ခရစ်တော်၏အတ္ထုပ္ပတ္တိ အကြောင်းအရာကို အကျဉ်းချုပ်၍ပြုခြင်း ။
သခင်ယေရှုခရစ်သည်၊ ငရဲသို့ကျထိုက်သောသတ္တဝါအပေါင်းတို့ကို နှုတ်တော်
မူရန်အရေး ဘုရားသခင်၏ နိုင်ငံတော်မှ ဆင်းသက်တော်မူပြီးလျှင် ဤကမ္ဘာမြေကြီး၏ဗဟိုဖြစ်သော မဇ္ဈိမဒေသအရပ်ဖြစ်သော ပါလေသိန တိုင်းပြည် ၊ ဗက်လင်မြို့သူ အပျိုကညာမာရိဝမ်း၌ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပဋိသန္ဓေတည်နေကိန်းအောင်းပြီးလျှင် ဘွားမြင်ခြင်းကိုခံယူလေ၏။ အသက်တော်သုံးဆယ့်သုံးနှစ် ပါတ်လုံး ဤမြေကြီးပေါ်မှာနေပြီးလျှင် ဘုရားဇာတိတော် နဂိုရ်တော်များကို ပြတော်မူသည်မှာ ရှေးဦးစွာ မာရ်နတ် မင်း၏ အရက်လေးဆယ်ပါတ်လုံး တိုက်ခိုက်သည်ကို အောင်မြင်တော်မူပြီးလေ၏။
ထို့နောက် ပါလတ္တိနတိုင်းပြည် ကာနမြို့မင်္ဂလာဆောင်ပွဲတွင် အိုးစရည်ခြောက်လုံးထဲမှ ထည့်ထားသော ပကတိရေကို လူအပေါင်းတို့ရှေ့တွင် စပျစ်ရည်ဖြစ်စေတော်မူခြင်း၊ ၎င်းအပြင်နှစ်ကြာရှည်စွာ စွဲကပ်နေပြီး ခွန်အား မရှိသူ၊ ချည့်နဲ့တုံးလုံးနေရသောသူ ၊ ကျိုးသောသူ ၊ ကန်းသောသူ ၊ ဝက်ရူးရောဂါစွဲသောသူမှစ၍ အမျိုးမျိုးသောရောဂါဝေဒနာခံစားနေရသောသူတို့အား သူ၏တန်ခိုးတော်အားဖြင့် ကင်းပျောက်စေလေသည်။ သူတပါး၏ ကိုယ် ခန္ဒာမာန်ကိုအောင်သည့်နည်းတူ လူသားအားလုံးအတွက် ကိုယ်စားပြု ယတြာချေခြင်းအမှုကိုလည်း အောင်နိုင်စွမ်း သူဖြစ်သောကြောင့် ၊ ယတြာအမှုပြီး နောက်တွင် သေခြင်းမရူမာန်ကိုလည်း အောင်တော်မူခဲ့လေသည်။ ၎င်းအပြင် တရက်မြောက်သောလူသေ ၊ နှစ်ရက်မြောက်ရှိသောလူသေ ၊ ကျောက်သင်္ချိုင်းသို့ချ၍ လေးရက်မြောက်ရှိသော ဗေသနိရွာမှ မာရိ၊ မာသတို့၏ မောင် လာဇရုအားလည်းသေခြင်းမှတဖန်ရှင်စေခဲ့လေသည်။
ထိုကဲ့သို့သော မာရ်တို့ကိုအောင်မြင်၍သာမက ၊ ဧကောဗုဒ္ဓေါ တဆူတည်းသော ခရစ်တော်ဘုရားသခင် သည် ဘုရားဇာတိကို လူအပေါင်းတို့အားမြင်စေခြင်းငှာ လူအများရှေ့တွင် အခြားသောရေဂါဝေဒနာများတို့နှင့် သေခြင်းခံ၍ပြတော်မမူဘဲ နောင်ကြီးသားအပေါင်းတို့ သံသယ ကုက္ကစ္စယုံမှားခြင်းမရှိရလေအောင် လက်ဝါးကပ် တိုင်တော်ပေါ်တွင် ခေါင်းတော်ကိုညိတ်၍ အသက်တော်ကိုစွန့်တော်မူပြီးလျှင် စစ်သူရဲတို့သည် နံဘေးတော်ကို လှံဖြင့်ထိုးခြင်း အသွေးနှင့် ရေစီးကျခြင်းရှိသောအဖြစ် ၊ နောက်ကျောက်သင်္ချိုင်းတွင်း၌ သုံးရက်ပါတ်လုံး သဂြိုလ်ခြင်း ခံပြီးမှ သေမင်းတည်းဟူသော ရန်မြူခပင်း ၊ သင်္ခါရမာရ်ဖြင့်အောင်တော်မူ၍ ။ ဘုရားဇာတိ လောကုတ္တရာ ကိုယ်ခန္ဓာတော်နှင့်တကွ ထမြောက်တော်မူခြင်း ။ ထိုကဲ့သို့ထမြောက်တော်မူပြီးသည့်နောက် အရက်လေးဆယ် အတွင်းတွင် ဆယ်ကြိမ်တိုင်တိုင် ဘုရားဇာတိတော် ၊ လောကုတ္တရာကိုခန္ဓာတော်ကိုထင်ရှားပြတော်မူလျှက်။ တပည့်တော်တို့အား တရားရေအေးအမြိုက်ဆေးကိုတိုက်ကျွေးတော်မူပြီးလျှင် ၊ သံလွင်တောင်ပေါကလာရင်းဖြစ်သော ကောင်းကင် နိုင်ငံတော်သို့ ၊ တပည့်တော်အပေါင်းတို့ရှေ့တွင် ထင်ရှားစွာကြွသွားတော်မူလေ၏ ။
ဘုရားသခင်၏နိုင်ငံတော်သို့ သခင် ခရစ်တော်ရောက် ရှိကြောင်းကို ။ ကောင်းကင်တမန် နှစ်ပါးဆင်းသက်၍ ပြောကြားကြောင်းကို ။ ကျမ်းသက်သေအများနှင့်တကွတွေ့နိုင်ပေသည်။ ထိုကဲ့သို့သခင်ယေရှုခရစ်တော်သည် ။ မိုးကောင်းကင်သို့တက်ကြွတော်မူခါနီးတွင် ၊ မိန့်မှာတော်မူခဲ့သော ဗျာဒိတ်တော်စကားဟူမူကား ၊ ယုံကြည်၍ နှစ်ခြင်းကိုခံယူသောသူသည် ကယ်တင်တော်မူခြင်းသို့ရောက်လတံ့ဟူ၍၎င်း ၊ ကတ္တီပါနှင့်အမျှ နီသော်လည်း မိုးပွင့်ကဲ့သို့ ဖြူစေမည် ။ ငါ့ကိုယုံကြည်သောသူသည် နောင်သေလွန်သောအခါ ၊ အိုခြင်း၊ သေခြင်း ၊နာခြင်းနှင့်အစဉ်ကင်းလွတ်သောနိစ္စထာဝရ သုခနိုင်ငံတော်ထဲသို့ငါနှင့်အတူ ဘုန်းဝင်စားမည်ဟူ၍ သမ္မာကတိတော်ကို ပေးတော်မူလေသည်။
အထူးမှတ်ရန်မှာ ……….. ခရစ်တော်သည် ဘုရား၌ ရှင်ဂေါတမကဲ့သို့ ယသော်ဓယာမင်းသမီးမှစသော မိန်းမပေါင်းသောင်းခြောက်ထောင်နှင့် အို၊ နာ၊ သေခြင်းကိုပင် မသိလောက်အောင် သတိမေ့တတ်သော ရောဂါစွဲကပ်နေ သည့်သူ၊ ကာမစည်းစိမ်ကိုခံစားခဲ့သည်မဟုတ်ပါ။ ဇာတိတော်အားဖြင့်ဘုရားဖြစ်တော်မူသောကြောင့် ကိုယ်တော်၌ ဘယ်အခါမျှ ကိလေသာမာရ်ရှိတော်မမူချေ ။ဤကား ၊ ဗုဒ္ဓဝင်နှင့် ခရစ်ဝင်ကို အကျဉ်းချုပ်၍ပြခြင်းသာဖြစ်ပါသည်။ ၎င်းပြဆိုခဲ့သော ရှင်တော်ဂေါတမ၏ အကြောင်းအရာအတ္ထုပ္ပတ္တိတို့နှင့် ခရစ်တော်၏အကြောင်းအရာ အတ္ထုပ္ပတ္တိတို့ မိမိတို့အတွင်း၌ရှိသော ဉာဏ်ကို အလကားမြုပ်၍မထားဘဲ ထုတ်၍ စဉ်းစားကြပါ ။ အဘယ်ပုဂ္ဂိုလ်သည် ဘုရား၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံသည် အဘယ်ပုဂ္ဂိုလ်သည် မပြည့်စုံသည်ကိုလည်း ရွေးချယ်တတ်ကြပါစေ။ ဘုရား၏ ဂုဏ်အင်္ဂါနှင့်ပြည့်စုံသော အရှင်ကိုကိုးကွယ်မှသာလျှင် အကျိုးရှိမည်ဖြစ်သောကြောင့် ဘုရားမှား ဘုရားမှန် ၊ တရားမှား ၊ တရားမှန် ကိုသိစေဖို့ရန် ၊ ဤစာတမ်းကို ပြုစုရခြင်းသာဖြစ်ပါတော့လေသတည်း ။
နိဒါန်းအမှာစာ
အကျွတ်တရားလမ်းကို ဖေါ်ပြသော ဘုရား၏ ကျွန်အမှုတော်ဆောင်သည် ကျွန်တော်မျိုး၏ သာသနာပြု သက်တမ်း တလျှောက်လုံးတွင် အများဆုံးအမေးခံရသော မေးခွန်းကြီး သုံးခွန်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ခရစ်တော်သည် အသက်(၁၂) နှစ်မှအသက် (၃၀) အကြားတွင် (၁၈)နှစ်ကာလပါတ်လုံး
(၁) မည်သည့်အရပ်သို့သွားရောက်ခဲ့၍
(၂) မည်သည့်ပုဂ္ဂိုလ်ထံတွင် တပည့်ခံယူပညာဆည်းပူးကာ
(၃) မည်သည့်တရားတော်မြတ်ကို ဆက်လက်ဟောကြားတော်မူခဲ့ပါသနည်း ဟူ၍ပင်ဖြစ်ပါသည် ။
စိတ်ဝင်စားဖွယ်ကောင်းခြင်း၊ သိအပ်သော ဗဟုသုတဖြစ်ခြင်းတို့ကြောင့် အပင်ပန်းခံ ပြုစုပါသည်။ စေတနာ၊ မေတ္တာကို အရင်းခံထားပါသည်။ မေးသူတိုင်း၌ အပြစ်မရှိပါ၊ ဗွေမယူပါ၊ မေးသင့်မေးအပ်သော အကြောင်းတရား ဖြစ်၍ မေးမြန်းခြင်းဖြစ်ကြောင်း ခံယူထားပါသည်။ တရားခံအစစ်မှာ မြန်မာပြည်မှ မေးသူမဟုတ်ပါ၊ မူလမေးမြန်းသူ ရေးသားသောသူမှာ တိုင်းတပါးမှသာ ဖြစ်ပါသည်။ ထိုသူတို့၌လည်းအပြစ်မရှိပါ။ ရေးသားသူ မေးမြန်းသူကိုပင် ကျေးဇူးတင်ရပေမည်။ အမေးရှိမှ အဖြေရှိရမည်မဟုတ်ပါလား၊ ဖြေဆိုရာတွင် မှန်ကန်သောအဖြေနှင့် မမှန်ကန်သော အဖြေ တခုခုဖြစ်ရပေတော့မည်။ အဖြေမှန်လျှင်တော်၏။ အဖြေမှားခြေက စိတ်စေတနာအမှန်နှင့် စိတ်စေတနာ အမှား တခုခုဖြစ်နိုင်ပြန်ပေသည်။ မည်သို့သောစိတ်အကြောင်းအရင်းကပင် ပေါ်ပေါက်ဖြေကြားစေကာမူ ဖြေကြားဝံ့သောသတ္တိကြောင့် ချီးမွမ်းထိုက်ပေသည်။ ထို့အပြင် ဖြေကြားပေးမူကြောင့် လူတိုင်းအတွက် ဗဟုသုတဖြစ်လာ၏။ ဟုတ်မဟုတ်လေ့လာရမည်သာ ဖြစ်ပေသည်၊ စိတ်ဆိုး၊ နာကျဉ်း၊ ဒေါသထွက်၊ ရန်ပြုလိုသောစိတ်ဖြစ်ပွားရန် လုံးဝ မဟုတ်ဘဲ၊ စစ်ဆေးပြီး အမှားအမှန် ချင့်ချိန်ရှာဖွေရန်၊ မှန်သောအဖြေပေးနိုင်ရန်သာ ခရစ်ယာန်တို့၏ တာဝန်ဖြစ်ပေတော့သည်။ မှားလျှင်ရိုးသားစွာဖြင့် စေတနာမေတ္တာ အရင်းခံကာ ရှင်းပြရန်သာရှိလေသည်။ မှန်နေပါကလည်း စွန့်လွတ်လိုက်ရုံမျှသာ ရှိပါသည်။ ပတ္တမြားမှန်လျှင်နွံ နစ်သော်မှ အရည်အသွေး၊ အရည်အချင်းတပြားမှ ယုတ်လျော့သွားရိုး ထုံးစံမရှိပါ။ နှုတ်ကပါတ်တော်သည် အစဉ်မှန်၍ အစစ်ခံသော တရားဖြစ်ကြောင်း စွဲမြဲစွာ ခံယူနားလည်ဖို့ သည်လိုပါသည်။ အချိန်က အရာရာအားလုံးကို ကုစားသွားပါလိမ့်မည်။ ခရစ်တော်ပင် အချိန်တန်မှ ( In the fullness of time) လူ့ဇာတိခံယူဖွားမြင်ခြင်း ပြုခဲ့သည်မဟုတ်ပါလော။ အချိန်ကြာညောင်းလာသည်နှင့်အမျှ ခေတ်သစ်သိပ္ပံ ဖွံ့ဖြိုးလာသည်နှင့်အမျှ သမ္မကျမ်းစာ၌ ဗျာဒိတ်ပြုချက်တို့သည် ပိုမိုပြည့်စုံမှန်ကန်လာနေကြောင်းသာ တွေ့နေကြရပြီ မဟုတ်ပါလော။
” ဗုဒ္ဓဝါဒပြဿနာများ” ဟူသောစာအုပ်ပါ ခရစ်တော်၏အကြောင်း တစေ့တစောင်း ရေးသားကိုးကား ပြထား သည့် အချက်အလက်များကြောင့်သာလျှင် အထက်ပါမေးခွန်းကြီးများ မြန်မာပြည်သားအဖို့ ပေါ်ထွက်လာရခြင်း ဖြစ်ပါသည်။ ၎င်းကို “ဝင်းမော်ဦးစာပေ” မှဖြန့်ချီသည်။ ဇာတ်လမ်းပါအရ မေးမြန်းသူမှာ ခရစ်ယာန်ဘုန်းကြီး J.F.Wilson, (M.A), Oxford University,ဘုံဘေမြို့ ဟဲလီစတုံး ကောလိပ်ကျောင်း၊ အင်္ဂလိပ်ပါမောက္ခဆိုသူ ဖြစ်သည်။ မြေဆိုသူမှာ ဆရာတော်အရိယာဓမ္မ ဖြစ်သည်ဟုပါရှိသည်။
၎င်းစာအုပ်အပြင် ကမ္ဘာ ကိုချုပ်ကိုင်မည့်သူ ဟူသောစာအုပ်ကို ဌေးလှိုင် ရေးသားရာ၌ ခရစ်တော် (သို့) ဦးဇီဝကိရိန္ဒ ဟူသော ခေါင်းစဉ်ဖြင့် စာမျက်နှာ (၂၆၂-၂၆၆) တွင် ထိုအကြောင်းကိုပင် ထပ်မံကိုးကားပြထားသည်ကိုတွေ့ရပြန်ပါသည်၊ ၎င်းကိုးကားသော (The Unknown Life of Jesus Christ) စာအုပ်ကိုလည်း ၎င်းထံတွင် ငှားယူ ဖတ်ရှု နိုင်ကြောင်းပါရှိသေးလေသည်။
အထက်ပါ စာရေးဆရာ အကျော်အမော် များနှင့် ထိုစာအုပ်များကြောင့် တိုက်ထားသော မေးခွန်းများကဲ့သို့ ဖြစ်နေရခြင်း၊ ရဲရဲတင်းတင်း၊ အားပါးတရ မေးခွန်းထုတ်၍ မေးမြန်းကြခြင်း ဖြစ်ကြောင်း ထင်းရှားနေပါသည်။
ကျွန်ုပ်အားမေးမြန်းသူတို့တွင် ရဟန်း သံဃာတော်၊ တပ်မတော်ကြည်း၊ ရေ၊ လေ၊ အရာရှိ အရာခံ၊ အကြပ် တပ်သားများ၊ တက္ကသိုလ်ကောလိပ်မှသည်၊ အထက်တန်း၊ အလယ်တန်း၊ ကျောင်းသူကျောင်းသား၊ ဆရာ၊ ဆရာမ ကြီးများ၊ ကျား၊မ မရွေး နိုင်ခံခြားပြန် စာရေးစာချီ၊ ဈေးသည်၊ ကုန်သည် အစရှိသော လူတန်းစား အလွှာ အသီးသီး မှလည်းကောင်း၊ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံတို့မှ ပုဂ္ဂိုလ်စုံတို့ပါကြပေသည်။
အလွှာစုံမှ ပုဂ္ဂိုလ်တို့သည် မည့်သည့် ရည်ရွယ်ချက် အနေအထားမျိုးဖြင့် မေးမေး၊ ထိုမေးခွန်းကြောင်းကြီး များပင် ဖြစ်နေပါသည်။ မေးကြသောကြောင့်ပင် ဤလိုစာအုပ်မျိုး ရေးသားပြုစုရသော အခွင့်ထူး ရရှိပြန်သော ကြောင့် မေးခွန်းရှင် အားလုံးတို့ကိုပင် အထူးကျေးဇူး ဥပကာရတင်မိပါသည်။
မေးခွန်း မေးစရာဖြစ်လာလောက်အောင် ဖြစ်စေသော ထိုစာအုပ် စာပေများရှိ “အကြောင်းတရားများ” အတွက်မူကား အထူးဝမ်းနည်းမိပါသည်။ ထိုစာအုပ်များကို “မိုးလုံးပြည့် မုသာဝါဒီများ” ဟုပင်ဆိုလိုက်ချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် လောကုတ္တရာ၊ လောကီရေးရာ နှစ်ဝလုံးအတွက် အသိပညာကို ဖုံးကွယ် ပိတ်ဆီး သွားစေနိုင်သောကြောင့်ပင်ဖြစ်ပါသည်။ ထိုစာအုပ်များကြောင့် လူတိုင်း လွက်လပ်စွာ ရွေးချယ်ကိုးကွယ်နိုင်ခွင့် ရှိသော ခရစ်ယာန်တို့ ကိုးကွယ်အားထားရာ အသက်ရှင်တော်မူသော ခရစ်တော်သည်ပင်လျှင် သာမန်ပုဂ္ဂိုလ် အညတြသဖွယ်၊ အရည်အချင်းမရှိသယောင်၊ ဗဟုသုတနည်းပါးသော ခရစ်ယာန်များပင်လျှင် မိမိ၏အရှင်သခင် အပေါ် အထင်အမြင် လွဲမှာခြင်း၊ ဇဝေဇဝါ သံသယစိတ်များ၊ အထင်အမြင်သေးခြင်း၊ ရှက်စိတ်တဖွားဖွား ဖြစ်ပေါ်စေ နိုင်ကြောင်း၊ အားငယ်စိတ်များ ဖြစ်စေနိုင်ကြောင်း၊ ယုတ်စွအဆုံး ခရစ်တော်ကိုပင် စွန့်ပယ်သည်အထိ အနှောက် အယှက် အဆီးအတား ပြုနိုင်သော ဝိညာဉ်ရေး ( ဓမ္မန္တရာယ် ) အဆိပ်အတောက် စာအုပ်များဖြစ်ကြောင်း တွက်ချက် မိပါသည်။ ခရစ်ယာန်ဖြစ်လိုသော ပုဂ္ဂိုလ်များပင်လျှင် တုံ့ဆိုင်းစိုးထိတ်၊ နောက်ဆုတ်သွားစေရန် အဆီးအတား ဖြစ်စေနေသည်မှာ သေချာနေပါလေသည်။
သို့ဖြစ်၍ ခရစ်ယာန်များ အတွက်အရှုံးပေါ်ကာ သာသနာပြန့်ပွားနှုန်း တန့်သွားစေနိုင်သလို အထူးသဖြင့် သန်းစင်သော စိတ်ထားနှင့် ဘုရား တရား ရှာဖွေသော ပုဂ္ဂိုလ်မြတ်များအတွက် ဓမ္မအခွင့်အရေး ပို၍ ဆုံးရှုံးစေနိုင် သည်သာမက သံသရာမဆက်လို ဝတ်ကျွတ်လို၍ (၃၁) ဘုံ မလည်လိုဘဲ ဒုက္ခဆင်းရဲဘုံမှ လွတ်မြောက်လိုသော သူများ၊ ရောက်လိုလျှက် နိဗ္ဗာန် မရောက်နိုင်သောသူများ၊ ကျွတ်တန်းဝင်ရောက် လိုသူများအတွက် ” အကျွတ်တရား လမ်း” ပိတ်သွားနိုင်ခြင်းဖြင့် ကောင်းကင်ဘုံ ဝင်ရောက်၍ ထာဝရအသက်၊ ထာဝရသုခ၊ ထာဝရဘုန်း၊ ထာဝရ စည်းစိမ်ချမ်းသာ၊ ထာဝရမပုပ်မပျက်နိုင်သောအဖြစ်၌ ဝိညာဉ်ကိုယ်ခန္ဓာဖြင့် ဝင်စားခံစားရမည့် မဟာထာဝရအခွင့် အရေးများ အရှုံးပေါ်သွားနိုင်ပါသည်။
