သခင်ယေရှု၏ ဒဏ္ဍာရီနှင့် သမိုင်း

လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ (အပယ်ငရဲမှ လွတ်၍)

သမ္မာတရားကို သိစေခြင်းငှါ ဘုရားသခင် အလိုတော်ရှိ၏။ (၁ တိ ၂း၄)

လူသည် ဤစကြဝဌာကိုအစိုးရ၍ မိမိအသက်ဝိ

ညာဉ်ရှုံးလျှင် အဘယ်ကျေးဇူး

ရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ (မ ၁၆း၂၆)

သို့ရာတွင် မယုံကြည်လျှင် အဘယ်သို့ ပဌနာပြုနိုင်မည်နည်း၊

သတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူ

မရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ (ရော ၁၀း၁၄)

ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိ

ရှိသော သူမူကား မိမိသွားရာလမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။ (သု ၁၄း၁၅)

ရွှေပေး – ၀၉-၂၀၄၅၁၃၉

koshwepay@gmail.com

2013

မှီငြမ်း ကျမ်းကိုးစာရင်း

– သမ္မာကျမ်းစာအုပ်

– The personality of Jesus By Thramu Eh Wah

– The part of the Buddha Buddhism intepreted by Buddhists

– Christian worship of God by R. WF Wooton

– A Life of Christ By H E Darna ,The Judson Press 1966, USA

– သိက္ခာတော်ရ ဆရာတော် ဦးသိမ်းအုပ် (ခရစ်တော်၏ ၁၈ နှစ်ပြဿနာ )

– ဗုဒ္ဓဝါဒ ပြသနာများ

– ကမ္ဘာကို ချုပ်ကိုင်မည့်သူ

-ရာဟု လာသံကိစ္စည်း၏ မာဃမြန်မာပြန် (တိဗက် ဗုဒ္ဓဘာသာ)

– ပါရဂူ (တိဗက် ဗုဒ္ဓဘာသာ)

– ရှင်ဥက္ကဋ္ဌ (ကပ္ပပြသနာ)

– အန်လျှင်ဖေသွင် (ခရစ်တော်၏ သက်တော်စဉ်၊ ပုံသာဓကပေါင်းချုပ်)

– အမျိုးသားပညာဝန်ဦးဖိုးကျား (မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယာနဂိုဏ်း)

– သုတစွယ်စုံ အတွဲ (၈) စာမျက်နှာ ၄၆၄

– အင်တာနက်

ရေးသားပြုစုခဲ့သော စာအုပ်များ

၁။ ဧဝံဆိုင်ရာပြဿနာများ၏ အနှစ်ချုပ်အဖြေများ

၂။ ခရစ်ယာန်ယုံကြည်ချက်ဆိုင်ရာမေးခွန်းများနှင့် အဖြေများ

၃။ မရဏနိုင်ငံမှ အတိပေးစကားနှင့်လွတ်မြောက်ရာတရား

၄။ ခရစ်ယာန်ဘာသာဝင်များအတွက် အမှောင်ထုကို ဖြိုခွင်းသည့်

မီးမောင်းနှင့် တူသော အမြင်မရှင်းလင်းသည့် မေးခွန်းများ –

၅။ လူသားတိုင်းအတွက် ဘုရားနှင့် တရား (ဝေစာ)

သခင်ယေရှု၏ ဒဏ္ဍာရီနှင့် သမိုင်း

မာတိကာ

အကြောင်းအရာ

(က) ခရစ်တော် သို့မဟုတ် ဦးဇီဝကိရိန္ဒ

(ခ) ခရစ်တော်၏ (၁၈) နှစ်ပြသနာဖြေရှင်းချက်

(ဂ) သခင်ယေရှုနှင့် အရိမေတ္တယျဘုရား

(ဃ) ဗုဒ္ဓနှင့် သစ္စာတရားလေးပါးတရားတော်

(င) ဘာသာကြီးများ၏ အယူဝါဒ အနှစ်ချုပ်

(စ) ယေရှုသည် ဗုဒ္ဓရဟန်းတစ်ပါးသာ ဖြစ်၏

၂။

(က) ကျောက်ကွင်းဝါဒပြိုင်ပွဲ

(ခ) ကျောက်ကွင်းဝါဒပြိုင်ပွဲအား ပြန်လည်သုံးသပ်ခြင်း

၃။ခရစ်ယာန်ဘာသာဝင်များအတွက် အမှောင်ထုကို ဖြိုခွင်းသည့်

မီးမောင်းနှင့် တူသော အမြင်မရှင်းလင်းသည့် မေးခွန်းများ- (၂၅)ချက်

၄။ယေရှုကို ကိုးကွယ်ခြင်းသည် မှန်သောကိုးကွယ်ခြင်း

ဖြစ်ပါကလား?

အမှာစာ

ရှေးဦးစွာ ဤစာအုပ်ကို ရေးသားထုတ်ဝေခွင့် ပေးသည့် လူသားတိုင်း

အပယ်ငရဲမှလွတ်၍ သမ္မာတရားကို သိဖို့ရန် အလိုရှိတော်မူသော မမည်းတော်

သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား၏ နာမတော်ကို ချီးမွမ်းပါသည်။

တိဘက် ဘုန်းကြီး၏ တပည့်ဟုဆိုသော ယေရှု ခရစ်ယာန်တို့ ရှုံးနိမ့်

သွားသည် ဆိုသည့် ကျောက်ကွင်းဝါဒပြိုင်ပွဲနှင့် ခရစ်ယာန်ဘာသာဝင်တို့ အတွက်

အမြင်မရှင်းသည့်မေးခွန်း (၂၅) ချက် အစရှိသည့် အကြောင်းအရာများတို့သည်

စာအုပ်အားဖြင့်သော်၎င်း၊ အထူးသဖြင့် အင်တာနက် စာမျက်နှာများပေါ်တွင် ၎င်း

ပျံ့နှံ့လို့နေပါသည်။ ၄င်းစာအုပ်များတွင် ပါဝင်သော အကြောင်းအရာများနှင့်

မေးခွန်းများတို့ အတွက် အတတ်နိုင်ဆုံး အကြောင်း အကျိုး အထောက်အထား

များစွာတို့ဖြင့် ဖြေကြားပေးထားပါသည်။

ခရစ်ယာန်တို့၏ ယုံကြည်ခြင်းနှင့်စပ်လျှင်း၍ သံသယဖြစ်ဖွယ် မေးခွန်း

များတို့ သည် အဆန်းတော့မဟုတ်ပါ၊ သခင်ယေရှုလက်ထက်ကတည်းကပင် ရှိနေပြီး

ထိုကဲ့သို့ သံသယဖြစ်နေသူများနှင့် မေးခွန်းများ မေးမြန်းခဲ့ကြသူများကို ယေရှုသည်

မေတ္တာရှေ့ထား၍နွေးထွေးကြင်နာစွာဖြင့်အဖြေပေးခဲ့သလိုကျွန်ုပ်တို့ယုံကြည်သူများ

ကိုလည်း နူးညံ့သောသဘောနှင့်ပြန်လည်၍ဖြေကြားပေးဖို့ရန်အလိုတော်ရှိပါသည်။

သူငယ်ကဲ့သို့ ဘုရားကို သံသယမရှိပဲ ယုံကြည်ရန်ယေရှုက သွန်သင်ခဲ့သည်

ဆိုခြင်းမှာ မျက်ကန်းပမာယုံကြည်၍ နောက်တော်သို့ လိုက်ဖို့ ရန်ဆိုလိုခြင်း မဟုတ်ပါ။

အရာရာကို စေ့စေ့စပ်စပ် လေ့လာစစ်ကြော၍ စစ်မှန်သော အမှန်တရားကိုသာ

လက်ခံယုံကြည်ရန် သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ (၁သက် ၅:၂၁)

အမှန်တရားကိုချစ်မြတ်နိုး၍ အမှန်တကယ်ရှာဖွေလိုသောသူများ အတွက်

ဤစာအုပ်တွင် အတတ်နိုင်ဆုံးစုဆောင်း၊ ပြုစုထားပါသည်။ ကြိုးစား၍ဖေါ်ပြ

ထားသော်လည်။ ဤစာအုပ်တွင် ဖေါ်ပြထားသည်ထက် သန့်ရှင်းသော ဝိညာဉ်တော်

ဘုရား၏ ဖေးမကူညီမှုဖြင့် သံသယကင်းသော အ‌ ဖြေများနှင့် ယခုဘဝနှင့် နောင်ဘဝ

အတွက် ထာဝရ ငြိမ်သက်ပျော်ရွှင်ဝမ်းမြောက်မှုကို ရရှိနိုင်ကြပါစေ။

၁။(က)ခရစ်တော်သို့မဟုတ်ဦးဇီဝကိရိန္ဒ

ဤအကြောင်းအရာကို ဗုဒ္ဓဘာသာဝင်များတို့၏ လက်စွဲ စာအုပ်များ

ဖြစ်သည့် “ဝင်းမော်ဦးစာပေ” မှဖြန့်ချိသော “ ဗုဒ္ဓဝါဒပြဿနာများ” ဟူသည်

စာအုပ်တွင် ဖေါ်ပြထားပါသည်။ ဇာတ်လမ်းပါအရ မေးမြန်းသူမှာ ခရစ်ယာန်

ဘုန်းကြီး J,F Willson (M.A) Oxford University ဘုံဘေမြို့ ဟဲလီစတုံ

ကောလိပ်ကျောင်း၊ အင်္ဂလိပ်ပါမောက္ခ ဆိုသူဖြစ်သည်။ ဖြေဆိုသူမှာ ဆရာတော်

အရိယဓမ္မ ဖြစ်သည်ဟု ပါရှိသည်။

၄င်းစာအုပ်အပြင် ကမ္ဘာ ကိုချုပ်ကိုင်မည့်သူ ဟူသောစာအုပ်ကို ငှေးလှိုင်

ရေးသားရာ၌ ခရစ်တော် (သို့) ဦးဇီဝကိရိန္ဒ ဟူသော ခေါင်းစဉ်ဖြင့် စာမျက်နှာ

(၂၆၂-၂၆၆) တွင် ထိုအကြောင်းကိုပင် ထပ်မံကိုးကား ပြထားသည်ကို တွေ့ရပြန်

ပါသည်။ ၄င်းကိုးကားသော (The Unknown Lite of Jesus Christ) စာအုပ်ကိုလည်း

၎င်းထံတွင် ငှားယူဖတ်ရှုနိုင်ကြောင်း ပါရှိသေးလေသည်။ ထို့ကြောင့် ဖတ်ရှုမိသူ

တိုင်းနီးနီးကလည်း လက်ခံယုံကြည်ကြပါသည်။ ၎င်းစာအုပ်၏ ကိုးကားချက်

ခရစ်တော်၏ အကြောင်းကို ဖေါ်ပြရပါက-

ခရစ်တော်၏ဟောပြောချက်များသည် ဗုဒ္ဓ၏ ဟောပြောချက်များနှင့် အဘယ့်

ကြောင့် ဆင်တူနေသနည်း။ ခရစ်တော်သည် အရိမိတ္တေယျဘုရားအလောင်း

တော်ဖြစ်သည်ဟူသောစကား မှန်ပါသလော?

(မေးမြန်းလျှောက်ထားသူ – ခရစ်ယာန်ဘုန်းကြီး ၊ ဝစ်(လ်)ဆင် အမ်ဒေ

(အောက်စဖို့တက္ကသိုလ်) ဘုံဘိုင်မြို့၊ အက်လီဖင်စတုံးကောလိပ်ကျောင်း၊ အင်္ဂလိ

ဘာသာပါမောက္ခ၊ ဖြေဆိုသူ-ဆရာတော် အရှင်အရိယဓမ္မ။)

ဆရာတော်အရှင်အရိယဓမ္မ။ “ချစ်ခင်ကြင်နာစိတ်ထားရှိရေး၊ ကရုဏာတရား

ပွားများ ၊ သည်းခံရေး၊ အပြစ်မှခွင့်လွှတ်ရေးစတဲ့အရေးကိစ္စတို့နဲ့ ပတ်သက်ပြီး

ခရစ်တော်ဟောပြောထားတဲ့တရားများဟာ ဗုဒ္ဓကိုယ်တော်မြတ်ကိုယ်တိုင် ဟောပြော

တော်မူခဲ့တဲ့ တရားများနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် ဒီလိုဆင်တူ သလိုလို ရှိတာနဲ့

ခရစ်တော်ဟာ အရိမိတ္တေယျ အလောင်းတော်ပဲ ဖြစ်တယ် ဆိုတဲ့ စကားကတော့

အကြောင်း အကျိုး ဆက်စပ်မှုသဘောတရားနဲ့ ကန့်လန့် ဆန့်ကျင်ဖြစ်နေတယ်။

အဲဒီတော့ ဒီအယူအဆကို ပယ်ရှားပစ်ဖို့ရန် ဦးပဉ္စင်း က အမေးပုစ္ဆာ အချို့ကိုမေးဖို့

လိုပါလိမ့်မယ်။ အဲဒီအမေးပုစ္ဆာတွေကို ဒကာကြီးက ဖြေဆိုစေလိုပါတယ်။”

(ဤကဲ့ သို့ ဆရာတော်က မိန့်မြွက်တော်မူပြီးနောက် အောက်ပါမေးခွန်းကို

စတင်မေးပါသည်။)

ဆရာတော်။ “ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီလူမျိုးတို့ရဲ့ ဘုရားကျောင်းမှ

ထွက်ခွာပြီး ပျောက်ကွယ်သွားပါသလဲ ဒကာကြီး။”

ဝစ်လဆင်။ “ခရစ်တော်ဟာ (၁၂)နှစ် အရွယ်မှာ ရေဟူဒီလူမျိုးတို့ရဲ့ ဘုရားကျောင်းမှ

ထွက်ခွာပြီး အမိအဘတို့ကို စွန့်ခွာသွားခဲ့ ပါတယ်။”

ဆရာတော်။ “ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောသလဲ။

ဝစ်လဆင်။ “ခရစ်တော်ဟာ သူ့ရဲ့ တရားဓမ္မတို့ကို သက်တော် (၃၀)က စတင်

ဟောခဲ့ပါတယ် ဆရာတော်။

ဆရာတော်၊ “ဒါဖြင့် ရင် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ် လုံးလုံး

ခရစ်တော်ဟာ ဘယ်သွား နေပါသလဲ။”

ဝစ်လဆင်။ “(၁၈)နှစ်လုံးလုံး၊ ခရစ်တော်ဟာ သူ့ရဲ့ မွေးစားဖခင် သျှင်ယောသ

(စိန့်ဂျိုးဇက်)နဲ့ အတူတကွနေထိုင်လျက် ရှိပါတယ်ဆရာတော်။

ဆရာတော်။ “အဖိုးတန်တဲ့ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘာများလုပ်နေ

ပါသည်။

ဝစ်လဆင်။ “သူ့ရဲ့မွေးစားဖခင် သျှင် ယောသကို ကူညီပြီး လက်သမားအလုပ်

ကိုလုပ်နေဟန် တူပါတယ်ဆရာတော်။”

ဆရာတော်။ “ဒါဖြင့် ခရစ်တော်ဟာ လူသားတို့အား အကုသိုလ်ကံတရားမှ တနည်း

အားဖြင့် ငရဲဘုံမှ ကယ်တင်ရန် မွေးဖွားလာခြင်းမဟုတ်ဘဲ သျှင်ယောသကို

လက်သမား အလုပ်မှာ ဝင်ရောက်ကူညီဖို့ရန် မွေးဖွားလာရတယ်လို့ ဆိုလို ပါသလား

ဒကာကြီး၊”ဝစ်လဆင်။ “ခရစ်တော်ဟာ လူသားတို့ကို အကုသိုလ်ကံတရားမှ တနည်း အားဖြင့်

ငရဲဘုံမှ ကယ်တင်ရန် ဖွားမြင်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ၏တရားဓမ္မ

တို့ကို ဟောပြောရန် ဖခင်ထာဝရဘုရားသခင်ရဲ့ အမိန့်တော်ကို စောင့်မျှော်နေခြင်းပဲ

ဖြစ်ပါတယ်ဘုရား။ “

ဆရာတော်။ “ဒါဖြင့် ခရစ်တော်ဟာ ဖခင်ထာဝရဘုရားသခင်ရဲ့ အမိန့်တော်ကို

စောင့်နေဆဲ (၁၈)နှစ်ကာလအတွင်း သေကြရတဲ့ သန်းပေါင်း များစွာသော လူတွေ

ဟာ ကောင်းကင်ဘုံ နန်းကိုပဲသွားသလား၊ ငရဲပြည်ကိုပဲ သွားကြရသလား။

ဝစ်လဆင်။ “(၁၈)နှစ်ကာလအတွင်း သေကြေပျက်စီးကြရတဲ့ လူတွေဟာ

အကုသိုလ်ကံထဲ နစ်မွန်းပြီး ငရဲဘုံသို့ ရောက်ကုန်ကြရပါတယ် ဆရာတော်။

ဘာပြုလို့လဲဆိုတော့ အဲဒီလူသားတွေအတွက် ကောင်းကင်ဘုံနန်းတံခါး မပွင့်

သေးလို့ပါ ဆရာတော် ‘

ဆရာတော်။ “ဒကာကြီး ယခုပြောတဲ့စကားအရဆိုရင် ခရစ်တော်ဟာ လူသား

တရပ်လုံးကို ကယ်တင်တဲ့ပုဂ္ဂိုလ် မဟုတ်ဘဲ သူ့ကို လက်ဝါး ကပ်တိုင်မှာ ကပ်ချည်ပြီး

နောက်ပိုင်း သေကြရတဲ့လူတွေကိုသာ ကယ်တင်တဲ့ ပုဂ္ဂိုလ်ပေါ့။”

ဝစ်လဆင်။“ ဒီမေးခွန်းဟာ ခက်ခဲရှုပ်ထွေးတဲ့ မေးခွန်းဖြစ်တဲ့အတွက် တပည့်တော်

မဖြေတတ်ပါ ဆရာတော်။”

ဆရာတော်။ “ဒကာကြီးက ဒါကို မဖြေနိုင်ရင် ဒကာကြီးတို့ရဲ့ ဂိုဏ်းမကြီးဖြစ်တဲ့

အင်္ဂလန်ပြည် ဂိုဏ်းချုပ်က ဖြေနိုင်ပါ့မလား။”

ဝစ်လဆင်။ “ဒါဟာ နက်နဲရှုပ်ထွေးတဲ့ ပြဿနာတရပ် ဖြစ်တဲ့အတွက် အင်္ဂလန်ပြည်

ကင်တာဘာရီမြို့ကဂိုဏ်းချုပ် ကြီးလည်း ဖြေနိုင်မှာ မဟုတ်ပါဘူး ဆရာတော်။”

ဆရာတော်။“နက်နဲရှုပ်ထွေးတယ်ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်ဟာဘာလဲ ဒကာကြီး။”

ဝစ်လဆင်။ “နက်နဲရှုပ်ထွေးတယ်ဆိုတာဟာ သာမန်လူသားထက် တတ်သိ

နားလည်တဲ့ နတ် အစရှိတဲ့ သူတို့ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ လျှို့ဝှက်ထားတဲ့

အမှန်တရားပါပဲ ဆရာတော်။ ဒီတရားကို ထာဝရဘုရား သခင်ကိုယ်တော်မြတ်

သာလျှင် ဖြေရှင်းနိုင်ပါမယ် ဆရာတော်။”

ဆရာတော်။ “ဒါဖြင့် ဒကာကြီးတို့ရဲ့ ခရစ်ယာန်ဘာသာမှာ လျှို့ဝှက်တဲ့ အမှန် တရား

များ ပါဝင်လျက် ရှိတယ်ပေါ့။ ဒါဖြင့်ရင် ခရစ်ယာန်ဘာသာ တရားဟာမပြည့်

စုံသေးဘူးလို့ ဆိုရပေလိမ့်မယ်။ ယခုတိုင် ခရစ်ယာန် ဘာသာတရားနဲ့ ဆိုင်ရာ

တရားအချို့ဟာ အမှောင်ထဲမှာပဲ ရှိနေသေးတယ်ပေါ့။ ဟုတ်သလားဒကာကြီး”

ဝစ်လဆင်။ “တပည့်တော်မှာ အခြားအဖြေပေးစရာ မရှိလေတော့ ဟုတ်ပါတယ်

လို့ပဲ ဝန်ခံရမှာပဲ ဆရာတော်။

ဆရာတော်။ “ခရစ်တော်ရဲ့ ဒီ(၁၈)နှစ်လုံးလုံး တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ဘဝကို

အမေရိကတိုက် ချီကာဂိုမြို့က ကမ္ဘာကျော်ခရီးလှည့်လည်သူ သုတေသနပုဂ္ဂိုလ်

ပါမောက္ခ ဂိုးရစ်(ခ်)ရုံ မှတ်တမ်းအရ ဦးပဉ္စင်း ယခု ရှင်းလင်းပြပါ့မယ်။ ဒကာကြီး

ဂရုစိုက်ပြီး နားထောင်စေချင်ပါတယ်။ ပါမောက္ခ ဂိုးရစ်(ခ်)ဟာ တိဘက်ပြည်

ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများမှ ခရစ်တော် ကိုယ်တိုင် ဟေဗြဲဘာသာနဲ့

ရေးသားထားတဲ့မှတ်စုကို ရခဲ့ပြီး ၁၉၂၅ခုနှစ်က ခရစ်တော်၏ မသိသေးသော

သွန်သင် ဟောပြောချက်များ (The untold teachings of the Christ by Prof.

(Goldricke 1925) ဆိုတဲ့ နာမည်နဲ့ စာအုပ် တစ်အုပ်ကို ရေးသား ထုတ်ဝေခဲ့တယ်။

ခရစ်ယာန် ဘာသာကို အလွန်သက်ဝင် ယုံကြည်တဲ့ ပါမောက္ခဂိုးရစ်(ခ်)ဟာ (၁၈)

နှစ်လုံးလုံး ခရစ်တော် ဒီလိုနစ်မြုပ် ကွယ်ပျောက် နေတဲ့ အကြောင်းကို အလွန်

သိလိုလှလို့ အမေရိက မှာရှိတဲ့ ခရစ်ယာန်ဘာသာဂိုဏ်းချုပ် ဂိုဏ်းအုပ်တို့ကို မေးမြန်း

ကြည့်တယ်။ ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်သူကမှ သူ့ကို ရှင်းလင်း မပြော

နိုင်ခဲ့ဘူး။ ဒါနဲ့ပဲ ဒီကိစ္စနဲ့ပတ်သက်လို့ သူကိုယ်တိုင် သုတေသန လုပ်ငန်း

ထွက်လုပ်တယ်။ ဒီလို ဘယ်သလီဟန်၊ ဂျေရုဆလင်၊ ကိုင်ရို၊ တူရကီ၊ အိန္ဒိယနဲ့

တိဘက်ပြည်တွေမှာ အားတက်သရော ကြိုးပမ်းပြီး လိုက်လံ စုံစမ်း တော့ နောက်ဆုံး

တိဘက်ပြည် တောင်ပိုင်း မွန်ဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော်

မဟာထေရ်မြတ်ကို ခရစ်တော် ကိုယ်တိုင်စာရွက်ပေါင်း (၁၀၀)ပေါ်မှာ သူကိုယ်တိုင်

ဒီ(၁၈)နှစ် အတွင်း တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံ တွေကို မှတ်တမ်း တင်ပြီး ကြိုးနဲ့

ကျကျနန ချည်နှောင်ကာ သူ့ကို တရားဓမ္မများ ဟောပြောသွန်သင်တဲ့ အနေနဲ့

ကန်တော့ခဲ့တဲ့ မှတ်တမ်းကို ရခဲ့တယ်။ အဲဒီ မှတ်တမ်းထဲမှာ ခရစ်တော် ကိုယ်တိုင်

အောက်ပါအတိုင်း ရေးသားထားတာကို တွေ့ရှိရတယ်လို့ ဂိုးရစ်(ခ်)က ရေးသား

ပြတယ်။

“ကျွန်ုပ်အား အသက်(၁၂)နှစ် အရွယ်သို့ရောက်သောအခါ ရေဟူဒီလူမျိုး တို့၏

ထုံးတမ်း အစဉ်အလာအရ ရေဟူဒီဘုန်း တော်ကြီးကျောင်းသို့ နွေဦးရာသီ

ပွဲတော်အတွင်း ခေါ်သွားကြပါသည်။ ထို ရေဟူဒီကျောင်း၌ ရေဟူဒီဆရာတော်

ကြီးများသည် ထာဝရဘုရားသခင်၏ ဖန်ဆင်းခြင်း၊ သူ၏ကရုဏာ၊ သူ၏ ဒေါသ

အမျက်၊ သူ၏တရား မှန်ကန်ခြင်း စသည့် တရား တို့ကို ဆွေးနွေး နှီးနှော နေကြ၏။

ကျွန်ုပ်အဘိုး၏ အရှိန်အဝါဖြင့်ကျွန်ုပ်သည် ရေဟူဒီ ဘုန်းတော်ကြီး များအား ကျွန်ုပ်

မသိနားမလည်သည့် အချက်တို့ကို ဝင်၍ မေးမြန်းခွင့်ရရှိ ခဲ့၏။ ကျွန်ုပ် ပထမဦးဆုံး

မေးမြန်းသည့် မေးခွန်းကား – “ယေဟောဝါ သည် အချို့ကို လူချမ်းသာ အချို့ကို

လူဆင်းရဲ၊ အချို့ကို ပညာရှိ၊ အချို့ကို လူ့အန္ဓ၊ အချို့ကို လူကောင်း၊ အချို့ကို

လူယုတ်မာ၊ အချို့ကို ရုပ်ရည်အလှ အပ၊ အချို့ကို အရုပ်ဆိုး အကြည့်တန်၊ အချို့ကို

အသက် ရှည်ရှည်၊ အချို့ကို အသက် တိုတို၊ အချို့ကို မျက်စိအကောင်း၊ အချို့ကို

မျက်စိမမြင်၊ အချို့ကို ကျန်းကျန်း မာမာ၊ အချို့ကို ရောဂါသည်၊ အချို့ကို

အားအင်အကောင်း၊ အချို့ကို အားအင် အချည့်အနဲ့ အစရှိသည်ဖြင့် လူအချင်း

ချင်း ကွဲပြား ခြားနားစွာ အဘယ်ကြောင့် ဖန်ဆင်းထားပါလဲ” ဟုဖြစ်၏။

ထိုအခါ ရေဟူဒီဘုန်းတော်ကြီးများနှင့် ပရိသတ်အားလုံးသည် အံ့အား

သင့် သွားကြ၍ ကျွန်ုပ်၏မေးခွန်းကို မဖြေနိုင် ကြသဖြင့်

“အို သူငယ်၊ ဤအချက်ကို ယေဟောဝါသာလျှင် သိနိုင်သည်ဟု ” ရေဟူဒီ

ဘုန်းတော်ကြီး များက ပြန်ပြောကြ၏။ တဖန် ကျွန်ုပ်က

“ယေဟောဝါသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ သုံးပါးသောကာလ တို့ကို

သိပါလျက်နှင့် အဘယ့်ကြောင့် ငရဲဘုံကို ဖန်ဆင်းခဲ့ပါသနည်း”ဟု မေးမြန်း ပါသည်။

ထိုအခါ ရေဟူဒီဆရာတော်များက -“ ယုတ်မာညစ်ညမ်း သူတို့ကို အပြစ်ဒဏ်ပေးရန်

ငရဲဘုံကို ဖန်ဆင်းခဲ့သည်”ဟု ပြန်ဖြေ၏။

ထိုနောက်တဖန်-“ယေဟိုးဝါသည် သူ၏ဖန်ဆင်းမှုဆိုင်ရာ အနာဂတ်ကာလ၏သဘောကို သိခြင်ပါလျက်နှင့် အဘယ့်ကြောင့် ယုတ်မာ ညစ်ညမ်းသူတို့ကို ဖန်ဆင်းရပါသနည်း”ဟု

ကျွန်ုပ်က ထုပ်၍ မေးလိုက်ပြန်သည်။ ထို အခါအားလုံးသော ရေဟူဒီဘုန်း

တော်ကြီးများသည် မည်သို့မျှ မဖြေနိုင်ကြတော့ဘဲ ကျွန်ုပ်အား သူတို့အားလုံး၏

ဂိုဏ်းချုပ်အဖြစ် ရွေးကောက် တင်မြှောက် ကြ၏။ထို့နောက် ကျွန်ုပ်သည် ကျွန်ုပ်၏

မြင့်မြတ်သည့် ရာထူး အရှိန်ကို အသုံးပြုလျက် နှင်တံ တချောင်းကို ယူကာ

ဘုရားတန်ဆောင်းထဲ၌ သူတို့ လုယက် တိုက်ခိုက်၍ ရသော ပစ္စည်းတို့ကို ရောင်းချ

နေကြသူများအား နှင်တံနှင့် ရိုက်ပြီး – “ဤနေရာကား ယေဟိုးဝါ ဘုရား

တန်ဆောင်းဖြစ်သည်။ အသင်တို့အတွက် ဈေးရောင်း စရာ နေရာမဟုတ်” ဟု

ဆိုကာ နှင်ထုတ်ပစ်လိုက်၏။ ယေဟိုးဝါ၏တရားကား ရှက်ဖွယ် ဖြစ်နေ ကြောင်း၊

အခြေအမြစ် မရှိကြောင်း ကို သိမြင် လာသော ကျွန်ုပ်သည် အလွန်မြင့် မြတ်သည့်

ဂုဏ်ထူး၊ နေရာထူး တို့ကို ရနေသည့်တိုင်အောင် ဤမဟုတ်မမှန်သော စကားကို

ရွံရှာမုန်းတီး၍ အမှန်တရားကို မတွေ့တွေ့အောင်ရှာကြံမည်ဟု သန္နိဋ္ဌာန်ချလိုက်၏။

ထိုနောက် ကျွန်ုပ်သည် ဘုရားရှိခိုးကျောင်းထဲမှထွက်၍ မြို့တော်မှ ထွက်ခွာ လာခဲ့၏။

ငါးမိုင် ခြောက်မိုင် ကျော်ခန့် လမ်းလျှောက်မိသောအခါ ခရီးသွား ကုန်သည်တစုနှင့်

တွေ့၏။

သူတို့၏ ဝတ်စားဆင်ယင်ပုံမှာ ရေဟူဒီလူမျိုးများနှင့် ကွဲပြားခြားနား

လျက်ရှိရာ သူတို့သည် တိုင်းတပါးမှ လာရောက်ကြ သည့်ကုန်သည်များ ဖြစ်ရ မည်ဟု

သတိပြုမိ၏။ သို့နှင့် သူတို့အနီးသို့ ချဉ်းကပ်လိုက်ရာ ကံအားလျော်စွာ သူတို့

ခေါင်းဆောင်နှင့် တွေ့ပြီး သူတို့အား “မည်သည့် အရပ်မှ မည်သည့်ကိစ္စဖြင့်

လာကြသနည်း”ဟု မေးမြန်းလိုက်ပါသည်။ ထိုအခါ ခရီးသွားကုန်သည်များ၏

ခေါင်းဆောင်များက သူတို့သည် တိဘက်ပြည် ဖြစ်ကြောင်း၊ တိဘက်ပြည်

သားရေများ၊ ဦးချိုများနှင့် ထူးဆန်းသည့် ပစ္စည်း များကို ဂျေရုဆလင်မြို့မှ ရွှေငွေ

ကျောက်သံပတ္တမြားနှင့် အခြား အဘိုးတန် ဆေးဝါးတို့နှင့် ဖလှယ်ရန် လာကြကြောင်း

ပြောပြ၏။ ကျွန်ုပ်သည် ခေါင်းဆောင်၏ စိတ်နေသဘောထားကို သဘောကျ

မိသဖြင့် စကားပြောရင်းဆိုရင်းနှင့်ပင် လောက၌ အချို့လူတို့က ဆင်းရဲ၊ အချို့က

ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းမာ၊ အချို့က ချည့်နဲ့ လျက်

အဘယ်ကြောင့် မညီမမျှမွေးဖွားကြသနည်း ဟူသော ရေဟူဒီ ဘုန်းကြီး များအား

ပထမဆုံး မေးသည့် မေးခွန်းကို မေးကြည့်၏။

ထိုအခါ ကုန်သည်အဖွဲ့ခေါင်းဆောင်က – “အို ချစ်လှစွာသော သူငယ်

လူသားများ အနက် အချို့က ဆင်းရဲ၊ အချို့က ချမ်းသာ၊ အချို့က ပညာရှိ၊ အချို့က

ပညာမဲ့၊ အချို့က ရုပ်ချော၊ အချို့က အကျည်းတန်၊ အချို့က ကျန်းကျန်းမာမာ

အချို့က အင်အားချည့်နဲ့ အဖြစ်ဖြင့် တဦးနှင့် တဦး အသွင် မတူဘဲ မွေးဖွားကြရ

သည်မှာ အတိတ် ဘဝက ကာယကံ၊ ၀စီကံ၊ မနောကံ တည်းဟူသော ကမ္မ သတ္တိ

တို့ကြောင့်ပင်ဖြစ်၏။ ရုပ်အဆင်း အားဖြင့် လှပ ချောမွေ့၍ လှပသော အဝတ်

တန်ဆာတို့ကို ဝတ်ဆင်ပြီးလျှင် မှန်ရှေ့တွင် ရပ်လိုက်သောအခါ လှပ၍ ကျက်သရေ

ရှိသော အသွင်သဏ္ဌာန် သည် ထင်လာ ကာ ရုပ်အဆင်းအားဖြင့် ဆိုးဝါး၍

စုတ်ပြတ်ဟောင်းနွမ်း သော အဝတ်တို့ကို ဝတ်ဆင်ထား သူ တယောက်သည်

မှန်ရှေ့တွင် ရပ်လိုက်သောအခါ အရုပ်ဆိုး၍ ကျက်သရေ ယုတ်လှသည့် အသွင်

သဏ္ဌာန်သည် ထင်လာဘိသကဲ့သို့ အချို့ လူသားတို့သည် အတိတ်ဘဝက

ကမ္မသတ္တိကောင်းကြသဖြင့် စည်းစိမ်ဥစ္စာ ချမ်းသာကြ၏။ ရုပ်အဆင်း သဏ္ဌာန်

လှကြ၏၊ ပညာဉာဏ် ထက်မြက်ကြ၏။ ကျန်းမာသန်စွမ်း ကြ၏။ ကိုယ်လက်အင်္ဂါ

ပြည့်စုံကြ၏။ အသက်ရှည်ကြ၏။ အချို့လူသားတို့ကား အတိတ်ဘဝက ကမ္မသတ္တိ

ညံ့ဖျင်းကြသောကြောင့် ဆင်းရဲနွမ်းပါး ကြ၏။ အရုပ်ဆိုး အကျည်းတန်ကြ၏။

အသိဉာဏ် ကင်းမဲ့ ထုံထိုင်း ကြ၏။ အင်အားချည့်နဲ့ ကြ၏။ ကိုယ်အင်္ဂါ မပြည့်

မစုံချို့တဲ့ကြ၏။ ဤကဲ့သို့ လူသား အချင်းချင်း တဦးနှင့်တဦး ကွဲပြားခြားနား

ကြခြင်းမှာ အထက်က ပြောခဲ့သကဲ့သို့ အတိတ် အ၀က ကမ္မသတ္တိ အဆိုးနှင့်

အကောင်း အရကြောင့်သာ ဖြစ်၏။ မည်သည့် ထာဝရဘုရား၊ သို့မဟုတ်

ယေဟိုးဝါ၏ ဖန်ဆင်းမှု ကြောင့် မဟုတ်ချေ။ တနည်းအားဖြင့် ဥပမာ ပေးရသော်

ဥယျာဉ်မှူး တယောက်သည် ချိုမွှေးသောအပင်ကို စိုက်လျှင် ချိုမွှေးသော အသီးကို

စားရ၍ ခါးသောအပင်ကို စိုက်လျှင် ခါးသောအသီးကို စားရဘိသကဲ့သို့ ဖြစ်၏”

ကုန်သည် ခေါင်းဆောင်ကြီးက ဖြေလိုက်သည့် အဖြေကို ကြားလိုက် သောအခါ

ကျွန်ုပ်သည် အလွန်ဝမ်းသာအားရဖြစ်ကာ သူ့အား “မည်သူ ဟောကြားသည့်

တရားတို့ကို လိုက်နာပါသနည်း” ဟု မေးမိ၏။

ထိုအခါ ကုန်သည်ခေါင်းဆောင်ကြီးက – “အို ချစ်လှစွာသော သူငယ်၊

ကျွန်ုပ်ကား ဗုဒ္ဓကိုယ်တော်မြတ် ဟောကြား တော်မူသော တရားကိုသာ လိုက်နာ

ကျင့်သုံး၏။ ဗုဒ္ဓကိုယ်တော်မြတ်သည် လောက သုံးပါးတွင် ပညာ အရှိဆုံး ဖြစ်သည်။

အလုံးစုံသော တရားတို့ကို အကြွင်းမဲ့ သိတော်မူသည့် သဗ္ဗညုတ ရွှေဉာဏ်တော်ရှင်

လည်း ဖြစ်သည်။ ဓမ္မစကြာတရားရှင်လည်း ဖြစ်သည်။ သစ္စာလေးပါး တရားတော်

ကိုလည်း ပိုင်းခြားထင်ထင် သိမြင် တော်မူသည်။ အနန္တဉာဏ်တော် အနန္တတန်ခိုး

တော်ရှင်လည်း ဖြစ်တော် မူသည်”ဟု ပြန်၍ ဖြေကြား၏။ ထိုအခါ ကျွန်ုပ်သည်

ဗုဒ္ဓကိုယ်တော်မြတ် ဟောကြားတော်မူသည့် တရားဒေသနာ တို့ကို လိုက်နာ

ကျင့်သုံးလိုလှသဖြင့် ကျွန်ုပ်၏ မိတ်ဆွေသစ် ကုန်သည် ခေါင်းဆောင်ကြီး အား

ကျွန်ုပ်ကို တိဘက်ပြည်သို့ ခေါ်ဆောင်၍ ဆရာတော်ကြီး တပါးထံ အပ်နှံ ပေးပါရန်

တောင်းပန် လိုက်၏။ ကျွန်ုပ်က ဤကဲ့သို့ တောင်းပန် လိုက်သောအခါ ကုန်သည်

ခေါင်းဆောင် ကြီးက “အို သူငယ်၊ ကျွန်ုပ်သည် သင့်အား ကျွန်ုပ်တို့တိဘက်ပြည်သို့ ခေါ်သွားလို ပါ၏။

သို့ရာတွင် သင်သည် အသက်အရွယ်အားဖြင့် အလွန်နုနယ်၍ မိဘ နှစ်ပါး တို့၏

အုပ်ထိန်းခြင်းမှ မကင်းလွတ်သေး သဖြင့် သင်၏မိဘများ ကိုယ်တိုင် သင့်အား

ကျွန်ုပ်၏ လက်တွင်းသို့ အပ်နှံသမျှ ကျွန်ုပ်သည် သင့်အား တိဘက်ပြည်သို့

ခေါ်၍မသွားနိုင်ပါ”ဟု ပြန်၍ဆိုပါသည်။ ဤတွင် ကျွန်ုပ်က

“အိုမိတ်ဆွေ ကုန်သည် ခေါင်းဆောင်ကြီးဤကိစ္စနှင့်ပတ်သက်၍ စိုးစဉ်းမျှ မစိုးရိမ်

ပါလင့်။ ကျွန်ုပ်သည် အသက် အရွယ် အားဖြင့် အလွန်နုနယ် လှသော် လည်း

အသိပညာ နှင့်ပတ်သက်သောအခါ မနုနယ်ပါ။ ရာထူးဌာနန္တရ အားဖြင့် မြင့်မားသူ

တဦးဖြစ်ပါသည်။ ကျွန်ုပ်၏ ခန့်ညားထယ်ဝါလှသည့် ဝတ်စုံနှင့် ဤအထိမ်း အမှတ်

လက်စွပ်တို့ကို ကြည့်ပါ။ ကျွန်ုပ်သည် ဤမြို့မှ ရေဟူဒီ ဘုန်းကြီးများထဲတွင်

အချုပ်အခြာ ဖြစ်ပါသည်။ ကျွန်ုပ်သည် ကျွန်ုပ် မသိမမြင် ခဲ့ဘူးသည့် ယေဟိုးဝါ၏

မူမမှန်သော တရားတို့ကို မုန်းတီးရွံရှာ လှသဖြင့် သစ္စာတရားကို မရရအောင်

မတွေ့တွေ့အောင် ရှာဖွေ လေ့လာမည် ဟူသော ဆုံးဖြတ် ချက်ဖြင့် ကျွန်ုပ်၏

ကျောင်းကို စွန့်ခွာခဲ့သူ ဖြစ်၏။ အကယ်၍သာ ကျွန်ုပ်သည် သင်နှင့် ယခုကဲ့သို့

မတွေ့ခဲ့ပါက သစ္စာတရားကို ရှာဖွေရန် တောကြီးမျက်မည်းထဲသို့ ရောက်နေ

မည်ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ် သည် သင်နှင့် တွေ့သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ၊

သင်က ခေါ်သည်ဖြစ်စေ၊ မခေါ် သည်ဖြစ်စေ၊ ဤမြို့ ဤဒေသမှ အမှန်မုချ

ထွက်ခွာမည် ဖြစ်သည်” ကုန်သည် ခေါင်းဆောင်ကြီးသည် ကျွန်ုပ်၏ ရဲရင့်

တိကျသော စကားနှင့် ပြင်းထန်သော ဆုံးဖြတ်ချက် တို့ကို ကြားသောအခါ

ကျွန်ုပ်အား တိဘက်ပြည် သို့ ခေါ်သွားရန်နှင့် တိဘက်ပြည်သို့ ရောက်သောအခါ

သူကိုးကွယ်ဆည်းကပ် သည့် ဆရာတော်ကြီးထံ အပ်နှံပေးရန် သဘောတူလေ၏။

ကံကောင်းထောက်ပံ့ သဖြင့် ခရီးသွားကုန်သည်တို့သည် ထိုနေ့မှာပင် တိဘက်ပြည်သို့

ပြန်ကြရန် စီစဉ်ထား ကြသောကြောင့် ကျွန်ုပ်သည် ချက်ချင်းပင် သူတို့နှင့်အတူ

တိဘက်ပြည်သို့ လိုက်သွား ခွင့်ရခဲ့၏။ (၄)လကြာမျှ အလွန်ပြင်းပြင်း ထန်ထန်နှင့်

ခရီးကြမ်းနှင် ခဲ့ ကြပြီးနောက် ကျွန်ုပ်သည် တိဘက်ပြည် တောင်ပိုင်း မွန်

ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် အရှင်အရိယ ပုတ္တမဟာထေရ်မြတ်ထံ

သို့ရောက်ခဲ့၏။

ကျွန်ုပ်သည် တိဘက် ဘာသာစကားကို မတက်ကျွမ်း သော်လည်း

ခရီး သွား၊ ကုန်သည် ခေါင်းဆောင် ကြီး၏ အကူအညီဖြင့် အရှင် အရိယပုတ္တ

မဟာ ထေရ်မြတ်၏ ခြေတော်ရင်းတွင် ခိုလှုံလိုကြောင်း လျှောက်ထား နိုင်ခဲ့၏။

ဆရာတော် မဟာထေရ်မြတ်လည် ကျွန်ုပ်အား အစမ်း သဘောဖြင့် (၆)လတိတိ

သူ၏ခြေတော်ရင်းတွင် ပညာသင်ကြား ပေးကာ စောင့်ကြည့်ခဲ့၏။ ထိုအချိန်

ကာလအတွင်း ကျွန်ုပ်သည် တိဘက် ဘာသာကို လေ့လာခဲ့၏။ (၆)လစေ့သော

အခါ မဟာထေရ်မြတ်သည် ကျွန်ုပ်၏ ဆန္ဒပြင်းပြမှုကို ယုံကြည်စိတ်ချကာ

ကျွန်ုပ်အား သံဃာ အပါး ၃၀ ကျော်နှင့် အလွန် ကြီးမားလှသည့် ပရိသတ်

ရှေ့မှောက်၌ သာမဏေ ဇီဝကိရိတ ဟူသောဘွဲ့ (ဟေဗြဲဘာသာအရ “ယေရှု

ခရစ်တော်”) ဖြင့် ရှင်သာမဏေအဖြစ်နှင့် သာသနာ့ဘောင် အတွင်းသို့ သွတ်သွင်း

ချီးမြှင့် တော်မူ လေ၏။ “တိမ်မြုပ်နေသော ခရစ်တော်၏ ဟောပြော ချက်များ”

ဟူသောကျမ်းသည် စာမျက်နှာပေါင်း (၆၀၀)ကျော်ရှိရာ ထို ကျမ်းဂန် တခုလုံးကို

ကုန်အောင် ဦးပဉ္စင်းဟာ အကြိမ် (၂၀) ထက်မနည်း ဟောရမယ် ဖြစ်တယ်။

ဒါကြောင့် ကျန်တဲ့ အပိုင်းကို အကျဉ်းချုပ်ပြီး ဟောပါရစေ။ သာမဏ ဇီဝကိရိတ

(သို့မဟုတ်) ရှင်သာမဏေ ဟာ ၇နှစ်နှင့် ၆လတိုင်တိုင် ရှင်သာမဏေတို့

လိုက်နာကျင့်သုံး ရမည့် ကျင့်ဝတ် သိက္ခာတို့ကိုကျကျနန ထိန်းသိမ်းခဲ့လေတော့

ရှင်အရိယ ပုတ္တမဟာထေရ်မြတ်က အသက် (၂၀) အရွယ် သို့ ရောက်တဲ့ အခါမှာ

ရဟန်းတော် အဖြစ် ဥပသမ္ပဒါ ပြုပေးတော်မူသတဲ့။ ရဟန်းတော် ရှင်ကိရိတ ဟာ

စိတ်အားလည်း ထက်သန်၊ ဗုဒ္ဓရဲ့တရားကိုလည်း အလွန်ယုံကြည် ကိုးစားတော်မူတဲ့

အတွက် စာပေ ပရိယတ်ကိုလည်း တဖက်က သင်အံကျက်မှတ်၊ တဖက်က

သမထတရားတို့ကို လေ့လာ အားထုတ် နေတော့ မကြာမီ အတွင်းမှာ

ဈာန်အဘိညာဉ်တွေကိုရပြီး တန်ခိုးတွေကို ပြနိုင်လာ သတဲ့။ သူ့ရဲ့ ဆရာတော်

အရှင်အရိယပုတ္တ ကလည်း ရဟန္တာတပါး ဖြစ်လေတော့ ခရစ်တော်ရဲ့ အနာဂတ်

အရေးကို သိမြင်တော်မူ တယ်တဲ့။

ခရစ်တော်ဟာ အလွန်ဆိုးဝါးတဲ့ သေခြင်းတရားနဲ့ တွေ့ကြုံရမယ့် အရေးကို

မြင်တော်မူသတဲ့။ ဒါကြောင့် ရဟန်းတော် ဇီဝကိရိက သူ့အရပ် သူ့ဌာနသို့

ပြန်ရန် အခွင့်တောင်းတော့ အခွင့်မပြုဘဲ ငြင်းဆန်နေသတဲ့။ ဒါပေမယ့် တကြိမ်မျှသာမဟုတ်

ဘဲ အကြိမ်ကြိမ် အဖန်ဖန်လျှောက်ထား တောင်းပန်လေတော့

“အို ချစ်သား ဇီဝကိရိတ၊ ချစ် သားဟာ အောက်ပါအချက်တွေကို လိုက်နာ

ကျင့် သုံးမယ် ဆို ရင် ချစ် သားအားသွားခွင့်ပြုမည်။ ဆရာတော် လိုလားတဲ့

အချက်တွေကတော့

(၁) အကယ်၍ ရဟူဒီလူမျိုးများ၊ (သို့မဟုတ်) က္ကသရေလ လူမျိုးများက သင့်အား

တံတွေးများ ထွေး၍ ရှုံ့ချကဲ့ကြသည့် တိုင်အောင်၊ အုတ်များနှင့် ပေါက်သည့်တိုင်အောင်၊ ဆဲရေးတိုင်းထွာ သည့် တိုင်အောင် ချစ်သားက ချစ်သား၏။ ဈာန် အဘိညာဉ်တန်ခိုးကို အသုံးပြု၍ မတုံ့ပြန်ပါနှင့်။

(၂) အကယ်၍ တစုံတယောက်သောသူက သင့်အား မဟုတ်မမှန် မတရားသဖြင့်

စွပ်စွဲ သည့်တိုင်အောင် ချစ်သားက ပကတိ တည်ငြိမ်သော‌သ‌ဘောနှင့် သီးခံ

ရမည် ဖြစ်၏။

(၃) အကယ်၍ တစုံတယောက်သောသူက သင်၏မျက်မှောက်မှာပင်

ကိုယ်တော်မြတ် ကိုလည်းကောင်း၊ တရား တော်မြတ်ကို လည်းကောင်း၊ သံဃာတော်

အရှင်မြတ်တို့ကို လည်းကောင်း၊ သွားပုပ်လေလွင့် မတရားသဖြင့် ပြောသည့်

တိုင်အောင် နည်းပရိယာယ် ကို သုံးလျက် သူတို့၏မိုက်မှားမှုကို သိမြင်လာအောင်

ဟောပြော ညွှန်ပြရမည် ဖြစ်၏။ အကြောင်းသော်ကား သူတို့သည် ဘာမျှမသိမမြင်

နားမလည်ကြ၍သာ ပြုမူကြခြင်း ဖြစ်ရာ သူတို့ အား အပြစ်မှ ခွင့်လွှတ်ရမည် ဖြစ်၏။

(၄) အကယ်၍ တစုံတယောက်သောသူက အထင်အမြင်လွဲမှားသည် ရှိသော်

နားလည် လာသည့်တိုင်အောင် ဥပမာ ဥပမေယျ များကိုဆောင်ကာ ဟောပြော

ရှင်းလင်းရမည်ဖြစ်၏။

(၅) မည်ကဲ့သို့ပင်ဖြစ်စေ၊ သင့်အား ကန့်လန့်ဆန့်ကျင်ပြုလုပ်နေကြသည့် သင်၏

ရန်သူများအား မုန်းတီးခြင်း၊ ဒေါသ ဖြစ်ခြင်း စသည့် အရိပ် လက္ခဏာ တို့ကို မပြ

ပါနှင့်။

(၆) သင်သည် အခါမလပ် မမေ့မလျော့သောစိတ်ဓာတ်နှင့် ဈာန်အဘိညာဉ် တရား

တို့ကို ပွားများပါလေ။ မေတ္တာကမ္မဋ္ဌာန်းကို ပွားများကာ ကမ္ဘာ လောကကြီး တဝှမ်း

လုံးကို သင်၏ မေတ္တာကရုဏာတရားဖြင့် လွှမ်းမိုးပါစေ။

(၇) အကယ်၍ တစုံတယောက်သောသူ (သို့မဟုတ်) လူတစုက သင့်အား ရိုက်နှက်

သတ်ဖြတ် စေကာမူ သေသည်အထိ အသိတရား ကင်းမဲ့စွာ မိုက်မှား သူတို့

အပေါ်တွင် မေတ္တာ၊ ကရုဏာ တရားများ ပွားများကာ နောက်ဆုံး သေသည့် အချိန်

အထိ ဗုဒ္ဓကိုယ်တော်မြတ်၏ ဂုဏ်တော် တရားကို အခါမလပ် ဆင်ခြင် အောက်မေ့

ပါလေ။ သို့မှသာလျှင် သင်သည် သေသည်၏အခြားမဲ့၌ အလွန်ချမ်းသာသုခနှင့်

ပြည့်စုံသော ဗြဟ္မာဘုံသို့ ရောက်မည်ဖြစ်၏။

ချစ်သား၊ သင်သည် ဤအချက် (၇)ချက်ကို လိုက်နာ ကျင့်သုံးပါမည်

ဟု ကတိပေးခဲ့လျှင် သင်သည် ရေဟူဒီလူမျိုးများအား မည်သည့်နည်း နှင့်မျှ မပြုပြင်

မပြောင်းလဲနိုင်မှန်းကို သိလျက်နှင့် အခွင့်ပေးရချေမည်။

သင်သည် ဣသရေလ လူမျိုးများအား ပြုပြင်နိုင်သော်လည်း သူတို့ သည်

သင်၏တရား များကို အထင်အမြင်မှားကာ သင်ကွယ်လွန်ပြီး နောက် သင်ဟာ

ပြောသည့်တရားတို့ထဲမှ – (၁) ချစ်ခင်ကြင်နာခြင်း၊ (၂) ကရုဏာ ပွားများခြင်း၊

(၃) လေးစားခြင်း၊ (၄) ဥပေက္ခာပြုခြင်း၊ (၅) သည်းခံခြင်း၊ (၆) အပြစ်မှ ခွင့်လွှတ်ခြင်း

(၇)ကြိုးပမ်း အားထုတ်ခြင်း စသည့် အချက် အလက် တို့ကိုသာ ဆက်လက်

ထိန်းသိမ်း၍ သင်၏နာမည်ဖြင့် ဘာသာအယူဝါဒ တရပ်ကို ထူထောင် ကြလိမ့်မည်

ဟူ၍ အမိန့်ရှိကာ အရိယပုတ္တမထေရ်မြတ် ဟာ ဇီဝကရိတ အား ပြန်ခွင့်

ပြုလိုက်တယ်။

ဇီဝကရိတကလည်း သူ့ရဲ့ ဆရာတော် အမိန့်ရှိတော်မူတဲ့ အချက် အလက်

တွေကို သေသည်အထိ လိုက်နာကျင့်သုံးမယ်လို့ ကတိကဝတ်ပြုကာ သူရဲ နေရပ်

ဌာနသို့ပြန်လာခဲ့ တယ်။ အဲဒီနောက် ယုဒမြို့မှာ ခရစ်တော် ပထမဦးဆုံး တရား

ဟောတဲ့အခါမှာ တရားနာသူတွေက ယေဟိုးဝါဘုရားသခင် ကိုယ်တော်မြတ်ရဲ

တရားတွေ မဟုတ်ဘဲ ဗုဒ္ဓကိုယ်တော်မြက် ဟောတဲ့တရား တွေသာ ဖြစ်တယ်လို့

ဆိုပြီး သူ့ကို ဝိုင်းပြီး ပုတ်ခတ် ပြောဆိုကြတယ်။ ဂျေရုဆလင်နဲ့ ဘသာလီဟန်မြို့

တွေမှာဟော ပြန်တော့လည်း ဒီအတိုင်းဘဲ ဖြစ်ရပြန်တယ်။ သူတို့က သူဟောတဲ့တရားတွေ

ဘယ်လောက်ပဲ ကောင်းကောင်း တနည်းနည်း နဲ့တိုက်ဖျက်ကာရှုံ့ချပုတ်ခတ်ကြသတဲ့။

ဒီလိုအဖြစ်အပျက်နဲ့ ရင်ဆိုင်ရတဲ့အခါမှာ ခရစ်တော်ဟာ သူ့ရဲ့ ဆရာ

အရိယပုတ္တမထေရ်က သူ့ကိုမှာလိုက်တဲ့ ပရိယာယ် သုံးရမယ် ဆိုတဲ့စကားကို အမှတ်ရပြီး သူဟောတဲ့တရားဟာ ယေဟိုးဝါဟောတဲ့ တရားများဖြစ်ကြောင်း၊ သူ

ယေဟိုးဝါရဲ့သားတော်ဖြစ်ကြောင်းဖြင့် လှည့်စားပြီး ပြောလိုက်သတဲ့။ အမှန်ကတော့

သူဟာ ပရိယာယ် သုံးရမယ်ဆိုတဲ့ စကားကို အဓိပ္ပာယ်အကောက် မှားပြီး ယခုလို

လှည့်စား လိုက်ခြင်းဖြစ်တယ်။ ဒီလိုအလှည့်စား မှားလိုက်တဲ့ အတွက် ခရစ်တော်

လက်ဝါးကပ်တိုင်မှာကပ်ပြီး ရေဟူဒီဘုန်းကြီးများနဲ့ ရောမလူမျိုးတို့ရဲ အသတ်ခံသွား

ရသတဲ့။

ခရစ်တော်ဟာတန်ခိုးပြာဋိဟာတွေကို ပြနိုင်ပေမယ့် ရေဟူဒီ လူမျိုး တွေ

ရောမလူမျိုးတွေရဲ့ နှိပ်စက်မှုတွေကို သေသည် အထိ တည်ငြိမ်စွာနဲ့ပဲ ခံသွား

ရှာတယ်။ သူဟာ သူ့ရဲ့ဆရာက မှာလိုက်တဲ့အတိုင်း မည်သည့် ဈာန် အဘိညာ

ကိုမျှ မသုံးတဲ့ တကယ့်အာဇာနည်ပုဂ္ဂိုလ်ပီပီ သေခြင်းတရား ကို ရင်ဆိုင်သွား ခဲ့တယ်

ဒါကြောင့် ရေဟူဒီလူမျိုးတွေဟာ ခရစ်တော်လို သူတော်ကောင်း တယောက်

အသက်ကို ရက်ရက်စက်စက် သတ်ဖြတ်မိကြတဲ့ အတွက် ယနေ့အထိ ကိုယ့်တိုင်းပြည်ရယ်လို့လက်ညွှန်းထိုးပြစရာတိုင်းပြည်မရှိဘာမရှိနဲ့ ကလေကဝ

ဖြစ်နေကြရတာပေါ့။

အဲဒီပါမောက္ခ မစ္စတာဂိုးရစ်(ခ်)တွေ့ရှိထားတဲ့ မှတ်တမ်းအရ ခရစ်တော်ဟာ

ထာဝရဘုရားသခင်ရဲ့ သားတော် မဟုတ်ဘူး ဆိုတဲ့ အကြောင်းကို ကောင်းကောင်

ကြီး လက်ခံနိုင်ပြီ မဟုတ်လား။ ဒါပေမယ့် သူက “ကျွန်ုပ်ကား ထာဝရဘုရား

သခင် ယေဟိုးဝါ၏သားတော် ဖြစ်သည်” ဟူသော စကားကိုပြောကာ ရေဟူဒီ

လူမျိုးတွေနဲ့ ဣသရေလ လူမျိုးတွေကို သူ့ တရားကို လိုက်နာကြပြီး သူ့နောက်

လိုက်လာအောင် ပရိယာယ်သုံးခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ ဆရာတော်က နိမိတ်

ဖတ်လိုက်တဲ့အတိုင်းပဲ သူ့ရဲ့ နောက်လိုက်တွေက သူ့ရဲ့ ဟောပြောချက်တွေ

တမျိုးတဖုံ သူတို့လိုသလို ဆွဲသုံးကြပြီး ယေဟိုးဝါ ကိုရော၊ ခရစ်တော်ကို

ကိုးကွယ်ဆည်းကပ်ကြတယ်။ “ကျွန်ုပ်သည် ယေဟိုးဝါထာဝရဘုရား သခင်

ဓမ္မဟောင်းကို ပယ်ဖျက်ပြီး ဓမ္မသစ် ကိုတီထွင် သည်။ ကျွန်ုပ်သည် ဘုရား

တန်ဆောင်းဟောင်းကို ဖြိုဖျက်၍ ဘုရား တန်ဆောင်း သစ်ကို တည်ဆောက်သည်။

ကျွန်ုပ်သည် အရေတော်ကို ဖြတ်၍ ဘာသာ အယူဝါဒရေးရာ အရ

ကင်ပွန်းတပ်သည့် ထုံးတမ်းဓလေ့ကို တီထွင်သည်” ဟူသော ခရစ်တော်ရဲ့ သုံးခွန်း

သော စကားတို့ကို သူ့ရဲ့နောက်လိုက်များက မှားယွင်းတဲ့ အနက် အဓိပ္ပာယ်ဖြင့်

ကောက်ယူခဲ့ကြတယ်။ ဒါပေမယ့် ဒီစကားတွေကို ကြည့်ခြင်း အားဖြင့် သူ့ရဲ့

ဘာသာ အယူဝါဒဟာ ယေဟိုးဝါရဲ့ ဘာသာအယူဝါဒနဲ့ လုံးဝမတူ ကြောင်းကို

အထင်အရှား သိမြင်နိုင်ပါတယ်။ ဒါပေမယ့် ခရစ်ယာန် ဘာသာဝင် တွေက ဒါကို

နားမလည်ကြ သေးဘူး။ သဘော မပေါက် ကြသေးဘူး။

ခရစ်တော်ရဲ့ သွန်သင်ဟောပြောချက်တွေရဲ့ အနက်အဓိပ္ပာယ်ကို

နားမလည် ကြသေးဘူး။ အထက်က ဦးပဉ္စင်းဟောပြောခဲ့တဲ့ တကယ့်တိကျ

ဟုတ်မှန်တဲ့ သက်သေ သာဓကတွေအပြင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့

သားတော် မဟုတ်ကြောင်းကို နောက်ထပ် သက်သေ သာဓက ပြပါဦးမယ်။

ထာဝရဘုရားသခင်ရဲ့ တရား တွေနဲ့ ခရစ်တော်ဟောတဲ့ တရားတွေရဲ့ ခြားနား

ချက်တွေကို တကယ်တမ်း စီစစ်ကြည့်ရင် ခရစ်တော်ဟာ ထာဝရ ဘုရားသခင်ရဲ့

ရန်သူတနည်းအားဖြင့် ဆန့်ကျင်သူ ဖြစ်ကြောင်း ကို လွယ်လင့်တကူနဲ့ သိမြင်

နိုင်ပါတယ်။ ဓမ္မဟောင်း ကျမ်းစာထဲမှာ ထာဝရဘုရားသခင် က အဗြံဟမ်အား-

“အကယ်၍ သင်၏ မျက်လုံးကို တစုံတယောက်သောသူက ထိုးဖောက်၍ ယူသွား

ခဲ့သည်ရှိသော် ထိုသူ၏ မျက်လုံး ကိုလည်း သင်က ထိုးဖောက်၍ ယူလေ။ အကယ်၍

တစုံ တယောက်သော သူက သင်၏နှာခေါင်းကို လှီးဖြတ်ပစ်သည် ရှိသော် ထိုသူ၏

နှာခေါင်းကို သင်ကလည်း လှီးဖြတ် ပစ်ပါလေ။ အကယ်၍ တစုံတယောက်သော

သူက သင်၏အသက်ကို သတ်ရန်ကြိုးပမ်းခဲ့သည်ရှိသော် သင်ကလည်း ထိုသူ၏

အသက်ကို သတ်ဖြတ်ပါလေ။ ငါကား ဒေါသတရားဖြင့် ထုံအပ်သည့် ထာဝရ ဘုရား

သခင်တည်း။ ငါသည်သင့်အား လက်စားချေရေး တရား အမြိုက်ဆေးကို တိုက်ကျွေး

တော်မူ၏” ဟု အလေးအနက် ဟောပြော တော်မူ ခဲ့တယ်။

ဒါပေမယ့် ကရုဏာတရားပွားများလှတဲ့ ခရစ်တော်ကတော့ “အကယ်၍

တစုံတယောက်သော သူက သင်၏ခြုံစောင်ကို ယူသွားခဲ့သည် ရှိသော် ထိုသူအား

သင်၏အင်္ကျီပါ ချွတ်၍ ပေးကမ်းလှူဒါန်းပါလေ။ အကယ်၍ တစုံ တယောက်သော

သူက သင်၏လက်ျာဘက်ပါးကို ရိုက်ခဲ့သည် ရှိသော် ထိုသူအား သင်၏ လက်ဝဲဘက်

ပါးကိုပါ ရိုက်ပါစေ။ အစစကို သည်းခံပါ။ သည်းခံခြင်းသည် သာလျှင်

ကုသိုလ်တရားကို ပွားများ ပေးစေနိုင်သည်။ သင်၏ အိမ်နီးချင်းများကို

သင့်ကိုယ်ကိုချစ်ခင်သကဲ့သို့ ချစ်ခင်ပါ။ မည်သည့် သက်ရှိ သတ္တဝါကိုမျှ အန္တရာယ်

မပြုပါနှင့်” လို့ သူ့ရဲ့ နောက်လိုက်တွေကို ဟောပြောသွန်သင်ခဲ့တယ်။ ထာဝရဘုရား

ယေဟိုးဝါနဲ့ ခရစ်တော်ဟောတဲ့ ဒီတရား နှစ်ခုဟာ တခုနဲ့တခု စပ်လို့ဟပ်လို့

မရအောင် ကွာခြားနေတာကို တွေ့နေ ရပါတယ်။ ဒါ့ကြောင့် ခရစ်တော်ဟာ

ယေဟိုးဝါရဲ့ သားတော်မဟုတ်ဘဲ ထာဝရဘုရား ယေဟိုးဝါရဲ့ ရန်သူဖြစ်ကြောင်းကို

အသိဉာဏ်ရှိတဲ့သူတိုင်း အထင်အရှား နားလည် သဘောပေါက် နိုင်ပါတယ်။

ဒီနည်းနဲ့ ခရစ်တော်ဟာ ထာဝရဘုရား ယေဟိုးဝါရဲ့ ဓမ္မဟောင်းကို

ချိုးဖောက်ဖျက်ဆီး နိုင်ခဲ့တယ်။ ယေဟိုးဝါရဲ့ ဘုရားတန်ဆောင်းကို ဖျက်ဆီးခဲ့ တယ်

အရေပြားကို ဖြတ်လှီးပြီး ဘာသာအယူဝါဒဆိုင်ရာ ကင်ပွန်းတပ်တဲ့ ထုံးတမ်းဓလေ့ကို

ပယ်ဖျက်ခဲ့တယ်။ ဒီနေရာမှာ အခွင့်သင့်လို့ ခရစ်တော် ပြန်လည် ရှင်လာခြင်းဆိုတဲ့

ကိစ္စနဲ့ပတ်သက်လို့ ဦးပဉ္စင်း အကျဉ်းချုပ်သဘော နည်းနည်း ဟောချင် ပါသေးတယ်။

ခရစ်တော်သေပြီး တတိယမြောက်နေ့မှာ ပြန်လည်ရှင်သန် လာတယ်ဆိုတဲ့ အဖြစ်

အပျက် ကလေးကတော့ တော်တော် ကလေး ဦးနှောက်ကောင်း ကောင်းနဲ့ တီထွင်

လိုက်တဲ့ ဇာတ်လမ်းကလေးတပုဒ်ဖြစ်တယ်။

ဒီဇာတ်လမ်းကို တီထွင်လိုက်တဲ့သူ ကတော့ ပြည့်တန်ဆာလုပ်စားတဲ့

ပြစ်မှုနဲ့ ရေဟူဒီတရားရုံးက အမိန့်အရ ရေဟူဒီတွေက ခဲတွေနဲ့ ဝိုင်းပေါက်ခြင်း

ခံရတဲ့ မေရီမက်(ဂ)ဒါလီနာ (Mary Magdalene) ဆိုတဲ့ အမျိုးသူမီး တယောက်

ဖြစ်တယ်။ ယေဟိုးဝါ သက္ကရာဇ် (၃ ၂၀၁) ခုနှစ်မှာ ရောမလူမျိုးဘုရင်ခံ

ပွန်ကီယပ်(စ)ပစ်လေးက – “ခရစ်တော်ကွယ်လွန်ခြင်းနှင့် လိမ်လည်လုပ်ကြံ

ထားသော ပြန်လည်ရှင် လာခြင်း” ဟူသော စာတမ်းတစောင်ကို ထုတ်ဝေခဲ့ ပါတယ်

ဒီစာတမ်း ကတော့- ဘက်သလဟမ်မြို့မှ မေရီ၏သား၊ ယေရှုခရစ်၏ မြေးသည်

ယေဟိုးဝါ၏ – အယူဝါဒကို မထီမဲ့မြင် သေးသိမ်ယုတ် ညံ့အောင် ပြုလုပ်လျက်

ရှိသည်ဟူသော ရေဟူဒီဘုန်းကြီးများ၏ တရားစွဲဆိုချက်အရ ရောမလူမျိုး တို့၏

ဥပဒေအရ ၄င်းအားရာဇဝတ် ကောင်များကို ကားတင်၍ ကွပ်မျက် နေကျဖြစ်သည့်

ဆီနိုင်တောင်ထိပ်ပေါ်မှ လက်ဝါးကပ်တိုင်၌ ကားတင်၍ ကွပ်မျက် ပစ်လိုက်၏။

ထို့နောက် ခရစ်ယာန်ဘာသာ ဝင်တို့အား ခရစ်တော်၏ အလောင်းကို မည်သူမျှ

တူးဖော်ရွှေ့ပြောင်းခြင်း မပြုရဟု အမိန့်ထုတ် ဆင့်ထား သော်လည်း ခရစ်ယာန်

ဘာသာဝင်တို့က တူးဖော် ရွှေ့ပြောင်းပစ်ကြ လိမ့်မည် ဟူသော ကောလဟလ

သတင်း ဖြစ်ပွားနေသဖြင့် သူ၏အလောင်းကို ကျောက်ဂူ ထဲတွင် မြှုပ်ပြီး အလွန်

ကြီးမားသော ကျောက်တုံးကြီး များကို တင်ထားလေ၏။

၄င်းပြင် ရောမစစ်သည်တော်(၅ဝ)ကို အစောင့်ချထားလေ၏။

ခရစ်တော်သည် တန်ခိုးပြာဋိဟာတို့ကို ပြနိုင်သူဖြစ်ရကား ရောမလူမျိုး ဘုရင်သည်

သူတန်ပြန်၍ ရှင်လာမည်ကို စိုးရိမ် လှသဖြင့် အစောင့်စစ်သား များအား

အထူးဂရုတစိုက်စောင့်ကြပ်ရန် အမိန့်ထုတ်လေ၏။ ခရစ်တော် အသတ်ခံရပြီး

ဒုတိယည၌ မေရီမက်(ဂ်)ဒါလီနာသည် ကချေသည် အဝတ် တို့ကို ဝတ်ဆင်ပြီး

ဆေးစပ်ထားသည့် အရက်နီကို ဖန်တကောင်း တခုတွင် ထည့်ကာ ခရစ်တော်မြုပ်ရာ

ကျောက်ဂူအနီးသို့ ချဉ်းကပ်လေ၏။ရောမစစ်သည် တော်တို့က မက်(ဂ်)ဒါလီနာသည်

ခရစ်တော်အား တကယ်တမ်း ကြည်ညိုသူ တယောက် ဖြစ်သည့် အကြောင်းကို

လည်းကောင်း၊ ခရစ်တော်၏အလောင်းကို လာရောက်၍ ယူရန်လာသည့်

သူ၏အကြောင်း ကိုလည်းကောင်း မသိကြသောကြောင့် သူ့အား သူတို့ရှေ့တွင်

ကခုန်သီဆိုခွင့် ပြုထားမိကြ၏။

သူသည် ဆိုရ ကရ၍ မောလာသောအခါ အရက် ဖန်တကောင်းကို ဖွင့်၍

သောက်ဟန်ပြုလေ၏။ သဘာဝ အလျောက် အရက်ကို တပ်မက်ကြသည့်

စစ်သည်တော် တို့သည် မက်(ဂ်)ဒါလီနာက သူတို့အား အရက်တကောင်းကို ပေးလျှင်

အားပါးတရသောက်ကြလေ၏။ စစ်သည်တော်တိုင်းအလွန်ပြင်းသည့်ဆေးများကို

ခပ်ထားသည့် မက်(ဂ်)ဒါလီနာ၏ အရက်ကို တဖန်ခွက်စီ သောက်ကြ၏။

အနည်းငယ် ကြာသောအခါ ဆေးခပ်ထားသည့် အရက် တန်ခိုးကြောင့် နှစ်

နှစ်ခြိုက် ခြိုက်အိပ်ပျော်ကြရာ (၃)ရက် ကြာမှ နိုးကြ ၏။ ရောမစစ်သည်

အိပ်ပျော်နေစဉ်အတွင်း မက်(ဂ်)ဒါလီနာသည် ခရစ်ယာန်ဘာသာ ဝင်တို့ကို စု

ခရစ်တော်၏အလောင်း မြှုပ်နှံ ထားသည့် ဂူပေါ်မှ ကျောက်စိုင် ကျောက်တုံးကြီး

ကို ဖယ်ရှားပစ်ကြ၍ အလောင်းကို တူးဖော်ယူကာ အစိုးရအာဏာပိုင်များ

မသိသည့်နေရာသို့ တိတ်တဆိတ် ပြောင်းရွှေ့ မြှုပ်နှံလိုက်၏။

နောက်နေ့ နံနက်စောစောအချိန်တွင် မေရီမက်(ဂ်)ဒါလီနာ

နန်းတော်၊ တရားလွှတ်တော်၊ ဈေးနှင့် ဇာတ်ရုံများဆီ သို့ သွားရာ လမ်းလေး

“ခရစ်ယာန် ဘာသာဝင်များစွာတို့ကို စုရုံးပြီး “အို ကျွန်ုပ်တို့၏ ယေရှုသခင်၏

သက်ဝင် ယုံကြည် ကြသူ အချင်းတို့ ကြည့်ကြကုန်လော။ ယေရှုကိုယ်တော် မြတ်

ကျက်သရေ ရှိလှစွာသော ရုပ်သဏ္ဍန်တော် ကို ဖူးမျှော်ကြလော့။ ကိုယ်တော်

ကား ကောင်းကင်ဘုံနန်းသို့ ကြွမြန်းတော်မူလျက် ရှိသည်ကို ကြည့်ကြကုန်လော့

ဟု ဟစ်အော် ကြွေးကြော်ကြ လေသည်။ ရေဟူဒီများ၊ ရောမလူမျိုးများနှင့် အခြား

ဘာသာများကို သက်ဝင်ယုံကြည် ကြသူတို့က -“သင်၏ ခရစ်တော်ကား အဘယ်

မှာနည်း။ ခရစ်တော်သည်ကောင်းကင်ဘုံနန်း သို့ ကြွမြန်းလျက်ရှိသည်ဟု သင်တို့

မည်မျှပင်ဟစ်အော်ကြွားဝါနေကြ သော်လည်း ငါတို့သည် မမြင်ချေတကား

သင်တို့သည် လိမ်လည်နေခြင်း သာဖြစ်၏” ဟု ပြန်၍ ပြောကြ၏။ ထိုအခါမေရီမက်(ဂ်)ဒါလီနာက – “ခရစ်တော်အား ယုံကြည်ကိုးကွယ်၍ အရေပြား

ဖြတ်သည့် ထုံးတမ်းဓလေ့ကို မလိုက်နာ မကျင့်သုံးသူတို့သာလျှင် ခရစ်တော်

ကောင်းကင်ဘုံ နန်းသို့ ကြွမြန်း တော်မူသည်ကို မြင်ကြရချေမည်။ သခင်

ကိုယ်တော်မြတ်ကို သက်ဝင် ယုံကြည်မှု မရှိဘဲ သတ်ဖြတ် လုပ်ကြံကြသည့်

သင်တို့ဒိဋ္ဌိများကား ခရစ်တော် ကိုမြင်ကြ ရမည် မဟုတ်ချေ။ သင်တို့ အကယ်၍

မယုံကြည်က ဆီနိုင်တောင်ထိပ် ပေါ်သို့တက်၍ ကြည့် ကြလော့။ ထာဝရဘုရား

သခင်၏ တမန်တော်က သူ၏ ဂူပေါ်တွင် တင်ထားသည့် ရာပေါင်း များစွာ

လူများအားနှင့်ရွှေ့နိုင်သော ကျောက်တုံးကြီးကိုရွှေ့ပြီးလျှင် အစိတ်စိတ်အမွှာမွှာ

ခွဲပစ်သည်ကို တွေ့ကြရမည်။ ၄င်းပြင် ရောမစစ်သည်တော် (၅၀)ကို တမန်တော်က

မူးမေ့ နေအောင် ရိုက်နှက်ထုထောင်း ထားခဲ့သည်ကိုလည်း ကြည့်ကြ ဦးလော့”

ဟု ဆိုပြန်၏။

ခရစ်ယာန်ဘာသာဝင်တို့က မည်မျှပင် ဟစ်အော်ကြွေးကြော် နေကြ

သော်လည်း ခရစ်တော် ကောင်းကင်ဘုံနန်းသို့ ကြွမြန်းသည်ကို မမြင်ရသည့်

အစိုးရအဖွဲ့ အာဏာပိုင်များ၊ ရေဟူဒီလူမျိုးများနှင့် ရောမလူမျိုးတို့သည် ဆီနိုင်

တောင်ထိပ် ပေါ်သို့တက်ကြည့်ကြရာ ခရစ်တော်၏ဂူပေါ်တွင် တင်ထားသည့်

ကျောက်တုံးကြီးနှင့် ခရစ်တော်၏ အလောင်းတို့ကို မတွေ့ကြရတော့ချေ။ ၄င်းပြင်

ရောမစစ်သည်တော်တို့ မူးမေ့နေကြသည်ကို တွေ့မြင်ကြလေ၏။ ဤအဖြစ်အပျက်ကို

ဘာတခုမျှ မသိလိုက်ကြ သော ၊ရောမစစ်သည်တော်တို့အား ရောမအာဏာပိုင်တို့က

ထောင်ထဲသို့ ပို့ကြ၏။ သို့ရာတွင် တတိယနေ့၌ ရောမ စစ်သည်တော် တို့သည်

သတိရလာကြ၍ မက်(ဂ်)ဒါလီနာ က သူတို့ကို အက အဆိုဖြင့် ဖြေဖျော်ပြီးနောက်

ဆေးခပ်ထားသည့် အရက်ကို တိုက်ကြောင်း၊ ထို့နောက် သူတို့ သတိလစ်

သွားကြကြောင်း ပြန်ကြ လေ၏။ ဤကဲ့သို့ အဖြစ်အပျက်မှန်ကို သိကြသောအခါ

ရောမအာဏာပိုင်တို့သည် မက်(ဂ်)ဒါလီနာ နှင့် တကွ ခရစ်ယာန် ဘာသာဝင်

ရေဟူဒီများနှင့် ဣသရေလ လူမျိုးပေါင်း (၁၀၀၀)ကျော်တို့ကို ဖမ်းဆီး၍ ခေါင်းဖြတ်

ပစ်လိုက် ကြ၏။

ဒါဟာ တန်ခိုးပြာဋိဟာတွေ ပြနိုင်တာတော့ မှန်ပါတယ်။ ဒါပေမယ့်

လူကိုယ်တိုင်က အသက်သေသွားပြီးဖြစ်တော့ဒီ တန်ခိုးပြာဋိဟာ တွေကလည်း ဘာမှ

အသုံးမဝင်တော့ဘူးပေါ့။ ခရစ်တော်ဟာလည်း အခြားသတ္တဝါတွေလိုပဲ သေပြီးတဲ့

နောက် ဘယ်နည်းနဲ့မှ ပြန်မရှင်နိုင်တော့ ဘူးပေါ့။

ဝစ်လဆင်။ “တပည့်တော်တို့ တခါမျှ မကြားဖူးတဲ့ အခုဆရာတော် ဟောပြော

တော်မူတဲ့ ရောမဘုရင်ခံ ပစ်လေး ရဲမှတ်တမ်းကို ကြားရမှပဲ ခရစ်တော်ဟာ

တိဘက်ပြည်က ဗုဒ္ဓဘာသာ ရဟန်းတော်တပါးရဲ့ တပည့် သာဝက ၊ ဖြစ်တဲ့ အတွက်

သူပြောပြတဲ့ တရားတွေနဲ့ ဗုဒ္ဓရဲ့ တရားများနဲ့ တူနေကြောင်းကို သိရပါတယ်။

နောက်တခုကတော့ သူဟာ အရိမိတ္တေယျ ဘုရားအလောင်းတော် မဟုတ်ဘဲ

ဆရာ တို့ လို ဗုဒ္ဓ ဘာသာ ရဟန်းတော် တပါးဖြစ်ကြောင်း၊ ဈာန်အဘိညာဉ်

ရကြောင်း တို့ကိုလည်း တပည့်တော် လက်ခံပါတယ်။ သူလည်းပဲ ပထဝီ

တေဇော၊ ဝါယော၊ အာပေါ ဆိုတဲ့ ဓာတ်လေးပါး အဆောက်အဦးဖြစ်တဲ့အတွက်

အသက်သေပြီးတဲ့နောက် ပြန်ပြီး တဖန်မထနိုင်တော့ဘူး ဆိုတာလဲ တပည့်တော်

ယုံ ကြည်ပါပြီ ဆရာတော် * ဆရာတော် ဟာ ဘာသာ အရပ်ရပ်နှင့်တကွ

သိပ္ပံပညာကိုပါ နှံ့နှံ့စပ်စပ် အသိ အမြင် များတဲ့အတွက် တပည့်တော်က

ဆရာတော်ကို ကြည်ညိုပါတယ်။ ယခု ဆရာတော် ဟောပြတဲ့ အချက် အလက်

တို့ကိုလည်း တပည့်တော် ယုံကြည်ပါတယ် ဆရာတော်။

ဤတွင် ပရိဿတ်ကသာဓု အနုမောဒနာ ခေါ်ကြလေသည်။

၁။ (ခ) ခရစ်တော် ၏ (၁၈)နှစ် ပြဿနာ

ပြုစုသူ၏ အမှာစာ –

ကမ္ဘာပေါ်တွင် ပထမဆုံး ကိုယ်ဝန်အငှါးလွယ်ခြင်း (သို့) သားအိမ်

အငှါးလွယ်ခြင်းကို စတင်ကျင့်သုံး ခဲ့သူမှာ ထာဝရဘုရားသခင်ပင်ဖြစ်ပါသည်။

ကိုယ်ဝန်အငှါးလွယ်ခြင်းခံရသော ပထမဦးဆုံးသောအမျိုးသမီးမှာ မယ်တော် မာရိ

အပျိုကညာစစ်ပင်ဖြစ်လေသည်။

ကမ္ဘာ့ပထမဦးဆုံးသော ကိုယ်ဝန်အငှါးဖြင့် မွေးဖွားသန့်စင်ခြင်း ခံရသော

သန္ဓေသားမှာ သခင်ယေရှု ခရစ်တော်ပင်ဖြစ်ပေသည်။ ဤဖြစ်ရပ်ကို ယနေ့

သိပ္ပံခေတ်တွင် သိပ္ပံပညာရှင်များ အစွမ်းအစဖြင့် မေထုန်မဲ့ သားစပ်နည်း နှင့်

ကိုယ်ဝန်အငှါးလွယ်ခြင်းကိစ္စရပ်များကြောင့် ခရစ်တော်သည် သံဝါသပြုခြင်း မရှိဘဲ

သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးကြောင့် တိုက်ရိုက်သန္ဓေ ယူခြင်း ဖြစ်ကြောင်း

သက်သေရှိနေပါချေပြီ။ (လု ၁း၂၆-၂၃)

သိပ္ပံပညာရှင်အစွမ်းအစဖြင့် မေထုန်မဲ့ပြုခြင်းနှင့် ဘုရားပြုတော်မူသော

စနစ်၏ ထူးခြား ခြားနားနေသည်က ထိုကလေးငယ်တွင် လူဖခင်မျိုးစေ့မပါ၊

လူမိခင်၏ မျိုးဥမပါဘဲ သန့်ရှင်းသောဝိညာဉ်တော်ကြောင့် နှုတ်ကပတ်တော် သည်

ယောက်ျားတို့နှင့် အထိအတွေ့မရှိသေးသည့် အပျိုကညာစစ်၏ ဝမ်းကြာတိုက်

သားအိမ် အတွင်း၌ တိုက်ရိုက်ကိန်းဝပ်သန္ဓယူလိုက်ခြင်းပင်ဖြစ်သည်။ ဤသည်ကိုပင်

လူ့ဇာတိခံယူသည်ဟု ဆိုလိုရင်းဖြစ်ပေသည်။

ယေရှုသည် လူ့ဇာတိခံယူဖို့ ကိုယ်ဝန်ဆောင်စဉ်မှစ၍ ပြဿနာနှင့်

စခဲ့သည်။ ပြဿနာဟူရာဝယ် လူတို့ မကြုံဖူး မတွေ့မမြင်ဖူးသော လူဉာဏ် ပညာဖြင့်

မမှီသောဖြစ်ရပ်မျိုးဖြင့် ဘုရားရှင်က အံ့ဩဖွယ် နိမိတ်လက္ခဏာဖြင့် စတင်ခဲ့ခြင်း

ကြောင့် ဖြစ်ပါသည်။ သက်တော်စဉ် အစ၊ အလယ်၊ အဆုံး၊ လူဉာဏ်နှင့် မမီနိုင်

သော နိမိတ်လက္ခဏာဖြင့် စတင်ခဲ့သည်၊ အံ့ဩဖွယ်ရာ များနှင့် ပြည့်လို့ နေပါသည်။

ဤမဖြစ်နိုင်သော သဘဝလွန် သမိုင်းဖြစ်ရပ်များတို့ ကြောင့် ဘုရား၏

ပညာတော် ဉာဏ်တော်ဖြစ်ကြောင်းနှင့် လူထက်သာလွန်ကြောင်း သိသာ ထင်ရှား

နေပါသည်။

မိဘမျိုးရိုးကို ကြည့်ပြန်ကလည်း ရှင်ဘုရင်နှင့် မိဖုရားမျိုးရိုးမှ မဟုတ်

လက်သမား လင်မယား၊ မွေးရပ်ဇာတိကျပြန်တော့ မြို့ကြီးပြကြီး မဟုတ်

သိမ်ငယ်သော တောမြို့ငယ်လေး၊ မွေးပြန်တော့လည်း ရွှေနန်းတော်ကြီး တွင်မဟုတ်

တိရိစ္ဆာန်ထားရာ နွားတင်းကုပ်လေးမှာ၊ ထားရာနေရာကလည်း စိန်ပုခက်၊

မြပုခက်မဟုတ် နွားစားခွက်လေးထဲတွင် ဖြစ်ပါသည်။ အိစက် ညက်ညောသော

ဖဲမွေ့ရာပေါ်တွင်သိပ်ထားခြင်း မဟုတ်ပါ၊ ကောက်ရိုး ပေါ်တွင် အသိပ်ခံ အိပ်စက်

ရရှာသူ ဖြစ်ပါသည်။

အနိမ့်ကျဆုံး အဆင့်များကိုသာ ရွေးချယ်ပြီး ဖွားသန့်စင်လာသူ အဖို့

သာမန် လူပြိန်းများပင် အထင်ကြီးစရာ တစ်ကွက်တလေမျှ မရှိပါ။ နှိမ်မည် ဆိုက

နှိမ်ချင်စရာ၊ ပျက်ရယ်ပြုလိုက ပျက်ရယ်ပြုချင်စရာပင် ဖြစ်ပါသည်။

ကိုယ်ဝန်အငှါးလွယ် မိခင်ခမျာမှာလည်း အရှက်တကွဲ အကျိုးနည်း ရမလို၊

ကိုယ်ဝန်သည် ခင်ပွန်းခင်များမှာလည်း ရင်ကျိုးရတော့ မလိုနှင့် ပြောချင်၊ ဆိုချင်၊

ထောင်ချင်၊ ရမယ်ရှာမည်ဆိုလျှင်လည်း ဆိုချင်စရာ ဖြစ်ရပ်ဆန်းတွေနှင့် ရင်ထိတ်

ဖိုလှိုက်စရာ အမျိုးမျိုး ကြောင်ထင် ယုန်ထင် တွေးစရာ အနေအထား အမျိုးမျိုးဖြင့်

ပြည့်နှက်နေခဲ့ပါပေသည်။

ကိုယ်ဝန်သန္ဓေယူတော့လည်း ရှိုးတိုးရှန့်တန့် ဘာလိုလို၊ မွေးပြန်

တော့လည်း ခရီးသွားရင် မတ်တပ်၊ မွေးပြီးပြန်တော့လည်း တစ်နိုင်ငံ တစ်ရေ ခြား

ပြေးရှောင်ပုန်းရ၊ ကြီးပြင်းလာတော့လည်း ရှောင် ရတိမ်းရနှင့် တစ်ဘဝလုံး

အဆန်းချည့် ဆန်းနေသည်။ ဤသည်ပင် အံ့ဩဖွယ်မဟုတ်ပါလား။

ယုဒ (အစ္စရေး) တို့ ထုံးစံရှိသည်နှင့် အညီ ၁၂ နှစ်အရွယ် လူမမယ်

လေးဘ၀တွင် မိဘနှစ်ပါးနှင့် အတူ ယေရုရှလင်မြို့တော်ရှိ တစ်ခုတည်းသော

ဗိမာန်တော်ကြီးသို့ သွားရောက်ခဲ့ရပါသည်။ လူစဉ်စစ်သော် ငြားလည်း သက်ကြီး

ရွယ်အို သမ္ဘာရင့် ကျမ်းတတ်အကျော် တို့နှင့် ဆွေးနွေးပွဲ စတင် ခဲ့ရပြီး

ထိုဗိမာန်ကိုပင် (အဘ၏ အိမ်တော်) ဟုဆိုခဲ့ပြီ။ ထိုအရွယ်မှစ၍ ထာဝရဘုရား၏

တရားဒေသနာကို ပဏာမစတင် ဟောကြားလာခဲ့ပါတော့သည်။

ပြသနာဟူသည် ကြာကြာမထား စကောင်းပါ။ အမြန်နိုင်ဆုံး ဖြေရှင်း

ပစ်အပ်၏။ အနာရင်းလျှင် မခက်ပါလား။ အနာရှိတော့ ဆေးရှိရမည်။ အမေး

ရှိတော့ အဖြေရှိရကောင်းပါသည်။ မသိသူကျော်သွား၊ သိသူ ဖေါ်စား၊ မရှိ တာထက်

မသိတာခက်၊ မပြောမပြီး မတီးမမြည်၊ ပြောမှသိ ထိမှနာရ ကောင်းသည်မို့

ခရစ်တော်၏ သက်တော်စဉ်မှ ဆိတ်ငြိမ်သော နှစ်ကာလ သို့မဟုတ် အသက် ၁၂

နှစ်မှ ၃၀ နှစ်ကြား ၁၈ နှစ်ကာလပတ်လုံး ခရစ်တော် ၏ သက်တော်စဉ်အမှန်ကို

မရှင်းလင်း၊ မဖော်ထုတ်သရွေ့ကာလပတ်လုံး ကျွန်ုပ်၏ စိတ်နှလုံး မငြိမ် ဝပ်နိုင်ပါ။

တာဝန်ကျေသော ခရစ်ယာန်သာသနာ ပြုလည်း မပီသနိုင်သေးပါ။

သို့ဖြစ်၍ သူတော်စဉ် သူတော်မြတ် သူတော်ကောင်းစိတ်ထားရှိ၍

ဘုရားစစ်၊ ဘုရားရှင်၊ တရားစစ် တရားရှင်ကို ရှာဖွေ ဆည်းကပ်လိုသူ ပုဂ္ဂိုလ်ထူး

ပုဂ္ဂိုလ်မြတ်များအနေဖြင့် ခရစ်တော်ကို ကြောင်ထင်ယုန်ထင် သို့လော သို့လော

ဟုတ်ပါလေ စဟုယူဆ အမြင်တိမ်းလွဲစရာရှိပါသဖြင့် အမှန်ကို အမှန်အတိုင်း၊ အရှိကို

အရှိအတိုင်း သိရှိလက်ခံလာနိုင်ရန် ရှင်းရှင်းလင်းလင်း အဖြေပေးသောအနေဖြင့်

မှန်မှန်ကန်ကန်၊ တိတိကျကျ ရှင်းရှင်းလင်းလင်း ထိထိမိမိ ပိုင်ပိုင်နိုင်နိုင် မိတ်ဆွေ၏

ဝိညာဉ်ရေး၊ ဓမ္မရေး၊ ဘုရားရေး၊ တမလွန်ဘဝအရေး၊ တရားရေး အခက်အခဲ

တစ်ရပ်ကို ကူညီ လိုသော စေတနာဇောအားဖြင့် ရှုထောင့်အမျိုးမျိုးမှ တင်ဆက်ပြုစု

ရေးသား လိုက်ရခြင်းဖြစ်ပါသည်။ ဖတ်ရှုသူတိုင်း သခင်ယေရှု ခရစ်တော်ကို အမှန်

အတိုင်း သိမြင်နိုင်ကြပါစေသော – အာမင်

နိဒါန်း

အကျွတ်တရားလမ်းကို ဖေါ်ပြသော ဘုရား၏ ကျွန်အမှုတော်ဆောင်

သည် ကျွန်တော်မျိုး၏ သာသနာပြုသက်တမ်း တလျှောက်လုံးတွင် အများဆုံး

အမေးခံရသော မေးခွန်းကြီး သုံးခွန်းမှာ အောက်ပါအတိုင်း ဖြစ်သည်။

ခရစ်တော်သည် အသက်(၁၂) နှစ်မှအသက် (၃၀) အကြားတွင် (၁၈)နှစ် ကာလ

ပါတ်လုံး

(၁) မည်သည့်အရပ်သို့ သွားရောက်ခဲ့၍

(၂) မည်သည့်ပုဂ္ဂိုလ်ထံတွင် တပည့်ခံပညာဆည်းပူးကာ

(၃) မည်သည့်တရားတော်မြတ်ကို ဆက်လက်ဟောကြားတော်မူခဲ့ပါသနည်း ဟူ၍

ပင်ဖြစ်ပါသည် ။

စိတ်ဝင်စားဖွယ်ကောင်းခြင်း၊ သိအပ်သော ဗဟုသုတဖြစ်ခြင်း တို့ကြောင့်

အပင်ပန်းခံ ပြုစုပါသည်။ စေတနာ၊ မေတ္တာကို အရင်းခံထား ပါသည်။ မေးသူတိုင်း၌

အပြစ်မရှိပါ၊ ဗွေမယူပါ၊ မေးသင့် မေးအပ်သော အကြောင်း တရားဖြစ်၍

မေးမြန်းခြင်းဖြစ်ကြောင်း ခံယူထားပါသည်။ တရားခံ အစစ်မှာ မြန်မာပြည်မှ

မေးသူမဟုတ်ပါ၊ မူလမေးမြန်းသူ ရေးသားသောသူမှာ တိုင်းတပါးမှသာ ဖြစ်ပါသည်။

ထိုသူတို့၌လည်းအပြစ်မရှိပါ။ ရေးသားသူ မေးမြန်းသူကိုပင် ကျေးဇူးတင်ရပေမည်။

အမေးရှိမှ အဖြေရှိရမည် မဟုတ် ပါလား၊ ဖြေဆိုရာတွင် မှန်ကန်သောအဖြေနှင့်

မမှန်ကန်သောအဖြေ တခုခုဖြစ်ရ ပေတော့မည်။ အဖြေမှန်လျှင်တော်၏။ အဖြေမှားခြေက

စိတ်စေတနာအမှန်နှင့် စိတ်စေတနာအမှား တခုခု ဖြစ်နိုင် ပြန်ပေသည်။

မည်သို့သောစိတ်အကြောင်းအရင်းကပင် ပေါ်ပေါက် ဖြေကြား စေကာမူ

ဖြေကြားဝံ့သောသတ္တိကြောင့် ချီးမွမ်းထိုက်ပေသည်။ ထို့အပြင် ဖြေကြားပေးမှုကြောင့်

လူတိုင်းအတွက် ဗဟုသုတဖြစ်လာ၏။ စာဖတ်သူက ဟုတ်မဟုတ် လေ့လာရမည်သာ

ဖြစ်ပေသည်။ စိတ်ဆိုး၊ နာကျဉ်း၊ ဒေါသထွက်၊ ရန်ပြုလိုသောစိတ်ဖြစ်ပွားရန်

လုံးဝမဟုတ်ဘဲ၊ စစ်ဆေးပြီး အမှား အမှန်ချင့်ချိန် ရှာဖွေရန်နှင့် မှန်သောအဖြေ

ပေးနိုင်ရန်သာ ခရစ်ယာန်တို့၏ တာဝန်ဖြစ်ပေ တော့သည်။

မှားလျှင်ရိုးသားစွာဖြင့် စေတနာမေတ္တာ အရင်းခံကာ ရှင်းပြရန်သာ

ရှိလေသည်။ မှန်နေပါကလည်း စွန့်လွတ်လိုက် ရုံမျှသာ ရှိပါသည်။ ပတ္တမြား မှန်လျှင်

နွံနစ်သော်မှ အရည်အသွေး၊ အရည်အချင်းတပြားမှ ယုတ်လျော့ သွားရိုး ထုံးစံမရှိပါ။

နှုတ်ကပါတ်တော်သည် အစဉ်မှန်၍ အစစ်ခံသော တရား ဖြစ်ကြောင်း စွဲမြဲစွာ

ခံယူနားလည်ဖို့သာလိုအပ်ပါသည်။ အချိန်က အရာရာ အားလုံးကို ကုစား

သွားပါလိမ့်မည်။ ခရစ်တော်ပင် အချိန်တန်မှ ( In the fullness of time)

လူ့ဇာတိခံယူဖွားမြင်ခြင်း ပြုခဲ့သည်မဟုတ်ပါလား အချိန် ကြာညောင်း လာသည်

နှင့်အမျှ ခေတ်သစ်သိပ္ပံ ဖွံ့ဖြိုးလာသည်နှင့်အမျှ သမ္မာ ကျမ်းစာ၌ ဗျာဒိတ်

ပြုချက်တို့ သည် ပိုမိုပြည့်စုံ မှန်ကန်လာနေကြောင်းသာ တွေ့နေကြရပြီ

မဟုတ်ပါလော။

“ဗုဒ္ဓဝါဒပြဿနာများ” ဟူသောစာအုပ်ပါ ခရစ်တော်၏အကြောင်း

တစေ့တစောင်း ရေးသားကိုကား ပြထားသည့် အချက်အလက်များကြောင့် သာလျှင်

အထက်ပါမေးခွန်းကြီးများ မြန်မာပြည်သား အဖို့ ပေါ်ထွက် လာရခြင်း ဖြစ်ပါသည်။

၄င်းကို “ဝင်းမော်ဦးစာပေ” မှဖြန့်ချီသည်။ ဇာတ်လမ်း ပါအရ မေးမြန်းသူမှာ

ခရစ်ယာန်ဘုန်းကြီး J.F.Willson (M.A) Oxford University ဘုံဘေမြို့ ဟဲလီစလုံး

ကောလိပ်ကျောင်း၊ အင်္ဂလိပ် ပါမောက္ခဆိုသူ ဖြစ်သည်။ ဖြေဆိုသူမှာ ဆရာတော်

အရိယာဓမ္မ ဖြစ်သည်ဟု ပါရှိသည်။

၄င်းစာအုပ်အပြင် ကမ္ဘာ ကိုချုပ်ကိုင်မည့်သူ ဟူသောစာအုပ်ကို ဌေးလှိုင်

ရေးသားရာ၌ ခရစ်တော် (သို့) ဦးဇီဝကိရိန္ဒ ဟူသော ခေါင်းစဉ်ဖြင့် စာမျက်နှာ

(၂၆၂-၂၆၆) တွင် ထိုအကြောင်းကိုပင် ထပ်မံကိုးကား ပြထားသည်ကို တွေ့ရ

ပြန်ပါသည်။ ၄င်းကိုးကားသော (The Unknown Life of Jesus Christ) စာအုပ်ကို

လည်း ၄င်းထံတွင် ငှားယူဖတ်ရှုနိုင်ကြောင်း ပါရှိသေးလေသည်။

အထက်ပါ စာရေးဆရာ အကျော်အမော် များနှင့် ထိုစာအုပ်များကြောင့်

တိုက်ထားသော မေးခွန်းများကဲ့သို့ ဖြစ်နေရခြင်း၊ ရဲရဲတင်းတင်း၊ အားပါးတရ

မေးခွန်းထုတ်၍ မေးမြန်းကြခြင်း ဖြစ်ကြောင်း ထင်းရှားနေပါသည်။

မေးခွန်းရှင်များမည်သူပါ

ကျွန်ုပ်အားမေးမြန်းသူတို့ တွင် ရဟန်း သံဃာတော်၊ တပ်မတော် ကြည်း၊

ရေ၊ လေ၊ အရာရှိ အရာခံ၊ တပ်ကြပ်၊ တပ်သားများ၊ တက္ကသိုလ်ကောလိပ် မှသည်၊

အထက်တန်း၊ အလယ်တန်း၊ ကျောင်းသူကျောင်းသား၊ ဆရာ၊ ဆရာမ ကြီးများ၊

ကျားမ မရွေး နိုင်ငံခြားပြန် စာရေးစာချီ၊ ဈေးသည်၊ ကုန်သည် အစရှိသော

လူတန်းစား အလွှာအသီးသီးမှလည်းကောင်း၊ လူမျိုးပေါင်းစုံ၊ ဒေသပေါင်းစုံတို့မှ

ပုဂ္ဂိုလ်စုံတို့ ပါကြပေသည်။

အလွှာစုံမှ ပုဂ္ဂိုလ်တို့သည် မည့်သည့် ရည်ရွယ်ချက် အနေအထား မျိုးဖြင့် မေးမေး၊

ထိုမေးခွန်းကြောင်းကြီးများပင် ဖြစ်နေပါသည်။ မေးကြသောကြောင့်ပင်

ဤလိုစာအုပ်မျိုး ရေးသားပြုစုရသော အခွင့်ထူး ရရှိပြန်သော ကြောင့် မေးခွန်းရှင်

အားလုံးတို့ကိုပင် အထူးကျေးဇူး ဥပကာရတင်မိပါသည်။

မေးခွန်း မေးစရာဖြစ်လာလောက်အောင် ဖြစ်စေသော ထိုစာအုပ်

စာပေများရှိ “အကြောင်းတရားများ” အတွက်မူကား အထူးဝမ်းနည်းမိပါသည်။

ထိုစာအုပ်များကို “မိုးလုံးပြည့် မုသာဝါဒီများ” ဟုပင်ဆိုလိုက်ချင် ပါသည်။

အဘယ့်ကြောင့်ဆိုသော် လောကုတ္တရာ၊ လောကီရေးရာ နှစ်ဝလုံးအတွက်

အသိပညာကို ဖုံးကွယ် ပိတ်ဆီး သွားစေနိုင်သောကြောင့်ပင်ဖြစ်ပါသည်။

ထိုစာအုပ်များကြောင့် လူတိုင်း လွတ်လပ်စွာ ရွေးချယ်ကိုးကွယ်နိုင်ခွင့်ရှိသော

ခရစ်ယာန်တို့ကိုးကွယ်အားထားရာ အသက် ရှင်တော်မူသော ခရစ်တော်သည်

ပင်လျှင် သာမန်ပုဂ္ဂိုလ် အညတြသဖွယ်၊ အရည်အချင်းမရှိသယောင်၊ ဗဟုသုတ

နည်းပါးသော ခရစ်ယာန်များပင်လျှင် မိမိ၏အရှင်သခင်အပေါ် အထင်အမြင်

လွဲမှားခြင်း၊ ဇဝေဇဝါ သံသယစိတ်များ၊ အထင်အမြင်သေးခြင်း၊ ရှက်စိတ် တဖွားဖွား

ဖြစ်ပေါ်စေနိုင်ကြောင်း၊ အားငယ်စိတ်များ ဖြစ်စေနိုင်ကြောင်း၊ ယုတ်စွအဆုံး

ခရစ်တော်ကိုပင် စွန့်ပယ်သည် အထိ အနှောက်အယှက် အဆီး အတား

ပြုနိုင်သော ဝိညာဉ်ရေး (ဓမ္မအန္တရယ်) အဆိပ်အတောက် စာအုပ်များ ဖြစ်ကြောင်း

တွက်ချက် မိပါသည်။ ခရစ်ယာန်ဖြစ်လိုသော ပုဂ္ဂိုလ်များပင်လျှင် တုံ့ဆိုင်းစိုးထိတ်

နောက်ဆုတ် သွားစေရန် အဆီးအတား ဖြစ်စေနေသည်မှာ သေချာနေ

ပါလေသည်။

သို့ဖြစ်၍ ခရစ်ယာန်များ အတွက်အရှုံးပေါ်ကာ သာသနာပြန့်ပွားနှုန်း

တန့်သွားစေနိုင်သလို အထူးသဖြင့် သန့်စင်သော စိတ်ထားနှင့် ဘုရား တရား

ရှာဖွေသော ပုဂ္ဂိုလ်မြတ်များအတွက် ဓမ္မအခွင့်အရေး ပို၍ ဆုံးရှုံးစေနိုင်သည်

သာမက သံသရာမဆက်လို ဝတ်ကျွတ်လို၍ (၃၁) ဘုံ မလည်လိုဘဲ ဒုက္ခဆင်းရဲ

ဘုံမှ လွတ်မြောက်လိုသောသူများ၊ ရောက်လိုလျက် နိဗ္ဗာန် မရောက်နိုင်သော

ကျွတ်တန်းဝင်ရောက် လိုသူများအတွက် “ အကျွတ်တရာလမ်း” ပိတ်သွား

နိုင်ခြင်းဖြင့် ကောင်းကင်ဘုံ ဝင်ရောက်၍ ထာဝရအသက် ထာဝရ သုခ

ထာဝရဘုန်း ထာဝရစည်းစိမ်ချမ်းသာ၊ ထာဝရမပုပ်မပျက် နိုင်သော အဖြစ်၌

ဝိညာဉ်ကိုယ်ခန္ဓာဖြင့် ဝင်ခံစားရမည့် မဟာထာဝရအခွင့် အရေးများ

အရှုံးပေါ်သွား နိုင်ပါသည်။

“လူတို့နှင့်ရောပြွန်းမနေ၊ တစ်သီးတစ်သန့် နေထိုင်တတ်ကြသော

သန်းရှင်းစုံလင်သူများ” ဟုအဓိပ္ပါယ် ရှိသည့် ကျမ်းစာအခေါ် “ဖါရိရှဲများသို့

သခင်ယေရှုခရစ်တော်က (မဿဲ ၁၂း၁၃) လျှို့ဝှက်သော ကျမ်းပြုဆရာ ဖရိရှဲတို့

သင်တို့သည် အမင်္ဂလာရှိကြ၏၊ အကြောင်းမူကား ကောင်းကင်နိုင်ငံ တော်၏

တံခါးကို လူတို့ရှေ့ မှာပိတ်ထား၍ မိမိတို့ လည်း မဝင်၊ ဝင်လိုသော သူတို့ကိုလည်း

ဆီးတားကြ၏ ဟုပြစ်တင်ရှုတ်ချလိုက်ခြင်း နှင့်တူပါသည်။ မြန်မာမှုပြု၍ ဆိုရပါလျှင်

“ကိုယ်တိုင် ကောက်ရိုးလည်း မစားနိုင်၊ စား၍လည်း မရ၊ စားလည်းမလို

ကောက်ရိုးအမှန်စားရမည့်နွား လာတော့လည်း မစား စေလို၊ ဟောင်မြဲ ဟောင်နေ

သောခွေး” နယ် (ကောက်ရိုးပုံစောင့်သည့်ခွေး ) ဟုအပြစ်တင်ရှုတ်ချလိုက်ခြင်းနှင့်

တူပါပေသည်။ ထို့ ကြောင့်မိတ်ဆွေ၏ ရပ်တည်ချက်သည် “ ကောက်ရိုးပုံ

စောင့်သည့်ခွေး” ၏ ရပ်တည်ချက်မျိုး ဖြစ်သွားမည်ကို မလိုလားနိုင်ပါ ပေ။

ကူးမြောက်ရန် လွန်စွာခဲယဉ်းသော နိဗ္ဗာန်ကို မကူးမြောက်လိုသူ ရှိသလို

ကူးမြောက်ချင်သော်လည်း မကူးမြောက်နိုင်သောသူများ၊ မကူးမြောက် နိုင်မှန်း

မိမိကိုယ်ကို မိမိသိနေသူများ၊ အားမတန်မန်လျှော့ကာ မတတ်သာ၍ နောင်ဘဝ

အခန်းဆက်သဘောမျိုးဖြင့် နောင်ဘ၀တွင် သံသရာလည်ရပေဦးဟု မချင့်

မရဲဖြစ်နေကြရှာသော သူများလည်းရှိကြောင်း အထူး သတိချပ်စေ လိုပါသည်။

လူတိုင်းပါရမီ မရင့်ကြပါ။ ၃၁ ဘုံ သံသရာ လည်ခြင်းသည် မက်မောစရာ မရှိပါ။

ကြောက်စရာ၊ ရွံမုန်းစရာကြီးပါ၊ လူဖြစ်လူချမ်းသာ ရှိသလို၊ လူဖြစ် လူချမ်းသာရှိသလို

လူဒုက္ခလည်းဖြစ်ကြောင်း၊ နတ်ဖြစ်နတ်ချမ်းသာရှိသလို၊ နတ်ဖြစ် နတ်ဒုက္ခ

ဖြစ်ကြောင်းနှင့်၊ ဗြဟ္မာဖြစ်ဗြဟ္မာချမ်းသာရှိသလို ဗြဟ္မာဖြစ် ဗြဟ္မာ ဒုက္ခဖြစ်ကြောင်း

အဘယ်သူငြင်းနိုင်မည်နည်း၊ “ချမ်းသာ” ၌ပြဿနာ မရှိ သော်လည်း “ဒုက္ခ”

၌ပြဿနာ အရပ်ရပ်ရှိနေပြီး၊ ထိုပြဿနာကို “မည်သို့ ဖြေရှင်း ပါမည်နည်း” ဂေါတမ

နည်းအရ ထိုဒုက္ခဘုံမှ လွတ်မြောက်ရန်မှာ လူ (မိမိ) အပေါ်၌သာ ရာနှုန်းပြည့်

မူတည်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကို မိမိကိုယ်တိုင် ကျင့်နိုင်ပါမှ လွတ်မြောက်

မည်၊ နိဗ္ဗာန်ရောက်မည်သာတည်း။ မကျင့်နိုင်သောသူတို့မှာကား ၃၁ ဘုံအတွင်း၌

သံသရာ တဝဲလည်လည်၊ ၃၁ ဘုံရဲ့သားကောင်အဖြစ် သံသရာခရီး ဆက်နေရ

ဦးမည်သာတည်း။

ထာဝရဘု ရား၏ နည်းအရမူ ကား ထို ဘုံ မှလွတ်မြောက်ရန်

“ကောင်းကင်ဘုံရောက်ကြောင်းတရား” ရှိထားပါသည်၊ ထိုတရားကား မနေ့၊ ယနေ့

နောင်ကာလ မပြောင်းမလဲ၊ ကမ္ဘာ အဆက်ဆက် တည်ရှိနေသည့် တပါးတည်းသော

နိစ္စထာဝရ ဘုရားသခင်၏ မေတ္တာတော်၊ ဂရုဏာတော်၊ အကြံအစည်တော်အားဖြင့်

ပေါ်ထွက် လာခဲ့ခြင်း ဖြစ် သည်။ လူ သားများအတွက် ထွက် ရပ်ပေါက်

မဟာအခွင့်အရေးကြီးတစ်ရပ်ဖြစ်သည်။ လူက ကုသိုလ် ပြုနေခြင်း မဟုတ်ဘဲ

ပြောင်းပြန် ဘုရားကလူကို ကုသိုလ်ပြု နေခြင်း၊ လူက ဒါနချနေခြင်းမဟုတ်ဘဲ

ဘုရားရှင်က လူကိုဒါနချနေခြင်းဖြစ်၍ လူတို့က လက်လွတ်မခံ၊ အရှုံးမပေးသင့်ပါ။

လက်ခံရယူသင့်ပါသည်။ ဘုရားဘက်မှ လူသားတို့အားပြုတော်မူသောကျေးဇူးတော်

တရားပင် ဖြစ်တော့သည်။ ဘုရားရှင်က ခရစ်တော်ကို လူသားတို့ အား ဒါနချခဲ့သည်။

မရစ်တော်အားဖြင့် လူတို့အား ၃၁ ဘုံမှ ရွေးနှုတ်ခြင်း ကယ်တင်ခြင်း၊ အပြစ်

ဆေးကြောခြင်း၊ အပြစ်လွှတ်ခြင်း၊ ကောင်းကင်ဝင်စား စေခြင်း အခွင့် တည်းဟူသော

ကောင်းမှု ကုသိုလ်ကို ဘုရားက လူသား တို့အား ပြုပေးခဲ့သည်။

သံသရာဝဋ်ဆင်းရဲခြင်းမှ လွတ်မြောက်ရန် လွတ်ကြောင်းတရား

အကျွတ်လမ်းကား၊ ကျင့်စဉ် မဟုတ်၊ ပုဂ္ဂိုလ်တည်း ဟူသော အကျင့်တရားနှင့်

ပြည့်စုံတော်မူ၍ အပြစ်ကင်း စင်သော ယေရှုခရစ်တော်ပေတည်း။ ထိုအရှင်သည်ကောင်းကင်ဘုံ၌ ရှိသည်။ထိုအရှင်နှင့် ကောင်းကင်ဘုံ ခွဲခြားစဉ်းစား မရပါ။ထိုအရှင်နှင့် ထာဝရဘုရား ခွဲခြားမရပါ။ ထိုအရှင်နှင့် ဖန်ဆင်းရှင် ခွဲခြားမရပါ။ထာ၀ရဘုရားနှင့် ကောင်းကင်ဘုံသား ခွဲမရပါ။

ထိုကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်မှာ သခင်ယေရှုပုဂ္ဂိုလ်တော် မြတ်၏

ဘ၀သက်တော်စဉ်ကို မှန်ကန်စွာ နားလည် သိကျွမ်းရန် ဦးစွာပထမ လိုအပ်သည်။

သို့မှသာ ထိုအရှင်ကို မိမိကယ်တင်ပိုင်ရှင် အဖြစ် ယုံကြည် လက်ခံနိုင်မည်။

ထိုအရှင်ကို ယုံကြည်မှသာ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ပြီး

သံသရာမှ လွတ်မည်။ ကောင်းကင်ချမ်းသာကို ရမည်။ (ဧဖက် ၂း၈)

ချစ်သောမိတ်ဆွေ – ကျွန်ုပ်တို့မြန်မာပြည်တွင် ပြည်တွင်းဖြစ်ဘုရား မရှိပါ။

သွင်းယူပင့်ဆောင် လာသော ပြည်ပဘုရား များသာ ဖြစ်ခြင်းကြောင့် ဖန်ဆင်းရာပါ

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အရ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့် ပြုခဲ့သည်

နည်းတူ ယခုတွင်လည်း ပြန်လည် ရှင်းပြထုတ်ဝေ လိုက်ခြင်းဖြင့် မိတ်ဆွေမှ

အစပြုကာ တစ်ပြည်လုံး၊ တစ်ကမ္ဘာလုံး၊ ကယ်တင်ခြင်းသို့ ရောက်အပ်သော

ပုဂ္ဂိုလ်ထူးတိုင်း ကယ်တင်ခြင်းသို့ ရောက်၍ ယခုဘဝ၊ နောင်ဘဝ၊ ဘုရားတရား

ကိုးကွယ်ရကျိုး နပ်စေရန် အပင်ပန်းခံ ပြုစုရေးသားလိုက်ပါသည်။

သမိုင်းနောက်ခံ

ခရစ်ယာန်ဘာသာ၏ အဓိကမဏ္ဍိုင် မှာ ခရစ်တော်ပင်ဖြစ်သည်။

ခရစ်တော် လူ့ဇာတိကို ခံယူခြင်း၊ ဖွားမြင်တော် မူခြင်း၊ ဒေသစာရီလှည့်လည်၍

တရာဒေသနာဟောကြားခြင်း၊ သာသနာပြုခဲ့ခြင်း၊ အသေသတ် ခံခြင်း၊ ရှင်ပြန်

ထမြောက်ခြင်း၊ တက်ကြွတော်မူခြင်း၊ စသောခရစ်တော်၏ သက်တော်စဉ်

ရှိသောကြောင့်သာ ခရစ်ယာန်ဘာသာသည်လည်း ပေါက်ဖွားလာ ခဲ့ရပါသည်။

ထို့ကြောင့် ခရစ်တော်၏ သက်တော်စဉ်ကို မှန်မှန်ကန်ကန် တိတိကျကျ သေသေ

ချာချာ သိရှိရန် လိုအပ်လှပါ သည်။

ခရစ်တော်လူ့ဇာတိခံမှ ခရစ်တော်ရှိလာခြင်း မဟုတ်ပါ။ အမှန်မှာနိစ္စ

တည်ရှိနေတော်မူပြီး အလုံးစုံတို့ကို ဖန်ဆင်း တော်မူသော ထာဝရဘုရားသခင်

ကို လူတို့က ပြန်လည်၍ သိနိုင် နားလည်နိုင်ရန် ၊ မြင်တွေ့နိုင်ရန် ဘုရားနှင့် လူ

လူနှင့်လူချင်း မိဿဟာယ ပြန်လည်ဖွဲ့နိုင်ရန် လူတို့ အား ဘုရားသခင်က

ခရစ်တော်အားဖြင့် ထင်ရှားဖွင့်ပြခြင်း၊ သိမြင်စေခဲ့ခြင်းမျှသာ ဖြစ်ပါသည်။

ထို့ကြောင့် ခရစ်ယာန်ဘာသာတည်းဟူသော ခရစ်ယာန်တို့၏ ယုံကြည်ခြင်းမှာ

သခင် ဖန်ဆင်းရှင်ကို ယုံကြည်ခြင်းပင် ဖြစ်သည်။

ကနဦးကတည်းက ထာဝရဘုရား

ခရစ်တော်အားဖြင့် ထာဝရဘုရားကို လူတို့က မိသဟာယပြုခြင်း၊ ကိုးကွယ် ဝတ်ပြု

ခြင်းကို ပြုနိုင်ရန် ဘုရားသခင်ပြုတော်မူသော ပြန်လည် ဆက်သွယ်ရေး နည်းဗျူဟာ

အကြံအစည်တော်တရပ်ပင်ဖြစ်သည်။

တစ်ဆူတည်းသော ဘုရားသခင် ဖန်ဆင်းရှင်သည် မည်သို့ သော

သဘောသဘာဝရှိကြောင်း လူတို့က ကိုယ်တော့် အပေါ် မည်သို့ သဘော ပြန်လည်

တားရှိစေလိုကြောင်း၊ စသည်တို့ကို ခရစ်တော်ကသာ ထင်ရှား ပီပြင်စွာ ဖေါ်ပြ

ခဲ့ပေသည်။ ထိုဘုရားသခင်ထံသို့ တိုက်ရိုက်ဆက်သွယ် ပေးသူ မှာလည်။

ယေရှုခရစ်တော်ပင် ဖြစ်ပါသည်။

ခရစ်ယာန်ဘာသာသည် ယုဒဘာသာမှ ပေါက်ဖွားလာသည်ကား မှန်၏။

ယုဒဘာသာကို ပြုပြင်ပြောင်းလဲလိုက်သည် ဆိုသည်ထက် ယုဒ ဘာသာ

မျှော်လင့်ချက် အလုံးစုံ အနာဂတ္တိနှင့် ပညတ်ချက်များတို့ကို ပြည့်စုံ စေလိုက် ခြင်း

ဖြစ်သည်။ ဘုရားနှင့် ပြတ်တောက်သွားခဲ့သော မိသဟာယကိုပြန်လည် ပေါင်းစည်း

မိသဟာယမပြုနိုင်ရန်၊ ယဇ်ပူဇော်သက္ကာ ဝိနည်း၊ ထုံးနည်းများ ကျင့်ကြံ အားထုတ်

မှုများဖြင့် ကြိုးစား အားထုတ်နေကြခြင်းများကို အပြစ်တင် ရုပ်သိမ်း ကုန်ဆုံးစေခဲ့ပြီး

အကြီးမြတ်ဆုံးသော လူနှင့် လူချင်းတူမျှသည့် ယဇ်ကောင်၊ ပူဇော်သက္ကာအဖြစ်

အကြီးမားဆုံးသော ယတြာချေခြင်း အမှုတွင် ခရစ်တော်သည် အသုံးတော်

ခံခဲ့ရခြင်းပင်ဖြစ်သည်။ ဘုရားနှင့် လူ၊ လူနှင့် ဘုရား၊ အပြန်အလှန် ရှာပုံတော်

မိသဟာယ ဖြစ်သည်။

ခရစ်တော်အားဖြင့် ဘုရားသခင်ကို ဖခင်တဦးအဖြစ် အကြွင်းမဲ့ ချစ်ခင်

ကြည်ညို မြတ်နိုးကြောက်ရွံ့ ခိုလှုံလာကြရပြီး လူသားအချင်းချင်းလည်း၊ ယေရှု

ခရစ်တော်၌ တစ်ဆူတည်းသော ဘုရားသခင်၏ သားသ္မီးဖြစ်ကြကြောင်း၊ သားဦး

ယေရှု ခရစ်တော်နှင့် ညီအစ်ကိုမောင်နှမများ အဖြစ်ကိုတဦးနှင့်တဦး ချစ်ခင်

မြတ်နိုးရမည့်အကြောင်း ဖြစ်လာလေ၏။

တိုတိုနှင့်လိုရင်းဆိုရသော် တိုက်ရိုက်ဘုရားနှင့်လူ ကိုပြန်လည် ဆက်စပ်

ဆက်သွယ်ပေးလိုက်သူ၊ သူ့ ကိုယ်သူ လမ်းခင်းပေးလိုက်သူဖြစ်သည်၊ ထိုလမ်းကို

လျှောက်လိုက်လိုသူတိုင်း လျှောက်နိုင်ပါသည်၊ မလျှောက်လို ကလည်း ဖန်ဆင်းရာပါ

လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်အရ လူတိုင်း၏ဆန္ဒပင်။

ခရစ်တော်သည် ပါလက်စတိုင်းနိုင်ငံတွင် ပေါ်ထွန်းခဲ့သည်။ ကိုယ်တော်

သည် ပါလက်စတိုင်း နိုင်ငံသား ဂျူး (ဝါ) အစ္စရေးလူမျိုး တစ်ဦး ဖြစ်ပါသည်။

သက်တော်စဉ် တခုလုံးသည် ရှင်တော်ဂေါတမမြတ်စွာဘုရား ပွင့်တော်

မမူမီမှ ရှေးအထက်က ဗျာဒိတ်တော်အတိုင်း မှန်ကန်ဖြစ်ပျက် ခဲ့ပါသည်။ နှစ်ပေါင်း

၂၀၀၀ ကျော်က ပါလက်စတိုင်း နိုင်ငံသည် စတုရန်း မိုင်ပေါင်း တစ်သောင်းခန့်သာ

ဖြစ်သည်၊ အလျှား ၁၅၀ မိုင်၊ အနံအကျယ်ဆုံး တောင်ပိုင်း ၌ ၇၅ မိုင်သာရှိပါသည်။

ထို့ကြောင့် ထိုနိုင်ငံသည် ဆွစ္စလန်နိုင်ငံ ထက်ငယ် ပြီး၊ စကော့တလန်နိုင်ငံ

ထက်ဝက်မျှသာရှိသည်။ မြန်မာနိုင်ငံ အနောက်ပိုင်း တိုင်း ဧရိယာနီးပါးခန့်သာ

ရှိပါသည်။

ထိုနိုင်ငံ၏ မြောက်ဖက်ရှိ လက်ဘနွန်နိုင်ငံ၌ မြင့်မားသော ဟာမုန်

တောင်ထိပ်နှင့် တောင်ကြောကြီးများရှိသည်။ အရှေ့ဘက်တွင် မူကား ဂျော်ဒန်နိုင်ငံ

ရှိသည်။ တောင်ပိုင်းတွင် ယုဒတောင်ကုန်း မြေမြင့်ရှိသည်၊ အနောက်ဘက်တွင်

မြေထဲပင်လယ်ရှိသည်။

မြေထဲပင်လယ်ကမ်းစပ်မှ အရှေ့ဘက် ၁၅ မိုင်ခန့်အထိ မြေပြန့် ဖြစ်သည်

အီဂျစ်နိုင်ငံနှင့် တောက်လျှောက် လူသွားလမ်းပေါက်သည်။ ဒုတိယ မျဉ်းပြိုင်စပ်ကြား

မြောက်ဘက်မှ တောင်ဘက် တစ်လျှောက်လုံးတွင် ထုံးကျောက် များနှင့် အထိ

ပြီးသော တောင်ကုန်းမြေမြင့်ဒေသဖြစ်သည်။ ထိုထုံးကျောက် ကျော်ကြီးသည်

ကျောရိုးသဖွယ် ဂါလိလဲနယ်၊ ရှမာရိနယ်၊ ယုဒနယ် တဝိုက်သို့ ဆင်းသက်လာသည်။

မြေနိမ့်ချိုင့်ဝှမ်းဒေသတွင်၊ မြောက်ဘက်၌ ဂါလိလဲအိုင်ရှိပြီး ဂျော်ဒန်မြစ်

သည် မြောက်မှမြေနိမ့်ရာ တောင်ဘက်သို့ စီဆင်းလာပြီး ပင်လယ်သေ(ခေါ်)

ဆားငန်အိုင်အထိ စီးဆင်းလာလေသည်။ အခြား တဘက်တွင်မူ တောင်ကုန်း

များသည် ပြန်လည်မြင့်မားလာပြီး၊ ဂျော်ဒန်နိုင်ငံကို ကာဆီးထားသော သဘာဝ

အတားအဆီး သဖွယ်ဖြစ်နေပါသည်။

ရာသီဥတု အခြေအနေက ထူးခြား၏၊ ယေရှုရှလင်မြို့သည် လတ္တီတွဒ်

၃၁ ဒီဂရီ ၄၇ မီးနစ်၊ မြောက်လောင်ဂျီတွဒ် -၃၅ ဒီဂရီ ၁၈ မီးနစ်၊ အရှေ့တွင်

တည်ရှိပြီး၊ မြေထဲပင်လယ် ကမ်းစပ်မှ အရှေ့ဘက် ၃၅ မိုင်အကွာတွင် တည်ရှိကာ

ဆားငန်အိုင် (ပင်လယ်သေ) အနောက်မြောက် ၁၈ မိုင်တွင် တည်ရှိသည်။

ပင်လယ်ပြင်မှ အမြင့်ပေ ၂၀၀၀ ခန့် မြင့်သဖြင့် ထိုဒေသ တစ်ဝိုက်တွင် ရသီဥတုမှာ

အေးမြ၍ သမမျှတမှုရှိသည်။

ဂါလိလဲနယ်တဝိုက်တွင် စိမ်းလန်းစိုပြေလှ၍ သစ်ပင်၊ ပန်းမာလာ

ဝေဝေဆာဆာ ဖြစ်နေသောဒေသ ဖြစ်ပါသည်၊ မြောက်ပိုင်းတွင်မူကား ဟာမုန်

တောင်ထိပ်တဝိုက်၌ ရေများခဲ၍ ဆီးနှင်းဖြူဖြူဖွေးဖွေး တို့ ကိုအတိုင်းသား

မြင်တွေ့နေရပါသည်။

တစ်နိုင်ငံလုံးတွင် ရှိသောရှုခင်းသည် အလွန်သာယာ စိုပြေလှသည်။

မြေဩဇာကောင်းသော ချိုင့်ဝှမ်း ဒေသ၌ အသီးအနှံမျိုးစုံ၊ ရာသီမရွေးပေါက်ရောက်

သည်။ခြားသောနိုင်ငံများတွင် သဲကန္တရ တောင်တန်းနှင့် ပင်လယ်တို့ ခြားနား

နေသော်လည်း ပါလက်စတိုင်းနိုင်ငံသည် တိုက်ကြီး (၃) တိုက်၏ အလယ်ဗဟိုတွင်

တည်ရှိနေပေသည်။

ကမ္ဘာတဝှမ်းလုံး၏ အချက်အခြာကျသော ထိုနယ်မြေသည် ခရစ်ယာန်

ဘာသာကို အစပျိုးမွေးဖွား သန့်စင် ပေးလိုက်သည့် ခရစ်တော်၏ လူ့ဇာတိ ခံယူ

မွေးဖွားရာဒေသကြီး နှင့် ခရစ်တော်၏ ဒေသစာရီ လှည့်လည်ခဲ့ရာ ဒေသကြီး

ပေတည်း။

အဖြစ်မှန်ရှုထောင့် (၇)မျိုး

ခရစ်တော်၏ သက်တော်စဉ် ၁၂ နှစ်မှသည် ၃၀ နှစ်အကြား သခင်ယေရှု၏

သက်တော်စဉ်အမှန်ကို ကြေလည်အောင် အတတ်နိုင်ဆုံး ကြိုးစား၍ အောက်ပါ

အတိုင်း တင်ပြရှင်းလင်း သွားပါမည်။

၁. ပဌမရှုထောင့် – သမ္မာကျမ်းစာတော်မြတ် အမြင် (Biblical View)

၂. ဒုတိယရှုထောင့် – ဓလေ့ထုံးတမ်းအမြင် (Customary View)

၃. တတိယရှုထောင့် – သာသနာသမိုင်းကြောင်းအမြင် (Historical View)

၄. စတုတ္တရှုထောင့် – ဒေသန္တရ ပထဝီအမြင် (Geographical View)

၅. ပဉ္စမရှုထောင့် – စက်မှုလက်မူအမြင် (Technological View)

၆. ဆဌမရှုထောင့်

– စာပေရှုထောင့်အမြင် (Litracy View)

၇• သတ္တမရှုထောင့် – အထွေထွေရှုထောင့် (Miscellaneous View)

၁.ပဌမရှုထောင့်

သမ္မာကျမ်းစာတော်မြတ် အမြင် (Biblical Vies)

၁) လုကာ ၂း၄၉ ညှိုးငယ်ကြောင့်ကြစိတ်နှင့်

မိဘတို့သည် မောင့်ကိုရှာကြပြီ ဟု

ဆိုသော် ယေရှုက မိဘသည် အဘယ့်ကြောင့် အကျွန်ုပ်ကို ရှာပါသနည်း၊

အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်

သူတို့ သည် ထိုစကားကို နားမလည်ကြ။ ထို့ နောက် ယေရှုသည် မိဘတို့ နှင့်

အတူသွားသဖြင့် နာဇရက်မြို့သို့ ရောက်၍ သူတို့ စကားကို နားထောင်လျှက်

နေလေ၏။ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံး

လေ၏။ ယေရှုသည်လည်း အစဉ်အတိုင်း ကြီး၍ ပညာတိုးပွားလျှက် ဘုရားသခင်ရှေ့

လူတို့ရှေ့မှာ မျက်နှာရတော်မူ၏..

အထက်ပါကျမ်းပိုဒ်အရ သိရသည်မှာ..

(က) ယေရှုက ဗိမာန်တော်ကို “အဘအိမ်” ဟုခေါ်ဆိုသဖြင့် အသက် ၁၂ နှစ်သာ

ရှိသေးသူ၊ မိဘနှစ်ပါးကိုပင် သူ၌အဘရှိကြောင်း၊ ထိုဗိမာန်တော်သည်ပင် အဘ၏

အိမ်တော်ဖြစ်ကြောင်း ပြောဆိုလိုက်ခြင်းသည် သူ၏အဘမှာ ကောင်းကင်ဘုံ၌

ရှိတော်မူသော အဘထာဝရဘုရား သခင်ဖြစ်ကြောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။

တိဗက်ပြည်မှ ပြန်လာပြီး အသတ်ခံရမည်စိုး၍ ဘုရားသားဟု လိမ်လည်ပြီး

တရား ဟောခဲ့သည်ဆိုခြင်းမှာ အထက်ပါအရ လုံးဝမဖြစ်နိုင် တော့ချေ။ အဘယ်

ပြည်ပ ခရီးမဆိုထားနှင့် ပြည်တွင်းမှာပင် ဗိမာန်တော်သို့ သွားရောက် ဝတ်ပြုသော

၁၂ နှစ်သား အရွယ်ကပင် သူ၏အဘမှာ ထာဝရ ဘုရား ဖြစ်ကြောင်း၊ သူသည်

ဘုရားသားဖြစ်ကြောင်း ဖော်ပြထားနှင့်ချေပြီ။

(ခ) သူ၏အဘသည် လူပုဂ္ဂိုလ်ထဲမှ မဟုတ် ၊ ယောသပ်မဟုတ်။

(ဂ) နာဇရက်မြို့၌နေ၍ ကြီးပြင်းကြောင်း ထင်ရှားနေပြန်သည်။ (အခြားအရပ်သို့မသွား

(ဃ) ဘု ရားသခင့်ရှေ့၊ လူတို့ အရှေ့မှာ မျက်နှာရသည်ဟု ဆိုသောကြောင့်၊ ဘုန်းကြီး၊

ရှေ့၌ မဟုတ်၊ ထာဝရဘုရားသခင်ရှေ့၌ မျက်နှာရပြီ။ ထာ၀ရဘုရား၏ တရားသာ

ဟောကြောင်း ထင်ရှား၏။

(င) အခြားဘုရားတို့ ၏ တရားများကို မ ဟောပါ၊ ဟောခဲ့လျှင် ဘုရားရှေ့၌

မျက်နှာရလိမ့်မည်မဟုတ်။

၂) မဿဲ ၂း၂၃ ခရစ်တော်ကို နာဇရက်လူဟူ၍ ခေါ်ကြလတ္တံ့ဟူသော ပရောဖက်

တို့၏ နှုတ်ထွက်နှင့်အညီ နာဇရက်အမည်ရှိသော မြို့သို့ရောက်၍ အမြဲ နေလေ၏။

(က) လူအချို့တို့ အတွက် ချက်မြုပ်နှင့်ကြီးပြင်းရာ ဒေသတူတတ်သော်လည်း၊

အချို့အတွက်မူ ချက်မြုပ် နှင့်ကြီးပြင်းရာ ဒေသသီးခြား ဖြစ်နေတတ်သည်။ ထို့အတူ

ခရစ်တော်သည်လည်း ဗက်လင်မြို့တွင် မွေး၍ နာဇရက်မြို့တွင် ကြီးပြင်းနေထိုင်

ခဲ့ကြောင်း ထင်ရှားသည်။ (အခြားဒေသသို့ မသွားကြောင်းထင်ရှားပါသည်) ၊

(ခ) နာဇရက်လူဆိုသည်မှာ နာဇရက်မြို့တွင် ကြီးပြင်းကျင်လည်နေထိုင် သောကြောင့်

ခေါ်ဆိုရခြင်းဖြစ်သည်။ နာဇရက် လူဖြစ်မည့်အကြောင်းလည်း ပရောဖက်အားဖြင့်

ရှေးမဆွကပင် ကြိုတင်ဟောကြားချက်ပင်ဖြစ်သည်။ ဟောကြားထားသည့်အတိုင်း

နာဇရက်သားမှန်း လူတို့ကသိခဲ့ကြသည်။ ထို့ကြောင့် ယေရှုသည် နာဇရက်မြို့

၌ကြီးပြင်းနေထိုင်ကြောင်း ထင်ရှားသည်။ (အခြားဒေသသို့ မသွားပါ)

(ဂ) ပရောဖက်နှုတ်ထွက်နှင့်အညီ ဟုဆိုသောကြောင့် အကြောင်းမဲ့ ဖြစ်ပျက် လာခြင်း

မဟုတ်၊ ကြိုတင်ဗျာဒိတ် ထုတ်ထားသည့် အတိုင်း၊ ဘုရားသခင်၏ အကြံတော်တရ

နာဇရက်မြို့ ၌ နေထိုင်ခြင်းဖြစ်ကြောင်း သိရသည်။

(ဃ) အမြဲဟုပါရှိသောကြောင့် ဗက်လင်မြို့မှ ပြောင်းရွှေ့ပြီး၊ နာဇရက်မြို့၌ အမြဲ

နေထိုင်ကြောင်း သိရသည်။ နာဇရက်မြို့သား ယေရှုဟုပင် အမည်တွင် ခဲ့သည်။

(ထို့ကြောင့် အခြားဒေသသို့ မသွားပါ။)

၃) မာကု ၆း၄ ယေရှုကလည်း ပရောဖက်မည်သည်ကား မိမိမြို့ မိမိအဆွေနေရာ

မိမိအိမ် မှတပါး အခြားသောအရပ်၌ အသရေ ရှိသည်ဟု ထိုသူတို့အားမိန့်တော် မူ၏။

(က) မရစ်တော်သည် လက်သမားသား၊ ကိုယ်တော်တိုင်လည်း လက်သမား

ဖြစ်သောကြောင့် သူ၏ နေရပ်တွင် မိမိအစေ့အမျိုး နှင့် မိသားစု

အသရေမရှိ၊ အထင်မခံရ၊ မျက်နှာမရ၊ လူတို့၏ စိတ်နေသဘောထား၊

သဘာဝ တရားကို ဖေါ်ပြထားပါသည်၊ သူအဟောအပြော မကောင်း၍ မဟုတ်ပါ။

ရွာနားမြက်ရွာနွား၊ မစားခြင်းမျိုးကို ဖော်ပြခြင်းပင်ဖြစ်ပါသည်။

မှတ်ချက် ။ ။ ခရစ်တော်သည် လက်သမားဘ၀ ခံယူခြင်းဖြင့် ဘုရားသခင်၏ဖန်ဆင်းရှင်အကြောင်း

ကို ပို၍ ခိုင်လုံထင်ရှား စေသည်။ ဖန်ဆင်းရှင်ဖြစ်ကြောင်းကို သက်သေပြ နေခြင်း

ဖြစ်သည်။ လက်သမားဟူတည် ပြုမည့်အရာတိုင်းကို ဦးနှောက်၌ အရင်စိတ်

ကြံဆပြီးမှ “ လက် တွေ့” အကောင်အထည်ဖော် တည်ဆောက် သူများ မဟုတ်

ပါလား၊ ဘာမှမရှိသောအရာကို ရှိလာအောင် ဖန်ဆင်းခဲ့သော ဘုရား၏ ဖန်ဆင်းရှင်

ဖြစ်ခြင်းကို လူတို့ နားလည် နိုင်သော အနေအထား အဖြစ် လက်သမား

လုပ်ပြခဲ့ခြင်းသာ ဖြစ်ပေသည်။ ထို့ကြောင့်လည်း စနစ်တကျ သေသပ် တိကျစွာ

စကြာဝဠာ ကြီးကို ဖန်ဆင်းခဲ့သည်မှာ သဘာဝက လက်ရာမြောက်လှ ပေသည်။

၄) မဿဲ ၆း၈ – ၁၅ အကြောင်းမူကား သင်တို့ အလိုရှိသမျှတို့ကို သင်တို့

မ တောင်းမီ သင်တို့ အဘ သိတော် မူ၏။ ထို့ကြောင့် သင်တို့ ဆုတောင်း ရမည်မှာ

ကောင်းကင် ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့၏ အဘ၊ ကိုယ်တော်၏ နာမ

တော်မြတ် အားရိုသေလေးမြတ်ခြင်း ရှိပါစေသော်၊ နိုင်ငံတော်တည်ထောင် ပါစေသော်၊

အလိုတော်သည် ကောင်းကင် ဘုံ၌ ပြည့် စုံ သကဲ့သို့ မြေကြီးပေါ်မှာ

ပြည့်စုံပါစေသော်။ အသက်မွေး လောက်သောအစာကို ယနေ့ ပေးသနားတော်မူပါ။

သူတစ်ပါးသည် ကျုပ်တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ုပ် တို့သည်

လွှတ်သကဲ့သို့ ကျွန်ုပ်တို့၏ အပြစ်များကို လွတ်တော်မူပါ။ အပြစ် သွေးဆောင်

ရာကို မလိုက်ပါစေဘဲ မကောင်းသောအမှုအရာမှ ကယ်နှုတ် တော်မူပါ။

အစိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုးတော်အာနုဘော်သည် ကမ္ဘာ အဆက်ဆက်

ကိုယ်တော်၌ ရှိပါ၏။ အာမင်ဟု ဆုတောင်းကြ လော့။ သင်တို့ သည် သူတပါး၏

အပြစ်ကို လွှတ်တော် မူလျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့၏အဘသည်

သင်တို့၏အပြစ်ကို လွှတ်တော်မူမည် သင်တို့သည် သူတစ်ပါး၏ အပြစ်ကို

မလွှတ်လျှင် အင်တို့၏ အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူ

အထက်ပါကျမ်းပိုဒ်အရသိရသည်မှာ..

