မာတိကာ – ထုတ်ဝေသူ၏အမှာစာ
သိက္ခာတော်ရဆရာကြီးဦးမြင့်လှ၏အမှာစာ
စာရေးသူ၏
အမှာစာ
အခန်း အကြောင်းအရာ
စာမျက်နှာ အပိုင်း(၁) သက်တော်စဉ်နှင့်ဩဝါဒများ
အခန်း(၁) သမိုင်းနောက်ခံ
အခန်း(၂) နောက်ခံစာပေကျမ်းဂန်များ
အခန်း(၃) သက်တော်စဉ်၏အရေးကြီးသက္ကရာဇ်များ ၊
အခန်း(၄) အမှုတော်လုပ်ငန်းဆောင်ရွက်ပုံအကျဉ်းချုပ်
အပိုင်း(၂)
သက်တော်စဉ်နှင့်ဩဝါဒအဖွင့်
အခန်း(၅) ဗတ္တိဇံ(နှစ်ခြင်း)ဆရာယောဟန်
အခန်း(၆) ယေရှုကိုယ်တော်တိုင် ဗတ္တိဇံ(နှစ်ခြင်း) ခံတော်မူခြင်း
အခန်း(၇) စုံစမ်းခြင်းကို ခံတော်မူခြင်း
အခန်း(၈) ဂါလိလဲနယ်၌ပြုတော်မူသောအမှုတော်လုပ်ငန်း
အခန်း(၉) အမှုတော်လုပ်ငန်း၏ အဓိကဖြစ်ရပ်များ
အခန်း(၁ဝ) တမန်တော်များအားရွေးချယ်ခြင်း
အခန်း(၁၁) ဘုရားသခင်၏နိုင်ငံတော်
အခန်း(၁၂) ယေရှု၏အံ့ဘွယ်ရာနိမိတ်လက္ခဏာများ
အခန်း(၁၃) ခရစ်တော်ဖော်ပြခဲ့သောဘုရားသခင်
အခန်း(၁၄) ဆုတောင်းခြင်းအကြောင်း ၊
အခန်း(၁၅) မင်္ဂလာတရားတော် ၊
အခန်း(၁၆) လူသားနှင့်အပြစ်ဒုစရိုက်
အခန်း(၁၇) ယေရှုခရစ်တော်သည် မည်သူပေနည်း
____________
ထုတ်ဝေသူ၏အမှာစာ
၁၉၅၅ ခုနှစ်၌ ပထမအကြိမ်ရေသားထုတ်ဝေသော ခရစ်တော် ၏သက်တော်စဉ်နှင့်ဩဝါဒများ စာအုပ်ကို ဆရာကြီးသန်လျင်ဖေသွင်မှ ၁၉၉၂ ခုနှစ်၌ စတုတ္ထအကြိမ်အဖြစ် နောက်ဆုံး ထုတ်ဝေခဲ့ပါသည်။
၁၉၅၄ ခုနှစ်၌ ပြုစုရေးသားခြင်းပြီးဆုံးပြီး ၁၉၅၅ ခုနှစ်မှ စတင်ထုတ်ဝေသော ခရစ်တော်၏သက် တော်စဉ်နှင့်ဩဝါဒများစာအုပ် ကို ပထမတွဲနှင့် ဒုတိယတွဲအဖြစ် စာအုပ်နှစ်အုပ်ဖြင့် ထုတ်ဝေခဲ့ခြင်း ဖြစ်ပါသည်။ ယခု ခရစ်တော်၏သက်တော်စဉ်နှင့်ဩဝါဒများ စာအုပ်ကို ပဉ္စမအကြိမ်အဖြစ် ပထမတွဲနှင့်ဒုတိယတွဲကိုပေါင်းပြီး ထုတ်ခွင့်ပေးသော ဘုရားသခင်၏နာမတော်ကို ချီးမွမ်းပါသည်။
မကြာခဏ စာဖတ်ပရိသတ်များက ကျွန်တော့်ထံ နှုတ်အားဖြင့် လည်းကောင်း၊ စာအားဖြင့် လည်းကောင်း၊ ဤစာအုပ်ကို ထုတ်ဝေပေးပါ ရန် တောင်းဆိုလာကြပါသည်။ တောင်းဆိုသူ စာဖတ်ပရိသတ် များ၏ ဆန္ဒကို ဖြည့်ဆည်းနိုင်ရန် ရည်ရွယ်၍ ဆရာကြီးသန်လျင်ဖေသွင်၏သား ဦးဌေးသွင်ထံသို ခွင့်ပြုချက် တောင်းခံရာ ထုတ်ခွင့်ပေးသောကြောင့်လည်း ဦးဌေးလွင်တိုမိသားစုအပေါ်၌လည်း ကျေးဇူးတင်၍ မဆုံးပါ။
ဆရာကြီးသည် ခရစ်တော်၏သက်တော်စဉ်နှင့်ဩဝါဒများ စာအုပ်ကို ရေးသားနိုင်ရန်အတွက် စာအုပ်(၁၄အုပ်မှ အဆီအနှစ်များကို ထုတ်ယူကာ ခရစ်တော်၏အသက်တာကို စာဖတ်သူကိုယ်တိုင် ပါဝင် သကဲ့သို ခံစားနိုင်အောင် ရေးသားခြင်းသည် တန်ဘိုးဖြတ်၍မရပါ သိုဖြစ်ပါ၍ လူသားတိုင်း ဖတ်ရှုလေ့လာ သင့်သော စာအုပ်ဖြစ်ကြောင်း ဖော်ပြလိုပါသည်။
အထူးသဖြင့် အမှုတော်အတွက် ပါဝင်ဆက်ကပ်သူတိုင်း အမှုတော်၌ပါဝင်ရန် ရည်ရွယ်၍ ကျမ်းစာကျောင်းတက်သူများအတွက် သခင်ခရစ်တော်၏ တကယ့်ဖြစ်ရပ်များကို ဂဃနဏ သိလိုသူများအတွက် မပျက်မကွက် ဖတ်ရှုသင့်သော စာအုပ်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် “ခရစ်တော်၏သက်တော်စဉ်နှင့် ဩဝါဒများ” စာအုပ်ကို မဖတ်ရှု၊ မလေ့လာပါက သခင်ယေရှု၏အကြောင်းစုံကို သိရှိနားလည်နိုင်မည် မဟုတ်ပါ။
သိုဖြစ်သောကြောင့် ယခု ခရစ်တော်၏သက်တော်စဉ်နှင့် ဩဝါဒများ စာအုပ်ပထမတွဲနှင့်ဒုတိယတွဲကို ပေါင်းပြီး ပဉ္စမအကြိမ် ထုတ်ဝေခွင့်ပေးသော ဘုရားသခင်၏ဘုန်းတော်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးပါစေသတည်း။
ဒီ၊ကိတ်ချင်ပေါင်(သိက္ခာတော်)
အမှာစာ
ခရစ်တော်ယေရှု၏ဘဝအသက်တာနှင့် သွန်သင်တော်မူချက် တိုမှာ ဘုရားသခင်က မိမိကိုယ်ကို လူများ သိရှိကြရန် လည်း ကောင်း၊ အလိုတော်ကို လူများ သိရှိ လိုက်လျှောက် နိုင်ကြရန် လည်းကောင်း၊ ဖွင့်ပြတော်မူသောဗျာဒိတ်တော်ပင် ဖြစ်သည်။
ခရစ်တော် ယေရှုကို သိလျှင် ဘုရားသခင်ကို သိနိုင်သည်။ ခရစ်တော် ယေရှု သွန်သင်တော်မူသော တရားတော်တိုကို သိ နားလည်လျှင် ဘုရားသခင်၏အလိုတော်ကို သိနားလည်နိုင်ပေ သည်။ထိုကြောင့် ဘုရားသခင်နှင့် ဘုရားသခင်၏ အလိုတော်ကို သိရန်မှာ သခင်ယေရှု၏ ဘဝအသက်တာနှင့် သွန်သင်ချက်များ ကို မှန်မှန်ကန်ကန် သိနားလည်ဖိုလိုသည်။
မြန်မာဘာသာဖြင့် သခင်ယေရှု၏ ဘဝ သက်တော်စဉ်နှင့် သွန်သင်ချက်များကို ရှင်းလင်းစွာ ဖွင့်ပြသော စာအုပ်မရှိသေး သဖြင့် အများက လိုလားတောင့်တနေချိန်တွင် ဆရာဦးဖေသွင် က အချိန်ယူကာ ရေးသားပါသဖြင့် ဤစာအုပ် ထွက်ပေါ် လာရသည်။
ဤစာအုပ်သည် ကျမ်းစာသင် ကျောင်းများတွင် အလွန် အထောက်အကူပေးမည့် စာအုပ်ဖြစ်ပါသည်။ ခရစ်ယာန်တို လက်ကိုင်ထားအပ်သည့် စာအုပ်လည်း ဖြစ်ပါသည်။
စာရေးသူဆရာဦးဖေသွင်က ခရစ်တော်ယေရှု၏ဘဝအသက် တာကို ပိုမိုနားလည်နိုင်ရန် ထိုအချိန်အခါက အခြေအနေအတွေး အခေါ်များနှင့် သမိုင်းကြောင်း အဖြစ်အပျက်များတိုကို ဖော်ပြထားခြင်းမှာ လေ့လာဖတ်ရှုသူများအတွက် ပိုမိုရှင်းလင်းစွာ “နားလည်နိုင်ခွင့် အထောက်အကူပြုမည်သာမက၊ ဓမ္မသစ်ကျမ်း စောင်၏ အခြေခံ အချက်များက သိမြင်ခွင့် အထောက်အကူ လည်း ပြုမည် ဖြစ်ပါသည်။
စာရေးသူက ခေတ်နှင့်အညီ နားလည်နိုင်ရန် ရည်သန်၍ အချို ဝေါဟာရများကို ပြုစု ထည့်သွင်း ရေးသားထားခြင်း တိုမှာလည်း ပင်ရင်းအဓိပ္ပာယ်ကို ပိုမိုပေါ်လွင်စေပါသည်။
ဘဝအသက်တာကို ရေးသားရာ၌ ရှုဒေါင့်အမျိုးမျိုးမှ မီး မောင်းထိုးပြသကဲ့သိုပင်၊ သွန်သင်ချက်များကို ရေးသားတင်ပြ ရာ၌လည်း တွေးခေါ် ခံယူချက်များတိုကို ခေတ်နှင့်အညီ ယှဉ် တွဲဖော်ပြခြင်းတိုမှာ လေ့လာ ဖတ်ရှုသူများအတွက် လွယ်ကူမှု အထောက်အကူပေးရုံမက ပိုမိုလေးနက်စေသည်။
စနစ်တကျလေ့လာသူများအဖို ခရစ်တော်၏ ဘဝအသက် တာနှင့် သွန်သင်ချက်များကို ပိုမို ရှင်းလင်းရန် ရည်ရွယ်၍ စာ ရေးသူက ရှာဖွေ ရေးသား တင်ပြထားသည်။ ပဏာမနိဒါန်းကို အထူး အရေးထားကာ ဖတ်ရှုရန် လိုအပ် ပေမည်။ ပဏာမနိဒါန်းပါအချက်များကို နောက်ခံထားလိုက်ပါလျှင် ဆက်လက် ဖော်ပြမည့် ဘဝ အသက်တာနှင့် သွန်သင်ချက်ပါ အချက်များကို ပိုမို ရှင်းလင်းနိုင်ဖွယ် ဖြစ်ပါသည်။
မြန်မာဝေါဟာရအဓိပ္ပါယ်ဖွင့်များနှင့်တွဲ၍ အင်္ဂလိပ်၊ ဂရိ၊ ဟေဗြဲစကားများ ထည့်သွင်းထားခြင်းတို မှာလည်း လေ့လာသူ များအတွက် လွယ်ကူမှု အထောက်အကူ ပေးရန် စာရေးသူ၏စေတနာနှင့် အာသီသဟု ဆိုရပါမည်။ ဤကဲ့သို ထည့်သွင်း ဖော်ပြခြင်းဖြင့် မူရင်းအဓိပ္ပါယ်ကို လွယ်ကူစွာ ရှာဖွေလေ့လာ ခွင့်ရနိုင်ပေသည်။
ခရစ်တော်ယေရှု၏ ဘဝအသက်တာနှင့် သွန်သင်တော် မူချက်များကို မှန်ကန်စွာ သိရှိနားလည် လိုက်လျှောက်ကြခြင်း သာလျှင်ခရစ်ယာန် ဘာသာတရား ဖြစ်ပါသဖြင့် ဤစာအုပ် အားဖြင့် မိမိတိုကိုယ် တိုင်အတွက် အမြတ်ထုတ်ယူကြပါ ဟူ၍ အားပေး တိုက်တွန်းလိုပါကြောင်း။
“သားတော်ကိုရသောသူသည် အသက်ကိုရ၏” (၁ ယော၊ ၅း၁၂)
နာမတော်၌ ဦးမြင့်လှ
ကျောင်းအုပ်
မြန်မာကျမ်းစာသင်ကျောင်း၊ အင်းစိန်မြို။
စာရေးသူ၏အမှာစာ
စာအုပ်တစ်အုပ်ကို ရေးသားပြုစုသည့်အခါတိုင်း ရှေးဦးစွာ အဆိုပါစာအုပ်၏ ဦးတည်ချက်ကို စဉ်းစားချင့်ချိန် ရလေ့ရှိ ပါသည်။ ထိုအပြင် မည်သိုသော စာဖတ်ပရိသတ်အတွက် ရည် ရွယ်၍ ရေးသားပြုစုရပါသနည်း ဟူသော မေးခွန်းကိုလည်း မေးပြီး အဖြေထုတ်ကြည့်ရပြန်ပါသေးသည်။
ဤစာအုပ်ကို ရေးသားရသည့် ရည်ရွယ်ချက်မှာ ခရစ် ယာန်ဘာသာ၏ အခြေခံ အုတ်မြစ် မဏ္ဍိုင်ကြီး ဖြစ်သော ခရစ်တော်၏ အကြောင်းနှင့် ဩဝါဒများကို ခရစ်ယာန်များ သာကမ လူတိုင်းသဘောပေါက် နားလည် စေရန်ပင် ဖြစ်သည် ဟု ဖြေရမည်ဖြစ်သော်လည်း ချွင်းချက်တစ်ခုရှိပါသည်။
ခရစ်တော်အကြောင်းကို သာမန်ပုဂ္ဂိုလ်တစ်ဦး နားလည် စေရန်လောက်သာဆိုပါက Eleanor Graham ရေးသား ရေးသားခဲ့သော “The Story of Jesus” သို့မဟုတ် Fulton Oursler ရေးသားခဲ့သော ကမ္ဘာကျော် “The Greatest Story Ever Told” စသည့် စာအုပ်မျိုးကို မြန်မာပြန် လိုက်ရုံပင်ဖြစ်ပါ၏။ ထိုစာအုပ်များသည် ဝတ္ထုရေးဟန်ဖြင့် ခရစ်တော်၏ သက်တော်စဉ်နှင့် ဩဝါဒများကို အကြမ်းဖျင်း မျှလောက်သာ ဖော်ပြထားပါ သည်။ စိတ်ဝင်စားစရာလည်း ကောင်းပြီး၊ ထိုစာအုပ်တစ်အုပ်ကို ရှေ့တွင်ထား၍ သင့်တော် သလို မြန်မာပြန်လိုက်ရလျှင် လွယ်ကူလှသည်။ ပင်ပန်းမှု လည်း များစွာရှိလှမည် မဟုတ်ပါ။
သိုသော် ခရစ်တော်၏ သက်တော်စဉ်အကြောင်းကို လူ တိုင်းနားလည်စေရေးအတွက် “အိုဘယ့်တံငါ” “မြတ်ဝတ်ရုံ စသော စာအုပ်များကို ကျွန်တော်ကိုယ်တိုင် ရေးသားပြုပြီး ဖြစ်ပါသည်။ သိုသော် အထက်ဖော်ပြပါ ပုံဝတ္ထု မျိုးထက် အနက်ဖွင့်ကျမ်း မျိုးကို အာသီသထား ရေးသား ပြုစုလိုပါ သောကြောင့် ဤစာအုပ်မျိုးကို အပင်ပန်းခံကာ ရေးသားပြုစု လိုက်ရခြင်း ဖြစ်သည်။
ခရစ်တော်၏ သက်တော်စဉ်နှင့် ဩဝါဒများကို အနက် ဖွင့်လို၍ နှိက်နှိက်ချွတ်ချွတ် လေ့လာရှာဖွေပြီးမှ ရေးသားထား သည် ဖြစ်ကြောင်း ကျမ်းကိုးစာရင်း ကြည့်ခြင်းအားဖြင့် သိသာ နိုင်ပါလိမ့်မည်။ –
အထူးသဖြင့် အသင်းတော်ရှိ ဓမ္မဆရာများ ကျမ်းစာကျောင်းသားများ အတွက်သာမက၊ ခရစ်တော်၏ အကြောင်း ကို ပိုမိုနက်ရှိင်းစွာ သိလိုကြကုန်သော သာမန် အသင်းသား များအတွက်လည်း ရည်စူးထားပါသည်။
ကျွန်တော်တိုနိုင်ငံရှိ ကျမ်းစာကျောင်းများ၌ မြန်မာဘာ သာဖြင့် ရေးသားပြုစုထားသော ကျောင်းသုံး စာအုပ်များ နည်းပါးလှကြောင်းကိုလည်း ထိုကျောင်းများ၌ ဓမ္မပညာ သင်ကြားပိုချနေသော ကျွန်တော့်အနေဖြင့် အသိဆုံးပင် ဖြစ်၊ ပါသည်။ ထိုကြောင့် ဤစာအုပ်သည် ကျမ်းစာကျောင်း များအတွက် ပို၍အကျိုးပြုနိုင် လိမ့်မည်ဟု မျှော်လင့်ပါသည်။
ကျွန်တော်ကိုယ်တိုင် စိတ်နှလုံးအကြွင်းမဲ့ ချစ်ခင် မြတ်နိုး လှသော ခရစ်တော်၏ အကြောင်းကို ယခုကဲ့သို အပင်ပန်းခံလေ့လာဆည်းပူးပြီး စာဖတ်ပရိသတ်အား တင်ပြနိုင်ခွင့် ရ သည့်အတွက်လည်း ကျေးဇူးတော် ချီးမွမ်းမိပါသည်။
ခရစ်တော်အားဖြင့်သာလျှင်၊ ကျွန်တော်သည် ဘုရားသခင် အကြောင်းကို ပိုမိုသိရှိလာရုံမက၊ ကိုယ်တော်၏ မေတ္တာတော် ကို လက်တွေ့ကျကျ တွေ့ထိခံစား လာခဲ့ရပါသည်။ ထိုမျှ သာမက၊ ကျွန်တော်၏ ဘဝတစ်ခုလုံးအား အောက်ခြေသိမ်း ပြောင်းလဲစေလိုက်နိုင်သော ဝိညာဉ်ခွန်အားကို ခရစ်တော် အားဖြင့် ရရှိခဲ့ခြင်းကြောင့်လည်း ကိုယ်တော်၏ ကျေးဇူး တော်ကို ချီးမွမ်း၍ မကုန်နိုင်ပါ။
ခရစ်တော်သည် သာမန်ပုဂ္ဂိုလ် တစ်ဦး မဟုတ်ကြောင်းကို ကျွန်တော်ကိုယ်တိုင် အသေအချာ သိပါသည်။ ထိုသိုလည်း အကြွင်းမဲ့၊ ခြွင်းချက်မရှိ ခံယူထားပြီးဖြစ်ပါသည်။ ။
“သူသည် နာမည်မထင်ရှားသော ဇနပုဒ်တစ်ခု၌ အညတရ တောသူတစ်ဦးနှင့် လက်သမားတစ်ဦး၏ အိမ်ထောင်တွင် မွေး ဖွားလာခဲ့ရသည်။ မွေးဖွားချိန်ကစပြီး သူ့ခမျာ ထွက်ပြေး တိမ်းရှောင်နေခဲ့ရသောကြောင့် အခြားသော ဇနပုဒ်တစ်ခု၌ ကြီးပြင်းလာခဲ့ရသည်။ အသက်ငယ်ရွယ်စဉ်ကပင် မုဆိုးမ ဖြစ် ခဲ့ရရှာသော မိခင်နှင့် မိသားစုကို အသက် (၃၀) ရောက်သည် အထိ လက်သမားလုပ်၍ ပြုစုကျွေးမွေးလာခဲ့ရသည်။ ။
ထိုနောက်ပိုင်း၌ သူသည် “ဝမ်းမြောက်ဖွယ်ရာ သတင်း ကောင်း”ကို လှည့်လည် ဟောပြော ကြေညာခဲ့သည်။
သူသည် စာအုပ် တစ်အုပ်မျှ မရေးသားခဲ့စဖူး၊ ရာထူး နန္တရ ဟူ၍လည်း တစ်ခုမျှမရှိခဲ့။ ကိုယ်ပိုင် အိမ်လည်းမရှိ။ ခေါင်းချစရာ နေရာပင် ကောင်းစွာမရှိ၊ တက္ကသိုလ်ကဲ့သို အဆင့် အတန်းရှိသော ကျောင်းမျိုးတွင် စာသင်ကြားခဲ့ရခြင်း မရှိ။ ကမ္ဘာပေါ်ရှိ ကြီးကျယ်ခမ်းနားလှသော မြိုကြီးပြကြီးမျိုးကို လည်း မရောက်ခဲ့စဖူး။ သူမွေးဖွားခဲ့သည့် ဇာတိချက်ကြွေ အရပ်မှ မိုင် ၂၀၀ ကျော်အောင်ပင် လှည့်လည် မသွားခဲ့ဖူး ပါ။ “ကြီးမြတ်ထူး ကဲသောသူ” ဟူ၍ လောကီ သဘောအရ ပြောနိုင်လောက်အောင် သူ့၌ အဘယ်သိုသော အရည် အချင်းမျှ မရှိရှာပါ။
သူသည် တရားဒေသနာများကို ဟောပြော၊ လူနာများကို ကုသ၊ ဝမ်းနည်းကြေကွဲသူများကို နှစ်သိမ့်၊ ငိုကြွေးသူများကို မျက်ရည်ကိုသုတ်၊ သူတစ်ပါး၏ခြေကိုပင် ဆေးနိုင်ခဲ့လောက်အောင် စိတ်နှိမ့်ချ၊ ရိုးသားဖြူစင်သူ ဖြစ်ပါလျက်၊ သူ့ကို လူ အချိုက ရန်ရှာခဲ့ကြသည်။
ထိုအချိန်မျိုး၌ သူ့မိတ်ဆွေ ရင်းချာဟူ၍ (၁၂) ဦးမျှသာ ရှိခဲ့သည်။
သိုသော် ထို (၁၂)ဦးထဲမှ တစ်ဦးက သူ့ကို ငွေ (၃၀)ဖြင့် ရောင်းစားခဲ့သည်၊ တစ်ဦးက ငြင်းပယ်ခဲ့သည်။ အရေးကြီးဆုံး သော အချိန်အခါမျိုး၌ ထိုမိတ်ဆွေများက သူ့ကို စွန့်ခွာထွက် ပြေးခဲ့ကြသည်။
သူ၏ ရန်သူများက ဖမ်းဆီးချုပ်နှောင်ပြီး ရိုက်ပုတ် ညှဉ်းဆဲ ကြသည်။ တံတွေးဖြင့် ထွေးကြသည်။ မတရား အမှု ဆင်၍ စစ်ဆေးပြီး၊ နောက်ဆုံး၌ သူခိုးဓားပြကြီး နှစ်ဦးစပ်ကြား သူ့ကို လက်ဝါးကပ်တိုင်တွင် သံမှိဖြင့် ရိုက်၊ အသေသတ်ပစ်လိုက်ကြ သည်။ ကားတိုင်၌ မရှုမလှ ဝေဒနာ ခံစားနေရစဉ် ဤလော က၌ သူပိုင်ဆိုင်သောအရာဟူ၍ ပြောဆိုနိုင်လောက်သော ဝတ်ရုံလေးတစ်ထည်ကိုပင်လျှင်၊ သူ့ကိုသတ်ကြသည့် စစ်သည်တော် များက စာရေးတံချ လုယူလိုက်ကြသည်။
သူ့ကို သနားမိသော ပုဂ္ဂိုလ်တစ်ဦးကသာ အလောင်းကို တောင်းယူပြီး ကိုယ်ပိုင်သင်္ချိုင်း၌ မြှုပ်နှံခဲ့ရသည်။ သူ၏အမှု တော် လုပ်ငန်းကို ဤလောက၌ (၃)နှစ်မျှ လောက် သာ ဆောင်ရွက်ခဲ့သည်။ သိုသော် သံမှိဖြင့် ရိုက်နှက်ခြင်းခံရသော ကြောင့် သွေးစက်များ ပေကျံနေသော ထိုလက်ဖြင့်ပင် ကမ္ဘာ့သမိုင်း၊ လူ့သမိုင်းစဉ်ကြီးကို ပြောင်းလဲပစ်ပြီး ကမ္ဘာတစ် ဝှန်းလုံးကို တုန်လှုပ်ချောက်ချား သွားစေပါတော့၏။
နှစ်ပေါင်း ၂၀၀၀ ကြာခဲ့ပါပြီ။ ၊
သူ့အတွက်ဆိုလျှင် လူပေါင်းများစွာက အသေသတ်ခြင်း ကိုခံခဲ့ကြသည်။ ခြင်္သေ့တို၏ ကုတ်ဖဲ့ ကိုက်စားခြင်း ခံရ၍ လည်းကောင်း၊ လှံဖြင့် ထိုးသတ်ခြင်းခံရ၍ လည်းကောင်း၊ လည်ပင်းဖြတ်ခံ ရ၍လည်းကောင်း၊ သစ်တိုင်၌ မီးရှိခံ၍လည်း ကောင်း၊ အစာငတ် ခံထားကြသော ခွေးများ၏ကိုက်စား ခြင်းကိုခံရ၍လည်းကောင်း၊ မြင်းဖြင့် ဒရွတ်ဆွဲပြီး အသတ်ခံရ၍ လည်းကောင်း လူပေါင်းများစွာသည် သူတို၏အသက်ကို စတေးခံခဲ့ကြသည်။ အသေခံနေဆဲဖြစ်သည်။ နောင်တွင် လည်း အသေသတ်ခံကြဦးမည်သာ ဖြစ်သည်။ ။
စစ်ဗိုလ်ချုပ်ကြီး နပိုလီယံက “ငါဟာ လူအကြောင်းကို ကောင်းကောင်းကြီး သိသူတစ်ဦးပါ။ ယေရှုခရစ်တော်ဟာ သာမန်လူသား ဖြစ်ကိုမဖြစ်နိုင်ဘူး။ မဟာအလက်ဇန္ဒာတို၊ စီဇာ ဘုရင်ပေါင်းများစွာတို၊ ရှာလီမိန်းတို၊ ငါတိုတတွေဟာ ကြီး မားလှတဲ့ အင်ပိုင်ယာကြီးတွေကို တည်ဆောက်နိုးခဲ့ကြတယ်။
ငါတိုတည်ဆောက်ကြတဲ့ အင်ပိုင်ယာတွေဟာ ကြာကြာခံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ယေရှုခရစ်တော် တည်ဆောက်ခဲ့တဲ့ မေတ္တာ အင်ပိုင်ယာနိုင်ငံကြီးဟာ ကမ္ဘာတည်သရွေ့ အမြဲ တည်ရှိမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါပဲကွာ”ဟု ဝန်ခံရဖူးပါ၏။
ယေရှုခရစ်တော်နှင့် သူ၏ဩဝါဒများအကြောင်းကို ပြည့်စုံစွာ ရေးသားတင်ပြရလျှင် ဘယ်သောအခါမှ ဆုံးခန်းတိုင် လိမ့် မည်မဟုတ်ပါ။
တမန်တော်ကြီး ရှင်ယောဟန်ကလည်း “ယေရှုပြုတော် မူသော အခြားအမှုအရာများ ရှိသေး၏။ ထိုအမှုအရာရှိရှိသမျှ တိုကို အသီးအခြားရေးထားလျှင် မြေကြီးမဆုံနိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏”ဟု ရေးသား ပြီး၊ သူ၏ခရစ်ဝင်ကျမ်းကို အဆုံးသတ်ကြောင်း ကြည့်ခြင်း အားဖြင့် သိသာနိုင်ပါသည် (ယော၊ ၂၁:၂၅)။
ဤသိုအံ့ဖွယ် ထူးခြားလှသော ခရစ်တော် အရှင်မြတ်ကို လက်အုပ်ချီ ရှိခိုးဦးတင်ပြီး၊ ဤစာအုပ်ကို လက်တော်ထဲ ဆက်ကပ်အပ်နှံပါ၏။
ဤစာအုပ်အားဖြင့် စာရှုသူတိုင်းသည် ခရစ်တော်နှင့် ကိုယ်တိုင် ထိတွေ့ လာနိုင်ကြပါစေ ..
မေတ္တာမွန်ဖြင့်
ခရစ်တော်၏ သက်တော်စဉ်နှင့် ဩဝါဒများ အပိုင်း (၁)
သမိုင်းနောက်ခံ
နိဒါန်း
ခရစ်ယာန်ဘာသာ၏ အဓိက မဏ္ဍိုင်မှာ ခရစ်တော်ပင်ဖြစ်၏။
သိုကြောင့် ခရစ်ယာန်ဘာသာ၏ အဓိကယုံကြည်ချက်နှင့် ခံယူချက်တိုကို ဖွင့်ဆိုရာတွင် ခရစ်တော်၏ သက်တော်စဉ်နှင့် သြဝါဒ များမပါဘဲ လုံးဝမဖြစ်နိုင်ပါ။ ခရစ်ယာန်တို၏ ယုံကြည်ခြင်းဆိုသည် မှာလည်း အမှန်ဆိုရလျှင် သခင်ခရစ်တော်အားဖြင့် မိမိကိုယ်ကို လူ တိုအား ထင်ရှားစွာ လာရောက်ဖော်ပြတော်မူခဲ့သော ဘုရားသခင် ကို ယုံကြည်ခြင်းပင်ဖြစ်၏။
တဆူတည်းသော ထိုဘုရားသခင်သည် မည်သိုသောသဘာဝ ရှိသည်။ မည်သိုအလိုတော်ရှိသည်။ လူသားတိုအပေါ် မည်သိုသဘောထားသည်။ လူတိုက ကိုယ်တော့်အပေါ် မည်သိုသဘောထားစေလို သည် စသော အကြောင်းအရာတိုကို ခရစ်တော်ကသာ ထင်ရှား ပီပြင်စွာ ဖော်ပြခဲ့သည်။
ထိုအပြင် ထိုတဆူတည်းသော ဘုရားသခင်ကို ကောင်းစွာ နားလည်လာစေရုံမက လူတိုအား တိုဘုရားသခင်ထံတော်ပါးသို တိုက်ရိုက်ပိုဆောင်ပေးခဲ့သူမှာလည်း ခရစ်တော်ပင်ဖြစ်ပါ၏။
ခရစ်ယာန်ဘာသာသည် ယုဒဘာသာ (Judaism)မှ ပေါက်ဖွားလာသည်ကားမှန်၏။ သိုသော် ခရစ်ယာန်ဘာသာသည် ယုဒ ဘာသာကို တိုးချဲ့ပြုပြင်မွမ်းမံထားသော ဘာသာမဟုတ်သည်သာမက ခရစ်တော်က ယုဒဘာသာဝင်တို ထိုစဉ်က ကျသုံးနေခဲ့ကြသောဘာသာ ရေးဆိုင်ရာဝိနည်း၊ ထုံးနည်းတိုကိုပင် ရှုတ်ချပြစ်တင်ခဲ့သည်။ ဘုရား နှင့်လူတို ပြန်လည်ပေါင်းစည်းဆုံတွေ့နိုင်ဘို ယဇ်ပူဇော်သက္ကာ၊ ဝိနည်း၊ ထုံးနည်းများဖြင့် ကြိုးစားအားထုတ်နေကြခြင်းကို ဝေဖန်ပြစ်တင်ခဲ့ သည်။
ဘုရားသခင်ကို “အဖ” တစ်ဦးကဲ့သို အကြွင်းမဲ့ချစ်ခင်၊ ကြည်ညိုလေးစား၊ မြတ်နိုးပြီး၊ လူသားအချင်းချင်းသည်လည်း တဆူ တည်းသောဘုရားသခင်၏ သားသမီးဖြစ်ကြသောကြောင့် ညီရင်း အစ်ကိုများသဘွယ် တစ်ဦးကိုတစ်ဦး ချစ်ခင်မြတ်နိုးရမည်ကို သွန်သင် ခဲ့သည်။
သခင်ခရစ်တော်သည် ဖိလော်ဆိုဖီ (ဒဿန) အတွေးအခေါ် ပညာရှင်တစ်ဦးမဟုတ်။
ကိုယ်တော်သွန်သင်ခဲ့သည့် သြဝါဒများသည်လည်း ဖီလော်ဆိုဖီ သဘောတရားများမဟုတ်ပါ။
တစ်ဆူတည်းသော ဘုရားရှိကြောင်းကို ယုတ္တိဗေဒအားဖြင့် ဝေဖန်ပိုင်းခြားစိစစ်၍ သွန်သင်ဟော ပြောနေသူလည်းမဟုတ်။ ဆင်ခြေအမျိုးမျိုးပေးပြီး အချိန်ကုန်ခံရှင်းပြ၍လည်းမနေပါ။ ထိုတစ်ဆူတည်းသော ဘုရားသခင်နှင့်လူတို လက်တွေ့အားဖြင့် မည်သိုမည်ပုံ ဆက်သွယ်ရမည့်အကြောင်းကိုသာ တိုက်ရိုက် သွန်သင်သွားခဲ့သည်။
ထိုကြောင့်လည်း၊ ခရစ်တော်၏ သွန်သင်ချက်တိုသည် သစ်ဆန်းမှု၊ လန်းဆန်းပီပြင်မှု၊ အံ့သြဘွယ်ရာတိုဖြင့် အတိဖြစ်နေသည်။
ခရစ်တော်၏သက်တော်စဉ်ကို မလေ့လာမီ ရှေးဦးစွာ ထိုအရှင်ပေါ်ထွန်းခါနီးတွင် ပါလက်စတိုင်းနိုင်ငံ၌ ဖြစ်ပေါ်နေသော နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးနှင့် အတွေးအခေါ်ရေးရာစသည်တိုကို ရှေးဦးစွာ လေ့လာဘို လိုသည်ဟု ကျွန်တော်ယူဆပါသည်။ လွန်ခဲ့ သောနှစ်ပေါင်း ၂ဝဝဝခန့်ကရှိနေသော အခြေအနေအားလုံးတိုကို လေ့လာသုံးသပ်ပြီးမှ သက်တော်စဉ်နှင့် ဩဝါဒများကို လေ့လာလျှင် ပိုမို၍ သင့်တော်လျောက်ပတ်မည်ဟု ယူဆသဖြင့် ထိုသမိုင်းနောက်ခံ အခြေအနေတိုကို အကျဉ်းချုံးပြီး ရှေးဦးစွာ တင်ပြသွားပါမည်။
သမိုင်းနောက်ခံ
ပထဝီအခြေအနေ
. ခရစ်တော်သည် ပါလက်စတိုင်းနိုင်ငံ၌ ပေါ်ထွန်းခဲ့သည်။ ကိုယ်တော်သည် ပါလက်စတိုင်းနိုင်ငံသား (ဝါ)အစ္စရေး လူမျိုး တစ်ဦးဖြစ်သည်။ ။
နှစ်ပေါင်း ၂ဝဝဝခန့်က ပါလက်စတိုင်းနိုင်ငံသည် စတုရန်း မိုင်ပေါင်း ၁ဝဝဝဝခန့်သာရှိသည်။ အလျားအားဖြင့် မိုင်ပေါင်း ၁၅ဝ ခန့်သာရှိပြီး၊ အနံအားဖြင့်ဆိုရလျှင် အကျယ်ဆုံးသော တောင်ပိုင်း ဒေသတွင်မှ (ရ၅)မိုင်ခန့်ရှိသည်။ သိုကြောင့် ထိုနိုင်ငံသည် ဆွစ်ဇာလန် နိုင်ငံထက်ငယ်ပြီး၊ စကော့တလန်နိုင်ငံ၏ တစ်ဝက်မျှသာရှိသည်။ မြန်မာပြည်အနောက်ပိုင်းတိုင်းဧရိယာနီးပါးမျှသာ ရှိပါသည်။
ထိုနိုင်ငံ၏ မြောက်ဘက်ရှိ လက်ဘာနွန်နိုင်ငံ၌ မြင့်မားသော ဟာမုန်တောင်ထိပ်နှင့်တောင်ကြောကြီး ရှိသည်။ အရှေ့ဘက်တွင်မူ ဂျော်ဒန်နိုင်ငံရှိသည်။ တောင်ပိုင်းတွင် ဒတောင်ကုန်းမြေမြင့်ရှိပြီး၊ အနောက်ဘက်တွင် မြေထဲပင်လယ်တည်ရှိသည်။ (ပူးတွဲမြေပုံကို ကြည့်ပြီးလေ့လာပါ)။
ပထဝီအနေအထားကို အကောင်းဆုံးနှင့် အရှင်းဆုံး ဖော်ပြ ရပါလျှင် မြောက်ဖက်မှ တောင်ဖက်သို အလျားလိုက် တည့်မတ်စွာ ဆင်းလာသော မျဉ်းပြိုင်လေးကြောင်းရှိသည်ဟု မှတ်ယူပြီး လေ့လာ စေလိုသည်။ ထိုမျဉ်းပြိုင်တစ်ခုနှင့်တစ်ခုစပ်ကြားတွင် (၁၅)မိုင်ခန့် အကွာအဝေးရှိသည်ဟု ခန့်မှန်းထားစေလိုပါသည်။
မြေထဲပင်လယ်ကမ်းစပ်မှ အရှေ့ဖက် (၁၅)မိုင်ခန့်အထိ မြေပြန့်ဖြစ်သည်။ အီဂျစ်နိုင်ငံနှင့် တောင်လျှောက် လူသွားလမ်း ပေါက် ရောက်သည်။ ဒုတိယ မျဉ်းပြိုင်စပ်ကြား၊ မြောက်မှတောင်ဖက် တစ်လျှောက်လုံးတွင် ထုံးကျောက်များနှင့် အတိရှိသော တောင်ကုန်း မြေမြင့်ဒေသဖြစ်သည်။ ထိုထုံးကျောက်တောင်ကြောကြီးသည် ကျောရိုး ကြီးသဘွယ် ဂါလိလဲနယ်၊ ရှမာရိနယ်နှင့် ယုဒနယ်တဝိုက်သို သက် ဆင်းလာသည်။
တတိယ မျဉ်းပြိုင်စပ်ကြားတစ်လျှောက်လုံးတွင် မြေနိမ့် ချိုင့်ဝှမ်းဒေသဖြစ်သည်။ မြောက်ဖက်တွင် ဂါလိလဲအိုင်ရှိပြီး ဂျော်ဒန် မြစ်သည် မြောက်မှ မြေနိမ့်ရာတောင်ဖက်သို စီးဆင်းလာပြီး၊ ပင်လယ်သေ (ဝါ) ဆားငန်အိုင်အထိ စီးဆင်းလာသည်။ စတုတ္ထမျဉ်း ပြိုင်၏ အရှေ့ဖက်တွင်မူ တောင်ကုန်းများသည် ပြန်လည်မြင့်မားလာပြီး ဂျော်ဒန်နိုင်ငံကို ကာဆီးထားသော သဘာဝ အတားအဆီးများ သဘွယ်ဖြစ်နေသည်။
ရာသီဥတုအခြေအနေက ထူးခြား၏။
ယေရုရှလင် (ယခုခေတ်အခေါ် “ဂျေရုဆလင်”)မြိုသည် လတ္တီကျု ၃၁ဒီဂရီ၊ ၄၅မိနစ် မြောက်၊ လောင်ဂျီကျ ၃၅ဒီဂရီ ၁၈မိနစ် အရှေ့တွင်တည်ရှိသည်။ မြေထဲပင်လယ်ကမ်းစပ်မှ အရှေ့ဖက် ၃၅မိုင်တွင်ရှိပြီး၊ ဆားငန်အိုင် (ပင်လယ်သေ)၏ အနောက်မြောက် ၁၈မိုင်တွင်ရှိသည်။ ပင်လယ်ပြင်မှ အမြင့်ပေ ၂ဝဝဝခန့်မြင့်သဖြင့် ထိုဒေသတဝိုက်တွင် ရာသီဥတုမှာ အေးမြ၍ သမမျှတမှုရှိသည်။
ဂါလိလဲနယ်တဝိုက်သည် မြေဩဇာကောင်းသောကြောင့် စိမ်းလန်းစိုပြေလှ၍ သစ်ပင်ပန်းမန်များ ဝေဆာသောဒေသဖြစ်ပါ၏။
မြောက်ဖက်တွင်မူ ဟာမုန်တောင်ထိပ်တဝိုက်၌ ရေများခဲ၍ ဆီးနှင်းခဲဖြူဖြူဖွေးဖွေးတိုကို အတိုင်းသားမြင်နေရသည်။
တစ်နိုင်ငံလုံး၏ ရှုခင်းသည် အလွန်သာယာစိုပြေလှသည်။ မြေဩဇာကောင်းသောချိုင့်ဝှမ်းဒေသ၌ အသီးအနှံမျိုးစုံ ရာသီမရွေး ပေါက်ရောက်သည်။ အခြားသောနိုင်ငံများနှင့် သဲကန္တာရ တောင်တန်း၊ ပင်လယ်တိုခြားနားနေသော်လည်း၊ ပါလက်စတိုင်းနိုင်ငံသည် တိုက်ကြီး ၃တိုက်၏ အလယ်ဗဟိုတွင် တည်ရှိနေသည်။
တစ်ကမ္ဘာလုံး၏ အချက်အခြာကျသော ထိုနယ်မြေသည်ကား ခရစ်ယာန်ဘာသာကို အစပျိုး မွေးဖွား သန့်စင်ပေးလိုက်သော ဒေသကြီး ပေတည်း။
နိုင်ငံရေးအခြေအနေ
ခရစ်တော်မပေါ်ထွန်းမီ (ဝါ) ဘီစီ (သိုမဟုတ် ဘီစီ) ၅၈၆နှစ် တွင် ပါလက်စတိုင်းနိုင်ငံ၏အ ရှေ့ဘက်တွင်ရှိသော ဗာဗုလုန်နိုင်ငံက “နေဗု ခဒ်နေဇာမင်းကြီးသည် ထိုနိုင်ငံကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်သည်။ ဘီစီ ၅၃၉တွင် ပါရှားနိုင်ငံက ဗာဗုလုန်နိုင်ငံကို တိုက်ခိုက်ပြီး အောင်မြင်ခဲ့ပြန်သဖြင့် ပါလက်စတိုင်းနိုင်ငံသည် ပါရှင်း လူမျိုးတို၏ လက်အောက်သို တဖန်ကျဆင်းခဲ့ရပြန်သည်။
ဘီစီ ၃၃၃ တွင်မူကား၊ ဂရိနိုင်ငံမှ မဟာအလက်ဇန္ဒားက ပါရှင်းတပ်မတော်ကို အောင်မြင်စွာ တိုက်ခိုက်တွန်းလှန်လိုက်ပြန် သောကြောင့် ပါလက်စတိုင်းနိုင်ငံမှာ ဂရိနိုင်ငံ၏ လက်အောက်ခံ ဖြစ်ခဲ့ရပြန်သည်။
မဟာအလက်ဇန္ဒား၏ အင်ပါယာသည် ထိုအခါက အလွန် ကျယ်ပြန့်လှသည်။ အရှေ့ဘက် အိန္ဒိယနိုင်ငံ ပန်ဂျပ်နယ်အထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ မဟာအလက်ဇန္ဒားသည် ထိုသို နယ်ချဲ့ တိုက်ခိုက်လာခဲ့ရာ ဘီစီ ၃၃၁တွင် အိန္ဒိယပြည်အထိပင်ရောက်ပြီး ရှေ့တွင် အင်းဒပ်(စ်)မြစ် ကိုသာ တွေ့ရသဖြင့် “ငါတိုက်ခိုက် သိမ်းပိုက် ရာ နယ်မြေမရှိတော့ပါကလား” ဟူ၍ ညည်းတွားကာ ဝမ်းနည်း ပက်လက် ဖြစ်ခဲ့ရသောဟူ၏။
မဟာအလက်ဇန္ဒား နတ်ရွာစံသွားသောအခါ သူ၏ လက်အောက်ခံ ဗိုလ်ချုပ်ကြီး (၄)ဦးက ဂရိအင်ပါယာ ကို လေးပိုင်း ပိုင်းပြီး အုပ်ချုပ်ကြသည်။ ပါလက်စတိုင်းနိုင်ငံသည် အီဂျစ်နိုင်ငံတွင် အခြေစိုက်ခြေကုပ်ယူ ထားသော ဗိုလ်ချုပ်ကြီးပတော်လမီ (Ptolemy) ၏ လက်အောက်သို ဘီစီ ၃၂၃နှစ်တွင် ကျရောက်ခဲ့ရပြန်၏။ ထိုဗိုလ်ချုပ်ကြီးပတော်လမီ အုပ်စိုးနေခဲ့သည့် ကာလပတ်လုံးတွင် ဂျူးလူမျိုးတို၏ ယဇ်ပရောဟိတ်ကြီး (ဝါ) ယုဒဘာသာရေးတွင် အဆင့်အမြင့်ဆုံးသော ဘုန်းတော်ကြီးများက ဂရိဗိုလ်ချုပ်ကြီးများ၏ ရုပ်သေးအဖြစ် မိမိတိုလူမျိုးကို အုပ်ချုပ်စီမံခန့်ခွဲနေကြသည်။
သိုသော် ဗိုလ်ချုပ်ကြီး ဆယ်လူးကပ်(စ်) (Selucus)နှင့် နောက်လိုက် ဗိုလ်ချုပ်ကြီးများက ဆီးရီးယားနိုင်ငံကို အုပ်ချုပ်နေပြီးပါလက်စတိုင်းနိုင်ငံကိုပါ ဘီစီ ၁၉၈တွင် တိုက်ခိုက်သိမ်းပိုက်လိုက် ပြန်သဖြင့် ထိုနိုင်ငံသည် ဆီးရီးယားနိုင်ငံ၌ အခြေစိုက်အုပ်ချုပ်သော ဗိုလ်ချုပ်ကြီးများ၏ လက်အောက်ခံဘဝသို ကျရောက်သွားခဲ့ရပြန် တော့သည်။
ဂရိဗိုလ်ချုပ်များ အချင်းချင်းသည်လည်း ထိုသို နယ်မြေ လုသည့်စစ်ပွဲများကို မကြာခဏ ဆင်နွှနေလေ့ရှိပါ၏။
ဗိုလ်ချုပ်ကြီးဆယ်လူးကပ်(စ်)၏ နောက်ပိုင်း၌ တက်လာသော ဗိုလ်ချုပ်ကြီးများကို “ဆယ်လူစစ်ဗိုလ် ချုပ်ကြီးများ”ဟူ၍ ခေါ်ဝေါ် ကြသည်။
ထိုဆယ်လူစစ် ဗိုလ်ချုပ်များသည် ဂရိနိုင်ငံ၏ ဘာသာရေးနှင့် ယဉ်ကျေးမှု၊ ဂရိဘာသာစကား၊ ဂရိလူမျိုးတို၏ ဖီလော်ဆိုဖီ အတွေး အခေါ်၊ ထုံးတမ်းဓလေ့၊ ဝတ်စားဆင်ယင်မှုများ စသည်တိုကို သိမ်းပိုက် ထားသော နယ်မြေများ၌ ပြန့်ပွားရန် ကြိုးပမ်းကြသည်။ အထူးသဖြင့် အဓမ္မစနစ်တို ကျင့်သုံးခဲ့သူမှာ စတုတ္ထမြောက် “အင်တီယိုးကပ်(စ်)၊ ဧပိဖနိ ́ဆိုသည့် ဂရိ ဗိုလ်ချုပ်ကြီးပင်ဖြစ်၏။ သူသည် ဘီစီ ၁၅၅တွင် နန်းတက်အုပ်စိုးချိန်မှစပြီး ဂျူးလူမျိုးတိုကို ဖိနှိပ်ချုပ်ချယ် နှိပ်စက် ညှင်းပန်းသည်။
ဂရိလူမျိုးတို၏ ဘာသာ၊ ယဉ်ကျေးမှုနှင့် ထုံးတမ်းဓလေ့များကို လက်ခံသည့် ဂျူးများလည်းရှိသည်။ လက်မခံဘဲ ကြံ့ကြံ့ခံသည့် လူများ လည်းရှိသည်။ ထိုသူများမှာ မိမိတိုဂျူးလူမျိုး၏ ဘာသာ နှင့်ယဉ်ကျေးမှု တိမ်ကောပျောက်ကွယ်သွားမည်ကို စိုးသည့် ဝံသာနု အဖွဲ ဖြစ်ပြီး မိမိတိုကိုယ်ကို “ဟာစီဒင်များ (Hasidims)ဟု ခေါ်ကြသည်။ ထိုစကား၏ အနက်မှာ “ဘုရားတရား ကိုင်းရှိင်းသူများ”ဖြစ်၏။ ဂရိလူမျိုးတို၏ ယဉ်ကျေးမှုနှင့် ဘာသာကို လက်ခံသူများအား အမျိုးသားသစ္စာဖောက်ဟု သူတိုက သတ်မှတ်ထားကြ၏။
ဘီစီ ၁၆၉တွင် အစ်တီယိုးကပ်(စ်)က အီဂျစ်နိုင်ငံကို နယ်ချဲ့သိမ်းပိုက်ရန် ကြိုးစားရာ မအောင်မြင်ဘဲ တပ်ဆုတ်လာခဲ့ရသည်။ ထိုကြောင့် “ကုလားမနိုင် ရခိုင်မဲ” ဆိုသလို ပါလက်စတိုင်းနိုင်ငံရှိ ဂျူးလူမျိုးတိုကို ပိုမိုဖိနှိပ်ချုပ်ချယ်လာသည်။
ဂရိလူမျိုး၏ ဘာသာနှင့် ယဉ်ကျေးမှုကို ဂျူးလူမျိုးတိုက လက်မခံဘဲ နေကြသည်မှာ ယုဒဘာသာ (Judaism)ကြောင့်သာ ဖြစ်သဖြင့် ထိုဘာသာကို အမြစ်ကနေပြီး တွန်းလှန်ဖြိုဖျက်ရန် သန္နိဋ္ဌာန်ချလိုက် တော့၏။
ယုဒဘာသာ၏ ထုံးတမ်းစဉ်လာအရ ယဇ်ပုရောဟိတ်အကြီး ဆုံးရာထူးကို ယဇ်ပုရောဟိတ်ဘုန်း တော်ကြီးများ အချင်းချင်းက သဘောတူ ရွေးကောက်တင်မြှောက်ရလေ့ရှိသည်။ ယဇ်ပုရောဟိတ်ကြီး ရာထူးကိုရရှိသူသည် ဘာသာရေးတာဝန်များအပြင် နိုင်ငံ၏ အုပ်ချုပ် ရေးတာဝန်များကိုပါ ဒွန်တွဲထမ်း ဆောင်ရလေ့ရှိသည်။
အင်တီယိုးကပ်(စ်)က ထိုအစဉ်အလာကို ဖျက်ပစ်လိုက် သည်။ သူ၏အစိုးရတွင်လည်း ဘဏ္ဍာရေး ကြပ်တည်းမှုရှိနေ၍ လူထုထံမှ အခွန်များတိုးကောက်နေရုံမက ထိုယဇ်ပုရောဟိတ်အကြီးရာထူးကို လေလံပစ်တော့၏။
ဘီစီ ၁၆၉ခုနှစ်တွင် ဂျူးလူမျိုးတို၏ ထုံးတမ်းအစဉ်အလာအရ “အိုနိုင်းယပ်(စ်)”ဆိုသူကို ယဇ်ပုရောဟိတ်ကြီးအဖြစ် ရွေးချယ်တင် မြှောက်ခဲ့ကြသော်လည်း၊ အင်တီယိုးကပ်(စ်)က “အို နိုင်းယပ်(စ်)”ကို ဖယ်ရှားပစ်လိုက်ပြီး ရာထူးကို လေလံပစ်ရာ ငွေအများဆုံးပေးနိုင်သည့် “ဂျေဆင်”ဆိုသော ယဇ်ပုရောဟိတ်အား ထိုရာထူးခန့်အပ်လိုက်လေ သည်။
ထိုယဇ်ပုရောဟိတ်ကြီးသည် အင်တီယိကပ်(စ်)၏ ရုပ်သေး တစ်ဦးလည်းဖြစ်ရာ ဂရိဘာသာနှင့် ယဉ်ကျေးမှုကို ဂျူးလူမျိုးတွင်း၌၊ ပြန့်ပွားသွားရန် သူကပါ ဝင်ရောက်ကြိုးပမ်းဆောင်ရွက်တော့၏။ သူသည် ယေရုရှလင်မြိုလယ်၌ အားကစားရုံတစ်ခု တည်ဆောက်၏။ ထိုအားကစားရုံထဲ၌ ဂရိလူမျိုး နတ်ဘုရားရုပ်ထု များထားပြီး ကိုးကွယ် ပသစေသဖြင့် “ဟာစီဒင်”ခေါ် ထိုဝံသာနုအဖွဲက ယဇ်ပုရောဟိတ်ကြီး “ဂျေဆင်”ကို တော်လှန်ပုန်ကန်ကြတော့၏။
ဘီစီ ၁၆၈တွင် အင်တီယိုးကပ်(စ်)က ပါလက်စတိုင်းနိုင်ငံ၌ အောက်ပါအမိန့်ကို ထုတ်ပြန်လိုက်လေ၏။ ဂျူးလူမျိုးတိုင်းသည်
(က) အရေဖျားလှီးခြင်းမင်္ဂလာမခံရ၊
(ခ) ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များ မကျင်းပရ၊
(ဂ) ဥပုသ်မစောင့်ရ၊
(ဃ) ပညတ္တိကျမ်းများကို လက်ဝယ်မထားရှိရ၊ (ထိုကျမ်းများကို လိုက်လံသိမ်းဆည်းမီးရှိပစ်သည်) ၊
(င) ပညတ္တိကျမ်းများအား သိမ်းဆည်းထားသူတိုင်းကို သေဒဏ်အပြစ်ပေးသည်။
ထိုမျှသာမက ယေရုရှလင်မြိုရှိ ဂျူးလူမျိုးတို အထွဋ်အမြတ် ထားကြသည့် ဗိမာန်တော်တွင်းသိုဝင်ပြီး ဇီးယပ်(စ်) နတ်ဘုရား ရုပ်ထုကို တင်ထားလိုက်ပြန်သည်။ ဘီစီ ၁၆ရ ဒီဇင်ဘာလတွင်ကား ဗိမာန်တော်၏ ယဇ်ပလ္လင်ပေါ်၌ ဂျူးလူမျိုးတို အလွန်ရွံမုန်းသော ဝက်တစ်ကောင်ကို တင်ပြီး ယဇ်ပူဇော်လိုက်တော့၏။
မက္ကာဗီယင်ပုန်ကန်မှုကြီး
ယေရုရှလင်မြို အနောက်မြောက်ဘက်၌ “မိုဒိမ်း” ဆိုသည့် ရွာလေး၌ “မက္ကာသိယပ်(စ်)” အမည်ရှိ ယဇ်ပုရောဟိတ်တစ်ပါးရှိ၏။ သူ့၌ သား (၅)ယောက်ရှိ၏။ တစ်နေ့တွင် ထိုရွာရှိ ယဇ်ပလ္လင်၌ ဝက်တစ်ကောင်ကို ပူဇော်ခိုင်းရာတွင် လုံးဝမနာခံဘဲ မတ္တာသိယပ်(စ်)နှင့် သား (၅)ဦးတိုက ခုခံတိုက်ခိုက်ပြီး တောခိုသွားကြသည်။ ထိုဖြစ်ရပ်ကို အကြောင်းပြုပြီး မတ္တာသိယပ်(စ်)၏နောက်သို ဝံသာနုအဖွဲကြီးနှင့် မျိုးချစ်ပုဂ္ဂိုလ်များအားလုံးကပါ လိုက်ပါသွားပြီး တောခိုကာ ဂရိအစိုးရ ကို ပုန်ကန်ခြားနားကြတော့၏။
မက္ကာသိယပ်(စ်)သည် တစ်နှစ်ခန့် ပုန်ကန်နေခဲ့ပြီး တိုက်ပွဲ တွင် ကျဆုံးသွားသော်လည်း သူ၏သားအကြီးဆုံး ဂျူးဒပ်(စ်)၊ မက္ကာဗီးယပ်(စ်)က ဦးဆောင်၍ ပြောက်ကျားစနစ်ဖြင့် ဆက်လက် တိုက်ခိုက် ပုန်ကန်နေခဲ့သည်။
သူ၏အမည်ဖြစ်သော မက္ကာဗီးယပ်(စ်)ကို အစွဲပြုပြီး ထိုပုန်ကန် မှုကြီးကို “မက္ကာဗီယင် ပုန်ကန်မှု ကြီး”ဟူ၍ သမိုင်းတွင် အမည်တွင် ကျန်ရစ်လေတော့သည်။
ဘီစီ ၁၆၃တွင် အင်တီယိုးကပ်(စ်)သည် အရှေ့နိုင်ငံရှိ ပါသီယမ် လူမျိုးများကို တိုက်ခိုက်ရင်း ကျဆုံးသွားလေသည်။ အင်တီယိုးကပ်(စ်) ၏နေရာတွင် “လိုင်းစီးယပ်(စ်)” ဆိုသည့် ဗိုလ်ချုပ်သည် ဘုရင်အဖြစ် နန်းတက်ပြီး ထိုနှစ်တွင်ပင် ပုန်ကန်သူများနှင့် စစ်ပြေငြိမ်းရန် စေ့စပ် ကြောင်းလမ်းရာ အောင်မြင်မှုရသည်။
ထိုနှစ်၏ ဒီဇင်ဘာလတွင် ဂျူးဒပ်(စ်)၊ မက္ကာဗီးယပ်(စ်)နှင့် အဖွဲသည် မြိုတွင်းသို ပြန်ဝင်လာကာ၊ ယေရုရှလင်မြိုရှိ ဗိမာန်တော် ကို ပြန်လည်သန့်စင်စေသည့် ပွဲတော်ကျင်းပခဲ့သည်။ ထိုပွဲတော်ကို “ပြန်လည် အနုမောဒနာပြု (ဆက်ကပ်) သည့် ပွဲတော်” (ဟေဗြဲ စကားအားဖြင့် ဟနူးကားပွဲတော်) ဟူ၍ ဂျူးလူမျိုးတိုက သမိုင်းတစ်လျှောက်တွင်သာမက ယနေ့တိုင်အောင်ပင် ဆက်လက် ဆင်ယင် ကျင်းပနေကြသည်။ (ဆရာယုဒသန်က အင်္ကနိပွဲတော်ဟု ခေါ်ထား သည်ကို ယော၊ ၁၀၂၂ တွင် ကြည့်ပါ။)
ရောမအင်ပိုင်ယာ လက်အောက်ခံဘဝ
မက္ကာဗီယင် ပုန်ကန်မှုကြီး ပြီးစီးသွားခဲ့သည် မှန်သော်လည်း ဂျူးဒပ်(စ်)၊ မက္ကာဗီးယပ်(စ်)နှင့် မျိုးချစ်အဖွဲတိုက စစ်တိုက်ခိုက်မှုကို မရပ်စဲခဲ့ချေ။ သူတိုအနေဖြင့် ဂျူးလူမျိုးတိုအတွက် ဂရိလူမျိုးတို၏ လက်အောက်ခံကျွန်ဘဝမှ လုံးဝလွတ်လပ်ရေး မရမချင်း ဆက်လက် တိုက်ခိုက်ကြမည်ဟု သန္နိဋ္ဌာန်ချကာ လွတ်လပ်ရေးတိုက်ပွဲများ ဆက် လက်ဆင်နွှကြခြင်းဖြစ်၏။
ဘီစီ ၁၆၀ တွင် ဂျူးဒပ်(စ်)သည် တိုက်ပွဲတွင် ကျဆုံးခဲ့ပြန် ရာ ညီဖြစ်သူ “ဂျော်နသန်”က လွတ်လပ် ရေးတပ်မတော်ကို ဆက်လက် ဦးစီးသည်။ တစ်ချိန်တည်းမှာပင် ဂျော်နသန်ကလည်း ယဇ်ပုရောဟိတ် ကြီးတာဝန်များကို ဆက်လက်ထမ်းဆောင်သည်။ ဘီစီ ၁၄၂ တွင် ဂျော်နသန် ကျဆုံးပြန်သောအခါ သူ၏ညီအငယ်ဆုံးဖြစ်သူ “ဆိုင်မွန်” က ခေါင်းဆောင်ခဲ့ပြန်သည်။ ဆီးရီးယာနိုင်ငံ၏ ဒုတိယမြောက် ဒမီး ထရပ်(စ်) ဘုရင်စိုးစံချိန် ရောက်လာသည့်အခါမှ လွတ်လပ်ရေးရခဲ့ပြီး ယုဒနိုင်ငံ၏ ပိုက်ဆံကြေးငွေများတွင် ဆိုင်မွန်၏ ခေါင်းတံဆိပ်များပင် ရိုက်နှိပ်ခဲ့ကြရသည်။ (၁ မက္ကာဗီး ၁၃း၄၂ တွင်ကြည့်ပါ။)
မငြိမ်မသက်ဖြစ်နေရပြန်၏။ ဆိုင်မွန်နှင့် သူ၏သားနှစ်ဦးတိုသည် ဘီစီ ၁၃၄တွင် အသေသတ်ခြင်း ခံရပြီးနောက်၊ ဆိုင်မွန်၏ သားဖြစ်သူ “ဂျွန်၊ တိုင်ကရေးနပ်(စ်)”က ဆက်လက်ခေါင်းဆောင်သည်။ ထိုအချိန်တွင် ပါလက်(စ်)တိုင်းနိုင်ငံ သည် ယခင် ဒါဝိဒ်လက်ထက်ရှိ မြေနေရာဒေသအထိပင် ပြန်လည် တိုးချဲ့လာနိုင်ခဲ့သည်။
သိုရာတွင် ဂျွန်၊ ဟိုင်ကရေးနပ်(စ်) ကွယ်လွန်သော် အလွန ရက်စက် ကြမ်းကြုတ်၍ စည်းကမ်း စနစ်မရှိသော သူ၏ သား အလက်ဇန္ဒာ၊ ဂျေနီးယပ်(စ်)က ဆက်လက်ခေါင်းဆောင်သည်။ သူ သည် မိမိ၏မိခင်နှင့် ညီအရင်းကိုပင် ပြန်လည်သတ်ဖြတ်ခဲ့သူဖြစ်သည်။ သူ၏ လက်ထက်တွင် မက္ကာဗီယမ် ပုန်ကန်မှုကြီး၏ ဘာသာရေး ရည်မှန်းချက်သည် ပျောက်ကွယ်သွားပြီး နိုင်ငံရေးသဘောသာလျှင် ကျန်တော့၏။
လွတ်လပ်ရေးရနေစေကာမူ တစ်မျိုးသားလုံး၏ဘုရင် အစစ် အမှန်သည် ဘုရားသခင်သာလျှင် ဖြစ်သည်ဟူသော ဂျူးလူမျိုးတို၏ ထုံးစံနှင့် ခံယူချက်သဘောထားကို ဂျေနီးယပ်(စ်)က ပယ်ဖျက်ပြီး သူ့ကိုသူ ဘုရင်အဖြစ် ကြေညာတော့သည်။ ဂျေနီးယပ်(စ်) နတ်ရွာ စံသော် သူ၏သားနှစ်ဦးက နန်းလုကြသည်။ ဖာရိရှဲနှင့် ဇဒ္ဒကဲတို ၏ ပဋိပက္ခကလည်း ပြင်းထန်လာသဖြင့် ပြည်တွင်းစစ်ဖြစ်လာသည်။ ပြည်သူလူထုကလည်းစိတ်ပျက် လာကြသဖြင့် ဆီးရီးယားနိုင်ငံရှိ ရောမဗိုလ်ချုပ်ကြီး ပွန်ပီထံ အကူအညီ သွားရောက်တောင်းကြတော့ သည်။
ဘီစီ ၆၃တွင် ဗိုလ်ချုပ်ကြီး ပွန်ပီက တပ်အလုံးအရင်းဖြင့် ရောက်လာကာ ယေရုရှလင်မြိုနှင့် ပါလက်စတိုင်းတစ်နိုင်ငံလုံးကို သိမ်းပိုက်လိုက်သည်။ ထိုအခါ ပလက်စတိုင်းနိုင်ငံသည် ရောမအင်ပိုင် ယာ၏ လက်အောက်ခံနိုင်ငံဖြစ်လာရတော့၏။ –
ဂျူးလူမျိုးတို၏ အမျိုးသားစည်းလုံးညီညွတ်မှုမရှိခဲ့သဖြင့် လွတ်လပ်ရေးအရသာကို အနှစ် (၁၀၀)ခန့်သာ ခံစားလိုက်ရခြင်းဖြစ် သတည်း။
ဟေရုဒ်မင်းများလက်ထက်
ရောမဘုရင် အင်တိုနီနှင့် ဩတေးဗီးယပ်(စ်)တိုက အိုင်ဒူး(၁၃) မီးယား (ယနိုင်ငံ တောင်ပိုင်းဒေသ)မှ လူမျိုးစု ခေါင်းဆောင်တစ်ဦးဖြစ်သူ “ဟေရုဒ် ́ဆိုသူအား ရောမအစိုးရ၏ ရုပ်သေးဘုရင်အဖြစ် ခန့်ထားသည်။ ပြည်တွင်းမငြိမ်မသက်မှုကို လိုက်လံနှိမ်နင်းနေရသေးသဖြင့် ဟေရုဒ် သည် ဘီစီ ၃ရတွင်မှ ဘုရင်အဖြစ် နန်းတက်ပြီး ဟေရုဒ်မင်းကြီး (Herod The great)ဟူသော ဘွဲ့နာမကို ခံယူသည်။
နန်းစံချိန်တွင် သူသည်လည်း မိဖုရား (၁၀)ဦးထဲမှ နှစ်ဦးကို သတ်ခဲ့သည်။ သား သုံးဦး၊ ယောက္ခမ တစ်ဦးနှင့် မိဖုရားတစ်ဦး၏ အဖိုးကိုလည်း သတ်ဖြတ်ခဲ့သည်။ သူ့ကို ဂျူးအမျိုးသားတိုင်းက မုန်းတီးလှသဖြင့် သူ နတ်ရွာစံခဲ့သော် လူမျိုးတစ်မျိုးလုံးက ဝမ်းနည်း ကြေကွဲမှု ရှိကြမည် မဟုတ်ကြောင်းကို မှန်းဆထားပြီဖြစ်သဖြင့် အကယ်၍ သူနတ်ရွာစံခဲ့သော် တစ်နိုင်ငံလုံး ဝမ်းနည်း ကြေကွဲသည့် အထိမ်းအမှတ်ပွဲများ ကျင်းပကြရမည်ဟူ၍ ကြိုတင် အမိန့်တော် ထုတ် ပြန်ထားရလေသည်။ သိုသော် သူသည် ဘီစီ ၄တွင် နတ်ရွာစံခဲ့ရာ တစ်မျိုးသားလုံးက ဝမ်းသာအားရဖြစ်ခဲ့ကြပြီး အကျဉ်းသားများကို လွှတ်ပစ်သည်။ ပျော်ပွဲရွှင်ပွဲများပင် ကျင်းပကြ၏။
ဂျူးလူမျိုးတို၏ နှစ်သိမ့်မှု၊ ကျေနပ်မှုရစေရန် အတော်ပင် ကြီးကျယ် ခမ်းနားသော ဗိမာန်တော်သစ်ကို ဘီစီ ၂၀တွင် တည် ဆောက်ပေးသည် (မာကု၊ ၁၃း၁)။ သူ၏ သား ၃ဦးကို နယ်စားအဖြစ် ခန့်အပ်ခဲ့သည်။ ၎င်းတိုမှာ အောက်ပါအတိုင်းဖြစ်၏။
(က) အာခေလ ။ ရှမာရိ ယုဒ၊ အိုင်ဒူးမီးယား နယ်စားအဖြစ် ခန့်အပ်ပြီးသူ့ကို ဘုရင်အဖြစ် ခေါ်ဝေါ်သမုတ်စေသည်။ သူသည် လည်း လူသတ်သမားဖြစ်သည်။ ပုန်ကန်ထကြွမှုကို နှိမ်နင်းရင်း နှင့် မိမိ၏ အမျိုးသား (၃၀၀၀)ကျော်ကို သတ်ခဲ့သည်။ “ဟေရုဒ် မင်းကြီး၏အရာ၌ သားတော် အာခေလသည် ယုဒပြည်၌ မင်းပြုကြောင်းကြားလျှင် ထိုပြည်သို (ယောသပ်သည်) မသွားဝံ့၍ ” ဟူသော ရှင်မဿဲ၏ မှတ်တမ်းကို ကြည့်ခြင်းအားဖြင့် အာခေလဘုရင်သည် အလွန်ပင် ရက်စက် ကြမ်းကြုတ်ကြောင်းသိသာနိုင်သည်။ (မဿဲ ၂း၂၂)
(ခ) ဖိလိ ။ ပါလက်စတိုင်းနိုင်ငံ၏ အရှေ့မြောက်ပိုင်း ကုတ္တုရဲနယ်၊ တရာခေါ်နိတ်နယ်၊ ဂေရသေန နယ်တိုကို စိုးမိုးအုပ်ချုပ်ရသည်။ ဘုရင်အဖြစ်မဟုတ်ဘဲ နယ်စားသာဖြစ်ခဲ့သည်။
(ဂ) အန္တိပဟေရုဒ် ။ ဓမ္မသစ်ကျမ်း၌ ဆရာယုဒသန်က ဟေရုဒ်ဟူ၍သာ ခေါ်ဝေါ်ထားသည်။ သူသည် ဂါလိလဲနယ်နှင့် ပါရီးယား နယ်ကို နယ်စားအဖြစ် စိုးမိုးအုပ်ချုပ်ရသည်။ ခရစ်ဝင်ကျမ်းတို၌ အများဆုံးမှတ် တမ်းတင် ဖော်ပြခြင်းခံရသော နယ်စားဖြစ်သည်။ အာရပ်လူမျိုးဘုရင် အာရေတ၏သမီးတော်ကို ယူ၍ နောက်ပိုင်း ၌ ကွာရှင်းခဲ့ပြီး သူ၏ ဖအေတူမအေကွဲ ညီတော်သူ ဖိလစ်(ပ်) (ဖိလိပ္ပ) ၏ ကြင်ယာတော် ဟေရောဒိကို သိမ်းပိုက်ခဲ့သဖြင့် ဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန်၏ ရှုတ်ချခြင်းကို ခံရသည်။ ခရစ်တော် ကိုယ်တော်တိုင်က သူ့ကို “မြေခွေး”ဟု ခေါ်သည် (လုကာ၊ ၁၃၃၂)။ ခရစ်တော်ကိုလည်း သတ်ဖြတ်ရန် ကြံစည် ခဲ့သည် (လုကာ၊ ၁၃း၂၁)။ ခရစ်တော်ကို တရားစီရင်ရာတွင် သူလည်း ပါဝင်ပြီး ကိုယ်တော့်ကို ညှင်းပန်း နှိပ်စက်ခဲ့သည် (လုကာ၊ ၂၃း၆-၁၂)။
အုပ်စုအသင်းအဖွဲများ
ခရစ်တော် သက်တော်ထင်ရှားစဉ်အခါက ပါလက်စတိုင်းနိုင်ငံရှိ ဂျူးလူမျိုးတိုထဲတွင် အုပ်စုအသင်းအဖွဲများ ကွဲပြားလျက်ရှိနေခဲ့သည်။ အုပ်စုအားဖြင့် (ရ)မျိုး ကွဲပြားလျက်ရှိနေကြသည်ဟု ဆိုနိုင်ပါသည်။ ၎င်းတိုမှာ အောက်ပါအတိုင်းဖြစ်၏။
(က) ဖာရှိရှဲများ ။ ဖာရိရှဲတို့သည် မက္ကာဗီယင်ပုန်ကန်မှုကြီး ဖြစ် စဉ်က ထကြွပုန်ကန်ခဲ့သော ဟာစီဒင် (ဘုရားတရားကိုင်းရှိင်းသူ) များမှ စတင်ပေါ်ထွက်လာသည်ဟု ဆိုနိုင်၏။ ဖာရိရှဲတို မှာ နိုင်ငံရေး အာဏာထက် ဘာသာရေးဘက်ကို ပိုမိုစိတ်ဝင်စားကြသူများဖြစ်သဖြင့် အဆိုပါ “ဟာဆီဒင်”အုပ်စုထဲမှ ဘာသာရေးဘက်ကို အာသီသစိုက် ကြမည်ဟူသော သဘောဖြင့် ခွဲထွက်လာသူများဖြစ်သည်။ ဂျွန်၊ဟိုင် ကရေးနပ်(စ်)လက်ထက် (၁၃၅-၁ဝ၅ ဘီစီ)အတွင်း “ဖာရိရှဲ” ဆိုသော အမည်နာမဖြင့် ပေါ်ပေါက်လာခဲ့ကြသည်။ ဖာရိရှဲဟူသောအနက်မှာ “သီးသန့်ခွဲခြားလျက် နေသူများ”ဟူ၍ ဖြစ်သည်။
ဂျူးလူမျိုးသမိုင်းပညာရှင်ကြီး ဂျိုးဆီးဖပ်(စ်) (Josephus)၏ “ဂျူးလူမျိုးတို၏ စစ်ပွဲများ”ဟူသော စာအုပ်ထဲတွင် “ဖာရိရှဲများသည် ဘာသာရေး၏ ဝိနည်းတော်များကို ကျင့်သုံးရာတွင် အခြားသောသူ များထက် သာလွန်သည်။ ပညတ္တိကျမ်းများကိုလည်း အတိအကျ အနက်ဖွင့်လေ့ရှိကြသည်”ဟု မှတ်တမ်းတင်ထား၏။
သူတိုသည် ယဇ်ပုရောဟိများ၏ ဝိနည်းထုံးနည်းများထက် မောရှေ၏ ပညတ္တိကျမ်းများကို ပို၍ ဦးစားပေးကြသည်။ အက္ခရာတင် ရေးသားထားသော ပညတ္တိကျမ်းများသာမက၊ ရှေးအစဉ်အဆက်က နှုတ်ဖြင့် လက်ဆင့်ကမ်းလာကြသော ပညတ်များကိုပါ လိုက်နာကျင့်သုံး ရမည်ဟု တသမတ်တည်း ခံယူထားကြသည်။ ဤနေရာ၌ နှုတ်ဖြင့် လက်ဆင့်ကမ်းလာကြသည့် ပညတ်များကို လက်မခံကြသော ဇဒ္ဒကတို နှင့် အကြီးအကျယ် ကွဲပြားလာကြခြင်းဖြစ်သည်။ ‘
ထိုအပြင် ဖာရိရှဲများက ပညတ်များကို ခေတ်နှင့်အလျောက် အမြဲတစေပြုပြင်ပြောင်းလဲနေရမည်ဟု ခံယူထားသည့်အတိုင်း ပညတ် များကို ပြင်ဆင်ပြောင်းလဲခြင်း၊ အသစ်ထွင်ခြင်းတိုကို အစဉ်ပြုလုပ် နေကြသည်။
လူတစ်ဦး၏ နေ့စဉ်ပြုမူကျင့်ကြံသမျှသည် ပညတ္တိကျမ်း (Torah) နှင့် ညီရမည်။ ၎င်းပညတ္တိကျမ်းများကို အနက်ဖွင့်ရင်းနှင့် လူတိုင်း လိုက်နာကျင့်သုံးရမည့် ကျင့်စဉ်များကို အစဉ်တစိုက် ဖော်ထုတ်လာ ကြသည်။ ၎င်းကျင့်စဉ် ထုံးနည်းများကို “ဟာလာကာခ်’ (Halakak) ဟု ခေါ်သည့် “နေ့စဉ်ကျထုံးများကို ဆက်လက် တီထွင် လာသောကြောင့် ကျင့်စောင့်ရမည့်ဝတ်များ တစ်စနှင့်တစ်စ များပြားလာကြတော့သည်။
ဥပမာပြရလျှင် လူတစ်ဦး အမြဲလိုက်နာရမည့် ကျင့်ဝတ်များ မှာ ၆၁၃မျိုးအထိရှိလာသည်။ မလုပ်ရမည့် ကျင့်ဝတ်များမှာ ၃၆၅ မျိုးရှိကာ ကျင့်သုံးရမည့်ဝတ်များမှာ ၂၄၈ ရှိလာသည်။ ထိုပညတ် များကို လူတိုင်းက မလိုက်လျှောက်လာနိုင်တော့သဖြင့် ဖာရိရှဲများက သူတိုသာလျှင် ထိုပညတ်များကို စောင့်ရှောက်နိုင်သောကြောင့် သူတို သာလျှင် ဘုရားသခင်၏ ရှေ့တော်၌ ဖြောင့်မတ်သူများဖြစ်သည်ဟု ယူဆလာကြကုန်သည်။ ။
ဘုရားသခင်နှင့်လူတို မိတ်သဟာယဖွဲ၊ ဆုံတွေ့နိုင်ရေးမှာ ပညတ်များကို စောင့်ရှောက်ရေးသည်သာလျှင် အဓိကဖြစ်သည်ဟု ယူဆလာသည်။ ထိုကြောင့် ဝိနည်းထုံးနည်းနှင့် စည်းကမ်း ဥပဒေကို အာသီသထားလွန်းနေ ကြသောကြောင့် ခရစ်တော်၏ ရှုတ်ချခြင်းခံခဲ့ ရပါတော့၏ (မဿဲ၊ ၂ဝ-၆၅၊ ၆း၁၆-၁၈၊ ၂၃း၁၃-၃၃)။
သိုသော် ဖာရိရှဲတိုင်းကို ခရစ်တော်က ရှုတ်ချသည်ဟု တထစ် ချမမှတ်ထားစေလိုပါ။
ကိုယ်တော်သည် ဖာရိရှဲ ရှိမုန်၏ နေအိမ်၌ ညနေစာစားရန် ကြွတော်မူခဲ့သည် (လုကာ၊ ၇း၃၆)။ အန္တိပဟေရုဒ်က ခရစ်တော်၏ အသက်ကို ရန်ရှာနေကြောင်း ကိုယ်တော်ထံသို မေတ္တာဖြင့် လာ ရောက် သတိပေးသူများမှာ ဖာရိရှဲအချိုပင်ဖြစ်သည်။ (လုကာ၊ ၁၃၃၁) သိုသော် ဖာရိရှဲအများစုက ကိုယ်တော်၏ အသက်ကိုရန်ရှာရန် ကြံစည် ခဲ့ကြကြောင်းကို (မာကု ၃၆၊ ယော ၁၁၄၅-၅ရ)တိုတွင် တွေ့နိုင်၏။
ဖာရိရှဲတို၏ အဓိက ယုံကြည်ချက်များမှာကား အောက်ပါ အတိုင်းဖြစ်၏။
(၁) လူသားတိုင်း၏ ဘဝအသက်တာကို ဘုရားသခင်ကရှေးမဆွကပင် ကြိုတင်စီမံခန့်ခွဲထားသည်။ သိုသော်လည်း ထိုသို ကြိုတင်စီမံထားမှုသည် လူတို၏ လွတ်လပ်မှုကို မထိပါးဟု ယုံသည်။ ။
(၂) ဝိညာဉ်သည် ထာဝစဉ်အသက်ရှင်နိုင်သည်။ လူတိုင်း ရှင်ပြန် ထမြောက်နိုင်သည်။ တမလွန်ဘဝတွင် လူတိုင်းကို ဘုရား သခင်က တရားစီရင်ပြီး၊ အပြစ်ပေးမည်၊ သို မဟုတ် ဆုလာဘ်ပေးမည်ဟု ယုံသည်။
(၃) ကောင်းကင်တမန်များနှင့် နတ်မိစ္ဆာများရှိကြောင်းကိုယုံသည်။
(ခ) ဇဒ္ဒုကဲများ ။ ဒါဝိဒ်မင်းကြီးလက်ထက်က ယဇ်ပုရောဟိတ် ကြီးဖြစ်ခဲ့သော “ဇာဒုတ်” (Zadok) (ဂရိစကားအားဖြင့် Saddouk) ဟူသော အမည်နာမမှ ““ဇဒ္ဒကဲ”ဟူသော ဝေါဟာရ ပေါ်ပေါက်လာ ဟန်တူသည်။ ယဇ်ပုရောဟိတ်ကြီး ဇာဒုတ်မှ ဆင်းသက်လာသော မျိုးရိုးသည် ဟေရုဒ်မင်းကြီးလက်ထက်အထိ ယဇ်ပုရော ဟိတ်များ ဖြစ် ခဲ့ကြသည်။ လူနည်းစုမျှသာ ဖြစ်၏။ ဖာရိရှဲတိုနှင့် လုံးဝမတဲ့ကြ။ သမိုင်းပညာရှင် ဂျိုဆီးဖပ်(စ်) ကလည်း ဇဒ္ဒကဲများသည် ချမ်းသာကြွယ်ဝသူများ၊ အထက်တန်းလွှာလူတန်းစားများ၊ ယဇ်ပုရောဟိတ် အမျိုးအနွယ်များဖြစ်သည်ဟု မှတ်တမ်းတင်ခဲ့၏။ “
သူတိုသည် အက္ခရာတင် ရေးသားထားသော မောရှေ၏ ပညတ္တိကျမ်းများကို လက်ခံကြသော်လည်း နှုတ်ဖြင့် လက်ဆင့်ကမ်း လာသော ပညတ်များကို လက်မခံကြ။ အထူးသဖြင့် ယဇ်ပုရောဟိတ် တို၏ ဝိနည်းထုံးနည်းနှင့် ဗိမာန်တော်အတွင်း၌ ပြုအပ်သော ယဇ် ပူဇော်ခြင်းဆိုင်ရာ ဝိနည်းများကိုသာ ပို၍အာသီသစိုက်သည်။ ရောမ အစိုးရ၏ စိတ်ကြိုက်လိုက်ပြီး နိုင်ငံရေးကိစ္စများတွင် ဝင်ရောက် စွက်ဖက်ခြင်းမပြု။
သူတို ယုံကြည်ချက်မှာ အောက်ပါအတိုင်းဖြစ်၏
(၁) ဘုရားသခင်သည် လူ့သမိုင်းစဉ်ထဲတွင် ဝင်ရောက်ပါဝင် ရောယှက်ခြင်းမရှိ။
(၂) ဝိညာဉ်သည် ထာဝစဉ် အသက်ရှင်နိုင်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကိုမယုံ။
(၃) ကောင်းကင်တမန်များနှင့် နတ်မိစ္ဆာများကို မယုံ။
“ထိုအခါ ဖာရိရှဲနှင့် ဇျကဲတိုသည် အချင်းချင်းငြင်းခုံ၍ အစုအဝေးသည် ကွဲပြားခြင်းသို ရောက်လေ၏။ ကွဲပြားသည့် အကြောင်းကား၊ ဇျကဲတိုက ထမြောက်ခြင်းမရှိ။ ကောင်းကင်တမန် မရှိ။ နံဝိညာဉ်မရှိဟု ဝန်ခံကြ၏။ ဖာရိရှဲတိုက နှစ်ပါးစလုံးရှိသည်ဟု ဝန်ခံကြ၏”ဟူသော (တမန် ၂၃းရ-၈)ရှိ ကျမ်းစကားကို ထောက်ရှု ခြင်းအားဖြင့် ထိုအုပ်စု (၂)စုစလုံး ကွဲပြားပုံကို သိသာနိုင်သည်။
အေဒီ (ရ၀)ခန့်တွင် ဗိမှာန်တော်ကို ရောမဗိုလ်ချုပ် တိုက် တပ်(စ်)က ဖျက်ဆီးပစ်ချိန်မှစပြီး ဇဒ္ဒု ကဲတိုသည် လည်း ပျောက်ကွယ် သွားခဲ့လေသည်။
(ဂ) အဲစင်း(န်)များ ။ ဓမ္မသစ်ကျမ်းတွင် ထိုလူစုအကြောင်း မှတ် တမ်းတင်ထားခြင်း မရှိပါ။ သမိုင်းပညာ ရှင်များဖြစ်သော ဖိုင်လို၊ ဂျိုဆီးဖပ်(စ်)နှင့် ပလိုင်နီတို၏ မှတ်တမ်းများအရ ထိုအုပ်စုသည် လူဦးရေ (၄ဝဝဝ) ခန့်ရှိသည်ဟု တွေ့ရသည်။ များမကြာသေးမီက ပင်လယ်သေတဝိုက်၌ ရှာတွေ့ခဲ့ကြသော ကျမ်းစာလိပ်(Dead Sea Scrolls)များကြောင့် သူတို၏ အကြောင်းကို ပိုသိလာရသည်။ သူတို သည် သီးသန့်ခွဲခြား၍ အုပ်စုဖွဲနေထိုင် ကြသည်။ ယုဒပြည်၌ အနည်း အကျဉ်းရှိသော်လည်း အများအားဖြင့် ပင်လယ်သေဒေသတဝိုက်တွင် သီးသန့်နေ ထိုင်ကြသည်။ ပညတ္တိကျမ်းကို အတိအကျလိုက်နာကြ၏။
လူစုတိုင်း၌ ခေါင်းဆောင်တစ်ဦးစီရှိပြီး ထိုခေါင်းဆောင်ကို အလွန်ရိုသေကိုင်းရှိင်းကြသည်။ သူတို၏ အသင်းအဖွဲထဲသို ဝင်လို လျှင် (၃)နှစ်တိတိ အစမ်းသဘောအဖြစ်ထားပြီး သူတို၏ သွန်သင် ချက်များကို လျှိဝှက်စွာထားပါမည်ဟု ကျမ်းကျိန်ပြီးမှ တင်းပြည့် အသင်းသားအဖြစ် လက်ခံသည်။
ဝတ်ဖြူစင်ကြယ်များဝတ်ပြီး အတူတကွ နေထိုင်၊ အတူတကွ စားသောက်ကြသည်။ ကိုယ်ပိုင်ပစ္စည်း များကို အပ်နှံပြီး ဘုံပစ္စည်း အဖြစ်ထားကြသည်။ လက်ထပ်ထိမ်းမြားခြင်းကို ရှုတ်ချသည်။ ယဇ် ပူဇော်ခြင်းကိုမပြု။ အလွန်ပင် စည်းကမ်း သေဝပ်ကြသည်။ ရိုးသားဖြောင့်မတ်စွာ နေထိုင်ကျင့်ကြံပြီး ထာဝရဘုရား၏ နောက်ဆုံး တရား စီရင်မည့် နေ့ရက်နှင့် မေရှိယကို စောင့်မျှော်နေကြသူများဖြစ်၏။
(ဃ) ဟေရုဒ်၏တပည့်များ ။ ဂျူးလူမျိုးတို၏ အထက်ဖော်ပြပါ အုပ်စုကြီး (၃)စုအပြင် ဟေရုဒ်၏ တပည့်များသည် လူနည်းစုမျှသာ ဖြစ်သည်။ သူတိုသည် ဘာသာရေးနှင့် နိုင်ငံရေးခံယူချက် ထူးထူး ခြားခြားမရှိဘဲ ဟေရုဒ်မင်း၏ အုပ်စိုးမှုနှင့် ရောမအစိုးရကို ထောက်ခံသူများသာဖြစ်၏။ ရှင်မာကုက “ထိုအခါ ဖာရိရှဲတိုသည် ထွက်၍ ကိုယ်တော်ကို အဘယ်သို ဖျက်ဆီးအံ့နည်းဟု ဟေရုဒ်၏တပည့်တိုနှင့် ချက်ချင်းတိုင်ပင်ကြ၏”ဟု မှတ်တမ်းတင်ထားသည် (မာကု၊ ၃၆)။ ခရစ်တော်ကို ဒုက္ခပေးသူများထဲတွင် သူတိုလည်းပါဝင်ကြောင်း ရှင်မဿဲ ကလည်း အလားတူ မှတ်တမ်းတင်ထားပါသေးသည် “(ဖာရိရှဲတို သည်)။ မိမိ၏တပည့်တိုနှင့် ဟေရုဒ်၏တပည့်တိုကို အထံတော်သို စေလွှတ်၍ ” ကောက်ကျစ်စဉ်းလဲသောစိတ်ဖြင့် ကဲသာဘုရင်အား အခွန်ဆက်ရန် လိုမလို မေးမြန်းခဲ့ကြသည် (မဿဲ ၂၂၁၆၊ မာကု ၁၂း၁၃)။
(၄) ဇဲလက် (Zealots)များ (ဝါ) မျိုးချစ်ဝံသာနုများ ။ သူတို အကြောင်းများကို ဂျိုဆီးဖပ်(စ်)ကသာ စုံလင်စွာ မှတ်တမ်းတင်ခဲ့သည်။ အထူးသဖြင့် (တမန် ၄း၃၅)တွင် ဖော်ပြထားသော “ယုဒအမည်ရှိ ဂါလိလဲလူ”ဆိုသည်မှာ `လက်ဝံသာနုခေါင်းဆောင်တစ်ဦးပင်ဖြစ်သည်။
သူတိုသည် ဂျူးတို၏ လုံးဝလွတ်လပ်ရေးအတွက် အသေခံ မျိုးချစ်များဖြစ်သည်။ ရောမအစိုးရအား အခွန်ဆက်သသူသည် လူမျိုး ၏သစ္စာဖောက်ဖြစ်ပြီး ထာဝရဘုရားသည်သာလျှင် ဂျူး (ဝါ) ဣသရေလ လူမျိုးတို့ ၏ ဘုရင်ဖြစ်ကြောင်း အခိုင်အမာခံယူထားကြသည်။ မက္ကာ သီးယပ်(စ်)နှင့်သားများ၊ ဘုရားတရား ကိုင်းရှိင်းသူ“ဟာစီဒင်”များနှင့် နိုင်ငံရေးသဘောထားချင်းတူညီသည်။
ရောမအစိုးရကို အခွင့်ကြုံတိုင်း ပုန်ကန်တော်လှန်နေကြသည်။ (တမန်တော်ဝတ္ထု ၂၁း၃၈)တွင် ဖော်ပြထားသော လူလေးထောင်မှာ ထိုဇွဲလက်များဖြစ်သည်။ သူတိုသည် အေဒီ ၆၆မှ ရဝအထိ ထကြွ ပုန်ကန်နေကြသူများဖြစ်၏။
ထူးခြားသည်က ခရစ်တော်၏တမန်တော် (၁၂)ပါးထဲတွင် ထိုမျိုးချစ် ဇဲလက်တစ်ဦးပါရှိခြင်းဖြစ်သည်။ သူသည် “ဇေလုပ်”ဟုခေါ်ဝေါ်သော “ရှိမုန်” ဖြစ်၏ (လုကာ ၆း၁၅နှင့် တမန် ၁း၁၃တိုကို ကြည့်ပါ)။
ဤအခြင်းအရာကို ထောက်ရှုလျှင် ကိုယ်တော့်အနေဖြင့် တမန်တော်များ ရွေးချယ်ရာတွင် ဘဝနောက်ခံအခြေအနေအမျိုးမျိုးမှ လူပေါင်းမျိုးစုံကို စုံစေ့အောင် ရွေးချယ်ခဲ့ကြောင်း ထင်ရှားစွာ တွေ့ နိုင်ပါ၏။
(စ) ကျမ်းပြုဆရာ၊ ကျမ်းတတ်ဆရာများ ။ အဆိုပါပုဂ္ဂိုလ်များ သည် ရှေးဓမ္မဟောင်းခေတ်ကတည်းကရှိခဲ့သည်။ အချိုသော ပရော ဖက်များအနေဖြင့် မိမိတို၏ ဟောကြားချက်၊ ဗျာဒိတ်တော် ပြန်ကြား ချက်များကို ကိုယ်တိုင်မရေးဘဲ ကျမ်းပြုဆရာများအား ရေးခိုင်းလေ့ ရှိကြသည်။
ဥပမာ ပရောဖက်ယေရမိအနေဖြင့် ထိုသိုပြုလေ့ရှိသည်။ “ထို အခါ ယေရမိသည် နေရိသား ဗာရုတ်ကိုခေါ်ပြီး ထာဝရဘုရားမိန့် တော်မူသမျှသော စကားတော်တိုကို ပြန်ပြောသည့်အတိုင်း ဗာရုတ် သည် စာလိပ်၌ ရေးထားလေ၏”ဟူသော ကျမ်းစကားကို တွေ့ရပါ လိမ့်မည် (ယေ ၃၆း၄၊ ၃၂း၁၂-၁၆တိုကိုကြည့်ပါ)။
ဣသရေလလူမျိုးတိုသည် ဗာဗုလုန်နိုင်ငံ၌ ကျွန်ခံနေရစဉ် ကျမ်းစာရေးသားပြုစု မှတ်တမ်းတင်သူ များသည် မောရှေ၏ ပညတ္တိ ကျမ်းများကို အတိအကျ လိုက်လျှောက်ကြသော ယဇ်ပုရောဟိတ်များ ဖြစ်ကြ သည်။ အထူးသဖြင့် ငဇရကဲ့သိုသော ယဇ်ပုရောဟိတ်များဖြစ် ပါ၏။
“ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ် ဧဇရ” (နေဟမိ ၈၉) ဟူ၍လည်းကောင်း၊ “ဘုရားသခင်ထာ ဝရဘုရား ပေးတော်မူသော မောရှေ၏ ပညတ္တိကျမ်းစာကို လေ့ကျက်သောဆရာဖြစ်သောသူ ဧဇရ”ဟူ၍ လည်းကောင်း၊ “ပညတ်စကားနှင့် ဣသရေလအမျိုး၌ ထုံးဖွဲ တော်မူချက်ကို လေ့ကျက်သောဆရာ ယဇ်ပုရော ဟိတ် ဇေရ”ဟူ၍ လည်းကောင်း၊ (ဧဇရ ၇း၆-၁၁)တိုတွင် တွေ့နိုင်ပါ၏။
ထိုကြောင့် ဤပုဂ္ဂိုလ်များသည် ကျမ်းကို ရေးသားပြုစုသူများ သာမက ကျမ်းစာကိုလည်း တတ်ကျွမ်းနားလည်သောသူများဖြစ် ကြောင်းထင်ရှားသည်။
ဓမ္မသစ်ကျမ်းခေတ်တွင် ဤပုဂ္ဂိုလ်များကို ကျမ်းတတ်ဆရာ ဟူ၍လည်းကောင်း၊ နိသျည်းဆရာများ ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ ပြီး ယေရုရှလင်မြို၌သာမက ယုဒပြည်၊ ဂါလိလဲပြည်တစ်လျှောက်၌ ပညကျမ်းများကို လိုက်လံသွန်သင် ပြသသောသူများဖြစ်လာကြ သည်။ ခရစ်တော်သည် ဆုံးမဩဝါဒပေးတော် မူနေစဉ် “ယေရုရှလင် မြိုမှစသော ယုဒပြည်၊ ဂါလိလဲပြည် မြိုရွာများတိုက လာရောက် လာသော ဖာရိရှဲနှင့်နိသျည်းဆရာတို သည် ထိုင်လျက်ရှိကြသည် …” ဟူ၍ ရှင်လုကာက ဖော်ပြထားပါ၏ (လုကာ ၁ရ)။ ဤပုဂ္ဂိုလ်များ ကို ကျမ်းတတ်ဆရာများဟူ၍သာမက “ရဗွီ”များ ဟူ၍လည်း ခေါ်ကြသည်။ “ရဗ္ဗိ””၏အနက်ကား “ဆရာ” “သခင်” “ကြီးမြတ် သောဆရာ”ဟူသတည်း။ ။
ကျမ်းပြု၊ သိုမဟုတ် ကျမ်းတတ်ဆရာများသည် ကျမ်းစာသင် ကြားပြသသော ဆရာများဖြစ်သည်။ လူတစ်ဦး၏ဖခင်သည် သူ၏ သားအား ဤလူ့ဘောင်လောကသို ရောက်ရှိလာစေရန် လုပ်ဆောင် သူများဖြစ် သော်လည်း ကျမ်းတတ်ဆရာများမှာမူကား လူတစ်ဦး၏ တမလွန်ဘဝအတွက် လိုအပ်သောပညာကို သွန်သင်သူများဟူ၍ ဂျူး လူမျိုးတိုက ခံယူထားကြသည်။ ။
ကျမ်းတတ်ဆရာအများသည် ဖာရိရှဲတို့၏ အုပ်စုမှဖြစ်ကြ၏။ “ကျမ်းပြုဆရာ ဖာရိရှဲ”ဟူ၍ (ရှင်မာကု ၂း၁၅)လည်းကောင်း၊“ဖာရိရှဲတိုဘက်၌နေသော ကျမ်းဆရာတို” ဟူ၍လည်းကောင်း၊ (တမန် ၂၃၉)တိုတွင် တွေ့နိုင်ပါ၏။ ဤကျမ်းချက်များကို ထောက်ရှုလျှင် ဖာရိရှဲတိုဘက်၌နေသော ကျမ်းပြုဆရာများလည်း ရှိနေကြောင်း အရိပ် အမြွက်အားဖြင့် သိသာနိုင်သည်။ သူတို၏ အဓိကတာဝန်များမှာ အောက်ပါအတိုင်းဖြစ်၏။
(၁) ပညတ္တိကျမ်းများကို အနက်ဖွင့်ခြင်း၊ ရှင်းပြခြင်း။
(၂) ပညတ္တိကျမ်းနှင့် အခြားကျမ်းဂန်တိုကို သွန်သင်ပြသခြင်း။
(၃) ပညတ်ကျမ်းများကို လက်တွေ့ကျင့်သုံးရန် သတ်မှတ်ပေးခြင်း၊
အနက်ဖွင့်ပေး၍ နေ့စဉ်ကျသုံးရေးအတွက် ကြေညာ ချက်များ ထုတ်ပြန်ခြင်းတိုဖြစ်ပါ၏။ ဥပမာ လူပေါင်း (၅၀) ဦးပါဝင်သော ဆန်ဟီဒရင် (ဝါ) ဂျူးလူမျိုးတို၏ ဓမ္မလွှတ် တော်အဖွဲတွင် ပါဝင်သည်။ ထိုလွှတ်တော်၌ လူတန်းစား သုံးမျိုးပါဝင်သည်။ ၎င်းတိုမှာ –
(ကက) ယဇ်ပုရောဟိတ်များ၊
(ခခ) ဖာရိရှဲ အကြီးအကဲခေါင်းဆောင်များနှင့်
(ဂဂ) ကျမ်းတတ်ဆရာများဖြစ်၏။ ကျမ်းတတ်ဆရာများ၏ တာဝန်မှာကား ဥပဒေဓမ္မသတ်များ၊ ပညတ္တိကျမ်းများကို တိကျစွာ အနက်ဖွင့်ပေး၍ ဓမ္မလွှတ်တော်၏ ဥပဒေအကြံပေး အရာရှိများ ဖြစ်ကြသည်။
(ဆ) သာမန်တိုင်းရင်းသားများ ။ ပါလက်စတိုင်းနိုင်ငံရှိ ဂျူးလူမျိုး အများစု (ရာခိုင်နှုန်း ၉ဝကျော်)တိုသည် အထက်တွင် ဖော်ပြခဲ့သော အုပ်စုတစ်စုစုထဲတွင်မပါဘဲ သူတိုကို ဟေဗြဲစကားဖြင့် (Am HaAretz) “အမ်(မ်)၊ဟာ-အာရက်(ဇ်)”ဟုခေါ်ခြင်းခံရသူများဖြစ်သည်။ အနက်မှာ “ပြည်သားရင်းများ (ဝါ) သာမန်တိုင်းရင်းသား များ”ဖြစ်၏။
ဓမ္မဟောင်းကျမ်းကို ပြန်ကြည့်လျှင် ထိုအုပ်စု၏ အကြောင်းကို တွေ့ရပါလိမ့်မည်။ ပါလက်စ တိုင်းနိုင်ငံတွင် အစ ကနဦးကတည်းက နေထိုင်ကြသော ဌာနတစ်ပါးအမျိုးသား (လူမျိုးခြား)တိုကို ထိုကျမ်း ၌ ဆိုလိုသည်။
ဂျူးလူမျိုးတိုအထဲမှ အချိုက ထိုသူတိုနှင့် ပေါင်းဖော်စုံဖက် ကြသဖြင့် ယဇ်ပုရောဟိတ်များ၊ လေဝိလူများက ပြစ်တင်ရှုတ်ချခဲ့ကြ သည်။ ထိုအကြောင်းကို (ဧဇရ ၉း၁-၂နှင့် နေဟမိ ၁၀း၃၀-၃၁) တိုတွင် တွေ့နိုင်သည်။ ဆရာယုဒသန်က ထိုဟေဗြဲစကားကို “ပြည် သားရင်း”ဟူ၍ မြန်မာပြန်ထားသည်လည်း အဆိုပါကျမ်းချက် တိုတွင် တွေ့နိုင်ပါ၏။
ဓမ္မသစ်ကျမ်းခေတ်သို ရောက်လာလျှင် ပညတ္တိကျမ်းတိုကို လည်း မလိုက်နာ၊ ယုဒဘာသာရေးဆိုင်ရာ ဝိနည်းထုံးနည်းတိုကို ဥပေက္ခာပြုနေကြသူများ၊ သူတိုဖာသာ အေးအေးမှန်မှန်နေထိုင်လျက် ရှိသူများကို ဤသို ခေါ်ဝေါ်လာကြတော့သည်။
(ယော ၇း၄၉)ကို ဖတ်ရှုကြည့်လျှင် ဖာရိရှဲအထက်တန်းလွှာ များက သူတိုကို“တရားကိုမသိသော ဤလူများ၊ ကျိန်ခြင်းခံရ သူများ” ဟူ၍ ရင့်ရင့်သီးသီးခေါ်ဝေါ်သမုတ်ကြသည်ကို တွေ့ရပါလိမ့် မည်။
ဖာရိရှဲတိုက ဤလူစုကို ရွံရှာမုန်းတီးလှသဖြင့် အပေါင်းအဖော် မလုပ်ဘဲနေသည်။ ထိုသူတိုသည် အကျင့်သီလ ပျက်ပြားသူ၊ ဘာသာ ရေးမကိုင်းရှိင်းသူများဟူ၍ မှတ်ယူနေကြသည်။ လူမျိုးရေးဆိုင်ရာ လျှိဝှက်ချက်များရှိလျှင် ထိုသူတိုကို ပြောမပြ။ မိဘမဲ့သူများကို အုပ် ထိန်းသူများအဖြစ် တာဝန်မပေး။
တရားစီရင် ဆုံးဖြတ်ရာတွင် ဤလူတန်းစားမျိုးထဲမှ တစ်စုံ တစ်ယောက်ကိုမျှ သက်သေအဖြစ်မခေါ်ရ။ သူတို၏ ထွက်ဆိုချက် မှန်သမျှကို တရားရုံးများက အသိအမှတ်မပြုရဟူ၍ပင် ရှိဆရာကြီး များက ပညတ်ထား ပါ၏။ ဖာရိရှဲတစ်ဦးသည် ထိုသူတိုနှင့်အတူ ထမင်းမစား၊ သူတိုနှင့် လက်ထပ်ထိမ်းမြားခြင်းမပြုရ။ ဤလူတန်းစား အမျိုးသမီးများသည် ညစ်သွားသည်ဟု မှတ်ယူနေသောကြောင့်တည်း။
သိုသော် သခင်ယေရှုသည် ထိုသူတိုနှင့် ပေါင်းဖော်ခဲ့သည်။ သူတိုနှင့်အတူ လွတ်လပ်စွာ လှုပ်ရှားသွားလာနေခဲ့သည်။
ဖာရိရှဲတိုကဤလူတန်းစားသည် တန်ဘိုးမဲ့၊ အသုံးမဝင်သော သူများ၊ မပေါင်းဖော်သင့်သောသူများဟူ၍ ခေါ်နေကြသော်လည်း ကိုယ်တော်က သူတိုကို “ထိန်းသူမရှိဘဲ ပစ်ထားခြင်းခံနေရရှာသော သိုးစု”ဟူ၍ပင် ခေါ်ခဲ့ပါ၏။ ကိုယ်တော်သည် သူတိုနှင့် အပေါင်း အသင်းလုပ်ရုံမက ဖာရိရှဲတို၏ တိကျသောပညတ်များ (ဥပမာ အစာ စားခါနီး လက်ဆေးကြရသည့် ဝိနည်းများ၊ မာကု ၁-၅၊ လုကာ ၆း၁-၅၊ ၁၁း၃ရ-၄၃)ကို မလိုက်နာသဖြင့် ထိုခေတ်က ဘာသာရေး ခေါင်းဆောင်များ၏ အပြစ်တင်ခြင်းကိုပင် ကိုယ်တော်တိုင်ခံခဲ့ရရှာပါ၏။
ဖီလော်ဆိုဖီအတွေးအခေါ်များ
ခရစ်တော်မပေါ်ထွန်းမီနှင့် သက်တော်ထင်ရှားစဉ် ပါလက် စတိုင်းနိုင်ငံ၌ လွှမ်းမိုးနေသော ဖီလော်ဆိုဖီ အတွေးအခေါ်အများအပြား ရှိပါသည်။ ထိုအတွေးအခေါ်များနှင့် ခရစ်တော်၏ဩဝါဒများသည် ထိပ်တိုက်တွေ့ ကြသည်ဖြစ်ရာ ကယ်တင်ခြင်းတရားတော်ကို လိုက်လံ ဟောကြားသူများ (အထူးသဖြင့် ရှင်ပေါလု)အဘို ထိုအတွေးအခေါ် တိုနှင့်ယှဉ်၍ ခရစ်တော်၏ သွန်သင်ချက်တိုကို ရှင်းပြဟောပြောကြ ရသည်။ သိုကြောင့် ၎င်းတိုကို အကြမ်းဖျင်းအားဖြင့် လေ့လာထားဘို လိုပါလိမ့်မည်။ ၎င်းတိုမှာ အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း ဖြစ်၏။
(က) ပလေးတိုး၏အတွေးအခေါ်များ ။ အတွေးအခေါ်ပညာရှင်ကြီး ပလေးတိုးသည် (ဘီစီ ၄၂၅-၃၄) အတွင်း ပေါ်ပေါက် လာခဲ့ပြီး အေသင်မြို၌ ဖီလော်ဆိုဖီများကို ဟောကြားနေခဲ့သည်။ သူ၏ အတွေးအခေါ်များ သည် ပါလက်စတိုင်းနိုင်ငံ၌ပင် အတော်လေး လွှမ်းမိုးနေခဲ့သည်။ သူသည် ဆိုကရေးတီးထံတွင် ပညာဆည်း ပူးခဲ့သော တပည့်ရင်းဖြစ်၏။
အသိပညာအားလုံးသည် ယေဘုယျနာမ်များနှင့် ဆင်ခြင် တုံတရားတိုမှသာ ရနိုင်သည်”ဟူသော ဆိုကရေးတီး၏ သဘောထား ကို သူက လက်ခံခဲ့သည်။ ယေဘုယျနာမ်ဆိုသည်မှာ (Universal Mind) ကို ဆိုလိုပြီး ပြောင်းလဲပျက်စီးခြင်းမရှိ၊ ထာဝရတည်မြဲနေ သည်။ ဤယေဘုယျနာမ်မျိုးမှသာလျှင် ယထာဘူ တကျသော အမှန် တရားကို ပေးနိုင်စွမ်းရှိသည်ဟု ယုံကြည်၏။
တက္ကိကပိုင်း (ဝါ) ရုပ်လန်နာမ်ပိုင်း (Metaphysics)သဘော တွင် ““ပြည့်ဝစုံလင်သော စိတ်ကူးထည်” (Perfect idea)သိုမဟုတ် ပုံစံ (Form)ရှိသည်။ ထိုစိတ်ကူးထည် သိုမဟုတ် ပုံစံ၌သာလျှင် အဓိကအနှစ်သာရ (Essence)ရှိပြီး ဓမ္မဓိဌာန်ကျ၍ သီးသန့် ရပ်တည် နိုင်မှုရှိသည်။
အစစ်အမှန် တရားကို အာရုံခံစားမှုတည်းဟူသော စက္ခု၊ သောတ၊ ဃာန၊ ဇီငှားစသော အာရုံတိုဖြင့် မသိနိုင်။ ဆင်ခြင်တုံ တရားတည်းဟူသော “စိတ်ကူး” သိုမဟုတ် “ဉာဏ်သိ”အားဖြင့်သာ သိရှိနားလည်နိုင်သည်။ ။
စိတ်ကူးထည် (Idea)သည်သာလျှင် ထာဝရတည်ရှိသည်။ စစ်မှန်သည်။ ပြည့်စုံသည်။ စစ်မှန်သော အသိပညာကို ဆင်ခြင်တုံ တရား (Reason)အားဖြင့်သာ ရနိုင်သည်။
လူတို့ မျက်မြင်တွေ့ရှိခံစားနေရသော အသွန်သဏ္ဍာန်များ (Phenomena)သည် မစစ်မမှန်ဘဲ အရိပ်အယောင်များသာဖြစ်သည်။
ဤလောကသည် အသွင်သဘောရှိသော လောကသာဖြစ်သည်။ ယေဘုယျနာမ် သိုမဟုတ် စိက်ကူးညာတွင် အခြေခံ တရားဖြစ်သည်ဟု သည်။
ဥပမာပြရလျှင် စားပွဲ၊ ကုလားထိုင်ဖြစ်မလာမီ ။ လားတော်၏ စိတ်ကူးတညာသည် လက်သမား၏ စိတ်၌ ဦးစွာ ရှိသည်။ ထိုစိတ်ကူးတည်မှသာလျှင် ရုပ်ဝတ္ထု အကောင်အထည်ပေါ် လာရခြင်းဖြစ်သည်။ စားပွဲ၊ ကုလားထိုင်သည် ပျက်စီးသွားနိုင်သော် လည်း စိတ်ကူးတည်သည် မပျက်စီးနိုင်၊ ထာဝရတည်ရှိနိုင်သည်ဟု ဆို၏။
ပလေးတိုးသည် သီဩလော်ဂျီသဘောတရားကို ရှင်းလင်း ဖော်ပြရန် စိတ်မကူးခဲ့သော်လည်း မြင့်မြတ်သော ဣသရနိမ္မာဝါဒ (Monotheism) (ဝါ) တစ်ဆူတည်းသော ဘုရားရှိခြင်းကို သွယ် ဝိုက်သောနည်း ဖြင့် ဖော်ပြခဲ့သည်။ ဘုရားကို လူသဏ္ဌာန်အဖြစ် တွေးခေါ်တတ်သည့်ဝါဒ (Anthropomorphism)မျိုးဖြင့် သွန်သင် သော သဘောတရားများကို ငြင်းပယ်သည်။ ပလေးတိုး၏ အသွင် သဏ္ဍာန်နှင့် ထာဝရတည်ရှိပြီး မဖောက်ပြန်သော ပရမတ်သဘော တရားမျိုးကို အသုံးပြု၍ ကနဦးခရစ်ယာန်များက သူတို၏ ခရစ်ယာန် ယုံချက်ကို ဖေါ်ပြခဲ့ကြသည် (ဟေဗြဲ ၈း၁-၅နှင့် ၁၂း၂၂-၂၄တိုကို ကြည့်ပါ။
အရေးကြီးသည့် အခြားသဘောတရားများကား ဝိညာဉ်သည် ထာဝစဉ်အသက်ရှင်နိုင်သည်။ ကာယခန္ဓာသည် အတွင်း၌ရှိသော ဝိညာဉ်ကို ချုပ်နှောင်ထားနေခြင်းဖြစ်သည်။ ကာယခန္ဓာသည် ဝိညာဉ် အတွက် အနှောင့်အယှက်၊ အတားအဆီး၊ အဟန့်အတားကြီးတစ်ခု ဖြစ်နေကြောင်း ဟောပြောသည်။ ရှင်ပေါလုသည် ဥရောပနိုင်ငံတဝိုက် ၌ ကယ်တင်ခြင်းတရားတော်ကို လိုက်လံဟောပြောနေခဲ့စဉ်ကလည်းပလေးတိုး၏ အတွေးအခေါ်များကို ဂရိနိုင်ငံ အေသင်မြို၌ ရင်ဆိုင် ခဲ့ရသည်။
(ခ) အပီကျူးရပ်ဝါဒ (Epicureanism) ။ (ဆရာယုဒသန်) က (တမန် ၁း၁၈)တွင် “ဧပိကုရုပညာရှင်”ဟူ၍ ခေါ်ထားပါသည်။ ဤ အတွေးအခေါ်ကို အပီကျူးရပ်(စ်)ဆိုသည့် အတွေးအခေါ်ပညာ ရှင်ကြီး (၃၄၂-၂၅၀ဘီစီ)က စတင်ဖော်ထုတ်ခဲ့သည်။ ‘
ထိုပညာရှင်ကြီးက နောက်လိုက် တပည့်တပန်းများကို စုပြီး အေသင်မြိုတွင် သူဝယ်ထားသော ပန်းခြံတစ်ခုထဲ၌ ထိုအတွေးအခေါ် များကို ဟောပြောသွန်သင်လေ့ရှိခဲ့သည်။ သူက ပလေးတိုး၏ “ဝိဉာဏ ဝါဒ”ထက် “လက်တွေ့ဝါဒ”ကို ပိုမိုအာသီသထားသည်။
ပလေးထိုးသည် ရုပ်လွန်နာမ်ပိုင်းသဘောတရား (တတ္တိက ဗေဒ)နှင့် ဒိုင်ယာလက်တစ် (အညမည) သဘောတရား ဆန်လွန်း သည်ဟုဆို၏။ သာမန် လူတန်းစားတစ်ဦးက သဘောပေါက်နားလည် လက်တွေ့ ကျင့်သုံးသွားနိုင်သော သဘောတရားမျိုးကို သွန်သင်ရမည်။
အစစ်အမှန် တရားဆိုသည်မှာ စိတ်ကူးအားဖြင့် သိနိုင်သည် မဟုတ်၊ အာရုံခံစားကြည့်ခြင်းအားဖြင့်သာ သိနိုင်သည်။ ထိုကြောင့် အာရုံသိ အတွေ့အကြုံအားဖြင့်သာလျှင် အမှန်တရားကို သိနိုင်သည်။ ရုပ်ပိုင်းအနုမြူ သည်သာလျှင် အဆုံးစွန် အမှန်တရား (Ultimate Reality)ကို ဖော်ပြနိုင်သည်ဟု ဆို၏။
အာရုံသိဉာဏ်အားဖြင့်သာ ဆန်းစစ်သုံးသပ်ပါမှ အမှန်တရား ကို သိနိုင်မည်။ လူ့ဘောင်လောကတွင် လူတို၏ အာရုံသိဉာဏ်အား ဖြင့် စိတ္တသုခကို ရှာရေးသည်လျှင် အဓိကဖြစ်သည်ဟု သွန်သင်သည်။ သူက ကာယသုခထက် စိတ္တသုခကို ရှာကြရန် တိုက်တွန်းကြောင်း သတိပြုကြစေလိုသည်။ )
ထိုထက်အရေးကြီးသည်က အပီကျူးရပ်(စ်)၏ ဘုရားနှင့် ပတ် သက်၍လားရှိသော ယူဆချက် ပင်ဖြစ်သည်။
ဘုရားကို လူတိုက ကြောက်သောကြောင့် ကိုးကွယ်ပသနေကြ ခြင်းဖြစ်သည်။ ကြောက်ရွံစိုးရိမ်မှုများ ပပျောက်ရေးအတွက် ဘုရားကို ကိုးကွယ်နေကြခြင်းသာဖြစ်သည်။
ဝိညာဉ်ဆိုသည်မှာမရှိ၊ ထာဝရအသက်ရှင်နိုင်ခြင်းဆိုသည်မှာ မဖြစ်နိုင်။ လူတိုကို ရုပ်ပိုင်း အနုမြူများဖြင့်သာ တည်ဆောက်ထားသည် ဖြစ်ရာ သေဆုံးသွားလျှင် ထိုရုပ်ပိုင်းအနုမြူတို ကွယ်ပျောက်သွားကြ မည်သာဖြစ်သည်။
ဝိညာဉ်ဆိုသည်မှာမရှိ၊ ထာဝရအသက်ရှင်နိုင်ခြင်းဆိုသည်မှာ မဖြစ်နိုင်။ လူတိုကို ရုပ်ပိုင်းအနုမြူများဖြင့်သာ တည်ဆောက်ထား သည်ဖြစ်ရာ သေဆုံးသွားလျှင် ထိုရုပ်ပိုင်းအနုမြူတို ကွယ်ပျောက် သွားကြမည်သာဖြစ်သည်။
ထိုကြောင့် ယခုဘဝတွင် ပြုမူကျင့်ကြံပြောဆိုနေသမျှတိုကို တမလွန်ဘဝတွင် ဘုရားက အကျိုးအပြစ် ပေးဆပ်ပေးမည်ဟူသော သဘောတရားသည် စိတ်ကူးယဉ်နေခြင်းမျှသာဖြစ်သည်ဟုဆို၏။
လူ့ဘဝတွင် အဓိကအရေးအကြီးဆုံးမှာ စိုးရိမ်ကြောင့်ကြမှု၊ ကြောက်ရွံ ထိတ်လန့်နေမှုတိုကို ဖယ်ရှားပစ်နိုင်ရေးသည်သာလျှင်ဖြစ် သည်။ ထိုကြောင့် လူတို၏ ပန်းတိုင်မှာ စိတ်အေးချမ်းသာမှုရှိရေး၊ ကာယစိတ္တ ချမ်းသာအေးမြမှုကိုရှာရေးတိုသာဖြစ်သင့်သည်။ “စားကြ ကုန်အံ့၊ သောက်ကြကုန်အံ့၊ နက်ဖြန်သေ ကြရမည်” ဟူသော စကား မျိုးမှာ သူ၏နောက်လိုက်မှန်သမျှတိုက ပြောနေကြသောစကားများပင် ဖြစ်ပါသည် ( ၁ကော ၁၅း၃၂။
ဘုရားဆိုသည်မှာ လူတို၏ မှုခင်းရေးရာတိုတွင် ဂရုစိုက်နေ ခြင်းမရှိ။ လူသားတို၏ရေးရာတွင် ဘုရားတိုက ဘယ်သောအခါမျှဝင်ရောက်စွက်ဖက်ခြင်းမရှိ။ (ဂရိတို၏ နတ်ဘုရားများကို သူကဆိုလို နေခြင်းဖြစ်သည်)။ အပီကျူရစ်(စ်)ရေးသားပြုစုထားသော “အခြေခံ သဘောတရားများ” (Principal Doctrines) ဟူသည့်စာအုပ်တွင် ပထမဦးဆုံးသော စာပိုဒ်တစ်ခုမှာ “ဘုရားတိုမည်သည် ဒုက္ခဟူ၍ ခံစားရခြင်းမရှိရုံမက မည်သူ့ကိုမျှဒုက္ခမပေး၊ စိတ်ဆိုးခြင်းမရှိ၊ ကြင်နာ မှုကရုဏာတရားလည်းမရှိ။ သူတို၌ စိတ်လှုပ်ရှားမှုမရှိ။ ဤကိစ္စမျိုး၊ မှာ စိတ်ထားပျော့ညံ့အားနည်းသူတိုအတွက်သာဖြစ်သည်”ဟူ၍ ရေး သားထားပါ၏။
အပီကျူးရပ်(စ်)၏ သဘောအရ ကာယနှင့် စိတ်ချမ်းသာမှု အပြည့်အ၀ ခံစားနိုင်သည့်အဆင့်ရှိသည်။ ၎င်းအဆင့်ကို (Ataraxia) ဟုခေါ်သည်။ ထိုသိုသောအဆင့်သို တက်လှမ်းနိုင်ရန် တတ်နိုင်သမျှ ကြိုးပမ်းကြရမည်။ ထိုသိုသော အဆင့်မျိုးကို တင်းပြည့်ကျပ်ပြည့် ခံစားနိုင်သောသူများမှာ ဘုရားများသာလျှင်ဖြစ်သည်။ အကယ်၍ ဘုရားတိုသည် လူ့ဘောင်လောကီကိစ္စများတွင် ရောယှက်ပါဝင်လှုပ်ရှား နေပါက သူတိုသည်လည်း စိုးရိမ်ပူ ပန်မှုများ၊ စိတ်လှုပ်ရှားမှုများခံစား နေရပေတော့မည်။ ထိုကြောင့် ဘုရားဆိုသည်မှာ လူတိုနှင့်မရောယှက်၊ သူတိုဖာသာ အေးဆေးစွာနေသူများဖြစ်ရမည်။
ထိုကြောင့် လူတိုင်းအဘို အာရုံစွဲလမ်းမှု၊ ကြောက်ရွံစိုးရိမ်မှု မရှိအောင် နေထိုင်နိုင်ရေးသည်သာလျှင် အဓိကဖြစ်ရမည်။ သောက ကင်းဝေးနေထိုင်ပြီး တစ်နေ့တွင် အပြစ်ဒဏ်ခတ်မည်ဟု ယုံကြည်နေ ကြသော ဘုရားတိုကို ကြောက်ရွံထိတ်လန့်နေမှုမှ လွတ်မြောက်လာ ရေးကို အဓိကထားသွန်သင်ခဲ့ပါ၏။
(ဂ) စတိုးအိတ်ဝါဒ (Stoicism) ။ (ဆရာယုဒဿန်က ၎င်းတိုကို “သတောအိတ်ပညာရှင်များ”ဟူ၍ ခေါ်ဝေါ်ထားသည်)။ ထိုဝါဒကို ဆိုက်ပရက်ကျွန်းမှ ဇီးနိုး (ဘီစီ ၃၃၆-၂၆၄)က စတင်ဟော ပြောသွန်သင်ခဲ့သည်။ ထိုပညာရှင်ကြီးသည် သူ၏အတွေးအခေါ်များ ကို စာသင်ခန်းများတွင် ဟောပြောခြင်းမပြုဘဲ၊ အေသင်မြိုရှိ ဈေး အနီးတွင် အညီအညာစိုက်ထူထားသည့် ကျောက်တိုင်လုံးကြီးများရှိရာ လေဟာပြင်ဆင်ဝင်အောက်၌သာ ဟောပြောသွန်သင်လေ့ရှိသည်။ ထို ဆင်ဝင်ကို ဂရိစကားအားဖြင့် (Stoa) “စတိုးအား”ဟူ၍ခေါ်သည်။ ယင်းစကားကို အမှီပြုပြီး သူတိုကို “စတိုးအိတ်ဝါဒီများ”ဟူ၍ ခေါ်ဝေါ် ကြခြင်းဖြစ်၏။
အပီကျူးရပ်(စ်)သည် ဘုရားမဲ့ဝါဒနှင့် လူတို၏ စိတ္တသုခခံစား ရေးအတွက် အာသီသထားဟော ပြောခဲ့သော်လည်း နိုးမှာကား ဤ စကြာဝဠာကြီးကို စိုးမိုးအုပ်ချုပ်စီမံခန့်ခွဲနေသည့်အရာတစ်ခုရှိကြောင်း နှင့် ထိုအရာမှာ အခြားမဟုတ် “ဧကဓံတရားကြီး”တစ်ခုသာလျှင် ဖြစ်ကြောင်း သွန်သင်သည်။ ၎င်းကို ဂရိလို “လောဂေါ့(စ်)” (Logos) ဟူ၍ခေါ်သည်။
ထိုလောဂါ့(စ်)သဘောတရားကို ရှင်ယောဟန်က သူ၏ ခရစ် ဝင်ကျမ်း၏ အစအဦးပိုင်းတွင် ဖော်ပြထားပြီး ဆရာယုဒဿန်က ထို လောဂါ့(စ်)ဟူသောစကားကို “နှုတ်ကပတ်တော်”ဟူ၍ မြန်မာပြန် ထားပါသည်။ ။
လူတို၏ အဓိကတာဝန်က နှုတ်ကပတ်တော် (ဝါ) ငကဘရား ကြီးနှင့် လိုက်လျောညီထွေစွာ အသက်ရှင်ကြရမည်။ ထိုလောဂေါ့(စ်) ကြီးသည် အနန္တဝိညာဥ်ကြီး: (Universal Spirit) သို့မဟုတ် (World Soul)ကြီးလည်းဖြစ်သည်။ လူတိုသည် ထိုဝိညာဉ်ကြီး၏ တစ်စိတ် တစ်ဒေသ ဖြစ်သည်။
လူတိုအား ရုပ်ခန္ဓာက လွှမ်းခြုံထားသော်လည်း ထိုရုပ်ခန္ဓာ၏ အတွင်း၌ ဝိညာဉ်ရှိသည်။ ထိုဝိညာဉ်သည် အလွန်ပါးလွှာသော အခြေခံဒြပ်ဝတ္ထုသာလျှင်ဖြစ်ပြီး နေရာတကာတွင်းသို ဖောက်ထွင်းသွားလာ င်သည်။ အစစ်အမှန်ကမ္ဘာမှာ ရုပ်ပိုင်းဝတ္ထုပစ္စည်း လှုပ်ရှားခြင်းနှင့် တန်ပြန်လှုပ်ရှားခြင်းအားဖြင့် တည်သည်ဟုဆို၏။
လူတို၏ ရည်မှန်းချက်မှာ စိတ်၏ငြိမ်သက်ခြင်းနှင့် သမာဓိ စိတ်ထားကို ပိုင်ဆိုင်ရရှိလာနိုင်ရေးသာ ဖြစ်ရမည်။ –
ဒုက္ခဝေဒနာနှင့် ဝမ်းနည်းကြေကွဲမှုတိုကိုကြံ့ကြံ့ခံနိုင်ရမည်။ ဝမ်းနည်းလျှင်လည်း အလွန်အမင်းဝမ်း မနည်း၊ ဝမ်းသာလျှင်လည်း အတိုင်းထက်အလွန် ဝမ်းသာခြင်းမရှိစေရ။ ခြိုးခြံစွာကျင့်ခြင်းကို အားမပေးသော်လည်း ကာယသုခကိုသာလျှင် အဓိကထား ရှာဖွေ နေသူများကို ရှုတ်ချသည်။ သိုသော် မိမိကိုယ်ကို စနစ်တကျ ထိန်း ချုပ် နိုင်ရေးသည်သာလျှင် အရေးကြီးသည်ဟု သွန်သင်၏။
ရှင်ပေါလုက စတိုးအိတ်ဝါဒကို သိရှိနားလည်သည်။ ထိုဝါဒီ တစ်ဦးဖြစ်သည့် “ဆီးနိတ်ကား’ (Senecca)ဆိုသူမှာလည်း ရှင်ပေါလု ၏မိတ်ဆွေဖြစ်သည်။ ထိုဝါဒကို ရှင်ပေါလုက ကောင်းစွာ သိရှိ နားလည်သည့်အားလျော်စွာ အေသင်မြိုရှိ အာရေတောင်ပေါ်၌ ထို ပညာရှင်တိုနှင့် ဆိုင်ပြိုင်ဟောပြော ရသောအခါ “ငါတိုသည် ဘုရား သခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသိုနှင့်အညီ သင်တိုတွင် လင်္ကာဆရာအချိုတိုက ငါတိုသည်ကား နွယ်တော်သားပင် ဘုရားမျိုးပေ ဖြစ်ကြလေ”ဟု စပ်ဆိုထားကြောင်း ထောက်ပြခဲ့စဉ်က ထိုစတိုးအိတ်ပညာရှင်တိုကို ရည်ဆောင်၍ ပြောဆို ခဲ့ခြင်းသာဖြစ်သည် (တမန် ၁း၂၈)။ ထိုနည်းတူ “ငါသည် တွေ့ကြုံ သမျှသောအရာတို၌ ရောင့်ရဲသောစိတ်ရှိ အံ့သောငှာ သင်မိပြီ”ဟူသော ရှင်ပေါလု၏စကားသည် လောကဓံတရားကို ကြံ့ကြံ့ခံနိုင်သောစတိုးအိတ် တို၏စိတ်ထားကို ထင်ဟပ်ပြနေခြင်းဟူ၍လည်း ကျွန်တော်ယူဆပါသည် (ဖိလိပ္ပိ ၄း၁၁)။
(ဃ) ဆင်းနစ်ဝါဒ (Cynics) ။ ၎င်းဝါဒကို “အင်တီး(စ်) သီးနီး(စ်)” ဆိုသူက တည်ထောင်ခဲ့ပြီး သူသည်လည်း ပလေးတို၏ မိတ်ဆွေကြီးဖြစ်သည်။ သူ၏တပည့်ထဲမှ နာမည်အကြီးဆုံးပုဂ္ဂိုလ်တစ် ဦးမှာ ဒိုင်အိုဂျီးနီး (Diogenes)ဆိုသူဖြစ်၍၊ စဉ့်အိုး (သိုမဟုတ်) ရေစည်ပိုင်းကြီးထဲတွင်သာ စိတ်ထားတည်ငြိမ် အေးဆေးစွာ ထိုင်နေ လေ့ရှိသည်။
တစ်ခါက ဗိုလ်ချုပ်ကြီးမဟာအလက်ဇန္ဒားသည် သူ့ထံ အလည် အပတ်ရောက်ရှိလာပြီး သူ့အား စကားစမြည်ပြောကာ သူ့အတွက် ဘာများကူညီလုပ်ဆောင်ပေးရပါမည်နည်းမေးရာ သူက “အရှင်မင်း ကြီးက ကျွန်တော့်အတွက် လုပ်ဆောင်ပေးနိုင်စရာ အကောင်းဆုံးတစ်ခု ရှိပါတယ်။ မင်းကြီးမတ်တပ်ရပ်နေပုံက ကျွန်တော့်ကို နေရောင်ခြည် ကွယ်နေစေတဲ့အတွက် ဘေးကိုသာ နည်းနည်းလေးရွေ့ပေးစမ်းပါဗျာ” ဟူ၍ အေးဆေးစွာ ပြောလိုက်သောဟူ၏။
ရိုးစင်းသောဘဝမျိုးကို ရှင်စေရေးအတွက် ထိုဝါဒီများက သွန်သင်ဆုံးမသည်။ ခြိုးခြံစွာနေထိုင်ကျင့်သုံး ခြင်းအားဖြင့်သာ ပြင်ပ လိုအင်တိုကို အားမကိုးဘဲ နေနိုင်လာမည်။ ထိုအခါ စစ်မှန်သော ဝမ်းမြောက်မှု၊ စိတ်အေးချမ်းသာမှုကို ရနိုင်မည်။ သဘာဝကြီးကဲ့သို နေထိုင်နိုင်ခြင်းသည်သာလျှင် အသင့်တော်ဆုံးဖြစ်သည်။ လိုအင်ဆန္ဒ များ၊ တပ်မက်မောခြင်းတိုကို ချိုးနှိမ်နိုင်မှသာ စိတ်ချမ်းသာမှုရမည်။ လောကကြီး၏ ပြောင်းလဲမှုအဖုံ ဖုံကို အေးဆေးတည်ကြည်စွာ သမာဓိ စိတ်ဖြင့် လက်ခံရမည်။
လူ့ဘောင်လောကကြီး၏ ရှုတ်ချမှု၊ ချီးကျူးမှု၊ အာသာရမက် တိုကို “ဥပေက္ခာ”ပြုနိုင်ရမည်။
သူတိုသည် လမ်းပေါ်တွင်ထွက်ပြီး လှည့်လည်တရားဟောပြော လေ့ရှိရာ များမကြာမီ ဒိုင်းယား တရိုက်(ဗ်) (Diacribe)ဟူသောဟောပြော ရေးသားသည့် ပုံစံမျိုးကို တီထွင်လာနိုင်ခဲ့သည်။
၎င်းမှာ အမေးအဖြေသဘောမျိုးဖြစ်ပြီး ရှင်ပေါလု၏ ရောမ ဩဝါဒစာ ၃း၁၊ ၄း၁၂ နှင့် ၁ကော ၆း၁-၁၉တိုတွင် ထိုစာပေသဏ္ဍာန် မျိုးသည် ထင်ဟပ်လျက်ရှိကြောင်း တွေ့နိုင်ပါ၏။
ရှင်ပေါလုက မကြာခဏပင် “ထိုသိုဖြစ်လျှင် အဘယ်သိုနည်း? …သင်တိုမသိကြသလော?… ထိုသိုမစီရင်ထိုက်သလော?… စသည့် စကားများကို အသုံးပြုခဲ့ကြောင်း သတိပြုလေ့လာကြည့်ပါ။
အခန်း (၂)
နောက်ခံစာပေကျမ်းဂန်
ခရစ်တော်၏ သက်တော်စဉ်နှင့် ဩဝါဒများကို လေ့လာရေး အတွက် နောက်ခံစာပေနှင့် ကျမ်းဂန်ပေါင်း မြောက်မြားစွာရှိပါသည်။ ၎င်းတိုအနက် အောက်ပါတိုကို ဖော်ပြလိုပါ၏။
ခရစ်ယာန်မဟုတ်သူများက ပြုစုထားသည့်မှတ်တမ်းများ
၁။ ဖလေးဗီးယပ်(စ်)၊ ဂျိုးဆီးဖပ်(စ်) (အေဒီ ၃ရသိုမဟုတ် ၃၈မှ ၁ဝဝခန့်) ။ သခင်ခရစ်တော်၏ အကြောင်းကို သက်သေခံ ရေးသားပြုစုထားသည့် စာပေများထဲမှ ခရစ်ယာန်မဟုတ်သည့် ဂျူး လူမျိုး သမိုင်းပညာရှင်ကြီး ဂျိုးဆီးဖပ်(စ်)၏ စာပေများသည် ရှေးအကျ ဆုံးပင်ဖြစ်သည်။
ထိုပညာရှင်ကြီးသည် “မသီးယပ်(စ်)”ခေါ် ယဇ်ပုရောဟိတ် တစ်ဦး၏သားဖြစ်သည်။ သူသည် ဆယ်ကျော်သက်အရွယ်က အဲစင်း(န်) လူစုနှင့်အတူ နေထိုင်ခဲ့၍ အသက် (၁၉)နှစ်အရွယ်တွင် ဖာရိရှဲဂိုဏ်း သိုဝင်ပြီး ကွယ်လွန်သည်အထိ ထိုဂိုဏ်းသားတစ်ဦးဖြစ်ခဲ့သည်။ ဂျူး လူမျိုးများက အေဒီ (ရ၀)တွင် ရောမအစိုးရကို ပုန်ကန်ကြသောအခါ လက်နက်ချအရှုးပေးရန် သူက သွေးဆောင်ခဲ့ဘူးသည်။ မအောင်မြင် သဖြင့် ရောမမြိုသို ထွက်ပြေးတိမ်းရှောင်သွားရသည်။ ကဲသာဘုရင် ဧကရာဇ်မင်း ဗက်(စ်)ပေးစီးယမ်း၏ မိတ်ဆွေဖြစ်ရာ ထိုမင်း၏ မိသားစုအမည် “ဖလေးဗီးယပ်(စ်)”ကို ယူခဲ့သည်။ ရောမမြို၌ နေ င်စဉ် သမိုင်းစာပေပေါင်းများစွာကို ရေးသားပြုစုခဲ့၏။
“ရောမအစိုးရကို ပုန်ကန်တိုက်ခိုက်ခဲ့သည့် ဂျူးလူမျိုးတို၏ စစ်ပွဲ”ဟူသောကျမ်းကို အေဒီ (ရရ)ခန့်တွင် ရေးသားပြုစုသည်။ (၁၆) နှစ်ခန့်ကြာပြန်သော် “ဂျူးလူမျိုးတို၏ ဓလေ့ထုံးစံများ”ဟူသောကျမ်း ကို ပြုစုပြန် သည်။ ထိုကျမ်း၌ အတွဲပေါင်း (၂၀)မျှရှိသည်။ ကမ္ဘာ လောကကို ဖန်ဆင်းချိန်မှအစ ရှေးခေတ်ဂျူးလူမျိုးတို၏ သမိုင်းစဉ် ကြီးတစ်ခုလုံးကို သူ၏ခေတ် (အေဒီ ၉၃)အထိ၊ အတိအကျ ပြန်လည် ရေးသားမှတ်ကျောက် တင်ခဲ့ခြင်းဖြစ်သည်။
ထိုအပြင် “အေပီယန်အား တုံပြန်ချက်”ဟူ၍ ဂျူးလူမျိုးတိုကို မုန်းတီးသည့် အေပီယန်ဆိုသူအား ပြန်လည်ချေပသည့် စာတမ်းနှင့် “အီဂျစ်နိုင်ငံသမိုင်းစဉ်”စသည်တိုကိုပါ ရေးသားပြုစုခဲ့သည်။ “ဂျူး လူမျိုးတို၏ ဓလေ့ထုံးစံများ”ဟူသော ကျမ်းတွင် ခရစ်တော်၏အကြောင်း ကို အောက်ပါအတိုင်းရေးသားထားခဲ့၏။
“ယခုအချိန်မျိုးတွင် (ပိလတ်မင်းသည် ယေရုရှလင်မြို၌ ရေသွယ်မြောင်းများတည်ဆောက်ရန် ဗိမာန်တော်မှ ကော်ဗန်အလှူငွေ များကို အတင်းအဓမ္မဝင်လုသည့်အတွက် ဂျူးတိုနှင့် ရောမအစိုးရတို ပဋိပက္ခဖြစ်ပြီးခါစအချိန်) ပညာရှင်တစ်ဦးဖြစ်သော ““ယေရှု”ဆိုသည့် ပုဂ္ဂိုလ်တစ်ပါးပေါ်ထွန်းလာခဲ့သည်။ သူ့အား သာမန်ပုဂ္ဂိုလ် လူသား တစ်ဦးဟူ၍ပင် ခေါ်ဆိုရန် သင့်၊ မသင့်မပြောနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် ထိုယေရှုသည် အံ့ဘွယ်ရာ နိမိတ်လက္ခဏာများကို ပြနေ ရုံမက လူအများက ဝမ်းသာအားရလက်ခံနေကြသော သစ္စာတရား တစ်ရပ်ကို လိုက်လံဟောပြောသွန်သင်နေသူတစ်ဦးဖြစ်သောကြောင့် တည်း။
ဂျူးလူမျိုးသာမက နိုင်ငံခြားသားများ (တစ်ပါးအမျိုးသား တိုကိုပါ သူ၏နောက်သို လိုက်ပါနိုင်ရန် ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထိုသူသည် “ခရစ်တော်”ပင်ဖြစ်၏။ ကျွန်ုပ်တို လူမျိုးထဲမှ ခေါင်းဆောင် တစ်ချို၏ စွပ်စွဲချက်အရ သူ့အား လက်ဝါးကပ်တိုင်တင် သတ်ခဲ့ သော်လည်း သူ့ကို ချစ်ခင်မြတ်နိုးသူများက သူ့အပေါ် မေတ္တာမပျက် ကြ။ သေဆုံးပြီး သုံးရက်မြောက်သောနေ့တွင် ထိုသူတို အား ယေရှုက မိမိကိုယ်ကို ထင်ရှားပြသခဲ့သည်။ ဤအဖြစ်မှာ ရှေးခေတ်က ဘုရား သခင်၏ ပရောဖက်များ ကြိုတင်ဟောပြောခဲ့သည့် အတိုင်း ဖြစ်ရုံမက သူ၏ အကြောင်းကို အံ့ဘွယ်ရာကြိုတင်ဟောပြောထားသည့် `အံ့ဘွယ် ရာအချက်ပေါင်း တစ်သောင်းနှင့် အညီ ဖြစ်နေသည်။ ယနေ့တိုင် အောင်ပင် သူ၏အမည်နာမကို အစွဲပြု၍ “ခရစ်ယာန် ́ဟု ခေါ်ကြသည့် လူများသည် ကွယ်ပျောက်သွားခြင်းမရှိချေ” (Antiquities ၁၈း၃၃)။
ထိုစာအုပ်ထဲ၌ပင် ဂျိုဆီးဖပ်(စ်)က ခရစ်ယာန်တို၏ ခေါင်း ဆောင်တစ်ဦးဖြစ်သော ရှင်ယာကုပ်ကို ဆန်ဟီဒရင် (ဗိမာန်တော်၏ လွှတ်တော်)က တရားစီရင်စစ်ဆေးပုံအကြောင်း ဖော်ပြခဲ့ဖြစ်သေးသည် ၉၉၁)။ ထိုစာပိုဒ်တွင် သူက ရှင်ယာကုပ်အား “ခရစ်တော်ဟု သူတို ခေါ်ကြသူ၏ ညီ”ဟုဆိုထားသည်။
ဤစာပိုဒ်(၂)ပိုဒ်၏ အကြောင်းနှင့် စပ်လျဉ်း၍ သမိုင်းပညာရှင် နှင့် ဓမ္မပညာရှင် အများအပြား ငြင်းခုံဆွေးနွေးခဲ့ကြရသည်။ အထူး သဖြင့် “ထိုသူသည် ခရစ်တော်ပင်ဖြစ်၏” ဟူသော စကားမျိုးနှင့် အံ့ဘွယ်ရာ နိမိတ်လက္ခဏာများ၊ ရှင်ပြန်ထမြောက်ခြင်း၊ သာမန် လူသားမဟုတ်ခြင်းစသည်တိုကို ခရစ်ယာန်မဟုတ်သည့် ဂျူးလူမျိုး တစ်ဦးက ထိုချိန်ခါမျိုးနှင့် ဤသို ရဲဝံ့စွာ ရေးသားနိုင်ပါမည်လား ဟူသောအချက်ကို ငြင်းခုံဆွေးနွေးကြခြင်းဖြစ်ပါ၏။
သိုသော် အချိုဓမ္မပညာရှင်များက မူရင်းစာအုပ်တစ်အုပ်လုံး ကို အသေးစိတ်လေ့လာကြပြီးလျှင် ထိုစာပိုဒ်သည် ဂျိုဆီးဖပ်(စ်)၏ “ရေးဟန်” “စကားအသုံးနှုန်းနှင့် ဝါကျတည်ဆောက်ပုံ” အတိုင်းပင် ဖြစ်သည်ဟု ရဲရဲဝံ့ဝံ့ချေပကြပြန်သည်။
မည်သိုဖြစ်စေ၊ ဂျိုဆီးဖပ်(စ်)အနေဖြင့် ယေရှုအကြောင်းကို မှတ်တမ်းတင်ထားခဲ့သည်။ ပိုမိုတိကျ ရှင်းလင်းလာစေရန်သာ တစ်စုံ တစ်ဦးက ထပ်မံဖြည့်စွက်ရေးသားထားခြင်းလည်း ဖြစ်နိုင်သည်ဟုဆို၏။ သိုသော် သမိုင်းနှင့် ဓမ္မပညာရှင်တိုင်းက ဒုတိယစာပိုင်း (၉း၉၁)သည် ဆီးဖပ်(စ်)၏လက်ရာ အတိအကျဖြစ်ကြောင်း ခြွင်းချက်မရှိ လက်ခံ ထားကြပါ၏။ .
