မာတိကာ(ဒုတိယတွဲ) – သက်တော်စဉ်နှင့်ဩဝါဒများ
အခန်း အကြောင်းအရာ
အခန်း(၁၈) လူသား
အခန်း(၁၉) ယေရှုကို ဆန့်ကျင်ဘက်
ပြုသူများ
အခန်း(၂၀) ဟောပြောသွန်သင်ရာတွင် သခင်ယေရှု အသုံးပြုခဲ့သည့် နည်းလမ်းများ
အခန်း(၂၁) ရှင်ပေတရု၏ ဝန်ခံချက်
အခန်း(၂၂) အဆင်းအရောင်တော်ပြောင်းလဲခြင်း
အခန်း(၂၃) ယေရုရှလင်မြိုသို နောက်ဆုံးသောခရီးစဉ်
အခန်း(၂၄) ယေရုရှလင်မြို၌ နောက်ဆုံးအမှုတော် ဆောင်ရွက်ခြင်း(တနင်္ဂနွေနေ့)
အခန်း(၂၅) ယေရုရှလင်မြို၌ နောက်ဆုံးအမှုတော် ဆောင်ရွက်ခြင်း(တနင်္လာနေ့)
အခန်း(၂၆) စုံစမ်းမေးမြန်းသမျှကို ဖြေကြားတော် မူခြင်း(အင်္ဂါနေ့ )
အခန်း(၂၇) မေတ္တာ၏ပြယုဂ်(ဗုဒ္ဓဟူးနေ့)
အခန်း(၂၈) နောက်ဆုံးသောညစာ၊ ဂေသရှေမာန်ဥယျာဉ်နှင့် တရားစီရင်ခံတော်မူခြင်း (ကြာသာပတေးနေ့)
အခန်း(၂၉) အသေခံတော်မူခြင်း(သောကြာနေ့)
အခန်း(၃၀) ကားတိုင်၏အဓိပ္ပါယ်
အခန်း(၃၁) ရှင်ပြန်ထမြောက်တော်မူခြင်း
အခန်း(၃၂) ကောင်းကင်ဘုံသို တက်ကြွတော်မူခြင်း
ကျမ်းကိုးစာရင်း
(ဒုတိယတွဲ)
အခန်း ။ ၁၈ ။
လူသား
ခရစ်ဝင်ကျမ်းအားလုံးကို လေ့လာခဲ့လျှင် ခရစ်တော်သည် မိမိကိုယ်ကို “လူသား”ဟူ၍ အမြဲခေါ်ဝေါ် ခဲ့ကြောင်းကို တွေ့ ရပါလိမ့်မည်။ ဤအမည်နာမကို ကိုယ်တော်က တမင်တကာ အသုံးပြုလေ့ရှိကြောင်း တွေ့ရရုံမက ထိုစကားလုံး၌ အနက် အဓိပ္ပါယ်သည်လည်း ကြွယ်ဝလှသည်။
လူသား ဟူသော အမည်နာမသည် ဓမ္မသစ် ကျမ်း၌ (၈၂)ကြိမ်ပါရှိပြီး၊ ခရစ်ဝင်ကျမ်းတို၌ (၈၁)ကြိမ် ပါ၍ တမန်တော်ဝတ္ထုတွင် (၁)ကြိမ်ပါရှိသည်။ တမန်၊ ၇:၅၆ တွင် သတေဖန်က “ကြည့်ပါ၊ ကောင်းကင် ဖွင့်လှစ်သည်ကို လည်းကောင်း၊ လူသား သည် ဘုရားသခင်၏ လက်ယာတော်ဘက်၌ ရပ်နေသည်ကိုလည်း ကောင်း ငါမြင်သည်”ဟုဆိုခဲ့၏။
ခရစ်ဝင်ကျမ်းတိုကိုလည်း ပြန်၍ လေ့လာကြည့်ပါဦး။
ထို လူ သား ဟူသောစကားကို ခရစ်တော်ကိုယ်တိုင် ကသာ အသုံးပြုလေ့ရှိပြီး၊ တရားနာပရိသတ်က ကိုယ်တော် အား ပြန်လည်မေးခွန်းထုတ်သည့်အခါ ထိုသူက “လူသား’ဟူ ၍ “တစ်ကြိမ်မျှသာ” ထိုစကားကို သုံးခဲ့ကြောင်း တွေ့ရပါလိမ့် မည်။ “လူများတိုကလည်း ခရစ်တော်သည် အစဉ်အမြဲတည် သည်ဟု ပညတ္တိကျမ်း၌ လာကြောင်းကို အကျွန်ုပ်တိုကြားသိရ ပါပြီ။ သိုဖြစ်လျှင် လူသား သည် မြှောက်ထားခြင်းကိုခံရမည် ဟု သင်သည် အဘယ်သိုဆိုသနည်း” (ယော၊ ၁၂၃၄)။
ထို လူသား ဟူသော အမည်နာမကို ခရစ်တော် တစ်ဦး တည်းကသာ သုံးခဲ့သည်။ ရှင်ပေါလုက ဘယ်သောအခါမှမသုံး၊ ဩဝါဒစာများတွင် ထိုစကားကိုမတွေ့ရ။ ထူးခြားသည်က တပည့်တော်များကပင် ကိုယ်တော့်အား ဤအမည်နာမအား ဖြင့် မခေါ်ခဲ့စဖူး။ ဤအမည်နာမသည် ခရစ်တော်ကိုယ်တော် တိုင်က မိမိကိုယ်ကို ခေါ်ဝေါ် သမုတ်သော အမည်နာမ ဖြစ်သောကြောင့် ဤ လူသား ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို ရှာဖွေလေ့လာကြည့်ရန် အလွန်အရေးကြီး လာပါ၏။
ခရစ်တော်က အဘယ်သိုသော အကြောင်းများကြောင့် မိမိကိုယ်ကို ထိုကဲ့သို ခေါ်ဝေါ်သမုတ် ရပါသနည်း။
ယေရှုသည် အာရေမိစကားအားဖြင့်သာ ဟောပြော သွန် သင် ပြောဆိုခဲ့ကြောင်း သတိပြုမိဖို လိုသည်။
မှတ်ချက်။ ။ အာရေမိစကား (Aramaic) ဆိုသည်မှာ အမှန်ဆိုလျှင် ဓမ္မဟောင်း ခေတ်ကပင် အသုံးပြု ခဲ့ကြောင်းတွေ့ရပါသည်။ ဒံယေလကျမ်း၊ ၂း၄။ ၂၇း၂၈ နှင့် ဧဇရ ၄း၈ မှ ၆း၁၀။ ၇း၁၂-၂၆ တိုကို ဤဘာသာစကားဖြင့်ရေး သားခဲ့သည်။ ပါလက်စတိုင်းနိုင်ငံ အနောက်အာရှ၌ ထိုဘာ သာစကားသည် ဟေဗြဲစကားဖြစ်လာခဲ့ပြီး၊ ယခုခေတ် အင်္ဂလိပ် စကား၊ ပြင်သစ်စကားကဲ့သို လူတိုင်း အသုံးပြုလာနေကြသော စကားအဖြစ်သိုရောက်လာ၍ ကုန်ရောင်းကုန်ဝယ်မှုမျိုးအတွက် လက်သုံးစကားဖြစ်လာသည်။ လူမျိုးကွဲတို အချင်းချင်းတိုပင် လျှင် ထိုစကားအားဖြင့် ပြောဆိုဆက်သွယ်လာခဲ့ကြသည်။
အာရေမိ စကားအားဖြင့် လူသား ဟူသောစကားသည် (Bar Nasha)ဖြစ်သည်။ ထိုစကားအား ဖြင့်ဆိုရလျှင် “သာ မန်လူသားတစ်ဦး ဟူသောအနက်ရှိသည်၊ လူသားတစ်ရပ် လုံးထဲမှ “လူတစ်ယောက်က ဆိုလိုသည်။ ရံဆရာတစ်ဦးက သွန်သင်ဆုံးမနေသောအခါ “ဟိုရှေးရှေးတုန်းက လူတစ် ယောက်ရှိ တယ်”ဟုဆိုချင်ပါလျှင် “ဟိုရှေးရှေးတုန်းက (Bar Nasha) တစ်ဦးရှိခဲ့တယ်ဆိုပေလိမ့်မည်။
ဓမ္မဟောင်းကျမ်းတွင် အသုံးပြုခဲ့သော ဟေဗြဲ စကား (Ben Adam)မှာလည်း လူတစ်ဦး၊ သာမန် လူသားတစ်ဦး ကိုသာ ဆိုလိုခြင်း ဖြစ်ပါသေးသည်။
ဥပမာများကို ကြည့်ပါ။
ဗာလမ်က “ဘုရားသခင် မုသာစကားကို ပြောဆိုအံ့သော ငှာ လူဖြစ်တော်မူသည်မဟုတ်၊ နောင်တရအံ့ သောငှာ လူသား ဖြစ်တော်မူသည်မဟုတ်”ဟု ဆိုခဲ့ရာတွင်လည်းကောင်း (တောလည်၊ ၂၃း၁၉)၊ “ထိုသိုပြုသောသူ၊ အမြဲ စွဲလမ်းသော “လူသား”သည် ဥပုသ်နေ့ကို မရှုတ်ချ။ စောင့်ရှောက်၍ ဒုစရိုက်မ ပြုမည်အကြောင်း မိမိလက်ကို ချုပ်တည်းလျှင်လည်း မင်္ဂလာရှိ၏” ဟေရှာ၊ ၅၆း၂ တွင်လည်းကောင်း၊ ဆာလံ ဆရာများက “မင်းများမှစ၍ မကယ်တင်နိုင်သော “လူသား” ကိုမကိုးစားကြနှင့်”ဟူ၍ သတိပေးရာတွင် လည်းကောင်း၊ (ဆာလံ၊ ၁၄း၃) “လူသား” သည် အဘယ်သိုသောသူ ဖြစ်၍အကြည့်အရှု ကြွလာတော်မူရသနည်း ဟူ၍ မေးရာတွင် လည်းကောင်း (ဆာလံ၊ ၈း၄)၊ ထိုဝေါဟာရသည် “လူတစ်ဦး” “သာမန်လူသားတစ်ဦး”ကို ဆိုလိုနေခြင်းသာ ဖြစ်ပါ၏။
ဤကျမ်းစကားများအပြင် ပရောဖက် ယေဇကျေလက အသုံးပြုခဲ့သော လူသားအကြောင်းကို ဆက်၍ လေ့လာဖို လိုပါလိမ့်ဦးမည်။
ယေဇကျေလအနာဂတ္တိကျမ်းတွင် ဘုရားသခင်က ယေဇ ကျေလကို မိန့်တော်မူစဉ် “လူသား” ဟူ၍ အကြိမ်ပေါင်း (၉ဝ)ကျော် အသုံးပြုခဲ့သည်။ “အချင်း “လူသား” မတ်တတ် နေလော့။ သင့် အား ငါပြောမည်” ဟု ဆိုရာတွင်လည်း ကောင်း (ယေဇ၊ ၂း၁)၊ “အချင်း “လူသား” သင်တွေ့သော အရာကို စားလော့။ ဤစာလိပ်ကို စားပြီးလျှင် ဣသရေလ အမျိုးသားတိုရှိရာသို သွား၍ ဟောပြောလော့”ဟု မိန့်တော် မူရာတွင်လည်းကောင်း (ယေဇ၊ ၃း၁)၊ “အချင်း “လူသား ဣသရေလ အမျိုးသားတို ရှိရာသို သွား၍ ငါ့စကားကို ဟောပြောလော့” ဟူ၍ ဆိုခဲ့ရာတွင်လည်းကောင်း (ယေဇ၊ ၃း၄) ထို “လူသား” ဟူသောအဓိပ္ပါယ်မှာ အထက်တွင် ဖော် ပြခဲ့သည့် အဓိပ္ပါယ်နှင့် အနည်းငယ်သာ ထူးခြားပါသည်။ ။
ယေဇကျေလအား ဘုရားသခင်က “လူသား”ဟူ၍ ခေါ်ဆို ရာတွင် ဘုရားသခင်၏ ဘုန်းတော်၊ ဂုဏ်တော်၊ အနန္တ တန်ခိုးတော်၊ ကြီးမြတ်သော ဂုဏ်ရည်တိုနှင့် လူကို နှိင်းယှဉ်ပြီး လူသား၏ သိမ်ဖျင်းမှု၊ အားနည်းမှုတိုကို ထင်ရှားစေလို၍ ထိုသို ခေါ်ဝေါ်နေခြင်းသာ ဖြစ်ပါ၏။
ဓမ္မပညာရှင်တိုက ခရစ်တော် အသုံးပြုခဲ့သည့် “လူသား” ဟူသော ဝေါဟာရနှင့်ပတ်သက်၍ သူတို၏အယူအဆလေးမျိုး ကို အောက်ပါအတိုင်း အနက်ဖွင့်ခဲ့ကြဖူးသည်
(က) ခရစ်တော်က မိမိ၏ လူ့ဇာတိကို ပေါ်လွင်လာ စေသောအခါမျိုး၌ “လူသား” ဟူသော စကားကို သုံးပြီး “သားတော်”ဟု ပြောဆိုသည့်အခါ ကိုယ်တော်၏ “ဘုရား ဇာတိ”ကို ထင်ရှားစေလိုသောအခါ ဖြစ်သည်ဟု အချိုက ဆိုကြသည်။
ဤသို အနက်ဖွင့်ဆိုလျှင် မှားယွင်းသည်ဟု ကျွန်တော် ထင်ပါသည်။
ခရစ်တော်အနေဖြင့် ဘုရားဇာတိနှင့် လူ့ဇာတိတိုတစ်မျိုးစီ ရှိနေပြီး၊ ဘုရားဇာတိကို အချိုသောချိန် ခါမျိုး၌ ပေါ်လွင် ထင်ရှားစေ၍၊ လူ့ဇာတိကို အချိုသော ချိန်ခါမျိုး၌သာ ဖော်ပြသည်ဟု ထင်နိုင်စရာ ရှိလာသည်။ သီဩလောဂျီသဘော အရ ခရစ်တော်၌ ဘုရားဇာတိ၊ လူ့ဇာတိဟူ၍ တသီးတခြားရှိ နေသည်မဟုတ်၊ ထိုဇာတိ နှစ်မျိုးစလုံးသည် အမြဲပေါင်းစပ် ရောယှက်၊ မကွဲမပြား၊ တစ်လုံးတစ်ဝတည်း ဖြစ်နေသည်ကို အမြဲ သတိပြုစေ လိုပါသည်။ သိုပါ၍ ဤသို အနက်ဖွင့်ချက်မျိုးကို လက်မခံနိုင်ပါ။
(ခ) E. F. Scott ၏ “မေရှိယနှင့် နိုင်ငံတော်” ဟူသော စာအုပ်ထဲ၌ သာဓကနှစ်မျိုးပြ၍ အနက်ဖွင့်ထားကြောင်း တွေ့ နိုင်ပါသေးသည်။ ခရစ်တော်သည် “လူသား”ဟု မိမိကိုယ်ကို ခေါ်ဆိုရာ၌ သာမန်လူသားတစ်ဦးမဟုတ်၊ လူ့ဘောင်လောက ရှိ လူသားတစ်ရပ်လုံးကို ကိုယ်စားပြုသော လူတစ်ဦး၊ ပြည့်ဝစုံ လင်သော လူသားတစ်ဦး၊ ပုံသက်သေ၊ စံနမူနာ ထူးခြားစွာ ပြနေသော လူသားတစ်ဦး၊ ရှိသမျှ လူသားတိုထဲတွင် “အထွတ် အထိပ်”ဖြစ်သော လူသားတစ်ဦးကို ဆိုလိုသည်ဟု အနက်ဖွင့်သည်။
ထိုပြင် F. W. Robertson ဆိုသော ဓမ္မဆရာကြီး၏ရေး သားချက်တစ်ခုကို ကိုးကား၍ နောက်တစ်မျိုး အနက်ဖွင့်ပြပြန် ပါသေးသည်။
ထိုဓမ္မဆရာကြီးက ခရစ်တော်အနေဖြင့် မိမိကိုယ်ကို သာမန် ဂျူးလူမျိုးတစ်ဦး၊ သာမန် လက်သမားတစ် ဦး၏သား၊ ထိုရာစု နှစ်က အသက်ရှင် လှုပ်ရှားသွားလာနေခဲ့သော သာမန်လူသား တစ်ဦးအနေဖြင့်မမြင်။ ကိုယ်တော်သည် လူသားတစ်ရပ်လုံးထဲ မှ အထူးခြားဆုံးသော “လူသား” ဖြစ်ကြောင်းကို ဖော်ပြလို၍ ဤသို ထူးခြားစွာ မိမိကိုယ်ကို ခေါ်ခဲ့ခြင်းဖြစ်သည်ဟု ရေးသား ခဲ့ကြောင်း ထောက်ပြထားပါ၏။
ဤအနက်ဖွင့်ချက်ကိုလည်း အကြောင်းရင်း နှစ်ချက် ကြောင့် ကျွန်တော်တို လက်မခံသင့်ပါ။
ပထမအချက်မှာ ဤအနက်ဖွင့်ချက်မှာ စိတ္တဇဆန် (ဝါ) Abstract ဖြစ်လွန်းသည်။ စိတ်ကူးသက်သက်မျှသာ ဖြစ်သည်။ ဒုတိယ အချက်အနေဖြင့် ခရစ်တော်က “လူသား”ဟူသော စကားအသုံးပြုပြီး မိန့်တော်မူချက်တိုကို သေသေချာချာ ပြန် လည် လေ့လာကြည့်ပါ။ ကိုယ်တော်သည် လူသားဟူ၍ မိန့်တော်မူတိုင်း မိမိ၌ရှိသော လူ့ဇာတိကို ပေါ်လွင်စေလို၍ မဟုတ်၊ သာမန်လူသားတိုထက် သာလွန်သောဂုဏ်ရည်၊ ဘုရား ဇာတိတော်ကို ပေါ်လွင် ထင်ရှားစေလိုသော အခါမျိုးတွင် အသုံးပြုလေ့ရှိကြောင်းကိုသာ တွေ့ရပါလိမ့်မည်။ ဤအနက် ဖွင့်ချက်သည်လည်း ကျမ်းစာနှင့် မကိုက်ညီပါ။ ထိုကြောင့် ပယ်သင့်သည်ဟု ကျွန်တော်ယူဆပါ၏။
(ဂ) E.A. Abbot ဆိုသည့် ဓမ္မပညာရှင်ကြီးက ယေဇ ကျေလနှင့် ဆာလံ၊ (ဂ)ကို နောက်ခံထားပြီး ဤစကားကို အနက်ဖွင့်ထားပါသေးသည်။
ယေဇကျေလဖော်ပြနေသော “လူသား”သည် အားနည်း သော၊ သေးသိမ်သော၊ သိမ်ဖျင်းသော။ ပျော့ညံ့သော လူသား ကို ဆိုလိုခဲ့သည်ကား မှန်ပါ၏။ သိုဖြစ်လျှင် ဆာလံ(ဂ) တွင် ဖော်ပြထားသော လူသားကိုလည်း အဘယ်သို ယူဆမည်နည်း ဟု ထိုပညာရှင်ကြီးက မေး၍ အဖြေပေးသည်။ ။
ထိုဆာလံ၌ ပါရှိသော “လူသား”သည် ထူးခြားသည်။ လူတို၏ သိမ်ဖျင်းမှု၊ အားနည်းမှုကို ထောက်ပြ သော်လည်း လူသားသည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်း ထားသည်ဖြစ်ရာ လူသား၏ ကြီးမြတ်မှု၊ ကောင်းမြတ်မှုတိုကို ပါ ပေါ်လွင်စေ၍ သူသည် ယခု၌ ညံ့ဖျင်းနေသော်လည်း ကြီး မြတ်နိုင်သော အခွင့်အရေး၊ ထူးခြားပြည့်ဝစုံလင်လာနိုင်သောအလားအလာရှိနေကြောင်း ညွှန်ပြနေသည်ဟု ဆို၏။ ဆာလံ (ဂ)ကို လေ့လာကြည့်ပါဟု ဆိုသည်။
အဆိုပါဆာလံတွင် “လူသည် အဘယ်သိုသော သူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း၊ လူသားသည် အဘယ်သိုသောသူဖြစ်၍ အကြည့်အရှု ကြွတော်မူရသနည်း။” ဟူသောစကားတိုတွင် လူ၏ညံ့ဖျင်းသေးသိမ်မှု၊ လူ၏ အောက် ကျနေမှုကို ထောက်ပြနေသည်ကား မှန်၏။ သိုသော် ဆာလံ ဆရာကဆက်၍ “သိုသော် သူ့ကို ကောင်းကင်တမန်တို အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ သူ၏ ခေါင်းကို ဘုန်း အသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသော အရာများ ကို အုပ်စိုးစေ၍ သိုးနွားအစရှိသော မြေတိရစ္ဆာန်၊ မိုးကောင်း ကင်ငှက်၊ ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌ သွားတတ်သော တိရစ္ဆာန်မှစ၍ ခပ်သိမ်းသောအရာတိုကို ထိုသူ၏ခြေအောက်၌ ချထားတော်မူပြီ”ဟု ဆိုထားပြန်ပါ၏။
ထိုကြောင့် လူသား၏ အခြေအနေ အစစ်အမှန်မှာကား “ယခုနိမ့်ကျ ညံ့ဖျင်းနေသည် မှန်သော်လည်း လူ၌ အဆုံးမရှိ၊ ကြီးမြတ်လှသော အလားအလာ”ရှိသည်။ ထိုသိုကြီးမြတ်သော ဘုန်းဂုဏ်သရေရှိစေရန် ရည်မှန်း၍ ဘုရားသခင်က ဖန်ဆင်းခဲ့ကြောင်း ဖော်ပြခဲ့သည်ဟု ဆို၏။ ပညာရှင်ကြီး Abbot က သိုဖြစ်၍ “ခရစ်တော်သည် လူ သားတစ်ရပ်လုံးကို ကိုယ်စားပြုနေသည်ဖြစ်ရာ လူသားတို၌ ရ သောအလားအလာ၊ ရည်မှန်းချက်နှင့် ဘုန်းအသရေကို ကိုယ့် တော်၌ တွေ့နိုင်သည်။ လူတို၌ရှိနေနိုင်သော ဘုရားသခင် သဏ္ဍာန် တော်ကို ကိုယ်တော်သည် ထင်ရှားစွာ ဖော်ပြနေသည်။
ထိုအပြင် ခရစ်တော်တည်းဟူသော လူသားအားဖြင့် ဘုရား သခင်သည် မိမိကိုယ်ကို ထင်ရှားစွာဖော်ပြနေသည်။ ချုပ်နှောင် ခြင်း ခံနေရသော လူတို ကယ်တင်လိုကြောင်းကိုလည်း ဖော်ပြ နေသည်။
“လူသား”ဟူသောစကားကို ခရစ်တော်က အသုံးပြုသည့် အခါတိုင်း ကိုယ်တော်သည် မိမိကိုယ်ကို ထောက်ပြ၍ လူတို အတွင်းရှိ ကြီးမြတ်လှသော အလားအလာ၊ ဘုန်းအသရေတော် ကိုဖော်ပြနေသည်။ တစ်ချိန်တည်းမှာပင် ကိုယ်တော်သည် လူ သားတိုင်း၏အတွင်းရှိ ဘုရားသခင်၏ သဏ္ဍာန်တော်၊ ဘုန်း အသရေတော်ကိုလည်း ကိုယ်စားပြုနေကြောင်း ဖော်ပြလို၍ ဖြစ် သည်”ဟု အနက်ဖွင့်ထားပါ၏။ (E.A. Abbot ၏ Notes on New Testament Criticism စာမျက်နှာ ၁၄ဝ ကိုကြည့်ပါ)။
ဤအနက်ဖွင့်ချက်ကိုလည်း ကန့်ကွက်လိုသည့် အကြောင်း အရင်းတစ်ခုတည်းမှာ ၎င်းသည် ခက်ခဲ နက်နဲရှုပ်ထွေးလှသော ကြောင့် ဖြစ်ပါ၏။
ခရစ်တော်သည် ထိုသိုသောသဘောမျိုးဖြင့် “လူသား” ဟူသော စကားကို အသုံးပြုနေခဲ့ပါလျှင် ကိုယ်တော်၏ တရား တော်ကို ကြားနာနေကြသော ပရိသတ်ကြီးက ထိုသဘောထား ကို လွယ်လင့်တကူ သဘောပေါက်လိမ့်မည်မဟုတ်ပါ။ ကိုယ် တော်တိုင်ကလည်း ထိုသို သွယ်ဝိုက်ရှုပ်ထွေးလှသော နည်းမျိုး ဖြင့် လူတိုအတွင်း၌ ကိန်းအောင်းတိမ်မြုပ်၊ မီးခဲပြာဖုံးဖြစ်နေ သော ဘုန်းကျက်သရေကို ဖော်ပြနေမည်မဟုတ်။ လူသားတစ်ရပ်လုံးတွင်းမှ ပေါ်ထွက်လာနိုင်သည့် အလား လာ၊ ဘုန်းဂုဏ်သရေကို ကိုယ်တော်က ကိုယ်စားပြု ဖော်ပြ နေသည်ကို ယခုကဲ့သို ခက်ခဲ၊ နက်ခဲ့၊ လျှိဝှက်၊ သွယ်ဝိုက်သော နည်းလမ်းမျိုးဖြင့် ပြောဆိုနေလိမ့်မည် လည်း မဟုတ်ဟု ကျွန်တော်ထင်သည်။
(ဃ) ဓမ္မပညာရှင် အချို၏ အနက်ဖွင့်ဆိုချက် တစ်ချက် ကျန်ပါသေး၏။
“လူသား” ဆိုသည်မှာ နောက်ဆုံးသော နေ့ရက်တွင် ကြွလာတော်မူမည်ဖြစ်သော မေရှိယ၊ ခမ်းနားထည်ဝါသော တန်ခိုးတော်၊ဘုန်းအသရေတော် အဖြာဖြာဖြင့် မိုးတိမ်ကိုစီး၍ ကြွလာတော်မူမည်ဖြစ်သော တန်ခိုးရှင်၊ အနာဂတ္တိကျမ်းတို၌ ကြိုတင် ဟောပြောထားသော ထိုမေရှိယ ကယ်တင်ရှင်၏ နာမ ဖြစ်သည်။
ထိုအမည်နာမကို ကိုယ်တော်က လူတိုရှေ့၌ ရဲရဲဝံ့ဝံ့ ပြောင် ပြောင်ကြီး အသုံးပြုနေခြင်းဖြင့် ဂျူးလူမျိုးတိုက တစ်သက်လုံး စောင့်စားနေကြသော ကယ်တင်ရှင် မေရှိယသည် တခြားမ ဟုတ်၊ ကိုယ်တော်တိုင်ပင် ဖြစ်သည်။ သိုသော် သူတိုမျှော်မှန်း နေကြသကဲ့သို ကြီးကျယ်ခမ်းနားထည်ဝါသော အရှိန်အဝါ၊ ကြီးမြတ်သောဘုန်းအသရေတော်မျိုးဖြင့် ကြွလာခဲ့သည်မဟုတ်၊ အံ့ဖွယ်သော နိမိတ်လက္ခဏာ အမျိုးမျိုးကို ပြ၍ လူအများကို ရင်သပ်ရှုမော နေစေသော မေရှိယမဟုတ်၊ အလွန်တရာမျှ ပင် ရိုးစင်း၊ အေးဆေး၊ စိတ်နှိမ့်ချစွာ ကြွလာသူ ဖြစ်သောကြောင့် ဂျူးလူမျိုးတို မျှော်မှန်းတမ်းတနေကြသော မေရှိယ မျိုးနှင့် ပြောင်းပြန်ဖြစ်နေကြောင်းကို ညွှန်ပြလို၍ ဖြစ်သည်ဟု ဆိုကြပြန်ပါ၏။ ဤအနက် ဖွင့်ဆိုချက်မျိုးကိုလည်း ကန့်ကွက်ရပါဦးမည်။
“လူသား” ဆိုသည်မှာ မေရှိယ၏ အမည်နာမ ဖြစ်သည် ကားမှန်၏။ သာမန် လူသားနှင့်မတူ၊ ကြီးကျယ်ခမ်းနားထည် ဝါသော မေရှိယ၊ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်ချောက်ချား သွားစေလျက် ကြွလာသော မေရှိယမျိုးကို ရည်မျှော်၍ ကြိုတင် ပေးထားသော အမည်နာမ ဖြစ်သည်မှာလည်း မှန်ပါ၏၊ (ဤ အချက်ကို နောက်ပိုင်းတွင် ထပ်မံရှင်းပြပါဦးမည်)။
သို့သော် ဂျူးလူမျိုးတိုက သူတိုမျှော်မှန်းထားသော မေရှိ ယမျိုးသည် ထိုသိုရိုးစင်းနှိမ့်ချစွာ ကြွလာလိမ့်မည်ဟူ၍ ဘယ် သောအခါမှ မခံယူနိုင်ပါ။ “လူသား”ဟူသော အမည်နာမ ဖြင့်ကြွလာသော မေရှိယသည် နွားစားခွက်တွင် မွေး၊ တောဇ နပုဒ်တွင် ကြီးပြင်း၊ လက်သမားမျိုးရိုး ဇာတိကို ခံယူလိမ့်မည် မဟုတ်၊ ကြီးမြတ်လှသော မေရှိယနှင့် ဤသိုသော အညတရ လူတန်းစားမျိုးကို မည်သည့်နည်းနှင့်မျှ ဆက်စပ်ကြည့်၍ ရနိုင် ကြလိမ့်မည်မဟုတ်ပါ။
မေရှိယသည် သာမန်လူတန်းစား ဖြစ်မည်ဟူသော သဘော ထားကို ဂျူးလူမျိုးတိုင်းက လွယ်လင့်တကူ သဘောပေါက် နားလည်လိမ့်မည်လည်း မဟုတ်ပါ။ ထိုကြောင့် ကိုယ်တော် သည် “လူသား” အမည်နာမကိုသုံးပြီး မိမိကိုယ်ကို မေရှိယ ဖြစ်ကြောင်း ဖော်ပြနေသည်ဟု ဆိုပါက ထိုလူမျိုးတမျိုးလုံးက ရှင်းလင်းစွာ ချက်ချင်း သဘောပေါက် နားလည်လိမ့်မည် မဟုတ်ပါ။
မည်သိုဖြစ်စေ၊ အုံထက်ဖော်ပြပါ အနက်ဖွင့်ချက် (၄)မျိုး စလုံး၌ အဓိပ္ပါယ် ရှိသင့်သလောက် ရှိပါ၏။ မှန်သင့်သလောက် လည်း မှန်ပါ၏။ သိုသော် တင်းပြည့် ကျပ်ပြည့် မမှန်သေးပါ။ ယေရှုကိုယ်တော်တိုင်က ဤအမည်နာမကိုသုံး၍ ဖော်ပြ လိုသောအနက်ဟု တစ်ခြားနည်းလမ်းတစ်မျိုးဖြင့် သုံးသပ်သင့် ပါသေးသည်။
အရေးကြီးလှသော ကျမ်းချက်နှစ်ချက်ကို လေ့လာကြည့် ပြန်ပါလျှင် ကိုယ်တော်က “လူသား” ဟူ၍ အသုံးပြုပြီး မိန့် တော်မူလိုက်သောအခါတိုင်း မိမိကိုယ်ကို ရည်ညွှန်း၍ မိန့်တော် မူနေသည်မဟုတ်၊ အနာဂတ်တွင် ကြွလာတော်မူမည်ဖြစ်သော “လူသား” ကိုယ်တော်တိုင်က မျှော်မှန်း၍နေသော “လူသား” ကို ဆိုလိုနေကြောင်း တွေ့ရပါလိမ့်ဦးမည်။
“တစ်မြို၌ သင်တိုကိုညှဉ်းဆဲလျှင်၊ တစ်မြိုသို ပြေးကြလော့။ ငါအမှန်ဆိုသည်ကား ဣသရေလမြိုရွာ ရှိသမျှတိုကို သင်တို လှည့်လည်၍မကုန်မီ “လူသား”သည် ကြွလာလိမ့်မည် (မဿဲ ၁၀း၂၃)။
ဤကျမ်းချက်ကိုကြည့်လျှင် များမကြာမီအချိန်တွင် ဆင်းသက် ကြွလာတော့မည့် လူသားကို ရည်ညွှန်း၍ ကိုယ်တော်က မိန့်တော် မူခဲ့ကြောင်း သေချာသည်။
ထိုအပြင် လူတိုင်းသည် နောက်ဆုံးနေ့ရက်၌ တရား ရင် ဆုံးဖြတ်ခြင်းခံရသောအခါ ရင်ဆိုင်ရမည့်အဖြစ်ကို ပြော သောအခါ ကိုယ်တော်က “ငါဆိုသည်ကား အကြင်သူသည့် လူတိုရှေ့မှာ ငါ့ကိုဝန်ခံအံ့၊ ဘုရားသခင်၏ ကောင်းကင်တမန် တိုရှေ့မှာ “လူသား” သည် ထိုသူကို ဝန်ခံမည်”ဟု မိန့် မူခဲ့ပြန်ပါ၏ (လုကာ၊ ၁၂း၈)။ ။
ဤကျမ်းချက်နှစ်ချက်ကို သေချာစွာသုံးသပ်ပါက ) နှင့် အနာဂတ်တွင်မှ ကြွလာမည့် ထို “လူသား” သည် မတူ၊ “လူသား” ဆိုသည်မှာ နောက်ဆုံးသောနေ့ရက်၌ တရားစီရင် ဆုံးဖြတ်မည့်သူဖြစ်ရာ ယေရှုသည် မိမိကိုယ်ကို ထို “လူသား” နှင့် ထပ်တူထပ်မျှတစ်ဦးတည်းဖြစ်သည်ဟု တိုက်ရိုက်ပြောဆိုနေ ခြင်းမဟုတ်ပါ။
သိုဖြစ်လျှင် “လူသား” နှင့် “ယေရှု” သည် တစ်ဦးတည်း မဖြစ်နိုင်သယောင် ဤကျမ်းချက်တိုအားဖြင့် အနက်ဖွင့်နေနိုင် ပါသေး၏။
သိုသော် ဤသိုအနက်ဖွင့်နိုင်သော ကျမ်းချက်က နှစ်ချက် တည်းရှိပါသည်။ အကယ်၍ ခရစ်ဝင်ကျမ်း တို၌ ဤကျမ်းချက် နှစ်ချက်တည်းသာရှိနေပါက ကျွန်တော်တိုအနေဖြင့် ယေရှုနှင့် လူသားဆိုသည်မှာ တစ်ဦးတည်း မဟုတ်နိုင် ဟူ၍ပင် အနက် ဖွင့်ရတော့မယောင် ဖြစ်နေပါ၏။ ။
ယေရှုက “လူသား” ဟူ၍ ပြောသည့်အခါတိုင်း “မိမိကိုယ် ကို ရည်ညွှန်း၍ ပြောဆိုနေကြောင်း” အခြားသော ကျမ်းချက် ပေါင်း (၈၀) ရှိနေပါသေး၏။ ထိုကျမ်းချက်များကို လေ့လာ လျှင် ကိုယ်တော်က မိမိကိုယ်ကို ညွှန်ပြလျက် “လူသား”ဟူ၍ ခေါ်ဆိုနေသည်မှာ ထင်ရှားနေသည်။
ဥပမာ လုကာ၊ ၆း၂၁-၂၂ တွင် “သူတစ်ပါးတိုသည် “လူ သားကြောင့် သင်တိုကို မုန်းသောအခါ” “ဖယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေကို ရှုတ်ချခြင်းကို ပြုသောအခါ သင်တိုသည် မင်္ဂလာရှိကြ၏”ဟု မိန့်တော်မူရာတွင်၊ ကိုယ်တော်သည် မိမိ ကိုယ်ကို ရည်ညွှန်းနေကြောင်း သေချာသည်။ ဤအချက်ကိုပင် ဖော်ပြသည့် ကျမ်းပြိုင် မဿဲ ၅း၁၁ တွင်လည်း “ ငါ့ကြောင့် သင်တိုကို ကဲ့ရဲ့ ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တိုသည် မင်္ဂလာရှိကြ၏” ဟူသော စကား တော်ကိုထောက်သော်၊ “လူသားကြောင့်” နှင့် “ငါ့ကြောင့်” ဟူ၍မိန့်တော်မူသောကြောင့် “ယေရှု” နှင့် “လူသား” သည် ထပ်တူထပ်မျှ ဖြစ်ကြောင်း သေချာနေပါ၏။ သိုဖြစ်သော ကြောင့် “လူသား” နှင့် “ယေရှု” တိုသည် မတု၊ ကွဲပြားခြား နားလျက်ရှိနေကြသည် ဟူသော သဘောကို ပယ်ဖျက်ရပေ တော့မည်။
သိုဖြစ်လျှင် ယေရှုသည် “လူသား” ဟူသော စကားကို ဘယ်ကြောင့် သုံးခဲ့ပါသနည်း? အဘယ်သိုသော ရည်ရွယ်ချက် ရှိခဲ့သနည်း ကိုယ်တော်၌ ရှိနေခဲ့သော အရင်းခံ ရည်ရွယ်ချက်ကား အဘယ်နည်း?
ခရစ်တော်သည် ပရိသတ်အား တရား ဟောကြား တွင် ပမဦးဆုံးနှင့် ဦးစားပေးခဲ့သော အချက် တစ်ချက်မှာ တရားနာနေသော လူတိုင်းက ကိုယ်တော်၏ ဆိုလိုရင်းကို လွယ်လင့်တကူ နားလည် သဘောပေါက်သွားစေရန်ပင် ဖြစ် ပါ။ ထိုကြောင့် ကိုယ်တော့် အကောင်းဆုံး၊ အသင့်တော် ဆုံး၊ အပျော်ဆုံး၊ အလွယ်ဆုံးသော နည်းမှာ ထိုခေတ် ထို အချိန်အခါက လူတိုင်းက နားလည် သဘောပေါက်ပြီးသား အားလုံးမျိုးကို ရွေးချယ်လိုက်ခြင်းပင် ဖြစ်ပါလိမ့်မည်။
ထိုစကားမှာလည်း ရှည်လျား၊ ထွေပြားသော စကားမျိုး မဟုတ်။ အတိုဆုံး၊ အရှင်းဆုံး၊ အတိကျဆုံးနှင့် အကျဉ်းချုပ် သဘောဖြင့် ထိထိမိမိ တရားနာပရိသတ်၏ စိတ်ထဲ၌ စွဲမြဲသက် ဝင်သွားရပေလိမ့်မည်။ ထိုသို ဖြစ်ရန် ကိုယ်တော်က အောက်ဖော်ပြပါ နည်းလမ်းသုံးမျိုးထဲမှ တစ်ခုခုကို ရွေးချယ်ရပါလိမ့် မည်။
(က) လူအများက မသိသေးသော၊ မကြားဖူးသေးသော ထူးခြား ဆန်းကြယ်သော စကားလုံးတစ်လုံးကို တီထွင်ရန်။
(ခ) ရှိပြီးသား စကားလုံးဖြစ်သော်လည်း လူသုံးမများ၊ နားမလည်သေးသော စကားလုံးတစ်လုံးကိုယူပြီး ကိုယ်တော် က ကြွယ်ဝနက်ရှိင်းသော အဓိပ္ပါယ်၊ ထူးခြားသော သဘော ထားမျိုးဖြင့် ထပ်ဆင့်၍ ဖြည့်စွက် အသုံးပြုရန်။
(ဂ) လူတိုင်း နားလည်ပြီး ကြားဖူး နားဝ ရှိနေသော စကားလုံးလည်းဖြစ်၍ ထိုစကားကို ထူးခြား သစ်ဆန်းသော နည်းလမ်းဖြင့် သုံးလိုက်ပါလျှင် ကြားနာ လိုက်ရသူတိုင်းက လည်း ထိတ်လန့်၊ အံ့ဩ မိန်းမော သွားကြပေလိမ့်မည်။ လူ တိုင်းသိပြီးသော စကားတစ်လုံးကို လူတိုင်းက နားလည်နေသော သမားရိုးကျသဘောမျိုးဖြင့် မဟုတ်။ သစ်ဆန်းသော အနက် အဓိပ္ပါယ်ဖြင့် အသုံးပြုလိုက်ပါက လူတိုင်း၏စိတ်ဝင်စားမှုကို ချက်ချင်း ရယူဖမ်းကိုင်လိုက်နိုင်ပါလိမ့်မည်။
ကိုယ်တော်သည် အထက်တွင် ဖော်ပြထားသော တတိယ နည်းလမ်းကို ရွေးချယ်ပြီး အဆိုပါစာပိုဒ်ခွဲ (ဂ) တွင် ဖော်ပြ ထားသော ရည်ရွယ်ချက်ဖြင့် ဤ “လူသား” ဟူသောစကားလုံး ကို အသုံးပြုခဲ့ခြင်း ဖြစ်ပါ၏။
သိုကြောင့် “လူသား” ဟူသော စကားလုံး၏ နောက်ခံ သမိုင်းနှင့် အရင်းခံအကြောင်းကို ယခု ဆက်လက် ဖော်ပြ ၄င်းအားဖြင့် ဤအချက်ကို အထောက်အထား ပြသွားပါ တော့မည်။
“လူ သား” ဟူသောစကားလုံးကို ဒံယေလ အနာဂတ္တိ ကျမ်း အခန်းကြီး (၇)တွင် စတင်အသုံးပြုခဲ့သည်ဆိုလျှင် မှား လိမ့်မည်မဟုတ်ပါ။ ဒံယေလအနေဖြင့် ထိုစဉ်က စိုးမိုးအုပ် ချုပ်နေသော အင်ပိုင်ယာများကို မြင်သည်။ ထိုအင်ပိုင်ယာ ကြီးများကို သားရဲများအဖြစ် ဖော်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်စိုးမိုးနေသော ဧကရာဇ်မင်းများက ရက်စက်ကြမ်းကြုတ်၍ လူမဆန်သော အပြုအမူများ လုပ်ဆောင် နေကြသောကြောင့် ဖြစ်ပါ၏။
လင်းယုန်အတောင်များ ပေါက်နေသော ခြင်္သေ့ (ငယ်၊ ၄)သည် ဗာဗုလုန်နိုင်ငံကို ဆိုလိုသည်။ ပါးစပ်၌ နံရိုးသုံးချောင်းကို ကိုက်ထားသော ဝက်ဝံ (ငယ်၊ ၅) သည် အာရှုရိ နိုင်ငံကို ဆိုလိုသည်။ ကျော်ပေါ်၌ ငှက်အတောင် လေးခု၊ ခေါင်းလေးလုံးရှိသော ကျားသစ် (ငယ်၊ ၆) သည် ပါးရှား နိုင်ငံကိုဆိုလို၏။ ကြီးစွာသော သံသွားရှိပြီး ချိုဆယ်ချောင်း၊ ချိုများအလယ်၌ ချိုငယ်တစ်ချောင်း စသည်တိုရှိသော သား ရဲ(ငယ်၊ ၇) သည် မဟာအလက်ဇန္ဒား ကိုဆိုလို၏။
ထိုအင်ပိုင်ယာကြီးများသည် ကမ္ဘာတစ်ဝန်းလုံးကို တုန်လှုပ် ချောက်ချား” လောက်အောင် အင်အား ကြီးမားလှသော် လည်း မကြာမီ သူတို၏စိုးမိုးမှုသည် ဆုံးခန်းတိုင် ရတော့ မည်ဟုဆို၏။ အဘယ့်ကြောင့် ဆိုသော် ဒံယေလက “ထိုညဉ့် အခါ ငါသည် အာရုံပြု၍ “လူသားနှင့်တူသော သူတစ်ဦးသည် မိုးတိမ်ကိုစီးလျက် အသက်ကြီးသော သူ၏ အထံတော်ကို ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို သွင်းကြ၏”ဟု ရေးသားထားပါ၏ (ဒံ၊ ၇း၁၃)။ ထို “လူသား”၏ စိုးမိုးအုပ်ချုပ်ခွင့်အာဏာကို ဆက်လက်ဖော်ပြပြီးလျှင် “အမြင့်ဆုံး သောဘုရား၏ သန့်ရှင်းသူတိုသည် နိုင်ငံကို သိမ်းယူ၍ ကမ္ဘာ အဆက်ဆက် ခံစားကြလတံ့”ဟူ၍ ထိုလူသား၏ နိုင်ငံတော် အကြောင်းကို ထပ်မံဖော်ပြထားပါ၏ (ဒံ၊ ၇း၁၈)။
ထူးခြားချက်မှာကား အဆိုပါ “လူသားက အုပ်စိုးမည့် ဖြစ်သော အင်ပိုင်ယာသည် နူးညံ့သိမ်မွေ့ ကြင်နာမှု ကရု စာတရားရှိသော နိုင်ငံဖြစ်၍ ထိုသားရဲတို အုပ်ချုပ်သော အင်ပိုင်ယာနှင့်မတူ။ ထိုလူသား၏ နိုင်ငံတော်ကိုလည်း ဘုရား သခင်၏ သန့်ရှင်းသူ၊ ဘုရားသခင်၏လူစု၊ ဣသရေလ (ဂျူး)အ မျိုးသားတိုက အုပ်ချုပ်စေမည်ဟူသော အချက်ပင် ဖြစ်၏။
ဂျူးလူမျိုးတိုအဖို သူတိုသာလျှင် ဘုရားသခင်က ရွေး ကောက်ထားသော လူမျိုးဖြစ်၍ နောင်တခေတ်တွင် ပေါ် ပေါက်လာမည့်နိုင်ငံတော်ကို သူတိုကသာလျှင် အုပ်စိုးရမည် ဖြစ်ကြောင်း အကြွင်းမဲ့ ယုံကြည်ကြသည်။ ထိုနိုင်ငံကို ဘုရား သခင်၏ စေတမန်ဖြစ်သော မေရှိယက ယူဆောင်လာလိမ့်မည်။ သူတို၌ ဘုရင်မရှိ၊ ကျွန်သဘောက် ဖြစ်နေစေကာမူ ထိုမျှော် မှန်းချက်ကို ဘယ်သောအခါမှ လက်မလွှတ်ခဲ့။ ထိုမေရှိယကို လူသား”ဟူ၍ ထိုအချိန်ကပင် စတင်ခေါ်ခဲ့သည်ဟု မှတ် ယူနိုင်ပါ၏။ ဘီစီ (၇၀)ခန့်တွင် “နောက်”ဟူသော ကျမ်းတစ်ကျမ်း မပေါ်ပေါက်လာပြန်သည်။ ထိုကျမ်းထဲ၌ “လူသား” အ ကြောင်းကို အကျယ်တဝင့် ဖော်ပြထား၏။
သိုသော် “လူသား” သည် သာမန်လူတစ်ဦးမဟုတ်၊ ဘုရား ဇာတိရှိသူ၊ လူတိုထက်ကြီးမြတ်သူ၊ ရှေးမဆွက ကမ္ဘာမတိုင်မီက ပင် ရှိနေခဲ့သောသူဖြစ်ပြီး၊ ကြီးစွာသော တန်ခိုးအာနုဘော် တော်ဖြင့် ဘုရားသခင်၏ ရန်သူများကို ဖျက်ဆီးပစ်ရန် ပလ္လင် တော်ရင်း၌ စောင့်ဆိုင်းနေသူဖြစ်ပါ၏။
ထို “လူသား” သည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ ကမ္ဘာမတည်မီကတည်းက ရှိနေခဲ့သည်။ ထိုလူသားသည် ဖြောင့် မတ်သောသူတိုကို ကယ်တင်ပြီး တစ်ပါးအမျိုးသားတိုအတွက် အလင်းဖြစ်လိမ့်မည်။ ဘုရင်တိုကို ရာဇပလ္လင်မှချ၍ အပြစ်သား တို၏ သွားတိုကို ချိုးလိမ့်မည် (ကျမ်းပယ်ဖြစ်သော ဧနောက် ကျမ်း ၄၆ : ၂-၆၊ ၄၈ : ၂-၉၊ ၆၂း၅-၉၊ ၆၃း၁၁၊ ၆၉ : ၂၆-၂၉ တိုကိုကြည့်ပါ)။
သိုဖြစ်လျှင် နောက်ကျမ်းက ဖော်ပြသော “လူသား”သည် ဘုရားဇာတိတော်ရှိပြီး၊ လူတိုထက် ကြီးမြတ်သောသူ၊ နောက် ဆုံးသော ခေတ်ကာလမှ ကြွရောက်တော်မူမည့်သူ၊ ဘုရား သခင်၏ရန်သူတိုကို ဖျက်ဆီးမည့်သူ၊ ကပ်ကမ္ဘာ အဆုံးတွင် ဆိုးသူ၊ ကောင်းသူတိုကို တရားစီရင်ဆုံးဖြတ်မည့် “လူသား” ပင်ဖြစ်ပါ၏။ ဂျူးလူမျိုးတိုင်းကလည်း ထို “လူသား” အကြောင်းကို ကောင်းစွာ သိရှိပြီးဖြစ်သည်။ ထိုနောက်ခံသဘော နှစ်ချက်ကို စိတ်ထဲ၌ထားပြီး ခရစ်တော် မိန့်တော်မူခဲ့သော “လူသား” အကြောင်းကို ယခုစတင်လေ့လာကြပါစို –
(၁) မိမိကိုယ်ကို ရည်ညွှန်း၍ဖော်ပြလိုသောအခါ ယေရှုက ထိုအမည်နာမကို သုံးလေ့ရှိသည်။ ဥပမာ “မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေ ရာအရပ်ရှိ၏။ “လူသား”မူကား ခေါင်းချရာမရှိ” (လုကာ၊ ၉း၅၈) မဿဲ၊ ၁၁း၁၉၊ ၁၆း၁၃၊ လုကာ ၆း၂၁၊ ၇း၃၄ တိုနှင့်လည်း နှိင်းယှဉ်ပါ)။
(၂) အလွန်ကြီးမြတ်လေးနက်၊ အရေးကြီးလှသော အချက် တိုကို ဖော်ပြလိုသည့်အခါတိုင်း သုံးသည်။ “လူသား”သည် ပျောက်သောသူတိုကို ရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသ တည်း” (လုကာ၊ ၁၉း၁၀) “လူသား”သည် သူတစ်ပါးကို စေစားခြင်းငှာ မလာ၊ သူတစ်ပါးကို အစေခံခြင်းငှာလည်း ကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်း ကောင်း၊ ကြွလာတော်မူ၏။ (မဿဲ၊ ၂၀း၂၈။ မာကု ၁၀း၄၅) (လုကာ၊ ၉:၅၅ နှင့် ၁၁း၃၀ တိုနှင့်လည်း ယှဉ်ဖတ်ကြည့်ပါ)
(၃) ရှင်ပြန်ထမြောက်မည့်အကြောင်းကို ဟောပြောသော အခါ သုံးသည်။ တောင်ပေါ်၌ အဆင်း အရောင်ပြောင်းလဲပြီး သည့်နောက် တမန်တော်များ တောင်ပေါ်မှ ဆင်းကြသော အခါ ယေရှုက “လူသား” သည် သေခြင်းမှ မထမြောက်မီတိုင် အောင် သင်တို ယခုမြင်သော ရူပါရုံကို အဘယ်သူများ မပြော ကြနှင့်ဟု တပည့်တော်တိုကို ပညတ်ဖော်မူ၏” (မဿဲ၊ ၁၇း၉၊ မာကု၊ ၉း၉)။
(၄) နောင်တွင် ပေါ်ထွန်းလာတော့မည့် ဘုန်းအသရေ တော်နှင့်ပတ်သက်ပြီး ဗျာဒိတ်ပေးရာတွင် ထိုအမည်နာမကို သုံး ခဲ့ပြန်သည်။ ကိုယ်တော့်ကို တရားစီရင်နေစဉ် “ယေရှုက (ယဇ် ပုရောဟိတ်မင်းအား) သင်ဆိုသည့်အတိုင်းမှန်၏။ ထိုမျှမက ဆိုသည်ကား နောင်ကာလ၌ “လူသား”သည် တန်ခိုးတော် ၏လက်ယာဘက်၌ထိုင်လျက် မိုးတိမ်ကိုစီး၍ ကြွလာသည်ကို သင် တိုမြင်ရကြလတံ့”ဟု မိန့်တော်မူ၏။” (မဿဲ ၂၆း၆၄၊ မာကု၊ ၁၄း၆၂၊ လုကာ၊ ၂၂း၆၉) (မဿဲ၊ ၁၉း၂၈၊ ၂၄း၃၀၊ မာကု၊ ၁၃း၂၆၊ လုကာ၊ ၂၁:၂၇ တိုနှင့်လည်း နှိင်းယှဉ်ကြည့်ပါ)။ ။
(၅) ဒုတိယ ကြွလာခြင်းနှင့် ပတ်သက်ပြီး ပြောဆိုလိုလျှင် ထိုစကားကို သုံးခဲ့သည်။ ငါအမှန်ဆို သည်ကား၊ “လူသား” သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသည်ကို ဤအရပ်၌ ရှိသောသူအချိုတိုသည် မမြင်မီ သေခြင်းသို မရောက်ကြရဟု တပည်တော့်တိုအား မိန့်တော်မူ၏” (မဿဲ၊ ၁၆း၂၈)။ “ထို ကြောင့် သင်တိုသည် ပြင်ဆင်လျက် နေကြလော့။ အကြောင်း မူကား သင်တို မထင်မှတ်သော အချိန်နာရီ၌ “လူသား”သည် ကြွလာလိမ့်မည် (မဿဲ၊ ၂၄း၄၄၊ လုကာ၊ ၁၂း၄၀) (မဿဲ။ ၂၄း၂၇၊၃ဝ၊၃၇၊၃၉။ လုကာ၊ ၁၇း၂၄၊ ၂၆၊ ၃၀။ လုကာ၊ ၁၈း၈ တို့နှင့်လည်း နှိင်းယှဉ်ကြည့်ပါ)။
(၆) လာတော့မည့် တရားစီရင် ဆုံးဖြတ်ချိန်နှင့် ပတ်သက် လာလျှင်လည်း သုံးသည်။ “လူသား”သည် မိမိကောင်းကင် တမန်တိုကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသော သူတိုနှင့် မတ ရားသောအမှုကို ပြုသောသူ ရှိသမျှတိုကို နိုင်ငံတော်ထဲက ရွေး နှုတ်၍ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြ လတံ့” (မဿဲ ၁၃း၄၁၊ ၁၆း၂၇၊ ၂၅း၃၁။ မာကု၊ ၈း၃၈ လုကာ၊ ၉း ၂၆၊ ၂၁း၃၆)။
ဤနေရာ၌ ခဏရပ်နားပြီး အထက်ဖော်ပြပါ ကျမ်းချာ တိုတွင် ယေရှု၏ မိန့်တော်မူချက် မှန်သမျှကို လေ့လာသုံးသ ကြည့် ပါလျှင် “ဧနောက်” ကျမ်းထဲ၌ ဖော်ပြထားသော“လူသား”မျိုးနှင့် ကွဲလွဲချက် မရှိသလောက်ပင် ဖြစ်နေသည် ကို တွေ့ရပါလိမ့်မည်။
ထိုစဉ်က ဂျူးလူမျိုးတိုင်း နားလည်နေကြသော “လူသား” ၏ပုံသဏ္ဍာန်တော်နှင့်လည်း ကိုက်ညီနေသည်။ ဘုန်းဂုဏ်အသ ရေ တန်ခိုးတော်၊ ဖြောင့်မတ်စွာ တရားစီရင်ခြင်း၊ အဆိုးကို နောက်ဆုံး၌ အနိုင်ယူတော့မည့် “လူသား”သည် “ဧနောက်” ကျမ်းက ဖော်ပြနေခဲ့သည့်အတိုင်းပင် ဖြစ်နေပါ၏။
(၇) သိုသော် ကိုယ်တော်က သူ၏ဝေဒနာ ခံစားခြင်းနှင့် အသေခံတော်မူခြင်း အကြောင်း ဖော်ပြလို သောအခါ ထိုစကားကို အသုံးပြုပြန်ကြောင်းကို ထူးခြားစွာ တွေ့ရပါလိမ့်ဦး မည်။ “ငါတိုသည် ယေရုရှလင်မြိုသို ယခုသွားကြ၏။ “လူသား” သည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို လက်သို ရောက် လိမ့်မည်။ ထိုသူတိုသည် သေပြစ်ကို စီရင်ကြလိမ့်မည်။ “လူ သား” အား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှာ၊ တစ်ပါးအမျိုးသားတိုလက် သို အပ်နှံကြလိမ့်မည်၊ သုံးရက်မြောက်သောနေ့၌ ထမြောက် လိမ့်မည်ဟု မိန့်တော်မူ၏” (မဿဲ၊ ၂၀း၁၈၊ မာကု၊ ၁၀း၃၃၊ လုကာ၊ ၉း၄၄၊ ၁၈း၃၁)။ “ထိုမှတစ်ပါး “လူသား” သည် များစွာခံရမည်” (မာကု၊ ၈း၃၁၊ ၉း၁၂၊ လုကာ၊ ၉:၂၂) (မဿဲ ၁၇း၁၂၊၂၂၊ ၂၆း၂၊ ၂၄၊ ၄၅၊ မာကု၊ ၉း၃၁၊ ၁၄း၄၁၊ လုကာ၊ ၂၂း၂၃၊ ၃၇၊ ၂၄း၇ တိုနှင့်လည်း နှိင်း ယှဉ်ပါ)။
ဤအချက်သည် ရုတ်တရက် ထူးခြား သစ်ဆန်းလာပေပြီ။ “လူမျိုးတို နားလည်နေကြသော “လူသား”နှင့် လုံးဝမတူတော့ပါ။ လုံးလုံးကြီး ဆန့်ကျင်၍ ထူးခြားလာလေပြီ။ သို ကြောင့်လည်း ကိုယ်တော်၏ ထိုစကားကို ကြားနာကြရသူတိုင်း ကလည်း ရုတ်တရက်တုန်လှုပ်ချောက်ချား သွားကြခြင်းဖြစ်၏။
“လူသား” ဟူသော အမည်နာမနှင့် ပတ်သက်သည့်နောက် ခံသဘောထားများနှင့် ယှဉ်ပြီး လေ့လာကြည့်လိုက်သောအ ခါမှ သခင်ယေရှုက ထိုစကားလုံးကို အသုံးပြုခဲ့ရသည့် အကြောင်းရင်းသာမက၊ ပြဿနာဟူ၍ ထင်နေရသောအလုံးစုံတို သည်လည်း ရှင်းလေပြီ။ အောက်ပါဖြစ်ရပ်တိုသည် ပိုမို ရှင်း လင်းလာပါပြီ။
(၁) ကဲသာရိ ဖိလိပ္စုမြို၌ ရှင်ပေတရုက ကိုယ်တော်အား ရုတ်တရက် ကန့်ကွက်ရခြင်း အကြောင်းရင်းသည် ယခုမှရှင်း လာလေပြီ။ ထိုမြို၌ ရှင်ပေတရုက ယေရှုသည် ဘုရားသခင်၏ သားတော် မေရှိယ (ခရစ်တော်) မှန်ကြောင်းကို အတိအ လင်း ဝန်ခံခဲ့သည်။ ထိုသိုဝန်ခံပြီးသည့်နောက် ကိုယ်တော်က သူသည် ယေရုရှလင်မြိုသိုသွားပြီး၊ အသေသတ်ခြင်းကို ခံရ တော့မည်ဟု မိန့်ဆိုလိုက်သည့်တပြိုင်နက် ပေတရုက “သခင်ကိုယ် တော်၌ ဤသိုမဖြစ်ပါစေနှင့်၊ ဤအပြုအမူသည် ကိုယ်တော် မ ရောက်ရာ”ဟု ချက်ချင်းပင် ငြင်းဆန် တုံပြန်လိုက်ပါတော့ ၏ (မဿဲ၊ ၁၆:၂၂၊ မာကု၊ ၈း၃၂။ လုကာ၊ ၉း ၂၂)။ ။
ရှင်ပေတရုက ဤသို ချက်ချင်းတုံပြန်လိုက်ခြင်းက ကိုယ့် တော့်အပေါ်၌ ထားသော သူ၏မေတ္တာကြောင့် ဖြစ်သည် ကားမှန်ပါ၏။ သိုသော် ထိုထက်အရေးကြီးသည်က “လူသား”ဆို မေရှိယသည် အသေသတ်ခံရခြင်းကို မဆိုထားနှင့် ဝေဒနာခံစားရခြင်းဆိုသော ကိစ္စမျိုးကို သူ့အနေဖြင့် အဘယ်နည်းနှင့်မျှ ဆက်စပ်၍ မကြည့်နိုင်၊ မလည်နိုင်သောကြောင့် ဖြစ်ပါ၏။ ဂျူးလူမျိုးတို စောင့်စား မျှော်ကိုးနေသော မေရှိယလူမျိုးသည် ထိုသိုအ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ပါ။ ပေတရုအဖို ဤကိစ္စသည် ယုံနိုင်စရာ အကြောင်းမရှိ၊ နားလည်ဖွယ်ရာ အကြောင်းမရှိ၊ လုံးဝမဖြစ်နိုင်၊ လက်မခံသောအရာဟူ၍ ဖြစ်နေသောကြောင့် တည်း။
(၂) ထိုကြောင့်လည်း ကိုယ်တော်က တမန်တော်များ ရှေ့တွင်ပင် ပေတရုအား ပြင်းထန်စွာ ရှုတ်ချရသည့်အကြောင်း အရင်းမှာလည်း ရှင်းလာပေပြီ။ “အချင်းရန်သူ၊ ငါ့နောက်သို ဆုတ်လော့”ဟု ချက်ချင်း ကိုယ်တော်က ဆုံးမလိုက်သည်။ “သင်သည် ငါတိုက်မိ၍ လဲစရာအကြောင်းဖြစ်၏။ သင်သည် ဘုရားသခင်အရာကို စိတ်မစွဲလမ်း၊ လူတို၏အရာကိုသာ စွဲလမ်း သည်”ဟု ချက်ချင်း မိန့်တော်မူလိုက်ပါတော့၏။ (မဿဲ ၁၆း ၂၃၊ မာကု ၈း၃၃)
“ယေရှုကိုယ်တော်တိုင်ကလည်း” ဧနောက်ကျမ်း၌ ဖော်ပြ ထားသော လူသား အကြောင်းကိုသိရှိပြီး၊ နားလည်ပြီး ဖြစ် သည်။ အမှုတော်လုပ်ငန်းအစမပြုမီ စာတန်မာရ်နတ်ကလည်း “နောက်” ကျမ်း၌ ဖော်ပြထားသော “လူသား” မျိုးဖြစ်ရန် (ဝါ) မိမိ၌ရှိနေသော တန်ခိုးအာနိသင်ကိုသုံးပြီး ကျောက်ခဲ ကို မုန့်ဖြစ်စေရန် ဗိမာန်တော်ထိပ်က ခုန်ချပြီး လူတိုရှေ့၌ တန်ခိုးအာနိသင် အဖြာဖြာကို ထင်ရှားပြရန် သွေးဆောင်ခဲ့ပြီး ဖြစ်သည်။
ကားတိုင်သည် ယခုဆိုလျှင် ရှေ့တော်၌ ထင်ထင်ရှားရှား ပေါ်လွင်လာနေချိန်မျိုး၌ ရှင်ပေတရုက ယခုကဲ့သို တားမြစ် လိုက်သောအခါ ယခင်က သွေးဆောင်ခဲ့သော စာတန်မာရ် နတ်နှင့် အတူတူဖြစ်သွားသည်ကို ကိုယ်တော်က မြင်သဖြင့် ချက်ချင်းပင် “အချင်းရန်သူ (ဝါ) အချင်းစာတန်” ဟု သူ့ အား ရုတ်ခြည်းခေါ် ဝေါ်လိုက်ခြင်း ဖြစ်ပါ၏။
(၃) ခရစ်ဝင်ကျမ်းတိုတွင် အဖြေရှင်းရအခက်ဆုံး ပြဿနာ ကြီးတစ်ရပ်မှာလည်း ယခုမှပင် ရှင်းလာပေပြီ။ ကိုယ်တော်သည် ဝေဒနာခံစားပြီး အသေသတ်ခြင်းကို ခံရမည့်အကြောင်း ကြို တင်၍ အကြိမ်ပေါင်းများစွာ ပြောခဲ့သည်။ တပည့်တော်တို ကိုလည်း ထပ်တလဲလဲ ကြိုတင်မှာကြားပြီး သတိပေးပြီးဖြစ်ပါ လျက်၊ အကယ်ပင်ကားတိုင်၌ အသေသတ်ခြင်း ခံရသည်ကိုမြင် ရသောအခါ ထိုတမန်တော်တိုသည် အဘယ်ကြောင့် တုန်လှုပ် ချောက်ချား၊ ထိတ်လန့် အံ့ဩသွားပြီး ထွက်ပြေးကြပါ သနည်းဟူ၍ မေးစရာအကြောင်းရှိပါ၏။ ခရစ်ဝင်ကျမ်းတို ကိုလေ့လာသူတိုင်းကလည်း ဤအချက်ကို မကြာခဏ မေး လေ့ ရှိပါသည်။
ယခုဆိုလျှင် ဤပြဿနာသည် ရှင်းသွားပါပြီ။
တပည့်တော်များ၊ တမန်တော်များက ကိုယ်တော့်အား ဧနောက်ကျမ်း၌ ဖော်ပြထားသော “လူသား” ဟူ၍ ထင်မှတ် လက်ခံထားကြပြီး ဖြစ်သည်။ သူတို၏ ရန်သူများကို ချေမှုန်း ဖျက်ဆီးတော့မည့်သူဟု ထင်ခဲ့ကြသည်။ ထိုကြောင့်လည်း သူတို သည် မျှော်လင့်တကြီးဖြင့် နောက်တော်သို လိုက်ခဲ့ကြသည်။ ယေရှု၏ အမှုတော်လုပ်ငန်း၏ ဖျောက်ဆုံးသော နေ့ရက်တိုင်အောင် “လူသား” နှင့် “ဝေဒနာခံစားရခြင်း” “အသေသတ် ခံရခြင်း”ကို လုံးဝဆက်စပ်၍ မကြည့်နိုင်၊ မယုံကြည်နိုင်၊ တို အပြင် ထိုဖြစ်ရပ်မျိုးကိုလည်း လုံးဝလက်မခံနိုင်ကြပါ။
လူတို၏ ဇာတိသဘာဝအတိုင်း ဆိုလျှင် လုံးဝမကြားချင် လက်မခံချင်သော အရာတစ်ခုကို လုံးဝ မျက်နှာလွှဲလိုသည်။ ကြောက်လန့်ဖွယ်ရာ၊ စိတ်ချောက်ချားဖွယ်ရာ၊ နားမလည်နိုင် ဖွယ်သောအရာကို လုံးဝဆန့်ကျင်မည်မှာ ဓမ္မတာပင်ဖြစ်ပါ သည်။ ။
ဂျူးလူမျိုးတိုင်း တထစ်ချ လက်ခံ၊ နားလည် သဘော ပေါက်ထားသော “လူသား” နှင့် “ဝေဒနာ ခံစားပြီးအသေ သတ်ခံရခြင်း”ဟူသော ဖြစ်ရပ်မျိုးသည် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်။
ဘုန်းအသရေတော်အဖြာဖြာ၊ ကြီးမြတ် ဆန်းကြယ်လှသော တန်ခိုးအာနိသင်၊ တရားစီရင်ဆုံးဖြတ်ခြင်း၊ အဆိုးကိုနှိမ်နှင်း ၍အောင်မြင်မှုကို ရယူခြင်း စသည်တိုကိုသာ သူတို နားလည် နိုင်ပါသည်။ ယေရှု၏ ကြိုတင်သတိပေးချက်များက ပင်လျှင် သူတို၏ ယခင်ခံယူချက်များကို မဖျက်ဆီးနိုင်ခဲ့ပါ။ ထို ကြောင့်လည်း ကားတိုင်ထက်၌ ယေရှုအကယ်ပင် သေဆုံးသွား သည်ကို မျက်မြင်တွေ့သောအခါ၊ စိတ်ပျက်ပြီး ထွက်ပြေး သွားကြကုန်ခြင်း ဖြစ်ပါ၏။
(၄) ထိုကြောင့် ကနဦးအသင်းတော် (အထူးသဖြင့် ဂျူးလူမျိုးတိုပါဝင်သော ခရစ်ယာန် အသင်းတော်) အတွက် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း”သည် မည်မျှအရေးကြီး လှပြီး မည်မျှပင် လူအပေါင်းတိုအား လှုပ်ရှားထကြွ အုံကြွစေခဲ့ကြောင်းကို ရှင်းလင်းစွာ မြင်လာနိုင်ပေပြီ။ ကိုယ်တော်၏ ရှင်ပြန်ထမြောက် ခြင်းကသာလျှင် ကနဦး အသင်းတော်အဖို ကြီးစွာသော တွန်းအား၊ သတ္တိရှိရှိ လှုပ်ရှားအုံကြွနိုးကြားထကြွ သွားစေခဲ့သော စွမ်းအားကြီးတစ်ခုဖြစ်ကြောင်းကို မည်သူမျှ မငြင်းနိုင်တော့ပါ။ ရှင်ပြန်ထမြောက်ပြီးသောအခါမှ သာလျှင် ယေရှုသည် ခရစ်တော်စစ်မှန်ကြောင်း၊ မေရှိယ မှန်ကန်ကြောင်း၊ သူတိုမျှော်ကိုးနေကြသော “လူသား”မျိုး ဖြစ်ကြောင်း၊ အကြီးဆုံးသော သက်သေ၊ သာဓက အထောက် အထားအဖြစ် ယုံကြည်စိတ်ချ လာကြခြင်း ဖြစ်ပါ၏။
အကယ်၍ ကိုယ်တော်သည် ကားတိုင်၌သာ အသေခံ၊ ဘဝ အဆုံးသတ်ခဲ့ရပါလျှင် “လူသား”နှင့် ပတ်သက်သော သူတို၏ ယုံကြည်ချက်၊ ခံယူချက်တိုကို ပိုမိုပြည့်ဝ စုံလင်စွာ နားလည် သဘော ပေါက်စေလိမ့်မည် မဟုတ်ပါ။ ကိုယ်တော် ရှင်ပြန် ထမြောက်လာသောအခါမှသာ ထို “လူသား”နှင့်ဆိုင်သော သဘောတရား အလုံးစုံကို ရှင်းရှင်းလင်းလင်း သဘောပေါက် သွားစေရုံမက အနာဂတ္တိကျမ်းစကား အလုံးစုံတိုသည်လည်း အကယ်ပင် ပြည့်စုံပြီဖြစ်ကြောင်း ရဲရဲကြီး ယုံကြည်စိတ်ချ သွားကြခြင်း ဖြစ်၏။
မေးစရာမေးခွန်းတစ်ခုသာ ကျန်ပါတော့သည်။
“လူသား” နှင့် “ဝေဒနာ” ခံစားရခြင်း တည်းဟူသော အံ့ဩဖွယ်ရာအကြောင်းကို ယေရှုက အဘယ်သိုသော အချိန် အခါမျိုးတွင်မှ ဖော်ထုတ်ပြသတော်မူခဲ့ပါသနည်း။ ။
ရှင်မာကုအခန်းကြီး (၂)တွင် ဖော်ပြထားသော ကျမ်း ချက်နှစ်ချက်မှ လွဲ၍ ကိုယ်တော်သည် အမှုတော် အစပိုင်း၌“လူသား”ဟူသော အမည်နာမကို အသုံးပြုခဲ့သည်မှာ အလွန် ထူးခြားနေသည်။ ၊
အထူးသဖြင့် ကဲသာရိ ဖိလိပ္စုမြို၌ ရှင်ပေတရု၏ ဝန်ခံချက် ပေးပြီးသည့် နောက်ပိုင်းမှစ၍ ထိုအမည်နာ မကို ထပ်တလဲလဲ သုံးလာသည်ကို တွေ့လာရသဖြင့် ထို “လူသား”ဟူသော စကား ကို ကိုယ်တော်၏ အမှုတော်လုပ်ငန်း ဆုံးခန်းတိုင်ခါနီးမှ အများ ဆုံး အသုံးပြုခဲ့သည်ကို အံ့သြစွာ တွေ့လာရပါလိမ့်မည်။
ယေရှုသည် အစက လူတိုအား နည်းလမ်းမျိုးစုံဖြင့် ဆွဲ ဆောင်ရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်း၌ အောင်မြင်မှု မရသည့်အခါကျမှ မတတ်သာတော့ဘဲ ကားတိုင် လမ်းစဉ်ကို ရွေးချယ်လိုက်ရပါသလား မဟုတ်ပါ၊ လုံးဝမဟုတ်ပါ။
ယေရှု၏ နှစ်ခြင်းခံတော်မူသည့်ဖြစ်ရပ်ကို ကျွန်တော်ဖော်ပြ ရှင်းလင်းပြပြီး ကတည်းက ဤကိစ္စကို တင်ပြပြီး ဖြစ်ပါသည်။ ကိုယ်တော်သည် နှစ်ခြင်းခံပြီးသည့် တပြိုင်နက် ကောင်းကင်မှ အသံတော်ကို ကြားခဲ့ရသည်။ ထိုအသံတော်ကြောင့် ကိုယ် တော်သည် မေရှိယ ဖြစ်တော်မူကြောင်း သာမက “ဝေဒနာ ခံစားရမည့် ဘုရားသခင်၏ အစေခံကျွန် ဖြစ်ကြောင်း”ကို တစ်ပြိုင်တည်း သိရှိပြီးဖြစ်သည်။ ကိုယ်တော်သည် အမှုတော် လုပ်ငန်းကို အစပြုစဉ်ကတည်းက ခံစားရမည့် ကားတိုင်နှင့် ဘုန်းအသရေတော်ကို ကြိုတင် မြင်တွေ့ပြီး ဖြစ်ပါ၏။
သိုဖြစ်၍ “လူသား” ဟူသော အမည်နာမကို ယေရှုက အသုံးပြုခဲ့ရသည့် အကြောင်းရင်းတိုကို အချုပ်အားဖြင့် ပြန် လည် ရှင်းပြရပါလျှင် –
(က) “လူသား” ဟူသော ထိုအမည်နာမသည် ဂျူးလူမျိုး တိုင်းက ကောင်းကောင်းကြီး နားလည်နေသော စကားဖြစ် သည်။ ထိုကြောင့် ထိုအမည်နာမက သူတို၏ အာရုံကို ချက်ချင်းဆွဲဆောင် ဖမ်းယူနိုင်ခဲ့သည်။
(ခ) “ဧနောက်” ၏ ကျမ်း၌ ဖော်ပြထားသော “လူသား” မျိုးသည် သူတို၏ စိတ်ထားကို လွှမ်းမိုးနေ၍ လည်း သူတို စောင့်မျှော်နေသော မေရှိယကို ဆိုလိုကြောင်း သိနေသည်။
(ဂ) သို သော် ဘုရားသခင်က စေလွှတ်လိုက်သော “လူသား”သည် လူအပေါင်းကို ကယ်တင်မည်၊ ဆိုးယုတ်မှုကို အနိုင်ယူမည်၊ ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်မည် မှန်သော်လည်း ကားတိုင်၌ ဝေဒနာခံစားပြီး၊ သက်တော်ကို စွန့်မည့် လူသားမျိုးဖြစ်သည်ကိုကား သူတို နားမလည်နိုင်ကြ၊ လက်မခံနိုင်ကြသေးချေ။
(ဃ) ထိုကြောင့်လည်း ကိုယ်တော်သည် ဝေဒနာခံစား ပြီး အသေခံတော်မူမည့် အကြောင်းကို အတော်လုပ်ငန်း၏ နောက်ဆုံးသော ချိန်ခါမျိုးကျမှသာ ဖွင့်ဟ ရှင်းလင်း ပြောဆိုခဲ့ ခြင်း ဖြစ်သည်။
(င) နောက်ဆုံး၌ ကားတိုင်ပေါ်တွင် အသေခံရုံသာမက ရှင်ပြန် ထမြောက်ခဲ့ခြင်းအားဖြင့် “လူသား” ဟူသော အမည် နာမ၏ စစ်မှန်သော အဓိပ္ပါယ်ကို ကိုယ်တော်က ပီပြင်ရှင်းလင်း စွာ ဖော်ပြခဲ့ပါသတည်း။
အခန်း ၁၉။
ယေရှုကို ဆန့်ကျင်ဘက်ပြုသူများ
ကျွန်တော်ရေးသားပြုစုခဲ့သော “အိုဘယ့်တံ” “မြတ် ဝတ်ရုံ” စသော စာအုပ်များကို ဖတ်ရှုကြသော ခရစ်ယာန် မဟုတ်သူများက ခရစ်တော်၏ သက်တော်စဉ်ကို နားလည် သဘောပေါက်လာကြပြီး၊ အများအားဖြင့် သူတိုက စာအား ဖြင့်တဖုံ၊ နှုတ်အားဖြင့် တမျိုး မေးလေ့ရှိကြသည့် မေးခွန်းတစ် ခုမှာ “ဤမျှလောက် မေတ္တာစေတနာ၊ ကရုဏာတရားရှိသည့် သူတော်စင်တစ်ဦးကို လူအများက အဘယ့်ကြောင့် ကားတိုင် တင် သတ်ဖြတ်လိုက်ရပါသနည်း”ဟူသော မေးခွန်း ပေ တည်း။
ဟုတ်ပါသည်။ ခရစ်တော်ကဲ့သို ရန်သူကိုပင် ချစ်နိုင်သည့် ပုဂ္ဂိုလ်မျိုး၊ သူတစ်ပါး၏ အကျိုးကို အနစ်နာခံပြုစုပေးသူမျိုး၊ ဘဝအသက်တာ တစ်ခုလုံး၌ ကိုယ်ကျိုးစွန့်၍ သူတစ်ပါး၏အစေ ကိုခံ၊ ဒုက္ခရောက်၊ ရောဂါဝေဒနာ ခံစားနေရသူများကို ကုသ ပေးပြီး၊ မျက်ရည်ကျ ဝမ်းနည်း ကြေကွဲနေသူများကို နှစ်သိမ့် မှုပေးခဲ့သူမျိုးကို အမှန်ဆိုရလျှင် လူတိုင်းက ချစ်ခင် မြတ်နိုး၊ လေးစားကြည်ညို ကြမည်သာ ဖြစ်ပေသည်။
ဤမျှကောင်းမြတ်သော သူမျိုးကို ကားတိုင်တင် သတ်နိုင် လောက်အောင် မုန်းတီးရွံရှာသူများ ရှိပါမည်လော ဟူသော မေးခွန်းမျိုးကိုလည်း မေးလိုက် မေးသင့်ပါ၏။
ကိစ္စကို နားလည်ဖိုရန်၊ ဂျူးလူမျိုးတို၏ နောက်ခံသမိုင်း ** အစဉ်အလာကို သဘောပေါက်ထားသင့် ပါသဖြင့် လွန်ခဲ့သောအခန်းများတွင် အဆိုပါ အကြောင်းအရာတိုကို ကျွန် တော်တင်ပြခဲ့ပြီး ဖြစ်ပါသည်။
ဤအခန်းတွင်မူ ယေရှုကို ရွံရှာ မုန်းတီးခဲ့သည့် အရင်း ခံအကြောင်းများကို ဖော်ပြပါတော့မည်။
ရှင်မာကုခရစ်ဝင်ကျမ်းကိုဖတ်လျှင်၊ အမှုတော်လုပ်ငန်း ဦးပိုင်းကလေး၌ပင်လျှင် ကိုယ်တော့်ကို ဆန့်ကျင်ဘက် များ၊ အုံကြွလှုပ်ရှားကြသည်ကို တွေ့ရပါလိမ့်မည်။ ဆန့်ကျင် ဘက်ပြုသူ အုပ်စုသုံးစုကို တွေ့နိုင်ပါလိမ့်မည်။ ၎င်းတိုမှာ –
(က) ကျမ်းပြုဆရာနှင့် ဖာရိရှဲများ၊
(ခ) ဇဒ္ဒကဲများနှင့် ၊
(ဂ) ယဇ်ပုရောဟိတ်များ ဖြစ်ပါ၏။
၁။ ကိုယ်တော့်အား ရန်ဘက်ပြုသူများကို ကျမ်းပြုဆရာ နှင့် ဖာရိရှဲအုပ်စုထဲတွင် အမြဲတွေ့ရသည်။ “ဖာရိရှဲတိုသည် တွက် ၍ ကိုယ်တော့်ကို အဘယ်သို ဖျက်ဆီးရအံ့နည်းဟု တိုင်ပင်ကြ၏ (မဿဲ ၁၂၁၄)။ “ထိုသို အခွန်ခံသောသူ၊ ဆိုးသောသူတိုနှင့် အတူစားတော်မူသည်ကို ကျမ်းပြုဆရာ ဖာရိရှဲတိုသည် မြင်လျှင် ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတိုနှင့်အတူ အဘယ်ကြောင့် စားသောက်သနည်းဟု တပည့်တော်အား ဆိုကြ၏ (မာကု ၂း၁၆၊ ၃း၆) (လုကာ ၆း၂၊ ၇၊ ၁၄း၃) တိုကိုလည်း ကြည့်ပါ)။
ယုဒဘာသာ (Judaism) တွင် ပညတ္တိကျမ်း အပေါ် သဘောထား သုံးမျိုးစားလေ့ ရှိပါသည် –
(က) “ပညတ်တော်ဆယ်ပါး”ကို အမွန် မြတ်ဆုံးသော ပညတ်တော်များဟု မှတ်ယူပြီး တစ်သဝေမတိမ်း လိုက်နာ ကျင့် သုံးကြသည်။
(ခ) (Pentateuch) ခေါ် သမ္မာကျမ်း၏ “ပထမဦးဆုံး သော ငါးကျမ်း”ကို အထွတ်အမြတ်ထားပြီး၊ အဆိုပါကျမ်းတို ကို ဓမ္မဟောင်းကျမ်းထဲရှိ ပရောဖက်တို၏ ကျမ်းများထက်ပင် ပို၍ အလေးအမြတ်ထားကြသည်။
(ဂ) ကျမ်းပြုဆရာတိုက ထပ်ဆင့်ထုတ်ပြန် ကြေငြာကြ သော ပညတ်များ သိုမဟုတ် ၎င်းတို၏နှုတ်ဖြင့် မြွတ်ကြားသွန် သင်ကြသော ပညတ်နှင့် စည်းမျဉ်းဥပဒေ တိုကိုလည်း အထူး ဂရုပြုကြရပါသေးသည်။ ၎င်းတိုကို Scribal သိုမဟုတ် Oral Law ဟု ခေါ်သည်။
ဤပညတ်နှင့် စည်းမျဉ်းဥပဒေ တိုမှာ နောက်ဆုံးပေါ် ပညတ်များဖြစ်သဖြင့် ကျမ်းပြုဆရာနှင့် ဖာရိရှဲတို အဖို ထိုပညတ် များသည်သာလျှင် အရေးကြီးဆုံး၊ အားလုံးသော ပညတ်တို ထက်ပို၍ အလေးအနက်ထား သင့်သော ပညတ်များဟူ၍ ယူဆ ကြပါ၏။
ဂျူးလူမျိုးတိုအဖို ဘုရားသခင်၏ ပညတ်တော်များထက် ကြီးမြတ်သော အရာဟူ၍ ဤလောက၌မရှိ။ ပညတ်တော်များ ၊ သည် သန့်ရှင်းသည်၊ ဘုရားရှင်ကိုယ်တော်တိုင်က ပေးအပ် ထားသော အရာများဖြစ်သည်ဟု ဆိုလေ့ရှိကြသည်။ ကမ္ဘာ ကြီးကို မဖန်ဆင်းမီ နှစ်ပေါင်း (၂၀၀၀)ကတည်းက ပညတ် တော်များကို ဘုရားသခင်က သတ်မှတ်ထားခဲ့ပြီး၊ ကမ္ဘာကုန် သည့်တိုင်အောင် တည်စေလိမ့်မည်ဟု တထစ်ချယုံကြည်၏။
အာဒံကို ဘုရားသခင်က ဥပုသ်နေ့ဖြစ်သော စနေနေ့မတိုင် မီ တစ်ရက် (ဝါ) သောကြာနေ့တွင် ဖန်ဆင်းပြီး၊ သူ၏ဘဝကို အစပြုလျှင်ပြုခြင်း ဥပုသ်နေ့နှင့် သက်ဆိုင်သော ပညတ်တော် တိုကို စောင့်ရှောက်စေခြင်းအားဖြင့် ပညတ်မှန်သမျှကို အလေး အနက်ထားစေရန် သတိပေးခြင်း ဖြစ်နေသည်ဟု ဆိုကြသည်။
ထိုတွင်သာမက ဘုရားသခင်ကိုယ်တော်တိုင်ကပင် ပညတ် တော်တိုကို အမြဲ လေ့လာသည်ဟူ၍ ဆိုလာကြကုန်ပြန်၏။ “တစ်နေ့ (မိုးလင်းနေသည့်အချိန်)တွင် (၁၂)နာရီရှိသည်။ ပထ မဦးဆုံးသော (၃)နာရီတွင် ဘုရားကိုယ်တော်တိုင်က ပညတ် တော်များကို လေ့လာသည်”ဟူ၍ပင် ဟောပြောသွန်သင် လေ့ရှိကြ၏။
ပညတ်တော်ထဲရှိ ဗျည်းတစ်လုံး၊ စကားလုံးတစ်လုံးသည်ပင် လျှင် သန့်ရှင်း မြင့်မြတ်သည်။ ဘုရားသခင်၏ အလိုတော်ကို ပညတ်တော်များက ဖော်ပြနေသည်။ ထိုကြောင့် ပညတ်တော် တိုကို ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းမပြုရ။ ထိုပ ညတ်တော်များကို မည်သူကမျှ စောဒကတက်၍မရဟု ဆိုကြ သည်။ ကျမ်းပြုဆရာနှင့် ဖာရိရှဲတို၌ ဤမျှလောက် ပြင်းထန် သော ခံယူချက်မျိုး ရှိနေပါ၏။
ပညတ်တော်များသည် ဘုရားသခင်၏ အလိုတော် ဖြစ်ရိုး မှန်လျှင် လူတို၏ကောင်းကျိုးအတွက် ဖြစ်ရပေမည်။ သိုသော် ပညတ်တော်များ ဆိုသည်မှာ အခြေခံသဘောတရားကြီးများ သာလျှင် ဖြစ်သည်။ ထိုကြောင့် ကျမ်းပြုဆရာနှင့် ဖာရိရှဲတိုအဖို ဤမျှနှင့် မကျေနပ်နိုင်သေး။ ထိုသဘောတရားများထဲမှ လူ တိုင်း နေ့စဉ်လိုက်နာ ကျင့်သုံးကြရမည့် “စည်းမျဉ်းဥပဒေများကို ထပ်မံဖော်ထုတ်ပေးရဦးမည်ဟု ဆိုကြသည်။ ထိုစည်းမျဉ်း ဥပဒေများသည်လည်း လူတို၏ဘဝ အသက်ရှင်ရေးတွင် လက် တွေ့ကျကျ စိုးမိုး၊ အုပ်ချုပ်၊ လမ်းပြ၊ ပဲ့ပြင်မှုပေးနိုင်ရမည်ဟု ဆို၏။
ပညတ်တော်များသည် လုံးဝ စုံလင်သည်။ လူတိုင်း၏ အသက်ရှင်မှုအတွက် ထိန်းကျောင်း ပေးနေသော အခြေခံ သဘောတရားများ ဖြစ်သည်။ သိုသော် လက်တွေ့အားဖြင့် လူ တိုင်း ကျင့်သုံးသွားနိုင်ရန် သွယ်ဝိုက် သော နည်းမျိုးဖြင့်သာ ဖော်ပြထားသည်ဖြစ်ရာ ကျမ်းပြုဆရာနှင့် ဖာရိရှဲတိုက ထိုအရင်း ခံပညတ်တော်များကို အခြေပြုပြီး လူတိုင်း၏အသက်ရှင်နေထိုင် သွားနိုင်မှုအတွက် “စည်းမျဉ်းဥပဒေများ”ကို ထပ်မံဖော်ထုတ် ပေးနေကြခြင်းဖြစ်သည်။ ထိုကြောင့်လည်း ပညတ်တော်များကို အခြေခံပြီး ထပ်မံ ဖော်ထုတ် ပေးနေသော စည်းမျဉ်းများ ဥပဒေတိုမှာ မဆုံးနိုင်အောင် ဖြစ်လာရတော့သည်။ ကြီးမြတ်သော ပညတ်တော်၏ အရင်းခံ သဘောတရားများထဲမှ သေးဖွဲလှသော စည်းမျဉ်း ဥပဒေများ အဆက်မပြတ် ပေါ်ထွက်လာနေတော့၏။
ထိုစည်းမျဉ်းဥပဒေတိုကို “အဆက်ဆက်ခံသော နည်း ဥပဒေသ”ဟူ၍ မဿဲ ၁၅း၃ တွင် ဆရာယု ဒသန်က ခေါ် ထားသည်။ “ရှေးလူဟောင်းတိုမှ ဆက်ခံရရှိသော နည်းဥပ ဒေသကို ခံယူသော ဖာရိရှဲမှစ၍ ယုဒ လူအပေါင်းတိုသည် လက်ဆုပ်မဆေးဘဲ စားလေ့မရှိ”ဟူ၍ မာကု၊ ၇း၃ တွင် ဖော်ပြထားသည်။
သိုသော်လည်း ကာလရွေ့လျောလာသောအခါ ဖာရိရှဲနှင့် ကျမ်းပြုဆရာတိုက ထုတ်ပြန်လေ့ရှိသည့် ထိုစည်းမျဉ်းဥပဒေတို က ဘုရားသခင်၏ ပညတ်တော်များကိုပင်လျှင် လွှမ်းမိုးလာကြ ကုန်သည်။ လူတို ထုတ်ပြန်နေကြသော စည်းမျဉ်း ဥပဒေ တိုကို ပညတ်တော်များထက်ပို၍ အလေးဂရုပြု၊ လိုက်နာ ကျင့်သုံးစရာ အကြောင်း ဖြစ်လာကြသည်။
ထိုကြောင့် အဓိက ပညတ်တော်များထက် ဖာရိရှဲကျမ်းပြု ဆရာတို ထုတ်ပြန်သည့် နည်းဥပဒေသ၊ စည်းမျဉ်း ဥပဒေတိုကို လူအများက ကြောက်ရွံလာပြီး လုံးဝ မချိုးဖောက်ရဲလာ သည်အထိ ဖြစ်လာကြကုန်၏။
နည်းဥပဒေတိုကို ရာစုနှစ်ပေါင်းများစွာက နှုတ်ဖြင့်သာ အာဂုံဆောင်လာကြပြီ၊ အက္ခရာတင်စာဖြင့် မရေးမသား လာခဲ့။ ပညတ်တော်နှင့် ကျမ်းစာကို တစ်ဖက်ကမ်း ခတ်အောင် တတ်မြောက်ကြသော ကျမ်းပြုဆရာတိုနှင့် ရှိဆရာကြီးများ က နှုတ်ဖြင့် လူမျိုးဆက်၊ တစ်ဆက်ပြီး တစ်ဆက်ကို သွန်သင် ပေးလျက် လက်ဆင့်ကမ်းလာခဲ့ကြသည်။
ခရစ်သက္ကရာဇ် တတိယ ရာစုခန့်မှသာ အဆိုပါ စည်း မျဉ်းဥပဒေတိုကို စုစည်းပြီး အက္ခရာတင် ရေးသားကြသည်။ ထိုကျမ်းကို ဟေဗြဲစကားဖြင့် မစ်(ရှိ)နား Mishnah ဟုခေါ် သည်။ ကျမ်းပိုဒ်ပေါင်း (၆၃)မျိုးရှိ လာပြီး၊ မြန်မာစကားဖြင့် ပြန်ဆိုရလျှင် စာမျက်နှာပေါင်း (၁၅၀၀)ခန့် ရှိလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။ သိုသော် ထို Mishnah ကျမ်းကြီးနှင့် မပြီးသေးပါ။
ထိုကျမ်းကို အနက်ဖွင့်ပေးသည့် ကျမ်းတစ်စောင် ထပ်မံရှိ လာရပြန်ပါသေးသည်။ ၎င်းကို ဟေဗြဲ စကားအားဖြင့် Taimudံတဲ(လ်) မာဒ်”ဟုခေါ်သည်။
တဲ(လ်)မာဒ် ကျမ်း (၂)စောင် ရှိသည်။ “ယေရုရှလင် တဲ(လ်)မာဒ်” ကျမ်းမှာ (၁၂)တွဲရှိပြီး “ဗာဗုလုန် တဲ(လ်) မာဒ်”မှာ အတွဲပေါင်း (၆၀) ရှိသည်။
အချုပ်အားဖြင့်ဆိုသော် ပညတ်တော်ဆယ်ပါးမှ တစ်ဆင့် ထွက်ပေါ်လာသော ပညတ်ငယ်များ၊ စည်းမျဉ်းနည်းဥပဒေသ တိုမှာ စာကြည့်တိုက်တစ်ခု နီးပါးအဖြစ် တိုးတက်ပွားများ လာပါတော့၏။
ဥပမာတစ်ခုကို ပြပါမည်။
ပညတ်တော်ဆယ်ပါးထဲမှ ဥပုသ်နေ့နှင့်ဆိုင်သော ပညတ် ကိုကြည့်ပါ။ “ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား ၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့ရက်၌ သင်မှစ၍ သင်၏ သားသမီး၊ ကျွန်ယောက်ျား၊ မိန်းမ၊ တိရစ္ဆာန်၊ သင်၏တံခါး အတွင်း၌နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ၊ အကြောင်းမူကား ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ အရပ်ရပ်တို၌ ရှိသမျှတိုကို ခြောက်ရက်တွင်း ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေတော်မူ၏။ ထိုကြောင့် ထာဝရဘုရားသည် သတ္တမနေ့ရက်ကို ကောင်းကြီး ပေး၍ သန့်ရှင်းစေတော်မူ၏”ဟူ၍ ရေးသားဖော်ပြထား သည် (ထွက် ၂၀း၈-၁၁)။
ဤပညတ်သည် ဥပုသ်နေ့နှင့်သက်ဆိုင်သော အရင်းခံသဘော တရားကြီး တစ်ခုကို ဖော်ပြထားရုံမျှသာ ဖြစ်သည်ဟု ကျမ်းပြု ဆရာများက ဆို၏။ ၎င်းမှာ ဥပုသ်နေ့နှင့် ပတ်သက်သည့်ဘုရား သခင်၏ အလိုတော်နှင့် သဘောတော် မည်သိုရှိကြောင်း ဖော်ပြထားရုံမက လူတိုင်းအနားယူ ငြိမ်ဝပ်စွာ နေကြရေး အတွက်သာ ပညတ်ထားခြင်းပင် ဖြစ်၏။
သိုကြောင့် ကျမ်းပြုဆရာတိုအဖို ဤမျှနှင့် မကျေနပ်နိုင်ပါ။ ဥပုသ်နေ့ကို သန့်ရှင်းစေရေးအတွက် ကျင့်သုံးရမည့် နည်းဥပဒေ သများကို ထပ်ဆင့်ထုတ်ပြန်ရာတွင် အဆိုပါ နည်းပဒေသ ပေါင်း ရာပေါင်း ထောင်ပေါင်းအထိ ရှိလာပြီး ဥပုသ်နေ့၌ပြုနိုင် သောအရာ၊ မပြုနိုင်သော အရာများဟူ၍ သတ်မှတ်လာကြ ကုန်တော့၏။
Mishnah “မစ်(ရှ်)နား’ ကျမ်းကြီး၌ ထိုဥပုသ်နေ့နှင့်ဆိုင် သော နည်းဥပဒေသမှာ အခန်းပေါင်း (၂၄) ခန်းရှိပြီး ရှိဆရာကြီးတစ်ဦးသည် တခါက ထိုအခန်းတစ်ခန်းကို သေချာ စွာ လေ့လာခဲ့ရာ (၂)နှစ်ခွဲမျှပင် ကြာမြင့်ခဲ့ရသည်ဟု ဆိုစမှတ် ရှိသည်။
ယေရုရှလင် တဲလ်ဒ် ကျမ်းတွင်မူ ဥပုသ်နေ့နှင့်ဆိုင်သော စည်းမျဉ်းဥပဒေသ တစ်ခုထဲကိုပင်လျှင် အနက်ဖွင့်ထားသည့် အခန်း (၆၄)ခန်းခွဲရှိသည်။ ဗာဗုလုန် တဲ(လ်) မာဒ်ကို စာရှု သူတို အကြမ်းဖျင်းအားဖြင့် မှန်းဆနိုင်အောင် ရှင်းပြရပါက ဤစာစောင်၏ စာမျက်နှာမျိုးဖြင့် ဆိုရလျှင် ဥပုသ်နေ့နှင့်ဆိုင် သော နည်းဥပဒေများ အတွက်ပင် စာမျက်နှာပေါင်း (၄၉၉၂) မျက်နှာ ရှိနေပါလိမ့်မည်။
ဤကိစ္စကို အသေးစိတ် တွက်ပြနေရသည့် အကြောင်းရင်း ရှိပါသည်။
သခင်ခရစ်တော်နှင့် ဖာရိရှဲများ၊ ကျမ်းပြုဆရာများ၊ ပဋိ ပက္ခဖြစ်လာရသည့် အရင်းခံအကြောင်း တစ်ချက်မှာ ဤကိစ္စ ကြောင့် ဖြစ်ပါ၏။ ဘုရားကိုးကွယ်မှုထက် ပညတ်ဝိနည်းတော် စည်းမျဉ်း ဥပဒေများကိုသာ ဦးစားပေးနေသော ယုဒဘာ သာကို ခရစ်တော်က ပြစ်တင် ရှုတ်ချလာပါသဖြင့် သူတိုက ကိုယ်တော့်ကို ရွံမုန်းလာခြင်း ဖြစ်ပါ၏။
ထိုကြောင့် အဆိုပါ ပညတ်တိုကို ဆက်လက်လေ့လာကြ ပါဦးစို။ “ဥပုသ်နေ့၌ အလုပ်မလုပ်ရ”ဟုဆို သည်။ ကျမ်းပြု ဆရာများက “အလုပ်”ဆိုသည်မှာ ဘာကိုဆိုလိုသနည်း”ဟု ချက်ချင်းမေးသည်။ “အလုပ်”ဆိုသော စကားကို ခေါင်းစဉ် (၃၉)မျိုးဖြင့် ထပ်မံခွဲခြားပြသည်။ “ဥပုသ်နေ့၌ ဝန်ထုပ်ကို မသယ်ဆောင်ရ”ဟု ဆိုလာကြကုန်သည်။ သိုဖြစ်လျှင် “ဝန် ထုပ် ဆိုသည်မှာ ဘာကို ဆိုလိုသနည်း”ဟူ၍ ကျမ်းပြုဆရာများ က ထပ်မံမေးကြပြန်သည်။
ထိုကြောင့် မစ်(ရှ်)နား ကျမ်းထဲ၌ “ဝန်ထုပ်” ဆိုသော စကားလုံးကို အနက်ဖွင့်ဆိုရာ၌ “ဝန်ထုပ်” ဆိုသည်မှာ တငုံမျှ သောက်နိုင်သော နို၊ အနာစိမ်းပေါ်တွင် သုတ်လိမ်းနိုင်လောက်သော ပျားရည်အနည်းငယ်၊ တစ်ရက်သားရှိသော ကလေး ငယ်တစ်ဦး၏ ခြေမကို သုတ်လိမ်းနိုင်လောက်သော ဆီ။ မျက်စိပေါ်တွင် ကပ်ထားသော ဖယောင်းချက်ကို ခွာနိုင် က်သော ရေ၊ လက်ဖွဲငယ်တစ်ခုကို ပြုလုပ်နိုင်သော သားရည်စ၊ စကားလုံး (၂)လုံးကို ရေးသားနိုင်လောက်သော မင်၊ ပန်းရံသမား၏ သံလက်ကို ဖုံးနိုင်စေသည့် သဲ၊ ကလောင်တစ် ချောင်းကို ဖြစ်စေနိုင်လောက်သော ကျူပင်၊ ငှက်တစ်ကောင်ကို ပစ်ပေါက်နိုင်လောက်သော ခဲတစ်လုံး၊ သဖန်းသီးခြောက်(၂)လုံး ၏ အလေးချိန်နှင့်ညီမျှသော မည်သည့်အရာမျိုးကိုမဆို “ဝန် ထုပ်”ဟု ဆိုလိုသည်။ ထိုကြောင့် ဥပုသ်နေ့၌ အဆိုပါပစ္စည်း တစ်ခုကို သယ်ဆောင်ခြင်းသည် “ဝန်ထုပ်”ကို သယ်ဆောင်ခြင်း ဖြစ်သည်ဟု ဆို၏။ (အမှန်ဆိုရလျှင် “ဝန်ထုပ်”ဆိုသော စကား ကို အနက်ဖွင့်ပြချက်မှာ မဆုံးသေးပါ။ ဤမျှလောက်နှင့် စာရှု သူတို သဘောပေါက်လာလိမ့်မည်ဟု ထင်၍ ကျွန်တော်ရပ် လိုက်ရခြင်း ဖြစ်ပါ၏) ။ |
ကျမ်းပြုဆရာတိုက ထိုသို အနက်ဖွင့်ပေးသမျှကို လိုက်နာ ကျင့်သုံးနိုင်ကြသူတိုမှာ ဖာရိရှဲများသာလျှင် ဖြစ်သည်။ “ဖာရိ ရှိ”ဆိုသော ဟေဗြဲစကားလုံး၏ အနက်ရင်းမှာ “အနက်ဖွင့် ပေးသူ”မည်၏။ ကျမ်းတတ်ဆရာ၊ ကျမ်းကို အနက်ဖွင့်ပေး နိုင်သူဟု ဆိုလိုပါ၏။ သိုသော် သူတို၏ နေထိုင်ပြုမူကျင့်ကြံမှု အားဖြင့် ထိုအနက်မှာ ရွေ့လျောလာပြီး “သီးသန့်နေထိုင်သူ” ဟူ၍ ဖြစ်လာသည်။
ထိုပညတ်များကို မလိုက်နာသော သာမန်လူတစ်ဦးနှင့် မတူ မတန်။ သီးသန့် ခွဲခြားနေထိုင်သူ ဟူ၍လည်း ဆိုလိုပါ၏။ ထို ပညတ်နှင့် နည်းဥပဒေသတိုကို လိုက်နာမှသာလျှင် ဘုရားသခင် အလိုတော်ကို လိုက်လျှောက်ခြင်းဟူ၍ ယူဆနေကြသော သူ များ ဖြစ်ပါ၏။
ပို၍ရှင်းလာရန် ဥပမာတစ်ခုကို ထပ်မံ ပြချင်ပါသေးသည်။ လူတစ်ဦးသည် အစာမစားမီ လက်ဆေး ရမည်ဖြစ်၏။ မောရှေ၏ လက်ထက်ကတည်းက ကျန်းမာရေးနှင့် ညီညွှတ် စေလို သော သဘောဖြင့် ထိုဥပဒေသကို ချမှတ်နိုင်သည်ကား မှန်၏။ သိုသော် ကျမ်းပြုဆရာတို၏ အနက် ဖွင့်လာကြခြင်းကြောင့် အောက်ပါအတိုင်း ဖြစ်လာသည်။
လူတစ်ဦးသည် မှန်ကန်စွာ လက်ဆေးရန်၊ ရေတစ်ခွက်၏ ပုံတစ်ပုံကို ယူရသည်။ ထိုရေ၏ အတိုင်းအဆ မည်မျှရှိရမည်နည်း ဆိုရပါမူ ကြက်ဥခွံတစ်ဥနှင့် တဝက်မျှသာ ရှိရမည်။ လက်ချောင်း များကို အပေါ်သို ထောင်ကာ ရေကို လက်ဆစ်ရောက်သည် အထိ အသာတကြည် လောင်းချရမည်။ ထိုနောက် လက်ဖဝါး များကို ထိုရေဖြင့် ဆေးကြောရာတွင် လက်သီးဆုပ်ကို အသုံး ပြုရမည်။ လက်သီးဆုပ်ဖြင့် လက်ဖဝါးများကို ဆေးကြောပြီး လျှင် အထက်ဖော်ပြပါ အတိုင်းအဆနှင့်ညီသော ရေကို ထပ်မံ လောင်းချရမည်၊ ထိုအခါ လက်ချောင်းတိုကို အောက်သိုစိုက် ထားရမည်။ လက်ဆစ်မှနေ၍ လက်ချောင်းများမှတဆင့် စီး ဆင်းသွားသည်အထိ ရေကို လောင်းချရမည်။
လက်ကို သန့်စင်စေရေးအတွက်မဟုတ်၊ ဝိနည်းသက်သက်မျှ သာ ဖြစ်ပါ၏။ လက်သည် မည်မျှပင် သန့်စင်ပြီးဖြစ်နေစေကာမူ အစားမစားမီ ထိုသို ဆေးကြောပြီးမှသာ စားရမည်။ ထိုသို ပြုမှ ဘုရားသခင်၏ အလိုတော်နှင့်ညီပြီး၊ ထိုနည်းအတိုင်း လက်ကိုမဆေးလျှင် အပြစ်ဖြစ်၏။
သိုကြောင့် ဘာသာရေးဆိုသည်မှာ ဘုရားသခင်၏ အလို အတိုင်း အသက်ရှင်သည်ထက် “ဝိနည်းတော် များကို တစ် သဝေမတိမ်း လိုက်နာရခြင်း” ဖြစ်လာသည်။
လူသာမန်တစ်ဦးမှာ ဤမျှလောက် ဝိနည်းတော်များကို မ စောင့်ရှောက်နိုင်ပါ။ ထိုကြောင့် ထိုသူသည် အပြစ်သားဖြစ် လာ၏။ ဖာရိရှဲနှင့် ကျမ်းပြုဆရာများက ထို “ဝိနည်းတော်” များအတိုင်း စောင့်ရှောက်နိုင်သည်။ သိုကြောင့် သူတော်စင် သူတော်မြတ်များ ဖြစ်သည်ဟု ဆိုကြကုန်၏။ ထိုအကြောင်း ကြောင့် သာမန်လူတိုနှင့် သူတိုသည် မပေါင်းနိုင်၊ အတူမနေနိုင်၊ အတူ ထမင်းမစားနိုင်။
တဖြည်းဖြည်းနှင့် ဘာသာရေးဆိုသည်မှာ “အပေါ်ယံ ဝိ နည်း၊ ပြင်ပထုံးနည်း”များသာ ဖြစ်လာသည်။ စိတ်နှလုံး အ တွင်း၌ မည်သို ဖြစ်နေပါလေစေ၊ ဒုက္ခရောက်နေသူ၊ မမာမ ကျန်းဖြစ်နေသူ၊ ဆင်းရဲသူတိုကို ဥပေက္ခာပြုရပါလေစေ၊ ထိုဝိ နည်းတော်၊ ထုံးနည်းတော်ကို လိုက်နာကျင့်သုံးနိုင်လျှင် အပြစ် ကင်းမဲ့သည့် သူတော်ကောင်း ဖြစ်သည်ဟု ခံယူလာကြကုန်၏။
ထိုတွင်မက သာမန်လူတစ်ဦးသည် ထိုအတိုင်း မလိုက်နာ၊ သူ တို့ကသာ လိုက်နာစောင့်ရှောက်နိုင်သော ကြောင့် “မာန်မာန ဝင်လာသည်။ ထိုကြောင့်လည်း ဖာရိရှဲတစ်ဦးက ဗိမာန်တော်ထဲ ဝင်ပြီး မိမိကိုယ်ကို သူတစ်ပါးထက် မြင့်မြတ်သည်ဟူ၍ဆုတောင်း လာနိုင်ခြင်း ဖြစ်သည် (လုကာ၊ ၁၈း၉-၁၄)။
ပါလက်စတိုင်းနိုင်ငံတွင် ဖာရိရှဲ (၆၀၀၀)ထက် ဘယ်သော အခါမျှ မများခဲ့စဖူး။ သိုကြောင့်လည်း သူတိုက ဂုဏ်ယူဝါ၊ ကြွားနိုင်ကြခြင်းပင် ဖြစ်၏။
ဖာရိရှဲတိုအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ အမှန်တရားအတိုင်း ဝေ ဖန်ရပါလျှင် သူတိုသည် ဤဝိနည်း တော်များကို အကယ်ပင် စိတ်ပါဝင်စားစွာ ကြိုးစားလိုက်နာကြသူများဟု ဆိုရပေလိမ့်မည်။ ဤမျှလောက် များပြားလှသော “ဝိနည်း”တိုကို လိုက်နာ ကျင့်သုံးရန်မှာ မလွယ်ပါ။ သိုသော် သူတိုက တတ်အားသရွေ့ လိုက်နာစောင့်ရှောက်ကြပါ၏။ မည်သိုပင်ဖြစ်စေ၊ ကျမ်းပြုဆရာ ဖာရိရှဲတိုနှင့် သခင်ယေရှု ပဋိပက္ခဖြစ်ရခြင်း အကြောင်းရင်း သုံးချက်ကို ဖော်ပြပါတော့မည် –
(၁) ဘာသာရေးသည် တတ်ကျွမ်း နားလည်သူတိုအတွက် သာဖြစ်သဖြင့် သူတို၏ ရှုထောင့်အား ဖြင့်ဆိုလျှင် ယေရှုသည် ထို သိုသော ပုဂ္ဂိုလ်မဟုတ် ဟု ဆိုကြ၏။ ကျမ်းပြုဆရာတိုက ထိုဝိ နည်းတော် အသေးစိတ်ကို ရှင်းပြနိုင်ပြီး ဖာရိရှဲတို့က တစ် သဝေမတိမ်း လိုက်နာကြသည်။