က ကျွန်ုပ်တို့အဘသည် ခမည်းတော် ထာဝရဘုရားသာဖြစ်သည်။ (အခြားသော

ဘုရားမဟုတ်)

“ခမည်းတော်ဘုရားသည် ကောင်းကင်ဘုံ၌ ရှိသည် (နိဗ္ဗာန်၌ မဟုတ်)

ဂ, ထိုဘုရားသည် ကျွန်ုပ်တို့ ဆုမတောင်းမီကပင် တောင်းမည့်ဆုအကြောင်းကို

သိနှင့်တော်မူပြီးသောသဗ္ဗညုတဉာဏ်တော်ရှင် ဘုရားဖြစ်တော်မူ၏။

ဃ. လူတို့၏ ဆုတောင်းခြင်းကို နားညောင်းကြားနာသော ဘုရားဖြစ်၏။

င.တိုင်တည်တမ်းမ ခေါ်ဆိုကြောင်းအပ်သော နာမတော်ဖြစ်တော်မူ၏။

စ. ထာဝရဘုရား နာမတော်ကို ရိုသေလေးမြတ်ရန် သွန်သင်၏ (အခြားဘုရား”

၏ အမည်နာမ မဟုတ်)။

ဆ.၄င်း၏ နိုင်ငံတော်ကို ဤလောက၌ တစ်သီးတခြားတည်ထောင်သော

ဘုရားဖြစ်၏( လောကီနိုင်ငံရေး လောကီနိုင်ငံတော်မဟုတ်)။

ဇ, ကောင်းကင်ဘုံ၌ အလိုတော်ပြည့်စုံသကဲ့သို့ မြေကြီးပေါ်၌၊ ဤလောက၌

ပြည့်စုံစေရန် သွန်သင်သည်။ (နောင်တမလွန်ဘဝ အကျိုးသာဟုတ်၊ ယခု ပစ္စုပ္ပန်

မျက်မှောက် ဘဝ၏ အကျိုးပြည့်ဝခြင်းကိုပါ တစ်ပြိုင်တည်း သွန်သင် သည်။)

– နေ့စဉ်စားသောက်ရန်၊ ပြင်ဆင်ပေးသောဘုရားဖြစ်၏၊ အဘယ်မည်သော

သိပ္ပံပညာရှင်နှင့် တောင်သူလယ် သမားတို့က စပါးပင် အမျိုးမျိုးကို ဖန်ဆင်း

သည်ဟု မြင်သိဘူးပါသလား၊ ဘုရားရှင်ကသာ ဣဒ္ဓဝိဒဉာဏ်တော်ဖြင့်

ဖန်ဆင်း၍ လူတို့ ကမျိုးစပ်၊ မျိုးပွားစိုက်ပျိုးကြခြင်းမျှသာ ဖြစ်ပေသည်။

ဘုရားရှင်သည် ကျွေးမွေးသောအရှင်ဖြစ်သည်။

ည. လူ့အပြစ်ကို လွှတ်ပေးပိုင်၊ စီရင်ပိုင်သော ဘုရားဖြစ်သည်၊ မိတ်ဆွေကို

မည်သူ အပြစ်တင်၍ မည်သူလွှတ်ပါသနည်း။ မိတ်ဆွေကိုတိုင် အပြစ်လုပ်၍

မိတ် ဆွေ ကို ယ့် ဘာသာ အပြစ်တင်ပြီး ကိုယ့် အပြစ်ကို ကို ယ် တို င်

အပြစ်လွှတ်ပိုင်ပါ၏လော။

ဠ.အမှုကိစ္စပြဿနာ အဝဝတို့ကို အပ်၍ ကိုးစားလျှင် မကောင်းသောအမူအရာ

ရှိသမျှတို့ မှ ကယ်နှုတ်သော ဘုရားဖြစ်ကြောင်း ဟောပြောနေသည်။ (မိမိ

ကာယကံရှင် အပေါ်ပြန်၍ ဝန်တင်သော၊ တာဝန်မယူသော၊ မကယ်နိုင်သော ဘုရား

အကြောင်းမဟော)

ဌ. အစိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်

တည်သောကြောင့် မနေ့ ယနေ့ မပြောင်းမလဲသော နိစ္စထာဝရဘုရားဖြစ်၏။

ထိုဘုရား အကြောင်းကိုသာ ယေရှုခရစ်တော် အမြဲသွန်သင် ဟောပြောနေခဲ့၍၊

သင်ပြပေးနေ၏။ (အခြားဘုရားအကြောင်း မဟောပါ)။

ဍ. ကမ္ဘာမည်မျှ ဝေဝေ၊ ကမ္ဘာမည် အသစ်ဖြစ်လာလာ၊ ကိုယ်တော်သည်

ကမ္ဘာအဆက်ဆက် ဘုရားဖြစ်တော်မူ၏။ ကျင့်၍ ဖြစ်လာသော ဘုရားမဟုတ်၊

ဘုရားအလောင်းအလျှာလည်း မဟုတ်ခဲ့။ နိစ္စထာဝရ ဘုရားသခင်သာဖြစ်ခဲ့၏။

ကမ္ဘာ ဝေသည် ဆိုရာ၌ပင် ထိုကမ္ဘာကို ထာဝရဘု ရား မဖန်ဆင်းထားပါက

ကမ္ဘာဝေသည်ဟူသော ဝေါဟာရပင်ရှိလာမည် မဟုတ်။ ကမ္ဘာဝေ၍ ကမ္ဘာ

အဆက်ဆက် တို့ကို ထပ်ခါထပ်ခါ ဖန်ဆင်းပြီး၊ ကမ္ဘာအဆက်ဆက်၏ ဘုရား။

ကမ္ဘာကိုဝေစေသောဘုရား၊ ကမ္ဘာကိုဖန်ဆင်း၍ ပိုင်သ အုပ်စိုးသော ဘုရား

အကြောင်းကိုသာ ယေရှုဟောပြောတော်မူသည်။ (အခြားဘုရားအကြောင်း မဟော

ပြောခဲ့ပါ)

ဎ.ထိုအရှင်သည် မိတ်ဆွေကိုဖန်ဆင်းပြုပြင်၍၊ ရွေးနှုတ်ကယ်တင်တော်မူသော

ဘုရားသခင်ဖြစ်ပါသည်။ ထို့ကြောင့် မရှိတော့သော၊ သေ၍သေပြီးနောက်၊

ပြန်မရှင်ကြတော့သော၊ ဆုတောင်းလျှင် နားမ ထောင်သော၊ လူမူရေးနှင့်

ပါတ်သက်ခြင်း မရှိလိုသော ဘုရားများထံတွင် ဆုတောင်းနေခြင်း မဟုတ်၊

အသက်ရှင်လျှက် တည်ရှိတော်မူသော ဘုရား၊ ကယ်တင်ရှင် ကောင်းကင် ဘုံရှင်

အဘထာဝရ မြတ်စွာဘုရားသခင်တည်းဟူသော ဆုတောင်းသံ နားညောင်း

အဖြေပေးတော်မူသော ဘုရားသခင်ထံတွင် ဆုတောင်းစေခြင်းသာ ဖြစ်သည်။

နိစ္စထာဝရဘုရားထံတွင်သာဖြစ်၍(အနိစ္စဘုရားထံတွင်မဟုတ်ပါ)။

၅) လုကာ ၁၄း၄၁ နတ်ဆိုးတို့သည်လည်း ကိုယ်တော်သည် ခရစ်တော်တည်း

ဟူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏ဟု ဟစ်ကြော်လျှက်လူများမှ

ထွက်သွားကြ၏။အထက်ပါကျမ်းပိုဒ်မှ သိရသည်မှာ

နတ်ဆိုးမာရ်နတ် စာတန်ကို ဘုရားရှင်က တိုက်ရိုက်မဖန်ဆင်းပါ။

လက်ဦးဖန်ဆင်းစက အဆင်းလှပ၍ ပညာစုံလင်သော တောက်ပသည့် ကောင်းကင်

တမန် မိုးသောက်ကြယ်နံနက်သားခေါ် လူစီဖါသာဖြစ်သည်။ ဘုရားကိုအန်တု

ပုခုံးချင်းယှဉ်၊ ဖင်ထိုင်ခုံ လုယူလို၍ သစ္စာဖေါက်သောကြောင့် ဖေါက်ပြန်သော

စာတန်ဖြစ်လာရခြင်းဖြစ်သည်။ ထိုစာတန်နှင့် အပေါင်းအပါ

ကောင်းကင်တမန် အားလုံးသည် နတ်ဆိုး ဝိညာဉ်ဆိုးများ ဖြစ်သွားကြသည်။

အစဉ်အလာကြီးသော ထိုစာတန် အပေါင်းအသင်းတို့ သည် နတ်ဆိုး၊

ဝိညာဉ်ဆိုးအဖြစ် လူတို့၏ အားနည်းချက်ကို ခုတုံးလုပ်ကာ စိုးစံနေရာ ယူလာ

ကြရင်းက ကိုးကွယ်ခံများ ဖြစ်လာကြသည်မှာ နှစ်ပရိစ္ဆေဒမနည်းလှတော့ပြီ။

ကမ္ဘာဦးမှပင် ဟုဆိုရပေတော့မည်။ ပူဇော်ပသနိုင်က ကောင်း၏။ မပူဇော်

မနိုင်က ချက်ချင်းခိုက်စေတတ်သေး၏၊ သူတို့ ပင် ကျွတ်ဖို့၊ လွှတ်ဖို့ က

ဝေးသေးက ကျွတ်ဖို့ လိုတာချင်းအတူတူ ကိုးကွယ်နေရန်ပင် မလိုတော့ပါ။

ကျွတ်စေမည့် ပုဂ္ဂိုလ်ကိုသာ ရှာရန်လိုအပ်ပေသည်၊ ထိုနတ်ဆိုး၊ ဝိညာဉ်ဆိုး များပင်

ယေရှုကိုခရစ်တော်ဖြစ်ကြောင်း သိကြ၏။ ဘုရား၏သားတော် ဖြစ်တော်မူသည်ဟုသိ

ကြ၏၊ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထိုနတ်ဆိုး တို့ကပင် ထောက်ခံ

အသိအမှတ်ပြုထားကြသည်။ ဝန်ခံထားခဲ့ကြပြီ။ မိတ်ဆွေ အနေဖြင့် ယေရှုကို

ခရစ်တော်ဟု လက်မခံနိုင်ပါက ထိုနတ်ဆိုး၏ အသိညာဏ် လောက်ပင် မတတ်

ပါလားဟု ထင်မိစရာဖြစ်နေပါလိမ့်မည်။

၆) ယော ၅း၂၄ ငါအမှန်ဆိုသည်ကား ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်

တော်မူသော သူကိုယုံကြည်သော သူသည် ထာဝရ အသက်ကိုရသည်ဖြစ်၍

အပြစ်စီရင်ခြင်းကို မခံရ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သော သူဖြစ်၏။

အထက်ပါကျမ်းပိုဒ်အရသိရသည်မှာ…

ယေရှုခရစ်တော်ကိုစေလွှတ်သော သူမှာ ကောင်းကင်ဘုံရှင် ခမည်းတော်

ဖြစ်၏။(မြေကမ္ဘာ တိဘက် ဘုန်းကြီးမဟုတ်ပါ)

ယုံကြည်သူသည် ထာဝရအသက်ကိုရ၏ဟု ဆိုသဖြင့် အကျင့်ကျင့်ခြင်းကို

ဗန်းပြကာ ဘုရားကိုအန်တုသောစနစ်ကို မသွန်သင်ပါ။ (ဗုဒ္ဓတရားမဟုတ်)။

ထာဝရအသက်ဆိုသည်မှာ… မြဲမြံသော မအို၊ မနာ၊ မသေ သော အသက်

ဖြစ်သည်။ ထာဝရဘုရားကသာလျှင် ပေးနိုင်၏၊ သို့မှသာ သဘာဝ ကျပေတော့

မည်။ ယုတ္တိရှိမည်။ ထာဝရအသက်ဟုဆိုသဖြင့် မမြဲသော သင်္ခါရ အသက်တဝဲ

လည်လည် ဖြစ်နေဦးမည် အသက်မျိုးမဟုတ်ပါ။ (ထို့ကြောင့် ဗုဒ္ဓတရားတော်ကို

ဟောပြောစရာအကြောင်း မရှိပါ)

အာမခံချက် ပေးသူဖြစ်သည်။ ( ၁တိ ၂း၄-၆)

အပြစ်စီရင်ခြင်းကို မခံရဟု အာမခံချက်ပေးသည်။ (အကျင့်ကြောင့်မဟုတ်၊

ဘုရားဘက်၍အသက်ရှည်ခြင်း အာမခံကို ရခြင်းဖြစ်သည်)။

အသက်ရှင်ခြင်း သို့ ကူးမြောက်သော တရားဖြစ်သည်။ ၃၁ ဘုံ ရှိအသက်

သည် သေနေရ သောအသက်ဖြစ်သည်၊ ဘဝပြောင်းရသော၊ ဇာတိနေ၍မွေး၊ နာ၊

အို၊ သေနေရသော အသက်ဖြစ်သည်။ ယခု ခရစ်တော်ကို ယုံလျှင်မူကား ထာဝရ

အသက်ရ၏။ အို၊ နာ၊ သေခြင်းတို့မှ ကင်း၏။ (အသက်ရှင်ခြင်း အကြောင်း ဖြစ်၏၊

ကောင်းကင်ဘုံရောက်ကြောင်းတရားဖြစ်၏)

၁. စေလွှတ်ခံရသူမှာ ယေရှု၊ ဘုရားသားမှာ ထိုယေရှုပင်ဖြစ်သည်၊ သူ့ အား ယုံလျှင်

ထာဝရအသက်ကိုရ၏ဟု ဆိုထားသဖြင့် ဗုဒ္ဓတရားမှာ အခြားသူ မကယ်နိုင်၊

မလွှတ်ပေးနိုင်ဟုဆို၏၊ ယခုခရစ်တော်က ကယ်ခြင်း၊ လွှတ်ပေးခြင်း၊ လုပ်ပေးခြင်း

ဖြစ်၏။ ထို့ကြောင့် (ဗုဒ္ဓတရားမဟုတ်)

.ဇ, ထာဝရ အသက်ရသူသည် မနာ၊ မအို၊ မသေ၊ လင်မယားမရှိ၊ သေခြင်းနှင့်

အစဉ်ကင်းလွတ်၏။ မွေးခြင်း ဇာတိတဖန်နေရခြင်း မရှိ၊ သံသရာပြတ်၏။ ထာဝရ

ဘုရားနည်းဖြစ်၏။ ( ဗုဒ္ဓနည်းမဟုတ်)

. ယုံကြည်သောသူသည် အပြစ်စီရင်ခြင်း မခံရဟူသောကြောင့် စီရင်သော

သူသည် ထာဝရ ဘုရားဖြစ်သည်။ စီရင်သူက ယုံကြည်သူကို မစီရင်ဟု ကတိ ပြု၏။

ကောင်းသူကယ် မကောင်းသူပယ်မည့် သူကား ထာဝရဘုရားပေတည်း။

နောက်ဆုံးသော တရားစီရင်ခြင်းကျမှ ပေါ်လာမည်ဖြစ်၍ ထိုဘုရားသည်သာ

“တရား သူကြီး” ဖြစ်တော်မူ၏။ ဟေရှာ ၃၃း၂၂

ည. သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောတရားဖြစ်၏။ သေခြင်း

ဆိုသည်မှာ ထာဝရဘုရားနှင့် မိဿဟာယပြတ်ခြင်း၊ ဘုရားနှင့်လူ ကွဲကွာခြင်း၊

အဖန်ဖန်ဘဝဖြစ်ခြင်း၊ ဆင်းရဲဒုက္ခ ငရဲကျခြင်းတို့ဖြစ်သည်။ ၃၁ ဘုံ၌ သံသရာ

လည်ခြင်းတို့ဖြစ်သည်။ ဇာတိရှိ၍ မွေး၍၊ နာခြင်း၊ သေခြင်း၊ အိုခြင်း၊ စသည့်

ဖြစ်ခြင်းတို့ သည်မက သေ၍ သေ၍နေရခြင်းတို့ကိုဆိုပေသည်။ အသက် ရှင်ခြင်း

ဆိုသည်မှာ လူနှင့်ဖန်ဆင်းသူဘုရား ပြန်လည်သင့်မြတ်ခြင်း၊ မိဿဟာယပြန်ဖြစ်ခြင်း၊

ပြန်လည်ပေါင်းစည်းခြင်း၊ ထာဝရအသက်ဖြင့် မပျက်နိုင်၊ မပုပ်နိုင်သော နာမ်ဝိညာဉ်

ကိုယ်ခန္ဓာ ပိုင်ဆိုင်ကာ၊ ထာဝရ နိစ္စစည်းစိမ်၊ ထာဝရ နိစ္စသုခ၊ ထာဝရချမ်းသာ၊

ထာဝရကာလပါတ်လုံး ထာဝရ ဘုရားသခင်နှင့် အတူထာဝရစံစားခြင်းဖြစ်သည်။

ထိုအဖြစ်သို့ ရောက်ရန် ဘုရားသခင်က သားတော်ယေရှုခရစ်တော်အားဖြင့်

ပြင်ဆင်နှင့်ခဲ့ပြီး၊ သားတော် အားဖြင့်ပေးအပ်သည်။ သားတော်သည်သေခြင်း

မစ္စုမာန် ကိုအောင်မြင်ပြသခဲ့ပြီး ထိုသေခြင်း မစ္စုမာန်ကိုအောင်မြင်ခဲ့သော

ခရစ်တော်ကို ယုံကြည်မှသာ ထာဝရ အသက်ရှင်ခြင်းသို့ ရောက်၏။ ထို့ကြောင့်

ထိုဒေသနာသည် ထာဝရ ဘုရား၏ ဒေသနာတော်သာဖြစ်လေသည်။

မှတ်ချက်။ ။ဘုရားတို့မည်သည် မာရ်ငါးပါးကိုအောင်နိုင်ရမည်မဟုတ်ပါလား..

၇) ယော ၇၁၆ ယေရှုကလည်း ဟောပြောသော ဒေသနာသည် ငါ၏

ဒေသနာမဟုတ်၊ ငါ့ကိုစေလွှတ် တော်မူသော သူ၏ ဒေသနာဖြစ်၏။

ယော ၆း၃၈ အကြောင်းမူကား ငါသည် ကိုယ်အလိုသို့ လိုက်ခြင်းငှာ၊ ကောင်းကင်မှ

ဆင်းသက်သည်မဟုတ်၊ ငါ့ကို စေလွှတ် တော်မူသောသူ၏ အလိုတော်သို့

လိုက်ခြင်းငှါသာ ဆင်းသက်၏။

လုကာ ၂၄း၅၀ ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင် တပည့်တော်တို့နှင့် ခွဲ၍

ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူ၏။

အထက်ပါကျမ်းပိုဒ်မှသိရသည်မှာ

က, ခရစ်တော်သည် ကောင်းကင်ဘုံမှ ဆင်းသက်သူဖြစ်၏၊ လူ့ဇာတိလာခံခြင်းသာ

ဖြစ်၏။

ကောင်းကင်ဘုံမှ စေလွှတ်သူခမည်းတော်၏ တရားဒေသနာကိုသာဟော၏။

ကောင်းကင်ဘုံသို့ ပင်ပြန်ကြွ၏၊ (နတ်၊ ဗြဟ္မာဘုံသို့ မတက်၊ နိဗ္ဗာန်သို့ မဝင်

မရောက်)။

ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရသဖြင့် ဆောင်ယူသူမှ ခမည်းတော်

ထာဝရဘုရားသာဖြစ်သည်။

၈) ယော ၁၄း၁-၃ တဖန်ယေရှုက သင်တို့ စိတ်နှလုံးပူပန်ခြင်း မရှိကြနှင့်၊

ဘုရားသခင်ကိုယုံကြည်လော။ ငါ့ကိုလည်း ယုံကြည်လော၊ ငါ့အဘ၏ အိမ်တော်၌

နေစရာအခန်း အများရှိ၏၊ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့ အား

ငါမပြောပဲမနေ၊ သင်တို့နေစရာ အရပ်ကိုပြင်ဆင်ခြင်းငှါ ငါသွား ရ၏၊ ငါသည်သွား၍

သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်ပြန်၍ ငါရှိရာအရပ်၌ ရှိစေခြင်းငှါ

သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။

အထက်ပါကျမ်းပိုဒ်တို့ မှသိရသည်မှာ…

ထာဝရဘုရားကိုသာယုံကြည်ရန် တိုက်တွန်းထား၏။ (သဘာဝတရားမဟုတ်၊

ဗုဒ္ဓဘာသာ၌ ထာဝရဘုရားမည်သည်မရှိ၊ လက်မခံ၊ မယုံကြည်ကြ)။

ခ.အဘ၏အိမ်တော်ဟုဆိုသောကြောင့်ကောင်းကင်ဘုံကိုသာ ဆိုလိုသည်။ (နိဗ္ဗာန်

ရောက်ကြောင်း တရားမဟုတ်၊ ကောင်းကင်ဘုံရောက်ကြောင်း တရားသာ ဟော၏။

ထို့ကြောင့် ဗုဒ္ဓတရား လားလားမှ မဟုတ်ပါ)။

ယုံကြည်သူများအတွက် ခရစ်တော်ကိုယ်တော်တိုင်ပြင်ဆင်ပေးသော အခန်းများ

ကောင်းကင်ဘုံ၌ အဆင်သင့်ရှိနေရန် ရှိထားနှင့်ကြပြီ။

ထိုခရစ်တော်သည် ဒုတိယအကြိမ် တစ်ဖန်ကြွလာမည်။ မိုးတိမ်စီးလျှက်

တက်ကြွသွားခဲ့သည့် နည်းတူ ပြန်ကြွလာလျှင်လည်း မိုးတိမ်စီးလျက် သံလွင်

တောင်ပေါ်၌ ကြွဆင်းလာမည်၊ ပြန်ကြွလာလျှင် ကယ်တင်ရှင်အဖြစ် မဟုတ်တော့၊

တရားစီရင်သူ (တရားသူကြီး၊ ရှင်ဘုရင်) အဖြစ်ကြွလာမည်။ ပုဂ္ဂိုလ်တပါးတည်း

နှစ်ခါပြန်ကြွလာမည့် အဖြစ်တော်မှာလည်း ထူးခြားချက်တရပ်ဖြစ်သည်။

ယုံကြည်သူတို့ကို သိမ်းဆည်းမည်၊ မျက်စိတမှိတ် လျှပ်တပြက်အတွင်း ပုပ်ပျက်

တတ်သော ခန္ဒာမှ မပုပ်ပျက်တတ်သော ခန္ဓာတော်သို့ ပြောင်းလဲပေးမည်။

ကောင်းကင်ဘုံသို့ ချီဆောင်သွားမည်။ (နိဗ္ဗာန်မဟုတ်၊ ၃၁ ဘုံမဟုတ် ၊ ၁ ကော

၁၅း၅၂)

၉) ယော ၁၄၆-၆ ယေရှုက ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။

အသက်လည်းဖြစ်၏၊ ငါ့ကိုအမှီ မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့

မရောက်ရ။

အထက်ပါကျမ်းပိုဒ်မှ သိရပြန်သည်မှာ-

က. ယေရှူတစ်ပါးတည်းသာ ကောင်းကင်ဘုံသို့ သွားရာ တစ်ခုတည်းသော

မဂ္ဂင်လမ်းဖြစ်သည်။ (နိဗ္ဗာန်သွားရာလမ်းမဟုတ်)

ထိုကောင်းကင်သွားရာလမ်းသည် ယေရှုတည်းဟူသော ပုဂ္ဂိုလ်ပင်ဖြစ်သည်။

လမ်းခရီးနှင့် ပုဂ္ဂိုလ်ခွဲမရ၊ တစ်ထပ်တည်း။

ထိုယေရှုသည် သမ္မာတရားဖြစ်သည်။ သမ္မာတရားသည်ပင်ယေရှုတည်း

ဟူသော ပုဂ္ဂိုလ်အနေဖြင့် တွေ့ရပြန်သည်။ သမ္မာတရားနှင့် ပုဂ္ဂိုလ်ခွဲမရ၊ တစ်ထပ်

တည်း မင်းမှားတယ် ငါမှန်တယ်မရှိ၊ ယေရှူတစ်ပါးတည်းသာမှန်၏။ ယေရှု

တစ်ပါးတည်းသာ သမ္မာတရား။

ယေရှုသည်ပင် အသက်ဖြစ်၏။ ဆရာဝန်များက အသက်မပေးနိုင်

မသေအောင် လုံးဝအာမခံဖြင့် ကုမပေးနိုင်၊ အကန့်အသတ်အတွင်းမှာသာ

အစွမ်းကုန်ကုသခြင်းမျှသာရှိသည်။ ယေရှုမူကား အသက်ဖြစ်ကြောင်း သေခြင်း

မစ္စုမာန်ကို အောင်မြင်ပြသလိုက်ကြောင်း၊ ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း လေးဆယ်

ဤလောက၌ ကိုယ်ထင်ပြခဲ့ခြင်း၊ ပြီးမှ ကောင်းကင် ဘုံသို့ မိုးတိမ် ကိုစီး

ချီဆောင်ခြင်းခံကာ တက်ကြွသွားခဲ့ပါသည်။ သေမင်းကိုပင် သင်၏ လက်နှက်ကား

အဘယ်မှာ ရှိသနည်းဟု စိန်ခေါ်ခဲ့သော ယေရှုပါပေ။ သေခြင်း တရားကို

အစိုးရသော သခင်ဖြစ်သည်။ အသက်ရှင်ခြင်းအကြောင်း အသက်လည်း ဖြစ်သည်။

အသက်သည် ယေရှုပင်ဖြစ်၍ ယေရှုထံမှ အသက်ကို ရကြ၏။ အသက်၏

မူလဇစ်မြစ်ဖြစ်သည်။

ယေရှုသည် ခမည်းတော်ထံသို့ရောက်နိုင်သော တစ်ခုတည်းသော မဂ္ဂင်လမ်းခ

ရီးဖြစ်သည်။ ခမည်းတော်သည် ကောင်းကင် ဘုံ၌ ရှိသည်။ ကောင်းကင် ဘုံသို့

ရောက်ခြင်းသည် ခမည်းတော်ထံသို့ ရောက်ခြင်းဖြစ်သည်။ ခမည်းတော် ထံသို့

ရောက်ခြင်းသည် ကောင်းကင်ဘုံသို့ ရောက်ခြင်းဖြစ်သည်။ (ထို့ကြောင့် ဗုဒ္ဓတရား

မဟုတ်၊ ဗုဒ္ဓတရား၌ ကောင်းကင်ဘုံမရှိ ထာဝရဘုရားမရှိ)

အဘယ်သူမျှဟု ဆိုသောကြောင့် ယေရှုကို အမှီမပြုသော မည်သည့်

ရဟန်းရှင်လူ၊ ဘုန်းကြီး၊ သာမဏေ၊ အရာရှိ အကြီးအကဲ၊ မင်း၊ ရှင်ဘုရင်၊ ကျား၊

အလတ်အမြက်မဆိုကောင်းကင်ဘုံရှိ ခမည်းတော်ထံ လုံးဝ မရောက် နိုင်ပါ။ –

ကောင်းကင် ရောက်ကြောင်းတရားနှင့် နိဗ္ဗာန်ရောက်ကြောင်းတရားမှာ လုံးဝမတူ

တစ်သီးတစ်ခြားစီဖြစ်နေပေသည်။ ဗုဒ္ဓတရားနှင့် လုံးဝတူသည် ဟူသော နှိုင်းယှဉ်

ယူဆသတ်မှတ်ချက်မှာ လုံးဝမမှန်ကန်ပါ။

၁၀) (မဿဲ ၂၃း၁) လျှို့ဝှက်သော ကျမ်းပြုဆရာ လမ်းပြသောလူကန်းတို့၊ လူမိုက်

လူကန်းတို့ မြွေဆိုးအမျိုးတို့ မျက်စိကန်းသော ဖာရိရှဲတို့ စသည်ဖြင့် ခရစ်တော်

ဘုရား၏ တရားနှင့် ဝိနည်းနှင့် အကုန်အစင်ကိုက်ညီလုံခြုံအောင် ကျင့်ကြံ

အားထုတ်၊ စောင့်စည်း ထိန်းသိမ်းနေထိုင် အသက်ရှင်ပြနိုင်ကြ ကုန်သော

ထိုပုဂ္ဂိုလ်ကြီးများကို ယေရှုက အားမနာ မျက်နှာ မထောက်စတမ်း ရှင်းရှင်းနှင့်

ဘွင်းဘွင်း၊ ခပ်ကြမ်းကြမ်း ပင် ကင်ပွန်းတပ်ခေါ်ဝေါ် သမုတ် ပစ်လိုက်သည်။

ဤမျှ အတိအလင်း ဇွဲတိုး ဟောတတ်သော ယေရှုသည် နူးညံ့သိမ်မွေ့သော

သူတစ်ပါး ဘာသာကို မနှိမ် မပြောရန် သွန်သင်သော ဘာသာတစ်ရပ်ဖြစ်သည့်

ဗုဒ္ဓတရားတော်မြတ်ကိုသာ ဆည်းပူးလာခဲ့သူဖြစ်ပါက ဤသို့ ပြောပါမည်လား၊

ပြောရက် ပါမည်လား။ ဗုဒ္ဓသည် လိမ်လည်ခြင်း၊ -မုသာဝါဒကို အားမပေး၊

ရှုတ်ချသောဘုရား၊ မြစ်တားသော ဘု ရား ထို ဘု ရား၏ အဆုံးအမကို

ခံယူခဲ့သည်မှန်လျှင် ဗုဒ္ဓတရားကို ဟောကြားရာ၌ မိမိကိုယ်ကို ကောင်းကင်မှ

စေလွှတ်ခဲ့သူဘုရားသားဟု တမင်တကာ အလိမ်အညာ နှင့် စတောင်းပါမည်လား။

ထိုသို့ စခဲ့ရိုးမှန်လျှင် ဗုဒ္ဓတရားသည် အလိမ်တရား အခြေပြုသကဲ့သို့

ဖြစ်သွားနိုင်ပါသည်။ အမှန်တရားအတွက် သေရဲကြသလို အမှန်တရားအတွက်

ရှင်ရဲသောသူများစွာရှိပါသည်။ ဗုဒ္ဓတရားတော်ကို ဗုဒ္ဓတရားတော်ပါဟု အစမှ

အဆုံး အပြောင် အတင်း တိုးမဟော မပြောရဲ လောက် အောင်

ဆူရဲဘောကြောင်သည့် ပုဂ္ဂိုလ်မျိုး မဟုတ်၊ ခရစ်တော်သည် နှုတ်သည်၊

လက်သတ္တိနှင့် လည်းကောင်း၊ တန်ခိုး နိမိတ်လက္ခဏာနှင့် လည်းကောင်း

ပြည့်စုံသော ဘုရားဖြစ်ပါသည်။

၁၁) မိမိကိုယ်မိမိ အားကိုးရန် မဟော၊ ကိုဉာဏ်ကို အမှီပြုရန်မဟော၊ အခြားသော

လူလူချင်း ပုဂ္ဂိုလ်ပင်အားကိုးခြင်းငှာ အားမပေး၊ ထာဝရဘုရား ကိုသာ အားကိုးရန်နှင့်

ထိုဘုရား ပြုတော်မူသော ကယ်တင်ခြင်း ကျေးဇူးတော် ကိုခံရန် တရားဟော၏။

(ဗုဒ္ဓတရားနှင့် မတူပါ)

၁၂) (မာကု ၁၃း၁၉-၂၀) အကြောင်းမူကား ဘုရားသခင်ဖန်ဆင်းတော်မူသော

ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်၌လည်း မဖြစ်လတံ့သော ဒုက္ခ

သည် ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလကို ဘုရားသခင်သည် တာရှည်

စေလျှင် အဘယ်သူမျှ မလွတ်နိုင်ရာ၊ ရွေးချယ်တော်မူသောသူတို့ အဘို့အလို့ငှာ

ထိုကာလကို တိုစေတော်မူမည်။

ခရစ်တော်သည် ဖန်ဆင်းရှင်ကို ထောက်ပြနေတော်မူ၏။ ဖန်ဆင်းရှင်

အကြောင်းကို ပြောနေ၏ (ဗုဒ္ဓတရားနှင့် ဆန့်ကျင်နေ၏)

သမိုင်းမတင်မှီ ကမ္ဘာဦးမှသည် ယခုနှင့် နောင်တွင် ဖြစ်လတ္တံ့သော ဒုက္ခ

နေ့ရက်ကာလကို ပြောပြနေသည်။ (ဘေးဒဏ်ကြီး ကာလ)

ထိုဘေးဒဏ်ကြီးကာလကို တာရှည်စေနိုင်သူ၊ တာတိုစေနိုင်သူမှာ ထာဝရ

ဘုရားဖြစ်ကြောင်း သိရ၏။

လူသားတို့ကို ပယ်ခြင်း၊ ကယ်ခြင်း၊ အထူးရွေးချယ်၊ ရွေးနုတ်ခြင်း ပြုမည့်

ဘုရားဖြစ်ကြောင်း ပြောပြနေသည်။ ယုံကြည်သူတို့ကို ငဲ့သောအားဖြင့် ကာလတို

စေမည့်အရှင်ဖြစ်သည်။ စီရင်မည့်သူ၊ ဖန်တီးသူ၊ ပဲ့ကိုင်သူ၊ သမိုင်း အရှင်သခင်၊

သမိုင်းပြုစုသူကိုယ်တော်ဖြစ်ကြောင်း သိရ၏။

(မဿဲ ၁၇း၅) ထိုသို့ လျှောက်စဉ်တွင် ထွန်းလင်းသောမိုးတိမ်သည်

ထိုသူတို့ကိုလွှမ်းမိုး၍ ဤသူသည် ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သား ပေးတည်း၊

သူ၏စကားကို နားထောင်ကြလော့ဟု မိုးတိမ်ကအသံဖြစ်လေ၏။

အထက်ပါကျမ်းပိုဒ်မှသိရသည်မှာ…

ယေရှု၏ ခမည်းတော်မှာ ထာဝရဘုရားသခင်ဖြစ်ကြောင်း သိခဲ့ရပြီ။

ကောင်းကင်မှ အသံပြု စကားပြောသောအသံရှင်မှာ ခမည်းတော် ထာဝရ

ဘုရားသခင်ဖြစ်သည်။

အမှုတော်စတင်ရန်ပြင်ဆင်ခြင်း၊ အစအဦး၌ ယော်ဒန်မြစ်၌နှစ်ခြင်းမင်္ဂလာ

ခံယူစဉ်က ဖြစ်သည်။ ထို့ကြောင့် စေလွတ်သော သူကိုယ်တိုင်က အမူထမ်းရန်

အတွက် ပြင်ဆင်ရွေးချယ်သော အခါ ရွေးချယ်ဘိသိပ်ပေးကြောင်း သိရသည်။

ထိုဘုရားမှာ ကောင်းကင်ဘုံမှ ထာဝရဘုရားသခင်ပင်ဖြစ်သည်။ (တိဗက်ပြည် မှ

လူဘုန်းကြီး တစ်ပါးပါး၏ စေလွှတ်ခြင်းမဟုတ်၊ ရွေးချယ်ခြင်းမဟုတ်)

ယေရှု၏ စကားတော်ကို နားထောင်ရမည်ဟု ပညတ်တော်မူလျက် အမိန့်

ပေးတော်မူသော ဘုရားဖြစ်သည်။

မိမိကိုယ်ကိုမိမိ ဘုရားသားဖြစ်သည်ဟု ပြောခဲ့ခြင်းမှာ လိမ်ညာဖန်တီးခြင်း

မဟုတ်။ ကောင်းကင်ဘုံမှ အသံတော်အားဖြင့် ဤသူကားငါနှစ်သက်မြတ်နိုး ရာ

ငါ၏ချစ်သား ပေတည်း ဟူသော အချက်က ဘုရားသားတော် ဧကန်စင်စစ်

မှန်ကြောင်း သက်သေရှိပေသည်။ ဘုရားရှင်ကိုယ်တော်တိုင်ကလည်း ခရစ်တော်

အတု အစစ်ခွဲခြားနိုင်ရန် ဤသို့ကြိုတင် အနာဂတ္တိနိမိတ်ပြ သက်သေ ထူထားခြင်း –

ဖြစ်သည်။

မဿဲ ၄း၈-၁၁ တဖန်မာရ်နတ်သည် ယေရှုကို အလွန်မြင့်လှစွာသော

တောင်ပေါ်သို့ ဆောင်သွား၍ ဤလောကရှိသမျှသော တိုင်းနိုင်ငံတို့ ကို၄င်း

ထိုတိုင်းနိုင်ငံ တို့၏ ဘုန်းစည်းစိမ်ကို လည်းကောင်း ပြညွန်၍ ကိုယ်တော်သည်

ငါ့ကိုညွတ်ပြပ် ကိုးကွယ်လျှင် ယခုပြလေသမျှတို့ကို ငါပေးမည်။ ယေရှုကလည်း

အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့၊ သင်၏ဘုရားသခင် ထာဝရဘုရားသခင်ကို

ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်။ ကျမ်းစာလာသည်ဟု

မိန့်တော်မူလေသည်။ ထိုအခါ မာရ်နတ်သည် အထံ တော်မှ ထွက်သွား၍

ကောင်းကင် တမန်တို့သည် ချဉ်းကပ်လျှက် လုပ်ကျွေး ကြ၏

အထက်ပါကျမ်းပိုဒ်မှသိရသည်မှာ –

မာရ်နတ်သည်လည်း တန်ခိုးပြနိုင်ကြောင်း သိရ၏။

မာရ်နတ်သည်လည်း လူကိုစည်းစိမ်ပေးနိုင်ကြောင်းသိရ၏။

မာရ်နတ်သည်လည်း ၄င်းကို ဘုရား အမှတ်ဖြင့်ကိုးကွယ် ခံချင်လှကြောင်း၊

ယေရှုက ထာဝရဘုရားသခင် ဖန်ဆင်းရှင်ကိုသာ ဝတ်ပြုကိုးကွယ်ရမည်ဟု

ရှေးဓမ္မဟောင်းကျမ်း သွန်သင်ချက်ကိုပင် ကိုးကား၍ ဖြေကြားခဲ့သည်ကို

တွေ့ရသည်။ ( အခြားဘုရားကို ကိုးကွယ် ဝတ်ပြုရန် မသွန်သင်ခဲ့ပါ။ ဗုဒ္ဓကိုလည်း

ကိုးကွယ်ရန် မသွန်သင်ခဲ့ပါ၊ ဗုဒ္ဓ မယုံကြည် မမြင်တွေ့၊ မသိကျွမ်း မမှီ

ခဲ့သောဖန်ဆင်းရှင် နိစ္စထာဝရဘုရားကို ကိုးကွယ်ရန်သာ သွန်သင်တော်မူ၏)

စာတန်ကိုပင် အတိအလင်း ထာဝရဘုရားကို ကိုးကွယ်ရန် ဟောခဲ့

ရ၏။ ထာဝရဘုရားအား ကိုးကွယ်ရန် ဟောပြော သွန်သင်နေခြင်းသည်

ဗုဒ္ဓဘုရားတော် ဟောလို၍ လိမ်လည်နေ့သောအဆင့်ထက် ကျော်လွန် နေပြီ

ဖြစ်ကြောင်း သတိချပ် သင့်သည်။ ထိုသို့ ထာဝရဘုရားကို ကိုးကွယ်ရန်

သွန်သင်ခြင်းသည် ဗုဒ္ဓတရား အတွက် အခြေခံ ပလ္လင်ခံပေးရာလည်း မရောက်ပါ။

လမ်းခင်း ပေးရာလည်း မကျပါ။ ထာဝရဘုရားအကြောင်း၊ ထာဝရဘုရား ကိုသာ

သန့်သန့်ကြီး အတိအလင်းပြော၍ ဟောကြား နေခြင်းသာ ဖြစ်ပါ သည်။

ယေရှုကို လုပ်ကျွေးပြုစုသူများမှာ ကောင်းကင်တမန်များဖြစ်ကြ၏။ နတ်ပြည်မှ

နတ်သားများ မဟုတ်ကြချေ။ ကောင်းကင်မှ ကောင်းကင်တမန် များသာ ဖြစ်ကြ

ကြောင်း သိရသည်။

၁၅) မဿဲ ၅း၁၇-၁၈ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ပယ်ဖျက်ခြင်း

ငါလာသည်ဟု မထင်ကြနှင့် ပယ်ဖျက်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံ စေခြင်းငှါ

ငါလာသတည်း၊ ငါအမှန်အကန်ဆိုသည်ကားကောင်းကင်နှင့်မြေကြီး မပျက်

စီးမှီတိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိဇ္ဈတစ်လုံးမှ ပြည်စုံခြင်းသို့

မရောက်မှီမပျက်စီးရ။

ခရစ်တော်သည် လောကသို့ကြွဆင်းလာသောအခါ အကြောင်းမဲ့၊ အခြေခံ

မဲ့ကြွ လာသည်မဟုတ်၊ ဂေါတမ မတိုင်မှီ ရှေးနှစ်ပေါင်း များစွာကပင် ဓမ္မဟောင်း

ကျမ်းပါ ဗျာဒိတ်ပြုဟောကြားထားသည့်အတိုင်း အနာဂတ္တိကျမ်း၊ ပညတ္တိကျမ်းများနှင့်

အ ညီပြည့်စုံစေရန် ကြွလာခဲ့ခြင်းဖြစ်သည်။

. ကောင်းကင်နှင့်မြေကြီး မပျက်စီးသေးသောကြောင့် ပညတ္တိကျမ်း၌ အငယ်

ဆုံးသော စာလုံး ဗိန္ဓုတစ်လုံး အကုန်အစင် မပြည့်စုံသေးကြောင်း၊ ဆက်လက်

၍ ကမ္ဘာ့လူ့သမိုင်းကြောင်းကြီးတွင် ဘုရားဟောနှင့်အညီ ပြည့်စုံ လာပေဦးမည်

ဖြစ်ကြောင်း သိရသည်။ သို့ ပြီးမှ ကောင်းကင် နှင့် မြေကြီး ပျက်လတ္တံ့။

ကောင်းကင် သစ်နှင့် မြေကြီးသစ်ဖြစ်လာလတ္တံ့။

၁၆) ယောဟန် ၁း၂၉-၃၀၊၁၃ ဤလောက၏ အပြစ်ကိုဆောင်သွားသော

ဘုရားသခင်၏ သိုးသူငယ်ကိုကြည့် ရှုလော့။ ငါမရှိမှီ ရှိနှင့်သည်ဖြစ်၍ ငါ့ထက်သာ၍

ကြီးမြတ်သောသူသည် ငါ့ (ယောဟန်) နောက်ကြွလာသည်ဟု ဆိုရာ၌ ထိုသူ (ယေရှု)

ကို ဆိုလို၏။ အစကထိုသူကို ငါမသိ၊ ရေ၌ဗတ္တိဇံကို ပေးစေခြင်းငှာ ငါ့ကို စေလွှတ်

တော်မူသော သူက အကြင်သူ၏ အပေါ်၌ ဝိညာဉ်တော် ဆင်းသက်၍ နားတော်

မူသည်ကို သင်မြင်လျှင် ထိုသူကား သန့်ရှင်းသော ဝိညာဉ်တော်၌ ဗတ္တိဇံကို

ပေးသော သူပေတည်းဟု မိန့်တော် မူ၏။

အထက်ပါကျမ်းပိုဒ်မှသိရသည်မှာ..

က. လောက၏ အပြစ်ကို ယေရှုက ဆောင်သွားကြောင်းသိရသည်။ (ဗုဒ္ဓဘာသာ၌

လူတစ်စုံတစ်ဦး၏ အပြစ်ကို တစ်စုံတစ်ဦးက မည်သို့မှ မဆောင်ယူနိုင်ဟုဆို၏။

ပြန်စဉ်းစားသင့်ပေသည်)။

ယောဟန်သည် ခရစ်တော်နှင့် တစ်ဝမ်းကွဲတော်စပ်၍ အရင်မွေးသူဖြစ်

သော်လည်း ဘုရားဇာတိတော်အားဖြင့် ခရစ်တော်သည် ယောဟန်မရှိမှီ ရှိနှင့်

နေကြောင်း သိရသည်။

ယုံကြည်သူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဗတ္တိဇံကို ပေးသောသူ

ဖြစ်ကြောင်း သိရသည်။

၂. ဒုတိယရှုထောင့်

ဓလေ့ထုံးတမ်းအမြင် (Customary View)

၁) မာကု ၆၃ သူသည် လက်သမားသားမဟုတ်လော၊ မာရိ၏ သားမဟုတ် လော၊

ယာကုပ်၊ ယောသေ၊ ရှိမုန်တို့၏ အကို မဟုတ်လော၊ သူ့နှမများ တို့ သည် ငါတို့နှင့်

အနီးအပါးနေကြသည်မဟုတ်လော။

အထက်ပါကျမ်းပိုဒ်မှသိရသည်မှာ…

က. ယေရှုသည် လက်သမားသားဖြစ်သည်၊ ယုဒထုံးစံ၌ သားသမီး တို့တွင်

အကြီးဆုံးသော သားသည် မိမိဝါသနာပါရာ၊ ကြိုက်နှစ့်သက်ရာ လုပ်ငန်းကို

လုပ်ကိုင်ရွေးချယ်၌ အသက်မွေးဝမ်းကြောင်းခြင်းအမှုကို မပြုရပေ။ ကြိုက်သည်

ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ၊ ဝါသနာမပါသည်ဖြစ်စေ၊

ဖခင်၏လုပ်ငန်းကို ဝိုင်းကူ၍ လုပ်ကိုင် အသက်မွေးရသည်။ အမွေခံ၍ လုပ်ကိုင်

ရသည်၊ ကျန်သားသမီးများကသာ မိမိစိတ်ကြိုက်၊ နှစ်သက်ရာ၊ ဝါသနာပါရာ တို့ကို

လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရကြသည်။

ထို လက်သမား အတတ်ပညာသည်ပင် သူသည် စကြာဝဠာအရာရာ ခပ်သိမ်းကို

ဖန်ဆင်းသော ဘုရားဖြစ်ကြောင်း လူတို့နားလည်စေရန် ခိုင်ခိုင် လုံလုံ အသက်တာ

လုပ်ငန်းအားဖြင့် ထင်ရှားသက်သေထူနေခြင်းပင်ဖြစ်သည်။

ငါတို့ အနီးအပါး၌ သူ့နှမများ ရှိနေကြသည်ဟု ဆိုသောကြောင့် ခရစ်တော်

သည် မရှိခဲ့သယောင် ဖြစ်နေသည်။ အမှန်စင်စစ် ဤလက်သမားဘဝဖြင့်သာ

အချိန်ကုန်လွန်ခဲ့၍ လူမူရေး မလှုပ်ရှား၊ မပါဝင်စားခဲ့၊ ပရိဘောဂ၊ သစ်သား၊ကိရိယာ များတို့ဖြင့်သာ အချိန်ကုန်လွန်ခဲ့ကြောင်းသိရသည်။ ထို့ကြောင့် လူသိနည်းခဲ့ခြင်း ဖြစ်သည်။

၂) အသက်၃၀ ပြည့်မှသာ လူရာသွင်း၍ ဘာသာရေး လုပ်ကိုင်ခွင့်ပေးသည်။

အသက် သုံးဆယ် နှစ် မပြည့်အချင်း ဘာသာရေး ဝင်ရောက်ဦးစီးခေါင်းဆောင်

ပါဝင်ခွင့် ယုဒထုံးစံ၌မရှိ။ ခွင့်မပြု၊ သဘာဝလည်းကျပါသည်၊ အသက်၃ဝ ရှိပါက

အတွေ့အကြုံ ရင့်ကျက်မှု၊ ဗဟုသုတ အတော်အတန် စုံလင်မှုရှိပြီ ဖြစ်ကြောင်း

နားလည် နိုင်ပါသည်။ ထို့ကြောင့် ယေရှုသည် အသက် ၃၀ ပြည့်မှ စတင်၍

အမှုဆောင်ရခြင်းဖြစ်ပါသည်။

၃) လု ၂း၄၀-၅၂ အသက် တဆယ့်နှစ်နှစ်အရွယ်တွင် ယုဒပသခါတို့ ထုံးစံ

ရှိသည့်အတိုင်း ယေရှုရှလင်မြို့ရှိ ဗိမ္မာန်တော်သို့ သွားကြ၏။ ပွဲပြီးအပြန်ခရီး၌

ပျောက်၍ မိဘတို့ ရှာတွေ့သောအခါ သုံးရက်ရှိပေပြီ။ ထိုပြန်တွေ့စဉ် တွင်

မိဘသည် အဘယ့်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ

၏အိမ်၌ နေရသည်ကို မသိပါသလော။ သူတို့ သည် ထိုစကားကို နားမလည်ကြ

ဟုပါရှိရာ “အဘ၏အိမ်” ဟုဆိုသဖြင့် ထာဝရဘုရားကိုသာ ဖေါ်ပြနေ၏။ ထို ၁၂

နှစ် အရွယ် လူမမယ်သည် တိဗက်ဘုန်းကြီးတို့ နှင့် လိုက်ပါသွားလျှင် ၁၂ နှစ်သာ

ရှိသေးသောကြောင့် ငယ်ရွယ်လွန်းပေသည်။ မျဉ်းဖြောင့်အတိုင်း ၃၈၅၀ မိုင်ဝေး

သော ခရီးကို လိုက်ပါသွားရန် ခက်ခဲလှ ပေမည်(ယုတ္တိမတန်)။ လက်သမား

ဘဝဖြင့် ၃၀ ပြည့်သည့်တိုင်အောင် လက်သမားသာ လုပ်ကိုင် ခဲ့ပါသည်။ အခြားသို့

ခရီးမသွားခဲ့ပါ၊ လက်သမား ဘဝဖြင့် မိခင် နှင့်မောင်နှမ တို့ ကို ကျွေးမွေး

စောင့်ရှောက် တာဝန်ယူခဲ့သည်။ အိမ်ထောင်မှု တာဝန်ကို ထုံးစံနှင့် အညီ တာဝန်

ခဲ့သူပါ။

၄) ၁၂ နှစ် အရွယ်တွင် ၃ ရက်မျှသာ ကလေး ပျောက်သွားရုံဖြင့် ခေါင်းမီး၊ ရင်မီး

တောက်အောင် ပရိဝေဒ လောင်မြိုက် ခဲ့ကြရှာသော မိဘနှစ်ပါးတို့၏ အဖြစ်ကို

စဉ်းစားကြည့်ပါ။ ဤ တိုတောင်းလှသော ၃ ရက်လောက် အတွက် ပင် ထိုမျှ

ရင်ပူ ခဲ့ကြသော မိဘနှစ်ပါးအဘို့ ၁၈ နှစ်ကာလပါတ်လုံး ၁၂ နှစ်မှ ၃၈ နှစ်အကြား

ခွာခဲ့ရသည်ဆိုလျှင် မိဘများ၏ ပူပန်မူကို အကျယ်တဝင့် တခမ်းမနားနှင့် မိဘနှင့်

သားသမီးတို့၏ မေတ္တာဘွဲ့ မျိုးအဖြစ် သမ္မာကျမ်းစာ၌ မှတ်တမ်းတင်အပ်ပေသည်။

ဤမျှလောက်သောဂမ္မာဝင်မြောက် ခရီးကြမ်းကြီး ကို မှတ်တမ်းထားရှိအပ်ပေသည်။

မိဘနှစ်ပါးနှင့် မခွဲမခွါ ရှိခဲ့သောကြောင့် မှတ်တမ်းမရှိခဲ့ပေ. . ထို့ကြောင့်

က. မိဘမောင်ဘွားတို့နှင့် ခွဲခွာခြင်း၊ မှတ်တမ်း၊ကျမ်းစာ၌မရှိ။

`ဂျူးသမိုင်းကြောင်း မှတ်တမ်း၌ မပါမရှိ။

ခွဲခွါပါက ပြန်တွေ့ကြောင်း၊ ပြန်လာကြောင်း မှတ်တမ်း၊ မရှိ။

ပြင်းထန်ကြပ်တည်း အနုစိတ်လှသော ယုဒ ဘာသာထုံးတမ်းအရ အခြား

တပါးလက်သို့ လွဲအပ်ပေးဝံ့သည့် မိဘများလည်း မဟုတ်ခဲ့။

ကုန်သည်များအား လွဲပေးလိုက်ရသည့်တိုင် ဆင်းရဲနွမ်းပါးသည့် မိသားစု များ

မဟုတ်ခဲ့။

သူ့သဘောနှင့်သွားသည်ဆိုလျှင်တောင်မှ ဂန္ထဝင်မြောက် ရဲဝံ့စွန့်စား သက်စွန့်

ဆံဖျားဖြစ်ရပေမည်။ သို့မဟုတ်ကလည်း “ အရှည်ဆုံးသွားသော အငယ်ဆုံးသော

လူကလေး” အဖြစ်မှတ်တမ်းရှိရပေမည်။

ဆ. ၁၈ နှစ် ကာလ အလွမ်းဘွဲ့ ရှိရမည်၊ မိခင်သည်၊ ကားစင်တင်ချိန်၌ပင် ရှိခဲ့သည်။

မိခင်အနေဖြင့် ၁၈ နှစ်မျှခွဲခွါခဲ့သော သားဖြစ်ပါက ထိုအလွမ်းဘွဲ့ကိုလည်း ငိုယို

မြည်တမ်းသော ထည်းသွင်းမှတ်တမ်းရှိရပေမည်။

ဂန္ဓဝင်မြောက်ခရီးသွားမှတ်တမ်း အတွေ့အကြုံ ရှင်းလင်းချက်မရှိ၊ မတွေ့ရ။

အသွားခရီး မှတ်တမ်းမရှိ။

အပြန်ခရီး မှတ်တမ်းမရှိ။

တို့ကြောင့် အထောက်အထားကင်းမဲ့သော အကြောင်းအရာများကြောင့်

ခရစ်တော်သည် တိဗက်ပြည်သို့ မရောက်နိုင်ကြောင်းသိရှိနိုင်ပေသည်။

3) BY HE.Dana, A life of Christ, pg. 18

This experience, however, brought no expression of arrogance of agotism on

the parts of the boy Jesus. Ile returned with Marry and Joseph to Nazareth

subject to them as in the past. Of his experience from that tiem to the beginis

of his public ministry we know nothing in detail, but only in a general way

that he led a normal but pure and benevolent life. It is generally believed that

Joseph died in the early years of Jesus’s manhood and that Jesus then becaine

the head of the Nazareth household.

 

၃. တတိယရှုထောင့်

သာသနာသမိုင်းကြောင်းအမြင် (Historica View)

ခရစ်တော်သည် တိဗက်ပြည်သို့သွားရောက်ရာ ဗုဒ္ဓဘာသာ အယူဝါဒကို

တိဗက်ပြည် မွန် ဘုန်းတော်ကြီးကျောင်းတွင် တပည့်ခံ မခံသိနိုင်ရန် တိဗက်ပြည်သို့

ဗုဒ္ဓဘာသာသာသနာ ရောက်ရှိပြန့်ပွားသော ခုနှစ်သက္ကရာဇ်ကို တွက်ချက်သော်ကား

လုပ်ကြံဇာတ်မှန်း ကောင်းကောင်းသိနိုင်ပေသည်။

တင်ပြချက် (၁) အိပ်ခ်ျဂျီဝဲလ် ဆိုသူ သမိုင်းပညာရှင်ကြီးက တိဗက်ပြည်သို့

ဗုဒ္ဓသာသနာတော် စတင်ရောက်ရှိခဲ့သော ခုနှစ်မှာ အေဒီ

၅၀၀-

-၆၀၀ တွင် ဖြစ်သည်

ဟု တင်ပြသည်။

တင်ပြချက် (၂) ခရစ္စမတ်တန်ဖရိဆိုသူ၏ ရေးသားထားသော သမိုင်းအရ တိဗက်

ပြည်သို့ ဗုဒ္ဓသာသနာသည် အေဒီ ၇ ရာစု အလယ် အေဒီ ၇၀၀ ခန့် သို့ မဟုတ်

၆၅၀ ခန့်၌ ရောက်ရှိသည်ဟု ဖော်ပြသည်။

တင်ပြချက် (၃) ရန်ကုန် ဝဇ္ဇာ၊ သိပ္ပံတက္ကသိုလ်ရှိ စာပေအရ ဗုဒ္ဓသာသနာသည်

တိဗက်သို့ ရောက်သည်မှာ အေဒီ ၆၅၀ – ၇၀၀ ခန့် သို့မဟုတ် အေဒီ ၆၄၀ ခန့်

ဟု ဖော်ပြသည်။

တင်ပြချက် (၄) မာဃမြန်မာပြန်သော ရာဟုလသံတိစ္စည်း၏ တိဗက်ဗုဒ္ဓ သာသနာ

စာအုပ်အရ ၆၄၀ မတိုင်မီ ဘိုတ်ခ် တိဗက်သို့ ဗုဒ္ဓဘာသာ မပြန့်ပွား မရောက်

ရှိသေးကြောင်း သိရသည်။

တင်ကြချက် (၅) Kenneth. W. Morgan Jykhpkaom Buddhism Interpreted by

Buddhists စာအုပ်အရ။

Although only the Himalayas seperat Tibet from India and there had been

Severa attempts by Indian monks to introduce Bubbhism into Tibets it was

not until the twenty century after the Buddha ( Seventh Century A.D) That

Buddhism was officially introduced into Tibet, making it the last of the Modern

Mahayana countries to accept Buddhism

ဗုဒ္ဓပွင့်ပြီး ၁၂ ရာစုဖြစ်သော ခရစ်သက္ကရာဇ် ( ၇) ရာစုတွင် ဗုဒ္ဓဘာသာ

သာသနာကို တိဗက်ပြည်သို့ တရားဝင် မိတ်ဆက်နိုင်ခဲ့သည်ဟုတွေ့ရပါသည်။

၎င်းစာအုပ်မှာ The part of the Buddha ဟူသော စာအုပ်မှ စာမျက်နှာ ၆၅ တွင်

Buddhism Interpreted by Buddhists ဟု ရေးသားထားသဖြင့် ၎င်းစာအုပ်မှ

ဗုဒ္ဓဘာသာဝင် ကျမ်းတတ်များ ကိုယ်တိုင် အနက်ဖွင့်ဆိုထားသော ဗုဒ္ဓဝါဒဟု

အဓိပ္ပါယ်ရှိသဖြင့် ဗုဒ္ဓဘာသာဝင် ကျမ်းတတ်ပညာရှင်များကိုယ်တိုင် အနက်ဖွင့်ချက်

စာအုပ်၌ ပါရှိသော ဗုဒ္ဓသာသနာ တိဗက်သို့ ရောက်ကြောင်း သက္ကရဇ် ဖြစ်သဖြင့်

ထိုအေဒီ ၇၀၀ ခန့် ဆိုသည်မှာ လွန်စွာမှ အထောက်အထား ခိုင်လုံသော သက္ကရာဇ်

ဖြစ်တော့သည်။ ၄င်းစာအုပ်ကို Kenneth W. Morgan ပြုစုသည်။

တင်ပြချက် (၆) ခရစ်တော် အသက် ၃၀ တွင် ပြည်ပသို့ အခြားခရီးပြုချက်မတွေ့၊

ကြားမတွေ့ မသိ မှတ်တမ်းမှတ်ရာ မရှိပါဟု ပါရှိသည်။

R W.F. Wootton ၏ Christian Worship စာအုပ်မှဖြစ်သည်။ ဖော်ပြရပါမူ

– The Lord Jesus was offered in the Temple according to the ancient law as a

child sixweek he went thre again at the age of 12, when a boy became a

member of the community of Israel. (But we do not know of any other visit in

the first 30 years of His life).Synagogue worship chapter 8. Christian Worship

of God စာအုပ်မှဖြစ်သည်။

တင်ပြချက် (၇) မာဃမြန်မာပြန်သော ရာဟုလာသံကိစ္စည်း၏ တိဗက်ဗုဒ္ဓဘာသာ

စာအုပ်တွင် ၁၂-၁၀- ၇၄ ရက်စွဲပါ ပါရဂူရေးသားသော ရာဟုလာ သံကိစ္စည်း နှင့်

တိဗက်ဗုဒ္ဓဘာသာ စာအုပ် စာမျက်နှာ ၁၀ တွင် ခရိဆရိုလ ဒေကျန် ဘုရင် ( ၇၅၅

– ၇၉၇) နန်းတက်သောအခါ သူ၏အသက်မှာ ၁၃ နှစ်ခန့်မျှသာ ရှိသေးသည်။

ထိုအချိန်က တိဗက်သို့ ဗုဒ္ဓဘာသာ ရောက်ခဲ့သည်မှာ နှစ်တရာခန့် ရှိနေပြီဟု

ဆိုသည်။ ထို့ကြောင့် နှစ် ၁၀၀ ကိုနှုတ်လျှင် ၆၅၅ ခန့်ပင် ရှိပါသဖြင့် ရာဟုလာသံ

ကိစ္စည်း တင်ပြချက်အရ တိဗက်ပြည်သို့ ဗုဒ္ဓဘာသာ ရောက်ချိန် မှာလည်း ၆၅၅

ခန့်တွင်ပင်ဖြစ်ကြောင်းသိရသည်။ သို့ဖြစ်၍ ချစ်သောစာရှုသူ ပရိတ်သတ်တို့

တိဗက်ပြည်အကြောင်းကိုပါ ပိုမိုလေ့လာသိရှိခွင့် ရရှိနိုင်ပါရန် ရာဟုလာသံကိစ္စည်း၏

တိဗက်ဗုဒ္ဓသာသာ စာအုပ်ကို မာဃဘာသာပြန်ဆိုထားသော စာအုပ် ၁၂-

၁၀- ၇၄ နေ့စွဲပါ ပါရဂူ ရေးသားထားသော ရာဟုလာသံကိစ္စည်းနှင့်

တိဗက်ဗုဒ္ဓဘာသာ စာအုပ်မှ ရေးသားချက်များကို ဗဟုသုတအမှန်ပွားများစေရေး

စေတနာရိုးဖြင့် မူရင်းအတိုင်း တင်ပြအပ်ပါသည်။

တိဗက်ပြည်သည်ကား လျှို့ဝှက်အသိခက်သော တိုင်းပြည်ဖြစ်သည်။

တိဗက်နိုင်ငံကို စတင်တည်ထောင်သော ဆရိုဂျန်ဆဂန်ပို ဘုရင်ဖြစ်လေသည်။ ၇

ရာစု မတိုင်မှီက တိဗက်လူမျိုး တို့ သည် တစ်နေရာတည်းတွင် သတ်သတ်မှတ်မှတ်

မနေဘဲ နေရာအနှံ သွားလာနေထိုင်ကြသော ခြေသလုံးအိမ်တိုင်များ ဖြစ်ကြသည်။

ထိုအချိန်က ဗြဟ္မာပုတြမြစ်၏ အနိမ့်ပိုင်း၌ ရှိသော လဟိုခါအရပ်၌မူ ယဉ်ကျေးမှု

ရောက်သင့်သလောက် ရောက်လာပြီး၊ လယ်ယာထွန်ယက် စိုက်ပျိုးသည့် အလုပ်ကို

လုပ်စပြုနေကြပြီ ထိုဒေသ၌ ခရစ်နှစ် ၆၁၅ ခုနှစ်တွင် ပဒေသရာဇ် တစ်ဦး၏ အိမ်၌

ဆရိုကျန်ဆဂန်ပို ကိုဖွားမြင်လေသည်။

ဆရိုကျန်သည် ၇ ရာစု၏ ကြီးမားဆုံးသော စစ်နိုင်ဘုရင်တဦးဖြစ်သည်။

ဆယ့်သုံးနှစ်အရွယ် (၆၂၈) တွင် ဖခင် ကွယ်လွန်သောအခါ သူသည်ဖခင်၏ အရိုက်

အရာကို ဆက်ခံပြီး ယခုခေတ် (လာဆာ) ၏ အနီးတဝိုက်၌ရှိသော (မာပိုရီ) အရပ်၌

အခြေစိုက်နေခဲ့လေသည်။ ထို အချိန်က တိဗက်လူမျိုးတို့ သည် တစ်စည်း

တလုံးတည်း မရှိဘဲ ကိုယ့်အုပ်စုနှင့်ကိုယ် နေကြလေသည်။ ဆရိုကျန်သည် တစ်စုစီ

ကွဲပြားနေသော တိဗက်လူမျိုးတို့အား အားလုံးစုစည်းပြီး တိဗက်လူမျိုး တမျိုးတည်း

ဖြစ်အောင် ဖန်တီးလိုက်လေသည်။ ထို့ပြင် တိဗက်စစ်တပ် တခုကို တည်ထောင်ပြီး

အာသံမှ ကသ္မီရ အထိ ဟိမ၀န္တာ နယ်မြေတစ်ခုလုံးနှင့် တရုတ်ပြည်း ပြည်နယ်

သုံးခုကို သိမ်းပိုက်လိုက်လေသည်။ ၆၅၀ ခုနှစ်တွင် ကွယ်လွန်သောအခါ သူ၏နိုင်ငံ

အကျယ်အဝန်းသည် ဟိမဝန္တာမှ အာရှအလယ်ပိုင်း၊ ရှိ ထရန်ဆန် ကောင်တန်း အထိ

ဖြစ်လေသည်။

အရှေ့အနောက်၊ တောင်မြောက်၊ မည်သည့်နယ်စပ်ကို ဖြတ်သွားသွား

တိဗက်ဘုရင်သည် ဗုဒ္ဓဘာသာ နှင့် တွေ့ဆုံရလေသည်။ ထို့အပြင် တိဗက်ပြည်၏

တောင်ဘက်တွင် ဗုဒ္ဓဘာသာ စတင်ဖြစ်ထွန်းရာ အိန္ဒိယနိုင်ငံရှိနေသည်။ ထို့ အပြင်

ဗုဒ္ဓဘာသာကို ယုံကြည် ကိုးကွယ်သည့် နီပေါ နှင့် ကသ္မီရ (ကရှမီးယား) တို့

ရှိနေသည့် မြောက်ဘက်နှင့် အရှေ့ဘက်ရှိ အာရှအလယ်ပိုင်း နှင့် တရုတ်ပြည်တို့တွင်

ဟိနာယနနှင့် မဟာယန ဗုဒ္ဓဘာသာနှစ်ခုစလုံး ထွန်းကားပြန့်ပွားနေလေသည်။

သို့ဖြစ်၍ တိဗက်ဘုရင်သည် ဗုဒ္ဓဘာသာကို စိတ်ပါဝင်စား သည်မှာ အဆန်း

မဟုတ်တော့ပေ။ ဆရိုကျန်ဘုရင်သည် သူ၏ ကျယ်ပြန့်သော နိုင်ငံတော်အတွက်

နေပြည်တော်တခုကို လိုလားသည်ဖြစ်၍ (လာဆာ) ကို တိဗက်နိုင်ငံ၏ မြို့တော်

အဖြစ် ရွေးချယ် သတ်မှတ်လိုက်လေသည်။

တိဗက်နိုင်ငံသည် ပညာရေး နှင့် ယဉ်ကျေးမှု ထွန်းကားရေးအတွက် အိန္ဒိယ၊

နှင့် တရုတ်ပြည်က အကူအညီ ပေးလေသည်။ ယင်းအကူအညီ၏ အထိမ်းအမှတ်

အဖြစ် တိဗက်ဘုရင်သည် နီပေါဘုရင်၏ သမီးတော် ခရီကျန်နှင့် တရုတ်ဘုရင်၏

သမီးတော် ကုန်ဂျိကို လက်ဆောင် ပဏ္ဍာ အဖြစ်ရရှိလေသည်။ တရုတ်ဘုရင်၏

သမီးတော်သည် လက်ဖွဲ့ ပစ္စည်းတရပ်အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကို

တိဗက်ပြည်သို့ ပင့်ဆောင်လာခဲ့လေသည်။ ထိုနည်းတူစွာ နီပေါဘုရင်၏

သမီးတော်သည်လည်း ဗုဒ္ဓဘာသာနှင့် စပ်လျှဉ်းသည့် လက်ဆောင်ပစ္စည်းများကို

ဆောင်ကြဉ်းခဲ့လေသည်။ တိဗက်ဘုရင်သည် အိမ်နီးနားချင်း နိုင်ငံများသို့

အလယ်အပတ်ရောက်သောအခါ ယင်းနိုင်ငံများရှိ ယဉ်ကျေးသော လူနေမှုဘဝကို

တွေ့မြင်ရ၍ အလွန်တရာ အားကျမိလေသည်၊ သို့ဖြစ်၍ သူသည် (လာဆာ) ကို

တိဗက်ယဉ်ကျေးမှု အချက်အခြားမြို့တော်တစ်ခု အဖြစ်ဖန်တီးလိုက်လေသည်။

ယင်းမြို့တော်၏ အလယ်၌ နီပေါဘုရင် သမီးတော်က တောင်းပန်သည်ဖြစ်၍ ဂျိုခန်

အမည်ရှိ ဗုဒ္ဓဘာသာ ကျောင်းတကျောင်းကို ဆောက်လုပ်လှူဒါန်းလိုက်လေသည်။

တိဗက်ပြည်၏ ရှေး အကျဆုံးဖြစ်သည့် ယင်းဗုဒ္ဓဘာသာ ဘုရားကျောင်းသည်

ယခုခေတ်အထိ ထင်ရှားရှိနေသေးသည်။ ဆရိုကျန် ဘုရင် ကွယ်လွန်သောအခါ

တရုတ်ဘုရင်သမီးတော်၏ အမိန့်အရ သူတရုတ်ပြည်မှ သယ်ဆောင်လာသော

ဗုဒ္ဓရုပ်ပွားတော်ကို ယင်းဘုရားကျောင်း၌ ရွှေ့ပြောင်း ကိုးကွယ်ထားလေသည်။

ဆရိုကျန်သည် တိဗက်ဘာသာ၏ အက္ခရာစာလုံးများကို တီထွင်ရန်

သုန်မီအမည်ရှိ ပုဂ္ဂိုလ် တစ်ဦးအား လွှဲအပ်လေသည်။ သုန်မီသည် ထိုအချိန်က

အိန္ဒိယမြောက်ပိုင်း အက္ခရာစာလုံးနှင့် အာရှအလယ်ပိုင်းတွင် ခေတ်စားနေသော

အက္ခရာစာလုံးများကို အခြေခံပြီး တိဗက်အက္ခရာ စာလုံးကို တီထွင်ပြုလုပ်

လိုက်လေသည်။

ထိုအချိန်က ဗုဒ္ဓဘာသာ ကျမ်းစာ အချို့ကို တိဗက်ဘာသာပြန်ခဲ့သည်မှာ

မှန်သော်လည်း နောက်ပိုင်းတွင် “ကန်” နှင့် “တန်” အမည်ဖြင့် ထင်ရှားသော

တိဗက် ဗုဒ္ဓစာပေကျမ်းဂန် သက္ကတဘာသာ ပြန်များမှာမူ သွန်မိနှင့် ဆရိုကျန်တို့၏

ခေတ်နောက်ပိုင်းကျမှ ပေါ်လာခြင်းဖြစ်သည်။ သုန်မိသည် တိဗက် သဒ္ဒါကို

တီထွင်ရေးသားသည့် ပထမဦးဆုံးသော ပညာရှင် ပုဂ္ဂိုလ်လည်းဖြစ်သည်။

ဆရိုကျန်၏ မြေး ခရိလဒေကျတန် (၇၀၄ -၇၄၂) အေဒီသည် တိဗက်

နိုင်ငံ၏ အကျယ်အဝန်းကို ထပ်မံတိုးချဲ့လိုက်လေသည်။ ထိုအချိန်၌ တရုတ်

ဘုရင်သည် ယခင်က တိဗက်သိမ်းယူသော နယ်အချို့ကို ပြန်လည်ရရှိရေး အတွက်

ကြိုးပမ်းအားထုတ်လေသည်။ သို့ရာတွင် တိုက်ပွဲ၌ အရေးနိမ့်သွားခဲ့၏။ သို့ဖြစ်၍

မိမိ၏သမီးတော်ကို သူ့ကြင်ယာတော်ဟောင်း တရုတ်ဘုရင် သမီးတော်ဆီ

အသွားတွင် ရုတ်တရက် ကွယ်လွန်သွားသည်။ ထိုအခါ ဘုရင့်သမီးတော်ကို

တိဗက်ဘုရင် ခရိလကပင် သိမ်းပိုက်လိုက်လေသည်။ ထိုအချိန်၌ ဉာဏကုမရ

သည် ဗုဒ္ဓကျမ်းများစွာကို တိဗက်ဘာသာသို့ ပြန်ဆိုခဲ့လေသည်။ ယင်းကျမ်းများ

အနက် သုဝဏ္ဏပသာ၊ သုတ္တမသုတ် သည် ထင်ရှားသောကျမ်း တစ်ကျမ်းဖြစ်သည်။

ခရိရိုလကျန်သည် (၇၅၅ – ၇၉၇) နန်းတက်သောအခါ သူ၏

အသက်မှာ ၁၃ နှစ်ခန့်သာ ရှိသေးသည်။ ထိုအချိန်က တိဗက်သို့ ဗုဒ္ဓဘာသာ

ရောက်ခဲ့သည်မှာ နှစ်တရာခန့်ရှိနေပြီ။ ဘုရင်၏ ငယ်ခြင်းကို အခွင့်ကောင်း ယူပြီး

နတ်ကိုးကွယ်သည့် တိဗက်ဘာသာ အယူဝါဒဟောင်း ဘွန်ဘာသာ ကိုကိုးကွယ်သည့်

အမတ်များက ဗုဒ္ဓဘာသာကို ဆန့်ကျင်တိုက်ဖျက်ကြလေသည်။ သို့ရာတွင်

ဗုဒ္ဓဘာသာသည် တိဗက်ပြည်သူတို့၏အတွင်း၌ ခိုင်မာစွာအမြစ်တွယ်နေလေပြီး၊

ဘုရင်၏ ပင့်ဖိတ်ချက်ကြောင့် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပညာရှိ

သန္တရက္ခိတမထေရ်သည် ဗြဟ္မပုတြမြစ်၏ မြောက်ဘက် နှစ်မိုင်ခန့် အကွာရှိ

နေ ရာကို ဗုဒ္ဓ ဘာသာ ကျောင်းတိုက် တစ်တိုက်ဆောက်ရန် ရွေးချယ်

သတ်မှတ်လိုက်လေသည်။ ထိုနေရာ၌ အုတ်မြစ်ချပြီး အိန္ဒိယပြည်ရှိ ဓမ္မပါလဘုရင်

ဆောက်လုပ်သည့် စန္တပူရီ ကျောင်းတိုက်ကြီး၏ ပုံစံအတိုင်း

ကျောင်းတိုက်ကြီးတစ်ဆောက်ကို ဆောက်လုပ် လေသည်။ ၁၂နှစ်ကြာမှ

ကျောင်းဆောက်ခြင်းအပြီး သတ်လေသည်။

ကျောင်းစ၍ ဆောက်သည့်အချိန်၌ပင် တိဗက်ဘုရင် သည် တိဗက်လူမျိုး

ထဲမှ ပုဂ္ဂိုလ်အချို့တို့ကို ပဉ္စင်းခံပေးလိုသည့်ဆန္ဒဖြစ်ပေါ်လာလေသည်။ သို့ဖြစ်၍

ကျောင်းဆောက်သည့်ကိစ္စ အတော်အတန်ပြီးစီးသွားသောအခါ သန္တရက္ခိတမထေရ်

သည် မိမိတစ်ဦးတည်း ရဟန်းခံမပေးလိုသည့်အတွက် အိန္ဒိယပြည် နာလန္ဒ

ကျောင်းတိုက်မှ (သာဗ္ဗတ္တိဝါဒ) ဂိုဏ်းသား ရဟန်းအချို့ကို ပင့်ဖိတ်လေသည်။

ယင်းရဟန်းများ ရောက်လာသောအခါ တိဗက်အမျိုးသား ၇ ဦးကို ရဟန်းခံပေး

လိုက်လေသည်။ သန္တရက္ခိတ မထေရ်သည် တိဗက်လူမျိုး ၇ ဦးကို ရဟန်းခံပေးခြင်း

အားဖြင့် လည်းကောင်း၊ ကျောင်းတဆောင် တည်ဆောက်ခြင်း အားဖြင့်

လည်းကောင်း တိဗက်တွင် ဗုဒ္ဓဘာသာအုတ်မြစ် ချပေးခဲ့လေသည်။

အေဒီ ၈၀၄ ခုနှစ်တွင် နန်းတက်သော ခရိဒေလကျန်ပို ဘုရင်လက်ထက်

တွင် တိဗက်ဗုဒ္ဓဘာသာ၏ အခြေအနေသည် ပိုမိုတိုးတက်လာလေသည်။

ခရိလကျန်ပို သည် တိဗက်ဗုဒ္ဓဘာသာကျောင်းတိုက်ကို ထပ်မံတည်ဆောက်သည့်

ဗုဒ္ဓကျမ်းစာများ ကို တိဗက်ဘာသာဖြင့် ဘာသာပြန်ဆိုစေခဲ့သည်။ ဗုဒ္ဓကျမ်းစာများကို

စနစ်တကျ တိဗက်ဘာသာပြန်ဆိုခြင်းမှာ ထိုခေတ်ကျမှ အစပြုလေသည်။

တိဗက်ပညာရှင်များနှင့် အိန္ဒိယပြည်မှ ကြွရောက်လာသည့် ပညာရှင်များ ပူးပေါင်းပြီး

ဘာသာပြန်ဆိုကြခြင်း ဖြစ်သည်။

သို့ရာတွင် ၈၁၇ နှစ်တွင် နန်းတက်သော ရမကျန်ဘုရင် လက်ထက်

တွင်ကား ဗုဒ္ဓဘာသာသည် ညှိုးမှိန်အားလျှော့ သွားလေသည်။ ထိုမင်းသည်

ဗုဒ္ဓဘာသာကို ဆန့်ကျင်သည်။ ဗုဒ္ဓဘာသာ ရဟန်းများအား လူဝတ်လဲစေသည်။

ထိုမင်းလက်ထက် တွင် ဗုဒ္ဓဘာသာသည် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခြင်းခံရလေသည်။

၁၁ ရာစု နှစ် အိန္ဒိယပြည် သာသနာပြုရဟန်းတော် (ဒီပင်္ကာရ သီရိဉာဏ)

ရောက်ရှိပြီးသည့် နောက်မှ တိဗက်ပြည်တွင် ဗုဒ္ဓဘာသာသည် ပြန်လည်ထွန်းကား

လာလေသည်။ ထိုအချိန်တွင် ဗုဒ္ဓကျမ်းစာ များကိုလည်း တိဗက်ဘာသာဖြင့်

အများအပြားပြန်ဆိုခဲ့လေသည်။

တိဗက်ပြည် ဗုဒ္ဓဘာသာ သမိုင်းကို လေ့လာကြည့်ရှုလျှင် တိဗက်ပြည်

ဗုဒ္ဓဘာသာ ရောက်ရှိ သည့်အချိန်မှ အစပြုပြီး၊ ဗုဒ္ဓဘာသာသည် အသွင် အမျိုးမျိုး

ပြောင်းလဲလာသည်ကို တွေ့ရလေသည်။ ယနေ့တိဗက်ပြည်တွင် ခေတ်စားနေသည့်

ဗုဒ္ဓဘာသာမှာ မူကား မဟာယနလာမာဝါဒ ဗုဒ္ဓဘာသာဟု ခေါ်ဆိုနိုင်သည့် ဘာသာ

ဖြစ်သည်။

လာမာဝါဒီဗုဒ္ဓဘာသာ ရဟန်းများသည် တိဗက်ပြည်၌ (၃) မျိုး သုံးစား ကွဲပြား

ခြားနား နေသည်ကိုတွေ့ ရလေသည်။

၁. ဦးထုပ်နီဆောင်း မဟာယာနဂိုဏ်းဝင်လာမာ၊

၂. ဦးထုပ်ဝါဆောင်း ကျောင်းထိုင် လာမာ၊

၃. အဝရဝါဒီလာမာတို့ဖြစ်သည်။

ယင်းဗုဒ္ဓဘာသာ ဂိုဏ်းဝင်များအပြင် ဗုဒ္ဓဘာသာ မရောက်ခင်က

တိဗက်တွင် ခေတ်စားနေသော တိဗက်ဒေသခံ ဘွန်အမည်ရှိ နတ်ကိုးကွယ်သော

ဘာသာတရားတစ်ခုလည်း ရှိသေးသည်၊ ၄င်းဘာသာဝင်များကမူ ကား

ဗုဒ္ဓဘာသာဝင်များကို အထူးပင် ဆန့်ကျင်လေသည်။ ၄င်းဘာသာဝင်များက

ဦးထုပ်နက်ဆောင်းကြသည်၊ ဂါထာမန္တရားများကို အထူး အသုံးပြုကြ လေသည်။

ယင်း ဘာသာတရားကို ကိုးကွယ်ဆည်းကပ်သော သူတို့မှာကား ယခုအခါတွင်

အရေအတွက် အလွန် နည်းပါးသွားလေပြီ။ လာမာဝါဒသည် ယခုအခါတွင်

တိဗက်ပြည်၌သာ လျှင် သာမက နီပေါ၊ ဘူတန်၊ လာဟူ၊ တရုတ်၊ မွန်ဂိုလီးယား၊

ဆိုက်ဗေးရီးယား ပြည်များအထိ ပြန့်နှံ့ နေလေသည်။

ပထမ အမျိုးအစား လာမာဝါဒ တိဗက်ပြည် ၌ စတင်ဖြန့်သူမှာ

ခန္တရက္ခိတ တိဗက် ရောက်နေချိန်တွင် အိန္ဒိယမှ တိဗက်ရောက်သွားသော

(ပဒမသမ္ဘဝ) အမည်ရှိ ရဟန်းဖြစ်သည်ဟုအဆိုရှိသည်။ ပထမသမ္ဘဝ သည်

သသ္မီရနှင့် အာဖဂန်နစ္စတန် အကြားရှိ ဘွတ် (ဥဒျန်) ပြည်သားဖြစ်သည်။ ၄င်းသည်

တိ ဗက်သွားပြီးဗုဒ္ဓဘာသာကို ဖြန်.ဖြူးလေ သည် ။ သူ ဖြန့်ဖြူးသည့်

ဗုဒ္ဓဘာသာကိုကား ဂါထာမန္တာန်များ ရောနှော သည်။ တန္တရဗုဒ္ဓဘာသာ ဖြစ်သည်။

တိဗက်လူမျိုး များသည် ဖ ဒ မ သမ္ဘဝ အား ဘုရားအလောင်း

အမှတ်ဖြင့်ဆည်းကပ်ကိုးကွယ်ကြလေသည်။

ဒုတိယ အမျိုးအစား လာမာဝါဒမှာမူကား အိန္ဒိယရောက်သွားသော

. ဗုဒ္ဓဘာသာ၏ ပြောင်းလဲသွားသော ပုံစံဖြစ်သည်။ အစပထမတွင်မူ အတော်အတန်

သန့်ရှင်းစင်ကြယ်သော ဗုဒ္ဓဘာသာဖြစ်ခဲ့သည်။ သို့ရာတွင် နောက်ပိုင်း ကျသော

အခါတွင် ထိုဗုဒ္ဓဘာသာထဲတွင်လည်း ဒေသခံ ဂါထာမန္တရား ဝါဒများကို အားပေး

ချီးမြောက်မူရှိသဖြင့် တိုးတက်ကြီးပွားခဲ့လေသည်။ တိဗက်ပြည်ရှိ ကြီးမားသော

ကျောင်းတိုက်ကြီးများနှင့် ပညာသင်ကြားရာ အချက်အခြာ ဌာနများမှာ ယင်း

လာမာဂိုဏ်းဝင်များ သာလျှင် ဖြစ်ကြသည်။ တတိယ အမျိုးအစားမှာ အလွန်

ထူးခြားဆန်းကြယ်ကြပေသည်။ ယင်းဂိုဏ်းဝါဒစတင် ပြန့်ပွားခြင်းမှာ ၁၃ ရာစုနှစ်၌

ဖြစ်သည်။ ယခုအခါတွင် ယင်းလာမားဝါဒသည် တိဗက်၊ ဘူတန်၊ လဒတ်၊

မွန်ဂိုလီးယားတိုင်းပြည်တို့၌ အထူးသဖြင့် ကြည်ညိုလေးစားမူကိုခံရလေသည်။

အခြားဘာသာ တရားအားလုံးလိုလို၏ ကျောင်းတိုက်များ၌ အကြီးဆုံး သို့မဟုတ်

အတော်ဆုံး တပည့်ကို ကွယ်လွန်သွားမည့် ဆရာ၏ အရိုက်အရာခံအဖြစ်

သတ်မှတ်ကြလေသည်။ သို့ရာတွင် ယင်းလာမာဝါဒကား တိုကဲ့သို့ မဟုတ်ပေ။

ကွယ်လွန်သူ၏ အရိုက်အရာခံ တပည့်ဟူ၍မရှိပေ။ ကွယ်လွန်သူ၏ အရိုက်အရာကို

ဆက်ခံမည့်သူမှာ ကွယ်လွန်သူ၏ “လူဝင်စား” အဝတာရီပင် ဖြစ်သည်။ ပထမ

တလိုင်းလာမာ (၁၄၇၄) ကွယ်လွန်သွားပြီး နောက်ပိုင်းတွင် လူဝင်စားကလေး

သူငယ်များကို ရှာဖွေပြီး လာမာ အရိုက်အရာကို ဆက်ခံစေသည့် အလေ့အထ

ခေတ်စား နေလေသည်။

လူဝင်စား (အဝတာရီ) လာမာကို အထူးသဖြင့် လေးစားမြတ်နိုး

ကြလေသည်။ လဒတ်မြို့၌ ရှိသော ဟေမိရှိဂွန်ပါကောလ် တိုက်မှ လာမာသည်

အသက် ၂၀ နှစ်ကပင် လဒတ်၌ အကြီးဆုံး ပုဂ္ဂိုလ်အဖြစ် ပူဇော်ခံမူခံနေရလေသည်။

တိဗက်ပြည်၏ ယခုလက်ရှိ တလိုင်းလာမာနှင့် ပန်ချန်လာမာ (ယခုပြည်ပတွင်

ရောက် နေသူ) တို့သည်လည်း ငယ်စဉ်ကပင် အဝတာရီလာမာ အဖြစ် အပူဇော်ခံ

နေကြရသော လာမာများဖြစ်ကြသည်။

လူဝင်စား အဝတာရီလာမာများကို ရှာဖွေတွေ့ရှိပုံမှာလည်း အမျိုးမျိုး

ဖြစ်လေသည်။ အချို့အချို့သော လော်မာများသည် မိမိ မကွယ်လွန်မီကပင် မိမိတို့

ကွယ်လွန်ပြီးနောက် လူဝင်စား အဝတာရီလာမာအဖြစ် ပြန်လည်မွေးဖွားမည့် နေရာ

ဌာနများကို ညွန်ပြပြောပြသွားခဲ့ကြသည်။ ယင်းညွှန်ကြားပြောပြချက်အရ သူတို့

ကွယ်လွန်သောအခါ သူတို့ ၏အရိုက်အရာကို ဆက်ခံမည့် လူဝင်စား အဝတာရီ

လာမာများကိုရှာဖွေကြလေသည်။ အချို့အချို့သော လူဝင်စားအဝတာရီ လာမာများ

ကိုမူကား ညွှန်ကြားပြောပြချက်အရ ရှာဖွေကြလေသည်။ အချို့သော လူဝင်စား

အဝတာရီ လာမာများကိုမူကား သူတို့၏ ထူးခြားသော အပြုအမူများကိုကြည့်ပြီး

သတ်မှတ်ကြ၏။

ယင်းအဝတာရီလာမာ ထုံးတမ်းစဉ်လာသည် အခြားမည်သည့်ဗုဒ္ဓဘာသာ

နိုင်ငံတွင်မှ မရှိပေ။ တိဗက် စသောနိုင်ငံများ၌သာလျှင် ခေတ်စားနေလေသည်။

ယင်းထုံးတမ်းစဉ်လာမှာ မည်သည့်ယုတ္တိ၊ မည်သို့သော အကြောင်းအကျိုး ဆက်စပ်

ဆင်ခြင်မှုမျိုးနှင့်မှ ပယ်ဖျက်၍ မရတဲ့ အခိုင်အမာ အမြစ်တွယ်နေသည့် ထုံးတမ်း

စဉ်လာ ဖြစ်နေပေသည်။ ယင်းတိဗက်ပြည် အကြောင်း ရေးသားထားသော

စာအုပ်များထဲတွင် ရဟုလာသံကိစ္စည်း၏ စာအုပ်မှာကား စံပြုထိုက်ဆုံးသော စာအုပ်

ဖြစ်သည်ဟုဆိုလျှင် မှားအံ့မည်မထင်။ တိဗက်ပြည်သို့ နိုင်ငံခြားမှ ပုဂ္ဂိုလ် တစ်သီး

တစ်ယောက် အလည်အပါတ် ရောက်သွားဘို့ လည်း မလွယ်ပေ။ နိုင်ငံက လျှို့ဝှက်

အသိခက် သလောက် နိုင်ငံ၏ ဘာသာတရားမှာလည်း ထွေပြားဆန်းကြယ်လှ

ပေသည်။ (ပါရဂူ)

အထက်ပါတို့မှ သိရသောအချက်ဟူမူကား. .

တင်ပြချက် (၈) တိဗက်ပြည်သည်ပင်လျှင် (၇) ရာစုကျမှသာ တိုင်းပြည် အဖြစ်

ပေါ်ပေါက်လာခဲ့ကြောင်း၊ ဆရိုကျန်ဆဂန်ပို ဘုရင်က စတင်တည်ထောင်ကြောင်း

သိရသည်။ ခရစ်တော်သည် အသက် ၃၀ နှစ်သာ ဤလောကတွင် မဂ်လမ်းတရားကို

ဖွင့်ရန် သာသနာဆောင်ခဲ့သောကြောင့် အေဒီ ၃၀ ဝန်းကျင်တွင် မရှိတော့ပါ။

(အေဒီ ၃၀ မှယေရှုနှင့် အေဒီ ၇၀၀ မှတိဗက်တိုင်းပြည် – မဟားဒယား ကွာခြား

နေပေပြီ)

တင်ပြချက် (၉) ခရိဆရိုကျန်ဘုရင် နန်းတက်သောအခါ ၇၅၅-၇၉၇ ၌ ဗုဒ္ဓဘာသာ

သာသနမှာ နှစ် ၁၀၀ ခန့် ရှိပြီဟု ဆိုသောကြောင့် အေဒီ ၆၅၅ ဝန်းကျင်၌သာ

ဗုဒ္ဓသာသနာ ရောက်ရှိကြောင်း တွက်၍ ရသည်။ (ထိုအချိန်၌ ခရစ်တော်မရှိတော့ပြီ။

တင်ပြချက် (၁၀) သန္တရက္ခိမထေရ်ကို အိန္ဒိယ နိုင်ငံ နာလန္ဒတက္ကသိုလ်မှ ဘုရင်

ခရိဆရိုလဒေကျန် ပင့်ဖိတ်၍ ဟောကြားသော နှစ်တွင် တိဗက်ပြည်၌ ဗုဒ္ဓဘာသာ

ရောက်သည်မှာ နှစ်ပေါင်း ၁၀၀ ခန့် ရှိပြီဆိုသောကြောင့် ၇၅၅-၇၉၇ အတွင်းတွင်

ပင်ပင့် ဖိတ်ခံရသောကြောင့် ဗုဒ္ဓသာသနာသည် အေဒီ ၆၀၀ – ၇၀ဝ ဝန်းကျင်၌

ရောက်ကြောင်း သေချာသည်။ (ထိုအချိန်၌ ခရစ်တော် မရှိတော့ပြီ)။

တင်ပြချက် (၁၁) တိဗက်ပြည်တည်ထောင်ချိန်၌ ဗုဒ္ဓသာသနာ လမ်းခင်းပေးသူသည်

အေဒီ ၆၁၅ တွင်မွေးဖွား၍ ၆၅ဝ တွင် ကွယ်လွန်သည်ဟု ဆိုသောကြောင့် တိဗက်သို့

၆၁၅-၆၅ဝ အတွင်း၌ ဗုဒ္ဓသာသနာရောက်ကြောင်း သိရလေသည်။ (ထိုအချိန်၌

ခရစ်တော် မရှိတော့ပြီ)။

တင်ပြချက် (၁၂) တိဗက်ပြည်တောင်ပိုင်း မွန်ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်

ဆရာတော် အရှင် အရိယပုတ္တမဟာထေရ် ထံသို့ ရောက်ခဲ့သည် ဆိုခြင်းမှာလည်း

ယုတ္တိမရှိကြောင်း အထင်အရှား လီဆယ်ကြောင်း သိနိုင်ပါလေသည်။ သန္တရက္ခိတ

မထေရ်အား တိဗက်သို့ ပင့်ဆောင်သောအခါ ဗုဒ္ဓသာသနာတော်သည် နှစ်ပေါင်း ၁၀၀

ခန့် ရှိပြီ ဖြစ်သော်လည်း တိဗက်လူမျိုး ရဟန်းသံဃာလည်း မရှိသေး၊

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတိုက်လည်း မရှိသေး၊ ဘုရင်၏ အလိုအရ

သန္တရက္ခိတမထေရ်သည် ဗြဟ္မပုတ္တရမြစ်၏ မြောက်ပိုင်းနှစ်မိုင်အကွာ ရှိနေရာကို

ဗုဒ္ဓဘာသာ ကျောင်းတိုက်တစ်တိုက်ဆောက်ရန် ရွေးချယ်သတ်မှတ် လိုက်ကြလေသည်

မွန်ဘုန်းတော်ကြီးကျောင်း သမိုင်းအထောက်အထား မရှိ၊ သန္တရက္ခိတမထေရ်

သာလျှင် အိန္ဒိယမှလာသော ဘုန်းတော်ကြီးဖြစ်လေသည်။

မည်သည့်ကျောင်းတိုက်မျှလည်း မရှိသေးကြောင်းသိရသည်။

သန္တရက္ခိတမထေရ် နေရာရွေး၍ သာ ဆောက်သောကျောင်းတိုက်သာ ရှိကြောင်း

သိရသည်။ ထို့ကြောင့် ဤကျောင်းတိုက် တည်ဆောက်သော အချိန်၌ ခရစ်တော်

သည် ဤလောက၌မရှိတော့ကြောင်းကို သာမန်လူပြိန်းပင်သိရှိ နိုင်လေသည်။

အမှန်လည်းဆင်ခြင်သင့်ပါသည်။

တင်ပြချက် (၁၃) အမျိုးသားပညာရေးဝန်ကြီး ဦးဖိုးကျားရေးသားသော မြောက်ပိုင်း

ဗုဒ္ဓဘာသာ မဟာယန ဂိုဏ်းဟူသော စာအုပ်အရ ဗုဒ္ဓဘာသာသည် အိန္ဒိယမှ

တိုက်ရိုက် တိဗက်သို့ ရောက်လာသည်မှာ အေဒီ ၆၅ဝ လောက်တွင်သာ ဖြစ်သည်ဟု

ပါရှိလေသည်။ စာမျက်နှာ – ၁၄၁ တွင် အောက်ပါအတိုင်း ဖတ်ရှုနိုင်ပါသည်။

တိဗက်ပြည်သို့ ရောက်လာသော ဗုဒ္ဓဘာသာမဟာယာနဂိုဏ်းမှာ

တရုတ်ပြည်ကတဆင့် လာသည်မဟုတ်။ အိန္ဒိယကပင် တိုက်ရိုက်ရောက်လာသည်။

ရောက်လာသည်မှာ သာသနာသက္ကရဇ် ၁၁၉၄ ၊ ခရစ်သက္ကရာဇ် ၆၅ဝ လောက်တွင်

သာ ဖြစ်လေတော့သည်။

ရောက်လာသော မဟာယန ဂိုဏ်းမှာ ထိုအခါဆီဖြစ်သော သာသနာ ၁၁၀

ကျော်မှ ၁၇၀၀ ကျော်အထိ ( 7th century to 12nd century ) အိန္ဒိယတွင်

ဖြစ်ရှိနေသော မဟာယနမျိုး ဖြစ်လေသည်။ ထိုမဟာယနမျိုးမှာ ယာဂစာရဝါဒ၊

ဝိဇ္ဇာဟာန၊ တန္တရဝါဒ၊ စုန်း၊နတ်၊ ပယောဂ တို့ဖြင့် ပြွမ်းသီးနေလေသည့်အတွက်

အတန်ပျက်စီးနေသော အမျိုးအစားမျိုးဖြစ်လေသည်။ ထိဗက်ပြည်သို့

ရောက်လာသောအခါ ရှိရင်းဖြစ်သော၊ စုန်းနတ်၊ ပယောဂ၊ ဂါထာ၊ မန္တန် အယူဝါဒ

နှင့် တပ်၍ ရောနှော သွားလေရာ များစွာပြောင်းလဲပျက်စီး၍

တစ်ကျပ်တွင်

တစ်ပတ်လောက်သာဗုဒ္ဓဘာသာ အယူဝါဒ ကျန်လေတော့သည်။

မှတ်ချက်။ ။

မြန်မာအမျိုးသား ကလေး၊ လူငယ်၊ လူရွယ်၊ လူလတ် နှင့် နိုင်ငံခြားသား များကပင်သိသော အဖြစ်သာမက အကျော်အမော် ပညာရေး ဝန်ကြီး ကပင်၊ ၆၅၀ အေဒီ မှ

တိဗက်ပြည်သို့ ဗုဒ္ဓဘာသာရောက်ကြောင်း၊ ရေးသားထားလေသည်။

၂.ထိုတိဗက်ရောက် ဗုဒ္ဓဘာသာမှာလည်း မြန်မာနိုင်ငံတွင် ဦးစားပေးခံနေရသော ဝေရဝါဒမဟုတ်ဘဲ မဟာယန ဗုဒ္ဓဘာသာဖြစ်ကြောင်းသိရသည်။

၄. စတုတ္ထရှုထောင့်

ဒေသန္တရ ပထဝီအမြင် (Geographical View)

က) မာဃ မြန်မာဘာသာ ပြန်သော သံကိစ္စည်း၏ တိဗက်ဗုဒ္ဓဘာသာစာအုပ်အရ

ခရစ်နှစ် (၆၄၀) နောက်မှသာ ဗုဒ္ဓဘာသာသည် နှောင့်နှေးစွာ ရောက်ရသည်ဟု

တိဗက်၏ ပထဝီအနေအထားနှင့် လူတို့၏ တိုးတက်ရေးနှေးကွေးမှု များကြောင့်

ဖြစ်ကြောင်း သိရသည်။ (အောက်တွင် ဖတ်ရှုဆင်ခြင်ပါ)

ခရစ်တော်မပေါ်မီ သုံးရာစုကပင်လျှင် ဗုဒ္ဓရှင်တော်ဘုရား၏ တရားတော်

မြတ်သည် အိန္ဒိယနိုင်ငံ၏ ပြည်ပသို့ပြန့်နှံ့ တည်နေခဲ့လေသည်။ ထိုအချိန်ကပင်

ဗုဒ္ဓဘာသာ’ ဓမ္မ တမန်တော်များသည် မြန်မာနှင့် သီဟိုရ် (သီရိလင်္ကာ) သို့ သာ

မက မက်ဆိုပိုတေးမီးယား၊ မက်ဆီဒိုးနီးယားနှင့် အီဂျစ်ပြည်အထိ ဆိုက်ရောက်

ခဲ့လေသည်။

ထိုခေတ်အခါက အရှေ့အလယ်ပိုင်း၌ ဗုဒ္ဓဘာသာတရား ပြန့်နှံ့ ရုံမျှ

မဟုတ်သေး၊ အစဉ်မပြတ်တည်ရှိခဲ့သော အာသောက မင်းကြားကြီး၏ သားတော်

တစ်ပါးသည် (ကုကျာ) ၏ အနီးအပါးနှင့် အရပ်ဒေသတဝိုက်၌ မိမိ၏နိုင်ငံတော်ကို

တည်ထောင်ရေးတွင် ဗုဒ္ဓဘာသာတရားတော်ကြောင့် အကျိုးရှိခဲ့၏။

လူတို့၏ တစ်ဆင့်စကားကြားရသည့် အတိုင်းဆိုပါက တရုတ်ပြည်

ဗုဒ္ဓဘာသာတရားတော် ဆိုက်ရောက် ခြင်းသည် (ယခင်ဆိုခဲ့သော သုံးရာစု ဘီစီ

မတိုင်မီ) စောစောပိုင်းကပင်ဖြစ်လေသည်။ သို့ရာတွင် အခိုင်အလုံအားဖြင့် ခရစ်

(၅၆) ခုနှစ်၌ ခိုတန်ပြည့်ရှင် (ကဿပမထေရ်) ကို အကြောင်းပြုပြီး သကာလ

ပြုစုခဲ့သည့် တရုတ်ဘာသာပြန် ဗုဒ္ဓဘာသာ တရားတော် များကို ယနေ့

ရရှိကြလေသည်။ ဗုဒ္ဓဘာသာတရားတော်သည် ခရစ် ၃၇၂ ခုနှစ်တွင် ကိုရီးယား

၌ လည်းကောင်း၊ ခရစ် (၅၃၈) ခုနှစ်တွင် ဂျပန်ပြည်၌လည်းကောင်း တည်ရှိခဲ့လေသည်။

အင်ဒိုချိုင်းနားပြည်၌လည်း ခရစ်နှစ် (၃) ရာစု မတိုင်မီကပင် ဗုဒ္ဓဘာသာဆိုက်ရောက်ခဲ့လေပြီ။

ဤသို့အားဖြင့် ဗုဒ္ဓတရားတော်သည် အိန္ဒိယနိုင်ငံတော်ရှိ ဝေးလှသည့်

အရပ်များသို့ ဤမျှလောက်စောစောကြီး ဆိုက်ရောက်ခဲ့ပြီး ဖြစ်သော်လည်း

အိမ်နီးချင်းဖြစ်သည့် တိုက် (ခေါ်) တိဗက်သို့ လည်း ခရစ်နှစ် (၆၄၀) မတိုင်မှီက

အဘယ်ကြောင့် မဆိုက်ရောက်ခဲ့သနည်း။ စင်စစ်ကား ဤသို့ နောက်ကျသည့်

အကြောင်းသည် တိဗက်ပြည်၏ ပထဝီအနေအထားနှင့် လူတို့၏ တိုးတက်ရေး

နှေးကွေးမှုများကြောင့်ပင်ဖြစ်သည်။ (မာဃ)

ခ) ယေရုရှလင်မြို့နှင့် တိဗက်အကွာဝေးမျဉ်းဖြောင့် အတိုင်း မိုင် ၃၈၅၀ ကို

အသွားတစ်နှစ်ဟုသာ လျှော့ပေါ့တွက်လျှင်ပင် အသွားအပြန် နှစ်နှစ်၊ ၁၂

နှစ်နှင့်ပေါင်းက ၁၄ နှစ်၊ တပည့်ခံ ခုနှစ်နှစ်နှင့် ခြောက်လပေါင်းက ၂၁နှစ် ခြောက်လ၊

အနှစ် သုံးဆယ် ပြည့်ရန် ရှစ်နှစ်နှင့် ခြောက်လ လိုသေးသည်။ ထိုရှစ်နှစ်အတွင်း

ဘယ်မှာရောက်နေသနည်းဟု မေးခွန်းဖြစ်လာခဲ့ပြန်သည်။

ထို့ကြောင့် မိတ်ဆွေ သခင်ယေရှုသည် ကျမ်းစာ၌ ထာဝရဘုရားသခင်က

သန့်ရှင်းသောဝိညာဉ်တော်ကို အသုံးပြု၍ လူကို ရေးသားဖွင့်ပြထားစေသော

နာဇရက်မြို့၌ အစဉ်အမြဲနေကြောင်းကိုသာ လက်ခံလိုက်ခြင်းက မိတ်ဆွေ အတွက်

အဖြေမှန်နှင့် အကောင်းဆုံးဖြစ်ပါလိမ့်မည်။

ဂ) အချို့သော ခုနှစ်လကြာ ခရီးမျှသာ ဖြစ်သည်ဟု တွက်ချက်ကြပါသည်။ ၁၂

နှစ်သားကလေးက ဤမျှ ကြာသောအချိန်နှင့် ခရီးကို လိုက်ပါနိုင်ပါမည်လား။

အသွားအပြန် ၁၄ လ သို့မဟုတ် တစ်နှစ်နှင့် နှစ်လကြာမည်။ တစ်နှစ်နှင့် ပေါင်း ၁၃နှစ်နှင့်၂လ၊တပည့်ခံ ၇နှစ်နှင့်၆လပေါင်း၊

၂၀ နှစ်နှင့် ၈ လရှိမည်။

၃၀ နှစ်မှ စဟောသောကြောင့် ထို (၃၀၊ ၂၀ နှစ် ၈ လ) ဆိုလျှင် ၉ နှစ် ၄

လကျန်မည်။ ထို ၉နှစ်နှင့် ၄ လလုံးလုံး မည်သည့်နေရာသို့ ရောက်နေပါသနည်းဟု

မေးခွန်းဖြစ်လာချေ ဦးမည်။

၂) ၄ လကြာ ခရီးအလွန်ပြင်းပြင်းထန်ထန် ခရီးကြမ်းနှင်ခဲ့ပြီးနောက်၊ ကျွန်ုပ်သည်

တိဗက်ပြည် တောင်ပိုင်း မွန် ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော် အရှင်

အရိယပုတ္တမထေရ်ထံသို့ ရောက်ခဲ့သည်ဟု ယေရှုကိုယ်တိုင် ရေးသော မှတ်တမ်း

ဟု ဆိုသည့် ရေးသားချက်၌ ဖေါ်ပြပါရှိပါသည်။ ၆ လခြေတော်ရင်း၌ တပည့်ခံယူ။

ဆရာတော်ကျင့်နည်း ၇ နှစ်နှင့် ၆ လတိုင် ရှင်သာ မဏေပြု၊ နှစ် ၂၀ အရွယ်၌

ရဟန်းဖြစ်ဟုဆို၏။

ထို့ကြောင့်

၁၂နှစ် – ခရစ်တော်၏ အသက်

၄ လ ကြာခရီး

၁၂ နှစ်နှင့် ၄ လ (တိဗက်ရောက်စဉ် ခရစ်တော်အသက်)

၇ နှစ် ၆ လ ရှင်သာမဏေပြု

၁၉ နှစ် ၁ဝ လ (ရဟန်းဖြစ်စဉ်အမှန်ရှိရမည့်အသက်)

၂ဝ နှစ်အရွယ်၌ ရဟန်းဖြစ်ဟု ဆိုသဖြင့်

၁၉ နှစ် ၁၀ လ၊

(အမှန်ရှိရမည့် ရဟန်းအသက်)

၂ လ (ရဟန်းသက် ၂ လ ကွာခြား)

ထို့ကြောင့် ၂၀ နှစ်အရွယ်၌ ရဟန်းဖြစ်ဟု ဆိုသဖြင့် သက္ကရာဇ်မမှန်တော့ပေ။

မှတ်ချက်

၁။ ၂၁ နှစ်အရွယ်၌ ရဟန်းဖြစ်ဆိုသဖြင့် ကိုက်ညီခြင်းမရှိ။

၂။ ကိုက်ညီသည်မှန်သည်ကား၊ ၂၀ နှစ်နှင့် ၃၀ နှစ်အကြား ၁ဝ နှစ်ကာလပတ်လုံး

မည်သည့်နေရာသို့ ရောက်ရှိနေပါသနည်း ဟု တန်ပြန်မေးခွန်းဖြစ်လာချေသည်။

၃။ အသွား ၄လကြာပြီး အပြန်ကျမှလွှာ ၁၀ နှစ်စီး ဖြစ်သွားပါလေသလား။

၄။ ၁၂ နှစ်အရွယ်လူမမယ် ၄ လ ခရီးကြမ်းနှင်နိုင်ပါမည်လား။

၅။ ၂၀ နှစ်အရွယ်၌ ရဟန်း ဖြစ်ဟု ဆိုသော်လည်း အဘယ်ကြောင့် ရဟန်းအဆင့်ပင်

မရှိဟု အချို့က စွပ်စွဲကြလေ သနည်း။

၆။ ဤမျှ ကြမ်းတမ်းခက်ထန်ဝေးလှ ကွေ့ကောက်ဆင်းတက်ရသော ဂန္တဝင်မြောက် ခရီးကြမ်းရှည်ကြီးမှာ အဘယ့်ကြောင့် သမိုင်းမတွင် စာမဝင်ဖြစ်နေရပါသနည်း။

၅။ ပဉ္စမရှုထောင့်

စက်မူလက်မူအမြင် (Technological View)

အားတက်သရော ကြိုးပမ်းပြီး လိုက်လံစုံစမ်းတော့ နောက်ဆုံး တိဗက်ပြည်

တောင်ပိုင်း မွန်ဘုန်းတော်ကြီး ကျောင်းရှိ ကျောင်းထိုင်ဆရာတော်မထေရ်မြတ်ကို

မှ ခရစ်တော်ကိုယ်တိုင် စာရွက်ပေါင်း ၁၀၀ ပေါ်မှာ သူကိုယ်တိုင် ၁၈ နှစ်အတွင်း

တွေ့ကြုံခဲ့ရသော ဘဝအတွေ့အကြုံများကို မှတ်တမ်းတင်ပြီး ကြိုးနဲ့ ကျကျနန

ချုပ်နှောင်ကာ သူ့ကိုတရား ဓမ္မများ ဟောပြော သွန်သင်ပေးခဲ့တဲ့အနေနဲ့ ကန်တော့

ခဲ့တဲ့မှတ်တမ်းကို ရခဲ့တယ်။ အဲ့ဒီမှတ်တမ်းထဲမှာ ခရစ်တော်ကိုယ်တော်တိုင်

အောက်ပါအတိုင်းရေးသားထားတာ တွေ့ရှိရတယ်လို့ ရှိရစ်စ်ကရေးသားထားသည်။

သခင်ယေရှု ခရစ်တော်လက်ထက်တိုင် စက္ကူများမပေါ် မရှိသေးပါ။ ပေရွက်၊

ကျူရိုး၊ အုတ်ချပ်၊ ရွံ့ခဲများဖြင့်၄င်း သားရေကျမ်းစာလိပ်များသာ ရှိခဲ့ပေသေးသည်။

ခရစ်တော်ကိုယ်တော်တိုင် သုဓမ္မာဇရပ်တွင် ၄င်း၏အတ္ထုပ္ပတ္တိများကို အနာဂတံဝံ

ကျမ်း၌ဟောပြောဗျာဒိတ်ပြုထားသည့် ဟေရှာယ အနာဂတ္တိကျမ်းစာပါ ကျမ်းစာ

လိပ်ကို ဖတ်ခဲ့ဘူးသည်။ ယနေ့ ကျမ်းစာများ ပင်လျှင် ပင်လယ်နီ၊ ပင်လယ်သေ

ကုမ္ပရန်ဂူများ၊ စဉ်အိုးမြေအိုး အစရှိသည်တို့မှ ရရှိသော ကျမ်းစာလိပ်များပင်

ဖြစ်ကြသည်။ နောက်ဆုံးကူးယူ၍ ခေတ်မှီရိုတ်နှိပ်ကြရလေသည်။

တိဗက်ပြည်၌လည်း ခရစ်တော်တိုင်အောင် စာရွက်စက္ကူမပေါ်မရှိသေး။

ခရစ်တော်လက်ထက်၌ တကမ္ဘာလုံး စက္ကူ၊ စာရွက်မပေါ်ရှိသေး။

စာမျက်နှာပေါင်း ၁၀၀ ကျော်တွင် ရေးသားထားသည်ဆိုပါက လက်ရေးမှုနှင့်

ထိုစာရွက်များကို ယခုခေတ်တွင် လူထုအား ခေတ်မှီနည်းစနစ်ဖြင့် ရိုတ်ကူးဖြန့်ဝေ

တင်ပြအပ်ပေသည်။ အထူးသဖြင့် ခရစ်တော်အား ဘုရားမှန်းမသိသော ဒီဌိတွေ

အတွက် အာဃအခွင့်အရေးကြီးပင် မဟုတ်ပါလား။

အဆိုးအကောင်းမှာ အလွန်စပ်စုပြီး ကျော်ကြားမှုတွင် သူ့ထက်ငါသာ ရှိသော

သူတို့ ကလည်း ယနေ့ ထိုအမူကိုအသေအချာ စစ်ထုတ်ဖြန့်ဝေကြပေမည်။

စက္ကူပေါ်ပေါက်သည်မှာ တရုတ်ပြည်တွင် အေဒီ ၂၀၀ အစပိုင်း၌ တီထွင်

နိုင်ခဲ့ကြောင်း အခြေခံ ပညာအထက်တန်းကျောင်း English ဒဿမတန်းတွင် စာမျက်နှာ ၂၇ တွင် ဖော်ပြပါရှိလေသည်။

Paper, one of the most useful materials of this modern world, was invented in

China a the beginning of the second century AD.

၆. ဆဌမရှုထောင့်

စာပေရှုထောင့်အမြင် (Litracy View)

ခရစ်တော်ကိုယ်တိုင် ရေးသားထားလျှင် ထိုစာပေနှင့်လက်ရေးမူသည်

လွန်စွာ အရေးကြီးလှပေသည်။ ယနေ့ ကမ္ဘာ့စာပေပညာရှင်ကြီးများ၏

အထုပ္ပတ္တိများ၊ လက်ရေးစာမူများ၊ အာဘော်များ၊ ဝါသနာများ၊ အကျိုးပြုမှုများကို

ထုတ်ဖော်နေစဉ်မှာ ထိုမှ ဗုဒ္ဓဘာသာ ပညာရပ်ကိုဆည်းပူးခဲ့သော ပညာရှင်တဦး

ဖြစ်နေခဲ့ပါလျှင် ယနေ့ထိုပုဂ္ဂိုလ်နှင့် သူ၏စာမူလက်ရေးတို့ သည် ကမ္ဘာ့စာပေ

လောကမှာ နေရာယူထားနေပေတော့မည်။ အထူးသဖြင့်ထင်တိုင်းကျဲနေသော

ဘုရားမဲ့ဝါဒီသမားတို့သည် ရက်ပေါင်းရာထောင် အလှူကြီးပေးကာပြသ နေပေ

လိမ့်မည်။

စာပေဆိုသည်မှာ လူတို့၏ အသက်သွေးကြောမကြီး မဟုတ်ပါလား၊

ခရစ်တော်က ကျမ်းစာကိုပင် ဖတ်ရုံနှင့် ကယ်တင်ခြင်းမရနိုင်၊ ကျမ်းစာသည်

ငါ၏သက်သေများ၊ သာဖြစ်သည်ဟု မိန့်ဆိုခဲ့ပါသည်။ နှလုံးသား၌သာ မင်နှင့်မရေး၊

ဝိညာဉ်နှင့်ရေးသော ခရစ်တော်ပါ။

၁. သခင်ယေရှုကိုယ်တိုင် စာရေးသားမှတ်တမ်းတင်သည်ဟု ဂျူးသမိုင်းတွင်

မတွေ့ရပါ၊ ကျမ်းစာ၌လည်း မတွေ့ ရပါ၊ ပညာပင်မသင်မကြားသောကြောင့်

စာပင်မရေးဘူးပါ၊ စာပေမရေးတိုင်း ပညာမရှိဟု မဆိုလိုပါ၊ ဂေါတမကိုယ်တိုင်လည်း

စာမရေးခဲ့ပါ လူတို့ကသာ သူ့အဟောအပြောကို မှတ်တမ်းတင်ခဲ့ကြခြင်းပါ၊ ထို့အတူ

ခရစ်တော်သည် နှုတ်တော်ဖြင့် ဟောတော်မူ၏။ လူတို့ကမှတ်တမ်းတင်ပြ၏။

ကျောင်းပင်မနေခဲ့သောကြောင့် နှိမ်ပြောခြင်းဖြင့် လက်သမားသား မဟုတ်လော

ဟုပင် တိုင်းထွာပြောခဲ့ကြပါသည်။

၂. ကျမ်းစာအရ ယော ၈း၆ တွင် ယေရှုသည် အောက်သို့ ငုံ့လျှက် လက်ညှိုး

တော်နှင့် မြေ၌ရေးသား၍ နေတော်မူ၏။ ဤကျမ်းပိုဒ်၌ သိရသည်မှာ လိင်ကိစ္စ၌

မှားယွင်းဖောက်ပြန်နေသော မိန်းမအား ယေရှုထံသို့ ခေါ်လာပြီး ထောင်ချောက်

ဆင်မေးမြန်းခန်းမှဖြစ်သည်။ ခရစ်တော်သည် သူ၏ သက်တော်စဉ် တစ်လျှောက်

လုံး၌ မည်သည့်စာပေကိုမျှ ရေးသားဖြန့်ဝေခြင်းမရှိခဲ့ပါ။ ယခုလို မြေကြီးပေါ်မှာ

မိမိလက်ညှိုးတော်နှင့် နှစ်ကြိမ်မျှရေးခြစ်ခဲ့ဘူးသည်ကိုသာ ကျမ်းစာ၌ ဖတ်ရှုရပါသည်။

စာရွက်၊ ကျောက်ထက်အက္ခရာ မတင်ခဲ့ဘူးပါ။

ယုဒတို့ ထုံးစံအရ အိမ်ထောင်ဆိုသည်မှာ မိသားစု၏ ပထမဆုံးသော

ပညာ ဆည်းပူးရာ၊ ပညာ ရှာဖွေ သို မှီးရာ ဖြစ်သည်။ အိမ်ထောင်သည်

လက်ဦးကျောင်း ဖြစ်သည်။ မိဘများက ဘုရားသခင် အကြောင်းနှင့် သိမှတ်

ဖွယ်ရာတို့ကို သားသမီးတို့အား အလွတ်ကျက်မှတ်စေ၍ သင်ကြားပေးခဲ့ကြသည်။

တက္ကသိုလ်၊ ကောလိပ်ကျောင်း ပညာရပ်များကို ယေရှုမသင်ကြားခဲ့သော်လည်း

အိမ်ထောင်တွင်း၌ပင် မိဘပညာရေးတော့ရှိပေသည်။

လုကာ ၄း၁၆-၂၂ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်ပြန်လျှင်

ထုံးစံတော်ရှိသည့်အတိုင်း ဥပုဒ်နေ့၌ တရားဇရပ် သို့ဝင်၍ ကျမ်းစာဖတ်ရွတ်ခြင်းငှာ

ထတော်မူ၏။ ဇရပ်စောင့် သည် ပရောဖက် ဟေရှာယ၏ ကျမ်းစာလိပ်ကို

ပေစည်ဖြစ်၍ ကျမ်းစာကို ဖွင့်တော်မူလျှင် တွေ့သောအချက်ကား ထာဝရ ဘုရား

သခင်၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်တော်မူ၏။ အကြောင်းမူကား

ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှာ ငါ့ကိုဘိသိပ်

ပေးတော်မူပြီ။

ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်း ငှါလည်းကောင်း

လွတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသော သူတို့အား ပြန်မြင်စေခြင်းအကြောင်း

ငါလည်းကောင်း ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်း

လည်းကောင်း ငါ့ကို စေလွှတ် တော်မူပြီ ဟုလာသတည်း။ ကျမ်းစာလိပ်ကို

ဇရပ်စောင့်အားပေးပြီးမှ ထိုင်တော်မူ၏။ ဇရပ်၌ရှိသော သူအပေါင်းတို့သည်

ကိုယ်တော်ကို စေ့စေ့ကြည့် ရှုလျှက်နေကြ၏။ ယေရှုကလည်း ယနေ့ပင်

ဤကျမ်းစာချက်သည် သင်တို့ကြားရသည့် အတိုင်း ပြည့်စုံလေပြီ ဟုမိန့်တော်မူ၏။

ထိုသူ အပေါင်းတို့သည် ကိုယ်တော်ကိုဝန်ခံ၍ တင့်တယ်လျောက်ပတ်သော

နှုတ်တော်ထွက် စကားကို အံ့သြချီးမွမ်းလျှက်၊ ဤသူသည် ယောသပ်၏သား

မဟုတ်တုံလောဟုဆိုကြ၏။

အထက်မှသိရသည်မှာ ..

၁.ကြီးပွားတော်မူရာ နာဇရက်မြို့ဟုဆိုသောကြောင့် နာဇရပ်မြို့၌ အမြဲ

နေထိုင်ကြောင်း သိရသည်။ အခြားပြည်ပသို့ မသွား။

၂. ထုံးစံရှိသည့် အတိုင်း ဥပုဒ်နေ့၌ တရားဇရပ်တွင် ကျမ်းစာလိပ်ကို သာ

ဖတ်ကြားကြောင်း သိရ၏။ အခြားစာပေ၊ တရားမဟော မဖတ်မကြား၊ စက္ကူမသုံး။

၃. ဖတ်သောကျမ်းပိုဒ်သည် ယေရှုအားညွှန်းဆိုသော ကျမ်းစာလိပ်ဖြစ်ပြီး ယေရှုက

ယနေ့ပင် ဤကျမ်းစာချက်သည် သင်တို့ ကြားသည့် အတိုင်း ပြည့်စုံပေပြီဟု

မိန့်တော်မူ၏။ အမောခံ၊ အပင်ပန်းခံ၍ လိမ်လည်ပတ်လမ်းဆင်နေပါမည်လား။

တရားသမား၊ ဘုရား တရားတို့ က အ ခုတမျိုး တော်ကြာတမျိုးပြောပါက

အဘယ်မှာလျှင် ကောင်းပါတော့အံ့နည်း။

၄. လူအပေါင်းတို့ ထောက်ခံမှုကိုပင် ထိုအချိန်က ရရှိခဲ့သည်။

 

၇• သတ္တမရှုထောင့်

အထွေထွေရှုထောင့် (Miscellaneous View)

၁) ဗောဒိညောင်ထိုထိုဝယ် လူပျိုဘုရားမရှိဆိုသော်ငြားလည်း အပျိုကညာ၏

သားမြတ်စွာဘုရားကို ဗုဒ္ဓအများကိုးကွယ်ရသော အချိန်ရောက်လိမ့်မည်။

၄င်းဘုရား၏ နိမိတ်လက္ခဏာကား၊ လက်ဝါးအုပ်နာဖြစ်၍ ပရိနိဗ္ဗာန်ပြုရလိမ့်မည်။

(အနာဂတဝင်ကျမ်း ၂၀း၁၅)။

ယခုသော်ကား ဤကျမ်းသည်ရှားပါးနေပေသည်။ ခရစ်တော် လက်ဝါးအုပ်

အနာဖြင့် ပရိနိဗ္ဗာန်ပြုရမည့်အကြောင်းမှာဗုဒ္ဓမပွင့်မီ နှစ်ပေါင်း ၇ဝဝ ခန့်စော၍

ပရောဖက်ကြီးဟေရှာယက ဟောကြားခဲ့လေသည်။ ၄င်းခရစ်တော် ပွင့်မည့်

အကြောင်းကို ခရစ်တော်မပွင့်မီ ဘီစီ ၁၅၀၀ ဝန်းကျင်မှစ၍ မောရှေ၏ ကျမ်းမှ

ဟောကြားရေးသားထား ခဲ့လေသည်။

ယခုမှဗြုန်းစားကြီး ဖြက်ပျက်လာခြင်းမဟုတ်ပေ။ ကြိုတင်အနာဂါပြု

ထုတ်ပေးချက် ဟောကြားချက်အတိုင်း တစ်ခုပြီးတစ်ခု ဖြစ်ပျက်ပြည့်စုံ လာနေ

ခြင်းသာ ဖြစ်သည်။ ပို၍ အံ့ဩဘွယ်ကောင်းသော အရာကား သူ့ကို မလိုတမာ

မုန်းတီးပြီး၊ အတိုက်အခံ၊ မဟုတ်တမ်းတရားပြုကြမည်။ အသေ သတ်ကြမည်။

သင်တို့ (ခရစ်ယာန်)လည်း၊ ငါ့နာမကြောင့်၊ လူမျိုးတကာ က မုန်းတီးကြလိမ့်မည်

ဆိုသည့် အချက်ပင်ဖြစ်သည်။ အနာဂတဝင်ကျမ်းပါအတိုင်း အများသူငါ

ကိုးကွယ်ချိန်ရောက် လျှက်ရှိပါပြီ။

၂) ၁၂ နှစ် အရွယ်၌ ရဟူဒီ ဆရာတော်များနှင့် ဆွေးနွေးရာ မဖြေနိုင်ကြ၍

သူ့ အား ဆရာဆင်ဂိုဏ်းချုပ် ရာထူးကို ဤသို့ လွယ်လင့်တကူ ပေးကြခြင်းမှာလည်း

ထုံးတမ်း စဉ်လာမရှိကြပါပေ။

၁. ယုဒတို့ သည် ဘာသာရေး ကျစ်လစ်ခိုင်မာ ဂရုစိုက်လွန်းသူများ ဖြစ်ကြသည်။

ဂိုဏ်းချုပ်ရာထူးကို ဘာသာရေးတွင် ဤသို့ လွယ်လွယ် ပေးရိုး ထုံးစံမရှိ။

၂. ဂိုဏ်းချုပ်ရာထူး ပေးတင်မြောက်ကြောင်း ကျမ်းစာနှင့် ဂျူးသမိုင်းတွင် မရှိ။

ဘု ရားရှင်ကသာ ခရစ်တော်အဖြစ် ဘိသိပ်ပေး ခဲ့သည်။ လူကမပေး။

လူတို့ ကမူကား ဝန်ခံရ၏။

၃. ဂိုဏ်းချုပ်ရာထူးပေးမိကြောင်း ဆရာတင်မိကြောင်း ဟူ၍ ပြောဆိုကြချက်မရှိ၊

ဘုရားအားပြစ်မှား၍ဟူသာ စွပ်စွဲခဲ့ကြသည်။

၄. ရာထူး၊ ထယ်ဝါလှသည့် ဝတ်ရုံနှင့် အထိမ်းအမှတ်လက်စွပ်တို့ကိုလည်းကောင်း

ယေရှုဝတ်ဆင်သည်ဟု မဖတ်မကြားဘူးပါ။

၃) တိဗက်ဘာသာ စကား၊ မွန်ဘာသာစကား၊ တတ်မြောက်ကြောင်းလည်း

မှတ်တမ်းမရှိပါ။

ရဟန်းတော် ၂၀ နှစ်၌ ဖြစ်သည်ဆိုသည်ဆိုလျှင် အထွတ်အမြတ်ဖြစ်သော

ထိုရဟန်းအား မကိုးကွယ်ကြဘဲ အဘယ့်ကြောင့် ကြောင်သူတော်များအား ယနေ့

ကိုးကွယ်နေကြပါသနည်း။

၅) ကတိ ၇ ချက်ပေးရသည်၊ နောက်ဆုံး ၇ ချက်မြောက်တွင် သို့မှသာလျှင်

သင်သည် သေသည်၏ အခြားမဲ့၌ အလွန်ချမ်းသာ သုခနှင့် ပြည့်စုံသော ဗြဟ္မာဘုံသို့

ရောက်လိမ့်မည်ဟု ဆိုထားသောကြောင့်။ ခရစ်တော် သည် ကောင်းကင်ဘုံသို့ သာ

ချီဆောင်ခြင်းခံခဲ့သည်။ သူခိုးကြီးကိုလည်း ကတိပေးသည်။ ခရစ်တော်ကို

ယုံကြည်သူတိုင်းအား ကောင်းကင် နိုင်ငံတော်သို့ ဝင်စားခွင့်ပေးသည်။ ဗြဟ္မာ

ဘုံ သို့ မဟုတ်ပါ။ ဗြဟ္မာဘုံ သည် ၃၁ ဘုံ အစု အဝင် မျှသာဖြစ်ပါသည်။

ကောင်းကင်ဘုံသည်ကား ၃၁ ဘုံ၏ အခြားမဲ့၌ ဟိုမှာဘက်တွင် တသီးတခြား

ဘုရားရှင်ကိုယ်တော်တိုင် ဖန်ဆင်း၍တည်ရှိသည်။ မိတ်ဆွေအားလုံး ထိုနေရာ၌

နေရာမပေးလိုသည်မှာ ဧကောဗုဒ္ဓေါအရှင် ဘုရား၏မေတ္တာတော်သက်သက်သာ

ဖြစ်လေသည်။

၆) သင်၏နာမည်အားဖြင့် ဘာသာ အယူဝါဒ တစ်ရပ်ကို ထူထောင်ကြလိမ့်မည်ဟု

အမိန့်ရှိကာ ဇီဝကိရိဋ အားပြန်ခွင့်ပြုခဲ့သည်ဟု ပါရှိသည်။

က)ဆရာတော်မထေရ်က ခွင့်ပြုပြောဆိုဗျာဒိတ်ပြုခဲ့လျှင် မိတ်ဆွေလည်း

ခရစ်ယာန် ဘာသာဝင် ဖြစ်သင့်ပါသည်။ ခရစ်တော်ကို ကိုးကွယ်အပ်ပါသည်။

ယခု ကြောင်သူတော်များနှင့် ယှဉ်ကြည့်ပါလေ။

ခ) ငါ၏ အသင်းတော် ကို ဤကျောက်ပေါ်မှာ ငါတည်ထောင်မည်ဟု

ယေရှုကိုယ်တိုင် မိန့်ကြားတော်မူခဲ့ပါသည်။ လူတို့၌ အသင်းတော်တည်ထောင်

ခွင့်မရှိပါ။ ခရစ်တော်သာလျှင် တည်ထောင်ပြီး ခရစ်တော်ပိုင်သော အသင်းတော်

သာလျှင်ဖြစ်သည်။

၇) ယုဒယာမြို့၊ ဂျေရုရှလင် နှင့် ဗက်လင်မြို့ တွေမှာ တရားဟောရာ တရားနာ

သူများက ယေဟောဝါး ဘုရားသခင် ကိုယ်တော်မြတ်ရဲ့ တရားတွေ မဟုတ်ပဲ၊

ဗုဒ္ဓကိုယ်တော်မြတ်ရဲ့ တရားတွေသာ ဖြစ်တယ်လို့ ဆိုပြီး ယေရှုကို ဝိုင်းပြီး

ပုတ်ခတ်ပြောဆိုကြတယ်ဟု သာသနာပဒိဋ္ဌိဆရာတွေက ရေးပါသည်..

ကျမ်းစာတလျှောက်လုံးမှာ အခြားသောဘုရားများ၏ တရားများကို

မဟောကြားပါ။ ဧဝံဂေလိတရားသာ ဟောကြားခဲ့၏။ ထာ၀ရဘုရားနှင့် သူနှင့်

တလုံးတဝတည်းဖြစ်ကြောင်း ၊သားတော်ဖြစ်ကြောင်း၊ ကယ်တင်ရှင်ဖြစ်ကြောင်းသာ ဟော၏။ ဝန်ခံ၏၊ ငါဟောပြောသော တရားသည် ငါ၏တရားမဟုတ်၊ စေလွှတ်

တော်မူသော အဘခမည်းတော်၏ စာများဖြစ်သည်ဟု မိန့်တော်မူ၏။ ဂျူးတို့က

မျှော်တော့ ဤဘုရား၊ ပွင့်လာ တော့ အထင်မှားကြခြင်းမျှသာ ဖြစ်ပါသည်။

၈) ဒီလိုအဖြစ်အပျက်နဲ့ ရင်ဆိုင်ရတဲ့အခါ ခရစ်တော်ဟာ သူ့ရဲ့ဆရာ အရိယာ

ပုတ္တမဟာထေရ်က သူ့ကိုမှာ လိုက်တဲ့ ပရိယာယ်ကိုသုံးရမည်ဆိုတဲ့ စကားကို အမှတ်

ရပြီး၊ သူဟောတဲ့တရားဟာ ယေဟောဝါ တရားဖြစ်ကြောင်း၊ သူဟာ

ယေဟောဝါဟောတဲ့တရားဖြစ်ကြောင်း လှည့်စားပြီးပြောပြလိုက်သတဲ့၊ အမှန်မှာ

ဟူဟာ ပရိယာယ် သုံးရမယ်ဆိုတဲ့စကားကို အဓိပ္ပါယ် ကောက်မှား ယခုလို လှည့်စား

လိုက်ခြင်းဖြစ်တယ်၊ အဲ့ဒီလို အလှည့်စားမှား လိုက်တဲ့အတွက် ခရစ်တော်ဟာ

လက်ဝါးကပ်တိုင်မှာတင်ပြီး ရဟူဒီဘုန်းကြီးများနှင့် ရောမလူမျိုးတို့ရဲ့ အသတ်ခံသွား

ရသတဲ့။

ယေရှုဟာ ဥပမေယျတွေသုံးပြီး ဟောတတ်တဲ့ ဘုရား။ အတိအလင်း ဟောတတ်တဲ့

ဘု ရား၊ သတ္တိပြောင်ပြီး၊ ရဲဝံ့ တဲ့ နှလုံးရည် ပြည် ဝတဲ့ ရဲဝံ့တဲ့ ဘုရားပါ၊

လက်ဝါးကပ်တိုင်မှာ အသေခံဘို့လည်း ကြိုသိပြီးသားပါ ( ဟေရှာ ၅၃း၉)၊

လက်ဝါးကပ်တိုင်မှာ သေရတာမှာ အပြစ်သား ကြောင်သူတော်(ဘုရားကိုအံတုပြီး

ဘုရားဖြစ်ချင်ကြတဲ့ မာရ်နတ်နောက်လိုက်တွေ) အားလုံးအတွက်ပါ။ ရောမ ၅း၈

ငါတို့ သည် အပြစ်ရှိ စဉ်ပင် ခရစ်တော် သည် ငါတို့ အတွက်ကြောင့်

အသေခံတော်မူ၏ (အရိမေတ္တယျ) လို့ ဆိုပါတယ်။

၉) ဒါကြောင့် ရဟူဒီလူမျိုးတွေက ခရစ်တော်ကို သူတော်ကောင်းတယောက်ရဲ့

အသက်ရက်ရက်စက်စက် သတ်ဖြတ်မိကြတဲ့ အတွက် ယနေ့အထိ ကိုယ့်တိုင်းပြည်

ရယ်လို့ လက်ညှိုး ထိုးစရာမရှိ ကလေကဝဖြစ်နေကြတာပေါ့။

ထိုကိစ္စလည်း မမှန်ပါ ၊ အမှန်မှာ ထာဝရဘုရား သခင်ကို ငြင်းပယ်၍

ဘုရားသခင် မနှစ်မြို့သော ရုပ်တုဆင်းတု တို့ကို ကိုးကွယ်သောကြောင့်သာ

ဘုရားသခင်က ဒဏ်ခတ်ခြင်းဖြစ်သည်။ ဆန် ရင်းနာနာဖွတ်ခြင်းဖြစ်သည်။

နိုင်ငံပြန်ပေးမည် ဟု ပြောသည့်အတိုင်း ယခုနိုင်ငံပြန်ရပါပြီး။ မြန်မာပြည်နှင့် မရှေး

မနှောင်း ၁၉၄၈ မေလထဲတွင် လွတ်လပ်ရေးရခဲ့ကြသည်။

၁၀) ဗုဒ္ဓတရားဟောချင်လှတယ်ဆိုရင် လိမ်လည်လှည့်ပါတ်ပြီးမှတောင် ဟောခဲ့ရ

တယ်ဆိုရင် မိတ်ဆွေတွေကိုးကွယ် သင့်ပါပြီ။ ပြီးတော့ ဒီလောက် ဗုဒ္ဓတရား

ဟောချင် တယ်ဆိုရင် အသက်ဘဲထွက်တော့မယ်။ လက်ဝါးကပ်တိုင်ပေါ်ကနေ

အသက် ချုပ်ကာ နီးမှာ… ဘာလို့ လူသားတွေကို ဗုဒ္ဓတရားဟောတာပါလို့

မပြောခဲ့ တာလည်း။ ဘာကြောင့် ရင်မဖွင့်ခဲ့တာလည်း။ သေခါမှတော့ မထူးဘူး

အမှတ် တရားလေ၊ လူတွေရသွားကြပါစေတော့လို့ ဘာလို့ မပြောရဲတာလည်း။

သေတောင်မှ သေရဲမှတော့ ဒါလေးတော့ ဖွင့်ပြောရဲသွားမှာပါ။

တရားခံအစစ်မည်သူနည်း။

(ခရစ်တော်၏ သက်တော်စဉ် နောက်ကျိုရှုပ်ထွေး သံသယပွား‌ စေရန်

အဘယ်မည်သော ပုဂ္ဂိုလ်သည် တရားခံအစစ် ဖြစ်ပါလေသနည်း။

လူထဲမှဆိုလျှင် ခွင့်လွတ်တန်ကောင်းပါသည်။ ယခုမူကား လူတွေ

ရေးနေကြသော်လည်း လူတွေမဟုတ်ပါဆို လျှင် မိတ်ဆွေနားရှုပ်သွားပေမည်။

နားမရှုပ်သွားစေလိုပါ၊

မြန်မာပြည်မှာ စာရေးဆရာများ၊ ဘာသာပြန်ပုဂ္ဂိုလ်များ၊ ပုံနှစ်

ထုတ်ဝေသူများ၊ ခွင့်ပြုသူများ၊ ဖြန့်ချီသူများ၊ ပုံနှိပ်တိုက်များ၊ လားလားမျှမထုတ်ပါ။

မင်းစိုးရာဇာ၊ ဆရာတော်များ။ အရိရဓမ္မများ သို့ မဟုတ် တရားယုံကြည်ဝါဒ

တီးတိုး ဖြန့်ဝေ နေမိကြသူများ သော်လည်းကောင်း လုံးဝမဟုတ်ကြပါချေ။

သို့ဆိုလျှင် ထိုမည်သော တရားခံအစစ်ကား –

ထာဝရဘုရား ဖန်ဆင်းရှင်၏ ရန်သူ ခရစ်ယာန်တို့၏ရန်သူ သို့မဟုတ်

ဘုရား ဣဿရနိမ္မာန (ဘုရား) အနွယ်ဝင်တို့ ၏ ရန်သူ လူမျိုးအပေါင်းတို့၏

ရန်သူဖြစ်သော မဟာဘုံရန်သူတည်းဟူသော မျက်မြင်မရ ၊ ပုံသဏ္ဍာန် အမျိုးမျိုး၊

အသွင်အမျိုးမျိုးဟန်အမျိုးမျိုး၊ ပုပ္ပနိမိတ် အမျိုးမျိုး၊ ထူးဆန်းသော လက္ခဏာ

အပြားပြားတို့ကို ပြသနိုင်သော ၊ လူသားတို့၏ အားနည်းချက်လိုင်း အပေါ်မှ

အခွင့်ကောင်းယူကာ ကမ္ဘာဦးမှသည် ကမ္ဘာ‌ ဝေ၍ ကန့်နှင့်လောင် မြိုက်သော

တာဝရငရဲမီးအိုင် ထဲသို့ ပစ်ချခြင်းကို ခံရမည့် အတိုင်းတိုင်း အပြည်ပြည်တို့ကို

နှိပ်စက်နေသော၊ ကိုးကွယ်ခြင်းကို အငမ်းမရခံချင်နေသည့် မိမိဖန်ဆင်းရှင်

ထာဝရဘုရားကိုပင် အံတုဖက်ပြိုင်စိတ်ဖောက်ပြန်သွားလေရှာသော၊ ကောင်းကင်

တမန်ပျက်၊ အရူပဖြစ်သော စာတန်မာရ်နတ် နှင့်အပေါင်းအပါ နတ်ဆိုးဝိညာဥ်ဆိုး

မှောင်မိုက်တန်ခိုး၊ အာဏာစက် တို့ပင်ဖြစ်သတည်း။

မုန်းပစ်လိုက်… မောင်းပစ်လိုက် ( ၁ ပေ ၅း၈၊ ဗျာ ၁၂း၁၂၊ ပေ ၈း၄၄၊ ယော ၄း၇၊ ၁ ယော ၃း၈) စာတန်နှင့် အပေါင်းအပါများကြောင့်

အတိုင်းတိုင်းအပြည်ပြည်တို့ နှိပ်စက်ခြင်းခံနေရသည်။

“လူတို့ အယူတိမ်းပါး သမ္မာတရားလမ်းလွဲခဲ့ရလေပြီ၊

– ထာဝရဘုရား၏ မူလအကြံအစည်တော် ပျက်ပြားသွားခဲ့ရသည်၊

-လူတိုင်း တာဝရဘုရားနှင့် မိသဟာယပျက်ပြားသွားခဲ့ရသည်၊

-လူတိုင်း ပုံပျက်ကျဆင်းသွားရသည်။

-လူ့အသိအမြင် ဖောက်ပြန်သွားခဲ့ရသည်။

-လူနှင့်ပါတ်ဝန်းကျင် အကျဉ်းတန် အရုပ်ဆိုး၊ အနိဌာရုံနှင့်ပြည့်ရသည်၊

လောက၌ သေခြင်း၊ ကျိန်ခြင်း၊ အမင်္ဂလာဆိုက်ရောက်ခဲ့ရသည်၊

ဘုရားသခင်မူလ အကြံအစည်တော်အတိုင်း လူမှန်နေရာမှန်၊ လူ့အခွင့်အရေး၊

ပြန်လည်ရရန် ခရစ်တော်ကို စေလွတ်၍ ကယ်တင်စိမ့်သောငှါ၊

ကားတိုင်ထက်ဝယ်အသေခံစေသည်။

ထို့ကြောင့် ထိုထာဝရဘုရား သခင်သည် သားတော်ယေရှုခရစ်တော်အားဖြင့်

ပြန်လည်ပြုပြင်တည်ဆောက်ခြင်းအမှုကိုပြုခဲ့ရာ ယခုအသင်းတော်တည်းဟူသော

ဘုရားသခင်၌စုပေးသော လူစုဖြစ်သည့် ခရစ်ယာန်များတို့ကို အသုံးပြု၍

ဆောက်ရွက် နေဆဲဖြစ်သည်။ ထိုဘုရားရှင်၏ အမူတော်မြတ်တွင်

မိတ်ဆွေပါဝင် နိုင်မည့်အကြောင်း ဖိတ်ခေါ်ပါရစေ၊ ထိုစာတန်နှင့်

အပေါင်းအပါ၏ မှိုင်းမမိစေရန် ချဉ်နှောင်ဖြားယောင်းသွေးဆောင်ခြင်း

မခံရမိစေရန် သူတို့၏ အစေအပါးဖြစ်မှန်းမသိ ဖြစ်မသွားစေရန်

သမ္မာသတိရှိလျှက် ဝိညာဉ်မျက်စိ ပွင့်ကာ

ရှောင်ရှားကျဉ်ဖယ်နိုင်ကြပါစေသော်..