“လူတို့နှင့်ရောပြွန်းမနေ၊ တစ်သီးတစ်သန့် နေထိုင်တတ်ကြသော သန်းရှင်းစုံလင်သူများ” ဟုအဓိပ္ပါယ်ရှိ သည့် ကျမ်းစာအခေါ် “ဖါရိရှဲ ” များကို သခင်ယေရှုခရစ်တော်က ( မဿဲ ၁၂း၁၃) လျှို့ဝှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာ ပိတ်ထား၍ မိမိတို့လည်း မဝင်၊ ဝင်လိုသော သူတို့ကိုလည်း ဆီးတားကြ၏ ဟုပြစ်တင်ရှုတ်ချလိုက်ခြင်း နှင့်တူပါ သည်။ မြန်မာမူပြု၍ဆိုရပါလျှင် ” ကိုယ်တိုင်ကောက်ရိုးလည်း မစားနိုင်၊ စား၍လည်းမရ၊ စားလည်းမစားလို၊ ကောက်ရိုးအမှန်စားရမည့်နွား လာတော့လည်း မစားစေလို၊ ဟောင်မြဲဟောင်နေသောခွေး ́ ́နယ် (ကောက်ရိုးပုံ စောင့်သည့်ခွေး ) ဟူအပြစ်တင်ရှုတ်ချလိုက်ခြင်းတူပါပေသည်။ ထို့ကြောင့်မိတ်ဆွေ၏ ရပ်တည်ချက်သည်။ “ကောက်ရိုးပုံစောင့်သည့်ခွေး”၏ ရပ်တည်ချက်မျိုး ဖြစ်သွားမည်ကို မလိုလားနိုင်ပါပေ။
ကူးမြောက်ရန် လွန်စွာခဲယဉ်းသော နိဗ္ဗာန်ကို မကူးမြောက်လိုသူရှိသလို၊ ကူးမြောက်ချင်သော်လည်း မကူး မြောက်နိုင်သောသူများ၊ မကူးမြောက်နိုင်မှန်း မိမိကိုယ်ကို မိမိသိနေသူများ၊ အားမတန်မန်လျော့ကာ မတတ်သာ၍ နောင်ဘဝအခန်းဆက်သဘောမျိုးဖြင့် နောင်ဘဝတွင် သံသရာလည်ရပေဦးဟု မချင့်မရဲဖြစ်နေကြရှာသောသူများ လည်း ရှိကြောင်းအထူးသတိချပ်စေလိုပါသည်။ လူတိုင်းပါရမီ မရင့်ကြပါ။ ၃၁ ဘုံ သံသရာ လည်ခြင်းသည် မက်မော စရာမရှိပါ။ ကြောက်စရာ၊ ရွံမုန်းစရာကြီးသာပါ။ လူဖြစ်လူချမ်းသာရှိသလို၊ လူဖြစ်လူဒုက္ခလည်းဖြစ်ကြောင်း၊ နတ်ဖြစ်နတ်ချမ်းသာရှိသလို၊ နတ်ဖြစ်နတ်ဒုက္ခဖြစ်ကြောင်းနှင့်၊ ဗြဟ္မာဖြစ်ဗြဟ္မာချမ်းသာရှိသလို ဗြဟ္မာဖြစ်ဗြဟ္မာဒုက္ခ ဖြစ်ကြောင်း အဘယ်သူငြင်းနိုင်မည်နည်း။ “ချမ်းသာ`၌ပြဿနာမရှိသော်လည်း “ဒုက္ခ ́ ́၌ပြဿနာ အရပ်ရပ်ရှိနေ ပြီး၊ ထိုပြဿနာကို “မည်သို့ဖြေရှင်းပါမည်နည်း၊ ဂေါတမ နည်းအရ ထိုဒုက္ခဘုံမှ လွတ်မြောက်ရန်မှာ လူ (မိမိ) အပေါ်၌သာ ရနှုန်းပြည့်မူတည်ပြီး၊ နိဗ္ဗာန်ရောက်ကြောင်း တရားကို မိမိကိုယ်တိုင် ကိုယ်ကျင့်နိုင်ပါမှ လွတ်မြောက် မည်၊ နိဗ္ဗာန်ရောက်မည်သာတည်း။ မကျင့်နိုင်သောသိုတို့မှာကား ၃၁ ဘုံအတွင်း၌ သံသရာ တဝဲလည်လည်၊ ၃၁ ဘုံရဲသားကောင်အဖြစ် သံသရာခရီးဆက်နေရဦးမည်သာတည်း။
ထာဝရဘုရား၏ နည်းအရမူကား ထိုဘုံမှလွတ်မြောက်ရန် “ကောင်းကင်ဘုံရောက်ကြောင်းတရား” ရှိထား ပါသည်၊ ထိုတရားကား မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲ၊ ကမ္ဘာအဆက်ဆက် တည်ရှိနေသည် တပါးတည်းသော နိစ္စထာဝရဘုရားသခင်၏ မေတ္တာတော်၊ ဂရုဏာတော်၊ အကြံတော်မြတ်က ခရစ်တော်အားဖြင့် ဘုရားသခင်ကို ဖခင်တဦးအဖြစ် ကြွင်းမဲ့ ချစ်ခင်ကြည်ညို၊ မြတ်နိုးကြောက်ရွံ့ ခိုလှုံလာကြရပြီး လူသားအချင်းချင်း လည်း၊ ယေရှုခရစ်တော်၌ တစ်ဆူတည်းသော ဘုရားသခင်၏ သားသ္မီးဖြစ်ကြကြောင်း၊ သားဦးယေရှုခရစ်တော်နှင့် ညီအစ်ကိုမောက်နှမများ အဖြစ်ကိုတဦးနှင့်တဦး ချစ်ခင်မြတ်နိုးရမည့်အကြောင်း ဖြစ်လာလေ၏။
တိုတိုနှင့်လိုရင်းဆိုရသော် တိုက်ရိုက်ဘုရားနှင့်လူကို ပြန်လည်ဆက်စပ် ဆက်သွယ်ပေးလိုက်သူ၊ သူ့ကိုသူ လမ်းခင်းပေးလိုက်သူဖြစ်သည်၊ ထိုလမ်းကို လျှောက်လိုက လူတိုင်းလျှောက်နိုင်ပါသည်၊ မလျှောက်လိုကလည်း ဖန်ဆင်းရာပါ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အရ လူတိုင်း၏ဆန္ဒပင်။
ခရစ်တော်သည် ပါလက်စတိုင်းနိုင်ငံတွင် ပေါ်ထွန်းခဲ့သည်။ ကိုယ်တော်သည် ပါလက်စတိုင်း နိုင်ငံသား ဂျူး (ဝါ) အစ္စရေးလူမျိုးတစ်ဦးဖြစ်ပါသည်။
သက်တော်စဉ် တခုလုံးသည် ရှင်တော်ဂေါတမ မြတ်စွာဘုရား ပွင့်တော်မမူမီမှ ရှေးအထက်က ဗျာဒိတ် တော်အတိုင်း မှန်ကန်ဖြစ်ပြစ်ခဲ့ပါသည်။ နှစ်ပေါင်း ၂၀၀၀ ကျော်က ပါလက်စတိုင်း နိုင်ငံသည် စတုရန်း မိုင်ပေါင်း တစ်သောင်းခန့်သာ ဖြစ်သည်၊ အလျှား ၁၅၀ မိုင်း၊ အနံအကျယ်ဆုံး တောင်ပိုင်း၌ ၇၅ မိုင်းသာရှိပါသည်။ ထို့ကြောင့် ထိုနိုင်ငံသည် ဆွစလန်နိုင်ငံ ထက်ငယ်ပြီး၊ စကော့တလန်နိုင်ငံ ထက်ဝက်မျှသာရှိသည်။ မြန်မာနိုင်ငံ အနောက်ပိုင်း တိုင်း ဧရိယာနီးပါးခန့်သာရှိပါသည်။
ထိုနိုင်ငံ၏ မြောက်ဖက်ရှိ လက်ဘနွန်နိုင်ငံ၌ မြင့်မားသော ဟာမုန်တောင်ထိပ်နှင့် တောင်ကြောကြီးများ ရှိသည်။ အရှေ့ဘက်တွင်မူကား ဂျော်ဒန်နိုင်ငံရှိသည်။ တောင်ပိုင်းတွင် ယုဒတောင်ကုန်း မြင့်ရှိသည်၊ အနောက် ဘက်တွင် မြေထဲပင်လယ်ရှိသည်။ မြေထဲပင်လယ်ကမ်းစပ်မှ အရှေ့ဘက် ၁၅ မိုင်ခန့်အထိ မြေပြန့်ဖြစ်သည်၊ အီဂျစ် နိုင်ငံနှင့် တောက်လျှောက်လူသွားလမ်းပေါက်သည်။ ဒုတိယမျဉ်းပြိုင်စပ်ကြား မြောက်ဘက်မှ တောက်ဘက် တစ်လျှောက်လုံးတွင် ထုံးကျောက်များနှင့် အတိပြီးသော တောင်ကုန်းမြေမြင့်ဒေသဖြစ်သည်။ ထိုထုံးကျောက်ကျော ကြီးသည် ကျောရိုးသဖွယ် ဂါလိလဲနယ်၊ ရှမာရိနယ်၊ ယုဒနယ် တဝိုက်သို့သက်ဆင်းသည်။ မြေနိပ်ချိမ့်ဝှမ်းဒေသတွင်၊မြောက်ဘက်၌ ဂါလိလဲအိုင်ရှိပြီး ဂျော်ဒန်မြစ်သည် မြောက်မှမြေနိမ့်ရာ တောင်ဘက်သို့ စီဆင်းလာပြီး ပင်လယ်သေ (ဝါ) ဆားငန်အိုင်အထိ စီးဆင်းလာလေသည်။
အခြားတဘက်တွင်မူ တောင်ကုန်းများသည် ပြန်လည်မြင့်မားလာပြီး၊ ဂျော်ဒန်နိုင်ငံကို ကာဆီးထားသော သဘာဝ အတားအဆီး သဖွယ်ဖြစ်နေသည်။ ရာသီဥတု အခြေအနေက ထူးခြား၏။ ယေရှုရှလင်မြို့သည် လတ္တီတွဒ် ၃၁ ဒီဂရီ ၄၅ မီးနစ်၊ မြောက်လောင်ဂျီတွဒ် ၃၅ ဒီဂရီ ၁၈ မီးနစ်၊ အရှေ့တွင်တည်းရှိပြီး၊ မြေထဲပင်လယ် ကမ်းစပ်မှ အရှေ့ဘက် ၃၅ မိုင်အကွာတွင် တည်ရှိပြီး ဆားငန်အိုင် (ပင်လယ်သေ) အနောက်မြောက် ၁၈ မိုင်တွင် တည်ရှိ သည်။ ပင်လယ်ပြင်မှ အမြင့်ပေ ၂ဝဝဝ ခန့်ကို မြင့်သဖြင့် ထိုဒေသ တစ်ဝိုက်တွင် ရသီဥတုမှာ အေးမြ၍ သမမျှတမှုရှိ သည်။
ဂါလိလဲနယ်တဝိုက်တွင် စိမ်းလန်းစိုပြေလှ၍ သစ်ပင်၊ ပန်းမာလာများ ဝေဝေဆာဆာ ဖြစ်နေသောဒေသ ဖြစ်ပါသည်၊ မြောက်ပိုင်းတွင်မူကား ဟာမုန်တောင်ထိပ်တဝိုက်၌ ရေများခဲ၍ ဆီးနှင်းဖြူဖြူဖွေးဖွေး တို့ကို အတိုင်း သားမြင်တွေ့နေရပါသည်။
တစ်နိုင်ငံလုံးတွင် ရှိသောရှုခင်းသည် အလွန်သာယာ စိုပြေလှသည် မြေဩဇာကောင်းသော ချိုင့်ဝှမ်း ဒေသ၌ အသီးအနှံမျိုးစုံ၊ ရာသီမရွေး ပေါက်ရောက်သည်၊ အခြားသောနိုင်ငံများတွင် သဲကန္တရ တောင်တန်းနှင့် ပင်လယ်တို့ခြားနားနေသော်လည်း ပါလက်စတိုင်းနိုင်ငံသည် တိုက်ကြီး (၃) တိုက်၏ အလယ်ဗဟိုတွင် တည်ရှိနေ ပေသည်။
ကမ္ဘာတဝှမ်းလုံး၏ အချက်အခြာကျသော ထိုနယ်မြေသည် ခရစ်ယာန်ဘာသာကို အစပျိုးမွေးဖွား သန့်စင် ပေးလိုက်သည်။ ခရစ်တော်၏ လူ့ဇာတိခံယူ မွေးဖွားရာဒေသကြီး ပေတည်း။ ခရစ်တော်၏ ဒေသစာရီ လှည့်လည်ခဲ့ ရာဒေသကြီး ပေတည်း။
“အဖြစ်မှန်ရှုထောင့် ( ၇ )မျိုး”
ခရစ်တော်၏ သက်တော်စဉ် ၁၂ နှစ်မသည် ၃ဝ နှစ်အကြား သခင်ယေရှု၏ သက်တော်စဉ်အမှန်ကို ပြေလည်အောင် အတတ်နိုင်ဆုံး ကြိုးစား၍ အောက်ပါအတိုင်း တင်ပြရှင်းလင်း သွားပါမည်။
၁. ပဌမရှုထောင့် – သမ္မာကျမ်းစာတော်မြတ် အမြင် (Biblical Vies)
၂. ဒုတိယရှုထောင့် – ဓလေ့ထုံးတမ်းအမြင် (Customary View)
၃. တတိယရှုထောင့် – သာသနာသမိုင်းကြောင်းအမြင် (Historical View)
၄. စတုတ္ထရှုထောင့် – ဒေသန္တရ ပထဝီအမြင် (Geographical View)
၅. ပဉ္စမရှုထောင့် – စက်မူလက်မူအမြင် (Technological View)
၆. ဆဌမရှုထောင့် – စာပေရှုထောင့်အမြင် (Literacy View)
၇. သတ္တမရှုထောင့် – အထွေထွေရှုထောင့် (Miscellaneous View) စာရှုသူ ဆက်လက်၍ ဖတ်ရှုသွားပါက မှန်သည် မှားသည် အလီလီကို အရှိအတိုင်း ကာလမရွေး သိသည့်နေ့တွင် ကွင်းကွင်းကွက်ကွက် အရုဏ်ညာဏ်ဆင့်၍ အသိတရားပွားကာ မင်္ဂလမ်းကို တက်လှမ်းနိုင်ပေလိမ့်မည်။ တရားခံအစစ်မည်သူနည်း ခရစ်တော်၏ သက်တော်စဉ်နောက်ကျိရှုပ်ထွေး သံသယပွားစေရန် အဘယ်မည်သော ပုဂ္ဂိုလ်သည် တရားခံအစစ် ဖြစ်ပါလေသနည်း။ လူထဲမှဆိုလျှင် ခွင့်လွတ်တန်ကောင်းပါသည်။ ယခုမူကား လူတွေရေးနေကြသော်လည်း လူတွေမဟုတ်ပါဆို လျှင် မိတ်ဆွေနားရှုပ်သွားပေမည်။ နားမရှုပ်သွားစေလိုပါ။ မြန်မာပြည်မှာ စာရေးဆရာများ၊ ဘာသာပြန်ပုဂ္ဂိုလ်များ၊ ပုံနှိပ် ထုတ်ဝေသူများ၊ ခွင့်ပြုသူများ၊ ဖြန့်ချီသူများ၊ ပုံနှိပ်တိုက်များ၊ လားလားမျှမဟုတ်ပါ၊ မင်းစိုးရာဇာ၊ ဆရာတော်များ။ အရိရဓမ္မများ၊ သို့မဟုတ် တရားယုံကြည်ဝါဒ၊ တီးတိုးဖြန့်ဝေ နေမိကြသူများ သော်လည်းကောင်း လုံးဝမဟုတ်ကြ ပါချေ။ သို့ဆိုလျှင် ထိုမည်သော တရားခံအစစ်ကား… ထာဝရဘုရား ဖန်ဆင်းရှင်၏ ရန်သူ၊ ခရစ်ယာန်တို့၏ရန်သူ၊ ဗုဒ္ဓ သို့မဟုတ် ဘုရား ဣဿရနိမ္မာန (ဘုရား)အနွယ်ဝင်တို့၏ ရန်သူ၊ လူမျိုးအပေါင်းတို့၏ ရန်သူဖြစ်သော မဟာဘုံ ရန်သူတည်းဟူသော မျက်မြင်မရ ၊ ပုံသဏ္ဍာန်အမျိုးမျိုး၊ အသွင်အမျိုးမျိုးဟန်အမျိုးမျိုး၊ ပုပ္ပနိမိတ်အမျိုးမျိုး၊ ထူးဆန်းသောလက္ခဏာ အပြားပြားတို့ကို ပြသနိုင်သော ။ လူသားတို့၏ အားနည်းချက်တိုင်း အပေါ်မှာ အခွင့်ကောင်းယူကာ ကမ္ဘာဦးမှသည် ကမ္ဘာဝေ၍ ကန့်နှင့်လောင် ကြိုက်သော ထာဝရငရဲမီးအိုင် ထဲသို့ ပစ်ချခြင်းကို ခံရမည့် အတိုင်းတိုင်း အပြည်ပြည်တို့ကို နှိပ်စက်နေသော၊ ကိုးကွယ်ခြင်းကို အငမ်းမရခံခြင်နေသည့် မိမိဖန်ဆင်းရှင် ထာဝရဘုရားကိုပင် အံတုဖက်ပြိုင် စိတ်ဖောက်ပြန်သွားလေရှာသော၊ ကောင်းကင်တမန်ပျက်၊ အရူပဖြစ်သော စာတန်မာရ်နတ် နှင့် အပေါင်းအပါ နတ်ဆိုးတို့ပင်ဖြစ်သောကြောင့်……… မုန်းပစ်လိုက်…မောင်းပစ်လိုက် ( ၁ ပေ ၅း၈၊ ဗျာ ၁၂း၁၊ ယော ၈း၄၄၊ ယာ ၄း၇၊ ၁ ယော ၃း၈) စာတန်နှင့် အပေါင်းအပါများကြောင့် အတိုင်းတိုင်းအပြည်ပြည်တို့ နှိပ်စက်ခြင်းခံနေရသည်။ လူတို့အယူတိမ်းပါး သမ္မာတရား လမ်းလွဲခဲ့ရလေပြီ၊ ထာဝရဘုရား၏ မူလအကြံအစည်တော် ပျက်ပြားသွားခဲ့ရသည်။
လူတိုင်း ထာဝရဘုရားနှင့် မိဿဟာယပျက်ပြားသွားခဲ့ရသည်။ လူတိုင်း ပုံပျက်ကျဆင်းသွားရသည်၊ လူ့အသိအမြင် ဖောက်ပြန်သွားခဲ့ရသည်၊ လူနှင့်ပါတ်ဝန်းကျင် အကျဉ်းတန် အရုပ်ဆိုး၊ အနိဌာရုံနှင့်ပြည့်ရသည်၊ လောက၌ သေခြင်း၊ ကျိန်ခြင်း၊ အမင်္ဂလာဆိုက်ရောက်ခဲ့ရသည်၊ ဘုရားသခင်မူလ အကြံအစည်တော်အတိုင်း လူမှန်နေရာမှန်၊ လူ့အခွင့်အရေး၊ ပြန်လည်ရရန် ခရစ်တော်ကို စေလွတ်၍ ကယ်တင်စိမ့်သောငှါ၊ ကားတိုင်ထက်ဝယ် အသေခံစေ သည်။ ထို့ကြောင့် ထိုထာဝရဘုရား သခင်သည် သားတော်ယေရှုခရစ်တော်အားဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း အမှုကိုပြုခဲ့ရာ ယခုအသင်းတော်တည်းဟူသော ဘုရားသခင်၌စုပေးသော လူစုဖြစ်သည့် ခရစ်ယာန်များတို့ကို အသုံးပြု၍ ဆောက်ရွက်နေဆဲဖြစ်သည်။ ထိုဘုရားရှင်၏ အမူတော်မြတ်တွင် မိတ်ဆွေပါဝင် နိုင်မည့်အကြောင်း ဖိတ်ခေါ်ပါရစေ၊ ထိုစာတန်နှင့် အပေါင်းအပါ၏ မှိုင်းမမိစေရန် ချည်နှောင်ဖြားယောင်းသွေးဆောင်ခြင်း မခံရမိစေရန် သူတို့၏ အစေအပါးဖြစ်မှန်းမသိ ဖြစ်မသွားစေရန် သမ္မသတိရှိလျှက် ဝိညာဉ်မျက်စိပွင့်ကာ ရှောင်ရှားကျဉ်ဖယ် နိုင်ကြပါစေသော် အချုပ်အားဖြင့်ဆိုသော်…
ယေရှု သည် ခရစ်တော်ဖြစ်သည် ဘုရားသခင်ဖြစ်သည် အရာခပ်သိမ်းကိုဖန်ဆင်းသည် အပြစ်သားတို့ကို ကယ်တင်သည် ကမ္ဘာမတည်မရှိမီကပင် ခန့်ထားခြင်းခံရသူဖြစ်သည် အချိန်တန်မှ လူ့ဇာတိကိုခံယူခဲ့သည် အပျိုကညာဝမ်း၌ ဖွားမြင်ခြင်းကိုခံခဲ့သည် ဗက်လင်မြို့၌ မွေးဖွားခဲ့သည် ၈ ရက်မြောက်သောနေ့တွင် ဗိမ္မာန်တော်၌ အရေဖျားလှီးခြင်းကိုခံခဲ့သည် ၁၂ နှစ်တွင် ဗိမ္မာန်တော်၌ စတင်တရားဆွေးနွေး၏ ၁၂ နှစ်မှ ၃၀ နှစ်ကြားထိ မိခင်နှင့် မောင်နှမတို့ကို ဘခင်လက်ငုတ်လက်သမားဘဝဖြင့် လုပ်ကိုင်ကျွေးမွေးသည် ၃ဝ နှစ်မှ စ၍ ပါလစ္စတိုင်း မိုင်း ၃ဝ ပါတ်လည် အတွင်းသာ လှည့်လည်၍ ဒေသစာရီဟောပြောခဲ့သည် မတရားစွပ်စွဲချက်ဖြင့်ပင် ကိုယ်စားအသေခံရန်ဤလောကသို့ကြွလာခဲ့သည် အပြစ်သားကိုယ်စား ယတြာပြုအသေသတ်ခြင်းခံခဲ့သည် ကောင်းကင်ဘုံ အဖခမည်းတော်၏စေခိုင်းချက် အတိုင်းသွန်သင်သည်မနေ့၊ ယနေ့၊ နောင်ကာလ ပြောင်းလဲခြင်းမရှိသော အရှင်ဖြစ်သည် မလိမ်မညာ၊ အပြစ်ကင်းသည်၊ မှန်ကန်သောစကားကိုသာဆိုသည် သတ္တိရှိသည်၊ ဖြောင့်မတ်သည် ယုံကြည်သူတိုင်းအား ထာဝရအသက်နှင့် ကောင်းကင်ဝင်ခွင့်ပေးသည်။
သေခြင်းတည်းဟူသော မာန်ငါးပါးတို့ကိုအောင်သည် ( ကိလေသာမာန်၊ ဒေဝပုတ္တမာန်၊ဒန္ဓာမာန်၊ မစ္စုမာန်၊ အဘူသခါရမာန်) အထက်ပါအကြောင်အခြင်းအရာတို့ကို ဖတ်ရှုရခြင်းအားဖြင့် ယေရှုခရစ်တော်သည်…. မည်သည့်ပြည်ပနိုင်ငံသို့မျှမသွားခဲ့ပါ။ နာဇရက်မြို့တွင် နေမြဲနေလေသည်။ ထာဝရဘုရား၏ တိုက်ရိုက်ညွန်ကြားမူအတိုင်းသာခံယူဟောပြော၏။ အခြားမည်သည့်ပုဂ္ဂိုလ်ထံတွင် ပညာမသင်ပါ။ နိဗ္ဗာန်ရောက်ကြောင်း တရားကိုမဟောပါ။