ထိုသိုဆိုလျှင် ဘုရားတရား ကိုင်းရှိင်းရေး၊ သာသနာရေး တွင် စိတ်ထက်သန်ရေးမှာ သာမန်လူတန်းစား၊ အလုပ်သမား လူတန်းစားတိုအတွက် မဖြစ်နိုင်တော့ပါ။ သူတိုသည် နေ့စဉ် စားဝတ်နေရေးအတွက် လုံးပန်းရုန်းကန် နေကြရပြီး အဆိုပါ ဝိနည်းတော်တိုကိုလည်း အထူးတလည် လိုက်နာစောင့်ရှောက် နေရန် မဖြစ်နိုင်။ ဝိနည်းတော်များကို လိုက်နာနေဖိုကိုက အလုပ်တစ်ခု သက်သက်ဖြစ်လာနေသည်။ ထိုကြောင့် ဘုရားတရား ကိုင်းရှိင်းရေးမှာ သီးသန့်လူတစ်စုအတွက်သာ ဖြစ်လာသည်။ |
ကျမ်းပြုဆရာတိုနှင့် ဖာရိရှဲတိုက ယေရှုအပေါ် ပထမဆုံး သာ ကန့်ကွက်ချက်မှာကား ယေရှုသည် ရဗ္ဗိဆရာတစ်ဦး ဖြစ် ရေးအတွက် ဓမ္မတက္ကသိုလ်၌ တစ်ကြိမ်တစ်ခါမျှ ပညာသင် မှု မရှိခဲ့။ ကျမ်းပြုဆရာ သိုမဟုတ် ကြေးစားရဗ္ဗိဆရာ ဖြစ်လာရေးအတွက် ယေရှုသည် သူတိုကဲ့သို ကျမ်းစာကို သင်ကြားတတ်မြောက် လာခဲ့သူမဟုတ်၊ နာဇရက်မြို၌ လက်သမားတစ်ဦး သာမန် အသင်းသားတစ်ဦးသာလျှင်ဖြစ်ရာ သူ့အ နေဖြင့် ဘုရားသခင်အကြောင်း ဘဝအသက်တာတွင် စောင့် ထိန်းကျင့်သုံးရမည့် ဘာသာရေး၊ ဝိနည်းတော်၊ ထုံးနည်း တော်တိုကို အဘယ်ကြောင့် လိုက်လံဟောပြော သွန်သင်နေ နိုင်ရပေသနည်း။ ။
“ဤသူသည် စာမသင်ဘဲလျက် အဘယ်သိုတတ်ဘိသနည်း” (ယော၊ ၇း၁၅) “လူအပေါင်းတိုသည် မိန်းမောတွေဝေ၍ ဤအမှုသည် အဘယ်သိုနည်း၊ ဤဆုံးမခြင်း အသစ် New Teaching သည် အဘယ်နည်း ဟု အချင်းချင်း မေးမြန်း ပြောဆိုကြ၏” (မာကု၊ ၁း၂၇)။
ကိုယ်တော်သည် နာဇရက်မြို၌ တရားဇရပ်၌ ဆုံးမဩဝါဒ ပေးပြီးသောအခါ မြိုသားတိုသည် မိန်းမော တွေဝေခြင်းရှိကြ သဖြင့် ယေရှုသည် ဤပညာကို လည်းကောင်း၊ ဤတန်ခိုးကို လည်းကောင်း အဘယ်မှာရသနည်း။ သူသည် လက်သမား သား မဟုတ်လော၊ သူ့အမိကား မာရိ အမည်ရှိသည် မဟုတ် လော။ သိုဖြစ်လျှင် ဤသူသည် ဤပညာများကို အဘယ်မှ ရသနည်းဟု မေးမြန်းပြောဆိုလာကြသည် (မဿဲ ၁၃:၅၄၄၀၊ မာကု ၆း၁-၅၊ လုကာ၊ ၄း၂၂-၂၄)။
ကျမ်းစာသင်ကျောင်းတွင် ပညာသင်ကြားမှု လုံးဝမရှိခဲ့ ဖူးသော ဂါလိလဲနယ်သား သာမန် လူတစ်ဦးသည် ကျမ်းပြု ဆရာတို၏ တတ်ကျွမ်းမှု နယ်ပယ်တွင်းသို ထိုးဖောက် ဝင်ရောက် လာပြီး ဘုရားရေး တရားရေးရာများကို လိုက်လံ ဟောပြော နေသည့်အတွက် သူတိုမှာ မခံမရပ်ဖြစ်လာကြကုန်သည်၊ အထူး သဖြင့် ကျမ်းပြုဆရာနှင့် ဖာရိရှဲတိုက ပို၍ ဒေါသထွက်ကြသည်။
“ရဗ္ဗိ” ဆိုသော ဟေဗြဲစကားမှာ “ကျွန်ုပ်၏ ကြီးမြတ်လှ သော ဆရာ”ဟူသော အနက်ရှိသည်။ သူတိုကို လူတိုင်းကရိုသေ ကိုင်းရှိင်းရမည့်အကြောင်း အလွန် ကြပ်မတ်ထားသည်။ ဆရာ သမားတစ်ဦးဖြစ်၍ ဘုရားကို ရိုသေကိုင်းရှိင်းသကဲ့သို သူတိုကို ရိုသေကြရမည်။ သူတို၏ ဖခင်အရင်းထက်ပင် ရိုသေတန်ဖိုးထား ကြရမည်။ အကယ်၍ အာဏာပိုင်တစ်ဦးသည် ရွ ဆရာတစ်ဦး အား ဖမ်းဆီး ချုပ်နှောင်ထားပါက ဖခင်အရင်းထက် ရှိ ဆရာကို ဦးစားပေး လွတ်မြောက်စေရန် ကြံစည်ရမည်ဟူ၍ပင် သွန်သင်ဆုံးမလေ့ ရှိသည်။
ဤသိုသော သွန်သင်ဆုံးမမှု၊ ဘုရား,တရားရေးရာ၌ တတ် ကျွမ်းနားလည်နေသူများကို အထွတ်အမြတ်ထားနေသည့် ထုံး ဓလေ့စပ်ကြား၌ ဂါလိလဲနယ်သား အညတရလက်သမား တစ် ဦးပေါ်ထွက်လာပြီး ထူးခြားစွာ သွန်သင်ဆုံးမ လိုက်လံဟော ပြောနေသည့်တစ်ပြိုင်နက် ဒေါသထွက်ဆူပူလှုပ်ရှား အုံကြွလာခြင်းဖြစ်၏။ ဘုရား,တရားရေးကို ဟောပြော သွန်သင်ဆုံးမ ရန်အခွင့်ကို သာမန်လူတစ်ဦးအား ဘယ်သောအခါမှ မပေးခဲ့ ဖူး။ သိုကြောင့် နာဇရက်မြိုသား လက်သမားကို ချေမှုန်းပြီး သူ၏ဟောပြော သွန်သင်ဆုံးမနေမှုကို တားမြစ် ရန် ကြိုးစားလာတော့၏။
(၂) သူတို့၏ ရှု့ထောက်ကကြည့်လျှင် ယေရှုသည် ပညတ်တော်တို့ကို ချိုးဖောက်နေရု့ မက၊ သူ၏ နောက်လိုက် တပည့်တော်များကို ထိုသိုထိုးဖောက်ရန် သွန်သင် ဆုံးမနေသူ တစ်ဦး ဖြစ်နေသည်။ အထူးသဖြင့် ဥပုသ်နေ့၌ ကျင့်သုံးရမည့် ပညတ်တော်ကို ယေရှုက မကြာခဏ ချိုးဖောက်ခဲ့ကြောင်း ခရစ်ဝင်ကျမ်းတိုက တညီတညွတ်တည်း ဖော်ပြထားသည်။
ကပရေနောင်မြိုတွင် ညစ်ညူးသော နတ်စွဲသူ တစ်ဦးကို ဥပုသ်နေ့၌ ကိုယ်တော်က ကုသပေးလိုက်သဖြင့် အံ့ဩမိန်း မောတွေဝေသွားကြရသည်ကို တွေ့နိုင်ပါလိမ့်မည် (မာကု၊ ၁ ၂၁-၂၇)။ ထိုသတင်းတော်သည် ဂါလိလဲ အရပ်ရပ်တို၌ ချက် ချင်း ပျံ့နှံသွားခဲ့သည် (မာကု၊ ၁း၂၈)။ ထိုဖြစ်ရပ်ကြောင့် လည်း ဖာရိရှဲတိုက ကိုယ်တော်၏နောက်တော်သို လိုက်လာပြီး ဥပုသ်နေ့ကို ဖျက်ဆီးနေကြောင်း သာဓကပေါင်း မြောက် မြားစွာရရှိရန် လေ့လာကြတော့၏။
အထူးသဖြင့် ကိုယ်တော်၏ တပည့်တော်များက ဆာ မွတ်လှသဖြင့် ဥပုသ်နေ့၌ စပါး သီးနှံတိုကို ဆွတ်စားကြရာ တွင် ဖာရိရှဲ၊ ကျမ်းပြုဆရာတိုနှင့် နောက်တစ်ဖန် ပဋိပက္ခ ဖြစ်ကြရပြန် သည် (မဿဲ ၁၂း၁-၈၊ ၂:၂၃- ၂၈။ လုကာ၊ ၆း၁-၅)။ အမှန်ဆိုရလျှင် စပါးအသီးအနှံကို ဆွတ်၍ စားခြင်းသည် အပြစ်မရှိပါ။
“အိမ်နီးချင်း၏ စပါး လယ်ထဲသို ဝင်သောအခါ၊ စပါးနှံ ကို လက်နှင့် ဆွတ်ရသော်လည်း၊ တံစဉ်နှင့်မရိတ်ရ”ဟူသော ပညတ်ရှိသည့်အတွက် စပါးအနည်းငယ်မျှ ဆွတ်ယူစားသောက် ခြင်းကြောင့် အပြစ်မရှိပါ (တရား၊ ၂၃း၂၅)။ သို သော် ဥပုသ်နေ့၌ ထိုအမှုကို ပြုသောအခါ ဥပုသ်နေ့၌ ဆိုသော ပညတ်အနည်းဆုံး (၄)ချက်ကို ဖောက်ဖျက်ရာ ရောက်၏။
(က) စပါးနှံကို ဆွတ်ခြင်းသည် ဥပုသ်နေ့၌ စပါးရိတ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။
(ခ) စပါးဆံ၏ အခွံကိုခွာခြင်းသည် စပါးရွှေ့ခြင်း နှင့် တူတူပင်ဖြစ်သည်။
(ဂ) စပါးနှံတိုကို လက်ဖဝါးတွင် ပွတ်သပ်ချေဖျက်ခြင်း သည် စပါးကြိတ်ခြင်း ဖြစ်သည်။
(ဃ) အထက်ဖော်ပြပါ သုံးခုစလုံးကို တပြိုင်နက်လုပ်ခြင်းက အစားအစာ သုံးဆောင်ရန်အတွက် ပြင်ဆင်မှု ပြုလုပ်ခြင်းဖြစ်၍ ဥပုသ်နေ့၌ အလုပ်လုပ်ခြင်းပင် ဖြစ်၏။
ထိုကြောင့် သခင်ယေရှု၏ တပည့်တော်တိုသည် ဥပုသ် နေ့၏ ဝိနည်းစည်းကမ်းကို ချိုးဖောက်သည်ဟု ဆို၏။ ဥပုသ် နေ့ဖြစ်စေကာမူ၊ ဆာမွတ်လွန်းသဖြင့် စပါး အသီးအနှံတိုကို ဆွတ်ယူစားသုံးခြင်းကို ခွင့်လွှတ်မည်ဆိုပါက ခွင့်လွှတ်နိုင်စရာ အကြောင်းရှိသော်လည်း ထိုထက်ဆိုးဝါးသည်က ယေရှုသည် ဥပုသ်နေ့၌ ပင်လျှင် အနာရောဂါ ငြိမ်းစေခြင်း၊ မမာမကျန်း သူတိုကို ကုသနေပြန်သောကြောင့် သူတိုက ပို၍ မကျေမနပ် ဖြစ်လာခြင်းပေတည်း။
ဥပုသ်နေ့၌ ရောဂါသည်တစ်ဦးအား ကုသခြင်းသည် အလုပ် လုပ်ခြင်းနှင့် အတူတူဖြစ်သဖြင့် လုံးဝတားမြစ်ထားသော အရာ တစ်ခုပင်ဖြစ်ပါ၏။ ၊ သိုသော် အနည်းငယ် ခြွင်းချက်များကိုဖြင့် ထားကြပါ၏။
ဥပုသ်နေ့ ဖြစ်စေကာမူ အသက်ဘေး စိုးရိမ်စရာရှိပါက ရော ဂါ ကုသနိုင်သည်။ ဥပမာ နှာခေါင်း၊ လည်ပင်း၊ မျက်စိနှင့် ဆိုင်သောရောဂါကို ကုသနိုင်သည်။ သိုသော် ရောဂါပိုမို၍ မဆိုးဝါး စေလောက်ရုံမျှသာ ကုသရမည်။ ထိုရောဂါ လုံးဝ ပျောက်ကင်းသွားသည်အထိ ကုသခြင်း မပြုရ။ ဝေဒနာကိုခေတ္တ “တန့်သွားစေရန် သာပြုရမည်။
ထိုကြောင့် အနာတစ်ခုတွင် သာမန်ပတ်တီးကို စည်းပေး နိုင်သည်။ သိုသော် ဆေးပါသောပတ်တီး မဖြစ်စေရ၊ နား၌ ဂွမ်းအနည်းငယ် ဆိုပေးနိုင်သည်။ သိုသော် ထိုဂွမ်း၌ ဘေးမှ ပါစေရ။ ရုတ်တရက် အသက်သေဆုံးသွားဖွယ်ရာ မဟုတ်ပါက၊ ဥပသ်နေ့၌ ရောဂါကုသခြင်းကို လုံးဝမပြုရန် ကြပ်တည်းစွာ တားမြစ်သည်။
ဤဝိနည်းတော်ကို ယေရှုကိုယ်တော်တိုင်က သိပြီးဖြစ်ပါ ၏။ သိုသော် သိပါလျက် ကိုယ်တော်က ရောဂါများကို ကုသာ ခဲ့သည်။ ဥပုသ်နေ့၌ ယေရှုသည် တရားဇရပ်တွင်းသို ဝင်လာ ရာ လက်တစ်ဖက် သေသောသူတစ်ယောက် ဘုရားရှိခိုးနေသည်ကို တွေ့ရသည်။ ထိုသူကို ယေရှုက ရောဂါကုမည်လားဟူ၍ ကျမ်း ပြုဆရာနှင့် ဖာရိရှဲတိုက တမင်တကာ စောင့်ဆိုင်းကြည့်နေ ကြသည်။ အပြစ်ရှာသည့် မေးခွန်းကို မေးလျှောက်ကြသည်။ ကိုယ်တော့်ကို ထိုမေးခွန်းကို အဖြေပေးခဲ့ရုံမက၊ ထိုသူ၏ရောဂါ ကိုပင် ကုသပေးလိုက်သဖြင့် သူတိုသည် ဒေါသအမျက်ချောင်း ချောင်းထွက်ပြီး ကိုယ်တော့်ကို အဘယ်သို ဖျက်ဆီးရအံ့နည်း ဟူ၍ တိုင်ပင်ကြတော့၏ (မဿဲ၊ ၁၂:၉ – ၁၄၊ မာကု၊ ၃း၁-၆၊ လုကာ၊ ၆း၆-၁၁)။
ဤပြုမူချက်အားဖြင့် ဖာရိရှဲတိုကို ယေရှုက စိန်ခေါ်လိုက် ခြင်းပေတည်း။
ဖာရိရှဲနှင့် ကျမ်းပြုဆရာတိုက တမင်တကာ လာရောက်၍ အပြစ်ရှာနေကြစဉ်ပင် ကိုယ်တော်က သူတိုရှေ့၌ ရဲရဲဝံ့ဝံ့ ရောဂါကုသပေးလိုက်ရာ သူတိုသည် ယေရှုကို သုတ်သင်ပစ်ရန် ယတိ ပြတ် ဆုံးဖြတ်ချက် ချလိုက်ကြတော့၏။
ထိုမျှမကသေးပါ။ ဥပုသ်နေ့၌ပင်လျှင် ကိုယ်တော်က (၁၈)နှစ်ပတ်လုံး နတ် ဆိုးစွဲရောဂါ နှိပ်စက်ခြင်းကို ခံနေခဲ့ရသဖြင့် ကျောကုန်းနေရ ရှာသော မိန်းမတစ်ဦးကို ကုသပေးလိုက်ပြန်သည် (လုကာ၊၁၃း ၁၁-၁၇)။ ရေဖျဉ်းနာစွဲသော သူတစ်ယောက်၏ ရောဂါကို ပျောက်ကင်းစေလိုက်ပြန်သည် (လုကာ၊၁၄း၁-၆)။ အမိဝမ်း တွင်း၌ကပင်လျှင် မျက်စိကန်းနေသော သူတစ်ဦးကို ဥပုသ်နေ့၌ ပင်လျှင် ကုသပေးလိုက်ပြန်သည် (ယော၊ ၉း၁-၇)။
ကိုယ်တော်၏ ဖြေရှင်းချက်က ပြတ်သားရှင်းလင်းလှသည်။ လူတစ်ဦး၏ ဒုက္ခနှင့် လိုအင်တိုက ဝိနည်း၊ စည်းမျဉ်းတိုထက် ပို၍ အရေးကြီးသည်။ ၎င်းတိုကို ပို၍ဦးစားပေးရမည်။ ထိုသို အပေါင်းအသင်းတိုသည် ရုတ်ခြည်း အသက်သေဆုံးဖွယ်ရာ မရှိသည် ကားမှန်၏။ ကိုယ်တော့်အနေဖြင့် နောက်တစ်နေ့မှ ကုသပေး ရန် စောင့်ဆိုင်းနိုင်ပါသည်။ သိုသော် ဝိနည်း ထုံးနည်းစည်း မျဉ်းဥပဒေသကလေးတစ်ခုကြောင့် လူတစ်ဦးသည် ဆင်းရဲခြင်း ဒုက္ခ၊ ရောဂါဝေဒနာကို တစ်နာရီမျှပင် ပို၍မခံစားနေစေလို သည့် ကိုယ်တော်၏ မေတ္တာ၊ စေတနာသည်သာလျှင် အရင်းခံ ပင် ဖြစ်ပါ၏။
ထိုမေတ္တာသည် ဝိနည်း ထုံးနည်းတိုကို လွှမ်းမိုးသွားခဲ့ သည်။
ကိုယ်တော်က ဒါဝိဒ်သည် သူ၏ အဖော်တိုနှင့် ဆာငတ်မွတ် သိပ် နေရှာသောအခါ ယဇ်ပုရောဟိတ်တို့ သာ စားအပ်သော ရှေ့တော်မုန့်ကို စားခဲ့ရကြောင်းကို ထောက်ပြခဲ့သည် (မဿ၊ ၁၂း၃၊ မာကု၊ ၂:၂၅၊ လုကာ၊ ၆း၃)။ သိုးတစ်ကောင်တည်း ရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို ကျသွားပါက ဥပုသ် နေ့၌ပင်လျှင် ဆွဲတင်ယူခွင့်ရှိကြောင်း ဝိနည်းကို ညွှန်ပြပြီး လူ သည် သိုးကဲ့သိုသော တိရစ္ဆာန်ထက်ပင် တန်ဖိုးရှိကြောင်း ရှင်း ပြသည် (မဿဲ၊ ၁၂း၁၁၊ လုကာ၊ ၁၃း၁၅၊ ၁၄း၅)။
ဤဖြစ်ရပ်များကြောင့် ယေရှုခရစ်တော်နှင့် ကျမ်းပြုဆရာ ဖာရိရှဲတို ထိပ်တိုက်တွေ့ကြလေပြီ။
သူတိုက ဘာသာရေးဆိုသည်မှာ ပညတ်တော်၊ ဥပဒေ စည်းမျဉ်း၊ ဝိနည်းတိုကို တစ်သဝေမတိမ်း လိုက်လျှောက်ခြင်း၊ ပွဲနေ့များကို ဦးစားပေးခြင်း ဟူ၍ မြင်၏။ သခင်ယေရှုကမူ ဘာသာရေးဆိုသည်မှာ “ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ချစ်ခြင်း၊ ကိုယ်နှင့်စပ်ဆိုင်သူတိုအား ကိုယ်နှင့်အမျှ ချစ်ခြင်း” ဟူသော ရှုထောင့်က မြင်နေပါ၏။
ဖာရိရှဲနှင့် ကျမ်းပြုဆရာတိုက သခင်ယေရှုမှာ ဝိနည်းတော် များကို လိုက်လံ ချိုးဖောက်နေသူ တစ်ဦးဟူ၍ မြင်သည်။ ဘုရား သခင်ကို လွန်ကျူးပြောဆိုနေသော လူဆိုးလူမိုက်တစ်ဦး၊ ဘာ သာရေး၏ အခြေခံကို ဖျက်ဆီးနေသူတစ်ဦးဟု မြင်လာကြပြီး ယုဒဘာသာကို ဆက်လက် မဖျက်ဆီးမီ သူ့အား အမြန်ဆုံး သုတ်သင်ရှင်းလင်း သတ်ဖြတ်ပစ်ရတော့မည်ဟု ဆုံးဖြတ်လာ ကြခြင်း ဖြစ်သည်။
(၃) သခင်ယေရှုအနေဖြင့် အပြစ်သားများ၊ ဆိုးသောသူ များတိုနှင့် ပေါင်းဖော်နေသူတစ်ဦး ဖြစ်နေသည်။ ဖာရိရှဲနှင့် ကျမ်းပြုဆရာတိုအဖို ဤကိစ္စကို မခံမရပ် အဖြစ်ဆုံးပေတည်း။ သူတိုက ယေရှုကို အခွန်ခံနှင့် ဆိုးသောသူတိုနှင့် ပေါင်းဖော် နေသူဟု အတိအလင်းပြစ်တင် ရှုတ်ချနေကြောင်းကို ကိုယ်တော်ကသိပြီးဖြစ်သည် (မဿဲ၊ ၁၁း၁၉၊ လုကာ၊ ၇:၃၄)။ “ဤသူသည် ဆိုးသောသူတိုကို လက်ခံ၍ သူတိုနှင့်အတူ စားပါ သည်တကားဟု ကဲ့ရဲ့ အပြစ်တင်ကြ၏” (လုကာ၊ ၁၅:၂)။ ယေရှုကိုယ်တော်တိုင်က ဇကွဲ၏ နေအိမ်၌ တည်းခိုမည် ဖြစ် ကြောင်း မိန့်တော်မူလိုက်သောအခါ သူတိုက “ဆိုးသောသူ၏ အိမ်သို ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏” (လုကာ၊ ၁၉း၇)။
သိုသော် ကိုယ်တော်က နောင်တရသော လူဆိုးတစ်ယောက် အတွက် ကောင်းကင်သားတိုသည် ဝမ်းမြောက်ခြင်းရှိကြောင်း အတိအလင်း ရှင်းပြသည် (လုကာ၊ ၁၅၇၊၁၀)။ ဖာရိရှဲနှင့် ကျမ်းပြုဆရာတိုကမူကား “ဘုရားသခင်ကို ပြစ်မှားသောလူဆိုး တို ပျက်စီးသွားလျှင် ကောင်းကင်သားတိုသည် အလွန်ဝမ်း မြောက်ကြသည်”ဟု သွန်သင်ဆုံးမလေ့ ရှိပါ၏။
ကျမ်းပြုဆရာတိုက သတ်မှတ်ထားသော ဝိနည်း၊ ဥပဒေသ တိုကို မလိုက်လျှောက်နိုင်သူတိုသည် “ညစ်ညူးသောသူများ” ဟု ခေါ်ဝေါ် သမုတ်ထားကြသဖြင့် ထိုသူတို၏ အဝတ်ကို “တို”ရုံမျှနှင့် သူတိုပါ ညစ်ညူးသွားကြသည်ဟု ယုံကြည်နေ ကြသည်။
ဖာရိရှဲတိုသည် ဖာရိရှဲမဟုတ်သူတစ်ဦးကို ဧည့်ဝတ်မပြု။ထိုသူ ၏ ဧည့်ဝတ်ပြုခြင်းကိုပင် လက်မခံ၊ ထိုသူ၏အိမ်ထဲသို ဝင်ရန်ကို စိတ်ကူးထဲပင်မထည့်၊ အတူတကွ စားသောက်ရန် မပြောနှင့် သူတိုနှင့် နှုတ်ဆက်စကားပြောရန်ကိုပင် တက်နိုင်သရွေ့ ရှောင်ရှားကြသည်။ သူတို၏ ရည်ရွယ်ချက်က အပြစ်သားနှင့် လုံးဝ မပတ်သက်လိုသော်လည်း ယေရှု၏ ရည်ရွယ်ချက်ကမူကား အပြစ်သားတိုထံသွားပြီး ဘုရားသခင်ထံတော်ပါးသို ပြန်လှည့် လာရန် ကြိုးပမ်းအားထုတ်ခြင်းပေတည်း။
ဤနေရာ၌လည်း ဖာရိရှဲ၊ ကျမ်းပြုဆရာတိုနှင့် ခရစ်တော် သည် တစ်ဖန်ထိပ်တိုက် တွေ့ကြရပြန်သည်။
ဘုရားသခင်သည် ပညတ်တော်ကို စောင့်ရှောက်ကြသော သူတိုကိုသာလျှင် ချစ်သည်ဟူသော ခံယူချက်ဖြင့် ဘုရားသခင် ၏ မေတ္တာတော် စက်ဝိုင်းကို ဖာရိရှဲတိုက ကျဉ်းမြောင်းရန် ဘောင်ခတ်နေကြသည်။ ခရစ်တော်က ဘုရားသခင်သည် သန့် ရှင်းသော သူတော်စင်များသာမက အပြစ် ဒုစရိုက်သား ဖြစ် သော လူတိုင်းကို ချစ်ကြောင်း ဖော်ပြတော်မူသောကြောင့် ထိုမေတ္တာတော် စက်ဝိုင်းကို ကျယ်ပြန့်စေခဲ့သည်။
အပြစ်သားဆိုသူတိုကို တတ်နိုင်သရွေ့ ရှောင်ရှားရမည် ဟူသော ဘာသာရေးနှင့် အပြစ်သား ဆိုသူတိုကို ဖြစ်သည့် နည်းဖြင့် လိုက်လံရှာဖွေ ကယ်တင်ရမည်ဆိုသော ဘာသာ ရေး၊ အပြစ်သားဆိုသည်မှာ ဖျက်ဆီး ချေမှုန်းပစ်ရမည့်သူ များဟူ၍ ခံယူထားသော ဘာသာရေးနှင့် အပြစ်သားဆိုသူ တိုကို ကယ်တင်ရမည် ဟူ၍ ခံယူထားသော ဘာသာရေး သဘောထားတိုသည် မည်သည့်နည်းနှင့်မျှ လိုက်လျောညီထွေ မှု မရှိနိုင်တော့ပါ။
ဖာရိရှဲတိုက ယေရှုဆိုသောသူသည် အပြစ်ဒုစရိုက်ကို အလေး မထားရုံမက သူပေါင်းသင်း နေထိုင်သူများနည်းတူ အပြစ် သားပင် ဖြစ်ရပေလိမ့်မည်။ ထိုတွင်သာမက အပြစ်ဒုစရိုက်ကို လှုံဆော်အားပေးနေသူတစ်ဦး ဟူ၍ပင် ယူဆလာကြကုန်သော ကြောင့် ယေရှုဆိုသည်မှာ လူမိုက်များကို အားပေးနေသူ ဘုရားသခင်၏ လုပ်ငန်းတော်ကို ဖျက်ဆီးပစ်နေသောသူ စစ်မှန်သော ဘာသာရေးကို အနှောင့်အယှက် ပေးနေသူဟု မြင်နေသည်။ ထိုကြောင့် သူ့ကို အမြန်ဆုံး အဆုံးစီရင်အသေ သတ်ရပေတော့မည်ဟု ဆုံးဖြတ်လာကြခြင်း ဖြစ်ပါ၏။
ဤအချက်တိုကို စဉ်းစားဆင်ခြင်မိလျှင် အမှန်ပင် ဝမ်း နည်းဖွယ်ရာ ကောင်းလာသည်။
ဖာရိရှဲတိုသည် ထိုခေတ် ထိုအခါ ဘာသာရေးကို အထူး အလေးဂရုပြုရုံမက ဘုရားရေး၊ တရားရေး၌ စိတ်အားထက် သန်ကြသူများ ဖြစ်ကြ၏။ သိုကြောင့်လည်း ရှင်ပေါလုက “ဖာရိရှဲတိုသည် မှန်သောပညာ မရှိသော်လည်း ဘုရားသခင် ဘက်၌ စိတ်အားကြီးသူများ ဖြစ်ပေသည်”ဟူ၍ ဝန်ခံခဲ့ရ၏ (ရောမ၊ ၁၀း၂)။ သူတိုသည် ဘုရားသခင်ဘက်၌ စိတ်အားကြီး သည် မှန်သော်လည်း သူတို၏ ဘာသာရေးသည် ဝိနည်းတော် များကိုသာ အခြေခံထားသည် ဖြစ်ရာ မေတ္တာသဘောကို အခြေခံထားသည့် ဘာသာရေးအကြောင်းကို နားမလည်နိုင်။ –
ခရစ်တော်သည် ရှိဆရာတို တက်ရောက်ရသော ဓမ္မတက္က သိုလ်၌ ပညာသင်ကြားခဲ့ခြင်း မရှိ။ သိုကြောင့် ဘာသာရေး ဘက်၌ တတ်ကျွမ်းနားလည်ခြင်း မရှိပဲလျက် တရားတော်ကို လိုက်လံ ဟောပြောနေသည်ကို တွေ့ရ၍ လုံးဝ မကျေနပ်နိုင်။ တရားဟောပြောခွင့်ကိုပင် မပေးသင့်။
ကျမ်းပြုဆရာတို သတ်မှတ်သော ဝိနည်းတော်တိုကို မလိုက် နာနိုင်သဖြင့် သူသည် ဆိုးသောသူပင် ဖြစ်ရပေလိမ့်မည်။
ယေရှုသည် အပြစ်သားတိုနှင့် ပေါင်းဖော်နေသဖြင့် သူသည် လည်း အပြစ်သားတစ်ဦးပင် ဖြစ်ရလိမ့်မည်။ ၊ ထိုကြောင့် ယေရှုကို အဘယ်သိုသောနည်းနှင့်မျှ လက်မ ခံနိုင်၊ ဘုရားသခင်ဘက်၌ စိတ်အားကြီးသော ဖာရိရှဲတိုသည် ဘုရားသခင်၏ သားတော်ကိုပင်လျှင် သုတ်သင်ပစ်ရန် ကြံစည် နေကြလေပြီတကား …။
၂။ သခင်ယေရှုကို ရန်ဖက်ပြုသည့် ဒုတိယအုပ်စုမှာဇဒ္ဒကဲ” များဖြစ်သည်။
ကျွန်တော်တိုသည် ဖာရိရှဲနှင့်ဇျာများ ဟူ၍ အမြဲပြော လေ့ရှိကြသဖြင့် ထိုအုပ်စု နှစ်စုသည် တစ်ခုထဲမှပင် ဖြစ်သ ယောင် ထင်နေတတ်သည်။ အမှန်ဆိုရလျှင် ထိုအုပ်စုနှစ်စုသည် အလွန်ပင် ကွဲပြားခြားနား၍ ဆန့်ကျင်သော အုပ်စုများဖြစ် ကြောင်း ဤစာစောင်၏ အစဦးပိုင်း၌ ဖော်ပြခဲ့ပြီး ဖြစ်ပါ သည်။ (တမန်၊ ၂၃း၆-၁၀ ကိုကြည့်လျှင် ထိုအုပ်စုနှစ်စု၏ ခြားနားချက်တိုကို ထပ်မံတွေ့ ရပါဦးမည်။)
ဇဒ္ဒကဲတို၏ ထူးခြားချက်တစ်ရပ်မှာကား သူတိုသည် ဂျူး လူမျိုး အထက်တန်းလွှာထဲမှ လာကြသူများ ဖြစ်ပါ၏။ “သူတို ဘက်၌ ချမ်းသာကြွယ်ဝသူများသာ လိုက်ပါကြသဖြင့် ဆင်းရဲ သား လူတန်းစားတိုကို သူတိုအုပ်စုထဲ၌ မတွေ့နိုင်” ဟူ၍ ဂျိုစီးဖပ်(စ်)က ဆိုထားသည် (အင်တီကွစ်တီး(စ်) ၁၃း၁၀း၆၊ ၁၈း၁၄)။
ဇဒ္ဒကဲများသည် ရောမအစိုးရ၏ အကြိုက်ကို လိုက်ကြသည်။ ရောမ အင်ပိုင်ယာ၏ အုပ်ချုပ်မှုကိုသာ နှစ်သက်ကြသည်။ အခြား လူမျိုးတစ်မျိုး၏ ကျွန်ဖြစ်နေရစဉ်ပင် သူတိုကို ကျွန်သဘောက်အဖြစ် အုပ်ချုပ် မင်းလုပ်သူများနှင့် ပေါင်းဖော်၍ အားပေး ချီးမြှောက်သူများ ဖြစ်ကြ၏။
မိမိ၏ လူမျိုးကိုပင်လျှင် သစ္စာဖောက်ပြီး အသားထဲက လောက်ထွက်သူများမှာ အများအားဖြင့် ကြွယ်ဝ ချမ်းသာ သူများ ဖြစ်တတ်ပါသည်။ ထိုအစိုးရကြောင့် ငွေဝင် လမ်း ဖြောင့်နေသူများ၊ သူတို၏ စည်းစိမ်ဥစ္စာ မပျက်စီး မယို ယွင်းရေးကိုသာ အာသီသ ထားနေသူများမှာလည်း ထိုလူစု တိုပင် ဖြစ်လေ့ရှိပါ၏။
ထိုကြောင့် ဇဒ္ဒကဲတိုမှာ တစ်ပါးအမျိုးသား (လူမျိုး ခြား) ဖြစ်သော ရောမလူမျိုးတိုနှင့် အမြဲဆက်ဆံ ပေါင်းသင်း နေလေ့ ရှိသည်။ ဖာရိရှဲတိုမှာကား၊ ပညတ်တော်ကို မစောင့် ရှောက်ကြသော တစ်ပါးအမျိုးသားတိုနှင့် ပေါင်းဖော်နေထိုင် ကြခြင်းကို လုံးဝလက်မခံနိုင်၊ မနှစ်မြိုနိုင်။
အလွန်ပင် ဘုရား တရား ကိုင်းရှိင်းသော ဖာရိရှဲတစ်ဦး အဖို တစ်ပါးအမျိုးသားတို၏ နေအိမ်တွင်းသိုပင် မဝင်၊ သူတို အိမ်ထဲသိုလည်း အဝင်မခံ၊ တစ်ပါးအမျိုးသားတိုထံမှ ပစ္စည်း ကိုမဝယ်၊ သူတို၏ ပစ္စည်းကိုလည်း မရောင်း၊ တစ်ပါး အမျိုး သားတစ်ဦးက ကိုင်တွယ် ရောင်းချသော ပေါင်မုန့်၊ နွားနို တိုသည်ပင်လျှင် မသန့်ရှင်းဟု ယူဆကြသည်။
ဇဒ္ဒကဲတိုမှာကား ဖာရိရှဲတိုကဲ့သို လိုက်နာ ကျင့်သုံးရန် လုံးဝမဖြစ်နိုင်။ သူတိုသည် ရောမ မင်းမှုထမ်းများနှင့် ပေါင်း သင်းဆက်ဆံရသည်။ နေအိမ်သို ဖိတ်ခေါ် ဧည့်ခံရုံမက၊ ရောမ အမျိုးသားတို၏ ဧည့်ခံခြင်းကိုလည်း လက်ခံကြသည်။ ဂရိလူမျိုးတို၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ လူနေမှု စနစ်ကိုပင် လက်ခံကျင့်သုံးကြသော ဇဒ္ဒကဲများပင် ရှိကြသည်။ ။
ဖာရိရှဲတို၏ ရှုထောင့်မှ ကြည့်လျှင် ဇျာ တိုသည်ပင် မသန့်ရှင်းဟု ယူဆနိုင်သော်လည်း ယေရှုကို သုတ်သင်ရှင်း လင်းဖိုဆိုလျှင် သဘောထား ကွဲပြားနေသော ထိုအုပ်စုနှစ်ခု စလုံးပင် ပေါင်းသင်း လက်တွဲနိုင်ခဲ့ကြ၏။
ဇဒ္ဒကဲတိုက ယေရှုကို အဘယ့်ကြောင့် သုတ်သင်ဖယ်ရှင်း ပစ်လိုကြပါသနည်း။
အမှန်ဆိုရလျှင် သူတိုက ကိုယ်တော့်ကို အထင်လွဲနေခဲ့ကြ သောကြောင့် ဖြစ်ပါ၏။
ယေရှုသည် သူတို၏ မျက်စိထဲ၌ ရောမ အစိုးရကို တော် လှန်ပုံကန်မည့် သူတစ်ဦးဟူ၍ မြင်လာကြသည်။ လောလော ဆယ်၌ မေတ္တာတရားတော် ဟောပြော နေသော်လည်း နောက်ဆုံး၌ ရောမအစိုးရကို ပုန်ကန်ရန် လှုဆော်ပြီး အဆုံး သတ်မည်မှာ မလွဲပင်ဖြစ်သည်ဟု ယူဆနေကြသည်။ ယေရှုကို ဖမ်းဆီး ချုပ်နှောင်ပြီး ဂျူးတို အချင်းချင်း တရားစီရင်စဉ်က တင်ပြသော စွဲချက်မှာ ကိုယ်တော်သည် ဘုရားကို လွန်ကျူးစွာ ပြောဆိုနေသူ၊ သူ့ကိုယ်သူ ဘုရားသခင် ၏ သားတော်ဟူ၍ ခေါ်ဝေါ်နေသူ ဟူ၍ သာ ဖြစ်ခဲ့ပါ၏ (မဿဲ ၂၆း၆၅၊ မာကု၊ ၁၄း၆၄။ လုကာ၊ ၂၂း၇၁)။
သိုသော် ပိလတ်မင်းထံသို ယေရှုကို ခေါ်ဆောင်သွားကြ သောအခါ သူတို၏စွဲချက်မှာကား “ဤသူသည် ပြည်သူပြည် သားများကို လှည့်ဖြား၍ မိမိသည် ခရစ်တော် တည်းဟူသော ရှင်ဘုရင် ဖြစ်ကြောင်းကို ဆိုလျက်၊ ကဲသာ ဘုရင်ကို အခွန်ဆက်နှင့် တားမြစ်သည်ကို အကျွန်ုပ်တို တွေ့ပါပြီဟု အပြစ်တင်ကြ၏”ဟူ၍ ရှင်လုကာက ဖော်ပြထားပါသည် (လုကာ၊ ၂၃း၂)။
ထိုစွဲချက်မှာကား ဇဒ္ဒကဲတိုက မတရား လုပ်ကြံခဲ့သော စွဲချက်ပေတည်း။ ။
“ပိလတ်မင်းအဖို ဘုရားသခင်ကို လွန်ကျူး ပြောဆိုခြင်း ဆိုသော စွဲချက်မျိုးမှာ ယုဒဘာသာ၏ အတွင်းရေးသာ ဖြစ် ၍ သူနှင့်မဆိုင်၊ သိုသော် တော်လှန်ပုန်ကန်မည့်သူတစ်ဦးဆိုပါ က အရေးမယူ၊ မစစ်ဆေးပဲ လက်ပိုက် ကြည့်နေနိုင်တော့မည် မဟုတ်ပါ။
ထူးခြားချက်တစ်ခုကိုလည်း သတိထား စေလိုပါသေးသည်။ ဇဒ္ဒကဲတိုသည် မေရှိယကို မမျှော်လင့်၊ မစောင့်စား၊ မေရှိယ ကြွလာရေးအတွက် ဆုတောင်းပတ္တနာပင် မပြုကြောင်း စာရှု သူတို သတိပြုစေလိုပါ၏။
အဘယ်ကြောင့်နည်း။
ရောမ အစိုးရအနေဖြင့် လုံးဝ မလိုလားသော အချက် တစ်ချက်မှာ နိုင်ငံရေးရာ ဆူပူလှုပ်ရှားမှု၊ မငြိမ်မသက်မှုပင် ဖြစ်သည်။ ဤကိစ္စမျိုးကို အုပ်ချုပ် မင်းလုပ်နေသော မည် သည့် အစိုးရကမျှ နှစ်မြိုလိမ့်မည် မဟုတ်ပါ။ ပိလတ်မင်းကဲ့ သို ဘုရင်ခံမျိုးသည်လည်း ဆူပူအုံကြွမှုကို မနှိမ်နှင်းနိုင်ခဲ့လျှင် သူ၏ ရာထူး ဌာနန္တရ ထိခိုက်သွားတော့မည်မှာ မလွဲပင်ဖြစ် သည်။ ထိုကြောင့် ဇျကဲတိုက နိုင်ငံရေးဆူပူလှုပ်ရှားမှုကို လုံးဝမလိုလား။ ထိုသိုဖြစ်ပေါ်လာခဲ့လျှင် သူတို၏ တန်ခိုး အာဏာသည် မှေးမှိန်လာလိမ့်မည်။ သူတို၏ စည်းစိမ်ဥစ္စာဂုဏ်သိက္ခာ၊ ယခုကဲ့သို နေသားတကျ စည်းစိမ်ရှိရှိ နေမှုထိုင် မှုတို အလုံးစုံ ပျက်စီးသွားတော့မည်မှာ အမှန်ပင် ဖြစ်ပေ တော့မည်။ ။
မေရှိယ ကြွလာလျှင် ဂျူးလူမျိုးတို လှုပ်ရှား အုံကြွလာ ခြင်းအားဖြင့် သူတို၏အကျိုးစီးပွား ပျက်စီးတော့မည်မှာ သေ ချာသည်။ ယခုကဲ့သို ပိုနေမြဲ ကျားနေမြဲ ဘဝကိုသာလျှင် ခုံမင် မက်မောနေကြသည်။ ထိုကြောင့် ဇဒ္ဓကဲတိုက “မေရှိယ” ဆိုသည့် စကားကိုပင် လုံးဝမကြားချင်ကြ။
သခင်ယေရှုအပေါ် သူတို၏ သဘောထားမှာ အောက် ပါအတိုင်း ဖြစ်ပါ၏။
ထိုသူ၌ ထူးခြားအံ့သြဖွယ်ကောင်းသော တန်ခိုးအာနိသင် ရှိသည်။ ထိုကြောင့်လည်း လူအုပ်ကြီးက သူ့နောက်သိုပြုံ၍ လိုက်နေကြသည်။ သူသည် မေတ္တာတရားတော်များကို ဟော ကြားနေပြီးမှ လက်နက်စွဲကိုင်၍ ကိုယ်တိုင် တော်လှန်မှုကြီးကို ဦးမဆောင်သေးစေကာမူ သူ၏နောက်တော်လိုက်များက တစ်စ နှင့်တစ်စ ကြီးထွားလာပြီး နိုင်ငံရေးအုံကြွမှုကြီးတစ်ခု ပေါ် ပေါက်လာတော့မည်မှာ မလွဲပင်ဖြစ်သည်။
ထိုသိုဖြစ်လျှင် ရောမ အစိုးရကလည်း ငြိမ်ခံနေလိမ့်မည် “မဟုတ်၊ ချက်ချင်း စစ်သည်ဗိုလ်ခြေအင်အား အလုံးအရင်း ဖြင့် ချေမှုန်းပစ်မည်မှာ သေချာသည်။ နောက်ဆုံး၌ ထိုပုန် ကန်မှုကြီး ပြိုကွဲသွားရမည်မှာ မလွဲပင် ဖြစ်သည်။
ထိုသိုဖြစ်လျှင် သူတို၏ ရာထူးဌာနန္တရ စည်းစိမ်ဥစ္စာတို ထိပါးလာတော့မည်။ ရောမ အစိုးရက သူတိုကို ပါ မယုံ သင်္ကာဖြစ်လာပြီး ညှင်းပန်းနှိပ်စက်တော့မည်။ သူတို၏ စည်းစိမ်ဥစ္စာမှန်သမျှကို သိမ်းပိုက်တော့မည်။ သူတို စည်းစိမ်ကျကျ နေထိုင်မှုသည် ပျက်စီးတော့မည်မှာ သေချာသည်။ ထိုကြောင့် ယေရှုကို သုတ်သင်ပစ်မှ ၎င်းတိုအတွက် ရန်သည် အေးဆေး လာတော့မည်ဟု ယူဆလာကြ၏။
ဇဒ္ဒကဲတို၏ စိတ်ကူး၌ “” တည်းဟူသော “အတ္တ ပဓာနစိတ်ထား”က လွှမ်းမိုးနေသည်။ ယေရှုကြောင့် သူတို၏ အခွင့်အရေးများ၊ ရာထူးဌာနန္တရများ၊ စည်းစိမ် ဥစ္စာများ ပျက်သုဉ်းရမည်။ ထိုကြောင့် ယေရှုကို ဖယ်ရှားရပေတော့ မည်။
ဖာရိရှဲတိုက ယေရှုကို မုန်းတီးကြပုံမှာ သူတို၏ ဘာသာ ရေးခံယူချက်တိုကြောင့် ဖြစ်သည်။ | ဇျကဲတိုမှာကား အတ္တစိတ်ကြောင့် ဖြစ်သည်။ သူတို၏ လောကီပစ္စည်း၊ စည်းစိမ်ဥစ္စာ တပ်မက်မောမှု၊ တစ်ကိုယ် ကောင်း စိတ်ထားတိုကြောင့် ဖြစ်သည်။ မည်သိုဖြစ်စေ နာဇ ရက်မြိုသား ယေရှုကို အမြန်ဆုံး ရှင်းလင်းပစ်မှ သာလျှင် သူတို၏ ဓနစည်းစိမ် တည်မြဲမည် ဖြစ်သောကြောင့်တည်း။
၃။ ယေရှုကို ဆန့်ကျင်ဘက်ပြုပြီး ကားတင် သတ်ရသည် အထိ မုန်းတီကြသူများမှာကား ယဇ်ပုရော ဟိတ် များပေ တည်း။ ။ ခရစ်ဝင်ကျမ်းတို၌ “ယဇ်ပုရောဟိတ်အကြီး” ဟူသော စကားကို မကြာခဏ တွေ့ရပါလိမ့်မည်။ ယဇ်ပုရော ဟိတ်များ၏ ခေါင်းဆောင်ဖြစ်သော ယဇ်ပုရောဟိတ် အကြီး နှစ်မျိုးရှိသည် –
(က) အနားယူသွားကြပြီဖြစ်သော ယဇ်ပုရောဟိတ်အကြီး များ။ ။ ဂျူးလူမျိုးတိုအနေဖြင့် ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် လွတ်လပ်ခဲ့စဉ်က ယဇ်ပုရောဟိတ်အကြီးများကို ရာသက်ပန် ခန့်အပ်လေ့ရှိသည်။ သိုသော် ရောမ လူမျိုးတို၏ လက်အောက် ရောက်သောအခါ ယဇ်ပုရောဟိတ် အကြီးတို၏ ရာထူးမှာ နိုင်ငံရေး ကျားကွက်၊ နိုင်ငံရေး ကျားကစားမှု၌ ပါဝင်လှုပ်ရှားကြရသော ရုပ်သေးများ ဖြစ်လာကြသည်။ –
ထိုကြောင့် ယဇ်ပုရောဟိတ်အကြီး၏ ရာထူးမှာ မတည်မြဲ၊ အချင်းချင်း ရာထူးလုနေကြခြင်းကြောင့် လည်းကောင်း၊ ရောမအစိုးရ၏ မနှစ်မြိုမှုများ ပေါ်ပေါက်လာကြသည့်အခါ မျိုးကြောင့်လည်းကောင်း မကြာခဏ ထိုရာထူး၌ လူသစ်ကို တင်မြှောက်ရလေ့ ရှိကြသည်။
ဘီစီ ၃၇ မှ အေဒီ ၆၇ အထိ နှစ်ပေါင်း ၁ဝဝ ခန့်အတွင်း ယဇ်ပုရောဟိတ်အကြီး ၂၈ ဦးအထိ ခန့်အပ်၊ ဖြုတ်ချခြင်း ခံခဲ့ရသည်။ ထိုကြောင့် အသက်မသေဆုံးသေးဘဲ အနားယူနေကြရ သော ယဇ်ပုရောဟိတ်အကြီးတို အမြဲလိုလိုရှိနေပြီး သူတိုတွင် ရာထူးလက်ကိုင် မရှိသော်ငြားလည်း ဩဇာတိက္ကမ ရှိဆဲပင် ဖြစ်နေသည်။
သခင်ယေရှု သက်တော်ထင်ရှားစဉ်က ထိုသူတိုအထဲတွင် “အန္ဓ”ဆိုသည့် ယဇ်ပုရောဟိတ်ကြီး တစ်ဦးပါဝင်သည်။ သူသည် ယေရှုခရစ်တော်ကို လုပ်ကြံသတ်ဖြတ်ရာ၌ ပါဝင်ကြံစည်ခဲ့၏။
(ခ) ယဇ်ပုရောဟိတ်အကြီး၏ ရာထူးကို မျိုးရိုးအလိုက် အစဉ်တစိုက် ဆက်ခံသွားရလေ့ ထုံးစံ မရှိသော်လည်း ထိုရာ ထူးကို အထက်တန်းလွှာ မျိုးရိုးမှသာလျှင် ရွေးချယ်ခန့်အပ်လေ့ ရှိသည်။
အထက်တွင် ဖော်ပြခဲ့သော ယဇ်ပုရောဟိတ်အကြီး (၂၈)ဦးထဲမှ (၆)ဦးမှာ မိသားစု လေးမျိုးမှ သက်ဆင်းလာခဲ့ကြ သည်။ ၎င်းတိုမှာ ဖာဘီ၊ ဘီး သို (စ်၊ ကာမစ်(သ်)နှင့် အတို ၏ မျိုးရိုးမှ ထို (၆)ဦးကို ခန့်အပ်လာခဲ့ကြသည်။ ထိုမိသားစု လေးမျိုးမှာ ယဇ်ပုရောဟိတ် အမျိုးအနွယ်ဖြစ်ပြီး သူတိုကို ယဇ်ပုရောဟိတ်အကြီးမျိုးဟု ခေါ်လေ့ရှိသည်။
ယေရှု၏ အမှုတော်လုပ်ငန်း အစဦးပိုင်းတွင် ကိုယ်တော်၏ လုပ်ငန်းတွင် ယဇ်ပုရောဟိတ်များက ပါဝင် နှောက်ယှက်ကြ သည်ကို မတွေ့ရပါ။
အကြောင်းအရင်းမှာ အခြားမဟုတ်၊ ကိုယ်တော်သည် ဂါ လိလဲနယ်တဝိုက်၌သာ အမှုတော်ကို အများဆုံး ဆောင်ရွက်နေ ပြီး ယေရုရှလင်မြို ဗိမာန်တော် အတွင်း၌သာ တာဝန်ထမ်း ဆောင်နေကြရသော ယဇ်ပုရောဟိတ်တိုနှင့် များစွာ ထိတွေ့ ခြင်း မရှိခဲ့သောကြောင့် ဖြစ်ပါ၏။
ခရစ်တော်၏ အမှုတော်လုပ်ငန်းစဉ် အကြမ်းဖျင်းကို ဤ ကျမ်းပထမတွဲ အခန်း (၄) တွင် ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါ သည်။ ကိုယ်တော်သည် ဂါလိလဲနယ်တဝိုက်တွင် အမှုတော်ဆောင် ရွက်ပြီး အနောက်မြောက်ဘက်ပိုင်းရှိ ရှုရိတ်ဖိနိတ်ပြည်သိုကြွ၍ အရှေ့ဘက်ဆီသို ဆက်လက်ခရီးကြွတော်မူခဲ့သည်။ .
ကဲသာရိဖိလိပ္စုမြို၌ ရှင်ပေတရုက ကိုယ်တော့်ကို “ဘုရားသ ခင်၏ သားတော် မေရှိယ” စစ်မှန်ကြောင်း ဝန်ခံခဲ့သည့် အ ချိန်ပိုင်းလောက်တွင်မှ ယဇ်ပုရောဟိတ်တိုသည် ကိုယ်တော့်ကို ရန်သူတစ်ဦးအဖြစ် သတ်မှတ်ပြီး အသေသတ်ရန် ကြံစည်သူတို အထဲတွင် ပါဝင်လာကြောင်းကို တွေ့ရပါလိမ့်မည် (မဿဲ။၁၆း၂၁၊ ၂၀း၁၈။ မာကု၊ ၈း၃၁၊ ၁၀း၃၃။ လုကာ၊ ၉း ၂၂ တိုကို ကြည့်ပါ)။
ကိုယ်တော်၏ သက်တော်စဉ်၏ နောက်ပိုင်းတွင် ယဇ်ပုရော ဟိတ်တို၏ မကောင်းကြံမှုတိုနှင့် သူတိုကသာ ကိုယ်တော့်ကို သုတ်သင်ပစ်ရန် ဦးဆောင် ပါဝင်လာကြောင်းကို အထင်အ ရှား တွေ့ရပါလိမ့်မည်။ သခင်ယေရှုက သူတိုကိုပါ ရှုတ်ချ ကြောင်း တွေ့လာရသည်။
“ထိုဥပမာစကားကို ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲတို သည် ကြားရလျှင် မိမိတိုကို ရည်ဆောင်၍ ဟောပြောတော်မူ သည်ကို သိကြ၏” (မဿဲ၊ ၂၁း၄၅)။ ယေရုရှလင်မြိုတွင်းသို ကိုယ်တော်ဝင်စဉ်က လူထုကြီးက သောင်းသောင်းဖြဖြ ကြိုဆို ကြသည်ကို သူတိုက မခံမရပ် ဖြစ်ကြ၏ (မဿဲ၊ ၂၁း၁၅)။ ဗိမာန်တော်ကို ကိုယ်တော်က ရှင်းလင်းပစ်ခြင်း၊ ကိုယ်တော် သည် ထိုသို ရဲရဲဝံ့ဝံ့ ဟောပြောသွန်သင်နေရအောင် မည်သူ့ထံ မှ အခွင့်အာဏာ ရရှိသနည်း။ ထိုအခွင့်အာဏာကို မည်သူက ပေးသနည်းဟူ၍ မေးမြန်းခဲ့ကြသည် (မဿဲ၊ ၂၁၂၃၊ မာကု၊ ၁၁း၁၈၊ ၂၈။ လုကာ ၂၀း၁-၂)။ လူထုကြီး ရုတ်တရက် အုံကြွ လှုပ်ရှားမသွားကြစေဘဲ ယေရှုကို အသေသတ် ဖယ်ရှားပစ်စေ သည့် နည်းလမ်းကို အမြဲရှာနေခဲ့သည်။ (မဿဲ၊ ၂၆း၃-၅၊ ၂၇း၁။ မာကု၊ ၁၄း၁။ လုကာ၊ ၁၉း၄၇၊ ၂၁၁၉၊ ၂၂း၂)။
ယုဒရှကာရုတ်က သစ္စာဖောက်ပြီး ယဇ်ပုရောဟိတ်များနှင့် လျှိဝှက်စွာ တိုင်ပင် ကြံစည်ခဲ့သည် (မဿဲ ၂၆း၁၄၊ မာကု၊ ၁၄း၁၀၊ လုကာ၊ ၂၂း၃)။ ကိုယ်တော့်ကို ဂေသရှေမန် ဥယျာဉ် ထဲတွင် ဖမ်းဆီးသူများမှာ သူတိုပင်ဖြစ်ပြီး သူတိုလက်အောက်ခံ ဗိမာန်တော်၏ အစောင့်အကြပ်များကို အသုံးပြုခဲ့သည် (မဿဲ၊ ၂၆း၄၇၊ မာကု၊ ၁၄း၄၃၊ လုကာ၊ ၂၂-၅၂)။ ယေရှုကို တရားစီရင်ရန် ယဇ်ပုရောဟိတ်အကြီး ကယာဖ၏ နေအိမ်သို ခေါ်ဆောင်သွားခဲ့ကြသည် (မဿဲ၊ ၂၆၅၇၊ မာကု၊ ၁၄:၅၃၊ လုကာ၊ ၂၂:၅၄)။
ကိုယ်တော့်ကို တရားစီရင်ကြသူများမှာ ယဇ်ပုရောဟိတ် များနှင့်တကွ ကျမ်းပြုဆရာများ၊ ဖာရိရှဲများ၊ ဇျကဲများ၊ ယုဒလူအကြီးအကဲများ ပါဝင်သော်လည်း ယဇ်ပုရောဟိတ် များကသာလျှင် တရားစီရင်မှုကို ကြိုးကိုင်ခဲ့သည်။ မမှန်သော သက်သေများကို သူတိုပင် ရှာဖွေပေးခဲ့ကြသည် (မဿဲ၊ ၂၆း ၅၈၊ မာကု၊ ၁၄း၅၅)။ ယေရှုကို အပြန်အလှန် စစ်ကြောမေး မြန်းခဲ့သည့် အဓိကပုဂ္ဂိုလ်မှာ ယဇ်ပုရောဟိတ်အကြီးသာလျှင် ဖြစ်၏ (မဿဲ၊ ၂၆း၆၂-၆၅၊ မာကု၊ ၁၄း၆၀-၆၄)။
ယေရှုကို ဘုရင်ခံ ပိလတ်မင်းထံ ပိုသူများမှာ ယဇ်ပုရော ဟိတ်များသာ ဖြစ်ကြသည် (မဿဲ၊ ၂၇း၁-၂၊ မာကု၊ ၁၅း၁)။ ယေရှုကို စွဲချက်တင်သူများမှာ သူတိုသာလျှင် ဖြစ်သည် (မဿဲ။ ၂၇း၁၂၊ မာကု၊ ၁၅း၃၊ လုကာ၊ ၂၃း၃-၅၊၁၀)။ ဗာရဗ္ဗကို တရားသေလွှတ်ပြီး ယေရှုကို ကားတင်သတ်ရန် သူတိုကသာ မြှောက်ပင့်ထိုး ကော်လုပ်ခဲ့သည် (မဿဲ၊ ၂၇း၂ဝ၊ မာကု၊ ၁၅း ၁၁)။ ယေရှုကို ကားတင်သတ်ပါဟု ခေါင်းဆောင်၍ အော် ဟစ်ကြသည် (လုကာ၊ ၂၃း၂၃)။
ကားတိုင်ပေါ်၌ ယေရှုသည် ဝေဒနာခံစားနေရစဉ် ပြက် ရယ်ပြု ပြောင်လှောင်သူတိုမှာ ယဇ်ပုရောဟိတ်များသာ ဖြစ်သည် (မဿဲ၊ ၂၇း၄၁၊ မာကု၊ ၁၅း၃၁)။ အသက်ချုပ်သွား သည်ကို သိပြီးဖြစ်သော် လည်း ကိုယ်တော့်ကို လျစ်လျူရှု မထားလို၊ သင်္ချိုင်းတော်ကို ရောမစစ်သည်တော်များ အစောင့် အကြပ်ထားရန် ပိလတ်မင်းအား အကြံဉာဏ်ပေးသူများမှာ သူတိုပင်ဖြစ်သည် (မဿဲ၊ ၂၇း၆၂-၆၆)။ သင်္ချိုင်းတော်သည် ဟာလာဟင်းလင်း ဖြစ်နေသည်ကို တွေ့ရသည်နှင့် တပြိုင်နက် မည် သူ့ကိုမျှ မပြောကြရန် လာဘ်ထိုးကြသူမှာ သူတိုပင်ဖြစ်သည် (မဿဲ၊ ၂၈း၁၁-၁၅)။
ယေရှု၏ သက်တော်စဉ်၏ နောက်ဆုံးပိုင်း နောက်ဆုံးနာရီ အချိန်ပိုင်းအထိ ကိုယ်တော့်ကို အပြင်းအထန် မုန်းတီးရွံရှာနေ ကြသူများမှာ ယဇ်ပုရောဟိတ်များသာဖြစ်ကြောင်း သာဓက ပြလို၍ ယခုကဲ့သို ကျမ်းအကိုးအကားများကို ရှည်လျားစွာ ဖော်ပြနေရခြင်း ဖြစ်ပါ၏။
အဘယ့်ကြောင့် သူတိုသည် ယေရှုကို ဤမျှလောက်ပင် မုန်း တီးခဲ့ကြပါသနည်း၊ ဤအကြောင်းကို နားလည်ရန်အတွက် ယုဒဘာသာနှင့် ထိုဘာသာတွင် ယဇ်ပုရောဟိတ်တို၏ တာဝန် ဝတ္တရားများကို ရှေ့ဦးစွာ သိရှိထားကြရပါလိမ့်မည်။
ယဇ်ပုရောဟိတ်တစ်ဦး ဖြစ်လာရန် လိုအပ်သော အရည် အချင်း တစ်ခုတည်းမှာ (ဓမ္မဟောင်းခေတ်က) “အာန်၏ မျိုးရိုးမှ ဆင်းသက်လာဖိုသာ လိုသည်။ ထိုမျိုးရိုးအဆက်ပြတ် ခြင်း မရှိခဲ့ပါ။ လူတစ်ဦးသည် အာရုန်”မှ ဆင်းသက်လာပါက ယဇ်ပုရောဟိတ် ဖြစ်နိုင်သည်။ ထိုလူမျိုးမှလာသူ မဟုတ်ပါက မည်သူကမျှ ထိုသူအား ယဇ်ပုရောဟိတ်အဖြစ် မခန့်အပ်နိုင် ပါ။ အကျင့်သီလနှင့် ဘုရား၊ တရား ကိုင်းရှိင်းမှုမှာ အရေးမကြီး၊ ကာယဆိုင်ရာ ချိုယွင်းမှုများသာ မရှိပါက ထိုသူ သည် ယဇ်ပုရောဟိတ် ဖြစ်နိုင်သည် (ဝတ်ပြုရာကျမ်း၊ ၂၁း ၁၆-၂၃)။
နောက်ပိုင်း၌ ထိုကျမ်းချက်ကို အခြေပြုပြီး ယဇ်ပုရောဟိတ် တိုက သတ်မှတ်ထားသော ကာယဆိုင်ရာချိုယွင်းချက် (၁၄၂) မျိုးမှ ကင်းစင်လျှင် ထိုသူသည် ယဇ်ပုရောဟိတ် ဖြစ်လာနိုင် သည်။ ကာယဆိုင်ရာ ချိုယွင်းမှုရှိသောကြောင့် ထိုသူသည် ဗိမာန်တော်တွင်းသို ဝင်ပြီး ယဇ်ပုရောဟိတ် တာဝန်များကို မထမ်းဆောင်ရသော်ငြားလည်း ယဇ်ပုရောဟိတ်တိုသာ ရထိုက် သော အခွင့်အရေးနှင့် လစာကို အပြည့်အ၀ ခံစားနိုင်၏။
သမိုင်းရှင် စီးဖပ်(စ်)၏ မှတ်တမ်းများအရ ယဇ်ပုရော၊ ဟိတ် ဦးရေမှာ ၁ဝဝ,ဝဝဝ အထိပင် ရှိကြောင်း သိရရာ၊ ထိုမျှလောက်များပြားလှသော ယဇ်ပုရောဟိတ်တိုသည် တစ်ချိန် တည်းမှာပင် ဗိမာန်တော် အတွင်း၌ တာဝန်ထမ်းဆောင် နိုင်လိမ့်မည် မဟုတ်ပါ။ သိုသော် အထူးပွဲနေ့များဖြစ်သော ပသခါပွဲနေ့၊ ပင်တေကုတ္တေပွဲနေ့၊ သကေနေပွဲနေ့ (Feast of Tabernacles) တိုတွင်သာ ယဇ်ပုရောဟိတ် အားလုံးကို တာ ဝန်ချလေ့ရှိသည်။
သို့သော် အခြားအချိန်များ၌ ယဇ်ပုရောဟိတ်ကို (၂၄)စု ခွဲ၍ တစ်စုသည် တစ်နှစ်လျှင် (၂) ပတ်မျှသာ တာဝန်ထမ်းဆောင်ကြရသည်။ သူတို၏ တာဝန်ကျချိန်များကို ပေါင်းစပ် ကြည့်လိုက်သော် ယဇ်ပုရောဟိတ် တစ်ဦးလျှင် (၅) ပတ်ထက်ပို၍ တာဝန်မထမ်းဆောင်ကြပါ။ သိုသော် သူတိုရရှိသော အခွင် အရေးနှင့် ဆုလာဘ်တိုမှာကား များပြားလှပါ၏။
ဗိမာန်တော်ထဲ၌ ယဇ်ပူဇော်ကြရာတွင် “မီးရှိရာယဇ်တစ်ခု တည်းသာလျှင် ပလ္လင်တော်ပေါ်၌ အကုန်အစင် မီးရှိပစ်၍ သည်။ အခြားသော ယဇ်ပူဇော်ဝတ်တို စတိအနေဖြင့် ယဇ်ကောင်၏ အစိတ်အပိုင်း အနည်းငယ်မျှလောက်ကိုသာ မီးရှိ ပြီး၊ ကျန်သမျှသော အသားပိုင်းကို ယဇ်ပုရောဟိတ်တိုက ယူကြသည်။
“အပြစ်ဖြေရာယဇ်သည် လူတစ်ဦး၏ အပြစ်ကြောင့်မဟုတ်၊ သူသည် အပြစ်သားဖြစ်သည့် အလျောက် ထိုအပြစ်အတွက် ဘုရားသခင်အား ပူဇော်ရသည့်ယဇ်ဖြစ်ရာ၊ ထိုယဇ်ကို ပူဇော်ရာ ၌ ဆီဥကိုသာ မီးရှိပြီး၊ ကျန်သမျှအသားကို ယဇ်ပုရောဟိတ် တိုက ရပိုင်ခွင့်ရှိသည်။
ဒုစရိုက်ဖြေရာယဇ်သည် လူတစ်ဦးက တစ်စုံတစ်ခုသော အပြစ်ကို ပြုမိ၍ ဘုရားသခင်အား တောင်းပန်သည့် အနေဖြင့် ပူဇော်ရသော ယဇ်ဖြစ်ရာ ထိုယဇ်ပူဇော်ရာတွင်လည်း ဆီဥကို သာ ပူဇော်ပြီး ယဇ်ပုရောဟိတ်တိုက အသားကို ယူကြသည်။ “မိတ်သဟာယဇ်”တည်းဟူသော ကျေးဇူးတော် ဝန်ခံရာ ယဇ်ကို ပူဇော်ပြန်လျှင်လည်း ဆီဥကိုသာ မီးရှိရသည်။ ယဇ်ပူ ဇော်သူက အသားပိုင်းခပ်များများကိုရပြီး၊ ယဇ်ပုရောဟိတ်က ရင်အုံသားနှင့် ညာပုခုံးသားကို ယူသည်။
“ဘောဇဉ်ပူဇော်သက္ကာ”ဆိုသည်မှာ ဂျုံ၊ ဆီ၊ မုန့်ညက် အစရှိသော အစားအစာကို ပူဇော်ရသဖြင့် စတိအဖြစ် ထိုဘောဇဉ်တိုမှ အနည်းငယ်ကိုသာ မီးရှိရပြီး ကျန်သမျှကို ယဇ်ပုရောဟိတ်တိုက ရပိုင်ခွင့်ရှိကြပြန်သည်။
မီးရှိရာ ယဇ်တစ်ခုတည်းမှလွဲ၍ ကျန်ပူဇော်သက္ကာ ယဇ်မှန် သမျှထဲမှ အများဆုံးကို ယဇ်ပုရောဟိတ်တိုက ရယူခွင့်ရှိသည် ချည်း ဖြစ်၏။
ဂျူးလူမျိုးထဲတွင် ယဇ်ပုရောဟိတ်တိုထက် အသားစား သုံးနိုင်ကြသူများ မရှိသည်မှာလည်း မထူးဆန်းပါ။
ထိုခေတ်က ပါလက်စတိုင်းနိုင်ငံတွင် တပတ်လျှင် တစ်ကြိမ် မျှ အသားဟင်းလျာကို စားနိုင်ပါက ကြွယ်ဝချမ်းသာသည် ဟု ယူဆနိုင်ပါသည်။ သာမန်လုပ်သားတစ်ဦးသည် ထိုမျှပင် မစားသောက်နိုင်ရှာသော် လည်း ယဇ်ပုရောဟိတ်တို မူကား အသားစားလွန်းသဖြင့် ငြီးငွေ့ ရတော့မလောက်ပင် ဖြစ်နေ ပါ၏။
ယင်းပုရောဟိတ်တစ်ဦးသည် ဗိမာန်တော်တွင်း၌ တာဝန် မကျေသော အပြစ်တစ်စုံတစ်ခုကြောင့် လည်းကောင်း၊ ကာယ ဆိုင်ရာ ချိုယွင်းမှုများ ရှိနေ၍လည်းကောင်း၊ ဗိမာန်တော်တွင် တာဝန်ထမ်းဆောင်ခွင့် ပိတ်ပင်ထားခြင်း ခံရနေစေကာမူ ပူဇော် သက္ကာများထဲမှ သူ၏ ဝေပုံကျကို အမြဲရနေသည်ကို လည်း သတိချပ်စေလိုပါသည်။ ။
ယဇ်ပုရောဟိတ်တို ဝေပုံကျရရှိသော အသားများကို ဗိမာန် တော်တွင်း၌ စားရန်မလို။ သူတိုအိမ်၌ ချက်ပြုစားသုံးနိုင်ရုံ မက သူတို၏ အိမ်သူအိမ်သားများကပါ စားသုံးနိုင်ခွင့်ရှိသည်။
ယဇ်ပုရောဟိတ်တို၏ ရပိုင်ခွင့်မှာ ထိုထက်မကသေးပါ။
သူတိုသည် “ခြံမြေ၌သီးသော အသီးအနှံရှိသမျှ အထဲမှဦး ဆုံးသော အသီးအနှံတိုကို လူတိုင်းထံမှ ရနိုင်ခွင့် ရှိပါသေး၏” (ထွက်၊ ၂၃း၁၉)။ ထိုအသီးအနှံများမှာ ဂျုံစပါး၊ ဘာလီစေ့၊ စပျစ်သီး၊ သလဲသီး၊ မုန့်ညင်းနှင့် ပျားရည်အစရှိသည်တို ဖြစ် ပါ၏။ ထိုပူဇော် သက္ကာမှာ ဘုရားသခင်ကို ရည်စူး၍ ပူဇော် ကြသည် မှန်သော်လည်း ယဇ်ပူဇော်ပြီးလျှင် ယဇ်ပုရောဟိတ် တိုက ခွဲဝေယူကြပါသည်။
ထိုမျှမကသေးပါ။
ယဇ်ပုရောဟိတ်သည် ဣသရေလ အမျိုးသားတိုင်း ထံမှ အကောင်းဆုံးသောဆီ၊ အကောင်းဆုံးသော ဂျုံစပါး၊ အဦး မှည့်သော သစ်သီးသစ်နှံ မှန်သမျှတိုလည်း ရပိုင်ခွင့်ရှိကြပြန် သေးသည်။ ၎င်းကို ဟေဗြဲစကား အားဖြင့် Terumah ဟုခေါ် သည်။ ပျမ်းမျှအားဖြင့် လူတစ်ဦးပိုင်ဆိုင်သော ဂျုံစပါး များ၏ ငါးဆယ်ပုံ တစ်ပုံကို သူတို ရပိုင်ခွင့် ရှိနေကြပါ၏ (တောလည်၊ ၁၈း၁၂)။
ထိုမျှနှင့် မက,သေးပါ။
ယဇ်ပုရောဟိတ်တိုသည် ဣသရေလ အမျိုးသားတို၏ အစား အစာမှန်သမျှထဲမှ ဆယ်ဖိုတစ်ဖိုကို ရကြပြန်သေးသည်။ ထိုဆယ်ဖို ကို Tithes ဟုခေါ်ပြီး လေဝိအမျိုးသားတိုအား ရည်စူးပြီး ထောက်ပံ့ရေး အတွက် ယခင်ကတည်းက သတ်မှတ် ထားသော် လည်း ယဇ်ပုရောဟိတ် တိုင်းကလည်း ဝေပုံကျ ခံစားရပြန် သေးသည် (တောလည်၊ ၁၈း၂၄)။
ထိုအပြင် Challah ဟုခေါ်သည့် နယ်ပြီးသား မုန့်ညက် စိမ်းမှန်သမျှ၏ ၂၄ ပုံ တစ်ပုံကို မုန့်ဖုတ်သည့် အိမ်တိုင်းက ယဇ်ပုရောဟိတ်များအား ဆက်သရပြန်ပါသေးသည်။
ဆင်းရဲလှသော နိုင်ငံတစ်နိုင်ငံတွင် ယဇ်ပုရောဟိတ်တိုသည် သာလျှင် စည်းစိမ်ရှိရှိ၊ ကြွယ်ဝကုံလုံစွာ နေထိုင်စားသောက်နိုင်ကြောင်း အထက်ဖော်ပြပါ အချက်များအားဖြင့် သိနိုင် ပါ၏။ သူတိုရရှိသော ပစ္စည်းများမှာလည်း သူတို၏လုပ်အား ကြောင့်ရသည်မဟုတ်၊ လူတိုင်းထံမှ “ခေါင်းပုံဖြတ်” “အညွန့် ခူးစား” နေခြင်းကြောင့်သာ ဖြစ်ပါ၏။
ဝိညာဉ်ရေးဘက်၌ ကြည့်ပြန်လျှင် ဘုရားနှင့်လူ စပ်ကြား ယဇ်ပုရောဟိတ်တိုသာ ရှိပြီး၊ လူတစ်ဦးသည် ဘုရားသခင်အား တိုက်ရိုက် ဆက်ဆံခွင့်မရှိ ကြားခံဖြစ်သော ယဇ်ပုရောဟိတ် များမှ တဆင့်သာ ဆက်ဆံနိုင်၏။ လူတစ်ဦးသည် အပြစ်ပြုမိ ပါက ထိုအပြစ်မှ လွှတ်ခွင့်၊ ဩတ္တပစိတ် ပြန်လည်ကြည်လင် လာရသော အခွင့်ရရန် ယဇ်ပူဇော်ရသည်။ ထိုယဇ်ကို ပူဇော် ပေးနိုင်သူမှာ ယဇ်ပုရောဟိတ်များသာလျှင် ဖြစ်၏။
ထိုသိုသော ဝိညာဉ်ရေးရာ အခွင့်အရေးသာမက ဤမျှ လောက်သော တန်ခိုးအာဏာ ရှိသူမျိုး ရှားပါးလှပါ၏။
သို သော် ခရစ်တော် သွန်သင် ဩဝါဒ ပေးပုံတိုနှင့် ယဇ်ပုရောဟိတ်တို ပြုမူနေပုံတိုသည် တခြားစီ ဖြစ်နေသည်။
ဘာသာရေးအပေါ် ထားရှိသော ခရစ်တော်၏ ရှုထောင့် က ယဇ်ပူဇော်သက္ကာကို အတွင်းစိတ်နှလုံး သဘောထားက ပို၍ အရေးကြီးကြောင်း သွန်သင်ဆုံးမခဲ့သည်။ ခရစ်တော်၏ သွန် သင်ဆုံးမခြင်းသည် မှန်ပါက ယဇ်ပုရောဟိတ်တိုသည် မှားနေ ပေပြီ။ သူတို၏ ပြုမူ လုပ်ကိုင်နေပုံတိုသည် ဘုရားသခင်၏ အလိုတော်နှင့် တခြားစီ ဖြစ်နေပေပြီ။
ကိုယ်တော်က ရှေးပရောဖက်များ အကြိမ်ကြိမ် အဖန်ဖန် သတိပေးခဲ့ပုံတိုကို ပြန်လည်ထောက်ပြနေခဲ့ ခြင်းသာ ဖြစ်သည်။ ဂျူးလူမျိုးတို၏ သမိုင်းစဉ်တွင် ပရောဖက်တိုနှင့် ယဇ်ပုရောဟိတ်တိုနှင့် ပဋိပက္ခ ဖြစ်ခဲ့သည်မှာလည်း ထိုအကြောင်းကြောင့် ပင် ဖြစ်ခဲ့ရသည်။ | ပရောဖက် ဟေရှာယက “ထာဝရဘုရား မိန့်တော်မူသည် ကား သင်တိုပူဇော်သော ယဇ်အများကို ငါသည် အဘယ်သို ဆိုင်သနည်း။ မီးရှိ၍ ပူဇော်သော သိုးကောင်၊ ဆူဖြိုးအောင် ကျွေးသော တိရစ္ဆာန်တို၏ ဆီဥနှင့် ငါဝပြီ။ နွားနှင့် သိုး သူငယ်ဆိတ်၏ အသွေးကို ငါမနှစ်သက်…”ဟု ဟောပြောခဲ့၏ (ဟေရှာ၊ ၁း၁၁-၁၅)။
ထိုယဇ်ပူဇော်ခြင်းနှင့် ပတ်သက်၍ လည်း ပရောဖက် မိက္ခာ က “ငါသည် ထာဝရဘုရား ရှေ့တော်သို အဘယ်ပူဇော် သက္ကာပါလျက် ချဉ်းကပ်၍ အမြင့်ဆုံးသော ဘုရားသခင်ရှေ့ တော်၌ ကိုးကွယ်ရမည်နည်း။ မီးရှိရာ ယဇ်နှင့် အခါလည် သော နွားငယ်တိုကို ဆောင်လျက် ချဉ်းကပ်ရမည်လော။ အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင်ရှေ့ တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူ ဇော်သက္ကာကို ထာဝရဘုရား တောင်းတော်မူသနည်း” ဟူ၍ သတိပေးခဲ့ပြန်ပါသေးသည် (မိက္ခာ၊ ၆း၆-၈)။
ဘုရားသခင်သည် သိုးထီးတစ်ကောင်၊ ဆီမြစ်တစ်သောင်းကို မလိုချင်၊ မနှစ်သက်ပါ။ ပရောဖက်တိုက ဤမျှလောက်အရေး ကြီးသော သတိပေးချက်တိုကို ထပ်တလဲလဲ ပြောဆိုဟော ပြောနေခဲ့ပါလျက် ယဇ်ပုရောဟိတ်တိုက နားမထောင်၊ခရစ်တော်၏လက်ထက်ကျသောအခါ ယဇ်ပုရောဟိတ်တိုနှင့် ကိုယ်တော်သည် ထိတ်တိုက်တွေ့ကြရပြန်ပြီ။
ကိုယ်တော်က “ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်းကရု ဏာ အကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နား လည်ခြင်းငှာ သင်တိုသွား၍ သင်ကြလော့”ဟု မိန့်တော်မူရာ ၌ ဟောရှေ ၆း၆ကိုရည်ညွှန်း၍ ပြောလိုက်ခြင်းဖြစ်ပါ၏ (မဿဲ ၉း၁၃ နှင့် ၁၂း၇)ကိုကြည့်ပါ။)
ထိုကြောင့် ယဇ်ပူဇော်ခြင်း ဝိနည်းတော်ကို ဖျက်သိမ်း ပစ်ရမည်လား၊ ယေရှုကို သုတ်သင်ပစ်ရမည်လား။ ယဇ်ပုရော ဟိတ်တို က ကိုယ်တော်ကို သုတ်သင်ဖယ်ရှင်းမပစ်လျှင် ကိုယ် တော့်ကြောင့် သူတို၏ စားပေါက်ပိတ်လာပြီး လုပ်ငန်းပျက် စီးရချေတော့မည်။
သိုကြောင့်လည်း ယဇ်ပုရောဟိတ်တိုက ကိုယ်တော်ကို အမုန်းကြီး မုန်းခဲ့ကြပြီး သူတို၏သာယာဝပြောစွာ နေရသော အခြေအနေကို ပျက်စီးခြင်းကို မခံ၊ ကိုယ်တော့်ကို ရှင်းလင်းပစ် ရန် သန္နိဋ္ဌာန်ချခဲ့ခြင်းဖြစ်ပါ၏။
ယေရှုကို ကားတိုင်၌ တင်သတ်ခဲ့ရခြင်းအကြောင်းအရင်း ကို အမှန်ပြန်၍ စဉ်းစားပါလျှင် ထူးခြားနေပါ၏။
ဖာရှိရှဲတိုက ကိုယ်တော့်ကို ဆိုးသောသူ၊ အပြစ်သားဟူ၍ အကယ်ပင် ထင်ခဲ့ကြ၏။ ဇကဲတိုက ကိုယ်တော့်ကို သူပုန် တစ်ဦးဟူ၍ သာ ထင်ခဲ့ပြီး၊ နိုင်ငံရေး ဆူပူအုံကြွမှုကို လှုဆော် မည့်သူဟု ယူဆခဲ့ကြ၏။ ယဇ်ပုရောဟိတ်တို၏ ရှုထောင့်က ဒည့်လျှင် ယေရှုသည် သူတို ရသင့် ရထိုက်သော အခွင့်အရေး နှောက်ယှက် ဖျက်ဆီးမည့်သူ၊ သူတို၏ တန်ခိုးအာဏာ ကို ပျက်စီးစေမည့်သူဟု တထစ်ချ ယုံခဲ့ကြပါ၏။
ထိုကြောင့်လည်း ထိုအုပ်စု သုံးစုစလုံးက ယေရှုခရစ်တော် ဆိုသည့် ပုဂ္ဂိုလ်ကို ဤလောကကြီးမှ ရှင်းပစ်လိုက်မှ ဖြစ်ချိမ့် မည်ဟု ယတိပြတ် ဆုံးဖြတ်လိုက်ခြင်းပေတည်း။
အခန်း (၂၀)
ဟောပြောသွန်သင်ရာတွင် သခင်ယေရှု အသုံးပြုခဲ့သည့် နည်းလမ်းများ
ယေရှု ခရစ်တော်ကို ခရစ်ယာန်တိုကဲ့သို ဘုရားသခင်၏ သားတော်အဖြစ်လည်းကောင်း၊ ကယ်တင်ရှင် မေရှိယအဖြစ် လည်းကောင်း၊ အချိုက အသိအမှတ် မပြုသော်ငြားလည်း ကိုယ်တော့်ကို ဟောပြော သွန်သင် ဆုံးမရာတွင် အလွန်ပင် အောင်မြင်ကျော်ကြားသော “ဆရာ”တစ်ဦး အနေဖြင့် လူ တိုင်းက အသိအမှတ် ပြုကြလေ့ရှိပါသည်။ ကိုယ်တော့်ကို ဆန့်ကျင်ဘက်ပြုသော ရန်သူများကပင်လျှင် ထိုကဲ့သို အသိ အမှတ်ပြုကြပါ၏။
တစ်စုံတစ်ခုကို စုံစမ်းမေးမြန်းရန် ချဉ်းကပ်လာကြရာတွင် “အရှင်ဘုရား၊ ကိုယ်တော်သည် သစ္စာရှိပါ၏။ အဘယ်သူကို မျှမကြောက် လူမျက်နှာကို မထောက်ဘဲ ဘုရားသခင်၏တရား လမ်းကို ဟုတ်မှန်စွာ ပြတော်မူသည်ကို အကျွန်ုပ်တို သိကြ ပါ၏”ဟု လျှောက်ထားခဲ့ သည် (မဿဲ၊ ၂၂း၁၆၊ မာကု၊ ၁၂း၁၄၊ လုကာ၊ ၂၀း၂၁)။
၁။ ကိုယ်တော်သည် အမှုတော် လုပ်ငန်း အစဦးပိုင်း တွင် တရားဇရပ်များ၌ စတင် ဟောပြော သွန်သင်ခဲ့ သည်ကား မှန်၏။ သိုသော် ဘာသာရေး အယူသည်းသူ အုပ်စုက ကိုယ်တော့်အား တရားဇရပ်များတွင် ဟောပြော ခွင့်မပြုတော့ဘဲ တံခါးကို ပိတ်လိုက်ကြသည်။ ထိုကြောင့် ကိုယ်တော်သည်လည်း လမ်းမပေါ် ရေအိုင်နှင့် ပင်လယ်ကမ်းနား၊ တောင်ပေါ် လွင်ပြင်ဒေသ တစ်ဝိုက်တွင် လှည့် လည်ဟောပြောခဲ့ရတော့သည်။
ထိုအချိန်မှစပြီး ကိုယ်တော်၏ ဟောပြော သွန်သင်ခဲ့ခြင်း သည် အများအားဖြင့် လေဟာပြင်ထဲ၌သာလျှင် ဖြစ်လာခဲ့ သည်။
လေဟာပြင် ကွင်းပြင်ထဲ၌ ဟောပြောရန် အလွန်ထူးခြား သော အရည်အချင်း တစ်ခုလိုသည်။ ၎င်းမှာ လူအပေါင်းတို ၏ စိတ်အာရုံကို ချက်ခြင်းဆွဲဆောင်နိုင်သော ဂုဏ်အင်္ဂါမျိုး ဖြစ်ပါ၏။
တရားပလ္လင်ပေါ်က သော်လည်းကောင်း၊ တက္ကသိုလ် သို မဟုတ် ကျောင်းစာသင်ခန်းတွင် လည်းကောင်း၊ ဟောပြော သူ၌ ကောင်းသောအခွင့်အရေး တစ်ခုရှိသည်။ ၎င်းမှာ နားသော တဆင်ကြသော လူတိုက ထ၍ အခန်းတွင်းမှ ရုတ်တရက် ထွက်ခွာမသွားစေနိုင်ခြင်းပင် ဖြစ်၏။
သိုသော် လွတ်လပ်သော လေဟာပြင်၌ ဟောပြောသူ များမှာကား၊ ပထမဦးစွာ သွားလာလှုပ်ရှား နေသူများကို သူ၏ဟောပြောခြင်းအားဖြင့် ရပ်တန့် သွားစေနိုင်ရမည်။ ရပ်တန့်သွားရုံတင်သာမက ဆက်လက် ထွက်ခွာမသွားစေရန် ဆွဲဆောင်ထားနိုင်သော အရည်အချင်းထူး ရှိရပေလိမ့်မည်။
သိုမဟုတ်ပါက ခရီးသွား လှုပ်ရှားနေသူများကို ရပ် တန့်၍ နားထောင်စေခြင်းငှာ မတတ်စွမ်းနိုင်ပါ။ ရပ်တန့် နားထောင် နေသူများကိုလည်း ခရီးဆက်လက် ထွက်ခွာ မသွားစေရန် ဆွဲဆောင်ထားနိုင်လိမ့်မည် မဟုတ်ပါ။ ရှေးဦး စွာ စူးစမ်းလိုသော စိတ်အားဖြင့် ခေတ္တ ရပ်တန့် နားထောင်မည့်သူများ ရှိသော်လည်း အာရုံဆွဲဆောင်နိုင်မှု မရှိလျှင် “အလကားပါကွာ” ဟူသော သဘောထားဖြင့် ထွက်ခွာသွား ကြမည်သာ ဖြစ်ပါ၏။
၂။ လေဟာပြင်ကွင်းပြင်၌ ဟောပြောသူ၏ ဟောပြော ချက်၌ လူတိုင်းနှင့် သင့်မြတ်လျော်ကန်သော၊ လူတန်းစားအမျိုး မျိုးနှင့် ကိုက်ညီသော “ဦးတည်ချက်” သိုမဟုတ် “အဓိက အကြောင်းအရာ” ပါရှိရမည်။ အသင်းတော်၊ သိုမဟုတ် စာသင် ခန်းထဲ၌ ဟောပြောနေသူကို နားထောင် နေကြသူများမှာ အများအားဖြင့် စိတ်သဘောထားနှင့် အခြေခံစိတ်ထားချင်း တူညီသူများ ဖြစ်ပေလိမ့်မည်။ သိုသော် လွင်ပြင်လေဟာကွင်း ထဲ၌ ဟောပြောသူကို နားထောင်ကြမည့် သူများမှာ လူတန်း စား အမျိုးမျိုး၊ စိတ်ရင်းသဘောထား အမျိုးမျိုး၊ ရိုးရာအစဉ် အလာ အမျိုးမျိုး ရှိနေသူများ ဖြစ်၍ ထိုလူအပေါင်းတို၏ အာရုံကို ဆွဲဆောင်ထားနိုင်ရန် ထူးကဲသော အရည် အချင်းမျိုး လိုအပ်ပါ၏။
သခင်ယေရှုသည် လူပေါင်းမျိုးစုံ၏ အာရုံကို ဆွဲဆောင်၍ ဟောပြော သွန်သင်နိုင်ကြောင်း သိသာထင်ရှားလှသောသာဓက များမှာ ကိုယ်တော် ဟောပြောခဲ့သော နေရာများကိုကြည့် တွင် မြင်တွေ့နိုင်သည်။ ကိုယ်တော်သည် တရား ဇရပ်များ ၌ ဟောပြောခဲ့သည် (မဿဲ၊ ၄:၂၃၊ လုကာ၊ ၄၁၄)။ ယေရှုက °ညာရှင်များနှင့် အလွန်အရေးကြီးလှသော သဘောတရားကို ငြင်းခုံ ဆွေးနွေးခဲ့ကြောင်း တွေ့ရသည် (မဿဲ။၂၂း၂၃-၄၆၊ မာကု၊ ၁၂း၁၃-၄၄၊ လုကာ၊ ၂၁း၂၀၄၄)။
ကိုယ်တော့်ကို လမ်းမကြီး၊ လမ်းလယ်တိုတွင် တွေ့ရသည်။ တံငါလှေပေါ်ထိုင်၍ ပင်လယ် ကမ်းနားစပ်၌ ဟောပြောခဲ့ကြောင်းကို တွေ့ရသည်။ ထိုသူတိုကလည်း ကိုယ်တော်၏ စကားတော်တိုကို အလွန်ပင် စိတ်အား ထက်သန်စွာ နားထောင်နေကြသည်ကို တွေ့ရပြန်သည် (မဿဲ၊ ၁၁း၁၊ မာကု၊ ၂:၁၃၊ ၄း၁၊ လုကာ၊ ၅း၁၇)။ |
ရင်းနှီးလှသော တပည့်တော်များကို သီးသန့် သွန်သင်၊ စကားပြောကြောင်းကိုလည်း တွေ့ရသည် (မဿဲ၊ ၅း၁၊ မာကု၊ ၈း၃၁)။ ထို အပြင် သာမန် လူတန်းစားတို က “အားရ ဝမ်းမြောက်သော စိတ်ဖြင့်” စကားတော်ကို နားထောင်ကြ ကြောင်းကိုလည်း တွေ့ရသည် (မာကု၊ ၁၂း၃၇)။ ထိုသို အောင်မြင်စွာ ဟောပြော သွန်သင်နိုင်ရန် မလွယ် လှပါ။ ထူးကဲသော အရည်အချင်းလို၏။
တရားပလ္လင်ပေါ်၌ ကောင်းမွန်စွာ ဟောပြောနိုင်သော ဆရာမျိုး ဖြစ်စေကာမူ စက်ရုံ၊ အလုပ်ရုံ၊ လမ်းမ၊ သင်္ဘော ဆိပ်၊ ဈေးစသော နေရာဒေသတို၌ အလားတူ ကောင်းမွန် စွာ ဟောပြောနိုင်တတ်သူ ရှားပါး၏။
စာသင်ခန်းထဲ၌ ခက်ခဲနက်နဲသော ပညာရပ်များကို သွန် သင် ပြသနိုင်စေကာမူ၊ သာမန် ပညာမဲ့လူတန်းစား တစ်ဦးကို နားလည် သဘောပေါက်နိုင်ရန် သွန်သင် နိုင်သူမျိုး သာ၍ပင် ရှားလှပါသေးသည်။
သာမန် ပညာမဲ့ လူတန်းစားတိုကို နားလည် သဘော ပေါက် အောင် ဟောပြော နိုင်သော်လည်း ပညာတတ် အထက်တန်းလွှာတို၏ စိတ်သဘောကို ထိထိမိမိ စွဲငြိအောင် ဟောပြောနိုင်သူများ ကိုလည်း အလွယ် တကူ မတွေ့နိုင်ပါ။ မည်သိုသော ပရိသတ်မျိုးကို မဆို လိုက်လျော ညီထွေစွာ ဟောပြော သွန်သင်နိုင်သူများ ရှိသည် မှန်သော်လည်း ရှား ပါ၏။
သိုသော် နာဇရက်မြိုသား ယေရှုမှာကား ထိုသိုသော အရည် အချင်းရှိသည့် ဆရာတစ်ဦးပေတည်း။
၃။ လေဟာပြင်၊ ကွင်းပြင်ထဲ၌ ဟောပြောသူ တစ်ဦးသည် စိတ်အာရုံကို ဆွဲဆောင်နိုင်ရုံမျှလောက်အောင် အာဝဇ္ဇန်းရွှင် ရွှင် ဟောပြောနိုင်သော်လည်း လူတိုင်း “ချက်ချင်း သဘော ပေါက် နားလည်သွားနိုင်စေရန်မူကား ထူးကဲသော စွမ်းရည် တစ်မျိုး လိုပါသေး၏။ စာအုပ်ကြီးထဲမှ ဖတ်ရှုပြီး ပြန်လည် ဟောပြောနေသူ ဖြစ်ပါက ခက်ခဲနက်နဲသော တစ်နေရာ၊ တစ်ခု သော အကြောင်းအရာမျိုးကို ရှင်းပြရတော့မည့် အချိန်မျိုး၌ အခက်အခဲ တွေ့လာရလျှင် အဆိုပါ စာအုပ်ကြီးကို ပြန်လည် လှန်လှော ကြည့်ရှုမိရမည်မှာ မလွဲပင် ဖြစ်ပါ၏။ သူ့ကိုယ်၌က ထိုအချက်ကို သေသေချာချာ သဘောပေါက် နားလည်ပြီးမှ နားသောတဆင်နေကြသော ပရိသတ်၏ ပညာအဆင့်အတန်း နှင့်အညီ ပြန်လည်ဟောပြော သွန်သင်နိုင်လိမ့်မည်။
နားသောတဆင်နေခြင်းအားဖြင့်သာ တစ်စုံတစ်ခုကို သင် ယူနေရသူတိုမှာ စာအုပ်ကြီးများကို လှန်လှော်ခြင်း၊ ဆင်ခြင် စဉ်းစားဝေဖန် သုံးသပ်ရခြင်း စသော အခွင့်အရေးမျိုး မရှိပါ။ အကယ်၍ ဟောပြောလိုက်သော အချက်တစ်ခုကို နားသော တဆင်သူတစ်ဦးက ရုတ်ချည်း ကောင်းစွာ သဘောမပေါက်ဘဲ ဖြစ်သွားပါက၊ သဘောအချိတ်အဆက် ပြတ်တောက်သွားပြီး နောက်ထပ် ဟောပြောနေသမျှတိုနှင့် ကွင်းဆက် ပြတ်သွားပါ လိမ့်မည်။
ဟောပြောလိုက်သော အချက်တစ်ချက်ကိုသာ သိုလော သို လောနှင့် စဉ်းစားဆင်ခြင် နေရပါလျှင်လည်း နောက်ပိုင်း၌ တစ်ဆင့်ပြီးတစ်ဆင့် တက်လာသော အချက်အလက်တိုကို လွတ် သွားပါလိမ့်မည်။ သိုကြောင့် လေဟာပြင်ထဲ၌ ဟောပြောရသူတစ်ဦး၌ ရှင်း လင်းပြတ်သားသော ထိုးထွင်းဉာဏ်၊ ဇဝနဉာဏ်သာမက ရိုး ရိုးစင်းစင်း၊ ပီပီပြင်ပြင် ဟောပြောနိုင်သော အရည်အချင်းရှိရ ပါလိမ့်မည်။
သခင်ယေရှု သွန်သင်ဟောပြောပုံ၌ ထူးခြားမှု တစ်ခုရှိ၏။
လူအချိုက ကိုယ်တော်နှင့် အချိုသော အချက်များတွင် သဘောမတူနိုင်စေကာမူ ကိုယ်တော်၏ ဟောပြော သွန်သင် သွားသမျှကိုမူကား လူတိုင်းက သဘောပေါက် နားလည်သွား သည်ကိုသာလျှင် တွေ့မြင်ရခြင်းပေတည်း။ ။
၄။ သိုကြောင့် လေဟာပြင်ထဲ၌ ဟောပြောရသူတစ်ဦးမှာ လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်နိုင်မှု၊ လူတန်းစားတိုင်းနှင့် သင့်မြတ် လျော်ကန်အောင် ဟောပြောနိုင်မှုနှင့် လူအားလုံးက ရုတ်ခြည်း နားလည် သဘောပေါက်သွားစေနိုင်သော အရည် အချင်းမျိုး ရှိရပါလိမ့်မည်။ လူပေါင်းမျိုးစုံ၊ ခံယူချက်ပေါင်း မျိုးစုံ၊ အခြေခံပညာအရည်အချင်းမျိုးစုံသော လူမျိုးပေါင်းစုံကို ဟောပြောရသူတစ်ဦးသည် ထိုသို ထူးခြားသော အရည် အချင်းများ ရှိရပေလိမ့်မည်။
သိုသော် ယေရှုအဖို နောက်ထပ်ပြဿနာတစ်ရပ်ကို ရင်ဆိုင်ခဲ့ ရပြန်ပါသည်။ ၎င်းမှာကား ကိုယ်တော်၏ ဟောပြောချက် မှန်သမျှကို နားသောတဆင်သူများ၏ စိတ်ထဲ၌ “အမြဲတမ်းစွဲမြဲ မှတ်မိနေနိုင်စေရေး“ ပေတည်း။
သခင်ယေရှု ဟောပြောရသည့် ခေတ်အခါမျိုး၌ ပုံနှိပ် ထားသော စာအုပ်များဆိုလျှင် လုံးဝမရှိ၊ လက်ရေးဖြင့်ရေး သားပြုစုထားသော စာပေများမှာ ရှားပါးရုံမက တန်ဖိုး ကြီးမားလှသည်။ ယခုခေတ်မျိုးတွင် ဟောပြော သင်ကြားရ သော ဆရာတစ်ဦး သင်ကြားဟောပြောသမျှကို နားဆင်ခဲ့ကြ သူများက မေ့လျော့သွားနိုင်သော်လည်း တိတ်ရကော်တာဖြင့် ဖမ်းယူထားခြင်း၊ မှတ်စုများမှတဆင့် စာအုပ်ပြန်လည် ပုံနှိပ် ထုတ်ဝေနိုင်သေးသဖြင့် နားသောတ ဆင်ခဲ့ရသူတိုမှာ ထိုအ ကြောင်းအရာတိုကို ပြန်လည်ဖတ်ရှု လေ့လာနိုင်ပါ သေးသည်။ ဟောပြောခဲ့သူကလည်း သူဟောပြောသော အကြောင်းအရာ တိုကို အထောက်အကူပြုမည့် စာအုပ်စာတမ်းများကို အကြံ ဉာဏ် ပေးနိုင်ပါသေးသည်။
သိုသော် သခင်ယေရှု၌ ထိုသိုသော အခွင့်အရေး မရှိခဲ့ရှာပါ။
ကိုယ်တော်သည် သူဟောပြော သွန်သင်ခဲ့သမျှကို နားသော တဆင်သူများ၏ စိတ်ထဲ၌ မမေ့နိုင်စေလောက်အောင် စွဲမြဲသွားစေရန် အလွန်ပင်ကြိုးစား အားထုတ်ခဲ့ရသည်။ ထိုကြောင့် အရေးကြီးသော သွန်သင်ချက်တိုကို ချက်ပိုင်ပိုင် ဟောပြော ရရုံသာမက ထိုသွန်သင်ချက်များကို လွယ်လင့်တကူ မေ့မသွား စေနိုင်ရန် နည်းဟန်မျိုးကို အသုံးပြုခဲ့ရပါသည်။ ထိုကြောင့် ကိုယ်တော်သည် မည်သည့် နည်းလမ်းများကို အသုံးပြုခဲ့ ကြောင်း လေ့လာကြည့်ကြပါစို
(က) တိုတိုနှင့် ချက်ပိုင်ထိမိသော ဆန့်ကျင်ဘက် စကား (Epigram)များကို သုံးခဲ့သည်။ ထိုသိုသော စကားမျိုးသည် လူတို၏စိတ်ကို တစ်ပြိုင်နက်တည်း နိုးကြား ထကြွသွားစေရုံမက စွဲငြိ ထိမိသွားစေသည်။ မေ့သွားနိုင်ရန်လည်း ခက်ခဲသည်။ ဥပမာ –
(၁) အကြင်သူသည် မိမိကိုယ်ကိုချီးမြှောက်အံ့ထိုသူသည်နှိမ့် ချခြင်းသို ရောက်လတံ့၊ အကြင်သူသည် မိမိကိုယ်ကို နှိမ့်ချအံ့၊ ထိုသူသည် ချီးမြှောက်ခြင်းသို ရောက်လတံ့ (မဿဲ၊ ၂၃း၁၂၊ လုကာ၊ ၁၈း၁၄)။
(၂) လောဘ လွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြ လော့။ အကြောင်းမူကား၊ စည်းစိမ်ရှိသော်လည်း၊ စည်းစိမ်၌ အသက်မတည် (လုကာ၊ ၁၂း၁၅)။
(၃) ထွန်းကိုင်းကိုကိုင်လျက် နောက်သို လှည့်၍ကြည့်သော သူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်မထိုက် မတန် (လုကာ၊ ၉း၆၂)။
(၄) အကြင်သူသည် မိမိအသက်ကို ကယ်တင်ခြင်းငှာ အလို ရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့် အသက်ရှုံး၏။ ထိုသူသည် အသက်ကိုတွေ့ လိမ့်မည် (မဿဲ၊ ၁၆း၂၅)။ ။
(၅) လူသည် ဤစကြာဝဠာကို အကြွင်းမဲ့ အစိုးရ၍ မိမိ အသက် ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူး ရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း (မဿဲ၊ ၁၆း၂၆)။
ထိုစကားတို၌ နက်ရှိင်းသော သစ္စာတရားများပါသည်။
ထိုစကားများကို ကြားလိုက်ရသူတို၏ စိတ်ကို ရုတ်ခြည်း နိုးကြားထကြွသွားစေရုံမက ၎င်းတိုကို စိတ်ထဲ၌စွဲမြဲ၍သွားစေ နိုင်သည်။ ထိုအပြင် ထိုစကားများက အမြဲတစေ ထိုသူ၏ စိတ်နှလုံးကို နှိးဆွ၊ သတိပေးနေတတ်သည်။ စိတ်အစဉ်ကို ဆက် လက်လှုဆော် နှိးဆွပေးနေပြီး စဉ်းစားဆင်ခြင် တွေးတော နေစေတတ်သည်။ မေ့၍မရနိုင်လောက်အောင် ထိမိစေသော စကားများပေတည်း။ ။
(ခ) မဖြစ်နိုင်သယောင် ရှိသော်လည်း မှန်ကန်သောစကား (Paradox) များကို သုံးခဲ့သည်။ ထိုစကားများ ရုတ်ချည်း ကြားလိုက်ရသည်တွင် လုံးဝမဖြစ်နိုင်၊ ယုတ္တိမရှိသယောင် ဖြစ် နေသော်လည်း၊ သေချာစွာ စဉ်းစားဆင်ခြင် လက်တွေ့ စမ်း သပ်ကြည့်သော အခါမှ မှန်ကန်ကြောင်း တွေ့ရတတ်သည်။ အထူးသဖြင့် မင်္ဂလာ တရားတော်ထဲတွင် ထိုစကားများပါ သည်။
“စိတ်နှိမ့်ချသူ၊ ဆာငတ်သောသူ၊ စိတ်မသာ ညည်းတွား သောသူ၊ ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသောသူ တိုသည် မင်္ဂလာ ရှကြ၏”ဟု ဆိုလိုက်ရာတွင် လောကီသဘောဖြင့် ချိန်ထိုးကြည့် လိုက်ပါက လုံးဝမဖြစ်နိုင်သယောင် ထင်ရပါ၏ (မဿဲ၊ ၅း ၁-၆၊ လုကာ၊ ၆း၂၀-၂၆)။ “သင်တိုသည် သူငယ်ကဲ့သို မဖြစ်လျှင် ကောင်းကင်နိုင်ငံ တော်သို မရောက်ကြရ” ဟူသော စကားမျိုးကို လူကြီးတိုအား မိန့်ခဲ့သည် (မဿဲ၊ ၁၈း၃)။
ဤနေရာ၌ လောကီသဘော၊ လူ့ဘောင် လောကအနေဖြင့် ထားရှိနေသော စံထားချက်တိုကို ဝါကျ တစ်ပိုဒ်တည်းနှင့်ပင် ကိုယ်တော်က မှောက်လှန်ပစ်လိုက်ခြင်း ဖြစ်ပါ၏။ ။
ထို စကားမျိုး၏ ကြီးမားလှသော အကျိုး ကျေးဇူး တစ်ရပ်မှာ မဖြစ်နိုင်၊ မမှန်နိုင်၊ အဓိပ္ပါယ်မရှိဟု ထင်သွားစေ တတ်ခြင်းပင် ဖြစ်သည်။ ဥပမာ “အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံခြင်းငှာ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ ရှိသမျှကိုပင် နုတ်ယူလိမ့်ဦးမည်” ဟူသော စကားမျိုးမှာ ရုတ်တရက် နားမလည်နိုင်၊ မဖြစ်နိုင်၊ မယုံနိုင် သော စကားမျိုးပေတည်း (မဿဲ၊ ၂၅း၂၉)။
ထိုစကားကို ကြားလိုက်ရသည့် တပြိုင်နက် အဓိပ္ပါယ်မရှိဟု ရုတ်ချည်း ထင်မှတ်သွားစေတတ်သည်။ ထိုနောက်မှ အချိန် ယူပြီး စဉ်းစားဆင်ခြင် တွေးဆလာစေရန် ထိုသူအား အမြဲ လှုဆော်ပေးနေလိမ့်မည်။
ယေရှု ခရစ်တော်သည် ထိုဝိရောဓိ စကားများဖြင့် လူ အပေါင်း၏စိတ်ကို လှုပ်ရှား အုံကြွသွားစေရန် ဟောပြော သူတစ်ဦး ဖြစ်ပါ၏။
(ဂ) စိတ်ကို ရုတ်တရက် အုံကြွလှုပ်ရှားသွားစေမည့်ဥပမာ စကား (Hyperbole) များကိုလည်း သုံးလေ့ရှိသည်။ တစ်ခါတစ်ရံ ကြားနာသောသူများကို ရုတ်တရက် တုန်လှုပ်ချောက် သွားစေရန် လိုအပ်လာသည့် အခါမျိုးတွင် ကိုယ်တော်က ထိုသိုသော စကားမျိုးကို ချက်ချင်း အသုံးပြုရန် လက်မနှေး တတ်ပါ။ ကိုယ်တော် ဖော်ပြလိုသော အရေးကြီး အချက်ကို လည်း မြင်သွားစေရုံမက တုန်လှုပ်ချောက်ချား သွားစေတတ် သော စကားမျိုးပင် ဖြစ်သည်။
ဥပမာ “ထိုကြောင့် လက်ယာမျက်စိဖြစ်သော်လည်း သင့် ကို မှားယွင်းစေလျှင် ထိုမျက်စိကို ထုတ်ပစ်လော့။ တစ်ကိုယ်လုံး ငရဲကို ချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခုပျက်သော် သာ၍ ကောင်း၏။ ထိုနည်းတူ လက်ယာလက်ဖြစ်သော်လည်း သင့်ကို မှားယွင်းစေလျှင် ထိုလက်ကို ဖြတ်ပစ်လော့” (မဿဲ၊ ၅း၂၉၊ မာကု၊ ၉း၄၃-၄၈)။
ထိုသိုသော စကားမျိုးကို ကြားလိုက်ရလျှင် ထိုင်းမှိင်းတွေ ဝေနေသူများပင်လျှင် ရုတ်တရက်လန့်ဖျပ်၍ အိပ်ငိုက်နေရာက ပင် နိုးလာစေလိမ့်မည်။
“အကြင်သူသည် ငါ့ထံသိုလာ၍ မိဘ၊ သားမယား၊ ညီအစ် ကို၊ နှမတိုကိုလည်းကောင်း၊ ထိုမျှမက မိမိအသက်ကို လည်း ကောင်း မမုန်း၊ ထိုသူသည် ငါ့တပည့် မဖြစ်နိုင်ရာ”ဟု မိန့် တော်မူရာ၌ ကိုယ်တော်က သူ့အား ကြားနာသူများအား သူတို၏ ချစ်ခင်မြတ်နိုးသူများကို လိုက်လံ မုန်းတီးသွားစေ ရန် လိုလား၍ ပြောဆိုနေခြင်း မဟုတ်ပါ။ ထိုကျမ်းစကားကို နားလည်ပါက ကိုယ်တော် မိန့်တော်မူခဲ့သော ရှေ့နောက် စကားများကိုပါ ချင့်ချိန်ကြည့်ဖို လိုပါသည်။
အနက်ရင်းမှာ ကိုယ်တော်၏ နောက်တော်လိုက် တပည့် ဖြစ်လိုပါက လောကီဘဝနှင့်ဆိုင်သော ချစ်ခြင်းမေတ္တာမျိုး ထက် ကိုယ်တော့်အပေါ် သစ္စာရှိမှုကို ပိုမိုဦးစားပေးရန်သာ ဖြစ်ပါ၏။
ထိုသိုသော Hyperbole စကားများကို လှေနံဓားထစ် မမှတ်ယူဘဲ ထူးခြားစွာ သရုပ်ဖော်မှု၊ တင်စားမှုတိုအားဖြင့် စိတ်ကို နိုးဆွပေးနေကြောင်း သတိပြုရပါလိမ့်မည်။
ဥပမာ ထင်ရှားစွာ ရုပ်လုံးပေါ်လာစေရေးကို ရည်ရွယ်၍ ကိုယ့်မျက်စိ၌ရှိသော တံကျင် (ဝါ) ယက်မကိုမမြင်ဘဲ ညီအစ်ကို အား သင်၏မျက်စိ၌ရှိသော ညှောင့်ငယ် (ဝါ) အစက်ငယ်ကို အဘယ်ကြောင့် မြင်ရသနည်း၊ သင့်၏ မျက်စိထဲ၌ယက်မရှိ နေပါလျက်၊ အဘယ်ကြောင့် ညီအစ်ကိုအား “သင်၏ မျက်စိထဲ က အစက်ငယ်ကို ထုတ်ပေးပါရစေဟု ပြောဘိသနည်း”ဟူ၍ ခပ်ပြတ်ပြတ်သားသား ဆိုခဲ့သည်။
တစ်ခါတစ်ရံလူတို၏ မျက်စိထဲ၌ ကွင်းကွင်းကွက်ကွက် သရုပ်ပေါ်လွင်လာစေရန် ဤသို ပြောရပါ၏။ ထိုအခါမှလည်း ကြားနာနေရသူတိုကို လှုပ်ရှား ချောက်ချားသွားစေပြီး စိတ် ငြီးငွေ့ ထိုင်းမှိင်းမှုကိုပင် ဖျောက်ဖျက်ပစ်တတ်ပါ၏။
(ဃ) ဟာသပါသော စကားမျိုးကိုလည်း ကိုယ်တော်က သုံးတတ်ပါသေးသည်။ အထက်ကဖော်ပြခဲ့သော ကျမ်းစကား မိမိ၏မျက်စိထဲ၌ပင်လျှင် ယက်မကြီးရှိနေပါလျက် သူတစ်ပါး၏ မျက်စိထဲရှိ အစက်ငယ်ကလေးကို မြင်ပြီး အပြစ်ပြောဆိုဝေဖန် ခြင်းကို ဆုံးမရာ၌ အကယ်ဆိုရလျှင် “ဟာသ” ပါနေသည်။ ကြားနာရသူတိုကို ရယ်မောပြုံးရွှင်သွားစေနိုင်သည်။
ခရစ်ယာန်တို၏ တရားတော်ကို သွန်သင် ဆုံးမရာတွင် တရားသံ ဓမ္မသံ ငြီးငွေ့ဖွယ်ရာအသံများဖြင့် ဟောပြောနေရန် မလိုပါ။ သစ္စာတရားကို ထိထိမိမိ ဖြစ်သွားစေမည့် ဟာသ စကားများကိုပင် လိုအပ်လာပါက အသုံးပြုသင့်ကြပါသည်။