အချုပ်အားဖြင့်ဆိုသော်…

ယေရှု သည်

ခရစ်တော်ဖြစ်သည်

ဘုရားသခင်ဖြစ်သည်

အရာခပ်သိမ်းကိုဖန်ဆင်းသည်

အပြစ်သားတို့ကို ကယ်တင်သည်

ကမ္ဘာမတည်မရှိမီကပင် ခန့်ထားခြင်းခံရသူဖြစ်သည်အချိန်တန်မှ လူ့ဇာတိကိုခံယူခဲ့သည်

အပျိုကညာဝမ်း၌ ဖွားမြင်ခြင်းကိုခံခဲ့သည်

ဗက်လင်မြို့၌ မွေးဖွားခဲ့သည်

၈ ရက်မြောက်သောနေ့တွင် ဗိမ္မာန်တော်၌ အရေဖျားလှီးခြင်းကိုခံခဲ့သည်

၁၂ နှစ်တွင် ဗိမ္မာန်တော်၌ စတင်တရားဆွေးနွေး၏

၁၂ နှစ်မှ ၃၀ နှစ်ကြားထိ မိခင်နှင့် မောင်နှမတို့ကို

ဖခင်လက်ငုတ်လက်သမားဘဝဖြင့် လုပ်ကိုင်ကျွေးမွေးသည်

၃၀ နှစ်မှ စ၍ ပါလစ္စတိုင်း မိုင် ၃ဝ ပါတ်လည် အတွင်းသာ လှည့်လည်၍

ဒေသစာရီဟောပြောခဲ့သည်

မတရားစွပ်စွဲချက်ဖြင့်ပင် ကိုယ်စားအသေခံရန်ဤလောကသို့ကြွလာခဲ့သည်

အပြစ်သားကိုယ်စား ယတြာပြုအသေသတ်ခြင်းခံခဲ့သည်

ကောင်းကင်ဘုံ အဖခမည်းတော်၏ စေခိုင်းချက်အတိုင်းသွန်သင်သည်

မနေ့၊ ယနေ့ ၊ နောင်ကာလ ပြောင်းလဲခြင်းမရှိသော အရှင်ဖြစ်သည်

မလိမ်မညာ၊ အပြစ်ကင်းသည်၊ မှန်ကန်သောစကားကိုသာဆိုသည်

သတ္တိရှိသည်၊ ဖြောင့်မတ်သည်

ယုံကြည်သူတိုင်းအား ထာဝရအသက်နှင့် ကောင်းကင်ဝင်ခွင့်ပေးသည်

သေခြင်းတည်းဟူသော မာန်ငါးပါးတို့ကိုအောင်သည်(ကိလေသာမာန်၊

ဒေ၀ပုတ္တမာန်၊ခန္ဓာမာန်၊ မစ္စုမာန်၊ အဘိသင်္ခါရမာန်)

အထက်ပါအကြောင်းအခြင်းအရာတို့ကို ဖတ်ရှုရခြင်းအားဖြင့်

ယေရှုခရစ်တော်သည် မည်သည့်ပြည်ပနိုင်ငံသို့ မသွားခဲ့ပါ။

နာဇရက်မြို့တွင် နေမြဲနေလေသည်။

ထာဝရဘုရား၏ တိုက်ရိုက်ညွှန်ကြားမှုအတိုင်းသာခံယူဟောပြော၏။

အခြားမည်သည့်ပုဂ္ဂိုလ်ထံတွင်မျှ ပညာမသင်ပါ။

နိဗ္ဗာန်ရောက်ကြောင်း တရားကိုမ ဟောပါ။

ကောင်းကင်ဘုံရောက်ကြောင်းတရားသာ ဟောပါသည်။

 

၁။ (ဂ)သခင် ယေရှုနှင့် အရိမေတ္တေယျဘုရား

ယင်းစာအုပ်တွင် ဖော်ပြပါရှိသောသော ဦးအရိယဓမ္မ(အရှင်ဥဂ္ဂသံ)မှာ

ရှင်ဥက္ကဌ၏ တပည့်တစ်ဦး ဖြစ်ကြောင်းကို ယင်းစာအုပ်အရပင်သိရှိ ရပါသည်။

ထို့ကြောင့် ရှင်ဥက္ကဌဝါဒသည် ယနေ့ ထေရဝါဒ မြန်မာနိုင်ငံတော်တွင် တရားဝင်

ငြင်းပယ်ခြင်း ခံရပြီးဖြစ်သကဲ့သို့ ရှင်ဥက္ကဌကိုလည်း လူလိမ်စာရင်း သွင်းထားပြီး

ဖြစ်သည်ကို ငြင်းချက်ထုတ်စရာမလိုပေ။ ဤအကြောင်း တစ်ချက် တည်းနှင့်ပင်

ဦးအရိယဓမ္မ၏ တင်ပြချက် များကို ယနေ့ခေတ် ထေရဝါဒ သမား များ အနေဖြင့်

အလေးကရုပြုဖို့ရာ မသင့်ပါချေ။ ၄င်းပြင် ဦးအရိယဓမ္မတင်ပြသော ပရောဖက်ဆာ

ဂိုးရစ်ချ်သူနှင့် သူ၏စာအုပ်မှာလည်း ရှိခဲ့ဟန်ပင် မတူပါ။ ဦးအရိယဓမ္မ၏ ဆရာဖြစ်သူ

ရှင်ဥက္ကဌ ကိုယ်တိုင် ကလည်း ခရစ်ယာန်တို့ရှုံးနိမ့် သွားသည်ဆိုသည့် ကျောက်ကွင်း

ဝါဒပြိုင်ပွဲ အကြောင်းကို ဖြစ်ရပ်မှန်ကို အကြောင်းပြုပြီး လုပ်ကြံ၍ ချဲ့ကားရေးသား

ခဲ့ရာ၌ အဓိကပါဝင်ခဲ့သူ ဖြစ်ပါသည်။

တစ်ချိန်က ဤစာပေကြောင့် ယေရှု၏ ဂုဏ်ကို ငယ်စေခဲ့သည်မှာ မှန်ပါ

သည်။ အချိန်ကာလက ကုစားလာသော အခါ ယခု အခါတွင် ယေရှုနှင့် တိဘက်

အကြောင်းကို အင်တာနက်၏ ဘာသာရေး ဆွေးနွေးခန်းများတွင် ပြောပင်

မပြောရဲကြသော ခေတ်သို့ ရောက်လာပြီဖြစ်ပါသည်။ ပြောမိသူသည် ၄င်း၏

ဗဟုသုတနည်း ပါးမှု ၊ သဘောထားသေးသိမ်မှုနှင့် မုသာ တရားကို သက်သေ

ခံသည့် ယုတ်ညံ့သူ အဖြစ်သို့ ရောက်သွားစေသောကြောင့်ပင် ဖြစ်ပါသည်။

အသက်နှစ် နှစ်ထောင်ခန့် ရှိသည့် တိဘက်ဘုန်းကြီး-

ယေရှုခရစ်တော် ကိုယ်တော်တိုင်က ဟေဗြဲဘာသာနဲ့ ရေးသား ထား

မှတ်စုစာရွက် ၁၀၀ ကို ကြိုးနဲ့ ကျကျနန ချည်နှောင်ကာ ကျောင်းထိုင် ဆရာတော်

မဟာထေရ်မြတ်အား ကန်တော့ခဲ့ပါသည်။ ထိုကျောင်းထိုင် ဆရာတော် ၊

မြတ်ကိုယ်တိုင်က ထပ်မံပြီး ပါမောက္ခ ဂိုးရစ်(ခ်) ကို ပေးခဲ့သည့်ဟန်ဖြင့် ဆို

ပါသည်။ ပါမောက္ခက ၁၉၂၅ ခုနှစ်မှာ စာအုပ်ပြုစုခဲ့သည်ဆိုတော့ ထိုဘုန်းကြီးရဲ့

အသက်ဟာ ၁၉၀၀ ကျော် ရှိနေပါပြီ။ အဘယ်ကြောင့် ဆိုသော် ယေရှုသည်

အေဒီ ၁ဝ ခန့်က တိဘက်သို့ ရောက်ခဲ့သည် ဆိုသောကြောင့် ၊ အသက်

ကျော် ရှည်သည့် တိဘက်ဘုန်းကြီးဆိုသည်မှာ ရှိခဲ့ဘူးပါသလား? ယေရှု၏

ဂုဏ်သိက္ခာကို ထိခိုက်စေ လိုသောဇောဖြင့် လုပ်ကြံရေးသော်လည်း ရေးသားချက်က

မပီပြင်လှပါ။

ခသ ၂၀၀၀ အထူး အမှုတော်မြတ်တွင် ပါဝင်ခဲ့ချိန်၌ အထက်မှ ခရစ်တော်

၏ ၁၈ နှစ် ပြဿနာ ဟူသော စာအုပ်က ကျွန်တော်တို့ ဧဝံဂေလိ အမှုတော်

ဆောင်များ အတွက် များစွာမှ အထောက်အကူ ဖြစ်ခဲ့ ပါသည်။ ထိုစာအုပ်ကို

ပြုစုခဲ့သော ဆရာကြီးနှင့်တကွ သက်ဆိုင်သော မိသားစုများတို့ကို အထူးကျေးဇူး

တင်သလို ထိုစာမူများကို ကိုးကားခွင့်ပြုပေးခဲ့သော New Life Media ကိုလည်း

အထူး ကျေးဇူးတင်ပါသည်။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ ယနေ့

ဖြစ်ပေါ်နေသော အခြေ အနေများဖြင့် နှိုင်းယှဉ်ပြီး ကျွန်တော့်၏ အမြင်ကိုလည်း

အနည်းငယ် ဆက်လက်၍ ဖေါ်ပြလိုပါသည်။

၁) ဗောဒိညောင်ထိုထိုဝယ် လူပျိုဘုရားမရှိဆိုသော်ငြားလည်း အပျိုကညာ၏

သားမြတ်စွာဘုရားကို ဗုဒ္ဓအများ ကိုးကွယ်ရသော အချိန်ရောက်လိမ့်မည်။ ၄င်း

ဘုရား၏ နိမိတ်လက္ခဏာကား၊ လက်ဝါးအုပ်နာဖြစ်၍ ပရိနိဗ္ဗာန်ပြုရလိမ့်မည်။

(အနာဂတံဝင်ကျမ်း ၂၀း၁၅)။

အထက်ပါ ကျမ်းပိုဒ်နှင့် ခပ်ဆင်ဆင်ကို အကြောင်းပြုပြီး သက်သေခံ

မိသော အက်စ်ဂွန်အောင်ဟု အမည်ခံထားပြီး အခြားနာမည် လေးမျိုးဖြင့်

လိမ်လည်နေသူ၏ သက်သေခံချက်ကို ကြားဖူးပါသည်။ ၄င်းသည် ကျွန်တော်နှင့်

မြိတ်တွင် ခင်မင်ခဲ့ဖူးပါသည်။ သူသည် လူလိမ်တစ်ဦး သာဖြစ်ကြောင်းကို ထားဝယ်မြို့

အရောက်တွင် သိခဲ့ရပြီး မြိတ်တွင်ရှိသော သူနှင့် မိတ်ဆွေဖြစ်နေသည့် ခရစ်ယာန်

များကို ကျွန်တော်က သတိပေး ခဲ့ဖူးပါသည်။ ထိုသူက အပြော အလွန်

ကောင်းသောကြောင့် သူ့ကိုယုံကြပြီး ကျွန်တော့်စကားကို မယုံကြပါ။ သို့သော်

မကြာလိုက် ပါ၊ မြိတ်မှ သူနှင့် ရင်းနှီးသူတိုင်း ငွေအမြောက်အများ အလိမ်

ခံလိုက်ရပြီး သူသည်လည်း မြိတ်မြို့မှ ပျောက်ကွယ် သွားပါတော့သည်။ ထိုအဖြစ်

မျိုးကို ၄င်းရောက်ရှိခဲ့သော အရပ်တိုင်းရှိ ခရစ်ယာန်တိုင်းက ကြုံကြရပါသည်။

လူအချို့ ဆိုလျှင် မော်တော်ကားကိုပင် အလိမ်ခံခဲ့ကြရပါသည်။

ကျွန်တော့်အမြင်မှာ သူသည် ခရစ်ယာန်ဖြစ်ယောင်ဆောင်ပြီး ခရစ်တော်

ဘုရား၏ ဘုန်းအသရေကို လိုက်လံ ဖျက်စီးသူဖြစ်ကာ လူတိုင်းကို မေတ္တာထား၍

ယုံကြည်တတ်သော ခရစ်ယာန်အများစုကိုသာ လိုက်လံ လိမ်ညာစားသောက်

နေသူဖြစ်ပါသည်။ သူ့ကြောင့် ခရစ်တော်ဘုရား၏ လူသားတိုင်း တို့ အပေါ်

ကယ်တင်ခြင်း ရစေလိုသော တရားအတွက် အတားအဆီးဖြစ်ကာ ခရစ်ယာန်

ဘာသာဝင်တို့ အတွက်လည်း အများကြီး ထိခိုက် နစ်နာ စေသူဖြစ်ပါ့သည်။

ပိုဆိုးသည်က သူ့ကြောင့် ခရစ်ယာန် ဘာသာဝင်များ ကပင် အခြားသော ဘာသာ

ကို ဝန်ချတောင်းပန် ပေးရမလို ပြောင်းပြန် ဖြစ်နေပါသည်။

၄င်း၏ သက်သေခံချက်ကိုနားထောင်ကြည့်သောအခါမှာလည်း အထက်မှ

ယေရှု ဘုရား တိဘက်သို့ သွားသည့် ကလေးဆန်ဆန် ဇာတ်လမ်း ပုံပမာအတိုင်း

ဖြစ်နေပါသည်။ သူတစ်ပါးအိမ်တွင် ကပ်နေရပြီး လေးဘာသာ ဂုဏ်ထူးနဲ့

ဆယ်တန်းအောင်၊ ထိုမှ တဆင့် အင်ဂျင်နီယာကျောင်းဆင်း ဘွဲ့ရ တစ်ဦးဖြစ်လာ

ထို့နောက် ဘုန်းကြီးဝတ်၊ ဘုန်းကြီးမှ လူဝတ်လဲသည်နှင့် အင်ဂျင်နီယာ အလုပ်လုပ်

ထိုအလုပ်က ထွက်ပြီး ကျောက်တူးသမားဖြစ်၊ ထိုဘဝမှု့ တဖန် ဓမ္မဆရာ ဖြစ်လာ

ပြန်ပါသည်။ ဆက်စပ်မှု လုံးဝမရှိသော လိမ်ဇာတ်မှန်း ကလေးပင် သိပါသည်။

သို့သော် သူ့သက်သေခံချက်က လူတွေ ပြောင်းလဲသည်ဟု ဆိုကြပြန်ရာ

သူသည် ယနေ့ အောင်မြင် နေသော ဧဝံဂေလိ အမှုတော်ဆောင်ကြီး နှစ်ပါး၏

နိမိတ်လက္ခဏာဖြင့် အသက်တာကိုပြောင်းလဲ စေခဲ့သည့် သက်သေ ခံချက် နှစ်ခုကို ကို

ပေါင်းပြီး ၄င်း၏ သက်သေခံချက် ပုံစံဖြင့် ဇာတ်လမ်းဆင်ပြီး ဟောပြောခဲ့ခြင်း ကြောင့်

လူများ ပြောင်းလဲ စေခြင်းသာလျှင် ဖြစ်ပါသည်။ ဇာတ်လမ်းကမှန်ပေမည့်

သူကိုယ်တိုင် ဖြစ်ပျက်ခဲ့ခြင်းမဟုတ်ပဲ ဆရာနှစ်ဦး၏ သက်သေခံချက်ကို ၄င်း၌ ဖြစ်လေဟန် သက်သေခံခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

မိဘများ အသတ်ခံရ၍ လူမျိုးရေးနာကျည်းမုန်းတီးလျက် လက်စား

ချေလိုသော စိတ်ဖြင့် ပြင်ဆင်ရင်း ဘုန်းကြီးဘ၀မှ ပြောင်းလဲလာသည့် ဆရာ

အာဗြဟံ၏ သက်သေခံချက်တစ်ပိုင်းကို၄င်း၊ ဘုရားကိုအမှန် တွေ့လိုစိတ် ဇောဖြင့်

ဘုန်းကြီးဝတ်ဖြင့် ရှာဖွေခဲ့ရာမှ အဆင်မပြေသည့်အဆုံး စစ်မှန်သော ဘုရား၏

နိမိတ်လက္ခဏာကို တောင်းခံခဲ့သည့် အတိုင်း ကောင်းကင်ဘုံမှ အလင်းရောင်ခြည်

သည် ၄င်း၏ ကိုယ်ပေါ်နှင့် အခန်းထဲသို့ ကျရောက်လာပြီး ကိုယ်တိုင် မြင်တွေ့ခံစား

ရေကာ ဘုရားကို သိရှိခွင့်ရခဲ့ပါသည်။ ထိုအချိန်မှစ ရှိသမျှရွှေငွေစည်းစိမ်တို့ကို

စွန့်လျက် ယနေ့ထိ ခက်ခဲဆင်းရဲ ဒုက္ခမျိုးစုံ ခံကာ အမှုတော်ဆောင်နေသော

ဆရာကြီး ဦးဉာဏ်လင်း၏ သက်သေခံချက်ကို၄င်း ပေါင်းစပ်၍ လူအများ

နားထောင်ကောင်းရန် ဇာတ်လမ်းတည်ဆောက်၍ သက်သေခံခဲ့ခြင်း ဖြစ်ပါသည်။

သူ့ကြောင့် ခရစ်ယာန်သာသနာကြီးတစ်ခုလုံး အပြောင်းအလဲများ ဖြစ်စေ

ခဲ့ပါသည်။ အသင်းတော် ကောင်စီမှလည်း ၄င်းတို့ သတ်မှတ်သော ကျမ်းစာ

ကျောင်းဆင်း မဟုတ်သူကို အသင်းတော်တွင် လက်မခံရန် စည်းကမ်းချက်များလည်း

ထွက်ပေါ်လာပါသည်။ ယနေ့ကမ္ဘာပေါ်တွင် အောင်မြင်သည့် ဘုရား၏ အမှုတော်

ဆောင်ကြီးများအနက် ကျမ်းစာကျောင်းအောင်သောသူရှိသလို မအောင်သော

သူများလည်း ရှိကြပါသည်။

ကျမ်းစာက – နောက်ဆုံးသော ကာလတွင် ယေရှု၏ အယောင်ကို ဆောင်လျှက် အတုအယောင် တရားဟောဆရာများစွာပေါ်ထွက်လာမည်ဟု

ဆိုထားသကဲ့သို့ တရားတော်ကို၎င်း သက်သေခံတော်မူချက်ကို၄င်း နားထောင်

ကြကုန်၊ သူတို့ ပြောသောစကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင် သူတို့၌

အရုဏ် မတက်သေးဟု (ဟေရှာ ၈း၂၀) တွင် ဆိုထားပါသည်။ ဟောပြောသမျှ

တို့ကို တမန်တော်ခေတ် ဗေရီမြို့သားများကဲ့သို့ နားထောင်ပြီး မှန်သည် မမှန်

သည်ကို သိခြင်းငှါ ၊ ကျမ်းစာကို နေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုကြသည့်အတွက်

မြတ်သော အသင်းသားများဖြစ်ကြောင်း ကျမ်းစာ မှတ်တမ်းတင်ဖေါ်ပြ

ထားပါသည်။ (တ ၁၇း၁၁)

ကျွန်တော် ထိုအကြောင်းအရာတို့ထက် အဓိကဖော်ပြလိုသောအချက်မှာ

ယေရှုသည် နောင်ပွင့်မည့် အရိမေတ္တယျဘုရား ဖြစ်နိုင်ပါသလား ဟူသော

အချက်ပင် ဖြစ်ပါသည်။ ဗုဒ္ဓခေတ်အချိန်အခါသည် ပညတ်တော်ခေတ် ကာလ

ဖြစ်သည့်အတွက် ကြိုးစားကျင့်ကြံအားထုတ်ခြင်းဖြင့် ပရောဖက် ဉာဏ်ကို ရခဲ့သည်

ဆိုလျှင်တော့ ဗုဒ္ဓဟောကြားသည့် နောင်ပွင့်တော်မူမည့် အရိမေတ္တယျ ဘုရားသည်

ယေရှုဖြစ်နိုင်ပါသည်။

သို့သော် ကျွန်တော့်အမြင်ကို ဖေါ်ပြရလျှင် ဗုဒ္ဓမှ စလို့ ၄င်း၏ အရေး

တွင် ပွင့်ခဲ့သော ဘုရားသုံးဆူလုံးသည် လူသားထဲမှ ကျင့်ကြံ အားထုတ်ကာ

ဘုရားဖြစ်လာ ခဲ့ကြခြင်းကြောင့် နောင်ပွင့်မည့် ငါးဆူ မြောက်သော အရိမေတ္တယ

ဘုရား သည်လည်း လူသားထဲမှ လူသား သာလျှင် ဖြစ်နိုင်ပါသည်။ ထို့ကြောင့်

ယေရှုသည်ဗုဒ္ဓပရောဖက်ပြုခဲ့သည့် အရိမေတ္တယျဘုရား မဟုတ်နိုင်ပါ။ ယေရှုသည်

လူသားထဲမှ ကျင့်ကြံ အားထုတ်ကာ ဘုရားဖြစ်လာခဲ့ခြင်း မဟုတ်ပါဘဲ၊ ဘုရား

စင်စစ်မှ လူ့ဇာတိ ခံယူခဲ့ခြင်းဖြစ်လို့ ယေရှုကို လူတို့က သတ်မှတ်သည့် မည်သည့်

အရှင် မည်သည့် ဘုရားများကမျှ မကျော်လွန်နိုင်ရခြင်း ဖြစ်ပါသည်။

ဆက်လက်ပြီး နောက်ပွင့်လာမည့် အရိမေတ္တယျဘုရားသည် မည်သူ

ဖြစ်နိုင်မည်နည်းကိုတော့ အတိအကျ မသိနိုင်ပါ။ သို့ သော် နောက်ဆုံးသော

ကာလတွင် ကမ္ဘာကို အုပ်ချုပ်နိုင်မည့် ဗျာဒိတ်ကျမ်းပါ ၆၆၆ အမှတ်တံဆိပ်

ပုဂ္ဂိုလ်တစ်ပါး ပေါ်လာပါလိမ့်မည်။ ၄င်းအုပ်ချုပ်စဉ် ကမ္ဘာတစ်ဝှမ်းလုံး ငြိမ်းချမ်း

စည်ပင် လာမည်ဖြစ်ပြီး ၎င်းအုပ်ချုပ်ပြီး သုံးနှစ်ခွဲ အကြာတွင် သူ့အား လူသားတိုင်း

ကိုးကွယ်ကြဖို့ရန် တောင်းဆိုလာမည် ဖြစ်ပါသည်။ ကိုးကွယ်ကြဖို့ တောင်း

ခဲ့သည့် အတိုင်း ကိုးကွယ်ကြမည့် သူများလည်း ရှိလာမည် ဖြစ်ကြောင်း၊

သမ္မာကျမ်းစာတော်မြတ်က

ကြိုတင်၍ ပရောဖက်ပြုထားပါသည်။ ထို့

နောင်ပွင့်မည့် အရိမေတ္တယျ ဘုရား သည် ၆၆၆ ပင် ဖြစ်နိုင်မည်လားဟု စဉ်း၊

ဆင်ခြင်ဖွယ်ရာ ဖြစ်နေ ပါသည်။

၆၆၆ အုပ်ချုပ်ပြီး ခုနှစ်နှစ်အကြာနောက်ပိုင်းတွင် ၎င်းအား ထောက်ခံ

ကိုးကွယ်သည့်မဟာမိတ် အဖွဲ့ နှင့် ဆန့်ကျင်ဖက် မဟာမိတ်အဖွဲ့တို့ သည်

အာမဂဇုန်အရပ် တွင် နောက်ဆုံးသော ကမ္ဘာစစ်ကြီး ဖြစ်ပါလိမ့်မည်။ ၄င်းနောက်

ယေရှု ဘုရား ဒုတိယအကြိမ် လောကသို့ ကြွဆင်းလျက် အုပ်ချုပ်မည့်အချိန် အခါ

ရောက်လာမည်ဖြစ်ပါသည်။ အာမဂဇုန်သည် အစ္စရေးရှိ ဂါလိလဲ၏ တောင်ဘက်၊

ရှမာရိ၏မြောက်ဘက်၊ ကရမေလတောင် အနီးတွင် တည်ရှိ ပါသည်။ ရှေးက

ထိုအရပ်တွင် ကြောက်မက်ဖွယ်ရာ စစ်ပွဲကြီးများ ဖြစ်ပွါး ခဲ့သော အရပ်လည်း

ဖြစ်သည်။

ဤအချက်ကို ဖေါ်ပြရခြင်းက ခရစ်ယာန်တို့က ၄င်းတို့၏ ကျမ်းပယ် ပါဟု

လိမ်လည်ကာဘာသာစွယ် သည်ဟု ယိုးစွပ်မှုများရှိနေခြင်းကြောင့် ၄င်းကျမ်းပိုဒ်က

ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ ခရစ်ယာန် ဘာသာဝင်တို့ အတွက် အကြောင်းမထူး

ပြဿနာ မရှိကြောင်းကို နူးညွတ်သော သဘောဖြင့် ရှင်းပြနိုင်ရန် ခရစ်ယာန်များ

အတွက် ဖေါ်ပြပေးရခြင်းသာလျှင် ဖြစ်ပါသည်။ ဆက်လက်ပြီး ယေရှုဟောသော

တရားများ တို့သည် ဗုဒ္ဓ၏ တရားများနှင့် ဆင်တူနေသည်ဟု ဆိုခြင်းကြောင့် ဗုဒ္ဓနှင့်

ယေရှု၏ ပုဂ္ဂိုလ်ခြင်း နှိုင်းယှဉ် ထားမှုကို ဖေါ်ပြပေး လိုပါသည်။

ဗုဒ္ဓနှင့် ယေရှုခရစ်တော်၏ ပုဂ္ဂိုလ်ချင်းနှိုင်းယှဉ်ချက်-

၁)ဗုဒ္ဓသည် ဘီစီ ၅၆၀ တွင် လံမနီအင်ကြင်း ဥယျာဉ်၌ လူ့ဇာတိသဘာဝ အတိုင်း

ပဋိသန္ဓေယူ၍ ဖွားမြင် ခဲ့သည်။

ယေရှုခရစ်တော်သည် ဘီစီ ၄- ခုနှစ်တွင် သန့်ရှင်းသောဝိညာဉ်တော်

အားဖြင့် အပျိုကညာ မယ်တော်မာရိ၏“ဝမ်းတွင် ပဋိသန္ဓေယူ၍ ဖွားမြင် ခဲ့သည်။

(မေထုန်ကင်းသည်)

၂) ဗုဒ္ဓသည် ကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီးမှ သူ့ကို ယုံကြည်သူများက ဘုရား

အဖြစ်ချီးမြောက် ကိုးကွယ် ကြသည်။

ယေရှုခရစ်တော်သည် ဘုရားစင်စစ်မှ လူ့ဇာတိခံယူ၍ လူသားအဖြစ်

လောကသို့ ကြွဆင်းလာသည်။ လူတို့ လက်မခံ၊မယုံကြည်လည်း ယေရှုသည်

ဘုရားဖြစ်မြဲဖြစ်လျက် ကမ္ဘာအဆက်ဆက်တည်နေမည်ဖြစ်သည်။

၃) ဗုဒ္ဓသည် မဖွားမြင်မှီ အဘယ်အရပ်မှလာ၍ အဘယ်သူဖြစ်မှန်း မသိရပါ။

ယေရှုခရစ်တော်သည် လောကကို ဖန်ဆင်းသော ဘုရားဖြစ်သည်။

ကျမ်းစာ၏ ပရောဖက်ပြုချက် အတိုင်း ဘုရားကိုလူတို့ တွေ့မြင်ဖို့ လူ့ဇာတိခံယူ

ပြည့်စုံစေခဲ့သူဖြစ်သည်။

၄) ဗုဒ္ဓသည် သာမာန်လူသားတစ်ဦးအဖြစ်သာ မွေးဖွားလာခဲ့ပြီး ဘုရား၏ အထူး

စေလွှတ်ခြင်းခံရသော အရှင်မဟုတ်ပါ။

ယေရှုခရစ်သည် ခမည်းတော်ဘုရား၏ စေလွှတ်ခြင်းကိုခံရပြီး

လူသားများကို အပယ်ငရဲမှ ကယ်တင်ရန် ကြွဆင်းလာသောအရှင် ဖြစ်ပါသည်။

(၂) ဗုဒ္ဓသည် သားမယားကို ယူပြီး စွန့်ပစ်ခဲ့သည်။

ယေရှုမူကား မယားယူခြင်း၊ ကိလေသာ ပူလောင်ခြင်းမရှိပေ။

၆) ဗုဒ္ဓ သည် သက်တော် ၃၅ နှစ် မှ သက်တော် ၈၀ အထိ သံသရာလည်ခြင်း

တရားကို ဟောခဲ့သည်။

ယေရှုသည် သက်တော် ၃၀ မှ ၃၃ နှစ်အတွင်း ကယ်တင်ခြင်းတရားကို

ဟောကြားသည်။

၇) ဗုဒ္ဓသည် ကီသာဂေါတမီ၏ သား သေဆုံးသောအခါ သေခြင်းမှ ရှင်ပြန်

တမြောက်ခြင်း၊ မပေးနိုင်ခဲ့သလို မည်သည့် အံ့သြဖွယ်ရာ တန်းခိုးနိမိတ်မှလည်း

မပြုခဲ့ပါ။

ယေရှုခရစ်တော်သည် သေပြီးလေးရက်ရှိသူ လာဇရုအား သင်္ချိုင်းဂူမှ

ရှင်ပြန် ထမြောက်စေခဲ့ပြီ၊ သက်တော်စဉ်တလျှောက်လုံး အံ့သြဖွယ်သဘာဝလွန်

တန်ခိုးနိမိတ်များနှင့် ပြည့်စုံခဲ့သူဖြစ်သည်။

၂၈) ဗုဒ္ဓသည် အကျင့်ကောင်းခြင်းဖြင့် ကောင်းရာဘုံသို့ ရောက်မည်ဟု သွန်သင်

ယေရှူခရစ်က လူသည်အကျင့်အားဖြင့် လုံးဝ ကယ်တင်ခြင်းမရ

နိုင်ကြောင်းကို သွန်သင်သည်။

၉) ဗုဒ္ဓသည် သူ့ကို ဦးချရှိခိုးတို့ မပြောဘဲ သူကဲ့သို့ တရားကျင့်ဆောင်

လိုက်လျှောက်ရန် သွန်သင်သည်။

ယေရှုခရစ်တော်က ကောင်းကင်ဘုံသို့ ဝင်ရန် သူသာလျှင် လမ်းခရီး၊ သမ္မာ

တရား၊ အသက် ဖြစ်ကြောင်းနှင့် သူ့ကို အကြွင်းမဲ့ ယုံကြည် အားကိုးရမည်

ဖြစ်ကြောင်း သွန်သင်သည်။ ကိုယ်တော် တိုင်က လမ်းဖြစ်သူ၊ ထိုလမ်းဖြင့်သာ

လူသားတိုင်း အပယ်ရဲမှလွတ်မည်ဟု သွန်သင်သူ ဖြစ်သည်။ လူသားများ၏ ပျပ်ဝပ်

ကိုးကွယ်ခြင်းကိုခံခဲ့သည့် ဘုရားလည်း ဖြစ်တော်မူ၏။

၁၀) ဗုဒ္ဓသည် လူသားတို့ အား အပြစ်လွှတ်ခြင်းနှင့် ကယ်တင်ခြင်း မပေး နိုင်ခဲ့ချေ။

ယေရှုက ငါ့ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ

ကယ်တင်ခြင်း ရမည်ဟု ဂတိတော်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော

ယေရှုကိုယ်တော်တိုင်က သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီး သေသောသူတို့ ကို

ပြန်ရှင်စေသော အခွင့်ရှိခြင်းကြောင့် အသက်ကိုပေးနိုင်ခြင်းဖြစ်ပါသည်၊ ဗုဒ္ဓ က

မပေးနိုင်ပါ။

၁၁) ဗုဒ္ဓသည် အစားမှားပြီး လူ့သဘာဝအတိုင်း သေဆုံး ခဲ့ရသည်။ (သေဆုံးခြင်း၌

ရည်ရွယ်ချက် မရှိပါ)

ယေရှုသည် လူသားအားလုံး၏ အပြစ်အတွက် ယတြာချေရန် ကားတိုင်

ထက်တွင် အသေခံခဲ့သည်။ ကျမ်းစာမှ ကြိုတင်ပရောဖက်ပြုချက် အတိုင်း

ပြည့်စုံခဲ့သည်။ (လူသတ်၍မဟုတ်)

၁၂) ဗုဒ္ဓ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းမှာ လောကတွင် ရှိနေပြီး သေခြင်းတရားကို

မအောင်ခဲ့ပါ။(သေဆုံးပြီး၊ အဘယ်အရပ်သို့ သွားသည်ကို လက်တွေ့ အခိုင်အမာ

မပြနိုင်)

ယေရှုသည် သခြင်းမှ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်

ခဲ့ပြီး ထိုခန္ဓာတော်ဖြင့် ကောင်းကင်ဘုံသို့ပြန်သွားခဲ့သည်။ (သေခြင်းမှ ရှင်ပြန်

ထမြောက်ပြီး တပည့်တော်များနှင့် ရက်ပေါင်း ၄၀ အတူနေခဲ့ကာ ၅၀၀ ခန့်သော

တပည့်တော် များ၏ မျက်မှောက်မှ ကောင်းကင်သို့ ချီဆောင်ခြင်း ခံရသည်)

၁၃) ဗုဒ္ဓသည် နောက်တဖန်လောကသို့ ပြန်ကြွလာမည်ဟု မမိန့်ကြားခဲ့ပါ။

ယေရှုက လောကသို့ နောက်တဖန်ကြွလာလျက် ယုံကြည်သူများကို

သိမ်းဆည်းမည်ဟု ကတိပေး မိန့်ကြားခဲ့သည်။

၁၄) ဗုဒ္ဓသည် ယခုအချိန် ဘာလုပ်နေသည်ကို အဘယ်သူမှ မသိရကြ။

ယေရှုခရစ်တော်သည် ဘုရား၏ လက်ယာဘက်တွင်ထိုင်ပြီး ကျွန်ုပ်တို့

အတွက် ဆုတောင်းပေး နေသည်။ ကျွန်ုပ်တို့ ကောင်းကင်ဘုံ၌ နေရန်အိမ်ကို

ပြင်ဆင်ပေးနေပါသည်။

၁၅) ဗုဒ္ဓသည် လောက၏ ဖြစ်ပျက်ခြင်း နိယာမတရား အောက်တွင် ရှိသည်။

ယေရှုသည် အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း နှင့် ကောင်းကင်ဘုံသို့

ပြန်လည်တက်ကြွသွားခဲ့ခြင်း သက် သေတော်တို့ နှင့် လောက၏ ဖြစ်ခြင်း

ပျက်ခြင်းနိယာမတရားအောက်တွင် မရှိကြောင်း၊ သက်သ ပြခဲ့သည်။

၁၆) အို ဂေါတမသည် ဘုရား မဟုတ်သောကြောင့် ဘုရားဖြစ်ကြောင်း

မဖေါ်ပြရန် ကိုယ်ပိုင်နာမ မရှိပေ။ သူသည် သင်နှင့်ကျွန်ုပ်ကဲ့သို့ သမ္မာတရား

ရှာဖွေသူတစ်ဦးသာလျှင်ဖြစ်ပြီး၊ သူများထက် သမ္မာတရားကို ကြိုးစားရှာဖွေ

ခဲ့သူဟု ဆိုနိုင်ပါသည်။ ဘုရင့်သားဖြစ်သည့်အတွက် မင်းသားလေးဟု ခေါ်ခဲ့ကြခေ

ပါသည်။ ဘုရား ဖြစ်ကြောင်းကိုတော့ အထူး ဖေါ်ပြထားခြင်းမရှိပါ။ ဂေါတမ

ဆိုသည်မှာ ၎င်း အမျိုးအနွယ်၏ အမည် ဖြစ်ပြီး ဗုဒ္ဓဆိုသည်မှာ အလင်းပြသူဟုသာ

အဓိပ္ပါယ်ရပါသည်။

ယေရှုဘုရားလောကသို့ ကြွဆင်းမလာမှီ နှစ်ပေါင်း ၇ဝဝ ခန့်တွင်

ပရောဖက် ဟေရှာယ က လူ့ဇာတိ ခံယူလာမည့် ယေရှု၏ အမည်နာမကို

ပရောဖက်ပြုရေးသားရာ၌ အံ့ဩဖွယ်တိုင်ပင်ဖက်၊ တန်ခိုးကြီးသော ဘုရား ၊

ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ဆိုခဲ့ပါသည်။ (ဟေရှာယ ၉း၆)

 

၁ ။ (ဃ) ဗုဒ္ဓနှင့် သစ္စာတရားလေးပါးတရားတော်

သိဒ္ဓတ္ထဂေါတမ (ဘီစီ ၅၆၃-၄၈၃ ခန့်)

သိဒ္ဓတ္ထဂေါတမသည် အိန္ဒိယနိုင်ငံအရှေ့မြောက်ဖက်ရှိ နီပေါနယ်စပ် အနီး

ကပ္ပိလဝတ် မြို့တော်ကို အုပ်ချုပ်သည့် ဘုရင်တစ်ပါး၏ သားတော် ဖြစ်ပါသည်။

ငယ်စဉ် ကတည်းကပင် လောကီစည်းစိမ်ကို တပ်မက်မှုမရှိပါဘဲ တရားကိုရှာလိုသော

သဘော သာရှိ၏။ အသက် တစ်ဆယ့်ခြောက်နှစ် အရွယ်တွင် အိမ်ထောင်ကျခဲ့ပြီး

ပထမသားဦးကို ရချိန် အသက်နှစ်ဆယ့်ကိုးနှစ် အရွယ်တွင် တောထွက် ခဲ့ပါသည်။

ခြောက်နှစ်အတွင်း တရားကိုရရန် ကျင့်ကြံ အားထုတ်ရှာဖွေခဲ့သည်။ ပြင်းထန်စွာ

ကျင့်ကြံအားထုတ်ခဲ့ရာမှ မရသည့်အဆုံး အလယ်အလတ်လမ်းစဉ်ဖြင့် ကျင့်ကြံ

အားထုတ်ရာ နိဗ္ဗာန်သို့ ရောက်နိုင်သော သစ္စာတရား လေးပါး တရားတော်ကို

သဗ္ဗညုတဉာဏ်တော်နှင့် သိခွင့်ရခဲ့ ပါသည်။ ထို့နောက် လောဘ၊ ဒေါသ၊ မောဟ

တို့ ကင်းငြိမ်းရာ သစ္စာတရား လေးပါး တရားတော်တို့ကို လှည့်လည် ဟောကြားခဲ့ပြီး

နောက်လိုက်များလည်း ရှိလာကာ သက်တော်ရှစ်ဆယ် အရွယ်တွင် ပရိနိဗ္ဗာန်ပြုခဲ့ပါသည်။

ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး ဗုဒ္ဓဘာသာသည် ဂိုဏ်းငယ်လေးတစ်ခု အသွင် အဖြစ်

နှစ်ပေါင်းနှစ်ရာကျော် တည်ရှိ နေပါသော်လည်း ဘီစီသုံးရာခန့် တွင် အိန္ဒိယ

နိုင်ငံကို အုပ်ချုပ်သော အာသောကဘုရင်မင်း နန်းတက် ခဲ့ပါသည်။ ထိုဘုရင်

မင်းမြတ်သည် သူကိုယ်တိုင်ဗုဒ္ဓကို ကိုးကွယ်ခဲ့ရုံမျှမက သူ့ တိုင်းသူပြည်သား အား

ကိုလည်း ကိုးကွယ်စေခဲ့ပါသည်။ ထိုမျှမက အိမ်နီးချင်း နိုင်ငံများသို့လည်း

သာသနာပြုများ စေလွှတ်ခဲ့ပါသည်။ ထို့ ကြောင့် ယနေ့ ပညာရှင်များက

အာသောက ဘုရင်ကြောင့်သာ ဗုဒ္ဓဂိုဏ်းငယ်သည် ဘာသာကြီး တစ်ခု ဖြစ်သော

ရခြင်း ဖြစ်သည်ဟု ဆိုကြပါသည်။

အာသောကဘုရင် ကွယ်လွန်ပြီးနောက်ပိုင်း နန်းတက်သော

ဘုရင်များ ကဗုဒ္ဓဘာသာကို လက်မခံဘဲ နှိပ်ကွပ်ခဲ့ပြန် ပါသည်။ ထို့ကြောင့်

ယခုအခါ အိန္ဒိယ နိုင်ငံတွင်ဗုဒ္ဓဘာသာဝင်များမှာ ၄င်းနိုင်ငံရှိ လူဦးရေနှင့် အမျှမရှိ

သလောက်ပင် ဖြစ်ပါသည်။ သို့သော် အိမ်နီးချင်းနိုင်ငံများ အချို့တွင်တော့

ဗုဒ္ဓသာသနာ ထွန်းကားခဲ့ပြီး ယနေ့ကမ္ဘာပေါ်တွင် ဗုဒ္ဓကို သက်ဝင် ယုံကြည်

ကိုးကွယ်သူလူပေါင်း သန်းသုံးရာခန့် ရှိနေပါသည်။ အခြားသော ဘာသာဝင်များ

ဖြစ်သည့် ခရစ်ယာန် ဘာသာဝင် သန်း ၂၁၀၀ ကျော်၊ အစ္စလမ်ဘာသာဝင်

သန်း ၁၅၀၀ ခန့်နှင့် ဟိန္ဒူဘာသာဝင် သန်း ၉၀၀ ခန့်ရှိပါသည်။ ဆက်လက်ပြီး

အင်တာနက်တွင် ဗုဒ္ဓ ရှာဖွေ တွေ့ရှိကာ အလင်းပေး လမ်းပြခဲ့သည့် သစ္စာတရား

တွေ့ရပါသည်။

လေးပါး တရားတော်ကို လေ့လာကြည့် သော အခါ အောက်ပါအတိုင်း တွေ့ရပါသည်။

ဗုဒ္ဓ၏တရားကျွန်တော် ဝိညာဉ်ရေး နုငယ်စဉ် ဧဝံဂေလိတရားကို ဟောကြားရာ၌

ယေရှု ၏ အကြောင်းတစ်ခု တည်းကို သာ ဟောကြားသကဲ့သို့ ယေရှု၏

ကယ်တင်ခြင်း တရားနှင့် သမ္မာကျမ်းတစ်မျိုးတည်းကိုသာ လေ့လာပါသည်။

ဆရာသမားများ ကလည်း ထိုသို့ သာ ပြုကြဖို့ သွန်သင်ပါသည်။ သို့သော် တစ်နေ့

မိတ်ဆွေတစ်ဦးက ယေရှုသည်သာ လူသားအားလုံးအတွက် မှန်သော လမ်းနှင့်

တစ်ခုတည်းသောလမ်း ဖြစ်သည်ဟု ဆိုနိုင်ရလောက်အောင် သင်သည် ဘာသာ

တရားအားလုံး၏ တရားများကို သိ၍ ပြောနိုင်ခြင်း ဖြစ်ပါသလား? ဟု မေးခွန်း

ထုတ်လာပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဧဝံဂေလိတရားကို ဝေငှရာတွင်

အခြားသော ဘာသာ တရားများ၏ အကြောင်းကို လည်း လေ့လာ

ထားဖို့ လိုအပ်ပါသည်။ ဘာသာတရား အားလုံးကိုလေ့လာကြည့်ပါကလည်း

အလွန်ကောင်းမြတ်ကြပါသည်။

ယနေ့ ကျွန်ုပ်တို့ နေထိုင်ရာ တိုင်းပြည်တွင်ဗုဒ္ဓဘာသာဝင်ပေါင်း ၉၀%

ခန့်ရှိသည့်အတွက် သစ္စာတရား လေးပါးအကြောင်းကို သိထားဖို့ လိုအပ်ပါသည်။

နှိုင်းယှဉ်၍ အခြေအတင် ပြောဆိုဖို့ အကြောင်း မရှိသကဲ့သိုက ကောင်းမွန်ပြီးသား

ဘာသာတရားများကို နှိုင်းယှဉ်ပြီး ပြိုင်ဆိုင်ကြရန် အကြောင်းလည်း မရှိပါ။

အစွန်းရောက် ဘာသာဝင်အချို့မှ လွဲ၍ ဘာသာ တရားတိုင်းက ကောင်းတာကိုပဲ

လုပ်ကြဖို့ နည်းပေးလမ်းပြ သွန်သင်ကြပါသည်။ အင်တာနက်ဘာသာတရား

စာမျက်နှာမှ ဖေါ်ပြထားသော သစ္စာတရားလေးပါး အကြောင်းတရားတော်ကို

လေ့လာနိုင်ရန် ဖေါ်ပြပေး လိုပါသည်။

သစ္စာတရားလေးပါး

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ အနေနဲ့ ဒီစကြာဝဠာကြီးမှာ

ဘုံပေါင်း ၃၁ ဘုံရှိပါတယ်။ ကျွန်တော်တို့ လူသားများရှိနေတဲ့ လူ့ဘုံဟာ ၃၁ ဘုံရဲ

ပဉ္စမဘုံဖြစ်တယ်၊ လူ့ဘုံရဲ့အောက်မှာ ငရဲသားတွေ၊ တိရိစ္ဆာန်တွေ၊ ပြိတ္တာတွေ၊

အသူရကာယ်တွေ ရှိနေတဲ့ အပါယ်လေးဘုံရှိတယ်။ လူ့ဘုံရဲ့အထက်မှာ တော့

နတ်ပြည် ၆ ဘုံနဲ့ သူ့အထက်မှာ အမြင့်ဆုံး ဗြဟ္မာဘုံ ၂ဝ ရှိတယ်၊ စုစုပေါင်း ၃၁

ဘုံ။

၃၁ ဘုံသားတွေဟာ ကျရောက်ရာ ဘုံ အသီးသီးမှာ သူ့ ကာလ

အပိုင်းအခြားနဲ့ စံစရာရှိရင် စံ၊ ခံစရာရှိရင် ခံပြီး အဖန်တလဲလဲ ဘဝအမျိုးမျိုးမှာ

အသစ်အသစ်ဖြစ်နေ ရတဲ့အစဉ်ကြီးကို သံသရာလို့ ခေါ်တယ်။ ဒီသံသရာကြီးဟာ

ဘယ်လောက် ရှည်လျားသလဲဆိုတော့ ရေးရေးထင်မြင် လာအောင် သင်တို့ရဲ့

လက်ရှိဘ၀က နေပြီးတော့ ရှေ့ဘဝ ဘဝတွေကိုမျှော်ကြည့်စမ်းပါ၊ ဘဝအသစ်

အသစ်တွေဖြစ်ပြီးရင်း ဖြစ်ရင်းနဲ့ ဆင်းရဲမှု တာရှည်သလောက် သံသရာ

ကြီးဟာလည်း ရှည်လျားနေတာကို မှန်းဆနိုင်ကြလိမ့်မယ်၊ မိတ်ဆွေတို့

ထင်လွယ်မြင် လွယ်အောင် ဒီမှာရှိတဲ့ မိုးမျှော်တိုက် ကြီးတစ်ခုနဲ့ ထင်ဟပ်ပြီး

ပြပါမယ်၊ စောစောက ပြောခဲ့တဲ့ ၃၁ ဘုံကြီးဟာ ၃၁ ထပ်တိုက်ကြီးတစ်တိုက်

ဆိုပါတော့၊ သည် ၃၁ ထပ် တိုက်ကြီးထဲရောက်နေတဲ့ သူတွေအတွက် ထွက်စရာ

တံခါးပေါက်မရှိပါဘူး၊ ဒီတိုက်ကြီး အတွင်းမှာပဲ အထပ်တစ်ခုခုကို သွားလို့

ရပါတယ်။ ဘယ်လိုသွား မလဲ၊ ရိုးရိုးမိုးမျှော် တိုက်ကြီးထဲမှာတော့ သက်ဆိုင်ရာ

မလုတ်ကိုနှိပ်ပြီး သွားရတယ်။

အောက်ထပ် ဆင်းချင်ရင် အောက်ထပ် ခလုတ်ကိုနှိပ်ပြီး၊ အထက်ထပ်

သွားချင်ရင် အထက်ထပ် ခလုတ်ကို နှိပ်ရတယ် မဟုတ်လား၊ ၃၁ ဘုံနဲ့တူတဲ့ ၃၁

ထပ်တိုက်ကြီး ထဲမှာတော့ ရိုးရိုးတိုက်ကြီးထဲမှာ ခလုတ်နှိပ်ရတာလို့ မလွယ်ဘူး၊

ကာယကံ ရှင်ရဲ့ ကောင်းမှုကံ၊ မကောင်းမှုကံ ဆိုတဲ့ အကျိုးဆက် အတိုင်းသာ

ကောင်းတဲ့ အထပ်၊ ဆိုးတဲ့အထပ် တွေကိုရောက်ရတယ်၊ ကိုယ် ရောက်ချင်တိုင်း

ရောက်လို့မရဘူး။ ကျွန်တော်တို့ အခုရောက်နေတဲ့ အထပ်ဟာ ဟော့ဒီ ၃၁ ဘုံ ဆိုတဲ့

တိုက်ကြီးရဲ့ ပဉ္စမထပ် ဖြစ်တဲ့အကြောင်း ပြောခဲ့ပါတယ်။ ဒီအထက်ကနေပြီး

ကျွန်တော်တို့ ခေါ်သွားပြီးတဲ့နောက်ပိုင်း အထက်ကိုဖြစ်စေ၊ အောက်ကိုဖြစ်စေ၊

လက်ရှိအထပ်မှာပဲ အသွင်တစ်မျိုးနဲ့ဖြစ်စေ ကူးပြောင်း ရဦးမှာပါ၊ သည်တစ်ခါမှာ

ကောင်းတာ လုပ်ခဲ့သူအဖို့ ကောင်းတဲ့နေရာကို ရောက်ပြီး ဆိုးတာလုပ်ခဲ့သူအဖို့

ဆိုးတဲ့နေရာ ရောက်မှာ ဖြစ်ပါတယ်။

အသွင်တစ်မျိုးနဲ့ သို့မဟုတ် ပို၍ကောင်းတဲ့အသွင်၊ ယုတ်ညံ့ သွားသော

အသွင်တစ်ခုခုနဲ့, နတ်ဆိုရင်လည်း နတ်ဘုံမှာပဲ ပြန်ရောက်၊ လူဆိုရင်လည်း

လူ့ဘုံမှာပြန်ရောက်၊ တိရိစ္ဆာန် ဆိုရင်လည်း တိရိစ္ဆာန် တစ်မျိုးမျိုးပဲပြန်ဖြစ်ဆိုတာ

မျိုးလည်း ရှိနိုင်ပါတယ်၊ ဒါပေမဲ့ သည် ၃၁ ထပ်တိုက်ကြီးထဲကတော့ ထွက်လို့

မရပါဘူး၊ ဒီအတွင်းမှာပဲ ဟိုနေရာရောက် ဒီနေရာရောက် အဖန်တလဲလဲ

ရောက်နေတောပါပဲ။ ကဲ သည်လိုဆိုရင် မိတ်ဆွေတို့ အနေနဲ့ သည်လို အကျဉ်း

ထောင်နဲ့ တူတဲ့ ၃ထပ် တိုက်ကြီးထဲက မထွက်ဘဲ ဘယ်လောက် ကြာကြာနေနိုင်

ကြမလဲ၊ တိုက်ကြီးထဲမှာ ဘယ်လောက် ပျော်ပျော်ရွှင်ရွှင် နေရနေရ စားချင်တာ

စားရ လုပ်ချင်တာလုပ်ရ ဦးတော့ (ငါဟာ သည်တိုက်ကြီးထဲမှာ အကျဉ်းကျ

ခံနေရပါကလား) လို့ သိလာ တာနဲ့ တပြိုင်နက် ဒီသာယာမှုတွေကို နှစ်သက်

နိုင်ပါတော့မလား၊ ဒီလိုပဲနေသွား ချင်မလား၊ နေသွားလို့ ရမလား စဉ်းစား

ကြည့်ကြစမ်းပါ၊ သတ္တဝါတိုင်းဟာ ကိုယ်သွားချင်တဲ့နေရာကို သွားနိုင်တဲ့

လွတ်လပ်ခွင့်ကိုသာ ရရှိလိုတယ် မဟုတ်လား၊ ဒါကြောင့် မလွတ်လပ်တဲ့ ဘ၀မှာ

နေရတဲ့ သာယာမှုတွေဟာ တကယ်ဆိုတော့ ဆင်းရဲမှုတွေပဲ၊ ဒီလိုသဘောပေါက်

ထားရင် သံသရာကြီးမှာ ဘဝအသစ် အသစ်တွေ အဖန်တလဲလဲ ဖြစ်ပေါ် နေသမျှ

ကောင်းတဲ့ဘဝ ရောက်ရောက်၊ ဆိုးတဲ့ဘဝ ရောက်ရောက် ဆင်းရဲခြင်းပဲလို့ မြင်လာ

နိုင်ပါတယ်။

သည်အကြောင်းကို ထွက်ပေါက်မရှိတဲ့ ၃၁ ထပ်တိုက်ကြီး ဥပမာနဲ့

ထင်ဟပ်ကြည့်ကြဖို့ ပါပဲ၊ ဒါဟာဗုဒ္ဓဆိုလိုတဲ့ ဆင်းရဲခြင်းအမှန်တရားပါပဲ၊ ဇာတိ၊

ဇရာ ဗျာဒိတ်၊ မရဏ ဆိုတဲ့မှတ်သားလို့ရအောင် အမည် တပ်ထားတဲ့ ဝေါဟာရ

တွေအရ မွေးဖွားရခြင်း ဆင်းရဲ၊ အိုရ နာရ သေရခြင်းဆင်းရဲ ဆိုတာတွေကို သာမန်

အားဖြင့် နားလည်ထားတာထက် အခု ကျွန်တော်ရှင်းပြ ခဲ့တဲ့ တရား သဘောကို

ကြည့်မှသာ ဆင်းရဲမှု အမှန်တရားကို ရိပ်စားမိကြမှာ ဖြစ်ပါတယ်၊ အခုပြောခဲ့တာ

တွေဟာ ဗုဒ္ဓတရားရဲ့ မူလအခြေခံအကြောင်းဖြစ်တဲ့ ဆင်းရဲခြင်း အမှန်တရား

(ဒုက္ခသစ္စာ) ရဲ့ သဘောပါပဲ။

အားလုံး သစ္စာတရားလေးပါးရှိပါတယ်၊ ဒီသစ္စာတရားလေးပါးကို

မသိကြလို့၊ မကျင့်နိုင်ကြလို့ သတ္တဝါတွေဟာ ဘဝ အသစ်အသစ်တွေကို

တွယ်တာပြီး သံသရာကြီးထဲမှာ တပင်တပန်း ပြေးလွှားကျင်လည် နေရ

တယ်ဆိုတာ ဗုဒ္ဓက သိတော်မူတဲ့ အတွက်ဗုဒ္ဓပထမဆုံး ဟောပြော ပြသတဲ့

သစ္စာလေးပါးကို ထည့်သွင်းညွှန်ပြ ထားခြင်း ဖြစ်ပါတယ်။ ဒီသစ္စာ တရား လေးပါးကို

| ဓမ္မစကြာတရားတော်မှာ ဒုက္ခသစ္စာ၊ သမုဒယသစ္စာ၊ နိရောဓသစ္စာ၊ မဂ္ဂသစ္စာ ဆိုတဲ့

ကျွန်တော် ရှင်းပြပါမယ်။

ဒုက္ခသစ္စာ။

။ မွေးဖွားရခြင်းဆင်းရဲ၊ အိုရခြင်းဆင်းရဲ၊ နာရခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ

၊ ဝမ်းနည်း ခြင်း၊ ပူပန်ရခြင်း၊ နာကြည်းရခြင်း၊ ကြေကွဲ ရခြင်း

ဆင်းရဲနှင့် လိုချင်တောင့်တရာ မရ၍ ဆင်းရဲခြင်း ဆိုပြီးတော့ အချုပ် အားဖြင့်

ဆင်းရဲခြင်း အကြောင်းတရားငါးမျိုးကို ဒုက္ခသစ္စာလို့ ခေါ်ပါတယ်။

(၂) သမုဒယသစ္စာ၊ ၊ ဆင်းရဲခြင်း၏ အကြောင်းဖြစ်တဲ့ တပ်မက်တွယ်တာ

အမှန်တရားဖြစ်တယ်၊ ဒီတရား သဘောဟာ ဆင်းရဲခြင်းကို ဧကန် ဖြစ်တယ်

လို့ ဗုဒ္ဓက ညွှန်ပြတယ်၊ ဘ၀အသစ်၌ တဖန်ဖြစ်ရန် တပ်မက် တွယ်တာခြင်း

တဏှာလောဘနှင့် ယှဉ်၍ ဖြစ်စေ၊ ရာဂနှင့် ယှဉ်၍ ဖြစ်စေ တပ်မက်တွယ်တာခြင်း

မျိုးတွေဟာ သမုဒယသစ္စာ ဆိုတဲ့အမှန်တရား တစ်ခုပဲ ဖြစ်ပါတယ်။

(၃) နိရောဓသစ္စာ။ ။ ဒုက္ခအပေါင်း၏ ချုပ်ငြိမ်းရာဖြစ်ကြောင်း သိအပ်

မြင်အပ်တဲ့ အမှန်တရားကိုခေါ်ဆိုခြင်းဖြစ်တယ်၊ တဏှာလောဘကို ပယ်နိုင်

စွန့်နိုင်ဖို့၊ ခွာနိုင်ဖို့၊ ဖြတ်တောက်နိုင်ဖို့ သိမြင်အားထုတ်အပ်တဲ့ အမှန်တရား လို့

ဆိုပါတယ်။

(၄) မဂ္ငသစ္စာ။ ။ဒီမဂ္ဂသစ္စာ ဆိုတဲ့ အမှန်တရားကတော့ ဒုက္ခ၏ချုပ်ငြိမ်းရာ

နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကို ဆိုလိုပါတယ်၊ တစ်နည်းပြောရရင် ၃၁ ဘုံ

ထွက်မြောက်ရာလမ်းပါပဲ။

သည်ကျင့်စဉ်မှာရှိတဲ့ လမ်းရှစ်သွယ်ကတော့ ကောင်းစွာသိမြင်ခြင်း၊

ကောင်းစွာ ကြံစည်ခြင်း၊ ကောင်းစွာ ပြောဆိုခြင်း၊ ကောင်းစွာပြုခြင်း၊ ကောင်းစွာ

အသက်မွေးခြင်း၊ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ အောက်မေ့ခြင်း နှင့်

ကောင်းစွာတည်ကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။ မဂ္ဂင်ရှစ်ပါး လို့လည်း ခေါ်ပါ တယ်။

နောက်ဆုံးပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အစု သုံးစုခွဲလို့ ရပါတယ်။ ပညာ၊ သိက္ခာနဲ့

သမာဓိ ဆိုတဲ့ အစု သုံးစုဖြစ်ပါတယ်။

ပထမ အစုမှာပါတဲ့ လမ်းနှစ်သွယ်ကတော့ ကောင်းစွာ သိမြင်ခြင်း

ကောင်းစွာ ကြံစည်ခြင်း တို့ဖြစ်ပါတယ်။

ဒုတိယ အစုပါတာ ကတော့ ကောင်းစွာ ပြောဆိုခြင်း၊ ကောင်းစွာ ပြုခြင်း

ကောင်းစွာ အသက်မွေးခြင်း ဆိုတဲ့ ကျင့်စဉ်သုံးမျိုးဖြစ်ပါတယ်။

တတိယ အစုမှာ ပါတာကတော့ ကောင်းစွာ အားထုတ်ခြင်း၊ ကောင်းစွာ

အောက်မေ့ခြင်းနှင့် ကောင်းစွာ တည်ကြည်ခြင်း ဆိုတဲ့ စူးစိုက်ခြင်း သုံးမျိုးပဲ

ဖြစ်ပါတယ်။

ဗုဒ္ဓက ဒီမဂ္ဂင်ရှစ်ပါး ကျင့်စဉ်ရှစ်မျိုးကို အလယ်အလတ်ကျင့်စဉ်လို့

ညွှန်ပြခဲ့တယ်၊ အလယ်အလတ် ကျင့်စဉ်လို့ ဆိုရတဲ့ အကြောင်းကတော့ ဒီ

လမ်းစဉ်ဟာ အစွန်းနှစ်ဖက်ကို ရောက်အောင်မသွားဘဲ အစွန်း နှစ်ဖက်ကို ပယ်ဖို့ပါ

ဘယ်လို အစွန်းတွေပါလဲ၊ အစွန်းတစ်ခုကတော့ လောကကြီးရဲ့ သာယာမှုတွေမှာ

နစ်မြုပ်ပြီး သံသရာက လွတ်ရာလွတ်ကြောင်းကို မေ့လျော့ နေခြင်းဆိုတဲ့

အစွန်းတစ်ဖက်၊ တစ်ဖက်အစွန်း တစ်ခုကတော့ မိမိကိုယ်မိမိ အလွန်အကျူး

ညှဉ်းပန်းနှိပ်စက်ပြီး လောကကြီးက စွန့်ခွာနိုင်ဖို့ ကြိုးစားနေတဲ့ အစွန်းဖြစ်တယ်

ဒီနှစ်ပါးမှာ ပထမအစွန်းဟာ လောကအာရုံတွေကို အလွန်

ခင်တွယ်နေတဲ့အတွက် သည်လောကကြီးက မလွတ်မြောက်နိုင်ဘူး၊ ကာမ ချမ်းသာ

ခြင်းကိုသာ အဖန်တလဲလဲ ခံစားခြင်းဖြစ်လို့ ဗုဒ္ဓက ငြင်းပယ် ပါတယ်။ ဒုတိယ

အစွန်းကတော့ မိမိကိုယ်၏ ပင်ပန်းခြင်းကို အဖန်တလဲလဲ ဖြစ်စေ တတ်ပြီး

ဒီလောကကြီးက လွတ်မြောက်အောင် မဆောင်ရွက်နိုင်တဲ့ အတွက် ဗုဒ္ဓက ပယ်ခြင်း

ဖြစ်ပါတယ်။

ဒါကြောင့်ဗုဒ္ဓက အထက်မှာ ပြောခဲ့တဲ့ မဂ္ဂင်ရှစ်ပါးကို အလယ် အလတ်

ကျင့်စဉ်လို့ ညွှန်ပြခြင်း ဖြစ်တယ်၊ ဒုက္ခက ချုပ်ငြိမ်း အောင်ပြုလုပ်တဲ့ နည်း

လက်တွေ့ ဥပမာနဲ့ပြောရရင် အနာရောဂါတစ်ခုကို ပျောက်ကင်း အောင် ရောဂါရှိ

အကြောင်း အရင်းကို ရှာပြီး ဒီရောဂါနဲ့ကိုက်ညီမယ့် ဆေးဝါး ကိုအသုံးပြု ကုသရတဲ့

ဥပမာပါပဲ၊ ဒုက္ခဟာ ရောဂါ ဆိုပါတော့၊ ရောဂါ ဖြစ်ရခြင်း အကြောင်းအရင်းကို

သိအောင် လုပ်ရသလို ဒုက္ခ ဖြစ်ရာဖြစ်ကြောင်း၊ တပ်မက် တွယ်တာမှုတွေက

တွေ့အောင်ရှာ ရပါတယ်၊ နောက်ဆုံး ဆေးနဲ့ ပျောက်အောင် ကုသ ရသလို

ဒုက္ခမှ လုံးလုံးလျားလျား လွတ်မြောက်အောင် သွားနိုင်တဲ့ အကျင့်ကို လက်တွေ့

ကျင့်ရပါတယ်၊ သည်အကျင့်ကို အထက်က ပြောခဲ့တဲ့အတိုင်း အလယ်အလတ်

အကျင့်လို့ခေါ်ပြီး လမ်းရှစ်လမ်း ပါဝင် ကြောင်း ညွှန်ပြခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမျှဆိုရင် ဗုဒ္ဓဟာ သတ္တဝါများ အပေါ် အဘယ်မျှလောက် ကရုဏာ

ကြီးမား တော်မူတယ်ဆိုတာ မိတ်ဆွေတို့ စဉ်းစားလို့ ရလောက်ပြီ ထင်ပါ တယ်

ဒီ ဘဝ ကနေပြီး အဖန် တလဲလဲ ဆင်း ရဲကျင်လည် နေ ရမယ့်အရာမှ

လွတ်မြောက်ရာ လမ်းကို ဗုဒ္ဓက ညွှန်ပြတော်မူခဲ့ပါတယ်။

ပိဋကတ်သုံးပုံ အကြောင်း

မေးခွန်း။ ။ ဗုဒ္ဓသည် ကျမ်းတစ်စောင်မပြောနှင့် စာတစ်လုံးပင်မရေးခဲ့ပါ

ဗုဒ္ဓဘာသာကို သာသနာပြုခဲ့သော အိန္ဒိယတွင် ကျမ်းကိုပြုစုလျှင် နီးစပ် သော်လည်း

တကျွန်းတစ်နိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် ဗုဒ္ဓလွန်ပြီး ၄၅၈ နှစ်ကြာမှ ပြုစုသည်ဟု

သိရပါသည်။ ထိုကြောင့် ထိုတရားများတို့သည် ဗုဒ္ဓ တရားစစ်များ ဟုတ်ပါ

မည်လား… လိုတာ ပိုတာ မရှိနိုင်ဘူးလား.. ? ကျွန်တော်က ဆွေးနွေး မေးမြန်း

ကြည့်သောအခါ

အဖြေ။ ။ ဗုဒ္ဓဟောကြားခဲ့သော ပိဋကတ်တော်များဟာ နွေဦးကာလမှာ ရွက်နု

သစ်များနှင့် ပင်လုံးကျွတ် ဖူးငုံပွင့် နေသောပန်းမာလာတို့ဖြင့် အစီအရီ ရွှန်းရွှန်း

အိအိအသရေရှိလှသော တောအုပ်ကြီးထဲကပန်းများကဲ့သို့ ပါပဲ ဟု ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာမှာ တောအုပ်ထဲက ပန်းပွင့်တွေပြန့်ကျဲ နေတာကိုကျွမ်းကျင်တဲ့ပန်းသီ သူတွေဟာ အဖူး၊ အငုံ၊ အပွင့် အကြီး အသေး တူရာတွေကို

သပ်ရပ်စွာစနစ်တကျသီကုံးသလို့ပြုစုခဲ့ကြတာပါ

ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊

ဝါတော်အနေအားဖြင့်(၄၅)ဝါအတွင်း

ဟောကြား ခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီစဉ်ဖို့ ရန်

ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီး တစ်လအကြာ

ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင် ဆရာတော်သည် အရှင်မဟာကဿပဖြစ်၍

အရှင်ဥပါလိမထေရ်က ဝိနည်းအရာတာဝန်ယူ၍၊ အရှင်အာနန္ဒာက သုတ္တန်အရာ

တာဝန်ယူပါတယ်၊ အရှင်မဟာကဿပဆိုတာလည်း ဓူတင်ဆောင်ရာမှာ ဧတဒဂ်

အရှင်ဥပါလိမထေရ်ဆိုတာကလည်း ဝိနည်းဆောင်ရာမှာ ဧတဒဂ်၊ အရှင် အာနန္ဒာ

ဆိုတာကလည်းဗုဒ္ဓရဲ့ အနီးကပ်အလုပ်အကျွေးနှောက်ပြီးတရား ဘဏ္ဍာရေးမှူး

သာသနာ့အာဇာနည်တွေဟာဗုဒ္ဓဟောကြားခဲ့သောပိဋကတ်တော်များကိုတူရာ

တူရာ စုစည်းလိုက်တဲ့အခါ

သုတ် – ကျင့်သုံးရမည့်နည်းလမ်း

ဝိနည်း – လိုက်နာရမည့်စည်းကမ်း

အဘိဓမ္မာ- ပညာ ဆိုပြီးပိဋကတ်သုံးပုံရခဲ့ပါတယ်

ထေရဝါဒ ဗုဒ္ဓဘာသာဟာဗုဒ္ဓဟောကြားတော်မူခဲ့သည့် မူရင်း တရားတော်

များကို အသစ်လည်းမထည့် အဟောင်းကိုလည်း မပယ်နှုတ် ပြင်ဆင်ရေးဆွဲမှု

မပြုလုပ်ပဲ သံဃသာမဂ္ဂီ (တူညီသောသဘောထား၊ စည်းလုံး ညီညွတ်ခြင်း၊

စည်းကမ်းလိုက်နာခြင်း) ဖြင့် ဂုဏ်ယူစွာထိန်းသိမ်း လာခဲ့တာ ဖြစ်ပါတယ်

ဒါကြောင့်ပိုတာ လိုတာမရှိနိုင်ပါ။

ဒီ ပိဋကတ်တော်တွေမှာ ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်သူက

ဘာအကြောင်းကြောင့် ဟောကြား ခဲ့ပါသည် ဆိုပြီးတိတိကျကျ ရှိပြီးသား တွေပါ

သုတ်တွေမှာ ဧဝံမေသုတံ ( အရှင်ဘုရား တပည့်တော် ဤသို့ ကြားနာ ရခဲ့ပါသည်)

ဆိုတာ သုတ်တိုင်းမှာပါပါတယ် သေချာလေ့လာကြည့်ပါ။

သိသင့်တယ်ထင်တဲ့ ထေရဝါဒသင်္ဂါယနာ- သမိုင်းပါ ၊ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီး

ပထမသင်္ဂါယနာ တင်ချိန်က စတင်၍ (အင်္ဂလိပ်လို-B.E ) သုံးကာ ဗုဒ္ဓသာသနာ

နှစ်ကို စတင်ရေတွက်ပါသည်။ -သင်္ဂါယနာ- ဟူသည် စုပေါင်းရွတ်ဆိုခြင်းဟု

အဓိပ္ပါယ်ရပါသည်။

ဘုရားရှင်ဟောကြားခဲ့သော ပိဋကတ်တော်တို့ ကို အရှင်မဟာကဿပ

မထေရ်အဆက်ဆက်တို့ ဆက်ကာဆက်ကာ ဆောင်ယူထိန်းသိမ်းခဲ့တဲ့

စသောအစဉ်အလာကို အစွဲပြု၍ -ထေရိက ၊ နောက် မထေရ် အစဉ်အဆက်တို့

ထိန်းသိမ်းခဲ့သောဗုဒ္ဓ အယူဝါဒ အနေအားဖြင့် ထေရဝါဒသာသနာ-အဖြစ်

အမည်တွင်ခဲ့ပါသည်။

ဘီစီ – ၅၄၃-(မြန်မာလလို – ကဆုန်လပြည့်၊ အင်္ဂါနေ့)တွင် ဘုရားရှင်

သက်တော်(၈၀)၊ဝါတော် (၄၅)တွင် ကုသိနာရုံ၊ အင်ကြင်းတော၌ ပရိနိဗ္ဗာန်

ပြုတော် မူပါသည်။

-ကဆုန်လဆုပ် ( ၅ )ရက်၊တနဂ်နွေနေ့တွင် အလောင်းတော်ကို မီးပူဇော်ပါသည်။

ပထမသင်္ဂါယနာ

ဘုရားရှင် သက်တော်(၃၅-မှ-၈၀)အတွင်း၊ ဝါတော် အနေအားဖြင့်(၄၅)ဝါ

အတွင် ဟောကြားခဲ့သော ပိဋကတ်တော်များကို တစ်စုတစ်ဝေးတည်း စီစဉ်

ဖို့ ရန်ဘုရားရှင် ပရိနဗ္ဗာန်ပြုပြီး တစ်လအကြာ –

ဘီစီ-၅၄၃-မှာ ပထမဆုံး သင်္ဂါယနာကို ရာဇဂြိုလ်မြို့၊ သတ္တပဏ္ဏိလှိုဏ်ဂူ၌

ပိဋကတ်တော်များကို စုပေါင်းရွတ်ဆိုခြင်းဟူသော သင်္ဂါယနာတင်ကြပါသည်။

ပထမသင်္ဂါယတင်ပွဲမှာ ဦးဆောင်ဆရာတော်သည် အရှင်မဟာကဿပ

ဖြစ်၍ အရှင်ဥပါလိမထေရ်က ဝိနည်းအရာတာဝန်ယူ၍၊ အရှင် အာနန္ဒာက

သုတ္တန်အရာတာဝန်ယူပါသည်၊ အဖွဲ့ဝင်သံဃာတော် (၅၀၀) ဖြစ်ပါသည်။

ဝါခေါင်လဆုပ် (၅)က စတင်ကျင်းပကာ (၇)လကြာပါသည်။ အထောက်အပံ့

ဒကာတော်သည် အဇာတသတ်မင်း ဖြစ်ပါသည်။

> ဒုတိယသင်္ဂါယနာ

(BC -443/B.E-100) သာသနှစ် (၁၀၀)အရောက်မှာ ဝေသာလီမြို့ ဝါဠုကာရုံ

ကျောင်းမှာ ဒုတိယ သင်္ဂါယနာ တင် ပါသည်။ ဦးဆောင် ဆရာတော်သည်

အရှင်ယသဖြစ်ပါသည်။ အရှင် သဗ္ဗမိမထေရ်နှင့် အရှင်ရေ၀တ မထေရ်တို့ က

အဓိကတာဝန်ယူကာ ပိဋကတ်တော်များကို ရွတ်ဆိုကြပါသည်။ အဖွဲ့ဝင်

သံဃာတော် (၇၀၀) ဖြစ်ပါသည်။ (၈)လ ကြာပါသည်။ အထောက်အပံ့ပေးသော

ဒကာသည် အာသောကမင်း ဖြစ်ပါသည်။

တတိယသင်္ဂါယနာ-

(BC-249/B.E-300) သာသနာနှစ် (၃၀၀)အရောက်မှာ ပါဋလိပုတ်မြို့တော်၊

အသောကာရုံကျောင်း၌ တတိယသင်္ဂါယနာ တင်ပါသည်။ ဦးဆောင် ဆရာတော်မှာ

အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်ဖြစ်၍ အရှင်မဟာကဿပ မထေရ်နှင့်

ကာကဏ္ဍ၏သားဖြစ်သော အရှင်ယသမထေရ်တို့က အဓိက တာဝန်ယူ ဆောင်ရွက်

ပါသည်။ အဖွဲ့ဝင်သံဃာတော်အရေအတွက်မှာ (၁၀၀၀) ဖြစ်ပါ သည်။ ဤ

သံင်္ဂါယနာတင်ပွဲ၌ ဝိနည်းရေးရာများကို အဓိကထားကာ ဆွေးနွေးခြင်း ပြုလုပ်

ကြပါသည်။ အထောက်အပံ့မင်းမှာ အသောကမင်းကြီး ဖြစ်ပါ သည်။ ဤတတိယ

အင်္ဂါယနာသည် (၉)လ ကြာပါသည်။

တတိယသင်္ဂါယနာတင်ပြီးချိန်ကစပြီး (၉)တိုင်း (၉)ဌာနတို့ သို့

အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် နှင့် အသောကမင်းကြီးတို့ တာဝန် ယူကာ

သာသနာပြု စေလွှတ်တော်မူပါသည်။

(၉)တိုင်း (၉)ဌာနနှင့် သာသနာပြုမထေရ်များ –

၁။ကသ္မီရနှင့်ဂန္ဓာရအရပ်= အရှင်မဇ္ဈန္တိကမထေရ် ဦးဆောင်ကာကြွ။

၂။မဟိံသကအရပ်= အရှင်မဟာဒေ၀မထေရ် ဦးဆောင်ကာကြွ။

၃။ဝနဝါသိ အရပ် = အရှင် ရက္ခိတမထေရ် ဦးဆောင်ကာကြွ။

၄။အပရန္တအရပ်=အရှင်ယောနကဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။

၅။မဟာရဋ္ဌအရပ်= အရှင်မဟာဓမ္မရက္ခိတမထေရ် ဦးဆောင်ကာကြွ။

၆။ယောနကအရပ်=အရှင်မဟာရက္ခိတမထေရ် ဦးဆောင်ကာကြွ။

၇။ဟိမဝန္တာအရပ်= အရှင်မဇ္ဈိမမထေရ် ဦးဆောင်ကာကြွ။

၈။ သုဝဏ္ဏဘူမိအရပ် အရှင်သောဏမထေရ်နှင့် အရှင်ဥတ္တရမထေရတို့

ဦးဆောင်ကာကြွ။

၉။ တမ္ဗပဏ္ဏိ (သီဟိုဠ်)အရပ်= အရှင်မဟိန္ဒမထေရ် ဦးဆောင်ကာကြွ။

စတုတ္ထသင်္ဂါယနာ-

– (B.C 94/ B.E 450) သာသနာတော်သက္ကရဇ် (၄၅၀)-အရောက်တွင် သီဟိုဠ်

မလယဇနပုဒ်၊ အာလောက လှိုဏ်တွင် စတုတ္တသင်္ဂါယနာတင်ပါသည်။ ဦးဆောင်

ဆရာတော်မှာ မဟာဓမ္မရက္ခိတမထေရ် ဖြစ်၍ အဖွဲ့ဝင် ဆရာတော် အရေအတွက်

သည် (၅၀၀) ဖြစ်ပါသည်။ -၁-နှစ်အချိန်ယူကာ သင်္ဂါယနာ တင်ခဲ့ကြပါသည်။

အထောက် အပံ့ပေးသော ကာသည် ဝဋဂါမဏိမင်း ဖြစ်ပါသည်။ ဤစတုတ္ထ

သင်္ဂါယနာတွင် ပိဋကတ်တော်များ ကို ပေရွက်တွင် အက္ခရာရေးခြင်းဖြင့် သင်္ဂါယနာ

တင်ခဲ့ကြပါသည်။

» ပဉ္စမသင်္ဂါယနာ

– A.D -၁၈၇၁/ဗုဒ္ဓသာသနာတော်နှစ် ၂၄၁၅-ခု/ မြန်မာသက္ကရစ် -၁၂၃၂-ခုနှစ်

တန်ဆောင်မုန်းလတွင် မြန်မာနိုင်ငံ၊ မန္တလေးတောင်ခြေတွင် ပဉ္စမ သင်္ဂါယနာ

တင်ပါသည်။ ဦးဆောင်ဆရာတော်မှာ မန္တလေး၊ ဒက္ခိဏာရာမ ကျောင်းတိုက်

ဆရာတော် အရှင်ဇာဂရာဘိဝံသမထေရ်ဖြစ်၍၊ အဖွဲ့ဝင် ဆရာတော်

အရေအတွက်မှာ ၂၄၀၀-ဖြစ်ပါသည်။ အထောက်အပံ့ဒကာမှာ မင်းတုန်းမင်းကြီး

ဖြစ်ပါသည်။ ဤ ပဉ္စမသင်္ဂါယနာတွင် ပိဋကတ်တော်များကို ကျောက်ထက်

အက္ခရာတင်ခြင်းဖြင့် သင်္ဂါယနာ တင်ခဲ့ကြပါသည်။ ကျောက်ချပ် ရေ-၇၂၉-

ချပ်ရှိပါသည်။ ကျောက်ထက်အက္ခရာတင် ရာ၌ ကြာချိန်မှာ (၇)နှစ်၊ (၆)လနှင့်

(၁၄) ရက်ကြာပါသည်။ (ယနေ့ မန္တလေးတောင်ခြေတွင် တည်ရှိပြီး ကမ္ဘာ့အကြီးဆုံး

စာအုပ်အဖြစ် ကမ္ဘာက မှတ်တမ်းတင်ထားပါသည်။)

– ဆဋ္ဌသင်္ဂါယနာ-

A.D ၁၉၅၄ -၅၆/ဗုဒ္ဓသာသနာတော်နှစ် ၂၄၉၅)-ခု၊ မြန်မာသက္ကရဇ် ၁၃၁၆-

ခု၊ ကဆုန်လပြည့်နေ့ တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ မဟာပါသာဏ

လှိုဏ်ဂူ၌ ဆဋ္ဌသင်္ဂါယနာတင်ပါသည်။ ဦးဆောင် ဆရာတော်မှာ ညောင်ရမ်း

ဆရာတော် အရှင်ရေ၀တမထေရ်ဖြစ်၍၊ အဓိကတာဝန်ယူ ရွတ်ဖတ်သရဇ္ဈာယ်

သော မထေရ်များမှာ မဟာစည် ဆရာတော်နှင့် မင်းကွန်းဆရာတော်တို့

ဖြစ်ပါသည်။

အဖွဲ့ဝင်ဆရာတော် အရေအတွက်မှာ ထေရဝါဒ (၅)နိုင်ငံ (သီရိ လင်္ကလာ၊

မြန်မာ၊ ထိုင်း၊ လော၊ ကမ္ဘောဒီးယား) တို့မှ (၂၅၀၀)သော မထေရ်တို့ဖြစ်ပါသည်။

အခြားသော နိုင်ငံ (၂၄)နိုင်ငံတို့မှလည်း အကူ အညီများ ပေးကြပါသည်။

အထောက်အပံ့ ဒကာမှာ ဝန်ကြီးချုပ် ဦးနုနှင့် မြန်မာပြည်သူ၊ ပြည်သားများ

ဖြစ်ပါသည်။

မှတ်ချက်။ ။ ဤဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ပါဠိတော်တင်မက အဋ္ဌကထာ၊

ဋီကာများကိုပါ ပြန်လည် စစ်ဆေး ဆုံးဖြတ်ခြင်းဖြင့် သင်္ဂါယနာတင်ခြင်း ဖြစ်ပါသည်။

ယနေ့ ဘုရားကို လူတို့ မမြင်ဘူးလိုက်ကြပါ၊ ဘုရားဟောကျမ်းများက

ဘုရား၏ သက်သေပင် ဖြစ်သည့်အတွက် မိမိကိုးကွယ်ရာ ကျမ်းကို ဘာသာဝင်တိုင်း

လေ့လာကြဖို့ လိုအပ်ပါသည်။ မိမိကျမ်းကိုမျှပင် မမြင်ဘူး မလေ့လာဘူးပါပဲ

အခြားတပါးသော ဘာသာတရားကို ဝေဖန်ခြင်းသည့် သဘာဝမကျသည့်အတွက်

အင်တာနက်စာမျက်နှာပေါ်တွင် အောက်ပါမေးခွန်းကို ထပ်မံ၍ဆွေးနွေးမေးမြန်း

ကြည့်ခဲ့ပါသည်။

မေးခွန်း။ ။ ဘုရားကို ယနေ့ ကျွန်ုပ်တို့ လူသားတိုင်း မမြင်ဘူးလိုက်ကြပါ၊ ဘုရားဟော

ကျမ်းများက ဘုရား၏ သက်သေပင် မဟုတ်ပါလား၊ ထိုကျမ်းကို လေ့လာဖူး

ပါသလား၊ မြင် တောင်မြင် ဖူးပါရဲ့လား “

အဖြေ။ ။ ဘယ်ဘုရားကိုဆိုလိုသည်မသိပါ။ ဖန်ဆင်းရှင်ဆိုရင်တော့ ဟုတ်ကောင်း

ဟုတ်နိုင်ပေမဲ့ ဗုဒ္ဓကို ဆိုရင်တော့ဗုဒ္ဓဟာလူသားစစ်စစ်ဖြစ်တဲ့အတွက် ဘုရား

ဖြစ်အောင် မကျင့်ခဲ့စဉ်တုံးက မိခင် ဖခင် ဇနီး သား နောက်လိုက်ခြွေရံများနှင့်

သာမန်လူများထက်ပိုတဲ့မင်းစည်းစိမ်ကိုကောင်းမွန်စွာခံစားခဲ့ပါတယ်။ နောက်ပြီး

သာမန်လူတွေမစွန့်လွတ်နိုင်တဲ့ ထီးနန်းစည်းစိမ်တွေကိုမမက်မောပဲ စွန့်လွတ်

ခဲ့ပါတယ်။ သာမန်လူတွေ မလုပ်နိုင်တဲ့ ဒုက္ကရစရိယာ အကျင့်ကိုခက်ခဲပင်ပန်းစွာနဲ့

ကျင့်ခဲ့ပြီးမှ ဘုရားအဖြစ်ကိုရခဲ့တဲ့ ပါရမီရှင်အံဖွယ် လူသားပါ။

ဗုဒ္ဓဟာ သူကိုယ်တိုင်သိတဲ့ တရား တွေကို လူသားများ သိရှိစေရန် အတွက်

လမ်းပြခဲ့သူပါ။ ဆိုတော့ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကာလက လူတွေ ကတော့

ဗုဒ္ဓကိုမျက်ဝါးထင်ထင် ဖူးမြင်ခွင့် ရခဲ့ကြ ပါတယ်။ ယနေ့ခေတ် အတွက်တော့ဗုဒ္ဓရဲ

တပည့် သာဝက များရဲကျေးဇူးကြောင့်ဗုဒ္ဓဟောကြားခဲ့တဲ့ တရားများကို သိခွင့်ရပြီး

ထို အသိ တရားများကပေးတဲ့ ကောင်းမှုတွေကို ဆောင်မယ် မကောင်းမှု

`တွေကိုရှောင်မယ် ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် မိမိရဲ့စိတ်ကို ဖြူစင်အောင်ထား

ရမယ် ဆိုတာကိုကျင့်ကြည့်ရင် ကိုယ်ကျင့်သုံး သလောက် အကျိုးကျေးဇူးတွေကို

လက်တွေ့ခံစား သုံးဆောင် နိုင်ခြင်းအားဖြင့် အခုအချိန်မှာဗုဒ္ဓကို မြင်နိုင်ပါတယ်။

ဗုဒ္ဓက လူသားများရှောင်ရန် မကောင်းမှု (၁၀) ပါး

၁။သူ့အသက်သတ်မှု

၂။ သူ့ဥစ္စာ ခိုးမှု

၃။ ကာမဂုဏ်တို့တွင်ယုတ်ယုတ်မာမာကျင့်ကြံမှု ဆိုတဲ့ ကာလ္လစရိုက် (၃)ပါး

၄။ မုသားပြောဆိုမှု

၅။ ချောပစ်ကုန်းတိုက်မှု (ချစ်သူနှစ်ဦးကွဲသွားအောင် (သို့) မိမိအား ချစ်ခင်

လာအောင် ချစ်သူနှစ်ဦးကို ရန်တိုက်ပေးမှု)

၆။ အယုတ်တမာ ဆဲဆိုမှု

၇.။သိန်ဖျင်းသောစကားကိုပြောဆိုမှု ဆိုတဲ့ ဝစီဒုစရိုက် (၄)ပါး

၈။သူတပါး ရဲ့စည်းစိမ်ဥစ္စာကို ငါ့ဥစ္စာဖြစ်ရင်ကောင်းလေစွ ဟုမတဟရားကြံစည်မှု

၉။သေကြေ ပျက်စီးသွားလျှင် ကောင်းလေစွ ဟုသူတပါးကိုပြစ်မှားမှု

၁၀။ကံနှင့်ကံ၏ အကျိုးကို မယုံသည့် အယူမှားမှု ဆိုတဲ့ မနောဒုရိုက် (၃)ပါး

ဆိုတဲ့ မကောင်းမှု ဒုစရိုက်တရား (၁၀) ပါးဟာ အပါယ် ရောက်ကြောင်း

မကောင်းသောလမ်း ဖြစ်စေတတ်သော အကုသိုလ်ကံတွေပါ

ထို (၁၀) ပါးကို –

၁.ကိုယ်တိုင်ပြုလုပ်ခြင်း

၂. သူတပါးကိုပြုခိုင်းခြင်း

၃. ဒုစရိုက်ပြုလျှင်ရနိုင်မည့်လောကီအကျိုးကိုပြောပြခြင်း

၄. သူတပါးတို့ အလိုအလျောက်ပြုနေသည်ကိုသဘောတူခြင်း ဆိုတဲ့ (၄)မျိုးထဲက

တစ်မျိုးမျိုးနဲ့ ပြုခဲ့ ပြောခဲ့ ကြံစည် ခဲ့မယ်ဆိုရင် ကိုယ်ပြုခဲ့တဲ့ ကံကြီးရင်ကြီးသလောက်

ငရဲ ပြိတ္တာ တိရိစ္ဆာန် ဆိုတဲ့ ဒုဂတိဘုံကို ရောက်မှာပါ

ဒီ (၁၀)ပါးကိုရှောင်ကြဉ်ပြီး သူနဲ့ဆန့်ကျင်ဖက်ဖြစ်တဲ့ ကောင်းမှု တွေကို

ပြုလုပ်ရင်တော့ သုဂတိဘုံတွေ ဖြစ်တဲ့ လူ့ဘုံ နတ်ဘုံကို ရောက်မှာလို့ ညွှန်ပြ

ခဲ့ပါတယ်။ ဗုဒ္ဓကို ကိုးကွယ်သည်ဖြစ်စေ မကိုးကွယ်သည်ဖြစ်စေ ဒီအချက်

တွေကိုလိုက်နာရင် ကောင်းကျိုးရမယ် မလိုက်နာရင်ဆိုးကျိုးရမှာပဲ ကိုယ့်ပေါ်

မှာပဲအပြည့်အဝ မူတည်တယ် ကယ်တင်ရှင်ကြီးဆိုပြီးကြောက်လန့် ရခြင်း

လာဘ်ထိုးခြင်း၊ ခြိမ်းခြောက်ခံရခြင်းလုံးဝမရှိတဲ့ ဒီမိုကရေစီအပြည့်အဝရတဲ့

ဘာသာကြီးတစ်ခုပါပဲ ဟု ဖြေကြားပေးထားပါသည်။

ကံ ကံ၏ အကျိုး

ကျွန်တော်ငယ်စဉ်က စာကလေးတစ်ကောင်ဟာ အိမ်ထဲကို မှားဝင်

လာမိပြီး မှန်ပြူတင်းပေါက်မှ ပြန်ထွက်ဖို့ ကြိုးစားနေပါသည်။ ထိုမှန်ကို

ထိုးဖေါက်၍ မြင်နေရသော အပြင်လောကသို့ လွတ်မြောက်ဖို့ ကြိုးစားရင်း

အတောင်များ ပြောင်းလာသည့်အတွက် ကြမ်းခင်းပေါ်သို့ ပြုတ်ကျလာသော အခါ

အသင့်စောင့် နေသော ကြောင်ကလေးက ခုတ်စား လိုက်ပါတော့သည်။ အမှန်မှာ

၄င်း လွတ်မြောက်ဖို့ ကြိုးစားနေသည့် မှန်ပြူတင်းပေါက်နှင့်ကပ်လျက် အထက်

နားတွင် လေဝင်ပေါက် ရှိနေပါသည်။ စာကလေးကတော့ ရအောင် ကြိုးစားမည်

ဆိုသည့် ဇွဲရှိသော်လည်း ရွေး ချယ်ထားသည့် လမ်းက မလွတ်မြောက်နိုင်မှန်း

မသိခြင်း၊ သို့ မဟုတ် ငါဆိုသည့် အဖွဲ့ဖြင့် မိမိရွေးချယ်ထားသောလမ်းကို

လက်မလွှတ်လိုပဲ ရအောင်ကြိုးစားမည်ဟူသော စိတ်ဖြင့် ခေါင်းမာခြင်းတို့ကြောင့်

ဖြစ်နိုင်ပါသည်။

ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လဆိုသည့် စကားလုံးများတို့သည် လွန်စွာ

တင့်တယ်သော်လည်း မိမိရဲ့ ရွေးချယ်ထားသောလမ်းက မှားနေလျှင် ထိုကြိုးစား

အားထုတ်မှုနှင့် ဇွဲရှိမှုတို့ သည် အချည်းနှီးပင် ဖြစ်ပါ တော့သည်။ အမှန်မှာ ၄င်း

စာကလေးသည် အထက်သို့ အနည်းငယ်ပျံသန်း၍ စူးစမ်း လေ့လာ ကြည့်မည်

ဆိုလျှင် လွတ်မြောက်ရန် လမ်းမှန်ကို မြင်တွေ့နိုင်မည် ဖြစ်ပါသည်။

အကုသိုလ်တရားများရဲ ချုပ်နှောင်မှုမှလွတ်မြောက်ရန်ဗုဒ္ဓဘာသာ ရဲ့

“တရားတော်များဟာ အလွန် မွန်မြတ်ပြီး ကောင်းတဲ့ လမ်းစဉ်များ ဖြစ်ပါသည်။

ဒါပေမဲ့ မကျင့်နိုင်ရင်တော့ သံသရာက လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ၃၁ဘုံသား

သက်ရှိသတ္တဝါများအားလုံးတို့ ဟာ သံသရာက လွတ်မြောက်ရန် နည်းအမျိုးမျိုး

လမ်းအသွယ်သွယ်နဲ့ သွားနေကြတဲ့ ခရီးသည်များဖြစ်ကြ ပါတယ်။ ခရီးသည်

ဆိုသည်မှာ ကိုယ်သွားရမည့် လမ်းကို သိရပါမည်၊ ထိုလမ်း ဟာလည်း လိုရာခရီး

ရောက်မရောက် သိဖို့ လိုပါသည်။ လမ်းမသိဘဲ ခရီးသွား နေသူသည် မျက်စိမမြင်ဘဲ

ခရီးသွား နေသည့်သူနှင့် အတူတူပင်ဖြစ်ပါသည်။

သွားမည့်လမ်းကို သိသူဆိုက သွားနိုင်သော အင်အားရှိပါရဲ့လား?

သွားသင့်သည့်လမ်းကိုရော ရွေးပြီးပြီလား? လမ်းကိုလည်း သိသည်၊ ရွေးချယ်

မှုလည်း ပြုပြီးပြီဆိုက ထိုလမ်းအတိုင်း တကယ် လျှောက်နေ ပါပြီလား?

အစရှိတဲ့မေးခွန်းများ ပေါ်လာဖို့ ရှိပါသည်။ သိတော့သိတယ် တကယ်မလုပ် သေးဘူး

  • ဆိုလျှင် တကယ် မသိသေးသူပင် ဖြစ်ပါသည်။ အနှစ်သာရကို သိသူက ဆုပ်ကိုင်မိဖို့

အဲဒီတရားကို တကယ်ကျင့်ဖို့ လိုပါသည်။ မလုပ်ရသေးက အနှစ်သာရကို တကယ်

မသိသေးသူသာ ဖြစ်ပါသည်။

ယနေ့ လူတိုင်း၏ နှုတ်ဖျားတွင် ကံကံ၏ အကျိုးပေါ့ဟု အလွယ် ဆိုတတ်

ကြပါသည်။ ကံကံ၏ အကျိုးဆိုသည့် တရားစကား၏ အနက်အဓိပ္ပါယ်ကို အဘယ်

အတိုင်းအတာထိ လေ့လာသိရှိထားပါသနည်း? ကံ ဆိုသည်မှာ အဘယ်နည်း?

ကံ ဘယ်နှစ်မျိုးရှိပါသနည်း?

အနှစ်ချုပ်ကို ဖေါ်ပြပေးရပါက ကံဆိုသည်မှာ အလုပ်ဖြစ်ပြီး ကံ ကံ၏

အကျိုးဆိုသည်မှာ ကိုယ်စိုက်သည့် အတိုင်း ကိုယ်ရိတ်ရမည် ဖြစ်ပါသည်။

ကံဆိုသည့် အလုပ်နှင့်ပတ်သက်ပြီး ကာယကံ၊ ဝစီကံ နှင့် မနောကံ

ဆိုပြီး ကံသုံးပါးရှိပါသည်။ ထိုကံသုံးပါးတို့ဖြင့် လောဘ၊ ဒေါသ၊ မောဟစိတ်

တို့ကို လွန်ကျူးခွင့်မရှိပါ၊ ယခုဘဝတွင် စောင့်ထိန်း နိုင်ပါက စောင့်ထိန်း နိုင်သည့်

အတိုင်း အတာ အလျှောက် နတ်ဘုံ၊ ဗြဟ္မာဘုံသို့ ရောက်နိုင် ပါသော် လည်း

ထိုဘုံသို့ ရောက်ပြီးမှ ကံသုံးပါးတို့ဖြင့် လောဘ၊ ဒေါသ၊ မောဟစိတ် လေးဖြစ်မိလျှင်

မိမိနှင့် ထိုက်တန်ရာ ဘုံသို့ ပြန်ဆင်းသွားရအုံးမည်ဖြစ် ပါသည်။

လူတို့ က လောဘ၊ ဒေါသနှင့် မောဟဟုသာ အလွယ် သိထားကြ ပေမည့်

ထိုစိတ်ကို အနုစိတ်ကြည့်လျှင် လောဘစိတ် ရှစ်မျိုးရှိပါသည်။ ဒေါသစိတ်နှစ်မျိုးနှင့်

မောဟစိတ် နှစ်မျိုးဆိုပြီး အကုသိုလ်ဖြစ်စေသောစိတ် ၁၂ မျိုးရှိ ကြပါသည်။

သင်သည် နိဗ္ဗာန်သို့ရောက်ဖို့ သစ္စာတရား လေးပါးကို အမှီပြုသူဟုဆိုက ထိုအခြေခံ

စိတ် ၁၂ မျိုးကိုပင် သိပါရဲ့လား?

အကုသိုလ်စိတ် ၁၂ပါး

လာဘမူစိတ် = လိုချင်မှုကို အခြေခံပြီး ဖြစ်တဲ့ စိတ် ၈-ပါး

၁။ သူတစ်ပါး သားမယားကို လွန်ကျူးမှု၊ သူတစ်ပါး ပစ္စည်းကို မတရား ယူမူတွေကို

အပြစ်မရှိဘူးလို့ ယူဆပြီး၊ သူတစ်ပါး မတိုက်တွန်းဘဲ မိမိ ကိုယ်တိုင် ဝမ်းမြောက်

ဝမ်းသာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ပထမ လောဘမူ စိတ်)။

၂။အပြစ်မရှိဘူးလို့ ယူဆတယ်။ ဒါကြောင့် သူတစ်ပါး တိုက်တွန်းလို့

ဝမ်းမြောက်ဝမ်းသာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ဒုတိယ လောဘမူ စိတ်)။

၃။ အပြစ်ရှိတယ်ဆိုတာ သိတယ်။ သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိ ကိုယ်တိုင်လဲ

ဝမ်းမြောက်ဝမ်းသာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (တတိယ လောဘမူ

စိတ်)။

၄။ အပြစ်ရှိတယ်ဆိုတာတော့ သိတယ်။ ဒါပေမယ့် သူတစ်ပါးက တိုက်တွန်းလို့

ဝမ်းမြောက်ဝမ်းသာ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (စတုတ္ထ လောဘမူ

စိတ်)။

၅။ အပြစ်မရှိဘူးလို့ ယူဆပြီး သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိကိုယ်တိုင်

သာမန်စိတ် (အလယ်အလတ် ခံစားမှု)နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ်

(ပဉ္စမ လောဘမူ စိတ်)။

၆။ အပြစ်မရှိဘူးလို့ ယူဆတယ်။ ဒါပေမယ့် သူတစ်ပါးက တိုက်တွန်းလို့

သာမန်စိတ် (အလယ်အလတ် ခံစားမှု)နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ်

(ဆဋ္ဌမ လောဘမူ စိတ်)။

၇။ အပြစ်ရှိတယ်ဆိုတာ သိတယ်။ သူတစ်ပါးက မတိုက်တွန်းရဘဲ မိမိ ကိုယ်တိုင်လဲ

သာမန်စိတ် (အလယ်အလတ် ခံစားမှု)နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ်

(သတ္တမ လောဘမူ စိတ်)။

၈။အပြစ်ရှိတယ်ဆိုတာ သိတယ်။ ဒါပေမယ့် သူတစ်ပါး တိုက်တွန်းလို့ သာမန်စိတ်

(အလယ်အလတ် ခံစားမှု)နဲ့ ပြုလုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (အဋ္ဌမ လောဘမူ

စိတ်)။

ဒေါသမူစိတ် = စိတ်ဆိုးမှုကို အခြေခံဖြစ်တဲ့ စိတ် ၂-ပါး

၁။ အသက်သတ်တဲ့အခါ၊ သူတစ်ပါးကို ပျက်စီးစေရန် ကြံစည်တဲ့အခါ ရိုင်းစိုင်း

ကြမ်းတမ်းစွာ ပြောဆိုတာတွေကို သူတစ်ပါး မတိုက်တွန်းဘဲ မိမိကိုယ်တိုင်

စိတ်ပါလက်ပါ လုပ်တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ပထမ ဒေါသမူ စိတ်)။

၂။ သူတစ်ပါးက တိုက်တွန်းလို့ အဲဒီအလုပ်တွေကို မလုပ်ချင် လုပ်ချင်နဲ့ ပြုလုပ်

တယ်။ အဲဒီအခါ ဖြစ်တဲ့ စိတ် (ဒုတိယ ဒေါသမူ စိတ်)။

မောဟမူစိတ် – အမှန်မသိမှုကို အခြေခံပြီး ဖြစ်တဲ့ စိတ် ၂-ပါး

၁။ သာမန် (အလယ်အလတ် ခံစားမှု) သဘော ရှိပြီး အမှန်တရားကိုပင် ယုံမှား

သံသယဖြစ်တဲ့ စေတသိက်(ဝိစိကိစ္ဆာ)နဲ့ အတူ ဖြစ်တဲ့ စိတ် (ပထမ မောဟမူစိတ်)။

၂။ သာမန် (အလယ်အလတ် ခံစားမှု) သဘောရှိပြီး ပျံ့လွင့်မှုသဘော(ဥဒ္ဓစ္စ)

စေတသိတ်နဲ့ အတူဖြစ်တဲ့ စိတ် (ဒုတိယ မောဟမူ စိတ်)။

ထိုစိတ် ၁၂ မျိုးဖြင့် ကံသုံးပါးကို လုံအောင် စောင့်ထိန်း ကြရမည်

ဖြစ်သည်။ ကျွန်တော့်အမြင်အရ ဘာသာတရားများ သည် လွန်စွာမှ

ကောင်းမွန်မြင့်မြတ်သော်လည်း ပြဿနာက လူ သာလျှင် ဖြစ်ပါသည်။ လူသည်

တစ်နေ့ကို အပေါင်းနှစ်သောင်းခန့် တွေးခေါ်တတ်ကာ ထိုအတွေးများထဲ

တွင်လည်း လောဘ၊ ဒေါ်မောဟ မကင်းကြောင်းကို ဆိုထားပါသည်။ ထို့ကြောင့်

စောင့်ထိန်းရန် သီလများ များလေလေ မစောင့် ထိန်းနိုင်သော လူ့သဘာဝအရ

အပြစ်က ပိုများလာလေပင်ဖြစ်သည့်အတွက် ဘာသာတရားများတို့သည် လူတို့ ကို

တောက်စေသော တရားများဟု ဆိုခြင်းထက် လူတို့ ကို စီရင်ဖို့ ရန်

စောင့်နေသော ဥပဒေနှင့် တူနေပါသည်။

ကျွန်တော်ဗုဒ္ဓကို မကိုးကွယ်ရခြင်းအကြောင်းမှာ ဗုဒ္ဓမကောင်း၍ ဗုဒ္ဓ၏

တရားများ မကောင်း၍ လုံးဝမဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်က တရားများကို

လေ့လာပြီး ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြည့်သော အခါ မရနိုင်မှန်းကိုသိပြီး

ထိုအကုသိုလ်တရားများမှ လွတ်မြောက်ဖို့ ကယ်တင်မည့်အရှင်ကို ရှာဖွေခဲ့ ပါသည်။

(ရက်ပေါင်း လေးဆယ် အစာအဖတ်များ မစားပဲ လောကနှင့် အဆက်အသွယ်

လောဘ၊ ဒေါသ၊ မောဟ စိတ်မှ လွတ်မြောက်ရန် ဥပုဒ်ဝင် ကျင့်ကြံ

အားထုတ် ခဲ့ခြင်း) ဘုရားအားလုံး ကောင်းကြ သော်လည်း မတူညီသည့် အချက်

တစ်ချက်မှာ ယေရှုခရစ်တော်ဘုရားသည် လူတို့ကို အပယ်ငရဲမှ ကယ်တင်သကဲ့သို့

သီလများကို စံနှုန်းထက်ကျော်လွန်စွာ ကျင့်နိုင်ဖို့ လည်း ယေရှုဘုရားကပဲ

ဝိညာဉ်တော်အားဖြင့် လုပ်ဆောင်ပေးပါသည်။ ထို့ကြောင့် ယေရှုခရစ်တော်

ဘုရားကို ကျွန်ုပ်တို့၏ ယခုဘဝနှင့်နောင်ဘဝအတွက် ရွေးချယ်‌ကိုးကွယ်ရခြင်းဖြစ်ပါသည်။ လူတိုင်းအတွက်လွပ်လပ်စွာ ရွေးချယ် ကိုးကွယ်ပိုင်ခွင့်ရှိကြပါသည်။

၁။ (င) ဘာသာကြီးများ၏ အယူဝါဒ အနှစ်ချုပ်

ဘာသာတရားအားလုံးတို့သည် အခြေခံအားဖြင့် တူညီ သောအချက် တစ်ခုကို

သင်ကြား ပေးနေသည် မဟုတ် ပါလား?

ထိုအယူဝါဒ သည်ကျော်ကြားသော အများလက်ခံသည့် အယူဝါဒ ဖြစ်ပြီး

ယေရှုသည်သာ တစ်ခုတည်းသော စစ်မှန်သည့် လမ်း ဆိုသည့်အမျိုးကို အမြင်

ကျဉ်းမြောင်းသောအယူဟု လူတို့ လက်ခံထားကြပါသည်။ သို့သော် ထိုမေးခွန်းမှာ

လုံးဝမမှန်ပါ။

ဘုရားဆိုင်ရာသွန်သင်မှုကို ကြည့်လျှင် အစ္စလမ်က အလ္လာတစ်ပါး

တည်းသာ ကိုးကွယ်ရာ၊ ခရစ်ယာန်က သုံးပါးတစ်ဆူ ဘုရား၊ ဟိန္ဒူနှင့် ဗုဒ္ဓ

ဘာသာဝင်တို့က ဘုရားများစွာရှိသည်ဟု သွန်သင် ပါသည်။

အပစ်မှလွတ်မြောက်ရာလမ်းကိုကြည့်လျှင် ခရစ်ယာန်များက ယေရှု

ဘုရားတစ်ပါးတည်း အားဖြင့် ကောင်းကင်ဘုံသို့ ရောက်နိုင် သကဲ့သို့

ကောင်းသောအကျင့်တို့ကို စံနှုန်းထက် ကျော်လွန်စွာ ကျင့်နိုင်ရန် အတွက်လည်း

ယေရှုဘုရား၏ ဝိညာဉ်တော်အားဖြင့် ကုမမှုဖြင့် သာလျှင် ကျင့် နိုင်မည်ဟု

ယုံကြည်ပါသည်။ ကျန် ဘာသာတရားများအားလုံးကတော့ မိမိ ကိုယ်တိုင် အပေါ်

၌သာလျှင် မူတည်ပါသည်။

ဘာသာကြီးတို့၏ အယူဝါဒများနှင့် ခရစ်ယာန်ဘာသာအပေါ်ထားရှိသောအမြင်

ခရစ်ယာန်တို့ ၏ ယုံကြည်ချက်

ဘုရားတစ်ဆူတည်းရှိသည်ဟု ယုံကြည်ပြီး ထိုတစ်ဆူတည်းသော

ထာဝရဘုရား သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် ဟူ၍

သုံးပါးတစ်ဆူဖြစ် သည်။ သုံးပါးတစ်ဆူဖြစ်ရခြင်းအကြောင်းမှာ တန်ခိုးတူ၊

ဂုက်ရည်တူ၊ ထာဝရတည်ရှိ တော်မူခြင်း အတူတူဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ (မ

၃း၁၃-၁၇၊ ၂၈း၁၉၊ ၂ကော ၁၃း၁၄) လူတွင် ထာဝရတည်သော အသက်ဝိညာဉ်ရှိ

ပြီး ခန္ဓာမှာ အသက်ဝိညာဉ် ခေတ္တကျိန်းဝပ်ရာ ယာယီအခွံမျှ သာဖြစ်ပါသည်

လူအစစ်အမှန်မှာ ထာဝရမသေနိုင်သော နာမ်ဝိညာဉ် ဖြစ်ပါသည်။ (က ၁း၂၆၊

၅း၁၊ ယောဘ ၃၂း၈၊ တ ၇း၅၉၊ ၁ကော ၁၁း၇) ယေရှုခရစ်တော်သည်

သုံးပါးတစ်ဆူဘုရား၌ တစ်ပါး အပါ အဝင်ဖြစ်ပြီး ဘုရား စစ်စစ်ဖြစ်တော်မူ၏။

လူသားတို့ အပြစ်အတွက် လောကသို့ လူ့ဇာတိ ခံယူခဲ့ပြီး အသေခံခြင်းနှင့်

ရှင်ပြန်ထမြောက်ခဲ့သော အရှင်လည်း ဖြစ်တော်မူ၏။ မျက်မြင်မရသော ဘုရား၏

သဏ္ဍာန် တော်ကိုသိရန် လူ့ဇာတိ ခံယူ ခဲ့သော လူသားဘုရားလည်း ဖြစ်တော်

မူ၏။ (ယော ၁း၁၊ ၁း၁၄၊ ဧကော ၁း၁၅-၁၉၊ ၁ယော ၅း၇-၈) လူသားတိုင်း

အပယ်ငရဲမှ လွတ်၍ ကောင်းကင်ဘုံသို့ ရောက်ရှိရန် သခင်ယေရှု ၏ လုပ်ဆောင်

မှု သက်သက်ကြောင့်သာ ရရှိ နိုင်ကြောင်းယုံကြည်၏။ (တ ၄း၁၂၊ တိတု ၃း၅၊ဧ ၂း၈-၁၀ )

ဗုဒ္ဓဘာသာ၏ ယုံကြည်ချက်နှင့် ခရစ်ယာန်ဘာသာအပေါ် အမြင်

တစ်ဆူတည်းသော ဘုရား ရှိခြင်းကို လက်မခံသကဲ့သို့ ဖန်ဆင်းခြင်းကို

လည်း လက်မခံပါ။ သခင်ယေရှုအားဗုဒ္ဓလောက် အရေးမပါသော ဆရာကောင်း

တစ်ပါးအဖြစ် သတ်မှတ်ပါသည်။ အပြစ်နှင့် ပတ်သက်၍ လူတို့၏ တိုးတက် မှုကို

နှောင့်နှေးစေသော အရာမှန်သမျှအပြစ်ဖြစ်ပြီး မိမိ လွန်ကျူးသောအပြစ် အတွက်

မိမိတွင်သာတာဝန်ရှိပါသည်။

ကောင်းရာဘုံသို့ရောက်ဖို့ မိမိ၏ပြုမှုကျင့်ကြံ အားထုတ်မှုအပေါ်၌သာ တည်၏။

ဟိန္ဒူဘာသာ၏ ယုံကြည်ချက်နှင့် ခရစ်ယတည်ဘာသာအပေါ် အမြင်

ဣသွာရခေါ် ဟိန္ဒူဘုရားသည် ပုံသဏ္ဌာန်မရှိ အကောင်အထည်ဖေါ်

မရ၊ ဂုဏ်တော်ဖေါ်၍မရသော ထာဝရရှိသည့် ဘုရား ဖြစ်၏။ က္ကသွာရဟု ခေါ်သည့်

တစ်ဆူတည်းသော ထာဝရဘုရားတွင် ဂုဏ်အင်္ဂါများ အလိုက် ကိုယ်ပွားတော်

ဘုရားများလည်း ရှိသေးသည်။ ထိုကိုယ်ပွါးတော် ဘုရားများမှာ – ဖန်ဆင်းသော

ဘုရား (ဗြဟ္မာ)၊ ထိန်းသိမ်းစောင့်ရှောက်သော ဘုရား(ဗိသာနိုး) နှင့် အဖျက်

လုပ်ငန်းနှင့် သော ဘုရား(သီဝ) ဟူ၍ အဓိက ဘုရားသုံးပါးရှိသလို

အခြားသန်းပေါင်း များစွာ သော ဘုရားငယ်များလည်း ရှိသည်ဟု ယုံကြည်သည်။

ဗိဿနိုးကိုယ်တိုင် လူ့ပြည်သို့ ဆင်း၍ သတ္တဝါများ ကောင်းကျိုးချမ်းသာအတွက်

ဆောင်ရွက်ခဲ့သည့် ဘဝများ မနည်းတော့ပါ။ ဘဝ အနုအရင့် စာရင်း အကျယ်တွင်

၂၄ ကြိမ်ပါပြီး ရင့်မာစာရင်းမှာ တစ်ကျိပ်တိတိ ရှိသည်။ ထိုဘုရား ဘုရား

တစ်ကျိပ်မှာ – မသိစယ၊ ကူးရ်မ၊ ဝရာဟ၊ နရဆင်းဝ၊ ဒါမနု၊ ပရသုရာမ၊

ကရိသျှနား၊ ဗုဒ္ဓဂေါတမနှင့် ကာလကီတို့ ဖြစ်ကြပါသည်။ နောက်ဆုံးသော

ကာလကီဘုရား သည်ကား ယခုအထိ မပွင့်သေးပေ။ ထိုဘုရားများအနက်

ရာမဘုရားနှင့် ကရိသျှနားတို့ကို ဟိန္ဒူများ အများဆုံးကိုးကွယ်ကြသည်။

သခင်ခရစ်တော်ကို လူဝင်စား သောသူ များစွာအနက် တစ်ပါးဖြစ်၏။

ယေရှုသည် ဘုရားသားတော် မဟုတ်၊ သာမာန် လူသာ ဖြစ်ပြီး လူသားများ

အပြစ်အတွက်အသေခံခဲ့သည် မဟုတ်ပါ။ အပြစ်နှင့် ပတ်သက်၍ လောကတွင်

အဆိုးနှင့်အကောင်း ဒွန်တွဲနေ၏။ ကူညီမစမှုမှန်သမျှသည် အကောင်း ဖြစ်ပြီး

ဆီးတားနှောက် ယှက်မှုမှန်သမျှသည် ဒုစရိုက်ဖြစ်၏။ မိမိ အားထုတ် ကြိုးပမ်း မှုဖြင့်

မိမိ၏ အကုသိုလ် ကို ချေဖျက်ခြင်းငှါ မစွမ်းနိုင်ကြောင်းလည်း သိ၏။ ဤဘဝတွင်

ကြိုးစား၍မရပါက နောင်ဘ၀တွင် ဆက်လက်ကြိုးစား နိုင်ပါ သည်။ ဖြောင့်မတ်

ရာသို့ ရောက်ဖို့ ဝတ်ပြုခြင်း၊ တရားထိုင်ခြင်း၊ ကောင်းမှု ကုသိုလ် နှင့် မိမိကိုယ်ကိုထိန်းချုပ်ခြင်းအားဖြင့် ရနိုင်ကြောင်းယုံကြည် ကြပါ သည်။ ဘုန်းကြီးမျိုး ၅%

စစ်သားမျိုး ၁၀%၊ ကုန်သည်ပွဲစားတည်း ဟူသော ချစ်တီးမျိုး ၄၈%၊ အပယ်ခံ

၂၂% နှင့် အောက်တန်းစား ၁၅% ဟူ၍ ၄င်း ဘာသာတွင်

ဝတ်ငါးမျိုးရှိကြပါသည်။ ၄င်း ဘာသာဝင်တို့သည် ဂျူးများ ကဲ့သို့ပင်

အခြားသောလူတို့ကို သာသနာမပြုပဲ မိမိလူမျိုးအတွက်သာ သီးခြား

ကိုးကွယ်တတ်သည့် ဘာသာတစ်ခုလည်း ဖြစ်ပါသည်။

အစ္စလမ်ဘာသာ၏ ယုံကြည်ချက်နှင့် ခရစ်ယာန်ဘာသာအပေါ်အမြင်

အလှူမှတစ်ပါး အခြားသောဘုရား လုံးဝမရှိဟုယုံကြည်၏။ ယေရှု

ခရစ်တော် သည် အာဒံ၊ နောဧ၊ အာဗြဟံနှင့် မောရှေကဲ့သို့ လူတစ်ဦး၊ ပရောဖက်

တစ်ပါးဖြစ်သည်။ ထိုသူအားလုံးတို့ သည် မိုဟာမက်လောက် အရေး မပါပါ။

လူသားတို့ အပြစ်အတွက် လက်ဝါးကပ်တိုင်တွင် အသေခံသူမှာ ခရစ်တော်မဟုတ်၊

ယုဒသာ ဖြစ်နိုင်သည်ဟုဆို၏။ အပြစ်နှင့်ပတ်သက်၍ အလ္လာ၏ အလိုဆန္ဒကို

လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည် အပြစ်၊ အစ္စလာမ် တို့၏မဏ္ဍိုင် ငါးချက်ကို

လိုက်လျှောက်ရန် ပျက်ကွက်ပါကလည်း အပြစ် ဖြစ်၏။ ကယ်တင်ခြင်း ရရန်

မိမိကိုယ်တိုင်ကြိုးစားအားထုတ် ရမည်ဖြစ်ပြီး မိမိအပြစ်အတွက် မိမိသာ

ပေးဆပ်ရမည် ဖြစ်ပါသည်။

အစ္စလာမ်တို့၏မဏ္ဍိုင် ငါးချက်-

(၁)အလ္လာအရှင်မြတ်မှတစ်ပါး ကိုးကွယ်ဆည်းကပ်ထိုက်သူ မရှိ။

(၂) တစ်နေ့လျှင် ငါးကြိမ်ကျ မှန်မှန် ဝတ်ပြုရခြင်း။

(၃) ဇကာတ် ဆင်းရဲသားကြေးပေးရခြင်း။

(၄) ရန်မဇန်လ၌ ဥပုသ်သီလ ဆောက်တည်ရခြင်း၊

(၅) ငွေကြေးတတ်နိုင်သူများသည် မိမိတစ်သက်တာအတွင်း အနည်းဆုံး တစ်ကြိမ်ခန့် မက္ကာမြို့

ဟာဂျ် အိမ်တော်သို့သွား၍ ဟာဂျ်ပြုရခြင်းတို့ ဖြစ်သည်။

၁။ (ခ) ဧယရှုသည်ဗုဒ္ဓရဟန်းတစ်ပါးသာ ဖြစ်၏

ဤ အကြောင်းအရာသည် ယနေ့ဗုဒ္ဓ ဘာသာအင်တာနက် ဝက်ဘ်ဆိုက်

များတွင် ဦးစားပေးဖေါ်ပြနေသော အကြောင်းအရာဖြစ်သည့်အတွက် ကျွန်ုပ် တို့

ယုံကြည်သူများလည်း လေ့လာနိုင်ရန် ဖေါ်ပြပေးလိုပါသည်။

ခရစ်ယာန် ကျမ်းစာများတွင် ယေရှုသည် ဂျူးလူမျိုး ဖြစ်သည်ဟု အတိ

အကျ ရေးသားထားပါသည်။ ဂျူး လူမျိုးများတွင် ဘာသာရေး ခေါင်းဆောင်

များသည် သူတို့ကိုယ်သူတို့ ဘုရားသားတော်ဟု ခံယူခြင်း မရှိ။ ယခုမူ ယေရှု

သည် သူ့ကိုယ်သူ ဘုရားသားတော်ဟု တိတိကျကျ ပြောဆိုထား ပေ၏။

ဘုရားသားတော် ဆိုသည့် အသုံးအနှုံးအားဗုဒ္ဓရဟန်း သံဃာများထံမှ တုပ

သုံးစွဲခြင်းသာ ဖြစ်ပေသည်။

ဤအတွက် တိကျခိုင်လုံ သောအထောက် အထားမှာ- ရုရှား စာရေး

ဆရာကြီး နီခိုလာဆဲနိုတိုဗစ် (Nicholas Nototvitch) ၏ “လူမသိသော ယေရှု ဘဝ

(The Unknown Life of Jesus) စာအုပ်တွင်ရေးသားထားလေသည်။

ဆရာကြီးသည် ၁၈၇၇-၇၈ ရုရှ၊ တူရကီ စစ်ပွဲ အပြီး ရုရှ ခရီးသည် ဖြစ်၏။ သူသည်

အပြန်ခရီးတွင် အာဖဂန်နစ္စတန်မှ တဆင့် အိန္ဒိယနှင့် ကက်ရှမီးယားသို့ ရောက်ရှိ

ခဲ့၏။ သူသည် ရုရှသို့ အပြန်ခရီးကို အာရှ အလယ်ပိုင်းမှ ဖြတ်ကျော် သွားရန်

ဆုံးဖြတ်ခဲ့ရာ လာဒက်စ်ဖမြို့ ဘက်မှ ကျော်ရ သည့် လမ်းအတိုင်း သွားလေသည်။

ထိုဒေသ၌ သူသည် ဟိမစ် (Himis) ရှိ ဗုဒ္ဓသာသနာ ဘုန်းကြီး ကျောင်း၏

ဝင်ရောက် ခဲ့ရာ လာမာရဟန်း ဂိုဏ်းချုပ် ကြီး၏ ထံမှ ထိုကျောင်းတွင် ယေရှု၏

ဘဝကို ဖေါ်ပြထားသော အလွန် ရှေးကျသည့် မှတ်တမ်းများရှိကြောင်း ကြားသိခဲ့ရလေသည်။

ထိုအကြောင်းကို သူသိလို စိတ်ပြင်းပြခဲ့သော်လည်း ဖတ်ရှု လေ့လာ ရမည့်

ဒုက္ခကို မခံနိုင်ဘဲ ခရီးဆက်ခဲ့လေသည်။ သို့သော် ခရီး မထောက်မှီပင် သူသည်

လဲကျလျှက် ခြေကျိုးသွားခဲ့သဖြင့် ခရီးမဆက်နိုင်တော့ဘဲ သူတည်း ခဲ့ရာ ဘုန်းကြီး

ကျောင်းသို့ ပြန်ပို့ ခံခဲ့ရလေသည်။ ဒဏ်ရာအား ဆေးကု နေစဉ်ပင် သူသည်

စကားပြန်တစ်ဦး၏ အကူအညီဖြင့် ယေရှု၏ ဘဝ မှတ်တမ်းများအား ရုရှ စာသို့

ပြန်နိုင်ခွင့် ရခဲ့လေသည်။

စာရေးဆရာကြီးသည် ထိုစာမူအား ကိဗ်မြို့ရှိ သာသနာပိုင် မွန်ရီယာ

လေတန် အား ပြသခဲ့ သည်။ ထို့ နောက် အမည် မဖေါ်လိုသော ရောမ

ပုပ်ရဟန်းမင်းကြီး အား လည်းကောင်း၊ ပဲရစ်မြို့ဂိုဏ်းချုပ် ရှိတဲလီအား လည်းကောင်း

ပြသခဲ့သည်။ ထိုပုဂ္ဂိုလ်များက စာမူအား လူသိရှင်ကြား ထုတ်ဝေရန် အကြံအား

ကန့်ကွက်တားဆီးခဲ့ လေသည်။ (အမှန်တရားအား ဤမျှခုံမင်သော သာသနာ့

ဦးသျှောင်များပေ တကား)။ ထိုစာအုပ်တွင် – ယေရှုသည်အသက် ၁၄ နှစ်

အရွယ်တွင် ဆင်းဒ်ပြည်နယ်မှ ဤအရပ်သို့ ရောက်ရှိခဲ့ပြီး အရိယာ သူတော်စင်များ

သတင်း သုံးရာ နေရာများတွင် နေထိုင်ခဲ့သည်။ သူသည် ဂျနပ်မြို့၊ ရာဇဂရိဟမြို့၊

တရာဏသီမြို့များတွင် ခြောက်နှစ်တာ နေထိုင်ခဲ့ သည်။ လူ အများက ယေရှုအား

ချစ်ခင်ကြလေ၏။ (စာမျက် နှာ ၁၀၇)။ သူသည် ရာသီပင်အလိုက် စိုက်ပင်များနှင့်

ဆေးဝါးဘယ ဆေးပင်များ၏ အသုံးဝင်ပုံများကို လေ့လာခဲ့သည်။ ဗုဒ္ဓသာသနာနှင့်

ဗြဟ္မဏ ဘာသာတို့ကို လေ့လာ ခဲ့သည်။ သို့ သော် ဗြဟ္မဏဘာသာအား သူမနှစ်သက်သည့်အပြင် ပြောင်ပြောင်တင်းတင်း ရှုတ်ချခဲ့သည်။ ထို့ကြောင့် ဗြဟ္မဏ ဝါဒီများ စစ်သည်များ ဗြဟ္မဏရဟန်း များ၏ အသက်ဘေးရန် ကြံစည် မှုကြောင့်

တိမ်းရှောင်သွား ခဲ့ရသည်။ (စာမျက်နှာ ၁၁၂)။

ဤအကြောင်းအရာများတွင် သူသည်ဗုဒ္ဓရဟန်းတော်များတွင် တပည့်ခံသွား သည်၊ ထို့နောက်ဗုဒ္ဓဝါဒကို မြတ်နိုးခုံမင်လျှက် ဗြဟ္မဏ ဝါဒီများ၏ သုဒ္ဓရ

ဓမ္မများကို ပြောင်ပြောင်တင်းတင်၊ ဆန့်ကျင်သွားသည်ဟု အတိအလင်း ဖေါ်ပြ

ထားပေသည်။

ဓမ္မသစ်ကျမ်းစာ ရှင်လုကာ ခရစ်ဝင် အရ သူသည် သူ ၏ ဇာတိ

ဂျေရုဆလင် သို့ ရောက်သောအခါ အသက် ၃၀ ကျော် ရှိပြီဖြစ်သည်။ ထိုဒေသတွင်

သူသည် သူ့ကိုယ်သူဗုဒ္ဓရဟန်းတော် ဖြစ်ကြောင်း – ဘုရားသားတော် ကြေညာ

ပေတော့ သည်။ အကယ်၍ သူသည် ဖန်ဆင်းရှင်ဝါဒအား လက်ခံယုံကြည်လျှင်-

ထိုဒေသ သားတို့ လက်ခံယုံကြည် ထားသော ထာဝရဘုရား၏ တမန်တော်ဟုသာ

ကြေငြာ မည်မှာ အမှန်ပင် ဖြစ်၏။ ယေရှု၏ ပြောစကားတိုင်းတွင် သူ့ကိုယ်သူ

ထာဝရ ဘုရား၏ တမန်တော်ဟု လုံးဝ မတွေ့ရပေ။

ဖန်ဆင်းရှင်ဝါဒကို လက်ခံယုံကြည်ထားသော ဂျူးများက ထာဝရ ဘုရား

ဟူသည် ရုပ်နာမ်ဒြဗ်တည်ရှိသော ဘုရားမဟုတ်။ ထိုဘုရားသည် သားမယားမရှိ

သားသမီးမရှိဟု အခိုင်အမာ လက်ခံထားလေ၏။ ယေရှု၏ ပြောစကားသည်

ထာဝရဘုရား ဟူသည်ကို လက်ခံသော စကားမဟုတ် သူ့ကိုယ်သူ ဘုရား၏

သားတော် ဟု အသက်ကိုတည် ပြောဆိုခြင်းသာ ဖြစ်လေ သည်။ ထိုစကားမှာ

သူသည် မြတ်ဗုဒ္ဓ၏ ရဟန်းတော် တစ်ပါး အဖြစ် အတိအကျ ခံယူထား၏ ဟူသည်

ကို သက်သေခံသွားသောစကားသာ ဖြစ်လေသည်။

ယေရှုအား ကားစင်တင်ခဲ့ပြီး နောက်ပိုင်းတွင်မှ ရှင်ပေါလုက ရဟန်းတော်

ယေရှူပြောသည့် ဘုရားသားတော် ဆိုသည်မှ ဘုရား ဆိုသည် မှာ ဂျူးတို့ လက်ခံ

ထားသော ကောင်းကင်ဘုံပေါ်မှ ထာဝရဘုရား ဖြစ်သည်ဟု တီထွင်လိုက်ခြင်းသာ

ဖြစ်သည်။ သို့သော် ရှင်ပေါလု အနေဖြင့် လက်အုပ်ချီ၍ ဘုရားရှိခိုး- အရိုအသေ

ပြုခြင်းကို ဖျောက်ဖျက်ရန် မေ့လျော့နေခဲ့ပေသည်။ ယေရှု၏ ဇာတိမျိုးနွယ် လူမျိုး၏

ဘာသာတရားများတွင် လက်အုပ်ချီလျှက် ရှိခိုးခြင်း အရိုအသေပြုခြင်း ဓလေ့များ

ယနေ့တိုင် မတွေ့ရသေးဘဲ ရဟန်းတော် ယေရှု၏ နောက်လိုက်များသည်သာ

ယေရှု၏သွန်သင်မှုဖြင့် ယခုလက်ရှိအထိ လက်အုပ်ချီ ရှိခိုးလျှက် ရှိနေသေးသည်မှာ

ကြီးမားသော သက်သေ တစ်ရပ်ပင် ဖြစ်လေသည်။

သို့ဖြစ်ပါသောကြောင့်- ယနေ့အခါတွင် ယေရှုအား မြတ်နိုး ကြည်ညို

လှသော ခရစ်ယာန်များ အနေဖြင့် ရှင်ပေါလု၏ ထွင်လုံးများ နောက်သို့ လိုက်မနေ

တော့ဘဲ မိမိတို့၏ ဦးဆောင်နာယက ဖြစ်သော ယေရှု၏ သွန်သင်မှု အမှန်ဖြစ်သည့်

မြတ်ဗုဒ္ဓဒေသနာအားတိကျစွာလိုက်နာယုံကြည်သင့်ပေသည်။

စေတနာမှန်ဖြင့် – ဒေသနာမှန်သို့ ဖိတ်ခေါ်အပ်ပါသည်။

အီဆာ (ယေရှု)

ဘာသာရေးဆိုင်ရာ ဆွေးနွေးခန်းစာမျက်နှာ၌ အစ္စလမ်ဘာသာဝင်

မိတ်ဆွေတစ်ဦး၏ ယေရှုအပေါ် သုံးသပ်ထားသည့် အမြင်ကိုလည်း ဖေါ်ပြပေး

လိုပါသည်။ ၄င်း၏ ဆွေးနွေးဖေါ်ပြချက်မှာ အလွန်များပြားသည့် အတွက် အနှစ်ချုပ်

စာပိုဒ်များကိုသာ ရွေးချယ်၍ ဖေါ်ပြပေးလိုက်ပါသည်။

ဆိုင်ကိုလိုဂျစ်တစ်ဦးဖြစ်တဲ့ (EImer R.Gruber) နဲ့ သာသနာရေး

သမိုင်းရေးရာ ကျွမ်းကျင်သူ (Holger Kerstan) တို့ က ဗုဒ္ဓဘာသာအနေနဲ့

ခရစ်တော်ရဲ့ ဘဝနဲ့ သွန်သင်ချက်များအပေါ်မှာ မြောက်မြားစွာ လွမ်းမိုး နေကြောင်း

တင်ပြကြပါတယ်- သူတို့ ၂ ဦးက ခရစ်တော်ယေရှုသည် ထေရဝါဒ ကျောင်း၏ဆရာ

များ နှင့် အတူ ကြီးပြင်း လာခဲ့ပြီးနောက် ဘိုင်ဘယ်တွင်ဖော်ပြထားသော

ဒေသများတွင် နေထိုင်ခဲ့ကြောင်းတင်ပြကြ ပါတယ် ၄င်းတို့ ၂ ယောက်ဟာ ၁၉၃၀

ပြည့်လွန်နှစ်များမှာ ဓမ္မဟောင်း ကျမ်းစာ လေ့လာရေးပညာရှင် ( Banet Hillman )

” နာမ်ပိုင်းဆိုင်ရာ သွန်သင်မှုများ ထဲတွင် ယေရှု၏ တောင်ပေါ်ဒေသနာမှ အချက်

၄ ချက်တွင် တူညီမှု ရှိကြောင်း စတင်တင်ပြခဲ့ပါတယ်-

ဘိုင်ဘယ်ကျမ်းစာ စိန့်မက်သရူးဖော်ပြချက်အရ ယေရှုသည် မိမိ၏

“ငယ်စဉ်ဘဝကို ပိုးလမ်းမကြီး အဆုံးရှိ နိုင်ငံဖြစ်သော အီဂျစ်တွင် ကုန်ဆုံးစေခဲ့

လေသည်။ သို့သော်ယင်းအချိန်က အီဂျစ်ပြည် အလက်ဇန်ဒီးရားတွင် ထေရဝါဒ

ကျောင်းများ ရှိနေခဲ့ကြောင်း ဖော်ပြထားသည့် ဖြစ်နိုင်ချေကို (TheGnostic Gospel

and Beyond Belief: the Secret Gospel of Thomas by Elaine Pages and The

Original Jesus by Gruber and Kirsten) စာအုပ်များတွင်ဖော်ပြထားပြီး (Gospel

of Thomas and many Nag Hammad ) စာပေဖော်ပြချက်များက ထို အဖြစ်

အပျက်ကို ထင်ဟပ်ဖွယ် ရှိကြောင်း- wiki -ကတင်ပြထားသည်-

အာဖဂန်နစ်စတန်၊ အီရန် ၊ ပါကစ်စတန်၊ အိန္ဒိယ နှင့် ဂျပန်တို့တွင်

ပင် ယေရှုခရစ် မိမိတို့နယ်မြေ များသို့ရောက်ရှိ

ခဲ့ကြောင်း ‘ ရိုးရာအစဉ်အလာ

စကား ရှိနေပေသည် အချို့သော သက်သေပြုချက်များအရ ယေရှုသည် လက်ဝါး

ကပ်တိုင်မှ လွတ်မြောက်ခဲ့ပြီး အရှေ့ဘက်သို့ ခရီးနှင့်ကာ -နှစ် အတန်ကြာတွင်

ကရှမီး ဒေသ၌ ကံကုန်ခဲ့ကြောင်းဖော်ပြထားသည်

ကရှ်မီးမှသခင်ယေရှု

မုဟမဒ်(sa) ၏ အဆိုအမိန့်တစ်ရပ်အရံ ယေရှုသည် သက်တော် ၁၂၀တွင်

အိန္ဒိယနိုင်ငံ၊ ကရှ်မီးတွင် ကွယ်လွန်တော်မူကြောင်း သိရသည်။ အစ္စလာမ်

အဖွဲ့အစည်း တစ်ခုဖြစ်သော Ahmadiyya MuslimCommunity သည် အထက်ပါ

အဆိုကို နှစ်ပေါင်း တစ်ရာကျော်မျှ ထောက်ခံပြောဆိုခဲ့ကြလေသည်။ မွတ်စလင်နှင့်

ပါရှား အထောက် အထားများသည်လည်း အီဆာ(သို့) အရှေ့တိုင်းသို့ ဦးတည်သည့်

ဟောင်းနွမ်းသော ပိုးလမ်းမှ Yuz Asal (အနာ ရောဂါ ကင်းပသူများ၏ ဥသျှောင်)၏

ယာယီနေထိုင်ရာ နေရာကို မှတ်သား ထားသည့် သဘော ရှိသည်။ Aziz Kashmi

Chritst in Kashmir & Holger Kersten / Jesus Lived in India စာအုပ်တို့

ကလည်း အထက်ပါ, အမြင်ကိုထောက်ခံ လေသည်။

အိန္ဒိယနိုင်ငံ၊ ကရှ်မီးနယ်တွင် သူတော်စင် အီဆာ ကို ညွှန်းသော

ဘုရားကျောင်း တစ်ခုရှိလေသည်။ ထိုကျောင်းရှိ ဘုန်းကြီးများက လွန်ခဲ့သော

နှစ်ပေါင်း ၂၀၀၀ ခန့်က ယေရှု ထိုနေရာသို့ လာရောက်ခဲ့ကြောင်း အခိုင်အမာ

ပြောဆိုကြလေသည်။ Kersten ၏အဆိုအရ ၂၁ ခုမျှသော သမိုင်းကြောင်း ဆိုင်ရာ

စာရွက်စာတမ်း များ အရ ယေရှုသည် ကရှ်မီးတွင်နေထိုင်ခဲ့ကြောင်း သိရလေသည်။

ဒေသနေရာ အနှံ့အပြားနှင့် ပိုးလမ်းမကြီး တစ်လျှောက်တွင် ယေရှုအမည်များကို

နည်းတဖုံပြောဆိုမှုများရှိနေပြီး မောရှေ၏ အမည်များ ကိုလည်း ထိုသို့

ဆိုကြကြောင်းသိရလေသည်။ ကရှ်မီးနယ်၊ ဆရီနဂါမြို့ တွင် Yuz Asal

အမည်ဖြင့် သင်္ချိုင်းဂူတစ်ခုယနေ့ထက်တိုင်ရှိနေကြောင်း ယင်းသည် မောရှေ၏ .