(မှတ်ချက် ။ သမိုင်းပညာရှင် ဂျိုဆီးဖပ်(စ်)ကို ဂျူးလူမျိုးတိုက သစ္စာဖောက်အနေဖြင့် စွန့်ပစ်ထားကြ ပါသဖြင့် နောက်ပိုင်း၌ သူ၏ စာပေများကို ခရစ်ယာန်ဓမ္မပညာရှင်များကသာ ထိန်းသိမ်းစောင့်ရှောက် ခဲ့ရသည်။)
၂။ ဂျူးလူမျိုးတို၏ တဲ(လ်)မာဒ် (Talmud) ခေါ် ဓမ္မသတ် နှင့် ပိဋကတ်ကျမ်း ။ ဂျူးလူမျိုးတိုက အေဒီ ၅ရာစုနှစ်ခန့်ကမှ ထိုပိဋကတ်ကျမ်းကို ပြုစုခဲ့ကြသည်မှန်သော်လည်း အချိုသော စာပိုဒ် များမှာ ပထမရာစုနှစ် ကတည်းက ရေးသားထားသော စာပေများကို တစ်လုံးမကျန် တိုက်ရိုက်ကူးရေးထားသည်ကို တွေ့ရသည်။ ဂျူးလူမျိုး တို၏ အစဉ်အလာကို ဖော်ပြရင်းနှင့် ယေရှုအကြောင်းကို ရည်ညွှန်း ထားသည့် စာပိုဒ်ပေါင်း (၆)ပိုဒ်မျှတွေ့ရသည်။ အချိုသောစာပိုဒ်များ မှာ ခရစ်ယာန်တိုအား ပုတ်ခတ်၍ ရေးသားထားခြင်းဖြစ်သည်။ ၎င်းတိုမှာ
(က) ယေရှုဆိုသည့်အမည်မှာ ဘင်၊ပင်ဒရားဟုဆို၏ (Ben Pandera)ဆိုသည့် ဟေဗြဲစကားမှာ “ပန်ဒရား၏သား ဆိုလိုသည်။ ယေရှု၏မိခင်သည် ပန်ဒရားဆိုသူနှင့် ချစ်ကြိုက် ပြီး သမီးရည်းစားဘဝ၌ပင် မှောက်မှားကာ ယေရှုကို မွေးဖွားခဲ့သည်ဟု ပုတ်ခတ်ပြောဆိုထားခြင်းဖြစ်၏။
(ခ) ယေရှုသည် အီဂျစ်နိုင်ငံ၌နေစဉ် မျက်လှည့်ပညာကို သင်ခဲ့သည်။ ထိုကြောင့် ပါလက်စတိုင်း နိုင်ငံတစ်လျှောက်၌ အံ့ဘွယ်ရာ နိမိတ်လက္ခဏာများကို ပြသနိုင်ခဲ့ခြင်းဖြစ်သည် ဟုဆို၏။ ယေရှုအနေဖြင့် အီဂျစ်နိုင်ငံသို ရောက်စဉ်က ၆လ သားနှင့် ၁နှစ်သားခန့်မျှသာရှိသေးသည်ဖြစ်ရာ ဤအချက် သည် လုံးဝမဖြစ်နိုင်ကြောင်း စာရှုသူတို သတိပြုစေလို သည်။
(ဂ) ယေရှုက သူ့ကိုသူ ဘုရားဟုဆိုသည်။
(ဃ) ယေရှုသည် မဟုတ်တမ်းတရားများကို လိုက်လံဟောပြော ခြင်းကြောင့်လည်းကောင်း၊ လိမ်လည်လှည့်ဖြားမှုများကြောင့်လည်းကောင်း၊ ဗိမာန်တော်၏ လွှတ်တော် ဆန်ဟီ ဒရင်က တရားစီရင်ခဲ့သည်။
(င) ပသခါပွဲနေ့၏ အဖိတ်နေ့တွင် သူ့အား သတ်ပစ်လိုက်သည်။
(ဃ) သူ၏နောက်လိုက်များမှာ (၅ဦးမျှသာရှိသည်။ သူတို၏အမည် မှာ မသိုင်း၊ နီဘွိင်း၊ နက်ဇာ၊ ဗျူနီနှင့် သိုဒါတိုဖြစ်သည် ဆို၏။
ဂျူးလူမျိုးတို၏ ပိဋကတ်ကျမ်းမှ ဤအချက်များမှာ ခရစ်ဝင် ကျမ်းတိုအား ထပ်မံဖြည့်စွက်အ ထောက်အကူပြုနိုင်မည့် အသစ်အဆန်း ဘာမျှမပါဟူ၍ ဂျူးနှင့်ခရစ်ယာန်ဓမ္မပညာရှင်များက သဘောရကြ သည်။ သိုသော် နာ ရက်မြိုသား ယေရှု အကယ်ပင် ပေါ်ထွန်းခဲ့ ကြောင်းကို ထောက်ခံနေသည်။
အထူးသဖြင့် သူတိုက မျက်ပညာဟုလာ ။ “ဘွယ်ရာနိမိတ်လက္ခဏာများကို အကယ်ပင်ပြခဲ့ကြောင်းနှင့် မိမိ ကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်ကြောင်း၊ ခရစ်မက်ကိုင်) ဆိုခဲ့သည်ဟု ၀န်ခံထားပါ၏။ ရှု၏ မွေးဖွားတော်မူခြင်းကို ရှုတ်ချထားပုံအား သေချာစွာ လေ့လာသော် “ပါသီးနိုးစ်” (Par Theo) ဆိုသည့် ဂရိစကားသည် “အပျိုကညာ”ဟူသော အနက်ရှိပြီး အမျိုး ကညာ မာရီ’က မွေးဖွားခဲ့ကြောင်းကို အက်ပင် ရေးသားဖော်ပြ ခဲ့သော်လည်း ထိုစဉ်က ကျမ်းများကို လက်ရေးဖြင့် အကပ်ဟပ် လိုက်လံကူးရေးရသည့် ဓလေ့ရှိခြင်းကြောင့် ကာလရွေ့လျောလာသာ အခါ စကားလုံးများမှာ ချွတ်ချော် မှားယွင်းလာ၍ (Pandera)ဟူသော အမည်ရှိ လူကစ်ဦးမှ မွေးဖွားသည်ဟူ၍ တင်မှက်ပြီး ဆက်လက်ရေး ခဲ့ကြောင်း ဖြစ်ဟန်တူ၏။
၃။ ငယ်ရွယ်သူ) ပလိုနီ (အေဒီ ၆၂-၁၀၃ခန့်) ။ ပလိုင်နီ ဆိုသည့် ပုဂ္ဂိုလ်ကြီး (၂)ဦးရှိခဲ့ရာ စာရေးသားပြုစုခဲ့သူမှာ မည်သူဖြစ် ကြောင်း ၍ သေချာအောင် “ငယ်ရွယ်သူ”ဟု ခေါ်ထားခြင်းဖြစ် ပါသည်။ သူသည် “ဗိသုန်ပြည်” (Mithyni) ၌ ဘုရင်ခံအဖြစ် အမှုထမ်းဆောင်နေစဉ် သူ၏နယ်ပယ်၌ တစ်နေ့တစ်ခြား များပြားလာသော ခရစ်ယာန်များနှင့် ပတ်သက်ပြီး ရောမကရာဇ်မင်း “ကြာဂျန်း” (Trajan)တံ အစီရင်ခံစာတင် ပြလျက် ညွှန်ကြားချက် တောင်းခံခဲ့ ဘူးသည်။
ေရာမနှင့် ဂရိနတ်ဘုရားများရှေ့တွင် ထုံးတမ်းဓလေ့အတိုင်း (ယဇ်ပူဇော်မှုများ ပြုရလေ့ရှိရာ ယခင်ကဆိုလျှင် ယဇ်ကောင်များသည် အရောင်းတွင်ကျယ်သော်လည်း ခရစ်ယာန်များအနေဖြင့် ယဇ်ပူဇော် မှုလုံးဝမပြုခြင်းကြောင့် ထိုနယ်ပယ်၌ ခရစ်ယာန်ဦးရေ များပြားလာသည်နှင့်အမျှ ယဇ်ကောင် ရောင်းဝယ် ဖောက်ကားမှုကျဆင်းလာ ကြောင်းကို ပလိုင်နီက ထိုအစီရင်ခံစာထဲတွင် ထည့်သွင်းဖော်ပြခဲ့ သေးသည်။
သူ၏စာကို အေဒီ (၁၁၂)နှစ်ခန့်တွင် ရေးသားခဲ့သည်။ ပလိုင် နီက “ခရစ်ယာန်တိုသည် နေ့ရက် တစ်ရက်ကို သတ်မှတ်ပြီး ထိုနေ့ ရက် အားလုံးစုရုံးကာ ဆုတောင်းပဌနာပြုလေ့ရှိရုံမက ခရစ်တော် ကို “ဘုရား”ဟူ၍ ခေါ်ဝေါ်ထားသော ဓမ္မသီချင်းများကို သီဆိုလေ့ ရှိကြသည်”ဟု အစီရင်ခံထား၏။ (ပလိုင်နီ၏ အစီရင်ခံစာ ၁၀း၉၆)
၄။ ရောမသမိုင်းပညာရှင် တယ်စီးတပ်(စ်) (Tacitus) (အေဒီ ၅၅-၁၁ရခန့်) ။ ဤသမိုင်းပညာရှင်ကြီး၏ စာပေများမှာ ပိုမိုသေချာ စေ့စပ်လှသည်။ အေဒီ ၁၁၅ခန့်က ရေးသားပြုစုခဲ့သော “အယ် နဲလ်(စ်)” (Annals)ဆို သည့် စာစောင်သည် အလွန်နာမည်ကျော် ကြားသည်။ အထူးသဖြင့် တယ်စီးတပ်(စ်)က ရောမမြို၌ ခရစ်ယာန် များ ညှင်းပန်းနှိပ်စက်ခြင်း ခံရပုံကို အကျယ်တဝင့်ဖော်ပြထား၏။
အေဒီ ၆၄ခုနှစ်တွင် ရောမမြိုကြီး တဝက်ခန့် ပျက်စီးဆုံးပါး သွားစေခဲ့သည့် မီးဘေးကြီးအတွက် နီရိုဘုရင်သည် ခရစ်ယာန်တို အပေါ် အပြစ်ပုံချခဲ့ သည်။ ထို ကြောင့် လည်း ခရစ်ယာန်များကို ကြောက်ခမန်း လိလိ ညှင်းပန်းနှိပ်စက်လေတော့၏။
ခရစ်ယာန်တိုအား ကပ်တရားထဲတွင် နှစ်ပြီး မီးရှိကာ သူ၏မြင်းပြိုင်ကွင်းကို ညပိုင်းများ၌ လင်းထင်စေခဲ့သည်။ အစာငတ် ခံထားသော ခြင်္သေ့များ၊ ကျားများ၊ ခွေးများကို အားကစားကွင်းထဲ လွှတ်ပြီး ခရစ်ယာန်တိုအား ကိုက်ဖြတ်စားသောက်စေသည် စသဖြင့် ညှင်းပန်းနှိပ်စက်ပုံမျိုးစုံကို စုံလင်စွာရေးသား ဖော်ပြထား၏။
“ခရစ်ယာန်ဆိုသော အမည်နာမမှာ ဧကရာဇ်မင်း တိုင်ဗေးရီးယပ်(စ်)စိုးစံချိန်၊ ဘုရင်ခံပုန္တိပိလတ်မင်းက သေဒဏ်ပေးခဲ့သော “ခရစ် ၆)တပ်(စ်)”ဆိုသူ၏ အမည်ကို ခံယူထားခြင်းပင်ဖြစ်သည်””ဟူ၍ အယ်နဲလ်(စ်) ၁၄း၄၄တွင် သေချာစွာ ဖော်ပြထားသည်။
ခရစ်ယာန်မဟုတ်သူများ၏ သမိုင်းမှတ်တမ်းများသည် အလွန် အရေးကြီးလှပါ၏။ အထူးသဖြင့် တယ်စီးတပ်(စ်)ကဲ့သိုသော သမိုင်း ပညာရှင်များ၏ မှတ်တမ်းများကို ပို၍ အလေးထားသင့်သည်။ သူသည်
ရောမသမိုင်းပညာရှင်များထဲတွင် အလွန်နာမည်ကျော်ကြားသူတစ်ဦး ဖြစ်၏။
အထူးသဖြင့် တယ်စီးတပ်(စ်)သည် သမိုင်း၏ဖြစ်ရပ်များကို မှတ်တမ်းတင်ရာတွင် ဘက်လိုက်ခြင်းမရှိ၊ တိကျသည်၊ မှန်ကန်သည်၊ ပြည့်စုံသည်၊ စိတ်ချရသည်ဟူ၍ ပြောဆိုနိုင်ရုံမက သူ၏ ခေတ်ရှိ သမိုင်းပညာရှင်တို မရေးသားဝံ့သော ပုဂ္ဂလိက ဝေဖန်ချက်တိုကိုပင် သူ၏သမိုင်းဝင် စာပေတိုတွင် မကွယ်မထောက် ရဲဝံ့စွာ ထည့်သွင်း ရေးသားထားလေ့ရှိသည်။
အထူးအရေးကြီးသည့်အချက်မှာ တယ်သီးတပ်(စ်)က ခရစ်တော် သေဆုံးသည့်နှစ်၌ စိုးစံနေခဲ့သော ဧကရာဇ်မင်း၏ အမည်သာမက ယုဒပြည်ရှိ ဘုရင်ခံ၏ အမည်တိုကိုပါ သေချာစွာ ယှဉ်တွဲဖော်ပြ ထားခြင်းဖြစ်ပါ၏။
၅။ ရောမသမိုင်းပညာရှင် ဆွယ်တိုးနီးယပ်(စ်) (Suetonius) ထိုပညာရှင်ကြီးသည် ဧကရာဇ်မင်း ဟာဒရီယန်၏ အတွင်းဝန်အဖြစ် အမှုထမ်းဆောင်နေစဉ် ရောမသမိုင်းဝင်အဖြစ် အမှုထမ်းဆောင်နေစဉ် ရောမသမိုင်းဝင် မှတ်တမ်အလုံးစုံတိုကို ရှာဖွေ၊ လေ့လာစုဆောင်း နိုင်ခွင့်ရှိသည့် အားလျော်စွာ ““စီဇာဘုရင် ၁၂ပါး၏ သက်တော်စဉ် များ”ဟူသော သမိုင်းမှတ်တမ်းတစ်စောင်ကို ရေးသားပြုစုနိုင်ခဲ့သည်။
ထိုမှတ်တမ်းကို အေဒီ ၁၂၀ခန့်တွင်မှ ပြီးစီးအောင် ရေးသား နိုင်ခဲ့သည်။
ထိုမှတ်တမ်းကို အတ္ထုပ္ပတ္တိ ရေးဟန်အတိုင်းပင် ရေးသားပြုစု ထားသည်။ အထူးသဖြင့် လူများမသိသော နန်းတွင်းရေးရာအရှုပ် တော်ပုံများလည်းပါသည်။ နီရိုဘုရင်အကြောင်းရေးသည့် မှတ်တမ်း အခန်း (၁၆)တွင် ဆွယ်တိုးနီးယပ်(စ်)က ခရစ်ယာန်များအကြောင်း ကို ဤသိုဖော်ပြထားသည်။
“သစ်ဆန်းသော အယူဝါဒနှင့် ယုံချက်တစ်ရပ်ကို ခံယူထား ပြီးဖြစ်သော ခရစ်ယာန်များကို ဧကရာဇ်မင်းက အလွန်မှပင် ရက် စက်ကြမ်းကြုတ်စွာ ညှင်းပန်းနှိပ်စက်ခဲ့သည်”ဟု ဆိုထား၏။ အခန်း (၂၅)တွင် ဧကရာဇ်မင်းက လော်ဒီးယပ်(စ်)အကြောင်းကို မှတ်တမ်း တင်ရာတွင်လည်း “ခရစ်(စ်)တပ်(စ်)ဆိုသူ၏ အရှိန်ဩဇာကြောင့် ဒုက္ခပေးနေကြသော ဂျူးလူမျိုးများကို ဧကရာဇ်မင်းက ရောမမြိုတော် မှ နှင်ထုတ်ခဲ့လေသည်”ဟု ဖော်ပြခဲ့ပြန်သည်။
ဤနေရာ၌ (တမန်တော်ဝတ္ထု ၁၈၂)ကို ကြည့်စေလိုသည်။ “ထိုအခါ ယုဒလူအပေါင်းတိုသည် ရောမမြိုမှ ထွက်သွားရမည့် အကြောင်း ကလောဒိမင်းက အမိန့်တော်ရှိသည်ဖြစ်၍…”ဟူ၍ ရှင် လုကာက ရေးသားထား သည်ကို တွေ့နိုင်ခြင်းကြောင့် ထိုဖြစ်ရပ်မှာ ပိုမိုခိုင်လုံသေချာလာသည်။ ထိုနှစ်မှာ အေဒီ (၄၉)ခန့်ဖြစ်ပါ၏။
ခရစ်ယာန်တို၏မှတ်တမ်းများ ။ (ကျမ်းဝင်နှင့်ကျမ်းပယ်များ)
၁။ (ကျမ်းဝင်) ခရစ်ဝင်ကျမ်းများ ။ ဓမ္မသစ်ကျမ်းထဲရှိ ကျမ်းဝင် (Canonical) ခရစ်ဝင်ကျမ်း (၄)ကျမ်းကို လေ့လာကြည့် သည်တစ်ပြိုင်နက် ရှင်မဿဲ၊ မာကုနှင့် လုကာတိုသည် ခရစ်တော်၏ သက်တော်စဉ်နှင့် သြဝါ ဒများကို တသဘောတည်း တညီတည်းလိုလိုဖော်ပြထားသောကြောင့် ၎င်းတိုသုံးကျမ်းကို Synoptic ခရစ်ဝင် ကျမ်းများဟူ၍ ခေါ်ထားပါသည် ၎င်းမှာ ဂရိစကား Synopsis မှ လာပြီး “တူညီသောရှုဒေါင့်”ဟု အနက်ရသည်။ –
ပထမခရစ်ဝင်သုံးကျမ်းက ဂါလိလဲနယ်၌ ခရစ်တော်၏ အမှု တော်လုပ်ငန်းကို အဓိကထားဖော်ပြကြပြီး ရှင်ယောဟန်ခရစ်ဝင်ကျမ်း က ယုဒပြည်၌ပြုတော်မူခဲ့သော အမှုတော်လုပ်ငန်းကို အဓိကထား ရေးသားထား ပါ၏။ ထိုကြောင့် ပထမခရစ်ဝင်ကျမ်းများနှင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းတိုအား ရေးသားပြုစုထားပုံမှာ မတူပါ။ (၎င်း တို၏ အသေးစိတ်ကို နောက်မှဖော်ပြပါမည်) ၊
၂။ ကျမ်းစာဝေဖန်သုံးသပ်ချက်များ (BiblicalCriticisms) ခရစ်ဝင်ကျမ်းတိုအား ဓမ္မပညာရှင်ပေါင်း မြောက်မြားစွာတိုက အသေး စိတ်အထိ နှိက်နှိက်ချွတ်ချွတ် လေ့လာဝေဖန်သုံးသပ်ခဲ့သည်မှာ နှစ် ပေါင်းများစွာ ရှိရုံမက၊ ဝေဖန်သုံးသပ်ချက်တိုသည်လည်း များပြားလှ ပါ၏။ ထိုဝေဖန်သုံးသပ်ချက်တိုကို ဤစာစောင်၌ အသေးစိတ်မဖော် ပြနိုင်ပါ။ ဓမ္မကျမ်းစာကျောင်းများ၌ပင်လျှင် အချိန်ကြာမြင့်စွာ ပိုချ သင်ကြားရပြီး လေးနက် လွန်းလှသဖြင့် ဤနေရာ၌ အရေးကြီးသည့် ဝေဖန်သုံးသပ်ချက်အချိုကို သဘောအားဖြင့်သာ ဖော်ပြသွားပါတော့ မည်
(က) စာပေရေးဟန် ဝေဖန်သုံးသပ်ချက် (Literary Criticism) ။ ၎င်းဝေဖန်ချက်မှာ ရေးသားပြုစုထား သော စာပေ အသုံးအနှုန်း၊ အဖွဲအနွဲ ၊ သဒ္ဒါ၊ ရေးဟန် စသည် တို အပေါ် မူတည် ဝေဖန်သုံးသပ်ထားခြင်းဖြစ် သည်။ ပထမခရစ်ဝင်ကျမ်းသုံးကျမ်းကို ကြည့်လျှင် အောက်ပါတိုကို တွေ့မြင်ရပါလိမ့်မည်
(၁) ရှင်မာကုကျမ်းတွင် အခန်းငယ်ပေါင်း ၆၆၁ခန်းရှိသည်။ ၎င်းထဲမှ ၆၀၆ခန်းကျော်ရှိ ရှင်မဿကျမ်း ထဲတွင် အတိုချုံး၍ ဖော်ပြထားသည်။ ရှင်မာကုထဲမှ အခန်းငယ် ၆၆၁ခန်း၏ အခန်းငယ် ၃၂၀ သည် ရှင်လုကာတွင် ပြန်၍ပါရှိသည်။
တစ်နည်းဆိုရသော် ရှင်မသဲကျမ်းထဲတွင် အခန်းငယ်ပေါင်း ၁၀၆၈ခန်းပါရှိသည့်ထဲမှ အခန်းငယ်ပေါင်း ၅ဝဝခန့်သည် ရှင် မာကု၏ ၆၀၆ခန်းထဲမှ အကြောင်းအရာများကို ပြန်လည်ဖော်ပြ ထားခြင်းဖြစ်သည်။ ရှင်လုကာကျမ်းထဲတွင် အခန်းငယ်ပေါင်း ၁၁၄၉ခန်း ပါဝင်သည်။ ၎င်းထဲမှ အခန်းငယ်ပေါင်း ၃၂၀သည်
ရှင်မာကုထဲမှဖြစ်သည်။
(၂) ထိုအပြင် ရှင်မာကုကျမ်းထဲတွင် လုံးဝမပါသော ဖြစ်ရပ်အချို တိုကို ရှင်မဿဲနှင့် ရှင်လုကာတိုထဲ၌ တွေ့နိုင်သည်။ ၎င်းဖြစ် ရပ်တိုကို အခန်းငယ်ပေါင်း ၂၃၅ခန်းအားဖြင့် ရှင်မဿဲနှင့် ရှင်လုကာတို တစ်ဦးစီက ဖော်ပြထားသည်။ ထိုသီးခြားအခန်းငယ် တိုကို “Q”ဟုခေါ်ဝေါ်ထားပါသည်။
(၃) ပထမခရစ်ဝင်ကျမ်းသုံးကျမ်းစလုံး၏ ရေးဟန်၊ စကားလုံးသုံးစွဲပုံ၊ ဝါကျအထားအသိုတိုသည် တူညီလှပါ၏။ (ဥပမာ မသဲ ၉၁၁ရ၊ မာကု ၂း၁-၂၂၊ လုကာ ၅း၁ရ-၃၉ တိုကို ကြည့်ပါ) သာမန်ဖြစ်ရပ်များကို ဖော်ပြထားပုံမှာလည်း တူညီလှသည်။ (ဥပမာ မဿဲ ၈း၁၆၊ မာကု ၁း၃၂၊ လုကာ ၄:၄၀ နှင့် မသဲ ၁း၉၁၃၊ မာကု ၁၀း၁၃ နှင့် လုကာ ၁၈း၁၅ တိုကို ကြည့်ပါ)
(၄) ထိုကြောင့် ပထမခရစ်ဝင်သုံးကျမ်းစလုံးသည် တစ်ကျမ်းနှင့် တစ်ကျမ်း ဆက်နွယ်လျက်ရှိကြောင်း ထင်ရှားသည်။ ရှင်မာကု ကို အခြေခံပြီး ရှင်မဿဲနှင့် ရှင်လုကာတိုက ထပ်ဆင့်တိုးချဲ့ ရေးသားသွားကြကြောင်း ပေါ်လွင်နေပါ၏။
(ခ) ပုံစံဝေဖန်သုံးသပ်ချက် (Form Criticism) ။ ဤဝေဖန် သုံးသပ်ချက်သည် အနည်းငယ်ခက်ခဲသဖြင့် သဘော လောက်သာပြပါမည်။ ခရစ်တော်၏ သက်တော်စဉ်နှင့် ဩဝါဒ များကို ရေးခေတ်က စာဖြင့် ရေးသားမှတ်တမ်းမတင်မီ နှုတ်ဖြင့် ကံဆောင်လျက် လူတစ်စုမှတစ်စု လက်ဆင့်ကမ်း ဟောပြော သန်သင်ခဲ့ ကြသည်။ ဖြစ်ရပ်မျိုးစုံတိုကို ကဏ္ဍလိုက်ခွဲပြီး ဖော်ပြရလျှင် ခရစ်တော်၏ အတိအကျကြေငြာ ဟောပြော ချက်များ (Prono – uncement Stories) ကို သီးသန့်ခွဲခြားထားသည်။
ဤအကြောင်းကို ရှင်းပါမည်။ ဖြစ်ရပ်တစ်ခုကို ဖော်ပြပြီး ထိုဖြစ်ရပ်၏ နောက်ဆုံးနိဂုံးတွင် ကိုယ်တော်က အရေးကြီးလှသော မိန့်ဆိုချက်တစ်ရပ်ကို သိသိသာသာကြီး ဖော်ပြလိုက်သောဖြစ်ရပ်များ ကို ဆိုလိုပါသည်။ (မာကု ၂း၂၃-၂၈ နှင့် ၃း၃၁-၃၅ တိုကို ကြည့်ပါ)
ထိုအပြင် ကိုယ်တော်၏ “အံ့ဘွယ်ရာ နိမိတ်လက္ခဏာများ” “ဥပမာတော်များ”၊ “ဒေသနာတော်များ”၊ ““ငါတိုသည် ” ဟူ၍ အစချီ၍ ဟောပြောချက်များ၊ “ဖာရိရှဲတိုနှင့် အပြန်အလှန်ချေပချက် များ”စသည်တိုကို အစုလိုက် ကဏ္ဍခွဲခြားထားလေ့ရှိကြ၏။
ထိုဖြစ်ရပ်များကို နှုတ်ဖြင့် အာဂုံဆောင်ပြီး ဟောပြောရသဖြင့် မေ့မသွားစေရေးအတွက် ဂျူးလူမျိုးတို၏ ရှိဆရာများ သင်ကြား ပိုချပုံနည်းစနစ်နှင့် ပုံစံအတိုင်း အလွတ်ကျက်ထားကြလေ့ရှိသည်။ ဥပမာ လူနာတစ်ဦး၏ ရောဂါပျောက်စေသည့် ဖြစ်ရပ်မျိုးတွင် –
(၁) ရောဂါရှင်၏အခြေအနေ
(၂) ခရစ်တော်၏ ပြုမူဆောင်ရွက်တော်မူချက် ၊
(၃) ခရစ်တော်က ကုသပေးလိုက်ခြင်းအားဖြင့် ရရှိသည့် အကျိုးကျေးဇူးစသည်တိုကို အဆင့်ဆင့် စနစ်တကျ အပိုင်းလိုက် ခွဲခြားထားလေ့ရှိပါ၏။
ထိုနောက် ခရစ်တော်၏ သက်တော်စဉ် ဖြစ်ရပ်များနှင့် ဩဝါဒတိုသည် ဌာနေအလိုက်၊ လူမျိုးစုအလိုက် သီးခြားပုံစုံသဘင် တဖြည်းဖြည်းဖြစ်လာတော့သည်။ ဒေသနှင့် လူမျိုးစု၊ အုပ်စုအလိ သီးခြားကွဲပြားရပ်တည်လာ ကြသဖြင့် ထိုဒေသတစ်ခု၏ သီးခြား (Form) ကလေးများ အစီအရီဖြစ်ပေါ်လာကြတော့သည်။
ဖြစ်ရပ်မှန်နှင့် ဩဝါဒမှန်များမှာ အဓိက ကျောရိုးအဖြစ် ရှိနေသည်မှန်သော်လည်း ဒေသအလိုက် သူတို၏ ထုံးတမ်းဓလေ့ အ သီးခြားပုံစံကလေးများ ဖြစ်ပေါ်လာကြသည်ကို ဓမ္မပညာ ရှင်များက အသေးစိတ်လေ့လာရင်း တွေ့ရှိလာကြတော့သည်။
၎င်းတိုမှာ ဓမ္မပညာရှင်များ စေ့စေ့စပ်စပ်လိုက်လံသုတေသန ပြု၊ လေ့လာသုံးသပ်ရင်း တွေ့ရှိလာရခြင်းဖြစ်သည်။ ပုံစံများ ဖော်ထုတ်ပြသည့် ဓမ္မပညာရှင်များထဲမှ နာမည်ကြီး ပညာရှင် နှစ်ဦး မှာ မာတင်၊ဒိုင်ဘဲလီးယပ်(စ်)နှင့် ရူးဒေါ့(ဖ်)၊ ဘူးလ်(တ်)မန်းတိုဖြစ်ပါ၏။
(ဂ) ခရစ်ဝင်ကျမ်းတို အား တကျမ်းချင်းခြုံ၍ ဝေဖန်သုံး သပ်ချက် ။ ပညာရှင်ပေါင်း မြောက်မြားစွာက ခရစ်ဝင်ကျမ်းများကို အသေးစိတ်လေ့လာရင်းနှင့် ခရစ်ဝင်ကျမ်းတစ်ကျမ်းစီ၏ ထူးခြားချက် များကို တွေ့ရှိပြီး ဝေဖန်သုံးသပ်လာကြပြန်သည်။ ခရစ်ဝင်ကျမ်း ရေးသူတစ်ဦးစီ၏ ထူးခြားသော သီဩလော်ဂျီ အတွေးအခေါ်၊ ရည် ရွယ်ချက်၊ ဦးတည်ထားသည့်လူစု စသည်တိုကို ဖော်ထုတ်လာနိုင် ကြသည်။
၎င်းနည်းစနစ်ကို (Redaction Criticism)ဟု ခေါ်သည်။ ထိုသို ဝေဖန်သုံးသပ်ခြင်းအားဖြင့် တွေ့မြင်ရ သမျှကို ဤစာစောင်၌ အသေးစိတ်ရှင်းမပြတော့ဘဲ အကျဉ်းအားဖြင့်သာ အောက်ပါအတိုင်း ဖော်ပြသွားပါ တော့မည်
(၁) ရှင်မဿဲခရစ်ဝင်ကျမ်း ။ ထိုကျမ်းကို ဂျူးလူမျိုးများ အတွက်သာ ဦးတည်ရေးသားခဲ့သည်။ အထူးသဖြင့် ဂျူးလူမျိုးတို၏ ယုံချက်နှင့် ရှေးပရောဖက်တို၏ ကြိုတင်ဟောချက်တိုကို ထောက်ပြ ပြီး ခရစ်တော်သည် မေရှိယမှန်ကန်ကြောင်း သာဓကပြထားသည်။ ခရစ်တော်သည် ဒါဝိဒ်အမျိုးအနွယ် ဖြစ်ကြောင်းကို အထူးအာသီသ စိုက် ဖော်ပြသည် (၉း၂၅၊ ၁၂း၂၃၊ ၁၅း၂၂၊ ၂၁၉ နှင့် ၂၁၁၅)ဂျူးလူမျိုး ၁၂မျိုးတို ၏ဘုရင် လည်းဖြစ်သည် (၁၉း၂၈)။ အထူးသဖြင့် ထိုခရစ်ဝင်ကျမ်း၌ “အသင်းတော်”ဟူသောစကားကိုသုံးပြီး ခရစ်ယာန် အသင်းတော်တိုင်း သွန်သင်ပိုချလွယ်ကူစေရန် စနစ်တကျ အစီအစဉ် ချထားသည်။
ထိုကြောင့်လည်း ယောသပ်အားပေးခဲ့သည့် သတင်းစကား (၃)မျိုး၊ ပေတရု၏ ငြင်းပယ်ပုံ (၃)ကြိမ်၊ ပိလတ်မင်း၏ မေးခွန်း (၅) မျိုး၊ ကောင်းကင်နိုင်ငံတော်နှင့်ပတ်သက်သည့် ဥပမာတော် (ရ)မျိုး (အခန်းကြီး ၁၃)၊ ဖာရိရှဲတိုအား ရှုတ်ချချက် (ရ)မျိုး စသည်တိုကို မှတ်မိစေရန်နှင့် သွန်သင်ရလွယ်စေရန် စနစ်တကျ စီစဉ်ရေးသား ပြုစုထားခြင်းဖြစ်သည်။ ရှင်မာကုကျမ်း၏ နောက်ပိုင်းမှ ရေးသား ပြုစုသည့် အားလျော်စွာ ရှင်မာကု၏ လိုကွက်၊ ဟာကွက်၊ မေ့ကွက် တိုကိုလည်း ထပ်မံဖြည့်စွက်ရေးသားထားသည်။ ထိုကျမ်းကို အေဒီ ရဝ-၈ဝ စပ်ကြားတွင် ရေးခဲ့သည်။
(၂) ရှင်မာကုခရစ်ဝင်ကျမ်း ။ ခရစ်ဝင်ကျမ်းတိုထဲတွင် အစောဆုံးရေးသောကျမ်းဖြစ်ပြီး တစ်ပါးအမျိုး သား (ရောမအမျိုးသား) တိုအတွက် ဦးတည်ရေးခဲ့ကြောင်း သေချာသည်။
အထူးသဖြင့် အာရေမိနှင့် ဟေဗြဲစကားလုံးများကို တစ်ပါး အမျိုးသားတို နားလည်လွယ်စေရန် ဂရုစိုက်ပြီး ဘာသာပြန်ပေးထားပါသည်။
ဥပမာ ဗောနေဂရက် (၃း၁၇)၊ တလိသကုမိ (၅း၄၁)၊ ဧဖသ (၇း၃၄)၊ အဗ္ဗ(၁၄း၃၆) နှင့် ကားတိုင်ပေါ်မှ ကိုယ်တော်က အာရေမိ (စကားဖြင့် အော်ဟစ်သံ (၁၉း၃၄) တိုကို ကြည့်လျှင် သိသာနိုင်ပါသည်။ ထိုအပြင် ဂရိစကားများကို ရောမလက်တင်စကားများဖြင့် ထပ်ဆင့် ရှင်းပြထားသည်။ ၎င်းတိုမှာ မုဆိုးမက လှူခဲ့သော ငွေတန်ဖိုး (၁၂၄၂) ပိလတ်မင်း၏ ရုံးတော်ကို ရောမမြိုရှိ “ပြဲတောရိရုံး Praetorium နှင့် တူကြောင်း ရောမလူမျိုး တို့ တွေးဆကြည့် နိုင်ရန် ကြိုးစား ဖော်ပြထားသည် (၁၅း၁၆)။
ထိုအပြင် ဂျူးလူမျိုးတို၏ ဓလေ့ ထုံးစံ၊ နေရာဒေသ၊ ဝတ်ပြု ကိုးကွယ်ပုံတိုကို တစ်ပါးအမျိုးသား နားလည်လွယ်စေရန် ကြိုးစား ရှင်းပြထားသည်။ ထိုကြောင့် ဂျူးလူမျိုးတို၏ ပညတ္တိကျမ်းနှင့် ဓမ္မ ဟောင်း ကျမ်းတိုကို ရည်ညွှန်းထားခြင်းမရှိ။
လုပ်ဆောင်ပြုမူချက်များနှင့် ဩဝါဒများ “ထက်” တကဲ့ဖြစ်ရပ် များကို ပိုမိုအလေးထားခဲ့သည်။ ခရစ်ဝင်ကျမ်းတိုထဲတွင် အတိုဆုံး ကျမ်းဖြစ်ပြီး ခရစ်တော်၏ သက်တော်စဉ်ကို သွက်သွက်လက်လက် နှင့် “နောက်တဖန်”ဟူသော စကားများသည် အခန်းကြီးပေါင်း (၁၆) ခန်းထဲတွင် အကြိမ်ပေါင်း (၄၀)ကျော် ပါရှိသည်ကို ထောက်ရှုကြည့် နိုင်ပါ၏။
ယေရှုအနေဖြင့် ဗတ္တိဇံ (နှစ်ခြင်း)ဆရာယောဟန်၏ လက် ထဲ၌ ဗတ္တိဇံ (နှစ်ခြင်း)ခံပြီးနောက် (မာကု ၁၄-၁၁) ချက်ချင်းဆိုသလို အမှုတော်လုပ်ငန်းကို စတင်ဆောင်ရွက်သည်။ ထိုကျမ်း၏ လေးပုံ သုံးပုံတွင် သက်တော် စဉ်၏ နောက်ဆုံးအပတ်နှင့် အသေခံခြင်း၊ ရှင် ပြန်ထမြောက်ခြင်းတိုအကြောင်း အဓိကထားဖော်ပြထားသည်။
ခရစ်တော်၏ လူ့ဇာတိကို ဖော်ပြရုံမက ဘုရားသခင်၏ သားတော်ဖြစ်ကြောင်းကိုလည်း အတည့်အ လင်း ရေးသားဖော်ပြသည်။ (၁း၁၊ ၃း၁၁၊ ၅းရ၊ ၁၄း၆၁၊ ၁၅း၃၉ …စသဖြင့်)။ ထိုခရစ်ဝင်ကျမ်း သိုမဟုတ် ရှေးအကျဆုံး ကျမ်း၏အခန်းကြီး ၁၆၈တွင် “ကြောက် လန့်သောကြောင့် အဘယ်သူကိုမျှ မပြောမဆို ကြ”ဟူသော ဝါကျ အဆုံးပိုင်းတွင် ကျမ်းမူရင်းမှာ စုတ်ပြဲပျောက်ဆုံးနေကြောင်းကို တွေ့ ရသည်။
ထိုကြောင့် ရှင်မာကုအနေဖြင့် ထိုအပိုင်းကိုရေးပြီးမှ သေ ဆုံးသွားသောကြောင့်လား၊ သိုမဟုတ် မူရင်းစာရွက်မှာ ပျောက်ဆုံး သွားသောကြောင့်လား မပြောနိုင်ပါ။ အခန်းကြီး (၁၆)၏ အခန်းငယ် (၉)မှ (၂၀)အထိကို ရှင်မာကုမဟုတ်သော အခြားသူတစ်ဦးက ဖြည့် စွက်ရေးသားပေးခဲ့ရကြောင်း သိသာနေသည်။ ဤကျမ်းကို အေဒီ ၆၅ရဝခန့်တွင် ရေးသားသည်။
(၃) ရှင်လုကာခရစ်ဝင်ကျမ်း ။ ဤကျမ်းကို “သော်ဖိလု” ဆိုသည့် ဂရိအရာရှိတစ်ဦး၏အမည်တစ်ဦးကို ဖော်၍ ထိုသူအား ဦးတည်ရေးသားခဲ့သည်။
ဤကျမ်းတစ်စောင်လုံးကို ခြုံကြည့်လျှင် ထိုကျမ်းသည် ဂျူး လူမျိုးတိုအတွက် မဟုတ်၊ တစ်ပါးအမျိုးသား (နိုင်ငံခြားသား)တို အတွက် ဦးတည်ရေးထားကြောင်း ထင်ရှားသည်။ ထို ကြောင့် လည်း ဓမ္မဟောင်းကျမ်းကို ရည်ညွှန်းခြင်းမရှိ။ ရည်ညွှန်းခဲ့လျှင်လည်း ဂျူး မဟုတ်သော တစ်ပါးအမျိုးသားတို နားလည်သဘောမပေါက်မည်ကို သတိရ၍ ဖြစ်ဟန်တူသည်။ ရှေးပရောဖက်တို ကြိုတင်ဟောပြောခဲ့ သော မေရှိယဆိုင်ရာ အနာဂတ္တိစကားများကို များစွာထည့်သွင်းလေ့ မရှိ။ ဂျူးလူမျိုးတို၏ စကားဖြစ်သော “ရတ္တံ့အစား ဂရိမျိုးတူစကား ဖြစ်သော“သခင်”ကို သုံးခဲ့၏။ (၄၅၊ ၈း၂၄၊ ၄၅၊ ၉း၃၃၊ ၁း၁၃)။ ““အာမင်”ဟူသော ဟေဗြဲစကားလုံးအစား ရှင်လုကာက ဂရိမျိုးတ စကားဖြစ်သော “ငါအမှန်ဆိုသည်ကား”ဟူ၍ စကားကို ဖြည့်စွာရေးသားခဲ့ပါ၏။
* မှတ်ချက် ။ ဆရာယုဒသန်က သမ္မာကျမ်းကို မြန်မာ ပြန်ကတည်းက “အာမင်”ဟူသော ဟေဗြဲစကားလုံးနေရာများတွင် “ငါအမှန်ဆိုသည်ကား” (Verily)ဟူသောစကားကို နေရာတိုင်း၌ မြန်မာပြန်၍ အသုံးပြုခဲ့သည်။ ခရစ်ဝင်ကျမ်းတို၏ မူရင်းတိုတွင်ကား “အာမင်”ဟူ၍ပါရှိသည်။ အနက်အဓိပ္ပါယ်မှာလည်း ပြောဆိုသော စကားသည် သေချာမှန်ကန်ကြောင်းကို အလေးအနက် ပြုလိုသော ကြောင့်ဖြစ်သည်။ ရှင်မဿဲတွင် “အာမင်” (ဝါ) “ငါအမှန်ဆိုသည် ကား”ဟူသော စကားသည် အကြိမ် (၃၀)ပါသည်။ မာကုတွင် (၁၃) ကြိမ်၊ လုကာတွင် (၆)ကြိမ်ပါသည်။ ရှင်ယောဟန်တွင်မူကား ““အာမင်၊ အာမင်”ဟူ၍ (၂)လုံးထပ်ဆင့်ဖော်ပြပြီး (၂၅)ကြိမ် ပါရှိ၏။
ရှင်လုကာက ခရစ်တော်သည် လူမျိုးမရွေး၊ လူတန်းစား မရွေး၊ ကမ္ဘာတစ်ဝှမ်းလုံးရှိ လူတိုင်းအတွက် ဖြစ်ကြောင်း ဖော်ပြသည်။ ခရစ်ယာန်ဘာသာဆိုသည်မှာလည်း လူမျိုး၊ ဘာသာ၊ စကားမရွေး၊ ကမ္ဘာတစ်ဝှမ်း လုံးအတွက်ဖြစ်ကြောင်း သူက ဂရုပြုရေးသားထားသည်။ ထိုကြောင့်လည်း ခရစ်တော်၏ မျိုးစဉ်ဘောင်ဆက်ကို ဖော်ပြရာတွင် ရှင်မသဲကဲ့သိုမဟုတ်ဘဲ လူသားတို၏အဖဖြစ်သော အာဒံမှ အစပြု ခဲ့သည်။ (၃း၂၃-၃၈)။ ယုဒလူမျိုးတို ရွံရှာသော ရှမာရိအမျိုးတိုကို လည်း ကိုယ်တော်က ချီးကျူးကြောင်းဖော်ပြထားသည် (၁၀း၃၀-၃ရ၊ ၁၇း၁၁-၁၉)။ ရှင်လုကာက အောက်တန်းကျ ဆင်းရဲသားတိုအတွက် ပိုမိုဦးစားပေးရေးခဲ့သည်။ အပစ်ပယ်ခံ လူတန်းစားများကို ပို၍ အားပေး နှစ်သိမ့်စေခဲ့ပါ၏။
“သင်သည် နံနက်စာ၊ ညစာ လုပ်ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီး ချင်းများကို မခေါ်မဖိတ်နှင့်။ ထိုသိုဖိတ်လျှင် သူတိုသည် နောက် တစ်ဖန် သင့်ကို ခေါ်ဖိတ်၍ ကျေးဇူးဆပ်ကြလိမ့်မည်။ သင်သည် ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချိုတဲ့သောသူ၊ ခြေမစွမ်းသော သူ၊ မျက်စိကန်းသောသူများကို ဖိတ်ခေါ်လော့။ ထိုသို ခေါ်ဖိတ် လျှင် မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား ထိုသူတိုသည် ကျေး ဇူးမဆပ်နိုင်သည်ဖြစ်၍ ဖြောင့်မတ်သောသူတိုသည် ထမြောက်သည့် ကာလ၌ သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလတံ့” (လုကာ ၁၄း၁၂-၁၄)။
အထက်ပါ ကျမ်းချက်ကို ကိုယ်တော်က ညစာ ခေါ်ဖိတ် ကျွေးမွေးခဲ့သည့် အိမ်ရှင်ကို ပြောဆိုဆုံး မခဲ့ပုံအကြောင်း ရှင်လုကာ တစ်ဦးတည်းကသာ အမှတ်ရပြီး ကြိုးစားထည့်သွင်းဖော်ပြထားခဲ့သည်။
ဤကျမ်း၏ ဂရိစာပေအဆင့်အတန်းနှင့် အရည်အသွေးကို ချီးကျူးသင့်သည်။ ခရစ်ဝင်ကျမ်းလေး ကျမ်းစလုံးထဲတွင် သူ၏ ရေး ဟန်က အဆင့်အမြင့်ဆုံး၊ ဝေါဟာရစကား အသုံးအနှုန်းကြွယ်ဝ၍ အဖွဲအနွဲအ ကောင်းဆုံးဟူ၍ ဆိုရပေလိမ့်မည်။ ဤကျမ်းကို ရှင်မာကု ကျမ်း၏ နောက်ပိုင်းမှရေးသည်။ အေဒီ ၅၄-၈ဝ စပ်ကြားခန့်တွင် ရေးသားခဲ့သည်ဟု ယူဆရသည်။
(၄) ရှင်ယောဟန်ခရစ်ဝင်ကျမ်း ။ ပထမခရစ်ဝင်ကျမ်း သုံးကျမ်းနှင့်နှိင်းစာလျှင် ရှင်ယောဟန်၏ ခရစ်ဝင်ကျမ်းသည် ထူးခြား နေသည်။
ရေးဟန်အားဖြင့်လည်းကောင်း၊ အကြောင်းအရာ (Content) အားဖြင့်လည်းကောင်း၊ သီဩလော်ဂျီ အတွေးအခေါ်ကို အာသီသစိုက် ဖော်ပြထားခြင်းအားဖြင့်လည်းကောင်း၊ ထိုကျမ်းမှာ ထူးခြားနေခြင်းဖြစ်သည်။ ထိုကျမ်းဖြစ်ရပ်များသည် ရှင်းလင်းပြတ် သားသော်လည်း သီဩလော်ဂျီအတွေးအခေါ်များသည် နက်ရှိင်းသည်
ထိုကျမ်းထဲတွင် ခရစ်တော်၏ မွေးဖွားတော်မူခြင်းအကြောင်း မပါ။ ဗတ္တိဇံ (နှစ်ခြင်း) ခံခြင်း အကြောင်း မပါ။ စုံစမ်းသွေးဆောင် ခံရခြင်းအကြောင်းမပါ။ နောက်ဆုံး ညစာစားသည့်အကြောင်းအရာ အသေးစိတ်မပါ။ ဂေသရှေမန်ဥယျာဉ်ထဲ၌ ပင်ပန်းဆင်းရဲခံပြီး၊ မိမိ အလိုထက် ဘုရားသခင်၏ အလိုတော် လိုက်နာရေးအတွက် ကိုယ်တော်၏ ချွေးများသည် သွေးကဲ့သို ကျဆင်းရသည်အထိ ရုန်းကန်ရပုံ မပါ။ ကောင်းကင်ဘုံသို တက်ကြွ ခြင်းမပါ။ နတ်ဆိုးစွဲသူများကို ကုသ ပေးခြင်းအကြောင်းများမပါ။ ဥပမာတော်များဖြင့် သွန်သင်ဆုံးမခြင်း များမပါ။
ကျမ်းတစ်ကျမ်းလုံး၌ ရှည်လျားသောဟောပြောချက်များသာ ပါပြီး စကားအချေအတင်ပြုခြင်း၊ ရှင်းလင်းပြသသည့်သဘောအား ဖြင့်သာ ရေးသားပြုစုထားပါသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် ခရစ်ဝင်ကျမ်း (၄)ကျမ်း စလုံးအနက် နောက်ဆုံးမှ ရေးသားပြုစု ထားခြင်းဖြစ်ရာ မွေးဖွားတော် မူခြင်း၊ ဗတ္တိဇံ (နှစ်ခြင်း ခံခြင်း၊ သွေးဆောင်မှုခံရခြင်းစသည်တို မပါသည့် အကြောင်းအရင်းမှာ ရှင်းနေပါသည်။ ။
ထိုအကြောင်းဖြစ်ရပ်တိုသည် အခြားသော ခရစ်ဝင်ကျမ်း တိုတွင် ပါပြီးဖြစ်၍ ကနဦး အသင်းတော်ရှိ ခရစ်ယာန်များနှင့် လူ အများက ထိုအခြင်းအရာ အလုံးစုံကို သိထားပြီး ဖြစ်နေရာ အချိန် ကုန်ခံ၊ အပင်ပန်းခံကာ ထပ်မံဖော်ပြနေစရာ မလိုသောကြောင့် ဖြစ်ပါသည်။
အချေအတင်ပြုနေခြင်း၊ ရှင်းလင်းဖော်ပြသည့်ဟန်ဖြင့် ရေးသားရသည့် အကြောင်းအရင်းမှာလည်း သိသာနိုင်ပါသည်။ ထိုခရစ် ဝင်ကျမ်းကို အေဒီ ၉၅ မှ ၁ဝဝ စပ်ကြားတွင် ရေးသားခဲ့သည် ဖြစ်ရာ ထိုအချိန်ကာလအတွင်း ပေါ်ပေါက်လာနေသော အယူဝါဒလွဲ များ၊ မိစ္ဆာပရောဖက်တို၏ သွန်သင်ချက်တိုကို ဦးတည် တိုက်ဖျက် လိုသောကြောင့် ဖြစ်ပါသည်။
ရှင်ယောဟန်က အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့သော စကားလုံးများမှာလည်း “မေတ္တာ” “ဟုတ်မှန်သော၊ မှန်သော” အလင်း” “မုန့်” “စပျစ်နွယ်”တိုသာမက “သက်သေခံ” “အပြစ်” “တရားစီရင်ခြင်း” “အသက်”စသည်တို ဖြစ်ပါ၏။
လူတစ်ဦး၏ သဘောသကာယ၊ သရုပ်သဏ္ဍာန် ဖော်ပြရာ တွင်လည်း ရှင်းလင်းပြတ်သားသည်။ အထူးသဖြင့် နိကောဒင် (အခန်း ကြီး ၃) ရှမာရိမိန်းမ (အခန်းကြီး ၄) အမိဝမ်းတွင်းကပင် မျက်စိ ကန်းနေသူ (အခန်းကြီး ၉) ပိလတ်မင်း (အခန်းကြီး ၁၉)တို၏ သရုပ်သဏ္ဍာန်သည် ထိုခရစ်ဝင်ကျမ်း၌ ထင်ရှားစွာ ပေါ်လွင်နေပါ၏။
ခရစ်တော်၏ သြဝါဒကို လူတိုင်း နားလည် သဘောပေါက် စေရန် ရှည်လျားစွာ ရှင်းပြထားသည်။ ထိုကျမ်းထဲတွင် နားသောတ ဆင်သူများထံမှ မေးခွန်းများ၊ ချေပချက်များပါ စုံလင်စွာ ထည့်သွင်း ထားပြန်သဖြင့် ပထမခရစ်ဝင်ကျမ်းသုံးကျမ်းတို၏ ရေးဟန်နှင့် လုံးဝ မတူပါ။
အထူးကွဲပြားခြားနားချက်တစ်ရပ်မှာကား ခရစ်တော်၏ အမှု တော်လုပ်ငန်းဆောင်ရွက်ပုံ “အချိန်ကာလ” ပင်ဖြစ်ပါ၏။
ပထမခရစ်ဝင်သုံးကျမ်းက ဂါလိလဲနယ်၌ ကိုယ်တော်ပြု တော်မူခဲ့သော အမှုတော်လုပ်ငန်းကို အာရုံစိုက်ဖော်ပြထားသည်။ ပသခါ ပွဲနေ့ ကျင်းပခြင်းကို ထိုကျမ်းများက တစ်ကြိမ်တည်းသာ ဖော်ပြ ထားသဖြင့် ကိုယ်တော်၏ အမှုတော်လုပ်ငန်း ဆောင်ရွက်ချိန်ကာလသည် တစ်နှစ်တည်းဖြစ်နေသယောင် ထင်မှတ်ရသည်။
ရှင်ယောဟန်ကမူကား ပသခါပွဲနေ့ ကျင်းပပုံ သုံးကြိမ်ကို တိတိကျကျဖော်ပြထားသည်။ (ယော ၂း၁၃-၂၃၊ ၆း၄၊ ၁၂း၁ တိုကို ကြည့်ပါ)။ ယေရုရှလင်မြိုသို ကိုယ်တော်က (၄)ကြိမ်ကြွသွားတော်မူ ခဲ့ကြောင်းကို ဖော်ပြထားသည်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် သီဩလော်ဂျီ အတွေးအခေါ် ပိုင်းကို ဦးစားပေး ဖော်ပြထားသဖြင့် ပထမခရစ်ဝင်ကျမ်းတိုနှင့် ကွဲပြားနေရခြင်းဖြစ်သည်။
ဥပမာ ပထမဦးဆုံးသော အခန်းကြီးထဲ၌ပင်လျှင် တမန် တော်များက ယေရှုကို အဘယ်ကဲ့သိုသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ယုံကြည်ကြပုံကို ကွင်းကွင်းကွက်ကွက် ရှင်းထားသည်။ ထိုသို သိသာ ရန် ယေရှုအား အမည်နာမ (ရ)မျိုးပေးထားသည်။ ၎င်းတိုမှာ (၁) (ဘုရားသခင်၏ နှုတ်ကပတ်တော်၊ (၂) ဘုရားသခင်၏ သိုးသငယ်တော်၊ (၃) ရွ (ဆရာ)၊ (၄) မေရှိယ (သိုမဟုတ် ခရစ်တော် )၊ (၅) ဣသရေလလူမျိုး၏ ဘုရင်၊ (၆) ဘုရားသခင်၏ သားတော်နှင့် (၅) လူသားဟူ၍ ဖြစ်ပါ၏။
ပထမခရစ်ဝင်သုံးကျမ်းကို လေ့လာကြည့်လျှင် ထိုအမည် နာမများကိုလည်း အချိန်ကာလအလိုက် တကွဲတပြားပေးထားသည် ကို တွေ့ရပါလိမ့်မည်။ ။
သိုသော် ပထမခရစ်ဝင်သုံးကျမ်းက ကိုယ်တော်သည် ယေရုရှလင်မြို၌ အမှုတော်လုပ်ငန်းကို နောက်ဆုံးသောအချိန်မှ ဆောင် ရွက်တော်မူ “သကဲ့သို ရေးသားထားသော်လည်း ၎င်းကျမ်းတိုကို သေချာစေ့စပ်လေ့လာကြည့်လျှင် ကိုယ်တော်သည် ယေရုရှလင်မြိုသို အကြိမ်ပေါင်းများစွာ ကြွခဲ့ကြောင်း မသိမသာ ဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။
ဥပမာအားဖြင့် ပြရပါလျှင် မဿဲ ၂၃း၃ရ နှင့် လုကာ ၁၃း၃၄ တိုကိုကြည့်ပါ။
“ယေရုရှလင်မြို၊ ယေရုရှလင်မြို၊ သင်သည် ပရောဖက် တိုကို သတ်မြဲရှိ၏။ …ကြက်မသည် မိမိ၏သားငယ်တိုကို အတောင် အောက်၌ စုရုံးသကဲ့သို သင်၏သားတိုကို စုရုံးစေခြင်းငှာ “ကြိမ်ဖန် များစွာ ငါအလိုရှိပြီ …”ဟူသော စကားကို ထောက်ရှုခြင်းအားဖြင့် ထိုမြိုသို ‘ကြိမ်ဖန်များစွာ” ကိုယ်တော် ကြွသွားတော်မူခဲ့ကြောင်းကို သိသာနိုင်ပါသည်။
သီဩလော်ဂျီ အတွေးအခေါ်ရေးရာ၌ အာသီသစိုက်ပုံမှာ လည်း ပထမခရစ်ဝင်သုံးကျမ်းနှင့် ကွဲပြားသည်။ ရှင်ယောဟန်က ယေရှု၏ မျိုးစဉ်ဘောင်ဆက်ကို ထိုကျမ်းများကဲ့သို မဖော်ပြဘဲ ကမ္ဘာ မတည်မီကတည်းက တည်ရှိခဲ့ပြီး အသက်ရှိသမျှ၏ အရင်းခံ၊ တစ်လောကလုံး၏ အလင်းဖြစ်သော နှုတ်ကပတ်တော် (Logos)သည် လူ့ဇာတိခံသော ယေရှုခရစ်တော်ပင်ဖြစ်ကြောင်း ဖော်ပြထားသည်။
ခရစ်တော်၏ အမှုတော်လုပ်ငန်းသည် ဘုရားသခင်အနေဖြင့် မိမိကိုယ်ကို ဖွင့်ပြတော်မူချက်များ ဖြစ်သောကြောင့် ယေရှုသည် လောက၏အလင်း ဖြစ်ကြောင်း (၈း၁၂-၃၂)၊ ဘုရားသခင်သည် ယေရှု၌တည်ပြီး၊ ယေရှုသည်လည်း ဘုရားသခင်၌ တည်တော်မူသည် တိုကို ရေးသားသက်သေခံထားသည်။ (၁၇း၂၂-၂၃၊ ၂၀း၃၁)။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ ယေရှုခရစ်တော်၏ ဇာတိ တော်ကို အထူးဂရုစိုက်ဖော်ပြထားပြန်သည်။ ။
ခရစ်တော်၏ မြင့်မြတ်သော ဇာတိတော်ကို ရှင်မသဲက “ငါဆိုသည်ကား၊ ဤအရပ်၌ ဗိမာန်တော်ထက် သာ၍ကြီးမြတ်သော အရာရှိ၏။ ..ဤအရပ်၌ကား ယောနထက် သာ၍ကြီးမြတ်သောသူ ရှိ၏။ … ဤအရပ်၌ ကား ရှေ့လမုန်ထက် သာ၍ကြီးမြတ်သောသူရှိ၏” ဟူ၍ ဖော်ပြထားသော်လည်း ရှင်ယောဟန်ကဲ့သို အတိအကျ ပြတ်ပြတ်သားသား မဖော်ပြပါ။ (မဿဲ ၁၂း၆၊ ၄၁-၄၂)။
ရှင်ယောဟန်ကမူကား “ငါသည် အသက်မုန့်ဖြစ်၏” (၆း ၃၅) “ငါသည် လောက၏ အလင်းဖြစ်၏” (၈း၁၂) “ငါသည် ထမြောက် ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏” (၁၁း၂၅) “ငါ သည် ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်” (၁၀း၃၀)ဟူ၍ တိကျပြတ်သားစွာ ဖော်ပြခဲ့သည်။
ထိုကြောင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် ပထမခရစ် ဝင်ကျမ်းတို၏ လိုက်၊ ဟာကွက်တိုကို ဖြည့်စွက်ထားရုံမက ယေရှု၏ ဩဝါဒများ၏ “အနက်အဓိပ္ပါယ်” ကို တိကျစွာ ရှင်းပြ ထားသောကျမ်းဖြစ်၏။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ ဦးတည်ချက်မှာ ဖီလော်ဆိုဖီ အတွေးအခေါ်ရှင်များအတွက်ဖြစ်ရုံမက ဖြစ်ရပ်များထက် ယေရှုဟော တော်မူခဲ့သော တရားတော်၏ “အဓိပ္ပါယ်” ကို အာသီသထား ရှင်းလင်းပြ ထားသော ကျမ်းဖြစ်၏။ ပြသတော်မူခဲ့သော နိမိတ် လက္ခဏာများကို ဖော်ပြရုံလောက်သာမက ထိုနိမိတ် လက္ခဏာ တို၏ အဓိပ္ပါယ်တိုကိုပါ ရှင်းပြထားသည်။ ထိုကျမ်းကို ရေးသား စဉ်က ပေါ်ပေါက်နေခဲ့သော အယူအလွဲဝါဒများကို ချေပသည်။ အမှန်တရားကို ရှင်းပြသည်။
အချုပ်ဆိုရသော် ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ အဓိကရည် ရွယ်ချက်မှာကား ဝိညာဉ်ရေးနှင့်ဆိုင်သော အနက်ဖွင့်ကျမ်းပင်ဖြစ် ပါ၏။
ကျမ်းပယ်များ
လက်ရှိ ကျွန်တော်တို အသုံးပြုနေသော (ပရိုတက်(စ်)တင့်) သမ္မာကျမ်းတွင် ခရစ်တော်၏ သက်တော်စဉ်နှင့်ဩဝါဒများကို ဖော် ပြထားသော ခရစ်ဝင်ကျမ်း (၄)ကျမ်းသာ ပါရှိသည်။ ထိုခရစ်ဝင် ကျမ်း(၄)ကျမ်းကိုသာ ကနဦးအသင်းတော်၏ ခေါင်းဆောင်ဖခင်ကြီး များက ခရစ်ဝင်ကျမ်းပေါင်း မျိုးစုံထဲမှ ရွေးချယ်ပြီး “ကျမ်းဝင်” အဖြစ်သတ်မှတ်ပြီး လက်ရှိ သမ္မာကျမ်း၌ ဖော်ပြထားပေသည်။
သိုသော် ထိုခရစ်ဝင်လေးကျမ်းအပြင် အခြားသောခရစ်ဝင် ကျမ်း (ဝါ) ခရစ်တော်၏ သက်တော်စဉ်နှင့် ဩဝါဒများကို ဖော်ပြထားသောကျမ်း အများအပြားရှိသေးသည်ကို သတိပြုစေလို ပါသည်။
ထိုကျမ်းပယ်များထဲမှ အချိုမှာ အောက်ပါအတိုင်းဖြစ်ပါ သည်
(က) ရှင်သောမခရစ်ဝင်ကျမ်း
(ခ) ရှင်ပေတရုခရစ်ဝင်ကျမ်း
(ဂ) ဟေဗြဲခရစ်ဝင်ကျမ်း၊
(ဃ) အီဂျစ်လူမျိုးများ၏ ခရစ်ဝင်ကျမ်း
(င) နာဇရင်း (Nazarene) ခရစ်ဝင်ကျမ်း
(စ) အမည်နာမမသိရသော ခရစ်ဝင်ကျမ်း (မူရင်းကျမ်းအစအနမျှသာ ရှာတွေ့ရပါသည်)
ဥပမာ ရှင်သောမ၏ ခရစ်ဝင်ကျမ်းတွင် ဂရိစကား အားဖြင့် (Logia)ဟု ခေါ်ဆိုထားသော “ခရစ်တော်၏သြဝါဒ”များ ပါဝင်သည်။ ထိုကျမ်းထဲတွင် (အခွန်ငွေတပြား၌) “ကဲသာဘုရင်၏ပုံ၊ လိပ်စာဖြစ်ပါ သည်ဟု လျှောက်ကြသော် ယေရှုကလည်း ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အား ဆက်ပေးကြလော့။ ဘုရားသခင်၏ ဥစ္စာကို ဘုရားသခင်အား ဆက်ပေးကြလော့ဟု မိန့်တော်မူ၏” ဟူ၍ ရေးသားထားပါ၏။ ရှင်မသဲ ၂၂:၂၁ နှင့် အတူတူပင် ဖြစ်ပါ၏။ ၎င်းကျမ်းပိုဒ်ကို ဂီယန်း (I.gion) ၁၀၀ဟူ၍ တိုရှင်သောမခရစ်ဝင်ကျမ်း၌ အမှတ်အသားပြုထားပါသည်။
ထိုပြင် လော်ဂီယန်း ၃၀၂တွင် ““ယေရှုက ဖာရိရှဲတိုသည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတိုသည် နွားစားခွက်ထဲ၌ အိပ်နေကြသောခွေးနှင့်တူကြ၏။ သူတိုသည် (ကောက်ရိုးကို ကိုယ် တိုင်လည်း မစားနိုင်၊ နွားများ စားသောက်ရန်ကိုလည်း ခွင့်မပြုသော ကြောင့်တည်း”ဟူ၍ ရေးသားထားပြန်ပါသည်။ ။
လက်ရှိသမ္မာကျမ်းရှိ ခရစ်ဝင်ကျမ်းထဲတွင် ခရစ်တော်၏ မွေး ဖွားတော်မူခြင်းနှင့် ရှင်ပြန်ထမြောက် သောနေ့၌ အရေဖျားလှီးခြင်း မင်္ဂလာနှင့် အမည်မှည့်ခြင်းမင်္ဂလာခံပြီးနောက် “ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတိုရှေ့ မှာ မျက်နှာရတော်မူ၏”ဟူ၍သာ ဖော်ပြထားခဲ့သည်။ (လုကာ၊ ၂း၅၂)။
ထိုနောက် (၁၂)နှစ်မြောက်သောအချိန်၌ ယေရုရှလင်မြိုသို မိဘများနှင့်အတူ သွားကြပုံအကြောင်းမှလွဲ၍ အခြား ဘာမျှမပါတော့ ပါ။ ယေရှု၏ ငယ်စဉ်တောင်ကျေး သူငယ်ဘဝ၏ အကြောင်းအရာ များစွာ မပါဝင်သဖြင့် ထိုအချိန် ကာလပိုင်းတွင် ကိုယ်တော်သည် ဘာဖြစ်ခဲ့ပါသနည်းဟူ၍ လူအမျိုးမျိုးက သိုလောသိုလော တွေးခေါ်ခဲ့ ကြပါသည်။
သိုသော် ယေရှု၏ ကလေးသူငယ်ဘဝ၏ အကြောင်းနှင့် ဖြစ်ရပ်များစွာကို ရေးသားထားသော အခြားကျမ်းများ ရှိပါသေးသည်။ ၎င်းတိုကို လက်ရှိ ကျွန်တော်တို အသုံးပြုနေသော သမ္မာကျမ်း၌ မပါရှိပါ။ ထိုကျမ်းများကို ကျမ်းပယ် (Apocrypha) “အပေါ့(ခ်) ကရစ်ဖါး” ဟု ခေါ်ပါသည်။
ဥပမာ ယေရှုသည် ငယ်ရွယ်စဉ်က ရွှများနှင့် ကစားနေခဲ့သက်တော်စဉ်နှင့်ဩဝါဒများ သည်။ စာကလေးအရုပ် (၁၂)ရုပ်ကို ရွှဖြင့်လုပ်ခဲ့သည်။ ထိုနောက် ထိုစာကလေးအရုပ်များကို ကြည့်ပြီး လက်ခုပ်တီးလိုက်ရာ ထိုရွှရုပ် များသည် အသက်ဝင်ပြီး ထ၍ ပျံသွားသည်။ ကလေးဘဝကတည်း က အသက်သွင်းပေးနိုင်သော တန်ခိုးဣဒ္ဓိပတ် ကိုယ်တော်၌ရှိကြောင်း ဖော်ပြထားသည်။
ထိုအပြင် မယ်တော်မာရိက ယေရှုအား ရေခပ်ခိုင်းရာတွင် ကိုယ်တော်က ရေအိုးကို ယူရင်း လမ်းလျှောက်သွား ခရုတ်တိုက်မိ သဖြင့် ရေအိုးကျကွဲသွားသည်။ ကိုယ်တော်က စိတ်မပျက်ဘဲ သူ ဆင်မြန်းထားသော ဝတ်ရုံဖြင့် ရေထည့်ကာ ပြန်လာခဲ့သည်။ ဝတ်ရုံမှ ရေတစက်တပေါက်မျှ မဖိတ်မစင်ကြောင်း စသည်တိုကို ထိုခရစ်ဝင် ကျမ်းများ၌ သက်သေခံထားကြပါသည်။
သိုသော် ထိုကျမ်းများကို အဘယ်ကြောင့် ပယ်ထားရ ပါသနည်း? အရေးကြီးဆုံးနှင့် အဓိကအဖြေမှာ ထိုကျမ်းများထဲရှိ ဖြစ်ရပ်များသည် ခရစ်တော်၏ အဓိကကျသော သက်တော်စဉ်နှင့် ဩဝါဒများ၊ ကိုယ် တော်၏ တရားတော် အနှစ်သာရကို များစွာ အထောက်အကူမပြု။
ခရစ်တော်သည် ဤလောကသို ကြွလာခဲ့ရသည့် အရင်းခံ အကြောင်းနှင့် ကိုယ်တော်သည် လူသားတိုအား အပြစ်ဒုစရိုက်တွင်းမှ ကယ်တင်ရန် ကြွလာသော မေရှိယဖြစ်ခြင်း အစရှိသည်တိုကြောင့် ဖြစ်ပါသည်။ (ထိုအပေါ့(ခ်)ကရစ်ဖါးကျမ်းများသည် ယနေ့တိုင်အောင် ရှိနေပြီး၊ ၎င်းတိုကို ယေရုရှလင် သမ္မာကျမ်း (Jerusalem Bible) ထဲတွင် ထည့်သွင်းထားပါသည်။ မည်သူမဆိုလည်း ဖတ်ရှုနိုင်ပါသည်)
သိုသော် ယေရှုသည် သက်တော် (၁၂)နှစ်မှ သက်တော် (၃၀)စပ်ကြားတွင် မည်သိုဖြစ်သည်။ မည်သည့် နေရာသို ကြွသွားခဲ့သည်။ ဥပမာ တိဘက်ပြည်သို ကြွသွားပြီး မည်သူ့ထံ၌ တပည့်ခံသည်စသည်တိုကို အချိုက ကျမ်းဂန်အထောက်အထား အခိုင်အလုံမရှိဘဲ မဟု တ် တမ်းတရား ရေးသားဖော်ပြနေကြသည် ကို ဝမ်းနည်း ဘွယ်ရာတွေ့နေရပါသည်။
ထိုရေးသားချက်တိုသည် အခြေအမြစ်မရှိပါ။ မှန်လည်း မမှန်ပါ။
ထိုကျမ်းပယ်ခရစ်ဝင်ကျမ်းများရှိကြောင်း မသိ၍လည်း ဖြစ် နိုင်သည်။ ကနဦးအသင်း၏ ခေါင်းဆောင် များက ခရစ်ယာန်တို၏ သမ္မာကျမ်းဝင်အဖြစ် ကျမ်းမျိုးစုံကို အမျိုးမျိုးချိန်ထိုး စိစစ်၍ အချို သော ကျမ်းတိုကို ကျမ်းဝင်အဖြစ် ရွေးချယ်သတ်မှတ်ကြခြင်း၊ အချို သော ကျမ်းများကို ပယ်ရခြင်း စသည်တို ဖြစ်သည့် (Canonization) ကိစ္စရပ်များ (ဝါ) ကျမ်းဂန်များကို ရွေးချယ် သင်္ဂါ ယနာတင်ခဲ့ရသည့် အကြောင်းများကို မသိ၍လည်း ဖြစ်နိုင်သည်။ ကျမ်းဝင်၊ ကျမ်းပယ်များ ရွေးချယ်ရခြင်း၏ နောက်ခံသဘောထား များသာမက ဂျူးလူမျိုးတို၏ ယဉ်ကျေးမှု အစဉ်အလာတိုကို သဘောမပေါက်သေး၍လည်း ဖြစ်နိုင်သည်။ ။
အခြေအမြစ်မရှိဘဲ မည်သိုပင် မဟုတ်မမှန် ရေးသားနေကြ ပါလေစေ၊ ထိုကျမ်းပယ် ခရစ်ဝင်ကျမ်းတို “အပြင်” အောက်ပါ ကျမ်းများလည်း ရှိနေသေးသည်ကို ခရစ်ယာန်တိုင်းက သဘောပေါက် ထားကြစေလိုသည် –
(က) တမန်တော် (၁၂)ပါးတို၏ သွန်သင်ချက်များ (Didache) (၁၈၅၅ခုနှစ်တွင် သုတေသနပညာရှင် များက တွေ့လာခဲ့သည်) ၊
(ခ) တမန်တော် ရှင်ပေါလု၏ လုပ်ဆောင်ချက်များ (Acts of Paul)
(ဂ) တမန်တော်တို၏ ဩဝါဒများ (Epistles of the Apostles)
(ဃ) ၊ ကလီးမန်းဩဝါဒပထမစောင်နှင့် ဒုတိယစောင်
(င) ဗာနဗ၏ သြဝါဒစာ
(စ) ပေါ်လီကပ်၏ ဩဝါဒစာ
(ဆ) အစ်ဂနေရှပ်(စ်)၏ ဩဝါဒစာ
(ဇ) ဟမ်း(စ်)မြိုမှ သိုးထိန်းကြီး၏ကျမ်း (Shepherd of Herms)
(စျ) ဒိုင်ယိုဂနီတပ်(စ်)၏ ဩဝါဒစာ
(ည) အေသင်မြိုမှ အရစ်(စ်)တိုက်(ဒ်)၏ ကျမ်း
(ဋ) ဂျပ်စတင်၊ မားတား၏ ကျမ်း (၂)စောင်
(ဌ) တာသျှမ်း၏ ဂရိလူမျိုးတိုအား ဟောပြောချက်
(ဍ) အာသေနာဂိုးရမ်း၏ ကျမ်း
(ၓ) အန္တိအုတ်မြိုမှ သော်ဖိလှ၏ကျမ်း စသည်တို ဖြစ်ပါ၏။
အထက်ပါကျမ်းစာများကို ဖတ်ရှုလေ့လာခြင်းမရှိဘဲ ခရစ် တော်၏ သက်တော်စဉ်နှင့် ဩဝါဒများ၊ ခရစ်ယာန်တို၏ ယုံချက်နှင့် သဘောတရားများ၊ ခံယူချက်များ၊ သမိုင်းစဉ် အဖြစ်အပျက်မှန်တိုကို ကောင်းစွာ သဘောပေါက် နားလည်လိမ့်မည်မဟုတ်သေးကြောင်းကို သာကျွန်တော့်အနေဖြင့် ဤနေရာ၌ ဖော်ပြလိုပါသည်။
လက်ရှိခရစ်ဝင်ကျမ်းများကို ဖတ်ရှုရာတွင် သတိပြုရမည့် အချက်ကြီးများ ၊
လက်ရှိ ကျွန်တော်တို၏ သမ္မာကျမ်းထဲရှိ ခရစ်ဝင် (၄)ကျမ်း အားဖြင့် ခရစ်တော်၏ သက်တော်စဉ်နှင့် သြဝါဒများကို လေ့လာ ကြလျှင် အောက်ပါအချက်ကြီးများကို ရှေးဦးစွာ သတိပြုထားဘို အလွန်အရေးကြီး ပါသည်
(က) ထိုကျမ်းများသည် ယနေ့ ကျွန်တော်တို နားလည်သော သမိုင်းနှင့် အတ္ထုပ္ပတ္တိစာစောင်များကဲ့သို ရေးသားထားသည် မဟုတ်ပါ။ ယခုခေတ် ကျွန်တော်တို ၏ သမိုင်းစာအုပ်များ၊ အတ္ထုပ္ပတ္တိများကို ရေးသားပြုစုကြရာတွင် သမိုင်း၏ ဖြစ်ရပ်များ၊ ထိုတစ်ဦးတစ်ယောက်သော ဂ္ဂိုလ်ကြီး၏ ဘဝဖြစ်စဉ် တိုကို နှစ်ပေါင်းများစွာ အချိန်ယူလျက် လူပေါင်းများစွာတိုကို တွေ့ဆုံမေးမြန်း၍ အတိအကျ သုတေသန ပြုလုပ်ပြီးမှ ရေးသား ကြရပါသည်။ ထိုပုဂ္ဂိုလ်ကြီးများ၏ မွေးနေ့သက္ကရာဇ် မွေးရပ်ဇာတိ၊ ငယ်စဉ်တောင်ကျေး ဘဝ၊ ထိုသူ၏ ဘဝဖြစ်စဉ်များကို လိုက်လံစုံစမ်း မေးမြန်း ရှာဖွေ သုတေသနပြု၍ သေသေချာချာ ရေးကြရသည်။ ။
သိုသော် လက်ရှိခရစ်ဝင်ကျမ်းတိုတွင် ခရစ်တော်နှင့် ပတ်သက် သော သမိုင်းဖြစ်စဉ်၊ ဖြစ်ရပ်တို မပါလေသလော ဟူ၍ မေးလျှင် ပါသည်ဟု ဖြေဆိုရမည်ဖြစ်သော်လည်း ထိုခရစ်ဝင်ကျမ်းတို ကို ရေးသား ပြုစုခဲ့သည့် ဂ္ဂိုလ်ကြီးများ၏ ဦးတည်ချက်နှင့် ရည်ရွယ်ချက်မှာ သမိုင်းကို မှတ်တမ်းတင် ရေးသားပြုစုရန်မဟုတ်၊ သူတို၏ “ယုံကြည်ချက်” ကို လူအပေါင်းတိုအား “သက်သေခံ၍” ထိုယုံချက် “များ ကိုသာ အာသီသစိုက် ရေးသားထားခဲ့ခြင်းဖြစ်ပါသည်။ ခရစ်တော်ကို သူတို မည်သို သိရှိနားလည်သည်။ သူတို၏ ရင်တွင်း၌ ရှိသော ယုံချက်၊ ခံယူချက်၊ သဘောတရားများကိုသာ ဦးစားပေး ဖော်ပြရေးသားခဲ့ခြင်းဖြစ်၏။
ရှင်ယောဟန် ကိုယ်တိုင်ကလည်း သူ၏ ခရစ်ဝင်ကျမ်း၏ နောက်ဆုံးသောအပိုဒ်၌ “ယေရှု ပြုတော်မူ သော အခြားအမှုအရာ များရှိသေး၏။ ထိုအမှုအရာရှိသမျှတိုကို အသီးအခြား ရေးထားလျှင် မြေကြီးမဆုံနိုင် အောင် ကျမ်းစာ များပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏” ဟူ၍ ရိုးသား ဖြောင့်မတ်စွာ ရှင်းရှင်းလေး ဆိုထားခဲ့သည်။ (ယော၊ ၂၁း၂၅)
ထိုအကြောင်းကို ထောက်သော် ခရစ်တော်၏ သဘောတော်၊ တရားတော် ကိုယ်တော်၏ ပြုမူချက်တိုကို ရှိရှိသမျှ အသေးစိတ် လိုက်လံ ဖော်ပြရေးသားခြင်းမပြုတော့ဘဲ ခရစ်တော် ဟောပြော သွန်သင်ခဲ့သော ကယ်တင်ခြင်း တရားတော်၏ “အဓိက အနှစ်သာရ” ပေါ်လွင်လာလျှင် လုံလောက်ပြီဟူသောသဘောဖြင့် အရေးကြီးသော အကြောင်း အရာများကိုသာ မှတ်တမ်းတင်ခဲ့ပါ၏။
ထိုကြောင့် လက်ရှိ ခရစ်ဝင်ကျမ်းတိုသည် ကျမ်းပြုစုသူတို၏ ယုံကြည်ချက်နှင့် ကိုယ်တွေ့ခံစားချက် တိုအပေါ်၌ မူတည်၍ ရေးသား ထားသော သမိုင်းမှတ်တမ်းများသာဖြစ်သည်။ တစ်နည်းဆိုရသော် ခရစ်တော်၏ သက်တော်စဉ်ရှိ အရေးကြီးဖြစ်ရပ်များကို သူတို၏ ယုံကြည်ချက်နှင့် ယှဉ်တွဲ၍ ရှင်းလင်းဖော်ပြထားသော “ပုဂ္ဂလိက သက်သေ ခံချက်များ” သာ ဖြစ်သည်ကို အထူးသတိပြုစေလိုပါ၏။
ထိုကြောင့် ခရစ်ဝင်ကျမ်းတိုကို ရေးသားပြုစုသူတိုက ဖြစ်ရပ် များကို ဖော်ပြရာတွင် “တစ်ရံရောအခါ…” ဟူ၍ အစပြုပြီး ထို ဖြစ်ရပ်တိုင်း၏ သက္ကရာဇ်၊ နေ့စွဲ၊ ဒေသ စသည်တိုကို ဖော်ပြထား ခြင်းမရှိကြောင်း တွေ့ရပါလိမ့်မည်။
ခရစ်တော်၏ အရပ်အမောင်း၊ အလေးချိန် မည်မျှရှိသည်။ ဆံပင်၊ နဖူး၊ မျက်နှာ၊ ကိုယ်လုံးကိုယ်ထည် စသည့် ရုပ်သဏ္ဍာန် တော်ကိုပင် ဂရုတစိုက် ဖော်ပြခဲ့ခြင်းမရှိကြ။ အမှန်ဆိုရလျှင် သမ္မာ ကျမ်းကို သေသေချာချာ လေ့လာကြည့်ပါ။ သမ္မာကျမ်းက တစ်ကျမ်း လုံးတွင် မည်သည့်ပုဂ္ဂိုလ်တစ်ဦး၏ ရုပ်ဆင်းသဏ္ဍာန်ကို အသေးစိတ် ရေးသားဖော်ပြထားခြင်း မရှိကြောင်းကို ထူးခြား အံ့သြစွာ တွေ့ရ ပါလိမ့်မည်။ ပုဂ္ဂိုလ်တစ်ဦး၏ “ရုပ်ဆင်းသဏ္ဍာန်” ထက် “သူ၏အပြုအမူလုပ်ဆောင်ချက်”တိုကိုသာ ဦးစားပေး ဖော်ပြထားပါ၏။
(ခ) သူတို၏ အဓိက တင်ပြချက်မှာ ခရစ်တော်ဟောပြော ခဲ့သော ကယ်တင်ခြင်းတရားတော် (ဝါ) ဝမ်းမြောက်ဘွယ်ရာ သတင်းကောင်းသာလျှင်ဖြစ်သည်။ ခရစ်တော်သည် (မေရှိယ) ကယ်တင်ရှင် စစ်မှန်၍ ခရစ်တော်အားဖြင့် ကယ်တင်ခြင်းသို ရောက် မည်ဟူသော အချက်ကိုသာ ဦးတည်သည်။ ရှင်ယောဟန်က “ယေရှု သည် ခရစ်တော်တည်းဟူသော ဘုရားသခင်သားတော်ဖြစ်တော် မူသည်ကို သင်တိုသည် ယုံမည်အကြောင်း၊ ထိုသို ယုံ၍ နာမတော်အားဖြင့် အသက်ကို ရမည်အကြောင်း ဤမျှလောက် ရေးသား ထားလျက်ရှိသတည်း” ဟု ဆိုခဲ့ပါ၏။ (ယော၊ ၂၀း၃၁)။ ထိုကြောင့် ခရစ် ဝင် ကျမ်းတို ကို ရေးသားသူများက ယေရှုသည် “ခရစ်တော်”မှန်ကြောင်း၊ ထိုခရစ်တော်ကို လူအပေါင်းတို ယုံကြည် လာကြရေးသည်သာလျှင် သူတို၏ ရည်ရွယ်ချက်ဖြစ်ကြောင်း၊ ထို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံစားရရေးအတွက် ရေးခဲ့ကြောင်း ရှင်းရှင်းဖော်ပြထားသည်။ သူတိုသည် ခရစ်တော်၏ အတ္ထုပ္ပတ္တိကို ယခုခေတ် ရေးဟန်အတိုင်း ရေးခြင်းမဟုတ်၊ ယေရှု၏ လုပ်ဆောင် ချက်တိုကိုပင် ပြည့်ဝစုံလင်စွာ ရေးနိုင်ခြင်းမရှိခဲ့ကြောင်းကိုလည်း အထူးသတိပြုထားသင့်သည်။
(ဂ) ထိုခေတ်က စာဖြစ် မှတ်ကျောက်တင်ရေးသားရသည် မှာ ယခုခေတ်ကဲ့သို မလွယ်ကူလှပါ။ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က စာအားဖြင့် ရေးသားမှတ်ကျောက်တင်ရန် ယခုကဲ့သို စာရေး စက္ကူ၊ ကလောင်တံ၊ မင် စသည်တို ပေါများသည်မဟုတ်။ သူတို ခမျာမှာ အီဂျစ်နိုင်ငံ နိုင်း(လ်)မြစ်ကမ်းပါး၊ ဂျော်ဒန်မြစ်ကမ်းပါးတို၌ ပေါက်ရောက်သော ပါပီရပ်(စ်)ခေါ် ကျူပင်များကို လိုက်လံရိတ်သိမ်း ပြီး ထိုအပင်တို၏ အူတိုင် သိုမဟုတ် အလယ်ရှိ အမျှင်တံကို ထုတ်ယူရသည်။ ထိုနောက် နေပူလှန်းရသည်။ ထိုနောက်မှ အဝ ရှည်ရှည်၊ အမျှင်ပြားများကို ဖြတ်တောက်ရသည်။
ထိုအမျှင်ပြားများကို ဖျောငယ်ကဲ့သိုရက်ရသည်။ တစ်ခုနှင့် တစ်ခုကပ်ရသည်။ ၎င်းတိုကို စာရွက်ကဲ့သို လည်းကောင်း၊ စာလိပ် ကဲ့သိုလည်းကောင်း ဖြစ်လာစေရန် ရက်ကြရသည်။
ပိုက်ဆံတတ်နိုင်သူအချိုကသာ (Vellum) ခေါ် သားရေပြား ကို ဖြတ်တောက်ပြီး ၎င်းတိုအပေါ်၌ ရေးသားနိုင်ကြသည်။ ရေးသား ကြရသည့် ကလောင်တံများမှာလည်း အိုးခြမ်းပဲ့များ၊ ချွန်ထက်သော သံချောင်းများဖြစ်ကြသည်။ ကျောက်ပြား ရွှစေးများပေါ်၌လည်း ရေးသားကြရခြင်းများ ရှိပါသေးသည်။
ထိုကြောင့် စာဖြင့်ရေးသား မှတ်ကျောက်တင်ရန် မလွယ်ကူ လှသဖြင့် အဓိက လိုရသဘောကိုသာလျှင် တိုတို တုတ်တုတ် ကျစ်လစ်သိပ်သည်းစွာ ရေးသားခဲ့ရခြင်း ဖြစ်၏။
အခန်း (၃)
သက်တော်စဉ်၏ အရေးကြီး သက္ကရာဇ်များ
ဂရိ / ရောမက်တွင် သက္ကရာဇ်များ တွက်ချက်ကြပုံ အမျိုးမျိုးရှိပါသည်။
ထိုအထဲမှ တွက်ချက်ပုံတစ်မျိုးမှာ ရောမမြိုတော်ကို စတင် တည်ဆောက်သည့်နှစ်မှစပြီး ရေတွက်သတ် မှတ်ကြသော သက္ကရာဇ် ဖြစ်သည်။ ၎င်းကို အေ၊ယူ၊စီ (Ab Urbe Condita)ဟု ခေါ်၏။
ထိုသက္ကရာဇ်အတိုင်း သတ်မှတ်လာခဲ့ပြီး အေဒီ (၆)ရာစုနှစ်သို ရောက်သော် အာရှတိုက်မြောက်ပိုင်း သကုတိပြည် (Scythia)မြိုမှ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ဒိုင်ယိုးနီးစီးယပ်(စ်) အိတ် စီးဂတ်(စ်) (Dionysius Exiguus)ဆိုသူက ခရစ်ယာန်ဘာသာ၏ အဓိကဖြစ်သော ခရစ်တော်၏ သက်တော်စဉ်ကို အမှီပြုပြီး သက္ကရာဇ် တွက်ချက်ရေးအတွက် အကြံပေးခဲ့သည်ကို အားလုံးလက်ခံခဲ့ကြ၏။
ထိုဘုန်းတော်ကြီးသည် ကိုယ်လုံးကိုယ်ထည် သေးငယ်သူဖြစ် ဟန်တူသည်။ အဘယ်ကြောင့်ဆိုသော ထိုအမည်၏ အဓိပ္ပါယ်မှာ “သေးငယ်သူ ဒင်းနစ်(စ်)”ဟူ၍ ဖြစ်သောကြောင့်တည်း။ ။
ဘုန်းတော်ကြီးသည် သီဩလောကီရေးရာတွင်လည်းကောင်း၊ ဂဏန်းသင်္ချာတွင် လည်းကောင်း၊ နက္ခတ်ဗေဒတွင် လည်းကောင်း အလွန်တော်သူဖြစ်သောကြောင့် လူတိုင်းက အတော်လေးပင် လေးစား ကြသည်။ သူက ခရစ်တော် မွေးဖွားတော်မူခဲ့သည့်နှစ်မှစပြီး ခရစ် သက္ကရာဇ်ကို တွက်ချက်သည်။ ထိုကြောင့် လည်း ၎င်းသက္ကရာဇ်ကို အေဒီ (AD-Anno Domini) “ငါတိုသခင်ဘုရားနှစ် (The Year of our Lord) ဟူ၍ အဓိပ္ပါယ်ရသည်။ ပုပ်ရဟန်းမင်းကြီး ရှာလီမိန်း လက်ထက်တွင် ရောမသက္ကရာဇ်အစား ခရစ်သက္ကရာဇ်ကို တရားဝင် စတင်အသုံးပြုလာကြတော့သည်။
သိုသော် ဝမ်းနည်းစရာကောင်းသည့် အချက်တစ်ချက်မှာ ခရစ်တော် မွေးဖွားတော်မူခဲ့သောနှစ်ကို ဒိုင်ယိုနီးစီးယပ်(စ်)၏ တွက် ချက်မှုက အနည်းဆုံး (၄)နှစ်ခန့် လွဲချော်သွားခဲ့ခြင်းဖြစ်သည်။ ခရစ်တော် မွေးဖွားရာနှစ်ကို အေစီ ရ၅ဝ၏ နောက်ပိုင်းတွင် ထားရမည့် အစား သူက အေယူစီ ရ၅၄ဟု သတ်မှတ်ခဲ့ သောကြောင့်ဖြစ်၏။
အေယူစီ ရ၅ဝသည် ဟေရုဒ်မင်းကြီး နတ်ရွာစံခဲ့သောနှစ် ဖြစ်၍ ဘီစီ (၄)တွင်ဖြစ်ကြောင်း သေချာသည်။ ခရစ်တော် မွေးဖွား သောနှစ်တွင် ဟေရုဒ်မင်းကြီးသည် နတ်ရွာမစံသေးဘဲ နန်းစံနေသော ကြောင့် ခရစ်တော်သည် ဘီစီ ၄နောက်ပိုင်းတွင်မှ မွေးဖွားသန့်စင် ခဲ့သည်မှာလည်း သေချာပါသည်။ မည်သည့်နှစ်တွင် မွေးဖွားသန့်စင် သည်ကို နောက်ပိုင်းတွင် ကျွန်တော်တွက်ချက်ပြပါမည်။
ဒိုင်ယိုနီးစီးယပ်(စ်)၏ အမှားကို တွေ့ရှိကြသောအခါတွင် တစ် ကမ္ဘာလုံးရှိ သမိုင်းဝင် မှတ်တမ်းအားလုံး ကို လိုက်လံပြင်ဆင်ရတော့ မည်ဖြစ်၍ ဘာမျှမတတ်နိုင်ကြတော့ဘဲ ထိုအတိုင်းပင်ထားလိုက်ကြရ ပါတော့၏။
ထိုအပြင် အထူးသတိပြုစေလိုသည့်အချက်မှာ သက္ကရာဇ် သုညဆိုသည်မှာမရှိကြောင်းပင်ဖြစ်ပါသည်။ ထိုကြောင့် ဘီစီ ၁ ကုန် ပြီးလျှင်ပြီးချင်း အေဒီ ၁ အစပြုပါသည်။ ဘီစီ ၄မှ အေဒီ ၄အထိ တွက်ချက်လျှင် (၅)နှစ်ရသည်။
ခရစ်တော်၏ သက်တော်စဉ်ကို လေ့လာကြသောအခါ မွေး ဖွားတော်မူရာနှစ်၊ ဗတ္တိဇံ (နှစ်ခြင်း) ခံတော် မူရာနှစ်၊ အမှုတော်လုပ် ငန်း အစပြုတော်မူရာနှစ်၊ အသေသတ်ခြင်းခံတော်မူရာနှစ်ကို ရှေးဦးစွာ တွက်ချက်ကြည့် သင့်ကြပါသည်။ ထိုကြောင့် ထိုနှစ်များကို ကျွန်တော် ယခုတွက်ချက်ပြပါမည်။
ခရစ်တော်၏ မွေးဖွားတော်မူရာ သက္ကရာဇ်
ဓမ္မသစ်ကျမ်းရှိ ကျမ်း (၂၅)စောင်စလုံးတွင် ယေရှုမွေးဖွား တော်မူရာမြိုသည် ဗက်လင်မြိုဖြစ်ကြောင်း မှလွဲ၍ ကိုယ်တော်ရှင် မွေးဖွားတော်မူခဲ့သည့် နှစ်၊ လနှင့် နေ့ရက်အတိအကျကို ဖော်ပြ မထားကြပါ။ သိုသော်လည်း ကျွန်တော့်အနေဖြင့် ကျမ်းချက်များအပေါ် မူတည်ပြီး မွေးဖွားသည့် သက္ကရာဇ် ခန့်မှန်းခြေကို တွက်ချက်ပြသွား ပါမည်။
(က) အခြေပြုချက် (၁) ။ “ယုဒပြည် ဗက်လင်မြို၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကို ခံတော် မူပြီးမှ မာဂုပညာရှိတိုသည် အရှေ့ပြည်က ယေရုရှလင်မြိုသို ရောက်လာကြလျှင် ယခုဖွားမြင်သော ယုဒရှင်ဘုရင်သည် အဘယ် မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို မြင်ရသည် ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏” (မဿဲ ၂း၁-၂)
မာဂုပညာရှိတို့သည် ဟေရုဒ်မင်းကြီး၏ရှေ့တော်မှောက်သို ရောက်လာကြပြီး ယေရှု၏ ဖွားမြင် တော်မူရာအကြောင်းစုံကို သံတော် ဦးတင် စုံစမ်းမေးမြန်းကြသည်။ ထိုကြောင့် ဟေရုဒ်မင်းကြီးသည် ယေရှုမွေးဖွားတော်မူချိန်၌ နန်းစံနေကြောင်းမှာ သေချာ၏။
သမိုင်းပညာရှင် ဂျိုဆီးဖပ်(စ်)၏ မှတ်တမ်းအရ ဟေရုဒ် မင်းကြီးသည် အေယူစီ ရ၅၀ခုနှစ်၊ ပသခါပွဲနေ့ချိန်ခါ သိုမဟုတ် ထိုပွဲနေ့မတိုင်မီကလေးတွင် နတ်ရွာစံတော်မူခဲ့ကြောင်း သိရှိရသည်။ ထိုသိုဆိုလျှင် ဘီစီ ၄၊ ဧပြီလ ၄ရက်နေ့ ပတ်ဝန်းကျင်၌ နတ်ရွာစံ ခဲ့သည်ဖြစ်၍ ယေရှုသည် ဘီစီ (၄)မတိုင်မီ မွေးဖွားခြင်းခံပြီး ဖြစ်ရ မည်။ ဘီစီ (၄)မတိုင်မီ မွေးဖွားတော်မူသည်မှန်သော်လည်း ဘီစီ (၄) ၊ သိုမဟုတ် (၅) သိုမဟုတ် (၆) ဟူ၍ အတိအကျ မပြောဆိုနိုင်သေးပါ။
သိုသော် (မဿဲ၊ ၂း၁၆)ကို ကြည့်ပြန်လျှင် ဟေရုဒ်မင်းကြီး က “ဗက်လင်မြိုမှစ၍ ကျေးလက်ရှိသမျှတို၌ (၂)နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ်ယောက်ျားအပေါင်းတို ကို သတ်စေ” ဆိုသဖြင့် ယေရှုသည် မာဂုပညာရှိများ ရောက်လာချိန် တွင် (၂)နှစ် အရွယ်သော်လည်းကောင်း၊ (၂)နှစ်အောက်ဖြစ်သော (၁)နှစ်ခွဲ သိုမဟုတ် (၆)လအရွယ်ခန့်ရှိနေပြီး ဖြစ်နေရပါလိမ့်မည်။
သို့ကြောင့် ယေရှု၏ မွေးဖွားချိန်သည် ဘီစီ (၄)ထက် နောက် မကျ၊ ဘီစီ (၆)ထက်မစော၊ ဘီစီ (၄)နှင့် (၆) စပ်ကြားတွင် ဖြစ်ရ ပေလိမ့်မည်။
(ခ) အခြေပြုချက် (၂) ။ “ထိုအခါ တစ်နိုင်ငံလုံးကို စာရင်းယူစေခြင်းငှာ ကဲသာဘုရင် ဩဂုတ္တုသည် အမိန့်တော်ရှိ၏။ ကုရေနိသည် ရှုရိပြည်၌ မြိုဝန်ဖြစ်စဉ်တွင် ဤပထမစာရင်းယူခြင်း ဖြစ်သတည်း” (လုကာ၊ ၂၁)
သိုဖြစ်လျှင် ကုရေနိသည် ရှုရိပြည်၌ မည်သည့်နှစ်တွင် မြိုဝန်ဖြစ်ခဲ့သနည်း?
ရောမသမိုင်းစဉ်မှတ်တမ်းများအရ ကုရေနိသည် ရှုရိပြည်၌ မြိုဝန် (၂)ကြိမ်ဖြစ်ခဲ့သည်ဟု Zumpt နှင့် Sir William Ramsay ဆိုသည့် ဓမ္မပညာရှင်တိုက ဖော်ပြထားသည်။ ပထမအကြိမ်က ဘီစီ ၄မှ ၁အထိ မြိုဝန်ဖြစ်ပြီး၊ ဒုတိယအကြိမ်တွင် အေဒီ ၆မှ ၁၁နှစ် အတွင်း ဖြစ်ခဲ့ပါ၏။ အေဒီ ၆တွင် ယေရှုသည် မမွေးဖွားနိုင်ပါ။ အဘယ်ကြောင့်ဆိုသော ဟေရုဒ်မင်းကြီးသည် ဘီစီ ၄ကတည်းက နတ်ရွာစံပြီးဖြစ်ပါ၍ ယေရှုသည် ဟေရုဒ်မင်းကြီးလက်ထက်၌ မွေးဖွား တော်မူခဲ့သည်မှာ သေချာသောကြောင့်ဖြစ်၏။
တဖန်တုံ ကနဦးအသင်းတော်၏ ဖခင်ကြီးတစ်ဦးဖြစ်သူ တာတူလျှံက ဆယ်တန်းနိယပ်(စ်)ဆိုသူသည် ရှုရိပြည်၌ မြိုဝန်ဖြစ် စဉ်က သန်းခေါင်စာရင်းကောက်ယူခဲ့သည်ဟု မှတ်တမ်းတင်ထားခဲ့ သည်။ သိုဖြစ်လျှင် ရှုရိပြည်၏ မြိုဝန်များစာရင်းကို စစ်ဆေးကြည့် ပါက အောက်ပါအတိုင်း တွေ့နိုင်သည်
(က) ဘီစီ ၉-၆အထိ မြိုဝန် ဆယ်တန်းနီးယပ်(စ်)
(ခ) ဘီစီ ၆-၄အထိ မြိုဝန် ဗေးရပ်(စ်)
(ဂ) ဘီစီ ၄-၁အထိ မြိုဝန် ကုရေနိဟူ၍ တွေ့ရပါသည်။
သိုသော် ယေရှုသည် သန်းခေါင်စာရင်းယူချိန်၌ မွေးဖွားခြင်း ခံခဲ့သည်မှာ သေချာပါ၍ ရှင်လုကာသည် ဆယ်တန်းနီးယပ်(စ်)၏ အမည် အစား ကုရေနိအမည်ကို မှားယွင်းစွာ ရေးခဲ့ပါသလား? မဖြစ်နိုင်ပါ။ သိုဖြစ်လျှင် ဤကိစ္စကို အဘယ်သို ဖြေရှင်းမည်နည်း? အဖြေနှစ်မျိုး ပေးနိုင်ပါသည်
ပထမအဖြေ ။ ကျမ်းစကားကို သေချာစွာ ပြန်ဖတ်ပါလျှင် ကဲသာဘုရင်ဩဂုတ္တုသည် သန်းခေါင်စာ ရင်းယူရန် အမိန့်ထုတ်ပြန် ခဲ့ရုံမျှသာဖြစ်သည်။ အမိန့်ထုတ်ပြန်သည့်အခါတွင် ဆယ်တန်နီးယပ်(စ်) သည် မြိုဝန်ဖြစ်နေကောင်းဖြစ်နေပါလိမ့်မည်။ သိုသော် သန်းခေါင် စာရင်းကောက်ယူရသည့်ကိစ္စသည် လွယ်ကူလှသည်မဟုတ်။ ယခု ကဲ့သိုသော ကွန်ပျူတာခေတ်မျိုး၌ပင်လျှင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ရန် အချိန်များစွာ လိုအပ်လေ့ရှိပါ၏။ ထိုနည်းတူ လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝဝဝခန့်က သာ၍ပင် ကြိုတင်ပြင်ဆင်ချိန် လိုအပ်ပါလိမ့်မည်။
ထိုကြောင့် ကဲသာဘုရင်က အမိန့်ထုတ်ပြန်ချိန်တွင် ဆယ် တန်နီးယပ်(စ်)သည် မြိုဝန်ဖြစ်နေနိုင်ပါသည်။ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီး တစ်နယ်ပြီးတစ်နယ် သန်းခေါင်စာရင်း လိုက်လံကောက် ယူပြီးနောက် ကုရေနိသည် ရှုရိပြည်၌ မြိုဝန်ဖြစ်နေသောအခါမှ ယုဒ ပြည် ပါလက်စတိုင်းနိုင်ငံ၏ အလှည့် ရောက်လာပြီး ထိုနိုင်ငံ၌ စာရင်း ကောက်ယူခြင်းဖြစ်နိုင်သည်။
ဒုတိယအဖြေ ။ သန်းခေါင်စာရင်း ကောက်ချိန်တွင် ဆယ် တန်နီးယပ်(စ်)သည် မြိုဝန်ဖြစ်နေခဲ့သည် မှန်သော်လည်း ကုရေနိသည် မြိုဝန်၏တာဝန်ကို ဆယ်တန်နီးယပ်(စ်)နှင့်အတူ တွဲဖက်ဆောင်ရွက် နေခဲ့ခြင်းလည်းဖြစ်နိုင်သည်။
ဘီစီ ၆တွင် ယေရှုမွေးဖွားခဲ့သည်ဆိုလျှင် ရှင်မဿဲနှင့် ရှင် လုကာ၏ မှတ်တမ်းသည်လည်း မမှားနိုင်၊ အသင်းတော်၏ ဖခင်ကြီး တာတူလျှံလည်း မလွဲနိုင်ပါသဖြင့် ယေရှုသည် ၆ဘီစီနှင့် ၄ဘီစီစပ် ကြား မွေးဖွားခဲ့သည်ကို ဤအခြေပြုချက်က ထပ်ဆင့်ထောက်ခံ နေပြန်ပါ၏။
ထိုကြောင့် ခရစ်တော်၏ မွေးဖွားခဲ့သည့်နှစ် သက္ကရာဇ်မှာ ဘီစီ ၆နှင့် ဘီစီ ၄ အတွင်းဖြစ်နိုင်ပါသည်။
ထိုအပြင် ဂျူးလူမျိုးတို၏ သမိုင်းကို ပြန်လည်လေ့လာကြည့် ပြန်ပါလျှင် ယုဒပြည်၌ သန်းခေါင်စာရင်း လိုက်လံကောက်ယူရသည့် အချိန်မှာ နောက်ကျခဲ့ကြောင်း တွေ့ရှိရသည်။
ဟေရုဒ်မင်းကြီး၏ သားတော်များဖြစ်သော အလက်ဇန္ဒားနှင့် အာရစ်တိုဗျူလပ်(စ်)တို ပဋိပက္ခဖြစ်ခဲ့ကြ သဖြင့် ဟေရုဒ်မင်းကြီးကိုယ် တိုင် လိုက်လံနှိမ်နင်းကာ သူ၏သားများကို သတ်ဖြတ် သုတ်သင် ခဲ့ရသည်။ ထိုနောက် “ထရာကော်နီတစ်(စ်)” ဆိုသည့် အာရပ်လူမျိုး သူပုန်တစ်ဦးနှင့် နောက်လိုက်များက ထကြွသောင်း ကျန်းနေပြန်သဖြင့်ဟေရုဒ်မင်းကြီးက အာရေဗျနိုင်ငံတွင်းသိုပင် တပ်အလုံးအရင်းချီ၍ လိုက်လံတိုက်ခိုက် ခဲ့ရကြောင်း မှတ်တမ်းတင်ထားပါ၏။ အာရေဗျနိုင်ငံ သို ဟေရုဒ်မင်းကြီး၏ တပ်များ ဝင်ရောက်တိုက်ခိုက်သည် ကို နိုင်ငံပိုင် နက် ကျူးကျော်မှုအဖြစ် အာရပ်ဘုရင် ဆိုင်လေးယပ်(စ်)က-ကဲသာ ဘုရင် ဩဂုတ္တုအား တိုင်ကြားခဲ့ရသေးကြောင်း သမိုင်းမှတ်တမ်းများ တွေ့ရသည်။ ကဲသာဘုရင်ကပင် ဟေရုဒ်မင်းကြီးအား သတိပေး ဆုံးမခဲ့ရသည်။ (အင်တီကွစ်တီး(စ်) ၁၆း၉၃)
ထိုကြောင့် ယုဒပြည် ပါလက်စတိုင်းနိုင်ငံ၌ သန်းခေါင်စာရင်း ကောက်ယူချိန်မှာ နောက်ကျခဲ့ရ၍ ကုရေနိသည် မြိုတော်ဝန်ဖြစ်သော အခါမှ အဆိုပါသန်းခေါင်စာရင်းကောက်ယူခြင်းဖြစ်နိုင်ပါသည်။ အခြေ ပြုကျမ်း (၃) ။ “အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတိုမြင်ရှိသည် ဖြစ်၍..” (မဿဲ၊ ၂၂)
ယေရှုမွေးဖွားတော်မူချိန်၌ ကြယ်ကြီးတစ်လုံး ထူးခြားစွာ တောက်ပခဲ့သည်ဟု သမ္မာကျမ်းထဲ၌ အထင်အရှားတွေ့ရှိရသည်။
အေဒီ ၁၆ဝ၃ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်နေ့တွင်လည်း ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို ပူးကပ်ခဲ့သည်။ ၁၆ဝ၄ခု စက် တင်ဘာလတွင်လည်း အင်္ဂါဂြိုဟ်ကပါ ပူးကပ်ပါသဖြင့် ဂြိုဟ်သုံးခု စလုံးပေါင်းလျက် ကောင်းကင်၌ ထိန်ထိန်ညီးနေခဲ့ပါ၏။ နက္ခတ်ဗေဒ ပညာရှင်ကြီး “ကက်ပလာ”က ၎င်းတိုကို လေ့လာပြီး နက္ခတ်ဗေဒ အားဖြင့် ပြန်လည်တွက်ချက်ကြည့်သောအခါ အေယူစီ ရ၄၉ (ဘီစီ ရ)တွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို ပူးပေါင်းခြင်း၊ ဆောင်း လွန် နွေဦးအချိန် အေယူစီ ရ၅၀ (ဘီစီ ၆)တွင်လည်းထိုဂြိုဟ် နှစ်လုံးသာမက အင်္ဂါဂြိုဟ်ကပါ လာရောက်ပူးပေါင်းခဲ့ကြောင်း တွေ့ ရှိရသည်ဟု ရေးသားခဲ့သည်။ (အထူးသဖြင့် ဤကိစ္စသည် အထောက် အထားခိုင်လုံကြောင်း ၁၉၅၆ခု ဒီဇင်ဘာလ (၂၅)ရက်နေ့ထုတ် တိုင်း(မ်)မဂ္ဂဇင်း၏ စာမျက်နှာ (၂၁)ကို လေ့လာကြည့်စေလိုပါသည်)
တရုတ်ပြည်မှ နက္ခတ်ဗေဒမှတ်တမ်းများအရလည်း ထိုသို ဖြစ်ခဲ့ကြောင်း ဝန်ခံထားသည်။ ထိုကြောင့် ဘီစီ (၆)ခန့်တွင် ခရစ်တော်မွေးဖွားခဲ့ပါက ထိုအချိန်၌ ကောင်းကင်တွင် ဂြိုဟ်ကြီး သုံးလုံး ပူးပေါင်း၍ ထိန်ထိန် ညီးဖြစ်နေရပါလိမ့်မည်။
ထို “တောက်ပသော ကြယ်ကြီး” ကို မာဂုပညာရှိများက မြင်ရခဲ့၍ ယေရုရှလင်မြိုသို လာရောက်ခဲ့ ခြင်းဖြစ်နိုင်ပါ၏။ သူတို ရောက်လာကြသည့်အချိန်၌ ယေရှုသည် မွေးဖွားတော်မူပြီး ဖြစ်ရုံမက စင်ကြယ်ခြင်း မင်္ဂလာအတွက် ဗိမာန်တော်သို မာရိသည် သွားရောက် ခဲ့ပြီးပြီဖြစ်ကြောင်း မှတ်ယူထားနိုင်ပါသည်။ ထိုနောက်မှ မာဂုပညာရှိ များ ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။
သူငယ်တော်ကို ဖူးတွေ့ပြီး လက်ဆောင်ပဏ္ဏများ ဆက်သခဲ့ ကြသည်။ ဟေရုဒ်မင်းကြီးကလည်း (၂)နှစ်အရွယ်အောက်ရှိ သူငယ် များကို လိုက်လံသတ်ဖြတ်စေခဲ့သဖြင့် ယောသပ်နှင့်မာရိတိုသည် သူ ငယ်တော်ကို ပိုက်ပြီး အီဂျစ်နိုင်ငံသို ထွက်ပြေးခဲ့ရသည်။ ဟေရုဒ် မင်းကြီး နတ်ရွာစံပြီး သားတော်အာခေလ နန်းစံချိန် (ဘီစီ ၄) နောက်ပိုင်းမှ အီဂျစ်ပြည်က ပြန်လာပြီး နာဇရက်မြို၌ နေထိုင်ခဲ့ ကြသည်။ (ရှင်မဿဲ၊ ၂း၁၉-၂၃ကို အသေအချာဖတ်ကြည့်ပါ)။
သိုကြောင့် ခရစ်တော်သည် ဘီစီ ၆နှင့် ဘီစီ ၄စပ်ကြား၌ မွေးဖွားခဲ့သည်ဟု မှတ်ယူထားစေလိုပါသည်။
ငယ်စဉ်တောင်ကျေး ကလေးဘဝမှသည် ဗတ္တိဇံ (နှစ်ခြင်း) ခံသည်အထိ
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ခရစ်တော်၏ ကလေး သူငယ်ဘဝမှသည် ဗီ (နှစ်ခြင်း) ခံသည်အထိ ဖြစ်ရပ်ပေါင်း များစွာကို “အပေါ့(ခ်)ကရစ်ဖား’ ကျမ်းပယ်များတွင် တွေ့နိုင်သော်လည်းလက်ရှိသမ္မာကျမ်း၏ ခရစ်ဝင် ကျမ်းများတွင် ဖော်ပြ၍ မထားပါ။
ကိုယ်တော်သည် ဘီစီ (၆)တွင် မွေးဖွားတော်မူခဲ့သည်ဟု အကြမ်းဖျင်းအားဖြင့် မှတ်ယူထားခဲ့ပါလျှင် ဘီစီ (၅) ဇန်နဝါရီလ (၆)ရက်နေ့တွင် မာဂုပညာရှိများ ယေရုရှလင်မြိုသို ရောက်ရှိလာပြီး ဗက်လင်မြိုရှိ သူငယ်တော်အား ဖူးတွေ့ကြသည်။ လက်ဆောင်ပဏ္ဏာ များ ဆက်သကြသည်။ မာဂုပညာရှိများ ရောက်လာ သော ဇန်နဝါရီ လ (၆)ရက်နေ့ကို “ငပိဖေနိပွဲနေ့” ဟူ၍ ယနေ့တိုင်အောင် ရိုမန် ကက်သိုလိပ်၊ အင်္ဂလီကန်နှင့် အခြားသော အသင်းတော်များက သတ်မှတ်ထားကြပါသည်။
မွေးဖွားပြီးနောက် ရှစ်ရက်မြောက်သောနေ့တွင် အရေဖျား လှီးခြင်းမင်္ဂလာကို ဂျူးလူမျိုးတို၏ ထုံးစံအရ ပြုလုပ်ကြရသည်။ (လုကာ၊ ၁း၅၉ နှင့် ၂း၂၁ တိုကို ကြည့်ပါ)။
ကောင်းကင်တမန်က မှာကြားထားသည့်အတိုင်း ကိုယ်တော် အား “ယေရှု” ဟူ၍ အမည်မှည့်ကြသည်။ “ယေရှု” ဟူသော အမည်၏အနက်ကား “ယောရှု” “ဂျော့ဝါး” “ထာဝရဘုရားသည် ကယ်တင်ရှင်ဖြစ်တော် မူ၏”ဟူ၍ အနက်ရှိ၏။ “သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတိုကို အပြစ်မှ ကယ်ချွတ် မည့်သူဖြစ်သောကြောင့် ယေရှုဟူသော အမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏” (မဿဲ၊ ၁း၂၁)။
မွေးဖွားတော်မူပြီး (၈) ရက်မြောက်သော နေ့တွင် သူငယ် တော်အား ယေရုရှလင်မြိုရှိ ဗိမာန်တော်သို ခေါ်ဆောင်သွားပြီး “သန့်ရှင်းစင်ကြယ်သောဝတ်” ကို ယုဒဘာသာ၏ ထုံးစံအရ ပြုကြ သည်။ ယေရုရှလင်မြို သည် ဗက်လင်မြိုမှ (၆)မိုင်ခန့် ဝေးသည်။ ထိုကြောင့် ယောသပ်နှင့် မာရိတိုသည် ဗိမာန်တော်သို သွားပြီး သူငယ်တော်နှင့်အတူ မိမိတိုကိုယ်ကို ဆက်ကပ်ကြသည်။
ယဇ်ပူဇော်ရာတွင် သိုးသငယ်တစ်ကောင်ကို လည်းကောင်း၊ ငွေကြေးမတတ်နိုင်လျှင် ချိုး သိုမဟုတ် ခိုနှစ်ကောင်ကို ဆက်သ ကြရသည်။ (ဝတ်ပြုရာကျမ်း၊ ၁၂း၈ ကိုကြည့်ပါ။) ယောသပ်နှင့် မာရိတိုသည် ချိုး သိုမဟုတ် ခိုနှစ်ကောင်ကိုသာလျှင် ယဇ်ပူဇော် ကြသဖြင့် ဆင်းရဲသူများဖြစ်ကြောင်း ထင်ရှားနေပါ၏။ (လုကာ၊ ၂း ၂၂-၂၄ ကို ကြည့်ပါ)
ယောသပ်နှင့် မာရိတိုသည် အေးဆေးစွာ ယေရုရှလင်မြိုသို သွားရောက်ခဲ့ကြခြင်း၊ ငွေကြေးမတတ် နိုင်ကြသဖြင့် ချိုးကလေး သိုမဟုတ် ခို (၂)ကောင်ကိုသာ ယဇ်ပူဇော်ခဲ့ကြောင်းကို ထောက် လျှင် ထိုအချိန်၌ ဟေရုဒ်မင်းကြီးသည် (၂)နှစ်နှင့် (၂)နှစ်အောက် အရွယ်ရှိ ကလေးများကို လိုက်လံ သတ်ဖြတ်နေခြင်း မပြုသေး၊ သိုကြောင့် မာဂုပညာရှိများ လာရောက်ဖူးတွေ့ခြင်း မရှိသေးဟု ယူဆနိုင်ပါသည်။
အကယ်၍ မာဂုပညာရှိတိုက ရွှေငွေပစ္စည်းများ လာရောက် ဆက်သပြီးဖြစ်ပါလျှင် ယောသပ်နှင့် မာရိတိုသည် ငွေကြေးတတ် နိုင်လာပြီဖြစ်သဖြင့် ချိုး သိုမဟုတ် ခိုအစား သိုးသငယ်ကို ဆက်သ ကြမည်။ ယောသပ်နှင့် မာရိတိုသည်လည်း ဗိမာန်တော်သို ယခုလို စိတ်ချလက်ချ သွားနိုင်မည်မဟုတ်ဟု မှန်းဆနိုင်ပါ၏။
ဂျူးလူမျိုးတို၏ ဓလေ့ထုံးစံအရ ကလေးငယ်ကို တရားဇရပ် ၌ မူလတန်းပညာကို သင်ကြားစေရသည်။ (ကျွန်တော်တို နိုင်ငံ၌ ငယ်ရွယ်သည့်အချိန်တွင် ဘုန်းကြီးကျောင်းသို အပ်နှံကာ သင်ပုန်း ကြီး သင်စေသည့် သဘောအတိုင်းဖြစ်ပါသည်)။
လုကာ၊ ၄း၁၆ နှင့် ယော၊ ၈း၈ ကို ကြည့်လျှင် ယေရှုသည် စာဖတ်၊ စာရေးတတ်သည်ကို ထင်ရှားစွာ တွေ့နိုင်သည်။ ထိုကြောင့် ယေရှုသည် ဘုန်းတော်ကြီးကျောင်း၌ ပညာသာမက ကျမ်းစာကိုပါ သင်ကြားခဲ့ ကြောင်း ထင်ရှားသည်။ ဂျူးလူမျိုးတို၏ ထုံးစံအရလည်း ကလေးသူငယ်တိုင်းသည် စာမသင်ဘဲ မနေကြရပါ။ သမိုင်းပညာရှင်ကြီး ဂျိုးဆီးဖပ်(စ်)ကလည်း “ငါတို လူမျိုးတို၏ ထုံးစံအရ ဖခင်ဖြစ်သူသည် သူ၏ သားသမီးများအား ယုဒဘာသာစကားနှင့် ကျမ်းစာကို သင်ကြားရေးကို အဓိကထားကြသည်” ဟု ဆိုထား ပြန်သဖြင့် ယေရှုသည် (၆)နှစ် သိုမဟုတ် (ရ)နှစ်မှစပြီး နာဇရက် မြိုရှိ တရားဇရပ်၌ မူလတန်း ပညာနှင့် ပညတ္တိကျမ်းစာများကို သင်ကြားနေခဲ့ပါ၏။
တရားဟောရာကျမ်း၊ ၆း၆-ရ ကိုလည်း ကြည့်ပါဦး။ ဂျူး လူမျိုးတို၏ ထုံးစံအရ တစ်ဆူတည်းသော ဘုရားသခင်၏ အကြောင်း ကို မိဘများက သူတို၏ သားသမီးများကို မသင်မနေရ ပညတ် ထားကြောင်း တွေ့ရှိရပါလိမ့်မည်။ ၎င်းကျမ်းပိုဒ်ကို Jewish Shema ဟု ခေါ်၏။
ထိုအပြင် ဂျူးလူမျိုးတို၏ ထုံးစံအရ ဖခင်ဖြစ်သူသည် သူ၏ သားသမီးများအား အသက်မွေးဝမ်း ကျောင်းပညာ တစ်ခုခုကို မသင် ပေးဘဲမနေရ။ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက လက်မှု ပညာတစ်ခုခုကို သင်ကြားပေးရသည်။ ယောသပ်သည် လက်သမား ဖြစ်၏။ (မဿဲ၊ ၁၃၅၅)။ ယေရှုသည်လည်း လက်သမားလုပ်ငန်းကို တတ်ကျွမ်း၏။ (မာကု၊ ၆း၃)။ ကိုယ်တော်၏ ဟောပြော သွန်သင် ချက်များတွင် ထမ်းပိုး၊ ထွန်သွား၊ ထွန်ကိုင်း စသည်တိုကို မကြာ ခဏ ဟောပြောခဲ့၏။
အေဒီ (၈)ခန့်တွင် ယေရှုသည် မိဘများနှင့်အတူ ယေရုရှလင် မြိုသို ပသခါပွဲနေ့အတွက် သွားခဲ့သည်။ ထိုမြိုမှ အပြန် ယေရှု သည် ဗိမာန်တော်ထဲရှိ ရှိဆရာကြီးများနှင့် တရားတော်များ ဆွေးနွေး နေခဲ့သဖြင့် မိဘများပြန်သွားသောအခါ ကျန်ရစ်ခဲ့သည်။ ထိုကြောင့် ယောသပ်နှင့် မာရိတိုက လိုက်လံရှာဖွေခဲ့ကြသည်။ ထိုမှတစ်ဖန် နာဇရက်မြိုသို မိဘများနှင့်အတူ ပြန်၍ နေထိုင်ခဲ့သည်။ ရှေးသူတော်စင်များ၏ စာပေ၊ ကနဦးအသင်းတော်၏ သမိုင်းအစဉ်အလာ မှတ်တမ်းအရ ယောသပ်သည် အသက်ငယ်ရွယ်စဉ် ဆုံးပါးသွားခဲ့ သဖြင့် မာရိခမျာမှာ မုဆိုးမဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။ ယေရှု သည် သားအကြီးဆုံးဖြစ်သည့် အားလျော်စွာ တစ်အိမ်ထောင်လုံးကို တာဝန်ယူ၍ ရှာဖွေကျွေးခဲ့ရရှာသည်။ ကိုယ်တော်၌ ယာကုပ်၊ ယောသေ၊ ယုဒနှင့် ရှိမှန်အမည်ရှိသော ညီငယ်များသာမက ညီမများလည်း ရှိပါ၏ (မာကု၊ ၆း၃)။ ထို ကြောင့် ယေရှုသည် (၁၈)နှစ် တိုင်တိုင် တစ်အိမ်ထောင်လုံးကို ကျွေးမွေးသုတ်သင်ခဲ့ရကြောင်းမှာ သေချာ နေပါ၏။
ဗတ္တိဇံ (နှစ်ခြင်း) ခံသော နှစ်သက္ကရာဇ်
ယေရှု ဗတ္တိဇံ (နှစ်ခြင်း) ခံသောနှစ်ကို ဖော်ပြထားသည့် ကျမ်းပိုဒ်များ ရှိပါသည်။ ရှင်လုကာက သူ၏ ခရစ်ဝင်ကျမ်း (၃း၁) တွင် “ ကဲသာဘုရင် တိရိနန်းစံ တစ်ဆယ့်ငါးနှစ်တွင်…” ဟူ၍ အတိအလင်း ဆိုထားသည်။
ထိုနှစ်တွင် ဗကံ (နှစ်ခြင်း)ဆရာယောဟန်သည် တောအရပ်မှ ထွက်လာပြီး တရားဒေသနာများ ဟောပြောနေခဲ့သည်။ ထို အချိန်၌ ယေရှုသည်လည်း ယောဟန်ထံသို ကြွလာပြီး သူ၏လက်၌ ဗတ္တိဇံ (နှစ်ခြင်း)ကို ခံခဲ့သည်ဟု မှတ်တမ်းတင်ထားသည်။
ကဲသာဘုရင် တိဗေရီသည် ကဲသာဘုရင် ဩဂုတ္တ၏ မွေးစား သားတော်ဖြစ်ပါ၏။ ထိုသားအဖ နှစ်ဦးစလုံးသည် အေဒီ ၁၁ ခန့်မှ စ၍ ပူးတွဲ၍ ရောမ အင်ပိုင်ယာကြီးကို (၃)နှစ်ခန့် စိုးမိုးအုပ်ချုပ် ခဲ့ကြသည်။
အေဒီ (၁၄) သြဂုတ်လ (၁၉)ရက်နေ့တွင် ကဲသာဘုရင်သြဂုဇ် နတ်ရွာစံခဲ့သည်။ ထိုကြောင့် တိဗေရီသည် အေဒီ ၁၄ စက် တင်ဘာလ (၁၅)ရက်နေ့တွင် နန်းတက်ပွဲ ကျင်းပပြီး ရောမအင်ပိုင် ယာကို တစ်ဦးတည်း စိုးမိုးအုပ်ချုပ်လေသည်။
သိုဖြစ်လျှင် ရှင်လုကာက “ကဲသာဘုရင် တိဗေရိ နန်းစံ တစ်ဆယ့်ငါးနှစ်တွင်…”ဟု ဆိုရာ၌ တိဗေရိ တစ်ဦးတည်း အုပ်စိုး ချိန်ကိုသာ တွက်ချက်ထားပါသလား? ထိုသို တွက်ချက်ထားပါက ယေရှု၏ ဗတ္တိဇံ (နှစ်ခြင်း)ခံသော နှစ်သည် အေဒီ ၁၄+၁၅ နှစ် = အေဒီ (၂၉) ဖြစ်ရပါလိမ့်မည်။
သိုမဟုတ် ရှင်လုကာက တိဗေရိနှင့် သြဂုတ္တုတို အတူတကွ ပူးတွဲစိုးစံချိန်ကိုပါ ထည့်သွင်း တွက်ချက်ထားပါက ကိုယ်တော်၏ ဗတ္တိဇံ (နှစ်ခြင်း)ခံသည့် သက္ကရာဇ်သည် အေဒီ ၁၁+၁၅နှစ် = အေဒီ (၂၆) ဖြစ်ရပါလိမ့်မည်။ ။
ရှင်လုကာသည် အဘယ်သို တွက်ချက်ထားပါသနည်း?
