဟောကြားချက်သား မဟုတ်၊ သမ္မာကျမ်းစာတစ်အုပ်လုံး၏ အဓိကကျသော သတင်းစကားဖြစ်သည်။
ထို့အပြင် တစ်ဆယ့်နှစ်ယောက်သောအမျိုးသမီးများ၏ အသက်တာမှ အဓိကကျသော သင်ခန်းစာမှာ ဝိညာဉ်ရေးရာ အကျင့်စရိုက်နှင့် သီလနှင့် ပြည့် စုံသောအမျိုးသမီးများ၏ အသက်တာအကြောင်းဖြစ်သည်။ ကျွန်ုပ်တို့ လေ့လာခဲ့သော အမျိုးသမီးများသည် သူတို့၏ ကိုယ်ကာယ အဆင်းလှပမှုကြောင့်၊ သူတို့၏ စွမ်းဆောင်ရည်ကြောင့်၊ သူတို့၏ အောင်မြင်မူကြောင့် (သို့) သူတို့၏ ရာထူးကြောင့် မှတ်သားဖွယ်ကောင်းသောသူများ ဖြစ်လာခြင်း မဟုတ် ပေ။ သူတို့သည် ယနေ့ခေတ် နာမည်ကျော် အလှမယ်၊ သရုပ်ဆောင်၊ အဆိုတော်များကဲ့သို့ မဟုတ်ကြပေ။ သူတို့အများစုသည် နာမည်ကျော်ဂုဏ်ထင်ရှားမူ (သို့) သြဇာလွှမ်းမိုးမှုမျိုးကို လိုလားလိုက်စားသူများမဟုတ်ကြချေ။ (ကျွန်ုပ် တို့လေ့လာသည့် သာလွန်ထူးကဲသော အမျိုးသမီး တစ်ဆယ့်နှစ်ယောက်တို့မှ တစ်ဦးမျှ ထင်ရှားကျော်ကြားသော ယောက်ျားနှင့်အိမ်ထောင်ပြုသောကြောင့် ထင်ရှားလာသူတစ်ယောက်မျှမရှိခဲ့ကြောင်းကို သင်သတိပြုမိပါသလား။) ဤအမျိုးသမီးအများစုသည် လောကအမြင်တွင် ထင်ရှားကျော်ကြားသူများ မ ဟုတ်ကြချေ။ ကျွန်ုပ်တို့လေ့လာခဲ့သော အမျိုးသမီး တစ်ဆယ့်နှစ်ဦးတို့တွင် မြင့်မြတ်သောအသက်မွေးကျောင်းလုပ်ငန်းရှိသောကြောင့်၊ လောက အောင် မြင်မှုကြောင့် (သို့) ပတ်ဝန်းကျင်ရှိ လူများ၏ မျက်စိတွင် ထူးခြားမှုရှိသောကြောင့် သာမာန်ထက်ထူးခြားသောသူများ မဟုတ်ကြချေ။ သူတို့အားလုံးသည် အခြေ ခံအားဖြင့် သာမာန်အမျိုးသမီးများဖြစ်ကြပြီး၊ “ဘုရားသခင်အား ရိုသေလေး မြတ်ခြင်းကိုဝန်ခံပြုစုသောမိန်းမ ဆင်သင့်သည့်အတိုင်း ကောင်းသောအကျင့် နှင့် ကိုယ်ကိုတန်ဆာဆင်” ကြသောသူများဖြစ်သည် (၁ တိ ၂း၁၀)။ ပြတ်သားရိုး ရှင်းစွာဆိုရလျှင်၊ သမ္မာကျမ်းတွင် ယုံကြည်ခြင်းရှိသော အမျိုးသမီးများဟုဖော်ပြထားခြင်းမရှိလျှင် သူတို့အားလုံးသည် အရေးပါသောပုဂ္ဂိုလ်များအဖြစ် လုံးဝထင်ရှားမည်မဟုတ်ချေ။
ထို့ကြောင့် ကျွန်ုပ်တို့သည် ယုံကြည်ခြင်း အကြောင်းကို တဖန်ပြန်လေ့ လာကြရမည်။ ဤအမျိုးသမီးများကို သာလွန်ထူးကဲစေသော ဇစ်မြစ်မှာ ယုံ ကြည်ခြင်း ဖြစ်သည်ကို စိတ်တွင် မှတ်သားထားရပါမည်။ သို့သော် သူမတို့၏စံပြအသက်တာသည် ယုံကြည်ခြင်းတစ်ခုတွင်သာ ရပ်တန့်မသွားချေ။ သူတို့ ယုံကြည်ခြင်း၏ အသီးအပွင့်မှာ သီလနှင့်ပြည့်စုံခြင်းမည်၏။ သူတို့ပုဂ္ဂိုလ် တစ်ဦးတိုင်း၏ ဇာတ်လမ်းသည် အတုယူထိုက်သော ကိုယ်ကျင့်တရား အဆင့် တန်းနှင့် ဝိညာဉ်ရေးရာကျင့်စဉ်များကို သာဓကပြသည်။ ဧဝနှင့်ပတ်သက်၍ သူမ၏အပြစ်ကြောင့် တစ်လောကလုံးပျက်ဆီးရပြီးနောက် သူမသည် ယုံကြည် ခြင်းနှင့် မျှော်လင့်ခြင်းဖြင့် ရောင့်ရဲသည်းခံခဲ့သည်။ စာရာအနေဖြင့် မဖြစ်နိုင် သည့်အရာကို တည်ကြည်သော မျှော်လင့်ခြင်းဖြင့် သည်းခံရယူခဲ့သည်။ ရာခပ် ၏အသက်တာမှ သင်ခန်းစာမှာ သူမ၏ထူးခြားသော ပြောင်းလဲခြင်း ဥပမာဖြစ် ပြီး၊ အပြစ်ကြောင့် ပျက်ဆီးသွားသောအသက်တာကို ဘုရားသခင်၏ ကျေးဇူး တော်အားဖြင့် ပြန်လည်ပြုပြင်ကာ တည်ဆောက်ပေးသည်ကို သတိပြုမိစေ သည်။ ရုသသည် ဆက်ကပ်ခြင်းအသက်တာ၊ ချစ်ခြင်းမေတ္တာ၊ ဟန္နသည် မိခင်တစ်ဦး၏ ဆက်ကပ်ခြင်းနှင့် မိသားစုတွင် ဘုရားသခင်ကိုသာ အရာအား လုံးအထက်တွင် ချီးမြှောက်ခြင်းကို ပုံသာဓကပြသည်။ သခင်ယေရှုရစ်တော်၏ မိခင်မာရိသည် နှိမ့်ချစွာ ဝန်ခံလိုက်လျှောက်သောအသက်တာကို စံပြသူဖြစ် သည်။ အန္ဒသည် သစ္စာရှိစွာ ဘုရားသခင်၏ ကျေးဇူးတော်နှင့်ဘုန်းတော်ကို သက်သေခံခြင်းကို ပုံသာဓကပြသူဖြစ်သည်။ ရှမာရိအမျိုးသမီးသည် ဧဝံဂေလိသတင်းကောင်းကို စိတ်အားထက်သန်စွာ တုံ့ပြန်ခြင်းကို မီးမောင်း ထိုပြသည်။ မာသနှင့်မာတို့သည် ခရစ်တော်အပေါ် လေးလေးနက်နက် ဆက် ကပ်ခြင်းကြောင့် ထွက်ပေါ်လာသော သီလနှင့်ပြည့်စုံသော ကိုးကွယ်ခြင်းနှင့် အစေခံခြင်းကို ပုံဖော်ပြသသည်။ မာဂဒလမာရိသည် ခရစ်တော်၏ ကယ် တင်ခြင်းနှင့် အပြစ်လွှတ်ခြင်းမှ ထွက်ပေါ်လာသည့် ကြီးမားသော ချစ်ခြင်း မေတ္တာကိုဖော်ပြသည့် အသက်ရှင်သော စံနမူနာဖြစ်သည် (လု ၇၄၇)။ လုဒိအကြောင်း မှတ်သားဖွယ်အကောင်းဆုံးမှာ သူမသည် မိမိနှလုံးသားကို ကျယ်ဝန်းစွာ ခရစ်တော်အတွက် ဖွင့်ဟခဲ့သည့်အကြောင်းဖြစ်သည်။