အချင်းနှင့် ၈၀ ကီလိုမီတာ ဝေးကြောင်း ၊ ယင်းသည် Rishis တို့၏ ကြပ်မတ်မှု

အောက်တွင် နှစ်ပေါင်း ၂၇ဝဝကျော်မျှ ကြာပြီ ဖြစ်ကြောင်း ဖြင့် wiki

တင်ပြသည်။ ပါကစ္စတန်၊ ကရှ်မီးဘော်ဒါရှိ မာရီမည်သော ရွာငယ်လေးတွင်

Ma Maida Asthan (The Final Resting Place of Mother Mary) ဟုတွင်သည့် ဂူသချိုင်း

တည်ရှိသည်ဟု-wiki-ကတင်ပြထား ပါသည်။

Nicolas Notovitchh ရဲ့စာအုပ်ကသာ ဂျီးစပ်ငယ်ရွယ်စဉ်မှာ တိဘက်သို့

ရောက်ခဲ့ကြောင်း ပထမဦးစွာ တင်ပြထားခြင်းဖြစ်ပါတယ်။ Historical View အရ

သူ့စာအုပ်ပါ

ဖော်ပြချက်များကို ယုံကြည်နိုင်ဖွယ် ဟုတ်မဟုတ် အကဲဖြတ် နိုင်မည် သာမက ထိုခေတ်

တိဘက်ဒေသရှိ ကိုးကွယ်ရာ သာသနာအခြေအနေ နှင့် ယုံကြည်မှုတို့ကိုပါလေ့လာသိရှိ နိုင်ပါမည်။ ယင်းစာအုပ်၏ introduction အပိုင်းကို ပထမဦးစွာအောက်ပါ အတိုင်းဖတ်ရှု နိုင်ပါတယ်။

ယေရှုအသက် ၁၃ နှစ်အရွယ်မှာ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့တယ်ဆိုတာကို

ပထမဦးဆုံး public ကို ဖွင့်ဟပြခဲ့တာက Notovitch ဖြစ်ပါတယ်။

အသေအချာလေးဖတ်ကြည့်လိုက်ရင်တော့ ရှင်းလင်းပြတ်သားစွာ

ဗုဒ္ဓရော၊ ယေရှုပါ ထာဝရဘုရားသခင် (GOD) ရဲဘက်တော်သားများ

ဆိုတာပါပဲ။ “ ဗုဒ္ဓပေါင်း ၂၂ ပါးနောက်ပိုင်း အီဆာ(ယေရှု) ဟာ ပထမဦး ဆုံးမဟာတမန်တော်တစ်ပါးဖြစ်ပါတယ်။” (ဆိုတော့ဗုဒ္ဓဂေါတမနဲ့ ယေရှု အဆင့်ခြင်းတူသလိုဖြစ်ပါတယ်။)

ယေရှုဟာ လားမားတွေ အားလုံးထက် သာလွန်ပါတယ်။

ဘာကြောင့်လဲဆိုရင် သူဟာ (GOD) ထာဝရဘုရား သခင်ရဲ့ ဝိညာဏစွမ်းအား၏

အစိတ်အပိုင်းတစ်ရပ်ပေါင်းစပ်ပါဝင်လို့ ပါပဲ။ သူဟာ အသင်တို့ကို ညွှန်ကြား

သင်ပြခဲ့သလို သေးနုတ်သိမ်ဖျင်းတဲ့ ဝိညာဉ်များကို GOD (ထာဝရဘုရားရှင်)တည်း

ဟူသော အသိပညာစမ်းပေါက်ဆီသို့ ပြန်လည် သယ်ဆောင် လာပါတယ်။ Creator

၊ ဖန်ဆင်းရှင်၏ မဟာ ကောင်းချီး မင်္ဂလာတော် များအား အသင်တို့ ထံပါး

ရောက်ရှိလာစေရန် လှစ်ဟပြသခဲ့ပါတယ်။ “ဒါတွေ ကတော့ ဗုဒ္ဓဘာသာဝင်

. လားမားဘုန်းကြီး ပြောခဲ့တဲ့ စကားတွေပဲ ဖြစ်ပါတယ်။”

ဒီမှာ GOD, Creator ဆိုတဲ့ အသုံးအနှုံးတွေကိုသာ တွေ့ရမှာဖြစ် ပါတယ်။

ခရီးဆက်လက်နှင်ရင်း Lamieroo လို့ခေါ်တဲ့ လားမားတွေရဲ့

Headquarters ဆီကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာလည်း ဥုံမဏီပဓ္မေဟုမ်

ကိုတွေ့ရကြောင်းဖော်ပြထား ပြန်ပါတယ်။ (ညွှန်းပြီးစာအုပ် – စာမျက်နှာ ၄၇)

ဒါနဲ့ပဲ M. Notovitch ဟာ ဘုန်းကြီးကျောင်းမှာ သူသိခဲ့ရတဲ့ အီဆာ(ယေရှု)

အကြောင်းရေးထားတဲ့ မှတ်တမ်းများနဲ့ ပတ်သက်ပြီး စုံစမ်း ခဲ့ပါတယ်။ အဲဒီက

လားမားတွေက သူ့ကို Lehမြို့ကိုညွှန်ခဲ့တာ ကြောင့် ဆက်လက်ခရီးနှင်ခဲ့ပြန်ပါတယ်။

Leh ဆိုတာ Ladak ရဲ

မြို့တော်ဖြစ်ပြီး လူ ၅ဝဝဝ-ခန့်နေတဲ့မြို့ငယ်လေးဖြစ်ပါတယ်။

M.Notovitchh ဟာ Leh သို့ရောက်ပြီးနောက်နေ့မှာဘဲကျော်ကြားတဲ့ Himis ဘုန်းကြီးကျောင်းကိုသွားခဲ့ပါသည်။ အဲဒီမှာ M.Notovitch တို့ဟာ Buddhist

Religious Festival တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီး အဲဒါကို ဖော်ပြထားပုံက အတော်လေး

စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။

၄င်း၏ ဆွေးနွေးဖေါ်ပြချက်များက အလွန်များပြီး စာအုပ်တစ်အုပ်စာ

ဖြစ်နေသည့် အတွက် ထိုအထဲမှ တစ်ချို့ကိုသာ ကောက်နှုတ် ဖေါ်ပြ ပေးထား ခြင်းဖြစ်ပါသည်။

ပိုမိုသိရှိလိုပါက (The Unknown Life of Jesus Christ by Nicolas

M.Notovitch,Page 52-53) တွင်လေ့လာနိုင်ပါသည်။

ကျွန်တော့် အနေနဲ့ အထက်ဖော်ပြပါအချက်များထဲက emphasize

လုပ်ချင်တဲ့ အချက်များကိုဖော်ပြ ချင်ပါတယ်။

၁) အီဆာ(ယေရှုနဲ့ တူတဲ့ဗုဒ္ဓပေါင်းမြောက်မြားစွာ ပွင့်ပေါ်ခဲ့ပါတယ်။ ဒါကို Infinite

လို့ဖော်ပြထားတာကို တွေ့ ရပါတယ်။ ဒါကြောင့် အီဆာ(ယေရှု)သည် ဗုဒ္ဓတစ်ပါး

ဖြစ်ကြောင်းဖော်ပြရင်လွဲမှားနိုင်စရာမရှိပါ။

၂) စကြဝဠာကြီးရဲ့ ဝိညာဏစွမ်းအားဖြစ်တဲ့ မဟာဗုဒ္ဓဟာ ဗြဟ္မာ ဝင်စားခြင်း၊

ဖြစ်တယ်လို့ တွေ့ရပါတယ်။

၃) ဦးဆောင်မှုမဲ့နေတဲ့ လူသားတွေအတွက်ဗုဒ္ဓဟာ ကမ္ဘာသစ်ကို ဖန်ဆင်းပြီ။

ဒီမ္ဘာမြေကနေ ပျောက်ကွယ် ကာ invisible အဖြစ် တဖန်ဖြစ်သွားပြန်ပါတယ်။

၄) လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝဝဝ က စကြမုနိဗုဒ္ဓဟာ ဝင်စားပြီး ဤကမ္ဘာမြေကို

သက်ဆင်းတော်မူခဲ့ပြီး

၅) လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ မှာတော့ ဂေါတမဗုဒ္ဓဟာ ဝင်စားပြန်ကာ ကမ္ဘာမြေသို့

သက်ဆင်းတော်မူ ခဲ့ပါတယ်။

အသေးစိတ်လေ့လာလိုသူတို့ က ဆက်လက်၍ ဖတ်ရှုလေ့လာနိုင်ပါသည် ။

အထက်ပါအကြောင်းအရာတို့သည် အင်တာနက်၏ ဘာသာရေး ဆိုင်ရာ

ဝက်ဘ်ဆိုဒ်များတွင် နာမည်ကြီးနေသော အကြောင်းအရာများဖြစ်သည့် အတွက်

လေ့လာလိုသူများ လေ့လာနိုင်ရန် ဖေါ်ပြပေးလိုက် ခြင်းဖြစ်ပါသည်။ ပိုမို

လေ့လာလိုပါက အင်တာနက်ကို အသုံးပြုပြီး လေ့လာနိုင်ပါသည်။ ဖြေရှင်းချက်များ

အနေဖြင့် ရှေ့အခန်းမှ ယေရှု၏ ၁၈ နှစ်ပြဿနာတွင် ယေရှုသည် မိမိနေရပ်မှ

ဝေးဝေးသို့ မည်သည့်အရပ်မှ မသွားခဲ့ကြောင်း သက်သေများဖြင့် ဖေါ်ပြထားပြီး

ဖြစ်သည့်အတွက် ဖေါ်ပြပေးရန်လိုအပ်တော့မည် မထင်ပါ။

နောက်တစ်ချက် အနေဖြင့် ယေရှုသည် ဗုဒ္ဓရဟန်းတစ်ပါး သို့ မဟုတ်

အီဆာခေါ် ယေရှုသည် ထာဝရဘုရား၏ တမန်တော်တစ်ပါးသာ ဖြစ်သည် ဆိုလည့်

ဆွေးနွေးချက်ကို နောက်ပိုင်းခေါင်းစဉ်တွင် ဖေါ်ပြမည့် ခရစ်ယာန် ဘာသာဝင်များ

အတွက် အမြင်မရှင်းသည့်မေးခွန်းများမှ မေးခွန်းအမှတ်စဉ် (၃) စာမျက်နှာ ၂၂၄

တွင် အကြောင်း အကျိုး အထောက်အထား များစွာဖြင့် ဆွေး‌ နွေး ဖြေကြား

ပေးထားပါသည်။

ကျောက်ကွင်းဝါဒပြိုင်ပွဲ

(က) ကျောက်ကွင်းဝါဒပြိုင်ပွဲ

အရေးတော်ပုံ အစ

ပြည်ခရိုင် ဝက်ထီးကန်မြို့ကလေးမှာ လေးမိုင်ခန့်ကွာဝေးသော နေရာ၌

မြေပြန့်ချင်း အမျိုးသားများ နေထိုင်သော ကျောက်ကွင်းအမည်ရှိ ချင်းရွာ

ကလေးတစ်ရွာရှိသည်။ အိမ်ခြေ (၇၀)ကျော်မျှရှိ၏၊ ပတ်ဝန်းကျင် များသည်

မြန်မာရွာများ ဖြစ်သော်လည်း ကျောက် ကွင်းရွာနှင့် ၄င်း၏အနီးတွင်ရှိသော

ညောင်ပင်သာရွာတို့မှာ ချင်းအမျိုးသားများသာ နေထိုင်သော ချင်းရွာ နှစ်ရွာ

ဖြစ်လေသည်။၄င်းရွာနှစ်ရွာစလုံးသည် ခရစ်ယာန်ဘာသာဝင် များ နေထိုင် သော

ရွာ များဖြစ်၍ ကျောက်ကွင်းရွာ၌ ခရစ်ယာန် ဘုရားရှိခိုး ကျောင်းရှိပြီး- ဓမ္မဆရာ

ဦးရွှေအောင် နေထိုင်သည်။

ဗုဒ္ဓ ဘာသာဝင် ချင်းအမျိုးသား အိမ်ထောင်စု ငါးခုမျှသာရှိသည်။

ကျန်အိမ်ထောင်စုများမှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြသည်။ကျောက်ကွင်း

ရွာမှာ သေးငယ်သော်လည်း သူကြီးမင်းနေ ထိုင်သော ရွာ ဖြစ်သောကြောင့်

ထင်ရှားသည်။ အခြားအကြောင်း တစ်ခုမှာလည်း ရွာသူကြီး ဦးလှောင်မှာ ဗုဒ္ဓ

ဘာသာဝင် ချင်းအမျိုးသားဖြစ်၍ ဇနီးမှာ ခရစ်ယာန် ဘာသာဝင် ချင်းအမျိုး သမီး

ဖြစ်သည်။ အိမ်ထောင်ရေးကို ဦးစားပေးထား ကြသောကြောင့်ဇနီးမောင်နှံ နှစ်ဦးမှာ

ဘာသာရေး လွတ်လပ်ခွင့် ရှိကြသည်။ တနင်္ဂနွေနေ့ တွင် မယားက ဘုရား

ရှိခိုးကျောင်း တက်သည်။ ဥပုသ်နေ့တွေင် လင်ယောက်ျားက အခြားရွာရှိ မြန်မာ

ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက် ပြီး ဥပုသ်စောင့် သီလဆောက် တည်သည်။

နာတာလူးပွဲ ခရစ်စမတ်ပွဲများကို မယားကဆင်နွဲပြီး လင် ယောက်ျားက ကထိန်ပွဲ

ဝါဆိုပွဲ ညောင်ရေသွန်းပွဲများကို ဆင်နွဲသည်။ မယား၏ ဘာသာရေးအလှူကို

လင်ယောက်ျားက လိုက်လျော၍ လင်ယောက်ျား၏ ဘာသာရေး အလှူကိုလည်း

ခွင့်ပြုခဲ့သည်။ ပဋိပက္ခမရှိ သည့် သဘောထားကြီးသော ဇနီး

မောင်နှံတို့ပင်တည်း။ သို့သော် ဦးလှောင်မှာ ရပ်ရွာ၏ အကြီးအကဲသူကြီး ဗုဒ္ဓ

မှန်ကန်ကြောင်းကို မိမိတတ်သမျှ ပြောပြသည် ဦးရွှေအောင်ကလည်းဦးလှောင်ပြောသမျှကို ချေဖျက်၍ ငြင်းချက်ထုတ်သည်။ ဤသို့ဖြင့် ဓမ္မဆရာ

ဦးရွှေအောင်နှင့် သူကြီးမင်းဦးလှောင်တို့၏ အငြင်းအခုံ သည် ထင်ရှားလာ၍

ညဘက်တွင် ရွာသားများပင် လာရောက် နားထောင်ကြ သည်။ သို့သော် အဖြေကား

ထွက်မလာချေ။ ဦးရွှေအောင် ကလည်း သူကြီးမင်း သဘောကျအောင်

မဟောပြောနိုင်၊သူကြီးမင်းကလည်း ဦးရွှေအောင်ကို နိုင်အောင် မပြောနိုင် ၊

သူတို့နှစ်ဦးလည်း လုံးလည်လိုက်၍ နေကြပြန်သည် ရက်မှသည် လသို့ လမှသည်

နှစ်သို့သာ ကူးပြောင်းခဲ့သည်။

ဤအကြောင်းကား မထူးသေးပေ၊ နှစ်ဘက်သော ထောက်ပံ့ကြေး ကြောင့်

စီးပွားရေး မဟန်သည့်အပြင် ကြွေးပင်အနည်းငယ်တင်လာသည်။ သည်အတိုင်း

မဖြစ်သေး၊ ဤကိစ္စကို ပြတ်အောင်လုပ်မှ ဖြစ်မည်ဟု သူကြီးမင်း တွေးရလေသည်၊

တစ်နေ့တွင် အကြံကောင်းတစ်ခုကို တွေးမိသည် ဦးရွှေအောင် သည်

ညအိမ်သို့လာလျှင် တင်ပြမည်။ ထိုနေ့တွင် ဦးရွှေအောင် ရောက်လာ သောအခါ၌

သူကြီးမင်း ဦးလှောင်က မိမိ၏ အကြံအစည်ကို ထုတ်ဖေါ် ပြောကြားလေသည်။

“ဒီမယ် ဆရာအောင် ခင်ဗျားနှင့်ကျူပ်တို့ ကိုယ့်ဘာသာ တရား ကောင်းကြောင်း

ငြင်းခုံနေကြတာလည်း ကြာလှပြီ ။ ဘာမှလည်း အဖြေမထွက်ဘူး၊ လဘက်ရည်

ကြမ်းနှင့် လဘက်သုတ်သာ ကုန်ပြီး လူမော တာပဲ အဖတ်တင်သည်။ ဘာမှလည်း

အကျိုးထူးမလာဘူး။ အဲဒီတော့ တစ်ခု ခုတော့ အပြောင်းအလဲလုပ်မှ

ဖြစ်မယ်ထင်တယ်။” “ သူကြီးမင်းက ဘယ်လိုဖြစ်ရပြန်တာလဲဗျ ၊ တစ်နေ့

နေ့တော့ အဖြေထွက်လာမှာပေါ့ဗျ ၊ သူကြီး မင်းက ဘယ်လိုများ ပြောင်းလဲချင်

တာလည်းဗျ” “ဒီလိုရှိတယ် ခင်ဗျ ၊ ဦးရွှေအောင် ပြောတာလည်း ကျွန်တော်ကမယုံနိုင်

ကျန်တော်ပြောတာလည်း ဦးရွှေအောင် က လက်မခံနိုင်ဆိုတော့ ဒီအတိုင်း

သွားနေလို့တော့ မဟန်ဘူးဗျ။ အဲဒါ သူကြီးမင်းက ဘယ်လိုလုပ်ချင်လဲဗျ

ပြောပြပါဦးလေ” “ဒီလို ဗျာ. . ဆရာအောင် ကလည်း ခရစ်ယာန် တရားနှင့်

ပတ်သက်ပြီး ကိုယ့်ထက် သာတဲ့ ဆရာတစ်ယောက်ကို ရှာဗျာ၊ ကျွန်တော် ကလည်း

ဗုဒ္ဓဘာသာတရားနဲ့ ပတ်သက်ပြီး ဆရာတစ်ဦးကို ရှာမယ်” ၊ “အင်းလေ.…။

ပြောပါဦး” “အဲဒီဆရာနှစ်ယောက် အပြိုင်အဆိုင် ပြောကြားစေဗျာ ၊ ငြင်းကြ

ခုံကြစေဗျာ ၊ သူတို့က ဆရာအောင်နှင့် ကျွန်တော်ထက် တော်တဲ့ တတ်တဲ့ လူတွေ

ဆိုတော့ သူတို့နှစ်ယောက် ပြောကြရင်း တစ်ခုခုတော့ အဖြေထွက်မှာပဲဗျ။

အဲဒီလိုဆိုရင် မကောင်းဘူး ဆရာအောင်ရဲ့” “ကောင်းသားပဲ သူကြီးရဲ့

ဒါပေမယ့် အဲဒီဆရာတွေ ဒီကိုလာဘို့ ကျွေးဘို့ စရိတ်စကတွေတော့ခံမှဖြစ်မယ်ဗျ”

“အဲဒါဟုတ်တာပေါ့ ကျွန်တော်တို့က ခေါ်တာဆိုတော့ ကျွန်တော်တို့ကပဲ စရိတ်

ခံရမှာပေါ့ဆရာအောင်ရယ်”

“ဒီလိုဆိုရင် စရိတ်အတွက် ဒီလိုလုပ်ရင် ကောင်းမယ်ထင်တယ်၊ သူကြီးတို့ ဆရာ

အတွက် သူကြီးတို့ဘက်က တာဝန်ယူဗျ၊ ကျွန်တော်တို့ ဆရာအတွက် လည်း

ကျွန်တော်တို့ ဆရာအတွက်လည်း ကျွန်တော်တို့ ခရစ်ယာန်တွေက စုပေါင်း

ကျခံမယ်ဗျ”

ဦးရွှေအောင်၏ ပြောပြချက်မှာ မျှတသဖြင့် သူကြီးက သဘော ကျသည်၊

ဦးရွှေအောင်နှင့်သူကြီးအိမ်တွင် ရောက်နေကြသည့် ချင်းအမျိုးသား ခရစ်ယာန်

ပရိသတ်ကလည်း သဘောကျကြသည်။ သို့သော် သူကြီးမှာ တစ်ဦးတည်း

ဖြစ်နေသဖြင့် ရွာထဲရှိ ဗုဒ္ဓဘာသာအိမ်သုံးအိမ်မှ လူကြီးများကို ခေါ်ခိုင်းလိုက်သည်။

ထိုသူများ ရောက် လာသော အခါ ကျောက်ကွင်းရွာ၏ မြောက်ဘက်နှင့်

တောင်ဘက်တွင်ရှိသော ဗမာရွာများမှ ဗုဒ္ဓဘာသာလူကြီး များကို အခေါ်ခိုင်းလိုက်

သည် ၊ တစ်နာရီခန့် ကြာသောအခါ ထိုရွာများမှ ဗုဒ္ဓဘာသာလူကြီး ရှစ်ဦး လိုက်ပါ

လာကြသည်။ သူကြီးဦးလှောင်ကား အင်္ဂလိပ် အစိုးရက ခန့်အပ်ထားသော

ဒိုင်နယ်သူကြီး ဖြစ်သဖြင့် စည်း စနစ်ရှိသူ တစ်ဦး ဖြစ်သည်။ ပြောဆို

လုပ်ကိုင်ရာတွင် တိကျစေ့စပ်သည် ၊ ထို့ကြောင့် နှစ်ဘက်သော လူကြီး များနှင့်

အကြေအလည် ဆွေးနွေး ကြပြီးနောက် သူကြီးကတော် ထံတွင် စာရွက် တောင်းပြီး

ဦးရွှေအောင် အား ရေးသားစေလျှက် အောက်ပါ အချက်များ ပါဝင်သည့်

သဘောတူညီချက်ကို စာချုပ်အဖြစ်ချုပ်ဆို လိုက်လေသည်။

သဘောတူညီချက်စာချုပ်တွင်ပါရှိသောအချက်များ-

၁။ ကျောက်ကွင်းရွာသူကြီး ဦးလှောင်အပါအဝင် ဗုဒ္ဓဘာသာဝင်များနှင့် ၄င်းရွာနေ

-ဓမ္မဆရာ ဦးရွှေအောင်ပါ ခရစ်ယာန်များက အောက်ပါအတိုင်း သဘောတူ စာချုပ်

ပြုလုပ်၍လက်မှတ်ရေးထိုးကြသည်။

၂။ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာနှစ်မျိုး၌ မည်သည့်တရားက ကောင်းသည်

မှန်သည်ဟုယှဉ်ပြိုင်ဟောပြောပွဲကိုကျင်းပကြရန်။

၃။ ဤသို့ ယှဉ်ပြိုင်ပွဲကြီး ပြုလုပ်ရန်အတွက် ကျောက်ကွင်းရွာ၏ အနောက် ဘက်

လယ်ကွင်းကြီးထဲ၌မဏ္ဍပ်ကြီးတစ်ခုထိုးရန်။

၄။ ထိုမဏ္ဍပ်ကြီးထိုးရန်အတွက် ခရစ်ယာန်များနှင့် ဗုဒ္ဓဘာသာဝင်များက အညီ

အမျှထက်ဝက်စီကုန်ကျခံ၍ပြုလုပ်ကြရန်။

၅။ မဏ္ဍပ်ကို (၁၅)ပင်၊ (၁၄)ခန်းထိုးကြရန်။ ဤမဏ္ဍပ်ကို ခရစ်ယာန်တို့က

(၇)ခန်းဗုဒ္ဓဘာသာတို့က(၇)ခန်းအညီအမျှထိုးကြရန်။

၆။ ခေါင်းဆောင်ဖိတ်ကြားသော ဘာသာဆိုင်ရာ ဆရာများကို ဗုဒ္ဓဘာသာ အတွက်

ဗုဒ္ဓဘာသာဝင်တို့က စရိတ်ခံ၍ ၊ ခရစ်ယာန် ဘာသာအတွက် ခရစ်ယာန်ဘာသာဝင်

တို့ကစုပေါင်းကျခံကြရန်။

၇။ မိမိတို့အဖွဲ့ သဘောကျရာဆရာများကို မိမိတို့သဘောအတိုင်း ကြိုက် နှစ်သက်

သလိုရှာဖွေခေါ်ဆောင်ကြရန်၊

၈။ ဟောပြောသောအခါ ဟောပြောချိန်နာရီကို အညီအမျှထား၍ ဟောပြောကြ

စေရန်။

၉။ ထိုသို့ ဟောပြောပြီးသောအခါ တစ်ဘက်မှ တစ်ဘက်ဘာသာသို့ တစ်အိမ်ထောင်

တိတိ ကူးပြောင်းကြေညာနိုင်လျှင် ထိုသို့ကြေညာနိုင်သော ဘာသာဘက်က

နိုင်သည်ဟု ဆုံးဖြတ်ရန်။

၁၀။ ရှုံးသောဘာသာဘက်မှ လူကြီးများက နိုင်သောဘာသာဘက်က လူကြီး များသို့

ငွေကျပ်ငါးဆယ်တိတိပေးရန်။

၁၁။ ငါးဆယ်အနိုင်ရရှိသောဘက်က ထိုငွေဖြင့် အောင်ပွဲအဖြစ် ရွာပြင်၌ ဇာတ်ပွဲ

တစ်ချီကစေ၍ ရွာရှိ လူကုန်ပွဲကြည့်ကြစေရန်။

၁၂။ ယှဉ်ပြိုင် ဟောပြောပွဲကြီး ကျင်းပမည့်ရက်ကို ခရစ်သက္ကရာဇ် ၁၉၃၆ ခု၊

မေလ(၁)ရက်နေ့၊ ဗမာသက္ကသရာဇ် (၁၂၉၈)ခု၊ ကဆုန်လဆန်း (၁၂)ရက်၊

သောကြာနေ့ ကိုသဘာတူသတ်မှတ်ရန်။

၁၃။ ယခုသတ်မှတ်သော ပွဲကြီးနေ့၌ ခေါင်းဆောင်တရားဟောဆရာ မလာ နိုင်သော

ဘက်ကအရှုံးဖြစ်စေရမည်။

ဗုဒ္ဓဘာသာဝင်တို့ ကိုယ်စား သူကြီးဦးလှောင်က လက်မှတ်ရေး ထိုး၍

ခရစ်ယာန်တို့ကိုယ်စား ဓမ္မဆရာဦးရွှေအောင်က လက်မှတ် ရေးထိုးကြလေသည်။

ထိုစာချုပ်ချုပ်ဆိုသောနေ့ကား – မြန်သက္ကရာဇ် (၁၂၉၇)ခု၊ နှောင်းတန်ခူး လဆန်း

(၁၄)ရက်။ ခရစ်သက္ကရာဇ် (၁၉၃၆)ခု၊ ဧပြီလ (၄)၊ စနေနေ့ဖြစ်ပါ သတည်း။

အလိုတော်ရဂိုဏ်း

အလိုတော်ရရွာသည် ကျောက်ကွင်းရွာ၏ အနောက်မြောက်စွန်းစွန်း

နှစ်မိုင်ခွဲခန့် အကွာတွင်ရှိသည်။ ထိုရွာတွင် ဝါတော် (၆၅)ဝါ ၊ သက်တော် (၈၅)နှစ်

ရှိတော်မူသော ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီး သီတင်းသုံး တော်မူ သည်။

ဆရာတော်ဘုရားကြီး သီတင်းသုံးတော်ရာရွာကို အစွဲပြု၍ ဆရာတော် ဘုရားကြီး

ဦးစီးတော်မူသော ဂိုဏ်းကို အလိုတော်ရဂိုဏ်းဟု ခေါ်ကြသည်။

အလိုတော်ရဂိုဏ်းဝင် ဘုန်းတော်ကြီးကျောင်းပေါင်း (၈၀)ကျော်

ရှိလေသည်။ သူကြီး ဦးလှောင်နှင့် ကျောက်ကွင်းရွာ၏ ပတ်ဝန်းကျင်မှ ဗုဒ္ဓ

ဘာသာဝင် လူကြီးများသည် ဝါဒပြိုင်ပွဲ စာချုပ်ချုပ်ဆိုပြီးနောက် မဏ္ဍပ်ထိုး ရေး

ဧည့်ခံကျွေးမွေးရေးတို့ကို အဓိကထား၍ လုံးပန်း နေကြ သည်။ ဝါဒပြိုင်ပွဲတွင်

ဘာသာဝင်များဘက်မှ ယှဉ်ပြိုင်ဟောမည့် ပုဂ္ဂိုလ်ရှာ ဖွေရေး အတွက်မူ

ပတ်ဝန်းကျင်တွင် ပိဋကတ် စာပေ တတ်ကျွမ်း သော ဆရာတော် ရဟန်းတော်

များ ရှိနေသဖြင့် ပူပန်ကြောင့်ကြမှု မထား ကြချေ။ ဘယ်ဆရာတော်ဖြစ်ဖြစ်

ယှဉ်ပြိုင်ဟောပြော နိုင်မည်ဟု ယူဆထားကာခပ်အေးအေးပင် နေကြသည်။ခရစ်ယာန်များဘက်ကမူ ယှဉ်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်ကို အဓိက ထား၍စည်းဝေးတတ်ကြသည်။ အကောင်းဆုံး အတော်ဆုံးဆရာကို ရအောင် ရှာဖွေပြီး

ပင့်ဖိတ်ရန် ဆွေးနွေးကြသည်။ ငွေဘယ်လောက်ကုန် ပါစေ၊ ဖြစ်သည့် နည်းဖြင့်

ရှာဖွေထည့်ဝင် ကြသည်။ ဤအရေးသည် ကျောက်ကွင်းရွာ တစ်ရွာ တည်း၏

အရေးမဟုတ် ၊ ခရစ်ယာန် ဘာသာ တစ်ခုလုံး၏ အရေးဖြစ်သည်။နိုင်မှ ဖြစ်မည်

။ ထို့ကြောင့်ဓမ္မဆရာ ဦးရွှေအောင် အား ရန်ကုန် မန္တလေးစသော မြို့ကြီးများသို့

သွားရောက်ရန် တာဝန်လွဲလိုက်ကြသည်။

ဗုဒ္ဓဘာသာဝင်များဘက်က နီးစပ်ရာ ရွာဦးကျောင်းဆရာတော် များကို

လျှောက်ထားကြည့်တော့မှ မလွယ်ကူကြောင်း တွေ့ရှိရသည်။ အများစုမှာ

ပိဋကတ်တော် တတ်ကျွမ်းကြပါ၏ ။ ခရစ်ယာန်အကြောင်း တစ်လုံးတစ်ပါဒမျှ

မသိရှိကြချေ။ စိတ်ဝင်စားမှုမရှိသဖြင့် မလေ့လာကြ ။ ခေတ်ပညာမတတ်ကြ

ထို့ကြောင့် ခေတ်အမြင်လည်း မရှိကြပဲ ပိဋကတ် တစ်ဖက်မြင်များသာ ဖြစ်ကြ

လေသည်။

ဂိုဏ်းချုပ်ကြီးထံသို့

ဦးလှောင်နှင့်ဗုဒ္ဓဘာသာဝင်တစ်စုသည် ဤကိစ္စအတွက် ဂိုဏ်းချုပ်

ဆရာတော်ကြီးကို လျှောက်ထားတိုင်ပင်မှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ပြီး ၊ စာချုပ်ကိုပါ

တိုင်ပင်ပြီး အလိုတော်ရ ဂိုဏ်းချုပ် ဆရာတော်ကြီးထံသို့ သွားရောက် လျှောက်ထား

ကြလေသည်။ စာချုပ်ကိုလည်း ပြသကြ၏၊ ဆရာတော်ကြီးမှာ သက်တော်ကြီး၍

နားလေးနေသဖြင့် ဦးပဇင်းကြီး တစ်ပါးမှ တစ်ဆင့် အသံ ကျယ်ကျယ်ဖြင့်

လျှောက်ထား ရသည်။

ဂိုဏ်းချုပ် ဆရာတော်ကြီးသည် လျှောက်ထားချက် ကို နားလည်

သွားပြီးနောက် စာချုပ်ကို ဖတ်ရှုတော်မူသည်။ ထို့နောက် ဂိုဏ်းအတွင်း သံဃာ

အစည်းအဝေးခေါ်ယူပြီး သင့်တော်သလို စီမံပေးမည် ဖြစ်ကြောင်း ဦးလှောင်တို့

မိန့်ကြားတော်မူ လိုက်လေသည်။ ဦးလှောင်တို့ လူသိုက်သည် ပူပန် မှု

လျော့ပါးသွားသော်လည်း စိတ်မော လူမောဖြစ်ကာ ပြန်လာကြရသည်။ ရွာတွင်

အသင့် စောင့်နေကြသော ဗုဒ္ဓဘာသာဝင် များအား ဂိုဏ်းချုပ် ဆရာတော်

ဘုရားကြီးက စီမံပေးတော် မူမည့် အကြောင်းသာ ပြန်ကြားရပါ တော့သည်။

တိုက်ပွဲ ဗိုလ် ချုပ် ရှာပြီ

ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးသည် ဂိုဏ်းဝင်ကျောင်းပေါင်း (၈၀) ကျော်မှ

ခေါင်းဆောင်ဆရာတော် များကို ပင့်ဖိတ်စေ၍ အလိုတော်ရကျောင်း တွင် စည်းဝေး

စေသည်။ ဂိုဏ်းဝင်ဆရာတော်အသီးသီးက အကြံအမျိုးမျိုး လျှောက်ထား ကြ

သော်လည်း ယှဉ်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ် ဂိုဏ်းဝင် ဆရာတော် ဘုရားထဲမှ

ပေါ်ထွက်မလာဘဲဖြစ်နေသည်။

ဤအရေးအခင်းမှာ အလိုတော်ရဂိုဏ်း၏ အရေးအခင်းသာ မကဘဲ

ဗုဒ္ဓဘာသာသာ သနာတော်အတွက် အရေးကြီးသော အရေးအခင်း ဖြစ်သည်ဟု

ဂိုဏ်းဝင်ဆရာတော်အားလုံးကပင် တစ်ညီတစ်ညွတ်တည်း သဘောထားကြ သည်။

မိမိဂိုဏ်းထဲမှ ယှဉ်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်များမထွက်သော်လည်း ရဟန်း

သာမဏေ ရှစ်သောင်းကျော်မျှရှိသော မြန်မာနိုင်ငံတွင် ခရစ်ယာန်နှင့် ယှဉ်ပြိုင်

ဟောပြောရဲမည့် အာဇာနည် ပုဂ္ဂိုလ်ရှိရမည်။ ထိုပုဂ္ဂိုလ်မျိုး တွေ့အောင် ရှာ၍ရအောင်

ပင့်ဆောင်နိုင် ဘို့သာ အရေးကြီးသည်။

ထို့ကြောင့် ဂိုဏ်းဝင်ကျောင်းဆရာတော်တို့ သည် မြို့၊ ရွာကြီးလျှင်

ငွေတစ်ဆယ် ၊ ငယ်လျှင် ငါးကျပ်ကျ ထောက်ပံ့ ကူညီကြရမည်ဟု ဂိုဏ်းချုပ်

ဆရာတော် ဘုရားကြီးက မိန့်ကြားတော်မူသည်။ အားလုံးဝိုင်းဝန်းထောက်ပံ့ ကြရာ

ငွေကြေးအတွက် ပူပန်စရာ မရှိတော့ဘဲ အားလုံးပင် ပြည့်စုံသွားကြ လေသည်။

ထိုနောက် ဂိုဏ်းဝင်ဆရာတော် တို့သည် အသီးသီး တာဝန်ယူကြပြီး အလိုတော်ရ

ပုသိမ် မော်လမြိုင်စသော မြို့ကြီးများရှိ ဂိုဏ်းအုပ် ဆရာတော်များ

ဂိုဏ်းချုပ် ဆရာတော်ကြီး၏ ကျောင်းတွင် ဌာနချုပ်ပြုလုပ်၍ ရန်ကုန် မန္တလေး

နာမည်ကျော် ဆရာတော်များထံသို့ ဂိုဏ်းဂဏမရွေးချယ်ဘဲ စာရေး လျှောက်ထား

ကြသည်။ ကြေးနန်းရိုက်၍ အကြောင်း ကြားကြသည်။ မိမိတို့ ကိုယ်တိုင်

မကြွနိုင်လျှင်လည်း ကြွရောက်ယှဉ်ပြိုင် ဟောပြောနိုင်မည့် ပုဂ္ဂိုလ်ကို ညွှန်ကြားကြ

ပါရန် ၊ အကြောင်းစုံလင်စွာဖြင့် လျှောက်ထားကြသည်။

သာယာဝတီ ဦး ဉေယျ

သို့ရာတွင် မန္တလေး ၊ ပခုက္ကူစသော မြို့ကြီးများမှမည်သည့် ပြန်ကြား

ချက် ကိုမျှ မရရှိခဲ့ပေ။ ရန်ကုန်မှ ဆရာတော်အချို့ကမူ ဓမ္မကထိက ဦးဥယျ =

ပင့်ဖိတ်ရန် အကြံပေးစာ ပြန်ကြားပြန်သည်။ ဦးဥယျသည် ထိုအချိန်က နိုင်ငံ

ဓမ္မကထိက ဆရာတော်ဖြစ်၏။ အသံ ကောင်းသည် အဟော အရာ

ကောင်းသည် ၊ အာဝဇ္ဇာန်း ရွှင်သည် ၊ ထို့ပြင် လောကမျက်မှန် စာစောင်

ခရစ်ယာန် ဘာသာကို ရှုပ်ချသည့်စာများကို ရေးသားနေသဖြင့် လူသိများရှိခြင်း

ကျော်ကြားသည်။ ထို့ကြောင့် ယခုခရစ်ယာန်ဘာသာနှင့် ယှဉ်ပြိုင်၍ ဟောပြော

ရမည့် ဘာသာဝါဒပြိုင်ပွဲတွင် ဦးဥယျ သည် အသင့်တော်ဆုံးဖြစ်သည်ဟု ယူဆပြီး

ရန်ကုန်ဆရာတော်အချို့က ညွှန်ကြားကြခြင်းဖြစ်လေသည်။

အလိုတော်ရ ဂိုဏ်းဝင်ဆရာတော်တို့ကား နိုင်ငံကျော် ဓမ္မကထိက

သာယာဝတီ ဦးဥယျ၏အမည်ကို ကြားဖူးကြသည်။ အဟောအပြော ကောင်း

ကြောင်းလည်း ကြားဖူးကြသည်။ ခရစ်ယာန်ဘာသာကို ရှုပ်ချ ရေးသားနိုင်

ဖြစ်ကြောင်း ကြားသိ ရသောအခါပိုမိုအားတက်ကြသည်။

ထို့ကြောင့် ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးအားအကျိုးအကြောင်း

လျှောက်ထားတင်ပြသောအခါ အမြန်ဆုံး ပင့်ဖိတ်အကြောင်းကြားရန် အမိန့်ရှိတော်

မူလေသည်။ ဂိုဏ်းဝင်ဆရာတော်တို့သည် ဦးဥယျထံသို့ အကြောင်းစုံ စာရေး၍

လျှောက်ထားပန်ကြားကြသည်။ ဆရာတော် ဦးဥယျကို ပင့်ပြီ ဟူသော်

သတင်းသည်ဗုဒ္ဓဘာသာဝင်များဘက်က ဓမ္မကထိက အကျော် သာယာဝ၏

ဦးဥယျဆရာတော် ခေါင်းဆောင်၍ ယှဉ်ပြိုင်ဟောပြောမည် ဟူသော သတင်း

အဖြစ်သို့ ပြောင်းလဲပြီး ပြန့်နှံ့ သွားတော့ သည်။ ဗုဒ္ဓဘာသာ ဝင်အများစုမှာ

ဦးဥယျကို ကြားဖူးနေကြ သဖြင့် အားတက်နေကြသည်။

လောကမျက်မှန်ကို ဖတ်ဖူးသူများကလည်း ဗုဒ္ဓဘာသာဘက်က နိုင်ပြီ

တစ်ထစ်ချတွက် ချ နေကြ၏။ ဤသတင်းကား ခရစ်ယာန်တို့ဘက်သို့

ပြန့်နှံ့သွား လေသည်။ သို့သော် အမှန်တကယ် ဖြစ်ရပ်မှန်ကား ဆရာတော်ဦး ဉေယျ

ထံမှ မည်သည့်ပြန်ကြားချက်ကိုမှ မရရှိခြင်းပင်ဖြစ်၏ ။ အလိုတော်ရ ဆရာတော်

များက နောက်ထပ်၍ တောင်းပန်စာရေးကြ ပြန်သည်။ စိတ်ချရအောင်ဆိုပြီး

ကြေးနန်းရိုက်၍ သတင်းပို့ကြသည်။ ဦးလှောင်တို့ကလည်း ဦးဥယျကို ပင့်သည်ဟု

ကြားရသဖြင့် ပျော်ရွှင်အားတက်နေကြသည်။ အကြိမ်ကြိမ်စာရေး၍ ကြေးနန်းပို့

သော်လည်း ပြန်ကြားချက်ကို မရရှိကြ သောအခါ အလိုတော်ရဂိုဏ်းမှ ဆရာတော်

အချို့ ရန်ကုန်မြို့သို့ ကိုယ်တိုင် လိုက်သွားကြပြီး ဆရာတော်နှင့် ဦးယျနှင့်

၌တွေ့ဆုံကာ လျှောက်ထား တောင်းပန်ကြ၏။ အမျိုးမျိုးလျှောက်ထားကြ၏ ။

ခိုင်လုံသော အကြောင်းပြချက်မရှိဘဲနှင့် ဦးဥယျက ငြင်းလွတ်လိုက်သည်။ မန္တလေး၊

ပခုက္ကူစသည်မှ ပုဂ္ဂိုလ်များကို ပင့်ကြပါဟု ဂဂဂလွဲ ညွှန်ကြားလိုက်သည်။

ခရစ်ယာန်ဘက်မှ ဘုန်းကြီးလူထွက် ဓမ္မဆရာကြီးများ ပါလိမ့်မည်ဟူသော သတင်းကို

ဦးဥယျကြားသိပြီးဖြစ်ဟန်တူ၏။

အချင်းချင်းတော့ ဆော်ရဲသည် ထိုဦးဝေယျကိုယ်တော်ကြီးကား နယ်နယ်

ရ ပုဂ္ဂိုလ်မဟုတ် ခရစ်ယာန်နှင့်သာ ယှဉ်ပြိုင် ဟောပြောခြင်း မပြုရဲ သော်လည်း

ကိုယ်ဗုဒ္ဓဘာသာအချင်းချင်း ဘဝတူရဟန်းချင်းကိုမူ ဆော်ရဲနှက်ရဲ၏ ။

ပိဋကတ်အရာ မယှဉ်သာအောင် မိမိထက် အများကြီး သာလွန်သော အရှင်

အာဒိစ္စာဝံသ ဆရာတော်ကို ဂျူဗလီဟော ပကာသနီယျ အစည်းအဝေးပွဲကြီး၌

ဘုန်းကြီး ဦးတူး ချီးလူးသည့် ပုံပြင်” ဖြင့် ရက်ရက် စက်စက် ဆော်နက်၍

ကျအောင် ပြောသူဖြစ်၏။ လူပြန်တော်ပညာရှိ တစ်ဦးကို ရေးခိုင်းပြီး သူကအ

မည်ခံကာ နေစရာ ရှာမရ မလကကွင်းပြင် ပမာစာရင်းဝင်တယ် အဖျင်းတွင်

ထိပ်ဆုံး အာဒိစ္စ ယောက်ဖကုလားနာရယ် ဘောက်ကျတာတွေ လျှော့လိုက်ပါဦး

ဆိုသော တေးထပ်ကဗျာကို သတင်းစာတွင် ထည့် ရဲသူ အာဇာနည်ပုဂ္ဂိုလ်ကြီးပေတည်း။

အလိုတော်ရ ဂိုဏ်းဝင်ဆရာတော်များအား စိတ်ပမ်းလူနွမ်း ဖြစ်ကြကာ

ရန်ကုန်မှ ပြန်လာခဲ့ကြရ၏။ မန္တလေး၊ ပခုက္ကူ၊ စသည် မြို့ကြီးများမှ ပြန်ကြား ချက်ကို

မျှော်လင့်ရန်သာ ရှိတော့သည်။ သို့သော်လည်း ထိုမြို့များမှ ပြန်ကြား ချက်ကို မရခဲ့ပေ

ဦး ဉေယျ၏ ငြင်းဆိုလိုက်ကြောင်းကို ဂိုဏ်းချုပ်ဆရာတော် ဘုရားကြီးအားလျှောက်

ထားဘဲ ဖုန်းကွယ်၍ ထားကြ၏ ။ မောင် ဉေယျ မရောက်သေးဘူးလားဟု

နေ့စဉ်မေးနေသော ကြောင့် ကြာရှည်ဖုန်းကွယ် ထားရန် မဖြစ်နိုင်တော့

အချိန်မှာလည်း တစ်ဖြေးဖြေး ကုန်သည်ထက် ကုန်လာ၍ ကဆုန်လဆန်း သို့

ဆိုက်ရောက်လာချေပြီ ၊ ထို့ကြောင့် ဦး ဉေယျ မလာနိုင်တော့ကြောင်း ဖွင့်ဟင့်

လျှောက်ထားရတော့သည်။ ဂိုဏ်းချုပ် ဆရာတော်ဘုရားကြီးမှာ အလွန်ပင်

စိတ်မချမ်းမသာ ဖြစ်တော် မူရှာသည်။ တပည့်ဆရာတော်များက မန္တလေး၊ ပခုက္ကူ

တို့မှ အကြောင်း ပြန်ကြားချက် မရရှိသေးကြောင်း မကြာမီရမည် ထင်ကြောင်း

စသည်ဖြင့် စိတ်ချမ်းသာမှုရအောင် လျှောက်ထားကြရသည်။ အလိုတော်ရ

ကျောင်းသို့ အမြဲသတင်းမေး နေသော ဦးလှောင်တို့မှာလည်း ဦး ဉေယျ မကြွရောက်

နိုင်ကြောင်း သိသွားကြသဖြင့် အလွန်စိတ်အားငယ်သွားကြသည်။ ဂိုဏ်းချုပ်

ဆရာတော်ကြီးက ဖြစ်အောင်စီစဉ်ပေးမှာပဲ ဟူ၍ သာ တွေးတောပြီး စိတ်ကို

ဖြေနေကြရသည်။

ခရစ်ယာန်တို့အား တက်ပြီ။ ခရစ်ယာန်တို့ကလည်း ရန်ကုန်၊ မန္တလေး

မော်လမြိုင်၊မေမြို့၊ တောင်ငူစသော မြို့များရှိ ဂိုဏ်းအုပ်ဂိုဏ်းချုပ်များ ထံသို့

စာရေး၍၄င်း လူကိုယ်တိုင်သွားရောက်၍၄င်း၊ အကျိုးအကြောင်းရှင်းပြု၍

ဆွေးနွေးကြသည်။ ခရစ်ယာန်ဂိုဏ်းများကလည်း အချင်းချင်း ဆွေးနွေး၍

ယှဉ်ပြိုင်မည့် ပုဂ္ဂိုလ်ကို ရွေးချယ်ပေးကြသည်။ အဓိကယှဉ်ပြိုင်ရမည့် ပုဂ္ဂိုလ်

များအပြင် အထောက်အကူပြု ပုဂ္ဂိုလ်များ အရံလိုက်ပါမည့် ပုဂ္ဂိုလ်များကိုပါ

ရွေးချယ်ပေးသည့်အပြင် ငွေကြေးများပါ ဝိုင်းဝန်းကူညီ၍ ထောက်ပံ့ ကြသည်

ထို့ကြောင့် ဓမ္မဆရာဦးရွှေအောင်နှင့် ခရစ်ယာန်အုပ်စုမှာကျိန်း သေနိုင်ပြီ

တွက်ဆကာ ပျော်တပြုံးပြုံး မော်မဆုံးနိုင်အောင် ဖြစ်နေကြသည်။ မိမိတို့

တာဝန်ယူထားရသည့် မဏ္ဍပ်အစိပ်အပိုင်းကို အစွမ်းကုန် မွမ်းမံ ချယ်လှ

နေကြသည် ခရစ်ယာန်တို့ဘက်မှ ယှဉ်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်များ စာရင်း တွေ့

ဦးရွှေမှန် ၊ ဦးသာဒင်(ရန်ကုန်) ဦးသာဒင်(မန္တလေး) တို့၏ အမည် များမှာ ထိပ်ဆုံး

ပေါ်ထွက်လာ၏ ။ ဦးရွှေမှန်သည် အင်းစိန်ကျမ်း စာသင်ကျောင်း ၊ ကျောင်းအုပ်

ဆရာကြီးဖြစ်၏ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ အဖွဲ့ချုပ်ကြီး

နာယက ကြီးလည်းဖြစ်၏ ။ ပါဠိပိဋကတ် အရာတွင် ပထမကျော်အောင်ခဲ့သည့်

ဘုန်းကြီးလူထွက်ဖြစ်၏ ။ဗုဒ္ဓဘာသာ မှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်း လာခဲ့သူဖြစ်၏။

ဦးသာဒင် နှစ်ဦးလုံး မှာလည်း ထိုခေတ်က ပထမကြီးတန်း အောင်မြင်

ခဲ့သော စာချဘုန်းကြီး လူထွက်များ ဖြစ်ကြ၏ ။ ပိဋကတ်ကို ထုံးလိုချေ ရေလို

နောက်၍ မွှေနိုင် သူများဟု နာမည်ကျော် နေသူများ ဖြစ်ကြ၏ ။ ဦးရွှေမှန်နည်းတူ

ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့သူများ ဖြစ်၍ အဟော

အပြော အလွန်ပင်ကောင်းသည့် ခရစ်ယာန်ဓမ္မဆရာကြီးများ ဖြစ်ကြသည်။

ဤပုဂ္ဂိုလ်ကြီး သုံးဦးသည် ဗုဒ္ဓဘာသာကို ယှဉ်ပြိုင်ချေဖျက်ရာ၌ စံပြစရာ

အကောင်းဆုံး ပုဂ္ဂိုလ်ကြီးများ ပင်ဖြစ်သည်။ အင်္ဂလိပ်စာပေ နှင့် သမ္မာကျမ်းစာ

များကို ပါ ကျွမ်းကျင်ကြသဖြင့်ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာတို့ ကို

ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များဖြစ်သောကြောင့် မိမိတို့ ကျိန်းသေ အောင်ပွဲဆင်ရမည်ဟု

ဓမ္မဆရာဦးရွှေအောင်တို့ဘက်မှ ဟိန်းဟောက်ထားသည်မှာ ဟိန်းဟောက်

လောက်ပါပေ၏ ။ ဂိုဏ်းချုပ် ဆရာတော်ကြီး၏ သောကဂိုဏ်းချုပ် ဆရာတော် ကြီးကား ဆွမ်းဘုဉ်း မပေးနိုင်သည်အထိဗုဒ္ဓသာသနာတော် အတွက် စိတ်ထိခိုက်နေလေသည်။ ဗုဒ္ဓသာသနာတော်သည် စစ်မှန်သောဝါဒဖြစ်ပါလျှက် ယှဉ်ပြိုင်

ဟောပြော မည့်သူ မရှိသောကြောင့်သာ အရေးနိမ့်ရလျှင် သာသနာတော်၌ အသက်

ရှင်လျှက် နေဖို့ပင်မကောင်း တော့ ၊ သေသော်မတည့် အော်… ကောင်း၏။ ဟူသော

အဆင့်မျိုးသို့ ဆိုက်ရောက်နေချေပြီဟု တွေးတော ကာ စိတ်မော နေရလေသဖြင့်

အဟာရကိုပင် ကောင်းစွာ မဘုဉ်းပေးနိုင် တော့ချေ။ ပြိုင်ပွဲသတင်းကား မြန်မာပြည်

အလယ်ပိုင်းတစ်ဝိုက်နှင့် မြစ်ဝကျွန်းပေါ် ဟင်္သာတ ၊မြန်အောင်၊ ကြံခင်း ၊

ကနောင်ဘက်အထိ ပြန့်နှံ့၍ နေသည်။ ပြိုင်ပွဲရက်ကလည်း တစ်နေ့ထက်တစ်နေ့

နီးကပ်၍ နေချေပြီ။ဓမ္မသောကအေးရပြီ

၁ ၂၉၈ ခု၊ ကဆုန်လဆန်း(၄)ရက်၊ ၁၉၃၆ ခု၊ ဧပြီ (၂၃) ရက် ၊

ကြာသပတေးနေ့ ၊ ထိုနေ့ကား ရက်ပေါင်းများစွာ သောကရောက် နေရရှာသော

အလိုတော်ရ ဂိုဏ်းချုပ်ဆရာတော်ကြီး အဖို့ သောကထွက် ပြေးဘဝင် အေးရ မည့်

နေ့ ဖြစ်ပေသည် ၊ အာလံ(ယခုအောင်လံ)မြို့၊ ဗုဒ္ဓသာသနာပြုကျောင်း

ကျောင်းအုပ်ဆရာတော်ကလေး အရှင် မဟာနန္ဒ သည် ဝက်ထီးကန်သို့ ကိစ္စ

တစ်ခုအတွက် ဆိုက်ရောက်လာသည် ၊ ဝါဒ ယှဉ်ပြိုင်ပွဲကို ကြား သိပြီး ဖြစ်သဖြင့်

အခြေအနေကို စနည်းနာကြည့်ရာ မရေရာသော အဖြေကိုသာ ရရှိသဖြင့် သတင်း

အတိအကျ သိရှိလိုသဖြင့် အလိုတော်ရကျောင်းသို့ လာခဲ့သည်။ ဂိုဏ်းချုပ်

ဆရာတော်ကြီးမှာ မူလ ကပင် ဆရာတပည့်ပမာ ရင်းနှီး ကျွမ်းဝင်ပြီး ဖြစ်သဖြင့်

အခြေအနေကို မေးမြန်းလျှောက်ကြည့်ရာ ယှဉ်ပြိုင်ဟောပြောမည့် ပုဂ္ဂိုလ်မရရှိ

သေးသည့် အကြောင်း သိရှိရလေတော့ သည်။ “တပည့်တော်က ဦး ဉေယျ

ကိုယ်တော်ကြီး ခေါင်းဆောင် ဟောပြောမယ်၊ မန္တလေးနှင့် ပခုက္ကူက

ကိုယ်တော်တွေလည်း ပါမယ်ဆိုတာနဲ့ အေး ဆေးနေတာဘုရား ။ အခုဒီရောက်မှ ပဲ

ဘယ်သူမှ မလာတော့ ဆရာတော်ရဲ့ တာဝန်ဖြစ်နေပြီဆိုတာ သိရတာ ပါဘုရား “

“အဲဒီ မောင်ဥယျတို့ မန္တလေး ၊ ပခုက္ကူတို့အကြောင်း မပြောချင်တော့ဘူး

မောင်နန္ဒရယ် ၊ ရက်ကလည်း နီးလှပြီ အဲဒါ မောင်နန္ဒ ကူညီနိုင်တယ် မဟုတ်

လားကွယ်”

“မှန်ပါ ကူညီနိုင်ပါတယ် ၊ ဒါပေမဲ့ တပည့်တော် ကိုယ်တိုင်တော့ ဝင်ရောက်

ဟောပြောမှာ မဟုတ်ပါဘုရား”

“ဘယ်လိုလည်းတဲ့ မောင်နန္ဒရဲ့ မောင်ပဇင်းဟာက ကူညီ နိုင်တယ်လည်း

ဆိုသေးရဲ့ ရှင်းအောင်လျှောက်စမ်းပါဦးကွယ်”

“တပည့်တော်ထက် တော်တဲ့ တပည့်တော်ရဲ့ ဆရာတော်တစ်ပါး ရှိပါတယ် ဘုရား”

“ဘယ်သူတုန်းကွဲ၊ ဘယ်မြို့ကလဲ”

“မှန်ပါ တောင်တွင်းကြီးမြို့ ဗုဒ္ဓသာသနာပြုကျောင်း ကျောင်းအုပ် ဆရာတော်

အရှင်ဥက္ကဌပါဘုရား”

တောင်တွင်းကြီးကိုး… အနီ သိက္ခာဝါ ဘယ်လောက်

ရှိပြီလဲကွယ့်..

မောင်နန္ဒရဲ့.. “သိက္ခာဝါ (၂၀) မပြည့်သေးပါဘုရား

ဒီနှစ်လောက်မှ ပြည့်မယ်ထင်ပါတယ်၊ အသက် (၃၉)နှစ်လောက် ရှိပါပြီဘုရား”

“စာပေပရိယတ္တိဘက်ကကောကွယ့်” “အသက်မကြီးပေမယ့် ပညာဂုဏ်တော့

မငယ်ပါဘု ရား ၊ ဝိသုဒါရုံတိုက်ထွက်ပါ ကိုယ်ရင်ဘ၀ကပ် ပိဋကတ်သင်ရိုး

ကုန်ပြီး ရဟန်းတစ်ဝါအရမှာ စာချပုဂ္ဂိုလ်ဖြစ် ခဲ့ပါတယ်ဘုရား”

“ပါဠိတော်တွေနှင့် အဋ္ဌကထာကြီးတွေကော နိုင်နင်းရဲ့လား. . အဲ့တာကအရေး

ကြီးတယ်ကွယ့်” “ မှန်ပ… ပါဠိတော်၊အဋ္ဌကထာ ဋီကာ ၊ အနုမဓုယော ဇနာဂတ္တိ

အား အဓိပ္ပါယ်အကောက်အယူ ၊ စုတ်စောဒနာ ၊ သောဓနာနည်း လေးဆယ် ၊

သံဝဏ္ဏနာ ဥတ်ကောက်ဥပစာ ဆယ်ပါး ၊ နေတ္တိနည်းအားလုံးကိုပဲ နိုင်နင်း

ကျွမ်းကျင်လှပါတယ် ဘုရား”

“အင်… ဒီလိုဆိုရင်.. ပိဋကတ်အရာတော့ ကျမ်းဂန်စွယ်စုံ မှုံသောက် မာတင်

ပညာရှင်ကလေးပဲကွယ့်. ဟိုး

ကုလားဖြူစာ ဘသန္တရကော တတ်ရဲ့

လားဘွဲ့

“မှန်ပါ… ကုလားဖြူစာ အင်္ဂလိပ်စာသာမက သက္ကဋဘာသာ ဟန္ဒီဘာသာ

ဘင်္ဂါလီနာဂရီဘာသာ အူရဒဘာသာစတဲ့ ဘာသာစာပေ စကားများလည်း

ဆရာတစ်ဆူ ပါဠဂူရောက်တတ်မြောက် ကျွမ်းကျင် ပါတယ်ဘုရား ၊ အနောက်ဘက်

မဇ္မျိမ အိန္ဒိယ နိုင်ငံမှာ(၇)ခုနှစ်ကျော်နေပြီး၊ ဆရာမျိုးစုံထံမှ သင်ယူခဲ့တာပါဘုရား”

သာဓု… သာဓု ဝမ်းမြောက်ပါဘိတော့ မောင်နန္ဒရယ်၊ အနို့ … သူတို့ရဲ့

စာဖြူဘာသာကျမ်း တွေကောနိုင်နင်း ရဲ့လားကွယ့်”

“မှန်ပါ… စာဖြူဘာသာကျမ်းစာဖြစ်တဲ့ သမ္မာကျမ်းတွေတင်မကဘဲ ပသီဘာသာ၊

ကိုရ်ရန်ကျမ်းနှင့် ဟိန္ဒူဘာသာ မဟာဘာရတ စတဲ့ ကျမ်းကြီးတွေ ကိုပါ

တတ်မြောက်နိုင်နင်းပါတယ်ဘုရား ၊ အိန္ဒိယနိုင်ငံမှာ ဘာသာပေါင်းစုံ ဟောပြော

ဆွေးနွေးပွဲတွေမှာလည်း ဝင်ရောက်ဟော ပြောဆွေးနွေးခဲ့သူပါဘုရား၊ ဆရာတော်

ဘုရားကြီး သတိမထားမိလို့ ပါဘုရား၊ လွန်ခဲ့တဲ့ ရှစ်နှစ်ကျော် ကိုးနှစ်လောက်က

(လယ်တီတရား သတင်းစာကြီးထဲမှာ) ဗုဒ္ဓဘာသာ၊ ခရစ်ယာန် ဘာသာ၊ဟိန္ဒူဘာသာ၊ ပသီဘာသာတွေရဲ့ အကြောင်း ဆောင်းပါးရေးခဲ့ပါတယ် ဘုရား. •

အခုလည်း တိုးတက်ရေး မဂ္ဂဇင်းထဲမှာ စာဖြူတို့ ပသီတို့နှင့် အပြိုင် အဆိုင်

ဆောင်းပါးတွေ ရေးနေပါတယ်ဘုရား သူ့ကိုဘယ်သူ မှ နိုင်အောင် မရေးနိုင်ပါ

ဘုရား”

“ဟာ… ဒီအတိုင်းဆိုရင်တော့ ဒို့ဗုဒ္ဓဘာသာဘက်က အောင်ပွဲခံပြီဟေ့ ၊ ဝမ်းသာ

လိုက်တာ မောင်နန္ဒရယ်… အဲဒီကိုယ်တော်ဘွဲ့ ဘယ်သူကွယ်”

“ဆရာတော်အရှင်ဥက္ကဌပါဘုရား” “အေး… အဲဒီမောင်ဥက္ကဌကို

အမြန် ဆုံးသာရအောင် ပင့်ပေတော့ကွယ်၊ ဂိုဏ်းသံဃာများ လည်း မောင် မဟာနန္ဒ

ကို လိုအပ်သမျှ အားလုံး အကူအညီပေးကြကွယ် ကြားလား… ကဲ ဟေ့ ငါ့ကို

ဆွမ်းကပ်ကြစမ်း ၊ ဒီနေ့ သိပ်ပြီး စိတ်ချမ်းသာတယ်ကွယ် ဆွမ်းဘုဉ်း

ပေးတော့မယ် အခုမှပဲ ရင်ထဲက အလုံးကြီးကျသွားတော့ သကွယ်

အရှင်မဟာနန္ဒ ရောက်ရှိလာသော သတင်းသည် ဦးပဇင်း ကိုရင်

ကျောင်းသားများမှ တစ်ဆင့် ပြန့်နှံ့သွားရာ အလိုတော်ရရွာသာမက အနီး အနားရှိ

ရွာများကပါ လူ/ ရှင်/ရဟန်း တို့ရောက်ရှိလာကြ သဖြင့် အလိုတော်ရ ကျောင်းတွင်

စည်ကားနေသည်။ အရှင်မဟာနန္ဒမှာလည်း ဆရာတော်အရှင် ဥက္ကဌ အကြောင်း

ပြောရ မေးသမျှဖြေရနှင့် တစ်နေ့လုံး မနားရတော့ပေ ။ ညဘက်တွင်လည်း

ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီး မေးမြန်းသမျှ ဖြေကြားရ၏ ။ ဆရာတော်

ဘုရားကြီးကား အရှင်ဥက္ကဌက ကဲ့သို့သော စွယ်စုံတိုက်စစ်မှူး တစ်ဦးကို

ရရှိတော့မည်ဖြစ်၍ ဝမ်းသာ ရွှင်ပြနေလေသည်။ အရှင်မဟာနန္ဒသည် ဝါဒပြိုင်ပွဲ

စာချုပ်မူရင်းကို ကူးယူလိုက်ပြီး အိပ်ရာသို့ ဝင်ခဲ့သည်။ အရှင်မဟာနန္ဒ၏

ကြိုးပမ်းချက် – နောက်တစ်နှစ်နံနက် စောစောတွင် အရှင်မဟာနန္ဒသည် ဂိုဏ်းချုပ်

ဆရာတော်ဘုရားကြီးအား ကန်တော့ခဲ့ပြီး ဝက်တောရွာသို့ ထွက်ခဲ့ သည်။

ဝက်မြေတောကျောင်းတွင် ဆွမ်းစားပြီး နောက် လှည်းဖြင့် တည်တွတ်လမ်းခွဲသို့

သွားသည်။ ပြည်မြို့မှ ထွက်လာသော တောင်တွင်းကြီးသွား ခရီးသည်တင်

ဘတ်စ်ကားကို စီးပြီး တောင်တွင်းကြီးမြို့ သို့ တိုက်ရိုက်ပင် ထွက်ခဲ့သည်။

အာလံ(ယခုအောင်လံ)မြို့ရှိ မိမိ၏ကျောင်းသို့ ပင် မဝင်တော့ပေ ၊ ဆရာတော်

အရှင်ဥက္ကဌနှင့် တွေ့ဆုံရန်မှာ အဓိက ဖြစ်နေ သည်။ အရှင်ဥက္ကဌသည် ဗုဒ္ဓ

သာသနာတော် အတွက် ဟောပြောပွဲဆိုလျှင် မည်သည့်အခါမှ မငြင်း နေရာမရွေး

လိုက်လေ့ရှိကြောင်း အရှင်မဟာနန္ဒ သိပြီးဖြစ်ပါ၏ ။ သို့သော် နွေရာသီ

ကျောင်းပိတ်ရက်တွင် ကျောင်း၌ ရှိ/မရှိ မိမိမသိ ၊ ဆရာတော်သည် ကျောင်း

ပိတ်ရက်တွင် အခြားမြို့ရွာများက ပင့်ဖိတ်လျှင် ကြွသွားလေ့ရှိသည်။

ယနေ့ပင် ကဆုန်လဆန်း (၅)ရက်နေ့ဖြစ်နေပြီ ပြိုင်ပွဲရက်မှာ ကဆုန်

လဆန်း(၁၂) ရက် ဖြစ်နေသဖြင့် (၇)ရက်တာမျှသာ အချိန်ရှိ တော့သည်။ အကယ်၍

တောင်တွင်းကြီးမြို့တွင် ဆရာတော် မရှိလျှင် ဆရာတော်ကြရာမြို့သို့ ဖြစ်သည့်

နည်းဖြင့် လိုက်၍ ပင့်ရဦးမည်။ (၇)ရက်အတွင်းဆိုလျှင် အချိန် မှီနိုင်ပါသေး၏ ။

သည်ထက် ရက်နည်းလျှင် တော့ မှီဖို့မလွယ် ၊ မမှီလျှင် စာချုပ် အရ ဗုဒ္ဓဘာသာ

ဘက်က အလိုလို ရှုံးပေတော့မည် ။ သည်နေ့ တောင်တွင်းကြီးကို ရောက်မှဖြစ်မည်

။ ဤအတွေးဖြင့် တိုက်ရိုက်လာခဲ့ရာ ညနေ(၃)နာရီတွင် တောင်တွင်းကြီးမြို့၊

ရှင်နယ်ကျောင်းသို့ ရောက်ရှိပြီး ဆရာတော်နှင့်အဆင်သင့်ပင် တွေ့ဆုံရာ

ဝမ်းမြောက်မှုမှာ အတိုင်းအဆမရှိပင် ဖြစ်ရပါသည်။ တိုက်ပွဲအတွက် လက်နက်စုပြီ

ဆရာတော်အရှင်ဥက္ကဋ္ဌသည် ကာ တစ်ဦးနှင့်ဗုဒ္ဓဝါဒရေးရာကို ဆွေးနွေးနေရာ

အရှင်မဟာနန္ဒသည် ဆရာတော်အား ရှိခိုးဦးချပြီးနောက် ဝင်ရောက်နားထောင်

၏ ဆရာတော် နှင့် အရှင်မဟာနန္ဒ တို့၏ ဆက်ဆံရေးမှာ ဆရာတပည့် သီတင်းသုံးဖော် အပေါင်းအသင်းဆက်ဆံရေးဖြစ်သည်။

တစ်ဦးနှင့် တစ်ဦးအကြားတွင် ဘာအဟန့် အတား အဆင့်အတန်း အားနာစရာဟူ၍ မရှိ ၊ အရှင်

မဟာနန္ဒကလည်း ဆရာတော်အကြောင်းကို သိပြီးဖြစ်သည်။ ဗုဒ္ဓဝါဒနှင့်

အမျိုးသားနေ့ မှတစ်ပါး အခြားအရာကို ဆရာတော်အရှင်ဥက္ကဌ မငဲ့ညာမှန်းလဲ

ဖြစ်၍ ဆွေးနွေး ခန်း ပြီးအောင် ထိုင်၍ နားထောင် နေသည်။ ဆွေးနွေးခန်းပြီး

သောအခါတွင်မှာ ကျောက်ကွင်းအရေးတော်ပုံ၏ အကြောင်းကို အသေးစိတ်လျှောက်

စား၍ မိမိ ကူးယူလာသော စာချုပ်ကို ဆက်ကပ်လေသည်။

ဆရာတော်သည် စာချုပ်ကို သေချာစွာ ဖတ်ရှုပြီးနောက် နာယကဆရာတော်

အရှနကို အခေါ်ခိုင်း၍ အကျိုးအကြောင်း ပြောပြသည်။ ဆရာတော်

အရှင်အနုကမှတစ်ဖန် ဆရာ ဦးကိုကိုကြီးနှင့် ဆရာတော် ဦးကွန့်တို့ကို

ခိုင်းခိုက်ရာ မကြာမှီရောက်လာကြသည်။ စာပြဆရာ ဦးပဇင်းများလည်း

ရောက်လာ ကြသည်။ ထိုအထဲတွင် ခရစ်ယာန်မှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာခဲ့

အင်္ဂလိပ်က အရှင်အရိယဓမ္မလည်၊ ပါဝင်လေသည်။ ဆရာတော်သည်

မိမိ၏အခန်းတွင်း၌ အသစ်ရှိ နေသော သမ္မာကျမ်းစာမှုဟောင်းသစ်များ

သမ္မာကျမ်းစာအဖွင့် ကျမ်းများ ဘာသာရေးဝေဖန်ထားသည့် မဂ္ဂဇင်းများနှင့်

ဘာသာပြန် သမ္မာကျမ်းစာ များကို ထုတ်ပေး၍ မည်သည့်ကမ်း မည်သည့်အခန်းက

မည်သည့် စာပိုဒ်ကို ကူးဟု ညွှန်ကြား ပေးသည်။ ကျမ်းအမည် စာပိုဒ်ရေ စာမျက်နှာ

စာကြောင်းရေတို့ကိုလည်း အောက်ဘက်တွင် အတိအကျ ရေးကူးခိုင်းသည်။

ဆရာတော် ကိုယ်တိုင် တေးမှတ်ထားပြီးသော စာအုပ်များဖြစ်၍ ရှာဖွေသူများ

သိပ်ပြီးမပင်ပမ်း လှပါ။ ဒီလူမျိုးနှင့်တွေ့ချင်တာ အင်္ဂလိပ်ဘာသာစာကို ဆရာ

ဦးကိုကိုကြီးနှင့် အရှင်အရိယဓမ္မတို့က ရေးကူး၍ မြန်မာဘာသာစာကို ဆရာကြီး

ဦးကွန့်က ရေးကူးသည် ။ အရှင်မဟာနန္ဒသည် ဆရာတော် အရှင်ဥက္ကဋ္ဌ ညွှန်ကြား

နေသမျှကို ဘာတစ်ခုမျှ ဝင်ရောက်ပြောဆို ဝေဖန်ခြင်း မပြုဘဲ၊ ဝမ်းသာသော

မျက်နှာထားဖြင့် ကြည့်နေသည်။ ဆရာတော်၏ အရည် အချင်းကို သိပြီးဖြစ်သည်။

အကြွင်းမဲ့ ယုံကြည့်ထားပြီးဖြစ်သည်။

ခရစ်ယာန်ဘာသာ စာပေတို့ကိုသာ ရေးကူးခိုင်းခြင်းသည်၊ အကြောင်း

ရှိ၍ သာ ဖြစ်မည် ၊ ဖွတ်မြီး ဖွတ်ချည်သည့် သဘောပေလား။ မိမိဉာဏ်မမှီနိုင်

ပိဋကတ်ကျမ်းများကား ဆရာတော်ဦးနှောက်တွင် ရေးကူးပြီးဖြစ်လိမ့်မည် ၊ သို့သော်

အရှင်မဟာနန္ဒက စကားတစ်ခွန်းတော့ ဆရာတော်အား လျှောက်ထား လိုက်သည်။

“ခရစ်ယာန်ဘက်က ပထမကြီးတန်း ပထမကျော်တန်းအောင်ထားတဲ့ ဘုန်းကြီး

လူထွက် သင်းအုပ်ဆရာကြီးတွေ မမ္မဆရာကြီးတွေပါတယ် တဲ့ ဆရာတော်

အဲဒါတော့ ဆရာတော်ကြိုတင် သိထားအောင် လျှောက်ထား တာပါ။”

“အဲဒါပြီးကောင်းတာပေါ့ကိုယ်တော် ” “မှန်ပါ အမိန့်ရှိပါဆရာတော်”

“ပါဠိမတက်တဲ့ ခရစ်ယာန်ကျမ်း၊ သက်သက်ကိုသာ တတ်တဲ့လူမျိုးနဲ့ ယှဉ်ပြိုင်

ပြောလို့ တပည့်တော်တို့ အနိုင်ဦးတော့ ၊ ပါဠိမတက်လို့ ခံလို့ရ တယ်ဆိုတာမျိုး

ဖြစ်နေဦးမယ်။ တပည့်တော်ကလည်း အဲဒီဘုန်းကြီးလူထွက် ခရစ်ယာန်မျိုးနှင့်

တွေ့ချင်ဆုံချင်နေတာအတော်ပဲကိုယ်တော်”

“ဘာဖြစ်လို့လည်း ဆရာတော်”

“အဲဒီလိုလူမျိုးတွေက ဥဩလည်းမဟုတ် ၊ ကျီးကန်းလည်းမဟုတ်တဲ့ (အောက်

ကလိအာ) ဆိုတဲ့ လူမျိုးတွေ ပိဋကတ်ကို ကုန်စင်အောင် နိုက်နိုက် ချတ်ချက်

တတ်မြောက် ထားတာလည်း မဟုတ်ဘူး။ ။ လေ့လာထားတာလည်း မဟုတ်ဘူး ၊

ပါဠိတတ်တာနဲ့ ပိဋကပ်ကျမ်းစာ အနည်းအကျဉ်း သင်ဖူးတာကို သူတို့ကို သူတို့

ပိဋကတ်ပါရဂူလို့ ထင်နေကြတာ။ ပထမကြီး ပထမကျော်အောင်တာကို

အဟုတ်ကြီးမှတ်နေ ကြတာ ၊ အကြီးမားဆုံးချက်က ဝေဖန်ဆန်းစစ်မှု မရှိကြဘူး။

အဲဒီလို ဉာဏ်မျိုးလည်း မရှိကြဘူး ။ ဇိနတ္ထပကာသနီလောက် တထာဂတဥဒါန

“ပနီလောက်ကို အပြစ်ပြောနိုင်တာကို ဟုတ်လှပြီထင်နေကြတာ။ ဗုဒ္ဓဝါဒ

အစစ်အမှန်ကို သူတို့နား မလည်ကြပါဘူး ဒီအထဲ အဆိုးဆုံးတစ်ခု ရှီသေး တယ်”

“မှန်ပါဘယ်ဟာပါလည်းဘုရား” “ကိုယ့်ယုံကြည်ချက်ကို ငွေကြေးနဲ့ အခွင့်အရေးနဲ့

လှဲလည်ရောင်းစားပစ်လိုက်တဲ့ အချက်ပေါ့ ကိုယ်တော် ၊ တပည့် တော်တို့

ပါဠိစာပေမှာ (ဥဒရဟေတု)ဝမ်းရေးဟူသော အကြောင်းကြောင့် ခရစ်ယာန်ဘတ်

ပြောင်းသွားတဲ့လူတွေ ကိုယ်တော် ခရစ်ယာန်ကလည်း အပေးအကမ်း

အခုံးမြောက် အလွန်ရက်ရောတယ် မဟုတ်လား … ဒီကြားထဲ ထိုခရစ်ယာန်

အင်္ဂလိပ်အစိုးရကလည်း နောက်ခံ ရှိနေလေတော့ အခွင့်အာဏာပါ ရှိနေကြတာပေါ့

ရာထူးနှင့် မြားပြီးဆွယ်လို့ ခရစ်ယာန်ဖြစ်သွားကြတာ တစ်ပုံကြီးပဲ့ တပည့်တော်တို့ရဲ့

တောင်ခွင်သာသနာပိုင် ဆရာတော်ကြီးရဲ့ တူတစ်ယောက်ဆိုရင် ရာထူးကြီးရတာနဲ့

ခရစ်ယာန်ဘက်ဝင်သွားတယ်။

ဟော.. သူ့ သားတွေ အင်္ဂလန်ပြန်ဘွဲ့တွေ

အခုရန်ကုန်တက္ကသိုလ် မှာ ပါမောက္ခ တောင် ဖြစ်နေတယ်။

ဒါကြောင့် တပည့်တော်က အဲဒီလို ဗုဒ္ဓ ဘာသာကို စွန့်ပြီး ခရစ်ယာန်ဘက်

ဝင်သွားလူ များများပါစေချင်နေတာ ။ ပြောရတာ လည်း အားနာစရာမလိုဘူး။

သူတို့က အိန္ဒိယမှာ တပည့်တော်တွေ့ဆုံ ကြုံကြိုက်

ခဲ့ရတဲ့ ခရစ်ယာန်ပါရဂူကြီးတွေ လောက် မတော်ပါဘူး။ အဲဒီလူတွေကိုယ်တောင်အနိုင်ကြဲ နိုင်ခဲ့ သေးတာပဲ ။ တပည့် တော် ကတော့ ဆရာတော် ကို

ယုံကြည်ပြီးသားပါဘုရား။

ထိုနေ့ညက ဒုတိယကျောင်းအုပ် နာယက

ဆရာတော် အရှင်ဇ၀န ဆရာတော်၏ စီစဉ်ပေးချက်အရ နေရှင်နယ်ကျောင်းအပေါ်

ထပ်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ရဟန်းတော်များ ဆရာများ ကိုရင်ကြီးများ

ကျောင်းသားကြီးများဖြင့် စည်ကား နေသည်။ အရှင်မဟာနန္ဒက ရောက်လာ

ကြသူများအား ကျောက်ကွင်းဝါဒပြိုင် ပွဲအကြောင်းကို အသေးစိတ်ပြန်လည်

ပြောပြနေရသည်။ အားလုံးမှာ ဆရာတော် ကိုယ်တိုင် ဦးဆောင်ပြောမည်ကို

သိရသောအခါ အလွန်အားတက်၍ ကျေနပ် နှစ်သက်နေကြသည်။ ဆရာကြီးဦးကွန့်

ဆရာဦးကိုကိုကြီးနှင့် အရှင်အရိယဓမ္မ တို့သည် ဆရာတော်ညွန်ကြားသည့်

စာများကို ခေါင်းစဉ်တွဲ၍ ရေးကူးနေ ကြသည်။ ဆရာတော်ကမူ အရှင်ဇ၀န

အမှူးပြုသော နာယက ဆရာတော်များနှင့် သွားလာရေး ကိစ္စရပ်များကို

ဆွေးနွေးတိုင်ပင် နေလေသည်။ ဝါဒပြိုင်ပွဲသို့ လိုက်ချင်သူက များနေသည်။

သွားလာရေး စရိတ်စကနှင့် တည်းခိုနေထိုင်ရေး အဆင်ပြေနိုင်ရန်အတွက်

အကျဉ်းရုံးရန် ဆုံးဖြတ်ပြီး ငါးဦးသာ လိုက်ပါရန် အတည်ပြုလိုက်ကြသည်။

အဖွဲ့ခေါင်းဆောင်မှာ ဆရာတော်အရှင်ဥက္ကဋ္ဌ အတွင်းရေးမှူးမှာ ဆရာဦးကိုကိုကြီး

ဖြစ်၍ ဆရာကြီး ဦးကွန့်ကဆရာတော်အား ကူညီရန် ၊ အဖွဲ့ဝင် အဖြစ် အရှင်

အရိယဓမ္မ (အင်္ဂလိပ်ကပြား) နှင့် အရှင်သုတ တို့ လိုက်ပါကြရန် စုစုပေါင်းငါးဦးသာ

သွားကြရန် အတည်ပြုလိုက်ကြသည်။

ခရီးအစီအစဉ် – ထို့နောက် အရှင်မဟာနန္ဒနှင့် ညှိနှိုင်းတိုင်ပင်ပြီး ကြွရောက် မည့်

အစီအစဉ်ကို အောက်ပါ အတိုင်းရေးဆွဲ သတ်မှတ်ကြသည်။

– ဧပြီလ (၂၈)ရက်နေ့ နံနက်တွင် တောင်တွင်းကြီးမှ ထွက်၍ အောင်လံသို့

နေ့ဆွမ်းစားချိန်မှီ ရောက် အရှင်မဟာနန္ဒ၏ဗုဒ္ဓသာသနာပြု ကျောင်းတွင်

ထိုနေ့၌ရပ်နားရန်။

ဧပြီလ (၂၉)ရက်နေ့ နေ့ဆွမ်းစားပြီး အောင်လံမှထွက် ၊ ဝက်ထီးကန်သို့

ညနေရောက် ၊ ၀က်မြေစောကျောင်းတွင်ထိုညရပ်နားရန်။

ဧပြီလ(၃၀)ရက်နေ့ (ကဆုန်လဆန်း ၁၁ ရက်)ကြာသပတေးနေ့ ၊ နံနက်

ဝက်ထီးကန် ဝက်မြေတောကျောင်းမှ ထွက် အလိုတော် ရဂိုဏ်း

ချုပ်ဆရာတော် ကြီး၏ ကျောင်းသို့ ခေတ္တဝင်ရောက်၍ ဂါရဝပြု ဝတ်ဖြည့်ပြီး(၈)

နာရီခွဲခန့်တွင် ပြန်ထွက်၍ ကျောက်ကွင်းရွာဝါဒပြိုင်ပွဲ မဏ္ဍပ်ကြီးသို့ နေ့ဆွမ်း

စားချိန်မှီအရောက် ထိုနေ့တွင် မဏ္ဍပ်ကြီး၌ ရပ်နား

– မေလ(၁)ရက်နေ့ ဝါဒယှဉ်ပြိုင်ပွဲရက် ထိုမဏ္ဍပ်ကြီးမှာပင် ကျင်းပမည့် ယှဉ်ပြိုင်

ဟောပြောပွဲကြီးသို့ တက်ရောက်ရန် အစီအစဉ်တို့ကို စနစ်တကျ ရေးဆွဲ၍

အတည်ပြုလိုက်ကြလေသည်။ အရှင်မဟာနန္ဒကလည်း မိမိ၏ ခရီးစဉ်ကို ဤသို့

ရေးဆွဲသည်။

-နောက်တစ်နေ့ကဆုန်လဆန်း(၆)ရက်နေ့ ၊ နံနက်ဆွမ်းစားပြီး တောင်တွင်း

ကြီးမှထွက် အာလံမြို့ မိမိကျောင်းသို့ ခေတ္တဝင်၊ ပြန်ထွက်၍ ညနေ ဝက်ထီးကန်

အရောက်သွားရန်။

-ကဆုန်လဆန်း(၇)ရက်၊ ဧပြီလ (၂၆)ရက်၊ နေ့ဆွမ်းအမှီ အလိုတော်ရကျောင်း

အရောက်သွား ပြီး ဂိုဏ်းချုပ်ကြီးအား လျှောက်ထားရန်၊ ပြီးလျှင် ကျောက်ကွင်းသို့

ဆက်သွား၍ သူကြီးနှင့် ဗုဒ္ဓ ဘာသာဝင်လူကြီးများအား အကြောင်းစုံပြောပြပြီး

ဆရာတော်တို့ကြွရောက်လာမည့် ရက်၌ ပြုလုပ်ရမည့် အစီအစဉ်များကို

မှာကြားပြောဆိုပြီး ၊ အလိုတော်ရကျောင်းသို့ ပြန်လာရန်၊ ထိုနေ့ ည အလိုတော်ရ

ဂိုဏ်း သံဃာများနှင့်ဆွေးနွေးရန်။

ဧပြီလ (၂၇)ရက်နေ့ နံနက် ဝက်ထီးကန်သို့ ပြန်ကူးရန်။ ဝက်ထီးကန်၌

နေ့ဆွမ်းစားပြီးညနေဘက်အောင်လံအရောက်ပြန်ရန်။

` ဧပြီလ(၂၈)ရက်နေ့တွင် ဆရာတော်တို့အဖွဲ့ အာလံမှ စောင့်ကြိုရန် ၊

ဗုဒ္ဓသာသနာတော်အတွက် အသက်စွန့်ရဲသူ အရှင်မဟာနန္ဒ၏ ခရီးစဉ်ကား

လွန်းပြန် ခရီးစဉ်ဖြစ်၍ အလွန်ပင်ပမ်း ခရီးကြမ်းလှပါသည်။ သို့သော်

အရှင်မဟာနန္ဒကား ဗုဒ္ဓသာသနာတော်ကို အလွန်ချစ်မြတ်နိုးသည့် ဗုဒ္ဓသာသနာပြုကျောင်း (အာလံ) ကျောင်းအုပ်ဆရာတော်ဖြစ်၍ ပင်ပမ်းသည် ဟုပင် မထင်ပေ။

“ဆရာတော်အရှင်ဥက္ကဋ္ဌကို ကိုယ်တိုင်တွေ့ရပြီး ဆရာတော် ကိုယ်တိုင် ဦးဆောင်

ဟောပြောမည် ဟူသော ကတိကို ရရှိသဖြင့် အလွန်ကျေနပ် ဝမ်းသာနေသည်။

ခရီးကြမ်းပါစေ ၊ ပင်ပမ်းပါစေ၊ ဗုဒ္ဓသာသနာတော်အတွက် အသက်သေချင်သေပါစေ

ဟုပင် ဆုံးဖြတ်ထားပြီးဖြစ်၏ ။ နောက်တစ်နေ့ နံနက်တွင် အရှင်မဟာနန္ဒသည် –

မိမိရေးဆွဲထားသော ခရီးစဉ်အတိုင်း တောင်တွင်းကြီးမြို့မှ ထွက်ခဲ့၍ အလိုတော်ရ

ကျောင်းသို့ အရောက်သွားပြီး ဆရာတော်ဘုရားကြီးအား အကြောင်းစုံ လျှောက်ထား

သည် ။

ဆရာတော် ဘုရားကြီး၏ ဝမ်းမြောက်မှုကား ဆိုဘွယ်ရာ မရှိပြီ ၊ ထိုနောက်

ကျောက်ကွင်းရွာသို့ ထွက်ခဲ့ပြီး ဦးလှောင်နှင့် ဗုဒ္ဓဘာသာဝင် လူကြီးများအား

အကြောင်းစုံကို ပြောကြားသည်။ ဗုဒ္ဓဘာသာဝင်လူကြီးများ၏ ဝမ်းသာမှုမှာလည်း

အတိုင်းအတာမရှိပြီ ထိုနောက် အလိုတော်ရကျောင်းတွင် ကျိန်းစက်ပြီး အာလံသို့

ပြန်၍ ဆရာတော်တို့အဖွဲ့ကို စောင့်မျှော်နေခဲ့သည် ။ အရှင်မဟာနန္ဒ ပြန်ကြွသည့်

နေ့တွင် နေရှင်နယ် ကျောင်းသို့ နတ်မှီတောရ ဆရာတော် ဦးကလျာဏ၊ ညီမ ။

ကောင်းမှုကျောင်း ဆရာတော်ဦးကေလာသနှင့် ဆရာတော်အချို့ သတင်းကြား၍

လာရောက် မေးမြန်းကြသည်။

ဆရာတော် အရှင်ဥက္ကဌက အကြောင်းစုံကို ပြောပြရာ မိမိတို့လည်း

လိုက်မည်ဟု ပြောကြ သည်။ ဆရာတော်က မိမိအား အရှင်မဟာနန္ဒက အလိုတော်ရ

ဂိုဏ်းသံဃာ များက ထောက်ပံ့လိုက်သည့် ငွေကျပ် ငါးဆယ်ကို ခရီးစရိတ်အဖြစ်

ပေးပါ ကြောင်း မိမိတို့ငါးဦးတည်းသာ သွားမည်ဟု ဆုံးဖြတ်ထားသဖြင့်စရိတ်ငါးကျပ်

ကိုသာ မိမိလက်ခံ ယူလိုက်ကြောင်း တည်းခိုရေးစသည်အတွက် ဝန်မတက် စေလို

သဖြင့် ငါးဦးတည်း သာ သွားမည်ဟု ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

နတ်မှီ ဆရာတော် ဦးကလျာဏက မိမိစရိတ်ဖြင့် လိုက်မည် လက်ခံပါဟု

အတင်းအကြပ် တောင်းဆိုသဖြင့် လက်ခံလိုက်ရ လေသည်။

ထိုနေ့ တစ်နေ့လုံး ဆရာတော်နှင့် အရှင်အရိယဓမ္မ ဆရာကြီးဦးကွန့်

ဆရာဦးကိုကိုကြီးတို့မှာ ခရစ်ယာန်ဘာသာနှင့် ပတ်သက်သည့် မှတ်စု မှတ်တမ်း

များကို ရေးကူးရင်း အလုပ် ရှုပ်နေကြသည် ၊ ထိုအချိန်တွင် ဆရာတော်

အရှင်ဥက္ကဌအား ရှုတ်ချခဲ့ကြ ၊ ကြဉ်ပယ်ခဲ့ကြသော နေရှင်နယ် ကျောင်းတွင် မိမိတို့၏

သားသမီးများကို ကျောင်းထားလျှင် ထားသည့် ဒကာ ဒကာမ တို့ အား

သပိတ်မောက်’ မည်ဟု ခြိမ်းခြောက်ရဲသည့်” သတ္တိထူး ရှိတော် မူကြသော

တောင်တွင်းကြီးမြို့မှ သာသနာ့အာဇာနည် ဆရာတော် တို့အား တုတ်တုတ်မျှ

မလုပ်ကြ ၊ သတင်းကြားသိ သော်လည်း မသိဟန်ဆောင်နေကြသည်။

ချီးကျူးကြည်ညိုဖွယ် သာသနာ့ အာဇာနည် သူရဲကောင်းကြီးတို့ပေတည်း။

ဗုဒ္ဓသာသနာအဖွဲ့ ခရီးထွက်ပြီ

ဧပြီလ (၂၈)ရက်နေ့တွင် ဆရာတော်အရှင်ဥက္ကဌ ခေါင်းဆောင်သော

အဖွဲ့ဝင် (၆)ဦးပါဝင်သည့် ဗုဒ္ဓဘာသာအဖွဲ့သည် မည်သည့်အခမ်းအနား အဆောင်

အယောင်မျှ မပါဘဲ စာအုပ် တစ်ထုတ်နှင့် လွယ်အိတ်ကိုယ်စီ လွယ်လျှက်

ခရီးသည်တင် ဘတ်စ်ကားဖြင့်ပင် တောင်တွင်း ကြီးမြို့မှ အာလံမြို့သို့ စတင်

ခရီးထွက်ခဲ့ကြသည်။ နံနက်(၉)နာရီတွင် အာလံသို့ ရောက်ရှိရာ၊ ကားဂိတ်တွင်

အရှင်မဟာနန္ဒနှင့် ရဟန်းသုံးလေးပါး၊ ကျောင်းသား သုံးလေးဦးတို့ ကြိုဆိုနေ

ကြသည်ကို တွေ့ကြလေသည်

ထိုနေ့တွင် အာလံမြို့ ဗုဒ္ဓသာသနာပြုကျောင်း အရှင်မဟာနန္ဒ ထံတွင်

ရပ်နားကြသည်။ ထိုအချိန်က ဆရာတော် အရှင်ဥက္ကဌသည် ဘားမား ဂျာနယ်။

တိုးတက်ရေး မဂ္ဂဇင်းတို့တွင် အမျိုးသားရေးနှင့်၊ ဘာသာရေး ဆောင်းပါးများကို

ရေးနေရာ။ အာလံ မြို့မှာ ‘စာပေလိုက်စား သူတို့က ကြားဖူးနေကြသည် ။

ဆရာတော်ရောက်လာကြောင်း ကြားသိရသောအခါ လာရောက်ဖူး မျှော်ပြီး

မေးမြန်းလျှောက်ထားကြရာ ဆရာတော်ကလည်း ပြန်လည်ဖြေကြားလေသည်။

မြ၀တီလူထွက်ကြီး ဆရာအုန်းတစ်ချိန်က တရားပွဲများဖြင့် အုတ်အုတ်ကျက်ကျက်

စည်ကား ကျော်ကြားခဲ့သော စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံးသည့် နိုင်ငံ၌

ကထိက၊ ဝိပဿနာနည်းပြ ယမြဝတီ ဆရာတော်ဟူသော ဆရာတော် တစ်ပါး

ပေါ်ပေါက်ခဲ့ဖူးသည်။ထို ဆရာတော်သည် လူထွက် ပြီးသည့် နောက်ပိုင်း

အလံမြို့တွင် လာရောက်၍ အခြေချ နေထိုင်သည်။ အမည်ကား ဆရာကြီး

ဦးအုန်း၊ ထိုဆရာကြီးသည် ဆရာတော်အရှင် မဟာနန္ဒနှင့် ရင်းနှီးကျွမ်းဝင်၍

ကျောက်ကွင်းဝါဒပြိုင်ပွဲ အကြောင်းကို အလုံးစုံ သိရှိပြီးဖြစ်သည်။ ။ သူသည်လည်း

ဗုဒ္ဓသာသနာကို ချစ်မြတ်နိုးသူ တစ်ဦး ဖြစ်၍ ၊ ဗုဒ္ဓဘာသာဘက်က နိုင်စေချင်သည်။ =

ပိဋကတ် စာပေ တတ်ကျွမ်းသူဖြစ်၍ ပိဋကတ်စာပေတစ်ချို့တွင် ချို့ယွင်းချက်များ

ရှိနေသည်ကိုလည်း မကျေနပ်သူဖြစ်သည်။ ဤချို့ယွင်းချက် များကိုထောက်ပြ ၍

၊ ခရစ်ယာန်တို့က အနိုင်ယူသွားမည် ကိုလည်း စိုးရိမ်သည်။ ထို့ကြောင့် ဆရာတော်

အရှင်ဥက္ကဋ္ဌနှင့် တွေ့ဆုံ ဆွေးနွေးပြီး ပြိုင်ပွဲအတွက် ကြိုတင် လေ့ကျင့်ရန် ဆုံးဖြတ်ပြီး

ဆရာတော်ထံသို့ရောက်လာခဲ့သည်။

တိုက်ပွဲလေ့ကျင့်ခန်း

ဆရာတော်နှင့် အလ္လာပ သလ္လာပ အနည်းငယ်ပြောကြား ပြီးနောက်၊

ဆရာကြီးဦးအုန်းက ပိဋကတ်တော်များအကြောင်းကို စတင်ဆွေးနွေးသည်။

ဆရာတော်ကလည်း ပြန်လည်ဆွေးနွေးသည် “ဆရာတော် အခုသွားပြီး ယှဉ်ပြိုင်

ဟောပြောရမယ့် ကိစ္စက အတော်မလွယ်ဘူး ထင်တယ်ဘုရား။ တစ်ဖက်ကလည်း

ပိဋကတ်စာပေ တတ်ကျွမ်းတဲ့ ဘုန်းကြီးလူထွက်ကြီးတွေ ပါတယ်ဆိုတာကိုး ။

တပည့်တော် စောစောက လျှောက်ထားခဲ့သလို ပိဋကတ်တော်ထဲမှာ ရှေ့ – နောက်)

မညီဘွတ်တာတွေ အစပ်အဟပ်မတဲ့ တာတွေက ကွက်ကြား ကွက်ကြားပါနေ

တာဘုရား၊ ကျွဲတွေဟာ ဘုရားဟောတွေပဲဆိုပြီး သူတို့က ထောက်ပြဝေဖန်ရင် –

ဆရာတော် ကဘယ်လို ချေပမလဲဘုရား”

“အဲဒီလိုဆိုတော့လည်း.. ဖွတ်မြီးနှင့် ဖွတ်ချည် ဆိုတာမျိုးလို သူဝေဖန်တဲ့

မေးတဲ့အထဲကပဲ အဖြေပြန်ရှာပြီးချေပရမှာပေါ့ ကာကြီးရယ်”

*အပြီး မလွယ်ဘူး တင်တယ် ဆရာတော်

* ဒါကကိုယ်လက်ခံယုံကြည်ဖို့မှ မဟုတ်တာဘဲဟာ။ ပြေလည်အောင် ရှင်းပြ

ရမယ့်သဘော ဘက်သက် ဆိုတော့ အဲဒီ ပိဋကတ်စာပေတွေကိုပဲ ပြန် ပြီးခံတပ် ၊

လုပ်ရမှာပေါ့) ကာကြီးရယ်”

“ ဒါဖြင့် ရင်း… ဒီလိုလုပ်ဘုရား၊ တပည့်တော်က ခရစ်ယာန်ဘက်ကနေပြီး

ပိဋကတ်တော်နဲ့ တရားတော်တွေကို ဝေဖန်မယ်၊ အဲဒါဆရာတော်က သူ့ဟာနဲ့

သူပြေအောင် ပြန်ပြီး ချေပကြည့်စမ်းပါ ဆရာတော် ။ တိုက်ပွဲအတွက် လေ့ကျင့်

ခန်းမျိုး ပေါ့ဘုရား။ ဘယ့်နှယ်လည်း ဆရာတော်”

သိပ်ကောင်းတာပေါ့ ကာအုန်းရာ၊ ဒါမှ ဦးပဇင်းလည်း ဟိုမှာ တကယ်ဝေဖန်

ချေပတဲ့အခါ တက်နည်း ၊ဆုတ်နည်း၊ ကွေ့နည်း ၊စိုက်နည်း ၊ တိုက်နည်းတွေ အကျင့်

ရတာပေါ့”

ပွဲမဝင်ခင် ပြင်က ကျင်းပဆိုသလို ၊ ဇာတ်တိုက်ကြည့်တဲ့ သဘောပေါ့ ဆရာတော်”

လုပ် လေ၊ ကဲ… ကြာတယ် စလေဗျာ ကာတုန်း”

ဤတွင် ဆရာအုန်းသည် ပိဋကတ်တွင် တွေ့ရှိရသော ပျော့ကွက်

ဟာကွက်များကို စတင်ထိုးနှက်၍ တိုက်ခိုက်ဝေဖန်လေတော့သည်။ ဆရာတော်

တလည်း အညံ့မခံဘဲ ပြန်လှန်၍ ခုခံချေပသည်။ ဆရာကြီးဦးအုန်းသည် ပိဋကတ်

စာပေကို နိုက်နိုက်ချွတ်ချွတ် လေ့လာထား သူဖြစ်သည်။ စာမှတ် မဟုတ်ဘဲ ၊

တကယ့်စာတတ်ဖြစ်သည်။ မြဝတီ ဆရာတော်ဘဝမြန်မာနိုင်ငံ တစ်နံတစ်လျား

တရားပွဲကြီးများကိုပင် အောင်မြင်စွာ ဟောပြောခဲ့သူဖြစ်၍ စကားလည်း

တတ်လှသည်။ အပြောလည်း ကောင်းလှသည်။ အနယ်နယ် အရပ်ရပ်တွင်

ရဟန်းရှင်လူမျိုးစုံနဲ့ တွေ့ထိခဲ့ရ၍ မေးခွန်းပေါင်းစုံနှင့်လည်း ရင်ဆိုင်ခဲ့ရ

သူဖြစ်သည်။ ဆရာတော်နှင့် ဆရာကြီး ဦးအုန်းတို့၏ ပိဋကတ် တိုက်ပွဲကား

မူရဲကောင်းနှစ်ဦး စီးချင်းထိုးသည့် ပွဲနှင့်ပင် တူတော့ သည်။ တစ်ဦးက တင်လိုက်၊

တစ်ဦးကချေပလိုက်။ အထောက် အထားအကိုး အကား များ ပြလိုက်နှင့် ပါဠိတော်

အဋ္ဌကထာ ၊ ဋီကာ ၊အနုမဓု ယောဇနာ ၊ ဂဏ္ဍိ စုံတကာစိ ပြည့်ဝလှဘိသည်။

အမှနားထောင် နေသည့် ပရိသတ်တွင် အသက်မရှုနိုင်အောင် ဖြစ်ရသည်။

ခုခေတ်ကဲ့သို့ ရီကော်ဒါ ကက်ဆက်တို့ ပေါ်ပေါက်သည့် အခါသာ ဖြစ်ခဲ့လျှင်အသံဖမ်းထားလိုက်ပါက ဗုဒ္ဓသာသနာ အတွက် အလွန်အကျိုးရှိမည့် ပိဋကတ် ၊

တမ်းကြီးကို ရရှိပေလိမ့်မည်။ ဆရာအုန်းမှာလည်း ပြောရင်၊ ပြောရင်း စိတ်ပါလာကာ၊ မရပ်မနား ၊ ဒလစပ် တိုက်ခိုက် ဝေဖန်နေရာ နေ့လည်မှသည်

ထမင်းစားချိန်တိုင်အောင် ကြာမြင့်လာခဲ့ရာ အိမ်သို့ပင် မပြန်တော့ချေ။

အရှင်မဟာနန္ဒ ဝယ်ကျွေးသည့် ခေါက်ဆွဲကြော် စားချိန်လောက်

နားယူလေသည်။ ညနေစာ စားပြီးနောက် ဆက်လက်၍ ဆွေးနွေးဝေဖန်ပြန်သည်

ည (၁၂)နာရီအချိန် ရောက်သော်မှ နံနက်ဆက်ရမည့် ခရီးအတွက် နတ်

ဆရာတော် ဦးကလျဏက သတိပေး တော့မှပင် ဆရာအုန်းမှာ မချင့်မရဲနှင့်

အဆုံးသတ် ရပ်လိုက် ရသည်။

“တပည့်တော် ခုလို ဝေဖန်တာကို ဆရာတော်က မဆိုင်းမတွ သွက်သွက် လက်လက်

နှင့် အထောက်အထား ခိုင်ခိုင်လုံနဲ့ ချေပနိုင်တာကို ကြားရတော့ အဲ…

ဟိုပွဲမှာ ဆရာတော် နိုင်ပြီလို့ တပည့်တော် ကျိန်းသေ ပြောရဲတယ်ဘုရား၊

ဆရာတော်နိုင်မှာ သေချာပါတယ်။ ဟိုဘုန်းကြီး လူထွက် ခရစ်ယာန်တွေဟာ

တပည့်တော်အခုလို ဝေဖန်သလောက် မဝေဖန်နိုင်ပါဘူး ။ တပည့်တော်

အရှင်ဘုရားနဲ့ ဗုဒ္ဓဘာသာအတွက် စိတ်ချပြီဘုရား၊ အခုမှပဲရင်အေး ရတော့တယ်။

ဝမ်းသာ လှပါတယ် ဘုရား”

ဟုပြောရင်း ဆရာတော်အား ဦးကုန်းချ၍ ကန် တော့လေသည်။

အလိုတော်ရရွာသို့

ဧပြီလ (၂၉)ရက်နေ့တွင် ဆရာတော်အရှင်ဥက္ကဌနှင့်အဖွဲ့သည် မြဝတီ

ဆရာကြီး ဦးအုန်းပို့လှူသည် ဆွမ်းကို အရှင်မဟာနန္ဒ၏ဗုဒ္ဓသာသနာ

ကျောင်းတွင်ပင် ဘုဉ်းပေးပြီး နေ့ လည် (၁၂)နာရီတွင် အာလံမှ ထွက်ခဲ့သည်။

အရှင်မဟာနန္ဒလည်း လိုက်ပါလာခဲ့သည်။ ဝက်ထီးကန်သို့ ညနေအချိန်ရောက် သည်

၊ ဝက်မြေတောကျောင်းတွင် စတည်းချကြသည်။ ဝက်မြေတောကျောင်း တွင်

အလိုတော်ရဂိုဏ်းဝင် သံဃာအပါး (၃၀)ခန့် ရောက်ရှိနေကြသည်။ ဝက်ထီးကန်

မြို့တွင်းမှာ ဒကာ/ဒကာများလည်း ရောက်ရှိလာကြသည်။ ဆရာတော်သည်

ရဟန်းရှင် /လူ/ ပရိသတ်တို့ အား ခရစ်ယာန် ဘာသာ ပေါ်ပေါက် လာပုံ

သမ္မာကျမ်းစာများ အကြောင်းနှင့် ဂိုဏ်းကွဲပုံတို့ကို အကျဉ်းချုပ်၍ ဟောပြောသည်

နောက်တစ်နေ့ ဧပြီလ(၃၀)ရက် နံနက်(၅)နာရီ အချိန်လောက်တွေ

အလိုတော်ရဂိုဏ်းဝင် ဆရာတော်များ တစ်ကျောင်း လျှင် လှည်းတစ်စီးကျစီနဲ့

လာရောက်ကြိုဆိုကြရာ လှည်းအစီးပေါင်း တစ်ရာကျော်ရှိသည် ၊ နေမထွက် မှီပင်

ဆရာတော်အရှင်ဥက္ကဌနှင့်အဖွဲ့ စီးနင်း လိုက်ပါသော လှည်းကို ရှေ့ဆုံးမှ ထား၍

သံဃာတော်များ စီးသည့် လှည်းအစီးတစ်ရာကျော် လှည်းတန်းကြီး သည်

ဝက်သီးမြို့တွင်းမှ ဖြတ်၍ အလိုတော်ရရွာဘက်သို့ ဦးတည် မောင်းနှင် လာရာ

| တစ်မြို့လုံး အုံးအုံး ကျက်ကျက် ထွက်၍ ကြည့်ကြသည်။ ကားဂိတ်တွင်

ကော်ဇောခင်း ထားသော လှည်းအစီး သုံးဆယ်ခန့်ကို တွေ့ကြရသည်။ ပြည်မြို့မှ

ခရီးဆက်လာမည့် ခရစ်ယာန်ဓမ္မဆရာအဖွဲ့ကို ကြိုဆိုရန် စောင့်ဆိုင်း နေသည့်

ဦးရွှေအောင် ခေါင်းဆောင်သည့် ခရစ်ယာန်တို့၏ လှည်းအုပ်စု ဖြစ်လေသည်။

နံနက်(၆)နာရီခန့်တွင် အလိုတော်ရ ဂိုဏ်းချုပ်ကြီး၏ ကျောင်းသို့

ဆရာတော်အရှင် ဥက္ကဌတို့အဖွဲ့ ရောက်ရှိကြ၍ ဂိုဏ်းချုပ်ဆရာတော် ဘုရားကြီးအား

ရှိခိုးဝတ်ပြုကြလေသည်။ ဂိုဏ်းချုပ်ဆရာတော် ဘုရားကြီး၏ ဝမ်းမြောက်မှုကား

အတိုင်းအတာမရှိပင် ဖြစ်တော့သည်။ ဆရာတော်အရှင် ဥက္ကဌ၏ ပုခုံးပေါ်

လတ်တင်၍ နှင့်လိုဖွယ် သာရဏီယ ကထာများကို မြွက် ကြားနေလေသည်။

ဝါဒပြိုင်ပွဲ မဏ္ဍပ်သို့ ထို့နောက်ဂိုဏ်းချုပ် ဆရာတော် ဘုရားကြီး ဦးဆောင်သော

လှည်းတန်းကြီးသည် ကျောက်ကွင်းရွာ ဝါဒပြိုင်ပွဲ မဏ္ဍပ် ဆီသို့ ဦးတည်

ထွက်ခွာလာကြသည်။

နံက် (၉)နာရီ ကျော်တွင် ရောက်ရှိပြီး မဏ္ဍပ်ကြီးအတွင်းရှိ ဗုဒ္ဓဘာသာဘက်

သံဃာစဉ်ပေါ်တွင် ကာများက ပင့်ဆောင် နေရာချထား ပေးကြသည်။

ဘာသာဝင်များ အထူးပင် ရွှင်လန်းဝမ်းမြောက် နေကြသည်။ ရွာသူကြီး

ဦးလှောင်နှင့် ဗုဒ္ဓဘာသာဝင်တို့ စိတ်အေးရပေသည်။ ဦးလှောင်၏ နှမများ

ဒေါ်အေး ဒေါ်ခတို့ ခေါင်းဆောင်၍ သံဃာတော်များ အတွက်

ဆွမ်းကွမ်းဝေယျာဝစ္စကို’ ချွေးတစ်လုံးလုံးနှင့် စီမံ ချက်ပြုတ် နေကြ သည်။

တို့ကားဗုဒ္ဓသာသနာတော်အတွက်မို့ ပင်ပန်းသည်ဟု မထင်။ ရွှင်ပျ ဝမ်းသာစွာ

တက်သရော လုပ်ကိုင်နေကြသည်။ သံဃာတော်များကို မြင်ရသည့်အပြင်

သနာ့ အာဇာနည်ဘွဲ့ထူး ချီလောက်သည့် တောင်တွင်း ဆရာတော်

ဖြစ်ကြသည့်အရှင်ဥက္ကဌကိုယ်တိုင် ဝါဒပြိုင်ပွဲ ဆင်နွှဲမည်ဟု ကြားသိရ သော်ကြောင့် အားတက်

နေကြသည်။ဗုဒ္ဓသာသနာ အတွက် အသက်ပင် သေစေတော့ဟူသော စိတ်ဓါတ်ဖြင့်

အပင်ပမ်းခံ၍ လုပ်ကိုင်ဆောင်ရွက် နေကြခြင်း ဖြစ်သည်။

ဆရာတော်များ ဆွမ်းဘုဉ်းပေးပြီးအချိန်တွင် ဗုဒ္ဓဘာသာဝင် ဒကာအချို့

ရောက်လာကြ၍ ခရစ်ယာန်ခေါင်းဆောင် ဆရာများက ဟောပြောပွဲအတွက်

ညှိနှိုင်းဆွေးနွေးလိုကြောင်း လျှောက်ထားသည်။ ထို့နောက် ကျောက်ကွင်းရွာ မှ

ဓမ္မဆရာဦးရွှေအောင်ရေးသားသောဗုဒ္ဓ ဘာသာ စစ်တမ်း ဟူသော စာအုပ်

ကလေးကို ဆက်ကပ်ကြသည်။

ထိုနေ့ညနေဘက်တွင်ခရစ်ယာန်ဓမ္မဆရာ ခေါင်းဆောင်များ လာရောက်၍

ဆရာတော်ကို နှုတ်ဆက်သည် ။ သူတို့သည် သာယာဝတီ ဦးဝေယျကို တွေ့ရမည်

ထင်မှတ် ထားကြရာ ယခုမူ တောင်တွင်း ဆရာတော် အရှင်ဥက္ကဋ္ဌ

တွေ့ကြရသောအခါ အလွန်ပင် အံ့အားသင့်နေကြလေသည်။ သို့သော် သူတို့သည်

တိုးတက်ရေး မဂ္ဂဇင်းတွင် ဆရာတော်၏ ဆောင်းပါးများ ကို ဖတ်ဖူး ကြသည်။

လူချင်းတစ်ကြိမ်မျှပင် မတွေ့ဖူးကြပေ။ စကား အနည်း ငယ် ပြောဆို ကြပြီးနောက်

ဟောပြောပွဲ အတွက် သဘောတူညီချက်များ ရေးဆွဲ ရန် လျှောက်ထားရာ

ဆံရာတော် အရှင်ဥက္ကဌက ခရစ်ယာန်ခေါင်းဆောင်များ ကြိုက်နှစ် သက်သလို

ရေးဆွဲရန် လွဲအပ်လိုက်သည်၊ ခရစ်ယာန်ခေါင်းဆောင် တို့က အောက်ပါ စည်းမျဉ်း

များကို ရေးဆွဲတင်ပြကြသည်။

ဟောပြောပွဲလိုက်နာရာစည်းမျဉ်း

(၁) နံနက်(၇)နာရီတွင် ယှဉ်ပြိုင်ဟောပြောပွဲကို စတင်ဖွင့်လှစ်ရန်။

(၂) သဘာပတိအဖြစ် ခရစ်ယာန်တို့ဘက်မှတစ်ဦး ဗုဒ္ဓဘာသာဘက်မှ တစ်ဦး၊

နှစ်ဦးတင်ရန်။

(၃) (၇)နာရီမှ (၇း၁၅)နာရီအထိ ခရစ်ယာန်သဘာပတိက မိန့်ခွန်းပြောရန်

(၁၅)မိနစ်။

(၄) (၇း၁၅) မှ (၇း၃၀)အထိဗုဒ္ဓ ဘာသာဝင် သဘာပတိက မိန့်ခွန်း ပြောရန်(၁၅)မိနစ်။

(၅) (၇း၃၀)မှ (၈၀၅)မိနစ်အထိ ခရစ်ယာန်တို့ဘက်မှဗုဒ္ဓဘာသာကို ဝေဖန်

ဟောပြောရန်။

(၆) (၈း၁၅)မှ (၉) အထဗုဒ္ဓ ဘာသာ ဘက်မှ ခရစ်ယာန်ဘာသာကို ဝေဖန် ဟောပြောရန်။

(၇) (၉)နာရီမှ(၁၂)နာရီအထိ ဟောပြောပွဲကြီးကို ရပ်နားထားရန်။

(၈) နေ့လည်(၁၂)နာရီတွင်ဟောပြောပွဲကို ပြန်လည်ဖွင့်လှစ်ရန်။

(၉) (၁၂)နာရီမှ နေ့ (၂)နာရီအထိဗုဒ္ဓဘာသာဘက်မှ ဝေဖန်ဟောပြောရန်

အချိန်(၂)နာရီ။

(၁၀) နေ့(၂)နာရီမှ ညနေ(၄)နာရီအထိခရစ်ယာန်ဘက်မှ ဝေဖန် ဟောပြောရန်။

(၁၁) ညနေ(၄)နာရီတွင် နှစ်ဘက်သော သဘာပတိများ လက်မှတ် ရေးထိုး

ထားသော ဟောပြောပွဲ ရုပ်သိမ်းစာကို ဖတ်၍ ဟောပြောပွဲကြီး ပြီးဆုံးကြောင်း

ကြေညာရန်။

ဆရာတော်အရှင်ဥက္ကဌက သဘောတူလက်ခံ၍ လက်မှတ် ရေးထိုးပေး

လိုက်သည်။ ညနေဘက်တွင် ပြည် ၊ ပေါင်းတည် ၊ ရွှေတောင် စသည့် အရပ်

ဒေသများမှ သံဃာတော်အချို့ လှည်းများနှင့် ရောက်လာ ကြသည်။ ထိုအထဲတွင်

တောင်ငူမြို့၊ လောကုတ္တရာသိမ်ကုန်းဆရာတော် အရှင်ကုဏ္ဍလလည်း

ပါလာလေသည်။ အလိုတော်ရဂိုဏ်းသံဃာတော် များနှင့် ဂိုဏ်းချုပ်ဆရာ တော်ကြီး

ကပါ သဘောတူနှစ် သက်ကြသဖြင့် ဟောပြောပွဲကြီးတွင် ဗုဒ္ဓ ဘာသာဝင် တို့ဘက်မှ

သဘာပတိ လုပ်ရန် တောင်ငူ ဆရာတော် အား ရွေးချယ် လိုက်ကြသည်။

ဆရာတော်အရှင် ဥက္ကဌသည် နက်ဖြန်ပွဲ သဘာပတိ မိန့်ခွန်း (၁၅)မိနစ် စာကို

လောကုတ္တရာ ဆရာတော်နှင့် တိုင်ပင်ဆွေးနွေး၍ အစီအစဉ် ပြုလုပ် နေကြသည်။

မဏ္ဍပ်ကြီး၏ ပတ်ဝန်းကျင် ခပ်လှမ်းလှမ်းတွင်ကား နက်ဖြန်ပွဲကြီး အတွက်

ရောင်းချရန် စားသောက်ဆိုင်များ၊ လဘက်ရည် ဆိုင်များ ၊ ဈေးဆိုင် များဖြင့်

စည်ကားနေလေသည်။ ခရစ်ယာန်ဆရာကြီးများကလည်း ဓမ္မဆရာ ဦးရွှေအောင်၏

နေအိမ်တွင်ဗုဒ္ဓဘာသာကို ဆော်နှက်ရန် ဗုဒ္ဓဝင်နှင့် ဗုဒ္ဓကျမ်းစာ အချို့မှ

အချက်အလက်များကို စုပေါင်းတိုင်ပင်၍ ရှာဖွေထုတ်နှုတ် မှတ်သား ချက်များ ကို

ရေးကူးနေကြသည်။ အထူးသဖြင့် “လောကမျက်မှန်” စာစောင် တွင် ပါရှိသော

ဆရာတော် ဦးဥယျ၏ ရေးသားချက်များကို အဓိကထား၍ ထိုးနှက်ကြရန်

မှတ်သားနေကြသည်။ အရှင်ဥတ္တံဌသည် . ဦးဥယျကဲ့သို့ ပြောဆို လိမ့်မည်ဟု

ယူဆနေကြဟန် ရှိသည်။ ဤအတိုင်းဆိုလျှင် သူတို့ ဘက်က နိုင်ဘို့-သေချာပြီး၊

ဤသို့ တွက်ဆ၍ ပြောနေရာ ခရစ်ယာန်ပရိသတ်နေမှာ အလွန် တက်ကြွ

နေကြလေသည်။ အရှင်ဥက္ကဌ၏ အကြောင်းနှင့်အရည်အချင်း တို့ကို တိတိကျကျ

မသိရှိကြဘဲ အထင်အမြင်သေးနေခြင်းသည် သူတို့အဖို့ နောက် တစ်နေ့တွင်

မဟာအမှားကြီး ဖြစ်ကြောင်း တွေ့မြင်ကြရ ပေတော့မည်။

ဝါဒပြိုင်ပွဲကြီး ဤနေ့ကား မြန်မာနိုင်ငံဗုဒ္ဓသာသနာသမိုင်းတွင်

မော်ကွန်းတင် ရမည့်နေ့ဖြစ်သည်။ ခရစ်ယာန်တို့၏ ဖန်ရှင်းဆင်အိုင်ဿရ

နိမ္မာနဝါဒနှင့်ဗုဒ္ဓမြတ်စွာ၏ “အနတ္တဝါဒတို့ ယှဉ်ပြိုင်ကြမည့် နေ့ကြီး ဖြစ်သည်။

ထောင်သောင်းမကသော ပရိသတ်ကြီး၏ ရှေ့မှောက်တွင် တရားဝင် ယှဉ်ပြိုင်

ဟောပြောကြခြင်း ဖြစ်၏ ။ တစ်ဘက်နှင့်တစ်ဘက် ပဋိပက္ခ မဖြစ်ကြဘဲ

ပျော်ပျော်ပါးပါးကြီး ယှဉ်ပြိုင် ဟောပြောကြရာ ဤပြိုင်ပွဲ မျိုးကား မြန်မာနိုင်ငံ

သမိုင်းတွင် တစ်ကြိမ်တည်းသာ ပေါ်ပေါက်ခဲ့ဖူးသည့် ပထမနှင့်နောက်ဆုံး ယှဉ်ပြိုင်

ဟောပြောပွဲကြီး ဖြစ်သည်။

ပရိသတ်တစ်သောင်းကျော် ထိုနေ့ အရုဏ်တက်ချိန်မှစ၍ ကျောက်ကွင်း

ရွာ ပတ်ဝန်းကျင်ရှိ ရွာများမှ ကျောက်ကွင်း မဏ္ဍပ်ကြီးဆီသို့ ဦးတည်၍ လာနေ

ကြသော လှည်းသံ ။ လူသံ တို့မှာ ဆူညံ၍ နေကြသည်။ ဝက်ထီးကန်မြို့မှ ခြေလျှင်

လာကြသော လူတန်းကြီးမှာလည်း အဆက်မပြတ် ဖြစ်နေကြသည်။ နံနက်(၅)နာရီခွဲ

အချိန်တွင် မဏ္ဍပ်ကြီးတစ်လုံး ပြည့်သွား လေသည်။ နောက်ထပ်ရောက်လာကြ

သောလှည်းများနှင့် လူများမှာ မဏ္ဍပ် အပြင်ဘက် ပတ်ဝန်းကျင်တွင် နေရာ ယူကြ

ရသည်။ အချို့မှာ ထိုင်ဖို့ပင် နေရာ မရ၍ မတ်တပ်ရပ်နေကြရ လေသည်။

ရွှေတောင်၊ ပြည်၊ပေါင်းတည်၊ ပေါင်းတလည်၊ ပေါက်ခေါင်း ၊ မြန်အောင်၊

ဟင်္သတ စစ် သာရပ် သမှ လူများပါ လာရောက်ကြသဖြင့် ပရိသတ်

တစ်သောင်းကျော်ရှိမည်ဟု ခန့်မှန်းရ လေသည်။ သံဃာစဉ်ပေါ်တွင်လည်း

အာဂန္တုက ရဟန်းများနှင့် အလိုတော်ရဂိုဏ်းဝင် သံဃာတော်များပါ

နောက်ထပ် ရောက်ရှိလာကြသဖြင့် စုစုပေါင်း သံဃာတော် နှစ်ရာကျော်ဖြစ်သွားသည်။ ရန်ကုန်မှ

ညွန်ကြားချက်အရ ပြည်မြို့မှ ရာဇဝတ်ဝန်ကြီး ဦကြင်, တရားသူကြီးနှင့် ပုလိပ်များသည်လည်း လာရောက်၍စောင့်ရှောင့်ပေးနေကြသည်။ မဏ္ဍပ်အနီးတွင်ယာယီစခန်းဖွင့်၍ အရာရှိများကပါ စောင့်ရှောက်ပေးနေကြသည်။

ပြိုင်ပွဲကြီးစပြီ

(၇)နာရီထိုးရန် ငါးမိနစ်အလိုတွင် ခရစ်ယာန်ခေါင်းဆောင်များက သံဃာစဉ်၏အရှေ့ မဏ္ဍပ်အတွင်

မြေပြင်ပေါ်၌ စီတန်းခင်းထားသော ကုလားထိုင်များပေါ်သို့ သွားရောက်ပြီး စီ၍ ထိုင်နေကြသည်။ ဗုဒ္ဓဘာသာအဖွဲ့ဝင်များကလည်း မြောက်ဘက်ခြမ်းရှိ သံဃာစဉ်ရှေ့ မြေပေါ်တွင် တန်းစီခင်းထားသည့် ကုလားထိုင်များ

ပေါ်သို့ သွားရောက်ထိုင်ကြသည်။ သဘာပတိများအတွက် နေရာကို နှစ်ဘက်ခေါင်းဆောင်များ၏

အတန်းအလယ်တွင် စားပွဲတစ်လုံးချ၍ စားပွဲ၏ တစ်ဘက် တစ်ချက်တွင် ကုလားထိုင်တစ်လုံးစီ

ချထားလေသည်။သဘာပတိများ၏ စားပွဲရှေ့တွင် ခုံမြင့်တစ်ခု ချထား၍ ခုံမြင့်၏ရှေ့တွင် စာပွဲတစ်လုံးရှိသည်စားပွဲပေါ်တွင် ရေချိုင့်၊ ဖလ်ခွက်နှင့် စားပွဲတင်နာရီတစ်လုံးကို တင်ထားသည်၊ သဘာပတိ၏စားပွဲပေါ်တွင်လည်း ရေချိုင့်နှင့်နာရီတစ်လုံးစီရှိသည်။

(၇)နာရီတိတိအချိန်တွင် ခရစ်ယာန်သဘာပတိ ဦးရွှေမှန်နှင့် ဗုဒ္ဓဘာသာသဘာပတိ ဆရာတော်ဦးကုဏ္ဍလတို့သည် သဘာပတိများနေရာသို့ ကြွရောက်လာကြပြီး နေရာယူထိုင်ကြသည်။ ဦးရွှေမှန်က ဝါဒယှဉ်ပြိုင်ဟောပြောပွဲဖွင့်လှစ်ကြောင်း ကြေညာ၍ သဘာပတိမိန့်ခွန်းကိုစတင်ပြောကြားသည်။

ဦးရွှေမှန်သဘာပတိမိန့်ခွန်း

ကြွရောက်လာကြတဲ့ ဆရာတော်သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့ခင်ဗျား။ အားလုံးဟာ

ဒီနေ့ဒီနေရာမှာ ဘုရားသခင်အလိုတော်အရ လာရောက်စုဝေးနေကြရပါသည်။ အများသိကြတဲ့အတိုင်း ဒီပွဲဟာ

ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာ ဘယ်ဟာက ကောင်းတယ်၊ မှန်တယ်ဆိုတာကို ယှဉ်ပြိုင်ဟောပြော

ကြမှာဖြစ်ပါတယ်၊ အဲဒီလို ဟောပြောတဲ့အခါမှာ တစ်ဖက်ဘာသာက တစ်ဖက်ဘာသာရဲ့ ချို့ယွင်းချက်ကို

ထုတ်ဖေါ်ပြီး ပြောရပါလိမ့်မည်၊ ဝေဖန်ရပါလိမ့်မည်။ တစ်ဖက်နှင့်တစ်ဖက် အနိုင်ပြောကြရမှာဆိုတော့

တစ်ခါတစ်ရံ ပြင်းထန်တာ ပါခြင်ပါသွားပါလိမ့်မယ်။ အဲဒါကို ကြိုတင်ပြီး သိထားပါမှ နားထောင်တဲ့ပရိသတ်က

ခွင့်လွတ်နိင်ကြမှာပါ။ နှစ်ဘက် ဟောပြောမယ့် ပုဂ္ဂိုလ်များကလည်း ယဉ်ယဉ်ကျေးကျေး ပြောကြပါလိမ့်မယ်။

တစ်ဦးနှင့်တစ်ဦး မုန်းတီးနေကြတဲ့သူတွေ မဟုတ်တဲ့အတွက်ပုဂ္ဂိုလ်ရေး ပုတ်ခတ်ကြမှာမဟုတ်ပါဘူး။ ဝါဒရေး၊

ဘာသာရေးများကိုသာ ပြောကြမှာပါ။ အထူးသဖြင့်ခရစ်ယာန်ပရိသတ်များကိုပြောလိုပါတယ်။

ခရစ်တော် ဟာ အလွန်ယဉ်ကျေးသိမ်မွေ့ပြီးတော့ သူရဲ့တရားတော်ဟာ သူ့ကို ကားစင်တင်ပြီး

သတ်တဲ့သူတွေကို တောင်မှ ခွင့်လွတ်တော်မူခဲ့ပါတယ်။ အဲဒီရေရှုခရစ်တော်ရဲ့ ဖြစ်ရပ်ကို စံနမူနာထားပြီး

ယဉ်ကျေးကြပါ။ သည်းခံကြပါ၊ မခံချင်စိတ်၊ ဒေါသစိတ် မထားကြပါနဲ့။ ဒါမှလည်း ခရစ်ယာန်ကောင်း

ပီသပါတယ်။ တစ်ဘက်ပုဂ္ဂိုလ်က ဟောတာကို ဗုဒ္ဓဘာသာဝင်ရော၊ ခရစ်ယာန်ဘာသာဝင်တွေကပါ

အေးအေးဆေးဆေး လေးလေးစားစား နားထောင်ကြဖို့ မေတ္တာရပ်ခံပါတယ်၊ ထာဝရဘုရားနှင့်

ရေရှုခရစ်တော်၏ မေတ္တာသည် အားလုံးအပေါ် လွမ်းခြုံကြရောက်ပါစေ…. စသည်ဖြင့် ဦးရွှေမှန်က

သဘာပတိမိန့်ခွန်းကိုပြောကြားသည်။

ဦးကုဏ္ဍလ၏ သဘာပတိမိန့်ခွန်း

အလိုတော်ရဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးနှင့် သံဃာတော်အရှင်မြတ်များ, ဗုဒ္ဓဘာသာဝင်

ဒကာ/ဒကာမ များနှင့်ခရစ်ယာန်ဘာသာဝင်ဒကာ/ဒကာမအပေါင်းတို့……..

ဦးပဇင်းတို့ရဲ့ ဗုဒ္ဓမြတ်စွာဘုရားဟာ မိမိအားကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ၊ မိမိညွန်ပြ

ဟောပြောသော တရားဒေသနာကိုလိုက်နာကျင့်သုံးသည်ဖြစ်စေ, မကျင့်သုံးသည်ဖြစ်စေ, လူမျိုးမရွေး ဆူကြုံ, နိမ့်မြင့်မရွေး အားလုံးသော သတ္တဝါများအပေါ် မဟာကရုဏာတော်ကို ထားတော်မူပါတယ်။ အားလုံးကိုသားတော်အရင်း ရာဟုလာနဲ့မခြား တတန်းတစားတည်း ထားပြီး တပြေးညီ သဘောထားပြီး ဒုက္ခမှလွတ်မြောက်ရာ, လွတ်မြောက်ကြောင်း တရားဒေသနာများကို ဟောဖေါ်ညွန်၍ သြဝါဒပေးတော်မူခဲ့ပါတယ်။

ကိုယ်တော်တိုင်လည်း မြင့်မြတ်စင်ကြယ်တဲ့ အကျင့်စာရိတ္တရှိပြီးတော့ သတ္တဝါများကိုလည်း မြင့်မြတ်

ကြီးမားသော မေတ္တာတရားထားတော်မူခဲ့ပါတယ်။ ကိုယ်တော်တိုင် သည်းခံတော်မူတယ်၊ “ခန္တီ ပရမံ တပေါတိတိက္ခာ”အစရှိသည်အားဖြင့် “သည်းခံခြင်းဟာ အလွန်မွန်မြတ်တဲ့ အကျင့်” ဖြစ်ကြောင်း ဟောတော်မူခဲ့ပါတယ်။

ဗြဟ္မစိုရ်တရားလေးပါးမှာ မေတ္တာကို အဦးထားပြီး ဟောတော်မူခဲ့ပါတယ်။ ဗုဒ္ဓရဲ့တပည့်သား ဖြစ်ကြတဲ့

ပုဂ္ဂိုလ်ဟာ သည်းခံတတ် ရမယ်၊ မေတ္တာထားတတ်ရမယ်၊ စိတ်သဘောထား နူးညံ့သိမ်မွေ့ရတယ်။

ဗြဟ္မစိုရ်တရားလေးပါးနှင့်ခွင့်လွတ်တတ်ရတယ်။ ခုနင်က ဆရာတော်ကြီး ဦးရွှေမှန်ပြောသလိုပေါ့လေ။ ယှဉ်ပြိုင်

ဟောပြောပွဲဆိုတော့ မိမိရဲ့ဘာသာအယူဝါဒ ကောင်းမွန်မှန်ကြောင်း အမွန်းတင်ပြီးတော့ သူတစ်ပါးဘာသာရဲ့ချို့ယွင်းချက်တွေကို ဝေဖန်ကြမှာမို့ နှစ်ဘက်စလုံးက ဟောပြောတာကို သေသေချာချာ နားထောင်ပြီးတော့ယူသင့် ယူထိုက်တာ၊ ပယ်သင့် ပယ်ထိုက်တာတွေကို မိမိရဲ့ ကိုယ်ပိုင်အသိဉာဏ်နဲ့ စဉ်းစားဆုံးဖြတ်ပြီးမှ

မိမိနှစ်သက်ရာကို ယူကြပါရန်အလေအနက်မေတ္တာရပ်ခံလိုပါတယ်ဒကာ/ဒကာမအပေါင်းတို့ ……စသည်ဖြင့်မြွက်ကြားလေသည်။

ခရစ်ယာန်ဓမ္မဆရာကြီး ဦးသာဒင်(မန္တလေး)က စတင်ဟောပြောသည်။ ဦးသာဒင်သည် ဗုဒ္ဓဘာသာ

ဘုန်းကြီးလူထွက်ဖြစ်၍ ပထမကြီးတန်း အောင်မြင်ခဲ့ပြီး ပါဠိစာပေကျွမ်းကျင်သည်ဟု နာမည်ကြီးသည်။

ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ပြီး တရားဟောအလွန်ကောင်းသည်ဟု နာမည်ကျော်ကြားသူဖြစ်သည်။

သူက ဓမ္မကထိက ဆရာတော်ဦးဉေယျ ရေးသားခဲ့တဲ့ (လောကမျက်မှန်) အမည်ရှိစာအုပ်ကို စတင်

တိုက်ခိုက်ပြောဟောသည်။ ခရစ်ယာန်ဘာသာကို နှိမ်နင်းရေးသားထားသော ထိုစာအုပ်ပါ အချက်

အလက်များကို ချေပ၍ ရှင်းလင်းသည်။ မူလက ဦးဉေယျကိုယ်တိုင် ကြွရောက်၍ ဗုဒ္ဓဘာသာဘက်မှ

ယှဉ်ပြိုင်မည်ဟု သတင်းကြီးနေရာ ခရစ်ယာန်ဓမ္မဆရာအုပ်စုသည် ဦးဉေယျ ရေးသည့် လောကမျက်မှန်ကိုတိုက်ခိုက်ချေပရန် အကြောင်းအချက်များ ရှာဖွေစုဆောင်း စီစဉ်လာခဲ့ကြသည် ကြိုတင်ပြင်ဆင်ခဲ့ကြသောကြောင့် ပိုင်ပ်ိုင်နိုင်နိုင်လည်း ဟောပြောနိုင်ရာ ခရစ်ယာန် ချင်းပရိသတ်မှာ တပြုံးပြုံးနှင့်အားတက်ရွှင်ပျနေကြလေသည်။

ဦးသာဒင်၏ တင်ပြချက်

“ဆရာတော်…. ဦးသာဒင် ဟောပုံဟာ လေးတယ်၊ ခရစ်ယာန်တရားဟောသံတွေ လုပ်နေတာနဲ့

အချိန်ဖြုန်းသလို ဖြစ်နေတယ်၊ အချက်အလက်စုစည်းပြီး ပြန်ချေပတာ ကွာဟပြီး ဝေးနေတယ်ဘုရား” ဟူ၍

ဆရာတော်၏အနီးတွင် ရှိနေသော ဦးကိုကိုကြီးက ဆရာတော်အား တိုးတိုးလျှောက်ထားရာ ဆရာတော်ကဦးသာဒင်ဟောသမျှကိုရေးမှတ်နေရာမှ ပြုံးပြီးခေါင်းညိတ်လိုက်လေသည်။။

လောကမျက်မှန်စာအုပ်တွင် ပါသောအချက်အလက်များကို ချေပပြီးနောက် ဦးသာဒင်သည်

“ဗုဒ္ဓဝင်”ကို ဝေဖန်တိုက်ခိုက်လေသည်။ ဗုဒ္ဓဝင်ဟာ ဂေါတမရဲ့ဖြစ်စဉ်ကို ဖေါ်ပြတဲ့ကျမ်းပဲ၊ အဲဒီအခန်းမှာ

ပါတာတွေဟာ ဘယ်လောက်ယုတ်တိကင်းမဲ့သလဲဆိုတာ စဉ်းစားကြည့်ကြပါ၊ ကျွန်တော်တင်ပြပါ့မယ်။

စထွက်ကတည်းက တုသိတာနတ်ပြည်မှာနေတဲ့ ဘုရားအလောင်း သေတကေတုနတ်သားကို တစ်ခြားနတ်ဗြဟ္မာတွေက လူ့ပြည်ဆင်းပြီး ဘုရားဖြစ်ဖို့ ပဋိသန္ဓေယူဖို့ တောင်းပန်မှ မယ်တော်မာယာရဲ့ ဗိုက်ထဲဝင်သတဲ့ဗျာ၊ ဘုရားဖြစ်ရမယ့်သူက ဘာမှမသိရဘဲ ဘုရားမဖြစ်မယ့်သူတွေက ပြောမှသိရသတဲ့လား? ပြီးတော့

ပဋိသန္ဓေယူတဲ့နေ့က ဝါဆိုလပြည့်နေ့၊ အဲဒီနေ့ထူး နေ့မြတ်ကြီးမှာတောင် မေထုနသံဝါသကိစ္စဆိုတဲ့.. အဲ..

ဟိုကိစ္စကို ရှောင်ကြဉ်ကြဟန်မတူပါဘူး၊ စောင့်ထိန်းကြဟန်မရှိပါဘူး။ အဲဒါကိုကြည့်ရင် သုဒ္ဓေါဒနကပဲ

လွန်သလား? မယ်တော်မာယာကပဲ လွန်သလား? ဒါမှမဟုတ် နှစ်ဦးလုံးအတူတူပဲလားတော့ မဆိုနိုင်ပါဘူး။

ဝါဆိုလပြည့်နေမှာ ပဋိသန္ဓေယူတယ်ဆိုတာကတော့ ထင်ရှားနေပါတယ်။ အဲဒါကို ကြည့်မယ်ဆိုရင်

သူ့မိဘနှစ်ပါးရဲ့ အကျင့်အရ ဂေါတမဟာလည်း ပဋိသန္ဓေကစပြီး လူလွန်ဖြစ်ပါတယ်”

“ခရစ်ယာန် ပရိသတ်များအားတက်သလောက် ဗုဒ္ဓဘာသာပရိသတ်များ မျက်နှာ မကောင်းလှ၊

ရဟန်းများမှာ မျက်နှာပျက်နေကြသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌကား ပြုံး၍ ဦးသာဒင်ကိုကြည့်နေလေသည်။

ဦးသာဒင်က ဆက်ဟောပြန်သည်။

“ဘုရားအလောင်းရဲ့ ဖွားတော်ဖက် ခုနှစ်ဦးတဲ့ဗျာ.. အာ၊ ဗော၊ ကာ၊ ယ ၊ ကဏ်၊ ရွှေ၊ ဆန် တဲ့။

ဖွားဘက်တော်တွေထဲမှာ ကဏ္ဍိက ဆိုတဲ့မြင်း, အဲ…. တိရစ္ဆာန်လည်းပါတယ်၊ ဗောဓိပင်ဆိုတဲ့ သစ်ပင်လည်း

ပါတယ်၊ သက်မဲ့ဖြစ်တဲ့ ရွှေအိုးကြီးလေးလုံးဆိုတာလည်း ပါလိုက်သေးတယ်၊ ဘယ်လောက်

ယုတ္တိကင်းမဲ့သလဲဗျာ… အာနန္ဒာဟာ ဖွားဖက်တော်တဲ့, ဖွားဖက်တော်ဆိုတာ တစ်နေ့ တည်း တစ်ချိန်တည်းမွေးဖွားတာကိုခေါ်တာဗျ၊ နောက်ပ်ိုင်းကြတော့ညီတော်အာနန္ဒာ တဲ့ဗျ။

ဖွားဖက်တော်လည်း ဆိုသေး, ညီတော်အာနန္ဒာလည်းဆိုသေး ဘယ်လောက်များကမောက်ကမ နိုင်သလဲ

ဆိုတာ စဉ်းစားကြည့်ကြပါ”။

“ရွှေအိုးကြီးလေးလုံးဟာ ကပိလဝတ်ပြည့်က, နန်းတော်ဝင်းအတွင်းမှပဲ ဖြစ်ပေါ်လာတယ်လို့

စာကဆိုထားတယ်။ အဲဒါလည်း စဉ်းစားကြည့်ကြပါဦး … သင်္ဃ-မည်တဲ့ ရွှေအိုးကြီးက တစ်ဂါဝုတ် ပမာဏ

ရှိသတဲ့ဗျ၊ ဧဠ-မည်တဲ့ ရွှေအိုးကြီးက ယူဇနာဝက်လောက်ရှိတယ်လို့ ဆိုတယ်။ ဥပ္ပလ-မည်တဲ့ ရွှေအိုးကြီးက

သုံးဝုတ်ပမာဏ ရှိသတဲ့၊ ပုဏ္ဏရိက-အမည်ရှိတဲ့ ရွှေအိုးကြီးက တစ်ယူဇနာရှိတယ်လို့ ဆိုတယ်။ စုစုပေါင်းနှစ်ယူဇနာခွဲ ရှိတယ်။ ခုခေတ်သုံး မိုင်နှင့်ဆိုလျှင်တစ်ယူဇနာဟာ ဆယ့်သုံးမိုင်ခွဲလောက်ရှိတယ်။

ဒီရွှေအိုးကြီးလေးလုံး အတိုင်းအတာပမဏဟာ မိုင်သုံးဆယ်ကျော်ရှိနေပြီ, ဤရွှေအိုးကြီးတွေ ပေါ်တယ်ဆိုတာ

တကယ်ဟုတ်ရိုး မှန်ခဲ့ရင် ရှေးခေတ်က လူဦးရေ ငါးသိန်းလောက်ရှိတဲ့ ကပိလဝတ်ပြည်ကလေးမှာ လူတွေတိုက်တာအိမ်တွေဟာ ဒီရွှေအိုးကြီး လေးလုံးပေါ်တာနှင့်ပဲ ပျက်စီးသွားစရာရှိပါတယ်၊ အဲဒီလောက်

အပြောကြီးကြီးနဲ့ ပလွှား ဝံ့ကြွားထားတဲ့ ဗုဒ္ဓဝင်ပါတဲ့ ဂေါတမဘုရားထင်ရာလျှောက်ပြီး ဟောထားတဲ့

တရားတွေကို စဉ်းစားဉာဏ်ရှိတဲ့ လူတွေက ယုံလို့ဖြစ်ပါ့မလား?၊ ဦးသာဒင်က ပရိသတ်ကို မေးခွန်းထုတ်ရင်း

အကဲခတ်ကြည့်လိုက်၏၊ ထို့နောက်ဆက်လက်၍ ပြောပြန်သည်။

“စိဉ္မ္ဇမာန် ကိစ္စကိုလည်း ကြည့်ပါဦး၊ သိကြားမင်းက စိဉ္ဇမာန် ထမိန်အတွင်းဝင်ပြီး ကြွက်ယောင်

ဆောင်ပြီး က်ိုယ်တယ်လို့ဆိုထားတယ်၊ သိကြားတန်မဲ့ မိန်းမထမီအတွင်း ဝင်ရသတဲ့ လားဗျာ… ထမီတွင်း

ဆိုတာဟာ သာမန်လူယောက်ျားများ ဝင်ရင်တောင် ဘုံးကျက်သရေ ပျက်တယ်လို့၊ ဗုဒ္ဓဘာသာဝင်တွေက

ယူဆထားတာနဲ့ တက်တက်စင် ကွာဟနေပါတယ်။ ဂေါတမရှေ့မှာ တရားနာနေတဲ့ ပရိသတ် ဗိုလ်ပုံ

အလယ်မှာ မိန်းမတွေ အများကြီး ရှိနေနိုင်ပါလျှက်နဲ့ အဲဒီ မိန်းမကြီးတွေက ဗိုက်ကိုတော့ ထမစမ်းပါပဲနဲ့

ဧရာမနတ်တို့ဘုရင် သိကြားမင်းက လာပြီး ကိုယ်တိုင် ထမိန်ထဲ ဝင်ကိုက်ရတယ်ဆိုတာကလည်း

ယုတ္တိမတန်ပါဘူးဗျာ..”။

“ပြီးတော့ နန္ဒောပနန္ဒ နဂါးမင်း ချွတ်ခန်းဆိုတာ ကြည့်ပါဦး၊ ဘုန်းတော်အနန္တ, ဉာဏ်တော်အနန္တ,

တန်ခိုးတော်အနန္တဆိုတဲ့ ဂေါတမဟာ သူကိုယ်တိုင်တော့ နဂါးကို ရင်မဆိုင်ရဲဘဲနဲ့ တပည့်ဖြစ်တဲ့

အရှင်မောဂ္ဂလာန်ကို နှိမ်နင်းခိုင်းရတာလဲ? အရှင်မောဂ္ဂလာန်က သူ့ထက်ပိုပြီး တန်ခိုးရှိရာ ကျမနေဘူးလား၊

အဝိဟိံသာ – သူတစ်ပါးကို မညင်းဆဲရဘူးလို့၊ ဟောပြောနေတဲ့ ရှင်ဂေါတမဟာ ဘာ့ကြောင့် နဂါးကို

ညင်းဆဲခိုင်းရသလဲ? သူတစ်ပါးကို ထိခိုက်နစ်နာအောင် မလုပ်ရတဲ့ ရဟန္တာ ရှင်မောဂ္ဂလာန်ဟာ နဂါးကို

ဘာ့ကြောင့် မြင့်မိုရ်တောင်နှင့် ဖိညပ်ပြီး နှိပ်စက်ရတာလဲ? အဲဒီလို တန်ခိုး အင်မတန်ကြီးတဲ့

ရှင်မဟာမောဂ္ဂလန်ကို ဘာတန်ခိုးမှ မရှိတဲ့ ခိုးသားတွေက ရိုက်သတ်သတဲ့ဗျာ၊ တန်ခိုးတွေ

ဘယ်ရောက်ကုန်သလဲ? ဘယ်လောက်ယုတ္တိကင်းမဲ့သလဲ? ရှေ့စကားနှင့် နောက်စကား မညီဘူးဆိုတာ

တွေ့ကြပြီမဟုတ်လား?”။

ဦးသာဒင်သည် ပရိသတ်ကို မေးခွန်းထုတ်သလိုလုပ်၍ ဆက်လက်ပြီး ဝေဖန်တင်ပြပြန် လေသည်။

“ဒီတန်ခိုး ပြာဋိဟာ ကိစ္စပဲ၊ ရှင်မောဂ္ဂလာန်ပေါ့ဗျာ… ရှင်မောဂ္ဂလာန်နဲ့ ရှင်ပိဏ္ဍောလတို့ စဏ္ဍကူး

သပိတ်ရဖို့အတွက် တန်ခိုးပြကြတယ်တဲ့။ အဲဒါ ဂေါတမဘုရားက ကြားသိတော့ ရဟန်းတွေ တန်ခ်ိုးမပြရ၊ပြလျှင်အာပတ်သင့်စေလို့ ပညတ်ပါသတဲ့၊ အဲဒီလို သူများတွေကိုပညတ်ပြီး သူကတော့ တိတ္ထိတွေနဲ့ ပြိုင်ပြီးရေမီးအစုံ တန်ခိုးပြသတဲ့ဗျာ…၊ အဲဒါဆို ဂေါတမဘုရားဟာ “ငါပြော သလိုလုပ် ငါလုပ်သလိုမလုပ်နဲ့” ဆိုတဲ့ဘုရားမျိုး ဖြစ်မနေဘူးလား။ ခင်ဗျားတို့ပြောတော့ “တထာဂတ (အပြောနှင့်အလုပ်ညီညွတ်တယ်)”ဆို၊

ခုနကအတိုင်းဆိုလျှင်မိတ်ဆွေတို့ရဲ့ ဘုရားကြီး ဂေါတမဟာ “တထာဂတ”ဘွဲ့နှင့်ထ်ိုက်တန်ပါသလား?

“တာဝတိံသာ နတ်ပြည်ကို တက်တာ တန်ခိုးနဲ့တက်တယ်ကွာလို့ဆိုရင်ဟုတ်တုတ်တုတ် ရှိသေးရဲ့၊

အခုတော့ နှစ်လမ်းသုံးဖဝါးနဲ့ တက်တယ်တဲ့ဗျ၊ ပြန်ဆင်းမယ်ဆိုတော့ နတ်တွေက ရွှေစောင်းတန်း၊

ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းတွေ ဖန်ဆင်းပေးရသတဲ့၊ တန်ခိုးမရှိတော့ ပြန်ဆင်းဖို့ မရဲဘူး

ထင်ပါရဲ့ဗျာ..”