ဤမေးခွန်းကို ဖြေဆိုရန် ရှင်လုကာ၏ အခြားသော ကျမ်း တစ်ပိုဒ်ကိုပါ ယှဉ်တွဲ ညှိနှိင်းကြရပါလိမ့်မည်။ ထိုကျမ်းချက်မှာ လုကာ၊ ၃း၂၃ တွင် ဖော်ပြထားသော “ထိုအခါ ယေရှုသည် အနှစ် သုံးဆယ်ခန့်ရှိတော်မူ၏” ဆိုသည့် ကျမ်းစကားပေတည်း။
အထက်တွင် ကျွန်တော်တင်ပြထားသော အခြေပြုကျမ်းချက် များကို သုံးသပ်ကြည့်လျှင် ကိုယ်တော်သည် ဘီစီ (၆)နှင့် (၄) စပ်ကြား၌ မွေးဖွားသန့်စင်ခဲ့ကြောင်း အထောက်အထား ခိုင်လုံနေ ရုံမက၊ ဓမ္မပညာရှင် အများစုကလည်း အဆိုပါ သက္ကရာဇ်ကို သဘောတူ ထားကြပါ၏။
သိုကြောင့် ကိုယ်တော်သည် ဘီစီ (၅)တွင် မွေးဖွားခဲ့သည် ဟု ရှေးဦးစွာ မှန်းဆထားကြည့်ပါစို။ ရှင်လုကာက တိဗေရိ တစ်ဦးတည်း နန်းစံချိန်ကိုသာ တွက်ပြီး ရေးသားထားပါက ကိုယ်တော် ဗတ္တိဇံ (နှစ်ခြင်း) ခံသည့် သက္ကရာဇ်မှာ အေဒီ (၂၉)ဖြစ်လိမ့်မည်။ အေဒီ (၂၉)ဆိုလျှင် ကိုယ်တော်သည် ထိုအချိန်၌ အသက် (၃၃)နှစ် ခန့် ရှိနေပါလိမ့်မည်။
ထိုကြောင့် ဤကိစ္စသည် မဖြစ်နိုင်ပါ။ ရှင်လုကာက ကိုယ် တော်သည် ““အနှစ်သုံးဆယ်ခန့်”ဟု ဆိုထားရာ (၃၃)နှစ် ရှိနေ နိုင်လောက်အောင် ကွာခြားလိမ့်မည်မဟုတ်ပါ။ အနှစ် (၃၀)ခန့် ဆို သည်မှာ ကိုယ်တော် ၏ သက်တော် (၃ဝ)ပတ်ဝန်းကျင်သာ ဖြစ်၍ သက်တော် (၂၉)နှစ်သော်လည်းကောင်း၊ (၃၁)ခန့်သော်လည်း ကောင်း ရှိရပါလိမ့်မည်။ သိုကြောင့် (၃၃)နှစ်ခန့်ရှိနေနိုင်မည်မဟုတ်ပါ။
ထိုအပြင် အေဒီ (၂၉)တွင် ကိုယ်တော်သည် အသက် (၃၀) ခန့် ရှိနေရိုးမှန်လျှင် ကိုယ်တော်သည် ဘီစီ (၂)တွင် မွေးဖွားခဲ့ရ ပေလိမ့်မည်။ ဤကိစ္စသည်လည်းမဖြစ်နိုင်ကြောင်း တင်ပြပြီးဖြစ်ပါ သည်။ ဟေရုဒ်မင်းသည် ဘီစီ (၄)တွင် နတ်ရွာစံခဲ့သည်မှာ သေချာ လှသည်ဖြစ်ရာ ယေရှုသည် ဘီစီ (၄)တွင် မွေးဖွားခဲ့ခြင်းမှာ လုံးဝ မဖြစ်နိုင်ပါ။
ထိုကြောင့် ရှင်လုကာသည် တိဗေရိ နန်းစံနှစ်ကို တွက်ချက် သောအခါ ဩဂုတ္တုမင်းနှင့်အတူ ပူးတွဲ၍ နန်းစံချိန်ပါ ထည့်၍ တွက်ချက်ခဲ့သည်မှာ သေချာပါသဖြင့် ယေရှုခရစ်တော်၏ ဗတ္တိဇံ (နှစ်ခြင်း)ခံသည့် နှစ်သက္ကရာဇ်မှာ အေဒီ ၁၁+၁ရနှစ် = အေဒီ ၂၆ တွင်ဖြစ်နိုင်ပါ၏။
ထိုအပြင် ထပ်မံစဉ်းစားဘွယ်ရာ ကျမ်းပိုဒ်တစ်ခုရှိနေပါသေး၏။
ရှင်ယောဟန်က ယေရှုသည် ဗတ္တိဇံ (နှစ်ခြင်း)ခံပြီးလျှင်ပြီးချင်း သခါပွဲနေ့အတွက် ယေရုရှလင်မြိုသို သွားခဲ့သည်ဟု ဆိုထားပါသည်။
ထိုမြို၌ ယုဒလူမျိုးတိုနှင့် အငြင်းအခုံဖြစ်ပြီးနောက် ကိုယ်တော်က ဗိမာန်တော်ကို ဖြိုဖျက်ကြ၊ သုံးရက်အတွင်း ငါတည်ဆောက်မည်ဟု မိန့်တော်မူသောအခါ သူတိုက “အနှစ်လေးဆယ့်ခြောက်နှစ်ပတ်လုံး” ဤဗိမာန်တော်ကို တည်ဆောက်ရကြ၏။ သင်မူကား သုံးရက်တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြပါ၏ (ယော၊ ၂း၂၀)။
သမိုင်းပညာရှင် ဂျိုဆီးဖပ်(စ်)၏ မှတ်တမ်းအရ ဟေရုဒ်မင်း ကြီးသည် သူ၏နန်းစံချိန် (၁၈)နှစ် မြောက်သော နှစ် ဘီစီ ၁၈ သို မဟုတ် ၁၉ တွင် ဗိမာန်တော်ကို ပြန်လည် ပြုပြင်မွမ်းမံခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
ယေရှုက ထိုစကားတော်ကို မိန့်တော်မူစဉ်က ဗိမာန်တော်၏ ထောက်၍ သုံးသပ်တွက်ချက်ရသော် ယေရှု၏ ဗတ္တိဇံ (နှစ်ခြင်း) ခံသည့် သက္ကရာဇ်မှာ အေဒီ ၂၆ နှင့် ၂၈ စပ်ကြားတွင် ဖြစ်ရပါ လိမ့်မည်။ (အေဒီ ၂ရကို ကျွန်တော်က နှစ်သက်ပါသည်)။
ယေရှု၏ အမှုတော်လုပ်ငန်း ဆောင်ရွက်ခဲ့သည့်နှစ်များ
ယေရှုသည် အမှုတော်လုပ်ငန်းကို နှစ်ပေါင်းမည်မျှ ဆောင် ရွက်ခဲ့ပါသနည်း?
ပထမခရစ်ဝင်သုံးကျမ်းစလုံးကို အကြမ်းဖျင်းအားဖြင့်သာ ဖတ်ရှုသွားခဲ့ပါလျှင် ကိုယ်တော်သည် အမှုတော်လုပ်ငန်းကို တစ်နှစ် တည်း ဆောင်ရွက်ခဲ့သယောင် ထင်နေရပါလိမ့်မည်။
ဤနှစ်များကို တွက်ချက်ပြသရန် ရှင်မသဲသည် ခုနှစ် သက္ကရာဇ်တိုကို များစွာ ဂရုစိုက်ပုံမရ၊ ရှင်လုကာထံမှလည်း ကျွန် တော်တို အကူအညီကောင်းစွာမရပါ။
သိုသော် ရှင်မာကုကို သေချာစွာ သုံးသပ်ပါလျှင် အမှုတော်လုပ်ငန်းကို (၃)နှစ်ခန့် ဆောင်ရွက်ခဲ့ကြောင်း တွေ့ရပါလိမ့်မည်။
မာကု ၂း၂၃ တွင် “ဥပုသ်နေ့၌ ကိုယ်တော်သည် ဂျုံစပါး လယ်ကွက်တိုကို လျှောက်ကြွတော်မူလျှင် တပည့်တော်တိုသည် စပါး အသီးအနှံကို ဆွတ်လျက် ခရီးသွားကြ၏” ဟူ၍ တွေ့ရသည်။ တပည့်တော်တိုသည် ဆာမွတ်လှသဖြင့် စပါးအသီးအနှံတိုကို လက် ဖြင့် ဆွတ်၍ လက်ဖဝါး၌ ချေပြီး စားသုံးနိုင်သည်ကို ထောက်သော ထိုအချိန်ကာလသည် ဂျုံ၊ စပါးများ မှည့်ရာ၊ နွေကာလ (ဧပြီ၊ မေလ) ဖြစ်ရလိမ့်မည်။
ထိုနောက် အမှုတော်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ပြီး မာကု ၆း၃၉ ကို ဖတ်ရှုပြန်သော် လူ ၅ဝဝဝကို ကျွေးမွေးရန် ပြင် ဆင်စေပြီး “ထိုအခါ လူအပေါင်းတိုကို “မြက်စိမ်းပေါ်မှာ အစုစု လျောင်းကြစေဟု အမိန့်တော်ရှိ၏”ဟု ရေးသားထားသည်ကို တွေ့ရ ပြန်ပါလိမ့်မည်။ မြက်ခင်းများ စိမ်းလန်းစိုပြေနေသည်ကို ထောက် သော် ဆောင်းဥတုလွန်ပြီး နွေဦးသိုပင် ပြန်ရောက်နေကြောင်းကို တွေ့နိုင်ပါ၏။
ထိုသိုဆိုလျှင် ထိုကျမ်းချက် (၂)ချက် စပ်ကြား၌ အမှုတော် ဆောင်ရွက်နေချိန်မှာ တစ်နှစ်ရှိသွားခဲ့ပါပြီ။
ရှင်မာကု ၆း၄၅ မှ ၁ဝး၅၂ အထိ ဖတ်ရှုပါလျှင် ကိုယ်တော် သည် ခရီးအတော်လေးပင် သွား၍ အမှုတော်ဆောင်နေကြောင်း တွေ့ရပြန်သည်။ ထိုခရီးသွားနေသည့် ကာလ အပိုင်းအခြားကို တစ်နှစ်ခန့်ဟူ၍ မှတ်ယူနိုင်ပါ၏။
ထိုနောက် ရှင်မာကု ၁၄း၁ သို ရောက်သောအခါ ပသခါပွဲနေ့ တဖန်ကျရောက်သည်ကို တွေ့ရပြန်သဖြင့် နောက်တစ်နှစ်ခန့်ရှိသွားပြီ ဟု ခန့်မှန်းနိုင်ပါ၏။ ထိုကြောင့် ရှင်မာကုခရစ်ဝင်ကျမ်းအားဖြင့် ဆိုရလျှင် ကိုယ်တော်၏ အမှုတော်လုပ်ငန်းသက်သည် အနည်းဆုံး(၂)နှစ်ကျော်ပြီး (၃)နှစ်ခန့်ရှိသည်ဟု တွက်ချက်နိုင်ပါ၏။
သိုသော် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကမူ ထိုနှစ်များကို အတိ အကျ ဖော်ပြထားပါ၏။
ယော၊ ၂း၁၃တွင် “ယုဒပသခါပွဲချိန် နီးသည်ရှိသော် ယေရှု ရှလင်မြိုသို ကြွတော်မူ၏” ဟု ဆိုသဖြင့် ယင်းသည် ကိုယ်တော် အမှုတော်လုပ်ငန်း ဆောင်ရွက်ချိန်၏ ပထမဦးဆုံးသော ပသခါပွဲနေ့ ဖြစ်ပါ၏။ “
ထိုနောက် ကိုယ်တော်သည် ဂါလိလဲအိုင်နား၌ ရှိနေစဉ် ယော၊ ၆၄ က “ထိုအခါ ယုဒလူတို၏ ပသခါပွဲခံချိန် ရောက်လုနီးသတည်း” ဟု ဆိုပြန်သဖြင့် ဒုတိယ ပသခါပွဲနေ့ ရောက်လာပြန်၍ တစ်နှစ် ကျော်သွားပြီဖြစ်ကြောင်း ထင်ရှားသည်။
ယော ၁း၂၁ကို ကြည့်ပါလျှင် “ပသခါပွဲခံချိန် ခြောက်ရက် လိုသေးသောအခါ အထက်က သေလွန်၍ သေခြင်းမှ ထမြောက် စေတော်မူသော လာဇရု နေရာအရပ်၊ ဗေသနိရွာသို ယေရှုသည် ရောက်တော်မူ၏” ဟု တွေ့ရပြန်သဖြင့် နောက်ထပ် တစ်နှစ်လွန် စေကြောင်း တွေ့ရပါ၏။
အမှုတော်လုပ်ငန်း ဆောင်ရွက်နေစဉ် ပသခါပွဲတော်နေ့ သုံး ကြိမ်ကို အထင်အရှား မှတ်တမ်းတင် ထားသဖြင့် ကိုယ်တော်၏ အမှု တော်ဆောင်ရွက်သည့် ကာလပိုင်းသည် “အနည်းဆုံး (၃)နှစ်ကျော် ရမည်ဖြစ်၏။ ဤနေရာ၌ ရှင်ယောဟန်နှင့် ရှင်မာကုတိုသည် သဘော ချင်းတူညီနေသည်ကို တွေ့ရ၏။
ထိုကြောင့် ကိုယ်တော်၏ အမှုတော်လုပ်ငန်းသက်သည် (၂) နှစ်ကျော် (၃)နှစ်ခန့်ရှိရမည်ဖြစ်ကြောင်း သေသေချာချာသိနိုင်ပါ၏။
ခရစ်တော် အသေခံတော်မူရာ နှစ်သက္ကရာဇ်
အမှုတော်လုပ်ငန်း ဆောင်ရွက်ခဲ့သော နှစ်ပေါင်းကို ကျွန်တော် တွက်ချက်ပြပြီးဖြစ်ပါ၏။ ကိုယ်တော်သည် ပသခါပွဲနေ့ကို (၃)ကြိမ် တိုင်တိုင် ဆင်နွှခဲ့ကြောင်းကို ရှင်ယောဟန်က အတိအလင်း ဖွင့်ဆို မှတ်တမ်းတင်ထားသော်လည်း ယော၊ ၁ တွင် ကိုယ်တော်သည် “ပွဲတော်တစ်ရက်”ကို ဆင်နွှရန် ယေရုရှလင်မြို ကြွသွားခဲ့ကြောင်း ပြောထားပြန်ပါသေးသည်။ “ထိုနောက်မှ ယုဒပွဲခံစဉ်တွင် ယေရုရှလင် မြိုသို ကြွတော်မူ၏” ဟု ရှင်ယောဟန်က ဆိုခဲ့ခြင်းဖြစ်ပါ၏။ သို သော် “မည်သည့်ပွဲနေ့’ ဆင်နွှရန် ကိုယ်တော် ကြွသွားခဲ့ကြောင်းကို မရှင်းထားပါ။
အကယ်၍ ဤပွဲတော်ကို ပသခါပွဲတော်ဟု ယူဆပါလျှင် ကိုယ်တော်သည် ပသခါပွဲတော်ကို (၄)ကြိမ်တိုင်တိုင် ဆင်နွှခဲ့ပြီး နောက်ဆုံးသော ပသခါပွဲနေ့၌ အသေသတ်ခြင်းကို ခံခဲ့သည်ဟု ဆို ရပါလိမ့်မည်။
အကယ်၍ ယေရှုသည် အေဒီ (၂၅)ခုနှစ်၏ နှစ်ဦးအစပိုင်း တွင် ဗတ္တိဇံ (နှစ်ခြင်း) ကို ခံခဲ့ပါလျှင် ယော၊ ၂း၁၃ တွင် ဖော်ပြ ထားသော ပသခါပွဲတော်သည် ကိုယ်တော် အမှုတော်ဆောင်ရွက်ချိန်၌ ပထမဦးဆုံးဆင် နွှခဲ့သော ပွဲဖြစ်ပြီး ယော၊ ၁၃၁ တွင် ဖော်ပြ ထားသော ပသခါပွဲနေ့၌ အသေခံတော်မူခဲ့သည်။ ထိုသိုဆိုလျှင် ကိုယ်တော်သည် အေဒီ (၃၀)တွင် အသေခံတော်မူခဲ့သည်ဟု မှတ်ယူ နိုင်ပါ၏။
ယော၊ ၁ တွင် ဖော်ပြထားသော “ယုဒပွဲ”ကို ပသခါပွဲ တော်ဟု မယူဆဘဲ၊ အခြားသော သာမန်ပွဲတော် တစ်ခုဟု ယူဆ ပါလျှင် ကိုယ်တော်သည် အေဒီ (၂၉)ခုနှစ်တွင် အသေခံတော်မူသည် ဟု ဆိုရပါလိမ့်မည်။
သိုသော် ဂျူးလူမျိုးနှင့် ရောမလူမျိုးတို၏ သမိုင်းစဉ်အရ တွက်ချက်ကြည့်လျှင် ကိုယ်တော် အသေခံတော်မူချိန်တွင် ကယာ သည် ယဇ်ပုရောဟိတ်အကြီးဆုံးဖြစ်နေပြီး ပိလတ်မင်းသည် ဘုရင်ခံ ဖြစ်နေသည်။ (ဆရာယုဒသန်က ပိလတ်မင်းကို မြိုတော်ဝန်ဟု ဆို ထား၏) ထိုသူတို နှစ်ဦး ယဇ်ပုရောဟိတ် ကြီးနှင့် ဘုရင်ခံ ဖြစ်ချိန်တို ကို ချိန်ကိုက်ကြည့်လျှင် ထိုအချိန်ကာလသည် အေဒီ ၂ရနှင့် ၃၃ စပ်ကြားဖြစ်ရမည်။
ဂျူးလူမျိုးတိုကလည်း ကျွန်တော်တို မြန်မာလူမျိုးတို သက္က ရာဇ်တွက်သလို လကို အမှီပြုကြပါသဖြင့် နက္ခတ်ဗေဒဖြင့် ပြန်လည် တွက်ချက်ကြည့်၍လည်း ရပါသည်။ အေဒီ (၃၀)ခုနှစ် ကျရောက်သော ဂျူးလူမျိုးတို နှစ်၏ ပထမ (နီးဆန်းလ)၏ ၁၅ရက် (ဧပြီ ရရက် အေဒီ (၃ဝ)) သည် လပြည့်နေ့ကျပါသဖြင့် အေဒီ (၃၀)ဟု ဆိုလျှင် ပို၍ မှန်ကန်ပါလိမ့်မည်။
အသေခံတော်မူခဲ့သည့် နေ့ရက်နှင့် အချိန်
ခရစ်ဝင်ကျမ်း လေးကျမ်းစလုံးက ကိုယ်တော်သည် ဂျူး လူမျိုးတို သက္ကရာဇ်၏ ပထမလဖြစ်သော နီဆန်းလ၏ သောကြာ နေ့တွင် အသေခံတော်မူကြောင်း တညီတညွတ်တည်း ဆိုခဲ့ကြပါ၏။
သိုသော် ကိုယ်တော် အသေခံတော်မူသောအချိန်ကို ဖော်ပြ ရာတွင် ပထမခရစ်ဝင်သုံးကျမ်းနှင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းတို အနည်းငယ် ကွဲပြား ခြားနားလျက်နေပါ၏။ စာရှုသူတို စိတ်ရှုပ်ထွေး သွားမည်ကို စိုးရိမ်ပါသဖြင့် ဤကိစ္စကို အသေးစိတ် အကျယ်ချဲ့ တွက်ချက်မပြလိုတော့ပါ။
ကိုယ်တော်သည် အေဒီ ၃ဝ ဧပြီလ (ရ)ရက် သောကြာနေ့ နံနက် ၉နာရီခန့်တွင် ကားတိုင်၌ ရိုက်ထား ခြင်းခံရပြီး ညနေ ၃ နာရီခန့်တွင် သက်တော်ကို စွန့်ခဲ့သည်ဟူ၍သာ မှတ်ယူထားစေလို ပါသည်။
ဓမ္မပညာရှင်အများကလည်း ယခု ကျွန်တော် ဖော်ပြထားသော နေ့ရက်၊ အချိန်ကို အမှန်အဖြစ် ယူဆထားကြပါသည်။ ကားတိုင်၌ ရိုက်ထားခံရပြီး နေ့လည် မွန်းတည့်အချိန်မှစ၍ ညနေ (၃)နာရီအထိ အမှောင်ကြီး ကျရောက်ခဲ့ပါ၏ (မဿဲ၊ ၂၇း၄၅၊ မာကု၊ ၁၉း၃၃ နှင့် လုကာ၊ ၂၃း၄၄ တိုကို ကြည့်ပါ)။
ခရစ်ဝင်ကျမ်းတိုကို ရေးသားမှတ်တမ်းတင်သူများနှင့် ကနဦး ခရစ်ယာန်များက သက္ကရာဇ်၊ နေ့စွဲ၊ အချိန်၊ နေ့ရက် စသည်တိုကို စိတ်မဝင်စားခဲ့ကြောင်း အထူးသတိပြုစေလိုပါ၏။
သူတိုအဘို ကိုယ်တော်သည် ကယ်တင်ရှင် မေရှိယအမှန် ဖြစ်သည်။ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း အားဖြင့် ဘုရားသခင်၏ မေရှိယစစ်မှန်ကြောင်းကိုသာ အဓိကထား၍ သက်သေခံနေခဲ့ကြသည်။ “အချိန်ကာ လစေ့သောအခါ… သားတော်ကို ဘုရားသခင်က စေ လွှတ်ပြီး” (ဂလာ၊ ၄း၄-၅ လောက၏ ကယ်တင်ရှင်သည် လောက ထဲသို ရောက်လာ၍ သွန်သင် ဟောပြော၊ ဝေဒနာခံစား၊ အသေခံ ခဲ့ကာ သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ရှင်ပြန် ထမြောက်တော်မူခြင်းသည်သာလျှင် သူတိုအဘို အဓိကအဖြစ်ဆုံး၊ အချက် အခြာအကျဆုံး သောအချက်ဖြစ်ပါ၏ (တမန်၊ ၁၀း၃၄-၄၈၊ ၂၆း၂၂၂၃)။
ဂျူးလူမျိုးတိုသည် ညနေပိုင်း နေဝင်ချိန်မှ နောက်တစ်နေ့ နေဝင်ချိန်အထိ တစ်ရက်ဟူ၍ သတ်မှတ်တွက် ချက်ပါသည်။
ထိုကြောင့် အဖမ်းခံရာ ကြာသပတေးနေ့ ညနေ၊ နေဝင်ချိန် မှစပြီး ကိုယ်တော်အသေခံရာ သောကြာနေ့ နေဝင်ချိန်အထိ တစ် ရက်၊ စနေနေ့သည် ဒုတိယနေ့နှင့် စနေနေ့ညနေ နေဝင်ချိန်မှ တနင်္ဂနွေနေ့မနက်သည် တတိယမြောက်သောနေ့ဖြစ်ပါသတည်း။
အခန်း (၄)
အမှုတော်လုပ်ငန်း ဆောင်ရွက်ပုံ အကျဉ်းချုပ်
ကိုယ်တော်သည် အေဒီ (၂ရ)ခုနှစ်၊ အစဦးပိုင်းခန့်တွင် ဗတ္တိဇံ (နှစ်ခြင်း) ခံပြီး အမှုတော်လုပ်ငန်းကို စတင် ဆောင်ရွက် သည်။ အေဒီ ၃၀ခုနှစ် ဧပြီလ (၅)ရက်နေ့တွင် အသေသတ်ခြင်းခံပြီး သုံးရက် မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့သည်။
ရှင်ပြန်ထမြောက် ပြီးနောက် ရက်ပေါင်း (၄၀) တိုင်တိုင် တပည့်တော်နှင့်အတူ နေထိုင်ခဲ့ပြီး ကောင်းကင်ဘုံသို ဆောင်ယူ ခြင်းကိုခံတော်မူသည်။ ထိုအချိန်ပိုင်းကာလကို သုံးနှစ်ခန့်ဟူ၍သာ အကြမ်းဖျင်း မှတ်ယူထားစေလိုပါ၏။
ခရစ်တော်၏အမှုတော်ဆောင်ရာကာလကို ရှင်းလင်းလွယ်ကူ စေရန် ငါးပိုင်း ပိုင်း၍ ဖော်ပြလိုပါသည်။ ၎င်းတိုမှာ အောက်ပါအတိုင်း ဖြစ်၏ –
(က) ယုဒပြည်တဝိုက်တွင် အမှုတော်ဆောင်ခြင်း၊
(ခ) ဂါလိလဲနယ်တဝိုက်တွင် အမှုတော်ဆောင်ခြင်း၊
(ဂ) အနောက်မြောက်ရှိ တုရုနှင့် ဇိဒုန်မြို (ရှုရိဖိနိတ်ပြည်) ဘက်ဆီသို ခရီးထွက်ခြင်း၊ ထိုမှတဖန် ဖိလိပ္စု ကဲသာရီမြိုသို ခရီးထွက်ခြင်း၊
(ဃ) ယေရုရှလင်မြိုသို နောက်ဆုံး ခရီးကြွတော်မူခြင်း၊
(င) ယေရုရှလင်မြို၌ နောက်ဆုံး အမှုတော်ဆောင်ရွက်ခြင်း၊ (ပူးတွဲမြေပုံနှင့်အတူ လေ့လာကြည့်ပါ)။
၁။ ယုဒပြည်တဝိုက်တွင် အမှုတော်ဆောင်ရွက်ခြင်း
အကယ်၍ ကျွန်တော်တို၌ ရှင်မာကုခရစ်ဝင်ကျမ်းသာ ရှိခဲ့ပါ မူ ကိုယ်တော်သည် အမှုတော်လုပ်ငန်းကို ဂါလိလဲနယ် တဝိုက်တာ ဆောင်ရွက်ပြီး ယေရုရှလင်မြိုသို ပထမ အကြိမ်နှင့် နောက်ဆုံး အကြိမ်အဖြစ် ကြွတော်မူပြီး ထိုမြို၌ အသေခံခဲ့တော်မူသည်ဟု ယူဆနေရပါလိမ့်မည်။
ထိုအပြင် ဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန်သည် အန္တပ ဟေရုဒ်မင်း၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံခဲ့ရပြီးမှ သခင်ယေရှုသည် အမှုတော်လုပ်ငန်းကို စတင် ဆောင်ရွက်သယောင် ဖြစ်နေပါလိမ့် မည်။
သိုသော် ရှင်ယောဟန်ခရစ်ဝင်ကျမ်းက ယုဒပြည်တဝိုက်တွင် အမှုတော် ဆောင်ရွက်ပုံတိုကိုပါ မှတ်တမ်း တင်ထားသည်။ ထိုကျမ်း၏ ပထမအခန်းကြီး (၆)ခန်းတွင် ကိုယ်တော်သည် ဂါလိလဲနယ် နှင့် ယုဒပြည်တိုတွင် ခေါက်တုံခေါက်ပြန် ကူး၍ အမှုတော်ဆောင် ရွက်နေကြောင်းကို တွေ့ရပါလိမ့်မည်။ ။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ အခန်းကြီး ()၏ နောက်ပိုင်း တွင်မှ ယုဒပြည်နှင့် ယေရုရှလင်မြိုဘက် ဆီသို သွားရောက် အမှု တော်ဆောင်ကြောင်း ဖော်ပြထားသည်။ ထိုအပြင် ရှင်ယောဟန်က ထိုအချိန်၌ “ယောဟန်သည် ထောင်ထဲသို မရောက်သေး”ဟု အတိ အလင်း ဆိုထားပါ၏၊ (ယော၊ ၃း၂၄)။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် အများအားဖြင့် ပထမ ခရစ်ဝင်ကျမ်း သုံးကျမ်းတို၏ လိုကွက်၊ ကျန်နေသော အချက်များကို ဖြည့်စွက် ပေးလေ့ရှိသဖြင့် ၎င်းအချက်ကိုပါ ထည့်သွင်း စဉ်းစား ရပါလိမ့်မည်။
ထိုကြောင့် ကိုယ်တော်သည် တောင်ပိုင်း (ပြည်)၌ အမှု တော် ဆောင်နေခဲ့ပြီး ဗတ္တိဇံ (နှစ်ခြင်း) ဆရာမယာဟန် အဖမ်းခံ ပြီးနောက် ဂါလိလဲနယ်ဘက်ဆီသို ရောက်လာခဲ့ကြောင်း အောက် ပါအကြောင်းများကို ထောက်ရှု ကြည်ခြင်းအားဖြင့် ယုံကြည်နိုင် ပါ၏
(က) ရှင်မာကု၏ ““ယာဟန်သည် ထောင်ထဲသို ရောက် သည်နောက် ယေရှုသည် ဂါလိလဲပြည်သို ကြွတော် မူလျှင်… ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောတော်မူ၏”ဟူသော စကားကို သေချာစွာ ဆန်းစစ်ကြည့်စေလိုပါသည်။ (မာကု၊ ၁း၁၄-၁၅) ယေရှုသည် ဂါလိလဲနယ်သို “ကြွတော်မူရန်မှာ” တစ်နေရာရာ၌ အမှုတော် ဆောင်ရွက်နေ၍သာ ဖြစ် ရမည်။ ထိုတစ်နေရာရာသည် ယုဒပြည်၌သာလျှင် ဖြစ်ရပါလိမ့်မည်။ ။
(ခ) ယော၊ ၃း၂၂-၂၄ က ရှင်ယောဟန်နှင့် ယေရှုတိုသည် နေရာဒေသအားဖြင့်သာ ကွဲပြားနေသော်လည်း တစ်ချိန် တည်း ပြိုင်တူ အမှုတော်ဆောင်ခဲ့ကြောင်း အတိအလင်း ဆိုထားသည်။
(ဂ) ကိုယ်တော်သည် ယေရုရှလင်မြိုသို နောက်ဆုံး ကြွတော် မမူမီ ယုဒပြည်နှင့် ယေရုရှလင်မြိုရှိ လူအပေါင်းတိုအား တရားတော်ကို ဟောပြောခဲ့ပြီး၊ မေတ္တာတော်ကို ပြခဲ့ ကြောင်း အောက်ပါ ကျမ်းချက်အားဖြင့် ထင်ရှားပါသည်။ “ အို ယေရုရှလင်မြို၊ ယေရုရှလင်မြို ကြက်မသည် မိမိသားငယ်တိုကို အတောင်အောက်၌ စုရုံးသကဲ့သို သင်၏ သားတိုကို စုရုံးစေခြင်းငှာ ““ကြိမ်ဖန်များစွာ”ငါအလိုရှိ၏”” ဟူသော စကားတိုကို ထောက်လျှင် ကိုယ်တော်သည် ထိုယုဒပြည်နှင့် ယေရုရှလင်တိုရှိ လ အပေါင်းတိုအား ကြိမ်ဖန်များစွာ ကြိုးစား စည်းရုံး ခဲ့ကြောင်း သိသာလှပါ၏ (လုကာ၊ ၁၃း၃၄၊ မသဲ ၂၃း၃ရ)။
(ဃ) ထိုအပြင် ယေရှုသည် ယေရုရှလင်မြိုသို နောက်ဆုံး ကြွချိန်တွင် ကိုယ်တော့်အတွက် မြည်းနှင့် အထက်ခန်း ကိုပါ ကြိုတင် ပြင်ဆင်ပေးမည်သူများ ရှိနေခဲ့ခြင်းကြောင့် ယခင်ကလည်း ကိုယ်တော်သည် ထိုဒေသတဝိုက်သို ရောက်ဖူး၍ မိတ်ဆွေများ ရှိနေပြီး ဖြစ်ကြောင်း သေချာ၏။
ထိုကြောင့် ကိုယ်တော်သည် အမှုတော်လုပ်ငန်း ပထမ ပိုင်းကို ယုဒပြည်၌ ဆောင်ရွက်ခဲ့ကြောင်း စိတ်ချ ယုံကြည်စွာ မှတ်ယူထားစေလိုပါ၏။
၂။ ဂါလိလဲနယ်တဝိုက်တွင် အမှုတော်ဆောင်ခြင်း (မာကု၊ ၁း၁၄ အခန်းကြီး ၆) ထိုနောက် ယောဟန်သည် ထောင်ထဲသို ရောက် ၊ သည်နောက် ယေရှုသည် ဂါလိလဲနယ်သို ကြွ၍ အမှုတော်ဆောင် တော်မူခဲ့သည်။ (မာကု၊ ၁၁၄) အန္တိပဟေရုဒ်က ဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန်အား ပင်လယ်သေ (ဆားငန်အိုင်) အနီးရှိ ရဲတိုက် တစ်ခုထဲတွင် ဖမ်းဆီး ချုပ်နှောင် လိုက်သည်နှင့် တစ်ပြိုင်နက် ယေရှုသည် ဂါလိလဲနယ် တစ်ဝိုက်သို ရောက်ရှိလာပြီး အမှုတော် လုပ်ငန်းများကို စတင် ဆောင်ရွက်သည်။
ယခုဆိုလျှင် ရှင်မာကုခရစ်ဝင်ကျမ်း တစ်ခုတည်းကိုသာ အခြေပြုပြီး ကိုယ်တော်၏ အမှုတော် လုပ်ငန်းများကို အကြမ်းဖျင်းလိုက်လံသုံးသပ်ကြည့်နိုင်ရန် တင်ပြသွားပါတော့မည်။
ကိုယ်တော်သည် ဂါလိလဲနယ်တစ်ဝိုက်သို ရောက်လာသည်။ တပည့်တော်အများအပြားသည် နောက်တော်သို လိုက်ကြ၏။
ဥပုသ်နေ့၌ ကပေရနောင်မြို တရားဇရပ်သို ဝင်ပြီး ဆုံးမ ဩဝါဒများကို ပေးတော်မူသည်။ ထိုနောက် “ပဋိပက္ခဖြစ်မှုများ” ဟု ခေါ်နိုင်သည့် ဂျူးလူမျိုးအကြီးအကဲတိုနှင့် အတိုက်အခံဖြစ်မှု များကို ရှင်မာကုက ဖော်ပြသည် (၂း၁-၃၆)။
ဖာရိရှဲနှင့် ဟေရုဒ်၏ တပည့်များက ကိုယ်တော်ကို သုတ်သင် ရှင်းလင်းပစ်ရန် ကြံစည်ကြသည်။
ယေရှုသည် ဂါလိလဲအိုင်အနီးသို ကြွပြီး တမန်တော် (၁၂) ပါးကို ရွေးချယ်သည်။ အနာရောဂါများကို ဆက်လက် ကုသပေး တော်မူသဖြင့် ကိုယ်တော်သည် စာတန်ကို အမှီပြုပြီး ထိုလုပ်ငန်းကို ဆောင်ရွက်သည်ဟု မတရား စွပ်စွဲကြသည် (၃းရ-၃၅။
ထိုနောက် ရှင်မာကုက ဘုရားသခင်၏ နိုင်ငံတော်နှင့် ဆိုင် သော ပုံပမာတော် (၃) မျိုးကို ဖော်ပြ၍ ကိုယ်တော်၏ အံ့ဘွယ်ရာ အမှုတော်ကြီးများ အကြောင်းကို ဆက်လက် ဖော်ပြသည် (၄း၁- ၄)။
တစ်ကျိပ်နှစ်ပါးသော တမန်တော်တိုကို စေလွှတ်ပြီး အမှု တော်များကို ဆောင်ရွက်စေသည်။ ထိုတမန်တော်များသည်လည်း အောင်မြင်စွာ အမှုတော်ဆောင်ရွက်ပြီး ပြန်ရောက်လာကြသည်။ ဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန် အသတ်ခံရခြင်းကို ထိုဖြစ်ရပ်များ စပ်ကြားတွင် ရှင်မာကုက ဖော်ပြခဲ့၏။
ထိုနောက် လူငါးထောင်ကို ကျွေးမွေးခြင်း၊ ဂါလိလဲအိုင်ကို လှေဖြင့် ဖြတ်ကူးခြင်း၊ ရေပြင်ပေါ်၌ စက်တော်ဖြင့် ကြွတော်မူခြင်း အကြောင်းများကို ဖော်ပြခြင်းအားဖြင့် ရှင်မာကုက ဂါလိလဲနယ်တစ်ဝိုက်၌ ကိုယ်တော်၏ အမှုတော်လုပ်ငန်းအကြောင်းများကို ဤ နေရာတွင် အဆုံးသတ်ခဲ့ပါ၏။
၃။ ဒေသစာရီ ခရီးထွက်တော်မူခြင်း (မာကု၊ ၇း၂၄-၉း၂၉) ။
ကိုယ်တော်သည် ယခုဆိုလျှင် ဂါလိလဲနယ်မှ ကြွ၍ အနောက် ၊ မြောက်ဘက်ရှိ တုရုနှင့် ဇိဒုန်မြိုများသို ဒေသစာရီ ခရီးထွက်တော် မူ၏။
ထိုနေရာတစ်ဝိုက်၌ ရှုရိဖိနိတ်ပြည်သူ (ဂရိလူမျိုး) တစ်ဦး၏ သမီးထဲမှ နတ်ဆိုးကို နှင်ထုတ်တော် မူခဲ့သည်။ ထိုနောက် ဒေတာ ပေါလိပြည်နယ်သို သွားရောက်ပြန်ပြီး နားပင်း၍ စကားအသောသူ ကို ကုသတော်မူသည်။ ဗက်ဇဲဒမြိုမှ လူကန်းကို ကုသတော်မူခဲ့သည်။ ထိုအချိန်၌ ကိုယ်တော်သည် တစ်ပါး အမျိုးသား (လူမျိုးခြား) တို၏ နယ်တစ်ဝိုက်တွင် အမှုတော်ဆောင်နေခြင်းဖြစ်သည်။
ထိုမှတစ်ဖန် ဖိလိပ္ကဲသရိမြို၏ ကျေးလက်သို ကြွတော် မူပြန်သည် (မာကု၊ ၈း၂-၃၃ နှင့် မဿဲ၊ ၁၆း၁ရ-၃၉)။
ထိုဒေသတစ်ဝိုက်၌ရှိစဉ်တွင် ကိုယ်တော်သည် အလွန်မှပင် အရေးကြီးလှသော မေးခွန်းတစ်ခွန်းကို တမန်တော်များအား မေး တော်မူခဲ့၏။
ပထမ မေးခွန်းမှာကား “လူများက ငါ့ကို အဘယ်သူ ဖြစ် သည်ဟု ဆိုကြသနည်း” ဟူ၍ဖြစ်ပြီး နောက်ဆုံး၌ “သင်တိုသည် လည်း ငါ့ကို အဘယ်သူဖြစ်သည်ဟု ဆိုကြသနည်း”ဟု မေးမြန်း တော်မူခဲ့ပါ၏။
ထိုမေးခွန်းသည် ကိုယ်တော့်အဘို အလွန်ပင် အရေးကြီး နေပါ၏။ ကိုယ်တော်၏ လျှိဝှက်ချက်ကို တမန်တော်များက သဘောပေါက်မပေါက် သိလို၍ မေးလိုက်ခြင်းဖြစ်သည်။
ရှင်ပေတရုက “ကိုယ်တော်သည် ခရစ်တော်ပင် ဖြစ်ကြောင်း” ဝန်ခံလိုက်ပါတော့၏။
“လျှိဝှက်ချက်”ဟု ကျွန်တော်က ပြောရခြင်း၏ အကြောင်း ၊ အရင်းမှာ ရှင်မာကုထဲတွင် အထူးသဖြင့် ကိုယ်တော်က ဤကိစ္စကို “အဘယ်သူအားမျှ မပြောစိမ့်ငှာ တပည့်တော်တိုအား ပညတ်တော် မူခဲ့ကြောင်း” မှတ်တမ်းတင်ထားသောကြောင့် ဖြစ်ပါ၏ (မာကု၊ ၈း၃၀)။
လူသားသည် များစွာကို ခံရမည်။ ဂျူးလူမျိုးတိုက မျှော်လင့် တောဘနေကြသော မေရှိယမျိုးမဟုတ်။ လူတိုက လောကီဘုရင် အရာ တင်မြှောက်ချင်သော်လည်း ကိုယ်တော်က လက်မခံ။ (ယော၊ ၆း၁၅ ကို ကြည့်ပါ)။ ဝေဒနာခံစားရသည့် ကားတိုင် လမ်းစဉ်ကို ကျင့်သုံးမည့် ခရစ်တော် (မေရှိယ) ဖြစ်သောကြောင့် ဂျူးလူမျိုး တစ်မျိုးလုံး၏ မျှော်လက်နှင့် မကိုက်ညီသည့် မေရှိယမျိုးဖြစ် နေသောကြောတည်း။
ထိုနောက်ပိုင်း၌ ကိုယ်တော်၏ အဆင်းသဏ္ဍာန် ပြောင်းလဲ ခြင်းဖြစ်ရပ်ကို တွေ့ရသည်။ ထိုတောင်ပေါ်မှ ဆင်းသက်လာတော် မူပြီး အသော နတ်ဆိုးစွဲ ခံရသော သူငယ်တစ်ဦးကို ဆက်လက် ကုသတော်မူသည်။
၄။ ယေရုရှလင်မြိုသို နောက်ဆုံးခရီးကြွတော်မူခြင်း (မာကု။ ၉း၃၀ – ၁၀း၅၂ ။
ရှင်လုကာက “ယေရုရှလင်မြိုမှတစ်ပါး အခြားသောအရပ်၌ အဘယ်ပရောဖက်မှ မဆုံးရာ” ဟု ဆိုပြီး အမှု တော်လုပ်ငန်းကို ထိုမြို၌ အဆုံးသတ်စေရန် ကိုယ်တော်သည် ယေရု ရှလင်မြိုသို့ တူရူကြွတော်မူသည်ဟု ဆိုခဲ့၏ (လုကာ၊ ၉း၅၁)။
ကဲသာရိ ဖိလိပ္စုမြိုမှ ယေရုရှလင်မြိုသို သွားရာတွင် ဂါလိလဲ နယ်အလယ်၌ ကြွသွားတော်မူပြီး (မာကု၊ ၉း၃ဝ)။ ကပေရနောင် မြို၌ နားတော်မူခဲ့သည် (၉း၃၃)။
ထိုမှတစ်ဖန် ယောဒန်မြစ်တစ်ဘက် ယုဒပြည်စွန်း (ပေရိယ နယ်) သို ကူးသွားပြီး (၁၀း၁) ထိုမြစ်ကိုပင် ပြန်၍ ဖြတ်ကူးလာကာယေရိခေါမြိုသို ရောက်တော်မူ၏ (မာကု ၁၀၄၆) (လုကာ၊ ၁၉၁-၁၁ ကိုလည်း ကြည့်ပါ)။
ရှမာရိနယ်နှင့် ပေရိနယ်တွင် ကိုယ်တော်၏ အမှုတော်ဆောင် ချက်များကို ရှင်လုကာ၊ ၉း၅၁ မှ ၁၈း၁၄ အထိ ထည့်သွင်းရေးသား ဖော်ပြထားသည်။ (၎င်းကို ရှင်လုကာ၏ Perean Section ဟု ခေါ်ပါ သည်)။
နောက်ဆုံး၌ ကိုယ်တော်သည် သံလွင်တောင်ခြေရင်းရှိ ဗက် ဖာဂေနှင့် ဗေသနိရွာသို ဆိုက်ရောက်တော်မူခဲ့သည်။ ဤနောက်ဆုံး သော ယေရုရှလင်မြို ခရီးကို ဖော်ပြရာ၌ အရေးကြီးဆုံးသော ကျမ်းချက်မှာ “ယေရုရှလင်မြိုသို တက်သွားကြရာ လမ်းမှာ ယေရှု သည် တပည့်တော်ရှေ့၌ ကြွတော်မူစဉ် သူတိုသည် မိန်းမော တွေဝေ၍ ကြောက်ရွံသောစိတ်နှင့် လိုက်ကြ၏” ဆိုသော ကျမ်းစကား ပင်ဖြစ်သည်ဟု ကျွန်တော်ထင်ပါ၏ (မာကု၊ ၁၀း၃၂)။ ။
ဤကျမ်းစကားကို ဖတ်ရှုကြည့်ပြီး စဉ်းစားဆင်ခြင်ကြည့်ပါ။ လူနှစ်စုကို တွေ့ရပါလိမ့်မည်။
ကိုယ်တော်သည် တစ်ကိုယ်တည်း ရှေ့မှကြွ၍ ယေရုရှလင်မြို သို မျက်နှာမူပြီး အံကို ကြိတ်ခဲထား ပေလိမ့်မည်။ နောက် ခပ်လှမ်း လှမ်းက လိုက်နေကြသော တမန်တော်တိုသည် အံ့ဩ မိန်းမော တွေဝေနေ၍ စကားမပြောနိုင်၊ တုံဏှိဘာဝေ၊ ဆိတ်ဆိတ်ငြိမ်လျက်လိုက်လာနေကြသည်ကို တွေ့ရပါလိမ့်မည်။ သူတိုကို “အံ့သြ” နေစေသည့် အရာကား တစ်ခြားမဟုတ်၊ ယေရှုကိုယ်တော်တိုင်က ရွေးချယ်လိုက်သော ကားတိုင်လမ်းစဉ်ကြောင့်ပေတည်း။
ကိုယ်တော်သည် မရပ်မနား ရှေ့ကိုသာ တွင်တွင်ကြွချီနေ သည်။ သူ၏ အတွေးစဉ်ထဲ၌သာ တစ်ဦးတည်း နစ်မြှုပ်နေပြီး မြဲမြဲသောခြေလှမ်း၊ တည်ကြည်သော စိတ်ထား၊ ခိုင်ခံ့သော သန္နိဋ္ဌာန်ဖြင့် ကြွတော်မူစဉ် တမန်တော်တိုမှာ ကြောက်ရွံ တုန်လှုပ်သော စိတ် ထားဖြင့်သာ လိုက်နေရကြောင်းကို ပေါ်လွင်လာပါ၏။
၅။ ယေရုရှလင်မြို၌ နောက်ဆုံး အမှုတော်ဆောင်ရွက်ခြင်း (မာကု၊ ၁၁း၁-၁၅း၄၇)
ယေရုရှလင်မြိုတွင်းသို ကိုယ်တော်သည် တနင်္ဂနွေနေ့ နံနက် တွင် အခမ်းအနားဖြင့် အောင်မြင်စွာ ကြွတော်မူပြီး အမှုတော်ကို နေ့စဉ် ဆောင်ရွက်သည်။ ကျွန်တော်တိုအဘိုဆိုလျှင် ကြာသပတေး၏ည ဖြစ်သော်လည်း ဂျူးလူမျိုးတို အဘို ညနေနေဝင်ပြီးကတည်းက သောကြာနေ့ဖြစ်သောအချိန်၌ အဖမ်းခံရ၍ မတရားအမှုစစ်ခြင်းကို ခံရသည်။ သောကြာနေ့ မနက်ပိုင်း၌ ကားစင်တင် အသေသတ်ခြင်း ကို ခံရသည်။ ထိုဖြစ်ရပ်များကို တစ်ခုချင်း ဖော်ပြရလျှင် အောက်ပါ အတိုင်းဖြစ်ပါလိမ့်မည် –
(က) ယေရုရှလင်မြိုသို အောင်မြင်စွာ ဝင်တော်မူခြင်း၊ (မာကု၊ ၁၁း၁-၁၀)
(ခ) ဗိမာန်တော်ကို ရှင်းလင်းခြင်း၊ (မာကု၊ ၁၁း၁၅-၁၉)
(ဂ) ဖာရိရှဲ၊ ယဇ်ပုရောဟိတ်၊ ကျမ်းတတ်ဆရာတိုနှင့် ငြင်း ခုံရခြင်း၊ ဥပမာတော်များဖြင့် သွန်သင်ခြင်း၊ (မာကု၊ ၁၁း၂ရ-၁၃း၃ရ)
(ဃ) ဖာရိရှဲ ရှိမုန်၏ အိမ်၌ ညစာစားခြင်း၊ အမျိုးသမီး တစ်ဦးက နာဒုဆီမွှေးဖြင့် လိမ်းကျံခြင်းနှင့် ယုဒ ရှကာရုတ်၏ သစ္စာဖောက်မှုကို ခံရခြင်း၊ (မာကု၊ ၁၄း၃ -၉)
(င) အထက်ခန်း၌ နောက်ဆုံးသော ညစာကို တမန်တော် များနှင့်အတူ စားသောက်ခြင်း၊ (မာကု၊ ၁၄း၁၂-၂၆)
(စ) ဂေသရှေမန်ဥယျာဉ်၌ ဆုတောင်းခြင်း၊ အဖမ်းဆီးခံရခြင်း၊ (မာကု၊ ၁၄း၃၂-၄၂)
(ဆ) မတရားအမှုစစ်ခံရခြင်း၊ အသေသတ်ခံရခြင်း၊ အလောင်းတော်ကို မြှုပ်နှံခြင်း၊ (မာကု၊ ၁၄း၅၅-၁၅း၄၇)
ယေရုရှလင်မြို၌ ကိုယ်တော်၏ အမှုတော်လုပ်ငန်းသည် ဤ တွင် ဆုံးခန်းတိုင်ခဲ့သည်။
သုံးရက်မြောက်သောနေ့ဖြစ်သည့် တနင်္ဂနွေနေ့တွင် ရှင်ပြန် တမြောက်ပြီး တပည့်တော်တိုနှင့် အတူနေခဲ့သည်။ ရက်ပေါင်း (၄၀) ကြာပြီးနောက် ကောင်းကင်ဘုံသို ဆောင်ယူခြင်းခံခဲ့ပါ၏။
သက်တော်စဉ် တစ်ခုလုံးရှိဖြစ်ရပ်များနှင့် ဩဝါဒတိုကို နောက်အခန်းများတွင် တစ်ခုချင်း အကျယ် တဝင့် ပြန်လည် ရှင်း ပြီး အနက်ဖွင့်ဆိုသွားပါတော့မည်။
အပိုင်း (၂)
သက်တော်စဉ်နှင့် ဩဝါဒအဖွင့် – အခန်း (၅)
ဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန်
ခရစ်ဝင်ကျမ်း လေးကျမ်းစလုံးကို ရေးသားသူတိုင်းက ခရစ် တော်၏ အမှုတော်လုပ်ငန်း အစပြုချိန်နှင့် ဗတ္တိဇံ (နှစ်ခြင်း) ဆရာ ယောဟန်၏ အမှုတော်လုပ်ငန်းတိုကို ဆက်စပ် ဖော်ပြခဲ့ကြသည်။
ဆရာယောဟန်သည် အရှေ့တိုင်းရင်းသား တရားကျင့်သူ၊ သူတော်စင်တစ်ဦးနှင့် တူသည်။ ခရစ်ဝင်ကျမ်းများကို ကြည့်လျှင် သူသည် လူ့ဘောင်လောကကြီးကို ကျောခိုင်းလျက် တောထွက်ပြီး “ရသေ့ကြီး တစ်ပါး” ကဲ့သို ယော်ဒန်မြစ် အနီးတဝိုက်ရှိ ‘လွင်တီး ခေါင်” အရပ်၌ တစ်ကိုယ်တည်း နေခဲ့ကြောင်း ဖော်ပြထားသည်။ (ဆရာ ယုဒသန်က ထို “လွင်တီးခေါင်” အရပ်ကို “တောအရပ်” ဟူ၍ ခေါ်ထားသည်) (မဿဲ၊ ၃း၁-၆၊ မာကု၊ ၁း၃-၁၅၊ လုကာ၊ ၃း၁-၆)
ဆရာ ယောဟန်သည် ဓမ္မဟောင်းကျမ်းရှိ ပရောဖက် ငလိယ ကဲ့သို ဝတ်စားဆင်ယင်ပြီး တောထဲ၌ ရှာဖွေ၍ ရသမျှနှင့် စားသောက် နေထိုင်ခဲ့သည်။ (၄ရာ ၁၈) ဧလိယ နည်းတူ သူသည်လည်း ကြောက်ရွံ တွန့်ဆုတ်ခြင်း လုံးဝမရှိဘဲ ဘုရင်များ၊ ပြည်သူ ပြည်သား တိုအား ဆုံးမပဲ့ပြင် ဟောပြောခဲ့သည်။
သူ၏ ဟောပြောချက်တိုကြောင့်လည်း နာမည် ထင်ရှား ကျော်ကြားလာသည်။ သူ့နောက်သို လိုက်သူ အများအပြား ရှိလာ၏။
လူတိုင်း အပြစ်မှ နောင်တရကြရန်၊ ယော်ဒန်မြစ်၌ ဗတ္တိဇံ (နှစ်ခြင်း) ခံကြရန်၊ ဖြောင့်မတ် သန့်စင်သော ဘဝအသက်တာမျိုး ရှင်ကြရန်၊ အင်တိုက်အားတိုက် ဟောပြောခဲ့သည်။
လုကာ၊ ၃း၁ဝ-၁၄ ကို ကြည့်လျှင် ဆရာယောဟန်က ချမ်းသာကြွယ်ဝသောသူများသည် ဆင်းရဲသူ တိုအား ဝေမျှပေးကမ်း ကြရန်၊ အခွန်ခံများက မတရား စီးပွားရှာမှုတိုကို ဆက်လက်မပြုကြရန်၊ စစ်သူရဲတိုက လူအများကို အနိုင်အထက် မပြုကြရန်၊ မတရား မစွပ်စွဲကြရန်၊ တော်လှန်ပုန်ကန်ခြင်း မပြုကြရန် စသည်တိုကို ဆုံးမ နေခဲ့ကြောင်း တွေ့ရပါလိမ့်မည်။
လာရောက်တရားနာကြသောသူတိုအထဲ၌ ဖာရိရှဲများ၊ ဇဒ္ဒကဲ များ ပါလာသည်ကို တွေ့ရသည်နှင့် တစ်ပြိုင်နက် သူတိုကို အချင်း မြွေဆိုးတို” ဟူ၍ လက်ညှိးထိုးပြီးလျှင် ရဲရဲဝံ့ဝံ့ခေါ်ကာ မကြာမီ ကျရောက်တော့မည့် ဘေးဒဏ်ကို သူတိုအား ပြတ်သားစွာ သတိ ပေးခဲ့သည်။ သူ ဟောပြောခဲ့သော တရားဒေသနာကို ခြုံ၍ အောက်ပါ အတိုင်း အနက်ဖွင့်ပြလိုပါသည် –
(က) လူတိုင်း နောင်တရကြစေရန် သတိပေးသည် (မာကု၊ ၁း၄၊ မဿဲ၊ ၃း၂၊ လုကာ၊ ၃း၃) လောကကြီးထဲသို ဘုရားသခင်၏ နိုင်ငံတော်သည် ထိုးဖောက်ဝင်ရောက် လာတော့မည်ဖြစ်ရာ လူတိုင်း နောင်တရရန် လိုလာ ပြီ။ ထာဝရကာလသည် လူ့ဘောင်လောကထဲသို စတင် ဝင်ရောက်တော့မည်ဖြစ်၍ လူတိုင်းသည် မိမိတိုကိုကို သန့်စင်ဆေးကြောကြရမည်ဖြစ်သည်။
(ခ) လူတိုင်း အသင့် ပြင်ကြရမည်ဖြစ်သည်။ “ထာဝရဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့။ ငါတိုဘုရားသခင်၏ လမ်းခရီးတော်ကို လွင်ပြင်၌ ဖြောင့် စေကြလော့”ဟူ၍ ပရောဖက်ဟေရှာယက ကြွေးကြော် ခဲ့ဘူးသည့်နည်းတူ (ဟေရှာ၊ ၄၀၃) ဘုရားသခင် ကြွလာမည့် လမ်းခရီးကို ပြင်ကြရန် သတိပေး နှိးဆော်သည်။ (မဿဲ၊ ၃း၃၊ မာကု၊ ၁း၃၊ လုကာ၊ ၃း၃-၆)
ရှေးခေတ်က လမ်းမှန်သမျှကို “ဘုရင်မင်းမြတ်၏ လမ်းမ ကြီးများ” ဟူ၍ ခေါ်လေ့ရှိသည်။ ဘုရင်တစ်ပါးသည် တိုင်းခန်း လှည့်လည်တော့မည့်အခါတိုင်း ရှေးဦးစွာ စေတမန်များကို စေလွှတ် ပြီး သူကြွချီတော်မူမည့် လမ်းမှန်သမျှကို ရှင်းလင်းပြုပြင်စေရန် အမိန့်တော်မှတ်လေ့ရှိသည်။
ရှင်ယောဟန်ကလည်း သူ၏ နောက်မှ ကြွလာတော့မည့် ဘုရင်အတွက် အသင့်ဖြစ်စေရန် ထိုသို ဟောကြားသည်။ သူ၏ ဟောကြားနေသမျှသည် သူ့အကြောင်းထက် နောက်တွင် ကြွလာ တော့မည့် ပုဂ္ဂိုလ်ကိုသာ အဓိကထား ညွှန်ပြနေသည်။ (
ဂ) ကိုယ်ကျင့်တရား ကောင်းမွန်ဖြောင့်မတ်လာကြစေ ရန် တိုက်တွန်းနှိးဆော်သည်။ အေးအေးလူလူ သက်တောင့် သက်သာနေလျက် ရှိကြကုန်သော ဂျူး လူမျိုးတိုင်းအား သူက တပ်လှန့် နှိးဆော်လိုက် သည်။ ဂျူးလူမျိုးတိုက သူတိုသည် ရွေးချယ်ခြင်း ခံရသော လူမျိုးဖြစ်ကြောင်း အမြဲ ဂုဏ်ယူလေ့ရှိ ကြ၏။ သိုသော် သူတိုကို ဘုရားသခင် က ထိုသို ရွေးချယ်ထားသည့် အရင်းခံအကြောင်းမှာ တာဝန်တစ်ရပ်ကို ထမ်းဆောင် ရေးအတွက်ဖြစ်ကြောင်း မေ့လျော့နေကြသည်။ အာဗြဟံ ၏ သားစဉ် မျိုးဆက်ဖြစ်သည့် ဟူသောအချက်ကြောင့်ပင်လျှင်ကောင်းကင်နိုင်ငံသို ဝင်ခွင့်ရလိမ့်မည်ဟု မှန်းဆထား ကြသည်။ ဘုရားသခင်၏ အခွင့်ထူးကို ရမည်ဖြစ်ကြောင်း၊ ထင်မှတ်နေကြသည်။
ငရဲ၏ ဂိတ်ဝ၌ ကောင်းကင်တမန်တစ်ပါး ရပ်နေပြီး အရေ ဖျားလှီးခံ ဂျူးလူမျိုးတစ်ဦးလမ်းမှား၍ ရောက်လာလျှင် ချက်ချင်း ပြန်လှည့်သွားစေလိမ့်မည်ဟု ပြောလေ့ရှိကြသည်။ သိုသော် ဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန်က ထိုယူဆချက်ကို လုံးဝဖျက်ဆီးပစ်လိုက် ၏။ မိမိတို ကိုယ်ကို အထင်ကြီး မနေကြရန်နှင့် ကျောက်ခဲမှပင်လျှင် ဘုရားသခင်က အာဗြဟံ၏ သားများ ဖန်ဆင်းနိုင်ကြောင်း သတိပေး သည်။ (မဿဲ၊ ၃ရ-၉၊ လုကာ၊ ၃၈) အရေးအကြီးဆုံးက လူတစ်ဦး၏ ကျင့်ဝတ်သိက္ခာသာလျှင်ဖြစ်ကြောင်း ပြောဆိုသည် (လုကာ၊ ၃း၁၀-၁၄။
(ဃ) ရှင်ယောဟန်က ခြိမ်းခြောက်သံဖြင့် ကြွလာသည်။ ကြီးမြတ်သော ပုဂ္ဂိုလ်ကြီးကြွလာတော့မည်။ သစ်ပင် အမြစ်နား၌ ပုဆိန်ထားလျက် ရှိပြီဖြစ်၍ ကောင်းသော အသီးမသီးသော အပင်ရှိသမျှကို ခုတ်လှဲပြီး မီးထဲသို ချလိုက်တော့မည်ဖြစ်ကြောင်း၊ ထိုပုဂ္ဂိုလ်၏ လက်ထဲ၌ ဆန်ကောပါလာမည်ဖြစ်ပြီး၊ ကောက်နယ်တလင်းကို ရှင်းလင်း၍၊ အဖျင်း မှန်သမျှကို မီးဖြင့် ရှိတော့မည် ဖြစ်ကြောင်း ဟောကြားသည်။ (မဿဲ၊ ၃း၁၁၊ လုကာ၊ ၃း၉၊ ၁၆း၁၈)
ရှင်ယောဟန်၏ ဟောပြောချက်က လူတိုင်းအား တုန်လှုပ် ချောက်ချားသွားစေခဲ့၏။ ထိုသိုဖြစ်သွားစေသည့် အကြောင်းအရင်း (၃)ချက်ရှိသည် –
(က) ဂျူးလူမျိုးတိုအဘို ရှင်ယောဟန်အားဖြင့် ပရောဖက်တို၏အသံကို တစ်ဖန် ပြန်လည် ကြားလာရသော ကြောင့် ဖြစ်သည်။ ဂျူးလူမျိုးတိုအား အစဉ် သတိ ပေးနေခဲ့သည့် ပရောဖက်တို၏ အသံသည် နှစ်ပေါင်း (၃ဝဝ) တိုင်တိုင် တိတ်ဆိတ် ပျောက်ကွယ်သွားခဲ့သည်။ ယဇ်ပုရောဟိတ်တိုက ပူဇော်သက္ကာကို ဆက်လက်ပသ၊ ရှိဆရာကြီးတိုက ပညတ္တိကျမ်းကို ဆက်လက် သွန် သင်ပိုချနေခဲ့ သော်လည်း ပရောဖက်တို၏ ဟောပြော ချက်တို မူကား ပါလက်စတိုင်းနိုင်ငံ၌ ပျောက်ကွယ် နေသည်မှာ ကြာမြင့်လေပြီ။ သိုသော် ရှင်ယောဟန် အားဖြင့် သူတိုသည် ပရောဖက်တို၏ ပြတ်သား တိကျ သော သတိပေးချက်၊ ဟောကြားချက်တိုကို တဖန် ကြားလာရပြန်လေပြီ။
(ခ) မေရှိယ အကယ်ပင် ကြွလာတော့မည်ကို ယုံလာ သောကြောင့်ဖြစ်သည်။ ထာဝရဘုရား၏ နေ့ရက် မတိုင်မီနှင့် မေရှိယ ကြွမလာမီ ဧလိယသည် အရင် ဆုံး ကြွလာမည်ဖြစ်ကြောင်း ဂျူးလူမျိုးတိုင်းက ယုံ ကြည်သည်။ ပရောဖက် မာလခိ ကိုယ်တိုင်က ““ကြည့် ရှုလော့၊ ထာဝရဘုရား၏ ကြောက်မက်ဘွယ်သောနေ့ရက်ကြီး မရောက်မီ၊ ပရောဖက်ဧလိယကို သင်တို ရှိရာသို ငါစေလွှတ်မည်”ဟု ကြိုတင် ဟောကြား ထားခဲ့ဘူးသည်။ (မာလခိ၊ ၄၅) ရှင်ယောဟန် ဝတ် စားဆင်ယင်ပုံကလည်း ဧလိယ ကဲ့သိုပင် ဖြစ်နေ၏။ (၄ရာ၊ ၁း၈ နှင့် မသဲ၊ ၃း၄၊ မာကု၊ ၁း၆)။
သူဟောပြောပုံကလည်း ဧလိယနှင့် တစ်စုံတည်းဖြစ်သည်။ ထိုကြောင့် လူတိုင်းက ရှင်ယောဟန်ကို ဧလိယကဲ့သို မြင် လာကြခြင်းကြောင့်ဖြစ်၏။
(ဂ) သူ၏ အထူးခြားဆုံးသော ဟောပြောချက်များမှာ ကား လူတိုင်း နောင်တရ၍ ဗတ္တိဇံ (နှစ်ခြင်း) ခံ ကြရမည့် အကြောင်းပေတည်း။ ဂျူးလူမျိုးတိုသည် သမိုင်းစဉ် တစ်လျှောက်လုံး ဘယ်သောအခါမျှ ဗတ္တိဇံ (နှစ်ခြင်း) မခံခဲ့စဖူး။ သူတိုအတွက် ထိုသိုသော ဓမ္မ ဝတ်မင်္ဂလာမျိုး လုံး မလိုအပ်ဟူ၍ အမြဲထင်နေခဲ့သည်။ ဗတ္တိဇံ (နှစ်ခြင်း) ခံစရာရှိလျှင် တစ်ပါးအမျိုးသား (ဝါ) ယုဒဘာသာဝင်မဟုတ်သည့် နိုင်ငံခြားသားများကသာ ခံစရာရှိသည်။ ။
တစ်ပါးအမျိုးသားတစ်ဦးသည် ယုဒဘာသာအတွင်းသို ဝင်လို လျှင် ဗတ္တိဇံ (နှစ်ခြင်း) ခံကြရသည်။ သူသည် တစ်ပါးအမျိုးသား ဖြစ်၍ ပညတ္တိကျမ်းတိုကို ယခင်က လိုက်နာ စောင့်ရှောက်ခြင်း မရှိခဲ့။ ထိုကြောင့် သူ၏ ညစ်ညူးမှုမှန်သမျှကို သန့်စင် ဆေးကြော ပစ်ရလိမ့်မည်။
သိုသော် ဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန်က လူတိုင်းသည် အပြစ်သားများဖြစ်ကြ၍၊ တစ်ပါးအ မျိုးသားသာမဟုတ်၊ ဂျူးလူမျိုး တိုသည်ပင်လျှင် အပြစ်မှ နောင်တရ၍ ဗတ္တိဇံ (နှစ်ခြင်း) ခံကြရန် ဟောကြားနေသဖြင့် သူတိုအဘို မယုံကြည်နိုင်လောက်အောင်ပင် အလွန်ပင် ထူးခြားနေပါတော့၏။
အခန်း (၆)
ယေရှုကိုယ်တော်တိုင် ဗတ္တိဇံ (နှစ်ခြင်း) ခံတော်မူခြင်း
ယေရှုကိုယ်တော်တိုင်က ရှင်ယောဟန်ထံ၌ အဘယ်ကြောင့် ဗတ္တိဇံ (နှစ်ခြင်း) ခံရသနည်း?
ရှင်ယောဟန်၏ အဓိက ဟောကြားချက်မှာ အဖြစ်မှ နောင်တ ရပြီး ဗတ္တိဇံ (နှစ်ခြင်း) ခံရန်ဖြစ်သော ကြောင့် ယေရှုသည် အပြစ်မှနောင်တရရန် လိုအပ်ပါသလော? သိုဆိုလျှင် ယေရှုသည် အပြစ်ရှိ ခဲ့ပါသလား?
ဤမေးခွန်းတိုကို လူအများက မေးလေ့ရှိကြသည်။
ဒုတိယနှင့် တတိယရာစုနှစ်မှပင် စပြီး မေးမြန်းလာကြသဖြင့် ကနဦး အသင်းတော်၏ ဖခင်ကြီးတစ်ဦးဖြစ်သူ ဂျပ်စတင်၊ မားတား က “ထရိုင်ဖိုနှင့် အပြန်အလှန် ပြောဆိုခြင်း” Dialogue With Trpyho ဟူသည့် စာအုပ်ထဲ၌ ကိုယ်တော်သည် လူသားတစ်ရပ်လုံး နှင့် ထပ်တူထပ်မျှ၊ လက်ရေတပြင်စီး ဖြစ်လာစေရန် ဗတ္တိဇံ (နှစ်ခြင်း) ကို ခံကြောင်း ဖွင့်ဆိုထားခဲ့ဘူးသည်။
ဓမ္မပညာရှင်အချိုက ကိုယ်တော်သည် အနာဂတ္တိကျမ်းစကား ပြည့်စုံစေခြင်းငှာ ဗတ္တိဇံ (နှစ်ခြင်း)ကို ခံခဲ့သည်ဟု ဆိုကြ၏။ “ထာဝရ ဘုရား၏ ဝိညာဉ်တော်သည် ထိုသူ (မေရှိယ) အပေါ်တွင် ကျိန်းဝပ် တော်မူလိမ့်မည်” ဟူသော ကျမ်းစကားများအရ ကိုယ်တော်သည် ထိုမင်္ဂလာကို ခံခဲ့သည်။ ဟေရှာယ၏ အနာဂတ္တိကျမ်းစကားအတိုင်း ဝိညာဉ်တော်သည်လည်း ကိုယ်တော့်အပေါ် ဆင်းသက် ကျိန်းဝပ်တော်မူခဲ့သည်ဟူ၍လည်း ဆိုကြ၏။
မည်သိုဖြစ်စေ၊ ယေရှု၏ ဗတ္တိဇံ (နှစ်ခြင်း) ခံခြင်း၏ အဓိပ္ပါယ် မှာ “အပြစ်ရှိလူသားတိုနှင့် ထပ်တူထပ်မျှ လက်ရေတပြင်စီး’ ဖြစ်စေ ရန် ကိုယ်တော်တိုင်က တမင်တကာ ကြွလာ၍ ရှင်ယောဟန်ထံ၌ ထိုမင်္ဂလာကို ခံခြင်းဖြစ်သည်ဟု ကျွန်တော်ယုံပါ၏။ ထိုဗတ္တိဇံ (နှစ်ခြင်း) မင်္ဂလာကို ခံခြင်းအားဖြင့် ကိုယ်တော်သည် အောက်ပါတိုကို ပြည့်စုံ စေခဲ့သည်
(က) ဖြောင့်မတ်ခြင်း တရားကို ရှာသော သူတိုနှင့် ပါဝင် ရောယှက်သည်။ ရှင်ယောဟန်ထံသို လာကြသူတိုင်း မှာ အကယ်ပင် ဖြောင့်မတ်ခြင်းတရားကို လိုလား တောင့်တ မွတ်သိပ်နေကြ၍ တကူးတကန့် လာခဲ့ ကြခြင်းဖြစ်သည်။ ဘုရားသခင် အလိုတော်ကို မြင် လာသူများဖြစ်ကြသည်။ ယေရှုသည်လည်း ဖြောင့်မတ် ခြင်းတရားကို ရှာနေသော ထိုသူတိုနှင့်အတူ လက်ရေ တပြင်စီးဖြစ်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။
ဗတ္တိဇံ (နှစ်ခြင်း) ကို ခံရန် လာကြကုန် သော လူအုပ်ကြီးထဲတွင် ယေရှုကိုယ်တော်တိုင် ပါလာ ကြောင်း ရှင်ယောဟန်က တွေ့လာသည်နှင့် တစ်ပြိုင်နက် သူက အံ့သြသွားပြီး မင်္ဂလာကို ပေးရန် ချက်ချင်း ငြင်းဆန် ခဲ့သော်လည်း ကိုယ်တော်က “အလုံးစုံသော တရား တိုကို အကုန်အစင်ကျင့်သင့်သည်ဖြစ်၍ ယခုအခါ အခွင့်ပေးပါ” ဟု ပြန်၍မိန့်တော်မူခဲ့သည်။ (မဿဲ၊ ၃း၁၅)
(ခ) လူ့ဘောင်လောကတွင်းသို ဘုရားသခင်၏ ထိုးဖောက်ဝင်ရောက်လာခြင်းကို အသင့်ပြင်ဆင် နေကြကုန်သော သူများနှင့်အတူ ကိုယ်တော်ကလည်း ဝင် ရောက်ရောယှက်လိုက်ခြင်းဖြစ်သည်။ ရှင်ယောဟန် ထံ၌ ဗတ္တိဇံ (နှစ်ခြင်း) ခံသောသူများသည် ဘုရားသခင် ၏ နိုင်ငံတော်အတွက် မိမိကိုယ်ကို ပြင်ဆင်နေကြ သော သူများဖြစ်၍ ယေရှု ကိုယ်တော်တိုင်က ထိုနိုင်ငံ တော်ကို တည်မည့်သူဖြစ်ခြင်းကြောင့် ကိုယ်တော် ကလည်း ထိုသူတိုနှင့်အတူ ပါဝင်ရောယှက်လိုက်ခြင်း ဖြစ်သည်။
(ဂ) ဘုရားသခင်ကို ရှာနေကြကုန်သော လူသားတိုနှင့် အတူ ကိုယ်တော်က ရောယှက် ပါဝင်လိုက်ခြင်းဖြစ် ပြန်သည်။ လူအပေါင်းတိုက ရှင်ယောဟန်အားဖြင့် ဘုရားသခင်၏ အသံတော်ကို အကယ်ပင် ကြားလာ ကြသည်ဖြစ်ရာ ယော်ဒန်မြစ်ကမ်းပါးနားရှိ ရှင်ယော ဟန်ထံသို တခဲနက် စုရုံးလာကြခြင်းဖြစ်ပါ၏။ ထိုသူ တိုသည် ဘုရားသခင်ကို ရှာနေကြသူများဖြစ်ကြ၍ ကိုယ်တော်သည်လည်း ထိုသူတိုနှင့်အတူ ပါဝင်သော ယှက်လိုက်ခြင်းဖြစ်သည်။
(ဃ) လူသားတို၏ အပြစ်နှင့် ဝမ်းနည်း ကြေကွဲမှုထဲ တွင်ကိုယ်တော်လည်း ဘဝတူပါဝင်ရောယှက်ခံစား လိုက်ခြင်းဖြစ်သည်။ ဤအချက်သည် အလေးအနက် ဆုံးဖြစ်ပါ၏။ ရှင်ယောဟန်ထံသို လာနေကြကုန်သော ထိုသူအပေါင်းတိုသည် မိမိတိုကိုယ်ကို၊ အပြစ်သားများ အဖြစ် မြင်လာကြပြီး နောင်တရလာသောကြောင့် ရှင် ယောဟန်ထံသို လာခဲ့ကြသည်။ ဘုရားသခင်ကို လို အပ်လာခြင်း၊ ဘုရားသခင်ထံမှ အပြစ်လွှတ်ခြင်းအခွင့်ကို လိုအပ်လာကြောင်းကို မြင်လာကြသည်ဖြစ် ရာ၊ ထိုအပြစ်သားတိုနှင့် ကိုယ်တော်ကလည်း ပါဝင် ရောယှက်ပြီး သူတို သယ်ဆောင်နေကြရသော အပြစ် ဝန်ထုပ်ကို ယူတင် ဝတ်ဆောင်လိုက်သည်နှင့် တူသည်။ အပြစ်မဲ့သော ယေရှုသည် ထိုဗတ္တိဇံ (နှစ်ခြင်း) မင်္ဂလာ အားဖြင့် အပြစ်သားတိုနှင့်အတူ လက်ရေတပြင်စီး ပါဝင်ရော ယှက်လိုက်ခြင်းဖြစ်၏။
ယေရှုအဘိုလည်း အလွန်ကြီးမြတ်သော အချိန်ခါတစ်ရပ်ပင် ဖြစ်၏။ လူတိုင်း၏ ရှေ့၊ လူ့မြင်ကွင်းတွင် ပြသလိုက်သော ဓမ္မဝတ် မင်္ဂလာတစ်ရပ်လည်းဖြစ်သည်။
ဗတ္တိဇံ (နှစ်ခြင်း) ခံချိန်တွင် ကောင်းကင်မှ ထွက်ပေါ်လာ သော အသံကို နှစ်မျိုးနှစ်ဖုံ ဖော်ပြထားသည်။ ရှင်မဿဲက “ဤ သူကား” ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သားပေတည်းဟု မှတ် တမ်းတင်ထား၏ (မဿဲ၊ ၃၁ရ)။ ရှင်မာကုနှင့် ရှင်လုကာက ““သင် ကား” ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သားပေတည်းဟု ဆိုထား သည်။ မည်သိုဖြစ်စေ၊ ဤစကားတော်ကို ကောင်းကင်က တိုက်ရိုက် ပြောလိုက်ကြောင်းကို ပေါ်လွင်နေသည် (မာကု ၁း၁၁၊ လုကာ၊ ၃း၂၂။ မင်္ဂလာခံခြင်းဖြစ်ရပ်မှာ လူထုကြီးအတွက် သာမက ယေရှုအတွက်ပါ အဓိပ္ပါယ်ရှိနေသဖြင့် ထိုဖြစ်ရပ်ကို အောက်ပါအတိုင်း ထပ်မံအဓိပ္ပါယ် ဖွင့်ပြလိုပါသေးသည်
(က) ကိုယ်တော်က တစ်စုံတစ်ခုကို ပြုရန် ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်သော အချိန်ဖြစ်၏။ လူသား တိုအား ကယ်တင်ရန်၊ သူတို၏ အပြစ်နှောင်ကြိုး တိုကို ဖြတ်တောက်ပစ်ရေးအတွက် “ရေနက်ရာသို ဆင်းရန်ကိုယ်တော်က ယတိပြတ် ဆုံးဖြတ်ချက် ချလိုက်သောချိန်ခါဖြစ်၏။
(ခ) ကိုယ်တော်အတွက် ကောင်းကင်က ပြတ်သားသော အာမခံချက် ပေးလိုက်သည့် ချိန်ခါလည်းဖြစ်၏။ ကောင်းကင်မှ ထွက်ပေါ်လာသော အသံက၊ ကိုယ် တော်သည် သာမန်လူသား မဟုတ်၊ ဘုရားသခင်၏ သားတော်ပင်ဖြစ်ကြောင်း အာမခံချက် ပြတ်ပြတ်သား သားပေးခဲ့ပါ၏။ ။
(ဂ) ကိုယ်တော့်အဘို ခွန်အားယူလိုက်ချိန်ဖြစ်၏။ ဘုရား သခင်၏ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုမင်္ဂလာ ချိန်ခါ၌ ကိုယ်တော်၏ အပေါ်သို သက်ဆင်း ကြွလာ တော်မူခဲ့သည် (မာကု၊ ၁း၁၀၊ မဿဲ၊ ၃း၁၆၊ လုကာ၊ ၃း၂၂) ဤသိုသောဖြစ်ရပ်ကို ဂျူးလူမျိုးတိုင်းက နား လည်သည်။ လူတစ်ဦးအဘို တာဝန်ကြီးတစ်ရပ်ကို ထမ်းဆောင်ရန်အတွက် ဘုရားသခင်၏ ဝိညာဉ်တော် ဆင်းသက်ကြွလာစမြဲဖြစ်သည်။
“သြသံယေလ” အပေါ်သိုလည်းကောင်း (သူကြီး၊ ၃း၁၀) “ဒေါင်” အပေါ်သို လည်းကောင်း (သူကြီး၊ ၆း၃၄) “ယေဖသ) အပေါ်သို လည်းကောင်း (သူကြီး၊ ၁၁း၅၉) “ရှံဆုန်” အပေါ်သို လည်းကောင်း (သူကြီး၊ ၁၃း၂၅) “ရှောလု အပေါ်သိုလည်းကောင်း (၁ရာ၊ ၁၀း၁၀) ဘုရား သခင်ရွေးချယ်သော ယေရှဲ၏ အမျိုးအုတ် (ဘုရင်) အပေါ်သို လည်းကောင်း (ဟေရှာ ၁၁း၁-၂) ဘုရားသခင်၏ အစေခံကျွန်အပေါ်သိုလည်းကောင်း (ဟေရှာ ၄၂း၁) ဘုရားသခင်က ဝိညာဉ်တော်ကို စေလွှတ်လေ့ရှိသည်။
သိုသော် ထူးခြားချက်တစ်ခုရှိသည်။ အထက်ဖော်ပြပါပုဂ္ဂိုလ် များအပေါ်သို ဝိညာဉ်တော် ဆင်းသက်ခဲ့သည်မှာ အထူးတာဝန် တစ်ရပ်ကို ထမ်းဆောင်နိုင်စေရေးအတွက် အားသစ်လောင်းပေးခြင်း နှင့် တူသည်။ သူတိုအား ခေတ္တယာယီ ခွန်အား ဖြည့်စွမ်းပေးလိုက် ခြင်းဖြစ်သော်လည်း သခင်ယေရှုအတွက်ကား ထိုသိုမဟုတ်၊ “တစ် သက်တာလုံး” အတွက်ဖြစ်ပါ၏။
“ဟေဗြဲခရစ်ဝင်ကျမ်း” ဟူသော ကျမ်းမူ၏ တစ်ပိုင်းတစ်စ ပေါ်၌ ရေးထားသမျှကို ကနဦးအသင်းတော်၏ ဖခင်တစ်ဦးဖြစ်သူ “ဂျာရုမ်း’က အောက်ပါအတိုင်း အနက်ဖွင့်ထားသည်။
ထိုအခါ ယေရှုသည် ရေပေါ်မှ ထလာသည်နှင့် တစ်ပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်သည် ဆင်းသက်လာ၍ ကိုယ်တော်အပေါ်၌ ရပ်တည်တော်မူခဲ့၏။ ဝိညာဉ်တော်ကလည်း “ငါ့သား၊ သင်ကြွလာ ရေးအတွက် ပရောဖက်များအားဖြင့် ငါသည် ကြိုတင် ဟောပြော တော်မူခဲ့ပြီးဖြစ်သည်။ သင် ကြွလာရန်နှင့် သင့်အဖော် ငါ၏ ဝိညာဉ် တော်အပြည့်အဝ သွန်းလောင်းနိုင်ရေးအတွက် ငါသည် စောင့်မျှော် ခဲ့၏။ သင်သည် ကာလအစဉ်အုပ်စိုးတော်မူမည်ဖြစ်သော ငါ၏ ချစ် သားပေတည်း” ဟူ၍ ဆိုခဲ့သည်ဟု ရေးသားထား၏။
ထိုကြောင့် ကိုယ်တော့်အပေါ်သို သန့်ရှင်းသော ဝိညာဉ်တော် သည် တစ်စိတ်တစ်ဒေသမျှသာ ဆင်းသက်လာသည်မဟုတ်။ အပြည့် အဝ ဆင်းသက်ပြီး၊ ခဏပန်းမျှသာ ဆောင်ရွက်ရမည့် အမှုတော် လုပ်ငန်းတစ်ခုအတွက် ယာယီကြွလာခဲ့ခြင်းမဟုတ်၊ ထာဝရကာလ၊ အစဉ်မပြတ် ရပ်တည်ရေးအတွက် ဆင်းသက်ကြွလာခဲ့ခြင်းပင်ဖြစ်၏။
(ဃ) အမှုတော်လုပ်ငန်းကို စတင် ဆောင်ရွက်ရန် ကိုယ်တော် အဘို. ဆက်ကပ်ချိန်လည်းဖြစ်၏။ ကောင်းကင်မှ အသံတော်က “ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သား ပေတည်း”ဟုဆို၏ (မာကု၊ ၁း၁၁၊ မဿဲ၊ ၃း၁ရ၊ လုကာ၊ ၃း၂၂) ထိုစကားတော်ကို အနက်ဖွင့်ရန် ဟေရှာယ အနာဂတ္တိကျမ်းကို ပြန်၍ ကြည့်ဘိုလိုသည်။ “ငါနှစ်သက်မြတ်နိုးရာ” “ငါ ရွေးချယ်သောသူ” ဟူသော စကားကို ဟေရှာ ၄၂၁ တွင် တွေ့နိုင်သည်။ ဘုရားသခင် “ရွေးချယ်တော်မူသော အစေခံကျွန် အကြောင်း”ကို ဒုတိယ ဟေရှာယ အခန်းကြီး ၅၃ အစမှ အဆုံးအထိ ဖော်ပြထားသည်။
ထိုအစေခံကျွန်သည် “ငါတိုလွန်ကျူးသော အပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရသည်။ သူခံရသော ဒဏ်ချက်ကြောင့် ငါတိုသည် အနာပျောက်ကြ၏။ ထိုသူသည် ညှင်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာ ဆောင် သွားသော သိုးသငယ်ကဲ့သို သူ့ကို ဆောင်သွား၍ သိုးသည် အမွှေး ညှပ်သောသူရှေ့မှာ မမြည်ဘဲ နေသကဲ့သို သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏” ဟူ၍ ထိုပရောဖက်က ကြိုတင်ဟောပြောထားသည်။
ယေရှုသည် ထိုအသံတော်ကို ကြားရတော်မူသောအခါ သူ၏ အမှုတော်လုပ်ငန်းသည် ထိုအစေခံကျွန် နည်းတူ ဝမ်းနည်းကြေကွဲ ခြင်း၊ နာကျင်ခြင်းဝေဒနာနှင့် ငြိုငြင်ခြင်း ခံရမည်ဖြစ်သော လုပ်ငန်း၊ အသက်တော်ကို ဆက်ကပ်စွန့်လှူ ပူဇော်ရမည့်လုပ်ငန်း၊ လူသား တို၏ အပြစ်အတွက် မိမိကိုယ်ကို စွန့်လှူပေးအပ်ရမည့် လုပ်ငန်း ဖြစ်ကြောင်း ချက်ချင်းသတိရလာပါလိမ့်မည်။
“ငါ၏ချစ်သားပေတည်း” ဟူသော ကျမ်းစကားကို ဆာလံ ၂ရတွင် တွေ့နိုင်သည်။ ဒုတိယမြောက် ဆာလံသည် မေရှိယ (ဝါ)ဘိသိက်သွန်းခြင်းခံရသူ “ခရစ်တော်” နှင့် ပတ်သက်သော ဆာလံ ဖြစ်သည်ကို သတိပြုထားသင့်၏။
လူတိုသည် ပုန်ကန် ထကြွစေကာမူ၊ ထိုဘုရင်အား ဘုရား သခင်က သားအဖြစ် သိမ်းပိုက် ရွေးကောက်ထားသည်ဖြစ်ရာ သူ သည် မကြောက်ရွံ မတုန်မလှုပ်ဘဲ ဘုရားသခင်၏ ကတိတော်ကို ယုံကြည်ပြီး၊ အမှုတော်ကို ဆောင်ရွက်နိုင်ကြောင်း ထိုဆာလံ၌ ဖော် ပြထားသည်။
ထိုဘုရင်အုပ်စိုးရာ နယ်မြေ ဒေသသည် ငြိမ်းချမ်းသာယာရုံ မက သူ၏ ရန်သူများကို တစ်နေ့တွင်အောင် မြင်ရမည်ဖြစ်ကြောင်း ကတိတော်လည်းရှိသည်။ သူ၏ နိုင်ငံတော်ကိုလည်း ဘုရားသခင်က မြေကြီးစွန်း တိုင်အောင် ရောက်စေမည့် အကြောင်း ဖော်ပြထားသည်။
ကောင်းကင်က ထွက်ပေါ်လာသော ထိုအသံကို ယေရှု ကြား ရသောအခါ သူ၏ အမှုတော်လုပ်ငန်းသည် အောင်မြင်ခြင်းဖြင့်သာ အဆုံးသတ်ရမည့်အကြောင်း အာမခံချက်ရပြီးဖြစ်၏။
ထိုစကားသံကို ယေရှုကြားလိုက်ရသောအခါ သူ၏ လမ်းစဉ် သည် ကားတိုင်လမ်းစဉ်ဖြစ်သော်လည်း အဆုံး၌ကား၊ အောင်ပန်းကို ဆွတ်ခူးရမည့် လမ်းစဉ်ဖြစ်ကြောင်း ကိုယ်တော် ရိပ်စားမိပြီး ဖြစ်နေ ပါလိမ့်မည်။
အခန်း (၇)
စုံစမ်းခြင်းကို ခံတော်မူခြင်း
ယေရှုအား မာရ်နတ်က စုံစမ်းသွေးဆောင်ခြင်းနှင့်ပတ်သက် သည့် ဖြစ်ရပ်ကို အမျိုးမျိုး အနက်ဖွင့်ရှိသည်။ သိုသော် ရှေ့ဦးစွာ ထိုဖြစ်ရပ်နှင့်ပတ်သက်သည့် အကြောင်းအရာ အလုံးစုံကို လေ့လာ စေလိုပါသည်။ ။
“စုံစမ်းသွေးဆောင်ခြင်း” ဟူ၍ ဆိုလိုက်သည်နှင့် ကျွန် တော်တို အများက အပြစ်ဒုစရိုက် တစ်စုံတစ်ခုကို ပြုလုပ်ရန် သွေး ဆောင်သည် ဟူ၍ပင် ယေဘုယျအားဖြင့် ထင်မှတ်လေ့ရှိကြသည်။ “စုံစမ်းသွေးဆောင်ခြင်း” ဟူသော စကားမှာ ဂရိစကား “ပီရာဇိန်း” (Peirazein) ကို ဘာသာပြန်ဆို ထားခြင်းဖြစ်သည်။ အနက်ရင်းမှာ “စုံစမ်းခြင်း” “စမ်းသပ်ခြင်း” ပင်ဖြစ်၏။
မာကု၊ ၁း၁၂။ မဿဲ၊ ၄း၁။ လုကာ၊ ၄း၁ တိုကို ကြည့်လျှင် ယေရှုအား တောသို ပိုဆောင်သူမှာ ဝိညာဉ်တော်ပင်ဖြစ်ကြောင်း သတိထားသင့်သည်။ ယေရှုအား အပြစ် ဒုစရိုက် ပြုလုပ်စေရန် ဝိညာဉ်တော်က ဘယ်သောအခါမှ ဤသို ပြုလိမ့်မည်မဟုတ်ပါ။ ဓမ္မ ဟောင်းကျမ်းကို ပြန်ကြည့်လျှင် “ဘုရားသခင်သည် အာဗြဟံကို စုံစမ်းခြင်းငှာ အာဗြဟံဟု ခေါ်တော်မူ၍” ဟူသော ကျမ်းစကားကို တွေ့ရပါလိမ့်မည် (ကမ္ဘာ၊ ၂၂း၁)။
ထိုကြောင့် “စုံစမ်းသွေးဆောင်ခြင်း” ဆိုသည့်အခါတိုင်း အပြစ်ဒုစရိုက်ကို ပြုမူရန် သွေးဆောင်ခြင်း ခံရသည်ဟု တထစ်ချ မမှန်ယူသင့်ပါ။ ဘုရားသခင်သည် အာဗြဟံအား အပြစ် ဒုစရိုက်ပြုရန် သွေးဆောင် ခဲ့သည်မဟုတ်၊ အာဗြဟံ၏ ယုံကြည်ခြင်းကို စမ်းသပ် ရန်သာ ဖြစ်သကဲ့သို ယေရှုအား “စုံစမ်းသွေးဆောင်ခြင်း” ဖြစ် ရပ်မှာလည်း ကိုယ်တော်အား “စမ်းသပ်ခြင်း”သာ ဖြစ်ပါ၏။
အမှန်ဆိုရလျှင် “စုံစမ်းသွေးဆောင်ခြင်း” မှန်သမျှသည် လည်း “စမ်းသပ်စစ်ဆေးကြည့်ခြင်း” ပင် မဟုတ်ပါသလော? စုံစမ်း ခြင်းခံရသူသည် လမ်းလွဲသို ရောက်မရောက် စမ်းသပ်ခြင်းခံရသည် ဖြစ်ရာ အကယ်၍ ထိုစုံစမ်းစစ်ဆေးခြင်းကို အောင်မြင်ခဲ့လျှင် ထို သူသည် ဝိညာဉ်ခွန်အား ပိုမိုပြည့်ဖြိုး၊ သန့်စင်၊ ရဲရင့်ခြင်းနှင့် မိမိ ကိုယ်ကို ပိုမို ယုံကြည် စိတ်ချလာရခြင်းအဖြစ်သို ရောက်လာလိမ့် မည်မှာ မလွဲပင် ဖြစ်ပါလိမ့်မည်။ ရွှေ၊ ငွေ၊ သတ္တု၊ ပစ္စည်းတစ်ခုကို မီးဖြင့် စမ်းသပ်ကြည့်ပြီးမှ အရည်အသွေး ကောင်းမကောင်း ဖော် ထုတ်နိုင်သည့် နည်းတူပေတည်း။
ယေရှု၏ စုံစမ်း သွေးဆောင်ခြင်းကို ခံရခြင်းဖြစ်ရပ်ကပင်လျှင် ကိုယ်တော်သည် အံ့ဘွယ်ရာ တန်ခိုးအာနိသင်များကို ပိုင်ဆိုင်လျက် ရှိကြောင်း၊ အကောင်းဆုံးသော သာဓကတစ်ရပ်ပင်ဖြစ်သည်။
သာမန်လူသားတစ်ဦးအား ကျောက်ခဲမှ မုန့်ဖြစ်စေခြင်းငှာ မည်သူကမျှ တိုက်တွန်းလိမ့်မည်မဟုတ်။ သာမန် လူသားတစ်ဦးသည် အလွန်မှ မြင့်မားလှသော ဗိမာန်တော် ထိပ်စွန်း ကျောက်ခဲ ကျောက် တုံးများ ပေါများသော အောက်ခြေသို ခုန်ချပြီး မထိခိုက် မနာကျင် ဘဲ နေလိမ့်မည်မဟုတ်ပါ။ ကိုယ်တော်၌ ထိုတန်ခိုး အာနိသင်များ ရှိနေကြောင်း သေချာသည်။ ထိုတန်ခိုးအာနိသင်တိုကို မှားသော နည်းမျိုးဖြင့် အသုံးချစေရန် မာရ်နတ်က သွေးဆောင်နေခြင်းသာ ဖြစ်ပါ၏။
သွေးဆောင်နေသူကလည်း အလွန်ပင် လိမ္မာပါးနပ်သည်။ (၁၁၅) သွေးဆောင်ပုံကလည်း ထူးခြားသည်။ ထိုတန်ခိုး အာနိသင်များကို အသုံးချစေရန် သွေးဆောင်သည့် နည်းလမ်းများကို သေသေချာချာ ဆန်းစစ်ကြည့် လျှင် ၎င်းတိုမှာ ဆိုးသွမ်း ယုတ်မာ၊ မှားယွင်းသော နည်းလမ်းများမဟုတ်ပါ။
ကျောက်ခဲများကို မုန့်အဖြစ်သို ပြောင်းလဲ၍ စားသုံးခြင်း အားဖြင့် မည်သူ့ကိုမျှ မထိခိုက်မနာကျင်စေ နိုင်ပါ။ ရဲရင့် စွန့်စားသော အမှုတစ်ခုကို လုပ်ဆောင်သည့်အခါ ဘုရားသခင်က ကာကွယ် စောင့် ရှောက်သည့် အကြောင်း “သရုပ်ပြသည့် နည်းလမ်း” သည်လည်း မှားယွင်း သည့်အမှုဟူ၍ မဆိုနိုင်ပါ။ ကမ္ဘာလောကကြီး တစ်ခုလုံးကို အောင်မြင်ပြီး နောက်တော်သို လိုက်ပါစေရန် ကြိုးပမ်းအားထုတ် ခြင်းသည်လည်း ဆိုးဝါးလှသော အမှုမဟုတ်နိုင်ပါ။
အကယ်၍ လူတစ်ဦးသည် စုံစမ်းသွေးဆောင်ခြင်းကို ခံရပြီး ထိုသွေးဆောင်ခြင်းနောက်သို လိုက်ပါသွား လျှင် သူ့အား အလွန်ပင် ထိခိုက် နာကျင် ဝမ်းနည်းကြေကွဲရမည်ကို အစကတည်းက ထင်ထင် ရှားရှား သိမြင်နေ ပါက မည်သူကမျှ ထိုသွေးဆောင်ခြင်းနောက်သို မိုက်မဲစွာ လိုက်ပါသွားလိမ့်မည်မဟုတ်ပါ။
ဥပမာတစ်ခုကို ကြည့်ပါ။
ဧဝကို စုံစမ်းသွေးဆောင်ရာတွင် ထိုအသီးသည် စားဘွယ် ကောင်းခြင်း၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေမည်ဖြစ်ရုံမက နှစ်သက်စရာသော အပင်ဖြစ်ကြောင်း ဧဝက မြင်သောအခါမှ သူက ယူ၍ စားလိုက်ခြင်းဖြစ်ပါ၏ (ကမ္ဘာ၊ ၃း၆)။
အပေါ်ယံကြောအားဖြင့် တပ်မက်ဘွယ်ရာ ကောင်းလှခြင်း၊ အကျိုးရှိဘွယ်ရာတစ်ခုဟု မြင်သော ကြောင့်သာ လူများက စုံစမ်းသွေးဆောင်ခြင်း၏ နောက်သို လိုက်ပါသွားကြလေ့ ရှိပါ၏။ ဆိုးသွမ်း ယုတ်မာ မှုသည် အပေါ်ယံက ကြည့်လျှင် ကောင်းမြတ် နေဟန် ရှိခြင်းကြောင့် စုံစမ်းသွေးဆောင်ခြင်း၌ တန်ခိုးအာနိသင်နှင့် ဆွဲဆောင် “အား ရှိနေခြင်းသာဖြစ်သည်။
ယေရှု၏ စုံစမ်းသွေးဆောင်ခြင်းဖြစ်ရပ်ကို ဖတ်ရှုလျှင် မာရ် နတ်က ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး ကိုယ်တော်အား ထိုသို သွေးဆောင် လှည့်ဖျားနေသည်ဟု အတိအကျ၊ လှေနံဓါးထစ် မမှတ်ယူစေလိုပါ။ ကိုယ်တော်၏ အတွင်းနှလုံးသားထဲ၌ ပြင်းပြစွာ ရုန်းကန်လှုပ်ရှားနေရသည့်အဖြစ်၊ အမှုတော်လုပ်ငန်းကြီးကို မည် သည့်နည်းလမ်းမျိုးဖြင့် ဆောင်ရွက်ရမည်နည်း? မည်သည့်လမ်းစဉ် ကို ရွေးချယ်ရမည်နည်း? ဟူ၍ ကိုယ်တော် အဘို စဉ်းစားချင့်ချိန် သုံးသပ်နေရသည့်အဖြစ်ကိုသာ ရှုကြည့်စေလိုပါသည်။
ကျမ်းစကားကို ကြည့်ပါဦး။ ။
“ထိုသို မာရ်နတ်သည် စုံစမ်းသွေးဆောင်ခြင်း အမှုအလုံးစုံ ကို အကုန်အစင် ပြုပြီးလျှင် အထံတော်မှ ထွက်သွား၍ “ကာလ အတန်အရာ” နေလေ၏” ဟူ၍ တွေ့ရပါလိမ့်မည် (လုကာ၊ ၄း၁၃)။
မာရ်နတ်သည် ကိုယ်တော်အား စုံစမ်းသွေးဆောင်ပြီး ခဏ မျှသာ ထွက်ခွာခဲ့သည်။ နောင်တွင်လည်း အကြိမ်ကြိမ် လာနိုင်သေး သည်ဖြစ်ရာ၊ ထိုစုံစမ်း သွေးဆောင်မှုမှ ရုန်းကန်နေရမှုကို ကိုယ် တော်သည် ခဏမျှသာ ခံလိုက်ရသည်မဟုတ်၊ ကိုယ်တော်၏ သက်တော်စဉ် တစ်လျှောက်လုံး၌ ထိုသို အမြဲပင် စုံစမ်းခြင်း ခံနေရသည် ဟူ၍ မှတ်ယူထားစေလိုသည်။ ။
ထိုအပြင် အရေးကြီးသည့် အချက်တစ်ခုကို ဆင်ခြင်ကြ ကိုယ်တော်သည် စုံစမ်းခြင်းကို ခံရစဉ် တစ်ကိုယ်တည်းနေခဲ့သည်။ အနီးအနား၌ မည်သူမျှရှိပုံမရပါ။ ထိုစုံစမ်းသွေးဆောင် ခြင်းဖြစ်ရပ်ကို ခရစ်ဝင်ကျမ်း ရေးသားသူများက သိ၍ မှတ်တမ်း တင်နိုင်ခြင်းမှာ ကိုယ်တော်ကဤအကြောင်းကို တမန်တော်များအား ပြန်လည်ပြောပြခဲ့သောကြောင့်သာ ဖြစ်နိုင်ပါ၏။
ထိုကြောင့် ထိုစုံစမ်းသွေးဆောင်ခြင်းဖြစ်ရပ်ကို တမန်တော် များက သိရှိလာရန် ပြောပြနိုင်သူ တစ်ဦးတည်းသာရှိပါ၏။ ထိုသူမှာ ခရစ်တော်ကိုယ်တိုင်ပင်တည်း။ ။
ကိုယ်တော်သည် အရက်(၄၀)လုံးလုံး တစ်ကိုယ်တည်း ရှိနေခဲ့သည် (မာကု၊ ၁း၁၃။ မဿဲ၊ ၄း၂။ လုကာ၊ ၄း၂)။ ရက် ပေါင်း (၄၀) ဆိုသည်ကိုလည်း အတိအကျ၊ လှေနံဓါးထစ် မယူဆ ထားစေလိုပါ။ ဂျူးလူမျိုးတို စကား၌ ရက်ပေါင်း (၄၀) ဆိုသည်မှာ အဓိပ္ပါယ် တစ်မျိုးရှိနေသည်။ ဥပမာ ကျွန်တော်တိုက ပြဿနာပေါင်း “သောင်း ခြောက်ထောင်’ ဟု ဆိုရာ၌ အကယ်ပင် တစ်သောင်းခြောက်ထောင် ရှိနေသည် မဟုတ်ပါ။ ပြဿနာတို များပြားလှခြင်းကိုသာ တင်စား ပြောတတ်ခြင်းပင် ဖြစ်ပါ၏။ ။
ရက်ပေါင်း (၄၀) မိုးရွာပြီးမှ တစ်ကမ္ဘာလုံးကို ရေလွှမ်းမိုး ခဲ့သည် (ကမ္ဘာ၊ ၁း၂)။ မောရှေသည် သိနာတောင်ပေါ်တွင် ရက် ပေါင်း (၄၀) နေခဲ့သည် (ထွက်၊ ၂၄း၁၈)။ ဧလိယသည် တောထဲ၌ ရက်ပေါင်း (၄၀) ခရီးသွားခဲ့သည် (၃ရာ၊ ၁၉း၈)။ ရက်ပေါင်း (၄၀) ဆိုသည်မှာ “ကြာမြင့်လှသော အချိန်ကာလတစ်ရပ်” ဟူ၍သာ မှတ်ယူထားစေလိုပါသည်။
ထိုအချိန်တစ်လျှောက်လုံး၌ ကိုယ်တော်သည် အစာရှောင်နေ သည် (မဿဲ၊ ၄း၂။ လုကာ၊ ၄း၂)။ ထို ကြောင့် အစာရှောင်၍ စဥ်းစားချင့်ချိန် ခွန်အားယူနေသည့်အခါမျိုးဖြစ်၏။
စုံစမ်းသွေးဆောင်ခံရခြင်း ဖြစ်ရပ်ကို မာကု၊ ၁း၁၂၊ မသဲ.၄း၁-၁၁ နှင့် လုကာ၊ ၄း၁-၁၃ တိုတွင် တွေ့နိုင်သည်။ စုံစမ်း သွေးဆောင်ခြင်းအမှုကို မာရ်နတ်က ““ကိုယ်တော်သည် ဘုရားသခင် ၏ သားတော်မှန်လျှင်” ဟူသော စကားဖြင့် အစပြုခဲ့သည် (မဿဲ။ ၄း၃-၊ ကာ၊ ၄း၃-၁၁)။ ထိုသိုသော စုံစမ်းခြင်းအမှုကို ကိုယ် တော်သည် ကားတိုင်ထက်၌ ရှိစဉ် တစ်ခါခံခဲ့ရပြန်ပါသေးသည်။ သူ၏ရန်သူများက “သင်သည် ဘုရားသခင်၏ သားတော်မှန်လျှင် လက်ဝါးကပ်တိုင်မှ ဆင်းလော့” ဟု ဆိုခဲ့ကြသည် (မဿဲ၊ ၂၀း၄၀၊ လုကာ၊ ၂၃း၃၅-၃၅)။ ထိုစုံစမ်းခံရခြင်းဖြစ်ရပ်ကို တစ်ခုချင်း လေ့လာ ကြည့်ကြပါစို
(က) ကျောက်ခဲကို မုန့်ဖြစ်စေခြင်းငှာ သွေးဆောင်ခြင်း၊ (မဿဲ၊ ၄း၃၊ လုကာ၊ ၄:၃)။ ရက်ပေါင်း (၄၀) လုံးလုံး အစာရှောင်နေခဲ့သူ တစ်ဦးအဘို အစားအစာအားဖြင့် သွေးဆောင်ခြင်းသည် အလွန်ပင် သဘာဝကျလှသည်။ ယေရှုရှိနေသောဒေသ၌ ကျောက်တုံးငယ်ကလေးများ ရှိသည်။ ထိုကျောက်တုံးကလေးများသည် အမှန်ပင် ပေါင်မုန့်နှင့်တူသည်။ ထိုအရာတိုကို တန်ခိုးဖြင့် မုန့် အဖြစ်သို ပြောင်းလဲပစ်လျှင် မသင့်တော်ပေဘူးလား? ဘုရားသခင် ကိုယ်တော်တိုင်က “ငါသည် သင်တို အဘို မိုးကောင်းကင်က မုန့်ဖိုးကို ရွာစေမည်”ဟု တစ်ချိန်က မိန့်တော်မူဘူးသည်။ (ထွက်၊ ၁၆း၄)။ “လူတိုသည် မငတ်မပွတ်ရ” ဟူ၍လည်း ကတိတော် ရှိခဲ့ဘူးသည် (ဟေရှာယ၊ ၄၀း၁၀)။ ထိုစုံစမ်းခြင်း၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်ပါ၏။
(၁) ကိုယ်တော်၏ တန်ခိုးအာနိသင်ကို ကိုယ်ကျိုးအဖြစ်သုံးစွဲရန်ဖြစ်သည်။ ယေရှုအနေဖြင့် ဆင်ခြေပေးနိုင် စရာ များစွာရှိသည်။ အမှုတော်လုပ်ငန်း ဆောင်ရွက် ရန် ကိုယ်တော်သည် သူ၏ လက်သမားအလုပ်အကိုင် မိဘ ဆွေမျိုးအားလုံးကို စွန့်ပစ်ခဲ့ရရှာသည်။ ယခုအခါ ကျောက်ခဲတိုကို မုန့်အဖြစ်သို ပြောင်းလဲပြီး၊ မိမိ၏ မွတ်သိပ်မှုကို ပြေပျောက်စေခြင်းသည် မှားယွင်းသော အမှုဟူ၍ မယူဆနိုင်ပါ။ သိုသော် ထိုသို ပြုခဲ့ပါက မိမိ၌ ရှိနေသော တန်ခိုး ဣဒ္ဓိပါတ်ကို မိမိ ကိုယ်ကျိုး အတွက် သုံးခြင်းသာလျှင် ဖြစ်ပါလိမ့်မည်။
(၂) လူအပေါင်းတို ကို ရုပ်ပိုင်းပစ္စည်းများအားဖြင့် သွေး ဆောင်ဆွဲယူရန်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော် ကြီးကို ဆောင်ရန် ကိုယ်တော်သည် မှန်ကန်သော လမ်းစဉ်ကို ရွေးချယ်ရာတွင် လူသား တစ်ရပ်လုံးအား ဆွဲဆောင်နိုင်မည့် အကောင်းဆုံးသော နည်းလမ်း တစ်ရပ်မှာ ရုပ်ပိုင်းပစ္စည်း များဖြစ်သော အစားအစာ၊ ရွှေ၊ ငွေ၊ ဥစ္စာတိုကို ပေးကမ်းစွန့်ကြဲပြီး နောက် တော်သို လိုက်ပါလာ စေခြင်းဖြစ်သည်။ လူဆိုသည်မှာ ပစ္စည်း ဥစ္စာ ဓနကြွယ်ဝချမ်းသာမည်ဆိုလျှင် မည်သူ၏ နောက်သိုမဆို လိုက်ရန် တုံနှေးလိမ့်မည်မဟုတ်၊ အလွန်ပင် လွယ်ကူ လှသော နည်းလမ်းလည်းဖြစ်၏။ သိုသော် ဤနည်းလမ်း သည် လောကီသားတို အသုံး ပြုလေ့ရှိသည့် နည်းလမ်း ပင်ဖြစ်ပါ၏။ ၊
ပညတ္တိကျမ်းထဲ၌ပါသော ကျမ်းစကားဖြင့် ထိုစုံစမ်းခြင်းကို တော်က တွန်းလှန်ခဲ့ပါ၏။ ၎င်းမှာ “လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်” ဟူသော ကျမ်းစကားပေတည်း။(တရား၊ ၈း၃)
(ခ) ဗိမာန်တော်အထွဋ်မှ ခုန်ချရန် သွေးဆောင်ခြင်း ။ ထိုနေရာ ခုန်ချလိုက်သည့် တစ်ပြိုင်နက် ကောင်းကင် တမန်တိုက ကိုယ်တော်၏ ခြေကို ကျောက်ဖြင့် မထိ ခိုက်စေခြင်းငှာ လက်ဖြင့် မစ ချီပင့်ကြလိမ့်မည်ဟု မာရ်နတ်က ဆို၏ (လုကာ၊ ၄း၉-၁၂၊ မဿဲ၊ ၄း၅-၅)။
ဗိမာန်တော်၏ တောင်ဘက်၌ တောင် ကုန်းမြင့် တစ်ခုရှိသည်။ ထိုတောင်ကုန်းမှ အောက်ခြေရှိ ကေဂျွန်ချောင်းအထိဆိုလျှင် ပေပေါင်း ၃၅၀ ခန့်ရှိသည်။ သမိုင်းပညာရှင် ဂျိုဆီးဖပ်(စ်)က “ထိုအမြင့်မှ နေ၍ အောက်ကို ငုံကြည့်လိုက်လျှင် လူတစ်ဦးအဘို မိုက် ကနဲ မူးဝေ၍ပင် သွားနိုင်သည်”ဟု ရေးသားခဲ့ဘူးသည်။
နံနက်အရုဏ်မတက်မီ ယဇ်ပူဇော်ရေး အတွက် ယဇ်ပုရောဟိတ်တစ်ဦးသည် ထိုတောင် ထိပ်က နေ၍ လူအပေါင်းတိုအား သတိပေး နှိးဆော် ရလေ့ရှိသည်။ ဗိမာန်တော်ထိပ်၌ မြင့်မားသော မျှော် စင်တစ်ခုရှိသည်။ အရုဏ်ဦးသန်းလာသည်နှင့် ထိုနေ ရာက နေ၍ ယဇ်ပုရောဟိတ်တစ်ဦးက ခရာဖြင့် အချက်ပေးလေ့ရှိသည်။ ။
ထိုအချိန်မျိုးတွင် ဗိမာန်တော်ရင်ပြင်၌ ယဇ် ပူဇော်ရန် ရောက်လာကြသော လူများ ကြိတ်ကြိုင် တိုးနေတတ်သည်။ သူတိုကလည်း ဗိမာန်တော်တွင်း မဝင်သေးဘဲ ထိုမျှော်စင်ပေါ်ရှိ ယဇ်ပုရောဟိတ်ကို မော်ကြည့်ပြီး အချက်ပေးရန် စောင့်စားနေလေ့ ရှိသည် အကယ်၍ ယေရှုက ထိုအချိန်အခါမျိုး၌ ထို မျှော်စင်ပေါ်ကခုန်ချခဲ့လျှင် အောက်ရှိ လူများအား လုံးက ထိုအခြင်း အရာကို ထင်ထင်ရှားရှားမြင်နေကြ ရမည်မှာ မလွဲပင် ဖြစ်၏။ လူတိုင်း ရင်သပ်ရှုမော အံ့ဩသွား၍ သူတို၏ အာရုံကို ဆွဲဆောင်နိုင်သွား စေမည့် အံ့ဘွယ်ရာ နိမိတ် လက္ခဏာတစ်ပါးပင် ဖြစ်ပါလိမ့်မည်။ “သွားလေရာ၌ သင့်ကို စောင့်ရှောက် စေခြင်းငှာ ကောင်းကင်တမန် တိုအား သင့်အဘို မှာထားတော်မူမည်ဖြစ်၍ သင်၏ ခြေကို ကျောက်နှင့် မထိ မခိုက်စေခြင်းငှာ သူတိုသည် သင့်ကို လက်နှင့် မစ ချီပင့်ကြလိမ့်မည်” ဟူ၍ ဘုရား သခင်ကလည်း ကတိ ပေးထားသည်မဟုတ်ပါလော? (ဆာလံ၊ ၉၁း၁၁-၁၂) ထိုစုံစမ်းခြင်း၏ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းဖြစ်၏။
(ဂ) လူအပေါင်းတို၏ စိတ်ထားများကို လှုပ်ရှားသွား စေခြင်းအားဖြင့် ဆွဲဆောင်ခြင်းဖြစ်သည်။ ခေါင်း ဆောင်တစ်ဦးက လူအများ သူ့နောက်သို လိုက်ပါလာ စေရန် အံ့ဘွယ်ရာ နိမိတ်လက္ခဏာ အမျိုးမျိုးကို ပြသ ပြီး ဆွဲဆောင်နိုင်ပါသည်။ ကိုယ်တော်၏ အမှုတော် လုပ်ငန်း ဆောင်ရွက်ရာ တစ်လျှောက်လုံး ၌လည်း လူအများက နိမိတ်လက္ခဏာကို အမြဲတောင်းခံလေ့ ရှိကြသေးသည်ကိုလည်း သတိပြုသင့် သည်။ သိုသော် ကိုယ်တော်က ထိုနည်းလမ်းမျိုးဖြင့် လူများကို နောက် တော်သို လိုက်ပါရန် မဆွဲ ဆောင်ခဲ့၊ ကိုယ်တော်က လူတို၏ ကျိုးပဲ့ကြေမွသော စိတ်၊ နောင်တ စိတ်နှင့် မေတ္တာစိတ် အားဖြင့်သာ သူ့နောက်သိုလိုက်စေလိုသည်။
(၂) ပါလက်စတိုင်းနိုင်ငံ၌ မကြာခဏ ပေါ်ပေါက်လာ သော မေရှိယ အယောင်ဆောင်တို၏ နည်းလမ်း သာလျှင်ဖြစ်သည်။ ဘီစီ ၆ရမှ ၃ရ အတွင်း၌ ထိုသိုသော ခေါင်းဆောင်မျိုးပေါင်းများစွာ ပေါ်ပေါက်လာခဲ့ပြီး ရောမ အစိုးရကိုပင် ပုန်ကန် တော်လှန်ခဲ့ ကြသဖြင့် လူပေါင်း ၁ဝဝ,ဝဝဝ ထက်မနည်း သေကြေ ပျက်စီးခဲ့ရဘူး လေပြီ။
“သုဒ ́ဆိုသူ တစ်ဦးကလည်း ယော်ဒန်မြစ်ကို သူ၏ စကား တစ်ခွန်းဖြင့် နှစ်ခြမ်းကွဲစေမည်ဟူ၍ ပြောပြီး ဆွယ်တရားဟောခဲ့ သဖြင့် သူ့နောက်သို လူပေါင်းများစွာ လိုက်ခဲ့ဘူးသည်။ နောက်ဆုံး၌ ကပ်(စ်)ပီးယပ်(စ်)၊ ဖေးဒပ်(စ်) ဆိုသည့် ရောမ ဘုရင်ခံက သူ့အား သုတ်သင် ရှင်းလင်းခဲ့ရသည်။ အီဂျစ်လူတစ်ဦးကလည်း လူပေါင်း ၄ဝဝဝကို သူ၏ နောက်သို ထိုနည်းမျိုးဖြင့် ခေါ်ဆောင်သွားခဲ့ဘူး သည် (တမန်၊ ၂၁း ၃၈)။ သူ၏ စကားတစ်ခွန်းဖြင့် ယေရုရှလင်မြိုရိုးများ ပြိုကျ သွားစေသည်ဟူ၍ပြောပြီး ဖြားယောင်း သွေးဆောင်သဖြင့် လူအများက ယုံကြည်ပြီး နောက်လိုက်ခဲ့ဘူးသဖြင့် ဘုရင်ခံ အင်တီ နီးယပ်(စ်)၊ ဖီးလစ်(စ်)က နှိမ်နင်းလိုက်ရသည်ဟု ဂျိုဆီးဖပ်(စ်)က မှတ်တမ်း တင်ထားသည်။ (အင်တီကွစ်တီး(စ်)၂၀၈၆၊ ဂျူးတို၏ စစ်ပွဲများ ၂း၃၅) ကိုယ်တော်က ထိုနည်းမျိုးဖြင့် လူများကို မဆွဲဆောင်လိုပါ။
ထိုကြောင့်လည်း ယေရှုက “သင်၏ ဘုရားသခင် ထာဝရ ဘုရားကို အစုံအစမ်းမပြုရ” တရား၊ ၆း၁၆ တွင် ပါရှိသည့် ကျမ်း စကားအားဖြင့် မာရ်နတ်၏ သွေးဆောင်ခြင်းကို ငြင်းပယ်ခဲ့ပါ၏။
(ဂ) မာရ်နတ်အား ဦးညွတ်ကိုးကွယ်ခြင်းအားဖြင့် လောကရှိ နိုင်ငံတိုကို ပိုင်သ အုပ်စိုးလာနိုင်စေရန် သွေးဆောင်ခြင်း။ လောကရှိ နိုင်ငံအသီးသီးကို မြင်နိုင်စေမည့် တောင်ကုန်းမြင့်တစ်ခု ထိုဒေသတဝိုက်၌ ရှိနိုင်လိမ့်မည်မထင်ပါ။ တင်စား၍ ပြောဆိုထားခြင်းသာ ဖြစ်ပါလိမ့်မည်။
မည်သိုဖြစ်စေ၊ ဘုရားသခင်က “ငါ့ကို တောင်းလော့၊ လူ အမျိုးမျိုးတိုကို သင်၏ အစ္စာဘို ငါပေးမည်။ မြေကြီးစွန်း တိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်း ငါပေးမည်” ဟူသော ကတိတော်တစ်ရပ် ရှိခဲ့ပါသည် (ဆာလံ၊ ၂း၈)။ ထိုကြောင့် စုံစမ်း သွေးဆောင်သော မာရ်နတ်က ကိုယ်တော်နှင့် စေ့စပ်ကမ်းလှမ်း နေခြင်းသာဖြစ်သည်။
ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်နေဘို မလို၊ သူ့အား ပြပ်ဝပ်ကိုးကွယ်လျှင်လည်း ထိုလောကီစည်းစိမ်အလုံးစုံကို ရနိုင်မည် ဟု ဆိုသည်။ မာရ်နတ်က သူနှင့် လက်တွဲခြင်းဖြင့် အမှုတော်လုပ် ငန်းကို ဆောင်ရွက်နိုင်ကြောင်း ပြောဆို သွေးဆောင်သဖြင့် ကိုယ် တော်က နောက်ဆုံး၌ “အချင်းစာတန်၊ ငါ့နောက်သို ဆုတ်လော့။ သင်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထို ဘုရား သခင်ကိုသာ ဝတ်ပြုရမည်” ဟူ၍ ကျမ်းစကားအားဖြင့် သူ့အား နှင်ထုတ်ခဲ့ပါ၏ (တရား၊ ၆း၁၃)။
မိမိ၏ ကိုယ်ကျိုးအတွက် တန်ခိုး အာနိသင်ကို သုံးခြင်း၊ လူ အပေါင်းတိုအား အံ့ဘွယ်ရာ နိမိတ်လက္ခဏာများကို ပြ၍ နောက် တော်သို လိုက်ရန် သွေးဆောင်ခြင်း၊ လောကီ ရုပ်ပိုင်းပစ္စည်းများ ကို ပေးကမ်းဝေမျှခြင်းအားဖြင့် နောက်တော်သို လိုက်ရန် ဆွဲဆောင်ခြင်း၊ လူအပေါင်းတို၏ စိတ်ကြိုက်လိုက်၍ မာရ်နတ်အား အလျော့ ပေးပြီး သူနှင့် လက်တွဲခြင်းအားဖြင့် လုပ်ငန်း ဆောင်ရွက်ရန် သွေးဆောင်ခြင်း ခံရသမျှကို ကိုယ်တော်က နောက်ဆုံး၌ လုံးဝ ငြင်းပယ် ခဲ့ပါ၏။
ထိုသွေးဆောင်ခြင်း မှန်သမျှကို ကိုယ်တော်က အောင်မြင်ခဲ့ သည့် နည်းလမ်းတစ်ခုမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် အလိုတော်ကို အမြဲ ဦးထိပ်ထားခဲ့သောကြောင့်တည်း။
အခန်း (၈)
ဂါလိလဲနယ်၌ ပြုတော်မူသော အမှုတော်လုပ်ငန်း
“ယေရှုသည် ဂါလိလဲပြည်သို ကြွတော်မူလျှင် ဘုရား သခင်၏ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိ တရားကို ဟော တော်မူ၏” ဟူသော ကျမ်းစကားဖြင့် ရှင်မာကုက ကိုယ်တော်၏ အမှုတော်လုပ်ငန်းအစကို ရိုးစင်းစွာ ဖော်ပြခဲ့၏။
ဂါလိလဲနယ်မြေဒေသကို ကိုယ်တော်သည် အကျွမ်းကျင်ဆုံး ဖြစ်သည်။ ထိုနယ်၌ ကြီးပြင်းလာခဲ့သည်။ ထိုဒေသ၌ ကလေးအရွယ် မှသည် လူလားမြောက်သည်အထိ သွားလာ လှုပ်ရှားသည်။ ထို နယ်မြေ၌ လက်သမားအလုပ်ကို လုပ်ခဲ့သည်။ ထိုနယ်မြေဒေသရှိ လူအများကိုလည်း သိကျွမ်းတော်မူသည်။
ပါလက်စတိုင်းနိုင်ငံ၌ ဂါလိလဲနယ်သည် လူဦးရေ အများဆုံး ဖြစ်၏။ သမိုင်းပညာရှင်ကြီး ဂျိုဆီးဖပ်(စ်)သည် တစ်ခါက ပါလက် စတိုင်းနိုင်ငံ၏ စစ်ဘက်ရေးရာ တာဝန်ခံတစ်ဦးဖြစ်ခဲ့ဘူးသည်။ သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ၌ ဂါလိလဲနယ်အကြောင်းကို ဖော်ပြဘူးသည်။ ထို နယ်၌ မြိုရွာပေါင်း ၂၀၄ ရွာရှိပြီး တစ်ရွာလျှင် အနည်းဆုံး လူဦးရေ ၁၅,ဝဝဝ မျှ ထိုအချိန်က ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့၏။
ဂါလိလဲနယ်ရှိ လူများ၏ စိတ်သဘောထားကလည်း ထူးခြား သည်။ နိသျည်းဆရာသစ်၊ ဝါဒသစ်၊ သွန်သင်ချက် အသစ်ကို လက်ခံ ရန် လွယ်ကူသည်။ ဂါလိလဲနယ်သည် ယုဒပြည်ထက်စာလျှင် လူ ပေါင်းများစွာ ဝင်ထွက်သွားလာ ဖြတ်သန်းသွားနေကြသော နယ်မြေဖြစ်သည်။ အရှေ့နှင့်အနောက် နိုင်ငံများမှ လူမျိုးပေါင်းများ စွာ သန်းရောင်းဝယ်ရန် ဖြတ်သန်း သွားလာကြသော နယ်ဖြစ်၍ ဝါဒသစ်၊ အယူအဆသစ်တိုကို မကြာခဏ ကြားနာနေရတတ်၏။
“သူတိုသည် ဆန်းသစ်မှုကို နှစ်သက်ကြသည်။ ရှေ့ရေးကို မျှော်မှန်းနေတတ်သောသူများဖြစ်သည်။ ပြောင်းလဲမှုကို လက်ခံလို၍ စိတ်ထား နှိးဆွအုံကြွအောင် ဟောပြောနိုင်သူမျိုးကို သဘောကျလေ့ ရှိသည်”ဟု ဂျိုဆီးဖပ်(စ်)က မှတ်တမ်းတင်ထားခဲ့ဘူးသည်။ “သတ္တိ ရှိ၍ စိတ်မြန်သောလူများ နေထိုင်ကြသည်” ဟူ၍လည်း ထိုသမိုင်း ပညာရှင်ကြီးကပင်လျှင် “ဂျူးလူမျိုးတို၏ စစ်ပွဲများ” ဆိုသော စာအုပ် ၃၃၂ တွင် ဖော်ပြထားပြန်သည်။
““အချိန်ပြည့်စုံပြီ။ ဘုရားသခင်၏ နိုင်ငံတော်သည် တည် နီးလုပြီ။ နောင်တရလော့” ဟူသော စကားမျိုးဖြင့် ယေရှုသည် တရားတော်ကို စတင် ဟောကြားတော်မူခဲ့သည်ဟု ခရစ်ဝင်ကျမ်း များက ဆိုသည် (မာကု၊ ၁း၁၄၊ မဿဲ၊ ၄း၁ရ)။
“နောင်တရကြလော့” ဟူသော စကား၏ အဓိပ္ပါယ်ကို ရှေ့ဦးစွာ ကြည့်ကြပါစို။
ဓမ္မသစ်ကျမ်းထဲတွင် “နောင်တ” ဆိုသော စကားသည် ဂရိစကား (Metanoia) (မက်တာနိုအား ) မှ လာပြီး “နောင်တ ရရန်” ဆိုသော ကြိယာစကားသည် (Metanoein) ဖြစ်၏။ ထို စကားနှစ်ခုစလုံးက “စိတ်နှလုံး” ဟူ၍ ဖြစ်ပြီး (Nous) မှလာသည်။ (Meta) ဆိုသည်မှာ “နောင်မှ” ဟူ၍ ဖြစ်ပြီး (Noia) သည် “စိတ်ကူး” ဖြစ်၏။
ထိုကြောင့် “နောင်တရခြင်း” ဆိုသောစကားသည် “နောက် ပိုင်းမှ စိတ်ကူးရလာခြင်း” ဟူသော အနက်ရှိ သည့် စကားမှ ပေါ် လာခြင်းဖြစ်သည်။
ထိုကြောင့် “နောင်တရခြင်း” ဆိုသောစကားသည် “နောက် ပိုင်းမှ စိတ်ကူးရလာခြင်း” ဟူသော အနက်ရှိသည့် စကားမှ ပေါ် လာခြင်းဖြစ်သည်။
အပြစ်ဒုစရိုက်ကို ပြုခဲ့သူတစ်ဦးသည် နောက်ပိုင်းတွင် ထို ဖြစ်ရပ်ကို တွေးဆပြီး “နောင်တ သံဝေဂ” (ဝါ) “နောက်မှ စိတ်ကူး ပြန်လည်ရရှိလာခြင်း” ဟူ၍ ဆိုနိုင်သည်။
နောက်မှ စိတ်ကူးရလာခြင်းသည် ယခင်က မိမိ၏ စိတ်ထား အတိုင်း တစ်စုံတစ်ခုကို ပြုလုပ်မိကာ၊ ထိုအခြင်းအရာကို ပြန်လည် သုံးသပ်မိသောအခါမှ “အမြင်မှန်” “စိတ်ကူးသစ်” “စိတ်ထားသစ်” ရလာနိုင်ခြင်း သဘောကို ဆောင်သည်။ ထိုကြောင့် နောက်မှ စိတ်ကူး ရလာခြင်းသည် ပြောင်းလဲလာသော “စိတ်ထားသစ်၊ သဘောသစ်’ တစ်ခု ဖြစ်လာနိုင်သည်။
သေချာစွာ ဆင်ခြင်သုံးသပ်ပြီးမှ ရလာသော စိတ်ကူးတစ်ခု သည် ယခင်က စိတ်အလိုဆန္ဒအတိုင်း ပြုမူခဲ့သော စိတ်ကူးနှင့် မတူဘဲ ပြောင်းလဲလာနိုင်သည်။ ထိုဂရိစကားကို မြန်မာလို “နောင်တ ရခြင်း” ဟူ၍ ကျွန်တော်တို ဘာသာပြန်ထားခြင်း ဖြစ်ပါ၏။ ထို ဂရိစကား၏ အရင်းခံအဓိပ္ပါယ်ကို ဆန်းစစ်ကြည့်ပြီးမှ အနက်ကို ဖော်ထုတ်နိုင်သည်။ စစ်မှန်သော နောင်တ သံဝေဂ၌ အောက်ပါ တို ရှိရပေလိမ့်မည် –
(က) မိမိပြုခဲ့သမျှသည် မှားယွင်းခဲ့ကြောင်း သိရှိ နားလည်ရမည်။ လမ်းမှားကို လိုက်ခဲ့မိကြောင်း သဘောပေါက် လာရမည်။ )
(ခ) ပြုမိခဲ့သော အမှားကြောင့် ဝမ်းနည်းကြေကွဲသောစိတ် ဖြစ်လာရမည်။
(ဂ) ထိုကြောင့် မိမိ၏ ဘဝအသက်တာကို ပြောင်းလဲလာ လိုစိတ်ရှိလာရမည်။ နောင်တရခြင်းဆိုသည်မှာ မိမိ ပြုမူလုပ်ဆောင်မှုတစ်ခုကြောင့် ဝမ်းနည်းနေ၍ မပြီး၊ ထိုအမှားကို မြင်ပြီး “ပြုပြင်ပြောင်းလဲလိုစိတ်” ရှိလာ ရမည်။ ယခင်က ရှိခဲ့သော စိတ်ထားမျိုးမဟုတ်တော့ ဘဲ စိတ်ထားသစ်၊ သဘောထားသစ် ဖြစ်လာရပေမည်။ မိမိ၏ အမှားတစ်ခုကြောင့် ခံစားရတော့မည့်အပြစ် ဒဏ်တစ်ခုကို ကြောက်ရွံ၍ ဝမ်းနည်း ကြေကွဲနေရုံ မျှသာမဟုတ်၊ ယခင်က ရှိခဲ့သော စိတ်ထား တစ်ခုလုံး ကို ပြောင်းပစ်လိုစိတ် ရှိလာရပေမည်။
(ဃ) ထိုပြောင်းလဲလာသော စိတ်ထားနှင့်အညီ ပြုမူ လုပ် ဆောင်ချက်တိုသည်လည်း ပြောင်းလဲရပေ လိမ့်မည်။ စိတ်နှလုံး ပြောင်းလဲလာသည်နှင့်အညီ ဘဝကိုပါ ပြောင်းလဲလာစေရမည်။ နောင်တ သံဝေဂနှင့်ညီသော လုပ်ဆောင်ချက် လိုအပ်လာပေပြီ။ အထက်တွင် ဖော်ပြခဲ့သည့် ဂရိစကား (Metanoein) နှင့်အမြဲ ဒွန်တွဲ အသုံးပြုလေ့ရှိသော နောက်စကားတစ်လုံးမှာ (Epistrephein) ဖြစ်ပါ၏။ ထိုစကား၏ အနက်မှာ “လှည့်ခြင်း” “ပြောင်းလဲခြင်း” ဖြစ်ပါ၏။ “လုဒ္ဒ မြိုနှင့် ရှာရုန်မြို၌နေသောသူ အပေါင်းတို သည် ထိုသူ (ပေတရုကိုမြင်လျှင် ဘုရားသခင်ထံသို “ပြောင်းလဲ” ကြ၏။ (တမန်၊ ၉း၃၅) အန္တိအုတ်မြို၌ လူအပေါင်း တိုသည် ယုံကြည်၍ သခင်ဘုရားထံသို “ပြောင်းလဲ” ကြ၏ (တမန်၊ ၁၁း၂၁)။
လုတ္တရမြိုသားများက “ဇုသ”၏ ယဇ်ပရော တ်နှင့်အတူ နွားနှင့် ပန်းကုံးကို မြိုတံခါးနားသို ယူခဲ့ပြီး ယဇ်ပူဇော်ကြမည်အပြုတွင် ရှင်ပေါလုက ထိုအချည်းနှီးသောအရာတိုကို ပယ်ကြပြီးလျှင် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို၌ ရှိလေသမျှ တိုကို ဖန်ဆင်းတော်မူ၍ အသက်ရှင်တော်မူသော ဘုရားသခင်၏ ထံတော်သို ““ပြောင်းလဲ”ကြရန် ဟောပြော တိုက်တွန်း ခဲ့၏ (တမန်၊ ၁၄း၁၅)။ တစ်ပါးအမျိုးသားတို အထဲမှ ဘုရား သခင်ထံတော်သို ပြောင်းလဲ”သူတိုကို မနှောင့်ယှက်ဘဲ အသင်း တော်တွင်းသို ဝင်ခွင့်ပြုရန် ယာကုပ်က ပြောဆိုခဲ့သည် (တမန်၊ ၁၅း၁၉)။
ရှင်ပေါလု၏ အဓိကတာဝန်ကြီးမှာကား တစ်ပါးအမျိုးသား တိုသည် မှောင်မိုက်မှ အလင်းသို ကူးပြောင်း၍ စာတန်၏ အာဏာ စက်ထဲမှ ဘုရားသခင် ထံတော်သို “ပြောင်းလဲ” ရန်ပင် ဖြစ်၏။ (တမန်၊ ၂၆း၁၈) လူအပေါင်းတိုသည် နောင်တရ၍ နောင်တ ရခြင်း နှင့်ထိုက်တန်သော အကျင့်တည်းဟူသော ဘုရားသခင်ထံတော်သို “ပြောင်းလဲ” စေရေးအတွက် သူသည် ဟောပြောလျက်ရှိကြောင်းကို ရှင်ပေါလုက အကြိပ္ပမင်းကြီးအား လျှောက်ထားခဲ့၏ (တမန်၊ ၂၆း၂၀)။
လူသားတိုသည် ဘုရားသခင်ကို ကျောခိုင်းလျက် နေရာမှ နောင်တရခြင်းအားဖြင့် ဘုရားသခင်ဘက်သို လှည့်လာရေးကို ကိုယ်တော်က စတင်ဟောပြောခဲ့ခြင်းပင် ဖြစ်သည်။ ထိုကြောင့် နောင်တရခြင်းဆိုသည်မှာ မိမိရှေ့ရှု ဦးတည်နေရာမှ ဆန့်ကျင်ဘက် သို ပြန်လှည့်လာခြင်းကို ဆိုလိုသည်။ ဓမ္မသစ်ကျမ်းထဲ၌ မပါဝင်စေဘဲ ပယ်ထားသော “ရှင်ပေတရု၏ အမှုတော်ဆောင်ရွက်ချက်များ” (Acts of Peter) အမည်ပါ ကျမ်းထဲ၌ ယေရှု၏ ထူးခြားသော မိန့်ကြား ချက်တစ်ခုကို တွေ့နိုင်ပါ၏။
“သင်တိုသည် လက်ျာလက်ကို လက်ဝဲလက်ကဲ့သို ဖြစ် စေရန်လည်းကောင်း၊ လက်ဝဲလက်ကို လက်ျာလက်ကဲ့သို ဖြစ်စေရန်လည်းကောင်း၊ အထက်၌ရှိသော အရာတိုကို အောက်သို ရောက်စေရန်လည်း ကောင်း၊ အရှေ့၌ရှိသော အရာတိုကို အနောက် ရောက်စေရန်လည်းကောင်း၊ မပြုလုပ်နိုင်သမျှကာလပတ်လုံး ဘရားသခင်၏ နိုင်ငံတော်ကို မသိရှိနိုင်” ဟု ကိုယ်တော်က မိန့် တော်မူခဲ့ကြောင်း မှတ်တမ်းတင်ထားပါ၏။
လက်ျာကို လက်ဝဲ၊ လက်ဝဲကို လကျော်၊ အရှေ့၌ရှိသောအရာ ကို အနောက်သိုရောက်အောင် မည်သို ပြုနိုင်မည်နည်း?