တစ်ဆယ့်နှစ်ယောက်သော အမျိုးသမီးများတွင် မည်သူမျှ လုံးဝပြီး ပြည့်စုံခြင်းမရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သူမတို့၏ အပြစ်အနာအဆာနှင့်ကျရှုံးမှုများသည် ထင်ရှားပြီး ကျွန်ုပ်တို့ သင်ခန်းစာယူ၍ ခွန်အားဖြစ်စေဖို့ရန် ကျမ်းစာတွင် ရေးမှတ်ထားသည် (၁ ကော ၁၀း၈-၁၁)။ သမ္မာကျမ်းစာတွင် သန့်ရှင်းသူများ၏ အပြစ်များကိုလည်း အရှိအဖြစ်အတိုင်း ပွင့်လင်းစွာဖော်ပြ ထားပြီး သူတို့၏ အမှားများကို ဆင်ခြေပေးခြင်း (သို့) ချီးကျူးခြင်းမပြုပေ။ ၄င်းတို့သည် ကျွန်ုပ်တို့၏အပြစ်များကို ဆုံးမပဲ့ပြင်ပေးပြီး နှစ်သိမ့်ခြင်းကိုလည်း ပေးသည်။ အကြောင်းမှာ၊ ဘုရားသခင်သည် မပြည့်စုံသော မြေအိုးများကိုပင် အသုံးပြုသည်ကို သတိရစေသောကြောင့်ဖြစ်သည်။ “သို့သော်လည်း တန်ခိုး တော်၏ဂုဏ်သရေသည် ငါတို့နှင့်မဆိုင် ဘုရားသခင်နှင့်ဆိုင်မည်အကြောင်း ထိုသဏ္ဌာန်သည် မြေအိုးထဲမှာ ထည့်ထားလျက် ငါတို့၌ရှိ၏” (၂ ကော ၄း၇)။ စင်စစ်၊ ခရစ်တော်သည် ဖြောင့်မတ်သောသူများမဟုတ်၊ အပြစ်သားများဖြစ်ကြ သော ပျောက်ဆုံးသူများကိုရှာ၍ ကယ်တင်ရန် ကြွလာခဲ့သည် (လု ၁၉း၁၀၊မာ ၂း၁၇)။ ဤအမျိုးသမီးများ အားလုံးသည် ထိုကတိတော်နှင့်ဆိုင်သော သမ္မာတရားကို ဆွဲကိုင်အသက်ရှင်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ ကျရှုံးမှုများကို ဆင်ခြင်သည့်အခါတွင် ထိုကတိတော်သည် အတွက်လည်း ခွန်းအားဖြစ်စေ မည်မှာ ကျိန်းသေပါသည်။
အချုပ်အားဖြင့်ဆိုသော် ဤအမျိုးသမီးများသည် သာလွန်ထူးကဲသော အမျိုးသမီးများဖြစ်ရခြင်းမှာ သူတို့ ချစ်၍အစေခံခဲ့သော ဘုန်းကြီးသော ကယ် တင်ရှင်၏ လုပ်ဆောင်ချက်အပေါ် အကြွေးတင်သည်ဟူသော စိတ်ထားရှိခြင်း အတွက်သာဖြစ်သည်။ ဘုရားသခင်သည် အမှန်တကယ်ပင် သာလွန်ထူးကဲသောသူဖြစ်ပြီး၊ ဤအမျိုးသမီးများကို သူတို့၏ ကယ်တင်ရှင်၏ ပုံသဏ္ဌာန်တော် နှင့်အညီ ပြုပြင်ခဲ့ခြင်းဖြစ်သည် (ရော ၈း၂၉)။
တွေ့ရသည့်အတိုင်း သူတို့သည် သာလွန်ထူးကဲသော အမျိုးသမီးများ၊ ဖြစ်ကြသည်။ သူတို့၏ အသက်တာ၌ ဘုရားသခင် ပြုသောအမူသည် ယုံကြည် သူတိုင်း၏ အသက်တာ၌ ဘုရားသခင်ပြုသောအမှုနှင့် ကွာခြားမှုမရှိဘဲ အတူ တူပင်ဖြစ်သည်။ “ငါတို့ရှိသမျှသည် မျက်နှာကိုပွင့်လျက် မှန်ကိုကြည့်သကဲ့သို့သခင်ဘုရား ဘုန်းအသရေတော် ကိုကြည့်မြင်၍ ငါတို့သည် ဘုန်းအသရေ တိုးပွား၍ ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိကြ၏” (၂ ကော ၃း၁၈)။
ထိုပြောင်းလဲခြင်းဖြစ်စဉ်၏ အကျိုးရလဒ်ဖြစ်သော သာလွန်ထူးကဲခြင်း ကို သင့်အသက်တာတွင် နေ့စဉ်ကြုံတွေ့နိုင်ပါစေ။
လေ့လာချက် လမ်းညွှန်
(၁) ဧဝ
၁။ အခြားသောအမျိုးသမီးများနှင့် ဧဝ၏ထူးခြားချက်မှာအဘယ်နည်း။ အဘယ့်ကြောင့် ဘုရားသခင်သည် သူမကို ဖန်ဆင်းခဲ့သနည်း။
၂။ ဧဝကို ဖန်ဆင်းခဲ့ပုံသည် ဧဝသည် အာဒံနှင့် အခြေခံသဘောအရ တန်းတူဖြစ်သည်။ ၄င်းသည် သင့်အတွက် မည်သို့ အဓိပ္ပာယ်ရှိသနည်း။ အမျိုးသမီး များ၏ တာဝန်ဝတ္တရားနှင့် ကဏ္ဍကို သင်မည်သို့နားလည်သနည်း။
၃။ မ ၁၉း၄-၆ ကိုဖတ်ပါ။ သခင်ယေရှုသည် အမျိုးသားနှင့်အမျိုးသမီးကြားဆက်နွယ်ပုံကို မည်ကဲ့သို့ပြောထားသနည်း။ ဤအရာသည် ယနေ့အတွက် မည်သို့ အဓိပ္ပာယ်ရှိသနည်း။
၄။ ဧဝသည် အာဒံနှင့် မည်သို့ တန်းတူမှုရှိသနည်း။ သူတို့သည် မည်သို့ ကွဲပြားသနည်း။ ၄င်းသည် ယနေ့ အိမ်ထောင်ပြုခြင်းအကြောင်းကို မည်သို့ ပြောဆိုသနည်း။
၅။ စာမျက်နှာ ၃၂-၃၆ တွင်၊ ဂျွန်မက်ကာသာသည် “ဇနီးသည်သည် ဝန်ခံလိုက် နာသောသူဖြစ်ရမည်။ သို့သော် ခင်ပွန်းနှင့်တန်းတူ” ဖြစ်သည်ဟူ၍ ပြော သည်။ ဤအရာသည် မည်သို့ အဓိပ္ပာယ်ရှိသနည်း။ သင့်ဘဝတွင် မည်သို့ လက်တွေ့ကျနိုင်မည်နည်း။
၆။ က ၃း၁-၇ ကို ဖတ်ပါ။ သင်၏ စုံစမ်းသွေးဆောင်ခံရခြင်းသည် ဧဝ၏ စုံစမ်းသွေးဆောင်ခံရခြင်းနှင့် မည်သို့ တူညီမူရှိသနည်း။ မည်သည့်ဖြစ်စဉ်ကို အသုံးပြု၍ စာတန်သည် သင့်ကိုသွေးဆောင်သနည်း။
၇။ သင်၏ ကိုယ်ပိုင် ကျမ်းစာလေ့လာခြင်းသည် စုံစမ်းခြင်းကို မည်ကဲ့သို့ ခုခံကာကွယ်စေနိုင်သနည်း။
၈။ မိန်းမနှင့်ပတ်သက်၍ အရေးကြီးဆုံးသော ဆက်ဆံရေးနှစ်ခုမှာဧဝ၏အပြစ်ကြောင့် ကျိန်ခြင်းရလဒ်ဖြစ်သည်။ ထိုဆက်ဆံရေးများမှာ အဘယ်နည်း။ ဤဆက်ဆံရေးများသည် သင့်အတွက် မည်မျှအရေးပါသနည်း။
