*သင်းအုပ်ဆိုင်ရာနှစ်သိမ့်အကြံပြုခြင်း – *သေချာတိကျဓမ္မစကား – *ယခုခေတ်ကျမ်းစာလာမိန်းမသားဘဝ
ပုံနှိပ်မှတ်တမ်း
ထုတ်ဝေသူ – ဦးကျင်ခန့်တွောင် (02503) – Grace Literature Network
အမှတ် ၂၀/၂၈ ရပ်ကွက်၊ အောင်ရိပ်သာ(၄)လမ်း၊ ဒဂုံမြောက်၊ ရန်ကုန်။ ၀၉ ၅၀၈၉၀၄၂
ပုံနှိပ်သူ – ဒေါ်ညောင်ရှင်းလွင် (00003) Grace Printing House
အမှတ် ၁၆၆၊ ၃၇ လမ်း၊ ရန်ကုန်မြို့။
ဖြန့်ချိရေး – Grace Literature Network
အမှတ် ၂၀/၂၈ ရပ်ကွက်၊ အောင်ရိပ်သာ(၄)လမ်း၊
ဒဂုံမြောက်၊ ရန်ကုန်။
စာတိုက်သေတ္တာအမှတ် (၁၁၀၇)
ဗဟိုစာတိုက်ကြီး ရန်ကုန်မြို့။
အကြိမ် – ပထမအကြိမ်၊ နိုဝင်ဘာလ၊ ၂ဝ၂ဝ
Acknowledgements
First of all, I do like to express my grateful thanks to the Lord. Grace Baptist Church, and Grace Publication Trust. Pastoral Care and Counseling is combination of Serving ST Today GBM. Also, my heartfelt thanks to Rev. Mike, Director of Christian Books Worldwide for their financial support
In Christ – Tuang – Grace Literature Network +95 9589042
သင်းအုပ်ဆရာဆိုင်ရာနှစ်သိမ့်အကြံပြုခြင်း
နိယာမဥပဒေသများနှင့်အရေးအရာများ
Pastoral Counseling
မာတိကာ
နိဒါန်း
မိတ်ဆက်စကား
အပိုင်း ၁၊ နိယာမဥပဒေသများ
၁။ အကောင်းဆုံးလက်စွဲကျမ်း
၂။ နှစ်သိမ့်အကြံပြုခြင်းနှင့် တရားဟောပြောခြင်း
၃။ တဦးပြီးတဦး နှစ်သိမ့်အကြံပြုခြင်း
အပိုင်း ၂၊ နှစ်သိမ့်အကြံပြုခြင်းရေးရာများ
၁။ အသက်ငင်နေသူအား နှစ်သိမ့်အကြံပြုခြင်း
၂။ ပူဆွေးကျန်ရစ်သူအား နှစ်သိမ့်အကြံပြုခြင်း
၃။ ဖောက်ပြန်သော ယုံကြည်သူအား နှစ်သိမ့်အကြံပြုခြင်း
၄။ သောကဝေဒနာသည်အား နှစ်သိမ့်အကြံပြုခြင်း ၊
၅။ စုံစမ်းခြင်းနပမ်းလုံးနေသူအား နှစ်သိမ့်အကြံပြုခြင်း
၆။ အကျင့်ပျက်ဒုစရိုက်သမားအား နှစ်သိမ့်အကြံပြုခြင်း
၇။ မူးယစ်ဆေးဝါး၊ အရက်သမားများအား နှစ်သိမ့်အကြံပြုခြင်း
နိဒါန်း
ဘုရားသခင်က အစေခံအဖြစ် ခေါ်ယူခြင်းခံရသူအတွက် နှစ်သိမ့်အကြံ ပြုခြင်းသည် အထူးအရေးကြီးလုပ်ငန်းတရပ်ဖြစ်သည်။ ဘုရားစကားတော်ဖြင့် တစုံတဦးအား အကူအညီပေးခြင်းသည် ဆုလက်ဆောင်ရရှိရာလည်းဖြစ်သည်။ ယုံကြည်သူများ၏ လက်စွဲကျမ်းသည် သမ္မာကျမ်းစာတော်မြတ်ဖြစ်၍ ထိုကျမ်း စောင်ထဲတွင် တချိန်တည်း၌ ဝိညာဉ်ရေးရာအပါအဝင် လက်တွေ့ပြသရာ ဖြစ်ကြောင်း သွန်သင်ထားသည်။ ထို့ကြောင် အင်အားနည်းပါးသူများသို့ တိုင်ပင်အကြံ ပြုရသည်။ တခါတရံ ဘဝခရီးတွင် အခက်အခဲ အကျဉ်းအကြပ် ရင်ဆိုင်သူများ၏ အကြံဉာဏ်တောင်းခံခြင်းများ ကြုံရတတ်ပါသည်။ အကယ်၍ ထိုသို့ လာရောက် အကူအညီတောင်းခံခြင်း မရှိသော်လည်း အားပေးကူညီအကြံပြုရန် လိုအပ်သူများ အား တွေ့မြင်လျှင် စိတ်ကောင်းစေတနာမွန်ဖြင့် သွားရောက်တွေ့ဆုံ၍ ကူညီ မြှင့်တင်ရသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဘုရားရှင်ထံမှ ဉာဏ်ပညာတော်နှင့် ကျေးဇူးတော်ကို ထင်ရှားစေနိုင်ကြမည်။ ထိုသို့ဆိုရာတွင် လူ့အသိဉာဏ်နှင့် သမ္မာ ကျမ်းစာကို အဆင့်တူညီစွာ သဘောထားခြင်းမဟုတ်။ ပြဿနာအဖြာဖြာ၏ အဖြေသည် သမ္မာကျမ်းစာတွင် စုံလင်ပြီးဖြစ်သည်။
ဤစာစောင်ပါ သင်းအုပ်ဆိုင်ရာ တိုင်ပင်အကြံပြုခြင်း စာစောင်သည် Serving Today ရေဒီယိုအသံလွှင့်အစီအစဉ်မှ ဂျိမ်းမက်ကလက်ချီ၏ အသံ လွှင့်ချက်မှ ရယူထားပါသည်။ ထိုဆရာတော်ဂျိမ်းသည် သင်းအုပ်ဆရာ အတွေ့ အကြုံ ရင့်ကျက်သူဖြစ်ပြီး အနားယူသည့်အချိန်နောက်ပိုင်းတွင်လည်း ယုံကြည်သူ များသို့ အထောက်အကူပြုသည်။ အခန်းတိုင်းသည် အစဉ်လိုက် စီစဉ်ရေးသား ခြင်းဖြစ်၍ ဆရာဂျိမ်းကို များစွာကျေးဇူးတင်ပါသည်။ ဤစာစောင်၏ ပထမပိုင်းမှ သင်းအုပ်ဆိုင်ရာ တိုင်ပင်အကြံပြုချက်အကြောင်းများသည် သမ္မာကျမ်းစာပါ အဓိကနိယာမ ဥပဒေသများဖြစ်သည်။ ဒုတိယပိုင်းသည် မျက်မှောက်ကာလ၌ လူသူတကာ ကြုံတွေ့နေကြ ပြဿနာများအကြောင်းဖြစ်၍ ဂျိမ်း၏ လမ်းညွှန်မှုက အထူးကူညီ ဖြေရှင်းနိုင်ပါသည်။
သမ္မာကျမ်းစာ၌ ဘဝပုစ္ဆာအဖြေရှာနေကြသော လူငယ်မောင်မယ်များ၊ အား ဤစာစောင်က အထောက်အကူဖြစ်ပါစေဟု ဆုတောင်းပေးပါ။ အဖြေရှာတွေ့ခြင်းဖြင့် သခင်ယေရှုခရစ်တော်နှင့် ပိုမိုနီးကပ်စွာ လျှောက်လှမ်းနိုင် မည်ဟု ယုံကြည်သည်။
ဒေရက်ဖရန့် – ၂၀၀၄၊ စက်တင်ဘာ
မိတ်ဆက်စကား
သခင်ဘုရားသည် သူ့လူများကို အထူးဂရုစိုက် ဆက်စပ်သည်။ ဤနေရာ တွင် ထာဝရကယ်တင်ခြင်းအကြောင်း ပြောဆိုလိုခြင်းမဟုတ်ပါ။ မျက်မှောက် ကာလ လတ်တလော အခက်အခဲများ ဖြေရှင်းရေးဖြစ်သည်။ အကြောင်းသော် ဘဝလမ်းညွှန်အဖြစ် ဘုရားရှင်က သမ္မာကျမ်းစာတော်မြတ် ပေးထားပြီးဖြစ်သည်။ ထိုကား ဘုန်းတော်ထင်ရှားစေရန်ဖြစ်သည့်နည်းတူ ယုံကြည်သူများ ကောင်းစားရေး ဖြစ်သည်။ သမ္မာကျမ်းစာကို လေ့လာဖတ်ရှုဆင်ခြင်သောအခါ ဘုရားသခင်၏ မေတ္တာတော်နှင့် ဘုရားရှင်၏ မဟာဉာဏ်ပညာတော်တွေ့ရသည်။ ထိုဉာဏ်ပညာ သည် ဝိရောဓိဆန်သည်ဟု မြင်နိုင်သည်။ ထိုသို့ တွေ့မြင်ရခြင်းသည် လူ့လောက ဉာဏ်ပညာ အတွေးအမြင်ရှုထောင့်ကြောင့်ဖြစ်သည်။
သမ္မာကျမ်းစာက အမြဲတမ်း စိန်ခေါ်သော ကျမ်းချက်(၂)ခု တွေ့ရသည်။ ပထမအချက်မှာ ဆာ ၁း၁ ပါ “မတရားသောသူတို့၏ တိုက်တွန်းခြင်းသို့မလိုက် သူသည် မင်္ဂလာရှိ၏”ဟူသော ကျမ်းချက်နှင့် ငယ် ၂ ပါ “ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သူ သည် မင်္ဂလာရှိ၏”ဟူသော ကျမ်းချက်ဖြစ်သည်။ ဤကျမ်းချက်သည် မည်သည့် အခြေအနေမည်သည့် ဘဝ၌ ရောက်နေလျှင်လည်း ခံယူရသည့် လမ်းညွှန်ချက် ဖြစ်သည်။
ဒုတိယအချက် မှာ ၁ကော ၂း၉-၁၆ တွင် “လူ့သဘောသဘာဝအတိုင်း ရှိနေသူသည် ဘုရားသခင်က မိုက်မဲမှုထဲ၌ ထားရှိသူများဖြစ်သည်”ဟူသော သဘောဖြစ်သည်။ ယုံကြည်သူခရစ်ယာန်သည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ဓယူရရှိသူဖြစ်သောကြောင့် ဘုရားရှင်၏ လက်ရာတော်များကို သိရှိနားလည် သည်။
ဘုရားသခင်၏လူများသည် ယောက်ျား မိန်းမမရွေး ပြဿနာပေါင်းစုံရင်ဆိုင်ကြုံတွေ့နေကြပါသည်။ ချစ်သူခင်သူ တဦးဆုံးပါးလျှင် နာကျင်စွာ ခံစားရ သည်။ နာကျင်ခြင်းဆိုသည်မှာ ကိုယ်တိုင်သော်၎င်း၊ ချစ်ခင်သူမိသားစုဝင် တစ်ဦး တစ်ယောက် ဖျားနာခြင်း၊ မတော်တဆ ထိခိုက်ခြင်း၊ ရောဂါဘယ ခံစားခြင်း ရှိလျှင်သော်၎င်း နာကျင်ကြသည်။ ထိုအခါမျိုးတွင် လောကဥစ္စာပစ္စည်း တစ်စုံ တစ်ရာ ဆုံးရှုံးနိုင်သကဲ့သို့ တစ်ခါတစ်ရံ ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရ ချိန်လည်း ရှိတတ်သည်။ မည်သို့ပင် ကွဲပြားခြားနားလျှင်လည်း စုံစမ်းခြင်းဒဏ်ရာ ပြဿနာကြုံတွေ့ပုံနှင့် နာကျင်ပုံသည် အတူတူဖြစ်သည်။ တဘက်တွင် အရာ ခပ်သိမ်းကို ဘုရားသခင်က ထိန်းချုပ်ထားကြောင်း သိရှိကြသည်။ မည်သို့ပင် ဖြစ်စေ ကိုယ်တော်အား သိရှိခြင်းမရှိလျှင် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခ ကြုံတွေ့ရကြောင်း မသိရှိနိုင်။ အဘယ်သို့ပင်ဖြစ်စေဘုရားသခင်၏ ကျေးဇူးတော် သည် ယုံကြည်သူများအတွက် လုံလောက်ပါပေသည်။ အရေးအရာ ပြဿနာ ကြုံကြိုက်တိုင်း၌ ဆုတောင်းလျှင် ဘုရားရှင်ကလိုအပ်သည့် ခွန်အားသတ္တိ ကျေးဇူးပြုပါသည်။ ထို့ကြောင့် စုံစမ်းခြင်းကြုံတွေ့ရခြင်းသည် မေတ္တာတော်ပိုမို အောက်မေ့ထင်ရှားရန်ဖြစ်သည်။
သင်းအုပ်ဆရာများနှင့် အသင်းတော်ခေါင်းဆောင်များ၏ ဘဝအသက် တာတွင်လည်း ထိုသို့သော ပြဿနာများ ကြုံတွေ့ကြရသည်။ အမှုတော်မြတ်သို့ ဆင့်ခေါ်ရခြင်းသည် ဘုရားခင်၏ လူများအား ဦးဆောင်၍ ကာကွယ်စောင့် ရှောက်ရန်ဖြစ်သည်။ ထိုသို့သော စောင့်ရှောက်ဂရုစိုက်ရေးသည် ဘုရားသခင်၏ လူများအား နှုတ်ကပတ်တော်ဖြင့် ကူညီမစရေးဖြစ်သည်။ မည်သို့ဖြစ်စေ ဤစာစောင်က အသင်စာရှုသူအား အနည်းနှင့်အများ အကျိုးကျေးဇူးပြုမည်ဟု ယုံကြည်သည်။
အမှုတော်မြတ်၌
ဂျိမ်းမက်ကလက်ချီ
အပိုင်း ၁
နိယာမဥပဒေသ
၁။ အကောင်းဆုံး လက်စွဲကျမ်း
လူ့လောကကြီးတွင် ချွတ်ခြုံကျအောင် စိတ်ဓါတ်ကျဆင်းပျက်ပြားသူများ၊ ရှေ့မတိုးသာ နောက်မဆုတ်သာအောင် ကံဆိုးမိုးမှောင်ကျ၍ ပြဿနာအကြီး အငယ်ကြုံတွေ့ သူများသို့ အခြားလူများက တိုင်ပင်အကြံပြုပေးကြပုံများ ကြားသိ ဖူးကြသည်။ ထိုသူများထံသို့ အကြံကောင်းဉာဏ်ကောင်းပေးခြင်းသည် ကောင်း မြတ်သော စိတ်စေတနာမွန်ဖြစ်သည်။ ထိုသို့သော အကြံဉာဏ်ကောင်းပေးခြင်း သည် ခရစ်ယာန်အသင်းတော်များနှင့် ယုံကြည်သူ တစ်ဦးတစ်ယောက်စီ၏ ကိုယ်ကျင့် စာရိတ္တအဆီအနှစ်ဖြစ်သည်။
ယေဘူယျအားဖြင့် သင်းအုပ်ဆရာများ၊ အသင်းတော်လူကြီးများ၏ ဝတ္တရားဟု ထင်မြင်ကြသည်။ မှန်သင့်သလောက် မှန်ပါသော်လည်း ယုံကြည်သူခရစ်ယာန်တိုင်းက ကောက်ရိုးတမျှင်ကို အသက် ကယ်ရာအဖြစ် ရှာကြံဖက်တွယ်နေသော အနီးအနားရှိလူများသို့ ကူညီမစစရာ ဝန်တာဖြစ်သည်။ ထိုသို့ ကူညီခြင်းသည် တာဝန်ဝတ္တရားဖြစ်သကဲ့သို့ အခွင့်အရေး လည်းဖြစ်သည်။ မေးစရာရှိသည်မှာ ထိုသို့သောသူများအား ကူညီနိုင်ရန် မိမိ ကိုယ်ကို အဘယ်မျှ ကြိုတင်ပြင်ဆင်ထားပါသနည်း။
ခရစ်ယာန်အမှုတော်တိုင်းသည် သမ္မာကျမ်းစာတော်မြတ်ဖြင့် စတင် သည်။ ထိုကျမ်းစာတော်မြတ်သည် ဘုရားစကားတော်ဖြစ်သည့်အတိုင်း အလိုတော်နှင့် လားရာလမ်းခရီးကို ပြသသောကြောင့် အမှုအရာဟူသမျှ၏ အခြေခံ အုတ်မြစ်ဖြစ်သည်။ ထိုသို့ ဘုရားစကားတော်နှင့် ဉာဏ်ပညာအား အခြားသူများ သို့ ဝေငှနိုင်ရန် ဦးစွာ မိမိကိုယ်တိုင် သိရှိနားလည်ရသည်။
သမ္မာကျမ်းစာကို သိကျွမ်းရန် စနစ်တကျ ဖတ်ရှုဆင်ခြင်နားလည်ရသည်။ လက်တွေ့လောက၌ အသုံးချနိုင်ရန် တနှစ်လျှင် အနည်းဆုံးတကြိမ် ကျမ်းစာတအုပ်လုံး ဖတ်ရှုမှသာ လျှင် အခြားသူ များအား ဟောပြောနိုင်ရန် အဆင်သင့်ရှိနိုင်သည်။ နိုးကြား လန်းဆန်းနေနိုင်သည်။ တရက်လျှင် ဓမ္မဟောင်းကျမ်း အခန်း ၂ ခန်း၊ ဓမ္မသစ် ကျမ်း အခန်းတခန်း ဖတ်ရှုလျှင် အချိန်လုံလောက်သည်။ အခြားသူများသို့ အကြံ ဉာဏ်ပေးနိုင်အောင် ဘဝင်ကျကျေနပ်သော ကျမ်းချက်၊ ကျမ်းပိုဒ်များကို သီးခြား မှတ်သားထားပါ။ နေ့တိုင်း ကျမ်းစာဖတ်ရှုခြင်း အကျင့်ရှိအောင် ပြုလုပ်ပါ။
ထိုသို့ သီးသန့်မှတ်ထား ခြင်းမရှိလျှင်လည်း ကျမ်းစာအုပ်ကို မပျက်စီးအောင် ဘောပင်အရောင်မျိုးစုံဖြင့် အရောင်ချယ်မှတ်သားပါ။ ထိုကား ဘုရားပေး အသက် တာ နိယာမဥပဒေဖြစ်သည်။
အောက်ပါ ဥပမာ(၂)ခုကို ကြည့်ပါ။
အကြင်လင်မယားတော်စပ်ပုံအကြောင်း စဉ်းစားကြည့်ပါ။ အိမ်ထောင် သည်ဘဝသည် လူ့အသိုင်းအဝိုင်းတွင် အထူးလေးနက်သည်။ ယုံကြည် သူခရစ်ယာန် ခင်ပွန်းနှင့် ဇနီးသည် မည်သို့ရှင်သန်ကြရမည်နည်း။ ထို အကြောင်းသော့ချက်စကားကို ဧ ၅း၂၂-၃၃ တွင် ဖတ်ကြည့်ပါ။ နှစ် ပေါင်းကြာရှည် ပေါင်းသင်းကြသော လင်မယားများသို့ အကျုံးဝင်သကဲ့ သို့ ချစ်စခင်စ ဇနီးမောင်နှံများလည်းပါဝင်သည်။ မယားဝတ်၊ လင့်ဝတ် နှစ်ခုစလုံး ပါရှိသည်။ အကြင်လင်မယား၏ ချစ်ခြင်းမေတ္တာသည် ခရစ်တော်က သူ့အသင်းတော်အပေါ်သို့ ချစ်ခင်သံယောဇဉ်ဖွဲ့နှောင်ခြင်း၏ စံနမူနာဖြစ်သည်။
၁ပေ ၃း၁-၇ အပါအဝင် အခြားကျမ်းချက်များတွင်လည်း သွန်သင်ထား သည်။ အခြားအရေးကြီးနိယာမတရပ်မှာ အသင်းတော်ဖွဲ့တည်ပုံနှင့် အမိန့်အာဏာတည်ပုံအကြောင်းဖြစ်သည်။ အသင်းတော်ထဲ၌ မည်သူ့ကို တွေ့ရသနည်း။ ဖိ ၁း၁ တွင် အသင်းသားသူတော်စင်များ၊ ဘုန်းတော် ကြီးခေါ် သင်းအုပ်ဆရာများ၊ သင်းထောက်ခေါ် လူကြီးလူကောင်းများ တွေ့မြင်ရသည်။ သင်းအုပ်များနှင့် သင်းထောက်၊ အသင်းတော်လူကြီး မင်းများ၏ တာဝန်ဝတ္တရားကို ၁တိ ၃း၁-၁၃ တွင် တွေ့နိုင်သည်။ တဖန် သင်းထောက်များ၏ တာဝန်ကျေပြွန်ပုံကို တ ၂၀း၁၇-၂၈ တွင် တွေ့ နိုင်သည်။ သင်းအုပ်သည် သိုးအုပ်ကို ထိန်းကျောင်းသော သိုးထိန်းဖြစ် သည်။
ဘုရားရှင်က ထိုသို့သော သင်းအုပ်၊ သင်းထောက်များသို့ အသင်းတော်အား ထိန်းကျောင်းရန် တာဝန်ပေးအပ်သကဲ့သို့ အသင်းသားများ သို့လည်း ထိုသို့သော အသင်းတော်လူကြီးမင်းများ၏ ကျမ်းစာသွန်သင် ချက်ခံယူရန် ဝတ္တရားအပ်နှင်းထားသည်(ဟေဗြဲ ၁၃း၁၇)။ ၁တိ ၃း၁-၇၊ ၁ပေ ၅း၂-၄ လည်းကြည့်။
စိတ်ဝင်တစား ဆုတောင်းခြင်းဖြင့် သမ္မာကျမ်းစာလာ ကောင်းမြတ် သော ဉာဏ်ပညာများ ရရှိနိုင်သည်။ တစ်စုံတစ်ဦးသို့ တိုင်ပင်အကြံမပြုမှီ မိမိ ကိုယ်တိုင် ဘုရားရှင်အတွက် အစေခံယူကြောင်း စိတ်နှလုံးယုံကြည်စိတ်ချမှု ရှိရ သည်။ ထိုအချက်သည် ဘုရားရှင်၏ ဉာဏ်ပညာတော်လိုအပ်ကြောင်းနှင့် လတ်တလော၌ အကူမလိုအပ်ကြောင်း သက်သေထူခြင်းဖြစ်သည်။ သန့်ရှင်း ဝိညာဉ်တော်၏ နှိုးဆော်မှုခံယူလျက် ထိုသို့ သွားရောက်တိုင်ပင်အကြံပြုမည့်သူ၏ စိတ်နှလုံး ကြို တင်ပြင်ဆင်ပေးရန်လည်း ဆုတောင်းရသည်။
၂
နှစ်သိမ့်အကြံပြုခြင်းနှင့် တရားဟောပြောခြင်း
ခရစ်ယာန်တို့၏ တိုင်ပင်အကြံပြုခြင်းနှင့် တရားဟောပြောခြင်းသည် သင်းအုပ်ဆရာတိုင်း၊ အသင်းတော်လူကြီးမင်းများတိုင်း လုပ်ဆောင်ရမည့် တာဝန် ဝတ္တရားဖြစ်သည်ဟု ဆိုထားရာ မည်သို့ တိုင်ပင်အကြံပြုရမည်နည်း။
နှစ်သိမ့်အကြံပြုခြင်းကို တစ်ဦးအပေါ်တစ်ဦး မျက်နှာချင်းဆိုင် ဆွေးနွေး တိုင်ပင်အားပေးခြင်းဟု သဘောထားလေ့ရှိကြသည်။ ထိုအကြောင်းစုံကို လာမည့် အခန်းတွင် ဆက်လက်ဆွေးနွေးပါမည်။ မှန်ပါသည်။ သို့သော်လည်း တရားဟောပြောစင် ပလ္လင်မှ စတင်ရန် အရေးကြီးသည်။ တရားဟောဆရာသည် သမ္မာကျမ်း စကားကို ရှင်းလင်းပြောပြရန် တာဝန်ရှိသည်။ တရားဟောပြောရာတွင် ကျမ်းစာ ပါ အကြောင်းအရာဖြင့်သာ အဆုံးသတ်ရုံမျှသာမဟုတ်။
တရားဟောပြောခြင်း ဆိုသည်မှာ ကျမ်းစာကို လက်တွေ့ဘဝတွင် မည်သို့ အသုံး ပြုရမည့်အကြောင်း ရှင်းပြချက်ပါဝင်ရသည်။ ဟောပြောချက်ပါ ကျမ်းချက်များအား တရားနာ ပရိသတ်များက နေ့စဉ်ကြုံတွေ့နေရသော ပြဿနာများနှင့် စုံစမ်းခြင်းများကို ရင်ဆိုင်ဖြေရှင်းရာတွင် နည်းနာများဖြစ်ရသည်။ ၂တိ ၃း၁၆၊ ၁၇ တွင် သာ ကျမ်းစာသည် ဘုရားသခင်က တန်ခိုးမှုတ်သွင်းထားချက်များဖြစ်သည်ဟု ဆို သောကြောင့် အယူဝါဒ၊ အတည်ပြုချက်၊ အမှားပြင်ဆင်ချက်နှင့် ဖြောင့်မတ်ရန်သွန်သင်ချက်များ သေချာသည်။
ထို့ကြောင့် ဘုရားတရားသိသောသူသည် အမှု ကိစ္စတိုင်း၌ ပြီးပြည့်စုံလင်အောင် လုပ်ဆောင်နိုင်ကြသည်။ တစ်နှစ်လုံး လေ့လာ သတိပြုသောအခါ ထိုသို့သောသူများသို့ အကြံကောင်းဉာဏ်ကောင်း ပြုသောသူ များသည် အနည်းဆုံး တပတ်လျှင်တခါ အခြားသူများသို့ ကျမ်းစကား ဟောပြော သူများဖြစ်ကြသည်။ ထိုသို့သော ကျမ်းစာနှင့် ရင်းနှီးခြင်းသည် လူများအား အကြံဉာဏ်ပေးရာတွင် တန်ဘိုးကြီးမားသည်။
ဧဖက်သြဝါဒစာထဲမှ ပုံဥပမာတခု လေ့လာကြမည်။ ခရစ်ယာန်ယုံကြည် ခြင်း သမ္မာတရားနှင့် လက်တွေ့အသုံးချနည်းများ တွေ့ရမည်။ အခန်း ၁ တွင် ဘုရားရှင်၏ သွန်သင်ချက်အရင်းအမြစ်နှင့် ကယ်တင်ခြင်းဘုန်းကျက်သရေ တွေ့ ရမည်။ ထိုကျမ်းချက်တွင် ကယ်တင်ခြင်း အကျွတ်တရား ခံယူရရှိကြပုံ အကြောင်း ရေးထားသည်။ ထိုသဘောတရားမှလွဲ၍ အခြားသောနည်းလမ်းဖြင့် ကယ်တင် ခြင်းရရှိနိုင်သည်ဟုဆိုလျှင် လွဲမှားသော အယူအဆဖြစ်သည်။ ထို့ကြောင့် အသင်းတော်ထဲ၌ ဟောပြောသွန်သင်သော ကယ်တင်ခြင်း အကျွတ်တရားအကြောင်း သည် သံသယဖြစ်ဘွယ်ရာမရှိရ။ ကယ်တင်ခြင်းအကျွတ်တရား အရေးအရာတွင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းဝိညာဉ်တော်တို့ပါဝင်သည့်အတိုင်းခရစ်ယာန် အသက်တာတွင် ထင်ရှားပေါ်လွင်သည်။
အခန်း ၂ တွင် အပြစ်၊ ဘုရားကျေးဇူးတော်၏ ဘုန်းတန်ခိုးတော်၊ ခရစ်တော်၏ လုပ်ဆောင်တော် မူချက်များသည် ပုဂ္ဂိုလ်ရေးရာသို့ သက်ရောက်မှုအကြောင်း ရေးထားသည်။ အခန်း ၃ တွင် အမှုတော်မြတ်၌ ပါဝင်ရေးနှင့် ဆုတောင်းခြင်းအကြောင်း သွန်သင်သည်။ အခန်း ၄ တွင် အသင်းတော်ထဲရှိ ယုံကြည်သူခရစ်ယာန်များ သွေးစည်းခိုင်မာရေး အကြောင်း သွန်သင်သည်။ ယုံကြည်သူခရစ်ယာန်တိုင်းသည် ယေရှုခရစ်တော်၏ အသင်းတော်ထဲ၌ ပါဝင်သော အပိုင်းအစများဖြစ်ကြသည်။
ထို့ကြောင့် ယုံကြည်သူ ခရစ်ယာန်တိုင်းသည် အခြားယုံကြည်သူ ညီအစ်ကိုများထံသို့ ဝေငှရန် ဝတ္တရားရှိ ကြသည်။ အခန်း ၅ သည် ယုံကြည်သူခရစ်ယာန်များ ဘုရားတရား ကိုင်းရှိုင်းရေး ဖြင့် အစပြု၍ အပြစ်တောထဲ၌ ရှိနေကြသောကြောင့် အပြစ်ကို တုံ့ပြန်အံတု နေနိုင်ရန် ခရစ်တော်နှင့် အသင်းတော်အကြား ပေါင်းသင်းဆက်ဆံရေးအား အကြင်လင်မယား ပေါင်းသင်းဆက်ဆံရေး၊ လက်တွေ့ကျင့်သုံးရေးအကြောင်းဖြင့် အဆုံးသတ်ထားသည်။ အခန်း ၆ သည် မိဘနှင့် သားသမီး၊ အလုပ်ရှင်နှင့် အလုပ်သမား၊ နေ့စဉ် အပြစ်တရားနှင့် နပန်းလုံးနေရသော ခရစ်ယာန်အသက်တာများ သွန်သင်သည်။ ထိုအချက်များသည် သတိထားလျှင် နေရာတကာ၌ ခံယူကျင့်သုံးစရာချည်း ဖြစ်သည်။ ထိုသွန်သင်ချက်သည် ဒုစရိုက်ပြဿနာ မကြုံတွေ့ ရလေအောင် ကြို တင်သွန်သင် သတိပေးချက်ဖြစ်သည်။ ထိုကား သွန်သင်ခြင်းအကြောင်း ဘုရားရှင်၏ နိယာမဥပဒေသဖြစ်သည်။
ထိုနည်းတူပင် အခြားကျမ်းစောင်များသည်လည်း သက်ဆိုင်ရာ ဘာသာ ရပ်အကြောင်း အသီးသီး သွန်သင်ကြသည်။ ဘုရားစကားတော်အပေါ်သို့ ယုံကြည် ခြင်းသစ္စာရှိလျှင် ဖတ်ရှုဆင်ခြင်သော ကျမ်းစောင်ဟူသမျှသည် ခရစ်ယာန်အသက် တာ၌ လက်တွေ့ကျင့်ဆောင်စဖွယ်ချည်းဖြစ်သည်။ ထို့ကြောင့် တရားဟောဆရာ သည် တရားဟောပြောရေး ပြင်ဆင်သည့်အခါ အလိုတော်တွေ့မြင်သိရှိနိုင်ရန် ဆုတောင်းခြင်းဖြင့် စတင်ရသည်။
မည်သည့်အကြောင်းအရာအား မည်သို့သော ရည်ရွယ်ချက်ဖြင့် ဟောပြောရကြောင်း ပြင်ဆင်ဆုံးဖြတ်ရသည်။ စာရေးသူ၏ အတွေ့အကြုံအရ တရားဟောချက်သည် တရားဟောပြောသူ၏ ဆန္ဒထက် တရားနာပရိသတ်၏ လိုအပ်ချက်ကို ဦးစွာ သိရှိနားလည်မှ အနာနှင့်ဆေးတည့် သည်ဟု နားလည်သည်။ ထိုသို့ ဟောပြောနိုင်ရန် ဆုတောင်းလျှင် ဘုရားရှင်က အချိန်နာရီတိုင်းတွင် လမ်းညွှန်ပြသသည်။ ယုံကြည်ခြင်းသစ္စာရှိရှိ အစေခံသူ များသို့ အရာခပ်သိမ်း သိရှိတော်မူသော ဘုရားရှင်က လိုအပ်သည်များ ဖြည့်ဆည်း ကျေးဇူးပြုသည်။
သက်ဆိုင်သူများသို့ ပုဂ္ဂိုလ်ရေးအရ ဟောပြောသွန်သင်ခြင်းဖြစ်စေသည်။ ထိုသို့ တရားနာပရိသတ်များ၏ လိုအပ်ချက်များ သိရှိနားလည်နိုင်ရန် တရားပလ္လင် ပေါ်မှ အပတ်စဉ် စူးစိုက်ကြည့်ရှုလျှင် ပိုမိုသိရှိနိုင်သည်။ ထိုသို့သော အာရုံစူးစိုက် ခြင်းရှိလျှင် ပေါ်ပေါက်လာမည့် ပြဿနာ အများအပြားအား မပေါ်ထွန်းမှီကပင် ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးနိုင်သည်။ အထူးသတိထား သိရှိနေရမည့် အချက်မှာ ယုံကြည်ခရစ်ယာန်သည် ဘုရားစကားတော်အပေါ်၌ ယုံကြည်ခြင်း သစ္စာရှိနေသရွေ့ ကာလပတ်လုံး တရားနာပရိသတ်များသို့ ဝိညာဉ်ရေးရာ အာဟာရကောင်း ကျွေးမွေးနိုင်သည်။
၃
တဦးပြီးတဦး နှစ်သိမ့်အကြံပြုခြင်း
အသင်းတော်ထဲရှိ ယုံကြည်သူညီအစ်ကို မောင်နှမများသို့ တိုင်ပင်အကြံ ပြုခြင်း၏ အရေးပါအရာရောက်ပုံ လေ့လာသိရှိခဲ့ကြသည်။ နှစ်သိမ့်အကြံပြုခြင်း သည် အထူးသဖြင့် သင်းအုပ်ဆရာများ၊ အသင်းတော်လူကြီးသူများနှင့် မကင်း ကွာနိုင်သော လုပ်ဆောင်ဘွယ်ရာဖြစ်သည်။ အပတ်စဉ် တရားဟောပြောရာ၌ လည်း အကြံပြုခြင်းအား ထည့်သွင်းဟောပြောခြင်းသည် အရေးကြီးဆုံးဖြစ်သည်။ သို့သော် ထိုသို့ ဟောပြောရုံမျှဖြင့် မရပ်နားရ။ တဦးကိုတဦးလက်တွေ့ဖေးမကူညီရသကဲ့သို့ ထိုသို့လိုက်လုပ်ရန် အားနည်းသူများကိုလည်း နှိုးဆွပျိုးထောင် ၂ ပေးရသည်။ ထိုနေရာတွင် မေးစရာရှိသည်မှာ “မည်သို့ အဆုံးသတ်ရမည်နည်း” ဟူသော မေးခွန်းဖြစ်သည်။
အရေးကြီးဆုံးနှင့် အဓိကလိုအပ်ချက်မှာ သင်းအုပ်ဆရာများနှင့် အသင်း တော်လူကြီးမင်းများသည် အသင်းတော်ထဲ၌ ပြဿနာမီးစ ပေါ်ထွန်းသည့်အခါ အမြန်ဆုံး သိရှိဖြေရှင်းရေးဖြစ်သည်။ စာရေးသူ၏ အတွေ့အကြုံအရ ထိုသို့ အမြန်ဆုံး ပြဿနာမီးငြိမ်းပေးနိုင်လျှင် ထိုသူသည် များမကြာမှီ ယခင်ကထက် အသက်တာပိုမိုကောင်းမွန်သင့်မြတ်လာသည်။ အကယ်၍ ဆောလျင်စွာ ပြဿနာ မီးမငြိမ်းနိုင်လျှင် ပိုမိုကြီးထွားလာပြီး ပတ်ဝန်းကျင်တခုလုံးသို့ ကူးစက်ဖျက်ဆီး နိုင်သည်။ ထို့ကြောင့် သင်းအုပ်ဆရာသည် သင်းအုပ်ဆရာနှလုံးသားရှိရသည်။ အသင်းတော်အား ချစ်ခင်တွယ်တာသည့် စိတ်သဘောရှိနေရသည်။ ထို့အပြင် သင်းအုပ်ဆရာသည် အသင်းတော်၏ လိုအပ်ချက်ကို တွေ့မြင်ကြားသိနေရသော မျက်စိနှင့် နားရှိရသည်။ ဆိုလိုသည်မှာအသင်းသားများ၏ အခြေအနေကို အမြဲ တမ်း သိမြင်ပြီး ပြဿနာမကြီးထွားမီ ကူညီဖြေရှင်းတတ်ရသည်။
ဆရာကြီးများက ကိုယ်တွေ့ရင်ဆိုင်ရသော အသင်းတော်ထဲရှိ ပြဿနာ များအကြောင်း ရေးသားသည့် စာအုပ်စာပေများ ဖတ်ဘူးကြပေမည်။ ထိုပြဿနာ များအတိုင်း ကြုံတွေ့ချင်မှ ကြုံတွေ့မည်။ မည်သို့ဖြစ်စေ ပြဿနာကြုံတွေ့ သည့် အခါ ဖြေရှင်းရာနည်းလမ်း အထောက်အကူများ အနည်းနှင့်အများ ရရှိပေမည်။
တစ်စုံတစ်ဦးအား ပုဂ္ဂိုလ်ရေးအရ တိုင်ပင်အကြံပြုစရာများ ကြုံတွေ့နိုင် ကြပါသည်။ တဖန် အခြေခံနိယာမဥပဒေသအကြောင်း သိရှိထားကြမည်။ သင်းအုပ် ဆရာ၊ အသင်းတော်လူကြီးသည် အမျိုးသမီး၏ အရေးအရာအား တိုင်ပင်အကြံပြုရာတွင် တစ်ယောက်ချင်း သီးသန့် ဆွေးနွေးပြောဆိုခြင်း မပြုရ။ ထိုအမျိုးသမီးအိမ်သို့ တစ်ဦးတည်းရှိနေချိန်၌ မသွားရောက်ရ။ သဘောရိုးဖြင့် သွားရောက်လျှင်လည်း အတင်းအဖျင်း ပြောစရာရှိလာနိုင်သည်။ သင်းအုပ်ဆရာ အများအပြားသည် ထိုသို့သော သတိတရားမရှိကြသဖြင့် နာမည်ပျက် ဂုဏ် သိက္ခာပျက်သွားကြသည်။
ထိုသင်းအုပ်ဆရာသည် အိမ်ထောင်သည်ဖြစ်လျှင် မိမိ ဇနီးအား ခေါ်ဆောင်သွားရသည်။ အကယ်၍ ထိုသို့သောနည်းလမ်း(၂)ခုစလုံးနှင့် အဆင်မပြေနိုင်လျှင် နီးစပ်အဆင်ပြေရာ အမျိုးသမီးအား ပါဝင်စေပါ။ အခြား အရေးကြီးကိစ္စရပ် တစ်ခုမှာ ထိုသို့ တိုင်ပင်အကြံပြုသည့်ကိစ္စရပ်အား အခြားသူ များသို့ ပြောပြခြင်းမပြုရန် နှုတ်လုံပါ။ အခြေအနေ သိရှိနားလည်ပြီး အသင်းတော်လူကြီး တစ်ပါးပါးသို့ အသိပေးပါ။
သို့သော် နှုတ်လုံသည်ဟု ယုံကြည် စိတ်ချရသူဖြစ်ပါစေ။ ထိုသို့ ပြောပြရခြင်းမှာ နောင်တွင် အတင်းအဖျင်းစကား ပေါ်ပေါက်မလာစေရန် ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ အသင်းတော်လူကြီးများ ၏ ယုံကြည်ထောက်ခံမှု ရရှိသောအခါ ပုဂ္ဂိုလ်ရေးအရ ဆက်ဆံရေးခိုင်မာလာ သည်။ သို့သော် သတိထားရမည့်အချက်မှာ အသင်းတော်လူကြီးအား ကြိုတင် ပြောပြပြီးနောက် ထိုသို့သော အမျိုးသမီးအား တွေ့ဆုံခြင်းသည် ဘေးကင်းလုံခြုံမှု အာမခံချက်မရရှိနိုင်။
ပြဿနာ ကြုံတွေ့ရင်ဆိုင်နေသူအား အကြံဉာဏ်ပြုရာတွင် လုပ်ထုံး လုပ်နည်းနာရှိရသည်။ ဆုတောင်းခြင်းသည် အကောင်းဆုံးကူညီမှု စတင်ခြင်း ဖြစ်သည်။ ထိုအရေးအရာ ပြဿနာအား ကူညီဖြေရှင်းရေး လမ်းပြပေးပါရန် ဘုရားရှင်၏ အကူအညီ လမ်းပြမှု၊ ဦးဆောင်မှုအတွက် ဆုတောင်းပေးရသည်။
ထိုသို့ဆုတောင်းပေးရာတွင်အကျိုးအကြောင်းသိရှိပြီးသော်ဦးစွာဆက်စပ်အထောက်အကူပြုသော ကျမ်းပိုဒ်ကို ဖတ်ရှုပါ။ ထိုကား အကြံဉာဏ်ကောင်း ပေးခြင်း၏ အစမူလဖြစ်သည်။ လူ့အသိဉာဏ်ပညာနှင့် အတွေ့အကြုံဖြင့် စတင် ခြင်းမဖြစ်ရ။ ဘုရားစကားတော်ဖြင့် စတင်ရသည်။ ပြဿနာအရေးအရာ ကြုံတွေ့သည့်အခါ မည်သို့ စတင်ကိုင်တွယ်ဖြေရှင်းရကြောင်း ကျမ်းစာလာ စကား တော်များကို ပြန်လည် အောက်မေ့သတိရပါ။ ထိုအခါ ဘုရားစကားတော်အဘယ်မျှ ရင်းနှီးရန်လိုအပ် ကြောင်းလည်း သိရှိလာမည်။
သူတပါးအား နှစ်သိမ့်အကြံပြုခြင်းအကြောင်း စာအုပ်ရေးသားသော ဂျီအာဒမ်ထံမှ ထိုသို့သော အကြံဉာဏ်ကောင်းများ ရရှိသောကြောင့် ကျေးဇူးစကား ဆိုပါသည်။ သူတပါးအား တိုင်ပင်အကြံပြုသောအခါ ဆင့်ကာဆက်ကာ ပြဿနာ များ ပေါ်ထွန်းလာနိုင်သည်။ ပထမအချက်မှာ မည်သို့သော ပြဿနာနည်း။ ပြဿနာ၏ အရင်းအမြစ်ကို သိရှိရသည်။ စကားတခွန်း အဖြေပေးလိုက်ရုံဖြင့် မလုံလောက်ပါ။ ပြဿနာကို ကိုယ်တိုင်မျက်နှာချင်းဆိုင်၍ သိရှိမှသာလျှင် ကျေနပ် တတ်ကြသည့် ကိစ္စရပ်မျိုးလည်းရှိသည်။
ဒုတိယအချက်မှာ ထိုကိစ္စအရေးအား အဘယ်မျှ လုပ်ဆောင်ဖြေရှင်းပေးသလဲ။ သင့်ထံသို့ မရောက်လာမှီ နည်းလမ်း ပေါင်းစုံဖြင့် ဖြေရှင်းရန် ကြံစည်သော်လည်း မပြေလည်နိုင်ဘဲ မကြာခဏ ပေါ်ပေါက်လာသည့် ကိစ္စရပ်ဖြစ်နိုင်သည်။ တတိယမေးခွန်းသည် ပိုမိုအရေးကြီး သည်။ “မည်သို့ ပြုလုပ်ပေးစေချင်သလဲ”ဟူသော မေးခွန်းဖြစ်သည်။ သာမန် အားဖြင့် အရေးမပါအရာမရောက်ဟု ဆိုနိုင်စရာရှိသော်လည်း ထိုသူကာယကံရှင် က ကျမ်းစာလာအတိုင်း မဖြေရှင်းချင်သော ကိစ္စရပ်ဖြစ်နိုင်သည်။ ပြဿနာအား ရေးကြီးခွင့်ကျယ် မဖြစ်စေဘဲ တိုးတိတ်ညင်သာစွာ ဖြေရှင်းလိုခြင်းဖြစ်နိုင်သည်။ ဥပမာအားဖြင့် ဘဝတစ်ခုလုံး ပြောင်းလဲရန် လိုအပ်ခြင်းဖြစ်နိုင်သည်။
အထူး သဖြင့် အပြောအဆို အမူအယာ အပြစ်မကင်းသည့် အတ္တဆန်နေပြီး အချိုးအစား ပြင်ဆင်လိုစိတ်မရှိသူဖြစ်နိုင်သည်။ ထိုသို့သောသူက သင့်အား အထူးအလေး အနက်ထားမည်မဟုတ်။ ထိုအခါမျိုးတွင် လူ့သဘောအသိဉာဏ်အတိုင်းမဟုတ်ဘဲ ကျမ်းစာသွန်သင်ချက်အား အရောက်ပေးပို့နိုင်ရန် လိုအပ်သည်။ သို့သော် လွယ်လင့်တကူ ကျမ်းစာသွန်သင်ချက်အား လက်ခံမည့်လူစားလည်းမဟုတ်။ ထိုသို့သော သူများအား ချဉ်းကပ်ရာတွင် သမ္မာကျမ်းစာထက် ပတ်ဝန်းကျင် နီးစပ်ရာ အဖြစ်အပျက်များဖြင့် ကျွမ်းကျင်ရာလိမ္မာချဉ်းကပ်ရသည်။
ထိုသို့ အပြစ်နွံထဲသို့ ကျရောက်သောသူများအား အကြံဉာဏ်ပြုရာတွင် သိရှိထားရမည့် အရေးကြီးအချက်များရှိသည်။ ကျမ်းစာလာ သွန်သင်ချက်အား အမြဲမှတ်ထားသိရှိထားပါ။ ဂလာ ၆း၁ တွင် “ညီအစ်ကိုတို့၊ လူသည် သတိလစ်၍ တစ်စုံတစ်ခုသော ဒုစရိုက်ပြုမိလျှင် — ကိုယ့်ကိုယ်ကို သတိပြုလျက် နူးညံ့သိမ်မွေ့သောသဘောဖြင့် ထိုသူကို မစ၍ သူ့ နေရာ၌ တည်မြဲစေပြန်ကြလော့”ဟု ဆိုထားပါသည်။ ဝမ်းနည်းဘွယ်ရာကောင်းသည်မှာ သင်ခန်းစာယူရန် ဥပမာကောင်း အများအပြား တွေ့ကြရသော်လည်း ဘဝသင်ခန်းစာအဖြစ် ယူရကောင်း၊ မှန်း သတိမထားမိကြသကဲ့သို့ အခြားသူများအား ကူညီရေးတွင်လည်း အသုံးပြုရကောင်းမှန်း မသိရှိကြ။
ထို့ကြောင့် ဘုရားရှေ့တော်၌ အောက်ကျိုရိုကျိုးရသည်။ စစ်မှန်သော ခရစ်ယာန်သည် ဒုက္ခရောက်သူအား ကိုယ်တိုင်ခံစားရသကဲ့သို့ ခံစား ၍ ကူညီမစချင်စိတ်ရှိသည်။ ရိုးသားပွင့်လင်း၍ ယုံကြည်စိတ်ချစွာ ဆက်ဆံပါ။ အပြစ်ကို သိမြင်နေပြီး ကျမ်းစာသွန်သင်ချက်အတိုင်း မျှော်လင့်ချက်ဖြင့် ရှင်သန် ပါ။ သခင်ယေရှု၏ နာမတော်ဂုဏ်တင့်စေ၍ ဘုရားသခင်၏ ဘုန်းတန်ခိုးတော် ပိုမိုထင်ရှားစေရန် အခြားလူများအား ကောင်းစားစေရေး အမြဲအာရုံစိုက်ပါ။
အပိုင်း ၂
နှစ်သိမ့်အကြံပြုခြင်းရေးရာများ
အသက်ငင်နေသူအား နှစ်သိမ့်အကြံပြုခြင်း
ယနေ့ခေတ်ကာလ၌ အသင်းတော်ခေါင်းဆောင်များ ထိပ်တိုက်ရင်ဆိုင် လေ့ရှိသည့် အခက်အခဲအကြောင်း လေ့လာကြမည်။ ဤအခန်းတွင် သင်းအုပ် ဆရာများက သေဇောင်နေသူများသို့ တွေ့ဆုံ ခွန်အားပေးကြပုံအကြောင်း လေ့လာကြမည်။ အသင်စာရှုသူသည် ထိုသို့သော လူနာကို မည်သို့ အကြံဉာဏ် ပေးမည်နည်း။ သာမန်အားဖြင့် ထိုသို့သော လူနာများသည် သက်ကြီးရွယ်အိုများ ဖြစ်ကြသော်လည်း တခါတရံ လူငယ်လူရွယ် လူနာများလည်း ကြုံရတတ်သည်။
သေခြင်းတရားအကြောင်းရင်းကို သိရှိလျှင် အခြားသူများသို့ အကြံ ကောင်းဉာဏ်ကောင်းပြုနိုင်သည်။ အဘယ်ကြောင့် လူများ သေရသနည်းဆိုသော် အပြစ်တရားကြောင့်ဖြစ်သည်။ လူတိုင်း အပြစ်လွန်ကျူးပြုမှားကြသောကြောင့် သေပွဲဝင်ကြရသည်။
သေခြင်းဆိုသည်မှာ အဘယ်နည်း။ လူ့လောက၌ အသက်ရှင်မှုကုန်ဆုံး ခြင်းဖြစ်သည်။ လူ့လောက၌ ပိုင်ဆိုင်ချမ်းသာသမျှသော အိုးအိမ်ဥစ္စာဓနများ၊ ရုပ်ခန္ဓာကိုယ်၊ မိတ်ဟောင်းဆွေသဟာ၊ ဂုဏ်ပကာသနဟူသမျှအား ခွဲခွာခြင်းဖြစ် သည်။ ထိုနိယာမသဘောတရားအရ အာရုံပြုစရာအချက်(၃)ခုရှိသည်။
ပထမအချက်။ နှစ်သက်ရာ လုပ်ဆောင်သမျှသည် ဘုရားသခင်နှင့် သင့်မြတ်ပါသလား။ လူ့လောကမှ တနေ့ခွဲခွာရမည်ဖြစ်ပြီး ထိုတမလွန် ဘဝ ထာဝရကာလအတွက် အဆင်သင့်ပြင်ဆင်ထားပြီးပြီလား။ ဘုရား သခင်နှင့် တွေ့ဆုံရန် အဆင်သင့်ဖြစ်နေပြီလား။ ဟေဗြဲ ၉း၂၇ တွင် “လူသည် တကြိမ်တခါသေပြီးနောက်တွင် တရားစီရင်ခြင်း ရင်ဆိုင်ရမည်” ဟု ကျမ်းစကားဆိုထားပါသည်။ ထို့ကြောင့် ခရစ်တော်ထဲ၌နေသူသာလျှင် ကယ်တင်ခြင်းအကျွတ်တရား မျှော်လင့်ချက်ဖြင့် အသက်ရှင်နေသည်။ ယုံကြည်ခြင်း အစစ်အမှန်ရှိသူသည် ဘုရားရှင်နှင့် ဆုံတွေ့ရန် အဆင် သင့်ရှိသောကြောင့် လူ့လောက၌ အသက်ရှင်နေချိန်တွင် အလိုတော်ကို နာခံရေးသည် အရေးကြီးလိုအပ်ချက်ဖြစ်သည်။
ဒုတိယအချက်။ လူ့လောကတွင် ရှိနေစဉ် အခြားသူများနှင့် သဟဇာတ ရှိကြရဲ့လား။ အခြားလူများအား ခွင့်လွှတ်ခြင်းနှင့် ထိုကဲ့သို့ပင် အခြား လူများက မိမိအပြစ်အား ခွင့်လွှတ်စေလိုခြင်းကို ဆိုလိုပါသလား။ တခါ တရံ ထိုသို့သော အဖြစ်အပျက်မျိုး ကြုံတွေ့ရတတ်သည်။ ဤနေရာတွင် သင်းအုပ်ဆရာသည် လူတိုင်းအား ချစ်ခြင်းမေတ္တာထား၍ သနား စာနာ စိတ်ရှိရသည်သာမက စိုးရိမ်သောက ဒုက္ခရောက်သူများအား ကိုယ်ထိ လက်ရောက်ကူညီရကြောင်း ဆိုလိုသည်။
တတိယအချက်။ သေဇောင်နေသူများသည် အသေဖြောင့်ရန် လိုအပ် ကြသည်။ ထိုသို့သော နောက်ဆုံးချိန်ခါ ရောက်နေသူများသို့ အခြား အသင်းတော်မှ ယုံကြည်သူများ လာရောက်လည်ပတ်ကြသကဲ့သို့ အိမ် နီးနားချင်း၊ မိတ်ဆွေများကလည်း လာရောက်လည်ပတ်ကြသည်။ အထူး သဖြင့် သင်းအုပ်ဆရာများနှင့် အသင်းတော်လူကြီးများက အဓိက လာ ရောက်လည်ပတ်ကြသည်။ ခဏတဖြုတ် လာရောက်လည်ပတ်ကြပြီး သော် တာဝန်ကျေပြွန်သကဲ့သို့ သဘောထားကြသည်။
ထိုသို့သော လူနာများထံသို့ သွားရောက်လည်ပတ်ရာတွင် မည်သို့သော စကားဆိုရမည်နည်း၊ မည်ကဲ့သို့ နှစ်သိမ့်ကြမည်နည်း။ ကျမ်းပိုဒ်အများအပြားတွင် သွန်သင်ထားပါသည်။ အထူးသဖြင့် ခမည်းတော် ဘုရားသခင်က ချစ်ခင်တော်မူ ပုံများ တွေ့မြင် နားလည်ကြသည်။ စာရေးသူ၏ အကြိုက်ဆုံး ကျမ်းပိုဒ်မှာရော၈း၂၈၊ ၂၉ ဖြစ်၍ ခရစ်တော်ထဲ၌ ရှိနေသူသည် အပြစ်တရားစီရင်ခြင်း အလျဉ်း မခံရဟု ဆိုထားသည်။
စာတန်၏ တိုက်ခိုက်မှုကြောင့် သေခြင်း အလွန် တွင် မည်သည့်နေရာသို့ ရောက်မည်ဟု စိတ်ချစရာမရှိသူများ၊ ကောင်းသော အကျင့်ရှိလျှင် ကောင်းသောနေရာသို့ ရောက်မည်ဟု သမ္မာသစ္စာတရား တစိတ် တပိုင်းသာ သိရှိသူများသို့ ခရစ်တော်ထဲ၌ ရှိနေသူသည် ကယ်တင်ခြင်း အကျွတ် တရား အာမခံချက်ရှိကြောင်း ကျမ်းစာအကိုးအကားဖြင့် လိုရင်းတိုရှင်း ပြောပြနိုင် ရသည်။ ခရစ်တော်က အပြစ်ဟူသမျှ ဖယ်ရှားသန့်စင်ပြီးဖြစ်ကြောင်း ရှင်းပြရ သည်။ ငယ် ၂၈ တွင် “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူ သည့်အတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည်တညီတညွတ်လည်း ရှိကြ၏”ဟု ဆိုထားပါသည်။ မည်သည့်အချိန်တွင် ဆင့်ခေါ်တော်မူသနည်း၊ ငယ်ရွယ်စဉ်တွင်လား၊ ယုံကြည်သူမိသားစုဝင်ဖြစ်သွားသည့် အချိန်တွင်လားဟု မေးချင်ကြပေမည်။ ထိုသို့သော ဆင့်ခေါ်မှုခံရခြင်းသည် မတော်တဆ ကြုံတွေ့မှု ကြောင့်မဟုတ်ပါ။
ဘုရားသခင်၏ အလိုတော်ကြောင့်ဖြစ် သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ငယ် ၃၁ တွင် “ ဘုရားသခင်သည် ငါတို့ ဘက်၌ ရပ်တည်သောအခါ အဘယ်သူသည် အခြားတဘက်၌ နေနိုင်အံ့နည်း”ဟု ကျမ်းစကားဆိုထားပါသည်။ ထို့ကြောင့် ယုံကြည်သူခရစ်ယာန်များအတွက် အသက်ရှင်ခြင်း၊ သေခြင်းသည် မှုစရာမဟုတ်။ ဘုရားသခင်နှင့် ယုံကြည်သူ အကြားရှိ ချစ်ခြင်းမေတ္တာကို အဘယ်သူကမျှ ဖြတ်တောက်ခြင်းမပြုနိုင်ပါ။ ထို့ကြောင့် ခရစ်တော်ထဲ၌ ရှိနေသူသည် ထာဝရအသက် ပိုင်ဆိုင်သူဖြစ်သည်။
အခြားနှစ်ခြိုက်စရာ ကျမ်းပိုဒ်မှာ ဆာ ၂၃ ဖြစ်သည်။ ဤကျမ်းပိုဒ်တွင် ဘုရားရှင်က လူ့ဘဝထိန်းကျောင်းပုံ တွေ့ရသည်။ သိုးထိန်းက သူ့အိုးများအား ထိန်းကျောင်းရသကဲ့သို့ပင် ဘုရားသခင်က သူ့ကို ယုံကြည်သော ခရစ်ယာန်များ အား သိုးငယ်လေးများပမာ ဂရုစိုက်စောင့်ရှောက်နေပါသည်။ ထိုကျမ်းချက်ထဲ၌ သေလွန်သည့်အချိန်တွင်သာမဟုတ်ဘဲ မရဏာလရောင်လွှမ်းမိုးသည့် သေခြင်း ချိုင့်ဝှမ်းလျှောက်လှမ်းနေစဉ်တွင်လည်း ယုံကြည်သူများနှင့် အတူတကွ ရှိနေသည်။
တောင်ဝှေးနှင့် လှံတံတော်က ဘေးရန်ကာကွယ်ပေးသည်ဟု ဆိုထားပါသည်။ အခြားဘဝင်ခွေ့စရာ ကျမ်းပိုဒ်မှာ ဆာ ၁၁၆၁၅ တွင် “ထာဝရဘုရားရှေ့တော်၌ မိမိသန့်ရှင်းသူတို့၏ သေခြင်းသည် တန်ဘိုးကြီးလှ၏”ဟု ဆိုသည်။ ထိုကျမ်း စကားအရ ယုံကြည်သူသည် သေခြင်းတရားကို မှုစရာမရှိ။
သေခြင်းတရားနှင့် ဆက်စပ်၍ အခြားအကြံပေးစရာမှာ ယုံကြည်သူ၏ သေလွန်ခြင်းတွင် ခန္ဓာကိုယ်သာ မြေကြီးပေါ်သို့ ကျန်ရစ်၍ အသက်ဇီဝသည် ဖန်ဆင်းရှင် သခင်ဘုရားထံတော်သို့ နားခိုသည့်အကြောင်းဖြစ်သည်( ၂ကော ၅း၈)။ ထိုအကြောင်းကို ဖိ ၁း၂၃ တွင် အသက်ရှင်နေခြင်းထက် စုတေ၍ အထံတော်သို့ ရောက်ရှိခြင်းသည် ပိုကောင်းသည်ဟု ဆိုထားပါသည်။ အထံတော်ပါး၌ တည်၍ ထာဝရကာလပတ်လုံး ကျက်သရေမင်္ဂလာပြည့်ဝကြခြင်းသည် မွန်မြတ်ပေစွ။
မိမိတို့ မတိုင်ခင် ထိုအထံတော်သို့ ရောက်နှင့်သူများနှင့် ဆုံတွေ့ကြမည်။ ကောင်းကင် တမန်များနှင့်အတူရှိကြမည်။ ထိုနေရာတွင် အိုခြင်း၊ နာခြင်း၊ သေခြင်းမရာဏာ တရားများ ထပ်မံကြုံတွေ့စရာမရှိ။ စုံစမ်းနှောင့်ယှက်ခြင်း ဘေးမရှိ။ ထိုသို့သောအမင်္ဂလာများ လွန်မြောက်ပြီးသကာလ ဘုရားရှင်ထံတော်၌ ဝမ်းမြောက်ရွှင်လန်း စွာ နေထိုင်ကြမည်။