ထိုကြောင့်လည်း ရှင်ပေါလုက “သင်တို စကားသည် ဆားအားဖြင့်ငန်သော အရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ် တင့်တယ် လျောက်ပတ်ပါစေ”ဟူ၍ပင် သူ၏ အသင်းတော် သားများအား ဆုံးမခဲ့ရဖူးပါ၏ (ကော ၄း၆)။
(င) ဥပမာတော် Parable များကို အသုံး ပြုလျက် ဟောပြော သွန်သင်တတ်ပါ သေးသည်။ အမှန် ဆိုရလျှင် သခင်ယေရှုသည် ဥပမာတော်များကို အများဆုံး အသုံးပြုပြီး သွန်သင်ဆုံးမခဲ့သူ ဖြစ်ပါ၏။ ဥပမာတော်အားဖြင့် သွန်သင် ခြင်းသည် ပုံပြော၍ သွန်သင်ခြင်းပင် ဖြစ်၏။ “ဥပမာတော် များဆိုသည်မှာ ကောင်းကင်နိုင်ငံနှင့်ဆိုင်သော လောကီပုံပြင် များ”ဟု ကျွန်တော်ဆိုချင်ပါသည်။ ဥပမာတော်များကို သုံး ခြင်းအားဖြင့် အကျိုးကျေးဇူး (၃) မျိုးရှိပါ၏
(၁) လူတိုင်းသည် ငယ်စဉ်ကလေးဘဝထဲက ပုံနားထောင် ခြင်းအားဖြင့် ကြီးပြင်းလာခဲ့ကြသူများပင် ဖြစ်သည်။ လူဆို သည်မှာ လူနှင့်စပ်ဆိုင်သော ပုံပြင်ကို နားထောင်ရန် အာသီ သ ရှိစမြဲဖြစ်ပါ၏။ |
ပရောဖက် နာသန်ကပင်လျှင် ဒါဝိဒ်မင်းကြီးအား ဆုံးမရန် ပုံပမာတစ်ခုကို ပြောပြပြီးမှ ဆုံးမခဲ့သည် (၂ ရာ၊ ၁၂း၁-၇)။ ပရောဖက်ဟေရှာယကလည်း ဣသရေလ လူမျိုးကို စပျစ်ဥယျာဉ် တော်နှင့် နှိင်းစာ၍ ဆုံးမခဲ့ဖူး၏ (ဟေရှာ၊ ၅း၁-၇)။ ယေဇကျေလ ကိုယ်တိုင်ကလည်း ကြီးမားသော ရွှေလင်းယုန်တစ်ကောင်အကြောင်း ပုံပြောပြ၍ ဟောပြောခဲ့ဖူးသည် (ယေဇ ၁၇း၁-၁၀)။
ဂျူးလူမျိုး ရဗ္ဗိဆရာကြီးတိုသည်လည်း ဥပမာများစွာကို သုံးပြီး သွန်သင်ခဲ့ကြသည်။ ထိုကြောင့် ဥပမာအားဖြင့် သွန်သင်ခြင်းသည် လူတို၏စိတ်အာရုံကို ဆွဲဆောင်စေနိုင်သည်။
(၂) ဥပမာအားဖြင့် သွန်သင်ခြင်းသည် ဖော်ပြလိုသော အကြောင်းအရာများ ကွင်းကွင်းကွက်ကွက် သရုပ်ပေါ်လာစေ သည်။ မျက်စိထဲ၌ ရုပ်လုံး ပေါ်လာစေနိုင်သည်။ နက်ရှိင်း သော သစ္စာတရားတစ်ခုကို ခက်ခဲစွာ ရှင်းလင်းပြနေရာတွင် စိတ် ငြီးငွေ့သွားစေနိုင်သော်လည်း ဥပမာအားဖြင့် ဖော်ပြလိုက်လျှင် နားလည်ရန် လွယ်ကူလာသည်။
(၃) ဥပမာတော်အားဖြင့် ကြားနာရသူ၏စိတ်ကို ကွန့်မြူး သွားစေပြီး မိမိတိုကိုယ်တိုင် ထိုဥပမာကို ဆက်လက်၍ အ ဓိပ္ပါယ်ဖွင့်သွားစေနိုင်သည်။ သူတိုကိုယ်တိုင်က ထိုဥပမာတော် ထဲမှ မှတ်ချက်နှင့် ဆုံးဖြတ်ချက်၊ သင်ခန်းစာနှင့် ကိုယ်တော် ဆို လိုချင်သော အနက်ကို ဆက်လက်စဉ်းစား သုံးသပ်သွားစေနိုင် ပါ၏။
မိမိတိုဘာသာ အနက်ကိုဖွင့်၍ စိတ်ထဲ၌ ရုပ်လုံးပေါ်လာစေ မှသာလျှင် ထိုသင်ခန်းစာသည် လူတစ်ဦး၏ စိတ်ထဲ၌ စွဲမြဲ၍နေ သွားတတ်ပါ၏။ နက်နဲသော သစ္စာတရားတစ်ခုကို မေ့လျော့ သွားစေနိုင်သော်လည်း ထိုသစ္စာတရားကို ကြားရသူ ကိုယ်တိုင် က မိမိဘာသာ အနက်ဖွင့်ဆိုပြီး သဘောပေါက်သွားစေသောအခါမှ ပိုမို စွဲမြဲလာစေသည်။ တစ်သက်လုံးပင် သတိရနေစေ တတ်ပါ၏။
ဥပမာတစ်ခု၏ တန်ဖိုးမှာကား လူတစ်ဦး၏ စိတ်နှလုံး၊ ဦး နှောက်ထဲသို သစ္စာတရားတစ်ခုကို အတင်းအဓမ္မသဘောဖြင့် ရိုက်မသွင်းခြင်းပင် ဖြစ်၏။ ကြားနာရသူကိုယ်တိုင်က ဖြည်းဖြည်း ချင်း ပြန်လည် စဉ်းစားလာတတ်သည်။ ထိုသစ္စာတရားကို သူကိုယ်တိုင် အနက်ဖော်ထုတ် ယူလာစေသည်။
ထိုကြောင့် ဥပမာတစ်ခု၌ အကျိုးကျေးဇူးနှစ်ခု ရှိသည်။
ပထမ မှာ လူတစ်ဦး၏ စိတ်ထဲ၌ အသစ်သော သစ္စာတရား အမှန်တရားတစ်ချက်ကို ပေါ်လွင်လာစေသည်။ ဒုတိယမှာ ယခင် က သူသိရှိ နားလည်ပြီးဖြစ်သော်လည်း ကောင်းစွာ သဘော မပေါက်သေးသော အမှန်တရားတစ်ချက်ကို သူ၏စိတ်ထဲ၌ ပြန် လည်နိုးကြား ထကြွလာစေတတ်သည်။
ကိုယ်တော်၏ သွန်သင်ဆုံးမပုံက၊ လက်ရှိမျက်မှောက်လောက ကို ထိုးပြပြီးမှ ကောင်းကင်သို ညွှန်ပြတတ်ခြင်းပင် ဖြစ်သည်။
မြေပေါ်၌ ပေါက်နေသော ဂျုံစပါး၊ အိမ်ရှင်မတစ်ဦး ဖုတ် နေသော မုန့်ညက်၊ အိမ်ထဲ၌ ပျောက်ဆုံးနေသော ဒင်္ဂါးတစ်ပြား၊ ပျောက်ဆုံးနေသော သိုးတစ်ကောင်၊ လေလွင့် ထွက်ပြေးသွား သော သားတစ်ဦး၊ ယေရုရှလင်မြိုနှင့် ယေရိဘေမြိုသို ဘုရား သခင်၏ နက်ရှိင်းသော သဘောတော်တိုကို ဖော်ပြသည်။ ထိုကြောင့်လည်း ရှင်ပေါလုက “ဖန်ဆင်းတော်မူသော အရာ များကို ထောက်ရှုသဖြင့် ထာဝရ တန်ခိုးတော်နှင့် ထာဝရ အဖြစ်တော် တည်းဟူသော မျက်မြင်မရသော ဘုရားသခင်ကို ထင်ရှားစွာမြင်နိုင်ကြောင်း” ပြောဆိုခဲ့ခြင်း ဖြစ်ပါ၏ (ရောမ၊ ၁း၂၀)။
(စ) ယေရှု၏ ဟောပြောသွန်သင်ရာ၌ ယုတ္တိဗေဒနည်းဖြင့် အချေအတင် ပြုပုံသုံးမျိုးကိုလည်း တွေ့မြင်နိုင်ပါ၏။ (Logical Arguments) များကို ကျွန်တော်ဆိုလိုပါသည်။
(၁) ဆန့်ကျင်ဘက်ပြုသူ၏ စကားကို အခြေအမြစ်မရှိ GIME [Saxcoge: (Reduction and Absurdum) on ခေါ်ပါသည်။ ဥပမာ ကိုယ်တော့်ကို ဖာရိရှဲများက ဗေလဇေ ဗုလနတ်ဆိုးကြီးကို အမှီပြုပြီး နတ်ဆိုးများကို နှင်ထုတ်နေသည် ဟု စွပ်စွဲနေကြသည်။
ကိုယ်တော်က “စာတန်သည် စာတန်ကို အဘယ်သို နှင်ထုတ် နိုင်သနည်း။ တိုင်းနိုင်ငံသည် မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။ အိမ်သည်လည်း မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။ စာတန်သည် မိမိတဘက်၌ထ၍ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို ရောက်လိမ့်မည်”ဟု ပြန် ဖြေလိုက်ပြီး စွပ်စွဲသူတို၏ စကားကို အခြေအမြစ်မရှိကြောင်း ချက်ချင်းပင် ချေပဖြေဆိုလိုက်ပါတော့၏ (မာကု၊ ၃း၂၃ – ၂၆)
ထိုအဖြေတစ်ခုတည်းဖြင့် ကိုယ်တော်သည် သူ့အား နှောင့် ယှက်သူများ၏ စွပ်စွဲချက်ကို အဓိပ္ပါယ်မရှိ ရယ်ရွှင်ဖွယ် ဖြစ် သွားအောင် ပြုလုပ်နိုင်ခဲ့ပါ၏။
(၂) ဆန့်ကျင်ဘက် ပြုသူများကိုပင် ပြန်လည်အကျပ်ရိုက် သွားစေခြင်း (Logical Dilemma) ဟု ခေါ်ပါသည်။ ဖောက်ပြန်မှားယွင်းခြင်း အမှုပြုသော အမျိုးသမီးတစ်ဦးကို ကိုယ်တော့်ထံသို အတင်းအဓမ္မခေါ်ဆောင်လာပြီး ချက်ချင်း စီရင်ဆုံးဖြတ် စေသောအခါ ကိုယ်တော်က ထိုပုဂ္ဂိုလ်တိုနှင့် အချိန်ကုန်ခံ ငြင်းခုံဆွေးနွေးနေခြင်း မပြုခဲ့ပါ။ ကိုယ်တော်က ရိုးစင်းအေးဆေးစွာဖြင့် “သင်တိုတွင် အပြစ်ကင်းသောသူသည် ရှေးဦးစွာ ကျောက်ခဲနှင့်ပစ်စေ”ဟူ၍သာ မိန့်တော်မူလိုက်ပါ ၏ (ယော၊ ၈း၇)။
ကိုယ်တော့်ကို ဖာရိရှဲတိုက အကျပ်ကိုင်လိုက်ခြင်း ဖြစ် သော်လည်း ကိုယ်တော်က အမိဖမ်းသူတိုကို ပင်လျှင် ပြန်လည် အကျပ်ရိုက်သွားစေခဲ့ပါ၏။ ။
ဥပုသ်နေ့၌ အနာရောဂါ ငြိမ်းစေရမည်လားဟူ၍ မေးရာ တွင် ဆန့်ကျင်ဘက် ပြုနေသူများက သူ့အား အသေသတ် သုတ်သင် ဖယ်ရှားလိုသော ရည်ရွယ်ချက်ကို ချက်ချင်းမြင်မိ၍ “ဥပုသ်နေ့၌ ကျေးဇူးပြု အပ်သလော၊ သူ့အကျိုးကို ဖျက်ဆီး အပ်သလော၊ အသက်ကို ကယ်ဆယ်အပ်သလော၊ သတ်အပ် သလော”ဟူ၍ ပြန်လည်မေးလိုက်ခြင်းအားဖြင့် ထိုသူများကို ပင် ပြန်လည် အကျပ်ရိုက်သွားစေခဲ့ပါ၏ (မာကု၊ ၃း၄)။ ကိုယ်တော်က သူ့ကို ရန်ရှာသူများက လက်ထဲသိုပင် အဆို ပါပြဿနာကို ပြန်လည် ပေးအပ်လိုက်ခြင်းအားဖြင့် အကျပ် ကိုင်စေနိုင်ခဲ့ပါ၏။ ။
(၃) ပိုမို အခြေအမြစ် မရှိသော စကားများဖြင့် ပြောဆို သွန်သင်တတ်ခြင်း (ArgumentA Fortior) ဟုခေါ်ပါသည်။ သင်တိုသည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတိုအား ကောင်းသောအစာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရတော်မူသော သင်တိုအဖသည် ဆုတောင်းသော သူတိုအားကောင်းသောအရာကို သာ၍ပေးမည် မဟုတ်သလော (မဿဲ။ ၇၁၁)။ “ယနေ့အသက်ရှင်လျက် မနက်ဖြန် မီးဖိုထဲရောက် သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသိုသော အဝတ် နှင့် ဖုံးလွှမ်းတော်မူလျှင် ထိုမျှမက သင်တိုကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည်မဟုတ်သလော။ ဟူသော စကားများကို ကျွန်တော် ဆိုလိုပါ၏ (မဿဲ၊ ၆း၃၀)။
အချိုသောသူများသည် မိမိတို၏ ရင်တွင်း၌ ရှိသမျှသော အရာတိုကို ပြောပြလိုသော်လည်း လူတိုင်းနားလည် သဘော ပေါက်အောင် ထိထိရောက်ရောက် မပြောပြ နိုင်တတ်ပါ။ သူတို၏စိတ်ထဲ၌ သစ္စာတရား ရှိနေသော်လည်း သူတစ်ပါး နားလည်သဘောပေါက်သွားအောင် ကောင်းမွန်စွာ ပြောမပြ တတ်သူ မြောက်မြားစွာ ရှိပါ၏။
သွန်သင်ဟောပြောရာတွင် နိဿရည်း လိုပါသည်။ ထိရောက် စွာ သွန်သင်ဟောပြောရန် နည်းလည်းရှိပါ၏။
ယေရှုခရစ်တော်၏ ဩဝါဒများကို လေ့လာရင်း ကိုယ် တော်၏ ဟောပြော သွန်သင်ပုံတိုမှာ ထူးကဲစွာ ကောင်းမွန် လှကြောင်းကို တွေ့မြင် လာနိုင်သောကြောင့် ဆရာကောင်း တစ်ဦး ဖြစ်လိုသူတိုင်းသည် ယေရှုခရစ်တော်ကို စံပြနမူနာ ကျေးရှင်းတစ်ရပ်အနေဖြင့် အမြဲမျှော်ကြည့် သင်ယူလေ့လာနေ သင့်ပါ၏။
အခန်း ( ၂၁ )
ရှင်ပေတရု၏ ဝန်ခံချက်
သခင်ယေရှုသည် ဂါလိလဲနယ် တစ်ဝိုက်တွင် တရားတော် များ ဟောပြောသွန်သင်၊ အနာရောဂါများ ကုသ၊ အံ့ဖွယ် ရာ နိမိတ်လက္ခဏာများကို ပြုပြီး ဂါလိလဲနယ်၏ အနောက် မြောက်ဘက်ရှိ ရှုရိဖိနိတ်ပြည်နယ် ဘက်သို ခရီးလှည့်လည်တော် မူခဲ့သည်။
(မှတ်ချက်။ ။ သက်တော်စဉ် ပထမတွဲ အခန်း (၄) စာ မျက်နှာ ၁၀၉-ကို ပြန်ကြည့်လျှင် ကိုယ်တော်၏ အမှုတော် ဆောင် ကာလကို ငါးပိုင်း ပိုင်းထားကြောင်း တွေ့ရပါလိမ့် မည်။ ယခု ဤအခန်း၌ ကျွန်တော် တင်ပြနေသော အပိုင်းမှာ တတိယပိုင်း ဖြစ်ပါ၏။)
ထိုပြည်၏ တစ်ပါးအမျိုးသား လူမျိုးခြား) တို၏ နယ် ပယ်ဖြစ်၏။ ရှုရိဖိနိတ်ဟု ခေါ်ဝေါ်ရခြင်း အကြောင်းမှာ ထိုနယ်ကို ရှုရိပြည်ရှိ ရောမဘုရင်ခံ လက်အောက်တွင် ရှိနေ သောကြောင့် ဖြစ်သည်။ ဖိနိတ်ပြည်၏ အမည်သည် အမှန် ဆိုရလျှင် ဖနီးရှား (Phoenicia) ဖြစ်သည်။ တချိန်က ဂျူးလူ မျိုးတို၏ ရန်သူဖြစ်သော ခါနန်ပြည်သား အကြွင်းအကျန်တို မှာ ထိုဒေသ၌ ယခုထက်တိုင် နေထိုင်လျက်ရှိကြသည်။
ဂါလိလဲနယ်ကို စွန့်ခွာပြီး ကိုယ်တော်သည် အဘယ့် ကြောင့် ထိုဒေသသို ခရီးထွက်ခွာ ခဲ့ရပါသနည်း။ ဓမ္မ ပညာ ရှင်များက ထိုကိစ္စကို အမျိုးမျိုး ထင်ကြေးပေးခဲ့ကြသည်။ ထိုထင်မြင်ယူဆချက် အမျိုးမျိုးတိုကို ဖော်ပြ၍မနေတော့ဘဲကျွန်တော့်အနေဖြင့် အနှစ်သက်ဆုံး၊ သဘော အတူဆုံးသော အချက်ကိုသာလျှင် တင်ပြပါတော့မည်။
ကိုယ်တော်သည် သူရွေးချယ်ထားပြီး ဖြစ်သော တမန် တော် (၁၂) ပါးတိုနှင့်သာ ခေတ္တအတူနေ အနားယူလိုပြီး သွန်သင်မှာကြားလိုသမျှကို မှာကြားလိုသည်။ ။
ကိုယ်တော့်အား ဆန့်ကျင်ဘက်ပြုသူများ တစ်နေ့တစ်ခြား များပြားလာသည်ကို ကိုယ်တော်က ရိပ်စားမိ လာပြီး ဖြစ် သည်။ တစ်နေ့တွင် ထိုဆန့်ကျင်ဘက် ပြုသူအပေါင်းက ကိုယ်တော့်အား အသေသတ် သုတ်သင်ဖယ် ရှင်းတော့မည်ကို မြင် လာသည်။
ရှင်းရှင်းဆိုရလျှင် ကိုယ်တော်သည် ကားတိုင်ကို မြင်လာ သည်။ သူစတင်ခဲ့သော အမှုတော် လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ကြတော့မည့် တမန်တော် (၁၂) ပါးတိုအပေါ်၌ ကြီးမြတ်လှသော တာဝန်ကို လွှအပ်ခဲ့ရတော့မည်။ ထိုကြောင့် ဂါလိလဲနယ်ရှိ ဂျူးလူမျိုးတိုနှင့် ကင်းဝေးရာ တစ်ပါး အမျိုးသားတို၏ နယ်ပယ်သို ခရီးထွက်ခွာလာခဲ့ခြင်း ဖြစ် ပါ၏။
နောက်ဆုံးအမှုတော်ကို ယေရုရှလင်မြိုတော်၌ မဆောင် ရွက်မီ ခေတ္တအနားယူ အားဖြည့်ခြင်းလည်း ဖြစ်ပေလိမ့်မည်။ ဂါလိလဲနယ်ရှိ မည်သည့်နေရာကို သွားသွား၊ ကိုယ်တော်၏ နောက်တော်သို လူအုပ်ကြီး တကောက်ကောက် လိုက်နေကြ သည်ဖြစ်ရာ ကိုယ်တော် မျှော်မှန်းသော အနားယူခြင်းနှင့် တမန်တော် (၁၂) ပါးတိုအား သွန်သင်ဆုံးမ မှာကြားခြင်းအမှုတိုကို မည်သည့်နည်းနှင့်မျှ လွတ်လပ်စွာ ပြုလုပ်နိုင်မည် မဟုတ်ပါ။ ) ထိုကြောင့်လည်း ကိုယ်တော်သည် ဂါလိလဲနယ်၏အနောက် မြောက်ဒေသသို ထွက်ခွာလာခဲ့ခြင်း ဖြစ်ပါ၏ (မာကု၊ ၇း၂၄ ကိုကြည့်ပါ)။ သိုသော် ကိုယ်တော်၏ အမည် နာမတော်သည် ကျော် ကြားနေပြီ ဖြစ်ပါ၍ ထိုဒေသ၌ပင်လျှင် လူများက ကိုယ် တော်၏ နောက်တော်သို တကောက်ကောက် လိုက်နေကြဆဲ ဖြစ်သည်။
ထိုကြောင့် ဤသို ခရီးလှည့်လည်စဉ်တွင်ပင် ကိုယ်တော်က ရှုရိဖိနိတ်ပြည်သူ အမျိုးသမီးတစ်ဦး၏ သမီးတွင် စွဲကပ်နေသော နတ်ဆိုးကို နှင်ထုတ်ပေးခဲ့ရသည်။ တုရုမြိုနှင့် ဇီဒုန်မြို၏ ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်သို လှည့်လည်ခဲ့ရာ ဂါလိလဲအိုင်သို ရောက်သော်၊ နားပင်း၍ စကားအသော သူ တစ်ယောက်ကို ကုသပေးခဲ့ရပြန်သည်။ ထိုမှတဖန် ခရီးဆက် ပြန်ရာ ဗက်ဇဲဒမြိုရှိ လူကန်းတစ်ဦးကို ကုသပေးခဲ့ရပြန်၏။
သိုသော် ကိုယ်တော်သည် ထိုမြိုမှ ဖိလိပ္ကဲသရိသို ကြွတော် မူခဲ့သည်။ ဤနေရာ၌ အလွန်အရေးကြီး လှသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါ၏။ “
ကိုယ်တော်၏ ရင်တွင်း၌ အလွန်ပင် အရေးကြီးလှသော မေးခွန်းတစ်ခု ရှိနေသည်။ ထိုမေးခွန်း၏ အဖြေကို လိုချင် သည်။ ကိုယ်တော်သည် ယခုဆိုလျှင် (၂)နှစ်ကျော် (၃)နှစ်ကျော်ခန့်မျှ အမှုတော်မြတ်ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ကိုယ်တော်သည် မည်သူဖြစ်ကြောင်းကို လူတိုကလည်းကောင်း၊ တမန်တော် တို့ကလည်းကောင်း သိကြရန် အချိန် တန်ပေပြီ။
ဖိလိပ္ပကဲသရိမြို့သို့ ယခု ရောက်လာချေပြီ။ ထိုမြို့သည် အိန္တိပဟေရုဒ်၏ ညီတော် ဖိလိပ္စု အုပ်ချုပ်သော နယ်မြေ အတွင်း၌ ဖြစ်သည်။ ထိုမြို၌ ကိုယ်တော်သည် အလွန်ပင် အရေးကြီးလှသော မေးခွန်းကို မမေးခင် “ရှေ့ပြေးမေးခွန်း” တစ်ခုဖြင့် တမန်တော်တိုအား သွေးတိုးစမ်းလိုက်သည်။
ထိုမေးခွန်းမှာ “လူအများတိုသည် ငါ့ကို အဘယ်သူဖြစ်သည် ဟု ဆိုကြသနည်း” ဟူ၍ပင် ဖြစ်သတည်း (မာကု၊ ၈း၂၇၊ မဿဲ၊ ၁၆း၁၃၊ လုကာ၊ ၉း၁၈ ကိုကြည့်ပါ)။ တမန်တော်တိုက လည်း သူတိုကြားသိခဲ့ရသ၍ ပြန်လည်ဖြေဆိုကြသည့် –
(က) အချိုကဗတ္တိဇံ (နှစ်ခြင်း) ဆရာယောဟန် (သေ ခြင်းမှ ထမြောက်ခြင်း) ဖြစ်သည် ဆိုကြ၏။ ကိုယ်တော်သည် သေခြင်းက ထမြောက်လာသော ဗတ္တိဇံ (နှစ်ခြင်း) ဆရာ ယောဟန်ဖြစ်သည်ဟု အန္တိပဟေရုဒ် ကိုယ်၌ပင် ထင်မြင် ယူဆထားသည် (မဿဲ၊ ၁၄း၂)။ ဗတ္တိ (နှစ်ခြင်း) ဆရာယောဟန်၏ ဘဝအသက်တာသည် လူအပေါင်း တိုအပေါ် မည်မျှ ဩဇာသက်ရောက်ကြောင်းကို ဤအချက်အားဖြင့် ထင်ရှားလာစေသည်။ အန္တိပဟေရုဒ်က သူ့အား ခေါင်းဖြတ် သတ်လိုက်စေကာမူ၊ သူသည် ယေရှုခရစ်တော်အားဖြင့် ပြန်လည်ကြွ လာပြီး လူတိုအား ဟောပြောနေသေးသည်ဟု ယူဆနေကြသေးသည်။
(ခ) အချိုက ကိုယ်တော့်အား ပရောဖက် ဧလိယဖြစ် သည်ဟု ဆိုကြ၏။ ဤသိုအထင်ခံရခြင်းသည် အမှန်ဆိုရလျှင် ချီးမြှောက်ခံရခြင်းပင် ဖြစ်သည်။
ဂျူးလူမျိုးတို၏ စိတ်အတွင်း၌ ဧလိယနှင့် ပတ်သက်သော ယုံကြည်ချက်ကြီးနှစ်မျိုး ရှိနေသည်။ ပထမမှာဧလိယသည် ပရောဖက် တကာတိုထက် အကြီးမြတ်ဆုံးသော ပရောဖက်ကြီး ဖြစ်သည်။ နောက်ပိုင်း၌ နာမည်ကျော်ကြားလှသော ပရောဖက်များ မည်မျှ ပေါ်ပေါက်ခဲ့ စေကာမူ ဧလိယသည် အကြီးမြတ်ဆုံးသော ပရောဖက်ဖြစ်သည်ဟူ၍ပင် စွဲစွဲမြဲမြဲ ယုံကြည်နေကြသည်။
ဒုတိယအချက်မှာ မေရှိယ ကယ်တင်ရှင် ကြွမလာမီ ဧလိ ယက ရှေ့တော်ပြေးအဖြစ် ပြန်လည်ကြွလာမည်ဟု ယုံကြည် နေကြခြင်းပင် ဖြစ်ပါ၏။
မာလခိ ၄း၅ ကို ကြည့်လျှင် “ကြည့်ရှုလော့၊ ထာဝရဘုရား ၏ ကြောက်မက်ဖွယ်သော နေ့ရက်ကြီး မရောက်မီ ပရော ဖက်ဧလိယကို သင်တိုရှိရာ ငါစေလွှတ်မည်” ဟူသောကျမ်း စကားများကို တွေ့ရပါလိမ့်မည်။ လူတိုက ယေရှုအား ပရော ဖက်ဧလိယဟူ၍ ထင်မြင်ယူဆနေခြင်း အားဖြင့် ကိုယ်တော် အပေါ် အထင်ကြီး လေးစားကြည်ညို နေကြကြောင်း ပေါ် လွင်နေသည်။
(ဂ) အချိုက ပရောဖက်ယေရမိဟု ထင်နေကြပြန်သည်။ ဂျူးလူမျိုးတိုအား ဗာဗုလုန်နိုင်ငံသို ကျွန်အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း မခံရသေးမီ ကလေးတွင် ယေရမိ သည် ဗိမာန်တော်ထဲက ပဋိညာဉ်သေတ္တာ တော်နှင့် နံ့သာ ပလ္လင်တော်ကို ယူဆောင်ပြီး တောတောင်တစ်နေရာ၌ ဝှက်ထားခဲ့သည်။ မေရှိယ ကြွမလာမီ ယေရမိသည် ထိုသေတ္တာ နှင့် ပလ္လင်တော်တိုကို ပြန်ယူလာမည်ဖြစ်ရာ ထိုအခါမှ ဘုရား သခင်၏ ဘုန်းအသ ရေတော်သည် ဣသရေလလူမျိုးတိုအပေါ် ပြန်လည် ဆင်းသက်တော် မူမည်ဟူ၍ ဂျူးလူမျိုးတိုင်းက ယုံ ကြည်နေကြသည်။ –
(ဤအချက်ကို ကျမ်းပယ်တစ်ခုဖြစ်သော မက္ကာဗီး (စ်) ဒုတိယစောင် ၂း၁-၈ တွင် တွေ့နိုင်ပါ၏) ထိုတွင်သာမက ဓမ္မဟောင်းကျမ်းရှိ ကျမ်းပယ်ဖြစ်သော အက် (စ်) ဒရပ် (စ်) ဒုတိယစောင်၊ ၂၁၈ တွင်လည်း “သင်တိုကို ကူညီမစရန် ငါ၏ကျွန်များဖြစ်သော ဟေရှာယနှင့် ယေရမိတိုကို သင်တို ထံသို စေလွှတ်မည်” ဟူ၍ ဘုရားသခင်က မိန့်တော်မူထား ကြောင်း တွေ့ရလိမ့်ဦးမည်။
(ဃ) အချိုက ပရောဖက် တစ်ပါးပါးဟု ဆိုကြသည်။ ယေရှုကို လူအပေါင်းက ဧလိယသော် လည်းကောင်း၊ ယေရမိ သော်လည်းကောင်း မဖြစ်နိုင်ဟု ထင်နေစေကာမူ ပရောဖက် တစ်ဦးဦးတော့ ဖြစ်ရမည် ဟူ၍ ယုံကြည်နေကြခြင်း ကိုက ကိုယ်တော့်ကို အထင်ကြီးနေကြောင်း ဖော်ပြသည်။ အာမုတ် ၃း၇ တွင် “အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန် ပရောဖက်တိုအား (မိမိ၏ လျှိဝှက်ချက်များကို) မဖော်ပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ”ဟု ဆိုထားသည်ကို ထောက် လျှင် ပရောဖက် ဆိုသည်မှာ ဘုရားသခင်က ယုံကြည်အားထားနေသော ဘုရားသခင်၏ စေတမန်တစ်ဦး ဖြစ်ကြောင်း ထင်ရှားသည်။
သိုသော် သခင်ယေရှုသည် အဆိုပါအဖြေများနှင့် မ မနပ်နိုင်ပါ။ အရေးအကြီးဆုံး သူကိုယ်တိုင် ရွေးချယ် ထားတော်မူ သော တမန်တော်များက ကိုယ်တော့်အပေါ် ယခုအချိန် ဆိုလျှင် မည်သို ထင်မြင်ယူဆနေကြောင်းကို သိလိုလှသည်။ ထိုကြောင့် ကိုယ်တော်က “သင်တိုသည်လည်း ငါ့ကို အဘယ် သူ ဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ အရေးအကြီးဆုံး အဓိက အဖြစ်ဆုံးသော မေးခွန်းကို တမန်တော်တိုအား စိန်ခေါ်လိုက် သည့်အနေဖြင့် မေးလိုက်ပါတော့၏။ (မာကု၊ ၈း၂၉၊ မဿဲ၊ ၁၆း၁၅၊ လုကာ၊ ၉း၂၀) ၊
တမန်တော်တိုသည် ကြောက်လျက်၊ တန့်လျက်၊ ငြိမ်လျက် နေကြစဉ် ရှင်ပေတရု တစ်ဦးထဲကသာ၊ လက်သီးကိုဆုပ်၊ အံကို ကြိတ်၊ ရင်အုပ်ကြီးကို ပင့်ကာ “ကိုယ်တော်သည် ခရစ်တော် တည်းဟူသော အသက်ရှင်တော်မူသော ဘုရား”၏ သားတော် ဖြစ်တော်မူပါသည်” ဟု ဖြေလိုက်ပါသတည်း။ ။
ကိုယ်တော့်အဖို လူအပေါင်းတိုက ထင်မြင်ယူဆနေပုံ၊ မှတ်ချက်ချနေပုံတိုထက် တမန်တော်တို၏ နှလုံးသားအတွင်း၌ အဘယ်ကဲ့သို ယုံကြည်နေကြသည်ကို သိလိုကြောင်း ဤဖြစ်ရပ် ကို လေ့လာသုံးသပ်ကြည့်ခြင်းအားဖြင့် သိနိုင်ပါ၏။
သိုသော် ထိုထက် နက်ရှိင်းလှသော အဓိပ္ပါယ် (၄) ချက် ဆက်၍ ဖွင့်ပြလိုပါသေးသည်။
(၁) လူသားတို၏ နှုတ်ခမ်းဖျားမှ ခေါ်ဝေါ် အမုက်နေ ကြသည်ထက် ယေရှုခရစ်တော်သည် ပို၍ ကြီးမြတ်တော် ။ တစ်နည်းဆိုရသော် ယေရှုခရစ်တော်ကို လူသားတို၏ ဖွဲနွဲ ခေါ်ဆို၊ မြှောက်စား၊ ချီးမြှင့်နေကြသော စကားများဖြင့် သာ ဖော်ပြရန် မလုံလောက်ပါ၊ ဧလိယ သိုမဟုတ် ရ ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းသည် ကြီးမြတ်လှသည်ကား မှန် ၏။ ဂျူးလူမျိုးတိုအဖို သာမန် လူတစ်ဦးကို ထိုထက်မသုံး မြှောက်နိုင်ပါ။ သိုသော် စစ်ဗိုလ်ချုပ်ကြီး နပိုလီယံက လိုက်သော စကားတစ်ခွန်းသည် ကျွန်တော်၏ စိတ်ထဲ၌ အမြဲ စွဲမြဲနေပါသည်။ နပိုလီယံက “လူတွေအကြောင်းကို ငါ ကောင်းကောင်းကြီး သိပါတယ်ကွာ။ ဒါပေမယ့် ယေရှု ခရင် တော်ဟာ လူသားထက် မက,ပါဘူး” ဟု ဆိုခဲ့ဖူးပါ၏။
(၂) ယေရှုကို လောကဝတ် ပျူငှာစွာ ချီးမြှောက်နေရုံ မျှနှင့် မလုံလောက်ပါ။ အမှန်ဆိုရလျှင် ယေရှုအား ကဒ် (နှစ်ခြင်း) ရာယောဟန် သိုမဟုတ် ဧလိယ သိုမဟုတ် ပေ ရမိတိုနှင့် နှိင်းစာနေခြင်းက အလွန်ပင် ချီးမြှောက်နေသော စကားများ ဖြစ်သည်။ အကယ်ပင် စိတ်ထဲ၌ လှိက်လှဲ ချီးမြှောက်နေခြင်းပင် ဖြစ်ပါ၏။ သိုသော် ယေရှုခရစ်တော် အား စကားအားဖြင့် ချီးမြှောက်ဂုဏ်ပြုရုံမျှနှင့် မလုံလောက် ပါ။ ကိုယ်တော်သည် ကိုးကွယ်ဆည်းကပ်၊ ရှိခိုးရေ ဖူးမျှော်ခြင်းခံရထိုက်သူဖြစ်ကြောင်း ဖော်ပြနေသည်။
(၃) ယေရှုကို ဘုရားနှင့် တစ်ဂိုဏ်းတည်းထားမှသာ မှန်ကန်ကြောင်း ဖော်ပြနေသည်။ ယေရှုအား အမြင့်ဆုံးသော ဘုရား သခင်၏ သားတော်ဟု ဝန်ခံလိုက်ခြင်းသည် ဘုရားသခင်နှင့်ယေရှုတို၏ ဆက်နွယ်နေပုံကို ညွှန်ပြနေသည်။ သာမန်လူ သားတစ်ဦးသည် ဘုရားသခင်နှင့် ဤကဲ့သို ဆက်နွယ်မှု မရှိ နိုင်ပါ။
(၄) ဤမေးခွန်း၏ အဖြေကို လူ တစ် ဦးစီ က မိမိတိုကိုယ် တိုင် ဝန်ခံ ဖော်ထုတ်ပါလိမ့်မည်။ ဤဖြစ်ရပ်၌ ထူးခြားမှု တစ်ခုကို သတိပြုမိပါသလား။ ယေရှုက သူသည် မည်သူဖြစ် ကြောင်းကို ဖွင့်ဟဝန်ခံခြင်း၊ ထုတ်ဖော် ပြောဆိုခြင်း လုံးဝ မပြုပါ။ ကိုယ်တော်၏ အဖြစ်မှန်၊ ဘဝမှန်၊ နေရာမှန်ကို တမန်တော်တိုအား သဲလွန်စ ကလေး မျှကိုပင် မပေးခဲ့ပါ။ တမန်တော်တို ကိုယ်တိုင်က သူတို၏ သဘောအလျောက်၊ သူတို၏ ရင်တွင်း၌ ရှိသမျှကို မကြောက်မရွံ အားမနာတမ်း ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်စေခဲ့သည်။ ထိုသို ရဲရဲရင့်ရင့် စေရန်ကို အားပေးခဲ့ သည်။
ယေရှုခရစ်တော်၏ စစ်မှန်သောအဖြစ်ကို လူတိုင်းက မိမိတို ကိုယ်တိုင် စဉ်းစားဆင်ခြင်၊ ဝေဖန်သုံး သပ်ပြီး မိမိတိုတစ်ဦးချင်း အဖြေကို ရှာရပေလိမ့်မည်။ ယေရှုကို လူတိုင်း လူတိုင်းက ရင်ဆိုင် – ပြီး မိမိ၏ ထင်မြင်ယူဆပုံကို မကြောက်မရွံ ပြောဆိုနိုင်သည်။ ဤသည်ကား ယေရှုခရစ်တော်နှင့် လူတစ်ဦးချင်းတို ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရမည့် ကိစ္စတစ်ရပ်ပေတည်း။
ရှင်ပေတရုက ထိုသိုဝန်ခံလိုက်ပြီးသည့်တပြိုင်နက် ကိုယ်တော် က သူ့အား ကတိတော်များကို ဆက်တိုက် ပေးတော်မူသည်။ ထိုကတိတော်များကို တစ်ခုချင်း အနက်ဖွင့်ကြည့်ကြပါစို့
(၁) ငါဆိုသည်ကား သင်သည် ပေတရု ဖြစ်၏။ ဤ ကျောက်ပေါ်မှာ ငါ့ အသင်းကို ငါ တည်ဆောက်မည်။ (မဿဲ၊ ၁၆း၁၈) ရှင်ပေတရုကို ခရစ်တော်ကပေးသော ကတိတော်ဖြစ်ပါသည်။ ဤကျမ်းစကားကို အရေးကြီး သော အချက် နှစ်ချက် ရှိပါသည်။ ။
ပထမမှာ ဂရိမူရင်းစကားတို၏ အဓိပ္ပါယ်ကို ဂရုပြုမိဖိုလိုပါ သည်။ “ပေတရု” ဟူသော အမည်နာမအတွက် ဂရိစကားမှာ Petros ပက်ထရော့ (စ်) ဖြစ်ပါ၏။ “ကျောက်” ဟူသော စကားသည် ဂရိစကားဖြင့် Petra ဖြစ်သည်။ ထိုကြောင့် ဒုတိယဝါကျ၌ “ဤပက်ထရာ”ပေါ်မှာ ငါ့အသင်းကို ငါ တည်ဆောက်မည်”ဟူ၍ ဆိုရပါလိမ့်မည်။
သိုသော် ခရစ်တော်၏ ပြောနေကျ ဖြစ်သော အာရေမိ စကားအားဖြင့်ဆိုလျှင် ပို၍ ရှင်းပါသည်။ ထိုစကားဖြင့် ပေတရု ဟူသော အမည်မှာ Cephas (ကေဖ) ဖြစ်ရုံမက “ကျောက်”ကိုလည်း “ကေဖ”ဟု ခေါ်ပါ၏။
မည်သိုဖြစ်စေ ခရစ်တော်၏ စကားတော်က ရှင်ပေတ ရု (ထိုစဉ်က ရှိမုန်ဟူသော အမည်ရှိခဲ့သူ) အား အထူးပင် ချီး ကျူးလိုက်ခြင်းဖြစ်၏။ လူတစ်ဦးကို ကျောက်ဟူ၍ တင်စား ခေါ်လိုက်ခြင်းကိုက ထူးကဲစွာ ချီးမြှောက်ခြင်းကို ခံရခြင်း ပင်ဖြစ်သည်။ “ငါသည် ကမ္ဘာလောကကြီးကို တည်ဆောက် ရန် ကျောက်ကို တွေ့ပြီ”ဟူ၍ ဘုရားသခင်က အာဗြဟံ အား ချီးကျူး မိန့်တော်မူခဲ့ကြောင်း ရှိဆရာကြီးများက သွန်သင် လေ့ရှိသည်။ “ကျောက်”ကို ဟေဗြဲစကားအားဖြင့် Sur ဟု ခေါ် သည်။ ထိုစကားကို ဓမ္မဟောင်းကျမ်း၌ ထပ်တလဲလဲ ပါရှိ သည်ကို တွေ့ရ၏။ အထူးသဖြင့် ဘုရားသခင်ကို ရည်စူးပြောဆိုရာတွင် တွေ့နိုင်သည်။ “ငါတို ဘုရားသခင်မှတစ်ပါး အဘယ်မည်သော “ကျောက်” ရှိနိုင်သနည်း (ဆာလံ၊ ၁၈း၃၁၊ ၂ ရာ၊ ၂၂:၃၂) “ထာဝရဘုရားသည် ငါ၏ ကျောက်၊ ငါ၏မြိုရိုး.. ငါ၏အကွယ်အကာ … ဖြစ်တော်မူ၏” (ဆာ၊ ၁၈း၂၊ ၂ ရာ၊ ၂၂း၂)
(၂) ကောင်းကင် နိုင်ငံတော်၏ သော့တိုကိုလည်း သင့် အား ငါပေးမည်။ (မဿဲ၊ ၁၆း၁၉)။ “သော့”ကို ကိုင် ဆောင်ရခြင်း ဟုဆိုခြင်းမှာ “အာဏာနှင့်တန်ခိုး” ကို ဆိုလို သည်။ ရံဆရာကြီးတိုက “မွေးဖွားခြင်း၊ မိုးရွာစေခြင်း နှင့် သေသော သူများ၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ဆိုင်သော “သော့”ကို ဘုရားသခင်ကသာ ပိုင်ဆိုင်သည်”ဟု သွန်သင် လေ့ရှိပါ၏။
ဓမ္မသစ်ကျမ်း၌ “သော့”နှင့် ပတ်သက်လာလျှင် ခရစ် တော်ကို ရည်ညွှန်းကြောင်း တွေ့ရလေ့ရှိသည်။ “ဒါဝိဒ်မင်း ၏ တံခါးသော့ကို ကိုင်သောသူ၊ အဘယ်သူမျှ မပိတ်နိုင် အောင် ဖွင့်၍ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ ဟူ၍” ခရစ်တော်ကို ရည်ညွှန်းခဲ့သည်။ (ဗျာ၊ ၃း၇) ဤစကား သည် ဟေရှာ ၂၂း၂၂ ရှိ စကားများကို ပြန်၍ ရည်ညွှန်းခြင်း သာ ဖြစ်သည်။
“ဧလျာကိမ်” သည် ဒါဝိဒ်မင်း၏ ဘဏ္ဍာတော်စိုး ဖြစ်၍ ဒါဝိဒ်မင်းကြီး၏ ရှေ့တော်မှောက်သို အခစား ဝင်ရောက် နိုင်ရန် တံခါးကို ဖွင့်ပေးနိုင်သောသူ ဖြစ်သည်။ ထိုကြောင့် ပေတရုသည် ဘုရားသခင်၏ နိုင်ငံတော်ကို စောင့်ရှောက်ရ သောသူဖြစ်ကြောင်း ဆိုလိုနေသည်။
အာသီသ ထားချက်မှာကား “တံခါးကို ဖွင့်ပေးရေး” ပင်ဖြစ်၍ ဘုရားသခင်၏ နိုင်ငံတော် အတွင်းသို ဝင်နိုင်ရေး အတွက် ပေတရုက တံခါးဖွင့်ပေးနိုင်မည့်သူ ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်သည်။ နိုင်ငံတော်၏ တံခါးကို ဖွင့်ပေးမည့် ပထမ ဦးဆုံးသောသူသည် ပေတရုပင် ဖြစ်မည့်ကြောင်း ဆိုလို၏။
ထိုသိုလည်း ဖြစ်ခဲ့ကြောင်းကိုလည်း တမန်၊ ၂း၄၁ တွင် ကြည့်ပါ။
ပင်တေကုတ္တေပွဲနေ့၌ လူပေါင်း ၃ဝဝဝ ကို နိုင်ငံတော် တွင်းသို ဝင်ရောက်ရေးအတွက် တံခါးကို ပထမ ဦးဆုံး ဖွင့် ပေးသူမှာ ပေတရုပင် ဖြစ်ခဲ့သည်။ တစ်ပါး အမျိုးသားဖြစ် သော ကော်နေလိကိုလည်း ပေတရုက နိုင်ငံတော် တံခါးကို ဖွင့်ပေးခဲ့သည် (တမန်၊ ၁၀)။ တစ်ပါးအမျိုးသားတိုသည်လည်း အသင်းတော်တွင်းသို ဝင်ရောက်နိုင်ခွင့်ကို အေဒီ ၄၉ ခုခန့် တွင် ကျင်းပခဲ့သော ယေရုရှလင်မြို ကောင်စီက ဆုံးဖြတ် ချက် ချနိုင်လောက်အောင် ပေတရုကပင် ဦးဆောင်ခဲ့သည်။ (တမန်၊ ၁၅း၁၄) ၊
(၃) သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့် မည် (မဿဲ၊ ၁၆း၁၉)။ ဤနေရာ၌ အရေးကြီးသော အချက် နှစ်ချက်ကို သတိပြုသင့်သည်။
ပထမအချက်မှာ “ချည်နှောင်သမျှဖြည်လွှတ်သမျှ” ဟူသော စကားကို သတိပြုပါ။ ကိုယ်တော်က သင် “ချည်နှောင်သော“သူ ရှိသမျှ၊ ဖြည်လွှတ်သော သူရှိသမျှ” ဟူ၍ မိန့်တော်မမူခဲ့ ပါ။ အင်္ဂလိပ် စကားဖြင့် ရေးထားသော သမ္မာကျမ်းကို ပြန်ကြည့်ပါ။ Whomsoever ဟူ၍ ခရစ်တော်က မဆိုဘဲ Whatsoever ဟူ၍သာ မိန့်ဆိုခဲ့ကြောင်း တွေ့ရပါလိမ့်မည်။
ထိုကြောင့် ပေတရုအနေဖြင့် “လူ” များကို ချည်နှောင် နိုင်ခြင်း၊ ဖြည်လွှတ်နိုင်ခြင်းကို မဆိုလိုပါ။
ဒုတိယအချက်မှာ ဂျူးလူမျိုးတို၏ ရို ဆရာကြီးများ၊ ကျမ်းပြုဆရာကြီးများအနေဖြင့် ပညတ်တော်နှင့် စပ်လျဉ်း၍ ပြောဆိုလိုပါလျှင် “ချည်နှောင်သည်” “ဖြည်လွှတ်သည်” ဟူ သော ဟေဗြဲစကားမျိုးကို ပြောလေ့ ပြောထ ရှိကြောင်း သတိပြုရပေလိမ့်မည်။ ဤစကားနှစ်လုံးသည် ရိုဆရာကြီး များ၏ အသုံးအနှုန်းတွင် အမြဲပါလေ့ရှိသည်။ “အပြုအမူ တစ်ခုခုကို ရွဆရာကြီးများက ချည်နှောင်လိုက်သည်” ဟုဆို လျှင် ထိုအပြုအမူကို တားမြစ်သည်။ “မည်သူမျှ မလုပ်ရ ဟူ သော အဓိပ္ပါယ်ရှိသလို၊ တစ်စုံတစ်ခုကို “ဖြည်လွှတ်လိုက်သည်” ဟုဆိုလျှင် ထိုသိုသော အပြုအမူမျိုးကို “လုပ်နိုင်ခွင့်ရှိသည်” “ခွင့်ပြုသည်”ဟူသော အနက်ရှိသည်။
ထိုကြောင့် ခရစ်တော်က “ပေတရု၊ လာမည့်နေ့ရက်များ တွင် သင့်အပေါ်၌ ကြီးမားသော တာဝန်များ ကျရောက်လာ ပေတော့မည်။ သင်သည် အသင်းတော်၏ တာဝန်ရှိသော ခေါင်းဆောင်တစ်ဦးအနေဖြင့် ကြီးလေးသော ဆုံးဖြတ်ချက် များကို တစ်နေ့ကျလျှင် ချမှတ်ပေးရပေတော့မည်။ ကနဦး အသင်းတော်ကို လမ်းပြ၊ အုပ်ထိန်းရန် သင့်အပေါ်၌ များစွာ မူတည်နေသည်။ ထိုကြောင့် သင်၏ ဆုံးဖြတ်ချက်များ (ဝါ)ချည်နှောင်သမျှ၊ ဖြည်လွှတ်သမျှသည် လူတို၏ ဝိညာဉ်ရေး အတွက် သေရေးရှင်ရေးတမျှ ဖြစ်နေတော့မည်” ဟု ဆိုလို နေခြင်းသာတည်း။
သိုသော် ရှင်ပေတရု၏ ဝန်ခံချက်နှင့်အတူ အရေးကြီး သော နောက်ဆက်တွဲ ဖြစ်ရပ်တစ်ခု ရှိနေပါသေးသည်။
ရှင်ပေတရုအနေဖြင့် သခင်ယေရှုသည် ဘုရားသခင်၏သား တော်၊ ခရစ်တော်မှန်ကန်ကြောင်း ဝန်ခံပြီးသည့် တပြိုင်နက် ကိုယ်တော်က သူသည် များမကြာမီ ဝေဒနာ ခံစားရမည့် အကြောင်း၊ ကားတိုင်၌ အသေခံရမည့် အကြောင်းကို ဆက် တိုက် မိန့်မြွက်တော်မူသည်တွင် ပေတရုက ရုတ်တရက် “သခင်၊ ကိုယ်တော်၌ ဤသို မဖြစ်ပါစေနှင့်၊ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာ” ဟူ၍ အပြစ်တင်စကား (ဝါ) ဒေါသအရှိန်ပြင်း ထန်စွာဖြင့် ကိုယ်တော့်ကို တုံပြန်လိုက်ပါတော့၏။ (မဿဲ၊ ၁၆း၂၂)
ပေတရုသည် ထိုသိုချက်ချင်း တုံပြန်လိုက်ရသည့်အကြောင်း နှစ်ချက်ရှိပါ၏။
ပထမမှာ ခရစ်တော်ကို သူချစ်လှသောကြောင့် ဖြစ်၏။ ဒုတိယအချက်မှာ ပေတရုက ယေရှုသည် မေရှိယ (ခရစ်တော်) ဖြစ်ကြောင်း သိရှိပြီးဖြစ်ရာ “ဂျူးလူမျိုးတို နားလည်နေကြ သော မေရှိယမျိုးနှင့် ဝေဒနာခံစားရခြင်း၊ အသေခံရခြင်းတိုကို ရှင်ပေတရုက အဘယ်သို သောနည်းနှင့်မျှ ဆက်စပ် စဉ်းစား၍ မရနိုင်သောကြောင့် ဖြစ်ပါ၏”။
ပေတရုအဖို ငယ်စဉ်တောင်ကျေး ဘဝကတည်းက “မေရှိ ယဆိုသည်မှာ အောင်မြင်သူ၊ ရန်သူမှန်သမျှကို ဖြိုခွင်းမည့်သူ၊ဘုန်းကျက်သရေ အဖြာဖြာရှိပြီး တန်ခိုးအာနိသင် မျိုးစုံဖြင့် ကြွလာမည့်သူ” ဟူ၍ အမြဲနားလည်နေခဲ့သည်ဖြစ်ရာ “ဝေဒနာ ခံစားတော့မည် မေရှိယ” “ကားတိုင်၌ အသေခံတော့မည့် မေရှိယ” မျိုးကို လုံးဝ လက်မခံနိုင်ပါ။ ဤနေရာ၌ ခရစ်တော် က တမန်တော်များကို အရေးကြီးလှသော သင်ခန်းစာနှစ်မျိုး ပေးခဲ့ပါ၏
(၁) ကိုယ်တော်သည် “ခရစ်တော်” စစ်မှန်ကြောင်းကို အဘယ်သူကိုမျှ မပြောရန် တားမြစ်သည်။ (၁၆:၂၀) ထိုအချိန် အထိ သာမန်ဂျူးလူမျိုးတို မပြောနှင့်၊ နောက်တော်လိုက် တမန်တော်များကပင်လျှင် ရန် သူများကို တိုက်ခိုက် ချေမှုန်း ဖြိုခွင်း၍ အနိုင်ယူမည့် မေရှိယမျိုး၊ ဂျူးလူမျိုး တစ်မျိုးလုံး အတွက် ရှေ့ကနေ၍ ထကြွတော်လှန် ပုန်ကန်ပြီး သူတိုလူမျိုး ကို ဖိနှိပ်အုပ်ချုပ်နေသော နယ်ချဲ့အစိုးရအား တော်လှန်ပုန်ကန် တော့မည့် မေရှိယမျိုးကိုသာ မြင်နေသည်။ လိုလားတောင့်တ နေကြသည်။ ယုံကြည်ကိုးစားနေသည်။
ထိုမေရှိယမျိုးမှလွဲ၍ အခြားသော မေရှိယမျိုးကို လုံးဝ လက်မခံနိုင်သော အခြေတွင် ရှိနေသေးသည်ကို ကိုယ်တော်က ကောင်းကောင်းကြီး ရိပ်စားမိထားသည်။
ထိုကြောင့် မေရှိယမှန်လျှင် ရောမအစိုးရကို ချက်ချင်းထ ကြွ တော်လှန်မည့် ခေါင်းဆောင်အနေဖြင့် မှတ်ယူပြီး တစ်ဦးဦး က ထိုအတိုင်း ဟောပြောကြေညာလိုက်လျှင်လူထုကြီး အုံကြွ လာပေတော့မည်။ ဤသိုဖြစ်လျှင် ရုန်းရင်းဆန်ခတ် သတ်မှုဖြတ် မှု သွေးချောင်းစီးမှုကြီးပေါ်ပေါက်လာတော့မည်မှာ မလွဲ ပင် ဖြစ်သည်။
တမန်တော်တိုသည် ကိုယ်တော့်အား မေရှိယစစ်ဖြစ်မှန်း သိရှိ သဘောပေါက်လာပြီ ဖြစ်သည်ကား မှန်၏။ သိုသော် ဘုရားသခင် စေလွှတ်လိုက်ပြီ ဖြစ်သော မေရှိယ၏ လုပ်ငန်းနှင့် သဘောတော်အကြောင်းကို ကောင်းစွာ နားမလည်ကြသေး ပါ။ ဝေဒနာခံ၊ အနစ်နာခံ၊ စွန့်လှူပူဇော်ပြီး ဖော်ပြသော မေတ္တာမျိုး၏ အောင်မြင်မှု မျိုးသည် တိုက်ခိုက်သတ်ဖြတ် အကြမ်း ဖက်မှုအားဖြင့် ရသော အောင်မြင်မှုမျိုးနှင့်မတူ။ အနစ်နာခံစွန့်လှူပူဇော်ပြီး ရရှိသော အောင်မြင်မှုမျိုးသည် ထာဝရ တည် မြဲသည်ဟူသော သစ္စာတရားကို သွန်သင်ပြသရပေဦးမည်။
(၂) ရှင်ပေတရုအား “အချင်းရန်သူ၊ ငါ့နောက်သို ဆုတ် လော့။ သင်သည် ငါတိုက်မိ၍ လဲစရာ အကြောင်းဖြစ်၏။ သင် သည် ဘုရားသခင်အရာကို စိတ်မစွဲလမ်း။ လူတို၏အရာကိုသာ စွဲလမ်းသည်”ဟု ချက်ချင်း ဆုံးမလိုက်တော့၏။ (မဿဲ၊ ၁၆း ၂၃) ဆရာယုဒသန်က အချင်း “ရန်သူ”ဟူ၍ မြန်မာပြန်ထား ပါသည်။ အချင်း “စာတန်”ဟူ၍ အနက်ရှိပါ၏။
စာတန်ဆိုသည်မှာ နှောင့်ယှက်သူပင် ဖြစ်သည်။
ယခုအချိန်၌ ရှင်ပေတရုက ကိုယ်တော့်ကို ရင်ဆိုင်လိုက်ပုံ သည် လွန်ခဲ့သော သုံးနှစ်ခန့်က စာတန်မာရ်နတ် အနေဖြင့် ကိုယ်တော့်ကို နှောင့်ယှက်ခဲ့ပုံနှင့် လားတူပင် ဖြစ်နေသော ကြောင့်တည်း။
ယေရှု ကိုယ်တော်တိုင်ကလည်း ဂျူးလူမျိုးတို၏ လိုလား တမ်းတနေကြသော မေရှိယအကြောင်းကို သိရှိပြီးဖြစ်ပါသည်။ မည်သူကမျှ ကားတိုင်ပေါ်၌ ပြင်းပြစွာဝေဒနာခံပြီး အသေ မခံလိုပါ။ တန်ခိုးအာနိသင် အမျိုးမျိုးကိုပြပြီး လွယ်လင့်တကူအောင်မြင်နိုင်သော နည်းလမ်းကိုသာ လိုက်ချင်ကြမည်သာ ဖြစ်ပါ၏။
အမှုတော်လုပ်ငန်း အစပြုခါနီးတွင် ယေရှုကိုယ်တော်တိုင် က ထိုစုံစမ်းနှောင့်ယှက်ခြင်းကို ခံခဲ့ရပြီးဖြစ်သည်။ လူအပေါင်း ကို မုန့်တည်းဟူသော လောကီ ပစ္စည်းဥစ္စာ အမျိုးမျိုးကိုပေးပြီး နောက်တော်သို လိုက်စေမည့် နည်းလမ်းကို သုံးရန် မာရ်နတ်က နှောင့်ယှက်ခဲ့ဖူးသည်။ ကိုယ်တော်က ထိုလမ်းစဉ်ကို ငြင်းပယ် ခဲ့သည်။
ဗိမာန်တော်ထိပ်က ခုန်ချ၍ လူအပေါင်း အံ့ဩမိန်းမော၍ ရင်သပ်ရှုမောစေမည့် တန်ခိုးအာနိသင် အဖြာဖြာကို သုံးစေရန် ခိုင်းခဲ့ဖူးသည်။ ကိုယ်တော်က ငြင်းပယ်ခဲ့ပြန်သည်။
လောကကြီးကို ရင်ကော့ပြီး ထိပ်တိုက်မတွေ့ ပါနဲ့၊ အလျော့ ပေးပါ။ မိမိ၌ ထားရှိသော ခံစားချက်တိုကို အလျော့ပေး၍ လူ့အကြိုက်လိုက်လျောရန် မာရ်နတ်က နှောင့်ယှက်ခဲ့သည်ကို လည်း ငြင်းပယ်ခဲ့ပြန်ပါ၏။
ယခုဆိုလျှင် ရှင်ပေတရု၏ တားမြစ်ချက်က မာရ်နတ်သွေး ဆောင် စုံစမ်းခဲ့စဉ်က အသုံးပြုခဲ့သော လုပ်ငန်းရပ်နှင့် အတူတူ ဖြစ်နေလေပြီ။ ရှင်ပေတရုသည် ယခုဆိုလျှင် စာတန်မာရ်နတ်၏ နေရာတွင် ရောက်နေချေပြီ။
ပို၍ဆိုးသည်က ထိုစုံစမ်းနှောင့်ယှက်ခြင်းသည် ကိုယ်တော့် ကို မုန်းသောသူတစ်ဦးထံမှ မဟုတ်၊ ချစ်သော တမန်တော် ရှင် ပေတရုထံမှ လာနေခြင်း ဖြစ်သည်။ ကိုယ်တော်က ပြတ်သားစွာ ငြင်းပယ်လိုက်ပြီး ကားတိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ကြောင်း မိန့်တော်မူလိုက်ပါ၏။
ဖိလိပ္ပကဲသရိမြို၌ ကိုယ်တော်သည် ဝမ်းသာ ကျေနပ်ခဲ့ရ သည်။ တမန်တော်များက ကိုယ်တော်သည် မေရှိယ မှန်ကန် ကြောင်း နားလည် သဘောပေါက်ပြီ ဖြစ်သောကြောင့် ဤသို ကျေနပ် အားရခဲ့ခြင်း ဖြစ်ပါ၏။ ,
သိုသော် သူတိုအနေဖြင့် ကားတိုင်လမ်းစဉ်ကို နားမလည် သေး။ လက်မခံနိုင်သေး၍ ကိုယ်တော့်အဖို ဝမ်းနည်းခဲ့ရသည်။ သူတိုကို သွန်သင်ရန် ကျန်ပါသေး၏။
မည်သိုပင်ဖြစ်စေ၊ ယခုဆိုလျှင် ကားတိုင်လမ်းစဉ်သည် ကိုယ် “ တော်၏ ရှေ့တော်မှောက်၌ ပြတ်သား ရှင်းလင်း နေပါပြီ။ ထိုလမ်းစဉ်အတိုင်း ကိုယ်တော်သည် ရင်ကော့၍ ရဲရဲဝံ့ဝံ့ လျှောက် သွားပါတော့မည်။
အခန်း (၂၂) ၊
အဆင်းအရောင်တော် ပြောင်းလဲခြင်း
ရှင်ပေတရုက ယေရှုအား မေရှိယအဖြစ် လက်ခံပြီး ဖြစ် သော်လည်း ဂျူးလူမျိုးတို မျှော်မှန်းနေကြသော မေရှိယမျိုး နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေသည်ကို တွေ့ရခြင်းသည် မဆန်းပါ။ ဂျူးလူမျိုးတိုင်း နားလည်နေကြသော အနာဂတ္တိ ကျမ်းစကား တစ်ခုမှာ မေရှိယပေါ်ပေါက်လာလျှင် အစ္စရေးလ်နိုင်ငံ (ဝါ) ဣသရေလ နိုင်ငံသည် တိုင်းနိုင်ငံတိုင်းကို စိုးမိုးအုပ်ချုပ်ရလိမ့်မည်။ “အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏ အမှုကိုမဆောင်၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်ဆီးရပေလိမ့်မည်။ ထိုသိုသော တိုင်းနိုင်ငံတိုသည် သုတ်သင်ဖယ်ရှားခြင်းကို အမှန်ခံရပေ လိမ့်မည်” ဟူသော ဟေရှာယ၏ စကားများပေတည်း (ဟေရှာ၊ – ၆၀း၁၂)။ ။
ထိုအပြင် “အဲဂုတ္တုပြည်၌ ဆည်းပူးသော ဥစ္စာ၊ ကုရှပြည် သား၊ အရပ်မြင့်သော သောအမျိုးသား ပြုစုသော ကုန်သွယ် ဥစ္စာသည် သင့်ဘက်သိုရောက်၍ သင်၏ဥစ္စာ ဖြစ်ရလိမ့်မည်။ ထို သူတိုသည် သင့်နောက်သိုလိုက်၍ သံကြိုးနှင့် ချည်နှောင်လျက် လမ်း၌ လျှောက်သွားကြလိမ့်မည်။ သင့်ရှေ့မှာ ပျပ်ဝပ်၍ အကယ်စင်စစ် ကိုယ်တော်၌ ဘုရားသခင် ရှိတော်မူ၏။ ထိုဘုရား တစ်ပါး အခြားသော ဘုရားသခင်မရှိပါဟူ၍ တောင်းပန်ကြပါ လိမ့်မည်”ဟူသော အနာဂတ္တိကျမ်းစကားတစ်ပိုဒ်ကို သူတိုသတိ ရနေကြပါသေးသည်။ (ဟေရှာယ၊ ၄၅း၁၄) (ဇာခရိ၊ ၁၄း ၁၇ နှင့်လည်း နှိင်းယှဉ်ဖတ်ရှုပါ)
မေရှိယဆိုသည်မှာ အရာခပ်သိမ်းကို အောင်မြင်သောသူ ဖြစ်သည်။ ကားတိုင်၌ ဝေဒနာခံစားရပြီး အရှုးခံရမည့်လူမျိုး မည်သည့် နည်းနှင့်မျှ မဖြစ်နိုင်ပါ။ ယေရှု ကိုယ်တော်တိုင်က မိမိကိုယ်ကို “လူသား” ဟူ၍ ခေါ်ဝေါ် သမုတ်နေသည်။ အထူးသဖြင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းများ စပ်ကြားကာ လ၌ “ဧနောက်ကျမ်း” သည် ဂျူးလူမျိုးတိုအပေါ် ဩဇာ အလွှမ်းမိုးဆုံးပင် ဖြစ်ကြောင်း ကျွန်တော် တင်ပြပြီးဖြစ်သည်။
ဧနောက်ကျမ်းက ဖော်ပြထားသော “လူသား”မှာ အလွန် ပင် စွမ်းအားတန်ခိုးရှိပြီး သဘာဝကို ကျော်လွှားနိုင်နင်းသော ဘုရားဇာတိရှင်တစ်ဦး ဖြစ်သည်။ ထာဝရကာလ၏ အစကတည်း က ရှိနေပြီး ဘုရားသခင်၏ ပလ္လင်တော်နားတွင်ရပ်၍ စောင့်နေ ကာ ကိုယ်တော်၏ ရန်သူရှိသမျှကို ကြောက်ခမန်းလိလိ ဖျက်ဆီး ပစ်ရတော့မည့်နေ့ကို အသင့်ပြင်သောသူ ဖြစ်၏။
ဘုရင်တိုအား ရာဇပလ္လင်မှချ၍ ခွန်အား တန်ခိုးကြီးမားသူ များကို တုန်လှုပ်ချောက်ချား စေလိမ့်မည်။ အပြစ်သားတို၏ သွားများကို အမှုန့်ဖြစ်စေရန် ထထောင်း ချေဖျက်လိမ့်မည်။ တန်ခိုးကြီးမားသော သူများကို အရှက်ရစေပြီး သူတို၏နေအိမ် နှင့် အိပ်ရာပေါ်တွင် ပိုးလောက်လန်းများနှင့် ပြည့်စေလိမ့် မည်။ (ဧနောက်၊ ၄၆၊၂-၇)
သူ၏ရှေ့တော်၌ ဘုရားသခင်၏ ရန်သူများသည် မီးလောင် သော ကောက်ရိုးကဲ့သို လည်းကောင်း၊ ရေထဲ၌ မြှုပ်သွားရ သော ခဲကလေးကဲ့သိုလည်းကောင်း ဖြစ်စေပြီး သူတိုကို ဘယ် သောအခါမျှ ရှာတွေ့နိုင်တော့မည်မဟုတ်။ (ဧနောက်၊ ၄၈း၉) နှုတ်ခမ်းတော်မှ ထွက်လာသော စကားတော်အားဖြင့် အပြစ်သားတိုအား ဖျက်ဆီးသေကြေစေပြီး၊ ထိုသူတိုအပေါ် ဒဏ် ခတ်နိုင်ခွင့်ရှိသော ကောင်းကင်တမန်တိုကို စေလွှတ်တော်မူလိမ့် မည်။ (ဧနောက်၊ ၆၂း၆-၁၁)
လောကကြီးတစ်ခုလုံးကို လမ်းလွှသို ပိုဆောင်ခဲ့သော အပြစ် သားများကို ဖျက်ဆီးပစ်လိမ့်မည်။ ဖျက်ဆီးပစ်ရန် လျာထား သော နေရာတို၌ သူတို ကို သံကြိုးများဖြင့် ချည်နှောင်ပြီး အပြစ်သားတို၏ လုပ်ငန်းမှန်သမျှသည် မြေမျက်နှာပြင်ပေါ်မှ ကွယ်ပျောက်သွားစေလိမ့်မည်။ (ဧနောက်၊ ၆၉း၂၇) ၊
ဂျူးလူမျိုးတိုင်းက နားလည်သိရှိနေကြသော “လူသား” ၏ ပုံသဏ္ဍာန်မှာ ဤသိုပေတည်း။
သိုသော် ယေရှုခရစ်တော် လျှောက်သွားတော့မည့် လမ်း စဉ်နှင့်ကား လုံးဝဆန့်ကျင်ဘက် ဖြစ်နေပါတော့၏။
ကိုယ်တော်သည် လူအများက မျှော်လင့် စောင့်ဆိုင်းနေ သော မေရှိယနှင့်ဆန့်ကျင်ဘက်ဖြစ်သော လမ်းစဉ်ကို လျှောက် မသွားမီ ဘုရားသခင်နှင့် မိတ်သဟာရဖွဲ၍ ဆုတောင်းပတ္ထနာ ပြုရန် တောင်ပေါ်သို ကြွသွားတော်မူသည်။
ရှင်ပေတရုနှင့် တမန်တော်တိုက ဝန်ခံသည့်နေ့ နောက်ပိုင်း တစ်ပတ်ခန့်အကြာတွင် ဖြစ်သည်။ (မဿဲ၊ ၁၇၁-၈၊ မာကု၊ ၉:၂၀၊ လုကာ၊ ၉း ၂၈-၃၆)
“ရှစ်ရက်လောက် လွန်သောအခါ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်တိုကို ခေါ်၍ ဆုတောင်းခြင်းငှာ တောင် ပေါ်သို တက်ကြွတော်မူ၏” (လုကာ၊ ၉း၂၈) ရှင်မဿဲနှင့် မာကုတိုက “မြင့်လှစွာသော တောင်”ဟု ခေါ်ဆိုထားသည်။ (မဿဲ၊ ၁၇း၁၊ မာကု၊ ၉း၂)။ အချိုက ထိုတောင်ကို “တေ ဗော် (Tabor) တောင်”ဟု ယူဆကြသည်။
သိုသော် ထိုတောင် မဖြစ်နိုင်ပါ။
တေဗောတောင်သည် အလွန်မြင့်သောတောင် မဟုတ်ပါ။ ပေ(၁၀၀၀)ထက်ပင် မကျော်ပါ။ ထိုအပြင် ထိုတောင်ထိပ်၌ ခံတပ်ရိုးများဖြင့် တည်ဆောက်ထားသော မြိုတစ်မြို ရှိရုံမက ရော မစစ်စခန်းတစ်ခု ရှိနေသည်။ ယနေ့တိုင်အောင် ထိုမြိုနှင့်စစ်စခန်း အပျက်အစီးများကို တွေ့နိုင်သေးသည်။ ထိုပြင် “တေဗော” တောင်ထိပ်မှာ နာဇရက်မြို၏ တောင်ဘက်၌တည်ရှိပြီး ဖိလိပ္စု ကဲသာရီမြိုနှင့်လည်း အလှမ်းဝေးလှ၏။
ဖိလိပ္ပုကဲသာမြို၌ တမန်တော်တိုက ကိုယ်တော့်အား မေရှိ ယအဖြစ် ဝန်ခံပြီးသည့် အပတ်အတွင်း ထိုတောင် ထိပ်ပေါ်၌ ကိုယ်တော်၏ အဆင်းအရောင် ပြောင်းလဲမှု ဖြစ်ခဲ့ရာ ဤမျှလောက် တိုတောင်းသော အချိန်အတွင်း ကိုယ်တော်သည် နာ ဇရက်မြိုတောင်ဘက်ရှိ “တော်” တောင်ထိပ်သို သွားနိုင်လိမ့် မည် မဟုတ်ပါ။ (မဿဲ၊ ၁၇း၁၊ မာကု၊ ၉း၂၊ လုကာ၊ ၉း ၂၈)
ထိုဖြစ်ရပ်သည် ဟာမုန်တောင်ထိပ်၊ ဆရာယုဒသန် အခေါ် ဟေရမုန် တောင်ထိပ် (Mt. Hermon) ၌ ဖြစ်တန်ရာသည်။ ဟေရမုန်တောင်ထိပ်သည် ပင်လယ်ပြင်မှ အမြင့်ပေ ၉၄ဝဝ ရှိသည် ယော်ဒန်မြစ် ချိုင့်ဝှမ်းမှ တိုင်းထွာလျှင် အမြင့်ပေ ၁၁,၀၀၀ ရှိသည်။ သိုသော် တက်ရောက် ရသည်မှာ လွယ် ကူသည်။
ဟာမုန် (ဟေရမုန်) တောင်သည် ဖိလိပ္ကဲသာရိမြိုမှ (၁၄) မိုင်မျှသာ ရှိသည်။ ထိုကြောင့် ယေရှု၏ အဆင်းအရောင်ပြောင်းလဲခဲ့သည့် ဖြစ်ရပ်သည် ဟာမုန်တောင်ထိပ်၌ပင် ဖြစ် ပွားခဲ့ပါလိမ့်မည်။ ထိုဖြစ်ရပ်အကြောင်း ခရစ်ဝင် ကျမ်းတို၌ ရေးသားခဲ့သမျှတိုကို ခြုံ၍ လေ့လာပြီး ဖြစ်ရပ်ကို အရင်အနက် ဖွင့်ကြည့်ကြပါစို။
ကိုယ်တော်သည် သူတိုရှေ့၌ ထူးခြားသော အဆင်း အရောင်နှင့် ပြည်စုံသည်ဖြစ်၍ မျက်နှာတော်သည် နေကဲ့သို ထွန်းတောက်လျက် အဝတ်တော်သည် အလင်းကဲ့သို ဖြူလျက် ရှိ” (မဿဲ၊ ၁၇း၂၊ မာကု၊ ၉း၂၊ လုကာ၊ ၉း၂၉) မောရှေနှင့် ဧလိယသည် ထင်ရှား၍ ကိုယ်တော်နှင့် စကားပြောလျက် နေ ကြ၏။ (မဿဲ၊ ၁၇း၃၊ မာကု၊ ၉း၄၊ လုကာ ၉း၃၀)
ရှင်မဿဲနှင့် မာကုတိုက မောရှေနှင့် ဧလိယတိုသည် ကိုယ် တော်နှင့် စကားပြောနေသည် ကိုသာ ဖော်ပြ၍ ရှင်လုကာက မူကား “ကိုယ်တော်နှင့်အတူ ဆွေးနွေးလျက် ယေရုရှလင်မြို၌ စုတေတော်မူမည့် အကြောင်းအရာကို ပြောကြ၏”ဟူ၍ ထပ် လောင်းဖြည့်စွက်ထားသည်။ (လုကာ၊ ၉း၃၁)
ရှင်ပေတရုကသာ ထိုတောင်ထိပ်ပေါ်၌ တွေ့ခဲ့ရသော ဘုန်း အသရေကို ကြည်နူးမိပြီး တဲသုံးဆောင် ဆောက်လုပ်ကာ ထိုနေရာ၌ နေကြရန် ကိုယ်တော့်အား အကြံပေးခဲ့သည်။ (မဿဲ၊ ၁၇း၄၊ မာကု၊ ၉:၅၊ လုကာ၊ ၉း၃၃)
ရှင်လုကာကျမ်းအားဖြင့် ထောက်ချင့် ကြည့်ရလျှင် တမန် တော် သုံးပါးစလုံးသည် ငိုက်မြည်းလျက် နေခဲ့ကြောင်းကို ဖော်ပြထားသဖြင့် ထိုဖြစ်ရပ်သည် ညပိုင်းတွင် ဖြစ်မည်ဟု ခန့်မှန်းရသည်။ အဘယ့်ကြောင့် ဆိုသော် နောက်တစ်နေ့ မနက်မှ ထိုတောင်ပေါ်က သူတိုဆင်းသက်လာကြကြောင်းကိုလည်း: ဖော်ပြထားသောကြောင့် ဖြစ်ပါ၏။ (လုကာ၊ ၉း၃၂-၃၇ ကို ဖတ်ကြည့်ပါ)
ထွန်းလင်းသော မိုးတိမ်သည် ထိုသူတိုကို လွှမ်းမိုးခဲ့သည်။ (မဿဲ၊ ၁၇း၅၊ မာကု၊ ၉း၇၊ လုကာ၊ ၉း၃၄) ထိုမိုးတိမ်က အသံတော်ကလည်း “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သားပေတည်း၊ သူ၏စကားကို နားထောင်ကြလော့”ဟု မိန့်မြွက်တော်မူခဲ့သည်။ (မဿဲ၊ ၁၇း၅၊ မာကု၊ ၉း၇၊ လုကာ၊ ၉း၃၅)
ထိုဖြစ်ရပ်ကြီးတစ်ခုလုံး၌ နက်ရှိင်းသော အဓိပ္ပါယ် ရှိနေ သည်။
အထူးခြားဆုံးအချက်မှာ ယေရှုအား အတိတ်မှ ကြီးမြတ် သော ပုဂ္ဂိုလ်တိုနှင့် ဆက်သွယ်ပေးရုံမက အနာဂတ်၌ ပေါ် ပေါက်လာမည့် ဖြစ်ရပ်နှင့်လည်း ဆက်စပ်ပေးနေသောကြောင့် တည်း။
ဂျူးလူမျိုးတိုအဖို “တောင်ထိပ်များဆိုသည်မှာ ဘုရားသခင် နှင့် နီးကပ်စွာ တွေ့ထိနိုင်သော နေရာ”ဟူ၍ အမြဲမှတ်ယူထား လေ့ရှိသည်။ သိနာတောင်ထိပ်၌ မောရှေသည် ဘုရားသခင်ထံမှ ပညတ် တော်များကို ရခဲ့သည်။ (ထွက်၊ ၃၁၁၈) ပြင်းထန်သောလေ။ ကြီးစွာသော မြေငလျင်လှုပ်ခြင်း စသည်တို၌ ဘုရားသခင်သည် မရှိဘဲ ဖြည်းညင်းသောအသံအားဖြင့် ဘုရားသခင်နှင့် ဧလိယက ဆုံတွေ့ခဲ့သောနေရာမှာ “ဟောရတောင်” ဖြစ်သည် (၃ ရာ၊ ၁၉း ၉-၁၂)
ဟာမုန် (ဝါ) ဟေရမုန်တောင်ထိပ်သို ယေရှုကိုယ်တော်တိုင် ကြွသွားခဲ့ခြင်းကိုက ဘုရားသခင်နှင့် ထိတွေ့ရန်ပင် ဖြစ်သည်။
ခရစ်ဝင် ကျမ်းများက “ထွန်းလင်းသော မိုးတိမ်”အကြောင်း ကို ပြောပြခဲ့သည်။
ယခုခေတ်အခေါ် ဂိုလန်ကုန်းမြင့်အနီးရှိ ဟာမုန်တောင် ထိပ်ပေါ်သို တက်ရောက်ဖူးကြသည့် တောင်တက်သမားတိုက သူတိုကို မိုးတိမ်တိုက်များက လျင်မြန်စွာ လွှမ်းမိုးသွားလေ့ရှိကြောင်း ပြောပြလေ့ ရှိသည်။ ထိုတောင်ထိပ်၌ ဤသိုဖြစ်စမြဲဟု ဆိုကြသည်။
အစ္စရေး (ဣသရေလ)တို၏ သမိုင်းတစ်လျှောက်လုံးကို ပြန် ကြည့်လျှင် Shechinah ဆိုသော ဟေဗြဲစကားကို တွေ့ရမည် ဖြစ်ပြီး ထိုစကားသည် ဘုရားသခင်၏ “ဘုန်းအသရေတော်” ကို ဆိုလိုသည်။ ။
ဘုရားသခင်၏ ဘုန်းအသရေတော်ကို မိုးတိမ်အားဖြင့် အမြဲ ဖော်ပြလေ့ရှိသည်။ ဣသရေလလူမျိုးတို နေ့ည ခရီးသွားနိုင် စေရန် လမ်းပြဖို၊ ဘုရားသခင်သည် “မိုးတိမ်တိုင်” ကို အသုံး ပြုခဲ့သည်။ (ထွက်၊ ၁၃း၂၁) တဲတော်နှင့် ယဇ်ပလ္လင်ကို တည်ဆောက်ပြီးသောအခါ “မိုးတိမ်သည် ပရိသတ် စည်းဝေးရာ တဲတော်ကိုလွှမ်းမိုး၍ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော် ကို ဖြည့်လေ၏” (ထွက်၊၄၀း၃၄+) ထာဝရဘုရားသည် မိုးတိမ် ဖြင့် ဆင်းသက်၍ မောရှေအား ပညတ်တော်တိုကို ပေးခဲ့သည်။ (ထွက်၊ ၃၄း၅) ရှောလမုန်မင်းကြီးသည် ဗိမာန်တော် ကိုတည် ဆောက်ပြီး ဆက်ကပ်စဉ် “ယဇ်ပုရောဟိတ်တိုသည် သန့်ရှင်းရာ ဌာနထဲက ထွက်ကြသောအခါ ထာဝရဘုရား၏ အိမ်တော်သည် မိုးတိမ်နှင့်ပြည့်၏။ ထိုသို ထာဝရဘုရား၏ အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်လျက် မိုးတိမ်တော်ကြောင့် ယဇ်ပုရောဟိတ် တိုသည် အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ” (၃ ရာ၊ ၈း၁၀၊ ၆ ရာ၊ ၅း၁၃၊ ၇း၂ တိုနှင့်လည်း နှိင်းယှဉ် ဖတ်ကြည့်ပါ)
ထိုကြောင့် ဣသရေလ လူမျိုးတိုအဖို “မိုးတိမ်” ဆိုသည်မှာ “ဘုရားသခင်၏ ဘုန်းတော်နှင့်ပြည့်ခြင်း” ကိုဆိုလိုသည်။ တောင် ထိပ်သည် ဘုရားသခင်နှင့် ထိတွေ့ရာ နေရာဖြစ်သောကြောင့် အဆင်းအရောင် ပြောင်းလဲခဲ့သော ထိုတောင်ထိပ်၌ ဘုရား သခင်၏ ဘုန်းတော်ကို မြင်တွေ့ခဲ့ကြရ၏။
ယေရှုနှင့်အတူ မောရှေနှင့် ဧလိယတို ရှိခဲ့ကြသည်။
ယုဒဘာသာတွင် သူတိုသည် ကြီးမြတ်လှသော ပုဂ္ဂိုလ်ကြီး များ ဖြစ်၏။ မောရှေသည် ပညတ်တော်တို ကို ရယူ၍ လူ အပေါင်းတိုအား လက်ဆင့်ကမ်း ပေးခဲ့သောသူ၊ ဧလိယသည် ပရောဖက်အပေါင်းတိုတွင် အကြီးမြတ်ဆုံးသော ပရောဖက်ဖြစ် ၏။ ထိုတွင်သာမက ဓမ္မဟောင်း ကျမ်းအားဖြင့် ကြည့်လျှင် ထို ပုဂ္ဂိုလ်ကြီး နှစ်ဦးတို ကွယ်လွန်ခဲ့ပုံမှာ ယနေ့တိုင် လျှိဝှက်နက်နဲ သော ဖြစ်ရပ်များပင် ဖြစ်နေခဲ့ပါ၏။ |
နေဗောတောင်ထိပ်ပေါ်၌ မောရှေ ကွယ်လွန်ခဲ့ပုံမှာ ထူးခြား သည်။ ထိုသို ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း၊ ထာဝရ ဘုရား၏ကျွန် မောရှေသည် မောဘပြည်၊ ထိုအရပ်၌ အနိစ္စရောက် ၍ ဗက်ကုရမြို တစ်ဖက်၊ မောဘပြည်၊ တစ်စုံတစ်ခုသော သင်္ချိုင်း၌ သဂြိုလ်တော်မူ၏။ မောရှေ၏ သင်္ချိုင်းကို ယနေ့တိုင် အောင် အဘယ်သူမျှ မသိရာ” (တရား၊ ၃၄း၅-၆)။
ထိုကျမ်းစကားကို ထောက်ရှုလျှင် ထာဝရဘုရား၏ ကျွန် မောရှေကို ကိုယ်တော်၏လက်ထဲသို ပြန်၍ အပ်လိုက်ရသကဲ့သို အဓိပ္ပါယ်ဆောင်နေသည်။
ဧလိယ၏ ကွယ်လွန်ပုံကလည်း ထူးခြားလှသည်။ “ဧလိယ သည်) ထိုသို နှုတ်ဆက်လျက် သွားကြစဉ်တွင် မီးရထားနှင့်မီး မြင်းတိုသည် ပေါ်လာ၍ ထိုသူနှစ်ယောက်တိုကို ခွဲခွာသဖြင့် ဧလိယသည် လေပွေအားဖြင့် ကောင်းကင်သိုတက်လေ၏။ ဧလိ ရဲသည် ကြည့်ပြန်လျှင် ငါ့အဖ၊ ငါ့အဖ၊ ဣသရေလရထား၊ ဣသ ရေလမြင်းပါတကားဟု ဟစ်အော်သော်လည်း နောက်တဖန် ဧလိယကို မမြင်ရ” (၄ ရာ၊ ၂း၁၁-၁၂) |
မောရှေနှင့် ဧလိယတိုသည် ဘုန်းကျက်သရေ အဖြာဖြာဖြင့် ဤလောကမှ ကွယ်ပျောက်သွားခဲ့သူများ ဖြစ်၏။ ဘုရားသခင် ၏ သံတော်ဆင့် ပရောဖက်ဘဝ၊ ဘုရားသခင်ကို ကိုယ်စားပြု၍ အမှုတော် ထမ်းဆောင်ခဲ့ရစဉ် သူတိုသည် များစွာ အနစ်နာခံ ရသော်လည်း အဆုံး၌ သူတိုကို သေခြင်းက မလွှမ်းမိုးသွား နိုင်ပါ။
သူတိုသည် ဘုရားသခင်အတွက် သက်သေခံခဲ့ကြ၍ များစွာ ဒုက္ခခံခဲ့ရသော်လည်း သူတိုဘဝသည် ကြေကွဲဝမ်းနည်းဖွယ်ရာ မျိုးဖြင့်မဟုတ်၊ အောင်မြင်မှုဖြင့်သာ အဆုံးသတ်ခဲ့ကြရသည်။
ယေရှုခရစ်တော်၏ အသေခံတော်မူခြင်းသည်လည်း ဘုန်းအ သရေနှင့်ပြည့်ဝသော အောင်မြင်မှုမျိုးသာ ဖြစ်မည့်အကြောင်း အာမခံချက်တစ်ရပ်ဟူ၍လည်း အနက်ဖော်ထုတ်နိုင်သည်။
ထိုအပြင် ကိုယ်တော့်အား ထိုဖြစ်ရပ်က အတိတ်နှင့်ဆက် စပ်ပေးပြီး အနာဂတ်ထဲသို တိုးဝင်သွားရန် အားပေးချီး မြှောက်နေကြောင်း တွေ့နိုင်သည်။ ရှင်လုကာက “ယေရုရှလင်မြို၌ စုတေတော် မူမည့်အ ကြောင်း သူတိုနှင့်ယေရှုက ဆွေးနွေးနေခဲ့ကြောင်း” ဆိုထား သည်။ (လုကာ၊ ၉း၃၁)
ဆရာယုဒသန်က “စုတေ့” ဟူ၍ မြန်မာပြန်ထားသော ဂရိ စကားမှာ Exodos ဖြစ်ပြီး ညီမျှသော အင်္ဂလိပ်စကားမှာ Exodus ဖြစ်သည်။ အင်္ဂလိပ်သမ္မာကျမ်း RSV တွင် “Depature”ဟူ၍ ဘာသာပြန်ထားသည်။ ယင်းစကားသည် “ထွက် မြောက်ခြင်း “ထွက်ခွာခြင်း” ဟူသော အဓိပ္ပါယ်ရှိသည်။
ဣသရေလလူမျိုးတို၏ သမိုင်းရှိ ကြီးမားလှသော ဖြစ်ရပ် တစ်ခုမှာ အဲဂုတ္တုပြည်၌ ကျွန်ခံနေရာမှ ကတိတော် နယ်မြေသို ရောက်ရန် မောရှေအားဖြင့် ထိုပြည်မှ “ထွက်ခွာလာ” နိုင်ခဲ့ခြင်း ဖြစ်သည်။ သူတိုသည် မတွေ့ဖူး၊ မမြင်ဖူး၊ မရောက်ဖူးသေးသော နေရာသို ဘုရားသခင်၏ အမိန့်တော်နှင့် ကတိတော်မှလွဲ၍ အ ခြား အားကိုးစရာမရှိဘဲ “ထွက်ခွာလာခဲ့ကြသည်။”
ရာစုနှစ်ပေါင်းများစွာက ဘုရားသခင်၏ လူမျိုးစုသည် ယုံ ကြည်ခြင်းအားဖြင့် လဲကန္တာရလမ်းစဉ်ကို လျှောက်ပြီး ကတိ တော်ထားရာ နယ်မြေသို ထွက်ခွာလာခဲ့ကြသည့်နည်းတူ၊ ခရစ် တော်သည်လည်း ယခုဆိုလျှင် ကားတိုင် လမ်းစဉ်အားဖြင့် ဘုရားသခင်၏ ကတိတော် နယ်မြေသို “ထွက်ခွာလာရေး အတွက် တိုင်ပင် ဆွေးနွေးနေခဲ့ကြသည် ဟူ၍ အနက်ဖွင့်လို ပါသည်။
အဆင်းအရောင်တော် ပြောင်းလဲခဲ့သည့် ဖြစ်ရပ်နှင့် ပတ် သက်၍ တုံပြန်မှုနှစ်မျိုးကို တွေ့နိုင်သည်။
ရှင်ပေတရုသည် ဘုရားသခင်၏ ဘုန်းတော်ကို မြင်တွေ့ခဲ့ရာ ထိုတောင်ထိပ်ပေါ်၌ တဲတော် သုံးဆောင်ကို ဆောက်ပြီး တောင်အောက်သိုပြန်၍ ဆင်းမလာလိုကြောင်း လျှောက်ထား ခဲ့သည်။ (မဿဲ၊ ၁၇း၄၊ မာကု၊ ၉း၅၊ လုကာ၊ ၉း၃၃) ခရစ်တော်၏ တုံပြန်မှုမှာကား၊ တောင်ထိပ်ပေါ်မှ ဆင်း လာပြီး လူ့ဘောင် လောကထဲ၌ အမှုတော် လုပ်ငန်းများကို သာ ပြန်လည်ဆောင်ရွက်ရန် အထူးဂရုပြုခဲ့ခြင်းပင် ဖြစ်သည်။
ကိုယ်တော်သည် ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲလျက် ဆုတောင်းရန် တောင်ထိပ်ပေါ်သို တက်ခြင်းသည် လောက ကြီးကို ကျောခိုင်းခြင်း၊ လောကမှ ရှောင်တိမ်းထွက်ပြေးခြင်း၊ ထွက်ရပ်လမ်းရှာခြင်းမျိုး လုံးဝမဟုတ်။ အမှုတော်လုပ်ငန်းကို ဆောင်ရွက်ရန် မိမိကိုယ်ကို ပြင်ဆင်ခြင်းသာ ဖြစ်သည်။ |
ဘုရားသခင်၏ ဘုန်းတော်ကို တောင်ထိပ်၌ တွေ့မြင်ခဲ့ရ သော်လည်း ထိုတောင်ထိပ်၌ပင် စတည်းချ အတည်တကျ နေ ရန် ကိုယ်တော် ကြံရွယ်ချက် လုံးဝမရှိရုံမက ဝေဒနာ ခံစား ရတော့မည့် “ကရာမ္မကုန်းတော်”ပေါ်သို ရဲရဲဝံ့ဝံ့ လျှောက် သွားရေးအတွက် ခွန်အားကို ရယူခဲ့သည်။
အဆင်းအရောင်တော် ပြောင်းလဲခဲ့သော တောင်ထိပ်ပေါ် ၌ ကိုယ်တော်သည် ဘုရားသခင်ထံမှ အာမခံချက်တစ်ခု ကိုလည်း ထပ်မံရရှိတော်မူခဲ့သည်။ _
လူအများက သဘောကျ၊ နားလည် သဘောပေါက်နေ ကြသော မေရှိယမျိုးနှင့် မည်မျှပင် ဆန့်ကျင်ဘက်ဖြစ်နေရစေကာမူ ပညတ်တော် (မောရှေ)နှင့် ပရောဖက်များ (ဧလိယ) တို က ကြိုတင် ဟောပြောတော်မူခဲ့သော မေရှိယသဏ္ဍာန်မျိုးနှင့် ကိုက်ညီကြောင်း အာမခံချက် ရရှိခဲ့သည်။ ။
အဆင်းအရောင်တော် ပြောင်းလဲသည့် တောင်ထိပ်ပေါ်၌ ကိုယ်တော်သည် ကားတိုင်”ကို ရဲရဲကြီးရင်ဆိုင်ပြီး နောက်ဆုံး၌ အောင်မြင်ခြင်းသရဖူကို ရယူနိုင်ရန် ဘုရားသခင်၏ သဘော တူညီချက်၊ အာမခံချက်၊ အားပေး ချီးမြှောက်ချက်ကို ရရှိခဲ့ ပါသတည်း။
အခန်း (၂၃)
ယေရုရှလင်မြို့သို့ နောက်ဆုံးသော ခရီးစဉ်
“ဟာမုန်” (ဟေရမုန်) တောင်ထိပ်၌ အဆင်းသဏ္ဍာန်ပြောင်း လဲခဲ့သည့် ဖြစ်ရပ်၏နောက်ပိုင်းတွင် ကိုယ်တော်သည် တောင် အောက်သို ဆင်းလာသောအခါ လူအစုအဝေးတိုက ကိုယ် တော့်ကို ခရီးဦးကြို ပြုကြသည်။ ထိုအခါ၌ ချက်ချင်းပင် နတ် ဆိုးစွဲနေသော လူငယ်တစ်ဦးကို ကုသပေးသည်။ ထိုသူငယ်ကို ကုသ၍ မပေးနိုင်သော တမန်တော်တို၏ ယုံကြည်ခြင်း နည်းပါး မှုကိုပင် အပြစ်တင်ခဲ့၏။
ထိုနောက်၌ ကပေရနောင်မြိုရှိ ပေတရု၏အိမ်၌ တည်းခို လျက် နေသည်။ ကပေရနောင်မြို၌ရှိစဉ်ပင် တရားဒေသနာတော် ကို ဆက်လက်ဟောပြော သွန်သင်ဆုံးမသည်။ အနာရောဂါ များကို ကုသသည်။ လူအပေါင်းတို၏ မေးခွန်းများကို ဖြေ ကြားသည်။ ကပေရနောင်မြို၌ရှိစဉ်ပင် ကိုယ်တော်၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို ယတိပြတ် ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ပါ၏။
၎င်းကို ရှင်လုကာက “(ကိုယ်တော်သည်) ယေရုရှလင်မြိုသို တူရှုကြွအံ့သောငှာ သဘောထား တော်မူ၏”ဟု ဆိုထား၏။ (လုကာ၊ ၉:၅၁) အင်္ဂလိပ် သမ္မာကျမ်းများ၌ He Set His Face ဟုဆိုထားသည်။ အနက်မှာ ယေရုရှလင်မြိုသို ကြွတော် မူ၍ ယတိပြတ် ဆုံးဖြတ်ချက်ချပြီး စတင်ခရီးထွက်ရန် အစီ အစဉ်များ ပြုတော်မူကြောင်းကို ဆိုလိုပါ၏။
ယေရုရှလင်မြိုသိုခရီးစဉ် ကိုယ်တော်သည် ယေရုရှလင်မြိုသို နောက်ဆုံးသောခရီးစဉ် ကို ဖြည်းညှင်းစွာသာ ကြွချီတော်မူခဲ့သည်။ ထိုအခါတွင် “သကုနေနေ့ခံချိန်ဖြစ်၍ ဂျူးလူမျိုးတို၏ သက္ကရာဇ်အရ “တီစရီလ” (အောက်တိုဘာလ) ၁၅-ရက်နေ့ ဖြစ်ပါ၏။ ပသ ခါပွဲနေ့ရောက်ရန် (၆)လခန့် လိုသေးသည်ဖြစ်ရာ၊ ထို (၆) လ အတွင်း ဂါလိလဲနယ်၊ ပေရိနယ်၊ ရှမာရိနယ် တစ်ဝိုက်အတွင်း အေးဆေးစွာ အမှုတော်ထမ်းရွက်ပြီးမှ ပသခါပွဲနေ့ အရောက် ယေရုရှလင်မြိုတွင်းသိုဝင်ရန် ဆုံးဖြတ်ထားဟန် ရှိပါ၏။
ရှင်လုကာက “ထိုအခါ ယေရှုသည် မြိုရွာတိုကို ဒေသ စာရီလှည့်လည်လျက် ဆုံးမဩဝါဒပေးလျက် ယေရုရှလင်မြို သို ခရီးသွားတော်မူ၏”ဟု ရေးသားခဲ့ပါသည်။ (လုကာ။ ၁၃း၂၂ )
ဂါလိလဲနယ်။ အန္တိပဟေရုဒ် နယ်အုပ်ချုပ်ရာ ဂါလိ လဲနယ်အတွင်းရှိ တိုင်းဗေးရီယပ် (စ်) မြိုသို ရောက်ပြန်သော အခါ ဖာရိရှဲတစ်စုက လာ၍ ကိုယ်တော်၏ အသက်ဘေးရန်ကို သတိပေးခဲ့ကြသည်။ “ထိုအခါ ဖာရိရှဲ အချိုတိုသည် အထံ တော်သို လာ၍ ဤအရပ်မှ ထွက်သွားပါ။ ဟေရုဒ်မင်းသည် ကိုယ်တော်ကို သတ်မည်အကြံ ရှိသည်”ဟု လျှောက်ကြ၏။ သိုသော် ကိုယ်တော်က “သင်တိုသွားကြလော့၊ ယခုနေ့နှင့် မနက်ဖြန်နေ့၌ နတ်ဆိုးတိုကို နှင်ထုတ်၍ အနာရောဂါကို ငြိမ်း စေ၏။ သုံးရက်မြောက်သောနေ့၌ စုံလင်ခြင်းသို ရောက်မည် အကြောင်းကို “မြေခွေး” အား ပြောကြလော့”ဟု မိန့်တော်မူလိုက်ပါ၏။ (လုကာ၊ ၁၃း၃၁-၃၃)
မှတ်ချက်။ ။ ဂျူးလူမျိုးတိုက “အချိန်အနည်းငယ်တွင်” ဟု ပြောဆိုလိုပါက “ယခုနေ့၊ နက်ဖြန်နေ့၊ သန်ဘက်နေ့”ဟု ဆိုတတ်သည့် ဓလေ့ထုံးစံရှိပါ၏။ (၁ ရာ၊ ၂၀း၁၂ ကိုလည်း ကြည့်ပါ)
ဤသိုဖြစ်ရပ်ကို ထောက်ရှုခြင်းအားဖြင့် ဖာရိရှဲတိုင်းသည် ယေရှု၏ရန်သူများ မဟုတ်ကြောင်း ကိုယ်တော့်ကို ချစ်ခင်မြတ် နိုး၍ စေတနာ ထားကြသော ဖာရိရှဲများလည်း ရှိသေးကြောင်း ပေါ်လွင်လာသည်။ ကိုယ်တော်သည် ဖာရိရှဲ ရှိမုန်၏ နေအိမ်၌ပင် ညစာ စားခဲ့ဖူးပါသည်။ (လုကာ၊ ၇း၃၆) နိကောဒင်နှင့် အရိမဿာမြိုသား ယောသပ်တိုသည်လည်း ဖာရိရှဲ များ ဖြစ်စေကာမူ ကိုယ်တော့်အပေါ်၌ မေတ္တာထားကြပါ ၏။ အခြားသော ဖာရိရှဲများကသာ ကိုယ်တော့်ကို ရန်ရှာ နေကြခြင်း ဖြစ်သည်။ ။
၂။ ရှမာရိနယ်။ ဂျူးလူမျိုးတို၏ လူမျိုးစုတစ်စုဖြစ်သော် လည်း အခြားသော လူမျိုးစုတိုနှင့် မတည့်ကြသောကြောင့် သီးခြား ခွဲခြားနေသော နယ်ဖြစ်သည်။ ကိုယ်တော် ကြွလာ တော်မူမည့်အကြောင်း သိနှင့်ကြောင်း ထင်ရှားသည်။ ကိုယ် တော်က တပည့်တော်ပေါင်း (၇၀)ကို (၂)ဦးချင်း စေလွှတ်ခဲ့ သောကြောင့်လည်း ဖြစ်နိုင်သည်။
အထူးသဖြင့် ထိုနယ်အတွင်းသို ရောက်လျှင် လူနူ (၁၀)ဦး က ကိုယ်တော့်ကို စောင့်ကြို၍ “သခင်ယေရှု၊ အကျွန်ုပ်တိုကို ကယ်မ သနားတော်မူပါ” ဟစ်အော်ကြခြင်းကို ထောက် လျှင် သိသာနိုင်ပါ၏။ (လုကာ၊ ၁၇း၁၂-၁၃) ယေရှုက လည်း သူတိုကို ဥပက္ခာပြုတော်မမူ။ ထိုနေရာ၌ပင် ရန်မူလိုသော ဖာရိရှဲတိုက ကိုယ်တော့်ကို ဆက်လက် နှောင့်ယှက်ကြ ပြန်သေးသည်။ (လုကာ၊ ၁၂း၅၄-၅၉၊ မဿဲ၊ ၁၆း၁-၄) ၊
သိုသော် ရှမာရိတိုင်းက ကိုယ်တော့်ကို လက်မခံကြပါ။ အမှန်မှာ ဂျူးနှင့် ရှမာရိတို ရန်ဘက်ဖြစ် နေခဲ့သည့် ကာလမှာ ကြာမြင့်လှပြီဖြစ်၍ ဂျူးလူမျိုးတစ်ဦးဖြစ်သော ယေရှုကို ထိုကြောင့် လက်မခံကြခြင်း ဖြစ်နိုင်ပါ၏။ ရှင်ယာကုပ်နှင့် ယော ဟန်တိုက ထိုရှမာရိတို၏ ရွာပေါ်သို ကောင်းကင်မှ မီးကျ စေ၍ လောင်ကျွမ်း စေရန် လျှောက်ထားကြသောအခါ ကိုယ် တော်က “လူသားသည် လူတို၏ အသက်ကို သတ်အံ့သောငှာ ကြွလာသည် မဟုတ်၊ ကယ်တင်အံ့သောငှာ ကြွလာသည်”ဟု ဆုံးမခဲ့ရပါ၏။ (လုကာ၊ ၉း၅၂-၅၅)
၃။ ယုဒပြည်။ ရှမာရိနယ်မြေ၏ တောင်ပိုင်းဒေသကို လွန်ပြန်လျှင် ယုဒပြည်နယ်စွန်းသို ရောက်၍ ယေရိဘေမြိုသို ရောက်တော်မူ၏။ တရားဇရပ်သိုဝင်ပြီး ဆုံးမဩဝါဒပေးပြီး သည့်နောက် ကျမ်းတတ် ပုဂ္ဂိုလ်တစ်ဦးက “ထာဝရ အသက်ရ အံ့သောငှာ အဘယ်သို ပြုရမည်နည်း”ဟု မေးခဲ့သည်။ (လုကာ၊ ၁၀:၂၅) အမှန်မှာ ထိုပုဂ္ဂိုလ်က ကိုယ်တော့်ကို စုံစမ်းနှောင့် ယှက်လိုသော စိတ်ထားဖြင့် မေးခဲ့ခြင်းဖြစ်၏။
ကိုယ်တော်က တရား၊ ၆း၅၊ ဝတ်ပြု၊ ၁၉၁၈ တွင် ပါရှိသော ပညတ်တိုကို ရည်ညွှန်း၍ ဖြေကြားခဲ့သည်။
“ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ချစ်ရန်နှင့် ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်ရန်” ပြောခဲ့သော်လည်း ထိုကျမ်းတတ်ဆရာက “ကိုယ်နှင့်စပ်ဆိုင်သောသူသည် အဘယ် သူနည်း” ဟူ၍ ကိုယ်တော့်ကို နှောင့်ယှက်လိုသော စိတ်ထားဖြင့် ဆက်လက် မေးမြန်းခဲ့ပြန်သည်။ ထိုအခါမှ ကိုယ်တော် က “ကောင်းသော ရှမာရိ ဥပမာ”ကို ဟောတော်မူခဲ့သည်။ ထိုနောက်မှ ကိုယ်တော်က “ထိုသုံးယောက်တိုတွင် အဘယ် သူသည် ဓားပြလက်သို ရောက်သောသူနှင့် စပ်ဆိုင်သောသူ ဖြစ်သနည်း”ဟု ပြန်မေးတော်မူလျှင် ထိုကျမ်းတတ်ဆရာက “လူနာကို သနားသောသူသည် စပ်ဆိုင်သောသူ ဖြစ်ပါ၏” ဟု ဖြေသောအခါမှ “သွားလော့။ သင်သည်လည်း ထိုနည်းတူ ပြုလော့”ဟု မိန့်တော်မူပါ၏။
ထိုမြို၌ပင် “ဇက္ခဲ” အမည်ရှိသော အခွန်ခံတစ်ဦးနှင့် တွေ့ဆုံ ခဲ့သည်။ ထိုသူ၏နေအိမ် တည်းခိုခဲ့ပြီး ထိုသူ့အား ပြောင်းလဲ စေခဲ့ပါ၏။ လူအပေါင်းတိုက ဆိုးသောသူ အိမ်သို ဝင်ပြီး တည်းခိုခြင်းကို ပြစ်တင်ရှုတ် ချသော်လည်း ကိုယ်တော်က လုံးဝ ဂရုမစိုက်ခဲ့ပါ။ (လုကာ၊ ၁၉း၁-၁၀)
***
အခန်း (၂၄)
ယေရုရှလင်မြို၌ နောက်ဆုံးအမှုတော် ဆောင်ရွက်ခြင်း
တနင်္ဂနွေနေ့
ကိုယ်တော်သည် ပသခါပွဲတော်နေ့ ရောက်သည့် အချိန်မှ ယေရုရှလင်မြိုသို ဝင်လိုသည်ဖြစ်ရာ ပေရိနယ်၊ ဂါလိလဲနယ်၊ ရှမာရိနယ်တစ်ဝိုက်၌ အချိန်ယူ လှည့်လည်ခဲ့ခြင်း ဖြစ်သည်။ ထိုပွဲတော် နေ့ရက်ကာလရောက်မှ ယေရုရှလင်မြိုတော်တွင်းသို ဝင်တော်မူသည်။ ။
အမှန်ဆိုရလျှင် ယေရုရှလင်မြိုသို ကိုယ်တော် နောက်ဆုံး သောခရီးကို ကြွရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပါ။ ကိုယ်တော်သည် ကြီးမားသော သန္နိဋ္ဌာန် ချမှတ်ပြီးမှ ဝင် ရောက်ခဲ့ခြင်း ဖြစ်သည်။
ကိုယ်တော်၏ မျက်နှာတော်သည် တင်းမာ၍ အံကိုလည်း ကြိတ်ထားပေလိမ့်မည်။ ရှင်မာကုက ထိုခရီးစဉ်ကို ဖော်ပြခဲ့ရာ တွင် “ယေရုရှလင်မြိုသို တက်သွားကြရာလမ်းမှာ၊ ယေရှုသည် တပည့်တော်တိုရှေ့၌ ကြွတော်မူစဉ် သူတို (တမန်တော်တို)သည် မိန်းမောတွေဝေ၍၊ ကြောက်ရွံသော စိတ်နှင့်လိုက်ကြ၏”ဟု မှတ်တမ်းတင်ထားခဲ့ပါ၏။ (မာကု၊ ၁၀း၃၂)
ကိုယ်တော်သည် တမန်တော်တို၏ ရှေ့မှ ကြွနှင့်တော်မူ သည်။ ထို “ကားတိုင်လမ်းစဉ်”ကို ကိုယ်တော်သည် တစ်ဦးတည်း ကြွချီတော်မူကြောင်းကို ထင်ဟပ်ပြသနေသည်။
ယေရုရှလင်မြို၌ ကိုယ်တော်တွေ့ကြုံရမည့် ဖြစ်ရပ်မှာကား အဘယ်သိုနည်း။ ဤမြေကြီးပေါ်၌ ပြုနေတော်မူသော ကိုယ်တော်၏ အမှုတော် လုပ်ငန်းထဲ၌ အမြင့်ဆုံး၊ အထွတ်အထိပ် အကျဆုံးနှင့် နောက်ဆုံးသော ဖြစ်ရပ်များသာ ဖြစ်သတည်း။
ပသခါပွဲတော်နေ့လည်း ဖြစ်သည့်အားလျော်စွာ ထိုမြိုသည် စည်ကားသိုက်မြိုက်နေသည်။
သမိုင်း ပညာရှင် ဂျိုစီးဖပ် (စ) ပြုစုခဲ့သော သမိုင်းမှတ် တမ်းများအရ နီရိုဘုရင်သည် ဂျူးလူမျိုးတိုကို အလွန်မုန်းတီး သည်။ သိုသော် နီရိုဘုရင်ခံစဉ်က ဘုရင်ခံဖြစ်ခဲ့သော “ဆက် တီးယပ် (စ်) (Cestius)”က ဂျူးလူမျိုး တို အား အထင် မသေးရန် ဖျောင်းဖျပြောဆိုသော်လည်း မရခဲ့သဖြင့်၊ ပသခါ ပွဲတော်နေ့သို လာရောက်ကြသော ဂျူးလူမျိုး အပေါင်းတို၏ လူဦးရေစာရင်းကို ကောက်ယူစေခဲ့သည်။
လူဦးရေကို အသေးစိတ် ကောက်နေခြင်းထက် လွယ်ကူ မည့် နည်းလမ်းတစ်ရပ်က၊ ထိုပသခါ ပွဲတော်နေ့၌ ယဇ်ပူဇော် ကြသော သိုးသူငယ်များ၏ အရေအတွက်ကို ကောက်ယူကြ ခြင်းဖြစ်သည်။ ပသခါပွဲတော်နေ့တစ်နေ့လျှင် သိုးသူငယ်ပေါင်း ၂၅၆,၅ဝဝ တိတိကို ယဇ်ပူဇော်ခဲ့ကြကြောင်း တွေ့ရှိရသည်။ သိုးသူငယ်တစ်ကောင်ဖြင့် ပသခါညစာစားလျှင် “အနည်းဆုံး” လူဦးရေ (၁၀)ဦး ရှိရမည် ဖြစ်၏။ တစ်ခါတစ်ရံ လူ (၂၀)ခန့်ပင် ရှိနိုင်သည်ဟု ဂျိုးစီးဖပ်(စ်)က ဆို၏။