၉။ သင်သည်ဧဝ၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သော ဘဝနိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့်အသက်တာ၌ မည်သို့ လက်တွေ့အသုံးချမည်နည်း။
(၂) စာရာ
၁။ စာရဲ (သို့မဟုတ် စာရာ) အကြောင်းနှင့်ပတ်သက်၍ ပထမဦးဆုံး သင်စဉ်းစားမိသည့်အရာမှာ အဘယ်နည်း။
၂။ စာရာအကြောင်းကို သူမအသက် (၆၅)နှစ်ရှိသည့်အရွယ်မှ စသိရသည်။ထိုအချိန်၌ သူမသည် လှပသော်လည်း ကလေးမရသေးပေ။ ထိုသို့ အမျိုး သမီးတစ်ဦးသည် ကလေးရရှိရန် အဘယ်ကြောင့်အရေးကြီးသနည်း။
၃။ စာမျက်နှာ ၆၃-၆၄ ကို ပြန်ကြည့်ပါ။ စာရာ၏ အားသာချက်များနှင့် အား နည်းချက်များကို ချရေးပါ။ ယခု သင်၏ အားသာချက်များနှင့် အားနည်း ချက်များကို ချရေးပါ။ သင်သည် စာရာနှင့် မည်သို့တူညီမူရှိသနည်း။ မည်သို့ ခြားနားသနည်း။
၄။ စာရာသည် ကလေးမရသောကြောင့် စိတ်ပျက်ပြီး စိတ်ဆိုးနာကျည်းတတ်သည်ဟု ဖော်ပြထားသည်။ သင်သည် မိမိလိုမျှော်လင့်တောင့်တသော အရာကို မရရှိသည့်အခါ သင်၏ တုံ့ပြန်လုပ်ဆောင်မူကို ပုံဖော်ရန် မည်သည့် စကားလုံးများကို အသုံးပြုနိုင်မည်နည်း။ ထိုအရာသည် ကောင်းပါသလား (သို့) ဆိုးပါသလား။ သင်၏ တုံ့ပြန်ချက်ကို ရှင်းပြပါ။
၅။ စာရာ၏ အပြုအမူသည် သူမ၏ခင်ပွန်း၌ လုံးလုံးလျားလျား ဆက်ကပ်အပ်နှံခြင်းရှိသည်ကို ထင်ရှားစေသည်။ သင်၏အသက်တာက သင်သည် မည်သူ့အပေါ် (သို့) မည်သည့်အရာအပေါ် လုံးလုံးလျားလျား ဆက်ကပ် အပ်နှံသည်ကို ထင်ရှားစေသည်။ သင်၏အသက်တာက သင့်အတွက် အရေးကြီးသည်ဟု ဖော်ပြပေးနေသောအရာမှာ အဘယ်နည်း။
၆။ မြုံနေသော အမျိုးသမီးဖြစ်သော်လည်း စာရာသည် ဘုရားသခင်က မိမိ ကတိတော်အတိုင်း ပြုမည်ဟု ယုံကြည်စိတ်ချမူရှိခဲ့သည်။ သင်၏ဘဝသည် မျှော်လင့်ခြင်းဖြင့် ရှင်သန်လျှက်ရှိနေသည်။ သင်သည် မည်သည့်အရာကို မျှော်လင့်နေသနည်း။ သင်မျှော်လင့်သည့်အရာကို ဘုရားသခင် ပြုလုပ်ပေး မည်ဟု သင်မည်မျှလောက် ယုံကြည်ပါသနည်း။
၇။ က ၁၇း၂၀-၂၁ ကိုဖတ်ပါ။ စာရာသည် ဤစကားကိုကြားရသည့်အခါမည်ကဲ့သို့ ခံစားရမည်ဟု သင်ထင်မှတ်သနည်း။
၈။ က ၁၈း၁၅ တွင် စာရာ၏ ရယ်မောခြင်း၏ ထူးခြားချက်မှာ အဘယ်နည်း။
ဘုရားသခင်၌ ကျွန်ုပ်တို့၏ ရိုးသားခြင်းသည် မည်မျှ အရေးကြီးသနည်း။
၉။ သင်သည် စာရာ၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သော ဘဝနိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့်အသက်တာ၌ မည်သို့ လက်တွေ့အသုံးချမည်နည်း။
(၃) ရာခပ်
၁။ ရာခပ်သည် အပြစ်ပြုခြင်း ဘဝတွင် ပျော်မွေ့နေသူဟု ကျွန်ုပ်တို့သိရသည်။ ပတ်ဝန်းကျင် စံချိန်ဖြင့် စီရင်လျှင် သူမသည် မြို့ပြင်သို့ အနှင်ခံရမည်။ ကျွန်ုပ်တို့သည် လူများကို ဘာအကြောင်းကြောင့် ပယ်ထားကြသနည်း။ ထိုသို့ပြုရာတွင် ကျွန်ုပ်တို့ တရားပါသလား။
၂။ ရာခပ်နှင့် ပတ်သက်သော မည်သည့်အချက်ကြောင့် သူမ၏ တစ်ဆူတည်းသော ဘုရားက သူမကို လွတ်မြောက်ချမ်းသာခွင့်ပေးခဲ့သနည်း။
၃။ ယောရှု ၂၁-၇ ကိုဖတ်ပါ။ ဣသရေလလူမျိုးသည် ဂတိတော်ပြည်ကို ဝင်ရောက်သိမ်းပိုက်ရာတွင် ရာခပ်သည် မည်သည့်အခန်းကဏ္ဍ၌ ပါဝင်ခဲ့သနည်း။ သူမ၏ပါဝင်ခြင်းသည် အဘယ်ကြောင့် အရေးပါသနည်း။
၄။ ရာခပ်သည် ဣသရေလသူလျှိုနှစ်ဦးကို ကာကွယ်ရန် လိမ်ပြောခဲ့သည်။
သူမ၏လိမ်ညာခြင်းသည် မှန်သောအရာမဟုတ်ချေ။ သူမမုသားမသုံးဘဲ အမှန်အတိုင်းပြောလျှင် ဘုရားသခင်သည် သူ၏အလိုတော်ကို ပြည့်စုံစေ နိုင်မည်လား။ သင်၏ တုံ့ပြန်ချက်ကို ရှင်းပြပါ။
၅။ လိမ်ညာပြောဆိုခြင်းသည် ရာခပ်၏ အသက်ရှင်ခြင်းပုံစံဖြစ်သည်။ ဘုရားသခင်နိယာမများကို ကျွန်ုပ်တို့ သင်ယူလေ့လာခြင်းသည် မည်မျှအရေးကြီးသနည်း။
၆။ ရာခပ်၏ စိတ်နှလုံးအတွင်း၌ သူလျှိုနှစ်ဦးအပေါ် အကူအညီပေးရန်လှုံ့ဆော်သော ဆန္ဒထွက်လာသည်။ သင့်အတွက် ပုံမှန်မဟုတ်သောအရာ မည်သည့်အရာကို ပြုလုပ်ရန် သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အား မည်သို့ လှုံ့ဆော်သနည်း။
၇။ ယောရှု ၂း၈-၁၄ ကိုဖတ်ပါ။ ရာခပ်၏ကြောက်ရွံ့ခြင်းနှင့်ယုံကြည်ခြင်းသည် မည်ကဲ့သို့ဆက်စပ်မှုရှိသနည်း။ ဤကဲ့သို့သောဆက်စပ်မှုမျိုးကို သင့်အသက် တာတွင် မည်သို့ ဖော်ပြမည်နည်း။
၈။ ရာခပ်ထားခဲ့သော အမွေသည်အဘယ်နည်း။ ထိုအရာက ကျွန်ုပ်တို့သည်ဘုရားသခင်၏အလိုကျ မပြုလုပ်သည့်အချိန်မှာတောင်၊ ကျွန်ုပ်တို့ကို ဘုရား သခင် အသုံးပြုနိုင်သည့်အကြောင်းကို မည်သို့ သင်ပေးသနည်း။