ထိုသို့ ခွန်အားပေး နှစ်သိမ့်သောအခါ ဆုတောင်းခြင်းဖြင့် အမြဲ အဆုံး သတ်ပါ။ လူ့ဘဝပြေးလမ်း ပန်းတုံးတိုင်အောင် ချောမောစွာ ပြေးလွှားပြီး အထံ တော်သို့ ဝင်ရောက်နိုင်ရေး ကျေးဇူးပြုပါရန် ဆုတောင်းရသည်။
၂
ပူဆွေးကျန်ရစ်သူအား နှစ်သိမ့်အကြံပြုခြင်း
ပူဆွေးကျန်ရစ်နေသူသို့ ထိုနှစ်သိမ့်အားပေးခြင်းသည် သေဇောဝင်နေ သူအား နှစ်သိမ့်အကြံပြုခြင်းနှင့် ဆင်တူယိုးမှားဖြစ်သည်။ ထိုသို့သော နှစ်သိမ့် ခွန်အားပေးခြင်းသည် ဘုရားရှင်က လူတိုင်းအား ချစ်ခင်ကြောင်း ပြောပြရန် အကောင်းဆုံး ချိန်ခါဖြစ်သည်။ ထိုအကြောင်းကို ဤအခန်းတွင် လေ့လာဆွေးနွေး ကြမည်။
မယုံကြည်သူ၊ ယုံကြည်ခြင်းတဝက်တပြတ်ရှိသူ၊ အပေါ်ယံဟန်ဆောင် ခရစ်ယာန်များသည် ထိုသို့သော ဝမ်းနည်းကြေကွဲမှု တွေ့ဆုံချိန်၌ နှစ်သိမ့်ခွန်အား ပေးခြင်းသည် အလွန်ခက်ခဲသော အလုပ်ဖြစ်သည်။ ထိုသို့ မလုပ်ဆောင်နိုင်ခြင်း၊ မလုပ်ဆောင်လိုခြင်းသည် လွဲမှားသော မျှော်လင့်ချက်ပြသခြင်းဖြစ်သည်။ မည် သူမဆို ကွယ်လွန်လျှင် ကောင်းကင်ဘုံတွင် မျှော်လင့်ချက် တစုံတရာမရှိကြ။ ထိုသို့သော ခံယူချက်သဘောထားသည် ဘုရားစကားတော်နှင့် ဆန့်ကျင်ကြောင်း ပြောပြရသည်။
တချိန်တည်းတွင် ဘုရားရှင်၏ မေတ္တာတော်နှင့် စာနာသနားမှု အား ညွှန်းပြရသည်။ ထိုကာလ၌ ဆုတောင်းပေးရာတွင် ကွယ်လွန်သူအပေါ် ချစ်ခြင်းမေတ္တာထားရှိပုံ၊ ဘုရားရှင်ကလည်း သိမှတ်တော်မူပုံများ ပြောပြရသည်။ သို့သော် သေလွန်သွားသောသူအတွက် ကျန်ရစ်သောသူက ဘာမမျှမလုပ်ပေး နိုင်ကြောင်း၊ နေကောင်းကျန်းမာစဉ်တွင် ဘုရားရှင်အတွက် ပြုမူလုပ်ဆောင်ချက် များအား ဘုရားရှင်က သိရှိအောက်မေ့နေတော်မူကြောင်း နှစ်သိမ့်ရသည်။
ထိုကာလသည် အချိန်တိုတောင်းသလောက် တန်ဘိုးကြီးမားသော အချိန်အခါ ဖြစ်သည်။ “လူ့လောကမှာ မှန်ကန်စွာ ပြုမူကြသည့်အတိုင်း တရားစီရင်ခြင်းခံရ မည်”ဟု ကျမ်းစကားရှိပါသည်။ အရာခပ်သိမ်းသည် ဘုရားရှင်၏ လက်တော် ထဲမှာ ရှိနေပါသည်။
မည်သို့ဖြစ်စေ သင်းအုပ်နှင့် အသင်းတော်သည် အခြေအနေမှန်ကို လက်တွေ့ကျနစွာ မကြာခဏ ထိတွေ့နေရသည်။ ဤနေရာတွင် စိတ်ပျက်အား ငယ်၍ ချွတ်ခြုံကျနေသောသူများသို့ ခရစ်ယာန်ချစ်ခြင်းမေတ္တာ ပြသရေးဖြစ်သည်။ ခရစ်တော်၏ ချစ်ခြင်းမေတ္တာကို နည်းလမ်းမျိုးစုံဖြင့် ပြသရသည်။
အထူးသဖြင့် မယုံကြည်သူများလည်း မေတ္တာမပျက်ကြောင်း ရှင်းပြရသည်။ ထိုသို့ သေခြင်း ကြုံတွေ့ရာ၌ လက်တွေ့လုပ်ဆောင်ဖွယ်ရာများ ရှိသည်။ အသင်စာရှုသူကိုယ်တိုင် အပါအဝင် အသင်းတော်ထဲရှိ ပါဝင်သူများထံမှ အကူအညီရရှိနိုင်သည်။ ထိုသို့သော ကြေကွဲဝမ်းနည်းသူကို ထမင်းဖိတ်ခေါ်ကျွေးမွေးခြင်း၊ အသင်းတော်ထဲ၌ မိတ်ဖွဲ့ခြင်း၊ နီးစပ်ရာလူများဖြင့် ပြောဆိုဆွေးနွေးခြင်းများ ပြုလုပ်ရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် တနည်းအားဖြင့် သတင်းကောင်းဖြန့်ဝေခြင်း၊ ခရစ်တော်ထံသို့ ပို့ဆောင်ခြင်းနည်းလမ်းတခုဖြစ်သည်။
အကယ်၍ သေလွန်သူသည် ယုံကြည်သူဖြစ်လျှင် အခြေအနေတမျိုး ဖြစ်နိုင်သည်။ ကျန်ရစ်သူများသည် ဝမ်းနည်းကြေကွဲနေကြမည်။ သို့သော် ယုံကြည် သူများ၏ ကြေကွဲဝမ်းနည်းမျက်ရည်သည် မယုံကြည်သူများ၏ ဘေးပေါင်းခသော သောကမျက်ရည်မျိုးမဟုတ်ဘဲ ဆေးပေါင်းခသော ပီတိမျက်ရည်ဖြစ်သည်။ ထို အကြောင်းနှင့် ဆက်စပ်၍ ကျမ်းစာလာ အချက်(၃)ချက်ကို အောက်မေ့သတိရ စေချင်သည်။
ပထမအချက်။ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် အကြောင်းဖြစ်သည်။ အကယ်၍ ခင်ပွန်းသေဆုံးသူဖြစ်လျှင် ဆာ ၁၄၆း၉ ပါ “ဘုရားသခင်သည် —– မိဘမဲ့များနှင့် မုဆိုးမများအား စောင့်ရှောက်တော်မူ၏” ဟူသော ကျမ်းချက်နှင့် ဆာ ၆၈း၅ ပါ “ဘုရားသခင်သည် မိဘမဲ့များနှင့် မုဆိုးမ များ၏ ခိုလှုံရာဖြစ်တော်မူ၏”ဟူသော ကျမ်းစကား ပြောပြရသည်။ ဤကျမ်းချက် များသည် စိတ်နှလုံးနာကျင်သူများအပေါ် ဘုရားရှင်၏ ကျေးဇူးတော်ပြသချက် ဖြစ်သည်။
ဒုတိယအချက်။ အကယ်၍ သေလွန်သူသည် ယုံကြည်သူဖြစ်လျှင် ချစ် ခြင်းမေတ္တာ တဖန်တွေ့မြင်ရပေမည်။ တနေ့သောအခါ ယနေ့ယုံကြည်သူများ သည်လည်း ရုပ်နှင့်ခန္ဓာခွဲခြားသွားပြီး သခင်ဘုရားထံသို့ ပြန်လည်ပေါင်းစုံကြရ မည်ဖြစ်သည်။ တမန်တော်ရှင်ပေါလုက ယုံကြည်သူကွယ်လွန်ခြင်းသည် မျှော်လင့် ချက်မဲ့၍ ဝမ်းနည်းကြေကွဲရသည်မဟုတ်ဟုဆိုသည်။
ယုံကြည်သူတိုင်းသည် မင်္ဂလာ မျှော်လင့်ချက်များရှိနေကြ၍ ထာဝရတည်တံ့မည့်သူများဖြစ်ကြပါသည်။ သေခြင်း တရားက နောက်တဖန် ကွဲပြဲခြားနားစေမည်မဟုတ်။ ခရစ်တော်ကို ယုံကြည်ခြင်း သစ္စာရှိသူသည် မယုံကြည်သူမိသားစုများသို့ သက်သေခံခြင်း အခွင့်အရေးကောင်း ဖြစ်သည်။ ခရစ်တော်အပေါ် ယုံကြည်ခြင်းရှိကြပုံအား ပတ်ဝန်းကျင်သို့ ဖွင့်ပြ အသိပေးခြင်းဖြစ်သည်။
တတိယအချက်။ ထိုသို့ ကြေကွဲဝမ်းနည်းသူအား လက်တွေ့ကျကျ ကူညီ နိုင်သည်။ အသုဘမချမှီတွင်၎င်း၊ အသုဘချပြီးချိန်တွင်၎င်း ထိုသို့သော ဝမ်းနည်း ‘ ပူဆွေးခြင်း အကြောင်းအမျိုးမျိုး တွေ့ရသည်။ ထိုကာလ၌ ဝမ်းနည်းကြေကွဲမှုကြောင့်အသင်းတော် ၊အသင်းသားများနှင့် မိဿဟာရမဖွဲ့နိုင်သည့်အခြေအနေလည်း ရှိသည်။ ထိုသို့သောသူအား သွားရောက်လည်ပတ်အားပေးခြင်းသည် သမ္မာကျမ်းစာဖတ်ရှုခြင်း၊ သိရှိနားလည်စေလိုခြင်းဖြင့် မိမိကိုယ်တိုင်နှင့် အသင်း တော်အတွက် ဆုတောင်းရာလည်းဖြစ်စေသည်။
လူအများအပြားသည် ခရစ်တော်၏ မေတ္တာတော် မွန်မြတ်ပုံကို တွေ့မြင် ခံစားရန် လိုအပ်ကြသည်။ ထို့ကြောင့် ထိုအချိန်အခါသည် မယုံကြည်သူများက အသင်းတော်၏ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုကို တွေ့မြင်ရသည့်အခါသမယဖြစ် သည်။ မယုံကြည်သူ အိမ်နီးနားချင်းများက ယုံကြည်သူများအပေါ်သို့ ခရစ်တော် ၏ စိတ်သဘောထားရှိကြပုံကို တွေ့မြင်လာကြမည်။
သတိထားသိမှတ်စရာမှာ ယေရှုခရစ်တော်၏ အစေခံများသည် ခရစ် တော်ကို စံနမူနာပြုကြရသည်။ ဤနေရာတွင် သေခြင်းတရား မျက်နှာချင်းဆိုင် တွေ့ဆုံပုံကို တွေးဆကြည့်ပါ။ လာဇရု၏ အဖြစ်အပျက်ကို သတိရပါ။ သခင်ယေရှု သည် ထိုအုတ်ဂူနားတွင် ရပ်တော်မူ၍ သေလွန်သော သူ့ မိတ်ဆွေအတွက် မျက်ရည်ကျငိုကြွေးသည်။ ယနေ့ယုံကြည်သူများသည်လည်း ထိုနည်းတူ ငိုကြွေး ကြသည်။ လာဇရု၏ နှမများလည်း ငိုကြွေးကြကြောင်း ကျမ်းစာတွင် တွေ့ရသည်။
အရာရာတွင် သခင်ယေရှု၏ ပြုတော်မူပုံများကို စံနမူနာယူ၍ ဘုန်းတော်ထင်ရှား စေရေး ဦးတည်ရသည်။
၃
ဖောက်ပြန်သော ယုံကြည်သူအား နှစ်သိမ့်အကြံပြုခြင်း
သမရိုးကျ တွေ့နေကြအဖြစ်သနစ်မှာ ဖောက်ပြန်ခြင်းဖြစ်သည်။ အသင်း တော်ထဲရှိ ဖောက်ပြန်မှုများသည် သာမန်အားဖြင့် စိတ်၏စေရာသို့ လိုက်ပါသွား ကြသူများဖြစ်ကြသည်။ ထိုအကြောင်းကို ဗျာ ၂၊ ပါ ပါ အသင်းတော် (၇)ပါးတို့အကြောင်း၌ ပုံစံအမျိုးမျိုးဖြင့် တွေ့ရသည်။ အသင်းတော်၏ ဖောက်ပြန် ပုံများ ရှင်းပြထားသည်။ ထိုဥပမာပေးထားသော အသင်းတော်များအနက် ဧဖက် အသင်းတော်သည် ကြိုးစားပမ်းစား လုပ်ဆောင်သည်။
စိတ်ရှည်သည်းခံသည်။ စုံစမ်းခြင်းခံနိုင်သည်။ စကားတော်အစစ်အမှန်မဟုတ်လျှင် လက်မခံငြင်းဆန်သည်။ ရှေးရိုးစဉ်လာဝါဒီဖြစ်သည်။ သို့သော် ထိုအကျင့်များသည် ယုံကြည်ခြင်း အစစ် အမှန်မဟုတ်။ ထို့အပြင် ဧဖက်အသင်းသားများသည် တဦးတယောက်ချင်း ဖြင့် အပြစ်မျိုးစုံ ဖောက်ပြန်ကြသည်။
မည်သို့သော ဖောက်ပြန်ခြင်းမျိုးနည်းဟု မေးချင်ကြပေမည်။ ဖောက်ပြန် ခြင်းနှင့် အယူလွဲခြင်းဖြစ်သည်။ ထိုသို့သောသူများသည် အမှန်တကယ် ယုံကြည် ခြင်းမပြည့်ဝကြ။ ယုံကြည်သူ၊ အသက်တာပြောင်းလဲသူ၊ ထာဝရအသက် ရရှိသူဟု ကြွေးကြော်ပြီးမှ တဖန် ဖောက်ပြန်သူသည် စင်စစ်တွင် အစကတည်းက ယုံကြည် ခြင်းအစစ်အမှန်ရှိသူမဟုတ်။ ဗျာ ၂း၄ ပါ ဧဖက်အသင်းတော်မှ ဖောက်ပြန် သူသည် ဘုရားသခင်ချစ်ကြောက်ခြင်း ကုန်ခန်းသွားကြသည်။
ကိုယ်ကျင့်တရား ညစ်ညမ်းခြင်း၊ ပုံပြင်ဒဏ္ဍာရီနောက်သို့ မျောပါသွားကြသူများ မဟုတ်ကြပါ။ ရှုပ်ထွေးပွေလီခြင်းမရှိကြသည့်နှယ် အမှုတော်လုပ်ငန်း၌ အားလျော့ခြင်းလည်း မရှိကြ။ သို့သော် အမှန်တကယ် ဖောက်ပြန်ကြသည်။ ထိုဖောက်ပြန်မှုမှာ ဘုရား သခင်ကို ချစ်ကြောက်ခြင်း လျော့နည်းမှုဖြစ်သည်။ ထိုသို့သောအပြစ်ကို လူတိုင်း မသိမသာ လွန်မှားကြသည်။ ကြာလာသည်နှင့်အမျှ ခရစ်တော်ကို ချစ်ကြောက်ခြင်း၊ လုံးပါးပါးသွားကြသည်။
ထိုသို့သော ဖောက်ပြန်ခြင်းကို ပထမဆုံးသော အမှားဟု ဆိုရလေ့ရှိကြ သည်။ တခုခြင်းကို လက်ညှိုးမထိုးနိုင်ကြသော်လည်း အသင်းတော်ထဲ၌ လှုပ်ရှားမှုလျော့ပါးလာသည်နှင့်အမျှ ရောဂါသဖွယ် ပိုဆိုးလာသည်။ မိမိစိတ်နှလုံးအား ထောက်ပြရန်လည်း ခက်ခဲသည်။ ဖောက်ပြန်ခြင်း အခြားအကြောင်းရင်းတရပ်မှာ ယုံကြည်သူမှန်လျှင် ဆုတောင်းနေရမည်ဟု ဆိုနေခိုက် ဆုတောင်းရန် အပျင်းထူ ကြသည်။ သက်သေခံစရာလည်း မရှိကြ။ ယုံကြည်သူမိတ်ဆွေများထက် မယုံ ကြည်သူများနှင့် ပိုမိုပေါင်းသင်းလာသည်။
ထိုသို့ဖြင့် အပြစ်နွံထဲသို့ သိသာ ထင်ရှားစွာ ပျော်ဝင်ကြသည်။ ကျမ်းစာထဲတွင် စံနမူနာပြသစရာ (၂)ဦး ရှိကြ သည်။ နောက်တော်သို့ တကောက်ကောက်လိုက်ပါလျက် သခင်ယေရှုကို (၃)ကြိမ် တိုင်တိုင် ငြင်းဆန်သော ပေတရု၏ ဆုတောင်းခြင်း ကျမ်းတပိုဒ်မှ မတွေ့ သကဲ့သို့ ဒါဝိဒ်မင်းသည်လည်း ကိုယ်ကျင့်တရားညစ်ညမ်းပြီး သူ့အပြစ်ကို ဖုံးကွယ်ရန် ကြိုးပမ်းသည်။
ထိုသို့သော အပြစ်နွံနစ်သူအား မည်သို့ ကူမရမည်နည်း။ ပြဿနာရင် ” ဆိုင်နိုင်သူသည် များမကြာမှီ အခြေအနေပိုကောင်းသည်။ ထိုကား ယုံကြည်သူ များအတွက် အထူးအခွင့်အရေးဖြစ်သည်။ သင်းအုပ်ဆရာများနှင့် ဘုရားသခင်၏ အစေခံများသည် အပြစ်ဒုစရိုက်ကို ဝေးဝေးရှောင်ကြဉ်ရသည်။ သခင်ယေရှု၏ ခြေတော်ရာကို နီးကပ်စွာ လိုက်ရသည်။ ဗျာ ၂း၅ တွင် သခင်ယေရှုကိုယ်တိုင်က (၃)သွန်သင်ထားသည်။
ပထမအချက်။ လဲကျသွားလျှင် မိမိကိုယ်ကို ပြန်လည်သတိရပါ။
ဒုတိယအချက်။ နောင်တရပါ၊ အပြစ်မှပြန်လာပြီး ဘုရားတရားသိသောစိတ်ဖြင့် နောင်တရပါ။
တတိယအချက်။ ရှေ့ဦးစွာသောအကျင့် ချစ်ခြင်းမေတ္တာရှိလော့။
ဘုရားစကားတော်ကို ဖတ်ရှုလေ့လာဆင်ခြင်ခြင်း၊ ဆုတောင်းခြင်း၊ အစေ၊ ခံယူခြင်း၊ အခြားယုံကြည်သူများနှင့် ပေါင်းသင်းမိဿဟာယဖွဲ့ခြင်းသည် အရေး ကြီးသည်။
ဘဝခရီးလမ်းအား မကြာခဏ ပဲ့ပြင်ထိန်းကျောင်းရန် လိုအပ်သည်။ ပြောင်းလဲခြင်းသည် တကယ့်လိုအပ်ချက်ဖြစ်သည်။ အကျင့်စရိုက်များကိုလည်း ပြောင်းလဲအပ်သည်။ ကာယကံရှင်များနှင့် ဆွေးနွေးတိုင်ပင်ပြီးသောအခါ သူ၏ဖောက်ပြန်ခြင်းအကြောင်း သိရှိလာနိုင်သည်။ ထိုအခါ ဖြောင့်မတ်ရာသို့ ပြုပြင် လမ်းပြနိုင်သည်။ ပြဿနာများကို သတိထားမိပြီးသော် သခင်ဘုရားထံမှ ဝေးလွင် သည့် ဖောက်ပြန်ခြင်း၏ ပထမအချက်ဖြစ်ကြောင်း သိရှိသွားမည်။
အထီးကျန်ခြင်း၊ ဖောက်ပြန်ခြင်းပြုမူသောအခါ အထီးကျန် အတွေးခေါင် လာသည်။ ထိုသို့သောသူများအား ကျမ်းချက်များဖြင့် ခွန်အားပေးရသည်။ ဥပမာ အားဖြင့် ဘုရားရှင်က ဣသရေလလူတို့အား ဖောက်ပြန်ရာမှ အထံတော်သို့ ပြန်လာကြရန် အခေါက်ခေါက်အခါခါ ပြန်ခေါ်သည်။ ဟော ၁၄း၄ တွင် “ငါသည် အမျက်ပြေသောကြောင့် သူတို့၏ ဖောက်ပြန်ခြင်းကို ပြုပြင်မည်။ ကိုယ့်အလို အလျောက် စုံမက်မည်”ဟု၎င်း၊ ၁ယော ၁း၉ တွင် “ကိုယ့်အပြစ်ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှမှ ကင်းစင်ခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၄င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၄င်း ပြည့်စုံတော် မူ၏”ဟု၎င်း ကျမ်းစကားပေးထားပါသည်။
အထက်တွင် ပေတရုနှင့် ဒါဝိဒ်တို့၏ ဖောက်ပြန်ကြပုံ ဖတ်ရှုခဲ့ကြသည်။ ထို့နောက်ပိုင်းတွင် မည်သို့ ဖြစ်ပျက်ပြုမူကြ သနည်း။ ဒါဝိဒ်က သူ့အပြစ်အပေါ် ပြုမူပုံကို ဆာ ၅၁ ၌ တွေ့ရသည်။ အပြစ် ခွင့်လွှတ်ခြင်း ခံယူပြီး ပြန်လည်နလံထူသည်။ ပေတရုသည်လည်း ထိုနည်းတူ ပြုမူခဲ့သည်။ အလိုတော်နှင့်အညီ ကြေကွဲဝမ်းနည်းမှု(လု ၂၂း၆၁၊ ၆၂)သည် သခင့် ထံတော်မှ မေတ္တာတော်နှင့် နလံပြန်ထူရေး ခံယူရာဖြစ်သည်။ တပည့်တော်(၁၂) ပါး ဆင့်ခေါ်ရာတွင်လည်း ထိုသို့သော စိတ်သဘောရှိကြရန် ခံယူသည်(ယော ၂၀း၁၅-၁၇)။ ပေတရုက ထိုသို့ နောင်တရပြီး ရက်ပိုင်းမကြာမှီ ပင်တေကုတ္တေ နေ့၌ ဘုရားသခင်က အံ့ဩဘွယ်ရာ အသုံးပြုတော်မူပုံကို တ ၂ တွင် တွေ့ရသည်။
ဘုရားသခင်သည် ကရုဏာတော်နှင့် အပြစ်ခွင့်လွှတ်ခြင်း အရှင်သခင် ဖြစ်သည်။ ထို့ကြောင့် အမှုတော်ဆောင်ရာ၌ ဖောက်ပြန်သူများအား မေတ္တာဖက်၍ ဆုံးမပြီး ပြန်လည်နလံထူရန် ကူညီထူမပေးရသည်။ ထို့အပြင် အစွမ်းသတ္တိ ထုတ် သုံးနိုင်ရန် ရဲစွမ်းသတ္တိခွန်အားပေးရသည်။ အကြောင်းသော် ဘုရားသခင်သည် စစ်မှန်သော နောင်တဖြင့် အောက်ကျိုရိုကျိုးစွာ ရောက်ရှိလာသူအား လက်ခံရန် အမြဲတမ်း အဆင့်သင့်ရှိသည်။ အရေးကြီးသည်မှာ ခွန်အားပေးထူမသည့်အခါ သမ္မာကျမ်းစာနှင့် ချင့်ချိန်ရသည်။ ဘုရားရှင်က အသင်စာရှုသူအား လမ်းမှား ရောက်နေသူကို လမ်းမှန်သို့ ပြန်ပို့၍ နလံထူထောင်ပေးရန် ကရုဏာတော်နှင့် ကျေးဇူးတော်ပြုထားသည်။
၄
သောကဝေဒနာသည်အား နှစ်သိမ့်အကြံပြုခြင်း
မျက်မှောက်ကာလ၌ နိုင်ငံတကာတွင် လူ့ကျန်းမာရေးထိခိုက်သော အများဆုံးတွေ့ကြုံရသည့် ပြဿနာမှာ သောကဗျာပါဒစိုးရိမ်ပူပန်ခြင်းဖြစ်သည်။ သို့သော် ယခုကာလမှ ကြုံတွေ့ရသည့် အထူးအဆန်း ပြဿနာမဟုတ်။ လူ့လောက၌ သခင်ယေရှု သတင်းသုံးတော်မူစဉ်တွင်လည်း ကြုံတွေ့ခဲ့သည်။ ထိုသောက စိုးရိမ်မှုဆိုသည်မှာ အဘယ်နည်း။ သမ္မာကျမ်းစာထဲတွင် ဂရုစိုက်လွန်း ခြင်း၊ စိတ်လှုပ်ရှားလွန်းခြင်းဟု ပြန်ဆိုထားသည်။
အထူးသဖြင့် အနာဂတ်အရေး နှင့် ပတ်သက်သည်။ စိုးရိမ်သောကစိတ်သည် ထူးဆန်းသည်။ အကြောင်းမှာ တစုံတရာ ဆက်စပ်မလုပ်ဆောင်နိုင်သကဲ့သို့ မည်သို့မည်ပုံ ဖြေလျှော့ရကောင်း မှန်းလည်း မသိကြ။ ဂရိစကားတွင် သောကကို “စွဲမြဲခြင်း၊ ပိုင်းခြားခြင်း၊ ခွဲထုတ် ခြင်း၊ ထုခွဲခြင်း”ဟူသော အနက်ဖြင့် သုံးစွဲသည်။ သောကစိတ်က လူကို ထိုသို့ စုတ်ဖြဲသည်။ စိတ်သာမက ရုပ်ခန္ဓာကိုယ်လည်း စုတ်ပြတ်စေပြီး ဝိညာဉ်ကိုလည်း ညှိုးနွမ်းစေသည်။
တောင်ပေါ်ဒေသနာတွင်လည်း သခင်ယေရှုက သောကဗျာပါဒ အကြောင်း ဟောပြောထားသည်။ မ ၆း၃၁ တွင် “စိုးရိမ်သောက မရှိကြနှင့်။ — —-”ဟု မိန့်တော်မူသည်။ သခင်ယေရှု၏ စကားတော်သည် ထိုမျှဖြင့် မပြီးစီးပါ။ သောကအကြောင်းနှင့် ပတ်သက်၍ ပုံဥပမာပေး ရှင်းပြထားသည်။ သောကကိုအောင်နိုင်ရေးအကြောင်းကိုလည်း ပြောပြထားသည်။ မည်သည့်အရေးကိစ္စ အကြောင်း ပူပန်ကြရမည်နည်း။ စားဝတ်နေရေးအတွက် ပူပန်ရသလား။ ယနေ့ ကမ္ဘာတဝှန်းလုံးကို ကြည့်ရှုလျှင် အတွေးအမြင်ပုံစံများကြောင့် စိုးရိမ်သောက ရောက်ကြသည်။
သခင်ယေရှုက သောကဖြင့် အချိန်မဖြုန်းကြရန် သွန်သင်တော်မူသည်။ မ ၆း၂၅-၃၄ တွင် အဘယ်ကြောင့် တလောကလုံး စိုးရိမ်ပူန်နေကြသနည်း။ ဘုရားသခင်၏ လူသည် ပူပန်သောကမရှိဟု ပြောပြထားသည်။ ဥပမာအားဖြင့် လူ့ဘဝကို ကြည့်ပါ။ စားရေးသောက်ရေးမျှသာ ဟုတ်ပါသလား။ အဝတ်အစား ထက် ခန္ဓာကိုယ်သည် ပိုမိုအရေးကြီးသည်မဟုတ်လား။ စိုးရိမ်သောကကြောင့်အရပ်ပိုရှည်ပါသလား။ ရုပ်ရည်သွင်ပြင် ပိုမိုလှပလာပါသလား။ လုံးဝ ကောင်း မပြုပါ။ အစားနှင့်အသောက်ကို အကျိုးထူးစေပါသလား။ မိုးယံငှက်များကို ကြည့် ပါ။ ဘုရားရှင်က ဂရုစိုက်၍ ကျွေးမွေးသည်မဟုတ်လား။
ထိုကျေးငှက်သာရကာ များထက် သာလွန်၍ သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူကို ဘုရား ရှင်က ပိုမိုဂရုစိုက်ပါသည်။ တောလွင်ပြင်မှ ပန်းများကိုကြည့်ပါ။ ဘုရားရှင်က ဖန်ဆင်းရုံမျှသာမက ဂရုစိုက်သည်။ မြက်ခင်းပြင်များနှင့် အပင်ငယ်များသည် တရာသီသာ ခံကြရသော်လည်း ဘုရားရှင်က ထိန်းချုပ်သည်။ အသင်လူသား သည် ထိုမျှမက ဂရုစိုက်တော်မူသည်မဟုတ်လား။ အို၊ ယုံကြည်ခြင်းနည်းပါးသော အသင်လူသား။
စိုးရိမ်သောက၏ အရင်းအမြစ်သည် ဘုရားသခင်အပေါ်သို့ ယုံကြည်ခြင်း ကင်းမဲ့မှုဖြစ်သည်။ သောကသည် မယုံကြည်သူများ၏ သွင်ပြင်လက္ခဏာဖြစ်သည်။ ယုံကြည်သူခရစ်ယာန်ဟု ဆိုပါလျက် သောကထူပြောသူသည် စစ်မှန်သော ယုံကြည်သူခရစ်ယာန်မဟုတ်။ မနက်ဖြန်အရေးသည် ဘုရားရှင်၏ လက်တော်ထဲ၌ ရှိနေသောကြောင့် မည်သူကမျှ မခိုးယူ၊ မလုယက်နိုင်ကြောင်း သိထားပါ။ ထိုအကြောင်းကို မသိနားမလည်သူများအား ကူညီမစရန် ခရစ်ယာန်များ၌ ဘုရားပေးတာဝန် ရှိကြသည်။
တခုသိအပ်သည်မှာ မနက်ဖြန်အတွက် စားဝတ်နေရေး မပူပန်ကြရန် သခင်ယေရှုက သွန်သင်ထားသည်(ယာ ၄း၁၃ ကိုကြည့်)။ မနက်ဖြန်အတွက် တစုံတရာ စီမံ၍ ဝါကြွားစရာမရှိ။ ဘုရားသခင်၏ အလိုတော်အတိုင်းဖြစ်ကြောင်း ဝန်ခံရသည်။ မနက်ဖြန်အတွက် အရေးအရာကို မနက်ဖြန်က စီရင်မည်။ အရာ ခပ်သိမ်းကို ထိန်းချုပ်တော်မူသော ဘုရားရှင်၏ လက်တော်ထဲ၌သာရှိကြောင်း ယုံကြည်စိတ်ချလိုက်ပါ။
သောကဝေဒနာသည်ကို မည်သို့ ကူညီပေးရမည်နည်း။ ဖိ ၄း၆ တွင် “စိုးရိမ်ခြင်းမရှိကြနှင့်”ဟု ကျမ်းစကားပေးထားပါသည်။ ယုံကြည်သူခရစ်ယာန် သည် မနက်ဖြန်အရေးကြောင့် စိတ်ထောင်းကိုယ်ကြေမဖြစ်ရ။ မနက်ဖြန်အရေး အတွက် တွေးပူမနေရ။ မည်သည့်အရာကမျှ မနက်ဖြန်အရေးကို ပုံသေကားချပ် မသတ်မှတ်နိုင်ပါ။ သခင်ယေရှု၏ သွန်သင်တော်မူချက်စကားတော်ကိုသာ နှလုံး သားထဲ၌ စွဲမှတ်ထားပါ။
“အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူး တော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌာနာပြုသောအားဖြင့် သင်တို့တောင်းလျှောက်လိုသမျှကို ဘုရားရှင်ထံ တောင်းလျှောက်ကြလော့”ဟု၎င်း၊ “အရာရာ၌ ဘုရားသခင်ကို ယုံကြည်စိတ်ချလော့”ဟု၎င်း၊ ရှင်ပေါလုက ဆိုထားသကဲ့သို့ ၁ပေ ၅း၇ တွင် ပေတရုက “သင်၏ စိုးရိမ်ပူပန်မှုများကို အထံတော်သို့ ပုံအပ်လော့၊ အကြောင်းသော် ကိုယ်တော်က သင့်ကို ဂရုစိုက်စောင့်ရှောက်နေ၏”ဟု၄င်း၊ ဆိုထားပါသည်။ ဆာ ၃၁း၁၅ တွင် “အကျွန်ုပ်၏ အချိန်အခါ ကိုယ်တော်၏ လက်ဝယ်ရှိပါ၏”ဟုဆို၍ ဆာ ၂၃း၁ တွင် “ထာဝရဘုရားသည် ငါ၏ သိုးထိန်း ဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ”ဟု၎င်း ဆိုထားပါသည်။ ဖိ ၄း၇ တွင် “ထိုသို့ ပြုလျှင် အဘယ်သူမျှ ကြံ၍မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှု ခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးကို စောင့်မတော်မူမည်”ဟု ဆို၍ ငယ် ၁၀ တွင် “ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စိတ်ဖြင့် ပြည့်စုံသည် ဖြစ်၍ ငါသည် သခင်ဘုရားထံသို့ အလွန်ဝမ်းမြောက်၏။
ထိုစိတ်စေတနာသည် အထက်ကရှိသော်လည်း ပြုစုရသောအခွင့်မရှိ”ဟု ဆိုထားပါသည်။ တခုထပ်ဆိုချင်သည်မှာ စာရေးသူ၏ ဘဝတလျှောက် ငြိမ်သက်ချမ်းမြေ့ခြင်းပေးသော ကျမ်းစကားမှာ ရော ၈း၂၈ ပါ “ဘုရားသခင်ကို ချစ်သောသူတည်း ဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုကြသည်ကို ငါတို့သိကြ၏”ဟူသော ကျမ်းချက်ဖြစ်သည်။ ဘုရားသခင်က အရာခပ်သိမ်းကို ထိန်းချုပ်သောကြောင့် ဘုရားရှင်အား ယုံကြည်စိတ်ချပါ။ မိမိကိုယ်ကို စိတ်မချနိုင်သော်လည်း ဘုရား ရှင်ကို ယုံကြည်စိတ်ချနိုင်သည်။ စိုးရိမ်သောက အလျဉ်းမရှိပါနှင့်။
၅
စုံစမ်းခြင်းနပန်းလုံးနေသူအား နှစ်သိမ့်အကြံပြုခြင်း
“ကျွန်ုပ်တယောက်တည်း စုံစမ်းခြင်းမခံနိုင်ပါ”ဟူသော ဓမ္မတေးကဗျာ ကြားဘူးကြပေမည်။ စုံစမ်းခြင်းသည် လူတိုင်းသို့ ပူးကပ်နိုင်သော ကာလနာရောဂါ ဆိုးဖြစ်သည်။ အထက်ပါ တေးစာသားကို အမြဲသိမှတ်ထားရန် လိုအပ်သည်။ စုံစမ်းခြင်းသက်သက်သည် အပြစ်မဟုတ်သော်လည်း အပြစ်ကျူးလွန်ရန် တွန်းချ အားကောင်းသည်။
စုံစမ်းခြင်းရောဂါဆိုးအား မည်သို့ ရင်ဆိုင်တွန်းလှန်ရမည့်အကြောင်း သမ္မာကျမ်းစာတွင် နည်းလမ်းပေးထားပြီးဖြစ်သည်။ ၁ကော ၁၀၁၃ တွင် “ထိုသူ သည် မလဲကျခြင်းငှါ သတိပြုစေ။ လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းကို သာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာတော်နှင့် ပြည့်စုံတော်မှ သည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်း နှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း စီရင်တော်မူလိမ့်မည်”ဟု ဆိုထားပါသည်။
ယုံကြည်တိုင်းသို့ စုံစမ်းခြင်းရောက်လေ့ရှိသော်လည်း ဘုရားသခင်က ကန့်သတ် ထိန်းချုပ်ထားသည်။ ထိုစုံစမ်းခြင်းနှင့်တကွ စုံစမ်းခြင်းခံရသူ၏ ခံနိုင်ရည်စွမ်းအား လည်း ဘုရားရှင်က ကြည့်ရှုနေပါသည်။ ထိုအကြောင်းစုံကို ယောဘအသက်တာ၌ အထင်ရှားဆုံး တွေ့မြင်ရသည်။ ဘုရားသခင်က စာတန်အား ယောဘကို စုံစမ်း ခွင့်ပြုသော်လည်း ကန့်သတ်ချက်ဖြင့်သာ ခွင့်ပြုသည်။ ယောဘမခံနိုင်သည့် စုံစမ်း ခြင်းမပြုရန် ဘုရားရှင်က တားမြစ်သည်။ ထိုအချက်သည် အမှန်ငြိမ်သက်ရာနှင့် မိမိကိုယ်ကို စိတ်ချရာဖြစ်သည်။
ဤနေရာတွင် ဘုရားသခင်က သစ္စာတော်စောင့် သိနေပုံကို သိရှိထားရသည်။ မည်သို့ဖြစ်စေ သိထားအပ်သော အရေးကြီးအချက် ရှိသည်။ ထိုကား လူတိုင်း စုံစမ်းခြင်းခံရသည့်အချက်ဖြစ်သည်။ စာတန်က နည်း လမ်းပေါင်းစုံ၊ မူယာမာယာသဲကိုးဖြာဖြင့် စုံစမ်းတတ်သည်။ ဟုတ်လေသယောင် မှန်သယောင်ဖြင့် ဖြားယောင်းသွေးဆောင်တတ်သည်။ လက်တွေ့တွင်မူ ထိုအချက် များသည် မှန်ကန်သော အချက်မဟုတ်။ ယုံကြည်သူများ သမိုင်းတလျှောက်တွင် ထိုနည်းတူ စုံစမ်းခြင်းခံကြရပြီး ထိုကာလ၌ ဘုရားရှင်က ကူမလွန်မြောက်စေပုံ များ တွေ့ရသည်။ အကြောင်းသော် ဘုရားပေးခွန်အားကြောင့်တည်း။
ပြန်လည်ပြုပြင်ရေးဆရာကြီး မာတင်လူသာက ယုံကြည်သူထဲသို့ စုံစမ်းခြင်း ဝင်ရောက်ပုံကို မျဉ်းကြောင်းများဖြင့် ရှင်းပြခဲ့သည်။ စာတန်သည် ယုံကြည်သူများ ထံသို့ အတွေးအမြင် အကြံဉာဏ်ဖြင့် စတင်ဝင်ရောက်သည်။ ထိုသို့ ချဉ်းကပ်လာပုံကို သတိထားဆင်ခြင်ပြီး ငြင်းပယ်ရသည်။ မာတင်လူသာက “ပျံသန်းနေသော ငှက်ငယ် လေးကို ခေါင်းပေါ်ဖြတ်သန်း မပျံသန်းရန် မတားမြစ်နိုင်သော် လည်း ခေါင်းပေါ်တွင် အသိုက်မဆောက်ရန် တားမြစ်နိုင်သည်”ဟု ဆိုခဲ့ဘူးသည်။
ကြုံတွေ့ရသော စုံစမ်းခြင်းကို မည်သူတို့က ကူညီကာကွယ်ပေးနိုင်သနည်း။ ၁ပေ ၅း၈ တွင် “မကောင်းဆိုးဝါး စာတန်သည် ဟောက်သော ခြင်္သေ့ကဲ့သို့ဟိန်းဟောက်ခြိမ်းခြောက်သည်”ဟုဆို၍ ထိုသို့ ဟိန်းဟောက်ခြိမ်းခြောက် ၍မရလျှင် ဧဒင်ဥယျာဉ်ရှိ ဧဝထံပါး ချဉ်းကပ်သကဲ့သို့ မာယာလှည့်စားမှုဖြင့် ချဉ်းကပ်သည်။
ထိုချိန်ခါမျိုးတွင် ခိုင်မာသော ယုံကြည်မှုဖြင့် ကြံ့ကြံ့ခံ၍ တွန်းလှန်ရသည်။ ထို့အပြင် မိမိနည်းတူ ဆင်းရဲဒုက္ခ၊ စုံစမ်းခြင်းခံနေရသော ညီအစ်ကိုများလည်းရှိနေကြောင်း သိထားရသည်။ ထိုသို့သောသူများသို့ မိမိ၏ စုံစမ်းခြင်း အောင်နိုင်ခဲ့ပုံကို ပြောပြ ဝေငှရသည်။
စုံစမ်းခြင်းက ချဉ်းကပ်လာသောအခါ နိုးကြားစိတ်ဖြင့် မိမိကိုယ်ကို ထိန်းချုပ်နေရသည်။ စာတန်လာရောက်ချဉ်းကပ်ခြင်းသည် အံ့သြစရာမဟုတ်ပါ။ စာတန်၏ အဓိကရည်ရွယ်ချက်သည် လက်ပါးစေများ စေလွှတ်ပြီး ခရစ်ယာန် များအား အပြစ်နွံထဲသို့ တွန်းချရေး၊ ခရစ်ယာန်ကိုယ်ကျင့်တရား ဖောက်ဖျက်စေ ပြီး ဘုရားရှင်အား ကြည်ညိုမှုပျက်ပြားစေရန်ဖြစ်သည်။ ထို့ကြောင့် အမြဲတမ်းသတိသမ္ပဇဉ်ရှိရသည်။ ယုံကြည်ခြင်းသစ္စာမြဲမြံခြင်းဖြင့် စာတန်၏ စုံစမ်းချဉ်းကပ် မှုအား တွန်းလှန်နေရသည်။
၆
အကျင့်ပျက်ဒုစရိုက်သမားအား နှစ်သိမ့်အကြံပြုခြင်း
သင်းအုပ်၊ အသင်းတော်ခေါင်းဆောင်များအတွက် အသင်းတော်ထဲရှိ သူအား နှစ်သိမ့်ခွန်အားပေးရန် အခက်ခဲဆုံး ပြဿနာမှာ အကျင့်ပျက်ဒုစရိုက် သမားဖြစ်သည်။ လူ့လောကတွင် မိမိအားနဲမှုနှင့် အကျင့်မကောင်းမှုအား ဝန်ခံ သူရှားပါးကြသည်။ အကျင့်ပျက်ခြင်းသည် ပတ်ဝန်းကျင်သူများထံသို့ လွယ်လင့် တကူ ပျံ့နှံ့နိုင်သော ရောဂါဆိုးဖြစ်သည်။
အခြားသူကို လက်ညှိုးထိုး၍ အတင်း အဖျင်းပြောဆိုလျှင် စကားပြောဖော်ကြောဖက်များကလည်း လွယ်လင့်တကူ လိုက် ပြောတတ်ကြသည်။ ထိုသို့ သူများမကောင်းကြောင်း ပြောခြင်းသည် အခြား တဘက်တွင် မိမိတော်ကြောင်းကောင်းကြောင်း ပြောဆိုဝါကြွားခြင်းဖြစ်သည်။ အထူးသဖြင့် အသင်းတော်၊ ယုံကြည်သူခရစ်ယာန်အသိုင်းအဝိုင်း၌ ထိုသို့သော အပြုအမူသည် အပုပ်နံ့ဟောင်စော်နံသောသူဖြစ်သည်။ ထိုသူများကို သင်းအုပ်၊ အသင်းတော်လူကြီးများက အမိန့်အာဏာနှင့် တွဲဖက်၍ ဆုံးမပဲ့ပြင်ရသည်။
ယခုခေတ်ကာလ၌ ရုပ်မြင်သံကြားအစီအစဉ်တွင် ဇာတ်လမ်းမျိုးစုံ တွေ မြင်နေရသည်။ ကိုယ်ကျင့်တရားယုတ်ညံ့ခြင်းသည် အဆိုးဝါးဆုံးဖြစ်၍ မမ ဇာတ်သိမ်းလေ့ရှိကြသည်။ ထိုသို့သော လူဆိုးလူယုတ်တို့၏ သတင်းစကား မကြားချင်သည့်အဆုံး နားထော်အောင် ကြားသိရစမြဲဖြစ်သည်။
ယခုခေတ်ကာလ၌ ထိုကဲ့သို့ အကျင့်ဆိုးအကျင့်ယုတ်သော ယုံကြည်သူခရစ်ယာန် မရှိသလောက် ရှားပါးပါသည်။ သို့သော် စာတန်က အကွက်ချောင်းကြည့်နေကြောင်း သတိထား ရသည်။ အကွက်တချက်တွေ့ သည်နှင့် တပြိုင်နက် လဲကျသွားအောင် ခုန်အုပ် လေ့ရှိသည်။ ထိုသို့ အကျင့်ပျက်သူများကို မည်သို့ အကြံဉာဏ်ပြုရမည်နည်း။
တဖန် သမ္မာကျမ်းစာ နိယာမတရားများဖြင့် ပြန်စကြမည်။ ပြန်လည် တုံ့ပြန်သည်/မတုံ့ပြန်သည်ကို ပူပန်စရာမလိုပါ။ စောနိုင်သမျှ စောအောင် ချဉ်းကပ် ဆွေးနွေးခွန်အားပေးရသည်။ ဘုရားသခင်နှင့် ဝေးနေခြင်းသည် အပြစ်ခြံစည်းရိုး ထဲသို့ ဝင်ရောက်ချဉ်းကပ်ခြင်းဖြစ်သည်။
အပြစ်က အခြားသူများသို့ ကူးစက်ပုံကို ပြသပြောပြရသည်။ အပြစ်သည် ဘုရားသခင်ကို ဆန့်ကျင်သူများထဲတွင် ပထမဆုံးသူဖြစ်သော်လည်း ပြန်လည် တည့်မတ်နိုင်သည်။ ကိုယ်ကျင့်တရား ပျက်ပြားခြင်းသည် အခြားလူများသို့ လွယ်လင့်တကူ ကူးစက်တတ်ကြောင်း အထက်တွင် ဖတ်ရှုသိရှိခဲ့ကြပြီးဖြစ်သည်။ အိမ်ထောင်ဖောက်ပြန်သော ခင်ပွန်းသည် ထိမ်းမြားလက်ထပ်ထားသော ဇနီး၏ အိမ်ထောင်ဖောက်ပြန်မည့်အရေး မည်သို့ သဘောထားမည်နည်း။ ထိုမယားသည် လည်း အိမ်ထောင်ဖောက်ပြန်ရန် အဆင်သင့်ရှိနေပြီဖြစ်သည်။
ထိုသို့သော အကျင့် စရိုက်ရှိသည့် လင်မယားသည် ယုံကြည်သူခရစ်ယာန်များအလယ်၌ အသင်းတော် ၏ ဂုဏ်သိက္ခာ၊ ခရစ်တော်၏ နာမတော်ကို မည်သို့ ပြသကြမည်နည်း။ ထို့အပြင် ဧဝံဂေလိ သတင်းကောင်း၏ အမှုတော်မြတ်ကိုလည်း ထိပါးနှောင့်ယှက်ကြသည်။ သင်းအုပ်ဆရာ၊ အသင်းတော်ခေါင်းဆောင်များသည် ထိုသို့ သောသူကို လိမ္မာ ပါးနပ်စွာ ကိုင်တွယ်တတ်ရန် လိုအပ်ပါသည်။
ပထမဆုံးအချက်။ ကိုယ်ကျင့်တရားယုတ်ညံ့ခြင်း၏ မကောင်းမှုသည် အပြစ်ခွင့်လွှတ်စရာမဟုတ်သည့် အပြစ်မဟုတ်ကြောင်း နားလည်အောင် ပြောပြ ရသည်။ မိမိအပြစ်ကို သိရှိနောင်တရ၍ အပြစ်ခွင့်လွှတ်ခြင်းခံယူရန် ရှေ့တော်၌ အပြစ်ဝန်ချသူသည် ဘုရားရှင်၏ အပြစ်ခွင့်လွှတ်ခြင်း ရရှိသည်။ ထိုအကြောင်းကို ဗေသရှေဘသို့ အနိုင်ကျင့်သော ဒါဝိဒ်မင်းအသက်တာတွင် ပုံဥပမာတွေ့ရသည်။
မိမိအပြစ်ကို လေးနက်စွာ နောင်တရသောအခါ ဘုရားရှင်က ခွင့်လွှတ်သည်။ ဘုရားရှင်ထံ အပြစ်ဝန်ချသည့်အပြင် အရှက်တကွဲ ဘဝပျက်စေသောဗေသရှေဘ ကိုလည်း လုံလောက်သော လျော်ကြေးအဖြစ် မိဖုရားသို့ တင်မြှောက်သည်။ ထို့နောက် မိမိအပြစ်အမှားအစား အဆပေါင်းများစွာဖြင့် အမှုတော်မြတ်၌ ပါဝင် သည်။ ၂ရာ ၁၁၊ ၁၂၊ ဆာ ၅၁ တို့ကိုကြည့်။
ဒုတိယအချက်။ ထိုသို့သော အပြစ်အကျင့်က အသင်းတော်စည်းကမ်းအား အဘယ်မျှ ဖောက်ဖျက်ကြောင်း ပြသပါ။ အသင်းတော်တပါးမှ တပါးသို့လည်း ကူးစက်နိုင်သည်။ ဤသို့သောအပြစ်သည် ဖြစ်တတ်စမြဲဖြစ်၍ ထိုသို့သောသူ မရှိတော့လျှင် အသင်းတော်သည် ပြန်ကောင်းလာနိုင်သည်ဟု ယူဆစရာရှိပါ သည်။ မည်သို့ဖြစ်စေ သင်းအုပ်ဆရာနှင့် အသင်းတော်လူကြီးမင်းများက အထူး သတိပြု ဂရုစိုက်စရာဖြစ်သည်။
ထိုသို့သောသူသည် ဘုရားသခင်၏ ကျေးဇူးတော် နည်းလမ်းများကို ယုံကြည်စိတ်ချသူမဟုတ်သောကြောင့် ပွဲတော်မင်္ဂလာ ပါဝင်ရန် မသင့်တော်သူဖြစ်သည်။ ထို့ကြောင့် သဘောရိုးဖြင့် နောင်တရ၍ မူမှန် ပုံမှန် အနေအထားသို့ ပြန်ရောက်အောင် တည့်မတ်ထူမပေးရသည်။ အကယ်၍ အသင်း တော် စည်းကမ်းအတိုင်း အရေးယူရန် လိုအပ်နေလျှင် အရေးယူရသည်။
တတိယအချက်။ အချိန်နှင့် တပြေးညီ ဆွေးနွေးတိုင်ပင်အကြံပြုရသည်။ အပြစ်အကြောင်း၊ အပြစ်ကြီးလေးပုံအကြောင်းတို့အား ကျမ်းစာနှင့်ယှဉ်၍ ရှင်းပြ ရသည်။ အကယ်၍ အိမ်ထောင်သည်ဖြစ်နေလျှင် အဆွေခင်ပွန်းနှင့်အတူ နှစ် ယောက်စလုံးက ထိုသို့သော အပြစ်ကို စွန့်လွှတ်ကြရန် ပြောပြရသည်။ အကြောင်း သော် ထိုသို့သောအပြစ်သည် အငုတ်ကျန်နေပြီး အချိန်အခါသင့်သောအခါ အပင် ပြန်ပေါက်လာတတ်သည်။
နှစ်ပေါင်းကြာရှည်လျှင် ပြန်လည်ပြုပြင်ရန် ခက်ခဲ သောကြောင့် ရောဂါမကျွမ်းမှီ ပြင်ဆင်ပေးရသည်။ အကယ်၍ ထိုသူသည် အသင်းတော်အရာရှိဖြစ်နေလျှင် အသင်းတော်ထဲ၌ ထိုသို့မဖြစ်ပျက်စေရန် သမ္မာ ကျမ်းစာနှင့် နှိုင်းယှဉ်ပြောပြရသည်။ အကယ်၍ သင်းအုပ်ဆရာ၊ အသင်းတော် လူကြီးဖြစ်နေလျှင် အခြားအသင်းတော်လူကြီးမင်းများက ဖြစ်နိုင်မဖြစ်နိုင်၊ ဖြစ်သင့် မဖြစ်သင့် ဝိုင်းဝိုင်းတိုင်ပင်ပြီး ပြောပြရသည်။
နောင်တရရန် တိုက်တွန်းခွန်အား ပေးရသည်။ အသင်းတော်ထဲ၌ သင်းအုပ်ဆရာတာဝန် ဆက်လက်ထမ်းဆောင် သင့်မသင့် တိုင်ပင်ရသည်။ အသင်းတော်လူကြီး၊ သင်းအုပ်ဆရာ အရည်အချင်းနှင့် ပြည့်စုံရေး ဖျောင်းဖျရသည်။
ကောင်းမွန်သော သင်းအုပ်ဆရာ၊ အသင်းတော်လူကြီးသည် အသင်း တော်ခေါင်းဆောင်ဖြစ်ကြသောကြောင့် စုံစမ်းခြင်းကြုံတွေ့သည့်အခါ မျက်စိဖွင့် နားစွင့်၍ စုံစမ်းခြင်းမဝင်ရောက်အောင် ကာကွယ်ရသည်။ စာတန်၏ ဟိန်းဟောက် ခြိမ်းခြောက်သံကို နားစွင့်နေရသည်။
သတိထားရမည့်အချက်မှာ ထိုသို့ နှစ်သိမ့်အကြံပြုခြင်း၏ ရည်ရွယ်ချက် သည် ထိုသူအား ဘုရားစကားတော်အတိုင်း ပြန်လည်လျှောက်လှမ်းရန် ပဲ့ပြင် တည့်မတ်ပေးခြင်းဖြစ်သည်။ ခွန်အားပေးသူများ၏ ဆန္ဒသည် ဘုရားသခင်၏ လူများ စကားတော်ပြည့်ဝရေး၊ ယေရှုခရစ်တော်၏ အသင်းတော်၌ ဖြူစင်ကြည် လင်စေရေးဖြစ်သည်။
နောက်ဆုံးအချက်။ လူတိုင်း အချိန်တိုင်းတွင် စုံစမ်းခြင်း ရင်ဆိုင်နိုင်ရ သဖြင့် အခြားသူကို နှစ်သိမ့်ရန် ခွန်အားပေးသူဖြစ်ပါလျက် ထိုသို့သောအဖြစ်မျိုး ပြန်လည်ကြုံတွေ့ခံစားသူမဖြစ်ရန် သတိပြုနေရေးဖြစ်သည်။
၇
မူးယစ်ဆေးဝါး၊ အရက်သမားများအား နှစ်သိမ့်အကြံပြုခြင်း
ဤပြဿနာအရေးအရာသည် စင်စစ်တွင် ဆေးဆရာဝန်များက ကိုင် တွယ်ဖြေရှင်းရသည့် ကိစ္စရပ်ဖြစ်သော်လည်း သင်းအုပ်ဆရာများက ပါဝင်သင့် သော အချက်များလည်းရှိသည်။
ထိုသို့သောသူများသည် ဘဝတသက်လုံး ပြဿနာရင်ဆိုင်သူများဟု ခေါ်ဆိုနိုင်သည်။ ထိုသူ၏ ပြဿနာသည် လူတိုင်း တွေ့မြင်နိုင်သော ပြဿနာ အရေးအရာဖြစ်သည်။ မည်သည့်နေရာ၊ မည်သည့်ကဏ္ဍဟူ၍ အထွေအထူး ပိုင်းခြားစရာမရှိ။ မူးယစ်ဆေးဝါးသည် လောလောလတ်လတ် ပေါ်ပေါက်လာသော ပြဿနာမဟုတ်ပါ။ ကမ္ဘာနှင့်တဝှန်း နိုင်ငံတကာသို့ ပျံ့နှံ့ကူးစက်နေသော ကပ်ဆိုး ဖြစ်သည်။ ထိုသို့သော မူးယစ်ဆေးဝါးသုံးစွဲခြင်းသည် ရာဇဝတ်မှုဖြစ်ပွားရာ အရင်း အမြစ်ဖြစ်သည်။ လတ်တလောတွင် လွတ်လပ်စွာ စိတ်ကြိုက်သုံးစွဲကြသော်လည်း ငွေကြေးကြပ်တည်းလိုအပ်လာသည့်အခါ ထိုမူးယစ်ဆေးဝါး ဝယ်ယူရရှိရန် မည် သည့်ဒုစရိုက်လုပ်ငန်းကိုမျှ လွန်ကျူးရန် ဝန်မလေးကြ။
မူးယစ်ဆေးဝါးသုံးစွဲလျှင် ထိုသူသည် ထိုနေ့မှစ၍ ထို မူးယစ်ဆေးဝါး၏ ကျေးကျွန်ဖြစ်သွားသည်။ ထိုကား အလွန်ဆိုးဝါးသည့် ဘဝဖြစ်သည်။ မူးယစ် ဆေးဝါး၏ အရှိန်အဟုန်ကြောင့် ငယ်ရွယ်ခြင်း၏ ဂုဏ်သိက္ခာနှင့် အရှက် အကြောက်များ ပျံ့လွင့်ကုန်သည်။ ထို့ကြောင့် မူးယစ်ဆေးဝါးကို မြည်းစမ်းရုံမျှပင် မလုပ်သင့်။ မူးယစ်ဆေးဝါး စတင်သုံးစွဲသည်ဟု သံသယရှိသည်နှင့် တပြိုင်နက်ဆေးဝါးမသုံးစွဲရေး ဆွေးနွေးအကြံပြုရသည်။ မကြာခဏ တွေ့ဆုံ ပြောပြရသည်။ ထိုသို့သောသူများအား ပညာပေးတားမြစ်ရေးသည် လွယ်ကူသော ကိစ္စရပ်မဟုတ်။ လွယ်လင့်တကူ ဖြတ်တောက်စွန့်လွှတ်နိုင်ကြသည်မဟုတ်။ ထိုနည်းတူပင် အရက် သေစာလည်း ဖြတ်တောက်ရန်မလွယ်။ ထိုသို့ဆိုလျှင် မည်သို့ ဖြတ်တောက်စေရ မည်နည်း။
သတိထားစရာအချက်မှာ ထိုသို့ မူးယစ်ဆေးဝါး သုံးစွဲလာသူသည် တခဏတွင် ဖြတ်တောက်သည်ဟုဆိုလျှင်လည်း များမကြာခင် ပြန်လည်သုံးစွဲ သည်။ ထို့ကြောင့် “လွတ်လပ်စေတောမူသောသူသည် အမှန်လွတ်လပ်၏”ဟူသော ကျမ်းစကားကို သိရှိနေရသည်။ ခရစ်တော်ထဲ၌ အမှန်တကယ်ရှိနေသူသည် အသစ်ဖန်ဆင်းသောသူဖြစ်သည်။ အသက်တာမပြောင်းလဲသေးသောသူထံသို့ သတင်းကောင်းဝေငှသည့်အခါ အမှန်တကယ် ပြောင်းလဲသွားပါက သတင်း ကောင်း၏ အစေခံကျွန်ဖြစ်သွားရသည်။
ဘဝတသက်လုံး ပြဿနာရင်ဆိုင်မည့်အရေးကို သိရှိစွဲလမ်းစေချင်သည်။ ထိုမူးယစ်ဆေးဝါးတွင် ဓါတုဓါတ်များ ပါရှိသောကြောင့် ခန္ဓာကိုယ်သွေးသားလည်း ပျက်စီးစေသည်။ ထို့ကြောင့် ဆေးဝါးဖြင့် ကုသရေးလည်း လိုအပ်သည်။ မည်သို့ ဖြစ်စေ စိတ်အလိုနောက်သို့ လိုက်၍ မူးယစ်ဆေးဝါး၏ ကျေးကျွန်ဘဝ လွတ် မြောက်လိုစိတ်ရှိလာစေရန် နှီးနှောတိုင်ပင် အကြံပြုရသည်။