ထိုကြောင့် ပသခါပွဲတော်နေ့ တစ်ချိန်၌ ယေရုရှလင်မြိုသို “ဘုရားဖူး” ရောက်လာကြသော ဂျူးလူမျိုး တို၏ အရေအတွက် မှာ ၂၇,၀၀,၂၀၀ ခန့်ပင် ရှိရမည်ဟု ထိုပညာရှင်ကြီးက တွက် ချက်ပြထားဖူး၏။
ဤမျှလောက် လူများပြားလှသော ချိန်ခါမျိုးကိုမှ သခင် ယေရှုသည် ရွေး၍ ယေရုရှလင်မြိုသို ကြွလာခဲ့ခြင်း ဖြစ်၏။
ကိုယ်တော်သည် ယေရုရှလင်မြိုသို ကြွလာသောအခါ သူ၏ ရန်သူများ၏ လက်တွင်းသို တိုက်ရိုက် ဝင်ရောက်သွားခြင်း လည်း ဖြစ်သည်။ ယေရှုကို သူ၏ရန်သူများက စောင့်မျှော်နေ ကြပုံလည်း ရသည်။ ရှင်ယောဟန်က “ထိုသူတို (ယဇ်ပုရောဟိတ် နှင့် ဖာရိရှဲများ)သည် ယေရှုကို ရှာဖွေ၍ အချင်းတို၊ အဘယ် သို ထင်ကြသနည်း။ သူသည် ပွဲသို မလာသလောဟု ဗိမာန်တော် ၌ ရပ်လျက် အချင်းချင်း မေးမြန်းကြ၏။ ထိုအခါ အဘယ်သူ သည် ယေရှုရှိရာအရပ်ကို သိလျှင် သူ့ကို ဖမ်းဆီးစေခြင်းငှာ ပြညွှန်ရမည်ဟု ယဇ်ပုရောဟိတ် အကြီးတိုနှင့် ဖာရိရှဲတိုသည် မှာခဲ့ကြပြီ”ဟု မှတ်တမ်းတင်ထားခဲ့ပါ၏ (ယော၊ ၁၁:၅၆ -၅၇)။
ရန်သူများက ထိုသို စောင့်ဆိုင်းနေကြမည်ကို ကိုယ်တော်က လည်း မျှော်မှန်းပြီးသား ဖြစ်ပါလိမ့်မည်။ ထိုသိုဆိုလျှင် ကိုယ်တော်သည် အသက်ဘေးရန်ကို စိုးရိမ်ပါက ထိုမြိုတွင်းသို မဝင် ဘဲ ရှောင်တိမ်း၍နေဖို အသင့်တော်ဆုံး ဖြစ်ပါလိမ့်မည်။
သိုသော် ကိုယ်တော်သည် ထိုသို လုံးဝပြုတော်မမူခဲ့၊ ယေရု ရှလင်မြိုကို ကိုယ်တော် ကြွလာခြင်းကိုက မတော်တဆ မဟုတ်၊ အလွန် စဉ်းစားဆင်ခြင် ကြံဆပြီးမှ လာခဲ့ခြင်း ဖြစ်ကြောင်း ကို သိသာနိုင်သည်။
တပည့်တော် နှစ်ဦးကို ကြိုတင်လွှတ်ပြီး မြည်းကိုရှာခိုင်း သည်။ ထိုမြည်းကိုစီး၍ မြိုတော်တွင်းသို ဝင်သည်။ မြည်းပိုင်ရှင် က မေးလျှင် “သခင်က အလိုရှိသည်”ဟူ၍သာ ပြောရန်မှာ ကြားလိုက်သည်။ (မာကု၊ ၁၁း၂+၊ လုကာ၊ ၁၉း၃၀+I မဿဲ၊ ၂၁း၂+) တမန်တော်တိုက မြည်းကို ဆွဲလာခဲ့ကြသည်။
ကိုယ်တော်သည် ထိုမြည်းကိုစီး၍ မြိုတော်တွင်းသို ဝင်တော် မူ၏။
ဤသို ထင်ထင်ပေါ်ပေါ် ဝင်ရောက်လိုက်ခြင်း အမှု၌ ကိုယ်တော်၏ ပြတ်သားသော သန္နိဋ္ဌာန်၊ ကြီးမားလှသော ရဲစွမ်းသတ္တိကို မြင်နိုင်သည်။
ထိုသတ္တိကို ရုတ်တရက် ပေါ်ပေါက်လာသော ရဲရင့်မှုမျိုး မဟုတ်၊ ရှေးမဆွကပင် ကြိုတင်ကြံစည်ပြင် ဆင်ပြီးမှ ပြုတော်မူ သော သတ္တိမျိုးဖြစ်၏။
သူရဲကောင်း မျိုးစုံကို ကျွန်တော်တို မြင်တွေ့ ဖူးကြပါသည်။ ရုတ်တရက်၊ လျှပ်တပြက်ထ၍ သွေးပူပူဖြင့် ရဲရဲဝံ့ဝံ့ လုပ်ကိုင် ဆောင်ရွက်ခဲ့ကြသူများ ရှိကြသည်။ သိုသော် သွေးအေးအေး ဖြင့်သာ တည်ငြိမ်စွာ စဉ်းစား ကြံဆပြီးမှ ဆောင်ရွက်သူမျိုး ကိုသာ အကယ်ပင် သတ္တိရှိသည်ဟု ဆိုနိုင်သည်။ ပေးရမည့်အဖိုး အခကိုလည်း သေသေချာချာ တွက်ချက်ထားပြီးမှ ဆောင်ရွက် တတ်သော သူမျိုးဖြစ်သည်။
ယေရုရှလင်မြိုသို ဝင်တော်မူခဲ့သော ယေရှုသည် ထိုသိုသော သတ္တိမျိုးကို ပိုင်ဆိုင်ထားသူသာတည်း။
ယေရုရှလင်မြိုတွင်းသို ကိုယ်တော်ဝင်ပုံက၊ ဣသရေလလူ မျိုး ပရောဖက်များက အသုံးပြုခဲ့သော နည်းလမ်းအတိုင်း ဝင် ရောက်ခဲ့ခြင်း ဖြစ်သည်။ ပရောဖက်တိုသည် လူအပေါင်းတိုကို တစ်စုံတစ်ခုထိထိရောက် ရောက် ပြောဆိုလိုလျှင် ထူးခြားလှသော အမှတ်လက္ခဏာများ ကို အသုံးပြုလေ့ရှိသည်။ လူတိုက ဟောပြောချက်တစ်ခုကို နား မထောင်ဘဲ ဥပေက္ခာပြုနေနိုင်သည်။ နားပိတ်ထားနိုင်သည်။ သိုသော် ထူးခြားသည့် အပြုအမူ တစ်စုံတစ်ခုကို မြင်နိုင်သည်။ သူတို၏စိတ်ကို ဆွဲကိုင် လှုပ်ရှားစေနိုင်သည်။ ၊
“မင်းတို နားမထောင်လိုလျှင် ကြည့်ကြပါ”ဟု ဆိုသကဲ့သို သူတိုပြောပြလိုသော သတင်းတစ်ရပ်ကို ထူးခြားသည့် အပြုအမူ အားဖြင့် လူထုကြီးအား ဖော်ပြတတ်ပါ၏။
ဥပမာများကို ပြပါရစေ။
ပရောဖက် အဟိယသည် ယေရောဗောင်မင်းအား သူ၏ နိုင်ငံတော်ရှိ လူမျိုးစု (၁၀)မျိုးက တော်လှန်ပုန်ကန်မည်ဖြစ်ပြီး လူမျိုးစု (၂) မျိုးသာ သူ့အပေါ် သစ္စာ ရှိကြလိမ့်မည် ကြောင်း ကြိုတင်ဟော ပြောလိုသောအခါ သူ၏ ဝတ်ရုံသစ်ကို ဆယ့်နှစ်ပိုင်း ဆုတ်ဖြတ်ပြီးလျှင် ယေရောဗောင်အား ဆယ်ပိုင်း၊ ပေးသည်။ (၃ ရာ၊ ၁၁း ၂၉-၄၀)
ပရောဖက် ယေရမိကလည်း ဣသရေလ တစ်မျိုးလုံးသည် များ မကြာမီ ကျွန်ခံရတော့မည့်အကြောင်း ကြိုတင် ဟောပြောလို ရာ သူ၏လည်ပင်း၌ ထမ်းပိုးကိုတပ်၍ ပြသည်။ (ယေရမိ၊ ၂၇း ၁-၁၁)
ယေဇကျေလသည်လည်း ထိုနည်းမျိုးဖြင့် ဟောပြောလေ့ ရှိကြောင်း တွေ့ရပါလိမ့်မည်။ (ယေဇ၊ ၄ နှင့် ၅)
ယေရှုသည်လည်း ယေရုရှလင်မြိုသို ဝင်စဉ်တွင် ထိုသိုထူး ခြားသော အမှတ်လက္ခဏာကို ပြသ၍ ဝင်ခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော် ဟောပြောချက်တိုကို ဥပေက္ခာပြုနေသော လူစု၏ မျက်စိကို ဖွင့်ခဲ့သည်။
သခင်ယေရှုပေးလိုသော သတင်းစကားမှာကား အဘယ် နည်း၊ ကိုယ်တော်သည် ဘုရင်ဖြစ်ကြောင်း သိသိသာသာကြီး ဖော်ပြလိုက်ခြင်း ဖြစ်၏။
ဇာခရိ ၉း၉ တွင် “အိုဇိအုန် သတိုသမီး၊ အလွန်ဝမ်းမြောက် လော့။ အိုယေရုရှလင်မြို သတိုသမီး၊ ကြွေးကြော်လော့။ တရား သဖြင့် စီရင်၍ ကယ်တင်ခြင်းသို ရောက်သောသခင်၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့ သိမ်မွေ့သော စိတ်နှင့် သင်တိုရှိရာသို ကြွလာတော်မူသည်ကို ကြည့်ရှုလော့”ဟူ၍ ဖော်ပြထားသော အနာဂတ္တိ စကားကို ပြည့်စုံပြီဖြစ်ကြောင်း သရုပ်ဖော်ပြလိုက်ခြင်း ဖြစ်၏။
အခြားသောနိုင်ငံများ၌ မြည်းဆိုသည်မှာ အသုံးမကျသော တိရစ္ဆာန်ဟူ၍ ယူဆတတ်သော်လည်း ပါလက်စတိုင်းနိုင်ငံနှင့် အချိုသော အရှေ့နိုင်ငံ၌ကား အလွန်မြင့်မြတ်သော တိရစ္ဆာန် ဟူ၍ ယူဆထားပါ၏။
ဣသရေလ နိုင်ငံကို တရားသူကြီးအဖြစ် အုပ်စိုးခဲ့သော ယာဣရမ် သား (၃၀) ရှိသဖြင့် သူတိုသည် မြည်း (၃၀)ကိုစီးခဲ့ ဖူး၏။ (သူကြီး၊ ၁၀း၄) တရားသူကြီး အာဗဒုန်၌ သား (၄၀)မြေး (၃၀) ရှိသဖြင့် ထိုသူတို အားလုံးသည် မြည်း (၇၀)ကို စီးခဲ့ကြသည်။ (သူကြီး၊ ၁၂း၁၄)
ဘုရင်တိုသည် မြည်းကိုစီး၍ ဝင်လာလျှင် ငြိမ်းချမ်းရေး သဘောဖြင့် လာကြောင်း အဓိပ္ပါယ်ကို ဖော်ပြကြသည်။ စစ် တိုက်တော့မည့် အခါမျိုးတွင်သာမှသာ မြင်းများကို စီးကြ၏။
ယေရှုသည် ယေရုရှလင်မြိုတွင်းသို ဝင်ရာ၌ မြည်းကို စီးခဲ့ ခြင်းမှာ “ငြိမ်သက်ခြင်း” ကို ယူဆောင်လာသော ဘုရင်ဖြစ် ကြောင်း အမှတ်လက္ခဏာကို ပြခဲ့ခြင်းသာ ဖြစ်ပါ၏။ သိုသော် ကိုယ်တော် တောင်းခံသော ရာဇပလ္လင်မှာ လောကီရေးရာနှင့် ဆိုင်သော ရာဇပလ္လင်မဟုတ်ဘဲ လူတို၏ နှလုံးသားတိုင်း၌ ဘုရင် အဖြစ် ဝင်ရောက်စိုးစံလိုကြောင်း ဖော်ပြခြင်းသာ ဖြစ်၏။
သခင်ယေရှုက “ငါ့အား သင်တို၏ စိတ်နှလုံးထဲ၌ စိုးစံစေ မည့် သခင်နှင့် ဘုရင်အဖြစ် လက်မခံနိုင်ဘူး လား”ဟူ၍ မေး လိုက်သည်နှင့်လည်း တူ၏။
မြည်းကိုစီး၍ မြိုတွင်းသို ဝင်ရောက်လာခြင်းက ထူးကဲသော သတ္တိကို ဖော်ပြသည်။ မေတ္တာနှင့် နူးညံ့သိမ်မွေ့သော စိတ်ကို ပေါ်လွင်စေသည်။ ဘုရင်ဖြစ်ကြောင်း လက္ခဏာကို ပြ၍ မေတ္တာဖြင့် ခေါ် ဖိတ်လိုက်သော လက္ခဏာတစ်ရပ် ပေတည်း။
လူထုကြီးက အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။
သံလွင်ခက်များ ဝှေ့ယမ်းလျက် ကိုယ်တော်က မြည်းကိုစီး၍ ကြွလာတော်မူသည့် လမ်း၌ သူတို၏ အဝတ်များကို ခင်းပြီး အော်ဟစ်ကြိုဆိုကြသည်။ “ဟောရှဏ္ဏဖြစ်စေသတည်း၊ ထာဝရ ဘုရားအခွင့်နှင့် ကြွလာတော်မူသော ရှင်ဘုရင်သည် မင်္ဂလာရှိစေ သတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်း ဖြစ်စေသတည်း။
ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်း” ဟု ကြွေး ကြော်ကြရာတွင် ဆူညံ လွန်းလှသဖြင့် ဖာရိရှဲ အချိုတိုက “အရှင်ဘုရား ကိုယ်တော်၏ တပည့်တိုကို ဆုံးမပါ” ဟူ၍ တောင်းပန်ရသည်အထိ ဖြစ်ခဲ့ရသည်။
သိုသော် ယေရှုက “ငါဆိုသည်ကား၊ ဤသူတိုသည် တိတ် ဆိတ်စွာနေလျှင် ကျောက်ခဲတိုသည်ပင်လျှင် ချက်ချင်း ကြွေးကြော်ကြလိမ့်မည်”ဟု ပြန်၍ ဖြေကြားခဲ့၏။ (လုကာ၊ ၁၉း ၃၈-၄၀)
ယေရုရှလင်မြိုကို မြင်ရသည်နှင့် ကိုယ်တော်က ထိုမြိုပျက်စီး ရတော့မည်ကို ကြိုတင်မြင်ရ သည့်အတွက် “သင့်ကို ကြည့်ရှုပြုစု တော်မူသော ကျေးဇူးကို သင်သည် မသိမမှတ်သောကြောင့် သင်၏ရန်သူ တိုသည် သင့်ပတ်လည်တွင် တပ်တည်၍ လေးမျက် နှာ၌ ဝိုင်းရံလျက် ချုပ်ထားပြီးလျှင် သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတိုကို မြေနှင့်တစ်ညီတည်း ညှိသဖြင့် သင်၏ကျောက် တစ်ခုပေါ်မှာ တစ်ခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြ သော အချိန်ကာလသည် ရောက်လိမ့်မည်”ဟု မိန့်တော်မူပြီး၊ မေရှိယဘုရင်ခမျာမှာ ထိုမြိုကိုကြည့်ပြီး ဝမ်းနည်းကြေကွဲ သောစိတ်ဖြင့် ငိုကြွေးခဲ့ရှာ၏။ (လုကာ၊ ၁၉း၄၁-၄၄)
မှတ်ချက်။ ။ ယေရှု ကြိုတင်ဟောပြောခဲ့သည့်အတိုင်း အေဒီ (၇ဝ)တွင် ဗိုလ်ချုပ်ကြီး တိုက်တပ်(စ်)သည် ယေရုရှလင်မြိုကို လှည်းနေ မြင်းစောင်းမကျန် ဗိမာန်တော်ကိုပါ ဖျက်ဆီးပြီး လူပေါင်းမြောက်များစွာကိုလည်း သတ်ဖြတ်ခဲ့ပါ၏။
အခန်း (၂၅)
ယေရုရှလင်မြို၌ နောက်ဆုံးအမှုတော် ဆောင်ရွက်ခြင်း
တနင်္လာနေ့
ယေရုရှလင်မြို၌ နောက်ဆုံးသောအမှုတော်ကို ဆောင်ရွက် ရန်အတွက် ကိုယ်တော်သည် ခရစ်သက္ကရာဇ် (အေဒီ)၃ဝ၊ ဧပြီ လ(၂)ရက်၊ (တနင်္ဂနွေနေ့) ပသခါပွဲတော်ရက်ပိုင်း အတွင်း ကြွလာတော်မူခဲ့သည်။
ယေရုရှလင်မြို၌ ထိုအချိန်အခါမျိုးတွင် လူပေါင်းများစွာ သိုက်မြိုက်စည်ကားနေသည်။ ထိုကြောင့်လည်း ကိုယ်တော် သည် မြိုတွင်း၌ တည်းခိုခြင်းမပြုဘဲ မြိုနှင့် တစ်မိုင်ခန့်ဝေးသော ဗေသနိရွာ၌ တည်းခိုသည်။ မာရိ၊ မာသနှင့် လာဇရုတို နေအိမ်၌ တည်းခိုသည်ဟု ခန့်မှန်းရပါ၏။
တနင်္ဂနွေနေ့၌ ယေရုရှလင်မြိုတွင်းသို ဝင်ချိန်သည် ညနေ ခန့်ရှိမည်ဟု ခန့်မှန်းရသဖြင့် ထိုနေ့၌ ကိုယ်တော်သည် တရား ဒေသနာကို ဟောပြောခြင်း၊ တစ်စုံတစ်ခုကို ပြုလုပ်ခြင်း မရှိဘဲ၊ ဗိမာန်တော်တစ်ဝိုက်၌ ခေတ္တမျှ လိုက်လံကြည့်ရှုပြီး တမန်တော် များနှင့်အတူ ဗေသနိရွာသို ကြွသွားတော်မူခဲ့သည်။ (မာကု၊ ၁၁၁၁ ကို ကြည့်ပါ) ။
နောက်တစ်နေ့ (တနင်္လာနေ့) နံနက်၌ ကိုယ်တော်သည် ဗိမာန်တော်ကို တိုက်ရိုက်သွားရောက်ပြီး၊ ဗိမာန်တော်တစ်ဝိုက်၌ ချိုးငှက်၊ ယဇ်ကောင်များကို ရောင်းဝယ်ဖောက်ကား နေကြ သူများ၊ ငွေအလဲအလှယ် ပြုလုပ်နေသူများစသည်တိုကို ကြိုးထုံးဖြင့် ရိုက်နှက်နှင်ထုတ်လျက်၊ ငွေလဲသူတို၏ ခုံများကိုလည်း ကောင်း၊ ချိုးငှက်ရောင်းသူတို၏ ထိုင်နေရာကို လည်းကောင်း တွန်းလှဲပစ်တော်မူ၏။ (မဿဲ၊ ၂၁း၁၂၊ မာကု၊ ၁၁း၁၅၊ လုကာ၊ ၁၉း၄၅) ၊
ရှင်မာကုက “ဗိမာန်တော်အထဲ၌ အဆောက်အအုံကို အဘယ် သူမျှ မဆောင်ရွက်ရမည့် အကြောင်း (ဝါ) ထိုသိုသော ရောင်း ဝယ်ဖောက်ကားမှုတိုကို ဆက်လက် မပြုလုပ်စေရန် မြစ်တား တော်မူခဲ့၏”ဟု ထပ်မံမှတ်တမ်းတင်ခဲ့သည်။ (မာကု၊ ၁၁း၁၆)
ထိုသို ရဲဝံ့စွာ ပြုမူရသည့် အရင်းခံအကြောင်းများ အဘယ် ကြောင့်နည်း။ ကိုယ်တော်သည် ထိုသို အဘယ့်ကြောင့် အမျက် တော် ထွက်ခဲ့ရပါသနည်း။ | ဂျူးလူမျိုး အရွယ်ရောက်ပြီးသူတိုင်းသည် “ဗိမာန်တော် အခွန်”ကို ပေးကြရသည်။ ထိုအခွန်မှာ “ရှေ့ကယ်(လ်)ဝက်” (ဝါ) ဂျူးလူမျိုးတိုကို ထိုချိန်က သုံးစွဲနေကြသော ရှေးကယ်(လ်) ၏ တစ်ဝက်ကို မပျက်မကွက် ပေးဆောင်ကြရသည်။
ခန့်မှန်းခြေအားဖြင့် ဆိုရလျှင် တကယ် (လ်) သည် ယခု ခေတ် မြန်မာငွေ ပြားရှစ်ဆယ်ခန့်နှင့် ညီသည်ဟု အကြမ်းဖျင်း မှတ်ယူထားစေလိုသည်။ ယခုခေတ်နှင့် စဉ်းစား ကြည့်လျှင် ဤအခွန်သည် မမှုလောက်ဟု ထင်စရာ ရှိသော်လည်း လွန်ခဲ့ သော နှစ်ပေါင်း (၂၀၀၀)ခန့်က ပါလက်စိုင်းနိုင်ငံ၌ လူတစ် ဦး၏ တစ်နေ့ဝင်ငွေသည် ပြား (၈၀)ခန့်သာရှိသဖြင့် လူတစ်ဦး၏ တစ်ရက်စာခန့် ဝင်ငွေကို ဗိမာန်တော်၏ အခွန်အဖြစ် ပေး ဆောင်ရမည်ဟု စဉ်းစားကြည့်သောအခါ မနည်းလှပါ။
ဗိမာန်တော်ခွန်ကို တစ်နှစ်လျှင် ကျပ် (၁၀)သိန်းခန့် ရလေ့ ရှိသည်ဟု ခန့်မှန်းရသည်။ (သမိုင်းပညာရှင် ဂျိုးစီးဖပ် (စ်) ၏ Antiquities of The Jews မှတ်တမ်း၊ ၁၄း၇-၁ နှင့် War of The Jews ၁:၈:၈)
ရောမဗိုလ်ချုပ်ကြီး Crasaus သည် ဘီစီ ၅၄-၅၃ ခန့်က သူ၏စစ်တပ်ဖြင့် ခရီးထွက်ခဲ့ရာ ယေရုရှ လင်မြိုရှိ ဗိမာန်တော်ထဲမှ ရွှေနှင့်ငွေများကို လုယူသွားခဲ့သည်။ လုယူသွားသော ရွှေနှင့်ငွေ အဖိုးတန်ရတနာတို၏ တန်ဖိုးမှာ ကျပ်ငွေ သိန်း ၃၅၀ ခန့်ရှိမည် ဟု ဂျိုစီးဖပ် (စ်) က ရေးထားသည်ကို ဖတ်ရှုနိုင်ခြင်းအား ဖြင့် ဗိမာန်တော်၌ အဖိုးတန် ရွှေ၊ ငွေပစ္စည်း မည်မျှရှိမည်ကို ခန့်မှန်းနိုင်သည်။
ဗိမာန်တော်အခွန်ကို အရွယ်ရောက်သူ ဂျူးလူမျိုးတိုင်းက မပေးမနေရ။ ပေးဆောင်ရန် ပျက်ကွက်ခဲ့လျှင် ဗိမာန်တော် အရာရှိများက ထိုသူ၏ပစ္စည်းဥစ္စာကို သိမ်းပိုက်နိုင်ခွင့် ရှိသည်။
ထိုအခွန်ကို ဂျူးလူမျိုး နှစ်ဆန်းမတိုင်မီ ကာလတွင် ပေး ဆောင်ရသည်။ ပသခါပွဲနေ့ ကျရောက်သော ကာလမှာ နှစ် ဆန်းဖြစ်သော “နီဆန်လ” ဖြစ်၍ ၎င်းလမတိုင်မီ တစ်လကို “အေဒါလ”ဟု ခေါ်သည်။
ထိုအေဒါလ (၁၅) ရက်နေ့ ကတည်းက အခွန်ဆောင်မည့် ဆိုင်ခန်းများကို မြိုရွာတိုင်း၌ ဖွင့်လှစ်၍ လူတိုင်းက ထိုနေရာ သို သွားရောက်အခွန်ဆောင်ကြရသည်။ ထိုအခွန် ပေးဆောင် ရသည့် အခန်းများကို အေဒါလ (၂၅) ရက်နေ့အထိ ဖွင့်လှစ် ထားသည်။
အခွန်ဆောင်ရန် နောက်ကျနေသူများကသာ ယေရုရှလင် မြိုရှိ ဗိမာန်တော်သို သွားရောက် အခွန်ဆောင်ကြရသည်။ ဗိမာန်တော်၌ ရင်ပြင်များစွာ ရှိ၏။ ပထမဦးဆုံးသော ရင်ပြင်မှာ “တစ်ပါးအမျိုးသားတို ရင် ပြင်” ဖြစ်၍၊ တစ်ပါးအမျိုးသားတိုက ထိုရင်ပြင်မှ ကျော်လွန် ပြီး ဗိမာန်တော်တွင်းသို မဝင်ရ။ ဝင်လျှင် သေဒဏ်ခံရသည်။ ထိုရင်ပြင်မှ လွန်လျှင် “ဣသရေလလူမျိုးတို၏ ရင်ပြင်” ဟု ခေါ်သောနေရာသိုရောက်လာသည်။ ထိုရင်ပြင်တွင် အလှူငွေ များကို ယဇ်ပုရောဟိတ်တို၏ လက်သို ပေးဆောင်ကြရသည်။ ထိုမှ လွန်သော် “ယဇ်ပုရောဟိတ်တို၏ ရင်ပြင်”ဖြစ်၍ ထိုရင် ပြင်သို ယဇ်ပုရောဟိတ်မှလွဲ၍ မည်သူမျှမဝင်ရ။ ထိုနေရာ၌ ယဇ်ပလ္လင်ရှိသည်။
ထိုနောက်မှ သန့်ရှင်းရာဌာနနှင့် အလွန်သန့်ရှင်းရာဌာနရှိ သည်။ အလွန်သန့်ရှင်းရာဌာနကို ကန့်လန့်ကာဖြင့် ကာဆီးထား ပြီး ယဇ်ပုရောဟိတ်အကြီးတစ်ဦးတည်းက “အပြစ်ဖြေရာပွဲတော် နေ့”၌ တစ်နှစ်တစ်ကြိမ်သာ ဝင်ရခွင့်ရှိသည်။
ခရစ်တော်၏ ခေတ်တွင် တစ်ပါး အမျိုးသား ရင်ပြင်တွင် လူများကြိတ်ကြိတ်တိုး၊ ဝင်ထွက်သွား လာနေကြပြီး ဆူညံနား ငြီးဖွယ်ကောင်းလှသော ဈေးတန်းကြီးရှိနေသည်။ ထိုနေရာ၌ ငွေအလဲအလှယ် ပြုကြသည်။
ငွေလဲရသည့် အကြောင်းအရင်း ရှိပါ၏။
ဂျူးလူမျိုးတိုသည် ထိုစဉ်က မြေထဲပင်လယ်တစ်ဝိုက်ရှိ နိုင်ငံ အသီးသီး နေထိုင်လျက်ရှိကြသည်ဖြစ်ရာ ထိုနိုင်ငံများ၌ အသုံးပြု ကြသော ငွေများဖြင့် စားသောက်နေထိုင်ကြရသည်။ ထိုကြောင့် သူတို၏လက်ထဲ၌ ရောမ၊ ဂရိ၊ ဆီးရီးယား၊ ဖနီးရှား၊ ပါရှား၊ အစရှိသော ငွေများ ရှိနေကြသည်။
သိုသော် ဗိမာန်တော်က ထိုငွေများကို လက်မခံပါ။ အဘယ် ကြောင့်ဆိုသော် ထိုငွေများပေါ်၌ ဘုရင်၏ခေါင်းပုံတံဆိပ် ထု လုပ်ထားသောကြောင့် ရုပ်တုဆင်းတု ပါသောငွေကို ဗိမာန် တော်အခွန်ဖြင့် ပေးဆောင်၍မရပါ။
ဗိမာန်တော်၌ လက်ခံသောငွေမှာကား ပါလက်စတိုင်းနိုင်ငံ သုံး ရှေ့ကယ်(လ်)ကိုသာ လက်ခံသည်ဖြစ်၍ ထိုငွေကို ရှေးဦးစွာ လဲလှယ်ကြရသည်။ ငွေလဲလှယ်ရသည့်အတွက်လည်း ငွေလဲသူ များကို အခပေးရပြန်သေးသည်။ အများအားဖြင့် ငွေလဲခ ပြား(၂၀)ခန့် ယူသည်။ အကယ်၍ ရှေ့ကယ်(လ်)ထက်ဝက် တန်ဖိုးကြီးသော နိုင်ငံခြားငွေဖြင့် လဲလှယ်ပါက အကြွေပြန်လဲ ပေးရသည့်အတွက် နောက်ထပ် ပြား(၂၀)ပေးရပြန်သည်။ ထို ကြောင့် ငွေလဲလှယ်ရသူအဖို တစ်နေ့တာလုပ်ခ၏ တစ်ဝက် ထပ် မံ အကုန်ခံရရှာပြန်သည်။
ထိုသိုငွေလဲလှယ်ခြင်းကြောင့် ရသောအလှူငွေကို ဟေဗြဲလို Quolbon (ကော်ဗန်)ဟုခေါ်သည်။ ထိုသိုငွေလဲလှယ်ရခြင်း ကြောင့် ရသောငွေပေါင်းမှာ တစ်နှစ်လျှင် ၁,၁၂,ဝဝဝ ကျော် ခန့်ရရှိမည်ဟု ခန့်မှန်းကြသည်။ ထိုထက်ဆိုးသည်က လာရောက် လဲလှယ်သော ငွေစတိုသည် ဟောင်းနွမ်း ပါးလွှားနေပါက ထိုငွေကို ချိန်ခွင့်ဖြင့် ချိန်ပြီး ငွေလဲလှယ်သူများက ထိုငွေ၏တန် ဖိုးကို လျှော့ချကြပြန်သေးသည်။
ငွေလဲလှယ်သူများအပြင် ချိုးငှက်စသော ယဇ်ကောင်များ ရောင်းသူများ ရှိပြန်သေးသည်။
ဘုရားဖူး ရောက်လာကြသော ဂျူးလူမျိုးတိုင်း လိုလိုက “ကျေးဇူးတော် ချီးမွမ်းရာယဇ်”ကို ပူဇော်လေ့ ရှိသည်။ ကျေးဇူး တော် အထူးချီးမွမ်းလိုပါက ယဇ်ကောင် အများအပြားကို ဝယ်ယူကြရသည်။ ဥပမာ သားသမီးမွေးဖွားခဲ့သူ အမျိုးသမီး တစ်ဦးသည် ကျေးဇူးတော် ချီးမွှမ်းလိုလျှင် သိုးသူငယ်နှင့် ချိုး ငှက်တစ်ကောင်ကို မီးရှိရာယဇ်အဖြစ် ဝယ်ကြရသည်။ ဆင်းရဲနွမ်း ပါးလျှင် ချိုး သိုမဟုတ် ခို (၂)ကောင် ပူဇော်ရသည်။ (ဝတ် ပြု၊ ၁၂း၆-၈ ကိုကြည့်ပါ)
ဗိမာန်တော်ဈေးမှမဟုတ်ဘဲ အပြင်ဈေးမှ ယဇ်ကောင်များ ဝယ်ယူခွင့်ရှိသည်ကား မှန်၏။ သိုသော် ယဇ်ကောင်တိုသည် အနာအဆာ ကင်းရသည်။ ဗိမာန်တော်က ခန့်အပ်ထားသော ယဇ်ကောင်စစ်ဆေးရေး အရာရှိများက ယဇ်ကောင်များကို စစ် ဆေးကြည့်သည့်အခါ အပြင်ဈေးမှ ဝယ်ယူလာကြောင်း သိလျှင် အနာအဆာများ ရှိသည်ဟုပြောပြီး ပယ်တတ်သည်။ ထိုအခါ ယဇ်ပူဇော်လိုသူက ဗိမာန်တော်ရင်ပြင်ဈေး၌ ထပ်မံရပြန် ရာ ငွေထပ်မံကုန်ကျရသဖြင့် ဗိမာန်တော်ရှိ ဈေးမှ ဝယ်ယူရ ခြင်းက စိတ်ချရသည်။ အပြင်ဈေး၌ ပြား (၉၀) ခန့်ပေးရသော ခိုတစ်ကောင်ကို ဗိမာန်တော်ဈေး၌ ၁ိ-၅ဝ ပြားခန့် ပေးရရှာ သည်။
ထိုဈေးဆိုင်များကို “အန္ဒ၏ဈေးဆိုင်များ” ဟု ခေါ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုစဉ်က အငြိမ်းစားယူသွားပြီ ဖြစ် သော ယဇ်ပုရောဟိတ်ကြီး “အန္ဓ”က အရင်းအနှီးထုတ်၍တည် ထားသော ဆိုင်များဖြစ်သောကြောင့်တည်း။
ဂျူးလူမျိုးတို၏ မစ်(ရှ်) နား ခေါ် ဓမ္မသတ်ကျမ်းထဲတွင် “မည်သူမျှ ဗိမာန်တော်တွင်းသို တောင်ဝှေး၊ သိုမဟုတ် ပိုက်ဆံ အိတ်၊ သိုမဟုတ် ဖိနပ်စီး၍ ခြေထောက်၌ ဖုံမှုန့်များ ကပ်ငြိ၍ မဝင်ရ။ ဗိမာန်တော်ပတ်ဝန်းကျင်ကို ဖြတ်လမ်းအဖြစ် အသုံး မပြုရ၊ တံတွေးမထွေးရဟု ပညတ်တစ်ခုရှိ၏။ (Berakoth ၉း၅)
ဤမျှလောက် တားမြစ်ထားပါလျက် ဗိမာန်တော်ရင်ပြင် ၌ပင် ဖိနပ်များစီး၊ ပိုက်ဆံအိတ်ကိုင်၊ ခြင်းတောင်းကိုင်လျက် ရောင်းဝယ် ဖောက်ကားနေခြင်းကို အားပေးနေသည့် ဗိမာန် တော် တာဝန်ခံအရာရှိများကိုယ်တိုင်က ထိုပညတ်ကို ချိုးဖောက် နေကြောင်း အမှန်ပင် သိနေသော်လည်း လျစ်လျူရှုထားနေ ကြောင်း ထင်ရှားသည် ။
ထိုအပြင် ဂေသရှေမန် ဥယျာဉ်သိုသွားရန် ဗိမာန်တော် ဝင်းကို ဖြတ်လမ်းအဖြစ် လူများက အသုံးပြုလေ့ရှိသဖြင့် ထိုအခြင်းအရာကို တားမြစ်ထားခြင်း ဖြစ်၏။
“သန့်ရှင်းရာဌာနတော်”ဟူ၍ ဤကဲ့သို သီးခြား သတ်မှတ် ထားပြီး အဆိုပါ ပညတ်များကို ထုတ်ပြန်ထားခဲ့စေကာမူ ဗိမာန်တော် တာဝန်ခံ အရာရှိများကပင်လျှင် ထိုပညတ်တော် တိုကို ချိုးဖောက်လျက် ရှိနေကြလေပြီ။
ထိုအပြင် ယင်းသို ရောင်းဝယ် ဖောက်ကားမှု ပြုလုပ်နေ သော ဈေးတန်းကြီးကြောင့် ပေါ်ပေါက်လာနေသည့် ဆူညံ ‘သံများ၊ ငြင်းခုံသံများ၊ ဈေးဆစ်သံများ၊ တိရစ္ဆာန်အပေါင်း တို၏ အော်ဟစ်သံတိုဖြင့် ကြွက်ကြွက်ဆူညံနေပုံတိုကို စဉ်းစား ကြည့်ပါ။ ထိုတွင်သာမက တိရစ္ဆာန် အမွှေးအမျှင်၊ အညစ်အကြေးတိုမှ ထွက်ပေါ်လာနေသော အနံ့အသက်ဆိုးများက လည်း လူတစ်ဦးကို ပျိုတက် အော်ဂလီဆန်စရာပင် ကောင်းနေ ပါလိမ့်ဦးမည်။
ဈေးတန်းကြီးများမှ ပေါ်ထွက်သော ထိုအနိဋ္ဌာရုံတိုထက် အရေးကြီးသည့် ကိစ္စတစ်ခုကို သန့်ရှင်းမြင့်မြတ်သော ဗိမာန် တော်အတွင်း၌ပင်လျှင် ဝိသမလောဘသမားတို၏ လိမ်လည် လှည့်ဖျားမှု၊ ခေါင်းပုံဖြတ် မတရား စီးပွားရှာမှု၊ ရန်ဖြစ်၍ ဆဲရေးတိုင်းထွာနေမှု၊ အော်ကြီးဟစ်ကျယ် ငေါက်ငမ်းနေမှု တိုက သာ၍ဆိုးပေဦးမည်။ “ဘုရားသခင်၏ အိမ်တော်” ဟု ခေါ်ဆိုနိုင်ဖွယ်ရာ လုံးဝမရှိတော့ပြီ။ ။ |
ပရောဖက် ဟေရှာယက ခေါ်ခဲ့သော “လူအမျိုးမျိုးတို ဆု တောင်းရာအိမ်” (ဟေရှာ၊ ၅၆း၇) သည် ယေရမိက ခေါ်ခဲ့ သော “ထားပြတွင်း” (ယေရမိ၊ ၇း၁၁) ကဲ့သို ဖြစ်နေကြပေ ပြီဟု ကိုယ်တော်က မိန့်တော်မူခဲ့ပါ၏။ (မဿဲ၊ ၂၁း၁၃၊ မာကု၊ ၁၁း၁၇၊ လုကာ၊ ၁၉း၄၆) ဗိမာန်တော်ကို ရှင်းပစ်ရာတွင် ကိုယ်တော်သည် –
(က) ဘုရားသခင်၏ကိုယ်စား ရှင်းပစ်ခဲ့ခြင်း ဖြစ်သည်။ ဗိမာန်တော်ကိုရှင်းရာ၌ ကိုယ်တော်သည် ဗိမာန်တော်၏တာဝန် ခံအရာရှိကြီးတစ်ဦးဦး၊ ဆန်ဟီဒရင် လွှတ်တော်အရာရှိ တစ်ဦးဦး ကဲ့သို ဆောင်ရွက်ခဲ့သည်မဟုတ်၊ ထိုဗိမာန်တော်သည် “မိမိ၏အိမ် တော်ဖြစ်သကဲ့သို” ပြတ်သားစွာ တာဝန်ယူ၍ ရှင်းပစ်လိုက်ခြင်း ဖြစ်သည်။ မိမိနေအိမ်တွင်းရှိ အမှိက်သရိုက်များကို သုဘ်သင် ဖယ်ရှင်းသကဲ့သို ကိုယ်တော်က ရဲဝံ့ပြတ်သားစွာ ရှင်းလိုက်ခြင်း ဖြစ်၏။ “ငါ့အိမ်တော်” ဟူ၍ မိန့်တော်မူလိုက်ခြင်းကို သတိပြုပါ။ ဤသို ပြုရာ၌ ယေရှုသည် ဘုရားသခင်၏ ကိုယ်စား ရှင်းပစ်ခြင်း ဖြစ်၏။
(ခ) တရားစီရင်သူ တစ်ဦးအနေဖြင့် ရှင်းပစ်ခဲ့ခြင်းဖြစ်သည်။ ပရောဖက် ယေဇကျေလကို တရားစီ ရင်တော်မူရာ နွေရက်ကို မျှော်မှန်းကြည့်ရာတွင် “ငါ၏ သန့်ရှင်းရာဌာန၌ အစပြုရမည်” ဟု ဘုရားသခင်၏ မိန့်တော်မူသံကို ကြားလိုက်ရသည်။ (ယေဇ ၉း၆) သိုကြောင့် ဗိမာန်တော်ကို ရှင်းပစ်ရာတွင် ယေရှုသည် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုကို စတင်ပြုရာရောက်သည်။ ထိုသို အစပြုရာ၌လည်း ပရောဖက် ယေဇကျေလ ဟောပြောခဲ့ သလို ဗိမာန်တော်၌ အစပြုခဲ့သည်။ ဗိမာန်တော်ကိုရှင်းပစ်ခြင်း လုပ်ရပ်ကိုလည်း လူတိုင်း၏ မြင်ကွင်းမှာ ပြုလုပ်ခဲ့သဖြင့် ကိုယ်တော်၏ တရားစီရင်နိုင်ခွင့်အာဏာကို ရှင်းရှင်းကြီး ဖော်ပြ ခဲ့သည်။
ဂျူးလူမျိုးတို၏ ဘာသာရေးဆိုင်ရာ၌ တရားစီရင်ပိုင်ခွင့်ရှိ သော ပုဂ္ဂိုလ်များမှာ ဗိမာန်တော်အ ရာရှိများသာဖြစ်၍ ထို ပုဂ္ဂိုလ်တိုကိုပင် ကိုယ်တော်က လူတိုင်း၏မျက်မှောက်တွင် တရား စီရင်လိုက်ခြင်း လုပ်ရပ်က ကိုယ်တော်၌ရှိသော အခွင့်အာဏာ ကို ပြတ်သားစွာ ဖော်ပြလိုက်ခြင်း ဖြစ်၏။
(ဂ) မေရှိယတစ်ဦးအနေဖြင့် ရှင်းပစ်ခဲ့ခြင်းဖြစ်သည်။ ဗိမာန် တော်ကို အသစ်ပြန်လည်ပြုပြင်ခြင်း၊ အသစ်တည်ဆောက်ခြင်း၊ ရှင်းလင်းသန့်စင်ခြင်း အမှုသည် မေရှိယကသာပြုရသောအမှု၊ မေရှိယကြွ လာချိန်၌သာ ပြုရသောကိစ္စဖြစ်ကြောင်း ဂျူးလူမျိုး တိုင်းကသိသည်။ အထူးသဖြင့် ထိုအချိန်က လူတိုင်းသိ ရှိနားလည် ဖတ်ရှုနေကြသော ဧနောက်အနာဂတ္တိကျမ်း (၉၀း၂၈+)တွင်မေရှိယ ကြွလာချိန်၌ ဗိမာန်တော် အဟောင်းသည် ဖျာလိပ် ကဲ့သို လိပ်ပြီး ကောင်းကင်သို တက်ကြွသွားလျက်၊ သာ၍ သန့်ရှင်းမြင့်မြတ်သော ဗိမာန်တော်သစ် ရောက်လာလိမ့်မည်ဟု ဆိုထားသည်။
ကျမ်းပယ်တစ်ကျမ်းဖြစ်သော ရှောလမုန်မင်းကြီး၏ ဆာလံ ကျမ်း ၁၉း၃၀ တွင်လည်း မေရှိယကြွလာချိန်၌ ယေရုရှလင်မြို ကြီးကို သန့်စင်ဆေးကြောပြီး ဘုရားသခင်၏ ဘုန်းတော်ကို ကမ္ဘာတစ်ဝှန်းလုံးက မြင်တွေ့ကြရလိမ့်မည်ဟု စပ်ဆိုထားခဲ့သည်။
“ဘုရားသခင်၏ အိမ်တော်ကို ညစ်ညူးစေသူတိုအား ဖယ် ရှင်းရန် အချိန်ရောက်ပြီ၊ မေရှိယသည် အမှန်ပင် ကြွလာပြီ”ဟု ခရစ်တော်က မိန့်တော်မူ၍ မနေဘဲ ကိုယ်တော်တိုင် ပြုမူဆောင် ရွက်၍ သရုပ်ဖော်ပြလိုက်ခြင်း ဖြစ်ပါ၏။
(ဃ) ကရုဏာဒေါသဖြင့် ရှင်းလင်းလိုက်ခြင်း ဖြစ်သည်။ ဤနေရာ၌ ကိုယ်တော်၏ စိတ်နှလုံးတွင်း၌ရှိသော လူမှုရေးတရား မျှတမှုကို ရုပ်လုံးဖော်ပြ လိုက်ကြောင်း ထင်ရှားနေသည်။ “ကရုဏာဒေါသ”ဟု ကျွန်တော် ခေါ်လိုက်ရခြင်းမှာ မတ ရား မမျှတမှုကို ပြောင်ပြောင်ကြီး ခေါင်းငုံခံနေရှာသော လူထုကြီးကိုကြည့်ပြီး ကရုဏာတော်ရှင် သခင်ဘုရား ကြွရောက် လာ၍ လူလူချင်း ခေါင်းပုံဖြတ်၊ မတရား မိုက်ကြေးခွဲ၊ အညွန့် ခူးစားနေသူများကို ရှုကြည့်ပြီး ကိုယ်တော့်ထံမှ ပေါ်ထွက် လာသော ဒေါသအမျက်ကို ဆိုလိုခြင်းဖြစ်သည်။
မတရားပြုခြင်း ခံနေရသူများအပေါ် “ကရုဏာ” ထားပြီး မတရားပြုနေသူများအပေါ် “ဒေါသ”ထွက်လာ ခြင်း ဖြစ်သည်။ ထိုဒေါသအမျက်သည် မေတ္တာ၊ စေတနာ၊ ကရုဏာ အပေါ်၌အခြေပြုသော အမျက်ဒေါသဖြစ်သဖြင့် “ကရုဏာဒေါသ” ဟု ကျွန်တော်က ခေါ်ဆိုလိုက်ခြင်း ဖြစ်ပါသည်။ ကိုယ်နှင့် စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်ခင်ကြင်နာရမည့်အစား ထိုသူ တိုကို မတရားပြုနေခြင်းသည်ပင်လျှင် ဘုရားသခင်ကို မတရား ပြုရာ ရောက်နေသည်။ “အငယ်ဆုံးသောသူ”တစ်ဦးကို ပြုသမျှ ဘုရားသခင်ကို ပြုနေသည်နှင့် တူကြောင်းကို ကိုယ်တော်က သရုပ်ပြလိုက်ခြင်းလည်း ဖြစ်ပါ၏။
(င) ဘုရားရှာနေသော သူများအား နှောင့်ယှက်နေကြသူ များကို ရှင်းပစ်လိုက်ခြင်း ဖြစ်သည်။ “တစ်ပါးအမျိုးသား ရင် ပြင်”ဟု သတ်မှတ်ထားရခြင်းမှာ ထိုနေရာသည် ယုဒလူမျိုး မဟုတ်သူ၊ ယုဒဘာသာဝင် မဟုတ်သူများ လာရောက်လေ့လာ နိုင်သော သီးသန့်နေရာ ဖြစ်သည်။
ယေရုရှလင်မြို သည် ထိုခေတ်က အလွန်ခမ်းနားကြီးကျယ်ရုံ မက၊ ပသခါပွဲနေ့ ဆိုသည်မှာလည်း အလွန်ပင် အရေးကြီး သော ပွဲတော်နေ့ရက်ဖြစ်ရာ၊ အရပ်ရပ်မှ လေ့လာလိုသော ဘုရား ရေး တရားရေး၌ စူးစမ်းသိရှိလိုသော နိုင်ငံခြားသား၊ တစ်ပါး အမျိုးသားတိုသည်လည်း ထိုမြိုသို ကြိတ်ကြိတ်တိုး စည်ကား သိုက်မြိုက်စွာ လာရောက်လေ့ ရှိသည်။ သိုသော် “ဘုရားသခင် ၏ အိမ်တော်”ဟု ခေါ်ဆိုနေကြသော ဗိမာန်တော်၌ ဘုရား သခင်ကို ဖူးတွေ့ထိ ခံစားကြရမည့်အစား လိမ်နေသူ၊ ညာ နေသူ၊ မတရားပြုနေသူ၊ ဈေးဆစ်နေသူ၊ ရန်ဖြစ်နေသူများ စသည်တိုကိုသာ တွေ့မြင်ကြရပါလိမ့်မည်။
ဘုရားကိုရှာလို၍ လာရောက်ကြသော တစ်) အမျိုးသား တိုသည်ပင်လျှင် စိတ်ပျက်အားလျော့ ဒေါသထွက်စရာ ဖြစ်လာ၍ ဘုရားကို ရှာဖွေစူးစမ်းလိုစိတ်ပင်လျှင် ပျောက်ကွယ်သွားပေ လိမ့်မည်။ “ဘုရားသခင်၏အိမ်တော်”ဟု ဆိုထားပြီး ဘုရား သခင်၏ “ရှိခြင်း”ကို ခံစားကြရန်နှင့် ဘုရားသခင်ကို စိတ်နှလုံး အတွင်း မျက်ဝါးထင်ထင် မြင်လာစေရန် ဆောက်တည်ထား သောကြောင့်လည်း သဒ္ဒါတရားကြည်ညိုစိတ်များ တစ်ဖွားဖွား ပေါ်ပေါက်လာစေမည့်အစား မတရားခေါင်းပုံဖြတ် စီးပွား ရှာသူများကို တစ်ပါးအမျိုးသားတိုက တွေ့နေရပေလိမ့်မည်။
ရှင်မာကုက “လူအမျိုးမျိုးတို၏ ဆုတောင်းရာ အိမ်တော်” ဟုခေါ်ဆိုထားသည်ကို သတိပြုကြည့်ပါ။ ဘုရားသခင်ကို ဆုတောင်းပတ္တနာပြုရန်၊ တိတ်ဆိတ်ငြိမ်သက်၊ အေးချမ်းသာယာ၊ စိတ်နှလုံးသား ကြည်လင်ချမ်းမြေ့စေသော နေရာ ဖြစ်ရ မည့်အစား စီးပွားရေး ဝိသမလောဘသမားတိုကိုသာလျှင် မြင် တွေ့နေကြရပါလိမ့်မည်။ ဘုရားကိုရှာသူများအား အနှောင့် အယှက်ပြုသူတိုင်းသည် ယေရှုခရစ်တော်၏ အမျက်ဒေါသကို ရင်ဆိုင်ကြရမည်သာတည်း။
(စ) ယဇ်ပူဇော်ခြင်း ဝတ်နှင့် ရှေးဟောင်းဝိနည်းထုံးနည်း တိုကို ဖျက်သိမ်းပစ်လို၍လည်း ဖြစ်သည်။ ဤနေရာ၌ အလွန်ပင် လေးနက်လှသော ကိစ္စတစ်ရပ်ကို ကျွန်တော် တွေ့မိပါသည်။ ခရစ် တော်က “ယဇ်ပူဇော်ခြင်းအကျင့်ထက်၊ သနားခြင်း ကရုဏာ အကျင့်ကို ငါနှစ်သက်၏ဟု ကျမ်းစကားကို နားလည်ခြင်းငှာ သင်တိုသွား၍ သင်ကြလော့”ဟူ၍ မိန့်တော်မူခဲ့သည်မှာ အမှု တော်လုပ်ငန်းအစပြုတော်မူခဲ့သည့် အစပိုင်း လောက် ကပင် ဖြစ် သည်။ (မဿဲ၊ ၉း၁၃၊ ဟောရှေ၊ ၆း၆) ကိုယ်တော်က ဤနေရာ၌ပရောဖက် ဟောရှေ၏ ကျမ်းစကားတိုကို ထပ်မံအတည်ပြုနေ ခြင်း ဖြစ်၏။ (မိက္ခာ၊ ၆း၆-၈ ကိုလည်း ကြည့်ပါ)
ထိုကြောင့် ယဇ်ပူဇော်ခြင်း အမှုအားဖြင့် အမြတ်ထုတ် နေသူများကို မောင်းထုတ်ခဲ့ရာ၌ ကိုယ်တော်က ထိုဝတ်သည်မလို အပ်တော့ကြောင်း၊ တိရစ္ဆာန်တစ်ကောင်ကို ပူဇော်ခြင်းထက် ကျိုးပဲ့ကြေမွသောစိတ်ဖြင့် မိမိစိတ်နှလုံးသားကို ဘုရားသခင် အား ပူဇော်ခြင်းကို ပို၍လိုကြောင်း၊ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ချစ်ခြင်းနှင့် ကိုယ်နှင့်စပ်ဆိုင်သူအား ကိုယ်နှင့်အမျှ ချစ်ခြင်းက ပို၍ အရေးကြီးကြောင်းကို ပြလို၍ ဖြစ်ပါ၏။
နှစ်ပေါင်းများစွာက အော်ဟစ် သွန်သင်ဆုံးမ နေခဲ့သော ပရောဖက်တို၏ ဩဝါဒကို ကိုယ်တော်က အကောင်အထည် ရုပ်လုံးဖော်လိုက်ခြင်းလည်း ဖြစ်၏။
မည်သိုဖြစ်စေ၊ ယေရုရှလင်မြိုတွင်းသို မြည်းစီး၍ ဝင်လာ ခြင်းသာမက ဗိမာန်တော်အား ရှင်းပစ်လိုက်ခြင်းအမှု၌ ကိုယ်တော်၏ ရဲစွမ်းသတ္တိကို ပိုမြင်လာနိုင်သည်။ အထူးသဖြင့် ဤအမှု တိုကို ကိုယ်တော်က ယတိပြတ် ကြိုတင်ပြင်ဆင် ဆုံးဖြတ်ပြီး၊ မဆုတ်မနစ် ပြုလုပ်လိုက်သော အမှုများ ဖြစ်ကြောင်း ထင်ရှား လှသည်။
ကိုယ်တော့်အား ဆန့်ကျင်ဘက် ပြုနေသူများကို ပြောင်၊ ပြောင်ကြီး စစ်ကြေညာလိုက်ခြင်းလည်း ဖြစ်၏။ တစ်ချိန်တည်းမှာ ပင် ထိုသူတို၏ စီးပွားရေးသာမက ယခင်က သတ်မှတ် ပြဌာန်း ထားသော ဘာသာရေးစနစ်၊ ဝိနည်းထုံးနည်းတိုကို ရဲဝံ့စွာ ဖျ” ဆီးပစ်လိုက်ခြင်းက ကိုယ်တော့်အဖို အန္တရာယ်ကြီး လှပေသည်။
အမှန်ဆိုရလျှင် ကိုယ်တော်သည် ဤအမှုကြောင့် မိမိကိုယ် ကို သေဒဏ်ပေးလိုက်ခြင်းနှင့် တူသည်ဟု ဆိုနိုင်ပါ၏။ သိုသော် ထူးခြားချက်မှာကား ထိုသိုပြုလျှင် သေဒဏ်ခံရ တော့မည်ကို ကိုယ်တော်တိုင်ကပင်လျှင် ကြိုတင်သိရှိ နားလည် ထားပြီး ဖြစ်ပါလျက် မတွန့်မဆုတ် ရဲဝံ့စွာ ပြုမူလုပ်ဆောင် လိုက်ခြင်းသာတည်း။
အခန်း (၂၆)
အင်္ဂါနေ့
ယေရှု၏ သက်တော်စဉ်နောက်ဆုံးပိုင်း၏ နောက်ဆုံးသော ရက်သတ္တပတ်တွင်မှ ကိုယ်တော်၏အမှုတော် လုပ်ငန်းများကို တစ်နေ့ပြီးတစ်နေ့ လေ့လာသုံးသပ် ကြည့်လာနိုင်ပါသည်။
အင်္ဂါနေ့တစ်နေ့လုံးတွင် ကိုယ်တော့်အား စုံစမ်းနှောင့်ယှက် သူ၊ ဆန့်ကျင်ဘက်ပြုသူတိုနှင့် အတိုက်အခံပြုရခြင်း၊ ဆုံးမ ဩဝါဒပေးခြင်းတိုဖြင့် အချိန်ကုန်ခဲ့ပါသည်။ ။
ခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ထားသမျှကို ခြုံပြီးဆင်ခြင် သုံးသပ်ရပါက ကိုယ်တော့်အား အပြစ်ရှာ၊ အကျဉ်း အကြပ် တွေ့စေလိုသည့် သဘောမျိုးဖြင့် ကောက်ကျစ်စဉ်းလဲစွာ လာ ရောက်စုံစမ်း မေးမြန်းကြသူ (၄) စုရှိပါသည်။
(၁) ပထမအုပ်စုက ကိုယ်တော်သည် မည်သူ၏ အခွင့် အာဏာဖြင့် ဤသိုဟောပြောနေကြောင်းကို မေးမြန်းကြသည်။ (မဿဲ၊ ၂၂း၂၃-၂၇၊ မာကု၊ ၁၁း၂၇-၃၃၊ လုကာ၊ ၂၀း၁-၈)
(၂) ဒုတိယအုပ်စုက ရောမမြိုရှိ ကဲသာဘုရင်အား အခွန် ဆက်သရန် သင့်မသင့် မေးမြန်းကြသည်။ (မဿဲ၊ ၂၂း၁၅-၂၁၊ မာကု၊ ၁၂း၁၃-၁၇၊ လုကာ၊ ၂၀း၂၀-၂၆)
(၃) တတိယအုပ်စုက ကိုယ်တော့်အား အပြစ်ရှာရန် တမလွန်ဘဝအကြောင်း လာရောက်မေး မြန်းကြသည်။ (မဿဲ၊ ၂၂း၂၃-၃၃၊ မာကု၊ ၁၂း၁၈-၂၇၊ လုကာ၊ ၂၀း၂၇-၃၈)
(၄) စတုတ္ထအုပ်စုက ပညတ်တကာတိုတွင် အကြီးမြတ်ဆုံး သော ပညတ်ကား အဘယ်နည်းဟူ၍ မေးကြ၏။ (မဿဲ၊ ၂၂း ၃၄-၄၀၊ မာကု၊ ၁၂း၂၈-၃၄)
ထိုအုပ်စုတိုင်းကို ကိုယ်တော်က ပြန်လည်၍ လိမ်မာပါးနပ် စွာ ဖြေကြားရုံမက သူတို၏ ကောက်ကျစ်စဉ်းလဲသော အကြံ အစည်တိုကို မေတ္တာဖြင့် အနိုင်ယူတော်မူခဲ့သည်။
ရှင်မဿဲခရစ်ဝင်ကျမ်းအရ၊ ကိုယ်တော်သည် ဤနေ့၌ ဥပမာ တော်များဖြင့် ဟောပြောဆုံးမကြောင်း ရေးသားထားသည်။
စပျစ်ဥယျာဉ်ပိုင်ရှင်၏ သားနှစ်ယောက်အကြောင်း ဥပမာ တော် (မဿဲ၊ ၂၁း၂၈-၃၂) မိမိသားအဖို ထိမ်းမြား မင်္ဂလာ ဆောင်ပွဲ ကျင်းပသော မင်းကြီး ဥပမာတော် (မဿဲ၊ ၂၂း ၁-၁၄) မင်္ဂလာဆောင် သတိုသမီးတစ်ကျိပ်အကြောင်း ဥပမာတော် (မဿဲ၊ ၂၅း၁-၁၃) ငယ်သားတိုအား ဥစ္စာ ပစ္စည်း (အစွမ်းသတ္တိ)ကို ခွဲဝေပေးခဲ့သော မင်းကြီး ဥပမာတော် (မဿဲ၊ ၂၅း၁၄-၃ဝ) သိုးနှင့် ဆိတ်တစ်ခြားစီခွဲ၍ တ င် မည့်အကြောင်း ဥပမာတော် (မဿဲ၊ ၂၅း၃၁-၄၆) တိုကို ဟောကြားခဲ့၏။ သိုသော် ခရစ်ဝင်သုံးကျမ်းစလုံးက တညီတညွတ် မှတ်တမ်း တင်ထားကြသော ဥပမာတော်တစ်ခုကား မတရားသော စပျစ် ဥယျာဉ်စောင့် (သူရင်းငှားလုပ်သား)များ ဥပမာတော် ပေ တည်း။ (မဿဲ၊ ၂၁း၃၃-၄၆၊ မာကု၊ ၁၂း၁-၁၂၊ လုကာ၊ ၂၀း၉-၁၈)
ဤဥပမာတော်၌ အလွန်နက်ရှိင်းလှသော သင်ခန်းစာ၊ အလွန်ကြီးမြတ်လှသော ကိုယ်တော်၏ အခွင့်အာဏာများသာမက အကြီးဆုံးသော ကိုယ်တော်၏ စိတ်ခေါ်ချက် ပါသောကြောင့် လည်း ပထမ ခရစ်ဝင်ကျမ်း သုံးကျမ်းစလုံးက အထူးအလေး ထား၍ ဖော်ပြခဲ့သည်။
ပါလက်စတိုင်းနိုင်ငံ၌ စပျစ်ဥယျာဉ်ပိုင်ရှင်များသည် သူတို ပိုင် စပျစ်ဥယျာဉ်များ၌ သူရင်းငှားများကို ထားလေ့ရှိသည်။ ပိုင်ရှင်က သူ၏စပျစ်ဥယျာဉ်ကို တောရိုင်း တိရစ္ဆာန်များ၏ ဘေးရန်မှ ကာကွယ်ရန် ခြံစည်းရိုး၊ သူခိုးသူဝှက်၏ ဘေးရန်မှ ကာကွယ်ကင်းစောင့်ရန် လင့်စင်၊ စပျစ်ရည် ထုတ်ယူရေးအတွက် စပျစ်သီးနယ်ရန် ကိရိယာ စသည်တိုကို သေချာစွာ ပြုလုပ်ထား ပြီး သူရင်းငှားများ ထားလေ့ရှိသည်။
ငွေကြေးအခအားဖြင့်လည်းကောင်း၊ သီးစားချ၍ လည်း ကောင်း ငှားရမ်းထားလေ့ ရှိသည်။ အချိန်ကျ လျှင် ပိုင်ရှင် သည် သူ၏ငယ်သားများကို စေလွှတ်ကာ ရသင့်သော ငွေ ကြေး သိုမဟုတ် အသီးအနှံစသည်တိုကို တောင်းခိုင်းလေ့ရှိ၏။
ထိုဥပမာတော်ထဲရှိ စပျစ်ဥယျာဉ် ပိုင်ရှင်တစ်ဦးက ထိုနည်း အတိုင်း ပြုလုပ်ခဲ့သည်။ သိုသော် စေလွှတ်ခဲ့သော ငယ်သားများ ကို သူရင်းငှားများက ညှင်းပန်းနှိပ်စက်ရိုက်နှက်ပြီး လွှတ်လိုက် ကြသည်။ သိုသော် ပိုင်ရှင်၏သားရင်းကို စေလွှတ်လျှင်၊ ယခင် က စေလွှတ်ခဲ့သော ငယ်သားများထက်ပို၍ ရိုသေကိုင်းရှိင်းကြ လိမ့်မည်ဟူ၍ ထင်မှတ်ကာ သားကို စေလွှတ်လိုက်သောအခါမှ သူတိုသည် သားရင်းကို သတ်ဖြတ်ပစ်လိုက်ကြတော့၏။
ထိုအခါတွင် ပိုင်ရှင်က အရေးယူရပေတော့မည်။ သူရင်းငှား များကို ပြင်းထန်သော အပြစ်ဒဏ်စီရင်ကာ ထိုစပျစ်ဥယျာဉ်ကို သူတစ်ပါးတို၏ လက်သို ပေးအပ်လိုက်ရတော့မည် ဖြစ်ကြောင်း ဖော်ပြသော ဥပမာတော် ဖြစ်၏။
ခရစ်တော်၏ ဥပမာတော်များကို အနက်ဖွင့်ရာတွင် ထိုဥပ မာတော်တို တစ်ခုချင်းစီက တစ်ခုသော သစ္စာတရား တစ်မျိုးစီကိုသာ ဖော်ပြလေ့ရှိရာ ဥပမာတော်တိုင်းကို ပုံဆောင် ချက်များ (Allegories) ဟူ၍သာ မယူဆသင့်။ ဥပမာတော်တိုတွင် ပါရှိ သည့် အချက်အလက်တိုင်းကိုလည်း အတိအကျ လှေနံဓားထစ် မယူဆသင့်သည် မှန်သော်လည်း ဤဥပမာတော် မှာကား ထူးခြားလှပါ၏။
ဤဥပမာတော်၏ ဖြစ်ရပ်နှင့် အဓိပ္ပါယ်တိုသည် ရှင်းလင်း ပြတ်သားလွန်းလှသည်။
ပရောဖက်များနှင့် ဆာလံဆရာများကလည်း “ဘုရားသခင် ၏ စပျစ်ဥယျာဉ်သည် ဣသရေလလူမျိုးကို ဆိုလိုကြောင်း” အတိအကျ ပြောထားသည်။ (ဟေရှာ၊ ၅း၁-၇၊ ယေရမိ၊ ၂း၂၁၊ ဆာလံ၊ ၈၀း၈)
သူရင်းငှား လုပ်သားဆိုသည်မှာ “ဣသရေလ လူမျိုးတို၏ ခေါင်းဆောင်များ”ကို ဆိုလိုသည်။ စပျစ်ဥယျာဉ် ပိုင်ရှင်သည် “ဘုရားသခင်”ပင်လျှင် ဖြစ်သည်။ အခကြေးငွေသီးစားကိုယူရန် စေလွှတ်လိုက်သော ငယ်သားများမှာ “ပရောဖက်” တိုပင် ဖြစ်၏။
ယေရုရှလင်မြိုတော်ကို ကြည့်ပြီး ယေရှုကိုယ်တော်တိုင် ငိုကြွေး မြည်တမ်းခဲ့ရာတွင် မြွက်ကြားခဲ့သော စကားတော်ထဲ၌ ထိုပရောဖက်တိုအား ခဲဖြင့်ပစ်၍ ညှဉ်းပန်းနှိပ်စက်လိုက်လေ့ ရှိကြောင်းကို အတိအ ကျပါရှိသည်။ (မဿဲ၊ ၂၃း၃၇) နောက် ပိုင်း၌ သတေဖန်ကလည်း “သင်တို ဘိုးဘေးများသည် အဘယ် ပရောဖက်ကိုမျှ မညှဉ်းဆဲဘဲနေသနည်း ဟူ၍မေးခဲ့ပါ၏ (တမန်၊ ၇း၅၂)
ထိုဥပမာတော်ထဲ၌ ခြိမ်းခြောက်မှုတစ်ခု ပါနေ၏။
၎င်းမှာ ဣသရေလလူမျိုးအား ပေးနေသော အခွင့်အရေး ကို လက်မခံပါက တစ်ပါးအမျိုးသားတိုကို ပေးရတော့မည်ဖြစ် ကြောင်း ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။ ထိုဥပမာတော် ကို ကြားနာခဲ့ကြသော ဂျူးလူမျိုးတိုင်းက ထိုအဓိပ္ပါယ်ကို နားလည်ကြသည်။ ထိုကြောင့်လည်း ကြားနာခဲ့ကြသော ပရိ သတ် အပေါင်းတိုက “ထိုသိုမဖြစ်ပါစေနှင့်”ဟု ပြန်လည် လျှောက်ထားခဲ့ကြသည်။ (လုကာ၊ ၂၀း၁၆) ၊
အင်္ဂါနေ့၌ ကိုယ်တော် ဟောကြားတော်မူခဲ့သမျှတွင် ဤ ဥပမာတော်သည် အဓိက ဖြစ်ပါ၏။ ထိုဥပမာတော်အားဖြင့် –
(က) ကိုယ်တော်၏ ဇာတိတော် အဖြစ်အမှန်ကို ဖော်ပြ ခဲ့သည်။ ကိုယ်တော်သည် သာမညပရောဖက် တစ်ပါးသာမဟုတ် စပျစ်ဥယျာဉ်ပိုင်ရှင် ဘုရားသခင်၏ သားတော် ဖြစ်ကြောင်း အတိအလင်း ကြေညာလိုက်ခြင်း ဖြစ်သည်။ ရှေးက ပေါ် ပေါက်ခဲ့သော စပျစ်ဥယျာဉ်ရှင်၏ ငယ်သားများသည် ပရော ဖက်များ ဖြစ်သည်။ ယခုမူကား ဘုရားသခင်၏ သားတော် ကိုယ်တိုင်ပင် ကြွလာပြီဖြစ်ပြီး၊ နောက်ဆုံးအကြိမ် သတိပေး၊ နောက်ဆုံးအကြိမ် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။
(ခ) ကိုယ်တော်၏သတိကို မြင်နိုင်သည်။ ဤဥပမာတော်ကို မိန့်မြွက်တော်မူခြင်းအားဖြင့် ကိုယ်တော်သည် အသေခံရတော့ မည်ကို ကြိုတင်သိရှိပြီးဖြစ်ကြောင်း ထင်ရှားနေသည် ဘာသာ ရေး ခေါင်းဆောင်များသည် ကိုယ်တော့်ကို အသေသတ်ရမှ ကျေနပ်မည်ဖြစ်ကြောင်း ကိုယ်တော်က သိရှိရိပ်မိပြီး ဖြစ်သည်။ ထိုအကြောင်းများကြောင့် ကိုယ်တော်သည် လိမ်မာပါးနပ်စွာ ယေရုရှလင်မြိုမှ ခေတ္တရှောင်တိမ်း သွားနိုင်သည်။ သိုမဟုတ်သူ့ကို ဆန့်ကျင်ဘက်ပြုသူများနှင့် ပြေပြစ်အောင် စေ့စပ်နိုင် သည်။ အပေးအယူလုပ်နိုင်သည်။ သိုသော် ယေရှုက ထိုသို အလျဉ်းမလုပ်၊ ကားတိုင်ကို သူ၏ရှေ့၌ မြင်ပြီးဖြစ်၍ ထိုကား တိုင်ကို ကိုယ်တော်တိုင် ပြေး၍ ရင်ဆိုင်ရဲသော သတ္တိထူး ပိုင်ဆိုင်ကြောင်း ဖော်ပြနေသည်။
(ဂ) ကိုယ်တော်၏ ခြိမ်းခြောက်မှုကို တွေ့နိုင်သည်။ စပျစ် ဥယျာဉ်ကို သူတစ်ပါးတိုအား ပေးတော့မည်။ ဣသရေလလူမျိုး တိုအနေဖြင့် ရရှိပိုင်ဆိုင်နေသော အခွင့်အရေးတိုသည် ဆုံးရှုး သွားပေတော့မည်။ ဓမ္မသစ်ကျမ်းက ခေါ်ဝေါ်သည့် “အသစ် သော ဣသရေလ” သိုမဟုတ် “ဘုရားသခင်၏ ဣသရေလ” သည် “အသင်းတော်”ပင်ဖြစ်ကြောင်း အတိအလင်း ဖော်ပြ ထားပါ၏။ (ဂလာ၊ ၆း၁၆) ဣသရေလ လူမျိုး ဖြစ်တိုင်း ဣသရေလ လူမှန်မဟုတ်၊ ထိုနည်းတူ အာဗြဟံ၏ အမျိုးအနွယ် ဖြစ်သူတိုင်း အာဗြဟံ၏ သားမှန်မဟုတ် (ရောမ၊ ၉း၆-၇+) အာဗြဟံ၏ ယုံကြည်ခြင်းမျိုး ရှိသူတိုင်းသာလျှင် အာဗြဟံ၏ သားစစ်သားမှန်ဖြစ်ပြီး ကတိတော်ကို ခံစားနိုင်မည်။
ယုံကြည်ခြင်း တရားသည်သာလျှင် အဓိကဖြစ်သည်။ (ရောမ၊ ၄း၁၆) ခရစ်တော်နှင့် စပ်ဆိုင်သော သူများသာလျှင် အာဗြ ဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ကတိတော်အတိုင်း အမွေခံကြ ရမည်ဖြစ်ကြောင်း ကိုယ်တော်က ဤနေရာ၌ အတိအလင်း ပြောပြလိုက်ခြင်း ဖြစ်၏။ (ဂလာ၊ ၃း၂၉)
(ဃ) ကိုယ်တော်၏ ယုံကြည်စိတ်ချမှုကိုပေါ်လွင်စေသည်။ ထိုဥပမာတော်၏ နောက်ဆုံးပိုင်း၌ ကိုယ်တော်က ဆာလံ ကျမ်းကို ကိုးကားပြီး “တိုက်ကို တည်လုပ်သော သူများ ပယ်ထားသော ကျောက်သည် နောက်တဖန် တိုက်ထောင့် အထွတ် အဖျားသို ရောက်မည်အကြောင်း” ပြောရာတွင် နောက်ဆုံး၌ ကိုယ်တော်ရယူမည်ဖြစ်သော “အောင်မြင်မှု” ကို ဖော်ပြနေခြင်းဖြစ်ပါ၏။ (ဆာ ၁၁၈း ၂၂) (တမန် ၄း၁၀၊ ၁ပေ ၂း၄၊ ၇)တိုနှင့်လည်း နှိင်းယှဉ်ဖတ်ကြည့်ပါ။
ဤဥပမာတော် အားဖြင့်လည်း ယေရှုသည် ဣသရေလ တစ်မျိုးသားလုံးကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်၏။
ကိုယ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း၊ ဣသရေလ တစ်မျိုးသားလုံးအား တရားစီရင် ဆုံးဖြတ်နိုင်သူ ဖြစ် ကြောင်း ကားတိုင်လမ်းစဉ်ကို သတ္တိရှိရှိဖြင့် ရင်ဆိုင်သွားနေ ပြီဖြစ်ကြောင်းကို ဖွင့်ဆို မိန့်တော်မူနေပါ၏။
သိုသော် လူတိုက ကားတိုင်ကိုသာ မြင်တွေ့နိုင်သည်။ ကိုယ် တော်ကမူကား ကားတိုင်၏ တစ်ဘက်တွင်ရှိသော “အဆုံးသတ် အောင်မြင်မှု” (Ultimate Triumph) ကိုပါ မြင်တွေ့နေပြီ ဖြစ်ပါ၏။
အခန်း (၂၇)
ဗုဒ္ဓဟူးနေ့
မေတ္တာ၏ပြယုဂ်
တနင်္ဂနွေနေမှစပြီး အင်္ဂါနေ့အထိ ကိုယ်တော့်အဖို စိတ် ပျက် ဝမ်းနည်းဖွယ်ရာ များနှင့်သာ ကြုံတွေ့ခဲ့ရသည်။ ကိုယ် တော့်ကို အကျပ်ကိုင်မည့်သူများ၊ ဆန့်ကျင်ဘက်ပြုသူများနှင့် သာ ကြုံတွေ့ခဲ့ရရှာသည်။ ကိုယ်တော့်ကို အကျပ်ကိုင်မည့် လူများ၊ ဆန့်ကျင်ဘက်ပြုသူများနှင့် စကားအပြန်အလှန် စစ် ထိုးနေခဲ့ရပြီး ဗုဒ္ဓဟူးနေ့တွင်မှ ကိုယ်တော့်ခမျာမှာ စိတ်ချမ်း မြေ့ သာယာဖွယ်ကို ခံစားခဲ့ရသည်။
ကိုယ်တော့်အပေါ် မေတ္တာထားသူတစ်ဦး၏ ကြင်နာယုယ မှုကို ခံစားခဲ့ရသောကြောင့်တည်း။ (မဿဲ၊ ၂၆း၆း၁၃၊ မာကု၊ ၁၄း၃-၉)
ထိုဗုဒ္ဓဟူးနေ့တွင် ကိုယ်တော်သည် ယေရုရှလင်မြိုတွင်းသို မသွားဘဲ ဗေသနိရွာ၌ပင် အနားယူနေခဲ့သည်။ ကိုယ်တော် သည် ရှိမုန်အမည်ရှိသော လူမူ၏နေအိမ်၌ ညစာစားသုံးရန် ဖိတ်ခေါ်ခြင်းခံရ၍ ကိုယ်တော်က လက်ခံခဲ့သည်။ –
ပါလက်စတိုင်းနိုင်ငံရှိ ချမ်းသာကြွယ်ဝသူတစ်ဦး၏ နေအိမ် အများအားဖြင့် ခြံနှင့်ဝင်းနှင့် ရှိတတ်သည်။ ထိုခြံထဲ၌ ပန်း စုကို ငွေကြေးအကုန်အကျခံ စိုက်ပျိုးထားရုံမက ရေပန်း လေးများ ကျဆင်းနေတတ်သော ရေတံခွန် စသည်တိုဖြင့် လုပ် ထားတတ်သည်။ နွေဥတု ချိန်ခါမျိုးတွင် ညစာကို ခြံထဲ၌ “သုခ ကျွေးမွေးလေ့ရှိ သည်။ အထူးသဖြင့် ဧည့်ကောင်းဆောင်ကောင်းများကို အေးအေးလူလူ၊ သက်သက်သာသာ အပန်းဖြေ စေလိုသည့် သဘောဖြင့် ခြံထဲ၌ ဧည့်ခံတတ်ခြင်း ဖြစ်၏။
နာမည်ကြီး ဧည့်သည်မျိုးဖြစ်ပါကလည်း အိမ်နီးချင်းများ ကသော်လည်းကောင်း၊ လမ်း၌လျှောက် သွားသူများက သော် လည်းကောင်း၊ အိမ်ရှင်နှင့် ဧည့်သည်တို အပြန်အလှန် စကား ပြောဆိုနေကြသည်ကို ခြံဝင်းနား၌ ရပ်၍ နားထောင်လေ့ရှိ ကြသည်။ ပါလက်စတိုင်းနိုင်ငံ၌ ၎င်းသည် ထုံးစံတစ်ရပ်ဖြစ်၍ မည်သူကမျှ မတားမြစ်၊ ထိုကြောင့်လည်း ရှိမုန်က ယေရှု အား ဧည့်ခံပြုစုချိန်အတွင်း အမျိုးသမီးတစ်ဦးသည် အိမ်တွင်းသို ပျောလျောရှုရှု ဝင်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်ပါ၏။
တစ်ခါက ထိုအမျိုးသမီးအပေါ် ကိုယ်တော်သည် ကျေး ဇူးပြုခဲ့ပါ၏။ သူတစ်ပါးက သူ့အား မုန်းတီးရွံရှာ၊ ရန်မူလို သောစိတ်ထားဖြင့် ရှုကြည့်ခဲ့ကြသော်လည်း ယေရှုခရစ်တော် သည် သူ့အား အနန္တမေတ္တာ စိတ်ထားဖြင့် ရှုကြည့်ခဲ့သည်။ ဤ ကိစ္စကို ထိုအမျိုးသမီးသည် ဘယ်သောအခါမျှ မမေ့နိုင်။ ။ |
ပါလက်စတိုင်းနိုင်ငံရှိ အမျိုးသမီးများသည် အလွန်အဖိုး တန်သော ဆီမွှေးကို ဆွဲကြိုးဖြင့် လည်ပင်းတွင် ဆွဲချိတ် လေ့ရှိသည်။ လည်ဆွဲတန်ဆာ၌ ပါလေ့ရှိသော ဆီမွှေးပုလင်း ငယ် တစ်ပုလင်းသည် ကျပ် (၆၀) ခန့်အထိပင် တန်ဖိုးရှိ တတ်သည်။ ထိုဆီမွှေးသည် အနည်းငယ်မျှသာ ဖြစ်သော်လည်း တစ်ကိုယ်လုံးကို အစဉ် မွှေးကြိုင်နေစေရုံမက တစ်ကြိမ်လျှင် အစက်ကလေး တစ်စက်နှစ်စက်မျှသာ အသုံးပြုရသည်။
ထိုအမျိုးသမီးသည် အိမ်ရှင်နှင့် ဧည့်သည်တို အပြန်အလှန် စကားပြောနေသည်ကို နားထောင်နေရင်း ယေရှုခရစ်တော် အပေါ် မေတ္တာစိတ် တဖွားဖွား ပေါ်ပေါက်လာပြီး သူ့၌ အဖိုးတန်ဆုံးသော အရာကို ဆက်ကပ်ရန် ချက်ချင်း ဆုံးဖြတ် လိုက်ဟန်တူသည်။ သူ၏ ဆီမွှေးပုလင်းကို ရိုက်ခွဲကာ ကိုယ်တော် ၏ ခေါင်းပေါ်သို သွန်းလောင်းခဲ့ပါတော့၏။
ပုလင်းကို ရိုက်ခွဲလိုက်ခြင်းမှာ ထိုစဉ် အရှေ့တိုင်း ထုံးတမ်း ဓလေ့တစ်ခု ဖြစ်၏။
အလွန် နာမည်ကျော်ကြားလှသော ပုဂ္ဂိုလ်ကြီးတစ်ဦးအား ဧည့်ခံကျွေးမွေးပြီး ထိုပုဂ္ဂိုလ်ကြီး သောက်သုံးခဲ့သော ဖလားကို ရိုက်ခွဲပစ်လိုက်လေ့ရှိ၏။ ထိုပုဂ္ဂိုလ်ကြီးထက် ယုတ်ညံ့သူတစ်ဦး က ထိုသောက်တော်ခွက်ကို နောက်တဖန်မသောက်သုံးမိစေရန် သဘောဖြင့် ရိုက်ခွဲလိုက်ခြင်းဖြစ်ပါ၏။
တမန်တော်တိုမှအစ ရှိရှိသမျှသော လူများက ထိတ်လန့် တကြား ဖြစ်ကုန်ကြသည်။ ရှင်မာကုက “ဒေနာရီအပြားသုံးရာ မကသော အဖိုးနှင့်ရောင်း၍ ဆင်းရဲသောသူတိုအား ပေးစရာ ကောင်းသည်ဟုဆို၍ ထိုမိန်းမကို အပြစ်တင်ကြသည်”ဟု မှတ် တမ်းတင်ထားခဲ့၏။ (ရှင်မာကု၊ ၁၄း၅)
ဒေနာရီသစ်ပြားမှာ ထိုစဉ်က လူတစ်ဦး၏ တစ်နေ့ဝင်ငွေဖြစ် ပြီး ယခုခေတ် ပြား (၈၀)ခန့်တန်ပါသည်။ ဒေနာရီအပြားသုံးရာ ဆိုလျှင် လူတစ်ဦး၏ တစ်နှစ်ဝင်ငွေခန့်ရှိသည်။ လူငါးထောင်ကို ကျွေးမွေးရန် ဒေနာရီအပြား နှစ်ရာနှင့်ပင် လောက်ငမည်မဟုတ် ပါဟု ဖိလိပ္စုက ယေရှုအား လျှောက်ထားပုံကို ထောက်လျှင် ထိုတန်ဖိုးသည် မနည်းလှချေ။ (ယော၊ ၆း၇ ကိုကြည့်ပါ) ၊
ထိုဆီမွှေးပုလင်းကိုရောင်းပြီး လူငါးထောင်ထက်မက ကျွေး မွေးနိုင်သည်ဖြစ်ရာ ယေရှု ခေါင်းတော်ပေါ်၌ အလဟဿ သွန်းလောင်းပစ်ခဲ့ခြင်းသည် ဖြုန်းတီးရာ ရောက်သည် ဟူ၍ အပြစ်ဆိုနိုင်ဖွယ်ရာ ဖြစ်နေပါ၏။ ထိုသို ပြစ်တင်ရှုတ်ချကြ သောအခါ ယေရှုက အချက်သုံးချက်ဖြင့် ပြန်လည်ဖြေကြား တော်မူခဲ့သည် –
(က) ဆင်းရဲသောသူတိုသည် သင်တို၌ အစဉ်ရှိကြသည်ဟု ဆိုသည်။ ထိုကြောင့် ဆင်းရဲသားတိုကို ကူညီမစရန် အခွင့် အရေးသည် အမြဲရှိနေပေလိမ့်မည်။ ထိုနိုင်ငံ၌ “ဆင်းရဲငတ်မွတ် သော သူတိုသည် ပြတ်လပ်လိမ့်မည် မဟုတ်”ဟု ကျမ်းစာက လည်း ဆိုထားသည်။ (တရား၊ ၁၅း၁၁) –
(ခ) ကိုယ်တော်၏ အလောင်းကို သဂြိုလ်မည်ဟု ပြင်ဆင် ခြင်းငှာ ဤသိုပြုခြင်းဟု ဆို၏။ မိမိ၏ ချစ်မြတ်နိုးသူတစ်ဦး ကွယ်လွန်လျှင် အလောင်းကို အရင်ဆုံး ရေချိုးပေးသည်။ ထိုနောက် ဆီမွှေးဖြင့် လူးပေးသည်။ ဆီမွှေးထည့်သော ထိုပုလင်းကို ရိုက်ခွဲပြီး ပုလင်းကွဲ အစအနများကိုပါ ထိုသူ ၏ သဂြိုလ်ရာ၌ ထည့်ပေးလိုက်လေ့ ရှိသည်မှာလည်း ဂျူးလူမျိုး တို၏ ထုံးစံတစ်ရပ်ပင် ဖြစ်၏။ မိမိချစ်မြတ်နိုးသူ တစ်ဦးအား သဂြိုလ်ရာတွင် ပြုလုပ်လေ့ရှိသည့်အတိုင်း ထိုအမျိုးသမီးက ပြုလုပ်ခဲ့ခြင်းပင် ဖြစ်ပါ၏။
(ဂ) ဤအမျိုးသမီးပြုခဲ့သော အမှုကို နောင်တွင် မြေတ ပြင်လုံး၌ ကြားပြောကြလိမ့်မည်ဟု ဆို၏။ ဧဝံဂေလိကယ်တင် ခြင်း တရားတော်ကို ဟောကြားတော့မည့် ကမ္ဘာအရပ်ရပ်၌ ဤအမှုကိစ္စကို အမှတ်တရ အမြဲပြောဆို နေကြလိမ့်မည်ဟု ကိုယ်တော်က မိန့်တော်မူခဲ့ပါ၏။
ဤဖြစ်ရပ်၌ “မေတ္တာ၏သဘော”ကို အထူး ထင်ရှားစွာ တွေ့မြင်ရပါသည်
(က) မေတ္တာဆိုသည်မှာ ရက်ရောမှုကို အမြဲပြသသည်။ တစ်စက်ချင်းသာ အသုံးပြုရမည် ဖြစ်သောကြောင့် နှစ်ပေါင်း များစွာ သိုမဟုတ် တစ်သက်လုံးပင် အသုံးပြုသွားနိုင်သော ဆီမွှေးကို ထိုအမျိုးသမီးက တစ်ချိန်တစ်ခါတည်းမှာပင် ရက် ရောစွာ အကုန်လုံး အသုံးပြုလိုက်ခြင်းကို မြင်ရသဖြင့် မေတ္တာ ဆိုသည်မှာ တွန့်တိုတတ်ခြင်းမရှိ၊ နှမြောတတ်ခြင်းမရှိ၊ အဖိုး အခကို တွက်ချက်ခြင်း မရှိတတ်ကြောင်း ဖော်ပြသည်။ မေတ္တာ ဆိုသည်မှာ အကုန်အစင်၊ အိတ်သွန်ဖာမှောက် ပေးအပ်တတ် ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။
(ခ) မေတ္တာဆိုသည်မှာ စွန့်လှူ ပေးအပ်ရမည့် အခွင့်အရေး ကို အမြဲ မြင်နေတတ်သည်။ ဆင်းရဲသူ ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲရန် အခွင့်အရေးကား အမြဲ ရှိနေမည်သာ ဖြစ်၏။ သိုသော် ထိုအမျိုးသမီးက သူတို၏အလယ်၌ မကြာခင် ပျောက်ကွယ်သွားတော့မည် ဖြစ်သော ယေရှုကို ကြည့်နေရင်း ထိုအခွင့်အရေးကို မလွတ်တမ်း အရယူခဲ့သည်။ အခွင့်အရေး ဆိုသည်မှာ မြင်တတ်ဖို လိုသည်၊ ယူတတ်ရသည်။ ပြောင်းလဲရန် မိမိကိုယ်ကို ပြုပြင်ရန်၊ မေတ္တာကိုပြရန် အခွင့်အရေးရတိုင်း ထိုအခွင့်အရေးကို လက်မလွတ် စေသင့်ပါ။ .
(ဂ) မေတ္တာဟူသော အမွှေးရနံ့ကို ဘယ်သောအခါမျှ ဖယ်ဖျောက်ပစ်၍ မရနိုင်ကြောင်း ဖော်ပြသည်။ နှစ်ပေါင်း၂၀၀၀ ခန့် ရှိခဲ့လေပြီ။ ထိုအမျိုးသမီး ပြုခဲ့သောအမှုကို ယနေ့ တိုင် ပြောဆိုနေကြဆဲပင် ဖြစ်သည်။ နောင်လည်း ကမ္ဘာတည် သရွေ့ ဤအမှုကို ပြောဆိုနေကြလိမ့်ဦးမည်သာ ဖြစ်သည်။ မေတ္တာဖြင့် ပြုလိုက်သော အမှုတစ်ခုသည် ဘယ်သောအခါမျှ ပပျောက်မသွား၊ အချိန်ကာလ ရွေ့လျော သွားစေကာမူ ထိုအမှုကိစ္စသည် အဓွန့် တည်မြဲနေလိမ့်မည်။ မေတ္တာ၏ ပြုမူ ချက်တစ်ရပ်သည် ဘယ်သောအခါမျှ ပျောက်ကွယ်၍ မသွား တတ်ပါ။
ဤအမှုကိစ္စအားဖြင့် ယေရှုခရစ်တော်၏ အကြောင်း တော်ကို ပိုမိုထင်ရှားစွာ သိမြင်လာစေပြန်သည်
(က) ယေရှုသည် မည်သိုသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ပိုမို ထင်ရှားလာပြန်သည်။ ဓမ္မဟောင်းကျမ်းကို ပြန်၍ လေ့လာပါ လျှင် ဆီမွှေးဖြင့် လူးခြင်း၊ လိမ်းခြင်းခံရသော ပုဂ္ဂိုလ်သုံး မျိုးသာရှိပါ၏။
ယဇ်ပုရောဟိတ် တိုကိုသာ ဆီမွှေးလူးပေးရသည်။ “ထိုအခါ လိမ်းစရာဆီကိုယူ၍ သူ၏ (ယဇ်ပုရောဟိတ်၏) ခေါင်းပေါ်၌ လောင်းသဖြင့် သူ့ကို လိမ်းရမည်”ဟု ဆိုခဲ့သည်။ (ထွက်၊ ၂၉း၇) ပရောဖက် တိုကိုသာ ဆီမွှေးဖြင့် လူးရသည်။ ၃ ရာ၊ ၁၉း၁၆ ကို ဖတ်ရှုကြည့်လျှင် “ရှာဖတ်၏သား ဧလိရှဲ”ကို ဧလိယ၏ အရိုက်အရာ ခံစေခြင်းငှာ ဘုရားသခင်က မိန့်တော် မူပြီး သူ့အား ဘိသိတ်ပေး (ဆီမွှေးဖြင့်လူး)ခိုင်း၏။
(တတိယ ဟေရှယဟု ကျွန်တော်တို ယခု ခေါ်နေကြ သည့်) ပရောဖက် ဟေရှာယက ဆင်းရဲသားတိုအား ဝမ်း မြောက်စရာ သတင်းကို ပြောကြားစေခြင်းငှာ ဘုရားသခင်က သူ့အား ဘိသိက်ပေး (ဆီမွှေးဖြင့်လူးပြီး တာဝန်ပေး) ခဲ့သည်ဟု ဆိုခဲ့၏။ (ဟေရှာ၊ ၆၁း၁)။
ဘုရင် တိုကိုလည်း ဆီမွှေးဖြင့် လူးကြရ၏။ “ရှောလူအား ဣသရေလတို၏ ဘုရင်အဖြစ် ခန့်အပ်ပြီး ဆီလောင်း၍ ဘိသိက် ပေးရမည်”ဟူ၍ ဘုရားသခင်က ရှမွေလအား မိန့်တော်မူ ခဲ့သည် (၁ ရာ ၉၁၆) ထိုနောက် ဒါဝိဒ်ကိုလည်း အလားတူ ပြုတော်မူစေခဲ့သည့် (၁ ရာ၊ ၁၆း၁၂+) ဟာဇေလ ကိုလည်း ရူရိနိုင်ငံ၏ ဘုရင်အဖြစ် ခန့်ပြီး ဘိသိက်ပေးရန် ဘုရားသခင်က ဧလိယအား မိန့်တော်မူခဲ့သည်။ (၃ ရာ၊ ၁၉း၁၅+)
ထိုကြောင့် “ယဇ်ပုရောဟိတ်”ကဲ့သို ယေရှုသည် ဘုရားသခင် နှင့် လူတိုစပ်ကြား ပေါင်းကူးတံတား ဆောက်ပေးသူ ဖြစ် သည်။ “ပရောဖက်”ကဲ့သို ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူတိုထံ ဆောင်ယူလာခဲ့သည်။ “ဘုရင်”ကဲ့သို လူတို၏ နှလုံး သားထဲ၌ စိုးစံမည့်သူ ဖြစ်ကြောင်း ဤအမူအရာက ဖော်ပြ နေပါ၏။
(ခ) ကိုယ်တော်သည် များမကြာမီ ခံစားရတော့မည့် သေခြင်းနှင့် ကားတိုင်ကို အမြဲသတိပြုနေခဲ့ကြောင်း ပေါ်လွင် နေသည်။ ဆီလူးခြင်းအမှုသည် အသက်ရှင် နေသူများကိုသာ မက သေဆုံးသွားသူများကိုလည်း ပြုရသောအမှု ဖြစ်၏။
ထိုအမျိုးသမီး ပြုခဲ့သော အမှုသည် သူ၏ ဝေဒနာခံစား ရခြင်းနှင့် အသေခံရတော်မူခြင်းအတွက် ရှေ့ပြေးနိမိတ်ဟု ကိုယ်တော်က အတိအလင်း ဆိုခဲ့သည်။
(ဂ) နောက်ဆုံး၌ ကိုယ်တော်သည် သာလျှင် အောင်မြင် မှုကို ရမည်ဖြစ်ကြောင်း ကြိုတင် ဟောကြား တော်မူနေခြင်းလည်း ဖြစ်သည်။ ယေရှုကို အသေသတ်လိုက်ခြင်း အားဖြင့် ကိုယ်တော် အစပြုတော်မူခဲ့သော အမှုတော် လုပ်ငန်းသည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်။ ကိုယ်တော်၏ ကယ်တင် ခြင်းတရားတော်အား လောကီအရပ်ရပ်၌ ပဲ့တင်ထပ်နေအောင် ဟောကြားရမည့် အချိန်ကို ကိုယ်တော်က မြင်နေသည်။ ထိုတရားတော်ကို ဟောကြားသည့် အခါတိုင်း ထိုအမျိုးသမီး ပြုခဲ့သော အမှုကို တစ်ကမ္ဘာလုံး အစဉ်မပြတ် ပြောဆိုနေ ကြတော့မည့်အကြောင်း မိန့်တော်မူခဲ့ခြင်း ဖြစ်၏။
လူတိုက ကားတိုင်အားဖြင့် ကိုယ်တော့်အား သုတ်သင် ဖယ်ရှင်းလိုက်စေကာမူ ပျောက်ကွယ် သွားလိမ့်မည် မဟုတ်ကြောင်း ရဲရဲကြီး စိတ်ချ ယုံကြည်နေကြောင်း ထင်ရှားနေ ပါ၏။
မေတ္တာကို သစ္စာဖောက်ခြင်း
ထိုဗုဒ္ဓဟူးနေ့တွင်ပင် ကိုယ်တော့်အပေါ် လူတစ်ဦးက မေတ္တာကို ဖော်ပြခဲ့သော်လည်း ယေရှု၏ တပည့်တော်ရင်း ၊ တစ်ဦးက ကိုယ်တော့်ကို သစ္စာဖောက်ခဲ့၏။
ဆန့်ကျင်ဘက် ဖြစ်ရပ်နှစ်မျိုးသည် တစ်နေ့တည်း၌ပေါ် ပေါက်ခဲ့သည်။ ထိုသစ္စာဖောက်သူမှာလည်း ကိုယ်တော်၏ မေတ္တာစက်ဝိုင်းထဲက လူတစ်ဦးပင် ဖြစ်၏။ “ထိုအခါ တပည့် တော် တစ်ကျိပ်နှစ်ပါး အပါအဝင်ဖြစ်သော ယုဒရှကာရုတ် သည် ယဇ်ပုရောဟိတ် အကြီးတိုထံသို သွား၍” ကိုယ်တော် အား အပ်နှံ၍ စီစဉ်သည်။ (မဿဲ၊ ၂၆း၁၄-၁၆၊ မာကု၊ ၁၄း၁၀၊ လုကာ၊ ၂၂း၃-၆)
ယုဒရှကာရုတ်သည် အဘယ့်ကြောင့် ထိုကဲ့သို ပြုခဲ့ရပေ သတည်း၊ အဘယ့်ကြောင့် ထိုကဲ့သို ပြုရက်ပါသနည်း။
သူ့အကြောင်းကို ပထမ ခရစ်ဝင် ကျမ်းသုံးကျမ်းက များ စွာ ဖော်ပြခဲ့သော်လည်း နောက်အကျဆုံး ရေးသားပြုစု ခဲ့သော ရှင်ယောဟန် ခရစ်ဝင်ကျမ်းက အတန်ငယ် ဖော်ပြ ခဲ့သည်။ ထိုကျမ်းမှ သိရသရွေ့ပေါ်မူတည်ပြီး သူ့အကြောင်း လေ့လာကြည့်ကြပါစို့
(က) ယုဒရှကာရုတ်အား ယေရှုက နောက်တော်လိုက်ရန် ခေါ်ခဲ့သည်။ အစကတည်းက ယုဒရှကာရုတ်သည် ရွေးချယ် ခြင်းခံရသော တမန်တော် (၁၂)ပါးထဲမှ တစ်ပါးအပါအဝင် ဖြစ် သည်။ (မဿဲ၊ ၁၀း၄၊ မာကု၊ ၃း၁၉၊ လုကာ၊ ၆း၁၆) ထိုသိုရွေး ချယ်ခြင်း ခံရသည် ဆိုကတည်းက ယုဒရှကာရုတ်သည် ခရစ်ယာန်ဘာသာတွင် ကြီးမြတ်သော ပုဂ္ဂိုလ်ကြီး ဖြစ်ရုံမက သမိုင်းတွင် နာမည်ကျန်ရစ်နိုင်ခဲ့သော အခွင့်အရေးတစ်ရပ်ကို ရရှိသူတစ်ဦး ဖြစ်လာ၏။
တစ်ခါက ဓမ္မပညာရှင်တစ်ပါး ရှိသည်။
ယေရှု၏ တမန်တော် ၁၂ ပါးတို၏ ကိုယ်ရေး ရာဇဝင် တိုကို လိုက်လံ သုတေသနပြုပြီး၊ တစ်ဦးစီ၏ အကြောင်းရင်း တိုကို ရေးသားပြုစုခဲ့သည်။ သူ၏စာအုပ်ကိုလည်း “ယေရှု က ဖန်တီးပြုပြင် ပြောင်းလဲခဲ့သူများ”ဟူ၍ အမည်ပေးခဲ့ သည်။
သိုသော် ယုဒရှကာရုတ်၏ အကြောင်း ပါဝင်လာ အခန်းကိုမူ “ယေရှုကပင် ဖန်တီးပြုပြင်ပေး၍ မရသူ” ဟု ခေါင်းစဉ်တပ်ခဲ့ပါ၏။
ယေရှုက တမန်တော်များကို သာမန် လက်သုံးကိရိယာ တန်ဆာပလာ သိုမဟုတ် စက်ရုပ်များအဖြစ်သာ အသုံးပြုခဲ့ ခြင်း မဟုတ်ပါ။ ယေရှုက သူတိုတစ်ဦးစီအား ကိုယ်ပိုင် လွတ် လပ်ခွင့် ပေးထားသည်။ ကိုယ်ပိုင်ရွေးချယ် ဆုံးဖြတ် နိုင်ခွင့် ပေးသည်။ နောက်တော်လိုက်ရန် ခေါ်စဉ်ကတည်းက သူတို၏ သဘောတူညီမှုကို ရယူခဲ့သည်။ ယုဒရှကာရုတ်ကို ယေရှုက ခေါ်ခဲ့ပြီးသူသည် နောက်တော်လိုက်ခဲ့သော်လည်း၊ ယေရှု၏ လမ်းစဉ်အတိုင်း မလိုက်လို၊ ကိုယ်တော်က သူ့အား အသုံး ချလိုသည့်အတိုင်း သူက ပြန်၍ အသုံးချခွင့် မပေးခဲ့သောသူ တစ်ဦး ဖြစ်၏။
(ခ) ယုဒရှကာရုတ်အား ယေရှုက အကြိမ်ကြိမ် သတိ ပေးခဲ့သည်။ လူငါးထောင်ကို မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ဖြင့် ကျွေးမွေးတော် မူပြီးသည်နောက်၊ ကိုယ်တော့်ကို လူ အပေါင်းက ဘုရင်မြှောက်ရန် အတင်းအကျပ် ပြုကြ၏။ ထိုကိစ္စကို ကိုယ်တော်က ငြင်းပယ်ခဲ့သည်။ ထိုကြောင့်လည်း လူအပေါင်းက စိတ်ပျက်၍ အပါးတော်မှ ထွက်ခွာသွားကြ သောအခါ ကိုယ်တော်က တမန်တော်များအား “သင်တို သည်လည်း ထိုသူများနည်းတူ) ထွက်သွားခြင်းငှာ အလိုရှိ ကြသလော”ဟု မေးရာ ပေတရုက သူ၏ သစ္စာရှိမှုကို ဖော် ပြရုံမက ကျန်သော တမန်တော်တိုသည်လည်း အလားတူ ဖြစ်ကြောင်း သူတိုကိုယ်စား ပြန်လည် ဖြေကြားခဲ့သည်။ ( ယော၊ ၆း၆၆-၆၉) ၊
ထိုအခါတွင် ယေရှုက “တစ်ကျိပ်နှစ်ပါးသော သင်တိုကို ငါရွေးကောက်သည် မဟုတ်လော။ သိုသော်လည်း သင်တို တွင်ရန်သူတစ်ယောက်ပါသည်”ဟု မိန့်တော်မူခဲ့ပါ၏။ (ယော၊ ၆း၇၀) ထိုစဉ်ကတည်းက ယုဒရှကာရုတ်၏ စိတ်ထဲ၌ လျှိဝှက်ထားသော အကြံအစည်တိုကို ကိုယ်တော်က သိရှိ ပြီးဖြစ်၍ သတိပေးခဲ့ခြင်း ဖြစ်သည်။ တမန်တော်တိုက ယုဒ ရှကာရုတ် သစ္စာဖောက်မည်ကို သိကြပုံမပေါ်။ ထိုသို သိ ကြပါက ထိုအချိန်ကတည်းက သူတိုနှင့် ပဋိပက္ခဖြစ်ကြမည် မှာ အမှန်ပင် ဖြစ်ပါ၏။ သိုသော် ယေရှုက ကြိုတင် သိနှင့် ပြီးဖြစ်၍ ယုဒရှကာရုဒ်အား သတိပေးခဲ့ခြင်း ဖြစ်ပါ၏။
(ဂ) ယုဒရှကာရုတ်အား ယေရှုက မေတ္တာပြခဲ့သည်။ သူ့အား တမန်တော်များ အဖွဲ၏ ဘဏ္ဍာထိန်း အဖြစ် ခန့် အပ်ထားခြင်းကို ထောက်လျှင် သူသည် တာဝန်ကြီးတစ်ရပ် ကို ပေးအပ်ခြင်း ခံရသူတစ်ဦးဟု ဆိုနိုင်ပါသည်။ (ယော၊ ၁၂ ၆) ထိုကြောင့်လည်း နောက်ဆုံးသော ညစာ ပြီးဆုံးသော အခါ ယုဒရှကာရုတ်က အထက်ခန်းထဲမှ ထွက်ခွာသွားသည် တွင် တမန်တော်များက သူသည် တစ်စုံတစ်ခုကို သွားရောက် ဝယ်ယူရန် ထွက်ခွာလာခြင်း ဖြစ်သည်ဟူ၍ ထင်မှတ်ခဲ့ကြ၏။ ( ယော၊ ၁၃း၂၉)
စိတ်မတည်ကြည်ဘဲ ဖြစ်နေသူတစ်ဦးအား ပြန်လည်၍ စိတ် တည်ကြည်လာရန် လမ်းခင်းပေးသည့် နည်းလမ်း တစ်လမ်း မှာ သူ့အား ယုံကြည်စိတ်ချကြောင်း ဖော်ပြခြင်းပင် ဖြစ် သည်။ အများအားဖြင့် ထိုနည်းလမ်းသည် အောင်မြင်တတ် ပါ၏။ ယေရှုက သူ့ကို ငွေအိတ်အပ်ကာ ဘဏ္ဍာထိန်း အရာ ခန့်ခဲ့သည်။ နောက်ဆုံးသော ညစာစားပွဲ၌ ကိုယ်တော် ၏ ပြုမူချက်တစ်ရပ်က ထိုအခြင်းအရာကို ပိုမိုထင်ရှားစေသည်။
“ယေရှုကိုယ်တိုင်က သူ့အား မုန့်တစ်လုပ်စာကို နှစ်၍ ပေးခဲ့သည်” (ယော၊ ၁၃း၂၆၊ မဿဲ၊ ၂၆း၂၃) အခြားသူများ က ကောင်းစွာ မကြားလိုက် နိုင်လောက်အောင် ကိုယ်တော် က တီးတိုးပြောနိုင်ပုံကို ထောက်လျှင် ယုဒ သည် ကိုယ်တော်၏ အနီး၌ ထိုင်ခွင့်ရခဲ့ဟန်တူသည်။
ထိုခေတ်က အရှေ့တိုင်းနိုင်ငံ၌ နေရာယူ ထိုင်ကြရပုံသည် ထူးခြား၏။ သူတိုသည် စားပွဲ၊ ကုလားထိုင်ဖြင့် မထိုင်ကြ ပါ။ နိမ့်သော စားပွဲရှည်နားတွင် လူတိုင်းက တင်ပျဉ်ခွေထိုင်၍ သော် လည်းကောင်း၊ “လျောင်း”၍သော် လည်းကောင်း ထိုင်ကြ ရသည်။
လျောင်းသည် အခါ လက်ဝဲ တတောင်ဆစ်အပေါ် ထောက်ထားလေ့ ရှိကြသည်။ လက်ယာလက်ဖြင့် အစားအစာ ကို ယူငင်စားသောက်ရသည်။ လျောင်းကြသည့်အခါ ခြေကို စားပွဲ၏ နောက်ဘက်ဆီသို ဆင်း၍ ထားကြလေ့ ရှိသည်။
ကြမ်းပေါ်၌ ဤသို လျောင်းကြရာတွင် ကူရှင်များ ချထား ၏။ ကူရှင်ကြီးတစ်ခုတွင် လူသုံးယောက် ခြေဆင်း၍ လျောင်း နိုင်သည်။ ဂုဏ်ပြုခြင်းခံရသူသည် အိမ်ရှင်၏ လက်ယာဘက် ၌ လျောင်းခွင့်ရသည်။ ထိုနေရာကို ရှင်ယောဟန်က ရခဲ့သည်။ ထိုကြောင့်လည်း ရှင်ယောဟန်က ယေရှု၏ “ရင်ခွင်တော် နားမှာလောင်း” နိုင်ခြင်း ဖြစ်သည်။ (ယော၊ ၁၃း၂၃)
သိုဖြစ်လျှင် ယုဒသည် ယေရှု၏ လက်ဝဲဘက်တွင် လျောင်း ခွင့်ရသည်ဟု ယူဆနိုင်သည်။ နောက်ဆုံးသော ညစာ၌ ယေရှု သည် ယုဒအား ထိုသိုသော အခွင့်အရေးပေးခဲ့၍လည်း တမန် တော်တိုထဲတွင် “အဘယ်သူသည် သာ၍ ကြီးမြတ်သနည်းဟူ၍ပင် အငြင်းအခုံ ဖြစ်ပွားခဲ့ရခြင်းလည်း ဖြစ်နိုင်၏။ (လုကာ၊ ၂၂-၂၄-၂၇ ကိုကြည့်ပါ)
ယုဒ၏ သစ္စာဖောက်မှုသည် ရုတ်ချည်းပြုလုပ်သော ကိစ္စ တစ်ရပ် မဟုတ်နိုင်ပါ။
သူသည် ကြာမြင့်စွာ စဉ်းစားဆင်ခြင်ပြီးမှ ထိုသိုပြုခဲ့ခြင်း ဖြစ်၏။ ထိုတစ်ချိန်လုံးတွင် ကိုယ်တော်က သူ့အား အမြဲသတိ ပေးနေခဲ့သည်။ သိုသော် ထိုသတိပေးချက်များသည် ယုဒအဖို အချည်းနှီး ဖြစ်ခဲ့ရသည်။
ရောမ အစိုးရသည် တိုင်းသူပြည်သားတို ဆူပူအုံကြွမှုကို လိုလားလေ့ မရှိပါ။ ထိုကြောင့် လူထုကြီး အုတ်အုတ်သဲသဲ မဖြစ်စေဘဲလျက် ယေရှုကို အာဏာပိုင်များက ဖမ်းဆီးရန် အခက်ကြုံနေခဲ့သည်။ ထိုပြဿနာကို ယုဒ ဝင်ရောက် ဖြေရှင်း ပေးခဲ့၏။ (မဿဲ၊ ၂၆း၁၄-၁၆၊ မာကု၊ ၁၄း၁၀+၊ လုကာ၊ ၂၂:၃-၆)
ယေရုရှလင် မြိုတော်ထဲ၌ မြေနေရာ ကျပ်တည်းသည်။ အိမ်များဖြင့် ပြွတ်သိပ်နေသည်။ အထူးသဖြင့် ထိုမြိုကို တောင် ကုန်းပေါ်၌ တည်ဆောက်ထားသောကြောင့်လည်း ဖြစ်၏။ ထိုကြောင့် ကြွယ်ဝ ချမ်းသာသူများ က သံလွင်တောင် အနီးတစ်ဝိုက်၌ မြေကွက်များဝယ်ပြီး ခြံဝင်းကျယ် အိမ်များ ဆောက်ထားလေ့ရှိသည်။ (အမည်မသိရသူ) ယေရှု၏ မိတ် ဆွေတစ်ဦးက သူ၏ ခြံဝင်းကို အသုံးပြုခွင့် ပေးထားသဖြင့် ညနေတိုင်း ကိုယ်တော်သည် ထိုခြံဝင်းထဲသို တစ်ကိုယ်တည်း သွားရောက် ဆုတောင်းနေလေ့ ရှိသည်။
ထိုအကြောင်းကို ယုဒက သိသည်။ ထိုနေရာ၌ ကိုယ်တော် အား တိတ်တဆိတ် ဖမ်းဆီးခဲ့လျှင် လူထုကြီး လှုပ်လှုပ် မဖြစ်ဘဲ အသာတကြည် ဖမ်းဆီးနိုင်မည် ဖြစ်သည်။ ထိုသို စီစဉ်ပေးမှုကြောင့် သူက “ငွေအကျပ်သုံးဆယ်”ကို ယူခဲ့သည်။ (မဿဲ၊ ၂၆း၁၅) ထိုငွေသုံးဆယ်မှာ ငွေဒင်္ဂါသုံးဆယ်ဖြစ်ပြီး၊ ယခုခေတ် ကျပ် ၇ဝိ ခန့်သာ ရှိသည်။ သိုသော် ထိုငွေဖြင့် ကျွန် တစ်ဦးကို ဝယ်ယူနိုင်ပါ၏။
ဖမ်းဆီးချုပ်နှောင်မည့် အချိန်၌ ဘာသာရေး ခေါင်းဆောင် များက ယုဒနှင့်အတူ ဗိမာန်တော် အစောင့်များ ထည့်ပေး လိုက်၏။ ဖမ်းဆီးစဉ်က ယုဒသည် ခေါင်းဆောင်ဖြစ်ခဲ့ကြောင်း သေချာသည်။
ထိုညက လပြည့်ည ဖြစ်သည်။
ထိုနှစ်က ပသခါ ပွဲနေ့သည် လပြည့်ည၌ ကျရောက်ခဲ့ သဖြင့် လရောင်အောက်၌ ယုဒက ကိုယ်တော့်အား နမ်း၍ပြမည် ဖြစ်ကြောင်း စီစဉ်ထားပြီး ဖြစ်၏။ (မဿဲ၊ ၂၆း၄၇-၄၉၊ မာကု၊ ၁၄း၄၃-၄၅၊ လုကာ၊ ၂၂း၄၇+)။ ထို သို သော နမ်းရှုပ်ခြင်းမှာ ရှိဆရာတစ်ဦးအား တပည့်တစ်ဦးက ထိုသို နှုတ်ဆက်လေ့ရှိသော ထုံးစံတစ်ရပ်ဖြစ်၍ မထူးဆန်းပါ။ ထို ကြောင့် ယုဒ၏ အကူအညီဖြင့် သခင်ယေရှုအား ဖမ်းဆီးလိုက် ကြတော့၏။
ဖမ်းစဉ်က သူကိုယ်တိုင် ခေါင်းဆောင်ခဲ့သော်လည်း နောက် ပိုင်း၌ သူ့ကို မတွေ့ရတော့ပါ။ ကိုယ်တော့် အား တရားစီရင် ချိန်၌လည်း ယုဒအကြောင်းကို မှတ်တမ်းတင်ထားခြင်း မရှိတော့။ သူ၏ ဝမ်းနည်းကြေကွဲ ဖွယ်ရာ အကြောင်းက နောက်မှ ပေါ်လာခဲ့သည်။ .