၉။ သင်သည် ရာခပ်၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သောဘဝနိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့်အသက်တာ၌ မည်သို့ လက်တွေ့အသုံးချမည်နည်း။
(၄) ရုသ
၁။ ရုသ၏ ဇာတ်လမ်းကို သူမအခြေအနေဖြင့် အစပြုထားသည်။ သင်၏လက်ရှိအခြေအနေကို မည်သို့ဖော်ပြမည်နည်း။
၂။ ရုသ ၁း၆-၁၄ ကိုဖတ်ပါ။ ရုသအကြောင်းမကြားဘူးသောသူ တစ်စုံတစ်ယောက်ထံ သူမအကြောင်းကို သင်မည်ကဲ့သို့ ပြောပြမည်နည်း။
၃။ ရုသသည် နောမိနှင့်ဘုရားသခင်အပေါ် သူမ၏ ဆက်ကပ်ခြင်းကို ဖော်ပြ သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူမ၏ အတိတ်က ယုံကြည်ထားသော ဘုရား များမှ ဝေးကွာသွားခဲ့ကြောင်းတွေ့ရသည်။ သင်သည် အတိတ်က မည် သည့်ဘုရားများနှင့်ဝေးကွာရန် လိုအပ်သနည်း။
၄။ နောမိ၏ ယုံကြည်ခြင်းသည် ရုသကိုလွှမ်းမိုးကြောင်း ထင်ရှားသည်။ သင်၏ယုံကြည်ခြင်းသည် သူတစ်ပါးအပေါ် မည်ကဲ့သို့ သက်ရောက်စေသနည်း။ လူအများကို ဘုရားသခင်နှင့် ရင်းနှီးစေရန် ခွန်အားပေးသလား။ သို့မဟုတ် ဘုရားသခင်နှင့် ဝေးကွာစေသောသူဖြစ်သလား။ ရှင်းပြပါ။
၅။ ရုသသည် နောမိကို ကူညီရန် သူနှင့်အတူ ဗက်လင်မြို့သို့ ပြန်သွားခဲ့သည်။သင်သည် အခြားသောအမျိုးသမီးများနှင့် ဤကဲ့သို့သော ဆက်သွယ်ခြင်း မျိုးရှိပါသလား။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်မရှိသနည်း။
၆။ ဗောဇသည် နောမိနှင့် ရုသကို အဘယ့်ကြောင့် သနားကြင်နာခြင်းရှိသနည်း။ ဗောဇကို ကယ်တင်ရှင်ဟု ခေါ်သည်။ သင်၏ “ကယ်တင်ရှင်”နှင့် ပထမဦးဆုံး စတွေ့ခဲ့သည်အကြောင်းကို ဖော်ပြပါ။
၇။ ရုသကို ရွေးဝယ်ရန် ဗောဇက အခကြေးပေးရသည်။ ၄င်းက ရုသသည်သူမ၏ တန်ဖိုးနှင့်ဆိုင်သော သူမ၏ အမြင်ကို မည်သို့ ပြောင်းလဲစေ သနည်း။ ဘုရားသခင်သည် သင့်ကို ရွေးဝယ်ရန် ပေးဆပ်ခဲ့သည့် တန်ဖိုး ပေါ်မူတည်၍ ဘုရားသခင်နှင့် စပ်ဆိုင်၍ သင်၏တန်ဖိုးမှာ အဘယ်နည်း။
၈။ ဗောဇသည် ရုသကို ရွေးဝယ်လိုက်သည့်အခါ စာချုပ်ချုပ်ဆိုခြင်းသည် ပြန်လည်ပြုပြင်၍ မရနိုင်ပေ။ ၄င်းသည် သင်နှင့်ဘုရားသခင်ကြား ဆက် သွယ်ခြင်း မည်သို့ နှိုင်းယှဉ်ဖော်ပြသနည်း။ အဘယ့်ကြောင့် ပြန်လည်ပြုပြင် ၍ မရနိုင်သနည်း။
၉။ သင်သည် ရုသ၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သောဘဝနိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့်အသက်တာ၌ မည်သို့ လက်တွေ့ အသုံးချမည်နည်း။
(၅) ဟန္န
၁။ ၁ ရာ ၁း၂၄-၂၈ ကိုဖတ်ပါ။ သင်၏မိဘများ၏ ဝိညာဉ်ရေးရာ ဆက်ကပ် မှုသည် သင်၏အသက်တာအပေါ် မည်သို့ သက်ရောက်မူရှိစေသနည်း။ သင်၏အနာဂတ်မျိုးဆက်တွေကို သင်မည်ကဲ့သို့ လွမ်းမိုးနိုင်မည်နည်း။
၂။ စာရာကဲ့သို့ ဟန္နသည် ကလေးမရနိုင်ပါ။ ဘုရားသခင်၏ အငန်းအတာ အတွက် သူမ၏သားကို ဆက်ကပ်ရန် သူမ၏ဆန္ဒသည် သူမဦးစားပေး သည့်အရာကို မည်သို့ဖော်ပြသနည်း။ သင်၏နေ့စဉ်အသက်တာသည် သင်ဦးစားပေးသောအရာကို မည်သို့ ဖော်ပြသနည်း။
၃။ “မိခင်ဖြစ်ခြင်းသည် အမြင့်မြတ်ဆုံးသောခေါ်တော်မူခြင်းဖြစ်ပြီးဘုရားသခင်သည်အမျိုးသမီးတိုင်းကို ပေးနိုင်သည်”ဟု ဟန္န နားလည်ခဲ့သည်။ ဤအဆို ပြုချက်အပေါ် သင်ဘယ်လိုတုံ့ပြန်မည်နည်း။
၄။ ဣသရေလလူမျိုးသည် ဘုရားသခင်ကို ရိုသေသော ခေါင်းဆောင်ကောင်းတစ်ဦးလိုအပ်နေသည့်အချိန်တွင် ဘုရားသခင်သည် ခေါင်းဆောင် ကိုပေးရန် ဟန္နကို အသုံးပြုခဲ့သည်။ ဘုရားသခင်သည် သင့်ကို မဂ္ဂ အသုံးပြုသနည်း။
၅။ “မိသားစုတစ်ခုကောင်းမွန်ရန် ခင်ပွန်းနှင့်ဇနီးကြား ချစ်ခြင်းမေတ္တာသည်အဓိက သော့ချက် ဖြစ်သည်။ .. မှန်ကန်စွာ ပြုစုထားသော မိသားစုသည် အိမ်ထောင်ရေးကို အဓိကထားသည်။ မိသားစုဘဝသည် ကလေးများနှင့်ပဲ အလုပ်ရှုပ်မနေသင့်ပါ။” ဘာကြောင့် ဤအဆိုပြုချက် မှန်ကန်သနည်း။ အိမ်ထောင်ရေးနှင့် သားသမီးများအပေါ် သင်၏စိတ်ထားကို မည်သို့ ညို နှိုင်းမှုများ ပြုလုပ်ရမည်နည်း။
၆။ သင်၏ မိဘများထံမှ ချစ်ခြင်းမေတ္တာ၊ စွန့်လွှတ်အနစ်နာခံမှု၊ ရိုးသားဖြောင့်မတ်ခြင်း၊ သီလနှင့်ပြည့်စုံခြင်း၊ အပြစ်၊ သနားကြင်နာခြင်း၊ ကရုဏာ ထားခြင်း၊ နားလည်ပေးခြင်းနှင့် အပြစ်ခွင့်လွှတ်ခြင်းတို့ကို သင်မည်သို့ သင်ယူသနည်း။ သင်သည် ဤကဲ့သို့သောအရာများကို တစ်ပါးသူအား မည်သို့ သင်ပေးသနည်း။