ထိုသို့သော ပြဿနာများ၏ အရင်းအမြစ်အား ကျမ်းစာနိယာမ ဥပဒေ သနှင့်ယှဉ်၍ ပြောပြရသည်။ မည်သည့်မူးယစ်ဆေးဝါးကိုမျှ မသုံးစွဲရန် ကျမ်းစာက တားမြစ်ထားသည်။ ထိုသို့သော မူးယစ်ဆေးဝါးသုံးစွဲသူကို မေတ္တာဖက်လျက် စိတ်ရှည်သည်းခံပြီး ဖြတ်တောက်စေရသည်။ ဤနေရာတွင် သတိထားစရာ တခု ရှိသည်မှာ ကာလကြာရှည် မူးယစ်ဆေးဝါးသုံးစွဲသောသူနှင့် အရက်သမားသည် တချက်တည်းနှင့် ယုံကြည်စိတ်ချစရာမရှိ။ အရှက်အကြောက်မရှိဘဲ တွေ့ရာလူ များထံမှ ငွေကြေးတောင်းယူရန် ဝန်မလေးကြ။ တောင်းယူ၍ မရလျှင် မရရသည့်နည်းဖြင့် ရှာကြံရယူကြသည်။
ထိုသို့ မူးယစ်ဆေးဝါးနှင့် အရက်သေစာဖြင့် ဘဝတသက်လုံး လုံးထွေး သူသည် ကျန်သောဘဝတခုလုံးကို ပြန်လည်ထူထောင်ပေးရန် လိုအပ်ကြသည်။ ဘဝနေထိုင်ဟန်ပန်တခုလုံး ပြောင်းလဲပစ်ရသည်။ သန့်ရှင်းရာ တခြားဒေသသို့ပြောင်းရွှေ့လျှင် ပိုမိုအကျိုးထူးသည်။ စိတ်ဝိညာဉ်ရေးရာမှ အစပြုပေးရသည်။ မိမိဘဝကို မိမိမပိုင်ဆိုင်သကဲ့သို့ မူးယစ်ဆေးဝါးနှင့် အရက်သမားကလည်း မပိုင် ဆိုင်အပ်ပါ။
အကြောင်းသော် ယုံကြည်သူ၏ ဘဝတခုလုံးသည် ဘုရားရှင်၏ လက်တော်ထဲ၌ ရှိနေသည်။ ထို့ကြောင့် အသက်တာ၌ ဝိညာဉ်တော်ပြည့်ဝ နေရ သည်။ ဆိုလိုသည်မှာ မူးယစ်ဆေးဝါးနှင့် အရက်သေစာအရေးတွင်သာမက အရာရာ၌ ဝိညာဉ်တော်၏ ထိန်းကျောင်းပဲ့ပြင်မှု ခံယူနေရသည်။
ထို့ကြောင့် အပေါင်းအသင်းမိတ်ဆွေကောင်းများ ရွေးချယ်ပေါင်းသင်း တတ်ရန် အရေးကြီးသည်။ မူးယစ်ဆေးဝါးသုံးစွဲသူအား ပေါင်းသင်းမိပါက မူးယစ် ဆေးဝါး၏ ကျေးကျွန်ဖြစ်သွားမည်။ ထိုမိတ်ဆွေများအား ရှောင်ကြဉ်ရသည်။ ထိုနည်းတူ လူမှုအသိုင်းအဝိုင်းတွင်လည်း ပေါင်းသင်းအပ်သူ၊ ရှောင်ကြဉ်အပ်သူ များအား ခွဲခြားရွေးချယ်တတ်ရသည်။ ဆေးလိပ်၊ ကွမ်းယာသမားများမှ ရှောင် ကြဉ်ရ၍ အထူးသဖြင့် ဘိန်းစား၊ အရက်သမား၊ မူးယစ်ဆေးဝါးသုံးစွဲသူများအား ဝေးဝေးရှောင်ကြဉ်ရသည်။
ထိုသို့သောကိစ္စကြောင့် မိဘ၊ ခင်ပွန်း၊ ဇနီး၊ သားသမီး များအား အဘယ်မျှ ဒုက္ခရောက်စေသနည်း။ ငွေရေးကြေးရေး အဘယ်မျှ ဆင်းရဲ စေသနည်း။ ပတ်ဝန်းကျင်က မည်သို့သော မျက်လုံးဖြင့် ကြည့်ရှုနေကြသနည်း ဟူသော အချက်များ စဉ်းစားကြည့်စေရသည်။ အပေါင်းအသင်း၊ ပတ်ဝန်းကျင် လူနှင့်ခရီးသွားလာဖော်များကို သတိထားရသည်။ ဗီဇအကျင့်ရှိသူများသည် ဟန့်တားမစခြင်းမရှိသည့်အပြင် အားပေးအားမြှောက် လုပ်တတ်ကြသည်။ ထိုသို့သော ဒုက္ခသည်များအား ဘုရားကျောင်းမှန်မှန်တက်ရောက်စေရေး၊ ကျမ်းစာ အတူတူဖတ်ရှုခြင်း၊ အတူတကွ ဆုတောင်းခြင်းနည်းလမ်းများဖြင့် လမ်းမှန်ကမ်း မှန်ပေါ်သို့ စတင်စေနိုင်သည်။
ထိုကား သမ္မာကျမ်းစာလာ ကြားခံလုပ်ဆောင်ပေး ခြင်း နိယာမဥပဒေသဖြစ်၍ မိတ်ဆွေတဦးအား ထူမရန် နည်းလမ်းကောင်းဖြစ် သည်။ သမ္မာကျမ်းစာတွင် အထူးတလည် မှတ်သားစွဲလမ်းစေလိုသည့် ချွတ်ပယ်ခြင်း နှင့် ဝတ်ဆင်မြန်းခြင်းဟူသော ရှောင်ရန်နှင့် ဆောင်ရန် စကားတော်ကို သိမှတ်စေ ပါ။ သို့သော် ထိုမျှနှင့် လူတလုံးသူတလုံးဖြစ်လာမည်မဟုတ်။ ပြန်လည် နိုးကြားရှင်သန်ရန် လိုအပ်သေးသည်။ လူ့လောကအကြိုက် အကျင့်ဟူသမျှကို သမ္မာ ကျမ်းစကားဖြင့် လုံးဝအစားထိုးလျှင် ဘဝအသက်တာအားလုံး ပြောင်းလဲ သွားပြီး ထိုသူ၏ ဘဝတလျှောက်တွင် ဘုရားဘုန်းတော်ထင်ရှားပေမည်။ ထိုကား ဤစာစောင် ၏ ရည်မှန်းချက်ဖြစ်သည်။ အထူးသဖြင့် လမ်းမှားသို့ရောက်သွား တတ်ကြသော လူငယ်မောင်မယ်များအား ခရစ်တော်၏ ကြန်အင်လက္ခဏာမျိုးရှိ၍ ခမည်းတော် ဘုရား၏ ဘုန်းတန်ခိုးတော်၊ သခင်ယေရှု၏ နာမတော်ထင်ရှား စေကြရန် ဖြစ်သည်။
သေချာတိကျ ဓမ္မစကား
မာတိကာ
နိဒါန်း
ဓမ္မစကား ၁၊ သမ္မာကျမ်းစာတော်မြတ်
ဓမ္မစကား ၂၊ ဘုရားရှင်တော်
ဓမ္မစကား ၃၊ ဖန်ဆင်းခြင်း
ဓမ္မစကား ၄၊ အပြစ်
ဓမ္မစကား ၅၊ ဘုရားရှင်၏ တုံ့ပြန်မှု
ဓမ္မစကား ၆၊ ယုံကြည်သူတို့ ဝတ္တရား
ဓမ္မစကား ၇၊ သခင်ယေရှု
ဓမ္မစကား ၈၊ လက်ဝါးကပ်တိုင်
ဓမ္မစကား ၉၊ ရှင်ပြန်ထမြောက်ခြင်း
ဓမ္မစကား ၁ဝ၊ သခင်ယေရှု အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း
ဓမ္မစကား ၁၁၊ ယုံကြည်သူတို့ တုံ့ပြန်စရာ
ဓမ္မစကား ၁၂၊ သခင်ယေရှုနောက်တော်သို့လိုက်ခြင်း ၊
နိဒါန်း
အချို့သော မေးခွန်းများသည် အမှန်တကယ် ကြုံတွေ့နေကြဖြစ်၍ သိရှိ အပ်ရာများဖြစ်သောကြောင့် အရေးပါအရာရောက်သည်။ ဥပမာအားဖြင့် “လူ့ လောကတွင် အဘယ်ကြောင့် လူဖြစ်ရသနည်း (သို့) စကြာဝဠာကြီးသည် အဘယ် က ရောက်ရှိလာသနည်း”ဟူသော မေးခွန်းများအပြင် “ဘုရားသခင် အမှန်တကယ် ရှိသလား၊ ဘုရားသခင်ကဲ့သို့သော အခြားသူရှိပါသလား” “သခင်ယေရှုခရစ်တော် သည် အဘယ်သူနည်း”ဟူသော အရေးကြီးမေးခွန်းများလည်း မေးတတ်ကြသည်။ ဤစာစောင်တွင် ထိုမေးခွန်းများနှင့် ဆက်စပ်ပတ်သက်သည့် သေချာတိကျသော ဓမ္မစကားအဖြေများ တွေ့ရပါမည်။
ဤစာစောင်သည် မိုက်ပါဆန်နှင့် ဂရာဟမ်းတို့၏ RIGHTANGLES စာအုပ်ကို အဓိကထား၍ အခြားနေရာများမှ ရယူသည့် သတင်း အချက်အလက် များလည်း ပါရှိသည်။ ဂရာဟမ်သည် အင်္ဂလန်နိုင်ငံ ကူးဖော့အရပ်တွင် ကာလ ကြာရှည် သင်းအုပ်ဆရာတာဝန် ထမ်းဆောင်သူဖြစ်သည်။
အထက်ပါမေးခွန်းများသည် မိုက်နှင့် ဂရာဟမ်တို့၏ စာများကိုမူတည်၍ ရှင်းလင်းစွာ ဖြေပါမည်။ သို့သော်လည်း သမ္မာကျမ်းစကားကို အဓိကထားပါသည်။ ကျမ်းစာသားမူရင်းကို မိတ္တုယူပြသခြင်းမပြုဘဲ ထိုကျမ်းချက်ပါ ကျမ်းစာအား အခန်းလိုက် ဖတ်ရှုရန် ချန်ထားသည်။ ကျမ်းတပိုဒ်ချင်းကို ကိုယ်တိုင်ဖတ်ရှု စေချင်သည်။
ထိုမေးခွန်း၏ အဖြေများအား ဤ “တိကျသေချာ ဓမ္မစကား” စာစောင်တွင် ဆွေး နွေးပေးထားပါသည်။ ဤစာစောင်ဖတ်ရှုနေစဉ် အခြားမေး စရာ မေးခွန်းများလည်း ပေါ်ပေါက်လာနိုင်သည်။ သိချင်သော စကားများအား RIGHTANGLES at 12 Abbey Close, Abingdon, Oxon, 0X14 3JD, UK သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ အီးမေးလ်ဖြင့်လည်း 101715.43@compuserve.com သို့ မေးမြန်းနိုင်သည်။
ဒေရက်ဖရန့် – ၁၉၉၇၊ အောက်တိုဘာ
ဓမ္မစကား ၁
သမ္မာကျမ်းစာတော်မြတ်ဆိုသည်မှာ ဘာလဲဘယ်နေရာမှ ပေါ်ပေါက်လာသနည်း၊ စကားတော်အစစ်အမှန် ဟုတ်ပါသလား
သမ္မာကျမ်းစာတော်မြတ်သည် အချိန်တိုင်းတွင် ကမ္ဘာ့ရောင်းရကောင်း ဆုံးစာအုပ်ဖြစ်သည်။ ဘုရားစကားတော်ဖြစ်သည့်အတိုင်း အကြောင်းအရာ စုံလင်သည်။
ကျမ်းစာဟူသည်မှာ အဘယ်နည်း
“Bible”ဟူသော စကားလုံးသည် “စာအုပ်ပေါင်းစုံ၊ စာကြည့်တိုက်”ဟု အနက်ရသည်။ သမ္မာကျမ်းစာတော်မြတ်တွင် ကျမ်းစောင်ပေါင်း ၆၆ စောင်ပါဝင်၍ ၊ နှစ်ပိုင်းခွဲခြားထားသည်။ ပထမပိုင်း ၃၉ စောင်ကို ဓမ္မဟောင်းကျမ်းဟုခေါ်၍ဒုတိယပိုင်း ၂၇ စောင်ကို ဓမ္မသစ်ကျမ်းဟုခေါ်သည်။ ထိုကျမ်းသမ္မာကျမ်းတအုပ် လုံးကို ဘီစီ ၁၅ဝဝ မှ အေဒီ ၁ဝဝ ခန့်အတွင်း နှစ်ပေါင်း ၁၆ဝဝ ကြာကာလ၌ ရေးသားကြသည်။ လူပေါင်း ၄၀ ခန့်က နေရာဒေသ ကာလအသီးသီးတွင် ရေးသားကြသော်လည်း မူရင်းကျမ်းစာရှင်သည် ဘုရားရှင်တော် ကိုယ်တော်တိုင် ဖြစ်သည်။
ကျမ်းစာ၏ ရည်ရွယ်ချက်
သမ္မာကျမ်းစာတော်မြတ်က ဘုရားရှင်တော်အကြောင်း သွန်သင်သည်။ ဘုရားရှင်သည် အဘယ်သို့သောသူဖြစ်ကြောင်း၊ လူသည် အဘယ်သို့ လူဖြစ်လာ ပြီး မည်သို့မည်ပုံ အသက်ရှင်ရသည့်အကြောင်းများလည်း ပြောပြသည်။ ဘုရား သခင်က လူ့လောကသို့ စေလွှတ်တော်မူသော ယေရှုခရစ်တော်ကလည်း ဘုရား ရှင်၏ အလိုတော်နှင့်အညီ လူ့လောကတွင် မည်သို့ အသက်ရှင်သန်ရကြောင်းပြောပြရသည့် တရားမျှသာမက ကိုယ်တိုင်ကိုယ်ကျ အသက်ရှင်ပြခဲ့သည်။
ကနဦး ခရစ်ယာန် ဓမ္မဆရာ ရှင်ပေါလုက ယုံကြည်ခြင်း၌ သားတော်စပ်သော တိမောသေထံသို့ ကျမ်းစာအုပ်အကြောင်းအား ၂တိ ၃း၁၄-၁၇ တွင် ဤသို့ ရှင်းပြထားသည်။ “သင်သည် အဘယ်သူထံ၌ နည်းခံခဲ့ပြီးသည်ကို၎င်း၊ ယေရှုခရစ်တော်ကို ယုံကြည် ခြင်းအားဖြင့် ကယ်တင်ခြင်းအလို့ငှါ ပညာကိုပေးနိုင်သော ဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍ လေ့ကျက်သည်ကို၄င်း သိမှတ်သည်နှင့် အထက်က သင်၍ နှလုံးသွင်းမိသော အယူဝါဒ၌ တည်နေလော့။ ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် တန်ခိုးမှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သူ၊ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုသူဖြစ်မည့်အကြောင်း ဩဝါဒပေးခြင်း၊ အပြစ် ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏”၊
အဘယ်ကြောင့် သမ္မာကျမ်းစာအုပ် လိုအပ်သနည်း
သမ္မာကျမ်းစာတော်မြတ်သည် ဘုရားသခင်၏လူများက သူ့ကို သိရှိ နားလည်ကြစေရန် ထင်ဟပ်ပြသချက်ဖြစ်သည်။ တစုံတဦးနှင့် စကားပြောဆိုရာ တွင် တဘက်လူက မိမိအား သိရှိယုံကြည်မှုရှိရန် မိမိအကြောင်း ဦးစွာ ပြောပြ မိတ်ဆက်ခြင်းမျိုးဖြစ်သည်။ ထိုနည်းတူ ဘုရားရှင်က သူသည် အဘယ်သို့သော သူဖြစ်ကြောင်း လူများက ယုံကြည်စိတ်ချစေရန် ပြောပြချက်ဖြစ်သည်။ ဓမ္မဟောင်း ကျမ်းတွင် ဣသရေလလူမျိုးသမိုင်းကြောင်းနှင့် ယှဉ်ပြ၍ ဓမ္မသစ်ကျမ်းတွင် ဘုရား သခင်အား သိရှိနိုင်ကြရန် စေလွှတ်တော်မူသော သခင်ယေရှုအားဖြင့် အသေးစိတ် ထပ်မံပြောပြထားသည်။
ကျမ်းစကားသည် မှန်ကန်ကြောင်း မည်သို့ သိရှိနားလည်ရမည်နည်း
ဦးစွာ သိရှိထားရမည့်အချက်မှာ သမ္မာကျမ်းစာသည် လူ့သမိုင်းကြောင်း မှတ်တမ်းမှတ်ရာဖြစ်သည်။ အချက်ထောင်ပေါင်းများစွာ ပါဝင်သည်။ လူ့သမိုင်းကြောင်းတလျှောက်တွင် သမ္မာကျမ်းစာတော်မြတ်သည် တုနှိုင်းဖွယ်ရာမရှိသော အနှိုင်းမဲ့ အမြင့်မားဆုံး ကျမ်းဂန်ဖြစ်သည်။ အခြားအရေးကြီးအချက်မှာ လူ့ထင် မြင်ယူဆချက်နှင့် တကယ့်အဖြစ်အပျက်များသည် ကျယ်ပြန့်စွာ ခြားနားသည်။ သို့သော် ထိုခြားနားချက်သည် မှုလောက်စရာမရှိ။ အကြောင်းသော် လူ့လောက၌သခင်ယေရှု သတင်းသုံးတော်မူစဉ်ကာလမှ ယုဒလူတို့၏ ယဉ်ကျေးမှုဓလေ့စရိုက် နှင့် အခြားစာအုပ်စာပေမှတ်တမ်းများသည် အထူးတလည် ကွဲပြဲခြားနားခြင်းမရှိ။ ထို့အပြင် သခင်ယေရှုအကြောင်းနှင့် ပတ်သက်၍ နောင်နှစ်ပေါင်းတရာကျော် ကြာမှ ရေးသားချက်များသည် သက်တော်ထင်ရှားစဉ်က သမိုင်းကြောင်းအတိုင်း တထပ်တည်းဖြစ်နေသည်။
သို့သော် မှတ်သားစရာမှာ သမ္မာကျမ်းစာတော်မြတ်သည် သမိုင်းမှတ် တမ်းသက်သက်မဟုတ်။ ထို့ထက်မက များစွာ ကျယ်ပြန့်လေးနက်သည်။ လူ့ သမိုင်းကြောင်း၏အနက်၊ ရည်ရွယ်ချက်၊ ဦးတည်ချက်တို့သည် လူတို့၏ အသက် ရှင်သန်နိုင်ခြင်း သိရှိနိုင်ရန်မျှသာမက ယနေ့ကာလ၌လည်း ဘဝအဓိပ္ပါယ်ရှိရှိ ရှင်သန်နေရန် ပြသသည်။
ဓမ္မစကား
၂
ဘုရားသခင်သည် အဘယ်သူနည်း၊ အမှန်တကယ် ရှိပါသလား၊ အဘယ်သို့သောသူနည်း
လူအများအပြားက သမ္မာကျမ်းစာသည် ဘုရားသခင်ရှိတော်မူသည်ဟု တိုက်ရိုက်ပြောဆိုခြင်း၊ အခိုင်အမာပြောဆိုခြင်းမရှိကြောင်း ငြင်းဆိုကြသည်။ စိတ် ဝင်စားဖွယ်ရာကောင်းသည်မှာ ကျမ်းစာတော်မြတ်သည် ဘုရားသခင်ရှိတော်မူကြောင်း အထွေအထူး သက်သေခံပြောဆိုခြင်းမရှိ။ အထက်ပါကန့်ကွက်ချက်များ ကို က ၁း၁ ပါ “အစအဦး၌ ဘုရားသခင်သည်—–”ဟူသော စကားတော်က ကြိုတင်ချေဖျက်ထားပြီးဖြစ်သည်။
ဘုရားသခင် အမှန်တကယ်ရှိကြောင်း မည်သို့ သိရှိနိုင်သနည်း
သက်သေအထောက်အထားများ စတင်ရှာဖွေကြမည်။ ဥပမာအားဖြင့် လူတယောက်နှင့် စကားပြောဆိုနေလျှင် သင့်အနား၌ လူတဦးရှိနေကြောင်း အထွေ အထူး ပြသစရာမလိုပါ။ အကြောင်းသော် အနားတွင် လူရှိနေသောကြောင့် စကားပြောဆိုနေရခြင်းဖြစ်သည်။ ထိုကဲ့သို့ပင် ယုံကြည်သူ ခရစ်ယာန်များသည် ဘုရားရှင်တော်နှင့် ဆက်ဆံနေရသဖြင့် သူတို့အနီးတွင် ဘုရားသခင်ရှိတော်မူကြောင်း သိရှိကြသည်။ ထို့အပြင် အနီးပတ်ဝန်းကျင်ရှိ အရာခပ်သိမ်းတို့ စနစ် တကျ ရှိနေခြင်းဖြင့်လည်း သိရှိနားလည်နိုင်သည်။
ယခုမှစ၍ ကမ္ဘာမိုးမြေ စကြာ ဝဠာခွင် တပြင်လုံး ဖန်ဆင်းတော်မူသော ဘုရားသခင်အကြောင်း စတင်လေ့လာ ကြမည်။ ပတ်ဝန်းကျင်ကို လှည့်ကြည့်သောအခါ ထိုပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့ များသည် အဘယ်က ရောက်ရှိလာကြသနည်း။ ကမ္ဘာမြေကြီးကို မည်သူက ပြုလုပ် သနည်း။ အကယ်၍ တစုံတဦးက ပြုလုပ်ဖန်ဆင်းသည်ဟုဆိုလျှင် ထိုသူသည် အစွမ်းတန်ခိုး အလွန်ထက်မြက်နေပေမည်။ ထိုအစွမ်းတန်ခိုးထက်မြက်သူသည် ဘုရားရှင်တော်ဖြစ်သည်။ ရော ၁း၂၀ တွင် “ဖန်ဆင်းတော်မူသောအရာများကိုထောက်ရသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည့်ကာလမှစ၍ထင်ရှားလျက်ရှိကြ၏”ဟုဆိုထားသည်။ သမ္မာကျမ်းစာတော်မြတ်၏ ပထမဆုံး ကျမ်းစောင်ဖြစ်သော ကမ္ဘာဦးကျမ်းတွင် ဘုရားသခင်က ကမ္ဘာမိုးမြေစကြာဝဠာ တခုလုံးအား ၆ ရက်အတွင်းတွင် ဖန်ဆင်းထားသည်ဟု ဆိုထားသည်။
ထိုနည်းတူ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတခုလုံးကလည်း ဘုရားသခင် ရှိတော်မူကြောင်း ပြန်လည်ပြောပြ သက်သေခံကြသည်။ လူ့လောကကမ္ဘာသည် ရှုပ်ထွေးပွေလီသည်။ လှုပ်ရှားနေပုံများသည် တွက်ဆ၍မရအောင် အံ့သြဘွယ်ရာ ဖြစ်သည်။ တိရစ္ဆာန်မျိုးစုံ၊ ပန်းမျိုးစုံ၊ လူအဖုံဖုံရှိကြပုံကို စဉ်းစားကြည့်ပါ။ အကယ်၍ လူ့လောကကမ္ဘာရှိ သက်ရှိသက်မဲ့ အရာခပ်သိမ်းသည် တသားတည်း တရောင် တည်းရှိကြလျှင် မည်သို့ ခွဲခြားသိရှိကြမည်နည်း။ မျက်စိပသာဒ အမြင်ကြည်လင်အောင် အသွေးအရောင် ကွဲပြားကြခြင်းသည် ဖန်ဆင်းရှင်၏ လက်တော်ရာအား သက်သေခံကြသည်။ ထိုအကြောင်းကို ကျမ်းစာ၌ အမှတ်အသားရှိပါသလား။ ဆာ ၁၀၄း၂၄ တွင် “အိုထာဝရဘုရား၊ ကိုယ်တော်စီရင်တော်မူသော အရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့သည် ပညာတော်တော်အားဖြင့် ဖန်ဆင်းတော် မူ၏”ဟု ဆိုထားပါသည်။
မိမိကိုယ်ကို ပြန်ကြည့်ခြင်းဖြင့်လည်း ဘုရားရှင်တော်အကြောင်း သိရှိ နိုင်သည်။ သားသမီးများသည် မိဘများ၏ ပုံပန်းသဏ္ဍာန်၊ အကျင့်စာရိတ္တမျိုး ရှိကြသကဲ့သို့ လူသည်လည်း ဘုရားရှင်၏ ပုံရိပ်များ ထင်ရှားစေကြသည်။ ဥပမာအားဖြင့် လူသည် ဖန်ဆင်းခြင်း၊ စကားပြောဆိုခြင်း၊ အပြန်အလှန် ဆက်သွယ်ခြင်း ရှိကြသည်။ ထိုကား ဘုရားရှင်တော်၏ ပြုတော်မူသော ပုံစံအား အတုယူအတတ် သင်ခြင်းဖြစ်သည်။ ဘုရားရှင်က ဖန်ဆင်းခြင်းအစွမ်းသတ္တိရှိသကဲ့သို့ လူသည်လည်း တီထွင်ပြုလုပ်ခြင်းအကျင့်ရှိကြသည်။ ထိုသည်ကား လူက ဘုရားရှင်အပေါ်သို့ တည်မှီခြင်းသက်သေဖြစ်၍ ဘုရားရှင်က လူကို တည်မှီခြင်းမဟုတ်။ သမ္မာကျမ်း စာတော်မြတ်တွင် ဘုရားသခင်သည် သူ့ပုံရိပ်သဏ္ဍာန်တော်အတိုင်း လူကို ဖန် ဆင်းတော်မူကြောင်း က ၁း၂၆ တွင် တွေ့ရသည်။
ဘုရားစစ်ဘုရားမှန် တပါးတည်းသာရှိသလား၊ ဘုရားအများအပြားရှိပါသလား ၊
ဘုရားစစ် ဘုရားမှန် တဆူတည်းရှိ၍ ကောင်းကင်ဘုံ၌ စိုးစံတော်မူနေ လျက် အလိုတော်ရှိသမျှအား လူများသို့ ပြသတော်မူသည်။ အကယ်၍ ထိုသို့သော ဘုရားအများအပြားရှိပါက လူများသည် မည်သည့်ဘုရားအား ကိုးကွယ်ရကောင်း မှန်း သိရှိကြမည်မဟုတ်။ ဘုရားစစ်ဘုရားမှန်သည် ဖန်ဆင်းထားသော လူများက က သူ့ကို သိရှိကြစေရန် သူကဲ့သို့သောသူကို လောကသားများထံသို့ စေလွှတ်တော်မူသည်။
ထိုစေလွှတ်တော်မူသောသူသည် သားတော်ယေရှုခရစ်တော်ဖြစ်၍ ထိုသားတော်နောက်သို့ လိုက်သောသူသည် ဘုရားရှင်နှင့် မိတ်ကောင်းဆွေသဟာ ဖြစ်သည်။ ထိုအကြောင်းကို ရှေးခေတ်ကာလမှ သက်သာလောနိတ်(ယခုအခါ တူရကီ)ရှိ ယုံကြည်သူများထံသို့ ဤသို့ ပြောပြထားသည်။ ၁သက် ၁း၉ တွင် “ငါ တို့သည် သင်တို့ထဲသို့ အဘယ်သို့ဝင်ကြသည့်အကြောင်းအရာကို သူတို့သည် ကိုယ်တိုင် ကြားပြောကြ၏။
အသက်နှင့်ပြည့်စုံလျက် မှန်တော်မူသော ဘုရား သခင်၏ အမှုတော်ကို သင်တို့သိရှိကြစေရန် —–”ဟုဆိုထားသည်။ထိုကဲ့သို့ပင် ဣသရေလူမျိုးများသို့ သွန်သင်ရန် ဘုရားရှင်က မောရှေ့ထံသို့ “ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်၏။ ငါမှလွဲ၍ အခြားဘုရားမရှိ”ထွ ၂၀း၂၊ ၃)ဟု အတိအလင်း မိန့်တော်မူထားသည်။ ပရောဖက်ဟေရှာယမှတဆင့် “ငါမှတပါး အခြားဘုရား မရှိ။ ငါသည် ဖြောင့်မတ်သောဘုရားသခင်၊ ကယ်တင်သောအရှင်ဖြစ်၏။ ငါမှ တပါး အခြားဘုရားမရှိ။ ငါသည် ဘုရားသခင်ဖြစ်တော်မူသောကြောင့် ငါသို့သော အခြားဘုရားမရှိဟေရှာ ၄၅း၂၁၊ ၄၆း၉)ဟု အတိအလင်း မိန့်တော်မူထားသည်။
ဘုရားသခင်သည် မည်သို့သောသူဖြစ်ကြောင်း မိမိထင်မြင်ယူဆသည့်အတိုင်း ခံယူပါသလား
မိမိခံယူသည့်အတိုင်း ဘုရားသခင်၏အကြောင်း သိရှိနားလည်ခြင်းသည် ကောင်းပါသည်။ သို့သော် လူသည် မိမိဘဝဇာတ်လမ်းအပေါ် မူတည်၍ အယူ အဆအမျိုးမျိုးရှိသောကြောင့် လူ့ထင်မြင်ချက်အတိုင်း မမှန်ပါ။ လူသည် အမျိုး မျိုး ကြံစည်တွေးတောတတ်ကြသော်လည်း ထိုအတိုင်းချည်း အမှန်ဖြစ်ပေါ်လာကြသည်မဟုတ်။ ဥပမာအားဖြင့် မျက်နှာကြက်ပေါ်မှာ မှောက်လှန်၍ လမ်း လျှောက်ချင်လျှင်လည်း ထိုသို့ အမှန်တကယ် လမ်းလျှောက်၍မရနိုင်ပါ။ ကမ္ဘာ မြေဆွဲငင်အားကြောင့် ထိုသို့ လမ်းမလျှောက်နိုင်။
ထို့ကြောင့် လူ့အသိဉာဏ်တခု တည်းဖြင့် မလုံလောက်နိုင်ပါ။ ဘုရားသခင်အကြောင်း စဉ်းစားလျှင် ထိုမျှမက မြင့်မားသော အကြောင်းပေါင်းစုံ သိရှိလာမည်။ အံ့ဩဘွယ်ရာကောင်းသည်မှာ ဘုရားသခင်ရှိတော်မူကြောင်းကို သမ္မာကျမ်းစာတော်မြတ်က ထုတ်ဖော်ပြောပြ သည်။ ထို့ကြောင့် ဘုရားရှင်တော်အကြောင်း ယုံကြည်စိတ်ချရသည်။ ဘုရားရှင် သည် အနန္တဘုရားသခင်ဖြစ်တော်မူကြောင်း လူများအား သိရှိတော်မူသည်။ ကိုယ်တော်ရှင်၏ ကြီးမြတ်ခြင်းသည် လူ့အသိဉာဏ်ပညာဖြင့် မှန်းဆ၍ မရနိုင်ပါ။ ဆုတောင်းသည့်အခါတွင် အနီးအနား၌ ရှိတော်မူသောကြောင့် စကားပြောဆိုနိုင် ခြင်းဖြစ်သည်။ အချုပ်အခြာဘုရားရှင်ဖြစ်တော်မူသည့်အတိုင်း ကမ္ဘာမိုးမြေခွင် တပြင်လုံးကို ထိန်းချုပ်တော်မူသည်။ သန့်ရှင်းခြင်း၊ ကောင်းမြတ်ခြင်း၊ ချစ်ခြင်း မေတ္တာကြွယ်ဝသော အရှင်သခင်ဖြစ်သည်။ ထိုသို့သော ဘုရားရှင်ဖြစ်တော်မူ သောကြောင့် ဘုရားရှင်ကို သိကျွမ်း၍ ပေါင်းသင်းဆက်ဆံနိုင်သည်။
ဓမ္မစကား
၃
ဖန်ဆင်းခြင်း၊ ကမ္ဘာမိုးမြေစကြာဝဠာသည် အဘယ်က စသနည်း။ လူနှင့် တိရစ္ဆာန်သည် မည်သို့ ကွာခြားသနည်း၊
ယခုခေတ်ကာလ၌ သိပ္ပံပညာ၊ တက္ကသိုလ်၊ ကောလိပ်နှင့် အကယ်ဒမီ ကျောင်းများတွင် ဘုရားသခင်မရှိဟု ဆိုကြသောကြောင့် လူအများက ဖန်ဆင်းရှင် မရှိ၊ ကျမ်းစာကပြောသည့်အတိုင်း ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသောသူ မရှိကြောင်း မကြာခဏ ငြင်းပယ်ပြောဆိုကြသည်။ သိပ္ပံပညာရှင်၊ အာကာသသို့ ရောက်ဘူးသူများကလည်း ဘုရားသခင်၏ ဖန်ဆင်းခြင်းအကြောင်းမျိုးစုံ ငြင်းပယ် ကြသည်။ ထို့ကြောင့် သိပ္ပံပညာရှင်များ၏ စကားသည်လည်း အပြန်အလှန် ဆန့် ကျင်နေကြသည်။ အခြားတဘက်တွင် ပတ်ဝန်းကျင်ကမ္ဘာကို ကြည့်ရှုလျှင် ပိုမို ရုပ်လုံးကြွလာသည်။
ကောင်းကင်နှင့်မြေကြီးအပါဝင် ဂြိုဟ်၊ ကြယ်၊ လများ စနစ် တကျရှိနေကြကြောင်း တွေ့မြင်ရသည်။ ထိုအချက်များက စကြာဝဠာအား စနစ် တကျရှိနေအောင် ဖွဲ့တည်ပုံ သတိပေးပြောပြသည်။ အချို့သိပ္ပံပညာရှင်များက တိုက်ဆိုင်ခြင်းဟုဆိုကြသည်။ အချို့က အမျိုးမျိုးသော မော်လီကျူးတို့၏ ဆက်စပ် ပေါင်းဖွဲ့မှုဟု ဆိုကြသည်။ မိမိအထင်အမြင်အတိုင်း ခံယူကြစတမ်းဟုဆိုလျှင် ကြားဘူးနားဝ သင်ယူခဲ့သည့်အတိုင်း ဖြစ်ကြပေမည်။ ထိုအကြောင်းနှင့် ပတ် သက်၍ ဆာ ၁၉၁ တွင် “ကောင်းကင်ဘုံများက ဘုရားသခင်၏ ဘုန်းတန်ခိုး တော်ကို ထင်ရှားစေကြ၏။ လက်တော်ရာများကြောင့် မိုးကောင်းကင်သည် ကျက်သရေတင့်တယ်၏”ဟုဆိုထားသည်။
ဥပမာ ဤစာအုပ်ကို ဖတ်ရှုစဉ် “ငါသည် အဘယ်အရပ်မှ ဤနေရာသို့ ရောက်လာသနည်း”ဟု မိမိကိုယ်ကို မေးမြန်းစဉ်းစားကြည့်ပါ။ တစုံတဦးကြောင့် ဖြစ်မည်ဟု ဆိုချင်ဆိုမည်။ ထိုစကားနောက်တွင် မဆုံးနိုင်သည့် မေးခွန်းပေါင်း များစွာ လာဦးမည်။ လူသည် မတော်တဆကိစ္စကြောင့် လူ့လောကသို့ လူဖြစ်လာ ရသည်မဟုတ်။ ရည်ရွယ်ချက်ရှိရှိဖြင့် လူဖြစ်လာရသည်။ ဖန်ဆင်းခံကမ္ဘာလောက သည်လည်း ထိုနည်းတူဖြစ်သည်။ ဖန်ဆင်းရှင်ဘုရားသခင်က သက်ရှိသတ္တဝါ များအား ထိတွေ့ဆက်စပ်၍ စနစ်တကျ ရှိစေသည်။ ထိုကား ဘုရားရှင်၏ တန်ခိုး တော်ကြီးမားမှု ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း ကျမ်းစာအဖွင့်စာမျက်နှာများ၌တွေ့ရသည်။ ဘုရားရှင်က ဘာဆိုဘာမျှမရှိသော အခြေအနေမှ ၆ ရက်အတွင်း တွင် ကမ္ဘာမိုးမြေစကြာဝဠာ တရပ်လုံးအား ဖန်ဆင်းတော်မူသည်(က ၁)။
ဘုရားရှင်သည် အဘယ်ကြောင့် စကြာဝဠာကို ဖန်ဆင်းတော်မူသနည်း
ဤသို့ တွေးဆနိုင်သည်။ လူသည် အဘယ်ကြောင့် သူလုပ်ချင်ရာကို လုပ်နေသနည်း။ အဖြေက ရှင်းပါသည်။ ထိုပြုလုပ်သောအရာကို နှစ်သက်သဖြင့် ပြုလုပ်၍ ဂရုစိုက်သကဲ့သို့ အခြားလူများကလည်း စိတ်ဝင်စားလာကြသည်။ ကမ္ဘာလောကကြီးသည်လည်း ထိုနည်းတူဖြစ်သည်။ ဘုရားရှင်သည် နှစ်သက်တော် မူရာကို ပြုလုပ်နိုင်စွမ်းရှိသည်သာမက နှစ်သက်ရာများကို ဖန်ဆင်းတော်မူသည်။ ထိုသို့ဖြင့် လူ့လောကသားများထံသို့ မေတ္တာတော်သက်ရောက်သည်။ စနစ်တကျ ရှိအောင် ထိန်းကျောင်းနေကြောင်း သိရှိကြသောအခါ လူများသည် မိမိအရှင် သခင်နှင့် ပေါင်းသင်းဆက်ဆံရာတွင် ကျေနပ်မွေ့လျော်ကြသည်။
လူသည် အခြားတိရစ္ဆာန်များနှင့် ခြားနားပါသလား
လူအများအပြားက အဆင့်ဆင့်ပြောင်းလဲခြင်း အရူးစကားကို တဆင့် စကား တဆင့်နား ကြားသိကြပြီး အဟုတ်ထင်မှတ်ကြသည်။ ထို့ကြောင့် အချို့ လူများသည် မျောက်မျက်နှာ၊ တိရစ္ဆာန်အကျင့်မကင်းနိုင်ဟု ဆိုကြသည်။ မည်သို့ ပင်ဖြစ်စေ လူနှင့် တိရစ္ဆာန်ဘဝသည် လုံးဝခြားနားသည်။ ထိုသို့ ခြားနားသည့် အချက်ကို မည်သို့ ပြသနားလည်ရမည်နည်း။ လူနှင့်တိရစ္ဆာန်၏ အရည်အချင်းများ ကွဲပြားရကြောင်း အကြောင်းရင်းခံမှာ ဘုရားရှင်က လူကို လူအဖြစ်ဖန်ဆင်း၍ တိရစ္ဆာန်ကို တိရစ္ဆာန်အဖြစ် ဖန်ဆင်းသည်။
လူဖန်ဆင်းပုံကို က ၁း၂၇ တွင် “ဘုရား သခင်သည် သဏ္ဍာန်တော်နှင့်အညီ လူကိုဖန်ဆင်းသည်”ဟုဆိုထားသည်။ လူကို ဖန်ဆင်းသောအခါ ပုံရိပ်သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းသည် လူနှင့် တိရစ္ဆာန်တို့၏ ခြားနားချက်ကြီးဖြစ်သည်။ လူ့ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်ပင်လျှင် တိရစ္ဆာန်နှင့်မတူ တမူထူးခြားသည်။ စက်ယန္တရားကဲ့သို့ မဟုတ်သည့်နှယ် စက်ရုပ် လူသားကဲ့သို့လည်းမဟုတ်။ လူသည် ဘုန်းကံတန်ခိုးလည်းရှိသည်။ အကြောင်းမှာ သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းရာတွင် အရိပ်အငွေ့ပါဝင်သည်။
သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းဆိုသည်မှာ အဘယ်နည်း
ပထမဆုံးအချက်မှာ လူအား ကမ္ဘာမြေပေါ်ရှိ သက်ရှိသတ္တဝါများ အားလုံးအပေါ်သို့ အုပ်စိုးခြင်းအမိန့်အာဏာ အပ်နှင်းမှုဖြစ်သည်။ ဘုရားသခင် ကိုယ်စား သက်ရှိသတ္တဝါများအားလုံး အုပ်စိုးနိုင်သည်။ ထိုအကြောင်းကို က ၁၂၆ ၌ “တဖန် ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်သတ္တဝါတို့ကို၎င်း၊ မိုးယံငှက်တို့ကို၎င်း၊ သားယဉ် တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ မြေပေါ်မှာ တွားသွားတိရစ္ဆာန်အပေါင်းတို့ကို ၄င်း အုပ်စိုးစေ”ဟု မိန့်တော်မူပုံ တွေ့ရသည်။
ထို့အပြင် ဘုရားသခင်နှင့် ဆက်ဆံရသော အထူးအခွင့်အရေး ရရှိသော ကြောင့် ဂုဏ်သိက္ခာမြင့်မားသည်။ လူသည် ရုပ်ခန္ဓာကိုယ်ရှိသောကြောင့်မျှသာ မဟုတ်ဘဲ အဖိုးထိုက်ရတနာဖြစ်သည်။ ဘုရားသခင်က လူကို အထူးတလည် ဂရုစိုက်သည်။ တနေ့သ၌ ဣသရေလ ပြည့်ရှင်မင်းတရားကြီး ဒါဝိဒ်သည် ဘုရား သခင်၏ ဘုန်းတန်ခိုးတော်အား စဉ်းစားချင့်ချိန်သောအခါ သူ့ဂုဏ်ကျက်သရေ သည် မပြောပလောက်အောင် အလွန်သေးငယ်ကြောင်း အသိတရားရရှိသည်။ ထိုအကြောင်းဆင်ခြင်ပုံကို ဆာ ၈း၃-၅ ၌ “လက်ညှိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုးကောင်းကင်ကို၄င်း၊ ပြင်ဆင်တော်မူသော လနှင့်ကြယ်များကို၄င်း၊ အကျွန်ုပ်ဆင်ခြင်သော် လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်အောက်မေ့တော်မူရသနည်း။
လူသားတော်သည် အဘယ်သို့သောသူဖြစ်၍ အကြည့်ရှု ကြွလာတော်မူသနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့်ချတော်မူပြီ။ သူ၏ ခေါင်းကို ဘုန်းအသရေနှင့် ရစ်ပတ်တော်မူပြီ” ဟု ဆိုထားသည်။ တနည်းအားဖြင့် ဘုရားရှင်က လူကို အထူးချစ်ခင်စိတ်ဝင်စား ပုံသည် လူ့အတွေးဖြင့် မမှီနိုင်။ ဘုရားပေး လူ့ဂုဏ်သိက္ခာကျက်သရေသည် မြင့်မားသည်ဖြစ်၍ လူ့အကျင့်ဂုဏ်သိက္ခာမဲ့ခြင်းသည် ဘုရားရှင်၏ လက်တော် ရာကို ငြင်းပယ်ခြင်းဖြစ်သည်။ လူနှင့် တိရစ္ဆာန်အကြားတွင် ကွဲပြားခြားနားချက် ဖြစ်သည်။
အဘယ်ကြောင့် ဘုရားရှင်ထံသို့ တာဝန်ကျေပြွန်ရမည်နည်း
သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းသည် တုံ့ပြန်ဝတ္တရားရှိသည့် အချက် လည်းဖြစ်သည်။ လူသည် ရွေးချယ်ပိုင်ခွင့်ရှိသည့်အတိုင်း လွတ်လပ်စွာ ရွေးချယ် နိုင်သည်။ ဆိုလိုသည်မှာ ဖန်ဆင်းရှင်ဘုရားသခင်ထံသို့ တာဝန်ကျေပြွန်ရေးကို ရွေးချယ်အပ်သည်။ အထက်တွင် ကမ္ဘာမြေအား အုပ်စိုးခွင့် ဘုရားရှင်က အပ်နှင်း သည့်စကားသည် စိတ်ကူးပေါက်ရာ လုပ်ပိုင်ခွင့်ပေးခြင်းမဟုတ်ပါ။ ကမ္ဘာမြေကို ဂရုစိုက် ထိန်းသိမ်းစောင့်ရှောက်ရေးဖြစ်သည်။ ထို့ကြောင့် လူ့လောကတွင် ရှိနေ သရွေ့ ကာလပတ်လုံး ဘုရားပေးတာဝန် ကျေပွန်စွာ လုပ်ဆောင်ရသည်။
ကမ္ဘာ မြေကို စိတ်ကြိုက် ထင်တိုင်းကြဲရန်မဟုတ်။ ဘုရားရှင်က ကမ္ဘာမြေပေါ်တွင် လူဖန်ဆင်းခြင်းသည် စကားတော်အား နာခံ၍ ထင်ရှားစေကြရန်ဖြစ်သည်။ လူသည် ဘုရားရှင်ထံသို့ ပြုမူဆက်ဆံရာတွင်လည်း အလိုတော်နှင့်အညီ စွမ်းဆောင် နိုင်စွမ်းမရှိကြ။ ထိုအကြောင်းကို မ ၁၂း၃၆ ပါ သခင်ယေရှု၏ စကားတော်၌ “လူတို့သည် အကျိုးမဲ့စကားကို ပြောကြသည့်အတိုင်း တရားဆုံးဖြတ်ရာနေ့၌ စစ်ကြောခြင်းခံရမည်”ဟု မိန့်တော်မူထားသည်။
အဘယ်ကြောင့် လူကို သဏ္ဍာန်တော်နှင့်အညီ တမူထူးခြားစွာ ဖန်ဆင်းတော်မူသနည်း
ဘုရားရှင်က လူကို သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းရခြင်းအကြောင်းရင်း ပထမအချက်မှာ ဘုရားရှင်ကိုယ်တိုင်နှင့် သင့်တင့်လျောက်ပတ်စွာ ဆက်ဆံရန် ဖြစ်သည်။ ထို့နောက် အခြားလူများအပါအဝင် ပတ်ဝန်းကျင်တခုလုံးအား ချော မွေ့စွာ ဆက်ဆံရန်ဖြစ်သည်။ ထိုအကြောင်းကို က ၁ တွင် ရုပ်လုံးဖော်ထားသည်။ ဘုရားသခင်သည် အာဒံနှင့် ဧဝတို့အား ဖန်ဆင်းပြီးသောအခါ ထိုသူများနှင့် စကားပြောဆိုမိတ်ဖွဲ့ သည်။ က ၁း၂၈ တွင်မူ “အချင်းတို့၊ များပြားစွာ မွေးဖွား ကြလော့။ —– သူတို့ကို ကောင်းချီးပေးတော်မူ၏”ဟုဆိုထားသည်။ ထို့အပြင် လူများ၏ ဆုတောင်းချက်များကိုလည်း အဖြေပေးတော်မူကြောင်း သမ္မာကျမ်းစာ တွင် ထပ်ခါတလဲလဲ တွေ့ရသည်။ ထို့ကြောင့် လူသည် ဘုရားရှင်က တမူထူးခြားစွာ ဖန်ဆင်းခြင်းဖြစ်ကြောင်း နားလည်ရသည်။
ဓမ္မစကား
၄
အပြစ်၊ လူ့လောကသည် အဘယ်သို့ အမှားပြုသနည်း။ ဘုရားသခင်သည် လူ့လောကအား ဖန်ဆင်းစဉ်တွင်အဘယ်ကြောင့် ပြည့်စုံအောင် မဖန်ဆင်းသနည်း
ဖန်ဆင်းခါစတွင် ကမ္ဘာမြေသည် ပြီးပြည့်စုံပါသလား
ပြည့်စုံသည်ဟု ဖြေရပါမည်။ က ၁ အဆုံးတွင် “ဘုရားသခင်သည် ဖန်ဆင်းသမျှသောအရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည် မြင်တော်မူ၏” ဟု တွေ့ရသည်။ ထို့ကြောင့် ပြီးပြည့်စုံလင်သည်မှာ သေချာသည်။ အမှားအယွင်း တစုံတရာမရှိ။ ကမ္ဘာမြေသည် အလှပဆုံးနေရာဖြစ်၍ ထိုမြေပေါ်ရှိ လူသည် လည်း ပြီးပြည့်စုံလင်သည်။
အဘယ်ကြောင့် ယခုအခါ ကမ္ဘာမြေသည် မစုံမလင်ရှိရသနည်း
တခုရှိသည်မှာ မျက်မှောက်ကမ္ဘာမှ လူတိုင်းသည် အညစ်အကြေး အရှုပ် အထွေးထဲ၌ ရှိနေကြသည်။ စုံလင်ခြင်းမရှိကြ။ ရေကြီးလွှမ်းမိုးသည့်နောက်ပိုင်းတွင် ငတ်မွတ်ခေါင်းပါးဘေး၊ မြေငလျင်ဘေး အစရှိသည့် သဘာဝဒုက္ခ ခံစားကြသည့် အတိုင်း လူများသည်လည်း ဆိုးသွမ်းညစ်ညမ်းလာကြသည်။
လူသတ်မှု၊ ခိုးမှု၊ ဒုစရိုက်မှု၊ အကျင့်ပျက်မှုပေါင်းစုံ လွန်ကျူးလာကြသည်။ အမှန်တရားကို အမှားဟု ၄င်း၊ အမှားကို အမှန်ဟု၄င်း ပြောင်းပြန် ထင်မှတ်လာကြသည်။ အိမ်ထောင် ဖောက်ပြန်ပြတ်စဲခြင်း၊ မိသားစုပြိုကွဲခြင်းများ ကမ္ဘာအနှံ့တွင် မမြင်ချင်အဆုံး တွေ့မြင်ကြားသိနေရသည်။ ကြောက်မက်ဘွယ်ရာများသည် ရေတွက်၍ မကုန် အောင် များသထက် များလာကြသည်။ မည်သို့ ဖြစ်ကုန်ကြသနည်း။
ဘုရားသခင်က ဖန်ဆင်းခါစတွင် ကမ္ဘာမြေသည် ပြီးပြည့်စုံလင်သည်။ ရည်ရွယ်တော်မူသည့်အတိုင်း သေချာစွာ ဆက်စပ်ပြုလုပ်ခဲ့ပါသော်လည်း လူ့ မိုက်မဲမှုနှင့် သဘာဝပတ်ဝန်းကျင်ကြောင့် ရေရှည်မခံကြ။ စစ်ဘေးစစ်ဒဏ်၊ မတရားမှုများက ဖျက်ဆီးမှောက်လှန်သည်။ ထိုသို့ဖြစ်ရခြင်းမှာ လူက ဘုရားရှင် အား လက်မခံပုန်ကန်တော်လှန်သည့် စိတ်ထားကြောင့်ဖြစ်သည်။ ဖြစ်စေလိုတော်မူသည့်အတိုင်း နောက်တော်သို့ လိုက်လိုစိတ်မရှိကြ။ ထိုသို့သော ပုန်ကန်မှုစိတ် ထားကြောင့် လူသို့သာလျှင် သက်ရောက်ထိခိုက်စေသည်မဟုတ်ဘဲ ကမ္ဘာတဝှန်းလုံး အား ထိပါးပျက်ပြားစေသည်။ မြေငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ရေကြီး လွှမ်းမိုးခြင်းနှင့် အခြားသောပြဿနာများသည် ဘုရားသခင်၏ အလိုတော်ဖြစ်သော ငြိမ်သက်ချမ်းမြေ့ခြင်း၊ သဟဇာတရှိခြင်း၊ စည်ပင်သာယာခြင်းတို့နှင့် ဆန့်ကျင် ဘက်များဖြစ်လာကြသည်။ ထိုအဖြစ်အပျက်ဆိုးများသည် ပုန်ကန်မှု ၏ နောက်ဆက်တွဲများဖြစ်ကြသည်။
မည်သည့်နေရာမှ စတင်လာသနည်း
ဘုရားရှင်က ဖန်ဆင်းထားသော ကမ္ဘာ့ပထမဇနီးမောင်နှံ အာဒံနှင့် ဧဝတို့က အစပြုကြောင်း ကျမ်းစာက ဆိုပါသည်။ ထိုစုံတွဲသည် ပုံမှန်အားဖြင့် ဘုရားရှင်၏ လမ်းတာအတိုင်း လိုက်လျှောက်ခြင်းမပြုဘဲ အတတ်ဆန်းကာ ဘုရားရှင်၏ စကားတော်ကို နားမထောင်၊ ဘုရားရှင်၏ ရန်သူ စာတန်၏စကားကို ယုံမှား နားထောင်ကြသည်။ ဘုရားရှင်က မစားသုံးရန် တားမြစ်ထားသည့်ကောင်း မကောင်းသိရှိနိုင်သော သစ်သီးကို စားပစ်ခြင်းဖြင့် စကားတော်မနာခံ ပုန်ကန် ကြပုံကို က ၃ တွင် တွေ့ရသည်။ ထိုအသီးသည် လုံးဝမထိပါး မစားသုံးကြရန် ဘုရားရှင်က ကြိုတင်သတိပေးထားပြီးဖြစ်သည်။
ထိုသို့ တားမြစ်သည့်အကြောင်းကို က ၂း၁၅-၁၇ တွင် “ထိုအခါ ထာဝရဘုရားသခင် သည် လူကို ယူ၍ ဧဒင်ဥယျာဉ် အား စောင့်ရှောက်စေခြင်းငှါ ထားတော်မူ၏။ ထာဝရဘုရားသခင်က ကောင်း မကောင်းသိကျွမ်းရာ အပင်မှတပါး ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏ အသီးကို သင်သည်လည်း စားခွင့်ရှိ၏။ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန် သေရမည်ဟု ပညတ်ထား၏”ဟု တွေ့ရသည်။ ထိုပညတ်ချက်ကို မနာခံလွန်ဆန်လျက် ထိုသစ်သီးအား စားသုံးကြသောကြောင့် အထံတော်မှ ဝေးလွင့်သွားကြသည်။ ထိုသို့ဖြင့် လူ့လောကသို့ မနာခံ အာခံခေါင်းမာမှုအပြစ်၏ အမြစ်ပေါင်းစုံ ပေါက်ဖွားလာပြီး ဘုရားရှင်နှင့် လောကကမ္ဘာမြေသည် အဆက်အသွယ် ပြတ် တောက်သွားသည်။
ကမ္ဘာမြေအစအဦးမှထိုအဖြစ်အပျက်ဆိုးက ယနေ့လောကသားများသို့ အဘယ်သို့ ထိခိုက်သနည်း
ဘုရားသခင်က အစမူလဖန်ဆင်းတော်မူသော ရှေးဦးလူသား အာဒံနှင့် ဧဝတို့စုံတွဲသည် လူမျိုးနွယ်တခုလုံး၏ အရင်းအမြစ်ဖြစ်ကြသည်။ ထိုသို့ ဖန်ဆင်း စဉ် လူ့ပတ်ဝန်းကျင်သည်လည်း ပြီးပြည့်စုံလင်သည်။ ဘုရားရှင်နှင့် အချိန်မရွေး၊ ပွင့်လင်းစွာ ဆက်ဆံနိုင်ခဲ့ကြသည်။ ဘုရားရှင်ကို ကျောခိုင်းသွားကြသည့်အခါ ကမ္ဘာမြေသို့ အပြစ်တရားဝင်ရောက်လာသည်။
ထိုအပြစ်တရားသည် ဘုရားရှင် ကို အာခံပုန်ကန်ခြင်းသာ ပြုနိုင်၍ မည်သည့်အရာမျှ ထိရောက်စွာ စွမ်းဆောင် နိုင်စွမ်း မရှိ။ ဘုရားရှင်ကို ပုန်ကန်ကြစဉ် အာဒံနှင့် ဧဝတို့၏ စိတ်နှလုံးထဲ၌အာခံ ပုန်ကန်ချင်စိတ်ရှိကြသည့်အတိုင်း ထိုမျိုးစိတ်သည် ယနေ့နှောင်းလူတို့၏ စိတ်နှလုံးထဲ၌လည်း ဆက်လက်ကိန်းဝပ်နေသည်။ ထိုအချိန်မှစ၍ လူတိုင်းသည် ဘုရားရှင်ကို ပုန်ကန်ဆန့်ကျင်ခြင်း၊ သံသယစိတ်ရှိခြင်း၊ အမုန်းမျက်လုံးဖြင့် ကြည့်ရှုခြင်း ရှိလာကြသည်။
ကြံစည်ပြောဆို ပြုမူလုပ်ဆောင်ချက်များသည် မိမိတို့က ပြလုပ်သည့် မှောက်မှားချက်များဖြစ်သည်။ လူ့သမိုင်းတွင် မည်သည့် မိဘကမျှ သားသမီးများအား အပြစ်အမှားပြုလုပ်ရန် မသွန်သင်ကြပါ။ လူ့လောက သို့ လူဖြစ်လာသည်နှင့်အမျှ အလိုလို အပြစ်ပြုလုပ်တတ်လာကြသည်။ ထိုသို့ အတတ်မှား အသိမှားလာ ကြသည့်အကြောင်းကို ဆာ ၅၁၅ တွင် “အကျွန်ုပ် သည် မွေးစကပင် အပြစ်ပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေတည်ယူစဉ်ကပင် အပြစ်စွဲပါ၏”ဟု ကျမ်းစကားဆိုထားသည်။
ဘုရားသခင်သည် မျက်မှောက်ကမ္ဘာကို အဘယ်ကြောင့် မဖျက်ဆီးသနည်း
ဘုရားသခင်သည် ကမ္ဘာမြေကို ဆက်လက်မရှိစေလိုလျှင် တရားစီရင် ဖျက်ဆီးနိုင်ပါသည်။ သို့သော် ထိုသို့ ဖျက်ဆီးလျှင် လူနှင့် ဘုရားရှင်သည် ထာဝရ ကွဲကွာသွားကြမည်။ လူတိုင်းသည် အစကပင် အပြစ်စီရင်အပ်ရာ အပြစ်ဒဏ် ခံထိုက်သူများဖြစ်ကြသည်။ သို့သော် ဘုရားရှင်တွင် ပိုမိုမြင့်မားသော အကြံအစည် ရှိတော်မူသည်။ ပုန်ကန်ထောင်လွှား မုန်းတီးခြင်းကို ချစ်ခြင်းမေတ္တာဖြင့် အောင် နိုင်ကြောင်း ပြသချင်သည်။ ထိုအကြောင်းကို ကျမ်းချက်အများအပြား၌တွေ့ရသည်။
ဓမ္မစကား
၅
ဘုရားသခင်၏ တုံ့ပြန်မှု – ဘုရားရှင်သည် လူ၏ မနာခံ ပုန်ကန်တော်လှန်မှုကို မည်သို့ ပြုတော်မူသနည်း