ဓမ္မသစ်ကျမ်း၌ ယုဒ၏ကြေကွဲဖွယ်ရာ အဖြစ်မျိုး နှစ်မျိုး ဖော်ပြထား၏။ တစ်မျိုးက ယုဒသည် ယဇ်ပုရောဟိတ် အကြီး နှင့် လူ့အကြီးအကဲတိုထံသွားပြီး သူမှားသွားပြီ ဖြစ်ကြောင်း၊ အပြစ်မရှိသူ၏ အသွေးကို အပ်မိပါပြီဟု ဆိုကာ ထိုငွေကို ဗိမာန်တော်၌ ပစ်ချခဲ့၍ ဆွဲကြိုးချ သေခဲ့သည်ဟု ဆို၏။ (မဿဲ၊ ၂၇း၃-၅) နောက်တစ်မျိုးက မတရားသော အမှုဖြင့်ရသော ငွေဖြင့် မြေတစ်ကွက်ကို ဝယ်ယူပြီးမှ မှောက်ရက်လဲကျ၍ ဝမ်း ကွဲသဖြင့် အူများပေါက်ကာ သေဆုံးသွားသည်ဟု ဆို၏။ (တမန်၊ ၁း၁၈)
ကနဦးအသင်းတော်၏ အစဉ်အလာအရ ဆိုရသော်၊ ယုဒ သည် မိမိကိုယ်ကို ဆွဲကြိုးချသေသည်။ ကြိုးပြတ်သွားပြီး သူသည် ကျောက်တုံးများရှိသော ချိုင့်ထဲသို ကျသွားရာ ကျောက်စွန်းများဖြင့်ထိကာ ဗိုက်ပေါက်အူထွက်ပြီး သေရသည် ဟုဆို၏။
မည်သိုနည်းဖြင့် ဖြစ်စေ ယုဒရှကာရုတ်သည် အသေဆိုး ဖြင့်သေကာ၊ ကြေကွဲစွာ ဇာတ်သိမ်းခဲ့ရသည်မှာ သေချာ သည်။ ဓမ္မသစ်ကျမ်းက မှတ်တမ်းတင်ထားသည်မှာ ဤမျှ ပင်ဖြစ်၏။ သိုသော် ယုဒရှကာရုတ်သည် ကိုယ်တော်၏ နောက်တော်ကို လိုက်ခဲ့ပြီးမှ အဘယ့်ကြောင့် သစ္စာဖောက်ခဲ့ ရပါသနည်း။
(က) စာတန်မာရ်နတ်၏ သွေးဆောင်လှည့်ဖြားမှုကြောင့် စနိုင်သည်။ ဤနေရာ၌ ရှင်လုကာနှင့် ယောဟန်တို၏မှတ်ချက်တိုက သဘောတူညီမှု ရှိနေသည်။ “စာတန်သည် တပည့်တော် တစ်ကျိပ်နှစ်ပါး အဝင်ဖြစ်သော ယုဒရှကာရုတ် အထဲသို ဝင်သည်”ဟု ရှင်လုကာက ဆိုသည်။ (လုကာ၊ ၂၂၃) ကိုယ်တော့်ကို အပ်နှံမည့်အကြောင်း မာရ်နတ်သည် ရှိမုန်၏ သား ယုဒရှကာရုတ်၏ စိတ်နှလုံး အကြံပေးသွင်းနှင့်သတည်း” ဟု ရှင်ယောဟန်က ဆို၏။ (ယော၊ ၁၃၂) ဘုရားသခင်က သူ၏နိုင်ငံတော်ကို တည်ဆောက်ရန် လုပ်ဆောင်နေစဉ် စာတန် မာရ်နတ်ကလည်း ဖျက်ဆီးရန် ကြံဆနေပြီး ယုဒရှကာရုတ်ကို အသုံးပြုခဲ့ခြင်း ဖြစ်၏။
မည်သိုပင်ဖြစ်စေ ယုဒရှကာရုတ် ကိုယ်တိုင်က သဘော မတူလျှင်၊ အလိုတူအလိုပါ မဟုတ်လျှင် ထိုသို မဖြစ်နိုင်ပါ။ ယုဒကိုယ်တိုင်က စာတန်၏ အသုံးပြုခြင်းကိုခံရန် ရွေးချယ် ဆုံးဖြတ်ခဲ့သောကြောင့် ဖြစ်သည်။
(ခ) ယဇ်ပုရောဟိတ်အကြီး ကယာဖက လျှိဝှက်ကြံ စည်နေသောကြောင့် ဖြစ်သည်ဟု အချိုဆိုသည်။ “အရိ မဿာမြိုသား ယောသပ်၏အတ္ထုပ္ပတ္တိ”ဟူသော “ကျမ်းပယ်” တစ်ကျမ်း ရှိပါသည်။ ထိုကျမ်းထဲ၌ ယုဒရှကာရုတ် အကြောင်း စုံလင်စွာ ဖော်ပြထား၏။
ယုဒသည် ယဇ်ပုရောဟိတ်အကြီး ကယာဖ ညီ၏ သား (ဝါ) ကယာဖ၏တူအရင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ ယေရှု ၏သတင်း ပေါ်ထွက်လာစဉ်ကတည်းက ကိုယ်တော်၏ တပည့် ဖြစ်စေခြင်းငှာ ယုဒကို “သူလျှိ”အဖြစ် စေလွှတ်ထားခဲ့သည်။ ကိုယ်တော်၏ သတင်းမျိုးစုံကို ယဇ်ပုရောဟိတ် အကြီးထံ လျှိဝှက်စွာ လာရောက်ပေးနေလေ့ရှိသည်။
ထိုကြောင့် ယုဒသည် အစကတည်းက ကိုယ်တော့်အပေါ် ၌ မကောင်းကြံစည်နေခဲ့သည်ဟု ရေးသားထားပါ၏။ မည်သို ဖြစ်စေ၊ ယုဒအားဖြင့် ဂျူးလူမျိုး ဘာသာရေး အာဏာပိုင် များက ယေရှုအပေါ် သူတို၏ မကောင်းကြံစည်မှုကို အကောင် အထည်ဖော်နိုင်ခဲ့ကြ၏။
(ဂ) ယုဒသည် ငွေမက်သူတစ်ဦးဖြစ်ကြောင်း ရှင်ယောဟန် က ဖော်ပြခဲ့သည်။ ပထမ ခရစ်ဝင်ကျမ်း သုံးကျမ်းစလုံးက ယုဒရှကာရုတ် အကြောင်းကို ကောင်းစွာ မဖော်ပြ သော် လည်း နောက်ဆုံးရေးသားခဲ့သော ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ သာ သူ့အကြောင်းကို ပိုမို၍ ဖော်ပြထားသည်။
ဗေသနိရွာ၌ ကိုယ်တော်၏ခေါင်းပေါ် ဆီမွှေးသွန်းလောင်း စဉ်က အပြင်းအထန် ကန့်ကွက်သူမှာ ယုဒရှကာရုတ်ပင် ဖြစ်ကြောင်း အသေအချာ ဖော်ပြခဲ့ပါ၏။ ယော၊ ၁၂၆ ကို ကြည့်ပါလျှင် ယုဒသည် “ဆင်းရဲသောသူတိုအကျိုးကို ထောက် ၍ ဆိုသည်မဟုတ်၊ မိမိသည် သူခိုးဖြစ်လျက် တပည့်တော်များ သုံးရန် ငွေအိတ်ကို ဆောင်၍ “နှိက်ယူ” တတ်သောကြောင့်သာ ဆိုသတည်း”ဟူ၍ ဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။
နှိုက်ယူ” တတ်သောကြောင့်ဟူသော မြန်မာစကားကို ဆရာ ယုဒသန်က Bastazein ဟူသော ဂရိစကားမှ မြန်မာပြန်ထား ခြင်း ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် ဆိုရလျှင် “လက်ဆော့ တတ်ခြင်း” “အသေးအဖွဲ ပစ္စည်းကလေးများကို ခိုးယူတတ်ခြင်း” ဟု ဆိုလိုသည်။
.. သိုသော် Bastazein ဆိုသည့် စကား၏ အနက်မှန်မှာ မယူခြင်း” “သယ်ယူခြင်း”ဖြစ်၍ ပစ္စည်းတစ်ခုကို “သယ်အောင်မ,ယူတတ်ခြင်း”ကို ဆိုလိုသည်။ မည်သိုဖြစ်စေ ယုဒ သည် မကြာခဏ ခိုးဝှက်တတ်သည်။ ငွေမက်သူ မှန်စေကာမူ ကိုယ်တော့်အား ငွေ ၇ဝိ မျှလောက်နှင့် ရောင်းစားခဲ့သည်မှာ သေးဖွဲလွန်းလှသည်ဟု ယူဆနိုင်ပါသည်။ ။
(ဃ) “ရှကာရုတ်” ဆိုသည့် အမည်နာမက သူ၏ အကျင့် စရိုက်ကို ပေါ်လွင်စေပြန်သည်။ “ရှကာရုတ်” ဆိုသော အမည် မှာ ဟေဗြဲစကား Sicarius နှင့် ဆက်နွယ်နေသည်။ Sicarit ဆိုသော စကား၏အနက်ရင်းမှာ “ဓားမြှောင်ကိုင်ဆောင်သူ များ”ဟူ၍ ဖြစ်သည်။ သူတိုသည် ဂျူးလူမျိုးတို၏ မျိုးချစ် ဝံသာနုဂိုဏ်းဝင်များ ဖြစ်ကြသည်။ ။
ဣသရေလလူမျိုးကို ဘုရားသခင် ရွေးကောက်တော်မူခြင်း က ကမ္ဘာကို အုပ်စိုးရန်ဖြစ်သည်ဟု ယုံကြည်နေ၏။ ထိုကြောင့် ထိုအကြံအစည်တော် ပြည့်စုံရန်မှာ ဂျူးလူမျိုးတိုကပင်လျှင် တက်တက်ကြွကြွ လုပ်ဆောင်ကြရမည်ဟု ခံယူထားကြသည်။ .
ထိုဂိုဏ်းဝင်များသည် ပြောက်ကျားစနစ်ဖြင့် အဖျက် လုပ်ငန်းကို ဆောင်ရွက်နေလေ့ ရှိသည်။ ရောမလူမျိုးများကို လစ်လျှင်လစ်သလို သတ်ဖြတ်တတ်လေ့ရှိသည်။ သူတို၏ ဝတ်ရုံ အောက်၌ ဓားမြှောင်ကို အမြဲ ကိုင်ဆောင် ထားလေ့ရှိပြီး ရောမလူမျိုး တစ်ဦးတည်းတွေ့လျှင် အလစ်ဝင်သတ်လေ့ရှိရုံမက မိမိတို အမျိုးသားချင်းထဲမှ ရောမအစိုးရကို အကူအညီပေး။ တော်လှန်ပုန်ကန်မှုတွင် အဟန့်အတား ဖြစ်နေသူတိုကိုလည်း သတ်ဖြတ်ရန် ဝန်လေးသူများမဟုတ်၊ မျိုးချစ် ဝံသာနုစိတ်မရှိ လျှင် ရန်သူဟူ၍ပင် မှတ်ယူထားကြသည်။
ယုဒသည် ထိုသိုသော ဝံသာနုတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ရန် . အလားအလာ ရှိပါသည်။ ထိုသိုသော သူမျိုးဖြစ်ပါလျှင် အချက် (၂)ချက် ပေါ်လွင်လာသည်။
(၁) ကိုယ်တော်၏အံ့ဖွယ်ရာ နိမိတ်လက္ခဏာများကို ယုဒ ကိုယ်တိုင် မြင်နေရပြီးဖြစ်သည်။ ကိုယ်တော်သည် ဂျူးလူမျိုး များ စောင့်ဆိုင်းနေကြသည့် မေရှိယအစစ်အမှန်ဖြစ်ပြီး ရောမ လူမျိုးများ လက်အောက်မှ တော်လှန် ပုန်ကန်မည့် ခေါင်း ဆောင်ဖြစ်သည်။ မကြာမီ ကိုယ်တော်သည် တန်ခိုးအာနိသင် ဖြင့် ကမ္ဘာကိုပင် လွှမ်းမိုးအုပ်ချုပ်နိုင်သူ ဖြစ်မည်ကား သေချာ သည်။
သိုသော် ယေရှုသည် မိမိ၏တန်ခိုးအာနိသင်ကို မသုံး၊ လူ အပေါင်းကို မေတ္တာစေတနာ၊ ကရုဏာတရားသာ ပြနေပြီး အကြမ်းဖက်မှုတစ်စုံတစ်ခုကိုမျှ မလုပ်ဆောင်လေလေ၊ ယုဒက စိတ်ပျက်လေလေ ဖြစ်ပုံရလာသည်။ ကိုယ်တော့်အား ဘုရင် မြှောက်သည်ကိုပင် လက်မခံဘဲနေသည်ကို ယုဒက မခံမရပ် ဖြစ် လာပေလိမ့်မည်။ ထိုကြောင့် ထို “ဟန်ဆောင်သူကြီး” ကို ဂျူးလူမျိုးအာဏာပိုင်တို၏ လက်သိုအပ်နှံကာ သုတ်သင် ရှင်း လင်းလိုက်ခြင်းက ပို၍ ကောင်းမည်ကို သူက ဆုံးဖြတ်လိုက်ဟန် ရှိသည်။
(၂) ယုဒအနေဖြင့် ယေရှုသည် အကယ်ပင် တန်ခိုးတော် ရှင် ဖြစ်ကြောင်း သိပြီး၊ မြင်ပြီး၊ ယုံကြည်ပြီး ဖြစ်ရာ ယခုံ ထက်တိုင် ပြတ်ပြတ်သားသား ထကြွတော်လှန်ပုန်ကန်မှု မပြု . လုပ်ခြင်းက ကိုယ်တော်၏ စိတ်ထဲ၌ ချီတုံချတုံ ဖြစ်နေသည်။ တိတိကျကျ ပိုင်းခြား ဆုံးဖြတ်နိုင်ပုံ မရသေး ဖြစ်နေသည်ဟုယူဆလာသဖြင့် ကိုယ်တော့်ကို အမြန်ဆုံး ပြတ်ပြတ်သားသား လုပ်ဆောင်စေရန် နည်းလမ်းတစ်လမ်းကို ကြံဆမိသည်။ ထိုနည်း လမ်းကား ကိုယ်တော့်ကို ရန်သူတို၏ လက်ထဲသို ဝကွက်၍ အပ်နှံလိုက်ခြင်းပင် ဖြစ်သည်။
ရန်သူတိုက ရုတ်တရက် ဖမ်းဆီး ချုပ်နှောင်လိုက်သည်နှင့် တပြိုင်နက် သခင်ယေရှုသည် မတတ်သာတော့ဘဲ မိမိ၌ရှိနေ သော တန်ခိုးအာနိသင်တိုကို မလွဲမသွေ အသုံးပြုရတော့မည်။ မိမိကိုယ်ကို ကာကွယ်သည့်နည်းဖြင့် အံ့ဖွယ်ရာ တန်ခိုးအာဏာကို ပြပြီး တုံပြန်လိုက်သည့်အခါ ဂျူးလူမျိုးတို ထကြွတော် လှန်မှု ကြီး ပေါ်ပေါက်လာတော့မည်မှာ မလွဲပင်ဖြစ်သည်ကို ယူဆ ထားပါလိမ့်မည်။ ။
ထိုကြောင့်လည်း ဥယျာဉ်ထဲ ဝင်လာစဉ်က ယုဒရှကာ ရုတ်သည် ချဉ်းကပ်၍ “အရှင်ဘုရား၊ မင်္ဂလာရှိစေသော”ဟု ဆိုပြီး နမ်းလိုက်ခြင်းပင် ဖြစ်သည်။ တနည်းဆိုရသော် “အရှင် ဘုရား၊ ရန်သူတိုကို တိုက်ပါတော့၊ တန်ခိုးတော်ကို ပြပါတော့၊ သူတိုကို လွင့်စင်ပျောက်ကွယ်သွားရန် တန်ခိုးတော်အားဖြင့် ပြု လုပ်ပါတော့၊ ပြလိုက်ပါတော့”ဟု ဆိုနေခြင်းနှင့်တူသည်။
ကိုယ်တော်က အသာတကြည် အဖမ်းခံလိုက်ရသည်ကို တွေ့ ရသည့် နောက်ပိုင်း၍ ယုဒရှကာရုတ် ပျောက်သွားတော့သည်။ မိမိကိုယ်ကို သတ်သေနိုင်လောက်အောင် စိတ်ပျက်သွားရသည့် အကြောင်းရင်းမှာ ကိုယ်တော်သည် မည်သိုမျှ ပြန်၍မခုခံဘဲ အသာတကြည် အဖမ်းခံခြင်းကို မြင်ရရာ “မိမိ၏လုပ်ရပ်သည် မှားပြီ”ဟူ၍ ချက်ချင်းနားလည်သွားပြီး ဝမ်းနည်း ကြေကွဲ သွားခြင်း ဖြစ်ပါလိမ့်မည်။
သူကိုယ်တိုင် ချစ်ခင်မြတ်နိုး၊ လေးစားကြည်ညိုသူတစ်ဦးကို ရန်သူ၏ လက်သို ဝကွက်အပ်နှံခဲ့ရခြင်း အကြောင်းကြောင့် မိမိကိုယ်ကို သတ်သေသွားရခြင်း ဖြစ်နိုင်သည်။
မည်သိုဖြစ်စေ ယုဒသည် ယေရှုအား သူဖြစ်စေလိုသည့် အတိုင်း ဖြစ်လာရန် ကြိုးစားခဲ့သည်။ ယေရှူပြုစေလိုသည့် အတိုင်း ပြုပါရန် မိမိကိုယ်ကို ကိုယ်တော်၏ လက်တော်ထဲသို မအပ်နှံဘဲ သူလိုလားသည့်အတိုင်းသာ ယေရှုအား ဖြစ်စေရန် အတင်းအဓမ္မကြံစည်ခဲ့သူ ဖြစ်ပါ၏။
ကျွန်တော်တိုသည်လည်း ဤဖြစ်ရပ်အားဖြင့် သင်ခန်းစာ ယူသင့်သည်။ ။
နောက်ဆုံးသော ရက်သတ္တပတ်၏ ဗုဒ္ဓဟူးနေ့သည် ထူးခြား လှပါ၏။ ဗေသနိရွာ၌ အမျိုးသမီးတစ်ဦးက ယေရှုအား သူ၏ မေတ္တာကို ပြခဲ့သည်။ ထိုနေ့တွင်ပင် ယုဒရှကာရုတ်က မုန်းတီးမှု ကြော သော်လည်းကောင်း၊ မျှော်လင့်ချက် တစ်ခုခုကြောင့် သော် စားကောင်း ကိုယ်တော့်ကို သစ္စာဖောက်ခဲ့သည်။
ယေရှုနှင့်ပတ်သက်လာလျှင် လူတစ်ဦးသည် ဘယ်သောအခါ မျှ ကြားနေဝါဒ သုံးနေ၍ မရပါ။ ကိုယ်တော့်ကို လက်ခံလျှင် လက်ခံ၊ လက်မခံလျှင် ငြင်းပယ်၊ ဤတစ်ခုခုကို ပြုရပေတော့မည်။ ယေရှုအပေါ်၌. ကျွန်တော်တို မည်သို သဘောထားသည်ကို ယတိပြတ် ဆုံးဖြတ်ကြရန် ဤဗုဒ္ဓဟူးနေ့က သတိပေးနေပါ၏။
အခန်း (၂၈)
ကြာသပတေးနေ့ (နောက်ဆုံးသောညစာ စားတော်မူခြင်း)
ဤကြာသပတေးနေ့၌ ကိုယ်တော်သည် တမန်တော်များနှင့် အတူ နောက်ဆုံးညစာကို စားခဲ့သည်။ ထိုညစာ စားခဲ့သော ၂. ဖြစ်ရပ်မှအစပြုပြီး ခရစ်ယာန်အသင်းတော်၌ “ ပွဲတော်မင်္ဂလာ ဝတ်”ဆိုသည်မှာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါ၏။ –
အရေးကြီးလှသော အချက်ကို ရှေးဦးစွာ ပြောထားမှ ဖြစ် ပေလိမ့်မည်။
ယေရှုသက်တော် ထင်ရှားရှိစဉ်က ဂျူးလူမျိုးတို၏ နေ့ တစ်နေ့သည် ယခု ကျွန်တော်တိုခေတ် ညသန်းခေါင်မှ နောက် တစ်နေ့ည သန်းခေါင်အထိ ရေတွက်သည်မဟုတ်၊ ညနေပိုင်းနေ ဝင်သည့်အချိန်မှစပြီး နောက်တစ်နေ့ နေဝင်သည့်အချိန်အထိ တစ်နေ့တစ်ရက်ဟူ၍ သတ်မှတ်ထားပါသည်။ အကြမ်းဖျင်းအား ဖြင့်ဆိုရလျှင် ဂျူးလူမျိုးတိုအဖို ညနေ (၆)နာရီမှ နောက်တစ်နေ့ ညနေ (၆)နာရီအထိ တစ်ရက်ဖြစ်၏။ .
ထိုကြောင့် ပသခါပွဲနေ့မှာ ကြာသပတေးညနေမှ အစပြု ပြီး၊ ထိုနေ့၌ ပသခါပွဲနေ့အတွက် ကြိုတင်ပြင်ဆင်ရသည်။ သိုး သူငယ်များကို ဗိမာန်တော်အတွင်းသို ယူဆောင်ပြီး ဝိနည်းတော် များအရ သတ်ကာ ပူဇော်ရသည်။ ထိုကိစ္စကို ကြာသပတေးနေ့ မွန်းတည့် ၁၂ နာရီ မတိုင်မီကတည်းကစ၍ ပြုလုပ်ကြသည်။ ညနေ (၃) နာရီခန့်အထိ ထိုအမှုကိစ္စကို အပြီးစီရင်ကြရသည်။
ထိုကြာသပတေးနေ့ကို “အဇုမပွဲနေ့”ဟူ၍လည်း ခေါ်သည်။
ညနေ (၆)နာရီကျော်လျှင် ကျွန်တော်တိုအဖို ကြာသပတေး နေ့ ညနေပိုင်း ဖြစ်နေသေးသော်လည်း ထိုခေတ်ရှိ ဂျူးလူမျိုး တိုအဖို “သောကြာနေ့” ဖြစ်သွားပါပြီ။ ကြာသပတေးနေ့ နေ ဝင်သည်နှင့် တပြိုင်နက်၊ သောကြာနေ့ဖြစ်၍ ပသခါပွဲနေ့အစ ပြုသည်ကို သတိပြုထားစေလိုပါ၏။
နောက်ဆုံးသောညစာသည် ပသခါပွဲနေ့ညစာ ဖြစ်ပါသလား။
ပထမ ခရစ်ဝင် သုံးကျမ်းစလုံးက ယေရုရှလင်မြိုရှိ အထက် ခန်းထဲ၌ . ယေရှုနှင့် တမန်တော် (၁၂)ပါးတို စားသုံးခဲ့သော ညစာသည် “ပသခါပွဲတော်နေ့ညစာ”ဟူ၍ ထိုအတိုင်း တင်ပြ ထားပါသည်။ ။
ဗေသနိရွာ၌ ဆီမွှေးသွန်းလောင်းခဲ့သည့် ဖြစ်ရပ်မှ (၂)ရက် လွန်မြောက်လျှင် ပသခါနေ့ရောက်မည်ဟု အတိအလင်း ဆိုခဲ့ ကြသည်။ (မဿဲ၊ ၂၆း၂၊ မာကု၊ ၁၄း၁၊ လုကာ၊ ၂၂း၁)။ ရှင်မဿဲနှင့် ရှင်မာကုတိုက အဇုမပွဲနေ့တည်းဟူသော ကြာသပ် တေးနေ့နံနက်၌ ကိုယ်တော်က တမန်တော်အချိုအား ယေရုရှ လင်မြို သိုစေလွှတ်ပြီး ပသခါပွဲနေ့ ညစာစားသုံးရန်အတွက် ပြင် ဆင်စေခဲ့ကြောင်း ဆိုထားသည်။ (မဿဲ၊ ၂၀း၁၇၊ မာကု၊ ၁၄း၁၂) ထိုနေ့၌ ပသခါပွဲ သိုးသူငယ်ကို ဗိမာန်တော်အတွင်းသို ယူဆောင်သွားပြီး ယဇ်ပူဇော်ရသည်။ “ပသခါ သိုးသူငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲ”ဟူ၍ ရှင်မာကုနှင့် လုကာ တိုက အတိအလင်း ဆိုထားသည် (မာကု၊ ၁၄း၁၂၊ လုကာ၊ ၂၂း၇)။
ယေရှုက ပသခါပွဲတော် ညစာစားရန် နေရာကို ပြင်ဆင် ခိုင်းသည်။ မိန့်မှာတော် မူသည့်အတိုင်း တပည့်တော်များကလည်း ပြင်ဆင်ခဲ့ကြသည်။ (မဿဲ၊ ၂၆း၁၉၊ မာကု၊ ၁၄း၁၆၊ လုကာ၊ ၂၂း၁၃) “ညဦးယံအ ချိန်ရောက်မှ (ကိုယ်တော် သည်) တပည့်တော် တစ်ကျိပ်နှစ်ပါးတိုနှင့် အတူ စားပွဲ၌လျောင်းတော်မူ၏”ဟုဆိုရာ၌ ထိုညစာသည် ပသခါပွဲနေ့ ညစာဖြစ်သည်ကို ထပ်မံရှင်းပြနေစရာ မလိုတော့ပေ။ (မဿဲ၊ ၂၆း ၂ဝ၊ မာကု၊ ၁၄း၁၇၊ လုကာ၊ ၂၂း၁၄)။
ပထမ ခရစ်ဝင်ကျမ်းသုံးကျမ်းစလုံးက ထိုညစာကို ပသခါ ပွဲတော်နေ့ညစာဟူ၍ သတ်မှတ်ထား ခဲ့ကြသည်မှာ သေချာ၏။ သိုသော် ရှင်ယောဟန် ခရစ်ဝင်ကျမ်း တစ်ကျမ်းတည်းကမူ ကိုယ်တော်သည် ပသခါ ပွဲတော်နေ့ မတိုင်မီ အသေသတ်ခံတော် မူခဲ့ကြောင်းကို ဆိုထားသည်။ ထို ကြောင့် လည်း ရှင်ယောဟန်က “ပသခါပွဲမခံမီ ယေရှုသည် ဤလောကမှ ခမည်းတော်ထံသို ပြောင်းရသော အချိန် ရောက်သည်ကို သိတော်မူသည်ဖြစ်၍ …”ဟူ၍ ၁၃း၁ တွင် ဆိုထားပါ၏။
ရှင်ယောဟန်က တဖန် ယေရှုကို တရားစီရင် စစ်ဆေးနေ ချိန်၌ “ယေရှုကို ကယာဖထံမှ အိမ်တော်ဦးသို ဆောင်သွား ကြ၏။ ထိုသူတိုသည် အာပတ်နှင့် ကင်းလွတ်၍ ပသခါပွဲကို ခံရမည့်အကြောင်း (ပိလတ်မင်း၏) အိမ်တော်ဦးသို ကိုယ် တိုင်မဝင်ကြ”ဟု ဆိုထားပြန်သဖြင့် ကိုယ်တော့်ကို တရား စီရင် စစ်ဆေးသော နေ့မှာ ကြာသတေးနေ့ နံနက်ပိုင်း ဖြစ်၍၊ ညနေရောက်လျှင် ပသခါပွဲတော်နေ့ ညစာကိုစား အံ့သောငှာ အာပတ်ကင်းစေရန် ပိလတ်မင်း၏ အိမ်တွင်း သိုပင် မဝင်ကြကြောင်း ဆိုခဲ့သည်။ (ယော၊ ၁၈း၂၈) ထို ကြောင့်လည်း ကိုယ်တော့်ကို တရားစီရင်ပြီး ကားတိုင်၌ အသေသတ်ချိန်မှာ ပသခါသိုးသူငယ်များကို ယဇ်ပူဇော်ရသော အချိန် ကြာသပတေးနေ့ မွန်းတည် ၁၂-နာရီ ခန့်ရှိကြောင်း ဆိုထား၏။ ယော၊ ၁၉း၁၄+)။
ထိုခြားနားချက် ၂ မျိုးကို သုံးသပ်ပြီး အဖြေကို ဖော် ထုတ်ပြလိုပါသည်။
ပထမ ခရစ်ဝင် ကျမ်းသုံးကျမ်းကို ရေးသူများက ကိုယ် တော်၏ သက်တော်စဉ်၏ ဖြစ်ရပ်များကို သူတို သိရှိ၊ တွေ့မြင်၊ နားလည်ကြသည့်အတိုင်း ရေးသားပြုစုခဲ့ကြသည်။ သိုသော် ရှင်ယောဟန်က မူကား ထိုဖြစ်ရပ်၏ “သီဩ လော်ဂျီဆိုင်ရာ အနက်အဓိပ္ပါယ်”တို ဖော်ထုတ်၍ ပြလိုခဲ့ သည်။
ရှင်ယောဟန် ခရစ်ဝင် ကျမ်းတစ်ကျမ်းလုံးကိုက သီဩ လောဂျီ ကျမ်းအနက်များကို အာသီသထား ဖွင့်ဆိုနေခဲ့သည် ဖြစ်ရာ၊ ရှင်ယောဟန် ကျမ်းက ဖြစ်ရပ်များကို အသေး စိတ်ကိုအတိအကျ ဖော်ပြသည်ထက် “အနက်အဓိပ္ပါယ်”ကိုသာ လျှင် ဦးစားပေးခဲ့ပါသည်။ ထိုကြောင့်လည်း ကိုယ်တော်၏ အသေခံတော်မူချိန်မှာ ဗိမာန်တော်ထဲ၌ ပသခါ သိုး သူငယ်များ သတ်ချိန်နှင့် တစ်ချိန်တည်း ဖြစ်နေခြင်း၊ ကိုယ် တော်သည်ပင်လျှင် “ပသခါသိုးသူငယ်” ဖြစ်ကြောင်းကို အနက်ဖွင့်ခဲ့ခြင်း ဖြစ်သည်။
အရေးကြီးသော နောက်တစ်ချက် ရှိနေပါသေးသည်။
ပသခါပွဲတော်နေ့ ညစာတွင် အဓိကဖြစ်သော၊ မပါလျှင် လုံးဝမဖြစ်သော အရာတစ်ခုမှာ ပသခါ သိုးသူငယ် ဖြစ်သော် လည်း ခရစ်ဝင်ကျမ်းများ အားလုံးကို ကြည့်လျှင် နောက်ဆုံးသော ညစာစားပွဲ၌ ပသခါ သိုးသူငယ်ပါကြောင်း တစ်ဦးမျှ ဖော်ပြမထားကြပါ။ .
ကြာသပတေးနေ့ နေ့လယ်ပိုင်းတွင် ပသခါ ပွဲတော်နေ့ ညစာအတွက် ပြင်ဆင်ရခြင်းဆိုသည်မှာ ဗိမာန်တော် ထဲသို သိုးသူငယ်ကို ယူဆောင်သွားရခြင်း မှန်သော်လည်း ယေရှု က ထိုသို ပြင်ဆင်စေခြင်းအလိုငှာ တမန်တော်တိုအား ကြိုတင် စေလွှတ်ခဲ့သည်။ “အဘယ်အရပ်၌ အကျွန်ုပ်တိုသည် သွား၍ ပြင်ဆင်စေခြင်းငှာ အလိုတော် ရှိပါသနည်း”ဟု တမန် တော်များက မေးပြီး ကိုယ်တော်က စေခိုင်းခဲ့သလို “တပည့် တော်တိုသည် မြိုထဲသိုဝင်လျှင် စကားတော်အတိုင်း တွေ့၍ ပသခါပွဲကို ပြင်ဆင်ကြ၏”ဟူ၍ ရှင်မာကုနှင့် ရှင်လုကာ ကျမ်းတိုတွင် တွေ့ရပါလိမ့်မည်။ (မာကု၊ ၁၄း၁၂၊၁၆၊ လုကာ၊ ၂၂း၇၊၁၃)။
ထိုသိုပြင်ဆင်ပြီးမှ စားသုံးကြသောအခါ ပသခါသိုးသူငယ် ပါကြောင်း လုံးဝမတွေ့ရပါ။
သိုကြောင့် ဤညစာ စားပွဲသည် Passover Kiddush ဟု ခေါ်သော ညစာစားပွဲဖြစ်နိုင်သည်။ Kiddush ဆိုသည့် ဟေဗြဲစကား၏ အဓိပ္ပါယ်မှာ “ရိုသေလေးမြတ်ဖွယ်ရာ ဖြစ် ခြင်း” “သန့်ရှင်းမြင့်မြတ်ခြင်း” “သန့်ရှင်းခြင်း” “သန့် ရှင်း မြင့်မြတ်သောကြောင့် သီးသန့် ဖယ်ရှားထားရခြင်း” စသော အဓိပ္ပါယ် ရှိပါ၏။ ် ကြီးမြတ်သော ပွဲတော်နေ့များ၊ ဥပုသ်နေ့များ မတိုင်မီ Kiddush ဟူသော ဝတ်ဖြင့် အမြဲ အစပြုရလေ့ရှိသည်။
အိမ်တစ်အိမ်မှာဆိုလျှင် စားပွဲကို ပြင်ဆင်ပြီး ထိုစားပွဲပေါ် ၌ ဖန်ခွက်တစ်လုံး၊ စပျစ်ရည်တစ်ဖလား၊ ပေါင်မုန့် (၂)လုံးကို အသင့်ပြင်ထားရသည်။ အိမ်ထောင်ဦးစီးဖြစ်သော ဖခင်က စပျစ်ရည်ကို ကျေးဇူးတော် ချီးမွမ်းပြီး ဝေငှရသည်။ မုန့်ကို လည်း ထိုနည်းတူ ကျေးဇူးတော် ချီးမွမ်းပြီးမှ ချိုးဖဲ့၍ ဝေ ငှရသည်။
ဤသိုပြုမူချက်သည် ပွဲတော်နေ့ကြီးရက်ကြီးများ မတိုင်မီ ပြုရသော ဝတ်တစ်ခုဖြစ်၍ ယေရုရှလင်မြို၌ ကိုယ်တော်နှင့် တမန်တော်တို စားသုံးခဲ့ကြသော ညစာမှာ ထို Kiddush ညစာနှင့် တူသည်။ ထိုကြောင့်လည်း ပသခါ သိုးသူငယ် အကြောင်း မပါခြင်း ဖြစ်နိုင်၏။
မည်သိုပင်ဖြစ်စေ ထိုညစာစားပွဲ၏ ဖြစ်ရပ်များကို ကြည့် ပြီး အနက်ကို ဖွင့်ကြည့်ကြပါစို –
(က) ထိုညစာစားပွဲကို ကိုယ်တော်က ကြိုတင် ပြင်ဆင် ထားခဲ့ကြောင်း သေချာသည်။
ထိုညစာစားရန် အတွက် နေရာ လိုအပ်သော အသုံး အဆောင်ပစ္စည်းစသည်တိုကို ကိုယ်တော်က ကြိုတင် ပြင်ဆင် ထားခဲ့ဟန်တူသည်။ (မဿဲ၊ ၂၆း၁၇-၁၉၊ မာကု၊ ၁၄း၁၂-၁၆၊ လုကာ၊ ၂၂း၇-၁၃ တိုကို ကြည့်ပါ)
“အထက်ခန်း တစ်ခန်းကို ကိုယ်တော်က အလိုရှိတော်မူခဲ့ သည်။
ပါလက်စတိုင်းနိုင်ငံ၌ ထိုခေတ်ရှိ အိမ်များတွင် အခန်း (၂)ခန်းရှိတတ်သည်။ အိမ် (၂) ခန်းပါသော အိမ်ဖြစ်လျှင် ဒုတိယအခန်းမှာ အထက်ခန်း ဖြစ်တတ်သည်။
ဥပမာအားဖြင့် ပြရလျှင် အိမ်အောက်ခန်းကြီး တစ်ခုလုံး သည် လေးထောင့်သေတ္တာကြီး တစ်ခုနှင့်တူပြီး အထက်ခန်း သည် ထိုလေးထောင့်သေတ္တာကြီးပေါ်၌ သေတ္တာငယ်တစ်ခု ကို ထပ်ဆင့်တင်ထားသည်နှင့် သဏ္ဍာန်တူသည်။ ထိုအခန်း သည် ပစ္စည်းထားသိုရာ အခန်း၊ ဧည့်သည် တည်းခိုရာ အခန်း ဖြစ်သည်။ ထိုအခန်းကို ဆုတောင်းရာ အခန်းတစ်ခုအဖြစ် သော် လည်းကောင်း၊ ရှိဆရာတစ်ဦးက သူ၏ တပည့်များကို သွန် သင်ရာ၊ တရားဆွေးနွေးရာ အခန်းအဖြစ် သော်လည်းကောင်း အသုံးပြုလေ့ရှိသည်။ ။
တစ်ခါတစ်ရံ အခန်းထက်သိုတက်ရန် လှေကားထစ်များကို အိမ်ပြင်၌ ထုတ်ထားလေ့ ရှိသည်။ တမန်တော်တိုသည်လည်း ယေရှုမှာကြားတော်မူသည့်အတိုင်း အားလုံး ပြင်ဆင်ခဲ့ကြ၏။ (မဿဲ၊ ၂၆း၁၉၊ မာကု၊ ၁၄း၁၆၊ လု ကာ၊ ၂၂း၁၃) အကယ်၍ ပသခါ ညစာစားပွဲ ဖြစ်ပါမူ အောက်ဖော်ပြပါ အရာတိုကို လိုအပ်ပါ၏ ။
(၁) ပသခါသိုးသူငယ်။ ဗိမာန်တော်ထဲသို ယူဆောင်သွား ပြီး ဝိနည်းတော်တိုအတိုင်း ပူဇော်ပသပြီးသား သိုးသူငယ် ဖြစ် ရသည်။
(၂) တဆေးမပါသော ပေါင်မုန့်။ အီဂျစ်ပြည်၌ ကျွန်ခံ နေရပြီး၊ ထိုနိုင်ငံမှ လွတ်မြောက်ခါနီးည၌ တဆေး မပါသော မုန့်ကို အလျင်စလို စားသုံးခဲ့ရကြောင်းကို သတိရစေလို၍ ဖြစ်သည်။
(၃) ဆားရည်တစ်ဖလား။ အီဂျစ်ပြည်၌ ကျွန်ခံခဲ့ရစဉ် ငိုကျွေးခဲ့ရသော မျက်ရည်များနှင့် ပင်လယ်နီကို ဖြတ်”လွတ်မြောက်ခဲ့ရပုံကို သတိရစေခြင်းငှာ ပင်လယ်ရေနှင့် တူ သော ဆားငံရည်ကို အသင့်ထားရသည်။
(၄) ခါးသီးသော အမြစ်နှင့် သစ်ဥသစ်ဖု တစ်ပန်းကန်။ အများအားဖြင့် ၎င်းတိုမှာ သင်္ဘော ဒန့်ဒလွန်၊ Chlcory ခေါ် ကော်ဖီတုစေ့များ၊ ကုလားပင်စိမ်းရွက်နှင့် အခြား ခါးသီးသော သစ်ဥသစ်ဖုများ ပါသည်။ အီဂျစ်ပြည်၌ ကျွန်ခံနေ ခဲ့ရစဉ် ခံစားခဲ့ရသော ဒုက္ခဆင်းရဲခြင်း၊ ခါးသီးသော ဖြစ်ရပ် များကို သတိရစေလို၍ ဖြစ်သည်။
(၅) သစ်သီးယို။ ၎င်းတိုကို Charosheth ဟု ဟေဗြဲ စကားဖြင့် ခေါ်သည်။ ပန်းသီး၊ သစ်သီးစေ့နှင့် သလဲသီး တိုကို ရောစပ်ပြီး ပျစ်ပျစ်ချွဲချွဲ ဖြစ်နေစေရန် ကျိုထားသည်။ ထိုခွဲပစ်သော ယိုကိုမြင်လျှင် အီဂျစ်ပြည်၌ ဂျူးလူမျိုး တို ဖုတ်ခဲ့ရသော အုတ်များ၏ ရွံစေးများကို သတိရစေလို၍ ဖြစ်သည်။ ထိုယိုထဲတွင် သစ်ကြမ်းပိုး တန်များကို ထိုးစိုက်ထား သည်။ ၎င်းအတံကလေးများမှာ ထိုပြည်၌ နေရစဉ်က သူတို အသုံးပြုခဲ့ရသော ကောက်ရိုးများကို သတိရစေရေး အလိုငှာ ဖြစ်ပါ၏။
(၆) စပျစ်ရည်။ ပသခါပွဲတော် ညစာစားပွဲ၌ ထိုင်သူ တိုင်းသည် စပျစ်ရည် လေးခွက်စီသောက်ရသည်။
(၇) လူဦးရေ။ ညစာစားပွဲ ကျင်းပရန် အနည်းဆုံး လူ (၁၀)ဦး ရှိရသည်။ အစားအစာ အကြွင်းအကျန် တစ်ခုမျှ မကျန်အောင် စားသောက်ပစ်ရ၏။
အကယ်၍ ယေရှုနှင့် တမန်တော်များ နောက်ဆုံးစားခဲ့ သော ညစာသည် ပသခါပွဲတော်၏ ညစာဖြစ်ပါက အထက်ဖော်ပြပါ အရာအားလုံးကို တမန်တော်များက ပြင်ဆင် ပြီးသည့်အခါ ယေရှုသည်လည်း သူတိုနှင့်အတူ စားပွဲတွင် လျောင်း၍ အတူ စားသောက်တော်မူသည်။
(ခ) ထိုညစာစားပွဲ၌ ဝမ်းနည်းဖွယ်ရာ ဖြစ်ရပ်သုံးမျိုးကို တွေ့ရသည်။ ၎င်းတိုမှာ- . .”
(၁). တမန်တော်အချင်းချင်း နေရာကောင်း လုနေကြခြင်း။ များမကြာမီ ဘုရားသခင် တွေ့ကြုံရတော့ မည့် ဒုက္ခဆင်းရဲနှင့် ဝေဒနာခံစားရခြင်းတိုကိုပင် ဂရုမစိုက်နိုင်ဘဲ သူတိုသည် နေရာ ကောင်းများ လုနေခဲ့ကြသည်။ (လုကာ၊ ၂၂း၂၄-၃ဝ) ရှေ့၌ မားမားရပ်တည်နေပြီး ဖြစ်သော ကားတိုင်နှင့် ဝေဒ နာ ခံစားခြင်း အပြစ်များကိုပင် သတိ မမူနိုင်ကြတော့ဘဲ၊ တစ်ဦးချင်း၏ မနာလိုမှု၊ ဝန်တိုမှု၊ သူများထက် သာလိုမှုတို သည် ကိုယ်တော်၏ ရှေ့တော်မှောက်၌ပင် ဖြစ်ပွားခဲ့သည်။
(၂) သစ္စာဖောက်မည့်သူမှာ တမန်တော်တို၏ အထဲ၌ပင် ရှိနေကြောင်း ကိုယ်တော်က သတိပေးရခြင်း။ ရှင်မဿဲနှင့် ရှင်ယောဟန်တိုက ထိုသစ္စာဖောက်မည့် သူသည် ယုဒရှကာ ရုတ်ပင် ဖြစ်မည့်အကြောင်း အတိအလင်း ဖော်ပြခဲ့သည်။ (မဿဲ၊ ၂၆း၂၅။ ယော၊ ၁၃း၂၆-၃၀)
ထိုစဉ်က တမန်တော်များက ယုဒရှကာရုတ် ဖြစ်မည့် အကြောင်း ရိပ်မိကြဟန်မတူ။ အကယ်၍ သိရှိကြပါက ထို နေရာ၌ပင် ရန်ပွဲကြီးတစ်ခု ဖြစ်ပွားမည်မှာ မလွဲပင်ဖြစ်သည်။ ကိုယ်တော်က မုန့်တစ်လုပ်စာကိုနှစ်ပြီး ယုဒရှကာရုတ်ကို ပေး သည်။ ညစာစားပွဲ၏ အလယ်လောက်တွင် ပေါင်မုန့်နှစ်လုံး၊ စပ်ကြား၌ ခါးသီးသောအရည် Charosheth ကို ထားရလေ့ ရှိသည်။ ထိုခါးသီးသောအရည်ထဲသို ပေါင်မုန့်တစ်စကို နှစ်ပြီး မှ စားကြရန် အိမ်ထောင်ဦးစီးက ဝေငှရသည်။
(၃) ပေတရုက ကိုယ်တော့်ကို ငြင်းပယ်မည့်အကြောင်း ယေရှုကိုယ်တော်တိုင်က ကြိုတင်ပြောခဲ့သည်။ ရှင်ပေတရုက မည်သည့်နည်းနှင့်မဆို သူသည် ထိုသို လုပ်မည်မဟုတ်ကြောင်း ကို ပြောသော်လည်း ကိုယ်တော်က ပေတရုသည် ထိုသိုသစ္စာ ရှိရှိ၊ ကြံ့ကြံ့ခံလိမ့်မည် မဟုတ်ဟု သတိပေးခဲ့၏။
နောက်ဆုံးသော ညစာစားပွဲ၌ပင်လျှင် နေရာကောင်း လူနေမှု၊ သစ္စာဖောက်မှု၊ လူတို၏ ရှေ့တွင် ငြင်းပယ်မည့် အကြောင်းကို ကိုယ်တော်က သိမြင်နေရခြင်းက ကိုယ်တော် ၏ စိတ်ထဲ၌ မည်မျှ နာကြည်းဖွယ်ရာ ကောင်းနေလိမ့်မည် နည်း။
ကောရိ ဩဝါဒစာကို ခရစ်ဝင်ကျမ်းတိုထက် ရှေးဦးစွာ ရေးသားခဲ့သည်ဖြစ်ရာ၊ ထိုညစာစားပွဲတွင် ကိုယ်တော်ပြုတော် မူ၍ မိန့်တော်မူသော စကားများမှာ “သခင် ယေရှုသည် ရန်သူလက်သို အပ်နှံခြင်းကို ခံသောညမှာ မုန့်ကိုယူ၍ ကျေး ဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ ဤမုန့်ကား သင်တိုအဖို အလိုငှာ ချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏။ ယူ၍ စားကြလော့ ငါ့ကို အောက်မေ့ဖိုရာ ဤသိုပြုကြလော့”ဟု မိန့်တော်မူ၏။
ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ “ဤခွက် ကား ငါ၏အသွေး၌ တည်သော ပဋိညာဉ် တရားသစ်ဖြစ် ၏။ ဤခွက်ကို သောက်သောအခါ ငါ့ကို အောက်မေ့ဖို ရာ သောက်ကြလော့ဟု မိန့်တော်မူ၏”ဟု ရှင်ပေါလုက ရေးသားခဲ့ပါ၏။ (၁ ယော၊ ၁၁း၂၃-၂၆) ၊
သိုကြောင့် ဤညစာ စားပွဲကြီးမှ ပေါ်ထွက်လာသော အနက်ကို ဖွင့်ကြည့်ကြပါစို –
(က) ဤညစာ စားပွဲကြီး၏ နောက်ခံ၌ ပသခါပွဲတော် နေ့၏ သဘောပါနေသည်။ ထိုနောက်ဆုံးသော ညစာစားပွဲ သည် ပသခါပွဲတော် ညစာစားပွဲ အတိအကျ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ဤဖြစ်ရပ်တစ်ခုလုံး၏ နောက် ခံတွင် ပသခါ ပွဲတော်နေ့၏ သဘော အသေအချာ ပါဝင် နေသည်။
ပသခါ၏ အခြေခံသဘောမှာ လွတ်မြောက်လာခြင်း၊ အီဂျစ်ပြည်၌ ကျွန်ခံနေရာမှ မောရှေအားဖြင့် ကျွန်ဘဝမှ လွတ်မြောက်လာခြင်း၊ ပသခါ သိုးသူငယ်၏ သွေးအားဖြင့် သေခြင်း၊ ကောင်းကင်တမန်၏ သတ်ဖြတ်မှုမှ ကင်းလွတ်ရ ခြင်းတို ပါနေသည်။ (ထွက်၊ ၁၂ ကို ကြည့်ပါ)
သိုကြောင့် ယေရှုက ဤညစာ စားပွဲအားဖြင့် လူအပေါင်း တို၏ လွတ်မြောက်လာမှု၊ ချုပ်နှောင်မှု အောက်မှ ကယ် နှုတ်ခြင်းခံရမှု၊ ရွေးနှုတ်ခြင်းခံရမှု၊ ခံစားရတော့မည့် ကျောက် လပ်မှုတို၏သဘောကို ဖော်ပြနေသည်။ လူတိုအား အပြစ်ဒုစရိုက် နွံတွင်းမှ ကယ်တင်ခြင်း သဘောကို ဖော်ပြသည်။ ထိုအပြင် ပသခါ သိုးသူငယ်၏ သွေးပူဇော်မှု သဘောကို ယူပြီး မိမိ ကိုယ်တော်တိုင်၏ စွန့်လှူ ပူဇော်မှုကြောင့် သူတိုခံစားရတော့ မည့် ရွေးနှုတ်ကယ်တင်မှု သဘောတရားကြီးကို ပီပြင်စွာ ဖော်ပြသည်။
(ခ) ညစာစားပွဲ၌ “ပဋိညာဉ်” ဟူသော သဘောတရား ပါနေသည်။ ပဋိညာဉ်၏ အရင်းခံသဘောမှာ ဘုရားနှင့် လူတိုပြုထားသော ကတိတော်များဖြစ်၏။ ဘုရားနှင့်လူတို ဆက်ဆံ ရေးတွင် ၎င်းသည် အဓိကနေရာမှ ပါဝင်နေသည်။
ယခင်ကရှိခဲ့သော ပဋိညာဉ်ဟောင်းနှင့် ယေရှု၏ အသွေး အားဖြင့် ထပ်မံစီရင်ပေးခဲ့သော ပဋိညာဉ်တိုသည် ခြားနား ပါ၏။
ပဋိညာဉ်ဟောင်းသည် ပညတ်တော်များ အပေါ်၌ တည် ဆောက်ထားပြီး ထိုပညတ်တော်များကို လိုက်နာ စောင့် ရှောက်ခြင်းအပေါ်၌ မူတည်သည်။ ပညတ်တော်တိုကို မလိုက် နာ မစောင့်ရှောက်ပါက ဘုရားနှင့် လူတို၏ ဆက်ဆံရေးမှာ ပျက်ပြယ်သွားနိုင်သည်။ (ထွက်၊ ၂၄း၁-၈ ကို ကြည့်ပါ)
သိုသော် ယခု ယေရှု ပြုတော်မူသော ပဋိညာဉ် သစ်ကား ကိုယ်တော်၏ အသွေးတော်၊ အသက်ရှင်ခြင်းနှင့် အသေခံ တော်မူခြင်း၌ မူတည်သည်။ ထိုဖြစ်ရပ်အပေါ်၌ အခြေပြု ထားသည်။
တစ်နည်းဆိုရသော် ကိုယ်တော်၏ အသက်ရှင်ခြင်းနှင့် အသေခံတော်မူခြင်း အားဖြင့် ဘုရားနှင့် လူတို ဆက်ဆံမှု “အသစ်”ကို ပြန်လည် ခံစားရမည့် အကြောင်း ဖော်ပြနေသည်။
ယေရှု၏ ပဋိညာဉ်ကား “မေတ္တာ” ၌ တည်ဆောက် သော ပဋိညာဉ်ပေတည်း။
ထိုကြောင့် နောက်ဆုံးသော ညစာစားပွဲကြောင့် ခရစ် ယာန်အသင်းတော်၌ ပေါ်ပေါက်လာသော ပွဲတော်မင်္ဂလာ ဝတ်၏ အနက်ကား –
(က) ယေရှုခရစ်တော်ကို သတိရ အောက်မေ့ဖိုရာဖြစ်၏။
လူဆိုသည်မှာ အချိန် ကြာမြင့်လာလျှင် ဖြစ်ရပ်များကို မေ့လျော့လာတတ်သည်။ အချိန်က သတိရ အောက်မေ့ ဖွယ်ရာများကို ဖျက်ဆီးပစ်တတ်သည်။ ယေရှုက ကိုယ်တော် ၏ ကြွလာတော်မူခြင်း၊ အသက်ရှင်ခြင်းသာမက၊ အသေ ခံတော်မူခြင်း အကြောင်းများကို အစဉ်အမြဲ သတိရနေစေ လိုသည်။ ။
(ခ) အသေခံတော်မူခြင်းကို သတိရနေရုံနှင့်မပြီး၊ ရှင်ပြန် ထမြောက်တော်မူသော ကိုယ်တော့်ကို တေ့တေ့ရင်ဆိုင်ကြ ရန် ဖြစ်သည်။
အောက်မေ့ သတိရခြင်းဆိုသည်မှာ မရှိတော့ ပြီဖြစ်သော ပုဂ္ဂိုလ်တစ်ဦးအား ပြန်လည် သတိရနေရေးကို အဓိကပြုနေသည်။ သိုသော် ယေရှုခရစ်တော်သည် ကားတိုင် ၌ အသေခံတော်မူပြီး ပျောက်ကွယ် သွားသောသူ မဟုတ်၊ ရှင်ပြန်ထမြောက်ပြီး ကာလအစဉ်အဆက် ကပ်ကမ္ဘာ ကုန် သည်တိုင်အောင် ယုံကြည်သော တပည့်တော်တိုနှင့်အတူ ရှိ နေသည်။
ထိုကြောင့် အသက်ရှင်နေတော်မူသော ခရစ်တော်ကို ပွဲတော် မင်္ဂလာဝတ်အားဖြင့် ရင်ဆိုင်ထိတွေ့ရန် ဖြစ်သည်။ ကိုယ်တော်သည် ယနေ့ပင်လျှင် ရှိနေကြောင်းကို သတိရပြီး၊ ထိုအသက်ရှင်သော သခင်ဘုရားနှင့်အတူ အသက်ရှင်ရန် လည်းဖြစ်သည်။
(ဂ) ရင်ဆိုင်ရခြင်းအားဖြင့် ကိုယ်တော်၏ ကယ်တင် တော်မူခြင်း ကျေးဇူးကို ခံစားရရန် ဖြစ်သည်။
ကိုယ်တော်က ပေးအပ်နေသော ကယ်တင်ခြင်း ကျေးဇူးတော်ကို ခံစား ပြီး ဘုရားသခင်နှင့် ပြန်လည် မိတ်သဟာယ ဖွဲ ရခြင်း၊ အပြစ် နွံတွင်းမှ ကယ်နှုတ်ခံရခြင်းကို စိတ်နှလုံးထဲ၌ ခံစားလာကြ ရန် ဖြစ်သည်။ ထိုသို ခံစားပြီးနောက် လွတ်မြောက်သော စိတ်ထားဖြင့် ခရစ်တော်နည်းတူ လောကကို အစေခံရန် မိမိကိုယ်ကို ပြင်ဆင်ခြင်းလည်း ဖြစ်သည်။
(ဃ) အပြစ်ဒုစရိုက်ကို ဖျက်ဆီးမှုအာနိသင်ကို ရိပ်စားမိ ကြရန်လည်း ဖြစ်သည်။
နောက်ဆုံးသော ညစာ စားပွဲ၌ပင် လျှင် နေရာကောင်း လုခြင်း၊ ကိုယ်တော့်ကို ငြင်းပယ် ခြင်း၊ သစ္စာဖောက်ခြင်းတိုကို မြင်တွေ့ခဲ့ရပါ၏။
ထိုအကြောင်းကြီးတို၏ အရင်းခံကား အပြစ်ဒုစရိုက်ပင် ဖြစ်၏။ အပြစ်ဒုစရိုက်ဆိုသည်မှာ ဘုရားနှင့်လူသား၊ လူသား အချင်းချင်း၏ ဆက်ဆံရေးကို ပျက်ပြားစေသည်။
နောက်ဆုံးသော ညစာမှ ပေါ်ပေါက်လာသော ပွဲတော် မင်္ဂလာဝတ်သည် ခရစ်တော် ယေရှုအား
ဖွင့်ပြတော်မူသော ဘုရားသခင်၏ မေတ္တာတော်သာမက၊ အပြစ်ဒုစရိုက်၏ ဖျက် ဆီးမှု အာနိသင်ကိုပါ ပေါ်လွင်နေစေသည်။ ထိုကြောင့် လူတိုင်းသည် မိမိတိုအပြစ်ကို ပြန်၍ မြင် လာဖို လိုသည်။ ထိုအပြစ်ကို အောင်မြင် တွန်းလှန် နိုင်ရေး သည် ခရစ်တော်၏ သက်စွန့် ပူဇော်ခဲ့သော ကိုယ်တော်၏ အသွေးတော် “ပဋိညာဉ်အသစ်”အားဖြင့်သာ ဖြစ်သတည်း။
အခန်း (၂၉)
အသေခံမူခြင်း
(ခရစ်သက္ကရာဇ် အေဒီ ၃၀၊ ဧပြီလ (၇) ရက်)
ကားတိုင်အကြောင်း စဉ်းစားလိုက်သည့် တပြိုင်နက် ကျွန် တော်တို အားလုံးသည် လိုကားတိုင်ကို အထူးပင် ရိုသေလေး စား ကိုင်းရှိင်းသည့် သဘောထားဖြင့် ဒူးလောက်လက်အုပ်ချီ မျှော်ကြည့်သင့်ပေသည်။ မိမိတိုစီးနင်းလားသော ဖိနပ်များ ကို ချက်ချင်း ချွတ်ပစ်သင့်သည်ဟု ကျွန်တော် အဆိုပြုလိုပါ သေး၏။
အဘယ့်ကြောင့်ဆိုသော် ကားတိုင်ခြေရင်းရှိ မြေပြင်သည် “သန့်ရှင်းရာမြေ” ဖြစ်သောကြောင့်တည်း။
ကိုယ်တော်၏ အသေခံတော်မူခြင်းအကြောင်း ဖွင့်ဆိုလား ကြပုံ၏ “ထူးခြားချက်တစ်ရပ်မှာ” ခရစ်ဝင်ကျမ်းကို ရေးသားကြ သူများက ထိုဖြစ်ရပ်ကို အကျယ်တဝင့်၊ အသေးစိတ်ရှင်းလင်း ဖော်ပြ၍ မနေဘဲ အလွန်ကျစ်လျစ် သိပ်သည်းလှသော စကား များဖြင့်သာ ဖော်ပြခဲ့သောကြောင့်သာ ဖြစ်ပါ၏။
သူတိုအားလုံးက “ကရာနီအမည်ရှိသောအရပ်သို ရောက်ကြ သော်၊ ကိုယ်တော် … ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏” ဟူ၍ ထိုမျှလောက်သာ မှတ်တမ်းတင်ခဲ့ကြပါ၏။ (လုကာ၊ ၂၃; ၃၃၊ ၂၇း၃၅၊ မာကု၊ ၁၅:၂၂၊ ၂၄ နှင့် ယော ၁၉း၁၈+ တိုကိုကြည့်ပါ)
ကားတိုင်၌ ခံစားရသော ကိုယ်တော်၏ နာပေါင်းစုံ၊ ပြင်းပြလှသော စိတ်ခံစားချက်၊ ရက်စက် ကြမ်းကြုတ်စွာ နောက်ဆုံးသော ညစာ စားပွဲကို ကိုယ်တော်နှင့် တမန် တော်တိုသည် ချီးမွမ်းသီချင်းအားဖြင့် အဆုံး သတ်ခဲ့ကြသည်။ “ထိုနောက် သီချင်းဆိုကြပြီးမှ သံလွင်တောင်သို တက် သွားကြ၏” (မဿဲ၊ ၂၆း၃ဝ၊ မာကု၊ ၁၄း၂၆)
ပသခါ ညစာစားပွဲ၏ ထုံးစံတစ်ခုမှာ Hallel ဟုခေါ် သော ဆာလံသီချင်းကို ဆိုရခြင်းဖြစ်သည်။ Hallel ဟူသော ဟေဗြဲစကား၏ အဓိပ္ပါယ်မှာ “ဘုရားသခင်အား ချီးမွမ်း ထောမနာပြုကြလော့”ဟူ၍ ဖြစ်၏။
ထို Hallel မှာ ဆာလံ၊ ၁၁၃ မှ ၁၁၈ အထိပါသော ဆာလံသီချင်းများ ဖြစ်၏။ ထိုဆာလံအားလုံးမှာလည်း ဘုရား သခင်၏ ဂုဏ်တော်ကို ချီးကျူးသော ဆာလံများ ဖြစ်ကြ သည်။
ဆာလံသီချင်း (၂)ပုဒ်ကို ညစာ အလယ်ပိုင်းတွင် သီဆို ရပြီး (၄) ပုဒ်ကို ညစာစား ပြီးဆုံးခါနီးတွင် သီဆိုရ၏။ နောက်ဆုံး၌ ညစာစားပွဲ၏ အပြီးတွင် The Great Hallel ဟုခေါ်သည့် ဆာလံ (၁၃၆) ကို သီဆိုကြရသည်။ ထိုဆာလံ ထဲမှ “ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်၏ ကရုဏာတော် သည် အစဉ်အမြဲ တည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့” ဟူသော ဆာလံစကားကို ထပ်တလဲလဲ သီ ဆိုလေ့ရှိကြသည်။
ယေရှုသည် များမကြာမီ ကာယ၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံး ပြင်းပြသော ဝေဒနာကို ခံစားရတော့မည့် အကြောင်း သိပါ လျက် ထိုဆာလံများကို သီဆိုနိုင်ခဲ့ရှာသည်။
“ဂေသရှေမန်” ဟူသော အမည်မှာ “ဆီကြိတ်ဆုံ” ဟု သော အနက်ရှိ၏။
ယေရုရှလင်မြိုသည် တောင်ကုန်း ကလေးပေါ်၌ တည် ဆောက်ထားသည်ဖြစ်ရာ နေရာအားဖြင့် ကျဉ်းသည်။ နေ အိမ်များ၌ ပန်းခြံကလေးများ၊ ခြံဝင်းများ မထားနိုင်ကြ။ ထိုကြောင့် ကြွယ်ဝချမ်းသာသော လူအများသည် သံလွင်တောင် ဆင်ခြေလျော၌ မြေကွက်ကလေးများကို ဝယ်ကာ ပုဂ္ဂလိက ပန်းဥယျာဉ်ကလေး များ စိုက်ပျိုးထားကြကြောင်း၊ ကျွန်တော် တင်ပြပြီး ဖြစ်ပါ၏။
ထိုသံလွင်တောင်၊ ဂေသရှေမန် ဥယျာဉ်သို ရောက်ရန် ယေရုရှလင်မြို တည်ရာတောင်ကုန်းမှ ဆင်း၊ ကေဂျွန်ချောင်း စီးဆင်းသွားသည့် ချိုင့်ဝှမ်းကို ဖြတ်၍ သွားကြရသည်။
ထိုကြောင့် ယေရှုနှင့် တမန်တော် (၁၁)ပါးသည် ထို သရှေမန် ဥယျာဉ်ဆီသို သွားခဲ့ကြ၏။ ထိုဥယျာဉ်၌ ဖြစ်ရပ် ကို မဿဲ၊ ၂၆း၃၆-၄၆၊ မာကု၊ ၁၄း၃၂-၄၂၊ လုကာ၊ ၂၂း ၃၉-၄၆ တိုတွင် ဖတ်ရှုနိုင်ပါသည်။ ဂေသရှေမန် ဥယျာဉ် တွင်း၌ ကိုယ်တော်သည် တစ်ဦးတည်း ဆုတောင်းနေခဲ့သည်။ ချွေးတိုသည် သွေးကဲ့သို ကျဆင်းလာ သည်အထိ ဆုတောင်း နေခဲ့သည့် ဖြစ်ရပ်မှ အောက်ပါအချက်များကို အနက်ဖွင့် နိုင်သည်
(က) ထိုဥယျာဉ်ထဲ၌ တစ်ကိုယ်တည်း (အထီးကျန်) ဘဝကို မြင်နိုင်သည်။
ထိုစိတ်ဝေဒနာကို မိမိချစ်သော တမန်တော်များ ဖြစ်သော ရှင်ပေတရု၊ ယာကုပ်၊ ယောဟန်တို နှင့်အတူ ဝေမျှခံစားစေချင်၍ တစ်ကိုယ်တည်း ဆုတောင်းရာအရပ်သို သူတိုအား ခေါ်ဆောင်သွားခဲ့သော်လည်း သူတို သည် ငိုက်မျဉ်းလျက် ရှိခဲ့ကြ၏။ ကားတိုင်ကို ရဲရဲရင်ဆိုင်ရန် ကိုယ်တော်သည် တစ်ကိုယ်တည်း ဆုတောင်း၍၊ တစ်ကိုယ်တည်း ဆုံးဖြတ်ခဲ့ရသည်။ လူတို၏ ဘဝတွင်လည်း တစ်ခါတစ်ရံ ဘုရားသခင်နှင့် လူတစ်ဦးချင်းသာ ရင်ဆိုင်ပြီး၊ ခွန်အားယူ၍ ဆုံးဖြတ်ချက်ချရသော ချိန်ခါများလည်း ရှိတတ်ပါ၏။ ။
(ခ) ထိုဥယျာဉ်ထဲ၌ ကိုယ်တော်ခံစားရသော စိတ်ဝေဒနာ ကို တွေ့နိုင်သည်။
လူသားဆန်ဆန် ပြောရပါလျှင် ကိုယ်တော်သည် အသက် (၃၃)နှစ်မျှသာ ရှိသေး၍၊ ထိုအရွယ်မျိုး ၌ မည်သူမျှ သေခြင်းကို ရင်မဆိုင်ချင်သေးပါ၊ အထူးသဖြင့် ကားတိုင်၏ ပြင်းပြလှသော ဝေဒနာ၊ အချိန်ကြာမြင့်စွာ ဝေဒနာ ခံစားနေပြီးမှ အသက်ထွက်ရပုံ၊ လူပုံအလယ်သို အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး အသေခံရမည်ကို ဘယ်သူ ကမျှ မခံစားလိုပါ။ ထိုကြောင့်လည်း ရင်ဆိုင်ရတော့မည် ဖြစ်သော ကားတိုင်ကြောင့် စိတ်ဝေဒနာ ကိုလည်း ကိုယ်တော့် မှာ ပြင်းပြစွာ ခံစားရရှာပါလိမ့်မည်။
ထပ်မံစဉ်းစားကြည့်ရပြန်လျှင် ကိုယ်တော်၏ အမှုတော် လုပ်ငန်းမှာ အစပိုင်းမျှပင် ရှိပါသေးသည်။ များစွာ အောင် မြင်မှု မရသေး။ နောက်တော်လိုက်များ အနေဖြင့် နည်းပါး လှသေးသည်။ နောက်တော်လိုက် များသည်ပင်လျှင် ကိုယ် တော်၏ အမှုတော်လုပ်ငန်း၊ ကြီးမားလှသော ရည်မှန်းချက် ကြီးကို ကောင်းစွာနားလည် သဘောပေါက်ကြပုံ မရသေး။
ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရပါလျှင်လည်း သူတိုကို စိတ်ချ ယုံကြည်စွာ အားမကိုးနိုင်သေး။ ကိုယ်တော့်ကို ဆန့်ကျင်ဘက်ပြုနေသူ များမှာကား၊ ဥစ္စာဓနစည်းစိမ်၊ အရှိန်ဩဇာ တိက္ကမ ကြီးမားလှသည်။ ယုဒဘာသာရေး ခေါင်းဆောင် များသည်ပင်လျှင် ကိုယ်တော့်ကို သုတ်သင် ဖယ်ရှားရန် စည်းလုံးမိပြီး ဖြစ်နေကြပေပြီ။ လူသားတို၏ ရှုထောင့်က ကြည့်ပါလျှင် ကိုယ်တော်၏ အမှုတော်လုပ်ငန်းသည် အရှုး ဖြင့် ဇာတ်သိမ်းရတော့မယောင် ဖြစ်နေသည်။
(ဂ) ထိုဥယျာဉ်ထဲ၌ ကိုယ်တော်၏ ဝိညာဉ်ရေးနှင့် ဆိုင် သော ဝေဒနာကို မြင်တွေ့နိုင်သည်။ ကားကိုင်သည် ဘုရား သခင်၏ အလိုတော်ပင် ဖြစ်ကြောင်း သိသောကြောင့် သူ၏ အလိုကို ငြင်းပယ်ရသော ချိန်ခါဖြစ်ပါ၏။ ထို “ခွက်” တည်း ဟူသော ကားတိုင်၏ ဝေဒနာကို လက်ခံပြီး ခမည်းတော် ၏ အလိုတော်အတိုင်းသာ ဖြစ်ပါစေဟူ၍ ဆုတောင်းခဲ့ရရှာ သည်။
(ဃ) ထိုဥယျာဉ်ထဲ၌ ကိုယ်တော်သည် ခမည်းတော်၏ အလိုတော်ကို ခြွင်းချက်မရှိ လက်ခံလိုက်ကြောင်း သိရသည်။ ရှင်မာကုက ထိုအချက်ကို ထင်ရှားစွာ ဖော်ပြခဲ့၏။ “ကိုယ် တော်သည် အလုံးစုံတိုကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အကျွန်ုပ်မှ လွှတော်မူပါ။ သိုသော်လည်း အကျွန်ုပ် အလိုရှိ သည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော”ဟု ဆုတောင်းခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ ပါ၏။ (မာကု၊ ၁၄း၃၆) ၊
ထိုဆုတောင်းတစ်ခုလုံး၌ အရေးကြီးလှသော စကားလုံး တစ်လုံးမှာ “အိုအဖ” ဟူ၍ မိမိဖခင်အရင်းကို ချစ်ခင်ရင်းနှီး စွာ ခေါ်လေ့ ရှိသော “အဗ္ဗ”” ဟူသော စကားလုံးပင်ဖြစ်သည်။ မိမိခံစားရတော့မည့် ဝေဒနာလို အဖခမည်းတော် ၏ ခြေတော်ရင်း၌ လုံးဝဥသုံ ပုံအပ်ခဲ့ရှာသည်။
“အလိုတော်အတိုင်း ဖြစ်ပါစေ” ဟူသော စကားသည် လည်း အဓိပ္ပါယ်ရှိပါသေး၏။
မိမိရုန်းကန် တိုက်ခိုက်နေရသော စစ်ပွဲ၌ အရှုးခံရတော့ မည့်အချိန်တွင် နောက်ဆုံး၌ လုံးဝလက်မြှောက် အရှုံးပေးသော စိတ်ထားမျိုးနှင့်လည်း ဆိုနိုင်သည်။ အလွန် တရာမျှ စိတ်ပျက်အားလျော့၍ လုံးဝလက်လွှတ် လိုက်ရသော အချိန် အခါမျိုး၌လည်း ထိုစကားမျိုးကို ပြောနိုင်သည။ နာကြည်း ကြေကွဲသော စိတ်ဝေဒနာကို ခံစားရချိန်မျိုးတွင် ပြောလိုက် သော စကားမျိုးလည်း ဖြစ်နိုင်သည်။
သိုသော် မိမိ၏ ဖခမည်းတော်ကို ခြွင်းချက်မရှိ ယုံကြည် စိတ်ချ၊ အားကိုးပြီး လက်တော်ထဲတွင် နှိမ့်ချစွာ ပုံအပ်လိုက် သော စကားမျိုးလည်း ဖြစ်နိုင်ပါသေးသည်။
အဖခမည်းတော်သည် မိမိချစ်သော သားသမီး တစ်ဦး အား မည်သည့်နည်းနှင့်မျှ လက်လွတ်စပယ် ပစ်၍မထားဟူ သော စိတ်ချယုံကြည်ချက်မျိုးဖြင့် ပြောလိုက်ခြင်းလည်း ဖြစ် နိုင်သည်။
ဂေသရှေမန် ဥယျာဉ်ထဲ၌ ယေရှုသည် ခမည်းတော်၏ အလိုကို လက်ခံခဲ့သည်။ ထိုအလိုတော်၏ နောက်ကွယ်၌ ကြီး မြတ်လှသော မေတ္တာတော် အရှိန်အဟုန်ကို မြင်တွေ့ရ၍ ယုံကြည်ခြင်းအပြည့်ဖြင့် ထို “ခွက်”ကို လက်ခံလိုက်ခြင်း ဖြစ် ထိုစဉ် ဂေသရှေမန် ဥယျာဉ်ထဲ၌ ရှိနေသော အေးချမ်း သာယာခြင်း၊ တိတ်ဆိတ်ငြိမ်သက်ခြင်းကို ရုတ်တရက် ချင်း နင်းဝင်ရောက်လာသော ခြေသံများ၊ ဓား၊ လှံ၊ လက်နက်တို ၏ တချွင်ချွင် အသံများ၊ လူအပေါင်းတို၏ အော်ဟစ်သံ၊ ဆူညံသော အသံဗလံ၊ ဒေါသသံများက ဖြိုခွင်းလိုက်ပါ တော့၏။
ဂျူးဘာသာရေး ခေါင်းဆောင်တိုက ယေရှုအား ယခု အချိန်အထိ ကြောက်ရွံနေသေးကြောင်းကို သူတို စေလွှတ် လိုက်သော အကြမ်းဖက်သမား လူအုပ်ကြီးကို ကြည့်ခြင်း အားဖြင့် သိသာနိုင်သည်။ ယေရှုသည် အကြမ်းဖက်၍ မိမိ ကိုယ်ကို ခုခံကာကွယ်လိမ့်မည်ဟူ၍ ထင်ကောင်း ထင်နေခဲ့ကြ လိမ့်မည်။ (မဿဲ၊ ၂၆း၄၇၊ ၅၅၊ မာကု၊ ၁၄း၄၃၊ ၄၈၊ လုကာ၊ ၂၂း၅၃)
(က) သစ္စာဖောက် ယုဒရှကာရုတ်က ရှေးဦးစွာ ကိုယ် တော့်ကို နမ်းရှုပ်လိုက်သည်။
(မာကု၊ ၁၄၄၄+၊ မဿဲ၊ ၂၆း ၄၈+၊ လုကာ၊ ၂၂း၄၃+) ရှင်မဿဲနှင့် ရှင်မာကုတိုက ဂရိ စကား Kataphilein ကို အသုံးပြုထားခြင်းကို ထောက်ရှုခြင်း အားဖြင့် ထိုဖြစ်ရပ်က သာ၍ ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ် နေသည်။
ထိုဂရိစကားသည် သာမန်နမ်းရှုပ်ခြင်းကိုသာ ဖော်ပြသည် မဟုတ်၊ “အလွန် နူးညံ့သိမ်မွေ့စွာ၊ မေတ္တာ သဘောဖြင့် နမ်းရှုပ်ခြင်း” ကို ဆိုလိုသည်။ လူတစ်ဦးသည် မိမိအထူးချစ်ခင် မြတ်နိုးသူ တစ်ဦးကို မေတ္တာဖြင့် နမ်းလိုက်သော အခါမျိုး တွင် ထိုစကားကို အသုံးပြုလေ့ရှိသည်။
ထိုစဉ် ပေတရုအနေဖြင့် သူချစ်ခင်လှသော သခင်ကို ကာကွယ်လိုသောအားဖြင့် ဓားဆွဲ၍ ချက်ချင်း ခုခံတိုက်ခိုက် လိုက်ပါ၏။ (မာကု၊ ၁၄း၄၇၊ မဿဲ၊ ၂၆း၅၁+၊ လုကာ၊ ၂၂း၄၉-၅၁)
ပေတရု၏ ဓားချက်ကြောင့် နားရွက် ပြတ်သွားခဲ့သော “မာလခုကိုပင် မေတ္တာဖြင့် ကိုယ်တော်က ပြန်လည်ကုသပေး လိုက်ပုံကလည်း ကြေကွဲရင်နင့်စရာ ကောင်းနေသည်။ ထို နောက် အဓမ္မ အကြမ်းဖက် သမားများက အလွန်နူးညံ့ သိမ်မွေ့လှသော မေတ္တာတော်ရှင်ကို ရက်စက် ကြမ်းကြုတ် စွာ ဖမ်းဆီးလိုက်ပြီး၊ အဘယ်သိုမျှပင် မခုခံသော ယေရှုကို လက်ပြန်ကြိုးတုပ်လိုက်ကြတော့၏။
(ခ) ကိုယ်တော်သည် မိမိအလိုအလျောက် အသာတကြည် အဖမ်းခံ၍ သေခြင်းကို ရဲရဲရင်ဆိုင်ခဲ့သည်။
“ယခုပင် ငါ့အဖ ကို ငါတောင်းနိုင်သည်ကို လည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန် တဆယ့်နှစ်တပ်မက ငါ့ထံသို စေလွှတ် တော်မူမည်ကို လည်းကောင်း၊ သင်သည် မထင်သလော” ဟူ၍ ကိုယ်တော်တိုင်ပင် မိန့်ကြားခဲ့သည်။ (မဿဲ၊ ၂၆း၅၃)
အမှန်ဆိုရလျှင် ယေရှုသည် ဖမ်းဆီးရန် လာကြသော သူ များရှိရာသို ကိုယ်တိုင်ပင် ကြွသွားခဲ့၏။ ထိုသူတိုသည် ကြောက် ရွေ့လျက် နေကြသဖြင့် ကိုယ်တော်ကပင်လျှင် သူတိုပြုလုပ်ရမည့် တာဝန်ကို ဆက်လက်လုပ်ဆောင်ကြရန် အားပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရကြောင်း ရှင်ယောဟန်က ရှင်းလင်းစွာ ရေးသားတင်ပြ ထားသည်။ (ယော၊ ၁၈း၄-၉)
ကိုယ်တော်၏အသက်ကို မည်သူကမျှ မယူနိုင်၊ အနိုင်ကျင့် ၍ မလုယူနိုင်။ ကိုယ်တော်တိုင်ကပင်လျှင် ပေးအပ်မှ ထို တိုရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ယေရှုခရစ်တော်သည် ဘုရားသခင် ၏ အကြံအစည်တော် ပြည့်စုံရေးအတွက် “သားကောင်း” တစ် ဦးမဟုတ်၊ ကိုယ်တော်သည် အဖခမည်းတော်၏ လုပ်ငန်းတော် အတွက် “အစေခံသောသူ”သာ ဖြစ်ပါ၏။
(ဂ) ထိုဖြစ်ရပ်များကို ကြည့်ခြင်းအားဖြင့် အနာဂတ္တိ ကျမ်းစကား တိုသည်လည်း ပြည့်စုံကြောင်း တွေ့ရသည်။
(မဿဲ၊ ၂၆း၅၄၊ မာကု၊ ၁၄း၅၀) ဂေသရှေမန် ဥယျာဉ်ထဲ ၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များသည် ထိန်းမနိုင်သိမ်းအရ ဖြစ် ၍၊ နောက်ဆုံး၌ အကြမ်းဖက်မှုကို မတတ်သာသောကြောင့် အလျော့ပေးလိုက်ရခြင်း မဟုတ်၊ ရာစုနှစ်ပေါင်းများစွာက ကြိုတင်ဟောပြောခဲ့ကြသော အနာဂတ္တိ ဗျာဒိတ်စကားများ၊ အားလုံး၏ ပြည့်စုံခြင်းကို ညွှန်ပြနေကြောင်း အထူးသတိပြုစေ လိုပါသည်။
ဖြစ်ရပ်များ အားလုံးထဲ၌ပင်လျှင် ဘုရားသခင်သည် အား လုံးကို ချုပ်ကိုင် စိုးမိုးလျက် နေသေးကြောင်း အရှင်းသား ဖော်ပြနေသည်။
(ဃ) ထိုအချိန်ကား လူ့ဘောင်လောက၏ အမိုက်မှောင် ဆုံးသောအချိန် ဖြစ်၏။
ရှင်လုကာက “ယခုအချိန်ကား သင်တို အချိန်ဖြစ်၏။ မှောင်မိုက် တန်ခိုးလည်း ဖြစ်၏”ဟု ကိုယ်တော် မိန့်တော်မူလိုက်ကြောင်း ဖော်ပြထားသည်။ (လုကာ၊ ၂၂း ၅၃)
ဓမ္မသစ်ကျမ်းတစ်ခုလုံး၌ “ကားတိုင်”သည် လူတိုနားမ လည်နိုင်သော ကိစ္စရပ်ဖြစ်ကြောင်း ဖော်ပြထားသည်။ ကား တိုင်သည် ဘုရားသခင်၏ အကြံအစည်တော်ထဲတွင် ပါဝင်နေရုံ မက၊ လူတို၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကြီးတစ်ခု လည်း ဖြစ်သည်။ ။
ဤအခြင်းအရာသည် ထူးခြား အံ့ဖွယ်ရာ ကောင်းသော Paradox တစ်ခု ဖြစ်ပါ၏။
ထိုကားတိုင်၏ ဖြစ်ရပ်ကို ပင်တေကုတ္တေပွဲတော်နေ့၌ ရှင်ပေ တရု ဟောပြောလိုက်သော ဒေသနာက အလွန်ပင် ရှင်းလင်း ပြတ်သားစွာ ဖော်ပြထားသည်။ “ဘုရားသခင် ပြဋ္ဌာန်းတော်မူ သော အလိုတော်အားဖြင့် လည်းကောင်း၊ အနာဂတံသ ဉာဏ် တော်အားဖြင့် လည်းကောင်း၊ အပ်နှံခြင်းကိုခံသော ထိုယေရှု ကို သင်တိုသည် ဖမ်းဆီး၍ မတရားသော သူတိုလက်ဖြင့် လက် ဝါးကပ်တိုင်ရိုက်၍ ကွပ်မျက်ကြပြီ”ဟု ဆိုခဲ့သည်။ (တမန်၊ ၂၂း၃) ဤဖြစ်ရပ်၌ လူတို၏ ပြစ်မှုဒုစရိုက်နှင့် လူတိုအပေါ်၌ ထားသော ဘုရားသခင်၏ မေတ္တာတော်ကို ထင်ရှားစေသည်။
(င) တမန်တော်တိုသည် ကိုယ်တော်အား ထားပစ်ခဲ့၍ ထွက်ပြေးကြကုန်သည်။ ယေရှုသည် မည်သိုမျှ ခုခံကာကွယ် မှုမပြုဘဲ အသာတကြည် အဖမ်းခံနေစဉ်ပင် ဝမ်းနည်းကြေကွဲ ဖွယ် ရာ နောက်ဖြစ်ရပ်တစ်ခုမှာ တမန်တော်တို၏ စွန့်စွာထွက် ပြေးကြခြင်းပေတည်း။ (မဿဲ၊ ၂၆:၅၆၊ မာကု၊ ၁၄း၅ဝ) ထို ကြောင့် ကားတိုင်လမ်းစဉ်ကို ယေရှုသည် “တစ်ကိုယ်တည်း” လျှောက်တော်မူခဲ့ရှာသည်။ သူ့ကိုချစ်သော တမန်တော်များ ကပင်လျှင် သူ့ကို စွန့်ပစ်ခဲ့ရုံမက နောက်ဆုံး၌ ကားတိုင်ပေါ်တွင် ဘုရားသခင်၏ စွန့်ပစ်တော်မူခြင်းကိုပင် ကိုယ်တော်ခံရ ရှာတော့မည် ဖြစ်ပါ၏။
(စ) သိုသော် ဖြစ်ရပ်တစ်ခုလုံးကို ယေရှုကိုယ်တော်တိုင်ပင် ကွပ်ကဲထိန်းသိမ်းထားကြောင်း ထူးခြားစွာ တွေ့ရသည်။
ဤ အချက်သည် အထူးခြားဆုံးပင် ဖြစ်၏။ ဂေသရှေမန် ဥယျာဉ်ထဲတွင် ယေရှုအဖမ်းအဆီးခံရပုံကို ကျွန် တော်တိုက ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်တစ်ခု၊ လူတို၏မိုက်မဲ မှု၊ လူ့ဘောင်လောက၏ အမှောင်တကာ့ အမှောင်ဆုံးအချိန်၊ ခါးသီးရင်နင့်ဖွယ်ရာ ကောင်းလှသော ဖြစ်ရပ်ကြီးတစ်ခုဟူ၍ မည်သိုဆိုစေကာမူ၊ ဤဖြစ်ရပ်ကြီးကို သေသေချာချာ အသေး စိတ် လေ့လာကြည့်ပါက၊ ပေါ်ပေါက်နေသော ကိစ္စမှန် သမျှကို ယေရှု ကိုယ်တော်တိုင်ပင်လျှင် ထိန်းသိမ်းစိုးမိုးချုပ် ကိုင်ထားနိုင်ကြောင်း အထင်အရှား တွေ့နိုင်သည်။
ကိုယ်တော်သည် အဖမ်းခံရသူဖြစ်နေလင့်ကစား ကိုယ်တော် ကပင်လျှင် ဖြစ်ရပ်တစ်ခုလုံးကို ဦးဆောင်ထိန်းသိမ်း “အနိုင်ယူ” အုပ်ထိန်းထားနိုင်ကြောင်းကို တွေ့ရသည်။
အပေါ်ယံကကြည့်လျှင် “အရှုံး” ဟူ၍ ထင်မှတ်ဖွယ်ရာ ကိစ္စတစ်ရပ်၏ အတွင်းနက်နက်ကို ထိုးဖောက် ကြည့်ရှုလျှင် နောက်ဆုံး၌ ရရှိတော့မည်ဖြစ်သော “အောင်မြင်မှု” ကိုပင် ရေးရေးမြင်နေရပေပြီ။
ဤဖြစ်ရပ်ကိုကြည့်လျှင် ရာဇဝတ်ကောင်တစ်ဦးကို ဖမ်းဆီး ချုပ်နှောင်ပြီး သေဒဏ်ပေးရန် ကြိုးပမ်း အားထုတ်နေသည်နှင့် လုံးဝမတူ။ “ကိုယ့်အဆွေတိုအဖို အလိုငှာ မိမိအသက်စွန့် တော်မူသော မေတ္တာတော်”ကို တွေ့နေကြရပါသတည်း။
ကြီးမားလှသော ရာဇဝတ်မှုများကို “ဆန်ဒရင်” ခေါ် ဂျူးလူမျိုးတို၏ ဘာသာရေးလွှတ်တော်က ဆုံးဖြတ်စီရင်လေ့ ရှိသည်။ “ဆန်ဟီဒရင်” လွှတ်တော်အကြောင်းကို “မစ် (ရှ်) နား”ခေါ် ဂျူးတို၏ ဓမ္မသတ်ထဲတွင် တွေ့နိုင်ပြီး၊ ထိုကိစ္စနှင့် ပတ်သက်၍ အကျယ်တဝင့် အနက်ဖွင့်ချက်ကို “Toseftaတိုဆက် (ဖ်)တား”ဟု ခေါ်သည့် အနက်ဖွင့်ကျမ်းတွင် တွေ့နိုင်ပါသည်။
“ဆန်ဟီဒရင်”သည် ဂျူးလူမျိုးများ၏ အမြင့်ဆုံးသော တရားလွှတ်တော်ဖြစ်၏။
ထိုလွှတ်တော်၌ လူပေါင်း (၇၀) ပါဝင်ရသည်။ မောရှေက သူ့အား ကူညီရန် ခန့်အပ်ထားခဲ့သော လူဦးရေအတိုင်း ဖြစ် သည်။ (တောလည်၊ ၁၁၁၆) ထိုဦးရေ (၇၀) ပါသော လွှတ် တော်၏ သဘာပတိသည် ယဇ်ပုရောဟိတ်အကြီး ဖြစ်ရာ စုစု ပေါင်း ဦးရေမှာ (၇၁) ဦး ဖြစ်လာသည်။
ထိုတရားလွှတ်တော်ထဲ၌ ဖာရိရှဲများ၊ ကျမ်းပြု ဆရာများ၊ ယဇ်ပုရောဟိတ်များ၊ ဇျကဲများ ပါဝင်သည်။ ဂျူးလူမျိုးဖြစ် သူတိုင်းကို တရားစီရင်နိုင်ခွင့်ရှိပြီး ခဲဖြင့်ပစ်ခြင်း၊ မီးရှိခြင်း၊ ခေါင်းဖြတ်ခြင်း၊ ကြိုးပေးခြင်းဖြင့် သေဒဏ်အထိပေးနိုင်၏။
သိုသော် ဆန်ဟီဒရင်၏ အဓိကရည်ရွယ်ချက်မှာ “တရား မျှတမှုရရှိရေး”ပင် ဖြစ်သည်။ တရားစီရင်ရာတွင်လည်း ကရုဏာ တရားကိုပါ ပြရန်ပင် ဖြစ်သည်။ တတ်နိုင်သရွေ့ တရားခံအား လွတ်လပ်စွာ ခုခံထုချေနိုင်ခွင့် ပေးရသည်။
အကယ်၍ တရားခံဖက်မှ ခုခံကာကွယ်ပေးမည့် သက်သေ မရှိပါက လွတ်တော် တရားသူကြီးကပင်လျှင် ထိုသက်သေကို ရှာဖွေပေးရလေ့ရှိသည်။
Makkoth “မက်ကော့(ခ်)”ခေါ် ဓမ္မသတ်ကျမ်း (၁၁၀) တွင် (၇)နှစ်လျှင် လူတစ်ဦးအား သေဒဏ်တစ်ကြိမ်ပေးဖူးလျှင် ထိုဆန်ဟီဒရင်လွှတ်တော်သည် ရက်စက်လွန်းသည်” ဟူ၍ပင် ဆိုထား၏။ ရှိဆရာကြီး တစ်ဦးဖြစ်ခဲ့သူ “အေလီဇာဘင်အာ ဇာရီးယား”ဆိုသူက “(၇)နှစ်မှာ တစ်ဦးကို သေဒဏ်ပေးဖို မပြောနဲ့၊ အနှစ် (၇၀)မှ သေဒဏ်တစ်ကြိမ်လောက်သာ ပေးဖို့ကောင်းပါတယ်”ဟူ၍ပင် ဆိုခဲ့ဖူးသည်။
“ဆန်ဟီဒရင်” လွှတ်တော်၌ သေဒဏ်ပေးပိုင်ခွင့်ကို နောက် ဆုံး၌ ရောမအစိုးရ ရုပ်သိမ်းလိုက်သောအခါ “သေဒဏ်ပေး နိုင်ခွင့် ရုပ်သိမ်းလိုက်ပေမယ့် မထူးပါဘူး၊ ငါတိုက သေဒဏ် ပေးလေ့ရှိတဲ့ လွှတ်တော်မျိုးမှ မဟုတ်ဘဲ” ဟူ၍ပင် ဆိုခဲ့ ကြ၏။
စာရေးသူ၏မှတ်ချက်။ (ယခုခေတ် အစ္စရေးနိုင်ငံ၌ပင်လျှင် တရားလွှတ်တော်များက ရာဇဝတ်သား များကို သေဒဏ်ပေး လေ့မရှိ၊ ၁၉၇၂ ခု၊ ဇွန်လဆန်းတွင် အစ္စရေးနိုင်ငံ တယ်(လ်) အာဗစ်မြိုတော်၏ လော့(ဒ်)လေဆိပ်၌ အပြစ်မဲ့ ခရီးသည်များ ကို မောင်းပြန်စက်သေနတ်များဖြင့် ရက်ရက်စက်စက် ပစ်သတ် ခဲ့သော ဂျပန်လူငယ် (၃) ဦးထဲမှ တစ်ဦးကို အရှင်ဖမ်းမိခဲ့ သည်။ ထိုဂျပန်လူငယ် “ကိုရို၊ အိုကာမိုတို”ကိုပင်လျှင် သေဒဏ် မပေးခဲ့ပါ။ ထောင်ဒဏ်တစ်သက်ကိုသာ ပေးခဲ့သည်။
အစ္စရေးနိုင်ငံ စတင်တည်ထောင်ခဲ့သည့် ၁၉၄၈ ခုနှစ်က တည်းက ဂျူးလူမျိုး (၆)သန်းကို ရက်ရက်စက်စက် သတ်ပစ်ခဲ့သော ဂျာမာန်အမျိုးသား ရာဇဝတ်ကောင် “အိုက်(ခ်)မန်း” တစ်ဦးတည်းမှလွဲ၍ မည်သူကိုမျှ သေဒဏ်မပေးခဲ့ဖူးပါ။ “လူ့ အသက်ကို မသတ်ရ”ဟူသော ပညတ်တော်ကို အတိအကျ လိုက်နာပြီး လူလူချင်း သေဒဏ်ပေးမှုကို တတ်နိုင်သရွေ့ မကျင့် သုံးကြချေ။)
ဆန်ဟီဒရင် လွှတ်တော်သည် တရားမျှတမှုရှိရန် ရည်ရွယ်၍ တည်ထောင်ထားသော ဂျူးလူမျိုးတို၏ တရားလွှတ်တော် ဖြစ် သည်။ သက်သေများကို စစ်ဆေးရာ၌ပင်လျှင် တရားခံကို ဦးစား ပေးရသည်။ တရားခံတစ်ဦးကို အပြစ်ပေးရန် “အနည်းဆုံး” သက် သေ (၂)ဦး ရှိရသည် (တရား၊ ၁၇၆ ကို ကြည့်ပါ)
အပြစ်ဒဏ် မချမှတ်မီနှင့် အပြစ်ရှိကြောင်း မတွေ့ရသေးမီ “တရားခံသည် လုံးဝအပြစ်မရှိသေး”ဟု သတ်မှတ်ထားသည်။ “မစ်(ရှ်)နား”ခေါ် ဓမ္မသတ်ကျမ်း၌ သက်သေများအား တရား မျှတစွာ မေးခွန်းထုတ်နည်းတိုကိုပင် လမ်းညွှန်ဖော်ပြထား၏။
အရေးကြီးသော မေးခွန်း (၇)ခု ပါရမည်ဟု ဆို၏။ ထိုပြစ်မှု သည် မည်သည့် ဥပုသ်ကာလ၊ မည်သည့်နှစ်၊ မည်သည့်လ၊ မည့်သည့်နေ့စွဲ၊ မည်သည့် (ရက်သတ္တပတ်၏)နေ့ရက်၊ မည်သည့် အချိန်၊ မည်သည့်နေရာတွင် ဤအမှုဖြစ်ပွားခဲ့သနည်းဟု မေး ရမည်။ သက်သေ(၂)ဦးကို တစ်ဦးစီခွဲ၍ မေးပြီး ၎င်းတို၏ ထွက် ဆိုချက်တိုသည် တစ်သဝေမတိမ်း တူညီရမည်ဟူ၍လည်းဆိုထား၏။
သက်သေတိုကို ရှေးဦးစွာ မေးမြန်းပြီး ကျေနပ်ဖွယ်ရာရှိမှ အမှုကို စတင်စစ်ဆေးရမည်။
ရှင်ယောဟန်၊ ၁၈၁၉-၂၁ ကို ဖတ်ကြည့်လျှင် ယေရှုက သူသည် လူအပေါင်းတိုရှေ့၌ မကွယ်မဝှက် ရှင်းရှင်းလင်းလင်း ဟောပြောခဲ့ကြောင်း၊ တရားဇရပ်များ၌ လည်းကောင်း၊ ဗိမာန်တော်၌လည်းကောင်း ဟောပြောခဲ့သည်ဖြစ်၍ ကိုယ်တော်၏ ဒေသနာအပေါင်းကို ကြားနာခဲ့ရသူ သက်သေများကို ရှေးဦးစွာ စစ်ဆေးသင့်ကြောင်း ယဇ်ပုရောဟိတ် အကြီးအနွယ် အား သတိပေးသည်ကို တွေ့ရှိရပါလိမ့်မည်။ သိုသော်လည်း မင်းလုလင်တစ်ဦးက ကိုယ်တော့်ကို ရိုက်ပြီး ယဇ်ပုရောဟိတ်မင်း ကယာဖထံသို ပိုခဲ့၏။
သက်သေအဖြစ် ထွက်ဆိုသူများသည် လောင်းစကားသူ များ၊ ဥပုသ်စောင့်ရသောနှစ်၌ လယ်ထွက်ပစ္စည်းများကို ရောင်း ချသူများ (ဝတ်ပြု၊ ၂၅း၁+ ကိုကြည့်ပါ) ငွေတိုးချေးစားသူ များ၊ သူခိုးများ၊ ကျွဲ၊ နွား၊ သိုးကျောင်းသားများ၊ ဓားပြများ။ ကြေးငွေပစ္စည်းများနှင့် ပတ်သက်၍ မယုံသင်္ကာ ဖြစ်ခဲ့ရဖူးသူ များ (ဝါ) သစ္စာမဲ့သူဟု ထင်မှတ်ခြင်း ခံခဲ့ရဖူးသူများသည် သက်သေမဖြစ်နိုင်။ တရားခံ၏ နီးစပ်ရာဆွေမျိုး၊ သူ၏မိတ်ဆွေ နှင့် “ရန်သူများကလည်း သက်သေခံခွင့် မရှိ။ (တရားခံနှင့် ကတောက်ကဆဖြစ်ဖူး၍ သုံးရက်တိုင်တိုင် စကားမပြောဘဲနေ ခဲ့သူကို “တရားခံ၏ရန်သူ”ဟု သတ်မှတ်ထားသည်)။
အမှုကို စ၍ စစ်လျှင်စစ်ချင်း သက်သေများကို ခေါ်ရ သလို အမှုကို စီရင်ချက်ချခါနီး နောက်ဆုံး ပိုင်း၌လည်း ခေါ် ယူရသေးသည်။ အကယ်၍ တရားခံအား ခဲဖြင့် ပစ်သတ်စေ ဟု စီရင်ချက်ချလျှင် ထိုသက်သေများက ရှေးဦးစွာ ခဲဖြင့်ပစ်ပေါက်ရသောကြောင့် ဖြစ်၏။ သေဒဏ်ပေးနိုင် လောက် သည့် အမှုများဖြစ်ပါက သက်သေများကို မစစ်ဆေးမီ ကမ္ဘာ ဦး၊ ၄း၁ဝ ပါ ကျမ်းစကားဖြင့် သတိပေးလေ့ ရှိသည်။
၎င်းကျမ်းစကားမှာ “သင့်ညီ၏ အသွေး၏ အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက် ရှိသည်တကား …” ဖြစ်၏။
ဆိုလိုရင်းမှာ သက်သေထွက်ဆိုမည့် သူသည် မမှန်မကန် သက်သေထွက်ခဲ့သောကြောင့် တရားခံအား သေဒဏ်အပြစ် ပေးခြင်းခံရပါက သူသည် ကာဣနကဲ့သို သူ၏ ညီကို သတ်သော လူသတ်တရားခံတစ်ဦး ဖြစ်သွားမည့်အကြောင်း ကြိုတင် သတိပေးခြင်း ဖြစ်၏။
လွှတ်တော်ကို ဗိမ္မာန်တော်တေရ ပရိဝုဏ်အတွင်းရှိ ကျောက် ဖြင့် ထွင်းထားသော ခန်းမဆောင်၌ ကျင်းပရ၏။ အမှုကို စစ် ဆေးသူ လွှတ်တော်အရာရှိများသည် လခြမ်းသဏ္ဍာန် ဝိုင်း ထိုင်ရသည်။ တစ်ဦးနှင့်တစ်ဦး ကောင်းကောင်းမွန်မွန် မြင် တွေ့နိုင်စေရန် ဖြစ်၏။
သူတိုရှေ့တွင် လွှတ်တော် စာရေး (၂)ဦး ထိုင်ရသည်။ တစ်ဦးက တရားလို ထွက်ချက်နှင့် နောက်တစ်ဦးက တရားခံ ဘက်မှ ထွက်ချက်များကို မှတ်တမ်းတင်ရန် ဖြစ်သည်။
လခြမ်းသဖွယ် ထိုင်နေကြသော လွှတ်တော် အရာရှိများ ကို မျက်နှာမူလျက် ရှိဆရာကြီးများ၏ တပည့်များက ကုလား ထိုင်ကိုယ်စီနှင့် သုံးတန်စီ၍ ထိုင်ကြရသည်။ အကယ်၍ လွှတ် တော်အရာရှိ တရားသူကြီးတစ်ဦးတလေ လိုနေပါမူ ရှေ့တန်း တွင် တန်းစီထိုင်နေသူများထဲမှ တစ်ဦးဖြင့် အစားထိုးရသည်။
ထိုအခါ တရားသူကြီး တစ်ဦး၏ နေရာကို ဝင်ယူရသူ၏ ကွက်လပ်ကိုဖြည့်ရန် နေရာရွှေ့ထိုင် ကြသောအခါမှ ကွက်လပ် ကျန်နေရာများ၌ အခြားဧည့်သည်တော်များ ထိုင်ခွင့်ရှိသည်။
ရဗ္ဗိဆရာကြီးများ၏ တပည့်များထိုင်သော ကုလားထိုင်များ သည် တစ်ခုနှင့်တစ်ခု အနည်းဆုံး (၆)ပေ ကွက်လပ်ရှိရမည်ဟု ဆိုသည်။ ထိုအခါမှသာ တစ်ဦးနှင့်တစ်ဦး တီးတိုးစကားပြော ဆိုနိုင်ခွင့် မရှိစေရန် ဖြစ်သည် ဟု ဓမ္မသတ် အနက်ဖွင့်ကျမ်း Tosefta “တိုဆက်(ဖ်)တား”က ဆိုထားသည်။
ထိုအပြင် သေဒဏ်ပေးနိုင်လောက်သည့် ပြစ်မှုဖြစ်ပါက တရားသူကြီးများသည် ယဇ်ပုရောဟိတ်များ၊ လေဝိလူများ၊ လက်ထပ် ထိမ်းမြားခြင်းအားဖြင့် ယဇ်ပုရောဟိတ် အနွယ် တော်ဝင်ဖြစ်နိုင်သူများသာ ဖြစ်သင့်သည်ဟု အဆိုပါအနက်ဖွင့် ကျမ်းက ဆိုပြန်သည်။
အကြောင်းအရင်းမှာ အမျိုးအနွယ်သန့်စင်သူများ ဖြစ်ရမည် ဟူသော ရည်ရွယ်ချက်ပင် ဖြစ်ပါ၏။ သားသမီးမရှိသူများ၊ မိန်းမရှာသူများသည် တရားသူကြီးအဖြစ် မဆောင်ရွက်ရဘဲ၊ အိမ် ထောင်ရှိသူများသာ တရားသူကြီး ဖြစ်ရမည်ဟု သတ်မှတ်ထား ပြန်၏။
အိမ်ထောင်ရှိသော သူများကသာ တရားခံအပေါ် သား ချင်း သမီးချင်း စာနာနိုင်သည့်အတွက်ပင် ဖြစ်၏။
သေဒဏ်ပေးလောက်သည့် ပြစ်မှုကို တရား စီရင်ရာ၌ အနည်းဆုံး တရားသူကြီး (၂၃) ဦးရှိမှ တရားစီ ရင်ပိုင်ခွင့် ရှိသည်။
ထိုအပြင် တရားခံ၏ အပြစ်လွတ်ရေးအတွက် ရှေးဦး စွာ လျှောက်လဲခွင့် ပေးရသည်။ သာမန်ပြစ်မှုများ အတွက် ဆိုလျှင် တရားသူကြီး တစ်ဦးသည် မိမိ၏စိတ်သဘောထားအရ လျှောက်လဲချက်ကိုလည်းကောင်း၊ စီရင်ချက်ကိုလည်းကောင်း လွတ်လပ်စွာ ပေးနိုင်သည်။
သိုသော် သေဒဏ်ပေးလောက်သည့် ပြစ်မှုကြီး ဖြစ်ပါမူ တရားသူကြီးတစ်ဦးဦးက တရားခံကို ဆန့်ကျင်၍ သူ့အား အပြစ်ပေးသင့်ကြောင်း လျှောက်လဲပြီးမှ နောက်ပိုင်း၌ စိတ် ပြောင်းလဲ၍ တရားခံဘက်မှ ပြန်လည်ခုခံ ပြောဆိုနိုင်ခွင့်ရှိ သည်။ သူကပင်လျှင် တရားခံ၏ လွတ်မြောက်ရေးအတွက် ပြန် လည်၍ ပြောဆိုထောက်ခံ တောင်းဆိုပေးနိုင်သည်။ –
သိုသော် တရားသူကြီးတစ်ဦးသည် တရားခံဘက်မှ နေ၍ ဝင်ရောက်ကူညီပြီး ဖေးဖေးမမ လျှောက်လဲပြီးမှ နောင်အခါ စိတ်ပြောင်းလဲပြီး တရားခံကို ဆန့်ကျင်၍ အပြစ်ပေးရေးအတွက် လျှောက်လဲခွင့် လုံးဝမရှိတော့ချေ။
ဤအချက်အားလုံးတိုမှာ တရားခံအပေါ်၌ အများဆုံး သော အခွင့်အရေးနှင့် သက်ညှာမှု ပေးနိုင်ရေးအတွက် ဖြစ် ပါ၏။
ကြီးလေးသော ပြစ်မှုအတွက် စီရင်ချက် ချမှတ်ကြရာတွင် တရားသူကြီးအဖွဲထဲမှ အသက်အ ငယ်ဆုံးသော သူက စတင်၍ အသက်အကြီးဆုံးအထိ တစ်ဦးချင်း၏ သဘောကို ပြောဆိုရ ၏။ တရားခံအား တရားသေလွှတ်ရန် မဲတစ်မဲ အသာရလျှင် ဖြစ်နိုင်သော်လည်း တရားခံကို အပြစ်ပေးရန်မူကား အနည်း ဆုံး မဲ(၂)မဲ အသာရဖိုရှိသည်။
တရားသေလွှတ်ရန် အတွက်မူကား နေ့ချင်းပင် စီရင်ချက် ချနိုင်သော်လည်း ကြီးလေးသော အပြစ်ဒဏ် စီရင်ရတော့မည့် အလားအလာရှိနေပါက တစ်ရက်စောင့်ရမည်။
တရားသူကြီးများကိုယ်တိုင်က နေအိမ်သိုပြန်ပြီး ဆုတောင်း ကာ သေချာ စဉ်းစား ဆင်ခြင်ရသည်။ အပြစ်ဒဏ်စီရင်ချက်ကို သွေးပူနေချိန် မပေးမိစေရေးအတွက် ဖြစ်ပါ၏။ ထိုကြောင့်လည်း သေဒဏ်ပေး နိုင်လောက်သည့် ပြစ်မှုကြီး များကို ဥပုသ်နေ့ သိုမဟုတ် ပွဲတော်နေ့ရက် အလိုတစ်ရက် (ဝါ) အဖိတ်နေ့တွင် လည်းကောင်း၊ ညအချိန်တွင် လည်းကောင်း၊ ဘယ်သောအခါမျှ မစစ်ဆေးရချေ။
တရားခံက သူ့ကိုယ်သူ အပြစ်ရှိကြောင်း ဝန်ခံစေကာမူ၊ သိုမဟုတ် သူကိုယ်တိုင်၏ ထွက်ဆိုချက် တိုသည် သူ့အား အပြစ် ဒဏ် ကြီးလေးလာဖွယ်ရာ ဖြစ်နေပါက ထိုထွက်ဆိုချက်တိုကို ချက်ချင်း အတည်မ ယူကြရ။ တရားခံသည် မိမိထွက်ဆိုသော စကားများဖြင့် ကိုယ့်အမှုကိုယ်ပတ်ပြီး အပြစ်ပိုမိုကြီးလေးလာ ဖွယ်ရာ ဖြစ်လာခဲ့လျှင် ထိုထွက်ဆိုချက်တိုကို အရေးမယူဘဲ အခြားသော သက်သေများ၏ ထွက်ဆိုချက်တိုကို ပိုမိုဦးစား ပေးကြရ၏။
အားလုံးခြုံပြီးပြောရလျှင် ဂျူးလူမျိုးတို၏ လွှတ်တော်တရား စီရင်ပုံမှာ တတ်နိုင်သရွေ့ တရားမျှတမှု ရှိစေရုံမက၊ တရားခံ အတွက် များစွာ အသားပေးထားသည်ကို တွေ့ရပါလိမ့်မည်။
သိုဖြစ်၍ ဤသိုသော သတ်မှတ်ချက်များအပေါ် မူတည် စဉ်းစားပြီး ယေရှုအား တရားစီရင်ပုံကို လေ့လာကြည့်ကြ ပါစို။
ခရစ်ဝင်ကျမ်း လေးကျမ်းစလုံးကိုခြုံ၍ လေ့လာဖတ်ရှုပြီး ယေရှုအား တရားစီရင်ပုံကို အောက်ပါအတိုင်း အပိုင်း (၆) ပိုင်းခွဲ၍ ရှင်းလင်းတင်ပြပါမည်။
၁။ ယေရှုကို ဖမ်းဆီးပြီးလျှင် ပြီးချင်း “ယဇ်ပရောဟိတ် အကြီးအနွယ်”၏ ရှေ့တော်မှောက်သို လက်ပြန်ကြိုးတုပ်ပြီး ခေါ်ဆောင်လာခဲ့ကြသည်။ (ယော၊ ၁၈း၁၂-၁၃) ဂျူးလူမျိုးတို လွတ်လပ်ချိန်က ယဇ်ပုရောဟိတ် အကြီး၏ရာထူးကို ပုဂ္ဂိုလ်တစ် ဦးတည်းက တစ်သက်လုံး ယူထားနိုင်ခွင့်ရှိသည်။ သိုသော် ရောမ အင်ပိုင်ယာ၏ စိုးမိုးမှုအောက်သို ရောက်လာသောအခါ ထိုရာ ထူးကို တသက်လုံးယူထားနိုင်ခွင့် မရှိတော့ချေ။
ထိုကြောင့် ယေရှုကို ဖမ်းဆီးခေါ်ဆောင်လာစဉ်က အနွတ် သည် ယဇ်ပုရောဟိတ်အကြီး မဟုတ်တော့ပါ။ သူ၏သားမက် ဖြစ်သူ “ကယာဖ”သည်သာလျှင် ထိုရာထူးကို ဆောင်ရွက်နေ ချိန် ဖြစ်သည်။ ။
မည်သိုဖြစ်စေ အန္နတ်ဟု အရှိန်အဝါသည် ထိုစဉ်က ကြီးမား နေဆဲ ဖြစ်ပါသေး၏။ ဗိမာန်တော်ထဲရှိ သူ၏ ဈေးဆိုင်များကို ယေရှုက ဖျက်ဆီးပစ်လိုက်ကတည်းက အနှုတ်သည် ယေရှုကို ကြိတ်မနိုင်ခဲမရ ဖြစ်နေရသည့် အားလျော်စွာ သူ့ထံသို ကိုယ် တော့်အား ရှေးဦးစွာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပါ၏။
၂။ ထိုညတွင်းချင်းပင် ယေရှုအား လက်ရှိယဇ်ပုရောဟိတ် အကြီးရာထူးကို ထမ်းဆောင်နေသော “ကယာဖ”၏ အိမ်တော် သို တဖန်ခေါ်ဆောင်ပြီး အမှုစစ်ဆေးပြန်သည်။ (မဿဲ၊ ၂၆း ၇-၆၈၊ မာကု၊ ၁၄း၅၃-၆၅၊ လုကာ၊ ၂၂:၅၄၊ ၆၃-၆၅၊ ယော၊ ၁၈း၁၉-၂၄) ဤသို အမှုစစ်ဆေးခြင်းသည် တရားဝင်သော ဆန်ဟီဒရင် လွှတ်တော်၏ စစ်ဆေးခြင်းမျိုး မဟုတ်၊ ပဏာမစစ်ဆေးခြင်းမျိုးသာဖြစ်ပြီး၊ ဆန်ဟီဒရင်တွင် စစ်ဆေးသည့်အခါ မည်သိုသော စွဲချက်တင်ရမည်ကို “ကြိုတင် စုံစမ်း စစ်ဆေးခြင်းမျှသာ” ဖြစ်သည်။ ။
သိုသော် ထိုနေရာ၌ပင် ကိုယ်တော်၏ မျက်နှာတော်ကို တံထွေးဖြင့် ထွေးခြင်း၊ ကိုယ်တော့် အား ရိုက်နှက်ခြင်း၊ လက်သီးနှင့်ထိုးခြင်း၊ ပြက်ရယ်ပြုခဲ့ကြပါ၏။
၃။ နောက်တစ်နေ့ (သောကြာနေ့) နံနက်ပိုင်းတွင် “ဆန်ဟီ ဒရင်လွှတ်တော်”၏ ရှေ့တော်မှောက်၌ စစ်ဆေးတော့သည် (မဿဲ၊ ၂၇း၁+၊ မာကု၊ ၁၅း၁၊ လုကာ၊ ၂၂း၆၆-၇၁) ဂျူးလူ မျိုးတို လွတ်လပ်နေစဉ်က ဤတရားလွှတ်တော်သည် အမြင့်ဆုံး သော အာဏာပိုင်အဖွဲဖြစ်သော်လည်း သခင်ယေရှုကို အမှုစစ် ဆေးစဉ်က ဂျူးလူမျိုးတိုသည် ရောမအင်ပိုင်ယာ၏ လက် အောက်ခံ ဖြစ်နေသဖြင့် သေဒဏ်စီရင်ချက် ချမှတ်နိုင်ရေး အတွက် ရောမဘုရင်ခံထံသို တဆင့်တက်လျှောက်လဲရပေဦး မည်။ Talmud ကျမ်းက “ဗိမာန်တော်ကြီး ဖျက်ဆီးခြင်းမခံ ရမီ အနှစ်(၄၀)ကတည်းက ထိုလွှတ်တော်ထံမှ သေဒဏ်ပေး ပိုင်ခွင့်ကို ရုပ်သိမ်းထားခြင်း ခံရသည်”ဟု ဆိုထားသည်။