“အဲဒီအောင်ခြင်းရှစ်ပါးမှာပဲ သစ္စကပရဗိုဇ်နှင့် ဝါဒပြိုင်ပွဲမှာ ဂေါတမဘုရားက မေးတာကို သစ္စကကြီးကမဖြေဘူးတဲ့ …။ အဲဒါ သိကြားမင်းက ဘီလူးယောင်ဖန်ဆင်း၊ တင်းပုတ်ကြီးနဲ့ ချိန်ရွယ်ပြီး ခြိမ်းခြောက်တော့မှ

သစ္စကကြီးက ဖြေသတဲ့ဗျာ….၊ အဲဒါ ယုတ္တိရှိပါသလား ..? ဘုရားဖြစ်ပြီးတော့ သိကြားလောက်တောင်

တန်ခိုးမရှိလို့ သိကြားကို အကူအညီတောင်းတာလား? သိကြားက လာပြီးကူညီရတာလား ……?၊ ခင်ဗျားတို့ပြောပြောနေတဲ့ တန်ခိုးတော်အနန္တဆိုတာ ခင်ဗျားတို့ ဘုရားမှာ မရှိလို့သာ သိကြားက လာကူရတာပါလို့

ပြောရင်ကျွန်တော့ကိုအလွန်လို့ဆို မလား?။

“နောက်တစ်ခု ပရိနိဗ္ဗာန်ပြုခန်းမှာ ကြည့်ပါဦး၊ ဝမ်းတော်လားလို့ အားကုန်နေတဲ့

အသက်ရှစ်ဆယ်အရွယ် ဂေါတမဘုရားဟာ ကုသိနာရုံရောက်အောင် ရှင်အာနန္ဒာက တွဲခေါ်ပြီး

ခြေလျှင်သွားရတယ်၊ ဘုရားရဲ့တန်ခိုးတွေ ဘယ်တွေရောက်ကုန်လို့ခြေလျှင်သွားနေရတာလဲ….?၊ တာဝတိံသာ

နတ်ပြည်ကိုတောင် နှစ်လမ်းသုံးဖဝါးနှင့် အရောက် တန်ခိုးတော်နှင့် သွားနိုင်တယ်ဆို ဒီကုသိနာရုံ ကျကာမှကုန်းကြောင်း လျှောက်နေရသလား…..?၊ ဘုရားကိုကြည်ညိုတယ်ဆိုတဲ့ နတ်တွေ တစ်ယောက်မှ

မလာပါလား?၊ မကူညီပါလား၊ ဘယ်သွားနေကြသလဲ?၊ ကုသိနာရုံရောက်တော့မှ စကြ်ဝဠာ တစ်သောင်းနတ်ဗြဟ္မာ အပေါင်းတို့ရောက်လာသတဲ့၊ သားမွေးတစ်ချောင်းလောက် နေရာမှာ နတ် (၁၆)ယောက်လောက်

မြူမုံလောက်ဖန်ဆင်းပြီး နေရသတဲ့ဗျာ… အဲဒါတွေဟာ ယုတ္တိရှိပါသလားဗျာ ….?။

“စိန္တိတံသတ္တသင်္ချေယံနဝသင်္ချေယျ ဝါစကံ”တဲ့ဘုရားဖြစ်ခြင်လို့“စိတ်နဲ့ ကြံစည်တွေး တောနေရတာ

ခုနှစ်သင်္ချေကြာသတဲ့, နှုတ်က မြွက်ဆို ဆုတောင်းရတာကပဲ ကိုးသင်္ချေ”ကြာသတဲ့ဗျာ……၊ ပြီးတော့

ဘုရားတစ်ဆူက ဘုရားလောင်းတစ်ဦးကို ဗျာဒိတ်ပေးမှ ဘုရားဖြစ်သတဲ့၊ အဲဒါဆိုရင် ပထမဆုံးဘုရားကိုဘယ်သူက ဗျာဒိတ်ပေးသလဲဗျာ ….၊ ဖြေစမ်းပါဦး၊ အဲဒါတွေ စဉ်းစားဖို့မသင့်ပေဘူးလားဗျာ…….”။

“နောက်တစ်ခါ ….ဝိပါက်တော် မကင်းသေးတဲ့အတွက် ဒေဝဒတ်က ကျောက်မောင်းဆင်ချတာ ခံရလို့

ခြေမတော် သွေးချေဥတယ်လို့ ဆိုထားတဲ့ အချက်လည်း ရှိပါသေးတယ်။ ဝိပါက်တော်(၁၂)ပါးဆိုတာ

ဘုရားဖြစ်ပြီးမှကို ခံရသေးသတဲ့။ အဲဒီအချက်ဟာ အလွန်စဉ်းစားဖို့ကောင်းပါ တယ်ဗျာ ……”။

“ဗုဒ္ဓဘာသာတရားရဲ့အနှစ်သာရဟာ ဗောဓိပက္ခိယတရား(၃၇)ပါးလို့ အဆိုရှိပါတယ်။ အဲဒီ

(၃၇)ပါးထဲမှာ သမ္မပ္ပဒါန်လေးပါးဆိုတာ ပါပါတယ်။ လုံ့လအားထုတ်ကြိုးပမ်းရမယ့် ဝီရိယရဲ့ အင်္ဂါလေးပါးမှာဥပ္ပန္န-အကုသိုလ်၊ အနုပ္ပန္န-အကုသိုလ်၊ နှစ်ပါးနဲ့ ဥပ္ပန္နကုသ်ိုလ်၊ အနုပ္ပန္နအကုသိုလ် နှစ်ပါးစီ ခွဲထားပါတယ်။

ဥပ္ပန္န- အကုသိုလ်ဆိုတာ အတိတ်ကပြုလုပ်ခဲ့တဲ့အကုသိုလ်ကိုပယ်စွန့်ရန်ကြိုးစားအားထုတ်ရခြင်း အလုပ်လို့၊ဆိုထားပါလျှက်နှင့် ဘုရားဖြစ်ပါတယ်ဆိုတဲ့ ရှင်ဂေါတမဟာ ကိုယ်ဟောတဲ့တရားထဲက ဥပ္ပန္န-အကုသိုလ်ကိစ္စကိုပင် ပြီးမြောက်အောင် မစွန့်ပယ်နိုင်သေးလို့သာ ဒေဝဒတ်ကျောက်မောင်းဆင်တဲ့

ဒဏ်ခံရတာ ဖြစ်ကြောင်းထင်ရှားလှပါတယ်၊ ဘုရားဆိုပြီးတော့ ဒေဝဒတ် ကြိုတင်ကြံစည်တာကိုမှ

မသိဘူးလားဗျာ…. ပြီးခဲ့တဲ့ အကုသိုလ်ဝဋ်ကိုမှ ကုန်စင်အောင်ဥပ္ပန္နကိစ္စမလုပ်နိုင်သေးတဲ့ ဂေါတမဘုရားကိုဘုရားလို့ဘယ်သူပြောနိုင်သလဲဗျာ …..”။

ဤနေရာသို့ အရောက်တွင် ရဟန်းတော်များမှာ ခေါင်ငုတ်၍သာ နေရတော့သည်။ ခရစ်ယာန်

ပရိသတ်များ အားတက်နေကြသည်။ ဗုဒ္ဓဘာသာပရိသတ်ကား တွေဝေနေသည့်ဟန်၊ အမူအရာများ

ပေါ်နေလေသည်။ ဦသာဒင်ကိုယ်တိုင်လည်း အားတက်လာပြီး ပိဋကတ်ကျမ်းစာပါ အချက်အလက်တချို့ကို

တိုက်ခ်ိုက် ဝေဖန်သည်၊ သို့သော် သူတင်ပြသော အချက်အလက်အများစုမှာ အာလံက မြဝတီဆရာကြီး

ဦးအုန်းနှင့် ဇာတ်တ်ိုက်ခဲ့သည့် အချက်အလက်များသာဖြစ်နေသည်ကို တွေ့ရသည်၊ နတ်မှီဆရာတော်

ဦးကလျာဏကား ပြုံးရွှင်နေလေသည်။

“ဦးအုန်းပြောလိုက်တဲ့ အချက်အလက်တွေပါလား ကိုယ်တော်၊ ဦးအုန်းကို ကျေးဇူး တင်ရမယ်နော်”ဟု

ဆရာတော်အရှင်ဥက္ကဋ္ဌအား တီးတိုးကပ်၍ ပြောကြားလိုက်ရာ ဆရာတော်က ခေါင်းညိတ်ပြီး ပြုံးနေသည်၊ဦးသာဒင်ပြောသမျှကိုလည်း အကျဉ်းချုပ်လိုက်၍ မှတ်နေသည်။ ဦးသာဒင်၏ တင်ပြချက်များကိုကြည့်ခြင်းအားဖြင့် ပိဋကတ်စာပေကို တတ်ကျွမ်းသူဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ ရင်ကျေး၍ ပြေပြစ်သည့်စကားများကိုအများဆုံးသုံးနှုန်းသွားသည်ကိုတွေ့ရသည်။

“ထို့နောက်ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်၊ ဂရုဏာတော်နှင့် ယေရှုခရစ်၏ မေတ္တာတော်များကို

ဆက်လက်ဟောပြောလေသည်။ အချိန်စေ့တော့မည်ဖြစ်ကြောင်း သဘာပတိက သတိပေးလိုက်သောအခါ

ဦးသာဒင်က ဤသို့နိဂုံးချုပ်လိုက်လေသည်။

“ကျွန်တော်ဟာ မူလက ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်ခဲ့ပါတယ်၊ ဗုဒ္ဓဘာသာကိုလည်း တကယ်

ယုံကြည်ခဲ့ပါတယ်၊ ဒါပေမယ့် အခုလို ယုတ္တိကင်းမဲ့တဲ့ ရှေ့နောက်မညီညွတ်တဲ့ တရားတွေ တွေ့လာရတာနဲ့ဗုဒ္ဓဘာသာကို စိတ်ပျက်ပြီး ခရစ်ယာန်ဘာသာထဲကို ဝင်ခဲ့သူဖြစ်ပါတယ်။ ဒီမဟုတ် မဟတ် ဗုဒ္ဓဘာသာကိုဆက်ပြီး ယုံကြည်ကိုးကွယ်နေသမျှ အမှားနဲ့ရင်ဆိုင်နေရမှာသာ ဖြစ်ပါတယ်။ ဒါကြောင့်ရှေ့နောက်မညီညွတ်ဘဲ

မှားယွင်းချွတ်ချော်နေတဲ့ ဗုဒ္ဓဘာသာတရားကို ယုံကြည် ကြမည်လား ……?၊ မှန်ကန်သော ခရစ်တော်၏

တရားများနဲ့ ထာဝရဘုရားသခင်ကို ယုံကြည်ကြမလား…..?ဆိုတာ ကျွန်တော်က ပရိသတ်ကို

မေးမြန်းလိုပါတယ်ခင်ဗျာ…

“အားလုံးကို ကျေးဇူးတင်ပါတယ်။ ထာဝရဘုရားသခင်သည် သင်တို့အား ကောင်းချီး မင်္ဂလာ ချီးမြှင့်ပါစေ

အာမင်…..”။

ဦးသာဒင်၏ စကားအဆုံးတွင် ကောင်းချီးသြဘာပေးလိုက်သော ခရစ်ယာန်ချင်းပရိသတ်၏ လက်ခုပ်သံကား

မြည်ဟီး၍ ထွက်လာပါသည်။

ဦးသာဒင် ဆင်းသွားပြီးနောက် ဗုဒ္ဓဘာသာသဘာပတိ တောင်ငူမြို့ လောကုတ္တရာဆရာတော်က

အရှင်ဥက္ကဋ္ဌအား ပင့်ဖိတ်လိုက်လေသည်။ ဆရာတော်အရှင်ဥက္ကဋ္ဌသည် မှတ်စုမှတ်တမ်းများကို ကိုင်ယူပြီး

ဟောပြောမည့်နေရာသို့ သွားသည်၊ ရောက်လျှင် ပရိသတ်ကို တည်ကြည်ခန့်ငြားစွာ ကြည့်လိုက်သည်၊

ထောင်သောင်းချီသော ပရိသတ်မှာ အပ်ကျသံပင် ကြားရမတတ်။ ငြိမ်သက် တိတ်ဆိတ်နေလေသည်။

အထူးသဖြင့် ဗုဒ္ဓဘာသာ ပရိသတ်မှာ ဆရာတော်ကို အားကိုးတကြီးဖြင့် ကြည့်နေကြလေသည်။

ဦးသာဒင်တင်ပြသွားသော အချက်အလက်များမှာ လူပြိန်း တွေးတွေးလျှင် အလွန်အချက်ပိုင်နေသည်။

တော်ရုံတန်ရုံဗဟုဿုတ ကြွယ်သူမျိုး စာပေပရိယတ္တိမကျွမ်းကျင်သူတို့အဖို့ပြန်လည်ချေပရန်မလွယ်ကူပေ။

ဆရာတော်အရှင်ဥက္ကဋ္ဌ ပြန်လည်ချေပနိုင်ပါမည်လား-ဟူ၍ စိုးရိမ်နေကြပြီး သံသယစိတ်လည်း

ဝင်နေကြသည်။ ချင်းခရစ်ယာန်ပရိသတ်ကား ဦးသာဒင်၏ တင်ပြချက်များကို ဆရာတော် အရှင်ဥက္ကဌ

မည်သည့်နည်းနှင့်မျှ ချေပနိင်မည် မဟုတ်ဟု တထစ်ချ ယုံကြည်နေပုံရသည်၊ သို့သော် ဘယ်လို

ချေပမလဲဆိုတာကို သိချင်နေကြသည်၊ ထို့ကြောင့် မဏ္ဍပ်ကြီးတစ်ခုလုံး အပြည့်ရှိသော ပရိသတ် ကြီးမှာငြိမ်နေကြလေသည်။

ဆရာတော်အရှင်ဥက္ကဋ္ဌသည် ရှေးဦးစွာ အသံတိုးတိုးဖြင့် စတင်ပြီး တဖြေးဖြေးနှင့် အသံကိုမြှင့်တင်ပြီး

ပြောသည်။ ကြည်လင်ပြတ်သားသော အသံဝါကြီးက ပရိသတ်ကိုလွမ်းခြုံထား လေသည်။

အရှင်ဥက္ကဌ၏ ချေပချက်

“သဘာပတိကြီးနှင့်တကွ လူကြီးလူကောင်းအပေါင်းတို့ …….. ဒီနေ့ဒီအချိန် ဒီဘာသာဝါဒပြိုင်ပွဲကြီးမှာ

ခရစ်ယာန် ဓမ္မဆရာများနဲ့ အမိမြန်မာပြည်ရဲ့ ရင်သွေးအစစ်ဖြစ်ကြတဲ့ မြန်မာ၊ ချင်း၊ ကချင်၊ ကရင်စတဲ့

မျိုးတူဘာသာကွဲများကိုယခုလိုတွေ့ရလို့ဦးပဇင်းအလွန်ပင်ဝမ်းမြောက်ပါတယ်”

“အနောက်ဖက်နိုင်ငံများမှာ ဦးပဇင်းတို့ သွားရောက်ပြီး ဗဟုဿုတ ရှာဖွေနေစဉ်အခါက အင်္ဂလိပ်၊ အမေရိကန်,

ကုလားစတဲ့ ခရစ်ယာန်ဘာသာဝင်အတော်ခပ်များများနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ ဘာသာရေးနှီးနှောပွဲကြီးများကို

လည်း များစွာပဲ ကြုံကြိုက်ခဲ့ဖူးပါတယ်”

“ဒီမြန်မာပြည်ဆိုတဲ့ ကိုယ့်ပြည့်ကို ပြန်ရောက်တော့ သွေးရင်းသားရင်းဖြစ်တဲ့ ခရစ်ယာန်ဆရာများနဲ့

တွေ့ဆုံရမှု နည်းပါးသွားခဲ့ပါတယ်။ ဒါကြောင့် တစ်နေ့တွေ့ရပါစေဆိုတဲ့ ဆန္ဒအာသီသနှင့် မျှော်လင့်

တောင့်တခဲ့ပါတယ်။ ဒီနေ့ဟာဖြင့် ဦးပဇင်း ဆန္ဒပြည့်ဝတဲ့ နေ့တစ်နေ့ ဖြစ်လို့ ဦးပဇင်းမျှော် မှန်းတောင့်တတဲ့အတိုင်း ကြုံရပါပြီ။ ဒါကြောင့် ဘာသာအယူမတူညီတဲ့ သွေးတူ သားတူ မျိုးတူများနဲ့ ဆွေးနွေးရလို့ဦးပဇင်းဝမ်းသာပါတယ်၊ ဒီပွဲသဘင်ကြီးမျိုး ပေါ်ပေါက်လာအောင် ပြုလုပ်ပေးကြတဲ့ ဒီကျောက်ကွင်းရွာနဲ့ပတ်ဝန်းကျင်က လူများကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်၊ အရှုံးအနိုင်အဖြစ်နဲ့ ထားပြီး ယခုလိုပြောရတာတော့ ဘယ်လိုနေမယ် မသိပါဘူး။ ဦးပဇင်းအဖို့ ပြောရရင် တစ်သက်တစ်ခါ ဒီလိုပွဲမျိုးကြုံဖို့အလွန်ဖြစ်တောင့်ဖြစ်ခဲ၊ ကြုံတောင့်ကြုံခဲ ပွဲကြီးလို့ထင်ပါတယ်…”

“အယူအဆတူတာ မတူတာ အပထားပြီး အမှန်တရားကို ယခုလိုတင်ပြဆွေးနွေးရခြင်းကိုပဲ ဦးပဇင်းအနေနဲ့ဝမ်းမြောက်မဆုံး ဖြစ်ရပါတယ်”။

“ခုနက ခရစ်ယာန်ဘာသာဘက်က ဟောပြောသွားတဲ့ ဓမ္မဆရာကြီး ဦးသာဒင်နဲ့ ဦးပဇင်းတို့ဟာ

အရင်က တစ်ဦးနှင့်တစ်ဦး မသိကျွမ်းခဲ့ကြဘူးပါ။ ဒီရောက်မှ တွေ့မြင်ဖူးကြတာပါ၊ ဒါကြောင့် တစ်ဦးနှင့်တစ်ဦးအာဃာတ မရှိကြဘူးဆိုတာ ထင်ရှားနေပါတယ်။ အခုပွဲသဘင်ကို တက်ရောက်လာကြတဲ့ ပရိသတ်ကိုပြောချင်တာက ပုဂ္ဂိုလ်သဘောထက် ဓမ္မသဘောသက်သက်ကိုသာ ဦးစားပေးပြီး စဉ်းစားကြဖို့ဦးပဇင်းမေတ္တာရပ်ခံပါသည်။ လူတိုင်းမှာ ကိုယ်ပိုင်အသိ ကိုယ်ပိုင် ဉာဏ်ပညာ၊ ကိုယ်ပ်ိုင် ဝေဖန်ချက်၊ခံယူချက်ဆိုတာ ရှိပါတယ်။ အဲဒီ ကိုယ့်မှာ ရှိတဲ့ ကိုယ်ပ်ိုင်အသိ ဉာဏ်နဲ့စဉ်းစားဆင်ခြင် ဝေဖန်ပြီးဘယ်တရားဟာဖြင့် သဘာဝကျမကျ၊ ယုတ္တိရှိ မရှိ၊ မှန် မမှန်ဆိုတာကို ကိုယ်တိုင် သဘောပေါက်ပြီးကိုယ်ပ်ိုင်ဉာဏ်နဲ့ဆုံးဖြတ်ခံယူတာဟာ အသင့်တော်ဆုံး အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်”။

“ခရစ်ယာန်ဓမ္မဆရာကြီး ဦးသာဒင်က စာပေပရိယတ္တိ တတ်ကျွမ်းသူလို့ နာမည်ကြီးနေတော့ ဗုဒ္ဓနဲ့

ဗုဒ္ဓတရားတော်အစစ်များကို ဝေဖန်ဟောပြောမလားလို့ ဦးပဇင်းက မျှော်လင့်နေတာ, ယခု ဦးသာဒင်ဟောပြောဝေဖန်သွားတာတွေဟာ ဗုဒ္ဓနှင့် ဗုဒ္ဓတရားတော်အစစ်များကို ဟောပြောဝေဖန်သွားတာ မဟုတ်ဘဲနှင့်

သီဟိုဠ်စာရေးဆရာတွေ ရေးသားသွားတဲ့ စာတွေကိုချည်း ဟောပြောဝေဖန်သွားတာကို တွေ့ရတဲ့အတွက်အလွန်ပဲ အံ့အားသင့်မိပါတယ်….”။

“သဘာပတိကြီး ဦးရွှေမှန်နှင့်တကွ ယခုဒီကိုကြွရောက်လာကြတဲ့ ခရစ်ယာန်ဓမ္မဆရာ တော်တော်

များများဟာ မူလက ဗုဒ္ဓဘာသာဝင်၊ အခုဦးပဇင်းတို့လို ဘုန်းကြီးများ ဖြစ်ခဲ့ကြတဲ့အတွက် ပိဋကတ်စာပေ

များကိုသင်ယူလေ့လာခဲ့သူများဟုဦးပဇင်းယုံကြည့်ပါတယ်”။

“ဓမ္မဆရာကြီးများ သိကြတဲ့အတိုင်း ဗုဒ္ဓဘာသာစာပေလောကမှာ မူလဘုရားဟော ဒေသနာရင်းက

တစ်ရပ်၊ အဋ္ဌကထာ၊ ဋီကာစတဲ့ သီဟိုဠ်စာရေးဆရာများနဲ့ စာပေပညာရှိများ ရေးသားထားသော

ဒေသနာအမျိုးမျိုးက တစ်ရပ်။ အဲဒီလို ဒေသနာနှစ်ရပ်နှစ်မျိုး နှစ်စားရှိတယ်ဆိုတာကို ခွဲခြားမသိဘဲ အားလုံးကိုတစ်မျိုးတစားတည်း ထားပြီးတော့ အဲဒါတွေအားလုံးဟာ ဗုဒ္ဓဘုရားရဲ့တရားတော်ကြီးဖြစ်တယ်လို့ဓမ္မဆရာများက ယူဆဟန် တူကြပါတယ်။ စာပေသင်ကာမတ္တ၊ ဖတ်ကာမျှ မတ္တသာဖြစ်ပြီးတော့ ဝီမံသ၊ဝိစာရဏ၊ ဝိဘဇ္ဇ (စုံစမ်း၊ စိစစ်၊ ခွဲခြားဝေဘန်တတ်တဲ့ဉာဏ်) ဆိုတာတွေ မရှိခဲ့တဲ့အပြင် မိမိ၏ကိုယ်ပ်ိုင်ဉာဏ်အတွေးအခေါ်ကိုလည်း အသုံးပြုခဲ့ပုံမရပါဘူး။ ဒါကြောင့်လည်း ဒီဆရာကြီးတွေ ဗုဒ္ဓဘာသာကို

စွန့်ပြီး ခရစ်ယာန်ထဲကူးသွားကြတာကိုဦးပဇင်း မအံ့သြပါဘူး”။

“ဒီလို ဖြစ်ရတာ ဘာကြောင့်လည်းဆိုရင်မူလကတည်းက ဒီဆရာကြီးတွေဟာ ဗုဒ္ဓနဲ့ ဗုဒ္ဓရဲ့တရားတော်

အစစ်ကို မသိနားမလည်ဘဲနဲ့ သိနားလည်အောင်လည်း မကြိုးစားဘဲနဲ့ ဗုဒ္ဓဘာသာဝင် ဒကာ/ဒကာမတွေရဲ့

ဆွမ်းကို ညာစားနေတာ ထင်ရှားလှပါတယ်။ ဗုဒ္ဓအစစ်ရဲ့တရားတော်အစစ်ကို မသိနားမလည်သလို

အခုလည်းပဲ ခရစ်ယာန်ဘာသာရဲ့ တရားအစစ်ကို မသိနားမလည်ဘူးဆိုတာ သူတို့ရဲ့ ဟောပြောချက်တွေက

သက်သေခံနေပါတယ်။ အဲဒီလိုဆိုရင် ဒီဆရာကြီးတွေဟာ ခရစ်ယာန်ဘက်ကိုပါ ဆက်ပြီး ညာနေကြတဲ့

ဓမ္မဆရာကြီးတွေ ဖြစ်သွားမှာကို ဦးပဇင်းစိုးရိမ်မိပါတယ်”။

ဤနေရာအရောက်တွင်ဆရာတော်က ပြုံးပြုံးကလေးပြောပြလိုက်ရာ ပရိသတ်ကြီးမှာ အိပ်ငိုက်နေရာမှ

လန့်နိုးသွားသည့်အလား ငြိမ်သက်နေရာမှ `ဝါး´ကနဲ ပွဲကျသွားလေသည်။ ဗုဒ္ဓဘာသာပရိသတ်ကား အားတက်လာလေသည်။

“ဗုဒ္ဓဝင်ကို ဆရာဦးသာဒင်က ဝေဖန်သွားတဲ့နေရာမှာ ပဋိသန္ဓေအခန်းစပြီး ဗုဒ္ဓကိုတွယ်သွားပါတယ်။

ကလေးတွေ စကားနိုင်လုပြောသလို ပြောစတမ်းသာဆိုရင် ဗုဒ္ဓဘုရားအလောင်းရဲ့ ခမည်းတော်နဲ့

မယ်တော်ဟာ ရှင်ဘုရင်နှင့် မိဖုရား။ ဆရာကြီးတို့ရဲ့ဘုရား ယေရှုရဲ့ အဖေနဲ့အမေက ဘယ်သူတွေလဲ?

ဘယ်တိုင်းပြည်က ဘုရင်နဲ့မိဖုရားလည်းလို့ ပြောချင်ပြောနိုင်တာပေါ့။ ဆရာဦးသာဒင်ကို ဦးပဇင်းမေးပါရစေ။

အဲဒီဗုဒ္ဓဝင်မှာ ပါတဲ့အတိုင်း ဗုဒ္ဓကိုယ်တော်တိုင် ဘယ်နေရာမှာ ဘယ်တုန်းက ဟောခဲ့တယ်ဆိုတာကို

အထောက်အထားအခိုင်အလုံနဲ့ပြောနိုင်ပါသလား? အခိုင်အလုံပြနိုင်ပါသလား? အခ်ိုင်အလုံပြနိုင်ရင်

ဦးပဇင်းမှားကြောင်း ဦးသာဒင်ကို ဝန်ချတောင်းပန်ပါ့မယ်။ အမှန်က ဗုဒ္ဓဝင်ဆိုတာ ဗုဒ္ဓဝံသ အဋ္ဌကထာကို

မြန်မာလိုပြန်ပြီး ရေးထားတဲ့ ကျမ်းပါ? ရေးသားသူကတော့ သီဟိုဠ်ရဟန်းတော် အရှင်ဗုဒ္ဓဒတ္ထပါ၊

ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်းတစ်ထောင်ကျော်မှာ ပေါ်ပေါက်လာတဲ့ ပါဠိပညာရှင် သီဟိုဠ်ရဟန်းတော်သာ

ဖြစ်ပါတယ်}။

“နလာဋ ဓာတုဝင်၊ မဟာဝင်၊ ဒီပဝင်၊ ဗောဓိဝင်၊ ဒါဋ္ဌဓာတုဝင်-ဆိုတာတွေကိုလည်း သီဟိုဠ်ရဟန်းတော်

အရှင်မဟာနာမ-ဆိုသူက ရေးသားခဲ့တာပါ။ အဲဒီစာတွေနဲ့ တစ်ချို့အဋ္ဌကထာ၊ ဋီကာတွေကို

တိုက်ဆိုင်ကြည့်ရှုပြီးတော့ မြန်မာရဟန်းတော်ဖြစ်တဲ့ကျည်းသဲလေးထပ်ဆရာတော်က (ဇိနတ္ထပကာသနီကျမ်း)

ကို ရေးသားပြုစုခဲ့တယ်၊ နောက် (မာလာလင်္ကာရ)တို့ (တထာဂတဥဒါနဒီပနီ)တို့ ဆိုတာတွေလည်း

ရှိပါသေးတယ်။ အဲဒီကျမ်းက စကားတွေကို ဦးသာဒင်က ဗုဒ္ဓဘုရားဟောပါ-ဆိုပြီး ဝေဖန်သွားတာကို

တွေ့ရပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ တရားတော်နှင့် စာရေးဆရာတွေရဲ့ အဋ္ဌကထ, ဋီကာ-စတာတွေကို

အတူတူကြီးပဲ ထင်ပြီး ပြောနေကြရင်တော့ ဖြစ်မှာ မဟုတ်ပါဘူး၊ အလွန်မှားပါလိမ့်မယ်။ ပိဋကတ်တော်ကို

စေ့စေ့စပ်စပ်သေသေချာချာ မလေ့လာခဲ့ဘူးဆိုတာ ပြရာရောက်ပါလိမ့်မယ်။ ဦးသာဒင်တို့ အင်မတန်

အထင်ကြီးတဲ့ အနောက်တိုင်းက ခရစ်ယာန်ဘာသာဝင်ပညာရှင်တွေထဲက ဗုဒ္ဓဘာသာ ပိဋကတ်တော်တွေကို

စေ့စေ့စပ်စပ်ကြီး လေ့လာမိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ဟာဗုဒ္ဓဘုရားဟောအစစ်၊ ဘယ်ဟာက နောက်

စာရေးဆရာရဲ့ လက်ရာပဲဆိုတာကို ခွဲခြားနိုင်ပြီးတော့ ဗုဒ္ဓဘာသာသို့ ကူးပြောင်းခဲ့ကြတာတွေ အများကြီး ရှိပါတယ်၊ အဲဒါကိုဦးသာဒင်တို့အထူးသတိပြုဖို့ကောင်းပါတယ်”။

“စိန္တိတံ သတ္တသင်္ချေယံ-အစရှိတဲ့ ဂါထာဟာ ဇာတတ္တကီ, သောတတ္တကီ-ကျမ်းတွေ ထဲမှာပါတာ၊

ပိဋကတ်တွေထဲမှာပါတာ မဟုတ်ပါဘူး။ အောင်ခြင်းရှစ်ပါးတို့ ဝိပါက်တော်(၁၂)ပါးတို့ ဆိုတာ၊ တာဝတိံသာ

နတ်ပြည်ကိစ္စဆိုတာ စာရေးဆရာရဲ့လက်ချက်တွေပါ၊ ဘုရားဟောမဟုတ်ပါဘူး။ သစ္စက ပုရဗိုဇ်နှင့် ဗုဒ္ဓဟာအနတ္တဝါဒကိစ္စ မေးတာ သစ္စက-အားလုံးကို ဝန်ခံရတယ်။ အနတ္တသာ မှန်ပါတယ်လို့ နောက်ပိုင်း

သိကြားမင်းပါလာတာက ဗြဟ္မဏဝါဒီတွေ ထိုးထည့်ပေးတာ၊ ဗုဒ္ဓနဲ့ မဆိုင်ပါဘူး”။

“ပထမဆုံး ဘုရားဘယ်သူ ဗျာဒိတ်ပေးသလဲဆိုတဲ့ မေးခွန်းကို ဆရာကြီးတို့ရဲ့ ထာဝရဘုရားကို

ဘယ်သူဖန်ဆင်းသလဲဆိုတဲ့ မေးခွန်းနဲ့ပဲ ဖြေလိုက်ပါတယ်။ ဦးသာဒင်တို့ ဓမ္မာဆရာတွေဟာ ပိဋကတ်ကို

စေ့စေ့စပ်စပ်သေသေချာချာ လေ့လာခဲ့ပုံမရပါဘူး။ သုတေသနလုပ်ဖို့ဆိုတာတော့ အတော်ကလေး

ဝေးပုံရပါတယ်။ ဒါကြောင့်မို့လည်း ဗုဒ္ဓရဲ့တရားတော်အစစ်နဲ့ စာရေးဆရာတွေရဲ့စာကို အားလုံးအတူတူပဲလို့

ပြောတာပေါ့။ အဲဒီလိုပြောကြစတမ်းဆိုရင်ခင်ဗျားတို့ရဲ့ သမ္မာကျမ်းစာတွေကိုလည်း ပြောစရာတွေ အများကြီး  ရှိပါတယ်”။

“ဥပမာ……. ခရစ်သက္ကရာဇ်၁၃၅၀-ခုနှစ်လောက်ပထမဆုံး အင်္ဂလိပ်ဘာသာအဖြစ်ပြန်ဆိုရေးသားတဲ့

(ဝင်ကလစ်ဖ်)ရဲ့ `ဘိုင်ဘလ်´ ခေါ်တဲ့ သမ္မာကျမ်းစာကို `တင်ဒေလ်း´ ရဲ့ နောက်မှ ပေါ်တဲ့ သမ္မာကျမ်းစာနဲ့

တိုက်ကြည့်ရင်ကွဲလွဲနေတာတွေ အများကြီးရှိနေတာကို တွေ့ရပါ့မယ်။ အဲဒီလို `ဗားဒေးလ်´ရဲ့ သမ္မာကျမ်း

စာကလည်း တစ်မျိုးဖြစ်နေပြန်တယ်။ အဲဒီလိုကွဲလွဲချက်တွေကို မစဉ်းစားမဆင်ခြင်ပဲနဲ့ အကုန်လုံးကို

သိမ်းကျုံးပြီး ခရစ်တော်က ဒီအတိုင်းဟောခဲ့တယ်ဆိုရင်ဦးသာဒင်တို့ကြိုက်ကြပါ့မလား” ။

“တင်ဒေးလ်”ရဲ့သမ္မာကျမ်းစာကိုလည်း ခရစ်သက္ကရာဇ် ၁၅၆၀-လောက်မှာ `မိုင်းအလ်စ်

ကိုဘားဒေးလ်´က ပြီးတော့ ပြုပြင်ရေးထားတာကို တွေ့ရပြန်တယ်။ အဲဒီနှစ် လောက်မှာပဲ ဒီဆရာတွေရဲ့

ရေးသားချက်တွေဟာ ခရစ်တော်ရဲ့ တရားများကိုယုတ္တိကင်းမဲ့စေတယ်။ လွဲမှားစေတယ်-ဆိုပြီးတော့ဂျာမနီက

`မာတင်လူသာ´ တို့က ကိုယ်ကြိုက်သလို ပြင်ပြီး ရေးတာကိုလည်း တွေ့ရပြန်ပါတယ်။ ` တင်ဒေးလ်´က ၊

`ဟီးဘရူး´ကျမ်းကို အခြေခံပြီး ရေးတဲ့ `ဘိုင်ဘလ်´ထဲမှာ `ဂျေရုဆလင်´မြို့ကြီးကို သမုဒ္ဒရာနှင့်

ရေလွမ်းသတ်တယ်လို့ ရေးတဲ့အခန်းကို `မာတင်လူသာ´တို့က မကြိုက်ကြဘူး။ ဒါနဲ့ဒီအခန်းကို ပြုပြင်ပြီး ရေးလိုက်ကြတယ်”။

“အဲဒါတွေကို ကြည့်ရင် ခရစ်ယာန်ရှေးကျမ်းများမှာပဲ တစ်ကျမ်းနှင့်တစ်ကျမ်း ကွဲလွဲချက်တွေ၊

မတူတာတွေ ရှိနေပါတယ်။ ဒါတွေ လျှောက်ပြောနေကြရရင်ခရစ်ယာန်ထာဝရဘုရားဟာ မေတ္တာနှင့်ဂရုဏာကို

အရင်းခံတယ်လို့ တစ်ဖက်က ပြောပြီးတော့ တစ်ဖက်မှာ လူတွေကို မညှာမတာ ရက်ရက်စက်စက်

လုပ်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာတွေဟာ အများကြီး ရှိနေလေတော့ အခုန ဆရာကြီး ဦးသာဒင်ပြောခဲ့တဲ့

ဗုဒ္ဓဝင်အရ ရှေ့နှင့်နောက်မညီတဲ့ အချက်များဟာ စာရေးဆရာတွေကြောင့်သာ ရှိနေတယ်ဆိုတာ

လယ်ပြင်ဆင်သွားသလို ထင်ရှားလှပါတယ်။ အဲဒီလို မညီတာထားပြီးတော့ ဦးပဇင်းတို့ရဲ့ ဗုဒ္ဓဂေါတမဟာ

ဘယ်နေရာမှာ ဘယ်သူ့ရဲ့အသက်တစ် ချောင်းကို သတ်ခဲ့ဖူးပါသလဲ? ဖျက်ဆီးခဲ့ဖူးပါသလဲ? ဗုဒ္ဓဂေါတမကို

ထားလိုက်ပါဦး ဗုဒ္ဓဂေါတမရဲ့ တပည့်သာဝက ရဟန္တာထဲက ဘယ်သူဟာ သူတစ်ပါးအသက်ကို

သတ်ခဲ့ဖူးပါသလဲ? တစ်ခု လောက်များရှိရင် တွေ့ရင် ပြောပြစမး်ပါလို့ ဆရာကြီး ဦးသာဒင်ကို ဦးပဇင်း

မေတ္တာရပ်ခံလိုက်ပါတယ်”။

“အဲဒါတင် မဟုတ်ပါဘူး။ ဗုဒ္ဓသာသနာတော်ရဲ့ နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်း အတွင်းမှာ

ဗုဒ္ဓသာသနာတော်အတွက် ဆင်နွဲရတဲ့ စစ်ပွဲမျိုးရှိခဲ့ဖူးပါသလား? ဗုဒ္ဓဘာသာဝင်တွေဟာ

သာသနာပြုလုပ်ငန်းအတွက် စစ်တိုက်ခိုက်ရတယ်။ သတ်ဖြတ်ရတယ်၊ ငွေကြေးနဲ့ ရာထူးနဲ့ ဖြားယောင်း

သွေးဆောင်ပြီး သိမ်းသွင်းခဲ့ရတယ်ဆိုတာမျိုးမှာ ဗုဒ္ဓသာသနာ့သမိုင်းမှာ ရှိခဲ့ဖူးပါသလား? ထောက်ပြစမ်းပါ”။

“ဆရာကြီး ဦသာဒင်တို့က အနန္တတန်ခိုးတော်ရှင်ကြီး အနန္တမေတ္တာရှင်ကြီး၊ အနန္တကရုဏာရှင်ကြီးလို့

ယုံကြည်ပြီး တဖွဖွချီးကျုးနေကြတဲ့ ထာဝရခေါ် ဘုရားနှင့် ပတ်သက်ပြီးတော့ ဒကာကြီးတို့ အလွန်

အထင်ကြီးနေတဲ့အနောက်တိုင်းသား ခရစ်ယာန်ဆရာကြီးများက ထာဝရကို ဘယ်လို ချီးကျုးထားတယ်ဆိုတာ

နည်းနည်းတင်ပြပါ့မယ်”။

“အိပ်ချ်ဂျီဝဲလ်”ဆိုတဲ့ ရာဇဝင်ဆရာကြီးက အနန္တတန်ခိုးတော်ရှင် ထာဝရသည် တကယ်ထင်ရှားရှိ၍

ဤကမ္ဘာလောကအတွင်း၌ တ်ိုက်ခိုက်နေကြသော စစ်ပွဲများ၊ သေကြေ ပျက်စီး ခြင်းများ စစ်နှင့်ပတ်သက်သော

ကြောက်ဖွယ်လန့်ဖွယ်များကို တားဆီးခြင်းငှာ တတ်နိင်သော သတ္တိ ရှိပါလျှက်နဲ့ တမင်ဇိမ်ခံပြီး

ကြည့်နေခဲ့သည်ဆိုလျှင်ကျွန်ပ်သည်ထို ထာဝရ၏ အဖုံးအကာ မရှိသော မျက်နှာကို တတွေးဖြင့် ထွေးမည် အမှန်ဖြစ်သည်”လို့ရေးသားထားပါတယ်။

“အမေရိကတ်ိုက်က ‘ယူနစ်တာရီယံ’ ခရစ်ယာန် ဓမ္မဆရာ `သီအိုဒိုပါကား´ရဲ့ စကားကို

နားထောင်ကြည့်ပါဦး”။

“ထာဝရသည် ခဏခဏ စိတ်ပြောင်းလဲတတ်၏, လက်စားချေတတ်၏, အလွန်အကျုး ဒေါသကြီး၏,

ထာဝရသည် အမျက်ဒေါသထွက်လွယ်၏, အဆမတန် ရက်စက်ကြမ်းကြုတ်၏, မိမိအချစ်တော် ရဟူဒီ

လူမျိုးတို့ကိုပင် တစ်ခါတစ်ရံ စိတ်ဆိုး၏, တစ်နေ့သော် ထာဝရသည် `လူအပေါင်းတို့၏ ဦးခေါင်းကို ဖြတ်၍

ငါထာဝရအား ပူဇော်လော့´ ဟုမောရှေအားပြောသတတ်။

“နောက်တစ်ခါ ခရစ်ယာန်“ပါဒရီဒိန်း အင်းဂျိတ်” ဆိုသူရေးသားသည့်အချက်ကိုလည်း ပြောပါရစေ”။

“သူက ကမ္ဘာမြေပြင်၌ လူသတ္တဝါနှင့် ထာဝရ၏ ဆက်ဆံပုံသည် ယခုကျွန်ပ်တို့ တွေ့မြင်ရသမျှသာ

အကုန်ဖြစ်ခဲ့လျှင် ထိုထာဝရသည် မိမိ၏ လုပ်ငန်း၌ ဖြောင့်မှန်ခြင်း, ရိုးသားခြင်း တရားတို့ကိုများစွာ

အလေးမပြုကြောင်း ထင်ရှားချေ၏”။ (The Faith in the world)(သီဖိစ်အင်သီဝါး) ဆိုတဲ့ စာအုပ်မှာ

ရေးထားပါတယ်။ `အီဟာဘန်´ ဆိုတဲ့ စာရေးဆရာ အဘိဓမ္မာ ဆရာကြီးက `သင်တို့ ခရစ်ယာန်ဝါဒီများကို

ဆိုလိုသည်´၊ သင်တို့ပြောဆိုသော အရာဟူသမျှကို ချွင်းချက်ကလေး တစ်ခုထားပြီး ကျွန်ပ်အားလုံးကို

သဘောတူပါ၏။ ထိုချွင်းချက်ကား သင်တို့၏ ထာဝရသည် ကျွန်ုပ်၏ မာရ်နတ် ဖြစ်သတည်း”လို့

ပြောဆိုပါတယ်။

“အဲဒါ …..ဦးပဇင်းက ဖန်တီးပြီးပြောတာ မဟုတ်ဘူးနော်၊ ဟောဒီမှာ ဆရာကြီးတို့ အထင်ကြီးနေတဲ့

ခရစ်ယာန်ဘာသာဝင်ဆရာကြီးတွေ ရေးတဲ့စာအုပ်တွေက ကောက်နှုတ်ပြီးပြောပြတာ”။

“နောက်ပြီး ဆရာကြီးဦးသာဒင်က အနန္တတန်ခိုးတော်ရှင် ထာဝရနှင့် ဘာတန်ခိုးမှ မရှိတဲ့ ဂေါတမကို

နှိုင်းယှဉ်ရဲသလား? နှိုင်းယှဉ်ရဲရင်နှိုင်းယှဉ်ပြပါ။ ထာဝရထက်ဘယ်သူမှမမြတ်ဘူးလို့ပြောသွားပါတယ်”။

“အဲဒီလိုဆိုရင် ဆရာကြီးတို့ရဲ့ ထာဝရဂုဏ်တော်တွေကို သမ္မာကျမ်းစာထဲမှာပါ အတိုင်း နည်းနည်းလောက် ထုန်ကြည့်ကြရအောင်။

၁။ အရက်သေစာတို့ကို အမြဲမှီဝဲသောက်သုံး၍ ဂျိုးကင်၊ ချိုးကင်၊ သိုးကင်၊ နွားကင်-တို့ကို တွင်တွင်ကြီး

ကြိုက်တော်မူထသော။

၂။ ချိုးကင်နှင့်စပျစ်ရည်အရက်ကိုမရခဲ့သော်အလွန်အကျုး အထူး ဒေါပွ အမျက်တော်ရှလေ့ရှိထသော။

၃။ သဘောမကျ၍ ဒေါထသောအခါ ကြီးစွာသော ကောဓ(အမျက်)ဖြင့် တားမရ၊ ဆီးမရ၊ ကြိမ်ဆဲတတ်တဲ့

အလေ့ဝသီရှိထသော။

၄။ တ်ိုက်ရေးခိုက်ရေး၊ သတ်ဖြတ်ရေးတို့ကိုသာ အမြဲအားပေးလေ့ရှိထသော။

၅။ မဟုတ်မမှန်ပညာရှိသတ္တဝါတို့အော်ဂလီဆန်ဖွယ်ရာ တရားတို့ကိုဟောကြားခဲ့ထသော ။

၆။ ကြောက်ခမန်း၊ လန့်ခမန်း၊ အပြစ်အာဒီနဝတို့ကိုမေတ္တာဓါတ်အနည်းငယ်ရှိသူတို့ပင်ကြက်သီးဖြန်း

ဖွယ်ရာ ကျုးလွန်ခဲ့ထသော။

၇။ လူသတ္တဝါတို့ဉာဏ်ပညာပွင့်လင်း၍ အကြောင်းအကျိုး၊ အကောင်းအဆိုး သိမြင်မည်ကို

အစဉ်စိုးရိမ်ထသော။

၈။ ဤသို့ စိုးရိမ်ခဲ့သောကြောင့်ဉာဏ်ပညာအလင်းရောင်၏ ရန်သူကြီးဖြစ်ထသော-ဤသို့ ထာဝရဘုရားဆိုတဲ့

ဂုဏ်တော်တွေ ထွက်လာပါတယ်။ အချိန်နည်းလွန်းလို့အကျဉ်းချုပ်ထားတာပါ။ ။

“ကဲ…..ဂေါတမဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုလည်း နည်းနည်းလောက်ပဲ ထုတ်ပြပါမယ်၊ ပိဋကတ်တော်မှာ ပါတဲ့အထဲက အကျဉ်းချုပ်ပဲ တင်ပြပါ့မယ်”။

၁။ အခြားသောဘာသာရှင်တို့နဲ့မတူအမြင့်မြတ်စင်ကြယ်သော အကျင့်စာရိတ္တရှိတော်မူထသော။

၂။ အရက်သေစာ မူးယစ်စေတတ်သောအရာတို့ကို ကိုယ်တိုင်လည်းမသုံး၊ တပည့်များ, နောက်လိုက်ငယ်သား တို့ကိုလည်း မသုံးရန်တားမြစ်တော်မူထသော။

၃။ ပါဏာတိပါတ သူ့အသက်သတ်ခြင်း၏ အပြစ်အာဒီနဝတို့ကို ဟောပြတော်မူ၍ ဇီဝဟိံသာ-

အသက်သတ်ခြင်း၊ ညင်းဆဲခြင်းတို့ကိုတားမြစ်တော်မူထသော။

၄။ အမျက်ဒေါသ၊ ကောဓမိုက်မှား လူ့အောက်တန်းစားတို့၏ လက်သုံးဖြစ်သော တရားများကို အမြစ်ပါမကျန်

အကုန်လုံးပယ်လှန်ခုတ်ဖြတ်တော်ပြီးဖြစ်သဖြင့်၊ အမျက်ထွက်ခြင်း၊ ဒေါပွခြင်းမရှိ၊ မေတ္တာဓါတ်ဖြင့် ပြည့်၀သော နှလုံးရှိတော်မူထသော။

၅။ သက်ရှိ/သက်မဲ့ဟူသမျှတို့ကို ကြိမ်ဆဲခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်းအမှုဘယ်အခါမှမပြုခဲ့ထသော။

၆။ သတ်ရေး၊ ဖြတ်ရေး၊ တိုက်ခ်ိုက်ရေးတို့ကို (အတ္တာနံ ဥပမံ ကတွာ န ဟနေယျ နဂါတယျေ)- မိမိကိုယ်ကို

ဥပမာပြု၍ သူတစ်ပါးတို့အား ငြင်းဆဲသတ်ဖြတ်ခြင်း မပြုရဟုဟောပြော၍ အားပေးခြင်း မပြုခဲ့ထသော။

၇။ မကောင်းညစ်ကြူး ဣဿာမစ္ဆေရ-စသော ပါပဓမ္မ (မကောင်းသောအမှု) အစုတို့မှ အမြဲဝေးကွာတော် မူထသော။

၈။ အကျိုးအကြောင်းဆက်၍ ယုတ္တိသာဓက ရှိသောတရား, လူသတ္တဝါတို့အား အကြောင်း အကျိုးရစေသော တရားတို့ကိုသာ ဟောတော်မူခဲ့ထသော။

၉။ ချစ်သားတို့! သင်တို့သည် အလင်းမှလာ၍ အလင်းသို့ ရောက်ကြကုန်လော့-ဟု ဟောတော်မူသည်ကို ထောက်သဖြင့် လူသတ္တဝါအပေါင်းကို အမှောင်ဘေးမှ ကာကွယ်၍ အလင်းရောင်အောက်သို့ ရောက်အောင်

ဖေးမကယ်တင်သော ပုဂ္ဂိုလ်ထူးကြီး ဖြစ်ခဲ့ထသော။ ကျွန်ပ်တို့ ဂေါတမဗုဒ္ဓရဲ့ ဂုဏ်တော်အနည်းငယ်မျှ

ဖြစ်ပါတယ်။

“အဲဒီလို ထာဝရဘုရားနှင့်ဗုဒ္ဓဂေါတမ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို အနည်းငယ် နှိုင်းယှဉ်ကြည့်ရင်ပဲ

ဘယ်ဘုရားက မှန်ကန်မွန်မြတ်တယ်၊ ဘယ်ဘုရားက မမှန်မကန် ယုတ်ညံ့ တယ်ဆိုတာ လယ်ပြင်

ဆင်သွားသလိုထင်ရှားနေပါတယ်”။

“ကဲ….အချိန်စေ့တော့မှာမို့ ဦးပဇင်း နိဂုံးချုပ်ပါတော့မယ်၊ အခုလို ဦးပဇင်းတင်ပြခဲ့တာတွေဟာ

အကျဉ်းချုပ်တွေပါ၊ နေ့လည်ကျမှ အကျယ်တဝင့် ထပ်ပြီးတင်ပြပါဦးမည်။ ယခုတင်ပြခဲ့တဲ့

အကျဉ်းချုပ်လောက်နဲ့တင်ပဲ ဗုဒ္ဓဝါဒနှင့် ခရစ်ယာန်ဘာသာ ဘယ်ဟာက ကောင်းတယ်၊ မှန်တယ်ဆိုတာ

ချင့်ချိန်ဆုံးဖြတ်နိုင်လောက်ပါပြီ”။

“ခရစ်ယာန်ဆရာကြီးများနှင့်တကွ အားလုံးသောခရစ်ယာန်၊ ဗုဒ္ဓဘာသာဒကာ/ဒကာမအပေါင်းတို့ စိတ်ချမ်းသာ

ကိုယ်ချမ်းသာနှင့် ရွှင်လန်းချမ်းမြေ့စွာ တစ်ဦးနှင့်တစ်ဦး မေတ္တာဓါတ်ဖြင့် ဆက်ဆံကြပါရန် မေတ္တာရပ်ခံ

လိုက်ပါတယ်”။ ( ရှည်လျားသော လက်ခုပ်သြဘာသံကြီး)။

ရှည်လျားသော သြဘာသံ၊ လက်ခုပ်သံများမှာ မိုးချုန်းသည့်နယ် မြည်ဟီး၍ သွားပါသည်၊ ဗုဒ္ဓဘာသာဘက်မှ

ကြည်နူးရွှင်ပြုံးနေကြသလောက်ခရစ်ယာန်ပရိသတ်ကား ငိုင်နေကြလေသည်။

ထိုနောက် သဘာပတိ ဦးရွှေမှန်က ဟောပြောပွဲကြီးကို နေ့ခင်း(၁၂)နာရီအထိ ခေတ္တရပ်နားမည့်အကြောင်း ကြေညာလိုက်ပါသည်။

ဗုဒ္ဓဘာသာဝင်များသည် ဆရာတော်ထံသို့ အုပ်စုလ်ိုက်လာရောက်၍ ဝမး်သာအားတက်ကြောင်း

လျှောက်ထားကြသည်။ ထိုအခိုက် မဏ္ဍပ်အပြင်ဘက်မှ လူတစ်ဦးက အော်ဟစ်ပြောဆိုလိုက်သည်။

“ခဏလောက်လမ်းဖယ်ပေးကြပါခင်ဗျား၊ ဒီမှာ ဗုဒ္ဓဘာသာထဲ ဝင်မလို့တဲ့ခင်ဗျာ၊ တစ်ဆိတ်လမ်းဖယ်ပေးကြပါ”။

စုအုံနေသော လူအုပ်ကြီးသည် လမ်းဖယ်ပေးလိုက်ကြသည်၊ လူကြီးတစ်ဦးက ဦးဆောင်၍ လူတစ်အုပ်

သံဃာစဉ်ရှေ့သို့ရောက်လာကြသည်။ ဦးဆောင်လာသူလူကြီးက ……

“ဆရာတော်များဘုရား တပည့်တော်တို့ ဗုဒ္ဓဘာသာဘက်က ဟောပြောတာကို သဘောကျလို့ အခု

ဟောဒီကျောက်ကွင်းရွာက အိမ်ထောင်ရှစ်အိမ်ထောင် မိသားစုအားလုံး ဗုဒ္ဓဘာသာဘက်ကို

ကူးပြောင်းကိုးကွယ်ပါတော့မယ်တဲ့ဘုရား”ဟု လျှောက်ထားလ်ိုက်သည်။ ဂိုဏ်းချုပ်ဆရာတော်ဘုရားကြီးသည်

သံဃာနှစ်ပါးကိုတွဲထူစေပြီး ရှေ့ဆုံးသို့ကြွလာကာ ဝမ်းသာ အားရ ရှုစားရင်း သာဓုသုံးကြိမ်ခေါ်လေသည်။

ဆရာတော်အရှင်ဥက္ကဋ္ဌသည် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူများကို သံဃာစဉ်ရှေ့၌ ထိုင်စေပြီး

စာရင်းယူစေပြီး ထို့နောက်သရဏဂုဏ်သုံးပါးနဲ့ လက္ခဏာရေးသုံးပါးတို့၏ အနက်အဓိပ္ပါယ်အကျဉ်းချုပ်ကို

ရှင်းလင်းဟောပြြ့ပီးနောက် နတ်မှီဆရာတော် ဦးကလျဏအား လွဲပြောင်းပေးလိုက်သည်။

ဆရာတော်ဦးကလျဏက သရဏဂုဏ်ကို သုံးကြိမ်တ်ိုင်တိုင်ချပေး၍ လိုက်ဆိုခိုင်းပြီး ဆောက်တည်စေသည်၊

ထို့နောက်လိုက်ပို့သူလူကြီးအား ရှစ်အိမ်ထောင်ဗုဒ္ဓဘသာသို့ ကူးပြောင်းကြောင်း ကြော်ညာခိုင်းလ်ိုက်သည်။

ထိုပုဂ္ဂိုလ်က အသံကုန်ဟစ်အော်ကြော်ငြာရာ ပရိသတ်က သာဓု…သာဓု…သာဓု-ဟုသုံးကြိမ်ခေါ်လေသည်။

မဏ္ဍပ်ပြင်ပနှင့် ဈေးဆိုင်၊ လဘက်ရည်ဆိုင်တို့သို့ ရောက်ရှိနေကြသော ပရိသတ်သည် ကြော်ငြာသံနှင့်

သာဓုခေါ်သံတို့ကို ကြားရသောအခါ မဏ္ဍပ်အတွင်းသို့ ပြန်လည် ပြေးဝင်လာကြပြီး ချီးကျုးစကား

ပြောကြားကြရာ အုံးအုံးကျွက်ကျွက်ဆူညံနေတော့၏။

ဆရာတော်အရှင်ဥက္ကဋ္ဌနှင့် ဗုဒ္ဓဘာသာအဖွဲ့အား ဦးလှောင်၏နှမများက ဆွမ်းစားရန် ရွာတွင်းသို့

ပင့်သွားကြသည်။ ကျန်သံဃာတော်များကား မဏ္ဍပ်၌ပင် ဆွမ်းဘုဉ်းပေးကြသည်။ ခရစ်ယာန်

ခေါင်းဆောင်များကား ဦးရွှေအောင်၏အိမ်၌ ခေါင်းခြင်းရိုက်၍ တိုင်ပင်နေကြသည်။ စာချုပ်အရ တစ်အိမ်ထောင်

မိသားစုအားလုံး တစ်ဘက်ဘာသာသို့ ကူးပြောင်းလျှင်ပင် အရှုံးဟူ၍ ပါနေရာ ယခုရှစ်အိမ်ထောင် မိသားစု

အားလုံး ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းခဲ့ရာ ယခု အခြေအနေတိုင်းဆိုလျှင်မိမိတို့ဘက်က ရှုံးဖို့သေခြာနေပြီ၊

နေ့လည် ဟောပြောပွဲတွင် ခရစ်ယာန်ဘာသာသို့ အနည်းဆုံး ဆယ်အိမ်ထောင်ပြည့်ပြည့် ပါအောင်

ဆွဲဆောင်ဟောပြောနိုင်မှသာ မိမိတို့ အနိုင်ရမည်ဟု တွက်ဆကြသည်။ ထို့ကြောင့်စားသောက်ရေးကို

သာမန်သဘောထားပြီး ဟောပြောရေးအတွက်သာ တိုင်ပင်ကြ၊ ရေးမှတ်ကြနဲ့ အလုပ်ရှုပ်နေကြတော့သည်။

နေ့လည် (၁၂)နာရီတိတိတွင် ပရိသတ်ကြီးမှာ နံနက်ကအတိုင်း ပြည့်ကျပ်ပြွတ်ခဲလျှက်ရှိသည်၊ မေလ၏

အလွန်ပူပြင်းသည့် နေပူဒါဏ်ကို ဂရုမထားကြဘဲ ဟောပြောပွဲကိုသာပင် စိတ်ဝင် စားနေကြသည်။

ထိုအချိန်တွင် တမနက်လုံးပျောက်နေသည့် သူကြီး ဦးလှောင်သည် ဝတ်ကောင်း စားလှများ ဝတ်ဆင်လျှက်

ဆုတော်ရငွေဓါးကြီးကို လွယ်ပြီး ပြုံးပြုံး-ပြုံးပြုံးနဲ့ ဇနီးသူကြီးကတော်ကို လက်ဆွဲလျှက်မဏ္ဍပ်ထဲသို့ ဝင်လာရာ

ပရိသတ်ပွဲကျသွားလေသည်။ ရှစ်အိမ်ထောင်ဗုဒ္ဓဘာသာဘက်သို့ ကူးပြောင်းခဲ့ပြီ ဖြစ်သဖြင့် သူပြုံးနိုင်လေပြီ။

ခရစ်ယာန်ခေါင်းဆောင်များကား မျက်နှာမသာယာကြပေ။

သဘာပတိနှစ်ဦး နေရာယူပြီးကြသောအခါ —-

ပရိသတ်ငြိမ်သက်သွားသည်၊ ဆရာကြီးဦးရွှေမှန်က မိန့်ခွန်းမပြောတော့သဖြင့် တောင်ငူ-လောကုတ္တရာ

ဆရာတော် အရှင်ကုဏ္ဍလကပင် သဘာပတိ မိန့်ခွန်းပြောရသည်။ သဘာပတိဆရာတော်က နှစ်ဘက်သော

ပရိသတ်တို့ မနက်က ယဉ်ကျေးသိမ်မွေ့စွာ နားထောင်၍ အားပေးကြသဖြင့် အလွန်ဝမ်းမြောက်

ဝမ်းသာကြောင်း, ယခုလည်း မနက်ကအတိုင်း ယဉ်ကျေးသိမ်မွေ့စွာ အားပေး နားထောင်ကြပါရန် မေတ္တာ

ရပ်ခံပါကြောင်း အတိုချုပ်မိန့်ကြား၍ စည်းမျဉ်းအရ ပထမ အလှည့်ကျသူ ဗုဒ္ဓဘာသာခေါင်းဆောင်

အရှင်ဥက္ကဋ္ဌကိုဖိတ်ခေါ်လိုက်လေသည်။

ဆရာတော်အရှင်ဥက္ကဋ္ဌသည် သမ္မာကျမ်းစာများနှင့် မှတ်စုများကိုယူ၍ ဟောပြောမည့် စင်မြင့်ပေါ်သို့

တက်သွားသည်။ ထို့နောက် အောင်မြင်ခန့်ညားသော အသံဖြင့် ပရိသတ်ပေါက်အောင်

ဟောပြောလေတော့သည်။

“အို….. ခရစ်ယာန်ဓမ္မဆရာအပေါင်းတို့……

ဦးပဇင်းတို့ရဲ့ ဗုဒ္ဓဂေါတမ ဘုရားရှင်ဟာ ဆင်ခြင်တုံတရားကို အများကြီး အားပေးတော်မူခဲ့ပါတယ်။

မည်သည့်တရားကိုမဆို မစုံစမ်း၊ မစစ်ဆေးဘဲ မယုံကြည့်ကြနဲ့လို့ ဂေါတမရှင်တော်ဘုရားက

ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓဘုရားရှင်ရဲ့ (ဧဟိပဿိကော) လာလှည့်, ကြည့်လှည့်, စမ်းကြည့်-ဆိုတဲ့

ဂုဏ်မျိုးဆိုတာ ကမ္ဘာပေါ်မှာ ပေါ်ပေါက်လာတဲ့ ဘာသာတရားတွေထဲမှာ ဘယ်ဘာသာတရားမှာမှ မရှိပါဘူး။

ဒီဂုဏ်မျိုးကိုဂေါတမရှင်တော်ဘုရားရဲ့တရားတော်မှာသာ တွေ့နိုင်ပါတယ်………”။

“ဘာဖြစ်လို့ ဂေါတမရှင်တော်ဘုရားက လာကြည့်၊ စမ်းကြည့်လို့ ရဲရဲဝံ့ဝံ့ ပြောရဲတော်မူရသလဲ?

သူ့တရားဟာ မှန်ကန်ကြောင် သေသေချာချာ သိတော်မူလို့ပေါ့၊ ဓမ္မဆရာကြီးတို့ရဲ့ ခရစ်တော်ဟာ

ငါပြောတာသာ ယုံကြည်ကြ၊ ဆင်ခြေမတက်ရဘူးလို့ ဘာကြောင့် ပြောခဲ့ ရတာလဲ?၊ အဲဒါစဉ်းစားကြည့်ဖို့

ကောင်းပါတယ်။ ကိုယ့်တရားကို ကိုယ်တကယ် ယုံကြည့်စိတ်ချရင် ရဲရဲကြီး ဆင်ခြေပေးနိုင်စွမ်း

ရှိရမယ်မဟုတ်ပါလား? သူ့တရားဟာ ယုံကြည် စိတ်ချရခြင်းမရှိဘူး။ ဝေဖန်ဆန်းစစ်မှု မရှိဘူးဆိုတာ

ဒီအချက်ကပဲ ထင်ရှားနေပါပြီ၊ (သြဘာသံကြီး)။

“အခုလည်း ဦးပဇင်းပြောခဲ့သမျှ ဟောနေသမျှနှင့် ပြောလတ္တံ့သော စကားတွေကို ပုဂ္ဂလဓိဋ္ဌာန်စွဲနှင့်

မှန်တယ်လို့လည်း မယူဆစေလိုပါ။ မှားတယ်လို့လည်း တစ်ဘက်သတ် ဆုံးဖြတ်ခြင်းကို အလျင်စလို

မပြုလုပ်ကြစေလိုပါ။ လောကယုတ္တိ/သဘာဝယုတ္တိ ရှိ/မရှိ စဉ်းစားဆင်ခြင်၊ စုံစမ်း စစ်ဆေးပြီးတော့မှ

ယုံကြည်စေချင်ပါတယ်…..”။

“ကဲ……ဒီတော့ဗုဒ္ဓဘာသာအကြောင်း ဦးပဇင်းအကျဉ်းချုံးပြီး ရှင်းရှင်းတင်ပြပါမယ်.။

* ဗုဒ္ဓဘာသာဆိုသည်မှာ ဘာလဲ?

* ဘာကိုရည်မှန်းပြီး ဗုဒ္ဓဘာသာကိုဆည်းကပ်ကိုးကွယ်ကြသလဲ?

* ဗုဒ္ဓဘာသာရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ဘာလဲ?

* အဲဒီပန်းတိုင်ရောက်ဖို့ဘယ်တရား၊ ဘယ်အကျင့်များဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့တာဝန်ဖြစ်သလဲ?

* လောကီအနေဖြင့်ဘာအကျိုးရှိသလဲ?

* လောကုတ္တရာ အနေဖြင့်ဘယ်လိုအကျိုးဖြစ်သလဲ?

“အဲဒါတွေကို သိရင်ဗုဒ္ဓဝါဒရဲ့ အနှစ်ချုပ်ကို သိရှိနိုင်ပါတယ်။ အဲဒီလို သိရင်ပဲ ဗုဒ္ဓဘာသာ၊ ဗုဒ္ဓဝါဒဟာ ကမ္ဘာမှာ

အမြင့်မြတ်ဆုံးနဲ့ အမှန်ကန်ဆုံးဆိုတာ သဘောပေါက်သွားပါလိမ့်မယ်….”။

“ဗုဒ္ဓဘာသာဆိုတာ ဟိုလွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)လောက် အိန္ဒိယနိုင်ငံမှာ အထောက်အထား

ခိုင်ခိုင်လုံလုံနဲ့ပွင့်ပေါ်ခဲ့တဲ့ ဘယ်ဘာသာတရားမှာမှ မရှိတဲ့ သစ္စာလေးပါး အမှန်တရားကို ဆရာမကူ

သယမ္ဘူဉာဏ်တော်နှင့် မိမိအလိုလို ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူခဲ့တဲ့အတွက် ဗုဒ္ဓအမည်

ဘွဲ့တော်ရှိတဲ့ ဂေါတမမြတ်စွာဘုရားရဲ့ အဆုံးအမဒေသာနာတော်ကို ယုံကြည်လိုက်နာပြီး ဆည်းကပ်ခံယူတဲ့

ဘာသာဝါဒ ဖြစ်ပါတယ်….”။

“သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ရန်ရည်မှန်းပြီးတော့ ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒကို ဗုဒ္ဓဘာသာဝင်တွေက ဆည်းကပ်

ခံယူခြင်းပဲ ဖြစ်ပါတယ်..”။

“ဗုဒ္ဓဘာသာရဲ့ရည်မှန်းချက်ပန်းတိုင်ဟာ ဝဋ်ဒုက္ခမှ အေးငြိမ်းရာ နိဗ္ဗာန်ဖြစ်ပါတယ်။ အဲဒီ ပန်းတိုင် ရောက်ဖို့

အတွက် ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓဂေါတမ ညွန်ပြဆုံးမတော်မူခဲ့တဲ့ တရားဓမ္မများကို က်ိုယ့်အားကိုယ်ကိုး

ကိုယ်တိုင်ကျင့်သုံးကြရမယ်။ အထူးသဖြင့် မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ကျင့်သုံးကြရမှာက

ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်….”။

“ဗုဒ္ဓဘာသာ-ဗုဒ္ဓဝါဒဟာ လောကီရေးရာ တိုးတက်ကြီးပွားမှုကို မဟန့်တားသလို

ဆုတ်ယုတ်နိမ့်ကျမှုကိုလည်း အားမပေးပါဘူး။ ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတော်မူခဲ့တဲ့ သမ္ပဒါန်တရား

လေးပါးနှင့်အညီ ကျင့်သုံး ကြမယ်ဆိုရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ လက်တွေ့မျက်တွေ့ကြီးပွား

တိုးတက်နိုင်ပါတယ်၊ အဲဒီလို လောကီ ရေးရာများကို ဆောင်ရွက်ရင်းနဲ့ဘဲ လောကုတ္တရာတရားများကိုလည်း

ကျင့်သုံးသွားနိုင်ပါတယ်။ ဗုဒ္ဓဘာသာကို ဆည်းကပ်လိုက်နာရင် ပတ်ဝန်းကျင်နဲ့လည်း သမဘာဂဖြစ်ပြီး

 

အဆင်ပြေအောင်နေထိုင်နိုင်ပါတယ်။ လူမျိုးကွဲ ဘာသာကွဲတွေနဲ့ အတူနေထိုင် ဝန်မလေးပါဘူး၊

အထောက်အထား ဒေသနာတော်တွေ အများကြီးရှိပါတယ်။ အချိန်မရလို့အဲဒါ လောက်ပဲတင်ပြရတာပါ …”။

“မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရားကို ကျင့်သုံးပွားများပြီး အရာရာကို လက္ခဏာရေး နှင့်ရှုမြင်တတ်ရင်

မဂ်တရား၊ ဖိုလ်တရားများကို ရရှိပြီးတော့ ဝဋ်ဒုက္ခငြိမ်းရာ နိဗ္ဗာနဓာတ်သန္တိသုခအလွန်အေးမြတဲ့ ချမ်းသာကို

အခု မျက်မှောက်ကာလမှာပင် ရနိုင်ပါတယ်။ အဲဒါလောကီရေးနှင့် အလွန်ခြားနားတဲ့ လောကုတ္တရာပဲ

ဖြစ်ပါတယ်…”။

“နည်းနည်းထပ်ပြီး ရှင်းပြပါ့မယ်၊ ဗုဒ္ဓဘာသာဟာ အနတ္တဝါဒ၊ အနတ္တလမ်းစဉ်၊ အနတ္တဒေသနာတို့ကိုပါ

အခြေတည်ပြီး ပေါ်ပေါက်လာတဲ့ဘာသာဖြစ်တဲ့အတွက်ကမ္ဘာပေါ်ရှိဘယ်ဘာသာနှင့်မှမတူအောင်ထူးခြားတဲ့

ဘာသာဝါဒကြီးဖြစ်ပါယ်…..”။

“အနတ္တဝါဒအရ ဒီလောကသုံးပါးမှာ ဘာတစ်ခုမှအစိုးရခြင်းမရှိပါဘူး၊ မိမိရဲ့သားသမီး စီးပွားဥစ္စာကို မဆိုထားနဲ့

မိမိခန္ဓာကိုယ်ကိုပင်မပိုင်စိုးနိုင်ပါ၊ ကိုယ်က မစိုးပိုင်သလို ဘယ်သူဘယ်ဝါကမှလည်း စိုးပိုင်နိုင်တဲ့အခွင့်အလမ်း

မရှိပါဘူး။ အဲဒီမပိုင်စိုးတဲ့ တရားစုတို့ တည်နေရာ မှီရာဖြစ်တဲ့ ဒီသံသရာမှ ကင်းလွတ်ရာသည်သာလျှင်ဇာတိ၊

ဇရာ၊ ဗျာဓိ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ (ပဋိသန္ဓေနေရခြင်း, အိုရခြင်း, ပူပန်ရခြင်း,

သေရခြင်း, စိုးရိမ်ရခြင်း, ငိုကြွေးရခြင်း, ကိုယ်စိတ်နှစ်ပါး ပူပင်ရခြင်း, ပြင်းစွာပူပန်ရခြင်း) တို့ရဲ့ ကုန်ရာငြိမ်းရာ

ဖြစ်တယ်လို့ယုံကြည်လက်ခံထားပြိး အားထုတ်တဲ့ဘာသာဖြစ်ပါတယ်…”။

“ဘယ်ဘုရား၊ ဘယ်ဣဒ္ဓိပါဒ်ရှင်ကမျှ ကယ်တင်လိမ့်မည်ဟု မျှော်လင့်တောင့်တနေတဲ့ ဘာသာမျိုးလည်း

မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဒုက္ခအသီးသီးမှ ချုပ်ငြိမ်းအောင်ကိုယ့်ဟာကို အားထုတ်သွားရတဲ့

လုပ်ငန်းသာလျှင်ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒမှာ ရှိပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာမှာ ပုဂ္ဂိုလ်စွဲ အားထားမှုမရှိပါဘူး၊

ဓမ္မသက်သက်သာ ရှိပါတယ်၊ ပြုပြင်ပြောင်းလဲမှုသင်္ခါရတို့ရဲ့ ကုန်ရာငြိမ်းရာ အသင်္ခတ-သည်သာ ဗုဒ္ဓဘာသာရဲ့

ပန်းတိုင်ဖြစ်ပါတယ်”။

“အထူးသဖြင့်ဗုဒ္ဓဘာသာဟာ ဘုံဘဝကိုမျှော်လင့်တောင့်တတဲ့စိတ်နဲ့ကုသိုလ်ကောင်းမှုလုပ်ဖို့မဟုတ်ပါဘူး၊

ငရဲနဲ့ခြောက်လန့်ထားတဲ့အတွက် ကြောက်လန့်ပြီးတော့ အကုသိုလ်ကို ရှောင်တာမျိုး မဟုတ်ပါဘူး၊

ဧကန်အမှန်အားဖြင့် မလုပ်ထိုက်တဲ့ အလုပ်ပဲ၊ မကျုးလွန် ထိုက်တဲ့ အမှုကိစ္စပဲလို့ ကိုယ်တိုင်

သုံးသပ်နားလည်ပြီး အကုသိုလ်မလုပ်တာ၊ အကုသိုလ်ကို ရှောင်ကြဉ်တာဟာ ဗုဒ္ဓဘာသာအစစ်အမှန်

ဖြစ်ပါတယ်။ ငရဲနှင့်ခြောက်လန့်လို့ ကြောက်ပြီးတော့ မလုပ်ပဲ ရှောက်ကြဉ်တယ်ဆိုရင်မူမှန်တဲ့ ရှောင်ကြဉ်မှုမျိုး

မဟုတ်ပါ။ ကြောက်လို့သာ ရှောင်ကြဉ်မှုမျိုး ဖြစ်ပါတယ်။ အဲဒီသီလမျိုးဟာ ဗုဒ္ဓဘာသာက လက်ခံတဲ့

သီလသဘောမျိုး မဟုတ်ပါဘူ”။

“အဲဒီလို ငရဲကိုကြောက်ပြီး ရှောင်ကြဉ်နေတဲ့သူဟာ ငရဲနှင့်သာ ခြောက်လန့် မခံရလျှင် ငရဲမကြီးဘူးဆိုရင်

လုပ်မယ့်သဘောမျိုး ဖြစ်မနေပေဘူးလား”။

“ဒါကြောင့် ငရဲကို ကြောက်လို့ ရှောင်ကြဉ်နေသူနဲ့ ငရဲကြောင့်မဟုတ်ဘဲ မလုပ်အပ်တဲ့တရား၊

မကျုးလွန်ထိုက်တဲ့ တရားလို့ သဘောပေါက်ပြီး ရှောင်ကြဉ်သူတို့ဟာ အလွန်ပဲခြားနားလှပါတယ်။

ဗုဒ္ဓဘာသာက မလုပ်အပ်တဲ့အရာကို စာနာထောက်ထားပြီး ရှောင်ကြဉ်ခြင်းကိုသာ သီလအဖြစ်လက်ခံပါတယ်။

ထိုနည်းတူစွာပဲ ကုသိုလ်ကောင်းမှု ပြုတဲ့နေရာမှာလည်း (ကိလေသာဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်)ဟူသော

ဝဋ်သုံးပါးသံသရာမှ လွတ်မြောက်လိုတဲ့ ဆန္ဒနှင့် သန့်စင်စွာ ပြုလုပ်တဲ့, အားထုတ်တဲ့ ကုသိုလ်ကောင်းမှု

မျိုးကိုသာ ဗုဒ္ဓဘာသာက လက်ခံပါတယ်”။

“ဘုံဘဝကို ခံစားစံစားခြင်လို့ လာဘ်ထိုးပသတဲ့ ပူဇော်တဲ့အနေနှင့် လာဘ်ထိုးပသပူဇော်တဲ့ အနေနဲ့

ကုသိုလ်ကောင်းမှု ပြုခြင်းဟာ ဗုဒ္ဓဘာသာနှင့် ဆိုင်တဲ့တရားစုမှ ပေါက်ဖွားလာတဲ့ စေတနာမျိုးမဟုတ်ပါဘူး။

မျှော်လင့်ခြင်းနဲ့ ဘေးဘယာကို ငှဲ့ပြီးတော့ ပြုလုပ်တဲ့ အလုပ်မျိုးဖြစ်တဲ့အတွက် ရိုးသားသန့်စင်မှုနဲ့

ကင်းလွတ်ခြားနားလှပါသည်။ တစ်စုံတစ်ယောက်မှာ အကူအညီ လိုနေလို့ပဲ ဖြစ်ဖြစ် ထောက်ထားစာနာတဲ့

စိတ်နဲ့ပဲဖြစ်ဖြစ် မျှော်လင့်ချက်မထားဘဲ ပြုလုပ်တဲ့ကုသိုလ် ကောင်းမှုဟာ အလွန်ဖြူစင်သလို ကြောက်လန့်၍

မဟုတ်ဘဲ မလုပ်ထိုက်လို့ ရှောင်ကြဉ်တာဟာ မွန်မြတ်တဲ့ ကိုယ်ကျင့်တရား သိက္ခာသီလစစ် သီလမှန်

ဖြစ်ပါတယ်”။

“အဲဒါ ဘာကြောင့်လဲ ?”

“ဗုဒ္ဓဘာသာဟာ ကိုယ့်စီးပွားနှင့် ပတ်သက်လို့ မျှော်မှန်းခြင်း ကင်းမဲ့ပြီး စေတနာသဒ္ဓါသက်သက်နဲ့သာ

ဒီလောကရဲ့ ကောင်းမှု/ဆိုးမှုတို့ကို ကြည့်ရှုဆင်ခြင်တဲ့ အနတ္တဝါဒကြောင့် ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရဲ့

အနတ္တဝါဒနဲ့ အလွန်ခြားနားဆန့်ကျင်တဲ့ ဝါဒကတော့ လူတွေကို ဖြူစင်တဲ့ စေတနာမှ ကင်းလွတ်စေသော

ခြောက်လန့်မှု, မျှော်မှန်း၍ တောင့်တစေမှု အစရှိသော မှိုင်းများနှင့် အမြဲတမ်း တိုက်ထားတဲ့

အတ္တဝါဒသာဖြစ်ပါတယ်”။

“ဦးပဇင်း အခုပြောတာတွေဟာ ပုဂ္ဂလဓိဋ္ဌာန်စွဲနဲ့ ပြောတာ မဟုတ်ပါဘူး။ ဦးပဇင်းပြောတာတွေကို

လောကယုတ္တိ သဘာဝယုတ္တိ ရှိ/မရှိ က်ိုယ်ပိုင်ဉာဏ်ဖြင့် ပရိသတ်များ စဉ်းစားဆင်ခြင် သုုံးသပ်ကြဖို့

တင်ပြရခြင်းသာ ဖြစ်ပါတယ်”။

“ယခုလို ယှဉ်ပြိုင်ပြောရတော့ ဦးပဇင်းအနေနဲ့ နိုင်ရင်ပြီးရောဆိုပြီး အကြောင်းနှင့်အကျိုးမစပ်တဲ့ စကားတွေ,

အဓိပ္ပါယ်ကင်းမဲ့တဲ့ သဘောထားတွေကို ဦးပဇင်းမပြောပါဘူး။ ဦးပဇင်းတို့ ဗုဒ္ဓတရားတော်များဟာ

အဓိပ္ပါယ်မရှိတဲ့ စကားမျိုးတွေကို တရားသဘောနှင့် လက်ခံယုံကြည်တာ မျိုးမဟုတ်ပါဘူး။ တကယ့်

သဘာဝနှင့် ကိုက်ညီမှသာ ဦးပဇင်းတို့ရဲ့ မူလဗုဒ္ဓဂေါတမဘုရားဟာ တ ရားတော် အဖြစ် ဟောပါတယ်။

ပြောခဲ့ပါတယ်”။

“အဲ……. ဒါပေမဲ့ ဘုရားဟောမဟုတ်ပဲနဲ့ ဘုရားဟောဆိုပြီး နောက်ရေးတဲ့ ကျမ်းများမှာ ပါတာတွေ

ရှိသပေါ့လေ။ ဗြဟ္မဏဝါဒီတွေက ထိုးသွင်းထားတာတွေလည်း ရှိပါတယ်။ ဒါမျိုးတွေကတော့ ဦးပဇင်းတို့

ဗုဒ္ဓဘာသာကျမ်းများမှာသာ မဟုတ်ပါဘူး။ ခရစ်ယာန်ကျမ်းတွေမှာလည်း နောက်စာရေးဆရာများ

ရေးတဲ့ကျမ်းတွေ နောက်ပေါ် လက်သစ်အာဘော်တွေ အမျိုးမျိုးတိုးပွားလာကြတာကို ဒီမှာရောက်နေကြတဲ့

ဓမ္မဆရာကြီးများလည်း သိကြပြီးဖြစ်ပါတယ်။ မနက်ကလည်း ဦးပဇင်း ပြောသင့်သလောက် ပြောခဲ့ပါတယ်။

အခုနည်းနည်းထပ်ပြီး ပြောပါဦးမယ်”။

“ဘယ်လောက်ထိအောင် ဓမ္မကျမ်းစာနှင့်တကွ မူလခရစ်တော်ရဲ့ မေတ္တာနဲ့ ဆန့်ကျင်တဲ့ ကျမ်းများ

ပေါ်လာသလဲဆိုရင် ခရစ်သက္ကရာဇ် (၁၂၃၃) ခုနှစ်လောက်မှာ နဝမမြောက် “ပုတ်ရဟန်းမင်းကြီး

“ဂရီဂေါ်ရိ”လက်ထက်မှာ`အင်န်ကွီဇီးရှင်း’-ဆိုတဲ့ ဘာသာရေးဆိုင်ရာ ဥပဒေကြီးကို ထာဝရဘုရား

အလိုတော်ကျ ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်”။

“အဲဒီ အချိန်တုန်းက ဥရောပနိုင်ငံအားလုံမှာ ရှိနေကြတဲ့ ဘုရင်တွေ၊ အာဏာပ်ိုင်တွေဆိုတာကလည်း

ရိုမန်ကက်သလစ်ဂိုဏ်းဝင်တွေဆိုတော့ နာယကပုတ်ရဟန်းမင်းကြီးရဲ့အမိန့်ကို အားလုံးပဲ လိုက်နာရိုသေ ခဲ့ကြရပါတယ်”။

“အဲဒီတွင်ပဲ ပုတ်ရဟန်းမင်းရဲ့ အမိန့်အရ ဘာသာရေးဘန်းပြပြီး ခရစ်ယာန်ဘုန်းကြီးတွေဟာ သက်ဦးဆန်ပိုင်

ဘုရင်သဖွယ် ဥရောပလူသားလောကကြီးကို အတော်ပဲ ရက်ရက်စက်စက် ကိုယ်ကျိုးရှာသွားကြတာတွေ အများကြီးရှိခဲ့ပါတယ်”။

“အဲ….ခုနင်က (Inquisition=အင်န်ကွီဇီးရှင်း)ဆိုတဲ့ စကားရဲ့အဓိပ္ပါယ်ကတော့ ဘာလည်းဆိုရင်

ခရစ်ယာန်ဘာသာကို မယုံကြည်တဲ့ အပြစ်တစ်စုံတစ်ရာကို ပြောတဲ့လူကို အပြစ်ဒဏ်ပေးမယ်၊ ဒီလို

အပြစ်ပေးရုံတင်မကဘူး၊ နောက်ဘဝမှာလည်း ငရဲက မတက်ရအောင်ဒဏ်ခတ်ခံရမယ်လို့ဆိုပါတယ်”။

“ဒီတော့ ဘာတွေဖြစ်သလဲဆိုရင် ပုတ်ရဟန်းမင်းရဲ့ အမိန့်အရဆိုပြီး ခရစ်ယာန်ဘာသာကို မယုံကြည့်တဲ့

လူတွေကို နှ်ိပ်စက်လိုက်ကြတာ ပြင်သစ်နိုင်ငံအနောက်တောင်ပ်ိုင်းမှာ ရှိတဲ့(လန်ဝူးဒေါ်)နယ်က(အဲလ်ဘီးရှား)

လူမျိုးတွေမှာဆိုရင် မိန်းမ ယောက်ျား နို့စို့ကလေးပါမကျန် မီးလောင်တိုက်သွင်းပြီး အသတ်အဖြတ်တွေ

ခံကြရပါတယ်”။

“အဲဒါ ဦးပဇင်းက အရမ်းပြောတာ မဟုတ်ပါဘူး၊ ဥရောပရာဇဝင်က အခိုင်အမာပြောတာပါ၊ မယုံရင်

ခရစ်ယာန်ဘာသာနှင့် ဥရောပသမိုင်းစဉ်ကို ဖတ်ကြည့်ပါ၊ အခု ဒီဓမ္မဆရာကြီးတွေ ငြင်းကြမလား?၊

ငြင်းနိုင်ရင်ငြင်းပါ၊ မနက်က ဓမ္မဆရာကြီး ဦးသာဒင်က ပြောသွားတယ်၊ သူတို့ရဲ့ ဓမ္မကျမ်းစာတွေက

လူသားလောကကြီးရဲ့ ကောင်းစားရေးနဲ့ တမလွန်ကောင်းကင်ဘုံ ကောင်းစားရေးတွေကို မေတ္တာဆိုတဲ့

ကြီးမားသော ကရုဏာကြီးနဲ့ပြုလုပ်ထားတဲ့ဘာသာဖြစ်လို့အလွန်ကောင်းပါတယ်လို့ပြောသွားပါတယ်”။

“ဒီဓမ္မဆရာကြီးတွေလည်း တစ်နေ့ ဒီလိုများ (အင်န်ကွီဇီးရှင်း) ဥပဒေကြီးကို မြန်မာပြည်မှာ လုပ်ဦးမှာလား မပြောတတ်ပါဘူး”။

“ဦးပဇင်းတို့ ဗုဒ္ဓဘာသာတွေတော့ အကုန်သေကြရမှာပဲ ထင်တယ်။ ဒိဋ္ဌစစ်ဆေးပုံ၊

အပြစ်ပေးပုံတွေကလည်း ရာဇဝင်သမိုင်းမှာ အလွန်ပဲကြမး်လှပါတယ်။ ဒါတွေကို အထူးမပြောတော့ပါဘူး၊

စိတ်ပျက်စရာ ကောင်းလွန်းလို့ပါ။ (ချက်ကိုစလိုဘေးကီးယား)မှာဆိုရင်ခရစ်ယာန်တွေထပြီး ပုန်ကန်လိုက်တာ

ဥရောပ တစ်ခွင်လုံး အတော်ပဲ ကူးစက်သွားလို့ စစ်ကြီးတွေ ဖြစ်လိုက်ကြတာ အကြာကြီးပါပဲ”။

“သေလိုက်ကြတာတွေလည်း မနည်းပါဘူး။ ဒါဟာ လူတစ်ယောက်ရဲ့ စေတနာနဲ့ယုံကြည်ချက်ကိုလက်မခံဘဲ

အတင်းယုံကြည်အောင်ပြုလုပ်တဲ့အဓမ္မစနစ်ကြောင့်ပဲ ဖြစ်ပါတယ်”။

“အဲဒီ ပွဲတွေမှာ ခရစ်ယာန်ဘုန်းကြီးတွေရဲ့ အမိန့်နဲ့ အရှင်လတ်လတ် မီးရှို့ပြီး သတ်ပုံကို ပြောရရင်

ဟောဒီပရိသတ်ကြီး ကြက်သီးထလောက်ပါတယ်။ လူပေါင်းသန်းနှင့်ချီပြီး အသက်တွေ စွန့်ခဲ့ရတယ်၊

နောက်ပ်ိုင်းမှာ လူတွေကို ဒီနည်းနှင့် လုပ်လို့မရမှန်း သိလာတော့မှ ကျမ်းတွေကို တမျိုးတဖုံ ပြောင်းလဲပြီး

(မာတင်လူသာ) အစရှိတဲ့ခရစ်ယာန်ခေါင်းဆောင်ကြီးတွေက ရေးကြပြီး အသစ်ပြန်လုပ်ကြတယ်”။

“ဒါတောင်(မာတင်လူသာ)ကို ရိုမန်ကက်သလစ်တွေက ဒိဋ္ဌိစာရင်းထဲ ထည့်လိုက်ကြ သေးတယ်။ လူထူတွေက

တောင့်ပြီး ခံပေးလိုက်လို့သာ အခု (လူသာရင်) ဂိုဏ်းကြီးအဖြစ်နဲ့၊ ခရစ်ယာန်ဘာသာကြီး အဖြစ်နဲ့၊

ခရစ်ယာန်ဘာသာကြီးတစ်ရပ်ရပ်တည်နေနိုင်ခဲ့ကြတာ ဖြစ်ပါတယ်”။

“ဒါဟာ ကျမ်းပြုဆရာတွေက ခရစ်ယာန်ကျမ်းတွေကို ကိုယ်ကျိုးကြည့်ပြီး လောဘဇောနဲ့ ထင်ရာတွေကို

ဘုရားဟောလုပ်ရေးကြလို့ (အင်န်ကွီဇီးရှင်း) ဖြစ်ပေါ်လာကြရတာပဲ။ အဲ… ဦးပဇင်းတို့ ဗုဒ္ဓဘာသာမှာလည်း

နည်းနည်းပါးပါး ကင်းတော့မကင်းပါဘူး၊ ဒါပေမဲ့ ဒီလောက်အထိ ရက်ရက်စက်စက် ဖြစ်စေတဲ့ ကျမ်းမျိုး

မပါပါဘူး၊ ဦးပဇင်း အတိအလင်း ပြောရဲပါတယ်”။

“အခု ဓမ္မဆရာကြီးများလည်း ဘုန်းကြီးစာတွေ သင်ခဲ့ဖူးတဲ့ ဘုန်းကြီးလူထွက်ပဂေးကြီး တွေပဲ။ သူတို့လည်း

အဲဒါတွေ သိလျှက်နဲ့ ခရစ်ယာန် ဖြစ်လို့သာ ဖြစ်သွားရတာနဲ့တူပါတယ်။ ခရစ်ယာန်(အင်န်ကွီဇီးရှင်း)

ဥပဒေလောက်ရက်စက်တဲ့ ဥပဒေမျိုး ဦးပဇင်းတို့ ဗုဒ္ဓဘာသာမှာ မရှိပါဘူး၊ ဒါကိုသူတို့လည်း သိကြပါတယ်။

ဘယ့်နှယ်လဲ ဆရာကြီးတို့ မှန်တာကို ဝန်ခံကြစတမ်းဆိုရင် ဆရာကြီးတို့ရဲ့ ခရစ်ယာန်ကျမ်းများနဲ့

ဗုဒ္ဓဘာသာဘက်က ကျမ်းတွေကို အကြမ်းအရမ်းခြင်း ပြိုင်ကြရင် ဗုဒ္ဓဘာသာက ရှုံးမယ်ဆိုတာ ဆရာကြီးတို့ သိတယ်မဟုတ်လား”။

“ခရစ်ယာန်ဓမ္မဆရာကြီးများကို ဦးပဇင်းအထူးမေတ္တာရပ်ခံ လိုတာကတော့ မိမိတို့ကိုယ်ပ်ိုင်ဦးနှောက်ကို

အသုံးပြုကြပါ၊ ယုတ္တိရှိ/မရှိစဉ်းစားကြပါ။ မျက်ကမ်းယုံမျိုး၊ မျက်ကမ်းနောက်လိုက်မျိုးတော့ မဖြစ်ကြပါစေနဲ့၊

အကြောင်းအကျိုးဆက်စပ်မှု၊ ယုတ္တိ ရှိ/မရှိ ဆင်ခြင်ကြပါ၊ (Blind-faith=ဘလိုင်းဖိတ်သ်) ဆိုတဲ့ အကမ်းယုံ

အရမ်းယုံကို စွန့်ပစ်ကြပါ၊ စဉ်းစားဉာဏ်ရှိသူတိုင်းဟာ ယုတ္တိကင်းတာကို ပယ်ပြီး ယုတ္တိရှိတာကိုသာ

ယုံကြည့်ကြပါတယ်။ လိုက်နာလက်ခံ ကျင့်သုံးကြပါတယ်။ ဦးပဇင်းက ဗုဒ္ဓဘာသာကို ယုံပါလို့ မဆိုလိုပါဘူး။

သဘာဝကျကျ ဟုတ်ထိုက်/မဟုတ်ထိုက်စဉ်းစားကြဖို့လိုပါတယ်”။

“ ကဲ … ဗုဒ္ဓဘာသာအကြောင်း တင်ပြပြီးတဲ့နောက်မိတ်ဆွေတို့ရဲ့ ထာဝရဘုရားရဲ့ သမ္မာကျမ်းစာတွေ ယုတ္တိရှိ

/မရှိ ကြည့်ကြရအောင်”။

“မိတ်ဆွေတို့ရဲ့ ဓမ္မဟောင်းကျမ်းအပါအဝင်(ကမ္ဘာဦးကျမ်း)အရ ဒီကမ္ဘာကြီးကို ခရစ်မပေါ်မှီ (၄၀၀၄)

ခုနှစ်မှ ထာဝရဘုရားသခင်က ဖန်ဆင်းတယ်လို့ ဆိုပါတယ်။ ကဲ…..အဲဒါကို စဉ်းစားကြည့်

ကြရအောင်…အဲဒီခုနှစ်နှင့် အခုခရစ်သက္ကရာဇ် (၁၉၃၆)ခုကို ပေါင်းထည့်လိုက်တော့ နှစ်ပေါင်း (၅၉၄၀)သာ

ဒီကမ္ဘာရဲ့ သက်တန်း ရှိတော့တယ်။ အဲဒီတော့…ဒီစကားဟာ ဘယ်လောက်မှန်သလဲဆိုတာ

ဆန်းစစ်ကြည့်ကြစို့ အခုခေတ်ပေါ် လောကဓာတ်ပညာဖြင့် များစွာဆန့်ကျင်ကွာခြားနေပါတယ် (Geology or

Geologic=ဂျီဟိုလောဂျစ်)ခေါ်တဲ့ လောကဓာတ်ပညာခေါ် ပထဝီဗေဒဆရာများကတော့ ဒီကမ္ဘာရဲ့

အသက်ဟာ အဓွန့်ရှည်လှပြီတဲ့၊ အီဂျစ်ပြည်က (မန်မီ)လို့ခေါ်တဲ့ ဆေးဖြင့်ပြုလုပ် စီရင်ထားတဲ့

လူအလောင်းကောင်း ခြောက်များဟာ နှစ်ပေါင်း (ခုနှစ်ထောင်ကျော်နှင့် ရှစ်ထောင်)ရှိပြီလို့ ဆိုကြပါတယ်။

အနည်းဆုံး နှစ်ပေါင်းခြောက်ထောင်ကျော်ပြီလို့ ပြောကြပါတယ်။ (အီလူရင်းန်)လို့ ခေါ်တဲ့ ကျောက်ဆောင်

များရဲ့ အသက်ဟာ နှစ်ပေါင်း (ငါးသန်းကျော်)ရှိပြီလို့ ပထဝီဗေဒပညာ ရှင်များက တသံတည်း

ယူဆဆုံးဖြတ်ထားကြပါတယ်”။

“ကဲ….ဒီတော့ကာ မိတ်ဆွေတို့ရဲ့ ကမ္ဘာဦးကျမ်းကလာတဲ့ စကားဟာ စဉ်းစားဖို့ မလိုပေဘူးလား?။

စဉ်းစားလိုက်တဲ့အခါ ယုတ္တိကင်းမဲ့နေတာကို တွေ့ရပြီမဟုတ်လား။ ကမ္ဘာဦးကျမ်းရဲ့ အဆိုကို ခရစ်ယာန်

လောကဓာတ်သိပ္ပံဆရာကြီးများကတောင်အတည်မပြုနိုင်အောင်ဖြစ်နေကြပြီမဟုတ်လား?”။

“ပြီးတော့ မိတ်ဆွေတို့ရဲ့ ထာဝရဘုရားဟာ ကမ္ဘာဟောင်းကိုသာ ဖန်ဆင်းခဲ့တယ်၊ ကမ္ဘာသစ်ဖြစ်တဲ့

တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်တို့ကို ဖန်ဆင်းခဲ့ပုံမရဘူး။ ဘာကြောင့်လဲဆိုတော့

ကမ္ဘာသစ်အကြောင်း ဓမ္မဟောင်း ဓမ္မသစ်ကျမ်း နှစ်ကျမ်းလုံးမှာ အရိပ်အမြွက်မျှတောင် မပါဘဲကိုး။

ပါတယ်ဆိုရင် အထောက်အထားတိတိကျကျ ပြပါ။ ဒါ ဦးပဇင်းက ဘလိုင်း ပြောနေတာ မဟုတ်ပါဘူး၊

ဟောဒီမှာ ဓမ္မဟောင်းရော ဓမ္မသစ်ရော အားလုံးရှိပါတယ်။ ဘယ်အခန်းမှာ ပါတယ်ဆိုတာ ပြနိုင်ရင်ဦးပဇင်းက

ဝန်ချတောင်းပန်ဘို့အသင့်ပါပဲ”။

“အမေရိကတိုက်ကို ခရစ်သက္ကရာဇ် (၁၄၀၀)ကျော်ရောက်ပါမှ စပိန်လူမျိုး (ခရစ်တိုဖာကိုလံဘတ်)က

သွားပြီးတွေ့တယ် မဟုတ်လား? ဓမ္မဟောင်းကျမ်းတွေ အလိုကတော့ အခုထိ ဘယ်သူမှ သိနိုင်မှာ

မဟုတ်သေးဘူး။ ထာဝရဘုရားသခင်ဟာ သူ့ရဲ့အချစ်တော်များ ဖြစ်ကြတဲ့ ဣသရေလ (ဂျုး) လူမျိုးတို့ကို

အီဂျစ်ဘုရင် (ဖာရို)လက်အောက်မှ ကယ်တင်ပြီး (ပါလိစတိန)ပါလက်စ်တိုင်းကို ပို့မယ့်အစား အဲဒီဘုရင်

မလိုက်နိုင်တဲ့ ဟိုသမုဒ္ဒရာ တစ်ဘက်ကမ်းက ဘေးကင်း ရန်ကင်းဖြစ်တဲ့ အမေရိကတိုက်ကိုများ သွားပို့လိုက်ဖို့

မကောင်းပေဘူးလား? သူဖန်ဆင်းတဲ့ ကမ္ဘာဆိုရင် အမေရိကဟာ အလွန်သဘာ၀ ပစ္စည်းပေါများပြီး

ကျယ်ပြန့်တဲ့ နိုင်ငံကြီး မဟုတ်လား? အဲဒါကို မလုပ်ခဲ့တာကို ထောက်ခြင်းအားဖြင့် ထာဝရဘုရားရဲ့

ဖန်ဆင်းပုံဟာ နေရာမကျသေးပါဘူး၊ မပြည့်စုံဘူးလို့ဘဲ ဆိုရမှာပေါ့၊ ပြီးတော့ ဦးပဇင်းရဲ့ မိတ်ဆွေတွေ

ဖြစ်ကြတဲ့ခရစ်ယာန်ဓမ္မဆရာများက ဖန်ဆင်းပုံကို တော်တော်များများ အဲဒီထာဝရဘုရား ဖန်ဆင်းပုံကလည်း

တော်တော်ပဲ စဉ်းစားစရာ ဖြစ်နေပြန်တယ်”။

“ဘာလဲ ဆိုတော့……. ဖန်ဆင်းတယ်၊ ဖန်ဆင်းတယ်နဲ့ တကယ်ပဲ ဖန်ဆင်းတယ်ထားပါတော့၊ အဲဒီလို

ဖန်ဆင်းတဲ့ နေရာမှာ အစီအစဉ်မတဲ့တာတွေ ပြောပါရစေ၊ အာဃာတသဘော မဟုတ်ပါဘူး၊

သဘာဝယုတ္တိအတွက်ပါ”။

“ပထမနေ့မှာ ကောင်းကင်နဲ့မြေကြီးကို ဖန်ဆင်းတယ်၊ ဒုတိယနေ့ကျတော့ မိုးမျက်နှာကျက်ဖြစ်စေ၊

ရေနှင့်ရေခြင်း ခြားနားစေဆိုတဲ့ စကား မိန့်ကြားပြီး။ တတိယနေ့မှာ သစ်ပင်အမျိုးမျိုးကို ဖန်ဆင်းတယ်၊

စတုတ္ထနေ့မှာ နေကို ဖန်ဆင်းတယ်၊ အဲဒါ မိတ်ဆွေတို့ရဲ့ ဓမ္မဟောင်းကျမ်းထဲမှာ ပါတဲ့အတိုင်းပဲ၊ အဲဒီအထဲမှာ

နေကို မဖန်ဆင်းမှီသစ်ပင်အမျိုးမျိုးဖန်ဆင်းတယ်ဆိုတာ ထူးဆန်းမနေဘူးဘား? ဖြစ်နိုင်/မဖြစ်နိုင်စဉ်းစားကြပါ၊

သစ်ပင်များဟာ နေရဲ့အလင်းရောင်ကို မရဘဲ မရှင်သန်နိုင်ဘူးဆိုတာကို ဟောဒီ ပရိသတ်ထဲက တောင်သူ

လယ်သမားတိုင်း သိပါတယ်။ ယခုကာလ လောကဓာတ်ဆရာတွေကလည်း ချက်ခြင်းလက်တွေ့

ပြနိုင်ကြပါတယ်။ ဒီတော့ကာ မိတ်ဆွေတို့ ထာဝရာဘုရားဟာ ဒီအစီအစဉ်မှ နားမလည်ရာ မရောက်ပေ

ဘူးလား? စဉ်းစားကြပါ၊ ပြီးတော့ နေ မရှိဘဲနှင့် အလင်းရောင်ကို ဖန်ဆင်းတယ်တဲ့၊ ပြီးတော့

သစ်ပင်မြက်ပင်များ ရှူရှိုက်ဖို့ အောက်ဆီဂျင်+နိုက်တြိုဂျင်ဓာတ်များကိုလည်း မဖန်ဆင်းခဲ့ဘူး၊ ယခုပြော

ရတာက မိတ်ဆွေတို့စဉ်းစားကြဖို့သာ ပြောရတာပါ၊ အပြစ်ဆိုလိုတာ မဟုတ်ပါဘူး”။

“နောက်တတိယအချက်က ထာဝရဘုရားရဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။ ဓမ္မဆရာတစ်ယောက်က ထာဝရဘုရားဟာ

ပုံသဏ္ဍာန်မရှိ ဂေါတမဘုရားမှာသာ ပုံသဏ္ဍန်ရှာလို့ရတယ်လို့ ဆိုသွားပါတယ်၊ ထာဝရဘုရားဟာ

ဝိညာဉ်တော်သက်သက်ဖြစ်ပါတယ်တဲ့၊ ဒီမိတ်ဆွေ တစ်ယောက်သာ မဟုတ်ပါဘူး။ ခရစ်ယာန်တိုင်း အဲဒါကိုပဲ

ပြောလေ့ပြောထရှိကြတယ်။ ဝိညာဉ်တော်သက်သက် သာရှိတဲ့ ထာဝရဘုရားကို ဟုတ်/မဟုတ်

စဉ်းစားကြည့်ကြပါစို့”။

“ကမ္ဘာဦးကျမ်းမှာ ဆိုထားတာက (အာဒန်နှင့်ဧ၀)ဟာ မိတ်ဆွေတို့ ပြောတဲ့ ထာဝရဘုရားကို

မြင်ဖူးကြသတဲ့၊ (နောဧ)ဟာလည်း သေသေချာချာ မြင်ရသတဲ့၊ (ရာကုတ်)ကတော့ မြင်ယုံတင်မကဘူး၊

ထာဝရနှင့် နပန်းတောင်ချကြသေးတယ်။ မိုးလင်းခါနီးကျတော့ ထာဝရဘုရားက လွတ်ခိုင်းတာကို

မလွတ်တာနဲ့ ဝိညာဉ်တော်သက်သက် ရှိတဲ့ ထာဝရဘုရားက လက်သီးနှင့် ထိုးလိုက်လို့

ပေါင်ကျိုးသွားသေးသတဲ့၊ ကဲ…. အဲဒါ ဝိညာဉ်သက်သက် ထာဝရဘုရားမှာ လက်သီး ဘယ်ကရသလဲ

စဉ်းစားကြပါ”။

“အီဘရာဟင်’ ဆိုတဲ့လူက သူလည်း တွေ့ဖူးပါသတဲ့၊ ဒါတင်မက တစ်နေ့မှာ ထာဝရဘုရားဟာ

‘အီဘရာဟင်’အိမ်ကို လာပြီးတော့ ညစာတောင် စားသွားပါသေးသတဲ့၊ ‘မောရှေ’ကလည်း သေသေချာချာ

မြင်ရတဲ့လူပဲ၊ အဲဒီတော့ ဓမ္မကျမ်းက ထာဝရဘုရားကို မြင်ဖူးတွေ့ဖူးသူ ငါးယောက် ရှိမနေပေဘူးလား?

ဒီလိုဆိုရင် ဝိညာဉ်သက်သက် ဖြစ်တယ်ဆိုတဲ့ စကားကို မစဉ်းစား ထိုက်ဘူးလား? စဉ်းစားကြပါ၊

အရမ်းမယုံကြပါနဲ့”။

“ပြီးတော့ နာမ်ဝိညာဉ်သက်သက်ဖြစ်လို့ ပုံသဏ္ဍာန်မရှိဘူးတဲ့ အဲဒါသိရဲ့သားနဲ့ တမင်သက်သက်

ပြောတာ၊ သူတို့ ထာဝရဘုရားရဲ့ ပုံဏ္ဍာန်ကို ဓမ္မဟောင်းကျမ်းမှာ ပါတဲ့အတိုင်း ပြောရမှာ နည်းနည်း

ရှက်တာနဲ့တူတယ်လို့ ယူဆနိုင်စရာ ရှိပါတယ်။ ဒါကြောင့် သိရဲ့သားနဲ့တမင် သက်သက်ဖုံးထားတာလို့

ဆိုရမှာပဲ”။

“ဘာကြောင့်လည်းဆိုတော့ ဗျာဒိတ်တော်ကျမ်း အခန်း(၁)၊ အပိုဒ်(၁၄-၁၅-၁၆)မှာ ထာဝရဘုရားရဲ့

ပုံသဏ္ဍာန်ကိုသေသေချာချာ ဖေါ်ပြထားပါတယ်။ ပြီးတော့အခန်း(၅)အပိုဒ်(၆)မှာ လည်း ပါပါသေးတယ်”။

“အဲဒီကျမ်းအရဆိုရင် ထာဝရဘုရားရဲ့ ပုံသဏ္ဍာန်ဟာ ခေါင်းမွေးက နှင်းကဲ့သို့ ဖြူတယ်။ မျက်လုံးက

မီးရောင်ကဲ့သို့ တောက်ပတယ်။ ခြေထောက်က မီးရဲရဲ ဖုတ်ထားတဲ့ ကြေးနီဝါနဲ့ တူတယ်။ ညာဘက်လက်က

ကြယ်(၇)လုံးကို ကိုင်ထားတယ်။ ပါးစပ်မှာ နှစ်ဘက်သွား ဓါးရှည်ကြီး နှစ်ချောင်း ထွက်နေတယ်၊ ဦးချို

(၇)ချောင်း ရှိတယ်။ မျက်လုံး(၇)လုံး ရှိတယ်။ အဲဒါ ထာဝရဘုရားရဲ့ ပုံပါပဲ၊ အခုနေများ အဲဒီပုံ ရှိတဲ့

လူတစ်ယောက်ကိုများ တွေ့ရင် မိတ်ဆွေဖြစ်တဲ့ ဓမ္မဆရာတွေ အရင်ပြေးကြလိမ့်မယ်ထင်တယ်။

ဦးပဇင်းကတော့ ကြည့်ချင်တာနဲ့ မပြေးပါဘူး။ ဘယ့်နှယ်လဲ ဆရာကြီး ဦးသာဒင် ဆရာရှုတ်ချသွားတဲ့

ဂေါတမဘုရားရဲ့ လက္ခဏာတော်ကြီး (၃၂)ပါး၊ လက္ခဏာတော်ငယ် (၈၀)ဆိုတဲ့ ပုံအဆင်းတော်နဲ့

ဘယ်လိုကွာခြားတယ်ဆိုတာ တွေ့ပြီမဟုတ်လား”။

“စတုတ္ထအချက်က ထာဝရဘုရား နေတဲ့အရပ်ပါ၊ ထာဝရဘုရားရဲ့နေရာနှင့် ပတ်သက်လို့ မိတ်ဆွေ

ဓမ္မဆရာတို့က မပြောခဲ့ဘူး။ မပြောခဲ့ကြတာကတော့ မသိကြလို့နဲ့ တူပါတယ်။ မိတ်ဆွေတို့ မသိသေးရင်

ဦးပဇင်းကပဲ ပြောပြရသေးတာပေါ့။ ထာဝရဘုရားဟာ တန်ခိုးအကြီးဆုံး ဖြစ်တဲ့အတွက်ကောင်းကင်တစ်ခွင်မှာ

အလှဆုံး အတောက်ပဆုံးဖြစ်တဲ့ မြောက်ဘက်ကောင်းကင်မှာ ရှိတဲ့ (အိုရီယင်)လို့ခေါ်တဲ့ ခုနှစ်စဉ်ကြယ်ရဲ့

အလယ်ဗဟိုမှာ နေသတဲ့၊ အဲဒါဟာ ဦးပဇင်း ရမ်းပြောတာ မဟုတ်ပါဘူး။ (လူးကပ်စ်အာရိဒ်)ရေးတဲ့

(အက်စ်ထရွန်နော်မီအင်န်ဘိုင်ဘယ်လ်)လို့ ခေါ်တဲ့ နက္ခတ္တဗေဒနှင့်သမ္မာကျမ်းစာဆိုတဲ့ စာအုပ်၊ (ဂေါ့ဒ်စ်လင်း

ပလေ့စ်)ဆိုတဲ့ အခန်းမှာ ပါပါတယ်။ အဲဒီတော့ ထာဝရဘုရား နေတဲ့နေရာ ထင်ရှား သွားပြန်တာပေါ့လေ၊

အဲဒီစာအုပ်ကို ခရစ်ယာန်ဓမ္မ မိတ်ဆွေများ ဝယ်ပြီး ဖတ်ကြပါ။ အမေရိကန်ပြည်၊ ကာလီဖိုးနီးယားက

ထုတ်ဝေပါတယ်။ အဲဒီပုဂ္ဂိုလ်ကြီးကိုတော့ ဟောဒီထာဝရဘုရားရဲ့ နေရာကို မပြောတတ်တဲ့ ဓမ္မဆရာတွေက

ကျေးဇူးအများကြီးတင်ဖို့ ကောင်းပါတယ်။ မိတ်ဆွေတို့ပြောကြတဲ့ အတိုင်းသာဆိုရင် မိတ်ဆွေတို့ အင်မတန်

အထွဋ်အမြတ်ထားတဲ့ ထာဝရဘုရားမှာ နေစရာ နေရာမရှိသေးဘဲ၊ အိုးမဲ့အိမ်မဲ့ အခြေအနေမဲ့ ဖြစ်သွား

ပါလိမ့်မယ်”။

“ပဉ္စမအချက်ကတော့ ထာဝရရဲ့ သဘောထား ဖြစ်ပါတယ်။ တစ်ဘက်က မိတ်ဆွေ ဓမ္မဆရာတို့က

ထာဝရဘုရားရဲ့ အကြောင်းကို အကောင်းချည်းပဲ ပြောချင်ကြပါတယ်။ ထာဝရဘုရားရဲ့ မကောင်းကြောင်း

ကိုတော့ ဓမ္မဟောင်း ဓမ္မသစ် နှစ်ကျမ်းလုံးမှာပါ တွေ့မြင်နေရပါလျှက်နဲ့ တမင်ရှောင်ကွင်းပြီး ပြောသွား

ကြပါတယ်။ မိတ်ဆွေတို့က မပြောကြဘဲ ဖုံးကွယ်ထားကြလေတော့။ ဦးပဇင်းက လှစ်ဟပြီး ထာဝရဘုရားရဲ့

မကောင်းပုံတွေကိုပြောပြပါဦးမယ်”။

“ဦးပဇင်းလည်း မိတ်ဆွေတို့ရဲ့ ထာဝရဟာ ဘုရားဆိုတော့ အကောင်းချည်းပဲ ဖြစ်စေလိုတဲ့ စေတနာ

ထားပါတယ်။ ဒါပေမယ့် သမ္မာကျမ်းစာ ဖတ်ကြည့်လိုက်တဲ့အခါ ကျတော့မှ ဘုရားနဲ့ အံမကိုက်တဲ့ မကောင်း

တာတေ ပါတာ တွေ့ရပါတယ်။ ဒါက ဦးပဇင်း ပြောတာမဟုတ်ပါဘူး။ သူတို့ သမ္မာကျမ်းစာအတိုင်း

ပြောရတာပါ။ ဒါလည်း ထာဝရဘုရားကိုယ်တိုင်က ရိုးရိုးသားသား ဝန်ခံသွားတာလို့ဆိုပါတယ်”။

“ငါဟာ ငြူစူသော ဘုရားဖြစ်တယ်”လို့ ထာဝရကိုယ်တိုင် တရားဟောရာကျမ်း၊ ၄း၂၄-၌ ပြောခဲ့ကြောင်း

ဓမ္မသစ်ကျမ်းမှာ တွေ့ရပါတယ်။ တစ်ခါ ဓမ္မဟောင်းကျမ်း၊ တရားဟောရာကျမ်း ၇း၁၀-မှာလည်း

“ကိုယ်တော်ကို မုန်းသောသူတို့ကို ဖျက်ဆီးခြင်းငှာ သူတို့၏ မျက်မှောက်၌ အပြစ်ပေးသော

ဘုရားဖြစ်တော်မူကြောင်းကို သိမှတ်လော့”လို့ ပါရှိပါတယ်။ အဲဒီကျမ်း ၇း၁၆- မှာလည်း “သင်၏

ဘုရားသခင် ထာဝရဘုရားသခင်သည် သင်၌ ပေးအပ်တော်မူသော လူမျိုးအပေါင်းကို ဖျက်ဆီးရမည်။

သင်၏ မျက်စိသည် သူတို့ကို မသနားရ၊ သူတို့ဘုရားအား ဝတ်မပြုရ၊ ဝတ်ပြုလျှင် ထိမိ၍

လှဲစရာအကြောင်း ဖြစ်လိမ့်မည်”လို့ပါရှိပါတယ်”။

“ထာဝရဘုရားဟာ တစ်ခြားဘုရားတွေကို ယုံကြည်တဲ့လူတွေကိုသဘောကျဟန်မတူဘူး၊ ငါမှတစ်ပါး

တစ်ခြားဘုရားတွေကို မကြည်ညိုကြနဲ့လို့ ပြောခဲ့တယ်၊ ယေရှုကလည်း တစ်ခြားဘုရားတွေကို ပုတ်ခတ်တယ်။

ဓမ္မဟောင်း၊ ဓမ္မသစ်နှစ်ကျမ်းလုံးမှာ အဲဒါမျိုးတွေ ပြည့်နှက်နေပါတယ်။ ကိုယ့်တရားက တကယ်မှန်ကန်နေရင်

ငြူစူဖို့မလိုပါဘူး။ မနာလိုစရာ မရှိပါဘူး။ ခြောက်လန့်ဟန့်တားနေစရာ မလိုပါဘူး။ လာကြည့် လုပ်ကြည့်၊

စမ်းသပ်ကြည့်လို့ ဆိုရမှာပေါ့။ အခုတော့ မူမမှန်လို့ အဲဒီလို မပြောဝံ့ဘူး။ အမြဲတမ်းခြောက်လန့်နေရတယ်။

လာကြည့်ပါ။ စမ်းကြည့်ပါလို့ပြောရင်သူတို့ရဲ့ မူမမှန်တာတွေ ပေါ်ကုန်တော့မှာကိုး”။

“နောက်တစ်ခါ ထာဝရဘုရားရဲ့ အကျင့်စာရိတ္တ၊ အဲဒီထာဝရဘုရားရဲ့ အကျင့်စာရိတ္တကိုတော့ အထူး

ပြောနေစရာ မလိုပါဘူး။ ဓမ္မဟောင်းကျမ်း တစ်ခုလုံးကို လျှောက်ကြည့်မယ်ဆိုရင် မကောင်းမှုအတွက်

စဉ်းစားတာတွေ မကောင်းတာလုပ်ဖို့ လှုံ့ဆော်တာတွေ, တိုက်တွန်းတာတွေ, ကိုယ်တိုင်လုပ်ခဲ့တာတွေ,

အများကြီးတွေ့ရပါလိမ့်မယ်။ ဥပမာ ပုံစံကလေး နည်းနည်းလောက် ထုတ်ပြပါ့မယ်၊ အများစဉ်းစား

နိုင်အောင်ပေါ့လေ၊ ကမ္ဘာဦးကျမ်း အခန်း(၃၀)မှာ လှေကို ချောင်းကြည့်မိလို့ (ငါးသိန်းခုနှစ်ဆယ်)သော

လူများကို သတ်ဖြတ်ခဲ့သတဲ့၊ (၂ ၊ ၇၁ ၊ ၂၄ ၊ ၁၂) အရက်နဲ့ အမဲကင်ကိုလည်း အလွန်ကြိုက်သတဲ့၊ အဲဒါ

(တောလည်ရာကျမ်း) အခန်း(၂၈)မှာ အထင်အရှားပါတယ်။ နောက် လက်စားချေတတ်သတဲ့၊ ဒါလည်း

တောလည်ရာကျမ်း အခန်း(၂၈)မှာ ပါပါတယ်”။

“ထာဝရဘုရားဟာ သန်းကောင်စာရင်း သဘောပေါ့လေ၊ လူစာရင်းသာယူခိုင်းပြီးတော့ လူပေါင်းခုနှစ်

သောင်းကို သတ်ပစ်သတဲ့၊ (၂-၇၁-၂၄-၁၅)ကိုကြည့်ပါ၊ အဲဒီကျမ်း(၃၈း၇)မှာ (ယုဒ၏ သားဦး အေရ)ကို

ထာဝရဘုရားရှေ့၌ ဆိုးသောသူ ဖြစ်၍ သူ့ကို ထာဝရဘုရားက ကွပ်မျက်တော်မူ၏။ တစ်ခါ (၁၀း၁၁)မှာ

ထိုအမှုကို ထာဝရဘုရား နှစ်သက်တော်မမူသောကြောင့် “အောနမ်”ကိုလည်း ကွပ်မျက်တော်မူ၏လို့

ပါပြန်တယ်။ အဲဒါ ဘာကြောင့်လည်းဆိုတော့ “အောနမ်”ဟာ မုဆိုးမ မရီးကို သားသမီးရအောင်

မပေါင်းသင်းလို့ပါတဲ့။ တစ်ခါ လူသတ္တဝါများ အိမ်ရာထောင်မှု ဝါဒစိတ် ဓာတ်ကို ထာဝရဘုရားက

သွင်းပေးသတဲ့၊ (၃၀၀၊ ၂၂၊ ၂၃)။ လူသတ္တဝါများဟာ ရိုးလွန်းရင် မတတ်ဘဲ နေမှာစိုးလို့လားတော့

မပြောတတ်ဘူး။ လိမ်တတ်ညာတတ်အောင် မုသာဝါဒ စိတ်ဓာတ်ကိုပဲ ထာဝရဘုရားကသွင်းပေးသတဲ့၊

(၃၊၇၁၊၂၂၊၂၃)ဟေရှာလ အနာဂတ္တိကျမ်း အခန်း-(၁၃၊ အပိုဒ်၉၊ ၁၁၊၁၅၊၁၆)များမှာ ကြည့်ပါ။ မိတ်ဆွေတို့ရဲ့

ထာဝရဘုရား ဒေါသကြီးကြောင်းတွေ အများကြီး တွေ့ရပါလိမ့်မယ်”။

“သူပြောတာ မလိုက်နာလျှင်အပြစ်ရှိရောတဲ့အပြစ်ရှိတဲ့သူတွေကိုမကယ်တင်ဘူးတဲ့၊ ထာဝရဘုရားက

ကြိမ်ဆဲတာတွေလည်း အလွန်အသဲယားစရာ ကောင်းပါတယ်၊ တရားဟောရာကျမ်း အခန်း (၂၈)ကို

ဖတ်ကြည့်ပါ၊ ဦးပဇင်းက အချိန်နည်းလွန်းလို့ မဖတ်ပါရစေနဲ့တော့။ ထာဝရဘုရား သဘောထားသေးနှုတ်ပုံ

စိတ်ထားအောက်တန်းကျပုံတွေကို (မာလခိ အနာဂတ္တိကျမ်း) အခန်း(၂)မှာ တွေ့ရပါလိမ့်မယ်။

“ငါရဲ့ကျေးဇူးတော်တို့ကို မအောင့်မေ့လျှင် သင်တို့ကို ငါကြိမ် ဆဲမည်၊ သင်တို့သည် သားစဉ်မြေးဆက်

အာလုံးတို့ကိုကြောက်မက်ဖွယ်ရာ အပြစ်ဒဏ်ခတ်တော်မူမည်” စသည်တို့ကို အဲဒီအခန်းတွေ့ရပါလိမ့်မည်။

“လောကမှာ ရှိတဲ့ လူအတွေ လူဆွံ့တွေ ဒုက္ခိတတွေကို ဘယ်သူဖန်ဆင်းသလဲ? မကောင်းတာတွေ

အားလုံး သူပဲ ဖန်ဆင်းတယ်။ ဒါတင်မကသေးဘူး၊ မိတ်ဆွေတို့ရဲ့ထာဝရဘုရားက နှခေါင်းပြားတဲ့လူ

ခြေကျိုးတဲ့လူ၊ လည်ပင်းကျိုးတဲ့လူစသည်တို့ရဲ့ ပူဇော်သက္ကာရကို မခံယူလိုဘူးတဲ့၊ ဒါဖြစ်ရင်နှခေါင်းပြားတဲ့လူ,

ခြေကျိုးတဲ့လူစသူတို့ကို ဘာဖြစ်လို့ သူက ဖန်ဆင်းသေးလဲလို့ ဦးပဇင်းက မေးချင်ပါတယ်။ အဲဒီမှာ

နှခေါင်းပြားတဲ့ လူဆိုတာ ဗမာ၊ ကရင်၊ ချင်းတို့ကို ဆိုတယ်၊ ဗမာ၊ ကရင်၊ ချင်းတို့ကပူဇော်လျှင်လှူဒါန်းလျှင်

ထာဝရဘုရားက လက်မခံဘူးတဲ့။ ဘာဖြစ်လို့ လည်းဆိုတော့ နှခေါင်းပြားလို့တဲ့ ဦးပဇင်းကတော့

ဗမာလူမျိုးဖြစ်တဲ့အတွက် နှခေါင်းပြားတာနဲ့ ထာ ဝရဘုရားကိုမယုံ နိုင်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့

သူကနှာခေါင်းပြားတဲ့လူကိုမုန်းတာကိုး။

ဦးပဇင်းလည်း နှာခေါင်းပြားတဲ့လူမျိုးထဲပါနေတော့ ထာဝရဘုရားအလိုနဲ့ ကြည့်ရင် နှခေါင်းပြား

ရတာက တစ်ပြစ်၊ ခရစ်ယာန်ဘာသဝင်အဖြစ်နှင့် ထာဝရကို မယုံကြည်မိတဲ့ အပြစ်က တစ်ပြစ်နဲ့ အပြစ်နှစ်မျိုး

ရှိနေတော့ ထာဝရဘုရားက တော်တော်ငြိုငြင်တော်မူမှာပဲ ထင်တယ်။ ခရစ်ယာန်ဝါဒဟာ နှခေါင်းချွန်တဲ့

လူတွေအတွက်ထာဝရဘုရား ထားပစ်ခဲ့ကြောင်း ထင်ရှား နေပါတယ်”။

“ပညတ်တော်(၁၀)ပါးကို ပြောသွားကြပါတယ်။ အခု ဦးပဇင်းပြောသွားတဲ့ ကျမ်းစာပါ စကားများအရ

လူလူချင်းတော့ မသတ်နဲ့ဆိုတဲ့ သြဝါဒ ပညတ်ချက်ဟာ ထာဝရဘုရားရဲ့ ဒေါသကို တကယ် အထောက်

အကူပြုပုံ မရသလို ဖြစ်နေပါတယ်။ ဘာပြုလို့လည်းဆိုတော့ သူ့မကိုးကွယ်တဲ့လူကို စာရင်းသွင်းဟန်မတူဘူး။

မကိုးကွယ်မယုံကြည်တဲ့လူတွေကို အပြစ်ဒဏ်ခတ်ဖို့ အတော်ပဲ သေချာနေတော့ ဒီပညတ်ချက်တွေဟာ

ထာဝရဘုရားနဲ့ တစ်ခြားစီဖြစ်နေပါသည်၊ ကျုပ်တို့ရဲ့ ဂေါတမ ရှင်တော်ဘုရားကတော့ ရန်သူရယ်

မိတ်ဆွေရယ် မခွဲခြားပါဘူး၊ ကြိုက်ရင်ကိုးကွယ်၊ ယုံကြည်ရင် ပူဇော်၊ ဒါပါပဲ၊ လူကို လူလိုပဲ သဘော

ထားပါတယ်။ လူက မကိုးကွယ်ရုံနဲ့ လူမ ဟုတ်တော့သလို လူစာရင်းက ဖျက်မပစ်ပါဘူး။ အဲ

ထာဝရဘုရားကတော့သူ့ကိုမကိုးကွယ်ရင်လူမဟုတ်ဘူးဆိုသလို ဖြစ်နေတာထင်ရှားပါတယ်”။

“ဗမာ၊ ကရင်၊ချင်းတို့က ထာဝရဘုရားကို ကိုးကွယ်နေကြပေမယ့် သူတို့ဘုရားက သူတို့ကို

သဘောမကျဘူး နှာခေါင်းပြားလို့မုန်းသတဲ့။ ဒါကြောင့် ခရစ်ယာန်ဆိုတဲ့ ဗမာ, ကရင်၊ ချင်း-တို့ဟာ

ထာဝရဘုရားရဲ့ အချစ်တော်ဘဝကို ခံယူချင်ရင်၊ ထာဝရဘုရားရဲ့ကျေးဇူးသစ္စာကို စောင့်သိချင်ရင်

ခရစ်ယာန်အယူဝါဒကို မယူမှီ ပထမနှာခေါင်းချွန်အောင် အရင် အားထုတ်လုပ်ပါဦလို့ ဦးပဇင်းက

မေတ္တာရပ်ခံပါတယ်”။

“နောက်နံပါတ် (၆) အချက်က ဘုရားက ဖြစ်တဲ့ဘုရားလို့ ဆိုတဲ့ကိစ္စပါ။ မိတ်ဆွေ ဓမ္မဆရာများက

ဂေါတမဟာ လူကဖြစ်တဲ့ ဘုရားတဲ့ အဲဒီလိုပြောကြတယ်။ ပြောတဲ့အတိုင်းဟုတ်ပါတယ်၊ လူကဖြစ်တဲ့

ဘုရားပါလို့ ဦးပဇင်းကလည်း ဝန်ခံပါတယ်၊ ဦးပဇင်းကသာ မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာဝင်တိုင်းကပဲ

ဝန်ခံပါလိမ့်မယ်၊ ဂေါတမဘုရားဖြစ်တာဟာ အကျိုးတရားပါ။ အကျိုးရှိလာတာဟာ အကြောင်းရှိရမယ်ဆိုတာကို

တစ်ကမ္ဘာလုံး မှာရှိတဲ့ ဘာသာဝင်တိုင်းက ထောက်ခံကြပါတယ်၊ ဘုရားဖြစ်ဖို့ အကြောင်းတွေကို

အကြောင်းပြုပြီးတော့ လက်တွေ့အားထုတ်ကြိုးပမ်းခဲ့တဲ့အတွက် ဘုရားတည်းဟူသော အကျိုးတရားကို

ရခဲ့ပါတယ်။ အလွန်ပဲ သဘာဝကျပါတယ်”။

“ဘုရားဖြစ်ဖို့ ကိစ္စကို ဂေါတမဘုရားအလောင်းတော်ဟာ အလွန်အမင်းအားထုတ် ကြိုးပမ်းတော်

မူခဲ့ရပါတယ်။ ဒုက္ခတွေ အများကြီး ခံခဲ့ရပါတယ်။ စွန့်လွတ်ခြင်း အမျိုးမျိုးကို အကုန်အစင်စွန့်လွတ်ခဲ့ရပါတယ်။

တွယ်တာစရာ အစွဲအမှတ်သညာဟူသမျှကို တစ်စုံတစ်ခုမျှ မငြိကပ်အောင် အားလုံးကို တွန်းလှန်

ပစ်ခွာတော်မူခဲ့ရပါတယ်၊ ဒီလောက် လူသားတို့က အမှန်အဟုတ်လို့ ထင်နေတဲ့ ဥပါဒါန်အစွဲအမှတ်တွေကို

အမှန်အတိုင်း ဘာမှမဟုတ်တဲ့ရုပ်နာမ်ဓမ္မသဘာ၀ အဖွဲ့စည်းပေါ်ပေါက်မှုကိုတခဏတာပါလားလို့အမှန်သိတဲ့

သဗ္ဗညုတဉာဏ်တော်ကိုရအောင်အားထုတ်တော်မူခဲ့ရပါ တယ်”။

“ဂေါတမဘုရား ဖြစ်ဖို့အကြောင်းကိုအားရုံပြုသောအားဖြင့်ဘုရားတည်းဟူသော အကျိုးကို ရပါတယ်။

ထိုရရှိသော တရားဟာ ဤလောကရှိ ရုပ်နာမ်သဘာ၀ သက်ရှိလောကရဲ့ ဇာတိအဖြစ်သည် ဆင်းရဲခြင်းကို

ပန္နက်ရိုက်ခြင်းပင်၊ ဒီပန္နက်ကို အစွဲပြုပြီး ဇရာ(အိုခြင်း)၊ ဗျာဓိ (နာရခြင်း)၊ မရဏ(သေရခြင်း)ဆိုတဲ့ သဘာ၀

ဒုက္ခကြီးတို့၏ အုပ်စိုးရာဘဝအဖြစ်ပါကလား။ ဒီဘဝမျိုးရဲ့ ကုန်ရာကုန်ခြင်းသည်(သန္တိသုခ) နိဗ္ဗာန်ဓာတ်သား

အဖြစ်ရမှသာလျှင်ဖြစ်ပါကလားလို့သိမြင်တော်မူခဲ့ပါတယ်”။

“ဂေါတမ ဗုဒ္ဒကိုယ်တော်တိုင်လည်း ဒီအတိုင်းသိမြင်ပြီး လူတွေကိုလည်း ဒီအတိုင်း သိမြင်ကြရန်သာ

ဟောပြောပြသ လမ်းညွန်တော်မူခဲ့ပါတယ်”။

“ထာဝရဘုရားလိုတော့ လူတွေထဲက သူ့ကိုယုံကြည်ကိုးကွယ်တဲ့ လူကိုမှ ကယ်တင်မယ်။

မယုံကြည်တဲ့လူ ငြိုငြင်ငြူစူခြင်း ခံရမယ်။ ဒဏ်ခတ်မယ်လို့ မပြောခဲ့၊ မဟောခဲ့ပါဘူး။ ဂေါတမရှင်တော်ဘုရား

ဟောတာကတော့ ဘယ်သူပဲဖြစ်ဖြစ် မိမိတို့ရဲ့ ကိလေသာများရင် များသလောက် လောင်မြိုက်မှု ဒုက္ခတွေ

ခံရမယ်။ ကိလေသာနည်းရင် နည်းသလောက် မီးအေးမယ်လို့ ဆိုလိုပါတယ်။ ကိလေသာဆိုတာ ဘာလဲ?

လောဘ-အပိုကို တပ်မက်တွယ်တာခြင်း၊ ဒေါသ-အမျက်ထွက်ခြင်း၊ မောဟ- မသိနားမလည်ခြင်း၊

တွေဝေခြင်းကိုဆိုလိုပါတယ်”။

“အဲဒါတွေကို သိနားလည်ရင် ဘယ်သူပဲ သိနားလည် သိနားလည်၊ ကိုယ့်ဟာကိုယ်

လောင်မြိုက်ခံရတဲ့မီးက ငြိမ်းအေးမယ်။ ကင်းလွတ်မယ်လို့ ဆိုလိုပါတယ်။ ဆိုလိုရင်းကတော့ ဗုဒ္ဓရဲ့

အလိုအားဖြင့် အကြောင်းတစ်ခု ရှိလို့သာ အကျိုးတစ်ခုပေါ်လာခြင်းစတဲ့ ဆက်စပ်မှုများ မဆုံးရင်

သံသရာလို့ခေါ်ပါတယ်”။

“ဒီသံသရာဆိုတဲ့ အကြောင်းအကျိုးဆက် သဘာဝဒုက္ခကြီး ရှိနေသမျှ သားကိစ္စ၊ သမီး ကိစ္စ၊

စီးပွားရေးကိစ္စ၊ ဘဝအသက်တည်မြဲရေးဆိုတဲ့ ကျန်းမာရေး၊ စားသောက်နေထိုင်ရေး၊ ဒီစားသောက်နေ

ထိုင်ရေးတို့ ပြည့်စုံဖူလုံသော်လည်း လျော့ပါးသွားမှာကို ပူဆွေးစိုးရိမ်ရခြင်း၊ မပြည့်စုံသဖြင့် တောင့်တမျှော်မှန်း

အားထုတ်ရခြင်းစတဲ့ ဝေါဟာရ ဒုက္ခတွေလည်း မဆုံးနိုင်အောင် ထပ်ဆင့် တိုးပွား များပြားနေကြရပါတယ်။

အဲဒီတော့ အကြောင်းအကျိုးဆက် ဒီသံသရာက အကြောင်းအကျိုးကင်းတော့ ငြိမ်းချမ်းရေးကို ရအောင်

လောဘ၊ ဒေါသ၊ မောဟတွေကိုပယ်ကြပါလို့ဂေါတမရှင်တော်ဘုရားက ဟောကြားတော်မူခဲ့ပါယတယ်”။

“အဲဒီတော့ ဘုရားဖြစ်ရေး အားထုတ်မှုကြောင့် ဘုရားဖြစ်ရတဲ့ လူသာမန်က ဘုရားဖြစ်တာကိုတော့

တစ်ကမ္ဘာလုံးက မငြင်းပါဘူး။ ခေတ်ပေါ်ပညာရှိများနှင့် စဉ်းစားကြတဲ့ ပုဂ္ဂိုလ်တိုင်းကလည်း

ထောက်ခံထားကြပြီးပါပြီ”။

“ဥပမာ ပုံစံပြောရမယ်ဆိုရင်- ကျောင်းနေပြီး ပညာသင်ကြား အားထုတ်ခဲ့တဲ့အတွက်ဘီအေ၊ အမ်အေ၊

အိုင်စီအက်စ်-စတဲ့ စာမေးပွဲတွေအောင်ပြီး ဘွဲ့ဒီဂရီတွေ ရခဲ့တဲ့အတွက်ကြောင့် မြို့အုပ်၊ ဝန်ထောက်၊

အရေးပိုင်-အစရှိတဲ့ အကျိုးတွေ ရခဲ့ပါတယ်။ ဒီပရိသတ်ထဲက အရေးပိုင် မဖြစ်ချင်တဲ့လူ၊ ဘုရာင်ခံ

မဖြစ်ချင်တဲ့လူရှိပါသလား? ရှိမယ်မဟုတ်ပါဘူး၊ အားလုံးဖြစ်ချင်ကြမှာပဲ၊ သို့သော်ဘာကြောင့် မဖြစ်ကြသလဲ?

ဖြစ်နိုင်တဲ့ အကြောင်းတရားတွေကို အားမထုတ်ခဲ့လို့ပေါ့။ သာမညလူက သူဌေးကြီးဖြစ်တာ

အံ့သြစရာကောင်းတယ်၊ သူဌေးသားက သူဌေးဖြစ်တာ ဘာများ အံ့သြစရာ ရှိပါ့မလဲ။ သည်လိုပဲ

လူကဘုရားဖြစ်တာ အံ့သြစရာပေါ့၊ ဘုရားကဘုရားဖြစ်နေဖို့ မလိုပါဘူး။ ဘုရားကဘုရား, လူက

လူဖြစ်တယ်ဆိုတာ အံ့သြစရာလား? လူက ဘုရားဖြစ်ရင်ဘုရားက လူဖြစ်ရင်၊ လူက မျောက်ဖြစ်ရင်၊ မျောက်က

လူဖြစ်ရင်၊ အံ့သြစရာမကောင်း ပေဘူးလား?။

“ပြောတိုင်းသာ ယုံကြစတမ်းဆိုရင် အားလုံးကိုယ်ပိုင်ဉာဏ်ဆိုတာတွေဟာ အလကားချည်း

ဖြစ်ရတော့မယ်။ လူမဆိုထားနဲ့ တိရစ္ဆာန်တောင် ယုံထိုက်မှ ယုံတာ၊ ခွေးတစ်ကောင်ကို

သူ့သခင်ယောင်ဆောင်ပြီးပြလို့ ယုံမယ်ထင်သလား? မြင်းတို့၊ နွားတို့လည်း ဒီလိုပဲ၊ ဆင်ဆိုတာ ပိုတောင်

ဆိုးသေးတယ်။ စီးနေကျ သူ့ဦးစီးမဟုတ်ရင်ခါချပြီး နင်းသတ်တာမျိုး ဒီအထိသူတို့လည်း ဉာဏ်တွေရှိတာပဲ။ ငါ

– မင့်သခင်လုပ်မယ် ဆိုရုံနဲ့ ရတာမျိုးတော့ ကျွန်ပ်တို့ လူသား လူတွေပဲရှိတာ ဟုတ်မဟုတ် စဉ်းစားကို

မစဉ်းစားချင်ကြဘူး။ လွမ်းစရာပြောရင် လွမ်းပစ်လိုက်တာပဲ, ဟုတ်လို့ လွမ်းတာက နည်းနည်း၊

လွမ်းစရာကောင်းလို့ လွမ်းကြတာပါ။ ပွဲထဲများ ကြည့်ပါလား၊ ဇာတ်ကတယ်ဆိုတာ ငှါးတဲ့သူက ပိုက်ဆံပေးလို့

လာကတာ။ ပွဲကြည့်တဲ့လူတွေက လွမ်းခန်းမှာ မျက်ရည်များသုတ်လို့ ဟိုမှာ တကယ်ဖြစ်နေတာလည်း

မဟုတ်ဘူး၊ ဇာတ်ကနေတာပါ၊ သူ့မှာ တကယ်ဖြစ်နေတယ်အံ့ရော”။

“အဲဒါ ကျုပ်တို့ လူမျိုးတွေပဲ၊ ဟုတ်မဟုတ် ယုတ္တိသဘာဝနဲ့လည်း နည်းနည်းတော့ စဉ်းစားကြဦးမှပေါ့။

ပြောတိုင်းယုံဖို့ဆိုတာ ကောင်းလည်းမကောင်းပါဘူး။ သဘာဝလည်းမကျပါဘူး။ ကိုယ့်မှာရှိတဲ့ မျက်စိ၊ နား၊ နှာ၊

လျှာ၊ ကိုယ်အတွေးနှင့်လည်း လေ့လာစဉ်းစား ကြဦးမှပေါ့”။

“ဘုရားက ဘုရားဖြစ်တယ်ဆိုတာ ယုတ္တိမရှိပါဘူး။ ဒါကို ကိုးကားပြောဆိုလို့ ကောင်းတဲ့

မြန်မာစကားတောင် မဟုတ်ဘူး။ ဘုရားက ဘုရားဖြစ်တယ်ဆိုတာ ယုတ္တိကင်းမဲ့တဲ့ အတွက် ယုံကြည်ဖို့

အလွန်ခဲယဉ်းပါတယ်။ ပြောတိုင်းမယုံကြည်ကြပါနဲ့။ စဉ်းစားပြီးမှ ယုံကြပါ။ လူတစ်ယောက်ဟာ ကျောင်းနေပြီး

စာမသင်ဖူးပဲနဲ့ ဘီအေ၊ အမ်အေ၊ အိုင်စီအက်စ် အောင်တယ်ဆိုတာ မိတ်ဆွေတို့ ယုံကြမလား?