၇။ ဟန္ဒ၏ ဆုတောင်းခြင်းအသက်တာသည် ဘုရားသခင်ကို နက်ရှိုင်းစွာချစ်ကြောင်း ဖော်ပြသည်။ သင်၏ဆုတောင်းခြင်းအသက်တာသည် ဘုရား သခင်ကို မည်မျှချစ်ကြောင်းပြောသနည်း။
၈။ ဟန္နသည် ကောင်းကင်၊ သူမ၏ခင်ပွန်းနှင့် သူမ၏အိမ်ကို လေးနက်စွာချစ်သည်။ ထို့ကြောင့် ဘုရားသခင်သည်သူမကို ဆုလဒ်ချ၍ အသက်တာ တွင် လိုတရစေသည်။ သင်၏အသက်တာ၌ လိုတရပြီလား။ သင်၏ အလိုပြည့်ခြင်းနှင့် သင်၏ဘုရားသခင်၊ သင်၏အိမ်သူအိမ်သားနှင့် သင်၏ ခင် ပွန်းကြားဆက်စပ်မှုမှာ အဘယ်နည်း။
၉။ သင်သည် ဟန္ဓ၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သောဘဝ နိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့်အသက်တာ၌ မည်သို့ လက်တွေ့အသုံးချမည်နည်း။
(၆) မာရိ
၁။ မာရိသည် သမ္မာကျမ်းစာတွင်လည်းကောင်း၊ သမိုင်းတွင် လူသိများပြီးအထင်ရှားဆုံးသော အမျိုးသမီးတစ်ဦးဖြစ်သည်။ မာရိ၏ ဘဝအသက်တာ နှင့်ပတ်သက်ပြီး မည်သည့်အပိုင်းကို သင်အများဆုံးကြားသိရသနည်း။
၂။ လု ၁:၂၈-၂၅ ဖတ်ပါ။ ဤကျမ်းပိုဒ်၌ မာရိအတွက် မယုံနိုင်လောက်ဖွယ်သော ဘုရားသခင်၏အစီအစဉ် ပေါ်ထွန်းသည်။ သင့်ဘဝအတွက် မယုံနိုင်လောက်ဖွယ်သော ဘုရားသခင်၏အစီအစဉ်မှာ အဘယ်နည်း။ ထိုအရာ သည် သင့်အတွက် ထင်ရှားခဲ့ပြီလား။
၃။ အပျိုကညာ ဘဝတွင် ကိုယ်ဝန်လွယ်ဖို့ရန် လက်ခံလိုက်ခြင်းသည် လူအများ၏ အဆိုးအမြင်ကို လက်ခံလိုက်သည့်သဘော သက်ရောက်သည်။ သင် သည် ဘုရားသခင်ကို ကျေနပ်စေချင်သလား (သို့) လူတွေကို ပို၍ ကျေနပ် စေချင်သလား။ သင်၏ တုံ့ပြန်ချက်ကို ရှင်းပြပါ။
၄။ မာရိနှင့် ဧလိရှဗက်တို့သည် ဝိညာဉ်ရေးရာ၌ တူညီမှုရှိသည်။ သင်သည် မည်သူနှင့် ဝိညာဉ်ရေးရာမှာ လေးနက်သော ဆက်နွယ်မှုရှိသနည်း။ သင်၏ဝိညာဉ်ရေးရာကြီးပွားတိုးတက်မှုတွင် ဤသို့သော ဆက်နွယ်မှုသည် မည်မျှ အရေးကြီးပါသနည်း။
၅။ သူမ၏ ဘဝတွင် ဘုရားသခင် ပြုသောအမှုကို မာရိသည် ရိုးသားဖြူစင်သောစိတ်နှင့် ကိုးကွယ်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။ သင့်ဘဝတွင် ဘုရားသခင်ပြု သောအမူကို သင်သည် မည်သို့ တုံ့ပြန်လေ့ရှိသနည်း။ ဘုရားသခင် ကိုး ကွယ်သော စိတ်နှလုံးသားသည် သင့်အတွက် မည်မျှအရေးကြီးသနည်း။
၆။ မာရိသည် ဘုရားသခင်၏ ရည်ရွယ်ချက်အတိုင်း သခင်ယေရှုကို ပျိုးထောင်ခဲ့သည်။ ကျွန်ုပ်တို့၏ လွှမ်းမိုးမှုအောက်တွင် ရှိနေသောသူများကို ဘုရား သခင်၏ ရည်ရွယ်ချက်အတိုင်း ပျိုးထောင်ရန် အရေးကြီးလှပါသည်။ သင်သည် မည်သူများကို ဘုရားသခင်၌ ပျိုးထောင်ပေးနေသနည်း။ ဘုရား သခင်သည် ထိုသူတို့အသက်တာဖြင့် မည်သည့် အမှုကို ပြုလုပ်သနည်း။
၇။ နောက်ဆုံးတွင် မာရိသည် မိမိ၏သားအား ရောမကားတိုင်ပေါ် အသေခံသည်ကို ကြည့်ရှုခဲ့ရသည်။ ဤအဖြစ်အပျက်ကိုမြင်၍ သူမသည် မည်ကဲ့သို့ ခံစားရမည်ဟု သင်ထင်မှတ်သနည်း။ သူမသည် သခင်ယေရှုအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ကို မေးခွန်းထုတ်ခဲ့လိမ့်မည်ဟု ထင်ပါသ လား။ အဘယ့်ကြောင့်ထင်နည်း။ အဘယ့်ကြောင့် မထင်သနည်း။
၈။ မာရိသည် ဘုရားသခင်၏ နှိမ့်ချသော အစေခံဖြစ်ခြင်းထက် သာလွန်၍ မိမိကိုယ်ကို မပြောဆိုပေ။ သင်သည်လည်း နေ့စဉ်အသက်တာတွင် မည်သို့သော နည်းလမ်းဖြင့် နှိမ့်ချသော အစေခံဖြစ်နိုင်မည်နည်း။ သင်၏ ဦးစား ပေးမှုများတွင် မည်သည့်အရာကို ဘုရားသခင် ပြောင်းလဲပေး (သို့) ဖယ် ထုတ်ပေးလိမ့်မည်နည်း။
၉။ သင်သည် ဟန္ဒ၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သောဘ၀ နိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့်အသက်တာ၌ မည်သို့ လက်တွေ့အသုံးချမည်နည်း။
(၇) အန္ဒ
၁။ လူ ၂း၃၆-၃၈ ကို ဖတ်ပါ။ အန္နအကြောင်း သင်၏ ပထမဦးဆုံး ထင်မြင်ချက်မှာ အဘယ်နည်း။
၂။ အန္န၏ မျှော်လင့်ချက်များနှင့် ရူပါရုံများသည် သူမ၏ နှုတ်ကပတ်တော်ကို နားလည်ခြင်းတွင် အမြစ်တွယ်သောကြောင့် သူမသည် ဝိညာဉ်အရာများ ကို အာရုံပြုခဲ့သည်။ သင်၏ ရူပါရုံများနှင့် မျှော်လင့်ချက်များသည် မည် သည့်အရာ၌ အမြစ်တွယ်သနည်း။ သင်၏ အဓိက အာရုံပြုသော အရာ များမှာ အဘယ်နည်း။
၃။ အန္နသည် ပရောဖက်မတစ်ဦးဖြစ်သည်။ ဘာကိုဆိုလိုသလဲ။ သင်သည် မည်သို့သောနည်းလမ်းဖြင့် နှုတ်ကပတ်တော်ကို သူတစ်ပါးအား ပြောကြား သနည်း။