၄။ ထိုကြောင့် ယေရှုအား ရောမဘုရင်ခံ “ပိလတ်မင်း၏ ရှေ့တော်မှောက်သို တဖန် ခေါ်ဆောင်သွားကြ ပြန်သည်။ (မဿဲ၊ ၂၈း၂-၂၆၊ မာကု၊ ၁၅း၂-၁၅၊ လုကာ၊ ၂၃း၁-၃ ၁၃-၂၅) ဤအပိုင်းတွင် ယေရှုအား ဂျူးလူ မျိုးအာဏာပိုင် တိုက မစစ်ဆေးတော့ဘဲ ရောမအစိုးရ အာဏာပိုင်တို၏ တရား စီရင် စစ်ဆေးမှုဖြစ်လာတော့၏။
၅။ ထိုနောက် ယေရှုကို (အန္တိ) ဟေရုဒ်မင်းထံ ပိုကြပြန် သည်။ (လုကာ၊ ၂၃း၆-၁၂) ဟေရုဒ်သည် ဂါလိလဲနယ်စား ဖြစ်နေသည့်အလျောက် ယေရှုအား သူ့ထံသို ပိုလိုက်ခြင်း ဖြစ်သည်။ အမှန်ဆိုရလျှင် ဤနေရာ၌ ပိလတ်မင်းသည် ခေါင်း ရှောင်လိုက်ခြင်း ဖြစ်ပါ၏။ သိုသော် ဟေရုဒ်က မည်သိုမျှ တရားမစီရင်ဘဲ ကိုယ်တော့်အား ပိလတ်မင်းထံ ပြန်ပိုခဲ့သည်။
၆။ နောက်ဆုံး၌ ပိလတ်မင်း၏ ရှေ့တော်မှောက်သို ရောက် ရပြန်သောအခါမှ တရားစီရင်မှုပြီးစီးခဲ့သည်။ ထိုနောက် ကိုယ် တော့်အား နီသောဝတ်ရုံကို ခြုံစေကြသည်။ ကျူးလုံးကို ယူ၍ ခေါင်းတော်ကို ရိုက်ကြသည်။ အမျိုးမျိုးညှင်းဆဲပြီးမှ နောက် ဆုံး၌ ကားစင်တင်သတ်ရန် ခေါ်ဆောင်သွားခဲ့ကြပါတော့၏။
တရားစီရင်ပုံအသေးစိတ်
ရှေးဦးစွာ ယေရှုအား စွဲချက်တင်နိုင်ရေးအတွက် သက်သေ များကို ရှာခဲ့ကြသည်။
““ယဇ်ပုရောဟိတ်အကြီးတိုနှင့် လူအကြီးအကဲ၊ လွှတ်တော် အရာရှိအပေါင်းတိုသည် ယေရှုကို သတ်ရမည့်အကြောင်း မမှန်သော သက်သေကိုရှာသော်လည်း မတွေ့ကြ။ မမှန်သော သက်သေခံအများ လာကြသော်လည်း သူတို၏ထွက်ဆိုချက်တို သည် မကိုက်ညီကြ” (မဿဲ၊ ၂၆း၅၉+၊ မာကု၊ ၁၄း၅၆) ရှင်မာကုကလည်း “ထိုသူတို၏ သက်သေခံချက်သည် မညီ”ဟု ဆိုထားပြန်ပါ၏။ (မာကု၊ ၁၄း၅၉)
နောက်ဆုံး၌ မမှန်သော သက်သေနှစ်ဦးကို ရှာတွေ့ပြီး “ဤ သူက ငါသည် ဘုရားသခင်၏ ဗိကန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်း လူတို၏လက်ဖြင့် မလုပ်သော ဗိမာန်တော်တစ်ဆောင်ကို ပြန်၍ တည်ဆောက်မည်အကြောင်း” ထွက်ဆိုကြတော့သည်။
သူတို၏ ထွက်ဆိုချက်တိုသည် ဤအကြိမ်တွင် ညီကြ၏။ (မဿဲ၊ ၂၆း၆၁၊ မာကု၊ ၁၄း၅၈) သိုသော် ထိုသို သက်သေခံ ကြသောအခါ သခင်ယေရှုက စကားတစ်ခွန်းမှ ပြန်၍မဖြေဘဲ တိတ်ဆိတ်စွာနေခဲ့သည်။ (မဿဲ၊ ၂၆း၆၂+၊ မာကု၊ ၁၄း၆၀+)
အမှန်ဆိုလျှင် ကိုယ်တော်က ဗိမာန်တော်ကို ဖြိုဖျက်ပစ်မည် ဟု မိန့်ဆိုခဲ့ခြင်းကို သူတိုက တလွဲထင်သည့်ကိစ္စ ဖြစ်၏။
အထူးသဖြင့် ရှမာရိအမျိုးသမီးကို ကိုယ်တော်က “ယေရု ရှလင်မြိုသို မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့် အချိန် ကာလ ရောက်လိမ့်မည်”ဟု ပြောခဲ့သည့်အတိုင်း ဗိမာန်တော် အတွင်း၌ ဝတ်ပြုကိုးကွယ်ပုံ ဝိနည်း၊ ထုံးနည်းများ ကွယ်ပျောက် သွား၍ ဘုရားသခင်၏ စစ်မှန်စွာ ကိုးကွယ်ဝတ်ပြုရန် ဗိမာန် တော်ကို လိုအပ်တော့မည် မဟုတ်ကြောင်း ပြောဆိုခဲ့ခြင်းမျှ သာ ဖြစ်သည်။ (ယော၊ ၂း၁၉-၂၂ ကိုကြည့်ပါ)
ဤသိုပြောဆိုရာ၌ မိမိကိုယ်တည်းဟူသော ဗိမာန်တော်ကို အမှတ်ပြု၍ မိန့်တော်မူခြင်းဖြစ်ကြောင်း ရှင်ယောဟန်ကလည်း အသေအချာ ရှင်းပြထားပါသေးသည်။ (ယော၊ ၂း၂၁)
မည်သိုဖြစ်စေ၊ ထိုသက်သေခံချက်နှင့် စွဲချက်သည် အကျိုး ရှိမည်မဟုတ်ကြောင်း သူတိုက သိရှိသဖြင့် ထိုစွဲချက်ကို မတင်ဘဲ ဖယ်ထားလိုက်တော့သည်။
ထိုကြောင့် ကိုယ်တော့်အပေါ် နောက်ထပ်စွဲချက်တစ်ခု ထပ်တင်ကြပြန်သည်။ ထိုစွဲချက်ကား “ဘုရားကိုလွန်ကျူးပြောဆို ခြင်း”ဟူသော စွဲချက်ပေတည်း။ ။
ယဇ်ပုရောဟိတ်အကြီးက ယေရှုသည် မေရှိယ ဟုတ် မဟုတ် တိုက်ရိုက်မေးလိုက်သည်။ (မဿဲ၊ ၂၆း၆၃၊ မာကု၊ ၁၄း၆၁၊ လုကာ၊ ၂၂း၆၇) ၊
ယေရှုကလည်း ဟုတ်မှန်ကြောင်း တိုက်ရိုက် ဖြေသည်။ (မဿဲ၊ ၂၆း၆၄၊ မာကု၊ ၁၄:၆၂၊ လုကာ၊ ၂၂း၇၀)
ထိုအပြင် “ထိုမျှမက ငါဆိုသည်ကား နောင်ကာလ၌ လူ သားသည် တန်ခိုးတော်၏ လက်ယာဘက် ၌ထိုင်လျက် မိုးတိမ်ကို စီး၍ ကြွလာသည်ကို သင်တိုမြင်ကြရလတံ့”ဟု ကိုယ်တော်က မိန့်တော်မူလိုက်ပါ၏။
ဤနေရာ၌ အလျဉ်းသင့်၍ ကိုယ်တော် မိန့်တော်မူလိုက်သော ဤကျမ်းချက်စကားကို ရှင်းပြမှ ဖြစ်ပေတော့မည်။
အဘယ့်ကြောင့်ဆိုသော် ဤကျမ်းစကားကို လူအများက ကိုယ်တော်၏ “ဒုတိယကြွလာခြင်း”ကို ရည်မျှော်၍ မိန့်တော်မူခဲ့ ခြင်းဖြစ်သည်ဟု လွဲမှားစွာ ထင်မှတ်လေ့ ရှိကြသောကြောင့် ဖြစ်ပါ၏။
ကျမ်းပြိုင်စကားဖြစ်သော လုကာ၊ ၂၂း၆၉ ကို အသေ အချာကြည့်ပါ။
“နောက်၌ လူသားသည် ဘုရားသခင်၏ တန်ခိုးတော် လက်ယာဘက်၌ ထိုင်တော်မူလတံ့”ဟု ရှင်လုကာက မှတ်တမ်း တင်ထားရာ ကိုယ်တော်၏ ဒုတိယကြွလာခြင်းအကြောင်း အရိပ် အမြွတ်မျှပင် မပါကြောင်း တွေ့ရပါလိမ့်မည်။
ယေရှုသည် ဤနေရာ၌ ဒံယေလ အနာဂတ္တိကျမ်း ၇း၁၃+ ထဲမှ စကားများကို ရည်ညွှန်း ပြောဆိုနေခဲ့ခြင်း ဖြစ်သည်မှာ သေချာလှပါ၏။
ထိုကျမ်းစကားမှာကား “ထိုညအခါ ငါသည် အာရုံပြု၍ လူသားနှင့်တူသော သူတစ်ဦးသည် မိုးတိမ်ကို စီးလျက် အသက် ကြီးသောသူ၏ အထံတော်သို ရောက်လာ၏။ ထိုသူကို အထံတော် ပါးသို သွင်းကြ၏။ အရပ်ရပ်တို၌နေ၍ အသီးသီး အခြားခြားသော ဘာသာစကားကိုပြောသော လူမျိုးတကာတိုကို အုပ်စိုး စေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကို ရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော် သည် ပျက်စီးခြင်းသို မရောက်နိုင်ရာ”ဟူ၍ တွေ့ရပါလိမ့်မည်။
ဤဒံယေလ အနာဂတ္တိကျမ်းစကား၌ ပါရှိသော အချက် တစ်ချက်ကို ဂရုပြုကြည့်ပါ။
လူသားနှင့်တူသူတစ်ဦးသည် ကောင်းကင်မှ “မြေကြီးပေါ် သို”ကြွလာခြင်းကို ပြောထားခြင်းမဟုတ်။ ထိုလူသားသည် “ကောင်းကင်နိုင်ငံသို” အောင်မြင်စွာ တန်ခိုးအာဏာဖြင့် ကြွ လာခြင်းဖြစ်ကြောင်း ကိုသာ ဖော်ပြထားခြင်း ဖြစ်ပါ၏။
သခင်ယေရှုက ယဇ်ပုရောဟိတ်မင်းကို ဤ ပြန်လည် ဖြေ ကြားခဲ့ရာတွင် ကိုယ်တော်၏ ဒုတိယကြွလာခြင်းကို ရည်ဆောင်၍ ပြောနေခြင်းမဟုတ်၊ ကိုယ်တော့်အနေဖြင့် ဤကိစ္စ၌ နောက်ဆုံး တွင် အောင်ပွဲကိုခံရပြီး ဘုန်းတန်ခိုးတော်ဖြင့် ဤအမင်္ဂလာကို မင်္ဂလာအဖြစ်သို ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ကြောင်းကို ပြော ဆိုနေခြင်းသာ ဖြစ်၏။
ကိုယ်တော် မိန့်တော်မူလိုက်သော စကားကို စကားပြေရိုးရိုး အဖြစ် အဓိပ္ပါယ်ပေါက်အောင် ထပ်မံရှင်းပြမည် ဆိုပါလျှင် “ယခုဆိုလျှင် ငါသည် သင်၏လက်တွင်းသို ကျရောက်နေပြီး၊ သင်ပြုသမျှ နုရတော့မည့် အခြေအနေမျိုးတွင် ရှိနေသည်။ ယခုဆိုလျှင် ငါ့အား ကားစင်တင်သတ်၍ သုတ်သင်ဖယ်ရှင်း နိုင်မည့် အခွင့်အရေးကို သင်သည် ရရှိနေပြီး ဖြစ်၍လည်း ဝမ်းသာအားရ ဖြစ်နေပုံရသည်။ ယခုအချိန်သည် သင်၏ အောင်ပွဲခံချိန်နှင့် ငါ၏ အရှုးခံနေချိန်နှင့် တူနေသည်။ သိုသော် တစ်နေ့ကျလျှင် သင်သည့် ငါ့ကို ပြန်တွေ့ရမည်ဖြစ်ပြီး ထိုအချိန်တွင် ငါသည် ဘုရားသခင်၏ ပလ္လင်တော်ပေါ်၌ ဘုန်းကျက်သရေ အဖြာဖြာ နှင့် ထိုင်၍နေသည်ကို တွေ့ရပေလိမ့်မည်။
ယခုအချိန်တွင် သင်တိုသည် တရားစီရင်နေသူများ ဖြစ်နေပြီး ငါသည် တရားစီရင်ခြင်းကို ခံနေရသည့် တရားခံ ဖြစ်နေပေပြီ။ သိုသော် တစ်နေ့တွင် သင်သည် ငါ၏ရှေ့တော်မှောက်သို ရောက် လာပြီး ငါက သင်၏အပြစ် ဒုစရိုက်တိုကို တရားစီရင် ဆုံးဖြတ် မည်။ ယခုအချိန်တွင် သင်သည့် ငါ့ကို ဖျောက်ဖျက်ပစ်နိုင်ပြီ ဟူ၍ထင်နေသော်လည်း များမကြာမီ သင်သည် ငါ့အား ဘုန်းကျက်သရေ ပြည့်ဝစုံလင်သော ဘုရင်အဖြစ်နှင့် တွေ့ရ ပေတော့မည်”ဟူသကဲ့သို မိန့်တော်မူနေခြင်းသာ ဖြစ်ပါ၏။
ယခုအချိန်အထိ ယေရှုအား တရားစီရင်ခဲ့ပုံ အကြောင်းကို သေချာစွာ လေ့လာစိစစ်ကြည့်လျှင် မတရားမှုများကို ထင်ရှား စွာ တွေ့နေရပါပြီ။ မတရားမှုများကို စာရင်းပြုလိုက်ရပါလျှင် အောက်ပါအတိုင်း တွေ့ရပါလိမ့်မည်။
၁။ သက်သေများသည် မမှန်သော သက်သေများ ဖြစ်ကြ သည်။ ရှင်မဿဲနှင့် ရှင်မာကုကျမ်းများအရ သူတို၏ ထွက်ဆို ချက်များသည် တစ်ဦးနှင့်တစ်ဦး မညီဘဲဖြစ်နေခဲ့ကြောင်း ထင် ရှားစွာ တွေ့နေရ၏။
၂။ တရားခံတစ်ဦးအား စီရင်ချက်ချ အပြစ်မပေးရသေးမီ အချိန်အထိ ထိုသူသည် လုံးဝ အပြစ်မရှိသူ ဟူ၍ ယူဆထား မည်ကို ဓမ္မသတ်တွင် ရှင်းရှင်းကြီး ရှိနေပါလျက် ကိုယ်တော် ကို စနစ်တကျ တရားစီရင် မဆုံးဖြတ်မီကတည်းက ရိုက်နှက်ပုတ် ခတ် ညှင်းဆဲခဲ့ကြသည်။ အပြစ်ရှိနေသော တရားခံတစ်ဦးကဲ့သို ပင် ဆက်ဆံပြုမူနေခဲ့သည်။ ကိုယ်တော်သည် နှစ်ကြိမ်တိုင်တိုင် ရိုက်နှက်ပုတ်ခတ်ညှင်းဆဲခြင်းကို ခံခဲ့ရသည်။ (လုကာ၊ ၂၂း၆၃၊ ယော၊ ၁၈း၂၂)
၃။ မိမိကိုယ်ကို ပြန်ပြီး အပတ်စေနိုင်သည့် မေးခွန်းများ ကိုသာ မေးခဲ့သည်။ သက်သေများ၏ ထွက်ချက်တိုထက် ကိုယ်တော် မြွတ်ကြားတော်မူခဲ့သော စကားတော်များအပေါ်တွင် သာ မူတည်ပြီး တရားစီရင်ခဲ့ကြသည်။
၄။ ဆန်ဟီဒရင်သည် ညကြီးမိုးချုပ်၌ လည်းကောင်း၊ ပသခါပွဲတော်နေ့၌လည်းကောင်း စည်းဝေးပြီး စီရင်ချက်ချ ခဲ့သဖြင့် သတ်မှတ်ထားသော ဥပဒေဓမ္မသတ်နှင့်မညီ။ ။
၅။ ဆန်ဟီဒရင်လွှတ်တော်ကို ဗိမာန်တော် ပရဝုဏ်အတွင်း ရှိ “ကျောက်ဖြင့်ထွင်းထားသော ခန်းမဆောင်၌ ́သာ ကျင်းပရ မည် ဖြစ်သော်လည်း ကယာဖ၏ နေအိမ်၌သာ တွေ့ဆုံတရား စီရင်ခဲ့သည်။
၆။ စီရင်ချက် ချမှတ်ပုံတိုမှာ စနစ်တကျမရှိ။ ချမှတ်ထား သည့် စည်းကမ်းဥပဒေနှင့် မညီ၊ လွှတ်တော် ခုံရုံးကပင်လျှင် တရားခံဘက်က ခုခံပြောဆိုပေးခဲ့သူတစ်ဦးမျှမရှိ၊ ကန့်ကွက်သူ တစ်စုံတစ်ဦးမရှိဘဲ ခုံရုံးတစ်ခုလုံးက တရားခံတစ်ဦး၌ အပြစ် ရှိသည်ဟု တညီတညွတ်တည်း ဆုံးဖြတ်လိုက်ခြင်းကိုက ဥပဒေနှင့် မညီပါ။ Unanimous unfavourable verdict is illegal ဟူ၍ Mishnah ဓမ္မသတ်ကျမ်းရှိ ‘ဆန်ဟီဒရင်” ဟူသော ခေါင်း စဉ်အောက်ရှိ စာပိုဒ် ၄၁ တွင် အတိအလင်း ဆိုထားပါ သည်။
၇။ ပထမဆုံးစွဲချက် တင်ချိန်နှင့် နောက်ဆုံး စီရင်ချက် ချချိန်စပ်ကြား၌ တစ်ညမရှိခဲ့သဖြင့် ဆန်ဟီဒရင်၏ ဥပဒေစည်း မျဉ်းနှင့်မညီ။
၈။ တရားခံဘက်က ခုခံကာကွယ် သက်သေခံပေးမည့်သူ တစ်ဦးမျှမရှိ။ အမှန်ဆိုရလျှင် ဆန်ဟီဒရင် လွှတ်တော်ကပင်လျှင် ထိုသိုသော သက်သေမျိုးကို ရှာဖွေပေးရမည် ဖြစ်သော်လည်း လွှတ်တော်တစ်ခုလုံးက ပင်လျှင် တရားလိုသက်သေများကိုသာ အပူတပြင်း လိုက်လံရှာဖွေနေခဲ့သည်။
ထိုကြောင့် ဆန်ဟီဒရင်၏ လွှတ်တော်စည်းမျဉ်း မှန်သမျှ ကို သူတိုသည် ချိုးဖောက်ခဲ့သည်။ တရားခံအား မိမိကိုယ် ကို ခုခံကာကွယ်နိုင်ရန် အခွင့်အရေးဟူ၍ လုံးဝမပေးခဲ့ခြင်း ကိုပါ ထောက်ရှုကြည့်ပြန်လျှင် လွှတ်တော်ခုံရုံးကပင်လျှင် ယေရှုအား အသေသတ်ရမှ ကျေနပ်မည်ကို ထင်ရှားနေပါ၏။
သိုသော် ဤဖြစ်ရပ်ထဲ၌ သခင်ယေရှု၏ ဇာတိသဘောတော် သုံးချက်ကို ပေါ်လွင်ထင်ရှားစွာ တွေ့လာရသည် –
(က) ယေရှု၏သမာဓိနှင့် စိတ်ဓာတ်ခိုင်ခံ့ တည်ကြည်မှုကို တွေ့နိုင်သည်။ ဖြစ်ရပ်အားလုံးကို ရှုကြည့်လျှင် ဗရုတ်သုတ်ခ နိုင်လွန်းသည်။ လူအားလုံးတိုသည် ယောက်ယက် ခတ်နေ သည်။ ဂဏာမငြိမ် ဖြစ်နေကြစဉ်ပင် ယေရှု တစ်ဦးတည်းက သာ သမာဓိရှိနေသည်။ တည်ငြိမ်၍ ဣန္ဒြေရှိနေသည် သေဒဏ်ခံနိုင်လောက်မည့် အမှုဖြစ်မှန်းသိပါလျက် စိတ်ရော ကိုယ်ပါ တည်ကြည်မှုရှိနေသည်။ အမှန်ဆိုရလျှင် ယေရှုကို လူအားလုံးက ဝိုင်း၍ တရားစီရင် စစ်ဆေး ကြည့်နေကြစဉ် တွင် ယေရှုကိုယ်တော်တိုင်က သူတို အားလုံးကို ပြန်၍ တရား စီရင်စစ်ဆေးနေသကဲ့သို ဖြစ်နေသည်။
(ခ) ယေရှု၏ ရဲစွမ်းသတ္တိကို ရှင်းရှင်းမြင်နိုင်သည်။ ယဇ် ပုရောဟိတ်အကြီးက မေးနေသမျှ မေးခွန်းတိုသည် အလွန်အရေး ကြီးလှသော မေးခွန်းများ ဖြစ်နေရုံမက ကိုယ်တော့်အား သေဒဏ်အပြစ် ပေးနိုင်လောက်အောင် လှည့်ပတ် မေးမြန်းနေ သည်ကို သိပါလျက် ယေရှုက အမှန်အတိုင်း ဖြေနေသည်။ ကိုယ်တော်ခံရမည့် အပြစ်ဒဏ်သည် ကိုယ်တော်၏ အဖြေပေါ် ၌ မူတည်နေသည်ကို သိပါလျက် ရှောင်တိမ်းခြင်း မပြု၊ လိမ်ညာခြင်းမပြု၊ လှည့်ပတ်၍မဖြေ၊ အလိမ္မာသုံး၍ ဝေ့လည်ကြောင်ပတ် ဖြေ၍မနေ၊ အဲ့ဒိုး၊ ရှင်းလင်း ပြတ်သားစွာသာ ဖြေကြားနေသည်။
(ဂ) နောက်ဆုံး၌ ကိုယ်တော်သည်သာလျှင် အနိုင်ယူမည် ကို စိတ်ချ ယုံကြည်နေကြောင်း တွေ့နိုင်သည်။ ကားတိုင်ကို ကိုယ်တော်က မြင်တွေ့နေရလင့်ကစား၊ ကားတိုင်ကို ကျော် လွန်၍ ရှုကြည့်နိုင်ပြီး နောက်ဆုံး၌ ဆွတ်ခူးနိုင်မည်ဖြစ်သော အောင်ပွဲကို မြင်တွေ့နေရသည်။
ယေရှုကို အမှုစစ်ဆေးချိန်က ဂျူးလူမျိုးတို၏ လွှတ်တော် ထံမှ သေဒဏ်ပေးပိုင်ခွင့်ကို ရောမအစိုးရက ရုပ်သိမ်းထား ပြီးဖြစ်ကြောင်း ကျွန်တော် တင်ပြထားပြီး ဖြစ်ပါ၏။ သာမန် လူမျိုးရေး၊ ဘာသာရေး၊ လူမှုရေး ကိစ္စများကို သာလျှင် ထိုလွှတ်တော်ကပင် ဆုံးဖြတ်ခွင့် ပေးထားသည်။ ဂျူးလူမျိုးတို အချင်းချင်း အုပ်ချုပ်နိုင်ခွင့်အာဏာကို ပေးထားခြင်း ဖြစ် ၏။ ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးလျက် ရှိနေ လျှင် လုံလောက်ပြီဟု ရောမအစိုးရက ယူဆ၍ ဂျူးလူမျိုး အာဏာပိုင်တို၏ လက်ထဲသို ထိုအခွင့်အာဏာကို လွှအပ် ထားခဲ့ခြင်း ဖြစ်ပါ၏။
သိုသော် သေဒဏ်ပေးနိုင်ခွင့်ကိုကား ရောမဘုရင်ခံ ပိလတ် မင်း၏ လက်ထဲ၌သာ ထားရှိနေသောကြောင့် ယေရှုအား နောက်ဆုံး၌ ပိလတ်မင်းထံ ခေါ်ဆောင်လာခဲ့ကြခြင်း ဖြစ်၏။
ဂျူးလူမျိုး အာဏာပိုင်များက တစ်ဖက်သတ် စိတ်ထားဖြင့် မတရားပြုလုပ်ရန် ကြံရွယ်နေစေကာမူ ယေရှုသည် တစ်ပါး အမျိုးသားဖြစ်သည့် ရောမဘုရင်ခံ ပိလတ်မင်း လက်ထဲ၌ တရား မျှတမှုကို ရနိုင်လိမ့်မည်ဟု မျှော်မှန်း ထားနိုင်သေးသည်။
ယေရှုအား သေဒဏ် ပေးမှသာလျှင် ကျေနပ်မည် ဖြစ် ကြောင်းကို ဆန်ဟီဒရင်လွှတ်တော် လူကြီးတို၏ “စွဲချက်” ကို ကြည့်လျှင် သိသာနိုင်သည်။
ဆန်ဟီဒရင် ရှေ့မှောက်တွင် တင်ပြသော စွဲချက်မှာ ယေရှု သည် “ဘုရားကိုလွန်ကျူး၍ ပြောဆိုနေသူ”ဟူ၍ စွပ်စွဲခဲ့ကြ ၏။ ပိလတ်မင်း၏ ရှေ့သို ရောက်သောအခါ “ယုဒလူတိုက ဤသူသည် ဘုရားသခင်၏ သားတော် ဖြစ်ယောင်ဆောင် သောကြောင့် အကျွန်ုပ်တို၌ ရှိသော ဓမ္မသတ်အတိုင်း သေ ထိုက်ပါသည်”ဟု ဆက်လက် လျှောက်ထား ကြပြန်သည် ကား မှန်၏။ (ယော၊ ၁၉း၇)
သိုသော် ထိုစွဲချက်ကိုကြည့်လျှင် ဂျူးလူမျိုးတို၏ ဘာသာ ရေးကိစ္စ၊ သူတို၏ ဘာသာရေးဆိုင်ရာ အတွင်းရေး သက် သက်မျှသာ ဖြစ်နေသောကြောင့် ဤပြစ်မှု အားဖြင့်သာ ဆို လျှင် ယေရှုကို သေဒဏ် ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း သေ ချာသည်။ ဤကိစ္စသည် အယူဝါဒ သိုမဟုတ် ဘာသာရေး အယူအဆ ကွဲလွဲမှုသက်သက်မျှသာ ဖြစ်နေသည်။
ထိုကြောင့် သူတိုက ထိုစွဲချက်ကို ယုတ်မာသောစိတ်မျိုး ဖြင့် ချက်ချင်း ပြောင်းပစ်လိုက်ကြတော့၏။
ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍ မိမိ သည် ခရစ်တော်တည်းဟူသော ရှင်ဘုရင် ဖြစ်ကြောင်း ဆို လျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်ဟု တားမြစ်သည် ကို အကျွန်ုပ်တို တွေ့ပါပြီ”ဟု လိမ်လည်၍ စွဲချက်တင်ကြ ပါတော့၏။ (လုကာ၊ ၂၃း၂)။
ဤစွဲချက် လုံးဝ မမှန်ကန်ကြောင်း သူတိုကိုယ်တိုင်ကလည်း အသိဆုံးပင်ဖြစ်သည်။
သိုသော် ဤသိုသော စွဲချက်မျိုး တင်မှသာလျှင် ပိလတ် မင်းက အရေးတယူ စစ်ဆေးတော့မည် ဖြစ်ကြောင်း သူတို သိကြသည်။
“ရှင်ဘုရင်ဖြစ်သည်” “ကဲသာ ဘုရင်အား အခွန်မဆက် နှင့်”ဟူသော စကားမှာ ပုန်ကန်ထကြွ တော်လှန်မှုကြီး တစ်ရပ်ဖြစ်သောကြောင့် ပိလတ်မင်းသည် အဘယ်နည်းနှင့် မျှ လျစ်လျူရှု၍ နေနိုင် တော့မည်မဟုတ်။ ထိုကြောင့်လည်း အဆိုပါစွဲချက်ကို ကြားလိုက်ရသည်နှင့် ပိလတ်မင်းက စတင် မေးခွန်း ထုတ်တော့၏။
ထိုမေးခွန်း၏ အဖြေကို ပိလတ်မင်းကိုယ်တိုင်ကပင် သိနေပြီး ဖြစ်သည်။ ပိလတ်မင်းသည် ဂျူးလူမျိုးတိုကို အုပ်ချုပ်နေခဲ့သည် မှာ ကြာမြင့်ပြီဖြစ်၍ မည်သိုသောလူမျိုးသည် သူပုန်၊ မည်သို သောလူမျိုးသည် နိုင်ငံရေးသမား၊ မည်သိုသော လူမျိုးသည် သူတော်စင် သူတော်ကောင်းဟူ၍ နားလည်နေပြီး ဖြစ်ပါ၏။ သခင်ယေရှုသည် ရောမအစိုးရအား ပုန်ကန်မည့် တော်လှန်ရေး သမားမဟုတ်ကြောင်း သူကိုယ်တိုင် သိရှိ နားလည်နေပြီး ဖြစ် မည်မှာလည်း သေချာပါသည်။
ပိလတ်မင်းက “သင်သည် ယုဒလူမျိုးတို၏ ဘုရင် မှန် သလော”ဟုမေးရာ ကိုယ်တော်သည် မှန်ကြောင်း ဖြေသော်လည်း သူ၏နိုင်ငံသည် ဤလောကနှင့်မဆိုင်၊ နိုင်ငံရေးရာနှင့် မပတ် သက်၊ ဝိညာဉ်ရေးနှင့် ဘာသာရေးသက်သက်မျှသာ ဖြစ်သည် ကို ဖြေကြားခဲ့သည်။ (မဿဲ၊ ၂၇း၁၁၊ မာကု၊ ၁၅း၂၊ လုကာ၊ ၂၃း၃-၅၊ ယော၊ ၁၈း၃၃-၃၇) ၊
ထိုအခါ ပိလတ်မင်းက ထိုမေးခွန်းကို ဆက်လက်မေးမြန်း ခြင်းမပြုတော့သည်ကို ထောက်လျှင် သူကိုယ်တိုင်က ယေရှု၏ အဖြေသည်မှန်ကြောင်း၊ ယေရှုသည် နိုင်ငံတော်ကို ပုန်ကန် တော်လှန်မည့်သူတစ်ဦး မဟုတ်ကြောင်း ကောင်းစွာ သိရှိပြီး ဖြစ်သောကြောင့်တည်း။
ယေရှု၏ရှေ့တော်၌ ပိလတ်မင်းကပင်လျှင် အံ့ဩ၊ တွေဝေ၊ မိန်းမော၊ ကြောက်ရွံတုန်လှုပ်နေပုံရသည်။ သူ၏ရှေ့မှောက်၌ ရောက်နေသူသည် သာမန် လူရှုပ်လူပွေတစ်ဦး မဟုတ်ကြောင်း ကိုလည်း သိထားဟန် တူသည်။ ယေရှု၏ ရန်သူများက ပြစ်တင်အော်ဟစ်ရှုတ်ချနေစေကာမူ၊ ကိုယ်တော်က တိတ်ဆိတ် ငြိမ် သက်စွာ နေလျက်ရှိသည်ကို “အံ့ဩ”လျက်နေ၏။ (မဿဲ၊ ၂၇း ၁၃-၁၄၊ မာကု၊ ၁၅း၃-၅ ကိုကြည့်ပါ) ၊
သိုသော် ယေရှု သည် ဘုရားသခင်၏ သားတော် ဖြစ်ကြောင်း ဝန်ခံလိုက်သောအခါ ပိလတ်မင်းက ပင်လျှင် ကြောက် ရွံသွား၏။ (ယော၊ ၁၉း၈) ကိုယ်တော့်ကို သူ၏ရှေ့မှောက် သို ခေါ်ဆောင်လာခြင်းမှာ ဂျူးလူမျိုး ဘာသာရေးခေါင်း ဆောင်တို့၏ မနာလိုခြင်း၊ တစ်ဖက်သတ်စိတ်ထား ရှိနေခြင်း၊ အဓိပ္ပါယ်မရှိလှသော ဆိုးညစ် ယုတ်မာမှုဖြစ်ခြင်း၊ မတရားသော ကိစ္စတစ်ရပ်ဖြစ်နေကြောင်းကို ပိလတ်မင်းက ချက်ချင်း ရိပ်မိပုံရသည်။ (မဿဲ၊ ၂၇၁၈၊ မာကု၊ ၁၅၁၀)
ယေရှုသည် အဘယ်သိုသော ပြစ်မှုကြီးကို ကျူးလွန်ခဲ့ သနည်း ဟူ၍ ထပ်တလဲလဲမေးမြန်းပြီး ကိုယ်တော်၌ အပြစ်မရှိ သဖြင့် တရားသေလွှတ်ပစ်ရန် ရှာကြံခဲ့ကြောင်းကို ထင်ထင် ရှားရှားကြီး တွေ့မြင်နိုင်ပါ၏။ (မဿဲ၊ ၂၇း၂၃+၊ မာကု၊ ၁၅:၁၄၊ လုကာ၊ ၂၃း၄၊ ၁၄+၊ ၂၂၊ ယော၊ ၁၈း၃၈၊ ၁၉း၄)
သိုသော် ဂျူးလူမျိုးတို၏ လွှတ်တော်အရာရှိများက ယေရှုကို အသေသတ်ရမှ ကျေနပ်နိုင်မည်ကို တွေ့လာရသဖြင့် နောက်ဆုံး၌ မတတ်သာတော့ဘဲ ရေအင်တုံကိုတောင်းပြီး သူ၏လက်ကိုဆေး သည်။ ဂျူးလူမျိုးတိုလုပ်သမျှသည် သူနှင့်မဆိုင်တော့။ သူတို၏ စိတ်သဘောထားအတိုင်း ဖြစ်ကြပါစေဟူ၍ အလျော့ပေးလိုက် သည့် အမှတ်လက္ခဏာပင် ဖြစ်၏။ (မဿဲ၊ ၂၇း၂၄)
ပိလတ်မင်းသည် ယေရှုအား အပြစ်ဒဏ်စီရင်ရန် အခက်အခဲ တွေ့နေရသလို တရားသေ လွှတ်ပစ်ရန်လည်း အခက်အခဲတွေ့ နေခဲ့သည်။
သူ၏ ဇနီးဖြစ်သူ “Claudia Procula” (က လော်ဒီ ယာ၊ ပရိုကူလာ) ကလည်း လုလင်တစ်ဦးကို စေလွှတ်၍ “ထို ဖြောင့်မတ်သော သူကို အဘယ်သိုမျှ မပြုပါနှင့်၊ ယနေ့ပင် သူမသည် အိပ်မက်ဆိုးကြီး တစ်ခုကို မြင်မက်ခဲ့ရပြီးဖြစ်သည်” ဟု သတိပေးခဲ့၏။ (မဿဲ၊ ၂၇း၁၉)
Acts of Pilate “ပိလတ်မင်း၏ လုပ်ဆောင်ချက်များ” ခေါ် ကျမ်းပယ်ကျမ်းတစ်ကျမ်းတွင် ယေရှုဘက်က ခုခံကာကွယ် ပေးကြသည့်သူ များစွာလာကြကြောင်း မှတ်တမ်းတင်ထား သည်ကို တွေ့ရပါ၏။
တစ်ဦးမှာ (၃၈)နှစ်ရှိသော လူတစ်ဦးဖြစ်၏။ သူသည် ယခင်က ခြေလက် သေနေခဲ့သော်လည်း ယေရှုက ကုသပေးခဲ့ ကြောင်း ထွက်ဆိုခဲ့သည်။ နောက်တစ်ဦးက သူသည် ယခင်က မျက်စိ ကွယ်နေခဲ့သော်လည်း ယေရှု ကုသပေးသောကြောင့် မျက်စိအလင်းကို ပြန်ရခဲ့သည်ဟု သက်သေခံ၏။
နောက်တစ်ဦးက သူ၏ ခါးကိုင်းနေခဲ့သော်လည်း ယေရှုက ကုသပေးသောကြောင့် ရောဂါ ပျောက်ကင်းသွားကြောင်း ဆိုသည်။ တစ်ဦးမှာ ယခင်က နူနာစွဲခဲ့သော်လည်း ယေရှုက ကုသပေး၍ ရောဂါ ပျောက်ကင်းသွားကြောင်း သက်သေခံ သည်။
ထိုနောက် ဗားနစ်(စ်) (လက်တင်အမည် ဗာရော်နီ ကာ) ဆိုသည့် အမျိုးသမီးတစ်ဦး ရောက်လာပြီး သူမသည် ယေရှု၏ ဝတ်ရုံတော်ကို တိုထိလိုက်ခြင်းအားဖြင့် သူမ၏ သွေးသွန်ရောဂါ ပျောက်ကင်းခဲ့သည်ဟု သက်သေထွက်ဆိုခဲ့ကြသည်။ (The Apoctyphal New Testament စာမျက်နှာ ၁၀၁+)
“ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သော အမှုတစ်စုံ တစ်ခုကိုမျှ မပြု၊ ထိုကြောင့် သူ့ကို ငါဆုံးမ၍ လွှတ်မည်” ဟု သုံးကြိမ်တိုင်တိုင် ပိလတ်မင်းက ပြောဆိုခဲ့ပါသေးသည်။ (လုကာ ၂၃း၁၆-၂၂) သိုသော် လူအုပ်ကြီးက သေဒဏ် ပေးရန်ကိုသာ မရမက အော်ဟစ်နေကြတော့သည်။ ထိုအချိန်သည် ပသခါ ပွဲတော်နေ့ဖြစ်၏။ ထိုပွဲတော် နေ့မျိုး၌ ဘုရင်ခံက ရာဇဝတ်သားတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးစမြဲ ဖြစ်သည်။ ထိုအချိန်၌ “ဗာရဗ္ဗ” ဆိုသော လူဆိုးဓားပြကြီးတစ်ဦးကို ဖမ်းချုပ်ထားချိန်လည်း ဖြစ်သည်။
Barabbas ဆိုသည်မှာ အာရေမိစကား Bar-Abba နှင့် ဆက်နွယ်နေ၍ အနက်မှာ “ဖခင်၏သား” သိုမဟုတ် ဆရာတစ်ဦး၏သား” ဟူ၍ ဖြစ်သည်။
ကျမ်းပယ်တစ်ကျမ်း ဖြစ်သော “ဟေဗြဲတို၏ ခရစ်ဝင် ကျမ်း” (Gospel According To The Hebrwews) ထဲတွင် ထိုသူ၏အမည်ကို Bar-Rabban ဟု ဖော်ပြထားသည်။ အနက် မှာ “ရဗ္ဗိဆရာတစ်ဦး၏သား” ဟူ၍ ဖြစ်သည်။
မည်သိုဖြစ်စေ “ဗာရဗ္ဗ”သည် သာမန် သူခိုးသူဝှက်မျှသာ မဟုတ်၊ အထက်တန်းလွှာ အိမ်ထောင် မှလာသူဖြစ်ပြီး၊ ဝံသာနုစိတ်ထားရှိသော နိုင်ငံရေးသူပုန်တစ်ဦး မျိုးချစ်စိတ်ဖြင့် လူ သတ်၊ အကြမ်းဖက်ခဲ့သူတစ်ဦး ဖြစ်ဟန်တူသည်။
ပိလတ်မင်းက “ဗာရဗ္ဗ” သိုမဟုတ် “ယေရှု” တစ်ဦးဦး ကိုလွှတ်ရန် ဂျူးလူမျိုးတိုအား ရွေးချယ် ခိုင်းတော့သည်။ သိုသော် လူထုကြီးက “ဗာရ” အား လွှတ်ပေးရန် နှင့် ယေရှုအား ကားစင်တင်သတ်ရန်ကိုသာ အတွင်းသားအော်ဟစ် တောင်းဆိုကြတော့၏။ မဿဲ၊ ၂၇း၁၅-၁၈၊ ၂၃+၊ မာကု၊ ၁၅း၆-၁၅၊ လုကာ၊ ၂၃း၁၈-၂၅ နှင့် ယော၊ ၁၈း၄၀၊ ၁၉း၆၊ ၁၅ တိုကိုကြည့်လျှင် ထိန်းမနိုင် သိမ်းမရ လက်လွတ် စပယ် ဖြစ်နေကြသော လူထုကြီးကို ထင်ရှားစွာ တွေ့နိုင် သည်။
ဗာရဗ္ဗနှင့် ပတ်သက်၍ စိတ်ဝင်စားစရာ အချက်များ ရနိုင် ပါသေးသည်။
Codex Koridethi ခေါ် ဆီးရီးယန်းနှင့် အာမီးနီး ယန်း ဘာသာစကားဖြင့် ရေးသားထားသော “ဓမ္မသစ် ကျမ်း”တွင် ဗာရဗ္ဗကို “ယေရှုဗာရဗ္ဗ” (Jesus Barabbas) ဟု ဖော်ပြထားသည်။ ထိုကျမ်းမှုသည် အလွန်ပင် ရှေးကျပြီး ကနဦးအသင်းတော် သူတော်စင်တစ်ဦး ဖြစ်ခဲ့သော “မျှော် ရီဂျ” ဆိုသူကလည်း ဤအကြောင်းကို သိရှိခဲ့သည်။
ထိုကြောင့်လည်း မော်ဖက် (Moffat) အင်္ဂလိပ်ကျမ်းမှု ထဲရှိ မဿဲ၊ ၂၇း၁၇ တွင် “ယေရှုဗာရဗ္ဗ” ဟူ၍ ဖော်ထား ရုံမက ပြန်လည်ပြုပြင်ထားသော အင်္ဂလိပ်ကျမ်းမှု (RSV) ကျမ်းပိုဒ်ထဲ၌ ထိုအမည်ကို ထည့်သွင်း ဖော်ပြမထားသော်လည်း၊ “ယေရှုဗာရဗ္ဗ” ဟူသော အမည်ဖြစ်ကြောင်း မှတ် ချက်ကို စာမျက်နှာအောက်ပိုင်း၌ ရေးသားပြထားသည်။
“ယေရှု” ဆိုသည့် အမည်မှာ ပါလက်စတိုင်းနိုင်ငံ၌ ပေါ များလှပါသည်။ )
ပိလတ်မင်းက ယေရှုအားလွှတ်ရန် အမျိုးမျိုး ကြံစည် ခဲ့ကြောင်း ထင်ရှားပါ၏။ ထိုကြောင့်လည်း ယေရှုနှစ်ဦး ဖြစ်နေ၍ ခွဲခြားသိသာရန် “သိုဖြစ်လျှင် ခရစ်ဟု ခေါ်ဝေါ် သော ယေရှုကို အဘယ်သိုပြုရမည် နည်း”ဟု ပိလတ်မင်းက မေးခဲ့ခြင်း ဖြစ်သည်။ (မဿဲ၊ ၂၇း၂၂၊ မာကု၊ ၁၅း၁၂) “ပိလတ်မင်းသည် ယေရှုကို လွှတ်ခြင်းငှာ ရှာကြံလေ၏” ဟု ရှင်ယောဟန်ကို အသေအချာ ဆိုထားသည်။ (ယော၊ ၁၉း ၁၂) သိုသော်လည်း သူကြိုးပမ်းခဲ့သမျှသည် အချည်းနှီး ဖြစ် ခဲ့ရသည်။
နောက်တဖန် “သင်တိုရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လော” ဟု မေးပြန်ပါသေး၏။ (ယော၊ ၁၉း ၁၅)
ရာစုနှစ်ပေါင်း များစွာကတည်းက ဂျူးလူမျိုးတိုသည် “ရှင်ဘုရင်” ဟူသော အမည်နာမကို သာမန် လူသားကို မပေး၊ “ရာ” ဟူ၍ ခေါ်ကြသော ထာဝရ ဘုရားကို သာလျှင် သူတို၏ ဘုရင်အဖြစ် လက်ခံခဲ့ကြသည်။ ထိုသိုသော ခံယူချက် အတွက်လည်း ညှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ကြသည်။ အသေခံခဲ့ကြသည်။ သိုသော် ယေရှုခရစ်တော်ကို အသေ သတ်ရမည်ဆိုလျှင် သူတိုသည် ယခုအချိန်၌ ရာစုနှစ်ပေါင်း များစွာက အသေအလဲ အသက်စွန့်ပြီး အသည်းနှလုံးထဲ၌ စွဲမြဲစွာ ခံယူထားသော ယုံချက်ကြီးတစ်ခုကိုပင်လျှင် မျက်စိ မှိတ် စွန့်လွှတ်ခဲ့ကြတော့၏။
အဘယ်ကြောင့်ဆိုသော် သူတိုကိုယ်တိုင်က “အကျွန်ုပ်တို၌ ကဲသာဘုရင်မှတစ်ပါး အဘယ်ရှင်ဘု ရင်မှမရှိပါ” ဟု ပြန်၍ဖြေ လိုက်ကြသောကြောင့်တည်း” (ယော၊ ၁၉း၂၅) သိုကြောင့် ဂျူးလူမျိုးတိုအနေဖြင့် ထိုနေ့က ယေရှုခရစ် တော်အား ကားတင်၍ မသတ်ရလျှင် လုံးဝမနေနိုင်သော အဖြစ်ကို ထင်ရှားစွာ တွေ့နေနိုင်ပါ၏။
သိုသော် ပိလတ်မင်းကိုယ်တိုင်က ဤကိစ္စသည် လုံးဝ မတရား မှန်း သိနေပါလျက်၊ အဘယ်ကြောင့် ဂျူးလူမျိုးတို၏ လိုလား ချက်ကို လိုက်လျောခဲ့ရပါသနည်း။ ။
ရှင်မသဲက “ပိလတ်မင်းသည် မိမိမနိုင်၊ လူများသာ၍ ရုန်းရင်းဆန်ခတ်မှု ပြုကြသည်”ကို မြင်ရသဖြင့် ဤသို လိုက်လျောခဲ့ကြောင်း ဆိုထားသည်။ (မဿဲ၊ ၂၇း၂၄) ဤစကား သည်လည်း အတော်လေးပင် မှန်၏။ ရှင်မာကုကလည်း ပိလတ် မင်းသည် လူများတို၏ စိတ်ကို ပြေစေခြင်းငှာ အလိုရှိ” သောကြောင့် ဤသို ခွင့်ပြုခဲ့ကြောင်း ဆိုထားပြန်ပါသည်။ (မာကု၊ ၁၅း၁၅) ၊
လူထုကြီးသည် အုတ်အုတ်ကျက်ကျက် ဖြစ်နေကြသည်။ ရှင်လုကာက “ယေရှုကို သူတိုအလိုသို အပ်လိုက်လေ၏”ဟု ဆိုခြင်းက ပို၍ မှန်နေပြန်ပါ၏။ (လုကာ၊ ၂၃:၂၅) ၊
သိုသော် ရှင်ယောဟန်က “ယုဒလူတိုကလည်း ထိုသူကို လွှတ်လျှင် ကိုယ်တော် (ပိလတ်မင်း) သည် ကဲသာဘုရင်၏ အဆွေမဟုတ်ပါ” ဟူသောစကားဖြင့် ပိလတ်မင်းကို အကျပ်ကိုင်လိုက်ကြောင်းကို ဖော်ပြ လိုက်ပါတော့၏။ (ယော၊ ၁၉း၁၂)
သူတိုက ပိလတ်မင်းအား ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ပါ ၏။ ပိလတ်မင်းသည် ယေရှုကို လွှတ်ရဲလျှင်လွှတ်၊ ဤသိုပြု က ရောမမြိုရှိ ကဲသာဘုရင်ထံသို ဂျူးလူမျိုး လူထုကြီးက တိုင်တန်းကြ တော့မည်မှာ သေချာနေသည်။ ပိလတ်မင်းက အလျော့ပေးလိုက်ရခြင်းမှာလည်း ဤခြိမ်းခြောက် အကျပ် ကိုင်မှုကြောင့်ပင် ဖြစ်ကြောင်း သေချာလှပါ၏။
ပါလက်စတိုင်းနိုင်ငံသည် ရောမ အင်ပိုင်ယာထဲတွင် ထိန်း သိမ်း အုပ်ချုပ်ရန် အလွန်ခက်ခဲသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ ဂျူးလူမျိုးတိုနှင့် ပဋိပက္ခ မှန်သမျှသည် ပေါက်ကွဲလု နီးနီး ပင် အမြဲဖြစ်ရလေ့ရှိသည်။ ။
ပိလတ်မင်းသည် ခရစ်သက္ကရာဇ် အေဒီ (၂၆) ကတည်း က ထိုနိုင်ငံ၌ ဘုရင်ခံအဖြစ် ခန့်အပ်ခြင်း ခံရသည်။
ပိလတ်မင်းသည် ယခင်ကဆိုလျှင် လုပ်သက်ရင့် စစ်ဗိုလ် တစ်ဦး၊ အုပ်ချုပ်မှုရေးရာ၌ အလွန်ပင် ကျွမ်းကျင်သူ ဖြစ်ခဲ့ဟန် တူသည်။ ထိုကြောင့်လည်း ပါလက်စတိုင်းကဲ့သိုသော နိုင်ငံမျိုး ၌ ဘုရင်ခံအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်ပါ၏။ သိုသော် ပိလတ်မင်းသည် ဘုရင်ခံအဖြစ် ရောက်လာ၍ မကြာသေးမီ ပင် ဂျူးလူမျိုးတိုနှင့် ပဋိပက္ခဖြစ်ခဲ့ရသည်။ ပထမဦးဆုံးသော ပဋိပက္ခကို သမိုင်းပညာရှင် ဂျိုးဆီးဖပ်(စ်)က ဤသို မှတ်တမ်းတင်ခဲ့သည်။
၁။ ထိုစဉ်က ပိလတ်မင်းသည် စီးဇေးရီးယား (ကဲသရိ) မြို၌ ရုံးစိုက်နေခဲ့သည်။ ယေရုရှလင်မြို၌မူကား ငြိမ်ဝပ်ပိပြားရေးအတွက် ရောမစစ်သည်တော် တပ်ဖွဲတစ်ဖွဲရှိသည်။ သူတို၏ တပ်စခန်းမှာ “အတိုးနီးယား” ရဲတိုက်ထဲ၌ဖြစ်ပြီး၊ ဗိမာန်တော်အနီးတွင် ရှိနေသည်။ ရောမတပ်မတော်၏ တပ်ရင်း တံဆိပ်၌ လက်ရှိစိုး စံနေသော ဧကရာဇ်မင်း၏ ဦးခေါင်း နှင့်ရင်အုပ်အထိ ပါသော ကြေးရုပ်ပုံစံ ပါစမြဲဖြစ်သည်။
ဂျူးလူမျိုးတိုအဖိုမူကား ဧကရာဇ်မင်း၏ ကြေးရုပ်မှာ ရုပ်တုဖြစ်၍ လုံးဝလက်မခံရုံမက၊ ဧကရာဇ်မင်းကိုယ်တိုင်က သူ့ကိုယ်သူ “ဘုရား”ဟု ကြေငြာထားသူ ဖြစ်ခြင်းကြောင့် သာ၍ပင် လက်မခံနိုင်ဘဲ ဖြစ်နေကြသည်။
အမှန်ဆိုရလျှင် ရောမလူမျိုးတိုသည် တစ်ပါးလူမျိုးများ ၏ ဘာသာရေး၊ ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့နှင့် ခံစားချက် တိုကို တတ်နိုင်သရွေ့ မထိပါးစေရန် ကြိုးစားလေ့ ရှိပါ၏။
ရောမတပ်မတော် ချီတက်လာတိုင်း ဧကရာဇ်မင်း၏ ကြေး ရုပ်ကို တပ်ဦးမှ အမြဲသယ်ဆောင် လာရလေ့ ထုံးစံရှိသည်။ သိုသော် ဂျူးလူမျိုးတို မနှစ်သက်မည် စိုး၍ ယေရုရှလင် မြိုတွင်းသို ဝင်ရောက်ခဲ့စဉ်က ညအချိန် ၌သာ ချီတက် ခဲ့ကြသည်။ ထိုကြောင့် ၎င်းအချိန်၌ ဂျူးလူမျိုးတို အိပ် ပျော်နေကြသည် ဖြစ်၍ ထိုအချင်းအရာကို လုံးဝမသိလိုက် ကြပါ။
နံနက်ရောက်သော် အင်တိုးနီးယား ရဲတိုက်ရှေ့၌ ဧကရာဇ် မင်း၏ ကြေးရုပ်တုကြီးသည် ရောက်ရှိနေပြီး၊ ဗိမာန်တော် ရှေ့တည့်တည့်၌လည်း ဖြစ်နေသောကြောင့် မြိုသူမြိုသား အားလုံးက ဒေါသူပုန် ထနေကြလေတော့ ၏။ ထိုမကျေနပ်မှု၊ ရုန်းရင်း ဆန်ခတ်မှုကြီးသည် ယေရုရှလင် မြိုသာမက တောလက်ကျေးရွာအထိပါ ပျံ့နှံသွားသည်။
ထိုအခါ ဂျူးလူမျိုးတိုက စီဗေးရီးယား (ကဲသရိ) မြို ပိလတ်မင်းထံသို ကိုယ်စားလှယ် စေလွှတ်ကာ ထိုကြေးရုပ် ကြီးကို ဖယ်ရှားပေးရေးအတွက် ရိုသေကျိုးနွံစွာ မေတ္တာ ရပ်ခံ ခဲ့ကြသည်။ ပိလတ်မင်းက ခါးခါးသီးသီး ငြင်းဆန် လိုက်၏။
ငါးရက်တိုင်တိုင် ကိုယ်စားလှယ် အဖွဲက တောင်းပန် တိုး လျှိးကြသည်။ ပိလတ်မင်း ကြွသွားရာ လမ်းရှေ့၌ မိမိတို ကိုယ်ကို မြေကြီးပေါ်၌ လှဲအိပ်ကာ ဆန္ဒပြ တောင်းခံကြ သည်။ သိုသော် ပိလတ်မင်းက တုတ်တုတ်မျှမလှုပ်၊ အရေး မယူခဲ့။
နောက်ဆုံး၌ ပိလတ်မင်းက သူ၏ခုံရုံးကို ဈေးအနီးပန်း ခြံထဲ၌ ဖွင့်လှစ်မည်။ သူကိုယ်တိုင် ထိုနေရာ၌ စီရင်ချက်ချမည်။ လာရောက်ဆန္ဒပြ တောင်းခံကြသော ဂျူးကိုယ်စားလှယ် အဖွဲတို ကိုလည်း အချိန်နာရီပေးပြီး ချိန်းဆိုလိုက်တော့သည်။ သူတို သည်လည်း မပျက်မကွက် ရောက်လာကြ၏။
ထိုစဉ် ပိလတ်မင်းက အချက်ပေးလိုက်သည်နှင့် ရောမ စစ်သည်တော်များက ဓားရှည်ကိုင်လျက် ထိုကိုယ်စားလှယ် အဖွဲအား သုံးဆင့်တိတိ ဝိုင်းရံထားလိုက်၏။ ပိလတ်မင်း က ထိုကိုယ်စားလှယ်အဖွဲသည် သူတို၏ တောင်းဆိုချက်ကို ရုပ်သိမ်းလျှင်ရုပ်သိမ်း၊ မရုပ်သိမ်းလျှင် ချက်ချင်း အသေ သတ်ပစ်မည်ဟု ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လိုက်တော့။
သိုသော် ပိလတ်မင်းထင်သည့်အတိုင်း ဖြစ်၍မလာ ထို ကိုယ်စားလှယ်ဖွဲဝင်တိုင်းက လည်စင်း ပေးကြသည်။ သူတို ၏ တောင်းဆိုချက်ကို ရုပ်သိမ်းမည့်အစား အသေခံမည်။ သူတို ၏ ဗိမာန်တော်ရှေ့တွင် ရုပ်တုကို ထားစေမည့်အစား လည် ပင်းအဖြတ်ခံကြမည်ဟု ဆိုပြီး အကယ်ပင် လည်စင်းပေးကြ တော့၏။
ပိလတ်မင်းသည် ရုတ်တရက် ကြောင်အမ်းသွားပြီး နောက် ဆုံး၌ အလျှော့ပေးလိုက် ရတော့သည်။ ယေရုရှလင်မြိုရှိ ဧကရာဇ်မင်း၏ ကြေးရုပ်ကို ရုပ်သိမ်းရန် အမိန့်ပေးလိုက် ရ၏။
အမှန်ဆိုရလျှင် ဤကိစ္စ၌ ပိလတ်မင်းကပင် မလိုလားအပ် သော တင်းမာမှုကို သူကိုယ်တိုင် စတင် ဖန်တီးလိုက်ခြင်းသာ ဖြစ်ခဲ့၏။ (ဂျူးဖီးဖပ်(စ်)၏ Antiquities 18:3:1 Wars of the Jews. 2:9:2+)
၂။ ဒုတိယပဋိပက္ခကို သမိုင်းပညာရှင် Philo (ဖိုင်လို) က မှတ်တမ်းတင်ထားသည်။
ယေရုရှလင်မြိုရှိ ပိလတ်မင်း၏ အိမ်တော်မှာ ဟေရုဒ်မင်း များ စံတော်မူခဲ့ကြသော နန်းတော်ပင် ဖြစ်၏။ ထိုစံအိမ်တော်၌ ပိလတ်မင်းက ဧကရာဇ်မင်း တိုင်းဗေးရီးယပ်(စ်)အား ဂုဏ်ပြု သောအနေဖြင့် ဒိုင်းကြီးများကို ချိတ်ဆွဲထားသည်။ အမှန်ဆိုရ လျှင် ထိုဒိုင်းများတွင် တိုင်းဗေးရီးယပ်(စ်) အမည်နှင့် ပိလတ်မင်းတို အမည်များ ကိုသာ ရေးသားထားသည်။
သိုသော် ထိုဒိုင်းများနှင့် ကျောက်ပြားများတွင် အထူး ဆုတောင်းများရေးပြီး အများအားဖြင့် ရောမလူမျိုး နတ်ဘုရားရုပ်တုများ၏ ဒူးပိုင်းလောက်တွင် အဆိုပါ ဒိုင်းများနှင့် ဆုတောင်းကျောက်ပြားများကို ချိတ်ဆွဲထားလေ့ရှိသည်။
ထိုစဉ်က တိုင်းဗေးရီးယပ်(စ်)သည် သူ့ကိုယ်သူ ဘုရားအဖြစ် ကြေငြာထားပြီး ကဲသာဘုရင်အား ဝတ်ပြုကိုးကွယ်ရမည့်ဓလေ့ (Caesar, Worship) သည် ရောမလူမျိုးတို့၏ အဓိကဘာသာရေး ဖြစ်နေသည်။ ထိုကြောင့် မိမိကိုယ်ကို ဘုရားအဖြစ် ကြေညာ ထားသူ၏ အမည်နာမ ကမ္ပည်းများကို သန့်ရှင်းသော ယေရုရှ လင်မြိုတော်၌ လူများမြင်သာအောင် အထင်အရှား ချိတ်ဆွဲထား ခြင်းကို ဂျူးလူမျိုးတိုက မခံမရပ် ဖြစ်လာကြ တော့သည်။ ထို ဒိုင်းများကို ဖယ်ရှားပစ်ရန် ပိလတ်မင်းအား မေတ္တာရပ်ခံကြ သည်။
ရောမအစိုးရ၏ ရုပ်သေးများဖြစ်ကြသည့် ဟေရုဒ်မင်းကြီး ၏သား (၄)ဦးတိုကပင်လျှင် လူထုဖက် ကပါလာသည်။ ပိလတ် မင်းက ခေါင်းမာမာ ငြင်းဆန်ပြန်သည်။ ဤအချိန်တွင်မှ ဂျူးလူမျိုးတိုက ပိလတ်မင်းအား ပထမဦးဆုံးအနေဖြင့် အကျပ် ကိုင် ခြိမ်းခြောက်ကြသည်။ ထိုဒိုင်းများကို ဖယ်ရှားမပစ်လျှင် ရောမမြိုရှိ တိုင်းဗေးရီးယပ်(စ်) ဧကရာဇ်မင်းထံသို ကိုယ် စားလွယ်အဖွဲ စေလွှတ်ပြီး တိုင်တန်းမည်ဟုဆို၏။
ဤနေရာ၌ ပိလတ်မင်းသည် အတော်လေးပင် လန့်ဖျပ် သွားတော့၏။ အကယ်၍ ကိုယ်စားလှယ်အဖွဲ သည် ဧကရာဇ် မင်းထံသို သွားခဲ့လျှင် ဤကိစ္စသာမက သူ၏အခြားပြစ်မှုများကို ပါ ရောနှော တိုင်တန်းကြ မည်ကို ကြောက်လာခြင်း ဖြစ်သည်။
သမိုင်းပညာရှင် “ဖိုင်လို” က တင်ပြထားသော ပိလတ်မင်း၏ အခြားပြစ်မှုများမှာ “သူ၏ကျင့် ဝတ်ပျက်မှု၊ ရမ်းကားမှု၊ အဓမ္မလုယက်မှု၊ လူထုကိုစော်ကားမှု၊ ရက်စက်ကြမ်းကြုတ်မှု၊ တရား စီရင်မှုမရှိဘဲ လူများကို သေဒဏ်ပေးနေတတ်မှု၊ လူသားမဆန်မှု” စသည်တိုဖြစ်၏။ ပိလတ်မင်းက ကြောက်ရွံနေစေကာမူ လုံးဝ အလျော့မပေးခဲ့ချေ။
ထိုကြောင့် ဂျူးလူမျိုးခေါင်းဆောင်များက အလွန်ရိုသေ ကျိုးနွံစွာ ဧကရာဇ်မင်းထံ သဝဏ်လွှာ ပိုကြသည်။ တိုင်းဗေးရီး ယပ်(စ်) ဧကရာဇ်မင်းက ပိလတ်မင်းကို ပြင်းထန်စွာ ရှုတ်ချပြီး ထိုဒိုင်းများကို ယေရုရှလင်မြိုမှ ကဲသရိမြိုသို ချက်ချင်း ရွေ့ ပြောင်းစေရန် အမိန့်ထုတ်ပြန်တော့၏။
ဤအကြိမ်တွင်လည်း ဂျူးလူမျိုးတို အတိုက်အခံ လုပ်ရာ၌ ပိလတ်မင်းကပင်လျှင် အရှုးပေးခဲ့ ရပြန်သည်။ သိုသော် ဤကိစ္စ နှင့် ပတ်သက်၍ ရောမဧကရာဇ်မင်းသည်ပင်လျှင် ဂျူးတို ဘက်က ပါလာခြင်း ဖြစ်၏။ (Philo ၏ The Embassy of Caius စာမျက်နှာ ၃၈)
၃။ တတိယ ပဋိပက္ခကို ဂျိုးဖီးဖပ်(စ်)၏ မှတ်တမ်းထဲ၌ တွေ့ရပြန်သည်။ ပိလတ်မင်းသည် ဂျူးတိုကို မုန်းတီးရွံရှာသော သဘောဖြင့်သာ ဤသိုအရွဲတိုက်ပြုမူနေသည်မှာ သိသာပါ၏။
တတိယပဋိပက္ခမှာကား ယေရုရှလင်မြိုတွင်းသို ရေသွယ်ရေး ကိစ္စပင် ဖြစ်၏။
အမှန်ဆိုရလျှင် မြိုတွင်း၌ ရေဖောဖောသီသီသုံးစွဲနိုင်ရန် ဤ သိုပြုခြင်းသည် လူထု၏အကျိုးပင်ဖြစ် သည်။ သိုသော် ယင်းသို ရေမြောင်းသွယ်ရေးအတွက် ကုန်ကျစရိတ်ကို ယေရုရှလင်မြိုသူ မြိုသားတိုကလည်း ဝေမျှ၍ ခံရမည်ဟုဆိုကာ ဗိမာန်တော်တွင်းရှိ အလှူငွေသေတ္တာများထဲမှ ပိုက်ဆံများကို ပိလတ်မင်း အတင်းအဓမ္မ ဝင်နှိက်စေခိုင်းလိုက်တော့၏။
လုပ်ငန်းသည် လူထုအကျိုးအတွက် ဖြစ်သည် မှန်သော် လည်း ဘုရားအတွက် ဆက်ကပ် လှူဒါန်းထား သော ငွေများကို အဓမ္မစနစ်ဖြင့် ဝင်ရောက်ယူခြင်းက ပိလတ်မင်း၏ မိုက်မဲမှုပင် ဖြစ်၏။ ဂျူးလူမျိုးတိုင်းက မခံမရပ်ဖြစ်ကာ ဒေါသူပုန်ထကုန်ကြ တော့သည်။ လူထုကြီးက အုတ်အုတ်ကျက်ကျက် ဖြစ်ကာ ပိလတ်မင်းအိမ်တော်ကို ဝိုင်းကြသည်။ ပိလတ်မင်းက ရောမ စစ်သည်တော်များကို အရပ်ဝတ်အရပ်စား ဝတ်ဆင်စေလျက် လူထုကြီးအား ဝိုင်းထားစေလိုက်သည်။ စစ်ဝတ်စုံမဝတ်ထား သော်လည်း သူတို၌ တုတ်များ ကိုယ်စီပါကြ၏။
အမှန်ဆိုရလျှင် အမိန့်ရသည်နှင့် လူထုကြီးကို တုတ်ဖြင့် ရိုက်နှက်လူစုခွဲရန်သာ ညွှန်ကြားထားခဲ့သည် မှန်သော်လည်း နောက်ပိုင်း၌ ရောမစစ်သားများက ဓားရှည်နှင့်ဓားမြှောင်များ ပင် သုံးခဲ့ကြသဖြင့် ဂျူးတိုအတော်များများ သေဆုံး, ဒဏ်ရာ ရခဲ့ကြတော့၏။
လူထုကြီး အုံကြွမှုကြီးကို နှိမ်နှင်းနိုင်ခဲ့သော်လည်း တိုင်း ဗေးရီးယပ်(စ်)မင်းက ပိလတ်မင်းအား ပြင်းထန်စွာ သတိပေး ခဲ့ရုံမက ဂျူးတိုကလည်း အလွန်အမင်း မုန်းတီးရွံရှာလာခဲ့ကြ တော့၏။ (ဂျိုးဖီးဖပ်(စ်)၏ (Antiquities 18:3:2)
ယေရှုကို တရားစီရင်ရာ၌ လူထုကြီးက ဤအကြိမ်တွင်လည်း ပိလတ်မင်းကို ထပ်မံ အကျပ်ကိုင် နေခဲ့ခြင်း ဖြစ်၏။
ပိလတ်မင်းသည် တိုင်းဗေးရီးယပ်(စ်) ဘုရင်၏ ငြိုငြင်မှုကို ဆက်လက်မခံရဲတော့ကြောင်း ထင်ရှားနေသည်။ သူ၏ ရာထူး ဌာနန္တရကို ယခုအကြိမ်တွင် ဧကန်အမှန် ထိပါးတော့မည်ဖြစ်ကြောင်းကို ရိပ်စားမိပြီး ဖြစ်ပေလိမ့်မည်။ ယေရှုကို လူထုကြီး ၏ လက်သိုအပ်ရန် သိုမဟုတ် မိမိရာထူးကို အထိပါးခံပြီး လွတ် ပစ်ရန် တစ်ခုခုကို ရွေးချယ်ရပေတော့မည်။
နောက်ဆုံး၌ မိမိ၏ ဘုရင်ခံရာထူးကို အထိမခံတော့ဘဲ ယေရှု အား မတရားသတ်ဖြတ်ကြရန် လူထုကြီး၏လက်ထဲသို သူရဲ ဘောကြောင်ကြောင် ဝကွက်အပ်နှံလိုက်ပါတော့၏။
ယေရှု၏ တရားစီရင်မှုထဲတွင် အောက်ပါထူးခြားချက်များ ကို တွေ့ရပါသည် –
၁။ ယေရှုက မည်သူ့ကိုမျှ အမျက်ထွက်မှု၊ စိတ်နာကြည်းမှု တစ်စုံတစ်ရာမျှမပြခဲ့။ ဂျူးတိုထံ၌ သော်လည်းကောင်း၊ ပိလတ် မင်းထံ၌သော်လည်းကောင်း၊ ယေရှုသည် မတရားမှုကို ကောင်း ကောင်းကြီး ခံနေရသည်။ သူတိုသည် ဥပဒေဓမ္မသတ်ကို လိုရာ သိုဆွဲယူပြီး အမျိုးမျိုးလှည့်ဖြားကာ သေဒဏ်မရမက တောင်း နေကြသည်။ ဆန်ဟီဒရင် လွှတ်တော်တွင် လည်းကောင်း၊ ပိလတ်မင်းရုံးတော်တွင်လည်းကောင်း တရားစီရင်ပုံမှာ လုံးဝ တရားမျှတမှု မရှိခဲ့ကြောင်း ယေရှုကိုယ်တော်တိုင်က ကောင်း ကောင်းကြီးသိခဲ့သည်။
မည်သူမဆို ဤသိုခံရလျှင် အနည်းနှင့်အများ စိတ်လှုပ်ရှား မှု၊ စိတ်နာကြည်းမှု ခံစားကြရမည်မှာ အမှန်ပင် ဖြစ်သော် လည်း “မတရားမှုတို စပ်ကြား၌ပင်လျှင် ယေရှု၏ အေးဆေး တည်ငြိမ်မှုနှင့် မေတ္တာ သဘောကို ထင်ရှားစွာ တွေ့ရသည်။
၂။ ယေရှုသည် တရားခံဖြစ်နေသော်လည်း၊ တရားစီရင် သောသူကဲ့သို ဖြစ်နေသည်။ ဖြစ်ရပ်တစ်ခုလုံး၌ အတည်ငြိမ်ဆုံး၊ သမာဓိအရှိဆုံး ခေါင်းအေးအေးထားပြီး မိမိကိုယ်ကို တည် ကြည်စွာ ထားနိုင်သူမှာ ယေရှုတစ်ဦးတည်းသာ ဖြစ်သည်။ တရားစီရင်သူတိုအားလုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေကြသည်။ ဂျူးလူထုကြီးနှင့် ခေါင်းဆောင်များ၏ စိတ်ထဲ၌ မုန်းတီးမှုများ ပြည့်သိပ်နေကြသည်။ သူတိုကိုကြည့်လျှင် စိတ်လှုပ်ရှားနေကြ ကြောင်းကို ထင်ရှားစွာ တွေ့ရ၏။
ပိလတ်မင်းသည် လှောင်အိမ်ထဲတွင် ချောင်ပိတ်ခံနေရသော ကျားသစ်တစ်ကောင်နှင့် တူနေသည်။ ထိတ်ထိတ်ပျာပျာ ဖြစ် နေသည်။ မည်သိုပြုရမှန်း မသိအောင်ပင် ယောက်ယက်ခတ် နေသည်။ နောက်ပိုင်း၌ ဉာဏ်နီဉာဏ်နက် အမျိုးမျိုးသုံးကာ ထွက်ပေါက်ရှာသည်။ ကိုယ်လွတ်ရုန်းသည်။
ဘုရင်ခံ သိုမဟုတ် အုပ်ချုပ်မင်းလုပ်သူဟူ၍ သာ ဆိုရသည်။ အုပ်ချုပ်ကွပ်ကဲမှုစွမ်းအင် လုံးဝမရှိတော့ ဘဲ ထိန်းမနိုင် သိမ်း မရ ဖြစ်နေသည်။ သူ့ကိုယ်သူပင် ထိန်းသိမ်းကွပ်ကဲမှုမရှိဘဲ အကြံအိုက်နေခဲ့သည်။
ထိုသိုသော ဖြစ်ရပ်များစပ်ကြား၌ ယေရှုက တည်ငြိမ်စွာ မိမိ၏ စိတ်ကို ထိန်းချုပ်ထားနိုင်ပြီး မိမိကိုယ်ကိုလည်း အား ကြိုးမာန်တက် ကာကွယ်နေခြင်းမရှိ။
တရားခံတစ်ဦးကဲ့သို မဟုတ်ရုံမက ကိုယ်တော်တိုင်ပင်လျှင် ထိုသူတိုကို တရားစီရင်နေသူကဲ့သို ဖြစ်နေသည်။
၃။ တရားစီရင်နေသည့် တစ်ချိန်လုံးတွင် ယေရှုသည် သို ကိုယ်သူ တရားခံတစ်ဦးဟူ၍ပင် ထင်မှတ်နေပုံ လုံးဝမပေါ်။ ရှင်ယောဟန် ခရစ်ဝင်ကျမ်းရှိ ကျမ်းစကားများက ဤအချက်ကို ကောင်းစွာ ညွှန်ပြနေသည်။ တရားစီရင်ခြင်း မခံရမီကပင် ယေရှုက “ငါစွန့်၏၊ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်ပြီ”ဟု မိန့်တော် မူခဲ့၏။ (ယော၊ ၁၀း၁၇၁၈)
ဖြစ်ရပ်တစ်ခုလုံး၌ ထိန်းသိမ်းစောင့်ရှောက်ကြပ်မတ် ကွပ်ကဲ နေသော ဘုရားသခင်၏ လက်ရာတော်ကို ယေရှုက တွေ့နေရ သည်နှင့်တူ၏။ ပိလတ်မင်းကိုယ်တိုင်က ဒေါသအမျက်ထွက်ပြီး “ငါနှင့်စကား မပြောသလော၊ ငါသည် သင့်ကို လက်ဝါး ကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကိုလည်းကောင်း။ လွှတ်ပိုင်သည် ကိုလည်းကောင်း သင်မသိသလော” ဟု မေးသောအခါ “အထက်အရပ်မှ အခွင့်ကို မရလျှင် မင်းကြီးသည် ငါ့ကို အဘယ်သိုမျှမပြုနိုင်” ဟူ၍ပင် အေးဆေးတည်ငြိမ်စွာ ဖြေခဲ့ သေး၏။ (ယော၊ ၁၉း၁၀+)
စိတ်နာကြည်းဖွယ်ရာ မတရားသောအမှုကို ခံနေရစဉ်ပင် ယေရှုသည် အေးဆေးတည်ကြည်လျက် နေ၏။
ယေရှု၏ သက်တော်စဉ်ရှိ နောက်ဆုံးသောရက်ပိုင်း၊ အချိန် နာရီပိုင်း၌ပင်လျှင် ကိုယ်တော်သည် ဘုရားသခင်၏ လက်ရာ တော်ကို မျက်ခြည်မပြတ် မြင်တွေ့ခဲ့သူ ဖြစ်ပါ၏။
အခန်း (၃၀)
ကားတိုင်၏ အဓိပ္ပါယ်
ဤကျမ်းကို ကျွန်တော်ရေးသားပြုစုနေစဉ် ယခုရေးသား မည့်အခန်း ထည့်သင့်မထည့်သင့် အတန်ကြာမြင့်စွာ စဉ်းစား ဆင်ခြင် နေမိပါသည်။
ကားတိုင်၌ ခရစ်တော် အသေခံတော်မူခြင်းအကြောင်းကို ဖော်ပြပြီး၊ ကားတိုင်၏ အဓိပ္ပါယ်ကိုလည်း နားလည်ရန် လိုကြောင်းကို သတိရမိပါ၏။ တစ်ချိန်တည်းမှာပင် ကားတိုင်၏ အဓိပ္ပါယ်ကို ဖော်ပြရေးမှာ နက်ရှိင်းသော “သီဩလော်ဂျီ” သဘောတရားနှင့် ဆိုင်သည်။ ရှည်လျားစွာ ရှင်းပြရန်လည်း လိုကောင်း လိုပေလိမ့်မည်။ ဤသဘောတရားသည် အမှန်ဆို ရလျှင် သီဩလော်ဂျီသဘောတရားရေးရာထဲမှ Doctrine of Atonement နှင့် ဆိုင်သည်။
ထိုအပြင် ကျွန်တော် ရေးသားပြုစုခဲ့ပြီးဖြစ်သော “ကျွန် တော့်အဖြေ” စာမျက်နှာ ၁၃၃ မှ ၁၅၈ တွင် ဤကိစ္စကို အကျယ်တဝင့် ဆွေးနွေးရှင်းပြပြီး ဖြစ်ပါသည်။
မည်သိုပင်ဖြစ်စေ၊ တတ်နိုင်သရွေ့ အတိုချုံးပြီး ခရစ်တော် ၏ အသေခံတော်မူခြင်းနှင့် ပတ်သက်၍ အရေးကြီးလှသော သစ္စာတရား အနည်းငယ်ကိုသာ ဖော်ပြသွားပါတော့မည်။
ရှေးဦးစွာ ကားတိုင်ပေါ်၌ ယေရှု၏ အသေခံတော်မူခြင်း ဖြစ်ရပ်ကြီးတစ်ခုလုံးကို ပြန်လည် ဆင်ခြင်သုံးသပ် ရပါလျှင် အောက်ပါအချက်အလက်များ ပေါ်ထွက်လာပါ၏
အသေသတ်ကြပုံ စသည့်အသေးစိတ်ကို ပီပီပြင်ပြင် ဖွဲနွဲ ဖော်ပြ ရေးသားထားခြင်း မရှိကြသည်ကို အံ့သြစွာ တွေ့ရပါလိမ့်မည်။
ခရစ်ဝင်ကျမ်း ရေးသား သူများသည် ကိုယ်တော်အား ကားတိုင်၌ ရိုက်ထားပုံကို စကားလုံးနည်းနည်းဖြင့် အတိုချုံး ၍သာ ဖော်ပြခဲ့ကြ၏။
ထိုစဉ်က ခရစ်ဝင်ကျမ်းကို ရေးသားပြုစုသူများက သော် လည်းကောင်း၊ ဖတ်ရှုကြသူများက သော်လည်းကောင်း ကား တိုင်ကို အသေခံသူ တစ်ဦး၏ ဝေဒနာ ခံစားရပုံကိုသိပြီး၊ နား လည်ပြီး မြင်ဖူးနေ ကြဖြစ်၍ အသေးစိတ် ထပ်မံရေးသားရန် မလိုသောကြောင့် ဖြစ်ဟန်တူသည်။
သိုသော် နှစ်ပေါင်း ၂ဝဝဝ ခန့်ရှိပြီဖြစ်သော ကျွန်တော် တို၏ခေတ်တွင် ထိုထက်ပိုမိုသိသာရန် လိုပါ၏။
ယေရှုအား စီရင်ချက် ချပြီးသည်နှင့်တပြိုင်နက် ကိုယ်တော့် ကို ထပ်မံရိုက်နှက်ညှင်းပန်း နှိပ်စက်ကြသည်။ ကားစင်တင်သတ် ခြင်း ခံရမည့်သူတိုင်းကို ထိုသို ရိုက်နှက်လေ့ရှိသည်မှာ ထုံးစံ ဖြစ်သည်။
ထိုသို ရိုက်နှက်ညှင်းဆဲခြင်းခံရမည်ကိုလည်း ကိုယ်တော်က ကြိုတင် ရိပ်မိပြီး ဖြစ်ပါ၏။ “လူသားအား ပြက်ရယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေ ခြင်းငှာ၊ တစ်ပါးအမျိုးသား တို၏လက်သို အပ်နှံကြလိမ့်မည်” ဟု ကိုယ်တော်က ကြိမ်ဖန်များစွာ ကြိုတင်ပြောဆိုခဲ့ပြီး ဖြစ်၏။ (မဿဲ၊ ၂၁း၁၉၊ မာကု၊ ၁၀း၃၄၊ လုကာ၊ ၁၈း၃၃)
ရောမ လူမျိုးတို၏ ရိုက်နှက်ညှင်းဆဲကြပုံကို အနည်းငယ် ဖော်ပြပါရစေ။
ရှေးဦးစွာ တရားခံ၏ အဝတ်အစားများကို ချွတ်ပစ်ကြ သည်။ နောက်ကျောကိုလှည့်စေ၍ သူ့ကို သစ်တိုင်တစ်တိုင်တွင် ကြိုးဖြင့် ချည်ပြီး ခပ်ကုန်းကုန်း ရပ်နေစေသည်။ ထိုသိုမဟုတ် လျှင် သစ်ပျဉ်ပြား တစ်ခုပေါ်၌ မှောက်အိပ်စေပြီး ကြိုးဖြင့် တုပ်ထားကြသည်။
အသုံးပြုလေ့ရှိသော ကြာပွတ်တွင် သားရေစများ ရှိပြီး ထိုသားရေစတို၏ ထိပ်ဖျား၌ ခဲသော်လည်း ကောင်း၊ သံသော် လည်းကောင်း၊ ကျောက်တုံးငယ်လေး ကိုသော်လည်းကောင်း ချည်ထားကြသည်။ ထိုကြောင့်လည်း တစ်ချက် ရိုက်လိုက်သည် နှင့် ကျောကော့သွားရရှာပြီး ကျောပြင်ရှိ အရေပြားတိုသည် လည်း စုတ်ပြတ်ပဲ့ထွက်ကုန်လေ့ ရှိ၏။
အရိုက်အနှက်ခံရသူအများမှာ မေ့မြောသွားလေ့ရှိသည်။ မေ့မြော မသွားလျှင်လည်း ရူးသွားလေ့ ရှိကြပါ၏။ ထိုသို အရိုက်အနှက်ခံရပြီး ကြိုးများကို ဖြုတ်လိုက်သည့်တပြိုင်နက် ပုံလျက်သား ကျသွားကာ၊ အများအားဖြင့် တရားခံတိုင်းလိုလို စိတ်ဓာတ်ကျဆင်းသွားလေ့ရှိသည်။
ရောမစစ်သည်တော်များ၏ ရိုက်နှက်ခြင်းကို ခံရပြီး မတုန် မလှုပ်၊ ချောက်ချားမသွားဘဲ ကြံ့ကြံ့ခံရပ်တည် နေနိုင်သူ အလွန်ရှားပါးလှပါ၏။ မမေ့မြောသေးဘဲနေကြသော တရားခံ အား နောက်ပြောင် ပြက်ရယ်ပြုစေခြင်း အလိုငှာ စစ်သည် တော်များ၏ လက်သို အပ်လိုက်လေ့ရှိကြပြန်သည်။
ယေရှုကို ထိုနည်းအတိုင်း ပြုခဲ့သည်ကို တွေ့ရပါလိမ့်မည်။ (မဿဲ၊ ၂၇း၂၇-၂၉၊ မာကု၊ ၁၅း၁၆-၂၀၊ ယော၊ ၁၉း၂+)
ထိုသိုရိုက်နှက်ပြီးနောက် သူတိုက ကိုယ်တော်၏ ခေါင်း ပေါ်၌ ဆူးဦးရစ်ကို အတင်းအဓမ္မ ဝတ်ဆင်စေပြီး၊ ရာဇလှံ တံကိုင်ဆောင်သည့် သဘောဖြင့် ကျူးလုံးတစ်လုံးကို ပေး ကြ၏။ နီမောင်းသော ဝတ်ရုံကို ခြုံစေပြီးနောက် ကိုယ်တော် အား ဘုရင် သိုမဟုတ် ပရောဖက်တစ်ပါး အယောင်ဆောင် တစ်ဦးကဲ့သို ပြောင်လှောင်ပြက်ရယ်ပြုကြသည်။ မျက်နှာတော် ကို တံတွေးဖြင့် ထွေးကြသည်။
အမှန်ဆိုရလျှင် ရောမစစ်သည်တော်များက ကိုယ်တော့် အပေါ် ရန်ငြိုးထား၍ သော်လည်းကောင်း၊ မုန်းတီး၍ သော်လည်းကောင်း၊ ဤသို ပြုခဲ့ကြသည်လည်းမဟုတ်။ ထိုခေတ် ကရှိခဲ့သော မေရှိယ အယောင်ဆောင် ကြောင်သူတော်များ ကို ထိုသိုပြုလေ့ရှိသည့်အတိုင်း ပြုနေကြခြင်းသာ ဖြစ်ပါ၏။
ထိုနောက် ဂေါလ ဂေါသ (ဦးခေါင်းခွံ အရပ် ) ခေါ် ကရာနီသို တရားခံသည် မိမိအသတ်ခံရမည့် ကားတိုင် ကို ကိုယ်တိုင်ထမ်း၍ သွားကြရသည်။ – ယေရှုသည် မိမိ၏ကားတိုင်ကို ထမ်းပြီး သွားခဲ့ရကြောင်း ကို ရှင်ယောဟန်က “ကိုယ်တော်သည် မိမိ လက်ဝါးကပ် တိုင်ကို ထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ် သို ထွက်တော်မူ၏” ဟူ၍ ဖော်ပြထားပါ၏။ (ယော၊ ၁၉း၁၇)
တရားခံကို လှံနှင့်ဒိုင်းလွှား ကိုင်ဆောင်သူ ရောမစစ် သည်တော် (၄)ဦးက ခြံရံ၍ လိုက်ပါလေ့ရှိသည်။ တရား ခံကို ကြည့်ရှုကြရန် လူအုပ်ကြီးကလည်း လိုက်ပါလေ့ ရှိကြသည်။ အရှေ့ဆုံးမှ စစ်သည်တော် တစ်ဦးက ကမ္ပည်းကဒ် ပြားတစ်ခုကို ကိုင်ဆောင်၍ လျှောက်လာရသည်။ )
ယေရှုအတွက်ကိုမူ “ဤသူသည် ယုဒရှင်ဘုရင် ယေရှု ပေ တည်း”ဟူသော စကားကို ရေးထား၏။ ခရစ်ဝင်ကျမ်း တိုတွင် ထိုကမ္ပည်းစာတမ်းမှာ အနည်းငယ် ကွဲပြားမှု ရှိသော် လည်း အရင်းခံသဘောမှာ အတူတူပင် ဖြစ်ပါ၏။ လူတိုင်း က ဖတ်ရှုနိုင်ကြောင်းကို ရှင်ယောဟန်က ဖော်ပြထားသည် (ယော၊ ၁၉း၂၀)။
တရားခံကို ကားတိုင်ရှိရာ အရပ်သို အရှည်ဆုံးသော လမ်း မှတစ်ဆင့် သွားစေသည်။ မြိုတွင်း၌ ရှိသမျှသော လူများက မြင်ရ၍ ထိတ်လန့် ကြောက်ရွံသွားစေလိုသည့် သဘောဖြင့် ဤသို ပြုခြင်း ဖြစ်ပါ၏။
ကားတိုင်အမျိုးအစား
ထိုခေတ်ရှိ ရောမ စစ်သည်တော်များ အသုံးပြုလေ့ရှိ သည့် ကားတိုင်ပုံစံများမှာ အောက်ပါအတိုင်း ဖြစ်ပါ၏။
ခရစ်တော်ကို အသေသတ်ရန် အသုံးပြုခဲ့သော ကားတိုင်း မှာ တတိယ ပုံစံဖြစ်၏။ ထိုကားတိုင်၏ အလေးချိန်မှာ ပေါင် (၁၅၀) ခန့်ရှိပြီး ပိဿာချိန်အားဖြင့် ၄၅ နှင့် ၅၀ ခန့် ရှိပါလိမ့်မည်။ ယေရှုသည် ကြသပတေးနေ့ည (ဂျူးတို့ ၏ သောကြာနေ့၏ အပိုင်း) တစ်ညလုံး၌လည်း မအိပ်စက်ရ။ ပြင်းထန်သော ရိုက်နက် ညှင်းပန်းခြင်းကိုလည်း ခံရရုံမက တမန်တော် အားလုံးတိုသည်လည်း သူ့အား စွန့်ကြခြင်း ကြောင့် စိတ်ဝေဒနာ ခံရရှာပြီး အားနည်းပန်းနေမည်မှာ သေချာလှသဖြင့် ထိုကားတိုင်ကို ကောင်းစွာ မထမ်းနိုင်ရှာပါ။
ကားတိုင်၏ အလေးချိန် ဒဏ်ကြောင့် (၁၄) ကြိမ်မျှ လဲကျခဲ့ရရှာသည်။ တစ်ကြိမ်လဲကျလျှင် ရောမ စစ်သည်တော် များက ကြာပွတ်များဖြင့် ရိုက်နှက်ကာ အတင်းအဓမ္မ ထစေ သည်။ ထိုနောက် မနိုင့်တနိုင်ဖြင့် ထပ်မံလျှောက်ရစဉ် လူထု ကြီးကလည်း ဘေးမှနေ၍ ပြက်ရယ်ပြု၊ ဆဲရေး တိုင်းထွာ လျက် လိုက်ပါလာခဲ့ ကြသည်။
ကရာနီသိုသွားရာလမ်း‘ (Via Dolorosa)
ယေရှုသည် ကားတိုင်ကို ထမ်း၍ လျှောက်ခဲ့ရသော လမ်း ကို လက်တင်စကားဖြင့် အထက်ပါအတိုင်း ခေါ်ထားသည်။ အနက်မှာ “ဝမ်းနည်းကြေကွဲဖွယ်ရာလမ်း” ပေတည်း။
ယေရုရှလင်မြိုကို နောက်ပိုင်း၌ ကြိမ်ဖန်များစွာ ပြုပြင် ပြောင်းလဲ တည်ဆောက်ခဲ့သော်လည်း ကိုယ်တော့်အနေဖြင့် ထိုကားတိုင်ကိုထမ်း၍ လျှောက်ခဲ့ရသည်ဟု ခန့်မှန်းနိုင်သည့် ထိုလမ်းကို ယနေ့တွင်အောင် ယေရုရှလင်မြို၌အမှတ်အသား ပြုလုပ်ပြီး ထိန်းသိမ်းစောင့်ရှောက်ထားပါသေးသည်။
ကိုယ်တော်သည် အရုပ်ကြိုးပြတ် ပုံ၍ လဲကျသွားသော နေရာများကိုပင် ယခုထက်တိုင် မှတ်သားထားကြသည်။
ထိုလမ်းသည် ပိလတ်မင်း၏ တရားစီရင်ရာ ခန်းမမှသည် မြိုပြင် ဂေါလဂေါလ တောင်ကုန်းဆီသို သွားရာလမ်း ဖြစ်၏။
Vigouroux ခေါ် ရောမ သမိုင်းရှင်၏ မှတ်တမ်းအရ အထက်ပါ ကားတိုင် အလေးချိန်ကို သိရရုံမက ထိုပညာရှင် ကြီးက လမ်း၏အကွာအဝေးမှာ မီတာ ၅၀၀ မှ ၆၀၀ အတွင်း (ကိုက် ၆၆ဝ ခန့်)ရှိမည်ဟု ဆိုထားသည်။ သာမန် ခြေလှမ်း အားဖြင့် တိုင်းထွာလျှင် ခြေလှမ်းပေါင်း (၁၃၂၁) လှမ်း ခန့် ရှိမည်ဟူ၍ပင် ရေးသားထားပါသည်။
နောက်ဆုံး၌ စစ်သည်တော်များက ကိုယ်တော့်အား သနား သွားဟန် တူသည်။ လမ်းဆုံး ရောက်ခါနီးသော် အနီးရှိ လူ တစ်ဦးအား ဆွဲ၍ ထိုကားတိုင်ကို ထမ်းစေခဲ့ပါသည်။
ထိုသူသည် ကုရေနေမြိုသား ရှိမုန်ဖြစ်၏။
ကုရေနေမြို့သည် မြောက်အာဖရိက၌ ရှိ၍ ထိုရှိမုန်သည် အာဖရိကန် လူမျိုးဖြစ်၏။ ရှင်မာကုက ထိုသူသည် အာလေ ဇန္ဒြုနှင့် ရုဖုဆိုသော သား(၂)ဦး၏ ဖခင်ဟု ဆိုထားသည်။
ရှိမုန်သည် ယေရုရှလင်မြိုသို လာနေကျ ရောက်နေကျ ကုန်သည်တစ်ဦး ဖြစ်ဟန်တူသည်။ (မဿဲ၊ ၂၇း၃၂၊ မာကု၊ ၁၂း၂၁၊ လုကာ၊ ၂၃း၂၆)
အချိန်သည် ကိုယ်တော်၏ နောက်တော်သို လူထုကြီး က လိုက်လံ ကြည့်ရှုဆဲဖြစ်ရာ ရှင်လုကာက ကိုယ်တော်သည်ထိုအချိန်၌ အဆိုပါ လူအုပ်ကြီးအား နောင်တွင် သူတိုတွေ့ ကြုံရမည့် ဖြစ်ရပ်များကို ဗျာဒိတ်တော်ပေး မိန့်ကြားတော်မူ ခဲ့ကြောင်း မှတ်တမ်းတင်ထားပါ၏။ (လုကာ၊ ၂၃၂၇-၃ဝ ကို ဖတ်ကြည့်ပါ)
ဂေါလဂေါသ
ယေရှုကို ကားစင်တင်သတ်သည့် အရပ်ကို ဟေဗြဲစကား အားဖြင့် “ဂေါလဂေါသ” ဟု ခေါ်ပြီး လက်တင်စကား အားဖြင့် “ကရာနီ” ဟုခေါ်သည်။
ထိုတောင်ကုန်းမှာ ဦးခေါင်း ပုံစံနှင့် တူသောကြောင့် ထိုကဲ့သို အမည်ပေးထားခြင်း ဖြစ်သည်။
ဂျူးလူမျိုးများ၏ သမိုင်းအစဉ်အလာအရ ထိုအရပ်၌ “အာ ဒီ”၏ ဦးခေါင်းကို မြှုပ်နှံထားရာ အရပ်ဟူ၍ ဆိုကြသော် လည်း ထိုဆိုရိုးစကားသည် မသေချာပါ။
မည်သိုဖြစ်စေ လူအများက ကောင်းစွာ တွေ့နိုင်သော တောင်ကုန်းကလေးဖြစ်ပြီး မြိုပြင်၌ တည်ရှိ၏။ (ယော၊ ၁၉း ၁၇၊ ဟေဗြဲ၊ ၁၃း၁၂) ရှင်ယောဟန်က “လက်ဝါးကပ် တိုင်မှာ ရိုက်ထားသော အရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ် ၌ တစ်ယောက်ကိုမျှ မသဂြိုလ်ဖူးသော သင်္ချိုင်းတွင်းသစ်ရှိ၏” ဟု ဆိုထားသည်။ (ယော၊ ၁၉း၄၁)
ကားတင်ပုံ
ကားတင်သတ်မည့် ဂေါလဂေါသသို ရောက်လျှင် ကား တိုင်ကို မြေကြီးပေါ်သို လှဲချလိုက်သည်။ တရားခံကို ထိုကား တိုင်ပေါ်၌ ပက်လက်လှန်အိပ်ခိုင်းသည်။ ။
သံမှိုဖြင့် မရိုက်မီ ထုံးတမ်းဓလေ့ တစ်ခုမှာ တရားခံကို ဆေးတစ်မျိုးဖြင့် ရောစပ်ထားသော စပျစ်ရည် တစ်ခွက်ကို သောက်ခိုင်းလေ့ ရှိသည်။ သိုသော် ကိုယ်တော်က လုံးဝ မသောက်ဘဲ ကားတိုင်၏ ဝေဒနာနှင့် သေခြင်းကို ရဲရဲရင်ဆိုင် လိုက်ပါတော့၏။ (မဿဲ၊ ၂၇း၃၄၊ မာကု၊ ၁၅း၂၃)။
ကားတိုင်၏ အလျားလိုက် သစ်တိုင်အလယ်ဗဟိုတွင် ခြေတင် ခုံလေးတစ်ခု ရှိသည်။ ၎င်းကို Saddle ဟုခေါ်သည်။ တရားခံ ၏ ကိုယ်အလေးချိန်ကြောင့် လက်ဝါးနှစ်ဖက် ဖြန့်ပြီး ရိုက်နှက် ထားသော သံမှိနေရာ၌ အသားလွှာများ စုတ်ပြတ်၍ထွက်ပြီး အောက်သို ပြုတ်မကျသွားစေရန် ဖြစ်သည်။ တရားခံသည် ထို ခြေတင်ခုံပေါ်၌ ခြေနှစ်ဖက်ကိုတင်ပြီး မွေးထားရန် ဖြစ်သည်။
ကားတိုင်ကို မြေပေါ်တွင် အလျားလိုက် လှဲချပြီး ယေရှု ကို ကားတိုင်ပေါ် လှဲအိပ်စေသည်။ ကိုယ်တော် လက်ဝါး နှစ်ဖက်ကို ဖြန့်ပြီး တိုင်နှစ်ဖက်တွင် သံမှိ ရိုက်နှက်လိုက်သည့် တပြိုင်နက် သွေးများ ပန်းထွက် လာပါလိမ့်မည်။ ထိုနောက် ခြေထောက်တွင်လည်း သံမှိကို ဆက်ရိုက်ကြသည်။
တရားခံအများမှာ ထိုအချိန်မျိုး၌ နာကျင်မှုကို အထူး အလိမ့်ခံရပြီး ကျယ်လောင်စွာ ညည်းတွား အော်ဟစ်လိုက်လေ့ ရှိသည်။ အနီးရှိ လူများကို ဆဲရေးတိုင်းထွာ တံတွေးဖြင့် ထွေး လေ့ရှိသည်။
သိုသော် ယေရှုသည် ထိုကဲ့သို သံမှိဖြင့် ရိုက်နှက်ခြင်းကိုခံလိုက် ရသည့် တပြိုင်နက် “အိုအဖ၊ သူတို၏ အပြစ်ကို လွှတ်တော်မူပါ။ သူတိုသည် ကိုယ်ပြုသောအမှု ကိုမသိကြ” ဟူ၍ ဆုတောင် မေတ္တာ ပိုတော်မူရှာ၏။ (လုကာ၊ ၂၃း၃၄) ၊
ထိုနောက် အဆင်သင့် တူးထားသော တွင်းထဲသို ကား တိုင်ကို ဆောင့်သွင်းလိုက်ပြီး မတ်မတ် ဖြစ်နေစေရန် တွင်းဝကို မြေဖိုလိုက်ကြသည်။ ယေရှုသည် ထိုအခါ ကားတိုင်၌ တန်းလန်း ဆွဲ ဖြစ်နေပေပြီ။
တရားခံတစ်ဦးကို ကားတိုင်၌ သံမှိဖြင့် မရိုက်မီ သူ၏အရှက် ကို လုံစေရန် နံငယ်ပိုင်းမှတစ်ပါး ဝတ်ဆင်ထားသော အဝတ် အစားများကို ချွတ်ပစ်လေ့ရှိ၏။ အဝတ်အစားများကို ကား တင်သတ်သည့် စစ်သည်တော်များက ယူလေ့ရှိသည်။
ဂျူးလူမျိုးတစ်ဦး သာမန်ဝတ်ဆင်ရာတွင် ဝတ်စားတန်ဆာ ၆-မျိုး ပါလေ့ရှိသည်။ ။
ခါးပတ်၊ ကြိုးသိုင်းဖိနပ်၊ ခါးစည်းအဝတ်၊ ခေါင်းကို ခြုံသည့်ဦးရစ်၊ ဗောင်းထုပ်၊ (Turban) နှင့် အတွင်းခံအင်္ကျီ (Tunic) ဖြစ်ပါသည်။ ထိုအဝတ်တန်ဆာတို၏ တန်ဖိုးမှာ အများ အားဖြင့် ညီတူညီမျှဖြစ်ပြီး ဝေမျှယူကြရန် မခဲယဉ်းလှပါ။
သိုသော် ထိုအဝတ် တန်ဆာထဲမှ အရေးအကြီးဆုံးနှင့် တန်ဖိုး အရှိဆုံးမှာ “ဝတ်ရုံ” ပင် ဖြစ်ပါ၏။
ထိုဝတ်ရုံကို နေ့အချိန်၌ ခြုံထားပြီး ညအချိန်၌ စောင် အဖြစ် အသုံးပြုလေ့ ရှိသည်။ ထို “ဝတ်ရုံ”သည် ဂျူးလူမျိုး တစ်ဦးအဖို အလွန်အရေးကြီးလှသဖြင့် အကြွေးဖြင့် သိမ်း ထားခြင်းခံရ သိုမဟုတ် အပေါင်ထား ရစေကာမူ ညကျလျှင် ပြန်ပေးရမည် ဟူ၍ပင် ပညတ်ထားရလေ့ ရှိ၏။ “အိမ် နီးချင်းသည် မိမိစောင်ကို သင့်၌ ပေါင်ထားလျှင် မိုးမချုပ်မီ ပြန်ပေးရမည်။ အကြောင်းမူကား ခြုံစရာမရှိ၊ ကိုယ်ခြုံဖို ရှိ၏။ သူသည် အဘယ်သို အိပ်နိုင်သနည်း။ ငါ့အား အော် ဟစ်လျှင် ငါကြားမည်။ ငါသည် သနားသော သဘောရှိ၏” ဟု (ထွက်၊ ၂၂:၂၆+) တွင် ဆိုထားသည်ကို တွေ့ရပါလိမ့်မည်။
ယေရှု၏ ဝတ်ရုံတော်ကား တဆက်တည်း လက်ဖြင့် ရက် ချုပ်ထားသဖြင့် အပိုင်းပိုင်း ဆုတ်ဖြဲ၍ ဝေမျှယူလျှင် အချည်း နှီး ဖြစ်ရုံမက နှမြောစရာပင် ကောင်းမည်ဖြစ်ပါ၍ စစ်သည် တော်များက စာရေးတံချ (အန်စာပစ်)၍ လောင်းကစား ယူလိုက်ကြတော့၏။ (မဿဲ၊ ၂၇း၃၅၊ မာကု၊ ၁၅း၂၄၊ လုကာ၊ ၂၃း၃၄၊ ယော၊ ၁၉း၂၃+)
ကားတိုင်ပေါ်၌ ယေရှုသည် ပြင်းပြသော ဝေဒနာခံစား နေရလျက်ပင် မိမိ၏ မယ်တော်ကို မြင်သဖြင့် ရှင်ယောဟန်အား မယ်တော် မိခင်အရင်းကဲ့သို စောင့်ရှောက်ပါရန် မှာကြား ရှာ၏။ (ယော၊ ၁၉း၂၆+)
ကားတိုင်ပေါ်၌ပင်လျှင် ယေရှု၏ရန်သူများက ကိုယ်တော့် အား ချမ်းသာ မပေးခဲ့ကြပါ။
သူ့ကိုယ်သူ ဘုရားသခင်၏ သားတော်ဟု ခေါ်ဆိုနေသူ တစ်ဦး၏ ဇာတ်သိမ်းရပုံကို နောက်ပြောင် ကြသည်။ ဘုရင် တစ်ဦးဆိုသော်ငြားလည်း အရှုံးဖြင့် ဇာတ်သိမ်းရပုံနှင့် ဗိမာန်တော်ကို ဖြိုဖျက်မည့်သူ၊ သူတစ်ပါးကို ကယ်တင်မည့်သူသည် မိမိကိုယ်ကိုပင် မကယ်တင်နိုင်ပါတကား ဟူ၍ နောက်ပြောင်ကြ သည်။ (မဿဲ၊ ၂၇း၃၉-၄၄၊ မာကု၊ ၁၅း၂၉-၃၂၊ လုကာ၊ ၂၃း၃၅-၃၇)။
အမှန်ဆိုရလျှင် ထိုသူတိုက ယေရှုကို အပြီးအပိုင် သုတ်သင် ဖယ်ရှင်းနိုင်လိုက်ပြီဟု ယူဆပြီး ယခုကဲ့သို နောက်ပြောင်နေကြ ခြင်းပင် ဖြစ်ပါ၏။ ။
ထိုနေ့က ယေရှုတစ်ဦးတည်းသာ ကားတိုင်၌ရိုက်ပြီး အသေ သတ်ခြင်းခံရသည် မဟုတ်ပါ။ သူခိုးဓားပြ နှစ်ဦးကပါ ကိုယ် တော်နှင့်အတူ အသတ်ခံခဲ့ရသည်။ (မဿဲ၊ ၂၇း၃၈၊ မာကု၊ ၁၅း ၂၇၊ လုကာ၊ ၂၃း၃၂၊ ယော၊ ၁၉း၁၈)
အမှန်ဆိုရလျှင် ထိုလူနှစ်ဦးသည် သာမန်သေးဖွဲသော သူခိုး များ၊ ဓားပြများမဟုတ်ပါ။ ခရစ်ဝင်ကျမ်း တိုတွင် သူတိုကို ဂရိ စကားအားဖြင့် Lestal ဟု ခေါ်ထားပါသည်။ အနက်မှာ နာမည်ကြီးသော တောပုန်း ဓားပြများ ဖြစ်သည်။ ထိုကြောင့် သူတိုမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှသော သူပုန်ကြီး များ၊ ဓားပြကြီးများ ဖြစ်ဟန်တူသည်။
အစဉ်အလာ ဆိုရိုးစကားအရ သူတိုနှစ်ဦး၏ အမည်မှာ Gestos နှင့် Dysmas တိုဖြစ်၏။ သူတိုသည် လည်း ဂျူးလူမျိုး များပင် ဖြစ်ဟန်တူသည်။ အဘယ့်ကြောင့်ဆိုသော် ယခင်က ပေါ်ပေါက်ခဲ့ဖူးသော မေရှိယ အယောင်ဆောင်တိုကို သူတိုက တွေ့ ဖူးသူများ ဖြစ်၍ တစ်ဦးက ယေရှုအား နောက်ပြောင် ခဲ့ပါ၏။
သိုသော် တစ်ဦးက ကိုယ်တော်သည် ဂျူးတို စောင့်မျှော်နေ ကြသော မေရှိယမှန်ကန်ကြောင်း သိမြင် လာသဖြင့် “သခင် ကိုယ်တော်သည် နိုင်ငံတော် တည်လျက် ကြွလာတော်မူသော အခါ ကျွန်ုပ်ကို အောက်မေ့ တော်မူပါ”ဟု လျှောက်ဆိုသော အခါ ကိုယ်တော်က “ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်”ဟု ပြန်လည် မိန့် ကြားခဲ့ပါ၏။ (လုကာ၊ ၂၃း၃၉-၄၃)
ကိုယ်တော့်ကို ကားတင်ချိန်မှာ နံနက် (၉)နာရီခန့်ဖြစ်ပါ ၏။ ရှင်မာကု၊ ၁၅း၂၅ တွင် “နံနက် တစ်ချက်တီး”ဟူ၍ ဆရာ ယုဒသန်က မြန်မာပြန်ထားသော စကားကို Third Hour ဟူ၍ အင်္ဂလိပ်ကျမ်း မူရင်းများတွင် တွေ့ရပါလိမ့်မည်။
ဂျူးလူမျိုးတိုအဖို နေ့ပိုင်းရှိ (၁၂)နာရီကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ရေတွက်လေ့ရှိကြောင်း ကျွန်တော်ရှင်းပြ ပြီး ဖြစ်ပါသည်။
မွန်းတည့်ချိန် (၁၂)နာရီခန့်တွင် မြေတစ်ပြင်လုံး၌ အမိုက် မှောင်ကြီး ကျရောက်လာသည်။ ညဉ့်နက် သန်းခေါင်ကဲ့သို မှောင် မိုက်လာပြီး သုံးနာရီခန့်ပင် ကြာမြင့်စွာ မှောင်မိုက်နေခဲ့ပါ၏။ (မဿဲ၊ ၂၇း၄၅၊ မာကု၊ ၁၅း၃၃၊ လုကာ၊ ၂၃း၄၄+)
ညနေ ၃-နာရီခန့်တွင် ယေရှုသည် “အကျွန်ုပ်ဘုရား၊ အကျွန်ုပ် ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟူ၍ အော်ဟစ်လိုက်ရှာတော့၏။
ယေရှုသည် ထိုအချိန်၌ လူသားတစ်ရပ်လုံးအတွက် ကျွန်တော်တို၏ ကယ်တင်ခြင်းအတွက်၊ အဆုံးမရှိသော၊ မတိုင်းဆ နိုင်သော အနက်ရှိင်းဆုံးသော အရပ်အထိ နှိမ့်ချခြင်းကို ခံနေ ရရှာပြီ ဖြစ်သော ကြောင့်တည်း။ ။
ထိုနောက် ယေရှု၏ နှုတ်ခမ်းဖျားတိုသည် ခြောက်သွေ့ ကွဲအက်လာကြသည်။ ထိုကြောင့်လည်း ကိုယ်တော်က “ငါ ရေငတ်သည်”ဟု မိန့်တော်မူရာ၊ စစ်သည်တော်တစ်ဦးက ရေမှိုတံတွေးကို ပုံးရည်ထဲနှစ်က ကျူးလုံးဖျား၌တပ်၍ ပေးခဲ့သည်။ (မဿဲ၊ ၂၇း၄၈၊ မာကု၊ ၁၅း၃၆၊ ယော၊ ၁၉း၂၈+)
ကိုယ်တော်သည် အသက်ချုပ်ခါနီးတွင် ကြီးစွာသော အသံ ဖြင့် ဟစ်အော်သည် (မဿဲ ၂၇း၅၀၊ မာကု၊ ၁၂း၃၇၊ လုကာ၊ ၂၃း၄၆)။ ထိုသို ဟစ်အော်ခြင်းကား နာကျင်၍ မဟုတ်၊ ကြောက်ရွံ၍မဟုတ်၊ စိတ်ပျက်အား လျော့၍ မဟုတ်၊ အောင် မြင်သော ကြွေးကြော်သံဖြင့်ပင် ဖြစ်၏။
“အဘယ်ကြောင့်ဆိုသော် ထိုအော်ဟစ်သံ၏ နောက်ပိုင်း၌ “အမှုပြီးပြီ” ဟူသော စကားတော် ပါလာသောကြောင့်တည်း။ (ယော၊ ၁၉း ၂၀)
ထိုနောက် ကိုယ်တော်သည် ဆုတောင်းတော်မူ၏။
ယေရှု တောင်းလျှောက်လိုက်သော ဆုတောင်းမှာလား။ ကိုယ်တော် ငယ်ရွယ်စဉ်က မယ်တော်သင် ပေးခဲ့သော ဆုလေး တစ်ခု ဖြစ်ပါ၏။
ဂျူးလူမျိုးကလေး လူငယ်တစ်ဦး ညအိပ်ရာဝင်ခါနီးတိုင်း ဆုတောင်းပြီး အိပ်စက်ရန်၊ မိခင်က လင်လေ့ ရှိသည်။ ရွတ်ဆိုရလေ့ရှိသော ဆုတောင်းလေးမှာ “အိုအဖ အကျွန်ုပ်၏ စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အလွန်ပ်၏” ၍ ဖြစ်ပါ၏။ (လုကာ၊ ၂၃း၄၆၊ ဆာလံ၊ ၃၁း၅)
ထိုနောက် ရှင်ယောဟန်က “ကိုယ်တော်သည် ခေါင်းတော်ကို “ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူကြောင်း” ဆိုခဲ့ပါ၏။ (ယော ၁၉း၃၀) ။
ခေါင်းကို “ငိုက်စိုက်ညွှတ်သည်” ဟူသော စကားမှာ ဂရိလို Klinein ဖြစ်သည်။
လူတစ်ဦးသည် မောပန်းလှသဖြင့် အိပ်ရာထဲသို ရောက်သည် နှင့် အမောပြေ အိပ်ပျော်သွားစေရန် ခေါင်းအုံးပေါ်သို မိမိ၏ ဦးခေါင်းကို အသာတကြည် တင်လိုက်သည့်အခါ ထိုဦးခေါင်း သည် အိစက်ညက်ညောသည့် ခေါင်းအုံးထဲသို နိမ့်ဝင်အိဆင်း သွားကြောင်း ရှင်းပြလိုသည့်အခါ ထိုစကားမျိုးကို သုံးလေ့ ရှိပါ၏။
ယေရှုအဖို ကြာမြင့်စွာ ရုန်းကန်တိုက်ပွဲဆင်နေရာမှ ငြိမ်သက် ခြင်းရလေပြီ။ ပြင်းပြစွာ လုပ်ဆောင်ခဲ့ရာမှ အနားရလေပြီ။ ပြင်းပြလှသော ဝေဒနာမှ သက်သာခြင်းသို ရောက်သွားခဲ့ လေပြီ။
ထိုအချိန်တွင် မြေငလျင်ကြီးလှုပ်ကာ ဗိမာန်တော်တွင်းရှိ အလွန်သန့်ရှင်းရာဌာနကို ပိုင်းခြားထားသော ကန့်လန့်ကာ သည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ (မဿဲ၊ ၂၇း၅၁၊ မာကု၊ ၁၅း၃၈၊ လုကာ၊ ၂၃း၄၅)
အသက်ချုပ်သော အချိန်ကား မွန်းလွဲ (၃) နာရီခန့်ရှိပြီး ဖြစ်သတည်း။
ထိုအချိန်တွင် ကိုယ်တော့်အား ကားတိုင်၌ ကွပ်မျက်ခဲ့ရာ တွင် တာဝန်ယူခဲ့ရသော ရောမတပ်ဖွဲ၏ တပ်များသည် ကားတိုင် ခြေရင်းက မော့ကြည့်ပြီး “စင်စစ် ဤသူသည် ဘုရားသခင်၏ သားတော် မှန်ပေ၏”ဟု ဝန်ခံလေတော့သည်။ (မဿဲ၊ ၂၇း၅၄၊ မာကု၊ ၁၅း၃၉၊ လုကာ၊ ၂၃း၄၇)
ယေရှုသည် မြေကြီးမှ မြှောက်ထားခြင်းခံရပြီး အသက် တော်ကို စွန့်လိုက်သည့်တပြိုင်နက် လူတိုကို “ပထမဦးဆုံးအကြိမ် သူ့ထံသို ဆွဲငင်ယူလိုက်ခြင်း ဖြစ်ပါသည်တကား။ …(ယော၊ ၁၂း၃၂ ကိုကြည့်ပါ)