လူတစ်ဦးသည် လုံးဝ ပြောင်းပြန် လှည့်လိုက်မှသာလျှင် ထိုသိုပြုနိုင်ပါလိမ့်မည်။ တစ်နည်းဆိုရလျှင် အခြေအနေ အရပ်ရပ် တိုကို လုံးဝ “ပြောင်းလဲ”လိုက်မျှသာလျှင် ထိုသို ဖြစ်နိုင်ပါလိမ့်မည်။
ရှင်းရှင်းပြောရလျှင် ဦးခေါင်းကို စိုက်ပြီး ကင်းမြီးကောက် ထောင်လိုက်မှသာ သူ၏ ယခင် မြင်ကွင်းတစ်ခုလုံးသည် ပြောင်းပြန် ဖြစ်သွားပါလိမ့်မည်ဟု ဆိုပါရစေ။
ထိုအခါမှ လောကကို တစ်မျိုးမြင်လာနိုင်လာလိမ့်မည်။ သူ၏ ရှုထောင့်တိုသည် ပြောင်းလဲသွားပါ လိမ့်မည်။ ယခင်က တန်ဘိုး ထားနေသော အရာတိုသည် တန်ဘိုးမဲ့ ဖြစ်လာလိမ့်မည်။ အရေး ကြီးသည်ဟု ယခင်က ထင်နေသော အရာတိုသည် အရေးမကြီး ကြောင်း မြင်လာလိမ့်မည်။ ထိုကြောင့် “နောင်တရခြင်း” ဆိုသည်မှာ ဘုရား သခင်ရှိရာသို မျက်နှာမူလာနိုင်ရန် ဘဝအသက်တာ တစ်ခုလုံးကို (၁၈၀) ဒီဂရီလှည့်လိုက်ခြင်းပေတည်း။ ။
ထိုကြောင့် အထက်တွင် ဖော်ပြထားသော အချက်ကြီး (၄) ချက် မပါဘဲ စစ်မှန်သော “နောင်တ, သံဝေဂ” ဖြစ်၍ မလာနိုင်။ အပြစ် ဒုစရိုက်ကို သဘောမပေါက်သေးသမျှ ကာလ ပတ်လုံး နောင်တစိတ်သည် မပေါ်ပေါက်လာနိုင်ပါ။
သိုသော် လူတစ်ဦးသည် မိမိကိုယ်တိုင် အမှားကို ပြုနေ ကြောင်း ရိပ်မိချင်မှ ရိပ်မိပါလိမ့်မည်။ လူတစ်ဦးသည် ဘဝ၏ အကျည်းတန်မှုကို မမြင်ဘဲနေတတ်သည်။ သူတစ်ပါးကို မိမိ အနေ ဖြင့် ထိခိုက်နာကျင်နေစေကြောင်း၊ ဝမ်းနည်းကြေကွဲမှုကို ဖြစ်ပေါ် နေစေကြောင်း သတိမမူဘဲ နေတတ်သည်။ အမှန်ဆိုရလျှင် သူ၏ စိတ် ဆန္ဒအတိုင်း ပြုလေသမျှတို ဖြစ်မြောက်နေသည်ကိုပင် ဂုဏ် ယူမိကောင်း၊ ယူမိနေပါလိမ့်ဦးမည်။
တစ်ဖန်တုံ သူသည် အမှားကို ပြုနေမိကြောင်း သိမိ၊ ရိပ်မိ နေသော်လည်း စိတ်ထဲ၌ ဝမ်းနည်းမှု မဖြစ်ဘဲနေနိုင်သည်။ သိုမဟုတ် သူ၏ အမှားကို ဆက်လက်မပြုဘဲ ရပ်တန့်လိုက်သော်လည်း အတွင်း စိတ်သဘောထားမှာ ယခင်အတိုင်းရှိပြီး မပြောင်းလဲဘဲ ဖြစ်နေနိုင် သည်။ နောက်ဆက်တွဲ ခံစားလာရမည့် အပြစ်ဒဏ်ကို စိုးရွံလာ၍သာ အမှားကို ဆက်လက် မပြုတော့ဘဲ နေလာနိုင်၏။ သိုသော် ကြောက် ၍သာ အမှားမပြုဘဲ ဖြစ်ပြီး၊ အကယ်ပင် ဝမ်းနည်းကြေကွဲမိသော ကြောင့် အမှားကို မပြုဘဲ နေခြင်းမဟုတ်ပါ။
အကယ်၍ အမှားကို ပြုသော်လည်း အပြစ်ဒဏ်ကို ရှောင် တိမ်းနိုင်သည်။ ထိုဒုစရိုက်ကို ဖုံးကွယ်၍ ထားနိုင်မည်ဆိုပါက ဆက် လက်၍ ပြုလုပ်နေဦးမည်သာပင်ဖြစ်၏။ ထိုသိုဆိုလျှင် သူ၏ စိတ် နှလုံးတွင်းရှိ သဘောထားက မပြောင်းလဲ၊ ယခင်အတိုင်းသာ ရှိ နေပေလိမ့်မည်။ သိုမဟုတ် သူသည် ပြုလုပ်နေသော အပြစ်ဒုစရိုက် အတွက် အကယ်ပင် ဝမ်းနည်းနေကောင်း နေပါလိမ့်မည်။
သိုသော် ထိုအပြစ် ဒုစရိုက်က သူ့ကို လွှမ်းမိုး ချုပ်ချယ် ထားသဖြင့် မလှုပ်သာ မရုန်းသာ ဖြစ်နေသောကြောင့် ကြိတ်မှိတ်ပြီး ဆက်လက်၍ အပြစ်ပြုမိကောင်း ပြုမိနေပေလိမ့်ဦးမည်။ ထို အပြစ် ဒုစရိုက်၏ ချုပ်နှောင်ထားမှုက ရုန်းကန်၍ လွတ်မြောက် လာရန် သူ့၌ ခွန်အားမရှိဘဲ ဖြစ်နေတတ်ပါသေးသည်။ ထိုကြောင့် အလွန် အရေးကြီးလှသော နောက်ဆုံးအချက်ကို စဉ်းစားဆင်ခြင် ရပေတော့မည်။ ထိုအချက်ကား “သူသည် ယေရှုခရစ်တော်၏ ကူညီမှုမရဘဲ နောင်တ သံဝေဂရရန် မဖြစ်နိုင်” ဟူသော အချက် ပေတည်း။
လူတစ်ဦးသည် ကောင်းမြတ်မှုကို မြင်လာပြီး ထိုကောင်းမြတ် မှုနှင့် မိမိကိုယ်ကို နှိင်းယ့်ကြည့်လိုက်သောအခါမှ သူ၏ အပြစ် ဒုစရိုက်နှင့် သူ၏ ဆိုးညစ်သော ဘဝကို ရှင်းရှင်းလင်းလင်း ပီပြင်စွာ မြင်လာနိုင် ပေလိမ့်မည်။
ခရစ်တော်၏ သန့်ရှင်း စင်ကြယ်သော သဘောတော်ကို ရှုကြည့်ပြီး ထိုသဘောတော်နှင့် ချင့်ချိန်၍ သူ၏ လျှိဝှက်သော အပြစ် သိုတည်းမဟုတ် ပြောင်ပြောင်တင်းတင်းပင် ပြုလုပ်နေသော ဒုစရိုက် ကို မြင်လာနိုင်သည်။ သခင်ခရစ်တော်၏ သက်တော်စဉ်နှင့် လမ်းစဉ် အတိုင်း မိမိ၏ ဘဝလမ်းစဉ်ကိုယှဉ်တွဲချမှတ် ကြည့်လိုက် သောအခါ မျိုးတွင်မှ အပြစ် ဒုစရိုက်ကို မြင်လာပေလိမ့်မည်။ အပြစ် ဒုစရိုက် နှင့် ၎င်း၏ ကွင်းဆက်အနေဖြင့် ပေါ်ပေါက်လာမည့် အရာမှန်သမျှကို ပီပြင်စွာ မြင်လာသောအခါမှ လူတစ်ဦးသည် “စစ်မှန်စွာ” ဝမ်းနည်း ကြေကွဲလာနိုင်ပါ၏။
ခရစ်တော်၏ ကားတိုင်ကို ကြည့်ခြင်းအားဖြင့် အပြစ်ဒုစရိုက်၏ ကို မြင်လာနိုင်သည်။ လောကရှိ ချစ်မြတ်နိုးဘွယ်ရာ အကောင်း က အသက်တာတစ်ခုကို အပြစ်ဒုစရိုက်က ကားတိုင်အားဖြင့် အနှက် ချိုးဖျက်ပစ်လိုက်နိုင်ကြောင်း တွေ့လာနိုင်သည်။ လူတစ်ဦး ည ခရစ်တော်၏ ကူညီစောင်မမှုမပါဘဲ သူ့အား ချုပ်နှောင်ထား အနှောင်အဖွဲကို မဖျက်ဆီးပစ်နိုင်၊ ဝမ်းနည်းကြေကွဲနေရုံမျှ နှင့်လည်း ဘဝ၏ ပြောင်းလဲမှုကို မရနိုင်ပါ။ နောင်တရခြင်းသည် ယေရှုခရစ်တော်အားဖြင့် ဖြစ်ပေါ်လာပြီး ကိုယ်တော်၏ ကူညီခြင်းဖြင့် သာ အဆုံးသတ်ရပါလိမ့်မည်။
“နောင်တရကြလော့”
ဤအရေးကြီးသော စကားလုံးဖြင့် ခရစ်တော်က သူ၏ အမှု တော် လုပ်ငန်းကို အစပြုခဲ့သည်။ ထိုစကားကို လူတိုင်းက ချက်ချင်း ရိပ်မိသည်။ နားလည်သည်။ သဘောပေါက်သည်။ ဤစကားလုံး အားဖြင့် ဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန်သည်လည်း ကြွလာခဲ့ ပြီးဖြစ်သည် (မာကု၊ ၁း၄။ မဿဲ၊ ၃း၂။ လုကာ၊ ၃း၃)။ ပရောဖက် များကလည်း ရာစုနှစ်ပေါင်း များစွာကတည်းက ထိုအတိုင်း အော်ဟစ် ကြွေးကြော်ခဲ့ ဘူးပါ၏။
ယေရှုခရစ်တော်က လူတိုင်းအား နောင်တရကြစေရန် တိုက်တွန်းခဲ့ရုံမက နောင်တရပြီး ဘဝတစ်ခုလုံး ပြောင်းလဲလာနိုင် စေရန် ကိုယ်တော်အားဖြင့်သာ ပြုနိုင်မည်ဖြစ်ကြောင်း သတိပေးခဲ့ ပါသတည်း။
အခန်း (၉)
အမှုတော်လုပ်ငန်း၏ အဓိကဖြစ်ရပ်များ
ကိုယ်တော်သည် “နောင်တရကြလော့”ဟူသော သတိပေး စကားဖြင့် အမှုတော်လုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့လေပြီ။ ထို အမှုတော်လုပ်ငန်းကြီး၏ ဖြစ်ရပ်များကို ရွေးချယ်၍ အစဉ်အတိုင်း အကြမ်းဖျင်း အားဖြင့် ပထမဦးဆုံး တင်ပြသွားလိုပါသည်။ ၎င်းတိုမှာ
(က) ကိုယ်တော်သည် သူ၏ နောက်တော်သို လိုက်ကြ သော တပည့်တော်များထဲမှ အချိုသော ပုဂ္ဂိုလ်များကို အနီးကပ်ဆုံး တပည့်တော်များ (ဝါ) တမန်တော်များ အဖြစ် ရွေးချယ်ခဲ့သည်။ ထိုတမန်တော်များ၏ အရေ အတွက်မှာ (၁၂)ဦးဖြစ်၏။ သူတိုကို ကောင်းစွာ သွန် သင် ဆုံးမ ကျပေးခဲ့ပြီး ကိုယ်တော်၏ နာမ အားဖြင့် တရားဒေသနာတော်ကို ဟောပြောရန်၊ လူနာပေါင်း မျိုးစုံကို ကုသရန် စေလွှတ်ခဲ့သည်။
(ခ) ဒုတိယအနေဖြင့် ကိုယ်တော်သည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို သာမန် လူတန်းစားမှအစ၊ အထက်တန်းလွှာအပိုင်းအထိ နားလည်သဘောပေါက် အောင် ဟောပြောကြေညာ သွန်သင်သည်။
(ဂ) ထိုနောက် အမှုတော်လုပ်ငန်းကို ဆောင်ရွက်နေရင်း အံ့ဘွယ်သော နိမိတ်လက္ခဏာများကို ပြသတော်မူသည်။ ကိုယ်တော်သည် ဘုရားသခင်၏ နိုင်ငံတော် တည်ရေးကို တရားတော်အားဖြင့် သာမက လက်တွေ့ အားဖြင့် ဤသိုပြသခဲ့ခြင်းဖြစ်ပါ၏။ ရှင်လုကာက “ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း၊ နာဇရက်မြိုသား ယေရှုကို ဘိသိက်ပေး တော်မူသဖြင့် ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက် မာရ်နတ် ညှင်းဆဲသော သူအပေါင်းတိုအား ချမ်းသာကို ပေးလျက် လှည့်လည်တော်မူ၏” ဟု ဆိုထားပါ၏ (တမန်၊ ၁၀း၃၈)။
(ဃ) ကိုယ်တော်၏ အမှုတော်လုပ်ငန်းကြောင့် လူထုကြီး တစ်ရပ်လုံး အုံကြွလှုပ်ရှားလာကြသည်။ ဂါလိလဲ နယ်သာမက ယုဒပြည်တစ်ပြည်လုံးနှင့် ထိုပြည်၏ ဝန်းကျင်တစ်ဝိုက်၌ပင်လျှင် လူအများ အုတ်အုတ် ကြွက်ကြွက် ဖြစ်လာကြကုန်သည်။ လူထုကြီးသည် ကိုယ်တော်၏ နောက်တော်က မနားမနေလိုက်ကြသည်။ “လူအပေါင်းတိုသည် ကိုယ်တော်ကို ရှာကြပါသည်” ဟု တမန်တော်များက ပြောဆိုကြရသည်။ (မာကု ၁း၃၀) “ဂါလိလဲပြည်၊ ယေရုရှလင်မြိုမှစသော ယုဒ ပြည်။ ဣရမဲပြည်၊ ယော်ဒန်မြစ်တစ်ဘက်မှ လာကြ သော လူအပေါင်းနှင့် တုရုမြို၊ ဇိဒုန်မြို ပတ်ဝန်းကျင် အရပ်မှ လာကြသော လူများအပေါင်းတိုသည် ပြုတော်မူသမျှကို ကြားလျှင် အထံတော်က လာကြ၏” (မာကု၊ ၃းရ-၈)၊ လူအပေါင်း ငါးထောင်ခန့်ပင် ရှိ သဖြင့် ကိုယ်တော်က သူတိုကို အစာကျွေးခဲ့ရသေး သည် (မာကု၊ ၆း၄၄)။
(င) နောက်ဆုံး၌ ကိုယ်တော်၏ နောက်တော်က လိုက်ကြ သူ တဖြည်းဖြည်း များပြားလာခဲ့သဖြင့် ဖာရိရှဲများ၊ဇဒ္ဒကဲများ၊ ကျမ်းတတ်ဆရာများက မနာလို မုန်းထား ဖြစ်လာကြသည်။ ကိုယ်တော်ကလည်း သူတိုအား မကြောက်မရွံ အပြင်းအထန် ဝေဖန်ရှုတ်ချသည် (လုကာ၊ ၁၁း၄၂-၅၂။ မဿဲ၊ ၂၃း၁၃-၃၃)။ ကိုယ်တော်က သူတို သည် လူတို စီရင်ထားသည့် ပညတ်နှင့် နည်းဥပဒေတို ကိုသာ လိုက်နာနေကြ ကြောင်း ဆုံးမပြောဆိုသည် (မာကု၊ ၇း၁-၁၃)။ ဥပုသ် နေ့၌ပင်လျှင် ကိုယ်တော်က အနာရောဂါကို ကုသ၍ ပြသခဲ့သည် (မာကု၊ ၃း၁-၆။ လုကာ၊ ၁၃း၁ဝ-၁၅ စသည်ဖြင့် သူတို ရွံရှာမုန်းတီးသော ရှမာရိလူမျိုး နှင့် တစ်ပါးအမျိုးသား တိုကို ချီးမြှောက်ပြောဆိုပြီး အပြစ်များကို ကိုယ်တော်က ဖြေလွှတ်ခဲ့သဖြင့် သူတိုက ဒေါသထွက်ကြသည်။ လူအပေါင်းက ဥပေက္ခာပြုထားသော ဆင်းရဲသား လူတန်းစား၊ အပယ်ခံလူတန်းစား စသည်တို နှင့် ပေါင်းဖော်နေသောကြောင့် ကိုယ်တော့်ကို သူတိုအပြစ်တင် ရှုတ်ချကြသည်။
ဒေသစာရီ ကြွချီ လှည့်လည်တော်မူခြင်း (မာကု၊ ၇း၂၄- ၉း၂၉)
ထိုနောက် ကိုယ်တော်သည် ဂါလိလဲနယ်မှ ထွက်ခွာ၍ အနောက်မြောက်ဒေသရှိ ရှုရိဖိနိတ်ပြည်၊ တုရုနှင့် ဇိဒုန်မြို ဝန်းကျင် သို ကြွတော်မူသည် (မာကု၊ ၂)။ ထိုဒေသ၌ ရှုရိဖိနိတ်အမျိုး သမီး (တစ်ပါးအမျိုးသား)တစ်ဦး၏ သမီးကိုလည်းကောင်း၊ အသော နတ်ဆိုးစွဲသော လူငယ်တစ်ဦးကိုလည်းကောင်း၊ ဗက်ဇဲဒမြိုမှ လူကန်း တစ်ဦးကိုလည်းကောင်း၊ ကိုယ်တော်က ကုသခဲ့သည်။ ထိုမှတစ်ဆင့် အရှေ့ဘက်စူးစူးသို ကြွတော်မူပြီး ဖိလိပ္ပါကဲသရိမြို၏ ကျေးလက် သို ရောက်တော်မူ၏။ (မာကု၊ ၈း၂၅-၃၃။ မဿဲ၊ ၁၆း၁ရ-၁၉)။ ။
ဤနေရာ၌ တမန်တော်တိုအား အရေးကြီးလှသော မေးခွန်း တစ်ခွန်းကို မေးတော့၏။
“လူများတိုသည် ငါ့ကို အဘယ်သူ ဖြစ်သည် ဆိုကြသနည်း?” ဟု မေးပြီးမှ “သင်တိုသည်လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆို ကြသနည်း?”ဟု ဒဲ့ဒိုးမေးမြန်းလိုက်ပါ၏။
ရှင်ပေတရုထံမှ အဖြေမှန်ကို ရပြီးနောက် ခြောက်ရက် လွန်သောအခါ ပေတရု၊ ယာကုပ်၊ ယောဟန်တိုကို ခေါ်၍ တောင် ထိပ်ပေါ်တစ်ခုရှိ ဆိတ်ကွယ်ရာအရပ်သို ကြွတော်မူ၏။ ထိုအရပ်၌ ကိုယ်တော်၏ အဆင်းသဏ္ဍာန် ပြောင်းလဲပုံကို ထိုတမန်တော်သုံးဦးက ရှုမြင်ခဲ့ကြသည် (မာကု၊ ၉း၂-၈)။
ယေရုရှလင်မြိုသို နောက်ဆုံးခရီး ကြွတော်မူခြင်း (မာကု၊ ၉း၃၀-၁၀း၅၂
ထိုဖိလိပ္ကဲသရိမြို အနီးရှိ တောင်ပေါ်၌ အဆင်းသဏ္ဍာန် ပြောင်းလဲပြီးနောက် အမှုတော်ကို ဆက်လက် ဆောင်ရွက်ရန်နှင့် ကိုယ်တော်သည် ယေရုရှလင်မြိုသို နောက်ဆုံးသောခရီး ကြွတော် ခဲ့၏။
တောင်ဘက်သို ကိုယ်တော် ပြန်လည် ခရီးထွက်လာသည့် အခါတွင် ရှမာရိနယ်နှင့် ပေရိယနယ်သိုလည်း ဝင်ကြောင်း ရှင်လုကာ က၉း၅၁ မှ ၁၈း၁၄ တွင် သီးသန့်ဖော်ပြခဲ့သည်။ ထိုကျမ်းပိုဒ်ကို ” Source (ရှင်လုကာ၏ အထူးမှတ်တမ်း “အယ်(လ်)”ဟု ပညာရှင်များက ခေါ်ထား၏။ ရှင်မာကုက “ထိုအရပ်မှ ကိုယ်သည် ထ၍ မော်ဒန်မြစ်တစ်ဖက်ကို လျှောက်သွားသဖြင့် ““ယုဒ ပြည်စွန်းသို” ရောက်တော်မူ၏” ဟူ၍ ရေးသားမှတ်တမ်း တင်ထား ခြင်းကြောင့် ရှင်လုကာကို ထောက်ခံနေပါ၏ (မာကု၊ ၁၀း၁)။
ယေရုရှလင်မြို၌ နောက်ဆုံး အမှုတော်ဆောင်ရွက်ခြင်း (မာကု၊ ၁၁း၁-၁၉း၄၅)။
ထိုအခါ ယေရုရှလင်မြို၌ နောက်ဆုံးသော အမှုတော်ကို ဆောင်ရွက်ပြီး အသေသတ်ခြင်းကို ခံ၍ သုံးရက်မြောက်သော နေ့၌ ရှင်ပြန်ထမြောက်ခဲ့သည်။ တပည့်တော်များနှင့်အတူ “ရက်ပေါင်း (၄၀)” နေထိုင်ပြီး ကောင်းကင်ဘုံသို ဆောင်ယူခြင်းကို ခံတော်မူခဲ့သည်။
ဤအရေးကြီးဖြစ်ရပ်များကို နောက်ပိုင်း အခန်းများ၌ အသေး စိတ် ထပ်မံဖော်ပြပြီး အနက်ဖွင့်သွား ပါမည်။
အခန်း (၁၀)
တမန်တော်များအား ရွေးချယ်ခြင်း
ဗိုလ်ချုပ်ကြီးမောင်ဂိုမာရီက “ငါ၏ စစ်သည်တော်တစ်ဦး၏ အမှားကြောင့် စစ်ပွဲကြီးတစ်ခုကိုပင်လျှင်၊ ဆုံးရှုးသွားစေနိုင်သည်” ဟု ဆိုခဲ့ဘူးသည်။ ထိုစကားကို ထောက်လျှင် ခေါင်းဆောင်တစ်ဦး အနေဖြင့် နောက်လိုက်တပည့်များ ရွေးချယ်ရာတွင် မည်မျှ သတိ ထားရကြောင်း သိသာနိုင်သည်။ ထိုကြောင့် အလွန်အရေးကြီးလှသော အမှုတော် လုပ်ငန်းကို ဆောင်ရွက်တော့မည် ဖြစ်သောယေရှု ကိုယ်တော်တိုင် ကပင်လျှင် သူ၏ အနီးကပ်ဆုံး နောက်တော်လိုက် တမန်တော်များ (၁၂)ဦးအားရွေးချယ်ပုံကို လေ့လာကြည့်ဘို လိုပါလိမ့်မည်။
ထိုတမန်တော်တိုကို ရွေးချယ်ပုံ မှတ်တမ်းသုံးမျိုးကို မာကု၊ ၃း၁၃-၁၉။ မဿဲ၊ ၁၀း၁-၄ နှင့် လုကာ၊ ၆း၁၃-၁၆ တိုတွင် တွေ့ နိုင်ပါသည်။ ထိုမှတ်တမ်းတစ်ခုစီအား လေ့လာပြီးနောက် တမန် တော်များအား ကိုယ်တော်က ရွေးချယ်ခဲ့ပုံကို အနက်ဖွင့်ကြည့်ကြပါစို။
(က) ထိုတမန်တော်တိုကို ကိုယ်တော်က ဖိတ်ခေါ် တော်မူခဲ့ သည်။ “ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို တက် ၍ အလိုတော်ရှိသော သူတိုကို ““ခေါ်တော်မူလျှင်” အထံ တော်သို လာကြ၏။ ကိုယ်တော်နှင့် အတူရှိနေစေခြင်းငှာ လည်းကောင်း၊ တရားဟောသောအခွင့်၊ အနာရောဂါတိုကို ငြိမ်းစေ၍ နတ်ဆိုးတိုကို နှင်ထုတ်နိုင်သော အခွင့်နှင့် စေ လွှတ်ခြင်းငှာလည်းကောင်း၊ တစ်ကျိပ်နှစ်ပါးသော သူတည ဟူသော ပေတရုအမည်သစ်ကို ပေးတော်မူသော ရှိမုန်၊မိုးကြိုးသားဟု ဆိုလိုသော ဗောနေရဂက် အမည်သစ်ကို ပေးတော်မူသော ဗေဒဲ၏ သားနှစ်ယောက် ယာကုပ်နှင့် ယောဟန်၊ အေ န္ဒြ၊ ဖိလိပ္ပ၊ ဗာသောလမဲ၊ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူ ရှိမုန်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရုကာရုတ်တိုကို ခန့်ထားတော်မူ၏ (မာကု၊ ၃း၁၃-၁၉)။
““ခေါ်တော်မူလျှင်..” ဟူသော စကား၏ ဂရိ မူရင်းစကားလုံးမှာ (Prokaleisthai) ဖြစ်ပြီး “ဖိတ်ခေါ် ခြင်း ဟူသော အနက်ရှိ၏။ ထိုကြောင့် ကိုယ်တော်သည် တမန်တော်တိုကို “ဖိတ်ခေါ် တော်မူခဲ့သည်။
ဖိတ်ခေါ်တော်မူခြင်း၏ သဘောတွင် လက်ခံရန် သို မဟုတ် ငြင်းပယ်ရန် ဟူသော အခွင့်အရေး နှစ်မျိုးရှိကြောင်း သတိရစေလိုသည်။
သိုကြောင့် တမန်တော်တိုကို အဓမ္မခေါ်ခြင်းမဟုတ်၊ ကိုယ်အလိုအလျောက် မိမိတို၏ ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြင့် လာစေရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ကြေးငွေပိုက်ဆံ ဟူ၍ တစ်ပြားတစ်ချပ် မျှမရှိသော ဂါလိလဲလက်သမားတစ်ဦး ၏ ဖိတ်ခေါ်ခြင်းကို လက်ခံရန် မလွယ်ကူလှပါ။ တမန် တော်တိုသည် နောက်တော်သို လိုက်ခြင်းအားဖြင့် နာမည် ကျော်ကြား ဂုဏ်သိက္ခာရှိပြီး အုပ်ချုပ်ရေး အာဏာနှင့် ရာထူးဌာနန္တရ၊ ပစ္စည်း ကြေးငွေများကို ပိုင်ဆိုင်၍ ချမ်းသာ ကြွယ်ဝလာမည်ကို လုံးဝမမျှော်မှန်းနိုင်။
ထိုစဉ်ကရှိခဲ့သော ဘာသာရေး ခေါင်းဆောင်များနှင့် ပဋိပက္ခဖြစ်နေသော နေအိမ်မဲ့၊ ပိုက်ဆံမဲ့၊ ဂါလိလဲနယ် သားတစ်ဦး၏ နောက်တော်သို လိုက်ရန်မှာ သူတိုကိုယ်၌က ဆုံးဖြတ်ချက်ချပြီးမှ လိုက်စေ ရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။ တစ်နည်းဆိုရလျှင် ကိုယ်တော်သည် သူတိုအား စိန်ခေါ် (Challenge) လုပ်လိုက်ခြင်းဖြစ်သည်ဟု ဆိုရပါလိမ့်မည်။
(ခ) သူတိုကို ကိုယ်တော်က ရွေးကောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ရှင်လုကာက “တပည့်တော်တိုကို ခေါ်တော်မူ၍ တစ်ကျိပ်နှစ်ပါးတိုကို “ရွေးကောက်၍ တမန်တော် အမည်ဖြင့် သမုတ်တော်မူ၏” ဟု ဆိုသည် (လုကာ၊ ၆း၁၆)။ “ရွေးကောက်ခြင်း” ဟူသော စကားလုံး၏ ဂရိစကားမှာ (Eklegesthai) ဖြစ်ပြီး “တမင်တကာ ရွေးချယ် တင်မြှောက်ခြင်း” ဟူသော အနက်ရှိသည်။ ထို ကြောင့်လည်း နောက်ပိုင်း၌ ကိုယ်တော်က “ငါသည် သင်တိုကို ရွေးကောက် သဖြင့် သင်တိုသည် သွား၍ တည်ကြည်သော အသီးကို သီးစေမည့်အကြောင်း” မိန့်တော်မူသည်ကို ရှင်ယောဟန်က မှတ်တမ်းတင်ထားခြင်းဖြစ်သည် (ယော၊ ၁၅း၁၆)
(ဂ) သူတိုကို ကိုယ်တော်က ခန့်ထားတော်မူခဲ့သည်။ ရှင်မာကုက “ခန့်ထားတော်မူ၏” ဟူသော စကားလုံးကို သုံး ခဲ့သည် (မာကု၊ ၃၁၉)။ မူရင်း ဂရိစကားမှာလည်း (Poiein) ဖြစ်ပါ၏။ ထူးခြားသော လုပ်ငန်းတစ်ခုကို လုပ်ဆောင်ရန်၊ ဘုရားသခင်၏ အကြံအစည်တော် တစ်ခုထဲတွင် အထူး တာဝန် တစ်ရပ်ကို ဆောင်ရွက်ရန် “ခန့်ထားခြင်း” ဟူသော အဓိပ္ပါယ်ရှိပါ၏။
တမန်တော်တိုကို ကိုယ်တော်က ခေါ်ဖိတ်၊ ရွေးကောက်၊ ခန့်ထားတော်မူခဲ့ခြင်း၏ “ရည်ရွယ်ချက်” မှာ အောက်ပါအတိုင်း ဖြစ်၏ –
(က) ကိုယ်တော်နှင့်အတူရှိစေခြင်းငှာ ဖြစ်သည်။ ကိုယ်တော် နှင့်အတူရှိပြီး ကိုယ်တော်၏ မိတ်ဆွေများ ဖြစ်စေခြင်းငှာခေါ်တော်မူခဲ့ခြင်းဖြစ်၏။ ကိုယ်တော်က သူတို နှင့် တိုင်ပင် နှီးနှောရန်ဖြစ်သည်။ တမန်တော်တိုသည် တပည့်များသာ မဟုတ်၊ မိတ်ဆွေများ ဖြစ်စေခြင်းငှာ ခေါ်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့်လည်း ကိုယ်တော်က “ငါသည် သင်တိုကို ကျွန် ဟူ၍မခေါ်၊ ကျွန်မူကား ကိုယ့်သခင်ပြုသော အမှုကို မသိ၊ သင်တိုကို အဆွေဟူ၍ ငါခေါ်၏။ အကြောင်းမူကား ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတိုကို သင်တိုအား ငါပြသ၏” ဟု မိန့်တော်မူခြင်းဖြစ်သည် (ယော၊ ၁း၁၅)။
(ခ) တရားဟောခြင်းနှင့် အနာရောဂါတိုကို ငြိမ်းစေခြင်းငှာ ဖြစ်သည် (မာကု၊ ၃း၁၄၊ မဿဲ ၁၀)။ “တရား ဟောခြင်း” ဟူသော ဂရိစကားမှာ (Kerussein) ဖြစ်ပြီး ကြိယာဖြစ်သည်။ ၎င်း၏ နာမ်မှာ (Kerux) ဖြစ်၍ “ကြေ ညာခြင်း” ဟူသော အနက်ရှိသည်။ ထို တမန်တော် (၁၂) ပါးသည် ဘုရင် ကြွလာခြင်းနှင့် ထိုဘုရင်၏ အမိန့်တော်ပြန်တမ်း (သတင်း စကား)ကို ကြေညာရန် ဖြစ်သည်။ အနာရောဂါကို ငြိမ်းစေ ခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို လက်တွေ့ အကောင်အထည်ဖော်ပြရန် လည်းဖြစ်သည်။ ။
ထိုအပြင် တမန်တော်များနှင့် ပတ်သက်သည့် အရေးကြီး သောစကား (၂)လုံးကို လေ့လာသုံးသပ် စေလိုပါသည်။ ၎င်းတိုမှာ “တပည့်တော်များ” (Disciples) နှင့် “တမန်တော်များ” (Apostles) ဟူသော စကား (၂)လုံးပင် ဖြစ်ပါ၏။
(၁) တပည့်တော်များ ။ (Disciples) ဆိုသည့် အင်္ဂလိပ် စကားမှာ ဂရိစကား (Mathetes) မှ လာသည်။ “သင်အံ လေ့လာနေသူ” ဟူသော အနက်ရှိသည်။ စစ်၍ မကုန် နိုင်သောခရစ်တော်၏ ကြွယ်ဝ ပြည့်စုံခြင်းကို ခရစ်ယာန် တပည့်တော် များသည်လည်း တစ်နေ့ထက် တစ်နေ့ တိုးတက် သင်ကြား လျက် နေရပေလိမ့်မည် (ဧဖက်၊ ၃း၈)။
(၂) တမန်တော်များ ။ (Apostles) ဆိုသည့် အင်္ဂလိပ်စကား မှာ ဂရိစကား (Apostolos)မှ လာပြီး “စေလွှတ်ခြင်း ခံရသူ” “စေတမန်” ဟူသော အနက်ရှိ၏။ ကိုယ်တော်သည် တပည့်တော်များထဲမှ တမန်တော် (၁၂)ပါးကို ရွေးချယ်ပြီး သူတိုကို “စေလွှတ်ခြင်းငှာ” ခန့်ထားခဲ့သည် (မာကု၊ ၃၁၅)။ ရွေးကောက်ခဲ့သော တပည့်တော် တစ်ကျိပ်နှစ်ပါးကို “တမန်တော်” အမည်ဖြင့် သမုတ်ကြောင်း ရှင်လုကာက တိုက်ရိုက် ဖော်ပြထားပါသည် (လုကာ၊ ၂း၁၆)။
ယေရှုက ထိုတမန်တော်တိုကို အထူးရွေးကောက်ပြီး၊ ထူးခြား သော အမည်နာမဖြင့် ခေါ်ဝေါ်သမုတ်ခဲ့ သည်။ သူတိုကို “လူကို မျှားသော တံ” ဖြစ်စေမည်ဟု ဆိုခဲ့သည် (မဿဲ၊ ၄း၁၉။ မာကု၊ ၁း၁ရ။ လုကာ၊ ၅း၁၀)။ သူတိုထဲမှ အချို့သည် ငါးများနေကြသော တံငါသည်များ ဖြစ်နေခဲ့ရာမှ လူကိုများသော တံငါဖြစ်စေရန် အထူးတာဝန် ပေးအပ်ခဲ့ခြင်းဖြစ်သည်။
တံငါသည်များအကြောင်းကို လေ့လာပြန်လျှင် အောက်ပါ။ တိုကို တွေ့ရှိနိုင်ပြန်သည် –
(၁) တံငါသည် တစ်ဦး၏ ဘဝနှင့် လုပ်ငန်း ဆိုသည်မှာ ဘုရားသခင်နှင့် နီးကပ်စွာ နေကြရသည့် လုပ်ငန်းမျိုး ဖြစ်သည်။ သူတိုသည် နေ့စဉ် သဘာဝ လောကကြီးကို ရင်ဆိုင်နေရပြီး၊ တစ်ခါတစ်ရံ မုန်တိုင်းဒဏ်နှင့် ပင်လယ် ပြင်၏ ခြိမ်းခြောက်မှုတိုကို ခံကြရစဉ် ဘုရားသခင်ကို သတိ ရနေကြပေလိမ့်မည်။ ဘုရားသခင်ကို နေ့စဉ် တွေ့ထိ ခံစား နေရသူများ ဖြစ်သော တံငါသည်များကို ကိုယ်တော်က ရွေးချယ်ခဲ့ခြင်းက ကိုယ်တော်၏ ထူးခြားသော အကြံအစည် တစ်ရပ်ဖြစ်သည်ဟု ဆိုနိုင်ပါ၏။
(၂) သူတိုသည် သတ္တိရှိသူများ ဖြစ်ကြသည်။ ပင်လယ်ပြင် သို ထွက်၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်း ဆောင် က်သူများသည် သတ္တိရှိသူများ ဖြစ်ကြရပေလိမ့်မည်။ သူတို၏ အသက်ကို ဖက်ရွက်ဖြင့် ထုပ်ထားသော တံငါ လှေထဲတွင် နေထိုင် စားသောက်ပြီး လုပ်ကိုင် နေရသူများသည် ထောင်ထဲ၌ နေရသူများနှင့် တူ၏။ ထိုသာမက၊ သူတို၏ နေထိုင်လျက် ရှိကြရသော တံငါလှေမှာ မုန်တိုင်း ဒဏ်ကြောင့် နစ်မြှုပ်သွား နိုင်သည့် အန္တရာယ် အမြဲရှိနေသည်။ ထိုတမန်တော် (၁၂)ပါးသည် ခရစ်တော်၏ အမှုတော် လုပ်ငန်းကို ဆောင်ရွက် ရန် အန္တရာယ်ရှိသော “ရေ နက်ရာ’သို အမြဲသွားရန် စေခိုင်း ခြင်းခံရသူများ ဖြစ်သည်။ သည်းခံစိတ်၊ ခံနိုင်ရည် နှင့် ဇွဲရှိသူများ ဖြစ်ကြသည်။ တံငါသည်များသည်။
(၃) သည်းခံစိတ်၊ ခံနိုင်ရည်နှင့် ရှိကြရ သည်။ တစ်ခါတစ်ရံ ပင်လယ်ပြင်၌ ကြာမြင့်စွာ စောင့် ဆိုင်းနေရပြီးမှ ငါမရဘဲ လက်ချည်းသက်သက် ပြန်လာ ရသည့်အခါများလည်း ရှိတတ်သည်။ သိုသော် စိတ်မပျက် ဘဲ ပင်လယ်ပြင်သို နောက်တစ်ကြိမ် ထပ်မံ ထွက်သွားနိုင်ရန် မလျှော့သော လုံလမျိုးရှိရသည်။ အရှုးနှင့် ရင်ဆိုင်ရသည့် တိုင်အောင် စိတ်မပျက်သူများဖြစ်ကြရ၏။
(၄) သူတိုသည် စဉ်းစား ချင့်ချိန် ဆုံးဖြတ်နိုင်ရသည်။ တံငါသည်တစ်ဦးသည် ကွန်ပစ်ရမည့် နေရာ၊ အချိန်၊ သင့် တော်မည့် ပိုက်ကွန် စသည်တိုကို ရွေးချယ် ဆုံးဖြတ်တတ်ရသည်။ လူကို မျှားမည့် တံငါသည်မှာလည်း ထိုသိုပင် ရွေးချယ်ဆုံးဖြတ် တတ်ရပေလိမ့်မည်။ လူတိုကို ချဉ်းကပ်ရမည့်အချိန်၊ ချဉ်းကပ်သင့်သည့် နည်းလမ်း၊ တွေ့ကြုံ ရင်ဆိုင်ရမည့် အချိန်၊ ချဉ်းကပ်သင့်သည့် နည်းလမ်း၊ တွေ့ကြုံရင်ဆိုင်ရသည့် လူတစ်ဦးနှင့် တော်သင့်မည့်နည်းဟန် စသည်တိုကို ကောင်း မွန်စွာ ရွေးချယ်တတ်ရသည်။
ကိုယ်တော်က ပညာသတိကြီးစွာဖြင့် တိုကို ရွေးချယ် ခဲ့သည်။ သူတိုသည် ကျောင်းစာသင်ခန်း၊ တက္ကသိုလ်စသော နေရာများ၌ သင်ကြားခဲ့ရခြင်းမရှိသော်လည်း၊ ဘဝ လက်တွေ့စာသင်ခန်းများ တွင်ကား သင်ကြားတတ်မြောက်ခဲ့ပြီးသူများ ဖြစ်၏။
(ဂ) အမှုတော် လုပ်ငန်းကို ဆက်လက် လုပ်ကိုင် ဆောင်ရွက် သွားရေးအတွက် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်သည် အမှုတော်လ်ငန်းကို စတင် ဆောင်ရွက်ကတည်းက လမ်းဆုံး၌ မားမားကြီးရပ်နေသော ကားတိုင်နှင့် နောက်ဆုံး၌ အသေ သတ်ခြင်း ခံရမည်ကို သိမြင်ပြီး ဖြစ်သည်။ အမှုတော်လုပ်ငန်း၊ ဆောင်ရွက်သည့် အစပိုင်းတွင်ပင် နာဇရက်မြို၌ ကိုယ်တော်၏ အသက်ကို ရန်ရှာ ခြင်းခံရသည်။ တရားဇရပ်ထဲ၌ ဟေရှာယ အနာဂတ္တိကျမ်း ကို ဖတ်ပြီး၊ “ထိုအနာဂတ္တိကျမ်းစကားများသည် ယနေ့ ပင်ပြည့်စုံလေပြီ’ ဟု ဆိုပြီး ကျမ်းစကားများကို ဆွေးနွေး ရာတွင် ပရိသတ်က ဒေါသထွက်ကြကာ ထိုမြိုပြင်ရ တောင်ထိပ်စွန်း အငူမှ တွန်းချခြင်းငှာ ကြံစည်ခဲ့သော်လည်း ကိုယ်တော်က သူတို၏ အလယ်၌ လျှောက်သွားခဲ့သည် (လုကာ၊ ၄း၁၆-၃၁)။ ထိုကြောင့် ကိုယ်တော် အသေခံ ပြီးသည့် နောက်ပိုင်း၌ အမှုတော်လုပ်ငန်းကို ဆက်လက် လုပ်ကိုင် ဆောင်ရွက် သွားစေရန် ထိုတမန်တော်များကို ရွေးချယ် ခဲ့ခြင်းဖြစ်သည်။
(ဃ) အမှုတော်လုပ်ငန်းသည် လောကတစ်ပြင်လုံးသို ပျံ့နှံ သွားစေရန် ရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။ မြေကြီးပေါ် တွင် လူ့ဇာတိခံ၍ သက်တော်ထင်ရှားရှိစဉ်က ယေရှုအဘို တစ်ချိန်တွင် တစ်နေရာ တည်း၌သာ ရှိနေနိုင်ခဲ့သည်။ ဟောပြော သွန်သင်သမျှတိုသည်လည်း ကြားနာသော လူတစ်စု အတွက်သာလျှင် ဖြစ်ခဲ့သည်။ ထိုခေတ် ထိုအခါကလည်း ဟောပြောသည့် သတင်းစကားတိုကို မိနစ်ပိုင်း၊ နာရီပိုင်း အတွင်း တစ်ကမ္ဘာလုံးသို ပျံ့နှံသွားစေနိုင်မည့် ယခုခေတ် ကဲ့သို ရုပ်မြင်သံကြား၊ ကြိုးမဲ့အသံလွှင်စေနိုင်မည့် သိပ္ပံပညာ ထွန်းကားမှု မရှိသေးပါ။ ထိုကြောင့် ကိုယ်တော်၏ သတင်း စကားကို လူလူချင်း ဆောင်ကြဉ်းသွားစေရန်သာ ဖြစ်နိုင်သောကြောင့် ကိုယ်တော်က သူတိုအား ရွေးချယ်ခဲ့ခြင်း ဖြစ်ပါ၏။
အခန်း (၁၁)
ဘုရားသခင်၏ နိုင်ငံတော်
ယေရှုက “နောင်တရကြလော့” ဟူသော စကားမျှနှင့်ပင် ရပ်မထားဘဲ “ဘုရားသခင်၏ နိုင်ငံတော် တည်လုနီးပြီ”” ဟူသော စကားကို ဆက်၍ ဟောပြောခဲ့သည်။
ခရစ်တော်၏ ဟောပြော ကြေညာချက်၊ သွန်သင် ဆုံးမချက် ထဲမှ အဓိက အကျဆုံးသော အချက်နှင့် အနှစ်သာရမှာ “ဘုရား သခင်၏ နိုင်ငံတော်” အကြောင်းပင်ဖြစ်သည်။ လူအများ နောင် တရကြမည့် အရင်းခံ အကြောင်းမှာ ဘုရားသခင်၏ နိုင်ငံတော် အတွက် လည်းဖြစ်ပါ၏။
ရှေးဦးစွာ အသေးအဖွဲမျှသာ ဖြစ်သော အချက်ကလေးတစ်ခု ဖြင့် ကျွန်တော် အစပြုလိုပါသည်။
ခရစ်ဝင်ကျမ်းတို၌ ““ဘုရားသခင်၏ နိုင်ငံတော်” နှင့် “ကောင်းကင်နိုင်ငံတော်” ဟူသော ဝေါဟာ ရနှစ်မျိုးကို တွေ့ရပါ၏။ ထိုနှစ်မျိုးသည် အဘယ်သို ခြားနားပါသနည်း?
ရှင်မသဲက “ကောင်းကင်နိုင်ငံတော်” ဟူ၍ အကြိမ် (၃၀) မျှ အသုံးပြုပြီး “ဘုရားသခင်၏ နိုင်ငံတော်” ဟူသော စကားကို (၃)ကြိမ်မျှသာ သုံးခဲ့ပါသည်။ ရှင်မာကုက “ဘုရားသခင်၏ နိုင်ငံ တော်” ဟူသော စကားကို (၁၆)ကြိမ်၊ ရှင်လုကာ (၃၂)ကြိမ် သုံးခဲ့ သည်။ ရှင်မာကုနှင့် လုကာတို က “ကောင်းကင်နိုင်ငံတော်” ဟူ၍ တစ်ကြိမ်တစ်ခါမျှ မသုံးခဲ့၊ သိုဖြစ်လျှင် “ကောင်းကင်နိုင်ငံတော်” နှင့် “ဘုရားသခင် နိုင်ငံတော်” ဆိုသည်မှာ တူညီပါသလား? ရှင် မသဲက ကောင်းကင်နိုင်ငံတော်” ဟူ၍သာ အဘယ်ကြောင့် အသုံးများခဲ့ရပါ သနည်း?
အမှန်ဆိုရလျှင် ထိုဝေါဟာရ စကားနှစ်ခုစလုံး၏ အဓိပ္ပါယ် မှာ အတူတူပင်ဖြစ်ပါ၏။
ရှင်မဿဲ၊ ၁၉း၂၃ တွင် “ယေရှုကလည်း၊ ငါအမှန်ဆိုသည် ကား ငွေရတတ်သောသူသည် “ကောင်းကင်နိုင်ငံတော်” သို ဝင်ခဲ လှ၏” ဟု ရေးသားထားခဲ့ပါသည်။ ထိုငွေရတတ်သော လူငယ်လေး နှင့်ပတ်သက်သည့် အဖြစ်အပျက်ကိုလည်း ရှင်မာကုက သူ၏ ခရစ်ဝင် ကျမ်း ၁၀၂၃ တွင် “ယေရှုကလည်း ဥစ္စာရတတ်သောသူသည် ““ဘုရားသခင်၏ နိုင်ငံတော်” သို အလွန် ဝင်ခဲလှ၏” ဟု ဆိုခဲ့ကြောင်း၊ မှတ်တမ်းတင်ထား၏။ ရှင်ကာကလည်း ထို ဖြစ်ရပ်ကိုပင်လျှင် တင်ပြပြီး “ဥစ္စာရတတ်သောသူသည် “ဘုရားသခင်၏ နိုင်ငံတော်” သို အလွန်ဝင်ခဲလှ၏” ဟု ရေးခဲ့ပါ၏။ သိုသော် အားလုံးသော ကျမ်းစကား များက ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကိုပင် ထောက်ပြ နေခြင်း ၊ သာဖြစ်သည်။
ပို၍ သေချာစေရန် ရှင်မဿဲ၊ ၁၉း၂၃ ကို ဖတ်ပြီးလျှင် အခန်းငယ် ၂၄ ကို ဆက်ဖတ်ကြည့်ပါ။ အခန်းငယ် ၂၃ တွင် ရှင် မသဲက “ကောင်းကင်နိုင်ငံတော်သို ဝင်ခဲလှ၏” ဟု ဆိုပြီးမှ အခန်း ငယ် ၂၄ တွင် ဆက်ပြီး “တစ်ဖန် ငါဆိုသည်ကား ကုလားအုပ်သည် အပ်နဖါးကို လျှိလွယ်၏။ ငွေရဟဟ်ဃောသူသည် “ဘုရားသခင်၏ နိုင်ငံတော်” သို ဝင်ခဲလှသည်ဟု တပည့်တော်တိုအား မိန့်တော်မူ၏” ဟူ၍ ရေးသားလိုက်သည်ကို ထောက်လျှင် ရှင်မဿဲ က ဖြစ်ရပ်တစ်ခုတည်းကို ဖော်ပြနေစဉ်ပင် ဝေါဟာရ (၂)မျိုးစလုံး ကို အသုံးပြုခဲ့ကြောင်း တွေ့ရပါ လိမ့်မည်။
သိုဖြစ်လျှင် ရှင်မဿဲက အဘယ်ကြောင့် “ကောင်းကင်နိုင်ငံ တော်”ဟူသော စကားကို အသုံးများခဲ့ရပါသနည်း?
ရှင်မဿဲခရစ်ဝင်ကျမ်းသည် ဂျူးလူမျိုးတိုကို ဦးတည် ရေး သားခဲ့ခြင်းဖြစ်သည်။ ဂျူးလူမျိုးတိုအဘို ဘုရားသခင်၏ “နာမတော်” သည် အလွန် သန့်ရှင်းမြင့်မြတ်သည်ဖြစ်ရာ နှုတ်ခမ်းဖျား မှပင် မြွက်ဟ မပြောဆိုရဲလောက်အောင်ပင် ရိုသေကိုင်းရှိင်းမှုရှိ ကြသည်။ ဂျူးလူမျိုးတစ်ဦးသည် ကျမ်းစာကို ဖတ်ရင်း “ရာဝေ” (Yahweh) (ဝါ) “ယေဟောဝါ” ဟူသော စကားလုံးကို ရောက်လာလျှင် ထိုစကားလုံးအတိုင်း မဖတ်ရှုတော့ဘဲ “အေဒိုနိုင်” (Adonai) ဟူ၍ပင် ဖတ်ရှုကြသည်။
ထိုကြောင့် “ဘုရားသခင်” ဟူသော ဝေါဟာရစကားကို မဖတ်ရှုရဲသည့်အတွက် “ကောင်းကင် နိုင်ငံတော်”ဟူ၍ ရေးသား နေခြင်းဖြစ်သည်။ သိုကြောင့် ဂျူးလူမျိုးတိုကို ဦးတည်ရေးခဲ့သော ရှင်မဟာ “ဘုရားသခင်၏ နိုင်ငံတော်” အစား “ကောင်းကင် နိုင်ငံတော် ဟူသော စကားကို အသုံးများခဲ့ခြင်းဖြစ်ပါ၏။
“နိုင်ငံတော်” ဟူသော စကားကို ရှေးဦးစွာ အနက်ဖွင့် ကြည့်ကြပါစို။ ။
ယခုခေတ် ဝေါဟာရအားဖြင့်ဆိုရလျှင် “နိုင်ငံတော်” ဟု ဆို လိုက်လျှင် ပထဝီနယ်နိမိတ် သတ်မှတ် ထားသည့် မြေနေရာကို ကျွန်တော်တိုက ချက်ချင်း မြင်တတ်ပါ၏။ “ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်’ ဟု ဆိုလိုက်လျှင် မြန်မာနိုင်ငံနှင့် ဆိုင်သည့် နယ်နိမိတ်၊ ပထဝီအနေအထားအားဖြင့် သတ်မှတ်ထားသော ဒေသ၊ မြန်မာလူမျိုးတို နေထိုင်မှီတင်း၊ ပိုင်သသော နယ်မြေဟူ၍ ချက်ချင်း မြင်လာတတ်ကြသည်။
ဓမ္မဟောင်းကျမ်းသဘောအရ ဘုရားသခင်သည် ဣသရေလ တိ၏ ဘုရင်ဖြစ်ကြောင်း သိသာထင်ရှားသည်။ အလွန် အရေး ကြီးလှသော ကျမ်းစကား၊ ဂျူးလူမျိုးတိုင်း အမြဲရွတ်ဆိုရသော (Jewish Shema) ခေါ် “တရား၊ ၆း၄-၁ဝ”ရှိ ကျမ်းပိုဒ်များကို တစ်စုံ တစ်ယောက်က ရွတ်ဆိုလိုက်သည့်အခါတိုင်း ဘုရားသခင်ကို သူ၏ ဘုရင်အဖြစ် လက်ခံပြီး ကိုယ်တော်၏ အုပ်စိုးခြင်းကို ခံကြောင်း ဝန်ခံ လိုက်ခြင်းနှင့် အတူတူဖြစ်၏။
ဣသရေလ လူမျိုးတို၏ သမိုင်းစဉ် တစ်လျှောက်လုံးကို ပြန် ကြည့်ပါ။
ထိုလူမျိုးတိုအနေဖြင့် လူသား ဘုရင်တစ်ပါးက သူတိုကို အုပ်ချုပ်မင်းလုပ်သည်ထက် ထာဝရဘုရားက ဘုရင်အဖြစ် အုပ်စိုး ခြင်းကိုသာလျှင် ခံခဲ့သော လူမျိုးဖြစ်သည်။ (Theocracy) “သီယို ကရေစီ” ဟုခေါ်သည့် “ဘုရားသခင်သာလျှင် ဘုရင်အဖြစ် အုပ်စိုး ခြင်း” ကိုသာ ခံသောလူမျိုးဖြစ်ကြောင်း တွေ့ရပါလိမ့်မည်။ ထိုကြောင့် လည်း ခါနန်ပြည်သို ရောက်ခါစတွင် လူသား ဘုရင်အစား တရား သူကြီးများကသာ သူတိုလူမျိုးကို အုပ်စိုးစေခဲ့သည်။
၁ရာ အခန်းကြီး (၈)ကို ဖတ်ကြည့်ပါ။
ဣသရေလလူမျိုးတိုက သူတိုကို အုပ်စိုးစေမည့် လူသား ဘုရင်ကို တောင်းခံကြသောအခါ ရှမွေလက ငြင်းပယ်ခဲ့သည်။ လူထု အား ဖျောင်းဖျပြောဆိုခဲ့ရသည်။ ဘုရားသခင်သည်သာလျှင် သူတို၏ ဘုရင်ဖြစ်ကြောင်း သတိပေးခဲ့သည်။ “သင်တို ရွေးယူသော ရှင် ဘုရင်ကြောင့် ထိုနေ့၌ အော်ဟစ်သော်လည်း ထာဝရဘုရားသည် နားထောင်တော်မမူဟု သတိပေးလေ၏” (၁ရာ၊ ၈း၁၈)။ (၁ရာ၊ ၈း၁၉း၂၂ကိုလည်း ဆက်ဖတ်ကြည့်ပါ)။
နောက်ဆုံး၌ လူထုကြီးက မရမက တောင်းဆိုခဲ့သောကြောင့် မတတ်သာဘဲ ရှောလှကို က္ကသရေလ လူမျိုးတို၏ ပထမ ဦးဆုံးသော ဘုရင်အဖြစ် တင်မြှောက်ခဲ့ရသည်။ ထိုကြောင့် “ဘုရားသခင်၏ နိုင်ငံတော်” ဟူသော စကားမျိုးကို ဂျူးလူမျိုးတိုင်းက နားလည် သဘောပေါက်ပြီး ဖြစ်ပါ၏။
သိုရာတွင် ဘုရားသခင်သည် ကမ္ဘာလောက တစ်ခုလုံးကို အုပ်စိုးသောဘုရင်ဖြစ်သည် မှန်သော်လည်း လူတိုင်း၊ နိုင်ငံတိုင်းက ထိုသဘောကို လက်မခံကြသေး။ ထာဝရဘုရားကို ဘုရင်အဖြစ်၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်းက အသိအမှတ် မပြုကြသေး၊ သိုကြောင့် တစ်နေ့တွင် လောကတစ်ပြင်လုံးက လက်ခံလာကြရမည့် နေ့ရက် ရောက်လာလိမ့်ဦးမည်။ ဘုရားသခင်သည် ဘုရင်အဖြစ် အုပ်စိုး နေသည် မှန်သော်လည်း ထိုအုပ်စိုးမှုကို နိုင်ငံတိုင်းက လက်ခံလာကြရသော နေ့ကို “ထာဝရဘုရား၏ နေ့ရက်”ဟူ၍ ခေါ်ဝေါ်သမုတ်ထားပြီး ထိုနေ့ရက်ကို မျှော်လင့်တကြီး စောင့်မျှော်နေခဲ့ကြသည်။
သိုသော် ဂျူးလူမျိုးထဲ၌ပင်လျှင် ဘုရားသခင်၏ အုပ်စိုးမှု နှင့် ပတ်သက်၍ သဘောထား (၂)မျိုး ရှိနေကြသည် –
(က) ပထမသဘောထား ။ ဤသဘောထားကို လက်ခံနေကြ သော အုပ်စုက ခေတ်ကာလကို အချိန်နှစ်ပိုင်း ခွဲခြား ထားကြသည်။ မျက်မှောက်ခေတ်နှင့် အနာဂတ်တွင် ပေါ်ပေါက်လာမည့်ခေတ် ဟူ၍ ပိုင်းခြားထားသည်။ မျက် မှောက်ခေတ်သည် အလွန်ပင် ဆိုးယုတ်၍ စာတန် အုပ်စိုးမင်းမူနေသော ခေတ်ဖြစ်သည်။ အနာဂတ်တွင် ပေါ်ပေါက်လာမည့်ခေတ်သည်ကား စာတန်ကို နှိမ်နင်း ၍ ဖယ်ရှားပစ်လိုက်မည့်ခေတ် ဖြစ်သောကြောင့် ကောင်းမြတ်စုံလင်သောခေတ်ဖြစ်လိမ့်မည်။ ဘုရားသခင်၏ အုပ် စိုးခြင်း အာဏာစက်သည် ထိုအခါမှ သူတို လူမျိုးအပေါ် ၌သာမက တစ်ကမ္ဘာလုံးကို ပျံ့နှံသွားလိမ့်မည်။
သိုသော် ထိုခေတ်ရောက်ရှိလာရန် လူသားတို၏ ကြိုးပမ်း မှုကြောင့် မဖြစ်နိုင်။ ဘုရားသခင် ကိုယ်တော်တိုင်က လောက၏ ကမ္ဘာမြေကြီးထဲသို ထိုးဖောက်ဝင်ရောက်လာမှဖြစ်လိမ့်မည်။ ထို နိုင်ငံတော်ကို လူတိုက မတည်ဆောက်နိုင်။ ဘုရားသခင် ကိုယ်တော် တိုင်က တည်ဆောက်ရန် ကြွရောက်လာမည့်နေ့ကို “ထာဝရဘုရား၏ နေ့ရက်”ဟုခေါ်သည်။
ထိုနေ့တွင် လက်ရှိ မျက်မှောက်ခေတ်သည် လုံးဝပျောက် ကွယ်သွားလိမ့်မည်။ ထိုနေ့ရက်သည် ရုတ်တရက်၊ ရှောင်တခင် လျှပ်တစ်ပြက် ရောက်ရှိလာလိမ့်မည်။ ထိုနေ့ရက်မျိုးတွင် တစ်လောက လုံး တုန်လှုပ်ချောက်ချားသွားဘွယ်ရာ ကောင်းလောက်အောင် နေ၊ လ၊ ကြယ်တာရာ နက္ခတ်တိုသည် လမ်းကြောင်း များ ပြောင်းကုန်လိမ့် မည်။ တစ်နည်းဆိုရလျှင် သဘာဝလောကကြီး တစ်ခုလုံးသည် အကြီးအကျယ် ပြောင်းလဲ သွားလိမ့်မည်။ ထိုနေ့ရက်တွင် ထာဝရဘုရား က လူတိုင်းကို တရားစီရင်ဆုံးဖြတ်မည့် နေရက်လည်း ဖြစ်သောကြောင့် လက်ရှိ ဆိုးညစ်သော ကမ္ဘာကြီးသည် လုံးဝပျက်သုဉ်းသွားပြီး ကောင်းကင်နှင့် မြေကြီးသစ် ရောက်ရှိလာလိမ့်မည်ဟု ခံယူထားနေ ကြသည်။
(ခ) ဒုတိယသဘောထား ။ အချိုသော ပုဂ္ဂိုလ်များက ထာဝရဘုရား ရောက်ရှိလာမည်ကို တထစ်ချ ယုံကြည် ခံယူထားသော်လည်း ထိုအနာဂတ် ခေတ်ကာလသည်ရုတ်တရက် လျှပ်တစ်ပြက် ရောက်လာ မည်မဟုတ် ဘုရားသခင်၏ အုပ်စိုးခြင်းကို လူမျိုးတိုင်း နိုင်ငံတိုင်းက တဖြည်းဖြည်းချင်း လက်ခံလာ ကြလိမ့်မည်ဟူ၍ ယူဆသည်။ ရုတ်တရက် လျှပ်တစ်ပြက် ကမ္ဘာလောက ကြီး တုန်လှုပ်ချောက်ချား သွားစေလောက်အောင် ရောက် လာလိမ့်မည်မဟုတ်ဟု ယုံကြည်နေကြသည်။
မည်သိုပင်ဖြစ်စေ၊ ဂျူးလူမျိုးတို အားလုံးက တူညီစွာ လက်ခံ နားလည်သဘောပေါက်ထားသည့် အချက် (၃)ချက်မှာကား
(က) ယခုအချိန်၌ ဘုရားသခင်၏နိုင်ငံတော်သည် တင်းပြည့် ကျပ်ပြည့် မရောက်ရှိလာသေး။
(ခ) ထိုနိုင်ငံတော်ကို ဘုရားသခင်၏ လုပ်ဆောင်ချက်အားဖြင့် သာ တည်ဆောက်နိုင်ပေလိမ့်မည်။
(ဂ) ထိုနိုင်ငံတော် ရောက်ရှိလာလျှင် ဆိုးညစ် ယုတ်မာမှု မှန်သမျှကို ကောင်းမြတ်မှုက အနိုင်ယူလိမ့်မည် ဟူသော အချက်များပေတည်း။
ဘုရားသခင်၏ နိုင်ငံတော်နှင့် ပတ်သက်သည့် ခရစ်တော်၏ သွန်သင်ချက်များသည် ကြွယ်ဝစုံလင် လှပါသည်။ သိုကြောင့် ကျမ်း စကားများကို တစ်ခုချင်းသာ ကွင်း၍ အနက်ဖွင့်နေပါက တစ်ဖက် စွန်းသို မှားယွင်းစွာ ရောက်သွားနိုင်ပါလိမ့်မည်။ ထိုကြောင့် မျိုးတူ ကျမ်းချက်များကို ခြုံ၍ စုစည်းပြီးမှ အပိုင်းလိုက်၊ ကဏ္ဍလိုက် ခွဲခြား ပြီး ရှင်းပြသွားလိုပါသည်။ ။
(က) ခရစ်တော် ကြွလာခြင်းအားဖြင့် ဘုရားသခင်၏ နိုင်ငံ တော်တည်လေပြီဟူ၍ ယူဆနိုင်သော အချက်များ။
(၁) ခရစ်တော်က စကားအ,သော နတ်ဆိုးစွဲသူ တစ်ဦးကို အနာရောဂါ ကုသလိုက်သည့်အခါ လူအများက အံ့သြ ကြသည်။ ဗေလဇေဗလကို ခရစ်တော်က အမှီပြုပြီး ထိုနတ်ဆိုးကို နှင်ထုတ်နိုင်ခဲ့သည်ဟူ၍ပင် အပြစ် ပြောဆို လာကြကုန်သည်။ ကိုယ်တော်က ထိုစွပ်စွဲချက်ကို ချက် ချင်း ရှင်းလင်းပြပြီးသည့်နောက် “ငါသည် ဘုရားသခင်၏ လက်ညှိးတော်အားဖြင့် နတ်ဆိုးတိုကို နှင်ထုတ်သည် မှန်လျှင်၊ အကယ်စင်စစ် သင်တို၌ ဘုရားသခင်၏ နိုင် ငံတော် “တည်ချိန်ရောက်လေ” ဟု မိန့်တော်မူ သည် (လုကာ၊ ၁၁း၂ဝ နှင့် မဿဲ၊ ၁၂း၂၈)
(၂) တပည့်တော် (ရဝ)တိုကို ကိုယ်တော်က မြိုရွာ အရပ်ရပ် သို နှစ်ယောက်စီ၊ နှစ်ယောက်စီ စေလွှတ်ခဲ့သည် (လုကာ၊ ၁၀း၁)။ သူတိုသည် အမြိုမြို အရွာရွာ၌ တရားဒေသနာ ဟောပြောကြပြီး နတ်ဆိုးတိုကိုပင် နှင်ထုတ်နိုင်ခဲ့သဖြင့် ဝမ်းသာအားရဖြစ်ကာ ကိုယ်တော့်ထံသို ပြန်လာခဲ့ကြ သည်။ “လူနှစ်ကျိပ်သော တပည့်တော်တိုသည် ဝမ်း မြောက်သော စိတ်နှင့် ပြန်လာ၍ သခင်၊ ကိုယ်တော်၏ နာမတော်အားဖြင့် အကျွန်ုပ်တိုသည် နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက် ကြ၏။ ယေရှုကလည်း စာတန်သည် လျှပ်စစ်ကဲ့သို ကောင်းကင်မှ ကျသည်ကို ငါမြင် ပြီဟု မိန့်တော်မူ၏”
မျက်မှောက်ခေတ်သည် စာတန် အုပ်စိုး မင်းမူ နေသောခေတ်ဖြစ်ရာ “ထိုစာတန်သည် ပျက်စီး၍ ကောင်ကင်မှ ကျပြီ’ဟူ၍ ဆိုလိုက်ခြင်းကိုက စာတန်၏ နိုင်ငံ ကွယ်ပျောက်ပြီး ဘုရားသခင်၏ နိုင်ငံတော် ရောက်ရှိလာ လေပြီဟု ဆိုလိုက်ခြင်းပင်ဖြစ်ပါ၏။ ယေရှု၏ အံ့ဘွယ် သောနိမိတ် လက္ခဏာများမှာ ဘုရားသခင်၏ တန်ခိုး အာနုဘော်တော်ကို ထင်ရှားစွာ ဖော်ပြနေပြီဖြစ်ရာ ကိုယ် တော်၏ နတ်ဆိုးတိုကို နှင်ထုတ်ခြင်း၊ အနာရောဂါ ပျောက်စေခြင်းတိုမှာ ဘုရားသခင် နိုင်ငံတော်၏ တည်ပြီ ဖြစ်၍ လောကရှိ ဆိုးညစ်မှု အာနိသင်ရှိသမျှကို စတင် ဖျက်ဆီးပစ်နေပြီဖြစ်ကြောင်း ထောက်ပြနေပါ၏။
(၃) လုကာ၊ ၁၈-၂၃ နှင့် မဿဲ၊ ၁၁း၂-၆ တိုကိုလည်း ဖတ်ရှု လေ့လာစေလိုပါသေးသည်။ ဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန် ထောင်ထဲသို ရောက်နေစဉ် သူ၏ တပည့် (၂)ယောက်ကို ယေရှု ထံတော်သို စေလွှတ်ပြီး “ကိုယ်တော်သည် ကြွလာသူမှန်သလော” ဟူ၍ မေးမြန်း ခိုင်းလိုက်သော ဖြစ်ရပ်ကို ဖော်ပြထားသည်။ ထိုမေးခွန်းကို ယေရှုက “သင်တို ကြားရသမျှတိုကို သွား၍ ယောဟန်အား ကြားလျှောက်ကြလော့။ မျက်စိကန်းသော သူတိုသည် မြင်ရကြ၏။ ခြေမစွမ်းသောသူတိုသည် လှမ်းသွားကြရ၏။ နူနာစွဲသောသူတိုသည် သန့်ရှင်းခြင်းသို ရောက်ရကြ၏။ နားပင်းသောသူတိုသည် နားကြားရကြ၏။ သေသော သူတို ထမြောက်ခြင်းသို ရောက်ရကြ၏။ ဆင်းရဲသား တိုသည်လည်း ဝမ်းမြောက်စရာ သတင်းကို ကြားရကြ၏” ဟူ၍ ပြန်လည်ဖြေကြားခဲ့ပါ၏။ ထိုကျမ်းစကားတိုသည် ဟေရှာယ၏ အနာဂတ္တိကျမ်းစကားတိုကို ရည်ညွှန်းနေ ခြင်းပင်ဖြစ်ပါ၏ (ဟေရှာ၊ ၆၁း၁-၃ကို ကြည့်ပါ)။ ထိုကြောင့် မျက်စိကန်းသောသူတို မျက်စိပြန်၍ မြင်ခြင်း၊ ခြေမစွမ်းသောသူတို လှမ်းသွားရခြင်း၊ နူနာစွဲသောသူ၊ နားပင်းသောသူ၊ သေသောသူ ထမြောက်ရခြင်းတိုသည် စာတန်၏ အုပ်စိုးမှုအပေါ် ဘုရားသခင်က အောင်မြင် ပြီဖြစ်၍ နိုင်ငံတော်တည်ပြီဖြစ်ကြောင်းကို အထောက် အထားပြနေသော ဖြစ်ရပ်များသာတည်း။
ဆင်းရဲချမ်းသာမရွေး လူတိုင်းကြား ကြရမည့် ဝမ်းမြောက်စရာ သတင်းကောင်းသည်လည်း “ဘုရားသခင် နိုင်ငံတော်တည်ပြီ’ ဟူသော သတင်းပင် ဖြစ်၏။
(၄) လုကာ၊ ၁၀း၂၃-၂၄။ မဿဲ၊ ၁၃း၁၆-၁ရ တိုကို လေ့ လာကြည့်စေလိုပါသေးသည်။ တပည့်တော် (ရ၀)တို၏ လုပ်ဆောင်မှုများ အောင်မြင်သည်ကို ကိုယ်တော်က မြင် ရသဖြင့် “ထိုအခါ တပည့်တော် တိုကို လှည့်ကြည့်၍ ယခု မြင်သမျှသောအရာတိုကို သင်တိုမြင်သောကြောင့် သင် တိုမျက်စိသည် မင်္ဂလာရှိ၏။ ငါဆိုလိုသည်ကား သင်တို မြင်ရသောအရာတိုကို ပရောဖက်များတိုသည် မြင်ခြင်း ငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တိုကြားရသော အရာတိုကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရ ကြ’ ဟု တပည့်တော်တိုအား မိန့်တော်မူခဲ့သည်။
ထိုကျမ်းစကားကို ထောက်ရှုပြန်လျှင် တပည့်တော်တို ယခုမြင်နေကြရသော အောင်မြင်တိုသည် ဘုရားသခင် နိုင်ငံတော်တည်စပြုပြီဖြစ်ကြောင်း သာဓကများပင်ဖြစ်သည်။ ထိုဖြစ်ရပ်များကို ရှေးဟောင်းပရောဖက်တို မြင်လို၊ ကြားလိုကြသော်လည်း သူတိုခမျာမှာ၊ မမြင်ရ၊ မကြား လိုက်ကြရဟူ၍ ဆိုလို နေပါ၏။
(၅)“သိုးစုငယ်၊ အဖသည် သင်တိုအား နိုင်ငံတော်ကို ပေးလို သည်” (လုကာ၊ ၁၂း၃၂) “နိုင်ငံတော်အကြောင်းကို ယခု ပင်လျှင် လိုက်လံဟောပြောကြေညာရန် တိုက်တွန်းသည်” (လုကာ၊ ၉၆၀)။ “နိုင်ငံတော်ကိုဝင်ရန် သူငယ်ကဲ့သို ဖြစ်ရမည်” (မဿဲ၊ ၁၈း၃)။ (မဿဲ၊ ၁၈း၃၂) “အကျင့် တိုသည် ဖာရိရှဲ၊ ကျမ်းပြုဆရာတို ကျင့်ဝတ်ထက် မလွန် မသာလျှင် နိုင်ငံတော်သို မဝင်နိုင်’ (မဿဲ၊ ၅း၂၀)။ ပညာသတိရှိလျှင် “သင်သည် ကောင်းကင်နိုင်ငံနှင့်မဝေး” ဟု မိန့်မူ၏ (မာကု ၁၂း၃၄)။ အဆိုပါ ကျမ်းချက်များကို ထောက်ရှုလျှင် “ဘုရားသခင်၏ နိုင်ငံတော်” ဆိုသည်မှာ မျက်မှောက်ခေတ်၊ လောလောဆယ်တွင်ပင် တွေ့ရှိ။ ခံစားရရှိနိုင်သော အရာတစ်ခုဖြစ်ကြောင်းကို ဖော်ပြနေ သည်။ ယခုပင်လျှင် ရှိနေပြီဖြစ်သော အရာမျိုးကိုမှသာ ဤသိုသော ပစ္စုပ္ပန်ဝါကျမျိုးဖြင့် ပြောနိုင်ပါ၏။
(၆) ထိုအပြင် ယခုရောက်ရှိလာသော ဘုရားသခင်၏ နိုင်ငံ တော်သည် ယခင်လူတိုက ထင်မှတ်ယူဆနေသော နိုင်ငံ တော်မျိုးမဟုတ်၊ သိသိသာသာကြီး ထူးခြား၍ အံ့သြဘွယ်ရာ ဖြစ်နေကြောင်း ကိုယ်တော်က ရှင်းပြနေသည်။ “ငါဆို သည်ကား မိန်းမမွေးသော သူတိုတွင် ဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန်ထက် ကြီးမြတ်သော ပရောဖက် တစ်ယောက်မျှမရှိ။ သိုသော်လည်း ဘုရားသခင်၏ နိုင်ငံ တော်တွင် “အငယ်ဆုံးသောသူသည်” ထိုသူထက်သာ၍ ကြီးမြတ်၏ ဟု ကိုယ်တော်က မိန့်တော်မူခဲ့သည် (လုကာ၊ ၂၈)။ ရှင်ယောဟန် ပေါ်ပေါက်လာသည်အထိ ပရောဖက် များ၏ အနာဂတ္တိကျမ်းနှင့် ပညတ္တိကျမ်းမှန် သမျှသည် ဣသရေလလူမျိုးတို၏ ဘာသာရေးရာတွင် အဓိက ဖြစ်ခဲ့သည် (လုကာ၊ ၁၆း၁၆)။ သိုသော် ဘုရား သခင်၏ “နိုင်ငံတော် ရောက်လာပြီဖြစ် သောကြောင့်” ယခင်က လူတို အကြီးမြတ်ဆုံးဟူ၍ ယူဆခဲ့သော အနာဂတ္တိ ကျမ်းများနှင့် ပညတ္တိကျမ်းများသည်ပင်လျှင် ခေတ်နောက် ကျသွားလေပြီ။ ဗတ္တိဇံ (နှစ်ခြင်း) ဆရာ ယောဟန်ကဲ့သို ကြီးမြတ်လှသော သူတစ်ဦးထက်ပင်လျှင် “အငယ်ဆုံးသော သူ”က ပို၍ ကြီးမြတ်ပေလိမ့်မည်ဟု ပြောခဲ့ခြင်းက နိုင်ငံတော်၏ ထူးခြားမှုကို ဖော်ပြနေလေပြီ။
(၇) လျှိဝှက်စွာ အပင်ပေါက်၍ ကြီးထွားရင့်သန်လာသော ဥပမာတော် (မာကု၊ ၄း၂၆-၂၉)။ မုံညင်းစေ့ဥပမာတော် (မာကု၊ ၄း၃၀-၃၂။ မဿဲ၊ ၁၃း၃၁-၃၂။ လုကာ၊ ၁၃း ၁၈-၁၉)။ မုန့်ညက်ကို ဖောင်းကြွစေသော တဆေးဥပမာ တော် (မဿဲ၊ ၁၃း၃၃။ လုကာ၊ ၁၃း၂၀-၂၁) တိုကို လေ့လာကြည့်ပါဦး။
ဤဥပမာတော်သုံးခုကို သေချာစွာ သုံးသပ်ကြည့်လျှင် အနာ ဂတ်တွင်မှ တည်နိုင်မည်ဖြစ်သော နိုင်ငံတော်အကြောင်းဖြစ်သည်ဟူ၍ အနက်ဖွင့်နိုင်သေးသည်ကို ရှေးဦးစွာ ကျွန်တော့်အနေဖြင့် ဝန်ခံထား လိုပါသည်။ ။
“သို သော်” ထိုဥပမာတော်များ၌ ကြီးထွားရင့်သန်လာနေပြီ ဖြစ်သော စပါးပင်၊ မုန်ညင်းပင်နှင့် တဆေးအားဖြင့် ဖောင်းကြွနေ စေပြီဖြစ်သော မုန့်ညက်တိုသည် ယခုပင်လျှင် ကြီးထွားရင့်သန် လာနေပြီဖြစ်သော အပင်နှင့် ပေါင်မုန့်တိုကို ညွှန်ပြနေသည်။
ထိုကြောင့် ဘုရားသခင်၏ နိုင်ငံတော် ဆိုသည်မှာ ယခုပင် လျှင် စတင် ပေါ်ပေါက်လာနေပြီဖြစ်၍ နောင်အခါမှ အစွမ်းကုန် ကြီးထွားရင့်သန်လာတော့မည်ဖြစ်ကြောင်း သာဓကများသာ ဖြစ်နေ သည်။
(ဂ) ဘုရားသခင်နိုင်ငံတော်သည် သင်တို၏ “အထဲ၌” ရှိသည် (လုကာ၊ ၁း၂၁) ဆရာယုဒသန်က “အထဲ၌” ဟူ၍ မြန်မာ ပြန်ထားသော မူရင်းဂရိစကားမှာ (Entos Humon) ဖြစ်ပါသည်။ ထိုဂရိစကားအရ “သင်တို ပတ်ဝန်းကျင်၌” “သင်တို၏ပတ်လည်၌ “သင်တို၏အလယ်၌” (Among You/in Your Midst) ဟူသော သဘောလည်း ဖြစ်နိုင်ပါသေးသည်။
ထိုကျမ်းချက်ပါ ဖြစ်ရပ်ကို သေချာစွာ သုံးသပ်ကြည့်ပါ။ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ကိုယ်တော်အား လာရောက် မေးမြန်းသူများမှာ ဖာရိရှဲများဖြစ်သည်။ ဖာရိရှဲကဲ့သိုသော လူမျိုးများ စိတ်နှလုံးအတွင်း၌ ဘုရားသခင်၏ နိုင်ငံတော် မည်သည့်နည်းနှင့်မျှ မတည်နိုင်ပါ။ ကိုယ်တော်က သူတို ပတ်ချာဝိုင်းနေသော မိမိကိုယ်ကို နိုင်ငံတော် ́ဟူ၍ ပြောခြင်းဖြစ်သည်ဟု ဓမ္မပညာရှင်အများက အနက်ဖွင့်ကြသည်။
မည်သိုဖြစ်စေ၊ ထိုကျမ်းချက်အားဖြင့် ဘုရားသခင်နိုင်ငံတော် ဆိုသည်မှာ ခရစ်တော်အားဖြင့် အစပြုပြီဖြစ်သော အရာတစ်ခုဖြစ် ကြောင်း ထင်ရှားနေပြန်ပါသည်။
ထိုကျမ်းချက်များကို ထောက်၍ (C.H.Dodd) (စီ၊အိပ်ခ်ျ၊ ဒေါ့ဒ်) ဆိုသည့် ဓမ္မပညာရှင်ကြီးက (Realised schatology) “လူအများ စောင့်ဆိုင်းနေကြသော နောက်ဆုံးသောနေ့ရက်သည် ခရစ်တော်အားဖြင့် ပြည့်စုံလေပြီ”ဟူ၍ ဆိုခဲ့ဘူးသည်။
သိုကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် ခရစ်တော် အားဖြင့် လူတို၏ အတွင်းသို ရောက်လာလေပြီ။ မုန့်ညက်တစ်ခုလုံးကို ဖောင်းကြွစေ၍လည်းကောင်း၊ ငါးများစွာကို အုပ်မိသော ပိုက်ကွန်ကဲ့သို လည်းကောင်း၊ မိမိသားအဘိုမင်္ဂလာဆောင်ပွဲကျင်းပပြီး “အလုံးစုံတိုသည် အသင့်ရှိပြီ၊ လာကြပါ”ဟူ၍ ဖိတ်ခေါ်နေခြင်းအား ဖြင့်လည်းကောင်း တည်လေပြီဟူ၍ ဆိုနိုင်ပါသည်။
(ခ) ဘုရားသခင်၏ နိုင်ငံတော်ဆိုသည်မှာ နောင်ကာလမှ တည်မည်ဟူ၍ ယူဆနိုင်သောအချက်များ ၊
(၁) “ငါအမှန်ဆိုသည်ကား ဘုရားသခင်၏ နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ရှိသော အချိုတိုသည် မမြင်မီ သေခြင်းသိုမရောက်ရကြ” ဟူ၍ ခရစ်တော် ကိုယ်တော်တိုင်က မိန့်တော်မူခဲ့သည် (မာကု၊ ၉း၁။ မဿဲ၊ ၁၆း၂၈။ လုကာ၊ ၉:၂၅)။ ဤစကားတော် မှာ ကိုယ်တော်၏ ကတိတော်စကားပင်ဖြစ်၍ နိုင်ငံတော်သည် မတည်သေးကြောင်းကို ရှင်းရှင်းဆိုလိုနေသည်။
(၂) နောက်ဆုံးသော ညစာစားချိန်၌ ကိုယ်တော်က တမန် တော်တိုအား “ငါအမှန်ဆိုသည်ကား ဤစပျစ်ရည် အသစ်ကို ဘုရားသခင်၏ နိုင်ငံတော်၌ ငါမသောက်မီ နေ့တိုင်အောင် ယခုမှစ၍ ငါမသောက်ရ” ဟု မိန့်တော် မူခြင်းက နောင်တွင် တည်တော့မည့် နိုင်ငံတော်အတွက် ကိုယ်တော်က “မျှော်လင့်ယုံကြည်” လျက် နေသေးကြောင်း ပေါ်လွင်သည် (မာကု၊ ၁၄း၂၅။ မဿဲ၊ ၂၆း၂၉)။
(၃) “နိုင်ငံတော် တည်ထောင်ပါစေသော” ဟု ဆုတောင်း ကြရန် ကိုယ်တော်က တပည့်တော်တိုအား သွန်သင်ခဲ့ သည် (မဿဲ၊ ၆း၁၀။ လုကာ၊ ၁၁း၂)။ လိုလားတောင့် တစွာ ဆုတောင်းနေခြင်းက လက်ဝယ် မရောက်ရှိသေး ကြောင်း ဖော်ပြနေသည်။ မိမိရရှိပိုင်ဆိုင်ပြီးဖြစ်သော အရာ တစ်ခုအတွက် စွဲစွဲလမ်းလမ်း ဆက်လက်၍ အမြဲဆုတောင်း နေရန်မလိုတော့ပါ။ ကျေးဇူးတော် ချီးမွမ်းဘိုရန်သာ ရှိ ပါသည်။ နိုင်ငံတော် မတည်သေးသဖြင့် ဆက်လက် ဆုတောင်းနေကြရန် သွန်သင်နေခြင်းဖြစ်သည်။
(၄) “အသရေရှိသော လွတ်အရာရှိ၊ အရိမဿာမြိုသား ယော သပ်သည် ဘုရားသခင်၏ နိုင်ငံတော်ကို “မျှော်လင့်” သောသူဖြစ်သည်နှင့် ပိလတ်မင်းထံသို ရဲရင့်စွာ ဝင်၍ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏” ဟူသော ကျမ်းစကားအရ ဘုရားသခင်၏ နိုင်ငံတော်သည် နောင် ကာလမှ တည်မည့်အရာတစ်ခုဖြစ်သောကြောင့် အရိ မသဲမြိုသား ယောသပ်က “မျှော်လင့်”လျက်ဆဲဖြစ်နေ သေးသည် (မာကု၊ ၁၅း၄၃။ လုကာ၊ ၂၃း၅၁)။
(၅) “ထိုအခါ အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစသော ပရော ဖက်အပေါင်းတိုသည် ဘုရားသခင်၏ နိုင်ငံတော်သို ဝင်၍ သင်တိုသည် အပြင်သို နှင်ထုတ်ခြင်းခံရသောအခါ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်း ရှိလတံ့။ ထိုအခါ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာကလာ၍ ဘုရားသခင် နိုင်ငံတော်ထဲတွင် လျောင်းရကြလတံ့”ဟူ၍ ကိုယ်တော်က သူ၏ ဟောပြောကြေညာသမျှကို ငြင်းပယ် နေကြသူများအား သတိပေးခဲ့ပုံကို ထောက်လျှင် နိုင်ငံ တော်သည် ယခုမတည်သေး၊ နောင်အခါမှ တည်မည် ဖြစ်ကြောင်း တွေ့မြင်နိုင်သည် (လုကာ၊ ၁၃း၂၈-၂၉။ မသဲ၊ ၈း၁၁-၁၂)။
(၆) နိုင်ငံတော်သည် နောင်အခါမှ တည်မည်ဖြစ်ကြောင်း ဖော်ပြနေသည့် ဥပမာတော်များအနက် အကောင်းဆုံး တစ်ခုမှာ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သော ငှာ မီးခွက်ကို ကိုင်၍ ထွက်သွားသောသတိုသမီး (၁၀) ဦးတိုအကြောင်းဖြစ်သည် (မဿဲ၊ ၂၀း၁-၁၃)။
ထိုဥပမာတော်ထဲ၌ အရေးကြီးသည့် အချက်ကြီး နှစ် ချက်ပါ၏။
နိုင်ငံတော်သည် မထင်မမှတ်သည့် အချိန်၌ ရုတ် တရက်ကြွလာတတ်ခြင်းနှင့် အမြဲသတိဝိရိယဖြင့် စောင့် ကြိုနေရမည့်အချက်တိုပင်ဖြစ်သည်။ ထိုဥပမာတော်ထဲ၌ နောင်တွင် တည်မည်ဖြစ်သည့် နိုင်ငံတော်အကြောင်းသည် ထင်ရှားပေါ်လွင်နေသည်။
(၇) နောက်ဆုံးနေ့၌ တရားစီရင်ဆုံးဖြတ်ရေးကို သွန်သင်သည့် အခါ နောင်တွင်တည့်မည့် နိုင်ငံတော်အကြောင်း ပေါ် လွင်လာပြန်သေးသည်။ အကောင်းဆုံးသော သာဓကမှာ မဿဲ၊ ၂၄း၃၁-၄၆ တွင် ဖော်ပြထားသော မင်းကြီး၏ လဂ်၊ လက်ဝဲဖက်၌ရှိနေသူများကို မိန့်တော်ပုံ ဖြစ် သည်။
လက်ျာတော်ဘက်ရှိနေသူများကို မင်းကြီးက ““ငါ ခမည်းတော်ထံ ကောင်းကြီးမင်္ဂလာကို ခံသောသူတို၊ ကမ္ဘာဦးကပင် သင်တိုအဘို ပြင်ဆင်သော နိုင်ငံကို လာ၍ အမွေခံကြလော့” ဟု မိန့်တော်မူပြီး၊ လက်ဝဲဘက်ရှိသူ များကို “ကျိန်ခြင်းခံရသောသူတို၊ မာရ်နတ်နှင့် သူ၏ တမန်တော်တို အဘို ပြင်ဆင်သော ထာဝရမီးထဲသို ငါ့ ထံမှ ခွာသွားကြလော့”ဟု မိန့်တော်မူပုံပင်ဖြစ်သည်။ ဆိုးညစ်သူများ တရားစီရင်မည့်ပုံနှင့် နိုင်ငံတော်ကို ထို အခါကျမှ အမွေခံကြရမည့်အရေးသည် မတည်သေးသော နိုင်ငံတော်ကို ထောက်ပြခြင်းပင်ဖြစ်သည်။
(ဂ) တစ်ချိန်တည်းမှာပင် ဘုရားသခင်နိုင်ငံတော်ဆိုသည်မှာ အတိတ်ကာလကတည်းက တည်ရှိပြီးသား အရာ ဖြစ်သည်။
“ငါဆိုပြန်သည်ကား လူများတိုသည် အရှေ့အရပ်၊ အနောက် အရပ်မှလာ၍ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇက်၊ ယာကုပ် တိုနှင့်အတူ လျောင်းကြရလတံ့” (မဿဲ၊ ၈း၁၁။ လုကာ၊ ၁၃း၂၈)။ အာဗြဟံ၊ ဣဇက်နှင့် ယာကုပ်တိုသည်ပင်လျှင် ကောင်းကင်နိုင်ငံထဲ သို ရောက်ရှိနေကြပြီဖြစ်၍ အရှေ့အရပ်၊ အနောက်အရပ်မှလာသော သူတို့သည်“သူတိုနှင့်အတူ ဝင်ရောက်နိုင်ကြသည်ဖြစ်ရာ ဘုရား င်ငံတော်ဆိုသည်မှာ ကြာမြင့်လှပြီဖြစ်သော ယခင် အတိတ် ကာလကတည်းက တည်ရှိပြီးသောအရာ ဖြစ်ကြောင်း ပေါ်လွင်နေ ပြန်ပါသေးသည်။ ” ထိုသဘောအားဖြင့်ဆိုလျှင် ဘုရားသခင်နိုင်ငံတော်ဆိုသည်မှာ သစ်ဆန်းသောအရာမဟုတ်၊ လူထဲ့က ဘုရားသခင်ကို စူးစမ်းရှာဖွေ နေခဲ့သည့် အချိန်မှစတည်ရှိ၍ နေခဲ့ပြီးသော အရာဖြစ်ကြောင်း ဆိုလို နေပြန်သည်။
ထိုသိုဆိုလျှင်၊ ဘုရားသခင်နိုင်ငံတော်ဆိုသည်မှာ ယခင် အတိတ်ကာလကတည်းက တည်ရှိနေပြီးဖြစ်သောအရာ (Past) လည်း ဖြစ်သည်။ ခရစ်တော်အားဖြင့် ယခုပင်လျှင် တည်ရှိပြီဖြစ်သောအရာ (Present) ဖြစ်ရုံသာမက အနာဂတ်ကာလတွင်မှ တည်ရှိတော့မည့် အရာ (Future)လည်းဖြစ်ကြောင်း ကျမ်းစကားများက အသီးသီး ဖော်ပြနေကြသည်။
သိုဖြစ်လျှင် ဤကျမ်းချက်တိုကို စုစည်းပြီး မည်သိုအဓိပ္ပါယ် ဖွင့်သင့်ကြပေသနည်း?