လူ့ပုန်ကန်မှုကို ဘုရားရှင်က မည်သို့ တုံ့ပြန်သနည်း
ပြီးခဲ့သော သင်ခန်းစာတွင် လူ့လောကသို့ အပြစ်ဝင်ရောက်သောအခါ ထိုအပြစ်အမှားသည် လူတွင် စွဲကပ်ကျန်ရစ်ကြောင်း လေ့လာသိရှိခဲ့ကြသည်။ လူသည် ဘုရားရှင်ကို ဆန့်ကျင်ပုန်ကန်၍ မနာခံငြင်းဆန်သောအခါ ဘုရားရှင်၏ မေတ္တာတော်၊ ဂရုစိုက်စောင့်ရှောက်မှုနှင့် သနားကြင်နာမှုတို့မှ ကင်းဝေးသွားသည်။ ထိုသို့ဖြင့် လူသည် ဘုရားရှင်နှင့် ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံရေး ဆုံးရှုံးသွား သည်။
ကမ္ဘာ့ပထမစုံတွဲ အာဒံနှင့် ဧဝတို့သည် စကားတော်ကို မနာခံအာခံကြ သောအခါ အိုးမလုံအုံပွင့် လိပ်ပြာမသန့်ကြသဖြင့် ဘုရားရှင်ကို ကြောက် လန့်ပြီး ပုန်းအောင်းကြကြောင်း က ၃ တွင် တွေ့ရသည်။ ပြန်မပြောနားမထောင် ခေါင်းမာမှုကြောင့် ဘုရားရှင်နှင့် ဆက်ဆံရေးပြတ်တောက်သွားကြသည်။ ထိုသို့သော အကျင့်ရှိသွားကြသည့်အတိုင်း အလွဲအမှား၊ မတရားမှု၊ ဒုစရိုက်များ ပြုလုပ် နေကြကာ အမျက်တော်ရှသူများဖြစ်သွားကြသည်။
ဘုရားရှင်၏ တရားစီရင်ခြင်းအား မည်သို့ တွေ့မြင်နိုင်သနည်း
အာဒံနှင့် ဧဝတို့လင်မယားသည် မနာခံအာခံကြသောအခါ ဤသို့ အပြစ် တရားစီရင်ခြင်း ခံကြသည်။
* စကားတော်မနာခံ ပုန်ကန်သူများအား အမျက်တော်ရှသောကြောင့် တနေ့သောအခါ တရားစီရင် ဖျက်ဆီးပစ်မည်။ ဘုရားရှင်က ပုန်ကန်သူ စာတန် မာရ်နတ်သို့ “သင်နှင့် မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမကို၄င်း ငါ သည် ရန်ငြိုးဖွဲ့မည်။ သူသည် သင့်ခေါင်းကို နင်းကြိတ်မည်။ သင်သည် သူ၏ ဖနှောင့်ကို ကိုက်လိမ့်မည်”( က ၃း၁၅ )ဟု အမိန့်တော်ချမှတ်ခဲ့သည်။
* လူအချင်းချင်းအကြား၌လည်း ဆင်းရဲဒုက္ခ၊ နာကျင်မှု၊ မုန်းတီးမှု၊ ဆက်ဆံရေး မပြေလည်မှုများဖြင့် တရားစီရင်သည်။ က ၃၁၆ တွင် “မိန်းမကိုလည်း သင် ကိုယ်ဝန်ဆောင်ခြင်း၌ ဝေဒနာကို အလွန်များပြားစေမည်။ ပင်ပန်းစွာ ဝေဒနာ ခံ၍ သားဖွားရမည်။ ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏ အုပ်စိုးခြင်းခံရ မည်”ဟု ဆိုထားသည်။
* လူ၏ ပုန်ကန်မှုကြောင့် ကမ္ဘာမြေသည်လည်း အပြစ်စီရင်မှု ခံရသည်။ ဘုရား ရှင်က အာဒံသို့ မိန့်တော်မူချက် က ၃း၁၇-၁၉ တွင် ဤသို့ တွေ့ရသည်။ “ယောက်ျားကိုလည်း ထိုအပင်၏အသီးကို မစားရဟု ပညတ်သော်လည်း သင် သည် မယားစကားကို နားထောင်၍ စားပစ်သောကြောင့် မြေသည် သင်၏ အတွက် ကျိန်ခြင်းခံရမည်။ မြေ၏အသီးကို တသက်လုံး ပင်ပန်းစွာလုပ်ကိုင် ပြီးမှ စားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင့်အဘို့ မြေပေါ်၌ ပေါက်စေ မည်။ လယ်၌ ထွက်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ သင်၏ နေရာ မြေကြီးသို့ မပြန်မှီတိုင်အောင် သင်၏နဖူးမှ ချွေးထွက်လျက် အစာကို စားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်မှဖြစ်၍ မြေမှုန့်သို့ ပြန်သွား ရမည်”။
* လူ၏ သေဆုံးခြင်းတွင် ရုပ်ခန္ဓာကိုယ်သည် ဒုက္ခဝေဒနာပြင်းထန်စွာ ခံစားပြီးမှသေပြီး သူ့ဝိညာဉ်သည် ဘုရားရှင်နှင့် ထာဝရဝေးကွာသွားသည်။ ထိုအကြောင်း ကို ရော ၆း၂၃ တွင် “အပြစ်၏ အဖိုးအခကား သေခြင်းပေတည်း”ဟုဆိုထား သည်။
မျှော်လင့်ချက်ကုန်ဆုံးသွားခြင်းလား
ထိုသို့ လုံးဝမဟုတ်ပါ။ အံသြဘွယ်ရာမှာ ဘုရားရှင်သည် ထိုသို့ အပြစ် တရားစီရင်နေစဉ်မှာပင် လူသို့ ကယ်တင်ခြင်းရရှိမည့်အကြောင်း ကတိစကားတော် ပြုထားသည်။ ပေးထားသော ကတိတော်ထဲတွင် စာတန်၏ ဦးခေါင်းကို နင်းချေ မည့်သူ တွေ့ရသည်။ စာတန်မာရ်နတ်က တလောကလုံး လိုက်လံနှောင့်ယှက် ဖျက်ဆီးသော်လည်း ကယ်တင်ရှင်သခင်က ထိုစာတန်မာရ်နတ်ကို ဖျက်ဆီးပစ်ဦးမည်။ ထိုသို့ဖြင့် ဘုရားရှင်သည် တရားစီရင်သူနှင့် မေတ္တာကရုဏာရှင်အဖြစ် တွေ့မြင်ရသည်။ ပုန်ကန်တော်လှန်ခြင်းအပြစ် လွန်ကျူးသူများထံသို့ တစ်စုံတစ်ဦး စေလွှတ်ပြီး လူများအား ဘုရားရှင်နှင့် ပြန်လည်ပေါင်းသင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံစေသည်။
ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်စောင်စလုံးတွင် ဘုရားရှင်က လူများ၏ ကောင်းစားရာ ပြုတော်မူပုံများ တွေ့မြင်ရသည်။ လောကအပြစ်သားများထံသို့ သခင်ယေရှုကို စေလွှတ်တော်မူပြီး လူ့အသက်တာ ပြောင်းလဲစေကာ ပြန်လည် ကယ်တင်စေသည်။ ထိုသခင်တပါးတည်းသာလျှင် စာတန်မာရ်နတ်ကို ဖျက်ဆီးအောင်နိုင်သူဖြစ်သည်။ ထိုသခင်၏ ပြသတော်မူချက်သည် စုံလင်သောအသက် တာကို လက်တွေ့ပြသခြင်းဖြစ်သည်။
ဘုရားသခင်နှစ်သက်တော်မူသော အသက် တာကို ပြသရန် လူ့လောကအလယ်၌ အသက်တော်စွန့်ခဲ့သည်။ ထိုသို့ ပြုတော် မူချက်ကြောင့် လူတို့၏ ပုန်ကန်ဆန့်ကျင်မှု၊ အကျင့်ပျက်မှုနှင့် အပြစ်များသည်ဖြောင့်မတ်မှန်ကန်ရာသို့ ရောက်ရှိစေပြီး ခရစ်တော်ကို ယုံကြည်လက်ခံသည့် နေ့ရက်မှစ၍ ဘုရားရှင်အတွက် ဝမ်းမြောက်စွာ အသက်ရှင်နေနိုင်သည်။ ဘုရား ရှင်၏ အံ့ဩဘွယ်ရာ ကယ်တင်ခြင်းအကျွတ်တရား အစီအစဉ်ကို လာမည့်အခန်း များတွင် အသေးစိတ် ဆက်လက်လေ့လာကြမည်။
ဓမ္မစကား
၆
ယုံကြည်သူတို့ ဝတ္တရား – ဘုရားသခင်၏ ကောင်းမြတ်ခြင်းအား မည်သို့ တုံ့ပြန်ရမည်နည်း
ဘုရားသခင်သည် အဘယ်သို့သောသူနည်း
အခန်း ၂ တွင် ဘုရားရှင်၏ ကြန်အင်လက္ခဏာများ လေ့လာသိရှိကြပြီး ဖြစ်၍ ထို့ထက်အရေးကြီးသည်ကား ဘုရားရှင်နှင့် ချောမောစွာ ဆက်ဆံရေး ဖြစ်သည်။ ကျမ်းစာလာအရ ဘုရားရှင်သည် သန့်ရှင်း၊ စစ်မှန်၊ ဖြောင့်မတ်တော် မူသော သခင်ဖြစ်တော်မူ၍ အရာရာတွင် ကောင်းမြတ်တော်မူသည်။ ဖြောင့်မတ် ခြင်း၊ ချစ်ခြင်းမေတ္တာဖြင့် ဖန်ဆင်းရာများအား ဂရုစိုက်စောင့်ကြည့်သည်။ အရေး ကြီးစကား ထပ်ဆိုရလျှင် ပုဂ္ဂိုလ်ရေးအရ ဆက်နွယ်ပတ်သက်နိုင်သောသူဖြစ်သည်။
ပေါင်းသင်းဆက်ဆံနိုင်သည့်သူဖြစ်သောကြောင့် ယနေ့ကာလ၌ ဘုရားရှင်ကို ဆက်နွယ်ကိုးကွယ်ကြသည်။ ကျမ်းစာက ဘုရားရှင်၏ သွင်ပြင်လက္ခဏာများပြောပြထားပြီးဖြစ်သောကြောင့် ဖြောင့်မတ်စွာ ဆက်ဆံနိုင်သည်။ ထိုသို့ ဆက်နွယ် ဖက်တွယ်နိုင်သည့်အကြောင်းကို ၅ရာ ၁၆း၃၄ တွင် “ထာဝရဘုရားသည် ကောင်း မြတ်တော်မူ၍ ကရုဏာတော် အစဉ်မပြတ်တည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါ၏”ဟု ကျမ်းစကားဆိုထားသည်။
ဘုရားရှင်သည် အဘယ်ကြောင့် လူနှင့် ကမ္ဘာမြေကို ဖန်ဆင်းသနည်း
သမ္မာကျမ်းစာက ဘုရားရှင်၏ ကြီးမြတ်တော်မူပုံကို လူများသို့ ပြသရန် ကမ္ဘာမြေအား ဖန်ဆင်းတော်မူကြောင်း ပြောပြသည်။ ထို့ကြောင့် ဘုရားရှင်၏ ကြီးမြတ်တော်မူပုံသည် ရှိခိုးကန်တော့ထိုက်ပါပေသည်။ သခင်ယေရှု၏ ခြေတော် ရာလိုက်လျှောက်သော တမန်တော်ရှင်ပေါလုက ရော ၁း၂ဝ တွင် “ဖန်ဆင်းတော် မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော် တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည့် ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏”ဟုဆိုထားသည်။
ထပ်ဆိုရလျှင် ဘုရားရှင်ကလူကို ဖန်ဆင်းခြင်းသည် လူက ဘုရားရှင်ကို သိရှိ၍ ဆည်းကပ်ကြည်ညိုရေး၊ ဘဝတူလူသားအချင်းချင်း ခင်မင်တန်ဘိုးထားရှိရေး၊ မေတ္တာတော်ခံယူတတ်ရေး တို့အတွက်ဖြစ်သည်။ ချစ်ခြင်းမေတ္တာဆိုသည်မှာ တဘက်လူ၏ လိုအပ်ချက်များ အား ဖြည့်ဆည်းကူညီပေးရေးဖြစ်သည်။ အစအဦး၌ပင် မေတ္တာတော်ရှင် ဘုရား သခင်သည် လူသားများကို ချစ်ခင်မြတ်နိုးသောကြောင့် အံ့ဩဘွယ်ရာအကောင်း ဆုံးနေရာ၌ ထားရှိပြီး သူကိုယ်တိုင်နှင့် ဆက်သွယ်သည်။ ဘုရားရှင်သည် ပထမ ဆုံးလူသား အာဒံအား ချစ်ခင်သောကြောင့် စကားတော်လက်ဆုံကျ ပြောဆိုလေ့ ရှိပြီး ဖြူစင်သော ဝမ်းမြောက်ခြင်းပီတိဖြင့် အပြန်အလှန် ဆက်ဆံကြသည်။ ဝမ်း နည်းဘွယ်ရာကောင်းသည်မှာ ထိုပျောက်ဆုံးသွားသော နိဗ္ဗာန်ဘုံအား ပြန်လည် ရှာဖွေမရခြင်းဖြစ်သည်။
ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မည်သို့ တုံ့ပြန်ရမည်နည်း
” ဝမ်းနည်းစရာမှာ လူသည် ဘုရားရှင်ကို ကိုးကွယ်ရမည့်အစား စိတ်ကူး ပေါက်ရာ အတ္တနောက်သို့ လိုက်၍ လုပ်ချင်ရာများ လိုက်လုပ်ခြင်းဖြစ်သည်။ ဘုရား ရှင်ကို မေ့လျော့စဉ် ချစ်ခြင်းမေတ္တာနှင့် သနားကြင်နာမှု နားလည်လာသောအခါ အထံတော်သို့ပြန်ရောက်ပြီး အဆင်ပြေလည်သွားသည်။ သို့သော် နောက်တဖန် ပြန်လည်ဖောက်ပြန်သည်။ ထိုသို့ ဘုရားရှင်နှင့် ဝေးကွာခြင်းကို ကျမ်းစာက အပြစ် ဟုခေါ်သည်။ ပတ်ဝန်းကျင်လူများက “ဒါ၊ ငါ့ဘဝဘဲ၊ ငါလုပ်ချင်တာ လုပ်နိုင်သွား ပြီ၊ ငါလုပ်မှ ငါစားရမည်”ဟု မိမိကိုယ်ကို မိမိဘုရားအဖြစ် တင်မြှောက်ပြောဆို သံများ ကြားနေရသည်။
မည်သို့သော ဝတ္တရားရှိကြသနည်း
ပြဿနာမှာ လူတိုင်းက အထံတော်သို့ ကျေးဇူးတော်တုံ့ပြန်ရကောင်းမှန်း မသိကြ။ လူသည် ဘုရားရှင်၏ ဖန်ဆင်းရာဖြစ်သောကြောင့် မိမိသဘောအတိုင်း စိတ်ထင်ရာ လုပ်ရသည်မဟုတ်။ ဘုရားရှင်ကို သိရှိအာရုံစူးစိုက်ရသည်။ ထွက် သက်ဝင်သက်လေသည် ဘုရားပေးလက်ဆောင်၊ ကျန်းမာခြင်းသုခသည် ဘုရား ပေးလက်ဆောင်၊ စားသောက်စရာများသည် ဘုရားပေးလက်ဆောင်များဖြစ်ကြ၏။
ထို့ကြောင့် လူသည် မိမိကိုယ်ကို အရှင်သခင်အဖြစ် လူ့တထွာတမိုက်ဉာဏ်ဖြင့် ပြောဆိုအပ်သည်မဟုတ်။ ဘုရားရှင်၏ ဖန်ဆင်းခြင်းကြောင့် လူ့လောကသို့ ရောက်ရှိလာသည်သာမက ကျွေးမွေးစောင့်ရှောက်မှုကြောင့် အသက်ရှင်သန်နေ ပုံကို သိရှိခံယူရသည်။ ထိုသို့ အသက်ရှင်သန်နေရကြောင်းကို ပတ်ဝန်းကျင် သို့လည်း ပြောပြနိုင်ရသည်။ လူသည် တောတိရစ္ဆာန်ကဲ့သို့ အတ္တစိတ်ထားရှိရသည် မဟုတ်။ မိသားစု၊ မြို့ရွာ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းဖြင့် နေထိုင်ရသည်ဖြစ်၍ ပတ်ဝန်းကျင်သို့ အကျိုးပြုနေရသည်။
မိမိကိုယ်ကျိုးကိုသာ ကြည့်ရှုနေလျှင် ဘုရား ရှင်ကို မေ့လျော့သည်သာမက ပတ်ဝန်းကျင်အတွက် အသက်ရှင်စေလိုသည့် အလိုတော်ကိုလည်း မေ့ပျောက်သွားသည်။ လူ့လောက၌ ရှိနေခိုက် လူသား ဆန်ဆန် မည်သို့ အသက်ရှင်ရမည့်အကြောင်းကို သခင်ယေရှုက အလေးအနက် ဤသို့ မိန့်မှာတော်မူခဲ့သည်။ “သင်၏ ဘုရားသခင်ကို သင့်စိတ်နှလုံး၊ ဝိညာဉ် အကြွင်းမဲ့ဖြင့် ချစ်ကြောက်လော့။ ထိုကား ပထမနှင့် အကြီးမြတ်ဆုံး ဘုရားရှင်၏ ပညတ်ချက်ဖြစ်၏။ ဒုတိယဟုဆိုရသော်လည်း ထိုပထမပညတ်ကဲ့သို့ ကြီးမြတ်သော အခြားပညတ်ချက်မှာ သင့်အိမ်နားချင်းများကို မိမိကဲ့သို့ ချစ်ခင်လော့ မ ၂၂း၃၇၊ ၃၈)ဟူ၍ဖြစ်သည်။
ဘုရားရှင်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်ရန် မည်သို့ လုပ်ရမည်နည်း
သမ္မာစကားအရ စိတ်မကောင်းစရာမှာ ဘုရားရှင်နှင့် လူ့အကြား ဆက် ဆံရေးပြတ်တောက်ခဲ့ခြင်းဖြစ်သည်။ ဘုရားရှင်နှင့် လူ့အကြား ဆက်ဆံရေးအဟန့် အတားမှာ လွဲမှားလုပ်ဆောင်ချက်ကြောင့်ဖြစ်သည်။ လူ့ပုန်ကန်မှုက အမျက်တော်ထွက်စေပြီး ဘုရားရှင်သည် အပြစ်သားများနှင့် ဆက်ဆံရေးဖြတ်တောက် ခဲ့သည်။ ထိုအကြောင်းကို ဓမ္မဟောင်းပရောဖက် ဟေရှာယက ၅၉း၂ တွင် “သင် တို့ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ”ဟုဆိုထားသည်။
အချို့က ကောင်းမှု ကုသိုလ်ပြုခြင်းဖြင့် ထိုအတားအဆီးများကို ဖယ်ရှားပြီး ဘုရားရှင်နှင့် ပြန်ပေါင်း စေနိုင်သည်ဟု ဆိုကြသည်။ ထိုသို့ ဘုရားရှင်နှင့် ပြန်လည်ပြေလည်နိုင်အောင် လူ့အစွမ်းအစက စွမ်းဆောင်နိုင်စွမ်းမရှိပါ။ လူ့ကောင်းမှုသည် အဘယ်မျှကောင်း လျှင်လည်း အလိုတော်နှင့်ညီသော ကောင်းမှုကို မမှီနိုင်ပါ။ ထို့ကြောင့် လူသည်အထံတော်သို့ ပြန်ဆပ်စရာ အကြွေးပုံကြီးရှိနေသည်။ ဘုရားရှင်ဘက်တွင်မူ အတား အဆီးမရှိ။ လူတို့၏အပြစ်ကို မုန်းတီးရွံရှာသော ဖြောင့်မတ်ခြင်း တရားတော်သာရှိသည်။ မည်သို့သော ပူဇော်သက္ကာ ပြုမူလုပ်ဆောင်ချက်ကမျှ ထိုအတား အဆီးကို မဖယ်ရှားနိုင်ပါ။ ထိုအခြေအနေကို ပြောင်းလဲစေရန် ကမ္ဘာမြေသို့ သခင်ယေရှု ကြွလာတော်မူခဲ့သည်။ ထိုအကြောင်းကို အခန်း ၅ ပါ ဘုရားသခင်၏ ကတိတော် ထဲ၌ လေ့လာခဲ့ကြပြီးဖြစ်သည်။ ဘုရားရှင်က အပြစ်လောကသား များအား အပြစ်နွံထဲမှ ကယ်ထုတ်ရန် ကယ်တင်ရှင်စေလွှတ်တော်မူမည်ဟု ကတိတော်ပြုထား သည်။ ထိုကတိတော်အတိုင်း သခင်ယေရှုအား လူ့လောကသို့ စေလွှတ်တော်မူခဲ့သည်။
ဓမ္မစကား
၇
သခင်ယေရှု – သူသည် မည်သူနည်း။
ဘုရားသခင် မှန်ပါသလား
သခင်ယေရှုသည် လူ့လောကတွင် မည်သည့်အမှု ပြုတော်မူခဲ့သနည်း
လူ့လောက လူ့သမိုင်းကြောင်းတွင် သခင်ယေရှု၏ သက်တော်စဉ်သည် မသိနားမလည်နိုင်လောက်သော ပုံပြင်ဒဏ္ဍာရီမဟုတ်ပါ။ ယနေ့လောကသားများ တိုင်အောင် ရှင်သန်တည်မြဲနေဆဲ။ လူများက စံပြုနေမြဲဖြစ်သည်။ သမိုင်းပညာရှင် များက ဘီစီနှင့် အေဒီဟူသော လူ့သမိုင်းခေတ်ကာလအပိုင်းအခြားကို ခရစ်တော် ဖွားမြင်တော်မမူမှီကာလနှင့် ဖွားမြင်တော်မူပြီးကာလအဖြစ်ဖြင့် ပိုင်းခြားသတ်မှတ် ကြသည်။
သမ္မာကျမ်းစာတော်မြတ်တွင် ကိုယ်တော်၏ သွန်သင်တော်မူချက်များ တွင် ဖတ်ရှုသိရှိနိုင်သည်။ ထိုကျမ်းစကားတော်သည် ခေတ်အဆက်ဆက်မှစ၍ ယနေ့ကာလတိုင်အောင် ကမ္ဘာ့အရောင်းရဆုံး စာအုပ်ဖြစ်သည်။ လွန်မြောက်သော ခေတ်ကာလများမှစ၍ ယနေ့တိုင်အောင် လူသန်းပေါင်းများစွာက တပည့်တော် များကဲ့သို့ နောက်တော်သို့ လိုက်ကြ၍ မိန့်တော်မူသော စကားတော်များကြောင့် လူသိန်းသန်းပေါင်းများစွာတို့သည် အသက်တာပြောင်းလဲကြသည်။ ထို့ကြောင့် အလွန့်အလွန် တန်ဘိုးကြီးမားသည်။
သခင်ယေရှုသည် တကယ့်လူသားလား
ဤမေးခွန်းကို ဖြေရလျှင် မှန်ပါပေသည်ဟု ဖြေရပါမည်။ မ ၁ နှင့် လု ၃ တို့တွင် ဘုရားရှင်က ကမ္ဘာမြေကြီးဖန်ဆင်းခြင်းမှစ၍ လူ့လောကသို့ လူသားတော်အဖြစ် သခင်ယေရှု ဖွားမြင်တော်မူသည့် ဆွေစဉ်မျိုးဆက်စာရင်း တွေ့ရ သည်။ လူ့လောက၌ သခင်ယေရှု သတင်းသုံးတော်မူစဉ်တွင် လူသူတကာနှင့် ဆက်ဆံစကားပြောဆိုခဲ့သည်။ ကိုယ်တော်၏ လျှောက်လှမ်းပုံ၊ ထိုင်တော်မူပုံ၊ စားသောက်ပုံ၊ စက်တော်ခေါ်ပုံနှင့် သွေးချွေးထွက်တော်မူပုံများကို လူများက တွေ့မြင်ခဲ့ကြသည်။ ရေငတ်ခြင်းဖြင့် လူ့အသွေးအသား ရှိတော်မူပုံကို ပြသသည်။
ထိုယေရှုအကြောင်းကို ကိုယ်တွေ့မျက်မြင်ဖြင့် တပည့်တော်ယောဟန်က ယော ၁း၁ တွင် “ရှေ့ဦးစွာကပင်ဖြစ်၍ ငါတို့သည် ကိုယ်တိုင်ကြားလျက်၊ ကိုယ့်မျက်စိဖြင့် မြင်လျက် စေ့စေ့ကြည့်ရှု၍ လက်ဖြင့်စမ်းသပ်ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော နှုတ်ကပတ်တော်နှင့်ဆိုင်သော အရာရှိသမျှတို့အား ငါတို့သည် သက်သေပြသ၏”ဟု ရေးမှတ်ခဲ့သည်။ ထို့အပြင် လူ့လောက၌ သခင်ယေရှု၏ နှစ်လိုဘွယ်ရာ ပြုတော်မူပုံကို တ ၁၀း၃၈ တွင် “ကျေးဇူးပြုတော်မူလျက်”ဟု ဆိုထားသည်။ ထို့ကြောင့် သခင်ယေရှုသည် လူ့လောကတွင် တကယ့်လူသား စစ်စစ်အဖြစ် ရှိခဲ့တော်မူပုံသည် သံသယဖြစ်ဘွယ်ရာမရှိ။ သမ္မာကျမ်းစာတွင် ထို့ထက်ပြည့်စုံစွာ ရေးသားတော်မူချက်များလည်း တွေ့ရသည်။
ဘုရားသခင်သည် သခင်ယေရှုမှတဆင့် မည်သို့ အမှုတော်ပြုပါသနည်း
ဘုရားသခင်က ယောက်ျားမိန်းမမရွေး လောကသားများအား ကယ်တင် ရန် သခင်ယေရှုကို စေလွှတ်ပေးမည့် ကတိတော်စကား မိန့်တော်မူခဲ့သည်။ လူ သည် အပြစ်ရှိသောကြောင့် ဘုရားသခင်နှင့် မသင့်မြတ်နိုင်ပါ။ ထို့ကြောင့် အပြစ် နွံထဲမှ ကယ်ထုတ်ပေးမည့်သူ လိုအပ်သည်။ ထိုသို့သော ကယ်တင်ခြင်းအကျွတ် တရားပြုပေးရန် ဘုရားရှင်က သခင်ယေရှုအား လူ့လောကသို့ စေလွှတ်တော် မူသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ သိသင့်သိအပ်ရာများကို လေ့လာကြမည်။
* ဘုရားသခင်က သခင်ယေရှုအား ရှင်ဘုရင်နှင့် ကမ္ဘာမြေကို အုပ်စိုးသူသခင် ဖြစ်စေရန် လူ့လောကသို့ စေလွှတ်တော်မူသည်။ ထိုအကြောင်းကို ဗျာ ၁၇း၁၄တွင် “သခင်တို့၏ သခင်၊ ဘုရင်တို့၏ဘုရင် ဖြစ်တော်မူ၏”ဟုဆိုထားသည်။
* ဘုရားသခင်က သခင်ယေရှုအား ပရောဖက်တကာထက် ကြီးမြတ်သော မဟာ ပရောဖက်အဖြစ် လူ့လောကသို့ စေလွှတ်တော်မူ၍ “သူ့စကားတော်များသည် လူများက ကြားသိချင်ကြသော ဘုရားစကားတော်ဖြစ်၏။ တနေ့သ၌ သခင် ယေရှုကလည်း ငါ့သဘောအတိုင်း တစုံတရာမှမလုပ်၊ ခမည်းတော်ဘုရားက သွန်သင်မိန့်တော်မူသည့်အတိုင်း ပြောဆို၏ ( ယော ၈း၂၈ )ဟု ဝန်ခံထားသည်။ ထိုစကားတော်သည် ခမည်းတော်ဘုရားရှင်အကြောင်းနှင့် စကားတော် အကြောင်းဖြစ်သည်။
လူများအား အထံတော်သို့ ပြန်လည်သိမ်းဆည်းရန် သခင်ယေရှုအားယဇ်ပုရော ဟိတ်အဖြစ်ဖြင့် လောကသားများထံသို့ စေလွှတ်တော်မူသည်။ ထိုသို့သော အသေခံယဇ်ပုရောဟိတ် ဖြစ်တော်မူသည့်အကြောင်းကို ၁ပေ၊ ၃း၁၈ တွင် “ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေခံတော်မူ၍ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ကူးမြောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားရှင်ထံတော်သို့ ပို့ဆောင်ခြင်းငှါ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့် မတ်သောသူတို့ အတွက် ဒုစရိုက်အပြစ်များကြောင်း တခါခံတော်မူ၏”ဟု ဆိုထားသည်။
ထိုကဲ့သို့ သခင်ယေရှု၏ စွမ်းဆောင်ချက်များမှာ သခင်ယေရှုသည် လူ့ အပြင် ဘုရားသခင်လည်းဖြစ်တော်မူကြောင်း ပြသသည်။ ယော ၁း၁ တွင် သခင် ယေရှုကို နှုတ်ကပတ်တော်ဖြစ်ကြောင်း “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ ထိုနှုတ်ကပတ်တော် သည် ဘုရားသခင်လည်းဖြစ်၏” ဟုဆိုထားသည်။ သခင်ယေရှု၏ တပည့်တော်သောမကလည်း ထမြောက်သခင်ယေရှုရှင်အား “ငါ့သခင်၊ ငါ့ဘုရား”ယော ၂၀း၂၈)ဟု ဝန်ခံထားသည်။ ထို့ကြောင့် သခင်ယေရှုသည် ဘုရားသခင်၏ ရှင် ဘုရင်၊ ပရောဖက်နှင့် ယဇ်ပုရောဟိတ် မှန်ပါပေသည်။
ကောင်းသော ဓမ္မဆရာမျိုးလား၊ အခြားထူးခြားချက်ရှိသလား
ဤမေးခွန်းသည် အရေးကြီးသည်။ အကြောင်းသော် လူအချို့က သခင် ယေရှုသည် ကိုယ်ကျင့်တရားသွန်သင်သော အခြားဆရာသမားများထက် ထူးခြား မှုမရှိဟု ဆိုကြသည်။ အလွန်ကောင်းမြတ်သော ဆရာအဖြစ်သာ လက်ခံကြသည်။
ယေဘူယျအားဖြင့် အခြားဆရာသမားများနှင့် ထူးခြားမှုမရှိဟု ဆိုကြသည်။ ထို စကားသည် မှန်ပါသလား။ သခင်ယေရှုအကြောင်းကို ထိုသို့ ပြောဆိုအပ်ပါသလား။
သေချာဆန်းစစ်ကြည့်လျှင် သခင်ယေရှုသည် အတုမရှိ အနှိုင်းမဲ့ တမူထူးခြားသော သူဖြစ်သည်။ အခြားဘာသာရေးဆရာများ၊ လူ့လောကတွင် ရှိခဲ့ဘူးသော ဝိညာဉ် ရေးရာဆရာများနှင့် မတူပါ။ ကောင်းသောအရာဟူသည့် စကားလုံးက သခင် ယေရှုအကြောင်းအား လုံလောက်စွာ မပြောပြနိုင်ပါ။ သခင်ယေရှုသည် အကောင်းဆုံးသောသူဖြစ်သည်။ သူ့တရားနာသူများကလည်း သူကဲ့သို့ တရားမြတ် တရားမွန် ဟောပြောနိုင်သူ မကြားစဘူးကြောင်း သက်သေခံကြသည်။ တနေ့သ၌ ရန်သူ များက ဗိမာန်တော်စောင့်များအား သခင်ယေရှုထံသို့ စေလွှတ်ကြသည်။ သို့သော် အထံတော်သို့ ရောက်ရှိသောအခါ မဖမ်းဆီးဝံ့ကြ။ အဘယ်ကြောင့် မဖမ်းဆီးကြ ရသနည်းဟု အာဏာပိုင်များက ထိုသူများအား မေးမြန်းကြသော အခါ “သူကဲ့သို့ ဟောပြောသွန်သင်သူ မရှိစဘူး”(ယော ၇း၄၆)ဟု ပြန်လည်ပြောပြကြသည်။ ရောက်လေရာအရပ်ရှိ တရားနာပရိသတ်များက သခင်ယေရှု၏ စကားတော်များ သည် နက်နဲ၍ ဩဇာအာဏာလွှမ်းမိုးကြောင်း ဝန်ခံကြသည်။ ထို့ကြောင့် သခင်ယေရှုသည် လူ့လောက၌ အကြီးမြတ်ဆုံးဆရာဖြစ်ကြောင်းသေချာသည်။ သူ၏ အထင်ရှားဆုံး တရားဟောချက်ကို တောင်ပေါ်ဒေသနာဟု လူများက ပြောစမှတ် ပြုကြသည်။ မ ၅-၇ ကို ကိုယ်တိုင်ဖတ်ရှုဆင်ခြင်ကြည့်ပါ။
သခင်ယေရှု၏ အထူးတလည်လုပ်ဆောင်ချက် ပြောပြပါ
သခင်ယေရှုသည် လူ့လောကရှိ အကြီးမြတ်ဆုံး ဆရာသမားထက် ပိုမို ကြီးမြတ်သည်။ ရှင်မြတ်ချစ်ဖြစ်တော်မူသည့်အတိုင်း အပြစ်ခွင့်လွှတ်ခြင်း၊ လူများ သို့ အသက်ဇီဝပေးခြင်း၊ ခေတ်ကာလကုန်ဆုံးသည့်အခါ ကမ္ဘာမြေအား တရား စီရင်မည့် အမိန့်အာဏာ ပိုင်ဆိုင်ခြင်းများရှိသည်။ တနေ့သ၌ သူ့မိတ်ဆွေများကလေဖြတ်နေသူအား သခင်ယေရှုထံသို့ သယ်ဆောင်လာကြသည်။ ထိုအကြောင်း စုံကို မ ၉ ၌ တွေ့ရသည်။ သခင်ယေရှုက ထိုလေဖြတ်သူသို့ ပထမဆုံး ပြုတော် မူချက်မှာ “ငါ့သား စိတ်ချမ်းသာလော့။
သင့်အပြစ်များကို ဖြေလွှတ်လိုက်ပြီ”(၉း၂) ဟု တွေ့ရသည်။ ဘာသာရေးသမားများက ထိုအကြောင်းကြားသိကြသောအခါ အပြစ်ခွင့်လွှတ်ခြင်းသည် ဘုရားရှင်၏ လုပ်ပိုင်ခွင့်သာဖြစ်သောကြောင့် ထိုသို့ ပြောဆိုရကောင်းသလားဟု သခင်ယေရှုအား ပြစ်တင်မောင်းမဲကြသည်။ ထိုစကား တော်သည် သခင်ယေရှုက လူ့အပြစ်ကို ခွင့်လွှတ်နိုင်သည့် ဩဇာအာဏာရှိကြောင်း ပြသချက်ဖြစ်သည်။ ငယ် ၅ တွင် သခင်ယေရှုက “သင့်အပြစ်ခွင့်လွှတ်လိုက်ပြီ ဟူသော စကားနှင့် ထ၍သွားလော့ဟူသော စကားတွင် မည်သည့်စကားသည် ပြီးပြည့်စုံသနည်းဟု ထိုဘာသာရေးသမားများထံသို့ ပြန်လည်မိန့်တော်မူသည်”၊ ထိုသို့ဖြင့် သူ့တွင် အပြစ်ခွင့်လွှတ်ခြင်း အမိန့်အာဏာရှိကြောင်း ပြသသည်။တဆက်တည်းတွင် “ထိုလေဖြတ်သူအား အိပ်ယာလိပ်ယူ၍ အိမ်ပြန်ခိုင်းသည်” (ငယ် ၆)။ လူအုပ်ကြီးက ထိုအဖြစ်ကို တွေ့မြင်ကြသောအခါ ဝမ်းသာစွာဖြင့် ဘုရားရှင်အား ချီးမွမ်းထောမနာပြုကြသည်။
သခင်ယေရှုသည် သူ၏ တန်ခိုးတော်အား အံ့ဘွယ်နိမိတ်လက္ခဏာများ အဖြစ် အဖန်တလဲလဲ ပြသတော်မူခဲ့သည်။ အနာရောဂါ ကင်းငြိမ်းစေခြင်း၊ နတ် ဆိုးဝိညာဉ်ဆိုးများ မောင်းထုတ်ခြင်း၊ လူသေကို ပြန်လည်ထမြောက်စေခြင်း စသည့် အံ့ဘွယ်တန်ခိုးတော်များ ပြသတော်မူသည်။ သူ့ရန်သူများကလည်း ထိုသို့သော ပြုတော်မူချက်များအား အသိအမှတ်ပြုကြသည်။
စင်စစ်တွင်မူ ထိုရန်သူများသည် သခင်ယေရှုကဲ့သို့ လူ့ကောင်းမှုမပြုနိုင်ကြသဖြင့် ရင်ထဲတွင်မူ မနာလိုခံပြင်းကြ သည်။ သခင်ယေရှု၏ ကောင်းသောအမှုတော် ပြုတော်မူချက်များသည် ပြောပြ ရေးသားရန် မကုန်နိုင်ပါ။ ကျမ်းစာလာအချက်များသည် စံနမူနာမျှသာဖြစ်သည်။
ဤအချက်အလက်များကို အားလုံးစုပေါင်းလိုက်လျှင် သခင်ယေရှုသည် လောကအပြစ်သားများထံသို့ ဘုရားရှင်က စေလွှတ်တော်မူမည်ဟု ကတိတော် ပြုထားသူဖြစ်ကြောင်း သေချာသည်။ ထို့ထက်လေးနက်သည်မှာ သခင်ယေရှုသည် ကားတိုင်ပေါ်၌ သက်တော်စွန့်တော်မူသော်လည်း ယခုအခါ အသက်ရှင်နေသည်။ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ရှင်ဘုရင်အဖြစ်အမှန်၊ သခင်အစစ်အမှန်၊ အနှိုင်း မဲ့ အတုမရှိသောဘုရားမှန်ကန်ကြောင်း ပြသတော်မူသည်။ ပိုမိုသိရှိနားလည်နိုင်ရန် ရှေ့ဆက်လေ့လာ ဆင်ခြင်ကြမည်။
ဓမ္မစကား
၈
လက်ဝါးကပ်တိုင် – သခင်ယေရှုသည် မည်သို့ သက်တော်စွန့်သနည်း။ အဘယ်ကြောင့် ထိုသို့ သက်တော်စွန့်သနည်း
သခင်ယေရှုသည် မည်သို့ သက်တော်စွန့်တော်မူသနည်း၊
သခင်ယေရှုသည် သက်တော် ၃၃ နှစ်အရွယ်ခန့်တွင် ကားတိုင်ပေါ်၌ သက်တော်စွန့်ခဲ့သည်။ ထိုသို့ သက်တော်စွန့်သည့်နေရာသည် ကျောချမ်းစရာ နေရာဖြစ်ကြောင်း လု ၂၃း၃၃ တွင် “ကရာနီအမည်ရှိသော အရပ်သို့ ရောက်ကြသော် လက်ဝါးကပ်တိုင်မှာ ရိုက်နှက်ကြသည်”ဟုဆိုသည်။ ထိုခေတ်ကာလတွင် ရောမအစိုးရသည် လူရိုင်းလူမိုက်များကို သတ်ဖြတ်ရာ၌ သစ်သားလက်ဝါးကပ် တိုင်တွင် တရားခံအား ချုပ်နှောင်ခြင်း(သို့) သံမှိုနှက်ခြင်းပြုလုပ်၍ လူသူတကာက တွေ့မြင်အောင် နှိပ်ကွက်ကြသည်။ ထိုသို့ ကားတိုင်ပေါ်၌ ထားရှိခြင်းဖြင့် တရား ခံသည် အားအင်ကုန်ခန်း၍ သွေးခုန်နှုန်းရပ်စဲပြီး သေသွားကြသည်။ သခင်ယေရှု သည်လည်း ထိုသို့ဖြင့် အသက်စွန့်ခဲ့သည်။
သခင်ယေရှုသည် အဘယ်ကြောင့် သက်တော်စွန့်တော်မူသနည်း
ရောမသားများအား မေးမြန်းလျှင် နိုင်ငံရေးကိစ္စကြောင့်ဟု ဆိုကောင်း ဆိုကြမည်။ ထိုကာလမှ ယုဒခေါင်းဆောင်များအား မေးမြန်းလျှင် သခင်ယေရှု သည် သူ့ကိုယ်သူအား ဘုရားသခင်ဟု ပြောဆိုသောကြောင့်ဟု ပြောဆိုကြပေ မည်။ သို့သော် သမ္မာကျမ်းစာတော်မြတ်ကို စေ့စပ်သေချာစွာ ဖတ်ရှုလျှင် ဘုရား သခင်၏ အကြံအစည်တော်အတိုင်း သက်တော်စွန့်ခြင်းဖြစ်ကြောင်း အံ့သြဘွယ် ရာ တွေ့ရမည်။
ထိုသို့ အသေခံတော်မူမည့်အကြောင်းကို ဓမ္မဟောင်းကျမ်းတွင် ကြိုတင်ပြောဆိုထားသကဲ့သို့ ဓမ္မသစ်ကျမ်းပါ ၁ကော ၁၅း၃ တွင် “ကျမ်းစာလာ သည့်အတိုင်း ခရစ်တော်သည် ငါတို့အပြစ်များအတွက် အသေခံတော်မူ၏”ဟု ဆိုထားသည်။ ထို့ကြောင့် သခင်ယေရှုသည် အခြားသူများအတွက် အသေခံတော် မူကြောင်း သေချာသည်။
သူကိုယ်တိုင်သည် အပြစ်အမှား တစုံတရာမျှ မကျူးလွန်ခဲ့သော်လည်း အပြစ်အမှား လွန်ကျူးသူများကိုယ်စား အသေခံတော်မူသည်။ သူကိုယ်တိုင်တွင် ထိုသို့သော အပြစ်ဒဏ်ခံစရာမရှိကြောင်း ၁ပေ ၂း၂၂ တွင် “ထိုသခင်သည် ဒုစရိုက်မပြု၊ နှုတ်တော်ဖြင့်လည်း မုသာကို မပြော”ဟု ဆိုထား သည်။
ထိုသခင်သည် ဘုရားသားတော်၊ စုံလင်သောသူဖြစ်၍ အပြစ်သားများ နေရာတွင် ဝင်ရောက်အသေခံသည်။ ထိုဖြစ်စဉ်ဟူသမျှသည် ဘုရားသခင်၏ အကြံအစည်တော်ဖြစ်သည်။ တပည့်တော်ပေတရုက “ဘုရားသခင်သည် ပြဌာန်းတော်မူသော အလိုတော်အားဖြင့်၄င်း၊ အနာဂတံသဉာဏ်တော်အားဖြင့်၄င်း၊ အပ်နှံ ခြင်းကိုခံသော ထိုယေရှုကို ဖမ်းစီး၍ မတရားသောသူတို့လက်ဖြင့် လက်ဝါးကပ် တိုင်၌ ကွပ်မျက်ကြပြီ” (တ ၂း၂၃)ဟု သက်သေပြုထားသည်။
ဘုရားသခင်သည် သခင်ယေရှုအား ထိုသို့ သက်တော်စွန့်စေရန် အဘယ်ကြောင့် အကြံအစည်တော်ရှိသနည်း
ဤနေရာတွင် မေးစရာမေးခွန်းများ ပေါ်လာနိုင်သည်။ ဘုရားသခင်သည် လောကလူသားများအား ကယ်တင်ခြင်းအကျွတ်တရား ရရှိကြစေရန် အဘယ် ကြောင့် မိမိသားတော်အား အသေခံစေတော်မူသနည်း။ ထိုမေးခွန်းကို ဖြေကြား နိုင်ရန် ဘုရားသခင်အကြောင်းနှင့် မိမိအကြောင်း ဦးစွာ သိရှိထားရန်လိုအပ်သည်။ ဘုရားရှင်သည် သန့်ရှင်းသောဘုရား၊ အကြွင်းမဲ့ဖြူစင်သူ၊ အပြစ်အမှား တစုံတရာ မရှိသူဖြစ်သည်။
ဓမ္မဟောင်းပရောဖက် ဟဗက္ကုက်က ၁း၁၃ တွင် “ကိုယ်တော် သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စိရှိတော်မူသည်”ဟု ပရောဖက်စကား ဆိုထားသည်။ ဘုရားရှင်သည် ဖြောင့်မတ်တော်မူသည့်အတိုင်း မျှတစွာ တရားစီရင်သည်။ ထို့ကြောင့် မှားယွင်းသူများကို အပြစ်ဒဏ်ပေးသည်။ ထို့ကြောင့် ပြဿနာများကြုံတွေ့သည့်အခါ အမှားအယွင်း မကျူးလွန်ဘူးသူကို သတိရပါ။
ယုံကြည်သူသည် ဒုစရိုက်ပြုမှားလျှင် ဘုရားသခင်က အပြစ်ဒဏ်ပေး ဆုံးမသည်။ ဘုရားသခင်၏ မေတ္တာတော်သည် လေးနက်သိမ်မွေ့သည့်အတိုင်း လူတို့၏ အပြစ်များကို တရားစီရင်ခြင်းမပြုဘဲ သားတော်အား ကြားဖြတ်ခံယူစေတော်မူသည်။ အပြစ်လူသားများအစား သားတော်ယေရှုခရစ်တော်ကလည်း ကျေ နပ်စွာ ကြားဖြတ်ခံယူတော်မူသည်။ ဘုရားသခင်၏ အမျက်တော်ကို လူများ အတွက် တရားစီရင်ခြင်း ခံယူသည်။ ထိုသို့ပြုတော်မူခြင်းသည် ဖန်ဆင်းခံလူများကဘုရားသခင်ကို ပြန်လည်ချဉ်းကပ် ကိုးစားကြရန်ဖြစ်သည်။ ထိုအကြောင်းကို ၂ကော ၅း၁၉ တွင် “ဘုရားသခင်သည် ခရစ်တော်ထဲ၌ရှိနေလျက် လောကီသား တို့၏ အပြစ်များကို မှတ်တော်မမူ။ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယ ဖွဲ့စေတော်မူ၏။ ထိုမိဿဟာယတရားကိုလည်း ငါတို့သို့ အပ်နှင်းတော်မူ၏”ဟု ဆိုထားသည်။
တဆက်တည်းတွင် ငယ် ၂၁ ၌ “အပြစ်ကင်းစင်သူသို့ ငါတို့အတွက်ကြောင့် အပြစ်ရှိသူဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားရှေ့တော်၌ ဖြောင့်မတ်သူဖြစ်မည့်အကြောင်းတည်း”ဟုဆိုထားသည်။ ထို သခင်ယေရှုကို ယုံကြည်ကိုးစား၍ နောက်တော်သို့လိုက်သူသည် သခင်ယေရှု ခံစားသော ကားတိုင်ပေါ်၌ အသေခံခြင်းတွင် သူ့အပြစ်များ ပါဝင်သွားသော ကြောင့် အပြစ်ကင်းစင်သူဖြစ်သွားသည်။
ထိုလက်ဝါးကားတိုင်သည် ခရစ်ယာန်များ၏ ယုံကြည်ခြင်းအမှတ်အသား ဖြစ်လာသည်။ လက်ဝါးကပ်တိုင်မပါသော ခရစ်ယာန်ယုံကြည်ခြင်းသည် အခြား ဘာသာတရားနှင့် ခြားနားချက်မရှိ။ ကိုယ်ကျင့်တရားကောင်းမွန်သွန်သင်ခြင်းမျှ သာဖြစ်သည်။ သခင်ယေရှု၏ လက်ဝါးကပ်တိုင်သည် ခရစ်ယာန်ယုံကြည်ခြင်း၏ အထူးအမှတ်အသားဖြစ်သည်။ အကြောင်းသော် လူတို့၏အပြစ်များအား ဘုရား သခင်က ခွင့်လွှတ်သန့်စင်ပြီးဖြစ်၍ ဘုရားရှင်တော်အတွက် အသက်ရှင်နေရ ကြောင်း အမှတ်အသားလည်းဖြစ်သည်။
ဓမ္မစကား
၉
ရှင်ပြန်ထမြောက်ခြင်း – ရှင်ပြန်ထမြောက်ခြင်းဆိုသည်မှာ အဘယ်နည်း။
ထိုစကားသည် အမှန် ဖြစ်ကြောင်း မည်သို့ သိရှိရမည်နည်း။ မည်သည့်အနက်ရှိသနည်း
မည်သည့်အနက်ရှိသနည်း
ဤမေးခွန်းသည် အထူးအရေးကြီးသည်။ အကြောင်းသော် နှစ်ပေါင်း ကြာရှည်ကာလအတွင်းတွင် မဟုတ်မမှန်ကြောင်း အငြင်းပွားပြောဆိုနေကြသည့် စကားဖြစ်သည်။ ထို့ကြောင့် သမ္မာတရားဆိုသည်မှာ အဘယ်နည်းဟု မေးရပါ မည်။ ကျမ်းစာတော်မြတ်က သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို မည်သို့ ဆိုပါသနည်း။ ယုံကြည်သူခရစ်ယာန်များက ဤအချက်ကို မည်သို့ နားလည်ခံယူ ကြသနည်း။
ရှင်ပြန်ထမြောက်ခြင်းဟူသော စကားကြောင့် သခင်ယေရှုသည် ကားစင် ပေါ်တွင် အမှန်သက်တော်စွန့်ခြင်းမှ ရုပ်ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်ပြီး ယခု အခါ ကောင်းကင်ဘုံတွင် ဘုရားသခင်နှင့်အတူ စိုးစံတော်မူကြောင်း စကား သက်သေဖြစ်သည်။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်သောအခါ လက်ဝါးတော်နှင့် ခြေတော်တို့တွင် ရိုက်နှက်ထားသည့် သံမှိုနှက်ရာများ၊ ရောမစစ်သား များက ထိုးထည့်သည့် နံဖေးမှ လှံချက်ရာများ အတိုင်းသားရှိနေသည်။ သေခြင်းမှ အမှန်တကယ် ရှင်ပြန်ထမြောက်ကြောင်း သေချာသည်။
ထိုသို့ အသေးစိတ် ပြော ဆိုရခြင်းမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ကြောင်း၊ ယခုအခါ အသက်ရှင်တော်မူနေကြောင်း သိရှိနားလည်ရန်ဖြစ်သည်။ တပည့်တော်သောမကိုယ်တိုင်ကလည်း အစတွင် ထိုကဲ့သို့ မယုံသင်္ကာ သံသယဖြစ်ခဲ့သည်။ အခြားတပည့်တော်များက ထမြောက်သခင်ယေရှုရှင်ကို တွေ့မြင်ကြသဖြင့် အသေအချာ ယုံကြည်ကြသည်။ ထိုအခေါက်တွင် သောမမပါရှိသဖြင့် ထမြောက်တော်မူသော သခင်ယေရှုကို မယုံကြည်နိုင်။ ထိုအကြောင်း အသေးစိတ်ကို ယော ၂၀း၂၅-၂၈ တွင် တွေ့ရသည်။ အခြားတပည့်တော်များက ထမြောက်သခင်ယေရှုကို တွေ့မြင်ကြပုံ ပြောပြကြ သောအခါ သောမက “ငါ့လက်ဖြင့် လက်တော်နှင့် နံးတော်မှ ဒဏ်ချက်ရာများထိတွေ့ကိုင်တွယ်ခြင်းမရှိလျှင် မယုံနိုင်”ဟု ထပ်ဆိုသည်။ နောက်တပတ်အကြာ တွင် မပါဝင်သည့် တပည့်တော်များ အစည်းအဝေးသို့ သခင်ယေရှုကိုယ်တိုင် ကိုယ်ထင်ပြသည်။ ထိုအခါ သခင်ယေရှုက “သင့်လက်ညှိုးဖြင့် ငါ့လက်၊ ငါ့နံဖေး များကို လာကိုင်ကြည့်ပါ”ဟု ဖိတ်ခေါ်သည်။ ထိုအခါ သောမသည် အောက်ကျို ရိုကျိုးသော နှလုံးသားဖြင့် “ငါ့သခင်၊ ဘုရားပါတကား”ဟု ဝန်ခံပြီး သံသယ စိတ်လည်း ဝေးလွင့်သွားသည်။
ခရစ်တော်၏ အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ဘာဖြစ်သွားကြသနည်း
သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းသည် သမရိုးကျမဟုတ်ဘဲ တမူ ထူးခြားသောကြောင့် မှန်ကန်ခြင်း ရှိ/မရှိ လူများက သိချင်စိတ်ဖြင့် လေ့လာကြ သည်။ ဥပမာအားဖြင့် အချို့က တပည့်တော်များသည် သခင်ယေရှုကို အမှန် တွေ့မြင်ခြင်းမဟုတ်ဘဲ သရဲတစ္ဆေအဖြစ် တွေ့မြင်ခြင်းဖြစ်သည်ဟု ဆိုကြသည်။ မည်သည့်ထင်မြင်ချက် ပေးကြစေကာမူ တပည့်တော်များကိုယ်တိုင် ထမြောက် သခင်ယေရှုရှင်၏ စားသောက်ပုံ ထိတွေ့ပုံများ ဝန်ခံဖြောင့်ချက်ပေးကြသည်။ ရှင်ပြန်ထမြောက်တော်မူပြီးနောက် ကိုယ်ထင်ပြတော်မူပုံများကို လု ၂၄း၃၆-၄၃ တွင် ဤသို့ တွေ့ရသည်။
ထိုသို့ အချင်းချင်း ပြောဆိုကြသောအခါ ယေရှုသည် သူတို့အလယ်၌ ရပ်တော်မူလျက် သင်တို့အား ငြိမ်သက်ခြင်းဖြစ်စေသတည်းဟု မိန့်တော် မူ၏။ တပည့်တော်တို့သည် တစ္ဆေကိုမြင်သည်ဟု စိတ်ထင်လျက် ထိတ် လန့်သွားကြ၏။ ကိုယ်တော်ကလည်း အဘယ်ကြောင့် တုန်လှုပ်ကြ သနည်း။ အဘယ့်ကြောင့် အထူးထူးအထွေထွေသော စိတ်ရှိကြသနည်း။ ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့။ ငါ့ကိုယ်ပင် ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ်ကြလော့။ ငါသည် သင်တို့မြင်သည့်အတိုင်း အရိုးအသားပြည့်စုံ၏။ တစ္ဆေမည်သည်ကား ဤကဲ့သို့မပြည့်စုံဟု မိန့်တော်မူချက် လက်တော်ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။ ထိုသူတို့သည် အံ့ဩ၍ ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ နေသေး သောအခါ သင်တို့၌ စားစရာ တစုံတခုရှိသလောဟု မေးတော်မူ၏။
ငါးကင်တပိုင်းနှင့် ပျားလပို့ကို ကပ်ပေးကြ၏။ ကိုယ်တော်သည် ယစ် သူတို့ရှေ့မှာ စားတော်မူ၏။
အချို့လူများက ရှင်ပြန်ထမြောက်တော်မူသည့်အကြောင်း တပည့်တော် များ၏ စကားများကို မဟုတ်မမှန် တိုင်ပင်ဖန်တီးခြင်းဟု ဆိုကြသည်။ သခင်ယေရှု ထမြောက်တော်မူကြောင်းကို ကျမ်းစောင်၌သာ တွေ့ရသည်မဟုတ်သကဲ့သို့ တဦး တယောက်ကသာ တွေ့မြင်သည်မဟုတ်ပါ။ လူအမျိုးမျိုး နေရာအသီးသီးတွင်တွေ့မြင်ကြသည်ဖြစ်၍ ကောလဟာလစကားမဟုတ်ပါ။ တချိန်တခါတည်းတွင် လူပေါင်း ၅၀၀ ကျော်ကလည်း တွေ့မြင်ကြသည်။ ထို့ကြောင့် ကြံဖန်လုပ်ကြံပြောဆိုခြင်းမဟုတ်ကြောင်း သေချာသည်။ အကြောင်းစုံကို ၁ကော ၁၅း၃-၇ တွင် ဖတ်ရှုနိုင်သည်။
တချို့က သခင်ယေရှုသည် အမှန်တကယ် သေဆုံးခြင်းမဟုတ်ဘဲ သတိ လစ်မေ့မျောခြင်းဖြစ်သည်၊ အုတ်ဂူထဲတွင် အအေးဒဏ်ကြောင့် ပြန်လည်သတိရ နိုးထလာသည်ဟု ဆိုကြသည်။ ထိုစကားသည် ယုတ္တိမရှိပါ။ ကားစင်ပေါ်သို့ မတင်ကြခင်တွင် ပိလတ်မင်းက ကြိမ်ဖန်များစွာ ရိုက်နှက်ခိုင်းထားသည်။ အသား များ စုတ်ပြဲ၍ သွေးသံဖုံးလွှမ်းနေအောင် ရိုက်နှက်ကြသည်။ ထို့နောက် ကားစင် ပေါ်တွင် နာရီအတန်ကြာ သံမှိုနှက်ကြသည်။