ကောင်းကင်ဘုံရောက်ကြောင်းတရားသာ ဟောပါသည်… ထို့ကြောင့်မည်သူမဆို အနှောင့်အမှား ဓမ္မစက်လမ်းမှ လွဲသွားစေရန် ပြုသောသူသည် မာရ်နတ်၏ နောက်လိုက် နောက်ပါများပင်ဖြစ်လေတော့သည်တကား…
၁။ သမ္မာကျမ်းစာတော်မြတ် အမြင် (Biblical Vies) ၁) လုကာ ၂၄း၉ ညှိုးငယ်ကြောင့်ကြစိတ်နှင့် မိဘတို့သည် မောင့်ကိုရှာကြပြီဟု ဆိုသော် ယေရှုက မိဘသည် အဘယ့်ကြောင့်အကျွန်ုပ်ကို ရှာပါသနည်း၊ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆို လျှင် သူတို့သည် ထိုစကားကို နားမလည်ကြ။ ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ ရောက်၍ သူတို့စကားကို နားထောင်လျှက်နေလေ၏။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။ ယေရှုသည်လည်း အစဉ်အတိုင်း ကြီး၍ ပညာတိုးပွားလျှက် ဘုရားသခင်ရှေ့ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏…. အထက်ပါကျမ်းပိုဒ်အရ သိရသည်မှာ…
( က) ယေရှုကဗိမာန်တော်ကို “အဘအိမ်” စုခေါ်ဆိုသဖြင့် အသက် ၁၂ နှစ်သာ ရှိသေးသူ၊ မိဘနှစ်ပါးကိုပင် သူ၌အဘရှိကြောင်း၊ ထိုဗိမာန်တော်သည်ပင် အဘ၏ အိမ်တော်ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်း သည် သူ၏အဘမှာ ကောင်းကင်ဘုံ၌ရှိတော်မူသော အဘထာဝရဘုရား သခင်ဖြစ်ကြောင်း ဖော်ပြလိုက်ခြင်းဖြစ် သည်။
တိဗက်ပြည်မှ ပြန်လာပြီး အသတ်ခံရမည်စိုး၍ ဘုရားသားဟု လိမ်လည်ပြီးတရား ဟောခဲ့သည်ဆိုခြင်းမှာ အထက်ပါ အရ လုံးဝမဖြစ်နိုင်တော့ချေ။ အဘယ်ပြည်ပ ခရီးမဆိုထားနှင့် ပြည်တွင်းမှာပင် ဗိမာန်တော်သို့ ဝတ်ပြုသော ၁၂ နှစ်သားအရွယ်ကပင် သူ၏အဘမှာ ထာဝရဘုရားဖြစ်ကြောင်း၊ သူသည် ဘုရားသားဖြစ်ကြောင်း ဖော်ပြထားနှင့် ချေပြီ။
(ခ) သူ၏အဘသည် လူပုဂ္ဂိုလ် ယောသပ်မဟုတ်။
(ဂ) နာဇရက်မြို့၌နေ၍ ကြီးပြင်းကြောင်း ထင်ရှားနေပြန်သည်။ (အခြားအရပ်သို့မသွား)
(ဃ) ဘုရားသခင့်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရသည်ဟု ဆိုသောကြောင့် ဘုန်းကြီးရှေ့၌မဟုတ် ) ထာဝရဘုရားသခင့်ရှေ့၌ မျက်နှာရပြီး ထာဝရဘုရား၏ တရားသာဟောကြောင်း ထင်ရှား၏။
(င) အခြားဘုရားတို့၏ တရားများကို မဟောပါ၊ ဟောခဲ့လျှင် ဘုရားရှေ့၌ မျက်နှာရလိမ့်မည်မဟုတ်။ ၂)မဿဲ ၂း၂၃ ခရစ်တော်ကို နာဇရက်လူဟူ၍ခေါ်ကြလတ္တံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ နာဇရက် အမည်ရှိသော မြို့သို့ရောက်၍ အမြဲနေလေ၏။
(က) လူအချို့တို့အတွက် ချက်မြုပ်နှင့်ကြီးပြင်းရာ ဒေသတူတတ်သော်လည်း၊ အချို့အတွက်မူ ချက်မြုပ် နှင့်ကြီးပြင်းရာ ဒေသသီးခြား ဖြစ်နေတတ်သည်။ ထို့အတူ ခရစ်တော်သည်လည်း ဗက်လင်မြို့တွင် မွေး၍ နာဇရက်မြို့ တွင် ကြီးပြင်းနေထိုင်ခဲ့ကြောင်း ထင်ရှားသည်။ (အခြားဒေသသို့မသွားကြောင်းထင်ရှား)
(ခ) နာဇရက်လူဆိုသည်မှာ နာဇရက်မြို့တွင် ကြီးပြင်းကျင်လည်နေထိုင်သောကြောင့် ခေါ်ဆိုရခြင်း ဖြစ်သည်။ နာဇရက် လူဖြစ်မည့်အကြောင်းလည်း ပရောဖက်အားဖြင့် ရှေးမဆွကပင် ကြိုတင်ဟောကြားချက်ပင်ဖြစ် သည်။ ဟောကြားထားသည့်အတိုင်း နာဇရက်သားမှန်း လူတို့ကသိခဲ့ကြသည်။ ထို့ကြောင့် ယေရှုသည် နာဇရက်မြို့၌ ကြီးပြင်းနေထိုင်ကြောင်း ထင်ရှားသည်။ ( အခြားဒေသသို့မသွားပါ)
(ဂ) ပရောဖက်နှုတ်ထွက်နှင့်အညီ ဟုဆိုသောကြောင့် အကြောင်းမဲ့ ဖြစ်ပျက်လာခြင်း မဟုတ်၊ ကြိုတင်ဗျာဒိတ် ထုတ်ထားသည့်အတိုင်း ဘုရားသခင်၏ အကြံတော်အရ နာဇရက်မြို့ ၌ နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။
(ဃ) အမြဲဟုပါရှိသောကြောင့် ဗက်လင်မြို့မှ ပြောင်းရွှေ့ပြီး နာဇရက်မြို့၌ အမြဲနေထိုင်ကြောင်း သိရသည်။ နာဇရက်မြို့သား ယေရှုဟုပင် အမည်တွင်ခဲ့သည်။ (ထို့ကြောင့် အခြားဒေသသို့အသွားပါ) ၃) မာကု ၆၄ ယေရှုကလည်း ပရောဖက်မည်သည်ကား မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတပါး အခြားသော အရပ်၌ အသရေ ရှိသည်ဟု ထိုသူတို့အား မိန့်တော်မူ၏။
(က) ခရစ်တော်သည် လက်သမားသား၊ ကိုယ်တော်တိုင်လည်း လက်သမားဖြစ်သောကြောင့် သူ၏ နေရပ်တွင် မိမိအဆွေအမျိုးအကြားနှင့် မိသားစု၌ အသရေမရှိ၊ အထင်ကြီးမခံရ၊ မျက်နှာမရကြောင်း၊ လူတို့၏ စိတ်နေသဘောထား၊ သဘာဝတရားကို ဖေါ်ပြထားပါသည်၊ သူအဟောအပြော မကောင်း၍ မဟုတ်ပါ။ ရွာနားမြက် ရွာနွား မစားခြင်းမျိုးကို ဖော်ပြခြင်းပင်ဖြစ်ပါသည်။ မှတ်ချက်။ ခရစ်တော်သည် လက်သမားဘဝ ခံယူခြင်းဖြင့် သူ၏ဖန်ဆင်းရှင်ဘဝ ကို ပို၍ခိုင်လုံထင်ရှားစေသည်။ ဖန်ဆင်းရှင်ဖြစ်ကြောင်းကို သက်သေထူပြနေခြင်းဖြစ်သည်။ လက်သမားဟူသည် ပြုမည့်အရာတိုင်းကို ဦးနှောက်၌အရင်စိတ်ကူးကြံဆပြီးမှ ” လက်တွေ အကောင်အထည် ဖော်တည်ဆောက်ရသူများ မဟုတ်ပါလား၊ ဘာမှမရှိသောအရာကို ရှိလာအောင် ဖန်ဆင်းခဲ့သော ဘုရား၏ ဖန်ဆင်းရှင် ဖြစ်ခြင်းကိုက လူတို့နားလည်နိုင်သော အနေအထားအဖြစ် လက်သမား လုပ်ပြခဲ့ခြင်းသာ ဖြစ်ပေသည်။ ထို့ကြောင့်လည်း စနစ်ကျ သေသပ်တိကျစွာ စကြာဝဠာကြီးကို ဖန်ဆင်းခဲ့သည်မှာ သဘာဝကျ လက်ရာမြောက်လှပေသည်။ ၄) မဿဲ ၆း၈-၁၅ အကြောင်းမူကား သင်တို့အလိုရှိသမျ တို့ကို သင်တို့မတောင်းမီ သင်တို့ အဘသိတော်မူ၏။ ထို့ကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဘ၊ ကိုယ်တော်၏ နာမတော်မြတ်အား ရိုသေလေးမြတ် ရှိပါစေသော်၊ နိုင်ငံတော်တည်ထောင်ပါစေသော်၊ အလိုတော်သည်ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော်။ အသက်မွေးလောက်သောအစာကို ယနေ့ပေးသနားတော်မူပါ၊ သူတပါးသည် ကျွန်ုပ်တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ုပ်တို့သည် လွတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကို လွတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ မကောင်းသောအမှုအရာမှ ကယ်နှုတ်တော်မူပါ။ အစိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုးတော်အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိပါ၏။ အာမင်ဟု ဆုတောင်းကြလော။ သင်တို့သည် သူတပါး၏ အပြစ်ကို လွှတ်တော်မူလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်၊ သင်တို့သည် သူတစ်ပါး၏ အပြစ်ကို မလွှတ်လျှင် သင်တို့၏ အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူ။ အထက်ပါကျမ်းပိုဒ်အရသိရသည်မှာ…..
က. ကျွန်ုပ်တို့အဘသည် ခမည်းတော် ထာဝရဘုရားသာဖြစ်သည်။ ( အခြားသောဘုရားမဟုတ်)
ခ. ခမည်းတော်ဘုရားသည် ကောင်းကင်ဘုံ၌ ရှိသည် ( နိဗ္ဗာန်၌ မဟုတ်)
ဂ.ထိုဘုရားသည် ကျွန်ုပ်တို့ဆုမတောင်းမီကပင် တောင်းမည့်ဆုအကြောင်းကိုသိ နှင့်တော်မူပြီးသော သဗ္ဗညုတဘုရားဖြစ်တော်မူ၏။
ဃ. လူတို့၏ ဆုတောင်းခြင်းကို နားညောင်းကြားနာသော ဘုရားဖြစ်၏။
- တိုင်တည်တမ်းတ ခေါ်ဆိုတောင်းအပ်သော နာမတော်ဖြစ်တော်မူ၏။
စ. ထာဝရဘုရား နာမတော်ကို ရိုသေလေးမြတ်ရန် သွန်သင်၏ ( အခြားဘုရား၏ အမည်နာမ မဟုတ်)။
ဆ. ၎င်း၏ နိုင်ငံတော်ကို ဤလောက၌ တစ်သီးတခြားတည်ထောင်သော ဘုရားဖြစ်၏ (လောကီ နိုင်ငံရေး၊ လောကီနိုင်ငံတော်မဟုတ်)။
ဇ. ကောင်းကင်ဘုံ၌ အလိုတော်ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌၊ ဤလောက၌ပြည့်စုံစေရန် သွန်သင်သည်။( နောင်တမလွန်ဘဝ အကျိုးသာမဟုတ်၊ ယ္ခုပစ္စုပ္ပန် မျက်မှောက် ဘဝ၏ အကျိုးပြည့်ဝခြင်းကိုပါ တစ်ပြိုင်တည်း သွန်သင်သည်။)
ဈ. နေ့စဉ်စားသောက်ရန်၊ ပြင်ဆင်ပေးသောဘုရားဖြစ်၏၊ အဘယ်မည်သော သိပ္ပံပညာရှင်နှင့် တောင်သူလယ် သမားတို့က စပါးပင် အမျိုးမျိုးကို ဖန်ဆင်းသည်ဟု ကြားမြင်သိဘူးပါသလား၊ ဘုရားရှင်ကသာ ဣဒ္ဓိဝိဒဉာဏ်တော်ဖြင့် ဖန်ဆင်း၍ လူတို့ကမျိုးစပ်၊ မျိုးပွားစိုက်ပျိုးကြခြင်းသာ ဖြစ်ပေသည်။ ဘုရားရှင်သည် ကျွေးမွေးသော အရှင်ဖြစ်သည်။
ည. လူ့အပြစ်ကို လွှတ်ပေးပိုင်၊ စီရင်ပိုင်သော ဘုရားဖြစ်သည်၊ မိတ်ဆွေကို မည်သူ အပြစ်တင်၍ မည်သူလွှတ်ပါသနည်း။ မိတ်ဆွေကိုတိုင် အပြစ်လုပ်၍ မိတ်ဆွေဘာသာ အပြစ်တင်ပြီး ကိုယ့်အပြစ်ကို ကိုယ်တိုင် အပြစ်လွှတ်ပိုင်ပါ၏လော။
ဋ အမူကိစ္စပြဿနာ အဝဝတို့ကို အပ်၍ကိုးစားလျှင် မကောင်းသောအမူအရာ ရှိသမျှတို့မှ ကယ်နှုတ်သော ဘုရားဖြစ်ကြောင်း ဟောပြောနေသည်။ (မိမိကာယကံရှင် အပေါ်ပြန်၍ ဝန်တင်သော၊ တာဝန်မယူ သော၊ မကယ်နိုင်သော ဘုရားအကြောင်းမဟော)
ဌ. အစိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်တည်သော ကြောင့် မနေ့ ယနေ့ မပြောင်းမလဲသော နိစ္စဘဝရဘုရားဖြစ်၏။ ထိုဘုရားအကြောင်းကိုသာ ယေရှုခရစ်တော် အမြဲသွန်သင် ဟောပြောနေခဲ့၍၊ သင်ပြပေးနေ၏။ ( အခြားဘုရားအကြောင်းမဟောပါ)။
ဍ. ကမ္ဘာမည်မျှဝေဝေ၊ ကမ္ဘာ့မည်မျှ အသစ်ဖြစ်လာလာ၊ ကိုယ်တော်သည် ကမ္ဘာအဆက်ဆက် ဘုရားဖြစ်တော်မူ၏။ ကျင့်၍ဖြစ်လာသော ဘုရားမဟုတ်၊ ဘုရားအလောင်းအလျာလည်း မဟုတ်ခဲ့။ နိစ္စထာဝရ ဘုရားသခင်သာဖြစ်ခဲ့၏။ ကမ္ဘာဝေသည်ဆိုရာ၌ပင် ထိုကမ္ဘာကို ထာဝရဘုရား မဖန်ဆင်းထားပါက ကမ္ဘာဝေသည် ဟူသော ဝေါဟာရပင်ရှိလာမည် မဟုတ်။ ကမ္ဘာဝေ၍ ကမ္ဘာအဆက်ဆက်တို့ကို ထပ်ခါထပ်ခါ ဖန်ဆင်းပြီး၊ ကမ္ဘာ အဆက်ဆက်၏ ဘုရား။ ကမ္ဘာကိုဝေစေသောဘုရား။ ကမ္ဘာကိုဖန်ဆင်း၍ ပိုင်သ အုပ်စိုးသော ဘုရားအကြောင်းကို သာ ယေရှုဟောပြောတော်မူသည်။ (အခြားဘုရားအကြောင်းမဟောခဲ့ပါ)
ပ. ထိုအရှင်သည် မိတ်ဆွေကိုဖန်ဆင်းပြုပြင်၍၊ ရွေးနှုတ်ကယ်တင်တော်မူသော ဘုရားသခင် ဖြစ်ပါသည်။ ထို့ကြောင့် မရှိတော့သော၊ သေ၍သေပြီးနောက်၊ ပြန်မရှင်ကြတော့သော၊ ဆုတောင်းလျှင် နားမညောင်းသော၊ လူမူရေးနှင့်ပါတ်သက်ခြင်း မရှိလိုသော ဘုရားများထံတွင် ဆုတောင်းနေခြင်း မဟုတ်၊ အသက်ရှင်လျှက် တည်ရှိတော်မူသော ဘုရား၊ ကယ်တင်အရှင် ကောင်းကင်ဘုံရှင် အဘထာဝရ မြတ်စွာဘုရားသခင်တည်းဟူသော ဆုတောင်းသံ နားညောင်းအဖြေပေးတော်မူသော ဘုရားသခင်ထံတွင် ဆုတောင်းစေခြင်းသာဖြစ်သည်။ နိစ္စထာဝရ ဘုရားထံတွင်သာဖြစ်၍( အနိစ္စဘုရားထံတွင်မဟုတ်ပါ)။
၅) လုကာ ၁၄း၄၁ နတ်ဆိုးတို့သည်လည်း ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျှက်လူများမှ ထွက်သွားကြ၏။ အထက်ပါကျမ်းပိုဒ်မှ သိရသည်မှ… ။ နတ်ဆိုးမာရ်နတ် စာတန်ကို ဘုရားရှင်က တိုက်ရိုက်မဖန်ဆင်းပါ။ လက်ဦးဖန်ဆင်းစက အဆင်းလှပ၍ ပညာစုံလင်သော တောက်ပသည့် ကောင်းကင်တမန် မိုးသောက်ကြယ်နံနက်သားခေါ် လူစီဖါသာဖြစ်သည်။ ဘုရားကိုအန်တု၊ ပုခုံးချင်းယှဉ်၊ ဖင်ထိုင်ခုံ လုယူလို၍ သစ္စာဖေါက်သောကြောင့် ဖောက်ပြန်သော ကျဆင်းသည့် စာတန်ဖြစ်လာရခြင်း ဖြစ်သည်။ ထိုစာတန်နှင့် အပေါင်းအပါ ကောင်းကင်တမန်ပျက် အားလုံးသည် နတ်ဆိုး ဝိညာဉ်ဆိုးများဖြစ်သွားကြ သည်။ အစဉ်အလာကြီးသော ထိုစာတန် အပေါင်းအသင်းတို့သည် နတ်ဆိုး၊ ဝိညာဉ်ဆိုးအဖြစ် လူတို့၏ အားနည်း ချက်ကို ခုတုံးလုပ်ကာ စိုးစံနေရာ ယူလာကြရင်းက ကိုးကွယ်ခံများ ဖြစ်လာကြသည်မှာ နှစ်ပရိစ္ဆေဒမနည်းလှတော့ပြီ။ ကမ္ဘာဦးမှပင် ဟုဆိုရပေတော့မည်။ ပူဇော်ပသနိုင်က ကောင်း၏။ မပူဇော်မပသနိုင်က ချက်ချင်းခိုက်စေ တတ်သေး၏၊ သူတို့ပင် ကျွတ်ဖို့၊ လွှတ်ဖို့ကဝေးသေးက ကျွတ်ဖို့လိုတာချင်းအတူတူ ကိုးကွယ်နေရန်ပင် မလိုတော့ ပါ။ ကျွတ်စေမည့် ပုဂ္ဂိုလ်ကိုသာ ရှာရန်လိုအပ်ပေသည်၊ ထိုနတ်ဆိုး၊ ဝိညာဉ်ဆိုးများပင် ယေရှုကိုခရစ်တော်ဖြစ်ကြောင်း သိကြ၏၊ ဘုရား၏သားတော်ဖြစ်တော်မူသည်ဟု သိကြ၏။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထိုနတ်ဆိုးတို့ကပင် ထောက်ခံအသိအမှတ်ပြုထားကြသည်။ ဝန်ခံထားခဲ့ကြပြီ။ မိတ်ဆွေအနေဖြင့် ယေရှုကို ခရစ်တော်ဟု လက်မခံနိုင်ပါက ထိုနတ်ဆိုး၏ အသိညာဏ်လောက်ပင် မတက်ပါလားဟု ထင်မိစရာ ဖြစ်နေပါ လိမ့်မည်။ ၆) ယော ၅း၂၄ ငါအမှန်ဆိုသည်ကား ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသော သူကိုယုံကြည်သော သူသည် ထာဝရ အသက်ကိုရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူမြောက်သော သူဖြစ်၏။ အထက်ပါကျမ်းပိုဒ်အရသိရသည်မှာ…..