နိုင်ငံတော်အကြောင်းကို အလျင်စလို အနက်မဖွင့်ကြသေးဘဲ နိုင်ငံတော်အကြောင်း သိကောင်းစ ရာများကို ဆက်လက်လေ့လာကြည့် ဘိုလိုသေးသည်ဟု ကျွန်တော်ထင်ပါသည်။ နိုင်ငံတော်ဆိုသည်မှာ ဘုရားသခင်ကိုယ်တော်တိုင်က တည်ဆောက်ပေးမှဖြစ်မည်။ ကိုယ် တော်၏ ဆုကျေးဇူးတစ်ရပ်သာ ဖြစ်သည်ဟု ကျွန်တော် ဆိုခဲ့ပြီးဖြစ် သည်။ သိုသော် နိုင်ငံတော်သိုဝင်ရေးအတွက် လူတိုကလည်း အစွမ်း ကုန်ကြိုးစား ကြရဦးမည့် အကြောင်းကို ခရစ်ဝင်ကျမ်းတို၌ ထူးခြားစွာ တွေ့နေရပြန်ပါသေးသည်
(၁) နိုင်ငံတော်ကိုဝင်ရန် လူတိုင်း ကြိုးစားသင့်သည်။ “ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာကြလော့” (မဿဲ၊ ၆း၃၃။ လုကာ၊ ၁၂း၃၁) “ရှာကြလော့” ဆိုသောစကားမှာ ဂရိစကား (Zetein) မှ လာသည်၊ သေချာစွာ မြန်မာပြန်ရပါလျှင် “နိုင်ငံ တော်ကို သင်တို၏ ကြိုးစားမှုအလုံးစုံထဲတွင် အထွဋ် အထိပ်ထား ကြလော့၊ ဦးစားပေးကြလော့၊ အစွမ်းကုန် ကြိုးစားကြလော့ ဟူ၍ ဆိုလိုပါ၏။ “နိုင်ငံတော်ကို အနိုင် အထက်” လုယူ ဝင်ရောက်ကြလော့ (မဿဲ၊ ၁၁၁၂) ရှင်လုကာက “နိုင်ငံတော်ကို လူများက အနိုင်အထက် ဝင်ကြ၏ဟု ဆိုသည် (လုကာ၊ ၁၆း၁၆)။ “အနိုင်အထက်” ဟူသော စကားမှာ ဂရိစကား (Biazesthai)မှလာသည်။
ဥပမာအားဖြင့်ဆိုရလျှင် လူတိုသည် မြိုတစ်မြိုကို အလုံး အရင်းအင်အားဖြင့် အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက် ဝင်ရောက်ကြပုံကို ဖော်ပြလိုလျှင် ထိုဂရိစကားကို သုံးလေ့ရှိသည်။ နိုင်ငံတော်တွင်းသို လူတိုသည် ကြီးစွာသော အင်အား အလုံးအရင်းဖြင့် တရှိန်ထိုး တိုးဝင် ချဉ်းနင်းဝင်ရောက်သင့်သည်။ ဝင်ရောက်ရမည်။ ထို ကြောင့် နိုင်ငံတော်တွင်းသို ပျော့ညံ့အားနည်းချည့်နဲ့သူများ ဝင်ရောက် နိုင်မည်မဟုတ်။
ထိုအပြင် နိုင်ငံတော်ကို ဝင်ရောက်ရေးအတွက်ဆိုလျှင် ရှိရှိ သမျှကို စွန့်လှူပူဇော်ရဲရမည်။ စွန့်လှူပူ ဇော်ရလောက်အောင်လည်း တန်ဘိုးရှိသည်။ ထိုကြောင့် လက်ျာမျက်စိဖြစ်သော်လည်း သင့်ကို မှားယွင်းစေလျှင် ထိုမျက်စိကို ထုတ်ပစ်လော့။ (နိုင်ငံတော်ထဲသို မဝင် ရဘဲ) တစ်ကိုယ်လုံး ငရဲသိုချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခုသော် သာ၍ကောင်း၏ (မဿဲ၊ ၄း၂၉။ မာကု၊ ၉း၄၃-၄၈။
(၂) နိုင်ငံတော်နှင့် ထာဝရအသက်သည် တူညီသည်။ (မာကု ၉၄၄)ကို ကြည့်လျှင် “ပိုးမသေ၊ မီးမငြိမ်းရာ ငရဲပြည် တွင်း မငြိမ်းနိုင်သော မီးထဲသို လက်နှစ်ဖက်စုံနှင့် ဝင်ရသည်ထက် လက်ချိုတဲ့၍ “အသက်ရှင်ခြင်း”သို ဝင်စားသော် သာ၍ကောင်း၏” ဟူသော ကျမ်းစကားကို တွေ့ရပါလိမ့်မည်။
မာကု၊ ၉း၄၈ကို ကြည့်ပါဦး။ “ပိုးမသေ၊ မီးမငြိမ်းရာ ငရဲမီး ထဲသို မျက်စိနှစ်ဖက်စုံနှင့် ချခြင်းကို ခံရသည်ထက် မျက်စိတစ် ဖက်နှင့် “ဘုရားသခင်၏ နိုင်ငံတော်”သို ဝင်စားသော် သာ၍ကောင်း၏” ဟု ဆိုထားပြန်သဖြင့် “အသက်ရှင်ခြင်း” (ဝါ) “ထာဝရအသက်” နှင့် “နိုင်ငံတော်သည် တူညီကြောင်း တွေ့ရပါလိမ့်မည်။
တဖန်တုံ ငွေရတတ်သော လူငယ်တစ်ဦးအကြောင်းကို ဖော် ပြထားသည့် ကျမ်းစကားများကို လေ့လာပါဦး။
“ထိုနောက် လူတစ်ယောက် (ငွေရတတ်သော လူငယ်) သည် ချဉ်းကပ်၍ ကောင်းမြတ်သောဆရာ၊ “ထာဝရအသက်”ကို ရအံ့သော ငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါလိမ့်မည်နည်း? ဟု မေးလျှောက်သော” ဟူ၍ တွေ့ရပါလိမ့်မည် (မဿဲ၊ ၁၉း၁၆။ မာကု၊ ၁၀း၁ရ။ လုကာ၊ ၁၈း၁၈ တိုကို ကြည့်ပါ)။ ကိုယ်တော်က ဥစ္စာရှိသမျှ ကို ရောင်း၍ ဆင်းရဲသောသူတိုအား ပေးဝေလော့ဟု မိန့်တော်မူ သဖြင့် ထိုလူငယ်သည် ဝမ်းနည်းကြေကွဲစွာ ထွက်သွားသောအခါ ဆက်လက်၍ “ငါအမှန်ဆိုသည်ကား ငွေရတတ် သောသူသည် “ကောင်း ကင်နိုင်ငံသို ဝင်ခဲလှ၏”ဟု ဆိုခဲ့သည်။ ရှင်မာကုက “ဘုရားသခင် ၏နိုင်ငံတော်သို အလွန်ပင် ဝင်ခဲလှ၏”ဟု မှတ်တမ်းတင်ထားသည် ကို ထောက် “ထာဝရအသက်”နှင့် “နိုင်ငံတော်”ဆိုသည်မှာ အတူတူပင်ဖြစ် တွေ့ရပါလိမ့်မည်။
ဤနေရာ၌ အနည်းငယ်ရှင်းပြဘို လိုပါလိမ့်ဦးမည်။
ဥစ္စာပစ္စည်း ကြွယ်ဝခြင်းကြောင့် နိုင်ငံတော်သို မဝင်နိုင်ဟူ၍ ကိုယ်တော်ကို ဆိုလိုနေခြင်းမဟုတ်။ လူတစ်ဦးအနေဖြင့် ကြွယ်ဝ ချမ်းသာနေခြင်းကို ကိုယ်တော်က အပြစ်မပြောပါ။ မရှုတ်ချပါ။ ကြေး ငွေချမ်းသာ ကြွယ်ဝနေ၍ ထိုသူသည် ထိုရုပ်ပိုင်း ပစ္စည်းများကို “တပ်မက်စွဲလမ်းစိတ်များရှိနေခြင်းကိုသာ သတိပေးနေခြင်းဖြစ်သည်။
(၃) နိုင်ငံတော်သို ဝင်နိုင်ရေးအတွက် သတ်မှတ်ချက်များ ရှိသည်။ ပြောင်းလဲ၍ သူငယ်ကဲ့သို မဖြစ်လျှင် ကောင်း ကင်နိုင်ငံတော်သို မဝင်နိုင် (မဿဲ၊ ၁၈း၁)။ သူတစ်ပါး၏ အပြစ်ကို မလွှတ်နိုင်သော စိတ်ထားရှိနေလျှင် နိုင်ငံ တော်သို မဝင်နိုင် (မဿဲ၊ ၁၈း၂၃-၃၅)။ လူအချင်းချင်း ကို ပြုစုလုပ်ကျွေးခြင်း၊ မည့်သည်ဝတ်ကို ပြုခြင်း၊ အဝတ်နှင့် ဖုံးလွှမ်း၊ ရေအေးလေးတစ်ခွက်ကို တိုက်ခြင်း၊ အစ ရှိသည်တိုကို မပြုလျှင် နိုင်ငံတော်သို မဝင်နိုင် (မယ်။ ၂၅း၃၁-၄၆)။ လူတိုသည် ယတိပြတ် ဆုံးဖြတ်ချက် မချ နိုင်ဘဲ ထွေပြားဝေဝါး ဝေခွဲ၍ မရနိုင်သော စိတ်ထား ရှိနေသမျှ နိုင်ငံတော်နှင့် မထိုက်တန်၊ ထွန်ကိုင်းကို ကိုင်လျက် နောက်သိုသာ လှည့်ကြည့်နေလျှင် နိုင်ငံတော်ကို မဝင်နိုင် (လုကာ၊ ၉း၆၂)။
(၄) နိုင်ငံတော်၌ တရားစီရင် ဆုံးဖြတ်ခြင်းရှိလိမ့်မည်။ နိုင်ငံ တော်တွင်း၌ သိုးနှင့်ဆိတ်ခွဲခြားခြင်း ခံရလိမ့်မည်။ တော်ပင်တိုကို ရှင်းပစ်ခြင်းခံရမည်။ မကောင်းသော ငါတိုသည် အပြင်သို ပစ်လိုက်ခြင်းခံရလိမ့်မည် (မဿဲ၊ ၁၃း၂၄-၃ဝ။ ၃ရ-၄၃။ ၄၅-၅ဝ နှင့် ၂၀း၃၁-၃၃ တိုကို ကြည့်ပါ)။
(၅) နိုင်ငံတော်တွင်းခေါ်ဖိတ်ခြင်းကို လူတိုက ငြင်းဆန်နိုင် သည်။ မဿဲ၊ ၂၂း၁-၃၄၊ လုကာ၊ ၁၄း၁၅-၂၄ တွင် ဖော်ပြထားသော ဥပမာတော်ကို လေ့လာကြည့်ပါ။ ဘုရားသခင် ကိုယ်တော်တိုင်က မေတ္တာစေ တနာဖြင့် ခေါ်ဖိတ်နေသော ထမင်းစားပွဲ (ဝါ) နိုင်ငံတော်သို မလာ ရောက်ဘဲ ငြင်းဆန်၍နေနိုင်သည်။
(၆) ပညာသတိမရှိဘဲဖြစ်နေလျှင် နိုင်ငံတော်တွင်းသို ဝင်ရန် အခွင့်အရေးဆုံးရှုးသွားနိုင်သည်။ မင်္ဂလာဆောင်သတို သမီးတိုသည် ပေါ့ဆမှုကြောင့် သတိုသားရောက်လာပြီး မှ ပိတ်ထားသော တံခါးကို ထု၍ တောင်းပန်နေကြ သော်လည်း မဝင်ရတော့ဘဲ ထိုအခွင့်အရေးကြီးကို လက် လွတ်ဆုံးရှုးသွားခဲ့သည် (မဿဲ၊ ၂၄း၁-၁၃)။
(၇) နိုင်ငံတော်တွင်းသို ဝင်ခွင့်ကို ရုပ်သိမ်းပစ်လိုက်နိုင် သည်။ စပျစ်ဥယျာဉ်စောင့် လုပ်သားများ ဥပမာတော်တွင် “ထိုကြောင့် ငါဆိုသည်ကား ဘုရားသခင်နိုင်ငံတော်ကို “သင်တိုမှနှုတ်၍ နိုင်ငံတော်၏ အသီးကို သီးအံ့သော လူမျိုးအား ပေးရလတံ့ (မဿဲ၊ ၂၁း၄၃)။ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ ပြင်အရပ် မှောင်မိုက်ထဲသို နှင်ချခြင်းကို ခံကြရလတံ့” ဟု ဆိုခဲ့သည် (မဿဲ၊ ၈း၁၂။ လုကာ၊ ၁၃း၂၈)။
ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကို ကျွန်တော်တိုအတော်လေးပင် ပြည့်ပြည့်စုံစုံလေ့လာပြီး ဖြစ်ပါ၍ ခရစ်တော် သွန် သင်မူခဲ့သော နိုင်ငံတော် အကြောင်းကို မှန်ကန်စွာ အနက်ဖွင့်ကြည့် ရန်သာ လိုပါတော့သည်။ ထိုကြောင့် အထက်ဖော်ပြပါ ရှင်းပြချက် အလုံးစုံတိုကို ခြုံ၍ နိုင်ငံတော်၏ နက်ရှိင်းသော အဓိပ္ပါယ်ကို ဖွင့်ပြ ပါတော့မည်
(က) နိုင်ငံတော်ဆိုသည်မှာ ဘုရားသခင်၏ အလိုတော် ကို ဝန်ခံလိုက်လျှောက်သောသူတိုင်းအ တွက်ဖြစ်သည်။ ဤအချက် ကို ဟေဗြဲတို စာပေ အထူးသဖြင့် ကဗျာ၊ လင်္ကာတိုတွင် အသုံးပြု လေ့ရှိသည့် “မျိုးတူစုံတွဲစကား”တိုဖြင့် ဖော်ပြလေ့ရှိပုံကို လေ့လာ ခြင်းအားဖြင့် ပေါ်ထွက်လာနိုင်သည်။
ထပ်၍ ရှင်းပါဦးမည်။
ဟေဗြဲလူမျိုးတို၏ စာပေ (အထူးသဖြင့် ကဗျာ လင်္ကာ) တို တွင် ဝါကျပါဒနှစ်မျိုး “အတွဲစုံ ပါလေ့ရှိသည်။ ထိုဝါကျနှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိသည့် Hebrew Couplets ဟု ခေါ်သည်။
ထိုဝါကျနှစ်မျိုးစလုံးတွင် ဖော်ပြလိုသော အကြောင်းအရာ “တစ်ချက် ကို အလားတူမျိုးတူစကားဖြင့် ယှဉ်ပြိုင်၍ ဖော်ပြလေ့ ရှိသည်။ အမှန်ဆိုရလျှင် ဒုတိယ ဝါကျ (ပါဒ)သည် ပထမဝါကျ (ပါဒ)ကို ထပ်မံလေးနက် ရှင်းလင်းအောင် ဖော်ပြနေခြင်းဖြစ်သည်။ ဒုတိယ ပါဒသည် ပထမပါဒကို ထပ်ဆင့်ဖော်ပြရုံမက၊ ပထမပါဒ၏ အဓိပ္ပါယ်ကို နောက်တစ်ကြိမ် အကျယ်တဝင့် ဖွင့်ပြသည်။ ပိုမို ပြည့်စုံအောင် ရှင်းပြသည်။ ထိုကြောင့် ထိုစုံတွဲ ဝါကျနှစ်ခုစလုံးက တစ်မျိုးတည်းသော သဘောတရားတစ်ရပ်ကို အခိုင်အမာ ဖော်ပြ နေခြင်းဖြစ်သည်။
၎င်းကို (Hebrew Parallelism)ဟု ခေါ်သည်။
“ကမ္ဘာလောကကြီးထဲသို” သီဩလော်ဂျီကျမ်းကို ကျွန်တော်ပြုစုခဲ့စဉ်က ကယ်တင်ခြင်း သဘော တရားကို ရှင်းပြရန်အတွက် အဆိုပါ “မျိုးတူစုံတွဲစကား ́တိုကို ဖော်ပြပြီး ဖြစ်ပါသည်။ ယခုလည်း ပိုမိုရှင်းလင်းလာစေရန် အဆိုပါ ကျမ်းချက်အချိုကို ထပ်မံ ဖော်ပြ ပါရစေ-
(၁) ဇိအုန်မြိုတည်းဟူသော ယေရုရှလင်မြို၏ “ဖြောင့်မတ်ခြင်း သည် “ရောင်ခြည်” ကဲ့သို လည်းကောင်း၊ သူ၏ “ကယ်တင်ခြင်း”သည် ထွန်းတောက်သော “ဆီမီးခွက်” ကဲ့သိုလည်းကောင်း (ဟေရှာ၊ ၆၂း၁) ၊
(၂) မင်္ဂလာဆောင်လုလင်သည် ပေါင်းသရဖူကို ဆောင်း သကဲ့သိုလည်းကောင်း၊ မင်္ဂလာဆောင် သတိုသမီးသည် တန်ဆာဆင်သကဲ့သို လည်းကောင်း၊ “ကယ်တင်ခြင်း အဝတ်တန်ဆာနှင့် ငါ့ကို “ဝတ်ဆင်’ စေ၍ “ဖြောင့်မတ် ခြင်းဝတ်လုံ’ နှင့် ‘ခြုံ”တော်မူပြီ (ဟေရှာ၊ ၆၁း၁၀)
(၃) ထာဝရဘုရားသည် “ကယ်တင်တော်မူခြင်း ကျေးဇူးကို “ထင်ရှား’ စေ၍ “ဖြောင့်မတ်တော်မူခြင်း တရားကိုလည်း “ဖော်ပြတော်မူပြီ (ဆာလံ၊ ၉၈း၂) စသော ကျမ်းချက်တို အားဖြင့် ကယ်တင်ခြင်း သဘောနှင့် ဖြောင့်မတ်ခြင်း တရားသည် အတူတူပင် ဖြစ်ကြောင်း ရှင်းပြခဲ့ဘူးပါသည်။
ယခုလည်း အခြားသော ဥပမာများကို ထပ်၍ လေ့လာကြည့်ပါဦး
(၁) “စိမ်းလန်းသော ကျက်စားရာအရပ်” ၌ ငါ့ကို “အိပ်စေ” တော်မူ၏။ “သာယာသောမြစ်နားသို “လမ်းပြတော်မူ၏ (ဆာလံ၊ ၂၃း၂)
(၂) ထာဝရဘုရားသည် “သင့်ကိုစောင့်’တော်မူ၏။ ထာဝရဘုရားသည် “သင်၏ခိုလှုရာအရိပ်” ဖြစ်တော်မူ၏ (ဆာလံ၊ ၁၂၁း၅)
(၃) ထာဝရဘုရားသည် “မြေကြီးနှင့် မြေကြီးတန်ဆာ” ကို လည်းကောင်း၊ “လောကဓာတ်” နှင့် “လောကသား” တိုကိုလည်းကောင်း ပိုင်တော်မူ၏ (ဆာလံ၊ ၂၄း၁)
(၄) “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား” သည် “ငါ နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင်” သည် “ငါတိုခိုလှုရာဖြစ်” တော်မူ၏ (ဆာလံ၊ ၄းရ)
ဤကျမ်းချက်များသာမက ဆာလံကျမ်း၊ သုတ္တံကျမ်း၊ ဟေ ရှာယကျမ်းအစရှိသည်တိုကို လိုက်လံလေ့လာလျှင် ဟေဗြဲလူမျိုးတို၏ “မျိုးတူစုံတွဲစကား များစွာကို တွေ့နိုင်ပါလိမ့်ဦးမည်။
ထိုကြောင့် ဟေဗြဲလူမျိုးတို၌ ခဲ့သော ထုံးတမ်းစဉ်လာ၊ စာပေ “ရေးဟန်”ကို သတိပြုပြီး ပဋ္ဌနာတော်၌ ပါရှိနေသော နိုင်ငံတော်နှင့် ပတ်သက်သည့် မျိုးတူစုံတွဲစကားတစ်ခုကို လေ့လာကြည့်ကြပါစို –
(က) “နိုင်ငံတော် တည်ထောင်ပါစေသော အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို မြေကြီးပေါ်မှာ ပြည့်စုံပါစေသော (မဿဲ၊ ၆း၁၀။ လုကာ၊ ၁၁း၂-၃)။
“နိုင်ငံတော်’ ဟူသော သဘောတရားကို ဒုတိယပါဒက ထပ်မံ အလေးအနက်ပြု၊ ပိုမိုကျယ်ပြန့်စွာ အနက်ဖွင့်ပြနေသည်။ ထိုအနက် မှာကား “နိုင်ငံတော်တွင်း၌ အလိုတော် ပြည့်စုံသည်” ဆိုသည့်အချက် ပင်ဖြစ်သည်။ ထိုတွင်သာမက “နိုင်ငံတော် ́ဆိုသော အရာကို အဓိပ္ပါယ်ဖွင့်လာနိုင်သည်။ “နိုင်ငံတော်” ဆိုသည်မှာ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ အလိုတော် ပြည့်စုံနေသကဲ့သို မြေကြီးပေါ်၌လည်းဘုရားသခင်၏ အလိုတော် ကို ပြည့်စုံနေစေသော အခြေအနေတစ်ရပ် ကိုဆိုလိုသည်” ၊
“အခြေအနေတစ်ရပ်’ ဟု ကျွန်တော်က ဆိုနေရခြင်း၏ အကြောင်းရင်းမှာ နိုင်ငံတော်ဆိုသည်မှာ ပထဝီအနေအထား၊ နယ်မြေဒေသမဟုတ်ကြောင်း (state) သိုမဟုတ် (condition) အခြေအနေကို ဆိုလိုကြောင်း ထပ်မံသတိပေးနေခြင်းဖြစ်ပါသည်။
ဤနည်းအားဖြင့် ထပ်မံဆိုရလျှင် “နိုင်ငံတော်ဆိုသည်မှာ မြေကြီးပေါ်၌ ဘုရားသခင်၏အလိုတော်ကို (ကောင်းကင်ဘုံ၌ ပြည့်စုံ စေသကဲ့သို) ပြည့်စုံအောင် လိုက်နာနေသော လူများ ဝင်စားနိုင်သော အရာဖြစ်သည်။
နောက်တစ်နည်းဆိုရပြန်ပါလျှင် “ကောင်းကင်ဘုံ၌ အလို တော်ကို ပြည့်စုံစွာ လိုက်နာနေသကဲ့သို မြေကြီးပေါ်ရှိ လူအများသည် လည်း ဘုရားသခင်၏ အလိုတော်ကို ဝန်ခံလျှင် လိုက်နာ စောင့် ရှောက်လျှင် ထိုသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်စားနိုင် သောသူဖြစ်လေပြီ”ဟု ဆိုနိုင်ပါလိမ့်မည်။
ဤကဲ့သိုသော ရှင်းပြချက်ကို လက်ခံလိုက်လျှင် နိုင်ငံတော် နှင့် ဆိုင်သော သဘောတရားမှန်သမျှသည် အားလုံး ရှင်းလင်းပြင် လာပါလိမ့်မည်။ ။
(ခ) နိုင်ငံတော်တစ်ခုကို ဝင်စားလိုလျှင် ထိုနိုင်ငံတော်နှင့် စပ်ဆိုင်သော ဥပဒေဓမ္မသတ်ကို လိုက်လျှောက်ရပေ လိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်သားဖြစ်လိုလျှင် ဘုရားသခင်က ချမှတ်ပေးသော ပညတ်တော်နှင့် ဥပဒေ ဓမ္မသတ် စည်းမျဉ်း၊ စည်းကမ်းအားလုံးတိုကို လိုက်နာ ရပေလိမ့်မည်။ ထိုသို လိုက်နာခြင်းသည် ဘုရားသခင်ကိုဦးထိပ်ထားနေကြောင်း ဖော်ပြသည်။ ဘုရားသခင်၏ အလိုတော်ကိုလည်း အလားတူပင် ပြည့်ဝစုံလင်စွာ လိုက်နာစောင့်ရှောက်ရန်လို၏။ ဘုရားသခင်၏ နိုင်ငံတော်တွင်းသို လူတစ်ဦးက ဝင်စား နိုင်ရေးသည် ဘုရားသခင်နှင့် ထိုသူတို တစ်ဦးချင်း ဖြေရှင်းရမည့်ကိစ္စဖြစ်သည်။ နိုင်ငံတော်ကိုဝင်နိုင်ရန် လူတစ်ဦးစီက ဘုရားသခင်နှင့် ကိုယ်တိုင် ရင်ဆိုင်၍ ဖြေရှင်းရမည့် ကိစ္စတစ်ရပ်ဖြစ်ပါသည်။ ထိုသိုဆိုလျှင် လူတစ်ဦးနှင့် ဘုရားသခင်တို၏ “ဆက်ဆံမှု အပေါ်၌ သာ မူတည်သည်ဟူ၍ ကျဉ်းမြောင်းသော သဘောထား မျိုးလည်း မဟုတ်သေးပါ။
ဘုရားသခင်၏ အလိုတော်ကို ဝန်ခံခြင်းဆိုသည်က၊ ဘုရား သခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်းသာမက ကိုယ်နှင့် စပ်ဆိုင် သောသူကို ကိုယ်နှင့်အမျှ ချစ်ခြင်းလည်းမည်၏။ ကိုယ်နှင့် စပ်ဆိုင် သောသူ၊ လူလူချင်းကို မချစ်ဘဲ ဥပေက္ခာပြုသောသူသည် ဘုရား သခင်၏ အလိုတော်ကို ဝန်ခံသည်ဟူ၍ မဆိုနိုင်ပါ။ ထိုကြောင့် နိုင်ငံတော်တွင်းသို ဝင်နိုင်ရေးသည် တစ်ဦးချင်း ကြိုးစားရမည့်အရာ ဖြစ်ပါ၏။
(ဃ) ထိုသိုသော သဘောထားမျိုးကြောင့် နိုင်ငံတော်ဆိုသည် မှာ အတိတ်၊ ယခု၊ နောင်ကာလ၌ပင် တည်ရှိ နိုင်သောအရာလည်းဖြစ်ကြောင်း ထင်ရှားလာသည်။ မည်သည့်ခေတ်မျိုး၌မဆို ဘုရားသခင်၏ အလိုတော်ကို ဝန်ခံ၍ လိုက်လျှောက်ခဲ့သူ မှန်သမျှ နိုင်ငံတော်တွင်းသို ဝင်နိုင်မည်သာလျှင် ဖြစ်၏။ ဝင်၍လည်းနေလျက် ရှိကြပြီ။ ယနေ့ပင်လျှင် ဘုရားသခင် အလိုတော်ကို အကယ်ပင်ဝန်ခံလိုက်နာ စောင့်ရှောက်သူတိုင်း ဝင်စားနိုင်ပြီ။ သို သော် အရေးကြီးသော အချက်နှစ်ချက်ကို သတိပြု သင့်သည်။
(၁) ကမ္ဘာလောကကြီးတစ်ခုလုံးရှိ လူတိုင်းသည် ဘုရားသခင်၏ အလိုတော်ကို ဝန်မခံကြသေး။ လူတို၏ စိတ်နှလုံးသား တို၌ ပုန်ကန်လိုသောစိတ်၊ နှစ်မြိုဘွယ်ရာ မကောင်း သော စိတ်ထား၊ အပြစ်ဒုစရိုက် လမ်းကို လိုက်လျှောက် လိုသော သဘောထားတိုနှင့် ပြည့်နေသေးသည်။
(၂) ဘုရားသခင်၏ အလိုတော်ကို ဝန်ခံပါပြီဟု ဆိုသူများ ပင်လျှင် ထိုအလိုတော်ကို လုံးဝဥဿုံ အပြည့်အစုံ ဝန်မခံနိုင် ကြသေး။ မကြာခဏ အလိုတော်ကို ငြင်းပယ်နေကြသေးသည်။ ဘုရားသခင်၏ အလိုတော်ထက် မိမိ၏ အလိုကိုသာလျှင် ဦးစားပေးနေကြသေးသည်။
ထိုကြောင့် ဘုရားသခင်၏ နိုင်ငံတော် ပြည့်ဝစုံလင်စွာ တည် ဆောက်နိုင်ရန် အချိန်လိုသေးသည်။ ထိုနိုင်ငံတော်မျိုးကို အနာဂတ် ကာလ၌သာ တည်ထောင်နိုင်ပေလိမ့်မည်။ ထိုနိုင်ငံတော်သည် အနာဂတ်ကာလ၌မှ ပြည့်ဝစုံလင်စွာ ရောက်ရှိလာနိုင်ပေလိမ့်မည်။ ဘုရားသခင်၏ နိုင်ငံတော်ကို တင်းပြည့်ကျပ်ပြည့် တည်ထောင် နိုင်ရန် လိုနေသေးသဖြင့် လူတိုက “အနိုင်အထက်” ကြိုးစားနေကြရဦးမည်။ “နိုင်ငံတော် တည်ထောင်ပါစေသော ́ဟု ဆုတောင်းနေကြရပေဦးမည်။
(င) ယေရှုခရစ်တော်သည် ဘုရားသခင်၏ နိုင်ငံတော်၏အုတ်မြစ်၊ အခြေပြုရာမဏ္ဍိုင်ဖြစ်သည်။ အထက်ပါ အတိုင်း အနက်ဖွင့်ခြင်းအားဖြင့် ခရစ်တော်၏ နေရာ အစစ်အမှန်၊ နိုင်ငံတော်ကို တည်ဆောက်ရာ၌ ပါဝင် နေသော ခရစ်တော်၏ ကဏ္ဍသည် ရုပ်လုံးကြွ ထင်ရှား လာသည်၊ခရစ်တော်အားဖြင့်သာ နိုင်ငံတော်သည် ရောက်ရှိလာပေပြီ။ နိုင်ငံတော်သည် ပြည့်ဝစုံလင်စွာ ရောက်ရှိလာရန်မှာလည်း ခရစ်တော်အားဖြင့်သာဖြစ် လိမ့်မည်။ ခရစ်တော်အားဖြင့်သာ အသစ်သောအရာတစ်ခုသည် လောကတွင်းသို ထိုးဖောက် ဝင်ရောက်လာပေပြီ။ ထိုကိစ္စကို အချက်သုံးချက်ဖြင့် ထပ်မံ ရှင်းပြ ဖွင့်ဆိုပါဦးမည်-
(၁) ခရစ်တော်၌သာ ဘုရားသခ၏ နိုင်ငံတော်ကို မြင်နိုင် သည်။ ကိုယ်တော်သည်သာလျင် ဘုရားသခင်၏ အလို တော်ကို တသွေမတိမ်း၊ အပြည့်အဝ စုံလင်ဝန်ခံလိုက်လျှောက်နိုင်သူဖြစ်သည်။ ကိုယ်တော်၏ ဘဝ အသက်တာတစ်ခုလုံး၌ ဘုရားသခင်၏ အသံတော်ကို ရှုမြင်တွေ့နိုင်သည်။ အမှုတော်ကို ဆောင်ရွက်ခါနီးတွင် မာရ်နတ်၏ စုံစမ်းနှောက်ခြင်းကို အောင်မြင်စွာ တွန်းလှန် နိုင်ခဲ့သည်။ ။
ဂေသရှေမန်ဥယျာဉ်ထဲ၌ ကိုယ်တော်က မိမိ၏ အလိုအတိုင်း မဖြစ်စေဘဲ ကိုယ်တော်၏ အလိုတော်အတိုင်းသာဖြစ်ပါစေ” ဟူ၍ ဝန်ခံခြင်းအားဖြင့် နောက်ဆုံးသော စစ်ပွဲကြီးကို အနိုင်ယူလိုက်ပြန် သည် (မဿဲ၊ ၂၆း၃၆-၄ရ။ မာကု၊ ၁၄း၃၂-၄၂။ လုကာ၊ ၂၂း၃၉-၄၉)။ ခရစ်တော်သည် ဘုရားသခင်၏ အလိုတော်ကို သိရန် ဆိတ် ငြိမ်သောအရပ်သို မကြာခဏ သွား၍ ဆုတောင်းနေလေ့ရှိသည်။ “ငါကိုစေလွှတ်တော်မူသော သူ၏အလိုတော်ကို ဆောင်ခြင်း သူ၏ အမှုတော်ကို ပြီးစီးစေခြင်းအမှုသည် ငါ့စားစာဖြစ်၏” ဟု မိန့် တော်မူခဲ့သည် (ယော၊ ၄း၃၄)။
ခရစ်ဝင်ကျမ်းတိုက ဖော်ပြသော ယေရှုသည် ဘုရားသခင်၏ အလိုတော် အတိုင်း အသက်တာကို အစမှအဆုံးတိုင်အောင် နေပြ သည်။ ထိုကြောင့်လည်း ခရစ်တော်နှင့်အတူ ဘုရားသခင်၏ နိုင်ငံတော် ကြွရောက်လာလေပြီဟု ဆိုနိုင်ခြင်းဖြစ်သည်။ ကိုယ်တော် သည်သာလျှင် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကို လက်တွေ့ ပြသနိုင်သောသူဖြစ်ပါ၏။
(၂) ထိုကြောင့်လည်း နိုင်ငံတော်နှင့်ဆိုင်သော တန်ခိုး အာနိသင်ကို ခရစ်တော်က ဖော်ပြနိုင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်က ဆိုးညစ်မှု၊ ဆိုးသွမ်းမှု၊ ညစ်ညူးမှုမှန်သမျှကို တိုက်လှန် ဖယ်ရှား သည်ဖြစ်ရာ ထိုသို တိုက်လှန်ပစ်နိုင်သော တန်ခိုးအာနိသင် ကို ခရစ်တော်ရရှိခဲ့သည်။ ဖော်ပြခဲ့သည်။ သာမန်လူသားတစ်ဦးက ခရစ်တော်ကဲ့သို တန်ခိုးအာနိသင်မျိုးကို ပိုင်ဆိုင်ခဲ့ပါလျှင် မိမိ၏ ကိုယ်ကျိုးအတွက် သော်လည်းကောင်း၊ ဆိုးညစ်မှုအတွက်သော်လည်း ကောင်း၊ အသုံးပြုရန် အလားအလာရှိသော်လည်း ကိုယ်တော်က ဘုရားသခင်နိုင်ငံတော်အတွက်သာ ထိုတန်ခိုးအာနိသင်ကို အသုံးပြု ဖော်ပြခဲ့သည်။ အလိုတော်ကို တင်းပြည့် ကျပ်ပြည့် ဝန်ခံခြင်းအား ဖြင့်လည်း ထိုတန်ခိုးတော်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါ၏။
(၃) ခရစ်တော်အားဖြင့်သာ လူတိုသည် နိုင်ငံတော်သို ဝင်ရောက်နိုင်ပါလိမ့်မည်။ ဘုရားသခင်နှင့် လူတို၏ စပ်ကြား ခြားနားကွဲပြားနေသော အုတ်တန်တိုင်းကို ခရစ်တော်က ဖြိုဖျက်နိုင် သည်။ အတိတ်က ပြုခဲ့သော အပြစ်ဒုစရိုက်တိုကို ချေဖျက်ပစ် နိုင်ရုံမက မျက်မှောက်၌ ကြုံတွေ့ရင်ဆိုင်နေရသော အပြစ်ဒုစရိုက် တိုကို ကျော်လွှားအောင်မြင်နိုင်ရန် လူတိုင်းအား ခွန်အားဖြင့် ဖြည့် ကပေးနိုင်သည်။ ခရစ်တော်အားဖြင့် လူတိုင်းသည်လည်း နိုင်ငံတော် တွင်းသို ဝင်စားနိုင်ပေပြီ။
ယခု ကျွန်တော်အနက်ဖွင့်ပြသော အချက်တိုသည် ဟုတ် မဟုတ် မှန်မမှန်၊ ခရစ်ဝင်ကျမ်းရှိ ကျမ်းစကားအားလုံးတိုနှင့် ချိန် ထိုးစစ်ကြောကြည့်စေလိုပါသည်
(က) “နိုင်ငံတော်ကို ရှေးဦးစွာ ရှာကြလော့” ဟု ဆိုသော မိန့်တော်မူချက်သည် ဘုရားသခင်၏ အလိုတော်ကို ဝန်ခံ ရန် တိုက်တွန်းနှိးဆော်ခြင်းဖြစ်သည်။ (မဿဲ၊ ၆း၃၃။ လုကာ၊ ၁၂း၃၁)။ အလိုတော်ကို လက်ခံခြင်းအားဖြင့် မိမိ၏ ဘဝအသက်တာ၌ လိုအပ်သော အခြားကောင်း ကြီးမင်္ဂလာ တို ခံစားလာရပေလိမ့်မည်။
(ခ) “နိုင်ငံတော်တွင်းသို ဝင်နိုင်ရေးအတွက် အဟန့်အတား ဖြစ်စေနိုင်သော အရာတိုကို ဖယ်ရှားရမည်” ဆိုခြင်း၊ (မာကု ၉း၄၃-၄၈) “နိုင်ငံတော်အတွက်ဆိုလျှင် မိမိ၌ ရှိသော အဘိုးတန်ရတနာကိုပင် ရောင်းပစ်၍ နိုင်ငံတော်ကို ဝယ်ရန် ကြိုးစားရမည်” ဆိုခြင်း (မဿဲ၊ ၁၃း၄၄-၄၆) စသည်တိုမှာ ဘုရားသခင်၏ အလိုတော်ကို လက်ခံရန် မည်သည့် အရာမျိုးကိုမဆို စွန့်လှူပူဇော်ရမည်ကို ဆိုလိုသည်။
(ဂ) နိုင်ငံတော်တွင်းသို ဝင်ရန် ပြောင်းလဲ၍ သူငယ်ကဲ့သို ဖြစ်ရမည်ဆိုခြင်းမှာ သားငယ်တစ်ဦးသည် မိဘ၏ စကားကို မြေဝယ်မကျ နားထောင်ရသကဲ့သို လူတိုင်းသည် အလိုတော်ကို ဝန်ခံရမည်ကို ဆိုလိုသည် (မဿဲ၊၁၈း၃)။
(ဃ) အပြစ်လွှတ်နိုင်သော စိတ်သဘောမျိုးရှိမှ (မဿဲ၊ ၁၈း ၂၁- ၃၅)။ အငယ်ဆုံးသော သူတစ်ယောက်ကို ပြုရမည့် ဝတ်ကို စောင့်ထိန်းမှ (မဿဲ ၂၅း၃၁-၄၆) နိုင်ငံတော်ကို ဝင်နိုင်မည် ဆိုခြင်းမှာ ဘုရားသခင်သည် လူတို၏အပြစ်ကို လွှတ်သကဲ့သို ကျွန်တော်တိုသည်လည်း အချင်းချင်း အပြစ်လွှတ်ရမည်။ ဘုရားသခင်က အငယ်ဆုံးသော လူတစ်ဦးကို ချစ်၍ ပြုစုသကဲ့သို ကျွန်တော်တိုက အလားတူပြုစုရမည်ကို သွန်သင်ခြင်းဖြစ်သည်။
(င) စိတ်နှလုံး နှိမ့်ချသောသူတိုသည် ကောင်းကင်နိုင်ငံသို ဝင်နိုင်မည်ဆိုခြင်းမှာ လူတစ်ဦးက မိမိ၏ အားနည်းမှု၊ ဘာမျှမတတ်နိုင်မှု၊ မပြည့်စုံမှုတိုကို မြင်၍ ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ တန်ခိုးတော်နှင့် ကျေးဇူးတော်ကိုသာ လျှင် မှီခိုအားထားပြီး မိမိကိုယ်ကို လုံးဝ ဆက်ကပ် အပ်နှံရန် အရေးကြီးကြောင်းကို ဆိုလိုသည် (မဿဲ၊ ၅း၃)။
(စ) ငါ့ခမည်းတော်သည် ငါ့အား နိုင်ငံကို ပေးတော်မူသည် နှင့်အညီ သင်တိုသည် ငါ၏ နိုင်ငံတွင် ငါစားပွဲ၌ စား သောက်သောအခွင့်ကိုလည်းကောင်း၊ တရားပလ္လင်ပေါ်မှာ ထိုင်၍ ဣသရေလ လူတစ်ဆယ်နှစ်မျိုးကို အုပ်စိုးရသော အခွင့်ကို ငါသည် သင်တိုအား ပေးမည်။ (လုကာ၊ ၂၂း ၂၉-၃၀) နိုင်ငံတော်သည် ခရစ်တော်အားဖြင့် ယခု ရောက်လာပြီဖြစ်သော်လည်း နောင်ကာလ၌မှ ပြည့်ဝ စုံလင်စွာ တည်မည်ဖြစ်ကြောင်း ဤကျမ်းချက်က ပိုမို ရှင်းလင်းစွာ ဖော်ပြနေပါ၏။
အချုပ်အားဖြင့်ဆိုရသော် ဘုရားသခင်၏ အလိုတော်ကို ဆောင်ခြင်းနှင့်နိုင်ငံတော်အတွင်းသို ဝင်ခြင်းသည် အတူတူပင် ဖြစ်ပါ၏။
ခရစ်တော်က ထိုသို ပြုတော်မူပြခဲ့ခြင်းအားဖြင့် ဘုရားသခင် နိုင်ငံတော်ကို ကိုယ်စားပြုပြီး ထိုနိုင် ငံတော်ကို လူ့ဘောင်လောက ထဲသို ယူဆောင်လာသူဖြစ်သည်။ ခရစ်တော်ပေးသော ခွန်အားဖြင့် လူအများကလည်း အလိုတော်ကို ဝန်ခံလာနိုင်ပြီဖြစ်၍ ခရစ်တော် သည်သာလျှင် “နိုင်ငံတော်၏ တံခါးဝ”” ဖြစ်ပါ၏။ လူ့ဘောင် လောကကြီးတစ်ခုလုံးက ထိုသို အလိုတော်ကို ဝန်မခံနိုင်သေးခြင်းကြောင့် နိုင်ငံတော်သည် ပြည့်စုံစွာ ရောက်ရှိလာရန် လိုသေးသည်။ နောင်ကာလ၌သာ အပြည့်အဝ ရောက်လာလိမ့်မည်။ ။
သိုသော် နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အလို တော်နှင့် ကိုက်ညီသောအချိန်၊ အလိုတော်ကို အပြည့်အဝ ခံယူ ကြသောအချိန်၊ ကောင်းကင်ဘုံ၌ အလိုတော် ပြည့်စုံသကဲ့သို မြေ ကြီးပေါ်၌ အလိုတော် ပြည့်စုံသော ထိုခေတ် ထိုအချိန်ကျမှ ရောက် လာပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် အလိုတော်ကို တင်းပြည့်ကျပ်ပြည့် ဝန်ခံခြင်းသည်သာလျှင် ဘုရားသခင်နိုင်ငံ တော်တွင်းသို ဝင်နိုင်ရေး အတွက် သော့ချက်ဖြစ်သောကြောင့်တည်း။
အခန်း (၁၂)
ယေရှု၏ အံ့ဘွယ်ရာ နိမိတ်လက္ခဏာများ
ယေရှုသည် အမှုတော်ကို စတင်ဆောင်ရွက်သည့်အချိန် ပိုင်း၌ နာဇရက်မြိုရှိ တရားဇရပ်တွင်းသိုဝင်၍ ဟေရှာယအနာဂတ္တိ ကျမ်းကို ဖတ်ခဲ့ပုံအကြောင်း လုကာ၊ ၄း၁ရ-၁၉ တွင် တွေ့ရှိနိုင်သည်။
အမှန်ဆိုရလျှင် ယေရုရှလင်မြိုရှိ ဗိမာန်တော်တွင်း၌ တရား ဒေသနာ ဟောကြားခြင်း၊ သွန်သင်ဆုံးမခြင်း မရှိပါ။ ထိုနေရာ၌ ယဇ်ပူဇော်ခြင်း၊ ဆုတောင်းခြင်း၊ ဆာလံသီချင်းများ သီဆိုခြင်းသာ ပြုပြီး တစ်ခါတစ်ရံသာ ကျမ်းစာတော်မြတ်ကို ဖတ်လေ့ရှိသည်။ တရားဇရပ်များ၌မူကား၊ တရားဒေသနာ ဟောပြောခြင်း၊ သွန်သင် ဆုံးမခြင်းတို ပြုလုပ်လေ့ရှိပါ၏။
တရားဇရပ်၌ ပြုရသည့် ဝတ်ပြုမှု အစီအစဉ်တွင် သုံးပိုင်း ရှိသည်
(က) ဆုတောင်းခြင်းအားဖြင့် အစပြုသည်။
(ခ) ကျမ်းစာတော်မြတ်ကို ဖတ်သည်။
(ဂ) တရားဒေသနာကို ဟောပြောလေ့ရှိကြပါ၏။
ဖတ်ရှုလေ့ရှိသော ကျမ်းစာတော်မြတ်များမှာ ပညတ္တိကျမ်း များသော်လည်းကောင်း၊ ပရောဖက်တို၏ အနာဂတ္တိကျမ်းများ ဖြစ်သည်။ လာရောက်ကြသည် ပရိသတ်ထဲမှ တစ်စုံတစ်ယောက်ကို ဖတ်ရှုရန်လည်း စေခိုင်းတတ်သည်။
တရားဇရပ်မှူးဆိုသည်မှာ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးတစ်ပါးမဟုတ်ပါ။ သွန်သင်ဆုံးမနိုင်ခွင့်ရှိသော ရဗ္ဗိဆရာတော် တစ်ဦးလည်း မဟုတ်ပါ။ တရားဇရပ်နှင့် ဆိုင်သော ကိစ္စများကို စီမံခန့်ခွဲ အုပ်ချုပ်သော သာမန် ပုဂ္ဂိုလ်တစ်ဦးသာလျှင်ဖြစ်သည်။
ထိုကြောင့် ကျမ်းစာတော်မြတ် ဖတ်ရန်သော်လည်းကောင်း၊ ဟောပြောသွန်သင်ရန်သော်လည်းကောင်း၊ ကြွရောက်ကြသည့် ပရိ သတ်ထဲမှ တစ်စုံတစ်ဦးကို အများအားဖြင့် မေတ္တာရပ်ခံလေ့ရှိတတ် ပါ၏။ နာဇရက်မြို တရားဇရပ်၌ ခရစ်တော်အား ကျမ်းစာတော်မြတ်ကို ဖတ်စေခဲ့သောအခါ ကိုယ်တော်က –
“ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည် တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို၏ အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသော သူတို အား လွှတ်ခြင်းအကြောင်း နှင့် မျက်စိကန်းသောသူတိုအား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြသစေခြင်းငှာလည်းကောင်း၊ ညှင်းဆဲခံရသော သူတိုကို ကယ်မ စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာ လည်းကောင်း ငါ့ကို စေလွှတ်တော်မူပြီ” ဟူ၍ ဖတ်ရှုပြီးနောက် လူအပေါင်းက ယေရှုအား စေ့စေ့ကြည့်နေစဉ် ကိုယ်တော်က ယနေ့ပင်လျှင် ဤကျမ်းချက်သည် သင်တို ကြား သည်အတိုင်း ပြည့်ဝလေပြီဟု မိန့်တော်မူလိုက်လေ၏။ တစ်နည်းဆို ရလျှင် ဘုရားသခင် စေလွှတ်လိုက်သော မေရှိယသည် အခြားမဟုတ်၊ ကိုယ်တော်ပင်ဖြစ်ကြောင်း ပြောင်ပြောင်ဖွင့်ပြောလိုက်ခြင်းသာတည်း။ (လုကာ၊ ၄း၁ရ-၂၁ နှင့် ဟေရှာ၊ ၆၁း၁-၃ တိုကို ကြည့်ပါ)။
အထက်ပါကျမ်းချက်တွင် ဖော်ပြထားသော လူတို၏ ဝေဒနာနှင် ဝမ်းနည်းကြေကွဲမှု မှန်သမျှကို ယေရှုက စတင်ဖယ်ရှားရန် ကြွ လာခြင်းအားဖြင့် နိုင်ငံတော်ကို စတင်ပျိုးထောင်တည်ဆောက်လျက် ရှိပြီဖြစ်ကြောင်း အကောင်းဆုံးသော အမှတ်လက္ခဏာပင် ဖြစ်၏။ –
မည်သူမဆို ခရစ်ဝင်ကျမ်းများကို ဖတ်သည်နှင့် ယေရှု၏ အံ့ဘွယ်ရာ နိမိတ်လက္ခဏာကို ရင်ဆိုင်ရပေလိမ့်မည်။ ထိုအံ့ဘွယ် ရာ နိမိတ်လ က္ခဏာများသည် ခရစ်တော်၏ အမှုတော် လုပ်ငန်းထဲ တွင် အရေးကြီးသောကဏ္ဍ၌ ပါဝင်နေသည်။ ထိုနိမိတ် လက္ခဏာများ ကို ခရစ်ဝင်ကျမ်းများမှ ဖယ်ရှားပစ်လိုက်လျှင် ခရစ်ဝင်ကျမ်းတို၏ မဏ္ဍိုင်ကို ဖြိုဖျက်လိုက် သကဲ့သို ဖြစ်သွားစေရုံမက ကိုယ်တော်၏ သွန်သင် ချက်တိုကိုပင် ထိပါးသွားစေနိုင်ပါသည်။ )
ကိုယ်တော်သည် အံ့ဘွယ်ရာ နိမိတ်လက္ခဏာတစ်ခုကို ပြသ လိုက်ရုံမက ထိုနိမိတ်လက္ခဏာကို “အမှီပြုပြီး အလွန်တရာမှ အရေးကြီးလှသော ဩဝါဒတစ်ရပ်ကို “ဆက်လက် သွန်သင်သွားလေ့ ရှိသည်ကို သတိပြုသင့်သည်။
ရှင်မာကုခရစ်ဝင်ကျမ်း၏ ပထမဦးဆုံးသော အခန်းကြီး၌ ပင်လျှင် ကိုယ်တော်သည် ညစ်ညူးသော နတ်စွဲသူတစ်ဦးကို ကပေ ရနောင်မြိုရှိ တရားဇရပ်၌ ကုသခဲ့သည် (မာကု ၁း၂၃)။ ရှိမုန်၏ ယောက္ခမ ဖျားနာနေသည်ကို ကုသခဲ့သည် (မာကု၊ ၁း၃၁)။ နေဝင်၍ ညအချိန်၌ပင်လျှင် ကိုယ်တော်က မကျန်းမမာသူနှင့် နတ်ဆိုးစွဲသော ၊ သူတို့ကို အနာရောဂါပျောက်ကင်းစေခဲ့ပြန်သည် (မဿဲ၊ ၁း၃၂-၃၄)။ ဂါလိလဲပြည် အရပ်ရပ် တရားဇရပ်တို၌ တရားဟောလျက် နတ်ဆိုး ( နှင်ထုတ်ခဲ့သည် (မာကု၊ ၁း၃၉)။ နူနာစွဲသောသူတစ်ဦးကို ရှင်းခြင်းသို ရောက်စေခဲ့သည်။ (မာကု၊ ၁း၄ဝ-၄၄) ထိုအမှုအရာ ကြောင့် ကိုယ်တော်၏ သတင်းသည် အနှံအပြား ကျော်စောသွားတော့၏။
မြိုပြင်အရပ်၌နေစဉ်ပင် အရပ်ရပ်မှ လူအပေါင်း များစွာတို သည် ကိုယ်တော့်ထံတော်သို လာရောက်ကြ၏ (မာကု၊ ၁း၄၅)။
ယေရှုသည် လူတို၏ အနာရောဂါ ပျောက်စေသောသူအဖြစ် ရှင်မာကုက သူ၏ ကျမ်းပထမအခန်းကြီး၌ ပင်လျှင် ပီပြင်စွာ ဖော်ပြ ခဲ့သည်။ ခရစ်ဝင်ကျမ်းများကို ဆက်ဖတ်ပြန်လျှင်လည်း ကိုယ်တော်၏ သတင်းတော် သည် အနှံအပြား ကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လက်ခြေသေသောသူမှစသော အထူးထူးအပြားပြား သော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတိုကို အထံတော်သို ဆောင်ခဲ့ကြသဖြင့် သူတို၏ အနာရောဂါ ကို ငြိမ်းစေတော်မူကြောင်း တွေ့ရှိရပါလိမ့်မည် (မဿဲ၊ ၄၂။ ၈း၁၆။ ၁၂း၁၅။ ၁၄း၁၄။ ၁၅း၃၁။ ၁၉း၂။ မာကု၊ ၁း၃၄။ လုကာ၊ ၄း၄၀။ ၆း၈။ ၇း၂၁ တိုကို ကြည့်ပါ) ၊
ကိုယ်တော်သည် “ထိုသူတိုအားလုံးတို၏ အနာရောဂါရှိသမျှကို ကုသပျောက်ကင်းစေတော်မူ၏” ဟူသော ကျမ်းစကားသည် ထပ် တလဲလဲ ပါရှိသည်ကို တွေ့ရပါလိမ့်မည်။
ရှင်မဿဲကလည်း “ယေရှုသည် တရားဇရပ်တို၌ ဆုံးမ ဩဝါဒပေးလျက် နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိ (ကယ်တင်ခြင်း) တရားကို ဟောလျက်၊ လူတိုတွင် အနာရောဂါ အမျိုးမျိုးတိုကို ငြိမ်းစေလျက် ဂါလိလဲတစ်ပြည်လုံးကို ဒေသစာရီ လှည့်လည်တော် မူ၏” ဟု မှတ်တမ်းတင်ခဲ့သည် (မဿဲ၊ ၄း၂၃)။
ကိုယ်တော်၏ အမှုတော်လုပ်ငန်း၌
(၁) တရားဒေသနာကို ဟောပြောခြင်း
(၂) သွန်သင်ဆုံးမခြင်းနှင့် ၊
(၃) အနာရောဂါပျောက်စေခြင်းတည်းဟူသော ကဏ္ဍ
သုံးရပ် ပါဝင်ခဲ့ပေသည်။ တပည့်တော်များကို စေလွှတ်၍ အမှုတော်ဆောင် ပိုင်းသည့်အခါတွင်လည်း ဤသုံးမျိုးသော အမှုတိုကို ပြုစေခဲ့သည်။ တစ်ကျိပ် နှစ်ပါးသော တပည့်တော်တိုကို ခေါ်တော်မူပြီးမှ ညစ် သောနတ်တိုကို နှင်ခြင်းငှာလည်းကောင်း၊ အနာရောဂါ အမျိုးမျိုးတိုကို ငြိမ်းစေခြင်းငှာလည်းကောင်း အခွင့်ပေးတော်မူ၏” (မဿဲ၊ ၁၀း၁ရ။ မာကု၊ ၆း၁၂-၁၃။ လုကာ၊ ၉း၁၊ ၆၊ ၁၀း၉) ၊
ထိုခေတ်က ဘာသာရေးခေါင်းဆောင်တိုနှင့် ပဋိပက္ခဖြစ်ခဲ့ ရသည့် အရင်းခံအကြောင်းတစ်ခုမှာလည်း အနာရောဂါပျောက်ကင်း စေသော အမှုကြောင့်ပင်ဖြစ်၏။ ကိုယ်တော်က ဥပုသ်နေ့၌ လူနာ တစ်ဦး၏ ရောဂါကို ပျောက်စေခဲ့သောကြောင့် ဘာသာရေးခေါင်း ဆောင်များက ဥပုသ်နေ့ကို ဖျက်သည်ဟု စွပ်စွဲခဲ့၏။ ထိုကြောင့် ကိုယ်တော့်ကို ဖယ်ရှားပစ်ရန် သူတိုက ယတိပြတ် ဆုံးဖြတ်ခဲ့ခြင်း လည်းဖြစ်သည်။
လက်တစ်ဖက် သေသူတစ်ဦးကို ဥပုသ်နေ့တွင် ကုသလိုက် သောကြောင့် ထိုခေါင်းဆောင်များနှင့် ပဋိပက္ခဖြစ်ခဲ့ရသည် (မဿဲ၊ ၁၂း၉-၁၄။ မာကု၊ ၃း၁၆။ လုကာ၊ ၆း၆-၁၀)။
(၁၈)နှစ်ပတ်လုံး နတ်ဆိုးစွဲ၍ ရောဂါနှိပ်စက်ခြင်းခံရသော မိန်းမတစ်ဦးကို ဥပုသ်နေ့၌ပင် ကုသသည် (လုကာ၊ ၁၃၁၀-၁၅)။ ရေဖျဉ်းနာစွဲသောသူတစ်ဦးကို ဥပုသ်နေ့၌ ကုသခဲ့ပြန်သည် (လုကာ၊ ၁၄း၁၆)။
ထိုကြောင့် အနာရောဂါ ပျောက်စေခြင်း အမှုမှန်သမျှကို လုံးဝဖယ်ရှင်းပစ်လိုက်မည်ဆိုလျှင် ကိုယ်တော် ၏ အမှုတော် လုပ်ငန်း အကြောင်းကို ကောင်းစွာ လေ့လာရတော့မည်မဟုတ်ပါ။
ထိုအပြင် အလွန်အရေးကြီးလှသော အချက်တစ်ချက်ကို ကြည့်စေလိုပါသေးသည်။
ယေရှုကို ရွံရှာမုန်းတီး၊ ရန်ဖက်ပြုသူများကပင်လျှင် ကိုယ် တော်သည် အံ့ဘွယ်ရာ နိမိတ်လက္ခ ဏာများကို ပြသနိုင်ကြောင်းနှင့် ပြသနေကြောင်း ဝန်ခံကြခြင်းပင်ဖြစ်သည်။
“ထိုအခါ ယဇ်ပုရောဟိတ်အကြီးနှင့် ဖာရိရှဲများသည် လွှတ် အရာရှိတိုကို စည်းဝေးစေပြီးလျှင် “ငါတိုသည် အဘယ်သို ပြန်နေ ကြသနည်း။ ထိုသူသည် များစွာသော နိမိတ်လက္ခဏာကို ပြ၏။ သူ့ကို ဤသိုအလွတ်ထားလျှင် လူခပ်သိမ်းတိုသည် ယုံကြည်ကြ လိမ့်မည်…”ဟု တိုင်ပင်ခဲ့ကြပါ၏ (ယော၊ ၁၁း၄၅-၄၈)။
အံ့ဘွယ်ရာနိမိတ်လက္ခဏာများ (Miracles) ဆိုသည်မှာ အဘယ်နည်း?
ယေရှု၏ အံ့ဘွယ်ရာ နိမိတ်လက္ခဏာများကို ရှေးဦးစွာ အနက် “မဖွင့်မီ” နိမိတ်လက္ခဏာများဟူသော အကြောင်းကို ရှေးဦးစွာ တင်ပြသွားပါရစေ။
ခေတ်တစ်ခေတ်၏ အံ့ဘွယ်ရာ နိမိတ်လက္ခဏာများသည် နောက်တစ်ခေတ်၏ သာမန်ဖြစ်ရပ်များ သာလျှင် ဖြစ်နေတတ်သည်။
ဥပမာများကို ကြည့်ပါ။
လွန်ခဲ့သောနှစ်ပေါင်း (၂၀၀၀)ကို မပြောပါနှင့်။ လွန်ခဲ့သည့် နှစ်ပေါင်း (၅၀)ခန့်ရှိ လူများကို ရုပ်မြင်သံကြား တယ်လီဗီးရှင်းစက် အကြောင်း ပြောပြခဲ့လျှင် လူတိုအဘို ဘွယ်သော နိမိတ် လက္ခဏာ တစ်ရပ်ဟူ၍ ယူဆနေကြပါလိမ့်မည်။ မိမိ၏ အိမ်ရှေ့ ခန်းထဲပင်လျှင် ထိုင်နေစဉ်ပင် မိုင်ပေါင်း ထောင်သောင်းများစွာသော အရပ်၌ ဖြစ်နေ သမျှကို မျက်မြင်ဒိဋ္ဌ ချက်ချင်း မြင်တွေ့၊ ကြားနာ နိုင်သည်ဟု ဆိုပါက အချိုက ယုံလိမ့်မည်ဟူ၍ပင် မထင်ပါ။
ရွက်လှေများဖြင့် ပင်လယ်ကူးနေခဲ့ကြသော လူများကို တန် ချိန်ပေါင်း ၈ဝ,ဝဝဝ ရှိသည့် သံမဏိထည်သင်္ဘောကြီးတစ်စင်းသည် တစ်နာရီလျှင် ရေမိုင်ပေါင်း ၃၀နှုန်းဖြင့် ပင်လယ်ကို ဖြတ်သန်း သွားနိုင်ကြောင်း ပြောပြလျှင် သူတိုအဘို ကြီးစွာသော အံ့ဘွယ်ရာ နိမိတ် လက္ခဏာတစ်ရပ်ဖြစ်နေပါလိမ့်မည်။
မြင်းလှည်း၊ နွားလှည်းဖြင့်သာ အမြဲခရီးသွားနေရသူတစ်ဦး သည် အသံထက် လျင်မြန်သော ဂျက်လေယာဉ် တစ်စီးကို စီးနင်း ရလျှင် သူ့အဘို အံ့ဘွယ်ရာ နိမိတ်လက္ခဏာပင် ဖြစ်နေပါလိမ့်မည်။
ရှေးခေတ်က နာမည်ကြီးဆေးပညာရှင်များဖြစ်သည့် ဟစ်ပိုက ရိတ်(စ်) သိုမဟုတ် ဂယ်လန်စသည့် ပုဂ္ဂိုလ်များ၏ ရှေ့တွင် အဆုတ်၊ နှလုံးသားနှင့် အခြားသော အင်္ဂါအစိတ်အပိုင်းများကို အစားထိုး ကုသပြလိုက်လျှင် ထိုသူများအဘို အံ့ဘွယ်ရာ နိမိတ်လက္ခဏာများ ဟူ၍ ယူဆကြမည်မှာ သေချာလှပါသည်။ ဝယ်လင်တန်၊ နပိုလီယန် တိုလို စစ်ဗိုလ်ချုပ်ကြီးများအဘို အနုမြူဗုံးသည် အံ့ဘွယ်ရာ နိမိတ် လက္ခဏာဟူ၍ ထင်မည်မှာ သေချာသည်။
တစ်နည်းအားဖြင့် ထပ်မံတင်ပြရလျှင် “စွမ်းအား’ ဆိုသော အရာတစ်ခုသည် ခေတ်တစ်ခေတ်နှင့် နောက်တစ်ခေတ် မတူညီနိုင်ပါ။
လွန်ခဲ့သော ခေတ်ရှိ လူများအဘို လုံးဝမဖြစ်နိုင်ဟူ၍ အတိ အလင်း၊ အခိုင်အမာ ပြောဆိုကြလိမည့် အမှုတိုကို ကျွန်တော် တိုသည် နေ့စဉ်နှင့်အမျှ ပြုလျက် နေကြပေပြီ။ ၂ နာရီပိုင်းမျှဖြင့် ကမ္ဘာကို ပတ်နိုင်သည်။ မိုင်ပေါင်း ၅ဝဝဝ “ရှသော အရပ်သို နာရီပိုင်းမျှဖြင့် အရောက်သွားနိုင်သည်။ အထူး တလည် ကြိုးစားမနေရဘဲ မြေအောက်တွင်း ပေပေါင်း များစွာကို ဆင်းနိုင်မည်။ ပေပေါင်း သောင်းကျော်မျှအမြင့်သို ပျံတက်နိုင်ရုံမက လကမ္ဘာသိုပင် သွားနေကြပေပြီ။ ယခင်ခေတ်ရှိ လူများက “မြေလျှိး မိုးပျံနိုင်သော တန်ခိုး’ဟု ပြောရမည့်ကိစ္စများ ကို ကျွန်တော်တို ခေတ် သာမန်လူသားတိုက ပြုနေကြပါပြီ။
ထိုကြောင့် ခေတ်တစ်ခေတ်က “အံ့ဘွယ်ရာနိမိတ်လက္ခဏာ ဟူ၍ အသိအမှတ် ပြုထားသော အရာများကို ယခုခေတ်တွင် သာမန် အားဖြင့် ပြုနိုင်ကြသလို၊ ယခုခေတ်အဘို အံ့ဘွယ်ရာ နိမိတ် လက္ခဏာဟူ၍ ထင်နေကြသော အရာများကို နောင်တစ်ခေတ်ရှိ လူများက သာမန် လုပ်ရိုးလုပ်စဉ်တစ်ရပ်ဟူ၍သာ မြင်လာနိုင်ပါ လိမ့်မည်။
လကမ္ဘာနှင့် အင်္ဂါဂြိုဟ်တိုသာမက သမုဒ္ဒရာအောက်၌ မြိုများ တည်ပြီး ကူးသန်းသွားလာနေကြမည်ဟု ဆိုလျှင် ယခုခေတ်တွင် အံ့ဘွယ်ရာဟု ထင်နေနိုင်မည်ဖြစ်သော်လည်း နောင်တစ်ခေတ် လူသားတိုအဘို သာမန်နေ့စဉ် ဖြစ်ရပ်သာဖြစ်လာနိုင်စရာအကြောင်း ရှိပါသည်။
ထိုကြောင့် ယေရှု၏ အံ့ဘွယ်ရာ နိမိတ်လက္ခဏာများကို လေ့လာလျှင် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ရှိ လူများ၏ စိတ်နေ သဘောထား၊ အတွေးအခေါ် အယူအဆများကို အမြဲတစေ၊ စိတ် ထဲ၌ ဆင်ခြင် သတိရနေ ပြီးမှ လေ့လာသင့်ကြပါ၏။
ထိုအပြင် အရေးကြီးသည့်အချက်တစ်ချက် ရှိပါသေးသည်။
ယခုခေတ်သည် သိပ္ပံပညာ ထွန်းကားသောခေတ်ဖြစ်ပါ၏။ ယခုခေတ်ရှိ လူအများသည် အံ့ဘွယ်ရာ နိမိတ်လက္ခဏာ Miracles ဆိုသော အရာများကို များစွာ မယုံချင်၊ သူတို၏ ဆင်ခြင်တုံတရား ဖြင့် ချိန်ထိုးစိစစ်၍ မရသော အရာမှန်သမျှကို လက်ခံလိုစိတ်မရှိ။ သိုကြောင့် ယေရှုပြတော်မူသော အံ့ဘွယ်ရာ နိမိတ်လက္ခ ဏာများကို ထိုအချက်များနှင့်ပါ ညှိနှိင်း၍ ရှင်းပြသွားပါမည်။
ရှေးဦးစွာ ယေရှု၏ နိမိတ် လက္ခဏာများကို (၄)ပိုင်း ခွဲခြား ၍ ရှင်းပြလိုသည်။ ၎င်းတိုမှာ
(က) နတ်ဆိုးတိုကို နှင်ထုတ်ခြင်း
(ခ) ရောဂါဝေဒနာများကို ကုသခြင်း
(ဂ) သဘာဝဓမ္မကို အစိုးပိုင်တော်မူကြောင်း ပြသခြင်း
(ဃ) သေသူတိုကို ရှင်စေခြင်းဖြစ်ပါ၏။
နတ်ဆိုးတိုကို နှင်ထုတ်ခြင်း
ယခုခေတ် လူအများသည် သဘာဝ လောကကြီးကို ရှု ကြည့်ရာတွင် သိပ္ပံပညာ အခြေခံ သဘောကိုသာလျှင် မြင်တွေ့နေ လေ့ရှိသည်။ ဘုရားဆိုသည်မှာမရှိ။ စိတ်ကူးယဉ်ခြင်းမျှသာ ဖြစ်သည် ဟူ၍ပင် ထင်နေသူများလည်း ရှိတတ်သည်။
သိုသော် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က လူအများသည် လောကကြီးကို ရှုကြည့်ရာတွင် အံ့သြဘွယ်ရာ အများအပြားကို တွေ့နေရရင်းနှင့် အချိုက ဘုရားသခင်၏ ရှိခြင်းကို မြင်သည်။ ထို အပြင် လူနှင့်ဘုရားတိုစပ်ကြားလှုပ်ရှား သွားလာ၊ ဆက်ဆံ ကူးလူး ပေးနေသော “နတ်ဝိညာဉ်များ’ ရှိခြင်းကိုလည်း ယုံလေ့ရှိကြသည်။ ဂရိစကားဖြင့် (Daimons) ဟု ခေါ်သော “ဝိညာဉ်များ ရှိနေကြောင်း အတိအကျယုံသည်။
(Samuel Dill) ရေးသားပြုစုသော (Nero To Marcus Aurelius) အမည်ရှိ စာအုပ်ထဲတွင် ထိုအချက်ကို ထင်ရှားစွာ ဖော်ပြထားသည်။ သစ်ပင်များ၊ တောအုပ်များ၊ ရေကန်များ၊ မြိုများ များ၊ ရှိရှိသမျှသော ရုပ်ပိုင်းဝတ္ထု များကို စောင့်ကြပ်သည့် နတ်များရှိကြောင်း လူအများက ယုံကြည်သည်။ လေပြင်းတိုက်ခြင်း၊ မိုး တစ္ဆေများ၏ လက်ချက်ဟု ယူဆကြသည်။
ခရစ်ဝင်ကျမ်းတိုကို ကြည့်လျှင်လည်း နတ်ဆိုးစွဲသူများ အကြောင်းကို မကြာခဏ တွေ့ရ၍ ထိုခေတ် ထိုအခါက “နတ်ဆိုး စွဲကပ်သည်” ဟူသော ကိစ္စကို လူတိုင်းက ယုံကြည်နေကြကြောင်း ထင်ရှားသည်။
အထူးသဖြင့် ဥရောပအရှေ့ပိုင်းရှိ ဂရိနိုင်ငံ၊ ပါရှား၊ ရောမ နိုင်ငံတဝိုက်နှင့် ပါလက်စတိုင်း၊ ဆီးရီးယား၊ အီဂျစ် စသည့် အနောက် အာရှဒေသတဝိုက်ရှိ လူအများအနေဖြင့် သူတို ရှူရှိက်နေကြသော လေထုထဲ၌ပင်လျှင် နတ်များ၊ ဝိညာဉ်များ သွားလာလှုပ်ရှားနေ ကြောင်း ယုံ ကြသည်။ အပ်တစ်ချောင်းကို လေထဲတွင် ထိုးစိုက် လိုက်သည့်အခါတိုင်း နတ်ဝိညာဉ်များကို ထိပါးသွားတတ်သည်။ လူ၏ လကျော်၊ လက်ဝဲဘက်၌ အရေအတွက်အားဖြင့် တစ်သောင်းခန့်ရှိသည် ဟူ၍ပင် အချိုက ဆိုကြသည်။
ထိုနတ်ဝိညာဉ်တိုသည် လူတိုကို ရန်မူတတ်သည်။ ဒုက္ခပေးရန် စောင့်ဆိုင်းနေသည်ဟု ယုံကြည်သည်။ ညအမှောင်ထဲ၌ လျှောက်သွား စဉ် လမ်း၌ မည်သူ့ကိုမျှ နှုတ်မဆက်ရဲ၊ ထိုနတ်ဝိညာဉ် သရဲ တစ္ဆေတိုအား နှုတ်ဆက်လိုက်မိမည်ကို စိုးရွံသောကြောင့်ဖြစ်၏။
ထိုနတ်ဝိညာဉ်တိုသည် လူတို၏ ကိုယ်ခန္ဓာအတွင်းသို ဝင် ရောက်လာတတ်သည်။ တစ်စုံတစ်ခုသော ရောဂါဝေဒနာသည် ထို နတ်ဆိုးတိုကြောင့်ဖြစ်သည်ဟု ထင်သည်။
ရှေးအီဂျစ်စာပေတိုကို လေ့လာလျှင် လူ၏ ခန္ဓာကိုယ်၌ အပိုင်း (၃၆)ပိုင်းရှိသည်။ ထိုအပိုင်းတစ်ခုစီထဲသို နတ်ဆိုးတို ဝင်ရောက်နိုင်သည်ဟု ဆိုထားကြောင်း တွေ့ရသည်။ ထိုကြောင့် သူတိုက မျက်စိကန်းစေတတ်သော နတ်ဆိုး၊ နားပင်းစေသော နတ်ဆိုး၊ အ,စေသောနတ်ဆိုး၊ နူနာရောဂါစွဲစေသော နတ်ဆိုးဟု ခေါ်ဝေါ်နေ ခြင်းဖြစ် ၏။
(A.Rendle Short) ရေးသားပြုစုသည့် “သမ္မာကျမ်းနှင့် ခေတ်ပေါ်ဆေးပညာ” ဟူသော စာအုပ်ထဲ၌ ထူးခြားချက်တစ်ရပ် ကို ရေးသားတင်ပြထားသည်။
ရှေးဟောင်းလူရိုးများကို လေ့လာကြည့်သည့်အခါ ၎င်းတို့၏ ဦးခေါင်းခွံထိပ်၌ အပေါက်ငယ်ကလေးများ တွေ့ရှိရတတ်သည်ဟု ထိုစာအုပ်ထဲ၌ ဆိုထားပါ၏။ ထိုခေတ်က မေ့ဆေးအတတ်ပညာ မထွန်းကားသဖြင့် လူနာအား မေ့ဆေးမပေးဘဲ ဦးခေါင်းခွံကို ထိုးဖောက်ခဲ့မည်မှာ သေချာသည်ဟု ဆို၏။ ထိုဦးခေါင်းခွံများကို သေချာစွာ စစ်ဆေးကြည့်ရာ ထိုအပေါက်ငယ်နားတဝိုက်၌ အရိုးနု များ ထပ်မံဖြစ်ပေါ်နေကြသည်ကို ထောက်လျှင် လူနာ အသက် ရှင်နေစဉ်ပင် သူ၏ ဦးခေါင်းကို သေးငယ်သော သံချွန်ဖြင့် ဖောက်ထားပြီး ဆေးကုသခဲ့သည်မှာ သိသာနေသည်။
ထိုသိုပြုခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ ထိုလူ၏ ကိုယ်တွင်း၌ ဝင်ရောက်နေသော နတ်ဆိုး ထွက်သွား စေရန် အပေါက်ဖောက်ခဲ့ခြင်း ဖြစ်သည်။
၁၈၆၂ ခုနှစ်ကမှ ရှာဖွေတွေ့ရှိခဲ့သော အီဂျစ်နိုင်ငံ ဆေးကျမ်း တစ်ခုကို လေ့လာကြည့်ပြန်လျှင်လည်း ထိုအချက်ကို ခိုင်လုံစွာ အထောက်အထားပြနေသည်။ ထိုဆေးကျမ်းကို သုတေသနပြုသူ များက ကို ဘီစီ ၁၅၅ဝ နှစ်ခန့်ကပင် ရေးသား ပြုစုခဲ့ပုံရသည်ဟု ထားသည်။ ထိုဆေးကျမ်းတွင် ဆေးဝါးကုသနည်း (၁ဝ၈)မျိုးပါသည်။ ထိုအထဲတွင် နတ်ဆိုးစွဲ ရောဂါကုသနည်းလည်း ပါဝင်၏။
ရှေးခေတ်လူအများက နတ်ဆိုး၊ နတ်ဝိညာဉ်တိုကို အသေ အချာ ယုံကြည်ကြောင်း တွေ့ရှိရခြင်းကြောင့် အရေးကြီးသည့် အချက်နှစ်ချက် ဖော်ထုတ်လာနိုင်သည်
(က) နတ်ဆိုးစွဲကပ်ပြီဟု လူတစ်ဦးက ယုံကြည်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုသူ၌ ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာ တစ်ခုခံစားလာရပေတော့မည်။ စိတ်ရောဂါကြောင့် ရုပ် ပိုင်း ခန္ဓာ၌ပါ ရောဂါတစ်စုံ တစ်ခု စွဲကပ်လာမည်မှာသေချာပါသည်။ လူကို ရူးသွပ်သွားစေနိုင်သည်။ ဥပမာ လက်ခြေသေသွား စေနိုင်သည်။ စကား ဆွံအ၍ သွားစေ နိုင်သည်။
(ခ) တစ်စုံတစ်ခုသော နည်းလမ်းဖြင့် ထိုနတ်ဆိုး ထွက်သွား ပြီဖြစ်ကြောင်း အထောက်အထား ခိုင်လုံစွာ ဖော်ပြ လိုက်နိုင်လျှင် ရုပ်ပိုင်းဆိုင်ရာရောဂါသည်လည်း အလို အလျောက် ပျောက်ကင်းသွားနိုင်သည်။ နတ်ဆိုးစွဲကပ် နေသေးသည်ဟု ထိုရောဂါရှင်က ယုံကြည်နေသမျှ ကာလ ပတ်လုံး ထိုရုပ်ပိုင်းဆိုင်ရော ဂါသည်လည်း ပျောက်ကင်း လိမ့်မည် မဟုတ်ပါ။ ထိုရောဂါကို ဖြစ်နေစေသော နတ် ဆိုးကို နှင်ထုတ်လိုက်ပြီဖြစ်ကြောင်း တစ်နည်းနည်းဖြင့် ဖော်ပြလိုက်လျှင် ထိုဝေဒနာရှင်၏ စိတ်သည်လည်း ရှင်း လင်း ကြည်လင်သွားပြီး ရုပ်ပိုင်းဆိုင်ရာရောဂါသည်လည်း ပျောက်ကင်းသွားမည်မှာ သေချာသည်။ ထိုရောဂါရှင် ကလည်း အဆိုပါ နတ်ဆိုး ထွက်သွားပြီဟု တထစ်ချ ယုံကြည်သွားပြီဖြစ်သောကြောင့် တည်း။
ဥပမာတစ်ခုကို ထပ်၍ ကြည့်စေလိုပါသေးသည်။ လူတစ်ဦး သည် မမာမကျန်း ဖြစ်နေသည် ဆိုကြပါစို။
ရောဂါဝေဒနာရှင်သည် ကြောက်ရွံတုန်လှုပ်နေသည်။ စိုးရိမ် ပူပင်သောက ရောက်နေသည်။ ဆရာဝန်ကို ပြေး၍ ခေါ်သည်။ လူနာက ထိုဆရာဝန်ကို အလွန် ယုံကြည် ကိုးစားသည်။ အကြွင်းမဲ့ အားကိုး မှီခိုသည်။ မိသားစုကို ကုသနေကျ ဆရာဝန် သိုမဟုတ် ခင်မင်ရင်းနှီး သော ဆရာဝန်လည်းဖြစ်သည် ဆိုကြပါစို။ ထိုဆရာဝန်သည် ရောဂါ ဝေဒနာရှင်၏ အခန်းတွင်းသို ပြုံးချိုစွာ ဝင်ရောက် လာသည်ကို လူနာက တွေ့ရသည်နှင့် တစ်ပြိုင်နက် ဝေဒနာရှင်၏ တင်းမာနေသော စိတ်ထားကို လျော့ပါးသွားစေ၍ ပူပင်သောက ရောက်နေသမျှ တဝက်ခန့် လွင့်စင် ပျောက်ကင်းသွားမည်မှာ သေချာပါ၏။ “ဆေးတစ်လုံး ထိုးပေးသွားမယ်။ ဟောဒီဆေးလေး သောက်လိုက်၊ စိတ်မပူပါနဲ့ဗျာ။ မကြာခင် ပျောက်သွားမှာပါ” ဟူသော ဆရာဝန်၏ အားပေးစကားကြောင့် ပင်လျှင် ရောဂါတစ်ဝက်ခန့် သက်သာသွားမည်ဟု ရဲရဲကြီး ဆိုနိုင်ပါလိမ့်မည်။
ယေရှုထံတော်သို နတ်ဆိုးစွဲကပ်နေသူ မြောက်မြားစွာ လာ ရောက်ကြသည်။ ကိုယ်တော်၏ အေးဆေး တည်ငြိမ်သော ဟန်ပန်၊ ရင့်ကျက်သော ဣန္ဒြေ၊ သီလ သမာဓိ ပြည့်စုံသော အမူအရာ၊ ကြည်လင် အေးမြသော မျက်နှာထား၊ စေတနာ၊ မေတ္တာ၊ ကရုဏာ ကြွယ်ဝသော အသွင်သဏ္ဍာန်စသည်တိုကို မြင်ရသည်နှင့် ထိုလူနာတို၏ ရောဂါ တစ်ဝက်မျှ အလိုလို ပျောက်ကင်းသွားမည်မှာ သေချာ ပါသည်။
မည်သိုဖြစ်စေ ကိုယ်တော်က အမိန့်တော်တစ်ခွန်း၊ လက် တော်တစ်ချောင်းဖြင့် တိုခြင်း၊ ထိခြင်းအားဖြင့် နတ်ဆိုးစွဲသူတိုင်း ပျောက်ကင်းသွားခဲ့ကြောင်း ခရစ်ဝင်ကျမ်းများ၌ သေချာစွာ ရေးသား မှတ်တမ်းတင်ထား သည်။ ယခုခေတ် သိပ္ပံပညာသဘောဖြင့်လည်း ဤကိစ္စကို ကောင်းစွာနားလည်နိုင်ပါ၏။
ကိုယ်တော့်အနေဖြင့်လည်း နတ်ဆိုးစွဲကပ်သည်ဟု ယုံကြည် နေသူတစ်စုံတစ်ဦးကို “နတ်ဆိုးဆိုသည်မှာ အလကား၊ လူ၏ စိတ် ထဲ၌ စွဲလမ်းနေသော ဥပါဒါန်တစ်ခုသာ ဖြစ်ကြောင်း၊ အဓိပ္ပါယ် မရှိကြောင်း” ရှင်းပြနေ စရာပင်မလို။ ထိုရောဂါဝေဒနာရှင်ကပင်လျှင် အတိအကျ၊ ခြွင်းချက်မရှိ ယုံကြည်နေသည်ကို ကိုယ်တော်တိုင်က သိရှိပြီးဖြစ်၍ အေးဆေး တည်ငြိမ်သောအသံ၊ တန်ခိုးရှိသော နှုတ် တော်ထွက် စကားတစ်ခွန်းဖြင့် ပျောက်စေ ခဲ့သည်ကို ကျွန်တော်တို ငြင်းဆိုနေရန်၊ စောဒက တက်နေရန်၊ သံသယရှိနေရန် အကြောင်း တစ်စုံတစ်ရာမျှ မရှိပါ။
ရောဂါဝေဒနာများကို ကုသ ပျောက်ကင်းစေခြင်း ၊
ယင်းကိစ္စသည် အထက် ဖော်ပြပါအကြောင်းအရာနှင့် ဆက် စပ်နေသည်။ သိုသော် အရေးကြီးသော နောက်တစ်ချက်ကိုသာ ဤနေရာ၌ ထပ်မံဖော်ပြလိုပါသည်။
ရောဂါဝေဒနာ ခံစားရခြင်းသည် ထိုရောဂါရှင်၏ အပြစ် ဒုစရိုက်ကြောင့် ဖြစ်သည်ဟု ထိုခေတ်ရှိ လူအများက ယူဆနေကြ သောအချက်ပင်ဖြစ်ပါ၏။ ရောဂါဝေဒနာနှင့် အပြစ်ဒုစရိုက်တို ဆက်စပ် နေသည်ဟု လူတိုင်းက ယုံကြည်သည်။ အထူးသဖြင့် ဂျူး လူမျိုးတိုက ဤကိစ္စကို အလေးအနက် ယုံကြည်သည်။ ယောဘသည် အနာစိမ်းများ ပေါက်၍ ရောဂါဝေဒနာ ခံစားနေရစဉ် သူ၏ မိတ်ဆွေများက ယောဘသည် အပြစ် ဒုစရိုက် ကျူးလွန်ခဲ့သောကြောင့် ဤသို ဖြစ်ရ သည်ကို ပြောဆိုနေခဲ့ကြောင်း အထင်အရှား တွေ့ရပါလိမ့်မည်။
ဂျူးလူမျိုး ရဗ္ဗိဆရာကြီးများ၏ သွန်သင် ဆုံးမပုံတိုကိုလည် (C.G. Montefiore) ၏ခရစ်ဝင်အနက် ဖွင့်ကျမ်းများတွင်တွေ့ရှိနိုင်ပါသေးသည်။ “ဒုစရိုက်အမှုကို မပြုဘဲ သေခြင်းမရှိ။ အပြစ် မရှိဘဲ ရောဂါဝေဒနာ ခံစားရခြင်းမရှိ” ဟု ရှိအခြီဆိုသူက ဟောပြော လေ့ရှိသည်။ “ဘုရားသခင်က ထိုသူ၏ အပြစ်ကို မလွှတ်ဘဲ ရောဂါရှင် သည် မိမိအိပ်ရာက ထ၍ မလာနိုင်”ဟု ရိုဆရာ အလက်ဇင်ဒရိုင်းက ဆိုလေ့ရှိကြောင်းကိုလည်း ထိုကျမ်းထဲ၌ ဖော်ပြထားပါသည်။
ထိုစကားများကို ကျွန်တော်တိုကလည်း လက်ခံနိုင်ပါလိမ့် မည်။ လူ့ဘောင်လောကကြီးထဲ၌ ခံစားနေကြရသော ဒုက္ခဝေဒနာ ပေါင်းမျိုးစုံသည် အပြစ်ကရား ထိုးဖောက်ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်ကို ကျွန်တော်တို ယုံသည်။
သိုသော် လူတစ်ဦးချင်း၏ ရောဂါဝေဒနာသည် ထိုသူ၏ အပြစ်ဒုစရိုက်ကြောင့် ဖြစ်ရသည်ကိုဖြင့် လက်မခံနိုင်ပါ။ မိဘများ၏ အပြစ်ကြောင့် ကလေးသူငယ် သားသမီးများက ဝေဒနာခံရလေ့ ရှိသည်။ ဤလောက၌ လူတစ်ဦးတည်း၊ အထီးကျန်ဘဝမျိုး၌ အသက်မရှင် နိုင်တော့ပါ။ တစ်ခါတစ်ရံ အပြစ်ကင်းမဲ့သူများပင်လျှင် လူတစ်ဦး၊ လူတစ်စု၏ ပေါ့ဆမှု၊ ဆိုးညစ်မှု၊ ယုတ်မာမှုတိုကြောင့် ဒုက္ခ ခံစားကြရ ပါသည်။
မည်သိုဖြစ်စေ၊ လောကတခွင်လုံးရှိ အပြစ်ဒုစရိုက် တရား သည် ဤလောကရှိ ဝေဒနာခံစားရမှု အလုံးစုံတို၏ အရင်းခံပင် ဖြစ်သည်ကိုဖြင့် ကျွန်တော်တို မငြင်းဆိုနိုင်ပါ။
သိုသော် ထိုခေတ်က ဂျူးလူမျိုးတို၏ ယုံကြည်ချက်က ထိုသို့ မဟုတ်ပါ။
လူတစ်ဦးသည် ရောဂါဝေဒနာ ခံစားရသည်နှင့် ထိုသူသည် တစ်စုံတစ်ခုကို ပြုခဲ့သောကြောင့် ထိုသိုဖြစ်ရသည်ဟု ယုံကြ သည်။ ယခုခေတ်တွင်လည်း အပြစ်နှင့် ရောဂါဝေဒနာ ဆက်စပ် ကြည့်လေ့ရှိနေသေး သည်ကို သတိပြုပါဦး။
လူတစ်ဦးသည် အပြစ်တစ်စုံတစ်ခုကို ကျူးလွန်မိခဲ့သည်။ ထို အပြစ်ကို တနံ့နံ့ စဉ်းစားနေမိပြီး ဝမ်းနည်းကြေကွဲလေ့ရှိသည်။ ဩတ္တပ စိတ်၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ထိုသူ၌ ရုပ်ပိုင်းဆိုင်ရာ ရောဂါ ဝေဒနာတစ်ခုကို ဖြစ်ပေါ်လာတော့မည်မှာ သေချာသလောက် ဖြစ်ပါ၏။ စိတ်တွင်းဝေဒနာတစ်ခုကြောင့် ခြေလက်သေသွားတတ်ခြင်း၊ ကာယ ဆိုင်ရာ ရောဂါတစ်ခုခုရလာခြင်းကို ယခုခေတ် စိတ်ပညာပါရဂူများက ဖော်ပြနေကြသည်ဖြစ်၍ အထူးပြောစရာမလိုပါ။
ထိုသိုသော ရောဂါရှင် တစ်စုံတစ်ယောက်အား ကုသရန် အကောင်းဆုံးနည်းလမ်းမှာ ထိုစိတ်ဝေဒနာကို အရင်ဆုံး ရှာဖွေ၍ ကုသလိုက်ခြင်းဖြစ်၏။ ထိုစိတ်ဝေဒနာ ပျောက်ကင်းသွားလျှင် ရုပ်ပိုင်း ဆိုင်ရာ ဝေဒနာသည်လည်း ပျောက်ကင်းသွားမည်မှာ အမှန်ပင် ဖြစ်ပါသည်။ အပြစ်ကြောင့် ရောဂါဖြစ်သည်ဟု ခြွင်းချက်မရှိ ယုံကြည် နေကြသော ဂျူးလူမျိုးတိုအား ကုသရန် အကောင်းဆုံးနည်းမှာ “အပြစ်ကို ဖြေလွှတ်လိုက်ခြင်း” ပင်ဖြစ်၏။
ထိုကြောင့်လည်း ကိုယ်တော်က “ငါ့သား သင်၏အပြစ်ကို လွှတ်စေပြီ” ဟု အမြဲမိန့်တော်မူတတ်ခြင်း ပင်ဖြစ်ပါ၏ (မာကု၊ ၂၁း၁၂။ မဿဲ၊ ၉း၁-၈။ လုကာ၊ ၅း၁၈-၂၆)။
ယခုခေတ် သိပ္ပံပညာဖြင့်လည်း ချိန်ထိုးကြည့်နိုင်ပါသေးသည်။ ပေါ(လ်)တိုးနီးယား၏ “ဆရာဝန်တစ်ဦး ၏ မှတ်တမ်း”ဆိုသော စာအုပ် ထဲတွင် အောက်ဖော်ပြပါ သာဓကကို တွေ့ရပါသည်။
အမျိုးသမီးလေးတစ်ဦးသည် သွေးအားနည်းသော ရောဂါ ဝေဒနာကို ခံစားနေသည်။ ဆေးမျိုးစုံဖြင့် ကုသခဲ့သော်လည်း မပျောက်ကင်း။ သွေးကို စစ်ကြည့်သောအခါ သွေးနီဥများ လိုအပ် သည်ထက် နည်းပါးနေသည်ကို တွေ့ရသည်။ ထပ်တလဲလဲ စမ်းသပ် ကြည့်သောအခါလည်း ထိုအတိုင်းပင် တွေ့နေရသည်။ သေချာစေရန် ထိုမိန်းကလေးကို အခြားဆေးရုံတစ်ခုသို စေလွှတ်ပြီး ကုသစေပြန် သည်။
ထိုဆေးရုံးမှာ တောင်ကုန်းတစ်ခုပေါ်၌ရှိ၍ အေးချမ်း သာယာ လှသည်။ ထိုဆေးရုံရှိ ဆရာဝန်က သွေးစစ်ကြည့်သောအခါ သွေး နီဥများလာသည်ကို မမျှော်လင့်ဘဲ တွေ့ရပြီး ယခင် ဆရာဝန်၏ သွေးစစ် မှတ်တမ်းနှင့် လုံးဝ မတူတော့ကြောင်း တွေ့ရှိလာ၏။ ထိုအခါတွင် ယခင် ကုသခဲ့သော ဆရာဝန်ကလည်း မယုံကြည်နိုင်သဖြင့် သူကိုယ်တိုင်လိုက်လာပြီး စမ်းသပ်ကြည့်ပြန်ရာ ထိုမိန်းကလေး၏ သွေးတွင် သွေးနီဥများလာပြီး ကျန်းမာနေသည်ကို အံ့သြစွာ တွေ့ရသည်။
ဆရာဝန်နှစ်ဦးက မေးမြန်းစုံစမ်းကြည့်ရာတွင် ထိုမိန်းကလေး က “ကျွန်မ ရန်ငြိုးထားနေတဲ့ လူတစ်ဦးရှိပါတယ်။ သူ့ကို လုံးဝ အပြစ်မလွှတ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီရောက်လာတော့မှ စိတ်ထဲမှာ တစ်မျိုးဖြစ်လာပြီး စိတ်ကြည်လင်သန့်ရှင်းလာပါတယ်။ အဲဒီလူကို အပြစ်လွှတ်လိုက်ပါပြီ။ ကျွန်မရဲ့ စိတ်ထဲမှာလည်း မုန်းတီးစိတ်ထား တွေ ပျောက်ကင်း လွင့်စင်သွားတာ တစ်ခုပဲ ရှိပါတယ်” ဟု ရိုးဖြောင့်စွာ ဝန်ခံလိုက်ပါတော့၏။
ရုပ်ပိုင်းဝေဒနာအားဖြင့် စိတ်ကိုလည်းကောင်း၊ စိတ်အားဖြင့် ရုပ်ဝေဒနာကိုလည်းကောင်း၊ ဖြစ်စေ ပျောက်စေနိုင်သည်ကို ယခုခေတ်၌ လူအများက နားလည်သဘောပေါက်လျက်ရှိနေကြပါပြီ။
(စိတ်၏ ဆန်းကျယ်ပုံကို ဤနေရာ၌ အကျယ်တဝင့် မဖော်ပြ တော့ဘဲ စာရှုသူတိုင်းကို ကျွန်တော်က အကြံတစ်ခုပေးလိုပါသည်။ ၁၉၇၄ခု ၊ဧပြီလထုတ် (Reader’s Digest) ရှိ (Science Probes the Mystery of PK) ဟူသည့် ဆောင်းပါးကို ဖတ်ရှုရန် မေတ္တာ ရပ်ခံလိုပါသည်။ (PK) ဆိုသည်မှာ (Psychokinesis)ဟူသော စကားကို အတိုကောက် ခေါ်ဝေါ်ထားခြင်းဖြစ်သည်။
စိတ်ထား မတည်ငြိမ်မှုကြောင့် မီးသီး၊ နီယွန်မီးချောင်းများ ပေါက်ကွဲခြင်း၊ အုတ်ခဲများ လွင့်စင်၍ အိမ်ထဲသို ကျရောက်လာခြင်း၊ (မြန်မာစကားအား ပုဏ္ဏကတိုက်သည်ဟု ခေါ်လေ့ရှိသည်) အုတ်နံရံ ကြီးထဲ၌ အင်္ဂတေဖြင့် အခိုင်အမာ စွဲထားသော သံချောင်းကြီးများ (၂) မိနစ်အတွင်း ကျွတ်ထွက်လာခြင်း၊ ပစ္စည်းများ လေထဲ၌ လွင့် ပါးနေခြင်း၊ တယ်လီဖုန်းများ အလိုလို မြည်နေခြင်း၊ ဓါတ်အားလိုင်း ရှိ ဖြူး(စ်)များ ပြတ်ထွက်ကုန်ခြင်း စသည်တိုကို တွေ့ရသောအခါ ကမ္ဘာကျော် သိပ္ပံပညာရှင်များ၊ ဆရာဝန်ကြီးများ၊ ရူပဗေဒပညာရှင် များ စုံစမ်းသော်လည်း အခြေအမြစ်ကို မတွေ့ရ။
သိုသော် ကြာမြင့်စွာ လေ့လာသုံးသပ် သုတေသနပြုပြီးမှ နောက်ဆုံး၌ ထိုသိုဖြစ်ရခြင်း၏ အကြောင်းအရင်းမှာ ထိုထူးဆန်း ဘွယ်ဖြစ်ရပ်များ ပေါ်ပေါက်ရာ အနီးရှိ လူတစ်ဦးတစ်ယောက်၏ စိတ်ထားသည် တင်းမာနေခြင်း၊ အလွန်အမင်း စိတ်ဝေဒနာ ခံစား နေရခြင်း၊ စိတ်ပူပင်သောက ရောက်နေခြင်းတိုကြောင့်ဖြစ်သည်ကို အံ့သြစွာ တွေ့ရှိလာရကြောင်း အကျယ်တဝင့် ရေးသား ဖော်ပြ ထားပါ၏။ စိတ်ပညာ၏ ဆန်းကြယ်မှု၊ စိတ်၏ စွမ်းအင်တိုကို သိပ္ပံ ပညာကပင် ယခုထက်တိုင် စုံလင်စွာ နားမလည်နိုင်သေးကြောင်း ဝန်ခံထားပါ၏။ ထိုအပြင် စိတ်အာရုံ စူးစိုက်နေခြင်းအားဖြင့် သော့ ချောင်းများကိုပင် ကွေးကောက်သွားစေနိုင်ကြောင်း၊ ဓါတ်ပုံများဖြင့် သာဓကပြထားသည်ကို တိုင်း(မ်)မဂ္ဂဇင်းတစ်စောင်တွင် တွေ့နိုင် ပါလိမ့်ဦးမည်။)
ခရစ်တော်သည် စိတ်ထားတင်းမာမှုကို လျော့ပါးသွားစေနိုင် သည်။ စိတ်ပူပင်သောကရှိသမျှကို ပျောက်ကင်း လူ့စင်သွားစေ နိုင်ပြီး လူတိုဉာဏ်ဖြင့် မမှီနိုင်သော ငြိမ်သက်ခြင်းကို ပေးနိုင်သော တန်ခိုးရှိသည်။ အပြစ်ဒုစရိုက်၏ ချုပ်နှောင်မှုကိုလည်း ဖြေလွှတ် ဖြေရှင်းနိုင်စွမ်း ရှိသည်ဖြစ်ရာ ကိုယ်တော်၏ နှုတ်ခမ်းဖျားမှ “ငါ့သား သင်၏အပြစ်ကို ငါဖြေလွှတ်လိုက်ပြီ” ဟူသော အမိန့်တော်တစ်ခွန်းဖြင့် ရောဂါဝေဒနာများ ကို ကုသလိုက်ခြင်းမှာ မထူးဆန်းတော့ပါ။ နားမလည်ရာ အကြောင်းလည်းမရှိပါ။ သိပ္ပံပညာဖြင့်လည်း စောဒက တက်နေစရာ မရှိတော့ပါ။
‘သဘာဝဓမ္မကို အစိုးပိုင်တော်မူကြောင်းကို ပြုခြင်း၊ သေသူ တိုကို အသက်ရှင်ပြန်စေခြင်း
ဤကိစ္စကို အချက် (၂)ချက်အားဖြင့် ဖြေရှင်းပြလိုပါသည်
(က) ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ပြီး တစ်ဆူတည်းသော ဘုရားကို လူတိုအား ထင်ရှားစွာ ဖော်ပြရန် ကြွလာခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်ကို ဖွင့်ပြရန် ကြွလာသောသူသည် ဘုရား၏ တန်ခိုးတော် အပြည့်အဝရှိရပေလိမ့်မည်။ အကယ်၍ ဘုရားသခင် သာလျှင် ပိုင်ဆိုင်သော တန်ခိုးအာနိသင်ကို တစ်စိတ် တစ်ဒေသမျှသာပိုင်ဆိုင်သူသည် ဘုရားသခင်အကြောင်း ကို ရာနှုန်းပြည့်ဖော်ပြရန်၊ ဖွင့်ပြရန် မဖြစ်နိုင်ပါ။ လူ့ ဇာတိခံ ဘုရားသခင်သည် ဘုရားသာလျှင် ပိုင်ဆိုင် သော တန်ခိုးအာနိသင်ရှိနေခြင်းမှာ လုံးဝမထူးဆန်းပါ။
ကိုယ်တော် ပြုတော်မူသော နိမိတ် လက္ခဏာများသည် သဘာဝဓမ္မကို အကျိုးမဲ့ဖောက် လွဲဖောက်ပြန် ပြုတော်မူခဲ့သည်မဟုတ်၊ ရည်ရွယ် ချက်တစ်ခုခုကို ပြည့်စုံစေရန်သော်လည်းကောင်း၊ ကောင်းကျိုးတစ်စုံတစ်ခုကို ဖြစ်စေရန်သော်လည်း ကောင်း၊ ပြုစေခဲ့ခြင်းသာဖြစ်ပါ၏။ နိယာမ သဘာဝ တရားကို ဖန်တီး တည်ဆောက်ပေးခဲ့သော ဘုရား သခင်သည် မိမိဖန်ဆင်းသော နိယာမတရားကိုပင် လျှင် အစိုးပိုင်ရပေလိမ့်မည်။ ကောင်းမြတ်သော အကြံ အစည် တော်အတွက် မိမိဖန်တီးတော်မူခဲ့သော သဘာဝ ဓမ္မပင်လျှင် ပြုပြင်ပြောင်းလဲ ဖန်တီးသုံးစွဲ ပေလိမ့်မည်။ ဓမ္မတာကို မလွန်ဆန်နိုင်လျှင် သဘာဝဓမ္မကို အစိုး မပိုင်နိုင်လျှင် ဘုရားမဟုတ်နိုင်ပါ။
ကိုယ်တော်သည် ထိုနိမိတ် လက္ခဏာ တော်တိုကို မိမိကိုယ်ကျိုးအတွက် ဘယ်သောအခါမျှ အသုံးမပြု။ (ကျောက်ခဲများကို မုန့်မဖြစ်စေခဲ့) လူ့ အများက သောင်းသောင်းဖျဖျ၊ အံ့ဩမိန်းမောလာ ပြီး ကိုယ်တော့်ကိုယုံကြည်လာစေရန် အသုံးမပြုခဲ့။ (မာရ်နတ် သွေးဆောင်သည့်အတိုင်း ဗိမာန်တော် ထိပ်က ခုန်ချ၍မပြ) နိမိတ်လက္ခဏာကို မြင်ရမှ ယုံကြည် မည်ဟု ဆိုသူများကိုပင်လျှင် ရှုတ်ချခဲ့သည် (ယော၊ ၄း၄၈။ မဿဲ၊ ၁၁း၂၁။ ၁၂း၃၈-၃၉။ လုကာ၊ ၁၁း၂၉)။
အကြီးအကျယ်ဆုံးသော နိမိတ်လက္ခဏာ မှာကား ကိုယ်တော်တိုင်ပင်လျှင် သေခြင်းမှ ရှင်ပြန် ထမြောက် ခဲ့ခြင်းပေတည်း။
(ခ) ကိုယ်တော်သည် ဘုရားသခင်နိုင်ငံတော်ကို တည် ဆောက်ရန် ကြွလာခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကိုယ်တော့်အပေါ်၌တည်၏။ ထို ကြီးမြတ်သော တာဝန်ကို ထမ်းဆောင်ရန် ကြွလာတော်မူခဲ့သော ကိုယ်တော်သည်လည်း အပြစ်လုံးဝ ကင်းစင်တော်မူသည်။ ထိုကြောင့်လည်း အပြစ်ဒုစရိုက် နှင့် ဆိုးညစ်မှုမှန်သမျှကို ကိုယ်စားပြုသော နတ်ဆိုး၊ ရောဂါဝေဒနာ၊ လူတိုအား ပြင်းပြစွာ ဒုက္ခရောက် စေခြင်း၊ ကြေမွသူများ၊ ဖမ်းဆီး ချုပ်နှောင်ထားသူများ၊ မျက်စိ ကန်းနေသူများ၊ ညှင်းဆဲခံနေရသူများကို ကယ်မရန် တန်ခိုးအာနိသင်ရှိသည်။ “ထာဝရဘုရား၏ မင်္ဂလာ နှစ်”ကို ပြသရန်၊ ကြားပြောရန် ကိုယ် တော်ကြွလာခဲ့ ခြင်းလည်းဖြစ်သည်။
ထိုတန်ခိုးအာနိသင်လည်း ပိုင်ဆိုင်တော် မူသောကြောင့် ဤနိမိတ်လက္ခဏာများကို ပြသ နိုင်ခြင်းဖြစ်ပါ၏။ ဘုရားသခင်၏ အလိုတော်ကို တင်းပြည့် ကျပ်ပြည့် ဝန်ခံလိုက်နာဆောင်ရွက်သူများ၌ ဘုရား သခင်၏ နိုင်ငံတော်တည်သည်ဖြစ်ရာ နိုင်ငံတော် တည်ရှိလေရာ၌ ဆိုးညစ်မှုမှန်သမျှကို ဖယ်ရှားနိုင်ခြင်း ဖြစ်ပါ၏။
ယေရှု၏ နိမိတ်လက္ခဏာများကို ဖော်ပြရာတွင် အသုံးပြုသည့် ဝေါဟာရများ
အဆိုပါ ဝေါဟာရများကို လေ့လာသုံးသပ်ကြည့်ရှုခြင်းအားဖြင့် ကိုယ်တော်၏ နိမိတ်လက္ခဏာများ အကြောင်းကို ပိုမိုရှင်းလင်းစွာမြင်နိုင်လာမည်ဟု ကျွန်တော် ယုံကြည်ပါသဖြင့် ၎င်းတိုကို ရှင်းပြ လိုပါသည်။
ဓမ္မသစ်ကျမ်း၌ စကားသုံးမျိုးကို အသုံးပြုပြီး ကိုယ်တော်၏ နိမိတ်လက္ခဏာများကို ဖော်ပြလေ့ ရှိပါသည်-
(က) (Dunameis) ဟူသော ဂရိစကားဖြစ်ပါသည်။ အနက်မှာ “တန်ခိုးတော် ” ဖြစ်၏။ (မဿဲ၊ ၁၁း၂ဝ။ ၁၃း၅၄-၅၈။ မာကု၊ ၆း၂-၅။ လုကာ၊ ၁၀း၁၃၊ ၁၉း၃ရ) “အနာရောဂါကို ငြိမ်းစေခြင်းငှာ သခင်ဘုရား၏ တန်ခိုးတော်သည် ထင်ရှား၏”ဟူ၍လည်းကောင်း၊ “ကိုယ်တော်အထဲက တန်ခိုးထွက်၍ လူအပေါင်းတိုကို သက်သာ စေတော်မူသည်ဖြစ်၍ ပရိသတ်အပေါင်းတိုသည် ကိုယ်တော်ကို “တို” ခြင်းငှာ ရှာကြံကြ၏” ဟူ၍လည်းကောင်း၊ ရှင်လုကာက မှတ်တမ်း တင်ခဲ့သည် (လုကာ၊ ၅း၁ရ။ ၆း၁၉) မိမိကိုယ်မှ တန်ခိုးထွက်သည် ကို ချက်ချင်းသိတော်မူသည် (မာကု၊ ၅း၃၀။ လုကာ၊ ၈း၄၆)။ ဤ စကားလုံးတိုကို ထောက်ရှု ခြင်းအားဖြင့် အံ့ဘွယ်ရာ နိမိတ်လက္ခဏာ များဆိုသည်မှာ လူသားတိုအား ကူညီမစရန်နှင့် အနာရောဂါ ကုသ ရန်အတွက် ထွက်ပေါ်လာတတ်သော ဘုရားသခင်၏ တန်ခိုးတော်ကို ဖော်ပြခြင်း ဖြစ်ပါ၏။
(ခ) (Teras) ဆိုသော စကားလုံးအားဖြင့်လည်း ဖော်ပြတတ် သေးသည်။ သို သော် အံ့ဘွယ်ရာ အမှုများကို ဖော်ပြရာတွင် ထိုစကားလုံးတစ်လုံးတည်းကိုသာ သုံးလေ့သုံးထမရှိပါ။ အခြားသော ဂရိစကားလုံးတစ်လုံးနှင့် ယှဉ်၍ သုံးလေ့ရှိပါသည်။ ခရစ်တော်၏ အံ့ ဘွယ်ရာအမှုများကို ခရစ်ဝင်ကျမ်းတို၌ ဖော်ပြရာတွင် ထိုစကားကို ဘယ်သောအခါမျှ သုံးလေ့မရှိကြောင်းကို အထူးသတိပြုစေလိုပါသည်။ ခရစ်တော် ယောင်ဆောင်သောသူနှင့် မိစ္ဆာပရောဖက်တိုက လူအများကို လှည့်ဖျားလောက်အောင် ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့သြ ဘွယ်ရာအမှုတိုကို ပြုကြသည့်အခါမျိုးတွင်သာ ထိုစကားအသုံးပြုလေ့ ရှိကြသည် (မဿဲ၊ ၂၄၂၄။ မာကု၊ ၁၃၂၂ တိုကို ကြည့်ပါ။)
(Teras) ဆိုသည့် စကား၏ အနက်မှာ လူများ ရင်သပ် ရှုမောလက်ဖျားခါနိုင်လောက်အောင် အံ့ဩ မိန်းမောဘွယ် ကောင်း သောအမှုတိုကို ဆိုလိုသည်။ ။
(Teras) ဆိုသော အံ့ဘွယ်ရာအမှုတိုတွင် ကောင်းမြတ်သော အခြင်းအရာမပါရှိ။ လူတို၏ ကျင့်ဝတ်သိက္ခာမြင့်မားလာရေးအတွက် ပြုသော အမှုမျိုးမဟုတ်။ ဥပမာ မျက်လှည့်၊ လူတိုကို လှည့်ဖျား သောအရာတစ်ခုသည် (Teras)ဖြစ်သည်။ (Teras)ဆိုသည်မှာ အံ့သြ မိန်းမောဘွယ်ရာကောင်းသော သာမန်အမှုမျိုးကိုသာ ဆိုလိုသည်။
(ဂ) သို ကြောင့် ခရစ်တော်၏ နိမိတ်လက္ခဏာများတွင် (Teras) နှင့်အတူ (Semeion)ဆိုသော စကားကိုပါ ရောယှက်၍ သုံးလေ့ ရှိသည်။ (Semeion)ဆိုသော ဂရိစကားမှာ “နိမိတ်လက္ခဏာ” “အမှတ်လက္ခဏာ” သိုမဟုတ် “မှတ်သားဘွယ် ကောင်းလောက်အောင် အရေးကြီးလှသော အကြောင်းတစ်စုံတစ်ရာကို ရှင်းလင်းဖော်ပြသော လက္ခဏာ ́ဟူသော အနက်ရှိသည်။
ဘုရားသခင်၏ တန်ခိုးတော်သည် ယေရှုပေါ်၌ သက်ရောက်နေကြောင်း၊ ကိုယ်တော်သည် ဘုရားသခင် စေလွှတ်သော မေရှိယစစ် မှန်ကြောင်း၊ မျက်စိရှိသူမြင်နိုင်ရန်၊ နားရှိသူတို ကြားနိုင်ရန် ပြသ သော အမှတ်လက္ခ ဏာကို ဆိုလိုပါသည်။
တမန်တော်ဝတ္ထု ၂း၂၂ တွင် နာဇရက်မြိုသား ယေရှုသည် ထူးဆန်းသောတန်ဖိုး(Dunameis) ၊နိမိတ်လက္ခဏာ(Semi on)၊ အံ့ဘွယ်သောအမှု (Teras)တိုကို သင်တိုတွင် ပြုရသော အခွင့်နှင့် ဘုရားသခင်ပေး တော်မူသော သက်သေကို ရသောသူဖြစ်၍””ဟူ၍ ဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။ ကနဦးအသင်းတော်၌ ထင်ရှား ပြသကြသော အံ့ဘွယ်ရာနိမိတ်လက္ခဏာများကို ဖော်ပြရာတွင် (Semeion) နှင့် (Teras)ဆိုသော စကား (၂)လုံးကို အမြဲဒွန်တွဲ အသုံးပြုရေးသားလေ့ရှိကြသည်။
ဥပမာများကို ကြည့်ပါ။
“လူအပေါင်းတိုသည် ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ တမန် တော်တိုသည် များစွာသော နိမိတ်လက္ခဏာ (Semeion)၊ အံ့ဘွယ် သောအမှု (Teras) တိုကို ပြုကြ၏” (တမန်၊ ၂း၄၃)။
“အနာရောဂါငြိမ်းစေခြင်းငှာ လက်တော်ကို ဆန့်တော်မူ၍ သန့်ရှင်းသော သားတော်ယေရှု၏ နာမတော်အားဖြင့် နိမိတ်လက္ခဏာ (Semeion)၊ အံ့ဘွယ်သောအမှု (Teras)တိုကို ဖြစ်စေတော်မူစဉ် တွင်” (တမန်၊ ၄း၃၀)။ ။
တမန်တော်တိုသည်လည်း လူများရှေ့တွင် နိမိတ်လက္ခဏာ (Semeion)၊ ဘွယ်သောအမှုအရာ (Teras)များကို ပြုကြ၏ (တမန်၊ ၅း၁၂ (ထိုအပြင် တမန်၊ ၆း၈။ ၁၄း’၃။ ၁၅း၁၂ တိုလည်း ဖတ်ရှုကြည်)
အထူးသဖြင့် ရှင်ယောဟန် ခရစ်ဝင်ကျမ်းရှိ ယေရှု၏ အံ့ဘွယ် သော နိမိတ်လက္ခဏာများကို ဖော်ပြရာတွင် (Semeion) ဟူသော စကားလုံးကိုသာ သုံးလေ့ရှိသည်ကို အထူးသတိပြုသင့်သည်။ (ယော၊ ၂း၁၁၊ ၂၃၊ ၃း၂၊ ၄း၅၄၊ ၆း၂၊ ၇း၃၁၊ ၉း၁၆၊ ၁၁း၄၅၊ ၁၂း၁၈၊ ၂၀း၃၀)။
အမှန်ဆိုရလျှင် ခရစ်တော်၏ နိမိတ်လက္ခဏာများ၏ အဓိပ္ပါယ်အစစ်အမှန်ကို (Semeion)ဆိုသော စကားက ပြည့်ဝ စုံလင်စွာ ဖော်ပြနိုင်ပါ၏။ (Semeion)သည် “နိမိတ်လက္ခဏာ”ဖြစ်သည်။ အဓိပ္ပါယ်အထူးပါသော၊ ထူးခြားသော အရေးကြီးလှ သောကိစ္စကို ဖော်ပြသောဖြစ်ရပ်တစ်ခုဖြစ်သည်။
ထိုဖြစ်ရပ်ကို ပြုလုပ်သော ပုဂ္ဂိုလ်တစ်ဦး၏ သဘာဝ၊ စိတ်နေ သဘောထားကို ပေါ်လွင်စွာ ဖော်ပြသည်။ ထိုအမှုအရာကို ပြုလုပ် ဖန်တီးသူ၏ အတွင်းစိတ်၌ မည်သိုရှိသည်ကို မြင်တွေ့လာနိုင်စေရနံ ဖော်ပြသော ကိစ္စကြီးတစ်ရပ်မည်၏။
သေချာစွာ သုံးသပ်လျှင် ယေရှုပြုတော်မူသော နိမိတ်လက္ခဏာ များသည် ကိုယ်တော်၏ အတွင်းသဘောတော်ကို ဖော်ပြရုံမက ဘုရားသခင်၏ ဇာတိသဘောတော်ကိုပါ တစ်ပါတည်းဖော်ပြနေခြင်း ပင်ဖြစ်ပါ၏။ သိုဖြစ်လျှင် ယေရှု၏ နိမိတ်လက္ခဏာများသည် အဘယ် အရာများ ဖော်ပြကြပါသနည်း? အရေးကြီးလှသော အချက်ကြီး နှစ်ချက်ကို ဖော်ပြပါသည်။ ။
(က) ဘုရားသခင်၏ တန်ခိုးတော်ကို ဖော်ပြနေသည်။ လူတို ခံစားနေကြသော နာကျင်ခြင်းနှင့် ဒုစရိုက်ဒုက္ခဝေဒနာ ကို ချေဖျက်ပစ်နိုင်စွမ်းရှိသော တန်ခိုးတော်ကို ဖော်ပြ သည်။ အပြစ် ဒုစရိုက်ကြောင့် ပေါ်ထွက်လာသော ဆင်းရဲဒုက္ခ အဝဝကို အောင်မြင်နိုင်သော တန်ခိုးတော်ကို ပြသသည်။
(ခ) ဘုရားသခင်၏ ကြင်နာမှုကရုဏာကို ဖော်ပြသည်။ “ယေရှုသည် သနားခြင်းစိတ် ရှိတော်မူ၏။ ကိုယ်တော် သည် သနားသောစိတ်ရှိတော်မူ၏”ဟူသော စကားတို ကို ခရစ်ဝင်ကျမ်းတို၌ ထပ်တလဲလဲသုံးထားကြောင်း တွေ့ရ ပါလိမ့်မည် (မဿဲ၊ ၉း၃၅။ ၁၄း၁၄။ ၁၈း၃၂။ ၂၂း၃၄။ မာကု၊ ၁း၄၁။ ၆း၃၄။ ၈း၂။ လုကာ၊ ၇း၁၃)။ “သနားစိတ်”ဆိုသော စကား၏ မူရင်း စကားမှာ (splagchnizesthai) ဖြစ်ပါ၏။ သနားခြင်း ကရုဏာကို ဖော်ပြလိုသော် ဤဂရိစကားကို သုံးလေ့ရှိသည်။ ထိုဂရိ စကားအားဖြင့် လူတစ်ဦး၌ရှိသော ကရုဏာစိတ်ကို ပီပြင် ထင်ရှားစွာ ဖော်ပြလိုလျှင် အကောင်းဆုံးသော စကားမှာ ထိုစကားပင်ဖြစ်ပါ၏။
(Splagchna) ဆိုသော ဂရိစကားမှာ အသည်းနှလုံး၊ အူကို ဆိုလိုသည်။ “အူလှိက်သည်းလှိက်သနား ကရုဏာစိတ် ဖြစ်လာခြင်း”ကို ဖော်ပြလိုသောကြောင့် ထိုစကားကို သုံးပါ၏။
သိုဖြစ်၍ ယေရှု ပြသတော်မူခဲ့သော နိမိတ်လက္ခဏာများမှာ အမှန်ဆိုရလျှင်
(က) ခရစ်တော်၌ရှိသော တန်ခိုးတော်ကို ဖော်ပြသည်။
(ခ) ခရစ်တော်၌ရှိသော သနားခြင်း ကရုဏာကို ဖော်ပြသည်။
(ဂ) ဘုရားသခင်က လူသားတိုအား ဂရုပြုတော်မူခြင်း၊ ဂရုစိုက်ခြင်းတိုကို ဖော်ပြသည်။
(ဃ) ဘုရားသခင်၏ သနားခြင်း ကရုဏာကြောင့် လူတိုအား ကူညီမစရန် ပေါ်ထွက်လာသော တန်ခိုးတော်ကိုလည်း ဖော်ပြခြင်းပင် ဖြစ်၏။
အချုပ်ဆိုရသော် ယေရှု ပြတော်မူသော နိမိတ်လက္ခဏာ များသည်
(က) ဘုရားသခင်၏ နိုင်ငံတော်ကို ညွှန်ပြသည်။
(ခ) ခရစ်တော်သည် မေရှိယမှန်ကြောင်းကို ဖော်ပြသည်။
(ဂ) လူအများ၏ ဝိညာဉ်ရေးရာ နိုးကြား ထကြွလာပြီး နောင် တရသောစိတ်၊ ကျိုးပဲ့ကြေမွသောစိတ်နှင့် ဘုရားသခင် ထံတော်ပါးသို ပြန်လည်တိုးဝင်လာစေရန် သတိပေးခြင်း ဖြစ်သည်။
(ဃ) သဘာဝဓမ္မကိုပင် စိုးမိုးနိုင်ကြောင်း ဖော်ပြသော ဘုရား သခင်၏ တန်ခိုးတော်ဖြစ်သည်။
(င) လူတို၏ အပြစ်ကို ဖြေလွှတ်စေနိုင်သော အာဏာကိုလည်း ဖော်ပြသည်။
(စ) ဘုရားသခင်က လူသားတို အပေါ်၌ထားသော မေတ္တာ ကရုဏာတော်ကို ထင်ရှားစေသည်။
(ဆ) ဂါလိလဲအိုင်၌ လေမုန်တိုင်းကို ငြိမ်းစေခဲ့သော အမှုအား ဖြင့် ကိုယ်တော်သည် (ဆာလံ၊ ၈၉း၉)တွင် ဖော်ပြထားသည့် “သမုဒ္ဒရာဟုန်းခြင်းကို အစိုးရ၍ လှိင်းတံပိုး ထသောအခါ ငြိမ်းစေတော်မူသော ဘုရားသခင်’နှင့် ထပ်တူထပ်မျှ ဖြစ်ခြင်းကိုလည်းကောင်း၊ လူငါးထောင်ကို မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ထဲဖြင့် ကျွေးမွေးခဲ့ရာတွင် “ဣသရေလ လူမျိုးအား တောထဲ၌ မနွံမုန့်ကို ကျွေးမွေး တော်မူခဲ့သော ဘုရားသခင်နှင့် အတူတူပင်ဖြစ်ကြောင်း ကိုလည်းကောင်း ထပ်မံဖော်ပြနေသည်။ (ထွက်၊ ၁၆း၁၄- ၃၆ကို ကြည့်ပါ) ယေရှုက “ငါသည် ကောင်းကင်မှ ဆင်းသက်သောင့်ဖြစ်၏” ဟု ဖော်ပြခြင်းအားဖြင့် လည်းကောင်း (ယော၊ ၆း၄၁) “ငါသည် အသက်မုန့် ဖြစ်၏” ဟု ထပ်ဆင့် မိန့်တော်မူချက် အားဖြင့်လည်း ကောင်း (ယော၊ ၆း၄၈) ယေရှုသည် အသက်ပေးပိုင်ခွင့် ရှိကြောင်း ခိုင်လုံထင်ရှားနေစေပါ၏။
ယေရှု ပြတော်မူသော နိမိတ်လက္ခဏာများကို ဆင်ခြင်လေ့ ရာတွင် ယခုခေတ်ရှိ လူအချိုသည် အံ့ဘွယ်ရာ နိမိတ်လက္ခဏာ သည်မှာ သိပ္ပံပညာအားဖြင့် ချင့်ချိန်စဉ်းစား၍ မရနိုင်ဟူသော မျိုးဖြင့်သာ ဤကိစ္စကို ရှုကြည့်နေတတ်သည်။
အရေးကြီးဆုံးမှာ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀)ခန့်က ယေရှုသည် နိမိတ်လက္ခဏာများကို ပြတော်မူ သည်ဟူသော သဘော ထားနှင့်သာ မရပ်ထားစေလိုပါ။ ကိုယ်တော်သည် ယနေ့ပင်လျှင် ထိုနိမိတ်လက္ခဏာများ ကို ပြလျက် ရှိတော်မူသေးကြောင်း သတိရ နေစေလိုပါသည်။
ဂါလိလဲအိုင်၌ ဖြစ်ပေါ်ခဲ့သော မုန်တိုင်းကို ငြိမ်စေခဲ့သော ယေရှုသည် ယနေ့တွင်ပင် လူတို၏ စိတ်နှလုံးတွင်း၌ ဖြစ်ပေါ်လျက် ရှိသော မုန်တိုင်းကြီးငယ် မှန်သမျှကို ငြိမ်စေလျက် ရှိနေပါသေးသည်။ ဗေသနိရွာ၌ လာဇရုကို သေခြင်းမှ ရှင်ပြန်ထမြောက်စေသကဲ့သို အပြစ်ဒုစရိုက်အောက်၌ “သေ’နေသူများကို “ရှင်ပြန်ထမြောက်”စေပြီး ထာဝရအသက်ကို ပေးနေပါသေးသည်။ ချုပ်နှောင်မှု၊ ဝေဒနာခံစား ရမှု၊ နာကျင်မှုအမျိုးမျိုးတိုကို ခံစားနေကြရသော လူအပေါင်းတိုကို ယေရှုသည် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် “ယနေ့ပင်လျှင်” လွတ်မြောက်စေ၍ လူတို၏ ဉာဏ်ဖြင့် မမှီနိုင်လောက်သော ငြိမ်သက် ချမ်းသာခြင်းကို ပေးနေသေးကြောင်း သတိရစေလိုပါ၏။
အခန်း (၁၃)
ခရစ်တော် ဖော်ပြခဲ့သော ဘုရားသခင်
ခရစ်တော် ကြေညာဟောပြောသော သတင်းစကားမှာ “ဝမ်းမြောက်ဘွယ်ရာ သတင်းကောင်း” (Gospel)ပင်ဖြစ်သည်။
ထိုစကားလုံး၏ မူရင်းဂရိစကားမှာ (Euaggelion)ပင်ဖြစ်၏။ ဗတ္တိဇံ (နှစ်ခြင်း)ဆရာယောဟန် ဟောပြောသော သတင်းစကားကို “သတင်းကောင်း”ဟူ၍ ခေါ်ဆိုရန် ခဲယဉ်းပါလိမ့်မည်။ ။
သစ်ပင်ရင်း၌ ပုဆိန်ကို ထားပြီဖြစ်၍ ခုတ်လှဲသုတ်သင် ရှင်းလင်းတော့မည့်အကြောင်း ကျရောက် လာတော့မည့်မီး၊ တရားစီရင် ဆုံးဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းတိုကို ဟောပြောကြေညာခဲ့ပါသဖြင့် ဝမ်းမြောက်ဘွယ်ရာ သတင်းစကားထက် သတိပေးခြိမ်းခြောက် ကြိမ်း မောင်းနေသော စကားများသာ ဖြစ်သည်ဟု ဆိုနိုင်ပါ၏။
သိုသော် သိုးထိန်းတိုသည် ညဉ့်အခါ သိုးတိုကို စောင့်နေ ကြစဉ် ကောင်းကင်တမန်အပေါင်းတို ထင်ရှားလာပြီး ကြေညာသော စကားမှာ အကယ်ပင် ဝမ်းမြောက်ဝမ်းသာစရာ သတင်းဖြစ်၏ (လုကာ၊ ၂း၁၀)။ “ယေရှုခရစ်တော်အကြောင်း သတင်းကောင်း”ဟူသော စကား ဖြင့် ရှင်မာကုက သူ၏ကျမ်းကို အစပြုခဲ့သည် (မာကု ၁း၁)။ ဆင်းရဲသား တိုအား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ ခရစ်တော် သည် ကြွလာခဲ့၏ (လုကာ၊ ၄း၁၉။ ၇း၂၃)။ တရား ဇရပ်များ၊ မြိုရွာများ၊ ဗိမာန်တော်ထဲ၌ နိုင်ငံတော်နှင့်ယှဉ်သော “ဝမ်းမြောက်စရာ သတင်း ကောင်း” (ဧဝံဂေလိတရား)ကို ကိုယ်တော်က ဟောပြောကြေညာရန် ကြွလာခဲ့ခြင်းဖြစ်၏ (မဿဲ၊ ၄း၂၃။ ၉း၃၅။ လုကာ၊ ၈း၁၊ ၂၀း၁)။
“အချိန်ပြည့်စုံပြီ။ နောင်တရကြလော့။ “ဝမ်းမြောက် ဘွယ်ရာ သတင်းကောင်း” (ဧဝံဂေလိ) ကို ယုံကြည်ကြလော့” ဟူသောစကားဖြင့် ကိုယ်တော်သည် အမှုတော်လုပ်ငန်းကို အစပြုခဲ့သည်။ “သတင်းကောင်း ကို ကြေညာ ဟောပြောရန် ခပ်သိမ်းသော အရပ်သို တပည့်တော်များကို စေလွှတ်ခဲ့သည် (လုကာ၊ ၉း၆)။
အမှန်ဆိုရလျှင် ခရစ်တော် ယူဆောင်လာသော သတင်း ကောင်းမှာကား “ဘုရားသခင်အကြောင်း သတင်းကောင်း” ပေ တည်း။
ဘုရားသခင်အကြောင်း သတင်းကောင်းကို လူတိုထံ ယူ ဆောင်ခဲ့သူဖြစ်ရိုးမှန်လျှင် ဘုရားသခင် အကြောင်း လူသားတို ယခင် က မသိရှိ၊ နားမလည်၊ သဘောမပေါက်သေးသော အရာများကို ဖော်ပြရန် ကြွလာခဲ့ခြင်းဖြစ်ရပေလိမ့်မည်။ သိုဖြစ်လျှင် ခရစ်တော် ကြွလာတော်မမူသေးမီ လူတိုက ဘုရားနှင့် ပတ်သက်သည့် အကြောင်း ကို မည်သိုများ နားလည်နေကြပေသနည်း?
ဂျူးလူမျိုးတို နားလည်နေကြသော ဘုရားသခင်အကြောင်းကို စကားတစ်လုံးတည်းဖြင့် ဖော်ပြရပါလျှင် “သန့်ရှင်းမြင့်မြတ်သော အရှင်”ဟူ၍သာ ဖြစ်ပါလိမ့်မည်။ ဘုရားသခင်ကို ဂျူးလူမျိုးတိုက “ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရား”ဟူ၍ ထပ်တလဲလဲ ဖော် ပြနေခဲ့ကြပါ၏ (၄ရာ၊ ၁၉း၂၂။ ဆာလံ၊ ၈၉း၁၈။ ဟေရှာ၊ ၁း၄။ ၅း၂၄။ ၁၀း၂၀။ ၃၀း၁၁။ ၄၇း၄၊ ၆၀း၉။ ယေရမိ၊ ၅၀း၂၉။ ဟောရှေ၊ ၁၁း၉)
ဟေရှာယအနာဂတ္တိကျမ်းတစ်ကျမ်းထဲ၌ပင်လျှင် ဘုရားသခင် ကို “သန့်ရှင်းသောဘုရား”ဟူ၍ အကြိမ်ပေါင်း (၂၉)ကြိမ်မြောက် မနည်း ခေါ်ဆိုထားသည်။
ထိုအပြင် ပေးထားသမျှသော ပညတ်မှန်သမျှသည် သန့်ရှင်းသောဘုရားသခင်က ပေးထားသည် ဖြစ်သောကြောင့် ထိုပညတ်တို သည်လည်း သန့်ရှင်းမြင့်မြတ်သည်။ တသွေမတိမ်း၊ အတိအကျ လိုက်နာစောင့်ရှောက်ရမည့် ပညတ်များဖြစ်သည်ဟု ယုံကြည်သည် (ဝတ်ပြု၊ ၁၉း၂။ ၂၀း၂၆။ ၂၁း၈)။
“ထိုဘုရားသခင်သည် သန့်ရှင်းသောဘုရားဖြစ်၍ ထိုဘုရားကို သာလျှင် ဝတ်ပြုရမည်”ဟု ယောရှုက ဆိုသည် (ယောရှု၊ ၂၄း၁၉)။ ဟန္နက “ထာဝရဘုရားသည် သန့်ရှင်းတော်မူသကဲ့သို အဘယ်သူမျှ မသန့်ရှင်း” ဟူသော စကားဖြင့် အစချီ၍ ပဋ္ဌနာစကားကို မြွက်ဆို ခဲ့သည် (၁ရာ၊ ၂း၂)။ “ငါတို၏ ဘုရားသခင် ထာဝရဘုရားကို ချီးမြှောက်ကြလော့… ပျပ်ဝပ် ကိုးကွယ်ကြလော့။ အကြောင်းမူကား ငါတို၏ ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းတော်မူသတည်း” ဟူ၍ ဆာလံဆရာက ဆိုခဲ့သည် (ဆာလံ၊ ၉၉း၉)။ “ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော် မူ၏။ သန့်ရှင်းတော်မူ၏”ဟူ၍ ကောင်းကင်တမန်တို ကြွေးကြော် သံကို ဟေရှာယက ကြားခဲ့ရ၏ (ဟေရှာ၊ ၆း၃)။
ယုဒဘာသာ (Judaism) တွင် ဘုရားသခင်နှင့် ဆိုင်သော သီဩလော်ဂျီ အခြေခံသဘောတရား ကြီးတစ်ရပ်မှာ “ထိုအရှင်သည် အလွန်သန့်ရှင်း မြင့်မြတ်တော်မူ၏” ဟူ၍သာ ဖြစ်သတည်း။
“သန့်ရှင်း မြင့်မြတ်သည်” ဟူသော ဟေဗြဲ စကားမှာ (Quadosh) ဖြစ်သည်။ သန့်ရှင်းမြင့် မြတ်သောကြောင့် အခြား သောအရာအားလုံးနှင့်မတူ ““ထူးခြားသည်” ““သီးသန့်ခွဲခြားထား ညီ” “သီးသန့် ဖယ်ရှားထားသည်” ဟူသော အနက်လည်း ရှိသည်။
သာမန် လူတစ်ဦးနှင့် မတူ။ ထူးခြားသောကြောင့် ယဇ်ပရောဟိတ်တိုသည် သန့်ရှင်းသည်။ အခြားသော အဆောက်အဦများနှင့် မတူသောကြောင့် ဗိမာန်တော်သည် သန့်ရှင်းသည်။ အခြားသော နေ့ရက်များနှင့် မတူသောကြောင့် ဥပုသ်နေ့သည် သန့်ရှင်းသည်။ ထာဝရဘုရားသည် လောကတစ်ခွင်လုံးရှိ အရာခပ်သိမ်းတိုနှင့် မတူ သောကြောင့် သန့်ရှင်းမြင့်မြတ်သည်။
လူသည် လူသာလျှင် ဖြစ်သည်။ ဘုရားနှင့် လူသည် အဆင့် ချင်းမတူ။ ဘုရားသည် လူနှင့် ခြားနားသည်။ သိုကြောင့် သန့်ရှင်း သည်။ ပြောင်းပြန်ဆိုရပြန်လျှင်လည်း ဘုရားသည် သန့်ရှင်း မြင့်မြတ် သောကြောင့် ထူးခြားသည်။ ခြားနားသည်ဟု ဆိုရပြန်ပေလိမ့်မည်။ ဘုရားနှင့်ပတ်သက်သည့် အခြေခံ သဘောထားကြောင့် ကွင်းဆက် ပမာ ပေါ်ထွက်လာသော ဂျူးလူမျိုးတို၏ ယုံချက်များမှာ အောက်ပါ အတိုင်းဖြစ်လာပါ၏
(က) ဘုရားသခင်၏အနီးသို မည်သူမျှ မချဉ်းကပ်နိုင်။ ဘုရားနှင့် လူတိုသည် အလွန်ပင် ကွဲပြား ခြားနားလှသဖြင့် ဘုရား နှင့် လူတိုစပ်ကြားတွင် ကြီးမားလှသော အုတ်တံတိုင်းကြီး ရှိနေ သည်။ ဘုရားသခင်နှင့် လူသည် တစ်ဦးနှင့် တစ်ဦး ရင်းနှီးစွာ အနီးကပ်၍ မိတ်သဟာယ ဖွဲနိုင်မှုမရှိ။ ဂျူးလူမျိုးတို၏ ယုံချက် များမှာ ထိုထက်မက,သေးပါ။ ဘုရားသခင်သည် အလွန်တရာမျှပင် ထူးခြားစွာ ခြားနားလှသဖြင့် ထာဝရဘုရား သိုမဟုတ် “ရာဝေ” ဟူသော ဟေဗြဲစကားကိုပင် လူတိုက နှုတ်ခမ်းဖျားမှ မမြွက်ဆိုရဲ။ ကျမ်းစာ တော်မြတ်ကို ဖတ်နေရင်း ထို “ရာဝေ” ဆိုသော စကားလုံး ရောက်လာရန် “အဒိုနေ” ဟူ၍ ဖတ်ရှုလိုက်ရကြောင်းကို ယခင်က ကျွန်တော် ဖော်ပြပြီးဖြစ်ပါ၏။
ထိုတွင်မက ဘုရား၏ အနီးသို ချဉ်းကပ်လျှင် လူတစ်ဦးသည် အသက်သေဆုံးသွားနိုင်သည်ဟု ယုံကြည်၏။ ဘုရားသခင်၏ အနွဲသို တိုးဝင်ချဉ်းကပ်သူတိုင်းသည် အသက်ရှင်လျက် မည်သူမျှ ပြန်၍ မလာနိုင်။ “ငါ့မျက်နှာကို မြင်လျှင် အသက်ရှင်ရသောလူ တစ်စုံတစ်ယောက်မျှမရှိရ… ငါ့ကျောကိုသာ မြင်ရမည်”ဟူ၍ (ထွက်၊ ၃၃း၂ဝ-၂၃)တွင် တွေ့ရပါလိမ့်မည်။ ။
ပေညေလ၌ ယာကုပ်သည် ကောင်းကင်တမန်နှင့် နပန်းလုံး ပြီးနောက် “ငါသည် ဘုရားသခင်ကို မျက်နှာဆိုင်၍ ဖူးမြင်ရသော လည်း အသက် ချမ်းသာပြီ” ဟု အံ့ဩမိန်းမောစွာ မြွက်ဆို၏ (ကမ္ဘာ၊ ၃၂း၃ဝ)။ ဂိဒေါင်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင် မြင်ရသဖြင့် အလွန်ကြောက်လန့် တုန်လှုပ်လျက် နေစဉ် ဘုရားသခင်က “မစိုးရိမ်နှင့်၊ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်” ဟု သူ့ကို အားပေးခဲ့ရ၏ (သူကြီး၊ ၆း၂၂-၂၃)။ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ကို မြင်ပြီး နောက် သူ၏ ဇနီးအား “ငါတိုသည် ဘုရားသခင်ကို မြင်သောကြောင့် ဆက်ဆက်သေတော့ မည်””ဟု ကြောက်ရွံ ထိတ်လန့်စွာ ပြောခဲ့သည် (သူကြီး၊ ၁၃း၂၂)။
ထိုကြောင့် ဂျူးလူမျိုးတို၏ ဘုရားနှင့် ပတ်သက်သည့် ယုံကြည်ချက်ကို ထောက်ရှုလျှင် ဘုရားသခင်သည် အလွန် သန့်ရှင်း မြင့်မြတ်တော်မူသည်ဖြစ်၍ မည်သူမျှ အနီးသို မချဉ်းကပ်နိုင်။ ကိုယ်တော်ကို မြင်ရသူတိုင်းသည် ဧကန်မုချ သေမည်ဟု တထစ်ချ ကြည်ခဲ့ကြ၏။ ဘုရားသခင်နှင့် လူတို၏ ခြားနားမှုကို သီဩလော်ဂျီဝေါဟာရစကားအားဖြင့် (God’s Transcedance) ဟုခေါ်သည်။ “အ ရာခပ်သိမ်းထက် ဘုရားသခင်၏ ထူးကဲစွာ မြင့်မြတ်ခြင်း” ဟူသော အဓိပ္ပါယ်ရှိပါ၏။
ရာစုနှစ်ပေါင်းများစွာ ကြာမြင့်လာလေလေ၊ ထိုသဘောထားသည် လျော့ပါး၍ မသွားသည့်အပြင် ဂျူးလူမျိုးတို၏ စိတ်ထဲ၌ ပိုမို၍ပင် နက်ရှိင်းစွာ စွဲမြဲလာခဲ့သည်။
ဓမ္မဟောင်းကျမ်း၌ ဘုရားသခင် ကိုယ်တော်တိုင်က ပညတ် တော်များကို မောရှေ၏ လက်သို တိုက်ရိုက် ပေးအပ်သည့် အကြောင်း ပါရှိသည်။ ထိုအကြောင်းကို မောရှေက ဣသရေလ အမျိုးသား အပေါင်းကို ပြန်လည်၍ ပြောပြသောအခါ သူတိုက “ဘုရားသခင် သည် လူနှင့် နှုတ်ဆက်တော်မူသော်လည်း သူသည် အသက်ရှင် သေးသည်ကို ယနေ့ ကျွန်ုပ်တိုသည် မြင်ရပါပြီ” ဟု အံ့သြစွာ ပြောဆိုကြကုန်၏ (တရား၊ ၅၂၄။
(ခ) ဘုရားသခင်၏ ပြုတော်မူချက်တိုကို မည်သူကမျှ အစိုးမရနိုင်။ ဓမ္မဟောင်းကျမ်း၏ သဘောထားတိုကို လေ့လာသုံး သပ်ကြည့်လျှင် ဘုရားသခင်သည် ဣသရေလလူမျိုးတိုကို အုပ်စိုးသော “ဘုရင်” ဖြစ်သည့် ယုံချက်က လွှမ်းမိုးနေသည်။ ရှေးခေတ် ဟောင်းဘုရင်တိုသည် သက်ဦးဆံပိုင်ဖြစ်သည်။ သူတို၏ ပြုမူချက် တိုကို မည်သူကမျှ မတားဆီးနိုင်။ ဆင်ခြေမတက်နိုင်။ ပြန်လည် စောဒကတက် စစ်ကြောမေးမြန်း နိုင်ခွင့်မရှိ၊ ထိုအကြွင်းမဲ့သော တန်ခိုးအာဏာတော်မျိုးကို ဖော်ပြထားသော ကျမ်းပိုဒ် (၂)ပိုဒ်အား ဓမ္မဟောင်းကျမ်း၌ အောက်ပါ အတိုင်း တွေ့နိုင်ပါသည် ။
(၁) ယေရမိက ဖော်ပြထားသော အိုးထိန်းနှင့် အိုး အကြောင်း (ယေရမိ၊ ၁၈း၁-၁၀)။ အိုးထိန်းတစ်ဦးက အိုးတစ်လုံး ပြုလုပ်နေကြောင်း ယေရမိက မြင်သည်။ ထိုအိုးသည် အိုးထိန်း၏ စိတ်ဆန္ဒအတိုင်း ဖြစ်မလာသဖြင့် အိုးထိန်းသည် ၎င်းအိုးကို ဖျက် ဆီးပစ်လိုက်ပြီး သူ၏ သဘောအတိုင်း နောက်ထပ် အိုးတစ်လုံးကို ပြုလုပ်ပြန်၏။ ထိုနောက် ထာဝရဘုရားက “အိုဣသရေလအမျိုး၊ထိန်းသမား ပြုသကဲ့သို သင်တိုကို ငါမပြုနိုင်သလော? ဣသရေလ အမျိုး၊ အိုးမြေသည် အိုးထိန်းသမားလက်၌ ရှိသကဲ့သို သင်တိုသည် လက်ထဲ၌ရှိကြ၏” ဟု မိန့်တော်မူသံကို ယေရမိက ကြား လိုက်ရ၏။ ထိုကျမ်းပိုဒ်တစ်ခုလုံး၏ အဓိပ္ပါယ်မှာ လူသည် ဘုရားသခင်၏ လက် တော်ထဲ၌ရှိသည်ဖြစ်၍ ကိုယ်တော်က ချေဖျက်လိုက ချေဖျက် နိုင်သည်။ ပြန်လည် တည်ဆောက်လိုက တည်ဆောက်ပေးနိုင်သည်။ ဘုရားသခင်၏ စိတ်သဘောတော်အတိုင်း ပြုသမျှကို လူတိုက ခံကြရမည်သာ ဖြစ်ကြောင်း ဖော်ပြနေခြင်းသာဖြစ်သည်။
(၂) ယောဘဝတ္ထုထဲတွင် ဖော်ပြထားသော ဘုရား သခင်၏ မိန့်တော်မူချက်များ။ (ယောဘ၊ အခန်းကြီး ၃၈ နှင့် ၃၉) ဖြောင့်မတ်သော ယောဘသည် ဒုက္ခဝေဒနာကို ခံစားနေရသည်။ သူက ဘုရားသခင်အား အမျိုးမျိုးလျှောက်ထား တောင်းပန်နေသည်။ အထက် ဖော်ပြပါ အခန်းနှစ်ခန်း၌ ဘုရားသခင်က သူ့အား ပြန်လည် ဖြေကြား သည်။ (စာပေတန်ဖိုးအားဖြင့် ချင့်ချိန်ကြည့်လျှင် ထိုအခန်းကြီး နှစ်ခန်းသည် အလွန်ပင် အနှစ်သာရ ပြည့်စုံလှ၍ ရသမြောက်သော ကဗျာလင်္ကာများပင် ဖြစ်သော်လည်း အနက်အဓိပ္ပါယ်ကား ထူးခြား လှပါ၏။
ဘုရားသခင်က “မြေကြီးအမြစ်ကို ငါတည်သောအခါ သင် သည် အဘယ်မှာရှိသနည်း? နားလည်လျှင် ဖော်ပြလော့… သင်သည် သမုဒ္ဒရာ စမ်းရေပေါက်ထဲသို ဝင်ဘူးသလော….? ” နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူးသလော? သေခြင်းတံခါးတိုကို သင့် အား ဖွင့်ဘူးသလော? သေမင်းအရိပ်ထဲသို ဝင်သော လမ်းဝတိုကို မြင်ဘူးသလော? မိုးကောင်းကင်တရားတိုကို နားလည်သလော? လျှပ်စစ်တိုကို လွှတ်နိုင် သလော?…. စသော မေးခွန်းပေါင်းမျိုးစုံ ကိုယောဘအား မေးသည်။ ယောဘ အနေဖြင့် ဘာမျှ မဖြေ ကြားနိုင်သော မေးခွန်းများဖြစ်ပါ၏။
ထိုအခန်းကြီး (၂)ခန်းစလုံးကို ဖတ်ရှုပြီး ခြုံ၍ အဓိပ္ပါယ်ဖွင့် ရလျှင် ဘုရားသခင်က ယောဘအား “သင်က ငါ့အား မေးခွန်း မျိုးစုံထုတ်ရအောင် မည်သိုသော အခွင့်ရှိသနည်း? ငါ၏ ပြုမူ ဆောင် ရွက်ချက်များကို သင်က နားလည်နိုင်စွမ်းရှိသလော? ငါ၏ ပြုမူ ဆောင်ရွက်တော်မူချက်မှန်သမျှကို သင့်အား ငါသည် ရှင်းပြနေစရာ ဘာမျှ အကြောင်းမရှိ၊ ငါ၏ သန့်ရှင်းမြင့်မြတ်တော်မူခြင်းနှင့် တန်ခိုး အာနိသင်အားဖြင့် လောက၌ အလုံးစုံကို ဖြစ်ပွားစေတော်မူ သည်ဖြစ်၍ သင့်အနေဖြင့် မည်သိုမျှ စောဒက တက်နေစရာ အကြောင်းမရှိ၊ ငါပြုမူနေသမျှသည် သင်နှင့် မည်သိုမျှ မသက်ဆိုင်” ဟူ၍ မိန့်တော် မူနေသကဲ့သို ဖြစ်ပါ၏။
ဤကျမ်းပိုဒ်များကို ပြန်၍ လေ့လာသုံးသပ်ကြည့်လျှင် ဘုရား သခင်သည် လောကနှင့် လူသတ္တဝါ အလုံးစုံကို လုံးဝ စိုးမိုးပိုင်သ အုပ်ချုပ် ချယ်လှယ်နိုင်သည်ဖြစ်၍ လူသည် ဘာမျှ စောဒကတက်နေ နိုင်စရာအကြောင်းမရှိ၊ နားလည်နိုင်ခွင့်လည်း မရှိကြောင်း ရှင်းရှင်း ကြီး ဖော်ပြနေသည်။ ။
(ဂ) ဘုရားသခင်သည် အပြစ်သား မှန်သမျှကို ဖျက်ဆီး ပစ်လိုသော ဆန္ဒရှိသည်။
ဘုရားသခင်သည် အလွန် သန့်ရှင်း မြင့်မြတ်သောကြောင့် နောက်ထက် သဘောထားတစ်ရပ် ပေါ်ထွက်လာပြန်သည်။ သန့်ရှင်း မြင့်မြတ်စုံလင်တော်မူသော ဘုရားသခင် ဖြစ်သောကြောင့် ဆိုးညစ် ယုတ်မာသော အပြစ်ဒုစရိုက် လူသားတိုနှင့် ဆန့်ကျင်ဘက်ဖြစ် လာတော့သည်။ ဟေရှာယနှင့် မောရှေတိုကဲ့သို ပရောဖက်များက တရားသခင်၏ မေတ္တာ၊ ကရုဏာတော်ကို အနည်းနှင့်အများ ဖော် ပြုကြသည်မှန်သော်လည်း ဣသရေလလူမျိုး (ဂျူး) တို၏ အခြေခံ ယုံချက် သဘောထား တစ်ရပ်လုံးမှာ “သန့်ရှင်း မြင့်မြတ်သော ဘုရား သခင်သည် အပြစ် ဒုစရိုက်သားကို မုန်းတော်မူ၏” ဟူသော အချက်ကို လုံးဝ ခံယူထားနေကြပါ၏။
“ပြစ်မှားသော သူတိုကို မြေကြီးမှ သုတ်သင် ပယ်ရှင်း၍ မတရားသော သူတိုသည် နောက်တစ်ဖန် မဖြစ်ရကြ” ဟု ဆာလံ ဆရာက ဆိုသည် (ဆာ၊ ၁၀၄း၈၅)။ “လွန်ကျူးသူနှင့် ပြစ်မှားသော သူတိုသည် ပျက်စီးခြင်းသို အတူရောက်၍ ထာဝရဘုရားကို စွန့် သောသူတိုသည် ဆုံးရှုးကြလိမ့်မည်” ဟု ဟေရှာယက ဆိုသည် (ဟေရှာ၊ ၁၂၈)။ ထိုပြည် (ဗာဗုလုန်) ကို ဖျက်ဆီး၍ အပြစ်ကြီးသော ပြည်သူပြည်သားတိုကို သုတ်သင် ပယ်ရှားခြင်းငှာ ထာဝရဘုရား၏ ကြမ်းကြုတ်သော နေ့ရက်သည် ပြင်းထန်သော ဒေါသ အမျက်ထွက်လျက် လာလိမည် (ဟေရှာ၊ ၁၃း၉)။ အပြစ်များ သော ငါ၏ လူအပေါင်းတိုသည် ဓားဖြင့် သေကြရလိမ့်မည် (အာ မုတ်၊ ၉း၁၀)။ ထို ကြောင့် “သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်၏ ရည်ရွယ်ချက်မှာကား အပြစ်သား မှန်သမျှကို ဖျက်ဆီးပစ်ရန်ပင် ဖြစ်သည်”ဟူ၍ ဣသရေလ လူမျိုးတိုက အကြွင်းမဲ့ခံယူထားသည်။
ခြုံ၍ပြောရလျှင် သန့်ရှင်း မြင့်မြတ်သော ဘုရားသခင် ဖြစ် ကမူသဖြင့် ကိုယ်တော်သည် အပြစ်သားတိုနှင့် ရန်သူကြီးသဘွယ် နေသည်။ သိုကြောင့် ဘုရားသခင်ထံမှ ကြွလာသည်ဆိုသော တော်သည် အပြစ်သားများ၊ အခွန်ခံတိုနှင့် စားသောက်၊ နေ သွားလာနေပုံကို ကြည့်ပြီး ဖာရိရှဲနှင့် ကျမ်းတတ်ဆရာတိုက “ထန်စွာ ရှုတ်ချကြခြင်းလည်းဖြစ်ပါ၏။
(ဃ) ဤခံယူချက်နှင့် ယုံချက်များကြောင့် ဘုရား သခင်၏ အကြောင်းကို ဓမ္မဟောင်းကျမ်း၌ ဖော်ပြထားပုံသည် အလွန်ပင် ထူးခြားနေသည်။ ဘုရားသခင်သည် သန့်ရှင်း မြင့်မြတ်သည်။ အပြစ်သားဖြစ်သော လူတိုနှင့် ထူးခြား ဝေးကွာစွာ ရှိနေသည်ဖြစ်၍ လူတိုအနေဖြင့် ဘုရားသခင်၏ အနီးသို မည်သည့်နည်းနှင့်မျှ တိုက် ရိုက် မချဉ်းကပ်နိုင်၊ ဘုရားသခင်၏ ပြုမူတော်မူချက်များကို လူတို က မေးခွန်းမထုတ်နိုင်၊ အစိုးမရနိုင်ဟူသော ယုံချက်များကြောင့် ဓမ္မဟောင်း ကျမ်းကို ရေးသားပြုစုကြသော ဣသရေလ (ဂျူး) လူမျိုးတိုက ဘုရားသခင်၏ လုပ်ဆောင်ချက်တိုကို မှတ်တမ်းတင် ရေးသားကြရာတွင် တစ်မျိုးတစ်ဖုံ ထူးခြားလျက် ရှိလာပါတော့၏။
ထိုအပြင် ဂျူးလူမျိုးတိုက လောကရှိ သာမန်ဖြစ်ရပ်များကို ဖော်ပြရာတွင်ပင် ဘုရားသခင်နှင့် အမြဲ တိုက်ရိုက်ဆက်သွယ် ဖော် ပြလေ့ ရှိလာကြသည်။ ဥပမာ ကျွန်တော်တိုအနေဖြင့် မိုးခြိမ်းခြင်း၊ လျှပ်ပြက်ခြင်း၊ မိုးရွာခြင်းတိုကို သဘာဝဓမ္မအားဖြင့် ဆက်သွယ် ဖော်ပြ ကြသော်လည်း ထိုခေတ်ရှိ ဂျူးလူမျိုးတိုအဘို ဘုရားသခင်က မိုးခြိမ်း စေသည်။ လျှပ်ပြက်စေသည်။ မိုးရွာစေသည် ဟူ၍ ဖော်ပြလေ့ရှိသည်။
မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ လယ်ပြင်တိုတွင် ပိုးကောင် တိရိစ္ဆာန်တို လာရောက်ဖျက်ဆီးခြင်းတိုကို ယခုခေတ်ရှိ ကျွန်တော် တိုက ရာသီဥတု အခြေအနေနှင့် သိပ္ပံပညာရှုဒေါင့်အားဖြင့် ရှင်း ပြနိုင်လေ့ရှိသော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၃၅ဝဝ ခန့်က ဂျူး လူမျိုးတိုက ဘုရားသခင်၏ ဒဏ်ခတ်ခြင်းဟု တိုက်ရိုက်ဆိုလေ့ရှိ ကြသည်။ လူတိုက သန့်ရှင်းရေးကိစ္စများ၌ ပေါ့ဆစွာနေမှု၊ ကျန်းမာ ရေးနှင့် မညီညွတ်စေသော အရာများကို ဂရုမပြုမှုတိုကြောင့် ကျောက်၊ ပလိပ်၊ ဝမ်းရောဂါများ ဖြစ်လာသည်ဟု ယခုခေတ် ကျွန် တော်တိုကဆိုလေ့ ရှိသော်လည်း ဂျူးလူမျိုးတိုက ဘုရားသခင်သည် ကြီးစွာသော ကပ်ရောဂါဘေးကို လူတိုထံ၌ ကျရောက်စေ သည်ဟု တိုက်ရိုက် ဆိုလေ့ရှိသည်။
ဤကိစ္စကို အလျဉ်းသင့်၍ ဂျူးလူမျိုးတို၏ သမိုင်းစဉ်၌ ပေါ် ပေါက်ခဲ့သော ဖြစ်ရပ်တစ်ခုကို ဥပမာပြုပြီး ရှင်းပြပါမည်။
ဓမ္မရာဇဝင် စတုတ္ထစာစောင် ၁၉း၃၂-၃ရ ကို သေသေချာ ချာ ဖတ်ကြည့်ပါ။
ယုဒပြည်ကို ဟေဇကိမင်း စိုးစံချိန် (ရ၁၆ ဘီစီခန့်) က အာရှုရိဘုရင် “သနာခရိပ်” သည် ယေရုရှ လင်မြိုကို တပ်အလုံးအရင်း ဖြင့် ဝိုင်းရံ တိုက်ခိုက်ခဲ့သည်။ ဓမ္မရာဇဝင်ကို ရေးသားပြုစုသူက “ထိုညဉ့်တွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထွက်၍ အာရှုရိတပ်တွင် လူ တစ်သိန်းရှစ်သောင်း ငါးထောင်တိုကို “ဒဏ် ခတ်” လေ၏။ နံနက်စောစောအချိန် ရောက်သောအခါ ထိုသူ အပေါင်းတိုသည် အသေကောင်ဖြစ်ကြ၏။ အာရှုရိရှင်ဘုရင် သနာ ခရိပ်ဘုရင်သည်လည်း ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင် နိနေဝေ မြို၌ နေလေ၏ ဟု မှတ်တမ်းတင်ခဲ့သည် (၄ရာ၊ ၁၉း၃၅-၃၆)။
ဂရိသမိုင်းပညာရှင် ဟယ်ရိုဒိုးတပ်(စ်)က ထိုဖြစ်ရပ်ကိုပင်လျှင် အီဂျစ်သမိုင်းထဲတွင် မှတ်တမ်းတင် ထားပုံက “လူအပေါင်းတိုသည် ကြောက်ရွံတုန်လှုပ်လျက်ရှိကြကုန်၏။ သိုသော် ထိုည၌ ကြွက်ပေါင်း များစွာတိုသည် အာရှုရိလူတို တပ်ချထားသော နေရာသို ဝင်ရောက် ပြီး လေးကြိုး၊ မြှားအိမ်ကျည်တောက်၊ လှံရိုးတိုကို ကိုက်ဖြတ်ကြ၏။ အာရှုရိတပ်သားတိုသည်လည်း ကြောက်ရွံတုန်လှုပ်ပြီး လက်နက် ကို စွန့်ပစ်၍ ထွက်ပြေးကြကုန်၏။ အချိုတိုသည်လည်း သေ ကြေ “ကြကုန်၏” ဟု ရေးသားထားခဲ့သည် (Herodotus 2:141)
ဗာဗုလုန်နိုင်ငံ (ခါလဒဲ) သမိုင်းပညာရှင် “ဘီရိုးစပ်(စ်)” ဆို သူက ထိုဖြစ်ရပ်အား မှတ်တမ်းတင်ခဲ့ပုံကို ဂျူးလူမျိုး သမိုင်းပညာ ရှင် ဂျိုဆီးဖပ်(စ်)က သူ့၏ စာအုပ် (Antiquities) ၁၀၁၅ တွင် အောက်ပါအတိုင်း ပြန်လည် ဖော်ပြထားပါသည်။
“အာရှုရိတပ်တစ်ခုလုံး၌ ကပ်ရောဂါ ဘေးကြီး ကျရောက် သဖြင့် လူအများအပြား သေကြေပျက် စီးကြကုန်သည်။ အာရှုရိဘုရင် “သနာခရိပ်သည်လည်း ကြောက်လန့် တုန်လှုပ်ပြီး အသက်မသေ သေးဘဲ ကျန်ရှိနေသေးသော တပ်သားများနှင့်အတူ ထွက်ပြေးသွား ခဲ့၏” ဟု ရေးသား ဖော်ပြထားပါ၏။
အာရှုရိ တပ်ကြီး တစ်တပ်လုံး ရုပ်၍ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည့် အဓိက ဖြစ်ရပ်ကြီးကား မှန်၏။ သိုသော် မည်သို သော အကြောင်းကြောင့် ဆုတ်ခွာ ထွက်ပြေးသွားကြရသည်ကို လူမျိုး သုံးမျိုးက ဖော်ပြရာတွင် ကွဲပြား ခြားနားနေသည်ကို ဤနေရာ၌ ရှင်းရှင်းကြီး တွေ့နိုင်ပါ၏။
ဂျူးလူမျိုးတိုက အာရှုရိတပ်ကြီး ဆုတ်ခွာ ထွက်ပြေးရသည့် အကြောင်းရင်းကား ထာဝရဘုရား စေလွှတ်သော ကောင်းကင်တမန် “ဒဏ်ခတ်’ သတ်ဖြတ်သောကြောင့်ဟု ဆိုသည်။
အီဂျစ်သမိုင်းမှတ်တမ်းက ကြွက်များကြောင့် ဖြစ်သည်ဟု ဆို၏။ ခါလဒဲမှတ်တမ်းက ကပ်ရောဂါကြီးကြောင့် ဖြစ်သည်ဟု ဆို၏။
မည်သူက မှန်ပေသနည်း?