ထိုဒဏ်ရာဒဏ်ချက်များသည် သေ လောက်သည့်ဒဏ်ရာများဖြစ်သည်။ ထို့အပြင် အမှန်ကြောင်း အတည်ပြုနိုင်ရန် ရောမစစ်သားက လှန်ဖြင့် နံဖေးတော်သို့ ထိုးထည့်သောအခါ ရေနှင့်သွေး စီးဆင်း လာသည်။ ဆေးပညာရှင်များက ထိုသို့ လူ့ခန္ဓာကိုယ်မှ ခွဲခြားစီးဆင်းခြင်းသည် အသက်သေလွန်ကြောင်း သေချာသည်ဟု အတည်ပြုကြသည်။ ထို့ကြောင့် သတိ မေ့မျောခြင်းဖြစ်သည်ဟူသော စကားသည် အသိဉာဏ်မပြည့်စုံသူများ၏ ပြောဆို ချက်ဖြစ်သည်။ သခင်ယေရှု၏ အမှန်တကယ် သက်တော်စွန့်၍ သေခြင်းမှ ရှင် ပြန်ထမြောက်ခြင်းသည် တကယ့်ဖြစ်ရပ်မှန်ဖြစ်သည်။
ထို့အပြင် ရုပ်ခန္ဓာကိုယ်ဖြင့် သခင်ယေရှုရှင်ပြန်ထမြောက်ကြောင်းသက်သေခံချက်များရှိသည်။ ရုပ်ခန္ဓာကိုယ်ဖြင့်မဟုတ်ဘဲ ဝိညာဉ်ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းဖြစ်မည်ဟု အချို့က ဆိုကြပြန်သည်။ ယုံကြည်သူတဦးချင်းစီနှင့် အသင်းတော်ထဲ၌ စိုးစံတော်မူခြင်းမျိုးဖြစ်သည်ဟု ပြောဆိုကြသည်။ ယခုကာလ၌ သခင်ယေရှု၏ ဝိညာဉ်တော်သည် ယုံကြည်သူများ၏ အသက်တာတွင် တန်ခိုးတော်ဖြင့် စိုးစံနေသည်မှာ သေချာပါသည်။ ထိုသို့ စိုးစံနိုင်ရခြင်းမှာ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော တန်ခိုးတော်ဖြင့်ဖြစ်သည်။
ဧ ၁း၁၈ ကို ဖတ်ကြည့် ပါ။ ဝိညာဉ်ရေးရာနိုးကြားမှုသည် သခင်ယေရှု၏ အသေခံတော်မူခြင်း၊ ရှင်ပြန် ထမြောက်ခြင်း၌ အမြစ်တည်သည်။ သခင်ယေရှုသည် အမှန်တကယ် သက်တော် စွန့်ပြီး သေခြင်းမှ ရှင်ပြန်ထမြောက်ကြောင်း တပည့်တော်များက တွေ့မြင်ကိုင် တွယ်ခဲ့ကြသည်။ ထိုသို့ ပြောင်းလဲခြင်းသည် သခင်ယေရှုကို ယုံကြည်ကိုးစားသူ များ၏ အနာဂတ်အရေး ပြသချက်ဖြစ်သည်။ ယခုကာလ၌ ယုံကြည်သူများ၏ အထဲတွင် စိုးစံနေပြီး သေလွန်ကြသည့်အခါ ကိုယ်တော်နည်းတူ ရှင်ပြန်ထမြောက် သွားကြမည်။
မှန်ကန်ကြောင်း မည်သို့ စိတ်ချရမည်နည်း
ဤအကြောင်းနှင့် ပတ်သက်၍ အစောပိုင်းတွင်လည်း ဆွေးနွေးလေ့လာ ခဲ့ကြပြီးဖြစ်သည်။ သခင်ယေရှုသည် အမှန်တကယ် သက်တော်စွန့်၍ ရှင်ပြန် ထမြောက်ပြီး လူအများအပြားထံသို့ ကိုယ်ထင်ပြတော်မူကြောင်း သိရှိခဲ့ကြသည်။ ယခုတဖန် ထပ်ပြောချင်သည်မှာ အလောင်းတော်သည် ထားရှိသော အုတ်ဂူထဲ၌ မရှိတော့ပါ။ ထိုသို့ ပျောက်ဆုံးသည့်အကြောင်းကို သက်ဆိုင်ရာအာဏာပိုင်များ ကလည်း အသိအမှတ်ပြုကြသည်။
အလောင်းတော်အား တစုံတဦးက ယူမသွား နိုင်ရန် ရောမစစ်သားများကလည်း နေ့ညမပြတ် ကင်းစောင့်ကြသည်။ သခင်ယေရှု ထမြောက်ကြောင်း လိမ်ညာပြောဆိုခြင်းမပြုနိုင်ကြရန် အာဏာပိုင်များ၏ ကြိုတင် စီမံချက်ကို မ ၂၈း၁၂-၁၅ တွင် ဤသို့ ဆိုထားသည်။
ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေးတိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေများကိုပေး၍ ညဉ့်အခါ ငါတို့အိပ်ပျော်စဉ်တွင် ထို သူ၏ တပည့်တို့သည် လာ၍ အလောင်းကိုခိုးကြသည်ဟု သင်တို့ပြော ကြလော့။ ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင် ငါတို့သည် သူ့ကိုဖျောင်းဖျ၍ သင်တို့၌ အမှုမရှိစေခြင်းငှါ ပြုမည်ဟု သွန်သင်သည်နှင့် အညီ စစ်သူရဲတို့သည်လည်း ငွေကိုယူ၍ ပြုကြ၏။ ထိုစကားကို ယခု တိုင်အောင် ယုဒလူတို့သည် အနှံ့အပြား ပြောဆိုကြ၏။
တပည့်တော်များထံသို့ ကိုယ်ထင်ပြတော်မူခြင်းသည် ယုံကြည်သူများသို့ သာမဟုတ်ဘဲ မယုံကြည်သူများသို့လည်း သက်သေခံခြင်းဖြစ်သည်။ ထိုသူများ ထဲတွင် ယခင်က သခင်ယေရှုကို အယုံအကြည်မရှိသော ညီတော်ယာကုပ်လည်း ပါဝင်သည်။ ထိုသို့ဖြင့် ညီတော်ယာကုပ်သည် တပည့်တော်ဖြစ်လာသည်။
သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့် ပတ်သက်၍ အထူး သိရှိအပ်သည်မှာ တပည့်တော်များ၏ အကြောင်းဖြစ်သည်။ အစပိုင်းတွင် လူအုပ် ကြီးကို ကြောက်လန့်ကြသည်။ သခင်ယေရှုအား ကားစင်တင်ရန် ဖမ်းဆီးကြချိန်၌ ထိုတပည့်တော်များသည် ကြက်ပျောက်ငှက်ပျောက် ထွက်ပြေးကြကုန်ကြောင်း မ ၂၆း၅၆ တွင် တွေ့ရသည်။ တပည့်တော်များ၏ ပြောရေးဆိုခွင့်ရှိသူ ပေတရုက လည်း အိမ်ဖော်မလေးက မေးမြန်းစဉ် တပည့်တော်မဟုတ်ကြောင်း ငြင်းဆန်ခဲ့ သည်။
သခင်ယေရှု အသေခံတော်မူပြီး ရှင်ပြန်ထမြောက်သည့်နောက်ပိုင်းတွင် တပည့်တော်များ၏ ကြောက်လန့်ကြပုံကို ယော ၂၀း၁၉ တွင် “ခုနစ်ရက်တွင် ပထမနေ့ရက်ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ ယုဒလူတို့ကို ကြောက် ၍ တံခါးပိတ်ထားလျက် တပည့်တော်တို့သည် စည်းဝေးကြသောအရပ်သို့ ယေရှု သည် ကြွလာ၍ သူတို့အလယ်မှာ ရပ်တော်မူလျက် သင်တို့၌ ငြိမ်သက်ခြင်းရှိစေ သတည်း”ဟု မိန့်တော်မူပုံ တွေ့ရသည်။
ရှင်ပြန်ထမြောက်တော်မူပြီးနောက် သခင်ယေရှုသည် မည်သို့ အမှုတော်ပြုပါသနည်း။ စိုးရိမ်ကြောက်လန့် သိမ်ငယ်မှုများ မရှိဘဲ သခင်ယေရှုအကြောင်း လူသိရှင်ကြား ဟောပြောကြရန် တိုက်တွန်းခွန်အား ပေးတော်မူသည်။ ထိုစကားတော်အတိုင်း သခင်ယေရှုအတွက် ညှဉ်းပန်းနှိပ်စက် ခြင်းခံယူရေး၊ နှိပ်ကွက်ခြင်း၊ ရိုက်နှက်ခြင်းခံဝံ့ရန် တပည့်တော်များသည် အဆင် သင့်ရှိကြသည်။
အကြောင်းသော် သခင်ယေရှုတပါးတည်းသာလျှင် သေခြင်းကိုအောင်နိုင်သူဖြစ်ကြောင်း သဘောပေါက်ကြသည်။ သခင်ယေရှု၏ အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းက ခရစ်ယာန်ယုံကြည်ခြင်းအား ဖြစ်ထွန်းစေသည်။ ထိုသတင်းကောင်းကြားသိကြသဖြင့် သိန်းသန်းများစွာသော လူတို့သည် အသက် တာပြောင်းလဲသွားကြသည်။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းသည် တကယ့် ဖြစ်ရပ်မှန်ဖြစ်သည်။ သခင်ယေရှုသည် သေခြင်း၌ ဘဝမဆုံးဘဲ ရှင်ပြန်ထမြောက်ကာ အသက်ရှင်နေသည်။
သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်း၏ အနက်ကား အဘယ်သို့နည်း
ယနေ့မျက်မှောက်ကာလ၌ သခင်ယေရှုကို ယုံကြည်ကိုးစားနေကြခြင်း သည် အသက်ရှင်တော်မူသောကြောင့်ဖြစ်ကြောင်း သဘောပေါက်ရန် အရေးကြီး သည်။ ထိုသို့သော ရှင်ပြန်ထမြောက်ခြင်းတန်ခိုးကြောင့် ယုံကြည်သူများ အသက် ရှင်နေကြသည်။ အထံတော်သို့ ဆုတောင်းနိုင်၍ ထိုဆုတောင်းသံများကို နားစွင့်တော်မူသည်။ ထို့ကြောင့် ယုံကြည်သူများသည် အသက်ရှင်နေသော ခရစ်တော် အကြောင်းကို လက်လှမ်းမှီရာလူများထံသို့ နည်းလမ်းမျိုးစုံဖြင့် ပြောပြရသည်။
သခင်ယေရှုသည် အခြားဘာသာရေးခေါင်းဆောင်များကဲ့သို့ သေခြင်း၌ ဘဝနိဂုံး ‘ ချုပ်သူမဟုတ်ပါ။ သေခြင်းကို အောင်နိုင်သည့် တပါးတည်းသော ဘုရားစစ် ဘုရားမှန်ဖြစ်သည်။
ဓမ္မစကား
၁၀
သခင်ယေရှု၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း။ အဘယ်သို့ နားလည်ခံယူရမည်နည်း
သခင်ယေရှုအကြောင်းက မည်သည့်အချက် ပြောပြသနည်း
သခင်ယေရှု၏ သက်တော်စွန့်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည် အခြား ဘာသာတရားများ၊ လူ့လောကတွင် အသက်ရှင်ဘူးခဲ့သမျှသော ပညာရှင်များ၊ ကမ္ဘာ့ခေါင်းဆောင်ကြီးများထက် တမူထူးခြားသော ကိစ္စရပ်ဖြစ်သည်။ အရာခပ် သိမ်းသည် သူ့လက်ထဲတွင် ရှိသည်။ အပြစ်ခွင့်လွှတ်ခြင်းနှင့် လူများသို့ ချစ်ခြင်း မေတ္တာတော်သည် တကယ့်စေတနာမွန်များဖြစ်သည်။ ထမြောက်ခြင်းအကြောင်း မပြောဆိုခင်တွင် သူ့အကြောင်းအား တပည့်တော်များထံသို့ ပြောပြခဲ့တော်မူပုံကို လေ့လာကြမည်။ မ ၆း၂၁ တွင် “ထိုမှတပါး ကိုယ်တော်သည် ယေရုရှလင်မြို့ သို့ သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာ ခံရမည်။ အသေသတ်ခြင်းကိုလည်း ခံရမည်။
သုံးရက်မြောက်နေ့၌ ထမြောက်မည် ဟူသောအကြောင်းများကို ထိုအခါမှစ၍ တပည့်တော်များသို့ ပြတော်မူ၏”ဟုဆိုထားသည်။ သခင်ယေရှုက ထိုသို့ ကြိုတင်ဟောပြောသည့် အတိုင်း အခြားသူများအား ဘုရားရှင်တော်နှင့် ပြန်လည်သင့်မြတ်စေရန် ကြံရွယ် ချက်ဖြင့် အသေခံတော်မူပြီးမှ ရှင်ပြန်ထမြောက်သည်။ ထို့ကြောင့် ယနေ့လောက သားများသည် ထိုသခင်ယေရှုနှင့် တွေ့ဆုံရန် လိုအပ်သည်။ သို့မှသာလျှင် တရား စီရင်ရာနေ့ရက်အတွက် နားအေးပါးအေး စိတ်ချနိုင်ကြမည်။
အပြစ်အကြောင်းကို မည်သို့ ဆိုသနည်း
သခင်ယေရှု၏ သက်တော်စွန့်ခြင်းက ခရစ်ယာန်များ၏ အပြစ်အကြောင်း အား အတည်ပြုသည်။ လူ့အပြစ်အချို့သည် ဘုရားရှင်၏ အမြင်တွင် အလွန် ဆိုးရွားရွံရှာဘွယ်ဖြစ်သည်။ ထို့ကြောင့်လည်း လူများအား ဘုရားရှင်နှင့် ပြန်လည် သင့်မြတ်စေရန် ခရစ်တော်က သေခြင်းတရားဖြင့် ဆက်စပ်ပေးသည်။ ထိုအချက်က လူ့ အပြစ်များသည် ဘုရားရှင်ကို မုန်းတီးစေ၍ ဘုရားရှင်တော်ကလည်း ထိုသို့သော လူ့ အပြစ်များကို မုန်းတီးရွံရှာသည်။ ထိုအကြောင်းကို ရော ၈း၇၊ ၈ တွင် “ဇာတိပကတိစိတ်သဘောသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်၏။ ဘုရားသခင်၏ တရားတော်အလိုသို့မလိုက်။ ထိုမျှသာမက လိုက်လည်းမလိုက်နိုင်။ ထို့ကြောင့် ဇာတိပကတိ၌ ကျင်လည်သူသည် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့ နိုင်”ဟု ဆိုထားသည်။ ထိုသို့ ဘုရားရှင်၏ စိတ်တော်နှင့် မထိတွေ့နိုင်သောကျောက်မက်ဘွယ်ရာ လူ့အပြစ်ကို သခင်ယေရှုက အသေခံတော်မူခြင်းဖြင့် ဖယ် ရှာပေးသည်။
ဘုရားသခင်၏ မေတ္တာတော်က မည်သည့်အကြောင်း သွန်သင်သနည်း
သခင်ယေရှု၏ အသေခံတော်မူခြင်းက လောကလူသားအပြစ်သားများ ကို ယနေ့ထက်တိုင်အောင် သံယောဇဉ်မပြတ် ချစ်ခင်နေဆဲဖြစ်ကြောင်း ပြသတော်မူသည်။ သားတော်ကို အသေခံရန် လူ့လောကသို့ စေလွှတ်တော်မူခြင်းသည် ဘုရားရှင်၏ အမြင်တွင် လူတိုင်းအား တန်ဘိုးရှိရတနာများဖြစ်ကြကြောင်း သက် သေပြသချက်ဖြစ်သည်။
ထို့ကြောင့် ယနေ့ကာလတွင်လည်း ဘုရားရှင်က လူများကို ချစ်ခင်နေကြောင်း သိရှိနားလည်ရသည်။ သခင်ယေရှု၏ အသေခံတော်မူခြင်းက လူ့အပြစ်ဒဏ်များကို ဆေးကြောပေးသည်။ လွန်ကျူးခဲ့သမျှသော အပြစ်ဒုစရိုက် များကို ခွင့်လွှတ်တော်မူပြီး ယခုအခါ လွတ်လပ်သူများဖြစ်ကြောင်း သိရှိကြ၍ လွတ်လပ်ပေါ့ပါးသွားကြသည်။ ထိုအကြောင်းစုံကို ယော ၃း၁၆ တွင် “ဘုရား သခင်၏ သားတော်ကို ယုံကြည်သူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် တပါးတည်းသောသားတော်ကို စွန့်လွှတ်တော်မူသည့်တိုင်အောင် လောကီသားတို့အား ချစ်တော်မူ၏”ဟု ဆိုထား ပါသည်။
သခင်ယေရှု အသေခံတော်ခြင်းက မည်သည့်အချက်များ ပြီးပြည့်စုံစေသနည်း
သခင်ယေရှု သက်တော်စွန့်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည် အလွန်အရေးပါသော အကျိုးအကြောင်း ဆက်စပ်မှုဖြစ်သည်။ ရှင်ပြန်ထမြောက်တော် မူခြင်းက အသေခံတော်မူခြင်းသည် အပြစ်၏ အကျိုးဆက်ဖြစ်ကြောင်း ပြောပြ သည်။ ထိုသို့ အသေခံတော်မူခြင်းသည် ဘုရားရှင်၏ အပြစ်တရားစီရင်ခြင်းအား အပြည့်အဝ ခံယူသည့်အကြောင်းလည်းဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုကို ယုံကြည်ကိုးစား၍ သခင်ယေရှုထဲ၌ အမြဲရှိနေသူသည် နောက်တဖန် သေခြင်း အပြစ်ဒဏ် ခံယူစရာမရှိ။
အကြောင်းသော် ဘုရားသခင်နှင့် ဆက်ဆံရေး ပြန်လည် တည်တံ့ခိုင်မာသည်။ ထိုအကြောင်းအရာကို ၂ကော ၅း၁၉ တွင် “ဘုရားသခင် သည် ခရစ်တော်ထဲ၌ရှိနေလျက် လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ။ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏။ ထိုမိဿဟာယ တရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏”ဟုဆိုထားသည်။ ထို့အပြင် ရော ၄း၂၅ တွင်လည်း “ထိုသခင်ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ရောက်မည့်အကြောင်း ထမြောက်တော်မူပြီ”ဟု ဆိုထားသည်။ ထို့ကြောင့် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို ဘုရားရှင်ကကျေနပ်နှစ်သက်တော်မူသည့်အတိုင်း ကိုယ်တော်၏ အသေခံတော်မူခြင်းကို ယုံကြည်မှီကိုးသူများသည်လည်း အပြစ်ခွင့်လွှတ်ခြင်း ရရှိကြသည်။
သေခြင်းအလွန်တွင် အသက်ရှင်ခြင်း ရှိသေးသလား
သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းက တစပြင်သုဿန်သည် လူ့ဘဝ လမ်းခရီးဆုံးမဟုတ်ကြောင်း ပြောပြသည်။ သေခြင်းအလွန်တွင် အသက်ရှင်သည့် ဘဝရှိသည်။ တချို့က လူသည် သေဆုံးလျှင် လူ့ဘဝကုန်ဆုံးသည်ဟု ထင်မှတ် ကြသည်။ ကျမ်းစာက လူ့ဘဝသည် သင်္ချိုင်းကုန်းတွင် လမ်းမဆုံးကြောင်း ပြော ထားသည်။ ဟေဗြဲ ၉း၂၇ တွင် “လူသည် တခါသေပြီးမှ တရားစီရင်ခြင်း ရင်ဆိုင် ရ၏”ဟု ကျမ်းစကားဆိုထားသည်။ ထို့ကြောင့် လူ့ဘဝအလွန်တွင် ရှေ့ ဆက်စရာ ရှိသေးသည်။
ယုံကြည်သူခရစ်ယာန်များသည် ဘုရားသားသမီးများဖြစ်ကြသည့် အတိုင်း သေလွန်သောအခါ ကောင်းကင်ဘုံက တံခါးဖွင့်ကြိုဆိုနေသည်။ တနည်း အားဖြင့် သခင်ယေရှုနှင့် နောက်လိုက်တော်များသည် လူ့လောက သေခြင်းအလွန် တွင် ချမ်းမြေ့စွာ စိုးစံနေကြသည်။ ထိုသို့သော နောက်လိုက်တော်များသို့ သခင် ယေရှုက “ငါအသက်ရှင်သည့်အတိုင်း သင်တို့သည်လည်း အသက်ရှင်ကြမည်”
(ယော ၁၄း၁၉)ဟု ကတိတော်ပေးထားသည်။ ထို့ကြောင့် သခင်ယေရှုအား ယုံကြည်သူသည် ထိုနေ့မှစ၍ အပြစ်နှင့် မအပ်စပ်မပတ်သက်တော့သောကြောင့် စင်ကြယ်သော အသက်တာရှိသည့်အားလျော်စွာ ဘယ်သောအခါမှ ပျက်စီးခြင်းသို့ မရောက်နိုင်။
ခရစ်ယာန်ယုံကြည်ခြင်း၏ တမူထူးခြားချက်သည် အဘယ်နည်း
ခရစ်ယာန်ယုံကြည်ခြင်းသည် အခြားဘာသာတရားများနှင့် တမူကွဲပြား ထူးခြားသည်။ အကြောင်းသော် လူတို့ထံသို့ ဘုရားရှင်တော် ဆင်းကြွလာတော် မူပြီး အဘယ်သို့သောသူဖြစ်ကြောင်း ထုတ်ဖော်ပြသသည်။ လူကသာလျှင် အထံတော်သို့ ရောက်ရှိရန် ကြိုးစားကျင့်ကြံခြင်းသည် မှန်ကန်သော နည်းလမ်းမဟုတ်။ ခရစ်ယာန်ယုံကြည်ခြင်းမှာ လောကအပြစ်သားများ ငရဲပြည်ရွာသို့ ထာဝရမလား ကြစေရန် ဘုရားသခင်သည် သားတော်ကို လူ့လောကသို့ စေလွှတ်၍ သက်တော် စွန့်စေတော်မူခြင်းဖြင့် လောကလူသားများအပေါ်သို့ မေတ္တာထားကာ ခင်မင်တွယ် တာပုံ ပြသသည်။
ခရစ်ယာန်ယုံကြည်ခြင်းသည် တရားအားထုတ် ဘာဝနာကျင့် ကြံခြင်း နည်းနာမဟုတ်ပါ။ ထိုသို့ဖြင့် ဘုရားရှင်၏ အလိုတော်ရှာကြံရသည်မဟုတ်။ ခရစ်တော်က အပြီးအစီး လုပ်ဆောင်ပေးထားပြီးဖြစ်၍ ခရစ်တော်ကို ယုံကြည် ခြင်းဖြင့် နောက်တော်သို့ လိုက်ပါရန်သာရှိသည်။
ဘုရားရှင်က ယေရှုခရစ်တော်ကို ယုံကြည်သူများသို့ ဘာလုပ်စေသနည်း
သခင်ယေရှုအား မိမိကယ်တင်ရှင်သခင်အဖြစ် သိရှိ၍ နောက်တော်သို့ စတင်လိုက်ပါသည့်အချိန်မှစ၍ ကောင်းချီးမင်္ဂလာအဖြာဖြာ ခံစားစေသည်။
* အထက်တွင် အပြစ်အကြောင်းများ လေ့လာသိရှိခဲ့ကြသည့်အတိုင်း အပြစ်သား သည် ယုံကြည်သူဖြစ်လာသောအခါ လုပ်မှားသောအပြစ်များ၊ အကောင်းဟု ထင်မှားပြီး လွဲမှားသောအပြစ် လုပ်ဆောင်ခြင်းများအား ဘုရားရှင်က ခွင့်လွှတ် သည်။ ထိုအကြောင်းကို ဧ ၁း၇ တွင် “ကိုယ်တော်ထဲ၌ရှိနေသော ငါတို့သည်အသွေးတော်အားဖြင့် ရွေးနှငတ်ခြင်းခံရပြီးသူများဖြစ်ကြသောကြောင့် အပြစ်များကိုလည်း ခွင့်လွှတ်တော်မူခြင်း ခံကြရသည်”ဟုဆိုသည်။
* ယုံကြည်သူတို့အထဲ၌ စံမြန်းနေရန် သန့်ရှင်းဝိညာဉ်တော်ကိုလည်း အပ်နှင်းထားသည်။ သမ္မာကျမ်းစာက ယုံကြည်သူခရစ်ယာန်၏ ခန္ဓာကိုယ်သည် သန့် ရှင်းဝိညာဉ်တော်စိုးစံရာ ဗိမာန်တော်ဖြစ်ကြောင်း ဆိုထားပါသည်(၁ကော ၆း၁၉)။
* ငြိမ်သက်ချမ်းမြေ့ခြင်း၊ ဝမ်းမြောက်ခြင်းအသက်တာသည် ဘဝလမ်းခရီး ဖြောင့်ဖြူးရန်ဖြစ်သည်။ ထိုအကြောင်းကို ၂ကော ၅း၁၇ တွင် “လူမည်သည်ကား ခရစ်တော်ထဲ၌ရှိနေလျှင် သတ္တဝါသစ်ဖြစ်၏။ ဟောင်းသောအရာများ လွင့်ပြယ် သွား၍ အသစ်များရောက်လာ၏”ဟုဆိုထားသည်။ တချိန်လုံး ခရစ်တော်နှင့် အတူ ရှိနေရသည်။ သခင်ယေရှုက တပည့်တော်များသို့ “ငါသည် ခေတ်ကမ္ဘာ ကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ ရှိမည်”မ ၂၈း၂၀)ဟု မိန့်မှာ ထားသည်။
* ၁ပေ ၃း၁၈ တွင် ဘုရားရှင်ထံတော်သို့ ရောက်ရှိသည့်အကြောင်း “ခရစ်တော် သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကို ခံရ၍ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍ ငါတို့ကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ခြင်းငှါ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏”ဟု ကျမ်းစကားရှိသည်။
* သူတို့အထဲတွင် သန့်ရှင်းဝိညာဉ်တော် စိုးစံသည့်အတိုင်း လူ့လောကရှိ ယုံကြည် သူခရစ်ယာန်များအားလုံး ဆုံစည်းကြမည်။ ထိုသို့ ကမ္ဘာမြေပေါ်တွင် ရှိခဲ့ဘူးသော ယုံကြည်သူများဆုံစည်းကြမည့်အကြောင်းကို ဂလာ ၃၂၈ တွင် “ယေရှု ခရစ်တော်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ။ ကျွန်မရှိ၊ လူလွတ်မရှိ။ ယောက်ျား မရှိ၊ မိန်းမမရှိ။ ထိုသခင်၌ တလုံးတဝတည်းဖြစ်ကြ၏”ဟု ဆိုထားပါသည်။
ယနေ့ကာလ၌ သခင်ယေရှု၏ နောက်တော်သို့လိုက်သူတိုင်းသည် ဤသို့ သော အဖိုးထိုက်တန်လှသည့် ကျေးဇူးကို ခံယူရန် သဘောတူနှစ်ခြိုက်ကြမည်ဟု ယုံကြည်သည်။
ဓမ္မစကား
၁၁
လူ့ဝတ္တရား – မည်သို့ ယုံကြည်သူခရစ်ယာန် ဖြစ်ရမည်နည်း။ ယုံကြည်ခြင်းသစ္စာဆိုသည်မှာ အဘယ်နည်း
အဘယ်ကြောင့် သခင်ယေရှုထံသို့ တုံ့ပြန်ဝတ္တရားရှိရသနည်း
ခရစ်ယာန်ယုံကြည်ခြင်း၏ နောက်ခံသမိုင်းကြောင်းကို ဤစာအုပ်ဖြင့် သိသင့်သလောက် သိရှိလာကြပြီ။ ယေရှုခရစ်တော်၏ သက်တော်စွန့်ခြင်း၊ ရှင်ပြန် ထမြောက်ခြင်းကို တည်မှီရခြင်းအကြောင်းဖြစ်၍ ထိုသို့ သိရှိခံယူလျှင် ဘုရားရှင်တော်နှင့် သင့်မြတ်ကြောင်း နားလည်ရသည်။ ဤနောက်ဆုံးအပိုင်းတွင် အထူး သတိပြုစရာများ လေ့လာကြမည်။ အကယ်၍ မိမိကိုယ်ကို ရိုးသားဖြောင့်မတ်သူ ဟု အထင်ကြီးဘဝင်မြင့်နေလျှင်လည်း အမှားပြုလုပ်ခဲ့ချက်များကို နောင်တွင် ပြန် လည်မှတ်မိလာကြမည်။
ကောင်းသောအမှုအရာပြုလုပ်ရန် ပျက်ကွက်မှုသည်လည်း အပြစ်ဖြစ်ကြောင်း အောက်မေ့လာကြမည်။ လူအများအပြားသည် ထိုသို့သော အကြောင်းအရာများ ပြန်လည်အောက်မေ့ မှတ်မိသောအခါ နာကျင်စွာ စိတ် မကောင်းဖြစ်ကြသည်။ အကြောင်းသော် ဘုရားရှင်နှင့် ပေါင်းသင်းဆက်ဆံရမည့် အချိန်အခါကောင်းများ လက်လွှတ်ခဲ့ကြသည်။ ပြန်လည်ရယူရန်လည်း မဖြစ်နိုင်။ ထိုအကြောင်းကို ကျမ်းစာမျက်နှာအများအပြားတွင် သတိပေးထားသည်။ တ ၂ တွင် အထင်အရှား တွေ့ရသည်။ ပေတရုက လူများသို့ သခင်ယေရှု အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း ဟောပြောသောအခါ သူ့လူ များက မိမိအပြစ်များ အောက်မေ့သိရှိလာကြသည်။
ထိုသို့ ကြားသိပြီး လေးနက် စွာ သဘောပေါက်လာကြသည့်အခါ တားဆီးမရအောင် မျက်ရည်တသွင်သွင် စီးကြပြီး ငိုကြွေးကြပုံကို တ ၂း၃၇ တွင် “ထိုသူတို့သည် ကြားရလျှင် စိတ်နှလုံး ပူပန်ခြင်းရှိကြ၍ ညီအစ်ကိုတို့သည် မည်သို့ပြုရပါမည်နည်းဟု ပေတရုမှစ၍ အခြားတမန်တော်များအား မေးမြန်းကြ၏”ဟု တွေ့ရသည်။
ဘုရားရှင်အပေါ်သို့ တာဝန်ပျက်ကွက်ခြင်းသည် အပြစ်ဒုစရိုက်သိရှိကြ၍ ဘုရားရှင်နှင့် သင့်မြတ်ချင် ကြသည်။ သို့သော် မည်သို့မည်ပုံ လုပ်ရကောင်းမှန်းမသိကြ။ ထို့ကြောင့် ဤနေ ရာမှ “ဘာလုပ်ရမည်နည်း”ဟူသော မေးခွန်းသည် အထူးအရေးကြီးသည်။
သခင်ယေရှုထံသို့ မည်သို့ တုံ့ပြန်ရမည်နည်း
ဘုရားသခင်နှင့် သင့်မြတ်ရန် သခင်ယေရှု၏ ပြုတော်မူချက်က အဖြေ ပေးပါသည်။ စကားတော်အတိုင်း လုပ်သင့်လုပ်ထိုက်သည်များ လိုက်နာလုပ်ဆောင်ဘွယ်ရာသာရှိသည်။ သခင်ယေရှုသည် ယုံကြည်သူများက အရှင်သခင် အဖြစ် နောက်တော်သို့ လိုက်ရမည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဆိုလိုသည်မှာ စကားတော် ကို နားထောင်ကြားသိရုံမျှသာမက လက်တွေ့လုပ်ဆောင်လျက် အကောင်အထည် ဖော်ရသည်။
> နောင်တ
သခင်ယေရှုက လူထုပရိသတ်သို့ တရားဟောစဉ်ကပင် နောင်တရကြရန် စတင်ဟောပြောတော်မူသည်။ မ ၄၁၃ တွင် “ထိုအခါမှစ၍ ယေရှုက နောင်တ ရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသောတရားကို စတင် ဟောပြော၏”ဟု တွေ့ရသည်။ ထိုစကားသည် “ဘာလုပ်ကြမည်နည်း”ဟူသော လူထု၏ အမေးစကားကို ဖြေကြားခြင်းဖြစ်သည်။ တ ၂း၃၈ တွင် “ယေရှုနာမ တော်ဖြင့် သင်တို့အပြစ်များ ခွင့်လွှတ်ခြင်းငှါ လူတိုင်း နောင်တရ၍ ယေရှုနာမ တော်ဖြင့် ဗတ္တိဇံပေးကြလော့”ဟု သဘောပေါက်အောင် ထပ်မံရှင်းပြထားသည်။ နောင်တဆိုသည်မှာ စကားပြေအားဖြင့် စိတ်သဘောထားပြောင်းလဲခြင်း၊ လမ်းကြောင်းပြောင်းခြင်းဖြစ်သည်။
အပြစ်သားများဖြစ်ကြသောကြောင့် အပြစ်လမ်းသို့ ရှေ့လျှောက်မသွားတော့ဘဲ ဘုရားရှင်တော်ဘက်သို့ ခြေဦးလှည့်ခြင်းဖြစ်သည်။ တနည်းအားဖြင့် ဘုရားရှင်တော်အကြောင်းသာ စဉ်းစားပြီး အလိုတော်အတိုင်း လိုက်လုပ်ရသည်။ မတရားမှု၊ ကိုယ်ကျိုးအတ္တ၊ မက်မောစွဲလမ်းရာများ စွန့်ပစ်ရ သည်။ စိတ်အလိုဆန္ဒ ပြောင်းလဲရသည်။ ဘုရားရှင်၏ အလိုတော်အတိုင်းလျှောက်လှမ်းရသည်။ နောင်တတရားတွင် လွန်ကျူးသောအပြစ်များအတွက် ဝမ်းနည်းခြင်းဖြစ်ရသည်။ သို့သော် စင်စစ်တွင် ထိုမျှမက လေးနက်သည်။ လူ့ သွေးသားအလိုဆန္ဒများ ကျောခိုင်းပြီး ကျမ်းစာသွန်သင်ချက်လိုက်နာ၍ ဘုရား ရှင်၏ လမ်းပြချက်အတိုင်း အသက်ရှင်ရသည်။ ထိုကား ခရစ်ယာန်များ၏ ထူးခြား သော နေထိုင်မှုဟန်ပန်ဖြစ်သည်။
ယုံကြည်ခြင်းသစ္စာ
ကျမ်းစာလာ ယုံကြည်ခြင်းသစ္စာသည် နောင်တတရားနှင့် ဆက်စပ်ပူး ကပ်၍ အတူယှဉ်တွဲသည်။ စစ်မှန်သော ယုံကြည်ခြင်းသစ္စာတွင် နောင်တတရား ပါဝင်သည်။ ယုံကြည်ခြင်းသစ္စာဆိုသည်မှာ ဘုရားသခင်အပေါ်သို့ ထားရှိသည့် စိတ်သဘောထားဖြစ်သည်။ စင်စစ်တွင် ထို့ထက်မက ထူးခြားလေးနက်သည်။ စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားရှင်အား လုံးဝတည်မှီခြင်းဖြစ်သည်။ ထို အကြောင်းကို ဟေဗြဲ ၁၁း၆ တွင် “ယုံကြည်ခြင်းမရှိလျှင် ဘုရားရှင်၏ စိတ်တော် နှင့် မတွေ့နိုင်။ ဘုရားသခင်ထံတော်သို့ ချဉ်းကပ်သူသည် ဘုရားသခင်ရှိတော်မူ သည်ကို၄င်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကို၄င်း ယုံကြည်သည်”ဟု ဆိုထားသည်။
ယုံကြည်ခြင်းဆိုသည်မှာ သခင်ယေရှုသည် အဘယ်သို့သောသူဖြစ်ကြောင်း သိရှိ၍ နောက်တော်သို့ လိုက်လျှောက်ခြင်းဖြစ် သည်။ အထူးသဖြင့် လောကလူသားများအတွက် ကားတိုင်ပေါ်၌ သခင်ယေရှု အသက်စွန့်တော်မူခြင်းအား တည်မှီခြင်းဖြစ်သည်။ ထိုသို့ ပြုတော်မူခြင်းမှာ အားနည်းချက်ရှိသောလူများက မိမိအစွမ်းအစဖြင့် မလုပ်ဆောင်နိုင်သောကြောင့် ကိုယ်တော်အား တည်မှီခြင်းဖြစ်သည်။ တခါတွင် ရှင်ပေါလုနှင့် ရှင်သိလတို့သည် သခင်ယေရှုအကြောင်း ဟောပြောကြသောကြောင့် ဖိလိပ္ပံမြို့၌ ထောင်ကျကြသည်။ ထိုထောင်တွင် ထောင်မှူးက ဘုရားရှင်၏ ခွင့်လွှတ်ခြင်းရရှိရန် မည်သို့ လုပ်ဆောင် ရမည်နည်းဟု မေးမြန်းရာ “သခင်ယေရှုကို ယုံကြည်ကိုးစားလျှင် ကယ်တင်ခြင်း ရရှိမည်” ( တ ၁၆း၃၁ )ဟု ပြန်လည်ရှင်းပြကြသည်။
နောင်တရခြင်းနှင့် ယုံကြည်ခြင်းသည် ဆက်စပ်ပတ်သက်နေရန် လိုအပ် သည်။ ဘုရားရှင်၏ လုပ်ဆောင်ပေးတော်မူချက်များအား စဉ်းစားသည့်အခါ လူ့လောက၌ အသက်ရှင်နေစဉ်တွင် ခရစ်တော်၏ လူ့ဇာတိစံနမူနာကိုယူလျက် ဘုရားရှင်ထံသို့ တုံ့ပြန်ရသည်။ ထိုနည်းလမ်းဖြင့်သာလျှင် ဘုရားရှင်အား ချစ်ခင်ကြောင်း သက်သေပြသနိုင်သည်။ ထိုအခြေအနေသို့ မရောက်မခြင်း လူသည် ဘုရားရှင်၏ အပြစ်တရားစီရင်ခြင်း ခံရမည့်သူဖြစ်နေသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ဧဖက်အသင်းတော်ရှိ ညီအစ်ကိုများထံသို့ “—– ကြွင်းသောသူများ ကဲ့သို့ပင် ပကတိအတိုင်း အမျက်တော်ကို ခံသောသူများဖြစ်ကြ၏”( ဧ ၂း၃)ဟု သတိပေးထားသည်။ ထို့ကြောင့် ယုံကြည်သူမှန်လျှင် အပြစ်နောင်တစိတ်၊ ယေရှုခရစ်တော်ကို ယုံကြည်တည်မှီစိတ်ဖြင့် အထံတော်သို့ ပြန်လည်ချဉ်းကပ်ရသည်။ သို့မှသာလျှင် အပြစ်စီရင်မည့်အရေးမှ ကင်းလွတ်ပြီး ငြိမ်သက်ချမ်းမြေ့ခြင်းနှင့် ဝမ်းမြောက်ခြင်းဘဝအသက်တာသစ် ရရှိသည်။ အပြစ်နှင့်ကင်းစင်ပြီး ဘုရား သခင်က ကမ်းလှမ်းတော်မူသော ငြိမ်သက်ချမ်းမြေ့မှု ရရှိသည်။
မည်သည့်အကျိုး သက်ရောက်မည်နည်း
အမှန်တကယ် နောင်တရ၍ ယုံကြည်ခြင်းသစ္စာရှိလျှင် ဤသို့သော အကျိုးကျေးဇူးများ ခံစားနေရသည်။
* ဘုရားရှေ့တော်၌ အပြစ်သားဖြစ်ကြောင်း ဝန်ခံရဲသည်။
* အပြစ်နှင့် ဆက်လက်ပတ်သက်ခြင်းမရှိရန် ခရစ်တော်က ကားတိုင်ပေါ်၌ပြတ်စဲစေခဲ့ကြောင်း သိရှိရသည်။
* တန်ဘိုးကြီးမားသော ပြောင်းလဲမှုရှိသည်။ လူ့လောက၌ အသက်ရှင်နေသည့်ကာလတလျှောက်လုံးတွင် နောက်တော်သို့ လိုက်ချင်သည့် စိတ်ဆန္ဒရှိသည်။
* မိမိကိုယ်စား ခရစ်တော်၏ အသေခံတော်မူခြင်းကို လက်ခံခြင်းဖြင့် အပြစ် ခွင့်လွှတ်ခြင်းခံယူရရှိကြောင်း အထံတော်သို့ ကျေးဇူးတော်ချီးမွမ်းနိုင်သည်။
ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း
ဘုရားသခင်ထံတော်သို့ ဆုတောင်းခြင်းအရေးကြီးပုံကို နောက်ဆုံးလေ့ လာကြမည်။ ထိုသို့သော ဆုတောင်းခြင်းဖြင့် အမျိုးမျိုးအဖုံဖုံ အကျိုးကျေးဇူးရရှိ နိုင်ကြသည်။ ဆုတောင်းခြင်းသည် ဘုရားရှင်တော်နှင့် စကားပြောဆိုခြင်းဖြစ်သည်။ ခရစ်ယာန်ယုံကြည်ခြင်းသည် နေရာတိုင်း၌ရှိတော်မူသော ဘုရားရှင်နှင့် အမြဲ ထိတွေ့ဆက်ဆံခြင်းဖြစ်သည်။
ထို့ကြောင့် ဆုတောင်းရန် ဗိမာန်တော်၊ ဘုရားရှိခိုးကျောင်း စသည့်နေရာများသို့ တကူးတက သွားရောက်စရာမလို။ ယဇ်ပုရောဟိတ်၊ သင်းအုပ်၊ ဘုန်းတော်ကြီး၏ ဆုတောင်းခြင်းဖြင့်သာ ဘုရားရှင်နှင့် စကားပြောဆို ဆက်ဆံရသည်မဟုတ်။ ရင်ထဲအသဲထဲရှိသမျှကို ဘုရားရှင်ထံသို့ ရင်ဖွင့်နိုင်သည်။ ဘုရားရှင်သည် လူတို့အကြောင်းစုံကို သိရှိနေသည်ဖြစ်၍ ပွင့်လင်းစွာ ချဉ်းကပ် တောင်းဆိုလျှင် ငြင်းပယ်ရိုးမရှိ။ အပြစ်ဒုစရိုက်သားများဖြစ်ကြကြောင်း သိရှိတော် မူသည့်အတိုင်း ကရုဏာတော်ပြုရန် အဆင်သင့်ရှိနေသည်။ သို့သော် ကာယကံ ရှင်၏ ယုံကြည်စွာ ဆုတောင်းသံကို ကြားသိချင်နေသည်။ အထံတော်သို့ ပို့ဆောင် နိုင်သောသူမှာ ယေရှုခရစ်တော် တပါးတည်းသာရှိသည်။ ထိုအကြောင်းကို ယော ၁၄း၆ တွင် “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ထံမှတပါး အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်နိုင်”ဟု သခင် ယေရှုက မိန့်မှာထားသည်။
ထို့ကြောင့် မည်သည့်နေရာတွင် ရောက်နေလျှင်လည်း သခင်ယေရှု နာမတော်အားဖြင့် ဘုရားရှင်ထံသို့ ဆုတောင်းနိုင်သည်။ ရိုးစင်းစွာ ဆုတောင်းခြင်းကို နားစွင့်တော်မူသည်။ ခရစ်ယာန်ယုံကြည်ခြင်းသည် ဘုရား သခင်နှင့် အထူးအံ့ဩဘွယ်ရာ ဆက်ဆံရေးဖြစ်သည်။ ဆုတောင်းခြင်းသည် အခြားယုံကြည်သူ၊ အဆောက်အဦ၊ လူ့လက်လုပ်ပစ္စည်းများနှင့် စကားပြောဆိုခြင်း မဟုတ်။ ကောင်းကင်ဘုံစံ ဘုရားသခင်သည် ယုံကြည်သူများ၏ အရှင်သခင် ကယ်တင်ရှင်အဖြစ် လူ့လောကသို့ ကြွဆင်းလာတော်မူခဲ့သည်။ ထိုသခင်ယေရှု၏ နာမတော်ဖြင့် ဆုတောင်းသူသည် အထံတော်သို့ ရောက်ရှိသည်။ သူ့အပြစ်များ ကိုလည်း နောင်တစိတ်ကြောင့် ခွင့်လွှတ်ခြင်းရရှိသည်။ ထိုသူသည် ရှည်လျား ထွေပြားစွာ ဆုတောင်းခြင်းမပြု။
နှလုံးသားရင်းမှ ဆုတောင်းလျှင် ဘုရားရှင်တော် ကလည်း နားညောင်းသည်။ ထိုသို့ ဆုတောင်းရကြောင်းကို လု ၁၈း၁၃ တွင် “အခွန်ခံမူကား အဝေးကရပ်၍ ကောင်းကင်သို့ မျှော်မကြည့်ဝံ့ဘဲ ရင်ဘတ်ကို ခတ်လျက် အိုဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါ”ဟု ဆုတောင်းပုံ တွေ့ရသည်။ ထိုသူ၏ ဆုတောင်းချက်ကို ဘုရား ရှင်က အဖြေပေးတော်မူသည်ဟု သခင်ယေရှုက ဆိုထားပါသည်။
ဓမ္မစကား
၁၂
သခင်ယေရှုနောက်တော်သို့ လိုက်ခြင်း၊ ယုံကြည်သူ ခရစ်ယာန်ဖြစ်ကြောင်း အဘယ်သို့ စိတ်ချနိုင်မည်နည်း။ ခရစ်ယာန်အသက်တာ မည်သို့ ကြီးထွားရမည်နည်း
ယုံကြည်သူခရစ်ယာန်ဖြစ်လာကြောင်း မိမိကိုယ်ကို မည်သို့ သိရှိနိုင်သနည်း
ပြီးခဲ့သောအခန်းတွင် နောင်တစိတ်နှင့် ယုံကြည်စိတ်ရှိရန် လိုအပ်ပုံ ပြောဆိုခဲ့ကြသည်။ အထံတော်သို့ ဆုတောင်းရခြင်းသည် အပြန်အလှန် စကား ပြောဆိုခြင်းဖြစ်၍ လွန်ကျူးခဲ့သော အပြစ်များအား ခွင့်လွှတ်တော်မူပါရန် ဦးစွာ ဝန်ခံဆုတောင်းရသည်။ ဤနေရာတွင် မေးစရာမေးခွန်းရှိသည်မှာ မိမိအသက် တာသည် တကယ်ထူးခြားလာကြောင်း မည်သို့ သိရှိနိုင်သနည်း။ ထိုမေးခွန်းသည် အထူးအရေးကြီးသည်။ အကြောင်းသော် ဘုရားရှင်က ယုံကြည်သူများအား ဘုရားရှင်၏ သားသမီးမှန်ကြောင်း သိရှိ၍ ဘဝတသက်လုံး စိတ်ချမ်းမြေ့စေချင် သည်။ ဘုရားသားသမီးမှန်ကြောင်း အာမခံချက် အထောက်အထားများရှိသည်။ ပထမအချက်။ ခရစ်ယာန်ယုံကြည်ခြင်းသည် သခင်ယေရှု၏ ပြုတော်မူချက်အား မှီကိုးခြင်းဖြစ်သည်။ လူ့အစွမ်းအစကို အားကိုးခြင်းမပြုရ။
ထို့ကြောင့် ဘုရားရှင် ထံတော်သို့ ရောက်ရှိရန် သခင်ယေရှုခရစ်တော်ကို တည်မှီရသည်။ ကားတိုင်ပေါ်၌ ပြုတော်မူသော အမှုတော်သည် လူ့လောက၌ ရှိသမျှတွင် အကြီးမြတ်ဆုံးဖြစ် သည်။ ထိုအချက်က အကြီးမြတ်ဆုံးဟူသမျှသည် လက်တော်ထဲ၌ရှိကြောင်း ပြသ သည်။ ထိုအကြောင်းကို ယော ၂၀း၃၀၊ ၃၁ တွင် “ယေရှုသည် ခရစ်တော်တည်း ဟူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ကို သင်တို့သည် ယုံကြည်မည့် အကြောင်း ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည့်အကြောင်း ဤမျှလောက်ရေးထားလျက်ရှိသတည်း”ဟု ကျမ်းစကား ဆိုထားပါသည်။
ဆိုလိုသည် မှာ သခင်ယေရှု၏ ပြုတော်မူချက်များသည် ရေးမှတ်၍ မကုန်နိုင်။ ၁ယော ၅း၁၃ တွင် “ဘုရားသားတော်ကို ယုံကြည်သောသင်သည် ထာဝရအသက်ကို ကိုယ်တိုင် ရသည်ဟု သိစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေးပေးလိုက်၏”ဟု ထပ် ဆိုထားသည်။
သန့်ရှင်းဝိညာဉ်တော်၏ အမှုအရာသည် အဘယ်နည်း
ယုံကြည်သူခရစ်ယာန်များထံသို့ ဘုရားရှင်၏ ပြုတော်မူချက် အများ အပြားရှိသည်။ ထိုပြုတော်မူချက်များထဲ၌ ယုံကြည်သူများထဲသို့ သန့်ရှင်းဝိညာဉ် တော်စေလွှတ်ခြင်း၊ ထိုသို့ စေလွှတ်တော်မူခြင်းသည် ဘုရားသားသမီးမှန်ကန် ကြောင်း အသိအမှတ်ပြုခြင်းဖြစ်သည်။ ရော ၈း၁၅၊ ၁၆ တွင် “သင်တို့သည် ကြောက်တတ်သော ကျွန်၏စိတ်ထား ရရှိကြသည်မဟုတ်။ အဘ၊ အဗူဟု ခေါ်တွင် သောအခွင့်နှင့် သားဖြစ်သောအခွင့်ကို ရကြ၏။ ငါတို့သည် ဘုရားသခင်၏သား ဖြစ်သည်ဟု ဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ သက်သေခံ၏”ဟု ဆို ထားသည်။ ”အတ္ထ”ဟူသော စကားလုံးသည် အာရမိဘာသာစကားဖြစ်၍ သားသမီး တို့က ဖခင်ကို ရင်းနှီးစွာ ခေါ်ဆိုသော စကားရပ်ဖြစ်သည်။ အခြားစကားလုံးတွင် အဓိပ္ပါယ်တမျိုး သက်ရောက်နိုင်သည်။ ယခုအခါ ထိုစကားလုံးကို ခရစ်ယာန်များက ဘုန်းတန်ခိုးရှင် ဘုရားသခင်အား ခေါ်ဆိုရာ၌ သုံးစွဲခွင့်ရှိကြသည်။ ထိုသို့ဖြင့် “ဘုရားသခင်သည် ယုံကြည်သူများ၏ အဘဖြစ်လာသည်။
သန့်ရှင်းဝိညာဉ်တော်ကလည်း ယနေ့ယုံကြည်သူများအား ဘုရားရှင် အတွက် အသက်ရှင်နေကြရန်နှင့် ဘုရားရှင်က ဖြစ်စေလိုသည့်အတိုင်း အသက် ရှင်ကြရန် သွန်သင်ပဲ့ပြင်သည်။ ရော ၈း၁၄ တွင် “ဘုရားသခင်၏ ဝိညာဉ်တော်က ဦးဆောင်သောသူများသည် ဘုရားသခင်၏သားများဖြစ်ကြ၏” ဟုဆိုထားသည်။ ထိုအချက်များကို သတိထားရပေမည်။ ထိုကား ခရစ်ယာန်အသက်တာအတိုင်း ရှင်သန်ရန် ပဲ့ပြင်ခြင်းဖြစ်သည်။
ခရစ်ယာန်အသက်တာကြီးထွားရန် မည်သို့ လုပ်ရမည်နည်း
သခင်ယေရှု၏ နောက်လိုက်ဖြစ်လာသူသည် ကြီးမားစွာ ပြောင်းလဲသည်။ ယခင်ကဲ့သို့ မိမိကိုယ်ကို အကောင်းဆုံးဟု ပြုမူတွေးခေါ်ခြင်းမရှိတော့ပါ။ သခင် ဘုရား၏ အလိုတော်ကိုရှာဖွေ၍ မိန့်တော်မူသည့်အတိုင်း အသက်ရှင်သည်။ ခရစ်ယာန်အသက်တာသည် လှေကားစတင်တက်လှမ်းရသကဲ့သို့ဖြစ်သည်။ အမြင့်ဆုံးလှေကားထစ် ကောင်းကင်ဘုံသို့ မရောက်မခြင်း တက်လှမ်းရသည်။ ထိုစကားအတိုင်းပင် ယုံကြည်ခါစ ခရစ်ယာန်များသည် ဘုရားရှင်တော်အကြောင်းကို လေ့လာသင်ယူရသည်။ တခုသိရှိပြီးသောအခါ ထို့ထက်ကောင်းရာများအား ပိုမိုသိချင်လာသည်။ ထိုသို့ဖြင့် ဘဝတလျှောက် သင်ယူနေရသည်။ ခရစ်ယာန် အသက်တာမှ လုပ်ဆောင်ဘွယ်ရာအချို့ကို ဥပမာပေး ပြောပြပါမည်။
* ယုံကြည်ခါစ လူသစ်သည် နေရာတကာ၌ အခြားခရစ်ယာန်များ၏ ပြုမူနေထိုင် ပုံကို လေ့လာသင်ယူရသည်။ သိချင်ဖြစ်ချင်စိတ် ရှိရသည်။ ကျမ်းစာပိုမိုဖတ်ရှု လာသည်နှင့်အမျှ ဘုရားသခင်၏အကြောင်းစုံ ပိုမိုသိရှိလာပြီး နေ့စဉ်အသက် တာတွင် လိုက်နာလိုစိတ်ရှိလာသည်။ ၂တိ ၃း၁၆၊ ၁၇ တွင် “ထိုကျမ်းစာရှိ သမျှသည် ဘုရားသခင်တန်ခိုးမှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရား သခင်၏လူသည် စုံလင်သူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်းအလို့ငှါ ပြင်ဆင်သောသူဖြစ်မည့်အကြောင်း ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများ ပြုတတ်၏”ဟု ဆိုထားပါသည်။
* ခရစ်ယာန်ယုံကြည်ခြင်းသည် ဘုရားသခင်နှင့် ဆက်နွယ်ခြင်းဖြစ်သောကြောင့်သခင်ယေရှု၏ တပည့်တော်များသည်လည်း ဘုရားရှင်နှင့် ပုံမှန်စကားပြောဆို ဆုတောင်းရလေ့ရှိသည်။ နေ့ရက်စဉ်တိုင်း ဘဝအသက်တာကို အထံတော်သို့ ဆက်ကပ်အပ်နှံရသည်။ မှားယွင်းလုပ်ဆောင်ခဲ့မှုများကို အထံတော်သို့ လျှောက် လဲ၍ အပြစ်ခွင့်လွှတ်ခြင်း တောင်းပန်ရသည်။ ဘဝခရီးအား အလိုတော်အတိုင်းလျှောက်လှမ်းနိုင်ရန် လမ်းပြသရေး ဆုတောင်းရသည်။ ၁သက် ၅း၁၇ တွင် “ထိုသို့ စဉ်ဆက်မပြတ် ဆုတောင်းကြသည်”ဟုဆိုသည်။