ကားတိုင်၌ အသေသတ်ခြင်းခံရသူများသည် အချိန်ကြာမြင့် စွာ ဝေဒနာခံစားကြရပြီးမှ အသက်ထွက်လေ့ရှိသည်။ လူတစ်ဦး သည် ကားတိုင်၌ ရက်ပေါင်းများစွာ အသက်မထွက်နိုင်ဘဲ နေ နိုင်သည်။ ယင်ကောင်များက ဒဏ်ရာပေါ်၌ အုံနေခြင်း၊ လည်ချောင်းကွဲအက်လုခမန်း ရေငတ်ခြင်း၊ နေ၏ အပူရှိန်ဒဏ်ကို တစ်နေ့လုံး ခံနေရခြင်း၊ ညပိုင်း၌ သွေးခဲလုမတတ် အအေးဒဏ် ကို ခံရခြင်းတိုကြောင့် အချိုသည် အသက်မထွက်မီ ခူးသွပ်၍ ပင် သွားတတ်လေ့ ရှိပါ၏။
အကယ်၍ တရားခံတစ်ဦးသည် အချိန်အတန်ကြာစွာ မသေ ဘဲဖြစ်နေလျှင် သစ်သားတူကြီးများဖြင့် ရိုက်နှက်၍ သတ်ရ၏။ ခြေထောက်ကို ချိုးပစ်ကြရ၏။
ညနေ နေဝင်သည်နှင့်တပြိုင်နက် ဥပုသ်နေ့ ဖြစ်နေလျှင် တရားခံကို သတ်ပြီး နေမဝင်ခင် (ဝါ) ဥပုသ် မဝင်ခင် အလောင်းကို ကားစင်မှချရသည့် ထုံးစံရှိ၏။ ဂျူးတို၏ပညတ် လည်း ရှိ၏။
ယေရှုကို သတ်ခဲ့စဉ်က ပသခါပွဲတော်နေ့ ဥပုသ်ဝင်ခါနီး ဖြစ်ရာ ဂျူးလူမျိုးတို၏ ထုံးစံကို သိကြသော ရောမစစ်သည် တော်များက မသေမရှင် ဖြစ်နေသော သူခိုးကြီးနှစ်ဦးအား ခြေထောက်ကိုချိုး၍ သတ်ပစ်လိုက် ရသော်လည်း ယေရှုမှာကား သက်တော်ချုပ်နေကြပြီကို တွေ့ကြရသဖြင့် ခြေထောက်ချိုးစရာ မလိုခဲ့။
မည်သိုပင် ဖြစ်စေ၊ သေပြီဖြစ်ကြောင်း သေချာစေရန် စစ်သည်တော်တစ်ဦးက နံဘေးတော်ကို လှံဖြင့် ဆောင့်ထိုး လိုက်ရာ သွေးနှင့် ရေတိုသည် ကျဆင်းလာခဲ့သည်ကို တွေ့ရ ပါတော့၏။ (ယော၊ ၁၉း၃၁-၃၅)
ကားတိုင်ဝေဒနာနှင့် ဆေးသိပ္ပံအမြင်
ကားတိုင်ပေါ်၌ ယေရှုအနေဖြင့် ခံစားရနိုင်သော ဝေဒ နာများမှာ (၁) ခေါင်းမူးခြင်း၊ (၂) ကြွက်တက်ခြင်း၊ (၃) ရေငတ်ခြင်း၊ (၄) ဆာလောင် မွတ်သိပ်ခြင်း၊ (၅) ဒဏ်ရာကြောင့် အဖျားတက်လာနိုင်ခြင်း၊ (၆) မေး ခိုင်ရောဂါပိုး (Tetanus) ဝင်လာနိုင်ခြင်းတို ဖြစ်ပါ၏။
အသားထဲ၌ စိုက်ထားသော သံမှိများကြောင့် အကြော အခြင် နာဗ်ကြောနှင့် ကြွက်သားများ စုတ်ပြတ် ကုန်သဖြင့် အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် မခံမရပ်နိုင် အောင် ဆတ်ဆတ်ခါ နာကျင်သွားနိုင်သည်။
ဒဏ်ရာဒဏ်ချက်တိုကို အချိန်ကြာမြင့်စွာ ဆေးမထည့်ဘဲ ထားခဲ့ရာမှ ရိုးတွင်းခြင်ဆီကိုလိုက်ပြီး “ဂန်ဂါရင်း” (Gangarene) ခေါ် အသားပုပ် (ခူနာ) ရောဂါ ဝင်ရောက် လာနိုင် သည်။
အထူးသဖြင့် ခေါင်းနှင့် ဝမ်းဗိုက်ရှိ သွေးကြောများ သည် ရောင်ရမ်းလာလေ၊ ရေပိုငတ်လာလေလေ ဖြစ်လာ နိုင်သည်။ အနာမှ ထွက်လာနေသော သွေးများပေါ်၌ ယင် များအုံလာသောအခါ အခံရခက်ပြီး လူးလွန့် လှုပ်ရှားလာ ရပေလိမ့်မည်။ ထိုသို လူးလွန့် လိုက်တိုင်းလည်း အသည်းဘဝင်ခိုက်ခိုက်တုန်အောင် ပြင်းပြသော နာကျင်မှုကို ခံရပေ လိမ့်မည်။
Dr. Stroud ၏ Physical Causes of Christ’s Death ခေါ် စာအုပ်ထဲတွင် ရောမစစ်သည်တော် တစ်ဦးက ထိုးလိုက် သော လှံချက်ကြောင့် ထွက်လာသည့် “သွေးနှင့် ရေ” တို အကြောင်း သေချာစွာ ရေးသားထားသည်ကို တွေ့ရပါ၏။
ကိုယ်တော်သည် နှလုံးသားကွဲ၍ သေဆုံးသွားခြင်း ဖြစ် နိုင်သည်ဟု သူက ယူဆသည်။
သာမန် စကားပြေအားဖြင့် ပြောရပါလျှင် ကိုယ်တော် သည် “ရင်ကွဲနာ” ကျ၍ သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုရ ပေလိမ့်မည်။ ။
Dr. Stroud ၏ အဆိုကို Professor Simpson နှင့် Dr. Struthers တိုကလည်း ဤသဘောထားကို ထောက်ခံ ထားသည်။
ကိုယ်တော်၏ နှလုံးသားသည် ကွဲထွက်သွားခဲ့သည်။ ထိုသို ကွဲထွက်သွားရာတွင် နှလုံးသားတွင်းမှ သွေးတိုသည် Pericar dium ခေါ် “နှလုံးအိမ်ထဲသို ဝင်ရောက်သွားခြင်း” ဖြစ်စေ လိမ့်မည်။ ထိုသွေးတိုသည် (၃) ပေါင်နှင့် (၃) ပေါင်ထက် များသော သွေးခဲနှင့် သွေးရည်ကြည်တို ဖြစ်နိုင်ပါ၏။
ရောမစစ်သည်တော်တစ်ဦးက ထိုးလိုက်သော လှံချက်ကြောင့် Cras Samentum ခေါ် “သွေးခဲ”နှင့် Serum ခေါ် “သွေး ရည်ကြည်”တို ယိုဆင်းလာခြင်း ဖြစ်လိမ့်မည်။ ရှင်ယောဟန် အနေဖြင့် သွေးခဲနှင့် အရည်ကြည်တိုကို ကြည့်ပြီး “သွေးနှင့်ရေ” ဟူ၍ သာမန်အားဖြင့် ဆိုလိုက်ခြင်းဖြစ်မည်ဟု ဆိုထားပါ၏။
အဆိုပါ ဆရာဝန်ကြီးများ၏ ဖော်ပြချက်တိုသည် ခရစ်ဝင် ကျမ်းစကားတိုနှင့်လည်း ကိုက်ညီသည်။ ကိုယ်တော်သည် သက် တော်မချုပ်မီ ကြီးစွာသောအသံဖြင့် အော်ဟစ်ပြီး မိမိ၏စိတ် ဝိညာဉ်ကို အဖခမည်း တော်၏ လက်သို အပ်နှံ လိုက်နိုင်သေး သည်ကို ထောက်လျှင် အတော်အတန် ကာယခွန်အား ကျန်ရှိ နေသေး ကြောင်း ကောင်းစွာ မှတ်ယူနိုင်ပါ၏။
သိုသော် ကိုယ်တော်၏ စိတ်ဝေဒနာကား ပြင်းပြလှပါ၏။ သန့်ရှင်းရာ ရက်သတ္တပတ်တစ်ပတ်လုံး စိတ်ထဲ၌ တင်းမာမှုများစွာ ခံစားခဲ့ရသည်မှာ အမှန်ပင်ဖြစ်သည်။ ကိုယ်တော်၏ ရန်သူ များနှင့်နေ့စဉ် ရင်ဆိုင် စကားစစ်ထိုးခဲ့ရခြင်း၊ ယုဒရှကာရုတ်၏ သစ္စာဖောက်ခြင်း၊ တမန်တော်တို၏ စွန့်ပစ်ထွက်ပြေးခြင်း၊ ရှင် ပေတရု၏ ငြင်းပယ်ခြင်း၊ ဂေသရှေမန်ဥယျာဉ်ထဲ၌ ပြင်းပြသော စိတ်ဝေဒနာ ခံစားရခြင်း၊ ညှဉ်းပမ်းနှိပ် စက်ခံရခြင်း၊ အရှက် တကွဲအကျိုးနည်း ပြက်ရယ်ပြု ခံရခြင်း၊ ကားတိုင်ပေါ်၌ ကာယဝေဒနာကို ပြင်းစွာ ခံစားရခြင်းသာမက အဖခမည်းတော်၏ မျက်နှာလွှမှု၊ စွန့်ပစ်မှုကို ခံရခြင်းတိုကြောင့် “နှလုံးကွဲ” ၍ အသက်ချုပ်ရခြင်း ဖြစ်နိုင်သည်။
ထိုကြောင့် လှံဖြင့် အထိုးမခံရမီ ကတည်းက ကိုယ်တော် သည် အသက်ချုပ်လျက်ရှိပြီး ဖြစ်ပါလိမ့်မည်ဟု ကောင်းစွာ မှတ်ယူနိုင်ပါ၏။
ကားတိုင်ပေါ်က ယေရှု
၁။ ကားတိုင်ပေါ်၌ ယေရှု၏သတ္တိကို မြင်နိုင်သည်။ အသေ သတ်ခြင်းခံရသည့်အဖြစ်ထဲတွင် ကားစင် တင်သတ်ခံရခြင်းသည်အဆိုးရွားဆုံးပင် ဖြစ်သည်။ အထက်တွင် ဖော်ပြထားသည့် အတိုင်း ကားတိုင်ပေါ်၌ ကိုယ်တော်သည် အလွန်ပြင်းပြလှသော ကာယဝေဒနာကို ခံစားနေခဲ့ရရှာသည်။ ကားတိုင်ထက် ပေါ်၌ ကိုယ်တော်သည် (၆)နာရီမျှ ဝေဒနာခံစား ခဲ့ရပါ ၏။ ထိုဝေဒနာသည်လည်း မိနစ်၊ နာရီနှင့်အမျှ တိုး၍တိုး၍ ပြင်း ပြလာတတ်ပါ၏။ ကားတိုင်ပေါ်၌ ခံစားရသည့် ဝေဒနာသည် မည်မျှပြင်းပြလှမည်ကို ကိုယ်တော်သည် ကြိုတင်၍ သိရှိပြီးဖြစ် သော်လည်း ထိုဖြစ်ရပ်ကို ရဲရဲရင်ဆိုင်ခဲ့သည်။
ဂျိုစီးဖပ်(စ်)၏ Antiquities 17.10.10 အရ ဟေရုဒ် မင်းကြီးလက်ထက်၊ ရောမစစ်ဗိုလ်ချုပ် ဗေးရပ်(စ်) သည် ဂါလိလဲလမ်းမကြီးများပေါ်၌ ဂျူးလူမျိုးပေါင်း (၂၀၀၀) ကျော်ကို တန်းစီ၍ ကားတင်သတ်ခဲ့ဖူးကြောင်း ဖော်ပြထား သည်။ ယေရှု ကိုယ်တော်တိုင်ကလည်း ထိုသူများ ခံစားခဲ့ ရရှာသော ဝေဒနာကို ကြားသိ မြင်တွေ့ ရဖူး ဖြစ်နေပါ လိမ့်မည်။ ။
သိုသော် ကားတိုင်၏ ဝေဒနာကို ကိုယ်တော်က ရဲဝံ့စွာ ရင်ဆိုင်ခဲ့သည်။ ဆေးဖြင့် ရောစပ်ထားသော စပျစ်ရည်ကိုပင် မသောက်ဘဲ ငြင်းခဲ့ပုံကို ထောက်ရှုကြည့်လျှင် ကိုယ်တော်သည် ကားတိုင်၌ အသေသတ်ခြင်းကို တည်ကြည် ရဲရင့်သောနှလုံး သားဖြင့် ရင်ဆိုင်ခဲ့ကြောင်းကို ထင်ရှားစွာ မြင်ရသည်။ (မဿဲ။ ၂၇း၃၄) ရုတ်တရက် မလွဲမရှောင်သာသောကြောင့် ကားတိုင် ကို ခံယူခဲ့သည်မဟုတ်။ ရှေးမဆွကပင် ကြိုတင်ပြင်ဆင်၍ ထို ကားတိုင်လမ်းစဉ်ကို တည့်တည့်မတ်မတ် လျှောက်သွားခဲ့ခြင်းသာ ဖြစ်ပါ၏။
၂။ ကားတိုင်ပေါ်၌ ယေရှု၏ လူ့ဇာတိကို မြင်တွေ့ရသည်။ ကနဦး အသင်းတော်၌ ယေရှု၏ လူ့ဇာတိကို လက်မခံနိုင်ကြ သော Docetists (ဒိုဆက်တစ်) ခေါ် အတွေးအခေါ် ပညာ ရှင်များ ပေါ်ပေါက်လာခဲ့ဖူးသည်။ ကိုယ်တော်၏ ကာယ ခန္ဓာကိုယ်သည် အစစ်အမှန်မဟုတ်၊ သခင်ယေရှုသည် လူသား ဟန်ဆောင်ထားသော ဘုရားသာလျှင် ဖြစ်သည်ဟု ဆိုကြသည်။
သူတိုက ရုပ်နှင့်နာမ်ကို ပိုင်းခြားကာ တွေးခေါ်ပြီး ရုပ်ခန္ဓာ ဆိုသည်မှာ ညစ်ညူးသည်ဖြစ်၍၊ သခင်ယေရှု၌ သာမန်လူသား တို၏ ရုပ်ခန္ဓာ အကယ်ပင် ရှိမည်မဟုတ်ဟု ထင်ကြသည်။
သိုသော် ခရစ်ဝင်ကျမ်းတိုရှိ ကျမ်းစကားများကို သေချာ စွာလေ့လာလျှင် ကိုယ်တော်၏ လူ့ဇာတိ၊ ကာယခန္ဓာကို အထင်အရှား တွေ့မြင်နိုင်သည်။
ကားတိုင်ကို မနိုင့်တနိုင်ထမ်းပြီး မကြာခဏ လဲကျခဲ့ရပုံ၊ အကယ်ပင် နာကျင်မှုကို ခံစားရရုံမက၊ သွေးစိမ်းရှင်ရှင်ထွက် ခဲ့ရပုံ၊ ကိုယ်တော်တိုင်လည်း ရေငတ်တော်မူခဲ့ပုံ စသည်တိုကို ကြည့်လျှင် ကိုယ်တော်သည် ကားတိုင်၏ဝေဒနာကို ဟန်ဆောင် ခံစားခဲ့ရသည်မဟုတ်။ အကယ်ပင် ခံစားခဲ့ရသည်မှာ ထင်ရှား နေ၍ လူသားဇာတိကို စင်စစ်ရှိကြောင်း ပေါ်လွင်နေသည်။
၃။ ကားတိုင်ပေါ်၌ ယေရှုသည် အပြစ်သားတိုနှင့် ဘဝတူ ခံစားခဲ့ရကြောင်း တွေ့ရသည်။ အထူးသဖြင့် အပြစ်သားများ ဖြစ်သော သူခိုးဓားပြကြီး နှစ်ဦး၏ စပ်ကြား၌ အသေခံရပုံကို ကြည့်ခြင်းအားဖြင့် ဤအဖြစ်ကို တွေ့နိုင်သည်။ (မဿဲ၊ ၂၇း ၃၈၊ မာကု၊ ၁၅း၂၇၊ လုကာ၊ ၂၃း၃၃၊ ယောဟန်၊ ၁၉း၁၈) ပရောဖက်ဟေရှာယက “ဝေဒနာခံစားရသော ဘုရားသခင်၏“ကျွန်” အကြောင်းကို ကြိုတင် ဟောပြောခဲ့စဉ်က “(ထိုသူ သည်) ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသာမရှိသော်လည်း လူဆိုးတိုနှင့်အတူ မြေမြှုပ်ခြင်းငှာ စီရင်ကြ၏။ ထိုသို မိမိ အသက်ကို သေခြင်း၌ သွန်း၍ မတရားသောသူတိုနှင့် ရေတွက် ဝင်ခြင်းသိုရောက်သဖြင့် လူများတို၏အပြစ်ကို ဆောင်ရွက်၍” ဟု ရေးသားခဲ့သည်။ (ဟေရှာ၊ ၅၃း၉+၁၂)
ယေရှုသည် အခွန်ခံနှင့် ဆိုးယုတ်သူတို၏ မိတ်ဆွေဖြစ်ခဲ့၏။ ထိုခေတ်က ဘာသာရေး ခေါင်းဆောင်များ ၏ ငြိုငြင်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်း၊ အံ့ဩခြင်းကိုပင် ခံခဲ့ရ၏။ (မဿဲ၊ ၉း၁၀-၁၃) ကားတိုင်၌ပင်လျှင် ကိုယ်တော်သည် အပြစ်သားတိုနှင့် အတူ အသေသတ်ခြင်းကို ခံခဲ့၏။
၄။ ကားတိုင်ပေါ်၌ ယေရှု၏ အပြစ်လွှတ်ခြင်း သဘော ထားကို မြင်နိုင်သည်။ ကားတိုင်ပေါ်၌ သူ၏ လက်ဖဝါးတော် တွင်းသို သံမှိဖြင့် ရိုက်နှက်နေကြသည့်တိုင်အောင် ထိုသူတိုအား အပြစ်လွှတ်နိုင်ခဲ့သည်။ “ငါ့ကို သင်တို အဘယ်သိုပြုပြု၊ ငါသည် အမြဲအပြစ်လွှတ်နေမည်”ဟူ၍ ပြောနေသကဲ့သိုပင် ဖြစ်ပါ ၏။ ဘုရားသခင်၏ မေတ္တာတော်၊ ကျေးဇူးတော်နှင့် အပြစ် လွှတ်ခြင်း သဘောထားကို ယေရှုအားဖြင့် ထင်ရှားစွာ ကျွန်တော်တို မြင်တွေ့နိုင်သည်။
၅။ ကားတိုင်ပေါ်၌ ယေရှု၏ ကိုယ်ကျိုးစွန့်မှုကို တွေ့နိုင် သည်။ သူကိုယ်တိုင်ပင် ပြင်းပြစွာ ဝေဒနာ ခံစားနေရစေ ကာမူ ထိုဝေဒနာများ စပ်ကြား၌ပင်လျှင် မယ်တော်ကို သတိ ရပြီး ရှင်ယောဟန်၏ လက်ထဲသို အပ်နှံ နိုင်ခဲ့သေးသည်။ (ယော၊ ၁၉း၂၆+) ယေရှု၌ ထူးခြားသော တန်ခိုးအာနိများ သင် ရှိသော်လည်း ထိုတန်ခိုး တော်ကို မိမိ၏ ကိုယ်ကျိုး၊ မိမိ ၏ သက်သာခြင်း၊ ဘေးလွတ် လုံခြုံခြင်းအတွက် ဘယ်သော အခါမျှ မသုံးခဲ့ကြောင်း သက်တော်စဉ် တစ်လျှောက်လုံး၌ တွေ့နိုင်သည်။ ကိုယ်တော်သည် မိမိထက် သူတစ်ပါး ကိုသာ အမြဲဦးစားပေးခဲ့သူ ဖြစ်ပါ၏။
၆။ ယေရှုသက်ဆင်းခဲ့ရရှာသော အနိမ့်ကျဆုံး ဖြစ်အင်ကို မြင်နိုင်သည်။ အပြစ်သားဖြစ်သော လူသား တစ်ရပ်လုံးနှင့် ထပ်တူထပ်မျှ ဝင်ရောက်ခံစားလိုက်သည့် တပြိုင်နက် (ဝါ) လူသားတစ်ရပ်လုံး၏ အပြစ်ကို ယူတင် ဝတ်ဆောင်လိုက်သည် နှင့်တပြိုင်နက် ဘုရားသခင်၏ မျက်နှာတော်လွှခြင်းကို ခံခဲ့ရ သည်။ သိုကြောင့်လည်း “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟူ၍ ဟစ်ကြွေးခဲ့ရရှာပါ၏။ (မဿဲ၊ ၂၇း၄၆၊ မာကု၊ ၁၅း၃၄)။ ဤစကားသည် ကိုယ်တော်၏ နှလုံးသားထဲမှ ခံစားချက် တစ်ရပ်ကို ပွင့်အန်ဖော်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။
ကိုယ်တော်သည် ဤစကားတော်များကို မိန့်တော် မူစဉ် က ဆာလံ (၂၂) ကို ရည်ညွှန်း ပြောဆိုခြင်း ဖြစ်သည်ဟု အချိုက ဆိုကြသည်။ အမှန်ဆိုရလျှင်လည်း (၂၂) ခုမြောက်သော ဆာလံသည်ပင်လျှင် ကားတိုင်၏ ဖြစ်ရပ်များကို ပေါ်လွင့် ထင်ရှားနေစေပါ၏။
“အကျွန်ုပ်ကို မြင်သမျှသော သူတိုသည် ပြက်ရယ်ပြု ခြင်း၊ နှုတ်ခမ်းဖွဲခြင်း၊ ခေါင်းညိတ်ခြင်းကို ပြုကြပါ၏ (ငယ်၊ ၇+)
ထိုတွင်မက “အကျွန်ုပ်သည် ရေကဲ့သို သွန်ခြင်းကိုခံရ၍ အရိုးအဆစ် ရှိသမျှတိုသည် ပြုတ်ကြပါ၏။ အကျွန်ုပ် နှလုံး သည် ဖယောင်းကဲ့သိုဖြစ်၍ ရင်ထဲမှာ အရည် ကျိုလျက်ရှိ ပါ၏။ အကျွန်ုပ်၏အဝတ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်၏ အင်္ကျီကို စာရေးတံချကြပါ၏”ဟူ၍ ဆာလံဆရာက ဆက် လက်ရေးသား ထားပြန်သည်။ (ငယ်၊ ၁၄-၁၈)
သိုသော် အဆိုပါ ဆာလံကို အဆုံးတိုင်အောင် သေသေ ချာချာ ဖတ်ကြည့်စေလိုပါသည်။
ထိုဆာလံတွင် ဖော်ပြထားခြင်း ခံရသောသူသည် အရှုး ဖြင့် ဇာတ်မသိမ်းဘဲ အောင်ပွဲခံကြောင်း ဖော်ပြပြီးမှ ဆာလံ ကို အဆုံးသတ်ခဲ့ကြောင်း တွေ့ရပါလိမ့်မည်။
“အကြောင်းမူကား နှိမ့်ချလျက်ရှိသော သူ၏ နှိမ့်ချသော အဖြစ်ကို မထီမဲ့မြင် ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကို မလွှ၊ အော်ဟစ်သောအခါ နားထောင်တော်မူပြီး၊ အကျွန်ုပ် သည် မဟာပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍၊ ကိုယ်တော်ကို ကြောက်ရွံသော သူတိုရှေ့မှာ သစ္စာကတိ ထားသည့်အတိုင်း သစ္စာဝတ်ကို ဖြေပါမည်။ နှိမ့်ချလျက်ရှိ သော သူတိုသည် ဝစွာ စားရကြလိမ့်မည်။ ထာဝရဘုရားကို ရှာသော သူတိုသည် ချီးမွမ်းကြလိမ့်မည်။ သင်တို၏ စိတ် လုံးသည် အစဉ်အမြဲ အားဖြည့်ရလိမ့်မည်။ (ငယ်၊ ၂၄-၂၆)
ယေရှုသည် ကားတိုင်၏ ပကတိအမှောင်ထဲ၌ လျှောက် သွားနေသော်လည်း နောက်ဆုံး၌ အောင်ပွဲခံ ရမည်ကို မြင်တွေ့ နေပြီဖြစ်ကြောင်း သိသာနိုင်ပါ၏။
၇။ ကားတိုင်ပေါ်၌ ယေရှု၏ တည်ကြည် ခိုင်မြဲသော သမာဓိကို တွေ့ရသည်။ အဖမ်းဆီးခံရချိန်မှစပြီး နောက်ဆုံး ကားတိုင်ပေါ်၌ အသက်ဆုံးခဲ့ရသည့် ဖြစ်ရပ်အထိ ကိုယ်တော် သည် ဖြစ်သမျှအလုံးစုံ လက်မြှောက် အရှုးပေးလိုက်ရပုံမျိုး တစ်ကြိမ်မျှ မတွေ့ခဲ့ရပါ။ မည်မျှပင်အရှက်ကွဲမှုကို ခံနေရပါ လေစေ၊ ကိုယ်တော်၏ သမာဓိကို တွေ့နေနိုင်ပါ၏။ နံဘေးရှိ သူခိုးကြီးကပင်လျှင် ကိုယ်တော့်ကို ဘုရင်အဖြစ် တွေ့မြင်ခဲ့ရ သည်။ ယေရှုအား တရားခံအဖြစ် အရှက်တကွဲ အကျိုးနည်း စေရန် လူတိုက ဖန်တီးခဲ့ကြသော်လည်း ကိုယ်တော်၏ တည် ကြည်သော သမာဓိနှင့် ဘုရင်ကဲ့သို ခန့်ညားထည်ဝါမှုကို ထင် ရှားစွာ တွေ့ခဲ့ရသည်။
၈။ ကားတိုင်ပေါ်၌ ယေရှု၏ငြိမ်သက်ခြင်းကို တွေ့ရသည်။ ကိုယ်တော်သည် ကလေးသူငယ်တစ်ဦး ညအိပ်ရာဝင်ခါနီး ရွတ် ဆိုလေ့ရှိသော ဆုတောင်းကလေးကို ရွတ်ဆိုပြီး အသက်စွန့်ခဲ့ သည်။ (လုကာ၊ ၂၃း၄၆၊ ဆာလံ၊ ၃၁း၅)
ခေါင်းအုံးပေါ်၌ အသာတကြည် မှေးစက်အိပ်ပျော်သွားသူ တစ်ဦးကဲ့သို အသက်တော်ကို အေးဆေးစွာ စွန့်ခဲ့သည်။ အလွန် ပင် စိတ်ပျက်အားငယ်၊ ကြေကွဲ နာကြည်းသော စိတ်ထား မျိုးဖြင့်မဟုတ်။ “အမှုပြီးပြီ” ဟု အောင်မြင်စွာ မြွက်ဆိုပြီး သက်တော်ကို စွန့်ခဲ့ခြင်း ဖြစ်ပါ၏။
၉။ ကားတိုင်ပေါ်၌ ယေရှု၏ အောင်ပွဲကို တွေ့ရသည်။ အမှန်ဆိုရလျှင် “အမှုပြီးပြီ” ဟု မြွက်ဆိုလိုက် ခြင်းသည် အမှုတော်လုပ်ငန်းတစ်ခုကို အောင်မြင်စွာ ပြီးစီးသွားခဲ့သောအခါ မျိုးမှ ပြောဆိုလေ့ ရှိပါ၏။
ကားစင်တင် သတ်ခဲ့သည့် တပ်မှူးများကပင်လျှင် ထိုအခြင်း အရာကို ချက်ချင်း ရိပ်စားမိပြီး “ဤသူ သည် ဘုရားသခင်၏ သားတော် စစ်မှန်ပါတကား” ဟူ၍ လှိက်လှဲစွာ ရင်ဖွင့်မြွက်ဆို ဝန်ခံခဲ့ရပါတော့၏။
ကြာသပတေးနေ့ည သို မဟုတ် ဂျူးလူမျိုးတို့၏ သောကြာနေ့
နောက်ဆုံးသော ညစာစားပွဲ၌ တမန်တော်တို အချင်း ချင်း နေရာလုကြခြင်း၊ ပုဂ္ဂလိက ကြီးမြတ်မှု အတွက် အငြင်း အခုံဖြစ်ပွားနေခဲ့ကြခြင်း၊ ကိုယ်တော် ချစ်သော တမန်တော် (၁၂)ပါးထဲ၌ပင် သစ္စာဖောက်တစ်ဦး ရှိကြောင်း ယေရှု ကပြောပြရခြင်း၊ ရှင်ပေတရု ကိုယ်တိုင်က အရေးကြီးဆုံး သောအချိန်၌ ကိုယ်တော့်အား ငြင်းပယ် မည် ဖြစ်ကြောင်း ကြိုတင် မိန့်တော်မူခြင်း စသည့် ဝမ်းနည်းဖွယ်ရာများ ရှိခဲ့သည်။
ထိုစဉ် ယေရှု ကိုယ်တော်တိုင်က ထိုညစာ စားပွဲမှ ထ၍ ဝတ်ရုံတော်ကို ချွတ်ပြီး ပဝါကိုလည်းယူ၍ ခါးကို စည်း တော်မူပြီးနောက် ရေကို အင်တုံထဲ၌ လောင်းကာ တပည့် တော်တို၏ ခြေကို ဆေးတော်မူခဲ့၏။
တမန်တော်တို့၏ ခြေကို ဆေးရုံမက ခါး၌စည်းသော ပဝါနှင့် သုတ်တော်မူပြန်၏။ “တိုနောက် ငါသည် သခင် ဖြစ်လျက်၊ အရှင်ဘုရားဖြစ်ပါလျက် သင်တို၏ ခြေကိုဆေးလျှင် သင်တို့သည်လည်း အချင်းချင်းတို့၏ ခြေကို ဆေးရ မည်” ဟု မိန့်တော်မူခဲ့သည်။ (ယောဟန် ၁၃း ၃-၁၅)
ဤမျှလောက် ကြီးပြက်လှသော သင်ခန်းစာအားဖြင့် ယနေ့တိုင် ခရစ်တော် ၏ နောက်တော်လိုက် များကို ကိုယ်တော်က သတိပေးနေပါ၏
(က) ကိုယ်တော်သည် ကားတိုင်ကို မိမိ၏ သဘော အလျောက် ရဲရဲရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ ဂါလိလဲနယ်တစ်ဝိုက်၌ တရားဒေသနာများ ဟောကြား၊ လူနာများကို ကုသ၍ အောင် မြင်မှု အမျိုးမျိုးရနေပြီးမှ ဂျူးလူမျိုးတို မျှော်မှန်းနေခဲ့သော မေရှိယ မျိုးကဲ့သို ရောမအစိုးရကို တော်လှန် ပုန်ကန်ခြင်းမရှိ၊ လူမျိုးရေးလွတ်လပ်မှုအတွက် တစ်စုံတစ်ခုမျှ မဆောင်ရွက်၊ ဘုရင်အဖြစ် အတင်းအဓမ္မ ချီးမြှောက်ကြသည် ကိုပင် ငြင်းပယ် ခဲ့သောအခါ လူအများက ကိုယ်တော့်အား စိတ်ပျက်လာပြီး ထံတော်ပါးမှ စွန့်ခွာလာကြ တော့သည်။ သိုကြောင့် နောက် ဆုံး၌ မတတ်သာသော အခြေအနေသို ရောက်လာပြီး ကိုယ် တော့်အား ဆန့်ကျင်ဘက်ပြုသူများ လက်ထဲသို ရောက်ကာ ကားတိုင်၌ အသက်ဆုံးရှုးခြင်း ခံခဲ့ရရှာသည်ဟု အချိုက ထင်မှတ်ကြပါ၏။
ဤကိစ္စသည် လုံးဝမမှန်ပါ။
ခရစ်ဝင်ကျမ်းအားလုံးကို သေချာစွာလေ့လာပါက ကိုယ် တော်သည် နောက်ဆုံးရင်ဆိုင်ရတော့မည်ဖြစ် သော ကားတိုင် ကို အမြဲမြင်နေခဲ့သည်။ မျက်ခြည်မပြတ်ဘဲ ရှိနေခဲ့သည်။ အမှု တော်လုပ်ငန်း၏ လမ်းဆုံး၌ ကားတိုင်ကြီး မားမားရပ်နေသည် ကို ကိုယ်တော်က ကြိုတင်မြင်တွေ့ပြီး ဖြစ်ပါသည်။
ဥပမာများကို ကြည့်ပါ –
(၁) ဗေသနိရွာ၌ အမျိုးသမီးတစ်ဦး ကိုယ်တော်၏ ခေါင်း တော်ပေါ်သို ဆီမွှေးဖြင့်လောင်းသဖြင့် အချိုက ကန့်ကွက်နေ ချိန်တွင် ကိုယ်တော်က “ဤဆီမွှေးကို ငါ့ကိုယ်အပေါ်၌သွန်း လောင်းသည်မှာ ငါ့အလောင်းကို သင်္ဂြိုလ်မည်ဟု ပြင်ဆင်ခြင်းပြုသတည်း” ဟု မိန့်တော်မူခဲ့၏။ (မဿဲ၊ ၂၀း၁၂ မာကု၊ ၁၄း၈) ထိုအချိန်ကတည်းက ယေရှုသည် အသေခံရ တော့မည့်အကြောင်း ကြိုတင်သိရှိပြီး ဖြစ်ပါ၏။
(၂) ထိုဖြစ်ရပ်၏ နောက်ပိုင်း၌လည်း ကိုယ်တော်က “မိုက် မဲသော စပျစ်ဥယျာဉ် လုပ်သားများ ဥပမာတော်” ကို လူ အများအား ဟောပြောခဲ့ သည်။ (မဿဲ၊ ၂၁း၃၃-၄၆။ မာကု၊ ၁၂:၁-၁၂၊ လုကာ၊ ၂၀း၉-၁၈) ထိုဥပမာတော် ၏ နိဂုံးမှာ ထိုစပျစ်ဥယျာဉ် လုပ်သားများက စပျစ်ဥယျာဉ် ပိုင်ရှင်၏ သားအရင်းကိုပင် လုပ်ကြံသတ်ဖြတ် လိုက်ကြခြင်း အကြောင်းပင် ဖြစ်သည်။ ထိုဥပမာတော်အားဖြင့် ယေရှုက ကိုယ်တော်တိုင် ရင်ဆိုင်ရတော့မည့် ရှေ့ရေးကို ကြိုတင်ဟော ပြော မိန့်မြွက်ခြင်းလည်း ဖြစ်သည်။
(၃) ဖိလိပ္ကဲသရိမြို၌ ရှင်ပေတရု၏ ဝန်ခံချက်ကိုရပြီးသည့် တပြိုင်နက် ကိုယ်တော်သည် အသေခံရမည့်အကြောင်း တမန် တော်တိုအား ထပ်တလဲလဲ မိန့်တော်မူခဲ့သည်။ “ထိုမှတပါး လူ သားသည် များစွာခံရမည်။ လူ့အကြီးအကဲ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြုဆရာတို၏ ငြင်းပယ်ခြင်းကို လည်းကောင်း၊ အသေသတ်ခြင်းကို လည်းကောင်း ခံရမည်။ သုံးရက်မြောက် သောနေ့၌ ထမြောက်လိမ့်မည် ဟူသော အကြောင်းများကို တပည့်တော်တိုအား “ပြစပြုတော်မူ၏” (မာကု၊ ၈း၃၁+၉ ၃၁+၊ ၁၀း၃၃+ မဿဲ၊ ၁၆း၂၁၊ ၁၇:၂၂။ လုကာ၊ ၉း ၂၂၊ ၄၄) ထိုအချိန်မှစပြီး ကိုယ်တော်သည် အသေခံတော် မူရမည့်အကြောင်းကို အတိအလင်း ထပ်တလဲလဲ မိန့်တော်မူခဲ့ကြောင်း အထက်ပါ ကျမ်းပိုဒ်များ အားဖြင့် သိနိုင်ပါ လိမ့်မည်။
(၄) အမှုတော်လုပ်ငန်း အစပိုင်းကတည်းက ဖာရိရှဲတိုက ကိုယ်တော်၏ တပည့်တော်များသည် အဘယ့်ကြောင့် အစာ မရှောင်ကြသနည်း ဟူ၍ လာရောက် မေးမြန်းကြကြောင်းကို ပထမ ခရစ်ဝင်ကျမ်း သုံးကျမ်းစလုံးက ထပ်တူထပ်မျှ ဖော်ပြ ထားကြသည်။ ကိုယ်တော်က “မင်္ဂလာဆောင် လုလင်သည် မိမိ၏အပေါင်းအဖော်တိုနှင့်အတူ ရှိစဉ်အခါ သူတိုသည် စိတ် မသာ ညည်းတွားတတ်ကြသလော၊ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဖော်တိုနှင့် “ခွာယူ၍သွားသောအချိန်ကာလ” ရောက်လိမ့်မည်ဟု ဖြေကြား တော်မူခဲ့ရာတွင် ကိုယ်တော် သည် တစ်နေ့ကျလျှင် တပည့်တော်များနှင့် ခွဲခွာသွားရမည့် အချိန် ရောက်လိမ့် မည့်အကြောင်း ထိုစဉ်ကတည်းက ကြိုတင် မိန့်တော်မူခဲ့၏။ (မဿဲ၊ ၉း၁၄+၊ မာကု၊ ၂း၁၈+၊ လုကာ၊ ၅း၃၃+)
(၅) အထက်ဖော်ပြပါ သာဓကတိုထက် ရှေးကျလှသော သာဓက တစ်ခုကို ပြနိုင်ပါသေးသည်။
ယေရှုနှစ်ခြင်းမင်္ဂလာကို ခံစဉ်က “သင်က ငါနှစ်သက် မြတ် နိုးရာငါ၏ ချစ်သားပေတည်း”ဟူသော ကောင်းကင်က အသံ တော် ပေါ်ထွက်လာခဲ့သည်” ထိုစကားမှာ ဓမ္မဟောင်းကျမ်းမှ ကျမ်းစကား (၂)မျိုးကို ပေါင်းစပ်ထားသည် ဖြစ်ကြောင်းကို (စတုတ္ထအကြိမ်ပုံနှိပ်သည့်) ဤကျမ်း၏ ပထမတွဲ စာမျက်နှာ ၁၄၂-၁၄၃ တွင် ကျွန်တော် ရှင်းပြထားပြီး ဖြစ်ပါသည်။ ဤစကားတော်ကြောင့် ကိုယ်တော်သည် မေရှိယဖြစ်ရုံမက ပရောဖက်ဟေရှာယက ကြိုတင် ဖော်ပြထားသော “ဘုရား သခင်၏ အစေခံကျွန်၊ ဝေဒနာခံရမည့် ကျွန်ရင်း” ဖြစ်ကြောင်း ကိုလည်း ယေရှုကိုယ်တော်တိုင် သိရှိပြီး ဖြစ်ပါ၏။
ဟေရှာယကျမ်း ၅၃ တွင်လည်း “ထိုသူသည် ငါတိုလွန်ကျူး ခြင်း အပြစ်များကြောင့် နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရသောသူ” ဖြစ်ကြောင်း ယေရှုကိုယ်တော်တိုင် သိရှိပြီး ဖြစ် သည့်အားလျော်စွာ ကားတိုင်၌ ဝေဒနာခံစားရမည့် ကိစ္စရပ်ကို နှစ်ခြင်းမင်္ဂလာခံစဉ်ကတည်းက ကိုယ်တော်က ကြိုတင် ခံယူ နားလည်ထားပြီး ဖြစ်ပါ၏။
အထက်ဖော်ပြပါ အကြောင်းများကို ထောက်၍ ကိုယ်တော် သည် မလွှမရှောင်သာဘဲ ကားတိုင်ပေါ်၌ အသေခံခဲ့ရသည် မဟုတ်ကြောင်း သေချာနေပါသည်။ ။
ထိုအပြင် ယေရှုကိုယ်တော်တိုင်က မိန့်တော်မူခဲ့သောစကား တော်တစ်ခွန်းကို သတိပြုစေလိုပါ သေးသည်။ ကိုယ်တော်က “ငါ့ အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ့်အလိုအလျောက် ငါ စွန့်၏။ ကိုယ့်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တဖန်ကိုယ်တော်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီ”ဟု မိန့်တော်မူခဲ့သော စကား များက ဤအချက်ကို ထပ်ဆင့် ထောက်ခံနေပါ၏။ (ယော၊ ၁၀း၁၇-၁၈)
၁။ ထိုကြောင့် ကားတိုင်သည် ဘုရားသခင်၏ အကြံအစည် တော်နှင့် အလိုတော်ထဲတွင် တစ်စိတ်တစ်ဒေသ ပါဝင်နေကြောင်း ပေါ်လွင်လာသည်။ ဂေသရှေမန် ဥယျာဉ်ထဲ၌ ယေရှုသည္ “ဘုရားသခင်၏ အလိုတော်သည် မည်သိုဖြစ်ကြောင်း စူးစမ်းရှာဖွေ စိစစ်နေခြင်းမဟုတ်” ထိုအလိုတော်ကို “ရဲရဲဝံ့ဝံ့ လက်ခံ ပြိုင်ရေး”အတွက် ကြိုးစားနေခဲ့ခြင်းသာ ဖြစ်သည်။ (မဿဲ၊ ၂၆း ၃၆-၄၆၊ မာကု၊ ၁၄း၃၂-၄၂၊ လုကာ၊ ၂၂း၃၉-၄၆)
ထိုကြောင့် သခင်ယေရှုသည် မိုက်မဲသောလူတစ်စု၏ဆိုးယုတ် မှုဒဏ်ကို မလွဲမရှောင်သာဘဲ ခံလိုက်ရသူမဟုတ်၊ ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်သူ တစ်ဦးသာ ဖြစ်ခဲ့ကြောင်း ပေါ်လွင်နေသည်။ ။
အထက်ဖော်ပြပါ “အခြေခံ အချက်ကြီးများ” ပေါ်တွင် မူတည်ပြီး ကားတိုင်၏ အပြစ်ဖြေရာ သီဩလော်ဂျီ သဘော တရားကို တည်ဆောက်ရပေလိမ့်မည်။
သိုသော် အတွေးအခေါ် ပညာရှင်တို၏ စိတ်ကူးတွေးဆ ချက်မဟုတ်၊ ယေရှုကိုယ်တော်တိုင်က အသေခံတော်မူခြင်းနှင့် ပတ်သက်၍ မည်သို မိန့်တော်မူခဲ့သည့်အပေါ် မူတည်ပြီး “ကား တိုင်၏အဓိပ္ပါယ်”ကို ဤနေရာ၌ ကျွန်တော် ဖွင့်ပြလိုပါသည်။
တမန်တော်များနှင့်အတူ နောက်ဆုံးသော ညစာစားနေခဲ့ စဉ် ကိုယ်တော်က မုန့်ကိုယူပြီးမှ ဖဲ့၍ “ဤမုန့်ကား ငါ၏ ကိုယ် ဖြစ်၏။ ယူ၍စားကြလော့”ဟု မိန့်တော်မူလျက် တပည့်တော်တို အား ပေးတော်မူ၏။ ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကို ချီး ပြီးမှ သူတိုအား ပေးတော်မူ၍ “သင်တိုရှိသမျှသောက်ကြ လော့။ ဤခွက်ကား “ပဋိညာဉ်တရားသစ်”နှင့်ဆိုင်၍ လူများတို ၏ အပြစ်လွတ်စေခြင်းငှာ သွန်းသော ငါ၏ အသွေးဖြစ်၏”ဟု မိန့်တော်မူခဲ့သည်။ (မဿဲ၊ ၂၆း၂၆-၂၈၊ မာကု၊ ၁၄း၂၂-၂၄) ရှင်ပေါလုကလည်း “ဤခွက်ကား ငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏” ဟုဆိုခဲ့သည်။ (၁ ကော၊ ၁၁း၂၅)
သိုဖြစ်လျှင် “ပဋိညာဉ်” ဆိုသည်မှာ အဘယ်အရာ ဖြစ် သနည်း။
ပဋိညာဉ်ဆိုသည်မှာ နိုင်ငံနှစ်နိုင်ငံ၊ အဖွဲနှစ်ဖွဲ၊ လူနှစ်ဦး စသည်တို၏ ဆက်ဆံရေးအတွက် သတ်မှတ် ချုပ်ဆိုထားသော စာချုပ်နှင့်တူ၏။ အကယ်၍ ထိုပဋိညာဉ်ကို ပြုကြသော အဖွဲ နှစ်ဖွဲထဲမှ တစ်ဖွဲသည် သာမန် နိုင်ငံတစ်နိုင်ငံ သိုမဟုတ် အဖွဲ အစည်းတစ်ရပ် မဟုတ်ဘဲ၊ ဘုရားသခင်ဖြစ်နေပါက ထိုပဋိညာဉ် သည် သာမန်ချုပ်ဆိုထားသော စာချုပ်မျိုး မဟုတ်တော့ဘဲ တစ်မျိုးတစ်မည် ထူးခြားသွားပါလိမ့်မည်။
ထိုအဖွဲအစည်း နှစ်ရပ်လုံးသည် တပြေးတည်း၊ တညီတည်း အဆင့်တစ်ဆင့်တည်း သာတူညီမျှ အပေးအယူသဘောရှိတော့ မည် မဟုတ်ချေ။
“ဘုရားနှင့်လူ” တိုပြုထားသော ပဋိညာဉ်တွင် ဦးစွာပထမ ရှေ့ဆောင်လမ်းပြ လုပ်ဆောင်သွားသူမှာ ဘုရားသခင်သာ လျှင် ဖြစ်သည်။
ဘုရားသခင် ကိုယ်တော်တိုင်က သူ၏ ကျေးဇူးတော်နှင့် ကရုဏာအပေါ် မူတည်ပြီး ဤပဋိညာဉ်အားဖြင့် လူတိုထံ ကြွ လာခြင်း ဖြစ်သည်။ ကိုယ်တော်ပေးအပ်သော ၀ဋိညာဉ်ကို လူတိုက လက်ခံ၍သော်လည်းကောင်း၊ ငြင်းပယ်၍သော်လည်း ကောင်း ဤနှစ်ခုထဲက တစ်ခုခုကိုသာ ပြုရပေတော့မည်။
ထိုကြောင့် သမ္မာကျမ်းထဲ၌ ဖော်ပြထားသော “ပဋိညာဉ် ဟူသော စကားမှာ ဘုရားနှင့် လူတိုဆက်ဆံရေး အတွက် ပြုလုပ် ထားသော အရာတစ်ခုဖြစ်ကြောင်း သတိရဖိုလိုသည်။
ရှေးဦးစွာ ဘုရားသခင်နှင့် ဣသရေလ လူမျိုးတို ထားရှိခဲ့ ကြသော ပဋိညာဉ်အကြောင်းကို ထွက်၊ ၂၄-၁-၈ တွင် တွေ့ နိုင်သည်။ ထိုပဋိညာဉ်ကို လူတိုက ဘုရားသခင်၏ ပညတ်တော် များကို လိုက်နာစောင့်ရှောက်သည့် အပေါ်တွင် မူတည်ပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။ (ထွက်၊ ၂၄း၇)
ဣသရေလလူမျိုးတိုသည် ပညတ်တော်များကို လိုက်နာ စောင့်ရှောက်နေသည့် ကာလတစ်လျှောက်လုံး ထိုပဋိညာဉ် တရား၌ တည်သည်။ သိုသော် သူတိုက ပညတ်တော်ကို ချိုး ဖောက်ကြသောကြောင့် ဘုရားနှင့် လူတိုဆက်ဆံရေး ပဋိညာဉ် ပျက်စီးသွားခဲ့သည်။ ဣသရေလလူမျိုးတို၏ ယဇ်ပူဇော်ခြင်း ဆိုင်ရာ ဝိနည်းတိုသည်လည်း ထိုပဋိညာဉ်အပေါ် အခြေပြု ထားပေသည်။
လူတစ်ဦးသည် ပညတ်တော်ကို ချိုးဖောက်လျှင် နောင်တရ ခြင်း၊ အမှားကိုဝန်ချခြင်းသဘောဖြင့် ယဇ်ပူဇော်ရသည်။ ထို နည်းဖြင့် ဘုရားနှင့်လူတစ်ဦး ဆက်ဆံမှုကို ပြန်လည်ပြုပြင်မွမ်းမံ ၍ ရပေသည်။ ဣသရေလလူမျိုးတစ်မျိုးလုံးနှင့် ဘုရားသခင်၏ ဆက်ဆံရေးသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။ ပဋိညာဉ်ဆို သည်မှာ ဘုရားကပင် အစပြု၍ ရှေ့ဆောင် ပြုလုပ်ထားသော ကိစ္စတစ်ရပ်ပင် ဖြစ်၏။ ထိုပဋိညာဉ်ဟောင်းမှာ ပညတ်တော် စောင့်ရှောက်ရေးအပေါ်၌သာ အခြေပြုထားသည်။
သိုသော် ဓမ္မဟောင်းကျမ်းထဲ၌ပင်လျှင် “ပဋိညာဉ်တရား သစ်” သည် တစ်နေ့တွင် ပေါ်ပေါက်လာမည့် အကြောင်း ဘုရား သခင်က ကြိုတင်ဖော်ပြထားပြီး ဖြစ်၏။
“ပရောဖက်ယေရမိ”က ဘုရားသခင်သည် ပဋိညာဉ်တရား သစ်ကို ပေးမည့်အကြောင်း ဗျာဒိတ်တော်သံ ကြားခဲ့ရသည်။ ထိုပဋိညာဉ် တရားသစ်သည် ပညတ်တော်အပေါ်၌ မူမတည်၊ လူတို၏ နှလုံးသားတွင်း၌ ရေးသားထားမည့် တရားသစ်ဖြစ်ပြီး ထိုပဋိညာဉ် တရားသစ်အားဖြင့် လူတိုသည် ဘုရားသခင်ကို စစ်မှန်စွာ သိရှိလာကြလိမ့်မည့်အကြောင်း ဖော်ပြထားပါ၏။
“ငါသည် ဤလူမျိုးတို၏ ဘိုးဘေးတိုကို လက်ဆွဲ၍ အဲဂုတ္တု ပြည်မှ ဆောင် သွားသော အခါ သူတို ၌ ငါပေးသော “ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်” ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသား တို၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည် … ငါပေးအံ့သော ပဋိညာဉ် တရားကို .. သူတိုနှလုံးပေါ်မှာ ငါရေးသားမည် .. အငယ်ဆုံးသောသူမှ အကြီးဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို သည် ငါ့ကို သိကြလိမ့်မည်။ ထိုအခါ ငါသည် သူတိုအပြစ် များကို သည်းခံမည်။ သူတိုပြုသော ဒုစရိုက်များကို မအောက် မေ့ဘဲ နေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏” (ယေရမိ၊ ၃၁း၃၁-၃၅)
ထိုပဋိညာဉ်တရားသစ်အားဖြင့် အရေးကြီးလှသော အချက် နှစ်ချက် ပေါ်ထွက်လာသည်။
(၁) ဤပဋိညာဉ်တရားသစ်သည် ပညတ်တော်များပေါ် ၌ မူမတည်။
(၂) ယဇ်ပူဇော်ရခြင်းကိစ္စ လုံးဝမပါတော့သည့်အကြောင်း များပေတည်း။
ရှင်ပေါလုဖော်ပြထားသော “ငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏” ဟူသည့် ကျမ်းစကားတွင် အရေး ကြီး အချက်နှစ်ချက် ထပ်မံ ဖော်ထုတ်နေပြန်ပါသေးသည်။ (၁ကော၊ ၁၁း၂၅)
(၁) ယေရမိနှင့် ရှင်ပေါလုတို ဖော်ပြ ထားကြသည့် ပဋိညာဉ် တရားသစ်ဟူသော ကျမ်းစကားနှစ်ခုလုံးမှ “အသစ်” ဟူသောစကားကို ဂရိစကား Kainos ဟူ၍ အသုံးပြုရေးထားကြောင်း တွေ့ရပါ၏။
ဂရိစကား၌ “အသစ်”ဟူ၍ ပြောလိုလျှင် စကားနှစ်လုံးရှိ ပါ၏။ တစ်လုံးမှာ Neos ဖြစ်သည်။ ထိုစကားမှာ အချိန်ကာလ အားဖြင့် သစ်ဆန်းလာခြင်းကို ဆိုလိုသည်။ ယခင်က ဖော်ပြ ထားသော ပုံပမာတစ်ခု၊ ယခင်အချိန်က သိရှိနားလည်ထား သော အရာတစ်ခုအား ယခုတဖန် အသစ်ပြန်လည် ပြောပြခြင်း၊ ရှင်းပြခြင်း၊ အသုံးပြုခြင်း စသည်တိုကိုသာ ဆိုလိုသည်။
သိုသော် Kainos ဆိုသောစကားမှာ ထူးခြား၏။ အချိန် သဘောပါရုံမက “အမျိုးသား၊ ဂုဏ်အင်္ဂါ၊ အရည်အချင်း၊ အရည်အသွေး”အားဖြင့် သစ်ဆန်းလာခြင်း၊ အသစ်ဖြစ်လာ ခြင်းကို ဆိုလိုသည်။ ။
ထိုကြောင့် Kainos ဟု ယေရမိနှင့် ရှင်ပေါလုတိုက ဆိုရာ ၌ အသစ်သော အရည်အချင်း၊ ဂုဏ်အ င်္ဂါရှိသည့် အရာတစ်ခု၊ လောကနှင့် လူသားတိုအတွက် ပေါ်ထွက်လာခြင်းကို ဆိုလို သည်။
“ပဋိညာဉ်တရားသစ်” ဆိုသည်မှာ ယခင်အချိန်များက ရှိခဲ့ သော ပဋိညာဉ်တရားဟောင်းကို ပြုပြင်မွမ်းမံ ပြန်လည်ဖွင့်ဆိုထားသော ပဋိညာဉ်မျိုးမဟုတ်၊ အသစ်သော ဂုဏ်အင်္ဂါ၊ သစ် ဆန်းသော သဘောထားဖြင့် လူ့ဘောင်လောကတွင်းသို ထိုး ဖောက် ဝင်ရောက်လာသော ပဋိညာဉ်တရားသစ်ကို ဆိုလိုသည်။
(၂) ထိုပဋိညာဉ် တရားသစ်သည် “ခရစ်တော်၏ အသွေး တော်၌တည်သော တရားသစ်” ဖြစ်၏။ တစ်နည်းဆိုရလျှင် ခရစ် တော် အသွေးတော်ဖြင့် တည်ဆောက်ထားသော အသွေး တော်အားဖြင့် ဝယ်ယူ ထားရသော တရားသစ်ဖြစ်သည်။ ထိုကြောင့် ခရစ်တော်က “ငါ၏ အသွေး၌တည်သော ပဋိညာဉ် တရားသစ်” ဟုဆိုရာ၌ ကိုယ်တော်၏ အသွေးတော်အားဖြင့် အသစ်သော ဂုဏ်အင်္ဂါမျိုး ရှိလာပြီ ဖြစ်သည် ပဋိညာဉ်ကို ဆိုလိုခြင်း ဖြစ်၏။
အထက် ဖော်ပြပါ အချက် (၂)ချက်ကို ဆက်စပ်၍ အနက် ဖွင့်ရပါလျှင် ဤပဋိညာဉ်တရားသစ်သည် ခရစ်တော်၏ အသွေးတော် (ဝါ) ကိုယ်တော်၏ အသက်ရှင်ခြင်းနှင့် သေခြင်းအပေါ် မူတည်ပြီး တည်ဆောက် ထားသော ပဋိညာဉ်တရားသစ်ဖြစ်နေ ကြောင်းကို တွေ့ရှိလာရ၏။ သိုဖြစ်သောကြောင့် ဤနေရာ၌ ကားတိုင်၏ အဓိပ္ပါယ်ကို ဖော်ထုတ်ရန်အတွက် အရေးကြီးဆုံးသောအပိုင်း ရောက်လာ ပါပြီ။
လူတိုအား ရွေးနှုတ်အံ့သောငှာ ကိုယ်တော် စွန့်တော်မူခဲ့ သော အသက်သည် ဘုရားနှင့်လူတို၏ အသစ်သော ပဋိညာဉ် တရားအတွက် ဖြစ်ကြောင်းကို တွေ့လာရ၏။ ခရစ်တော်၏ အသက်ရှင်ခြင်းနှင့် သေခြင်း အားဖြင့် ကိုယ် တော်သည် အဘယ်သိုသော အမှုကို ပြုတော်မူခဲ့ပါသနည်း။
ကိုယ်တော်၏ အသက်ရှင်ခြင်းနှင့် သေခြင်းအားဖြင့် သေရွာ သည် ထာဝရတည်မြဲသော၊ မပြောင်းလဲ နိုင်သော၊ မပျက်သုဉ်း နိုင်သော ဘုရားသခင်၏ မေတ္တာတော်ကို ဖော်ပြခဲ့ပါ၏။
ဘုရားသခင်သည် ပျောက်သောသား အိမ်သို ပြန်လာအံ့ သော ကြီးမြတ်လှသော မေတ္တာတော်ဖြင့် စောင့်နေကြောင်း ဖော်ပြခဲ့သည်။ ယေရှု၏ သက်တော်စဉ် တစ်လျှောက်လုံးတွင် လူနာတိုကို အနာရောဂါ ပျောက်စေခြင်း၊ ဝမ်းနည်း ကြေကွဲ သူတိုအား နှစ်သိမ့်ခဲ့ခြင်း၊ မွတ်သိပ်နေသူများအား ကျွေးမွေး ခဲ့ခြင်း၊ ရန်သူတိုအား အပြစ်လွှတ်ခဲ့ခြင်း စသော အမှုတော် အားဖြင့် “ဘုရားသခင်သည် လူသားတိုကို ဤကဲ့သိုပင် ချစ် သည်”ဟု ဖော်ပြနေခြင်းသာ ဖြစ်သည်။
ကားတိုင်ပေါ်၌အသေအခံခဲ့စဉ်ကလည်း “လူတိုသည်အဘယ် မျှလောက်သော ဆိုးယုတ်မာမှုကို ပြုပါလေစေ၊ သူတိုအပေါ် ထားရှိနေသော ဘုရားသခင်၏ မေတ္တာတော်ကို မဟန့်တားနိုင်၊ ဘုရားသခင်၏ မေတ္တာတော်၌ ကန့်သတ်ထားသော ဘောင်မရှိ။ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင်အောင် ချစ်ကြောင်း” ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ထိုကြောင့်လည်း ကားတိုင်သည် ဘုရားသခင်၏ မေတ္တာ တော်ကို ဖော်ပြရာတွင် “အဓိက” ဖြစ်နေသည်။
အကယ်၍ ယေရှုသည် ကားတိုင်ကို ငြင်းပယ်၍ လည်း ကောင်း၊ ရှောင်တိမ်း၍ လည်းကောင်း၊ အသေ မခံပါလျှင် ဘုရားသခင်၏ မေတ္တာတော်သည် ကန့်သတ်မှု၊ ဘောင်ခတ်မှု ရှိနေသကဲ့သို ဖြစ်လာပါလိမ့်မည်။
ဘုရားသခင်က လူတိုအားချစ်သည်။ သိုသော် ကားတိုင် ကဲ့သိုဝေဒနာခံစားရမှု၊ ဝမ်းနည်းကြေကွဲရမှု အဆင့်အထိတော့ မတက်လှမ်းနိုင်၊ ဤသိုသော အဖြစ်မျိုး ခံစားရသည်အထိ မေတ္တာတော်ဖြင့် မဖော်ပြနိုင်ဟူ၍ ဆိုလျှင် ကိုယ်တော်၏ အနန္တမေတ္တာတော်တွင် တစ်ချိန်တစ်ခါ၊ တစ်နေရာ၌ ရပ်တန့်ရ မည့် “နေရာတစ်ခု၊ အဆင့်တစ်ခု” ရှိနေပေတော့မည်။
ထိုနည်းတူ ဘုရားသခင်သည် အပြစ်သားတိုကို ချစ်သော ကြောင့် အပြစ်လွှတ်နိုင်သည်။ သိုသော် အချိုသော အရာမျိုး ၌သာ ခွင့်လွှတ်နိုင်သည်။ ကားတိုင် ကဲ့သို အလုံးစုံကို စွန့်လှူ ပူဇော်ရသော အဆင့်အထိဖြင့် ခွင့်မလွှတ်နိုင်ဟူ၍ ဖြစ်လာပါ လိမ့်မည်။
သိုသော် ဘုရားသခင်၏ “အနန္တမေတ္တာတော်” ဆိုသည်မှာ အဆုံးမရှိသော မေတ္တာတော်ပင် ဖြစ်ပါသည်။ ကားတိုင်အား ဖြင့် ဘုရားသခင်က “ငါ၏မေတ္တာတော်သည် ကန့်သတ်မှုမရှိ၊ ငါအပြစ်မလွှတ်နိုင်သော အပြစ်မရှိ” ဟူ၍ ပြောနေသည်ကို တွေ့လာနိုင်ပါ၏။ ။
ခရစ်တော်၏ အသေခံတော်မူခြင်းကိစ္စကို ဆင်ခြင်တုံတရား အားဖြင့်လည်းကောင်း၊ သီဩလော်ဂျီ သဘောတရား အား ဖြင့်လည်းကောင်း ရှင်းပြနေသည်ထက် ကိုယ်တော့်ကို ယုံ ကြည်ချစ်ခင် ကိုးစားနေ ကြသူတိုင်း၏ နှလုံးသားထဲ၌ ထိုဖြစ်ရပ် ကို “ခံစားကြည့်” ရပေလိမ့်မည်။ “ခံစားချက်” တစ်ရပ် ဖြစ်ပေါ် လာစေသင့်ပါ၏။
သူတစ်ပါးက အဓိပ္ပါယ်ရှင်းပြနေသည်ထက် မိမိကိုယ်တိုင်က ကားတိုင်ကို မျှော်ကြည့်ပြီး၊ ထိုကားတိုင်အားဖြင့် မိမိသည်မည်သို ခံစားရပါသနည်းဟူ၍ အနက် ဖွင့်ကြည့်ခြင်းက ပို၍ အရေးကြီးပါသည်။ ။
ဤသိုဖြစ်ရခြင်းက ကားတိုင်၏ အဓိပ္ပါယ်ကို ဖွင့်ပြ၍ မရ နိုင်ဟု ကျွန်တော်မဆိုလိုပါ။ ဆင်ခြင်တုံ တရားအားဖြင့်သာ ချိန်ထိုးနေ၍ မလုံလောက်၊ “ ဦးဏှောက်” ထက် “နှလုံးသား” အားဖြင့် ချိန်ထိုးကြည့်သင့် သေးကြောင်းကို ဆိုလိုပါ၏။
Anselm ဆိုသည့် ဓမ္မပညာရှင်ကြီး ပြောခဲ့သော စကား တစ်ခုကို ကျွန်တော် သဘောကျပါသည်။
“အချိုသော သူများသည် မိမိတို မယုံကြည် နိုင်သော အရာများအတွက် ဆင်ခြင်တုံတရားအားဖြင့် အဖြေရှာကြည့် သည်။ ငါတိုမူကား ငါတိုဧကန်အမှန် ယုံကြည် လျက်နေသော အရာများကိုသာ ဆင်ခြင်တုံတရားအားဖြင့် အဖြေရှာကြည့် သည်” ဟု ဆိုခဲ့ဖူးပါ၏။
ထိုကြောင့် ကျွန်တော်တို တစ်ဦးစီသည် ကားတိုင်ကို ဒူး ထောက် လက်အုပ်ချီ မျှော်ကြည့်ပြီး နှလုံးသားထဲ၌ ခံစား ချက်တစ်ရပ်ကို အရင် ရယူသင့်ပါသည်။
ခရစ်တော်သည် ကျွန်တော်တို၏ အပြစ်လွှတ်ခြင်း၊ ရွေးနှုတ် ခြင်းနှင့်ဆိုင်သော ပဋိညာဉ် တရားသစ်ကို ပေးအပ်ရန်အတွက် ကားတိုင်ထက်၌ အသေခံခဲ့ကြောင်း ရှေးဦးစွာ ယုံကြည်ထား သင့်ပါ၏။ ထိုနောက်မှ အဆိုပါယုံကြည်ချက်အပေါ် မူတည် ပြီး ဆင်ခြင်တုံတရားအားဖြင့် ချိန်ထိုးကြည့်ပါမူ အလွန်အရေး ကြီးလှသော အချက်ကြီးတစ်ချက်ကို ရှင်းရှင်းကြီး တွေ့လာ ရပါလိမ့်မည်။ ထိုအချက်မှာ “ယေရှု ခရစ်တော်အားဖြင့် ဘုရားသခင်အကြောင်းကို ပိုမို သိရှိလာရုံမက၊ ဘုရားသခင်နှင့် ကျွန်တော်တို၏ ဆက်ဆံရေး၊ ဆက်နွယ်မှုတိုကို ပြောင်းလဲ လာစေပြီ”ဟူသော အချက်ပေတည်း။
ယေရှုခရစ်တော်ကြောင့် ဘုရားသခင်သည် ကျွန်တော်တို ၏အဖ ဖြစ်ရုံမက အဆွေလည်း ဖြစ်လာသည်။ နေ့စဉ်နှင့်အမျှ၊ နာရီနှင့်အမျှ၊ ဘုရားသခင်၏ ရှေ့တော်မှောက်သို ကျွန်တော် သည် ရဲဝံ့သော စိတ်ထား၊ ယုံကြည်အားကိုးသော သဘော ထားမျိုးဖြင့် တိုးဝင် ချဉ်းကပ်လာနိုင်လေပြီ။
ယေရှုခရစ်တော်နှင့် ကားတိုင်ပေါ်မှ ဖော်ပြနေသော မေတ္တာတော်ကြောင့် ဘုရားသခင်ဆိုသည်မှာ ကျွန်တော်တိုကို အပြစ်ဒဏ်ခတ်လိုသော ရန်သူကြီးမဟုတ်၊ လက်သီးဆုပ်ကြီးကို ပြ၍ ဒေါသအမျက် ချောင်းချောင်းထွက်နေသော ဘုရား၊ လူတိုကို အပြစ်ပေးရမှ ကျေနပ်မည့် ဘုရားသခင်မျိုးကို မမြင် မတွေ့ နိုင်တော့ပါ။
ဘုရားသခင်နှင့် ကျွန်တော်တိုအား အစဉ် ကွာခြားနေစေ သည့် အုတ်တံတိုင်းကြီးကို ခရစ်တော်က ကားတိုင်အားဖြင့် ဖြိုဖျက်လိုက်ချေပြီ။
သိုသော် အောက်ဖော်ပြပါ အချက်နှစ်ချက်သည် အရေး ကြီးနေပါသေးသည်။
(က) ကားတိုင်၏အဓိပ္ပါယ်နှင့် အသေခံတော်မူခြင်း အပြစ် ဖြေရာ (Atonement) သီဩလော်ဂျီသဘော တရားတိုသည်လည်း အရေးမကြီးဟု မယူဆသင့်ပါ။
(ခ) ယေရှုခရစ်တော်၏ အသေခံခြင်းနှင့်ဆိုင်သော ကျမ်း၊ ချက်ပေါင်းများစွာလည်း ဂရုပြုသင့်ပါသေး သည်။
ကျမ်းစာတစ်ပိုဒ်၊ ကျမ်းပိုဒ်တစ်ကွက်ကိုသာ ကွင်း၍ အနက် မဖွင့်သင့်ပါ။ သမ္မာကျမ်းစာတော်မြတ် တစ်ခုလုံး၊ ခရစ်တော်ဖော်ပြခဲ့သော ဝမ်းမြောက်ဖွယ်ရာ သတင်းစကား တစ်ခုလုံး အပေါ်၌လည်း မူတည်ပြီး ကားတိုင်၏ အဓိပ္ပါယ်ကို ချိန်ထိုး သင့်ပါ၏။
အထက်ဖော်ပြပါ အခြေခံအချက်ကြီးနှစ်ချက်ကို အခြေပြု ပြီး ကားတိုင်ပေါ်မှ ပေါ်ထွက်လာသော သစ္စာတရား (၄) ချက်ကို အောက်ပါအတိုင်း အနက်ဖွင့်လိုပါ၏
(၁) ခရစ်တော်၏ ကားတိုင်ကြောင့် လူသားတိုအပေါ် ထားရှိသော ဘုရားသခင်၏ သဘောထားကို ပိုမိုနားလည်လာ ရသည်။ ခရစ်တော်သည် ဘုရားသခင်၏ ‘နှုတ်ကပတ်တော်” ဖြစ်ရုံမက၊ လူ့ဇာတိခံသော “နှုတ်ကပတ်တော်” ဖြစ်ပါ၏။ (ယော၊၁း၁၄) ဆာငတ်မွတ်သိပ်နေသောသူအား ကျွေးမွေး ခြင်း၊ အနာရောဂါ ခံစားနေသူများအား ပျောက်ကင်းစေ ခြင်း၊ ဝမ်းနည်းကြေကွဲနေသူများအား နှစ်သိမ့်ခြင်း၊ အပစ် ပယ်ခံ လူတန်းစား၊ လူတို့က အပြစ်သားဟူ၍ ဥပေက္ခာပြုထား ခြင်း ခံရသူများ၏ မိတ်ဆွေဖြစ်ခြင်း စသည်တိုမှာ လူသားတို အပေါ် ဘုရားသခင်ထားရှိသော သဘောထားဖြစ်ကြောင်း ယေရှုခရစ်တော်က ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ခရစ်ယာန်တိုအနေဖြင့် ဘုရားသခင်အကြောင်း စဉ်းစား ဆင်ခြင်လျှင် ခရစ်တော်ကို မျှော်ကြည့်ရ ပေလိမ့်မည်။
ဘုရားသခင်သည် ခရစ်တော်ကဲ့သို ဖြစ်၏။ ခရစ်တော်ကို ရှုကြည့်လျှင် ဘုရားသခင်ကို မြင်တွေ့ နိုင်သည်။
ယေရှုခရစ်တော်အား ရှုကြည့်ခြင်းအားဖြင့်လည်း လူတိုင်း သည် မည်သိုသော လူသားဖြစ်ကြရမည်ကို မြင်တွေ့လာရသည်။ လူသည် မည်ကဲ့သို အသက်ရှင်သင့်ကြောင်းကို ယေရှုက လူတို အား စံနမူနာ ပြခဲ့သည်။ ဘုရားသခင်က လူသားတို မည်သို ဖြစ်လာစေလိုသည်ကိုလည်း ယေရှုခရစ်တော်အားဖြင့် ဖော်ပြ ခဲ့သည်။
ထိုမျှသာမကသေးပါ။
ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်သည် သူ၏ မေတ္တာ တော်ကို လူတိုအား အပြည့်အဝ အစုံအလင် ဖော်ပြခဲ့ပြန်ပါ သေးသည်။ ဝေဒနာခံစား၊ ဝမ်းနည်းကြေကွဲနေကြသော လူ သားများ၊ အပြစ်ဒုစရိုက်ကို ပြုနေကြသော လူသားတိုအပေါ်
ယေရှု၏ ကြင်နာယုယပုံက ဘုရားသခင်၏ မေတ္တာတော်ကို အတိအလင်း ရှင်းရှင်း ဖော်ပြနေသည်။ “ဘုရားသခင်သည် ငါ့ကို ဤကဲ့သို ချစ်ပါကလား” ဟူ၍ စိတ်ထဲ၌ ပေါ်ပေါက် လာနိုင်သည်။ ဤသိုလည်း ပေါ်ပေါက်လာသင့်ပါ၏။
ကားတိုင်ပေါ်၌ ဝေဒနာခံစားနေရသော ယေရှုကို မျှော် ကြည့်ပြီး “ထိုသို စွန့်လှူပူဇော် နိုင်လောက်အောင် ဘုရားသခင် သည် ငါ့ကို ဤမျှလောက်ပင် ချစ်ပါကလား” ဟူ၍ ပြောဆို လာနိုင်သည်။ ယေရှုခရစ်တော် ပြုတော်မူသမျှတိုကို ကြည့်ပြီး အပြစ်၏ ရွံရှာ စက်ဆုပ်ဖွယ်ရာများကိုလည်း ကျွန်တော်တို မြင်တွေ့လာနိုင်သည်။ ယေရှုခရစ်တော်၏ အသေခံခြင်း၌ လူ သားတို၏ စက်ဆုပ်ရွံရှာဖွယ်ရာအဖြစ်ကို မြင်တွေ့လာနိုင်သည်။
လောက၌ အကောင်းမြတ်ဆုံးသော ပုဂ္ဂိုလ်တစ်ဦး၊ အ ချစ်ခင်ကြည်ညို လေးစားဖွယ်ရာ ကောင်း လှသော အသက်တာမျိုးကိုပင်လျှင် လူသားတိုက ဤသိုပြုရက်နိုင်သည်ကို မြင် တွေ့လာနိုင်ခြင်းကြောင့် “အပြစ်ဒုစရိုက်၏ ရွံရှာဖွယ်ရာ”ကို ကောင်းကောင်းကြီး မြင်တွေ့လာနိုင်သည်။
အပြစ်ဒုစရိုက်၏ ဆိုးယုတ်မှု၊ ဖျက်ဆီးနိုင်သည့် စွမ်းအင် အပြစ်ဒုစရိုက်၏ တန်ခိုးအာနိသင်ကို ကားတိုင်ပေါ်၌ ကျွန် တော်တို မြင်တွေ့လာရသည်။ ကားတိုင်ကို မျှော်ကြည့်ခြင်း အားဖြင့် လူတိုသည် အပြစ်ဒုစရိုက်ကို ရွံရှာပြီး ဘုရားသခင်ကို ပိုမိုချစ်ခင်မြတ်နိုး လာစေပါလိမ့်မည်။
ဓမ္မပညာရှင်ကြီး Adelard ဖော်ထုတ်ခဲ့သော Moral Influence Theory သည် ဤနေရာ၌ တစ်စိတ်တစ်ဒေသအားဖြင့် မှန်ကန်နေသည်။ ကားတိုင်၌ လူတိုအား ဆွဲဆောင်မှု ရှိနေသည်။ ကားတိုင်ကို ကြည့်ခြင်းအားဖြင့် လူတိုသည် အံ့ဩ၊ ဝမ်းနည်း၊ ကြေကွဲ၊ ချစ်ခင်၊ လေးစား၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလာစေနိုင်သည်။
(၂) ခရစ်တော်၏ကားတိုင်သည် မိမိကိုယ်ကို စွန့်လှူပူဇော် မှုတစ်ရပ်ဖြစ်ကြောင်း ဖော်ပြနေသည်။ ကားတိုင်အားဖြင့် ခရစ်တော်သည် စာတန်မာရ်နတ်ကို အဖိုးအခပေးသည် မဟုတ်။ စာတန်မာရ်နတ်တို၏ အနှောင်အဖွဲမှ လူတိုအား လွတ်မြောက် လာစေရန် ယဇ်ပူဇော်နေခြင်းလည်း မဟုတ်၊ ဘုရားသခင်၏ ဒေါသ အမျက်ပြေစေရန် ခရစ်တော်က လူသားတိုကိုယ်စား မိမိကိုယ်ကို ပူဇော်ပသရခြင်းလည်းမဟုတ်၊ ကားတိုင်ပေါ်၌ ခရစ်တော်သည် မိမိကိုယ်ကို စွန့်လှူပူဇော်လိုက်ခြင်းသည် ဘုရား သခင်၏ အနန္တမေတ္တာအပေါ်၌ လုံးဝ အခြေပြု ထားသည်။
သိုဖြစ်လျှင် ခရစ်တော်၏ စွန့်လှူပူဇော်မှုသည် အဘယ် အ တွက်ကြောင့်နည်း၊ ဘုရားသခင်သည် မည်သိုသော ဘုရားဖြစ် ကြောင်းကို လူတိုအား ဖော်ပြရန် ယေရှုခရစ်တော် အသက်တာ နှင့် အသေခံတော် မူခြင်းအားဖြင့် ထင်ရှားစွာ ဖွင့်ဆိုလိုက်ခြင်း ပင် ဖြစ်၏။
တစ်နည်းဆိုရသော် ခရစ်တော်၏ အသက်တာနှင့် အသေခံ တော်မူခြင်း၏ အဖိုးအခကိုပေး၍ ဘုရားသခင်သည် မည်သို သော ဘုရားမျိုးဖြစ်ကြောင်းကို ကားတိုင်အားဖြင့် ရှင်းရှင်း ဖော်ပြလိုက်ခြင်းပင် ဖြစ်၏။
ယေရှုခရစ်တော်၏ အသက်တာနှင့် အသေခံတော်မူခြင်း သာ မရှိခဲ့လျှင် လူတိုက ဘုရားသခင်သည် မည်သိုသော ဘုရား ဖြစ်တော်မူကြောင်းကို ပီပြင်ရှင်းလင်းစွာ မသိရုံမက ဘုရား နှင့် လူသားတို မေတ္တာဖြင့် ဆက်နွယ်မှု၊ ပြန်လည် မိတ်သဟာယ ဖွဲနိုင်မှု ရနိုင်လိမ့်မည်လည်း မဟုတ်ပါ။
ယေရှုခရစ်တော် အားဖြင့်သာ ဘုရားသခင်သည် ကျွန် တော်တိုအား ချစ်ကြောင်းကို ပိုမိုသိလာရသည်။ ကျွန်တော် တိုသည် ချစ်ခြင်းကို ခံထိုက်သောကြောင့် မဟုတ်။ ဘုရား သခင်သည် “ချစ်ခြင်းမေတ္တာတော်” ဖြစ်သောကြောင့် သာတည်း။ (၁ ယော၊ ၄း၁၆)
ခရစ်တော်၏ စွန့်လှူပူဇော်မှုသည် လူ့ဇာတိကို ခံကတည်း က အစပြုခဲ့သည်။ “ငါတို သခင်ယေရှုသည် စည်းစိမ်ရှိသော် လည်း ဆင်းရဲခံတော်မူ၏” (၂ ကော၊ ၈း၉) ထိုစွန့်လှူပူဇော် မှုသည် ကားတိုင်၌ အဆုံးသတ် ခဲ့သည်။ “ဤလောက၌ရှိသောမိမိလူတိုကို ချစ်တော်မူသောကြောင့် “အဆုံးတိုင်အောင်” ချစ်တော်မူ၏။ (ယော၊ ၁၃း၁)
သိုသော် ခရစ်တော် အသေခံဖို လိုအပ်ပါသလား၊ စွန့်လှူ ပူဇော်မှုကို ဖော်ပြရန်အတွက် ကားတိုင် လိုအပ်ပါသလား ဟူ၍ မေးစရာရှိလာပြန်သည်။
သေသေချာချာ ပြန်၍ စဉ်းစားကြည့်ပါ။
ကားတိုင်သာမရှိခဲ့လျှင် ကိုယ်တော်၏ မေတ္တာတော်၌ ဟန့် တားမှုတစ်ခုရှိနေကြောင်း တွေ့လာရပေလိမ့်မည်။ ထိုသိုသော ဝေဒနာခံစားမှု၊ အသေခံမှုဖြစ်ရပ်အထိ အရောက် မသွားနိုင်။ လူတိုအား “အဆုံးတိုင်အောင် မချစ်နိုင်သကဲ့သို” ဖြစ်နေပါ လိမ့်မည်။ ဘုရားသခင်သည် လူတိုအား အပြစ်လွှတ်လိုသည်။ သိုသော် ကားတိုင်၌ ဝေဒနာခံစားရသည့်တိုင်အောင် အပြစ် လွှတ်လိုသော သဘောထားမရှိသယောင် ဖြစ်နေပါလိမ့်မည်။ ကားတိုင်ပေါ်ရှိ ယေရှု ခရစ်တော်မှတဆင့် ဘုရားသခင်က “တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင် အောင် လောကီသားတိုအား ချစ်တော်မူကြောင်း” ဖော်ပြ နေခြင်း ဖြစ်၏။ (ယော၊ ၃း၁၆)
ဘုရားသခင်၏ မေတ္တာတော်ကို မြင်တွေ့နိုင်ရန် ဘုရား သခင်သည် ဤမျှလောက်အောင် စွန့်လှူ ပူဇော်ရကြောင်းကို မမြင်နိုင်ပါလျှင် ခရစ်တော် ပြုတော်မူခဲ့သော အမှုတော် အလုံးစုံကို ပြည့်ဝစုံလင်စွာ အနက်ဖွင့်ပြနိုင်လိမ့်မည် မဟုတ်ပါ။
ခရစ်တော်၏ စွန့်လှူပူဇော်မှုသည် ဘုရားသခင်ကိုသော် လည်းကောင်း၊ စာတန် မာရ်နတ်ကို သော်လည်း ကောင်း၊ အပြစ်ဖြေလွှတ်ရန် ယဇ် ပူဇော် ပသနေခြင်း မဟုတ်ပါ။
ဘုရားသခင်က ယေရှုခရစ်တော်၏ ဤသိုသော စွန့်လှူပူဇော် မှုတစ်ရပ်အားဖြင့် “မိမိကိုယ်ကို ထင်ရှား ပေါ်လွင်အောင်” ဖွင့်ပြ ခဲ့ခြင်း ဖြစ်၏။
(၃) ခရစ်တော်၏ကားတိုင်သည် ဘုရားသခင်နှင့် လူသား တို ဆက်ဆံရေးကို လုံးဝ အသစ်ပြုပြင် လိုက်ခြင်း ဖြစ်သည်။ ထိုကိစ္စသည် ယေရှု ခရစ်တော်၏ အသေခံတော်မူခြင်း အား ဖြင့် ဖြစ်ပေါ်လာပြီး ယနေ့တိုင် ဆက်လက် ဖြစ်ပေါ်လျက် ရှိနေသေးသည်။ ထိုသိုသော ဆက်ဆံမှုမှာ ယဇ်ပူဇော်နေခြင်း ၌ မူမတည်၊ ရင်းနှီးမှု၊ စိတ်ချယုံကြည်မှု၊ ကိုးစားမှုနှင့် ချစ်ခြင်း မေတ္တာပေါ်၌ မူတည်နေသည်။
ယေရှုခရစ်တော် မပေါ်ထွန်းမီက လူတိုသည် ဘုရား သခင်ကို ပြည့်ဝစုံလင်စွာ မသိသေး။ ဘုရားသခင်၏ အနန္တ တန်ခိုးတော်၊ တရားစီရင် ဆုံးဖြတ်တော်မူမည့် အာဏာတော်၊ အလွန်သန့်ရှင်းမြင့်မြတ်မှု၊ ဖြောင့်မတ်မှု စသည်တိုကိုသာ သိ နေခဲ့ကြသည်။ ကိုယ်တော်၏ အံ့ဖွယ်ရာ ကောင်းလှသော မေတ္တာတော်ကို မမြင် မတွေ့ဖူးကြသေးပါ။ စိတ်ကူးထဲတွင် ပင် မထည့်မိကြသေးပါ။ (သက်တော်စဉ် ပထမတွဲ အခန်း (၁၃)ကို သေသေချာချာ ပြန်၍ ဖတ်ကြည့်ပါ)
မှန်ပါသည်။ ပရောဖက် ဟောရှေကဲ့သိုသော ပုဂ္ဂိုလ်များ က ထိုသိုသော မေတ္တာမျိုးကို မြင်တွေ့ ခဲ့ရသော်လည်း တစ်စိတ် တစ်ဒေသမျှသာဖြစ်ပြီး၊ ယေရှု ခရစ်တော်ကသာ ပီပီပြင်ပြင် မြင်တွေ့လာစေရန် အကောင်အထည်၊ ရုပ်လုံးဖော်ပြခဲ့သည်။ လက်တွေ့ သရုပ်ပြခဲ့သည်။ ပြည့်ဝစုံလင်စွာ ဖော်ပြနိုင်ခဲ့သည်။
ခရစ်တော် အားဖြင့်သာ ဘုရားသခင်၏ စစ်မှန်သော သဏ္ဍာန်သရုပ်သည် “ရုပ်လုံးကြွ” လာခဲ့သည်။
ဘုရားသခင်နှင့် လူတို ပြန်လည် မိတ်သဟာယဖွဲမှုအတွက် ဘုရားသခင်၏ သဘောထားကို ကားတိုင်က ပြောင်းလဲ စေခဲ့သည်မဟုတ်၊ ကားတိုင်၌ ခရစ်တော် အသေခံလိုက်ခြင်းကြောင့် ဘုရားသခင်က ကျေနပ် အားရသွားသည် မဟုတ်၊ ဘုရားသခင်က လူတိုအပေါ်၌ ထားရှိသော သဘောထား အပြည့်အဝ ဖော်ပြလိုက်ခြင်းသာတည်း။
(၄) ခရစ်တော်၏ ကားတိုင်အားဖြင့် အပြစ်ဒုစရိုက်၏ လက်နက်အစွမ်း အာနိသင်ကို ဖြိုခွင်းလိုက်နိုင် သည်။ ရှေးဦး စွာ သတိရနေသင့်သလို အရေးကြီးအချက် တစ်ချက်မှာ ခရစ် တော် ပြုတော်မူသော အမှုတော်ကို ကားတိုင်၌ အသေခံ တော်မူခြင်းဖြစ်ရပ် “တစ်ခုတည်းသာ” ရှုကြည့်ပြီး အနက်ဖွင့် မနေသင့်သည့် အချက် ပင်ဖြစ်ပါ၏။ ကိုယ်တော်၏ အသက်တာ တစ်ခုလုံး၊ အသေခံတော်မူခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်း သာမက၊ “ယနေ့တိုင်အောင် အသက်ရှင်လျက် ရှိနေသေး သည်” ဟူသောအချက်ကို အထူး ဂရုပြုထားဖို လိုပါလိမ့်မည်။
ရှေးဦးစွာ ခရစ်တော်၏ အသက်တာသည် လူတိုင်းအား စံနမူနာကောင်း ပြနေသည်။ “ခရစ်တော်သည် ငါတိုအတွက် ခံတော်မူသည်ဖြစ်၍ ခြေတော်ရာကို လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ” (၁ပေ၊ ၂း၂၁)။ ( သိုသော် ခရစ်တော် ပြုတော်မူခဲ့သော အမှုတော်သည် ပုံသက်သေပြရုံမျှသာ မကပါ။
ပုံသက်သေ စံနမူနာကောင်းလောက်မျှသာ ဆိုလျှင် ကိုယ် တော်သည် လူသူတော်စင် တစ်ပါးမျှသာ ဖြစ်နေပါလိမ့်မည်။ ထိုပြင် အလွန်တရာကောင်းမြတ်လှသော စံနမူနာကောင်းမျှ သာ ဖြစ်နေပါက လူတိုက ရင်သပ်ရှုမောပြီး လက်ဖျားခါရုံမျှ လွဲ၍ ခြေတော်ရာကို လိုက်နိုင်ရန် မလွယ်ကူဘဲ ဖြစ်နေပါ လိမ့်မည်။
လူတိုသည် ပုံသက်သေ စံနမူနာကောင်းကို တွေ့မြင်ရရုံသာ မက၊ ထိုစံနမူနာကို လိုက်လျှောက်နိုင်ရေး အတွက် “တန်ခိုးအာ နိသင်” နှင့် “စွမ်းအင်” ကို လိုပါလိမ့်ဦးမည်။
လူတစ်ဦးသည် အပြစ်လွှတ်ခြင်း ခံရရုံမျှနှင့် အပြစ်ဒုစရိုက် ၏ နောက်မှပါလာသော ဒဏ်ရာဒဏ်ချက်တို ကို မပယ်မဖျက် နိုင်သေးပါ။
ဥပမာ လူတစ်ဦးသည် အရက်သေစာ သောက်စား မူးယစ် ခဲ့ခြင်းမှ အပြစ်လွှတ်ခြင်း ခံနိုင်စေကာမူ၊ ထိုအရက်သေစာ၏ ဒဏ်ကိုဖြင့် သူ၏ ကာယခန္ဓာက အနည်းနှင့်အများ ခံနေရ ပေလိမ့်ဦးမည်။ အကယ်၍ လူတစ်ဦး၏ အပြစ်ကြောင့် သူ ကိုယ်ကိုသာမက သူတစ်ပါးကိုပါ ထိပါးလျှင် အပြစ်လွှတ်ခြင်း မျှလောက်နှင့် မပြီးပါ။ သူ့အားဖြင့် ခံစားကြရသည့် ဒဏ်ရာ ဒဏ်ချက်၊ နစ်နာပျက်စီးဆုံးရှုးမှုများကို သူနှင့်တကွ အခြား သူများကပါ အနည်းနှင့် အများ ခံကြရဦးမည်သာ ဖြစ်ပါ သည်။
ဤနေရာ၌ ခရစ်တော်၏ အသေခံတော် မူခြင်းသာမက ရှင်ပြန်ထမြောက်ခြင်းသည် အဓိကဖြစ် လာသည်။
ရှင်ပေါလုက “ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏ သား တော် အသေခံတော် မူခြင်းအားဖြင့် ငါတိုသည် ဘုရားသခင် နှင့် မိတ်သဟာယဖွဲခြင်း ကျေးဇူးတော်ကို ခံရသည်မှန် လျှင် မိတ်သဟာယဖွဲပြီးမှ အသက်တော် အားဖြင့် ကယ်တင် တော်မူခြင်းသို ရောက်မည်ဟု သာ၍မျှော်လင့်စရာ ရှိ၏”ဟု ဆိုခဲ့သည်။ (ရော၊ ၅း၁၀) ၊
အမှန်ဆိုရလျှင် ကျွန်တော်တိုသည် အသေခံတော်မူသော ခရစ်တော်ကိုသာ အားကိုးနေကြသည်မဟုတ်၊ လူ့ဘောင်လော က၌ လာရောက်အသက်ရှင်၊ အသေခံရုံမက “ကပ်ကမ္ဘာကုန် သည်တိုင်အောင် အသက်ရှင်လျက် ရှိတော်မူသော” ခရစ် တော်အပေါ် မှီခိုအားထားနေကြပါသည်။
ကိုယ်တော်သည် ယနေ့တိုင် အသက်ရှင် နေခြင်းကြောင့် ကိုယ်တော်၏ ခွန်အား၊ စွမ်းအင်နှင့် တန်ခိုးအာ နိသင်ကိုလည်း ကျွန်တော်တို ခံယူနိုင်နေခြင်း ဖြစ်သည်။ သိုကြောင့် ယခင်က ဆိုလျှင် အပြစ်ဒုစရိုက်က ကျွန်တော်တိုအား မလှုပ်မယှက်နိုင် အောင် ချုပ်နှောင်ထားနေနိုင်စေကာမူ ယခုဆိုလျှင် အသက် ရှင်တော်မူသော ကိုယ်တော်အားဖြင့် အပြစ်ဒုစရိုက်ကို အောင် မြင်နိုင်စွမ်း ရှိလာနိုင်ပါပြီ။
အပြစ်ဒုစရိုက်သည် လူကို စိတ်နှစ်ခွ ဖြစ်စေသည်။
အမှားနှင့်အမှန်၊ ကောင်းမြတ်မှုနှင့် ဆိုးယုတ်မှု၊ သတ္တိရှိ မှုနှင့် သူရဲဘောကြောင်မှု၊ သူတော်ကောင်း ဖြစ်မှုနှင့် သူယုတ် မာဖြစ်မှု၊ တိရစ္ဆာန်နှင့် ကောင်းကင်တမန် ဖြစ်လာရေး အတွက် လူးလွန့်ရုန်းကန် လှုပ်ရှားနေ စေသည်။
တစ်ခါတစ်ရံ ကျွန်တော်တိုသည် ကောင်းသောအရာကို ချင်စေကာမူ မပြုနိုင်ဘဲ ဖြစ်နေတတ်သည်။ ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကို ကျင် နေတတ်၏။ ထိုသိုကျင့်သောအခါ ကျွန်တော်တို၏ အထဲ၌ရှိ နေသော အပြစ်တရားက ကျင့်နေစေခြင်းသာ ဖြစ်၏။
ထိုသိုသော အခါမျိုးတွင် ရှင်ပြန်ထမြောက်၍ အသက်ရှင် တော်မူသော ခရစ်တော်က စိုးမိုးလာပြီး ခိုင်မာတည်ကြည် လာနိုင်စေသည်။ ထိုလူးလွန့်ရုန်းကန် လှုပ်ရှားမှုကို တည်ငြိမ် လာစေနိုင်သည်။
ထိုကြောင့်လည်း ရှင်ပေါလုက “ငါသည် ခရစ်တော် နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သိုသော်လည်း အသက်ရှင်သေးသည်။ ထိုသိုဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင် သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည် ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍၊ ငါ့အဖို ကိုယ်ကို စွန့်တော်မူ၏”ဟု ဆိုလာနိုင်ခြင်း ပေတည်း (ဂလာ၊ ၂း၂၀)။
ခရစ်တော်ပြုတော်မူခဲ့သော အမှုကြောင့် သူတိုသည် ယုံ ကြည်ခြင်းသို လည်းကောင်း၊ ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်းသိုလည်းကောင်း၊ တညီတညွတ်တည်း ရောက် ခရစ်တော်၏ ပြည့်စုံခြင်းပမာဏ တစ်ရပ်တည်းဟူသော သော လူအဖြစ်သို ရောက်ကြသည့်တိုင်အောင် ဖြစ်လာ (ဧဖက်၊ ၄း၁၃)
အသက်ရှင်သော ခရစ်တော်ကြောင့် လူသည် ယခင်နှင့် မတူတော့ “ရင့်ကျက်သောသူ” အဖြစ်သို ရောက်လာနိုင်၏။
အထက်ဖော်ပြပါ ကိစ္စများသည် လူတစ်ဦးချင်းနှင့် ဆိုင် သော ကိစ္စများသာ ဖြစ်ပါသေး၏။
သိုသော် အပြစ်ဒုစရိုက်ဆိုသည်မှာ လူနှင့် ပတ်ဝန်းကျင်၊ လူအချင်းချင်းတို၏ ဆက်ဆံရေးကိုပါ ပျက်ပြား စေတတ်ပါ သေး၏။ ထိုကြောင့်လည်း ခရစ်တော် ပြုတော်မူခဲ့သော လုပ် ငန်းထဲမှ တစ်ခုမှာ လူတစ်ဦးနှင့်တစ်ဦး၊ လူအချင်းချင်းတို ပြန်လည် မိတ်သဟာယဖွဲလာနိုင်မှု၊ ဆက်ဆံရေး ပြေပြစ်ညီညွတ် လာစေမှု အတွက်လည်း ဖြစ်ပါသေး၏။
လူတို၏ ကွဲပြားခြားနားမှု မှန်သမျှသည် ခရစ်တော်အား ဖြင့် သာလျှင် ပေါင်းစည်း ညီညွတ်လာ နိုင်သည်။ အချင်းချင်း အပေါ် သံသယစိတ် ထားရှိနေမှုမှ ယုံကြည်မှု ရရှိလာနိုင် သည်။ မုန်းတီးမှုအစား မေတ္တာသဘောထားကို ပိုင်ဆိုင်လာနိုင် ကြသည်။ အပြစ်ဒုစရိုက်က ဖန်တီးလိုက်သော အချင်းချင်း ရန်ဖက်ပြုမှု၊ မုန်းတီးမှုတိုကို ခရစ်တော်က ဖော်ပြလိုက်သော အတုမရှိ မေတ္တာတော်က လွှမ်းမိုး၍ အနိုင်ယူလာနိုင်ပါပြီ။
နောက်ဆုံးတစ်ချက် ကျန်ပါသေးသည်။
အပြစ်ဒုစရိုက်သည် ဘုရားနှင့်လူတိုကို ကွဲပြားခြားနားသွား စေတတ်သည်။ ခရစ်တော် ပြုတော်မူခဲ့သော အမှုတော်အားဖြင့် ဘုရား သခင်၏ မေတ္တာတော်နှင့် အပြစ်လွှတ်ခြင်း ကျေးဇူးအတွက် အာမခံချက် ရရှိလာပြီ၊ ဘုရားသခင်ထံမှ ပုန်းကွယ်တိမ်းရှောင် နေလိုသော ဆန္ဒသည် ပျောက်ကွယ်သွား၍ ဘုရားသခင်နှင့် အတူ၊ ဘုရားသခင်၏ ရှေ့တော်မှောက်၌ ကာလစင် ဆက် အသက်ရှင်လာလိုသော ဆန္ဒကို ဖြစ်ပေါ်လာစေပါ၏။
သိုကြောင့် ကားတိုင်ပေါ်၌ ခရစ်တော် ပြုတော်မူခဲ့သော အမှုအားဖြင့် –
(က) ဘုရားသခင်၏ အနန္တမေတ္တာတော်ကို မျက်ဝါး ထင်ထင် မြင်လာကြရသည်။
(ခ) ကိုယ်တော်၏ ရှင်ပြန်ထမြောက်ခြင်း တန်ခိုးတော် အားဖြင့် အပြစ်ဒုစရိုက်က ကျွန်တော်တို၏ အသက်တာများ တွင်လည်းကောင်း၊ လူ့ဘောင် လောကကြီး တွင်လည်း ကောင်း၊ ကြေကွဲဖွယ်ရာ၊ ပျက်စီးဆုံးရှုးနေစေသော အခြေ အနေအားလုံးတိုကို ပြန်လည် အသစ်ပြုပြင် ကောင်းမွန်လာ စေပါပြီ။
(ဂ) ခရစ်တော်၏ အသက်တာ၊ အသေခံခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်းအားဖြင့် ကျွန်တော်တိုသည် ဘုရားသခင်နှင့် ပြန်လည်၍ မိတ်သဟာယ ဖွဲလာနိုင်ပါပြီ။
(ဃ) ထိုအပြစ် ဒုစရိုက်များကြောင့် ကျွန်တော်တို၏ အတွင်း စိတ်နှလုံးသားအတွင်း၌ ရုန်းရင်းဆန်ခတ် ဖြစ်ရခြင်း၊ လူလူချင်းတို၏ ဆက်ဆံရေးတို ပျက်ပြားနေသမျှတိုသည် ခရစ် တော်အားဖြင့် ပြန်လည်အသစ် ပြုပြင်ခြင်းကို လက်တွေ့ ခံစား နိုင်ကြရပြီ ဖြစ်သတည်း။
အခန်း (၃၀)
ရှင်ပြန်ထမြောက်ခြင်း
ခရစ်သက္ကရာဇ် အေဒီ (၃၀)၊ ဧပြီလ (၇)ရက်၊ သောကြာ နေ့မွန်းလဲ (၃)နာရီသာသာတွင် ယေရှုသည် ကားတိုင်ပေါ်ရှိ အသက်တော်ကို စွန့်တော်မူခဲ့သည်။ (မာကု၊ ၁၅း၃၄+)
နောက်တစ်နေ့ (ဂျူးလူမျိုးတိုအဖို သောကြာနေ့ ညနေ (၆)နာရီ) သည် ဥပုသ်နေ့ ဝင်ပြီဖြစ်၏။ ဂျူးလူမျိုးတို၏ ပညတ်တော်များအရ ကားတိုင်ပေါ်၌ အသေခံကြရသော အလောင်းမှန်သမျှကို ဥပုသ်နေ့မဝင်မီ ကားတိုင်ပေါ်က ချ ရသည်။ အများအားဖြင့် သာမန် ရာဇဝတ်ကောင် တစ်ဦး၏ အလောင်းဆိုလျှင် ကားတိုင် ပေါ်က ချပြီး ပစ်ထားလေ့ရှိ သဖြင့် လင်းတများ၊ ကျီးကန်းများ၊ ခွေးများ၏ အစာဖြစ်ရ လေ့ရှိသည်။ သိုသော် ခရစ်တော်ကို ကြည်ညိုလေးစားသော အထက် တန်းလွှာ ဂျူးလူမျိုးတစ်ဦးရှိ၏။
သူ၏အမည်ကား အရိမဿာမြိုသား ယောသပ်ဖြစ်၏။ သူ သည် ချမ်းသာ ကြွယ်ဝလှ၍ အရှိန်ဩဇာ တိက္ကမ ရှိရုံမက ဆန်ဟီဒရင် လွှတ်တော်အဖွဲဝင် တစ်ဦးလည်းဖြစ်သည်။ ထို ပြင် ယေရှုခရစ်တော်ကို တိတ်တ ဆိတ် ကြည်ညိုလေးစား ချစ်ခင်နေခြင်းကြောင့် ပိလတ်မင်း ရှေ့တော်မှောက်သို ရဲရဲ ဝင်ပြီး အလောင်းတော်ကို သင်္ဂြိုလ်ရန် တောင်းခဲ့သည်။ ယေရှု သည် ဤမျှတိုတောင်းသော အချိန်အတွင်း ကွယ်လွန်ခဲ့သည်ကို ပိလတ်မင်း အံ့ဩဟန်ရှိသော်လည်း ယောသပ် တောင်းခံသည့် အတိုင်း အလောင်းကို ပေးခဲ့၏။ (မာကု ၁၅း၄၂+)
ထိုခေတ်က ချမ်းသာ ကြွယ်ဝသူများသည် မိမိတို၏ ကိုယ် ပိုင်သင်္ချိုင်းများ ရှိတတ်သည်။ ထိုသင်္ချိုင်း တိုသည် မြေအောက် ၌ တူးဆွထားသော သင်္ချိုင်းမျိုးမဟုတ်၊ လှိဏ်ဂူတစ်ခု ဖြစ်ပြီး အလောင်းများထားရန် စင်မြင့်များ အဆင့်ဆင့် ထားရှိတတ် ပါ၏။
ယောသပ်၌ ကရာနီကုန်းတော် အနီးတစ်ဝိုက်တွင် ထိုသို သော သင်္ချိုင်းတစ်ခု ရှိ၏။
ရှင်ယောဟန်က “ နိကောဒင်သည်လည်း ယေရှု၏အလောင်း တော်ကို ဆီမွေးဖြင့် လိမ်းကျံရန် လာခဲ့သည်” ဟု ဆို၏။ ဘုရင်များ၏ အလောင်းတော်များကို ထိုသို ဆီမွေးလိမ်းကျံ လေ့ရှိပါ၏။ ထိုနောက် ယေရှု၏ အလောင်းတော်ကို ပိတ် ချောနှင့် ပတ်ရစ်ကြသည်။ ထိုအဝတ်မျိုးမှာ ပတ်တီးရှည်ကြီး များနှင့်တူပြီး အလောင်းကို အထပ်ထပ် ရစ်ပတ်ကာ အရိမသဲယောသပ်၏ ကိုယ်ပိုင်သင်္ချိုင်းတွင် ယေရှုအား သူတိုက သင်္ဂြိုလ်ခဲ့ ကြ၏။
ထိုသိုသော သင်္ချိုင်းများ၌ အဝင်ပေါက်ကို လှည်းဘီးနှင့် တူသည့် ကျောက်တုံးကြီးတစ်လုံးရှိပြီး အင်္ဂတေတွင်းကြောင်း၌ လှိမ့်ကာ ထိုအဝင်ပေါက်ကို ပိတ်ဆိုထားလေ့ရှိသည်။
Codex Bezae ခေါ် ဓမ္မသစ် စာမူတစ်ခုထဲတွင် ထို ကျောက်တုံးတစ်တုံးကို လူ (၂၀)မျှ လှိမ့်ယူမှ ရနိုင်သည်ဟု ဆို ထား၏။ (မဿဲ၊ ၂၇း၅၇-၆ဝ၊ မာကု၊ ၁၅း၄၂-၄၆၊ လုကာ ၂၃း၅ဝ-၅၄၊ ယော၊ ၁၉း၃၈-၄၂ ကိုလည်း ကြည့်ပါ)
ကားတိုင်ခြေရင်း၌ ရပ်နေခဲ့သော အမျိုးသမီး တစ်စုသည် လည်း ယေရှု၏ အလောင်း မြှုပ်နှံသည်အထိ စောင့်လျက် ကျန်ရစ်ခဲ့ကြသည်။ (မဿဲ၊ ၂၇း၆၁၊ မာကု၊ ၁၅း၄၇)
တစ်ချိန်တည်းမှာပင် ဂျူးလူမျိုး အာဏာပိုင် တိုကလည်း အေးဆေးသက်သာစွာ မနေခဲ့။ ကားတိုင်ပေါ်၌ ယေရှုအသက်တော် ချုပ်သွားသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရပြီးသည့် တိုင်အောင် ဂနာမငြိမ် ဖြစ်နေကြသေး သည်။
သူတိုသည် ပိလတ်မင်းထံသို သွားပြီး ယေရှု၏ အလောင်း တော်ကို သူ၏တပည့်တော်များက ခိုးယူသွားပြီး သေရာက ရှင်ပြန်ထမြောက်လာသည်ဟူ၍ လိုက်လံ ကြေညာနေမည်ကို စိုးရိမ်၍ အထူးလုံခြုံရေးထားရှိပေးရန် တောင်းခံ ကြသည်။ ထိုအပြင် သင်္ချိုင်းကိုလည်း တံဆိပ် ခပ်နှိပ် ထားစေကြပြန် သည်။ (မဿဲ၊ ၂၇း၆၂-၆၆)
သိုသော် များမကြာမီ ထိုအစောင့်များသည် ဟာလာ ဟင်းလင်း ဖြစ်နေသော သင်္ချိုင်းတော်ကို တွေ့ကြရသဖြင့် ဂယောင်ချောက်များ ဖြစ်ကုန်ကြရာ ယေရှု၏အလောင်း တော်ကို ခိုးသွားကြကြောင်း လိုက်လံပြောဆိုကြရန် ဂျူးလူ မျိုး အာဏာပိုင်များက လာဘ်ထိုးကြရတော့၏။ (မဿဲ၊ ၂၈း ၁၁-၁၄)
စနေနေ့ ဖြစ်သော ဥပုသ်နေ့၌ ယေရှု၏ အလောင်းတော် သည် သင်္ချိုင်းထဲ၌သာ ရှိနေခဲ့သည်။ ထိုနေ့ သည် ဥပုသ်နေ့ ဖြစ်၍ မြိုတွင်းမှ သချိုင်းရှိရာသိုလာလျှင် ဥပုသ်နေ့ပညတ်ကို ချိုးဖောက်မည် ဖြစ်သောကြောင့် စနေနေ့ တစ်နေ့လုံး သချိုင်း ဆီသို တစ်စုံတစ်ဦးမျှ မလာရောက်ကြ။
လူ့သမိုင်း တွင် အကြီးမားဆုံး အံ့ဩဖွယ်ရာ အကောင်းဆုံး ဖြစ်ရပ်ကြီး တစ်ခု ပေါ်ပေါက်လာခဲ့ပါ တော့၏။
အရုဏ်တက်ခါစ၊ မမှောင့်တမှောင် ဝိုးတဝါး ချိန်ခါ မျိုး၌ အမျိုးသမီးတစ်စုသည် ယေရှု၏ အလောင်း တော်ကို နောက်ဆုံးသော ဂါရဝပြုရန် သင်္ချိုင်းရှိရာသို လာခဲ့ကြသည်။
ထိုအမျိုးသမီးများမှာ မာဂဒလမာရိ၊ ယာကုပ်နှင့် ယောသေတို့၏ အမိဖြစ်သော မာရိ၊ သောတနှင့် ရှာလုံတို ဖြစ်သည်။ အခြားသော အမျိုးသမီးများလည်း ပါကောင်း ပါမည်။ ။
သူတိုသည် ကျောက်တုံးကြီးကို ရွေ့ရေးနှင့် သင်္ချိုင်းတွင်း သို ဝင်နိုင်ရေးအတွက် စိတ်ပူပန်ခဲ့ကြသည်။ သိုသော် သင်္ချိုင်း သို ရောက်သော် ကျောက်တုံးကြီးကို ပွင့်လျက်သား တွေ့ကြ သည်းဝတ်ဖြူစင် ကြယ်ဝတ်ဆင်ထားသော လုလင်တစ်ယောက် က ယခင်က မိန့်တော်မူခဲ့သည့်အတိုင်း ယေရှုသည် ထမြောက် တော်မူပြီး သင်တိုရှေ့ ဂါလိလဲပြည်သို ကြွသွားပြီ ဖြစ်ကြောင်းကို ပြောခဲ့သည်။ (မဿဲ၊ ၂၈း၁-၇၊ မာကု၊ ၁၆း၁၈၊ လုကာ ၂၄း၁-၁၁) ထိုအမျိုးသမီးတိုသည် တပည့်တော် များအား ပြေး၍ ပြောခဲ့ကြသည်။ ရှင်လုကာက “သူတို၏ စကားကို ဒဏ္ဍာရီ စကားကဲ့သို ထင်မှတ်၍ တမန်တော်တို သည် မယုံကြည်ကြ” ဟု ဆိုခဲ့သည်။ (လုကာ၊ ၂၄၁၁) ၊
သိုသော် ရှင်ယောဟန်က ထိုဖြစ်ရပ်ကို ထပ်မံတိုးချဲ့ ပြော ထားသည်။
မာဂဒလမာရိသည် ဟာလာ ဟင်းလင်း ဖြစ်နေသော သင်္ချိုင်းတော် အကြောင်းကို ပေတရုနှင့် ယေရှုချစ် တော်မူသော တပည့်တော်တိုကို ပြေး၍ ပြောခဲ့သည်။ သိုသော် မာရိ ကိုယ်တိုင်က ထိုအခြင်းအရာကိုနားမ လည်နိုင်သေးဘဲ အလောင်းတော်ကို တစ်စုံတစ်ယောက်က လာရောက် ခိုးယူသွားပြီထင်၍ ဝမ်းနည်း ကြေကွဲနေခဲ့ပါ၏။