က. ယေရှုခရစ်တော်ကိုစေလွှတ်သော သူမှာ ကောင်းကင်ဘုံရှင် ခမည်းတော်ဖြစ်၏။ (မြေကမ္ဘာ – တိဘက် ဘုန်းကြီးမဟုတ်ပါ)
ခ. ယုံကြည်သူသည် ထာဝရအသက်ကိုရ၏ဟု ဆိုသဖြင့် အကျင့်ကျင့်ခြင်းကိုဗန်းပြကာ ဘုရားကို အန်တုသောစနစ်ကို မသွန်သင်ပါ။ (ဗုဒ္ဓတရားမဟုတ်)။
ဂ. ထာဝရအသက်ဆိုသည်မှာ… မြဲမြံသော မအို၊ မနာ၊ မသေသောအသက်ဖြစ်သည်။ ထာဝရဘုရား ကသာလျှင် ပေးနိုင်၏။ သို့မှသာ သဘာဝကျပေတော့မည်။ ယုတ္တိရှိမည်။ ထာဝရအသက်ဟုဆိုသဖြင့် မမြဲသော သင်္ခါရ အသက်တဝဲလည်လည် ဖြစ်နေဦးမည် အသက်မျိုးမဟုတ်ပါ။ ( ထို့ကြောင့် ဗုဒ္ဓတရားတော်ကို ဟောပြော စရာအကြောင်းမရှိပါ)
ယ. အာမခံချက်ပေးသူဖြစ်သည်။ ( ၁တိ ၂း၄-၆)
- အပြစ်စီရင်ခြင်းကို မခံရဟု အာမခံချက်ပေးသည်။ (အကျင့်ကြောင့်မဟုတ်၊ ဘုရားဘက်၍ အသက်ရှည်ခြင်း အာမခံကိုရခြင်းဖြစ်သည်)။
စ. အသက်ရှင်ခြင်း သို့ကူးမြောက်သော တရားဖြစ်သည်။ ၃၁ ဘုံ ရှိအသက်သည် သေနေရသော အသက်ဖြစ်သည်၊ ဘဝပြောင်းရသော၊ ဇာတိနေ၍မွေး၊ နာ၊ အို၊ သေနေရသော အသက်ဖြစ်သည်။ ယခုခရစ်တော်ကို ယုံလျှင်မူကား ထာဝရအသက်ရ၏။ အို၊ နာ၊ သေခြင်းတို့မှ ကင်း၏။ ( အသက်ရှင်ခြင်းအကြောင်းဖြစ်၏၊ ကောင်းကင် ဘုံရောက်ကြောင်းတရားဖြစ်၏)
ဆ. စေလွှတ်ခံရသူမှာ ယေရှု၊ ဘုရားသားမှာ ထိုယေရှုပင်ဖြစ်သည်၊ သူ့အားယုံလျှင် ထာဝရအသက် ကိုရ၏ဟု ဆိုထားသဖြင့် ဗုဒ္ဓတရားမှာ အခြားသူကိုနိုင်၊ မလွှတ်ပေးနိုင်ဟုဆို၏။ သျှခရစ်တော်က ကယ်ခြင်း၊ လွှတ်ပေးခြင်း၊ လုပ်ပေးခြင်းဖြစ်၏။ ထို့ကြောင့် (ဗုဒ္ဓတရားမဟုတ်)
ဇ, ထာဝရ အသက်ရသူသည် မနာ၊ မအို၊ မသေ၊ လင်မယားမရှိ၊ သေခြင်းနှင့် အစဉ်ကင်းလွတ်၏။ မွေးခြင်း ဇာတိတဖန်နေရခြင်း မရှိ။ သံသရာပြတ်၏။ ထာဝရဘုရားနည်းဖြစ်၏။ ( ဗုဒ္ဓနည်းမဟုတ်)
ဈ. ယုံကြည်သောသူသည် အပြစ်စီရင်ခြင်း မခံရဟူသောကြောင့် စီရင်သာသော ထာဝရဘုရား သာဖြစ်သည်။ စီရင်သူက ယုံကြည်သူကို မစီရင်ဟု ကတိပြု၏။ ကောင်းသူကယ်မကောင်းသူပယ်မည့် သူကား ထာဝရဘုရားပေတည်း။ နောက်ဆုံးသောတရားစီရင်ခြင်းကျမှ ပေါ်လာမည်ဖြစ်၍ ထိုဘုရားသည်သာ “တရား သူကြီး” ဖြစ်တော်မူ၏။ ဟေရှာ ၃၃း၂၂
ည. သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူမြောက်သောတရားဖြစ်၏။ သေခြင်းဆိုသည်မှာ ထာဝရဘုရား နှင့် မိဿဟာယ ပြတ်ခြင်း၊ ဘုရားနှင့်လူ ကွဲကွာခြင်း၊ အဖန်ဖန်ဘဝဖြစ်ခြင်း၊ ဆင်းရဲဒုက္ခ ငရဲကျခြင်းတို့ဖြစ်သည်။ ၃၁ ဘုံ၌ သံသရာလည်ခြင်းတို့ဖြစ်သည်။ ဇာတိရှိ၍ မွေး၍၊ နာခြင်း၊ သေခြင်း၊ အိုခြင်း၊ စသည့်ဖြစ်ခြင်းတို့သည်မကသေ၍ သေ၍နေရခြင်းကိုကိုဆိုပေသည်။ အသက်ရှင်ခြင်းဆိုသည်မှာ လူနှင့်ဖန်ဆင်းသူဘုရား ပြန်လည်သင့်မြတ်ခြင်း၊ မိဿဟာယပြန်ဖြစ်ခြင်း၊ ပြန်လည် ပေါင်းစည်းခြင်း၊ ထာဝရအသက်ဖြင့် မပျက်နိုင်၊ မပုပ်နိုင်သော နာမ်ဝိညာဉ် ကိုယ်ခန္ဒာ ပိုင်ဆိုင်ကာ၊ ထာဝရ နိစ္စစည်းစိမ်၊ ထာဝရ နိစ္စသုခ၊ ထာဝရချမ်းသား၊ ထာဝရကာလပါတ်လုံး ထာဝရ ဘုရားသခင်နှင့် အတူထာဝရ စံစားခြင်းဖြစ်သည်။ ထိုအဖြစ်သို့ရောက်ရန် ဘုရားသခင်က သားတော်ယေရှုခရစ်တော်အားဖြင့် ပြင်ဆင်နှင့်ခဲ့ပြီး၊ သားတော်အားဖြင့်ပေးအပ်သည်။ သားတော်သည်သေခြင်း မစ္စုမာန်ကိုအောင်မြင်ပြသခဲ့ပြီး ထိုသေခြင်း မစ္စုမာန်ကိုအောင်မြင်ခဲ့သော ခရစ်တော်ကို ယုံကြည်ခြင်းမှသာ ထာဝရ အသက်ရှင်ခြင်းသို့ရောက်၏။ ထို့ကြောင့် ထိုဒေသနာ သည် ထာဝရဘုရား၏ ဒေသနာတော်သာဖြစ်လေသည်။ မှတ်ချက်။ ။ဘုရားတို့မည်သည် မာရ်ငါးပါးကိုအောင်နိုင်ရမည်မဟုတ်ပါလား……. ၇) ယော ၇၁၆ ယေရှုကလည်း ငါဟောပြောသော ဒေသနာသည် ငါ၏ဒေသနာမဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသော သူ၏ဒေသနာဖြစ်၏။
ယော ၆း၃၈ အကြောင်းမူကား ငါသည် ကိုယ်အလိုသို့ လိုက်ခြင်းငှာ၊ ကောင်းကင်မှ ဆင်းသက်သည်မဟုတ်၊ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှါသာဆင်းသက်၏။ လုကာ ၂၄း၅ဝ ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင် တပည့်တော်တို့နှင့် ခွါ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ။၏ အထက်ပါတို့မှသိရသည်မှာ………..
က. ခရစ်တော်သည် ကောင်းကင်ဘုံမှ ဆင်းသက်သူဖြစ်၏။ လူ့ဇာတိလာခံခြင်းသာဖြစ်၏။
ခ. ကောင်းကင်ဘုံမှ စေလွှတ်သူခမည်းတော်၏ တရားဒေသနာကိုသာဟော၏။
ဂ. ကောင်းကင်ဘုံသို့ပင်ပြန်ကြွ၏။ (နတ်၊ ဗြဟ္မာဘုံသို့မတက်၊ နိဗ္ဗာန်သို့ မဝင်မရောက်)၊
ယ.ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရသဖြင့် ဆောင်ယူသူမှာ ခမည်းတော်ထာဝရဘုရား ဖြစ်သည်။
င) ယော ၁၄း၁-၃ တဖန်ယေရှုက သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိကြနှင့်၊ ဘုရားသခင်ကိုယုံကြည်လော။ ငါ့ကိုလည်း ယုံကြည်လော၊ ငါ့အဘ၏အိမ်တော်၌ နေစရာအခန်း အများရှိ၏၊ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောပဲမနေ၊ သင်တို့နေစရာ အရပ်ကိုပြင်ဆင်ခြင်းငှါ ငါသွားရ၏၊ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်ပြန်၍ ငါရှိရာအရပ်၌ ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။ အထက်ပါကျမ်းပိုဒ်တို့မှသိရသည်မှာ……..၊
က. ထာဝရဘုရားကိုသာယုံကြည်ရန် တိုက်တွန်းထား၏။( သဘာဝတရားမဟုတ်၊ ဗုဒ္ဓဘာသာ၌ ထာဝရဘုရားမည်သည်မရှိ၊ လက်မခံ၊ မယုံကြည်ကြ)။
ခ. အဘ၏အိမ်တော်ဟုဆိုသောကြောင့် ကောင်းကင်ဘုံကိုသာ ဆိုလိုသည်။ ( နိဗ္ဗာန်ရောက်ကြောင်း တရားမဟုတ်၊ ကောင်းကင်ဘုံရောက်ကြောင်းတရားသာဟော၏၊ ထို့ကြောင့် ဗုဒ္ဓတရားလားလားမျှ မဟုတ်ပါ)။
ဂ. ယုံကြည်သူများအတွက် ခရစ်တော်ကိုယ်တော်တိုင်ပြင်ဆင်ပေးသော အခန်းများ ကောင်းကင်ဘုံ၌ အဆင်သင့်ရှိနေရန် ရှိထားနှင့်ကြပြီ။
( ဃ. ထိုခရစ်တော်သည် ဒုတိယအကြိမ် တစ်ဖန်ကြွလာမည်။ မိုးတိမ်စီးလျှက် တက်ကြွသွားခဲ့သည့် နည်းတူ ပြန်ကြွလာလျှင်လည်း မိုးတိမ်စီးလျှက် သံလွင်တောင်ပေါ်၌ ကြွဆင်းလာမည်၊ ပြန်ကြွလာလျှင် ကယ်တင်ရှင်အဖြစ် မဟုတ်တော့၊ တရားစီရင်သူ ( တရားသူကြီး၊ ရှင်ဘုရင်) အဖြစ်ကြွလာမည်။ ပုဂ္ဂိုလ်တပါးတည်း နှစ်ခါပြန်ကြွလာမည့် အဖြစ်တော်မှာလည်း ထူးခြားချက်တရပ်ဖြစ်သည်။
- ယုံကြည်သူတို့ကို သိမ်းဆည်းမည်၊ မျက်စိတမှိတ် လျှပ်တပြက်အတွင်း ပုပ်ပျက်တတ်သော ခန္ဒာမှ မပုပ်ပျက်တတ်သော ခန္ဓာတော်သို့ ပြောင်းလဲပေးမည်။ ကောင်းကင်ဘုံသို့ ချီဆောင်သွားမည်။ (နိဗ္ဗာန်မဟုတ်၊ ၃၁ ဘုံမဟုတ် ၁ ကော ၁၅း၅၂)
၉) ယော ၁၄း၆-၆ ယေရှုက ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏၊ ငါ့ကိုအမှီ မပြု လျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။ အထက်ပါကျမ်းပိုဒ်တို့မှသိရသည်မှာ………. ။
က. ယေရှု၏ ခမည်းတော်မှာ ထာဝရဘုရားသခင်ဖြစ်ကြောင်း သိခဲ့ရပြီ။
ခ. ကောင်းကင်မှ အသံပြု စကားပြောသောအသံရှင်မှာ ခမည်းတော်ထာဝရဘုရားသခင်ဖြစ်သည်။
ဂ. အမှုတော်စတင်ရန်ပြင်ဆင်ခြင်း၊ အစအဦး၌ ယောဒါန်မြစ်၌ နှစ်ခြင်းမင်္ဂလာခံယူစဉ်က ဖြစ်သည်။ ထို့ကြောင့် စေလွတ်သောသူကိုယ်တိုင်က အမူထမ်းရန်အတွက် ပြင်ဆင်ရွေးချယ်သော အခါ ရွေးချယ်ဘိသိပ်ပေးကြောင်း သိရသည်။ ထိုဘုရားမှာ ကောင်းကင်ဘုံမှ ထာဝရဘုရားသခင်ပင်ဖြစ်သည်။ တိဗက်ပြည်မှ လူဘုန်းကြီး တစ်ပါးပါး၏ စေလွှတ်ခြင်းမဟုတ်၊ ရွေးချယ်ခြင်းမဟုတ်)
ဃ. ယေရှု၏ စကားတော်ကို နားထောင်ရမည်ဟု ပညာတ်တော်၊ အမိန့်ပေးတော်မူသောဘုရားသည်။
- မိမိကိုယ်ကိုမိမိ ဘုရားသားဖြစ်သည်ဟု ပြောခဲ့ခြင်းမှာ လိမ်ညာဖန်တီးခြင်းမဟုတ်။ ကောင်းကင်ဘုံ မှ အသံတော်အားဖြင့် ဤသူကားငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သားပေတည်း ဟူသောအချက်က ဘုရားသားတော် ဧကန်စင်စစ်မှန်ကြောင်း သက်သေရှိပေသည်။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ခရစ်တော်အတု အစစ်ခွဲခြားနိုင် ရန် ဤသို့ကြိုတင် အနာဂတ္တိနိမိတ်ပြသက်သေ ထူထားခြင်းဖြစ်သည်။ ၁၀) မဿဲ ၄း၈-၁၁ တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍ ဤလောက ရှိသမျှသော တိုင်းနိုင်ငံတို့ကို၎င်း ထိုတိုင်းနိုင်ငံ တို့၏ ဘုန်းစည်းစိမ်ကို လည်းကောင်း ပြညွန်၍ ကိုယ်တော်သည် ငါ့ကိုညွတ်ပြပ် ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်။ ယေရှုကလည်း အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့၊ သင်၏ဘုရားသခင် ထာဝရဘုရားသခင်ကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ကျမ်းစာလာသည်ဟု မိန့်တော်မူလေသည်။ ထိုအခါ မာရ်နတ်သည် အထံတော်မှ ထွက်သွား၍ ကောင်းကင်တမန် တို့သည် ချဉ်းကပ်လျှက် လုပ်ကျွေးကြ၏။ အထက်ပါကျမ်းပိုဒ်တို့မှသိရသည်မှာ………..
ခ. မာရ်နတ်သည်လည်း လူကိုစည်းစိမ်ပေးနိုင်ကြောင်းသိရ၏။
ဂ. မာရ်နတ်သည်လည်း ၎င်းကို ဘုရားအမှတ်ဖြင့်ကိုးကွယ် ခံချင်လှကြောင်းသိရ၏။ ( ပုဂ္ဂိုလ်ထူးဆိုလျှင် ကြည်ညိုစရာလော?)
ဃ. ယေရှုက ထာဝရဘုရားသခင် ဖန်ဆင်းရှင်ကိုသာ ဝတ်ပြုကိုးကွယ်ရမည်ဟု ရှေးဓမ္မဟောင်းကျမ်း သွန်သင်ချက်ကိုပင် ကိုးကား၍ ဖြေကြားခဲ့သည်ကို တွေ့ရသည်။( အခြားဘုရားကို ကိုးကွယ်ဝတ်ပြုရန် မသွန်သင် ခဲ့ပါ။ ဗုဒ္ဓကိုလည်း ကိုးကွယ်ရန်လည်း မသွန်သင်ခဲ့ပါ။ ဗုဒ္ဓက မယုံကြည် မမြင်တွေ၊ မသိကျွမ်းမမှီခဲ့သော ဖန်ဆင်းရှင်နိစ္စ ထာဝရဘုရားကို ကိုးကွယ်ရန်သာ သွန်သင်တော်မူ၏) ကျမ်းစာကိုသာ အခြေခံ ကိုးကားဖြေဆိုရခြင်းသည်.. ဝိနယောနာမ သာသနဿအာယု ဟူသော ပါဠိလာရှိသည် နှင့် အညီ လမ်းမမှား ရန်အရေး ဘုရားမြတ်၏သမ္မာစကားသည် လွန်စွာအရေးပါလှပေသည်.. ၁၁) မဿဲ ၅း၁၇-၁၈ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ပယ်ဖျက်ခြင်းငှာ ငါလာသည်ဟု မထင်ကြနှင့်၊ ပယ်ဖျက်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာသတည်း။ ငါအမှန်အကန်ဆိုသည်ကား ကောင်းကင်နှင့်မြေကြီး မပျက်စီးမှီတိုင်အောင်း ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိတစ်လုံး ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။
က. ခရစ်တော်သည် လောကသို့ ကြွဆင်းလာသောအခါ အကြောင်းမဲ့၊ အခြေခံမဲ့ကြွ လာသည်မဟုတ်၊ ဂေါတမ မတိုင်မှီ ရှေးနှစ်ပေါင်း များစွာကပင် ဓမ္မဟောင်းကျမ်းပါ ဗျာဒိတ်ပြုဟောကြားထားသည့်အတိုင်း အနာဂတ္တိ ကျမ်း၊ ပညတ္တိကျမ်းများနှင့် အညီပြည့်စုံစေရန် ကြွလာခဲ့ခြင်းဖြစ်သည်။
၁. ကောင်းကင်နှင့်မြေကြီး မပျက်စီးသေးသောကြောင့် ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံး ဗိန္ဓု တစ်လုံးမျှ အကုန်အစင် မပြည့်စုံသေးကြောင်း၊ ဆက်လက်၍ ကမ္ဘာ့လူသမိုင်းကြောင်းကြီးတွင် ဘုရားဟောနှင့်အညီ ပြည့်စုံ လာပေဦးမည်ဖြစ်ကြောင်း သိရသည်။ သို့ပြီးမှ ကောင်းကင် နှင့်မြေကြီး ပျက်လတ္တံ့။ ကောင်းကင်သစ်နှင့် မြေကြီးသစ်ဖြစ်လာလတ္တံ့။ ၁၂) ယောဟန် ၁း၂၉-၃၀၊၁၃ ဤလောက၏ အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ကိုကြည့် ရှုလော့။ ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့ (ယောဟန်) နောက်ကြွလာသည်ဟု ဆိုရာ၌ ထိုသူ ( ယေရှု) ကို ဆိုလို၏။ အစကထိုသူကို ငါမသိ၊ ရေ၌ဗတ္တိဇံကို ပေးစေခြင်းငှာ ငါ့ကိုစေလွှတ်တော်မူသော သူက အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော် ဆင်းသက်၍ နားတော်မူသည်ကို သင်မြင်လျှင် ထိုသူကား သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို ပေးသောသူပေတည်းဟု မိန့်တော်မူ၏။ အထက်ပါကျမ်းပိုဒ်တို့မှသိရသည်မှာ……….. ။
က. လောက၏ အပြစ်ကို ယေရှုက ဆောင်သွားကြောင်းသိရသည်။ ( ဗုဒ္ဓဘာသာ၌ လူတစ်စုံတစ်ဦး၏ အပြစ်ကို တစ်စုံတစ်ဦးက မည်သို့မှ မဆောင်ယူနိုင်ဟုဆို၏၊ ပြန်စဉ်းစားသင့်ပေသည်)။
ခ. ယောဟန်သည် ခရစ်တော်နှင့် တစ်ဝမ်းကွဲတော်စပ်၍ အရင်မွေးသူဖြစ်သော်လည်း ဘုရားဇာတိ တော်အားဖြင့် ခရစ်တော်သည် ယောဟန်မရှိမှီရှိနှင့်နေကြောင်း သိရသည်။
ဂ. ယုံကြည်သူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဗတ္တိဇံကို ပေးသောသူဖြစ်ကြောင်းသိရသည်။ ထို့ကြောင့် အထက်ပါ အကြောင်းအရာများအားဖြင့် မှန်သည် မှားသည်ကို ကာလမသုတ်လာ စကားတော်အတိုင်း သိမှတ်ကိုင်စွဲကြပါကုန်လော ?
ဓလေ့ထုံးတမ်းအမြင် (Customary View)
၁) မာကု ၆း၃ သူသည် လက်သမားသားမဟုတ်လော၊ မာရိ၏ သားမဟုတ်လော၊ ယာကုပ်၊ ယောသေ၊ ရှိမုန်တို့၏ အကို မဟုတ်လော၊ သူ့နှမများတို့သည် ငါတို့နှင့်အနီးအပါးနေကြသည်မဟုတ်လော။ အထက်ပါကျမ်းပိုဒ်တို့မှသိရသည်မှာ………..