* ယုံကြည်သူခရစ်ယာန်များသည် အခြားခရစ်ယာန်များနှင့် အမြဲတွေ့ဆုံ ပေါင်း သင်းရသည်။ ယုံကြည်သူသည် ဘုရားသခင်၏ မိသားစုဝင်ဖြစ်သွားသောကြောင့် အခြားယုံကြည်သူ ညီအစ်ကိုများနှင့် သိကျွမ်းရသည်။ ညီအစ်ကိုမောင် နှမများအဖြစ် ပေါင်းသင်းဆက်ဆံကြသည်။ အတူတကွ ဝတ်ပြုကိုးကွယ်ကြ ရသည်။ ဘုရားရှင်တော်အကြောင်းကို အတူတကွ လေ့လာကြရသည်။ ယုံကြည် သူအသစ်အကြောင်းအား တ ၂း၄၂ တွင် “တပည့်တော်များ၏ သွန်သင်မှု နာခံခြင်း(ကျမ်းစာသင်ယူခြင်း)၊ မိဿဟာယဖွဲ့ခြင်း(အပြန်အလှန် ခင်မင်ရင်းနှီး မှု)၊ မုန့်ဖဲ့ခြင်း၊ ဆုတောင်းခြင်းပြုလုပ်ရသည်”ဟုဆိုသည်။
* ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်အား ပုဂ္ဂိုလ်ရေးအရ ခံယူသိရှိရသည့်အပြင် အချင်းချင်း ဝေငှပြောပြရသည်။ ဘုရားသခင်၏ကောင်းမြတ်ခြင်း၊ သခင် ယေရှု၏ ပြုပေးတော်မူချက်များအား ဆင်ခြင်နှလုံးသွင်းရသည်။ ထိုအကြောင်း ကို မာ ၅း၁၉ တွင် “သင်သည် ကိုယ့်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်းစိတ်တော်ဖြင့် သင့်အား အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည် ကို သင်၏ ဆွေမျိုးတို့အား သွားပြောလော့”ဟု တွေ့ရသည်။
ခရစ်ယာန်ဖြစ်ရန် အဖိုးအခ ပေးရသလား
ခရစ်ယာန်ဖြစ်လာလျှင် လူမှုဒုက္ခပြဿနာ ကင်းစင်ရမည်ဟု မဆိုပါ။ စင်စစ်တွင် ခရစ်တော်၏ နောက်တော်သို့ လိုက်လျှင် အခက်အခဲပြဿနာမျိုးစုံ ကြုံတွေ့ရန် အဆင်သင့်ရှိသည်။ ဥပမာအားဖြင့် ဆွေမျိုးမိသားစု၊ မိတ်ဆွေများ၏ အဆက်အသွယ်ဖြတ်တောက်မှု၊ မသနားမညှာတာခြင်းများ ဆုံတွေ့နိုင်သည်။ ထိုကား လွယ်ကူပေါ့ပါးသည်မဟုတ်။ ခရစ်ယာန်သတင်းကောင်း ကြားသိချင်သူ ရှိသကဲ့သို့ ကြားသိသော်လည်း အထံတော်သို့ ရောက်ရကောင်းမှန်း မသိရှိသူ အများအပြားရှိသည်။ ထိုအဖြစ်အပျက်များသည် ကနဦးအသင်းတော်ကာလ ကတည်းက ကြုံတွေ့ခဲ့ကြပြီးဖြစ်သည်။ ထိုသို့သော အခက်အခဲ ရင်ဆိုင်ကြုံတွေ့သောအခါ ဘဝတခုလုံးပုံအပ်၍ နောက်တော်သို့ လိုက်နေသူဖြစ်ကြောင်း ပြသ ရသည်။ ထိုအခါမျိုးတွင် မိသားစုအသိုင်းအဝိုင်းနှင့် ပတ်ဝန်းကျင်ကိုလည်း ဖြတ်တောက်ရန် လိုအပ်လျှင် ဖြတ်တောက်နိုင်ရသည်။ ယေရှုခရစ်တော်၏ နောက် တော်လိုက်ခြင်းဖြင့်သာ ခမည်းတော်ဘုရားထံတော်သို့ ရောက်ရှိနိုင်ကြောင်း သိရှိ နေရသည်။
သွေးသားဆွေမျိုးများနှင့် ပြတ်စဲသွားကြလျှင်လည်း ဝိညာဉ်ရေးရာ၌ ပိုမိုရင်းနှီးခင်တွယ်သည့် အသင်းတော်တို့ ညီအစ်ကိုများ တွေ့ဆုံမည့်အကြောင်း သခင်ယေရှုက စကားတော်ပေးထားသည်။ လူ့လောကီဆွေမျိုးများထက် ယုံကြည် သူခရစ်ယာန်များနှင့် ပိုမိုရင်းနှီးရသည်။ ဆိုလိုသည်မှာ မည်သို့သော အခက်အခဲ ကြုံတွေ့လျှင်လည်း နောက်ပြန်လှည့်ပြီး တဖန် အမှားအယွင်းမလုပ်ရ။ ထိုသို့ ရုန်းကန်လှုပ်ရှားနေရစဉ် ဘုရားရှင်က စွန့်ပစ်ခြင်းမပြုကြောင်း သိထားပါ။ ကျေးဇူးတော်သည် လိုအပ်နေသူများအတွက် အမြဲအဆင်သင့်ရှိသည်( ၂ကော ၁၂း၉)။
မည်သည့်အချက်များ စောင့်ထိန်းရမည်နည်း
ခရစ်ယာန်အသက်တာ၌ ခရစ်တော်၏နောက်သို့ လိုက်သောအခါအတားအဆီးများ မကြာခဏ ကြုံရတတ်သည်။ ယုံကြည်သူခရစ်ယာန်ဆိုသည်မှာ ဘဝဆုံးတိုင်အောင် ခရစ်တော်ထံသို့ ယုံကြည်ခြင်းသစ္စာရှိခြင်းဖြစ်သည်။ သခင် ယေရှုနောက်တော်သို့ လိုက်ခြင်းသည် ကိုယ်တော်နှင့် တသက်လုံး ပေါင်းသင်း ရေးဖြစ်၍ ရှင်သန်ကြီးထွားနေရသည်။ ဘုရားရှင်နှင့် ပေါင်းသင်းခြင်းဆိုသည်မှာ ခရစ်တော်နှင့် မပြတ်ဆက်ဆံရေးဖြစ်သည်။ ယုံကြည်သူများထံသို့ ဘုရားရှင်က သန့်ရှင်းဝိညာဉ်တော် ပေးအပ်ကြောင်းကို သိရှိနေရသည်။ ထိုဝိညာဉ်တော်က ဘုရားရှင်သည် အသက်ရှင်ရန်နှင့် ဆက်ဆံရေးပိုမိုဖွံ့ဖြိုး ကြီးထွားနေရန် ကူညီ သည်။
ယုံကြည်ခြင်းသစ္စာ ရှင်သန်ကြီးထွားရန် ကျမ်းစာဖတ်ရှု ဆင်ခြင်ရေး အလေးထားရသည်။ ထိုသို့ ရရှိသော ယုံကြည်ခြင်းခွန်အားကို အခြားခရစ်ယာန် များထံသို့ တိုက်တွန်းခွန်အားပေးရသည်။ အမြဲတမ်းတွေ့ဆုံခြင်းဖြင့် အပြန်အလှန် အကူအညီပေးရသည်။ ဆုတောင်းခြင်း၊ ဘုရားရှင်ထံ အကူအညီရယူခြင်းဖြင့် ဘဝတည်ဆောက်နေရသည်။ ဘုရားရှင်က ထိုသို့ အပြန်အလှန် ကူညီစေချင် သည်။ ထိုသို့ ပြုလုပ်ရသည့်အကြောင်းကို ဖိ ၂:၁၂၊ ၁၃ တွင် “ငါ့မျက်မှောက်၌ နားထောင်သည်သာမက မျက်ကွယ်၌လည်း အစဉ်နားထောင်ကြ။ —– သင်တို့ သည် အလိုရှိစေခြင်းငှါ အကျင့်ကျင့်စေခြင်းငှါ သင်တို့အထဲ၌ စေတနာတော် အားဖြင့် ပြုတော်မူသောသူအား ဘုရားသခင်ပေတည်း”ဟု ဆိုထားသည်။ မှန်ပါ ပေသည်။ ယုံကြည်သူခရစ်ယာန်များသည် ခရစ်ယာန်အသက်တာရှင်သန်ရန် လုပ်ဆောင်နေရသကဲ့သို့ ထိုသို့ဖြစ်ထွန်းအောင်မြင်ရန် ဘုရားရှင်ကလည်း ဖေးမ ကူညီနေပါသည်။
သေလွန်သည့်အခါ မည်သို့ဖြစ်သွားကြမည်နည်း
ယုံကြည်သူများသို့ အထူးတလည် ခွန်အားပေးလိုသည်မှာ ယုံကြည်သူ များနှင့် ဘုရားသခင်အကြား ဆက်ဆံရေးသည် တွေ့စဉ်ယှဉ်တွဲ ကွယ်လျှင် မေ့ ပျောက်သွားသည့် တခဏတာ ပေါင်းသင်းဆက်ဆံခြင်းမျိုးမဟုတ်ပါ။ ထို့ထက်မကအဆပေါင်းများစွာ ရှည်လျားနက်နဲ၍ ထာဝရကာလနှင့် သက်ဆိုင်သည်။ သေခြင်း အလွန်တွင်လည်း ဆက်လက်တည်တံ့ သည်။ လူ့လောကဘဝ ကုန်ဆုံးသောအခါ အခြားခရစ်ယာန်များ၊ သေနှင့်သော ယုံကြည်သူများနှင့်အတူ ခရစ်တော်ထံသို့ စုစည်းကြမည်။ သေလွန်သူများ၏ ရုပ်ခန္ဓာကိုယ်များသည်လည်း ပြန်လည် ထမြောက်ပြီး ဘုရားရှင်အား အတူတကွ ရှိခိုးကိုးကွယ်ကြမည်။
ဘုရားသခင်က ပြုလုပ်ထားသော ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် သခင်ဘုရားနှင့် အမြဲတမ်း အတူတကွ စိုးစံကြမည်။ ထိုအကြောင်းစုံကို ၁သက် ၄း၁၃-၁၈၊ ၁ပေ ၁း၃-၅၊ ၂ပေ ၃း၁၃၊ ဗျာ ၂၁း၁-၄ တို့ တွင် ဖတ်ရှုဆင်ခြင်နိုင်သည်။
ထိုကား ခရစ်ယာန်များ၏ ဧရာမပန်းတိုင်ဖြစ်သည်။ ကျမ်းစာက ပြောပြ သော ထာဝရငရဲမှ လွတ်ကင်းရာလည်းဖြစ်သည်။ ဘုရားသခင် အမျက်တော်ဖြင့် တရားစီရင်ခြင်းမှ တရားစီရင်ခြင်းမှ လွတ်မြောက်ရာလည်းဖြစ်သည်။ သခင်ယေရှု ခရစ်အားဖြင့် ဘုရားသခင်ကို ယုံကြည်ကိုးစားသူသည် ထာဝရကောင်းကင်ဘုံသို့ ရောက်ရှိ၍ အမြဲတမ်းစိုးစံရမည်။
ယခုခေတ် ကျမ်းစာလာ မိန်းမသားဘဝ
BIBLICAL WOMANHOOD TODAY
နိဒါန်း
ကျွန်တော်တို့နိုင်ငံရှိ မြို့ပြကြီးများထဲမှ မြို့တချို့သို့ သွားရောက်လည် ပတ်သည့် အတွေ့အကြုံကို ဘဝတသက် မေ့နိုင်တော့မည်မထင်။ ထိုကာလမှာကြောက်မက်ဘွယ်ရာ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသော အမျိုးသမီးများနှင့် ကလေး သူငယ်များ ခိုလှုံရာ လိုက်ရှာနေရသည့် အချိန်ကာလဖြစ်သည်။ ထိုသူများ၏ ကိုယ် ထိလက်ရောက် နှိပ်စက်မှုခံရပုံ၊ စိတ်ဆင်းရဲကြောက်လန့်ကြပုံ၊ စိတ်လေခြောက်ခြား ကြပုံများအကြောင်း ကြားသိသောအခါ စာရေးသူကိုယ်တိုင်လည်း စိတ်ရောဂါ ခံစားလာသည်။ အကယ်၍ ထိုအမျိုးသမီးများသည် ဘုရားသခင်၏လူများနှင့် ထိတွေ့ရင်းနှီးခဲ့လျှင် လူဖြစ်ကျိုးနပ်ပြီး အခြားသူများသို့ အကျိုးပြုနိုင်ကြသူများ ဖြစ်သွားကြပေမည်။
တဖန် ဝမ်းနည်းစကားပြောရလျှင် ထိုအမျိုးသမီးထုကြီးသည် စိတ်ဝိညာဉ် ရေးရာတွင်လည်း ဆင်းရဲသူများဖြစ်ကြသည်။ ဘုရားသခင်၏လူများအလယ်တွင် ဒုတိလူတန်းစားအဖြစ် သတ်မှတ်ခံရသူများဖြစ်ကြသည်။ ထိုအခါ အသင်းတော် တွင် ကျမ်းစာနားလည်ခံယူကျင့်သုံးရေး အရေးပါပုံ နားလည်လာသည်။
ယနေ့ကာလ၌ အသင်းတော်ထဲတွင်သာမက အသင်းတော်ပြင်ပတွင် လည်း ယောက်ျားမိန်းမမရွေး သမ္မာကျမ်းစာသင်ကြားရေး အထူးလိုအပ်သည်။ မိခင်နှင့် သင်းအုပ်ကတော်အပင် အလုပ်ရှုပ်နေသော ရှာရုန်ဂျိမ်း၏ စာစောင်က အမျိုးသမီးများကို ဘုရားရှင်က ရှုမြင်သကဲ့သို့ ရှုမြင်ကြရန် သွန်သင်သည်။ အခန်းတိုင်းတွင် သမ္မာကျမ်းစာဆိုင်ရာ တိုက်တွန်းချက်များ ရေးထားသည်။ ထို နည်းတူ စိန်ခေါ်မှုများ ရင်ဆိုင်သည့်အခါ ဘုရားစကားတော်များဖြင့် ရင်ဆိုင်နိုင်ရန် သွန်သင်သည်။
ရှာရုန်ဂျိမ်းသို့ အထူးကျေးဇူးတင်ပါသည်။ သူသည် ဤစာစောင်ကို လှိုက်လှဲဝမ်းသာစွာ ရေးသားပေးသည်သာမက Serving Today ရေဒီယိုအစီ အစဉ် သို့လည်း စာစောင်များ ပုံမှန်ရေးသားပေးပို့သည်။ သူ့စာများက သင်းအုပ် များနှင့် အသင်းတော်ခေါင်းဆောင်များသို့ များစွာ အထောက်အကူပေးနိုင်ပေမည်။
ဒေရက်ဖရန့်
၂၀၀၂၊ အောက်တိုဘာ
မိတ်ဆက်နှင့် မာတိကာ
ဤစာစောင်သည် ကျမ်းစာလာ ခရစ်ယာန်အမျိုးသမီးများအကြောင်း ဖြစ်သည်။ ဘုရားသခင်က ယောက်ျားနှင့်မိန်းမ ဖန်ဆင်းရာတွင် ဥစ္စာဓနနှင့် ဂုဏ်သိက္ခာ၌ တူညီသော အဆင့်အတန်းပေးထားသည်။ သို့သော်လည်း ပုံစံ တမျိုးစီ ခွဲခြားပေးထားသည်။ ထိုမတူညီ ခြားနားမှုသည် တယောက်တမျိုးစီ အသုံးပြုရန် အကြံအစည်တော်ဖြစ်သည်။ ခရစ်ယာန်အမျိုးသမီးသည် ဘုရားရှင်က အထောက်အမပြုသူအဖြစ် ဖန်ဆင်းထားသည်။
နိဒါန်း
မိတ်ဆက်နှင့် မာတိကာ
၁။ ဘုရားရှင်က မိန်းမဖန်ဆင်းခြင်းသည် – တန်းတူရည်တူရှိရေး
၂။ ဘုရားရှင်က မိန်းမဖန်ဆင်းခြင်းသည် – ပြီးပြည့်စုံစေရန်
၃။ ဘုရားရှင်က မိန်းမဖန်ဆင်းခြင်းသည် – အပြစ်ကြောင့်ပျက်စီးခြင်းအား ခရစ်တော်ထဲ၌ ပြန်လည်ထူမရေး
၄။ ဘုရားရှင်က မိန်းမဖန်ဆင်းခြင်းသည် – အကူအမပြုရန်
၅။ ဘုရားရှင်က အပျိုကြီးအဖြစ် ဖန်ဆင်းခြင်း
၆။ ဘုရားရှင်က အိမ်ထောင်သည်အမျိုးသမီးများအဖြစ် ဖန်ဆင်းခြင်း
၇။ ဘုရားရှင်က မိခင်အဖြစ် ဖန်ဆင်းခြင်း
၈။ အသင်းတော်ထဲ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ – အပိုင်း ၁
၉။ အသင်းတော်ထဲ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ – အပိုင်း ၂
၁၀။ ခရစ်တော်အတွက် အမျိုးသမီးများ အသုံးပြုခြင်းနှင့်အမျိုးသမီးများ လုပ်ငန်းခွင်
၁၁။ သင်းအုပ်ကတော်
၁၂။ ဘုရားရှင်က အမျိုးသမီးဖန်ဆင်းခြင်း – အစဉ်တည်မြဲသောအလှကျက်သရေ
ဘုရားသခင်က အမျိုးသမီးပြုလုပ်ခြင်း-တန်းတူရည်တူရှိရေး
ယခုခေတ်ကာလ၌ အမျိုးသမီးအများအပြားသည် အံ့ဩဘွယ်ရာ ဂုဏ် ကျက်သရေရှိသကဲ့သို့ လက်ဖျားခါလောက်အောင်လည်း ချမ်းသာကြွယ်ဝကြသည်။ တခါတရံ ဒုတိယတန်းစားနိုင်ငံသားဖြစ်ကြသည့်အခါ “ငါ့ဘဝသည် တကယ်ဟုတ် မှန်ထင်ရှားပါသလား”ဟု မိမိကိုယ်ကို ပြန်မေးတတ်ကြသည်။ သမ္မာကျမ်းစာ ပထမဦးဆုံးအခန်းတွင် ထိုမေးခွန်း၏ အဖြေပေးထားသည်။ ယောက်ျားနှင့် မိန်းမ နှစ်ယောက်စလုံးသည် သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားသည်ဟု ဆိုသည်။
“တဖန် ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့် တညီတသဏ္ဍာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်သတ္တဝါတို့ကို၎င်း၊ မိုးကောင်းကင် ငှက်တို့ကို ၄င်း၊ သားယဉ်တို့ကို၎င်း၊ မြေတပြင်တလုံးနှင့်တကွ တွားတတ်သော တိရစ္ဆာန် အပေါင်းတို့ကို၎င်း အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ ထိုသို့ ဘုရား သခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီ လူကို ဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမတို့ကို ဖန်ဆင်းပြီးလျှင် အချင်းတို့ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။ ပင်လယ် သတ္တဝါတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ ဟု မိန့်တော် မူ၍ သူတို့ကို ကောင်းချီးပေးတော်မူ၏။ —- ဘုရားသခင်သည် မိမိဖန်ဆင်း သမျှသော အရာတို့ကို ကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏ —-(က ၁း၂၆-၂၈၊ ၃၁)။
ဘုရားသခင်က သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းဆိုသည်မှာ အဘယ်သို့နည်း။ ဘုရားရှင်က အာဒံနှင့် ဧဝတို့လင်မယားအား သူ့ကိုယ်စား သတ္တဝါ အားလုံးကို အုပ်စိုးကြရန် ဆိုလိုသည်။ တနည်းအားဖြင့် ဘုရားသခင်နှင့်၄င်း၊ အချင်းချင်းသော်၎င်း ဆက်ဆံနိုင်ရန်ဖြစ်သည်။ ထိုသို့ဖန်ဆင်းရာ၌ အပြန်အလှန် ဆက်ဆံရေး၊ ဆက်သွယ်ရေးနှင့် ရွေးချယ်ပိုင်ခွင့်များလည်း ပေးထားသည်။ ပေးထား သော အသက်ဇီဝသည် ဘယ်သောအခါမှ မသေနိုင်။
ဤနေရာတွင် ကြီးစိုးခြင်းနှင့် အားနည်းချို့ယွင်းချက် ပြောဆိုခြင်းမရှိ။
လူတိုင်းသည် ဘုရားရှင်၏ သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခံများဖြစ်ကြသည်။ အချိန်တိုင်းတွင် အခြားလူများအား နှလုံးသားရင်းဖြင့် ဘုရားရှင်ကို ခံယူရန် လိုအပ်သည်။ ထို့ကြောင့် ခရစ်ယာန်ယုံကြည်ခြင်းသည် နေရာတကာသို့ ပျံ့နှံ့သည်။ရောမအင်ပါယာခေတ်ကာလ မတိုင်ခင်တွင် မွေးဖွားခါစ မိန်းကလေးများသည် မိသားစုမှ နှင်ထုတ်ခွင့်၊ သတ်ပစ်ပိုင်ခွင့်၊ စွန့်ပစ်ပိုင်ခွင့်ရှိခဲ့သည်။ ထိုဓလေ့ထုံးစံကို ခရစ်ယာန်ယုံကြည်ခြင်းက ပြောင်းလဲစေသည်။ အကယ်၍ ခရစ်ယာန်ယုံကြည် ခြင်းသည် ထိုသို့ မထွန်းကားခဲ့လျှင် ယောက်ျားသားများက မိန်းကလေးများ အပေါ်သို့ အနိုင်ကျင့် ကြီးစိုးလွှမ်းမိုးနေကြပေမည်။
လူတိုင်းသည် အပြန်အလှန် လေးစားကြည်ညိုစွာ ဆက်ဆံရသည်။ အကြောင်းသော် သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခံများဖြစ်ကြသည်။ ထို အကြောင်းနှင့်ပတ်သက်၍ ယုံကြည်သူခရစ်ယာန်များသည် အခွင့်အရေး ဂုဏ် သိက္ခာ ပိုမိုမြင့်မားကြသည်။ ထိုအကြောင်းကို ဂလာ ၃း၂၆-၂၈ တွင် ဤသို့ ရေးထားသည်။
“အဘယ်သို့နည်းဟူမူကား သင်တို့အပေါင်းသည် ယေရှုခရစ်တော်ကို ယုံကြည်ကြသဖြင့် ဘုရားသခင်၏သားဖြစ်ကြ၏။ ခရစ်တော်၌ ဗတ္တိဇံခံသော သူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။ ယေရှု ခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ။ ကျွန်မရှိ၊ လူလွတ်မရှိ။ ယောက်ျားမရှိ၊ မိန်းမမရှိ။ ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏”။
ဘုရားရှေ့တော်၌ ယုဒလူမျိုးနှင့် တပါးအမျိုးသား၊ ဆင်းရဲသားနှင့် ချမ်းသာသူ၊ ယောက်ျားနှင့် မိန်းမတို့သည် တန်းတူရည်တူရှိကြသည်။ ယုံကြည်သူ ခရစ်ယာန်များသည် အမွေတော်ခံသူများဖြစ်ကြသည်။ အခွင့်အရေးထူး ပိုမိုရရှိ သူဟူ၍မရှိ။ ခင်ပွန်းများသည် မိမိဇနီးကို ချစ်ခင်ရသကဲ့သို့ မယားများကလည်း မိမိတို့ခင်ပွန်းကို လေးစားကြရသည်(၁ပေ ၃း၇)။
ထို့ကြောင့် ခရစ်ယာန်များအား သင်သည် မည်သူဖြစ်၍ မည်မျှကြွယ်ဝ ချမ်းသာကြောင်း မေးလျှင် ယောက်ျားမိန်းမရွေး ဘဝတူဖြစ်သည်ဟု ပြန်ဖြေကြ ရသည်။ ဘုရားရှင်၏ သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းသည် အစေခံယူ၍ တသက်လုံး ဘုန်းတော်ထင်ရှားစေရန်ဖြစ်သည်။ ခရစ်တော်နှင့် ပေါင်းစည်းသူ သည် ခရစ်တော်နှင့် တလုံးတဝတည်းဖြစ်သွားသောကြောင့် ခရစ်တော်နှင့်အတူကောင်းချီးမင်္ဂလာခံရသည်။ ထိုကား ယုံကြည်သူခရစ်ယာန်၏ ဂုဏ်ကျက်သရေ ဘဝအဓိပ္ပါယ်နှင့် ကံကြမ္မာဖြစ်သည်။
လူတိုင်း ဘဝတန်ဘိုးနှင့် ဘဝအဓိပ္ပါယ်တူညီကြောင်း သိရှိကြသည်။ အတွေးအမြင်၊ လုပ်ဆောင်ချက်၊ အောင်မြင်မှု၊ ချို့ယွင်းမှုများ တူညီကြသည်။ လူတိုင်း တယောက်တမျိုးစီ ဖန်ဆင်းခံရခြင်းသည်လည်း ကိုယ့်အကြောင်းနှင့် ကိုယ်ရှိသည်။ ဆာ ၁၃၉း၁၄ တွင် “ပြုတော်မူသော အမှုတို့သည် အံ့ဩဘွယ်ရာ ဖြစ်ကြောင်းကို အကျွန်ုပ်စိတ်ဝိညာဉ်က အမှန်သိရှိ ချီးမွမ်းပါ၏”ဟု ဆိုထားသည်။ လူတွင် ကန့်သတ်ချက်၊ ရှုပ်ထွေးမှု၊ မစုံလင်မှုရှိသော်လည်း မျှော်လင့်ချက်အသီးသီး ရှိကြသည်။
လူ့ဘောင်ဘဝသည် လောကဓံတရားဖြင့် အဆုံးသတ်ရသည်မဟုတ်။ ယုံကြည်သူခရစ်ယာန်တိုင်း ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို တွေးမျှော်ကြ သည်ဖြစ်၍ ဘုန်းတန်ခိုးရှိသော ခန္ဓာကိုယ်ရရှိကြမည်။ မျက်မှောက်ကာလ၌ ချို့ယွင်းအားနည်းချက်ရှိသော ရုပ်ခန္ဓာ၊ စိတ်ခံစားချက်၊ လူ့အတွေးဒဿနများ ကုန်ဆုံးသောအခါ ထိုသို့သော ကျက်သရေမင်္ဂလာရှိသည့်ဘဝသို့ ရောက်ရှိကြ မည်။ ” ဘုရားရှင်က ယောက်ျားနှင့် မိန်းမနှစ်ယောက်စလုံးအား သဏ္ဍာန်တော် နှင့်အညီ ဖန်ဆင်းသည့်အတိုင်း ကောင်းကင်ဘုံသို့လည်း ထိုနည်းတူ နှစ်ယောက် စလုံး ပြန်လည်ခေါ်ဆောင်တော်မူမည်။ သခင်ယေရှု ပြန်လည်ကြွလာသောအခါယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးသည် သတ္တဝါသစ်၊ လူသစ်၊ ဘဝတူဖြစ်သွားကြ မည်။ ယနေ့ကာလ၌ မိန်းမများတွင် မျက်နှာငယ်စရာ အစွမ်းအစ ခွန်အား ပမာဏ များရှိကြသော်လည်း ခရစ်တော်ထဲ၌ရှိနေကြသောကြောင့် အဖိုနှင့် အမဟူ၍ ခွဲခြား စရာမရှိ။
ထိုအကြောင်းကို မည်သို့ လက်တွေ့ကျင့်သုံးရမည်နည်း။ သဏ္ဍာန်တော် နှင့်အညီ ဖန်ဆင်းခြင်းခံရသောကြောင့် အမျိုးသမီးများ၏ ပညာရေးကိုလည်း ကူညီမြှင့်တင်ပေးရသည်။ ထိုသို့ အမျိုးသမီးသည်လည်း သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းသောကြောင့် အထင်အမြင်သေးစရာမရှိ။ အသိအမှတ်ပြု၍ လေးစား ရသည်။ ဆင်းရဲချမ်းသာမရွေး၊ အိမ်ထောင်ရှိ/မရှိ လေးစားရသည်။ သားသမီး မရှိသူ၊ လင်ယောက်ျားမရသူ၊ အမြုံမဟူ၍ အထင်သေးခြင်းမရှိရ။ ဝိညာဉ်ရေးရာ တွင် သာတူညီမျှ ဘဝတူဖြစ်ကြသည်။ ကောင်းကင်နိုင်ငံတွင် ဒုတိယတန်းစား နိုင်ငံသားဟူ၍မရှိ။
ဘုရားသခင်က အမျိုးသမီးပြုလုပ်ခြင်း – ပြီးပြည့်စုံစေရန်
ဘုရားသခင်က ယောက်ျားနှင့် မိန်းမအား တမျိုးစီ ဖန်ဆင်းပုံကို က ၂ တွင် တွေ့ရသည်။ ထိုသို့ ဖန်ဆင်းခြင်းသည် ဖန်ဆင်းခြင်းလက်တော်ရာများ ပြီးပြည့်စုံလင်ရန်ဖြစ်သည်။
“ထာဝရအရှင် ဘုရားသခင်ကလည်း ယောက်ျားသည် တယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့အဘို့ ငါလုပ်ဦးမည် ဟု အကြံရှိတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့် မိုးကောင်းကင်ငှက်အပေါင်းတို့ကို မြေကြီးဖြင့် ဖန်ဆင်းတော်မူပြီးလျှင် လူသည် အဘယ်သို့ ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှါ လူရှိရာသို့ ဆောင်ယူခဲ့တော် မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ် သည့်အတိုင်း နာမည်အသီးသီးပေး၏။ ထိုသို့ လူသည် သားယဉ်အပေါင်း တို့ကို၎င်း၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍ မှည့်လေ၏။ သို့သော်လည်း လူနှင့်တော်သော အထောက်အမ မပေါ်မရှိသေး။
ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍ လူသည် အိပ်ပျော်စဉ် နံရိုးတချောင်းကို ဘုရားသခင် ထုတ် ပြီးလျှင် ထိုအရိုးအစား အသားကို စေ့စပ်စေတော်မူ၏။ ထာဝရအရှင်ဘုရား သခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍ လူရှိရာသို့ဆောင်ခဲ့တော်မူ၏။ လူကလည်း ယခု ဤသူသည် ငါ့အရိုးထဲက အရိုး၊ ငါ့ အသားထဲက အသားဖြစ်၏။ လူထဲက ထုတ်သောကြောင့် သူ့ကို လူမိန်းမ ဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ့်မိဘကိုစွန့်၍ ကိုယ့်ဇနီး၌ မှီဝဲသဖြင့် ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။ ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲနေ၍ ရှက် ကြောက်ခြင်းနှင့် ကင်းလွတ်ကြ၏”က ၂း၁၈-၂၅)။
လူယောက်ျားအာဒံကို မြေကြီးဖြင့် ဖန်ဆင်းသည်။ ထို့ကြောင့် မြေကြီး ပေါ်ရှိ အရာခပ်သိမ်းအား ကြီးစိုးလွှမ်းမိုးသည်(က ၂း၁၅)။ ဘုရားရှင်က ဧဒင် ဥယျာဉ်အား စောင့်ရှောက်ရန် တခါတည်း တာဝန်ပေးအပ်သည်။ ကမ္ဘာမြေ ကျိန်ဆဲခြင်းခံရသောအခါ နဖူးမှ ခြေဖျားထိ ချွေးသီးချွေးပေါက်ကျအောင် အလုပ် လုပ်ရမည့် နိမိတ်ဖြစ်သည်(က ၃း၁၈၊ ၁၉)။ ဧဝသည် အာဒံ၏ ရုပ်ပုံစံနီးပါးအဖြစ် ပြုလုပ်သည်။ ထိုကား ခင်ပွန်းအား အကူအမပြုရန်ဖြစ်၍ အနည်းငယ်ထူးခြား သည်မှာ ကလေးမွေးဖွားခြင်းဖြစ်သည်။ ကျိန်ဆဲခြင်းခံရပုံကို ကလေးမွေးဖွားရာ၌ တွေ့ကြုံရသည်(က ၃း၁၆)။
ဘုရားသခင်က အာဒံကို ဦးစွာ ဖန်ဆင်းခြင်းသည် သတ္တဝါအလုံးစုံအား ဦးစီးခေါင်းဆောင်ပြု၍ ကွပ်ကဲရန်ဖြစ်သည်။ ဘုရားရှင်က မစားရသော သစ်သီး ကိုလည်း ပြသတားမြစ်ထားသည်။ သို့သော် ဧဝက အစပြု၍ လင်မယား နှစ်ယောက်စလုံးသည် ထိုသစ်သီးကို စားသုံးကြသောအခါ အပြစ်လွန်ကျူးကြ ‘ သည်။ သို့သော် အိမ်ထောင်ဦးစီးဖြစ်သော အာဒံ၏ နာမည်ပေါက်သည်(က ၃း၉)။ ဓမ္မသစ်ကျမ်းတွင်မူ အာဒံ၏ လူမျိုးနွယ်တဆက်လုံးသည် အာဒံ၏အပြစ်ကြောင့် သေဆုံးကြရသည်ဟုဆိုသည်(ရော ၅း၁၂-၂၁၊ ၁ကော ၁၁း၃)။
သို့သော်လည်း ထိုလင်မယားသည် ကမ္ဘာမြေပေါ်တွင် ဖော်သဟာအဖြစ် ဆက်တွဲနေကြသည်။ အာခံတဦးတည်း မလုပ်ဆောင်နိုင်။ သူကဲ့သို့သော လူ၏ထောက်မမှုလိုအပ်သည်။ သူ့အထက်၌ ဘုရားသခင်ရှိသည်။ သူ့အောက်တွင် သတ္တဝါများရှိကြသည်။ ထို့ကြောင့် သူသို့သော အဖော်ဆွေသဟာ လိုအပ်သည်။ ထိုလိုအပ်သော အမျိုးသမီးဧဝသည် သူနှင့် တမျိုးတစားတည်းဖြစ်သော်လည်း ဘုန်းကျက်သရေ မတူညီကြ။ ထိုသို့ မတူညီချက်သည် အရာခပ်သိမ်း စုံလင်ရာ ဖြစ်စေသည်။
ထိုအကြောင်းနှင့် ပတ်သက်၍ အချို့က အာဒံသည် ခေါင်းဆောင်ဖြစ် သောကြောင့် ဧဝနှင့် အဆင့်အတန်းမတူဘဲ ပိုမိုမြင့်မားသည်ဟု ဆိုကြသည်။ အမျိုးသမီးကို ဒုတိယတန်းစားအဖြစ် သဘောထားကြသည်။ ထိုသို့ မယူဆအပ်ပါ။
တန်းတူရည်တူရှိခြင်းတွင် စနစ်တကျ ပူးတွဲခြင်းပါဝင်သည်။ တဦးက ဦးဆောင်၍ အခြားတဦးက နောက်မှ လိုက်ရသည်။သုံးပါးတဆူ ဘုရားရှင်အရေးတွင် သားတော်က ခမည်းတော်ကို ဝန်ခံ သည်။ သီးသန့်ရပ်တည်ခြင်းမရှိ။ ခမည်းတော်နှင့် သားတော်ထံမှ ထွက်လာသောသန့်ရှင်းဝိညာဉ်တော်သည်လည်း တသီးတခြား ရပ်တည်ခြင်းမရှိ။ စနစ်တကျ အပြည့်အစုံ ဆက်စပ်ကြသည်။ ယောက်ျားနှင့် မိန်းမဟူ၍ လိင်နှစ်မျိုးဖြင့် လူကို ဖန်ဆင်းခြင်းသည် ဖန်ဆင်းမှုပြီးပြည့်စုံလင်ရန်ဖြစ်သည်။
သန့်ရှင်းသော သုံးပါး တဆူ ဘုရားကဲ့သို့ဖြစ်သည်။ ထိုနှစ်ခုစလုံးတွင် အမိန့်အာဏာနှင့် ဝန်ခံခြင်းတို့ တွေ့ရ၍ ဘုရားရှင်တော်၏ ဦးဆောင်မှုအောက်၌ ကျက်သရေမင်္ဂလာ ဘုန်း တန်ခိုးတော်ပါဝင်ပုံ တွေ့ရသည်။ ဘုရားရှင်၏ သြဇာအာဏာကို မှန်ကန်စွာ အသုံးပြုတတ်ပုံများ ပါဝင်သည်။ ထိုနေရာတွင် ခမည်းတော်၊ သားတော်၊ သန့်ရှင်း ဝိညာဉ်တော်တို့အကြား ဆက်ဆံရေးသာမက သခင်ယေရှုနှင့် သန့်ရှင်းဝိညာဉ်တော်တို့က ခမည်းတော်ဘုရားအား ဝန်ခံကြပုံကို မြင်ရသည်။ ထိုသခင်ယေရှု၏ ဝန်ခံမှုသည် နောက်တော်သို့လိုက်သောသူများအား မည်သို့ဝန်ခံရကြောင်း ပြသ ချက်ဖြစ်သည်။ ထို့ကြောင့် ဩဇာအာဏာနှင့် ဝန်ခံခြင်းသည် မိသားစု၊ အသင်းတော်၊ အဖွဲ့အစည်းများတွင် အလှကျက်သရေနှင့် ဘုန်းတန်ခိုးတော်နှစ်ဖြာ တွဲဘက် သကဲ့သို့ဖြစ်သည်။
အသင်းတော်ထဲတွင် စနစ်တကျရှိခြင်းနှင့် တန်းတူရည်တူရှိရေးလည်း တွေ့မြင်ရသည်။ ထိုကား ခရစ်တော်ထံသို့ စုစည်းကြသော အသင်းသားများ အားလုံးသည် ဝိညာဉ်ရေးရာ၌ တန်းတူရည်တူရှိကြကြောင်း သက်သေဖြစ်သည်။ ထို့ကြောင့် အသင်းသားမှန်လျှင် ယုံမှားသံသယစိတ်မရှိဘဲ ယုံကြည်သူခရစ်ယာန် များအကြားတွင် တူညီသော အသိအမြင် ခံယူချက်ရှိရသည်။
ထို့ကြောင့် လူ့အရေးအရာတွင် ယောက်ျားသားနှင့် မိန်းမသားဟူ၍ ခွဲခြားရေးမရှိရဘဲ အပြန်အလှန် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖက်တွယ်နေရသည်။ ဘုရားရှင်က ယောက်ျားသားကို ခေါင်းဆောင်အဖြစ်ဖန်ဆင်း၍ မိန်းမသားကို အကူအမအဖြစ် ပြုလုပ်ကြောင်းကို မမေ့ရ။ ကူမသူဆိုသည်မှာ ချီးမြှောက်သူ ဖြစ်သည်။ ကျမ်းချက်အများအပြားတွင် ဘုရားရှင်က သူ့ကိုယ်သူအား ချီးမြှောက် သူ၊ ကယ်မသူအဖြစ် ပြောဆိုထားပုံကို စံနမူနာယူရသည်။
ယောက်ျားနှင့် မိန်းမတို့၏ အားနည်းချက်နှင့် အားသာချက်ကို နှိုင်းယှဉ် လျှင် ခြားနားချက်များစွာ တွေ့မြင်ရမည်။ သို့သော် အားလုံးပေါင်းစည်းခြုံကြည့် လိုက်လျှင် ထိုသို့ ပေါင်းစပ်မှ တသဘောတည်းရှိကြောင်း တွေ့ရမည်။ ထိုကား စိတ်ဝိညာဉ်ရေးရာ၌ တူညီကြသောကြောင့်တည်း။ မတူညီခြားနားချက်များ ထပ် ကြည့်လျှင် ဆန့်ကျင်ဘက်လိင်ရှိကြသောကြောင့် အားနည်းချက်နှင့် အားသာချက်ရှိကြသည်။ ထိုသို့ဖြစ်ရသည်မှာ အလှကျက်သရေ ကိုယ်စီထင်ရှားစေလိုသောကြောင့်ဖြစ်သည်။ ထိုကား ဖန်ဆင်းခြင်းလက်ရာတော် ပြီးပြည့်စုံလင်သည့် အကြောင်းဖြစ်သည်။
မိသားစု၊ အသင်းတော်၊ လုပ်ငန်းခွင်၊ အသိုင်းအဝိုင်းများတွင် အခြားလူ များနှင့် မဆက်စပ်ဘဲ တဦးတယောက်တည်း သီးခြားနေထိုင်၍မရပါ။ ယောက်ျား သားများသည်လည်း အရာရာ၌ ပြည့်စုံကြသည်မဟုတ်။ မိန်းမသားများ၏ လုပ်ဆောင်ချက်များထဲမှ သင်ယူနားထောင်စရာများလည်းရှိသည်။ ကျမ်းစာတွင် ယောက်ျားသားကို ခေါင်းဆောင်အဖြစ် ဆိုထားသော်လည်း ထိုခေါင်းဆောင်မှု ပြည့်စုံစေရန် မိန်းမသားက ကူမပံ့ပိုးရသည်။
ဘုရားသခင်က ယောက်ျားနှင့်မိန်းမ ကွဲပြားစွာ ဖန်ဆင်းခြင်းသည် အပြန် အလှန် ကူညီပံ့ပိုးရန်ဖြစ်သည်။ ထိုသို့ အပြန်အလှန်ကူညီခြင်းဖြင့် ရင်းနှီးစွာ ပေါင်းသင်းပျော်စံစေလိုသည်။ သုံးပါးတဆူတို့၏ အပြန်အလှန် အမှီသဟဲပြုခြင်း အား ပုံရိပ်ထင်စေခြင်းဖြစ်သည်။
ဘုရားသခင်က အမျိုးသမီးပြုလုပ်ခြင်း – အပြစ်ကြောင့် ပျက်စီးခြင်းအား ခရစ်တော်ထဲ၌
ပြန်လည်ထူမရေး
ဘုရားသခင်က ယောက်ျားနှင့် မိန်းမ တသားတည်းဖန်ဆင်းပုံနှင့် တမျိုး တဘာသာစီ ပြုလုပ်ပုံကို က ၁၊ ၂ တို့တွင် တွေ့ရသည်။ ထိုသို့ အသီးသီး ဖန်ဆင်း ခြင်းသည် တယောက်၏ အားသာချက်၊ အားနည်းချက်ကို တွေ့မြင်သိရှိကြပြီး အပေးအယူတည့်လျက် မေတ္တာရှိကြရန်ဖြစ်သည်။ က ၃ တွင်မူ လူ့လောကသို့ အပြစ်ဝင်ရောက်လာပြီး ဘုရားသခင်နှင့် လူ့ အကြားတွင်၎င်း၊ လင်နှင့်မယား အကြားတွင်၎င်း ဆက်ဆံရေး မပြေလည်မချေငံမှုများ တွေ့ရသည်။
အာဒံသည် အပြစ်လွန်ကျူးသောကြောင့် မြေကြီးပေါ်ရှိ ဆူးချုံများကို ရှင်းလင်းဖယ်ရှားပြီး ချွေးဒီးဒီးကျအောင် ထွန်ယက်စိုက်ပျိုးသည်။ စိုက်ပျိုးပင်များကိုနှောင့်ယှက်ဖျက်ဆီးသော ပေါင်းမြက်ပင်များကိုလည်း ဖယ်ရှားသုတ်သင် ရသည်။ ဧဝသည် အပြစ်ဒဏ်အဖြစ် သားဖွားရာ၌ ဝေဒနာပြင်းထန်စွာ ခံစားသည်။ အိမ်ထောင်ရေးတွင် အခက်အခဲရှိသကဲ့သို့ သားဖွားရာတွင်လည်း နာကျင်မှုဝေဒနာ ခံစားသည်။ ထိုသို့ ဝေဒနာခံစားခြင်းဖြင့် အဆုံးမသတ်စေပါ။ ခင်ပွန်းသည်က သနားစာနာချစ်ခင်သည်။ ဘုရားရှင်က လင်မယားအဖြစ် ဖန်ဆင်းသည့် လင်နှင့် မယား ဆင်နှင့်ကျားအဖြစ် တိုက်ခိုက်ကြရန် ဖန်ဆင်းသည်မဟုတ်။ က ၃ ပါ မိန်းမအပေါ်သို့ ကျိန်ခြင်းအမင်္ဂလာ သက်ရောက်ခြင်းသည် လင်မယားအကြား တိုက်ပွဲစတင်ရာဖြစ်ကြောင်း က ၃း၁၆ တွင် ဤသို့ ဆိုထားသည်။
“မိန်းမကိုလည်း သင်၌ ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြား စေမည်။ ပင်ပန်းစွာ ဝေဒနာကိုခံ၍ သားဖွားရမည်။ ကိုယ့်ခင်ပွန်း၏ အလိုသို့ လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့်တော်မူ၏”။
အချို့က “သင့်ကို အုပ်စိုးစေ”ဟူသော စကားသည် လင်က မယားအား ထိန်းချုပ်ခိုင်းခြင်းဖြစ်သည်ဟု ဆိုကြသည်။ အမှန်မှာ ထိုသဘောမဟုတ်ပါ။ ထိုစကားသည် မိန့်တော်မူချက်မဟုတ်ပါ။ ကျိန်ဆိုခြင်းဖြစ်သည်။ “ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကို ဝန်ခံရမည်”ဆိုသည်မှာ မိန်းမသည် အထိန်း အကျောင်း အမြဲလိုအပ်နေသည့်အကြောင်းဖြစ်သည်။ အပြစ်ပြုလုပ်ကြပြီးသော အခါ ဧဝသည် ခင်ပွန်းသည်အာဒံ၏ ထိန်းကျောင်းမှုအောက်၌ ရှိနေရန်လိုအပ်ကြောင်း ထင်ရှားလာသည်။ ထိုသဘောအရ လင်ယောက်ျားသည် တန်ခိုးအာဏာ ဖြင့် အုပ်စိုးလာသည်။ မကြိုက်မနှစ်သက်သည့် ကိစ္စပေါ်ပေါက်လာလျှင်လည်း တခါတရံ အကြမ်းဖက်လာသည်။ ထိုသို့သော အဖြစ်အပျက်များသည် အပြစ်၏ နောက်ဆက်တွဲအကျိုးဆက်များဖြစ်သည်။
အပြစ်က ဘုရားသခင်၏ မူရင်းလက်ရာတော်ဖြစ်သော ယောက်ျား၏ ဦးဆောင်မှုကို လက်တလုံးခြား လှည့်စားကာ ဖိစီးနှိပ်စက်ခြင်းအဖြစ် ပြောင်းလဲစေသည်။ ထို့ကြောင့် လူ့သမိုင်းကြောင်းတလျှောက်တွင် ယောက်ျားသားများက ၂ မယားများအား အကြမ်းပတမ်း ပြုမူရိုက်နှက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ပြည့်တန်ဆာမလုပ်ခိုင်းခြင်းများ ပြုလုပ်စေကြသည်။ ထိုသို့ဖြင့် လူ့သမိုင်းတွင် မိန်းမများသည် ညှဉ်းဆဲခံလူတန်းစားဖြစ်သွားကြောင်း တွေ့ရသည်။ ယနေ့ကာလ၌လည်း ထိုသို့သော နှိပ်ကွက်ခြင်းမျိုး ကြားသိနေရသည်။ ဘုရားရှင်သည် ထိုသို့သော အပြုအမူ ကို အမျက်တော်ရှသည်။
ဘုရားရှင်သည် အကြမ်းဖက်မှုမျိုးစုံ၊ မုဒိမ်းမှုများနှင့် အမျက်ဒေါသထွက်ခြင်း၊ ရမ္မက်အာသာဖြေရန် မိန်းမများအား အသုံးပြုခြင်းဟူ သမျှကို တရားစီရင်တော်မူမည်။ အပြစ်တိုင်းသည် တရားမျှတစွာ အပြစ်ဒဏ်ခံရ စမြဲဖြစ်သည်။ သခင်ယေရှုကိုယ်တိုင်ပင်လျှင် လောကသားများ၏အပြစ်ကြောင်း ကားစင်ပေါ်၌ သက်တော်စွန့်ခဲ့သည်။
ကျမ်းစာတွင် ယောက်ျားသားများက မိန်းမသားများအား နိုင်လိုမင်းထက် မဆက်ဆံကြရန် အကြိမ်ကြိမ်သွန်သင်ထားသည်။ ယောက်ျားသားများ၏ အပြစ် ဆိုးဝါးပုံကို လင့်ဝတ္တရားမကျေပြွန်သည့် ငမိုက်သား နာဗလက မိန်းမကောင်း မိန်းမမြတ် ဇနီးသည် အဘိဂဲလအပေါ် ပြုမူပုံ၌ တွေ့ရသည်(၁ရာ ၂၅)။ အာမနုန် က ဖအေတူမအေကွဲ တာမအား မုဒိမ်းကျင့်ပုံတွင်လည်း တွေ့ရသည်(၂ရာ ၁၃)။ ဘုရားရှင်က ယောက်ျားအား မယားကို အကြမ်းဖက်အုပ်စိုးရန် ဖန်ဆင်းသည် မဟုတ်။ အိမ်ထောင်ပြု၍ လင်မယားသာယာမှု ပျော်စံစေရန်ဖြစ်သည်။ မယား အား အကြမ်းဖက်စေလိုသည့် သဘောတော် လုံးဝမရှိ။
မိန်းမသားများသည်လည်း ဧဝခေတ်ကာလကပင် အပြစ်သားဖြစ်သည်။ အပြစ်တရားက မိန်းမသားများကို နှောင့်ယှက်ဖျက်ဆီးသည်။ သုတ္တံကျမ်းတွင် မိန်းမသားများသည် မိုက်မဲခြင်း၊ ဆင်ခြင်တုံတရားကင်းမဲ့ခြင်း၊ အတုကို အစစ် ထင်၍ ဝါကြွားဂုဏ်ယူခြင်းများဖြင့် ပျက်စီးကြပုံများ တွေ့ရသည်။ ထိုကား ယောက်ျားသားများနည်းတူ မိန်းမသားတို့၏ ဘဝသို့လည်း ကျိန်ခြင်းအမင်္ဂလာ သက်ရောက်ခြင်း အကျိုးသက်ရောက်မှုဖြစ်သည်။
သို့သော် ယေရှုခရစ်တော်က ထိုကျိန်ခြင်းအမင်္ဂလာထဲမှ ရွေးနှုတ်တော် မူထားသည်။ ပြတ်တောက်သွားသော ဘုရားရှင်နှင့် ဆက်ဆံရေးအား ပြန်လည် ဆက်စပ်အသက်ဝင်စေသည်။ ယောက်ျားနှင့် မိန်းအကြား ဆက်ဆံရေးလည်း ပြန်လည်အသက်ဝင်စေသည်။ ထိုအကြောင်းကို ဧ ၅း၃၁၊ ၃၂ တွင် ဤသို့ ဆို ထားသည်။
“ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ့်မိဘကိုစွန့်၍ “ကိုယ့်ဇနီး အား မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရသည်။ ဤအရာသည် အလွန်နက်နဲသော အရာဖြစ်ပေ၏။ ထိုသို့ဆိုသော် ခရစ်တော် နှင့် အသင်းတော်ကို ရည်မှတ်၍ ဆိုသတည်း”၊
ခရစ်တော်မတိုင်ခင်တွင် အိမ်ထောင်သည်ဘဝ၏ သာယာမှုအကြောင်း အထွေအထူး ထုတ်ဖော်ပြသခြင်းမရှိ။ လင်နှင့်မယားအကြား ဆက်ဆံရေးသည် ရာသက်ပန် တည်မြဲရကြောင်း၊ သူ့အသင်းတော်အတွက် ခရစ်တော်၏ အသက်တော်စွန့်တော်မူပုံဖြင့် ဘုရားရှင်က ပုံစံပြသထားသည်။ ခရစ်တော်၏ ချစ်ခြင်း မေတ္တာသည် မေတ္တာစစ် မေတ္တာမှန်ဖြစ်သည်။ အကြင်လင်မယားအကြား ချစ်ခြင်း မေတ္တာသည် ထိုကဲ့သို့ဖြစ်ရကြောင်း စံနမူနာ ပြသသည်။
ယေရှုခရစ်တော်သည် လင့်ဝတ္တရား ကျေပြွန်ရပုံအား ပုံဥပမာပေး ပြသ သည်။ ခရစ်တော်သည် သူ့ခန္ဓာကိုယ်ဖြစ်သော အသင်းတော်အတွက် သက်တော် စွန့်သည့်တိုင်အောင် မေတ္တာဖက်တွယ်ထားသည်။ သူ့ခေါင်းဆောင်မှုကိုလည်း အာဏာရှင်သဖွယ် အသုံးပြုခြင်းမရှိ။ စုံလင်သော ခေါင်းဆောင်မှုပီသသည်။ အသင်းတော်သည် လင်ယောက်ျားအပေါ်သို့ မယားဝတ်ကျေပြွန်ပုံကို ပြသသည်။ သူ့အလိုဆန္ဒသည် ခရစ်တော်၏ ဦးဆောင်မှုကို သိမှတ်ခံယူခြင်းဖြစ်သည်။ သို့သော်အသိဉာဏ်မပါဘဲ ဘုမသိဘမသိဖြင့် ခံယူခြင်းမျိုးမဟုတ်။ အားရကျေနပ်စွာ ဝန်ခံခြင်းဖြစ်သည်။
ခရစ်တော်က ယောက်ျားသားများအား အခြားသူများထံသို့ အမှုတော် ဖြန့်ဝေနိုင်ရန် ယောက်ျားဘသား ခွန်အားပေးထားသည်။ ထိုနည်းတူ မိန်းမများ သို့လည်း မိန်းမသားချင်း စာနာကူညီနိုင်သည့် ခွန်အားပေးထားသည်။ ထို့ကြောင့်ယုံကြည်သူခရစ်ယာန်သည် ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ လူ့လောကသို့ ၂ အပြစ်မဝင်မှီကာလမျိုးသို့ ပြန်ရောက်အောင် မိမိကိုယ်ကို ထိန်းကျောင်းဆုံးမနေရသည်။
ဘုရားသခင်က အမျိုးသမီးပြုလုပ်ခြင်း – အကူအမပြုရန်
ဘုရားသခင်က အာဒံနှင့် ဧဝတို့အား သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်း တော်မူပုံကို က ၁ တွင် တွေ့ရှိခဲ့ကြသည်။ ထိုသူနှစ်ယောက်စလုံးသည် ကမ္ဘာမြေ ပေါ်တွင် ဘုရားရှင်၏ စေခိုင်းသည့်အတိုင်း လုပ်ဆောင်ကြရသည်။ ထို့ကြောင့် လည်း နေ့ရက်စဉ်တိုင်းတွင် ဘုရားရှင်၏ ကျေးဇူးတော်ကို လိုအပ်နေကြသည်။ “ယနေ့တွင် ငါသည် ဘုရားသခင်၏ ကြန်အင်လက္ခဏာရှိသလား၊ ဘုရားသခင်နှင့် ပိုမိုတူညီနေသလား၊ ခရစ်တော်၏အကျင့်မျိုးရှိသလား”ဟု မိမိကိုယ်ကို ပြန်လည် မေးကြည့်ပါ။
ဤမေးခွန်းများသည် ရိုကျိုးသိမ်မွေ့ခြင်း ပိုမိုတိုးများစေရေးဖြစ်သည်။ ယုံကြည်သူခရစ်ယာန်များ၏ ပန်းတိုင်လည်းဖြစ်သည်။ ဘုရားရှင်က သူကဲ့သို့ ဖြစ်လာကြရန် လူများအား ဖန်ဆင်းသည်။ ခရစ်ယာန်များ၏ အောက်ကျိုရိုကျိုး ခြင်း၊ ဆင်းရဲဒုက္ခခံခြင်းများသည် ဘုရားရှင်နှင့် အနီးစပ်ဆုံး တူညီအောင် ကျင့် ဆောင်ရာဖြစ်သည်။
က ၂း၁၈ တွင် အာဒံအား ကူမသူအဖြစ် ဧဝကို ပြုလုပ်ပုံ တွေ့ရသည်။ ထို့ကြောင့် ခရစ်ယာန်အမျိုးသမီးများသည် မိမိကိုယ်ကို ကူညီပံ့ပိုးသူများဖြစ်ကြောင်း သိရှိထားရသည်။ ဘုရားရှင်က ထိုသို့သောသူဖြစ်ရန် ပြုလုပ်ထားသည့်အတိုင်း အကူအမတာဝန် ကျေပြွန်ခြင်းသည် ဘုန်းတော်ထင်ရှားစေခြင်းဖြစ်သည်။ ဘုရား ရှင်က လိမ္မာရေးခြားရှိသော အသက်တာပေးတော်မူသည်။ သူ့လူများ ဆင်းရဲဒုက္ခ ရောက်သည့်အခါတွင်လည်း စာနာသနားသည်။