လယ်သမားတစ်ယောက်က လယ်ထဲဆင်းလည်းမဆင်း၊ ထွန်လည်း မထွန်၊ ပျိုးလည်း မနှုတ်၊ ကောက်လည်း

မစိုက်၊ ရိတ်နယ်ခြင်း မပြုပါဘဲနှင့် အိမ်ပေါ်မှာ အိပ်နေရုံမျှနဲ့ စပါးရနိုင်ပါ့မလား? ဘယ်တော့မျ မရနိုင်ပါဘူး။

လုပ်မှကိုင်မှ ရကြတယ်ဆိုတာ အထင်အရှားပါ။ အခုလည်း ဘုရားဖြစ်တယ်ဆိုတာ ဘုရားဖြစ်ဖို့လုပ်ငန်းများကို

မလုပ်ပါဘဲနဲ့ ယုတ္တိရှိပါ့မလား? ယုတ္တိမရှိပါဘူး။ အဲဒီလို ယုတ္တိ မရှိတာကို ယုံသင့် မယုံသင့် စဉ်းစားကြည့် ကြစမ်းပါ”။

“ထာဝရဘုရားကတော့ သူ့သာ ယုံကြည်ကိုးကွယ်ဘာမှမပူနဲ့တဲ့။ ကဲ ယုံကြမလား? ယုံနေတဲ့သူတွေ

အခုဒီမှာ အများကြီးပဲ ထာဝရပေးလို့ရတဲ့ ဆန်စပါး ဘယ်နှစ်ယောက် စားရဖူးသလဲ? ကိုယ့်ဟာကို

လုပ်လို့ရတာသော်လည်းကောင်း၊ ကိုယ်ပိုင်ဉာဏ်နဲ့ ရှာကြံလို့ ရရှိတဲ့ ပိုက်ဆံနှင့် တန်ရာတန်ကြေးပေးမှ

ရရှိကြတာချည်း မဟုတ်ပါလား? ဦးပဇင်းတို့ရဲ့ ဂေါတမရှင်တော်ဘုရားကတော့ (အတ္တာဟိ အတ္တာနော

နာထော)တဲ့၊ ကိုယ့်အားကိုယ်ကို ကိုးကြတဲ့။ ကဲ …ဒီတော့ကာ လက်တွေ့မှာ ကိုယ်လုပ်မှ က်ိုယ်ရတာကို

ထင်ရှားမနေပေဘူးလား? ဘယ်ဘုရားဟောတာက ခုလူတွေမှာ လက်တွေ့မှန်သလဲ? ခရစ်ယာန်

ဓမ္မဆရာကြီးတွေ ပြောသလို ထာဝရဘုရားမှာ တန်ခိုးတော်အနန္တရှိတယ်ဆိုရင်ဒီဓမ္မဆရာကြီးတွေ ကိုယ်တိုင်

ဒီထိအောင်ပင်ပန်းခံပြီး လာနေစရာတောင် မလိုဘူး။ အိမ်ကနေပြီး ထာဝရဘုရားကို တ်ိုင်တည်

ဆုတောင်းလိုက်ရင် အားလုံးကိစ္စ ပြီးနေတော့မယ် မဟုတ်လား? ဦးပဇင်းတို့လည်း သူတို့ရဲ့ ဆုတောင်း

ပြည့်သွားတဲ့အတိုင်း ရှုံးပြီး အေးအေးဆေးဆေး ထိုင်နေရုံပဲ ရှိတော့တယ်။ ဘာမှကို ပြောနေစရာမလိုတော့ဘူး

မဟုတ်လား?”

“ဟော–အခုတော့ မနက်အချိန်ကပဲ လူတွေ ဗုဒ္ဓဘာသာဘက်ကို ကူးပြောင်းလာနေကြပြီ။ ဘာပြုလို့

အနန္တတန်ခိုးတော်ရှင် ထာဝရဘုရားဟာ သူ့ကို ယုံကြည်ကိုးကွယ်ကြည်ညိုတဲ့ လူတွေ ဗုဒ္ဓဘာသာဘက်ကို

ကူးပြောင်းလာတာ ကြည့်နေရသလဲ? (သြဘာသံများ)

“နောက်တစ်ခါ သတ္တမအချက်က သုံးခုတစ်ဆူ ဘုရားဆိုတဲ့ ကိစ္စ၊ ဓမ္မဆရာတစ်ယောက်က

ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သုံးခုပေါင်း ဘုရားတစ်ဆူ ဖြစ်တယ်လို့

ပြောသွားတယ်။ ခမည်းတော်ဆိုတာက ထာဝရ၊ သားတော်ဆိုတာက ယေရှုခရစ်လို့ ဆိုလိုပါတယ်။

ထာဝရနှင့်ယေရှုခရစ်တို့ဟာ တူပါတယ်တဲ့။ မတူတဲ့အကြောင်းကို ဦးပဇင်းက ပြောပြရသေးတာပေါ့၊

ဓမ္မဟောင်းကျမ်းမှာ ထာဝရဘုရားက လက်စားချေဖို့ ဟောတယ်။ ကိုယ့်သွားတစ်ချောင်းကို ချိုးရင်

သူ့သွားတစ်ချောင်းကိုချိုးပစ်ရမယ်တဲ့။ ကိုယ့်မျက်လုံးတစ်လုံကို ဖေါက်ရင်သူ့မျက်လုံးတစ်လုံးဖေါက်ရမယ်တဲ့။

(AN EYE FOR AN EYE) ဆိုတဲ့တရားပေါ့။ အဲဒါဟာ ခမည်းတော်ထာဝရဘုရားရဲ့ တရားပါပဲ။

အဲ….သားတော် ယေရှုခရစ်ကတော့ လက်စားမချေဖို့၊ သည်းခံဖို့ဟောတယ်။ ညာဘက်ပါးကို

ရိုက်လာလျှင် ဘယ်ဘက်က ပါးကိုပါ အရိုက်ခံလိုက်ပါတဲ့။ အဲဒီတော့ ခမည်းတော်နှင့် သားတော်

ကွဲမနေပေဘူးလား? ဟောတဲ့တရားဟာ ဒီလောက်ကွဲနေရင်တူတယ်ဆိုတဲ့ စကားဟာ မဟုတ်နိုင်တော့ဘူး။

ယေရှုခရစ်ဘာ့ကြောင့်ဘာလုပ်ဖို့လာသလဲ? ဆိုတဲ့ကိစ္စကို ကြည့်ရင်အလွန်ရှင်းနေပါတယ်။ သတ္တဝါအများကို

ကယ်တင်ရန် လာတယ်လို့ပြောတယ်။ အဲဒီသတ္တဝါဆိုတာ အကုန်လုံးကို မဟုတ်ဘူး။

ဣသရေလ(ဂျုး)လူမျိုးတို့ကိုသာ ဆိုလိုတာပါ။ ဗမာ၊ ကရင်၊ ချင်းတို့ဟာ ဒီအချက်ကို အထူးသတိပြုဖို့

လိုပါတယ်။ နက်နက်နဲနဲ စဉ်းစားကြဖို့ ကောင်းပါတယ်။ (ရှင်မဿဲ ခရစ်ဝင်) အခန်း(၁၀)၊ အပိုဒ်(၅)မှာ

သင်တို့သည် တစ်ပါး အမျိုးသားတို့ ရှိရာသို့ မသွားကြနှင့် ရှမာရိ(ဆမားရိယန်း) မြို့ရွာထဲသို့ မဝင်ကြနှင့်၊

ဣသရေလအမျိုး ပျောက်လွင့်သော သိုးများရှိရာသို့ အရင်သွားကြလော့လို့ ယေရှုကိုယ်တိုင် ပြောခဲ့တဲ့

စကားကိုထောက်ရင် တခြားလူမျိုးတွေ အတွက် ခရစ်တော် ပေါ်လာတာ မဟုတ်ပါဘူး။

ဣသရေလူမျိုးများအတွက်သာ ပေါ်လာတာထင်ရှားပါတယ်”။

“ဗုဒ္ဓရှင်တော်ဘုရား ဖြစ်ပေါ်လာခြင်းဟာ ကမ္ဘာသူ၊ ကမ္ဘာသား လူမျိုးမခြား၊ အားလုံး အတွက်

ဖြစ်ကြောင်း ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ (ဗုဒ္ဓေါ လောကေ သမုပ္ပန္နော ဟိတာယ သဗ္ဗပါဏိနံ၊

ဗုဒ္ဓေါ လောကေ ဥပ္ပဇ္ဇတိ ဗဟုဇနဟိတာယ သုခါယ အတ္ထာယ)အစရှိတဲ့ လောကတစ်ခုလုံးအတွက်

ဖြစ်ပေါ်လာကြောင်း အဆိုအမိန့် အထောက်အထားတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် ဦးပဇင်းတို့ရဲ့

ဗုဒ္ဓရှင်တော်ပေါ်လာရခြင်းကတော့ ခရစ်တော်နှင့်မတူဘဲ ကမ္ဘာသူ၊ ကမ္ဘာသားဆိုရင် ဘယ်လူမျိုးပဲဖြစ်ဖြစ်

သတ္တဝါအားလုံးအတွက်ပဲ ဖြစ်ပါတယ်။ အဲဒါက ဘယ်သူမှ မငြင်းနိုင်တဲ့ အချက်ဖြစ်တယ်။

ဟောဒီဓမ္မဆရာကြီးများလည်း ဗုဒ္ဓဘာသာတရားတော်များကို သိပြီးနားလည်ပြီး ပုဂ္ဂိုလ်များ ဖြစ်ပါတယ်။

ဘယ်နေရာ ဘယ်ပါဠိတော်များမှ ဗုဒ္ဓရှင်တော်ဘုရားဟာ သတ္တဝါခွဲခြားမှု ငါ့ကိုသာ ကိုးကွယ်ကြ၊ ငါ့ကို

မကိုးကွယ်တဲ့လူကို သတ်ကြ၊ ဖြတ်ကြလို့ ဟောတဲ့ စကားလုံးများ တွေ့ဖူးကြပါသလား။ ပါတယ်ဆိုရင်

အခုထောက်ပြကြပါ။ ဦးပဇင်းက အရှုံး ပေးလိုက်ပါ့မယ်”။

“သူဟောတဲ့တရားကို လိုက်နာကျင့်သုံးသူ၊ သူညွန်ပြတဲ့ တားမြစ်ချက်ကို မလုပ်ဘဲ ရှောင်ကြဉ်သူ

မည်သူမဆို နှာခေါင်းချွန်သူဖြစ်စေ၊ လုံးသည်ဖြစ်စေ၊ ပြားသည်ဖြစ်စေ ဧကန်မုချ သံသရာမှ လွတ်ခွင့်ရမယ်တဲ့

လက်တွေ့သိချင်ရင်လူ့လောက ကိလေသာကုန်ရေး တရားကို အားထုတ်ကျင့် ကြံကြည့်ပါ။ မှန်တာတွေချည်း

ဖြစ်နေတာကို တွေ့ရပါ့မယ်။ အဲဒီတရားကိုတကယ်ယုံကြည်လို့ အားထုတ်ရင်တကယ်ပင်ဒီဝဋ်ဆင်းရဲတို့ရဲ့

ဒုက္ခသား လောကီဘုံမှာ နေရင်း ငုတ်တုတ်တစ်ဆက်တည်း ငြိမ်းချမ်းမှု အမှန်ကိုတွေ့ရမယ်။ သံသရာက

လွတ်ထွက်သွားပါလိမ့်မယ်။ အဲဒါဟာ ဗုဒ္ဓဂေါတမတရဲ့ သန္ဒိဋ္ဌိက (ကိုယ်တွေ့၊လက်င်း)၊ အကာလိက

(အခါကာလမဆိုင်းပဲ) တရားတော်ရဲ့ ဂုဏ်နဲ့အညီဖြစ်ပါတယ်။ ကိုယ်တိုင်ကျင့်ရင်ကျင့်သူရမယ်။ သူတစ်ပါးကို

လုပ်ပေးလို့မရဘူး။ ကိုယ်လွတ်မြောက်ရေးအတွက်သူတစ်ပါးကလည်း လုပ်ပေးလို့မရပါဘူး”။

“ကိုယ့်အဖို့ ထမင်းဝချင်ရင် ကိုယ်ကိုယ်တိုင် စားမှ ထမင်းဝမယ်” ဆိုတဲ့စကားဟာ ဗုဒ္ဓဘုရားရှင်ရဲ့ဝါဒ

အဆိုအမိန့်နှင့် ကိုက်ညီတဲ့စကားပေါ့။ အဲဒီ ရှင်မဿဲ ခရစ်ဝင် အပိုဒ်(၃၄)ရောက်တော့ ခရစ်ပေါ်လာရခြင်း

အကြောင်းကို ခရစ်တော်ကိုယ်တိုင်က အတိအလင်းပြောဆိုခဲ့ပါတယ်။ မြေပေါ်သို့ ငြိမ်သက်ခြင်းကို

စေလွတ်အပ်သောငှာ ငါလာသည်ဟု မထင်ကြလင့်၊ ငြိမ်သက်ခြင်းကို စေလွတ်အပ်သောငှာ

ငါလာသည်မဟုတ်၊ ဓါးကို စေလွတ်အပ်သောငှာ ငါလာသတည်းတဲ့။ အခန်း(၃၅)မှာတော့ “အဖနှင့်သား၊

အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမအချင်းချင်း ကွဲပြားစေချင်းငှာ ငါလာသတည်း”။ အဲဒါ ယေရှုခရစ်တော်

ပေါ်လာရတဲ့အကြောင်းပါပဲ။ အလွန်ရှင်းနေပါတယ်”။

“အဲဒါဟာ သခင်ယေရှုရဲ့ မေတ္တာတော်တွေပါပဲဗျ၊ ဘာလုပ်ဖို့လာသလဲဆိုတာ ရှင်းမနေပေဘူးလား?

အဲဒါ ဘုရားတဲ့လားဗျာ ..?

“ဘာလုပ်ဖို့လာတယ်ဆိုတာ စဉ်းစားစရာလိုသေးသလာ? ဦးပဇင်းက တမင်ထွင်ပြီးတော့ ပြောတာ

မဟုတ်ပါဘူး။ ကျမ်းစာအထဲမှာ ပါတဲ့အတ်ိုင်း ပြောရတာပါ။ ဣသရေလ လူမျိုးမှ တစ်ပါး အခြားလူမျိုးကို

ငါကယ်တင်ရန် လာသည်မဟုတ်။ ဓါးကို စေလွတ်ရန် လာတယ်ဆိုတော့ ပြောရမှာတောင် တော်တော်

ခက်ပါတယ်။ အေး….တစ်ခုတော့မှန်ပါရဲ့, အချင်းချင်းကွဲပြားစေရန်၊ မုန်းတည်းစေရန်လာတယ်ဆိုတဲ့အတိုင်း

ယေရှုဘာသာကို ယုံကြည်ကြတဲ့နေ့ကစပြီး ဗမာအချင်းချင်းလည်း ကွဲရတယ်၊ ကရင်၊ ချင်းတို့လည်း

ကွဲကြရတယ်။ ပေါင်းသင်းဆက်ဆံရေးတွေလည်း ပျက်ပြားရတယ်။ အနေအစားလည်း ကွဲတယ်၊

အယူအဆလည်း ကွဲတယ်၊ သွေးစည်းမှုလည်းကွဲလို့ပျက်နေပြီ၊ အဲဒါ ခရစ်ယာန်ဝါဒရဲ့ အကျိုးပဲပေါ့”။

“နီပေါလ်ပြည်မှာ `သမ္မာကျမ်းစာနောက်က `ဓါး´ပါတယ်´ ဆိုတဲ့စကားပုံရှိတယ်။ ခရစ်ယာန်

သာသနာပြုရဲ့ နောက် အုပ်ချုပ်တဲ့ အစိုးရလိုက်လာတယ်လို့ ဆိုလိုပါတယ်။ ဗမာပဲ ချင်းပဲ ကရင်ပဲလို့

ကွဲပြားနေတာဟာ ခရစ်ယာန်ဝါဒကြောင့်လို့ အတတ်ဆိုစရာ ဖြစ်မနေပေဘူးလား။ ဦးပဇင်းကိုယ်တိုင်ကတော့

မိတ်ဆွေ ဓမ္မဆရာများနှင့်တကွ ခရစ်ယာန်ဘာသာဝင် မြန်မာ၊ ကရင်၊ ချင်းတို့ကို ဘာသာအယူဝါဒပင်

ကွဲပြားနေသော်လည်း တပြည်ထဲက မွေးပြီး တမိထဲက ပေါက်ဖွားတဲ့သွေးတူသားတူတွေမို့ မုန်းတီးဖို့ဟောတဲ့

တရားကို မလိုက်နာလိုပါဘူး။ ဦးပဇင်းအနေနဲ့ ဒီကွဲနေတဲ့ စိတ်ထား စေတနာတွေကို စဉ်းစားမိပြီး

သဘောပေါက်နေလို့ကိုယ့်သွေးသားချင်းတွေပဲ ဆိုတဲ့အနေနဲ့ မမုန်းတော့မမုန်းပါဘူး၊ ဘာသာဆိုတာကတော့

ကြိုက်တာယုံပေါ့၊ ယူကြပေါ့၊ လူမျိုးချင်းအနေနဲ့ ဘာသာရေး အကြောင်းပြုပြီး ကွဲရတာမျိုးတော့

ဦးပဇင်းမကျေနပ်ဘူး။ ကွဲခံရတာကို မကျေနပ်တာကိုပြောတာပါ၊ မုန်းတော့မမုန်းပါဘူး”။

“ဦးပဇင်းတို့ရဲ့ ဂေါတမကတော့ မုန်းတီးဖို့ မဟောခဲ့ဘဲ ချစ်ဖို့ကိုသာ ဟောတော်မူခဲ့တာကိုး၊

မုန်းတာဟာ မကောင်းပါဘူး။ ဘာသာရေးဆိုတာ အလွန်အရေးကြီးတဲ့ ကိစ္စမို့ အရမ်းမယုံဘဲ နက်နက်နဲနဲ

အထူးစဉ်းစားကြဖို့ လိုပါတယ်။ မစဉ်းစားရင် မှားတတ်ပါတယ်၊ လူတိုင်းမှာ လွတ်လပ်ခွင့်ရှိလိို့ ယုံချင်တာကို

ယုံနိုင်ပါတယ်။ အခုဦးပဇင်းပြောတာကို ယုတ္တိရှိ/မရှိအကျိုးအကြောင်း ညီ/မညီကိုသာ စဉ်းစားဖို့ ပြောတာပါ။

စဉ်းစားပြီးမှ ယုံဖို့ တိုက်တွန်းလိုပါတယ်။ ဦးပဇင်းရဲ့ ဝါဒကတော့ ကိုယ်လည်းအရမ်းမယုံချင်ဘူး။

သူများကိုလည်းပဲ အရမ်းမယုံစေချင်ဘူး။ နည်နည်းတော့ စဉ်းစား စေချင်ပါတယ်။ အဲ…ဒါပေမယ့်

ဆင်ခြင်တုံတရားနဲ့ အမှားအမှန်ကို ဝေဖန်ပိုင်းခြားမယ် ဆိုရင်တော့ ဦးပဇင်းက ပြောပါ့မယ်။ မှားသလား?

မှန်သလား? စဉ်းစားကြပေါ့လေ။ ဦးပဇင်းတို့ရဲ့ ဗုဒ္ဓဘာသာဟာ ဆင်ခြင်တုံ တရားကို အများကြီးအားပေးတဲ့

ဘာသာဖြစ်ပါတယ်”။

“ကိုယ့်ဘာသာ မယုံလို့ တစ်ဘက်ဘာသာဝင်တွေကို သတ်လားဖြတ်လား ဘယ်တော့မှ မလုပ်ပါဘူး၊

ယုံရင်လိုက်နာကိုးကွယ်ကြ၊ မယုံကြည်ရင်လည်းနေပေါ့၊ ဦးပဇင်းတို့ ဘုရားရဲ့ဝါဒအရ ဦးပဇင်းတို့က မျက်နှာ

မပျက်ပါဘူး။ ဦးပဇင်းတို့ရဲ့ ဇရပ်တွေ ကျောင်းတွေရှိတယ်၊ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် လာနိုင်တယ်၊

တည်းခိုနိုင်တယ်။ ဦးပဇင်းတို့က မရှိ ရှိတာတောင် ကျွေးမွေးပါဦးမယ်။ ကိုယ့်ဘာသာ ယုံကြည်ကြပါလို့

မဆိုလိုပါဘူး။ ဒုက္ခဖြစ်နေရင်, ခိုကိုးရာမရှိဖြစ်နေရင်ဘယ်လူမျိုးပဲ ဖြစ်ဖြစ်လူသားချင်းချင်းကို ဦးပဇင်းတို့က

မျက်နှာမပျက်စေပါဘူး။ ဗုဒ္ဓဘုရားရှင်ကလည်း သဗ္ဗေသတ္တာ သတ္တဝါအကုန်လုံးကို မေတ္တာတူထားပါတယ်။

ဒါလည်း ဒီခရစ်ယာန်ဘက်က ချေပကြမည့်ဓမ္မဆရာကြီးတွေ သိပြီးသားပါ၊ ဟုတ်ကဲ့မဟုတ်လား?။

“ဦးပဇင်းတို့ရဲ့ ဗုဒ္ဓရှင်တော်ဘုရားက ဘာမဆို မစုံစမ်း မစစ်ဆေးဘဲနှင့် အရမ်းမယုံဖို့ကိုတော့

ဟောတော်မူခဲ့ပါတယ်။ ခရစ်ယာန်လို ဇွတ်ယုံရမယ်၊ မယုံရင်သတ်မယ်ဖြတ်မယ်လို့မဟောခဲ့ပါဘူး၊ လုပ်လည်း

မလုပ်ရပါဘူး၊ လုပ်လို့လည်း ဂေါတမဘုရားရှင်က မဟောခဲ့ပါဘူး။ ခရစ်ယာန်ကတော့ မယုံတဲ့လူ

သတ်ပစ်လေလေ လက်ခုပ်တီးလေလေပေါ့၊ ဟုတ်ကဲ့လား..?။

“အဲဒါဟာ ရက်စက်မှုနဲ့မေတ္တာထားပုံ ခြင်းကွာခြားတယ်ဆိုတာပါပဲ”။

“ဦးပဇင်းတို့ရဲ့ ဂေါတမရှင်တော်ဘုရားဟာ အထင်အရှားပွင့်တော်မူခဲ့ကြောင်း ပါဠိတော်တွေ

အဋ္ဌကထာတွေ အစရှိတဲ့ ပါဠိဘာသာကျမ်းစာတွေကို ဖယ်ထားလိုက်ဦးတော့, အိန္ဒိယ ရှေးရာဇဝင်များအရပဲ

ထင်ရှားနေပါပြီ၊ ရှေးဟောင်းရှာဖွေလေ့လာရေး သုတေသနဌာနများကလည်း လိုက်လံရှာဖွေပြီး တူးဖေါ်ကြတဲ့

အခါမှာ ဗုဒ္ဓရှင်တော်ဘုရားရဲ့ မွေးဖွားရာ အရပ်မှာ အာသောကမင်းကြီး စိုက်ထူခဲ့တဲ့ ကျောက်တိုင်ကြီးကို

ယခုတိုင်တွေ့ရပါသေးတယ်။ မယုံလျှင် သွားကြည့်နိုင်ပါတယ်၊ ရှင်တော်ဘုရား သီတင်းသုံးတော်မူခဲ့တဲ့

ဇေတဝန်ကျောင်းတော်၊ ဗောဓိပင်စသည်တို့လည်း အထင်အရှား တွေ့နိုင်ပါတယ်”။

“ဂေါတမရှင်တော်ဘုရားဖြစ်မည့် သိဒ္ဓတ္ထမင်းသားဟာ မဟာသက္ကရာဇ် (၆၈)ခု ကုဆုန်လပြည့်

သောကြာနေ့မှာ ဖွားမြင်တော်မူတယ်။ အဲဒါ ရာဇဝင်မှတ်တမ်းအရ တိကျခိုင်မာပြီး ထင်ရှားနေတဲ့ အတွက်

ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဒီကဓမ္မဆရာများလည်း ငြင်းနိင်မှာ မဟုတ်ပါဘူး။ ယေရှုခရစ်ရဲ့ အတ္ထုပ္ပတ္တိကို

ကြည့်ကြဦးစို့၊ ယေရှုခရစ်ဟာ ဘယ်နှစ်ခုနှစ်၊ ဘယ်သက္ကရာဇ်မှာ ဖွားမြင်ပါသလဲ? မသိဘူး- ဘယ်နေ့မွေးသလဲ?

မသိဘူး၊ ဘယ်ရက်မွေးသလဲ? မသိဘူး။ ဘယ့်နှယ်လဲဆရာတို့၊ မသိဘူးချည်းပါလား၊ ဒီလိုဆိုရင်မယ်မယ်ရရ

မရှိတော့ဘူး။ စဉ်း စားကြပါ။ ယေရှုရဲ့ တရားတွေ ဘာတွေ ဖယ်ထားလိုက်ဦး၊ ဘယ်နေ့၊ ဘယ်ရက်၊

ဘယ်သက္ကရာဇ်မှာ ယေရှုခရစ်ဖွားမြင်တယ်လို့အတိအကျ ဂဃ နဏ မရှိဘူး၊ မသိကြဘူး မဟုတ်လား?။

“ဒီလောကမှာ လူထဲမှာ အလွန်မြင့်မြတ်လို့ ဘုရားဆိုတဲ့ ဘွဲ့ထူးအဖြစ်ကို ခံယူပါတယ်ဆိုတဲ့ ဧရာမ

အထင်ကရ ပုဂ္ဂိုလ်ကြီးမျိုးကို မဆိုထားနဲ့ဦး၊ သာမန်လူကြီး လူကောင်းမှန်သမျှတွေဟာ မွေးနေ့၊ မွေးရက်၊

မွေးလ၊ မွေးနှစ်မွေးသက္ကရာဇ်ရက်ချုပ်စာတန်းဆိုတာတွေမျိုး ရှိကြပါတယ်”။

“ဒီတော့ကာ ခရစ်ယာန်ဓမ္မဆရာကြီးတွေကို ဦးပဇင်းတစ်ခု သတိပေးပါ့မယ်။ တစ်ခြား အကြောင်းတွေ

ယုတ္တိ ရှိတာ, မရှိတာတွေ ထားပြီးတော့ သာမန်လူတွေကို တစ်ယောက်စီ တစ်ယောက်စီ ခဲခဲယဉ်းယဉ်း

စည်းရုံးနေရတာတွေ ဟောပြောနေရတာတွေ ဆိုတာမျိုးထက် အခုဦးပဇင်းလို ပုဂ္ဂိုလ်မျိုးတစ်ယောက်က

ခရစ်ယာန်ဘက်ကိုကူးပြောင်းတယ်ဆိုရင်ဆရာကြီးများ ကျေနပ်အားရစရာ မကောင်းပါလား?။

“ဆရာကြီးတို့ရဲ ယေရှုခရစ်ဟာ ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်လ၊ ဘယ်အချိန်၊ ဘယ်သက္ကရာဇ်မှာ

မွေးတယ်ဆိုတဲ့ ရက်ချုပ်ကို မှန်ကန်အောင် အတိအကျ ပြောနိုင်မယ်ဆိုရင် ဦးပဇင်းက ဟောဒီသင်္ကန်းကို

ဒီနေရာတွင်ပဲ တစ်ခါတည်းချွတ်ပုံချခဲ့ပြီး အပြီးတိုင် ခရစ်ယာန်ဘာသာဘက်ကို ဝင်လိုက်မယ်။ ကဲ…

ပြောကြစမ်း၊ တစ်ခါတည်းကိုနေရာမပြောင်း ဝင်လိုက်ပါ့မယ်။ ဟုတ်ပလား?။

(ရှည်လျားသော သြဘာသံကြီး ဆူညံသွားသည်)

“ဒီနေ့ပြောမပြနိုင်သေးရင်လည်း ထပ်ပြီး ရှာဖွေကြပါဦး၊ တွေ့တဲ့နေ့မှာ တောင်တွင်းကြီးကို လိုက်လာပြီး

ပြောပြပါ။ တိကျခိုင်လုံရင် အများရှေ့မှောက်ကို ဆရာတို့ကို ဝန်ချတောင်းပန်ပြီးတော့ တစ်ခါတည်း

ခရစ်ယာန်ထဲ ဝင်လိုက်ပါ့မယ်ဆိုတာ ဟောဒီပရိသတ်ကြီးရှေ့မှာ ကတိပေးပါတယ်။”

(ထပ်ဆင့်သြဘာသံကြီး မြည်ဟီးသွားပါသည်)

“ကဲ……အချိန်လည်းစေ့ခါနည်းပါပြီ၊ မဆင်းမှီ ဟောဒီ ကျောက်ကွင်းရွာနဲ့ ညောင်ပင်သာရွာ

ဓမ္မဆရာဦးရွှေအောင်ကို အနည်းငယ်မှာခဲ့ချင်ပါတယ်။ ဆရာရေးတဲ့ စာအုပ်ကလေးရဲ့ နောက်ဆုံးမှာပါတဲ့

ပါဠိကလေးဟာ ဘယ်ပါဠိတော်ဘယ်ကျမ်းမှပါတယ်ဆိုတာကိုတစ်ဆိတ်ကလေး ညွန်ပြစေလိုပါတယ်။ ´´

“ ဦးပဇင်းဟာ အတော်ကလေး ပိဋကတ်တော်ဆိုင်ရာ ပါဠိစာပေများကို နံ့စပ်အောင် သင်မှတ်ခဲ့ပါတယ်။

ကျကျနနလည်း လိုက်စားခဲ့ဘူးပါတယ်။ ကိုယ်တိုင်လည်း စာပေ ပို့ချခဲ့ဖူးပါ တယ်။ သို့သော်လည်း

အဲဒီဦးရွှေအောင်တို့စာအုပ်ထဲမှာ ပါတဲ့ပါဠိကိုတော့မတွေ့ဘူးဘဲဖြစ်နေပါ တယ်။ ´´

“ အခုဟောဒီစင်ပေါ်မှာ သံဃာတော်(၂၀၀)ခန့် ရှိပါတယ်။ အဲဒီကိုယ်တော်များလည်း အဲဒီပါဠိကို

မတွေ့ခဲ့ဘူးကြပါလို့ အမိန့်ရှိကြပါတယ်။ ဒီတော့ ဦးပဇင်းနဲ့တကွ ဒီသံဃာတော်များပါ မှတ်သားကြရအောင်

တစ်ဆိတ်လောက် အဲဒီပါဠိကလေးပါတဲ့ ပိဋကတ်ကျမး်စာအုပ်ကို ကျေးဇူးပြု ပြီး ညွန်ပြစေလိုပါတယ်။

ပါဠိကတော့……

“ဓူရဒါရ မနာရမ္မေ၊ ဂီဟိကမ္မေရတော ဘိက္ခု၊

ဂိဇ္စျကူဋသေလံပေတံ၊ ဝါတံဘိက္ခု အတိဿတိ။ …. တဲ့။”

“အဲဒါ ဦးပဇင်းတို့ရဲ့ ပါဠိတော်များမှာ ပါတယ်ဆိုရင် ပိဋကတ်တော်စာအုပ်များ ဖြစ်ပါက

ဘယ်ကျမ်းစာအုပ်၊ ဘယ်စာမျက်နှာ၊ ဘယ်နံပါတ်၊ ပေစာဖြစ်မယ်ဆိုရင်လည်း၊ ကျောဘက်၊ ဝမ်းဘက်၊ က-ချပ်၊

ကာ-ချပ်၊ ဘယ်အင်္ဂါစသည်ဖြင့် ညွန်ပြရရိုးရှိပါတယ်။ အဲဒါကလေးကိုဖြင့် ဓမ္မဆရာဦးရွှေအောင်နှင့်တကွသော

ဦသာဒင်အစရှိတဲ့မိတ်ဆွေကြီးများက အထူးပဲ ဂရုစိုက်ပြီးညွန်ပြကြစေလိုပါတယ်”။

“ယခုလို ဘာသာဝါဒဆိုင်ရာ ပြိုင်ပွဲကြီးမျိုးကို တွေ့ကြုံရသဖြင့် ဦးပဇင်းအနေနဲ့ရော အခုဒီမှာ ရှိကြတဲ့

သံဃာတော်များအနေနဲ့ပါ ရှုံးတာနိုင်တာ ပဓာနမထားဘဲ အထူးဝမ်းမြောက်ကြပါတယ်၊ နောက်ကိုလည်း ဒီလို

ဘာသာရေးဝါဒပြိုင်ပွဲကြီးမျိုးတွေကို နယ်တိုင်း၊ ရွာတိုင်း၊ မြို့တိုင်းဆိုသလို ဖြစ်မြောက်အောင်

ကျင်းပနိုင်ကြပါစေလို့အာသီသပြုရင်း နိဂုံးချုပ်လိုက်ပါတယ်”။

 

၂။ (ခ) ကျောက်ကွင်းဝါဒပြိုင်ပွဲအား ပြန်လည်သုံးသပ်ခြင်း

ရှင်ဥက္ကဌဝါဒသည် ယနေ့ထေရဝါဒ မြန်မာနိုင်ငံတော်တွင် တရားဝင်

ငြင်းပယ်ခြင်း ခံရပြီးဖြစ်သကဲ့သို့ ရှင်ဥက္ကဌကိုလည်း လူလိမ်စာရင်း သွင်းထားပြီး

ဖြစ်သည်ကို ဦးစွာဖေါ်ပြလိုပါသည်။ သို့သော် ၄င်း၏ လုပ်ကြံ ဖေါ်ပြ ရေးသားမှု

တို့ကို လေ့လာနိုင်ရန်အတွက် အနှစ်ချုပ်ဖြေရှင်းချက်ကို ဖေါ်ပြပေး လိုပါသည်။

အဘယ်ကြောင့် ဆိုသော် ခရစ်ယာန်တို့ ရှုံးနိမ့်သွားသည် ဆိုသည့် ကျောက်ကွင်း

ဝါဒပြိုင်ပွဲ စာအုပ်မှာ ယနေ့ လူတို့လက်ထဲ အတော်ရောက်ရှိနေပြီး အင်တာနက်

စာမျက်နှာများတွင်လည်း ပြည့်နှက် နေသောကြောင့် ယနေ့ ယုံကြည် သူများ

သိထားဖို့ရန် လိုအပ်ပါသည်။

– ထိုဝါဒ ပြိုင်ပွဲမှာ ဖြစ်ခဲ့သည်မှန်သော်လည်း အပြုသဘောဖြင့် အပြန်

အလှန်ဆွေးနွေးလျက် ပြီးဆုံး ခဲ့ခြင်း သာလျှင်ဖြစ်ကြောင်း သိရပါသည်။ ဘာသာ

ပြောင်းသွားကြသည် ဆိုသည့်တိုင် မကြီးကျယ်ခဲ့ပါ။ ထိုဝါဒပြိုင်ပွဲကို အစပြု

ဖြစ်ပေါ်စေခဲ့သော ရွာသူကြီးဦးလှောင်၏ မြေးဖြစ်သူ ဆရာကျော်ကျော်မိုး မှာ ယနေ့

ခရစ်ယာန် စာဟောဆရာတော်ကြီးတစ်ပါးအဖြစ် အောင်ပင်လယ် သာသနာ

နယ်တွင် အမှုတော်ဆောင်လျက် ရှိနေပါသည်။

ထိုစာအုပ်ပါအကြောင်းအရာတို့ကို သုံးသပ်ကြည့်ပါက –

၁) ၄င်းဆွေးနွေးပွဲတွင် အပြန်အလှန်ဆွေးနွေးရန် စည်းကမ်းချက်ရှိသော်လည်း

ညနေပိုင်းတွင် တစ်ဖက်တည်းမှ ဆွေးနွေးချက်များကိုသာဖေါ်ပြထားကာ အချိန်

မရှိတော့ကြောင်းကို အကြောင်းပြလျက် ချေပမှု မပါရှိသော တစ်ဖက်သတ် ဆွေးနွေး

ထားသည့် မမျှတမှု၊

၂) သမ္မာကျမ်းစာကို ခေတ်အဆက်ဆက်ပြုပြင်ရေးသားထားသည်ဟု မဟုတ်မမှန်

ဝေဖန်ရိုးစွပ်ထားမှု၊

၃) ဘုရားသည် ရက်စက်သော ဘု ရား၊ ချစ်ခြင်းမေတ္တာကင်းမဲ့သောဘုရား

ဖြစ်ကြောင်း သမ္မာကျမ်းစာပါ ဘုရား၏ စီရင်ခြင်းများတို့ကို ဖေါ်ပြပြီး ဝေဖန် ခဲ့ရုံမျှ

ဘုရားကရက်စက်သည့် အတွက် ခရစ်ယာန်များလည်း ရက်စက်ကြောင်း

မကောင်းသည့် ခရစ်ယာန်များတို့၏သမိုင်းအချို့တို့ကို ထောက်ပြကာ ဝေဖန်

ထားသည့် သဘောထား သေးသိမ်မှု၊

(၄) ကမ္ဘာကိုကြေညာမည့် ဘာသာကြီးတစ်ခုလုံးနှင့် ဆိုင်သော ဝေဖန်မှုကို

ပြုလုပ်လိုသော်လည်း အရေးကြီးသည့် ကျမ်းစာကို ဖေါ်ပြရာတွင် ကြီးမားသော

လွဲမှားမှုဖြင့် အစပြုခဲ့ပါသည်။ အစအဦး၌ဘုရားက ကောင်းကင်နှင့် မြေကြီး ကို

ဖန်ဆင်းတော်မူပြီး ပထမနေ့မှာ အလင်းနှင့်အမှောင်ကို ဖန်ဆင်းထား သည်ဟု

ကျမ်းစာ၌ ဖေါ်ပြထား သော်လည်း ပထမနေ့တွင် ဘုရားက ကောင်းကင်နှင့်

မြေကြီးကိုဖန်ဆင်းသည်ဟု ဖေါ်ပြထားမှု၊

၅) သမ္မာကျမ်းစာ တော်မြတ်တွင် ကမ္ဘာအဆက်ဆက်၏ ဘုရားဟု ဖေါ်ပြထား

အလို၊ မူလကမ္ဘာ၊ စာတန်ကြောင့် ပျက်စီးသွားသောကမ္ဘာနှင့် ပြန်လည်ပြုပြင်

ဖန်ဆင်းထားသော ကမ္ဘာအဖြစ် ဖေါ်ပြထား သော်လည်း ၊ ကျမ်းစာအရ ကမ္ဘာကြီး၏

အက်တမ်းမှာ နှစ်ပေါင်း ၆၀၀၀ ခန့်သာ ရှိသေးသည်ဟု ကျမ်းစာ ကို နားမလည်

သော ဗဟုသုတအားနည်းမှု၊

၆) ဗျာဒိတ်ကျမ်းရှိကျမ်းပိုဒ် (၁း၁၄-၁၆) အထိဖေါ်ပြပြီး ဘုရား၏ပုံသဏ္ဍာန်ကို

ကြောက်မက်ဖွယ် ကောင်းကြောင်း ကဲ့ရဲကာ ထိုကျမ်းကို တဆက်တည်း အနက်

ဖွင့်ထားသည့် မီးခွက်ခုနှစ်လုံးသည် အသင်းတော် ခုနှစ်ပါးဖြစ်၏ ဆိုသည့် အခန်းငယ်

(၁၇-၂၀) ကို ဆက်လက်ဖေါ်မပြပဲ ချန်လှပ်ထားခဲ့သည့် မရိုးသားမှု၊

) လူပုဂ္ဂိုလ်တစ်ဦး၏ ပြုခဲ့သောအမှုနှင့် အဆိုအမိန့်တို့ ထက် မွေးနေ့ကို

အတိအကျဘိပါမှ အသိအမှတ် ပြုနိုင်မည်ဟူသော အမြင်ကျဉ်းမြောင်းမှုတို့ ဖြစ်ပါ

သည်။ ယေရှု၏ မွေးနေ့နှင့်ပတ်သက်ပြီး အင်တာနက်တွင် အပြန်အလှန် ဆွေးနွေး

ထားမှုကို ဆက်လက်ဖေါ်ပြလိုပါသည်။

သခင်ယေရှု၏ မွေးနေ့

ယေရှုသည် အေဒီနှင့် ဘီစီ တည်းဟူသောရာစုနှစ်ခုကို ပိုင်းခြား ခဲ့သည့်

ပုဂ္ဂိုလ်ထူး ဖြစ်ပါသည်။ အမှန်သိလိုက အေဒီနှင့် ဘီစီ ကူးပြောင်း အချိန်ကာလကို

တွက်ချက်ကြည့်လို့ ရပါသည်။ လူတစ်ဦး၏ မွေးနေ့ကိုသိမှ အသိအမှတ်ပြုမည်

ဆိုခြင်းထက် လူတစ်ဦး၏ ပြုခဲ့သော အမှုနှင့် အဆိုအမိန့်က အဓိကကျပါသည်။

ယေရှု၏မွေးနေ့ပွဲတော်တည်း ဟူသော ခရစ္စမတ်နေ့ ကိုလည်း လူတို့ကျင်းပဖို့

ယေရှုကပညတ်ထားခြင်း မဟုတ်ပါ။ လူတို့ ကသာ ဂုဏ်ပြုထိုက် သူကို

ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ် ကိုးကွယ် ကြခြင်း ဖြစ်ပါသည်။ ရာသီဥတု

အလွန်ချမ်းအေး သော အချိန်တွင် ယေရှုဖွါးမြင်သည့် ကိုအစွဲပြုလျက် နိုင်ငံအလိုက်

အချမ်း အေးဆုံးသော လကိုရွေးပြီး မွေးနေ့ ပွဲတော်ကိုကျင်းပကြလို့ တစ်နိုင်ငံနှင့်

တစ်နိုင်ငံ ကျင်းပပြုလုပ်သော လလည်း မတူညီကြပါ။

နောက်တစ်ချက် အနေနှင့် ဥပမာပေးရပါက ကျွန်တော့် အဖိုးသည်

ရပ်ရွာအရေးတွင် ဦးဆောင်သူဖြစ်ကာ လူတိုင်း၏ကြည်ညို လေးစားခြင်း ခံရသော

သူဖြစ်သကဲ့သို့ အဘိုးကောင်း ဖခင်ကောင်းလည်း ပီသသည့်အတွက် သားသမီး

မြေတိုင်းကလည်း အဖိုးကို ချစ်ကြပါသည်။ သို့သော် ကျွန်တော့် အဖိုးသည်

မွေးနေ့မပြောနှင့် သူ့မိဘကိုပင် သိခွင့်မရ လိုက်သော မိဘမဲ့တစ်ဦး ဖြစ်ပါသည်။

သေချာတာတစ်ခုက အဖိုးသည် လူ့လောကတွင် သက်ရှိထင်ရှား ရှိတာ

အများအကျိုးသယ်ပိုးခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။ ထိုအထဲမှ မြေး ဖြစ်သည့်

ကျွန်တော်က အဖိုးထံသွားပြီး အဖိုးရဲ့မွေးနေ့ကို ပြောပြပါ၊ ပြောမပြ နိုင်လျှင်

လူတို့ အဘယ်မျှလောက်ပင် အသိအမှတ်ပြု လေးစားကြပါ လေစေ ကျွန်တော်

ကတော့ အဖိုးဟု အသိအမှတ် မပြုနိုင်ဘူးဟုဆိုပါက ကျွန်တော် သည် အဘယ်

ကဲ့သို့သောသူ ဖြစ်သွားမည်နည်း။

ထိုသို့ ရှင်းပြသော်လည်း လက်မခံပါဘဲ မွေးနေ့အတိအကျကိုသော

သိရန်ထပ်မံတောင်းဆို လာသောကြောင့် ယေရှုသည် အေဒီ နှင့်ဘီစီ ကူးပြောင်း

ကာလတွင် ဖွားမြင်ခဲ့ပါသည်။ သို့ သော် ပညာရှင်များ၏ တွက်ချက်မှုမှာ

လေးနှစ်တိမ်းစောင်း သွားလို့ ဘီစီလေးတွင် ယေရှု ဖွားမြင်ခဲ့ပါသည်။ ထိုအခါ

သူတို့က ဒါဟာလည်းမှန်းပြီး တွက်ချက်ထားခြင်း ဖြစ်လို့ ယေရှုရဲ့ မွေးနေ့

မှန်ကန်ကြောင်း၊ မပြောနိုင်ပါသလာဟု ထပ်မံမေးလာပြန်ပါသည်။ ထိုနေ့ရက်

မမှန်ကန်ပါက ယနေ့ ကျွန်တော်တို့ လူသားတိုင်းတို့၏ မွေးနေ့ လည်း မမှန်ကန်ကာ

ပြက္ခဒိန်လည်း မမှန်ကန်တော့ ကြောင်း ထပ်မံ ရှင်းပြ ခဲ့ရပါသည်။

အမှန်ပြောရလျှင် ယေရှု၏မွေးနေ့ကို အဘယ်သူမျှ အတိအကျ မသိ

ကြပါ။ အေဒီ ၅၀၀ ခန့်မှ ရောမဘုရင်၏ အမိန့်တော် အတိုင်း ရောမ

ဘုန်းကြီးတစ်ပါးက ယေရှု ဖွားမြင် ချိန်ကို ခန့်မှန်း တွက်ချက်ပြီး စတင် အသုံး

ပြုလာခဲ့ခြင်း ဖြစ်ပါသည်။ ယေရှုသည် မွေးနေ့မပြောနှင့် မွေးဖွားစဉ်အခါ

ဖူးမြင်ဖို့ပင်နေရာ မရှိသည့်အတွက် နွားတင်းကုတ်တွင် သွားရောက် မွေးဖွား

ခဲ့ ရပါသည်။ နောက် ဆုံးသော အခါတွင်လည်း သင်္ဂြိုဟ် ရန် သချိုင်းဂူ

မရှိသည့်အတွက် သူဌေးတစ်ဦး၏ ဂူတွင် သဂြိုဟ်ခံ ခဲ့ရသူ ဖြစ်ပါသည်။ သို့သော်

ယနေ့ လောကကြီးတွင် နေ ရာအရဆုံး ပုဂ္ဂိုလ်ဖြစ်နေသည်ကိုတော့ မည်သူမျှ

ငြင်းနိုင်မည်မဟုတ်ပါ။

ဒါကိုလည်းသူတို့က လက်မခံဖြစ်ကာ သူတို့ ကိုးကွယ်သည့် အရှင် သည်

မွေးနေ့ရက်မြတ်ကို အတိအကျသိကြောင်း ဆိုပြီး ယေရှု၏ မွေးနေ့ကို

ထပ်မံတောင်းဆိုလာပြန်ပါသည်။ ထို့ကြောင့် ကျွန်တော် ကလည်း ထိုနေ့ရက်

တို့သည် ထိုအရှင်၏မွေးနေ့ အတိအကျမှန်ကန်ကြောင်း အဘယ့်ကြောင့် ဆိုနိုင်ပါ

သနည်။ အဘယ့်ကြောင့်ဆိုသော ထိုအရှင်သည် မည်သည့်စာပေ ကျမ်းဂန်တို့ကိုမျှ

မထားခဲ့ပါ။ ထိုအရှင်၏ နောက်ပိုင်း ၄ ၅၈ နှစ်လွန်မှ ပြန်လည်ပြုစုရေးသားသော

ကျမ်းတွင် မှတ်တမ်းတင်ထားသော နေ့ရက်များ ဖြစ်သည့်အတွက် ထိုအရှင်၏

မွေးနေ့အမှန်ဟု အတတ်ပြောနိုင်ပါတော့ မည်လား။

ထို့ ထက် မွေးမွေး ခြင်း လမ်းလျှောက် စကားပြောကာ ငါသည်

အကြီးမြတ်ဆုံး၊ အဦးဆုံးဟု ကြွေးကြော်ခဲ့သည့် ယေရှူထက် သာလွန်သော

အရှင်အား ၊ စံထားလျက် အေဒီ နှ င့် ဘီစီကို လူတို့ က အ ဘယ့် ကြောင့်

မပိုင်းခြားခဲ့ကြရပါသလဲဟု ပြန်လည်မေးခွန်း ထုတ်ခဲ့ရပါသည်။ ထိုအရှင်ကို စံထား

လျက် တွက်လို့ ရသည်ထား၊ ရကြောင်းကို အကြောင်းအကျိုးနှင့် ပြန်လည် ဆွေးနွေး

ပေးဖို့ မေးကြည့်သောအခါ အဖြေမပေးပါ။ ပုံပြင်ဘုရားနှင့် သမိုင်းဝင်ဘုရား

မဟုတ်ပါလား။

သူတို့ က ထိုအချိန်အခါသည် ကိုလိုနီခေတ်ရဲ့ ဆိုးကျိုးကြောင့် ခရစ်

သက္ကရာဇ်ကို လူတို့ သုံးကြ ရခြင်းဟု ဆိုပြန်ပါသည်။ ယခုအခါ ကိုလိုနီခေတ်

မဟုတ်တော့သလို ဂျပန်ခေတ်၊ နာဇီခေတ်လည်း မဟုတ်တော့ပါ။ သို့သော်

သေချာတာ တစ်ခုက ခရစ်သက္ကရာဇ်ကိုသာ လူတို့ သည် ကမ္ဘာကုန်ဆုံးသည့် တိုင်

အသုံးပြုနေကြရအုံး မည်သာတည်း။

ကျမ်းစာက – ယေရှုသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား

အံ့ဩဖွယ်တိုင်ပင်ဖက် တန်ခိုးကြီးသောဘု ရား ထာဝရအဘ ငြိမ်သက်ခြင်း

အရှင်ဟုခေါ်ဝေါ် သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ (ဟေရှာယ ၉း၆)

ဆွေးနွေးပွဲပါ အမှားများတို့ကို ကျွန်တော်မှ ဖေါ်ပြပြီး အဘယ့်ကြောင့်

ထိုသို့ မဟုတ်မမှန် ယိုးစွပ်ရသနည်းဟု အင်တာနက်တွင် ပြန်လည် ပြောဆို

ဆွေးနွေးသည့်အခါ ဝါဒပြိုင်တယ်ဆိုတာ အနိုင်ရဖို့က အဓိကဟုသာ ကျွန်တော့်ကို

ပြန်လည် ရှင်းလင်းခဲ့ပါသည်။ တစ်ဆက်တည်း ထိုဝါဒပြိုင်ပွဲပါကျန်သော

အချက်များကို ဆက်လက်ဖေါ်ပြပေးရပါက

ယေရှုက – မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်ဟု

မထင်ကြနှင့်၊ ထားကိုစေလွှတ်အံ့သောငှါ ငါလာသတည်း။ (မ ၁၀၃၄)

အထက်ပါ ကျမ်းပိုဒ်ကို အစွဲပြုလျက် ယေရှုသည် လူသားတို့ ၏ငြိမ်းချမ်းနေသော ကမ္ဘာလောကကို ဖျက်ဆီးဖို့ ရန် ကြွလာကြောင်း အနက် ဖွင့်လျက်

ယေရှုသည် စစ်ဖြင့် နယ်ချဲ့ဘာသာကို တည်ထောင်စေသော ပုဂ္ဂိုလ် တစ်ပါးအဖြစ်

သွန်သင်လျက် ရှိနေကြပါသည်။ ထိုသူတို့ကပင် ဥပမာအနေ ဖြင့် ဆရာယုဒသန်၏

နောက်မှ စစ်တပ်များပါလာပြီး နယ်ချဲ့သွားကြောင်းကို သက်သေအနေဖြင့်

သွန်သင်နေကြပါသည်။ အမှန်တော့ ဆရာယုဒသန်က အမေရိကန်ကပါ၊

နယ်ချဲ့သွားသည်က အင်္ဂလန်နိုင်ငံကသာလျှင်ဖြစ်ပါသည်။

ယေရှုသည် ငြိမ်သက်ခြင်း၏ အရှင် ငြိမ်းချမ်းရေး၏ အရှင်သခင်

လည်းဖြစ်ပါသည်။ သို့ဆိုက အထက်မှာ ဝေဖန်ထားသကဲ့သို့ ယေရှုပြောသော

ထား ဆိုသည်မှာ ဘာကိုဆိုလိုသနည်းဟု သိဖို့ လိုအပ်ပါသည်။

ယေရှု၏ နောက်ဆုံးညစာစားပွဲတွင် တပည့်တော်တို့ အား ထားမရှိသော

သူသည် အဝတ်ကိုရောင်း၍ ဓားကိုဝယ်စေဟူ၍ အမိန့် ပေးခဲ့ပါသေးသည်။

ထိုနေ့ည ယေရှုကိုဖမ်းဖို့ ရန်သူများ လာကြ ပါတော့မည်။ ထိုရန်သူများကို ခုခံဖို့နှင့်

လက်နက်ဖြင့် သာသနာပြုကြဖို့ ရန် ဆိုသည့် သဘောကိုဆိုခြင်းဖြစ် ပါသလား?

ထိုအခါ တမန်တော်များက ထားနှစ်စင်းရှိ၏ ဟုလျှောက်သောအခါ

ယေရှုက တန်ပြီ၊ လုံလောက်ပြီ ဟု ပြောခဲ့ပါသည်။ ယေရှုကို ဖမ်းစီးဖို့ရန် လာသော

ရောမစစ်တပ်အား ထိုဓားနှစ်လက်ဖြင့် ခုခံဖို့ ရန် လုံးဝမဖြစ် နိုင်ပါ။

ယေရှုဘုရား ကားတိုင်မတက်မီထိုနေ့ညမှာပင် ဂေသရှေမန်ဥယျဉ် အတွင်း

ပေတရုက ယဇ်ပရောဟိတ်၏ တွန် မာလခုအား ထားဖြင့်ခုတ်သဖြင့် နားရွက်

ပြတ်သွားပါသည်။ ထိုနားရွက် ပြတ်သွားသော လူနာကို ယေရှုက ကုသပေးပြီး

“ဓားကိုကိုင်သူရှိသမျှတို့ သည် ဓားဖြင့် ဆုံးခြင်းသို့ ရောက်ကြ လိမ့်မည်” ဟူသော

စကားကို ပြောခဲ့ပါသည်။ ယေရှုက ထားလက်နက် ဖြင့် ရန်သူကို ခုခံဖို့

မသွန်သင်သကဲ့သို့ လက်နက်ဖြင့် သာသနာ ပြုဖို့ရန်လည်း မသွန်သင်ပါ။

ယေရှု ဒေသစာရီလှည့်လည်စဉ် ယေရှုကို လက်မခံသည့် ရှမာရိရွာ အပေါ်

တပည့်တော်များက အမျက်ဖြစ်လျက် ကောင်းကင်မှ မီးကျ၍ လောင်ကျွမ်း

ပျက်စီးပါရန် တပည့်တော်များက လျှောက်ထား ကြလျှင် ယေရှုက ငါသည်

လူတို့ အသက်ကို သတ်အံ့သောငှါ ကြွလာ သည်မဟုတ်၊ ကယ်တင် အံ့သောငှါ

ကြွလာသည်ဟု ဆုံးမခဲ့ပါသေးသည်။ သင်တို့၏ ပါးတစ်ဘက် ကိုရိုက်လျှင်

နောက်ပါးတစ်ဘက်ကို လှည့်ပေးဦး လော့၊ ရန်သူကိုချစ်လော့ ဟုလည်း ပညတ်ပါသည်။

ယေရှုပြောသော ဓား ဆိုသည်မှာ နှုတ်ကပတ်တော်တည်း ဟူသော ထာဝရဘုရား၏ သမ္မာတရားကို ဆောင်ထားကြဖို့ ဆိုခြင်း ဖြစ်ပါသည်။ မကြာမီ ယေရှုကိုဖမ်းဆီးလျက် သတ်ကြပါတော့မည်။ ယေရှုသည် တပည့်တော်များနှင့် ခွဲခွါ

ရပါတော့မည်။ တပည့်တော်များလည်း အန္တရာယ် နှင့် ကြုံတွေ့ကြရပါတော့မည်

သူတို့ နှင့် အတူ ယေရှုမရှိပေမည့် ယေရှု၏ တရားတော်တည်း ဟူသော

နှုတ်ကပတ်တော် ကတော့ ရှိနေလျက် သူတို့ကို ခွင့်လွှတ်သည်းခံခြင်းနှင့် ရန်သူတို့ကို

မေတ္တာလက်နက်ဖြင့် ပြန်လည် တိုက်ခိုက်နိုင်ကြဖို့ ရန်အတွက် ဖြစ်ပါသည်။

ဘုရားသခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း

ယူကြလော့။ (ဧ ၆း၁၇) ဘုရားသခင်၏ နှုတ်ကပတ် တရားတော်သည် အသက်

ရှင်ခြင်း တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့်ပြည့်စုံ

သည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့်ခြင်ဆီကို၎င်း ပိုင်းခြား ၍

ထုတ်ခြင်းကွင်း တတ်၏၊ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင် တတ်၏။ (ဟေဗြဲ

၄း၁၂)

မှန်ပါသည် ယေရှုနှင့် တမန်တော်များ၏ သာသနာပြုရာတွင် အသုံး

ပြုသော လက်နက်နှင့် ၄င်းတို့၏ သာသနာကို အောင်မြင်စေခဲ့သော လက်နက်

မှာ သံလျက် တကာ တို့ထက် ထက်သော ဘုရား၏ နှုတ်ကပတ်တော် ဖြစ်သည့်

ကြောင့်သာလျှင် ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ်တို့ လူသားတိုင်း ၏ ဘဝ

အောင်မြင်ရေး အတွက် ထာဝရ ဘုရား၏ နှုတ်ကပတ်တော် ဖြစ်သည့် ထား

တည်းဟူသော သမ္မာကျမ်းစာတော်မြတ် ကို ဖတ်ရှုဆင်ခြင်လျက် လိုက်လျှောက်

အသက်ရှင်ကြဖို့ ဘုရားက မှာကြားခဲ့ခြင်းသာလျှင် ဖြစ်ပါ သည်။

ယေရှုက အချင်းချင်းကွဲပြားခြင်းငှါ ငါလာသတည်း – (မ ၁၀း၃၅)

အထက်ပါစကားတော်ကိုလည်း သာမန်အားဖြင့် နားမလည်နိုင်ပါ။

သမ္မာကျမ်းစာကို ဖတ်လျှင် ထိုခေတ် အချိန်အခါ၏ သမိုင်းကြောင်း

အနေအထား ဘာသာရေး ထုံးတမ်းစဉ်လာများကိုလည်း သိဖို့ လိုအပ် ပါသည်။

တိုစကား၏ အဓိပ္ပါယ်မှာ ယေရှုသည် ဂျူးတို့ စောင့်မျှော် နေသော မေရှိယ

ဘုရားဖြစ်ကြောင်းကို ကြေညာလိုက်ခြင်းပင်ဖြစ်ပါသည်။ အဘယ် ကြောင့် ဆိုသော်

ဂျူးများက ၄င်းတို့ စောင့်မျှော်နေသော မေရှိယ ဘုရားကြွလာ လျှင် ထိုဘုရား

လက်ခံသူနှင့် လက်မခံသူဟူ၍ ၄င်းတို့ အချင်းချင်းငြင်းခုံ ကွဲပြားကြမည့် အကြောင်း

ကို သမ္မာကျမ်းစာတွင် ပရောဖက်ပြုထားသည့် အတွက် ၄င်းတို့ကိုယ်တိုင်က

ကြိုတင်၍ သိထား ကြပါသည်။ (မိက္ခာ ၇း၆)

ထို့ ကဲ့သို့ပင် ယေရှုအားဖြင့် ဂျူးတို့ က ၄င်းတို့ စောင့်မျှော်နေသော

မေရှိယဘုရား ဟုတ်ခြင်း မဟုတ်ခြင်းနှင့် ပတ်သက်ပြီး ကွဲပြားနေကြသည့် အတွက်

ယေရှုက ၄င်းတို့ စောင့်မျှော်နေသော မေရှိယဘုရားစစ် ဖြစ်ကြောင်းကို ဝန်ခံ

ကို လိုက်ခြင်းပင်ဖြစ်ပါသည်။

ထို့ကြောင့် ယေရှုပြောသည့် စကား၏ အဓိပ္ပါယ်မှာ ယနေ့ တိုင်းရင်း

သားများ ကွဲပြားဖို့ ကို ဆိုလိုခြင်း မဟုတ်ဘဲ ထိုခေတ်ထိုအချိန်အခါရှိ ဂျူး တို့ကို

ဆိုခြင်း ဖြစ်သကဲ့သို့ ယနေ့လူသားအားလုံး တို့အား လည်း ၄င်းသည် လူတို့

စောင့်မျှော်နေသော ကယ်တင်ရှင်ဘုရား ဖြစ်ကြောင်းကို ဆိုနေခြင်းဖြစ် ပါသည်။

ယဇ်ပူဇော်တာ ဘု ရားက အသွေးနဲ့ အသက်ကိုကြိုက်လို့ လား၊ ထိုရက်စက်

သောဘုရား ကိုကိုးကွယ်ထိုက် ပါရဲ့လား ?

ဘရားကလူကိုဖန်ဆင်းပြီး တိရိစ္ဆာန်နှင့်မတူသည့် ထိုအပင်၏ အသီး ကို

မစားရ ဟူသော ပညတ်တစ်ခုကို စောင့်ထိန်းဖို့ ပေးခဲ့ပါသည်။ ထို ပညတ်ကို

ချိုးဖောက်ခဲ့သူက လူသားဖြစ်ပါသည်။ ဘုရားမဟုတ်ပါ။ စားသောနေ့တွင်

သေရမည်ဟုလည်း လူကိုဘဲ ပညတ်ခဲ့ပါသည်။ သေရမည်ဆိုသည့် ခပ်သိမ်း သော

ခန္ဓာတို့၏အသက်သည် အသွေး၌ တည်ပါသည်။ (ဝတ် ၁၈)

သင် သည်ယခု အသက်ရှင် ကျန်းမာနေပေမယ့် သင့် သွေးများကို

ဖောက်ထုတ် လိုက်ပါက မည်သည့်ရောဂါမျှ မရှိပေမယ့် သေသွားပါ လိမ့်မည်။

အပြစ်ကို ဆေးကြော ပေးသော အရာမှာလည်း အသွေးအားဖြင့် သာလျှင်

ဖြစ်ပါသည်။ အကြောင်းမှာ အပြစ်တရား၏ အခ သေခြင်းဖြစ်လို့ ထိုသေခြင်း

တည်းဟူသော အပြစ်ကို အသက် တည်ရာ အသွေးအားဖြင့်သာ ဆေးကြော

နိုင်ပါသည်။ လူသည်မိမိကိုယ်ကို မကယ်တင်နိုင်သကဲ့သို့ သူတစ်ပါး အတွက်လည်း

အသွေးဖြင့် အသက်ပေးလျက် ကယ်တင်နိုင်ခြင်းငှါ မတတ် စွမ်းနိုင်ကြပါ။ လူတိုင်း

အပြစ်သားများသာ ဖြစ်ကြသည့် အတွက်ကြောင့် ဖြစ်ပါသည်။

ဥပမာ အချုပ်သားအချင်းချင်း အာမခံပေးလို့ မရပါ၊ အချုပ်ခန်း၏

ပြင်ပမှ ဥပဒေနှင့်လွတ်ကင်းသည့် အပြစ်မရှိ သူမှသာလျှင် အာမခံပေးလို့

ရပါသည်။ ထိုနည်း၎င်း လူသားများကို ကယ်တင်ဖို့ ဤအပြစ်သား တို့၏

လောကကမ္ဘာပြင်ပမှ အပြစ်ကင်းစင်သူယေရှုက လူ့ဇာတိခံယူ ခဲ့ပြီး လူသား

အားလုံး အပြစ်နဲ့ကိုယ်စား အသွေးသွန်းလျက် အသေခံခဲ့ခြင်းဖြစ် ပါသည်။

ကျွန်တော်တို့ နားလည်နိုင်သော စကားလုံးနှင့် သုံးနှုန်းရပါက ယတြာ

ချေပေးခဲ့သည် ဟုလည်းဆိုနိုင်ပါသည်။

ယခုအခါယဇ်ပရောဟိတ်မှာ ယေရှုကိုယ်တိုင် ဖြစ်ပြီး ယဇ်ကောင် မှာလည်း

ယေရှု ကိုယ်တော်တိုင်ပဲ ဖြစ်ပါသည်။ စစ်မှန်သော ယုံကြည်သူတို့ အတွက်

အပြစ် ခွင့်လွှတ်ခြင်းကာလမှာ ထာဝရဖြစ်ပါသည်။ ယေရှုဘုရား လောကသို့

ကြွဆင်းမလာမီ ပညတ်တို့ ကို ကျင့်စောင့် ရပြီး ယဇ်ပူဇော်ခြင်း အမှုကိုလည်း

ပြုရပါသည်။ အပြစ် အနာအဆာကင်းသော တိရိစ္ဆာန်အပေါ် မိမိလက်ကိုတင်ပြီး

အပြစ်ရှိသမျှတို့ကို ယဇ်ပရောဟိတ် ရှေ့မှောက်တွင် ဖေါ်ပြ ဝန်ချကာ မိမိ

အပြစ်ကိုယ်စား ထိုတိရိစ္ဆာန်က အသွေးသွန်း အသေခံ ပေးရပါသည်။ ထိုအချိန်

အခါ ယဇ်ပရောဟိတ်မှာလူဖြစ်ပြီး ယဇ်ကောင်မှာ တိရိစ္ဆာန်ဖြစ်ပါသည်။ အပြစ်

ခွင့်လွှတ်ခြင်း ကာလမှာ တစ်နှစ်ဖြစ်ပြီး ပညတ်တော် တို့ကို ကျူးလွန် မိသည့် အခါ

အခါတိုင်းလည်း ယဇ်ပူဇော်ခြင်း အမှုကို ပြုလုပ် ရပါသည်။

ယေရှုကို ယုံကြည်သူသည် ထာဝရအပြစ်ခွင့်လွှတ်ခြင်းကို ခံရပြီဆိုလျှင် ဘုရား ကို

အဘယ့်ကြောင့် နေ့စဉ်အပြစ် ဝန်ချတောင်းပန် နေရပါသေး သနည်း ?

ဘုရားကို နေ့စဉ်အပြစ်ဝန်ချတောင်းပန်ရခြင်း အကြောင်းမှာ ငရဲသို့

မကျဖို့ တောင်းပန်ရခြင်းမျိုး မဟုတ်ပါဘဲ သားသမီးက မိဘကို တောင်းပန် သည့်

သဘောမျိုးဖြင့် ဝန်ချတောင်းပန်ခြင်း ဖြစ်ပါသည်။ ဘုရားသားသမီး တို့ သည်

အပြစ်ကိုမပြုမိရန် အရေးကြီးပါသည်။ အပြစ် ပြုမိပါက ဘုရား၏ ပြစ်ဒဏ်ပေးခြင်းကို ခံရပါလိမ့်မည်။

ထိုကဲ့သို့ ပြစ်ဒဏ် ပေးခြင်း ခံရခြင်းသည်ပင် မင်္ဂလာဟု ခံယူနိုင် ပါသည်။

အကြောင်းမှာ အပြစ်ပါလျက် ပြစ်ဒဏ်ပေးခြင်းခံရသော သားသည် မင်းဦး

မင်းလွင် ရသော သားဟု ကျမ်းစာက ဆိုထားပါသည်။ မင်းဦးမင်းလွင် သားတည်း

သော သားစစ်မဟုတ်သူသည် ကောင်းကင်ဘုံသို့ မရောက်ပါ။ အပြစ် ပြုမိပါက

ဘုရား၏ ပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန် မိမိအပြစ်ကို ဘုရားရှေ့တွင် ချက်ခြင်း

ဝန်ချ၊ နောင်တရလျက် စွန့်ပစ် ရမည်ဖြစ်ပါသည်။ ထိုအခါ သခင်ဘုရား၏

သနားခြင်းဂရုဏာဖြင့် အပြစ် ခွင့်လွှတ်ခြင်းကိုခံရပါလိမ့်မည်။

ဘုရားကို ကိုးကွယ်မှုပုံစံ။

ဖန်ဆင်းစက ဘုရားနှင့်လူ တိုက်ရိုက် ကိုးကွယ်မိဿဟာယဖွဲ့နိုင်ခဲ့

သော်လည်း အပြစ်တရား ဝင်လာပြီးနောက် အပြစ်သားနှင့် သန့်ရှင်းသော

ဘုရားကြား အပြစ်ဖြေရာ ယဇ်ပလ္လင်ဖြင့်တဆင့်ခံ ကိုးကွယ်ရပါသည်။ ထိုမှ တဆင့်

၁၅၀၀ ခန့် မောရှေလက်ထက်တွင် တဲတော်ဖြင့်၄င်း၊ ဘီစီ ၁၀၀၀ ခန့်

ရှောလမုန်မင်းကြီးလက်ထက်တွင် ဗိမာန်တော်အားဖြင့်၄င်း ကိုးကွယ်လာခဲ့

ကြပါသည်။ ယခုအခါ ယေရှုအားဖြင့် ဘုရားနှင့် တိုက်ရိုက် ကိုးကွယ်ခွင့် ရကြပြီ

ဖြစ်ပြီး ယုံကြည်သူတိုင်းတို့၏ နှလုံးသားအတွင်း၌ ဘုရားက ဝိညာဉ်တော် အားဖြင့်

ကျိန်းဝပ်ပါသည်။ (၁ကော ၃း၁၆)

ယေရှုဘု ရား လောကသို့ ပထမအကြိမ် ကြွ ဆင်းမလာမှီ အထူး

ချယ်ခံရ သူများအပေါ် သန့်ရှင်းသောဝိညာဉ်သွန်းလောင်းပြီး ထိုသူတို့မှ တဆင့် ဘုရား

က အလုပ်လုပ်ခဲ့ သော်လည်း ယခုအခါ ယေရှုကို မှန်ကန်စွာ ယုံကြည် သူတိုင်း

သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူနိုင်ပြီဖြစ်ပါသည်။ ထိုသူ၏ ခန္ဓာကိုယ်ကို

ဘုရားက ဗိမာန်တော်အဖြစ် အသုံးပြုလျက် သန့်ရှင်းသော ဝိညာဉ်တော်နှင့်

ကိန်းဝပ် တော်မူ၏။ ထို့ကြောင့် ယုံကြည်သူသည် ဘုရားနှင့် ဘုရား၏ တန်ခိုးတော်

သယ်ဆောင်သူ ဘုရား၏ သက်သေများ ဖြစ်ကြပါသည်။ (၂ကော ၁း၂၁ -၂၂)

ကျောက်ကွင်းဝါဒပြိုင်ပွဲတွင် ပါရှိသော မေးခွန်းနှင့် ဆွေးနွေးချက်

များအတွက် အများတို့ ကို ခရစ်ယာန် ဘာသာဝင်တို့အတွက် အမြင်မရှင်း သည်

မေးခွန်းများ ဆိုသည့် နောက်ဖေါ်ပြပါ ခေါင်းစဉ် အောက်တွင် ဆက်လက်၍

လေ့လာနိုင်ပါသည်။ ယခုအချိန်အခါတွင် ထိုမေးခွန်းများ ရိုက်နှိပ်ထားသည့်

ဝေစာများတို့ သည် ခရစ်ယာန်ဘာသာဝင်တို့၏ အကြားတွင် ဖြန့်ဝေလျက်

ရှိနေသည့်အတွက် ခရစ်ယာန်များတို့ သည်လည်း သိထား ကြဖို့ရန် လိုအပ် ပါသည်။

ကျွန်တော်ကိုယ်တိုင်သည်ပင် ထိုဝေစာများကို သုံးကြိမ်ခန့် ရရှိခဲ့ဖူးပါသည်။

၃။ ခရစ်ယာန်ဘာသာရှင်များအတွက်အမှောင်ထုကို ဖြိုခွင်းသည့်

မီးမောင်းနှင့် တူသော အမြင်မရှင်းလင်းသည့် မေးခွန်းများ-

၁. ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းမှီ ဘုရားဘယ်မှာနေပါသနည်း?

၂. ထာဝရဘုရားကို မည်သူဖန်ဆင်းသနည်း၊ဘုရား၏အတ္ထုပ္ပတ္တိကို ဖေါ်ပြပါ?

၃. ဘုရားတစ်ဆူဖြစ်လာဖို့ ကြိုးစားခဲ့ရသော ခိုင်လုံသည့် အတ္ထုပ္ပတ္တိကိုဖေါ်ပြ

ပေးပါ?

၄. လူတဦးနှင့်တဦး မတူမညီဖြစ်ရသည့် အကြောင်းမှန်ကို ရှင်းပြပါ။

၅. ဘယ်အကျိုးကိုမျှော်ကိုးပြီး ကမ္ဘာကြီးကို ဖန်ဆင်းခဲ့သနည်း?

၆, ခန္ဓာရှိသူတိုင်း ဆင်းရဲရ၍ ချမ်းသာမဖြစ်သည်မှာ ဘုရားကမစွမ်းလို့ လား ?

၇. ဘုရားက လူသားတို့ကို ချမ်းသာပေးသလား၊ ဆင်းရဲပေးသလား ?

၈.လူသားတိုင်း မလိုချင်တဲ့ အိုနာသေခြင်း ဒုက္ခဆိုးကြီးကို ဘာ့ကြောင့်

ဖန်ဆင်းခဲ့ပါ သနည်း ?

၉. ခန္ဓာ ရှိသူတိုင်းဒုက္ခရှိသည့်အတွက် ဖန်ဆင်းသောဘုရားသည် ဒုက္ခဖြစ်ရ

ခြင်း၏ အရင်း အမြစ်လား ?

၁၀. ဖန်ဆင်းရှင်ဘုရား၏လက်ချက်ကြောင့် လူတို့ ဒုက္ခအစုစု ဖြစ်ရသည်မှာ

မည်သူငြင်းနိုင်ပါသနည်း ?

၁၁. ဘုရားသည် မေတ္တာရှင်ဖြစ်ပါက လူတို့ ကို ကြမ်းတမ်းသော လူ့ဘ၀သို့ပို့ရနည်း?

၁၂. ရှူရှိုက်စရာ လေကို ဖန်ဆင်းသည်ဟူသောကျမ်းချက်ကိုဖေါ်ပြပေးပါ?

၁၃. သူတပါးစော်ကားခံရသော အမျိုးသမီးတဦး၏ အဖြစ်ဆိုးသည် ဘုရားသခင်၏အလိုတော်လား?

၁၄.အပြစ်သားကိုကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်ခြင်းသဘော

မသက် ရောက် ဘူးလား ?

၁၅. ဆိုးမိုက်သူများကို ဘုရားကမရုပ်သိမ်းဘဲ အဘယ့်ကြောင့် ခွင့်ပြုထားရသနည်း?

၁၆. ကိုယ့်ဟာကိုရှာစားပြီး ဘုရားကျွေးသည်ဆိုက တလွဲကျေးဇူးတင်ရာရောက် မနေ ဘူးလား ?

၁၇. ကျမ်းစာထဲမပါသော စကြာဝဠာကြီးနှင့် ဂြိုလ်များကို မည်သူဖန်ဆင်းသနည်း?

၁၈. ဘုရားဖန်ဆင်းသမျှတွင် တခြားသောဂြိုလ်မှဂြိုလ်သားများပါ ပါဝင်ပါသလား?

၁၉. သိပ္ပံပညာ တိုးတက်လာတိုင်း ဖန်ဆင်းခြင်းကိုငြင်းဆန် နေသည့်အတွက်

သိပ္ပံပညာ ကမှားနေလို့လား?

၂၀. ထာဝရဘုရားကမည်သူနည်း၊ အဘယ့်ကြောင့် ကိုယ်စားလှယ်ကိုသာ

စေလွှတ်ရ သနည်း?

၂၁. ထာဝရဘုရား၏ ကြောက်မက်ဖွယ် ရုပ်ပုံလွှာအား အဘယ့်ကြောင့်

ဖုံးကွယ်ထားရ သနည်း?

၂၂. မမ္မသစ်ကျမ်းနှင့် ဓမ္မဟောင်းကျမ်းသည် အဘယ့်ကြောင့် ဆန့်ကျင် နေပါ

အနည်း?

၂၃. စာရေးဆရာဆန်းလွင်ရေးသားသော ခရစ်ယာန်ဝါဒ၏ ကောက်နှုတ်ချက်

များကို ဖြေရှင်းနိုင်ပါသလား?

၂၄. ခရစ်ယာန်ဘာသာတွင် ရှေးဘဝ၊ နောက်ဘဝ ရှိပါသလား?

၂၅. ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက် ဖူးသောသူ၏ အမည်နှင့် လိပ်စာ ရှိပါလား?

ခရစ်ယာန်မှ စစ်မှန်သော ဗုဒ္ဓဘာသာသို့ သက်ဝင်ယုံကြည်လာသည့်

စေတနာရှင် တစ်ဦး

ချစ်ခြင်းမေတ္တာဟု အမည်ရသော ဘုရားသည် အပြစ်ကိုရွံမုန်းသော်လည်း

အပြစ်သားတိုင်းကိုချစ်သော ဘုရားဖြစ်ပါသည်။

အဘယ်လူသားတစ်ဦးတစ်ယောက်ကိုမျှ အပယ်သို့ လားရဖို့ရန် အလိုမရှိပါ။

အပယ်ငရဲမှ လွတ်မြောက်ခြင်းတည်းဟူသော ထာဝရအသက်သည်လည်း

အလွန်တန်ဘိုးကြီး၍ မည်သူမှ ထိုအဖိုးအခကို ပေးနိုင်ခြင်းငှါမစွမ်းကြပါ။

  • သို့သော် ထာဝရဘုရားသည် လူသားတိုင်းတို့အား ယေရှုခရစ်တော်အားဖြင့်

ထာဝရအသက်တည်းဟူသော လက်ဆောင်ကို ပေးနေပါသည်။

  • ဘုရားပေးသည့် လက်ဆောင်ကို ယုံကြည်ခြင်းဖြင့် မည်သူမဆို ရယူနိုင်ပြီးထို

ယုံကြည်ခြင်းကို ကြားနာခြင်း အားဖြင့် ရယူနိုင်ပါသည်။

ယုံကြည်ခြင်းကိုဖြစ်စေသော သတင်းစကားကို ကြားနာနိုင်ရန်အတွက် ဤ

စာအုပ်တွင် အတတ်နိုင်ဆုံး စုဆောင်း ဖေါ်ပြပေးထားပါသည်။

လက်ဆောင် ဆိုသည်မှာ မည်သူ မဆို ရယူနိုင်ပြီး ပေးကမ်းသူနှင့် ရယူသူ

နှစ်ဦးစလုံးအတွက် ဝမ်းမြောက်မှုကို ဖြစ်စေပါသည်။

ထိုလက်ဆောင်ကို သံသယကင်းစွာဖြင့် ရယူနိုင်ရန် အကြောင်းအကျိုး

အထောက်အထားများစွာတို့ဖြင့် အတတ်နိုင်ဆုံး ပြုစုထား ပါသည်။

  • လူသားအားလုံး သံသယကင်းသည့် အဖြေများဖြင့် ထာဝရ ဝမ်းမြောက်ခြင်း

တည်းဟူသော လက်ဆောင်ကို ရယူပိုင်ဆိုင်နိုင်ကြပါစေ။

ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က ထာဝရဘုရားသခင် ဘယ်မှာ

နေပါသနည်း?

ကမ္ဘာ အဆက်ဆက် တည်သော ကောင်းကင်နိုင်ငံမှ ထာဝရဘုရား –

တောင်များကိုမဘော် မြေကြီးနှင့် လောကဓာတ်ကို ဖန်ဆင်း တော်မမူမှီ

ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက်မှစ၍ နောင်ကမ္ဘာ အဆက်ဆက်

တိုင်အောင် ဘုရားသခင် ဖြစ်တော်မူ၏။ ဘုရားသခင်သည် အဆုံးအစမရှိ ထာဝရ

တည်တော်မူ၏။ (ဆာလံ ၉၀း၂)

လောကမှာ တည်မြဲသောအရာမရှိပါ၊ တည်မြဲသော အရာမှာ မတည်မြဲ

ခြင်း တရားဟု ဆိုကြ ပါသည်။ ထိုသို့ဆိုက လောကကြီးတွင် အဖြူနှင့် အမည်း၊

အကောင်း နှင့်အဆိုး၊ အတုနှင့် အစစ်ဆိုသည့် ဆန့်ကျင်ဖက် တရား နှစ်ခုက

အမြဲတမ်း ဒွန်တွဲလျက် တည်နေပါသည်။ ထိုတရား သဘောအရ မတည်မြဲသော

တရား၏ ဆန့်ကျင်ဖက် တရားမှာ ထာဝရ ဆိုသည့် တည်မြဲ ခြင်း တရား ရှိကို

ရှိရမည် ဖြစ်ပါသည်။ ထိုနည်း၎င်း ဘုရားဟု ဆိုရာတွင်လည်း မတည်မြဲသော

တစ်ဘဝသာ တည်သည့် ဖန်ဆင်းခံ ဘုရားရှိသလို တည်မြဲသော ဖန်ဆင်းရှင်

ထာဝရဘုရားဟူ၍ နှစ်မျိုး ရှိပါသည်။

လူသားတိုင်းနှင့် သက်ဆိုင်သည့် ထာဝရဘုရား ဆိုသည်မှာ-

စကြာဝဠာနှင့် သက်ရှိ သတ္တဝါ အားလုံးတို့ကို ဖန်ဆင်းသော ဘုရား၊

နေ့ရက်အပိုင်းအခြားကို ဖြစ်ပေါ် စေသောဘုရား၊ နွေမိုးဆောင်း စသော ရာသီ

ဥတုကို ဖန်ဆင်းတော် မူသော ဘုရားနှင့် အတိတ် အနာဂါတ် ပစ္စုပ္ပန် တည်း

ဟူသော ကာလသုံးတန်ကို ဖန်ဆင်းတော်မူသည့် ဘုရားသခင် ဖြစ်တော်မူ၏။

ထာဝရဘုရားသည် ဘယ်မှာနေပါသနည်း ဆိုသည်ထက် ထိုဘုရား၏ အစကို ပင်

မသိနိုင်ပါ။ လူ့ဉာဏ်နှင့် လိုက်၍ မှီနိုင်သော အစ၏ အစကတည်းကပင် ထာဝရ

တည်နေ တော်မူသော ဘုရားရှင် ဖြစ်ပါသည်။ (က ၁း၁၄-၁၅) (က ၈း၂၂)

ဘုရားသည် သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံတော်မူပြီး နေရာ ခပ်သိမ်းတွင်

တပြိုင်နက်ရှိသော အရှင်ဖြစ်ပါသည်။ ဓမ္မပညာရှင် များက လူမတတ် နိုင်သော

အရာအားလုံး၏တဖက်တွင် ဘုရားသည် အရာအားလုံးကို တတ်နိုင် တော်မူ

ကြောင်း ဆို၏။ လူသည် အနိစ္စတရားကို မလွန်ဆန်နိုင်သော် လည်း ဘုရားသည်

အနိစ္စထာဝရ တည်တော်မူ၏။ လူသည် မှားယွင်း ပျက်စီး ဆုံးရှုံး နိုင်သော်လည်း

ဘုရားတွင် မှားယွင်းမှု လုံးဝမရှိသော ပြည့်ဝ စုံလင် သည့် အရှင် ဖြစ်တော်မူ၏၊

ဘုရားသည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ထာဝရတည်ရှိ၍ အစဉ် အမြဲ

အသက်ရှင်တော်မူ၏။ ဘုရားသခင်သည်အဆုံးအစမရှိသော ပုဂ္ဂိုလ်တော်လည်း

ဖြစ်၍ “ငါဖြစ်သည်အတိုင်း ငါဖြစ်သည်” ဟု ကြေညာ၏ ဘုရားသည် လုပ်ရ

မည့် အရာကို လုပ်ပြီး ပြောရမည့် အရာကို ပြောပါသည်။ ဘုရားသည်

ချစ်ခြင်းမေတ္တာ ၏ အနှစ်သာရဖြစ်ပြီး ချစ်ခြင်းမေတ္တာလည်း ဖြစ်တော်မူ၏။ အလုံးစုံ

ဖြောင့်မတ်၍ အလုံးစုံမှန်ကန်ပြီး တရားမျှတသော တရားသူကြီး အဖြစ်လည်း

တည်တော်မူ၏။

ဖန်ဆင်းရှင်ဖြစ်တော်မူပြီး တန်ခိုးတော်အနန္တနှင့် ပြည့်စုံလျက်

စကြာဝဠာကြီး တစ်ခုလုံးကို ထိန်းချုပ် ထားပါသည်။ အလွန်မြင့်မြတ်သော

ဘုရားသည် စကြာဝဠာ အပြင်ဘက်ရှိ ကောင်းကင်နိုင်ငံတော်တွင်၎င်း (ဗျာ

၂၁း၁၀-၂၁) တစ်ချိန်တည်းမှာပင် လူသား များနှင့်၄င်း အတူ ရှိတော်မူ၏။ အရာရာကို

စိုးမိုးအုပ်ချုပ်လျက် သဘာဝ လောကထဲတွင် တည်ရှိနေပြီး သဘာဝ လောကထဲမှ

အရာ တစ်ခုတော့ မဟုတ်ပါ။ သဘာဝဓမ္မ၏ ချုပ်ကိုင် မှုအောင်တွင်မရှိ၊ အသတ်

ဟူသမျှ၏ မူလအစလည်း ဖြစ်တော်မူ၏။ ဖြစ်သင့် ဖြစ်ထိုက်သော အရာ အလုံးစုံ

တို့ကို ဖန်ဆင်း နိုင်သော ပုဂ္ဂိုလ်တော်ပင် ဖြစ်ပါသည်။

သမ္မာကျမ်းစာလာသည့်အတိုင်း၊ ပရောဖက် ဟေရှာယက ထာဝရ ဘုရား

မိန့်တော်မူသည်ကား .., “ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရား သခင်မျှ

မဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှ မရှိရာ… နေ့ရက်ကာလ

မဖြစ်မှီ ငါသည် ဘုရားဖြစ်၏” (ဟေရှာယ ၄၃း၁၀-၁၃)။ “ငါဖြစ်သည့် အတိုင်း

ငါဖြစ်၏” ( ထွက် ၃း၁၄)၊ “ငါသည် အာလဖဖြစ်၏၊ ဩမေဃလည်းဖြစ်၏။

အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏ အစနှင့် အဆုံးလည်း ဖြစ်၏” (ဗျာဒိတ် ၂၂း၁၃ )

ထို့ ကြောင့် သင်၏ ကိုးကွယ်ရာသည် အဘယ်ကဲ့ သို့ သောဘုရား

ဖြစ်တော်မူသနည်း? ကောင်းကင်နှင့် မြေကြီး မရှိမှီ သင်၏ဘုရားသည် အဘယ်မှာ

ရှိနေတော်မူ သနည်း? သဘာဝတရား၏ အထက်မှာရှိသော ထာဝရဘုရား

ဖြစ်တော်မူ ပါသလား? တစ်ဘဝသာ တည်သော သဘာဝထဲက တခဏ

ဘုရားလား?

မှန်သောဘုရားကို လူတိုင်းသိဖို့ သိသောသူတိုင်းတွင် တာဝန်ရှိ၏။

လူနှစ်ဦးသည် လူစည်ကားသော မြို့ထဲ၌ လမ်းလျှောက်ရင်း လမ်း

တလျှောက်၌ အရက်သမား၊ လောင်းကစားသမား၊ ပြည့်တန်ဆာ များတို့ ကို

ကြည့်ရင်း တစ်ဦးက ဘုရား တရားဆိုတာ အလကားပါပဲ၊ ဒီလောက်

ဘုရားတရားအကြောင်းကို ခင်ဗျားတို့ အချိန်ကုန်လူပန်းခံပြီး ဟောကြား နေပါလျက်

ဒီလိုလူဆိုး လူမိုက်တွေရှိနေပြီး သွေးချောင်း စီးနေတုန်းပဲ မဟုတ်လားဟု ဆိုစဉ်

တရားဟောဆရာက ဘာမှမပြောဘဲ ဆက်ပြီးလမ်းလျှောက် လာပါသည်။

ထိုစဉ် လမ်းဘေးရှိရွှံ့ဗွက်များကြားဆော့ကစားပြီး ထိုင်နေသော ကလေး

များကို တွေ့သောအခါ တရားဟောဆရာက ဆပ်ပြာဆိုတာ အလကား ပါပဲ။

ဘာဖြစ်လို့လဲဆိုတော့ ဟိုမှာကြည့်ပါလား ဆပ်ပြာအသုံး မကျလို့ ကလေးတွေ

ညစ်ပေနေတာဟုလည်းဆိုရော သူ့မိတ်ဆွေက မဟုတ်ပါဘူး ၊ အခုနေဆပ်ပြာနဲ့

ကလေးတွေကို ရေချိုးပေးလိုက်ရင် သန့်ရှင်းသွားကြမှာပါဟု ပြန်ပြောပါသည်။

တရားဟောဆရာက, , ဒီလို ပါဘဲ ကိုယ့်လူရာ ဆပ်ပြာရှိပါ လျက် နားမလည်လို့

လက်မခံလို့ မသုံးကြ ရင် အဲဒီကလေးလို ရွှံ့အထပ် ထပ်နဲ့ ညစ်ပတ်နေမှာပါ။

ဘုရားရဲ့ တရားတော် တွေကိုလည်း နားလည်လက်ခံ လာကြပြီး လူတွေလက်တွေ့

ကျင့်သုံး လာကြမယ်ဆိုရင် လောကကြီးမှာ ဆိုးညစ်ယုတ်မာမှုတွေ ပျောက်သွားမှာ

ပါပဲလေ၊ အရေးအကြီးဆုံးက ဘုရားကို လူတွေ လက်ခံပြီး ဘုရားရဲ့ တရားတော်နဲ့

အညီ လိုက်လျှောက်ကြဖို့ပါဘဲဟု ရှင်းပြလိုက် ပါသည်။ ထိုဘုရားနဲ့ တရားကို

သိသူများက ဟောပြောဖို့ တာဝန်ရှိ ပါသည်။

ဘုရားကိုသိမှီနှင့် သိပြီးသောသူ၏ အသက်တာ

ကမ္ဘာကျော် စာရေးဆရာကြီးတော်(လ်)စတွိုင်းက အောက်ပါ အတိုင်း

ဝန်ခံခဲ့ဘူးပါသည်။ သူသည် ခရစ်တော်ကို လက်မခံခင်တုန်းက နှစ်ဦးချင်း ယှဉ်ပြီး

ထားခုတ်သတ်ဖြတ်ခဲ့ပါတယ်။ လောင်းကစားလုပ်ပြီး အောက်တန်းကျ အထုပ်သမား

လူတန်းစားတွေဆီက ခေါင်းပုံဖြတ်ခဲ့ ပါတယ်၊ မကောင်းတဲ့ တွေနဲ့ ပေါင်းသင်း

ခဲ့ပါတယ်၊ လိမ်ညာ ခိုးဝှက် အရက်သောက်တာတွေဟာ ကောင်းတယ် ပျော်စရာ

ထင်ခဲ့ ပါတယ်၊ ဒါပေမဲ့ ခရစ်တော်ကို လက်ခံပြီးတဲ့ အခါ ကျွန်တော့်ဘဝဟောင်းကို

အမြစ် ကနေ လှန်လိုက်ခြင်းနဲ့ တူတယ်။ ယခင်က ကောင်းတယ်ထင်တာ

ကို မုန်းတီးလာပြီး ယခင်က မကောင်း ဘူးလို့ထင်တဲ့ လူတွေကို မေတ္တာ

ထားတတ်ခြင်းဟာ ကျွန်တော့်ဘာဖြစ်နေ ပါပြီဟု ဆိုခဲ့ပါသည်။

ယေရှုကို ယုံကြည်သည်ဆိုသည့် သူသည် မိမိနေအိမ်၌ ကြင်နာမှု

တို့သည် အလုပ်ခွင်၌ သစ္စာရှိသည်၊ ပတ်ဝန်းကျင်လောကထဲတွင် ယဉ်ကျေးစွာ

ဆက်ဆံသည် တာဝန်ကို ကျေပွန်သည်။ ကစားခုန် ကစားရာ၌

တရားသည် ကောင်းစားသူ များကို ချီးကျူးသည်။

ကံကြမ္မာဆိုးသူတို့ကို နှစ်သိမ့်သည်။ အားနည်းသူကို ကူညီသည်။ ဆိုးယုတ်သူများကို လမ်းပြပေးသည်။ မိမိအားမတရား ပြုသူ များကို

ခွင့်လွှတ်သည်။ ဘုရားသခင်ကို ချစ်ခင်ကြည်ညို လေးစား ရသည်။ ကိုယ်နှင့်

စပ်ဆိုင်သူကိုမေတ္တာပြရသည်။ ထိုကဲ့သို့သောသူများ ဖြစ်ကြဖို့ ဘုရားသခင်

ကသင်နှင့် ကျွန်ုပ်တို့အား အလိုရှိပါသည်။

အရှင်ဘုရားမိန့်တော်မူသည်ကား သူတို့နားထောင်သည်ဖြစ်စေ

နားမထောင်သည်ဖြစ်စေ ဟောပြောလော့ဟု မိန့်တော်မူ၏။ (ယေဇ ၃း၁၁ )

လူသားများ အပြစ်ပြေရန် ပြုပေးသူကို ဘုရား၏ ယဇ်ပုရောဟိတ် ဟု ခေါ်ပါသည်။

ယေရှုကို လူတို့သိဖို့ကျွန်ုပ်တို့မှာ တာဝန်ရှိပြီး လူသားများ ယေရှုကို လက်ခံ

ယုံကြည်လာပါက အပြစ်ငရဲမှ လွတ်မြောက်ခွင့်ကို ရကြပါ သည်။ ထို့ကြောင့်

ကျွန်ုပ်တို့သည် ဘုရား၏ ယဇ်ပုရောဟိတ်များ ဖြစ်ကြပါသည်။ (ဗျာ ၂၀၁၆)

ငါသတိပေးသောစကားကို နားထောင်၍ သူတို့ အား ဆင့်ဆိုလော့။

သင်သည် အမှန်သေလိမ့်မည်ဟု လူဆိုးအားငါပြောလျက်နှင့် သင်သည် သတိ မပေး၊

လူဆိုး၏ အသက်ကိုချမ်းသာစေခြင်းငှါ၊ လူဆိုးအား သတိပေးသော စကားကို

မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌ သေလိမ့်မည်။ သူ၏ အသက်ကိုကား

သင်၌ ငါတောင်းမည်။ (ယေဇ ၃း၁၈)

ကြယ်ငါးလေးကို ကယ်တင်သူ

ပင်လယ်ကမ်းခြေတွင် လူ တစ် ဦးက ရေကျသွားစဉ် ကုန်းပေါ်၌

တင်ကျန်ခဲ့သော ကြယ်ငါးများကို တစ်ကောင်ချင်းကောက်၍ ပင်လယ်ထဲသို့

ပြန်ပစ်နေပါသည်။ ထို အမှုအရာကိုမြင်သော လူတစ်ဦးက ဒီလောက်များတဲ့ငါး

တွေကို လိုက်ကယ်နေလို့ ကုန်မှာမဟုတ်သလို ထူးမှာလည်း မဟုတ်ပါဘူးဟု

ပြောနေစဉ် ကြယ်ငါးတစ်ကောင်ကို ကောက်ပြီး ပင်လယ်ထဲလှမ်းပစ်လျက်

ဒီတစ်ကောင် အတွက်တော့ ထူးသွားပြန်ပြီဟု ဆိုလိုက်ပါသည်။ ထိုနည်း၎င်း

ဧဝံဂေလိတရားကို လူ နည်းသည် များသည်နှင့် မဆိုင်ဘဲ အခွင့်ရသူတိုင်းအား

ဟောပြောကြရပါမည်။

ဧဝံဂေလိတရားဆိုသည်မှာ- လူသားတိုင်းအတွက် တစ်ခုတည်းသော

ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းဖြစ်သည်။ ထိုတရားကို ယုံကြည်သူများ

ဟောကြဖို့ ယေရှုက အကြံပေးခဲ့ခြင်း မဟုတ်ပါ၊ အမိန့်တော် ဖြစ်ပါသည်။

တရားဟောသောအရပ်တွင် တန်ခိုး နိမိတ်များ ဖြစ်ပေါ်လာသည်၊ ဟောသူ အား

အမဂ်လာမှ မင်္ဂလာရှိစေသည်။ ထိုသူ၏ ခြေပင် အလွန်တင့်တယ်သူ ဖြစ်စေသည်။

ကြီးစွာဟောက ကြီးစွာသော ကျေးဇူးကို ခံစားကြရမည်ဖြစ်သည်ဟု ကျမ်းစာ ဆိုထား

ပါသည်။ (လု ၂၄း၄၇-၄၉၊ ရော ၁း၁၆၊ ရော ၁၀း၁၄-၁၅၊ ၁ကာ၉း၁၆၊ တ ၄း၃၃)

၂. ထာဝရဘုရားကို မည်သူဖန်ဆင်း ခဲ့သနည်း? ထာဝရဘုရားသခင် အဖြစ် သို့

ရောက်ရှိ လာသည့် ထာဝရဘုရား၏ အတ္ထုပ္ပတ္တိကို ဖော်ပြပါ။?

အစိယ အပမေယ ထာဝရဘုရား-

ဘုရားကို မည်သူမျှ မဖန်ဆင်းပါ၊ ဘု ရားကသာ အရာအားလုံးကို

ဖန်ဆင်းခြင်း ဖြစ်ပါသည်။ အနန္တဉာဏ်တော် အနန္တတန်ခိုးတော်နှင့် ကြွယ်ဝ

ပြည့်စုံတော်မူပြီး လူ့ဉာဏ်နှင့်ပင် မမီနိုင်သောအရှင်အား ဘုရားဟု သတ်မှတ်

ပါသည်။ ထိုဘုရား၏ အတ္ထုပ္ပတ္တိကို သိနိုင်ပါမည်လား? သိပါက ဘုရားဟု

သတ်မှတ်လိုက် ပါမည်လား? ဤမေးခွန်းသည် မိမိ၏ဘုရားအပေါ် သတ်မှတ်သည့်

စံနှုန်းအပေါ်တွင် မူတည်နေပါသည်။

ကျွန်ုပ်တို့ လူသားများတို့ သည် ဘုရားသခင်၏ ဂရုဏာတော်ဖြင့် –

ဖန်ဆင်းခြင်းခံထားရသူများ ဖြစ်ကြပါသည်။ ထိုဘုရား၏ အကြောင်းကို မဆိုသာပါ။

မိမိ၏ မိဘဘိုးဘေးတို့၏ အကြောင်းကိုပင် ကျွန်ုပ်တို့ အကုန် အစင် မသိ နိုင်ခြင်း

ကြောင့် ထိုဘုရား၏ အကြောင်းကို မသိကြောင်း ဝန်ခံရခြင်းသည် မိုက်မဲသော

ယုံကြည်မှုဟု မဆိုနိုင်ပါ။

လူသားအချင်းချင်း တိုင်းတာ၍ သိမှတ်နိုင်ကြသော်လည်း အစိန္တေယျ

အပ္ပမေယျဟုဆိုသည့် မကြံစည်အပ် မနှိုင်းအပ်သော ဘုရား၏ အကြောင်းကို

သိနိုင်ပါ မည်လား? မှန်သော ဘုရားသခင်၌ လူအပေါင်း တို့ ထက်သာလွန်

ထူးကဲ့တော်မူသော အစိန္တေယသဒ္ဒါ၊ အပမေယသဒ္ဒါတို့ နှင့် အညီ ဂုဏ်တော်၏

အချုပ်ကိုဆိုလျှင် လေးပါးရှိ၏။

၁။ ရူပအစိန္တေယ။ ရူပါ၊ ရုပ်၊ အစိန္တိယ၊ မကြံစည်အပ်။ အပမေယ၊ မနှိုင်းယှဉ်အပ်။

၂။ ဣတ္ထိအစိန္တေယ။ တန်ခိုးအား အစိန္တိယ၊ မကြံစည်အပ်။ အပမေယ၊ မနှိုင်း

ယှဉ်အပ်။

၃။ ညဏအစိန္တိယ၊ ဉာဏ်တော်အား အစိန္တေယ၊ မကြံစည်အပ်၊အပမေယ၊

မနှိုင်းယှဉ်အပ်။

၄။ ဝါစအစိန္တေယ။ စကားတော်အား အစိန္တိယ၊ မကြံစည်အပ်။ အပမေယ၊

မနှိုင်းယှဉ်အပ်။

ကြံစည်လျှင် ရူးသွပ်ခြင်း၊ ဆင်းရဲခြင်း၊ ပင်ပန်းခြင်း အဖို့ ဖြစ်၏ ဟု

ဆိုပြီးဘုရား၏ အတ္ထုပ္ပတ္တိကို မေးခြင်း အကြောင်းမှာ -“ အဇ္ဇတဂ္ဂပါဏုပေတံ

ဗုဒ္ဓသရဏံ ဂစ္ဆာမိ”သက်ထက်ဆုံး ဘုရားအား ကိုးကွယ်ရာ အဖြစ် ဆည်းကပ်ပါသည်

ဟု ဆိုငြားလည်း။ တဖက်၌ကား “ အတ္တာဟိ အတ္တနော နာထော ဟိနာထော

ပရောသိယာ” မိမိကိုယ်သာ အားကိုးရာ ဟူ၍ အရှေ့ အနောက် မညီညွတ်သော

တရားသဘောကြောင့် ဖြစ်နိုင် ပါသည်။

လူသားတိုင်း၏ ကိုးကွယ်ခြင်းကိုခံထိုက်သော ဘုရား၏အကြောင်းကို ဆက်လက်

ဖေါ်ပြရပါက-

ဘုရားသည် ထာဝရ မပြောင်းလဲနိုင်ပါ၊ ထိုအရှင်၏ နိုင်ငံသည်လည်း

ထာဝရ တည်တော် မူ၍ နိစ္စထာဝရဘုရင်လည်း ဖြစ်တော်မူကြောင်း ကျမ်းစာတွင်

ဆိုထားပါသည်။ ကျမ်းစာတော်မြတ် တစ်ချက်ကို ဖေါ်ပြရပါက “ခပ်သိမ်းသော

အရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ် စွာ ဖန်ဆင်း တော်မူပြီ။ လူစိတ်နှလုံး

ကိုလည်း အနန္တကာလ၌ စွဲလန်းစေ တော်မူပြီ။ သို့ရာတွင် ဘုရား သခင် စီရင်

တော်မူသော အမှုကို အစမှ အဆုံးတိုင်အောင် လူသည် စစ်၍ မကုန်နိုင်”

(ဒေသနာကျမ်း ၃၁၂)။ ထိုကျမ်းချက် အရ လူသည် ဘုရားကို အကုန်

အစင်မသိနိုင်ပါ။ အကုန် အစင်မသိနိုင် ပေမည့် ထိုဘုရား၏ အမိန့်တော်နှင့်

ဂတိတော် ရှိပါသည်။ “ငါကိုရှာသောအခါ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင် တွေ့ကြ

လိမ့်မည်။ ငါသည်လည်း သင်တို့ အတွေ့ကို ခံမည်။” (ယေရမိ ၂၉း၁၃)

တွေ့နိုင်သည့်ကာလတွင် ဘုရားကိုရှာကြလော့ဟု ကျမ်းစာက အမိန့်

ပေးထား သကဲ့သို့ ရှာသောသူအားလည်း အတွေ့ခံမည့်အကြောင်း ဂတိတော်

ရှိပါသည်။ ထာဝရဘုရားကို အမှန်တကယ် သိလိုစိတ် မရှိသည့် အတွက် ဘုရားကို

မရှာပါဘဲ မိမိကိုယ်ကိုသာ ရှာမည်ဆိုပါက ဘုရားကို မတွေ့မြင်နိုင်ဘဲ မိမိကိုယ်ကိုသာ

တွေ့ရပါလိမ့်မည်။

ထို့ကြောင့် အတ္ထုပ္ပတ္တိကိုသိမြင်နိုင်သော လူတို့သတ်မှတ်သည့် ဘုရား ကိုရှာ

မည်လား? တရားတော် နှင့်အညီ အစိန္တေယျ၊ အပ္ပမေယျ ဆိုသည့် ဘုရားစင်

ရှာဖွေလျက် ဦးညွှတ် ကိုးကွယ် မည်လား? ဆိုသည်ကို အလေးအနက် ထားလျက်

စဉ်းစား ဆင်ခြင်ရွေးချယ်ရပါမည်။

လူတို့ သည် ဥစ္စာရွှေငွေပစ္စည်းများကို ဦးစားပေးရှာကြသည်။

ရသည့်အခါ မတင်းတိမ်နိုင်ပဲ တန်ခိုးအာဏာရရှိရေးအတွက် နောက်တဆင့် ထပ်

ကြိုးစား ရှာပြန်ပါသည်။ တန်ခိုးအာဏာ ရပြန်သော အခါ တဆင့် ထပ်လှမ်း၍

လောကီအပျော် အပါးကို ရှာဖွေတတ်ကြပါသည်။ အားလုံး ရ သောအခါ

လူသားတို့၏ စိတ်နှလုံး လိုအင်များ ပြည့်စုံသွားပြီဟု မထင်လိုက်ပါနှင့် လူတို့၏

လောဘနှင့် အာသာရမက် တို့က လူ့အလိုကို ပြည့်စုံနိုင်ခြင်း ငှါ မစွမ်းဆောင်နိုင်ပါ။

ထိုအရာ များတို့သည် မတည်မြဲ သကဲ့သို့ ရန်သူမျိုး ငါးပါးဘေးမှလည်း စိတ်ချ

လုံခြုံမှုအာမခံချက် မရှိပါ။

ဘယ်သောအခါမှ ပျက်သုန်းသွားလိမ့်မည်မဟုတ်ဘဲ ဘဝလုံခြုံမှုနှင့်

ဝမ်းမြောက်မှုကို ပေးနိုင်သည့် အရာကို ရှာသင့်ပါသည်။ ပူလောင်ခြင်း သည့်

လောဘ၊ ဒေါသ၊ မောဟမီးတို့ကို ငြိမ်းသတ်ပေးနိုင်၍ စိတ်၏ ငြိမ်သက်ခြင်း

ချမ်းသာကို ထာဝရပေးစွမ်းနိုင်သည့် ဘုရားရှင်ကိုရှာဖွေလျက် ထိုဘုရားနှင့်

ထိတွေ့လာပါက ဘဝတွင် အဓိပ္ပါယ် ရှိလာပါသည်။

ပညာရေး၊ စီးပွါးရေး၊ လူမှုရေးတို့ကို မလုပ်ရဟု မဆိုလိုပါ။

ထိုအရာတို့ကို ရှာဖွေလုပ်ကိုင်ရင်း ဘုရားကို ဦးစားပေးရှာဖို့တော့ လိုအပ် ပါသည်။

သင်၏ စိတ်နှလုံးအတွင်း ငြိမ်သက်ခြင်းကို မရသေးလျှင် မိမိ၏ စိတ်နှလုံးသားထဲ၌

ဘုရားကို မရသေးသောကြောင့်ပင် ဖြစ်ပါသည်။

ဘုရားကို ဦးစားပေးရှာဖို့ ရော့ကဖဲလားကပေးသော သင်္ခန်းစာ-

ရော့ကဖဲလား ဆိုသည့်နာမည်ကို တစ်ကမ္ဘာလုံးက ရင်းနှီးကြ ပါသည်။

သူသည် သူဌေးကြီး တစ်ဦးဖြစ်သည်က တကြောင်း သူ၏မိသား စုဝင်ထဲမှ နဲလ်ဆင်

ရော့ကဖဲလား ဆိုသူကလည်း အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၏ အုပ်ချုပ်

 

ရေးမှူးလုပ်ခဲ့ပြီးမှ သမ္မတနစ်ကဆင် လက်ထက်၌ ဒုသမ္မတ လုပ်ခဲ့သူ ဖြစ်ခြင်း

ထို့ကြောင့် ဖြစ်ပါသည်။

၄င်းငယ်စဉ်က လယ်တောထဲ၌ အလုပ်လုပ်သော ဆင်းရဲသား ဖြစ်ခဲ့

စေကာမူ ကုန်သည်လုပ်ရာမှ ကြီးပွါးချမ်းသာလာသည်။ အသက် (၃၃) နှစ်

အရွယ်တွင် သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာသည်။ အသက် (၄၃) နှစ် အရွယ်

တွင် ကမ္ဘာ့ အကြီးကျယ်ဆုံး ကုန်သွယ်ရေးလုပ်ငန်း စက်ရုံ အလုပ်ရုံ နှင့် ရေနံ

တွင်းများ ပိုင်ဆိုင်သူ ဖြစ်လာသည်။

အသက် (၅၃) နှစ်တွင် သန်းကြွယ်သူဌေးမှ ကမ္ဘာပေါ်တွင် ပထမ

ဦးဆုံးသော ကုဋေကြွယ် သူဌေးကြီးဖြစ်လာရုံမက အချမ်းသာ အကြွယ်ဝဆုံးသောသူ

ဖြစ်လာ၏။ သူသည် ထိုဘဝသို့ ရောက်လာအောင် ပေးကမ်း ခြင်းထက်

ရယူခြင်းစနစ်ကို သုံးခဲ့သည်။ မနားမနေ ရယူခဲ့သူဖြစ်သည်။

သူဌေးကြီးဖြစ်လာစဉ် အယ်လိုပီဇီးယား (Alopecia) ဆိုသည့် ထူးဆန်း

သော ရောဂါရလာသည်။ ခေါင်းပေါ်မှ ဆံပင်များသာမက မျက်ခုံးမွှေး

မျက်တောင်

သွားပါမကျန် ကျွတ်သွားခဲ့ပြီး အကျည်းတန်ခဲ့ရသည်။

သူ၏ အတ္ထုပ္ပတ္တိကို ရေးသူတစ်ဦးက သူဌေးကြီးသည် အီဂျစ် နိုင်ငံမှ

ဆေးရည် စိမ်ထားသော မမ်မီ အလောင်းကောင်နှင့် တူသည်ဟု ရေးသား ခဲ့ပါသည်

တစ်ပတ်လျှင် ဝင်ငွေ ဒေါ်လာတစ်သန်းကျော်ရရှိနေသော်လည်း စိတ်

ချမ်းမြေ့မှု မရှိ မိတ်ဆွေစစ်မရှိ အထီးကျန်ဘဝဖြင့် အသက်ရှင်ခဲ့သည်။ ဝိသမ

လောဘသမား နေရှင် အရင်းရှင်တို့၏ ထုံးစံအတိုင်း သူနှင့် အပြိုင် အဆိုင်

ဖြစ်လာသူများကို ငွေနှင့်ပေါက်ပြီး စိစိညက်ညက်ချေမှုန်းဖျက်ဆီး လေ့ရှိသည်။ သူ၌

“တ္တာ စေတနာဟူ၍ မရှိသည့်အပြင် ရန်သူဟူသမျှကို ရှင်းပစ်နေတတ်၏။

ဘုရားတရား ကိုင်းရှိုင်းမှုမရှိ၊ ဝတ်ပြုစည်းဝေးလည်း တက်လေ့မရှိ၊

ကမ္ဘာကျော် သူဌေးကြီး ဖြစ်စေကာမူ လူတိုင်းက သူ့ကို အားကျနှစ်သက်မှု

သည့်အပြင် သူ၏နာမည်ကိုပင် မကြားချင်အောင် မုန်းကြသည်။ ပင်စဗေးနီးယား

ပြည်နယ်ရှိ သူပိုင်ဆိုင်သော ရေနံတွင်း လုပ်သား များက တစ်နေ့တွင် သူ၏

ကူအရုပ်ကို ကြိုးဖြင့် သစ်ပင်၌ ချိတ်ဆွဲ ထားပြီးမှ မီးတင်ရှို့ လိုက်ကြဖူးသည်။

ရန်သူများ တစ်စတစ်စ များလွန်းလာသဖြင့် နေ့ရောညပါ (၂၄) နာရီ

သက်တော်စောင့်များ ထားရသည်။ တစ်ခါက ငါ့ကို သူတစ်ပါး ချစ်စေချင်

လိုက်တာဟု ညည်းတွားခဲ့ဖူးရှာ၏။

စာရေးဆရာမ အိုင်ဒါတာဘဲလ် ဆိုသူက အသက် (၅၃) နှစ် ရှိသေး

သော်လည်း ထိုသူဌေးကြီးသည် ကျွန်မတွေ့ဖူးသော သက်ကြီး ရွယ်အိုများ ထက်ပစ်

အိုစာနကျလွန်းနေသည်ဟု ရေးသားဖေါ်ပြခဲ့ဖူး၏။ကမ္ဘာ့ အချမ်းသာဆုံးဟု

ဆိုသော်လည်း စားကောင်း သောက်ဖွယ် များကို မသုံးဆောင်နိုင် တော့ဘဲ

အစာအိမ်ရောဂါ၊ အူလမ်းကြောင်း ရောဂါ များကြောင့် နွားနို့နှင့် ဘီစကွတ်သာ

စားသုံးနေရသည်။

အသက် (၅၃) နှစ်ထက်ပို၍ အသက်ရှင်နိုင်မည်မဟုတ်ဟူ၍ ဆရာဝန်

များ၏ ပြောပြချက်အရ ကွယ်လွန်အနိစ္စရောက်လျှင် နာရေး သတင်းကို ချက်ခြင်း

ရေးသားဖေါ်ပြနိုင်ရေးအတွက် သတင်းစာတို့ကြီး များက သူ၏ ဓာတ်ပုံ၊ ကိုယ်ရေး

အတ္ထုပ္ပတ္တိ စသည်တို့ကို စာစီထားပြီး အသင့် စောင့်နေ ကြသည်။

တစ်နေ့တွင် လူတစ်ဦး၏ တိုက်တွန်းချက်ကြောင့် ဝတ်ပြု စည်းဝေး

သွားတက်ရာ (ရှင်လုကာ၆း၃၈၊ မာ ၄၂၄) တွင်ပါသော ကျမ်းချက် ဖြစ်သည့်-

“သူတစ်ပါးအား ပေးကြလော့၊ ပေးလျှင် သူတစ်ပါး သည် သင်တို့ကို ပေးကြ

လိမ့်မည်။ အမှန်ခြင်ရုံမက သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက် ရှိခြင်းနှင့်

သင်တို့ ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား အကြင်ချိန် တင်းပမာဏ နှင့်

သင်တို့သည် သူတစ်ပါး အားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြ လိမ့်မည်။

ဟူသည့်အတိုင်း သင်းအုပ်ဆရာက တရားဟောပါသည်။ ထိုတရား ဟောချက်ကို

ဆင်ခြင် လျက် စိတ်ပြောင်းလဲလာခဲ့ ပါသည်။ ရယူခြင်းထက် ပေးကမ်းခြင်း

ပို၍ မွန်မြတ်ကြောင်း သဘော ပေါက်လာကာ စတင်လှူဒါန်း တော့၏။

ရော့ကဒဲလား ဖောင်ဒေးရှင်းဟူသောအမည်ဖြင့် ဌာနကြီးတစ်ခု ဖွင့်ကာ

တက္ကသိုလ်များ၊ ဆေးရုံများ ဆောက်လုပ်သည်။ သာသနာပြု လုပ်ငန်း များအတွက်

ရက်ရောစွာ ပေးလှူသည်။ ထိုဖောင်ဒေးရှင်း၏ အကူအညီဖြင့် ပြည်တွင်း ပြည်ပမှ

လူငယ်များအတွက် ပညာတော်သင်စရိတ်များ ထောက်ပံ့ သည်။

ထိုအချိန်၌ တောင်အမေရိကတို့ တွင် Hookworm ခေါ် သန်ကောင်

များကြောင့် လူပေါင်းများစွာ သေကြေပျက်စီးကြရသည်။ ထိုရောဂါ အတွက် ၄င်း၏

ဖောင်ဒေးရှင်းမှ အကုန်အကျခံ ဆေးသုတေသနပြုလုပ် ရှာဖွေလျက် လူတို့ အား

ကယ်ဆယ်နိုင်ခဲ့ပါသည်။

သူ၏ အလှူဒါနနှင့် ရက်ရောစွာပေးကမ်းမှုကြောင့် လူများကပင် ၄င်း၏

ပေးလှူမှုကို မယုံနိုင်အောင်ပင် အံ့ဩခဲ့ကြရပါသည်။ ထိုမျှမက သူ၏ သားသမီး

များ ကိုလည်း ထိုကဲ့သို့ ဘုရားကို ကိုးစားလျက် ပေးလှူခြင်းဖြင့် အသက်ရှင်ကြဖို့

သွန်သင်ခဲ့ ပါသည်။

ထိုအချိန်တွင် ဒေါက်တာ ဖလော်ရီဆိုသူက ပင်နင်စလင် ဆေးကို ရှာဖွေ

တွေ့ရှိခဲ့ပြီး ဆက်လက်၍ သုတေသနပြုရန် ငွေမလုံလောက်ပါ။ ထို့ကြောင့်

အင်္ဂလန်ရှိ ဆေးသုတေသနကောင်စီထံ စာရေး၍ အကူအညီ တောင်းခံသောအခါ

စတာလင်ပေါင် ၂၅ ပေါင်ဆိုသည့် မဖြစ်စလောက်သော မုန့်ဘိုးခန့် သာ ရရှိသည့်

အတွက် စိတ်ဓါတ်ကျခဲ့ ရပါသည်။ ထိုအကြောင်း အရာကို သိလိုက်သော

ရော့ကဒဲလားက ချက်ခြင်းပင် သုတေသနကို အောင်မြင်စွာ ဆက်လက်လုပ်နိုင်ရန်

အလှူငွေကိုပုံပေး လိုက်ပါသည်။

ထို့ကြောင့် ကမ္ဘာပေါ်တွင် ပင်နင်စလင်ဆေး ပေါ်ပေါက်လာခဲ့ပြီး လူသား

များစွာ၏ အသက်ကို ကယ်တင်နိုင်ခဲ့ပါသည်။ ထိုဆေးပေါ်ပြီး မကြာ ဒုတိယ

ကမ္ဘာစစ်ကြီး ဖြစ်လာရာ ထိုဆေး၏အစွမ်းဖြင့် လူပေါင်းများစွာ၏ အသက်ကို

ကယ်တင် နိုင်ခဲ့ရုံမျှသာမက ယနေ့တိုင်ကမ္ဘာကြီးကို အကျိုးပြု လျက် ရှိနေပါသည်။

ထိုမျှမက ရော့ကဒဲလား၏ ဖောင်ဒေးရှင်းမှပံ့ပိုးမှုဖြင့် ယခုဆိုလျှင် ငှက်ဖျား

ရောဂါ၊ အဆုတ်နာ၊ ဆုံဆို့နာ စသောရောဂါပေါင်းများစွာကို နှိမ်နင်း နိုင်သည့်

ဆေးများ ပေါ်ထွက်လာတော့၏။ ကင်ဆာ ရောဂါအတွက်လည်း သုတေသန

ပြုနိုင်ခဲ့ပါသည်။

လူ့သဘာဝအရ ရယူခြင်းထက် ဘုရားကိုတွေ့ရှိပြီး ဘုရားရဲ့ အလိုတော်

အတိုင်း ပေးကမ်းလျက် အသက်ရှင်ခဲ့သော ရော့ကဖဲလားသည် ၅၃- နှစ်ထက်

ပို၍ အသက်မရှင်နိုင်ဘူးဟုဆိုသော ဆေးပညာ၏ အ‌ ဖြေကို ဆန့်ကျင်လျက် ထို

အသက်၉၈ နှစ်အထိ ဝမ်းမြောက်ပျော်ရွှင်စွာ အသက်ရှင် နေထိုင်ခဲ့ပါသည်။

ရော့ကဒဲလား၏ နာရေးအတွက် ကြိုတင်ရေးသားခဲ့ကြသော သတင်းစာ

ဆရာကြီးများပင် သေသွားကြပြီဖြစ်ပြီး သူတို့ရေးသားခဲ့သော ရယူပိုင်ဆိုင်လိုသူ

ဟူသည့် အတ္ထုပ္ပတ္တိနှင့် ဆန့်ကျင်ဖက် ကမ္ဘာပေါ်တွင် အလှူဒါန အပြုနိုင်ဆုံး

အဖြစ် သမိုင်းကို ပြောင်းလဲခဲ့သူဖြစ်ခဲ့ပါသည်။

အထက်ပါ အကြောင်းအရာအားဖြင့် ဘုဌေးကြီး ရော့ကဖလားသည်

ဘုရားထက် စီးပွါးကို ဦးစားပေး ရှာဖွေခဲ့သည့်အတွက် ၅၃- ဟာ စိတ်ဆင်းရဲ

ကိုယ်ဆင်းရဲစွာ အသက်ရှင်ခဲ့ရပါသည်။ သို့သော် ၄င်းသည် ဘုရားကိုတွေ့ရှိပြီး

ဘုရား၏ သွန်သင်ချက်အတိုင်း အသက်ရှင်ခဲ့ရာ ကမ္ဘာ ပေါ်တွင် အလှူဒါန

အနိုင်ဆုံးသူ အဖြစ် သူသားများ၏ ချစ်ခင် လေးစားခြင်း ကို ခံခဲ့ရပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိ၏ ပညာရေး၊ စီးပွါးရေး၊ အိမ်ထောင်

လူမှုရေးတို့ကို ရှာဖွေရင်း ဘုရားကို နံပါတ်တစ် ဦးစားပေးရှာဖွေ ဦးထိပ်ထား

ရှာကြလျက်ကမ္ဘာပေါ်တွင် အလှူဒါနပြုနိုင်ဆုံးသောသူများ ဖြစ်နိုင်ကြပါစေ။

ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာ ရှာကြလော့၊

နောက်မှ ထိုအရာများကို ထပ်၍ ပေးတော်မူလတံ့(မ ၆း၃၃)

၃. သာမန်ထူးချွန်သော လူပုဂ္ဂိုလ်သည်ပင် ထူးချွန်လာဖို့ ကြိုးစား ဖြတ်သန်း

လာခဲ့သည့် ခိုင်လုံသော အတ္ထုပ္ပတ္တိသည် ရှိ၏ ယခုကဲ့သို့ တုနှိုင်းမမှီ သော

ဘုရားဂုဏ် နှင့် ပြည့်စုံ ဆူတွင် ဆူတကာနှင့်မတူ ဘုရားတဆူ ဖြစ်ဖို့ ထူးခြားစွာ

ကြိုးစားဖြတ်သန်းခဲ့ရသော ခိုင်လုံသော အတ္ထုပ္ပတ္တိသည် ရှိသင့်လှ ပေသည်။

ရှိက ဖော်ပြပါ။ အကျိုးတရား တခုတခု တိုင်းတွင် အကြောင်း တရားသည်ရှိ၏။

အကြောင်းတရားမရှိပဲ အကျိုးတရား ပေါ်ရိုးထုံးစံ ရှိပါသလား? အခိုင်အမာ

ဖြေကြားပေးပါ။

မှန်သောဘုရား၏ အတ္ထုပ္ပတ္တိ-

လူအချို့က အကြောင်းကြောင့် အကျိုးဆိုတဲ့ တရားအတိုင်း ငါတို့ရဲ့

ကိုးကွယ်ရာအရှင်ဟာ ဘုရားဖြစ်ဖို့ ကြိုးစား အားထုတ်ခဲ့တဲ့ အကြောင်းကြောင့်

ဘုရားဖြစ်ခြင်း အကျိုးကို ရခြင်းဖြစ်သည်။ ထိုဘုရားကိုသာ ငါတို့ ကိုးကွယ်သည်၊

သဘာဝကျပြီး ယုလည်းရှိသည်၊ လူသားဘုရားလို့ သူတစ်ပါး ပြောလည်း ငါတို့

လက်ခံသည်ဟု ရဲဝံ့စွာဖြင့် ဝါကြွားလျက် ကြွေးကြော် နေကြသော သူများ ရှိပါသည်။

ထိုသို့ ဆိုကဖန်ဆင်းရှင် ဘုရား ဖြစ်သည် ဆိုသည့် အကြောင်းကြောင့် ဖန်ဆင်းခြင်း

ဆိုင်ရာ တန်ခိုးနိမိတ် အမျိုးမျိုးဖြင့် လူတို့ အတွက် အကျိုးကို ပြုခဲ့သည့် ဘုရားဟူသည်

ရှိခဲ့ပါလျှင် ပို၍ မကောင်း ပေးဘူးလား? ထိုသို့ သောဘုရား ရှိနိုင်ပါသလား ?

သမိုင်းတွင် အမှန်ရှိခဲ့ပါက မကိုးကွယ်ထိုက် ပေဘူးလား?

ဗမာမိခင်နှင့် ဗမာဖခင်က မွေးလာသောကလေးသည် ကျင့်စရာ မလိုဘဲ

အလိုအလျောက် ဗမာလူမျိုးဖြစ်ရပါသည်။ ကျွန်ုပ်တို့ လူဖြစ်လာဖို့ ကြိုးစား

ကျင့်ကြံအားထုတ်ခဲ့ရပါလား? ထိုနည်း၎င်း လူက လူဖြစ်လာ သကဲ့ သို့ ဘုရားက

အလိုလို ဘုရားဖြစ်ပါသည်။ တနည်းအားဖြင့် မိမိ အလိုလို ဖြစ်တော်မူသော

ဘုရားဖြစ်ပါသည်။ ထိုဘုရားကို လူတို့အဘယ်ကဲ့သို့ တွေ့ရှိ နိုင်ပါမည်နည်း ဆိုသည့်

အကြောင်းအရာနှင့် ပတ်သက်ပြီး ဥပမာတစ်ခုဖြင့် ဦးစွာ ဖေါ်ပြပေး လိုပါသည်။

လန်ဒန်မြို့တွင် ရေတပ်ဗိုလ်ချုပ်ကြီး နယ်(လ်)ဆင်၏ ရုပ်တုကြီး တစ်ခု

ရှိပါသည်။ ထို ရုပ်တုကြီး သည် အလွန်ကြီးမား မြင့် မားလှသောကြောင့်

ကြည့်ရှုသူများက မော့၍ကြည့်ရပြီး ကောင်းစွာလည်း မမြင် ရကြပါ။ ထို့ကြောင့်

၁၉၄၈ ခု ရေတပ်ပြပွဲ တစ်ခုတွင် အင်္ဂလိပ်နာမည်ကျော် ပန်းချီဆရာကြီး တစ်ဦးက

ဗိုလ်ချုပ်ကြီး နယ်(လ်)ဆင်၏ ပုံတူကို ရေးဆွဲပြီး ရုပ်တု ကြီး၏ အောက်ခြေတွင်

ထားပေးလိုက်သော အခါမှ ဗိုလ်ချုပ်ကြီး၏ ရုပ်ပုံကို လူတို့က ကောင်းစွာမြင်တွေ့ခွင့်

ရကြရပါတော့သည်။

ထိုနည်း၎င်း ဘုရားသခင်သည် ယေရှုအားဖြင့် လူ့ဇာတိခံယူရခြင်းမှာ

ကောင်းကင်ဘုံ၌ ရှိသော ဖန်ဆင်းရှင်ဘုရားသခင်ကို လူအပေါင်းက မျက်ဝါး

ထင်ထင် မြင်တွေ့စေခြင်းငှါ လောကထဲသို့ ဆင်းသက် ကြွလာခြင်းပင် ဖြစ်ပါ သည်။

ယေရှု၏ ဘုရားဖြစ်ခြင်း ဟုတ်မဟုတ်အပေါ်မလေ့လာမှီ ဦးစွာ ဘုရား ရှိခြင်း

မရှိခြင်းကို လေ့လာဖို့ လိုပါသည်။

ဘုရားသည် အမှန်တကယ် ရှိပါသလား?

ဘုရား ရှိခြင်း မရှိခြင်းနှင့် ပတ်သက်၍ ၁၉၉၈ ခုနှစ်တွင် ကမ္ဘာမှာ

လက်လှမ်းမှီသလောက် လူတို့ အား စမ်းသပ် မေးမြန်းကြည့်ရာ ၉၃% သော

လူတို့ က ရှိသည်ဟု ဖြေကြပါသည်။ စစ်ဖက်ဆိုင်ရာ ဝန်ထမ်းများကို မေးကြည့်

ရာ ၉၀% က ဘုရားရှိကြောင်း ယုံကြည်ကြပါသည်။ စီးပွါးရေးသမားများတွင် ၇၀%

ဘု ရားရှိကြောင်း ယုံ ကြည်ပါသည်။ နိုင်ငံရေးသမားများတွင် ၅၀%

ကဘုရားရှိကြောင်း ယုံကြပြီး၊ အနုပညာရှင်များတွင် ၃% သာ ဘုရားရှိကြောင်း –

ယုံကြကာ သတင်းမီဒီယာလောကတွင် ၂% သာ ဘုရားရှိကြောင်းကို ယုံကြည်

ကြပါသည်။ သို့သော် ဘုရားရှိသည်ဟု ယုံကြသူတွင် အားလုံးနီးနီးက မည်သည့်

ဘုရားသည် ဘုရားစစ် ဖြစ်မှန်းကိုတော့ မသိကြပါ။

လူသည် ဘုရားမရှိဟု ပြောဆိုပိုင်ခွင့်မရှိပါ။

လူသည် ဘုရားမရှိဟု ပြောဆိုဖို့ရန် အရာအားလုံးကို သိမြင်သော သူဖြစ်ဖို့

လိုအပ်ကြောင်း ဒဿနပညာရှင်များက ဆိုကြပါသည်။ ထိုသို့ ဆိုသော် လူ၏

အသိတရားသည် အဘယ်မျှလောက်သော အတိုင်းအတာကို ပိုင်ဆိုင်ကြပါ

သနည်း? အိုင်စတိုင်းက လူသည်စကြာဝဠာ တစ်ခုလုံး၏ တစ်ရာခိုင်နှုန်းထက်

နည်းသော အသိတရားကိုသာ ပိုင်ဆိုင်သည်ဟု ဆိုပါသည်။ ထို့ကြောင့် လူသည်

ဘုရားမရှိပါဟု ပြောဆို နိုင်ခြင်းမရှိပါ။

ဘုရားမရှိဟု မိုက်သောသူတို့ သာ ဆိုတတ်ကြောင်း ကိုလည်း သ

ကျမ်းစာက ဆိုထား ပါသည်။ လူအချို့က ထိုအသိဉာဏ် လေးဖြင့် ဘုရားရှိခြင်း

ကိုလည်း ပြောဆိုနိုင်ခွင့် မရှိပြန်ပါဟု အကြောင်းပြပြန် ပါသည်။ အမှန်မှာ ထို

အသိဉာဏ် လေးက

တွေးခေါ်နိုင်သည်ထက် ဘုရားရှိကြောင်းကို ၉၉% ကျော်သော

ဖန်ဆင်းခြင်းဆိုင်ရာ သက်သေများက ဝိုင်းရံလျက်ရှိနေသည်ဟု ဆိုရပါမည်။

ဘု ရားကို ဆုတောင်းသောအခါ ကုသ၍ မရသော အနာရောဂါများ

ငြိမ်းသွားခြင်း၊ နတ်ဆိုးများ ကြောက်လန့် အော်ဟစ်လျက် ထွက်သွားခြင်း၊ သေသွား

သောသူများ ပြန်ရှင်ခြင်းနှင့် ဖြေရှင်း၍ မရနိုင်သော ပြဿနာများ ပြေလည်သွားခြင်း

အစ ရှိသည့် သဘာဝလွန် ကူမမှုများတို့သည် သမိုင်းနှင့် ယနေ့ မျက်မှောက် ကာလ

တွင် အခိုင်အမာ သက်သေတည်လျက် ရှိနေရာ ဘုရားမရှိဟုဆိုက ထိုသဘာဝ

လွန် ဖြစ်ရပ်များ တို့ သည် အဘယ်အရပ်က ရောက်လာပါသနည်း?