က. ယေရှုသည် လက်သမားသားဖြစ်သည်၊ ယုဒထုံးစံ၌ သားသမီး တို့တွင် အကြီးဆုံးသော သားသည် မိမိဝါသနာပါရာ၊ ကြိုက်နှစ်သက်ရာ လုပ်ငန်းကို လုပ်ကိုင်ရွေးချယ်၌ အသက်မွေးဝမ်းကြောင်းခြင်းအမူကို မပြုရပေ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ၊ ဝါသနာမပါသည်ဖြစ်စေ၊ ဖခင်၏လုပ်ငန်း ကို ဝိုင်းကူ၍ လုပ်ကိုင် အသက်မွေးရသည်။ အမွေခံလုပ် ကိုင်ရသည်။ ကျန်သားသမီးများကသာ မိမိစိတ်ကြိုက်၊ နှစ်သက်ရာ၊ ဝါသနာပါရာ တို့ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရကြသည်။
ခ. ထို လက်သမား အတတ်ပညာသည်ပင် သူသည် စကြာဝဠာအရာရာခပ်သိမ်းကို ဖန်ဆင်းသော ဘုရားဖြစ်ကြောင်း လူတို့နားလည်စေရန် ခိုင်ခိုင်လုံလုံ အသက်တာလုပ်ငန်းအားဖြင့် ထင်ရှားသက်သေ ထူနေခြင်း ပင်ဖြစ်သည်။
ဂ. ငါတို့အနီးအပါး၌ သူ့နှမများ ရှိနေကြသည်ဟု ဆိုသောကြောင့် ခရစ်တော်သည် မရှိခဲ့သယောင် ဖြစ်နေသည်။ အမှန်စင်စစ် ဤလက်သမားဘဝဖြင့်သာ အချိန်ကုန်လွန်ခဲ့၍ လူမူရေး မလှုပ်ရှား၊ မပါဝင်အားခဲ့၊ ပရိဘောဂ၊ သစ်သား၊ ကိရိယာ များတို့ဖြင့် သာ အချိန်ကုန်လွန်ခဲ့ကြောင်းသိရသည်။ လူသိနည်းခဲ့ခြင်းဖြစ်သည်။ ၂) အသက် ၃ဝ ပြည့်မှသာ လူရာသွင်း၍ ဘာသာရေး လုပ်ကိုင်ခွင့်ပေးသည်။ အသက် သုံးဆယ် နှစ် မပြည့်အချင်း ဘာသာရေး ဝင်ရောက်ဦးစီးခေါင်းဆောင် ပါဝင်ခွင့် ယုဒထုံးစံ၌မရှိ။ ခွင့်မပြု သဘာဝလည်းကျပ်သည်၊ အသက် ၃ဝ ရှိပါက အတွေ့အကြုံ ရင့်ကျက်မှု၊ ဗဟုသုတ အတော်အတန် စုံလင်မှုရှိပြီဖြစ်ကြောင်း နားလည်နိုင်ပါသည်။ ထို့ကြောင့် ယေရှုသည် အသက် ၃ဝ ပြည့်မှ စတင်၍ အမှုဆောင်ရခြင်းဖြစ်ပါသည်။ ၃) လု ၂း၄ဝ-၅၂ အသက် တဆယ့်နှစ်နှစ်အရွယ်တွင် ယုဒပသခါတို့ထုံးစံ ရှိသည့်အတိုင်း ယေရှုရှလင်မြို့ရှိ ဗိမ္မာန်တော်သို့သွားကြ၏။ ပွဲပြီးအပြန် ခရီး၌ ပျောက်၍ မိဘတို့ ရှာတွေ့သောအခါ သုံးရက်ရှိပေပြီ။ ထိုပြန်တွေစဉ်တွင် မိဘသည် အဘယ့်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလော။ သူတို့သည် ထိုစကားကို နားမလည်ကြဟုပါရှိရာ ” အဘ၏အိမ်” ဟုဆိုသဖြင့် ထာဝရဘုရားကို သာဖေါ်ပြနေ ၏။ ထို ၁၂ နှစ် အရွယ် လူမမယ်သည် တိဗက်ဘုန်းကြီးတို့နှင့် လိုက်ပါသွားလျှင် ၁၂ နှစ်သာ ရှိသေးသောကြောင့် ငယ်ရွယ်လွန်းပေသည်။ မျဉ်းဖြောင့်အတိုင်း ၃၈၅၀ မိုင် ဝေးသော ခရီးကို လိုက်ပါသွားရန် ခက်ခဲလှပေမည် (ယုတ္တိမတန်)။ လက်သမား ဘဝဖြင့် ၃ဝ ပြည့်သည့်တိုင်အောင် လက်သမားသာ လုပ်ကိုင်ခဲ့ပါသည်။ အခြားသို့ ခရီးမသွားခဲ့ပါ လက်သမားဘဝဖြင့် မိခင် နှင့်မောင်နှမတို့ကို ကျွေးမွေးစောင့်ရှောက်တာဝန်ယူခဲ့သည်။ အိမ်ထောင်မူ တာဝန်ကို ထုံးစံနှင့်အညီ တာဝန်ကျေခဲ့သူပါ။ ၄) ၁၂ နှစ် အရွယ် ၃ ရက် မျသာ ကလေး ပျောက်သွားရုံဖြင့် ခေါင်းမီး၊ ရင်မီး တောက်အောင် ပရိဝေဒ လောင်မြိုက် ခဲ့ကြရှာသော မိဘနှစ်ပါးတို့၏ အဖြစ်ကိုစဉ်းစားကြည့်ပါ။ ဤ တိုတောင်းလှသော ၃ ရက်လောက် အတွက်ပင် ထိုမျှရင်ပူခဲ့ကြသော မိဘနှစ်ပါးအဘို့ ၁၈ နှစ်ကာလပါတ်လုံး ၁၂ နှစ်မှ ၃ဝ နှစ်အကြား ခွဲခွဲခဲ့ရသည်ဆိုလျှင် မိဘများ ၏ ပူပန်မူကို အကျယ်တဝင့် တခမ်းမနားနှင့် မိဘနှင့်သားသမီးတို့၏ မေတ္တဘွဲ့မျိုးအဖြစ် သမ္မာကျမ်းစာ၌ မှတ်တမ်း တင်အပ်ပေသည်။ ဤမျှလောက်သောဂန္တဝင်မြောက် ခရီးကြမ်းကြီးကို မှတ်တမ်းထားရှိအပ်ပေသည်။ မိဘနှစ်ပါးနှင့် မခွဲမခွါ ရှိခဲ့သောကြောင့် မှတ်တမ်း မရှိခဲ့ပေ… ထို့ကြောင့်…၊
က. မိဘမောင်ဘွားတို့နှင့် ခွဲခွာခြင်း မှတ်တမ်းကျမ်းစာ၌မရှိ။
ခ. ဂျူးသမိုင်းကြောင်းမှတ်တမ်း၌ မပါမရှိ။
ဂ. ခွဲခွါပါက ပြန်တွေ့ကြောင်း၊ ပြန်လာကြောင်း မှတ်တမ်း မှရှိ။
ဃ. ပြင်းထန်ကြပ်တည်း အနုစိတ်လှသော ယုဒဘာသာထုံးတမ်းအရ အခြားသူ တပါးလက်သို့ လွဲအပ် ပေးဝံ့သည့် မိဘများလည်းမဟုတ်ခဲ့။
- ကုန်သည်များအား လွဲပေးလိုက်ရသည့်တိုင် ဆင်းရဲနွမ်းပါးသည့် မိသားစုများ မဟုတ်ခဲ့။
စ. သူ့သဘောနှင့်သွားသည်ဆိုလျှင်တောင်မှ ဂန္တဝင်မြောက် ရဲဝံ့စွန့်စား သက်စွန့်ဆံဖျားဖြစ်ရပေမည်။ သို့မဟုတ်ကလည်း ” အရှည်ဆုံးသွားသော အငယ်ဆုံးသောလူကလေး” အဖြစ်မှတ်တမ်းရှိရပေမည်။
ဆ. ၁၈ နှစ် ကာလ အလွမ်းဘွဲ့ရှိရမည်၊ မိခင်သည်၊ ကားစင်တင်ချိန်၌ပင်ရှိခဲ့သည်။ မိခင်အနေဖြင့် ၁၈ နှစ်မျခွဲခွါခဲ့သော သားဖြစ်ပါက ထိုအလွမ်းဘွဲ့ကိုလည်း ငိုယိုမြည်တမ်းသော ထည်းသွင်းမှတ်တမ်းရှိရပေမည်။
ဈ. ဂန္ဓဝင်မြောက်ခရီးသွားမှတ်တမ်း အတွေ့အကြုံ ရှင်းလင်းချက်မရှိ၊ မတွေ့ရ။
ည. အသွားခရီး မှတ်တမ်းမရှိ။
ဋ အပြန်ခရီး မှတ်တမ်းမရှိ။
ထို့ကြောင့် အထောက်အထား ကင်းမဲ့သောအကြောင်းအရာများကြောင့် ခရစ်တော်သည် တိဗက်ပြည်သို့ မရောက် နိုင်ကြောင်း သိရှိနိုင်ပေသည်။
၅) BY H.E.Dana. A life of Christ, pg. 18
This experience, however, brought no expression of arrogance of egotism on the parts of the boy Jesus. He returned with Marry and Joseph to Nazareth, subject to them as in the past. Of his experience from that time to the beginning of his public ministry we know nothing in detail, but only in a general way that he led a normal but pure and benevolent life. It is generally believed that. Joseph died in the early years of Jesus’ manhood and that Jesus then became the head of the Nazareth household.
၃။ သာသနာသမိုင်းကြောင်းအမြင် (Historical View) ခရစ်တော်သည် တိဗက်ပြည်သို့ သွားရောက်ရာ ဗုဒ္ဓဘာသာ အယူဝါဒကို တိဗက်ပြည်မွန် ဘုန်းတော်ကြီးကျောင်းတွင် တပည့်ခံ မခံသိနိုင်ရန် တိဗက်ပြည်သို့ ဗုဒ္ဓဘာသာသာသနာ ရောက်ရှိပြန့်ပွားသော ခုနှစ်သက္ကရာဇ်ကို တွက်ချက်သော်ကား လုပ်ကြံဇာတ်မှန်း ကောင်းကောင်းသိနိုင်ပေသည်။ တင်ပြချက် (၁) အိပ်ခ်ျဂျီဝဲလ် ဆိုသူ သမိုင်းပညာရှင်ကြီးက တိဗက်ပြည်သို့ ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိခဲ့သော ခုနှစ်မှာ အေဒီ ၅ဝဝ-၆ဝဝ တွင်ဖြစ်သည်ဟု တင်ပြသည်။ တင်ပြချက် (၂) ခရစ္စမတ်တန်ဖရိဆိုသူ၏ ရေးသားထားသော သမိုင်းအရ တိဗက်ပြည်သို့ ဗုဒ္ဓသာသနာသည် အေဒီ ၇ ရာစု အလယ် အေဒီ ၇ဝဝ ခန့် သို့မဟုတ် ၆၅ဝ ခန့်၌ ရောက်ရှိသည်ဟု ဖော်ပြသည်။ တင်ပြချက် (၃) ရန်ကုန် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ရှိ စာပေအရ ဗုဒ္ဓသာသနာသည် တိဗက်သို့ ရောက်သည်မှာ အေဒီ ၆၅၀ – ၇ဝဝ ခန့် သို့မဟုတ် အေဒီ ၆၄ဝ ခန့်ဟု ဖော်ပြသည်။ တင်ပြချက် (၄) မာဃမြန်မာပြန်သော ရဟုလာသံကိစ္စည်း၏ တိဗက် ဗုဒ္ဓသာသနာ စာအုပ်အရ ၆၄ဝ မတိုင်မီ ဘိုက်ခ် တိဗက်သို့ ဗုဒ္ဓဘာသာ မပြန့်ပွား မရောက်ရှိသေးကြောင်း သိရသည်။ os&gqos (၅) Kenneth W. Morgan ပြုစုသော Buddhism Interpreted by Buddhists opg?832qı
Although only the Himalayas separate Tibet from India and there had been several attempts by Indian monks to introduce Buddhism into Tibbets it was not until the twenty century after the Buddha ( Seventh Century A.D) That Buddhism was officially introduced into Tibet, making it the last of the Modern Mahayana countries to accept Buddhism.
ဗုဒ္ဓပွင့်ပြီး ၁၂ ရာစုဖြစ်သော ခရစ်သက္ကရာဇ် ( ၇) ရာစုတွင် ဗုဒ္ဓဘာသာ သာသနာကို တိဗက်ပြည်သို့တရားဝင် မိတ်ဆက်နိုင်ခဲ့သည်ဟုတွေ့ရပါသည်။ ၎င်းစာအုပ်မှာ The part of the Buddha ဟူသော စာအုပ်မှ စာမျက်နှာ ၆၅ တွင် Buddhism Interpreted by Buddhists ဟုရေးထားသဖြင့် ၎င်းစာအုပ်မှာ ဗုဒ္ဓဘာသာဝင်၊ ကျမ်းတတ်များ ကိုယ်တိုင် အနက်ဖွင့်ဆိုထားသော ဗုဒ္ဓဝါဒဟု အဓိပ္ပါယ်ရှိသဖြင့် ဗုဒ္ဓဘာသာဝင် ကျမ်းတတ်ပညာရှင်များကိုယ်တိုင် အနက်ဖွင့်ချက်စာအုပ်၌ ပါရှိသော ဗုဒ္ဓသာသနာ တိဗက်သို့ရောက်ကြောင်း သက္ကရဇ် ဖြစ်သဖြင့် ထိုအေဒီ ၇ဝဝ ခန့် ဆိုသည်မှာ လွန်စွာမှ အထောက်အထား ခိုင်လုံသော သက္ကရာဇ်ဖြစ်တော့သည်။ ၎င်းစာအုပ်ကို Kenneth W. Morgan ပြု စုသည်။ တင်ပြချက် (၆) ခရစ်တော် အသက် ၃ဝ တွင် ပြည်ပသို့ အခြားခရီးပြုချက်မတွေ၊ မကြားမတွေ၊ မသိ မှတ်တမ်းမှတ်ရာ မရှိပါဟု ပါရှိသည်။ R.W.F. Wootton ၏ Christian Worship စာအုပ်ဖြစ်သည်။ ဖော်ပြရပါမူ
The Lord Jesus was offered in the Temple according to the ancient law as a child six weeks; he went three again at the age of 12, when a boy became a member of the community of Israel. (But we do not know of any other visit in the first 30 years of his life). Synagogue worship chapter 8. Christian Worship of God စာအုပ်မှဖြစ်သည်။
တင်ပြချက် (၇) မာဃမြန်မာပြန်သော ရာဟုလာသံကိစ္စည်း၏ တိဗက်ဗုဒ္ဓဘာသာ စာအုပ်တွင် ၁၂-၁၀- ၇၄ ရက်စွဲပါ ပါရဂူရေးသားသော ရာဟုလာ သံကိစ္စည်း နှင့် တိဗက်ဗုဒ္ဓဘာသာ စာအုပ် စာမျက်နှာ ၁၀ တွင် ခရိဆရိုလဒေကျန် ဘုရင် ( ၇၅၅ – ၇၉၇) နန်းတက်သောအခါ သူ၏အသက်မှာ ၁၃ နှစ်ခန့်မျှသာ ရှိသေးသည်။ ထိအချိန်က တိဗက်သို့ ဗုဒ္ဓဘာသာ ရောက်ခဲ့သည်မှာ နှစ်တရာခန့် ရှိနေပြီဟုဆိုသည်။ ထို့ကြောင့် နှစ် ၁ဝဝ ကိုနုတ်လျှင် ၆၅၅ ခန့်ပင် ရှိပါသဖြင့် ရာဟုလာသံကိစ္စည်း တင်ပြချက်အရ တိဗက်ပြည်သို့ ဗုဒ္ဓဘာသာ ရောက်ချိန်မှာလည်း ၆၅၅ ခန့် တွင်ပင်ဖြစ်ကြောင်းသိရသည်။ သို့ဖြစ်၍ ချစ်သောစာရှုသူ ပရိတ်သတ်တို့ တိဗက်ပြည်အကြောင်းကိုပါ ပိုမိုလေ့လာသိရှိခွင့် ရရှိနိုင်ပါရန် ရာဟုလာသံကိစ္စည်း၏ တိဗက်ဗုဒ္ဓဘာသာ စာအုပ်ကို မာဃဘာသာပြန်ဆိုထားသော စာအုပ်၌ ၁၂- ၁၀- ၇၄ နေ့စွဲပါ ပါရဂူ ရေးသားထားသော ရာဟုလာသံကိစ္စည်းနှင့် တိဗက်ဗုဒ္ဓဘာသာ စာအုပ်မှ ရေးသားချက်များကို ဗဟုသုတအမှန်ပွားများစေရေး စေတနာရိုးဖြင့် မူရင်းအတိုင်း တင်ပြအပ်ပါသည်။
၄။ ဒေသန္တရ ပထဝီအမြင် (Geographical View)
တိဗက်ပြည်သည်ကား လျှို့ဝှက်အသိခက်သော တိုင်းပြည်ဖြစ်သည်။ တိဗက်နိုင်ငံကို စတင်တည်ထောင်သော ဆရိဂျန်ဆဂန်ပို ဘုရင်ဖြစ်လေသည်။ ၇ ရာစု မတိုင်မှီက တိဗက်လူမျိုး တို့သည် တစ်နေရာတည်းတွင် သတ်သတ်မှတ်မှတ် မနေဘဲ နေရာအနှံ့ သွားလာနေထိုင်ကြသော ခြေသလုံးအိမ်တိုင်များဖြစ်ကြသည်။ ထိုအချိန်က ဗြဟ္မာပုတြမြစ်၏ အနိမ့်ပိုင်း၌ရှိသော လဟိုခါအရပ်၌မူ ယဉ်ကျေးမူရောက်သင့်သလောက် ရောက်လာပြီး၊ လယ်ယာထွန်ယက် စိုက်ပျိုးသည့်အလုပ်ကို လုပ်စပြုနေကြပြီ ထိုဒေသ၌ ခရစ်နှစ် ၆၁၅ ခုနှစ်တွင် ပဒေသရာဇ် တစ်ဦး၏ အိမ်၌ ဆရိုကျန်ဆဂန်ပို ကိုဖွားမြင်လေသည်။ ဆရိုကျန်သည် ၇ ရာစု၏ ကြီးမားဆုံးသော စစ်နိုင်ဘုရင်တဦးဖြစ်သည်။ ဆယ့်သုံးနှစ်အရွယ် ( ၆၂၈) တွင် ဖခင် ကွယ်လွန်သောအခါ သူသည်ဖခင်အရိုက်အရာကို ဆက်ခံပြီး ယခုခေတ် (လာဆာ) ၏ အနီးတဝိုက်၌ရှိသော ( မာရီ) အရပ်၌ အခြေစိုက်နေခဲ့လေသည်။ ထိုအချိန်က တိဗက်လူမျိုးတို့သည် တစ်စည်းတလုံးတည်း မရှိဘဲ ကိုယ့်အုပ်စုနှင့်ကိုယ်နေကြလေသည်။ ဆရိုကျန်သည် တစ်စုစီကွဲပြားနေသော တိဗက်လူမျိုးတို့အား အားလုံးစုစည်းပြီး တိဗက်လူမျိုးတမျိုးတည်းဖြစ်အောင် ဖန်တီးလိုက်လေသည်။ ထို့ပြင် တိဗက်စစ်တပ် တခုကို တည်ထောင်ပြီး အာသံမှ ကသ္မီရ အထိ ဟိမန္ဒာ နယ်မြေတစ်ခုလုံးနှင့် တရုတ်ပြည်း ပြည်နယ်သုံးခုကို သိမ်းပိုက်လိုက်လေသည်။ ၆၅ဝ ခုနှစ်တွင် ကွယ်လွန်သောအခါ သူ၏နိုင်ငံ အကျယ်အဝန်းသည် ဟိမဝန္တာမှ အာရှအလယ်ပိုင်းရှိ ထရန်ဆန်တောင်တန်း အထိ ဖြစ်လေသည်။ အရှေ့အနောက်၊ တောင်မြောက်၊ မည်သည့်နယ်စပ်ကို ဖြစ်သွားသွား တိဗက်ဘုရင်သည် ဗုဒ္ဓဘာသာ နှင့်တွေ့ဆုံရလေသည်။ ထို့အပြင် တိဗက်ပြည်၏ တောင်ဘက်တွင် ဗုဒ္ဓဘာသာ စတင်ဖြစ်ထွန်းရာ အိန္ဒိယနိုင်ငံရှိနေသည်။ ထို့အပြင် ဗုဒ္ဓဘာသာကို ယုံကြည် ကိုးကွယ်သည့် နီပေါ နှင့် ကသ္မီရ ( ကရှမီးယား) တို့ရှိနေသည့် မြောက်ဘက်နှင့် အရှေ့ ဘက်ရှိ အာရှအလယ်ပိုင်း နှင့် တရုတ်ပြည်တို့တွင် ဟိနာယနနှင့် မဟာယန ဗုဒ္ဓဘာသာနှစ်ခုစလုံး ထွန်းကားပြန့်ပွားနေလေသည်။ သို့ဖြစ်၍ တိဗက်ဘုရင်သည် ဗုဒ္ဓဘာသာကို စိတ်ပါဝင်စားသည်မှာ အဆန်းမဟုတ်တော့ပေ။ ဆကျန်ဘုရင်သည် သူ၏ ကျယ်ပြန့်သော နိုင်ငံတော်အတွက် နေပြည်တော်တခုကို လိုလားသည်ဖြစ်၍ (လာဆာ) ကို တိဗက်နိုင်ငံ၏ မြို့တော်အဖြစ် ရွေးချယ် သတ်မှတ်လိုက်လေသည်။ တိဗက်နိုင်ငံသည် ပညာရေး နှင့် ယဉ်ကျေးမှု ထွန်းကားရေးအတွက် အိန္ဒိယ နှင့် တရုတ်ပြည်က အကူအညီပေးလေသည်။ ယင်းအကူအညီ၏ အထိမ်းအမှတ် အဖြစ် တိဗက်ဘုရင်သည် နီပေါဘုရင်၏ သမီးတော် ခရီကျန်နှင့် တရုတ်ဘုရင်၏ သမီးတော် ကုန်ဂျီကို လက်ဆောင် ပဏ္ဍာ အဖြစ်ရရှိလေသည်။ တရုတ်ဘုရင်၏ သမီးတော်သည် လက်ဖွဲ့ ပစ္စည်းတရပ်အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကို တိဗက်ပြည်သို့ ပင့်ဆောင်လာခဲ့လေသည်။ ထိုနည်းတူစွာ နီပေါဘုရင်၏ သမီးတော်သည်လည်း ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် လက်ဆောင်ပစ္စည်းများကို ဆောင်ကြဉ်းခဲ့လေသည်။ တိဗက်ဘုရင်သည် အိမ်နီးနားချင်း နိုင်ငံများသို့ အလယ်အပါတ်ရောက်သောအခါ ယင်းနိုင်ငံများရှိ ယဉ်ကျေးသော လူနေမှုဘဝကို တွေ့မြင်ရ၍ အလွန်တရာ အားကျမိလေသည်. သို့ဖြစ်၍ သူသည် ( လာဆာ) ကို တိဗက်ယဉ်ကျေးမှု အချက်အခြားမြို့တော်တစ်ခု အဖြစ်ဖန်တီးလိုက်လေသည်။ ယင်းမြို့တော်၏ အလယ်၌ နီပေါဘုရင် သမီးတော်က တောင်းပန်သည်ဖြစ်၍ ဂျိုခန် အမည်ရှိ ဗုဒ္ဓဘာသာ ကျောင်းတကျောင်းကို ဆောက်လုပ်လှူဒါန်းလိုက်လေသည်။ တိဗက်ပြည်၏ ရှေး အကျဆုံးဖြစ်သည့် ယင်းဗုဒ္ဓဘာသာ ဘုရားကျောင်းသည် ယခုခေတ်အထိ ထင်ရှားရှိနေသေးသည်။ ဆရိကျန် ဘုရင် ကွယ်လွန်သောအခါ တရုတ်ဘုရင်သမီးတော်၏ အမိန့်အရ သူတရုတ်ပြည်မှ သယ်ဆောင်လာသော ဗုဒ္ဓရုပ်ပွားတော်ကို ယင်းဘုရားကျောင်း၌ ရွှေပြောင်း ကိုးကွယ်ထားလေသည်။ ဆရိုကျန်သည် တိဗက်ဘာသာ၏ အက္ခရာစာလုံးများကို