ဆာလံကျမ်းများတွင် ဘုရားရှင်က သူ့ကိုယ်သူအား မရှိဆင်းရဲသား၊ ချို့တဲ့သူများ၊ စိတ်ပျက်အားငယ်သူများ၊ မိဘမဲ့ များ၊ ဒုက္ခရောက်နေသူများ၊ နှိပ်စက်ခြင်းခံရသူများ၊ အိုးမဲ့အိမ်မဲ့လူများ ကူညီမစ သူအဖြစ် ထုတ်ဖော်ပြသတော်မူသည်။ “ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ အထူးသဖြင့် ဘေးရောက်သည့်ကာလ၌ ကူမတော် မူကြောင်း ထင်ရှား၏”ဆာ ၄၆း၁)။ “ပင်ပန်းစေခြင်းနှင့် နှောင့်ယှက်စေခြင်းကို လက်ဝါးတော်၌ မှတ်သားမည်ဟု ကြည့်ရှုတော်မူတတ်၏။ ဆင်းရဲသောသူသည် ကိုယ်တော်၌ ကိုယ်ကို အပ်တတ်၏။ ကိုယ်တော်သည် မိဘမရှိသောသူတို့၏ ခိုလှုံရာဖြစ်တော်မူ၏”ဆာ ၁၀၁၄)။ “ထာဝရဘုရားသည် ငါ့ဘက်၌ မစတော်မူသည် ဖြစ်၍ ငါ့ကိုမုန်းသောသူတို့၌ ငါ့အလိုပြည့်စုံလိမ့်မည်”ဆာ ၁၁၈း၇)။
ဘုရားရှင်က မိန်းမသားအား ပြုလုပ်ရာတွင် ပြုစုပျိုးထောင်ခြင်း ဝိသေသ လက္ခဏာများပေးထားသည်။ အမျိုးသမီးအား ဖန်ဆင်းရာတွင် အခြားသူများ၏ ဆင်းရဲဒုက္ခ စာနာခံစားတတ်သည့် စိတ်သဘောထား ပေးတော်မူသည်။ ထို့ကြောင့် အမျိုးသမီးများသည် ဇီဝသဘောအရ ကလေးသူငယ်များ ပြုစုစောင့်ရှောက်ရန် တာဝန်အပ်နှင်းခြင်း ခံရသည်မှန်သော်လည်း လုံးဝအပြည့်အဝ တာဝန်ယူခိုင်းခြင်း မဟုတ်ပါ။ မိခင်ဘဝကို သိရှိနားလည်ပေးကြရန်လည်း စာနာစိတ်ပေးထားသည်။ ထို့ကြောင့် အမျိုးသမီးများသည် ယေဘူယျအားဖြင့် စာနာသနားစိတ်၊ နူးညံ့သိမ်မွေ့စိတ်၊ ပေါင်းသင်းဆက်ဆံမှု ရည်မွန်ခြင်း၊ ခံစားတတ်သော နှလုံးသားအား အထူးပေးသနားတော်မူသည်။
လူသည် အခြားသူများကို ကူညီမစတတ်သည့် သဘောရှိသည်။ အိမ် ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သားသမီးရှိ/မရှိသည်ဖြစ်စေ ဘုရားရှင်၏ ကောင်းချီးမင်္ဂလာများအား အခြားသူများထံသို့ ဆက်လက်စီးဆင်းစေရသည်။ ခရစ်ယာန်အမျိုးသမီးတိုင်းသည် ကူမသူဖြစ်ကြသောကြောင့် လူတိုင်း၏ ဝိညာဉ်ရေးရာ မိခင်များလည်းဖြစ်သည်။ အခြားသူများအား ဘဝသစ်သို့ရောက်ရှိအောင် ပို့ဆောင်ဂရုစိုက်ခြင်း၊ ရင့်ကျက်အောင်ပြုလုပ်ခြင်းများသည် ဝိညာဉ်ရေးရာ မိခင်၏ ဝတ္တရားဖြစ်သည်။
ယုံကြည်ခါစလူများအား ခွန်အားပေးခြင်းသည်လည်း ဝိညာဉ် ရေးရာမိခင်၏ ဝန်တာဖြစ်သည်။ တိ ၂း၃-၅ တွင် အသက်ကြီးသော အမျိုးသမီး များသည် အသက်ငယ်သော မိန်းမများအား ကူညီသွန်သင်စေသည်။ ဤနေရာမှ အသက်ကြီးသော မိန်းမဆိုသည်မှာ သက်ကြီးရွယ်အိုများကို ဆိုလိုခြင်းမဟုတ်။ ယုံကြည်ခြင်းရင့်ကျက်သော အမျိုးသမီးကို ဆိုလိုသည်။ ယုံကြည်ခြင်း၌ မိမိထက် နုနယ်သေးသူများအား ရင့်ကျက်လာအောင် ခွန်အားပေးတိုက်တွန်းရသည်။ အိမ်ထောင်ရှိသူ/မရှိသူဖြစ်စေ၊ သားသမီးရှိ/မရှိသူဖြစ်စေ အခွင့်အရေးကြုံတွေ့လျှင် ကြုံတွေ့သည့်အတိုင်း အခြားသူများကို ကူညီသွန်သင်သည့် မိခင်များဖြစ်ကြ ရသည်။
မိန်းမသားတိုင်း မတူညီကြပါ။ ကာလဒေသ၊ ပုဂ္ဂိုလ်ရေးရာ၊ ဉာဏ်ပညာ၊ အစွမ်းအစ အမျိုးမျိုးရှိကြသည်။ အိမ်ထောင်ရှိ/မရှိသည်ဖြစ်စေ၊ မုဆိုးမတခုလပ် ဖြစ်စေ၊ မိခင်ဖြစ်သည်/မဖြစ်သည်ဖြစ်စေ၊ လုပ်ငန်းခွင် နေအိမ်တွင်ဖြစ်စေ၊အရွယ်လွန်သည်/နုပျိုသည်ဖြစ်စေ ယုံကြည်သူတိုင်းသည် အခြားသူများကို ကူညီ ဖြည့်ဆည်းပေးသူဖြစ်ရသည်။ ယောက်ျားနှင့်မိန်းမ မတူညီခြားနားသည့် ပုံစံရှိသည့် အတိုင်း အမျိုးသမီးများသည် အထူးသဖြင့် အိမ်မှုကိစ္စ၊ မိသားစုအရေးအရာ၌ အထူးတာဝန်ရှိသည်။
အမှုတော်အရပ်ရပ်တွင် အမျိုးသမီးများသည် ရရှိထားသော ဝိညာဉ်လက်ဆောင်များအား ပိုမိုထက်မြက်အောင် အသုံးတော်ခံရသည်။ မိန်း ကလေးများသည် နေရာဒေသ ချိန်ခါမရွေး တန်ဘိုးရှိကြသည်။ ဘုရားပေးလက်ဆောင် အသီးသီး ခံစားကြသည့်အတိုင်း ဝိညာဉ်ရေးရာမိခင်များဖြစ်ကြသည်။ ခရစ်တော်ထဲရှိ အသင်စာရှုသူသည် တစုံတယောက်အား လူတလုံးသူတလုံး ဖြစ်အောင် ကြီးထွားရှင်သန်စေသော မိခင်ကောင်းတဦးဖြစ်ပါသလား။ မိမိဝမ်းမှ လွယ်သော ရင်သွေးငယ်သာလျှင် သားသမီးမဟုတ်ပါ။ မိခင်ပုံရိပ်အဖြစ် ပြုလုပ် ထားသော အသင်စာရှုသူ အမျိုးသမီးသည် မိခင်မေတ္တာငတ်မွတ်သူ၏ မိခင် ကောင်းဖြစ်ပါစေသော်။
၅
ဘုရားရှင်က အပျိုကြီးအဖြစ် ဖန်ဆင်းခြင်း၊
ဓမ္မသစ်ကျမ်းတွင် အိမ်ထောင်သည်အမျိုးသမီးနှင့် အိမ်ထောင်မရှိသူ အပျိုကြီးတို့၏ တန်ဘိုးအရေးကြီးပုံ သဘာဝကျကျ ချင့်ချိန်ပြသထားသည်။ အသင်း တော်သမိုင်းကြောင်းတလျှောက်တွင် တဘက်စောင်းနင်းဖြစ်သွားပုံကို မကြာခဏ တွေ့ရသည်။ အစောပိုင်းရာစုနှစ်များတွင် အိမ်ထောင်မပြုသူများအား တလေး တစားပြုကြသည်။ ထိုသို့ဖြင့် အသင်းတော်များတွင် ပျိုကညာကို ပထမတန်းစား အဖြစ် သတ်မှတ်ကြ၍ အခြားသူများကို ဒုတိယတန်းစားအဖြစ် သိမှတ်ကြသည်။ အမျိုးသား သာသနာဘောင်ဝင်သူများကို လေးစားကြည်ညိုကြသကဲ့သို့ အမျိုး သမီးများတွင်မူ ပျိုကညာစင်ကိုသာ တန်ဘိုးထားကြသည်။ မုဆိုးမများနှင့် အိမ်ထောင်မရှိသော အပျိုဟိုင်းကြီးများကိုလည်း တမျိုးမြင်ကြသည်။ သို့သော် မိန်းမ မှန်လျှင် အိမ်ထောင်ပြုရမည်ဟု ဆိုလိုခြင်းမဟုတ်။ အကယ်၍ အိမ်ထောင်ပြု မပြုလျှင် အသန့်ရှင်းဆုံး ထိပ်တန်းစာရင်းထဲတွင် ပါဝင်မည်မဟုတ်။
မျက်မှောက်ကာလ၌ ဆန့်ကျင်ဘက်ဖြစ်နေသည်။ တခါတရံ ယခုခေတ် အသင်းတော်ကာလ၌ အိမ်ထောင်မပြုဘဲ တကိုယ်ရည်တကာယ နေထိုင်ခြင်းကို လေးစားကြည်ညိုခြင်းမရှိကြပါ။ သမ္မာကျမ်းစာကမူ အားနည်းသူကို အားပေး မြှင့်တင်ရန် သွန်သင်သည်။ အသင်းတော်သည် အသင်းသားဟူသမျှ ပျိုအိုမရွေး တန်းတူသဘောထားသည်။ အိမ်ထောင်ရှိသူမရှိသူ နှစ်ပါးစလုံးတွင် ပြဿနာနှင့် အခွင့်အရေးကိုယ်စီရှိသည်။ ဘုရားတရားကိုင်းရှိုင်းသော အပျိုကြီးများရှိသကဲ့သို့ ဓမ္မသစ်ကျမ်းတွင် ထိုသို့သော တကိုယ်တော်များအား လေးစားသိမှတ်ပုံ တွေ့ရ သည်။ မ ၁၉ တွင် သခင်ယေရှုက အချို့သော တကိုယ်ရည်တကာယသမားများ သည် ဘုရားသခင်၏ နိုင်ငံတော်အတွက် မိမိကိုယ်ကို အပ်နှံရကြောင်း မိန့်တော် မူထားသည်။ ၁ကော ၇း၃၄ တွင်လည်း ဤသို့ ကျမ်းစကားဆိုထားသည်။
“ထိုနည်းတူ ခင်ပွန်းမရှိသော မိန်းမနှင့် ခင်ပွန်းရှိသော မိန်းမသည် ခြားနားခြင်းရှိ၏။ ခင်ပွန်းမရှိသော မိန်းမသည် ကိုယ်ခန္ဓာ၊ စိတ်ဝိညာဉ်နှစ်ပါးကို သန့်ရှင်းစေခြင်းငှါ သခင်ဘုရား၏ အမှုကိုသာ သတိထားတတ်၏။ ခင်ပွန်း ရှိသော မိန်းမမူကား မိမိခင်ပွန်း၏စိတ်နှင့် တွေ့စေခြင်းငှါ လောကီအမှုကို သတိထားတတ်၏”၊
ဤနေရာတွင် တကိုယ်ရည်တကာယဖြင့် နေထိုင်ခြင်းကို အပေါင်း လက္ခဏာဖြင့် ညွှန်းဆိုထားသည်။ အိမ်ထောင်သည်အမျိုးသမီးသည် ခရစ်တော် အတွက် အစေခံယူရာ၌ ခင်ပွန်းသည်နှင့် တိုင်ပင်ပြီး ခွင့်ပြုချက်ရရှိမှသာ လုပ် ဆောင်ရသည်။ တကိုယ်ရည်တကာယသမားမှာမူ တိုင်ပင်စရာမရှိသဖြင့် ရစ် တော်၏ ကျေနပ်ရေးကိုသာ အလေးထားလုပ်ဆောင်နိုင်သည်။
ထိုနေရာတွင် တကိုယ်ရည်တကာယသမားများဖြစ်ကြသော မာရိနှင့် မာသတို့၏ အစေခံယူပုံကို စံနမူနာ ကြည့်ရှုနိုင်သည်။ အနီးစပ်ဆုံးမိတ်ဆွေကဲ့သို့ ကိုယ်တော်အား သဘော ထားဆက်ဆံကြသည်။ နတ်ဆိုးပူးကပ်ရာမှ လွတ်မြောက်သွားသော မာဂဒလ မာရိသည်လည်း အိမ်ထောင်မပြုပါ။ ထို့ကြောင့် စိတ်ရောကိုယ်ပါ အားရကျေနပ် စွာဖြင့် အထံတော်ပါးသို့ ခစားအစေခံယူနိုင်သည်။ အသက်ငယ်ရွယ်စဉ် မုဆိုးမ ဖြစ်သွားသော ဟန္နသည်လည်း နောက်ထပ်အိမ်ထောင်ပြုရန် မကြိုးစားတော့ဘဲ တသက်လုံး ဘုရားရှင်၏ အမှုတော်မြတ်၌ ပါဝင်သည်။
သခင်ယေရှုက မိသားစုအပေါ်သို့ သစ္စာထားရှိခြင်းသည် နိုင်ငံတော် အရေး၌ ဒုတိယဦးစားပေးဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် မိသားစုနှင့် ခွဲခွာနိုင် ရမည့်အကြောင်း လု ၁၂း၅၂ တွင် “ယခုမှစ၍ အိမ်တအိမ်၌နေသူ လူ(၅)ယောက် သည် နှစ်ယောက်တစု၊ သုံးယောက်တစုချင်း ကွဲပြားလိမ့်မည်”ဟု မိန့်တော်မူခဲ့ သည်။ ခရစ်ယာန်ယုံကြည်ခြင်းနှင့် ပတ်သက်၍ မိသားစုအရေး၌ သဘောထား ကွဲလွဲမှုရှိလျှင် နိုင်ငံတော်ကို ပထမဦးစားပေးရသည်။
သခင်ယေရှုကို ပထမဦးစား ပေးရသည်ဆိုသည်မှာ လောကမိသားစု၏ငြင်းပယ်ချက်ကို လက်ခံနိုင်ရသည်။ မယုံကြည်သူနှင့် အိမ်ထောင်ပြုသောကြောင့် ငြင်းပယ်ခံရခြင်းထက် တကိုယ်ရည် တကာယ နေထိုင်အပ်ကြောင်း ဆိုလိုပါသည်။ ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာ ကို မိသားစု၏ မုန်းတီးစွန့်ပယ်ခြင်းထက် တန်ဘိုးထားရသည်။
“အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကို ၎င်း၊ ထိုမျှမက မိမိအသက်ကို၄င်း မမုန်း။ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ” (လု ၁၄း၂၆)။
ဤနေရာတွင် အလေးအနက် စဉ်းစားစရာရှိသည်။ မိသားစုကို အကောင်းဆုံးချစ်ခင် တန်ဘိုးထားရမည်ဟု သွန်သင်ချက်များရှိခဲ့ရာတွင် ဤနေ ရာတွင်မူ မိသားစုနှင့် သခင်ယေရှုအကြား ရွေးချယ်စရာ ပေါ်ထွန်းလာသည်။ ထိုသို့ရွေးချယ်ရာတွင် သခင်ယေရှုကို ဦးစားပေးရွေးချယ်ရသည်။
သခင်ယေရှုက အိမ်ထောင်ပြုခြင်းအကြောင်းကိုလည်း မိန့်တော်မူထား သည်။ ယခုခေတ်ကာလအတွက်သာဖြစ်၍ လာမည့်နောင်ဘဝနှင့် မသက်ဆိုင်ပါ။
“ယေရှုကလည်း ယခုဘဝသားတို့သည် စုံဖက်ခြင်း၊ ထိမ်းမြားပေးစား ခြင်းကို ပြုတတ်ကြ၏။ နောင်ဘဝကို၄င်း၊ သေခြင်းမှ ထမြောက်ခြင်းကို၄င်း၊ ရထိုက်သည်ဟု မှတ်တော်မူခြင်းကို ခံရသူတို့သည် စုံဖက်ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို မပြုတတ်ကြလု ၂၀း၃၄၊ ၃၅)။
တကိုယ်ရည်တကာယသမားသည် အသင်းတော်ထဲတွင် ဘယ်သောအခါ မှ ဒုတိယလူတန်းစားဖြစ်ရမည်မဟုတ်။ အကြောင်းသော် အိမ်ထောင်ပြုခြင်းသည် သခင်ယေရှုနှင့် သူ့သတို့သမီး အသင်းတော်တို့အကြား အစဉ်တည်မြဲကြောင်း ပြသသည်ဖြစ်၍ ထိုတကိုယ်ရည်တကာယသမားသည် သတို့သမီးအသင်းတော် ထဲ၌ ပါဝင်ပြီးဖြစ်သည်။ ယုံကြည်သူခရစ်ယာန်သည် အိမ်ထောင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အသင်းတော်ထဲ၌ ပါဝင်သူဖြစ်သည်။ သိုးသငယ်၏ မင်္ဂလာ ဆောင်ပွဲ၌ ပါဝင်ဆင်နွှဲရမည့်သူများဖြစ်ကြသည်။
အပျိုကြီးအများအပြားသည် အိမ်ထောင်ပြုချင်ကြသော်လည်း အမှုတော် သို့ အချိန်ပြည့်ဆက်ကပ်နိုင်ရန် မိမိကိုယ်ကို ချုပ်တည်းကြသည်။ သူတို့၏ ဘဝ တခုလုံးကို ဘုရားထံတော်သို့ ယုံကြည်စိတ်ချစွာ အပ်နှံကြသည်။ ထိုသူများ၏ ဆုတောင်းသံများကို ဘုရားရှင်က အဖြေမပေးခြင်းဟု ယူဆကြပါသလား။
ထိုနေရာ၌ လွယ်လင့်တကူ အဖြေတွေ့နိုင်မည်မဟုတ်။ အကြောင်းသော် အမျိုးသမီးအများအပြားသည် အိမ်ထောင်ဘက်ရွေးချယ်မှု မှားယွင်းတတ်ကြသည်။ ကျန်းမာရေးချို့တဲ့မှု၊ ဆင်းရဲမွဲတေမှု(နိုင်ငံအများအပြား၌)၊ ညှဉ်းပန်းနှိပ်စက်မှု ခံနေကြရသည်။ ဖောက်ပြန်ပျက်စီးသော လောကထဲ၌ ရောက်ရှိကြသည်။
အောက်ဆုံးအလွှာသို့ ရောက်ရှိခြင်းသည် အစေခံယူရန်နှင့် ဘုန်းတော်ထင်ရှား စေရန်ဖြစ်သည်။ မည်သည့်အခြေအနေသို့ ရောက်ရှိနေလျှင်လည်း ဘုန်းတော်ထင်ရှားစေရေးကိုသာ ရှေးရှုရသည်။ လူ့လောကစည်းစိမ်ဥစ္စာပေါ်၌ ပလ္လင်တည် စိုးစံလျှင် ပိုကောင်းမည်ဟု တလွဲမထင်ကြနှင့်။
အိမ်ထောင်မပြုဘူးသူ၊ တကိုယ်ရည်တကာယနေထိုင်သူ၊ အိမ်ထောင် ကွဲသူ၊ မုဆိုးမများ၏ ဘုရားမေတ္တာတော်အပေါ်သို့ တည်မှီကြပုံများသည် အံ့သြလောက်ပါပေသည်။ သခင်ဘုရားအပေါ်သို့ ဝမ်းမြောက်ရွှင်လန်းခြင်းသည် အကောင်းမြတ်ဆုံးဖြစ်သည်။ ဘုရားရှင်ကို ဘဝမဏ္ဍိုင်အဖြစ် စံပြုအသက်ရှင်ကြသောကြောင့် ထိုသူများသည် ဘယ်သောအခါမှ ကိုယ်ကျိုးအတ္တအား ဦးစားပေး ခြင်းမပြုကြ။
တကိုယ်ရည်တကာယ အမျိုးသမီး ဒေါက်တာအယ်လင်ရိုဆာဗက်က အာဖရိ ကအလယ်ပိုင်းဒေသ၌ သာသနာပြုစဉ် ကြောက်မက်ဘွယ်ရာများ ကြုံတွေ့ပုံကို ဤသို့ သက်သေခံသည်။
“ဘုရားသခင်က ကျွန်မကို အထူးလမ်းပြတော်မူတယ်။ မေတ္တာတော် ကြောင့် နွေးထွေးမှုခံစားရတယ်။ ဟေရှာ ၅၄း၅ ပါ “သင့်ကို ဖန်ဆင်းသူ သည် သင့်ခင်ပွန်းဖြစ်၏”ဟူသော ကျမ်းချက်အားဖြင့် ပိုမိုလုံခြုံလာတယ်”။
ထိုနည်းတူ ဓမ္မဆရာမ မာဂရက်ကလက်ဆန်ကလည်း အလုပ်မှ အနား ယူသောအခါ ဤသို့ ရေးသားထားသည်။
“ဘုရားရှင်က အိမ်ထောင်မပြုစေခြင်းမှာ သူ့အား အကြွင်းမဲ့ချစ်ခင်ရန် ဖြစ်ကြောင်း တခါတရံ စဉ်းသားဆင်ခြင်မိတယ်။ ကိုယ်တော်ကို သိကျွမ်းခြင်းကြောင့် ကျွန်မဘဝကို အပြည့်အဝ ကျေနပ်တယ်။ အိမ်ထောင်သာပြုခဲ့ရင် ဒီလိုခံစားချက်မျိုး ကြုံတွေ့ ရမှာမဟုတ်။ ဒါပေမဲ့ ဘုရားရှင်ရဲ့ သူတော်စင် ကြီးများလည်း အိမ်ထောင်ပြုကြတာ တွေ့ ရပါတယ်။ အိမ်ထောင်မပြုတဲ့ အမျိုးသမီးများက သခင်ယေရှုထံသို့ ကိုယ်စိတ်ဝိညာဉ် သုံးပါးစလုံး အပ်နှံ နိုင်ကြပုံကို သဘောကျမိတယ်။ အကယ်၍ အိမ်ထောင်ရှင်အမျိုးသမီးသာ ဖြစ်ခဲ့ရင် စိတ်လွတ်ကိုယ်လွတ်ဖြင့် အမှုတော်သို့ ဆက်ကပ်အပ်နှံနိုင်မည် မဟုတ်ကြောင်း သေချာသည်”။
အကယ်၍ အိမ်ထောင်ရှင်အမျိုးသမီးဖြစ်လျှင် အချိန်ရွေးရောက်လာ တတ်သော သေခြင်းတရားကြောင့် မုဆိုးမဖြစ်သွားနိုင်သည်။ ထိုသို့သော မုဆိုးမ များ၊ မိဘမဲ့ကလေးသူငယ်များ၏ နာကျင်စွာ ဆုတောင်းသံကို ဘုရားရှင်က နားညောင်းတော်မူကြောင်း ကျမ်းချက်များတွင် အများအပြား တွေ့မြင်ရသည်။ ဘုရားရှင်ကိုယ်တိုင်ကလည်း သူ့ကိုယ်သူအား မိဘမဲ့များ၏ ဖခင်၊ မုဆိုးမများ၏ ကွယ်ကာရာ(ဆာ ၆၈း၅)ဟု ဝန်ခံထားသည်။ မုဆိုးမများအား အနိုင်အထက်ပြုခြင်း၊ လူရာမသွင်းခြင်းအကြောင်းများကို ဓမ္မဟောင်းကျမ်းစာမျက်နှာများတွင် တွေ့ရ သည်။
သခင်ယေရှုကမူ ထိုမုဆိုးမများအပေါ်သို့ မတော်မတရားပြုသူများအား ဟန်ဆောင်သူ၊ အပေါ်ယံဘာသာတရားသမားဟု ရှုံ့ချသည်။ ကိုယ်တော်သည် ထိုသို့သော ဘဝအားငယ်သူများအား စာနာဂရုစိုက်သည်။ ဥပမာအားဖြင့် နာဣန မြို့သို့ ကြွမြန်းတော်မူစဉ် တဦးတည်းသောသား၏ အသုဘကို လိုက်ပို့သော မုဆိုးမအပေါ်သို့ ထားရှိသည့် ကရုဏာတော်၌ အထင်အရှားတွေ့ရသည်။ ထို ၊ မုဆိုးမသည် အနာဂတ်မျှော်လင့်ချက်မဲ့သည်။ ထိုအကြောင်းကို လု ၇း၁၃ တွင် “သခင်ဘုရားသည် ထိုမိန်းမကိုမြင်လျှင် သနားခြင်းစိတ်တော်ရှိ၍ မငိုနှင့်”ဟု နှစ်သိမ့်တော်မူကြောင်း တွေ့ရသည်။
အသင်းတော်ထဲ၌ စွန့်ပစ်ခံရသော အမျိုးသမီး အများအပြားတွေ့ရ တတ်သည်။ ပင်တေကုတ္တေပွဲတော်နောက်ပိုင်းတွင် ကနဦးအသင်းတော် ဝတ်ပြု စည်းဝေးခြင်း၏ ရည်ရွယ်ချက်တခုမှာ မုဆိုးမများ စောင့်ရှောက်ကူညီရေးဖြစ်သည်။ ယာ ၁း၂၇ တွင် စစ်မှန်သော ခရစ်ယာန်ယုံကြည်ခြင်းကို မုဆိုးမများ၏ မိဘမဲ့ များသို့ ဂရုစိုက်ခြင်းဖြင့် သက်သေပြရကြောင်း ဆိုထားသည်။
အခြား အိမ်ထောင်ရှင်မများလည်း အသင်းတော်ထဲ၌ အများအပြား တွေ့ရှိနိုင်သည်။ ထိုသူများအား ကြည့်ရှုသည့်အခါ စိတ်မကောင်းစရာ၊ စိတ်ဆင်း ရဲစရာများလည်း တွေ့မြင်နိုင်သည်။ အကယ်၍ ဘုရားရှင်က သူ့ကိုယ်သူအား မုဆိုးမများကို ကွယ်ကာသူ၊ မိဘမဲ့များ၏ဖခင်ဟု ထုတ်ဖော်ဝန်ခံလျှင် မိဘခင်ပွန်း များ၏ စွန့်လွှတ်ခြင်းခံရသူများသည် စိတ်အားငယ်စရာမရှိ။
လင်မရှိသူ မိဘ ကွယ်လွန်သူများ၏ ဘုရားရှင်က ငြိမ်သက်ချမ်းမြေ့ခြင်း အာမခံထားသည်။ ထိုသူ များနှင့် ထပ်တူ ဘုရားရှင်သည် ဝမ်းနည်းသည်။ ပရောဖက်ဟောရှေက သစ္စာ ဖောက်ပြန်သော သူ့ဇနီးအတွက် ငိုကြွေးခြင်းတွင်လည်း သူ့လူများ၏ ဖောက်ပြန် ခြင်းကြောင့် သခင်ဘုရား၏ စိတ်နှလုံးတော် ကြေကွဲဝမ်းနည်းပုံအား ပြသသည်။
အကြောင်းအမျိုးမျိုးကြောင့် လင်ယောက်ျားနှင့် ခွဲခွာသူ အများအပြား ရှိကြသည်။ အချို့က ခင်ပွန်းသည်၏ လူမဆန် ရက်စက်ကြမ်းကြုတ်မှုကြောင့် သေသွားကြသည်။ ထိုသို့သော ပြုမူမှုသည် နာကျင်ဖွယ်ရာဖြစ်၍ တတ်နိုင်သမျှ ထိုသို့မဖြစ်ကြရန် ကူညီရိုင်းပင်းရသည်။
ခရစ်ဝင်ကျမ်းများတွင် ပေတရုက သခင်ယေရှုထံသို့ “ကိုယ်တော်နောက် သို့လိုက်ရန် အကျွန်ုပ်တို့သည် အရာခပ်သိမ်းအား စွန့်လွှတ်တော်မူပြီ”မာ ၁၀၂၈)ဟု လျှောက်လဲသောအခါ သခင်ယေရှုက “ငါအမှန်ဆိုသည်ကား အကြင် သူသည် ငါ့ကြောင့်၄င်း၊ ဧဝံဂေလိတရားကြောင့်၄င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။
ထိုသူသည် အဆတရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၄င်း ခံရလတံ့” (မာ ၁၀း၂၉၊ ၃ဝ)ဟု ကတိတော်ပေးထားသည်။
ကြီးမားသော ဆုကို ထာဝရကာလ၌ တွေ့မြင်ရမည်။ သို့သော် ယခု ဘဝ၌ လက်ချည်းဗလာရှိရသည်ဟု မဆိုပါ။ ယုံကြည်သူ ညီအစ်ကိုမောင်နှမများ၊ ခရစ်ယာန်မိသားစုဝင်များနှင့် တူပျော်ပျော်ရှိရသည်။ သခင်ယေရှု၏ သွန်သင်တော်မူချက်နှင့် ရှင်ပေါလု၏ စကားများအရ တခါတရံ တကိုယ်တော်ဘဝဖြင့် အမှုတော်မြတ်၌ ပါဝင်ခြင်းသည် မွေ့လျော်စရာအကောင်းဆုံးဖြစ်သည်။ ကောင်း ကင်ဘုံတွင် ဘုရားတရားကိုင်းရှိုင်းခဲ့သော တကိုယ်တော်အမျိုးသမီးပေါင်းများစွာနှင့် ဝိညာဉ်ရေးရာ ကလေးသူငယ်များစွာ တွေ့မြင်ရဦးမည်။ ထို့ကြောင့် တကိုယ်ရည် တကာယဖြင့် လူ့လောက၌ အမှုတော်ပြုခြင်းသည် ကောင်းကင်ရတနာစုဆောင်းခြင်းဖြစ်သည်။
၆
ဘုရားရှင်က အိမ်ထောင်သည်အမျိုးသမီးများအဖြစ်ဖန်ဆင်းခြင်း
အိမ်ထောင်ပြုခြင်းသည် ဘုရားသခင်၏ အကြံအစည်တော်ဖြစ်သည်။ ဖန်ဆင်းခြင်းသည် ရိုးစင်းစွာဆိုရလျှင် အိမ်ထောင်ချပေးခြင်းဖြစ်သည်။
“ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ့်မိဘကိုစွန့်၍ ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်”က ၂း၂၄)။
စွန့်ခွာခြင်းသည် ကိုယ်ပိုင်မိသားစုသစ် တည်ဆောက်ရန် မိဘအိမ်ထောင် မိသားစုကို စွန့်ခွာခြင်းဖြစ်သည်။ ခင်ပွန်းသစ်နှင့် မယားသစ်တို့ မေတ္တာပေါင်းဖက် ဆုံစည်းခြင်းဖြစ်သည်။ ထိုအကြင်လင်မယား ပေါင်းဖက်ခြင်းသည် အစဉ်တည်မြဲသော ပေါင်းသင်းဆက်ဆံရေး စတင်ခြင်းဖြစ်သည်။ သေခြင်းမှလွဲ၍ ခွဲခွာခြင်း မပြုရ။ ဘေးကင်းလုံခြုံရေး အတည်တကျရှိရေးနှင့် အပြန်အလှန် ယုံကြည်စိတ်ချ မှုများ အတူတကွ တည်ဆောက်ရသည်။ အကြင်လင်မယားသည် လူသိရှင်ကြား ပေါင်းဖက်ခြင်းဖြစ်သည်။ လူရှေ့သူရှေ့တွင် အပြန်အလှန် ကတိပြုကြသည့်အတိုင်း ကာယကံရှင်နှစ်ဦးတို့အကြား၌ သစ္စာတည်မြဲရသည်။
ပျော်ရွှင်စွာ မင်္ဂလာဆောင်ခြင်းကို စာတန်က မုန်းတီးသည်။ အကြောင်း သော် ဘုရားပေးကောင်းချီးမင်္ဂလာ ခံစားရာဖြစ်သောကြောင့် ဖျက်ဆီးချင်သည်။ ထို့ကြောင့် ဧဒင်ဥယျာဉ်တွင် ဘုရားသခင်ကို ယုံကြည်သော မိန်းမအား တိုက်ခိုက် သည်။ ထိုမျှသာမက ထိုမိန်းမက သူ့ယောက်ျားအား ဆက်လက်တိုက်ခိုက် ဖျက်ဆီးသည်။ ထိုသို့ဖြင့် လင်မယားအကြား၌ ပြဿနာပေါ်ပေါက်လာရာမှ နှောင်းလူခေတ်အဆက်ဆက်သို့ ပြဿနာရောဂါ ဆင့်ပွားကူးစက်သည်။
အကြင်လင်မယားဘဝတွင် တင်းမာမှုနှင့် ကွာရှင်းပြတ်စဲခြင်းသို့ ရောက် ရှိတတ်ကြသည်။ လင်မယားကွာရှင်းပြတ်စဲခြင်းအကြောင်းအား သခင်ယေရှုသို့ မေးမြန်းကြသောအခါ ကိုယ်တော်က ဖန်ဆင်းခြင်းအကြောင်း အရင်းတည်၍ ဤသို့ မိန့်တော်မူသည်။
“ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်ဘဲ တဦးတည်းဖြစ်၏။ ဘုရားသခင်က ဖက်စပ်၍ ထမ်းဘိုးတင်တော်မူသောအရာကို လူမခွဲမခွာ စေနှင့်။ —– ကိုယ်တော်က သင်တို့စိတ်နှလုံး ခိုင်မာသောကြောင့် မယား နှင့်ကွာရသောအခွင့်ကို မောရှေသည် စီရင်၏။ အစအဦး၌ ထိုသို့ မဟုတ်။ (မ ၁၉း၆၊ ၈)။
အကြောင်းသော် ယနေ့လူသားများသည် အပြစ်လောကထဲ၌ ရှိနေကြ သောကြောင့် အဆုံးစွန်သောအပြစ်ဖြစ်သည့် ကွာရှင်ခြင်း(လင်မယားအပေါ် သစ္စာမဲ့မှု၊ စွန့်ပစ်မှု၊ လင်ငယ်နေမှု၊ ရက်စက်မှု) အပြစ်ကျူးလွန်ရန် ဝန်မလေးကြ။ သို့သော် ဘုရားသခင်က လင်မယားကွာရှင်းခြင်းကို မုန်းသည်။ ထိုသို့ ပြုမူခြင်း သည် ပဋိညာဉ်ပြုချက်အား ချိုးဖျက်ခြင်းဖြစ်သည်(မာ ၂း၁၆)။
ဘုရားသခင်က ယောက်ျားနှင့်မိန်းမဟူ၍ လိင်နှစ်မျိုးဖြင့် လူကို ဖန်ဆင်း သည်။ ထို့ကြောင့် တဦးတယောက်၏ ဦးဆောင်ခြယ်လှယ်မှုကြောင့် အိမ်ထောင် ရေးမသာယာနိုင်။ (အသိုင်းအဝိုင်းမှာဖြစ်စေ၊ အသင်းတော်မှာဖြစေ၊ အဆင် မပြေနိုင်)၊ ဦးဆောင်မှုလိုအပ်သကဲ့သို့ ပဲ့ပြင်ထိန်းကျောင်းမှုက နောက်လိုက်ရသည်။ အိမ်ထောင်ပြုခြင်းသည် အပြန်အလှန် အမှီသဟဲပြုခြင်းဖြစ်သည်။ ခင်ပွန်းသည် အစေခံခေါင်းဆောင်ဖြစ်၍ ခင်ပွန်းကို အမှီသဟဲပြု၍ ကူမပံ့ပိုးသူဖြစ်သည်။ ယောက်ျားက ဦးဆောင်၍ မိန်းမက ထိန်းသိမ်းပြုစုရသည်။ ထို့ကြောင့် လင် ယောက်ျားက လှေဦး၊ မယားကပဲ့ ထမ်းရသည်။
“မိန်းမသည် မိမိကိုယ်ကို မပိုင်။ လင်ယောက်ျားက ပိုင်၏။ ထိုနည်းတူ လင်ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်။ မယားက ပိုင်၏”၁ကော ၇း၄)။
အပြန်အလှန် အမှီသဟဲပြုခြင်းသည် သာတူညီမျှရှိခြင်းနှင့် မတူညီပါ။ယနေ့ခေတ်ကာလ၌ အချို့ခရစ်ယာန်များသည် အိမ်ထောင်ရေးမပျော် ရွှင်မှုများကို ကုစားရာနည်းလမ်းသစ် ရှာဖွေကြသည်။ ထိုကား နိယာမအစဉ်အလာ ကန့်သတ်ချက်မဲ့ခြင်းဖြစ်သည်။ ထိုအပြုအမူသည် လက်တွေ့တွင် သင့်တင့်လျောက်ပတ်ခြင်းမရှိ။ မိသားစုအရေး၌ လင်ယောက်ျား၏ ဦးစီးခေါင်းဆောင်မှု လည်းမရှိ။ ကျမ်းစာလာ ဦးခေါင်းဆိုသည်မှာ ဘိုးဘေးများကို ဆိုလိုသည်ဟုပြောဆိုတတ်ကြသည်။
ယခုခေတ်ကာလတွင် ကျမ်းစာခေတ်ကာလမှ ဘိုးဘေး များ၏ အခန်းကဏ္ဍကို ရည်ညွှန်းသည်ဟု ဆိုကြသည်။ ယခုခေတ်ကာလတွင် အိမ်ထောင်သည်ဘဝ၌ သာတူညီမျှရှိသည်ဟု အတိအကျမဆိုဘဲ အနက်အမျိုး မျိုးရှိသည်ဟု ဆိုကြသည်။ သူ့နေရာနှင့်သူ၊ ကိုယ့်နေရာနှင့်ကိုယ် တာဝန်ကိုယ်စီ ရှိကြသည်ဟု ခံယူကြသည်။ ထိုအတွေးအမြင်သည် ခေတ်ရေစီးကြောင်းအရ ဆိုကြသော်လည်း ကျမ်းစာသွန်သင်ချက်နှင့် ဖီလာဆန့်ကျင်သည်။ ကျမ်းစာသွန် သင်ချက်တွင် လင့်ဝတ်၊ မယားဝတ်ပြဌာန်းသော်လည်း အချင်းချင်း အပြန်အလှန် လေးစားရသည်။
ထိမ်းမြားခြင်းသည် ခရစ်တော်နှင့် အသင်းတော်ပုံဆောင်သည်၊ လင့်ဝတ္တရား
ဧ ၅ တွင် အိမ်ထောင်သည်ဘဝကို ခရစ်တော်နှင့် သူ့အသင်းတော် အကြား ဆက်ဆံရေးကို ရောင်ပြန်ဟပ်စေသည်။အပြစ်၏ လက်ချက်ကြောင့် လင်ယောက်ျားသည် ကြမ်းတမ်းသည်။ ယုံကြည်သူခရစ်ယာန်ဖြစ်လာသောအခါတွင်မူ ထိုသို့ ကြမ်းတမ်းခြင်းမရှိတော့ပါ။ မိမိအသက်နှင့်အမျှ ဇနီးသည်ကို ချစ်ခင်သည်။ ခရစ်တော်က အသက်ကိုနှင်း၍ အသင်းတော်ကို ချစ်ခင်သကဲ့သို့(ဧ ၅း၂၅) ချစ်ခင်ရသည်။ ခရစ်တော်၏ ခေါင်းဆောင်မှုမျိုးဟု ဆိုသည့်အခါ လင်ယောက်ျား၏ ဆုံးဖြတ်ချက်သည် အမြဲတမ်း အကောင်းဆုံးဖြစ်သည်ဟု မဆိုလိုပါ။ မိသားစုရေးရာကိစ္စအရပ်ရပ်အား ဦးဆောင် စီရင်သူဟု ဆိုလိုသည်။ မယားအပေါ်သို့ စိတ်ရှည်လက်ရှည်ဖြင့် အစစအရာရာ၌ တာဝန်ကျေပြွန်ရသည်။ အကယ်၍ အလွဲအမှားပြုလုပ်မိလျှင် သူ့ဦးဆောင်ချက် ဖြစ်သည့်အတိုင်း အကျိုးဆက် ပြန်လည်ခံစားရသည်။ သူ၏ ဦးဆောင်မှုသည် မိသားစုတစုလုံး၏ အရေးကိစ္စဖြစ်သည်။
တာဝန်ဝတ္တရားသည် သြဇာအာဏာအား လက်တွေ့ အသုံးချခြင်းဖြစ်သည်။ အသင်းတော်နှင့် ခရစ်ယာန်အိမ်ထောင် မိသားစုတွင် အမိန့်အာဏာသည် အသင်းတော်ခေါင်းဆောင်အတွက်ချည်း မဟုတ်။ ခရစ်တော်သည်လည်း ထိုကဲ့သို့ ဩဇာအာဏာကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်းမရှိခဲ့။ လင်ယောက်ျားသည် သူ့အားအင်ကို မိသားစုကွယ်ကာ လုံခြုံ စေရန် အသုံးပြုရသည်။ ခရစ်တော်က အသင်းတော်သို့ ဝိညာဉ်လက်ဆောင်များ ပေးသကဲ့သို့ လင်ယောက်ျားသည်လည်း ဇနီးသည်သို့ လက်ဆောင်များပေးစွမ်း နိုင်ရသည်။ ဇနီးသည်အား အကောင်းဆုံးအမျိုးသမီးဖြစ်စေရန် ပုံမှန်လက်ဆောင်များနှင့် ဝိညာဉ်ရေးရာ ကြီးထွားဖွံ့ဖြိုးရေးလက်ဆောင်များ ပံ့ပိုးနေရသည်။
ခင်ပွန်းသည် အမိန့်အာဏာဖြင့် မိမိမယားကို အုပ်ချုပ်ရသည်မဟုတ်။ ချစ်ခြင်းမေတ္တာဖြင့် သွန်သင်အုပ်စိုးရသည်။ ဇနီးအား အကြမ်းပတမ်း ပြုမူဆက် ဆံခြင်းသည် အပြစ်ဖြစ်သည်။ အသင်းတော်သည် အပြစ်ဒုစရိုက်သမားများအား ဖျောင်းဖျပဲ့ပြင်၍ ဆုံးမရသကဲ့သို့ ခင်ပွန်းသည် ဇနီး၏ အားနဲချို့ယွင်းချက်များ အား အပြစ်မမြင်ဘဲ မေတ္တာထား၍ ပဲ့ပြင်ဖြည့်ဆည်းပေးရသည်။
အိမ်ထောင်ပြုခြင်းသည် ခရစ်တော်နှင့် အသင်းတော်တို့ကို ပုံဖော်သည်၊ မယားဝတ်
အပြစ်တရားကြောင့် မယားများသည်လည်း အိမ်ထောင်ဦးစီးဖြစ်ချင်ကြ သည်။ မိန်းမ၏ ဆန္ဒသည် ခင်ပွန်းသည်၏ ဆန္ဒအား ထိန်းကျောင်းပဲ့ပြင်ခြင်း ဖြစ်ရသည်။ ယခုအခါ မယားများသည် ခင်ပွန်းသည်၏ ဦးဆောင်မှုအား အသင်း တော်က ခရစ်တော်ကို ဝန်ခံရသကဲ့သို့ ဝန်ခံခြင်းမျိုးဖြစ်ရသည်။
“ယောက်ျား၏ ခေါင်းကား ခရစ်တော်ဖြစ်သည်ကို၎င်း၊ မိန်းမ၏ ခေါင်း ကား ယောက်ျားဖြစ်သည်ကို၄င်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို၄င်း သင်တို့သိမှတ်စေခြင်းငှါ ငါအလိုရှိ၏။ —– ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဍာန်၊ ဘုန်းအသရေတော်ဖြစ်သော ကြောင့် မိမိခေါင်းကို မဖုံးရ၊ မိန်းမမူကား ယောက်ျား၏ ဘုန်းအသရေဖြစ်၏။ ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည်မဟုတ်။ မိန်းမသည် ယောက်ျား ကြောင့်ဖြစ်၏။ ယောက်ျားကို မိန်းမကြောင့် ဖန်ဆင်းသည်မဟုတ်။ မိန်းမကို ယောက်ျားကြောင့် ဖန်ဆင်း၏”( ၁ကော ၁၁း၃၊ ၇၊ ၉ )။
ထိုဖန်ဆင်းခြင်း၌ စနစ်တကျရှိခြင်းသည် ယောက်ျားနှင့် မိန်းမအကြား ဆက်ဆံရေး စနစ်တကျရှိရေးတွင် တွေ့မြင်ရသည်။ မယားသည် မိမိခင်ပွန်းအား ကြည်ညိုလေးစားခြင်းဖြင့် မျက်နှာပွင့်လင်းစေသူဖြစ်ရသည်။ ကျမ်းစာသွန်သင် ချက်တွင်လည်း ရိုသေဝန်ခံခြင်းသည် တန်ဘိုးကျဆင်း လျော့နည်းသွားခြင်း ၊ မဟုတ်ဘဲ ယဉ်ကျေးသိမ်မွေ့သည့် အရည်အသွေး ထုတ်ဖော်ပြသခြင်းဖြစ်သည် ဟုဆိုသည်။
“အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား ခရစ်တော် သည် အသင်းတော်အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိဇနီးအပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည်လည်း မိမိခန္ဓာကိုယ်ကို ကယ်တင်သောသူဖြစ်တော်မူ၏။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ မိန်းတို့လည်း ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံကြရမည်။ —- သို့ရာတွင် သင်တို့သည် အသီးအသီး ကိုယ့် ကိုယ်ကိုချစ်သကဲ့သို့ ကိုယ့်ခင်ပွန်းကို ချစ်ကြလော့။ မိန်းမသည် ကိုယ့်ခင်ပွန်း ကို ရိုသေခြင်းရှိစေ၅း၂၂-၂၄၊ ၃၃)။
“အချင်းမိန်းမတို့၊ သခင်ဘုရား၌ လျောက်ပတ်သည့်အတိုင်း ကိုယ့်ခင် ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့”ကော ၃း၁၈)။
၊ “အထက်က ဆိုခဲ့ပြီးသည့်နည်းတူ မိန်းမတို့၊ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်း ကို ဝန်ခံကြလော့။ သို့ပြု၍ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ယောက်ျားအချို့ ရှိလျှင် —– မိမိမယား၏ အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါမည့်အကြောင်းရှိ၏။ —- ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန်မဖျက်ဆီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့။ ဘုရား သခင်ကို ကိုးစား၍ သန့်ရှင်းသောမိန်းမတို့သည် ရှေးက ထိုသို့ ကိုယ့်ကိုယ် တန်ဆာဆင်ကြ၏—-( ၁ပေ ၃း၁-၆ )။
ထိုသို့ ဝန်ခံခြင်းသည် မိမိစိတ်သဘောဆန္ဒအတိုင်းဖြစ်ရသည်။ လင် ယောက်ျား၏ အမိန့်အာဏာအား နာခံခြင်းမျိုးမဖြစ်ရ။ သူနှင့် ဘုရားသခင်အား ဝန်ခံခြင်းဖြစ်၍ နေရာတိုင်း(သားသမီးများက မိဘ၊ နိုင်ငံသားများက အုပ်စိုးသူ အစိုးရ၊ အသင်းတော်သားများက အသင်းတော်ခေါင်းဆောင်)၌ ဝန်ခံခြင်းအကျင့် ရှိရသည်။ သို့သော် ထိုသို့ ဝန်ခံ/မဝန်ခံခြင်းသည် မိမိရွေးချယ်ရာဖြစ်သည်။ ထို့ကြောင့် ကောင်းသောအမူအကျင့်ဖြစ်သည့် ဝန်ခံခြင်းအကျင့်ကို ရွေးချယ် လိုက်နာအပ်သည်။
မယားဝတ်တွင် ခင်ပွန်းအပေါ်သို့ ဝန်ခံခြင်းသည် ပဓါနအချက်ဖြစ်သည်။ အထူးသဖြင့် မယားဝတ်သည် မိမိမိသားစုကို ပိုမိုချစ်ခင်၍ ကြီးထွားရင့်ကျက်စေ သူ ဖြစ်ရသည်။ အိမ်ထောင်ဦးစီးအဖြစ် သိမှတ်ရသည်။ သု ၃၁ ပါ သီလနှင့်ပြည့်စုံသော မိန်းမအကြောင်းကို ဖတ်ရှုဆင်ခြင်ကြည့်ပါ။ ပတ်ဝန်းကျင်လှပစေရေးနှင့် အိမ်မှုကိစ္စရေးရာကိုလည်း ကျေပြွန်ရသည်။ ခင်ပွန်းအား မိသားစုခေါင်းဆောင် ဖြစ်ကြောင်း အားဖြည့်ကူညီရသည်။ မယားဝတ်တွင် ခင်ပွန်းသည်၏ စကားအား “ဟုတ်ကဲ့”ဟုသာ ပြောရသည်။ ထိုကား မိခင်အပါအဝင် မိသားစုဝင်များ၏ ကြည်နူးဖွယ်ရာ ဆက်ဆံရေးသော့ချက်ဖြစ်သည်။
ဘုရားတရားသိသော ခင်ပွန်းသည် မိသားစု၏ အိမ်ထောင်ဦးစီး ဖခင် တာဝန်ကို ကျေပြွန်သည်။ မိသားစုရေးရာကို ဖခင်က စတင်သည်။ အိမ်ထောင် ဦးစီး၏ စကားကို မယားက ထောက်ခံပံ့ပိုးရသည်။ ထိုကား ခရစ်ယာန်အိမ်ရှင်မ ၏ မယားဝတ်ဖြစ်သည်။ အပေါင်းလက္ခဏာဖြင့် တုံ့ပြန်ခြင်းသည် နာပျော်ဘွယ် ရာဖြစ်၍ အကျိုးသက်ရောက်သည်။
ဘုရားတရားသိသော အိမ်ရှင်မများသည် မိသားစုထဲ၌ ခင်ပွန်းသည်၏ ဝိညာဉ်ရေးရားအား ဖြည့်ဆည်းပံ့ပိုးရသည်။ အကယ်၍ ခင်ပွန်းသည်သည် မယုံ ကြည်သူဖြစ်လျှင် ဆုတောင်းပေးရသည်။ အသင်စာဖတ်သူ အိမ်ရှင်မသည် မိသားစု၏ အိပ်ယာဝင်ဆုတောင်းခြင်းအား နှိုးဆော်လေ့ရှိပါသလား။
မယားဝတ်အကြောင်းကို ၁ပေ ၃း၁-၆ တွင်လည်း တွေ့ရသည်။ မိမိ ခင်ပွန်းကို မိသားစုခေါင်းဆောင်အဖြစ် လေးစားရသည်။ ထိုနည်းတူ ရော ၁၃း၁-၆ တွင်လည်း ယုံကြည်သူခရစ်ယာန်များသည် ဒေသဆိုင်ရာ အစိုးရမင်းများအား လူကောင်းဖြစ်စေ၊ မကောင်းသောသူဖြစ်စေ လေးစားဝန်ခံရကြောင်း ဆုံးမသွန် သင်ထားသည်။
က ၂း၁၈ တွင် ဧဝကို ပြုလုပ်ခြင်းသည် အာဒံအား ကူပံ့ရန်ဖြစ်ကြောင်း ဆိုထားသည်။ ထိုကူပံ့ခြင်းကို မိခင်များက ကလေးသူငယ်များအား စောင့်ရှောက် ခြင်းပုံစံ၌လည်း တွေ့မြင်နိုင်သည်။ မယား(သို့) မိခင်သည် အိမ်ထောင်မိသားစု ဝင်များ၏ မျက်လုံးများဆုံရာ၊ စိတ်နှလုံးများ ဆုံစည်းရာ မြစ်ဆုံဖြစ်သည်။ ခင်ပွန်း သည်ကလည်း မိမိမယားအား လေးစားအသိအမှတ်ပြုရသည်။ မိသားစု စားဝတ် နေရေး တာဝန်ယူသကဲ့သို့ မယား၏ ရင့်ကျက်တည်ငြိမ်ရေးကိုလည်း ပံ့ပူးရသည်။ အကယ်၍ ဇနီးသည်သည် အပြင်တွင် အလုပ်ထွက်လုပ်လျှင် ခင်ပွန်းသည်ကလည်း မိသားစုအရေး၌ တတ်အားသရွေ့ ပါဝင်ကူညီရသည်။ သု ၃၁ ပါ သီလနှင့်ပြည့်စုံ သော အိမ်ရှင်မအကြောင်းတွင် အပြင်၌ အလုပ်ထွက်လုပ်ရသော်လည်း အိမ်မှု ရေးရာတွင် လစ်ဟင်းမှုမရှိစေရပုံများ တွေ့ရသည်။ “အိမ်သူအိမ်သား ပြုမူသမျှ တို့ကို ကြည့်ရှုတတ်၏။ ပျင်းရိခြင်းအစာကို မစား တတ်”သု ၃၁း၇)။ စားသောက်ရေး(ငယ် ၁၄၊ ၁၅)၊ နေရာထိုင်ခင်း(ငယ် ၁၆)၊ ဝတ်စားဆင်ယင်မှု(ငယ် ၂၁)၊ တန်ဆာပလာပြင်ဆင်ခြင်း(ငယ် ၂၂)၊ မိသားစု စိတ်ဓါတ်ရှိခြင်း(ငယ် ၂၆)၊ ခင်ပွန်းသည်အား ပတ်ဝန်းကျင်က သိရှိလေးစားကြ ရေး(ငယ် ၂၃) လုပ်ဆောင် စီမံပုံများ တွေ့ရသည်။
တိတုသြဝါဒစာတွင် အသက်ကြီးသော အမျိုးသမီးများက မိန်းမငယ် များအား အိမ်မှုရေးရာ သင်ကြားပေးရေး သွန်သင်ထားသည်(တိ ၂း၅)။ အထူး သဖြင့် မိသားစုအရေး၌ စီမံခန့်ခွဲရေးကိစ္စများလည်း ပါဝင်သည်။ အသက်ငယ် ရွယ်သော မုဆိုးမများအား ထပ်မံအိမ်ထောင်ပြုရန်နှင့် အိမ်ထောင်မိသားစုအရေး စီမံလုပ်ဆောင်ကြရန် ၁တိ ၅း၁၄ ၌လည်း သွန်သင်ထားသည်။ အမျိုးသမီး၏ ပင်မတာဝန်သည် အိမ်ထောင်မိသားစုအတွင်း စည်းလုံးညီညွတ်မှု တည်ဆောက် ခြင်းဖြစ်သည်။ ထိုအကြောင်း၏ မူလအစမှာ ကလေးသူငယ်များအား လိမ္မာရေး ခြားရှိလာကြရန် ငယ်ရွယ်စဉ်မှပင် ပညာသင်ကြားပေးရေးဖြစ်သည်။ ထိုသို့ပြုမူ ခြင်းသည် လင်နှင့်မယားအကြား အပြန်အလှန် လေးစားတာဝန်ကျေပြွန်ခြင်း ဖြစ်သည်။
ဘုရားရှင်က မိန်းမများအား ခင်ပွန်းသည်များသို့ မေတ္တာမပေါ့ ချစ်ခင် တန်ဘိုးထားကြရန် သွန်သင်သည်။ တိ ၂း၄ တွင် အသက်ကြီးသော မိန်းမများက အမျိုးသမီးငယ်များအား မိမိတို့ခင်ပွန်းကို မည်သို့ချစ်ခင် တန်ဘိုးထားရမည့် အကြောင်း သွန်သင်ခိုင်းသည်။ စစ်မှန်သော ချစ်ခြင်းမေတ္တာသည် အခြားအရေး အရာများထက် ပထမဦးစားပေးရာဖြစ်သည်။
သို့သော် သတိထားစရာမှာ အရာခပ်သိမ်းထက် ဘုရားသခင်ကို ချစ် ကြောက်ရန် အရေးကြီးသည်။ ကော ၃း၁၈ တွင် “အချင်းမိန်းမတို့၊ သခင်ဘုရား၌ လျောက်ပတ်သည့်အတိုင်း ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့” ဆို ထားသည်။ သခင်ယေရှုသည် ခင်ပွန်းမဟုတ်ပါ။ သခင်ဘုရားဖြစ်သည်။ မိမိခင် ပွန်းအား အပြစ်ကျူးလွန်အောင် မတွန်းပို့ရ။ ယုံကြည်သူမဟုတ်သော ခင်ပွန်းအား အသက်တာပြောင်းလဲစေရန် ဆုတောင်း၍ ရိုကျိုးစွာ ဆက်ဆံရကြောင်း၁ပေ ၃ တွင် သွန်သင်ထားသည်။ သခင်ယေရှုက လင်မယားသည် တစ်ဦး အပေါ်တစ်ဦး အပြန်အလှန် သစ္စာရှိရကြောင်း မိန့်တော်မူထားသည်။ တ ၅း၂၉ တွင်မူ “လူထက် ဘုရားသခင်ကို နာခံရသည်”ဟု ထပ်ဆိုထားသည်။
ဘုရားသခင်က ယုံကြည်သူခရစ်ယာန်များအား တနေ့တခြား ခရစ်တော် နှင့် ပိုမိုတူသထက် တူစေချင်သည်။ လူတိုင်းအား မည်သည့်အခြေအနေသို့ရောက်ရှိနေလျှင်လည်း ဂရုစိုက်ကြည့်ရှုတော်မူသည်။ အတိတ်ကာလမှ လွန်ကျူး ခဲ့သော အပြစ်များကို ခြင်္သေ့လည်ပြန်ကြည့်ရှုလျှင် ခင်ပွန်းထက် သခင်ယေရှုကို လိုအပ်ကြပုံ တွေ့မြင်ကြမည်။ အပြစ်များကင်းစင်၍ ပိုမိုသန့်ရှင်းကြစေရန်ဆောင်ရွက်ပေးတော်မူသည်။ သို့သော် အိမ်ထောင်ရှိ/မရှိသည်ဖြစ်စေ သခင်ယေရှု ပြန်လည်ကြွလာသောအခါ ယုံကြည်သူခရစ်ယာန်တိုင်းသည် ဝမ်းမြောက်ပျော်ရွှင် စွာ သိုးသငယ်မင်္ဂလာဆောင်ပွဲသို့ အတူတူ တက်ရောက်ကြမည့်အကြောင်း သိရှိ ထားရသည်။