၄။ လု ၂း၃၇ တွင် အန္နသည် ဗိမာန်တော်ကို မခွာဟုရေးထားသည်။ ၄င်းကသူမသည် ဘုရားသခင်နှင့် ဆက်သွယ်ရာ၌ မည်သည့်အရာသည် အရေး ကြီးကြောင်း ဖော်ပြသနည်း။ သင်သည် သူမ၏ ပုံဥပမာနှင့် မိမိကိုယ်ကို မည်ကဲ့သို့ နှိုင်းယှဉ်သနည်း။
၅။ အန္နသည် ကာလကြာရှည်စွာ အစာရှောင်ဆုတောင်းလျက်နေသည်။ သခင်ယေရှုသည် မေရှိယဖြစ်ကြောင်း သိသောအခါ သူမသည် မည်ကဲ့သို့ခံစားမည်ဟု သင်ထင်သနည်း။
၆။ လုကာ ၂ တွင် အန္နအကြောင်း ပြောပြီးနောက် ဘာတွေဖြစ်လာသလဲကျွန်ုပ်တို့ မသိရပေ။ သူမသည် သူမအားဘုရားသခင် ဖွင့်ပြချက်အကြောင်း ကို လူတိုင်းကို ပြန်ပြောမည်ကိုသာ မှန်းဆနိုင်သည်။ သင်သည် မိမိသိသော မည်သည့်အရာကို လူတိုင်းကို ပြောပြသနည်း။ သူတို့သည် သင်နှင့်တွေ့ဆုံသောအခါ ဝိညာဉ်အရာများကို ကြားရလျှင်၊ သူတို့သည် သင့်ထံမှ မည် သည့်အရာကို သင်ယူမိကြလိမ့်မည်နည်း။
၇။ အန္ဒ၏ ဝိညာဉ်အသက်တာကို အာရုံပြု၍ အတည်တကျရှိသည်ဟု ပြောနိုင်သည်။ သင်၏ဝိညာဉ်အသက်တာကို သင်မည်ကဲ့သို့ ဖော်ပြမည်နည်း။
၈။ အန္နသည် ဘုရားဝတ်၌ မွေ့လျော်ခြင်း အမွေအနှစ်ကို ထားခဲ့သည်။ သင့်အသက်တာ၏ အမွေအနှစ်မှာ အဘယ်အရာဖြစ်မည်နည်း။ သင်၏ အမွေ အနှစ်သည် အနူကဲ့သို့ဖြစ်ရန် သင်သည် မည်သည့်အရာကို ပြောင်းလဲရန် လိုအပ်သနည်း။
၉။ သင်သည် အန္၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သောဘဝနိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့်အသက်တာ၌ မည်သို့ လက်တွေ့အသုံးချမည်နည်း။
(၈) ရှမာရိ အမျိုးသမီး
၁။ သခင်ယေရှုသည် ရှမာရိ အမျိုးသမီးကို ရှောင်ရမည့် အကြောင်းအရင်းများမှာ အဘယ်နည်း။ ဘာကြောင့် သခင်ယေရှုသည် သူမနှင့်စကားလက်ဆုံ ကြရန် ရွေးချယ်ခဲ့သနည်း။
၂။ သခင်ယေရှုသည် ရှမာရိအမျိုးသမီးကို တရားဝင်ရှောင်ရန် အကြောင်းအရင်းများလှသည်။ သင့်အသက်တာကို တို့ထိဖို့ရန် သခင်ယေရှုသည် မိမိလမ်းစဉ်မှ မည်သို့လွှဲ၍ သင့်ထံရောက်ရသနည်း။
၃။ အဘယ့်ကြောင့် သခင်ယေရှုက မိမိသည် မေရှိယဖြစ်သည်ကို ဤနေရာဤအချိန်၌ ဖော်ပြခဲ့သနည်း။ အဘယ့်ကြောင့် သခင်ယေရှုသည် သူ့ကိုယ် သူ သင့်အား ဖော်ပြသနည်း။
၄။ ရှမာရိအမျိုးသမီးသည် သခင်ယေရှုက သူမအားချဉ်းကပ်၍ စကားပြောဆိုခြင်းကို အံ့ဩမိသည်။ သင်သည်လည်း ဝိညာဉ်အကြောင်းပြောပြခြင်းဖြင့် မည်သူသည် အံ့ဩလိမ့်မည်နည်း။
၅။ သခင်ယေရှုသည် အမျိုးသမီးထံ၌ မိမိခင်ပွန်းသွားခေါ်ပါဟုဆိုရာတွင်သူမအကြောင်းကို သခင်ယေရှုသိခြင်းသည် သူမ၏ ဖုံးကွယ်မှုဖြင့် ကန့် သတ်မရပေ။ ဤအရာအားဖြင့် သင့်ဘဝ အသေးစိတ်အားလုံးအကြောင်း ဘုရားသခင်၏ အသိဉာဏ်ကို မည်သို့ သိရသနည်း။
၆။ သခင်ယေရှုနှင့် စကားလက်ဆုံကြပြီးသောအခါ ရှမာရိအမျိုးသမီးသည် သိသာစွာပြောင်းလဲသွားသည်။ သင်သည် သခင်ယေရှုနှင့်ဆက်သွယ်ခြင်း ဖြင့် သင့်ဘဝသည် မည်ကဲ့သို့ ပြောင်းလဲခဲ့သနည်း။
၇။ ဘာသာရေး ခေါင်းဆောင်ကြီးများသည် သခင်ယေရှုကို လက်မခံချေ။ သို့သော် အပယ်ခံလူသားများက လက်ခံခဲ့ကြသည်။ သင်၏ ဝိညာဉ်ရေးရာ အသက်တာသည် ဘာသာရေးကိုင်းရှိုင်းခြင်းလား။ သို့မဟုတ် ဘုရားသခင် နှင့်ဆက်သွယ်မှုရှိခြင်းလား ဖော်ပြပါ။ မည်သို့သော ဆက်သွယ်မှုသည် ထိန်းသိမ်းရန် ပို၍ လွယ်ကူသနည်း။ မည်သည့်အရာသည် သင့်အတွက် ပို၍ အကျိုးရှိသနည်း။
၈။ ပထမဦးစွာ ဤအမျိုးသမီးအသက်တာပြောင်းလဲခြင်းကို မြို့သူမြို့သားများ သည် တွေ့သောကြောင့် သခင်ယေရှုကို ယုံကြည် လက်ခံခဲ့ကြသည်။ နောက်ပိုင်းတွင် သခင်ယေရှုနှင့်တွေ့ဆုံပြီးနောက် သူတို့၏ ယုံကြည်ခြင်း အားကြီးလာကြသည်။ သင်၏ ယုံကြည်ခြင်းသည် ခရစ်တော်နှင့် ကိုယ်တိုင် တွေ့ဆုံခြင်းအပေါ် မူတည်ပါသလား။ (သို့မဟုတ်) ခရစ်တော်ကိုသိသော သူများနှင့် တွေ့ဆုံခြင်းအပေါ် မူတည်သလား။ မည်ကဲ့သို့ ခြားနားသနည်း။
၉။ သင်သည် ရှမာရိအမျိုးသမီး၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သောဘဝနိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့် အသက်တာ၌ မည်သို့ လက်တွေ့ အသုံးချမည်နည်း။
(၉) မာသနှင့်မာရိ
၁။ မာသနှင့်မာတို့သည် ကွဲပြားသော အကျင့်စရိုက်ရှိသော်လည်း နှစ်ဦးစလုံးသည် သခင်ယေရှုကို ချစ်ကြသည်။ သင်သည် သခင်ယေရှုအားချစ်ခြင်းကို မည်ကဲ့သို့ ဖော်ပြမည်နည်း။
၂။ လှ ၁၀း၃၈-၄၂ ကို ဖတ်ပါ။ ဤဇာတ်လမ်း၏ အဓိကအချက်မှာ အဘယ် နည်း။ မာသနှင့်မာရိတို့ကြား သဘောထားကွဲလွဲချက်များကို မည်သို့ လွှဲရှောင်နိုင်မည်နည်း။