တီထွင်ရန် သုန်မီအမည်ရှိ ပုဂ္ဂိုလ် တစ်ဦးအား လွှဲအပ်လေသည်။သုန်မီသည် ထိုအချိန်က အိန္ဒိယမြောက်ပိုင်း အက္ခရာစာလုံးနှင့် အာရှအလယ်ပိုင်းတွင် ခေတ်စားနေသော အက္ခရာစာလုံးများကို အခြေခံပြီး တိဗက်အက္ခရာ စာလုံးကို တီထွင်ပြုလုပ်လိုက်လေသည်။ထိုအချိန်က ဗုဒ္ဓဘာသာ ကျမ်းစာ အချို့ကို တိဗက်ဘာသာပြန်ခဲ့သည်မှာ မှန်သော်လည်း နောက်ပိုင်းတွင် “ကန်ဂျ” နှင့် “တန်ဂျ” အမည်ဖြင့် ထင်ရှားသော တိဗက် ဗုဒ္ဓစာပေကျမ်းဂန် သက္ကတဘာသာ ပြန်များမှာမူ သွန်မိနှင့် ဆရိကျန်တို့၏ ခေတ်နောက်ပိုင်းကျမှ ပေါ်လာခြင်းဖြစ်သည်။ သုန်မီသည် တိဗက် သဒ္ဒါကို တီထွင်ရေးသားသည့် ပထမဦးဆုံးသော ပညာရှင် ပုဂ္ဂိုလ်လည်းဖြစ်သည်။ ဆရိုကျန်၏ မြေး ခရိလဒေကျတန် (၇၀၄ -၇၄၂) အေဒီသည် တိဗက်နိုင်ငံ၏ အကျယ်အဝန်းကို ထပ်မံတိုးချဲ့လိုက်လေသည်။ ထိုအချိန်၌ တရုတ်ဘုရင်သည် ယခင်က တိဗက်သိမ်းယူသော နယ်အချို့ကို ပြန်လည်ရရှိရေး အတွက် ကြိုးပမ်းအားထုတ်လေသည်။ သို့ရာတွင် တိုက်ပွဲ၌ အရေးနိမ့်သွားခဲ့၏။ သို့ဖြစ်၍ မိမိ၏သမီးတော်ကို သူ့ကြင်ယာတော်ဟောင်း တရုတ်ဘုရင် သမီးတော်ဆီအသွားတွင် ရုတ်တရက် ကွယ်လွန်သွားသည်။ ထိုအခါ ဘုရင့်သမီးတော်ကို တိဗက်ဘုရင် ခရိလဒေကပင် သိမ်းပိုက်လိုက်လေသည်။ ထိုအချိန်၌ ဉာဏကုမရသည့် ဗုဒ္ဓကျမ်းများစွာကို တိဗက်ဘာသာသို့ ပြန်ဆိုခဲ့လေသည်။ ယင်းကျမ်းများအနက် သုဝဏ္ဏပသာ၊ သုတ္တမသုတ် သည် ထင်ရှားသောကျမ်းတစ်ကျမ်းဖြစ်သည်။ ခရီဆရိုလဒေကျန်သည် ( ၇၅၅ – ၇၉၇) နန်းတက်သောအခါ သူ၏အသက်မှာ ၁၃ နှစ်ခန့်သာ ရှိသေးသည်။ ထိုအချိန်က တိဗက်သို့ ဗုဒ္ဓဘာသာရောက်ခဲ့သည်မှာ နှစ်တရာခန့်ရှိနေပြီ။ ဘုရင်၏ ငယ်ခြင်းကို အခွင့်ကောင်း ယူပြီး နတ်ကိုးကွယ်သည့် တိဗက်ဘာသာ အယူဝါဒဟောင်း ဘွန်ဘာသာ ကိုကိုးကွယ်သည့် အမတ်များက ဗုဒ္ဓဘာသာကို ဆန့်ကျင်တိုက်ဖျက်ကြလေသည်။ သို့ရာတွင် ဗုဒ္ဓဘာသာသည် တိဗက်ပြည်သူတို့၏အတွင်း၌ ခိုင်မာစွာအမြစ်တွယ်နေလေပြီ။ ဘုရင်၏ ပင့်ဖိတ်ချက်ကြောင့် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုမှပညာရှိသန္တရက္ခိတမထေရ်သည် ဗြဟ္မပုတြမြစ်၏ မြောက်ဘက် နှစ်မိုင်ခန့် အကွာရှိ နေရာကို ဗုဒ္ဓဘာသာကျောင်းတိုက် တစ်တိုက်ဆောက်ရန် ရွေးချယ်သတ်မှတ်လိုက်လေသည်။ ထိုနေရာ၌ အုတ်မြစ်ချပြီး အိန္ဒိယပြည်ရှိ ဓမ္မပါလဘုရင် ဆောက်လုပ်သည့် နှပူရီ ကျောင်းတိုက်ကြီး၏ ပုံစံအတိုင်း ကျောင်းတိုက်ကြီးတစ်ဆောက်ကို ဆောက်လုပ်လေသည်။ ၁၂ နှစ်ကြာမှ ကျောင်းဆောက်ခြင်းအပြီး သတ်လေသည်။
ကျောင်းစ၍ ဆောက်သည့်အချိန်၌ပင် တိဗက်ဘုရင်သည် တိဗက်လူမျိုးထဲမှ ပုဂ္ဂိုလ်အချို့တို့ကို ပဉ္စင်းခံပေးလိုသည့် ဆန္ဒ ဖြစ်ပေါ်လာလေသည်။ သို့ဖြစ်၍ ကျောင်းဆောက်သည့်ကိစ္စ အတော်အတန်ပြီးစီးသွားသောအခါ သန္တရက္ခိတမထေရ်သည် မိမိတစ်ဦးတည်း ရဟန်းခံမပေးလိုသည့်အတွက် အိန္ဒိယပြည် နာလန္ဒ ကျောင်းတိုက်မှ (သာဗ္ဗတ္တိဝါဒ) ဂိုဏ်းသား ရဟန်းအချို့ကို ပင့်ဖိတ်လေသည်။ ယင်းရဟန်းများ ရောက်လာသောအခါ တိဗက်အမျိုးသား ၇ ဦးကို ရဟန်းခံပေးလိုက်လေသည်။ သန္တရက္ခိတ မထေရ်သည် တိဗက်လူမျိုး ၇ ဦးကို ရဟန်းခံ ပေးခြင်းအားဖြင့်လည်းကောင်း၊ ကျောင်းတဆောင် တည်ဆောက်ခြင်းအားဖြင့်လည်းကောင်း တိဗက်တွင် ဗုဒ္ဓဘာသာ အုတ်မြစ် ချပေးခဲ့လေသည်။ အေဒီ ၈ဝ၄ ခုနှစ်တွင် နန်းတက်သော ခရိဒေလကျန်ပို ဘုရင်လက်ထက်တွင် တိဗက်ဗုဒ္ဓဘာသာ၏ အခြေအနေသည် ပိုမိုတိုးတက်လာလေသည်။ ခရိလဒေကျန်ပိုသည် တိဗက်ဗုဒ္ဓဘာသာကျောင်းတိုက်ကို ထပ်မံတည်ဆောက်သည့် “ဗုဒ္ဓကျမ်းစာများကို တိဗက်ဘာသာဖြင့် ဘာသာပြန်ဆိုစေခဲ့သည်။ ဗုဒ္ဓကျမ်းစာများကို စနစ်တကျ တိဗက်ဘာသာပြန်ဆိုခြင်းမှာ ထိုခေတ်ကျမှ အစပြုလေသည်။ တိဗက်ပညာရှင်များနှင့် အိန္ဒိယပြည်မှ ကြွရောက်လာသည့် ပညာရှင်များ ပူးပေါင်းပြီး ဘာသာပြန်ဆိုကြခြင်းဖြစ်သည်။ သို့ရာတွင် ၈၁၇ နှစ်တွင် နန်တက်သော ရမကျန်ဘုရင် လက်ထက်တွင်ကား ဗုဒ္ဓဘာသာသည် ညိုမှိုန်အားလျော့သွားလေသည်။ ထိုမင်းသည် ဗုဒ္ဓဘာသာကို ဆန့်ကျင်သည်။ ဗုဒ္ဓဘာသာ ရဟန်းများအား လူဝတ်လဲစေသည်။ ထိုမင်းလက်ထက်တွင် ဗုဒ္ဓဘာသာသည် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခြင်းခံရလေသည်။ ၁၁ ရာစု နှစ် အိန္ဒိယပြည် သာသနာပြုရဟန်းတော် ( ဒီပင်္ကာရသီရိဉာဏ) ရောက်ရှိပြီးသည့် နောက်မှ တိဗက်ပြည်တွင် ဗုဒ္ဓဘာသာသည် ပြန်လည်ထွန်းကား လာလေသည်။ ထိုအချန်တွင် ဗုဒ္ဓကျမ်းစာ များကိုလည်း တိဗက်ဘာသာဖြင့် အများအပြားပြန်ဆိုခဲ့လေသည်။ တိဗက်ပြည် ဗုဒ္ဓဘာသာ သမိုင်းကို လေ့လာကြည့်ရှုလျှင် တိဗက်ပြည်ဗုဒ္ဓဘာသာ ရောက်ရှိ သည့်အချိန်မှ အစပြုပြီး၊ ဗုဒ္ဓဘာသာ သည် အသွင်အမျိုးမျိုးပြောင်းလဲလာသည်ကို တွေ့ရလေသည်။ ယနေ့တိဗက်ပြည်တွင် ခေတ်စားနေသည့်ဗုဒ္ဓဘာသာမှာ မူကား မဟာယနလာမာဝါဒ ဗုဒ္ဓဘာသာ ဟု ခေါ်ဆိုနိုင်သည့် ဘာသာဖြစ်သည်။ လာမာဝါဒီ ဗုဒ္ဓဘာသာ ရဟန်းများသည် တိဗက်ပြည်၌ (၃)မျိုး သုံးစား ကွဲပြားခြားနားနေသည်ကိုတွေ ရလေသည်။
၁. ဦးထုပ်နီဆောင်း မဟာယာနဂိုဏ်းဝင်လာမာ၊
၂. ဦးထုပ်ဝါဆောင်း ကျောင်းထိုင် လာမာ၊
၃. အဝရဝါဒီလာမာတို့ဖြစ်သည်၊၊ ယင်းဗုဒ္ဓဘာသာ ဂိုဏ်းဝင်များအပြင် ဗုဒ္ဓဘာသာ မရောက်ခင်က တိဗက်တွင် ခေတ်စားနေသော တိဗက်ဒေသခံ ဘွန်အမည်ရှိ နတ်ကိုးကွယ်သော ဘာသာတရားတစ်ခုလည်း ရှိသေးသည်၊ ၎င်းဘာသာဝင်များကမူကားဗုဒ္ဓဘာသာဝင်များကို အထူးပင်ဆန့်ကျင်လေသည်။ ၎င်းဘာသာဝင်များက ဦးထုပ်နက်ဆောင်းကြသည်။ ဂါထာမန္တရားများကို အထူးအသုံးပြုကြလေသည်။ ယင်းဘာသာတရားကို ကိုးကွယ်ဆည်းကပ်သော သူတို့မှာကား ယခုအခါတွင် အရေအတွက် အလွန် နည်းပါးသွားလေပြီ။ လာမာဝါဒသည် ယခုအခါတွင် တိဗက်ပြည်၌သာ လျှင်သာမက နီပေါ၊ ဘူတန်၊ လာဟူ၊ တရုတ်၊ မွန်ဂိုလီးယား၊ ဆိုက်ဗေးရီးယား ပြည်များအထိ ပြန့်နှံ့နေလေသည်။ ပထမ အမျိုးအစား လာမာဝါဒ တိဗက်ပြည်၌ စတင်ဖြန့်သူမှာ သန္တရက္ခိတတိဗက် ရောက်နေချိန်တွင် အိန္ဒိယမှ တိဗက်ရောက်သွားသော ( ပဒမသမ္ဘဝ) အမည်ရှိ ဟန်းဖြစ်သည်ဟုအဆိုရှိသည်။ ပဒမသမ္ဘဝ သည် သမ္ဘီရနှင့် အာဖဂန်နစ္စတန်အကြား ရှိဘွတ် (ဥဒုန်) ပြည်သားဖြစ်သည်။ ၎င်းသည် တိဗက်သွားပြီး ဗုဒ္ဓဘာသာကို ဖြန့်ဖြူးလေသည်။ သူဖြန့်ဖြူးသည့် ဗုဒ္ဓဘာသာကိုကား ဂါထာမန္တာန်များ ရောနှောသည်။ တန္တရဗုဒ္ဓဘာသာ ဖြစ်သည်။ တိဗက်လူမျိုးများသည် ဖဒမသမ္ဘာဝအား ဘုရားအလောင်း အမှတ်ဖြင့်ဆည်းကပ်ကိုးကွယ်ကြလေသည်။ ဒုတိယ အမျိုးအစား လာမာဝါဒမှာမူကား အိန္ဒိယရောက်သွားသော ဗုဒ္ဓဘာသာ၏ ပြောင်းလဲသွားသော ပုံစံဖြစ်သည်။ အစပထမတွင်မူ အတော်အတန် သန့်ရှင်းစင်ကြယ်သော ဗုဒ္ဓဘာသာဖြစ်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်းကျသောအခါတွင် ထိုဗုဒ္ဓဘာသာထဲတွင်လည်း ဒေသခံ ဂါထာမန္တရား ဝါဒများကို အားပေးချီးမြောက်မူရှိသဖြင့် တိုးတက်ကြီးပွားခဲ့လေသည်။ တိဗက်ပြည်ရှိ ကြီးမားသောကျောင်းတိုက်ကြီးများနှင့် ပညာသင်ကြားရာ အချက်အခြာ ဌာနများမှာ ယင်းလာမာဂိုဏ်းဝင်များသာလျှင် ဖြစ်ကြသည်။ တတိယ အမျိုးအစားမှာ အလွန်ထူးခြားဆန်းကြယ်ကြလှပေသည်။ ယင်းဂိုဏ်းဝါဒစတင် ပြန့်ပွားခြင်းမှာ ၁၃ ရာစုနှစ်၌ဖြစ်သည်။ ယခုအခါတွင် ယင်းလာမားဝါဒသည် တိဗက်၊ ဘူတန်၊ လဒတ်၊ မွန်ဂိုလီးယားတိုင်းပြည်တို့၌ အထူးသဖြင့် ကြည်ညိုလေးစားမှုကိုခံရလေသည်။ အခြားဘာသာ တရားအားလုံးလိုလို၏ ကျောင်းတိုက်များ၌ အကြီးဆုံးသို့မဟုတ် အတော်ဆုံး တပ်ညှကို ကွယ်လွန်သွားမည့် ဆရာ၏ အရိုက်အရာခံအဖြစ်သတ်မှတကြလေသည်။ သို့ရာတွင် ယင်းလာမာဝါဒကား တိုကဲ့သို့မဟုတ်ပေ။ ကွယ်လွန်သူ၏ အရိုက်အရာခံ တပည့်ဟူ၍မရှိပေ။ ကွယ်လွန်သူ၏ အရိုက်အရာကို ဆက်ခံမည့်သူမှာ ကွယ်လွန်သူ၏ “လူဝင်စား” အဝတာရီပင် ဖြစ်သည်။ ပထမ တလိုင်းလာမာ (၁၄၇၄) ကွယ်လွန်သွားပြီးနောက်ပိုင်းတွင် လူဝင်စားကလေး သူငယ်များကို ရှာဖွေပြီး လာမာ အရိုက်အရာကို ဆက်ခံစေသည့် အလေ့အထ ခေတ်စားနေလေသည်။ လူဝင်စား (အဝတာရီ) လာမာကို အထူးသဖြင့် လေးစားမြတ်နိုးကြလေသည်။ လဒတ်မြို့၌ ရှိသော ဟေမိရှိဂွန်ပါကောလ် တိုက်မှ လာမာသည် အသက် ၂၀ နှစ်ကပင် လဒတ်၌ အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ပူဇော်ခံမူခံနေရလေသည်။ တိဗက်ပြည်၏ ယခုလက်ရှိ တလိုင်းလာမနှင့် ပန်ချန်လာမာ ( ယခုပြည်ပတွင် ရောက်နေသူ) တို့သည်လည်း ငယ်စဉ်ကပင် အဝတာရီလာမာ အဖြစ် အပူဇော်ခံနေကြရသော လာမာများဖြစ်ကြသည်။ လူဝင်စား အဝတာရီလာမာများကို ရှာဖွေတွေ့ရှိပုံမှာလည်း အမျိုးမျိုးဖြစ်လေသည်။ အချို့အချို့သော လာမာများသည် မိမိမကွယ်လွန်မီကပင် မိမိတို့ကွယ်လွန်ပြီးနောက် လူဝင်စား အဝတာရီလာမာအဖြစ် ပြန်လည်မွေးဖွားမည့် နေရာဌာနများကို ညွန်ပြပြောပြသွားခဲ့ကြသည်။ ယင်းညွှန်ကြားပြောပြချက်အရ သူတို့ကွယ်လွန်သောအခါ သူတို့၏အရိုက်အရာကို ဆက်ခံမည့်လူဝင်စား အဝတာရီလာမာများကို ရှာဖွေကြလေသည်။ အချို့အချို့သော လူဝင်စား အဝတာရီလာမာများကိုမူကား ညွှန်ကြားပြောပြချက်အရ ရှာဖွေကြလေသည်။ အချို့သောလူဝင်စား အဝတာရီလာမာ များကိုမူကား သူတို့၏ ထူးခြားသောအပြုအမူများကိုကြည့်ပြီး သတ်မှတ်ကြ၏။ယင်းအဝတာရီလာမာ ထုံးတမ်းစဉ်လာသည် အခြားမည်သည့် ဗုဒ္ဓဘာသာ နိုင်ငံတွင်မှ မရှိပေ။ တိဗက်စသော နိုင်ငံများ၌သာလျှင် ခေတ်စားနေလေသည်။ ယင်းထုံးတမ်းစဉ်လာမှာ မည့်သည့်ယုတ္တိ၊ မည်သို့သော အကြောင်းအကျိုးဆက်စပ်ခြင်မူမျိုး နှင့်မှ ပယ်ဖျက်၍မရဘဲ အခိုင်အမာ အမြစ်တွယ်နေသည့် ထုံးတမ်းစဉ်လာ ဖြစ်နေပေသည်။ ယင်းတိဗက်ပြည် အကြောင်း ရေးသားထားသော စာအုပ်များထဲတွင် ရဟုလာသံကိစ္စည်း၏ စာအုပ်မှာကား စံပြုထိုက်သော စာအုပ်ဖြစ်သည်ဟုဆိုလျှင် မှားအံ့မည်မထင်။ တိဗက်ပြည်သို့ နိုင်ငံခြားမှ ပုဂ္ဂိုလ် တစ်သီးတစ်ယောက် အလည်အပါတ် ရောက်သွားဘို့လည်း မလွယ်ပေ။ နိုင်ငံက လျှို့ဝှက် အသိခက်သလောက် နိုင်ငံ၏ ဘာသာတရားမှာလည်း ထွေပြားဆန်းကြယ်လှပေသည်။(ပါရဂူ) အထက်ပါတို့မှ သိရသောအချက်ဟူမူကား….
တင်ပြချက် ( ၈) တိဗက်ပြည်သည်ပင်လျှင် (၇) ရာစုကျမှသာ တိုင်းပြည် အဖြစ်ပေါ်ပေါက်လာခဲ့ကြောင်း၊ ဆရိုကျန်ဆဂန်ပိုဘုရင်က စတင်တည်ထောင်ကြောင်း သိရသည်။ ခရစ်တော်သည် အသက် ၃ဝ နှစ်သာ ဤလောကတွင် မဂ်လမ်းတရားကိုဖွင့်ရန် သာသနာဆောင်ခဲ့သောကြောင့် အေဒီ ၃ဝ ဝန်းကျင်တွင် မရှိတော့၊ အေဒီ ၃ဝ မှ ၇ဝဝ အကြားတွင်ဖြစ်သောကြောင့် မဟားဒယား ကွာခြားနေပေပြီ။
တင်ပြချက် (၉) ခရိဆရိုကျန်ဘုရင် နန်တက်သောအခါ ၇၅၅-၇၉၇ ၌ ဗုဒ္ဓဘာသာသာသနာမှာ နှစ် ၁ဝဝ ခန့်ရှိပြီဟု ဆိုသောကြောင့် အေဒီ ၆၅၅ ဝန်းကျင်၌သာ ဗုဒ္ဓသာသနာ ရောက်ရှိကြောင်း တွက်၍ရသည်။ (ထိုအချိန်၌ ခရစ်တော်မရှိတော့ပြီ)။
တင်ပြချက် ( ၁၀) သန္တရက္ခိမထေရ်ကို အိန္ဒိယ နိုင်ငံ နာလန္ဒတက္ကသိုလ်မှ ဘုရင် ခရိဆလဒေကျန် ပင့်ဖိတ်၍ဟောကြားသော နှစ်တွင် တိဗက်ပြည်၌ ဗုဒ္ဓဘာသာရောက်သည်မှာ နှစ်ပေါင်း ၁ဝဝ ခန့် ရှိပြီဆိုသောကြောင့် ၇၅၅-၇၉၇ အတွင်းတွင် ပင်ပင့် ဖိတ်ခံရသောကြောင့် ဗုဒ္ဓသာသနာသည် အေဒီ ၆၀၀ – ၇ဝဝ ဝန်းကျင်၌ရောက်ကြောင်း သေချာသည်။ (ထိုအချိန်၌ ခရစ်တော်မရှိတော့ပြီ)။
တင်ပြချက် (၁၁) တိဗက်ပြည်တည်ထောင်၌ ဗုဒ္ဓသာသနာ လမ်းခင်းပေးသူသည် အေဒီ ၆၁၅ တွင်မွေးဖွား၍ ၆၅ဝ တွင် ကွယ်လွန်သည်ဟု ဆိုသောကြောင့် တိဗက်သို့ ၆၁၅-၆၅ဝ အတွင်း၌ ဗုဒ္ဓသာသနာရောက်ကြောင်း သိရလေသည်။ (ထိုအချိန်၌ ခရစ်တော်မရှိတော့ပြီ)။ တင်ပြချက် (၁၂) တိဗက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင် ဆရာတော် အရှင် အရိယပုတ္တမဟာထေရ်ထံသို့ ရောက်ခဲ့သည်ဆိုခြင်းမှာလည်း
ယုတ္တိမရှိကြောင်း အထင်အရှားလီဆယ်ကြောင်းသိနိုင်ပါလေသည်။ သရက္ခိတမထေရ်အား တိဗက်သို့ပင့်ဆောင်သောအခါ ဗုဒ္ဓသာသနာတော်သည် နှစ်ပေါင်း ၁ဝဝ ခန့်ရှိပြီ ဖြစ်သော်လည်း တိဗက်လူမျိုး ရဟန်းသံဃာလည်း မရှိသေး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတိုက်လည်း မရှိသေး၊ ဘုရင်၏ အလိုအရ သန္တရက္ခိတမထေရ်သည် ဗြဟ္မပုတ္တရမြစ်၏ မြောက်ပိုင်းနှစ်မိုင်အကွာ ရှိနေရာကို ဗုဒ္ဓဘာသာ ကျောင်းတိုက်တစ်တိုက်ဆောက်ရန် ရွေးချယ်သတ်မှတ် လိုက်ကြလေသည်။
က. မွန်ဘုန်းတော်ကြီးကျောင်း သမိုင်းအထောက်အထား မရှိ၊ သူ့နှရက္ခိတမထေရ် သာလျှင် | အိန္ဒိယမှလာသော ဘုန်းတော်ကြီးဖြစ်လေသည်။
ခ. မည်သည့်ကျောင်းတိုက်မှုလည်း မရှိသေးကြောင်းသိရသည်။
( ခ. သန္ဒရက္ခိတမထေရ် နေရာရွေး၍သာ ဆောက်သောကျောင်းတိုက်သာ ရှိကြောင်း သိရသည်။ ထို့ကြောင့် ဤကျောင်းတိုက်တည်ဆောက်သောအချိန်၌ ခရစ်တော်သည် ဤလောက၌မရှိတော့ကြောင်းကို သာမန်လူပြိန်းပင်သိရှိနိုင်လေသည်။ အမှန်လည်းဆင်ခြင်သင့်ပါသည်။ တင်ပြချက် (၁၃) အမျိုးသားပညာရေးဝန်ကြီး ဦးဖိုးကျားရေးသားသော မြောက်ပိုင်း ဗုဒ္ဓဘာသာ မဟာယန ဂိုဏ်းဟူသော စာအုပ်အရ ဗုဒ္ဓဘာသာသည် အိန္ဒိယမှ တိုက်ရိုက် တိဗက်သို့ ရောက်လာသည်မှာ အေဒီ ၆၅ဝ လောက်တွင်သာ ဖြစ်သည်ဟုပါရှိလေသည်။စာမျက်နှာ ၁၄၁ တွင် အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါသည်။
တိဗက်ပြည်သို့ ရောက်လာသော ဗုဒ္ဓဘာသာမဟာယာနဂိုဏ်းမှာ တရုတ်ပြည်ကတဆင့် လာသည်မဟုတ်။ အိန္ဒိယကပင် တိုက်ရိုက်ရောက်လာသည်။ ရောက်လာသည်မှာ သာသနာသက္ကရဇ် ၁၁၉၄ ၊ ခရစ်သက္ကရာဇ် ၆၅ဝ လောက်တွင်သာဖြစ်လေတော့သည်။ ရောက်လာသော မဟာယန ဂိုဏ်းမှာ ထိုအခါဆီဖြစ်သော သာသနာ ၁၁၀ ကျော်မှ ၁၇ဝဝ ကျော်အထိ ( 7th century to 12nd century) အိန္ဒိယ တွင်ဖြစ်ရှိနေသော မဟာယနမျိုးဖြစ်လေသည်။ ထိုမဟာယနမျိုးမှာ ယာဂစာရဝါဒ၊ ဝိဇ္ဇာယာန၊ တန္တရဝါဒ၊ စုန်း၊နတ်၊ ပယောဂ တို့ဖြင့်ပြွမ်းသီးနေလေသည့်အတွက် အတန်ပျက်စီးနေသော အမျိုးအစားမျိုးဖြစ်လေသည်။ တိဗက်ပြည်သို့ ရောက်လာသောအခါ ရှိရင်းဖြစ်သော၊ စုန်းနတ်၊ ပယောဂ၊ ဂါထာ၊ မန္တန် အယူဝါဒတို့နှင့် ထပ်၍ ရောနှောသွားလေရာ များစွာပြောင်းလဲပျက်စီး၍၊ တစ်ကျပ်တွင် တစ်မတ်လောက်သာ ဗုဒ္ဓဘာသာ အယူဝါဒ ကျန်လေတော့သည်။ မှတ်ချက်။
အထူးသတိပြုရန်မှာ …………………..