သုံးမျိုးစလုံးက မှန်ပါ၏။
ကြွက်များသည် ပလိပ်ရောဂါကို သယ်ဆောင်နိုင်သော သတ္တဝါများဖြစ်သည်။ ထိုကြွက်များကြောင့် အာရှုရိ တပ်သားများ သည် ပလိပ်ရောဂါ ခံစားကြရ၍ သေကြေ ပျက်စီးကုန်ကြပြီး တပ်ဆုတ်ခွာ ခဲ့ရခြင်း ဖြစ်သည်။ အီဂျစ်နှင့် ခါလဒဲ သမိုင်းပညာရှင် တိုက ဒုတိယ အရင်းခံအကြောင်း (Secondary causes) ကို နားလည် သဘော ပေါက်ပြီး မှတ်တမ်းတင်လေ့ရှိသော်လည်း ဂျူး လူမျိုးတိုကား ထိုဖြစ်ရပ်ကို ထာဝရဘုရား ကြောင့် ဖြစ်သည်ဟူ၍သာ မှတ်တမ်း တင်ထားခဲ့ခြင်း ဖြစ်သည်။
ဂျူးလူမျိုးတိုအဘို ရေလွှမ်းမိုးခြင်းသည် ဘုရားသခင်၏ လက်ရာတော်၊ ဖြစ်ရပ်အလုံးစုံတိုသည် ဘုရားသခင်က တိုက်ရိုက် လုပ်ဆောင်သောကြောင့်ဖြစ်သည်ဟု ယုံ၏။ သူတို၏ စစ်ပွဲအောင်လျှင် ဘုရားသခင်က ကူညီ၍ တိုက်ခိုက်ပေးသောကြောင့် အောင်ခဲ့သည်ဟု ဆိုလေ့ရှိသည်။ စစ်ပွဲရှုးလျှင် ဘုရားသခင်က ဒဏ်ခတ်သောကြောင့် ဖြစ်သည်ဟု အမြဲမှတ်တမ်းတင်လေ့ရှိပါ၏။
သူတိုအဘို ပထမအရင်းခံ (First Cause) ဖြစ်သော ဘုရားသခင်ကိုသာလျှင် အာသီသထားပြီး ဒုတိယအရင်းခံအကြောင်း များဖြစ်သော (Secondary Causes)ကို အရေးမထားတတ်ကြ။ ဤကိစ္စမှာကား ဂျူးလူမျိုး (ဣသရေလလူမျိုး) တို၏ ဓလေ့ထုံးစံ အစဉ်အလာဖြစ်ကြောင့် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုလေ့လာသူတိုင်းက အမြဲ သတိပြုသင့်ကြပါသည်။ ။
ထိုကြောင့် ဂျူးလူမျိုးတို၏ သမိုင်းပညာရှင်များက မှတ်တမ်း တင်ပုံ၊ ဘုရားသခင်နှင့်ပတ်သက်သည့် သူတို၏ အတွေးအခေါ်၊ ခံယူ ချက်၊ ယုံချက်၊ သူတိုလူမျိုး၏ သမိုင်းစဉ် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံနှင့် စာပေရေးဟန်တိုကို ကောင်းစွာ နားလည် သဘောပေါက် ခြင်းမရှိဘဲ ဓမ္မဟောင်းကျမ်းကို အပေါ်ယံကြောက ဖတ်ပြီး “ထာဝရ ဘုရားသည် လူသတ်သော ဘုရား၊ ရေလွှမ်းမိုး၍လည်းကောင်း၊ ကောင်းကင်မှ ကျစေ၍လည်းကောင်း၊ လူတိုကို သတ်ဖြတ်သောဘုရား၊ စစ်တိုက်ခြင်းကို အားပေးသောဘုရား၊ စစ်တိုက် ရာတွင် ဂျူးလူမျိုးတို ဘက်ကသာ ပါဝင်ပြီး အခြားလူမျိုးကို ရက်စက်စွာ သတ်ဖြတ်သော ဘုရား” ဟူ၍ အရမ်းကာရော ပြစ်တင်ဝေဖန် ပြောဆိုနေတတ်ခြင်းသည် အလွန် မှားယွင်းနေကြောင်းကို ဤနေရာ၌ အလျဉ်းသင့်၍ ကျွန်တော်က ဖော်ပြရခြင်းဖြစ်ပါ၏။
သိုဖြစ်၍ ဂျူးလူမျိုးတိုအနေဖြင့် ဘုရားသခင်ကို အလွန် သန့်ရှင်းမြင့်မြတ်သောဘုရားဟူ၍သာ မြင်ပြီး
(က) ဘုရားသခင်ကို လူက တိုက်ရိုက် ချဉ်းကပ်ရန် လုံးဝမဖြစ်နိုင်။ ။
(ခ) ဘုရားသခင်ဆိုသည်မှာ မိမိအလိုတော်အတိုင်း၊ စိတ်ထင်သည့်အတိုင်း၊ ပြုမူဆောင်ရွက် တတ်သည်ဖြစ်၍ လူတိုက မည်သိုမျှ အစိုးမရနိုင်၊ စောဒကမတက်နိုင်။
(ဂ) ဘုရားသခင်သည် အပြစ်သားမှန်သမျှ၏ ရန်သူကြီး ဖြစ်ပြီးသတ်ဖြတ် ဖျက်ဆီးပစ်ရန် အမြဲအသင့်ရှိနေသော ဘုရား ဟူ၍ ခရစ်တော်ပေါ်ထွန်းတော်မူသည်အထိ ဂျူးလူမျိုး တိုင်းက ခံယူထားလျက် နေခဲ့ကြပါ၏။
ခရစ်ယာန်ဘာသာသည် ခရစ်တော် ပေါ်ထွန်းပြီး များမကြာမီ ဂရိနှင့် ရောမနိုင်ငံများသို ဆက်တိုက် ပြန့်ပွားခဲ့သည်ဖြစ်ရာ ထိုခေတ် အခါက ဘုရားနှင့်ပတ်သက်သည့် ထိုလူမျိုးတို၏ ယုံချက်ကို ဆက်လက် လေ့လာကြည့်ကြပါစို့
(က) ဘုရားနှင့် ပတ်သက်သည့် ဂရိနှင့် ရောမလူမျိုးတို၏ ရှေးအကျဆုံးသော ယုံချက် သဘောတရားတစ်ရပ်မှာ “လက်စားချေတတ်သော ဘုရားများ”ပင်ဖြစ်ပါ၏။ ဘုရားနှင့် လူတိုသည် ရန်ဘက်ဖြစ်ကြသည်ဟု ယုံကြ ၏။လူတစ်ဦးသည် ကြီးပွားတိုးတက်၊ ချမ်းသာကြွယ်ထံ လာလျှင် ဂရိနှင့် ရောမလူမျိုးတို ကိုးကွယ်နေကြသော နတ်ဘုရား များက မနာလို ဝန်တိုတတ်လာကြသည်။ ထို ကြောင့်လည်း အမြင့်ဆုံးသော သစ်ပင်တိုကိုသာလျှင် ရွေး၍ မိုးကြိုး ပစ်လေ့ရှိသည်ဟူ၍ပင် ရေးသားမှတ်တမ်း တင်လေ့ရှိ၏။ အကောင်းဆုံးသော ဥပမာတစ်ရပ်မှာ ဂရိ လူမျိုးတို၌ရှိသော ဒဏ္ဍာရီပုံပြင်လေးတစ်ရပ်ပင်ဖြစ်၏။
“ပရိုမက်သီးယပ်(စ်)”ဆိုသော နတ်ဘုရားငယ်တစ်ပါး ရှိသည်။ သူက လူသားကို ချစ်သောကြောင့် ကောင်းကင် မှ မီးကို ယူလာပြီး လူသားကို ပေးသဖြင့် လူတိုက မီးကို အသုံးပြု ချက်ပြုတ် စားသောက်ကြသည်ဟု ဆို၏။ ဤကိစ္စကို “ဇီးယပ်(စ်)” ခေါ် နတ်ဘုရားတိုတွင် အကြီး ဆုံးသော ဘုရားက သိရှိသွားသဖြင့် “ပရိုမက်သီးယပ်(စ်)” ကို “စကစ်သီယာမြိုရှိ ကျောက်တုံး၌ သံကြိုးဖြင့် ချည် နှောင်ထားပြီး သူ၏ အူတိုကို လင်းတတိုအား ထိုး ဖောက် စားသောက်စေသည်ဟု ဆို၏။ ယာကြူလီး နတ်ဘုရားက “ပရိုမက်သီးယပ်(စ်)”အား လာရောက် ကယ်ဆယ်ခဲ့ရသော ဟူ၏။ လူသည် ဘုရား၏ သား သမီးများမဟုတ် ရန်သူများ ဖြစ်သည်ဟု ဂရိနှင့် ရောမ လူမျိုးတိုက ယုံကြသည်။
(ခ) ဘုရားအကြောင်းကို လူတို က နားလည်သိရှိနိုင်စွမ်း မရှိဟု ယုံကြည်သည်။ ဂရိတို၏ ဖီလော်ဆိုဖီ ထွန်းကားစဉ်က လူတို၏ ဆင် ခြင်တုံတရားဖြင့် ဘုရားအကြောင်း စဉ်းစားဆင်ခြင်နိုင် ကြောင်း ဖွင့်ဆိုခဲ့ကြသော်လည်း လူတိုက ဘုရားနှင့်ဆိုင်သောအကြောင်းအရာကို ကောင်းစွာ နားမလည် မသိရှိနိုင်ဟု ဆိုသည်။ ။
ဘုရားအကြောင်းကို လူတိုက သိရှိနိုင်ရန် ခဲယဉ်း သည်။ လူတို၏ ဆင်ခြင်တုံတရားဖြင့် မမှီနိုင်။ သိရှိ နားလည်လာသည့်တိုင်အောင် ဘုရားအကြောင်းကို အခြား သူတစ်ဦးအား ပြောပြနိုင်လိမ့်မည် မဟုတ်ဟု အတွေး အခေါ် ပညာရှင်ကြီး“ပလေးတိုး’ ကိုယ်တိုင်က ဆို သည်။
“ပလူးတာ့(ခ်)” ဆိုသည့် အတွေးအခေါ်ရှင်ကြီးကလည်း လူတိုသည် မိမိ၏ ကာယခန္ဓာကို ခွာပြီးမှသာ ဘုရားကို တွေ့နိုင် ပေလိမ့်မည်။ ထိုသို တွေ့မြင်နိုင်သည် ဆိုစေကာမူ အမှောင်ထဲတွင် ရုတ်တရက် လျှပ်ပြက်လိုက် သကဲ့သို ခဏပန်းမျှသာ တွေ့မြင် နိုင်လိမ့်မည်ဟု ဆို၏။ ဘုရားနှင့် လူတို ဘယ်သောအခါမျှ ဆုံတွေ့ နိုင်လိမ့်မည် မဟုတ်ဟု ပလေးတိုးကဲ့သို သူက ဆိုထားပြန်သည်။
(ဂ) ဂရိလူမျိုးတိုအဘို ဘုရားဆိုသည်မှာ လူ့ဘောင် လောကနှင့် ဆက်သွယ်မှုမရှိဟု ယုံသည်။ လူ့ဘောင် လောကကြီးကို ဘုရားတို့ က စေတမန် (Daimons) များမှတဆင့် အုပ်ချုပ် လေ့ရှိသည်ကို ယုံ၏။ ထိုစေတမန်များသည် သဘာဝကြီးနှင့် လူ့ ဘောင်လောကရှိ နေ့စဉ် ဖြစ်ရိုးဖြစ်စဉ်တိုကို ထိန်းသိမ်းကွပ်ကဲသည်။ လူ့ဘောင်လောကရှိ လုပ်ငန်းများ၌ ဘုရားက ပါဝင်ရောယှက်ပါက ဘုရား၏ ဂုဏ်တော်၊ သိက္ခာကျဆင်း စေလိမ့်မည်ဟု ပလူးတား(ခ်)က ဆိုထားသည်။ လူ့ဘောင်လောကကြီးတွင် ဘုရား၏ စေတမန် (Daimons) တိုသည် နေရာခပ်သိမ်း၌ ရှိသော်လည်း ဘုရားကို လူ့ဘောင်လောကထဲ၌ ရှာမတွေ့နိုင်။ လူမှုကိစ္စအ၀၀၌ ဘုရားပါဝင် သည်ဟူသော စကားမျိုးကို ဂရိတိုက လုံးဝ လက်မခံပါ။
(ဃ) “ဧပိကုရိယန်းနစ်ဇင်း” (Epicureanism) ဖီလော်ဆိုဖီ အတွေးအခေါ် ပညာရှင်၏ ဘုရားနှင့် ပတ်သက်သော အယူအဆ။ ထိုဖီလော်ဆိုဖီ သဘောတရားကို လက်ခံကြသော အတွေးအခေါ်ပညာရှင်များအဘို ဘုရားဆိုသည်မှာ လူတိုအား ဂရု စိုက်လေ့မရှိဟု ဆိုသည်။ ထိုအတွေးအခေါ်ကို လက်ခံသူတိုင်းက အိုခြင်း၊ နာခြင်း၊ ကာယဒုက္ခ၊ စိတ်ဒုက္ခ ကင်းဝေးသည့် ငြိမ်းချမ်း သာယာ အေးချမ်းရာအရပ်ကို မျှော်ကိုး မှန်းဆကြသည်။ စိတ်ချမ်းသာရာ ရရေးအတွက် ကြိုးပမ်းကြသည်။ စိတ္တသုခကို အပြည့်အဝ ခံစားနိုင်သည့် အရပ်သည်သာလျှင် လူတို၏ ပန်းတိုင်ဖြစ်ရမည်ဟု ဆိုကြ၏။
ထိုအခြေအနေမျိုး ရရှိနိုင်သည့်အရပ်ကို ဂရိစကားဖြင့် “အေ တာရက်စီးယား” (Ataraxia)ဟု ခေါ်သည်။ ဘုရားတိုသည်သာ လျှင် ထိုအရပ်၌ ကိန်းအောင်းပြီး ငြိမ်းချမ်း သာယာမှုကို အပြည့်အဝ ခံစားနိုင်သည်။ ။
ထိုသို ခံစားနိုင်ရန် လောကီ လူ့ဘောင်ကြီးနှင့် အဆက် ဖြတ်ရမည်။ လူ့ဘောင်လောကကြီးနှင့် ဆက်သွယ်မှုရှိနေသမျှ ကာလ ပတ်လုံး ဥပါဒါန် စိတ်စွဲလမ်းခြင်း၊ သံယောဇဉ် ငြိတွယ်ခြင်းတိုကြောင့် စိတ်ပူပင်သောက ရောက်ရခြင်းနှင့် ပရိဒေဝသောကမီးတိုကို ခံစားနေရ လိမ့်မည်ဟု ဆို၏။
ဧပိကုရပ်(စ်) ရေးသားပြုစုထားသော အခြေခံ သဘောတရား များ (Principal Doctrines) ဆိုသည့် ကျမ်းတွင် ပထမဦးဆုံး သော စကားမှာ “ထာဝရ သုခ ချမ်းသာခံစားရ၍ သေခြင်းနှင့် ကင်းဝေးစွာ နေထိုင်နိုင်သူ (ဝါ) ဘုရားအဖြစ်သို ရောက်ရှိနေသူတို “ ဒုက္ခဆင်းရဲခြင်းကို နားမလည်ရုံမက သူတစ်ပါးကိုလည်း ဒုက္ခ ပေး။ သူတစ်ပါးတိုကြောင် စိတ်ဆိုးခြင်း၊ စိတ်နူးညွတ် ပျော့ပျောင်းလာခြင်းတို မဖြစ်နိုင်။ ထိုကိစ္စများသည် အားနည်းသူတို အဘိုသာ လျှင် ဖြစ်၏”ဟူ၍ ရေးထားပါ၏။
အတွေးအခေါ် ပညာရှင်ကြီး “လူကရိတီးယပ်(စ်)”ကလည်း “ဘုရားဇာတိနှင့် ပြည့်ဝသည်မှန်လျှင် အလွန် ငြိမ်းချမ်းသာယာ ခြင်းရှိရမည်။ ကျွန်ုပ်တို လူသားများ၏ ဒုက္ခဆင်းရဲခြင်းတိုနှင့် ပတ် သက်ခြင်း လုံးဝမရှိနိုင်။ ဘုရားဖြစ်လျှင် နာကျင်ခြင်းဝေဒနာ၊ အန္တရာယ် မျိုးစုံ မခံစားနိုင်။ လူသားတို၏ ပူဇော်ပသခြင်းကိုလည်း မလို။ မိမိတို ဖာသာ သီးသန့် ရပ်တည်နေနိုင်ရုံမက ပျော်ရွှင်ခြင်း၊ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ဆိုးခြင်း၊ သနားခြင်း၊ ကြင်နာခြင်းစသော စိတ်လှုပ်ရှားမှုကို လုံးဝ မရှိနိုင်”ဟု ဆို၏။ ထိုကြောင့် ငပိကုရိယန်း နစ်ဇင်း၏ ဒဿန အတွေးအခေါ်အရ ဘုရားဆိုသည်မှာ လူတိုနှင့် ရန်ဘက်မဟုတ်။ လူသားတိုကို ဥပေက္ခာပြုပြီး မိမိဖာသာ ငြိမ်းချမ်း သာယာစွာ စံပျော်နေကြသူများဖြစ်၏။
၅။ စတိုးအစ်စစ်ဇင်း (Stoidism)ခေါ်သည့် ဖီလော် ဆိုဖီအတွေးအခေါ်။ ခရစ်တော်၏ ဝမ်းမြောက် ဘွယ်ရာ သတင်း စကားကို လိုက်လံ ဟောပြောကြသူများ ရင်ဆိုင်ခဲ့ကြရသည့် အတွေး အခေါ်ရှင်တိုမှာကား စတိုးအစ် ပညာရှင်များ ဖြစ်ပါ၏။
ထိုအတွေးအခေါ် ပညာရှင်များ၏ အဓိက ရည်ရွယ်ချက်မှာ လူ့ဘောင်လောကကြီးထဲ၌ပင်လျှင် ပကတိ ငြိမ်းချမ်းသာယာ အေး ဆေးမှုကို ရနိုင်ရန် ကြိုးပမ်းခြင်းပင်ဖြစ်၏။ ပကတိ အေးချမ်း သာယာမှု ရသော အခြေကို (Eudaimonia) (ယူဒီမိုးနီးယား) ဟု ခေါ်သည်။ “စိတ္တသုခ”ကို ဆိုလိုသည်။ ။
ထိုသိုရနိုင်ရေးအတွက် တဏှာတည်းဟူသော တပ်မက်မော သည့် စိတ်ကို ပယ်ဖျောက်ရမည်ဟု ဆို၏။ ဘာကိုမျှ လိုချင်တောင့်တမှုမရှိ၊ တပ်မက်မောမှု မရှိနိုင်စေရန် ကြိုးစားရမည်။ လောက၌ ရှိရှိသမျှကို ဥပေက္ခာ ပြုနိုင်စွမ်း ရှိရမည်။ လောကီ ပစ္စည်း ဥစ္စာများ သာမက ပတ်ဝန်းကျင်ရှိ လူသားအပေါင်းတိုကိုလည်း ဥပေက္ခာ ပြုနိုင်ရမည်။ သံယောဇဉ် ဖြတ်နိုင်ရမည်။ ကြင်နာမှုကရုဏာ၊ မေတ္တာ တရားတို စိတ်နှလုံးတွင်း ဝင်ရောက်လာ လျှင် သံယောဇဉ် တည်းဟူသော နှောင်ကြိုးဖြစ်လာလိမ့်မည်။ ထိုအခါ စိတ်လှုပ်ရှားမှု ဖြစ်လာလိမ့်မည်။
ထိုကြောင့် စတိုးအစ်သဘောကို တင်းပြည့် ကျပ်ပြည့် ရရှိ လာနိုင်ရန် စိတ်လှုပ်ရှားမှု၊ သံယောဇဉ်နှင့် တပ်မက်မှုတိုကို ပပျောက် စေရမည်။ လူတိုပင်လျှင် ထိုသိုသော သဘာဝမျိုးကို ရနိုင်စွမ်း ရှိပါက ဘုရားက ပို၍ ရနိုင်စွမ်းရှိလိမ့်မည်ဟု ဆို၏။
တစ်စုံတစ်ယောက်က လူတစ်ဦး၏ စိတ်ထဲ၌ ချစ်ခြင်းမေတ္တာ နှင့် သနားခြင်း ကရုဏာစိတ် ပေါ်ပေါက်လာရန် ပြုလုပ်နိုင်စွမ်း ရှိလျှင် ထိုတစ်စုံတစ်ယောက်က ထိုသူ့အပေါ် သြဇာ လွှမ်းမိုးနိုင်သော ကြောင့် ဖြစ်ရမည်။ တစ်နည်းဆိုရသော် လူတစ်ယောက်က အခြားပုဂ္ဂိုလ် တစ်ဦးအား ဝမ်းသာဝမ်းနည်းဖြစ်လာစေရန် ပြုလုပ်နိုင်ခဲ့လျှင် ထိုသူသည် ယင်းပုဂ္ဂိုလ်အပေါ် သြဇာလွှမ်းမိုးနိုင်သောကြောင့် ဖြစ်လိမ့်မည်။ ထိုသိုဖြစ်လာလျှင် ထိုသို ပြုနိုင်သူက ယင်းပုဂ္ဂိုလ်ထက် သြဇာကြီးမား သောကြောင့်သာဖြစ်သည်ဟု ဆို၏။
ဘုရားထက် မည်သူကမျှ မကြီးမြတ်နိုင်၊ ဘုရားကို မည်သူ ကမျှ ဩဇာ မလွှမ်းနိုင်။ ဘုရားကို မေတ္တာ၊ ကရုဏာ၊ သနား ကြင်နာစိတ်ရှိလာစေရန် တစ်စုံတစ်ယောက်က ပြုလုပ်နိုင်လျှင် ထို တစ်စုံတစ်ယောက်က ဘုရားထက်ပင် ကြီးမြတ်သောကြောင့် သိုမဟုတ် ဘုရားထက် သြဇာကြီးမားသောကြောင့် ဖြစ်ရပေလိမ့်မည်။
ဘုရားဆိုသည်မှာ စိတ်လှုပ်ရှားမှုမရှိ။ အကယ်၍ ကြင်နာကရုဏာ မေတ္တာစိတ်ထား ရှိနေပါက ဘုရား မစစ်မှန်နိုင်။
ထိုကြောင့် ဘုရား၏ အရေးကြီးဆုံးသော ဂုဏ်တော် တစ်ပါး မှာ ဥပေက္ခာပြုနိုင်သော စွမ်းရည်ပင်ဖြစ်ရမည်။ စိတ်လှုပ်ရှားမှု လုံးဝ ကင်းစင်ရမည်ဟု ခံယူထားကြ၏။ တစ်နည်းဆိုရသော် စတိုးအပ် ပညာရှင်များအဘို ဘုရားဆိုသည်မှာ နှလုံးသားမရှိသော ဘုရား၊ မေတ္တာ၊ ကရုဏာသဘော လုံးဝမရှိသော ဘုရားဟူ၍ ယုံကြည်နေကြသည်။
ဧပိကုရိယန်းနစ်ဇင်း ဝါဒကို လက်ခံသော သူတို နားလည် သောဘုရားသည် လူ့ဘောင်လောကကြီးနှင့် ကင်းကွာသော ဘုရား မျိုးဖြစ်ပြီး စတိုးအစ်စစ်ဇင်းဝါဒကို လက်ခံသောသူများက ဘုရား ဆိုသည်မှာ “ဘုရားဖြစ်ခြင်းကြောင့်”ပင်လျှင် စိတ်လှုပ်ရှားမှုမရှိနိုင်။ သိုကြောင့် သနားခြင်း၊ ကြင်နာခြင်း၊ ကရုဏာထားခြင်း၊ မေတ္တာ ထားခြင်းတို မဖြစ်နိုင်ဟူ၍ လက်ခံယုံကြည်လျက် နေကြပါ၏။
ဤသိုသော အချိန်ကာလမျိုးတွင် ခရစ်တော်သည် ပေါ်ထွန်း လာပြီး စစ်မှန်သော ဘုရားသခင်အကြောင်း ဝမ်းမြောက်ဘွယ်ရာ သတင်းကောင်းကို ယူဆောင်လာခဲ့၏။
ခရစ်တော် ဖော်ပြခဲ့သော ဘုရားသခင်အကြောင်းမှာ အောက်ပါ။ အတိုင်းဖြစ်ပါ၏
(က) ဘုရားသခင်သည် လူသားတိုအား မိမိကိုယ်ကို ထင်ရှားစွာ ဖွင့်လှစ်ပြသလိုသော ဘုရားဖြစ်သည်။ ခရစ်တော် ကြွလာခြင်းကိုက ဘုရားသခင်ဆိုသည်မှာ မိမိကိုယ်ကို ပုန်းကွယ်နေ လိုသော ဘုရား၊ လူသားတိုက မသိနိုင်သော ဘုရားမဟုတ်။ မိမ ကိုယ်တော်တိုင်ကိုသော်လည်းကောင်း၊ မိမိ၏ ဇာတိတော်နှင့် သဘော တော်တို ကိုလည်းကောင်း၊ လူသားတိုက သိရှိ တွေ့မြင်လာစေလို သော ဆန္ဒရှိကြောင်း ဖော်ပြလိုက်ခြင်းပင်ဖြစ်၏။
ထိုအပြင် ဘုရားသခင်၏ အကြောင်းကို အတတ်ပညာရှင်၊ အတွေးအခေါ်ပညာရှင်၊ သီဩလော်ဂျီ ပညာရှင်တိုကသာ သိနိုင် သည်မဟုတ်၊ အနိမ့်ဆုံး၊ အငယ်ဆုံး၊ အောက်တန်းအကျဆုံးသော လူများကပင်လျှင် သိနိုင်သည်။ ဘုရားသခင်ကလည်း ထိုသို သိစေ လိုသော ဆန္ဒလည်းရှိကြောင်း ခရစ်တော်က ဖော်ပြခဲ့သည်။
ထိုသိုပြုလိုသော သဘောတော်သည် ကြီးမြတ်လှသော မေတ္တာ တော်အပေါ်၌ အခြေခံပါ၏။
လူတစ်ယောက်၏ “အကြောင်းကို သိခြင်း နှင့် လူတစ် ယောက်ကို “သိခြင်း” ဟူသော အကြောင်းနှစ်ချက်သည် မတူပါ။ အလွန် ခြားနားမှုရှိပါသည်။
လူတစ်ယောက်၏ “အကြောင်းကို သိရန်” မှာ “ ဦးနှောက်” သာ လိုသည်။ စိတ်ကူးစိတ်သန်းသာ လိုအပ်ပါသည်။ လူတစ်ယောက် ၏ အကြောင်းကို သိရန်မှာ ထိုပုဂ္ဂိုလ်ကို မြင်တွေ့ဘိုမလို။ ဥပမာ သမိုင်းရှိ ပုဂ္ဂိုလ်ကျော်ကြီးများအကြောင်းကို လူတိုင်း သိနိုင်သည်။ သူတို၏ အတ္ထုပ္ပတ္တိများကို ဖတ်ခြင်းဖြင့် သိနိုင်သည်။ မျက်မှောက် ခေတ်ရှိ ခေါင်းဆောင်များအကြောင်းကို သူတိုနှင့် ထိတွေ့မှု၊ ကိုယ် လက်ရာ ပြောဆိုရင်းနှီးမှုမ ရှိပါဘဲလျက် သူတို၏ အကြောင်းကို ကျွန်တော်တိုက သိနိုင်သည်။
သိုသော် လူတစ်ဦးကို “သိရန်” အတွက် နှလုံးသား” လှသည်။ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်း ဆက်ဆံ မှု လိုအပ်သည်။ ထိုသူကို သေသေချာချာ သိရှိလာရန် အနီးကပ် သင်းသင်း ဆက်ဆံရုံ သာမက ထိုပုဂ္ဂိုလ်နှင့် ခင်မင်ရင်းနှီးမှု လိုအပ် ၃။ ထိုနည်းတူ အကြောင်းအရာတစ်ခု၊ အတတ်ပညာ တစ်ရပ် ‘သေချာချာ သိရှိ နားလည်လိုလျှင် ထိုအကြောင်း သိုမဟုတ် အတတ်ပညာကို နှစ်သက်မြတ်နိုးစွာ လေ့လာဆည်းရုံသာမက ကိုယ်ထိလက်ရောက် ကျက်မှုရှိတော့မည်းလူ့ဘ၀အကြောင်းကို နားလည်လိုလျှင် လူ့ဘောင်လောကနှင့် ကင်းကွာ၍ ပင် နိုင်ပါ။ လူတစ်ဦးကို အကယ်ပင် သိရှိနားလည်လိုလျှင် ထိုသူနှင့် သီးသန့် တကွဲတပြားနေ၍ ပြင်ပါ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်၊ အညမည သဘော ရှိရပေလိမ့်မည်။
ယေရှုခရစ်တော်သည် ဘုရားနှင့် လူတို ဤသို အပြန်းအလှန် အညမည့်ဖြစ်လာနိုင်ရန် လုပ်ဆောင်ပေးသည်။ လူတိုသည် ဘုရား သခင်ထံတော်ပါးသို သွားရောက်နိုင်သဖြင့် ခရစ်တော်အားဖြင့် ဘုရားသခင်သည် လူတိုထံသို ကြွလာခဲ့ခြင်းဖြစ်သည်။
ဘုရားသခင် ဆိုသည်မှာ ပုန်းကွယ်နေသော ဘုရားမဟုတ်။ ဒီတံဆိပညာရှင်များသာ တွေးတော ကြံဆ၍ရသော ဘုရားမျိုး ဟုတီး ပိပိ ဤအကြောင်း မိမိ၏ အတီတော်၊ သဘာတော် အလုံ။ ကို မည်သိုသောနည်းဖြင့် လူသားတိုအား သိရုံးတွေ့မြင် လုံးသော ဘုရားဖြစ်ရုံသာမက များစွာသော အဖိုးအခကိုပေလျက် မိမိကိုယ်ကို ထင်ရှားစွာ ဖွင့်လှစ်ပြသသော ဘုရားဖြစ်ကြောင်း သတင်းကောင်းကို ခရစ်တော်က ယူဆောင်လာခဲ့ပါ၏။
(ခ) လူသားတို၏ အရေးတွင် ပါဝင် ရောယှက် နေသော ဘုရားဖြစ်သည်။ လူမျိုး ဂရီနှင့် ရောမလူမျိုးတို နားလည် ယုံကြည်နေသော ဘုရားနှင့် ဤနေရာတွင် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။ လူမျိုးတိုက ဘုရား၏ သန့်ရှင်းမြင့်မြတ်မှု လူသားတိုထက် ထူးကဲသာလွန်နေမှုကို လွန်ကဲစွာ အာသီသထား နေသောကြောင့် ဘုရားသခင်သည် လူ့ဘောင်လောကနှင့် အဆက်စေသည်။ လူသားတို၏ ဆုတောင်းပဌနာများသည် ပင်လျှင် အားထံသို တိုက်ရိုက်မရောက်ဘဲ ကောင်းကင်တမန်တို့ထဲတွင်မြတ်ဆုံးဖြစ်သူက ဘုရားသခင်ထံ ၀င်ရောက်ဆက် သပေး၍ နေရသည်ဟု ယူဆသည်။ (ဆုတောင်းပဌနာများကို ဆက်သည် ကောင်းကင်တမန်များမှာ တစ်ခါတစ်ရံ ကောင်းကင် တမန် မိုက်ကယ်(လ်) သို့မဟုတ် ရေဖီယယ်(လ်)ဖြစ်သည်ဟုဆို၏။)
“ဂရိနှင့် ရောမလူမျိုးတို၏ ယုံချက်အတိုင်းဆိုလျှင် ဘုရား သခင်သည် လူသားတို၏ အရေး၊ လူ့ဘောင်လောကတွင်း၌ ဝင်ရောက် ရောယှက်သည်ဟု ဆိုလိုက်ခြင်းကိုကပင် ဘုရားကိုစော်ကားလိုက် ခြင်းဖြစ်သည်ဟု ယူဆနေကြသည်။ ခရစ်တော်အနေဖြင့် လူ့ လောကကြီးထဲသို ကြွလာခြင်းအားဖြင့် ဘုရားသခင်သည် လူတို၏ အရေးတွင် ပါဝင်ရောယှက်နေသည်။ လူ့သမိုင်းစဉ်ထဲတွင် ဝင်ရောက် လှုပ်ရှားနေသည်။ လူ့ဘောင်လောက၏ အရေးအခင်းမှန်သမျှကို ဂရုစိုက်နေသည်ကို ဖော်ပြလိုက်ခြင်းဖြစ်ပါ၏။
(ဂ) လူသားတိုအတွက်ဆိုလျှင် မိမိကိုယ်ကိုပင် စွန့်လှူ အနစ်နာခံနိုင်သော ဘုရားဖြစ်သည်။
ဤကိစ္စသည် ဘုရားသခင်၏ အနန္တမေတ္တာတော်ကို ဖေါ်ပြ လိုက်ခြင်းပင်ဖြစ်၏။
ဂျူးလူမျိုးတိုနှင့် ဂရိလူမျိုးတိုအဘို ဘုရားဆိုသည်မှာ မိမိ၏ အလိုတော်ကိုသာလျှင် ဦးစားပေးသော ဘုရားဖြစ်ကြောင်း နေသည်။ ဘုရားသခင်၏ သန့်ရှင်းမြင့်မြတ်သော ဂုဏ်တော် ။ ဟာ အသရေတော်ကို ထိပါးစော်ကားနေသည့် အဖြစ်မှန်ကို အပစ်ရမည်။ ဘုရားသခင်သည် ကြီးမြတ်ခုံလင်တော် မူလ တော်နှင့် နှိင်းယှဉ်အပ်သောသူ တစ်စုံတစ် ယောက်မျှမရှိ၊ မည်သူမဆို စကားတော်နှင့် အလို တော်ကို တသွေမတိမ်း လိုက်နာကြရမည်။ ဘုရား၏ပကတိ ငြိမ်းချမ်းသာယာမှုကို ဖျက်ဆီးပစ်မည့် အရာမှန်သမျှကို ဖယ်ရှားပစ်တော်မူမည်ဟု ဆိုသည်။ –
ဘုရားအနေဖြင့် ဝေဒနာခံစားခြင်း၊ ဝမ်းနည်းကြေကွဲခြင်း လုံးဝမရှိနိုင်ဟု ဆိုသည်။
သိုသော် ယေရှုခရစ်တော်က အလွန်ပင် ထူးခြားသော သတင်းစကားတစ်ခုကို ယူဆောင်လာလေပြီ။
ဘုရားသခင်သည် လူသားတိုကို အလွန်ချစ်သဖြင့် လူသား တို၏ အပြစ်ဒုစရိုက်နှင့် ဝမ်းနည်းကြေကွဲ မှုတိုကိုပင်လျှင် ဝေမျှ ခံစားရုံမက လူသားတိုအတွက် မိမိကိုယ်တိုင်ပင် စွန့်လှူပေးအပ်သော ဘုရားဖြစ်သည် ဟူသော သတင်းကောင်းကို ယူဆောင်လာခဲ့သည်။
လူတို့၏ ယုံကြည်နေကြမှုနှင့် ခရစ်တော်၏ ဖွင့်ပြတော် မူချက်တိုသည် ဆန့်ကျင်ဘက်ဖြစ်လာနေသည်။ ဘုရားသခင်သည် မိမိ ကိုယ်ကျိုးအတွက် ရှိရှိသမျှသော အရာကို ဖန်ဆင်းသည်ဟု ထို ခေတ်က လူတို ယူဆနေရာမှ လူတို၏ အကျိုးအတွက် ဘုရားသခင် က အလုံးစုံကို ဖန်တီးလုပ်ဆောင်နေသည်ကို ခရစ်တော်က ဖော်ပြ လိုက်ပါတော့၏။
ခရစ်တော်က ထင်ရှားစွာ ဖွင့်ပြလိုက်သော ဘုရားသခင် သည် မေတ္တာတော်ရှင်ဘုရားဖြစ်သည်။ စစ်မှန်သော မေတ္တာမှန်လျှင် ကိုယ်ကျိုးစွန့်ရစမြဲ၊ မေတ္တာသည် စစ်မှန်လျှင် ရယူခြင်းမဟုတ်၊ ပေးကမ်းခြင်း၊ စွန့်ကြဲခြင်း၊ ရက်ရောစွာ ပေးအပ်ခြင်းဖြစ်သည်။
သိုကြောင့် ယေရှုခရစ်တော် ကြွလာခြင်းအားဖြင့် ဘုရား နှင့် ပတ်သက်သည့် လူတို၏ ခံယူချက်နှင့် ယုံကြည်နေမှု မှန်သမျှကို ပြောင်းပြန် ဖြစ်သွားစေသည်။ ။
မိမိကိုယ်ကို ထင်ရှားစွာ ဖွင့်ပြသောဘုရား၊ လူ့သမိုင်း၊ ကမ္ဘာ့သမိုင်းတွင် ဝင်ရောက် ရောယှက်နေသော ဘုရား၊ လူသားတိုအပေါ် မေတ္တာထားသောကြောင့် မိမိကိုယ်ကိုပင် စွန့်လှူပေးအပ် သောဘုရားအကြောင်း “သတင်းကောင်း” ကို ခရစ်တော်က ယူဆောင် လာခဲ့ပါ၏။
ထိုအခြေခံအချက်ကြီးများအပေါ် မူတည်၍ ဘုရားသခင်နှင့် ဆိုင်သော အကြောင်းအရာပေါင်းစုံတိုသည် အောက်ပါအတိုင်း ဆက်တိုက်ပေါ်ထွက်လာပါတော့၏
(၁) မိမိ၏ အထံတော်သို ခေါ်ဖိတ်နေသော ဘုရား သခင်အကြောင်း ယေရှုက ဖော်ပြခဲ့သည်။ ယေရှုခရစ်တော်၏ ဟော ပြောချက်တိုတွင် “ငါ့ထံသို လာကြလော့” ဟူသော စကားသည် ပဲ့တင်ထပ်နေသည်။ တမန်တော်တိုအား “ငါ့နောက်သို လိုက်ကြလော့” ဟု မိန့်တော်မူခဲ့သည် (မာကု၊ ၁း၁ရ။ မဿဲ၊ ၄း၁၉) တမန်တော် တိုအား သူနှင့်အတူ “တော၌ ဆိတ်ကွယ်ရာအရပ်သိုလာပြီး၊ ဆုတောင်း အနားယူ၍ အားဖြည့်ကြဟု ခေါ်ဖိတ်ခဲ့သည် (မာကု၊ ၆း ၃၁) “ဝန်လေး၍ ပင်ပန်းသောသူတို ငါ့ထံသို လာကြလော့”ဟူ၍ ဖိတ်ခေါ် ခဲ့သည် (မဿဲ။ ၁၁း၂၈)။ ထိုခေါ်ဖိတ်ချက်ကို မင်္ဂလာဆောင် ပွဲသို ခေါ်ဖိတ်ခြင်းနှင့် တူကြောင်း နှိင်းယှဉ်ပြသည် (မဿဲ၊ ၂၂း၄)။ ကမ္ဘာဦးကပင် ပြင်ဆင် ထားသော နိုင်ငံတော်ကို အမွေခံကြရန် ခေါ် ဖိတ်နေခြင်း ဖြစ်ကြောင်း မိန့်တော်မူခဲ့သည် (မဿဲ၊ ၂၁း၃)။ ခရစ်တော်၏ နှုတ်ခမ်းဖျားမှ “ငါ့ထံသို လာကြလော့”ဟူသော ခေါ်ဖိတ်ချက်သည် အစဉ်တစိုက် ထွက်ပေါ် လာနေခဲ့သည်။
ဂရိနှင့် ရောမလူမျိုးတို ယုံကြည်ကြသော ဘုရား၊ ဂျူးလူ မျိုးတို ယုံကြည်နေကြသော ဘုရားထံတော်သို လူသားတစ်ဦးသည် ချစ်ခင်ရင်းနှီးစွာ တိုးဝင် ချဉ်းကပ် တောင်းပန်တိုးလျှိးရန် လုံးဝ မဖြစ်နိုင်။ ထိုသိုပြုနိုင် ကြောင်းကို ပြောပြပါကလည်း လုံးဝ နားလည် နိုင်လိမ့်မည်မဟုတ်ပါ။
သိုသော် ခရစ်တော်က ဖွင့်ပြနေသော ဘုရားသည် အထံ တော်သို လူတိုင်းအား ခေါ်ဖိတ်နေသော ဘုရားဖြစ်ကြောင်းကို အိပ်ချ်၊ ဗီ၊မော်တန်ဆိုသူ ရေးသားပြုစုထားသော ““ရောမမြိုတွင်း ခရီးသည်” အမည်ပါ စာအုပ်ထဲရှိ သာဓကလေးတစ်ခုအားဖြင့် ချင့်ချိန်ကြည့်ပါ။
“စိန့်ကလင်မင်တေး”မြိုရှိ ဘုရားရှိခိုးကျောင်းအတွင်းသို ထိုစာရေးဆရာကြီး အလည်အပတ် ရောက်ရှိနေစဉ် အလွန်တရာ ဆင်းရဲနွမ်းပါး အိုမင်းရင့်ရော်၍ အသားအရည် ခမ်းခြောက်နေသော အမျိုးသမီးတစ်ဦး ဝင်ရောက်လာသည်ကို တွေ့ရှိရသည်။
“ထိုအမျိုးသမီးကြီးသည် ပင့်ကူချည်မျှင်များဖြင့်သာ ရစ် ပတ်ထားသော သစ်ရွက်ခြောက်နှင့်တူသည်။ ခရစ်တော်၏ လက်ဝါး ကပ်တိုင်ရှေ့တွင် သူမသည် ဒူးထောက်၍ ရှေးဦးစွာ ပုတီးစိပ်သည်။ ထိုနောက် လက်ဝါးကပ်တိုင်ရှိရာသို ချဉ်းကပ်သွားပြီး ခရစ်တော်၏ ခြေတော်ကို ငုံ၍နမ်းသည်။ ကိုယ်တော်၏ ပါးတော်နှင့် သူ၏ပါးကို အပ်ပြီး တတွတ်တွတ်ပြောဆိုနေသည်။ တစ်ခါတစ်ရံ ခရစ်တော်က ပြန်ပြောနေသည်ကို နားထောင်နေသကဲ့သို ခေတ္တရပ်နားပြီးမှ တ တွတ်တွတ် ဆက်ပြောလျက်နေသည်ကို ကျွန်ုပ်အနေဖြင့် တစိမ့်စိမ့် ကြည့်နေမိသည်။
သူမသည် ဤသို အမြဲပြုလုပ်နေကြဖြစ်ဟန်တူသည်။ ခရစ် တော်နှင့် ဤကဲ့သို အမြဲတမ်းလာရောက် ရင်ဖွင့်စကားပြောလေ့ရှိ ကြောင်း သိသာနေသည်။ သူမ၏ ရင်တွင်းရှိ ပူပင်သောကနှင့် အိမ် တွင်းရေးကိစ္စများ၊ သူ၏ ပုဂ္ဂလိက ကိစ္စများကို ခရစ်တော်အား ပြောပြနေဟန်ရှိသည်” ဟု ရေးသားထားပါ၏။
ခရစ်ယာန်ဘာသာ၌ ဘုရားသခင်နှင့် လူတို ချစ်ခင် ရင်းနှီးစွာဤသို ရင်ဖွင့်ပြောဆိုနိုင်ကြောင်း အလွန်ရိုးစင်းလှသော သာဓကလေး ပင်တည်း။
ယေရှု သက်တော်စွန့်လိုက်သည် တစ်ပြိုင်နက် ဗိမာန်တော် တွင်းရှိ အလွန်သန့်ရှင်းရာဌာနအား ကာဆီးထားသော ကန့်လန့်ကာ သည် ထက်ခြမ်းကွဲသွားကြောင်း ခရစ်ဝင်ကျမ်းတိုက မှတ်တမ်းတင် ထားသည် (မဿဲ၊ ၂၇း၅၁။ မာကု၊ ၁၅း ၃၈။ လုကာ၊ ၂၃း၄၅)။ အလွန်သန့်ရှင်းရာ ထိုဌာနတွင်းသို ယဇ်ပုရောဟိတ် အကြီးဆုံး ကသာ ဝင်နိုင်သည်။ ထိုသိုသောအခွင့်ရှိလင့်ကစား၊ တစ်နှစ်လျှင်တစ်ကြိမ်၊ အပြစ်ဖြေရာ နေ့တစ်နေ့တည်း၌သာ ဝင်နိုင်သည်။ ထိုသို ဝင်နိုင် စေကာမူ ကြာမြင့်စွာ မနေနိုင်၊ အချိန်ကန့်သတ်မှုပင် ရှိနေသေးသည်။ ဌာနတွင်း၌ ကြာမြင့်နေပါက ဘုရားသခင်က သူ့အား ဒဏ်ခတ် သတ်ဖြတ် လိုက်ပြီ လား ဟူ၍ပင် ဂျူးလူမျိုးတစ်မျိုးလုံးက စိုးရိမ်တကြီး ရင်တမမဖြင့် အပြင်က စောင့်ဆိုင်းနေလေ့ရှိကြသည်။
ဗိမာန်တော်၏ ကန့်လန့်ကာကွဲသွားခြင်း အမှတ်လက္ခဏာ အားဖြင့် ဘုရာသခင်ထံ လူတို အချိန်မရွေး တိုးဝင်ချဉ်းကပ်နိုင်ကြောင်း၊ လူနှင့် ဘုရား၏ စပ်ကြား၌ အတားအဆီး အုတ်တံတိုင်းများ မရှိတော့ပြီ ဖြစ်ကြောင်း၊ ဘုရားထံသို ရဲရဲဝံ့ဝံ့ တိုးဝင်ချဉ်းကပ်ကြရန် ခေါ်ဖိတ်ချက်နှင့် အတူ ယေရှုက ဤလောကသို ကြွလာ ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင် အထံတော်ပါးသို မပြောနှင့် ၊ မြင်တွေ့ လိုက်ရသည့် တစ်ပြိုင်နက် သေရမည်ဟု ခံယူထားနေကြသော လူများသည် ဘုရားသခင်ထံသို သားသမီးတစ်ဦးကဲ့သို ရဲရင့်စွာ ဝင်ရောက်နိုင် ပြီဖြစ်ကြောင်း သခင်ယေရှုက ခေါ်ဖိတ်လျက်နေပါပြီ။ ။
(၂) အပြစ်လွှတ်သော ဘုရားသခင်အကြောင်း ယေရှု က ဖော်ပြခဲ့သည်။ ဘုရားသခင်က ဖိတ်ခေါ်နေခြင်းသည် အကျင့်သီလနှင့် ပြည့်စုံသူများ၊ ကောင်းမြတ်သောသူများ၊ ဘုရား တရား ကိုင်းရှိင်းသူများ၊ သူတော်စင် သူတော်မြတ်များကိုသာမဟုတ် အပြစ် သားတိုကိုပင်လျှင် ဖိတ်ခေါ်နေကြောင်းကို ရဲရဲဝံ့ဝံ့ ဟောပြောလိုက် သောအခါ ဖာရိရှဲ၊ ကျမ်းပြုဆရာတိုမှာ တုန်လှုပ်ခြောက်ခြားသွားကြပါ၏။ ထိုအပြစ်သားတို၏ အပြစ်ကို လွှတ်နိုင်သော၊ လွှတ်ရန် အသင့်ရှိသော ဘုရားသခင်အကြောင်း သတင်းကောင်းကို ယေရှုက ယူဆောင် လာခဲ့သည်။
ခရစ်တော်၏အနီးသို အခွန်ခံသော သူတိုနှင့် ဆိုးယုတ် သောသူတိုပင်လာရောက်ကြသည် (လုကာ၊ ၁း၁)။ သူတိုနှင့်အတူ ကိုယ်တော်တိုင် စားသောက်ခဲ့သည် (မဿဲ၊ ၉း၁၀။ မာကု၊ ၂း၁၅။ လုကာ၊ ၅း၃၀)။ ထိုအကြောင်းများကြောင့်လည်း ကိုယ်တော့်ကို အခွန်ခံသောသူနှင့် ဆိုးသောသူတိုကို မိတ်ဆွေဖွဲ့ သောသူပါတကား ဟူ၍ အပြစ်တင်ကြသည် (မဿဲ၊ ၁၁း၁၉။ လုကာ၊ ၇း၃၄)။ ခရစ် တော်သည် ၊ ဖြောင့်မတ်သော သူတိုကို နောင်တရဘို ခေါ်ခြင်းငှာ မဟုတ်၊ ဆိုးသောသူတိုကို ခေါ်ခြင်းငှာ ကြွလာခဲ့သည် (မဿဲ၊ ၉း ၁၃။ မာကု၊ ၂း၁ရ။ လုကာ၊ ၅း၃၂)။ ပျောက်သောသူတိုကို ကယ်တင်အံ့သောငှာ ကြွလာခဲ့သည် (မဿဲ၊ ၁၈း၁၁)။ နောင်တရသော လူဆိုးတစ်ယောက် အတွက် ကောင်းကင်သားတိုသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်မည့် အကြောင်း ဟောပြောတော်မူခဲ့သည် (လုကာ၊ ၁၅း၇၊ ၁၀)။
ယေရှု၏ ဟောပြောချက်တိုမှာကား ထူးခြားလျက်နေပါ၏။
ဖာရိရှဲနှင့် ဘုရားတရား ကိုင်းရှိင်းသောဂျူးတိုသည် ကူး စက်တတ်သော ရောဂါဆိုးကြီးတစ်ရပ်ကို ရှောင်တိမ်းကြသကဲ့သို အပြစ်သားတိုကို ရှောင်ဖယ်တတ်ကြသည်။ အပြစ်ရှိသည်ဟု မိမိ ကို ယူဆနေကြသူ များကလည်း ကျမ်းတတံဆရာများ၊ ဖာရိရှဲ များမချဉ်းကပ်ဝံ့ကြ။ “သန့်ရှင်းစင်ကြယ်သောလက်၊ ဖြူစင်သော နှလုံး ရှိသူတိုသာ ငါ့ထံသို လာကြ” ဟု ခေါ်ဖိတ်နေသောဘုရား၊ အပြစ်သား မှန်သမျှကို ဖျက်ဆီး သတ်ဖြတ်ပစ်မည်ဟု ကြိမ်း ဝါးနေသော ဘုရားဟူ၍ ဂျူးတိုက နားလည် ယုံကြည်နေသမျှတိုနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်သွားပါတော့၏။
(၃) အပြစ်သားတို ကို လိုက်လံ ရှာဖွေနေသော ဘုရားအကြောင်း ယေရှုက ဖော်ပြခဲ့ပြန်သည်။ လူသားတိုအား ခေါ်ဖိတ်သော၊ အပြစ်လွှတ်သော ဘုရားထက် အလွန်အံ့ဘွယ်ရာကောင်းလှသော အချက် တစ်ချက်က အပြစ်သားတိုကိုပင် လိုက်လံ ရှာဖွေနေသော ဘုရားအကြောင်းကို ယေရှုက လက်တွေ့ပြခဲ့သည်။
အပြစ်သားတစ်ယောက်သည် မိမိ၏ အပြစ်များကို နောင်တ ရလျှင် ဝမ်းနည်းကြေကွဲလျက် ကျိုးပဲ့ ကြေမွသော စိတ်ဖြင့် ဘုရား သခင် ထံတော်ပါးသို ပြန်လည် ရောက်ရှိလာသောအခါ ဘုရားသခင် က အပြစ်လွှတ်မည့်အကြောင်း ဂျူးလူမျိုးတိုက လုံးဝ မငြင်းပယ်၊ ထိုစကားမျိုးကို ကြားရလျှင် အံ့ဩမည်လည်း မဟုတ်။
သိုသော် အပြစ်သားတစ်ဦးပြန်လာရန် စောင့်ဆိုင်းနေသည် ထက် အပြစ်သားတိုကို လိုက်လံရှာဖွေ၍ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီးလျှင် ထံတော်ပါးသို ပြန်လာရန် ခေါ်ဖိတ်နေသော ဘုရား အကြောင်းကို ခရစ်တော်က ဖော်ပြလိုက်သည့်အခါမှာကား လူတိုင်း မျက်လုံးမျက်ဆံပြူး၍ အံ့ဩမိန်းမောသွားရပါတော့၏။
ဂျူးလူမျိုး ဓမ္မပညာရှင်ကြီးတစ်ဦးဖြစ်သူ C.G.Montefiore ဆိုသူက ဤအချက်တစ်ချက်တည်းကပင် လျှင် လူအပေါင်းကို အံ့သြ မိန်းမောသွားစေလိမ့်မည်ဟု ခရစ်ဝင်ကျမ်းတိုကို ဝေဖန် အနက်ဖွင့် ရာတွင် ဆိုထားပါ၏။
ဂျူးလူမျိုးတို နားလည် သိရှိနေကြသော ဘုရားသခင် အကြောင်းနှင့် ပတ်သက်လျှင် ထိုအချက်သည် အလွန်တစ်ရာမျှပင် သစ်ဆန်းလှသော အချက်ပင်ဖြစ်၏ဟု ရေးသားခဲ့သည်။
ရှင်မာကု၊ ၂း၁ရ။ မဿဲ၊ ၉း၁၃ နှင့် လုကာ၊ ၁၅း၁ ကို ဝေဖန် အနက်ဖွင့်ခဲ့ရာတွင်လည်း ဤအချက်ကို သူက အထူး အာသီသ ထားရေးသားခဲ့သည်။
“အပြစ်သားကို သနားသည်ဆိုသောအချက်ကိုက ဂျူးလူမျိုး တိုအတွက် သစ်ဆန်းမှုတစ်ရပ်ပင် ဖြစ်သည်။ အပြစ်သားများက ခရစ်တော်၏အနားသို ဝိုင်းဝိုင်းလည်ချဉ်းကပ်နေကြခြင်းမျိုးသည် အသစ် အဆန်းဖြစ်နေသည်။ ဓမ္မဟောင်းကျမ်း၌ ဤကိစ္စမျိုးကို မကြားစဖူး၊ ဂျူးလူမျိုးတို၏ ကျမ်းစာ (Talmud) ၌ မမြင်တွေ့စဖူး”ဟု ဆိုသည်။
ရှင်လုကာ၊ ၁၅း၁-၁၈ကို ကြည့်ပြန်လျှင်လည်း ပျောက်သော ဒင်္ဂါးကို မတွေ့မချင်း လိုက်လံရှာဖွေသော အမျိုးသမီးကြီး၊ ပျောက်သောသိုးကို လိုက်ရှာတတ်သော သိုးထိန်းကြီးအကြောင်း ဥပမာများ သည် အသစ်အ ဆန်းများပင် ဖြစ်သည်ဟု ဝန်ခံရေးသားခဲ့ပါသည်။
ဤသည်သာလျှင် ဘုရားသခင်အကြောင်း ဝမ်းမြောက်ဘွယ် ရာ သတင်းကောင်းပင် မဟုတ်ပါလား?
(၄) လူတစ်ဦးစီကို ချစ်တော်မူသော ဘုရားအကြောင်း ယေရှုက သွန်သင်ခဲ့သည်။ အပြစ်သားတိုကို လိုက်လံရှာဖွေသော ဘုရား၏ ကွင်းဆက်ပမာ ဤအချက်က ပေါ်ထွက်လာပြန်သည်။
ဘုရားသခင်သည် လူသားအားလုံးကို ခြုံ၍ ချစ်သည်မဟုတ်၊ လူတစ်ဦးစီကို ချစ်သည်။ သိုးထိန်း ကြီးသည် (၉၉)ကောင်သော သိုး ဖြင့် မကျေနပ်နိုင်၊ အမျိုးသမီးကြီးသည် ဒင်္ဂါး (၉)ပြားနှင့်သာ ကျေ နပ်၍ မနေနိုင်။ “လူတစ်ဦးစီ’သည် ဘုရားသခင်အတွက် အရေးကြီးသည်။
ကိုယ်တော်က ဂရုထားတော်မူသည်။
အမှန်ဆိုရလျှင် သမ္မာကျမ်းတစ်ခုလုံးကို သေချာစွာ ဖတ်ရှု လျှင် ဤ “ပုဂ္ဂလိက အဓိကဝါဒ” (Personalism) သဘောထား ကြီးတစ်ရပ်ကို ကျောရိုးသဘွယ်တွေ့ နိုင်ပါလိမ့်မည်။
ဘုရားသခင်က မောရှေအား “သင့်ကို သင်၏ နာမဖြင့် ပင် ငါသိ၏”ဟု မိန့်ခဲ့သည် (ထွက်၊ ၃၃း၁ရ)။ ဟေရှာယအားဖြင့် ပေရသိပြည့်ရှင် ကုရုမင်းအား “ငါသည် သင့်ကို နာမည်ဖြင့် ခေါ် သောဘုရားသခင်၊ ငါသည် သင့်ကို နာမည်ဖြင့် ခေါ်၏။ သင်သည် ငါ့ကို မသိသော်လည်း သင်၌ နာမည်သစ်ကို ထပ်၍ပေး၏” ဟု မိန့်ခဲ့သည် (ဟေရှာ၊ ၄း၃-၄)။ ဘုရားသခင်သည် လူတစ်ဦးစီကို ချစ်သည်။ မြတ်နိုးသည်။ တန်ဘိုးထားသည်။
ဤအကြောင်းကို ပေါ်လွင်စေရန် သာဓကတစ်ခုကို ပြလိုပါသည်။
စာရှုသူများအဘို ဤသာဓကသည် သေးဖွဲလှသည်ဟု ထင် ကောင်းထင်နိုင်သော်လည်း ကျွန်တော်က မထင်ပါ။
ရှင်မဿဲ၊ ၁၀း၂၉ ကို ဖတ်ကြည့်ပါ။
“စာငှက် “နှစ်ကောင်”ကို “အဿရိတစ်ပြား” အဘိုးငွေနှင့် ဝယ်ရသည်မဟုတ်လော? သင်တို အဖ အခွင့်မရှိလျှင် ထိုစာငှက် တစ်ကောင်မျှ မြေသိုမကျရ”ဟု ရေးထားသည်ကို တွေ့ရပါလိမ့်မည်။ ဤအချက်ကိုပင် ရှင်လုကာ၊ ၁၂း၆ တွင် “စာငှက် “ငါးကောင်’ကို “အဿရိနှစ်ပြား” အဘိုးနှင့် ဝယ်ရသည် မဟုတ်လော။ ထိုစာငှက် တစ်ကောင်ကိုမျှ ဘုရားသခင် မေ့လျော့တော်မမူ” ဟု မှတ်တမ်းတင် ခဲ့သည်။
ထူးခြားချက်တစ်ချက်ကို သတိထားမိပါသလား?
ဂျူးလူမျိုးတို၏ ဈေးထဲ၌ စာငှက်သွားဝယ်သည့်အခါ အဿရိတစ်ပြားပေးလျှင် နှစ်ကောင်ရသည်။ အဿရိနှစ်ပြား ပေးလျှင် ငါး ကောင်ရသဖြင့် နှစ်ပြားဘိုးဝယ်သောကြောင့် စာငှက်တစ်ကောင်ပင် အဆစ်ရနိုင် သေးသည်။
စာငှက်တစ်ကောင်သည် လူတို၏ ရှုဒေါင့်၌ တန်ဘိုးမရှိ သကဲ့သို အဆစ်တစ်ကောင်ပင် ပေးနိုင် သော်လည်း “စာငှက်တစ်ကောင်ကိုပင် မေ့လျော့တော်မမူ။ သင်တို ဆံပင်သည်လည်း အကုန် အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို သည် စာငှက်အများတိုထက် သာ၍ မြတ်ကြ၏”ဟု ကိုယ်တော်က မိန့်တော် မူခဲ့သည်။ ဘုရားသခင်သည် လူတစ်ဦးစီကို တန်ဘိုးထားပြီး ချစ်ကြောင်းကို ခရစ်တော်က အထူးသွန်သင်ဆုံးမတော်မူခဲ့ပါ၏။
(၅) ပုဂ္ဂလိက အတွေ့ရှိသောဘုရား (Personal God) ဖြစ်ကြောင်း ကိုယ်တော် သက်သေပြခဲ့သည်။ ဒဿနိက အတွေး အခေါ် ပညာရှင်များက “ဘုရားသခင်”ကို အရင်းခံအကြောင်းတရား ကြီး “ဖန်တီးနိုင်စွမ်းရှိသော အင်အားစုကြီး “အသက်ကို ပေးနိုင်သော စွမ်းအား” “အနန္တဝိညာဉ်တော်ကြီး “အနန္တဉာဏ်တော်ကြီး “ဧကဓံ တရားကြီး” စသဖြင့် အမည်ပေးကြသည်။ ။
ထိုသို ခေါ်ဝေါ်သမုတ်ကြသော အမည်နာမများ၌ “မျိုးတူ အကြောင်းကြီး တစ်ခုရှိသည်။ ၎င်းမှာ ဘုရားသခင်၌ ပုဂ္ဂလိက အတ္တ ပုဂ္ဂလိက သဘောမရှိ၊ (Impersonal) ယေဘုယျ ဆန်နေ သည့် အချက်ပေတည်း။
သိုသော် ခရစ်တော်က ဘုရားသခင်ကို ပုဂ္ဂိုလ် (ဝါ)ပုဂ္ဂလိက အတွေ့ရှိသူတစ်ဦးအနေဖြင့် အမြဲဟောပြောတော်မူခဲ့သည်။ ဘုရား သခင်သည် ပုဂ္ဂလိက အတ္တမရှိသော ဧကဓံ တရားကြီး၊ အရင်းခံ အကြောင်းကြီးမဟုတ်၊ ပုဂ္ဂိုလ်တော်ဖြစ်ရုံမက လူတိုကို ချစ်တော် မူသော “အဖ” ဖြစ်ကြောင်းကိုလည်း ရှင်းလင်းပြတ်သားစွာ ဟောပြောတော် မူခဲ့ပါသည်။
ဘုရားသခင်ကို “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို၏ အဖ”ဟု ခေါ်ရမည်ဟု တိကျစွာ သွန်သင် ခဲ့၏။ “သင်တို၏အဖ’ ဟူ သောစကားကို ခရစ်တော်က ထပ်တလဲလဲ အသုံးပြုခဲ့သည်။
ထိုကြောင့် “အဖဖြစ်တော်မူသော ဘုရားသခင်အကြောင်း ကို မရှင်းပြမီ ဂျူးလူမျိုးတို ယုံကြည် လက်ခံနေကြသော “အဖ” ဟူ သည့် ဝေါဟာရအကြောင်းကို ရှေးဦးစွာ ရှင်းပြဘို လိုပါလိမ့်မည် –
(၁) ဘုရားသည် လူသားတိုအား ဖန်ဆင်းခဲ့သော “အဖ” ဖြစ်ကြောင်း လူမျိုးပေါင်းများစွာက ယုံကြည်ပြီးဖြစ်သည်။ ဤသဘောသည် ဖန်ဆင်းတော်မူခြင်းအကြောင်းနှင့်သာ ဆိုင်သည်။ လူသားကို ဖန်းဆင်းတော်မူခြင်းကြောင့် လူသားတို၏ အဖဖြစ် ကြောင်းကိုသာ ဆိုလိုသည်။ လူသားတိုအား လူအဖြစ်နှင့် ဤလောက ၌ ဖြစ်သွားစေခဲ့သော ဘုရားဖြစ်ကြောင်း ဂျူးတိုကလည်း ယုံကြည် ပြီးဖြစ်ပါသည်။ ။
ဆီရီးယန်း (ရှုရိ) လူမျိုးတိုကလည်း သူတို၏ ဘုရားကို အဖအဖြစ် ယုံကြည်သည်။ ဆီးရီးယန်းလူမျိုးတို၏ ဘုရားများဖြစ် သော ဘေး(လ်) (Baal) ၊ ဟာဒတ်(ဒ)(Hadad) နှင့် ဟိုဗာလ်(Hobal) တို ကို အစွဲပြုပြီး ဆီးရီးယန်း လူမျိုးများ၌ (Abibaal) (ဘေးလ်၏သားတော် ) (Benhadad) (ဟာဒတ်(ဒ်)၏သား) ဟူ၍ လူများကို အမည်မှည့်ကြရုံမက၊ “ဟိုဗာ(လ်)၏သားများ” ဟူ၍ ခေါ် ကြသော ဆီးရီးယန်းလူမျိုးစုတစ်စုပင် ထိုနိုင်ငံ၌ ရှိကြပါသည်။ ဂရိ လူမျိုးတိုကလည်း “နတ်ဘုရားအားလုံးနှင့် လူသားတိုင်း၏ အဖ”ဖြစ်သော ဇီးယပ်(စ်) (Zeus)ဟု ခေါ်သည့် ဘုရားကို ယုံကြသည်။
(၂) ဂျူးလူမျိုးတိုင်းကလည်း ထာဝရဘုရားသည် သူတို လူမျိုး၏ အဖဖြစ်ကြောင်း ယုံကြည်သည်။ တရား၊ ၃၂၆ တွင် “အို ပညာမဲ့သော လူမိုက်တို၊ ထာဝရဘုရား၏ ကျေးဇူးတော် ကို ဤသို ဆပ်မည်လော။ ထာဝရဘုရားသည် သင့်ကို ဖြစ်စေသော အဖ၊ သင့်ကို ဖန်ဆင်း၍ နေရာချသောသူဖြစ်တော်မူသည်မဟုတ် လော”ဟူ၍ ရေးသားထားသည်ကို တွေ့ရပါလိမ့်မည်။ မာလခိ၊ ၂း၁၀ တွင်လည်း ပရောဖက်ကြီးက “ခပ်သိမ်းသော ငါတို၌ တစ်ပါးတည်း သော အဖရှိသည်မဟုတ်လော။ တစ်ပါးတည်းသော ဘုရားသခင်သည် ငါတိုကို ဖန်ဆင်းတော်မူသည်မဟုတ်လော” ဟူ၍ ဆိုခဲ့သည်။ ဤ နေရာ၌ ဘုရားသခင်ကို “အဖ”ဟု ခေါ်ဆိုနေခြင်းသည် ဖန်ဆင်း တော်မူသော အရှင်ဖြစ်ပြီး၊ လူတစ်ဦးချင်း၏ အဖမဟုတ်၊ ဂျူးလူမျိုး တစ်မျိုးလုံး၏ “အဖ”ဟူ၍ သာမန်သဘောသာလျှင် ဖြစ်သည် သတိ ချပ်စေလိုပါ၏။
(၃) ဘုရားသခင်သည် သူတို ဘုရင်၏ အဖဖြစ် ကြောင်းကိုလည်း ဂျူးလူမျိုးတိုင်းက ယုံကြည်ပြီး ဖြစ်သည်။ ဒါဝိဒ် မင်းကြီး၏ သားတော်နှင့် ပတ်သက်၍ ဘုရားသခင်က ဒါဝိဒ်မင်း ကြီးအား “သားသည် ငါ၏ နာမအဘို အိမ်ကို ဆောက်လိမ့် မည်။ သူထိုင်သော ရာဇပလ္လင်ကို အစဉ်အမြဲ ငါတည်စေမည်။ ငါ သည် သူ၏အဖဖြစ်၏။ သူသည်လည်း ငါ၏ သားဖြစ်လိမ့်မည်”ဟု မိန့်တော်မူခဲ့သည် (၂ရာ၊ ၇း၁၃-၁၄)။ ဂျူးလူမျိုးတို၏ ဘုရင်တစ်ပါးကို ဘိသိက်ပေးရာ၌ သီဆိုလေ့ရှိကြသော ဆာလံကျမ်း၌ “ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွား စေပြီ”ဟူ၍ ဆာလံ၊ ၂:၇တွင် တွေ့ရပါလိမ့်မည်။ “
သို့သော် ဘုရင်ဖြစ်သောနေ့၌ ထိုဘုရင်သည် ဘုရားသခင်၏ သားဖြစ်လာသည့်အကြောင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ ထိုဘုရင်သည် လူတစ်ဦးဖြစ်သောကြောင့်မဟုတ်၊ ဣသရေလလူမျိုးတစ်မျိုးလုံးကို အပ်ချုပ်မင်းလုပ်သော ဘုရင်ဖြစ်လာသောကြောင့် ဘုရားသခင်သည် သူ၏အဖဖြစ်လာခြင်းသဘောမျှ သာဖြစ်ပါ၏။
(၄) ဘုရားသခင်က ဂျူးလူမျိုးတိုကို အထူးတလည် ရွေးကောက်ထားသောကြောင့် သူတို၏ အဖဖြစ်လာသည်။ “ငါ သည် ဣသရေလအမျိုး၏ အဖဖြစ်၏။ ဧဖရိမ်အမျိုးသည် ငါ၏ သားဦးဖြစ်၏”ဟူ၍ ဘုရားသခင်က ယေရမိအား မိန့်တော်မူခဲ့သည် (ယော၊ ၃း၉)။
ဣသရေလလူမျိုးတိုင်းက သူတိုအား အဲဂုတ္တုနိုင်ငံမှ ဘုရား သခင်က ကယ်တင်လာသည့် အချိန်မှစပြီး ရွေးကောက်တော်မူခဲ့သည် ဟု ဆိုလေ့ရှိသည်။ ထိုကြောင့်လည်း ပရောဖက်ဟောရှေက “က္ကသ ရေလသည် အသက်ငယ်သောအခါ ငါသည် ချစ်၍ ငါ့သားကို အဲဂုတ္တုပြည်မှ ခေါ်ခဲ့ပြီ”ဟု ဆိုခဲ့သည် (ဟောရှေ၊ ၁၁း၁)။
ဖာရောဘုရင်အား “ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့ သားဦးဖြစ်၏။ ငါ့အား ဝတ်ပြုသော အခွင့်ရှိစေခြင်းငှာ လွှတ်လော့” ဟု ဆင့်ဆိုရမည်အကြောင်း ဘုရားသခင်က မောရှေကို မိန့်မှာတော် မူခဲ့သည် (ထွက်၊ ၄း၂၂)။ ။
ထိုသို ရွေးကောက်တော်မူကြောင်းကို မိန့်တော်မူခဲ့ပြီးသည့် နောက် ထိုအချက်ကို ထိုလူမျိုးတို၏ သမိုင်းတွင် ထပ်မံအတည်ပြု ပြန်ပါသေးသည်။ အဲဂုတ္တုပြည်မှ လွတ်မြောက်လာပြီး တောထဲ၌ တဝဲလည်လည် ဖြစ်နေခဲ့ရစဉ်ကလည်း ဘုရားသခင်သည် “ဤအရပ်တိုင်အောင် အဖသည် သားကို ချီလိုက်သကဲ့သို သင်တိုကို ချီပိုက်တော်မူခဲ့ကြောင်း” မောရှေက က္ကသရေလလူမျိုးတိုအား သတိပေး ခဲ့လေသည် (တရား၊ ၁း၃)။ “အဖသည် သားကို ဆုံးမသကဲ့သို သင်၏ ဘုရားသခင်သည် သင့်အား ဆုံးမတော်မူသည်ကို စိတ်ထဲ တွင် အောက်မေ့ ရမည်”ဟူ၍လည်း ဆိုခဲ့သေးသည် (တရား၊၅း၈)။
ဟေရှာယအားဖြင့်လည်း ဘုရားသခင်က “ငါ ကျွေးမွေး ပြုစုသော သားသမီးတိုသည် ငါ့ကို ပုန်ကန်ကြပြီ” ဟူ၍ပင် မိန့် ကြားခဲ့ရသည် (ဟေရှာ၊ ၁း၂)။
ဤနေရာ၌ အထူးသတိချပ်စေလိုသည့် အချက်တစ်ချက်မှာ ဘုရားသခင်သည် ဣသရေလလူ မျိုးတစ်မျိုးလုံး၏ “အဖ” ဖြစ်ပြီး သူတိုတစ်ဦးစီ၏ အဖမဟုတ်ကြောင်းပေတည်း။
(၅) ဘုရားသခင်သည် စကားတော်ကို နားထောင် သော ဂျူးလူမျိုးတိုင်း၏အဖသာ ဖြစ်၏။ ပညတ်တော်ကို ပေးအပ် သည့် အခါတိုင်း “သင်တိုသည် ဘုရားသခင် ထာဝရဘုရား၏ သားဖြစ် ကြ၏” ဟူ၍ မိန့်မှာပြီးမှ ပေးလေ့ရှိသည် (ဥပမာ၊ တရား၊ ၁၄း၁)။ သားဖြစ်လျှင် အဖကို ရိုသေ၍ စကားကို နားထောင်ရမည်ဖြစ် သော်လည်း ဣသရေလလူအများတိုက ဘုရားသခင်ကို ကျောခိုင်း၍ နေတတ်သည်။ ထိုကြောင့် “အဖသည် သားတိုကို စုံမက်သည့် နည်းတူ ထာဝရဘုရားသည် “ကြောက်ရွံ သောသူတို ကို” သနား စုံမက် တော်မူ၏” ဟူသော ကျမ်းစကားမျိုးကို ဆာလံကျမ်းများ၌ တွေ့လာ ရသည် (ဆာလံ၊ ၁ဝ၃း၁၃)။
ဤနေရာ၌ ဘုရားသခင်သည် လူမျိုးတစ်မျိုးလုံး၏ အဖဖြစ် နေခဲ့ရာမှ လူတစ်ဦးစီ၏ အဖဖြစ် လာသည်အထိ အတွေးအခေါ် ပြောင်းလာကြောင်းကို သတိပြုသင့်၏။ သိုသော်လည်း စကားတော်ကို နားထောင်သောသူတိုကိုသာ သားအဖြစ် ဆက်ဆံနေကြောင်း ဤနေရာ၌ ပေါ်လွင်လာခဲ့ပါ၏။
ဤသဘောထားကို ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်စပ်ကြားရှိ ခေတ်ကာလအတွင်း၌ ပိုမိုနက်နဲ မှုရှိလာသည်ကိုလည်း ထိုခေတ်ကာလ အတွင်းက ရေးသားပြုစုခဲ့သော စာပေများတွင် တွေ့ရှိလာနိုင်သည်။
“သူတိုသည် ငါ့အား ဖက်ယမ်းလျက် ပညတ်တော်များကို စောင့်ရှောက်ကြရမည်။ ထိုသိုဖြစ်လျှင် ငါသည် သူတို၏ ‘အဖေ’ ဖြစ်ပြီး၊ သူတိုသည် ငါ၏ သားသမီးများဖြစ်လာကြလိမ့်မည်” (Jubilees ၁း၄၄)။ ဖြောင့်မတ်သောသူတိုကို ချစ်သော သားတစ်ဦးကဲ့သို ပဲ့ပြင် လေ့ရှိတော်မူ၏ (Psalms of Solomon ၁၃း၈)။
ဂျူးလူမျိုးတို၏ သမိုင်းစဉ် တစ်လျှောက်လုံးကို လေ့လာခဲ့ လျှင် ဘုရားသခင်သည် သူတိုလူမျိုး၏ အဖဖြစ်ခဲ့ရာမှ ပညတ်တော် နှင့် စကားတော်ကို နားထောင်သူတို၏ အဖသာ ဖြစ်သည့်သဘော သည် တဖြည်းဖြည်း ပေါ်လွင်လာခဲ့သော်လည်း ခရစ်တော် ဖော်ပြ ခဲ့သည့် “အဖဘုရားသခင်” သဘောမျိုးနှင့် လုံးဝ မတူသေးသည် ကို အထူးသတိပြုစေလိုသည်။ ထိုကြောင့် ခရစ်တော် သွန်သင်ခဲ့ သော အဖဘုရားသခင်၏ အကြောင်းကို ဤနေရာ၌ စတင်ရှင်းလင်း ပါတော့မည်။ အလွန်အရေးကြီးလှသော အချက်နှစ်ချက်ရှိ၏
(၁) ဘုရားသခင်ကို “အဖ”ဟူသော ဝေါဟာရမျိုးကို ခရစ်တော်က အသုံးပြုခဲလှသည်။ ဤကိစ္စကို အထူးသတိထား ကြည့်စေလိုသည်။ ဘုရားသခင်ကို ကိုယ်တော်က “အဖ”ဟု ခေါ်ဝေါ် ရန် သွန်သင်ပုံမှာ ထူးခြားနေ၏။ ခရစ်ဝင်ကျမ်းထဲတွင် အစောဆုံး ရေးသားပြုစုခဲ့သော ရှင်မာကုကျမ်းထဲ၌ပင်လျှင် ခရစ်တော်က ဘုရား သခင်ကို “အဖ”ဟူ၍ (၄)ကြိမ်မျှသာ ခေါ်ခဲ့ကြောင်းကို တွေ့ရပါလိမ့်မည် (မာကု၊ ၈း၃၈။ ၁၁း၂၅။ ၁၃း၃၂။ ၁၄း၃၆)။ ဘုရားသခင်ကို“အဖ”ဟူ၍ ခရစ်တော်က အစပြုခေါ်ဝေါ်ခဲ့သည့် အချိန်မှာ ကဲသာရိ ဖိလိပ္စုမြိုတွင် ရှင်ပေတရုက ကိုယ်တော်အား “ဘုရားသခင်၏ သား တော်မှန်ကန်ကြောင်း” ဝန်ခံပြီးမှသာ ကိုယ်တော်က ထပ်တလဲလဲ အသုံးပြု ခေါ်ဝေါ်လာခဲ့သည်။
ထိုအပြင် ခရစ်တော်က ထိုစကားလုံးကို ယုံကြည်သူ တပည့် တော်တို၏ ဝန်းကျင်အတွင်း၌သာ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်ကို သတိ ပြုမိပါသလား?
ခရစ်တော်က ဘုရားသခင်ကို “အဖ” ဟု ခေါ်ဝေါ်ခဲ့ရာတွင် ယခင်က ဂျူးလူမျိုးတို နားလည်ခဲ့ကြသော သာမန် သဘောထား မျိုးဖြင့်မဟုတ်သဖြင့် ကိုယ်တော် ခေါ်ဝေါ်သော “အဖ”ဟူသည့် စကား လုံး၏ အဓိပ္ပါယ်၊ နက်ရှိင်းလှသော သဘောထားကို သဘောပေါက် နားလည်မည့်သူများ၏ ရှေ့တွင်သာ ခေါ်ဝေါ်နေကြောင်း ပေါ်လွင်သည်။ အမှုမဲ့အမှတ်မဲ့၊ သာမန်ကာလျှံကာ သာမညသဘောအားဖြင့် မဟုတ် သဖြင့် သဘောထားကို ကောင်းစွာ နားမလည်သေးသည့် လူအများ၏ ရှေ့တွင် မခေါ်လိုကြောင်း တွေ့နိုင်သည်။
ခရစ်တော်ခေါ်ဝေါ်နေသော “အဖ”သည် ယခင်က ဂျူးလူမျိုး တို နားလည်ခဲ့ကြသော “အဖ ́ဟူသော ဝေါဟာရထက် ထူးခြား နေခြင်းကြောင့်ဖြစ်သည်။ ယခင်ကထက် ပို၍ နူးညံ့သိမ်မွေ့ ခင်မင်ရင်းနှီးစွာ အလွန်ပင် အကျွမ်းတဝင် ချစ်ခင်မြတ်နိုးလှသော စိတ် ထားမျိုးဖြင့် ဘုရားသခင်ကို ဤသို ခေါ်ဝေါ်နေခြင်းဖြစ်သောကြောင့် တည်း။ ။
(၂) ခရစ်တော်က ခေါ်ဝေါ်လိုက်သော “အဖ” ဟူသောစကားလုံးသည် အလွန်တရာမျှပင် ချစ်ခင်ရင်း နှီးမြတ်နိုး လှသော အနက်အဓိပ္ပါယ်သဘောထားမျိုးရှိနေသောကြောင့်ဖြစ်၏။
ခရစ်တော်၏ “အဗ္ဗ” ဟူသော ဟေဗြဲစကားလုံးကို အသုံးပြု နေပါ၏။ မာကု၊ ၁၄း၄၆ တွင် “အဖခမည်း တော် ́ဟူ၍ ဆရာယုဒသန်ကမြန်မာပြန်အားပါ။ ဘာသာစကားပညာရှင်တစ်ဦးဖြစ်သူက “အဗ္ဗ” ဆိုသော စကားသည် ဂျူးလူမျိုးစာပေတွင် နှိင်းယှဉ်ပြစရာ အခြားစကားလုံး တစ်ခုပင်းမရှိဟူ၍ ညွှန်ပြထားသည်။
ယခုခေတ်ပေါ် အာရပ်စကား (Jab နည်းတူ (Abba) ဟူသော ဂျူးလူမျိုးတို၏ စကားလုံးသည် ငယ်ရွယ်လှသော ကလေး တစ်ဦးက သူ၏ ဖခင်ကို ခင်မင်ရင်းနှီးစွာ ခေါ်ဆိုရာတွင် အသုံး ပြုလေ့ရှိသော စကားလုံးဖြစ်သည်။
သားသမီးတစ်ဦးက သူ၏ ဖခင်ကို သာမန်နေ့စဉ် ခေါ်ဝေါ် လေ့ရှိသော စကားမျိုးလည်းဖြစ်ပါ၏။
မြန်မာစကားနှင့် အနီးဆုံး ဖော်ပြရလျှင် ““ဖေဖေ” “အဖေ” (သိုမဟုတ် အချိုက အသုံးပြုလေ့ရှိသည့် “ဒက်ဒီ”) ဟူသော စကား နှင့် အလားတူပင်ဖြစ်သည်။
ယခင်က ဤသို ခင်မင်ရင်းနှီးလှသော စကားလုံးမျိုးဖြင့် မည်သူကမျှ ဘုရားသခင်ကို မခေါ်ဝေါ်ရဲ၊ “အဗ္ဗ” ဟူ၍ မဆိုထားနှင့်။ ဘုရားသခင်ကို “ရာ” ဟူ၍ပင် မခေါ်ရဲကြကြောင်း ကျွန်တော် တင်ပြပြီးဖြစ်ပါသည်။
ကလေးငယ်တစ်ဦးက သူ၏ အိမ်ရှိ ဖခင်ကို “ဖေဖေ” ဟူ၍ ချစ်ခင်ရင်းနှီးစွာ ခေါ်၍ ရဲရင့် ယုံကြည်စိတ် ချ၊ မြတ်နိုးတွယ်တာ သော စိတ်ထား၊ သဘောထားမျိုးဖြင့် တိုးဝင်ချဉ်းကပ်သကဲ့သို လူသားတိုက ဘုရားသ ခင်ထံသို အလားတူ ချဉ်းကပ်စေလိုကြောင်း သင်ပြလို၍ ထိုစကားကို သွန်သင်ခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်အား လူတိုင်းက ထိုသို သဘောထားမျိုးဖြင့် ချဉ်းကပ်စေလိုသည်။
အလွန် သန့်ရှင်းမြင့်မြတ်လှ၍ အနီးသိုပင် မကပ်ရဲသော ဘုရားဟူ၍ ခံယူနေခဲ့ကြသော ဂျူးတို၏ ယုံချက်၊ လူတိုရှိနေသည်ဟူ၍ပင်မမှတ်ဘဲ ဥပေက္ခာပြုနေသော ဘုရားများ စိတ်လှုပ်ရှားမှု လုံးဝမရှိခြင်းကြောင့် ချစ်ခင်ကြင်နာမှုမပြုကြသော ဘုရားများအစား ယေရှုခရစ်တော်က လူသားတိုင်းကို သားသမီးကဲ့သို ချစ်ခင်၊ ကြင်နာ၊ ယုယ၊ ပိုက်ထွေးလိုစိတ်ရှိသော “အဖ ဘုရားသခင်’ အကြောင်းကို သင်ပြရန် ကြွလာခဲ့သည်။
ဘုရားသခင်ဆိုသည်မှာ လူသားတိုင်းကို ဖခင်ရင်းချာကဲ့သို ချစ်ကြောင်း ဖော်ပြနေသည့် သတင်းမှာ သတင်းကောင်းတစ်ရပ်ပင် မဟုတ်ပါလား?
အခန်း (၁၄)
ဆုတောင်းခြင်းအကြောင်း
ဆုတောင်းပဌနာပြုခြင်းအမှုသည် ဘာသာရေးတွင် အဓိက မဏ္ဍိုင်ကြီးဖြစ်သည်။
ဘာသာရေးတွင် ဘုရားကို ယုံကြည်ခြင်း၊ ထိုဘုရား၏ အလို တော်နှင့်ညီသောကျင့်စဉ်နှင့် ကိုယ်ကျင့်တရားကို စောင့်ရှောက်ခြင်း ပင်ဖြစ်သည်။ ဆုတောင်းခြင်းက ထိုအချက်နှစ်ချက်ကို ဆက်သွယ် ပေးနေသည်။ ဆုတောင်းခြင်းမပါလျှင် ဘုရားကို ယုံချက်မှန်သမျှသည် သီဩလော်ဂျီ သင်ခန်းစာများသာဖြစ်ပြီး ကိုယ်ကျင့်တရားနှင့် ပတ်သက် သည့် ကျင့်စဉ်များမှာ သာမန်လူမှုရေးကျင့်ထုံး (Ethics) မျှသာဖြစ်နေ ပါလိမ့်မည်။
ဆုတောင်းပဌနာပြုသည့် အမှုကသာ ထိုအရာ နှစ်ခုစလုံး ကို ဘာသာရေး၏ အခြေခံ အချက်ကြီးများ ဖြစ်လာစေသည်။ ဆုတောင်းခြင်းအားဖြင့် လူတစ်ဦးကို သူယုံကြည်သော ဘုရားနှင့် ဆက်သွယ်သည်။
ယေရှုသည် ကိုယ်တော်တိုင် ဆုတောင်းသည်။ လူတိုင်းကို လည်း ဆုတောင်းရန် သွန်သင်ခဲ့သည်။
ကိုယ်တော်တိုင်က ဆုတောင်းခြင်း၏ အကျိုးအာနိသင်ကို နားလည်သည်။ နံနက်အချိန်၊ မိုးမလင်းမီ ကိုယ်တော်သည် တော အရပ်သို ထွက်ကြွ၍ ဆုတောင်းတော်မူ၏” (မာကု၊ ၁း၃၅)။ တစ် နေ့လုံး လူအပေါင်းကို သွန်သင်ဆုံးမဟောပြော၊ အနာရောဂါကုသပြီး သူတို့ကို “လွှတ်ပြီးမှ ဆုတောင်း ပဌနာပြုအံ့သောငှာ တောင်ပေါ်သို့ကြွတော်မူသည်” (မာကု၊ ၆း၄၆)။ ဖမ်းဆီးခြင်းခံတော်မမူ ဂေသရှေမန်ဥယျာဉ်ထဲ၌ ဆုတောင်း နေခဲ့တော်မူသည် (မာကု ၁၇း၃၂)။ ရှင်လုကာက ယေရှု၏ ဆုတောင်းပုံများကို ပိုမိုစိတ်ဝင်စားပုံရပြီး ရှင်မာကုက ဖော်ပြထားသမျှထက် ပိုမိုထပ်ဆင့်၍ ပေါ်လွင်စွာ ဖော်ပြ ထားသည်။
ရှင်လုကာက ကိုယ်တော်သည် ဗတ္တိဇံ (နှစ်ခြင်း)ကို ခံတော် မူ၍ ဆုတောင်းစဉ်တွင် ကောင်းကင်ပွင့် လှစ်၍ ဝိညာဉ်တော် ဆင်း သက်လာကြောင်းကို ဖော်ပြခဲ့သည် (လုကာ၊ ၃၂း၁) အနူတစ်ဦးကို ကုသပြီးနောက် ကိုယ်တော်သည် တောအရပ်သို ကြွပြီး ဆုတောင်း နေခဲ့ရုံမက တောအရပ်သို ကြွပြီး ‘ဆုတောင်းလေ့ရှိကြောင်း ဖော် ပြထားသည် (လုကာ ၄း၁၆)။ တမန်တော် ၁၂ပါးကို မရွေးချယ် လည်းကောင်း၊ အရေးကြီးဆုံးသော မေးခွန်းကို တမန်တော်များအား မမေးလည်းကောင်း ဆုတောင်းခဲ့ကြောင်း ဖော်ပြသည် (လုကာ ၆း၁၂။ ၉း၁၈)။ အဆင်းသဏ္ဍာန် ပြောင်းလဲ၍ ဝင်းဝင်းတောက်ဖြစ် နေစဉ် ကိုယ်တော်သည် ဆုတောင်းနေကြောင်း ရေးထားပြန်သည် (လုကာ၊ ၉း၂၉)။
ကိုယ်တော်သည် အမှုတော်လုပ်ငန်း၌ အလွန်တရာမျှ အရေး ကြီးလှသော ကိစ္စရပ်များ၊ ဆုံးဖြတ်ချက်များ ချခါနီးတွင် တိတ်ဆိတ် စွာ ဆုတောင်းတတ်သည်။ စိတ်ရှုပ်ထွေး၊ မောပန်းနွမ်းနယ်မှုမျိုး ခံစားရချိန်များ၌ ဆိတ်ကွယ်ရာအရပ်သို ကြွပြီး ဆုတောင်းခြင်းအား ဖြင့် ကိုယ်ကို အားဖြည့်လေ့ရှိသည်။ ပြုတော်မူမည့် အမှုတော်လုပ်ငန်း မိမိကိုယ်တော်တိုင်၌ရှိနေပြီးဖြစ်သော တန်ခိုးအာနိသင် အကြောင်းကို ကောင်းမွန်စွာ သိရှိနားလည်လျက်နေစေကာမူ ကိုယ်တော် အထက်အရပ်သို အမြဲမျှော်ကြည့်ပြီး လမ်းပြပဲ့ပြင်မှုနှင့် ခွန်အားကိုတောင်းခံလေ့ရှိသည်။
ဆုတောင်းပဌနာ ပြုခြင်းနှင့် ပတ်သက်ပြီး ကိုယ်တော်က တပည့်တော်များအား အောက်ပါအတိုင်း ပုံသက်သေပြ သွန်သင် တော်မူခဲ့သည်
(က) ဆုတောင်းရမည့်အချိန်နှင့် ဝိနည်းထုံးနည်းကို လှေနံ ဓားထစ် မသတ်မှတ်ခဲ့ပါ။ ကိုယ်တော်တိုင်က နေရာမရွေး၊ အချိန်မရွေး လိုအပ်သည့်အခါတိုင်း ရပ်လျက်၊ ထိုင်လျက်၊ ဒူးထောက် လျက် ဆုတောင်း တော်မူခဲ့သည်။ ခရစ်တော်အဖို ဖာရိရှဲများကဲ့သို လျှော် တေအဝတ်ကို ဝတ်၊ ပြာမှုန့်များလူးပြီး လူမြင်ကောင်း အောင် ဆု တောင်းတော်မူခြင်း လုံးဝမပြုခဲ့။
(ခ) ဆုတောင်းရန် အထူးတလည် တိုက်တွန်းနှိးဆော် သင်ပြခဲ့သည်။ “တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြ လော့။ ရှာလျှင်တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်”ဟူသော စကားဖြင့် သွန်သင်ခဲ့ရုံမက “သားသည် မုန့်ကို တောင်းလျှင် မိမိသားအား ကျောက်ကို ပေးမည့်သူ၊ ငါးကို တောင်းလျှင် မြွေကိုပေးမည့်သူ တစ်စုံတစ်ယောက်မျှ သင်တိုတွင် ရှိသလော” ဟူသော စိန်ခေါ်ချက် စကားမျိုးဖြင့်ပင် ဆုတောင်းကြရန် တပည့်တော်တိုင်းကို နှိးဆော်ခဲ့သည် (မဿဲ၊ ၇း၇-၁၁) မုန်ညင်းစေ့ မျှသော ယုံကြည်ခြင်းရှိလျှင် တောင်ကြီးများကိုပင် တွေ့နိုင်မည်ဟူ၍ ပင် သတိပေးခဲ့သည် (မဿဲ၊ ၁း၂၀။ လုကာ၊ ၁၇း၆။ မာကု၊ ၁၁း၂၄)။
ဤစကားတော်များကို ထောက်ရှုလျှင် ဘုရားသခင်သည် ဆုတောင်းမှုမှန်သမျှကို နားညောင်းတော် မူကြောင်း ယေရှုကိုယ်တော် တိုင်က သာဓကပြခဲ့ပါ၏။ ။
(ဂ) ဆုတောင်းခြင်းသည် တစ်ဦးချင်းနှင့်ဆိုင်သည့် ကိစ္စဖြစ်ရုံမက တိတ်ဆိတ်သောအရပ်၌ တစ်ဦးတည်း ဆုတောင်းရန် သွန်သင်ခဲ့သည်။ “သင်သည် ဆုတောင်းပဌနာပြုသောအခါ လျှိ ဝှက်သောသူတိုနည်းတူ မပြုနှင့် …. ဆိတ်ငြိမ်သော အခန်းသိုဝင်၍ တံခါးကို ပိတ်ပြီးမှ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို ၏ အဖကို ဆုတောင်းလော့”ဟု သွန်သင်တော်မူခဲ့သည် (မဿဲ၊ ၆း၅၆)။ ကိုယ်တော်တိုင်ကလည်း ထိုနည်းတူပြုခဲ့သည်။
ဤသိုဆိုသော် လူသူရှေ့၊ လူအများနှင့်အတူ ဆုမတောင်းရ ဟူ၍ မဆိုလို၊ သိုသော် လူမြင်ကောင်းအောင် ပွဲသဘင်၊ လမ်းဆုံး လမ်းဝ၌ ရပ်လျက် ဟန်လုပ်ဆုတောင်းတတ်ခြင်းကို ရှုတ်ချတော် မူခြင်းသာဖြစ်သည်။
(ဃ) တတ်နိုင်သရွေ့၊ တိုတိုတောင်းတောင်း ပြတ်ပြတ် သားသား၊ ရိုးစင်းဖြောင့်မတ်စွာ ဆုတောင်းရန် မိန့်ခဲ့သည်။ ဤအချက်ကို ကိုယ်တော်က တောင်ပေါ်ဒေသနာ ဟောပြောစဉ်က မိန့်တော်မူခဲ့သည့် “အချည်းနှီးသော စကားဖြင့် အထပ်ထပ် မမြွက် ကြနှင့်။ များစွာသော စကားအားဖြင့် မိမိအလို ပြည့်စုံမည်ဟု မထင် ကြနှင့်” ဟု သတိပေးခဲ့သည် (မဿဲ၊ ၆းရ)။ ယေရှုကိုယ်တော်တိုင် က “အဖ” ဟူသော စကားလုံးလေး ဖြင့်သာ စတင် ဆုတောင်းလေ့ ရှိပါ၏။ တိတိကျကျ ရိုးစင်းဖြောင့်မတ်စွာ ဆုတောင်းရန် အထူးတလည် သွန်သင်တော်မူခဲ့သည်။
(င) အဆက်မပြတ် မလျှော့သော လုံလဖြင့် ဆု တောင်းရန် သင်ပြခဲ့သည်။ အိမ်သို အမှတ်မထင် ဧည့်သည်တစ်ဦး ရုတ်တရက် ရောက်လာသဖြင့် အနီးဆုံး အိမ်နီးချင်းထံသို ပြေးပြီး မုန့်သုံးလုံးချေးရာ ထိုအိမ်ရှင်က “ငါ့ကို မနှောင့်ယှက်နှင့်။ တံခါးကို ပိတ်လျက်ရှိ၏။ ငါ့သားသမီးတိုသည် အိပ်လျက်ရှိ၏။ ငါထ၍ သင့်အားမပေးနိုင်”ဟု ဆိုလင့်ကစား “အားမလျှော့ဘဲ တောင်းသောကြောင့် ချေးငှားသောမုန့်ကို ရလိမ့်မည်” ဟူသော ဥပမာတော်ကို သွန်သင် ခဲ့သည် (လုကာ ၁၁း၅-၈)။
ထိုနောက်ကိုလည်း ဘုရားသခင်ကို မကြောက်ရွံ၊ လူကို အား မတတ်သော တရားသူကြီးထံ မုဆိုးမတစ်ဦးက အားမလျှော့ဘဲ တောင်းပန်ခြင်းအကြောင်း ဥပမာတော်ကိုလည်း ဟောပြောခဲ့ပြန်သည် (လုကာ ၁၈း၃၅)၊ ထိုဥပမတော် (၂)ခုစလုံးကို မှားယွင်းစွာ အနက် မကွဲစေလိုပါ။ ထိုဥပမာတော် (၂)ခုစလုံးအားဖြင့် သွန်သင်လိုသည့် အဓိကအရင်းခံအကြောင်းကြီးတစ်ခုမှာကား “လူတိုသည် အား အားမလျှော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်း”ကိုသာ ဖော်ပြလို ခြင်းသာဖြစ်၏။
“သခင်၊ ဆုတောင်းစေခြင်းငှာ ယောဟန်သည် မိမိတပည့် အား နည်းပေးသကဲ့သို အကျွန်ုပ်တို့အား နည်းပေးတော် မူပါ”ဟု တော်တစ်ယောက်က လျှောက်သောအခါ ကိုယ်တော်သည် ပဌနာတော်ကို သင်ပေးတော်မူခဲ့သည်-
၁။ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဖ။ ပဌနာတော်၏ ပထမဦးဆုံးသောဤဝါကျသည် ပဌနာတော် တစ်ပုဒ် တွင် အရေးကြီးဆုံးနှင့် အဓိကအကျဆုံးပင်ဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။
ကျန်ရှိသမျှသော ဝါကျများကို ပထမဆုံးသော ဝါကျက ရှင်းပြ နေသည်နှ့င် တူနေသည်။ “အဗ္ဗ” “အဖ” ဟူသောစကားလုံး၏ အဓိပ္ပါယ်လေးနက်မူကို လွန်ခဲ့သော အခန်းတွင် ကျွန်တော် ရှင်းပြပြီးဖြစ်ပါသည်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော” ဆိုသော စကား လုံးကို လှေနံဓားထစ်၊ တထစ်ချမမှတ်ယူ စေလိုပါ။ ဘုရားသခင်သည် ကောင်းကင်ဘုံ၌သာရှိပြီး လူ့ဘောင်လောက မြေကြီးပေါ်၌မရှိဟူ၍ မဆိုလို။ ကိုယ်တော်၏ ကြီးမြတ်မှု၊ ဘုန်းတော်ဂုဏ်တော်နှင့် ပြည့်ဝ စုံလင်မှုကို ထင်ရှားပေါ်လွင်စေလို၍ ဤစကားကို သုံးခြင်းဖြစ်ပါသည်။
“အဖ”ဟူ၍ ခေါ်လိုက်ခြင်းအားဖြင့် ဆုတောင်းသူသည် ဘုရား သခင်၏ သားသမီးတစ်ဦးဖြစ်နေ ကြောင်း ချက်ချင်း သတိရစေသည်။
ဖခင်ဖြစ်သူသည် စိုးမိုးအုပ်ချုပ်၊ လမ်းပြပဲ့ပြင်သော အခွင့် အာဏာရှိ၍ ဆုတောင်းသူသည် ဘုရားသခင်၌ရှိနေသော ထိုအခွင့် အာဏာကို ဝန်ခံလိုက်ခြင်းသာမက ကိုယ်တော်၏စိုးမိုးအုပ်ချုပ်မှုကိုပါ ခံယူလိုကြောင်း ဖော်ပြနေသည်။ သိုသော် ‘အဖေ’ ဖြစ်သူသည် စိုးမိုး အုပ်ချုပ်သောသူ တစ်ဦးတစ်ယောက် သာမကပါ။ ဖခင်ရင်းခြားသို သော မေတ္တာရှင်တစ်ဦးလည်းဖြစ်ပါသည်။
ဘုရားသခင်၏ သားသမီးဖြစ်ရခြင်းအကြောင်းကို ရှင်ပေါလု က မြင်ပြီး “အကြောင်းမူကား သင်တိုသည် ကြောက်ရွံတတ်သော “ကျွန်’၏ သဘောကို ရကြသည်မဟုတ်။ “အဗ္ဗ၊ အဖ ́ ဟူ၍ ခေါ် ရသောအခွင့်နှင့်သားဖြစ်ခြင်း၏ သဘောကို ရကြပြီ”ဟု ရေးသားခဲ့၏ (ရောမ၊ ၈း၁၅)။
ဆုတောင်းသောအခါ အဘယ်ကြောင့် မျက်စိမှိတ်ကြပါ သနည်း? မျက်စိမှိတ်မှသာလျှင် ဘုရားသခင်ကို မြင်တွေ့နိုင်၍ ဖြစ် ပါသလား? မျက်လုံးဖွင့်၍ ဆုတောင်းပါက ဆင်းရဲနွမ်းပါး၊ ငတ်မွတ်၊ အဝတ်ချည်းစည်း၊ ဒုက္ခရောက်နေသူတို၏ ဝန်းကျင်၌ ဘုရားသခင် ကို မြင်ရပါလိမ့်မည်”ဟူ၍ ပုဂ္ဂိုလ်တစ်ဦးက ပြောဆိုချက်သည် စိတ် ဝင်စားစရာ ကောင်းလှသည်။ “အကျွန်ုပ်တိုအဖ” ဟူ၍ ဆိုလိုက် ခြင်းကြောင့် ဝန်းကျင်ရှိလူများကို မိမိ၏ ညီရင်းအစ်ကိုများအဖြစ် မြင်တွေ့လာနိုင်ပါလိမ့်မည်။ ထိုသို လည်း မြင်တွေ့လာသင့်ကြပါ၏။
လူတစ်ဦးကလည်း “ငါ၏ ဝိညာဉ်သည် အဘယ်နေရာ၌ ရှိသည်ကို ရှာကြည့်သည်။ မတွေ့ရပါ။ “ဘုရားသခင်”ကိုလည်း ရှာ ကြည့်သည်။ မတွေ့ရပါ။ ဒုက္ခရောက်နေသော “ညီရင်းအစ်ကိုတစ်ဦး ကို ရှာတွေ့သောအခါမှ ထိုသုံးဦးစလုံးကို ထိုသူအားဖြင့် တွေ့ရပါ ၏”ဟု ဆိုခဲ့ဘူးသည်။
ပဌနာတော်၏ အထက်ဖော်ပြပါ ပထမဦးဆုံးသော ဝါကျ၌ ပင်လျှင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို တွေ့ နိုင်သည်။ “အကျွန်ုပ်တို၏အဖ” ဟူသော စကားကို စေ့စေ့တွေး၍ သေချာစွာ ဝေဖန်သုံးသပ်ဆင်ခြင်ကြည့်ခြင်းအားဖြင့် ဆုတောင်းသူ တစ်ဦးသည် ဘုရားသခင်၏ ရှေ့မှောက်၌ ဒူးထောက်လိုစိတ်ဖြစ်လာ စေနိုင်သည်။ လူလူချင်း (ဝါ) ကိုယ်နှင့် စပ်ဆိုင်သူ အိမ်နီးချင်း တစ်ဦးအတွက် မိမိကိုယ်ကို စွန့်လှူပူဇော်ချင်သောစိတ်ထား ပေါ် ပေါက်လာစေနိုင်သည်။
ထိုထက် အရေးကြီးသည်က မိမိဝိညာဉ်၏ အနက်ရှိင်းဆုံး သော နေရာတွင်းသို “အဖ” တည်းဟူသော ဘုရားသခင်ကို ခေါ် ဖိတ်လိုက်ခြင်းဖြစ်သည်ကိုလည်း မြင်လာစေနိုင်ပါ၏။
ထိုအကြောင်းကြောင့်လည်း မည်သိုသော ဒုက္ခ၊ သုခ လောကဓံတရားများကို ရင်ဆိုင်ရစေကာမူ “အိုအဖ၊ အကျွန်ုပ်၏ စိတ်ဝိညာဉ်ကို ကိုယ်တော်၏ လက်၌ အပ်ပါပြီ” ဟူ၍ ခရစ်တော် ကဲ့သို ဆက်ကပ်လိုက်သောစိတ် ပေါ်ပေါက်လာစေနိုင်ပါ၏ (လုကာ၊ ၂၃း၄၆)။
ဒုက္ခထဲမှ သုခကို ဖြစ်စေနိုင်သောအဖ၊ အမင်္ဂလာထဲမှ တကိုဖော်ထုတ်ပေးနိုင်သော “ဖခင်” တစ်ဦး၏ လက်တော်ထဲသို ကိုယ်ကို ဆက်ကပ်အပ်နှံနိုင်ရမည့် အချက်ကိုလည်း ဤပထမဦးဆုံးသော ဝါကျက သတိပေးနေပါ၏။
စာငှက်ကလေးတစ်ကောင်က အနီးရှိ စာငှက်တစ်ကောင် ကို စကားပြောနေသည်။ “လူတွေကို ကြည့်ရတာ တစ်နေ့လုံး ပြေး လွှား၊ လှုပ်ရှား၊ ပူပင်သောကရောက်၊ ညည်းတွား၊ စိတ်ညစ်၊ ေ မှိင်၊ ဒေါသက်၊ စိုးရိမ်ကြောင့်ကြနေတာကို မြင်ရတာ ဘာကြောင့် လဲကွာ”ဟု မေးလိုက်ရာ ဒုတိယစာငှက်ကလေးက “ဒီလိုပါ။ စာငှက် ကလေး တစ်ကောင်ဖြစ်တဲ့ ငါတိုကိုတောင် အမြဲဂရုစိုက်နေတဲ့ ကောင်းကင်ဘုံရှင် “အဖ ́ ကို သူတို သတိမေ့နေကြလိုပါကွာ” ဟု ပြောလိုက်သောဟူ၏။
၂။ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ် ခြင်း ရှိပါစေသော။ ဤဆုတောင်းဝါကျကို နှစ်ပိုင်းခွဲ၍ အနက်ဖွင့်ပြလို ပါသည်။ ။
ပထမပိုင်းမှာ ဤဝါကျ၏ ထူးခြားချက်ပင်ဖြစ်ပါ၏။ “နာမ တော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော” ဟူ၍ ဆရာယုဒသန် က မြန်မာပြန်ထားသော မူရင်းဂရိစကားကို လေ့လာသုံးသပ်ကြည့် လျှင် ယော၊ ၁၂း၂၈ရှိ “အိုအဖ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက် တော်မူပါ”ဟူသော ခရစ်တော်၏ စကားတော်နှင့် ဆင်တူရိုးမှား ဖြစ်နေကြောင်းကို ကျွန်တော် ဖော်ပြလိုပါသည်။
သိုသော် ဤနေရာ၌ သဒ္ဒါသဘောဖြင့် ထောက်ရှုကြည့်လျှင် ဝါကျကို (Active voice) တိုက်ရိုက်ပြုစေသော ပုဒ်အားဖြင့် မဟုတ် (Passive voice) ပြုရာ ခံပုဒ်အဖြစ်သာ ဝါကျတည်ဆောက်ထား သည်ကိုသာ တွေ့နေရသည်။
ကျွန်တော် ဆိုလိုသည်မှာ လူတိုက ဘုရားသခင်၏ နာမ တော်ကို ချီးမြှောက်ရန်ထက် ဘုရားသခင်က မိမိ၏နာမတော်ကို ချီး မြှောက်ခြင်းအားဖြင့် လူသတ္တဝါအပေါင်းကလည်း ထိုနာမတော်ကို ရိုသေလေးမြတ် ခြင်းရှိလာစေရန် ဆုတောင်းသူက ပန်ကြားလျှောက် ထားနေခြင်းဖြစ်သည်။
အမှန်ဆိုရလျှင် လူတိုမတတ်နိုင်သော အမှုကို ဘုရားသခင် အား ပြုရန် ပန်ကြားနေခြင်းသာဖြစ်သည်။ ဘုရားသခင်က မိမိ ဘုန်းတော် ဂုဏ်တော်ကို ထင်ရှားပြသစေရန် လျှောက်ထားနေခြင်း ဖြစ်သည်။ ထိုဘုန်းတော် ဂုဏ်တော်ကို လူတိုက တင်းပြည့်ကျပ်ပြည့် ထင်ရှားပြသရန်မတတ်နိုင်ပါ။
ဥပမာ နာမည် အလွန်ကျော်သော ပန်းချီဆရာတစ်ဦးက “ကောင်းကင်ကြီးကို ငါရောင်စုံခြယ်ပြမယ်”ဟု ဆိုလျှင် ကျွန်တော်တို ရယ်ကြရမည်သာဖြစ်သည်။ ကောင်းကင်၏ ရောင်စုံကို ဘုရားသခင် ကသာခြယ်ပြနိုင်သည်။ လူတိုက အံ့သြ၍ ရင်သပ်ရှုမောပြီး ကျေးဇူး တော်ကို ချီးမွမ်းရန်သာဖြစ်သည်။
ဒုတိယပိုင်းနေဖြင့် ဤဝါကျ၌ ““ရိုသေလေးမြတ်ခြင်းရှိပါစေ သော” ထက် “နာမတော်”ဟူသော စကားလုံးက ပို၍ အရေးကြီး နေသည့် အချက်ဖြစ်သည်။ သမ္မာကျမ်း၌ နာမည်ပေါင်းများစွာ ရှိ သည်။ ထိုနာမည်တိုင်း၌ အဓိပ္ပါယ်ရှိသည်။
ဥပမာ ဗင်ယာမိန်ဆိုသည်မှာ “ငါ၏ ညာလက်ရုံးဖြစ်သော သား”ဟူသော အနက်ရှိသည်။ “ဧသတာ” ဆိုသည်မှာ “ကြယ်တစ်ပွင့် ဟူ၏။ “ ဧသော’ဆိုသည်မှာ “အဆင်းသဏ္ဍာန်နီသောသူ’ဟု ဆိုလို သည်။ ယေရှုဆိုသည်မှာ “ဘုရားသခင်သည် ကယ်တင်ခြင်းဖြစ်၏” ဟူသော အဓိပ္ပါယ်ရှိသည်။ “မေရှိယ” သိုမဟုတ် “ခရစ်တော်” သည် “ဘိသိတ် ခံရသောသူ” မည်၏။ “ရှိမုန်”သည် “ရွေ့လျားတတ်သောသဲ” ဟူ၍ ဖြစ်သော်လည်း “ကေဖ” သိုမဟုတ် “ခိုင်ခံ့တည်မြဲသောကျောက်” ကို ဆိုလိုသည်။ “ဗာန”သည် “ နှိးဆော်တိုက်တွန်းတတ်သော သူ”ဟူ၍အနက်ရှိသည်။
ထိုကြောင့် ဂျူးလူမျိုးတိုအတွက် အမည်နာမသည် အမရ ကြီးသည်။ ထိုအမည်နာမသည် အမည်ပိုင်ရှင်၏ သဘာဝကို ဖော်ပြ နေတတ်သည်။ ထိုအမည်နာမအားဖြင့် ထိုသူ၏ အရည်အချင်း၊ ဂုဏ် အင်္ဂါ၊ ကိုယ်ရည်ကိုယ်သွေးစသည်တိုကို အမြဲဖော်ပြနေသည်။ “နာ) တော်’ဟု ဆိုလိုက်သည်တပြိုင်နက် ဘုရားသခင်၏ ဇာတိ၊ သဘာ တော် ဂုဏ်တော်၊ ဘုန်းအသရေတော်ကို ဖော်ပြနေခြင်းဖြစ်သည်။
သိုဖြစ်၍ ဤဝါကျရှိ ပထမပိုင်းနှင့် ဒုတိယပိုင်းပါ ရောယှက် ပြီး အနက်ဖွင့်ရပါလျှင် ‘အဖဘုရား ကိုယ်တော်၏ ဇာတိတော်၊ သဘော တော်တို ကို လူတိုအား ပြတော်မူပါ။ ထိုဇာတိသဘောနှင့်အညီ ကျွန် တော်တိုသည်လည်း နေထိုင်ပြုမူ၊ ကြံဆ အသက်ရှင်ပြခြင်းအားဖြင့် ကိုယ်တော်၏ နာမတော်ကို ရိုသေလေးမြတ်ကြသူများ ပေါ်ပေါက်လာ စေရန် ကူမတော်မူပါ ဘုရား’ဟူ၍ လျှောက်ထားနေခြင်းသာဖြစ်ပါ၏။
၃။ နိုင်ငံတော်တည်ထောင်ပါစေသော။ “ဘုရားသခင် ၏ နိုင်ငံတော်” ဆိုသည်မှာ ခရစ်တော်က ဟောပြောချက်တစ်ခုလုံး၏ အဓိက၊ ဓမ္မသစ်ကျမ်းတစ်ကျမ်းလုံး၏ ပဲ့တင်သံဖြစ်သည်။ ထိုနိုင်ငံ တော်အကြောင်းကို အခန်း (၁၁)တွင် ရှင်းပြပြီးဖြစ်၍ ထပ်ဆင့် အကျယ်တဝင့် ရှင်းရန် မလိုတော့ပါ။
ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်၊ ဝန်ခံသောသူ မှန်သမျှသည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ဝန်ခံလာပြီဖြစ်၍ နိုင်ငံ တော်ကို ကူညီတည်ဆောက်ပေးသူတစ်ဦး ဖြစ်လာသည်။ “နိုင်ငံတော် တည်ထောင် ပါစေသော”ဟု ကျွန်တော်တို ဆုတောင်းသည့်အခါတိုင်း “တည်ထောင်ပါစေသော’ ဟူသော စကားကို အလေးအနက် ပြုသင့်ကြသည်။ နိုင်ငံတော်တည်ထောင်ပါစေသောဟူ၍ ဆုတောင်းနေပါလျက် မိမိ၏ဘဝ အသက်တာအတွင်း၌ ရှိနေသော အပြစ်နှင့် အသက်တာ လမ်းစဉ်ကို မမြင်ဘဲနေနိုင်သည်။
လောကတစ်ခွင်လုံး၌ ငြိမ်းချမ်းသာယာမှုရရေးအတွက် ဆော် ဩနေခဲ့သော ဆရာကြီးလစ်ဗင်း စတုန်းကဲ့သို “အကျွန်ုပ်၏ ယေရှု၊ အကျွန်ုပ်၏ ဘုရင်၊ ကျွန်ုပ်၏ အသက်၊ ကျွန်ုပ်၌ ရှိသမျှအလုံးစုံ တို၏ ဘုရား၊ ကျွန်ုပ်၌ရှိသမျှကို ကိုယ်တော်အတွက် ဆက်ကပ်ပါ၏” ဟူ၍ ဆက်ကပ်သည့်စိတ်ထားဖြင့် “အဖဘုရား၊ ကျွန်တော်မျိုးမှ အစပြု၍ လူ့ဘောင်လောကကြီး၌ နိုင်ငံတော်တည်ထောင်ပါစေသော”ဟု ဆုတောင်းသင့်သည်။ နိုင်ငံတော်အကြောင်း ဟောပြော၊ ကြေညာ၊ ဆုတောင်းနေရင်းနှင့် မိမိကိုယ်၌က အစပြု၍ နိုင်ငံတော်အတွက် အသက်မရှင်နိုင်ဘဲနေပါလျှင် ထိုသို ဆုတောင်းခြင်းသည် အချည်း နှီးပင်ဖြစ်ပါလိမ့်မည်။
သူတစ်ပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသူမဖြစ်ရမည်အကြောင်း သူသည် မိမိကိုယ်ကို အစဉ်အမြဲ ကြိုးစားလေ့ရှိသည်ဟူ၍ ပြောခဲ့ သော ရှင်ပေါလုကို ကျွန်တော်တို အားလုံးက သတိရသင့်သည်။ “နိုင်ငံတော် တည်ထောင်ပါစေသော’ဟု ဆုတောင်းလိုက်သည့် အခါတိုင်း ခရစ်ယာန်တိုင်းသည် မိမိကိုယ်ကို ပြန်၍ ဆန်းစစ်ကြည့်သင့်သည်။ လေ့လာဆင်ခြင်သုံးသပ်သင့်သည်။ ထိုသိုဆုတောင်းလျှင် မိမိသည် အကယ်ပင် ဘုရားသခင်အလိုတော်ကို ဝန်ခံဦးညွှတ်နေပါရဲ့လားဟူ၍ မေးကြည့်သင့်သည်။
ခရစ်တော်က “ကောင်းကင် (ဘုရားသခင်) နိုင်ငံတော်သည် မြတ်သောပုလဲတိုကို ရှာသော ကုန်သည်နှင့်တူ။ ထိုသူသည် အလွန် အဖိုးထိုက်တန်သော ပုလဲကိုတွေ့သောအခါ သွား၍ မိမိ၌ ရတတ်သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏”ဟု မိန့်ဆိုရာ၌ (မဿဲ၊ ၁၃၄၅) “နိုင်ငံတော်တည်ထောင်ပါစေသော”ဟု ဆုတောင်းသူသည် အလွန်အဖိုးထိုက်သော ပုလဲတည်းဟူသော ဘုရားသခင်၏ နိုင်ငံ တော်ကို တည်ထောင် စေခြင်းအလိုငှာ မိမိ၌ ရှိသမျှကိုပင် စွန့်ပစ်ရဲနိုင်သူ ဖြစ်ရပေလိမ့်မည်။ ဘုရားသခင်သည် ကျွန်တော်တို၌ ရှိရှိသမျှ သောအလုံးစုံကို လိုချင်ပါ၏။ ကျွန်တော်တိုသည် လောကကြီးရှိ အပြစ်ဒုစရိုက်၊ လူတို၏ ကျင့်ဝတ် သိက္ခာပျက်၊ အရက်သေစာ၊ မူးယစ် ထုံထိုင်းစေတတ်သော ဆေးဝါးတို၏ မကောင်းမှုစသည်တိုကို လွယ်လင့် တကူ ရှုတ်ချနိုင်သော်လည်း မိမိ၌ရှိသော ချိုယွင်းမှုတိုကို မပြုပြင်ဘဲ နေနိုင်သည်။ ထိုကြောင့် “နိုင်ငံတော် တည်ထောင် ရန်’ ဆုတောင်း သည့်အခါတိုင်း နိုင်ငံတော်သည် ကျွန်တော်တို၏ စိတ်နှလုံးအတွင်း၌ အစပြုတည်ထောင်နိုင်စေ ရန် အရင်ဆုံး ကြိုးစား သင့်ကြောင်း သတိပြု သင့်ပါ၏။
၄။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို မြေကြီးပေါ်မှာ ပြည့်စုံပါစေသော အလွန်ပင် တန်ခိုးပါသော ဆုတောင်း တစ်ခုဖြစ်ရန် ရှေးဦးစွာ ဘုရားသခင်ကို စိတ်နှလုံးတွင်း၌ အရင်ဆုံး ပင့်ဖိတ်ပြီးမှ နိုင်ငံတော်နှင့်အလိုတော်ကို ဦးထိပ်ထားသင့်ကြောင်း သခင်ယေရှုက သွန်သင်ပြနေခြင်းဖြစ်သည်။
သိုသော် ဘုရားသခင်၏ အလိုတော်နှင့်ပတ်သက်၍ အထင် အမြင် မှားနေသော ခရစ်ယာန် အများ အပြားရှိသည်ဟု ကျွန်တော် ယူဆပါသည်။ မိမိ၏ ချစ်ခင်သူတစ်ဦး ရုတ်တရက် ကွယ်လွန် သွား သောအခါ “အလိုတော်ပါပဲလေ”ဟု စိတ်ပျက်အားလျော့စွာ သက်ပြင်း ချ ညည်းတွားလေ့ရှိကြသည်။ ယောဘ၏ သားသမီးများ သေကြေ ပျက်စီး၍ ပစ္စည်းဥစ္စာ ဆုံးရှုးသွားသောအခါ “ထာဝရဘုရားပေးတော် မူ၏။ ထာဝရဘုရားသည် ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမ “တော်သည် မင်္ဂလာရှိပါစေသတည်း” ဟူ၍ ယောဘနည်းတူ စိတ်ပျက် သည်းတွားသံမျိုးဖြင့် ဆိုလေ့ရှိပါသေးသည် (ယောဘ၊ ၁း၂၁)။
“အလိုတော်အတိုင်း ဖြစ်ပါစေသော”ဟူသော စကားများကို ရင်းဂူပေါ်တွင် ရေးသားထားသည်ကို တွေ့ရလျှင် ကျွန်တော်သည် ဝတ်မကောင်းဖြစ်မိလေ့ရှိသည်ကို ဝန်ခံပါရစေ။ ဘုရားသခင်သည် သေကြေပျက်စီးခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ ယူကျုံးမရဖြစ်ပြီး မျက် ရည်ကျရခြင်းတိုကို အလိုတော်မရှိပါ။ လူတစ်ဦးသည် လမ်းမကြီးပေါ်တွင်လျှောက်သွားစဉ် မော်တော်ကားတိုက်မိသောကြောင့် သေဆုံး သွားသော အခါ “အလိုတော် ပါပဲလေ” ဟူ၍ ပြောခြင်းက ဘုရားသခင်ကို လူသတ်သမားအဖြစ် စွပ်စွဲနေခြင်းဖြစ်သည်ဟု ကျွန်တော် ထင်ပါသည်။ ဘုရားသခင်သည် ကြွယ်ဝသောအသက်၊ ထာဝရအသက်၊ အသက် ရှင်ခြင်းနှင့် ရွှင်လန်းဝမ်းမြောက်ခြင်းတိုကိုသာ အလိုတော် ရှိကြောင်း သတိရစေလိုပါ၏။
တစ်ခါက စိတ်ပညာရှင်တစ်ဦးသည် လူတို၏ အတွင်းသဘော ကို လေ့လာရန်အတွက် “စကားလုံးစမ်းသပ်မှု (Word test)များ ပြုလုပ်ခဲ့ပါသည်။
“ခရစ်စမတ်” ဟူသော စကားလုံးတစ်လုံးကို ပြောလိုက်ခြင်း အားဖြင့် လူတိုင်းက မိမိ၏ စိတ်ထဲ၌ ရုတ်ချည်းပေါ်ပေါက်လာသော သဘောကို ချက်ချင်းပင် ရေးမှတ်စေရာ လူအများက ထို “ခရစ် စမတ်” စကားလုံးကို ကြားလိုက်သည်နှင့် “ဆန်တာကလော့(စ်)”၊ “အိမ်တွင်း အလှပြင်ဆင်မှု”၊ “ခရစ်စမတ်လက်ဆောင်”၊ “ခရစ်စမတ် ကဒ်” “ရုံးပိတ်ရက်’၊ “ခရစ်စမတ်ပါတီ’ စသည်တိုကိုသာ ရေးကြပြီး “ခရစ်တော် ” သို့မဟုတ် “ခရစ်တော်၏ မွေးနေ့တော်” ဟူသော စကားကိုလူအနည်းစုကလေးကသာ ရေးမှတ်ကြသည်ကို တွေ့ရသည်။
ထိုနည်းတူ “ဘုရားသခင်၏အလိုတော်” ဟူ၍ ဆိုလိုက်ပြန်ရာ “ချစ်သောညီမလေးသေဆုံးရခြင်း”၊ “မြေငလျင်လှုပ်ခြင်း’၊ “ရေလွှမ်း မိုးခြင်း၊ “လေမုန်တိုင်းတိုက်ခတ်ခြင်း၊ “ကင်ဆာရောဂါ” စသည် တိုကို ရေးချကြပြန်သည်ဟု ဆို၏။
ဂေသရှေမန်ဥယျာဉ်ထဲ၌ ခရစ်တော်က “အကျွန်ုပ်၏ အလို တော်အတိုင်း မဖြစ်စေဘဲ ကိုယ်တော်၏ အလိုတော်သာ ဖြစ်ပါစေ” ဟု ဆုတောင်း ဝန်ခံလိုက်ခြင်းအားဖြင့်သာ ကိုယ်တော်ခမျာမှာ မတတ် သာဘဲ ကားတိုင်ထက်၌ အသေခံခဲ့ရရှာသည်ဟု ထင်မှတ် နေတတ် ကြပါ၏။
ဘုရားသခင်၏ အလိုတော်ဆိုသည်မှာ ကျွန်တော်တို မကြိုက် မနှစ်သက်သော အရာတစ်ခုကို လုပ်ရခြင်း၊ ကျွန်တော်တိုက အရှုံး ပေး၊ သက်ပြင်းချ၍ အနစ်နာခံရခြင်းဟု မထင်မှတ်သင့်ကြပါ။ သို သော် ပူနွေးသော နေရောင်ခြည်နှင့် သာယာသော ဥတုရာသီ ဆန် စပါးနှင့် မြေထွက်သီးနှံ၊ လောကရှိ သယံဇာတ ပစ္စည်းများသည် ဘုရားသခင်၏ အလိုတော်အားဖြင့် လောက၌ ရှိနေကြောင်းကို သတိ ရသင့်သည်။
ကောင်းကင်ဘုံ၌ ပြည့်စုံသော အလိုတော်ဟုဆိုလျှင် ကျွန် တော်တို၏ စိတ်ထားက “ကောင်းကင်ဘုံ” ဟူသော အထက်အရပ်ရှိ နေရာကို ရှေးဦးစွာ စဉ်းစားမိကြသည်။ ထိုနေရာ၌ ပြည့်ဝစုံလင်သော ငြိမ်သက်ခြင်း၊ ပေါများကြွယ်ဝခြင်း၊ ဝမ်းမြောက်ခြင်း၊ နာခြင်း၊ ဝေဒနာခံစားရခြင်း၊ ငိုကြွေးခြင်းကင်းမဲ့သော နေရာဖြစ်ကြောင်း လူတိုင်းက နားလည်ထားကြသည်။
သိုသော် ဤသိုသောအရာများကိုလည်း မြေကြီးပေါ်၌လည်း ရှိစေလိုကြောင်း ဘုရားသခင်က အလိုတော်ရှိသည်ကို သတိရသင့်သည်။“အလိုတော်အတိုင်း ဖြစ်ပါစေ” ဟု ဆုတောင်းသည့်အခါ တိုင်း ၊ ဘုရားသခင် ဉာဏ်ပညာအလင်း၊ အနန္တမေတ္တာတော်တို ကို သတိရသင့်သည်။ မောရှေက အလိုတော်ကို မလိုက်လျှောက်နိုင်ဟု ထင်ပြီး ဆင်ခြေအမျိုးမျိုးပေးခဲ့သည်။ သူ့အနေဖြင့် မတတ်နိုင်ဟု ထင်ခဲ့သည်။ သိုသော် ဘုရားသခင်၏ ကူညီစောင့်ခြင်းအားဖြင့် နောက်ဆုံး၌ လုပ်ဆောင်နိုင်ခဲ့ပါ၏။
ဘုရားသခင်သည် မိမိ၏ အလိုတော်ကို နည်းမျိုးစုံဖြင့် ဖော်ပြတတ်သည်။ တစ်ခါတစ်ရံ မိမိ၏ ပင်ကိုယ် ထိုးထွင်းဉာဏ် အားဖြင့် အလိုအလျောက် သိလာနိုင်သည်။ စိတ်နှိမ့်ချစွာ ဆုတောင်းပြီးနောက် ထိုထိုးထွင်းဉာဏ်သည် မမျှော်လင့်ဘဲ ပေါ်ထွက်လာတတ်သည်။ ဘုရားသခင်သည် မိမိ၏ အလိုတော်ကို သူတစ်ပါးက ပေးသော ၊ အကြံဉာဏ်အားဖြင့်လည်း ဖော်ပြတတ်သည်။ မထင်မမှတ်ဘဲ ပေါ်ပေါက် လာသော အခြေအနေများ၊ သမိုင်း၏ ရှေ့ကာလက ဖြစ်ရပ်များ စသည်တိုဖြင့်လည်း ဖော်ပြတတ်သည်။
ထိုကြောင့် လူတစ်ဦးက ဆုတောင်းသည့်အခါတိုင်း ဘုရား သခင်၏ ဆိုင်သော ကိစ္စများကို ပထမဦး ဆုံးဦးထိပ်ထားရမည်ဖြစ် ကြောင်း ယေရှုက သွန်သင်ပြနေသည်။ မိမိကိုယ်ရေးကိုယ်တာအတွက် ဆုမတောင်းမီ ဘုရားသခင်ကို အရင်ဆုံးဦးစားပေးရမည့် အကြောင်း ၊ ပဌနာတော်အားဖြင့် ကိုယ်တော်နည်းလမ်း ပြသပေး နေခြင်းဖြစ်ပါ၏။ မိမိ၏ လိုအင်နှင့် ပြဿနာများကို ဘုရားသခင်အား မထင်မီ ကျွန်တော်တို၏ စိတ်နှလုံးထဲ၌ ဘုရားသခင်ကို အာရုံပြုပြီး မိမိတို၏ စိတ်ထားကို လွှမ်းမိုးနေစေရမည့်အကြောင်းသာတည်း။ ။
၅။ အသက်မွေးလောက်သောအစာကို အကျွန်ုပ် တိုအား နေ့ရက် အစဉ်အတိုင်း ပေးသနားတော်မူပါ။
ခရစ်တော် သွန်သင်ပြသသော “ပဌနာတော်၏ အလယ်ပိုင်း သို ရောက်လာပါပြီ။ ပဌနာတော်၏ ပထမပိုင်းနှင့် ဒုတိယပိုင်း၌ “နာမ်စားများ အသုံးပြုထားသည်ကို သတိပြုမိပါသလား? ပထမဦး ဆုံးသော ပန်ကြားချက် ဝါကျများတွင် ကိုယ်တော်၏ နာမတော်” “ကိုယ်တော်၏ နိုင်ငံတော်” “ကိုယ်တော်၏ အလိုတော်” ဟူသော အချက်သုံးချက်ပါရှိပြီး နောက်ပိုင်းတွင်မှ “အကျွန်ုပ်တို “အကျွန်ုပ် တို၏” ဟူသော စကားများပါလာ သည်။ ရှေးဦးစွာ ဘုရားသခင်ကို ဦးစားပေးပြီးမှ မိမိတို ကိုယ်ကျိုးအတွက် ဆုတောင်းကြဖို ကိုယ် တော်က သင်ပေးတော်မူပါ၏။
ဤနေရာသိုရောက်လာလျှင် ပထမဦးဆုံး ကျွန်တော်တို ကာယ အသက်ရှင်မှုအတွက် လိုအပ်သော အရာကို တောင်းလျှောက် စေ သည်။ ကနဦးဆုံး အသင်းတော်၏ ဖခင်ကြီးများ ဖြစ်သူ ဂျာရုမ်း၊ အော်ရီဂျင်၊ ဩဂတ်စတင်းတိုက ပဌနာတော်ရှိ ဤအပိုဒ်ကို အနက် အမျိုးမျိုးဖွင့်ခဲ့ကြဖူးပါသည်
(က) ပွဲတော်မင်္ဂလာချိန်ခါများ၌ ပဌနာတော်ကို ဆိုရလေ့ ရှိသည်ဖြစ်ရာ သခင်ဘုရား၏ ပွဲတော်မ င်္ဂလာတွင် ကျွေးမွေးသော မုန့်ကို ရည်ညွှန်း၍ ဆုတောင်းစေခြင်းဖြစ်သည်ဟု သူတိုက ယူဆသည်။ ထိုပွဲတော်မင်္ဂလာမှ ကျွေးမွေးသော ဝိညာဉ်အစာကို နေ့စဉ် စားခွင့် တောင်းခံခြင်းဖြစ်သည်ဟု အနက်ဖွင့်ခဲ့ကြသည်။
(ခ) ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဆိုင်သော ဝိညာဉ်အစာကို ဆိုလိုသည်ဟူ၍လည်း ဆိုကြသည်။ လူတို၏ စိတ် နှလုံးဝိညာဉ်တော်အတွက် နှုတ်ကပတ်တော် ကျမ်းစာမှ စစ်မှန်သော သွန်သင်ချက်၊ ယုံချက်၊ သမ္မာတရား စသည်ကို ခရစ်တော်က ဆိုလို ခဲ့ကြောင်း သူတိုက ယူဆခဲ့ကြသေးသည်။
(ဂ) ယေရှု ကိုယ်တော်တိုင်က မိမိကိုယ်ကို အသက်မုန့် ဖြစ်သည်ဟု တင်စားပြောခဲ့ခြင်းကြောင့် ထိုအသက်မုန့်တည်းဟူသော အစာကို နေ့စဉ်တောင်းခံရန် သွန်သင်ခဲ့သည် ဟူ၍လည်း ဆိုကြ သည်။
(ဃ) ဘုရားသခင်၏ နိုင်ငံတော်တည်သောအခါ စားပွဲ၌ ကိုယ်တော်နှင့်အတူ လျောင်း၍ စားခွင့်ရမည့်မုန့် ကို ဆိုလိုသည်ဟူ၍ လည်း အနက်ဖွင့်ကြပါသေးသည်။
ဤကဲ့သို အနက်ဖွင့်ခဲ့ကြရသည်ကိုလည်း မှားသည်ဟု မဆို နိုင်ပါ။ ထိုသို ကွဲပြားစွာ ယူဆနေကြရသည့် အကြောင်းအရင်းမှာ ရှင်မဿဲ၏ မူရင်းဂရိစကားလုံးတစ်လုံးဖြစ်သော (Epiousios) ကို မှန်ကန်စွာ အနက်ဖွင့်ရန် ခဲယဉ်းသောကြောင့် ဖြစ်ပါ၏။ ထိုစကား လုံးသည် ဂရိစာပေတွင် ရှားပါးသဖြင့် အဓိပ္ပါယ် အတိအကျကို ဇဝေဇဝါဖြစ်ခဲ့ကြရသည်။ ရှင်မဿဲက ထွင်ခဲ့သော စကားဖြစ်ဟန် တူသည်ဟု ထင်ခဲ့ကြ၏။
သိုသော် များမကြာမီသေးက ပါပီရပ်(စ်) ကျူရိုးဖြင့် ရေးသား ထားသော စာပေအစတစ်စကို တွေ့ရှိခဲ့ ကြသည်။ ထိုစာပေမှာ အမျိုးသမီးတစ်ဦး၏ ဈေးဝယ်စာရင်းတစ်ခုမျှသာဖြစ်၍ ထိုစာရင်းထဲ ၌ (Epiousios)ဆို သော စကားလုံးကို တွေ့ကြရသည်။ “လာမည့် နေ့တွင် ဈေးသိုသွား၍ ဝယ်ရမည့် စာရင်းထဲ၌ ထိုအမျိုးသမီးဝယ် ယူရန် ရည်ရွယ်ထားသည့် အစားအသောက် ပစ္စည်းတစ်ခု၏ အမည် နံဘေးတွင် (Epiousios) ဟူ၍ ရေးမှတ်ထားကြောင်းကို တွေ့ရ ပါ၏။ လာမည့်နေ့တွင် အိမ်သူအိမ်သားများအတွက် ချက်ပြုတ် စားသောက် ရမည့် အစားအစာ (ဝါ) ဟင်းလျာတစ်ခုခုကို ဝယ်ရန် မိမိကိုယ်ကို သတိပေးထားခြင်းပင်ဖြစ်ပါ၏။
ထိုကြောင့် အဆိုပါဂရိစကားလုံး၏ အနက် အစစ်အမှန်ကို ချင့်ချိန်လာနိုင်သောအခါမှ ပဌနာတော်၏ ဤအပိုဒ်သည် “နေ့စဉ် လူတို လိုအပ်သော အစာကို တောင်းလျှောက်ရန်’ ယေရှုသွန်သင် ခဲ့ခြင်းဖြစ်မှန်း ပိုမိုထင်ရှားလာခဲ့ပါသည်။ ထိုကြောင့် ဤဆုတောင်း ပိုဒ်ကလေးကို အနက်ဖွင့်ရလျှင်
(က) ကာယ ခန္ဓာကို ဖန်ဆင်းခဲ့သော ဘုရားသခင်သည် ထိုခန္ဓာအတွက် အစာလိုကြောင်းကိုလည်း သတိရသည်။ ယေရှု ကိုယ်တော်တိုင်က လူအပေါင်းကို တရားဟောပြော၊ အနာရောဂါကုသ၊ အပြစ်လွှတ်ခဲ့ရုံမက၊ ကာယအစာကို လည်း ကျွေးမွေးခဲ့သည်။ ကာယခန္ဓာ၏ စနစ်တကျ တိုးတက် ကြီးထွားလာမှုကိုလည်း ဘုရားသခင်က လို လားကြောင်း ဖော်ပြသည်။ မိမိ ခန္ဓာကိုယ်၌ အနာ ရောဂါ မရစေရေးအတွက် မျှော်မှန်းသော ကယ်တင် ခြင်းမှာ ကာယခန္ဓာကို ဥပေက္ခာပြုပြီး ဝိညာဉ်ရေး သက် သက် ကယ်တင်ခြင်းသာ မဟုတ်ကြောင်း ပေါ်လွင်စေ သည်။
(ခ) နေ့စဉ်လိုသော အစားအစာ လာမည့်နေ့ရက်အတွက် လည်း လိုသောအစာကို တောင်းလျှောက်ခြင်းဖြစ်သည်။ တစ်နေ့တာအတွက် အသက်ရှင်ပြီး လာမည့် အနာဂတ် အတွက် စိုးရိမ်ကြောင့်ကြမှု မရှိစေရန်လည်း သတိပေး နေ၏။ တစ်နေ့အတွက် အစာကို ရပြီး မနက်ဖြန်တွင် မည်သို စားသောက်ရမည်ကို စိုးရိမ်ကြောင့်ကြ ပူပင် သောကရောက်နေတတ်သူသည် ယုံကြည်ခြင်းအားနည်း သောသူဖြစ်သည်။ ။
(ဂ) အသက်ဆက်ရေးအတွက် လိုအပ်သော အစာကို ဘုရား သခင်ထံမှ ရကြောင်း သတိပေးနေသော ဆုတောင်း လည်းဖြစ်ပါသည်။ အပင်ကို ပေါက်စေနိုင်သော အစေ့ကို လူတစ်ဦးတစ်ယောက်ကမျှ မဖန်ဆင်းနိုင်။ သိပ္ပံပညာက အသီးအနှံအပင်တို၏ အစေ့ဖြစ်ပုံကို လေ့လာသုံးသပ် နိုင်သောလည်း ဓာတုဗေဒအခန်းထဲ၌ သိပ္ပံပညာရှင်က ဖန်တီးနိုင်သော အစေ့သည် အပင်ကို မပေါက် စေနိုင်ပါ။ ထမင်းကို ကြည့်ပြီး စပါးကို သတိရသင့်သည်။ ထိုစပါးကို ပေါက်စေသော မိုးရေ၊ နေရောင်ခြည်၊ မြေသြဇာတိုသည် သဘာဝဟု ခေါ်ဆိုပါလေစေ။ ထိုသဘာဝကို ဖန်တီးခဲ့သူမှာ ဘုရားသခင် ပေတည်း။
(ဃ) ဤဆုတောင်းချက်က ဆုတောင်းခြင်း၏ စစ်မှန်သော အဓိပ္ပါယ်ကိုပါ ညွှန်ပြနေသည်။ လူသည် နေ့စဉ်လိုသော အစာကို ဆုတောင်းပြီး လက်ပိုက်ထိုင်နေ၍ မဖြစ်၊ “ဆု တောင်းရင်းလည်းလုပ်၊ လုပ်ရင်းလည်း ဆုတောင်း ရ မည်ကို လူတိုင်းသတိရသင့်သည်။ အသက်ပါသော မျိုး စေ့ကို ဘုရားသခင်က ဖန်ဆင်းခဲ့သည်ကား မှန်၏။ သို သော် မျိုးစေ့ကို လူတိုက ထွန်ယက်စိုက်ပျိုးရမည်။ ရိတ်သိမ်းရမည်။ ကြိတ်နယ်ရမည်ကို သတိပေးနေပါသေး၏။
(င) အစာကို အကျွန်ုပ်အား ပေးတော်မူပါဟူ၍သာ ဆု မတောင်းခိုင်းသည်ကို သတိပြုပါ။ “အကျွန်ုပ်တိုအား” ပေးတော်မူရန်ကိုသာ တောင်းလျှောက်စေပါ၏။ ဆုတောင်း ရာတွင် တစ်ကိုယ်တည်းအတွက်သာမက ထိုအစာကို သူတစ်ပါးတိုနှင့်လည်း ဝေမျှတတ်ရန်ကို ဤဆုတောင်း ပိုဒ် ကလေးက သင်ပြနေပါ၏။
၆။ သူတစ်ပါးသည် အကျွန်ုပ်တိုကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တိုသည် လွှတ်သကဲ့သို အကျွန်ုပ်တို၏ အပြစ်များကို လွှတ်တော်မူပါ၏။ ဤဆုတောင်းချက်အပေါ်၌ ကိုယ်တော်က အရေးကြီးသော ခရစ်ယာန် သဘောထားတစ်ရပ်ကို မီးမောင်း ထိုးပြနေသည်နှင့်တူသည်။ နာမတော်ကို ရိုသေခြင်း၊ နိုင်ငံ တော်တည်ထောင်ခြင်း၊ အလိုတော်ပြည့်စုံခြင်းနှင့် နေ့စဉ်လိုသော အစာတိုသည် အရေးကြီးသည် မှန်သော်လည်း ထပ်ဆင့်၍ မဿဲ၊ ၆း၁၅၌ “သင်တိုသည် သူတစ်ပါးတို၏ အပြစ်ကို မလွှတ်လျှင် သင်တိုအဖသည် သင်တို၏ အပြစ်ကို လွှတ်တော်မမူ”ဟူ၍ သတိ ပေးခဲ့သည်။
လူတစ်ဦးသည် သူတစ်ပါး၏ အပြစ်ကို အကယ်ပင် မလွတ် နိုင်ဘဲ၊ ပဌနာတော်ကို ဆုတောင်းနေပါက စကားလုံးများကိုသာ ရွတ်ဆိုနေခြင်းသက်သက် ဖြစ်နေပါလိမ့်မည်။ လူတို အချင်းချင်း အပြစ်လွှတ်ခြင်းနှင့် ဘုရားသခင်၏ အပြစ်လွှတ်ခြင်းသည်လည်း တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါ၏။
ဤဆုတောင်းချက်၏ ထူးခြားချက်တစ်ချက်ကို သတိပြုမိပါ သလား?