သမ္မာကျမ်းစာတော်မြတ်တွင်ဘုရားနှစ်မျိုးရှိပါသည်။ God (ဖန်ဆင်း

ရှင်ဘုရား) နှင့် gods(ဖန်ဆင်းခံ ဘုရားများ) တို့ဖြစ် ကြပါသည်။ gods ဆိုသည်မှာ

စကြာဝဠာတစ်ခုလုံး၏ အပုံတစ်ရာ တစ်ပုံထက်နည်းသော “အသိဉာဏ် ကိုသာ

ပိုင်ဆိုင်သည့် လူတို့ သတ်မှတ်သော အရှင်များ၊ ဘုရားများ၊ နတ်များ၊ ရုပ်တုများနှင့်

လူသား ထဲမှ လူသားများသာလျှင်ဖြစ်ကြပါသည်။

– မောရှေက

သို့ဆိုလျှင်ဘုရား (God) သည် မည်သည့်အရှင် ဖြစ်မည်နည်း။

ဘုရားမည်သူဖြစ်မည်ကို သိဖို့ရန်အတွက် ကမ္ဘာပေါ်တွင် ပေါ်ထွန်းခဲ့သော

ဘာသာရေးခေါင်းဆောင် များတို့ ကို ပြန်လည်လေ့လာကြည့်ဖို့ လိုပါ သည်။

– ဗုဒ္ဓ က ဘုရားဖြစ်သည်ဟု အခိုင်အမာမပြောခဲ့ပါ။

ယေဟောဝါ ဘုရားဖြစ်သည်ဟု မဆိုခဲ့ပါ။

– မိုဟာမက်ကလည်း အလ္လာဖြစ်သည်ဟု လုံးဝမပြောခဲ့ပါ။

သို့သော် လူသားတိုင်းသိသည့် ယေရှုဘုရားသည် ကားလိုင်စင်၍

အသတ်ခံရခြင်းမှာ ယေရှုတွင် မှားယွင်းခြင်း အပြစ်တစ်ခုကို ရှာ၍မရပါ။ ဂျူးတို့၏

ဘုရင်ဖြစ်သည်ဆိုသော စွဲချက်နှင့် ဘုရားဖြစ်သည် ဟူသော ဝန်ခံချက် တို့ ကြောင့်

စီရင်ခဲ့ ခြင်းဖြစ်ပါသည်။ ကျမ်းစာက ဘုရားကို ပြစ်မှားသော သူသည် သေပြစ်ကို

ခံရမည်ဟု ပညတ်ထားပါသည်။

ထို့ကြောင့် ယေရှုသည်ဘုရားဟုတ်မဟုတ်သိနိုင်ရန် ယေရှုနှင့် ဘာသာရေး

ခေါင်းဆောင်များ၏ အဆိုအမိန့်တို့ကိုလေ့လာဖို့ လိုပါသည်။

ဗုဒ္ဓက ငါသည်အမှန်တရားကို သိရှိရန်လမ်းပြသူဟု ရိုးရှင်းစွာ ဆိုခဲ့

ပါသည်။ ယေရှုက ငါသည် သမ္မာတရား ဖြစ်၏ ဟုဆို၏။

ကွန်ဖျူးရှပ်က ငါသည်သန့်ရှင်းမြင့်မြတ်သည်ဟု မဆိုခဲ့ဖူးပါ။ ယေရှုက

ငါ့ကို အဘယ်သူ အပြစ်တင်ခွင့် ရှိသနည်းဟုဆို၏။

မိုဟာမက်က ဘုရားသခင်ကသာသူ၏ သန့်ရှင်းခြင်းဝတ်လုံဖြင့် လွှမ်းခြုံ

ပေးခဲ့လျှင် မျှော်လင့်စရာ မရှိတော့ပါဟု ဆိုခဲ့ပါသည်။ ယေရှုက သင်တို့သည်

ငါ့အားယုံကြည် လက်ခံခြင်းမရှိလျှင် သင်တို့၏ အပြစ်ကြောင့် သေကြလိမ့်မည်။

(ငရဲသို့ သွားရမည်) ဟုဆိုခဲ့ပါသည်။

ယေရှုသည် ထိုသို့ ရဲဝံ့စွာ ဆိုခြင်းကြောင့်ဒဏ္ဍာရီ ဖြစ်သည်၊ လူလိမ်

ဖြစ်သည်၊ ရူးသွပ်နေသူဖြစ်သည် ဟု လူတို့က ဆိုကြပြန်ပါသည်။

ယေရှုသည် ဒဏ္ဍာရီဖြစ်သည်

ယေရှုသည် ဒဏ္ဍာရီမဟုတ်ဘဲ သမိုင်းတွင် အမှန်တကယ် တည်ရှိခဲ့သူ

ဖြစ်ပါသည်။ ပထရာစု၏ ရောမသမိုင်းပညာရှင်များဖြစ်သော ကောနေလိ နှင့်

သာစီးတပ် တို့ သည်ပင်လျှင် ယေရှု၏အကြောင်းကို အသေးစိပ် ရေးသား ခဲ့ကြ

ပါသည်။

ယေရှုသည် လူလိမ်ဖြစ်သည်

သမိုင်းပညာရှင် လူးဝစ်က ယနေ့ ကမ္ဘာပေါ်တွင် ကောင်းမှုနှင့်

ပတ်သက်လို့ ဩဇာ အလွှမ်းမိုးဆုံး ပုဂ္ဂိုလ်ဖြစ်သည့် ယေရှုသည် လူလိမ်အဖြစ်

အသက် ရှင်သွားသည် ဟူသောစွဲချက်မှာ ကောင်းကျိုး ညီညွတ်မှု မရှိကြောင်း

ကောက်ချက် ချခဲ့ပါသည်။

ယေရှုသည် ရူးသွပ်နေသူဖြစ်သည်

စိတ်ပညာရှင်များက ယေရှု၏တရားအတိုင်း နေထိုင်အသက်ရှင်ကြ ပါက

ကမ္ဘာ ပေါ်တွင် စစ်ပွဲရန်ပွဲများ မရှိနိုင်ပါ။ ယနေ့လူသားတိုင်း အောင်မြင်စွာအသက်

ရှင်နိုင်ရန် လမ်းညွှန်မှုကို ယေရှု၏ တောင်ပေါ် ဒေသနာတွင် တွေ့ရှိ နိုင်သည်ဟု

ဆို၏။ ထို့ကြောင့် လူသားတိုင်း အောင်မြင်မှု ရရန်အတွက် အသက်တာ၏ လမ်းညွှန်

မှုကို ပေးသူသည် ရူးသွပ်နေသူ မဖြစ် နိုင်ပါ။ ယေရှု၏သက်တော်စဉ် တွင်လည်း

စိတ်ဝေဒနာရှင်၏ လက္ခဏာ လုံးဝ မတွေ့ရပါ။

လူတို့ သည် ပစ္စည်းတစ်ခုကို ရွေးချယ်ဝယ်ယူရာတွင် အတုနှင့် အစစ်ကို

သေချာစွာ လေ့လာစစ်ဆေး ရုံမျှမက ထိုပစ္စည်းကို အာမခံချက် ပေးသော

ဆိုင်မှသာလျှင် ရွေးချယ်ဝယ်ယူ တတ်ကြပါသည်။ သို့သော် မိမိ၏ တမလွန် အရေး

အတွက် ကိုးကွယ်ရာကိုတော့ ထိုသို့ ရွေးချယ် ကိုးကွယ် တတ်ကြဖို့ သမ္မာသတိ

မဲ့တတ် ကြပါသည်။

လူပုဂ္ဂိုလ်တစ်ဦး၏ ပြုခဲ့သောအမှုနှင့် အဆိုအမိန့် ကိုကြည့်ခြင်း

အားဖြင့်သာ ထိုသူကို အဘယ်ကဲ့သို့သောသူ ဖြစ်နိုင်ကြောင်း သတ်မှတ်၍ ရနိုင်

ပါသည်။ ယေရှုသည် ဘုရားဟုတ်မဟုတ် သိနိုင်ရန်သာမက အနှိုင်းမဲ့သော

အရှင်ဖြစ်ကြောင်းကိုသိနိုင်ရန် ပြုခဲ့သောအမှုနှင့် အဆိုအမိန့် အချို့ကို ဖေါ်ပြ

လိုပါသည်။ –

ယေရှု၏ ဘုရားဖြစ်ကြောင်း ပြုခဲ့သောအမှုနှင့် အဆိုအမိန့်များ-

အမိဝမ်းတွင်းကပင် ကန်းနေသူအားပြန်မြင်စေသောအခါ “ငါသည် ဤလောက

လူသားထဲမှ အကြီးမြတ်ဆုံးသော လူသားအဖြစ် သတ်မှတ်ခြင်းကို

ခံခဲ့ရသော ယေရှုကို မသိသေးသောသူသည် ဤလောက၏ အလင်းကို မရသေး

သူပင် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်တွင် အသက်ရှင်နေရကြပြီး ယေရှု ခရစ်တော်

အကြောင်းကိုတော့ မသိမှတ်လိုခြင်းမှာ မိုက်မဲရာကျပါသည်။ အကြောင်းမှာ မိမိ

သိထိုက်သောအရာကို မသိခြင်းသည် လူညံ့ ဖြစ်၏၊ မိမိသိမနေတာကို မသိခြင်းက

လူအ ဖြစ်ပါသည်။ ထို့ ထက် သိပါလျက်နဲ့ ငြင်းပယ်နေသောသူအား လူမိုက် ဟု

ခေါ်ပါသည်။ ထိုသူကို မျက်စိရှိလျက် မမြင်သူ၊ နားရှိလျက် မကြားသူဟု

သမ္မာကျမ်းစာက ဆိုထားပါသည်။

ငါးထောင်မကသော လူတို့ အတွက် စားစရာကို ဖန်ဆင်းပေးပြီး လူများစွာ

စားပြီးသော အခါ ယေရှုက

. “ငါသည် အသက်မုန့်ဖြစ်၏” ဟု မိန့်တော်မူ၏။

ယေရှုသည်ဖန်ဆင်းရှင် ဖြစ်သည်ဆိုသည့် အကြောင်းကြောင့် ဖန်ဆင်း

ခြင်း ဆိုင်ရာ အကျိုးကို ပြုလျက် သမိုင်းတွင် သက်သေထူခဲ့ပါသည်။ ဖန်ဆင်းရှင်

မရှိဟု ဆိုသူများခင်ဗျား- သမိုင်းတွင် ပေါ်ထွန်းခဲ့သော ယေရှူပြု ခဲ့သည့် ဖန်ဆင်း

ခြင်းဆိုင်ရာ သက်သေများကို အဘယ်ကဲ့သို့မြင်ပါသနည်း? မျက်လည့်ပညာ ဆိုလျင်

ထို့ပညာက ရှိပြီးသောအရာအပေါ်၌သာ ဖန်တီး ခြင်းဖြစ်ပါသည်။ မိမိ၏ မိဘ

ဆရာသမား ကိုပင် ပြစ်မှားရန် မသင့်တော်ပါက မိမိကို ဖန်ဆင်းသော အရှင်ဘုရား

ဆိုလျှင် အဘယ်ဆိုဖွယ်ရာ ရှိပါလိမ့် မည်နည်း။သေ

ပြီးလေးရက်ရှိသူ လာဇရုအားသင်္ချိုင်းဂူမှ ပြန်ရှင်စေသောအခါ… “ငါသည်

အသက် ရှင်ခြင်းအကြောင်း ထမြောက်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်

ဆူသည် သေလွန်သော်လည်းအသက်ရှင်လိမ့်မည်။”

မည်သူမျှ မပြောနိုင်၊ မည်သူမျှ မပြုနိုင်၊ မည်သူမျှ မပေးနိုင်သော

ဂတိတော်ကို ယေရှုသည် ဘုရား၍ ပြောခဲ့ ပြုခဲ့ ပေးခဲ့ပါသည်။ ထိုဂတိတော်ကို

ငြင်းပယ်မိလျှင် ထာဝရ ငရဲထဲမှ နေပြီး နောင်တရ ရပါ လိမ့်မည်။ လူကို ချောက်ပြီး

အာဘစ္စယ်သော တရားမဟုတ်ပါ၊ ချစ်၍ အပယ်ငရဲမှ ကယ်တင်သော

သတိပေးတရား ဖြစ်ပါသည်။

သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သော ယေရှုကို တပည့်တော်သောမက မြင်သော

အခါ “ငါ၏အရှင် ငါ၏ ဘုရားသခင်ပါတကား” ဟု ဆို၏။ ထိုအခါ ယေရှုက

“ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုဆို၏။

ဤအချက်သည် ကိုးကွယ်မှုဆိုင်ရာ မတူညီသော အချက်ကြီး တစ်ရပ်

ဖြစ်ပါသည်။ ယေရှုကို ကိုးကွယ်ခြင်းသည် ဘာသာတရားထက် အသက် ရှင်သော

ဘုရားကို ကိုးကွယ်ခြင်းဖြစ်ပါသည်။ ခရစ်ယာန် တို့၏ အပတ်စဉ် ဝတ်ပြုရာ

တနင်္ဂနွေသည် ယေရှု၏ ရှင်ပြန်ထမြောက်ရာနေ့ဖြစ်ပါသည်။ ယေရှု၌ အသက်ပေး

ပိုင်ခွင့်ရှိသည့်အတွက် အသက်ကို ပေးပိုင်ခြင်း ဖြစ်ပါ သည်။ သေသောသူများကို

ပြန်ရှင်စေခဲ့သကဲ့သို့ အရေးအကြီးဆုံးသော တရား ဖြစ်သည့် သေခြင်းတရားကို

အောင်မြင်ခဲ့သောအရှင်ဖြစ်ပါသည်။

ခရစ်ယာန်များအတွက် အဓိကမေးခွန်း-

ခရစ်ယာန်ဘာသာအား အဆက်မပြတ် မေးခွန်းထုတ်ရမည့်အချက်မှာ

ယေရှုအမှန်တကယ် သေခြင်းမှ ရှင်ပြန်ထမြောက် ခဲ့ပါရဲ့လား ဆိုသည့် အချက်

ပင်ဖြစ်သည်ဟု ကမ္ဘာကျော် သမိုင်းပညာရှင် ဖိလစ်ရှဟပ်က ဆိုခဲ့ပါသည်။

ထိုသို့ မဟုတ်က ခရစ်ယာန်ဘာသာသည် လွဲမှားသော ကိုးကွယ်မှု ပင်ဖြစ်ပြီး

ထိုသူများလောက် လူဖြစ်ရှုံးသောသူ မရှိပါဟု မှတ်ချက်ချခဲ့ပါသည်။

ထိုအချက်ကြောင့် သမိုင်းကို လေ့လာရာတွင် တစ်ဖက်ကမ်း ခတ်အောင်

ကျွမ်းကျင်သူအဖြစ် ကမ္ဘာကလေးစားခံရသော သမိုင်းပညာရှင် လည်းဖြစ်ကာ ရောမ

သမိုင်းစာအုပ်ကို ရေးသားခဲ့သူ ပါမောက္ခ သောမတ်(စ်) အာနိုးက ယေရှု၏

အကြောင်းကို လေ့လာပြီးသောအခါ “ကျွန်တော်သည် သမိုင်းတစ်ခုကို လေ့လာ

ရာတွင် အချိန်များစွာပေး၍ လေ့လာလေ့ရှိပါသည်။ ထိုသမိုင်းကို ရေးသားသော

သူတို့၏ နောက်ခံသမိုင်း ကိုလည်း အထောက် အထားများစွာဖြင့် လေ့လာပါ သည်။

ကျွန်တော်လေ့လာ ခဲ့သော သမိုင်း ဖြစ်ရပ်များထဲတွင် ယေရှု၏ သေခြင်းမှ

ရှင်ပြန်ထမြောက်ခြင်း အကြောင်းက စိတ်အချရဆုံး သမိုင်းဖြစ်သည်” ဟု မှတ်ချက်

ချခဲ့ပါသည်။

နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ ယေရှုကို မယုံကြည်သော သမိုင်းပညာရှင်

နှစ်ဦးဖြစ်သည့် လော့ဒ်လိုက်လက်တန်နှင့် ဒေါက်တာဘတ်ဝက်ဘ်ကတို့ က

ယေရှုနှင့် ယေရှု၏ နောက်လိုက် တမန်တော်များ တို့၏ အကြောင်းကိုလေ့လာ

ပြီး မဖြစ်နိုင်သော အချက်များ မှားယွင်းနေသော အချက်များကို ရှာဖွေလျက်

ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို တိုက်ဖျက်ရန် စီစဉ်ခဲ့ကြပါသည်။ ယေရှု

အကြောင်းကို တစ်နှစ်ခန့် လေ့လာပြီးသော အခါ ခရစ်ယာန်များ ဖြစ်သွား ကြပြီး

၄င်းတို့ နှစ်ဦး အား အဘယ့်ကြောင့် ထိုသို့ ဖြစ်သွားရ သနည်းဟု မေးကြည့်ကြရာ

“အမှန် တကယ် စူးစမ်းလေ့လာမှုမရှိမှီ ယေရှုကို ငြင်းပယ် မိမှာပါ” ဟုသာ ဆိုခဲ့ကြ

ပါသည်။

တမလွန်ခရီးအတွက် လမ်းပြသူ၏ အရည်အချင်း –

လူသည် သေပြီး ဘယ်ကိုရောက်မည်ဆိုသည်ကို သေသောအခါမှသာ လျှင်

အတိအကျ သိနိုင်မည် ဖြစ်ပါသည်။ အပယ်ငရဲမှ လွတ်မြောက်ရာလမ်းကို

ပြညွှန်သည့် ပုဂ္ဂိုလ်သည် သေခြင်းတရားကိုအောင်မြင်ဖို့ လိုအပ်ပါသည်။ ထိုသို့

မဟုတ်က စိတ်အထင်ဖြင့် ပြသောလမ်းသည် စိတ်ချနိုင်ပါမည်လား? ဥပမာ

သင်မရောက် ဘူးသော တိုင်းပြည်သို့ သွားရန်အတွက် လမ်းပြကို ခေါ်ယူ ရာတွင်

ထိုတိုင်းပြည် သို့ မရောက်ဖူးပေမည့် ဉာဏ်ဖြင့် သိသည် ဆိုသည့် လမ်းပြနှင့်

ခရီးသွားရ သည် ထက် ထိုတိုင်းပြည်သို့ ရောက်ဖူးရုံမျှမက ထို တိုင်းပြည်၏

နိုင်ငံသားကိုယ်တိုင်က လမ်းပြအဖြစ် ခေါ်ဆောင်သွား ပေးမည် ဆိုလျှင် မည်သူ

သည့်လမ်းက ပို၍ စိတ်ချယုံကြည်မှု ပေးနိုင်မည်နည်း? ထိုတိုင်းပြည်၏ ရှင်ဘုရင်

နှင့်အတူသွားရ မည်ဆိုလျှင် အဘယ်ဆိုဖွယ်ရာ ရှိပါမည်နည်း။ ယေရှုသည်

ဘုရင်တကာတို့၏ ဘုရင် ဖြစ်တော်မူ၏။

တမလွန်၏ လွတ်မြောက်ရာ ဘုရားလမ်းအကြောင်းကို ပြောသူသည်

လူသားထဲမှ လူသားပြောသော တရားထက် ဘုရားမှ လူ့ဇာတိကို ခံယူ လာသည်

ဆိုသည့် တမလွန်ကမ္ဘာမှ လာသောယေရှု ပြသောလမ်းက စိတ်အချရဆုံး

ဖြစ်နိုင်မည် မဟုတ်ပါလား။

ယေရှုနှင့်ပတ်သက်၍ ဘုရားမဲ့ဝါဒီတို့၏ အဆိုအမိန့် အချို့ကို ဆက်လက်ဖော်ပြရပါလျှင်

ပြင်သစ်အတွေးအခေါ်ပညာရှင် ရီနင်က “နောင်တွင် အံ့သြဖွယ် ပုဂ္ဂိုလ်များ

ပေါ်လာပါမည်။ သို့ သော် သေချာတာတစ်ခုက ယေရှုကိုတော့ မည်သူမျှ

ကျော်လွန် နိုင်မည်မဟုတ်ပါ။”

အခြားသော ပြင်သစ် အတွေးအခေါ်ပညာရှင် ရူဆိုးကလည်း

“ဆိုကရေးတီး၏ လုပ်ဆောင်မှုကိုကြည့်ကာ သူ့အား အတွေးအခေါ် ပညာရှင်ဟု

သတ်မှတ်လျှင် ယေရှု၏ အသက်ရှင်မှုနှင့် လုပ်ဆောင်မှုကိုကြည့်ကာ ယေရှု သည်

ဘုရား ဖြစ်သည်ဟု သတ်မှတ် ရမည်” ဟု ဆို၏။

နပိုလီယန်က“ကျွန်တော်လူများစွာသိခဲ့ပါသည် သို့သော်ယေရှုသည်

လူသား သက်သက်မျှ မကပါ” ဟုဆို၏။

ဘုရားမဲ့တစ်ဦးက “အကယ်၍ လူတစ်ဦးသာ ဘုရားဖြစ်ခဲ့လျှင် သို့မဟုတ်

ဘုရားသည် လူသားအဖြစ် လောကကိုကြွလာခဲ့လျှင် ယင်းသည် ယေရှုပင် ဖြစ်သည်”

ဟုဆို၏။

စာရေးဆရာတစ်ဦးက “ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့သော ဘုရင်များ

အစိုးရများ စစ်တပ်ကြီးများ အားလုံးတို့၏ အာဏာကို စုပေါင်းကာ လူသားများ

ကိုလွှမ်းမိုး အုပ်ချုပ်ခဲ့လျှင်ပင် ယေရှုဟူသော ပုဂ္ဂိုလ်တစ်ပါး တည်းက လူသား

များအပေါ် လွှမ်းမိုးနိုင်စွမ်းကို မီနိုင်မည် မဟုတ်ပါ” ဟု ဆိုခဲ့သည်။

ဆင်ခြင်စရာတစ်ခုအနေဖြင့် အထက်ပါ ဘု ရားမဲ့ဝါဒီများတို့ သည်

ဘုရားနှင့် ဖန်ဆင်းရှင် ရှိကြောင်းကိုလည်း သိပြီး ထိုအရှင်သည် ယေရှု ဖြစ်ကြောင်း

ကိုလည်း သူတို့က သိကြပါလျက် ငြင်းပယ် ကြခြင်းမှာ ၄င်းတို့၏ အသိဉာဏ်ထဲ

(လွဲမှားသော ၀သန အတွေးအခေါ်များဖြင့် ပိတ်ထားသည့် အတွက် စစ်မှန်သော

အာဏရားသည် ၄င်းတို့၏ အထဲသို့ မဝင်ရောက် နိုင်ခြင်း ဖြစ်ပါသည်။ လိုသူ

တို့ကို လူတို့က အတွေးအခေါ်ပညာရှင်များဟု သတ်မှတ်ကြသော်လည်း ၄င်းတို့၏

အတွေးအမြင် သည် အဆုံးပန်းတိုင် ထိ မရောက်သောကြောင့် စုံလင်သော

ပညာရှင်ဟု မဆိုနိုင်ပါ။

တစ်နေ့သောအခါ ထိုသူများအားလုံးတို့သည် ယေရှု၏ တရားပလ္လင်

ရှေ့သို့ ရောက်ရကြမည် ဖြစ်ပါသည်။ တရားရုံးတွင် တရားသူကြီးကို မသိ၍

တရားသူကြီးကို လက်မခံလို၍ တရားစီရင်ခြင်းကနေ ငြင်းပယ်လွတ်မြောက် သွား

ရိုး ထုံးစံရှိပါသလား? အမှန်တရားကို ရှာဖွေနိုင် သူသည် ပညာရှိဖြစ်ပြီး၊ မိမိ

တစ်ဦးတည်း ရှိပါလေစေ ထိုအမှန်တရားဘက်မှ ရပ်တည်ရဲသူကို သူရဲကောင်းဟု

ခေါ်ပါသည်။

ယေရှုက ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်ဖြစ်၏။ ငါ့ကိုအမှီ

မပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရကြ။ (ယော ၁၄၆)

ယေရှုသည် အပျိုစဉ်မှ မွေးဖွားမြင်သည်ဆိုခြင်းမှာ ယုတ္တိမရှိပါဟု ဆိုကြသော်-

ယေရှုသည် အပျိုစဉ်မယ်တော်မာရိမှ လူ့ဇာတိခံယူခဲ့ခြင်းကို မဖြစ်နိုင်

ကြောင်း ဝေဖန်ကြပါသည်။ ထိုမဖြစ်နိုင်ကြောင်းကို ဖြစ်နိုင်ကြောင်း သက်သေ

တော်အနေဖြင့် ဖေါ်ပြရပါက ယေရှုသည် ကိုယ်ဝန်စဆောင်စဉ်မှစပြီး သက်တော်စဉ်

တလျှောက်လုံး မဖြစ်နိုင်သောအရာများနှင့် ပြည့်နေပါသည်။ မဖြစ်နိုင်ဆုံးက

သေခြင်းမှ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခြင်း ဖြစ်ပါသည်။

ထိုမဖြစ်နိုင်သော သဘာဝလွန် သမိုင်းသက်သေများအရ ယေရှုကို ဘုရား

သတ်မှတ်ခြင်းဖြစ်ပါသည်။ မိန်းမက မွေးလို့ ဘုရားအဖြစ် မသတ် မှတ်နိုင်ဟု

ဆိုပြန်ရာ ဘုရားမှ လူ့ဇာတိခံယူဖို့ အပျိုစဉ်မယ်တော်မာရိ၏ ဝမ်းကို အသုံးပြု၍

ဖွားမြင်ခြင်း ခံယူခြင်းထက် ယုတ္တိရှိသည့် အခြားသော နည်းလမ်း ရှိနိုင်ပါမည်လား။

မိမိအလိုလိုဖြစ်တော်မူသော ဘုရား၊

အထက်ပါ အကြောင်းအကျိုးတို့အရ ယေရှုသည် ဘုရားဖြစ်ဖို့ ကြိုးစား

ကျင့်ကြံ အားထုတ် ခဲ့ရသော အတ္ထုပ္ပတ္တိမရှိပါ။ မိမိအလိုလို ပကတိ သ

အဖြစ်တော်ဖြင့် ကျင့်စရာမလို၊ အကူမလိုဘဲ ကနဦးကပင် တည်ရှိ တော်မူသော

ဘုရား ဖြစ်တော်မူ၏။ ဗုဒ္ဓ၏နောက် နှစ်ငါးရာခန့် နောက်ကျပြီးမှ ပွင့်သည် ဟု

ဆိုပေမည့် ယေရှုသည် ကမ္ဘာမတည်မီကပင် တည်ရှိတော်မူသော ထာဝရဘုရား

အနန္တမျက်မှောက်တော် ရှိတော်မူသော ဘုရား၊ အနာဂတဿ ဉာဏ်တော်ရှင်ဘုရား၊

အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရား၊ ထာဝရ မပြောင်းမလဲတည်တော်မူသော

ဘုရားနှင့် အသက် ပေးပိုင်တော်မူသော ဘုရား ဖြစ်ပါသည်။ စောပွင့်သည့်

နောက်ကျမှ ပွင့်သည် ဆိုသည့် အရပ်ထက် ထိုအရှင် တို့၏ ဘုရားဖြစ်လာရခြင်း

အကြောင်းအကျိုး ရည်ရွယ်ချက်က အဓိကကျပါသည်။

လောကကြီးကို ဖန်ဆင်းထိန်းချုပ်ထားသော အရှင်က ထိုလောကီ၏

တရားများတို့ကို အောင်မြင်ရန် ကျင့်ကြံအားထုတ်ဖို့ မလိုအပ်ပါ။ လောကီ

လောကုတ္တရာ ကို အမှန် အောင်မြင်လိုသောသူများမှန်က ငါသည် လောကကို

အောင်ပြီဟု ကြွေးကြော်ခဲ့သော ယေရှုဘုရား၏ အကူဖြင့်သာ အောင်မြင် နိုင်မည်

ဖြစ်ပါသည်။

လောကတွင် ဘုရားများစွာ ရှိသော်လည်း ယေရှုသည် ဘုရားအပေါင်း

၏သခင် တုနှိုင်းမဲ့သော ဘုရားသခင် ဖြစ်တော်မူပါသည်။ ထိုအရှင်သည်

လူသားတိုင်းနှင့် ထိုက်တန်သော ဘုရားဖြစ်သော်လည်း လူသားတိုင်းကတော့

မရွေးချယ်ကြခြင်းမှာ ဘုရား၏ အပြစ်မဟုတ်ပါ၊ မရွေးချယ်သောသူ (မထိုက် တန်သူ)

၏ အပြစ် သာလျှင် ဖြစ်ပါသည်။ ဖန်ဆင်းရာပါ မဟာအခွင့်အရေး ဖြစ်သည့်

လူသားတိုင်း၏ လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်ကို ရထားသော သင်သည် ထို

ရွေးချယ်ခွင့်ဖြင့် မှန်သော ဘုရားအား ရွေးချယ်နိုင်ပါစေ။

ယေရှုသည် သူတော်စင်တစ်ဦး သို့မဟုတ် တမန်တော်တစ်ဦးသာဖြစ်သည်

မဟုတ်ပါလား?

အောက်စပို့စ် တက္ကသိုလ်၏ ပါမောက္ခ ဖြစ်သူ စီအက်လူးဝစ်သည်

ဘုရားမဲ့ဝါဒီတစ်ဦးဖြစ် သော်လည်း ယေရှုအကြောင်း ကိုလေ့လာပြီးသောအခါ

ယေရှုသည်ဘုရားအဖြစ်နှင့်ကယ်တင်ရှင်အဖြစ် လက်ခံခဲ့သည်။ သူက ယေရှုနှင့်

ပတ်သက်လို့မပြတ်မသား ဒွိဟဖြစ်နေသူများကို အောက်ပါအတိုင်း ပြောခဲ့ ပါသည်။

လူတစ်ချို့က ယေရှုသည် ကိုယ်ကျင့်တရား ကောင်းမွန်သော သူတော်စင်

အဖြစ် လက်ခံပါသည် သို့သော် ဘုရားအဖြစ်တော့ လက်မခံနိုင်ပါဟု စဉ်းစား

ဉာဏ်မရှိဘဲ ပြောဆိုမှုများကို ကျွန်ုပ်လုံးဝ ကန့်ကွက်ပါသည်။ သင်သည်ကျွန်ုပ်တို့ပြော

ရမည့်စကား တုတ်ပါ။ ယေရှု၏သက်တော်စဉ်နှင့် လုပ်ဆောင်ချက်များကို

ကြည့်ပြီး ယေရှုသည် ဘုရားဖြစ်သည် သို့တည်းမဟုတ် ရူးသွပ်နေသော ငရဲမှ

လာသည့်နတ်မိစ္ဆာသာဖြစ်သည် ဟူသော ခံ ချက်နှစ်ခုထဲတစ်ခုကို ရွေးချယ်

လိုအပ်လာသည်။

သင်သည် သူ့အား အရူးတစ်ယောက်အနေဖြင့် လစ်လျူရှုထားနိုင်

ပါသည်။ နတ်မိစ္ဆာဟုသတ်မှတ်၍ တံတွေးဖြင့် ထွေးနိုင်ပါသည်။ ထိုသို့မပြုလိုပါက

သူ၏ခြေရင်းတွင် ဦးညွှတ်၍ကျွန်ုပ်၏ သခင် ဘုရားရှင်ဟု ခေါ်နိုင်ပါသည်။ သို့သော်

အနှစ်သာရမဲ့ပြီး အဓိပ္ပါယ် မရှိသောယူဆချက်ဖြစ်သည့် ယေရှုသည် ကိုယ်ကျင့်တရား

ကောင်းမွန်သည့် ဆရာသမား ဖြစ်သည် စသည့်သာမန် လူသားတစ်ယောက်သာ

ဖြစ်သည်ဟူသော စကားကိုမူ ရပ်တန့် ရမည်ဖြစ်သည်။ သင်သည် အသိဉာဏ်

ဖြောင့်မတ်မှန်ကန်ခြင်းကို လက်ခံလိုသော ဆန္ဒရှိပါက မပီပြင် မပြတ်သားသော

ကြားနေအယူအဆကို လက်မခံသင့်ပါ။ ယေရှုသည် ဘုရားဖြစ်သည်ဟု လက်ခံ

လိုက်ခြင်းက ပိုမိုလွယ်ကူ ပေမည်။

သခင်ယေရှုကိုလက်မခံနိုင်ခြင်းမှာ

ပိတ်ထားသောစိတ်နှလုံးတံခါးကြောင့်ဖြစ်ပါသည်။ ယေရှု၏ ဘုရား

ဖြစ်ခြင်း နှင့်သေခြင်းမာန်ကို အောင်မြင်ခဲ့ကြောင်း မည်သည့် ခိုင်လုံသောမည်သည့်

အကြောင်းပြချက်များဖြင့်ရှင်းပြသော်လည်း လက်မခံ နိုင်သောသူများ ရှိပါသည်။

တစ်ချို့က ဘုရားနှင့်ကယ်တင်ရှင် ဖြစ်တော်မူသော ယေရှုကို လက်မခံနိုင်ခြင်းမှာ

အသိဉာဏ် ရှိရှိစူးစမ်းလေ့လာခြင်းကြောင့် မဟုတ်ဘဲ ၎င်းတို့ ၏စိတ်ထဲတွင်

လွဲမှားသောဘန အတွေး အခေါ်များဖြင့် ဖုံးလွှမ်းနေသောကြောင့် ဖြစ်ပါသည်။

လူများက ယေရှု၏ ရှင်ပြန် ထမြောက်ခြင်းကို လက်မခံနိုင်ပါ။ အကြောင်းမှာ ဘုရား

နှင့် သဘာဝလွန် အကြောင်း တရားများကို လက်မခံသောကြောင့် ဖြစ်သည် ဟု

ဆိုကြသည်။ ဒဿန ပညာရှင်ကြီးများပင် မည်မျှပင်ခိုင်လုံသော အကြောင်း များနှင့်

ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို ရှင်းပြစေကာမူ လက်မခံကြပါ။ ခိုင်လုံသော

သမိုင်းသက်သေများ မရှိလို့ မဟုတ်ပါ။ သူတို့ကဘုရားမရှိ၊ သဘာဝလွန် အဖြစ်မရှိ

အံ့ဖွယ်နိမိတ် များလည်းမရှိဟု ယုံကြည် ထားသောကြောင့် စစ်မှန်သော

သမ္မာတရားသည် သူတို့၏ စိတ်နှလုံးထဲမဝင်ရောက်နိုင် လောက်အောင် စိတ်နှလုံး

တံခါးကို ပိတ်ထားသော ကြောင့်ဖြစ် ပါသည်။ ၄င်းတို့၏ အတွေးအခေါ်များသည်

စဉ်းစား ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံသော အတွေးအခေါ် ဟုမဆိုနိုင်ပါ။ အကြောင်း

မှာသူတို့၏အတွေးအခေါ် များသည်အဝေးသို့ မရောက် ကျယ်ပြန့်ပြီး နက်ရှိုင်းစွာ

စဉ်းစားဆင်ခြင်တွေးခေါ်နိုင်သူများ မဟုတ်သော ကြောင့်ဖြစ်ပါသည်။ အားလုံးသော

အထောက်အထား များက ၂+၂+၄ ရသည်ဟုဆိုပါကလည်း ထိုသူသည် ဒီလိုကြောင့်

အဖြေမှန်မှာ လေးမဟုတ်ပါ သုံးသာ ဖြစ်ကြောင်း ငြင်းဆန်နေအုံးမည်သာ ဖြစ်ပါ

သည်။

ထို့ကြောင့် ဘုရားသခင်ကို အမှန်တကယ် လိုလားတောင့်တစွာဖြင့်

ရှာဖွေသိရှိလိုသူများဖြစ်ဖို့ လိုပါသည်။ သင်တို့၏အသိ ဉာဏ်ပညာဖြင့် အကြောင်း

အကျိုး ညီညွတ်ခိုင်လုံသော အထောက်အထားများကို စူးစမ်းရှာဖွေရန် လိုအပ်

ပါသည်။

အကြောင်း လေ့လာရာ၌ အထောက် အကူ ဖြစ်စေရန် ကျမ်းချက်

တစ်ချက်ကို ဖေါ်ပြပေးလိုပါသည်။

အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူသောနေ့ မရောက်မှီကာလတွင်

ပြုမှု သွန်သင်တော်မူသမျှတို့ကို ထုတ်ဖေါ်၍ အထက်ကျမ်းစာကို ငါစီရင်

ရေးထားပါပြီ၊ အသေခံတော်မူပြီးလျှင် တမန်တော်တို့ အားအရက်လေးဆယ်

ပတ်လုံး ကိုယ်ကိုပြ၍ ဘုရား သခင်၏ နိုင်ငံတော်နှင့် စပ်ဆိုင်သော အရာတို့ ကို

မိန့်ခွက်တော်မူလျက် မိမိအသက်ရှင်သည် အကြောင်းကို ခိုင်ခန့် သောသက်သေများ

အားဖြင့် ပြတော်မူ၏။ (တ ၁-၃)

 

ယေရှုသည်ဘုရားသခင်ဖြစ်တော်မူ၏။

၄. မွေးဖွားလာစကပင် တဦးနှင့်တဦး အတူမညီ ဖြစ်ရသည့် အကြောင်းမှန် ကို

ရှင်းပြပါ။

လူ့ဘဝ၏ အဓိပ္ပါယ်-

၄င်းမေးခွန်းက လူခြင်းတူပါလျက် အယုတ်၊အမြတ် ဆင်းရဲချမ်းသာ နှင့်

သန်စွမ်းသူ၊ မသန်စွမ်း သူများ ရှိရခြင်း အကြောင်းကို ဆိုခြင်းဖြစ် ပါသည်။ လူသည်

ဘယ်က ဆင်းသက်လာပြီး ဘာအတွက် လောကတွင် အသက်ရှင် နေရင် ပြီးရင်

ဘယ်ကိုပြန်သွားရမှာလဲ ဆိုသည့်အကြောင်းကို သိပါက အဖြေ ရှိပါသည်။

ထိုအကြောင်းကို မသိဘဲ အသက်ရှင်နေရသူ အတွက် ဘဝအဓိပ္ပါယ် မဲ့နေပါ

လိမ့်မည်။

တစ်နေ့ ညကြီး သန်းခေါင်အချိန်တွင် လူကြီးတစ်ဦးက စဉ်းစား တွေဝေရင်း

လမ်းလျှောက် နေပါသည်။ ထိုသူကို ရဲများက မြင်သောအခါ ခင်ဗျား ဘယ်သူလဲ

ဘယ်ကလာတာလဲ ဘယ်ကို သွားမှာလဲဟု မေးပါသည်။ ထိုအခါ လူကြီးက ရဲများကို

ကျွန်တော် ဘယ်သူလဲ ဘယ်ကလာတာလဲ ပြီးရင်ဘယ်ကို သွားရမှာလဲဟု

ပြန်မေးသည့် အတွက် အရူးဟုထင်ပြီး ရှာဖွေ စစ်ဆေးကြည့်ရာ အိတ်ကပ်ထဲမှ

ဆက်သေခံကဒ် တစ်ခုထွက်လာပါသည်။ ထိုကဒ်အရ ၄င်း လူကြီးမင်း သည်

စိတ်ပညာရှင် တစ်ဦးသာမက တက္ကသိုလ် တစ်ခု၏ ပါမောက္ခကြီး တစ်ဦး

ဖြစ်နေသည်ကို အံ့သြစွာမြင်တွေ့လိုက်ရ ပါသည်။ လူကြီးမင်း ပြန်လည်၍ မေးသော

မေးခွန်းမှာ လူဖြစ်လာရခြင်း၏ အဓိပ္ပါယ်ကို ဆိုခြင်းဖြစ် ပါသည်။ ခရီးသွားတစ်ဦး

ဖြစ်နေပြီး ၄င်းသည် ဘယ်ကလာပြီး ဘယ်ကိုသွား နေမှန်းမသိလျှင် အရူးပင်ဖြစ်

အကဲ့သို့ ယနေ့ ဘ၀ခရီးကို နှင်နေသော လူသားများ တို့ သည်လည်း ထိုကဲ့သို့ပင်

ဖြစ်ပါ သည်။

၄င်းကဲ့သို့ပင် လူဖြစ်လာရခြင်းနှင့်ပတ်သက်လို့ ဘဝအဓိပ္ပါယ်ကို သိရ

သော အာနိကပါမောက္ခ Dr Hugh Moorhead က နာမည် အကြီးဆုံး အရေး

အခေါ် ပညာရှင်များ ၊ သိပ္ပံပညာရှင်များ၊ စာရေးဆရာ များနှင့် ပညာရှိအယောက်

၂၅၀ ထံသို့ စာရေး၍ မေးခဲ့ဖူးပါသည်။ ၄င်းတို့ အားလုံးက စိတ်အထင်များကိုသာ

ပြန်ဖြေပြီး သူတို့အသက်တာ၏ ရည်ရွယ်ချက်ကို သိအောင်ကြိုးစားနေကြောင်း၊

အကြောင်းရင်းကို မသိရသေးကြောင်းနှင့် အသက်တာ၏ ရည်ရွယ်ချက်

အမှန်ကိုသိပါက ၄င်းတို့ အား ဖေါ်ပြပေးပါရန် ပါမောက္ခကြီးထံ နာမည်ကြီး

ထင်ရှားသော ပညာရှိကြီးများက မေတ္တာရပ်ခံစာ ပြန်ရောက်လာပါသည်။

အသက်ရှိလျက် သေနေသူ

ဒုတိယကမ္ဘာ စစ်အတွင်းက အဖြစ်အပျက်လေး တစ်ခုကို ပြောပြ

လိုပါသည်။ ကုန်သင်္ဘောများထံသို့ ဦးတည်ပြီး ရွက်လွှင့်လာသည့် လှေငယ်လေး

ကို တွေ့ လို က် ရသည့် အတွက် အချက်ပေးသော် လည်း သင်္ဘောများ

တည့်တည့်သို့သာ လာနေပါသည်။ ထို့ကြောင့် သင်္ဘောကြီး များက လှေငယ်ကို

ရှောင်ပေးရင်း အနားမှ ဖြတ်သွားသော လှေငယ်ကို ကြည့်လိုက်ရာ ရေတပ်သား

တစ်ဦးက တက်မကိုသာ ကိုင်ရင်း ရွက်လွှင့် နေပါသည်။ သူ့ကို ခေါ်သောအခါ

၌လည်း ပြန်၍တုန့်ပြန်မှု မရှိသဖြင့် ကုန်သမှ အသက် ကယ်လှေဖြင့် လိုက်လံ

ကြည့်ရှုကြပါသည်။ ထိုလှေငယ်အပေါ်၌ သံလိုက် အိမ်မြောင်မပါ၊ မြေပုံမပါ၊

ရေမပါဘဲ တက်မ ကိုသာ မလွှတ်တမ်း မြဲမြဲကိုင်လျက် သေနေသူ ဖြစ်နေပါသည်။

၄င်းတက်မကိုင်ထားရာ လမ်းကြောင်းကလည်း လွတ်မြောက်ရာ ကမ်းစပ်ဖက်

သို့မဟုတ်၊ လွတ်မြောက်မည်ဟုထင်ရာ ပြန်လမ်း မရှိသည့် မဟာ သမုဒ္ဒရာကြီး

ဖက်သို့ ဖြစ်နေပါသည်။

ထိုသို့ပင် လူတို့ သည် မိမိ၏ ရည်ရွယ်ရာ ပန်းတိုင်ကို အသေ အချာ

မသိဘဲ စိတ်အထင်ဖြင့် ဘဝခရီးကို နှင်နေသူဖြစ်ပါက ရည်ရွယ်ချက် အလွဲများ

ဖြင့် အထက်ပါလှေငယ်ထဲမှ ငါ့ဘာသာ ငါ့သာသနာ တည်းဟူသော တက်မ ကိုသာ

မြဲမြဲကိုင်ထားသည့် လူသေကဲ့သို့ပင် ဖြစ်ပါသည်။

လူ၏ ကိုယ်ခန္ဓာကို သိပ္ပံပညာရှင်များက ဓါတ်ခွဲ၍ စမ်းသပ်ကြည့်ရာ

လူတွင်ပါဝင်သော ဓာတ်ပစ္စည်း များက မြန်မာငွေဖြင့် တစ်သောင်းခန့် သာ တန်ဘိုး

ရှိပါသည်။ သို့သော် လူသည် ထိုတန်ဘိုး မျှသာမကပါ၊ လူသည် စကြာဝဠာ

ထက်မက တန်ဘိုးရှိကြောင်း ဘုရားက ဆိုထားပါသည်။ သင်သည် ဆင်းရဲသူ၊

ယုတ်ညံ့သူ၊ ဒုက္ခိတတစ်ဦးဖြစ်လျက် လူတို့ရှေ့တွင် နိမ့်ကျသူ ဖြစ်နိုင်သော်လည်း

ဘုရားက ထိုသို့ မမြင်ပါ။ လူကိုဖန်ဆင်းသောဘုရားက လူတိုင်းကို စကြာဝဠာ

လက်မက တန်ဘိုးရှိသူများ အဖြစ် တန်ဘိုးထား ပါသည်။ ထို့ကြောင့် မည်သည့်

အလွှာ မည်သည့်အရပ် မည်သည့် ဉာဏ်ရည်ဖြင့် လူဖြစ်လာရခြင်းထက် မှန်သော

ဘုရားကို သိကျွမ်းဖို့ က အဓိကကျပါသည်။

လူ့ဘဝ၏ အဓိပ္ပါယ်

လူဖြစ်လာရခြင်း အကြောင်းရင်းသည် ထာဝရကာလအတွက် ဘုရား

သခင်စီစဉ် ထားသည့် စကြာဝဠာနှင့် ဆိုင်သော ရည်မှန်းချက်ဖြစ်၍ အလွန်နက်နဲ

ကျယ်ဝန်း လှပါသည်။

လူဖြစ်လာရခြင်းသည် မှားယွင်းမှုမဟုတ်၊ တလွဲတချော် ဖြစ်လာရခြင်း

လည်း မဟုတ်ပါ။ မိခင်ဝမ်းထဲ၌ ပဋိသန္ဓေမယူမှီကပင် ဘုရား၏ စိတ်တော်ထဲ

ပဋိသန္ဓေ ယူပြီးဖြစ်သည်။ သင်၏ အမျိုးအနွယ် အဆင်းအရောင် ဖွားမြင်ရမည့်

အရပ်ဒေသနှင့် တိုင်းနိုင်ငံအားလုံးကို ဘုရားသခင်ကရွေးချယ်ပေးခဲ့သည်။ သင်

ပိုင်ဆိုင်ရမည့် အစွမ်း အစနှင့် သူတစ်ပါးထက် ထူးခြားသော တစ်ကိုယ်ရည်

စွမ်းရည်ကိုလည်း ဘုရားသခင်က စီမံခဲ့သည်။ မွေးဖွားရမည့် အချိန် အသက်ရှင်

လုပ်ဆောင် ရမည့်အရာနှင့် သေရမည့် အချိန်ကိုလည်း ဘုရားသခင်က အတိအကျ

ရွေးချယ် သတ်မှတ်ခဲ့ပြီးဖြစ်သည်။

ကျွန်ုပ် မမွေးဖွားမှီ ကိုယ်တော်သည် ကျွန်ုပ်ကိုသိမြင်၍ ကျွန်ုပ်၏။

အသက်ရှူခြင်းကိုမပြုမှီ အသက်တာ၏ နေ့ရက်တစ်ခုစီတို့ ကို စီစဉ်ထား ပါ၏

ကိုယ်တော်၏စာရင်း၌ နေ့စဉ်မှတ်တမ်းတို့ ကို ရေးမှတ်ထားပါ၏။ (ဆာ ၁၃၉း၁၆)

ဟု ထာဝရဘုရား၏ သမ္မာကျမ်းတွင် ဆိုထားပါသည်။ ဘုရားသခင်၌ မတော်တဆ

ပြုသောအရာ တစ်ခုမျှမရှိ ၊ အမှားလည်း တစ်ခါမျှ မလုပ်ဖူးပါ။ ကိုယ်တော်

ဖန်ဆင်းတော်မူ သမျှတို့တွင် အကြောင်းရင်းရှိပါသည်။ အပင်တိုင်း နှင့် တိရိညွှန်

တစ်ကောင်စီတိုင်း အတွက်ပင် ဘုရား၏ အကြံတော် ရှိနေပြီး လူသား တစ်ယောက်

စီတိုင်း အားလည်း အကြံ အစည် တော်ထဲတွင် ပုံစံရေးဆွဲပြီး ဖြစ်သည်။

မိမိဖြစ်ချင်သော ဘဝထက် မိမိဖြစ်နေသောဘဝကို အရှိအတိုင်း လက်ခံလျက်

ဘုရား၏ အလိုတော်ကို ဝန်ခံရပါမည်။

ဤကမ္ဘာမတည်မရှိမှီ ငါတို့ကိုခရစ်တော်၌ ရွေးကောက် တော်မူသည်။

(ဧဖက် ၁း၄) လောကကြီးကို မဖန်ဆင်းမှီကပင် သင့်ကို ဘုရားသခင်စဉ်းစား ခဲ့ပြီး

ဖြစ်သည်။ သင့်အတွက် စကြာဝဠာကြီးကို ဦးစွာ ဖန်ဆင်းခဲ့သည်။ ဤကမ္ဘာဂြိုလ်

၌ ကျွန်ုပ်တို့ နေထိုင်ရန် ဤစကြာဝဠာကို ဘုရားသခင် ပုံစံ ရေးဆွဲသည်။

ကျွန်ုပ်တို့အား ကိုယ်တော်က အာရုံစိုက်ကာ ဖန်ဆင်းသော သတ္တဝါ

များထဲတွင် တန်ဖိုး အထားဆုံး ဖြစ်သည်။ သင့်ကို ဘုရားသခင်က ချစ်ပြီးတန်ဖိုး

က် ထားသည်။ လူ၌ အသေးဆုံး ရုပ်ကလပ်စည်းပညာရပ်ဆိုင်ရာ ဝါရင့် သုတေသီ

ဒေါက်တာ မိုက်ကယ်ဒင်တန်၏ ရှာဖွေတွေ့ရှိချက်အရ ဤစကြာဝဠာ တစ်ခုလုံး

ခင် သည် အသက်ရှင်ခြင်းနှင့် လူမျိုးတစ်ရပ်လုံးကို ဗဟိုပြု၍ ဖန်ဆင်းခြင်း ဖြစ်သည်။

၏ ရှေးနှစ်သန်းပေါင်း များစွာ ကတည်းကပင် ဘုရားသခင်သည် မြေကြီးကို ဖန်ဆင်း

မည်တော်မူ၏။ ၄င်းကို လွတ်လပ်လဟာ အဖြစ် မဖန်ဆင်းဘဲ သတ္တဝါများနေထိုင်ရန်

အတွက် ဖန်ဆင်းသည်ဟုလည်း ကျမ်းစာက ဆိုထားပါသည်။ (ဟေရှာ ၄၅၁၈)

ဤအရာအားလုံးကို ဘုရားသခင်သည် အဘယ့်ကြောင့် ပြုလုပ် သနည်း

ရှ ကျွန်ုပ်တို့ အတွက် စကြာဝဠာကို ဖန်ဆင်းရသည့် ဒုက္ခကို မမုဘဲ အဘယ့်ကြောင့်

ဖန်ဆင်းရသနည်း? အဘယ့်ကြောင့် ဆိုသော် ကိုယ်တော်သည် မေတ္တာရှင်

ဘုရားသခင် ဖြစ်သောကြောင့်တည်း။ ဤသို့သော ချစ်ခြင်း မေတ္တာမျိုးသည် တွေးလို့

မမှီနိုင်လောက်အောင်ပင် နက်နဲလှသော်လည်း ယုံကြည် စိတ်ချအားကိုးလောက်

“ ပါသည်။ လူသည် ဘုရားသခင်၏ မေတ္တာ အရိပ် အောက်၌ ခိုလှုံကျက်စားရန်

ဖန်ဆင်းခြင်း ဖြစ်သည်။ မေတ္တာပွါး စေအံ့သောငှါ သင့်အား ဘုရားသခင် ဖန်ဆင်း

ထားသည်။ ဤအချက်သည် သင့်အသက်တာ၌ တည်ဆောက် ပေးရမည့်သမ္မာ

တရားဖြစ်ပါသည်။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ဟု ကျမ်းစာက ဆိုပြီး

ချစ်ခြင်းမေတ္တာရှိတော်မူ၏ဟု မဆိုသောကြောင့် ချစ်ခြင်း မေတ္တာ၏ အနှစ်

သာရသည် ဘုရားသခင်ပင် ဖြစ်တော်မူသည်။ ဘုရားသည် အပျင်းပြေ အဖေါ်

ရရန် လူသားများကို ဖန်ဆင်းခြင်း မဟုတ်ပါ၊ သူ၏ မေတ္တာတော်ကို ပြသ

လိုသောကြောင့် သင့်ကို ဖန်ဆင်းခြင်းဖြစ်ပါသည်။ ဘုရားသည် အပိုအလို အလုပ်

များကို မလုပ်ပါ။

ဘွားစကပင် သင်တို့ကို ငါထမ်းလေပြီ၊ အမိဝမ်းထဲမှ စ၍ငါ ဆောင်ရွက်

လေပြီ။ သင်တို့ အသက်ကြီး ၍ ဆံပင်ဖြူသည်တိုင်အောင် ငါသည် ထိုသို့သော်

သူဖြစ်၍ သင်တို့ ကိုငါဂရုစိုက်မည်။ ငါပြုခဲ့ပြီးသည် အတိုင်း သင့်ကိုဖန်ဆင်း၍

ဂရုစိုက်မည်။ (ဟေရှာ ၄၆း၃-၄)

လူတိုင်းကို ဖန်ဆင်းသောဘုရားရှိပြီး လူတိုင်းကိုယ်စီသည်လည်း

နက်နဲသော အဓိပ္ပါယ်ရှိသည်။ ရည်ရွယ်ချက်မရှိဘဲ ပရမ်းပတာ ဖြစ်လာဖို့ ဘုရားက

ဖန်ဆင်းထားခြင်း မဟုတ်ပါ။ အံ့ဇာတုံးကို ပစ်ကစားရာ၌ တစ်မှ ခြောက်အတွင်း

တစ်ခုခု ဖြစ်နိုင်ပါသည်။ မရေရာသော အပျော်တမ်း စမ်းသပ် ကစားနည်း ဖြစ်ပါ

သည်။ သို့သော် ဘုရားက လူကို အံ့ဇာတုံး ကဲ့သို့မရေရာ သော ရည်ရွယ်ချက်တစ်ခု

အဖြစ် ကစားခြင်း မပြုပါ။

သင်သည် အကြောင်းအရာ တစ်ခုကြောင့် ထိုသို့သော ပုဂ္ဂိုလ် ဖြစ်လာ

ရသည် တိကျသော အစီအစဉ် တစ်ခု၏ အစိတ်အပိုင်းဖြစ်သည်။ မွန်မြတ်ပြီး

သီးသီးခြားခြား စုံလင်သောသူဖြစ်သည်။ သင်သည် ဘုရားသခင်၏ ထူးမြတ်

အမျိုးသမီးသို့ မဟုတ် အမျိုးသားဟု အခေါ်ခံရသူ ဖြစ်သည်။ သင်သည်

အကြောင်းရင်း တစ်ခုကြောင့် ယခုကဲ့သို့ ဖြစ်လာ ရသည်၊ ဘုရားသခင်သည် အမှား

မပြုလုပ်ပါ။

သင့်အားအမိဝမ်းတွင်း၌ပင် အသေးစိတ် ဖန်ဆင်းပြုလုပ်သည်။ ကိုယ်တော်

ဖြစ်စေလိုသည့် အတိုင်းသာ ဖြစ်လာသည်။ မိသားစုနှင့် ရင်ဆိုင် ရသော အခက်

အခဲ များအတွက် ဘုရားသခင်သည် စာနာသနား တော်မူသည်။ ထိုအခက်

အခဲများအားဖြင့် ဘုရားကို တွေ့မြင်လျက် ဘုရားနှင့် နီးကပ်လာဖို့ အလိုရှိသည်။

ယေရှုနှင့် သဏ္ဍာန်တူလာသည်အထိ စိတ်နှလုံးကို ပုံသွင်းလျက်

ပြုပြင်ပေးလိုသော ဘုရားဖြစ်သည်။ သင်သည် လူသားအားလုံး၏ စံပြဖြစ် သော

ယေရှုကဲ့သို့ အောင်မြင်သော လူ့ဘဝကို ပိုင်ဆိုင်ဖို့ ဘုရားအလိုရှိသည်။ သင်သည်

အကြောင်းရင်းတစ်ခုအတွက် လူဖြစ်လာရခြင်း ဖြစ်ပါသည်။ မတော်တဆ

ဖြစ်လာသည် မဟုတ်ပါ။

လူသည် ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက် ဝိညာဉ်ရှုံး လျှင်

အဘယ်အကျိုး ရှိသနည်း။ (မာ ၈း၃၆) ဆိုသည့် ကျမ်းချက် အရ သင်သည်

ဤစကြာဝဠာထက် မြတ်သောသူ ဖြစ်ပါသည်။

ကျွန်ုပ်တို့ သည် အာဒံမှဆင်းသက်လာသော အပြစ်သားများ ဖြစ်ကြ

သော်လည်း ယေရှုဘုရားကို ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည် သောအခါ

ဘုရားသားဖြစ်ခွင့်ကို ရကြပါသည်။ (ယော ၁း၁၂)

မိန်းမမွေးသောသူတွင် ဗတ္တိဇံဆရာယောဟန်ဟာ အမြတ်ဆုံးဟု ဆိုထားပြီး

ယောဟန်က သူသည် ယေရှု၏ ခြေနင်းတော်ကြိုးကိုမျှ ဖြည်ခြင်းငှါ မထိုက်တန်သူဟု

ဝန်ခံခဲ့ပါသည်။ ယခု ကျေးဇူးတော် အချိန်ကာလမှာတော့ အရှင်ယေရှုသည်

ကျွန်ုပ်တို့၏ နှလုံးသားအထဲ၌ တည်နေပါသည်။

သင်တို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်သည်ကို၄င်း ဘုရား သခင်၏

ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိ ကြသလောဟု

ဆိုခြင်းကြောင့် ကျွန်ုပ်တို့သည်ယုတ်ညံ့သည့် သူများဖြစ်ကြ သော်လည်း ယေရှုကို

လက်ခံယုံကြည်သောအခါ ယုတ်ညံ့သော ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ဘုရားက

ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်ရန် ဗိမာန်တော်များ ဖြစ်လာရပါသည်။

မာရိသည် ယေရှုအား ကိုယ်ဝန်အဖြစ်လွယ်ထားရခြင်းကြောင့် မြတ်စွာ

သော မင်္ဂလာရှိသူဟု ချီးမွမ်းခြင်း ခံရသကဲ့သို့ ကျွန်ုပ်တို့ သည် ယေရှုကို စိတ်

နှလုံးသားထဲတွင် ကိန်းဝပ်ခွင့်ကိုပေးသောအခါ မြတ်စွာသော မင်္ဂလာရှိသူများ

ဖြစ်ကြပါသည်။

ယေရှုဘုရား ရှင်ပြန်ထမြောက်ပြီး သံသယဖြစ်နေသော တပည့်တော်

သောမကို ပြောသော စကားမှာ ၊ သင်သည် ငါ့ကိုမြင်သောကြောင့် ယုံခြင်း ရှိ၏။

ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ ဟု မိန့်တော် မူခဲ့ ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် အပုပ်ကောင်ကို သရုပ်ဆောင် ထားကြ သည့် အမင်္ဂလာ

ကောင်များမဟုတ်ကြပါ။ မင်္ဂလာသားများ ဖြစ်ကြောင်းကို ယေရှုကိုယုံကြည်ခြင်း

အားဖြင့် သိရှိ ရကြပါသည်။

ထို့ကြောင့် သင်သည် ဤကဲ့သို့ နေ့စဉ်ကြွေးကြော်နိုင်ပါသည်-

“ ငါသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော် ဖြစ်သည်။

ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် တန်ခိုးတော်ကို သယ်ဆောင်’ သော

သူဖြစ်သည်။ ငါသည် ဘုရားသခင်၏ အကွယ်အကာ အောက်တွင် တည်ရှိပါ

သောကြောင့် ဘုရား သခင် အလိုမရှိလျှင် ငါ၌မည် သည့် အမှုအရာ တစ်စုံတစ်ခုမျှ

မကျရောက်ရ။ ငါနှင့် ငါ့မိသားစု၊ ငါ့လုပ်ငန်း အားလုံးကို ယေရှုဘုရား၏ အသွေး

တော် အားဖြင့် လွှမ်းခုံထားပါ၏။ တိုက်ခိုက်ဖို့ရန် ကြံစည် သော မှောင်မိုက်

တန်ခိုး မှန်သမျှ သင်တို့ ကြံစည်စဉ် ၌ပင် ကျရှုံးခြင်း သို့ ရောက်ပါစေသော။

ယေရှု ဘုရား သည် ငါ့အားဖြင့် သင်တို့ အပေါင်းကို အနိုင်ယူ ပါစေ သော။ ငါသည်

အောင်မြင်ခြင်း၏ အရှင်သခင် ယေရှုမြတ်နာမ၌ အောင်မြင်သူ အဖြစ်

လောကကြီးတွင် ခရီးနှင်နေ သောသူဖြစ်ကြောင်း လူပုဂ္ဂိုလ် နာမ်ပုဂ္ဂိုလ် အပေါင်း

တို့ကို ကြေညာသည်။ ငါသည် မင်္ဂလာရှိသော သူဖြစ်သည်။ စကြာဝဠာ ထက်မက

တန်ဘိုးရှိသောထူးမြတ်သူ ဖြစ်သည်။ ဘုရားသခင် ကောင်းမြတ် ပါသည်။”

နှုတ်၏ အသီး

လျှာသည် အသက်ရှင်ခြင်းနှင့် သေခြင်းကို အစိုးရ၏။ (သု ၁၈ ၂၁)

နှုတ်ထွက်စကားသည် အလွန် အရေးကြီးပါသည်။ မိမိ၏ နှုတ်ထွက်စကား သည်

မိမိဘဝ၏ အောင်မြင်ခြင်း ဆုံးရှုံးခြင်း ဖြစ်စေသည်သာမက မိမိ၏ အသက်

ရှင်ခြင်းနှင့် သေခြင်းကိုပင်အစိုးရပါသည်။

ဘုရားက လူကို သူ၏ပုံသဏ္ဌာန်နှင့် တညီသဏ္ဌာန်တည်း ဖန်ဆင်း

ခဲ့ပါသည်။ လူကိုမြေမှုန့်ဖြင့် ဖန်ဆင်းပြီး နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်း

သောအခါမှ လူသည် အသက်ရှင်သော သတ္တဝါ ဖြစ်လာ၏ဟု ကျမ်းစာက ဆိုထား

ပါသည်။ ဇီဝအသက်မှုတ်သွင်းလိုက်သည် ဆိုသည့် သဘောမှာ လူကို ဘုရား၏

ကိုယ်ပွါးလေးများ အဖြစ် ဖန်ဆင်းလိုက်ခြင်းပင် ဖြစ်ပါသည်။

မြေကြီးပေါ်မှာ ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းပြီး မြေကြီးပေါ်ရှိ

သတ္တဝါအပေါင်းနှင့် ဖန်ဆင်း သမျှကို အုပ်စိုးဖို့ အပ်နှင်းခဲ့ပါသည်။ တနည်း အားဖြင့်

၁။ လူသားများအတွက် ဖန်ဆင်းပေးထားခြင်း ဖြစ်သည့် အတွက် မြေတိရစ္ဆာန်နှင့်

– မိုးကောင်းကင်ငှက်အပေါင်းတို့၏ နာမည်ကို လူအား ပေးစေပြီး ဘုရားက ဝန်ခံ

ပါ အသိအမှတ်ပြုပေးခဲ့ပါသည်။

လူ၏ နှုတ်ထွက်စကားသည် အလွန်တန်ခိုးပါကြောင်းကို ဒါဝိဒ်၏

အသက်တာတွင် တွေ့ရပါသည်။ ဒါဝိဒ်သည် အစ္စရေးရှိ လဘောတောင်ကို

နှင်းမကျ၊ မိုးမရွာ၊ အသီးသီးသော လယ်ကွက်မရှိစေနှင့်ဟု ဆိုခဲ့ သည့်အတိုင်း

ဖြစ်ခဲ့ပါသည်။ စိုက်ပျိုးရေးနည်းပညာတွင် လွန်စွာမှ ကျွမ်းကျင်သော အစ္စရေး

တို့ သည် ၄င်း တောင်ပေါ်တွင် နည်းမျိုးစုံဖြင့် စိုက်ပျိုးကြည့်ရာ အပင်ပေါက်

သည့်အတွက် ကျမ်းစာကို ပြန်လေ့လာသော အခါ (၂ ရာ ၁း၂၁) ရှိ ဒါဝိဒ်၏

စကားကို တွေ့ခဲ့ရပြီး စိုက်ပျိုးဖို့ လက်လျှော့ခဲ့ပါသည်။ ယနေ့ ဒါဝိဒ်လွန်ပြီး

နှစ်သုံးထောင်ခန့်ရှိနေပြီဖြစ်ပေမည့် ထိုစကားက တည်လျက် ရှိနေပါသည်။

ဘုရားအလိုတော်နှင့် အညီအသက်ရှင်သော ဘုရားလူတို့၏ စကားကို

ဘုရားက ဝန်ခံပေးပါသည်။ အဘယ်မျှအထိ ဆိုရလျှင် လည်ပတ်နေသော

စကြာဝဠာကြီးကို ပင် ရပ်ပေးနိုင်ရုံမျှမက နောက်ပြန်ဆုတ်ပေး ခဲ့သော ဘုရား

ဖြစ်ပါသည်။ ယောရှုက နေကို ရပ်ပေးဖို့ ဘုရာကို တောင်းခံသောအခါ စစ်ပွဲ မပြီး

မချင်း နေကို မဝင်စေပဲ ရပ်ထားပေးသည်ကို တွေ့ရသကဲ့သို့ (ယောရှု ၁၀း၁၃)

ပရောဖက်ဟေရှာယက အာခတ်၏ နေတိုင်းနာရီပေါ်မှာ ဆယ်ချက် ပြီးသော

အရိပ်ကို ဆယ်ချက်ပြန်စေသောအခါ ဘုရားက လုပ်ဆောင်ပေး ခဲ့ပါသည်။ (၄ရာ

၂၀း၁၁)

ထို့ကြောင့် မိမိသည် ဘုရားနှင့် သဏ္ဌာန်တူသူ၊ သုရား၏ ကိုယ်ပွါး၊

ဘု ရား၏ ဘိသိက်ကို ခံရသော သူဖြစ်သည်ကို သိလျှက် အချည်းနှီးသော

အဖျင်းအပျက် ကိလေသာစကားများကို မပြောဆိုပဲ မေတ္တာဖြင့် တည်ဆောက်

သောစကား၊ တန်ခိုးပါသောက်ထွက်စကားများကိုသာ ပြောဆိုရပါမည်။ သင်၏

နှုတ်ထွက် စကားအားဖြင့် လူသားများ အနာရောဂါငြိမ်းခြင်း၊ နတ်ဆိုး ၊

ထွက်သွားခြင်းနှင့် သင်၏ အားပေးစကား အားဖြင့် လူသားများ ငြိမ်သက်

ချမ်းသာကိုရလျက် သင်၏ ဝန်ခံချက်များအားဖြင့် အောင်မြင်သော အသက် တာကို

ပိုင်ဆိုင်နိုင်ကြပါစေ။ ယေရှုခရစ်တော်ဘုရား၏ နာမတော်မြတ်အားဖြင့်၊ အာမင်း၊

လူချင်းတူပေမည့် ခံယူချက်ခြင်းကွာခြားသူ-

လော့ဒ်ဘိုင် ရွန်ဆိုသည့် ပုဂ္ဂိုလ်သည် ငယ်စဉ်ကတည်းက ခြေလက်

သေနေသူဖြစ် ပါသည်။ ထိုရောဂါကြောင့် သူတစ်ပါးကို ပြစ်တင်ရှုတ်ချ၍ နားကျည်း

ခံပြင်းသော စိတ်ထားမျိုးဖြင့် ကြီးပြင်း လာခဲ့သည်။ သူ၏ မကောင်း မြင်တတ်သော

အမြင် ကြောင့် ၄င်း၌ရှိသည့် အခြားသော ဂုဏ်ရည် ကောင်းတို့ ပင် ဆုံးပါးနေ

စေခဲ့သည်။

သို့သော် လူဝီး(စ်)ဘရေး(လ်) ဆိုသူသည် ပြင်သစ်ပြည်ရှိ သူ့ ဖခင် အလုပ်

ရုံတွင်း၌ အလုပ်လုပ်ရင်း ခြေချော်လက်ချော်ဖြစ်ကာ မျက်စိစုံလုံးကန်းခဲ့ ရပါသည်။

သို့သော် ထိုအမှုအရာအတွက် ဘုရားက အဘယ် အမှုကိုပြုဖို့ အလို ရှိသနည်

ဆိုသည့် ဘုရားအလိုကိုဝန်ခံလျက် ကြိုးစားခဲ့ခြင်းကြောင့် မျက်မမြင် စာကို တီထွင်

ခဲ့သူအဖြစ် သမိုင်းဝင်ခဲ့ပါသည်။ မျက်မမြင်စာကို ဘရေး(လ်) ဟူ၍ပင် ထင်

ခေါ်ဝေါ်ခဲ့ကြ တော့သည်။ ခံစားခဲ့ရသော သူ၏ ဆင်းရဲဒုက္ခအားဖြင့် သူတစ်ပါး

အကျိုးပြုနိုင်ခဲ့လေသတည်း။

၅. ထာဝရဘုရားသည် ကမ္ဘာကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ဘယ်အကျိုးကို

မျှော်ကိုးပြီး ဖန်ဆင်းပါ သနည်း?

ဖန်ဆင်းခြင်း၏ အဓိပ္ပါယ်-

အရာအားလုံးကို အကောင်းဆုံးနှင့် ၄င်း၏ ဘုန်းတန်ခိုးတော် ထင်ရှား

စေရန် အတွက် ဖန်ဆင်း ထားပြီး ထိုဖန်ဆင်းသမျှ လက်ရာတော် များကို ကြည့်ရှု

ဆင်ခြင်လျက် ဖန်ဆင်းရှင် ဘုရားကို သိမြင် ချီးမွမ်း ကိုးကွယ် နိုင်ဖို့ ရန်ဖြစ်ပါ

သည်။ ထို့ကြောင့် နက္ခတ္တပညာရှင် John Glenn ၁၉၂၁ ကဘုရားရဲ့ ဖန်ဆင်းခြင်း

လက်ရာတွေကို တွေ့မြင် နေရပြီး ၎င်းအား မယုံကြည်နိုင်ဘူး ဆိုတာတော့

ကျွန်တော့်အတွက်မဖြစ် နိုင်ပါဘူး၊ ထိုဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ကိုးကွယ်

ပါသည်ဟု ဆိုခဲ့ ပါသည်။

ပန်ချီကားတစ်ချပ်ကို ကြည့်ပြီး ရေးဆွဲသူကိုယ်တိုင်က ရေးဆွဲပြ သည်ကို

မြင်မှ ယုံမည်ဆိုခြင်းထက် ထိုပန်ချီကားသည်ပင် ရေးဆွဲသူရှိကြောင်း ထို့ထက်

ခိုင်လုံသော သက်သေ မရှိပါ။ အမေရိကန်မှ အာကာသ နှင့်ဒုံးကျည်များ၏ ဖခင်ဟု

တင်စားခံရသော သိပ္ပံပညာရှင် Dr Bran အား ဖန်ဆင်းရှင်

ရှိကြောင်းကို သက်သေ

ပြခိုင်းသောအခါ နေမင်းကြီးကို မြင်တွေ့နိုင်ဖို့ ဖယောင်းတိုင် ထွန်းပေး ရအုံးမှာလား

ဟု ပြန်လည် ဖြေကြား ခဲ့ပါသည်။

စကြာဝဠာကြီး ဖြစ်တည် လာမှုနှင့် ပတ်သက်ပြီး အဆို သုံးမျိုးရှိပါသည်။

၁)စကြာဝဠာကြီးသည် ထာဝရတည်သောအရာ ဖြစ်ကြောင်းကို သိပ္ပံ

ပညာရှင် များက လက်မခံပါ၊ ကြယ်စဉ်စု ဂလက်စီများ ရွေ့လျားမှု၊ ရောင်ပြန် လှိုင်း

ထုတ်လွှင့်မှုနှင့် အခြားသော သက်သေများအရ ဖြစ်တည်လာသော အချိန် တစ်ချိန်

ရှိခဲ့ပါသည်။

၂) ဘာမျှမရှိရာမှ တဖြည်းဖြည်းဖြစ်ပေါ် လာသည်ဟူသော အဆိုကို

ဒဿနိက ဗေဒရှုဒေါင့် အရ ပညာရှင် များက လက်မခံပါ။ ဗလာနတ္ထိသည် ဗလာ

နတို့သာ ဖြစ်စေပြီး ၄င်းတွင် မြင်နိုင်ခြင်း အနံ့ခံနိုင်ခြင်း လှုပ်ရှား နိုင်ခြင်းနှင့် တွေးခေါ်

နိုင်ခြင်းလည်းမရှိသည့် အတွက် ဘယ်အရာကိုမှလည်း ဖန်တီးနိုင်စွမ်း မရှိသလို

ဘာမှလည်း ဖြစ်လာနိုင်မည် မဟုတ်ပါ။

၃) စကြာဝဠာကြီး၏ အပြင်ဖက်မှ တစ်စုံတစ်ရာ သို့မဟုတ် တစ်စုံ

တစ်ဦးက ဖန်တီး ထိန်းချုပ် ထားသည် ဟူ၍ဖြစ်ပါသည်။ အလွန်ရှုပ်ထွေး

လှသော်လည်း စနစ်တကျ လည်ပတ်နေသည့် စကြဝဠာ ကြီး၏ အပြင်ဖက်တွင်

စကြာဝဠာထက် ကြီးမြတ်သော မဟာ တန်ခိုးကြီး ပုဂ္ဂိုလ် တစ်ပါးက ဖန်ဆင်း

ထိန်းချုပ် ထားသည် ဟူ၍ ဖြစ်ပါသည်။ ရေမရှိဘဲ ငါးမရှိနိုင် သကဲ့သို့ ဘုရား

မရှိဘဲ လူသားနှင့် စကြာဝဠာကြီးမရှိနိုင်။

ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့် ထာဝရ တန်ခိုး

တော်နှင့် ထာဝရ အဖြစ်တော် တည်း ဟူသော မျက်မြင်မရသော ဘုရားသခင် ၏

အရာတို့သည် ကမ္ဘာတည်သည် ကာလမှစ၍ ထင်ရှားလျက် ရှိကြ၏။ ထို့ကြောင့်

သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား ထိုသူ တို့သည် ဘုရား

သခင် ကိုသိလျက်ပင် ဘုရားသခင်ကို ချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်း

ကျေးဇူးတော် ကိုလည်း မသိမမှတ်၊ အချည်းနှီးတွေးဆခြင်း၊ သတိမရှိသော

စိတ်နှလုံးမိုက်မဲခြင်းသို့ ရောက်ကြ၏။ ပညာရှိယောင်ဆောင် လျက်နှင့် လူမိုက်

အရာ၌ တည်ကြသည်ဖြစ်၍ မဖောက်ပြန် မပျက်စီးနိုင်သော ဘုရားသခင်၏

ဂုဏ်တော်ကို ပယ်လျက် ဖေါက်ပြန်ပျက်စီး တတ်သော လူ၏ ရုပ်တု သားငှက်

အစရှိသော တွားတတ်သော တိရစ္ဆာန်ရုပ်တုတို့ကို ဘုရား သခင် အရာ၌

ချီးမြောက်ကြ၏။ (ရော ၁း၂၁-၂၃)

ဘုရားကို စိန်ခေါ်ခဲ့သည့် မက်စီနာမြို့

(ဖန်ဆင်းရှင်ဘုရားရှိခြင်းမရှိခြင်း နှင့် ပတ်သက်၍ သမိုင်းမှ ဖြစ်ရပ်မှန်

တစ်ခုကို ဖေါ်ပြ ပေးလို ပါသည်။ ၁၉၀၈ ခု ဒီဇင်ဘာလ ၂၈ ရက်နေ့ အီတလီ

နိုင်ငံရှိ မက်စီနာမြို့လေးတွင် ပြင်းထန်သော ငလျင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၈၄,ဝဝဝ

ခန့်, သေကြေခဲ့ ရပါသည်။ ထိုအဖြစ်ဆိုးဖြင့် ကြုံတွေ့ခဲ့ရခြင်း အကြောင်းမှာ

၄င်းတို့၏မြို့မိမြို့ဖများက ဖန်ဆင်းရှင် ဘုရားရှိခြင်း မရှိခြင်းကို ဆွေးနွေးကြရင်း

ဘုရားကို ရိုသေ လေးမြတ်၍ ရှာဖွေလိုခြင်း မဟုတ်ဘဲ ဘုရားကို စိန်ခေါ်သည့်

အနေဖြင့် ဖန်ဆင်းရှင်ဘုရားရှိပါက ၄င်း တို့၏ မြို့တွင် ငလျင်လှုပ် ခြင်းဖြင့်

သက်သေပြပါဟူ၍ ဖြစ်ပါသည်။ ထိုသို့ ဆွေးနွေးဆုံးဖြတ် ကြရုံသာ မဟုတ်ဘဲ

ဆွေးနွေးချက်ကို အခိုင်အမာနှင့် သက်သေဖြစ်ရန် ဒီဇင်ဘာလ ၂၅ ရက်နေ့ဖြစ်သည့်

ခရစ္စမတ်နေ့တွင် ၄င်းတို့ နိုင်ငံ၏ ထင်ရှားသော အီတယ်လီ ဖိုးနီးဆိုသည့်

သတင်းစာတွင် ရေးသား ကြေညာခဲ့ပါသည်။ ထိုသို့ကြေညာပြီး သုံးရက်အကြာတွင်

တစ်ခါမျှ ပြင်းထန်စွာ မြေငလျင် မလှုပ်ဘူးသော ၄င်းတို့မြို့လေးတွင် အဖြစ်ဆိုးနှင့်

ကြုံခဲ့ရခြင်းဖြစ်ပါသည်။

အကြင်သူသည် မိမိကို ဖန်ဆင်းသောသူနှင့် ဆန့်ကျင်ဘက် ပြု၏။

ထိုသူသည် အမင်္ဂလာ ရှိ၏။ မြေအိုးခြမ်းတို့တွင် အိုးခြမ်းပါတကား။ အိုးမြေက၊

သင်သည် အဘယ်သို့သော အရာကို လုပ်သနည်းဟု အိုးထိန်းသမားကို ဆိုရ

မည်လော။ ငါ့ကို လုပ်သောသူ၌ လက်မရှိဟု သင်လုပ်သောအရာက ဆိုရမည်

လော။ မိမိအဘအား သင်သည် အဘယ်သို့သောအရာကို ဖြစ်ဘွားစေသနည်း

ဟူ၍၄င်း၊ မိမိအမိအား သင်သည် အဘယ်သို့သောအရာကို မွေးဘွားသနည်း

ဟူ၍၄င်း ဆိုသောသူသည် အမင်္ဂလာ ရှိ၏။ (ဟေရှာယ ၄၅း၉-၁၀)

ဘုရားက ဖန်ဆင်းရှင်၊ တန်ခိုးရှင်ဟု ဆိုက လူတွေကို တန်ခိုးနိမိတ်တွေပြုပြီး ကိုးကွယ်

ခိုင်းလို့ရပါလျက် အဘယ့်ကြောင့် လောကသို့ ကြွဆင်းလာရသေးသနည်း… ?

ယေရှုက- နောင်တတရားနှင့် အပြစ်လွှတ်ခြင်းတရားကို လူမျိုးတကာ

တို့အား ဟောပြောရမည်ဟု အမိန့်ပေးခဲ့ပါသည်။ (လု ၂၄း၄၇) သန့်ရှင်းသော

ဘုရားထံသို့ လူတို့ ရောက်လာဖို့ရန် “ ငါ့ကို မကိုးကွယ်လျှင် နာဂစ်မုန်တိုင်းနဲ့

စီရင်မယ်၊ ဆူနာမီ ငလျှင်နဲ့ စီရင်မယ် ” ဟု ဆိုပြီး စီရင်ပြက ကိုးကွယ်လာကြ

ပါလိမ့်မည်။ သို့သော် ၄င်းတို့၏ ကိုးကွယ်မှုသည် နှလုံးသာ မပါသော ကြောက်လန့်

၍ ကိုးကွယ်မှုမျိုးသာလျှင်ဖြစ်ပါလိမ့်မည်။ ချစ်ခြင်းမေတ္တာဟု အမည်နာမရှိသော

ဘုရားက ဘုရားကို နောင်တနှင့် ချစ်ပြီး ကိုးကွယ်ချဉ်းကပ်လာမှုကို လိုလားပါသည်။

၆. ချမ်းသာစေလိုသောကြောင့်ဟု ဆိုပါက ယခု ခန္ဓာရှိသူတိုင်း ဆင်းရဲ အမျိုးမျိုး

ကြုံတွေ့ နေရပါသည် ဘုရားသခင် ဖြစ်စေလိုသည့် ချမ်းသာ မဖြစ်သည်မှာ

အနန္တတန်ခိုးတော် မရှိလို့ ဘာအစွမ်းအစမှမရှိလို့ ဖြစ်ရ သည် ဟုဆိုပါက

ဆယ်လိုပြန်လည် ဖြေရှင်း နိုင်ပါသနည်း?

ဘုရားသခင်ဖြစ်စေလိုသည့် ချမ်းသာ-

အကြောင်းတရားကို မသိသောကြောင့် အကျိုးတရားကို မေးနေသော

ဖြစ်ပါသည်။ အနှစ်ချုပ်ကိုဖြေရပါက ဖန်ဆင်းစတွင် ထိုအဖြစ်မျိုးမရှိပါ။

၂။ အို၊ နာ၊ သေခြင်းကင်းရာ အသင်္ခါရ လူသားအဖြစ်လူသည်ရှိခဲ့သည်။

၃။ ဘုရားရှင်အား ထာဝရ ကိုးစား၍ ငြိမ်းအေးသောဘဝကို ပိုင်ဆိုင်နေခဲ့ သည်။

၄။ မရှိ၊ မလှ၊ မဝ စသော အမင်္ဂလာစကားကိုမကြား၊မသိကြသော အခြေပင်

ဖြစ်ပါသည်။

ထိုဘဝမျိုးဖြင့် လူသားသည် ဘုရားကို လွန်ကျူးသော လုပ်ဆောင်ချက်

များ။

၁။ တရားတော်ကို အလွဲသုံးစားလုပ်ခြင်း။

၂။ ဘုရားထက်လွန်ကျူး မာန်မာနကိုယစ်မူးခြင်း၊

၃။ ဘုရားကိုဖက်ပြိုင်လိုခြင်း၊

၄။ ငါမှငါသာ ခိုင်းနှိုင်းလွဲခြင်း။

၅။ ကာယကံ၊ ၀စီကံ၊ မနောကံ စသော ကံသုံးပါးဖြင့် ဘုရားကို စော်ကား

မြင်းတို့ပင် ဖြစ်ပါသည်။

ထိုအကြောင်းတရားများကြောင့် အကျိုးဆက်သည်။

၁။ ဘုရားစာရေ သင့်ခြင်း။

၂။ တရားစာရေသင့်ခြင်း။

၃။ အို၊ နာ၊ သေခြင်းကို ရင်ဆိုင်ရခြင်း။

၄။ မရှိ၊ မလှ၊ မ၀ စသော မင်္ဂလာကိုရင်ဆိုင်ရခြင်း။

၅။ သေသည့်တိုင်အောင် နဖူးကချွေးမတိတိုင်အောင် လုပ်ဆောင်ခြင်း။

၆။ အဆုံးတွင် ဘုရားမဖက်က ငရဲ၌ လမ်းဆုံရမည့်ဖြစ်ခြင်းစသော အကျိုး

တရားများကို ခံစားရပေမည် ဖြစ်ပါသည်။

မည်သည့် ဘာသာတရားမျှမရှိမှီ ဆင်းရဲခြင်းအမျိုးမျိုးကို ဖြစ်စေသော

အပြစ်တရားနှင့် သေခြင်း တရားက လောကကြီးတွင် အရင်ရှိနှင့်ပြီ ဖြစ်ပါသည်။

အပြစ်တရားဝင် ရောက်လာခြင်းကြောင့် ဆင်းရဲခြင်း အမျိုးမျိုးသည် လည်း လောက

သို့ ဝင်လာခဲ့ပါသည်။ သို့သော် လူသားတိုင်း ထိုဆင်းရဲ တွင်းထဲ၌သာ အသက်

ရှင် ကျင်လည်ကြဖို့ ဘုရားသည် အလို မရှိပါ။ ဘုရား၏ အလိုတော်ကို ဖေါ်ပြရ

ပါလျှင်-

ယေရှုက ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော် မူသော

စည်းစိမ်ရှိသည်အတိုင်း သင်တို့ အလိုရှိသမျှတို့ကို ယေရှုခရစ် အားဖြင့် ပြည့်စုံ

စေတော်မူလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူသကဲ့သို့ (ကော ၄း၁၉)

မိမိ၏ သားတော် ရင်းကိုပင် မနှမျောပဲ ငါတို့ ရှိသမျှအဘို့ လို့ ငါ

စွန့်တော်မူသော သူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို ငါတို့

အား မပေးဘဲ အဘယ်သို့နေတော်မူမည်နည်း ဟုလည်း မိန့်တော်မူ ထားပါ သည်။

(ရော ၈း ၃၂)

မီမီကျွန်၌ ချမ်းသာ တိုးပွါ၊ မြင်းအကြောင်းကို နှစ်သက်တော် မူသော

ထာ၀ရဘုရားဖြစ်ပါသည်။ (ဆာ ၃၅း ၂၇)

ဘုရား၏ စကားတော်တို့ကို နားမထောင်ပြီး ကျင့်စောင့်သူဖြစ်ပါက သားစဉ်

မြေးဆက်ကိုင်အောင် ထိုးဆက်ကို ခံစား ရမည့်အကြောင်း၊ ဂတိမတော်ရှိပါသည်။

(တရားဟောရာကျမ်း ၂၈း၁-၁၄)

ရွှေနှင့် ငွေကို ငါပိုင်သည်ဟု ဆိုသောဘုရားလည်းဖြစ်ပါသည်။ (ဟဂ္ဂဲ၂း၈)

အကြောင်းမူကား ငါတို့ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်းရဲ

တော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ သင်တို့ အတွက်ကြောင့်

ဆင်းရဲခြင်းကိုခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။ (၂ကော ၈၉)

အထက်ပါကျမ်းပိုဒ်တို့အရ ဘုရားသခင်သည် လူသားတိုင်းကို ချမ်းသာ

တိုးပွါးခြင်းငှါ အလိုရှိသော ဘုရားဖြစ်သကဲ့သို့ လူသား တို့ခံရမည့် ဆင်းရဲ ခြင်း

ဒုက္ခဝေဒနာအားလုံးကိုလည်း လက်ဝါးကပ်တိုင်မှာ ယူပေးခဲ့ပြီး ဖြစ်ပါသည်။

ဘုရားက မစွမ်းလို့ မမစနိုင်လို့ လူသားများ ဆင်းရဲအမျိုးမျိုး ကိုကြုံတွေ့ နေရခြင်း

မဟုတ်ပါ၊ လူသားများက ထိုဘုရား၏ မစခြင်း ကျေးဇူးတော်ကို နားမလည်

လက်မခံခြင်း ကြောင့်သာလျှင် ဖြစ်ပါသည်။

သားစဉ်မြေးဆက်တိုင်အောင် ကျေးဇူးပြုတော်မူသောဘုရား –

အမေရိကန် နိုင်ငံရှိ နယူးရော့(ခ်) မို့လေးတွင် မက်ဂျူးဆိုသည့် လူနှင့်

ဂျော်နသန် အက်(ဒ်)၀ပ် ဆိုသည့် လူပုဂ္ဂိုလ်နှစ်ဦး တစ်ချိန်တည်းမှာပင် သက်ရှိ

ထင်ရှားရှိနေခဲ့ကြသူများ ဖြစ်ကြာပါသည်။ မက်ဂျူသည် ဘုရားတရားကို

စိတ်ဝင်စားမှု

မရှိရုံမျှမက သားသမီးများကိုလည်း ဘုရားတရားဘက်၌ အားပေးမှု မပြုလုပ်ပါ။

ဂျော်နသန် အက်(ဒ်)၀ပ် ဆိုသည့် ပုဂ္ဂိုလ်မှာမူ ကိုယ်တိုင်က ဘုရား တရားဘက်၌

အားကြီးရုံမျှမက သားသမီးများ ကိုလည်း ငယ်သော အရွယ်မှစ၍ ထာဝရ

ဘုရားနှင့်အတူ သွားလာ တတ်ရန် ဆုံးမ သွန်သင် လမ်းပြခဲ့သူ ဖြစ်ပါသည်။

မှတ်တမ်းစာအုပ်အရ – ယခုအခါ မက်တွင် သားစဉ်မြေးဆက် ပေါင်း

၁၀၂၆ ဦး တွန်းကားခဲ့ပြီး ဂျော်နီသန် အက်(ဖ်)ဝပ် မှာမူ ၉၂၉ ဦး ထွန်းကား ခဲ့ပါ

မည်။ မက်၏ မျိုးဆက်မှ ယခုအခါ ၃၀၀ ဦးသည် ရာဇဝတ် မှုကြီးများဖြင့်

နှစ်ရှည် ထောင်ဒဏ် ကျခံနေပြီး၊ ၁၉၀ ဦးမှာ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်

  • အခက်မွေး ဝမ်းကျောင်းပြု နေကြကာ ကျန်သော ၆၈၀ ဦးသည် အရက်

အမားကြီးများ ဖြစ်နေကြပါသည်။

ဂျော်နသန် အက်(ဖ်)ဝပ် ၏ မျိုးဆက်များကို လေ့လာကြည့်သောအခါ

၄၃၀ ဦးသည် အောင်မြင်သော သင်းအုပ်ဆရာကြီးများဖြစ်နေကြပြီး၊ ၈၆ ဦးမှာ

နိုင်ငံတော်အတွင်းမှ ဥက္ကဌ၊ နာယက၊ ဗိုလ်ချုပ် ကျောင်းအုပ် ကြီးများ အဖြစ်

အသက်ရှင်လျက် ရှိနေပါသည်။ ၇၅ ဦးမှာ နိုင်ငံအကျိုးပြု စာရေးဆရာများ ဖြစ်ကြပြီး

၅ ဦးမှ လွှတ်တော်အမတ်များ ဖြစ်ကြပါသည်။ နှစ်ဦးမှာ အထက် လွှတ်တော်

အမတ်များဖြစ်နေကြပြီး တစ်ဦးမှာ ဒုသမ္မတအဖြစ် ယခုအချိန်တွင် တာဝန်

လမ်းဆောင်လျက် ရှိနေပါသည်ဟု မှတ်တမ်းတွင် ဖေါ်ပြထားပါသည်။

မက်ဂျူး၏ သားစဉ်မြေးဆက်အတွက် နိုင်ငံတော်ဒေါ်လာ သိန်းဝင်း

များစွာ အကုန်အကျခံ ပေးခဲ့ရပေမည့် နိုင်ငံတော်အတွက်တော့ အာအကြီး

မပုနိုင်ကြသူများ ဖြစ်ကြပါသည်။ ဂျော်နသန် အက်(ဒ်)ဝပ်၏ သားစဉ် တ်

မှာမူ နိုင်ငံတော်အတွက် သားကောင်းရတနာများ ဖြစ်ရုံ မျှမက နိုင်ငံတော် အတွက်

အကျိုးကျေးဇူးများစွာကို ပြုပေးခဲ့ကြသူများ ဖြစ်ကြပါ သည်။ အကြောင်း

ကျေးဇူးပုနိုင်သော ဘုရား၊ ကျေးဇူးရှင်ဟု ခေါ်ထိုက်သော ဘုရားကို သိရှိ တိုးလ်

ခြင်းကြောင့် ဘုရား၏ ဂတိတော် အတိုင်း သားစဉ်မြေးဆက် အဆောင် အကြောင်း

တိုင် ဘုရား၏ ကျေးဇူးပြုခြင်းကို ခံရသူများ ဖြစ်ကြပါသည်။

အထက်ပါ ဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် လူတို့ ဆင်းရဲဒုက္ခနှင့် တွေ့

နေရပြီး ချမ်းသာမှု မရှိခြင်းမှာ ဘုရားက အနန္တတန်ခိုး မရှိလို့ ဘာမှ စွမ်းလို့

မဟုတ်ပါ။ မှန်သောဘုရား၊ အမှန်တကယ် ကောင်းချီး ပေးနိုင်တော်မူ သော

ဘုရားကို ရွေးချယ်ကိုးကွယ်တတ်ဖို့ အလွန်အရေးကြီးပါသည်။ သင်သည် မိမိ၏

ဘဝ အသက်တာတွင် တိုးတက်အောင်မြင်လိုပြီး မိမိ၏ သားစဉ်မြေးဆက်အတွက်

မှန်သော အမွေဥစ္စာကို ချန်ထားပေးခဲ့လိုပါက မှန်သောဘုရားကို ရှာဖွေ၍

ကောင်းချီးမင်္ဂလာအပေါင်းနှင့် အပယ်ငရဲမှ ကယ်တင် ပေးနိုင်သော ယေရှုဘုရား

ကိုးကွယ်လျက် ထိုဘုရားအား သင်၏ သားစဉ်မြေးဆက်နှင့် မိတ်ဆက်

ပေးခြင်းက မှန်သော ရွေးချယ်မှုပင် ဖြစ်ပါသည်။ သင်သည် မက်ကဲ့သို့သော

ဖခင်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်က သင့်လက်ထက်တွင် ဂျော်နသန်ကဲ့သို့သော

မင်္ဂလာရှိသည့် မျိုးဆက်အဖြစ် ပြောင်းလဲ နိုင်ပါသည်။

မှန်သော ဘုရားကို မကိုးကွယ်ဘဲ ချမ်းသာသူများလည်း ရှိပါသည်။

သို့သော် ထိုချမ်းသာမှုက အေးချမ်းပြီး တည်မြဲမည် မဟုတ်ပါ။ တမလွန်သို့လည်း

ပါသွားမည်မဟုတ်ပါ။

ထာဝရဘုရား၏ ကောင်းချီးမင်္ဂလာမူကား စည်းစိမ်ကိုဖြစ်စေတတ်၏

ထိုစည်းစိမ်ချမ်းသာနှင့်လည်း ဝမ်းနည်းခြင်းအကြောင်း ရောနှော တော်မမူဟု

ဆိုထားပါသည်။(သု ၁၀ ၂၂)

၇. လူသားတို့ ကြုံနေရတဲ့ ဒုက္ခဆင်းရဲ အမျိုးမျိုးသည် သေချာလေ့လာ ကြည့်ပါ

က ခန္ဓာရှိသူတိုင်း ဒုက္ခ မကင်းကြောင်း သေချာပါသည်။ ဒါကြောင့် လူသား

တို့ကို ဖန်ဆင်းသော ထာဝရဘုရားသည် ချမ်းသာပေး သလား ဆင်းရဲပေး

သလား ဆိုတာ ဖြေကြားပေးပါ။

ဒုက္ခဆင်းရဲ အမျိုးမျိုးကြုံတွေ့နေရခြင်း၏အကြောင်း-

လောကတွင် ဆင်းရဲခြင်း ချမ်းသာခြင်းနှင့် ပတ်သက်၍ လူလေးမျိုးရှိပါသည်။

ဘုရားရှေ့ လူရှေ့တွင်ဆင်းရဲသူ၊

ဘုရားရှေ့လူရှေ့တွင် ချမ်းသာသူ၊

လူတို့ရှေ့တွင် ချမ်းသာပေမည့် ဘုရားရှေ့တွင် ဆင်းရဲသူနှင့်

ယေရှု၏နောက်လိုက် တမန်တော်များကဲ့သို့ လူတို့ ရှေ့တွင် ဆင်းရဲပေမည့်

ဘုရားရှေ့တွင် ချမ်းသာသော သူဟု တွေ့ရပါသည်။

ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း အကြောင်းက ဘဝအဓိပ္ပါယ်ရှိစွာ အသက်ရှင်

ဖို့ရန်အတွက် အဓိက မကျပါ။

ယနေ့ လူသားတိုင်းတို့အတွက် စံပြ ဆိုသည့် ဘဝကို အဓိပ္ပါယ်ရှိစွာ

အသက်ရှင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများတို့၏ သမိုင်းကို ပြန်ကြည့်ပါက ခက်ခဲဆင်းရဲ

ဒုက္ခပြသနာများဖြင့် ဘဝကို

ကိုယ်ကျိုး စွန် ရုန်းကန်ခဲ့ရရုံမျှမက မိသားစုနှင့်

အသက်ကိုပင် စတေးခဲ့ရသူများပင် ရှိကြ ပါသည်။ ထိုသူတို့သည် အတိတ်ဘဝရဲ့

ပဋ်ကြွက်ကြောင့်ဟု မဆိုနိုင် သလို အတိက်ကာလက မကောင်းတာ

လုပ်နှံလို့ဟု ပညာမဲ့စွာ ပြောဆိုစွပ်ဆွဲ၍ မရပါ။

သို့သော် တာ၀ရဘုရားအပြင် ဤလောက၏ ဘုရားဟု အမည်ရှိသော

မာရ်နတ်သည်လည်း လူတို့ကို ချမ်းသာခြင်းနှင့် ဆင်းရဲခြင်းကို ပေးနိုင်သည်

ဆိုသည်ကို သိထားဖို့လိုပါသည်။

နာမပါက်ဟောင်းလောင်းနှင့် လမ်းဘေးတွင် စိတ်ပျက်လက်ပျက်နှင့်

ဟိုင်နေသော အမမကိုတစ်ဦး၏ ပြောပြချက်မှာ သူမသည် နှစ်စဉ် ဤ နတ်ပွဲ သို့

လာရောက်ပြီ၊ ပသလေ့ရှိရာမှ မနှစ်က မလာဖြစ်မိသည့် အတွက် သူ၏ သားနှင့်

အမျိုးသားမှာ ပယ်လယ်တွင်း ငါးဖမ်းရင်း သေဆုံးခဲ့ရပါသည်။ ထို့ကြောင့် ဤနှစ်တွင်

က မပြေလည်သည့် အတွက် နားကပ်ကို ရောင်းချပြီး မြန်မာပြည်

အောက်ပိုင်းမှ မဝလံသော အထက်မြန်မာပြည်ရှိ နတ်ပွဲသို့ လာရောက်ခြင်း

ဖြစ်ကြောင်း ပြောပြပါသည်။

စာတန် သည် ဘယ်ကလာသနည်း၊ ဘု ရားက ဘာလို့ ခွင့်ပြုထားသနည်း၊

စာတန်၏လမ်း ဆုံးက ဘယ်ကို သွားရ မည်နည်း?

မာရ်နတ်အကြောင်း၊ ကို အနည်းငယ်ဖေါ်ပြရပါက ၄င်းသည်

တစ်ချိန်က ကောင်းကင် ရွှေပြည်တော်တွင် ဘုရား၏ အမှုတော်ကို ထမ်းဆောင်

ရသော ကောင်းကင်တမန်မင်း လူစီဖာဖြစ်ပါသည်။ တစ်နေ့သောအခါ လူစီဖာ

သည် ဘုရား၏ နေရာကိုလုယူရန် ကြံစည်သောကြောင့် ကောင်းကင်ဘုံမှ နှင်ချ

ခြင်းကို ခံရသူဖြစ်ပါသည်။ ၄င်းသည် ကောင်းကင်တမန် သုံးစုတစ်စုကိုလည်း စည်းရုံး

ပြီးလျက် ကောင်းကင် ဘုံမှ ဆင်းသက်လာခဲ့ပါသည်။

ယခုအခါ မာရ်နတ်သည် ဤလောကကို အစိုးရလျက်ရှိပြီး တိုင်းနိုင်ငံနှင့်

မင်းစည်းစိမ်တို့ကိုပင်မပိုင်သော အရှင်ဖြစ်ပါသည်။ ထိုမျှမက မိုးကောင်းကင်

နှင့် အာဏာကိုပင် အစိုးလျက်ရှိပြီး လူသားတိုင်း တို့ကိုလည်း စိုးမိုး ချုပ်ကိုင်လျက်”

လိုရာခိုင်း‌ စေနိုင်စွမ်း ရှိနေပါသည်။

၄င်း၏ အဓိက အလုပ်မှာ ဘုရားဖန်ဆင်းသမျှတွင် ဘုရားတန်ဘိုးအထား

ဆုံးသော လူသားများ တို့ အား ကိုးကွယ်မှုမှ လွဲမှားရန် တန်ခိုးနိမိတ် အမျိုးမျိုးတို့ဖြင့်

လှည့်ဖျားလျက်ရှိနေပါသည်။ လောဘရမက် အမျိုးမျိုးကို ပေးလျက် အယောင်

ဆောင် လှည့်ဖျားနေသော မုသာအပေါင်း၏ အဘလည်း ဖြစ်ပါသည်။ မာရ်နတ်၏

အကရည်ရွယ်ချက်မှာ ၄င်းအားစီရင်ရာ နောက်ဆုံး နေ့တွင် ၄င်းနှင့်အတူ ဘုရား

တန်ဘိုး ထားသော လူများတို့ အား ငရဲသို့ စည်းရုံး ခေါ်ဆောင်သွားဖို့ရန်သာ

ဖြစ်ပါသည်။

မိတ်ဆွေတစ်ဦးနှင့် အခန့်မသင့်လို့ လမ်းခွဲကြသည့်အခါ ၄င်းနှင့်

သင့်မြတ်စဉ်က ပေးထားသော လက်ဆောင် ပစ္စည်းများတို့အား ပြန်မတောင်း

သကဲ့သို့ ကောင်းကင်ဘုံမှ မာရ်နတ်ကိုမောင်းထုတ်စဉ် မာရ်နတ်ထံမှတန်ခိုး များ

တို့ကိုလည်း ဘုရားကပြန် မရုတ်သိမ်းခဲ့ပါ။ ၄င်းအားလောကတွင် ခွင့်ပြုထား ရခြင်း

အကြောင်းတို့မှာ ဘုရားနှင့် ဝေးကွာနေသော လူတို့ကို ဒုံက္ခဆင်းရဲခြင်း နှင့်

ရောဂါနာ အမျိုးမျိုးတို့ဖြင့် တွေ့ကြုံစေလျက် ဘုရားထံလူတို့ ပြန်၍ လှည့်လာ

ဖို့ရန်အတွက်လည်းဖြစ်ပါသည်။

လူတို့သည် အစစအရာရာပြည့်စုံနေပါက ဘုရားကို အလိုမရှိတော့ပါ။

ဆင်းရဲခက်ခဲစဉ် ဘုရားကျောင်း မှန်မှန်တက်ကြပြီး ကြွယ်ဝပြည့်စုံ လာသောအခါ

ဘုရားကျောင်းနှင့် ဝေးကွာသွားသည့် မိသားစုတစ်စု ရှိပါသည်။ ဘုရားတရား

ရေးထက် ဥစ္စာ ရှာဖွေရေးကိုသာ ဦးစားပေးလျက် ဘုရားနှင့် ဝေးသည်ထက်

ဝေးလာပါသည်။ ဒီလိုနှင့် တနေ့သောအခါ ၄င်းတို့၏သား နာမကျန်းဖြစ်လျက်

ဆရာဝန် များ လက်လျှော့သော အခါကျမှ ဘုရားကို သတိရပြီး ဆုတောင်း

ပေးကြပါရန် ဘုရားကျောင်းသို့ ပြန်ရောက်လာကြပါသည်။

ထိုနည်း၎င်း အမေရိကန်နိုင်ငံရှိ ဘာသာရေး အစွန်းရောက်သူများက WTC

အမွှာတိုက်ကြီးကို လေယဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးလျက် လူပေါင်း

များစွာ သေကြေခဲ့ရသည့် အဖြစ်ဆိုးကြီးက သူ့အနေဖြင့် ကြည့်လျှင် လုံးဝ လက်မခံ

နိုင်သော လူသားမဆန်သည့် ဖြစ်ရပ်ဖြစ်သကဲ့သို့ အပြစ်မဲ့သော ပြည်သူများ များစွာ

သေကြေခဲ့ရသည့်အတွက် ဘုရားကိုပင် အပြစ်တင်သော သူများ ရှိကြပါသည်။

သို့သော် ထိုအခင်း ဖြစ်ပွါးပြီး နောက်ပိုင်း ၄င်းနိုင်ငံတွင် ဘုရားကျောင်းများ

လူမဆံ့တော့သလို တစ်နိုင်ငံလုံးရှိ ကျမ်းစာအုပ်များလည်း ပြတ်သွားပါသည်။

အပျော်အပါးထက် ဘုရားတရားဘက်၌ စိတ်အားကြီးသော တိုင်းပြည် အဖြစ်သို့

ပြောင်းလဲ သွားကြပါသည်။ )

မာရ်နတ် သည်လည်း ဘုရား၏ အကြံအစည်တော် အထဲမှ အလုပ်လုပ်

နေသူတစ်ဦးပင် ဖြစ်ပါသည်။ သို့သော် ၄င်း၏လမ်းဆုံးမှာကန့်နှင့်လောင်သော

ငရဲမီးအိုင်ထဲသို့ ဖြစ်ပါသည်။ ငရဲသည် မာရ်နတ်နှင့် နောက်လိုက်အပေါင်းပါ

တို့ အတွက်သာ ဖန်ဆင်းထားခြင်းဖြစ်၍ လူသားများ နောက်လိုက် သခင်ရွေး

မမှားကြဖို့ အလွန်အရေးကြီးပါသည်။

မဖြစ်နိုင်သောပညတ်တို့ကို ကျင့်ခိုင်း သောဘုရားနှင့် ဖြစ်နိုင် သည်ထက်ပင်

စံနှုန်းကို ကျော်လွန်အောင်ကျင့်နိုင်ရန် ပြုပေးနေသောဘုရား၊

မကျင့်နိုင်သော တရားဝန်ကို ထမ်းဖို့ ပေးသော ဘုရားနှင့် ဝန်လေး၍

ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံလို့ လာကြလော့ဟု ခေါ်ဖိတ် နေသောဘုရား၊

သင်တို့၏ မေးခွန်းအတိုင်းဆိုရပါက ဆင်းရဲပေးတဲ့ဘုရားနှင့် ချမ်းသာ

ပေးတဲ့ဘုရား မည်သည့်ဘုရားကို မိမိ၏ ကိုးကွယ်အားထားရာအဖြစ် ရွေးချယ်

မည်နည်း?

ပညတ်တို့၏ စံနှုန်းထက်ကျော်လွန်သော အကျင့်၏ သက်သေ

တမန်တော်ခေတ်တွင် ခရစ်ယာန်များ တို့ သည် သူ့ဥစ္စာ ကိုယ်ဥစ္စာ

မခွဲခြားဘဲ အတူတကွ ချစ်ခင်စွာဖြင့် နေထိုင်စားသောက်ကြ၍ ထိုသူတို့တွင်

ဆင်းရဲသောသူမရှိဟု မှတ်တမ်း တင်ထားသလို ယနေ့တွင်လည်း ရှိနေပါသည်။

 

၈. လူသားတို့ ကို မေတ္တာ ဂရုဏာဖြင့် ဖန်ဆင်းသည်ဟု ဆိုပါက မည်သူ ကမှ

မလိုချင် မတောင့်တတဲ့ အိုရခြင်း နာခြင်း သေရခြင်း ဒုက္ခဆိုးကြီး ကိုပါ

တာကြောင့်ဖန်ဆင်း ခဲ့ပါသနည်း? ထာဝရဘုရား၏ မေတ္တေကို ရှင်းပြပါ။

ထာဝရဘုရား၏ မေတ္တာ-

ဒုက္ခဆိုးကြီးရောက်ဖို့ ဘုရားအလိုမရှိပါ။ ဘုရားသခင်၏ အလိုတော် မှာ

လူသားတိုင်း ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရား ကိုသိဖို့ရန် အလို ရှိတော်

မူ၏။ (၁တိ ၂၄)။

ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူအပေါင်းတို့ သည်

ပျက်စီးခြင်းသို့ မရောက် ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌

တစ်ပါးတည်းသော သားတော်ကို စွန့်တော် မူသည့်တိုင်အောင် လောကီ သားတို့

ကို ချစ်တော်မူ၏။ (ယား၁၆၊)

ငါတို့သည် အပြစ်ရှိစဉ်ပင် ယေရှုခရစ်တော် သည် ငါတို့ အပြစ် အတွက်

ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်

ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ (ရော ၅၈။)

လူသားအားလုံး၏ အပြစ်အတွက် ကိုယ်စား ယေရှုဘုရား ကားတိုင်ပေါ်

တွင် အသေခံစဉ် လက်နှစ်ဖက်ဘေးသို့ ဆန့်ထားပုံမှာ လူသားများကို ဤမျှ

ချစ်သည် ဆိုသည့် သင်္ကေတနှင့် သင်ခံရမည့် အပြစ်ဒဏ်ဤမျှ ကြီးမားသည် ဆိုသည့်

အကြောင်းကို ဖေါ်ပြခဲ့ပါသည်။

ချစ်ခြင်းမေတ္တာသုံးမျိုးရှိပါသည်။

၅၂၈ သွယ်မေတ္တာ၊

၄င်းသည် ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေ ရင်းချာ

အပေါ်ထားသည့် မေတ္တာမျိုးဖြစ်ပါသည်။

၁၅၀၀ မေတ္တာဟု ခေါ် သည့် သမုဒယမေတ္တာ။ ၄င်းသည် သမီးရည်းစား

လင်မယား ယောက်ျားမိန်းမတို့ ချစ်ခင်မြတ်နိုး တွယ်တာ ကြသော မေတ္တာမျိုး

ဖြစ်ပါသည်။

အဂါပေမေတ္တာ၊ ထိုမေတ္တာသည် ဘုရား၌သာရှိသည့် မေတ္တာမျိုး

ဖြစ်ပါသည်။ ဘုရား၏ မေတ္တာသည် အထက်ဖေါ်ပြပါ မေတ္တာများပေါ်သို့ လွှမ်းမိုး

နိုင်စွမ်းရှိသည့် အသက်ပင် စွန့်လွှတ်ပေး နိုင်သော မေတ္တာမျိုး ဖြစ်ပါ သည်။

သူတော်ကောင်းတို့ အတွက် အသက်စွန့်လိုသောသူ ရှိနိုင် သော်လည်း

လူဆိုးတို့ အတွက် အသက်စွန့်လိုသောသူကား လောကတွင် မရှိနိုင်ပါ။ ဘုရား

သည် အပြစ်ကို ရွံမုန်းသော်လည်း အပြစ်သားဖြစ်သော လူသားများကို ချစ်သည့်

အတွက် လူသားအားလုံး၏ ကိုယ်စား လက်ဝါးကပ်တိုင်ပေါ်တွင် အသက်ပေးခဲ့

သည့် မေတ္တာရှင် ဖြစ်ပါသည်။ ယေရှုဘုရားသည် တရားကိုပြခြင်းထက် မေတ္တာ

ကို ပြခဲ့သူ၊ တရားကိုပေးခြင်းထက် အသက်ကို ပေးခဲ့သူ၊ ဘာသာတရားကို

တည်ထောင်ဖို့ မဟုတ်ဘဲ ချစ်ခြင်းမေတ္တာတရားကို လောတွင် ကိုယ်တော်တိုင်

ဟောကြားရုံမျှမက သက်သေပြခဲ့သူ ဖြစ်ပါသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ

ဖြစ်တော်မူ၏။

ချစ်ခြင်းမေတ္တာနှင့် ပတ်သက်ပြီး ထာဝရဘုရား၏ သမ္မာကျမ်းပါ အဓိပ္ပါယ်

ဖွင့်ဆိုချက်မှာ. (၁ ကော ၁၃)-

၁) ငါသည် လူဘာသာစကားကို၎င်း။ ကောင်းကင်တမန်ဘာသာစကား ကို၎င်း၊

ပြောနိုင်သော်လည်း မေတ္တာ မရှိလျင် အသံမြည်သော တံပိုးခရာ ကဲ့သို့ ၄င်း။

တီးသံကိုသာပေးတတ်သော လင်းကွင်းကဲ့သို့ ၄င်း ဖြစ်၏၊

၂) ပရောဖက်ဉာဏ်ကို ငါရ၍ နက်နဲသောအရာ ရှိသမျှတိုနှင့် သိပ္ပံအတတ် အမျိုး

မျိုးကို တတ်သော်၎င်း၊ တောင်များကို ရွေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုး နှင့်

ပြည့်စုံဘော်၄င်း၊ မေတ္တာမရှိလျင် အချည်းနှီး သက်သက်ဖြစ်၏၊

၃) သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျကို စွန့်ကြသည်သာမက။ ကိုယ်ခန္ဓာ

ကိုမီးရှိစေခြင်းငှါ အပ်သော် လည်း မေတ္တာမရှိလျင် ငါ၌အကျိုးမရှိ၊

မေတ္တာသည် စိတ်ရှည်တတ်၏၊ ကျေးဇူးပြုတတ်၏မေတ္တာသည် ဂုဏ်ပြိုင်ခြင်း

မရှိ။ ဝါကြားခြင်း မရှိ။ မာန်မာနမရှိ၊

၅) မလျောက်ပတ်စွာမကျင့်တတ်။ ကိုယ်အကျိုးကိုမရှာတတ်။ ဒေါသ အမျက်

မထွက်တတ်။ အပြစ်ရှိ သည်ဟု မထင်တတ်။

၆) မတရားသော အမှု၌ဝမ်းမြောက်ခြင်းမရှိတတ်။ သမ္မာတရား၌ ဝမ်းမြောက်

တတ်၏။

၇) ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏၊ ခပ်သိမ်းသောအရာကို ယုံတတ်၏၊

ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏၊ ခပ်သိမ်းသော အရာကို သည်းခံတတ်

၈) မေတ္တာသည် ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်

ဉာဏ်သော်၎င်း၊ အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်သော်၎င်း၊

သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက် လိမ့်မည်၊

၉) ယခုမူကား။ ငါတို့ သည် မစုံမလင်သိတတ်ကြ၏၊ ပရောဖက်ဘဏ်နှင့် မစုံမလင်

ဟောတတ်ကြ၏။

၁၀) စုံလင်ခြင်းသို့ရောက်သောအခါမူကား။ မစုံလင်သမျှတို့သည် ကွယ်ပျောက်

ကြလိမ့်မည်။

၁၁) ငါသည် သူငယ်ဖြစ်စဉ်အခါ။ သူငယ်လို စကားပြော၏၊ သူငယ်လို စိတ်ထင်၏။

ဘုံငယ်လိုကြံစည်၏၊ အသက်ကြီးသော အခါမူကား။ သူငယ်၏ အရာများကို

ငါပယ်ရှား၏။

၁၂) ယခုတွင်ငါတို့သည်မှန်အားဖြင့်ရိပ်မိလျက်သာနေကြ၏၊ ထိုအခါ မူကား။

မျက်မှောက် ထင်ထင် မြင်ရကြ လိမ့်မည်၊ ယခုတွင်ငါအသိအမြင် မစုံမလင် ဖြစ်၏။

ထိုအခါမူကား။ သူတပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိ ရလိမ့်မည်၊

၁၃) ယခုတွင်ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း။ ဤသုံးပါး တည်လျက် ရှိ၏။

ဤသုံးပါတို့တွင် ချစ်ခြင်း မေတ္တာသည်အမြတ်ဆုံးဖြစ်သတည်း။

ချစ်ခြင်းမရှိသောသူသည် ဘုရားကိုမသိ၊ အကြောင်းမူကား ဘုရားသခင်

သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏။ (၁ယော ၄း၈)

ချစ်ခြင်းမေတ္တာတရားအကြောင်း

တစ်ချိန်က ကျောက်မီးသွေး၊ ရထားများကို အသုံးပြုခဲ့ကြရသည့် အတွက်

စက်ခေါင်းမှ မီးပွါးများ ဖြာထွက်တတ်လေ့ရှိပါသည်။ ထိုမီးပွါးတို့ကြောင့်

ရထားဖြတ်သွားသောလမ်းနံဘေးမှ ရွာလေးတစ်ရွာ မီးလောင် ပြာကျခဲ့ရ ပါသည်။

ထိုရွာကို ရှင်းလင်းစဉ် မီးကျွမ်းနေသော ကြက်မကြီးကို တွေ့ရသည့် အတွက်

ဘေးဖယ်လိုက်ရာ ၄င်း၏ အောက်မှ ကြက်ကလေး ခြောက်ကောင်သည်

အသက်ရှင်လျက် ထွက်လာ ပါသည်။ အလားတူ ဖြစ်ရပ် နောက်တစ်ခုကို

ထပ်မံဖေါ်ပြရပါက-

သားသတ်ရုံတစ်ခုမှ လုပ်သားနှစ်ဦးသည် ရွာများလှည့်လည်ပြီး နွားကို

ရှာဝယ်ကြရာ ဝယ်၍ မရဖြစ်နေပါသည်။ နေလည်းစောင်းတော့မည် ဖြစ်သည့်

အတွက် ရှာ၍ မရသည့်အဆုံး ငွေအရေးတကြီး လိုနေသော အိမ်တစ်အိမ်မှ

နွားမကြီးနှင့် နို့စို့အရွယ်နွားကလေးတစ်ကောင်ကိုပါ တွဲပြီး ဝယ်လာခဲ့ပါသည်။

| နွားမကြီးကို တစ်ဦးကဆွဲပြီး ကျန်တစ်ဦးက နောက်မှရိုက်လျက် သားသတ်ရုံသို့

ခေါ် လာခဲ့စဉ် နွားကလေးကတော့ ဘာမှ နားမလည်ပဲ လမ်းတစ်လျောက် ခုန်ပေါက်

ပျော်မြူးလျက် လိုက်လာပါသည်။ သားသတ်ရုံနား ရောက်လာစဉ် အခြေအနေကို

ရိပ်မိသော မိခင်နွားမကြီးက အသတ် ခံရမည့်အတူတူဆိုပြီး ထိုနေရာမှပင် မထတမ်း

ထိုင်နေလိုက် ပါသည်။ ရိုက်သူကရိုက် ဆွဲသူကဆွဲပေမည့် မထပါ။ နောက်ဆုံး

နဖားကြိုးပြုတ်သွားသည့် အတွက် နွားမကြီးလည်း ကိုယ်လွတ်ရုန်း၍ ပြေး

ပါတော့သည်။ သူများလည်း လိုက်၍ မရသည့်အဆုံး သူ့သားလေးကို ဖမ်းလျက်

ပြန်သွားကြပါသည်။ နွားလေးကို ချည်လျက် အမောဖြေ နေကြစဉ် မထင်မှတ်ပဲ

နွားမကြီးက သားသတ်ရုံအတွင်းသို့ ဝင် ရောက်လာပါသည်။ ထို့နောက်

နို့ဆာနေသော ၄င်း၏သားကို နို့တိုက်ကျွေးပါသည်။ ထိုစဉ် သားသတ် သမား

များကလည်း နွားမကြီးကို ထုသတ် လိုက်ကြပါတော့သည်။

တိရစ္ဆာန်တို့၏ မေတ္တာတရားပင်ဤမျှကြီးမားပါက လူသားတို့၏

မေတ္တာတရား ဆိုလျှင် အဘယ် မျှလောက် ကြီးမားမည်ကို တိုင်းတာ ဆင်ခြင်၍

သိမှတ်နိုင်ပါသည်။ ထိုမှ တစ်ဆင့် အနန္တ မေတ္တာတော်ရှင်ဟု အမည်နာမရှိသော

“ဘုရားဆိုလျှင် တုနှိုင်း ဘွယ်ရာပင်ရှိမည်မထင်ပါ။ ယေရှုကို လူတို့ထိုးကြိတ် ရိုက်နှက်

သတ်ပုတ်နေခြင်းမှာ ယေရှူပြုခဲ့သော အတိတ်မှ ဝတ်ကြွေး ကံကြွေး များကြောင့်

မဟုတ်ဘဲ သင်နှင့် ကျွန်ုပ်တို့၏ အပြစ်ကြွေးအတွက် ချစ်ခြင်းမေတ္တာ ဟု အမည်

နာမရှိသော ဘုရားက ကိုယ်စားခံပေးခဲ့ခြင်း ဖြစ်ပါသည်။ ယေရှု၏ သက်တော်စဉ်

တလျှောက်လုံး အပြစ်ဟူ၍ လုံးဝရှာလို့ မရသော သန့်ရှင်းသူ ဖြစ်ပါသည်။

ထိုအရှင်ကို ပြစ်မှားခြင်းထက် ထိုအရှင်၏ မေတ္တာကိုနားလည်ပြီး ကျေးဇူးတင်လျက်

ထိုအရှင်၏ ကယ်တင်ခြင်း တရားကို လက်ခံလိုက်ခြင်းက မှန်သောရွေးချယ်မှု

ဖြစ်ပါသည်။

လူသားတိုင်းသိအပ်သော တရားသုံးပါး

သမ္မာကျမ်းစာတော်မြတ်တွင် ကျမ်းပေါင်း ၆၆ ကျမ်းပါဝင်သော် လည်း

တရားသဘော’ အနှစ်ချုပ်ကတော့ သုံးမျိုးသာရှိပါသည်။ အပြစ် တရား၊ ပညတ်

တရားနှင့် ကျေးဇူးတရားတို့ဖြစ်ကြပါသည်။

အပြစ်တရားသည် ဘီစီ ၄၀၀၀ ခန့်က လူသားတို့၏ ဖခင်ဖြစ်သော

အာဒံမှ ဘုရား၏စကားကို နားမထောင် ခြင်းကြောင့် ဝင်ရောက်လာပြီး သန့်ရှင်း

သောဘုရားနှင့် အဆက်ပြတ်ခဲ့ရကာ အာဒံမှ ဆင်းသက်လာသော လူသားမျိုး

နွယ်ဆက်တစ်ခုလုံးလည်း ဘုရားနှင့် အဆက်ပြတ်ခဲ့ရပါသည်။

ပညတ်တရားသည် ဘီစီ ၁၅ဝဝ ခန့်က မောရှေအားဖြင့် လောက သို့

ဝင်ရောက်လာပြီး ထိုပညတ်တရားအားဖြင့် လူတိုင်းမှာ အပြစ် ရှိကြောင်းကို

ပိရပါသည်။ အဘယ့်ကြောင့်ဆိုသော် တရားကကောင်းသော်လည်း မကျင့်နိုင်သော

လူ့သဘာဝ အရ ပညတ်တရားသည် “လူတို့၏ အပြစ်ကို ဖေါ်ပြသော တရား

နှင့်တူပါသည်။ လူသည် ကောင်းမှုတစ် ခုကို နေ့စဉ်မှန်မှန်မပြုနိုင်ကြပေမည်

မကောင်းမှုကိုတော့ နေ့စဉ် တစ်ခုထက်မက မှန်မှန် ပြုတတ်ကြပါသည်။

ထိုအပြစ်အတွက် လူတိုင်းတစ်နေ့ သေကြရပြီး အပယ်လားရဖို့ ရန် ရှိပါသည်။

ကျေးဇူးတရားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က ယေရှု အားဖြင့်

ဤလောကကြီးသို့ ဝင်ရောက် လာခဲ့ပါသည်။ အပြစ်တရားရဲ့ အခ သေခြင်း အတွက်

ယေရှုဘုရားသည် လူသားအားလုံးအပြစ်၏ ကိုယ်စား အသေခံခဲ့ပြီး သုံးရက်

မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့ပါသည်။ ယေရှူပြုပေးသော အမှုကို

ယုံကြည်သူတိုင်း အပြစ်ငရဲမှ လွတ်မြောက်ခွင့်ကို ရကြမည် ဖြစ်ပါသည်။ ထိုအမှုသည်

ဘုရား၏ မေတ္တာ တရားအားဖြင့် လူတို့ အတွက် ပြုပေးသော အမှု ဖြစ်ပါသည်။

ထိုတရားသုံးပါးကို ဥပမာဖြင့် ဖေါ်ပြရပါက၊ အပြစ်တရားသည် လူတို့၏

အတွင်း၌ရှိသော ရောဂါနှင့် တူပြီး ပညတ်တရားသည် လူတို့၏ ရောဂါကို ဖေါ်ပြ

ပေးသော ဓါတ်မှန်နှင့် တူပါသည်။ ဓါတ်မှန်က လူတို့၏ ရောဂါကို ကုသမှု မပေး

နိုင်ပါ။ ကျေးဇူးတရားသည် လူတို့၏ ရောဂါကို ကုသပေးသော သက်ဆိုင်ရာ

အထူးကု ဆရာဝန်နှင့်တူပါသည်။အပြစ်တရား၏ အခ သေခြင်းတည်းဟူသော

ရောဂါကို ကုစားပေး ခဲ့သည့် အရှင်မှာ ယေရှု တစ်ပါးတည်းသာလျှင် ပေါ်ထွန်းခဲ့

ပါသည်။ လူကိုရှာဖွေစိစစ်ကြည့်ပါက အပြစ်ကိုတွေ့ရပါလိမ့်မည်း တရားကို ရှာဖွေ

စိစစ်ကြည့်ပါက အကျင့်ကိုတွေ့ရမည်ဖြစ်ပြီး၊ ဘုရားကို ရှာဖွေစိစစ်ကြည့်ပါက အချစ်

တည်းဟူသော လူသားတိုင်းတို့ အတွက် သက်စွန့်မေတ္တာကိုတွေ့ရပါလိမ့်မည်။

နောက်ထပ် ဥပမာတစ်ခုဖြင့် ဖေါ်ပြရပါက – ရေမကူးရဟု ရေးသား

ထားသော ကန်အတွင်း လူတစ်ဦးရေနစ်နေပါသည်။ လူတစ်ဦးက ရေတွေးရ

ဆိုသည့် ကန်ထဲ ရေဆင်းကူးလို့ နစ်တာ နည်းတောင် နည်းသေးတယ်ဟု ဝေဖန်

ပါသည်။ နောက်တစ်ဦးက ကန်ဘောင်ပေါ်မှနေပြီး ရေကူးနည်း သင်ပေးပါသည်။

နောက်ဆုံးတစ်ဦးက ကိုယ်တိုင် ရေကန်ထဲဆင်းပြီး ကယ်တင်ပါသည်။ လူသည်

အပြစ်တည်းဟူသော ရေကန်ကြီးအတွင်း နစ်နေကြပါသည်။ ထိုလူသားကို လက်က

ဒီလိုထား ခြေထောက်က ဒီလိုထား၊ အသက်ကိုဒီလိုဆိုပြီး ရေကူးနည်း

သင်ပေးက လွတ်မြောက်နိုင်မည် မဟုတ်ပါ။ ရေနစ်နေသူမှန်က ရေနစ်နေသူမှန်း

သိက ရေကူးနည်းသင်ပေးမည့် သူထက် ကယ်မည့်သူကို ထောင့်ပါလိမ့်မည်။

အပြစ်တရား၏ အခါ သေခြင်းဆိုသည့် အကြောင်းအတွက် ယေရှု

ဘုရားသည် လက်ဝါး ကားတိုင် ထက်တွင် ကိုယ်စား ခံပေးခဲ့ပြီးဖြစ်ရာ ယုံကြည်

သူတိုင်း ယေရှု၏ ဂတိတော်အတိုင်း အပယ်ငရဲမှ လွတ်မြောက်ခြင်း အကျိုးကို

ခံစားကြ ရမည်ဖြစ်ပါသည်။ တနည်းအားဖြင့် အပယ်မှလွတ်ရန် တရားပေးသည့်

ဘုရားနှင့် ကယ်တင်သည့်ဘုရား၊ မည်သည့်ဘုရားကို ရွေးချယ်မည်နည်း?

ထိုသခင် (ယေရှု) ၏ နာမတော်မှတစ်ပါး ကယ်တင်နိုင်သော နာမ တစ်စုံ

တစ်ခုမျှ ကောင်းကင်အောက် လူတို့ပေါ်တွင် ပေါ်မရှိ။ ( ၄၁၂)

အခမဲ့ရ၍ မယုံကြည်နိုင်သူ အဖိုးအို

ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့တွင် အလုပ်ဖြင့် တာဝန်ထမ်းဆောင်

နေရစဉ် အဖိုးအိုတစ်ဦး အား ယေရှု၏ ကယ်တင်ခြင်းတရားအကြောင်း ပြောပြ

ဖြစ်ပါသည်။ ထိုမြို့လေးတွင် နှစ်နှစ်ခန့်နေဖြစ်ပြီး အဖိုးအိုကို အခွင့်ရတိုင်း ယေရှု၏

ကယ်တင်ခြင်းတရားအား အကြောင်းအကျိုး သက်သေများ များစွာ တို့ဖြင့်

ပြောပြဖြစ်ခဲ့ပါသည်။ ထိုသို့ ပြောခဲ့သော်လည်း ယုံကြည်မှုကို မပြသည့် အတွက်

သူ့အားအဘယ့်ကြောင့် မယုံကြည်ရသနည်းဟု မေးကြည့် မိပါသည်။ ယေရှုကို

ယုံကြည်ရုံနဲ့ ငရဲက လွတ်တယ်ဆိုတဲ့ လမ်းက လွယ်ကူ လွန်းတဲ့ အတွက် ထို

လွတ်မြောက်ရာလမ်းက တန်ဘိုးမရှိသလို ဖြစ်နေတယ်၊ ဒါကြောင့် ကိုယ်တိုင်

ရအောင်ကြိုးစားပြီး ကျင့်ရတဲ့ အရာကိုဘဲ တန်ဘိုးထားပါတယ်၊ ကျွန်တော်ကြိုးစား

နေပါတယ်ဟု ပြန်၍ လေးနက်စွာ ဖြေကြား ခဲ့ပါသည်။

ဒီလိုနှင့် ပြောင်းရွှေ့ရန် အချိန်ရောက်လာသောအခါ အဖိုးအိုက

ကျွန်တော့်ထံ လာပြီး လက်ဆောင် တစ်ခု ပေးပါသည်။ အလွန် လှသော ပုလဲလုံး

လေး ဖြစ်ပါသည်။ အဖိုးအိုသည် ဆင်းရဲခက်ခဲကြောင်းကို ကျွန်တော် သိသည့်

အတွက် ငွေစအနည်းငယ်ကို ပြန်ကန်တော့ပါရစေဟု ဆိုပြီး ပေးသောအခါ

လက်မခံပါ။ အဖိုးအို ပြောပုံက ကျွန်တော့်ရဲ့ သားဟာ အဲဒီ ပုလဲလုံးလေးကို ရဖို့

အချိန်နည်းနည်း ပိုကြာသွား ခဲ့တယ်။ ကုန်းပေါ်ပြန်ရောက်တော့ သတိလစ်

ခဲ့ပြီး အသက်ပါ ပါသွားခဲ့ပါတယ်။ သူ့ရဲ့ လက်ထဲမှတော့ပုလဲလုံးလေး ဆုပ်ကိုင်

ထား ပါတယ်။ ကျွန်တော့်သား၍ အသက်နဲ့ ရင်းပြီး ရခဲ့တဲ့ အဲဒီပုလဲလေးဟာ

ကျွန်တော့်အတွက် တန်ဘိုးဖြတ်မရပါဘူး။ ဆရာ့ရဲ့ကန်တော့ငွေကို ယူလိုက်ရင်

ထိုငွေအားဖြင့် တန်ဘိုး ဖြတ်သလို ဖြစ်သွားမှာမို့ပါ။ ဒီပုလဲလေးက တန်ဘိုးဖြတ်

မရတဲ့ အရာမို့ ဆရာ့ကို အခမဲ့ လက်ဆောင်အဖြစ် ပေးတာပါဟု ဆိုပါသည်။

ထိုအခါ ကျွန်တော်ကလည်း အဘပေးတဲ့လက်ဆောင်ကို ကျွန်တော်

လက်ခံပါ့မယ်၊ ဘုရားပေးတဲ့ လက်ဆောင်ကိုလည်း အဘက ပြန်ပြီး လက်ခံ ပေးပါဟု

ဆိုလိုက်ရာ ဘုရားပေးမဲ့ လက်ဆောင်က ဘာလဲဟု အဘက မေးပါ သည်။ ဒီလိုပါ။

လူဟာ စကြာဝဠာကြီးမျှ မကတန်ဘိုးရှိပါတယ်။ ထိုတန်ဘိုးကို အဘယ်သူမျှ

ဘုရားကို ပြန်မပေးနိုင်ပါဘူး။ အကျင့်အားဖြင့်မရသလို ဥစ္စာဓန အားဖြင့်လည်း

မရနိုင်ပါဘူး။ လူဟာ မိမိ ကိုယ်ကိုလည်း ပြန်ပြီး မကယ် တင်နိုင် ပါဘူး။ ဒါကြောင့်

လူသားများကို ကယ်တင်ဖို့ အပြစ်ကင်းတဲ့ ဘုရားဟာ ယေရှု ဟူသောအမည်ဖြင့်

လူ့ဇာတိခံယူခဲ့ပြီး လူသားအားလုံးရဲ့ အပြစ် အတွက် ကိုယ်စား အသေခံ

ကယ်တင်ပေးခဲ့ပါတယ်။ ဖေါက်ပြန်ပျက်စီးတတ်တဲ့ရွှေငွေများနဲ့ မဟုတ်ဘဲ သွေးနဲ့

အဆက်ကို စတေးပြီး အဖိုးအခ ပေးခဲ့ပါတယ်။ တန်ဘိုးဖြတ်လို့ မရပါဘူး။

တန်ဘိုးဖြတ်လို့မရတဲ့ လူသားများကို တန်ဘိုးဖြတ်၍ မရသည့် ဘုရားရဲ့ အသွေး

တော်နဲ့ သစ္စာပြုလျက် ကယ်တင်ခဲ့ပါတယ်။

ယေရှုပြုခဲ့သော ထိုကယ်တင်ခြင်းတရားလမ်းဟာ ဘုရားက ၁၀၀ %

ဟာဂန်ယူ လုပ်ဆောင် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ လူ့အပိုင်းက ဘာမှ မလုပ်နိုင်

သလို ဘာမှလည်း မပေးဆပ်နိုင်ပါဘူး။ ဘုရားက အပြစ်ကို ရွံမုန်းပေမည့် အပြစ်

အားကို ချစ်၍ ပြုပေးခဲ့သော ထိုအမှုကို လူ့ အပိုင်းက ယုံကြည်ခြင်းဖြင့် လက်ခံ

ရယူပြီး ကျေးဇူးတင်ပါတယ်ဟု ဆိုရုံသာ တတ်နိုင်ပါတယ်။ အလှူငွေလေး

လုပ်စားလေး နည်းနည်း ပြန်ပေးပါရစေဟုဆိုလျှင် ထိုကျေးဇူးကို ပြစ်မှားရာ

ရောက်ပါသည်။ ဒါကြောင့် ထာဝရဘုရားက ယေရှုဘုရားကို လက်ဆောင် အဖြစ်

ပေးနေပါတယ်။ ယေရှုဘုရား သည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ယခုအခါတွင်

နာမ်ဝိညာဉ်အနေဖြင့် နေရာတိုင်းတွင် ရှိနေပါသည်။ ထိုအရှင်ကို မိမိရဲ့ ကယ်တင်

ရှင် နှင့် ဘုရားသခင် အဖြစ် လက်ခံယုံကြည်ပါက အဘရဲ့ အသက်တာထဲကို

နာမ်ဝိညာဉ်အားဖြင့် ဝင်ရောက်ပြီး အဘနဲ့ အတူ အကောင်းဆုံးမိတ်ဆွေအဖြစ်

ကောင်းကင်ဘုံသို့ ရောက်သည့်တိုင် ပို့ဆောင်ပေးပါလမ့်မယ် ဟု ပြောပြရာ

အဘသည် မျက်ရည်များ ဝိုင်းလာပြီး ယေရှုကို လက်ခံယုံကြည် ခဲ့ပါသည်။

သက်သေခံတော်မူချက်ဟူမူကား ဘုရားသခင်သည် ငါတို့အား ထာဝရ

အသက်ကိုပေးတော်မူ၍ ထိုအသက်သည်လည်းသာတော်၌ပါ၏။ သားတော်ကို

ရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏သားတော်ကိုမရသော သူမူကား

အသက်ကိုမရ၊ (၁ ယော ၅း၁၁-၁၂)

၉. ခန္ဓာရှိသူတိုင်း ဒုက္ခရှိသည်ဟု လူတိုင်းသိကြပါသည် သင်ကိုယ်တိုင်လဲ ဒုက္ခ

ရှိတာ ငြင်းချက်မရှိ သေချာပါ၏ ဒုက္ခ ဖြစ်စေနိုင်သည့် ဒီခန္ဓာကို ထာဝရ ဘုရားတ

ဖန်ဆင်း ပေးသည်ဟု ဆိုပါက ဒုက္ခဖြစ်ရခြင်း ရင်းမြစ် ဒုက္ခ ဖြစ်အောင် ပြုလုပ်

မှာ ထာဝရဘုရားပင် ဖြစ်မနေ ဘူးလား? ကျေးဇူးရှင်ဟု ခေါ်မလား?

စဉ်းစားပြီး ဖြေကြည့်ပါ။

ကျေးဇူးရှင်ဟု ခေါ်ထိုက်သောဘုရား-

လူကို ဘုရားက ဖန်ဆင်းသည် ဆိုခြင်းနှင့် ဖန်ဆင်းရှင်ကို လက်မခံ

” ခြင်းကြောင့် ဤမေးခွန်းကို မေးခြင်းဖြစ်ပါသည်။ လူကို ဖန်ဆင်းသည် ဆိုသည့်

အကြောင်းကို လက်ခံပါက ထိုအကျိုးဆက်ကို ဖြစ်စေသည့်တရားအား သိမြင်

နိုင်ပါသည်။

လူသည် ဘယ်ကဆင်းသက်လာပါသနည်း?

ဗုဒ္ဓဘာသာဝင် မိတ်ဆွေတစ်ဦးက ၄င်းတို့ ဘာသာသည် မေးခွန်းအားလုံး

အတွက် အရှိသော ဘာသာ ဖြစ်သည်ဟု ဆိုခြင်းကြောင့် လူသည် ဘယ်က

ဆင်းသက်လာပါသနည်းဟု ဆွေးနွေးကြည့်ရာ ၄င်း၏ ပြန်လည် ဆွေးနွေးပုံကို

အနည်းငယ် ဖေါ်ပြလိုပါသည်။ အဟုဆိုသော်လည်း အဖြေမဟုတ်ပါ။ အဖြေ

မလိုဟုဆိုသည့် ဖြေရှင်းချက်သာလျှင် ဖြစ်နေပါသည်။

(တစ်ခါက.. ပုဏ္ဏားတစ်ယောက်က မြတ်စွာဘုရားကို မေးပါတယ်… လူဘယ်က

စပြီး… ဘယ်လိုဖြစ်ပါ သလဲတဲ့… အဲဒီမှာ မြတ်စွာဘုရားက ဥပမာလေးတစ်ခု

ပေးပြီး ဖြေလိုက်ပါတယ် မျှော်မှန်တဲ့ လူတစ်ယောက်ဟာ များလာရာလမ်းကို

လိုက်ရှာရင်းနဲ့ အသက် အဆုံးခံမလား. . . များကို နှုတ်ပြီး ဆေးကု၊ အသက်လုတာ

ကို အရင် လုပ်သင့်လားတဲ့..

ဒီအဖြေကို ကျွန်တော် အရမ်းသဘောကျတာပါ…. ကျွန်တော်တို့

လူသား တွေ ဟာ ••• လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ အဆိပ်သင့်

နေကြတာပါ… အဲဒီ သင့်နေတဲ့ အဆိပ်တွေကို ဖြေထုတ်ဖို့ မကြိုးစားကြပဲ…

လူ ဘယ် ကစပြီး ဘယ်လို ဖြစ်လာကြသလဲ၊ ဘယ်သူဖန်ဆင်းတာပါလိမ့်

ဆိုတာနဲ့ပဲ.. သံသရာ ရှည်နေကြပါတယ်။ လူဘယ်ကပဲစဖြစ်လာဖြစ်လာ၊

ဘယ်သူကပဲ ဖန်ဆင်းလိုက် ဖန်ဆင်းလိုက်… ဒီရုပ်တရား၍ ဖြစ်၊ ပျက်

သံသရာ… ဒီနာမ်တရားရဲ လောဘ၊ ဒေါသ၊ မောဟ သံသရာ ကနေ

လွတ်မြောက်ချင်တဲ့ စိတ်လေးသာရှိမယ် ဆိုရင် တစ်နေ့တစ်လံ ပုဂံ

ဘယ်မရွေ့ပါ…)

မူရင်းကျမ်းကိုဖေါ်ပြ ပေးလိုသော်လည်း အလွန်ရှည်လျား သောကြောင့်

အနှစ်ချုပ်ဖြစ်သည့် ၄င်း၏ အမြင်ကိုသာ ဖေါ်ပြပေးလိုက်ရခြင်း ဖြစ်ပါသည်။

၄င်းကဲ့သို့ပင် ကျွန်တော်၏ဗုဒ္ဓဘာသာဝင် မိတ်ဆွေများအားလုံးကလည်း လက်ခံ

ထား ပါသည်။

အထက်ပါ အကြောင်းအရာအရ လုသည် လောဘ၊ ဒေါသ၊ မောဟ တည်း

ဟူသော အဆိပ်လူးများ မှန်ထားသည့် သူနှင့် တူပါသည်။ ထို လောဘ၊ ဒေါသ၊

မောဟတည်းဟူသော အဆိပ်က လူတို့တွင် အဘယ်ကဲ့သို့ ရှိနေ၊ ရောက်နေ

ရပါသနည်း? မည်သည့်ဘာသာတရားမျှ မရှိမီ အပြစ်တရား နှင့် သေခြင်းတရားက

လောကကြီးတွင် အရင် ရိနှင့်ပြီ ဖြစ်ပါသည်။ ထိုတရားတို့က လောကကို

အဘယ်ကဲ့သို့ ဝင်ရောက် လာပါသနည်း?