၁. မြန်မာအမျိုးသား ကလေး၊ လူငယ်၊ လူရွယ်၊ လူလတ် နှင့် နိုင်ငံခြားသား များကပင်သိသောအဖြစ်သာမက အကျော်အမော် ပညာရေး ဝန်ကြီး ကပင်၊ ၆၅ဝ အေဒီ မှ တိဗက်ပြည်သို့ ဗုဒ္ဓဘာသာရောက်ကြောင်း ရေးသားထားလေသည်။
၂. ထိုတိဗက်ရောက် ဗုဒ္ဓဘာသာမှာလည်း ယနေ့မြန်မာနိုင်ငံတွင် ဦးစားပေးခံနေရသော ထေရဝါဒ မဟုတ်ဘဲ မဟာယနဗုဒ္ဓဘာသာသာဖြစ်ကြောင်း သိရသည်။
၅။ စက်မူလက်မူအမြင် (Technological View)
အားတက်သရော ကြိုးပမ်းပြီး လိုက်လံစုံစမ်းတော့ နောက်ဆုံး တိဗက်ပြည် တောင်ပိုင်း မွန်ဘုန်းတော်ကြီး ကျောင်းရှိကျောင်းထိုင်ဆရာတော်မထေရ်မြတ်ကို ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း ၁ဝဝ ပေါ်မှာ သူကိုယ်တိုင် ၁၈ နှစ်အတွင်း တွေ့ကြုံခဲ့ရသော ဘဝအတွေ့အကြုံများကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန ချုပ်နှောင်ကာ သူ့ကိုတရား ဓမ္မများ ဟောပြော သွန်သင်ပေးခဲ့တဲ့အနေနဲ့ ကန်တော့ခဲ့တဲ့မှတ်တမ်းကို ရခဲ့တယ်။ အဲ့ဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တော်တိုင် အောက်ပါအတိုင်းရေးသားထားတာ တွေ့ရှိရတယ်လို့ ရှိရစ်စ်ကရေးသားထားသည်။
က. သခင်ယေရှု ခရစ်တော်လက်ထက်တိုက် စက္ကူများမပေါ်မရှိသေးပါ။ ပေရွက်၊ ကျူရိုး၊ အုတ်ချပ်၊ ရွံ ခဲများဖြင့်၎င်း သားရေကျမ်းစာလိပ်များသာ ရှိခဲ့ပေသေးသည်။ ခရစ်တော်ကိုယ်တော်တိုင် သုဓမ္မာဇရပ်တွင် ၎င်း၏အုတ္ထုပ္ပတ္တိများကို အနာဂတံဝံ ကျမ်း၌ဟောပြောဗျာဒိတ်ပြုထားသည့် ဟေရှာယ အနာဂတ္တိကျမ်းစာပါ ကျမ်းစာလိပ်ကို ဖတ်ခဲ့ဘူးသည်။ ယနေ့ ကျမ်းစာများပင်လျှင် ပင်လယ်နီ၊ ပင်လယ်သေ ကုမ္ပရန်ဂူများ၊ စဉ်အိုးမြေအိုး အစရှိသည်တို့မှ ရရှိသော ကျမ်းစာလိပ်များပင်ဖြစ်ကြသည်။ နောက်ဆုံးကူးယူ၍ ခေတ်မှီရိုတ်နှိပ်ကြရလေသည်။ ခ. တိဗက်ပြည်၌လည်း ခရစ်တော်တိုင်အောင် စာရွက်စက္ကူမပေါ်မရှိသေး။ ဂ. ခရစ်တော်လက်ထထက်၌ တကမ္ဘာလုံး စက္ကူ၊ စာရွက်မပေါ်ရှိသေး။ ဃ. စာမျက်နှာပေါင်း ၁၀၀ ကျော်တွင် ရေးသားထားသည်ဆိုပါက လက်ရေးမူနှင့် ထိုစာရွက်များကို ယခုခေတ်တွင် လူထုအား ခေတ်မှီနည်းစနစ်ဖြင့် ရိုတ်ကူးဖြန့်ဝေ တင်ပြအပ်ပေသည်၊ အထူးသဖြင့် ခရစ်တော်အား ဘုရားမှန်းမသိသော မိမိထင်သည့်အတိုင်း ဘာသာတရားကို ခုတုံးလုပ်နေသူများအတွက် ( သို့ ) ဒိဋ္ဌိတွေအတွက်အာယအခွင့်အရေးကြီးပင် မဟုတ်ပါလား။ c. အဆိုးအကောင်းမှာ အလွန်စပ်စုပြီး ကျော်ကြားတွင် သူ့ထက်ငါသာ ရှိသောသူတို့ကလည်း ယနေ့ထိုအမူကိုအသေအချာ စစ်ထုတ်ဖြန့်စေကြပေမည်။ လုပ်ကြံထားသော အခြားအခြားသော စာအုပ်များကိုပင် စာရေးသူပြောသလို မှောင်ခိုတရားဝင်၊ တရားဝင် မှောင်ခိုဖြင့် ထုတ်ဝေ ဖြန့်ဖြူးနေကြသည် မဟုတ်ပါလား စ.စက္ကူပေါ်ပေါက်သည်မှာ တရုတ်ပြည်တွင် အေဒီ ၂၀၀ အစပိုင်း၌ တီထွင် နိုင်ခဲ့ကြောင်း အခြေခံ ပညာအထက်တန်းကျောင်း English ဒဿမတန်းတွင် စာမျက်နှာ ၂၇ တွင် ဖော်ပြပါရှိလေသည်။
၆။ စာပေရှုထောင့်အမြင် (Litracy View)
ခရစ်တော်ကိုယ်တော်တိုင် ရေးသားထားလျှင် ထိုစာပေနှင့်လက်ရေးမူသည် လွန်စွာ အရေးကြီးလှပေသည်။ ယနေ့ကမ္ဘာ့စာပေပညာရှင်ကြီးများ၏ အထုပ္ပတ္တိများ။ လက်ရေးစာမူများ၊ အာဘော်များ၊ ဝါသနာများ၊ အကျိုးပြုမှုများကို ထုတ်ဖော်နေစဉ်မှာ ထိုမှ ဗုဒ္ဓဘာသာ ပညာရပ်ကိုဆည်းပူးခဲ့သော ပညာရှင်တဦးဖြစ်နေခဲ့ပါလျှင်၊ ယနေ့ထိုပုဂ္ဂိုလ်နှင့် သူ၏စာမူလက်ရေးတို့သည် ကမ္ဘာ့စာပေလောကမှာ နေရာယူထားနေပေတော့မည်။အထူးသဖြင့်ထင်တိုင်းကျဲနေသော ဘုရားမဲ့ဝါဒီသမားတို့သည် ရက်ပေါင်းရာထောင် အလှူကြီးပေးကာပြသနေပေလိမ့်မည်။ စာပေဆိုသည်မှာ လူတို့၏ အသက်သွေးကြောပင် မဟုတ်ပါလား၊ ခရစ်တော်က ကျမ်းစာကိုပင် ဖတ်ရုံနှင့် ကယ်တင်ခြင်းမရနိုင်၊ ကျမ်းစာသည် ငါ၏သက်သေမျသာဖြစ်သည်ဟု ဆိုမိန့်ခဲ့ပါသည်။ နှလုံးသား၌သာ မင်နှင့်မရေး၊ ဝိညာဉ်နှင့်ရေးသော ခရစ်တော်ပါ။
၁. သခင်ယေရှုကိုယ်တိုင် စာရေးသားမှတ်တမ်းတင်သည်ဟု ဂျူးသမိုင်းတွင် မတွေ့ရပါ။ ကျမ်းစာ၌လည်း မတွေ့ရပါ။ ပညာပင်မသင်မကြားသောကြောင့် စာပင်မရေးဘူးပါ၊ စာပေမရေးတိုင်း ပညာမရှိဟု မဆိုလိုပါ။ ဂေါတမကိုယ်တိုင်လည်း စာမရေးခဲ့ပါ လူတို့ကသာ သူ့အဟောအပြောကို မှတ်တမ်းတင်ခဲ့ကြခြင်းပါ။ ထို့အတူခရစ်တော်သည် နတ်တော်ဖြင့် ဟောတော်မူ၏။ လူတို့ကမှတ်တမ်းတင်ပြ၏၊ ကျောင်းပင်မနေခဲ့သောကြောင့် နှိမ်ပြောခြင်းဖြင့် လက်သမားသား မဟုတ်လောဟုပင် တိုင်းထွာပြောခဲ့ကြပါသည်။ ၂. ကျမ်းစာအရ ယော ၈း၆ တွင် ယေရှုသည် အောက်သို့ငုံ့လျှက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍ နေတော်မူ၏။ ဤကျမ်းပိုဒ်၌ သိရသည်မှာ လိင်ကိစ္စ၌ မှားယွင်းဖောက်ပြန်နေသော မိန်းမအား ယေရှုထံသို့ ခေါ်လာပြီးထောင်ချောက်ဆင်မေးမြန်းခန်းမှဖြစ်သည်။ ခရစ်တော်သည် သူ၏ သက်တော်စဉ် တစ်လျှောက်လုံး၌ မည်သည့်စာပေကို ရေးသားဖြန့်ဝေခြင်းမရှိခဲ့ပါ။ ယခုလို မြေကြီးပေါ်မှာ မိမိလက်ညှိုးတော်နှင့် နှစ်ကြိမ်မျ ရေးဖြစ်ခဲ့ဘူးသည်ကိုသာ ကျမ်းစာ၌ ဖတ်ရှုရပါသည်။ ပေ၊ စာရွက်၊ ကျောက်ထက်အက္ခရာ မတင်ခဲ့ဘူးပါ။ ယုဒတို့ထုံးစံအရ အိမ်ထောင်ဆိုသည်မှာ မိသားစု၏ ပထမဆုံးသော ပညာဆည်းပူးရာ၊ ပညာရှာဖွေ သိုမှီးရာ ဖြစ်သည်။ အိမ်ထောင်းသည် လက်ဦးကျောင်းဖြစ်သည်။ မိဘများက ဘုရားသခင်အကြောင်းနှင့် သိမှတ်ဖွယ်ရာတို့ကို သားသမီးတို့အား အလွတ်ကျက်မှတ်စေ၍ သင်ကြားပေးခဲ့ကြသည်။ တက္ကသိုလ်၊ကောလိပ်ကျောင်း ပညာရပ်များကို ယေရှုမသင်ကြားခဲ့သော်လည်း အိမ်ထောင်တွင်း၌ပင် မိဘပညာရေးတော့ရှိပေသည်။ လုကာ ၄း၁၆-၂၂ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင် ထုံးစံတော်ရှိသည့်အတိုင်း ဥပုဒ်နေ့၌ တရားဇရပ် သို့ဝင်၍ ကျမ်းစာဖတ်ရွတ်ခြင်းငှာ ထတော်မူ၏။ ဇရပ်စောင့်သည် ပရောဖက် ဟေရှာယ၏ ကျမ်းစာလိပ်ကို ပေစည်ဖြစ်၍ ကျမ်းစာကို ဖွင့်တော်မူလျှင် တွေ့သောအချက်ကား ထာဝရဘုရားသခင်၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိပ်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်း ငှါလည်းကောင်း လွတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသော သူတို့အား ပြန်မြင်စေခြင်းအကြောင်း ငှါလည်းကောင်း ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါလည်းကောင်း ငါ့ကိုစေလွှတ်တော်မူပြီ ဟုလာသတည်း။ ကျမ်းစာလိပ်ကို ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည် ကိုယ်တော်ကို စေ့စေ့ကြည့်ရှုလျက်နေကြ၏။ ယေရှုကလည်း ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားရသည့် အတိုင်းပြည့်စုံလေပြီ ဟုမိန့်တော်မူ၏။ ထိုသူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍ တင့်တယ်လျောက်ပတ်သော နှုတ်တော်ထွက်စကားကို အံ့သြချီးမွမ်းလျှက်၊ ဤသူသည် ယောသပ်၏သား မဟုတ်တုံလောဟုဆိုကြ၏။ အထက်မှသိရသည်မှာ………..၊
၁. ကြီးပွားတော်မူရာ နာဇရက်မြို့ဟုဆိုသောကြောင့် နာဇရပ်မြို့၌ အမြဲနေထိုင်ကြောင်း သိရသည်။ အခြားပြည်ပသို့မသွား။
၂. ထုံးစံရှိသည့်အတိုင်း ဥပုဒ်နေ့၌ တရားဇရပ်တွင် ကျမ်းစာလိပ်ကိုသာ ဖတ်ကြားကြောင်း သိရ၏။ အခြားစာပေ၊ တရားမဟော၊ မဖတ်မကြား၊ စက္ကူမသုံး။
၃. ဖတ်သောကျမ်းပိုဒ်သည် ယေရှုအားညွန်းဆိုသော ကျမ်းစာလိပ်ဖြစ်ပြီး၊ ယေရှုက ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ကြားသည့်အတိုင်း ပြည့်စုံပေပြီဟု မိန့်တော်မူ၏။ အမောခံ၊ အပင်ပန်းခံ၍ လိမ်လည်ဇာတ်လမ်းဆင်နေပါမည်လား။ တရားသမား၊ ဘုရားတရားတို့က အခုတမျိုး တော်ကြာတမျိုးပြောပါက အဘယ်မှာလျှင် ကောင်းပါတော့အံ့နည်း။
၄. လူအပေါင်းတို့ ထောက်ခံမူပင် ထိုအချိန်ကပင်ရရှိခဲ့သည်။
၇။ အထွေထွေရှထောင့် (Miscellaneous View)
၁) ဗောဓိညောင်ထိုထိုဝယ် လူပျိုဘုရားမရှိဆိုသော်ငြားလည်း အပျိုကညာ၏ သားမြတ်စွာဘုရားကို ဗုဒ္ဓအများကိုးကွယ်ရသော အချိန်ရောက်လိမ့်မည်။ ၎င်းဘုရား၏ နိမိတ်လက္ခဏာကား၊ လက်ဝါးအုပ်နာဖြစ်၍ ပရိနိဗ္ဗာန်ပြုရလိမ့်မည် ။( အနာဂတဝံကျမ်း ၂၀း၁၅)။ ယခုသော်ကား ဤကျမ်းသည်ရှားပါးနေပေသည်။ ခရစ်တော် လက်ဝါးအုပ်အနာဖြင့် ပရိနိဗ္ဗာန်ပြုရမည့်အကြောင်းမှာ ဗုဒ္ဓမပွင့်မီ နှစ်ပေါင်း ၂ဝဝဝ စော၍ ပရောဖက်ကြီးဟေရှာယက ဟောကြားခဲ့လေသည်။ ၎င်းခရစ်တော်ပွင့်မည့်အကြောင်းကို ခရစ်တော်မပွင့်မီ ဘီဟီ ၆ဝဝဝ ဝန်းကျင်မှစ၍ ဟောကြားထားခဲ့လေသည်။ ယနေ့မှဗြုန်းစားကြီး ဖြက်ပျက်လာခြင်းမဟုတ်ပေ။ ကြိုတင်အနာဂတ္တိပြု ဗျာဒိတ်ပေးချက် ဟောထားချက်အတိုင်း တစ်ခုပြီးတစ်ခု ဖြစ်ပျက်ပြည့်စုံလာနေခြင်းသာ ဖြစ်သည်။ ပို၍ အံ့ဩဘွယ်ကောင်းသောအရာကား သူ့ကို မလိုတမာမုန်းတီးပြီး၊ အတိုက်အခံ၊ မဟုတ်တမ်းတရား ပြုကြမည်။ အသေသတ်ကြမည်၊ သင်တို့ (ခရစ်ယာန်)လည်း ငါ့နာမကြောင့်၊ လူမျိုးတကာ က မုန်းတီးကြလိမ့်မည် တိုသည့်အချက်ပင်ဖြစ်သည်။ အနာဂတဝင်ကျမ်းပါအတိုင်း အများသူငါ ကိုးကွယ်ချိန်ရောက် လျှက်ရှိပါပြီ။
၂) ၁၂ နှစ် အရွယ်၌ ရဟူဒီ ဆရာတော်များနှင့် ဆွေးနွေးရာ မဖြေနိုင်ကြ၍ သူ့အား ဆရာဆင်ဂိုဏ်းချုပ် ရာထူးကို ဤသို့လွယ်လင့်တကူ ပေးကြခြင်းမှာလည်း ထုံးတမ်းစဉ်လာမရှိကြပါပေ။
၁. ယုဒတို့သည် ဘာသာရေး ကျစ်လစ်ခိုင်မာ ဂရုစိုက်လွန်းသူများ ဖြစ်ကြသည်။ ဂိုဏ်းချုပ်ရာထူးကို ဘာသာရေးတွင် ဤသို့လွယ်လွယ် ပေးရိုး ထုံးစံမရှိ။
၂. ဂိုဏ်းချုပ်ရာထူး ပေးတင်မြောက်ကြောင်း ကျမ်းစာနှင့် ဂျူးသမိုင်းတွင် မရှိ။ ဘုရားရှင်ကသာ ခရစ်တော်အဖြစ် ဘိသိပ်ပေးခဲ့သည်။ လူကမပေး။ လူတို့ကမူကား ဝန်ခံရ၏။
၃. ဂိုဏ်းချုပ်ရာထူးပေးမိကြောင်း ဆရာတင်မိကြောင်း ဟူ၍ ပြောဆိုကြချက်မရှိ။ ဘုရားအားပြစ်မှား၍ဟူသာ စွပ်စွဲခဲ့ကြသည်။ ၄. ရာထူး၊ ထယ်ဝါလှသည့် ဝတ်ရုံနှင့် အထိမ်းအမှတ်လက်စွပ်တို့ကိုလည်းကောင်း ယေရှုဝတ်ဆင်သည်ဟု မဖတ်မကြားဘူးပါ။ ၃) တိဗက်ဘာသာ စကား၊ မွန်ဘာသာစကား၊ တတ်မြောက်ကြောင်းလည်း မှတ်တမ်းမရှိပါ။
၄) ရဟန်းတော် ၂၀ နှစ်၌ ဖြစ်သည်ဆိုသည်ဆိုလျှင် အထွတ်အမြတ်ဖြစ်သော ထိုရဟန်းအား မကိုးကွယ်ကြဘဲ အယ့်ကြောင့် ကြောင်သူတော်များအား ယနေ့ကိုးကွယ်နေကြပါသနည်း။
၅) ကတိ ၇ ချက်ပေးရသည်၊ နောက်ဆုံး ၇ ချက်မြောက်တွင် သို့မှသာလျှင် သင်သည် သေသည်၏ အခြားမဲ့၌ အလွန်ချမ်းသာသုခနှင့် ပြည့်စုံသော ဗြဟ္မာဘုံသို့ ရောက်လိမ့်မည်ဟု ဆိုထားသောကြောင့်။ ခရစ်တော် သည်ကောင်းကင်ဘုံသို့သာ ချီဆောင်ခြင်းခံခဲ့သည်။ သူခိုးကြီးကိုလည်း ကတိပေးသည်။ ခရစ်တော်ကို ယုံကြည်သူတိုင်းအား ကောင်းကင် နိုင်ငံတော်သို့ဝင်စားခွင့်ပေးသည်။ ဗြဟ္မာဘုံသို့မဟုတ်ပါ။ ဗြဟ္မာဘုံသည် ၃၁ဘုံ အစုအဝင်မျသာ၊ ကောင်းကင်ဘုံသည်ကား ၃၁ ဘုံ၏ အခြားမဲ့၌ ဟိုမှာဘက်တွင် တသီးတခြား ဘုရားရှင်ကိုယ်တော်တိုင် ဖန်ဆင်း၍တည်ရှိသည်။ မိတ်ဆွေအားလုံး ထိုနေရာ၌ နေရာပေးလိုသည်မှာ ဧကောဗုဒ္ဓါအရှင် ဘုရား၏မေတ္တာတော်သက်သက်သာ ဖြစ်လေသည်။
၆) သင်၏နာမည်အားဖြင့် ဘာသာ အယူဝါဒ တစ်ရပ်ကို ထူထောင်ကြလိမ့်မည်ဟု အမိန့်ရှိကာ ဇီဝကိရိဋ အားပြန်ခွင့်ပြုခဲ့သည်ဟုပါရှိသည်။
က. ဆရာတော်မထေရ်က ခွင့်ပြုပြောဆိုဗျာဒိတ်ပြုခဲ့လျှင် မိတ်ဆွေလည်း ခရစ်ယာန် ဘာသာဝင် ဖြစ်သင့်ပါသည်။ ခရစ်တော်ကို ကိုးကွယ်အပ်ပါသည်။ ယခုကြောင်သူတော်များနှင့် ယှဉ်ကြည့်ပါလေ။
ခ, ငါ၏ အသင်းတော်ကို ဤကျောက်ပေါ်မှာ ငါတည်ထောင်မည်ဟု ယေရှုကိုယ်တိုင် မိန့်ကြားတော်မူခဲ့ပါသည်။ လူတို့၌ အသင်းတော်တည်ထောင် ခွင့်မရှိပါ။ ခရစ်တော်သာလျှင် တည်ထောင်ပြီး ခရစ်တော်ပိုင်သော အသင်းတော်သာလျှင်ဖြစ်သည်။
၇) ယုဒယာမြို့၊ ဂျေရုရှလင် နှင့် ဗက်လင်မြို့၊ တွေမှာ တရားဟောရာ တရားနာသူများက ယေဟောဝါး ဘုရားသခင် ကိုယ်တော်မြတ်ရဲ့ တရားတွေ မဟုတ်ပဲ၊ ဗုဒ္ဓကိုယ်တော်မြတ်ရဲ့ တရားတွေသာ ဖြစ်တယ်လို့ဆိုပြီး ယေရှုကို ဝိုင်းပြီး ပုတ်ခတ်ပြောဆိုကြတယ်ဟု သာသနာပဒိဋ္ဌိဆရာတွေက ရေးပါသည်… ကျမ်းစာတလျှောက်လုံးမှာ အခြားသောဘုရားများ၏ တရားများကို မဟောကြားပါ။ ဧဝံဂေလိတရားသာ ဟောကြားခဲ့၏။ ထဝရဘုရားနှင့်သူနှင့်တလုံးတဝတည်းဖြစ်ကြောင်း ၊သားတော်ဖြစ်ကြောင်း၊ ကယ်တင်ရှင်ဖြစ်ကြောင်းသာ ဟော၏။ ဝန်ခံ၏။ ငါဟောပြောသော တရားသည် ငါ၏တရားမဟုတ်၊ စေလွှတ်တော်မူသော အဘခမည်းတော်၏ တရားဖြစ်သည်ဟု မိန့်တော်မူ၏။ ဂျူးတို့က ပျော်တော့ ဤဘုရား၊ ပွင့်လာတော့ အထင်မှားကြခြင်းသာ ဖြစ်ပါသည်
၈) ဒီလိုအဖြစ်အပျက်နဲ့ ရင်ဆိုင်ရတဲ့အခါ ခရစ်တော်ဟာ သူ့ရဲဆရာ အရိယာပုတ္တမဟာထေရ်က သူ့ကိုမှာ လိုက်တဲ့ ပရိယာယ်ကိုသုံးရမည်ဆိုတဲ့ စကားကို အမှတ်ရပြီး၊ သူဟောတဲ့တရားဟာ ယေဟောဝါ ဟောတဲ့တရားဖြစ်ကြောင်း၊ သူဟာ ယေဟောဝါဟောတဲ့တရားဖြစ်ကြောင်း လှည်းစားပြီးပြောပြလိုက်သတဲ့၊ အမှန်မှာ သူဟာ ပရိယာယ် သုံးရမယ်ဆိုတဲ့စကားကို အဓိပ္ပါယ် ကောက်မှား၊ ယခုလိုလှည့်စားလိုက်ခြင်းဖြစ်တယ်၊ အဲ့ဒီလို အလှည့်စားမှား လိုက်တဲ့အတွက် ခရစ်တော်ဟာ လက်ဝါးကပ်တိုင်မှာတင်ပြီး ရဟူဒီဘုန်းကြီးများနှင့် ရောမလူမျိုးတို့ရဲ့ အသတ်ခံသွားရသတဲ့။ ယေရှုဟာ ဥပမေယျတွေသုံးပြီး ဟောတတ်တဲ့ ဘုရား။ အတိအလင်းဟောတတ်တဲ့ဘုရား၊ သတ္တပြောင်ပြီး၊ ရဲဝံ့တဲ့နှလုံးရည်ပြည့်ဝတဲ့ ရဲဝံ့တဲ့ဘုရားပါ။ လက်ဝါးကပ်တိုင်မှာ အသေခံဘို့လည်း ကြိုသိပြီးသားပါ ( ဟေရှာ ၅၃း၉)၊ လက်ဝါးကပ်တိုင်မှာ သေရတာမှာ အပြစ်သား ကြောင်သူတော်( ဘုရားကိုအံတုပြီး ဘုရားဖြစ်ချင်ကြတဲ့ မာရ်နတ်နောက်လိုက်တွေ) အားလုံးအတွက်ပါ။ ရောမ ၈ ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူ၏ ( အရိမေတ္တယျ= ရန်သူဖြစ်လျှက်ပင် မေတ္တာ ထားသောဘုရား ) လို့ဆိုပါတယ်။
၉) ဒါကြောင့် ရဟူဒီလူမျိုးတွေက ခရစ်တော်ကို သူတော်ကောင်းတယောက်ရဲ့ အသက်ရက်ရက်စက်စက် သတ်ဖြတ်မိကြတဲ့အတွက် ယနေ့အထိ ကိုယ့်တိုင်းပြည်ရယ် လို့ လက်ညှိုးထိုးစရာမရှိ ကလေကဝဖြစ်နေကြတာပေါ့။ ထိုကိစ္စလည်း မမှန်ပါ ၊ အမှန်မှာ ထာဝရဘုရား သခင်ကို ငြင်းပယ်၍ ဘုရားသခင် မနှစ်မြို့သော ရုပ်တုဆင်းတု တို့ကို ကိုးကွယ်သောကြောင့်သာ ဘုရားသခင်က ဒါဏ်ခတ်ခြင်းဖြစ်သည်။ ဆန်ရင်းနာနာဖွတ်ခြင်းဖြစ်သည်။ နိုင်ငံပြန်ပေးမည် ဟု ပြောသည့်အတိုင်း ယခုနိုင်ငံပြန်ရပါပြီး၊ မြန်မာပြည်နှင့် မရှေးမနှောင်း ၁၉၄၈ မေလထဲတွင် လွတ်လပ်ရေးရခဲ့ကြသည်။
၁ဝ) ဗုဒ္ဓတရားဟောချင်လှတယ်ဆိုရင် လိမ်လည်လှည့်ပါတ်ပြီးမှတောင် ဟောခဲ့ရတယ်ဆိုရင် မိတ်ဆွေတွေကိုးကွယ် သင့်ပါပြီ။ ပြီးတော့ ဒီလောက် ဗုဒ္ဓတရား ဟောချင်တယ်ဆိုရင် အသက်ဘဲထွက်တော့မယ်။ လက်ဝါးကပ်တိုင်ပေါ်ကနေ အသက်ချုပ်ကာနီးမှာ ဘာလို့လူသားတွေကို ဗုဒ္ဓတရားဟောတာပါလို့ မပြောခဲ့တာလည်း။ ဘာကြောင့် ရင်မဖွင့်ခဲ့တာလည်း။ သေခါမှတော့ မထူဘူး အမှတ်တရားလေး လူတွေရသွားကြပါစေတော့လို့ ဘာလို့မပြောရဲတာလည်း။ သေတောင်မှ သေရဲမှတော့ ဒါလေးတော့ ဖွင့်ပြောရဲသွားမှာပါ။
ဗုဒ္ဓဝါဒပြဿနာများ ဖြစ်ပေါ်စေသော ဓမ္မသဘင် တကယ်ရှိခဲ့သလော?