“အကျွန်ုပ်သည် အပြစ်ပြုမိပါက လွှတ်တော်မူပါ” ဟူ၍ မဆို၊ “အကျွန်ုပ်တို၏ အပြစ်များကို လွှတ်တော်မူပါ” ဟု တိုက်ရိုက် ဖွင့်ဆိုလိုက်ကတည်းက လူတိုင်း၌ အပြစ်ရှိကြောင်းကို ထောက်ပြ နေခြင်းဖြစ်ပါ၏။ ခရစ်ယာန်တို၏ အပြစ်လွှတ်ခြင်းကို နားလည်ရန် အောက်ပါအချက် သုံးချက်ကို သတိမူရလိမ့်မည်
(က) ကျွန်တော်တို ၌ နားလည်မှု ရှိရမည်။ လူတစ်ဦး သည် တစ်စုံတစ်ခုကို ပြုလုပ်တိုင်း ထိုသို ပြုလုပ်ရခြင်းအတွက် သူ့၌ အရင်းခံအကြောင်းရင်း တစ်ခုခုရှိရမည်။ လူတစ်ဦးသည် စိတ်တိုဒေါသထွက်နေလျှင် သူ၏ စိတ်တွင်း၌ ပူပင်သောကနှင့် နာကျည်းမှု တစ်ခုခုရှိနေသောကြောင့် ဖြစ်ကောင်းဖြစ်မည်။ ကျွန်တော်တိုကို မယုံ သင်္ကာဖြစ်နေလျှင် ကျွန်တော်တိုအကြောင်း ကောင်းစွာနားမလည် သေး၍သော်လည်းကောင်း၊ တစ်စုံတစ်ယောက်က မမှန်သောအရာ တစ်ခုခုကို ပြောထားနှင့်၍သော်လည်းကောင်း ဖြစ်နိုင်မည်။ ထိုသူသည် သူနေထိုင်လျက် သိုမဟုတ် အလုပ်လုပ်လျက်ရှိသော ပတ်ဝန်းကျင်၏ အရှိန်ဩဇာကို ခံနေရသောကြောင့် ဖြစ်ကောင်းဖြစ် လိမ့်မည်။ သူ၏ ဘဝ၌ ခက်ခဲမှုမျိုးစုံများကို ရင်ဆိုင်နေရသောကြောင့် ဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။ ထိုသူ၏ ပင်ကိုယ်အကြောင်းကို ကောင်းစွာ နားလည်မှုရှိလာမှသာလျှင် သူ့အား အပြစ်လွှတ်ရန် လွယ်ကူလာ ပေလိမ့်မည်။
(ခ) မေ့တတ်ရန် ကြိုးစားရမည်။ ကျွန်တော်တိုအား တစ်စုံတစ်ဦးက အမှားပြုမိခဲ့ပြီး ၎င်းအချက်ကို မမေ့နိုင်ဘဲ ရှိနေခဲ့လျှင် အပြစ်လွှတ်ရန် ခက်နေပေလိမ့်မည်။ ““ဒီကိစ္စကိုတော့ မေ့လိုမရနိုင်ဘူး” ဟူ၍ ပြောတတ်ခြင်းသည် အပြစ်လွှတ်ရန် အဟန့်အတားဖြစ်စေ နိုင်တတ်သည်။ သိုကြောင့် အပြစ်လွှတ်နိုင်ရန် ကိစ္စရပ်တစ်ခုကို မေ့ပစ်လိုက်နိုင်မှ ဖြစ်ပါလိမ့်မည်။
(ဂ) မေတ္တာတရားထားတတ်ရန် ကြိုးစားရမည်။ ခရစ် ယာန်တို၏ စစ်မှန်သော မေတ္တာကို ဂရိစကား အားဖြင့် “အာဂါပေ (Agape)ဟု ခေါ်သည်။ ထိုမေတ္တာမျိုးသည် ကောင်းမြတ်စိတ်ထား သာမက သူတစ်ပါး၏ ကောင်းကျိုးကို အမြဲအာရုံစိုက်တတ်ပြီး ဘယ်သောအခါမျှ မပျက်ယွင်းနိုင်သော မေတ္တာမျိုးဖြစ်၏။ သူတစ်ပါး – အဘယ်သို မကောင်းမှုပြုစေကာမူ ဥပေက္ခာပြုခြင်းသာမဟုတ်။ မကောင်းမှုပြုသော သူအား ပြန်လည်ချစ်ခင်၊ ကောင်းမှုပြုနိုင်သောမေတ္တာမျိုးဖြစ်သည်။ ခရစ်တော်ကို စိတ်နှလုံးတွင်း၌ ကိန်းအောင်း စေသောအခါမှ ထိုသိုသော မေတ္တာမျိုးကို ရရှိလာနိုင်သည်။
၇။ အပြစ်သွေးဆောင်ရာသို မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ။
အသက်မွေးလောက်ရသောအကြောင်းကို ဆုတောင်းစဉ်က ပစ္စုပ္ပန်ဖြစ်သော လက်ရှိအခြေအနေကို ရှုကြည့်ပြီး ဆုတောင်းခြင်း ဖြစ်သည်။ သူတစ်ပါးတို၏ အပြစ်ကို လွတ်ရေးအတွက် ဆုတောင်း သောအခါတွင် လည်း အတိတ်ကို ကြည့်ပြီး ပစ္စုပ္ပန်ကာလအတွက် ပင်ဖြစ်နေသေးသည်။ သိုသော် ဤဆုတောင်းချက် ရောက်လာသော အခါ ကျွန်တော်တို၏အနာဂတ်ကာလအတွက် ဆုတောင်းခြင်းဖြစ် လာသည်။
အနာဂတ်ကို မျှော်ကြည့်လျှင် ကျွန်တော်တို ဆုတောင်းဖို အရာများစွာရှိသည်။ ဖျားနာခြင်း ကင်းဝေးရန် ဆုတောင်းဖိုလိုသည်။ ဆင်းရဲနွမ်းပါးခြင်းမှ ကွယ်ကာရန် ဆုတောင်းဖိုလိုသည်။ ဒုက္ခဝေဒနာ ခံစားရခြင်း မရှိစေရန် ဆုတောင်းဖိုလိုသည်။ လူများက မုန်းတီးခြင်း၊ ဝေဖန်ရှုတ်ချခံရခြင်း၊ အသက်ကြီးရင့် အိုမင်းမစွမ်း ဖြစ်လာခြင်း၊ နောက်ဆုံး၌ သေခြင်းကို ကြောက်ရွံ၍လည်း ၎င်းကိစ္စများအတွက် ဆုတောင်းဖို လိုသေးသည်ဟု ကျွန်တော်ထင်သည်။
သိုသော် အနာဂတ်အတွက် ဆုတောင်းဖို သွန်သင်ပေးသော အခါ ခရစ်တော်က အထက်ဖော်ပြပါ တစ်စုံတစ်ခု အတွက်မျှ မပါ။ သည်ကို အံ့သြစွာ တွေ့ရပါလိမ့်မည်။ အနာဂတ်တွင် အမှားကို ပြုမိ ခြင်း၊ စုံစမ်းနှောင့်ယှက်ခြင်းကို မလွန်ဆန်နိုင်ဘဲ အရှုးပေးရမည့် အတွက်ကိုသာ ကိုယ်တော်က ဆုတောင်း ခိုင်းနေပါတော့၏။
အမှန်ဆိုရလျှင် အိုခြင်း၊ နာခြင်း၊ ဆင်းရဲခြင်း ဒုက္ခဝေဒနာခံစားရခြင်းအစရှိသည်တိုကို ကျွန်တော်တိုက ကြောက်ရွံလေ့ရှိ သော်လည်း အပြစ်သွေးဆောင်ရာ စုံစမ်းနှောင့်ယှက်ခြင်းကိုမူကား ကြောက်သင့်သလောက် မကြောက်ကြသည်ကို အံ့သြစွာ တွေ့ရ လိမ့်မည်။ သိုသော် အပြစ်ပြုမိရန် သွေးဆောင်ခံရခြင်းသည် အထက် ဖော်ပြပါ ကိစ္စများထက် အလွန်ပင် ကြောက်စရာကောင်းသည့် အတွက် ဆုတောင်း၍ ခွန်အားယူသင့်ကြောင်း ခရစ်တော်က မြင်၍ ပဌနာတော်ကို သင်ပေးရာတွင် ဤအချက်ကို ထည့်ပေးခြင်းဖြစ်၏။
အပြစ်သွေးဆောင်ခြင်းဆိုသည့် စကားမှာ ယခုခေတ်မျိုး၌ လူကြိုက် မများပါ။ ထိုစကားကို သမ္မာကျမ်းထဲ၌ အများအားဖြင့် (Peirazein)ဟူ၍ ရေးလေ့ရှိပြီး အနက်ရင်းမှာ “စမ်းသပ်စစ်ဆေး ခြင်း”” ဖြစ်သည် ဟူ၍ ကျွန်တော် ရှင်းပြပြီးဖြစ်ပါ၏။ လူတစ်ဦး၌ ခွန်အား၊ သစ္စာရှိမှု၊ ယုံကြည်ခြင်း ရှိမရှိ စမ်းသပ်စစ်ဆေးခြင်း မည်၏။
ထိုကြောင့် စုံစမ်းသွေးဆောင်ခြင်းမှာ အမှန်ဆိုရလျှင် လူ တစ်ဦးအား စမ်းသပ်ခြင်းမျှသာ ဖြစ်ပြီး ထိုသူအား ပိုမိုခိုင်ခံ့ တည်ကြည် လာရန် ရည်ရွယ်သည်။ ထိုစုံစမ်းခြင်းထဲမှ ပိုမိုခိုင်ခံ့ တည်ကြည်စွာ ထွက်ပေါ်လာစေနိုင်ပါ၏။ ထိုကြောင့် စုံစမ်းခြင်းသည် ထိုသူ၏ စွမ်းရည်ကို စမ်းသပ်ရာလည်း ရောက်ပါ၏။ သိုသော် စုံစမ်းခြင်းသည် အမျိုးမျိုးသော အရပ်မှ ထွက်ပေါ်လာတတ်သည်
(က) အပြင်လောကမှ လာတတ်သည်။ အပြစ် ဒုစရိုက် ၌ နစ်မွန်းနေသူများက လာရောက်သွေး ဆောင်နိုင်သည်။ ထိုအခါမျိုးတွင် လူလူချင်းနှင့် ပေါင်းသင်း ဆက်ဆံမှုသည် အရေးကြီးသော ကဏ္ဍ၌ ပါဝင်လာသည်။ ထိုသိုသော သူတိုအား ရှောင်ကွင်းဖို လိုလာသည်။
(ခ) ကျွန်တော်တိုကို ချစ်သောသူများထံမှလည်း လာနိုင်သည်။ ဤသွေးဆောင်ခြင်းမျိုးကိုမူကား တွန်းလှန်ရန် ခက်တတ်၏။ ကျွန်တော်တိုကို ထိခိုက်နာကျင်စေသည့် သဘောမပါဘဲ မေတ္တာ ထားသောကြောင့် အမှားကို ပြုမိရန် သွေးဆောင်ခြင်းခံလာရတတ် သည်။
ဥပမာဆိုရလျှင် လူတစ်ဦးသည် တစ်စုံတစ်ခုကို ပြုလုပ်လို သည်။ လုပ်ငန်းတစ်ခုကို ရွေးချယ်လိုသည်။ ထိုလုပ်ငန်းသည် မွန် မြတ်သည် မှန်သော်လည်း လူကြိုက်နည်းပြီး စွန့်စားရသော လုပ်ငန်းမျိုးဖြစ်သည်ဆိုကြပါစို။ ထိုအခါမျိုး၌ သူ့ကို ချစ်မြတ်နိုးသူများက တားမြစ်လေ့ရှိတတ်သည်။ ခရစ်တော်ကိုပင်လျှင် သူ၏ အနီးဆုံး သော ညီအစ်ကို မောင်နှမများက လာရောက်ပြီး “သူသည် အရူး ဖြစ်၏” ဟု ပြောကာ အမှုတော် လုပ်ငန်း၌ လာရောက်နှောင့်ယှက် ခဲ့ဘူးသည် (မာကု၊ ၃း၂၁)။ ကားတိုင်လမ်းစဉ်ကို ရွေးချယ်သောအခါ ၌ ရှင်ပေတရုက ကိုယ်တော်အား ချစ်လွန်း၍ တားမြစ်ရာ “အချင်း ရန်သူ ငါ့နောက်သို ဆုတ်လော့”ဟူ၍ပင် ကိုယ်တော်က သတိပေး လိုက်ရပါသေး၏ (မဿဲ၊ ၁၆း၂၃။ မာကု၊ ၈း၃၃)။
(ဂ) အပြစ်သွေးဆောင်ခြင်းသည် ကျွန်တော်တို ၏ စိတ်နှလုံးတွင်းမှလည်း လာတတ်သည်။ လူတိုင်းလူတိုင်း၌ အားနည်း ချက် တစ်ခုမဟုတ် တစ်ခုရှိတတ်သည်။ ထိုအချက်ကို သတိ မထားလျှင် ဆုံးရှုံးခြင်းသို ရောက်နိုင်သည်။ သိုသော် တစ်ခါတစ်ရံ ကျွန်တော်တို၏ အားနည်းချက်မှမဟုတ်၊ အားအရှိ ဆုံးသော အချက်မှလည်း အပြစ် သွေးဆောင်ခြင်း ရောက်လာနိုင်သည်။ အဲဒီအရာမျိုးကိုတော့ ငါ ဘယ်တော့မှ မယ်”ဟု ဆိုသည်။ သိုသော် ဤကိစ္စမျိုး၌ မိမိကိုယ်ကို အားရှိသည်ဟု ထင်ပြီး ပေါ့ဆစွာ နေမိတတ်သည်။ ရဲတိုက်တစ်ခု၌ အင်အားအရှိဆုံး၊ အခိုင်ခံ့ဆုံးဟု ထင်သောနေရာ၌ အစောင့်စစ်သည် ချထားရန်ကိုပင် မေ့လျော့တတ်၍ သော်လည်းကောင်း၊ နည်းပါးစွာချထား၍သော်လည်းကောင်း ဖြစ်နေမိတတ်သည်။ မိမိကိုယ်ကို အထင်ကြီးနေမှုကြောင့်လည်း လူတစ်ဦး၏ ပြိုလဲခြင်း၏ အစဖြစ်နိုင်သည်။ ဘုရားသခင်က ကျွန်တော်တိုအားလုံးကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထား သောကြောင့် အပြစ်သွေးဆောင်ရာသို လိုက်ပါနိုင်ခြင်းဖြစ်၏။ ထိုသို လွတ်လပ်ခွင့် ပေးမထားလျှင် ကျွန်တော်တိုသည် စက်ရုပ်မျှသာ ဖြစ်နေပေလိမ့်မည်။ အပြစ်သွေးဆောင်ရာသို မလိုက်မပါစေရန် ဆုတောင်းခိုင်းခြင်းကြောင့် ကျွန်တော်တို၏ ရွေးချယ်မှုနှင့် ကျွန်တော် တို လိုက်လျှောက်ရသည့် ပန်းတိုင်ကို ညွှန်ပြနေခြင်းလည်းဖြစ်၏။ မိမိ၏ အတွင်းစိတ် ခွန်အားကို ဘုရားသခင်ထံမှသာ ရနိုင်သည်။“ငါတိုဟာ အမှန်တော့ ပုထုဇဉ် လူသားပါပဲလေ”ဟူသော စကားမျိုးသည် ကြောက်စရာ အကောင်းဆုံးပင်ဖြစ်သည်။ ထိုစကားမျိုးအားဖြင့် အပြစ် သွေးဆောင်ခြင်းကို ရုန်းကန်၍ မနေတော့ဘဲ အလျှော့ပေး အရှုး ပေးလိုက်တတ်ကြပါ၏။ “ငါ့ကို ခွန်အားနှင့် ပြည့်စုံစေ တော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတိုကို ငါတတ်ကျွမ်းနိုင်၏” ဟူသော ရှင်ပေါလု၏ စကားသည် အပြစ်သွေးဆောင်ခြင်းကို တွန်းလှန်ရန် အကောင်းဆုံးသော ကျမ်းစကားပင် ဖြစ်၏။ သန့်ရှင်းသော သူတော်စင်ကြီးများ၏ အတ္ထုပ္ပတ္တိတိုကို လေ့လာကြည့်ပါ။ သူတိုသည် တစ်ခါတစ်ရံ မှားတတ်သော်လည်း အမှားကို ဘယ်သောအခါမျှ အရှုးမပေးခဲ့ကြပါ။ သူတိုသည် ဆုံးရှုးမှု တစ်ခုကို ဘယ်သောအခါမျှ လက်မြှောက်အရှုးမပေးဘဲ ပြန်လည် တိုက်ခိုက် လေ့ရှိသည်။ အနာဂတ်သို ယုံကြည် စိတ်ချခြင်းဖြင့် ဆက်လက် မျှော်ကြည့်လေ့ရှိပါ၏။ သူတို၏ ခွန်အားကို ဘုရားသခင်၏ ခွန်အားက ထပ်ဆင့်လောင်း ပေးလေ့ရှိပါ၏။ ထိုခွန်အားမျိုးကို ကျွန်တော်တိုလည်း ရနိုင်သည်။ အလွန်အဖိုးတန်လှသော ကျမ်းစကားလေး တစ်ပုဒ်ကို ရှင်ယုဒဩဝါဒစာထဲ၌ တွေ့နိုင်ပါ၏။ “ထိမိ၍ လဲခြင်းနှင့် ကင်းလွတ်စေမည် အကြောင်း သင်တိုကို စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ သင်တိုကို ဘုန်းအသရေတော်ရှေ့၌ ဆက်သခြင်းငှာ လည်းကောင်း၊ တတ်နိုင်တော် မူသော အရှင်ရှိကြောင်း” ဖော်ပြထားပါ၏ (ယုဒ၊ ၂၄-၂၅)။ခွန်အားနှင့် ဖြည့်စွမ်းနိုင်သော ခရစ်တော်အားဖြင့်လည်း အပြစ်သွေးဆောင်ခြင်းကို အောင်မြင် နိုင်ခြင်းကြောင့် နောက်ဆုံး၌ “အစိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်တော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိပါ၏ အာမင်း” ဟူ၍ ကြွေးကြော်နိုင်ကြရန် ကြိုးစားကြပါစို။
အခန်း (၁၅)
မင်္ဂလာတရားတော်
ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံသူတိုင်း ဘုရားသခင်၏ အလိုတော်ကို ဝန်ခံသောသူတိုင်းသည် ဘုရားသခင်၏ နိုင်ငံတော်နှင့် ဆိုင်၏။ နိုင်ငံတော်တွင်းသို ဝင်နိုင်သော အခွင့်အရေးရရှိ၏။ ခရစ် တော်က ဘုရားသခင်၏ နိုင်ငံတော်တွင်းသို ဝင်နိုင်ရေးအတွက် သော့ချက် (၈)ချက်ကို ပေးခဲ့သည်။ ထိုသော့ချက်များကို “မင်္ဂလာ တရားတော်’ဟု ခရစ်ယာန်များက ခေါ်လေ့ရှိကြသည်။ “မင်္ဂလာ” ဟူသော စကားကို အရင် ရှင်းပြလိုပါသည်။ “မင်္ဂလာ” ဆိုသည်မှာ “မင်္ဂလ” ဟူသော ပါဠိစကားမှ လာပြီး “ကျက်သရေရှိသော” ဟူ၍ အနက်ရှိသည်။ ကျက်သရေအပေါင်း၊ ကျက်သရေအဖြာဖြာရှိ သောအခါ ဝမ်းမြောက် ဝမ်းသာ စိတ်နှလုံး ပီတိ ဖြစ်နေနိုင်သည်။ “မင်္ဂလာရှိကြ၏” ဟူသော မြန်မာစကားကို (Blessed) ဟူသော အင်္ဂလိပ်စကားမှ မြန်မာ ပြန်ထားပြီး မူရင်းဂရိစကားမှာ (Makarios) ဖြစ်သည်။ ထိုစကားကို | ဂရိတို၏ ဘုရားများအကြောင်း ဖွဲနွဲရေးသားရာတွင် အသုံးပြုလေ့ ရှိသည်။ဂရိတိုက ဆိုက်ပရပ်(စ်)ကျွန်းကို (He Makaria) ဟု ခေါ်၍ အနက်မှာ “ပျော်စရာကောင်းသော ကျွန်း” မည်၏။ သိုကြောင့် (Makarios) ဆိုသည်မှာ စိတ်နှလုံးအတွင်းထဲ၌ ဖြစ်ပေါ်လာသော ဝမ်းမြောက်ခြင်း၊ မနောတွင် ပီတိ ဖြစ်ရခြင်း၊ ““ဖရဏပီတိ ဂွမ်းဆီထိ”” ဟူ၍ ကျွန်တော်တိုက ဆိုကြသည်။မင်္ဂလာတရားတော်၏ အဓိပ္ပါယ် ကြွယ်ဝမှု၊ ထူးကဲသော အနှစ်သာရ တစ်ခုမှာ နောင်လာမည့် အနာဂတ်ကာလ၌ရရှိမည့် ဝမ်းမြောက်ဝမ်းသာဖြစ်ရခြင်းကြောင့်သာမဟုတ်၊ ဤမင်္ဂလာတရားတော်ကို စောင့်ရှောက်ခြင်းအားဖြင့် မျက်မှောက်ဘဝ၊ လက်ငင်းအသက်ရှင်နေရချိန်၌ပင်လျှင် ရရှိခံစား နိုင်မည်ဖြစ်သော ဝမ်းမြောက် ဝမ်းသာခြင်းအကြောင်းကို လမ်းညွှန်ပြ ဆိုနေပါ၏။
၁။ စိတ်နှလုံးနှိမ့်ချသော သူတိုသည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို၏ နိုင်ငံ ဖြစ်၏။ “စိတ်နှလုံး နှိမ့်ချသောသူ” ဟူ၍ ဆရာယု ဒသန် ပြန်ထားသော မြန်မာစကားမှာ (Poor in Spirit) ဖြစ်ပြီး စိတ်နှလုံးထဲ၌ အတိ ဒုက္ခရောက်နေခြင်း၊ စိတ်နွမ်းပါး၍ ဝမ်းနည်း ကြေကွဲရခြင်း၊ နွမ်းနယ် အားလျော့နေရသောကြောင့် စိတ်နှလုံးသည် နိမ့်ကျ အားနည်းနေရသော အခြေအနေကို ဆိုလိုသည်။
အမှန်ဆိုရလျှင် ဆရာယုဒသန် မြန်မာပြန်သော မူရင်း ဂရိစကားမှာ (Ptochos) ဖြစ်၏။ အနက်ရင်းမှာ အလွန်တရာမျှပင် ဆင်းရဲနွမ်းပါး၊ ညံ့ဖျင်းနိမ့်ကျသော အခြေအနေကို ဆိုလိုသည်။ ထို စကားမှ (Ptossein) ဟူသော စကားဆင်းသက်လာပြီး ပစ္စည်းဥစ္စာ ဘာမျှ မရှိသောကြောင့် ဦးညွှတ်၊ ငုံလျှိး၊ ဒူးထောက်ရသည်အထိ ဖြစ်လာရသောအခြေအနေကို ညွှန်ပြနေသည်။ အလွန်အမင်း ဆင်းရဲ နွမ်းပါး၊ နိမ့်ကျသော အခြေအနေ၌ ရောက်ရှိ နေသောကြောင့် သြဇာ အာဏာဂုဏ်သိက္ခာမရှိရတော့ခြင်း၊ အောက်ကျ နောက်ကျ ဖြစ်နေရခြင်း၊ လူတိုင်း၏ ဖိနှိပ်ချုပ်ချယ်မှု၊ အမြတ်ထုတ် မှုကို ခံနေရခြင်းကို ဆိုလိုသည်။ စိတ်နှလုံးသည် ညှိးငယ် နွမ်းနယ် မှုကို ခံနေရသောကြောင့် လောက၌ အားကိုးစရာ လုံးဝမရှိ၊ ဘုရားသခင်ကိုသာလျှင် မှီခိုအားထား၊ ဖက်ယမ်းအားကိုးနေရသော ဘဝကို ဖော်ပြသည်။ အကူအညီ ကင်းမဲ့နေရခြင်းကြောင့် နောက်ဆုံး၌ အားကိုးရာမဲ့ ဖြစ်နေရသူကိုဆိုလိုသည်။ ထိုကြောင့် စိတ်နှလုံး နှိမ့်ချသောသူ ဆိုသည်မှာ “မိမိ၌ အားကိုးရာမဲ့ အကူအညီမဖြစ် နေရသောကြောင့် ဘုရားသခင်ကိုသာလျှင် လုံးဝဥသုံ အားကို မှီခိုနေသောသူ” ကို ဆိုလိုသည်။ အကောင်းဆုံးသော ဥပမာမှာ ဗိမာန်တော်တွင်း၌ ဆုတောင်းရန် ဝင်သော ဖာရိရှဲနှင့် အခွန်ခံတိုနှင့် ပတ်သက်သည့် ခရစ်တော်၏ သွန်သင်ချက် ဖြစ်သည်။ ဖာရိရှဲက “အိုဘုရားသခင် အကျွန်ုပ်သည် သူတစ်ပါးတိုကဲ့သို အပြစ် မရှိ၊ ဤအခွန်ခံကဲ့သို မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပါ၏” ဟု ဆုတောင်းသည်။ အခွန်ခံမူကား ရင်ပတ်ကို တီးလျက် ခေါင်းကို “လျက် “အိုဘုရားသခင် အပြစ်များသော အကျွန်ုပ်ကို သနားခြင်း ကရုဏာစိတ် ရှိတော်မူပါ” ဟု ဆုတောင်းသကဲ့သို ဖြစ်၏။ အမှန်ဆို ရလျှင် လောက၌ ဘာမျှ အားကိုးစရာ၊ မှီခိုစရာမရှိတော့ပြီဖြစ်သော လူတိုင်းအဖို ဘုရားသခင်ကိုသာလျှင် အားကိုးရတော့မည့်အခြေသို ရောက်လာပေတော့မည်။ ဥစ္စာပစ္စည်း နွမ်းပါးနေရခြင်းကို ခရစ်တော်က မဆိုလို။ စိတ်နှလုံး ဆင်းရဲနွမ်းပါးနေခြင်းကိုသာ ဆိုလို ခြင်းကြောင့် စိတ်နှလုံး ဆင်းရဲနွမ်းပါးသူတစ်ဦးဖြစ်မှန်း မိမိကိုယ်ကို သိရှိလာလျှင် ထိုသူသည် ဘုရားသခင်ကိုသာလျှင် အားကိုး လာသည်။ ဘုရားသခင်က သာလျှင် ပေးပိုင်သော ဆုကျေးဇူးတော်တိုကို လေ့လာသည်။ မိမိကိုယ်ကို အားကိုးနေသည်ထက် ဘုရားသခင် ကိုသာလျှင် ဖက်ယမ်းတွယ်ကပ် လာလိုသော စိတ်ထား ဖြစ်ပေါ်လာ သည်။ ထိုသိုသော သူတိုသည် သာလျှင် ကောင်းကင်နိုင်ငံတော်ကို ဝင်စားရမည်ဟု ဆိုလိုနေပါ၏။
အထက်ဖော်ပြပါ ပထမဦးဆုံးသော မင်္ဂလာတရားတော်ကို ကဖွင့်ပြရလျှင် “မိမိသည် ဘာမျှ မတတ်နိုင်ကြောင်းကို ရိပ်စား မိလာေသာသူ၊ ဘုရားသခင်ကိုသာလျှင် အားကိုးမှီခို ဖက်ယမ်း လာသောသူသည် မင်္ဂလာရှိ၏။ ထိုသူသည် မိမိကိုယ်ကို ငြင်းပယ် လာပြီးဘုရားသခင်၏ အလိုတော်နှင့် စကားတော်ကိုသာလျှင် ဦးညွတ် ၊ လက်ခံလာပြီဖြစ်သောကြောင့် ဘုရားသခင် (ကောင်းကင်) နိုင်ငံတော်ကို ဝင်စားနိုင်မည့်သူ ဖြစ်လာသောကြောင့်တည်း”ဟု ရှင်းပြလိုပါ၏။
၂။ စိတ်မသာ ညည်းတွားသောသူတိုသည် မင်္ဂလာ ရှိ၏။ အကြောင်းမူကား ထိုသူတို သည် သက်သာခြင်းသို ရောက်ကြလတံ့။ “စိတ်မသာညည်းတွာ” ဟူသော စကားကို မြန်မာပြန်ထားသော မူရင်းဂရိစကား၏ အနက်မှာ အလွန်အမင်း ဝမ်းနည်း ကြေကွဲ၊ ပူဆွေးခြင်းသို ရောက်ရသော အခြေအနေမျိုးသို ရောက်ရသောအခါ သုံးသော ဂရိစကားမျိုးဖြစ်၏။ ကိုယ်တော်က ဝမ်းနည်း ကြေကွဲနေရသော သူများကို ဤနေရာ၌ နှစ်သိမ့်နေခြင်း မဟုတ်။ ငိုကြွေးပူဆွေးနေသူများကို အားပေးနေခြင်းလည်း မဟုတ်။ ငိုကြွေး ပူဆွေးနေသူများကို အားပေးနေခြင်းလည်း မဟုတ်။ မိမိ၌ လောကီ ပစ္စည်းဥစ္စာ မရှိခြင်းကြောင့် ဝမ်းနည်းကြေကွဲ နေရသူ တိုကိုလည်း စိတ်သက်သာရာ ရအောင် ပြောနေခြင်းလည်းမဟုတ်ပါ။ ကိုယ်တော် ဆိုလိုသော ငိုကြွေးပူဆွေးခြင်း၏ အရင်းခံအကြောင်းများမှာ –
(က) မိမိသည် ဘာမျှမတတ်နိုင်ဘဲ မစုံလင် ချိုတဲ့ မလုံလောက်သော ဘဝ၌ ရှိနေခြင်းကြောင့် ငိုကြွေးပူဆွေးရခြင်း ဖြစ်သည်။ ခွန်အားရှိလာရေးအတွက် ရှေးဦးစွာ မိမိသည် အားနည်း နေကြောင်းကို သိရမည်။ ပညာရှိလာရရေးအတွက် ရှေးဦးစွာ မိမိသည် ပညာမဲ့နေခြင်း အဖြစ်ကို သဘောပေါက်လာရမည်။ ကယ်တင်ရှင်၏ ကယ်မခြင်းလိုအပ်ကြောင်းကို မြင်တွေ့လာရအောင် မိမိကိုယ်ကို မိမိ မကယ်နိုင်၊ အပြစ်များရှိကြောင်းကို ရိပ်စား မိရပေလိမ့်မည်။
(ခ) အပြစ်မှ နောင်တရလာခြင်းကြောင့် ဝမ်းနည်း ပူဆွေးရခြင်းဖြစ်သည်။ ကျွန်တော်တိုအား အကယ်ပင် ဝမ်းနည်းနောင်တရ၍ ဘုရားသခင်ထံတော်ပါးသို လှည့်လာရေး အကြောင်းများမှာ သမ္မာကျမ်းထဲ၌ ပဲ့တင်ထပ်နေသည်။ အကောင်း ဆုံးသောဥပမာမှာ ဒါဝိဒ်မင်းကြီး၏ (ဆာလံ၊ ၅၁) ဖြစ်ပြီး ““ကျိုးပဲ့ ကြေမွ နောင်တရသောစိတ်”ကို ဘုရားသခင်က နှစ်သက်တော် မူကြောင်း ဖော်ပြထားသောအချက်ပေတည်း။ ။
(ဂ) မေတ္တာဂရုဏာသဘောကြောင့် ဝမ်းနည်း ပူဆွေး ရခြင်းလည်းဖြစ်သည်။ ဘုရားသခင်ကို ချစ်လျှင် လူအချင်း ချင်းကို ချစ်သောသူဖြစ်ရလိမ့်မည်။ ဒုက္ခရောက်၊ ဆင်းရဲနွမ်းပါး၊ အဝတ်ချည်း စည်းဖြစ်နေသူများ၊ ရေငတ်၊ အစာငတ်မွတ်နေသူများ။ အငယ်ဆုံးသော သူတစ်ယောက် ခံစားနေရသော ဒုက္ခဆင်းရဲခြင်းကို မြင်ပြီး အကယ်ပင် ဝမ်းနည်းကြေကွဲလာရလိမ့်မည်။ ခရစ်တော် ကိုယ်တော်တိုင်က ထိုသဘောတော်ကို ပြခဲ့ရုံမက လာဇရု၏ သချိုင်းဘေး၌ ငိုကြွေးခဲ့ရှာသည်။ တစ်ခါက ဘုန်းတော်ကြီး “ဖာသာဒေမီယန်’ ဆိုသူသည် မေတ္တာသဘော ကြောင့် ရှိသမျှကို စွန့်လှူပူဇော်ပြီး၊ အနူရောဂါသည်များကို (၁၃)နှစ် တိုင်တိုင် အချိန်ပြည့် စောင့်ရှောက် ကုသနေခဲ့သည်။ တစ်မနက်၌ သူ၏ ခြေထောက်ပေါ်သို ရေနွေးပူ ဖိတ်စင်ကျသွားခဲ့သည်။ အနည်း ငယ်မျှပင် ပူလောင်နာကျင်သည့် ဒဏ်ကို မခံရသည်ကို တွေ့လိုက်ရ သဖြင့် သူ၏ဘဝကို ချက်ချင်း ရိပ်စားမိလိုက်၏။ အနူများကို စောင့်ရှောက် နေရာက သူသည်လည်း အနူရောဂါ စွဲကပ်ခဲ့လေပြီဟု ဝမ်းနည်းစွာ သိလာရခြင်းပေတည်း။ “အချိုသောသူများသည် ရှက်ကြောက်ခြင်း မရှိတော့” ဟု ရှင်ပေါလုက ဆိုခဲ့သည် (ဧဖက်၊ ၄၁၉)။ အမှားတစ်ခုကို မပြီး စိတ်နာကျည်းမှု၊ ဩတ္တပစိတ် ထိခိုက်မှု၊ ဝမ်းနည်း ကြေကွဲမှု လာလျှင်၊ ထိုသူ၌ အန္တရာယ်ရှိလာလေပြီ။ မိမိ၏ ချိုတဲ့မှုကြောင့်ဝမ်းနည်းကြေကွဲသောသူ၊ အပြစ်မှ နောင်တရ၍ ဝမ်းနည်း ပူဆွေးသူ၊ မေတ္တာကရုဏာသဘောထား၊ သနားကြင်နာသော စိတ်ထားကြောင့် ဝမ်းနည်းပူဆွေးလာသူတိုသည် မင်္ဂလာရှိကြ၏ဟု ယေရှုက မိန့်တော် မူနေပါ၏။ ထိုကြောင့် အထက်ဖော်ပြပါ မင်္ဂလာတရားတော်ကို အနက်ဖွင့်ဆို၍ စကားပြေဖြင့် ပြန်လည်ရေးသားပြရပါလျှင် “မိမိ၏ အပြစ်ဒုစရိုက်ကို မြင်မိပြီး နောင်တရလာရုံမက လူ့ဘောင်လောက ကြီးထဲ၌ အတိဒုက္ခ ဆင်းရဲခြင်း ဝေဒနာရောက်နေသူများကို မြင်ပြီး အကယ်ပင် ဝမ်းနည်း ပူဆွေးလာသောသူတိုသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတိုသည် စိတ်နှလုံးသက်သာခြင်းအခွင့်ကို ခံစားကြရပါလိမ့်မည်” ဟူ၍ ဖြစ်ပါ၏။
၃။ စိတ်နူးညံ့သိမ်မွေ့သောသူတိုသည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူတိုသည် ပြည်တော်ကို အမွေခံ ကြရလတံ့။ “စိတ်နူးညံ့သိမ်မွေ့ခြင်း”ဟူသော စကားသည် ယခု ခေတ်မျိုး၌ များစွာ ရေပန်းမစားလှပါ။ စိတ်နှလုံး ပျော့ပျောင်းခြင်း၊ အားနည်းခြင်း၊ သည်းခံစိတ်ရှိရခြင်း၊ ခေါင်းငံ့တတ်ခြင်း၊ အလျော့ပေး၊ အရှုးပေးတတ်ခြင်းဟူ၍ ထင်လေ့ရှိသည်။ (Meek)ဟူသော အင်္ဂလိပ် စကားမှာလည်း စိတ်သဘော နူးညံ့ခြင်း၊ သည်းခံ၍ အမျက် ထွက်ခဲခြင်း၊ သဘောညွတ်ပျောင်းခြင်း၊ ကျိုးနွံ နှိမ့်ချခြင်းသဘောကို ဖော်ပြနေသည်။ ““စိတ်နူးညံ့သိမ်မွေ့ခြင်း” ဟူ၍ မြန်မာ ပြန်ဆိုနိုင် သော မူရင်းဂရိစကား နှစ်လုံးရှိပါသည်။ ပထမ စကားလုံးမှာ (Praotes) ဖြစ်ပါ၏။ စိတ်သဘောကို တစ်ဖက်စွန်းသို ဘယ်သော အခါမျှ မရောက်စေဘ၊ တည်ငြိမ်သော သမာဓိဖြင့် ချုပ်ထိန်း ထားနိုင်ခြင်းကို ဆိုလိုသည်။ အထူးသဖြင့် ဤစကားကို ဂရိ အတွေးအခေါ် ပညာရှင်” အရစ်(စ်)တိုတယ်(လ်)က များစွာ အသုံးပြုပြီး ရှင်းပြခဲ့ဘူးသည်။ သူက ဤစကားကို အလွန်အမင်း “ဒေါသထွက်ခြင်းနှင့်ဒေါသ လုံးဝမထွက်ခြင်း ၏ စပ်ကြား၌ရှိသော “ကြားနေ” သဘောကို ညွှန်ပြသည်ဟု ဆို၏။ တည်ငြိမ်သောသမာဓိကို ဆိုလိုခြင်း ဖြစ်၏။ (Praus) ဆိုသော ဂရီ စကားသည် လည်း စိတ်နှိခြင်းကို ဆိုလိုပြန်သည်။ မာန်မာနကင်း၍ သူတစ်ပါးထံမှ သင်ယူလိုသော စိတ်သဘောမျိုးဖြစ်သည်။ မိမိသည် တတ် ကျွမ်း နားလည်မှု ဘာမျှမရှိခြင်းကို သိ၍ သူတစ်ပါးထံမှ သင်ယူ နည်းခံလိုသော စိတ်ထားမျိုးဖြစ်၏။
ဤစကားသည် တိရစ္ဆာန်တစ်ကောင်ကို လိမ္မာ ယဉ်ကျေး လာစေရန် သင်ပေးပြီး ခိုင်းစေ အသုံးပြုလာနိုင်ခြင်း၊ ၏ ချုပ်ထိန်းမှုကို ခံလာသည်အထိ လိမ္မာယဉ်ကျေးလာစေခြင်းကို ဆိုလိုသည်။ ထိုစကား နှစ်လုံးမှ ပေါ်ထွက်လာသော အဓိပ္ပါယ် နှစ်မျိုးကို ပေါင်းစပ်၍ အနက် ဖွင့်ရလျှင် လူတစ်ဦး၏ စိတ်နှလုံးကို တစ်ဖက်စွန်းသို မရောက်စေဘဲ၊ တည်ငြိမ်သော သမာဓိဖြင့် ချုပ်ထိန်းထားနိုင်ခြင်း၊ နှိမ့်ချသော စိတ်ရှိ၍ ရိုသေကျိုးနွံသော သဘောဖြင့် သူတစ်ပါးထံမှ သင်ယူလိုသော စိတ်ရှိ သူသည် မင်္ဂလာရှိ၏ဟု အကြမ်းဖျင်းအားဖြင့် ဆိုလာနိုင်ပေပြီ။ “မောရှေသည် မြေကြီးပေါ်မှာ ရှိနေသူ အပေါင်းတိုထက် သာ၍ နူးညံ့ သိမ်မွေ့သော သဘောရှိ၏” ဟု ဆိုထားသည် (တောလည်၊ ၁၂း၃)။ သိုသော် မောရှေသည် အမြဲ အရှုံး ပေးတတ်သာ သူလား၊ သူသည် အမြဲ ခေါင်းငုံခံ၍ အားနည်းသော သူပေလား ? မဟုတ်ပါ။ သိုသော် သူသည် စိတ်ကို ထိန်းချုပ်ထား နိုင်ပြီး လိုအပ်သောအခါမျိုးတွင်မှ စိတ်ထား ခိုင်မာရဲရင့်သောသူ ဖြစ်ပါ၏။ စိတ်ဆိုးသင့် သည့်အခါ စိတ်ဆိုးတတ်သောသူလည်း ဖြစ်သည်။ သိုသော် သင့်တော် လျော်ကန်သော အခါမျိုးတွင်မှ မိမိ၏ စိတ်အားမာန်ကို သုံးခဲ့သောသူဖြစ်သည်။ မိမိစိတ်ကို ချုပ်တည်းသော သူသည် မြိုကို တိုက်ယူသောသူထက် သာ၍ကောင်း၏” ဟု သုတ္တံကျမ်းက ဆိုထားသည် (သုတ္တံ့၊ ၁၆း၃၂)။ ထိုသို စိတ်မချုပ်တည်းနိုင်သောကြောင့် မဟာအလက်ဇန္ဒားသည် အရှုံးပေါ် ခဲ့ရသည်။ သူသည် မူးယစ်နေသောအချိန်၌ မိမိ၏ အချစ်ဆုံး သူငယ်ချင်းကိုပင်လျှင် လှံဖြင့် ထိုးသတ်မိသောကြောင့် ဖြစ်ပါ၏။ မိမိစိတ်ကို ချုပ်ထိန်း မထားနိုင်လျှင် ခေါင်းဆောင်ကောင်းမဖြစ်နိုင်ပါ။ လူတစ်ဦးသည် မိမိ၏စိတ်ကို ချုပ်ထိန်းရန် မလွန်လှသောကြောင့် ရှေးဦးစွာ ဘုရားသခင်ကို မိမိအား ချုပ်ထိန်းထားစေခွင့် ပေးရလိမ့်မည်။ ထိုသို ဖြစ်စေရန် ဘုရားသခင်အား အလျော့ပေးကာ မိမိကိုယ်ကို လက်တော်ထဲသို အပ်နိုင်ရမည်။ ထိုသို အပ်နိုင်ရန် နှိမ့်ချသော စိတ်ရှိရမည်။ ထိုကြောင့် အထက်ဖော်ပြပါ တတိယ မင်္ဂလာတရားတော်ကို အနက်ဖွင့်ရမည်ဆိုလျှင်
“မိမိ၌ ရှိသမျှသော အလုံးစုံကို ဘုရားသခင်၏ လက်တော်သို အပ်ထားနိုင်သူသည် ဘုရားသခင်၏ စိုးမိုးအုပ်ထိန်းမှုကို ခံရသော ကြောင့် မိမိကိုယ်ကို ချုပ်ထိန်းထားနိုင်သောသူ ဖြစ်လာပေလိမ့်မည်။ ထိုအခါမျိုး တွင်မှ သူသည် မိမိ၏ မတတ်ကျွမ်းမှု၊ နားမလည်မှု၊ အားနည်းမှု၊ မိမိ၏ ချိုတဲ့နေမှု၊ လိုအပ်နေမှုတိုကိုသိမြင်လာ၍ စိတ်နှိမ့်ချစွာ သူတစ်ပါးထံမှ သင်ယူနိုင်သောသူဖြစ်လာသောကြောင့် မင်္ဂလာရှိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသိုသောသူမျိုး သည်သာလျှင် လူအပေါင်းကို ခေါင်းဆောင်နိုင်လာလိမ့်မည်။ လောကကို စိုးမိုးလာနိုင်မည် ဖြစ်သောကြောင့်တည်း။ ။
၄၊ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတိုသည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတိုသည် ဝပြောခြင်းသို ရောက်ကြလတံ့။ ခေတ်မြန်မာစကားဖြင့် ဤကျမ်း ပိုဒ်ကို ပြန်ဆိုထားပုံက “အမှန်တရားကို ခုံမင်လာသောသူတိုသည်မင်္ဂလာရှိကြ၏။ ထိုသူတိုသည် စိတ်ကျေနပ်မှုကို ရရှိတဲ့” ဟူ၍ ဖြစ်ပါ၏။ ခရစ်တော် ဟောပြောစဉ်က “ဆာငတ် ခင်မွတ်ခြင်း”နှင့် “ဝပြောခြင်း” ကို ဥပမာပေး၍ ဟောတော်မူခဲ့သည်။ ထိုခေတ် ထိုအခါက ဆာငတ်မွတ်သိပ်ရခြင်း၏ အကြောင်းကို တရားနာပရိတ်သတ် အားလုံးက သိပြီး ဖြစ်ပါ၏။ လူတစ်ဦး၏ တစ်နေ့စာလုပ်ခမှာ နည်းပါးလှရှာသည်။ သာမန်လူမျိုး လုပ်သားတစ်ဦးသည် အသားငါးကို တစ်ပတ်လျှင် တစ်ကြိမ်မျှသာ စားနိုင်သည်။ ငတ်မွတ်ခြင်း၏ အကြောင်းကိုလည်း ကောင်းစွာ နားလည်သိရှိပြီးဖြစ်ပါ၏။ ရေငတ်ရခြင်း၏ အဖြစ်ကိုလည်း သူတိုသည် မကြာခဏ ခံစားရဘူး၍ နားလည်ပြီး ဖြစ်သည်။ ထိုဒေသတစ်ဝိုက်၌ ရေရှားလှသည်။ တစ်ခါ တစ်ရံ သဲမုန်တိုင်းများ ထလာသောအခါ လူတစ်ဦးမှာ ခေါင်းမြီးခြုံ၍ သဲမှုန်များနှင့် လေပြင်းကို ကျောခိုင်း၍ နေကြရသည်။ နှာခေါင်းနှင့် လည်ချောင်းများတွင် သဲမှုန်များ ဝင်ပြီး လည်ချောင်းများ ခြောက်သွေ့ ကွဲအက်လာတတ်သည်။ ထိုသို ကြာမြင့်စွာ ခံစားလာရလျှင် ရူးသွပ် သွားမတတ် ဖြစ်လာရသည်အထိ ကြုံရလေ့ရှိသည်။ ထိုကြောင့် ဆာငတ် မွတ်သိပ်ရခြင်း၏ အကြောင်းကို ကောင်းစွာနားလည် သဘော ပေါက်သူများကို ကိုယ်တော်က အမှန်တရား၊ ဖြောင့်မတ်ခြင်း ပါရမီကို မည်မျှ ခုံမင် လိုလားကြရမည့်အကြောင်း သူတို နားလည် သဘော ပေါက်မည် ဖြစ်သောစကားဖြင့် ဟောပြောလိုက်ခြင်းက အဓိပ္ပါယ် လှသည်။ ဤနေရာ၌ ကျွန်တော် ကြားဘူးသော ဥပမာလေးတစ်ခုကို သတိရလာမိသည်။လူတစ်ဦးက ဘုရားသခင်ကို ရှာဖွေလိုသည်။ ဘုရားသခင်၏ အကြောင်းကို သိလိုသည်။ ကယ်တင်ခြင်းအကြောင်း ၊ ကို နားလည်လိုသည်။ မည်သို ပြုရမည်နည်းဟု ဆရာတစ်ပါးကို မေးမြန်းရာ သူက မြစ်ကမ်းပါး ရေတိမ်နားအထိ ထိုသူအား ခေါ်သွားသည် ဟုဆို၏။ မေးခွန်းမေးသူ၏ ခေါင်းကို ရေထဲသို အတင်း နှစ်ထားရာ ထိုသူသည် လေမရှူနိုင်တော့ဘဲ မွန်းလှသဖြင့် ရုန်းကန် လာရတော့သည်။ မောဟိုက် ပြင်းပြစွာ အသက်ရှူရင်း ရေပေါ်၌ နစ်မွန်းနေရစဉ် ခေါင်းပေါ်လာသောအခါ ဆရာက “ထိုသူ၏ ခေါင်း သည် ရေထဲ၌ နစ်မွန်းနေရစဉ် အလိုလား၊ အတောင့်တဆုံးမှာ အဘယ်အရာဖြစ်သနည်း”ဟု မေးရာ “လေရှူဘိုပါပဲ”ဟု ဖြေလေ သည်။ ဘုရားကို ထိုသို လိုလားတောင့်တသော စိတ်ဖြင့် ရှာပါက တွေ့မည်ဟု ဖြေခဲ့သောဟူ၏။ ပေးသော ဤဥပမာက ဆာငတ် ခင်မွတ်ခြင်းအကြောင်းကို ထိထိမိမိ ဖော်ပြနိုင်သည်ဟု ကျွန်တော် ထင်သည်။ သို သော် ပြင်းထန်လွန်းလှသည်ဟု ပြောမည်ကိုပင် စိုးရိမ်မိပါသည်။မည်သိုဖြစ်စေ၊ ခရစ်တော်က ဖြောင့်မတ်ခြင်း ပါရမီ ကို ဤကဲ့သိုပင် “စိတ်နှလုံးအကြွင်းမဲ့” လိုလားတောင့်တရမည်ကို သွန်သင်ပါ၏။ လူသားသည် အပြစ်ဒုစရိုက်သားဖြစ်သည်။ ဖြောင့် မတ်ခြင်း ပါရမီကို မည်သိုပင် လိုလားတောင့်တသော်လည်း မိမိ၏ ပင်ကိုယ် စွမ်းအားဖြင့် မတတ်နိုင်ပါ။ ရှင်ပေါလုက ဤအကြောင်းကို သိ၍ “ငါသည် အပြစ်တရား၏ ကျေးကျွန်ဖြစ်၏။ ကောင်းစွာ ကျင့်ချင်သော စိတ်ရှိသော် လည်း မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်၏။ ငါ့အထဲ၌ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစ်ခုံမျှ မတည်သည်ကို ငါသိ၏”ဟု ဆိုပြီး “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား၊ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်နိုင်မည်နည်း၊ ငါတို သခင်ယေရှုအားဖြင့် ဘုရားသခင်ကသာလျှင် ကယ်လွှတ်နိုင်ကြောင်း” ရောမသြဝါဒစာ၌ ဝန်ခံခဲ့ရပါ၏ (ရောမ၊ ၁၄-၂၅ ကို ကြည့်ပါ)။အပြစ်တရား၏ အောက်၌ နစ်မြှုပ်နေသမျှ ကာလပတ်လုံး ဖြောင့် မတ်ခြင်းပါရမီကို ဆာငတ်ခြင်း၊ မွတ်သိပ်ခြင်း မရှိနိုင်။ ခရစ်တော် အားဖြင့် ဘုရားသခင်က ထိုအပြစ်မှကျွန်တော်တို ကို ကယ်နိုင်၏။ ဘုရားသခင်၏ ခွန်အားဖြင့်သာ တတ်နိုင်သည်။ လူသည် ဖြောင့် မတ်လိုသော်လည်း လုံးဝ တင်းပြည့် ကျပ်ပြည့် မကောင်းမြတ်နိုင်၊ မဖြောင့်မတ်နိုင်ကြောင်းကို သိလာရသဖြင့် ဘုရားသခင်ကိုသာ အားကိုးလာလျှင် ထိုသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် စတုတ္ထ မင်္ဂလာတရားတော်ကို အနက်ဖွင့်ရပါလျှင် ““လူတစ်ဦးသည် ဖြောင့် မတ်ခြင်း ပါရမီကို အစားအစာ ငတ်မွတ် တောင့်တသကဲ့သို တောင့်တလျက် အာခေါင် ခြောက်သွေ့၍ အလွန်အမင်း ရေငတ် နေသကဲ့သို ဆာငတ် လိုလားနေခဲ့လျှင် ဘုရားသခင်သည် ထိုသူကို ခွန်အားဖြည့်စွမ်းပြီး ပြောကျေနပ်မှုကို ပေးတော်မူလတံ့”ဟူ၍ ဆိုရပါလိမ့်မည်။ ။
၅။ သနား စုံမက်တတ်သော သူတိုသည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူသည် သနားစုံမက်ခြင်းကို ခံကြ ရလတံ့။ မလာတရားတော်၌ ဤတရားသည် အလွန်နှစ်သက် ဖွယ်ရာ ကောင်း၏။ အရေးလည်း ကြီး၏။ သိုသော် အခဲယဉ်းဆုံးဖြစ် ပါ၏။ သနားစုံမက်တတ်သောသူသည် ကြင်နာမှု၊ တစ်ကိုယ်ကောင်းစိတ် ကင်းမဲ့မှု၊ ကိုယ်ကျိုးစွန့်မှုနှင့် ကောင်းမြတ်သော စိတ်ထားရှိသောသူ ဖြစ်သည်။ ထိုသိုသော သူကို လူတိုင်းက သဘောကျသည်။ နှစ်ခြိုက်သည်။ ကျွန်တော်တိုသည် ဘုရားသခင်ထံမှ တရားစီရင် ဆုံးဖြတ်ချက်ကို မလိုချင်ဘဲ ကိုယ်တော်၏ သနားကြင်နာမှုကို ခံစားလိုကြသည်။ သိုသော် သနားစုံမက် ခြင်းခံရရန် ကျွန်တော်တိုကလည်း သူတစ်ပါးကို သနားစုံမက် ကြရမည့်အကြောင်း တစ်ခါ တစ်ရံ မေ့လျော့နေတတ်ကြသည်။ အထက်သို မြှောက်တင်လိုက် ရသမျှသော အရာမှန်သမျှသည် မြေကြီး၏ ဆွဲငင်ဓာတ်ကြောင့် အောက်သို ကျလာရမည်ဟု ရူပဗေဒက ဆိုသည်။ ပြုမူချက်တစ်ရပ်၌ တန်ပြန် တုံပြန်ချက် အမြဲရှိ၏။
ယေရှုက ဤတရားတော်ကို ဟောပြောသည့်အခါတွင် နောက်တော်လိုက် တပည့်တော်များ၏ သွေးခုန်နှုန်းကို စမ်းသပ် လိုက်သည်နှင့်တူ၏။ လူတိုင်း၌ အတ္တပဓာနစိတ်ထားရှိသည်ဖြစ်၍ သူတစ်ပါးကိုများစွာ စုံမက်ခြင်းမရှိဘဲ မိမိတိုသည် သနား စုံမက်ခြင်း၊ ခံရမည်မဟုတ်ဟု ပြောပြီး လူတိုင်း၏ စိတ်သဘောထားကို စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ အပြစ်လွှတ်ခြင်း ခံရရန် အပြစ်လွှတ်ရမည်။ သနားကြင်နာမှုခံရရန် သူတစ်ပါးကို သနားကြင်နာ ရမည်ဟူသော စကားများသည် ဓမ္မသစ်ကျမ်းထဲ၌ ပဲ့တင်ထပ်နေသည်။ “ကရုဏာ မရှိသောသူသည် ကရုဏာကို မရဘဲ တရားစီရင်ခြင်းကို ခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းကို အောင် တတ်၏”ဟု ရှင်ယာကုပ်က သတိပေးထားသည် (ယာကုပ်၊ ၂း၁၃)။
“သနား ကြင်နာ တတ်ခြင်း” ဟူသော ဂရိစကားမှာ( Eleem on) ဖြစ်၏။ သိုသော် အဆိုပါ ဂရိစကားကို ခရစ်တော် ဟောပြောခဲ့သော မူရင်းစကား ဟေဗြဲစကားမှာ (Chesedh ) ဖြစ်၏။ ထို (Chesedh) ဟူသော စကားသည် အခြားသူတစ်ဦး၏ ကိုယ်တွင်း၊ စိတ်နှလုံးတွင်းသို ဝင်ကြည့်ပြီး ထိုသူနှင့် ထပ်တူထပ်မျှ ခံစားကြည့်ခြင်း၊ ထိုသူ၏ မျက်စိဖြင့် ရှုကြည့်ခြင်း၊ ထိုသူ စိတ်ဖြင့် စိတ်ကူးကြည့်ခြင်း၊ ထိုသူနည်းတူ ” ခံစားကြည့်ခြင်း မည်၏။
အင်္ဂလိပ်စကား ( Sympathy ) ဆိုသည်မှာလည်း ထိုနည်း တူဖြစ်၏။ သူတစ်ပါးနှင့် ထပ်တူထပ်မျှ ခံစားကြည့်ခြင်းဖြစ်၏။ ထိုကြောင့် သနားစုံမက်ခြင်း၊ သနား ကြင်နာတတ်ခြင်းသည် သူတစ်ပါး ၏ ဒုက္ခ ဝေဒနာကို ကြည့်ပြီး၊ စုတ်သပ်ကာ သနားရုံနှင့် မပြီး၊ ထိုသူနှင့် ထပ်တူထပ်မျှ ဝင်ရောက်ခံစား၍ အကူအညီ ပေးခြင်းကို ဆိုလိုသည်။ ကမ္ဘာပေါ်ရှိ လူအများက ရန်ကိုရန်ချင်း တုံပြန်လိုသည်။ တစ်ဖက် သတ်စိတ်ထား ရှိတတ်ကြသည်။ မိမိကို မုန်းလျှင် ထိုသူကို ပြန်၍ မုန်းချင်သည်။ မတရားပြုခြင်းခံရလျှင် လက်စားချေချင်သည်။ သိုသော် ယေရှုခရစ်တော် ပေါ်ထွန်းလာပြီးဤသဘောထားကို ဖျက်ဆီးပစ်လိုက် သည်။ ထိုသဘောထားထက် သာ၍ မြင့်မြတ်သော သဘောကို သွန်သင် ပေး၏။
ယေရှုကိုယ်တော်တိုင်ကြွလာခြင်းက အကောင်းဆုံးသော ဥပမာတစ်ရပ်ပေတည်း။ ခရစ်တော်အားဖြင့် ဘုရားသခင်သည် လူ တိုနှင့် ဘဝတွင်းသို ကိုယ်တိုင်ကိုယ်ကျ ဝင်လာသည်။ လူတို၏ မျက်စိဖြင့် ကြည့်ပြီး လူတိုဘဝတွင် ကိုယ်တိုင် ဝင်ရောက်ခံစားသည်။ လူတို၏ ဒုက္ခဝေဒနာကို ဝင်ရောက်ခံစားပြီး ထိုဝေဒနာကို ကိုယ်တော်တိုင် ယူတင် ထမ်းရွက်ခဲ့သည်။ ဘုရားသခင်သည် အထက်အရပ် ၌သာနေပြီး လူတို နှင့် ဝေးကွာစွာ စံပယ်လျက် တစ်သီးတစ်ခြား ရှိနေသည်မဟုတ်။ “ဧမာနွေလ” ဆိုသည့်အတိုင်း လူတို နှင့် အတူရှိ ရန် ယေရှုခရစ်တော် အားဖြင့် လူ့ဇာတိခံ ကြွလာခဲ့သည်။ အမြင့်ဆုံး သော သနားကြင်နာ ခြင်းသဘော ( Chesedh )သည် ယေရှုခရစ်တော်အားဖြင့် ဘုရား သခင်သည် လူ့ဘောင်လောကတွင်းသို ကြွလာခြင်းပေတည်း။
သနားကြင်နာခြင်းသဘောကို ပြလျက် ဒုက္ခဝေဒနာ ခံစား နေရသူများနှင့်အတူ ရောယှက်ခံစားပြီး ကူညီမစသောသူ မျိုးကိုသာလျှင် ထိုဒုက္ခရောက်သူတို ကလည်း အလားတူ တုံပြန်လိမ့်မည်။ တစ်နည်းဆိုရလျှင် သူတိုသည် ဘုရားသခင်၏ သနားကြင်နာ စုံမက် ခြင်းကို ခံရလိမ့်မည်။ “အငယ်ဆုံးသောသူများ”ကို ဥပေက္ခာပြုနေလျှင် ထိုသူတိုကိုလည်း အငယ်ဆုံးသောသူများက ပြန်၍ ဥပေက္ခာပြုလိမ့်မည်။ ကျွန်တော်တို သည်လည်း ဘုရားသခင်၏ ဥပေက္ခာပြုခြင်းကိုလည်း ခံရလိမ့်မည်။ ထိုကြောင့် ဤပဉ္စမမြောက် မင်္ဂလာတရား တော်ကို အနက်ဖွင့်ရပါလျှင်- “သနားကြင်နာသော စိတ်ထားမျိုးဖြင့် သူတစ်ပါးတို၏ နေရာသို ဝင်ပြီး သူတို၏ မျက်စိ၊ သူတို၏ ရှုဒေါင့်အားဖြင့် ကြည့်ခြင်း၊ လူတိုနှင့်အတူ ထပ်တူထပ်မျှ ခံစားခြင်း၊ ကူညီခြင်း၊ ရောယှက် ပါဝင်သောသူတိုသည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့် ဆိုသော် ထိုသူတိုသည် သူတစ်ပါးတို၏ သနားကြင် နာခြင်းကို ခံကြရမည်ဖြစ်ရုံမက၊ ဘုရားသခင်၏ “သနားကြင်နာမှု အလုံးစုံတိုလည်း ခံစားကြရလတံ့”ဟု ဆိုချင်ပါ၏။
၆။ စိတ်နှလုံးဖြူစင်သောသူတိုသည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတိုသည် ဘုရားသခင်ကို မြင်ကြရလတံ့။ စိတ်လှုပ်ရှားမှုဖြစ်သော ကြောက်ရွံခြင်း၊ မေတ္တာထားခြင်း၊ ရဲရင့်ခြင်း၊ စိတ်ဆိုးခြင်း၊ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ မုန်းတီးခြင်း စသည်တို၏ အရင်းခံမှာ စိတ်နှလုံးပင် ဖြစ်သည်။ စိတ်နှလုံးသည် လူတို၏ ဩတ္တပစိတ်နှင် ဘဝ၏ အရင်းခံလည်း ဖြစ်၏။ ဖြူစင်သော စိတ်နှလုံး တစ်ချိန်လုံးရှိရန်မှာ အမှန်ဆိုရလျှင် ခဲယဉ်းပါ၏။ စိတ်နှလုံး ဖြူစင်မှု ရှိရေးအတွက် အပြင်ပန်းက ပြုပြင်၍ မရပါ။ အတွင်းစိတ်နှလုံးသား၏ စေ့ဆော်ချက်၊ နှိးဆော်ချက်က မှန်ကန်ရပါလိမ့်မည်။ ဘုရားသခင်က အပြင်ပန်းမှ ပြုမူလုပ်ဆောင် လုပ်ကိုင်ခြင်းကို မကြည့်။ အတွင်းစိတ် နှလုံးသားကိုသာလျှင် ကြည့်ရှု စစ်ဆေးတော်မူပါ၏။
“ဖြူစင်ခြင်း”၏ ဂရိစကား မူရင်းမှာ (Katharos) ဖြစ်၏ အဝတ်ဟောင်းများကို ဖြူစင်အောင် ဖွပ်လျှော်သည့်အခါမျိုးတွင် ထိုစကားကို အသုံးပြုသည်။ ဂျုံစပါးတိုမှ ဖွဲများကို ကင်းရှင်း သန့်စင် စေသည့်အခါမျိုးတွင် သုံးသည်။
ထိုအပြင် ထိုစကားသို နာမဝိသေသန စကားတစ်လုံး ဖြစ်သော ( Akeratos ) ဖြင့် ရော၍ သုံးလေ့ရှိသည်။ ဤဒုတိယစကားလုံးကို သုံးရာတွင် နွားနို၌သော်လည်းကောင်း၊ စပျစ်ရည်၌ သော် လည်းကောင်း၊ တစ်စုံတစ်ရာမှ မရောနှောဘဲ ပကတိ နွားနို စစ်၊ စပျစ်ရည်စစ်ဖြစ်ခြင်းကို ပြောလိုလျှင် အသုံးပြုသည်။ ကြေး သိုမဟုတ် အခြားသော သတ္တု တစ်စုံတစ်ရာမျှမရောနှောဘဲ ပကတိ ရွှေစင်စစ် ဖြစ်ခြင်းကို ဆိုလိုလျှင် အသုံးပြုသည်။ ထိုကြောင့် ( Katha-ros ) ဆိုသော“ဂရိစကား၏ အဓိပ္ပါယ်မှာ ရောနှောခြင်းမရှိ၊ ရောစပ် ခြင်း မရှိဘဲ စစ်မှန်သော အရာများကို ဆိုလိုသည်။ စစ်သာ၊ ရောနှောမှုမရှိသော၊ မညစ်ညူးသော၊ ဖြူစင်သော၊ စင်ကြယ်သော အနက်ရှိပါ၏။ ထိုကြောင့် ဤမင်္ဂလာတရားကို အကြမ်းဖျင်းအားဖြင့် အနက်ဖွင့်ရလျှင် “စိတ်နှလုံးထဲ၌ အခြား ညစ်ညူးသော စိတ်သဘော ထား မပါဘဲ ပြုမူလုပ်ကိုင်သူတိုသည် မင်္ဂလာရှိကြ၏” ဟု ဆိုလို ပါသည်။ ဤမင်္ဂလာတရားတော်က ကျွန်တော်တို၏ ပြုမူလုပ်ကိုင် သောအရာများကိုလည်းကောင်း၊ အတွင်းစိတ်နှလုံးသားများကို လည်းကောင်း ပြန်လည် စစ်ဆေးနေစေသည်။ ကျွန်တော်တို ပြသမျှ သည် အကယ်ပင် ဖြူစင်သော စိတ်ထားမျိုးဖြင့် ပြုမူနေကြပါ သလား?
ဘုရားသခင်၏ အမှုတော်ဆောင်နေခြင်းသည် လောကီ ပစ္စည်းတစ်စုံတစ်ခုကို ရရန် ရည်ရွယ်ချက်ကြောင့် ဖြစ်နေပါသလား? အကယ်ပင် စိတ်ရင်းစေတနာ ထက်သန်သောကြောင့် ဖြစ်နေပါသလား ? လူတစ်ဦးကို ကျေးဇူးပြုလိုက်ခြင်းသည်ပင်လျှင် ဖြူစင်သော မေတ္တာသဘောထားဖြင့် ပြုခဲ့ခြင်းပေလား? တစ်စုံတစ်ခုကို ပြန်ရမည်ဟု မျှော်မှန်းထားနေသောကြောင့် ပြုခဲ့ခြင်းပင် ဖြစ်ပါသလား? ၎င်းတိုကို ပြန်၍ စစ်ကြော ကြည့်ဖိုလိုသည်။
ခရစ်တော်က စိတ်နှလုံးဖြူစင်သောသူတိုသည် ဘုရားသခင်ကို “ဖူးမြင်” ကြရလိမ့်မည်ဟု မိန့်တော်မူ၏။ လူတစ်ဦး၏ မြင်ကွင်းသည် သူ၏ အတွင်းစိတ်နှလုံးသားပေါ်၌ မူတည်၏။ သာမန် လူတစ်ဦးသည် မှောင်နေသော ညတစ်ည၌ အပြင်သိုထွက်ပြီး မိုးကောင်းကင်ကို မျှော်ကြည့်လျှင် ကြယ်များကိုသာ မြင်ရပြီး သူ၏စိတ်၌ ဘာမျှ မထူးခြားဘဲဖြစ်နေပါလိမ့်မည်။ ခရစ်ယာန်တစ်ဦးက ထိုကြယ်ကလေး များကို ကြည့်ပြီး ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာတော်ကို မြင်လိမ့်မည်။ ထိုကြယ်များကို ရေကြောင်းပညာရှင်တစ်ဦးက သူ၏ ပင်လယ်ခရီး အတွက် လမ်းညွှန်ပြနေသော လမ်းပြမှတ်တိုင်များအနေဖြင့် မြင်လိမ့်မည်။ သူမျှော်မှန်းထားသော အရပ်သို ပိုဆောင်လမ်းညွှန် ပေးနေသော အကူအညီများအဖြစ် မြင်နေလိမ့်မည်။
သာမန်လူ တစ်ဦးသည် လမ်းလျှောက်ရင်း လမ်းဘေး၌ ပန်းများကို မြင်မိသော်လည်း သူ့အတွက် ဘာမျှ ထူးခြားချင်မှ ထူးခြားပေလိမ့်မည်။ ရုက္ခဗေဒပညာရှင်တစ်ဦးအဖိုမူကား ထိုပန်း များ၏ အမည်များ သာမက ရှားပါးလှသည့် ပန်း၊ အဖိုးတန်လှသည့် ပန်းနှင့် တန်ဖိုး မရှိသည့် ပေါင်းပင်တိုကို ခွဲခြား သိမှတ်နိုင်ပေလိမ့်မည်။ ပန်းချီကားချပ်တစ်ချပ်ကို လူနှစ်ဦးအတူ ကြည့်နေကြစေကာမူ၊ အနုပညာသဘော သိရှိ နားလည်သူကသာ ပန်းချီကားချပ်၏ တန်ဖိုးကို မြင်လာလိမ့်မည်။ မြောက်မြားစွာသော သူတိုသည် ခရစ်တော်ကို မြင်ပြီး သာမန်လူ သူတော်စင်တစ်ဦးအနေဖြင့်သာ မြင်နေမိကြသည်။ အချိုသောသူများကသာ ခရစ်တော်မှတစ်ဆင့် ဘုရားသခင်ကို မြင်တွေ့ကြရသည်။ လူတစ်ဦး၏ မြင်ကွင်းသည် ထိုသူ၏ စိတ်နှလုံး အပေါ်၌ မူတည်သည်။ (၂၃)ခုမြောက်သောဆာလံ ကို ဖတ်ရှုသူ သာမန်လူ တစ်ဦးအဖို သာမန် သိုးထိန်းတစ်ဦး၏ ဇာတိသဘာကိုသာ မြင်ရမည် ဖြစ်သော်လည်း လူ့အချိုအဖို ထိုဆာလံ၏ နက်ရှိင်းသော အဓိပ္ပါယ်ကို နားလည်ပြီး မေတ္တာတော်ရှင် ဘုရားသခင်ကို မြင်လာနိုင်ပါလိမ့်မည်။ လူငယ်တစ်ဦးသည် မိန်းမပျိုလေးတစ်ဦးကို ကြည့်ပြီး ထိုမိန်းကလေးကို ချစ်ခင်မြတ်နိုးနေကြောင်း သိရှိလာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ်သည် ထိုမိန်းကလေးအား သာမန်မျက်စိဖြင့်မကြည့် အတွင်းစိတ် နှလုံးသားအားဖြင့် ကြည့်နေခဲ့သောကြောင့်တည်း။
ထိုကြောင့် စိတ်နှလုံး ညစ်ညူနေသူများအဖို သူတို ရှုကြည့် နေသမျှသော အရာတိုသည် ညစ်ညူးသော အရာများသာ ဖြစ်နေမည် မှန်သော်လည်း စိတ်နှလုံး သန့်ရှင်းဖြူစင်သူများ အဖိုမှာကား (ဘုရားသခင်သည် သူတို နှင့်အတူ ရှိနေမည်ဖြစ်သောကြောင့်) သာမန်မြင်ကွင်းများမှ တစ်ဆင့်ပင်လျှင် ဘုရားသခင်ကို ဖူးတွေ့ မြင်တွေ့ ကြပါလိမ့်မည်။ ထိုကြောင့် ဆဋ္ဌမမြောက် မင်္ဂလာတရားကို အနက်ဖွင့်ရပါလျှင် – “သန့်ရှင်းဖြူစင်သော အတွင်းစိတ်နှလုံး သဘော ထားမျိုးဖြင့် အသက်ရှင်၊ ပြုမူ၊ ကျင့်ကြံနေသူ မှန်သမျှသည် မင်္ဂလာ ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတိုသည် ဘုရားသခင်ကို နေရာတိုင်း၌ အကယ်ပင် ဖူးတွေ့မြင်နိုင်ကြ လတံ့”ဟူ၍ပင်ဖြစ်ပါ၏။
၇။ သူတစ်ပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေ တတ်သော သူတို သည် မင်္ဂလာရှိကြ၏။ အကြောင်း မူကား ထိုသူတို သည် ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံကြရလတံ့။ ဤမင်္ဂလာတရားတော်ကို မစဉ်းစားမီ ရှေးဦးစွာ ကိုယ် တော် အသုံးပြုခဲ့သော သြဝါဒစကားမှ အရေးကြီးသော စကားလုံး တို၏ အနက်ကို သုံးသပ်ကြည့်ဖို လိုပါသည်။။
(က) ပထမဦးဆုံးသော စကားလုံးမှာ “သူတစ်ပါးချင်း ?ရန်ပြုခြင်းကို ငြိမ်းစေခြင်း” (ဝါ) ““ငြိမ်းချမ်းရေး ကို ဆောင်ရွက်ခြင်း” အ ကြောင်းပင်ဖြစ်သည်။ မူရင်းဂရိစကားမှာ (Eirene) ဖြစ်ပြီး ဟေဗြဲစကားမှာ ( Shalom ) “ရှာလော(မ်)” ဖြစ်ပါ၏။ ရှာလော(မ်) ဟူသောစကားမှာ အဓိပ္ပါယ် ကြွယ်ဝလှသည်။ “မရှိခြင်း” “ကင်းမဲ့ခြင်း” သဘောမျိုး ဖြင့် ဘယ်သောအခါမျှ မသုံး။ ဥပမာ -စစ်မက်အင်္ဂါကင်းမဲ့ခြင်း” သိုမဟုတ် “စစ်ဖြစ်ပွားမှု မရှိခြင်း” “ခိုက်ရန်ဖြစ်မှု မရှိခြင်း” ဟူသော စကားမျိုးကို ပြောလိုလျှင် ထိုစကားကို ဘယ်သော အခါမျှ မသုံး။ “ငြိမ်းချမ်းရေးရရှိခြင်း၊ ငြိမ်သက် သာယာမှုရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး ပြေပြစ်ညီညွတ်မှုရှိခြင်း၊ လူအချင်းချင်း မေတ္တာစိတ် ထားရှိခြင်း၊ ညီရင်းအစ်ကို သဘောရှိခြင်း စသည်ဖြင့်သာ ထို “ရှာလော(မ်)” ဟူသော စကားကို သုံးလေ့ရှိသည်။ ထိုကြောင့် သမ္မာကျမ်း၌ ရှာလော(မ်) ဟူသော စကားကို သုံးလျှင် စစ်မက်အင်္ဂါ နှင့် ဆင်းရဲခြင်းဒုက္ခ မရှိခြင်းကို မဆိုလို၊ ငြိမ်သက်သာယာမှု “ရှိခြင်း”ကိုသာ ဆိုလိုသည်။
(ခ)ဒုတိယစကားလုံးမှာ“ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ် သော သူတို” ဟူ၍ ဆိုထားခြင်းပင် ဖြစ်သည်။ ငြိမ်းချမ်းရေးကို “လိုလားသူ”မျှသာမဟုတ်။ ငြိမ်းချမ်းရေးရှိလာစေရန် “ဆန္ဒရှိ သူ” များကိုသာ ဆိုလိုသည် မဟုတ်။ ငြိမ်းချမ်းရေး ပေါ်ပေါက်လာစေ ရန် “ဆောင်ရွက်ကြသောသူ” များကို ဆိုလိုနေခြင်းဖြစ်သည်။ ဤကိစ္စကို သေသေချာချာ စဉ်းစားကြည့်စေလိုပါသည်။ လူအချိုသည် သူတစ်ပါးကိုတိုက်ရန်ဖြစ်ပွား တော့မည်ကို မြင်လာသောအခါ ထိုကိစ္စထဲတွင် ရောယောင်မပါသွားလို၍ ရှောင်တိမ်းသွားလေ့ရှိတတ် ကြောင်းကို မကြာခဏ တွေ့ရပါလိမ့်မည်။ ထိုကြောင့် မိမိ၏ အေး ဆေးသက်သာမှု၊ ငြိမ်းချမ်းသာယာစွာ နေလိုမှု၊ ထိုအရှုပ်အရှင်းထဲ တွင် မပါဝင်လိုမှု တိုကြောင့် သူတစ်ပါးတို ခိုက်ရန် ဖြစ်ပွားခြင်းကို မျက်နှာလွှသွား လေ့ရှိခြင်းဖြစ်သည်။ အမှန်ဆိုရလျှင် ထိုသိုပြုသော သူမျိုးသည် ခိုက်ရန်မဖြစ်ခြင်း (ဝါ) ငြိမ်းချမ်းရေးကို လိုလားသော သူမျိုးမဟုတ်၊ ပေါ်ပေါက်လာသော အခြေအနေကို ရင်မဆိုင်ဘဲ၊ တာဝန်ပျက်ကွက် သူသာလျှင် ဖြစ်နေပါလိမ့်မည်။
သမ္မာကျမ်းက မင်္ဂလာရှိ၏ဟု ဖော်ပြထားသော ရှာလော(မ်) မျိုးသည် ရှောင်တိမ်းသွားမှု၊ မျက်နှာလွှသွားမှုကြောင့်ရသော ငြိမ်သက် သာယာခြင်းမျိုးကို ဆိုလိုသည်မဟုတ်။ အခြေအနေ အရပ်ရပ်ကို ကိုယ်ကျိုးစွန့်ပြီး ရင်ဆိုင် ဖြေရှင်း၊ ကူညီဝိုင်းမ၊ ဆောင်ရွက်ခြင်းပေ တည်း။
ဤမင်္ဂလာတရားတော်က တိကျစွာ ပြောဆိုနေပုံက ငြိမ်းချမ်းရေးရရှိရန် “ဆောင်ရွက်မှု” “ကူညီ အားပေးမှု” “ကိုယ်ထိ လက်ရောက် လုပ်ကိုင်မှု” ကိုသာ ဆိုလိုသည်။ အနစ်နာခံ၍ ကြိုးပမ်းနေသည် ဖြစ်စေ၊ လူ့ဘောင်လောက၊ မိမိပတ်ဝန်းကျင်၊ မိမိ၏ ရပ်ကွက်၊ မိမိရှိရာအရပ်၌ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးစွာ မေတ္တာ သဘောဖြင့် ပေါင်းသင်းဆက်ဆံ လာနိုင်စေရေးအတွက် အားကြိုး မာန်တက် ဆောင်ရွက်သူများကို ဆိုလိုသည်။
(ဂ) ဤမင်္ဂလာ တရားတော်၌ ကိုယ်တော်က ဘုရား သခင်၏ သားများ ( Huioi) ဟု ခေါ်ခြင်းခံရမည့် အကြောင်း မိန့်တော်မူထားပါ၏။ ဤသိုသော အသုံးအနှုန်းမျိုးမှာ ဂျူးလူမျိုးတို၏ ဓလေ့ ထုံးစုံတစ်ရပ်ပင် ဖြစ်သည်။ ဟေဗြဲစကား၌ နာမဝိသေသန များစွာ မရှိပါ။ ထိုကြောင့် ဂျူးလူမျိုးတိုက လူတစ်ဦး၏ အကြောင်းကို
ဖော်ပြလိုလျှင် နာမဝိသေသနကို မသုံး။ စိတ္တဇနာမ် (Abstract Noun) တစ်ခုကို ဖော်ပြပြီး ထိုနာမ်၏ “သား”ဟု ပြောလေ့ရှိ၏။ဥပမာပြရလျှင် ချောမောသောသူ ဟူ၍ ပြောမည့်အစား “ချောမော လှပခြင်း၏သား”ဟု သည်။ သူတစ်ပါး၏ စိတ်နှလုံးကို “သက်သာ စေသောသူ” ဟူ၍မပြော။ ပတ်သက်သာခြင်း၏သား”ဟု ဆိုလေ့ရှိသည်။ ငြိမ်းချမ်းစွာ နေတတ်သူဟူ၍မဆို “ငြိမ်းချမ်းရေး၏သား”ဟု ခေါ်လေ့ရှိသည်။ ထိုကြောင့် ငြိမ်းချမ်းရေးကို ဆောင်ရွက်သူများသည် “ဘုရားသခင်သားတော်”ဟု ဆိုခြင်းမှာ “ဘုရားသခင် ပြုစေလိုသောအမှုကို ပြုသောသူ (ဝါ) ဘုရားသခင်နည်းတူ ဆောင် ရွက်တတ်သူ”ဟု ဆိုလိုသည်။
ကျွန်တော်တို၏ ဘုရားသခင်သည် ငြိမ်သက်ခြင်းအရှင်ဖြစ်၍ ထိုငြိမ်သက်ခြင်း၊ ငြိမ်းချမ်းရေးကိုရရန် ဆောင်ရွက်တတ်သောသူမျိုး သည် ဘုရားသခင်နှင့် လုပ်ဖော်ဆောင်ဖက် ဖြစ်လာသည်။ ထိုကြောင့် ဘုရားသခင်၏ သားတော်ဟူ၍ ခေါ်ဝေါ်ခြင်းခံနိုင်လာခြင်းပင် ဖြစ်ပါ၏။ (ရောမ၊ ၁၅း၃၂၊ ၂ကော၊ ၁၃း၁၁၊ ၁သက်၊ ၅း၂၃၊ ဟေဗြဲ၊ ၁၃း၂၀ တိုကို ကြည့်ပါ)။ဤမင်္ဂလာတရားတော်ကို ဓမ္မပညာရှင်များက နည်း (၃)မျိုးဖြင့် အနက်ဖွင့်လေ့ရှိကြသည်
(၁) “ရှားလော(မ်)” ဆိုသည်မှာ လူသားတို အတွက် အကောင်းဆုံး၊ အမြင့်မြတ်ဆုံး၊ အထွဋ်အထိပ် အကျဆုံးသော ငြိမ်သက်ခြင်းကို ဆိုလိုသည်ဖြစ်ရာ ဤမင်္ဂလာတရားမှာ “လူသား အပေါင်းတို မှီတင်းနေထိုင်ရာ တစ်ကမ္ဘာလုံးတွင် ငြိမ်းချမ်းရေး သိုမဟုတ် ငြိမ်သက်သာယာရေးအတွက် ဆောင်ရွက်သော သူတိုသည် မင်္ဂလာရှိ၏”ဟု ဆိုလိုသည်ဟု အနက်ဖွင့်တတ်ကြသည်။ လူ့ဘောင်လောကကြီးသည် နေချင့်စဖွယ် သာယာဝပြောသော အဖြစ်သို ရောက်စေရန် ကြိုးစားအားထုတ်သောသူတိုသည် မင်္ဂလာရှိကြောင်း ခရစ်တော်က ဆိုလိုခြင်းလည်း ဖြစ်နိုင်သည်။ ။
(၂) ဤမင်္ဂလာ တရားတော်ကို ဝိညာဉ်ရေး သက်သက် သဘောဖြင့်သာ အနက်ဖွင့်ကြသည့် ဓမ္မပညာရှင်များလည်း ရှိသည်။ ထိုကြောင့် “လူတစ်ဦးသည် သူ၏ စိတ်နှလုံးဝိညာဉ်တွင်း၌ ငြိမ်သက်ခြင်းကို ခံစားလာရေးအတွက် ဆောင်ရွက်နိုင်သူဖြစ်ပါက ထိုသူသည် မင်္ဂလာ ရှိ၏”ဟု ကနဦး အသင်းတော်ရှိ ဓမ္မပညာရှင်များက အနက်ဖွင့်ခဲ့ကြ ဘူးသည်။လူသားတိုင်း၏ စိတ်နှလုံးတွင်း၌ အကောင်းနှင့် အဆိုးတို့ အမြဲရုန်းကန်နေလေ့ရှိသည်။ လွန်ဆွဲနေကြသည်။ အတွင်းစိတ်ထဲ၌ ပဋိပက္ခ အမြဲရှိနေကြသည်။ သိုသော် ထိုသို ပဋိပက္ခ ခိုက်ရန်ဖြစ်ပွားမှုကို ရှေးဦးစွာ ငြိမ်သက် အေးချမ်းသာယာ သွားစေရန် ဆောင်ရွက်နိုင်သူသည် မင်္ဂလာရှိ၏။ ထိုအခါမှ သူသည် သူ၏ စိတ်နှလုံးဝိညာဉ်ကို ဘုရားသခင်၏ လက်တော်ထဲသို ဆက်ကပ် လွှအပ်နိုင်လိမ့်မည်ဟု ဆိုလိုပါ၏။
(၃) သိုသော် ယခု ဖော်ပြမည့် တတိယနည်းဟန်ကို ကျွန်တော့်အနေဖြင့် အနှစ်သက်ဆုံးဖြစ်ပါသည်။ ဂျူးလူမျိုး ရှိ ဆရာကြီး တိုက ငြိမ်းချမ်းရေး သိုမဟုတ် ငြိမ်သက်ခြင်းကို အနက်ဖွင့်ရာတွင် လူတစ်ဦးနှင့် တစ်ဦး ပြေပြစ်ညီညွတ်မှုရှိပြီး လူတစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို စိတ်ထားမျိုး ဖြစ်လာစေရန် အမြဲအလေးပေး၍ ဖော်ပြလေ့ရှိကြသည်။ ထိုခေတ် ထိုအခါကဤသဘောထားကို ဂျူးလူမျိုး ရှိဆရာကြီးများနှင့် ခရစ်တော် ကိုယ်တော်တိုင်ကပါ လက်ခံထားဘွယ် ရာရှိသည်။ လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး မေတ္တာ သဘောထား ပြရေးကို ပြုခြင်းသည် လူတစ်ဦး၏ အမြင့်မြတ်ဆုံးသော လုပ်ငန်းတစ်ရပ် ဖြစ်သည်ဟု ရှိဆရာကြီးများက အမြဲသွန်သင် ပြလေ့ရှိသည့်အတိုင်း ကိုယ်တော်ကလည်း ဤကိစ္စကို အလေးထား ဟောပြောမည်မှာ မလွဲ ပင်ဖြစ်သည်။ လူထုအစည်းအရုံး၊ အသင်းအဖွဲ၊ လူ့အသိုင်းအဝိုင်း၊ လူတိုနေထိုင်ကြသော ရပ်ကွက်တစ်ခုခု စသည် တိုတွင် အမြဲလိုလို အချင်းချင်း စိတ်ဝမ်းကွဲမှု၊ ပဋိပက္ခဖြစ်စေမှု တစ်ခုခုကို ဖန်တီးတတ်သည့် လူမျိုးရှိစမြဲဖြစ်သည်။ ဤသည်ကား လူ့သဘာဝပင် ဖြစ်၏။
“လူ့အလို နတ်မလိုက်နိုင်”ဟူသော မြန်မာတို ဆိုရိုးစကား ရှိသည့်အတိုင်း မကျေမနပ်ဖြစ်သူများ၊ မနာလိုသူများ၊ စိတ်အလို “ကျသူများ ရှိစမြဲပင်ဖြစ်သည်။ ပုထုဇဉ်လူသားတိုဖြင့် ဖွဲစည်းထား သောကြောင့် အသင်းတော်များအတွင်း၌ပင်လျှင် သဘောချင်းမတိုက်ဆိုင်သူများ၊ စိတ်ဝမ်းကွဲပြား၍ တစင်ထောင်လိုသူများကို တွေ့ရစမြဲပင်ဖြစ်သည်။
ထိုသို စိတ်ဝမ်းကွဲပြားမှုကို ဖန်တီးခြင်းအမှုသည် ဘုရားသခင် ၏ အလိုတော်နှင့်မညီ၊ မာရ်နတ်၏ သွေးဆောင်ဖန်တီးမှုသာလျှင် ဖြစ်သည်။ သိုသော် စိတ်ဝမ်းကွဲပြားမှုကို ရင်ကြားစေ့ ဖြန်ဖြေပေး သူများ၊ မနာလိုမုန်းထားမှုကို ပြေပြစ်ညီညွတ်မှု ဖြစ်စေသူများ၊ အချင်းချင်း ပြန်လည်သင့်မြတ်မှုရှိလာစေရန်၊ အနစ်နာခံ၊ ကိုယ်ကျိုး စွန့် ဆောင်ရွက်တတ်သူများသာ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်သူများဟူ၍ ခေါ်ဆိုနိုင်ပါလိမ့်မည်။
ဘုရားသခင်က ကိုယ်တော်နှင့် လူသားတို ပြန်လည် မိတ်သဟာရ ဖွဲလိုသည်။ လူအချင်းချင်း ညီရင်းအစ်ကို စိတ်ထား ဖြင့် သဘောထား ညီညွတ်မှုကို ပေးတော်မူသည်။ ထိုကြောင့် စည်းလုံး ညီညွတ်မှု တစ်လုံးတစ်ဝတည်းဖြစ်မှုကို ဆောင်ရွက်ပေးသူများသည် ဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်သူများပင်ဖြစ်၏။
ထို ကြောင့် ဤသတ္တမမြောက် မင်္ဂလာတရားတော်ကို အနက်ဖွင့်ရလျှင် “လူလူချင်း သင့်မြတ်မှု၊ မှန်ကန်သော ဆက်နွယ်မှု၊ ချစ်ခင်ရင်းနှီးလာပြီး လက်ရေတပြင်စီး ဖြစ်လာစေရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်သူများသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူတိုသည် ဘုရားသခင်၏ အလိုတော်အတိုင်း လုပ်ဆောင်သူများ၊ ကိုယ်တော်၏ အမှုတော်ကို ဆောင်ရွက်ကြသူ များဟု ခေါ်ဝေါ်ခြင်းကို ခံကြရလတံ့” ဟု ဆိုရပါလိမ့်မည်။
၈။“ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက် ညှင်းဆဲခြင်းကို ခံရသောသူတိုသည် မင်္ဂလာရှိကြ၏။ အကြောင်း ၊ မူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို၏ နိုင်ငံဖြစ်၏”
ခရစ်တော်၏ ဂုဏ်တော်များထဲမှ ထူးမြတ်လှသော ဂုဏ်တော်တစ်ပါး မှာ အလွန်ပင် ရိုးစင်း ဖြောင့်မတ်လှခြင်းပင် ဖြစ်၏။ ကိုယ်တော် သည် လူအပေါင်းတိုအား အေးဆေးသက်သာ လွယ်ကူ ချောင်ချိသော ဘဝမျိုးကို ပေးရန် ကြွလာခဲ့ခြင်းမဟုတ်။ လူသားတိုအား ကြီးမြတ် လှသော အဆင့်အထိ ချီပင့်မြှောက်တင်ပေးရန် ကြွလာခဲ့ခြင်းပင် ဖြစ်၏။
ခရစ်တော် ဟောကြားခဲ့သော တောင်ပေါ်ဒေသနာကို ရှင် မဿဲ အခန်းကြီး ၅၊ ၆နှင့် ရတွင် ရှင်မဿဲက စုစည်းပြီး မှတ်တမ်း တင်ထားခဲ့သည်။ မင်္ဂလာတရားတော်၏ နိဂုံးအပိုင်းနှင့် တောင်ပေါ် ဒေသနာတစ်ခုလုံး၏ နိဂုံးအပိုင်းသည် အတူတူပင် ဖြစ်ပါ၏။ ဒေသနာတစ်ခုလုံး၌ ကိုယ်တော်က နောက်တော်လိုက် တပည့် တော်တစ်ဦးပီပီ မည်သို အသက်ရှင်ရမည့် အကြောင်း လမ်းညွှန်ခဲ့ ပြီးသည့်နောက် ဟောကြားခဲ့သော တရားတော်အတိုင်း လက်တွေ့ အကောင်အထည်ဖော်၊ လုပ်ဆောင်ရမည့်အကြောင်းကို ချက်ချင်း သတိပေးခဲ့သည်။ “အကြင်သူသည် ငါဟောပြောသော စကားကို ကြားနာ၍နားထောင်၏” တစ်နည်းဆိုရသော် “ ငါဟောပြောသော ဤတရားကို ကြားနာ၍ “လိုက်လျှောက်”၏။ ထိုသူသည် ကျောက် ပေါ်၌ အိမ်ဆောက်သော ပညာရှိနှင့်တူကြောင်း” မိန့်တော်မူခဲ့သည်။
ဒေသနာတော်၏ အစဦးပိုင်း၌ ကိုယ်တော်က စိတ်နှလုံး နှိမ့်ချမှု၊ မိမိ၏ အပြစ်နှင့် အားနည်းမှုတိုကြောင့် ဝမ်းနည်းပူဆွေးမှု၊ နူးညံ့သိမ်မွေ့မှု၊ ဖြောင့်မတ်ခြင်း ပါရမီကို ဆာငတ် ခင်မွတ်မှု၊ သနားစုံမက်မှု၊ စိတ်နှလုံး ဖြူစင်မှုနှင့် လူအချင်းချင်း ငြိမ်းချမ်း ရေးအတွက် ဆောင်ရွက်မှုတိုကို သွန်သင် ဆုံးမပြီးသည်နောက် မင်္ဂလာ တရားတော်၏ နောက်ဆုံး၌ အဌမအချက်အနေဖြင့် ဖြောင့်မတ်ခြင်းတရား (ဝါ) အမှန်တရားအတိုင်း ဆောင် ရွက်သူများသည် ညှင်းပန်းနှိပ်စက်မှုကို ခံရမည့်အကြောင်းကိုရိုးစင်းဖြောင့်မတ်စွာ မထိန်မဝှက်ဘဲ ပွင့်လင်းစွာ ဟောကြားလိုက် ပါတော့၏။
ဘုရားသခင်၏ နိုင်ငံတော်တွင်းသို ဝင်နိုင်ရေးအတွက် သော့ချက်များ ပေးပြီးနောက် ထိုသောအချက်အတိုင်း (ဝါ) ထိုအတိုင်း လက်တွေ့ အသက်ရှင်လျှင် ကြီးမားလှသော အဖိုးအခကိုလည်း ပေးရမည့်အကြောင်း ရှင်းရှင်း ဖွင့်ပြောလိုက်ပါ၏။ ကိုယ်တော် ဟောပြောတော်မူသမျှကို လက်တွေ့ အကောင်အထည် မဖော်၊ လက်တွေ့ မကျင့်သုံးလျှင် ထိုဒေသနာတော်သည် မည်မျှ မွန်မြတ် လှစေကာမူ အချည်းနှီးပင် ဖြစ်နေပါလိမ့်မည်။
ကိုယ်တော်၏ နောက်တော်လိုက်ရန် မလွယ်ကူပါ။ “ပန်း ခင်းသောလမ်း” ကိုသာ လျှောက်ရလိမ့်မည်ဟု ကတိပေးတော်မပေး ခဲ့ပါ။ ကိုယ်တော်သည် မိမိကိုယ်ကို ငြင်းပယ် ကားတိုင် ထမ်း ရမည့်အကြောင်း သွေး၊ ချွေး၊ မျက်ရည် ယိုစီးရမည့် လမ်းစဉ်ကို ပြညွှန်တော်မူခဲ့သည်။ ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်နိုင်ရေးအတွက် ခဲယဉ်းသော ဆုံးဖြတ်ချက်များ၊ ညှင်းပန်းနှိပ်စက်မှုကိုပင် ခံရဲရမည့် ဆက်ကပ်မှုကိုသာ လက်ညှိးထိုး ညွှန်ပြခဲ့သည်။
ခရစ်တော်၏ နောက်တော်လိုက်လိုသူတို အဖို အခြား နည်းလမ်းမရှိချေ။ ကနဦးအသင်းတော်ကို တည်ဆောက်ခဲ့ကြသည့် တမန်တော်များသည် မိမိတို၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို စွန့်ပစ်ခဲ့ကြသည်။ သူတို၏ လူမှုဆက်ဆံရေး၌ ထိပါးရုံမက ကဲ့ရဲ့ ရှုတ်ချခြင်းကို ခံခဲ့ကြသည်။ သူတို အိမ်ထောင်ရေး ပျက်ပြား၍ မိသားစုခမျာမှာ မျက်နှာငယ်ဖြင့် ကျန်ခဲ့ရရှာသည်။ နောက်ပိုင်း၌ ခရစ်ယာန်များသည် ရောမအင်ပိုင်ယာ၏ စီဇာဘုရင်များ၏ ညှင်း ပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ခြင်္သေ့စာကျွေးခြင်း၊ သစ်တိုင်၌ မီးရှို့ခြင်း၊ ခေါင်းဖြတ်ခြင်း၊ လှံဖြင့် ထိုးသတ်ခြင်း၊ မြင်းဖြင့် ဒရွတ်တိုက် ဆွဲသတ်ခြင်း၊ အစာငတ်ထားသော ခွေးတို ၏ ကိုက်ဖြတ် စားသောက် ခံရသည့်အခါ မကြောက်မရွံ၊ ဓမ္မသီချင်းများ ဆိုလျက် ကြံ့ကြံ့ခံရင်ဆိုင်၍ အသေခံခဲ့ကြသည်။
အဘယ်ကြောင့် သူတိုသည် ဤကဲ့သိုသောညှင်းပန်း နှိပ်စက် မှုကို ခံခဲ့ကြပါသနည်း။
(က) ခရစ်တော်ကိုသာ သစ္စာရှိမှု ပြလို၍ ဖြစ်သည်။
(ခ) ရှေးပရောဖက်များ၊ သန့်ရှင်းသူ၊ သူတော်စင် သူတော်မြတ် များသာမက ခရစ်တော်ကိုယ်တော်တိုင် က ရှေ့မှနေ၍ ပုံသက်သေ ပြခဲ့သောကြောင့် ဖြစ်သည်။ ကားတိုင်လမ်းစဉ်ကား ခရစ်တော်၏ လမ်းစဉ်ပင်ဖြစ် ကြောင်း သူတို ရှင်းရှင်းသိမြင်ကြသော ကြောင့်ဖြစ်သည်။
(ဂ) ညှင်းပန်းနှိပ်စက်ခံရခြင်းသည် သူတို၏ ယုံကြည်ခြင်းကို ဖော်ပြရန် အကြီးကျယ်ဆုံးသော အခွင့်အရေးကြီးဟူ၍ မြင်လာ နိုင်သောကြောင့် ဖြစ်သည်။
(ဃ) ညှင်းပန်းနှိပ်စက်ခံခဲ့ခြင်းအားဖြင့် နောင်လာနောင်သား တိုအတွက် အနှောင့်အယှက်၊ ခလုတ် ကန်သင်းတို ကို လမ်းရှင်း ပေးရာလည်း ရောက်သောကြောင့် ဖြစ်သည်။
(င) နောက်ဆုံး၌ သူတိုနှင့်အတူ ခရစ်တော်သည်လည်း အစဉ်ရှိ၍ သူတိုနှင့်အတူတကွ ဝေဒနာခံစားခဲ့ကြောင်း လက်တွေ့ သိမြင်နားလည်သောကြောင့်ပေတည်း။ စိတ်နှလုံး နှိမ့်ချခြင်း၊ နိမ့်ကျသော အခြေအနေတွင်ရှိရန် မိမိ၏ မာန်မာနကို စွန့်လှူရသည်။ စိတ်မသာ ညည်းတွားဝမ်းနည်းပူဆွေးရခြင်းသည် အပြစ်များကို စွန့်လွှတ်နိုင်လောက်အောင် နောင်တရသောကြောင့် ဖြစ်သည်။ နူးညံ့သိမ်မွေ့ခြင်းဆိုသည်မှာ ဘုရားသခင်၏ အကြံအစည်တော်များအတွက် ဘုရားသခင်၏ အုပ်စိုးခြင်းကိုခံလျက် မိမိတစ်ကိုယ်လုံးကို စွန့်လှူပူဇော်ရခြင်းဖြစ်သည်။
ဘုရားသခင်ကို ဆာငတ် ခင်မွတ်ခြင်းသည် ဖြောင့်မတ်ခြင်း ပါရမီမှလွဲ၍ ကျန်ရှိသမျှသော အရာတိုကို မျက်နှာလွှ ဥပေက္ခာပြုရ၏။ သနားကြင်နာခြင်းသည် အဆိုးကိုပင် ရဲဝံ့စွာ ရင်ဆိုင်၍ ရန်သူကို ချစ်ရ ခြင်းပင် ဖြစ်သည်။ စိတ်နှလုံး ဖြူစင်နိုင်ရန် ညစ်ညူးမှု မှန်သမျှကို စွန့်လွှတ်ရသည်။ ခိုက်ရန်ဖြစ်ခြင်းကို ငြိမ်းစေခြင်း၊ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်ခြင်းသည် ဘုရားသခင်နှင့်အတူ လုပ်ကိုင်ဆောင် ရွက်ခြင်းပင်ဖြစ်သည်။
မင်္ဂလာတရားတော်တည်းဟူသော ခရစ်တော်၏ လမ်းစဉ်ကို လိုက်လျောခြင်းအားဖြင့် ကြီးမြတ်သော အဖိုးအခပေးရပေလိမ့်မည်။
နောက်ဆုံးဆိုရသော် ညှင်းပန်းနှိပ်စက်မှု ခံရခြင်းတည်းဟူသော အဖိုးအခကိုပေးသောသူများသည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသူတို၏ နိုင်ငံတော် ဖြစ်သော ကြောင့်တည်း။
အခန်း (၁၆)
လူသားနှင့် အပြစ်ဒုစရိုက်
လူသားနှင့် အပြစ်ဒုစရိုက်လူသားကို ပြဿနာတစ်ရပ်ကဲ့သို ရှုကြည့်နိုင်သည်ဟု ကျွန်တော် ထင်ပါသည်။
လူတို၏ မိုက်မဲမှု၊ အားကိုးရာမဲ့မှု၊ ယုတ်ညံ့သိမ်ဖျင်းမှု၊ အကျင့်ဆိုး၊ အပြစ်ဒုစရိုက်နှင့် ပြည့်ဝနေမှုတို အကြောင်းကို ပညာရှင်တိုက ဖွဲနွဲ ရေးသားခဲ့ကြသလို လူသားတို၏ ကောင်းမြတ်မှု၊ ကိုယ်ကျိုးစွန့်မှု၊ မေတ္တာတရားနှင့် ပြည့်ဝနေမှုတိုကိုလည်း တွေ့ရ ပါလိမ့်မည်။ အမှန်ဆိုရလျှင်၊ လူသားသည် အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်တို စပ်ကြား လူးလွန့် လှုပ်ရှားနေကြသည်ဟုဆိုလျှင် မမှားဟု ကျွန်တော်ထင်သည်။
ဆီနက်ကား ( Seneca ) ဆိုသည့် အတွေးအခေါ် ပညာရှင်ကြီးက “လူသားသည် အပြစ် ဒုစရိုက်ကို နှစ်သက်ပြီး တစ်ချိန် တည်းမှာပင် ထိုဒုစရိုက်ကို မုန်းတီးလျက်နေသေးသည်”ဟု ရေးသား ခဲ့ဘူးသည်။ ထိုနည်းတူ ဆယ်ရင်းနပ်(စ်)က ဆီနက်ကား ထံသို ရေးလိုက်သော စာတစ်စောင်၏ အတိုချုပ်မှာ “ငါသည် လုံးဝ လွတ်လပ် သူမဟုတ်၊ သိုသော် တစ်ချိန်တည်းမှာပင် ငါကိုယ်တိုင် မုန်းတီးရွံရှာ ကြောက်ရွံသော အမှားတို၏ ချုပ်နှောင်မှုကို တင်းပြည့် ကျပ်ပြည့် မခံရသေးပါ။ ငါသည် အဆိုးဆုံးသော အခြေတွင် မရှိသော်လည်း မိမိကိုယ်ကို မကျေနပ်ဘဲ ညည်းတွားနေသည်။ ကောင်းသည်ဟူ၍လည်း မဆိုသာ၊ ဆိုးဝါးသည်ဟူ၍လည်း မပြောနိုင်။ အမှန်တရားဘက်သို ရဲရဲ့ မလှည့်ရဲသလို၊ အမှားဖက်သိုလည်း ရဲရဲတိုးဝင်မသွားဝံ့။ ထိုနှစ်ခု၏ စပ်ကြား၌ ဝဲယာ လှုပ်ရှား ကူးခတ်နေခြင်းမှာ ငါ၏ အားနည်းချက် ပင်ဖြစ်သည်။ အချိုသောအရာများက ငါ၏ စိတ်ကို အနှောင့်အယှက် ပေးနေသော်လည်း ငါ၏ဘဝ ခံယူချက်ကို လုံးလုံးလျားလျား ပြောင်းလဲ သွားစေရန် မပြုနိုင်သေး””ဟု ဆိုခဲ့ပါ၏။ (Letters 112:3)
သိုသော် လူသည် အမှားနှင့်အမှန်၊ အဆိုးနှင့်အကောင်း စပ် ကြား ရွေ့လျား လူးလားနေသည်ထက် ကျင့်ဝတ်သိက္ခာ ရှုဒေါင့်အားဖြင့် ဆိုရလျှင် တစ်ခါတစ်ရံ ဘာမျှမတတ်နိုင်ဘဲ လက်မှိင်ချနေရသည့် အဖြစ်မျိုးတွင်လည်း ရှိတတ်သည်ဟု ကျွန်တော် ထင်ပါ၏။လူသား၏ အကြောင်းကို စစ်ကြော သုံးသပ်ပြီး ရေးသားခဲ့သည့် ပညာရှင်များ၏ စာပေပေါင်းများစွာ ရှိပါသည်။ အဆိုးကိုသာမြင်ပြီး ရေးသားသည့် စာပေများ ရှိသလို၊ အကောင်းကို ရှုကြည့်ပြီး ဖော်ကျူးထားသည့် စာပေများလည်း ရှိသည်။
ဆယ်မြူရယ်၊ အင်းဂပ်(စ်) ရေးသားထားသော ( The Mystery Religions and Christianity) opazu? 0932&cãoze လူသားကို ဘုရားနှင့် ဆက်နွယ်ပြသထားသည်။ ဤအတွေးမျိုးကား မူလ ဂရိအတွေးအခေါ်တစ် ရပ်ပင် ဖြစ်သည်။ တမန်၊ ၁၇း၂၈ တွင် ရှင်ပေါလုက “ထိုသိုနှင့်အညီ သင်တိုတွင် လင်္ကာဆရာ အချိုတိုက ငါတိုသည်ကား နွယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေ” ဟု စပ်ဆိုခဲ့သည်မှာလည်း စတိုးအစ် ကဗျာဆရာ “အရေတပ်(စ်)” ကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။
ထိုသဘောထားနှင့် မတူသော်လည်း ဆင်တူရိုးမှားအနေဖြင့် အလက်ဇန္ဒြီးယားမြိုမှ ခရစ်ယာန်ဂိုဏ်းအုပ် ကလီးမင့်က “နှုတ် ကပတ်တော်သည် လူ့ဇာတိကို ခံသည့်အကြောင်းမှာ လူသားသည် ဘုရားဇာတိကို ရယူနိုင်ရေးအတွက်ဖြစ်သည်”ဟု ရေးခဲ့ဘူးသည်။ (Protrepticus 1:8:4) ရှင်အသနေးရှပ်(စ်)က “ဘုရားရှင်၏ လူ့ဇာတိကို ခံခြင်းက လူသားကို ဘုရားအဖြစ်သို မြှတင်၍ ဖြစ်သည်” ဟု ဆိုပြန်သည်။ (On the Incarnation 54 )။ လူသည် ခိုကိုးရာမဲ့ အပြစ်သား တစ်ဦးဖြစ်နေလင့်ကစား၊ ဘုရားသခင်နှင့် ဆက်နွယ်မှု ရှိနေကြောင်းမှာ အံ့ဘွယ်ရာ ဆန့်ကျင်ဘက် စကားတစ်ရပ်ဖြစ်နေပါ၏။ လူသားအနေဖြင့် အမှားနှင့်အမှန် စပ်ကြား လူးလာလှုပ်ရှား နေကြောင်း ကို ခရစ်တော်၏ သြဝါဒတိုတွင် ပိုမို၍ ထင်ရှား ပြတ်သားစွာ တွေ့လာရ သည်။ သိုသော် လူသားကို အထင်ကြီးဆုံးနှင့် တန်ဖိုးအထားဆုံးသော သူမှာ ယေရှုခရစ်တော်ပင် ဖြစ်သည်။ ကိုယ်တော်က လူသားတိုအား သွန်သင်ဆုံးမပုံတိုကို ကြည့်လျှင် သိသာနိုင်သည်။လူသားတိုအား တိကျ ပြတ်သားသော မိန့်ဆိုချက်၊ စိန်ခေါ်ချက်၊ ဖိတ်ခေါ်ချက် အမျိုးမျိုးကို ခရစ်တော်က လွဲ၍ မည်သူကမျှ မပေးခဲ့စဖူး၊ ခရစ်တော်၏( Imp eratives)ဟု ခေါ်ဆိုသည့် “မပြုမနေရ အမိန့်တော်”ထဲတွင် အမြင့် မားဆုံးမှာကား “ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တိုအဖသည် စုံလင်တော် မူသည့်နည်းတူ သင်တိုသည်လည်း စုံလင်ခြင်း ရှိရမည်”ပင် ဖြစ်၏ (မဿဲ၊ ၅း၄၈)။
လူသားတိုထံမှ တုံပြန် လက်ခံမှုကို မမျှော်မှန်းထား နိုင်ဘဲ ကိုယ်တော်က ထိုသိုသော အမိန့်များ၊ စိန်ခေါ်ချက်များ ပေးနေလျှင် အချည်းနှီးပင် ဖြစ်နေပါလိမ့်မည်။ ခရစ်တော်က လူသားတိုထံမှ တုံပြန်မှုကို ရရှိနိုင်လိမ့်မည်ဟု မျှော်ကိုးထားသောကြောင့် ဤသို မိန့်ဆိုနေခြင်းဖြစ်သည်။
လူသားတို၏ စိတ်ဝိညာဉ်ထဲ၌ အိပ်ပျော်နေသော စွမ်းအား ကြီးတစ်ရပ် ရှိနေသည်ကို ကိုယ်တော်က မြင်သည်။ လူတိုသည် အသက်ကို စွန့်ရသည်တိုင်အောင် ကြိုးပမ်းလျှင် ထိုအမိန့်နှင့် ဆင့်ဆိုချက်များကိုတုံပြန် နိုင်လိမ့်မည်ကို ယေရှုက ယုံကြည်သည်။ ထိုသိုဆိုသော် ကိုယ်တော်က အပြစ်ဒုစရိုက်ကို အထင်သေးသော ကြောင့် မဟုတ်၊ အမှန်ဆိုရလျှင် ခရစ်တော် ကိုယ်တော်တိုင် ကြွလာတော်မူခြင်းကိုက လူသားသည် အပြစ်ဒုစရိုက်ခွံတွင်း၌ နစ်နေသည်ကို ကူညီလို သောကြောင့် ဖြစ်သည်။ ကိုယ်တော်က လူသားတို၏ စိတ်တွင်းရှိ တိမ်မြှုပ် နေသော “မီးခဲပြာဖုံး စွမ်းအားကြီးတစ်ရပ်” ကို မြင်တွေ့နေခြင်းသည် အရေး ကြီးဆုံးသော အချက်ဖြစ်သည်ဟု မှတ်ယူထားစေလိုပါ၏။ ထိုကြောင့် ကိုယ်တော့်အနေဖြင့် လူတို အမှန်တကယ် ရင်ဆိုင်နေရသော အခြေ အနေထဲမှ ချီပင့်မြှင့်တင် ပေးလိုသောကြောင့် ထိုကိစ္စကို အရေးတကြီး ဦးစားပေး ခဲ့သည်။ ကိုယ်တော်သည် လူတို၏ အပြစ် ဒုစရိုက်ကို အကယ်ပင် မြင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ကိုယ်တော်က ပေးနေသောအရာကို လူတိုက လက်ခံလာလျှင် လူတိုသည် မြင့်မားသော အခြေသို တက်ရောက်လာနိုင်သည်ကိုလည်း ခြွင်းချက်မရှိ ယုံခဲ့ပါ၏။ လူတို အား အက နှောင့်ယှက်နေသည်က အပြစ်ဒုစရိုက်ပင် ဖြစ်သည်။ ခရစ်တော်၏ ရှုဒေါင့်က ဆိုရလျှင် အပြစ်ဒုစရိုက် သုံးမျိုးရှိသည်
(က) မိမိတိုကိုယ်ကို ထိပါး နာကျင်စေသော အပြစ်။ လူသားတိုသည် ဖြစ်သင့်သော အရာများကို မဖြစ်၊ ရှိသင့်သည့်အဆင့်၌ မနေ၊ ရောက်သင့်သည့် အခြေသိုမရောက်ဘဲ၊ နိမ့်ကျနေသည်ကို ယေရှုက မြင်နေသည်။ ဓမ္မသစ်ကျမ်းထဲ၌ “အပြစ်” ဟူ၍ မြန်မာလို ပြန်ရန် အသုံးအများသုံးသော ဂရိစကားမှာ( Hamartia )ဖြစ်သည်။ ထိုစကားသည် အမှန်ဆိုရလျှင် အပြစ်နှင့် ဆက်နွယ်ရန် ယခင်က မသုံးခဲ့။ တစ်စုံတစ်ခုကို ပစ်ခတ်ရာတွင်သာ သုံးခဲ့သည်။ “ဟာမားရှား ။ မူရင်းအနက်မှာ “ပစ်မှတ်ကို မထိဘဲ လွဲချော်သွားခြင်း” ဟူသော အနက်ရှိပါ၏။
အပြစ်ဆိုသည်မှာ လူတစ်ဦးက ရည်ရွယ်မှန်းဆထားသည့် အခြေသိုမရောက်၊ လူတစ်ဦးအနေဖြင့် ရှိသင့်သည့်အဆင့်သို မရောက် လာဘဲ လွှချော်သွားခြင်းပင် ဖြစ်သည်။ မိမိ၌ ပေးအပ်ထားသော အစွမ်းအစကို အသုံးမပြုသူကို ကိုယ်တော်က ရှုတ်ချခဲ့သည် (မဿဲ။ ၂၀း၁၄-၃ဝ)။ ငန်သောအရသာကို မပေးနိုင်ဘဲ၊ အပြင်သို လွှင့်ပစ်ခြင်း ခံရပြီး လူတိုက ကျော်နင်း သွားကြသော ဆားကို ဆိုလိုသည် (မဿဲ။ ၅း၁၃)။ အသီးကို မသီးသော သင်္ဘောသဖန်းပင် (လုကာ၊ ၁၃း၆-၉)နှင့် အသီးမသီးဘဲ ခုတ်ထစ်ဖြတ်တောက်လျက် မီးထဲသို ပစ်လိုက်ရမည် ဖြစ်သောအပင်ကို ဆိုလိုသည် (မဿဲ၊ ၇း၁၉)။ ။
လူတိုင်း၌ တူညီသော အစွမ်းအစမရှိ၊ တူညီသော အောင် မြင်မှု မရနိုင်၊ လူတစ်ဦးစီတိုင်း၌ တမူထူးခြားသော စွမ်းရည်ကို ပေးထားသည် (မဿဲ၊ ၂၅း၁၄-၃ဝ)။ သိုသော် လူတိုင်း၌ တူညီသော အချက်တစ်ချက် ရှိသည်။ ထိုအချက်မှာကား “လုံလဝိရိယ”ပင် ဖြစ်သည်။ မည်သူမဆို မိမိ၌ရှိသော အစွမ်းအစကို မည်ကဲ့သို အသုံးချသည့် အပေါ်၌သာ ဘုရားသခင်က တရားစီရင် ဆုံးဖြတ်လေ့ရှိသည်။ ထိုကြောင့် ခရစ်ယာန်တို၏ ဘဝအသက်တာ အတွက် ပထမဦးဆုံးသော ဥပဒေ မှာကား “အသုံးမချ တတ်ခြင်းသည် ပျက်စီးခြင်းသို ရှေ့ရှု စေသည်”၊ တစ်နည်းဆိုရလျှင် “မိမိ၏ အစွမ်းအစကိုမသုံးလျှင် တုံးသွား တတ်သည်” ဟူသော အချက်ပေတည်း။ အပြစ်ဆိုသည်မှာ တစ်ကိုယ် ကောင်းစိတ်ဖြင့် မိမိ အစွမ်းအစကို သူတစ်ပါးအတွက် အသုံးမပြုလိုခြင်း၊ အေးအေးလူလူ နေလိုခြင်း၊ မိမိ၌ ရှိသမျှကိုသာ မြတ်နိုးတွယ်တာ နေလိုခြင်းပင် ဖြစ်သည်။
ထိုကြောင့် ကိုယ်တော်သည် မိမိကိုယ်ကို ငြင်းပယ်၍ လက်ဝါးကပ်တိုင်ကို ထမ်းခဲ့သည်။ မိမိ၏ အသက်ကိုသာလျှင် ကယ်ဆယ်နေလိုသော တစ်ကိုယ်ကောင်းသမားများကို ရှုတ်ချ၍ အပြစ်ပြောခဲ့သည် (မဿဲ၊ ၁၆း၂၄-၂၆)။ ထိုသို ပြုသောသူသည် မိမိဖြစ်သင့်သည်ကို မဖြစ်ဘဲ၊ မိမိ ရောက်သင့်သည့် အဆင့်ကို မလှမ်းတက်နိုင်ခြင်း ဖြစ်သည်။ ။
ဘုရားသခင်က “ကဲ-မင်းရဲ့ အစွမ်းအစကို ဘယ်လိုသုံးခဲ့ သလဲ” ဟု မေးလျှင် ကျွန်တော်တိုက အဘယ်သို ဖြေမည်နည်း ? လူတိုကို တရားစီရင်ဆုံးဖြတ်ရာတွင် ချိန်ထိုးမည့် ပထမအချက်ကား ဤအချက်ပင် ဖြစ်လိမ့်မည်ဟု ကျွန်တော့်အနေဖြင့် ယုံကြည်နေပါ၏။
(ခ) သူတစ်ပါးကို ထိပါးစေသော အပြစ်။ အသက် တာ၌ သူတစ်ပါးတိုနှင့် ဆက်သွယ်ရာတွင် ညံ့ဖျင်းမှု၊ ပျော့ညံ့မှု၊ ပျက်ကွက်မှုတိုသည်လည်း အပြစ်ဖြစ်သည်
(၁) သူတစ်ပါးတို၏ လိုအင်ကို မဖြည့်စွမ်းဘဲ နေခြင်း သည် အပြစ်ဖြစ်သည်။ မွတ်သိပ်နေသောသူ၊ ရေငတ်နေသူ၊ ဧည့်သည်အဖြစ် ရောက်လာသူ၊ အဝတ်ချည်းစည်းရှိနေသူ၊ အနာရောဂါ စွဲကပ်နေသောသူ၊ အချုပ်အနှောင် ခံနေရသူတိုကို ဥပေက္ခာပြု နေခြင်းသည် အပြစ်ဖြစ်၏ (မဿဲ၊၂၈၃၁-၄၆)။ ကောင်းသော ရှမာရိပုံပမာထဲတွင် အနာဒဏ်ရာ ရနေသူကို ရှောင်ကွင်းသွားမှုမျိုးကို ဆိုလိုသည် (လုကာ၊ ၁၀း၂၅-၃)။ အကူအညီလိုနေသူတစ်ဦးကို တွေ့ရသော်လည်း စိတ်လှုပ်ရှားမှုမရှိ၊ သနားကြင်နာမှုမရှိဘဲ ရှောင်ကွင်း သွားခြင်း၊ သူတစ်ပါးတိုကို ဥပေက္ခာပြုပြီး ထိုသူ၏ လိုအပ်နေမှုကို မမြင်နိုင်ခြင်းသည် အပြစ်ဖြစ်သည်။ လူလူချင်း ဆက်ဆံရာတွင် သူတစ်ပါးတို၏ လိုအင်ကို အမြဲ မြင်နေရမည် ဖြစ်ရုံမက၊ အမြဲညီရမည်။ သိ မပြုဘဲ သံယောဇဉ်ဖြတ်၊ ဥပေက္ခာပြုခြင်း သည် အပြစ်ဖြစ်၏။
(၂) သနားကြင်နာစိတ် မရှိခြင်းသည် အပြစ်ဖြစ်သည်။ မိမိ၌ ကြွေးရှိသမျှကို လွတ်ငြိမ်းချမ်းသာခွင့်ရရန် ပျပ်ဝပ်တောင်းခံ သဖြင့် သူ၏ သခင်ထံမှ ကြွေးများကို လျော်ပစ်ခြင်း ခံရသော်လည်း မိမိ၏ ကျွန်၏ လည်ပင်းကို ညှစ်၍ သူ၏ကြွေးကိုဖြင့် မရမက၊ နိုင်ထက်စီးနင်း တောင်းသည့် လူတစ်ဦးကို ဥပမာပေးပြီး ကိုယ်တော် က သဘောမျိုးကို ရှုတ်ချခဲ့သည် (မဿဲ၊ ၁၈း၂၁-၃၂)။ ပျောက်သောသား ဥပမာ၌ အိမ်မှ ထွက်သွားသော သားငယ်အစား သူ၏အစ်ကိုအား ပြစ်တင်ရှုတ်ချ ရသည့်အကြောင်းရင်းမှာကား၊ အပြစ်ပြုခဲ့သော မိမိ၏ ညီငယ်အပေါ်၌ သနား ကြင်နာစိတ် မရှိသောကြောင့်ဖြစ်၏ (လုကာ၊ ၁၂း၃၂)။ သူဌေးကြီးနှင့် လာဇရု၏ ဥပမာတွင်လည်း သူဌေးကြီးအား ကိုယ်တော်က ရှုတ်ချခဲ့သည့် အကြောင်းရင်းမှာ သူသည် ဆင်းရဲသူ လာဇရုအား သနားကြင်နာမှုမရှိ၊ အကူအညီ မပေးခဲ့ခြင်းကြောင့် ဖြစ်သည် (လုကာ၊ ၁၆း၁၉-၃၁)။ အရေးကြီးသည့် အချက်က သူဌေးကြီး၏ “ပြုမူချက်” ကြောင့် အပြစ်ဒဏ်ခံရသည်မဟုတ်၊ “သနားကြင်နာစိတ်မရှိဘဲ ဘာမျှ မပြုခဲ့သောကြောင့်” ငရဲသို လားရခြင်း ဖြစ်သည်ကို အထူး သတိပြုစေ လိုသည်။ အပြစ် ဆိုသည်မှာ ဘုရားသခင်က လူသားတိုအပေါ် ထားသော သနားကြင်နာစိတ်ကို လူသားတို ပတ်ဝန်းကျင်ထဲ၌ ပျံ့နှံစေရန် မပြုခြင်းသည် အပြစ်ဖြစ်၏။
(၃) လူလူချင်း အလေးဂရုမပြုခြင်း၊ လေးစားမှု မရှိခြင်းသည် အပြစ်ဖြစ်သည်။ ဖာရိရှဲနှင့် အခွန်ခံ ဥပမာကို ကြည့်ပါ (လုကာ၊ ၁၈း၉-၁၄)။ ဖာရိရှဲ၏ အပြစ်က မိမိ ဖြောင့်မတ်မှုကိုသာလျှင် အထင်ကြီးပြီး သူတစ်ပါးကို မထီမဲ့မြင်ပြု၊ ရွံရှာသော သဘောဖြင့် ရှုတ်ချခြင်းပင်ဖြစ်သည်။ ဖာရိရှဲသည် မိမိသာလျှင် ကောင်း မြတ်သည်ဟု ထင်ပြီး သူတစ်ပါး၏ ယုတ်ညံ့မှုကို တစ်ချိန်တည်းမှာပင် နှာခေါင်းရှုံ့ခဲ့သည်။ ယေရှုက သူတစ်ပါးကို မထီမဲ့မြင်ပြု ရှုတ်ချခြင်းကို အပြစ်ဟု မြင်ခဲ့သည် မှန်သော်လည်း မိမိ၌ အပြစ်မရှိ အထင်ကြီးနေခြင်းက ပိုပြီး ကြီးမားသော အပြစ်ဟူ၍ ဖော်ပြခဲ့ပါ၏။
(၄) လူလူချင်း ပေါင်းသင်း ဆက်ဆံရာတွင် ပျက်ကွက် မှုသည်လည်း အပြစ်ဖြစ်သည်။ တစ်လုံးတစ်ဝ၊ တစ်ပေါင်းတစ်စည်း တည်း ဖြစ်ရမည့်အစား တစ်ဦးနှင့်တစ်ဦးကို ကွဲပြားခြားနား ညီညွတ်မှု ပျက်ပြားသွားစေ သော ပြုမူချက်ကို ဆိုလိုသည်။ ထိုသို ဖြစ်စေခြင်းက လူလူချင်း တကွဲတပြား ဖြစ်စေ သည်သာမက၊ ဘုရားနှင့် လူတို၏ မိတ်သဟာရကွဲ ပျက်ပြား သွားစေခြင်းကြောင့် ဖြစ်သည်။ မိမိ၏ ညီရင်းအစ်ကိုဖြစ်သော လူလူချင်းနှင့်ပင် တည့်အောင် မပေါင်းသင်းနိုင် သူသည် ဘုရားသခင်နှင့် မှန်ကန်စွာ ဆက်သွယ်မှုမရှိနိုင်။ ညီအစ်ကိုချင်း သင့်တင့်မှု မရှိဘဲ ယဇ်ပလ္လင်ရှေ့တွင် ပူဇော်သက္ကာကို ဆောင်ယူခဲ့သော သူသည် အချည်းနှီးဖြစ်ကြောင်း ကိုယ်တော်က သွန်သင် ဆုံးမခဲ့သည် (မဿဲ၊ ၅း၂၃+)။ ဘုရားသခင်နှင့် မိတ်သဟာရ ဖွဲနိုင်မှုရစေရန် လူသည် ရှေးဦးစွာ လူလူချင်း မိတ်သဟာရ ဖွဲနိုင်မှု ရှိရပေလိမ့်မည်။
(၅) ပိုမိုကျယ်ပြန့်သော သဘောဖြင့် ဆိုရသော် မေတ္တာကင်းမဲ့ခြင်းသည် အပြစ်ဖြစ်၏။ ဘုရားသခင်၏ ကြီးမြတ်လှသော ဂုဏ်တော်တစ်ရပ်မှာ ဆိုးသူ၊ ကောင်းသူကို မရွေး၊ လူတိုင်းကို အနန္တ မေတ္တာတော်ဖြင့် ချစ်ခြင်းပေတည်း။ ကောင်းသူ၊ မကောင်းသူ၊ တရားသူ၊ မတရားသူတိုအပေါ်၌ တူညီ မျှတစွာ နေကိုပူစေ၊ မိုးကို ရွာစေသော ဘုရားသခင်ဖြစ်၏။ ဘုရားသခင်၏ သားသမီးများသည် မိမိတို၏ ဘဝအသက်တာ၌ ဘုရားသခင်၏ မေတ္တာတော်မျိုးကို ဖော်ပြရပေလိမ့်မည်။ ရန်သူကို ချစ်ရမည်။ ကျိန်ဆဲသောသူကို မေတ္တာပိုရမည် (မဿဲ၊ ၅း၄၃-၄၈)။ ထိုသို မပြုနိုင်လျှင် ဘုရားသခင် လိုလားသော အဆင့်တွင် မရောက်ခြင်းကြောင့် အပြစ် ဖြစ်သည်။ မေတ္တာကင်းမဲ့ခြင်းသည် အပြစ်ပေတည်း။
သူတစ်ပါးတိုကို ထိပါးစေသော အပြစ်ခေါင်းစဉ်၌ ကျွန် တော်တိုသည် မပြုမူခြင်း၊ မပြုလုပ်ခြင်း၊ ပြုမူရန် ပျက်ကွက်ခြင်းကို သာ ရှေးဦးစွာ တင်ပြနေခြင်းဖြစ်သည်။ သိုသော် သူတစ်ပါးနှင့် စပ်ဆိုင်သော အပြစ်မျိုး၌ ကိုယ်ထိလက်ရောက် ပြုမူခြင်းကြောင့် ဖြစ်ပေါ်စေသော အပြစ်ကိုလည်း ဖော်ပြမှသာ ပြည့်စုံပါလိမ့်ဦးမည်။ သူတစ်ပါးအပေါ်၌ ““ပြုသော” အပြစ်ကို ယေရှုသည် ပြင်းထန်စွာ ရှုတ်ချခဲ့ရုံမက၊ သူတစ်ပါးကို “ထိမိ၍ လဲစရာ” ဖြစ်စေသော အပြစ်ကို ကိုယ်တော်က အတော်ပင် အလေးထား သွန်သင်ခဲ့သည်။
“ထိမိ၍ လဲစရာ” ဟူ၍ ဆရာယုဒသန်က မြန်မာပြန်ထား သော မူရင်းဂရိစကားမှာ (Skandalon ) ဖြစ်သည်။ ထိုစကားသည် တိရိစ္ဆာန်တစ်ကောင်ကို ဖမ်းဆီးရာ၌ အသုံးပြုသော “ကျော့ကွင်း ထောင်ချောက်” ကို ဆိုလိုသည်။ ကာလရွေ့လျောလာသောအခါ ထိုဂရိစကားသည် ယေဘုယျအဓိပ္ပါယ် နှစ်မျိုး ထပ်မံဖြစ်ပေါ် လာစေ ခဲ့သည်။ လူတစ်ဦး ခလုတ်တိုက် လဲစေရန် ကျောက်တုံးများ ထားခြင်း၊ ကြိုးများတားထားခြင်းနှင့် ထိုသူ မမျှော်လင့်ဘဲ ကျသွား စေရန် တွင်းတူးထားပြီး အပေါ်ယံက မသိမသာ သစ်ရွက် သစ်ခက်ငယ်များဖြင့် ဖုံးအုပ်ထားခြင်းမျိုးကို ဆိုလိုလာသည်။
ယေရှုက “မှားယွင်းစရာ အကြောင်းကို ဖြစ်နေသော သူသည် အမင်္ဂလာရှိ၏” ဟု မိန့်တော်မူခဲ့၏ (မဿဲ၊ ၁၈း၆-၇)။ မိမိကိုယ် တိုင်က အပြစ်ပြုရုံမက၊ သူတစ်ပါးကိုပင် အလားတူအပြစ် ပြုစေ ရန် ဖန်တီးသူမျိုးကို လည်း ကိုယ်တော်က ပြင်းထန်စွာ ရှုတ်ချခဲ့ပါ၏။ အပြစ်ပြုရန် တဖြည်းဖြည်း “နားလည်”လာသည်ထက်၊ အပြစ် ပြုရန်သူတစ်ပါးကို “သွန်သင်ပြသ” ပေးသူသည် အလွန် ရှုတ်ချခြင်းကို ခံထိုက်သူပေတည်း။
(ဂ) ဘုရားသခင်ကို ထိပါးစေသောအပြစ်။ အမှန်ဆိုရလျှင် အပြစ်မှန်သမျှသည် ဘုရားသခင်ကို ထိပါးစေ သည်ချည်းဖြစ်၏။ ဆာလံဆရာ ဒါဝိဒ်က “ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက် တော်၌ မတရားသောအမှုကို ပြုပါပြီ”ဟု ဝန်ခံခဲ့သည် (ဆာ၊ ၅၁၄)။ ။
(၁) ဘုရားသခင်၏ အလိုတော်ထက် မိမိအလိုကိုသာ ဦးစားပေး လုပ်ဆောင်ခြင်းသည် အပြစ် ဖြစ်သည်။ ယေရှု၏ စုံစမ်းသွေးဆောင်ခြင်းခံရပုံ ဖြစ်ရပ်ထဲ၌ ထိုသဘောကို ရှင်းရှင်း တွေ့နိုင်သည် (မဿဲ၊ ၄း၁-၁၁။ လုကာ၊ ၄း၁-၁၃)။ ဘုရားသခင်၏ အမှုတော်လုပ်ငန်းအား မည်သို မည်ပုံ ဆောင်ရွက်သင့်သည်ကို ဆင်ခြင်နေစဉ် ကိုယ်တော်၌ နည်းလမ်းသုံးမျိုး ပေါ်ခဲ့သည်။
လူတို့အား လောကီပစ္စည်းဥစ္စာ ပေး၍ ဆွယ်ခြင်း၊ အံ့ဘွယ် ရာ နိမိတ်လက္ခဏာများ ပြ၍ အံ့ဩမိန်းမော ရင်သပ်ရှုမောစေခြင်း၊ လောက၏ လမ်းစဉ်နှင့် လိုက်လျော ညီထွေစွာ မလျော့မတင်း၊ အလယ်အလတ် လမ်းကို လိုက်ပြီး အမှုတော်ကြီးကို ဆောင်ရွက်နိုင်သည်။ ထိုနည်းလမ်းများကို အသုံးပြုလျှင် ကိုယ်တော်အဘို ဖြတ်လမ်းဖြင့် အောင်မြင်မှုကို ရမည်မှာ သေချာနေသည်။ လူအများက သောင်း သောင်းဖြဖြ နောက်တော် လိုက်လာ ကြလိမ့်မည်။ သိုသော် ထိုသိုသော အောင်မြင်မှုသည် မတည်မြဲ၊ ခဏပန်းမျှသာ ဖြစ်လိမ့်မည်။
ယေရှု ကိုယ်တော်တိုင်က မေတ္တာသဘောဖြင့် စွန့်လွှတ် ပူဇော်ခြင်း၊ အနစ်နာခံ၍ သူတစ်ပါးကို အစေခံခြင်း နည်းလမ်းတစ်မျိုး ကျန်ရှိနေသေးကြောင်း တွေ့မြင်ခဲ့ပါ၏။ ထိုနည်းလမ်းမှာ ဘုရားသခင်၏ နည်းလမ်း ဖြစ်သည်။ ထိုနည်းလမ်းကား ပြင်းပြသော ဝေဒနာ ခံစားပြီး၊ ကားတိုင်၌ အသက်စွန့်ရမည့် ကားတိုင်လမ်းစဉ် ဖြစ်၏။ မည်သည့် နည်းလမ်းကို ကိုယ်တော် ရွေးချယ်မည်နည်း ? လူ့လမ်းစဉ်၊ သိုမဟုတ် ဘုရားသခင်၏ လမ်းစဉ်ပေလား ?