၃။ မာရိကို စစ်မှန်သောကိုးကွယ်သူအဖြစ် ဖော်ပြသည်။ မာရိ၏ ကိုးကွယ်ခြင်းမှ မည်သည့် အစိတ်အပိုင်းသည် သင်၏ကိုးကွယ်မူဖြစ်သနည်း။ မာရိ၏ ကိုး ကွယ်ခြင်းနှင့် သင်၏ကိုးကွယ်ခြင်းသည် မည်ကဲ့သို့ကွဲပြားသနည်း။
၄။ မာသကို ဆက်ကပ်အပ်နှံသော အစေခံဟု ဖော်ပြမည်။ မာသ၏အစေခံခြင်း နှင့် သင်၏ ဘုရားသခင်အတွက် အစေခံခြင်းကို နှိုင်းယှဉ်လျှင် မည်သို့ဖော်ပြမည်နည်း။ သင်သည် သခင်ယေရှု၏ စစ်မှန်သော အစေခံလား (သို့) သခင်ယေရှု၏ ပရိတ်သတ်လား။ သင်၏တုံ့ပြန်ချက်ကို ဖော်ပြပါ။
၅။ မာသနှင့်မာရိတို့ သဘောထားကွဲလွဲခြင်းသည် သူတစ်ပါးအပေါ်ထားသောမေတ္တာနှင့်မိမိကိုယ်ကို ချစ်ခြင်းတို့ကြား ဖြစ်ပေါ်သောအရာဖြစ်သည်။ သင်၏ နေ့စဉ်အသက်တာကို စဉ်းစားကြည့်ပါ။ သင်သည် မိမိလိုအပ်ချက် ကို ဖြည့်ဆည်းရန် ဆန္ဒရှိသူလား။ သို့မဟုတ် သူတစ်ပါးလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ပို၍ စိတ်ဝင်စားသလား။ မည်သည့် နည်းလမ်းဖြင့် သူတစ်ပါးလိုအပ်ချက်ကို ပို၍ အာရုံပြုနိုင်မည်နည်း။
၆။ အဘယ့်ကြောင့် ကိုးကွယ်ခြင်းကို အစေခံခြင်းထက် ဦးစားပေးရမည်နည်း။ စစ်မှန်သော ကိုးကွယ်ခြင်းသည် အစေခံခြင်းအပေါ် သင်၏စိတ်နေ သဘောထားကို မည်သို့ သက်ရောက်စေသနည်း။
၇။ သခင်ယေရှုအတွက်အစေခံခြင်းကို သာ၍နှစ်သက်သလား သို့မဟုတ်သခင်ယေရှုကိုသာ၍ သိဖို့ရန် အချိန်ယူခြင်းကို ပိုနှစ်သက်သလား။ သင်၏ တုံ့ပြန်ချက်အတိုင်း လုပ်ဆောင်ရန် သင်၏ နေ့စဉ်အချိန်ဇယားကို ပြောင်း ရန်လိုအပ်သလား။ အဘယ်ကြောင့် ပြောင်းရမည်နည်း (သို့) အဘယ် ကြောင့် မပြောင်းရမည်နည်း။
၈။ အဘယ်ကြောင့် အလုပ်ထက် ယုံကြည်ခြင်းကို ဘုရားသခင် ပိုနှစ်သက်သနည်း။ သင်၏ ယုံကြည်ခြင်းကို တိုးတက်စေရန်နှင့် ကြီးထွားရင့်ကျက်ရန် သင်လုပ်ဆောင်နိုင်မည့် အရာသုံးခုတို့မှာ အဘယ်နည်း။
၉။ သင်သည် မာသနှင့်မာရိတို့၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သောဘဝနိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့် အသက်တာ၌ မည်သို့လက်တွေ့အသုံးချမည်နည်း။
(၁၀) မာဂဒလမာရိ
၁။ မာဂဒလမာရိ၏ အတိတ်သည် မှောင်မိုက်ဖြစ်သည်။ သခင်ယေရှုသည်သူမကို နတ်ဆိုးကျေးကျွန်မှ လွတ်မြောက်စေခဲ့သည်။ သင်သည်လည်း မည်သည့်အရာမှ လွတ်မြောက်ခဲ့သနည်း (သို့) လွတ်မြောက်ခြင်းလိုအပ် သနည်း။ သင်၏လွတ်မြောက်ခြင်းကြောင့် သင်၏အသက်တာ မည်ကဲ့သို့ ပြောင်းလဲမည်သနည်း။
၂။ ဒုက္ခဝေဒနာဖြင့် နှိပ်စက်ခံရခြင်းနှင့် အပြစ်ဖြစ်သော ပုန်ကန်ခြင်း အသက်တာကို ရွေးချယ်အသက်ရှင်ခြင်းသည် မည်ကဲ့သို့ ကွဲပြားသနည်း။ သင်သည် ဘုရားသခင်ကို မည်သို့ ပုန်ကန်သနည်း။
၃။ မာကုနှင့် လုကာတို့သည် မာဂဒလမာရိအသက်တာ၌ ခရစ်တော်၏ကောင်းမြတ်ခြင်းနှင့်ကျေးဇူးကို ဝမ်းသာအားရစွာ ရေးသားထားသည်။ သင်သည် သင့်အပေါ် ခရစ်တော်၏ ကောင်းမြတ်ခြင်းနှင့်ကျေးဇူးတော်ကို မည်သည့်အချိန်တွင် နောက်ဆုံး ချီးမွမ်းခဲ့သနည်း။ ထိုသို့မဖြစ်စေရန် မည် သည့်အရာကို သင်ပြုလုပ်နိုင်မည်နည်း။
၄။ မာဂဒလမာရိက ယေရှုခရစ်ကိုချစ်ခြင်းသည် ခရစ်တော်၌စစ်မှန်သော ယုံကြည်ခြင်း၏ရလဒ် ဖြစ်သည်။ သင့်အသက်တာသည်လည်း ထိုကဲ့သို့ ဖော်ပြနိုင်မည်လား။ အဘယ့်ကြောင့်နည်း။ အဘယ်ကြောင့်မဖော်ပြနိုင်မည်နည်း။
၅။ တပည့်တော်များက သခင်ယေရှုကို စွန့်ခွာသော်လည်း မာဂဒလမာရိသည်သခင်ယေရှု၌ သစ္စာရှိစွာ ကျန်ရစ်ခဲ့သည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှပါ သည်။ သူမ၏ ခရစ်တော်အပေါ် ဆက်ကပ်ခြင်းသည် မေးခွန်းထုတ်စရာ မလိုပေ။ မည်သို့သောနည်းလမ်းဖြင့် သင်၏ယုံကြည်ခြင်းကို ပြောင်းရန် သွေးဆောင်ခြင်း ခံရသနည်း။ ထိုအရာများမဖြစ်ရန် မည်ကဲ့သို့ တားဆီးနိုင် မည်နည်း။
၆။ မာဂဒလမာရိသည် သခင်ယေရှုအုတ်ဂူသို့ ပထမဦးဆုံး ရောက်ရှိလာသူဖြစ်သည်။ သူမ၏ ယုံကြည်ခြင်းသည် မည်ကဲ့သို့ ဆုချီးမြှင့်ခံရသနည်း။
၇။ ယော ၂၀း၁၆ ကို ဖတ်ပါ။ မာဂဒလမာရိသည် သခင်ယေရှုကို မည်သို့ မှတ်မိသနည်း။ သခင်ယေရှုသည် သင့်ကိုစကားပြောလျှင် သူ၏အသံကိုသင်မည်သို့ မှတ်မိမည်နည်း။ အဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့် မမှတ် မိမည်နည်း။