ဤစာအုပ်ဖြစ်ပွားစေသူ ဘက္ကူအရှင်အရိယဓမ္မ၏ ဘဝတစ်စိတ်တစ်ဒေသကို မြန်မာပြန်ဆိုသူ တောင်တွင်း ကိုကိုကြီး၏ နိဒါန်းစကား ဖေါ်ထုတ်ချက်အရ သိရှိခဲ့ရပြီးဖြစ်သည်။ မြှား (၅) ချောင်းအားဖြင့်၄င်း၊ ကြယ် (၇) ပွင့်အားဖြင့်၄င်း အကျဉ်းဖေါ်ပြခဲ့သည်။ သတ္တမကြယ်ပွင့် ဖေါ်ထုတ်ချက်အရ ဗုဒ္ဓဝိဟာရဘုံဘိုင်မြို့ ဓမ္မသဘင်မှ ထွက်ပေါ်လာသော လုလင်ငယ် ယေရှု တိဗက်ပညာတော်သင် ကိစ္စကို အကျယ်တဝင့်ဆွေးနွေး တင်ပြခဲ့ပါသည်။ ယခု အဋ္ဌမကြယ်ပွင့် အမှတ်အသားဖြင့် ဖေါ်ပြရသော်၁၉၃၈ ခုနှစ်တွင် အရှင်အရိယဓမ္မသည် အိန္ဒိယပြည်တွင် မမွေ့လျော် မပျော်ပိုက်တော့၍ တောင်တွင်းကြီး ဆရာတော် အသျှင် ဥက္ကဋ္ဌ၏ခြေတော်ရင်းတွင်း ပြန်လည်ခိုလှုံလာသည်။ ၁၉၃၆-၁၉၃၈ (၂) နှစ် နေခဲ့သည်ဟုဆိုနိုင်သော်လည်း အချိန်ကာလအားဖြင့် အတိအကျ မခန့်မှန်းနိုင်ပေ။ အချိန်တိုအတွင်းမှာ အခြားဘာသာတရားများကို မတော်မတရားစော်ကားသော ဓမ္မသဘင်ဆိုသည်ကို အမှန်တကယ် ကျင်းပနိုင်ခဲ့ပါသလော?
ဓမ္မဒေသနာ ဟောပြောပွဲလော?
သက်ဆိုင်ရာ ဘာသာဝင်တို့၏ ပင့်ဖိတ်ချက်အရ ဟောပြောသော အခမ်းအနားကို တရားပွဲဟုခေါ်သည်။ နေ့ရက်၊ အချိန်၊ နေရာ၊ တရားခေါင်းစဉ်စသည် အစီအစဉ်ဖြင့် ဟောကြားခြင်းကို တရားပွဲဟု ဆိုရသည်။ အရိယဓမ္မ၏ ထင်ရာမြင်ရာဖြေဆိုပွဲသည် တရားပွဲမဟုတ်။ ဓမ္မသာကစ္စာတရားဆွေးနွေးပွဲလော?
အခြားဘာသာတရားကို သိလိုသော သို့မဟုတ် မိမိဘာသာတရားကို သိစေလိုသော ဓမ္မမိတ်ဆွေနှစ်ဦးနှစ်ဘက် ညှိနှိုင်းတိုင်ပင်၍ နေ့ရက်နေရာ အကြောင်းအရာ သတ်မှတ်ချက်များအပြင်အပြန်အလှန်ဆွေးနွေးခြင်းကို တရားဆွေးနွေးခြင်းဟုဆိုသည်။ အရိယဓမ္မ၏ တစ်ဖက်သတ် အနိုင်ယူဖြေကြားပွဲသည် တရားဆွေးနွေးပွဲမဟုတ်။ ဓမ္မဝိဝါဒတရားပြိုင်ပွဲလော?
၁၉၃၆ ခုနှစ်တွင်ပြုလုပ်ခဲ့သော “ကျောက်ကွင်းအရေးတော်ပုံ” ဟုကျော်ကြားသော ဗုဒ္ဓဘာသာခေါင်းစဉ်များနှင့် ခရစ်ယာန်ဘာသာခေါင်းဆောင်များ၏ ကြိုတင်သတ်မှတ်ချက်များဖြင့် အပြန်အလှန် ဝေဖန်တင်ပြတိုက်ခိုက်ဟောပြောနိုင်သော ဓမ္မသဘောတရားငြင်းခုံပွဲမျိုးသည် ဓမ္မဝိဝါဒပွဲ၊ ဓမ္မစကားရည်လုပွဲဖြစ်သည်။ အလွန်အဆင့်အတန်းမြင့်မားသည်။ ထိုပွဲအတွင်းဘာသာပြောင်းကိုးကွယ်မှု လွတ်လပ်စွာပြုနိုင်သည်။ ထိုပွဲမျိုး ကမ္ဘာ့အခြား တစ်နေရာတွင် ရှိခဲ့သည်ဟု မကြားစဘူးပေ။ ထိုပွဲမျိုးနှင့် အရိယဓမ္မ၏ တကိုတော်တည်း ပထမရသော ပွဲမျိုးသည် လုံးဝမတူပေ။
တရားဟောပြောပွဲ၊ တရားဆွေးနွေးပွဲ၊ တရားပြိုင်ပွဲ (၃) ပွဲမဟုတ်သော မတရားပွဲ တမျိုးဖြင့် စိတ်ကြိုက်ဖန်တီးသော ဓမ္မဇာတ်ကောင် ဆရာကြီးများကို အနိုင်ယူကာ မှတ်တမ်းတင်ထားသောစာအုပ်ဟု “ဗုဒ္ဓဝါဒ ပြဿနာများ” ကျမ်းကို ဂုဏ်ပြုလျှင် မမှားနိုင်ဟု ထင်မိပါသည်။
ဟိန္ဒူဘာသာဓမ္မဇာတ်ကောင်ဆရာကြီးကို ဝေဒကျမ်းများ၊ ပူရဏ်များကို ကောင်းစွာ ကျွမ်းကျင်သည့် ဟိန္ဒူဘုန်းတော်ကြီး ပဏ္ဍိတ်အက်စ်ရှုကာလဂျီဟု ဂုဏ်ထူးဝိသေသ အမည်နာမသတ်မှတ်ထားသည်။ သို့ရာတွင် အရိယဓမ္မ၏စွပ်စွဲဝေဖန် ပုတ်ခတ်ချက်များကို ဝန်မခံဟု ဆိုကာ သဘာပတိဆိုသူက “မဖြေပဲ တရားပွဲမှ ထွက်သွားလျှင် ပဏ္ဍိတ်ကြီးဟာ ပေးထားတဲ့ အာမခံချက်တွေကို ချိုးဖောက်တဲ့ အနေဖြင့် တရားစွဲဖို့ပဲရှိပါတော့တယ်”။ ဟုပြောခဲ့သည်။ မတရားပွဲမှ တရားစွဲပွဲအဆင့်သို့ ရောက်လုမတတ်ဖြစ်ခဲ့ရလေသည်။ ဗုဒ္ဓ၏ အမေးကို မဆိုက သစ္စက၏ ဦးခေါင်းကို ဝရဇိန်လက်နက်ဖြင့် (ရ) စိပ်ခွဲမည်ဟု အကြမ်းဖက်ချိန်းခြောက်သော သိကြားမင်းကို ပြေး၍ပင် သတိရမိတော့သည်။
ခရစ်ယာန် ဘာသာဓမ္မဇာတ်ကောင် ဆရာကြီးကိုလည်း ခရစ်ယာန် ဘုန်းကြီး ဂျေဝီလ်ဆင်ဆင် အမ်အေ ( အောက်စဖို့တက္ကသိုလ်)၊ ဘုံဘိုင်မြို့အယ်လီဖင့်စတုန်းကောလိပ်ကောင်း ပညာရှင်ကြီးအဖြစ် ဂုဏ်ပြုဖေါ်ပြထားပါသည်။ သို့ရာတွင် ဥပုဒ်စာ သင်တန်းကျောင်းမှ ကလေး သူငယ်များပင် သိနိုင်သော ခရစ်တော်အကြောင်းကို မသိဟု ဖြေဆိုခိုင်းလေသည်။ ကယ်တင်ခြင်းတရားအကြောင်းကို ခရစ်ယာန်ဘာသာပါရဂူနှင့်တကွ မိမိ၏ အင်္ဂလန်ပြည်ဂိုဏ်းချုပ်ကြီးပင် မရှင်းပြနိုင်ကြောင်း ဝန်ခံခိုင်းလေသည်။ ဤမျှလောက်အောင်နိုင်သော အရှင်အရိယဓမ္မပေတကား။
စာမျက်နှာ (၁၁၃) တွင် ဖေါ်ပြထားသော ဓမ္မအတွေးအခေါ်မပါ၊ ကလေးကုလားဆန်သော အမေးအဖြေတစ်စုံကို အောက်တွင် ဖေါ်ပြလိုက်သည်။ အရှင်အရိယဓမ္မ “ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့ အမိန့်တော်ကို စောင့်နေဆဲ ( ၁၈) နှစ်တာကာလအတွင်း သေကြရတဲ့ သန်းပေါင်းများစွာသော လူတွေဟာ ကောင်းကင်ဘုံနန်းကို သွားမလား၊ ငရဲပြည်ကိုပဲ သွားကြရသလား?”
သူသည် လက်သမားသားမဟုတ်လော?
-မာရိ၏ သားမဟုတ်လော?
-ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန်တို့၏ အကိုမဟုတ်လော?
-သူ့နှစ်မများသည်လည်း ငါတို့နှင့် အနီးအပါးမှာနေကြသည် မဟုတ်လော? အထက်ပါ အမေးများကို သူ၏ဓမ္မဇာတ်ကောင်ဖြစ်သော ခရစ်ယာန် ဓမ္မပါရဂူဆရာတော်ကြီးက “ဒီ(၁၈)နှစ်တာ ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ အကုသိုလ်ကံထဲကနစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကြရပါတယ်ဆရာတော်၊ ဘာပြုလို့လည်းဆိုတော့ အဲ့ဒီလူသားတွေအတွက် ကောင်းကင်ဘုံနန်း မဖွင့်သေးလို့ပါဆရာတော်” ဟူသတည်း။
မည်သို့ပင်ဖြစ်စေ ဓမ္မသဘင်တကယ်ရှိခဲ့ဟန်ဇာတ်လမ်းတစ်ပုဒ်ကား တည်ရှိနေလေပြီ။ ထိုဇာတ်မှ အခန်းအချို့ကို တတ်စွမ်းသမျှတင်ပြခဲ့ပြီ။ ထိုဇာတ်လမ်း သန္ဓေတည်ရာ “ဗုဒ္ဓဝါဒ ပြဿနာများ” စာအုပ်တိမ်မြုပ်ကာလ သန္ဓေတည်ကာလကားရှည်လျှားလှပေ၏။
“ဗုဒ္ဓဝါဒ ပြဿနာများ” စာအုပ်တိမ်မြုပ်ကာလ အရိယဓမ္မ၏ အတ္ထုပ္ပတ္တိကို ယခုနောက်ဆုံး နဝမကြယ်ပွင့် အမှတ်အသားအားဖြင့် ဖေါ်ပြချက်ကား၁၉၃၈ ခုနှစ် အိန္ဒိယပြည်မှ တောင်တွင်းကြီးပြန်လာပြီး အမေရိကန်သို့ကြွရောက်ရန် ကြံစည်ပြန်လေသည်။ အမေရိကန် သမတရုစဘဲ့ထံသို့ အမေရိကန်တိုက်၌ ဗုဒ္ဓသာသာနာပြုခွင့်တောင်းခံခဲ့သည်ဟုဆိုသည်။ မည်သည့်ဘာသာဝင် သာသနာပြုမဆိုသွားရောက် သာသနာပြုနိုင်သော နိုင်ငံ၏ သမတထံသို့ ရေးကြီးခွင်ကျယ်ခွင့်တောင်းခြင်းဖြစ်သည်။ ယဉ်ကျေးသော သမတကြီးက ကန့်ကွက်ပိတ်ပင်စရာမရှိကြောင်း စာပြန်ခဲ့သည်ဟု ဆိုသည်။ ဤသို့ဖြင့် အမေရိကန်သို့သာသနာပြုကြွသွားခဲ့သည်။ အချိန်ကာလအားဖြင့် အတိအကျ မဖေါ်ပြထားချေ။ သို့ရာတွင် ရုစဘဲ၏ တတိယ သမတသက်တမ်း ( ၁၉၄ဝ-၄၄) အတွင်းဖြစ်နိုင်စရာရှိသည်။ မြန်မာပြည်မှ နောက်ဆုံးထွက်ခွာခြင်းဖြစ်သည်။
ဗုဒ္ဓဝါဒပြဿနာများ စာအုပ်မူကြမ်းကို အဘယ်အချိန်တွင် စတင်ပြုစုခဲ့သနည်း။ အမေးအဖြေပွဲပြုစဉ် ၁၉၃၆-၃၈ ကာလအတွင်း တစ်ချိန်ချိန်တွင်လော? အိန္ဒိယတွင်လော? မြန်မာပြည်မှာလော? အမေရိကတွင်လော? မြန်မာဘာသာမပြန်မီ အနှစ် (၃၀) လုံးလုံး (၁၉၃၈-၁၉၆၈) အတွင် ထိုစာအုပ်အဘယ်မှာ ရှိနေခဲ့သနည်း? အရိယဓမ္မလက်ထဲမှာလော? တောင်တွင်းကြီးသျှင်ဥက္ကဋ္ဌလက်ထဲမှာလော? ဝင်းမော်ဦး စာအုပ်တိုက်သို့ ဘယ်အချိန်မှာ ရောက်သွားသလည်း? … စသည်စသည်သော မေးခွန်းပေါင်းများစွာဖြင့် သုတေသနပြုဘွယ်များစွာရှိနေပါသည်။ ဖြစ်စဉ်ကာလ၊ ဖြစ်ရပ်ကိစ္စများကို အတိအကျမသိရသေးသော်လည်း ပြုစုထားကြောင်းကား ထင်ရှားလှပေ၏။
ဥပမာ- စာမျက်နှာ (၁၆၉)တွင် “… ဒါကြောင့် တကယ့်မှန်ကန်တဲ့တရားကို သိလိုနာလိုကြလို့ ယခုလို ဒီနေရာမျိုးမှာ လာရောက်စုဝေးကြတဲ့ ဒါယကာ၊ ဒါယကာမအားလုံးကို ဦးပဉ္စင်းက ဘယ်ဘာသာ၊ ဘယ်တရား၊ ဘယ်အယူဝါဒကိုမျှ မထောက်မညှာပဲဟောပြောတဲ့အတွက် စိတ်လက်မသာမယာဖြစ်ဖို့လည်း တောင်းပန်ပါတယ်။ ဦးပဉ္စင်းကိုယ်တိုင် ကမ္ဘာမှာရှိတဲ့ ဘာသာတရားအယူအဆဝါဒပေါင်း (၂၉)မျိုးကို (၂၂) နှစ်ကျော်လေ့လာလိုက်စား ပြီးမှ သစ္စာဝါဒီကိုတွေ့ရှိရလို့ ဒီလိုသစ္စာဝါဒီကိုလက်ခံကာ အလွန်စိတ်အားထက်သန်လှတဲ့ ဗရင်ဂျီဘာသာဝင် တစ်ယောက်အဖြစ်က ဗုဒ္ဓဘာသာသာသနာဘောင့်ထဲကိုဝင်ပြီး သာသနာ့ဝန်ထမ်းရဟန်းဘဝကို ခံယူခဲ့ရခြင်း ဖြစ်ပါတယ်”
ဤစကားပြောချိန်တွင် အရိယဓမ္မသည်အသက်သည် (၃၄)နှစ်မျှသာရှိသေးသည်။ ဗုဒ္ဓဘာသာကို သုတေသနအဆင့်ဖြင့် လေ့လာချိန်မှာ ( ၄ ) နှစ်မျှသာရှိသေးသည်။ ဗရင်ဂျီဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ သည့်ကာလသည် ( ၇ ) နှစ်ထက်မပိုသေးချေ။ အကယ်၍ ကြိုတင်လေ့လာခဲ့လျှင် အသက် (၁၂) နှစ်သားမှ စတင် လေ့လာခဲ့ခြင်းဖြစ်ရပေလိမ့်မည်။ ( ၃၄-၂၂=၁၂) လုံးလုံး လုံးဝမဖြစ်နိုင်ကြောင်း သူ၏မရင့်ကျက်ခြင်း၊ မယဉ်ကျေးသော စာပေဘဝက သက်သေခံနေသည်။ မလေးနက်သော ဓမ္မတွေးခေါ်မှုကလည်း သူ၏ဘဝအမှန်ကို ဖေါ်ပြနေ သယောင်တကား။
အနှစ် (၃၀) လုံးလုံး “ဗုဒ္ဓဝါဒ ပြဿနာများ” စာအုပ်ကို ပုံသွင်းဖန်ဆင်းနေသူကား မည်သူနည်း? မည်သည့် ရည်ရွယ်ချက်ရှိသနည်း? လျှို့ဝှက်နက်နဲသော မှီရလိုင်းဝင် အံ့မခန်းသော စာအုပ်အဖြစ်ထားလိုက်ကြပါစို့။
နှစ်ဘက်သော စာဖတ်ဓမ္မမိတ်ဆွေအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။ အလင်းတရားနှင့်အတူ အမှန်တရားသည် အမှောင်နှင့် အမှားကို ဖယ်ရှားနိုင်ပါစေသော်ဝ်။
THE END.