ခရစ်တော်သည် မည်သည့် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြောင်း အားလုံး သိပြီး ဖြစ်ပါ၏။ ကိုယ်တော့်အနေဖြင့် ဖာရိရှဲတိုအား ရှုတ်ချ ရသည့် အကြောင်းရင်းမှာ ဘုရားသခင်၏ ပညတ်တော်များထက် ရှေးခေတ်က အဆင့်ဆင့် လက်ခံခဲ့သည့် နည်းဥပဒေသ၊ အစဉ်အလာ များကိုသာ ဦးစာပေးနေကြသောကြောင့် ဖြစ်ပါ၏ (မဿဲ၊ ၁၅း၁-၉)။ ပျောက်သောသား ဥပမာ၏ ဝမ်းနည်းဖွယ်ရာအချက်မှာ သားငယ် ဖြစ်သူက သူသည် ဖခင်ဖြစ်သူထက် နားလည်သည်ဟု ထင်မှတ်၍ နေအိမ်မှ ထွက်ခွာသွားပြီး မိမိသဘောအတိုင်း လွတ်လပ်စွာ ပြုမူ နေထိုင်လိုသော စိတ်သဘောရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
ဘုရားသခင် ပြုမူလိုစေသည်ထက် “မိမိသဘော၊ မိမိ အလို ဆန္ဒ” အတိုင်းသာ ပြုမူလိုခြင်းသည် အပြစ်ဖြစ်၏။ ဘုရားသခင်၏ အလိုထက် မိမိအလိုကို ဦးစားပေးခြင်းသည် အပြစ်ဖြစ်၏။ ကျွန်တော်တို၏ အလိုဆန္ဒများသည် ဘုရားသခင် အလိုတော်နှင့် လိုက်လျော ညီထွေမှုရှိရမည်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ခြင်းသည် ကျွန်တော်တို၏ စိတ်ကို ငြိမ်သက်ခြင်း ပေးပါ၏။
(၂) ဘဝတွင် မိမိ၏ အတ္တကို မဏ္ဍိုင်ထားခြင်းသည် အပြစ် ဖြစ်သည်။ လောကကြီးထဲတွင် မိမိသာလျှင် အရေးကြီးဆုံးသော ပုဂ္ဂိုလ်များဖြစ်ကြောင်း ထင်မှတ်နေခြင်းဖြစ်သည်။ လူများ မြင်စေခြင်းငှာ သီလကို ဆောက်တည်ခြင်း၊ အလှူဒါနကိုပေးခြင်း၊ ဆုတောင်း ပဌနာပြုသောသူမျိုးကို ကိုယ်တော်က ပြတ်ပြတ်သားသား လက်ညှိးထိုးပြသည်။ သူတိုသည် လိုအမှုကို အကယ်ပင် ပြုလို၍ မဟုတ်၊ လူအများက မြင်စေရန် အာသီသ လားနေခြင်းသာဖြစ်၏ (မဿဲ၊ ၆း၁-၁၈)။ ကျမ်းပြုဆရာ၊ ဖာရိရှဲတိုအနေဖြင့် လက်ဖွဲတိုကို လည်း ကောင်း၊ ကြီးသော ပန်းပွားတိုကိုလည်းကောင်း ဝတ်လေ့ရှိကြ ခြင်း (ကျမ်းစာပိုဒ်များကို လက်ဖွဲအဖြစ် လိပ်၍ ဝတ်လုံအနားဖျား၊ အထူးသဖြင့် ကျောဖက်တွင် ချိတ်ဆွဲထားခြင်း၊ ဘုရားသခင်၏ ပညတ်တော်များ ရေးသားထားသည့် အမြတ်များကို ကြိုးများဖြင့် ချည်နှောင်၍ လူမြင် ကောင်းရုံ ဝတ်ဆင်ပြသခြင်းကို ဆိုလိုပါသည်)။ပွဲသဘင်များတွင်လည်း အကောင်းဆုံးသော နေရာထိုင်ခင်းများ၊ တရားဇရပ်များ၌ မြင့်မြတ်ေသာ နေရာများတွင် ထိုင်လိုကြခြင်း၊ ဈေးရှေ့လူမြင်ကွင်းရပ်ကွက်တွင် အလေးပြုခံလိုကြခြင်း၊ ဆရာတော်ဟု အခေါ်ခံလိုကြခြင်းတိုကို ကိုယ်တော်က ရှုတ်ချသည် (မဿဲ၊ ၂၃း၁-ရ)။သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ၊ လူမြင်ကွင်းတွင် ဟန်ပြလိုခြင်းသည် အပြစ် ဖြစ်၏။ ယေရှုခရစ်တော်ကို မကြည့်ဘဲ မိမိကိုယ်ကိုသာ ကြည့် ခြင်း၊ ယေရှုနှင့်အတူ မလျှောက်ဘဲ မိမိကိုယ်တိုင် ဘဝလမ်းခရီးကို လျှောက်လိုခြင်း၊ ဘုရားသခင်နှင့် ဆိုင်သော ပလ္လင်တော်ပေါ်၌ မိမိကိုယ်တိုင် ဝင်ရောက်ထိုင်ခြင်းတိုပင် ဖြစ်ပါ၏။
(၃) ဘုရားသခင်၏ ပညတ်တော်များကို ချိုး ဖောက်သည်ထက် ဘုရားသခင်၏ စိတ်နှလုံးကို ကြေကွဲစေခြင်းသည် အပြစ် ဖြစ်၏။ ဘုရားသခင်သည် မေတ္တာတော်ရှင်ဖြစ်၍ မေတ္တာကို စော်ကားခြင်းသည် အပြစ်ဟူ၍ တစ်နည်းအားဖြင့် ဆိုရပေလိမ့်မည်။ ထိုသိုပြုမူခြင်းမျိုးသည် ဘုရားသခင်၏ နှလုံးသားကို ကြေကွဲစေသည်။ မေတ္တာဖြင့် ဘုရားသခင်၏ ဖိတ်ခေါ်ခြင်းကို ငြင်းပယ်ခြင်းသည် အပြစ်ဖြစ်သည်။ မင်္ဂလာဆောင်ပွဲကို ဖိတ်ကြားသော်လည်း နားမထောင်ဘဲ မိမိ၏ လယ်သိုလည်းကောင်း၊ ကုန်သွယ်ရာ သိုလည်းကောင်း၊ သွားကြ၍ ထိုဖိတ်ခေါ်ချက်ကို မထီမဲ့မြင် ပြုခြင်းသည် အပြစ် ဖြစ်၏ (မဿဲ၊ ၂၂း၁-၁၀။ လုကာ၊ ၁၄း၁၆-၂၄)။ ခရစ်တော်တည်းဟူသော ကျောက်၌ မိမိဘဝကို မတည်ဆောက်ဘဲ မိမိဘဝကို မိမိအလို ဆန္ဒ အတိုင်း တည်ဆောက်ခြင်းသည်လည်း အပြစ်ဖြစ်၏ (မဿဲ၊ ၇း၂၄-၂၉)။
ခေါရာဇိန်နှင့် ဗက်ဇဲဒမြိုကို ရှုတ်ချခဲ့ခြင်း၏ အကြောင်း အရင်းမှာ လူတိုသည် ယေရှု၏အံ့ဖွယ်ရာ နိမိတ်လက္ခဏာ မြင်ခြင်း အားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် ယေရှု၌ သက်ရှင် လှုပ်ရှားနေသည်ကို တွေ့ကြရသော်လည်း ကိုယ်တော့်ကို ငြင်းပယ် ခဲ့ကြသောကြောင့် ဖြစ်၏ (မဿဲ၊ ၁၁၂ဝ-၂၄။ ဂျူးလူမျိုး တစ်မျိုးလုံးကို ရှုတ်ချခြင်းကလည်း သူတိုသည် ကိုယ်တော်၏ ဟောပြောခြင်းကြောင့် ဘုရားသခင်၏ ပညာ ဉာဏ်စွမ်းကို မြင်တွေ့ ကြရသော်လည်း ကိုယ်တော့်ကို ငြင်းပယ်နေခြင်းကြောင့် ဖြစ်သည် (မဿဲ၊ ၁၂း၄၁+)။ အမြင့်ဆုံး အမြတ်ဆုံးသောအရာကို မျက်ဝါးထင်ထင် မြင်ပါလျက် သူတိုက ငြင်းပယ်ခြင်း၊ ဘုရားသခင်၏ မေတ္တာတော်ကို မြင်ပါလျက် ဥပေက္ခာပြုခြင်း၊ ဘုရားသခင်၏ သစ္စာတရားကို မြင်ပါလျက် မမြင်ချင် ဟန်ဆောင်နေခြင်းတိုသည် အပြစ်ပေတည်း။
(၄) သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားခြင်းသည် အကြီးဆုံးသော အပြစ်ဖြစ်သည် (မဿဲ၊ ၁၂း၂၂-၃၃။ မာကု၊ ၃း၂၂-၃၁။ လုကာ၊ ၁၂း၁၁)။ဤကိစ္စကို ရှင်းပြပါမည်။ဘုရားသခင်ကို ပြစ်မှားမိ၍ နောင်တရခဲ့လျှင် အပြစ်လွှတ်ခြင်း ခံရနိုင်သည်။ ခရစ်တော်ကို ပြစ်မှားသော သူပင်လျှင် အပြစ်လွှတ်ခြင်းခံရနိုင်သော်လည်း သန့်ရှင်းသော ဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသော သူ၏ အပြစ်ကို ယခုဘဝ၊ နောင်ဘဝ၌ပင် မလွှတ်နိုင် ဟူသော စကားတော်သည် ထူးခြားလှသဖြင့် လူအများက အမြဲလိုလိုပင် မေးလေ့ရှိကြပါသည်။ လူအများ နားလည်ရန် အခက်ခဲဆုံးပင် ဖြစ်နေ၍ သေချာစွာ ရှင်းပြရန် လိုပါ လိမ့်မည်။ ဤကိစ္စကို ကောင်းမွန်စွာ နားလည် နိုင်ရန် ရှေးဦးစွာ အရေးကြီးလှသော အချက်နှစ်ချက်ကို သဘောပေါက်ထားဖိုလိုပါသည်။
(ကက) ဤစကားကို ယေရှုပြောကြားခဲ့သည့် အချိန်နှင့် ဖြစ်ရပ်ကို သတိပြုဖို လိုသည်။ နတ်ဆိုးစွဲသော လူကန်းတစ်ယောက်ကို ရောဂါပျောက်စေပြီးသည့် အခါ ဖာရိရှဲတိုက ထိုသို ကုသပျောက်ကင်း စေခဲ့မှုကို လုံးဝ မငြင်းဆို၊ ငြင်းဆိုရန်လည်း မဖြစ်နိုင်။ သိုသော် နတ်ဆိုးတိုတွင် အကြီးဆုံးဖြစ်သည့် “ဗေလဇေဗလ”ကို အမှီပြုပြီး ထိုနတ်ဆိုးကို နှင်ထုတ်ခဲ့သည်ဟု ကိုယ်တော်ကို သူတိုက စွပ်စွဲကြကုန်၏။ တစ်နည်းဆိုရသော် ဖာရိရှဲနှင့် ကျမ်းတတ် ဆရာတိုက ဘုရားသခင်၏ သားတော်ကို မျက်စိဖြင့် တပ်အပ် မြင်နေရပါလျက် စာတန်၏ အပေါင်း အသင်းဖြစ်သောနတ်ဆိုးဖြင့် နှိင်းစာစွပ်စွဲနေခြင်း ဖြစ်သည်။ ကောင်းမြတ်သော ဇာတိတော်ကို မြင်ရပါလျက် ဆိုးယုတ်သော ဇာတိတော်ဟူ၍ မျက်စိမှိတ် စွပ်စွဲနေကြသည်။ သူတို၏ ဝိညာဉ်ရေးရာ ရှုဒေါင့်သည် ကမောက်ကမ၊ ပြောင်းပြန် ဖြစ်နေကြလေပြီ။
(ခခ) ယေရှုမိန့်တော်မူခဲ့သော ဝိညာဉ်တော်အကြောင်း ကို နားလည်ဖို လိုသည်။ နှစ်ပေါင်း ၂၀၀၀ ခန့်က ဖြစ်ပွားခဲ့သော ထိုဖြစ်ရပ်ကို ပြန်ကြည့်ပါ။ ရောဂါကိုကုသစဉ်က အနား၌ ဝိုင်းလျက် ရှိသူများမှာ ဂျူးလူမျိုးများ သာ ဖြစ်ပြီး ထိုအချိန်က သူတို နားလည် ခဲ့ကြသော ဝိညာဉ်တော်မှာ ဂျူးလူမျိုးတို နားလည် သဘောပေါက်သော ဝိညာဉ်တော်သာဖြစ်ပြီး “ခရစ်ယာန်တို ယခုနားလည် နေကြသော သန့်ရှင်းသောဝိညာဉ်တော်ကို ဆိုလိုနေသည် မဟုတ် ကြောင်း သတိပြုပါ။” ခရစ်ယာန်များသည်ပင်လျှင် ထိုစဉ်က မပေါ်ပေါက်သေးပါ။
ကိုယ်တော်ကလည်း ထိုစကားကို ပြောစဉ်က ဂျူးလူမျိုးတို နားလည်နေကြသော ဘုရားသခင်၏ ဝိညာဉ်တော်ကို ရည်ဆောင်၍ ပြောခဲ့ခြင်းသာ ဖြစ်ပါ၏။ ထိုအချိန်၌ပင် ပင်တေကုတ္တေပွဲနေ့သည် မရောက်လာ သေး။ ကိုယ်တော် ကတိတော်ပေးခဲ့သည့် သန့်ရှင်းသော ဝိညာဉ်တော် တမန်တော်များ အပေါ်သို မသက် ဆင်းလာသေးပါ။
သိုဖြစ်လျှင် ဂျူးလူမျိုးတို ထိုစဉ်က နားလည်နေခဲ့ကြသော ဝိညာဉ်တော်ကား အဘယ်နည်း?
ဂျူးလူမျိုးတို နားလည်နေကြသော ဝိညာဉ်တော်က လုပ် ငန်းနှစ်မျိုးကို ဆောင်ရွက်ပါ၏။
ပထမ လုပ်ငန်းမှာ ဘုရားသခင်၏ သစ္စာတရားတော်ကို လူတိုထံ ယူဆောင်လာပေးခြင်းပင်ဖြစ်သည်။ ဒုတိယလုပ်ငန်းမှာ ထိုသစ္စာတရားတော်ကို နားလည် သဘောပေါက်လာစေရန် ကူညီ မှိုင်းမ ရှင်းလင်းပြ သပေးခြင်း ဖြစ်ပါ၏။
ဝိညာဉ်တော်သည် ဘုရားသခင်၏ သစ္စာတရားတော်ကို လူတိုထံ ယူဆောင်လာပေးခြင်းအားဖြင့် “အပြင်လောက”၌ အမှုတော်လုပ်ငန်းကို ဆောင်ရွက်၍ သစ္စာတရားတော်ကို လူတို နားလည် လာစေရန် “စိတ်နှလုံးအတွင်း”၌ လှုဆော်ပေးသည်ဟု ဆိုရပေ လိမ့်မည်။
ထိုအချက် နှစ်ချက်အပြင် လူ့သဘာဝ နိယာမတရားတစ်ခု ကို ဤနေရာ၌ ထပ်ဆင့် ဖြည့်စွက် ရှင်းပြရပါဦးမည်။
လူတစ်ဦးသည် မိမိ၌ရှိနေသော အစွမ်းအစကို အသုံးမချ ဘဲထားလျှင် ထိုအစွမ်းအစသည် တဖြည်း ဖြည်း မှေးမှိန် သွားတတ် သည်။ လူတစ်ဦးသည် မိမိ၌ရှိခဲ့သော ကာယစွမ်းရည်တစ်ခုကို ကြာမြင့်ခွာ မသုံးဘဲ ထားခဲ့လျှင် ထိုစွမ်းရည်သည် မကြာခင် ပျောက်ကွယ်သွားပါလိမ့်မည်။ အောင်မြင်မည့် အခွင့်အရေးတစ်ခုကို လက်ရ မယူဘဲ လက်ပိုက်ကြည့်နေလျှင် ထိုသူ၏ အခွင့်အရေးသည် ဆုံးရှုးသွားပါ လိမ့်မည်။ တစ်ခါက မိမိ တတ်ကျွမ်းခဲ့သော ဘာသာစကား တစ်ခုကို မသုံးဘဲထားသည်မှာ ကြာမြင့်လာခဲ့လျှင် နောက်ဆုံး၌ မေ့လျော့ သွားပါလိမ့်မည်။ လူတစ်ဦး အစွမ်းအစကို “မသုံးဘဲထားလျှင် တုံးသွားပါလိမ့်မည်။”
လူတစ်ဦးသည် အပေါစား စာပေများကိုသာ ဖတ်ရှု၊ အပေါ စား ဂီတကိုသာ နားထောင်နေပါက နောင်တစ်နေ့တွင် အဖိုးတန် စာပေနှင့် ဂီတကို မြတ်နိုးတတ်သည့် အရည်အချင်း ပျောက်ကွယ် သွားလိမ့်မည်။ မိမိ၏ ကြွက်သားတစ်ပိုင်းကို မသုံးဘဲ ထားသည်မှာ ကြာမြင့်လာလျှင် ထိုကြွက်သားသည် သေသွားပါလိမ့်မည်။
သိပ္ပံပညာရှင်ကြီး “ဒါဝင်”သည် ငယ်စဉ်က ကဗျာလင်္ကာ များကို ဖတ်ရှုပြီး ဂီတကို နှစ်သက် မြတ်နိုးခဲ့သည်။ သိုသော် နောင် အခါတွင် သူသည် ဇီဝဗေဒ ပညာများကိုသာ သုတေသန ပြုလုပ် နေခဲ့ပြီး၊ သိပ္ပံ ပညာဆိုင်ရာ အချက်အလက်များကို ရှာဖွေ မှတ်တမ်း တင်နေခြင်းဖြင့်သာ အချိန်ကုန်နေခဲ့၍ ကဗျာနှင့် ဂီတကို ပစ်ထားခဲ့ သည်။ ထိုနောက်ပိုင်း၌ ကဗျာနှင့် ဂီတကို နှစ်သက်မြတ်နိုး ရမှန်းပင်မသိ၊ ၎င်းတို၏ အရသာကို မခံစားတတ်တော့ကြောင်းကို သူကိုယ်တိုင် ဝန်ခံခဲ့ရဘူးပါ၏။
ကာယဉာဏဆိုင်ရာ စွမ်းရည်များ အတွက် မှန်ကန်သော ထိုနိယာမတရားသည် ဝိညာဉ်ရေးအတွက် လည်း မှန်ကန်လှပါ၏။
လူတစ်ဦးသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဥပေက္ခာ ပြုထားခဲ့သည်မှာ ကြာမြင့်လာပါလျှင် နောင်တစ်နေ့၌ ဝိညာဉ်တော် လမ်းပြမှုကို သဘောပေါက် ရိပ်စားမိလာလိမ့်မည် မဟုတ်။ သစ္စာတရားကို မျက်ဝါးထင်ထင် မြင်ရပါလျက် ထိုသစ္စာတရားကို ရိပ်စားမိနိုင်လိမ့်မည် မဟုတ်တော့ပါ။
ထိုဖာရိရှဲနှင့် ကျမ်းပြုဆရာတိုသည် ဤအားနည်းချက်နှင့် ချွတ်ယွင်းချက်ကို သိသိသာသာ ခံစားလျက် နေကြလေပြီ။
သူတိုသည် မိမိ ရွေးချယ်သတ်မှတ်သော လမ်းစဉ်ကိုသာ လျှင် ဦးစားပေး လိုက်လျှောက်နေခဲ့ ကြသည်မှာ ကြာမြင့်လှပြီဖြစ်ရာ ဘုရားသခင်၏ လမ်းစဉ်ကို မမြင်မတွေ့နိုင်ဘဲ ဖြစ်လာခဲ့လေပြီ။ ဝိညာဉ်တော် ၏ လမ်းပြမှုကို အစဉ်တစိုက် ငြင်းပယ်လာခဲ့ကြသည် ဖြစ်၍ ထိုဝိညာဉ်တော်က အကယ်ပင် လမ်းပြနေသည့် အခါ မမြင်မတွေ့ လာနိုင်ကြတော့ပါ။
ကောင်းမြတ်မှုကို ဆိုးယုတ်မှုဟူ၍ မြင်ပြီး၊ ဆိုးယုတ်မှုကို ကောင်းမြတ်မှုဟူ၍ မြင်တွေ့လာနေကြပေပြီ။
ဤသည်ကား ဝိညာဉ်တော်၏ လမ်းပြမှု၊ ညွှန်ပြမှုကို ခေါင်းမာမာ ရှောင်တိမ်းခဲ့သည်မှာ ကြာမြင့်လှ ပြီဖြစ်ရာ သူတို၏ နှလုံးသားသည် ခိုင်မာနေပြီဖြစ်၍ ဝိညာဉ်တော်၏ တန်ခိုးအာနိသင် ကို မျက်ဝါးထင်ထင် မြင်တွေ့နေရပါလျက် ခေါင်းခါ ငြင်းပယ်နေ ကြခြင်းကြောင့် နောက်ဆုံး၌ ဝိညာဉ်တော်ကို စော်ကားရာ၊ ပြစ်မှားရာ အဖြစ်သိုပင် ရောက်နေကြလေပြီ။
ထိုသိုသောသူများသည် အပြစ်လွှတ်ခြင်း အခွင့်မရနိုင်ဟု အဘယ်ကြောင့် ဆိုရပါသနည်း?
လူတစ်ဦးသည် ကောင်းမြတ်မှုကို မြင်နေရပါလျက် ကောင်း မြတ်မှုကိုပင်လျှင် အသိအမှတ် မပြုနိုင် တော့သည့် အဖြစ်သို ရောက် နေလျှင်လည်းကောင်း၊ အမှားကို သူကိုယ်တိုင် ပြုနေပါလျက် မှား မှန်းမသိနိုင် တော့သည့်အဖြစ် ရောက်နေလျှင်လည်းကောင်း၊ ကောင်းမြတ်မှုကို တွေ့ထိ ခံစားနေနိုင်လိမ့်မည်မဟုတ်တော့ပါ။ ကောင်းမှုကို ပြုနိုင်စွမ်းသာမက ပြုလိုစိတ်လည်း ရှိတော့မည်မဟုတ်ပါ။
ထိုသိုဖြစ်လျှင် ထိုသူသည် “နောင်တရရန် အရည်အချင်း လုံးဝ ရှိမည်မဟုတ်တော့ပါ”။ ကောင်းမြတ် မှုကိုပင်လျှင် လုံးဝ မရိပ်စားနိုင်တော့ပြီဖြစ်သော လူတစ်ဦးသည် နောင်တတရားရရန် လုံးဝမဖြစ်နိုင်။ နောင်တ မရနိုင်လျှင် အပြစ်လွှတ်ခြင်း အခွင့် အဘယ်ကဲ့သို ရရှိနိုင်တော့မည်နည်း? ထိုအပြစ်လွှတ်ခြင်း အခွင့်ကို ဘုရားသခင်က ပိတ်ပင်နေခြင်း မဟုတ်။ မိမိ၏ ခိုင်မာနေသော သဘောထားကြောင့် သူကိုယ်တိုင်ကပင် အလိုအလျောက် ပိတ်ပင် တားဆီးနေခြင်းဖြစ်၏။
ဝိညာဉ်တော်ကို ပြစ်မှားနေပါလျက် ပြစ်မှားနေကြောင်းကို လုံးဝမသိရှိ၊ မရိပ်စားမိ နိုင်လောက်အောင် ဖြစ်နေကြရသူတိုအဖို စစ်မှန်သော နောင်တရခြင်း၊ အပြစ်ကြောင့် ဝမ်းနည်းကြေကွဲခြင်း ဆိုသည်မှာ လုံးဝ ဖြစ်နိုင်တော့မည်မဟုတ်ပါ။
အပြစ်၏ အဓိက အရင်းခံမှာ ဘုရားသခင်အား ပလ္လင်တော် ပေါ်မှချပြီး မိမိကိုယ်ကို ပလ္လင်တော်ပေါ်သို တင်ခြင်း၊ ဘုရားသခင်၏ လမ်းစဉ်အစား မိမိ၏ လမ်းစဉ်ကိုသာလျှင် ဦးစားပေး ရွေးချယ် နေခြင်းတိုကြောင့် ဖြစ်ရာ ထိုသိုသော အပြစ်မျိုးကို ကြာရှည်စွာ ပြုမူနေသူမျိုးအဖို ဘုရားသခင်၏ အသံတော်ကိုပင် နားဖြင့် ဆက်လက် ကြားနေရပါလျက် အသံတော်ကို ရိပ်စားနားလည် လာလိမ့်မည်မဟုတ်။ ဘုရားသခင်ကို မျက်ဝါးထင်ထင် တွေ့ရပါလျက် ဘုရားသခင် ဖြစ်တော်မူမှန်းကိုပင် သိမှတ်တော့မည် မဟုတ် တော့ပါ။
ဤအကြောင်းများကြောင့် ထိုသိုသော သူမျိုးအဖို အပြစ် လွှတ်ခြင်း အခွင့်သည် ဆုံးရှုးသွားရလေပြီ ဖြစ်သောကြောင့်တည်း။ ယေရှုအနေဖြင့် အပြင်းထန်ဆုံး ရှုတ်ချခဲ့သော အပြစ် သုံးမျိုးရှိခဲ့သည်။ ကိုယ်တော် ဖော်ပြခဲ့သော အောက်ပါအပြစ်များမှာ အလွန်ပင် အရေးကြီးလှပါ၏။ ၎င်းတိုမှာ –
(က) မိမိသာလျှင် ဖြောင့်မတ်သည်ဟု ယူဆတတ်သည့် အပြစ်။ ဖာရိရှဲနှင့် အခွန်ခံတို၏ ဥပမာကို ပြန်ကြည့်ပါ။ အခွန်ခံ ခမျာမှာ မိမိ၏ အပြစ်ကို ရိုးသားနှိမ့်ချစွာ ဝန်ခံခဲ့သော်လည်း ဖာရိရှဲ မှာ သူ၏ ဖြောင့်မတ်မှုကိုသာလျှင် သတိရပြီး ကြွားဝါနေခဲ့ပါ၏။ အခွန်ခံသည် အပြစ်လွှတ်ခြင်းခံရပြီး ဖာရိရှဲမှာ အပြစ်လွှတ်ခြင်းအမှုကို ခံစားရကြောင်း ကိုယ်တော်က သွန်သင်ခဲ့ပါ၏ (လုကာ၊ ၁၈း၉-၁၄)။
ဖာရိရှဲရှိမုန်အိမ်၌ ကိုယ်တော်၏ ခေါင်းကို ဆီမွှေးဖြင့် လောင်းခဲ့သည့် ဖြစ်ရပ်ကို ပြန်ကြည့်ပါလျှင် ဆန့်ကျင်ဖက် ကွဲပြား ခြားနားချက်သဘောကို ထိုအမျိုးသမီးနှင့် ဖာရိရှဲရှိမုန်တို နှစ်ဦးတို တွင် တွေ့နိုင်ပါလိမ့်မည်။
ထိုအမျိုးသမီးသည် သူ၏ အပြစ်ကို မြင်ပြီး အလွန် ကြေ ကွဲ ဝမ်းနည်းသောစိတ်ဖြင့် ကိုယ်တော့်ထံ ချဉ်းကပ်ပြီး အပြစ်လွှတ် ခြင်းအခွင့်ကို လိုလားတောင့်တနေကြောင်း ရှင်းရှင်းလင်းလင်း ပီပြင် ပြတ်သားစွာ ဖော်ပြခဲ့သည်။ ဖာရိရှဲမှာမူကား၊ သူသည် အပြစ်လွှတ် ခြင်းအခွင့်ကို ခံရန် လိုသည်ဟူ၍ပင် မမြင်ခဲ့ပါ (လုကာ ၇း၃၆-၅ဝ)။ ခရစ်တော် သွန်သင်လိုသည့် အရေးကြီးအချက်တစ်ချက်မှာ “မိမိ၌ အပြစ်မရှိဟု ထင်နေခြင်းတိုက အပြစ်ဖြစ်ကြောင်း” သတိ ပေးချက်ပင် ဖြစ်၏။ အထူးသဖြင့် မိမိသည် ဖြောင့်မတ်သည်ဟု ထင်နေပြီး သူတစ်ပါးကို ကြဲ ကျ မထီမဲ့မြင် ပြုသောသဘော ရှိနေခြင်းပေတည်း။
(ခ) အပေါ်ယံအားဖြင့်သာ ဘုရားတရား ကိုင်းရှိင်းမှု ကို ဖော်ပြနေတတ်သည့်အပြစ်။ (Externalism)ကို ကျွန်တော်ဆိုလိုပါသည်။ ဖာရိရှဲတိုသည် ဖြောင့်မတ်မှုရှိခြင်းကို အပြင်ပန်း ဝိနည်း ထုံးနည်းများ လိုက်လျှောက် ခြင်းဖြင့် ချိန်ထိုးနေ၏။ ဥပမာ ခဲယဉ်း ရှုပ်ထွေးလှသော ဝိနည်းတော်များ၊ အမျိုးစုံသော ပညတ်များကိုသာ ဦးစားပေး လိုက်လျှောက်နေလေ့ရှိခြင်း ဖြစ်ပါ၏။ ကိုယ်တော်ကကောင်းမြတ်မှု၊ သန့်စင်မှုဆိုသည်မှာ လက်များ ကို အပေါ်ယံက ရေဆေးခြင်းမျိုးနှင့်မဆိုင်၊ လူတစ်ဦး၏ အတွင်း အဇ္ဈတ္တစိတ်နှလုံး နှင့်သာ ဆိုင်သည်ဟု သတိပေးခဲ့ရဘူးသည် (မာကု၊ ၇း ၁၄-၂၃)။
အစာစားသော ပန်းကန်ခွက်ယောက်များ၏ အပြင်ဖက်ကို သာ ဆေးပြီး အတွင်းကို မဆေးဘဲထားခြင်း၊ အတွင်း၌ လူသေအရိုး၊ အညစ်အကြေးအမျိုးမျိုးဖြင့် ပြည့်နေသော်လည်း အပြင်ပန်း၌ ကြည့် ၍လှစေရန် ထုံးဖြူသုတ်ထားသော သင်္ချိုင်းများနှင့် နှိင်းစာ၍ ပြခဲ့ပါ၏ (မဿဲ၊ ၂၃း၂၅-၂၈)။ အပေါ်ယံအားဖြင့်သာ ဝိနည်းတော်များကို လိုက်လျှောက်ခြင်းသည် စစ်မှန်သော ကောင်းမြတ်မှု၊ ဖြောင့်မတ်မှု မဟုတ်ကြောင်း ကိုယ်တော်က ရှင်းပြခဲ့သည်။
(ဂ) သူတော်ကောင်း ယောင်ဆောင်တတ်သည့် အပြစ်။ ဤအပြစ်ကို ကိုယ်တော်က အပြင်းထန်ဆုံး ရှုတ်ချခဲ့ပါ၏ (မဿဲ၊ ၆း၂၊ ၅၊ ၁၆။ ၅။ ၁၆း၃။ ၂၂း၁၈။ ၂၃း၁၃-၁၅၊ ၂၅-၂ရ။ ၂၄း၅၁) အလွန် နားထောင် ကောင်းသော ပီယဝါစာ စကားများကို ပြောနေသော်လည်း ကောင်းသော အကျင့် ဓလေ့ မရှိခြင်းကို ကိုယ် တော်က ရွံရှာသည်။ အပင်၏ ကောင်းခြင်းကို အသီးအားဖြင့် ချိန်ထိုး ကြည့်နိုင်သလို လူတစ်ဦး၏ ပြုမူချက်များဖြင့်သာ သူ၏ ကောင်းမြတ် ခြင်းကို သိနိုင်ကြောင်း ရှင်းပြသည် (မဿဲ၊ ၇း၁၉-၂၀)။ “သခင်။ သခင်ဟု ခေါ်တိုင်း ဘုရားသခင်၏ နိုင်ငံတော်သို ဝင်ရမည်မဟုတ်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်သောသူများသာ ဝင်နိုင်မည်အကြောင်း” သတိပေးခဲ့သည် (မဿဲ၊ ၇း ၂၁)။
ဆရာယုဒသန်က “လျှိဝှက်သောသူ” ဟူ၍ မြန်မာ ပြန်ထား သည့် ““သူတော်ကောင်း ယောင်ဆောင်သူ (ဝါ) ကြောင်သူတော်များ” ဟူသော စကား၏ ဂရိမူရင်းစကားမှာ (Hupokrites) ဖြစ်၍ “သရုပ်ဆောင်သူ၊ ဟန်ဆောင်သူ” ဟူသော အနက်ရှိ၏။ ပြဇာတ် တစ်ခု၌ သရုပ်ဆောင်ပြနေသူများကို ဆိုလိုသည်။ ထိုသိုသော သူများ ကို ကိုယ်တော်က မထောက်မညှာ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါ၏။
ဤနေရာ၌ အပြစ်ဒုစရိုက်အပေါ် ယေရှုထားရှိနေသော အရင်းခံကို မြင်တွေ့လာနိုင်ပါလိမ့်မည်။ ကိုယ်တော်က အပြစ်ဆိုသည် မှာ “အတွင်း စိတ်သဘောထား” နှင့် ဆိုင်ကြောင်း သွန်သင်ခဲ့ သည်။ သူတစ်ဦး၏ အပြင်ပန်းက ပြုမူဆောင်ရွက်နေမှုသည် အပြစ် ဆိုဖွယ်ရာ မရှိသော်လည်း ထိုသူကို “ကောင်းမြတ်သောသူ”ဟု မခေါ်ဆိုနိုင်။ ထိုသူ၏ ကောင်းမြတ်မှု၊ မကောင်းမှုကို အဆုံးအဖြတ်ပေးမည့် အရာမှာကား သူ၏ အတွင်းစိတ်သ ဘောထားပင် ဖြစ်၏။
အဓိကအကျဆုံးသော ကျမ်းချက်မှာ မဿဲ၊ ၅း၂၁-၂၈ ပင် ဖြစ်သည်။
ဤကျမ်းပိုဒ်၌ ကိုယ်တော်က ဥပမာ နှစ်မျိုးဖြင့် ရှင်းပြခဲ့ သည်။ ပညတ္တိကျမ်းများက လူ့အသက်ကို မသတ်ရဟု ဆိုထားသည်။
ယေရှုက မိမိ၏ ညီအစ်ကိုချင်းကိုပင် အမျက်မထွက်ရဟု ဆိုသည်။ ပညတ္တိကျမ်းများက သူ့မယားကို မပြစ်မှားရဟု ဆိုသည်။ ယေရှုက ကိလေသာစိတ်ဖြင့် သူတစ်ပါး၏ မယားကို ကြည့်ခြင်းပင်လျှင် အပြစ်ဟု ဆိုသည်။ ဤနေရာ၌ ကျင့်ဝတ်သိက္ခာရေးဆိုင်ရာ သဘောထား တစ်ရပ်ကို ကိုယ်တော်က တော်လှန်လိုက်ခြင်း ပင်ဖြစ်၏။
အပြစ်ဒုစရိုက်ကို သာမန်အားဖြင့် ကြည့်လျှင် တားမြစ်ထားသောအရာများကို “မလုပ်ခြင်း”ဟူ၍သာ လူတိုက မြင်တတ်သည်။ ယေရှု၏ သွန်သင်ချက်က ကိုယ်ထိလက်ရောက် မပြုကျင့်ခြင်းဖြင့် မလုံလောက်၊ “စိတ်ထဲ၌” ရှိနေသော သဘောသည်ပင်လျှင် အပြစ် ဖြစ်နိုင်ကြောင်း ပြောလိုက်ခြင်းပင်ဖြစ်၏။
ထိုကြောင့် တားမြစ်ထားသော အရာများကို မပြုလုပ်ခြင်း သာမဟုတ်၊ ထိုတားမြစ်ထားသောအရာကို “ပြုလုပ်လိုစိတ်ပင် မရှိရ” ဟု ကိုယ်တော်က သတိပေးနေသောကြောင့် ဖြစ်၏။
အပြစ်ဆိုသည်မှာ လူတစ်ဦး၏ ပြုမူချက်အားဖြင့်သာ မဟုတ်၊ ထိုသူ၏ အတွင်းစိတ်သဘောထား မနောကံအားဖြင့်လည်း ဖြစ်နိုင် ကြောင်း ဆိုလိုက်ခြင်းပေတည်း။ ။
ထိုကြောင့် ဤသွန်သင်ချက်အားဖြင့် အပြစ်ဒုစရိုက်နှင့် ပတ်သက်သည့် အချက်ကြီးသုံးချက် ထပ်မံပေါ်ပေါက်လာပြန်သည် ။
(က) ထိုကြောင့် လူတိုင်းသည် အပြစ်နှင့်မကင်းနိုင်။ ကျွန်တော်တိုသည် လူမသတ်စဖူး၊ လူတစ်ဦး တစ်ယောက်ကိုပင်လျှင် မရိုက်ခဲ့စဖူးဟု ဆိုနိုင်သော်လည်း လူတစ်ဦးအပေါ် ဒေါသအမျက် ချောင်းချောင်း မထွက်ဖူးသူ မည်သူရှိသနည်း? လူတစ်ဦးကို ထိုးကြိတ် လို’စိတ်” ရိုက်နှက်လို “စိတ်” မရှိခဲ့ဟူ၍ မည်သူ ပြောနိုင်မည်နည်း ကျွန်တော်တိုသည် သူ့မယားကို မပြစ်မှားစဖူးဟု ဆိုနိုင်သော်လည်း ကိလေသာစိတ်ထားဖြင့် တစ်စုံတစ်ယောက်ကိုပင် မရှုကြည့်ခဲ့စဖူးဟု မည်သူ ပြောနိုင်မည်နည်း?
သူတစ်ပါး၏ ပစ္စည်းကို တစ်ကြိမ်မျှ မခိုးခဲ့စဖူးဟု ပြောနိုင် သော်လည်း သူတစ်ပါး၏ လှပတင့်တယ်သော ပစ္စည်းတစ်ခုကို တပ်မက်မောခြင်း မရှိခဲ့ဟု မည်သူ ပြောနိုင်ပါသနည်း? မနာလိုစိတ မရှိခဲ့စဖူးဟု မည်သူ ဆိုနိုင်ပါသနည်း?
လူတစ်ဦးသည် အပြစ်ဟူ၍ ပြောနိုင်သော တစ်စုံတစ်ရာကို “မပြု” သော်လည်း အကယ်၍ အတွင်းစိတ်ထဲ၌ အပြစ်ဖြစ်စရာကို “စိတ်ကူး” မိသည်နှင့် ထိုသူကို အပြစ်သားဟူ၍ ပြောဆိုနိုင်သည့် အခြေရှိနေကြောင်းကို ကိုယ်တော်က ထောက်ပြနေပါ၏။
အမှန်ဆိုရလျှင် လူအများသည် အပြစ်ကို ပြုလိုစိတ် ရှိ ကြသော်လည်း နောက်ဆက်တွဲ ပေါ်ပေါက်လာမည့် အပြစ်ဒဏ်ကို ကြောက်၍သာ မလုပ်ဘဲ နေလေ့ရှိကြသည်ကို ရိုးသားစွာ ဝန်ခံသင့် ကြပါ၏။ “တားမြစ်ထားသော အရာတစ်စုံတစ်ခုမျှ မလုပ်ခဲ့၍ ငါ၌ အပြစ်မရှိ”ဟု ဆိုသောသူတစ်ယောက်ကို ယေရှုက “ထိုတားမြစ်ထား သော အရာ တစ်စုံတစ်ခုကို “ပြုလုပ်လိုစိတ် တစ်ခါတစ်ရံ မပေါ်ပေါက် ခဲ့ပေဘူးလား”ဟူ၍ မေးနေသည်။ ထိုသိုသော မေးခွန်းကို ရိုးဖြောင့် စွာ ဖြေကြားခြင်းအားဖြင့် လူတိုင်းသည် အပြစ်နှင့် မကင်း ကြောင်း၊ လူတိုင်းသည် အပြစ်သားဖြစ်ကြောင်း ရှင်းရှင်း ဖော်ပြနေပါ၏။
(ခ) ထိုကြောင့် လူတစ်ဦး၌ အပြစ်ရှိမရှိကို ဆုံးဖြတ် နိုင်သူမှာ ဘုရားသခင်သာလျှင် ဖြစ်ပေလိမ့်မည်။ လူတိုင်း၏ အတွင်းစိတ်သဘောကို စစ်ကြောနိုင်သူမှာ မည်သူဖြစ်ပေသနည်း။ ဘုရားသခင်ကသာ လူတို၏ အတွင်းစိတ်ထဲ၌ လျှိဝှက်ဖုံးအုပ်ထား သမျှကို မြင်နိုင်သည်။ သိနိုင်သည်။ လူတို၏ အတွင်းစိတ်ထဲ၌ ဖုံးအုပ် ထားသော မာန်မာန၊ လျှိဝှက်ထားသော မုန်းတီးမှု၊ မနာလိုမှု၊ ဖုံး ကွယ်ထားသော တပ်မက်မောမှု ရှိနေနိုင်သည်။
လူတစ်ဦးသည် လောကထဲ၌ သူတော်စင် တစ်ဦးကဲ့သို ပြုမူ နေနိုင်သော်လည်း ထိုသူ၏ အတွင်းစိတ်ထဲ၌ အပြစ်ဒုစရိုက်သဘော ထားများဖြင့် ပြည့်နှက်နေနိုင်ပါ၏။ လူ၏ စိတ်၌ လျှိဝှက်ချက် မြောက်မြားစွာ ရှိနေနိုင်၍ လျှိဝှက်ချက်များကို ဘုရားသခင်ကသာ မြင်နိုင်သည်။ ထိုကြောင့် လူတစ်ဦးကို ကောင်းမြတ်သူ၊ ဆိုးယုတ်သူဟူ၍ ဆုံးဖြတ်နိုင်သူမှာ ဘုရားသခင်သာလျှင် ဖြစ်သည်။
(ဂ) ထိုသို ဖြစ်ခြင်းကြောင့် ဒုစရိုက်ကို ကုသပေး နိုင်သူမှာ ဘုရားသခင်ပင် ဖြစ်ပါ၏။ ။
ဘဝ၏ အဖြစ်မှန်များကို ကြည့်ပါ။
လူတစ်ဦးသည် အပြစ်ကို ရွံရှာမုန်းတီးသော်လည်း ပုထုဇဉ် လူသားပီပီ အပြစ်ကို မလွန်ဆန်နိုင်ဘဲ နေတတ်သည်။ တစ်ခါတစ်ရံ အပြစ်ကို မပြုဘဲ နေနိုင်သော်လည်း အတွင်းစိတ်သဘောထား၌ကား မကောင်းသော စိတ်ထားများကို လျှိဝှက်စွာ သိုမှီးထားနိုင်သည်။ ထို စိတ်ထားများကို အစိုးမရဘဲ ဖြစ်နေနိုင်သည်။ တတ်နိုင်သရွေ့ ချုပ် တည်းသော်လည်း တစ်ခါတစ်ရံ မအောင်မြင်ဘဲ ဖြစ်နေနိုင်သည်။ ထိုကြောင့် သူ့ထက် ခွန်အားကြီးသော သူကို အားကိုးမှီခိုအားထား ရပေလိမ့်မည်။
လူတစ်ဦးသည် ဆုတောင်းရမည်။ မိမိထက် ကြီးမြတ်သော ဘုရားသခင်၏ လက်တော်ထဲသို အပ်နှံနိုင်လောက်အောင် နှိမ့်ချစွာ ဆုတောင်းခြင်းအားဖြင့်သာ သူ၏ စိတ်အတွင်းထဲ၌ ဖြစ်နေသော ပဋိပက္ခမျိုးစုံကို အောင်မြင်လာနိုင်ပါလိမ့်မည်။ ဘုရားသခင် ထံမှ သာလျှင် အပြစ်ဒုစရိုက်ကို အောင်မြင်နိုင်သော “စွမ်းအား” ကို ရနိုင်သည်။ အတွင်းစိတ်ထဲ၌ ဘုရားသခင်ကိန်းအောင်းနေခြင်းအားဖြင့်သာ အပြစ်ဒုစရိုက်ကို လွှမ်းမိုးအောင်မြင်နိုင်လာလိမ့်မည်။
ရှင်ပေါလုကဲ့သို “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါး ကပ်တိုင်မှာ အသေခံပြီ။ သိုသော်လည်း အသက်ရှင်သေး၏။ ထိုသို ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ဟူ၍ ပြောလာနိုင်သူ တစ်ဦးသည်သာလျှင် စစ်မှန်သော လူသား၏ အဆင့်သို တက်လှမ်းနိုင်လာပါလိမ့်မည်တည်း (ဂလာ၊ ၂း၂၀)။
အခန်း (၁)
ယေရှုခရစ်တော်သည် မည်သူပေနည်း?
ယေရှုခရစ်တော်ကို ခရစ်ယာန်များက ဘုရားသခင်၏ သား တော်၊ လူသားတို၏ ကယ်တင်ရှင် စသည်ဖြင့် အသိအမှတ် ပြုကြ သည်။ ဘုရားသခင် ကိုယ်တော်တိုင်က လူ့ဇာတိခံ၍ ကိုယ်တော်၏ မေတ္တာတော်နှင့် ဇာတိတော်ကို လူသားတိုအား ပီပြင်စွာ ဖော်ပြရန် ကြွလာခဲ့သည်ဟု ကျွန်တော်တို ဝန်ခံကြသည်။
ခရစ်ယာန်မဟုတ်သူအချိုက ခရစ်တော်အား သူတော်စင် တစ်ဦး၊ ဘာသာရေး ခေါင်းဆောင် တစ်ယောက်၊ ကောင်းမြတ်သော ဆရာသမားဟူ၍သာ ယူဆကြသည်။ အချိုက ကိုယ်တော့်ကို ဘုရား သခင်ထံမှ စေတမန်တစ်ဦးဖြစ်သော ပရောဖက်တစ်ပါးဟူ၍လည်း ဆို ကြသည်။ ခရစ်တော်ကို သူတို၏ ရှုဒေါင့်အမျိုး မျိုးက ရှုကြည့်ဖွင့်ဆို နေကြသည်။
သိုသော် လူတိုက မည်သို အသိအမှတ်ပြုစေကာမူ ခရစ် တော် ကိုယ်တော်တိုင်က မိမိကိုယ်ကို အဘယ်သူဖြစ်ကြောင်း ပြောဆို ခဲ့ပါသနည်း? ဟူသော အချက်ကို ရှေးဦးစွာ လေ့လာရန် လိုသည်ဟု ကျွန်တော်ထင်သည်။ ထိုကြောင့် ဤကိစ္စကို စဉ်းစား ဆင်ခြင်ရန် ကျမ်းအကိုးအကားများဖြင့် တင်ပြလိုပါ၏။
၁။ ယေရှုကိုယ်တော်တိုင်က မိမိကိုယ်ကို တရား ဟောပြောသည့် ဆရာတစ်ပါးဟု မိန့်ဆိုခဲ့သည်။ အမှုတော် လုပ်ငန်း စတင်ဆောင်ရွက်သည့် အချိန်တွင် တပည့်တော်များအား ကိုယ်တော် က “ငါသည် နီးစပ်သော မြိုရွာတို၌ “တရားဟောခြင်းငှာ”သွားမည်။
“ထိုသို အလိုငှာ ငါကြွလာပြီ”ဟု မိန့်တော်မူခဲ့ပါ၏ (မာကု၊ ၁း၃၈)။ ကိုယ်တော်၏ ကြွလာတော်မူခြင်း၏ ပထမဦးဆုံးသော ရည်ရွယ်ချက် မှာ တရားဒေသနာ ဟောပြောရန်ပင် ဖြစ်ပါ၏။ မူရင်း ဂရိစကားမှာ (Kerussein) ဖြစ်ပြီး ထိုစကားမှာ ကြိယာဖြစ်သည်။ ၎င်း၏ နာမ်မှာ (Kerux) ဖြစ်၍ အနက်ရင်းမှာ “ကြွေးကြော်သူ” “အများ ကြားသိစေရန် ကြေညာသူ” “စေတမန်” “အရေးကြီးသော သတင်း တစ်ရပ်ကို လိုက်လံ ဆင့်ဆိုသူ” ဟူ၍ အနက်ရှိသည်။
၎င်းနာမ်ကို ကြိယာအဖြစ် (Kerussein) ဟူ၍ သုံးလိုက် သောအခါ စေတမန်တစ်ဦး၏ ကြွေးကြော်ချက် ကြေညာချက်ဟူ သော အနက်ရှိလာပါ၏။ ထိုကြောင့် အဆိုပါ ဂရိစကား၏ အဓိပ္ပါယ်မှန်ကို ရှင်းရပါလျှင် ဘုရင်တစ်ပါး၏ အမိန့်တော်တစ်ရပ်၊ ပါးလိုက်သော သတင်းတော်၊ အာဏာရသူတစ်ဦးက အမိန့် ပြန်ကြားလိုက် သောကြောင့် မည်သူကမျှ ငြင်းဆန်နိုင်ခွင့်မရှိသော သတင်းစကား တစ်ရပ်ဟူ၍ ဖြစ်သည်။
အသုံးပြုခဲ့သော ဂရိစကား၏ အနက်ရင်းအားဖြင့် ဆိုရပါလျှင် ယေရှုသည် ဘုရားသခင်ထံတော်မှ ကြေညာချက်၊ ကြွေးကြော်ချက် တစ်ရပ်ကို လူသားတိုထံ ယူဆောင်လာသူ ဖြစ်ကြောင်း ကိုယ်တော်တိုင်က မိန့်တော်မူခဲ့သည်ဟု ဆိုရပါလိမ့်မည်။
ယောနသည် အလွန်ပင် ထိရောက်သော တရားဟော ဆရာ တစ်ပါးဖြစ်ခဲ့သည်။ ရှောလမုန်မင်းကြီးသည် ပညာဉာဏ်စွမ်းရည်ဖြင့် ပြည့်စုံလှသောကြောင့် ကမ္ဘာအရပ်ရပ်မှ ထိုမင်းကြီး၏ စကားတော့ ကို နားထောင်ရန်၊ သူ၏ ပညာဉာဏ်ကို ချီးကျူးရန် လာခဲ့ကြသော် လည်း ယေရှု၏ ကြွလာခြင်းက ထိုသူတိုထက် ပို၍ ကြီးမြတ် ကြောင်း ကိုယ်တော်တိုင်က ဖွင့်ဟ မိန့်တော်မူခဲ့သည်။ “ဤအရပ်၌ ယောနထက်သာ၍ ကြီးမြတ်သောသူရှိ၏” (မဿဲ၊ ၁၂း၄၁+)။ “တရား ဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကို အစိုးရသောမိဖုရားသည် ဤလူမျိုးတစ်ဖက်၌ ထ၍ အရှုးခံစေလတ္တံ့။ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ ပညာစကားကို နားထောင်ခြင်းငှာ မြေကြီးစွန်းမှလာ၏။ ဤအရပ်၌ကား ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏” ဟူ၍ ကိုယ်တော်တိုင်က မိန့်ဆိုခဲ့သည်။ (လုကာ၊ ၁၁း၃၁+)။
ခရစ်တော် ဆောင်ယူလာသော သတင်းသည် ယောနနှင့် ရှောလမုန်မင်းကြီးတိုထက် သာကြောင်း သိသာစေခဲ့သည်။ ထိုကြောင့်လည်း (Kerussein) ဟူသော စကားကို ခရစ်ယာန်ကျမ်း များ၌ အသုံးပြုခဲ့ ခြင်းဖြစ်၏။ ဘုရားသခင်၏ သတင်းကောင်းကို “ဟောပြောကြေညာသူတစ်ဦး”ဟူ၍ ယေရှုကိုယ်တော်တိုင်က ဝန်ခံခဲ့ ၏။
၂။ ယေရှုကိုယ်တော်တိုင်က မိမိကိုယ်ကို “ပရော ဖက်” ဖြစ်ကြောင်း ကြေညာခဲ့သည်။ မိမိ၏ အကြောင်းကို မိန့်တော် မူနေစဉ် “ပရောဖက်သည် မိမိမြို၊ မိမိအိမ်မှတစ်ပါး အခြားသော အရပ်၌ အသရေ ရှိသည်။ ပရောဖက်သည် မိမိ၏ နေရင်းမြို၌ မျက် နှာမရ”ဟူ၍ မိန့်တော်မူခဲ့သည် (မဿဲ၊ ၁၃း၅ရ။ မာကု၊ ၆း၄။ လု ကာ၊ ၄း၄၂)။ “ယေရုရှလင်မြိုမှတစ်ပါး အခြားသော အရပ်၌ အဘယ် ပရောဖက်မျှ မဆုံးရာ”ဟု ဆိုပြီး ယေရုရှလင်မြိုသို ကြွတော်မူရန် ယတိပြတ် ဆုံးဖြတ်ခဲ့သည် (လုကာ၊ ၁၃း၃၃)။
“ပရောဖက်” ဆိုသည်မှာ ဘုရားသခင်၏ သံတော်ဆင့်၊ စေတမန်ဖြစ်သဖြင့် “အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိ ကျွန် ပရောဖက်တိုအား (ကိုယ်တော်၏ လျှိဝှက်ချက်များကို) မဖော် မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ” ဟူ၍ ပရောဖက် အာမုတ်က ဝန်ခံခဲ့ဘူးသည် (အာမုတ်၊ ၃း၇)။
ပရောဖက်ဆိုသည်မှာ အနာဂတ်၌ ဖြစ်ပျက်တော့မည့် အကြောင်းအရာတိုကို ကြိုတင် ဟောပြော သမျှသာမဟုတ်၊ သူသည် ဘုရားသခင်နှင့် အမြဲဆက်သွယ်၊ မိတ်သဟာယ ဖွဲနေသူတစ်ဦး ဖြစ် နေခြင်းကြောင့် လည်း ဘုရားသခင်၏ စကားတော်၊ ဗျာဒိတ်တော်ကို လူတိုအား ပြန်ကြားနေနိုင်သူတစ်ဦး ဖြစ်ပါ၏။
ယေရှုသည် အခြားသော ပရောဖက်များထက်ပင် ထူးခြား သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ သဘောတော်ကို နက်ရှိင်းစွာ သိနေရုံမက “ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း” ဖြစ်နေ၍လည်း (ယော၊ ၁၇း၂၁-၂၃)။ လူတိုအား ဘုရားသခင် အကြောင်းကို ဖွင့်ပြပေးသူ၊ အလိုတော်ကို ကွင်းကွင်းကွက်ကွက် ဖော်ပြနိုင်သူဖြစ်ပါ၏။
၃။ ယေရှုက မိမိသည် ဆရာတစ်ဦးဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ကိုယ်တော်နှင့် ပတ်သက်၍ စကားလုံးသုံးလုံး ရှိပါ သည်။ ၎င်းတိုသည်လည်း မူရင်း အာရေမိ စကားတစ်လုံးထဲမှ ပေါ်ထွက် လာကြပါ၏။
(က) “ရဗ္ဗိ” ဟူသော စကား။ ယေရှုကို ရဗ္ဗိဟူ၍ (၆) ကြိမ် ခေါ်ခြင်းခံရပြီး တပည့်တော်များက ငါးကြိမ်ခေါ်ကာ မျက်စိ ကန်းတစ်ဦးက သူ၏ ရောဂါကို ကုသရန် တောင်းလျှောက်စဉ်က ခေါ်ခဲ့ပါ၏။ မာကု၊ ၉း၅။ ၁၀း၅၂။ ၁၁း၂၁။ ၁၄း၄၅။ မဿဲ၊ ၂၆း၂၅။ ၂၆း၄၉ တိုတွင် ထိုစကား ပါရှိပြီး ဆရာယုဒသန်က “အရှင်ဘုရား ဟူ၍ မြန်မာပြန်ထားပါသည်။ “ရဗ္ဗိ” ဆိုသည့် စကားကို အတိအကျ ဘာသာပြန်ရလျှင် “ကြီးမြတ်သောသူ”ဟူ၍ ဖြစ်ပြီး အလွန် မြတ်၍ အလွန်ပညာရှိကြသော ဆရာများကို ဂျူးလူမျိုးတိုက ထိုကဲ့ ခေါ်ဝေါ်လေ့ရှိ၏။ “ရဗ္ဗိ ́ဟူ၍ ယေရှုကို ခေါ်ခဲ့ကြရုံမက၊ ကိုယ်တော်ကလည်း ထိုစကားကို လက်ခံခဲ့ပါ၏။
(ခ) (Epistates) ဟူသောစကား။ ဤစကားသည် ဂရိ စကားဖြစ်ပြီး ရှင်လုကာတစ်ဦးတည်းကသာ အသုံးပြုသည်ကို တွေ့ရှိ ရပါ၏။ ရှင်လုကာသည် တစ်ပါးအမျိုးသား ဖြစ်သည့် အားလျော်စွာ ဂျူးတို၏ “ရဗ္ဗိ” ဆိုသော စကားလုံးအစား၊ ဤစကားကို အသုံးပြု ခဲ့ခြင်းဖြစ်သည်။ ရှင်လုကာ ခရစ်ဝင်ထဲတွင် ဤစကားသည် (၆) ကြိမ် ပါရှိပြီး (၅)ကြိမ်မှာ ကိုယ်တော့်အား တပည့်တော်များက ခေါ် ကြပြီး ကျန် (၁)ကြိမ်မှာ အနူတစ်ဦးက သူ၏ ရောဂါကို ကုသရန် တောင်းလျှောက်စဉ်က ခေါ်ဆိုသည်။ (လုကာ၊ ၅း၅။ ၈၅၂၄-၄၅။ ၉၅၃၃-၄၈။ ၁၇း၃ တိုတွင် ထိုစကား ပါရှိပြီး ဆရာယုဒသန်က “သခင်”ဟူ၍ မြန်မာပြန်ထားပါသည်)။
ဂရိတို၏ စကားတွင် ကျောင်းအုပ် တစ်ဦးကိုလည်းကောင်း၊ တပ်မတော် ဗိုလ်လောင်းများကို အုပ်ချုပ် သွန်သင်ရသူတစ်ဦးကို လည်းကောင်း ခေါ်ဝေါ်ကြသည် (Ephebi)ဟူသော စကားမှ လာသည်။ (Epistates) ဆိုသူ၏ တာဝန်တိုကို ဆိုရသော် “လူငယ်တိုင်း ကျင့် ဝတ် ပါရမီကောင်းများ ရရှိလာရန်မက၊ ယောက်ျား ပီသသော လူကြီးများ ဖြစ်လာစေရေးအတွက် လမ်းမှန်သိုရောက်ရန် သွန်သင် ဆုံးမနေသူတစ်ဦး” ဟူ၍ ဆိုရပါမည်။ ဤနေရာတွင်လည်း ယေရှု အား တပည့်တော်များကို ယင်းသို ခေါ်ကြခြင်းကို ကိုယ်တော်တိုင်က လက်ခံတော်မူခဲ့သည်။
(ဂ) (Didaskalos) ဟူသော စကား။ သာမန် ဆရာတစ်ဦးကို ခေါ်လေ့ရှိသော ဂိုဏ်းလုံးတစ်လုံးဖြစ်ပါ၏။ ခရစ်ဝင် ကျမ်းတို့၌ ထိုစကားကို အကြိမ်ပေါင်း (၃၀)ထက်မနည်း သုံးခဲ့ပါ၏။ စကားမှာ နာမ်ဖြစ်ပြီး၊ ၎င်း၏ ကြိယာမှာ (Didaskein)ဖြစ်၍“သွန်သင်ရန်” ဟူသော အနက်ရှိသည်။
လူမျိုးပေါင်းစုံက ကိုယ်တော့်ကို ဤစကားလုံး အသုံးပြုပြီး ခေါ်ဝေါ်ကြသည်။ တပည့်တော်များက ခေါ်ကြသည်။ (မာကု၊ ၄း၃၈။ ၁၀း၃၅။ ၁၃း၁ တွင် ထိုမူရင်းဂရိစကား ပါရှိပြီး ဆရာယုဒသန်က “အရှင်ဘုရား” ဟု မြန်မာပြန်ထားပါသည်။) ဖာရိရှဲတိုက ခေါ် ကြသည်။ မဿဲ၊ ၉း၁၁ တွင် ဆရာယုဒသန်က “ဆရာ”ဟု မြန်မာပြန်ထားပြီး မာကု၊ ၁၂း၁၄တွင်မူ “အရှင်ဘုရား”ဟု မြန်မာ ပြန်ထား သည်။ ဇဒ္ဒကဲတိုကလည်း ခေါ်သည်။ (မာကု၊ ၁၂း၁၉ တွင် ဆရာ ယုဒသန်က “အရှင်ဘုရား ́ဟူ၍ မြန်မာပြန်ထားသည်။)
ကိုယ်တော့်ထံမှ လမ်းပြမှုနှင့် သွန်သင်မှုကို ရယူရန် လာ ကြသော လူပေါင်းများစွာကလည်း ခေါ်ခဲ့ကြသည်။ မာကု၊ ၉း၁ရ တွင် ဆရာယုဒသန်က “အရှင်ဘုရား” ဟူ၍လည်းကောင်း၊ ၁၀း၁ရ တွင် “ကောင်းမြတ်သောဆရာ” ဟူ၍ လည်းကောင်း၊ လုကာ၊ ၈း၄၉ တွင် “ဆရာ”ဟူ၍လည်းကောင်း၊ ၁၂း၁၃ တွင် “အရှင်ဘုရား’ ဟူ၍ လည်းကောင်း မြန်မာပြန်ထားပါ၏။
ခရစ်ဝင်ကျမ်းများကို ကြည့်လိုက်လျှင် ကိုယ်တော်သည် အခြေအနေမျိုးစုံ ၊ နေရာမျိုးစုံတို၌ ဆရာတစ်ဦးကဲ့သို သွန်သင် ဆုံးမခဲ့ကြောင်း တွေ့ရပါလိမ့်မည်။ တရားဇရပ်များတွင်လည်းကောင်း၊ ဗိမာန်တော်ထဲတွင် လည်းကောင်း၊ မြိုထဲ ရွာထဲ၊ ပင်လယ်ကမ်းနား၊ တံငါလှေပေါ် လမ်းမပေါ်တွင် တပည့်တော်များကိုလည်းကောင်း၊ ဆရာတစ်ဦးကဲ့သို သွန်သင်ဆုံးမခဲ့သည်။
ကိုယ်တော်သည် မိမိကိုယ်ကို “ဆရာ’ဖြစ်ကြောင်း အသေခံ တော်မူခါနီးတွင် သိသိသာသာကြီး ခေါ်ဆိုခဲ့သည်။ နောက်ဆုံးသော ညစာကို ကြိုတင်ပြင်ဆင်ရန် စေခိုင်းသည့်အခါ “ကိုယ်တော်က မြိုတွင် ဤမည်သောသူ၏ နေအိမ်သို သွားကြ “ဆရာ” မှာလိုက်သည်ကားဟု…” ဟု ဆိုခဲ့သည်။ (မဿဲ၊ ၂၆း၁၈။ မာကု၊ ၁၄း၁၄။ လုကာ၊ ၂၂း၁၁) “ဆရာ ́ဟူသော စကားကို သုံးလျှင် ထိုပုဂ္ဂိုလ်များက ကိုယ်တော်မှန်း သိလိမ့်မည် ဖြစ်ကြောင်း သတိပေးခဲ့သည်။
ထိုကြောင့် ယေရှုသည် မိမိကိုယ်ကို ဟောပြော ကြေညာ သူဟူ၍လည်းကောင်း၊ ဘုရားသခင်၏ စကားတော်ကို ကြွေးကြော်သူ ဟူ၍လည်းကောင်း၊ ပရောဖက်ဟူ၍လည်းကောင်း၊ ဆရာဟူ၍လည်း ကောင်း မိန့်ဆိုသည်။ လူအပေါင်းက ထိုသို အသိအမှတ်ပြုခြင်းကို လည်း ကိုယ်တော်က ကောင်းမွန်စွာ လက်ခံသည်။
ထိုတွင်သာမက၊ “ကိုယ်တော်၏ သြဝါဒများကို ခြုံ၍ လေ့ လာပါလျှင် ကိုယ်တော်တိုင်က မည်သိုသော အမှုတော်မျိုးကို ထမ်းဆောင်ရန် ကြွလာကြောင်းကို လူတိုအား ရှင်းရှင်း မိန့်တော် မူခဲ့ပါ၏။ ထိုစကားတော်များကို လေ့လာပြန်ပါလျှင်လည်း ကိုယ်တော် သည် မည်သိုသော အရှင်မျိုး ဖြစ်သည်ကို “ထပ်မံ ပေါ်လွင် လာ ပါလိမ့်ဦးမည်။
၄။ ကိုယ်တော်က ရောဂါစွဲနေသော လူတို၏ စိတ် နှလုံးဝိညာဉ်ကို ကုသရန် ကြွလာသော “သမားတော်ကြီး” ဖြစ် ကြောင်း မိန့်တော်မူခဲ့သည်။ ရှင်မဿဲကို နောက်တော်သို လိုက်ရန် ခေါ်ပြီးသည့်နောက် ရှင်မဿဲက သူ၏ မိတ်ဆွေများကို ခေါ်၍ ထမင်း စားပွဲကြီး ကျင်းပသည်။ မသဲသည် အခွန်ခံတစ်ဦးဖြစ်ရုံမက သူ၏ မိတ်ဆွေသင်္ဂဟများကိုလည်း ဘာသာရေး ခေါင်းဆောင်များက “ဆိုး သောသူများ”ဟူ၍ ခေါ်ဝေါ်သမုတ် ထားသည်။ ထိုထမင်းစားပွဲကို ယေရှုလည်း တက်ရောက်ခဲ့သည်။ ထိုသို ပြုသောကြောင့် ရဗ္ဗိ ဆရာ တစ်ဦးသည် ထိုသိုသော “လူဆိုး”များနှင့် ပေါင်းသင်း၍ ထမင်းအတူစားသည်ကို တွေ့ရသောကြောင့် အလွန်ပင် အံ့သြ စိတ်ဆိုးကြကုန် သည်။
ထိုကြောင့် ထိုအခြင်းအရာကို ဝေဖန် ပြောဆိုသောအခါ ကိုယ်တော်က “ကျန်းမာသောသူတိုသည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတိုသာလျှင် အလိုရှိကြ၏။…. ဖြောင့်မတ်သော သူတိုကို နောင်တသို ခေါ်ခြင်းငှာ ငါလာသည်မဟုတ်၊ ဆိုးသော သူတိုကို ခေါ်ခြင်းငှာ ငါလာသတည်း”ဟူ၍ မိန့်တော်မူခဲ့ပါ၏ (မဿဲ၊ ၉း၉-၁၃။ မာကု၊ ၂း၁၄-၁ရ။ လုကာ၊ ၅း၂၅-၃၂။)
အတွေးအခေါ်ပညာရှင်ကြီး ငပိကုရပ်(စ်)က သူ၏ ဟော ပြောချက်တိုကို “ကယ်တင်ခြင်းအတွက် ဆေးဝါးများ”ဟု ဆိုခဲ့ဘူး သည်။ အတွေးအခေါ်ပညာရှင် နောက်တစ်ဦးဖြစ်သူ ငပိစေးတပ်(စ်) ကလည်း သူ၏ ဟောပြောရာအခန်းကို “နာမကျန်းသော စိတ်ဝိညာဉ် တိုအား ကုသရာဆေးရုံ”ဟု ခေါ်ခဲ့ဘူးသည်။ ဆီးနိတ် ဖီလော်ဆိုဖီ အတွေးအခေါ်ကို စတင် တီထွင် ဟောပြောခဲ့သူ အင်တီသီးနီးကို လည်း အဘယ်ကြောင့် သူသည် သူ၏ တပည့်များကို ကျပ်တည်း တင်းမာစွာ ဆက်ဆံရသနည်းဟု မေးကြသောအခါ သူက “အို … ကျောင်းသား များဟာ ဝေဒနာရှင်နဲ့ အတူတူဘဲ မဟုတ်လား”ဟု ဖြေခဲ့ဘူးသည်။
အပြစ်ဒုစရိုက်ဟူသော အနာရောဂါ စွဲကပ်နေကြသည့် လူသားအားလုံးကို ကုသရန် ကြွလာသော “ဆေးသမား”ဟူ၍ ယေရှု ကိုယ်တော်တိုင်က မိန့်တော်မူခဲ့သည်။
ဆေးပညာ မတတ်ကျွမ်းသောသူတစ်ဦးသည် ပြင်းပြသော ဝေဒနာတစ်ရပ်ကို ခံစားနေရသော လူမမာတစ်ဦးကို ကြည့်ရင်းနှင့် စိတ်မသက်မသာဖြစ်နေမိတတ်သည်။ ဆေးဆရာအနေဖြင့် အလားတူ စိတ်မချမ်းမသာဖြစ်မည်မှန်သော်လည်း သနား ကရုဏာသဘောဖြင့်သူ့၌ တတ်ကျွမ်းသော ဆေးပညာကို အစွမ်းကုန် အသုံးချတော့ မည်မှာ မလွဲပင်ဖြစ်ပါလိမ့်မည်။
ယေရှုသည် အပြစ်သားတစ်ဦးကို “အပြစ်ဒဏ်ခံရတော့မည့် ရာဇဝတ်သားတစ်ဦး”ကဲ့သို မမြင်။ “သနားစဖွယ် ကောင်းသော လူမမာတစ်ဦး”ဟူ၍ မြင်သောကြောင့်လည်း မိမိကိုယ်ကို ဆေးသမား (ဝါ) ဆေးဆရာတစ်ဦးဟူ၍ ခေါ်ခဲ့ခြင်းလည်း ဖြစ်ပါ၏။ အပြစ်ဒုစရိုက် ကို စက်ဆုပ်ရွံရှာသော သဘောကို မပြ၊ အပြစ်ဒုစရိုက်ဆိုသည်မှာ လည်း မရှိသယောင် မျက်နှာမလွှ၊ အပြစ်အတွက် ဆင်ခြေပေး၍ မနေ၊ ထိုရောဂါကို အမြစ်ကနေ ပြတ်သွားအောင် ကုသရန် ကြွလာ ခဲ့ခြင်းဖြစ်သည်။ ကိုယ်တော့်ကို ရှုကြည့်ခြင်းအားဖြင့် ဘုရားသခင်သည် အပြစ်သားတိုကို အပြစ်ဒဏ်ခတ် ချေမှုန်း ဖျက်ဆီးပစ်ရန်ကိုသာ မလိုလားဘဲ “ဆေးကုသပေးရန်ကိုသာ” လိုလားကြောင်း ထင်ရှား နေပါသည်။ ။
၅။ လူတို့၏ “အစေခံ” အဖြစ် ကြွလာခဲ့ကြောင်း မိန့်တော်မူခဲ့သည်။ ရှင်ယောဟန်နှင့် ယာကုပ်တို၏ မိခင် “ဆလိုမီ” သည် တစ်ကြိမ်က ယေရှုထံတော်ပါးသို ချဉ်းကပ်ကာ နိုင်ငံတော်တွင် သူ၏ သားနှစ်ဦးသည် လက်ျာ၊ လက်ဝဲ အကြီးမြတ်ဆုံးသော နေရာမျိုး ရရှိရန် တောင်းလျှောက်ခဲ့သဖြင့် တမန်တော် အချင်းချင်း ပဋိပက္ခ ဖြစ်လုနီးနီး ကြုံတွေ့ခဲ့ရသည်။
ကိုယ်တော်က သူတိုအား ပေးကမ်းမည့် ဆုလာဘ်တော် များကား အသေသတ်ခြင်း ခံရသည့် “မာတုရ ဆုလာဘ်တော်များ” ပင် ဖြစ်ကြောင်း မိန့်တော်မူခဲ့ရပါ၏။
နိုင်ငံတော်၏ နေရာကောင်းများကို တောင်းခံခဲ့သည့်အခါ အခြားသော တမန်တော်တိုမှာ စိတ်ဆိုးမည်မှာ အမှန်ပင်ဖြစ်သည်။
လူဆိုသည်မှာ ကိုယ်ရေးကိုယ်တာအတွက် နေရာကောင်း လိုချင်စမြဲ ဖြစ်သည်။ ထိုကြောင့် ကျန်သော တမန်တော်များက မကျေမနပ် ဖြစ်လာသည်နှင့် တပြိုင်နက် ကိုယ်တော်က စစ်မှန်သော အစေခံ ခြင်းသဘောကို သွန်သင်လိုက်ပြီး နောက်ဆုံး၌ “လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ၊ သူတစ်ပါးအစေကို ခံခြင်းငှာ ကြွလာကြောင်း” မိန့်တော်မူလိုက်ပါ၏။ (မဿဲ၊ ၂၀း၂၅-၂၈။ မာကု၊ ၁၀း၃၅-၄၅။
ယေရှုသည် လူတိုထံမှ ရယူလို၍မဟုတ်၊ လူတိုကို ပေးအပ်ရန် ကြွလာခဲ့သည်။ မိမိအတွက်မဟုတ်၊ လူတိုအတွက် ၊ လူတို ကို စိုးမိုး အုပ်ချုပ်ရန်မဟုတ်၊ လူတိုအား အစေခံရန် ကြွလာခြင်းကို ထောက်ပြ နေသည့် သာဓကဖြစ်ပါ၏။ ရှေးဟောင်း ဘာသာများတွင် လူတိုက ဘုရားကို ပူဇော်ပသရသည်။ ဘုရားအတွက် အမျိုးစုံသော စွန့်လှူ ပူဇော်မှုများ ပြုကြရသည်ရှိသော်လည်း “ဘုရားက လူတို အတွက် မိမိကိုယ်ကို စွန့်လှူပူဇော်သည်မှာ တစ်ခါမျှ မကြားစဖူး” ဤကိစ္စသည် လုံးဝ အသစ်အဆန်း ဖြစ်နေပါ၏။
၆။ ကိုယ်တော်သည် “ပျောက်သောသူကို ရှာရန် ကြွလာခဲ့သည်။ ယေရုရှလင်သို နောက်ဆုံးသော ခရီးထွက်ကြွ တော်မူစဉ် ယေရိဘေမြိုမှတစ်ဆင့် ကြွသွား၍ ဇကွဲ၏ နေအိမ်၌ တည်းခိုမည့်အကြောင်း မိန့်ဆိုလိုက်သဖြင့် ကြားရသောသူတိုက ထိတ်လန့် အံ့သြသွားကြရပြန်သည်။
ဇက္ခဲသည် အခွန်ခံတိုထဲတွင် အကြီးဆုံးဖြစ်ပြီး “ဆိုးသော သူ”တို့ အထဲတွင် “အဆိုးဆုံး” ဟု ခေါ်ဆိုရပေလိမ့်မည်။ ထိုသို မိန့်ဆိုလိုက်ခြင်းကြောင့် ဘာသာရေး ခေါင်းဆောင်များက တွေဝေ မိန်းမော နေကြစဉ် ကိုယ်တော်က “လူသားသည် ပျောက်သောသူ တိုကို ရှာ၍ကယ်တင်အံ့သောငှာ ကြွလာသတည်း”ဟု မိန့်တော် မူလိုက်ပါ၏ (လုကာ၊ ၁၉း၁၀)။
“ပျောက်သောသူ”ဟူသော စကားကို ဤနေရာ၌ အလေး ထားပြီး အနက်ဖွင့်ရပေလိမ့်မည်။ အပြစ်ဒဏ် ခံစားရရန် ကျိန်ခြင်း ကို ခံရသောသူ၊ ဖျက်ဆီး ချေမှုန်း ပစ်လိုက်ရန် လျာထားခြင်း ခံရသော သူမျိုးမဟုတ်။ “နေရာအမှား၊ ဦးတည်ချက်အမှား၊ လေလွင့် နေသူ” ဖြစ်၍ သနားစဖွယ် ကောင်းလှသော ဖြစ်အင်ကို စာရှုသူ က မြင်လာစေလို ပါသည်။
ဇက္ခဲသည် ဘဝ၏ ပျော်ရွှင်မှု၊ အောင်မြင်မှုကို ရရန် လမ်း မှားကို လိုက်ခဲ့သည်။ ဘဝခရီးတွင် ပျောက်ဆုံးနေ၍ လမ်းမှန်ကို မတွေ့ရတော့ဘဲ အိမ်မပြန်တတ်၍ ပြန်လမ်းမရှိသောသူကဲ့သို ဖြစ်နေသည်။ ဘုရားဆီသို သွားရာလမ်းသည်သာလျှင် လမ်းမှန် ဖြစ်သောကြောင့် ဘုရားသခင်ထံတော်ပါးမှ သွေဖီ၍ လမ်းမှား
လျှောက်နေသူများကို လိုက်လံရှာဖွေပြီး ပြန်လာကြစေရန် ကိုယ်တော် ကြံလာခဲ့ခြင်းဖြစ်သည်။ အပြစ်သားတိုကို ဖျောက်ဖျက်ပစ်ရန် မဟုတ်၊ သူတိုကို လိုက်လံရှာသောသူပင်ဖြစ်၏။
အကောင်းဆုံးသော ဥပမာက ပျောက်သောသိုးနှင့် ကောင်း သောသိုးထိန်းအကြောင်းပင်ဖြစ်သည် (လုကာ၊ ၁၅း၃-ရ)။
ပါလက်စတိုင်းနိုင်ငံရှိ သိုးထိန်းများသည် သိုးတိုကို ခြေရာ ကောက် လိုက်ရှာရန် အလွန်ပင်တော် ကြသည်။ လူတစ်ချိုက သဲ လွန်စကလေးပင် မရနိုင်စေကာမူ သူတိုက ထူးကဲစွာ ရှာဖွေနိုင်ပြီး ပင်ပန်းဆင်းရဲခံလေ့ရှိရုံမက တစ်ခါတစ်ရံ ပျောက်သောသိုးကို ရှာ ရင်းနှင့်ပင် မိမိတိုအသက်ကို စွန့်ကြရသည်။ ထိုနည်းတူ ယေရှုသည် အပြစ်သားကို လိုက်လံရှာဖွေသည်။ လမ်းမှား၊ နေရာမှား ရောက်ရှိနေသူများဖြစ် သောကြောင့် ပျောက်ဆုံးနေသူများကို မရမက လိုက်လံရှာဖွေသည်။ ထိုသူအား အမျက်ဒေါသဖြင့် ချေမှုန်းပစ်လိုက် ရန်မဟုတ်၊ မေတ္တာတော်၏ စက်ဝိုင်းအတွင်းသို ပြန်ရောက်အောင် ခေါ်ဆောင်လာလို သောကြောင့်တည်း။ ။
၇။ ယခင်က ပညတ်တော်များကို ဖျက်ဆီးရန် မဟုတ်။ ပြည့်စုံစေရန် ကြွလာသူဖြစ်သည်။ “ပညတ္တိကျမ်း၊ အနာ ဂတ္တိကျမ်းများကို ပယ်ဖျက်ခြင်းငှာ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်း ငှာ ငါလာသတည်း”ဟူ၍ မိန့်တော်မူခဲ့သည် (မဿဲ၊ ၁)။ ဤ စကားများကို စဉ်းစားဆင်ခြင်လျှင် ယခင်က ရှိခဲ့သော စကားများ အတွက် ထားရှိခဲ့သော မျှော်လင့်ခြင်းနှင့် ရူပါရုံများကို ဖျက်ဆီးပစ် ရန်မဟုတ်၊ အကယ်ပင် ဖြည့်စွမ်းစေခြင်းငှာ ကြွလာကြောင်း မိန့် ဆိုနေခြင်းဖြစ်သည်။
ယခင်ကဆိုလျှင် လူတိုက သစ္စာတရားကို မြည်းစမ်းကြည့် ဘူးရုံမျှသာ ဖြစ်သော်လည်း ကိုယ်တော်အားဖြင့် ယခုဆိုလျှင် လူတိုက ထိုသစ္စာတရားကို မျက်ဝါးထင်ထင် မြင်တွေ့လာနိုင်ပေပြီ။ ယခင်ကဆိုလျှင် လူတိုက ဘုရားသခင်၏ အသံတော်ကို သိမ့်သိမ့် ကလေးမျှသာ ကြားခဲ့ကြရသော်လည်း ယခုဆိုလျှင် ယေရှုအားဖြင့် သိသိသာသာ ပီပီပြင်ပြင် ကြားနိုင်ကြလေပြီ။ ယခင်ကဆိုလျှင် မည် သို စစ်မှန်စွာ အသက်ရှင်ရမည့်အကြောင်း စမ်းတဝါးဝါး ဖြစ်နေခဲ့ ကြရသော်လည်း ယခုဆိုလျှင် ကြွယ်သော အသက်တာမြင်ရ၊ တွေ့ရပြီး ခံစားနိုင် ကြပေပြီ။
ယေရှု ကြွ၍မလာမီက လူတိုသည် ဘုရားသခင်၏ ဇာတ် သဘာဝ၊ ဘုရားသခင်၏ အလိုတော်နှင့် ဂုဏ်တော် အစရှိသည် တ တစ်စိတ်တစ်ဒေသမျှသာ သိရှိနားလည်ခဲ့ကြသော်လည်း ယခု ဆို ခရစ်တော်ကို ရှုမျှော်ကြည့်ခြင်းအားဖြင့် ဘုရားသခင်၏ အကြောင်းနှင့်အလိုတော်ကို ပြည့်ဝစုံလင်စွာ ရှင်းရှင်းကြီး သိရှိ နားလည်နိုင်ကြပေပြီ။
ဓမ္မဟောင်းကျမ်း၌ ဝမ်းနည်းဖွယ်ရာ ကျမ်းတစ်ချက် ရှိပါ သည်။ ၎င်းမှာ ယောသပ်သည် ထောင်ကျခဲ့ရစဉ် ထောင်ထဲရှိ ဖာရော ဘုရင်၏ အစေခံကျွန်များနှင့် ဆုံတွေ့ခဲ့ရသည်။ သူတိုက “ငါတို သည် အိပ်မက်ကို မြင်ရပြီ။ အနက်ကို ဖတ်နိုင်သောသူမရှိ” ဟု ညည်းတွားလိုက်ကြခြင်းပင်ဖြစ်၏။ လူတို၏ စိတ်နှလုံးတွင်းရှိ အိပ်မက် ရူပါရုံများကို ကောင်းစွာ အနက်ဖွင့်ပြပေးရုံမက သူတို၏ အိပ်မက် ရူပါရုံများကို ပြည့်စုံစေသော သူတည်းဟူသော ယေရှုကို ယခုဆိုလျှင် လူသားတိုက တွေ့ကြရပြီ ဖြစ်ပါ၏။
၈။ လူသားတိုအား အပြစ်တရား၏ လက် အောက်မှ လွတ်မြောက်စေမည့်သူအဖြစ် ကြွလာခဲ့သည်။ ရှင်မာကု က “လူသားသည် မိမိအသက်ကို စွန့်၍ လူအများကို ရွေးခြင်းငှာ ကြွလာသတည်း”ဟူ၍ မှတ်တမ်းတင်ခဲ့သည် (မာကု၊ ၁ဝး၄) လူတို သည် အပြစ်ဒုစရိုက်၏ ချုပ်နှောင်မှုကို ခံနေကြရသည်။ ခရီးသွားနေ စဉ် လူမျိုးတို၏ ဖမ်းဆီး ချုပ်နှောင်မှုကို ခံနေကြရရှာသလို ဘဝ ခရီးသွားနေစဉ်အတွင်း အပြစ်တရား၏ လက်အောက်၌ အပြစ်၏ ကျေးကျွန်များ ဖြစ်နေကြရသည်။ သခင်တစ်ဦး၏ လက်ထဲ၌ ထွက်၍ မပြေးနိုင်သော ကျွန်တစ်ဦးသိုလည်းကောင်း၊ မိမိ၏လွတ်မြောက် မှုကို ရွေးယူ၍ မရနိုင်၊ လက်မှိင်ချနေကြရသူများကဲ့သို လည်းကောင်း ဖြစ်နေကြရသော်လည်း ယေရှု၏ အမှုတော်ကြောင့် ဆိုးညစ်မှုက ချုပ်ကိုင်ထားရာမှ ရုန်းထွက်၍ ရလာနိုင်ပေပြီ။ အပြစ်တရား၏ ခြေ ကျင်း၊ လက်ထိပ်တိုမှ လွတ်မြောက်လာကြနိုင်ပေပြီ။ ယေရှုသည် အပြစ်တရား၏ တန်ခိုးအာနိသင်အောက်မှ လွတ်မြောက်လာစေရန် လုပ်ဆောင်ပေးနေသူ တစ်ဦးလည်း ဖြစ်ပါ၏။
၉။ လူသားတို၏ “ကယ်တင်ရှင်”အဖြစ် ကြွလာခဲ့ သည်။ ယေရှု မိန့်တော်မူခဲ့သော စကားတော် များထဲတွင် ဤအချက် ကို အထူးပင် ထင်ရှားလှသည်။
ကိုယ်တော်သည် ယေရုရှလင်မြိုသို ကြွတော်မူနေစဉ် ရှမာရိ ရွာတစ်ရွာသို ရောက်ခဲ့သည်။ ကိုယ်တော့်ကို သူတိုက လက်မခံဘဲ နေကြသည်။ ထိုကြောင့် ယာကုပ်နှင့် ယောဟန်တိုက ထိုရွာပေါ်သို
ကောင်းကင်မှ မီးကျစေ၍ လောင်ကျွမ်းစေရန် တောင်းပန်ကြသော် လည်း ကိုယ်တော်က ငြင်းပယ်ခဲ့သည်။ “လူသားသည် လူတို၏ အသက်ကို သတ်အံ့သောငှာ ကြွလာသည်မဟုတ်၊ “ကယ်တင်” အံ့သောငှာ ကြွလာသည်”ဟု မိန့်တော်မူလိုက်ခြင်းပေတည်း (လုကာ၊ ၉း၅၅)။
ယေရှု ယူဆောင်လာသော သတင်းစကား၏ “အဓိက အနှစ်သာရကို ဤကျမ်းချက်၌ တွေ့ရှိနိုင် ပါလိမ့်မည်။ လူတိုကို ကိုယ်တော်က ဖျက်ဆီးရန်မဟုတ်၊ “ကယ်တင်” အံ့သောငှာ ကြွလာ ခြင်းဖြစ်သည်ဟူသော အချက်ပင်ဖြစ်၏။
လူတိုက ကိုယ်တော့်အား ဆန့်ကျင်ဘက် ပြုစေကာမူ ကိုယ်တော်က သူတိုကို ဖျက်ဆီးရန်မဟုတ်၊ ကယ်တင်လိုသော စိတ် ထားတစ်ခုတည်းသာ ရှိတော်မူခဲ့သည်။ ကိုယ်တော်၏ အဓိက ရည် မှန်းချက်မှာ လူတိုက ဆက်လက်မိုက်မဲနေကြခြင်းကြောင့် ခံစားကြ ရတော့မည့် အပြစ်ဒဏ်မှ ကယ်တင်လိုခြင်းပေတည်း။
ထိုကြောင့် ယေရှုကိုယ်တော်တိုင် မိန့်တော်မူခဲ့သော စကား တော်များအတိုင်း ပြန်လည်၍ ဆင်ခြင် ကြည့်ကြပါက ကိုယ်တော်သည်
(က) လူသားတို ခံစားနေကြရသော အပြစ်ဒုစရိုက်ရောဂါမှ ကုသပေးရန် ကြွလာသော “ဆေးသမား”
(ခ) လူသားတိုအတွက် မိမိကိုယ်ကို စွန့်လှူရန် ပြုစုခြင်း ငှာ လာသော “အစေခံ”
(ဂ) နေရာမှား၊ လမ်းမှားတွင် ဘဝခရီးသွားနေကြသူများကို “လိုက်လံရှာဖွေသူ”
(ဃ) လူသားတို၏ စိတ်နှလုံးတွင်းရှိ အိပ်မက် ရူပါရုံများကို “ဖြည့်စွမ်းပေးခြင်းငှာ ကြွလာသူ”
(င) အပြစ်ဒုစရိုက်၏ ချုပ်နှောင်မှုအောက်တွင် ပြားပြားဝပ် ခံနေကြရသူများကို “လွတ်မြောက် စေမည့်သူ”
(စ) ဖျက်ဆီးခြင်းငှာ မဟုတ်၊ ကယ်တင်အံ့သောငှာ ကြွ လာသော “ကယ်တင်ရှင်” ဟူ၍ သိသာနိုင်လှပေ၏။
သိုသော် ဤသိုသော ဖော်ထုတ်ချက်သည် တစ်ဝက်မျှသာ မှန်ပါသေးသည်။ ယခု ဖော်ပြရမည့် အချက်များ မပါသေးလျှင် သနားကြင်နာမှု မေတ္တာ ကရုဏာကိုသာလျှင် တစ်ဖက်သတ် ဖော်ပြနေသ ယောင်ဖြစ်နေပါလိမ့်မည်။ သိုသော် လူသားတိုအနေဖြင့် အထက် ဖော်ပြပါ ဆုကျေးဇူးများကို ခံစားရရန် ကိုယ်တော်က လူသားတိုထံမှ ပြန်လည် တောင်းခံနေပါသေးသည်။ ကိုယ်တော်ရှင် လိုလားသော စည်းကမ်းချက်၊ သတ်မှတ်ချက်များ ရှိနေပါသေးသည်။ – –
(က) ကိုယ်တော်က ခြွင်းချက်မရှိသော နားထောင်မှု ကို တောင်းခံနေသည်။ ကျောက်ပေါ်၌ အိမ်ဆောက် သော ပညာရှိ နှင့် သဲပေါ်၌ အိမ်ဆောက်သော လူမိုက်တို၏ ဥပမာကို ပြပြီး မိုးရွာ၊ ရေစီး၊ လေတိုက်သော်လည်း မပြိုမလဲ ကြံ့ကြံ့ခိုင်ခံ့နိုင်စေရန် အုတ်မြစ်လိုကြောင်း ရှင်းရှင်း မိန့်ဆိုခဲ့သည် (မဿဲ၊ ၇း၂၄-၂၇)။ ဤပုံဥပမာသည် ရှင်းနေပါ၏။ ယေရှုက သူ၏ သွန်သင်ချက်တို သည် ဘဝ တည်ဆောက်ရေးအတွက် စောင်းသော အုတ်မြစ်ဖြစ် ကြောင်းပြောဆိုခဲ့သည်။ သူ၏ သွန်သင်ချက်တိုသည် ဘဝအတွက် တစ်ခု တည်းသော အခြေခံ အုတ်မြစ်ဖြစ်ကြောင်း ဤကဲ့သို ယတိပြတ် ပြောဆိုရဲသူမျိုးသည် လူ့သမိုင်းတွင် ရှားပါးလှပါသည်။ ။
(ခ) ခြွင်းချက်မရှိသော သစ္စာစောင့်သိ ရိုသေမှုကို ကိုယ်တော်က တောင်းခံလျက် နေသည်။ ကိုယ်တော်အား ဦးစား ပေးရမည့် အကြောင်းမှာလည်း ပီပြင် ပြတ်သားပြီး ထူးကဲလှသည်။ “အကြင်သူသည် ငါ့ကို ချစ်သည်ထက် မိဘကို သာ၍ ချစ်၏။ ထိုသူသည် ငါနှင့် မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ ချစ်၏။ ထိုသူသည် ငါနှင့် မထိုက်မတန်”ဟု ရှင်းရှင်းဆိုခဲ့သည်။ “အကြင်သူသည် ငါ့ထံသို လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ မောင်နှမတိုကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကို မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ” ဟု ဆိုလိုက်ပြန်သေးသည် (လုကာ၊ ၁၄း၂၆)။ ထိုစကားတော်များကို ထောက်သော် လူသားတိုအား သစ္စာ စောင့်သိမှုထက် ကိုယ်တော့်ကိုသာ ပို၍ သစ္စာစောင့်၊ ဦးစားပေးရမည့် အကြောင်း၊ ဘဝတွင် မိမိ၏ အချစ်ခင်ဆုံး၊ အမြတ်နိုးဆုံး၊ အတွယ် တာဆုံးတိုထက် ကိုယ်တော့်ကိုသာလျှင် အထွဋ်အထိပ်နေရာတွင် ထားရမည့်အကြောင်း တောင်းခံနေသည်။
(ဂ) လူတို ကို အုံကြွနိုးကြားလှုပ်ရှားလာစေရန် ကြွလာခြင်းဖြစ်သည်။ “မြေပေါ်၌ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သော ငှာ ငါလာသည်ဟု မထင်ကြနှင့်။ ဓါးကို စေလွှတ်အံ့သောငှာ ငါလာသတည်း”ဟု ပြတ်ပြတ်သားသား ဆိုခဲ့သည် (မဿဲ၊ ၁၀း၃၄)။
ခရစ်ယာန်ဘာသာ၏ သမိုင်းစဉ်ကို ပြန်ကြည့်လျှင် ထို ဘာသာကြောင့် မိသားစုများတွင် စိတ်ဝမ်းကွဲမှုများ ရှိခဲ့ကြရ သည်။ ခရစ်ယာန်တိုအား ပထမဦးဆုံးသော စွဲချက်တစ်ခုမှာ ထိုဘာ သာသည်အိမ်တွင်းမှုကိစ္စများကို လာရောက် ထိပါးနေသည်ဟူ၍ ဖြစ်၏။
လူအများက အေးဆေးသက်သာစွာ နေလိုကြသည်။ သို သော် လူတို၏ ဘဝတွင်းသို ကိုယ်တော် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုသူ၏ သက်တောင့်သက်သာဘဝ၊ အမှုမဲ့အမှတ်မဲ့ ထိုင်းမှိင်းတွေဝေနေခြင်းအဖြစ်မှ တပ်လှန့်နိုးလိုက်ခြင်းဖြစ်သည်။ လူ အပေါင်းကို မတုန်မလှုပ် ဖြစ်နေရာက အုံကြွနိုးကြားလာစေသည်။
ခရစ်တော်ကို လက်ခံပြီး၍ ထိုသူ၏ ဘဝသည် ယခင် အတိုင်းပင် ဖြစ်နေသေးသည်ဆိုပါက ထိုသူသည် ကိုယ်တော့်ကို တင်းပြည့်၊ ကျပ်ပြည့်၊ အကယ်ပင် လက်မခံသေးကြောင်း ထင်ရှား နေသည်။ ယေရှုသည် ငြိမ်သက်ခြင်းကို ပေးအံ့သောငှာ ကြွလာသည် မှန်သော်လည်း ထိုငြိမ်သက်ခြင်းကို အကယ်ပင် မခံစားရသေးမီ လူတစ်ဦး၏ အတွင်းစိတ်၌ ရှေးဦးစွာ ရုန်းကန်လှုပ်ရှားမှု ဖြစ်လာရပြီး သူ၏ နှလုံးသားကိုပင် ဆုပ်ကိုင် လှုပ်ခါလိုက်သကဲ့သို အရင်ဆုံး ခံစား ရလိမ့်မည်ဖြစ်ပါ၏။
(ဃ) ကိုယ်တော်သည် တရားစီရင် ဆုံးဖြတ်မည့်သူ အဖြစ် ကြွလာခဲ့သည်။ “မြေပေါ်၌ မီးလောင် စေခြင်းငှာ ငါလာသတည်း။ ထိုမီးမညှိမီတိုင်အောင် “ငါ၏ အလို မပြည့်စုံ”ဟု မိန့်တော်မူခဲ့သည် (လုကာ၊ ၁၂း၉)။ သမ္မာကျမ်းတစ်ကျမ်းလုံး၌ “မီး” ဟူသော ဝေါဟာရကို တွေ့ရလျှင် တရားစီရင် ဆုံးဖြတ်ခြင်းနှင့်ပတ်သက်သည့် အမှတ် လက္ခဏာ အဖြစ် အမြဲ အသုံးပြုလေ့ရှိသည်ကို သတိပြုစေလိုသည်။ မီးသည် သတ္တုပြား၌ ရောစပ်ထားသမျှကို ကင်းစင်သွားစေရန် ဆေးချွတ်သည်။ ယေရှုသည် အပြစ်တရားကို စီရင် ဆေးကြော သောငှာ ဘုရားသခင်၏ မီးကို ယူဆောင်လာခဲ့သူ ဖြစ်ပါ၏။
(င) ကိုယ်တော်သည် ဘုရားသခင်၏ တစ်ဆူတည်းသော “စံထားချက်” အဖြစ် ကြွလာခဲ့သည်။ ကိုယ်တော်က “အကြင်သူသည် ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်း ရှက်၏။ လူသားသည် မိမိဘုန်း၊ မိမိအဖခမည်းတော်၏ဘုန်း၊ သန့်ရှင်းသော ကောင်းကင်တမန်တို၏ ဘုန်းကို ဆောင်လျက် ကြွ လာသောအခါ ထိုသူကို ရှက်တော်မူလတံ့ (လုကာ၊ ၉း၂၆။ မာကု၊ ၈း၃၈) “ငါဆိုသည်ကား၊ အကြင်သူသည် လူတိုရှေ့မှာ ငါ့ကို ဝန်ခံ အံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တိုရှေ့မှာ လူသားသည် ထို သူကို ဝန်ခံမည်။ အကြင်သူသည် လူတိုရှေ့မှာ ငါ့ကို ငြင်းပယ်အံ့။ ဘုရားသခင်၏ ကောင်းကင်တမန်တိုရှေ့မှာ ထိုသူကို ငါငြင်းပယ် မည်” (လုကာ၊ ၁၂း၈+ ။ မဿဲ၊ ၁၀း၃၂+)။
ဤစကားများကို ထောက်ရှုကြည့်ပါ။
ကိုယ်တော့်အား တုံပြန်ချက်အပေါ် မူတည်ပြီး လူတို၏ ထာဝရပန်းတိုင် ကံကြမ္မာကို အဆုံးအဖြတ် ပေးနေသည်ဟူ၍ ရဲဝံ့စွာ ကိုယ်တော်က ဆိုလိုက်ခြင်းပင်ဖြစ်ပါ၏။
ထိုကြောင့် ယေရှုသည် မိမိအား ခြွင်းချက်မရှိ နားထောင် ရန်၊ ခြွင်းချက်မရှိ သစ္စာစောင့်သိရိုသေရန်၊ လူတို၏ ဘဝတစ်ခုလုံး အုံကြွလှုပ်ရှားလာရန်၊ တရားစီရင်ဆုံးဖြတ်ရန်၊ တစ်ခုတည်းသော ဘုရားသခင်၏ စံထားချက်အဖြစ် ကြွလာခဲ့ကြောင်းကိုလည်း ရှင်းရှင်း နှင့် ဘွင်းဘွင်းဆိုခဲ့သည်။
ထိုသို ကြီးစွာသော တောင်းဆိုချက်တိုဖြင့် ပြတ်သားစွာ ကြွလာသောသူသည် (Megalomaniac) စိတ်ကြီးဝင် စိတ်ရောဂါ (ဝါ) ဘဝင်မြင့်ရောဂါ စွဲကပ်နေသူ သိုမဟုတ် ဘုရားသခင်၏ စစ် မှန်သော သားတော်၊ ကြွားဝါနေသောသူ သိုမဟုတ် အကယ်ပင် အတည့်အလင်း ရိုးသားဖြောင့်မတ် ရှင်းလင်း ပြတ်သားစွာ ပြောဆိုနေသူတစ်ဦး ဖြစ်ရပေလိမ့်မည်။ ယေရှု၏ မိန့်တော်မူချက်ကို လက်ခံ လျှင် လက်ခံ၊ လက်မခံလျှင် ငြင်းပယ်ပစ်ရန် ကျွန်တော်တိုက တစ်ခုခုတော့ လုပ်ရပေလိမ့်မည်။
ဇဝေဇဝါဖြစ်နေခြင်း၊ မပူမအေး၊ ခွေးရုံမျှသာ တစ်ဝက် တစ်ပျက် လက်ခံခြင်းမျိုးကို ကိုယ်တော်က မလိုချင်ပါ။ ယေရှုက လူတိုင်းအား ယတိပြတ် ဆုံးဖြတ်ချက်ရရန် အတိအလင်း တောင်းခံနေသည်။
ယေရှုခရစ်တော်သည် မည်သူ ဖြစ်ပေသနည်း? ဟူသော မေးခွန်းကို စာရှုသူတိုင်းက မိမိတိုကိုယ်တိုင်၊ တစ်ဦးချင်း၊ ပြတ်သား စွာ ဖြေဆိုကြရလိမ့်မည်တည်း…………..။ ။
ပထမတွဲပြီး၏။