ရှင်ပေတရုနှင့် ယေရှု ချစ်တော်မူသော တပည့်တော်တို နှစ်ဦးသည် သင်္ချိုင်းတော်ရှိရာသို အတူ ပြေးလာကြသည်။ ထို တပည့်တော်သည် ပိတ်ပုဆိုးကို မြင်၍ သင်္ချိုင်းတွင်းသို မဝင်ဘဲ နေ၏။ သိုသော် ရှင်ပေတရုက မူကား အတွင်းသို ဝင်ကြည့် ၏။ “တွင်းထဲသိုဝင်လျှင် ပိတ်ပုဆိုးရှိရစ်သည်ကိုလည်းကောင်း၊ ခေါင်းတော်၌ရှိသော ပဝါသည် ပိတ်ပုဆိုးနှင့် အတူမရှိဘဲ တခြားစီ လိပ်လျက် ရှိသည်ကိုလည်းကောင်း မြင်လေ၏။ ထိုအခါ သင်္ချိုင်းတော်ကို အရင်ရောက်သော အခြားတပည့် တော်သည် ဝင်၍မြင်သဖြင့် ယုံလေ၏”ဟု ရှင်ယောဟန်က ရေးသားထားပါ၏။ (ယော၊ ၂၀း၆-၈)
ပိတ်ပုဆိုးနှင့် ပဝါကိုမြင်သည်နှင့် အဘယ်ကြောင့် ယုံရ သနည်း။
ထိုပိတ်ပုဆိုးနှင့် ပဝါတိုသည် အသေအချာ သပ်သပ်ရပ် ရပ် လိပ်ထားသည်ကို မြင်ရသဖြင့် အလောင်းတော်ကို အခြား သူတိုက ကပျာကယာ ခိုးယူသွားခြင်း မဟုတ် ကြောင်း သေချာသည်ကို မြင်ရသဖြင့် ယုံကြည်ခြင်း ဖြစ်ပေလိမ့်မည်။
မည်သို့ဖြစ်စေ ရှင်ပေတရုနှင့် အခြား တပည့်တော်သည် ကိုယ်တော် အကယ်ပင် ရှင်ပြန်ထမြောက် ကြောင်းကို သေချာ စွာ ယုံကြည်လျက် ယေရုရှလင် မြို့တွင်းသို ပြန်ဝင်လာခဲ့ကြသည်။ မာဂဒလမာရိသည် ° ဝမ်းနည်း ကြေကွဲလျက် ငိုယိုနေစဉ် ကိုယ်တော့်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရကြောင်း ရှင် ယောဟန်က မှတ်တမ်းတင်ထားပါ၏။
ထိုနောက် ရှင်ပြန်ထမြောက်သော ခရစ်တော်သည် မိမိ ကိုယ်ကို တပည့်တော်တိုအား အကြိမ်ပေါင်း များစွာ ပြခဲ့ ပါ၏ ။
(က) ထိုတနင်္ဂနွေနေ့၌ပင် ရှင်ပေတရုအား ထင်ရှားပြသ ခဲ့သည်။ (လုကာ၊ ၂၄း၃၄)
ကိုယ်တော့်ကို ချစ်သော်လည်း ငြင်းပယ်ခဲ့သော ပေတရုကို အပြစ်မှလွှတ်ကြောင်း ဖော်ပြရာရောက်သည်။
(ခ) ဧမောက်ရွာသို စိတ်ပျက် အားလျော့သော စိတ် ထားဖြင့် ပြန်သွားကြသော တပည့်တော် နှစ်ပါးအား ထင် ရှားပြသခဲ့သည်။ (လုကာ၊ ၂၄း၁၃-၃၅) ၊
(ဂ) တမန်တော် သောမ မရှိစဉ် တစ်ချိန်၌ တမန်တော် အားလုံးကို ထင်ရှားပြသသည်။ သောမက မယုံသဖြင့် သောမ ရှိနေစဉ်ပင် နောက်တစ်ကြိမ် ထပ်မံ ထင်ရှား ပြသခဲ့သည်။ ထို နေရာမှာ အထက်ခန်းထဲ၌ ဖြစ်ဟန်တူသည်။ ထိုအခါမှ သောမ ကလည်း “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရား သခင်ပါ။ တကား”ဟူ၍ ဒူးညွတ်ကျသွားကာ လက်အုပ်ချီ ဦးညွှတ် ဝန်ခံခဲ့တော့ သည်။ (လုကာ၊ ၂၄း၃၆-၄၉၊ ယော၊ ၂၀း ၂၄-၂၉)
(ဃ) အထက်ဖော်ပြပါ ထင်ရှား ပြသတော်မူခြင်း တို သည် ယေရုရှလင်မြိုတွင်း၌ ဖြစ်သော်လည်း ဂါလိလဲရှိ တောင် ထိပ်တစ်ခု၌ ထင်ရှားပြသ၍ လောကီ အရပ်ရပ်သို သွားပြီး ထိုဝမ်းမြောက်ဖွယ်ရာ သတင်း တော်ကို ပြောကြားရန် မိန့်တော်မူသည်ကို ရှင်မသဲက ထပ်ဆင့် ဖော်ပြ ထားပါ၏။ (မဿဲ၊ ၂၈း၁၆-၂၀)
(င) ဂါလိလဲအိုင်၌ တမန်တော်တို့အား ထင်ရှား ပြသကြောင်းကို ရှင်ယောဟန်ကလည်း ဖော်ပြထား ပါသေး၏။ ( ယော၊ ၂၁)
(စ) ရှင်ပေါလု၊ ရှင်ယာကုပ်နှင့်တကွ တပည့်တော်ငါးရာ တိုကိုလည်း ထင်ရှားပြသခဲ့၏။ (၁ကော၊ ၁၂း၄-၈)
ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်းသည် စစ် မှန်ကြောင်း သာဓကပေါင်းများစွာဖြင့် ကျွန်တော် ရေးသား ပြုစုခဲ့သော “ကျွန်တော့် အဖြေ” စာမျက်နှာ ၆၇ မှ ၇၈ အထိ သေချာစွာ ရှင်းပြပြီးဖြစ်ပါ၍ ဤနေရာ၌ ထပ်မံ ဖော်မပြလို တော့ပါ။
သိုသော် အဆိုပါ စာအုပ်ထဲ၌ မပါသော အကြောင်းအရာ အချိုကိုသာ ထပ်မံရှင်းပြလိုပါ၏။
ခရစ်ဝင်ကျမ်းတိုတွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ကျမ်းလေးစောင်စလုံးက ဖော်ပြကြရာ၌ ကွဲ ပြားမှုများ ရှိနေခဲ့သည်မှာ မှန်၏။
အချိုသော ဝေဖန်ရေးသမားနှင့် သံသယဝါဒီတိုက ဤမျှ အရေးကြီးလှသော ဖြစ်ရပ်ကြီးကို ခရစ်ဝင်ကျမ်းက ဖော်ပြ ကြရာတွင် ယခုကဲ့သို ကွဲပြားဖိုမသင့်ဟု ဆိုကြသည်။
ဤကိစ္စကို ဖြေဆိုပါမည်
(က) ခရစ်ဝင်ကျမ်းတိုထဲ၌ ဖော်ပြထားသော ရှင်ပြန် ထမြောက်ခြင်းအကြောင်းတိုကို သေသေချာချာ ဖတ်ရှုစိစစ် ကြည့်ပါ။ ကွဲပြား ခြားနားမှုများသည် အသေးအဖွဲမျှသာ ဖြစ်ပြီး “ခရစ်တော်သည် သေခြင်းက ရှင်ပြန် ထမြောက်တော်မူ သည်”ဟူသော အဓိက အချက်ကြီးမှာကား တစ်သမတ်တည်း ရှိနေသည်ကို တွေ့ရပါလိမ့်မည်။
ရှင်ပြန်ထမြောက်ခြင်း အကြောင်း ဖော်ပြပုံ ဤကဲ့သို ကွဲ ပြားခြားနားခြင်းကိုက ထိုကျမ်းများကို ရေးသားပြုစုခဲ့သူ တို၏ ရိုးသားဖြောင့်မတ်မှုနှင့် ရိုးစင်းမှု၊ စိတ်သဘောထား သန့် စင်မှုကို အထောက်အထား ပြုနေပါသည်။
ဖြစ်ရပ်တစ်ခုကို လူနှစ်ဦးတို ပြန်လည်ပြောကြရာတွင် အနည်း နှင့်အများ ကွဲပြားကြမည်မှာ ဓမ္မတာဖြစ်ပါ၏။
အကယ်၍ လူတစ်ဦးက ဖြစ်ရပ်တစ်ခုကို ပြန်လည်ရေးသား ပြောပြရာတွင် လုံးစေ့ပတ်စေ့ တစ်လုံးမကျန်၊ တစ်ချက်မယွင်း နှစ်မျိုးစလုံး ထပ်တူထပ်မျှ ဖြစ်နေပါက သာ၍ပင် မယုံသင်္ကာ ဖွယ် ဖြစ်လာ နိုင်ပါ၏။ နှစ်ဦးသဘောတူ ကြိုတင်ညှိနှိင်းပြီး အကြံတူ ဉာဏ်တူ လုပ်ကြံရေးသားထားကြသည်ဟူ၍ပင် ပြောဆို နိုင်စရာ ဖြစ်ပါလိမ့်မည်။
တစ်ခါက နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးအား သူ၏ ထိုးမြဲလက် မှတ်ကို ဘလောက်လုပ်ရန် စာရွက်ငယ် လေးများပေါ်၌ လက် မှတ် အများအပြားထိုးစေသည်။ ထိုစာရွက်ငယ်လေးများပေါ် တွင် သူကိုယ်တိုင် တစ်ရွက်ပြီးတစ်ရွက် လက်မှတ်ထိုးနေစဉ် လက်မှတ်တစ်ခုနှင့်တစ်ခု အနည်းငယ်မျှလောက် မသိမသာ ကွဲပြားနေသည်ကို တွေ့ရသည်။
ထိုအခါ အဆိုပါ နာမည်ကြီး ပုဂ္ဂိုလ်ကြီးက အနီးရှိ သူ၏ မိတ်ဆွေအား “ထိုးမြဲလက်မှတ်ကို အတုလုပ် ကြောင်း သိချင် ရင် အဲဒီလို လက်မှတ်နှစ်ခုကို ပြတင်းပေါက်မှန်မှာ ဖြစ်ဖြစ်၊ မီးရောင်တစ်ခု၏ ရှေ့မှာထားပြီး ဖြစ်ဖြစ် လက်မှတ်နှစ်ခုကို ထပ် ကြည့်၊ ဒီလက်မှတ်နှစ်ခုစလုံးဟာ တချက် တစ်နေရာကလေးမှ မမှား၊ တစ်သဝေတိမ်း တူပြီး ပကတိ ထပ်တူထပ်မျှ ဖြစ်နေ တာတွေ့ရရင် လက်မှတ်တစ်ခုဟာအမှန်၊ ကျန်တဲ့တစ်ခုဟာ အတု ပဲဟေ့”ဟု ပြောလိုက်တော့၏။
ထိုစကားသည် အလွန်မှန်ပါ၏။ ဆိုလိုရင်းအဓိပ္ပါယ်မှာ လူတစ်ဦး၏ ထိုးမြဲလက်မှတ်များ၌ ပင်လျှင် တစ်ခုနှင့်တစ်ခု မသိမသာ အနည်းငယ်မျှ ကွဲပြားနေမည် ကို သေသေချာချာ စိစစ်ကြည့်လျှင် တွေ့ရမည်ဘာသာကို ဖော် ပြခြင်း ဖြစ်ပါ၏။
ထိုကြောင့် ထိုးမြဲလက်မှတ်၌ဖြစ်စေ၊ ဖြစ်ရပ်တစ်ခုခုကို လူ နှစ်ဦးသုံးဦးက ပြန်လည်တင်ပြရာတွင် တစ်သဝေမတိမ်း ထပ် တူထပ်မျှ တူညီနေပါက ကြိုတင် ညှိနှိင်းစီစဉ်ထားသည်ကိုပင် မယုံသင်္ကာဖွယ်ရာ ဖြစ်လာနိုင်စရာ အကြောင်း ရှိနေပါ၏။
ကျွန်တော်တိုနိုင်ငံ၏ သမိုင်းဝင် အရေးကြီးဖြစ်ရပ်များကို လူသုံးလေးဦးက တသီးတခြား မှတ်တမ်းတင်ကြရာတွင် အ နည်းငယ်မျှ ကွဲပြားမှုတော့ ရှိမည်မှာ သေချာပါ၏။ သိုသော် ထိုကွဲပြားမှုများမှာ အသေးအဖွဲမျှလောက်သာဖြစ်ပြီး အဓိက ကျောရိုးအဖြစ်မှန်ကား တူညီနိုင်ကြပါ၏။
ကျွန်တော်တိုက နှစ်ပေါင်း ၂၀၀၀ ခန့်ကြာပြီးမှ ထိုခရစ် ဝင်ကျမ်းတိုကို ဖတ်ရှုလေ့လာပြီး၊ ယင်းတို၏ အနည်းငယ်ကွဲ ပြားမှုကို ထောက်ပြနေကြပါသည်။ ခရစ်ဝင်ကျမ်းတိုကို သော် လည်းကောင်း၊ ဓမ္မသစ် ကျမ်းကိုသော် လည်းကောင်း ရေးသား မှတ်တမ်းတင်ခဲ့သူများမှာ ဉာဏ်ပညာမဲ့သူများ မဟုတ်ပါ။
ထိုခရစ်ဝင်ကျမ်းတိုကိုလည်း ကနဦး အသင်းတော်သား များ အားလုံးက ဝေမျှ ဖတ်ရှုနေခဲ့ကြပါ၏။ ထိုဖတ်ရှုကြသူ များမှာလည်း အရူးများ မဟုတ်ပါ။ သူတိုကပင် ထိုကွဲပြား လွဲချက်များကို တွေ့ခဲ့ကြမည်မှာ အမှန်ပင်ဖြစ်ပါ၏။
သိုသော် ထိုကွဲလွဲချက်များကို သူတိုက အဘယ့်ကြောင့် လျစ်လျူရှုထားခဲ့ကြသနည်း။
အဘယ့်ကြောင့်ဆိုသော် ထိုကွဲလွဲချက်များမှာ အသေးအဖွဲ မျှသာ ဖြစ်ပြီး အဓိကကျောရိုးအဖြစ်မှန် တည်းဟူသော ယေရှု ၏ ရှင်ပြန်ထမြောက်ခြင်း ဖြစ်ရပ်ကို မထိပါးနိုင်ဟု ယူဆခဲ့ သောကြောင့် ထိုအတိုင်းပင် ထားရှိခဲ့ကြခြင်း ဖြစ်သည်။
(ခ) ခရစ်တော်သည် ကားတိုင်ပေါ်၌ မေ့မျောသွားခဲ့ သည်၊ သင်္ချိုင်းတွင်းသို ရောက်မှသာ သတိပြန်လည်ရပြီး တပည့်တော်များ၊ တမန်တော်များ အကူအညီဖြင့် တိတ်တဆိတ်ထွက် ပြေးသွားခဲ့သည်။ လုံခြုံသောနေရာ၌ တိတ်တဆိတ် ဆေးဝါးကု သပေးပြီးမှ တစ်နေရာသို ထွက်ပြေးရှောင်တိမ်း သွားစေခဲ့သည်။ ကာလအတန်ကြာမှ အလိုအလျောက် သေဆုံးသွားခဲ့သည်ဟု အချိုက ဆိုကြပြန်သည်။
ရှေးဦးစွာ ခရစ်ဝင်ကျမ်းများ အားလုံးက ကိုယ်တော် သည် ဧကန်အမှန် သေဆုံးခဲ့ကြောင်း အတိအလင်း ဆိုထား သည်။ ကိုယ်တော့်ကို ကွပ်မျက်ရန် တာဝန်ယူခဲ့ကြသော ရော မ စစ်သည်တော်များကလည်း ဤကိစ္စကို အလစ်မပေး၊ သေဆုံးကြောင်း ထပ်မံသေချာအောင် နံဘေးတော်ကို လှံဖြင့် အရှိန် ပြင်းစွာ ဆောင့်ထိုးလိုက် သေးသည်။
အကယ်၍ ထိုလှံချက်ဒဏ်ရာဖြင့် မသေခဲ့ရိုးမှန်စေ၊ ကိုယ် တော့်အား အချိန်ကြာမြင့်စွာ ဆေးဝါးကုသ နေရဦးမည်။ ထိုသို မချိမဆံ့ ဝေဒနာခံစားရပြီး သေလုမြောပါး ဖြစ်နေခဲ့ သူတစ်ဦးကို တစ်နေရာ၌ဝှက်ထားကာ “သေခြင်းကိုအောင်သော အရှင်”ဟူ၍ လိုက်လံကြွေးကြော်ကြပါမည်လား။
ခရစ်ယာန်ဘာသာတစ်ခုလုံးသည် မုသာဝါဒ တစ်ခုအပေါ်၌ တည်ဆောက်ပြီး နှစ်ပေါင်းအဓွန့်ရှည်စွာ ခံနိုင်ပါမည်လား။ ကြွေးကြော်သူများကလည်း မုသာတစ်ခုအပေါ် မူတည်ပြီး ခြင်္သေ့စာကျွေးခံရခြင်း၊ ခေါင်းဖြတ်ခံခြင်း၊ မီးရှိခံခြင်း၊ အစာ ငတ်ခံထားသော ခွေးများ ဝိုင်းကိုက်ခံပြီး အသေခံရခြင်း၊ မြင်း ဖြင့် ဒရွတ်တိုက်ဆွဲခံပြီး အသေခံကြပါမည်လား။
(ဂ) ခရစ်တော်သည် ကားတိုင်၌ ဧကန်အမှန် သေဆုံး သော်ငြားလည်း ထိုအလောင်းကို တစ်နေရာသိုယူပြီး မြှုပ်နှံ ကာ “ကိုယ်တော်သည် ရှင်ပြန်ထမြောက်ပြီ”ဟု လိုက်လံကြေ ဌာနေခြင်း ဖြစ်သည်ဟု ဆိုကြပြန်သည်။
အထူးသတိပြုစေလိုသည့် အရေးကြီးသည့် အချက်တစ်ချက် မှာ ရှေးဦးစွာ ကိုယ်တော်၏ နောက် တော်သို လိုက်ခဲ့သော တမန် တော်များနှင့် တပည့်တော်များသည် ပညတ္တိကျမ်းတိုကို အသက် ပေး၍ ဦးထိပ်ထားသော ဂျူးလူမျိုးများ ဖြစ်ကြခြင်းပေတည်း။
သူတိုသည် ပညတ္တိကျမ်းကို အထူးအလေး ဂရုပြုသူများ ဖြစ်ကြသည်။ တရားဟောရာကျမ်း ၂၁း၂၃ တွင် “သစ်ပင် ၌ ဆွဲထားခြင်းကို ခံရသောသူသည် (ဘုရားသခင်၏) ကျိန်ခြင်းကို ခံရသောသူ ဖြစ်၏”ဟု အတိအလင်း ဆိုထားသည် ကို ဂရုပြုပါ။
ဂျူးလူမျိုးတစ်ဦးအဖို ထိုသိုကျိန်ခြင်းကိုခံရပြီးမှ အသက် ထွက်ခဲ့သူတစ်ဦးကို မည်သည့်နည်းနှင့်မျှ “ဘုရားသခင် စေလွှတ်သော မေရှိယ၊ ကယ်တင်ရှင်၊ သေခြင်းကိုအောင်သော အရှင်” ဟူ၍ လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။
ဉာဏ်ပညာ ကြွယ်ဝပြီး ပညတ္တိကျမ်းတိုကို ထုံးလိုမွှေ ရေလို နှောက်နိုင်သော ရှင်ပေါလုအဖိုဆိုလျှင် သာ၍ပင် လက်ခံနိုင် လိမ့်မည် မဟုတ်ပါ။
ရှင်ပြန်ထမြောက်သော ခရစ်တော်ကို သူတိုမြင်ရသောအခါ လူတိုင်းက ပျပ်ဝပ်ကိုးကွယ်ကြသည်ကို သတိပြုပါ။
“လမ်းမှားသွားကြစဉ် ယေရှုသည် ကြိုဆိုတော်မူ၍ သင်တို အား မင်္ဂလာရှိစေသတည်း”ဟု မိန့်တော် မူ၏။ ထိုမိန်းမတို သည် ခြေတော်ကို ဖက်ယမ်းလျက် ပျပ်ဝပ်ကိုးကွယ်ကြ၏။ (မဿဲ၊ ၂၈း၉) တစ်ကျိပ်တစ် ပါးသော တပည့်တော်တိုသည် ဂါလိလဲပြည်သို သွား၍ ယေရှု မှာထားတော်မူသော တောင် ပေါ်သိုတက်ကြလျှင် ကိုယ်တော့်ကိုတွေ့မြင်၍ ပျပ်ဝပ်ကိုးကွယ် ကြ၏ (မဿဲ၊ ၂၈း၁၆) သောမက “အကျွန်ုပ်၏ အရှင်၊ အကျွန်ုပ်၏ ဘုရားသခင် ပါတကား” ဟူ၍ အလွန် ပျက်ဝပ် ကျိုးနွံသောအသံဖြင့် လျှောက်ထားခဲ့သည်။ (ယော၊ ၂၀း၂၈)
သစ်တိုင်၌ ဘုရားသခင်၏ ကျိန်ဆိုခြင်းကို ခံရပြီး သေဆုံး သွားခဲ့သူတစ်ဦးကို အယူဝါဒ ပြင်းထန်လှ သော ဂျူးလူမျိုးတို က အဘယ်နည်းနှင့်မျှ “ပျပ်ဝပ်ကိုးကွယ်”ကြလိမ့်မည် မဟုတ်ပါ။
(ဃ) ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်း ဖြစ်ရပ်မှာ တမန်တော်များက ခရစ်တော်အား “စိတ်ကူးယဉ်သဏ္ဍာန် (Hallucinations) သို့မဟုတ် (Subjective Visions) အားဖြင့်သာ တွေ့ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုကြပြန်သည်။
ရှေးဦးစွာ သတိရသင့်သည့် အချက်တစ်ချက်မှာ တမန်တော် များနှင့် တပည့်တော်တိုသည် စိတ်ကူးယဉ် သမားများမဟုတ် ကြသည့် အချက်ပင် ဖြစ်ပါ၏။ |
စိတ်ကူးယဉ် သဏ္ဍာန်တော်ကိုသာ တွေ့ကြရသည် ဆိုသော် တမန်တော်တို၏ စိတ်နေစိတ်ထား အခြေအနေကို “စိတ်ပညာ သဘောအရ ရှေးဦးစွာ လေ့လာဖို လိုသည်။ | စိတ်ကူးယဉ်သမ္ဗာန်ကို တွေ့ကြရစေရေးအလိုငှာ ရှေးဦး စွာ ထိုသူတိုအဖို “အချိန်” လိုသည်။
သူတို၏ စိတ်နေစိတ်ထားများသည် အရင်ဆုံး ဆေးဆေး တည်ငြိမ် သွားရပေလိမ့်မည်။ ထိုနောက် ခရစ်တော်၏ အဖြစ် အပျက်တိုကို တစ်ခုချင်း ပြန်လည်တွေးတောရခြင်း၊ ရှေးပညတ္တိ ကျမ်းများကို လှန်လှော ဖတ်ရှုပြီး ဆင်ခြင် သုံးသပ်ပြီး ခရစ်တော်သည် အနာဂတ္တိကျမ်းများက ဟောပြောထား သည့်အတိုင်း မှန်ကန်ပါသလားဟူ၍ တဖြည်းဖြည်း သဘော ပေါက်လာပြီးမှသာလျှင် စိတ်ထားများ ပြောင်းလဲလာကြပါ လိမ့်မည်။
ယခုဆိုလျှင် ကြည့်ပါ။ |
ကားတိုင်၌ ကွယ်လွန်သွားခဲ့သော ကိုယ်တော့်ကို မြင် တွေ့ပြီး သူတိုအားလုံး၏ စိတ်သည် တုန်လှုပ် ချောက်ချား သွားခဲ့ကြသည်။ အလွန်မျှပင် ကြောက်ရွံ ထိတ်လန့်နေကြသည်။
အလွန်ဝမ်းနည်း ကြေကွဲနေကြသည်။ ဤသို ဖြစ်ရခြင်းမှာ ယေရှုသည် အကယ်ပင် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း၊ သူ တိုက အသေအချာ တွေ့မြင်သိရှိကြရသောကြောင့် ဖြစ်ပါ၏။
တနင်္ဂနွေနေ့ အရုဏ်တက်ချိန်၌ သင်္ချိုင်းတော်သို သွားကြ သော အမျိုးသမီးများမှာ သေဆုံးသွားပြီဖြစ်သော အလောင်း တော်ကို နံ့သာမျိုးစုံဖြင့် လိမ်းကျံဖိုရန်သာ သွားကြခြင်း ဖြစ်သည်မှာ လုံးဝသံသယမရှိနိုင်။
Apocrypha ကျမ်းပယ်တစ်ခုဖြစ်သော “ရှင်ပေတရု ခရစ် ဝင်ကျမ်း” ၌ “ကိုယ်တော့်ကို အသေသတ် လိုက် ကြသော မပြုနိုင်စေကာမူ သင်္ချိုင်းတော်သိုသွား၍ ထိုသို ယခုပြုကုန်အံ့ ဟု တပည့်တော်များကို ဆိုကြလေ၏” ဟု ရေးသားထားသည် ကို တွေ့ရပါ၏။ (ပေ၊ ၁၂း၅၂) ၊
မာရိရှာဖွေနေသူမှာ အလောင်းတော် ပင် ဖြစ် သည်။ (ယော၊ ၂၀း၁၁-၁၅) တပည့်တော်များ အားလုံး အဖို သူတို၏ မျှော်လင့်ခြင်းသည် ပျက်သုဉ်း သွားခဲ့လေပြီ။ စိတ်ပျက်အားလျော့ခြင်းသည် သူတို၏ နှလုံးသားကို လွှမ်းမိုး နေသည်။ ကြောက်ရွံထိတ်လန့်ခြင်းကလည်း သူတိုအား ချုပ် ကိုင်ထားလျက် ရှိနေပေပြီ။
“ဣသရေလ အမျိုးကို ရွေးနှုတ်အံ့သောသူ ဖြစ်သည်ဟု ငါတိုသည် အထက်က မျှော်လင့်ခဲ့ကြပြီ” သိုသော် ထိုသိုမဟုတ် ကြောင်း ယခုမှ သေသေချာချာ သိကြရလေပြီ တကား (လုကာ၊ ၂၄:၂၁) သူတိုသည် ကြောက်ရွံ ထိတ်လန့် လွန်းလှ သဖြင့် ယုဒလူတိုကို ကြောက်၍ တံခါးများကို ပိတ်ထားလျက် နေခဲ့ကြသည်။ (ယော၊ ၂၀၁၉) ရှင်ပြန် ထမြောက် ပြီဟူသော စကားကို “ဒဏ္ဍာရီ စကားကဲ့သို ထင်မှတ်၍ သူတို သည် လုံးဝမယုံနိုင်ကြ” (လုကာ၊ ၂၄း၁၁) ကိုယ်တော့်ကို မြင်တွေ့ရသည်ကိုပင်လျှင် ကြောက်ရွံထိတ်လန့် နေကြဆဲ ဖြစ် သဖြင့် “တစ္ဆေကို မြင်သည်ဟု စိတ်ထင်နှင့် (ဝမ်းမြောက် ဝမ်းသာဖြစ်ရမည်ထက်) အလွန်ထိတ်လန့် ကြောက်ရွံခြင်းကို ရောက်ခဲ့ကြ၏” (လုကာ၊ ၂၄း၃၇+)
သူတိုသည်လည်း အလွန်ဝမ်းနည်းကြေကွဲနေကြလျက် စိတ် ပျက်အားလျော့လျက်၊ စိတ်ပညာ သဘောအရ ပြောရလျှင် ထိတ်လန့်တုန်လှုပ် Mentally Shock ဖြစ်နေကြသည်။
ရှင်ပေတရု ခရစ်ဝင်ကျမ်းထဲတွင် ရှင်ပေတရု ကိုယ်တိုင်က “ငါနှင့်တကွ ငါ၏အပေါင်းအဖော်တိုသည် အလွန်ပင်ကြေကွဲ လျက်ရှိခဲ့ကြသည်။ ငါတို၏ စိတ်ထားတိုသည် နာကြည်းချက် ရှိကြရသည်။ တတ်နိုင်လျှင် ပုန်းအောင်းလျက် နေလိုကြ၏”ဟု ဆိုခဲ့သည် (ပေ၊ ၇း၂၆)
ထိုအပြင် ရှင်ပေတရု ခရစ်ဝင်ကျမ်းက တပည့်တော်တို သည် ငိုကြွေးလျက် သူတို၏ တံငါ လှေများရှိရာသို ပြန်သွားကြ သည်ဟု ဆိုခဲ့သည်။ ထိုအကြောင်းကိုလည်း ယော၊ ၂၁ တွင် အရိပ်အမြွက် ပြောပြထားပါ၏။ (ပေ၊ ၁၃း၅၉၊ ၆၀၊ ယော၊ ၂၁း၃)
ထိုကြောင့် အထက်ပါ အခြင်းအရာအားလုံးကို ချင့်ချိန် ကြည့်လျှင် ထိုသိုသော အချိန်အခါမျိုး၌ ယေရှုခရစ်တော်၏ “စိတ် ကူးယဉ်သဏ္ဍာန်”မျိုးသည် သူတို၏ စိတ်ထဲ၌ ပေါ်ပေါက်လာပြီး သူတို၏စိတ် ပြောင်းလဲသွားကာ ရုတ်ခြည်း ဝမ်းသာအားရ ဖြစ်ပေါ်လာနိုင်မည့် အခြေအနေမျိုး မရှိနိုင်ပါ။ |
အချိန်ကြာညောင်းစွာ စဉ်းစားဆင်ခြင်ပြီး ပညတ္တိကျမ်း၊ ဂျူးတို၏ သမိုင်းစဉ်ကို လှန်လှောကြည့် ပြီးမှသာလျှင် ထိုသို သော စိတ်ကူးယဉ်သဏ္ဍာန်တော်မျိုး တဖြည်းဖြည်း ပေါ်ပေါက် လာနိုင်ပါသည်။
သိုသော် အသေခံတော်မူပြီး သုံးရက်အတွင်း သူတို၏ ကြောက်ရွံ ထိတ်လန့်ကြေကွဲ ဝမ်းနည်းနေရာမှ ရုတ်တရက် ပြောင်းလဲသွားနိုင်ရန် မဖြစ်နိုင်ပါ။ စိတ်ကူးယဉ်သဏ္ဍာန်တော် ကိုလည်း ထိုသိုသော စိတ်နေစိတ်ထား အခြေအနေမျိုး၌ သုံး ရက်အတွင်း မပေါ်ပေါက်လာနိုင်ကြောင်း စိတ်ပညာသဘော ဖြင့် ချိန်ထိုးဆင်ခြင်ကြည့်နိုင်ရန် တင်ပြလိုပါ၏။
(င) ခရစ်ဝင်ကျမ်းတို၌ ဖော်ပြထားချက်နှင့် ဓမ္မသစ်ကျမ်း ပယ်များတွင် ဖော်ပြထားချက်တိုကို နှိင်းယှဉ်ကြည့်ခြင်း။ ဤအချက်သည်လည်း အထူးအရေးပါလှသည်။ ခရစ်ဝင်ကျမ်း တိုထဲ၌ ရှင်ပြန်ထ မြောက်ခြင်းအကြောင်း ဖော်ပြရေးသားထား ကြပုံမှာ အကြီးအကျယ် ဖွဲ ဖွဲနွဲနွဲ ထင်ထင်ရှားရှား ဖော်ပြထား ခြင်းမရှိ၊ အလွန်ပင်ရိုးစင်း၊ အေးဆေးတည်ငြိမ်၊ ရင့်ကျက်စွာ ဖော်ပြရေးသားထားသည်ကို သတိပြုကြည့်ပါ။
စကားလုံးတိုမှာ ကျစ်လစ်သိပ်သည်းသည်။ မိမိတို၏စိတ်ကို ချိုးနိုင် မျိုသိပ်တည်ကြည်အေးဆေးစွာ ဖော်ပြရေးသားထား သည်ကို တွေ့ရပါလိမ့်မည်။
ကျမ်းပယ်ခရစ်ဝင် ကျမ်းများနှင့် “ပိလတ်မင်း၏ လုပ် ဆောင်ချက်များ” တိုတွင်မူကား ထိုဖြစ်ရပ်ကို အကြီးအကျယ်ဖွဲနွဲရှည်လျား ပြည့်စုံစွာ ရေးသားဖော်ပြထားသည်ကို တွေ့ရ ပါ၏။
“ပိလတ်မင်း၏ လုပ်ဆောင်ချက်များ”ဟူသော ကျမ်းအ ခန်းကြီး ၂၃ တွင်၊ ကျောက်တုံးကြီးများ လိမ့်သွားချိန်မှာ ညသန်း ခေါင်ဖြစ်ကြောင်း ကောင်းကင်တမန်တိုက လျှပ်စီးလက်သကဲ့သို တဝင်းဝင်း သက်ဆင်းလာသည်ကို အမျိုးသမီးများက တွေ့ရ ကြောင်း ပါရှိ၏။ ရှင်ပေတရု ခရစ်ဝင်ကျမ်းတွင်လည် မိုးချုန်း သံကြီး ဖြစ်ပေါ်လာပြီး ကောင်းကင်မှ ပုဂ္ဂိုလ်နှစ်ဦးသည် အရှိန်အဝါ ထွန်းတောက်စွာဆင်းလာလျက် သင်္ချိုင်းတော်သို သွားကြသည်ကို မြင်ရကြောင်း၊ ပိတ်ဆိုထားသော ကျောက် တုံးကြီးမှာ လိမ့်သွားပြီး ထိုပုဂ္ဂိုလ်နှစ်ဦးသည် သင်္ချိုင်းတော် တွင်းသို ဝင်သွားကြောင်း။ ထိုနောက်မှ ခရစ်တော်လည်း ထို ပုဂ္ဂိုလ်နှစ်ဦးနှင့်အတူ သင်္ချိုင်းတွင်းမှ ထွက်လာသည်ကို တွေ့ရကြောင်း၊ သင်္ချိုင်းတော်ကို စောင့်နေသူများသည် ကြောက်ရွံ ထိတ်လန့် မိန်းမောတွေဝေသွားကြကြောင်း စသည်ဖြင့် ရှည် လျားစွာ ရေးသားဖော်ပြထားပါ၏။ (ပေ၊ ၉း၃၅-၄၂)
လက်တင်စကားဖြင့် ရေးသားထားသော Codex Bobbiensis (K) တွင်လည်း “ထိုအခါ တစ်လောကလုံး၌ အမှောင် ကြီး ကျရောက်လာပြီး ကောင်းကင်ဘုံမှ ကောင်းကင်တမန် များ ဆင်းသက်လာကြကုန်သည်။ သူတိုသည်လည်း ယေရှုနှင့် အတူကောင်းကင်သို တက်ကြွသွားသည့် အခါမှ အလင်းရောင် သည် ပြန်လည်ပေါ် ထွက်လာ၏”ဟု ရေးသားထားသည်။
ထိုကျမ်းပယ်များတွင် ရေးထားသော ဖြစ်ရပ်တိုနှင့် နှိင်း စာကြည့်မှသာ ကျမ်းဝင် ခရစ်ဝင်ကျမ်းတိုတွင် ဖော်ပြထားသော ရှင်ပြန်ထမြောက်ခြင်း ဖြစ်ရပ်တိုမှာ ရိုးစင်းတည်ငြိမ် ရင့်ကျက်နေကြောင်းကို အံ့သြစွာ တွေ့ရှိလာ ရပါသည်။
ထိုကြောင့် ခရစ်ဝင်ကျမ်းတို၌ ရေးထားသမျှတိုသည် ဖွဲ နွဲ တိုးချဲ့၊ လွန်ကဲ၍ မရေးထားကြောင်းကို တွေ့ရလေလေ ဒဏ္ဍာ ရီ ပုံပြင်မဆန်၊ စိတ်ကူးယဉ်ရေးဟန် မဟုတ်ကြောင်းကို ပိုမို တွေ့ရှိလာလေလေ ဖြစ်သည်။ အံ့ဖွယ်ရာများ တစ်ခုပြီးတစ်ခု ထပ်ဆင့်မရေးသားထားကြောင်းကို သိသာလာရလေလေ ပိုမို၍ ယုံကြည်စိတ်ချစရာ ကောင်းလာကြောင်း တွေ့ရပါ၏။
ထိုကြောင့် ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော ဖြစ်ရပ်ကြီး တစ်ခုလုံးကိုခြုံ၍ ကြည့်ရှုဆင်ခြင် ကြည့်ပါလျှင် ထိုအချိန်၌ အလွန်ထူးခြား အံ့ဩဖွယ်ရာတစ်ခုသည် ဖြစ်ခဲ့သည်မှာ သေချာ နေသည်။
ထိုဖြစ်ရပ်ကြီးကြောင့်လည်း “ခရစ်ယာန်အသင်းတော်” ဆိုသည်မှာ ဤကမ္ဘာပေါ်တွင် ပေါ်ပေါက်လာခဲသည်။
ခရစ်ယာန်အသင်းတော် ဖြစ်ပေါ်လာရခြင်းကိုက ပင်လျှင် အလွန်အံ့ဖွယ်ရာ ကောင်းလှသော “သာဓကကြီးတစ်ရပ်”ပင်ဖြစ် နေပါ၏။
အကယ်၍သာ တမန်တော်နှင့် တပည့်တော်တို အားလုံး၏ စိတ်ထဲ၌ ယေရှုသည် သေခြင်းကို အောင်မြင်ပြီး ရှင်ပြန်ထမြောက်လျက် ကာလစဉ်ဆက် အသက်ရှင်နေသည်ကို သေချာ လုံလောက်၍ ခြွင်းချက်မရှိဘဲ မယုံကြည်နိုင်ခဲ့ပါလျှင် “ခရစ် ယာန်အသင်းတော်”ဟူ၍ ယနေ့ပေါ်ပေါက်နေစရာ အကြောင်း မရှိပါ။
ကားတိုင်၌ မရှုမလှ အသေခံခဲ့ရရှာသော ယေရှုကို တွေ့မြင် ကြရပြီး မျှော်လင့်ရာကင်းမဲ့၊ ကြောက်ရွံထိတ်လန့် စိတ်ပျက် ဝမ်းနည်းနေသော လူတစ်စုသည် များမကြာမီ သူတိုကိုလည်း သတ်ဖြတ်ကြ တော့မည်ကို စိုးရိမ်ကြောက်ရွံလွန်းလှသဖြင့် ဂါလီ လဲနယ်ထဲသို ပြန်လည်ထွက်ပြေး၍ ယခင်က ပြုလုပ်နေခဲ့ကြ သော အသက်မွေးဝမ်းကြောင်း လုပ်ငန်းတိုကို ပြန်လည်လုပ် ကိုင်ကြပေတော့မည်။
ကရာနီ ကုန်းတော်ပေါ်၌ ပေါ်ပေါက်လာခဲ့သော ဖြစ်ရပ် ကြောင့် သူတိုသည် ကြောက်ရွံ၊ စိတ်ပျက် အားလျော့ထွက်ပြေး တိမ်းရှောင် ခဲ့ကြသည်။ သိုသော် (၇)ပတ်ခန့်ကြာသော် ပင်တေကုတ္တေပွဲတော် နေ့၌ထိုကြောက်ရွံ ထိတ်လန့်စိတ်ပျက်နေခဲ့ ကြသော လူများသည် အလွန်ရဲရင့်သော စိတ်ထား၊ အကြွင်းမဲ့ ယုံကြည်စိတ်ချနေသော သဘောထား၊ မျှော်လင့်ခြင်းအပြည့် အဝဖြင့် ဆန်ဟီဒရင် လွှတ်တော်သာမက လူထုကြီးတစ်အုပ် လုံးကိုပင် သတ္တိရှိရှိ ရင်ဆိုင်ပြောကြတော့၏။
“ကြောင်းကျိုးနိယာမတရား”အရ ကြီးစွာသော “အကျိုး” ဖြစ်လာပါစေရန် အလားတူ ကြီးစွာသော အရင်းခံ “အကြောင်း” ရှိရမည်သာ ဖြစ်သည်။
ထိုသို ကြီးစွာသော ပြောင်းလဲမှုကြီး တည်းဟူသော “အကျိုး” ပေါ်ပေါက်လာစေရန် တစ်ခုတည်းသော အရင်းခံ အကြောင်း”မှာ သူတို၏ သခင်ဘုရားသည် ရှင်ပြန်ထမြောက် ကြောင်း “အသေအချာ စိတ်ချယုံကြည် သောကြောင့် ပေ တည်း။
လွန်ခဲ့သော (၇)ပတ်က သူတိုသည် စိတ်ပျက်အားလျော့၍ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြသည်။ သူတိုမြင်ခဲ့သော အိပ်မက် ဆိုးကြီးကို မေ့ပစ်လိုက်လိုကြသည်။ ထိုအတိုင်းသာ ဆက်လက် ဖြစ်နေခဲ့လျှင် ယနေ့ “ခရစ်ယာန်အသင်းတော်” ဆိုသည်မှာ လုံးဝရှိနိုင်မည် မဟုတ်ပါ။
သိုသော် ယခုဆိုလျှင် သူတိုသည် ယေရှုခရစ်တော်အတွက် တစ်ကမ္ဘာလုံးကိုပင် “မှောက်လှန်” ပစ်ခဲ့ကြ၏။ လောကီ အရပ် ရပ်သိုသွားပြီး ထိုသတင်းကောင်းကို ကြေညာခဲ့ကြခြင်းကြောင့် လည်း ခရစ်ယာန် အသင်းတော်သည် ကြီးထွားလာခဲ့ရခြင်း ဖြစ်သည်။
ထိုသိုဖြစ်နိုင်ရခြင်း၏ အရင်းခံတစ်ခုတည်းမှာ ယေရှုခရစ် တော်သည် အသက်ရှင်လျက်ရှိကြောင်း ခြွင်းချက်မရှိ ယုံကြည် စိတ်ချခဲ့ကြသောကြောင့် ဖြစ်ပါ၏။
ရှင်ပေတရုကို ကြည့်ပါ။
မိမိကိုယ်ကို အလွတ်ရုန်းလိုသော စိတ်ထားဖြင့် သခင်ဘုရား ကို မကြာမီကလေးကပင် ငြင်းပယ်ခဲ့ သည်။ (မာကု၊ ၁၄း ၆၆-၇၂) (၂)လခန့်ကြာသော် ထိုရှင်ပေတရုကပင် ရင်ကော့ ပြီး ဆန်ဟီဒရင်လွှတ်တော်ကို ရဲရဲရင်ဆိုင် စိန်ခေါ်ခဲ့တော့ သည်။ (တမန် ၄ ကို ကြည့်ပါ)။
ထိုသို ရုတ်ချည်း ပြောင်းလဲ သွားမှုအတွက် အရင်းခံ အကြောင်းကြီး တစ်ခုမှာလည်း ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို သူကိုယ်တိုင်က ရဲရဲယုံကြည်ခြင်းက လွဲ၍ အခြားဘာမျှ မရှိပါ။
တမန်တော်ဝတ္ထုကို ရှင်ပြန် ထမြောက်ခြင်းနှင့် ပတ်သက် သော ခရစ်ဝင်ကျမ်းဟု ခေါ်လေ့ရှိသည်မှာ မမှားပါ။ ထို ကျမ်းထဲရှိ တရားဒေသနာ အားလုံးကို ဖတ်ရှုကြည့်လျှင် သခင် ယေရှု၏ ရှင်ပြန် ထမြောက်ခြင်း အကြောင်း မပါသော၊ ထိုရှင်ပြန်ထမြောက်ခြင်းကို မဏ္ဍိုင်ပြု၍ မထားသော ဒေသနာ ဟူ၍ လုံးဝမရှိချေ။ (တမန်၊ ၂:၂၄၊ ၃၂၊ ၃း၁၅၊ ၂၆း ၄-၁၀၊ ၃၃။ ၅း၃၀၊ ၁၀း၄၀။ ၁၃း၃၀၊ ၃၄။ ၁၇း၃၁+ တိုကို အသေအချာ လေ့လာကြည့်ပါ)။
ခရစ်ယာန် ဘာသာအတွက် ရှင်ပြန်ထမြောက်ခြင်း ဖြစ် ရပ်ကြီးသည် အလွန်ပင် ထွန်းလင်း တောက်ပသော ကြယ် ကြီးတစ်လုံးပေတည်း။
ခရစ်တော်သည် သေခြင်းကိုအောင်၍ ရှင်ပြန်ထမြောက် ခြင်းသာမက၊ ဆက်လက် အသက်ရှင်နေပြီး ခွန်အားပေး ထိန်းသိမ်း စောင့်ရှောက် လမ်းပြခြင်း အားဖြင့်လည်း ခရစ် ယာန် အသင်းတော်သည် ယခုကဲ့သို ဆက်လက်တည်တံ့၍ အဓွန့်ရှည်လာ နေနိုင်ခြင်းပင် ဖြစ်သည်။
ခရစ်ယာန်အသင်းတော် ရပ်တည်နေခြင်းအားဖြင့် ရှင်ပြန် ထမြောက်ခြင်းကို မယုံကြည်ရန်ထက် ပို၍ ယုံကြည်စရာ အကြောင်းများစွာ ဖြစ်ပေါ်လာနေသည်။
မုသာစကားကြောင့် သော်လည်းကောင်း၊ စိတ်ကူးယဉ် ကိစ္စတစ်ခုကြောင့် သော်လည်းကောင်း ခရစ်ယာန် အသင်း တော်သည် နှစ်ပေါင်း ၂၀၀၀ မပြောပါနှင့်၊ ၁၀ နှစ် ၁၅ နှစ် မျှနှင့်ပင် ကွယ်ပျောက်သွားစရာ အကြောင်းရှိပါ၏။
ရှင်ပြန်ထမြောက်ပြီးနောက် မိမိကိုယ်ကို ထင်ရှား ပြသ သည့် ပထမဦးဆုံးသော စာရင်းကို ၁ ကော၊ ၁၅း၃+၈ ထဲ တွင် တွေ့နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ကောရိပထ မစောင်သည် ခရစ်ဝင်ကျမ်းတိုထက် အရင်ရေးသား ပြုစုခဲ့ သောကြောင့် ဖြစ်၏။ |
ထိုစာရင်းထဲတွင် “ရှင်ပေါလု” လည်း ပါဝင်နေသည်။ “နောက်ဆုံး၌ အချိန်မတော်မတန် ဖွားသော သူကဲ့သို ဖြစ် သောငါပင် မြင်ရ၏” ဟု ဆိုသည်။ (၁ ကော၊ ၁၅း၈)
ထိုကြောင့် ရှင်ပေါလုက ရှင်ပြန်ထမြောက် သော ယေရှု ကို မြင်တွေ့ခဲ့ရခြင်းမှာ ရှင်ပေတရု၊ တမန်တော်များ၊ လူပေါင်း (၅၀၀)နှင့် ရှင်ယာကုပ်တိုက မြင်ကြရပုံနှင့် အတူတူပင် ဖြစ် ကြောင်း ထင်ရှားပေါ်လွင်သည်။ “ငါပေါလုသည် ကျွန် မဟုတ်၊ လူလွတ်ဖြစ်သည် မဟုတ်လော၊ တမန်တော် ဖြစ် သည်မဟုတ်လော၊ ငါတိုသခင် ယေရှုခရစ်ကို မြင်ရပြီမဟုတ် လော”ဟူ၍ပင် သူကမေးခဲ့သည်။ (၁ ကော၊ ၉း၁) ၊
ရှင်ပေါလုကို ခရစ်တော်က ထင်ရှားပြသခြင်းတိုမှာ အသေ ခံတော်မူပြီးနောက် (၃)နှစ်ခန့်အကြာတွင် ဖြစ်၏။ ထိုသိုထင်ရှား ပြသခြင်းမှာလည်း ပထမဦးဆုံးသော အီစတာပွဲတော်နေ့ဟု ခေါ်ရမည့်နေ့၏ နောက်ပိုင်း၌ ဖြစ်ရပေလိမ့်မည်။
ကိုယ်တော်သည် ရှင်ပြန် ထမြောက်ပြီးနောက် ဆက်လက် အသက်ရှင်နေသောကြောင့်သာလျှင် ရှင်ပေါလုအား ဒမာသက် လမ်း၌ ထင်ရှားပြသခဲ့သည် (တမန်၊ ၉း၁-၉၊ ၂၂း၁-၁၆၊ ၂၆း ၁၃-၁၉)။ ထိုနည်းတူ သတေဖန်ကိုယ်တိုင်လည်း မြင်ခဲ့ရသည်။ (တမန်၊ ၇း၅၅) ဒမာသက်မြိုရှိ အာနနိကလည်း မြင်ခဲ့ရ၏။(တမန်၊ ၉း၁ဝ-၁၆) ရှင်ပေါလှအား မကြောက်ရန်နှင့် ဧဝံ ဂေလိတရားကို ဆက်လက်ပြောရန် အားပေးသည့် အခါတွင် လည်း ခရစ်တော်က ရှင်ပေါလုထံ ကြွလာခဲ့သေးသည်။ (တမန်၊ ၁၈၉-၁၈) သခင်ဘုရားသည် ရှင်ပေါလုအနား၌ ပေါ်လာ ၍ ယေရုရှလင်မြို၌ သူသည် သက်သေခံသည့်နည်းတူ ရောမမြို၌ လည်း သက်သေခံရလိမ့်မည်ဟု မိန့်တော်မူခဲ့ပြန်ပါသေးသည်။ (တမန်၊ ၂၃း၁) ၊
တမန်တော်များ၊ ကနဦးအသင်းတော်က တပည့်တော်များ ကိုသာ ကိုယ်တော်သည် မိမိကိုယ်ကို ထင်ရှားပြသခဲ့သည်မဟုတ် သေးပါ။
ဥပမာ အနည်းငယ်မျှကို ပြပါဦးမည်။
၁၂ ရာစုနှစ် (၁၁၈၂-၁၂၂၆) အတွင်း အသက်ရှင်ခဲ့သော အစီစီမြိုက ရှင်ဖရန်စစ်ထံသိုလည်း ကြွလာပြီး ထင်ရှားပြသခဲ့ သေးသည်။ ရှင်ဖရန်စစ်က လမ်းသွားရင်း ခရစ်တော်ကို အနူ တစ်ဦးကဲ့သို မြင်တွေ့ခဲ့ရသဖြင့် မြင်းပေါ်ကဆင်းပြီး ကိုယ်တော့် ကို ဖက်ရမ်းနမ်းရှုပ်ခဲ့သည်။ ထိုဖြစ်ရပ်၏နောက်ပိုင်း၌ ရှင်ဖရန် စစ်သည် အနူရောဂါသည်များကို အသက်ထက်ဆုံး ပြုစုစောင့် ရှောက်ခဲ့တော့၏။
၁၃ ရာစုနှစ်က အသက်ရှင်ခဲ့သည်။ Ramon Lull ခေါ် အာဖ ရိကမြောက်ပိုင်း သာသနာပြု ဆရာကြီး သည်လည်း ကိုယ်တော့် ကိုဖူးမြင်ခဲ့ရသေးသည်။ ထိုပုဂ္ဂိုလ်ကြီးသည် ဘုရင်များ၏ နန်း တွင်းမင်းခစား၊ ဘဏ္ဍာတော်စိုးတစ်ဦးအဖြစ် ကြွယ်ဝချမ်းသာ၊ စည်းစိမ်ရှိရှိ နေခဲ့သူဖြစ်၏။ ခရစ်တော်သည် သူ့ထံသို ကားတိုင် ကိုထမ်းပြီး တစ်နေ့ရောက်လာကာ ရေမန်းလား(လ်)၏ လက်ထဲသို ကားတိုင်အပ်လျက် “ငါ့အတွက် ဒီကားတိုင်ကိုထမ်းပါကွာ” ဟု မိန့်တော်မူသည်။ သူက ငြင်းပယ်သည်။ ကိုယ်တော်သည် သူ့ထံသို သုံးကြိမ်တိုင် တိုင် ကြွလာခဲ့ပြီး တတိယအကြိမ် သူ၏ လက်ထဲသို အပ်ပြန်သောအခါမှ သူက လက်ခံခဲ့လေသည်။ ထိုအချိန်မှ စ၍ ရေမန်လား(လ်)သည် စည်းစိမ်ဥစ္စာရှိရှိသမျှကို စွန့်ကာ အာဖရိကပြည် မြောက်ပိုင်း၌ သာသနာပြုလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ပြီး သာသနာပြုဘဝဖြင့်ပင် ကွယ်လွန်ခဲ့၏။
စကော့တလန်ပြည်ရှိ ဓမ္မဆရာတစ်ပါးဖြစ်ခဲ့သူ အေ၊ ဂျေ၊ ( ဂေါဆစ်(ပ်) A.J. Gossip ဆိုသူကလည်း သူ၏ ဘုရားရှိခိုး ကျောင်းအတွင်း၌ ကိုယ်တော့်ကို ဖူးမြင် တွေ့မြင်ခဲ့ရကြောင်း သက်သေခံခဲ့ပါသေးသည်။ ထိုဓမ္မဆရာကြီးသည် သူတော်စင် သူတော်ကောင်းကြီးတစ်ဦး ဖြစ်သည့်အားလျော်စွာ သူ၏သက် သေခံချက်ကို တစ်စုံတစ်ယောက်ကမျှ သံသယ မရှိခဲ့ပါ။ ခရစ်တော်ကို ယနေ့တိုင် မျက်ဝါးထင်ထင် ဖူးမြင်ကြရသူ မြောက်မြားစွာရှိသေး၍ ထိုစာရင်းကို ဖော်ပြရလျှင် ကုန်ဆုံး နိုင်မည် မထင်ပါ။ သိုကြောင့် မေးခွန်းတစ်ခုသာ မေးစရာ ကျန်ပါတော့သည်။
ရှင်ပြန်ထမြောက်သော ခရစ်တော်နှင့် ကာလစဉ်ဆက် အသက်ရှင်လျက်ရှိသော ခရစ်တော်တို ဘာခြားနားပါသနည်း။
ရည်ရွယ်ချက်အားဖြင့်သာ ခြားနားပါ၏။
အသေခံတော်မူပြီးနောက် မိမိကိုယ်ကို ထင်ရှားပြသခြင်း က သေခြင်းကို အောင်သော အရှင်ဖြစ်ကြောင်း သာဓကပြ ခြင်းပင် ဖြစ်ပါ၏။ ကားတိုင်သည် ယေရှုခရစ်တော်၏ အမှုတော်လုပ်ငန်းကြီး၏ အဆုံးမဟုတ်၊ အစမျှသာ ဖြစ်သေးသည် ကို တပည့်တော်တိုအား ဖော်ပြခြင်းပင် ဖြစ်သည်။
ထိုနောက် ခေတ်အဆက်ဆက်ရှိ သူတော်စင် တစ်ဦးပြီး တစ်ဦးကို ထင်ရှားပြသနေခြင်း က “အသင်းတော် ကိုလည်း ကောင်း၊ ထိုသူတိုကိုလည်းကောင်း” ချီပင့်ထောက်မခြင်း၊ ခွန်အားပေးခြင်း၊ အသစ်ပြုပြင်ခြင်း၊ ဆက်လက် တည်တံ့ ခိုင်မြဲရန် တွန်းအားပေးရေးအတွက် ဖြစ်၏။
ကိုယ်တော့်ကို ချစ်သောသူ၊ ယုံကြည်သော သူများကို ထင်ရှားပြသခဲ့ပြီး ယနေ့တိုင်အောင်လည်း ထင်ရှား ပြသဆဲ ဖြစ်ပါ၏။
ဓမ္မပညာရှင်၊ ဂီတစာဆို၊ ဆရာဝန်၊ သာသနာပြုဆရာ ကြီးတစ်ဦးဖြစ်ခဲ့သူ အယ်(လ်)ဘက်၊ ဆွိက်ဇာ ရေးသားပြုစု 6* The Quest of The Historical Jesus ၏ စာ မျက်နှာ ၄၀၀ တွင် ရေးသားထားသော နောက်ဆုံး နိဂုံး စကားကို ကျွန်တော် အလွန်ကြိုက်နှစ်သက်လှပါသည်။ ။
ကိုယ်တော်သည် ရှေးကနည်းတူ ကျွန်ုပ်တိုထံ ကြွလာဆဲပင် ဖြစ်သည်။ မထင်ရှားသူတစ်ဦးကဲ့သိုလည်း ကောင်း၊ အမည်နာမ မရှိ သူ တစ်ဦးကဲ့ သို လည်းကောင်း၊ ကြွလာဆဲဖြစ် သည်။ “ငါ့နောက်သို လိုက်လော့ ”ဟူသော ယခင်စကား မျိုးကိုပင် မိန့်ဆိုလျက်၊ ကျွန်ုပ်တိုခေတ်၌ ဆောင်ရွက် စရာ လုပ်ငန်း တာဝန်များကို ပေးနေဆဲ ဖြစ်၏။ ကိုယ်တော်သည် အမိန့်တော်ပေးလျက် ရှိနေသေးသည်။ ပညာရှိ၊ ပညာမဲ့သူ ဖြစ်ပါလေစေ၊ ကိုယ်တော်၏ စကားတော်ကို နားထောင်ကလည်း ထိုစကားကို လက်ခံခဲ့ပါ၏။
(ခ) (Epistate) ဟူသောစကား။ ဤစကားသည် ဂရိ ၀ကားဖြစ်ပြီး ရှင်လုကာတစ်ဦးတည်းကသာ အသုံးပြုသည်ကို တွေ့ရှိ ရပါ၏။ ရှင်လုကာသည် တစ်ပါးအမျိုးသား ဖြစ်သည့် အားလျော်စွာ ဂျူးတို၏ “ရဗ္ဗိ” ဆိုသော စကားလုံးအစား၊ ဤစကားကို အသုံးပြု ခဲ့ခြင်းဖြစ်သည်။ ရှင်လုကာ ခရစ်ဝင်ထဲတွင် ဤစကားသည် (၆) ကြိမ် ပါရှိပြီး (၅)ကြိမ်မှာ ကိုယ်တော့်အား တပည့်တော်များက ခေါ် ကြပြီး ကျန် (၁)ကြိမ်မှာ အနူတစ်ဦးက သူ၏ ရောဂါကို ကုသရန်တောင်းလျှောက်စဉ်က ခေါ်ဆိုသည်။ (လုကာ၊ ၅း၅။ ၈း၂၄-၄၅။ ၉း၃၃-၄၈။ ၁၃ တိုတွင် ထိုစကား ပါရှိပြီး ဆရာယုဒသန်က “သခင်”ဟူ၍ မြန်မာပြန်ထားပါသည်)။
ဂရိတို၏ စကားတွင် ကျောင်းအုပ် တစ်ဦးကိုလည်းကောင်း၊ တပ်မတော် ဗိုလ်လောင်းများကို အုပ်ချုပ် သွန်သင်ရသူတစ်ဦးကို လည်းကောင်း ခေါ်ဝေါ်ကြသည် (Ephebi)ဟူသော စကားမှ လာသည်။ (Epistates) ဆိုသူ၏ တာဝန်တိုကို ဆိုရသော် “လူငယ်တိုင်း ကျင့် ဝတ် ပါရမီကောင်းများ ရရှိလာရန်မက၊ ယောက်ျား ပီသသော လူကြီးများ ဖြစ်လာစေရေးအတွက် လမ်းမှန်သိုရောက်ရန် သွန်သင် ဆုံးမနေသူတစ်ဦး” ဟူ၍ ဆိုရပါမည်။ ဤနေရာတွင်လည်း ယေရှု အား တပည့်တော်များကို ယင်းသို ခေါ်ကြခြင်းကို ကိုယ်တော်တိုင်က လက်ခံတော်မူခဲ့သည်။
(ဂ) (Didaskalos) ဟူ သော စကား။ သာမန် ဆရာ တစ်ဦးကို ခေါ်လေ့ရှိသော ဂရိစကားလုံး တစ်လုံးဖြစ်ပါ၏။ ခရစ် ကျမ်းတို၌ ထိုစကားကို အကြိမ်ပေါင်း (၃၀)ထက်မနည်း သုံးခု စကားမှာ နာမ်ဖြစ်ပြီး၊ ၎င်း၏ ကြိယာမှာ (Didaskein) “သွန်သင်ရန်” ဟူသော အနက်ရှိသည်။
လူမျိုးပေါင်းစုံက ကိုယ်တော့်ကို ဤစကားလုံး အသုံးပြုပြီး ခေါ်ဝေါ်ကြသည်။ တပည့်တော်များက ခေါ်ကြသည်။ (မာကု၊ ၄း၃၈။ ၁၀း၃၅။ ၁၃း၁ တွင် ထိုမူရင်းဂရိစကား ပါရှိပြီး ဆရာယုဒသန်က “အရှင်ဘုရား” ဟု မြန်မာပြန်ထားပါသည်။) ဖာရိတိုက ခေါ်ကြသည်။ မဿဲ၊ ၉း၁၁ တွင် ဆရာယုဒသန်က “ဆရာ”ဟု မြန်မာပြန်ထားပြီး မာကု၊ ၁၂း၁၄တွင်မူ “အရှင်ဘုရား ́ဟု မြန်မာ ပြန်ထား သည်။ ဇဒ္ဒုကဲတိုကလည်း ခေါ်သည်။ (မာကု၊ ၁၂း၁၉ တွင် ဆရာ ယုဒသန်က “အရှင်ဘုရား ́ဟူ၍ မြန်မာပြန်ထားသည်။)
ကိုယ်တော့်ထံမှ လမ်းပြမှုနှင့် သွန်သင်မှုကို ရယူရန် လာ ကြသော လူပေါင်းများစွာကလည်း ခေါ်ခဲ့ကြသည်။ မာကု၊ ၉း၁၅ တွင် ဆရာယုဒသန်က “အရှင်ဘုရား’ ဟူ၍လည်းကောင်း၊ ၁၀း၁၅ တွင် “ကောင်းမြတ်သောဆရာ” ဟူ၍ လည်းကောင်း၊ လုကာ၊ ၈း၄၉ တွင် “ဆရာ ́ဟူ၍လည်းကောင်း၊ ၁၂း၁၃ တွင် “အရှင်ဘုရား” ဟူ၍ လည်းကောင်း မြန်မာပြန်ထားပါ၏။
ခရစ်ဝင်ကျမ်းများကို ကြည့်လိုက်လျှင် ကိုယ်တော်သည် အခြေအနေမျိုးစုံ ၊ နေရာမျိုးစုံတို၌ ဆရာတစ်ဦးကဲ့သို သွန်သင် ဆုံးမခဲ့ကြောင်း တွေ့ရပါလိမ့်မည်။ တရားဇရပ်များတွင်လည်းကောင်း၊ ဗိမာန်တော်ထဲတွင် လည်းကောင်း၊ မြိုထဲ ရွာထဲ၊ ပင်လယ်ကမ်းနား၊ တံငါလှေပေါ် လမ်းမပေါ်တွင် တပည့်တော်များကိုလည်းကောင်း၊ ဆရာတစ်ဦးကဲ့သို သွန်သင်ဆုံးမခဲ့သည်။
ကိုယ်တော်သည် မိမိကိုယ်ကို ‘ဆရာ’ ဖြစ်ကြောင်း အသေခံ တော်မူခါနီးတွင် သိသိသာသာကြီး ခေါ်ဆိုခဲ့သည်။ နောက်ဆုံးသော ညစာကို ကြိုတင်ပြင်ဆင်ရန် စေခိုင်းသည့်အခါ “ကိုယ်တော်က မြိုတွင်
(င) ကိုယ်တော်က ကတိတော်တစ်ရပ်ကိုလည်း ပေးအပ် သည်။ “ငါသည် ကပ်ကမ္ဘာကုန်သည် တိုင်အောင် သင်တို အစဉ်မပြတ်ရှိသည်” (မဿဲ၊ ၂၈း၂၀)။ သင်တို အပေါ်သို သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို သည် တန်ခိုးကို ခံကြရလိမ့်မည်” (တမန်၊ ၁၈) လုပ်ငန်း တစ်ရပ်နှင့်အတူတကွ ထိုလုပ်ငန်းကို ဆောင်ရွက်နိုင်ရန် “တန်ခိုး” ကိုလည်း ပေးအပ်ခဲ့ပါ၏။ ယနေ့တိုင်လည်း ပေးအပ်နေဆဲ ဖြစ်ပါသည်။
အသေခံတော် မူခဲ့ပြီးနောက် ရှင်ပြန်ထမြောက်သော ခရစ် တော်သည် မည်သည့် “နေရာ” မျိုးတွင် မိမိကိုယ်ကို ထင်ရှား ပြသခဲ့ပါသနည်း? ဟူ၍ လေ့လာကြည့်ကြပါဦးစို –
(က) ဟာလာဟင်းလင်း ဖြစ်နေသော သချိုင်းဂူနံဘေး တွင် ပြသခဲ့သည်။ (မဿဲ၊ ၂၈၁၈၊ မာကု၊ ၁၆း၁-၈၊ လုကာ၊ ၂၄း၁-၉၊ ယော၊ ၂၀း၁-၁၈)။ ဝမ်းနည်းကြာသော စိတ် ထား၊ သေခြင်းတရား၏ ခါးသီးသော ခံစားချက်ဖြင့် လူတို က ကိုယ်တော်၏ အလောင်းတော်ကို ဂူသွင်းခဲ့သည့် နေရာ မျိုး၌ ပင်လျှင် ကိုယ်တော်သည် သေခြင်းကို အောင်သည် ဘုန်းတန်ခိုးတော် အရှိန်အဝါဖြင့် မိမိကိုယ်ကို ထင်ရှား ခဲ့သည်။ ထိုသို ထင်ရှားပြသ ခဲ့ခြင်းအားဖြင့် သေခြင်းတည ဟူသော အပြစ် ဆုံးရှုးမှုတစ်ရပ်ကို အောင်မြင်ခြင်း အ လည်းကောင်း၊ သိပ်သည်းသော ညအမှောင်ကို အားရရွင် ဖွယ်ရာ အရုဏ်ဦးကဲ့သိုလည်းကောင်း ပြောင်းလဲစေခဲ့သည်။
(ခ) လမ်းပေါ်တွင် လျှောက်သွားနေကြစဉ် ကိုယ်ကို ရှားပြသခဲ့သည်။ လုကာ၊ (၂၄း၁၃-၃၀) ဧမောက်ရွာသိုစိတ်ပျက်အားလျော့၍ ပြန်သွားကြသော တပည့်တော် (၂) ဦးကို တွေ့ဆုံခဲ့စဉ်က သူတိုသည် စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေ ခဲ့ပြီး သူတိုထံမှ ကိုယ်တော် ထွက်ခွာလာခဲ့သောအခါ သူတို သည် အံ့ဩမိန်းမော၍ ကျန်ခဲ့ရတော့သည်။ သူတိုလျှောက် နေခဲ့ရသော လမ်းခရီးသည် ရှင်ပြန်ထမြောက်သော ခရစ် တော်အားဖြင့် ဘုန်းကျက်သရေ အဖြာဖြာ ဝေနေရာအရပ်သို ပိုဆောင်ပေးသော လမ်းခရီးတစ်ခု ဖြစ်လာသည်။
(ဂ) နေအိမ်ထဲတွင် ကိုယ်ကိုထင်ရှားပြသခဲ့သည်။ (လုကာ၊ ၂၄း၂၁-၃၁)ညီအစ်ကိုချင်း စိတ်သဘော တူညီစွာ မုန့်ကို ချိုးဖဲ့စဉ် ကိုယ်ကို ထင်ရှားပြသခဲ့ခြင်းအားဖြင့် “အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတိုသည် ငါ၏နာမကို ထောက်၍ စည်းဝေးကြ ၏။ ထိုအရပ်၌ သူတိုအလယ်မှာ ငါရှိသည်”ဟု မိန့်တော်မူ သည်အတိုင်း ပြုတော်မူခဲ့သည်။ (မဿဲ၊ ၁၈း၂၀)
သာမန် နေအိမ်တစ်ခုကို ကိုယ်တော်က ဘုရားဝတ်ပြုရာ ဗိမာန်တော်အဖြစ် ပြောင်းလဲခဲ့ပါ၏။
(ဃ) ငါးမျှားနေသူများရှိရာ ရေအိုင်နံဘေး၌ ထင်ရှား ပြသခဲ့သည်။ (ယော၊ ၂၁) ဗိမာန်တော်ထဲ၌ မဟုတ်၊ တရား ဇရပ်ထဲ၌မဟုတ်၊ သန့်ရှင်းရာ ဌာနဟူ၍ ခေါ်သောနေရာမျိုး၌ မဟုတ်၊ မိမိတို၏ အသက်ဝမ်းကျောင်း လုပ်ငန်းဆောင်တာ များကို လုပ်ဆောင်ရာ အလုပ်ခွင်ထဲ၌ပင်လျှင် ကိုယ်တော်သည် မိမိကိုယ်ကို ထင်ရှားပြသခဲ့သည်။
ခရစ်ဝင်ကျမ်းထဲ၌ မပါသော်လည်း ကနဦး အသင်းမှတ် တမ်းတစ်ခုထဲတွင် တွေ့ရသော ယေရှု၏ စကားတော်တစ်ခွန်းမှာ “သစ်ပျဉ်တစ်ပြားကို ခွဲစိတ်လိုက်လျှင် ထိုအထဲ၌ ငါ့ကို တွေ့လိမ့်မည်။ အုတ်ခဲတစ်လုံးကို မလိုက်လျှင်လည်း ထိုအောက်၌ ငါရှိမည်”ဟူ၍ဖြစ်၏။
အဓိပ္ပါယ်မှာ လက်သမားတစ်ဦးသည် သစ်ပျဉ်တစ်ပြားကို ခွဲနေစဉ် သော်လည်းကောင်း၊ ပန်းရံသမား တစ်ဦးက အုတ်ခဲ့ ဖြင့် တစ်စုံတစ်ခုကို တည်ဆောက်နေစဉ် သော်လည်းကောင်း၊ ထိုနေရာ၌ပင် ကိုယ်တော့်ကို တွေ့ရလိမ့်မည် ဖြစ်ကြောင်းတည်း။ ပြုလုပ်နေသော လုပ်ငန်းမှန်သမျှသည် ရှင်ပြန်ထမြောက် သော ခရစ်တော်ကြောင့်၊ ကိုယ်တော့်အား ဝတ်ပြုကိုးကွယ် ရာ၌ အရေးပါလှသည့် လုပ်ငန်းတစ်ရပ်ဖြစ်လာမည့် အကြောင်း ကို တင်စားပြောဆိုခြင်းပင် ဖြစ်ပါ၏။
(င) အထက်ခန်းထဲ၌ ကြောက်ရွံ တုန်လှုပ်စိတ်ပျက်အား လျော့နေသူများအား ထင်ရှားပြသခဲ့သည်။ (မာကု၊ ၁၆း၁၄။ လုကာ၊ ၂၄း၃၆-၄၀၊ ယော၊ ၂၀း၁၉-၂၉) သတ္တိ မရှိ၊ ယုံကြည်ခြင်း ဆိတ်သုဉ်းနေသော တပည့်တော်များထံ ကိုယ်တော်ရောက်လာခြင်းအားဖြင့် သူတို၏ ကြောက်စိတ်ကို ပယ် ဖျက်ပြီး ရဲရင့်တည် ကြည်စေခဲ့သည်။ စိတ်ပျက်အားလျော့ခြင်း ကို မျှော်လင့်ခြင်းအဖြစ်သို ပြောင်းလဲစေခဲ့သည်။
သိုသော် အရေးကြီးသော အချက်တစ်ချက်ကို သတိရဖို လိုသည်။
သူတိုသည် “အတူတကွ” “စိတ်သဘောတူညီစွာ” ကိုယ်တော့် ကို အာရုံပြုလျက် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။ မေတ္တာသဘော ဖြင့် စိတ်သဘောညီညွတ်စွာ ညီအစ်ကိုချင်း မိတ်သဟာယဖွဲ လျက် အတူစောင့် ဆိုင်းနေသော အခါတိုင်းတွင် ရှင်ပြန်ထ မြောက်သော ခရစ်တော်ကို ကျွန်တော်တို တွေ့ရပါလိမ့်မည်။
ရှင်ပြန်ထမြောက်သော ခရစ်တော်သည် သေခြင်း၏ ကြေကွဲ ဖွယ်ရာကို ပျောက်လွင့်စေသည်။ သာမန်လမ်းခရီးကို ဘုန်းကျက် သရေရှိရာသို သွားရာလမ်းခရီး ဖြစ်စေနိုင်သည်။ နေအိမ်၊ အလုပ်ခွင်၊ အရှုးပေါ်လုဆဲဆဲ ဖြစ်နေချိန် စိတ်ပျက်အားလျော့ ချိန်များကိုပင် အသစ်ပြုပြင်ပြောင်းလဲစေနိုင်ပါ၏။
နောက်ဆုံး၌ “မည်သိုသော လူမျိုးထံ” ကိုယ်တော်သည် ကြွလာ၍ ထင်ရှားပြသနေပါသနည်းဟူ၍ စိစစ်ကြည့်ပါလျှင် အောက်ပါတိုကို တွေ့နိုင်သည် –
(က) မေတ္တာသဘော ပြည့်ဝနေသူများထံသို ရှင်ပြန် ထမြောက်သော ခရစ်တော် ကြွလာတတ်သည်။ ခရစ်တော်၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဖြစ်ရပ်များကို ခရစ်ဝင် ကျမ်းတို၌ မှတ်တမ်းတင်ကြရာ၌ အနည်းငယ်ကွဲပြားနေခဲ့သော် လည်း မာဂဒလမာရိသည် ထိုဖြစ်ရပ်နှစ်ခုစလုံး၌ အဓိကပုဂ္ဂိုလ် တစ်ဦး ဖြစ်ခဲ့၏။
သူသည် ကားတိုင်ခြေတော်ရင်း၌ ရှိနေခဲ့သည်။ (မဿဲ၊ ၂၇း ၅၆၊ မာကု၊ ၁၅း၄၁။ ယော၊ ၁၉း၂၅) ယေရှုကို ဂူသွင်း သဂြိုလ်စဉ်လည်း ရှိခဲ့သည်။ (မဿဲ၊ ၂၇း၆၆၊ မာကု၊ ၁၅း၄၇) တနင်္ဂနွေနေ့ အရုဏ်တက်သည်နှင့် တပြိုင်နက် သင်္ချိုင်းတော်သို သူသည် ပထမဦးဆုံး သွားရောက်ခဲ့သူဖြစ်၏။ (မဿဲ၊ ၂၈း၁၊ မာကု၊ ၁၆း၁၊ လုကာ၊ ၂၄း၁ဝ၊ ယော၊ ၂၀း၁)
ယေရှု၏ ကျေးဇူးတော်ကိုသိပြီး ကိုယ်တော့်အပေါ်၌ ထား သော သူ၏မေတ္တာတော်ကို မရှက်မကြောက် ဖော်ပြနေသူတစ်ဦး မှာ မာဂဒလမာရိပင်ဖြစ်၏။ “မေတ္တာ”မှလွဲ၍ ဘာမျှမရှိသောသူ တစ်ဦးကို ရှင်ပြန်ထမြောက် သော ခရစ်တော်က အရင်ဆုံးထင် ရှားပြသခဲ့ပါ၏။
(ခ) ဝမ်းနည်းကြေကွဲ နောင်တရနေသူများ ထံသိုလည်း ကြွလာလေ့ရှိသည်။ ခရစ်ဝင်ကျမ်းကို စိစစ်ကြည့်လျှင် ထင်ရှား ပြသခြင်းခံရသည့် ဒုတိယပုဂ္ဂိုလ်မှာ ရှင်ပေတရုပင် ဖြစ်၏။ (လု ကာ၊ ၂၄း၃၄၊ ၁ ကော ၁၅း၅) (မာကု၊ ၁၆း၇ နှင့်လည်း နှိင်းယှဉ်ကြည့်ပါ)။ ရှင်ပေတရုသည် ကိုယ်တော့်အား ငြင်း ပယ်ပြီးသည့်နောက် ဝမ်းနည်းကြေကွဲ ရှက်ကြောက်ကာ နောင် တရခဲ့သည့်အကြောင်းကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ ပေတ ရု၏ ရှိက်ကြီးတငင် ငိုကြွေးခြင်းကြောင့်လည်း သူ၏အတွင်း စိတ်သဘောသည် ပေါ်လွင်လာစေ၏။ (မဿဲ၊ ၂၆း၇၅၊ မာကု၊ ၁၄း၇၂၊ လုကာ၊ ၂၂း၆၂)
ထူးခြားချက်တစ်ရပ်မှာ ကိုယ်တော့်ကို ငြင်းပယ်ပြီးသည့် တိုင်အောင် ရှင်ပေတရုသည် မိမိ၏လုပ် ဖော်ဆောင်ဖက် တမန် တော်များကို စွန့်ခွာမသွားခဲ့၊ သာမန်လူမျိုးဆိုလျှင် မိမိ၏ ရဲ ဘော်ရဲဘက်များ၏ မျက်နှာများကိုပင် ပြန်၍ကြည့်ဝံ့တော့မည် မဟုတ်၊ မိမိကိုယ်ကို ပြန်လည်၍ ပြင်းထန်စွာ ညှင်းပန်းနှိပ်စက် ခြင်း၊ မိမိကိုယ်ကို ပြန်လည်မုန်းတီးခြင်း၊ အလွန်အမင်းစိတ်ပျက် အားလျော့နေခြင်းမှ ကယ်တင်ရန် ပေတရုထံသို ကိုယ်တော် ကြွလာခဲ့ခြင်းလည်း ဖြစ်သည်။
ဤနေရာ၌ အလွန်အဖိုးတန်လှသော သင်ခန်းစာတစ်ရပ်၊ အလွန်အရေးကြီးလှသော သစ္စာတရားတစ် ရပ်ကို တွေ့လာ နိုင်သည်။
စစ်မှန်စွာ နောင်တရသူတိုင်းအား ခရစ်တော်သည် အပြစ် လွှတ်၍ ထိုသူနှင့် ပြန်လည် မိတ်သဟာ ယဖွဲရန် ကြွလာတော်မူတတ်ခြင်းပေတည်း။
(ဂ) ဇဝေဇဝါဖြစ်ပြီး စိတ်ရှုပ်ထွေးနေသော်လည်း သစ္စာ တရားကို ဆက်လက်ရှာဖွေနေသော သူတိုထံ ကြွလာသည်။ ဧမောက်ရွာသိုပြန်ရင်း ယေရုရှလင်မြို၌ ဖြစ်ပွားခဲ့သော ကြေကွဲ ဖွယ်အဖြစ်ကို ဆွေးနွေးကြပြီး အဖြေကို ရှာနေသူနှစ်ဦးထံ ကိုယ်တော်ကြွလာခဲ့သည်။ (လုကာ၊ ၂၄း၁၃-၃၂)
ထိုဖြစ်ရပ်ကို ဖတ်ရှုရာတွင် အထူးသတိကြီးစွာ ထားသင့် သည့် အချက်တစ်ချက်ကို ဖော်ပြလိုပါသည်။ သိုမှသာ ပြည်စုံ သော အဓိပ္ပါယ်ကို တွေ့လာနိုင်ပါလိမ့်မည်။ ။
ပထမ၌ သူတို၏ စိတ်ပျက်အားလျော့မှုကို တွေ့နိုင်သည်။ ဣသရေလအမျိုးကို ကယ်တင်ရွေးနှုတ် မည့်သူအပေါ် အားကိုး အားထားခဲ့ကြသော်လည်း ထိုသူသည် ကားတိုင်ထက်၌ မရှုမလှ အသက်ထွက်ခဲ့ ကြောင်းကို မျက်ဝါးထင်ထင် မြင်ခဲ့ရသဖြင့် သူတို၏ မျှော်လင့်ခြင်းမှန်သမျှသည် ပျက်သုန်းခဲ့ရသည်။ ခဲလေ သမျှ သဲရေကျခဲ့ရသည်။
သိုသော် အရေးကြီးသော အချက်မှာ သူတိုသည် ယေရှု ခရစ်တော်အကြောင်းကို ဆက်လက်ဆွေးနွေး နှီးနှောပြောဆို နေဆဲပင်ဖြစ်ပါ၏။ စိတ်ထဲ၌ရှုပ်ထွေး၍ ဇဝေဇဝါဖြစ်နေသော် ငြားလည်း သူတိုသည် ကိုယ်တော့်ကို မမေ့နိုင်သေး။ သူတိုအဖို ကမ္ဘာတစ်ခုလုံး ပျက်သုဉ်းသွားခဲ့ဟန် ရှိသော်လည်း “သူတို၏ နှလုံးသားထဲ၌ ယေရှုခရစ်တော်ရှိနေဆဲ”ပင် ဖြစ်ပါ၏။
လူတစ်ဦး၏ ဘဝထဲ၌ တစ်ခါတစ်ရံလုံးဝနားမလည်နိုင်သော ချိန်ခါမျိုး၊ တစ်ခါတစ်ရံ ဘဝသည် မှောင်မိုက်နေပြီး လျှိဝှက် နက်နဲနေသယောင် ဖြစ်နေသော ချိန်ခါမျိုး၊ တစ်ခါတစ်ရံ ယေရှုအတွက် ဆောင်ရွက်နေ သော အမှုတော်လုပ်ငန်းတိုသည်ပင်လျှင် အရှုးနှင့် ရင်ဆိုင်နေရသယောင် ဖြစ်နေချိန်မျိုး ရှိတတ်ပါ၏။
သိုသော် မိမိတို၏ စိတ်နှလုံး၌ ယေရှုရှိနေပြီး၊ ကိုယ်တော့် ကို မေ့ပစ်၍မရနိုင်ဘဲရှိနေကာ နှလုံးသားထဲမှ ကိုယ်တော့်အား ဖယ်ရှားပစ်၍ မရနိုင်၊ ကိုယ်တော့်ကို ဆင်ခြင်စဉ်းစား အာရုံ ပြုသော ချိန်ခါများ၌ ကိုယ်တော် သည် ကြွလာတတ်ပါသည်။ ထိုအခါမျိုး၌ အမှောင်သည် အလင်းအဖြစ်သို ပြောင်းလဲလာ ပါလိမ့်မည်တည်း။ ။
(ဃ) လုံးဝ စိတ်ပျက်အားလျော့၍ လွန်မင်းစွာ ကြောက် ရွံထိတ်လန့်နေသူများထံ ကြွလာလေ့ ရှိပြန်သည်။ အထက်ခန်း ထဲ၌ ရှိနေကြသော တပည့်တော်များ၏ စိတ်ထားသည် ထိုသိုဖြစ် နေခဲ့သည်။ သိုသော် ကိုယ်တော်သည် သူတိုထံ ကြွလာခဲ့သည်။ (လုကာ၊ ၂၄း၃၆-၄၁၊ ယော၊ ၂၀း၁၉) သူတိုသည် မည်မျှ ကြောက်ရွံ ထိတ်လန့်နေကြသနည်းဟူမူ ကိုယ်တော့်ကိုပင်လျှင် တစ္ဆေဟု ထင်ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ (လုကာ၊ ၂၄း၃၇)
သူတိုသည် ကြောက်ရွံခြင်း၊ စိတ်ပျက်ခြင်း၊ မျှော်လင့်စရာ ကင်းမဲ့သော တွင်းနက်ကြီးထဲသို ရောက်နေခဲ့ကြသည်။ “သိုသော် အနက်ဆုံးသော တွင်းထဲသို ရောက်သွားသောအခါ ထို နေရာ၌ပင်လျှင် ဘုရားသခင်ကို တွေ့ရတတ်ပါသည်”ဟူသော ပညာရှင်တစ်ဦး၏ စကားရှိခဲ့ဖူးပါသည်။
သိုသော် သူတိုသည် စိတ်ပျက်အားလျော့ ကြောက်ရွံ ထိတ်လန့်ခြင်း တည်းဟူသော တွင်းအနက်ဆုံးသို ရောက်သည့် တိုင်အောင် ယေရှုအကြောင်းကို စဉ်းစားနေဆဲပင် ဖြစ်သည်။ ကိုယ်တော်သည် သူတို၏ စိတ်အတွင်း၌ ရှိနေပြီး သူတို၏ ဘဝမဏ္ဍိုင်ပင် ဖြစ်နေပါသေး၏။
ကြောက်ရွံ ထိတ်လန့်၊ စိတ်ပျက်အားလျော့နေသော်လည်း ကိုယ်တော့်ကို မမေ့နိုင်၊ မချစ်ဘဲ မနေနိုင် သူများထံသို ကိုယ် တော်သည် အမြဲကြွလာတတ်ပါ၏။
(င) သံသယစိတ်ရှိသူတိုထံလည်း ကြွလာခဲ့သည်။ အမှန်ဆို ရလျှင် သံသယဖြစ်နေသော တမန်တော် သောမထံသို ကိုယ် တော်က တမင်တကာ ထပ်မံကြွလာရခြင်း ဖြစ်သည်ဟု ဆိုနိုင် ပါလိမ့်မည်။ (ယော၊ ၂၀း၂၄-၂၉)
လူတိုင်း၌ သံသယစိတ်ဆိုသည်မှာ အစဉ်ရှိစမြဲ ဖြစ်သည်။
သံသယဝါဒကို လက်ကိုင်စွဲပြီး မာန်မာန ရှိနေသူများ၊ လည်း ရှိတတ်သည်။ “မသိဝါဒ” (Agnosticism)ကို လက်ခံနေ ကြသော ပညာရှိများလည်း လူ့ဘောင်လောက၌ ရှိနေတတ် သည်။
သိုသော် စိတ်ရင်းထဲ၌ အမှန်တရားကို သိလိုဇောဖြင့် ဖြစ် ပေါ်တတ်သော သံသယ၊ စိတ်ဝိညာဉ် ညှိးငယ် ပန်းလျနေသော်လည်း သေချာသည်ထက် သေချာအောင် “အကယ်ပင် ရိုးသားစွာ” သိရှိနားလည်လိုသော သံသယစိတ်၊ သစ္စာတရား ကို မိမိဘဝ၏ သေရေးရှင်ရေးတမျှ အရေးတကြီး ထားပြီး မရမက အားကြိုးမာန် တက် ရှာဖွေနေစေသော စိတ်ရင်းကောင်း သံသယစိတ်မျိုးလည်း ရှိတတ်သည်။
တမန်တော်သောမ၏ သံသယစိတ်မှာ အကယ်ပင် ရိုးဖြောင့် စွာ သိလိုသော စိတ်ထား၊ ဂဃဏန သေချာအောင် ပိုမိုသိရှိ နားလည်လိုသော သံသယစိတ်မျိုး ဖြစ်၏။
သူ၏ သံသယစိတ်က ဘဝမြင့်ပညာရှင်တို၌ ရှိတတ်သေ စိတ်ကြီးဝင် သံသယမျိုးမဟုတ်၊ ယုံကြည် စိတ်ချလွန်းလှ၍ စိတ်ထဲ၌ ရုန်းကန်ပေါက်ကွဲပေါ်ထွက်လာသော သံသယစိတ် မျိုး ဖြစ်သည်။ လူတစ်ဦးသည် အကယ်ပင် ရိုးစင်းစွာ မေး ခွန်းများကိုမေးပြီး သစ္စာတရားကို သိရှိလာနိုင်ရေးအတွက် စိတ်ထားမှန်၊ သဘောမှန်ဖြင့် ရုန်းကန်နေပါက ရှင်ပြန်ထ မြောက်သော ခရစ်တော်သည် ထိုသူ့ထံ ကြွလာပါလိမ့်မည်။
(စ) ကိုယ်တော့်အား အတင်းအဓမ္မ ငြင်းဆန်ရုန်းကန်၍ နေသူနှစ်ဦးထံသိုလည်း ကြွလာခဲ့သေးသည်။ မယုံကြည်နိုင်သေး သော “ကိုယ်တော်၏ညီတော်ရင်း၊ ယာကုပ်”ထံသို ကြွလာခဲ့ သည်။ (ယော၊ ၇း၃+၊ ၁ ကော၊ ၁၅း၇) နောက်ဆုံး၌ ကိုယ်တော့်ကို ငြင်းပယ် ရုန်းကန်နေသော ရှင်ပေါလုထံသိုလည်း ကြွလာခဲ့၏။ (၁ ကော၊ ၁၅း၈၊ တမန်၊ ၉း၁-၉၊ ၂၂း၁-၁၁၊ ၂၆း၁-၁၈)။
ဤကိစ္စသည် အလွန်အမင်း အံ့သြစရာမဟုတ်ပါ။
ယာကုပ်နှင့် (အထူးသဖြင့်) ရှင်ပေါလုသည် ယေရှုကို မုန်းတီးလာနိုင်လောက်အောင်ပင် ကိုယ်တော့် အကြောင်း စေ့စေ့စပ်စပ် တွေးခေါ်ဆင်ခြင်နေခဲ့သူတစ်ဦး ဖြစ်သည်။ ။
ဤကိစ္စသည် စိတ်ထားမပူမအေး နွေးတေးတေးကိစ္စမျိုး မ ဟုတ်ပါ။ အလွန်ပင် စေ့စေ့စပ်စပ် ဆင်ခြင်တွေးတောနေခြင်း အားဖြင့် နောက်ဆုံး၌ ဆန့်ကျင်ဘက်ပြုလိုစိတ် ပေါ်ပေါက် လာခဲ့ရသည်အထိ ဖြစ်၏။
ယေရှုအကြောင်းကို အသေအချာ တွေးဆဆင်ခြင်သုံးသပ် ပြီး နောက်ဆုံး၌ လက်မခံနိုင်၊ ဆန့်ကျင်ဘက် ပြုလိုစိတ် တဖွား ဖွား ပေါ်ပေါက်လာရသည်အထိ ဖြစ်လာလျှင် တစ်နေ့ကျ၊ ကိုယ်တော်တိုင်က ထိုသူ၏ စိတ်နှလုံးတွင်းထဲသို ထိုးဖောက်ဝင် ရောက်လာလေ့ ရှိတတ်သည်။
အေးအေးလူလူနေပြီး ပိုနေမြဲ ကျားနေမြဲ အသက်ရှင်နေလို တတ်သူတိုအဖို များစွာထူးခြားမှု ရှိလိမ့်မည်မဟုတ်ပါ။
လူတစ်ဦးသည် အလွန်အမင်း မယုံကြည်ဘဲ ငြင်းပယ်နေခဲ့ လျှင် ထိုသူသည် အလွန်အမင်းယုံကြည်ပြီး လက်ခံလာနိုင်မည့် အလားအလာ ရှိတတ်သည်ကို ကျွန်တော့်အနေဖြင့် ယုံကြည် လေ့ ရှိပါသည်။ ယေရှုကိုသာ အကယ်ပင်စိတ်ဝင်စားမှု ရှိနေ ပါက ရှင်ပြန်ထမြောက်သော ယေရှုခရစ်တော်က အုတ်တံတိုင်း များကို ချိုးဖောက်ပြီး ကိုယ်တိုင်ကိုယ်ကျ လာရောက်ရင်ဆိုင်လေ့ ရှိသည်ကို သတိပြုစေလိုပါ၏။
(ဆ) နောက်ဆုံး၌ စိတ်သဘောတူညီစွာ စုရုံးလျက်ရှိသော တပည့်တော်များအားလုံးထံသို ကြွလာခဲ့ သည်။ (တမန်၊ ၁း၄-၈) ခရစ်ယာန် “အသင်းတော်”သို ပထမဦးဆုံးအနေဖြင့် ကိုယ်တော်ကြွလာခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ တပည့်တော်တို သည် စိတ်သဘောတူညီစွာဖြင့် ပျပ်ဝပ်ကိုးကွယ်ရန်၊ စုဝေး သည့်အခါမျိုးတွင် ရှင်ပြန်ထမြောက်သော ခရစ်တော်သည် သူတိုအလယ်၌ အမြဲကြွရောက်လေ့ ရှိပါ၏။
ယေရှုခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်း ဖြစ်ရပ်သည် လူ့သမိုင်းစဉ်တစ်ခုလုံးကို တုန်လှုပ်ချောက် ချားသွားစေခဲ့သည်။
ရှင်ပြန်ထမြောက်သော ခရစ်တော်သည် ရှင်ပြန်ထမြောက် ခဲ့ရုံမျှသာမဟုတ်၊ “ယနေ့တိုင်အသက်ရှင် နေသည်ဖြစ်ရာ” ယနေ့ တိုင်အောင်ပင် မေတ္တာပြနေသူများ၊ နောင်တ ရနေသူများ ဇဝေဇဝါဖြစ်သော်လည်း အမှန်တရားကို ရှာဖွေနေသူများ၊စိတ်ပျက်အားလျော့ ထိတ်လန့်ကြောက်ရွံ နေသော်လည်း ကိုယ်တော့်ကို မမေ့ဘဲနေသူများ၊ သံသယစိတ် ရှိသော်လည်း အမှန်တရားကို ရိုးစင်းစွာ သိလိုစိတ်ရှိသူများ၊ မုန်းတီးနေစေ ကာမူ ကိုယ်တော့်အကြောင်း စေ့စေ့တွေးခေါ် ဆင်ခြင်နေ သူများ၊ စိတ်သဘောတူညီစွာ ပျပ်ဝပ် ကိုးကွယ်နေသော အသင်းတော်ထံသို ယနေ့တိုင် ကြွလာဆဲပင် ဖြစ်ပါ၏။
အခန်း (၃၂)
ကောင်းကင်ဘုံ သို တက်ကြွတော်မူခြင်း
ဓမ္မသစ်ကျမ်း၌ ကောင်းကင်ဘုံသို ခရစ်တော်၏ တက်ကြွ တော်မူခြင်းအကြောင်း ဖော်ပြထားချက်မှာ နည်းပါးလှ ပါ၏။
အကောင်းဆုံးသော သာဓကမှာ တမန်၊ ၁း၁-၁၂ ထဲတွင် ဖြစ်ပါ၏။
သိုသော် ရှင်မာကုက “ထိုသို သခင်ဘုရားသည် တပည့် တော်တိုအား မိန့်တော်မူပြီးမှ ကောင်းကင်ဘုံသို ဆောင်ယူ ခြင်းကို ခံတော်မူ၍ ဘုရားသခင်၏ လက်ယာတော် ဘက်၌ ထိုင်နေတော်မူ၏” ဟူ၍သာ အကျဉ်းချုံး ဖော်ပြခဲ့သည်။ (မာကု၊ ၁၆း၁၉)။
ရှင်လုကာက ထိုသို ကောင်းကြီးပေးတော်မူစဉ်တွင် တပည့် တော်တိုနှင့် ခွာ၍ ကောင်းကင်ဘုံသို ဆောင်ယူခြင်းကို ခံတော် မူ၏” ဟူ၍ သာ ဆိုခဲ့သည်။ (လုကာ၊ ၂၄း၅၁)
ရှင်ပေါလု၏ ရောမဩဝါဒစာတွင် “အသေခံသည်သာ မက၊ သေခြင်းမှ ထမြောက်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌နေလျက် ငါတိုအဖို ဆုတောင်းသောသူကား ခရစ်တော် ပေတည်း” ဟုဆို၏ (ရော၊ ၈၃၄) ၊
၁ ကော ၁၅း၃-၅ တွင် ရှင်ပေါလုက “ခရစ်တော်သည် ငါတိုအပြစ်ကြောင့် အသေခံတော်မူ၏။ သဂြိုလ်ပြီးမှ သုံးရက် မြောက်သောနေ့၌ ထမြောက်တော်မူ၏။ ကေဖသည် ကိုယ် တော့်ကိုမြင်ပြီးမှ တစ်ကျိပ်နှစ် ပါးသောသူတိုသည် မြင်ကြရ၏” ဟု ဆိုခဲ့ရာတွင် ကောင်းကင်ဘုံသို တက်ကြွခြင်းမပါ။
သိုဖြစ်စေကာမူ ကောင်းကင်ဘုံသို တက်ကြွခြင်းအကြောင်း မပါသော်လည်း ဓမ္မသစ်ကျမ်း တစ်ခုလုံးတွင် ခရစ်တော်၏ ကောင်းကင်ဘုံသို တက်ကြွခြင်း အကြောင်းသည် ကနဦး ခရစ်ယာန်တို၏ ယုံချက် တစ်စိတ်တစ်ဒေသဖြစ်ကြောင်း တွေ့ မြင်နိုင်သည်။ –
ရှင်ယောဟန် ခရစ်ဝင်ကျမ်းတွင် “လူသားသည် အရင် နေရာသို တဖန် ကြွတတ်သည်ကို မြင်ရလျှင် အဘယ်သိုထင်မှတ် ကြမည်နည်း”ဟု ယေရှုကိုယ်တော်တိုင်က မေးခဲ့ဖူးသည်။ (ယော၊ ၆း၆၂) ၊ (
ဓမ္မသစ်ကျမ်းတစ်ခုလုံး၌လည်း ကောင်းကင်ဘုံသို တက်ကြွ ခြင်းအကြောင်း ကျမ်းချက် များစွာပါ ရှိသည်။ (ဧဖက်၊ ၄၈း၁ဝ၊ ဟေဗြဲ၊ ၄း၁၄၊ ၁ ပေ၊ ၃း၂၂ နှင့် ၁ တိ၊ ၃း၁၆ တိုကို ကြည့်ပါ)
ထိုအပြင် “ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်နေ တော်မူ၏” ဟူသော စကားကို သတိပြုပါ။
ယေရှုကိုယ်တော်တိုင်က ဆာလံ ၁၊ ၁၀၁ ကို ရည်ညွှန်းပြီး “ထာဝရဘုရားက သင်၏ရန်သူတိုကို သင်၏ ခြေတင်ရာ။ ငါမချထားမိတိုင်အောင် ငါလက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်” ဟူ၍ ဆိုခဲ့ဖူးသည်။
“လက်ယာတော်ဘက်၌ ထိုင်နေတော်မူခြင်း အကြောင်း နှင့်ပတ်သက်သည့် ကျမ်းစကားများမှာလည်း အလွန်များပြား လှပါသေး၏။ ကော၊ ၃း၁၊ ရောမ၊ ၈း၃၄၊ ဟေဗြဲ၊ ၁း၁၊ ၂း၉၊ ၈း၁၊ ၁၂:၂၊ ဗျာဒိတ်၊ ၃း၂၁၊ မာကု၊ ၁၄း၆၂ တိုကို ဖတ်ရှုကြည့်လျှင် တွေ့နိုင်ပါလိမ့်မည်။
“ဘုရားသခင်၏ လက်ယာတော်ဘက်၌ထိုင်ခြင်း” ဆိုသည့် စကားမှာ ယေရှုခရစ်တော်အား အမြင့်ဆုံး အမြင့်မြတ်ဆုံး သော နေရာသို ချီးမြှင့်ထားပြီး အစိုးပိုင်သော အာဏာတန်ခိုး ရှိကြောင်းကို တင်စားဖော်ပြသည့် စကားဖြစ်သည်။
“ကောင်းကင်ဘုံ ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်း ကောင်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှကို ခံရပြီ” ဟူသော စကားနှင့် ဆက်စပ်၍ ဆင်ခြင် ကြည့် သင့် သည်။ (မဿဲ၊ ၂၈း၁၈)။
ကောင်းကင်ဘုံသို တက်ကြွခြင်းနှင့် လက်ယာတော်ဘက်၌ ထိုင်နေခြင်းသည် ဆက်စပ်နေသည်။
ကနဦးအသင်းတော်၏ ယုံချက်တစ်ခုဖြစ်သည့် “တမန်တော်တို့၏ ယုံကြည်ချက်” (Apostles’ Creed) တွင်လည်း အထင်အရှားပါရှိသည်။
ထိုကြောင့် ကောင်းကင်ဘုံသို တက်ကြွခြင်း ဖြစ်ရပ်သည် ဓမ္မသစ်ကျမ်းက ဖော်ပြနေသော ယေရှု အကြောင်း၏ တစ်စိတ် တစ်ဒေသသာမက ကနဦးအသင်းတော်၏ ယုံချက်တစ်ရပ်လည်း ဖြစ်ကြောင်း သတိပြုသင့်သည်။
ထိုအကြောင်းကို အနက်မဖွင့်မီ ယေရှု၏ အသေခံတော်မူ ခြင်းနှင့် ကောင်းကင်ဘုံသို တက်ကြွခြင်း ဖြစ်ရန်စပ်ကြား ရက်ပေါင်း (၄၀) ရှိခဲ့သည်ကို ရှေးဦးစွာ သတိပြုရန်လိုသည်။
အသေခံတော်မူပြီးလျှင် တမန်တော်တို အား အရက် လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော် နှင့်စပ်ဆိုင်သော အရာတိုကို မိန့်မြွက်တော်မူလျက် မိမိအသက် ရှင်သည့် အကြောင်းကို ခိုင်ခံ့သော သက်သေများအား ဖြင့် ပြတော်မူ၏” (တမန်၊ ၁း၃)
ခရစ်ယာန်အသင်းတော်၌ ထိုရက်ပိုင်းကာလကို အတိအကျ ယူပြီး အသင်းတော်၏ ပြက္ခဒိန်တွင် “ကောင်းကင်ဘုံသို တက်ကြွရာနေ့” သည် အီစတာပွဲနေ့လွန်ပြီး ဆဋ္ဌမမြောက် ကြသပတေးနေ့ဟူ၍ ယနေ့တိုင် သတ်မှတ်ထားပါ၏။ သို
သော် ဂျူးလူမျိုးတို၏ ထုံးတမ်းဓလေ့အရ “ရက်၊ ပေါင်း ၄၀” ဆိုသည်မှာ “အချိန်အတန် ကြာမြင့်စွာ” ဟူ သော အဓိပ္ပါယ်ရှိကြောင်း (စတုတ္ထအကြိမ်ပုံနှိပ်သည့်) ဤကျမ်း ၏ ပထမတွဲတွင် ကျွန်တော် ရှင်းပြပြီး ဖြစ်ပါ၏။ (ထိုကျမ်း၏ စာမျက်နှာ – ၁၄၉ ကိုကြည့်ပါ။)
သမ္မာကျမ်းထဲ၌ ရေလွှမ်းမိုးခြင်းကို ခံရသည့် အချိန်ကာလ ကို ရက်ပေါင်း (၄၀) ဟု ဆိုသည်။ (ကမ္ဘာ၊ ၇း၁၂-၁၇) သိနာတောင်ပေါ်၌ ပညတ်တော်များကို ခံယူရန် မောရှေ့ နေခဲ့သော အချိန် ကာလသည်လည်း ရက်ပေါင်း (၄၀)ဖြစ် သည်။ (ထွက်၊ ၂၄း၁၈) တောထဲ၌ ယေရှု၏ စုံစမ်း သွေး ဆောင်ခြင်းခံရသည့် ကာလ သည်လည်း ရက်ပေါင်း (၄၀) ဖြစ်သည်။ (မဿဲ၊ ၄:၂) ၊
ရက်ပေါင်း (၄၀) ကို အတိအကျယူသည်ဖြစ်စေ၊ “အချိန် အတန်ကြာသည့်ကာလ” ဟူ၍ ယူသည်ဖြစ်စေ၊ ဤကိစ္စသည် များစွာ အရေးမကြီးလှပါ။ ကိုယ်တော်သည် ရှင်ပြန်ထမြောက် ပြီးနောက် တပည့်တော်များနှင့်အတူ “အတန်ကြာမြင့်စွာ” နေတော်မူခဲ့သည် ဟူသော အမှန်တရားသည်သာလျှင် ပဓာန ဖြစ်ပါ၏။
သိုသော် ကောင်းကင်ဘုံသို “တက်ကြွခြင်း” (Ascension) ဟူသော စကားလုံးကို ရှေးဦးစွာ လေ့လာစေလိုပါသည်။
တမန် ၁း၁၁ တွင် “ကောင်းကင်သို ဆောင်ယူခြင်း” ဟူသော စကား၏ မူရင်း ဂရိစကားမှာ (Analambanein) ဖြစ်၍ အနက်မှာ “သိမ်းပိုက်ခေါ်ယူသွားခြင်း” “အထက်သို ခေါ်ဆောင်သွားခြင်း” ဟူ၍ဖြစ်ပါသည်။ တမန် ၁၉ တွင်မူ “အထက်သို ဆောင်ယူသွားခြင်းကို ခံတော်မူ၍” ဟူသော စကား၏ မူရင်းဂရိစကားမှာ (Epairein) ဖြစ်ပြီး အနက်ရင်း မှာ “ချီပင့်ခြင်း” “ချီပွေ့ သယ်ဆောင်သွားခြင်း” ဟူ၍ ဖြစ် ပါ၏။
မည်သိုပင်ဖြစ်စေ အခြေခံသဘောမှာ အတူတူပင် ဖြစ်ပါ၏။
သိုသော် ဂရိစကားဖြင့် ရေးသားထားသော ဓမ္မဟောင်း ကျမ်းတွင် (Analambanein) ဟူသော စကားကိုလည်း ဧလိယနှင့် ဧနောက်တိုအကြောင်း ဖော်ပြရာတွင် သုံးခဲ့သည်။ “မီးရထားနှင့် မီးမြင်းတို သည် ပေါ်လာ၍ ဧလိယသည် လေပွေးအားဖြင့် ကောင်းကင်သို “တက်” လေ၏ ဟု ဆိုထားခဲ့ သည်။ (၄ ရာ၊ ၂၁၁) ဓမ္မဟောင်းကျမ်းပယ်တစ်ခု ဖြစ်သည့်(Ecclesiaticus) တွင်လည်း ဧလိယနှင့် ဧနောက်အကြောင်း: ကို ထိုနည်းတူ ဖော်ပြထားပါ၏။
ထိုကြောင့် ဓမ္မဟောင်းကျမ်း၌ဖြစ်စေ၊ ဓမ္မသစ်ကျမ်း၌ ဖြစ် စေ၊ ပုဂ္ဂိုလ်တစ်ဦးသည် သေခြင်းကိုအောင်၍ ထူးခြားသောဘဝ အသက်တာမျိုးသို ကူးပြောင်းသွားကြောင်း ဖော်ပြလိုသော အခါ ဤစကားမျိုးကို သုံးခြင်းဖြစ်ပါ၏။
ဤမူရင်းစကားများကို နောက်ခံထားပြီး ယေရှု၏ ကောင်း ကင်ဘုံသို တက်ကြွခြင်းဖြစ်ရပ်ကို အနက်ဖွင့်ကြပါစို –
၁။ ကောင်းကင်ဘုံသို တက်ကြွခြင်း ဆိုသည်မှာ ယေရှု ခရစ်တော်သည် ချီးမြှောက်တော်မူခြင်း ခံရကြောင်း၊ အဆုံး၌ အောင်မြင်မှုကို ခံရကြောင်းကို ဖော်ပြသည်။ ရှင်ပြန်ထမြောက် ပြီးနောက် တမန်တော်နှင့် အတူရှိပြီး၊ မိမိကိုယ်ကို ထင်ရှားပြသ နေခဲ့သော်လည်း နောက်ဆုံး၌ တမန်တော်တိုနှင့် တပည့်တော် တိုအား အမှုတော်လုပ်ငန်းကို ဆက်လက် ဆောင်ရွက်ကြရန် တာဝန်လွှအပ်လိုက်သည့် အမှတ်လက္ခဏာပင်ဖြစ်၏။ ကိုယ်တော် ၏ လူ့ဇာတိခံခြင်း ဖြစ်ရပ်၊ လောကီဆိုင်သော အသက်တာ၏ ဆုံးခန်းကိုလည်း ညွှန်ပြနေပါ၏။ ၊ ၊
၂။ ဓမ္မပညာရှင်ကြီး ကား(လ်)ဘော့(ဘ်)၏ (Dogmatics) ကျမ်းထဲတွင် သူက ယေရှု၏ ကောင်းကင်ဘုံသို တက်ကြွခြင်း ဖြစ်ရပ်သည် ဤလောကကမ္ဘာမှ ကိုယ်တော်ခွဲခွာ၍ ထွက်သွား သည်ကို ဆိုလိုသည်မဟုတ်၊ ဤလောကကမ္ဘာထက် မြင့်သော အရင်မှ နေ၍ စိုးမိုး အုပ်ချုပ်လျက် ရှိကြောင်းကို ဖော်ပြ သည်။ လူ့ဇာတိ ကို ခံခြင်းနှင့် အသေခံတော်မူခြင်းအားဖြင့် ကိုယ်တော်၏ နှိမ့်ချခြင်းအဖြစ်ကို ပြန်သည်။ သိုသော် ရှင်ပြန်ထမြောက်သော ခရစ်တော်သည် လူတိုကို ချီပြီး ဘုရားသခင်ထံတော်ပါးသို ဆောင်ယူတော်မူခြင်းကို ညွှန်ပြ ခြင်းဖြစ်သည်ဟု အနက်ဖွင့်ပြ၏။
၃။ ကောင်းကင်ဘုံသို တက်ကြွခြင်းဖြစ်ရပ်အားဖြင့် ခရစ် တော်ကို ယုံကြည်သောသူတိုသည် သင်္ချိုင်းအရပ်၌သာ ဆုံးခန်း တိုင်ရမည်မဟုတ်၊ ကောင်းကင်ဘုံ (ဝါ) ဘုရားသခင်ရှိရာ အရပ် သို တက်ရောက်နိုင်ကြောင်းကို ဖော်ပြသည်။ ယုံကြည်သူတစ်ဦး သည် မြေမှုန့်၌ ပျက်သုဉ်းခြင်း ခံရမည်မဟုတ်၊ ဘုန်းကျက်သရေ အဖြာဖြာဖြင့် ဘုရားသခင်၏ ထံတော်ပါးသို တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေသည်။
၄။ ခရစ်တော်က “ငါ၏ ခမည်းတော်တည်းဟူသော သင် တို၏ ခမည်းတော်၊ ငါ၏ ဘုရားသခင်တည်းဟူသော သင်တို၏ ဘုရားသခင်ထံတော်သို ငါတက်ရမည်”ဟု မိန့်တော်မူခဲ့သည့် အတိုင်း (ယော၊ ၂၀း၁၇) ကိုယ်တော်သည် ဘုရားသခင်ထံ တော်ပါးသို တက်ကြွတော်မူခဲ့သည့် နည်းတူ ခရစ်တော်ကို ယုံ ကြည်သော ကျွန်တော်တို တစ်ဦးစီသည်လည်း ဘုရားသခင်၏ ထံတော်ပါးသို တက်ကြွသွားရမည်ကို ဆိုလိုပါ၏။
ဤဖြစ်ရပ်အားဖြင့် ကျွန်တော်တိုသည် ကျေးဇူးတော်အား ဖြင့် ခံစားရမည်ဖြစ်သော “ထာဝရအ သက်တာ”ကို မြင်တွေ့ လာနိုင်သည်။
ရှင်ပြန် ထမြောက်သော ခရစ်တော်နည်းတူ နောက်ဆုံး၌ ကျွန်တော်တိုသည်လည်း ဘုရားသခင်၏ “ဆောင်ယူခြင်း” သိုမဟုတ် “သိမ်းပိုက်ခေါ်ယူခြင်း” သိုမဟုတ် “ကြင်နာ ယုယစွာ ထွေးပိုက်၍ ချီပင့်ခြင်း”ကို ခံရမည့်အကြောင်း အကောင်းဆုံး သော ပြယုဂ်နှင့် သာဓကတစ်ရပ်ပင် ဖြစ်ပါသတည်း။ ။
ကောင်းကင်ဘုံ၌ ဘုရားသခင်ကို မျက်ဝါးထင်ထင် ဖူးတွေ့ ကြရသောအခါ အလွန်ဝမ်းသာအားရ ကြည်ညို လေးစား ရိုသေ ကိုင်းရှိင်းသောအသံ ဖြင့် တမန်တော် သောမနည်းတူ “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကား” ဟူ၍ ကျွန်တော်တို တစ်ဦးစီသည်လည်း ဒူးထောက် လက်အုပ်ချီ၍ ချီးကျူးထောမနာ ပြုကြပါစို ။ …..
မေတ္တာမွန်ဖြင့် သန်လျင်ဖေသွင်
ကျမ်းကိုးစာရင်း
၁ Dr. F.W. Farrar ၏ The Life of Christ
၂ Dr. S.J.Andrews ၏ The Life of Our Lord.
၃ Dr. David Smith ၏ The Days of His Flesh
၄ B.H.Branscomb ၏ The Teachings of Jesus
၅ AM.Hunter ၏ The Work and Words of Jesus
၆ H.C.Kee and F.W.Young ၏ The Living World of The New Testament.
၇ Bruce Metzger ၏ Background, Growth and Content of The New Testament.
၈ Dr. William Barclay ၏ The Mind of Jesus.
၉ Dr.William Barclays ၏ Crucified and Crowned
၁၀ C.H.Dodd ၏ The Founder of Christianity.
၁၁ Charles L.Allen ၏ God’s Psychiatry.
၁၂ A.M.Ramsey ၏ The Resurrection of Christ
၁၃ The Interpreter’s Bible ၏ Volumes VII and VIII.
၁၄ ဝီလျံဘာကလေး ၏ ခရစ်ဝင်အနက်ဖွင့်ကျမ်းများ။