၈။ သခင်ယေရှုသည် မာဂဒလမာရိထံ ပထမဆုံး ထင်ရှားခဲ့သည်။ သူမသည်များစွာသော အပြစ်များကို ခွင့်လွှတ်ခြင်းခံရသောကြောင့် သူမ၏ ယုံကြည် ခြင်းသည် ပိုပြင်းထန်သည်ဟု လူအချို့ကဆိုလိမ့်မည်။ သင်၏ အပြစ် ခွင့်လွှတ်ခံရခြင်းနှင့် မျှတစွာ သင်သည် ဘုရားသခင်ကိုချစ်သလား။ အ ဘယ့်ကြောင့်နည်း။ အဘယ့်ကြောင့် မချစ်သနည်း။
၉။ သင်သည် မာသနှင့်မာရိတို့၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သောဘဝနိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့် အသက်တာ၌ မည်သို့ လက်တွေ့အသုံးချမည်နည်း။
(၁၁) လုဒိ
၁။ လုဒိသည် ဘုရားသခင်၌ သူမအသက်တာကို ဆက်ကပ်သော ကုန်သည် မိန်းမတစ်ဦးဖြစ်သည်။ သင်၏အသက်တာသည် ဘုရားသခင်အတွက် ဆက်ကပ်သလား (သို့) မိမိလိုက်စားလိုသည့် အရာအတွက်သာ ဆက်ကပ် သလား။ သင်၏ တုံ့ပြန်ချက်ကို ရှင်းပြပါ။
၂။ လုဒိသည်ဘုရားသခင်ကို ရှာဖွေခဲ့သော်လည်း ဘုရားသခင်ကိုမသိပေ။သင်သည် ဘုရားသခင်ကို ရှာဖွေသူလား (သို့) သိသောသူလား။ သင့် အသက်တာ ပြောင်းလဲသည့်အချိန်ကို ရှင်းပြပါ။
၃။ လုဒိသည် ကောင်းသောလူတို့သည် ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ်မသိလျှင် ဘုရားသခင်နှင့်ထာဝရကွဲကွာရပြီး ငရဲမီးအိုင်သို့ ကျရောက် နိုင်သည်ကို သာဓကပြသည်။ သင်သည် “ကောင်းသော”လူ တစ်စုံတစ်ယောက်ကို သိသလား။ သူတို့အပေါ် သင်သည် မည်ကဲ့သို့သော စိတ်ဓာတ် ရှိရမည်နည်း။
၄။ ကျေးဇူးတော်သည် လူသားများကို ခရစ်တော်ထံသို့ ပို့ဆောင်သည်။ သင့်ကို လည်း မည်ကဲ့သို့ ပို့ဆောင်သည်ကို ရှင်းပြပါ။ သူတစ်ပါးအား ဘုရားသခင် ထံ ဆွဲခေါ်ရန် သင့်ကို ဘုရားသခင် မည်သို့ အသုံးပြုနိုင်မည်နည်း။
၅။ လုဒိ အသက်တာပြောင်းလဲလာသောအခါ သူမအပြင်တစ်ခြားသော သူများပါ ထိရောက်ပြောင်းလဲခဲ့သည်။ သင်၏ လွှမ်းမိုးမှုအောက်တွင် မည် သူများရှိကြသနည်း။ သူတို့သည် ဘုရားသခင်နှင့် ပို၍လေးနက်သော ဆက်နွယ်မှုရှိစေရန် သင်မည်သို့ ဦးဆောင်လွှမ်းမိုးနိုင်မည်နည်း။
၆။ လုဒိသည် သူမ၏ဝိညာဉ်ဆုကျေးဇူးဖြစ်သော ဧည့်ဝတ်ပြုခြင်းဖြင့် လူသိများလာသည်။ သင်၏ အသက်တာတွင် မည်သည့်ဝိညာဉ်ဆုကျေးဇူးသည် အထင်ရှားဆုံးဖြစ်သနည်း။ မည်သည့် ရည်ရွယ်ချက်ဖြင့် သင်၏ ဝိညာဉ် ဆုကျေးများကို သင်အသုံးပြုသနည်း။
၇။ လုဒိသည် ဖိလိပ္ပံအသင်းတော်တွင် အဓိကအရေးပါသော အသင်းသူတစ်ဦးဖြစ်လာခဲ့သည်။ သင်၏အသင်းတော်၌ သင်၏ကဏ္ဍမှာ အဘယ် နည်း။ ဘုရားသခင်သည် အသင်းတော်အားဖြင့် သင့်အား မည်သို့ အသုံးပြု နိုင်မည်နည်း။
၈။ ဖိလိပ္ပိမြို့မှစတင်သော ဧဝံဂေလိတရားသည် တစ်ကမ္ဘာလုံးပျံ့နှံ့ခဲ့သည်။သင်မမြင်ရသေးသော နေရာများတွင် ခေတ်အဆက်ဆက် နောင်လာ နောက်သားများအပေါ် သက်ရောက်မှုရှိနိုင်မည့် မည်သည့်အမှုကို ဘုရား သခင်သည် သင်၏နှလုံးသားနှင့် အသက်တာတွင် အစပြုလိမ့်မည်နည်း။
၉။ သင်သည် လုဒိ၏အသက်တာကို လေ့လာခြင်းဖြင့် မည်သို့သော ဘဝနိယာမများကို သင်ယူခဲ့သနည်း။ သင်သည် ထိုနိယာမများကို သင့်အသက်တာ၌ မည်သို့ လက်တွေ့အသုံးချမည်နည်း။
စာရေးဆရာအကြောင်း
ဂျွန်မက်ကာသာသည် Sun Valley, California တွင် တည်ရှိသော Grace Community Church သင်းအုပ်ဆရာနှင့်သင်ကြားရေးဆရာအဖြစ်လည်းကောင်း The Master’s Seminary ၏ Chancellor Emeritus အဖြစ်လည်းကောင်း၊ Grace to You မီဒီယာ သာသနာနယ်တွင် သင်ကြား ပို့ချနေသော ဆရာအဖြစ် အမှုတော်ထမ်းဆောင်လျက်ရှိပါသည်။ ရောင်းအား အကောင်းဆုံးစာအုပ်များစွာကို ရေးသားပြုစုသူဖြစ်ပြီး၊ သူ၏ သမ္မာကျမ်းစာ အနက်ဖွင့်တရားဒေသနာများနှင့် သင်ကြားချက်များကို Grace to You လေလှိုင်းမှ နိုင်ငံတကာတွင် နေ့စဉ် ထုတ်လွှင့်လျက်ရှိပါသည်။ Golden Medillion ဆုရရှိခဲ့သော The MacArthur Study Bible ကို ရေးသားပြုစုခဲ့သူ လည်းဖြစ်သည်။ ထိုစာအုပ်ကို အုပ်ရေပေါင်း ၅၀၀၀၀၀ ကျော် ရောင်းချခဲ့ပြီး ဖြစ်သည်။ ဂျွန်နှင့် သူ၏ ဇနီး ပေထကာ (Patrica) တို့တွင် သားသမီး (၄) ဦးရှိပြီး၊ မြေး(၁၂)ဦးရှိသည်။ ဂျွန်မက်ကာသာ အကြောင်းနှင့် သူ၏ သမ္မာကျမ်းစာသွန်သင်ချက်များကို Grace to You (https://www.gty.org), Grace to India (https://www.gracetoindia.org) နှင့် Expository Preaching & Teaching Society (https://www.eptsmyanmar.org) တို့တွင်ဆက်သွယ် မေးမြန်း၍ လေ့လာနိုင်ပါသည်။