၇
ဘုရားရှင်က မိခင်အဖြစ် ဖန်ဆင်းခြင်း
ဆာ ၁၂၇ တွင် သားသမီးများသည် ဘုရားပေးလက်ဆောင်ဟုဆိုသည်။ ထို့ကြောင့် သားသမီးများအား ဘုရားရှင်၏ လမ်းတော်သို့ လိုက်ကြရန် သွန်သင် လမ်းပြရသည်။ ထိုသို့ ဆုံးမသွန်သင်ရာ၌ မေတ္တာလွှမ်းခြုံ ရသည်။ တိ ၂၄ တွင် သားသမီးများအား မည်သို့ချစ်ခင်၍ သံယောဇဉ်ထားရကြောင်း သွန်သင်ထား သည်။ သို့သော် ဘုရားသခင်ထက် သားသမီးများကို ချစ်ရသည်မဟုတ်။ အကယ်၍ သားသမီးများကို ပိုချစ်လျှင် ရုပ်တုဘုရားတု ကိုးကွယ်ခြင်းဖြစ်သွားမည်။ သားသမီး များကို ချစ်ခင်ရာ၌ ချစ်ရာမရောက်ဘဲ နှစ်ရာရောက်အောင် ချစ်ခင်ယုယခြင်း ‘မပြုရ။ သားသမီးများအား နာခံခြင်း၊ စည်းကမ်းသေဝပ်ခြင်းရှိလာအောင် သွန်သင် ရသည်။
အမှားလုပ်မိသည့်အခါ အပြစ်ဒဏ်ချည်းမပေးရ။ တရားဟောဆရာကြီး တပါးက လူသည် အလွဲအမှားအား အပြစ်ဒဏ်ပေးခြင်း၊ ဆုံးမခြင်းထက် မေတ္တာ ဖက်၍ သွန်သင်ခြင်းက ပိုမိုထိရောက်သည်ဟု ဆိုသည်။ သားသမီးများအား ဆုံးမရာတွင် စိတ်နှလုံးနာကျင်ခြင်းမရှိအောင် ဆုံးမရသည်။ ဘုရားရှင်၏ ဆုံးမ ခြင်းသည် ထိုသို့သော သွန်သင်ခြင်းမျိုးဖြစ်သည်။ ဟောရှေအနာဂတ္တိကျမ်းတွင် ဘုရားသခင်က သူ့လူများအား မေတ္တာဖွဲ့နှောင်၍ သနားကြင်နာစွာ ဆုံးမ သွန်သင်ပုံ တွေ့မြင်ရသည်။
သားသမီးများကို ဆုံးမရာ၌ စဉ်ဆက်မပြတ် ဆုတောင်းပေးခြင်းလည်း ပါဝင်သည်။ သမ္မာကျမ်းစာကလည်း သားသမီးများအတွက် အမြဲဆုတောင်းပေး ကြရန် သွန်သင်ထားသည်။ ကလေးသူငယ်များသည် အနီးမှလူများဖြစ်ကြသောကြောင့် တဦးတယောက်ချင်း နာမည်ခေါ်တပ်၍ ဆုတောင်းပေးရသည်။ ကယ် တင်ခြင်းအကျွတ်တရားသည် အလိုအလျောက် ရရှိသည်မဟုတ်။ ထို့ကြောင့် ကလေးများကိုလည်း ကယ်တင်ခြင်းရရှိကြရေး သူတို့ကိုယ်တိုင် ဆုတောင်းတတ်အောင် သင်ပေးရသည်။ ဓမ္မသစ်ကျမ်းတွင် မိခင်နိတ်နှင့် အဖွားလောဣတို့၏ ဆုတောင်းပေးချက်ကြောင့် တိမောသေ၏ အသက်တာပြောင်းလဲပုံ တွေ့ရသည်(၂တိ ၁း၅၊ ၃း၁၅)။
သားသမီးများကို ချစ်ခင်လျှင် သခင်ယေရှုက မိမိအားချစ်ခင်ပုံကို ပြသ ပြောပြရသည်။ ဘုရားရှင်၏ စိတ်ရှည်သည်းခံပုံ၊ သနားကြင်နာပုံများကို အသက် တာဖြင့် သွန်သင်ပြသရသည်။ မိဘများက သားသမီးများသို့ အကောင်းဆုံး လက်ဆောင်မှာ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခြင်းအား လက်တွေ့ပြသ အမွေ ပေးခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် တရားဓမ္မဖြင့် သင်ရသည်မဟုတ်။ လက် တွေ့ ထပ်ချပ်သင်ပြရသည်။
သားသမီးများကိုချစ်ခင်လျှင် လုပ်ရဲကိုက်ရဲ စဉ်းစားရဲအောင် အစွမ်း သတ္တိပေးရသည်။ စကားနာခံတတ်ရေး သွန်သင်ကြပ်မတ်ရသည်။ စကားပြောဆို သည့်အခါ အခြားသူများ၏စကားကို ဦးစားပေးနားထောင်ရေး၊ မိမိစကားကို ရှေ့တန်းမတင်ရေး သတိပေးကြပ်မတ်ရသည်။ မိမိစကားဖြင့်သာ အဆုံးသတ်ရေး စိတ်ထားမျိုး မရှိစေရ။
မာတာမိခင်ဘဝသည် တိုက်တွန်းခွန်အားပေးသူနှင့် ဆုချသူဖြစ်သည်။ လူ့ဘဝသည် ကွေးသောလက်မဆန့်မှီ ဆန့်သောလက်မကွေးမှီသမျှ တိုတောင်း သည်။ ကျမ်းစာက နံနက်ယံ၌ပွင့်၍ ညနေစောင်း၌ ကြွေကျသည့် တောပန်းကဲ့သို့ ဖြစ်သည်ဟု ဆိုသည်။ ထိုမျှတိုတောင်းသော လူ့ဘဝတွင် မိမိသားသမီးများအား မည်မျှကြာအောင် စောင့်ကြည့်နိုင်ကြမည်နည်း။ ထိုခဏတာကာလက ထာဝရ ကာလအရေး စီရင်ပြဌာန်းသည်။
နေ့ရက်စဉ်ဆက် လုပ်ဆောင်ချက်များကို အချည်းနှီး မကုန်ဆုံးပါစေနှင့်။ သင့်တနေ့တာ လုပ်ဆောင်ချက်များကို အခြားလူ များက သတိထားမိကြမည်မဟုတ်။ အပြစ်သားများဖြစ်ကြသည့်အတိုင်း သားသမီး များသည်လည်း ပူပင်သောက လောကထဲ၌ ကြီးပြင်းသူများဖြစ်ကြသည်။ ထို ကြားထဲ၌ ဘုရားသခင်၏ ကျေးဇူးတော်ကြီးမားပုံကို သတိရနေအပ်သည်။ ဘုရား ရှင်သည် သူ့သားသမီးများအား ဘယ်သောအခါမှ ကျောခိုင်းခြင်းမပြု။ သားသမီး များအတွက် ပင်ပန်းခက်ခဲစွာ မိဘများ၏ လုပ်ဆောင်နေပုံကိုလည်း တွေ့မြင်နေ သည်။ ထိုသို့ လုပ်ဆောင်ချက်များအတွက် လက်ဆောင်ပေးရန် အဆင်သင့်ရှိ သည်။
သားသမီးများအပေါ်သို့ မေတ္တာထားလမ်းပြလျှင် တုံ့ပြန်မေတ္တာရရှိသည်။ သို့သော် မိဘများသည် သားသမီးတို့၏ တုံ့ပြန်မှုကို မျှော်လင့်ပြီး လုပ်ဆောင်ကြ ရသည်မဟုတ်။ မိဘက သားသမီးများအပေါ်သို့ ထားရှိသော မေတ္တာသည် ရေစုန်သာဖြစ်သည်။ ရှေးဓမ္မတေးဟောင်းတွင် “ချစ်ခြင်းမေတ္တာတော်သည် ကန့် သတ်ချက်မရှိ၊ ကျေးဇူးတော်သည် အတိုင်းအဆမဲ့၊ တန်ခိုးတော်သည် ကျယ်ပြန့်လှ၏။ ခရစ်တော်ထံမှ တဆင့်ရရှိသော ထိုစည်းစိမ်သည် လက်ဆင့်ကမ်း၍ မကုန် နိုင်” ဟုဆိုသည်။
နောက်ဆုံးအချက်။ ဆာ ၆၈ တွင် ဘုရားသခင်က “သူသည် မိဘမဲ့များ ၏ ဖခင်၊ မုဆိုးမများအား စောင့်ရှောက်သူ”ဟုဆိုသည်။ ထိုကား သားသမီးများ စောင့်ရှောက်ရန် မိခင်များသို့ ခွန်အားပေးစကားဖြစ်သည်။ မိခင်မှန်လျှင် မိသား စုကို ချစ်ခင်၍ တန်ဘိုးထားဂရုစိုက်သည်။ ဘုရားရှင်က အသင်စာရှုသူအား ထိုသို့ ချစ်သက်မြတ်နိုး ကွယ်ကာတတ်သူဖြစ်စေချင်သည်။ ထိုကတိတော်အား ခံစား သည့်အတိုင်း သားမြေးများသို့ လက်ဆင့်ကမ်းကြပါလေ။
၈
အသင်းတော်ထဲ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ – အပိုင်း ၁
ဓမ္မသစ်ကျမ်းတွင် အသင်းတော်ထဲရှိ ယုံကြည်သူခရစ်ယာန်တိုင်း၏ လှပ ကျော့ရှင်းပုံများ ခြယ်မှုန်းထားသည်။ အသင်းတော်ထဲရှိ ယုံကြည်သူများသည် ယေရှုခရစ်တော်၏ အသင်းတော်တည်းဟူသော ခန္ဓာကိုယ်၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ယောက်ျားနှင့် မိန်းမဟူ၍ ခွဲခြားခြင်းမရှိ။ ဓမ္မသစ်ကျမ်းတွင် ယောက်ျားသားများက ဦးဆောင်ရမည်ဟု ဆိုသော်လည်း ခရစ်တော်၏ အစေခံ ယူရာတွင်မူ ယောက်ျားမိန်းမဟူ၍ ခွဲခြားခြင်းမရှိ။
တနည်းအားဖြင့် ဓမ္မသစ်ကျမ်း စာလာ သင်းအုပ်ဆရာများသည် ယောက်ျားချင်းများသာ ဖြစ်ကြရသော်လည်း အခြားလုပ်ငန်းကဏ္ဍများတွင် အမျိုးသမီးများက ပါဝင်ဖြည့်ဆည်းရသည့် အချက် များလည်းရှိသည်။ ရော ၁၆ အစောပိုင်း၌ အမျိုးသမီးများ၏ ပါဝင်လုပ်ဆောင်ပုံ တွေ့ရသည်။ ထိုနည်းတူ ဖိ ၄း၃ တွင် “—– အသက်စာရင်းဝင်သော အခြားသော ငါ၏ လုပ်ဖော်ဆောင်ဘက်တို့နှင့်အတူ ဧဝံဂေလိတရားကို ဟောပြောသော အမှု၌ ကူညီကြိုးစားအားထုတ်ကြသော မိန်းမတို့ကို မစထောက်ပံ့လော့”ဟုဆို သည်။ ထိုကျမ်းစကားအရ အမျိုးသမီးများသည်လည်း ဧဝံဂေလိတရား လိုက်လံ ဟောပြောကြကြောင်း နားလည်ရသည်။ ထိုကား အထူးဝိညာဉ်လက်ဆောင်ဖြစ်၍ အချိန်ပြည့် ဧဝံဂေလိပြုကြသည့်အကြောင်းဖြစ်သည်။
ကနဦးအသင်းတော်ကာလ၌ အမျိုးသား အမျိုးသမီးတို့သည် အတူတကွ ဆုတောင်းခြင်း၊ ပရောဖက်ပြုခြင်း၌ ပါဝင်ကြသည်။ ၁ကော ၁၁း၅ တွင် “မိန်းမ မည်သည်ကား မိမိခေါင်းကို မဖုံးဘဲ ဆုတောင်းလျှင်သော်၎င်း၊ ပရောဖက်ပြုသော် ၄င်း၊ မိမိခေါင်းအသရေကို ရှုတ်ချ၏”ဟုဆိုသည်။ ဤနေရာတွင် သေချာစွာ ဖတ်ရှု မှသာလျှင် မိန်းမသည်လည်း ခေါင်းကိုခြုံလျှင် ဆုတောင်းခြင်း ပရောဖက်ပြုခြင်း ပြုလုပ်နိုင်ကြောင်း တွေ့ရသည်။ သိရှိထားရမည့်အချက်မှာ မိမိခင်ပွန်းကို လေး စားဝန်ခံခြင်းနှင့် အသင်းတော်၌ ခေါင်းဆောင်များအား လေးစားရသည့်အကြောင်း ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်းအမှုတော်သည် စည်းစနစ်ကျနသည်။
ယောက်ျားနှင့် မိန်းသည် ဝိညာဉ်ရေးရာတွင် သာတူညီမျှရှိကြသည်။ သို့သော် မိမိလင်ယောက်ျားကို လေးစားရသည်။ ခမည်းတော်ဘုရားနှင့် သားတော်ဘုရား တို့သည် တန်းတူရည်တူရှိကြသော်လည်း သားတော်သည် ခမည်းတော်ကို ဝန်ခံ သည်။
အချို့ဂိုဏ်းဂန အသင်းတော်များ၌ ယခုခေတ်ကာလတိုင်အောင် အမျိုး သမီးများသည် ခေါင်းဖုံးကြသည်။ ထိုကဲ့သို့ပင် အသင်းတော်ထဲ၌သာမက ပြင်ပ တွင်လည်း လင်ယောက်ျားကို ဝန်ခံရသည်။ မှတ်သားစရာ ဒုတိယအချက်မှာ အမျိုးသမီးများသည် ဆုတောင်းခြင်း၊ ပရောဖက်ပြုခြင်း ပြုလုပ်ရာတွင် အသင်းတော်ထဲ၌ တိတ်ဆိတ်ခြင်းမရှိကြ။ ထို့ကြောင့် ၁ကော ၁၄း၃၄ နှင့် ၁တိ ၂း၁၂ ပါ စကားရပ်များသည် ငြိမ်သက်ချမ်းမြေ့စွာ ဝန်ခံ၍ နားထောင်ကြရန် သွန်သင်ခြင်း ဖြစ်သည်။ ထိုစကားများသည် ၁တိ ၂၂ နှင့် အတူတူဖြစ်၍ တိုင်းနိုင်ငံသားများ ငြိမ်သက်တိတ်ဆိတ်ရေးဖြစ်သည်။ စကားတခွန်းမှမပြောဘဲ တိတ်ဆိတ်စွာ နားထောင်ကြရေးဖြစ်သည်။
ထို့ကြောင့် အသင်းတော်ထဲတွင် သင်းအုပ်များကကျမ်းစာသွန်သင်သည့်အခါ စိတ်ဝင်တစား နားထောင်ရသည်။ သီချင်းသီဆိုခြင်း၊ ဆုတောင်းခြင်း၊ သက်သေခံခြင်းများ ပြုလုပ်နိုင်သည်။ မှတ်သားစရာ တတိယ အချက်မှာ သမ္မာကျမ်းစာ အစုံအလင်ရှိနေပြီဖြစ်၍ မှားယွင်းတတ်သော မည်သည့် ပရောဖက်ပြုချက်မျှ မလိုအပ်တော့ပါ။ ယောက်ျားမိန်းမမရွေး ဆုတောင်းခြင်း၊ တိုက်တွန်းခွန်အားပေးခြင်း ပြုလုပ်နိုင်သည်။
အသင်းတော်ထဲ၌ တရားဓမ္မသွန်သင်ဟောပြောခြင်းသည် သင်းအုပ် များ၏ အဓိကတာဝန်ဖြစ်သည်။ အမျိုးသမီးများအတွက် သီးသန့်တာဝန် ပေးထား သည်။ တ ၁၈၆ တွင် ပြစ်ကိလနှင့် အာကုလတို့က အာပေါလုအား အတူတကွ တရားဓမ္မသင်ကြားကြပုံ တွေ့ရသည်။ ထို့ကြောင့် အတူတကွ သွန်သင်ဟောပြော နိုင်ကြောင်း နားလည်ရသည်။ တိမောသေသည်လည်း မိခင်နှင့် အဖွားတို့၏ သွန်သင်ခြင်းခံယူခဲ့သည်။ ထို့ကြောင့် သက်ကြီးရွယ်အို မိန်းမများသည် နောင်လာနောက်သား မြေးမြစ်များသို့ သွန်သင်နိုင်ကြောင်း နားလည်ရသည်(၂တိ ၁း၅၊ ၃း၁၄၊ ၁၅)။ မိသားစုအစည်းအဝေး၊ ဥပုသ်စာသင်ကျောင်း၊ ကျမ်းစာသင်တန်းနှင့် အတန်းပညာများတွင် အမျိုးသမီးများလည်း သင်ပြနိုင်သည်။
အသက်ကြီးသော မိန်းမများက မိန်းမငယ်များအား မည်သို့ သွန်သင် ရမည့်အကြောင်း တိ ၂း၃-၅ တွင် ဤသို့ ရေးထားသည်။
“အသက်ကြီးရင့်သော မိန်းမတို့သည် ကျင့်ကြံပြုမူရာမှာ ဓမ္မအမှုနှင့် ထိုက်တန်သောသူ၊ မချောစားတတ်သောသူ၊ စပျစ်ရည်မလွန်ကျူးတတ်သူ၊ကောင်းသောအတတ်ကို သင်ပေးတတ်သူကိုယ်တိုင်ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ကဲ့ရဲ့ခြင်းနှင့် ကင်းလွတ်စိမ့်သောငှါ အသက်ပျိုသောမိန်းမတို့သည် ကိုယ့်ခင်ပွန်းကို ချစ်သောသူ၊ သားသမီးကိုချစ်သောသူ၊ ဣနြေစောင့်သောသူ၊ စင်ကြယ်သူ၊ မိမိမိသားစုကို ပြုစုသူ၊ ကောင်းမွန်သူ၊ ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံသူဖြစ်စေခြင်းငှါ အသက်ကြီးရင့်သော မိန်းမ တို့သည် ဆုံးမပေးရမည့်အကြောင်း ထိုနည်းတူ အသက်ပျိုသော ယောက်ျား တို့သည်လည်း ဣနြေစောင့်ကြရမည့်အကြောင်း တိုက်တွန်းနှိုးဆော်လော့”။
တိ ၂ တွင် အမျိုးသမီးများက သင်းအုပ်ဆရာများအား ကူညီပံ့ပိုးရပုံ တွေ့ရသည်။ အမျိုးသမီးရေးရာ ပြဿနာအခက်အခဲ ကြုံတွေ့နေသော အမျိုး သမီးအား ကူညီစောင့်ရှောက်ရာတွင် သင်းအုပ်ဆရာထက် ယုံကြည်ခြင်းရင့်ကျက်သော အမျိုးသမီးကြီးက ကူညီရေးသည် ပိုမိုကောင်းမွန်သည်။ ပါးနပ်သော သင်းအုပ်ဆရာသည် ထိုသို့သော အမျိုးသမီးကိစ္စ တွေ့ဆုံကူညီရာတွင် အခြား ခရစ်ယာန်အမျိုးသမီးအား စေလွှတ်တတ်သည်။ အသင်းတော်ထဲ၌ ပြဿနာ အခက်အခဲဆုံတွေ့သော အမျိုးသမီးအား ကူညီစရာရှိလျှင် ထိုသို့သော အခက် အခဲတွေ့ကြုံဘူးသူက ကူညီလျှင် ပိုမိုအကျိုးရှိသည်။ ထိုသူက ထိုဒုက္ခသည် အခြားခံစားချက်များကိုလည်း မျှဝေနားလည်ပေးနိုင်သည်။ မိမိကိုယ်တိုင် ခရစ်တော်၏ ကူညီမစမှု ခံစားတွေ့ကြုံသကဲ့သို့ အခြားဒုက္ခသည်ကိုလည်း ကူညီမစ နိုင်သည်။
၉
အသင်းတော်ထဲ၌ အမျိုးသမီးများ၏ အခန်းကဏ္ဍ – အပိုင်း ၂
သခင်ယေရှုက ဒုတိယအကြိမ် ပြန်လည်ကြွလာသောအခါ လူများအား သိုးနှင့်စိတ် ခွဲခြားသကဲ့သို့ ခွဲခြားရမည့်အကြောင်း ပုံဥပမာပေး ရှင်းပြထားသည်။ သိုးသည် ယုံကြည်သူခရစ်ယာန်များအား ရည်ညွှန်းသည်။ ဆာလောင်ငတ်မွတ် သူများ၊ ဧည့်သည်များ၊ အဝတ်အစားချို့တဲ့သူများ၊ ဖျားနာသူများ စောင့်ရှောက် ကူညီသူ၊ ထောင်ကျသူများအား ခွန်အားပေးသူများကို ရည်ညွှန်းသည်(မ ၂၅း၃၁-၄၆)။
ဓမ္မသစ်ကျမ်းတွင် လက်တွေ့ကျကျ ကျေးဇူးပြု၍ အမှုတော်ပြုကြသည့် ချစ်စဖွယ်အမျိုးသမီးများအကြောင်းများလည်း တွေ့ရသည်။ သခင်ယေရှု၏ ကြွ ချီလေရာ၌ ဝတ်ကြီးဝတ်ငယ်အသွယ်သွယ် ဖြည့်ဆည်းကူညီသည့် ယုံကြည်သူ မိန်းမတသိုက်တို့က ထပ်ချပ်မကွာ လိုက်လံကြပုံ တွေ့ရသည်။ တမန်တော်ဝတ္တု တွင် တဗိသ(ဒေါ်ကာ)က မရှိဆင်းရဲသားများအား စွန့်ကြဲပုံ တွေ့ရသည်(တ ၉း၃၆-၄၃)။ တိမောသေက တန်ဘိုးရှိသော တရားဝင်မုဆိုးများအကြောင်း ပြောပြသည်။ ဂရုစိုက်စာနာသနားရမည့် မိန်းမများအကြောင်းအား ဤသို့ ပြောပြသည်။ “လင်တယောက်တည်းရှိဘူးသူ၊ ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့် သည်ဝတ်ကို ပြုခြင်း၊ သန့်ရှင်းသူတို့၏ ခြေ ထောက်ကို ဆေးကြောခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသော အမှုရှိသမျှတို့၌ ကြိုးစားအားထုတ်ခြင်းကို ပြုဘူးသူသာလျှင် မုဆိုးမစာရင်းဝင်စေ” (၁တိ ၅း၁၀)။
ပေးကမ်းခြင်းသည် အသင်းတော်၏ ထင်ရှားသော လုပ်ဆောင်ချက်တခု ဖြစ်သည်။ ရှင်ယာကုပ်က ခရစ်ယာန်အသက်တာ သက်သေခံနိုင်ရန် အကူအညီ ပေး စောင့်ရှောက်ရမည့်သူများအကြောင်းအား ဤသို့ ပြောပြထားသည်။ “ညီ အစ်ကို မောင်နှမတို့သည် အဝတ်အစား အချည်းစည်းရှိ၍ နေ့တိုင်းစားရသော အစာမရှိသောအခါ သင်တို့တွင် တစုံတယောက်သောသူက ငြိမ်ဝပ်စွာ သွားကြလော့၊ နွေးထွေးစွာ ဝတ်ကြလော့၊ ဝပြောစွာ စားသောက်ကြလော့ဟု ပြောလျက်သူတို့ကိုယ်နှင့် တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ် အကျိုးရှိသနည်း”(ယာ ၂း၁၅၊ ၁၆)။
ဓမ္မသစ်ကျမ်းတွင် သင်းထောက်များက အလှူငွေ၊ စားစရာများကောက် ခံပြီး မရှိဆင်းရဲသားများသို့ ပေးဝေကြကြောင်း တွေ့ရသည်။ ထိုသင်းထောက်များ သည် တဘက်တွင် တာဝန်ပေးအပ်ချက်ကြောင့် လုပ်ဆောင်ခြင်းဖြစ်သည်။ မည်သူ၏ တိုက်တွန်းစေခိုင်းခြင်းမျှမပါဘဲ စေတနာသဒ္ဓါကြည်ဖြူစွာ ပေးကမ်း စွန့်ကြဲသူများ မှာ တဗိသတို့ မိန်းမတသိုက်ဖြစ်သည်(တ ၉:၃၉ နှင့် ၁တိ ၅း၃-၁၆ တို့ကို ယှဉ်ကြည့်)။
သင်းထောက်များ ဖွဲ့စည်းခန့်အပ်ပုံကို ၁တိ ၃း၁၁ တွင် ဤသို့ တွေ့ရ သည်။
“ထိုနည်းတူ မိန်းမတို့သည် တည်ကြည်သူဖြစ်ရကြမည်။ ချောစားတတ် သူမဟုတ်။ သမ္မာသတိရှိသောသူ၊ အရာရာ၌ သစ္စာရှိသူဖြစ်ရကြမည်”။ဤအမျိုးသမီးထုသည် သင်းထောက်အမျိုးသမီးများဖြစ်၍ အချို့သည် သင်းထောက်များကို ကူညီသူ၊ အချို့သည် သင်းထောက်ကတော်များဖြစ်ကြသည်။ ပြဌာန်းထားသော သင်းထောက်အရည်အချင်းများဖြင့် တိုင်းတာလျှင် အမျိုးသမီး များသည် အသင်းတော်ထဲတွင် ကြည်ညိုခံရသူများမဖြစ်ကြသောကြောင့် သင်းထောက်မဖြစ်အပ်ကြ။ တိ ၁း၆ တွင် သင်းထောက်သည် မယားတယောက်တည်း ရှိသူသာဖြစ်ရမည်ဟု ဆိုထားသည်။
မည်သို့ဖြစ်စေ အသင်းတော်ထဲရှိ လူမမာ ဖျားနာသူများ၊ ဆင်းရဲငတ်မွတ်သူများ၊ မိဘမဲ့များ၊ သက်ကြီးရွယ်အိုများအား ကြည့်ရှုစောင့်ရှောက်သူသည် သင်းထောက်ဖြစ်သည်။ အမှန်မှာ နေ့ရက်စဉ် တိုင်းတွင် ထိုသို့သော အကူအညီပေးနိုင်သူများဖြစ်ရသည်။ လက်တွေ့တွင် ထိုသို့သော အမှုတော်လုပ်ငန်း၌ ပါဝင်ရန် မလွယ်ကူပါ။ ခက်ခဲပင်ပန်းသည်။ မည်သို့ဖြစ်စေ နောက်ဆုံးသောနေ့၌ ကယ်တင်ရှင် သခင်ဘုရားထံတော်မှ အံ့သြ ဘွယ်ရာ ချိုသာစကား ကြားသိရမည်ဖြစ်ကြောင်း မ ၂၅း၄၅ တွင် “ငါအမှန်ဆို သည်ကား သင်တို့သည် ဤသူတို့တွင် အငယ်ဆုံးသောသူတယောက်အား မပြု သမျှတို့ကို ငါ့အား မပြုကြသည်ဟု ပြန်၍ မိန့်တော်မူလတံ့”ဟု ဆိုထားပါသည်။ ဆင်းရဲချို့တဲ့နေသူအား ကူညီသူသည် တန်ဘိုးရှိသောသူဖြစ်သည်။ အကြောင်းသော် သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခံသူဖြစ်သည့်အတိုင်း ထိုဆင်းရဲဒုက္ခသည် များအား ကူညီခြင်းသည် ခရစ်တော်ကိုယ်တိုင်သို့ ပေးကမ်းကူညီခြင်းနှင့် တူညီ သည်။ ထို့ကြောင့်ခရစ်တော်ကဆုချအုံးမည်။
၁၀
ခရစ်တော်အတွက် အမျိုးသမီးများ အသုံးပြုခြင်းနှင့်အမျိုးသမီးများ လုပ်ငန်းခွင်
ခရစ်ယာန်ယုံကြည်ခြင်း၏ ပင်မတာဝန်သည် ယောက်ျားမိန်းမမရွေး လူပေါင်းစုံသို့ သတင်းကောင်းပြောပြခြင်းဖြစ်သည်။ လူတိုင်းသည် ဂုဏ်ကျက် သရေကိုယ်စီဖြင့် တင့်တယ်ကြသည်။ လူတိုင်းအား ဘုရားသခင်နှင့် သင့်မြတ် ပေါင်းသင်းရေး၊ အချင်းချင်း အပြစ်ခွင့်လွှတ်ရေးအကြောင်းများ ပြောပြရသည်။ ပတ်ဝန်းကျင်သို့ ကြည့်ရှုသောအခါ သမ္မာတရားမသိရှိသူ၊ သနားစရာလူများစွာတွေ့မြင်ရသည်။ ထိုသူများအား လူ့ဘဝအဓိပ္ပါယ် ပြောပြရုံမျှမက လက်တွေ့ ပြသရသည်။ သူတို့ကိုယ်တိုင် အခြားလူများ၏ ဘဝတန်ဘိုးကို နားလည်ရကောင်း မှန်း သိချင်မှသိကြမည်။ မိမိဘဝတန်ဘိုးကိုလည်း သိချင်မှ သိကြမည်။ မည်သို့ ဖြစ်စေ ဘုရားရှင်က ဖန်ဆင်းထားသူများဖြစ်ကြသောကြောင့် ထာဝရဝိညာဉ်ရှိသူ များဖြစ်ကြကြောင်း သဘောပေါက်အောင် ပြောပြရသည်။
ဘုရားရှင်၏ အပြစ်ခွင့်လွှတ်ခြင်းနှင့် ငြိမ်သက်ချမ်းမြေ့ခြင်း ရရှိနိုင်သူ များဖြစ်ကြကြောင်းကိုလည်း ရှင်းပြရသည်။ လူတိုင်းသို့ ဧဝံဂေလိသတင်းကောင်း ကမ်းလှမ်းရသည်။ ယောက်ျား၊ မိန်းမ၊ ကလေးလူကြီး၊ ဆင်းရဲချမ်းသာ၊ အသား အရောင်မခွဲခြားဘဲ ကမ်းလှမ်းပြောပြရသည်။ သခင်ယေရှု၏ နာမတော်ကို မှီခို သူတိုင်း ဘုရားရှင်က ကယ်တင်ကြောင်း ရှင်းပြရသည်။
ခရစ်ယာန်အမျိုးသမီးများသည် ဧဝံဂေလိသတင်းကောင်းဖြန့်ဝေရန် အခွင့်အရေးကောင်းရှိသူများဖြစ်ကြသည်။
ဦးစွာ ဘုရားရှင်က ပြုပေးတော်မူချက်များအား ရိုးစင်းစွာ သက်သေခံ ရသည်။ ထိုအကြောင်းနှင့် ပတ်သက်၍ ရှမာရိရွာသို့ သခင်ယေရှု သွားရောက် ပတ်သက်ပုံကို သတိပြုသင်ခန်းစာယူရသည်။ အပြစ်သူမ ရှမာရိသူသို့ နောက် တဖန်မငတ်နိုင်သော အသက်စမ်းရေအကြောင်း ပြောပြသည်။ ထိုအမျိုးသမီးသည် စိတ်လှုပ်ရှားလွန်းသဖြင့် “မတွေ့ဆုံဘူးသော်လည်း ငါ့အကြောင်းစုံကို ပြန်လည် ပြောပြသော ဤသူကို လာရောက်ကြည့်ကြလော့(ယော ၄း၂၉)ဟု တရွာလုံး
သွားခေါ်ရာ သခင်ယေရှုအား လာရောက်တွေ့ဆုံကြသည်။ သခင်ယေရှုသည် ထိုအမျိုးသမီးအား လက်ခံဆက်ဆံ ပြောဆိုခဲ့သည်။ ထိုအကြောင်းအရာအပြင် သခင်ယေရှုသည် မွေးရာပါမျက်ကန်းအား စက္ခုအလင်း ပြန်လည်တွေ့မြင်စေပုံ ကို တွေးကြည့်ပါ။ ထိုမျက်ကန်းအား ရပ်ရွာလူကြီးမင်းများကအကျိုးအကြောင်း မေးမြန်းကြသောအခါ “ငါသိတာက၊ ယခင်မှာ မျက်ကန်းဖြစ်ပေမဲ့ ယခုအခါ ထိုသူက ငါ့မျက်စိ အလင်းမြင်စေပြီ” ( ယော ၉း၂၅ )ဟု ဆိုသည်။
အခြားလူများသို့ သခင်ယေရှုအကြောင်း ပြောပြရေးသည် အထူးအရေး ကြီးသည်။ ၂တိ ၂း၁၂ တွင် “ငါတို့သည် ထိုသခင်ကို ငြင်းပယ်လျှင် သူကလည်း ငြင်းပယ်မည်”ဟုဆိုထားသည်။ ထို့ကြောင့် အခြားသူများသို့ ခရစ်တော်အကြောင်း ပြောပြရသည်။ သို့သော် ၂တိ ၂း၁၃ တွင် “ငါတို့သည် မယုံကြည်သော်လည်း ထိုသခင်သည် သစ္စာတည်သဖြင့် မိမိကိုယ်ကို ငြင်းပယ်တော်မမူနိုင်”ဟုဆိုသည်။
သတင်းကောင်းဟောပြောရန် အခြားနည်းလမ်းတခုမှာ အသက်တာဖြင့် ပြသခြင်းဖြစ်သည်။ ရှင်ပေတရုက ယုံကြည်သူခရစ်ယာန်အမျိုးသမီးများအား မယုံကြည်သူ ခင်ပွန်းထံသို့ ထိုသို့သောနည်းဖြင့် သတင်းကောင်းဟောပြောရကြောင်း သွန်သင်သည်။ အထက်လူကြီးမင်းများ၊ ခရစ်ယာန်မဟုတ်သော လူကြီး မိဘများ၊ အလုပ်ရှင်များသို့ သတင်းကောင်းဝေငှရန် နည်းလမ်းကောင်းဖြစ်ကြောင်း ၁ပေ ၃း၁၊ ၂ တွင် “အထက်ဆိုခဲ့ပြီးသည့်နည်းတူ မိန်းမတို့ ကိုယ့်ခင်ပွန်း၏ အုပ်စိုး ခြင်းကို ဝန်ခံကြလော့။ သို့ပြု၍ နှုတ်ကပတ်တရားတော်ကို နားမထောင်သော ခင်ပွန်းအချို့ ရှိလျှင် ထိုသူတို့သည် တရားမနာသော်လည်း သင်တို့၏ ချစ်ကြောက် ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု၍ မိမိမယား၏ အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါမည့်အကြောင်းရှိ၏”ဟုဆိုထားသည်။
ထို့အပြင် ၁ပေ ၃း၆ တွင် “ဘုရားသခင်ကို ကိုးစား၍ သန့်ရှင်းသောမိန်းမတို့သည် ရှေးက ထိုသို့ ကိုယ့်ကိုကိုယ် တန်ဆာဆင်လျက် စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ်၍ သူ၏ စကားကို နားထောင်သကဲ့သို့ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြ၏။ သင်တို့သည် ကောင်းမွန်စွာကျင့်၍ ကြောက်ရွံ့ တုန့်လှုပ်ခြင်း အလျဉ်းမရှိဘဲ နေလျှင် စာရာ၏ သမီးဖြစ်ကြ၏”ဟုဆိုသည်။ ထို့အပြင် ၄း၁၄ တွင် “ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကို ခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏”ဟုဆိုထားသည်။
ပေတရု၏ထိုစကားသည် ဘုရားရှေ့တော်၌ တင့်တယ်သော အသက်တာရှိရေးဖြစ်သည်။ ဘုရားတရားသိသော အမျိုးသမီးသည် ဘုရားသခင်ကို ချစ်ကြောက်သည်။ ဘုရား ရှင်မှလွဲ၍ အခြားကြောက်စရာမရှိ။ မတရားစွပ်စွဲ စီရင်ခြင်း ကြုံတွေ့လျှင်လည်း ဘုရားရှင်၏ ကွယ်ကာမှုကို ယုံကြည်စိတ်ချနိုင်သည်။ ထိုသို့သော အမျိုးသမီးသည် အသက်တာဖြူစင် ရည်မွန်သည်။ ထိုသို့သော နူးညံ့သိမ်မွေ့မှုက လူများအား သတင်းကောင်းကို စိတ်ဝင်စားစေချင်သည်။ လူတိုင်း ထိုသို့သောသတင်းကောင်း ဖြန့်ဝေရန် အခွင့်အရေးကောင်းရှိကြောင်း ၁ပေ ၂း၁၂ တွင် “ဘုရားသခင် ကြည့်ရှု စီရင်တော်မူသော နေ့ရက်၌ သင်တို့၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု၍ ဘုရားသခင်ကို ချီးမွမ်းမည့်အကြောင်း သူတို့ရှေ့၌ တင့်တယ် လျောက်ပတ်စွာ ကျင့်နေကြလော့”ဟုဆိုထားသည်။
အိမ်ရှင်မ ခရစ်ယာန်အမျိုးသမီးများသည်လည်း အိမ်နီးနားချင်းနှင့် မိတ်ဆွေများသို့ သတင်းကောင်းဝေငှနိုင်ကြသည်။ အခြားမိန်းမများ အပြင်တွင် အလုပ်ထွက်လုပ်နေကြစဉ်၌ ငွေဂုဏ်ပစ္စည်းမရရှိသော်လည်း နေအိမ်တွင် နေထိုင်လျက် ပတ်ဝန်းကျင်သို့ သတင်းကောင်းဟောပြောနိုင်သည်(တိ ၂း၁၀)။ ရှုပ်ထွေး ပွေလီခြင်း စောဒကတက်စရာမရှိဘဲ ဧဝံဂေလိသတင်းကောင်းအား ရိုးစင်းစွာ ဝေငှနိုင်ရသည်။
ကော ၃:၂၃ တွင် ကျေးကျွန်များသို့ စကားပြောရာ၌ “လူ၏ အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်ဘဲ သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်ဖြင့် ပြုကြလော့”ဟု ဆုံးမထားသည်။ ထိုစကားသည် ပင်ပန်းစွာ အလုပ်လုပ်နေသူများအား လူများမမြင်ကွယ်ရာတွင် လုပ်နေရသောကြောင့် စိတ်အားငယ်ခြင်းမရှိစေရန် ဘုရားရှင်က တွေ့မြင်၍ ဆုချမည့်အကြောင်း ခွန်အားပေးစကားဖြစ်သည်။ မိမိကိုယ်ကို သနားငဲ့ညာခြင်း(သို့) ရွေးချယ်စရာ မရှိသောကြောင့် ငုတ်တုတ်ထိုင် လုပ်ကိုင်ခြင်းမျိုးမရှိဘဲ စိတ်ကောင်းစေတနာမွန် ဖြင့် လုပ်ကိုင်ရသည်။ ကျေးကျွန်အလုပ်သမားများသည် မိမိအလုပ်ရှင်ကို လေးစား ရိုသေရသည်(တိ ၂း၉၊ ၁၀)။
လုပ်ဖော်ကိုင်ဘက်များကိုလည်း မိမိတို့အလုပ်ရှင်ကို လေးစားကြရန် စည်းရုံးရသည်။ သို့သော် သိရှိထားရမည့်အချက်မှာ ယေရှုခရစ်တော်သည် အလုပ်ရှင်မဟုတ်ပါ။ ထိုသို့ အလုပ်ရှင်မဟုတ်သောကြောင့် လေးစား စရာမလိုဟုလည်း မဆိုလိုပါ။ အကယ်၍ ထိုသဘောထားရှိလျှင် ဘုရားရှင်၏ တရားတော်ကို ချိုးဖျက်ရာရောက်သွားမည်။ သခင်ယေရှုသည် ထိုအလုပ်ရှင်များထက် ကြီးမြတ်သူဖြစ်သောကြောင့် အချိန်တိုင်းတွင် နာခံရသည်။ နောက်ဆုံး နေ့ရက်တိုင်အောင် စေခိုင်းတော်မူသမျှအား ကျေပြွန်စွာ လုပ်ဆောင်ရသည်။
ခရစ်ယာန်အမျိုးသမီးဖြစ်သည့်အားလျော်စွာ နေအိမ်၊ လုပ်ငန်းခွင်တွင်လည်း စည်းကမ်းတကျရှိရန် ပြောဆိုပြုမူမှုများဖြင့် သက်သေခံရသည်။ အိမ်သူအိမ်သား များနှင့် အခြားလူများအား အနှောင့်အယှက်ပြုသည့် ပြောဆိုပြုမူခြင်းမျိုးမရှိရ။ နေအိမ်တွင်ဖြစ်စေ ပြင်ပတွင်ဖြစ်စေ သခင်ဘုရား၏ အမှုတော်ပြုရာ၌ အခြားသူ များအား ကူညီခြင်းဖြင့် ခရစ်တော်အကြောင်း သက်သေခံရသည်။ အချင်းချင်း ဆုတောင်းပေးရသကဲ့သို့ အပြန်အလှန် အကူအညီပေးရသည်။ ထိုကား ခရစ် တော်၏ စေတမန်ပီပီ ရောက်လေရာအရပ်၌ လုပ်ဆောင်ဖွယ်ရာတည်း။
၁၁
သင်းအုပ်ကတော်
သင်းအုပ်များသည် အသင်းတော်အား အုပ်စိုး၍ သွန်သင်ရန် တာဝန် ရှိကြသည်။ ထိုသို့သော တာဝန်ဝတ္တရားများသည် လွယ်ကူပေါ့ပါးသည်မဟုတ်။ ကြီးလေးသော တာဝန်ဝတ္တရားဖြစ်သည်။ သူများ၏ ဝေဖန်တိုက်ခိုက်ခြင်း ခံရ တတ်သည်။ ဘုရားတရားကြည်ညိုသော သင်းအုပ်များသည် စာတန်၏ ပစ်မှတ် တိုက်ကွက်ဖြစ်သည်။ ထိုသို့သော ရန်သူက သင်းအုပ်များအား အမှုတော်ကို စွန့်ခွာရန် စိတ်ပျက်အားငယ်စေခြင်းလက်နက်ဖြင့် တိုက်ခိုက်တတ်သည်။ ညှဉ်း ပန်းနှိပ်စက်ခြင်းလည်း မကြာခဏ ကြုံတွေ့စေသည်။ ကိုယ်တိုင်သာမက မိသားစု များလည်း စာတန်၏ တိုက်ကွက်ထဲသို့ ရောက်ရှိတတ်ကြသည်။
ထိုအခြေအနေမျိုးတွင် သင်းအုပ်ကတော်သည် ဘာလုပ်ရမည်နည်း။
၁။ ခရစ်တော်ကိုသာ အန္တိမရည်မှန်းချက်အဖြစ် ထားရှိရသည်။ ထိုအချိန်ကာလ၌ ခင်ပွန်းသည် သင်းအုပ်ဆရာသည် မျက်နှာငယ်နေရနိုင်သည်။ မနှစ်မြို့ဖွယ် ရာများ ကြုံတွေ့နိုင်သည်။ ထိုအချိန်အခါများတွင် အထူးဧည့်ခံစရာများလည်း ကြုံရနိုင်သည်။ မည်သို့ဖြစ်စေ အငယ်ဆုံးသောသူသို့ ငါ၏ နာမတော်ဖြင့် ရေတခွက်ကမ်းလှမ်းသူသည် အချည်းနှီးမဖြစ်ရဟူသော စကားတော်ကို သတိ ရနေပါ။ အံ့သြဘွယ်ရာ အားဆေးဖြစ်လာမည်။
၂။ ခင်ပွန်းသည်အတွက် အစဉ်မပြတ် ဆုတောင်းပေးပါ။ တခါတရံ အမျိုးသား၏သိရှိချက်ထက် ပိုကောင်းသောအချက် သိရှိချိန်လည်းရှိတတ်သည်။ ဆုတောင်း ပါက အထူးသဖြင့် ဝိညာဉ်ရေးရာတိုက်ပွဲ ဆင်နွှဲနေချိန်၌ ရဲစွမ်းသတ္တိ ခွန်အားပြည့်ဝရေး ဆုတောင်းပေးပါ။
၃။ ခင်ပွန်းသည်သို့ ခွန်အားပေးနေပါ။ လူများ၏ ဝေဖန်သံ ကြားသိသောအခါ စိတ်နှလုံးငြိမ်သက်ချမ်းသာရန် အထောက်အကူပြုစကားများ ပြောပြပါ။ ရဲစွမ်း သတ္တိနည်းပါးသည့်အချိန်၌ ကတိတော်စကားများဖြင့် ခွန်အားပေးပါ။ သခင် ဘုရားက သူ့အသင်းတော်ကို သူတည်ဆောက်မည်ဟု ကတိပေးထားပါသည်။
ကိုယ်တော်သည် အချုပ်အခြာဖြစ်သောကြောင့် အလိုတော်အတိုင်းလုပ်ဆောင် နေပါသည်။
၄။ အသင်းတော်ထဲ၌ ငြိမ်းချမ်းရေးတံတားတည်ခင်းသူဖြစ်ရသည်။ အသင်းတော်ထဲ၌ တင်းမာမှုနှင့် စိတ်သဘောထားကွဲလွဲမှု မကြာခဏပေါ်ပေါက်တတ်သည်။ ထိုကား စုံစမ်းခြင်းတမျိုး ဝင်ရောက်လာခြင်းဖြစ်သည်။ ထိုအခါမျိုးတွင် နှုတ် ဆိတ်နေခြင်းထက် ဆုတောင်းပေးခြင်းက ပိုကောင်းသည်။ တဘက်ဘက်တွင် ပါဝင်ခြင်းမပြုဘဲ မကျေနပ်ချက်များကိုလည်း တိတ်ဆိတ်ကာ ခင်ပွန်းသည်အား ပိုပေးရသည်။
၅။ မိမိခင်ပွန်းသည်အား ဒုက္ခသည်များ ခိုလှုံရာဖြစ်စေပါ။ အခက်အခဲမျိုးစုံ ကြုံတွေ့ချိန်၌ အားငယ်တတ်ကြသည်။ ထိုသို့သော ပြဿနာများဖြင့် အိမ်ပြန် ရောက်လာသောအခါ ပြဿနာပိုဆိုးတတ်သည်။ ထိုအခါမျိုး၌ မိသားစုအတွင်း တွင် ဝမ်းမြောက်ကြည်နူးဖွယ်ရာ တစုံတခုပြုလုပ်ခြင်းဖြင့် စိတ်ပြေအောင် ပြုလုပ်ပေးရသည်။
၆။ နောက်ဆုံးအချက်။ ထာဝရအဖြစ်မှန်တရားကို ရှေးရှုပါ။ လတ်တလောလည်ရေးကိစ္စကိုလည်း မမေ့ပါနှင့်။ ခရစ်တော်၏ အစေခံယူခြင်းသည် ပေါ့ပါး လွယ်ကူသော အလုပ်မဟုတ်။ ၁ကော ၅း၈ တွင် “သင်တို့သည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်စိတ် ပြည့်စုံ၍ မရွေ့ မလျော့ မယိမ်းယိုင်ဘဲလျက် ထာဝရဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ် လုပ်ဆောင်ကြလော့”ဟု ခွန်အားပေးထားပါသည်။
မျက်စိအောက်ကိုသာ မကြည့်ဘဲ မျက်စိတဆုံး လှမ်းကြည့်ရသည်။ မြင်နေရသော အရာထက် မမြင်ရသေးသောအရာကို ရည်စူးရသည်။ ဘုရားရှင်ကို မော့ကြည့် ၍ ကြွလာတော်မူသော သခင်ယေရှုကို မျှော်လင့်ရသည်။ ခင်ပွန်းသည်၏ အရေးကိစ္စကို မမေ့လျော့ရသကဲ့သို့ ခရစ်တော်အတွက် အသုံးမဝင်လျှင် ဆန်ကုန်မြေလေး အချည်းနှီးဖြစ်မသွားစေရန် သတိပြုပါ။ လုပ်ဆောင်ခဲ့သမျှ သည် ဆုလက်ဆောင်ခံယူရာဖြစ်ပါစေ။
ရော ၁၆း၃၊ ၄ တွင် “ငါနှင့်အတူ ယေရှုခရစ်တော်၏ အမှုတော်ဆောင် ရွက်သူ ပြစ်ကိနှင့် အာကုလတို့ကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် ငါ့အသက် အဘို့ မိမိတို့လည်ပင်းကို ချထားသူများဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်မှတပါးငါတယောက်တည်းသာမဟုတ်ပါ။ တပါးအမျိုးသား အသင်းတော်အပေါင်းတို့က ဝန်ခံကြ၏”ဟု ဆိုထားပါသည်။ ထိုဇနီးမောင်နှံသည် ရှင်ပေါလု၏ လုပ်ဖော်ဆောင်ဘက်များဖြစ်ကြသည်။ တရားဟောဆရာ အာပေါလုသို့လည်း သခင်ဘုရား အကြောင်း ဝေငှပြောပြနိုင်စွမ်းရှိကြသည်။ ထိုဇနီးမောင်နှံ၏ လုပ်ဆောင်ချက်ကို ရှင်ပေါလုက သိမှတ်လေးစားသည်။
သင်းအုပ်ကတော်၏ အားပေးထောက်ခံမှုကြောင့် ထိုသင်းအုပ်ဆရာ သည် အသင်းတော်တွင် ပိုမိုလုပ်ဆောင်နိုင်ပါ့မလား။ သတင်းကောင်းဟောပြော ရာ၌ အထောက်အကူပြုသော သင့်ကို ချီးမွမ်းပါသလား။ ထိုအခါမျိုး၌ သူသည် လည်း ခွန်အားပေးခြင်း လိုအပ်ပေမည်။ ကျမ်းစာ ပိုမိုလေ့လာသိရှိနိုင်ရန်လည်း လိုအပ်ပေမည်။ ဧ ၅ ပါ ကျမ်းစကားအတိုင်း မိမိဇနီး၏ ကူညီမှုရရှိရေး ဆုတောင်း ပါသလား။ သူ့ကိုလည်း တလှည့်ခွန်အားပေးကြည့်ပါ။ ဝိညာဉ်လက်ဆောင်များ ထုတ်သုံးလာမည်။ သတင်းကောင်းဟောပြောရန် ဇနီးမောင်နှံ လက်တွဲကြပါ စို့လား။
ဘုရားရှင်က အမျိုးသမီးဖန်ဆင်းခြင်း – အစဉ်တည်မြဲသောအလှကျက်သရေ
ဘုရားသခင်က ယောက်ျားနှင့် မိန်းမအား သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းသော်လည်း အသုံးပြုရာတွင် တမျိုးစီဖြစ်ကြောင်း သိရှိရသည်။ အမျိုး သမီးသည် အကူအပံ့ပြုသည့် အထူးအရည်အချင်းပေးထားသည်။ အမျိုးသမီး၏ ပုံစံသည် ကူညီပံ့ပိုးသူ၊ တနည်းအားဖြင့် အချောသတ်သူဖြစ်သည်။
လူ့လောကတွင် အမျိုးသမီးတို့၏ အလှဣန္ဒ ရွှေပေးလို့မရအောင် လှပသည်။ အချို့သည် မွေးဖွားချိန်မှစ၍ ဘဝတသက် လှပကျော့ရှင်းကြသည်။ ယဉ်ကျေးမှုအလိုက်၊ အသက်အရွယ်အလိုက် အလှကိုယ်စီရှိကြသည်။ သို့သော် ထိုအလှသည် အပေါ်ယံအရောင်အဆင်းကြောင့် လှပခြင်းမျှသာဖြစ်သည်။ ကျမ်းစာက ဆိုလိုသည်မှာ ကြန်အင်လက္ခဏာအလှကို ဆိုလို၍ ဘယ်သောအခါမှ မမှေးမှိန်နိုင်။ တနည်းအားဖြင့် စိတ်မနောဖြူစင် ကြည်လင်လှပခြင်းဖြစ်၍ လှပ သထက် လှပနေသည်။
ထိုအကြောင်းကို ၁ပေ ၃း၃၊ ၄ တွင် “သင်တို့၏ တန်ဆာဆင်ခြင်းမူကား ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာဆင် ခြင်းမဖြစ်စေဘဲ ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သော နူးညံ့ငြိမ်သက်ခြင်း သဘောတည်းဟူသော၊ မဖောက်မပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး၏ အတွင်းလူဖြစ်စေကြလော့”ဟု ဆိုထားသည်။ သို့သော် ပင်ကိုယ်စာသားအတိုင်း ဝတ်ကောင်းစားလှများ မဝတ်ဆင်ရဟု အနက်ကောက် ယူစရာမဟုတ်။
သဘာဝနှင့် ဖန်တီးမှုအား နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ ပြင်ပအလှ အပအတွက် တွေးပူစရာမလို။ စိတ်နှလုံးဖြူစင်လှပခြင်းက ပြင်ပအလှကို ပေါ်ထွန်း စေသည်။ လူသည် ပြင်ပအလှကိုကြည့်၍ ဘုရားရှင်သည် လူ့မနောအလှကို ကြည့်ရှုသည်။
အမျိုးသမီးများ၏ အလှရူပကသည် နူးညံ့သိမ်မွေ့ခြင်းဖြစ်သည်(ငယ် ၄)။ ဤနေရာတွင် ညင်သာစွာ စကားပြောဆိုခြင်းကိုသာ ဆိုလိုခြင်းမဟုတ်။ ထို့အပြင်နှလုံးသားရင်းဖြင့် ဘုရားရှင်ကို ကြည်ညိုရန် ဆိုလိုသည်။ ဘုရားရှင်၏ အချုပ် အခြာအာဏာကို ယုံကြည်တည်မှီလျှင် ကြုံဆုံသမျှသော ဒုက္ခကို ခံနိုင်ရည်ရှိသည်။ ယုံကြည်သူများကို အထူးချစ်ခင်တော်မူသော ဘုရားရှင်က အရာခပ်သိမ်းကို ထိန်း၊ ချုပ်ထားသည်။
တည်ငြိမ်ရင့်ကျက်၍ မိမိကိုယ်ကို မြှင့်တက်အောင် မြှင့်တင် ခြင်းသည် အလှပသာဒအမှန်ဖြစ်သည်။ ဆာ ၂၇း၁ တွင် “ငါသည် ဘယ်သူ့ကိုကြောက်ရအံ့နည်း”ဟုဆိုထားသည်။ ထိုစကားမှာ အနန္တဘုရားသခင်ကို တည်မှီ သူသည် ဖြောင့်မတ်သူနှင့် မဖြောင့်မတ်သူအား ခွဲခြားရာ တရားစီရင်ရာ နေ့ရက် အတွက် စိုးရိမ်စရာမရှိကြောင်း၊ မိန်းမသားဖြစ်လျှင်လည်း တွေးပူစရာမရှိကြောင်း ဆိုလိုသည်။ ထိုအကြောင်းကို စပ်ဆိုထားသော သီချင်းထဲ၌–“ခမည်းတော်အလိုတော်အတိုင်း အရာခပ်သိမ်းတည်၏ ကိုယ်တော်၌သာ စိတ်ချစွာ တည်မှီပါလေ ။ မည်သို့ဖြစ်စေ ငြိမ်သက်ချမ်းမြေ့ပါမည်”ဟု စပ်ဆိုထားသည်။
ထိုနည်းတူ ၁တိ ၂း၉၊ ၁ဝ တွင်လည်း “ထိုနည်းတူ မိန်းမတို့သည်—– ခြင်းထက် ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းကို ဝန်ခံပြုစုသော မိန်းမဆင်သင့် သည့်အတိုင်း ကောင်းသောအကျင့်နှင့်၄င်း၊ ကိုယ့်ကိုကိုယ် တန်ဆာဆင်ခြင်းငှါ ငါအလိုရှိ၏”ဟု ဆိုထားပါသည်။ အမျိုးသမီးများသည် တခြားလူအား ကူညီပြုစု ရာတွင် နူးညံ့သိမ်မွေ့ခြင်း၊ ယဉ်ကျေးခြင်း၊ သနားကြင်နာခြင်းများ ပါရှိသည်။ ကိုယ်ကျိုးမဖက် စိတ်နှလုံးရင်းဖြင့် ကူညီသူသည် ဘုရားသခင်အမြင်တွင် လှပ တင့်တယ်သည်။
လူ့လောကရှိ ရုပ်ခန္ဓာကိုယ်သည် ယာယီတဲသာဖြစ်သည်။ ထိုအပေါ်ယံ ပုံစံများသည် ဝေးလွင့်ပပျောက်သွားကြမည်။ ခရစ်ယာန်တို့ အသဲနှလုံးမှာမူ တနေ့ ပြီးတနေ့ သစ်လွင်နေသည်(၂ကော ၄း၆)။ ခရစ်ယာန်အမျိုးသမီးများသည် နှလုံး သားအလှ ပွင့်လန်းနေရသဖြင့် ထိုအလှအပသည် မှေးမှိန်ပျောက်ကွယ်ခြင်းမရှိနိုင်။ သခင်ဘုရား၏ ကျေနပ်ရာ အလှရတနာဖြစ်သည်။
ရှာရုန်ဂျိမ်း
ဤစာစောင်ရေးသားသူ ရှာရန်ဂျိမ်းသည် ကျောင်းဆရာမဟောင်းဖြစ်၍ ယခုအခါ သင်းအုပ်ကတော်နှင့် မိခင်ဖြစ်သည်။ တိုရန်တိုနှစ်ခြင်းတက္ကသိုလ်တွင် တက်ရောက်ခဲ့ပြီး မြန်မာပြည် အန်းယုဒသန်အကြောင်း စာအုပ်နှင့် ဘုရားသခင်၏ လက်ရာတော်အမျိုးသမီးများစာအုပ် ( နှစ်အုပ်စလုံး Evangelical Press, UK က ထုတ်ဝေ)ရေးသားသည်။