အရင်းအမြစ်ကို မသိပါဘဲ ထိုပြဿနာကို ဖြေရှင်းလို့ ရနိုင်မည်ဟု

ထင်ပါသလား? အထက်ပါ ဥပမာအတိုင်း မွေဆိပ် လူးထားသော မျှော်မှန်သည့်

လူနာအား မည်သည့် မြွေဆိပ် လူးထားသည်ကို အတိအကျသိပါမှ ဖြေဆေး ထိုးပေး

လို့ ရပါသည်။ ထိုကဲ့သို့ပင် မြွေကိုက်ခံရပြီး ဆေးရုံသို့ ရောက် လာသည့် လူနာအား

ဆရာဝန်က ဘာမွေ အမျိုးအစား ကိုက်တာလဲ၊ မသိဘူး ဆိုရင် မွေက

ဘယ်လိုအရောင် အဆင်းရှိသလဲ၊ ဘယ်နားမှာ ဘယ်လို ကိုက်လိုက် တာလဲ? ဟု

မေးစဉ် ဆရာဝန်ကြီးအား အဆိပ်ဖြေဆေး ထိုးပေးရင်ပြီးတာပဲ၊ လျှာရှည် နေတယ်

ဟု နားမလည် သူက ထင်မြင်နိုင်ပါသည်။ အဆူးဆူးတာကို ငုံ့ကြည့် လိုက်တော့

နံဘေးမှာ မြွေပွေးကိုတွေ့လို့ မွေပွေးကိုက်တယ်ထင်ပြီး ဆေးရုံသို့ ရောက်လာသည့်

လူနာအား ဆရာဝန်က သေချာစွာ မစစ်မေးပဲ အဆိပ် ဖြေဆေး ထိုးပေး

မိလိုက်ပါလျှင် ထိုအချိန်ကျမှ လူနာသည် အမှန် တကယ် မွေပွေးဆိပ် တက်ပြီး

အသက် သေရပါလိမ့်မည်။ ထို့ကြောင့် လူသား ဘယ်က စပြီး အပြစ်တရားက

အဘယ်ကဲ့သို့ ဝင်ရောက်လာကြောင်းတို့ ကို သိဖို့လိုအပ် ပါသည်။ လူကို ဖန်ဆင်း

သည် ဘုရားမရှိပါဟု ယူပါက အသက်တာ၏ ရည်မှန်း ချက်မှာ အဓိပ္ပါယ်ကင်းမဲ့

နေမည်ဖြစ်ပါသည်။

လူသား၏ အစ

လူသား၏အစကို မည်သူမျှ တိကျစွာ မပြောနိုင်ကြပါ။ သဘာဝ သုတေသီ

ပညာရှင်ကြီးများက မြေအောက်တွင် နစ်မြုပ်နေသောလူအရိုးစုများ၊ ကျောက်ခေတ်

လူ့အသုံးအဆောင်ပစ္စည်းများ၊ ကျောက်နံရံများတွင် ရေးဆွဲထား သည့် ရှေးပန်းချီ၊

ပန်းပုလက်ရာများကို လေ့လာပြီး ကမ္ဘာဦး လူသားများ အကြောင်းကို မှန်းဆရုံမျှသာ

ပြုလုပ်နိုင်ကြပါသည်။

သဘာဝ သမိုင်းပါရဂူကြီး ဒေါက်တာ Clark Wissler က

အစကို ရှာဖွေရာ၌ ခိုင်လုံသည့်အထောက်အထား မရှိကြောင်း ဝန်ခံ ခဲ့ပါသည်။

လူ၏အစကိုမှမသိပါပဲ တမလွန်အရေး ဆွေးနွေးလမ်းပြသူသည် အကန်းက

အကန်းကို လမ်းပြသည်နှင့်တူကြောင်း သမ္မာကျမ်းစာက ဆိုထားပါသည်။

ဥပမာတစ်ခုဖြင့် ဖေါ်ပြရပါက

မျက်မမြင်တစ်ဦး မီးအိမ်ကိုင်ပြီး လမ်းလျှောက်နေပါသည်။ မမြင်ရ သော်

လည်း မီးအိမ်ကိုင်ထား ရခြင်းမှာ လူများက သူ့ကို ဝင်တိုက်မိစေရန် အတွက်

ဖြစ်ပါသည်။ တစ်နေရာသို့ ရောက်သောအခါ လူတစ်ဦးက သူ့ကို ဝင်တိုက် မိပါ

သည်။ ထိုအခါ မျက်မမြင်က မီးအိမ်ကိုင်ထားတာတောင် မမြင် ဘူးလားဟု မေးစဉ်

တဖက်လူက ခင်းဗျားက မီးအိမ်တော့ကိုင်ထားပြီး အထဲမှာ မီးကငြိမ်းနေတာကိုးဟု

ပြန်ပြောပါသည်။ ထိုအခါ မျက်မမြင်က ကောက်ချက်ချလိုက်သည်မှာ အမှောင်ထဲ

မှာတော့ မြင်နေရတဲ့ လူတွေလည်း ငါလို အကန်းနဲ့ အတူတူပါဘဲလားဟူ၍သာ

ဖြစ်ပါသည်။

ကမ္ဘာကြီးနှင့် သမိုင်း၏အစ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်တို့၏

အကြောင်းကို အတိအလင်း ရေးသားထားသည့် စာအုပ်မှာ သမ္မာကျမ်းစာ

တစ်အုပ်တည်းရှိပါသည်။ ထိုစာအုပ်၏ ကလောင်ရှင်မှာ အရာအားလုံးကို

ဖန်ဆင်းထိန်းချုပ်ထားသော ထာဝရဘုရားသာလျှင် ဖြစ်ပါသည်။ သမ္မာကျမ်းပါ

လူသား၏ ဖန်ဆင်းခြင်းအကြောင်းကို ဖေါ်ပြရပါက-

ကိုယ်ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်သုံးပိုင်းပါသောလူသား

မြေမှုန့်ဖြစ်သော ခန္ဓာ

လူတွင် ခန္ဓာ၊ စိတ်နှင့် ဝိညာဉ်ဆိုပြီး အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်း ထားပါ

သည်။ လူ၏ကိုယ်ခန္ဓာကို ဘုရားက မြေမှုန့်ဖြင့် ဖန်ဆင်းခဲ့သည်ဟု ကျမ်းစာ၏

ဖေါ်ပြချက်ကို သိပ္ပံပညာရှင်များက ဓါတ်ခွဲစမ်းသပ် ကြည့်ရာ လူ့ခန္ဓာကိုယ်တွင်

ပါဝင်သော ဒြပ်စင်နှင့် မြေကြီးတွင်ပါဝင်သော ဒြပ်စင်တို့ တစ်ထပ်တည်း တူနေ

သည်ကို တွေ့ရသည့်အတွက် မှန်ကြောင်း ဝန်ခံ ခဲ့ကြ ပါသည်။ လူ၏ခန္ဓာသည်

မြေမှုန့်မှလာသည်ဖြစ်၍ မြေမှုန့်သို့ ပြန်သွားရ မည်ဟု ကျမ်းစာက ဆိုထား ပါသည်။

လူ၏ စိတ်

မြေမှုန့်ဖြင့် လူကိုဖန်ဆင်းပြီး နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်း

တော်မူလျှင် လူသည် အသက်ရှင်သော သတ္တဝါ ဖြစ်လေ၏ဟု ကျမ်းစာတွင်

ဆိုသည့်အတွက် စိတ်၏အစသည် မြေမှုန့်ခန္ဓာ ထဲသို့ ဇီဝ အသက်ကို မှုတ်သွင်း၍

အသက်ရှင်သောသတ္တဝါ ဖြစ်ချိန်မှစလို့ လူ၏ စိတ်နှင့် ဝိညာဉ်သည် အတူတွဲလျက်

ပါလာပါသည်။

စိတ်ဆိုသည်မှာ အာရုံခံစားပြီး သိတတ်သော အရာကို စိတ်ဟု ခေါ်ပါ

သည်။ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ အာရုံအပြင် အခြားသိခြင်း

များစွာကို အာရုံခံစားပြီး သိနေခြင်းအား စိတ်ဟုခေါ်ပါသည်။ စိတ်နှင့် ခန္ဓာသည်

ဆက်စပ်မှုရှိနေပြီး စိတ်၏ ခံစားချက်ဖြစ်သည့် ပျော်ရွှင် ခြင်း၊ စိတ်ဆင်းရဲခြင်း၊

နာကျဉ်ခြင်းများနှင့် တစ်ထပ်တည်း ကိုယ်ခန္ဓာတွင် ပေါ်လွင် ထင်ရှားနေပါသည်။

လူ၏ ဝိညာဉ်

ဝိညာဉ်သည် လူ့ကိုယ်ခန္ဓာအတွင်း ခေတ္တကျိန်းဝပ်နေရ သော်လည်း

ထာဝရ တည်ပါသည်။ အမှန်တော့ လူအစစ်အမှန်သည် လူ့ အတွင်းရှိ ဝိညာဉ်

သာလျှင် ဖြစ်ပါသည်။ လူ၌ ဝိညာဉ်ရှိသည် ဆိုသည့် ၊ စကား ကမှားနေပြီး လူသည်

ဝိညာဉ် ဖြစ်ပါသည်။ မျက်မှောက်မထင်ရှားသော အရာတို့ သည် အစဉ်အမြဲ

တည်သည် ဆိုသည့် ကျမ်းစကားအတိုင်း လူသည် အစဉ်အမြဲတည်သော

နာမ်ဝိညာဉ် ဖြစ်ပါသည်။ တစ်ခါက အဖိုးအိုတစ်ဦးအား အဘ နေကောင်းလားဟု

မေးစဉ် လူကတော့ တစ်နေ့တခြားကောင်းလာပေမည့် ခန္ဓာကိုယ်ကတော့ တစ်နေ့

တခြား ယိုယွင်းလာတယ်ဟု ဖြေခဲ့ပါသည်။

ကိုယ်ခန္ဓာ သေသွားသောအခါ သင်ကိုးကွယ်ရာ ဘာသာတရား နှင့်

လူ့အသိုင်းအဝိုင်းတစ်ခုက သင်္ချိုင်း အထိသာ ပို့ဆောင်ပေးနိုင်မည် ဖြစ်သော်လည်း

လူသည် သင်္ချိုင်းတွင် ခရီးမဆုံးသေးပါ။ သေခြင်းသည် ထာဝရ ငရဲနှင့် ထာဝရ

ကောင်းကင်ဘုံတည်းဟူသော နေရာနှစ်နေရာသို့ ကူးမြောက်ရာ တံခါးတစ်ချပ်

သာလျှင် ဖြစ်ကြောင်း သမ္မာကျမ်းစာက ဆိုထားပါသည်။ ထိုနေရာသို့ ရောက်သွား

သောလူ့ဝိညာဉ်ခန္ဓာ တွင်လည်း ရေငတ်ခြင်း၊ ဆာလောင်ခြင်း၊ ဝမ်းနည်းခြင်းနှင့်

အဆုံးမရှိ ပျော်ရွှင်ခြင်း တည်းဟူသော အာရုံငါးပါးဖြင့် ခံစားမှုအပြည့်ရှိနေ ဦးမည်

ဖြစ်ပါသည်။

အမှန်စင်စစ် တစ်ဘဝအတွက်သာ အသက်ရှင်ရန် လူကဲ့သို့သော

“တ္တဝါကို ဘုရားသခင် မဖန်ဆင်းပါ။ မသေမပျောက်နိုင်သူ အဖြစ် လူကို ဖန်ဆင်း

သည် ဟု အေဗြဟံလင်ကွန်းက ဆိုခဲ့ပါသည်၊

လူ့ဝိညာဉ်နှင့် ပတ်သက်ပြီး ၁၉၉၀ ခုနှစ်ထုတ် စွယ်စုံကျမ်း စာမျက်နှာ

၁၀၇ တွင် အခုလို ဖေါ်ပြထားပါသည်။ လူသည် သေပြီးနောက် သူ၏ ဝိညာဉ်သည်

ဆက်လက်ရှင်သန် လှုပ်ရှားနေကြောင်း လူမှုရေး ပညာရှင် Hant က ၁၉၅၆

ခုနှစ်တွင် အချက်ပေါင်း ၁၅၆ ချက်ကို စုဆောင်းပြီး တင်ပြခဲ့ပါသည်။ ယင်းအဆိုကို

လေ့လာခဲ့သော ဝါရင့် သုတေသီများက ထောက်ခံချက်များ ပေးခဲ့ကြပါသည်။

ဝိညာဉ်ဖြစ်သော လူနှင့်ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်များ မတူညီ

ကြပေမည့် ကမ္ဘာ့လူဦးရေ သန်းပေါင်း ၇၀၀၀ ခန့် ရှိသည့်အထဲ မှ သန်းပေါင်း

၅၀၀၀ ခန့်က လက်ခံကြပါသည်။ လူအချို့က ဝိညာဉ် ရှိခြင်းကို လက်မခံပါဟု

ဆိုကြသော်လည်း သူတို့၌ ဘာသာတရားရှိခြင်းက တမလွန် ဘဝ ရှိခြင်းကို ဖေါ်ပြ

နေသလို ဘုရားတရားမရှိဟုဆိုသူများကလည်း မိမိကိုယ်ကို ကိုးကွယ်ရာဟု ဆိုလျက်

ကိုးကွယ်မှု ရှိခြင်းအားဖြင့် လူ၌ ဝိညာဉ်ရှိကြောင်းကို သက်သေပြလျက် ရှိနေပါသည်။

လူသားတိုင်းတို့သည် နောင်တမလွန်ရှိသည်ဆိုသည့် အသိဖြင့် ယခု

ဘ၀တွင် ကောင်းသော အမှုကိုပြုလျက် မကောင်းမှုကို ရှောင်ကြခြင်း ဖြစ်ပါသည်။

လူမိုက်ဟုဆိုလျက် အပြစ်ကိုရဲတင်းစွာ ပြုလုပ်တတ်သူ အချို့ ရှိကြသော်လည်း

ထိုကဲ့သို့ပြုရသည့်အတွက် ၄င်းတို့၏ အတွင်းမနောက ပျော်ရွှင်မှုကို မဖြစ် ပေါ်စေဘဲ

စိတ်အတွင်း မငြိမ်သက်မှုကိုသာ ဖြစ်စေ ပါသည်။

အဘယ့်ကြောင့် လူသည်ကောင်းတာကို လုပ်ချင်သော်လည်း မကောင်း

တာကို ပို၍ လုပ်မိနေကြ သနည်း။ မကောင်းမှုကိုပြုမိတိုင်း စိတ် နှလုံး အတွင်း

မငြိမ်မဝပ်ဖြစ်နေရသနည်းဆိုသည်မှာ – လူ၏ အထဲ၌ လူ၏ ဝိညာဉ်ကို ဖန်ဆင်း

သော ဘုရားဟု (ဇာ ၁၂၀) ဆိုထားပါသည်။ ဘုရား၏ သဏ္ဍာန်တော်နှင့် အညီ

ဖန်ဆင်း တော်မူ၏ဟု ဆိုထားခြင်းကြောင့် ဘုရားသည် နာမ်ဝိညာဉ်ဖြစ်သကဲ့သို့

လူအစစ် သည်လည်း ဘုရားနှင့် အမျိုးတူသည့် နာမ်ဝိညာဉ်ဖြစ်ပါသည်။ လူသည် –

ဘုရားထံမှ ဆင်းသက် လာခဲ့ပြီး ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးရဟု

ကောင်းချီးပေး ခံထား ရသူများဖြစ်ပါသည်။ ဘုရားသည် အပြစ်ကင်း၍ သန့်ရှင်း

ဖြောင့်မတ်သော သဘောတော်ရှိခြင်းကြောင့် လူသည်အပြစ်ကို ပြုမိတိုင်း ဝမ်းနည်း

ရပါသည်။

ဝိညာဉ်ရှိခြင်းကြောင့် ကိုးကွယ်ရာကို ရှာဖွေလိုခြင်းနှင့် ကိုးကွယ် လိုစိတ်

ရှိကြခြင်း၊ ဘုရားအကြိုက် ကို လုပ်ဆောင်လိုခြင်း ဖြစ်ပါသည်။ ဘုရား သခင်သည် –

လူ၌ ဝိညာဉ် ထည့်ပေးထားခြင်းမှာ ဘုရားနှင့် ဆက်သွယ်မှုပြုလျက် ကိုးကွယ်

နိုင်ဖို့ရန် ဖြစ်ပါသည်။ ထိုဘုရား၏ မေတ္တာကို သိမြင်နိုင်ဖို့ရန်အတွက် ဥပမာ များနှင့်

ဖေါ်ပြပေးလိုပါသည်။

စစ်မှန်သော ဖခင်၏မေတ္တာ

တရားဥပဒေ စတင်ထွန်းကားစဉ်ကာလတွင် အလွန် ရိုးသား ဖြောင့်မတ်

တည်ကြည်၍ မျက်နှာ မလိုက်တတ်သော တရားသူကြီးတစ်ဦး ရှိပါသည်။ လူတိုင်း၏

အထူးဂရုပြုခြင်းကို ခံနေရသောအချိန်၏ တစ်နေ့တွင် ၄င်း၏သားက ငွေအလွဲ

သုံးစားမှုဖြင့် တရားရုံးသို့ ရောက်လာပါသည်။ ထိုအခါ သူ၏မိသားစုက သူ့သားကို

လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့နှင့် ထိုသို့မဟုတ်က သက်ညာစွာ တရား စီရင်ပေးဖို့

သင့်အား မေတ္တာ ရပ်ခံကြပါသည်။ သို့သော်တရားစီရင်ရာနေ့ တွင် ဥပဒေ အတိုင်း

လုံးဝ မစာနာပဲစီရင်ချက်ချလျက် သားအရင်း ကို ထောက်ကျ စေခဲ့ပါသည်။ သို့သော်

၄င်းအလွဲသုံးစား လုပ်ထားသည့်ငွေများ ပြန်ဆပ်နိုင်က ပြစ်ဒဏ်မှ လွှတ်ပေးဖို့လည်း

စီရင်ခဲ့ပါသည်။ ထိုအခါ မိသားစုအားလုံးက ၎င်းအား လုံးဝ စကားမပြောကြသည့်

အပြင် ရက်စက် ယုတ်မာသော ဖခင်အဖြစ် စွပ်စွဲခံခဲ့ ရပါသည်။

နောက်တစ်နေ့တွင် ၄င်းသည် တရားသူကြီးအလုပ်မှ အနားယူလျက်

နေ့ညမနားအလုပ်ကို ပြင်းထန်စွာ ကြိုးစား၍ ရှာဖွေ လုပ်ကိုင်ခဲ့ပါသည်။ ကျန်းမာရေး

အားနည်းလာသော်လည်း အလုပ်ကို အနား မယူခဲ့ပါ၊ ငွေကို ကြိုးစားရှာဖွေခဲ့ပါသည်။

မိသားစုကလည်း ၄င်းကို လုံးဝ ဂရုမစိုက်ကြပါ။ ဒီလိုနှင့် တစ်နှစ် ခန့်တွင် အလုပ်ခွင်

အတွင်း သွေးအန်သောဖခင်အား မိတ်ဆွေ များက အိမ်ကို ပြန်ပို့ ပေးခဲ့ ပါသည်။

အသက် ထွက်ခါနီးတွင် ၄င်းစုထားသည့် ငွေမှာ သူချစ်ရသောသား လွတ်မြောက်ဖို့

လုံလောက်သော ငွေကိုရှာနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် ၄င်း၏ သားကို သွားရောက်

ရွေးယူဖို့ပြောပြီး သူ့သား၏ ရှေ့ဆက်အသက်တာ မှာလည်း ဖြောင့်မတ်စွာ

အသက်ရှင်ဖို့ မှာကြားသွား ခဲ့ပါသည်။

မိခင်မှာ သားကို ထောင်မှ ရွေးထုတ်ပြီးသောအခါ ၄င်းသားက အိမ်သို့

ပြန်မလိုက်လိုပါ။ အကြောင်းမှာ ဖခင်၏ အိမ်ဖြစ်သောကြောင့်ဟု ဆိုသောအခါ

မိခင်က ၄င်း၏သားအား ဖခင်၏ မေတ္တာ တရားကို ရှင်းပြပါသည်။ အမှန်တော့

အလုပ်ကြမ်းနှင့် ထောင်ဒဏ်ကျခံဖို့ စီရင်ခဲ့သူမှာ ဖခင်တရားသူကြီးက သားကို

စီရင်ခဲ့ခြင်း ဖြစ်သော်လည်း အမှန်တကယ် အလုပ်ကြမ်းနှင့် ထောင်ကျခဲ့ရ သူမှာ

ဖခင် ဖြစ်နေ ပါသည်။ အိမ်ထောင်အတွင်း ဖခင်ပီသပေမည့် ရုံးမှာတော့ တရား

သူကြီး ပီသစွာ စီရင်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောသောအခါ ၄င်းဖခင်၏ ကျေးဇူးကို

နားလည် ခဲ့ရပါသည်။ ထိုအချိန်မှစ၍ ၄င်းကို အပြစ်ဒဏ်ခံရာ ထောင်မှကယ်တင်

ပေး ခဲ့သော ၄င်းဖခင်၏ မေတ္တာကို သိရှိလက်ခံလျက် ဖခင်၏ အလိုအတိုင်း

ဖြောင့်မတ်စွာ အသက်ရှင်ခဲ့ပါသည်။ ထိုကဲ့သို့ပင် ယေရှုကို ယုံကြည်သူ များတို့

သည် ဘုရားကိုကြောက်၍ တရားကို ကျင့်ခြင်းထက် ဘုရားပြုပေးသောကျေးဇူး

မစ္ဆာကို ခံစားရပြီး ဘုရားကိုချစ်၍ ကျင့်ကြသူများဖြစ် ပါသည်။

တရားသောဘုရား

လူကို ဘုရားက ဖန်ဆင်းပြီး တိရစ္ဆာန်နှင့်မတူသော တရားတစ်ခုကို

စောင့်ထိန်းဖို့ ပညတ်ခဲ့ပါသည်။ ထိုအပင်၏ အသီးကို မစားရ၊ စားသောနေ့တွင်

ဧကန်အမှန်သေရမည်ဟု ပညတ်ခဲ့ ပါသည်။ သို့သော် လူသည် ယူ၍ စားခဲ့ခြင်း

ကြောင့် ဘုရားသခင်သည် လူကို ဖန်ဆင်းမိသည့် အတွက် နောင်တရ၍ နှလုံး

တော် ပူပန် ခဲ့ကြောင်း ဆိုထားပါသည်။ ဖန်ဆင်းထားသော လူကို ဖျက်စီးပစ်

ပါကလည်း ငါ့ဝိညာဉ်သည် လူတို့တွင် အစဉ်မဆုံးရဟု ကောင်းချီးပေးထား ပါသည်။

ဒီတစ်ခါ လူတို့ကို ခွင့်လွှတ် လိုက်မည်ဟု ဆိုပြန်လျှင်လည်း ဘုရား သည် မနေ့နေ့

နောင်ကလ မပြောင်းလဲသော ဘုရားဖြစ်သည့်အတွက် စီရင်ခြင်းကို ပြင်၍မသည် ။

အဆုံး ၄င်းကိုယ်တော်တိုင် သူ့ဇာတိကို ခံယူချက် အား အားလုံး၏

အပြစ်တရားရဲ့ အခ သေခြင်းအတွက်ကားတိုင်တက်တွင် အအေခ်ပေးခဲ့ ပါသည်။

ထိုမျှမက လူတို့ခံရမည့် ဒုက္ခဆင်းရဲခြင်း ဝေဒနာ အားလုံးကိုလည်း ကိုယ်စား

ကားတိုင်ထက်တွင် ယူဆောင်ပေးခဲ့ပြီးဖြစ်ပါသည်။ လူတို့ကို ဖောက်ပြန် ပျက်စီး

တတ်သော ရွှေငွေတို့ဖြင့် ရွေးနှုတ် ကယ်တင်ခဲ့ခြင်း မဟုတ်ပဲ မဖောက်ပြန် မပျက်စီး

တတ်သည့် အသက်တည်းဟူသော ယေရှုဘုရား ၏ အဆွေးတော် အားဖြင့်

ရွေးနှုတ်ကယ်တင် ခဲ့ပါသည်။ စားသောနေ့တွင် ဧကန် အမှန်သေရမည်ဟု ပညတ်

ခဲ့သူမှာ ဘုရားက လူသားများကို ပညတ်ခဲ့ခြင်းဖြစ်ပြီး ထိုစီရင်ခြင်းကို ဘုရား

ကိုယ်တော်တိုင်ဘဲလူသားများကိုယ်စား စီရင်ခြင်းကို ခံပေးခဲ့သည့်အရှင် ဖြစ် ပါသည်။

ကျေးဇူးရှင်ဟု ခေါ်ထိုက်သူ

ကျွန်ရောင်းဝယ်ရေးစနစ် ထွန်းကားစဉ် အချိန်ကာလ၏ တစ်နေ့တွင် ကျွန်

အမျိုးသမီးငယ် တစ်ဦးသည် လောကကို နာကြည်း မုန်းတည်းလျက် ငိုကြွေး

‘နေပါသည်။ ၄င်းအား ဝယ်ယူရန် အချိန် ကျသောအခါ ဈေးပြိုင်ပေးကြပြီး ထိုအထဲမှ

လူကြီးမင်းတစ် ဦးက ဈေး နှစ်ဆပေးလျက် ဝယ်ယူ လိုက်ပါသည်။ ကျွန်

ကုန်သည်များက အမျိုးသမီးငယ်အား လူကြီးမင်းထံသို့ လွှဲ အပ်စဉ် အမျိုး

အမီးငယ်က လူကြီးမင်း၏ မျက်နှာအား တံတွေးဖြင့် ထွေးလိုက်ပါသည်။

လူကြီးမင်းက တည်ငြိမ်စွာဖြင့် နားလည်ခွင့်လွှက်လျက် အမျိုးသမီးငယ်အား

ဝယ်ယူထားသည့် စာချုပ်ကို သေချာစွာ လိပ်လိုက်ပြီး အမျိုးသမီးငယ်၏ လက်ထဲ

သို့ ပေးအပ်လိုက်ပါသည်။ တဆက်တည်း ထိုစာချုပ်ကို သေချာ စွာသိမ်း ဆည်း

ထားဖို့ နှင့် သူမကို သားသမီးချင်းကိုယ်ချင်းစာလျက် ကျွန်ဘ၀မှ လွတ်မြောက်

စေလိုသော စိတ်စေတနာဖြင့် ထိုသို့ ပြုကြောင်းကို ပြောပြီး လူကြီးမင်းက

ပြီးပြနှုတ်ဆက်လျက် လှည့်ထွက် သွားပါသည်။ အမျိုးသမီး သည်လည်း ခေတ္တ

တွေဝေသွားပြီး စဉ်းစားဆင်ခြင်လျက် အတော်လေး လှမ်းသွားပြီ ဖြစ်သော

လူကြီးမင်း၏ နောက်သို့ အပြေး လိုက်သွားခဲ့ပါသည်။ လူကြီးမင်းကို မှီသောအခါ

ဒူးထောက်ပျပ်ဝပ်လျက် ကျွန်မကို ကျွန် ဘဝကနေ လွတ်မြောက်အောင်

ဆောင်ရွက်ပေးခဲ့သော ကျေးဇူးရှင်ရဲ့ အိမ်မှာပဲ တစ်သက်လုံး အစေခံပါရစေလို့

ခွင့်တောင်း လိုက်ပါသည်။ လူကြီးမင်းက လွတ်လပ်စွာဘဲ အသက်ရှင်ပါဟု ဆိုစဉ်

အမျိုးသမီးငယ်က လူကြီးမင်းရဲ့ အိမ်ထက် စိတ်ချလုံခြုံလွတ်လပ်သော နေရာ

အဘယ်မှာ ရှိနိုင်ပါမည်နည်းဟု ပြန်ဖြေခဲ့ပါသည်။ အမျိုးသမီး ငယ်သည်

မှန်သောရွေးချယ်မှုကို ပြုခဲ့ပါသည်။

ထိုနည်း၎င်း ယေရှုဘုရားသည် အပြစ်တရား၏သခင် မာရ်နတ်၏

ကျွန်ဘဝသို့ ရောက်ရှိနေသော လူသားများတို့ အား ဖောက်ပြန် ပျက်စီးတတ်သော

ရွှေငွေရတနာထက် မဖောက်ပြန်မပျက်စီးတတ်သော အဖိုးအခဖြစ်သည့်

အသက်ကိုပေးလျက် ဝယ်ယူခဲ့သော လူသားများ၏ ကျေးဇူးရှင် ဖြစ်ပါသည်။

ကျွန်ဘဝမှ လွတ်မြောက်ရန် လမ်းကိုသာ ပြပေးသည့် အရှင်မျှ မကပါ။ ထိုအရှင်ကို

သင်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ဖြင့် တံတွေးနှင့် ထွေးနိုင်သလို ကျေးဇူးရှင်အဖြစ်

ပျပ်ဝပ်လျက် ကိုးကွယ်ရုံမျှမက ဘုရား၏ အလိုတော်ဖြစ်သည့် လူသားတိုင်း

အပယ်ငရဲမှလွတ်ဖို့ အမှုတော်မြတ်အတွက် အစေခံနိုင် ပါသည်။

ကျမ်းစာတော်မြတ်တွင် ဘုရားက လူကိုဖန်ဆင်းရခြင်း၏ ရည်ရွယ် ချက်ကို

ဤသို့ ဆိုထားပါသည်။ ကိုယ့်အဘို့ ငါဖန်ဆင်းသော ထို လူမျိုးသည် ငါ၏

ဂုဏ်ကျေးဇူးကို ပြရလိမ့်မည်။ (ဟေရှာ ၄၇း၂၁) ထို့ကြောင့် လူသည် ဘုရား

အတွက်သာ အသက်ရှင်ဖို့ ဖြစ်ပါသည်။

လူဖြစ်လာရခြင်း၏ အဓိပ္ပါယ်မှာ လူသည် ထာဝရ ဘုရားထံမှ ဆင်းသက်

လာပြီး ထာဝရဘုရား၏ ဘုန်းတော်ထင်ရှားရန် အလိုတော်အတိုင်း လောကတွင်

အသက်ရှင်နေထိုင်ရန်နှင့် တာဝန်များ ပြီးဆုံးသည့် တစ်နေ့ လောကကြီးကို စွန့်ခွါ

လျက် အိုနာသေခြင်း သောကကင်းရာ ထာဝရဘုရားထံသို့ ပြန်သွားရမည် ဖြစ်ပါ

သည်။

သို့သော်လည်း လူသည် ထာဝရဘုရားထံတော်မှ ဆင်းသက်လာခြင်း

ကိုလည်း လက်မခံ၊ ယေရှု၏ ကယ်တင်ခြင်းတရား ကိုလည်း ငြင်းပယ်လျက်

မာရ်နတ်၏ တရား ဖြစ်သည့် ငါ ကိုဗဟိုရ်ပြုသော ငါ… ကျင့်နိုင်တယ် ငါလုပ်

နိုင်တယ်၊ ငါဟာကောင်းမြတ်တယ်၊ ငါ ဟာအပြစ် ကင်းတယ်၊ ငါ့ဘာသာ

ငါ့သာသနာ ဆိုသည့်အယူဝါဒကို စွဲကိုင်ကာ ဘဝကူးသွားပါမူ ဘုရားနှင့် ဆန့်ကျင်

ရာ အရပ်ဖြစ်သည့် အပယ်လားရဖို့သာ ရှိပါသည်။ တမလွန်အရေးကို ခေါ်

မတွေး စေချင်ပါ။

၁၀. ထာဝရဘုရားသာ ဖန်ဆင်းခဲ့လျှင် သင်ဒီဒုက္ခတွေကို တွေ့နိုင် ပါ

လား? ဒီဖန်ဆင်းရှင်၏ လက်ချက်ကြောင့် မွေးရခြင်းဒုက္ခ စီးပွါးရေး လူမှုရေး

ပညာရေး ကျန်းမာရေး အိမ်ထောင်ရေး သားရေး သမီးရေး အို နာ

သေရေးဒုက္ခအစုတို့ ဖြစ်ရသည်မှာ မည်သူ ငြင်းနိုင်ပါသနည်း၊ စဉ်းစားပြီး

သဘာဝကျကျ ငြင်းချက်ထုတ်ပါ။

ဒုက္ခအစုစုတို့မှ ကယ်တင်ခဲ့သောဘုရား-

ဥစ္စာပေါ ရုပ်ချော၊ ဂုဏ်ပကာသနရှိသူတိုင်း စစ်မှန်သော သုခချမ်းသာ

ရှိပြီဟု ဆိုနိုင်ပါသလား။ စစ်တမ်းတစ်ခုအရ ကောင်းမွန် နှစ်ခြိုက်စွာ အိပ်နိုင်

သူများမှာ ဆင်းရဲသားများဖြစ်ကြပြီး ချမ်းသာသူအများစု ကတော့ ချမ်းသာ

အတိုင်းအတာနှင့် အညီ စိတ်မချမ်းသာမှုကို ရကြ ရပါသည်။ စစ်မှန်သော သူ

ချမ်းသာသည် မျက်မြင်ရသော အရာတို့ အပေါ်တွင် မမူတည်ပဲ ချက်မြင် မရသေး

လူတို့၏ အတွင်းမနော အပေါ် တွင်သာ တည်ပါသည်။

ဘုရားသည် အရာအားလုံးတို့အား လူသားများ၏ အကျိုးကို ဗဟိုပြုလျက်

ပြည့်စုံစွာ ဖန်ဆင်း ပေးခဲ့ပါသည်။ ဘုရားဖန်ဆင်းသမျှကိုလည်း ထိန်းသိမ်း

စောင့်ရှောက်ဖို့ နှင့် သတ္တဝါများကိုလည်း အုပ်စိုးဖို့ အခွင့်အာဏာပေးခဲ့ပါသည်။

သို့သော် လူသားသည် ထိုအခွင့် အာဏာအားလုံးကို မာရ်နတ်ရဲလက်ထဲသို့

ရောက်စေခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်သည် လူကိုဖန်ဆင်းမိသည့်အတွက်

ပြီး နောင်တ ရလျက် နှလုံးတော်ပူပန်ခဲ့ကြောင်း ကျမ်းစာတွင်ဆိုထားပါသည်။ သို့သော်

၁ လူသားများကိုချစ်သော ဘုရားသည် လူ့ဇာတိခံယူလျက် စာတန်လက် ထဲမှ

တွင် ထိုအခွင့်အာဏာများတို့ ကို ပြန်လည်ရယူကာ ယုံကြည်သောသူတို့အား ပြန်လည်

ပေးအပ်လျက်ရှိနေပါသည်။

ဘုရားသည် လူတို့၏ဖန်ဆင်းရာပါ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်တည်း

ဟူသော မဟာအခွင့်အရေးကို ကျော်လွန်လျက် အတင်းအကျပ် ဘာတစ်ခုမျှ

မလုပ်ပါ။ ထို့ကြောင့် လူတို့၏စီးပွါးရေး ကျန်းမာရေး အိမ်ထောင်ရေး သားသမီး

အရေးနှင့် အိုနာသေခြင်း ဒုက္ခအစုစုတို့ကို ကူမလိုသော်လည်း ကူမခွင့်ပေးသော

ယုံကြည်သူတို့ ကိုမှသာလျှင် ကုမနိုင်မည်ဖြစ်ပါသည်။ တာဝန်ယူ သောအရှင်

ရှိပါလျက် လက်မခံသော သူ ရှိနေပါက မည်သူ့၏ အပြစ်သာလျှင် ဖြစ်လိမ့်

မည်နည်း။ သို့သော် ယုံကြည်သူ ဖြစ်စေ မယုံကြည်သူတို့ အပေါ်၌ ဖြစ်စေ၊

လူသတ္တဝါ တိုင်း တို့အတွက် မရှိမဖြစ် လိုအပ်သော အခြေခံ ကောင်း များကိုတော့

သွန်းလောင်းပေးလျက် ရှိနေပါသည်။ ဥပမာ လူသားတိုင်းတို့ အတွက် ရာသီဥတု၊

ရှူရှိုက်ရန်လေနှင့် စားစရာများကို စီစဉ်ပေးလျက် ရှိနေပါ သည်။

စာနာတတ်သာရှင်ဘုရင်နှင့် မယုံကြည်သူလူငယ်လေး

အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ပုံသာတကတစ်ခုကို

ဖေါ်ပြလိုပါသည်။ တစ်ခါက ၄င်းတိုင်းပြည်၏ အခြေအနေကို သိလိုသော

ရှင်ဘုရင်ကြီးသည် ဆင်းရဲသားအဖြစ် ဟန်ဆောင်ရုပ်ဖျက်လျက် တိုင်းပြည် အတွင်း

တစ်ကိုယ်တည်း လှည့်လည်ခဲ့ပါသည်။ လမ်းခုလတ်တွင် ဘုရင် မင်းမြတ်သည်

ဝမ်းလျှော ဝမ်းပျက်ဖြစ်လျက် ဒုက္ခရောက်ရ ပါတော့သည်။ ထိုအမှုကို မြင်သော

သား ဖြောင့်မတ်သည့် ဆင်းရဲသားလူငယ် တစ်ဦးသည် ကိုယ်နှင့်အမျှ ကိုယ်ချင်း

| စာလျက် ၄င်း၏ အိမ်သို့ ခေါ်ယူပြီး မရွံမရှာ ပြုစုစောင့်ရှောက်၍ ဧည့်ခံခဲ့ပါသည်။

လွတ်လျက် ကျန်းမာလာသောအခါ နန်းတော်သို့ ပြန်သွားခဲ့ပြီး မပြန်မှီ ၄င်းလူငယ်

ရှင်ဘုရင် ကြီးလည်း ဆင်းရဲသားလေး၏ ပြုစုပေးမှုကြောင့် အသက်ဘေးမှ

ထိုက်တန်စွာ ကျေးဇူးဆပ်မည့် အကြောင်း ဂတိပေးခဲ့ပါသည်။ သို့သော်

အဘယ်ပုံစံဖြင့် လာရောက်ကျေးဇူး ဆပ်မည် ကိုတော့ မပြောခဲ့ပါ။ အဘယ့်ကြောင့်

ဆိုသော် နန်းတွင်းမှ တိုင်းပြည်၏ အခြေအနေမှန်ကို သိလို၍ ရှင်ဘုရင်မှစ

အမတ်များက ရုပ်ဖျက်၍ လေ့လာလေ့ ရှိသည်ကို တိုင်းသူပြည်သား များ လုံးဝ

မသိစေလိုသည့် လျှို့ဝှက် ချက် ဖြစ်နေ သည့် အတွက်ကြောင့် ဖြစ်ပါ သည်။

နန်းတော်သို့ ရောက်သောအခါ အမတ်တစ်ဦးအား ဆင်းရဲသားအဖြစ်

“ဟန်ဆောင်လျက် ၄င်း၏အသက်ကို ကယ်တင်ခဲ့သော ဆင်းရဲသားလေး၏အိမ်သို့

သွားရောက်စေခဲ့ပါသည်။ နန်းတော်တွင် ဘုရင့်၏ မွေးစားသားအရိုက်အရာကို

ဆက်ခံစေဖို့ရန်အတွက် ဖြစ်ပါသည်။ အမတ်ကြီးကလည်း ဆင်းရဲသားလေး မယုံ

လျှင် အဘယ်သို့ပြုရမည်နည်းဟု ဆိုလျှင် ဘုရင်ကြီး၏ အမှတ် တံဆိပ်ပါသော

လက်စွပ်ကို ပြုပြီး ခေါ်လာဖို့ လက်စွပ်ကိုပေးလျက် စေလွှတ်လိုက်ပါသည်။

အမတ်ကြီးသည် ဆင်းရဲသား လူငယ်လေး၏အိမ်သို့ ရောက်လျှင်

အကြောင်း အကျိုးကို ပြောပြသောအခါ အရူးဟု စွပ်ဆွဲလျက် ကိုရဲလှောင်ပြောင်

ခဲ့ပါသည်။ ရှင်ဘုရင်၏ အမှတ်တံဆိပ်ပါ လက်စွပ်ကို ထုတ်ပြသောအခါ ငါက

ဆင်းရဲပေမဲ့ သူတစ်ပါးပစ္စည်းကို ဘယ်တော့မှ မခိုးဘူး၊ ရိုးသားတယ်၊ အခု

ရိုးသားမှုကို အမှုပတ်ဖို့ လာလုပ်တဲ့ သူခိုးဟု ယိုးစွပ်လျက် ၄င်းအိမ်မှ အမြန်ဆုံး

ထွက်သွားဖို့ မောင်းထုတ် ပြန်ပါသည်။ အမတ်ကြီးက စိတ်စေတနာဖြင့် ထပ်မံ

ရှင်းပြသောအခါ ဒီလောက်တောင် မပြန်နိုင်ရင် ပြန်အောင် လုပ်မယ်ဆိုပြီး ထိုးကြိတ်

ရိုက်နှက်လျက် ပြန်လွှတ်လိုက်ပါသည်။

အမတ်ကြီးလည်း ဒဏ်ရာများ ပြင်းထန်စွာရလျက် နန်းတော်သို့ ပြန်လာ

ခဲ့ပါသည်။ ထိုအကြောင်းကို ရှင်ဘုရင်ကြီးသည် သိရသောအခါ အမတ်ကြီး၏

ဏ်ရာရမှုအပေါ်မှာထက် ဆင်းရဲသား လူငယ်လေး၏ မယုံကြညနိုင်မှုအပေါ်

စိတ်မကောင်းဖြစ်ခဲ့ရပြီး ဂရုဏာဒေါသလည်း ဖြစ်ခဲ့ရပါသည်။ စိတ်ထဲမှလည်း

ငါ့စေတနာဟာ လူတိုင်းအတွက်ဖြစ်ပေမဲ့ ငါ့ရဲ့မေတ္တာစေတနာကတော့ လူတိုင်းနဲ့

မထိုက်တန်ပါလားဟု မှတ်ချက် ချလိုက်ပါသည်။

အဲဒီနောက်မကြာမီ ဘုရင်ကြီးသည် မူးမတ်အဆောင်အယောင် များနှင့်

တိုင်းခန်းလှည့်လည်လာတဲ့ အခါ တိုင်းပြည်မှာ ရှိသော လူများအားလုံး ထွက်ပြီး

အရိုအသေပေးခဲ့ကြသလို ဆင်းရဲသားလေးလည်း အရိုအသေပေးဖူးမျှော်ဖို့ ရောက်

လာပါသည်။ ရှင်ဘုရင်ကြီးက ဆင်းရဲသား လူငယ်လေးကိုမြင်သောအခါ အသင်

ဆင်းရဲသား လူငယ်လေး သင့်ထံ ငါ့ရဲ့ အမတ်တစ်ဦးကို စေလွှတ်ခဲ့ပါတယ်။ သူနဲ့

ဘာ့ကြောင့် နန်းတော်ကို မွေးစားသား အရိုက်အရာကိုဆက်ခံဖို့ လိုက်မလာရ

သလဲဟု မေးသော အခါ လူငယ်လေးလဲ ဘုရင်ကြီးကို မှတ်မိပြီး ကြောက်လန့်

လျက် ဆင်းရဲသား ပုံစံနဲ့ ဆိုတော့ မယုံလို့ပါဟု ဝန်ခံပါသည်။သူ့ကို မယုံလည်း

ငါ့လက်စွပ်ကိုတော့ ယုံသင့် တာပေါ့ဟု ဆိုလျှင် ခိုးလာသည်ဟု ထင်လို့ပါဟု ဝန်ခံ

ပါသည်။ ထိုအခါ ဘုရင်ကြီးက အသင်ဆင်းရဲသား လူငယ်လေး သင်သည် စိတ်ထား

ကောင်းမွန်ပေမယ့် အမှန်ကို အမှန်အတိုင်း မြင်တတ်သောသဘောနှင့် ယုံကြည်မှု

မရှိတာ တွေ့ရတယ်၊ ကောင်းမှု ကုသိုလ်များကို လုပ်သော်လည်း ယုံကြည်မှု

သဘောမရှိ တာကြောင့် မေတ္တာသဘော မပါလို့ ဘဝမှာ အကျိုးကို မခံစားရခြင်း

ဖြစ်တယ်။ ဒါကြောင့် သင်ဟာ ငါဘုရင် ကိုယ်တော်တိုင်ရဲ့ စီရင် ချီးမြောက်ခြင်း

မခံစားထိုက်ဘဲ ဆင်းရဲသားဘဝနဲ့ သာ နေရစ်တော့ ဟုဆိုပြီး ထွက်သွား

ပါတော့သည်။

ထိုအခါ ဝန်းကျင်မှလူများက ဆင်းရဲသားလေးအား … လူညံ့ ဘာနဲ့မှ

လဲမရနိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးရုံမျှမက ဘုရင်မင်းမြတ်ရဲ့ အပြစ် ပြောခြင်းကို

တောင် ခံရတဲ့ အလကား ငတုံး၊ ရှင်ဘုရင်ရဲ့ စကားကို တောင်မှ မယုံရုံမျှမက

ရှင်ဘုရင်ရဲ သက်သေကိုတောင်မှ မယုံတဲ့ လူယုတ်ကို မပေါင်းကြနဲ့ ဟု ကဲ့ရဲ့ ပြောဆို

ပြစ်တက်လျက် ၄င်းအနားမှ ထွက်သွား ကြပါသည်။ ထိုလူငယ်လေး သည်လည်း

နောက်ပိုင်း ယခင်ကထက် လူဆင်းရဲရုံမျှမက စိတ်ဆင်းရဲခြင်းကိုပါ ခံစားရပြီး

ဘဝချုပ်ငြိမ်းသွား ရပါတော့သည်။

ကိုယ်ဆင်းရဲခြင်းထက် စိတ်ဆင်းရဲ ရံခြင်းက ပိုဆိုးပါသည်။ ထို့ထက်

တမလွန်မှာ အသက်ဝိညာဉ်ဆုံးရှုံးရခြင်းလောက် ကြောက်မက်ဘွယ်ရာအကျိုး

တရားသည် လူတို့တွင် မရှိပါ။ အပြစ်ကို ရွံမုန်း သော်လည်း အပြစ်သားများကို

ချစ်သောဘုရားက အဘယ်လူသား တစ်ဦးကိုမျှ အပယ်သို့ လားဖို့ ရန် အလိုမရှိပါ။

ထိုကြောင့် ကောင်းကင် ဘုန်းစည်းစိမ်ကို စွန့်လျက် လူသားအသွင်ဖြင့် လောက

သို့ ကြွလာပြီး ခိုင်လုံသော အကြောင်းအကျိုး သက်သေအထောက်အထား ၊

များစွာ

ကို ပြလျက် လောကတွင် အသက်ရှင် ပေါ်ထွန်းခဲ့ပါသည်။ အသက်ရှင်စဉ်က လူများ

တို့ အား ငါ့ကို မယုံလျှင် ငါပြုသော အမှုကို ထောက်၍ ယုံကြလော့ဟု လူတို့ကို

ယုံကြည်စေလိုသော မေတ္တာစကား မျိုးဖြင့် အကြိမ်ကြိမ်ဆိုခဲ့ သလို ယနေ့လည်း

– ဆိုနေပါသည်။

ယေရှုသည် လူသားတိုင်းတို့ အတွက် ကယ်တင်ခြင်းတရားကိုပြုပေးခဲ့ပြီး

ယုံကြည်လက်ခံ သူတိုင်းကို ကြိုဆိုလက္ခံလျက် ရှိနေသော်လည်း စီရင်ရာနေ့ ကြီးသို့

ရောက်ရှိချိန်တွင်တော့ မည်သူ၏ မျက်နှာကိုမှ မထောက်ထားဘဲ တရား စီရင်

ပါလိမ့်မည်။ ဥပမာတစ်ခုဖြင့် ထပ်မံ၍ ဖေါ်ပြ ပေးလိုပါသည်။

တချိန်က အလွန်ချစ်ခင်ကြသော ညီအစ်ကိုနှစ်ဦး ရှိကြပါသည်။ ညီဖြစ်သူ

စီးပွါးရေးသမားက အမှုဖြစ်လျက် တရားရုံးသို့ ရောက်သောအခါ အစ်ကိုတရား

သူကြီးကိုမြင်ပြီး အလွန်ဝမ်းသာသွားပါသည်။ ထိုအခြင်းအရာကို ရိပ်မိသော အစ်ကို

ဖြစ်သူတရားသူကြီးက အိမ်မှာတော့မင်းနဲ့ငါ ညီအစ်ကိုတော်ပေ မည့် အခုတော့

ငါက တရားသူကြီး၊ မင်းက တရားခံ ဖြစ်သည့် အတွက် တရားဥပဒေနဲ့ အညီ စီရင်

ရမှာဘဲဟု ပြောလိုက်ပါတော့သည်။

သင်သည် အသက်ရှင်စဉ် ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံ ယုံကြည်

ပြီး တမလွန်တွင် အပြစ်စီရင်ခြင်းမှ လွတ်မြောက်နိုင်သလို ယေရှုကို ငြင်းပယ်လျက်

စီရင်ရာနေ့ကြီးတွင် ယေရှုကို တရားသူကြီး အဖြစ်လည်း ရင်ဆိုင် နိုင်ပါသည်။

အသက်ရှင်စဉ် သင်၏ တမလွန်အရေး အတွက် မှန်ကန်စွာ ရွေးချယ် ဆုံးဖြတ်နိုင်ပြီး

ယခုဘ၀ နောင်ဘဝအတွက် ကိုယ်၊ စိတ်၊ ဝိညာဉ် ကောင်းစားသူ ဖြစ်နိုင်ပါစေ။

 

၁၁. ထာဝရဘုရားသည် အနန္တမေတ္တာ၊ ဂရုဏာရှင်ဖြစ်ပါလျက် ဘာကြောင့်

လူ့ဘဝကို ကြမ်းတမ်းစေသနည်း? မအို မနာ မသေသော ကောင်းကင်နိုင်ငံ

တော်သို့ အစကတည်းက ဘာကြောင့်မပို့ဘဲ လူသားတို့ကို ဒုက္ခ ခံစားစေ

သနည်း? အနန္တမေတ္တာ ဂရုဏာရှင်ဆိုသော စကားနှင့်ကိုက်ညီအောင်ဆုံးရှုံး

ဖြေကြားပေးပါ။

လူ့ဘဝကို ကြမ်းတမ်းစေခြင်းအကြောင်း၏ ရည်ရွယ်ချက်-

ဘုရားဖန်ဆင်းစက အိုနာသေခြင်းကင်းသည့် ဧဒင်ဥယျာဉ်တွင် ထား ထား

သော်လည်း လူသည် ဘုရားကဲ့သို့ ဖြစ်ချင်သည့်အတွက် တားမြစ်ထားသည့်

ပညတ်ချက်ကို ချိုးဖောက်ခဲ့ပါသည်။ ထိုအချိန်မှစ၍ အပြစ်တရား၏ အကျိုးဆက်

ဖြစ်သောအိုနာသေခြင်းကို လူတို့ခံရခြင်း ဖြစ်ပါသည်။

ဒုတိယအချက်အနေဖြင့် လူသားတို့ သည် အစစအရာရာလိုလေသေးမရှိ

ပြည့်စုံနေက ဘုရားဟူသည် မလိုအပ်တော့ပါ။ ဒုစရိုက်အပြစ်ကို မကြောက်မရွံ့

ပြုလာကြမည် ဖြစ်ပါသည်။ ထို့ကြောင့် လူတို့သည် အပြစ်ကို ပြုမိပါက စိုက်သည့်

အတိုင်း ရိတ်ရမည်ဟူသည် ဘုရား၏ စကားတော်အတိုင်း မိမိပြုခဲ့သည့် ပြစ်မှု

အတွက် ဒုက္ခပြသာနာကို ရိတ်သိမ်းရခြင်း ဖြစ်ပါသည်။

တတိယအချက်အနေဖြင့် ကောင်းမွန်ဖြောင့်မတ်စွာ ဘုရားစကား

နားထောင်ပြီး အသက်ရှင် ကြပါ လျက် ဘာ့ကြောင့် ကြမ်းတမ်း ခက်ခဲခြင်းများနှင့်

ဒုက္ခပြသနာတို့ကို ကြုံတွေ့နေရ ပါသနည်းဟု မေးရန် အကြောင်း ရှိလာ ပြန်ပါ

သည်။

လူသားတိုင်း ဆုတောင်းသောအခါနှင့် ဆုတောင်းချက်တင် သောအခါ

အခါတိုင်း စုံစမ်း နှောက်ယှက်ခြင်းများ ကင်းဝေးလျက် အခက်အခဲ ဒုက္ခပြဿနာ

များနှင့် မကြုံတွေ့ရဖို့ဆုတောင်းတတ်ကြ ပါသည်။ လူ၌ ဖြစ်တတ်သော စုံစမ်း

ခြင်း ကိုသာ သင်တို့သည် ခံကြ၏ဟု (၁ကော ၁၀၁၃) ကျမ်းစာက ဆိုထားသည့်

အတွက် လူသားတိုင်း စုံစမ်းခြင်းတည်း ဟူသော အခက်အခဲ ဒုက္ခများနှင့် ကြုံကို

ကြုံတွေ့ ကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် လူသားတိုင်း စုံစမ်းခြင်း သုံးမျိုးကို

သိဖို့ လိုအပ်ပါသည်။

၁) စုံစမ်း စစ်ဆေးခြင်း ၊ ထိုစုံစမ်းစစ်ဆေးခြင်းသည် ဘုရားထံမှ လာပြီး

ဘုရားက မိမိလူတို့၏ ယုံကြည်စိတ်ချရမှုကို စမ်းသပ်လိုသော အခါ စုံစမ်းခြင်း

ဖြစ်ပါသည်။ ဥပမာ အာဗြဟံအား ၄င်း၏သားကို ယဇ်ပူဇော်ဖို့ တောင်းခံခဲ့ပါသည်။

သားနှင့် ဘုရား မည်သူ့ကို ပို၍ ချစ်သည်ကိုသိဖို့ ဖြစ်ပါ သည်။ မိမိ စည်းစိမ်ထက်

မက မိမိအသက်အမျှ တန်ဘိုးထားသော တစ်ဦးတည်း သော သားကို ဘုရားက

တောင်းသော အခါ မငြင်းပယ်ခဲ့ပါ။ အာဗြဟံသည် အရားအား လုံးထက် ဘုရားကို

ဦးထိပ်ထားကြောင်း မြင်တွေ့ ရသော အခါ ဘာသာကြီး သုံးခုဖြစ်သည့် ဂျူး

ခရစ်ယာန်နှင့် အစ္စလမ် ဘာသာဝင်တို့၏ ယုံကြည်ခြင်း ဖခင်အဖြစ် သတ်မှတ်

ခံရသူ ဖြစ်ပါသည်။ ဘီစီ ၂၀၀၀ ခန့်တွင် ပေါ်ထွန်းခဲ့သော အာဗြဟံ၏ နေထိုင်ရာ

အရပ်ဖြစ်သည့် အီရတ်နိုင်ငံရှိ ဥရမြို့တွင် ယနေ့တိုင် အာဗြဟံ၏ အမှတ်တရ

မှတ်တိုင် ထားရှိနေဆဲဖြစ်ပါသည်။

၂) စုံစမ်း နှောက်ယှက်ခြင်း၊ ထိုစုံစမ်းခြင်းသည် ဘုရားက မာရ်နတ်ကို

ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။ ဘုရားက ၄င်း၏ လူအား နှစ်ဆသော ကောင်းချီး

ကို ပေးလို၍ ဖြစ်ပြီး ထိုသူအားဖြင့် မာရ်နတ်ကို အနိုင် ယူလို၍ ဖြစ်ပါသည်။ ဥပမာ

ဘီစီ ၂၀၀၀ ဝန်းကျင်ခန့်တွင် ပေါ်ထွန်းခဲ့သော ယောဘ၏ အသက်တာ အားဖြင့်

မြင်တွေ့နိုင်ပါသည်။ ယောဘသည် ဘုရားကို အကြွင်းမဲ့ ကိုးစားလျက် စုံလင်

ဖြောင့်မတ်သူ ဖြစ်သော်လည်း သူမတူအောင် ဒုက္ခအမျိုးမျိုး ရောက်ခဲ့ရ ပါသည်။

၄င်းပိုင် စီးပွါးများ ပျက်သွားရုံမျှမက သားသမီးများလည်း ဆုံးရှုံး ခဲ့ရ ပါသည်။

ထိုမျှမက ၄င်းကိုယ်တိုင် ရောဂါဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရ ပါသည်။

ထိုစုံစမ်းခြင်း များကို ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းခဲ့ရသော်လည်း ဘုရားကို ကိုးကွယ်မှု

မပျက်ခဲ့သူ ယောဘသည် နောက်ပိုင်း ယခင်ထက် နှစ်ဆသော စည်းစိမ် ချမ်းသာနှင့်

သားသမီးများ ကိုပြန်လည် ရရှိခဲ့ပါသည်။ ယောဘ၏ အသက်တာ အားဖြင့်

ဘုရားက ဂုဏ်ယူ ဝါကြွား ခဲ့သည်ကို သမ္မာကျမ်းစာတွင် မြင်တွေ့ရ သကဲ့သို့

သင့်အားဖြင့်လည်း ဘုရားဝါကြွားနိုင်ပါစေ။

၃) စုံစမ်း သွေးဆောင်ခြင်း၊ ထိုစုံစမ်းခြင်းသည် မာရ်နတ်ထံမှ လာခြင်း

ဖြစ်ပြီး ဘုရားနှင့် မသက်ဆိုင်ပါ။ ထိုကဲ့သို့သော စုံစမ်းခြင်း ကို သမ္မာကျမ်းပါ

ယောသပ်၏ အသက်တာတွင် မြင်တွေ့ ရပါသည်။ ဘီစီ ၁၉၀၀ ခန့်တွင် အီဂျစ်

ပြည်သို့ ယောသပ်သည် ကျွန်အဖြစ် ရောင်းစားခံရပြီး ၄င်းအရှင် သခင်၏ မယားမှ

သူမနှင့် အတူအိပ်ရန် သွေးဆောင်ခြင်း ခံရပါသည်။ ထိုသွေးဆောင် ခြင်းကို

ယောသပ်သည် ရှောင်ရှား အောင်မြင်ခဲ့ပြီး နောက်ပိုင်း ကျွန်ဖြစ်သော ယောသပ်

သည် ဘုရား၏ မစမှုဖြင့် အီဂျစ်တိုင်းပြည်တွင် ဘုရင်ခံဖြစ်ခဲ့ရသော သမိုင်းဝင်

ပုဂ္ဂိုလ် တစ်ဦးဖြစ်ခဲ့ပါသည်။

သမ္မာကျမ်းပါ သမိုင်းဝင်ပုဂ္ဂိုလ်ဖြစ်သည့် အီဂျစ်တိုင်းပြည်၏ ဘုရင်ခံ ဖြစ်

လာသူ ယောသပ်၏ အကြောင်းကို ဆက်လက်၍ ဖေါ်ပြလိုပါသည်။ ယောသပ်သည်

ဘုရင်ခံမဖြစ်မှီ အစ်ကိုများ၏ မနာလိုမှုဖြင့် ရေတွင်း ပျက်ထဲသို့ ပစ်ချခံရပါသည်။

ထို့နောက် ကျွန်ကုန်သည်များထံ ရောင်းစားခြင်းခံရပြီး သခင် ပေါတိဖာ၏ အိမ်တွင်

ကျွန်အဖြစ်အမှုထမ်းခဲ့ ရပါသည်။ ထိုမှတဆင့် သခင်၏ မယားကို ပြစ်မှားသည်

ဟူသော မဟုတ် မမှန် ယိုးစွပ်မှုဖြင့် ထောင်ကျ ခံခဲ့ရ ပြန်ပါသည်။ ထိုကြမ်းတမ်းသော

ဘ၀ တို့ကို ဖြတ်သန်း ခဲ့ရစဉ် ယောသပ်သည် ဘုရားနှင့် လူကို မပြစ်မှားခဲ့ပါ။

ထိုကဲ့သို့ သော နှလုံးသား ပိုင်ရှင်ဖြစ်သည့် ယောသပ်အား တိုင်းတပါးလွင်

ဘုရင်ခံအဖြစ် ချီးမြောက်ခြင်း ခံခဲ့ရသလို လူသားတိုင်း၏ စံပြ ပုဂ္ဂိုလ်

တစ်ဦးပင်ဖြစ်ခဲ့ပါသည်။ ယောသပ်သည် ကောင်းမွန်စွာ အသက်ရှင်ခဲ့သော်လည်း

စုံစမ်းခြင်း သုံးမျိုးလုံးကို ခံခဲ့ရပါသည်။ စုံစမ်းခြင်းအကြောင်းကို နားမလည်ပါက

ဘုရားကိုစွန့်ပစ်ရုံမျှမက ဘုရားကိုပင် စိတ်နာစရာ ဖြစ်နိုင်ပါသည်။

လေးသည်တော်သည် ၄င်း၏မ္ဘာဆံ မချောမွေ့ပါက ပစ်လွှတ် လိုက် လျှင်

၄င်း၏လက်ကို ပြန်ရှစေတတ်ပါသည်။ ထိုကြောင့် ၄င်းအသုံးပြုဖို့ ရန် ရည်ရွယ်သည့်

မျှားတံကို နာနာလေး ချောမွတ်ရန် ပုံသွင်းရသကဲ့သို့ ဘုရား ကလည်း ၎င်းအသုံး

-ပြုမည့်လူ၏ နှလုံးသားသည် မချောမွေ့ပါက အသုံးပြုမိလျှင် ဘုရားသခင်၏

ဘုန်းဂုဏ်တော်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ဘုရားက လူ့ဘဝကို

ကြမ်းတမ်း စေခြင်းမှာ ဘုရားအသုံးတော် ခံနိုင်မည့်သူကို ရွေးချယ်ဖို့ စာမေးပွဲ

စစ်နေခြင်း ဖြစ်သကဲ့သို့ ခံနိုင်ရည်ရှိရန် ပုံသွင်းနေခြင်း ဟု လည်းဆို နိုင်ပါသည်။

ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများကို ဖတ်ရှုလေ့လာကြည့်ပါ။

ထိုပုဂ္ဂိုလ် ကြီးများ ကမ္ဘာကျော်ဖြစ်ပြီး သမိုင်းတွင် နာမည်ကျော် ဖြစ်လာခဲ့ရခြင်း

မှာ သူတို့ တွေ့ကြုံခဲ့ရသော ဆင်းရဲ ဒုက္ခများကြောင့်ပင်ဖြစ်ပါသည်။

၁၂. “ထာဝရဘုရားသည် ကောင်ကင်နှင့်မြေကြီး ရေ သစ်ပင် တောတောင်

လူ၊တိရိစ္ဆာန် တို့ကို ဖန်ဆင်းခဲ့သည်ဟု ဆိုသည် သို့သော် ထိုထိုသော သက်ရှိတို့

အသက်ရှင်ရေး အတွက် ရှူရှိုက်စရာ လေ ကို ဖန်ဆင်းခဲ့သည်ဟု ကျမ်း၌ မပါ

ရှိပါ။ ထို့ကြောင့် လေ ကိုဖန်ဆင်း သည်ဟူသော ကျမ်း၏စာအုပ် စာမျက်နှာ

အထောက်အထား တို့ဖြင့် ခိုင်ခိုင်လုံလုံ သက်သေပြပါ။

မြေကြီးစွန်းမှ မိုးတိမ်တို့ကိုတက်စေ တော်မူ၏။ မိုးနှင့် တကွ လျှပ်စစ်

ကို ဖန်ဆင်းတော်မူ၏။ ဘဏ္ဍာတိုက်တော်ထဲက လေ ကို ထုတ်တော်မူ၏။

ဆာလံကျမ်း ၁၃၅း၇ ၊ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစ်စုံ

တစ်ခုမျှမရှိ။

တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ၊ ပညာတော် အားဖြင့်

လောကဓာတ်ကို တည်တော်မူပြီ၊ ဉာဏ်တော်အားဖြင့် မိုးကောင်းကင်ကို ကြက်တော်

မူပြီ၊ အသံတော်ကိုလွှတ်သောအခါ မိုးရေအသံဗလံ ဖြစ်တတ်၏။ မြေကြီးစွန်းမှ

မိုးတိမ်ကို တက်စေတော်မူ၏။ မိုးရွာသည်နှင့် လျှပ်စစ်ပြက် စေတော်မူ၏။ လေကို

လည်း ဘဏ္ဍာတော်တို့ထဲက ထုတ်တော်မူ၏။ လူမည် သည်ကား မိမိဉာဏ်အားဖြင့်

တိရစ္ဆာန်ကဲ့သို့ ဖြစ်၏။ ရုပ်တုသွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တု အားဖြင့်

မှောက်မှားလျက်ရှိ၏။ အကြောင်းမူကား သွန်းသောရုပ်တုသည် မုသာ ဖြစ်၏။

လူ၌လည်း ထွက်သက် ဝင်သက်မရှိ။ ထိုသို့သော အရာတို့သည် အချည်းနှီး

သက်သက် ဖြစ်ကြ၏။ လှည့်စားသောအရာ လည်း ဖြစ်ကြ၏။ စစ်ကြောခြင်းကို

ခံရသောကာလတွင် ကွယ်ပျောက်ကြ လိမ့် မည်။ (ယေရမိ ၅၁၁၅-၁၈)

သာသနာပလူတို့ အား ပြောရသောစကားဟူမူကား ကောင်းကင် နှင့်

မြေကြီးကို မဖန်ဆင်းသော ဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီးပြင်မှ

ကွယ်ပျောက်ကြလိမ့်မည်။ (ယေ ၁၀၁၁)

တစ်ချိန်က သိပ္ပံပညာရှင်များတို့ သည် ဤစကြာဝဠာကြီးအား ပေါက်ကွဲ

မှုကြီး တစ်ခုမှ စတင် ဖြစ်ပေါ်လာသည်ဟူသည့် မဟာပေါက်ကွဲခြင်း သီအိုရီကို

လက်ခံ ခဲ့ကြပါသည်။ မည်သည့်အင်အားမျှလည်း မရှိသေးမှီ ထို ပေါက်ကွဲမှုကို

ဖြစ်ပေါ်စေသော အင်အားက ဘယ်ကရောက်လာပါ သနည်း? ဤစကြာဝဠာကြီးကို

ဖြစ်ပေါ်လာစေမည့် ကုန်ကြမ်းများ တို့ သည်လည်း အဘယ်က ရောက်လာသနည်း?

ပေါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်ပြီးတိုင်း စနစ်ကျ နေသော အရာပင် အရာရာ

ရှုပ်ထွေးလျက် ပျက်စီးသွားသည် ချည်း ဖြစ်ပါသည်။ သို့သော် ဤစကြာဝဠာ

ကြီးသည် အလွန်ရှုပ်ထွေးလှသော်လည်း စနစ် တကျလည် ပတ်နေသည် ဆိုသည့်

အကြောင်းတို့ကြောင့် ဖန်ဆင်းရှင်ဘုရားရှိကြောင်းကို လက်ခံခဲ့ကြပါသည်။

ဖန်ဆင်းရှင်ဘုရားမရှိလို့ အရှုံးမရှိ၊ သို့သော်…

လူကြီးတစ်ဦးက လူများနှင့် ဝိုင်းဖွဲ့ပြီး တရားဟောနေပါသည်။

၄င်းဟောသည့် တရားက ဖန်ဆင်းရှင်ဆိုတာမရှိ၊ သမိုင်းတွင်ပေါ်ထွန်းခဲ့သော

ယေရှဆိုသည်မှာလည်း ကယ်တင်ရှင်မဟုတ် သာမာန်လူကောင်း တစ်ယောက်သာ

ဖြစ်ပြီး သမ္မာကျမ်းသည်လည်း မမှန်ကန်ကြောင်း ၄င်းအမြင်ဖြင့် ဆွေးနွေးဟောကြား

နေပါသည်။

ဟောကြားမှုပြီးသောအခါ အမျိုးသမီးကြီးတစ်ဦးက လူကြီးအား ကျွန်မဟာ

စာမတတ်ပါဘူး၊ ဒါပေ့မဲ့ ဖန်ဆင်းရှင်၊ ယေရှုဘုရားနဲ့ သမ္မာကျမ်း အားလုံးကို

လက်ခံယုံကြည်ပါတယ်။ တကယ်လို့ ကျွန်မ သေသွားပြီး တမလွန်မှာ အဲဒီအရာတွေ

လုံးဝမရှိဘူးဆိုရင် ကျွန်မ အရှုံးရှိမလားဟု မေးရာ၊ လူကြီးက မရှိပါဘူးဟု ပြန်ဖြေ

ပါသည်။

ထိုအခါ အမျိုးသမီးကြီးက ဆက်ပြီး တမလွန်မှာ ဖန်ဆင်းရှင်လည်း ရှိပြီး

ယေရှုသည်လည်း တစ်ပါးတည်းသော ကယ်တင်ရှင်နှင့် ဘုရားသခင်အဖြစ်

အမှန်တကယ် တည်ရှိနေမည်ဆိုလျှင် သင်က မယုံကြည်လို့ဆိုပြီး ထိုအရှင်ကို

ငြင်းဆန်၍ ရနိုင်မည်ဟု ထင်ပါသလား? ဟု မေးလိုက်စဉ် လူကြီးက အဲဒီလိုသာ

တကယ်ဖြစ်ခဲ့ရင် ကျွန်တော် ရှုံးပြီးပေါ့ဟု ဝန်ခံပြီး ခေါင်းငိုက်စိုက်ချလျက် လှည့်

ထွက် သွားပါတော့သည်။

၁၃. မွေးခြင်း သေခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း ပျော်ရွှင်ခြင်း ကြေကွဲခြင်း

စသည့် အရာရာတိုင်းသည် ဘုရားသခင်၏ အလိုတော် အတိုင်းသာ ဖြစ်သည်

ဟုဆိုပါက ဆူတပါး၏ စော်ကားခံရသော အမျိုးကောင်း သမီး တဦး၏ အဖြစ်

ဆိုးသည် ဘုရားသခင်၏ အလိုတော် အတိုင်းဟု သဘော သက်ရောက်ဖွယ်ရှိ

ပေသည်” လိုဆိုပါက ဘုရားသခင်၏ ဂရုဏာတော်က မည်သို့နည်း?

အမျိုးကောင်းကမီးအတွက် ဘုရား၏ ဂရုဏာတော်-

ဘုရားသည် အရာအားလုံးကို ၄င်း၏ ဘုန်းတန်ခိုးတော် ထင်ရှား စေခြင်းငှါ

ဖန်ဆင်းထားပါသည်။ ဘုရား ဖန် ဆင်းသမျှသော အရာအားလုံး ကလည်း

မိမိတာဝန်ကို ထမ်းဆောင်လျက် အလှဆင်နေ ကြပါသည်။ ဥပမာ ငှက်များက

ပျံသန်း တေး သီလျက်၊ ငါးများကလည်၊ ကူးခတ် ဆော့ကစားလျက် ဘုရား

ဖန်ဆင်းသမျှကို တာဝန်ကျေစွာ အလှဆင်လျက် ရှိနေကြပါသည်။ သို့သော်

ဘုရားဖန်ဆင်းသမျှကို ဖျက်ဆီးနေသူနှစ်ဦးမှာ မာရ်နတ်နှင့် လူသားများ ဖြစ်ကြ

ပါသည်။ ၄င်းတို့ ပြုခဲ့သော အပြစ်နှင့် အကျိုးဆက်ကြောင့် ထိုကဲ့သို့သော

| အဖြစ်ဆိုးများနှင့် မွေးရာပါ အင်္ဂါချို့တဲ့ သူများ ရှိနေရခြင်း ဖြစ်ပါသည်။

စော်ကားခြင်းကိုခံခဲ့ရဘူးသူ အမျိုးသမီးနှစ်ဦး၏ အဖြစ်-

ယနေ့ ဘုရားကျောင်းကို အုပ်ချုပ်ရသောသူအား သင်းအုပ်ဆရာ ဟုခေါ်ပြီး

ခေတ်အဆက်ဆက် ဘုရား ကျောင်းကို အုပ်ချုပ်သူတိုင်းနီးနီးဟာ အမျိုးသားများသာ

ဖြစ်ကြပါသည်။ လူများကို ဘုရား၏ တရားတော်နှင့် အညီ သွန်သင်လျက်

ထိုလူများတို့ ကလည်း ဘုရားရဲ့ တရားတော်နှင့်အညီ လိုက်လျှောက် အသက်

ရှင်လာကြပါက ထိုသင်းအုပ်ဆရာကို အောင်မြင်သော သင်းအုပ်ဆရာ အဖြစ် လူတို့

က သတ်မှတ်ကြပါသည်။ ယနေ့ ကမ္ဘာ့ အသင်းတော်များအနက် အောင်မြင်သော

ဘုရားကျောင်းကို တည်ထောင် အုပ်ချုပ်နေသူ သင်းအုပ် အမျိုးသမီး ကြီးတစ်ဦး

ရှိပါသည်။ ၄င်း၏ နာမည်မှာ ဗွိုက်မိုင်ယာဖြစ်ပါသည်။

ယနေ့ အမျိုးသမီးများသာမက အမျိုးသားများပင် ၄င်း၏ အောင်မြင်မှု

ကို အားကျကြရပါသည်။ နေ့စဉ် ရုပ်မြင်သံကြားမှ သူမ၏ တရားဒေသနာတော်

ကို ကမ္ဘာအရပ်ရပ်မှ မြင်တွေ့ကြားနာ ကြရပါသည်။ ထိုကဲ့သို့ အောင်မြင်နေသူ

သူမသည် ငယ်စဉ်က သူမ၏ အနိုင်အထက် ပြုကျင့်ခြင်း ခံခဲ့ရ သူတစ်ဦး ဖြစ်ခဲ့

ပါသည်။ သူမသည့် ထိုအမှုအားဖြင့် ဘဝကို အရှုံးပေးခဲ့ရသော်လည်း နောက်ပိုင်း

ယေရှု၏ တရားတော် အတိုင်း ရန်သူကို ခွင့်လွှတ်လျက် မေတ္တာထားလာ နိုင်သော

အခါ သူမသည်သာမာန် လူများထက် ခွင့်လွှတ် သည်းခံ နားလည်မှု အား

ကြီးမားသော သူတော်စဉ်ကြီး ဖြစ်လာခဲ့ ရုံမျှမက အောင်မြင်သော ဘဝ၏

ပိုင်ရှင်တစ်ဦးပင် ဖြစ်နေပါသည်။ ဘုရားသည် တရားပါသည်။

နောက်တစ်ဦးမှာ – ၄င်းကို စော်ကားခဲ့သောသူ၏ မိသားစုကို စနစ် တကျ

ကြံစည်၍ သတ်ဖြတ်မှုဖြင့်သေဒဏ် စီရင်ခြင်း ခံရပါသည်။ ကြိုးပေးမည့် မနက်တွင်

တာဝန်ကျ ထောင်အရာရှိများက သူ့အား ခေါ်ရန် အခန်းသို့ သွားကြပါသည်။ သို့

အခန်းထဲတွင် တရားခံ အမျိုးသမီးသည် ပြုံးရွှင်သော မျက်နှာဖြင့် အိပ်နေသည်ကို

တွေ့ရသည့် အတွက် မနှိုးရက်ဘဲ နောက်ထပ် နာရီဝက် ကြာအထိ ဆက်အိပ်

စေခဲ့ပါသည်။

နောက်ထပ်နာရီဝက်အကြာတွင်လည်း ပြုံးရွှင်သော မျက်နှာဖြင့်ပင်

အိပ်မော ကျနေပြန်ရာ မနှိုးရက်ပြန်ပါ။ နောက်ထပ်နာရီဝက်ကြာသောအခါ

ထိုကဲ့သို့ပင် အိပ်နေသော်လည်း မတတ်သာ၍ နှိုးလိုက်ရပါတော့သည်။ မျက်လုံး

ဖွင့်လိုက်သည်နှင့် ထောင်တာဝန်ခံများကို မြင်သောအခါ အော်ဟစ်ငိုကြွေး

“လေတော့သည်။

အကြောင်းစုံကိုမေးကြည့်ရာ သူမငယ်စဉ်ဘဝက သူ၏ရွာ၌ ပျော်ရွှင်

ချမ်းမြေ့စွာ နေခဲ့ရပုံ၊ သူ၏ မိဘမောင်ဖွားများ၊ မိတ်ဆွေသူငယ်ချင်းများနှင့်

အတူပျော်ရွှင်စွာဖြင့် နေခဲ့ရပုံတို့ကို အိပ်မက်နေခဲ့သည့် အတွက် ပြုံးရွှင်နေပြီး

ရုတ်တရက် နိုးလာသောအခါ သူရင်ဆိုင်ရမည့် ကြိုးဒဏ်ကိုသတိရ ရိပ်စားမိလာ

သောကြောင့် ရင်ဘတ်စည်တီး ဝမ်းနည်းစွာဖြင့် အော်ဟစ်ငိုကြွေးမိကြောင်းကို

ရှင်းပြပါသည်။

သူတစ်ပါး စော်ကားခံရခြင်းသည် မကောင်းပါ၊ သို့သော်ထိုအမှုအပေါ်

ခံယူချက်နှင့် တုန့်ပြန်မှုက ပို၍ အရေးကြီး ပါသည်။ ထိုအမှုအပေါ်မှ ကြိုးစား

ရုန်းထွက်လျက် အောင်မြင်ခြင်းစဉ်မြင့်ပေါ်သို့ ရောက်နိုင်သလို၊ နားကျည်းမုန်းတီး

၍ ခွင့်မလွှတ်ဘဲ ကြိုးစဉ်ပေါ်သို့ရောက်နိုင်ပါသည်။ ဘုရားသည် တရားသော သူတို့

ဖက်မှ အမြဲရှိတော်မူပြီး သနားလျက် အဆ ၁၀၀ ကျေးဇူးပြုတတ်သော သဘော

ရှိပါသည်။

စေတနာကို စော်ကားခံရသော မာသာထရီဇာ

ထိုနည်း၎င်းပင် ကျန်းမာရေးအားနည်း၍ လူကလည်း ပုသေးသေး

ဖြစ်နေသည့် ညီမငယ်အား ဗိုလ်ချုပ်ကြီးဖြစ်ဖို့ ရည်ရွယ်လျက် စစ်ဗိုလ်ဖြစ်နေသူ

အစ်ကိုက မင်းဘ၀မှာ တစ်စုံတစ်ခု ဖြစ်လာဖို့ အတွက် ဘာလုပ်ဖို့ရန် ရည်ရွယ်ထား

လဲဟု မေးရာ ညီမဖြစ်သူက အိန္ဒိယတွင် ဆင်းရဲသား အပယ်ခံ လူတန်းစားများ

အတွက် သွားရောက် အစေခံလို ကြောင်းကို ပြောပါသည်။ ထိုအခါ အစ်ကိုဖြစ်သူ၏

ဆူပူကြိမ်းမောင်း ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံရပါသည်။ ထို့နောက် ညီမဖြစ်သူက

အစ်ကိုဖြစ်သူကို ပြန်ပြောပုံမှာ အစ်ကိုက နှစ်သန်းကို အုပ်ချုပ်တို့ဘုရင်ရဲ့ အမှုကိုပဲ

ထမ်းဖို့ ရည်ရွယ်တာပါ၊ ကျွန်မက စကြာဝဠာကြီး တစ်ခုလုံးကို အုပ်ချုပ်တဲ့

ဘုရင်တကာတို့ရဲ့ ဘုရင်ဖြစ်သည့် ယေရှုဘုရားရဲ့ အမှုတော်ကို ထမ်းဆောင်ဖို့

ရွေးချယ်တာပါဟု ပြန်ပြောခဲ့ပါသည်။ အိန္ဒိယတွင် အစေခံသောအခါ၌လည်း

သူများတို့က ၄င်း၏ စေတနာကို အကြိမ်ကြိမ် စော်ကား ခဲ့ရုံမျှမက အသက်

အန္တရယ်ပင် ရှိခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် ညီမဖြစ်သူ မာသာထရီဇာကို

လူတိုင်းသိရှိ၍ ကြည်ညို လေးစား ဂုဏ်ပြုခြင်းကို ခံနေရပြီး အစ်ကိုဖြစ်သူ စစ်ဗိုလ်ကြီး

ရှိမှန်းကိုတော့ သူများက မသိကြပါ။

သေခါနီး အနာများနှင့်နံစော်နေသောလူနာအား မာသာထရီဇာတ

မရွံမရှာပြုစု နေသည်ကို အမျိုးသမီးချောလေးတစ်ဦးသည် ကြည့်ရှုပြီး မှတ်တမ်း

ဓါတ်ပုံရိုက်ခွင့် တောင်းခံပါသည်။ ဓါတ်ပုံရိုက်ပြီး သော အခါ ထိုအမျိုးသမီးငယ်

လေးက “မာဘာကို လေးစားပါတယ်၊ ကျွန်မသာဆို ဒေါ်လာတစ်သန်း ပေးရင်

တောင် ဒီအလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု ဆိုသောအခါ မာသာထရီဇာက

ကျွန်မလည်း ဒေါ်လာတစ်သန်း အတွက်ဆို မလုပ်နိုင်ပါဘူး” ဟု ဆိုခဲ့ပါသည်။

က အငယ်ဆုံးသောသူ တစ်ယောက်အား ပြုသမျှသည် ငါ့အားပြုပြီ ဟုမိန့်

တော်မူ၏၊ မီမီဝန်းကျင်ရှိ ခက်ခဲဆင်းရဲ ဒုက္ခ ရောက်သူတိုင်းကို ကူညီဖေးမခြင်း

ဟာ ယေရှုကို ကူညီတာနဲ့ အတူတူ ကဲဟု ပညတ်ခဲ့သည်မဟုတ်ပါလား။ ထွက်သက်

စင်ဘက်မရှိသော ရုပ်တုများ တို့ကို အတတ်နိုင်ဆုံးလှူလျက် အချည်းနှီး ဖြစ်ဖို့ ရန်

မမှာခဲ့ပါ။ လူတွေကိုမှ မချစ်နိုင်ဘဲ ငါ့ကိုချစ်သည်ဟု ဆိုခြင်းသည် မုသာဟု

ပက်သကဲ့သို့ ဆင်းရဲသားများကို ကူညီခြင်းဟာ ငါ့ကို ချေးငှါးတာနဲ့ အတူတူဘဲဟု

ပညတ်ခဲ့ပါသည်။ အဘယ်အလှူဒါနက ယခုဘ၀နှင့် နောင်ဘဝ အတွက် လက်တွေ့

သော အလှူဖြစ်မည်နည်း?

၁၄. အပြစ်သားကို ကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာ ဖြစ်တော့

၏ ဥပမာ သင့်အပေါ် စော်ကား ချင်တိုင်း စော်ကားသော လူယုတ်မာသည်

အပြစ် မှလွတ်အောင် ဘုရားသခင်ထံချဉ်းကပ် ဆုတောင်း ၏ ဘုရားသခင်သည်

လူယုတ်မာ၏ အပြစ်ကို ခံယူပြီး ထိုလူယုတ်မာ အပြစ်သားကို ခွင့်လွတ်

ကယ်တင်ခဲ့ ပါလျှင် သင်ဘယ်လိုခံစားရမည်နည်း? အဓိပ္ပါယ် ရှိပါသလား?

ရှင်းပြပါ။ ဥပမာ – သင်ကိုယ်တိုင် ဆူးကို တက်နင်းပြီး ဖြစ်ပေါ် လာတဲ့ နာကျင်မှု

ဒဏ်ကို ဘုရားသခင် ခံစားပါ သလား။ သင်ခံစားပါသလား။ အဓိပ္ပါယ် ရှိအောင်

ဖြေကြားပေးပါ။

အဆိပ်ပင်မှ အသက်ပင်သို့ ပြောင်းလဲပေးသောဘုရား-

အပြစ်သားဟု ဆိုရာတွင် ဒုစရိုက်ကိုပြုမှ အပြစ်သားဖြစ်လာခြင်း မဟုတ်ပါ။

လူသည် မွေးကတည်းက လောဘ ဒေါသနှင့် မောဟတို့ ပါလာသော အပြစ်သား

များဖြစ်ကြပါသည်။ အပြစ်သား ဖြစ်ခြင်းကြောင့် အပြစ်ကို သင်ပေးစရာ မလိုပဲ

ပြုတတ်ကြပါသည်။ ထို့ ကြောင့် အပြစ်သားဖြစ်ခြင်းက ပထမ၊ အပြစ်ကို

ပြုတတ်ခြင်းက ဒုတိယဖြစ်ပါသည်။

ကားတိုင်ထက်မှ အပြစ်သားသုံးဦး

အထက်ပါမေးခွန်းနှင့် ပတ်သက်ပြီး သမိုင်းမှ လူသုံးဦး၏ ဖြစ်ရပ်

မှန်တစ်ခုကို ဖေါ်ပြပေး လိုပါသည်။ အပြစ်သားသုံးဦးကို တန်းစီ၍တပြိုင်နက်တည်း

လက်ဝါးကပ်တိုင်ပေါ်တွင်တင်ပြီး သေဒဏ် စီရင်ခြင်း ခံရပါသည်။ ရောမခေတ်

တွင် လူမဆန်အောင် ပြစ်မှုကျူးလွန်သူကိုမှ သာလျှင် ကားတိုင်တင်၍ စီရင်

လေ့ရှိပါသည်။ သို့သော်

သူတို့သုံးဦးထဲမှ ယေရှုဆိုသည့်လူတွင် မည်သည့်အပြစ်

မှမရှိပါ၊ အပြစ်သား များကို ကယ်တင်ဖို့ ဘုရားဇာတိမှ လူ့ဇာတိ ခံယူခဲ့သူ ဖြစ်

ပါသည်။ ဘုရားဖြစ်သည်ဟူသော ဝန်ခံချက်ဖြင့် သေဒဏ်စီရင်ခြင်းခံရ သူလည်း

ဖြစ်ပါသည်။

လူဆိုးနှစ်ဦးအနက်မှ တစ်ဦးက ယေရှုကို ဘုရားဖြစ်က မိမိကိုယ်ကို

ကယ်တင်ဖို့နှင့် သူတို့ကိုပါ ကယ်တင်ဖို့ ပျက်ရယ်ပြုလျက် ပြစ်တင်စကား ဆိုပါ

သည်။ ကျန်တစ်ဦး ကတော့ ယေရှုကို ထိုသို့ မပြောဖို့နှင့် ယေရှုသည် အပြစ်ကင်းပြီး

အပြစ်သားများကို ကယ်တင်ပေးနိုင်သော အရှင်ဖြစ်ကြောင်း၊ ၄င်းသည် အပြစ်သား

ဖြစ်ကြောင်း ဝန်ခံပါသည်။

ထိုသုံးဦး၏ နောက်ဆုံးအဖြစ်ကို ကြည့်ပါက၊ ပထမတစ်ဦးသည် အပြစ်သား

ဖြစ်လျက် အပြစ်ထဲမှာပဲသေပြီး အပယ်သို့ သွားရမည်ဖြစ်ပါ သည်။ ဒုတိယတစ်ဦးမှာ

အပြစ်ကြောင့်သေရမည်ဖြစ် သော်လည်း အပြစ်မှ နောင်တ ရလျက် ကယ်တင်ရှင်

ယေရှုခရစ်တော်ကို လက်ခံယုံကြည် ခဲ့ပါသည်။ ထို့ကြောင့်သူသည် မသေမီကပင်

ယေရှုနှင့် အတူ ပရဒိသုဘုံသို့ သွားရမည့် အကြောင်း ဂတိတော်ကို ရခဲ့ ပါသည်။

ယေရှုသည် အပြစ်ကင်းသော်လည်း အပြစ်သားဖြစ်သောလူသားတိုင်း အတွက်

အသေခံပေးခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ယေရှု၏ ဘဝသည် လက်ဝါးကပ်တိုင်

ပေါ်၌ နိဂုံး ချုပ်သွားခြင်းမဟုတ်ဘဲ သုံးရက် မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန်

တမြောက် ခဲ့ပါသည်။

ကားတိုင်ထက်တွင် နောင်တရသောလူဆိုးကြီး၏ လူ့ အမြင်နှင့် ဘုရား အမြင်ကို

ဖေါ်ပြပေးရပါက-

(လူ့အမြင်) /(ဘုရားအမြင်)

အပြစ်သား /ဘုရားသား

လူဆိုး / လူသစ်

အဓမ္မလူ/ဘုရားအလိုကိုဆောင်သောသူ (ယော ၆း၂၉)

ငရဲသား /ကောင်းကင်နိုင်ငံသား

ဘုရားသခင်၏ သဘောတော်သုံးမျိုး

ဘုရားသည် စစ်မှန်သော နောင်တရသူကို ခွင့်လွှတ်နိုင်စွမ်း ရှိပါသည်။

စစ်မှန်သော နောင်တဆိုသည်မှာ မိမိ၏အပြစ်ကို ဖေါ်ပြ ဝန်ချ စွန့်ပစ်သူမှ သာလျှင်

စစ်မှန်သော နောင်တရသူ ဖြစ်ပါသည်။ အပြစ်ကို ပြုလိုက် ဘုရားကို ပြန်တောင်း

ပန်လိုက် စသဖြင့် သဘောထားသေးသိမ် ယုတ်ညံ့သော အပြုအမူကို ဘုရားက

လက်မခံနိုင် သကဲ့သို့ ထိုလူသားသည်လည်း မိမိ၏ ဩတပစိတ် မကြည်လင်သည့်

အတွက် ဘုရားထံ ချဉ်းကပ်ရဲမည် မဟုတ်ပါ။ ဘုရား၏ သဘောတော် အနှစ်ချုပ်

သုံးမျိုးကို လူတို့ သိဖို့ရန် လိုအပ်ပါသည်။

၁) ဘုရားသည် ဖြောင့်မတ်သည့်အတွက် အပြစ်ရှိသူကို အပြစ်ရှိသည်

အလျှောက် မျက်နှာ မလိုက်ပဲ စီရင်တော်မူတတ်သော တရားသူကြီးဖြစ်တော်မူ၏။

၂) ဘုရားသည် ကောင်းမြတ်စုံလင်သည့်အတွက် ကောင်းမြတ်သူကို

ကောင်းမြတ်သည် အလျှောက် ဆုပေးတော်မူတတ်သော သစ္စာရှင်လည်း ဖြစ်တော်

မူ၏။

၃) ဘုရားသည် မေတ္တာရှင် ဖြစ်သည့် အတွက် မိမိအပြစ်မှ အမှန်တကယ်

နောင်တရသူအား ခွင့်လွှတ်တော်မူခြင်းငှါ တတ်စွမ်းနိုင်သည့် ဂရုဏာရှင်လည်း

ဖြစ်တော်မူ၏။

ဘုရားဖန်ဆင်းစမှစ၍ လူတို့ကို မီးနှင့်၄င်း ရေနှင့်၄င်း စီရင်

ခဲ့ကြောင်း

တွေ့ရသလို အချို့မြို့ရွာများရှိ လူသာမက တိရိစ္ဆာန်ကိုပါမကျန် သူ၏ လူများ အားဖြင့်

စေလွှတ်လျက် စစ်ဖြင့် တရားစီရင် စေခဲ့ကြောင်း တွေ့ရပါသည်။ ဘုရားသည်

လူ့အသက်ကို မသတ်ရဟု ပညတ်ထား သော်လည်း ထိုသူတို့ ကို စီရင် ခဲ့ရခြင်းမှာ

မတရားသောမေထုန်မှီဝဲခြင်း၊ ဖန်ဆင်းရှင်ကို မကိုးကွယ်ဘဲ ဖန်ဆင်း ခံအရာများကို

ကိုးကွယ် ရုံမျှမက ထိုဘုရားတို့အား မိမိ၏ ရင်သွေးကို သတ်၍ ယဇ်ပူဇော်ကြခြင်း

တို့ကြောင့် ဖြစ်ပါသည်။ ဘုရားသည် အကြိမ်ကြိမ် သတိပေး ဆုံးမ၍ မရသည့်အဆုံး

စီရင် ခဲ့ရခြင်း ဖြစ်ပါသည်။ အမျက်ထွက်တိုင်း၊ ရုတ်တရက် စီရင်တတ်သော

သဘောမရှိသည့်အပြင် သည်းခံစိတ် အလွန်ကြီးမားသော ဘုရား ဖြစ်ပါသည် ဥပမာ

မွေးမြူရေးခြံအတွင်း ရောဂါပိုး ရှိလာသော တရိစ္ဆာန်အား သတ်ရခြင်းမှာ

အခြားသော ကောင်းမွန်သည့် တိရစ္ဆာန်များကို မကူးဆက် စေလိုခြင်း သဘော

ကဲ့သို့ပင် ဖြစ်ပါသည်။ ကြက်ငှက်တုပ်ကွေးကို မသတ်ပါက လူသား များကိုပင်

ကူးဆက်နိုင်ပါသည်။ ထိုသို့ပြုခြင်းမှာ ကမ္ဘာကြီးကို ကယ်တင်ခြင်း ပင်ဖြစ်ပါသည်။

ထိုကဲ့သို့ လွဲမှားသော နိနဝေမြို့ကြီးတစ်မြို့လုံးကို စီရင်ဖို့ ဆုံးဖြတ်ပြီးမှ

ယောနအားဖြင့် နောက်ဆုံး သတိပေးချိန်တွင် ထိုမြို့တစ်မြို့လုံး အပြစ်မှ နောင်တ

ရခဲ့ကြသည့်အတွက် ဘုရားက ထိုစီရင်မည့်အမှုကို ပြောင်းလဲပေးခဲ့ပါသည်။

နောက်ဖြစ်ရပ်တစ်ခုမှာ ကမ္ဘာကြီးပေါ်ရှိ လူများအားလုံး ဆိုးညစ်ကြသော နောဧ

လက်ထက် အချိန်အခါတွင် နောသည် နှစ်ပေါင်း ၁၂၀ တိုင်တိုင် သင်္ဘော

ကိုတည်ဆောက်ရင်း ဘုရား၏ စီရင်မည့် အကြောင်းနှင့် အပြစ်မှ နောင်တတွေရန်

| ဟောပြောခဲ့ပါသည်။ နောင်တမရကြသည့် အပြင် ပျက်ရယ်ပြုခဲ့ကြသည့်အတွက်

ကမ္ဘာကြီးကို ရေဖြင့် စီရင်ခဲ့ပါသည်။ ထိုစဉ် နောဧနှင့် မိသားစု – ရှစ်ဦးသာ

ကမ္ဘာပေါ်တွင် ကျန်ခဲ့သည်ကို တွေ့ရပါသည်။ အထပ်ထပ်ဆုံးမခြင်းကို ခံသော်

လည်း၊ မိမိလည်ပင်းကို ခိုင်မာ စေသော သူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက်

ပျက်စီးမ့်မည်။ (သု ၂၉၁)ယခုလည်း ယေရှုဘုရား ဒုတိယအကြိမ် လောကသို့

ကြွဆင်းလာဖို့ အချိန် နီးကပ်နေပြီဖြစ်ပါသည်။ နောဧလက်ထက်က ဘုရားကို

မယုံကြည် လက်မခံနိုင်ပါဟု ငြင်းပယ်နိုင်သော်လည်း ဘုရား၏ ရေဖြင့် စီရင်ခြင်း

ကိုတော့ ငြင်းပယ်လို့ မရနိုင်ခဲ့ ကြပါ။

သမ္မာကျမ်းမှ ဘုရား၏ စီရင်ခြင်း ခုနှစ်ခေတ်။-

၁) အပြစ်ကင်းခြင်းခေတ် (ဖန်ဆင်းစ ကမ္ဘာမှ လူသား အားလုံး၏ အဖ

အာဒံအားစီရင်ခြင်း ဘီစီ ၄၀၀၄ ခန်)

စောင့်ထိန်းရန်တာဝန် -ထိုအပင်၏ အသီးကိုမစားရ

ပျက်ကွက်ခြင်း -ထိုအပင်၏ အသီးကိုယူ၍စားကြ

တရား စီရင်ခြင်း – သေခြင်း

၂) သြတ္တပ္ပခေတ် (နောဧလက်ထက်ကမ္ဘာကြီးကိုရေဖြင့်စီရင်ခြင်း ဘီစီ ၂၃၄၉ ခန့်)

စောင့်ထိန်းရန်တာဝန် – ကောင်းတာလုပ်ပါ၊ ယဇ်ပူဇော်ပါ

ပျက်ကွက်ခြင်း – ဆိုးညစ်ကြ

တရားစီရင်ခြင်း – ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်း

၃) လူအုပ်စိုးခြင်းခေတ် (ဘာသာစကားနှင့် တိုင်းနိုင်ငံများ စတင်ပေါ်ပေါက် လာခြင်း

ဘီစီ ၂၁၀၀ ခန်.)

စောင့်ထိန်းရန်တာဝန် – တိုးပွါးပြန့်နှံ့ကြရန်

ပျက်ကွက်ခြင်း – အတူတကွနေလိုကြ

တရားစီရင်ခြင်း – စကားတစ်မျိုးတည်းမှ စကားများစွာပေါ်လာ

၄) ဂတိတော်ခေတ် ( ယာကုပ်နှင့် မိသားစု အီဂျစ်ပြည်သို့ ပြောင်းရွှေ့ခြင်း ဘီစီ

၁၉၇၅ ခန့်)

စောင့်ထိန်းရန်တာဝန် – ခါနန်ပြည်၌နေရန်

ပျက်ကွက်ခြင်း – အီဂျစ်ပြည်သို့ ပြောင်းရွှေ့ကြ

တရားစီရင်ခြင်း – အီဂျစ်ပြည်၌ နှစ်ပေါင်း ၄၀၀ ကျော်ကျွန်ခံရ (၁၉၇၅-၁၄၄၅)

(၅) ပညတ်တော်ခတ် ( ဘုရားစကားနားမထောင်သော ဂျူးတို့ နိုင်ငံ သိမ်းပိုက်

ခံရ ဘီစီ ၅၈၆ ခန့်)

စောင့်ထိန်းရန်တာဝန် – ပညတ်တို့ကိုစောင့်ထိန်းရန်

ပျက်ကွက်ခြင်း – ပညတ်တို့ကို မစောင့်ထိန်းကြ

တရားစီရင်ခြင်း – မိမိတိုင်းပြည်ပျောက်၍ ကမ္ဘာအနှံ့သို့ကွဲပြားကြရ

၆) ကျေးဇူးတော်ခေတ် (ချီဆောင်ခြင်းကာလတွင် ကျန်ခဲ့မည့်သူများ – မကြာမီ

အချိန်)

စောင့်ထိန်းရန်တာဝန် – ယေရှုကိုလက်ခံယုံကြည်ရန်

ပျက်ကွက်ခြင်း – ယေရှုကို ငြင်းပယ်ကြ

တရားစီရင်ခြင်း – ဘေးဒဏ်ကြီးကာလ၌ကြီးစွာသောဆင်းရဲခံရမည်

၇) နိုင်ငံတော်ခေတ် (ယေရှုနှစ်တစ်ထောင်အုပ်စိုးပြီးချိန် လူသားအားလုံးနှင့်

စာတန်အားစီရင်ခြင်း)

စောင့်ထိန်းရန်တာဝန် – ယေရှုကို ကိုးကွယ်နာခံရန်

ပျက်ကွက်ခြင်း – စာတန်မာရ်နတ်ကို နာခံကြ

တရားစီရင်ခြင်း – ထာဝရငရဲ သို့ ပစ်ချခံရမည်

သမ္မာကျမ်းစာတော်မြတ်တွင် ဘုရားနှစ်မျိုးရှိပါသည်။ စစ်မှန်သော

ဘုရားအပေါင်း၏ သခင် ဘုရားသခင် God နှင့် လူတို့ သတ်မှတ်သည့် gods

ဘုရားများ အရှင်များတို့ ဖြစ်ကြပါသည်။ ထိုဘုရားသခင်က စီရင်ရာနေ့ကြီး

ရောက်လာလျှင် လူတို့ သတ်မှတ်သည့် အပြစ်ရှိသူကိုလည်း မစီရင်နိုင်၊ ကောင်း

မြတ် သူကိုလည်း ဆုမပေးနိုင်၊ အပြစ်မှ အမှန်တကယ်နောင်တရသူကိုလည်း

ခွင့်လွှတ်နိုင်ခြင်းငှါ မစွမ်းသည့် အရှင်များ ဘုရားများအားလုံးကိုပါ စီရင်မည့်

အကြောင်း သမ္မာကျမ်းစာ တော်မြတ်တွင် ဆိုထား ပါသည်။

မေတ္တာပေါင်းကူးတံတား

တစ်ချိန်က ညီအစ်ကိုနှစ်ဦးသည် အလွန်ချစ်ခင်လျက် အတူတကွ လုပ်ကိုင်

စားသောက် နေထိုင်ကြ သော်လည်း တစ်နေ့သောအခါ အကြောင်း အရာတစ်ခုဖြင့်

စိတ်ဝမ်းကွဲလျက် အိမ်ခွဲ နေလိုက်ကြပါသည်။ ညီဖြစ်သူက အစ်ကိုဖြစ်သူအိမ်နှင့်

ခပ်လှမ်းလှမ်းတွင် အိမ်ဆောက်လျက် နေထိုင်ရုံဖြင့် အားမရသေးဘဲ အစ်ကိုဖြစ်သူ၏

အိမ်နှင့် ၄င်းအိမ်၏ ကြားထဲတွင် ချောင်းကြီး တစ်ခု တူးဖေါ်လျက် ပိုင်းခြားထားလိုက်

ပါသေးသည်။ ထိုအမှုကို အစ်ကို ဖြစ်သူက လုံးဝခွင့်မလွှတ်နိုင်သည့် အတွက်

ညီဖြစ်သူ၏ အိမ်ကိုပင် မမြင် ချင်တော့ပါ။ ထို့ကြောင့် ၄င်းတို့အရပ်ရှိ အတော်ဆုံး

လက်သမား တစ်ဦးကို ခေါ်ပြီး ခြံစည်းရိုး မြင့်မြင့်လေး ကာပေးပါရန်မှာကြားလျက်

ခရီးထွက်ခွါသွား ပါတော့သည်။

သုံးရက်ခန့်ကြာပြီး အိမ်သို့ပြန်လာသောအခါ ခြံစည်းရိုးမဟုတ်ဘဲ အလွန်

လှပသေသပ်သော တံတားတစ်ခုကို ညီဖြစ်သူ၏ အိမ်ဖက်သို့တည် ဆောက်ထားပြီး

လက်စသတ်နေသည်ကို မြင်တွေ့ လိုက်ရ ပါသည်။ အစ်ကိုဖြစ်သူက လက်သမား

ကို ဘယ်လိုလုပ်လိုက်တာလဲဟု မေးလို၍ တံတားဖက်သို့ လာစဉ် တံတားတစ်ဖက်

မှ ညီဖြစ်သူကလည်း လျှောက်လာပါသည်။ တံတား အလယ်တွင် ညီအစ်ကိုနှစ်ဦး

ဆုံကြသောအခါ ညီဖြစ်သူက အစ်ကိုအားဖက်၍ တောင်းပန်ပါသည်။ ၄င်းအား

ဤမျှ နားလည်ပေးမှုနှင့် ညီဖြစ်သူကိုမမုန်းဘဲ တံတားထိုးပေးသည့်အတွက်

အစ်ကိုဖြစ်သူ အား ချီးကျူးတောင်းပန် စဉ် အစ်ကိုဖြစ်သူက ဤအမှုသည်

လက်သမား၏ အစီအစဉ်ကြောင့် ဖြစ်ကြောင်းကို ပြောသောအခါ လက်သမား

ဖက်သို့ ညီအစ်ကို နှစ်ဦးလုံးက လှည့်ပြီး ကျေးဇူးတင်လျက် ယနေ့ညတွင် ၄င်းတို့

ညီအစ်ကိုနှစ်ဦး ပြန်လည်သင့်မြတ်သည့် အထိမ်းအမှတ် အနေဖြင့် ညစာ စားပွဲ

ကျင်းပလျှင် ပါဝင် စေလိုကြောင်းကို ပြောသောအခါ လက်သမားကြီးက ဖိတ်ခေါ်

လို့ ကျေးဇူးတင်ပါတယ်၊ ကျွန်တော့်မှာ တံတား ထိုးပေးစရာတွေ အများကြီး

ကျန်လေးလို သွားခွကိုပြုပါဦးဟု ဆိုလျက် ထွက်ခွါ သွားပါတော့သည်။

အပြစ်ကြောင့် ဘုရားနှင့်လူသားသည် ရန်သူဖြစ်ခဲ့ရပေမည့် ယေရှုက

၀က်ဝါးကပ်တိုင်တော်ဖြင့် ရန်ငြိမ်းခြင်း တံတားကို ခင်းပေးခဲ့သောကြောင့် ဘုရား

နှင့် လူသားတို့ ပြန်လည်သင့်မြတ်၍ အဆက်ရနိုင် ကြပြီ ဖြစ်ပါသည်။ အပြစ်သားကို

ကယ်တင်ခြင်းသည် အဆိပ်ပင်ကို ရေလောင်း ခြင်း မဟုတ်ပါ၊ အဆိပ်ပင် များကို

လူသားတိုင်းအတွက် အကျိုးဖြစ်စေမည့် အသက်ကို ရှင်သန်စေသော မေတ္တာပင်များ

အဖြစ် ပြုပြင် ပြောင်းလဲ ပနသာ ဖြစ်ပါသည်။ သင်ကိုယ်တိုင်သည်လည်း

ဘုရား၏ ကယ်တင်ခြင်း၊ အမှုတော်တွင် ဘုရားနှင့် အတူလက်တွဲ၍ ရန်ငြိမ်းခြင်းကို

ဖြစ် စေသောမေတ္တာတတားများကို လိုက်လံ၍ ခင်းပေးသူအဖြစ် ပါဝင်ကြ ပါစို့လား။

၁၅. ဆိုးမိုက်ပြီး မလိမ္မာသော လူယုတ်မာများကို အဘယ်ကြောင့် ဖန်ဆင်း

ထားပါသနည်း? သူ့ဟာသူ ဆိုးမိုက်လာရသည်ဟု ဆိုပါက အနန္တ တန်ခိုး

တော်ဖြင့် ပြန်လည် ရုပ်သိမ်းလိုက်သင့်ပါသည်။ အဘယ်ကြောင့် သူဖန်ဆင်း

သော လူတွေ ကို သူမထိန်းသိမ်း နိုင်သနည်း? ထာဝရဘုရား၏ တန်ခိုးတော်က

မည်သို့ နည်း?

လူသားတိုင်းအား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးထားသော ဘုရား-

လူသည် ဖန်ဆင်းစကတည်းက လွတ်လပ်စွာရွေးချယ် ပိုင်ခွင့်နှင့်အတူ

အမှားနှင့် အမှန်ကို ဝေဖန် ပိုင်းခြားသိမြင် တတ်သော အသိဉာဏ်ကိုလည်း ပေးထား

ပါသည်။ လူ၏ ရွေးချယ်ပိုင်ခွင့် ကိုကျော်လွန်ပြီး ဘုရားက အတင်း အကျပ်

ဘာတစ်ခုကိုမျှ မလုပ်ပါ။ ထိုရွေးချယ်ခွင့်ဖြင့် လောကတွင် လူယုတ်မာ ရှိသလို

မြင့်မြတ်သောသူတော်ကောင်း များလည်း ရှိကြပါသည်။ အပြစ်ကိုမြင်လျှင် အလိုလို

ရှောင်သွားတတ်သော အသိဉာဏ်ကို ဘုရားက ထည့်ပေးထားသင့်သည်ဟု ဆိုက်

လူသည် စက်ရုပ်နှင့် တူသွားမည်ဖြစ်ပြီး၊ ချစ်ခြင်း မေတ္တာရှင်ဘုရားက လူတို့ ကို

ပညတ်ချက်များပေးပြီး စီရင်ရန် မပြုသင့်ဟုဆိုပါက ဘုရားတရားမရှိသော တရိစ္ဆာန်

များနှင့် သွားပါလိမ့်မည်။

ထိုမျှမက လူသားတိုင်းတို့ သည် မိမိ၏ မိဘ နေထိုင်ရမည့် တိုင်းပြည်

အစရှိသည်တို့ကို ရွေးချယ်ပိုင်ခွင့်မရှိသော်လည်း မိမိ၏ ကိုးကွယ်ရာကိုတော့ မိမိ

ကိုယ်တိုင်လွတ်လပ်စွာ ရွေးချယ်ကိုးကွယ် ပိုင်ခွင့် ရှိပါသည်။ မိမိ၏ ခံစား တတ်သော

နှလုံးသာ။ ဆင်ခြင်တတ်သော အသိဉာဏ်၊ နှိမ့်ချတတ်သော စိတ်တို့ ဖြင့် မိမိ၏

အရှင်သခင် အစစ်အမှန်ကို ရွေးချယ်ကိုးကွယ်လာဖို့ ဘုရားရှင်မှ အလို ရှိပါသည်။

ဘုရားကို ရှာဖွေလျက် သိရှိကိုးကွယ်လာသူကို ဘုရားက ကြေနပ် ဝမ်းမြောက်ပီတိ

ဖြစ်မန မည်မှာ အမှန်ပင် ဖြစ်ပါသည်။ မိမိ၏ သားစစ် သမီးစစ် တို့ကို ရရှိလိုသည့်

အတွက် ဘုရားက စွန့်စာ၊ ရခြင်း ဟုလည်း ဆိုနိုင် ပါသည်။

လူသာ၊ များတို့သည် မိမိ၏ ကိုးကွယ်ရာအမှန်ကို တွေ့ရှိနိုင်ဖို့ သမိုင်း

ဆက်မလများနှင့် အထောက် အထားများကိုလည်း ဘုရားက လောကတွင် အခိုင်

အမာ ထားပေးထားပါသည်။ ဘုရားဖန်ဆင်း တော်မူ သမျှ တို့တွင် နေ၊ လ၊ ၊ ကြယ်

အစရှိသည်တို့လည်း ပါဝင်ကြပါသည်။ ၄င်းတို့ သည် ရွေးချယ်ပိုင်ခွင့် မရှိဘဲ ဘုရား

ထားသည့် အတိုင်း နေကြရပြီး ဘုရားသားသမီးလည်း ဖြစ်မလာ နိုင်ပါ။

လူသည် မိမိ၏ ကိုးကွယ်ရာအမှန်ကို သိရှိနိုင်ပါလျက် မှန်သောဘုရား

၏ ကယ်တင်ခြင်း တရားနှင့် မေတ္တာကိုငြင်းပယ်လျှင် ထိုသူ၏ ရွေးချယ်မှုကသာ

ထိုသူကို စီရင်သွားပါလိမ့်မည်။ ဘုရားသည် တရား ပါသည်။ မှန်သော ဘုရားက

လူသားတိုင်းအတွက် ဖြစ်သော်လည်း လူသားတိုင်းကတော့ ထိုဘုရား ၏

မေတ္တာတော်နှင့် ထိုက်တန် နိုင်ကြမည် “မဟုတ်ပါ။ အကြောင်းမှာ ဘာသာရေး

အယူခွါ အစွဲများဖြင့် ငါ ကို ဗဟိုပြု လျက် အမှန်တရားကို မသိမြင်ချင် ၊ လက်မခံ

ချင်ကြခြင်းကြောင့် သာလျှင် ဖြစ်ပါသည်။

ဂျူးများ ယေရှုကို သတ်ချင်လောက်အောင် မုန်းသောအချက်များအနက်

တစ်ချက်မှာ ဘုရားကို အဖေ ဟု ခေါ်ခြင်းကြောင့် ဖြစ်ပါသည်။ ထိုမျှမက သူ့ကို

ယုံကြည် သူတိုင်းတို့အားလည်း ဘုရားကို အဖေဟု ခေါ်ဖို့ သွန်သင်ခဲ့သလို ဘုရားကို

အဖေဟုခေါ်ဆိုလျက် ဆုတောင်းနည်း သင်ပေးခဲ့ပါသည်။

လူကို ဘုရားက သူ့သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းပြီး ဖန်ဆင်းသမျှကို

အုပ်စိုးဖို့ အခွင့်ပေးထား ဘုရား၏ ကိုယ်ပွါး၊ ဘုရားများသာလျှင် ဖြစ်ကြ

ပါသည်။ ဘုရားဖြစ်ပြီးသား လူသားကို စာတန်က ထိုအသီးကို စားလျှင် ဘုရား

ကဲ့သို့ဖြစ်မည်ဟု စုံစမ်းခဲ့ပါသည်။ ထိုအသီးထက် မစားရဟူသော ဘုရားစကား

ကို နားထောင်ခြင်းက အဓိကကျပါသည်။ ဘုရားစကားကို ဆန့်ကျင်ပုန်ကန်ပြီး

စာတန်ကိုနာခံလျက် အသီးကို ယူ၍စားသောအခါ လူသားသည် ဘုရားသားမှ

စာတန်၏ သားများအဖြစ် ကျဆင်းခဲ့ရပါတော့သည်။

သို့သော် လူတို့ အပြစ်အတွက် ယေရှုသည် ကိုယ်စားပြု၍ အသေခံ

ပေးခြင်းကို လက်ခံ ယုံကြည်သော အခါ လူသည် အပြစ်သားမှ ဘုရားသား

ပြန်ဖြစ်ခွင့်ကို ရကြပြီဖြစ်ပါသည်။ သို့သော် ယေရှုပြုပေးသော အမှုကို လက်ခံ

ယုံကြည်ပါကြောင်း လူရှေ့ ဘုရားရှေ့တွင် ဝန်ခံဖို့ လိုအပ်ပါသည်။

လူဆိုးများကို မရုပ်သိမ်းပဲအဘယ့်ကြောင့်ခွင့်ပြုထားသနည်း?

ယေရှုဘုရားလက်ထက်၌လည်း ထိုမေးခွန်းမျိုးကို တပည့်တော်များက

မေးစဉ် ယေရှုဘုရား၏ ရှင်းပြပုံကို ဖေါ်ပြပေးလိုပါသည်။ ယေရှုသည် ဥပမာ

စကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင် နိုင်ငံတော်သည် ကောင်းသော

မျိုးစေ့ကို လယ်၌ကြံသော သူနှင့်တူ၏။ လူတို့သည် အိပ်ပျော်သောအခါ သူ၏

ရန်သူသည်လာ၍ ကောင်းသောစပါးနှင့် လက္ခဏာတူသော တောမျိုးစေ့ကို စပါး

အထဲ၌ ကြံ၍ သွားလေ၏။ အပင် ပေါက်၍ အသီးအနှံထွက်သောအခါ တောပင်

များလည်း ထင်ရှားလျှင် ကျွန်တို့သည် အိမ်ရှင်ထံသို့ သွား၍ သခင် ကောင်းသော

မျိုးစေ့ကို လယ်၌ ကြံတော်မူသည်မဟုတ်လော၊ တောပင်တို့သည် အဘယ်က

ဖြစ်သနည်း ဟုလျှောက်ကြလျှင်၊ အိမ်ရှင်က ဤအမှုကား ရန်သူပြုသောအမှု

တည်းဟု ဆို၏။ အကျွန်ုပ်တို့သည် သွား၍ တောပင်တို့ကို ရွေးနှုတ်စေခြင်းငှါ

အလိုရှိသလောဟု လျှောက်ကြလျှင်၊ အိမ်ရှင်က ထိုသို့ ငါ အလိုမရှိ။ တောပင်တို့ကို

ရွေးနှုတ်လျှင် စပါးပင်တို့ကိုရောနှော၍ နှုတ်မိမည် စိုးရိမ်စရာ အကြောင်း ရှိ၏။

စပါးရိတ်သည် ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွါးပါလေစေ။

ပါးရိတ်သည် ကာလရောက်လျှင်၊ တောပင် တို့ကို ရှေးဦးစွာရွေးနှုတ်၍ မီးရှို့ခြင်းငှါ

စည်းနှောင် ကြလော့။ စပါးကိုကား ကျီ၌ စုသိမ်းသွင်းထားကြလော့ဟု ရိတ်သော

တို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည် ဟု မိန့်တော်မူ၏။ (မ ၁၃း၂၄-၃ဝ)

အထက်ပါမေးခွန်းအရ ဘုရား၏ ဂုဏ်တော်အင်္ဂါရပ်များကို သိဖို့ လိုပါသည်။

ဘုရားသည် –

နာမ်ဝိညာဉ်ဖြစ်တော်မူခြင်း။

က။ အသက်အရင်းအမြစ်။

ခ။ပုဂ္ဂိုလ်စင်စစ်ဖြစ်တော်မူခြင်း။

၂။ အနန္တအဖြစ်တော်အရှင်။

က။ သယမ္ဘုတံအရှင်၊ အမှီတကဲမလိုဖြစ်တော်မူသောဘုရား။

၆။ ဧကေါဗုဒ္ဓေါ၊ အစဉ်မပြောင်းလဲ၊ တစ်ဆူတည်းသောဘုရားမြတ်။

ဂ။ အနှိုင်းမဲ့ တစ်ဆူတည်းသာဘုရား ( ဗဟုဗုဒ္ဓါမဟုတ်)။

၃။ တန်ခိုးတော်အစုံ၊ ကံတော်၊ ညာဏ်တော်အနန္တနှင့် စုံလင်တော်မူသော

ဘုရား ဖြစ်ခြင်း။

က။ သမ္မာတရားအရှင်။ မဖောက်မပြန်သောအရှင်။

ခ။ မေတ္တာတော်အရှင်။

ဂ။သန့်ရှင်းမြင့်မြတ်သောအရှင်။

ဃ။ ဣဒ္ဓိဝိ ဖန်ဆင်းအရှင်။

(၁) ကာလနှင့်ဆိုင်၍ ထာဝရဘုရား။

(၂) စကြာဝဠာနှင့်ဆိုင်၍ အနန္တမျက်မှောက်တော်ရှင်။

င။ ခပ်သိမ်းသောအရာကိုသိမြင်သောအရှင်။

အနန္တတန်ခိုးရှင်။

၄။ တရားတော်အရှင်။

က။ သစ္စာတရားတို့ အရှင်။

ခ။ သနားကရုဏာအရှင်။

ဂ။ ဖြောင့်မတ်သော အရှင်။

ယ၊ တရားသဖြင့် အကျိုးအပြစ်ကိုပေးဆပ်သောဘုရား ဖြစ်ခြင်းတို့ ပင်

ဖြစ်လေသည်။

ဘုရားသည် မကောင်းသောအရာတို့ကို အဘယ့်ကြောင့် လောကကြီးတွင် ခွင့်ပြု

ထားရသနည်း။ (အရက်သေစာ၊ လောင်းကစား၊ ပြည့်တန်ဆာ၊ ခိုးဆိုးမှု..)

ဘုရားသည် မကောင်းသောအမှုအရာတို့ကို လောကကြီးမှ ဖယ်ရှား

မပေးသော်လည်း ထို မကောင်းသော အမှုအရာတို့ကို ရွံ့ရှာမုန်းတီးလျက်

သန့်ရှင်းဖြောင့်မတ်ဖြူစင်သော နှလုံးသားအဖြစ် ယုံကြည်သူတိုင်းအား ပြုပြင်

ပေးနိုင်သော ဘုရား၊ ထိုအမှုတို့မှ ကယ်တင်နိုင်သော ဘုရား ဖြစ်ပါသည်။

 

၁၆. ကိုယ့်ဟာကိုရှာစားပြီး ဘုရားကျွေးသည်ဟူသောစကား မိမိဘာသာ စီးပွါး ရှာ၍

ပြည့်စုံခြင်းကို ဘုရားပေးသည်ဟူသော အဓိပ္ပါယ်ကို ရှင်းပြပါ။ သင် မရှာထားပါက

အစားအစာရပါမည်လော သင်စီးပွါး မရှာပါက ပြည့်စုံပါ မည် လား ထိုသို့

(စားရခြင်း၊ ပြည့် စုံ ရခြင်းအကျိုး တရားတို့ တွင် ဘု ရားသခင်၏

လုပ်ဆောင်ချက်ရှိပါသလား) ရှိပါက ဖော်ပြပါ။ ကိုယ့်ဟာကို ရှာစားပြီးတလွဲ

ကျေးဇူး တင်ရာ ရောက်မနေ ဘူးလား၊ သဘာဝ – ကျအောင် စဉ်းစားဖြေကြား

ပေးပါ။

ကျေးဇူးသိတတ်သူမှသာလျှင် ကျေးဇူးတင်တတ်ပါသည်-

လောကတွင် ဘာသာတရားအမျိုးမျိုး၊ ကိုးကွယ်ယုံကြည်မှု အမျိုးမျိုး

ရှိကြပေမည့် မှန်သောဘုရားအား ကိုးကွယ်သူနှင့် လူတို့ သတ်မှတ်သော လွဲမှားသည့်

ဘုရားများကို ကိုးကွယ်ကြသူဟူ၍ လူနှစ်မျိုးသာ ရှိပါသည်။ မှန်သောဘုရားကို

သိသူက ထိုဘုရားကို ကျေးဇူးတင်တတ်ပေမယ့် မသိသူများက ဘုရားကို ကျေးဇူး

ကန်းသော သူများသာလျှင် ဖြစ်ကြပါသည်။

လူတို့သည် ကြိုးစားရှာဖွေတိုင်း ရကြပါသလား၊ ကြိုးစားစိုက်ပျိုးတိုင်း

စားကြ ရပါသလား။ သိပ္ပံပညာရှင်များက ငှက်ပျောသီး အမှည့်နှင့် အစိမ်းနှစ်မျိုး

ကို တစ်ထပ်တည်း တူအောင် လုပ်နိုင်သော်လည်း စိမ်းရာမှ မှည့်လာဖို့ မလုပ်နိုင်

ကြပါ။ လောကဓါတ် တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်လျက်

ရှိတော်မူ၏။ ထို့ကြောင့် အရာအားလုံး အတွက် ဆင်ခြင်တတ်သူက အရာ အားလုံး

ကို ထိန်းချုပ် ပေးပိုင် တော်မူသောဘုရားအား ကျေးဇူးတင်တတ် ကြပါသည်။

ဖရဲသီးမှပေးသော သင်္ခန်းစာ

ဘုရားဖန်ဆင်းသမျှ၏ သစ်ပင် ပန်းပင်တို့မှစ သတ္တဝါတိုင်းတို့တွင် အံ့သြ

ဖွယ်ရာများနှင့် ပြည့်နေပါသည်။ ထိုအထဲမှ ဖရဲသီး၏ အကြောင်းကို အနည်း ငယ်

ဖေါ်ပြလိုပါသည်။

ဖရဲသီးတစ်လုံး၏ အထဲတွင် အစေ့ပေါင်း ထောင်နှင့်ချီ၍ ပါဝင် ပါသည်။

ထိုအထဲမှ အစေ့တစ်ခုကို ယူ၍စိုက်လိုက်လျှင် ဖရဲသီးပေါင်းများစွာကို ထပ်မံ၍

သီးနိုင်ပြီး ၄င်းထက် အဆပေါင်း နှစ်သိန်းမျှ လေးသော အလေးချိန်ကို တိုးပွါး

စေနိုင်သည့် အစွမ်းရှိပါသည်။

အပေါ်ယံက အစိမ်းရောင်၊ ထိုမှတဆင့်အဖြူရောင်၊ ထို့နောက် အနီရောင်

ရှိသော အူလယ်ပိုင်းတွင် အစေ့ပေါင်း ထောင်ပေါင်းများစွာ ရှိနေ ပါသည်။

ထိုအစေ့တို့မှ ဖရဲသီးပင်ပေါင်း မြောက်များစွာကို သုံးနိုင်ပါသည်။ အပြင်၌ ရာသီ

ဥတု မည်မျှပင် ပြင်းထန်

ပူလောင်နေစေကာမူ ဖရဲသီးအတွင်း၌ အေးမြနေပြီး စားသုံး

သူကိုပင် အေးမြ ချိုစိမ့်သော အရသာ ကို ဖြစ်စေပါသည်။

ထိုဖရဲသီးကို မည်သူ စီမံဖန်တီး ထားပါသနည်း၊ အရောင်မျိုးစုံကို

မည်သည့်နေရာမှ ရယူပါသနည်း၊ ချိုစိမ့်အရသာကို မည်သူကသွင်းပေး ထားပါ

သနည်း၊ သူဖာသာသူဖြစ်လာသည်ဟု ပညာမဲ့စွာဆိုမည်လား၊ သဘာဝကြီးက

ဖန်တီးပေးသည်ဟု ဆိုမည်လား၊ သဘာဝကြီးက ထိုကဲ့သို့ အထိန်းအကွပ်မပါဘဲ

စနစ်ကျ နေမည်လား၊ ထိုကဲ့သို့ စနစ်တကျ ဖြစ်ပျက် လည်ပတ်နေသော သဘာဝ

ကြီးကို မည်သူက ထိန်းချုပ် ထားပါသနည်း။

စဉ်းစားဆင်ခြင်တတ်သူက ဖရဲသီးကိုကြည့်ရှုဆင်ခြင်ခြင်းအားဖြင့်

ဘုရား၏ အနန္တတန်ခိုးတော်ကို မြင်လာပါလိမ့်မည်။ ဘုရားသခင်၏ တန်ခိုးတော်နှင့်

ကျေးဇူးတော်သာ မရှိလျှင် ဖရဲသီးပင် ရှိနိုင်မည် မဟုတ်ပါ။

ဘာမှမလုပ်ဘဲ ကိုင်ဆုတောင်းနေရင် စားရမှာလား?

ကိုယ်လုပ်မှ ကိုယ်ရတာ၊ ဘာမှ မလုပ်ပဲ ဘုရားကို ကိုင်ဆုတောင်း နေရင်

စားရမှာလား ဆိုသည့် စကားက လူအတော်များများ၏ နှုတ်ဖျားတွင် ရေပန်းစား

နေပါသည်။ အလုပ်လုပ်ဖို့ ပျင်းရိသူတွေကသာ ဖန်ဆင်းရှင် ဘုရားက စားစရာ

တွေကို မိုးပေါ်ကနေ ချပေးဖို့ ထိုင်ဆုတောင်းပြီး ကိုးကွယ်နေကြတာဟု ဆိုကြသလို

အသိဉာဏ်နည်းသူတွေသာ ကိုးကွယ် တာဟု လည်းဆိုကြပါသည်။

ဘုရားက အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ်၏ဟု

ပညတ်ထားပါသည်။ ဘုရားကို အမှန်တကယ် ယုံကြည်ကြောင်း မိမိ၏

အမူ အကျင့်

အားဖြင့် ဖေါ်ပြရမည်ဖြစ်သကဲ့သို့ ထိုသူ၏ ယုံကြည်မှု စစ်မှန်မှုရှိ မရှိ ကိုလည်း

ပါသည်။

၎င်း၏အပြုအမူ အကျင့်အကြံများကို ကြည့်ခြင်း အားဖြင့် တိုင်းတာ သိမြင်နိုင်

သမ္မာကျမ်းစာတော်မြတ်တွင် ဘုရားက လူတို့အား ပျင်းရိခြင်း မရှိပဲ

ကြိုးစား အားထုတ်ကြဖို့ ပညတ်ချက်ပေါင်းများစွာရှိပါသည်။ ဘုရားကို ထိုင်၍

ဆုတောင်းပြီး ဘုရားကျွေးမည်ဟုဆိုကာ ပျင်းရိပြီး အိပ်မနေဖို့ ဘုရားက

ပုရွက်ဆိတ်ကို ဥပမာပေးလျက် သွန်သင် ခဲ့သလို အခွက် ၅၀ ၊ ၂၀၁၀ တည်း

ဟု သော ဆုကျေးဇူးကိုခံရသည့် ငယ်သားများဖြင့်လည်း ဥပမာပေးခဲ့ ပါသည်။

တိုးပွါးခြင်းမရှိ ပျင်းရိသောငယ်သားကို ဘုရားက ပြစ်ဒဏ် ပေးခဲ့ ပါသည်။

နောက်တစ်ချက်အနေဖြင့် ဘုရားက မည်သည့်အမှုကို ပြုသည်မဆို

တိုယ်ဉာဏ်ကိုအမှီမပြုကြဖို့ ဘုရားက ပညတ်ထားပါသည်။ ကိုယ်ဉာဏ်ကို အမှီ

မပြုဖို့ ဟုဆိုရာတွင် ကိုယ့်ဦးနှောက်ကို မသုံးပဲ ဉာဏ်မဲ့ စွာဖြင့် လုပ်ကိုကြဖို့ ရန်

ဘုရားက ဆိုခြင်း မဟုတ်ပါ။ ယနေ့ခေတ်အဆက် ဆက်တွင် ပညာအရာ၌

သော်၄င်း ဥစ္စာဘုန်းစည်းစိမ် အရာ၌သော်၎င်း မည်သူမျှမမှီနိုင်အောင် ထင်ရှား

အောင်မြင်ခဲ့သူ တစ်ဦး သမိုင်းတွင် ရှိခဲ့ပါသည်။ ထိုသူမှာ ဘီစီ ၁၀၀၀ ခန့်တွင်

ပေါ်ထွန်းခဲ့သော တို့၏ တတိယမြောက်ဘုရင်ဒါဝိဒ်၏ သားတော် ရှောလမုန်

မင်းကြီး ဖြစ်ပါသည်။

ထိုသူအားဘုရားမှ ကြိုက်နှစ်သက်ရာဆုကို တောင်းစေသောအခါ

ရှောလမုန်မင်းကြီးသည် ဘုန်းစည်းစိမ်ကို မတောင်းဘဲ ဉာဏ်ပညာကို တောင်းခံခဲ့

ပါသည်။ ရှောလမုန်မင်းကြီးသည် ဘုရားပေးသော ဉာဏ်ပညာ အဖြင့်

တိုင်းပြည်ကို အုပ်ချုပ်ရာ မိမိတိုင်းပြည်စည်ပင် ရုံမျှမက ထိုဘုရင်အုပ်ချုပ်သော “

လက်ထက်တွင် ဝန်းကျင်ရှိ တိုင်းပြည်များအားလုံးသည်လည်း စစ်မက်များ

ကင်းဝေးလျက် စည်ပင်သော ခေတ်ကာလတစ်ခု သမိုင်းတွင် တွင်ရစ်ခဲ့ပါသည်။

အထက်ပါ အကြောင်းအရာတို့ အရ အလုပ်ကိုကြိုးစား အားထုတ် လိုသောသူ၊

အမှန်တကယ် ပေးပိုင်သော ဘုရားကို သိမြင်တတ်သော ဆင်ခြင်ဉာဏ်ရှိသူများ

သာလျှင် ဖန်ဆင်းရှင် ဘုရားကို ကျေးဇူးတင်လျက် ကိုးကွယ် တတ်ကြသည်ဟု

ဆိုနိုင်ပါသည်။

၁၇. ထာဝရဘုရား ဖန်ဆင်းသည်မှာ တစ်ကမ္ဘာပဲဟု သိရပါသည် (သို့သော်)

စကြာဝဠာ အနန္တဟူသော မရေတွက်နိုင်သော ဂြိုလ်အမျိုးမျိုး ကမ္ဘာအမျိုးမျိုး ရှိနေ

ကြောင်း သိပ္ပံစမ်းသပ်မှုတွေ၌ ဖော်ပြနေတာကို အဘယ်သို့ဖြေရှင်း မည်နည်း ?

ဖန်ဆင်းခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာ မရှိ-

အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်း

တော်မူ၏။ ဆိုသည့် ကမ္ဘာဦးကျမ်း အခန်းကြီး ၁း၁ တွင် ပါသော ကောင်းကင်ကို

မူရင်းကျမ်းတွင် အများကိန်း အနေဖြင့် (Havens) သုံးထား ပါသည်။ တနည်း

အားဖြင့် ကောင်းကင်များ ဟု အဓိပ္ပါယ်ရှိပြီး ကောင်းကင်ဘယ် နှစ်ထပ်ရှိသည်ကို

အတိအကျ မသိရသော်လည်း တမန်တော်ရှင်ပေါလုကတော့ တတိယကောင်းကင်

ဘုံ အထိ ရောက်ရှိခွင့် ရ

ခဲ့ကြောင်း သက်သေ ခံထားပါသည်။ ကျမ်းတတ်အချို့

ပထမကောင်းကင်သည် လေယဉ်များ ပျံသန်းနိုင်သည့် လေထုရှိသော ဧရိယာ

အထိဟု ခန့်မှန်းပြီး ဒုတိယ ကောင်းကင်ကို ယနေ့ မြင်တွေ့ နေရသော နေလ

ကြယ်များ ရှိရာအရပ်ဟု ခန့်မှန်းပါသည်။ တတိယကောင်းကင်ကိုတော့ လူ

မျက်စိဖြင့် မမြင်နိုင်ရာ ကောင်းကင်ရွှေပြည်တော် ရှိရာအရပ်ဟု ခန့်မှန်း ပြောဆိုကြ

ပါသည်။

ဘုရားသခင် သည် စတင်ဖန် ဆင်းကတည်းက စကြာဝဠကြီးကိုပါ

ဖန်ဆင်းခဲ့ကြောင်း ကျမ်းစာ အရ သိရှိနိုင်ပါသည်။ ထိုကျမ်းပါ အစအဦး ဆိုသည့်

အချိန်ကာလသည် လွန်ခဲ့သော နှစ် ဘယ်နှစ်သန်းခန့် ဆိုသည်ကိုလည်း အတိအကျ

မသိနိုင်ပါ။ သို့သော် သိပ္ပံပညာရှင်များ ယနေ့ကမ္ဘာသည် နှစ်သန်းပေါင်း ၆၀၀၀

ခန့် ရှိပြီဟု ခန့်မှန်းကြပါသည်။ သမ္မာကျမ်းစာ တော်မြတ်တွင် ကမ္ဘာသုံးဆက်

ရှိပါသည်။ မူလကမ္ဘာ၊ စာတန်ကြောင့် ပျက်စီးသွားသော ဒုတိယ ကမ္ဘာနှင့်

သမ္မာကျမ်းပါ ခြောက်ရက်တာ ပြန်လည်ပြုပြင် ဖန်ဆင်းထားသော တတိယ ကမ္ဘာတို့

ဖြစ်ကြပါသည်။ မူလကမ္ဘာကို ဖန်ဆင်းကတည်းက ကြယ်များ ဂြိုလ်များနှင့်

စကြာဝဠာကြီးကိုပါ ဖန်ဆင်းပြီး ဖြစ်ပါသည်။ ခြောက်ရက်တာ ဖန်ဆင်းပြီး အာဒံ

အပြစ် ကျူးလွန်ချိန်မှစ၍ နှစ်အပိုင်းအခြားအလိုက် လူသား များ၏ သမိုင်းကို

ဖေါ်ပြထားသည့်အတွက် အာဒံအား ဧဒင်ဥယဉ်မှ နှင်ထုတ် ခံရပြီး ချိန်မှစပြီး

ယနေ့အထိ နှစ်ပေါင်းခြောက်ထောင်ခန့် ရှိပြီဟု တွက်ချက် ကြည့်လို့ ရပါသည်။

(က ၁၂၊ ယေဇ ၂၈း၁၃-၁၅၊ ဟေရှာ ၁၄၁၃-၁၄)

ဖန်ဆင်းခြင်းနှင့်ပတ်သက်၍ အင်တာနက်ပေါ်မှ ကျွန်တော့်အားဆွေးနွေးလာသည့်

မေးခွန်း-

(ကျွန်တော်လည်း နည်းနည်း ပြောကြည့်ဦးမှ- ဒီလိုဗျာ ခု သယံဇာတတွေဖြစ်တဲ့

သံတွေ ကြေးတွေ ရေနံစိမ်းတွေဟာ သဘာဝကနေဖြစ်လာတာပါ သူ့ အထိုက်

အလောက် အသုံးတည့်သလို တန်ဖိုးရှိတာ မှန်ပါတယ်။ ဒါပေမဲ့ လူတွေ ဖန်တီး

ယူထားတဲ့ ကား ဆိုတဲ့အရာလေးပဲကြည့် အဲဒီ သဘာဝက ဖြစ်တာတွေကို

ပေါင်းစည်းထားတာ မှန်ပေမဲ့ သဘာဝ အလျောက် ဖြစ်မလာပဲ လူဖန်တီးမှ ရတဲ့

ပစ္စည်းတခုပါ။ သဘာဝ အလျောက်ဖြစ်တဲ့ သယံဇာတ နဲ့လူလုပ်လို့ ဖြစ်တဲ့ ကား

ဘယ်အရာက ပိုပြီးတော့ အသုံးပိုကျသလဲ သေချာစွာ ဖြေပေးပါ။ ဒါပေမဲ့

ရှေ့နောက် မညီတာက ဘုရားသခင်က သဘာဝအတိုင်း ဖြစ်ပြီးတော့ လူကျတော့

ဘုရား ဖန်ဆင်းမှ ဖြစ်တယ်ဆိုတော့ ဘာ့ကြောင့်များ သဘာဝကဖြစ်တဲ့ ဘုရားက

လူထက် များစွာ သာလွန်ပြီး ဖန်တီးခံရတဲ့ လူ က ဘာ ကြောင့်

နိမ့်ပါးနေရတာလဲ??? လောကမှာ အမှန်တရားဆိုတာ ဘယ်ကကြည့်ကြည့်

လက်ခံသော်ရှိ မခံသော်ရှိ မှန်ကို မှန်နေရပါမယ်။ ခုဟာက ရှေ့နောက်

မညီဖြစ်နေတယ်ထင်လားလို့ ရှင်းပေးပါဦး ကိုထူးခင်ဗျား..

တန်ဖိုးရှိတဲ့

ရွှေတွေစိန်တွေနဲ့လည်း ပြောဖို့ မသင့်တော်ဘူးနော်၊ ဥတ္တမာ ရွှေတွေ စိန်တွေနဲ့

လုပ်ထားတဲ့ ရိုးလက်စ် နာရီနဲ့ အဲ အလေးချိန်နဲ့ ညီမျှတဲ့ ရွှေတွေ စိန်နဲ့

ဘယ်အရာက ပိုပြီးတော့ အသုံးတည့် မလည်း အသုံးကျမလဲ???? ဖြေပါဦးဗျာ

(ကျွန်တော်က ဆွေးနွေးချင်တာ ငြင်းချင်တဲ့ ဆန္ဒရှိရင် တော့ စိတ်မကောင်းစရာပါ)

ကျွန်တော်၏ ပြန်လည်ဆွေးနွေးထားသော အဖြေ-

ရှေ့နောက် မညီတာတို့ အမှန်တရားဆိုတာ ဘယ်ဘက်က ကြည့်ကြည့်

မှန်ကို မှန်နေရမှာတို့ သုံးပြီး ဝင်ဆွေးနွေးထားတာတွေ့ရပါတယ်

သူအဓိက ပြောဆိုဆွေးနွေးချင်တာက ဖန်ဆင်းရှင်ရှိတယ်ဆိုရင် ဖန်ဆင်း

ခံထက် နိမ့်ပါး ရမယ်ဆိုတဲ့ အချက်ကို ထောက်ပြဝေဖန်ဖို့ပါ

သံတို့ ကြေးနီတို့ ဆိုတဲ့ သဘဝထက် ထိုသတ္ထုကို အသုံးပြုပြီး လူတို့

တီထွင် ဖန်တီးထား တဲ့ ကားက ပိုပြီး အသုံးတည့်သည်၊ အသုံးကျသည်ဟု

အခြေခံလျက် ဆွေးနွေးထားပါသည်။

ဒါပေမည့် သူ့ရဲ့ ဆွေးနွေးချက်က ရှေ့နောက်မညီ ၊ အမှန်တရားဟု

ဆိုချင်သော အကြောင်း အရာကလည်း မပြည့်စုံတာကို တွေ့ရပါသည်။

အဘယ်ကြောင့်ဆိုသော်..

၁) သဘ၀က ဖြစ်သော သံ ကြေးနီ

၂) ထိုသယံဇာတကို အသုံးပြုပြီး ပြုလုပ်ထားသောကား..

..

ကို အချက် နှစ်ချက်၏ ဖြစ်စဉ်မှာ ကြီးမားသော ကွက်လပ်ကြီး ကျန်နေခဲ့ပါသည်။

တို့ ကျန်နေခဲ့သောအချက်က

မြေအောက် သဘာဝ သယံဇာတမှ ကားတစ်စင်းကို ဖြစ်ပေါ်စေနိုင်သော

၃) တီထွင်ကြံဆနိုင်သည့် ဉာဏ်ရည် အဆင့်အတန်းမြင့်မားသည့် လူသား

ပင်ဖြစ် ပါသည်။

  • ထိုလူသားသည် ရေငုပ်သင်္ဘော၊ လေယဉ်ပျံ၊ ဂြိုလ်တု မှစလို့ လူသားကိုပင်

ဖန်တီးနိုင်ကြ သောသူများဖြစ်ကြပါသည်….

မော်တော်ကားတို့ ၊ ရိုးလက်နာရီတို့ သူ့ဟာသူ ဖြစ်လာပါသလား. . ၄င်းတို့ကို

ဖန်တီး ထိန်းချုပ်ထားသူ မရှိဘဲ ဖြစ်လာသလား…

ကားအစိတ်အပိုင်းတွေချထားပါက သူ့ဟာသူ ကားဖြစ်လာပါသလား…

နာရီအစိတ်အပိုင်းတွေ ချထားပေးပါကလည်း သူ့ဟာသူ အချိန်မှန် လည်ပတ်

နေသော နာရီ တစ်လုံး ဖြစ်လာပါသလား…

ဂြိုလ်ကြီး ကိုးလုံး ကကော တစ်လုံးနဲ့တစ်လုံး တိုက်ခိုက်မှုမရှိပဲ သူ့လမ်းကြောင်းနဲ့

သူ အချိန်မှန် လည်ပတ်နေဖို့ ဖန်ဆင်းထိန်းချုပ် သူမရှိဘူးဟု ဆိုနိုင်ပါသလား…

သဘာဝကြီးက ဒီလောက် စနစ်ကျနိုင်ပါသလား…

ထို စနစ်ကျသော သဘာဝကြီးက ဘယ်ကရောက်လာပါသလဲ…

သင်လက်မခံလည်း ယနေ့ ခရစ်သက္ကရာဇ်မှာ အသက်ရှင်နေရပါသည်။

ယေရှုသည် ကျွန်ုပ်တို့ တိုင်းပြည် နှင့် မဝေးသော အရှေ့အလယ်ပိုင်း တွင်

ပေါ်ထွန်းခဲ့ပါသည်။

ယေရှုသည် အေဒီနှင့် ဘီစီတည်းဟူသော သက္ကရာဇ်ကို ပိုင်းခြားခဲ့သော

အရှင်ဖြစ်ပါသည်။

ထိုအရှင်က ဖန်ဆင်းရှင်ကို မြင်တွေ့ဖို့ လောကသို့ ကြွလာခဲ့ခြင်း ဖြစ်သည်

ဟု ဆိုခဲ့ပါသည်။

ထို အ ရှင် သည် ဖန်ဆင်းရှင်ဖြစ်သည် ဆိုသည့် အကြောင်းကြောင့်

ဖန်ဆင်းခြင်း ဆိုင်ရာ တန်ခိုး နိမိတ်များနှင့် အကျိုးများစွာကို ပြုလျက် သမိုင်းတွင်

သက်သေထူခဲ့သောအရှင်ဖြစ်ပါသည်။

ဖန်ဆင်းရှင် ဘုရားမရှိဟု မိုက်သောသူတို့သာလျှင် ဆိုတတ်၏။

အရူးထက်ဆိုးသောသူ

တစ်ခါက ဖန်ဆင်းရှင်ကို လက်ခံကိုးကွယ်သော သပ္ပံပညာရှင်နှင့်

ဖန်ဆင်းရှင်ကို လက်မခံသော သပ္ပံပညာရှင်နှစ်ဦးရှိပါသည်။ သူ့သူငယ်ချင်း ကို

ဖန်ဆင်းရှင် ရှိကြောင်း ဘယ်လိုမှ သက်သေပြမရသည့် အဆုံး လက်ခံ စေလိုသော

စိတ် စေတနာဖြင့် ဂြိုလ်ကြီးကိုးလုံး ပုံစံငယ်ကိုပြုလုပ်လျက် ဧည့်ခန်းစားပွဲ ပေါ်တွင်

တင်ထားပါသည်။ ဂြိုလ်ကြီးကိုးလုံးက ချိတ်ဆွဲ ထားခြင်းလည်းမရှိ တိုက်ခိုက် မှုလည်း

မရှိပါဘဲ သူ့ လမ်းကြောင်းနှင့်သူ အချိန်မှန် လည်ပတ်နေပုံကို သူ့ အိမ် သို့

လာလည်သော ဖန်ဆင်းရှင်ကို လက်မခံသည့် သူငယ်ချင်းကကြည့်ပြီး မင်း

အရမ်းတော်တာဘဲ။ တစ်ထပ်တည်း ပီပြင်အောင် သရုပ်ပြတီထွင်နိုင်တယ် ဟု ဆိုရာ

သူငယ်ချင်း၏ မျက်နှာကို သေချာကြည့်လျက် သူငယ်ချင်း ဒါဟာ ငါလုပ်ထား

တာမဟုတ်ဘူး၊ ဒီစားပွဲပေါ်လည်း သူ့ဟာသူ ရောက်လာတာ ဟု လေးနက်သော

လေသံဖြင့် ပြောလိုက်စဉ်… မင်းက ငါ့ကိုအရူးများ မှတ်နေ လို့လားဟု စိတ်ဆိုး

လျက် ပြန်အော်ပါသည်။ ထိုအခါ ဖန်ဆင်းရှင်ကို လက်ခံ သောသိပ္ပံပညာရှင်က

ဒီပုံစံငယ်တောင် တီထွင် ဖန်တီးသူ မရှိဟု ဆိုခြင်းအား အရူးဟု သတ်မှတ်လျှင်

ဒီနေ့စကြာဝဠာကြီး ကို ဖန်ဆင်းထိန်းချုပ်ထားသူ မရှိဘူးလို့ ဆိုတဲ့သူဟာ

အရူးထက်တောင် ဆိုးသေးတယ်ဟု ပြောချလိုက်ပါ တော့သည်။ ဖန်ဆင်းခြင်းကို

လက်မခံသည့် သူငယ်ချင်းလည်း စိတ်ဆိုးလျက် ပြန်သွား ပါသည်။ အရူး

ထက်တောင် ဆိုးသေးတယ် ဆိုသည့်စကားကို တစ်ညလုံး ဆင်ခြင်လျက် အိပ်မရနိုင်

-ဖြစ်ကာ နောက်တစ်နေ့ နံနက် အစောကြီးတွင် ဖန်ဆင်းရှင် ဘုရား ရှိကြောင်းကို

လက်ခံပါကြောင်း သူ့သူငယ်ချင်းထံ လာရောက်၍ ဝန်ခံလျက် ကျေးဇူးတင်

သွားပါသည်။

၁၈ ထာဝရဘုရားသည် ဤကမ္ဘာကို ဖန်ဆင်းသည်ဟုဆို၏။ သို့သော် တခြား

တခြားသော စကြာဝဠာ ဂြိုလ်အသီးသီးမှ ဂြိုလ်သားများ ဤကမ္ဘာ သို့ရောက်

ရှိ နေခြင်း ရောက်ရှိလာခြင်း တွေကို သိပ္ပသုတေသန ပြုစာအုပ် များတွင် အထင်

အရှား တွေ့မြင်နေရပါသည် ထိုဂြိုလ်သားများကို ထာဝရဘုရား ဖန်ဆင်း

ခဲ့သလား ဖန်ဆင်းခဲ့သည်ဆိုပါက ကျမ်း အထောက် အထား ခိုင်လုံစွာဖြင့်

ကြား ပေးပါ။

ဖန်ဆင်းရှင်မရှိဟု မိုက်သောသူတို့သာလျှင် ဆိုတတ်၏-

ထိုဂြိုလ်သားများရှိခြင်းသည် ဒဏ္ဍာရီဆန်ဆန်သာ တည်လျက်ရှိပြီး

သက်သေအထောက် အထား အခိုင်အမာ မရှိပါ။ –

မသိသူကျော်သွား သိသူဖေါ်စား

ဘုရားမဲ့ဝါဒီတစ်ဦးက စဉ်မြင့်ပေါ်မှနေပြီး ထာဝရဘုရားနှင့် ဖန်ဆင်းရှင်

မရှိကြောင်းကို အကြောင်း အကျိုး အထောက်အထားများစွာ တို့ဖြင့် အားရပါးရ

ဟောကြား နေပါသည်။ ဟောစရာရှိသည်များကို အကုန်အစဉ် ဟောကြားပြီး

အားရကြေနပ်သွားသောအခါ ပရိသတ်ထဲမှ ၄င်း၏ ဟောကြားချက်ကို ခြေပ

ပြောဆိုဖို့ အခွင့်ပေးလာပါသည်။ ထိုအခါ လူတစ်ဦးက စဉ်မြင့်ပေါ်သို့ တက်လာ

ပြီး ဘာမှမဟောပဲ လိမ္မော်သီးကို အခွံခွာလျက် တစ်စိပ်ခြင်း အရသာရှိစွာ စားနေ

ပါသည်။ ဘုရားမဲ့ကြီးက ဟောဖို့ အမူအယာပြသောအခါ ထိုသူက နေပါဦး ဒီ

အသီးက ကောင်းလို့ ကုန်အောင် စားပါရစေဦး၊ ပြီးမှ ပြောမည်ဟုအမူအရာ ပြလျက်

အရသာခံရင်း ဆက်စားနေပါသည်။ ပရိသတ်များကလည်း နားမလည် ဆန်ဖြင့်

သရေကျပြီး ကြည့်နေ ကြပါသည်။

စားလို့ ကုန်သွားသောအခါ ထိုသူက ကျွန်တော်စားခဲ့တဲ့ လိမ္မော်သီးဟာ

အချိုသီးလား အချဉ်သီးလားဟု ဘုရားမဲ့ကြီးအား မေးပါသည်။ ဘုရားမဲ့ကြီးက

ငါ့ကိုမှ မမြည်းစမ်း ခိုင်းပဲနဲ့ ငါဘယ်လို သိနိုင်မှာလဲဟု ပြန်ပါသည်။ ဖန်ဆင်းရှင်

ဘုရားက ဘယ်လိုလဲဆိုတာကိုကော မြည်းစမ်းလေ့လာ ကြည့်ဖူး လို့လားဟု

မေးသောအခါ ဘုရားမဲ့ကြီးက မမြည်းစမ်းခဲ့ဖူးကြောင်း ပြန်ဖြေပါ သည်။ မမြည်း

စမ်းဖူးပါဘဲ ထိုဘုရား မကောင်းကြောင်း ထိုဘုရားမရှိကြောင်း ဘယ်လိုပြောနိုင်

မှာလဲ၊ ဘယ်လို သိနိုင်မှလဲ? ဟုရှင်းပြပြီး ကျွန်တော်တို့ ကတော့ မြည်းစမ်းကြည့်ရုံ

မျှမက တောင်းမှန်း သိလို့ စွဲလမ်းလို့တောင် နေပါပြီဟု ပြန်ဖြေ ပေးလိုက်ပါသည်

ဘုရားကို မြင်မှ ယုံကြည်မည်-

သင်တန်းတစ်ခုတွင် ဆရာဖြစ်သူက တပည့်များအား တပည့်တို့ ဆရာ့ကို

မြင်ကြလားဟု မေးရာ မြင်ပါတယ်ဟု တပည့်များက ဖြေပါသည်။ ဒါဆို ဆရာ

ရှိတယ်ဆိုတာ ယုံသလားဟု မေးလျှင် ယုံပါတယ်ဟု ဖြေကြပါသည်။ ဆက်လက်ပြီး

သစ်ပင်ကြီးကို လက်ညိုးထိုးပြပြီး သစ်ပင်ကြီးကို မြင်ကြလားဟု မေးလျှင်

မြင်ပါတယ်ဟု တပည့်များက ဖြေကြပါသည်။ သစ်ပင်ကြီးရှိတယ် ဆိုတာ ယုံလားဟု

မေးလျှင် ယုံပါ တယ်ဟု ဖြေကြပါ သည်။ ထို့နောက် တောင်တန်း ပြာကြီးကို

လက်ညှိုးထိုး ပြုပြီး တောင်တန်းပြာကြီးကို မြင်လားဟု မေးလျှင် တပည့်များက

မြင်ကြောင်းပြန်ဖြေ ကြပါသည်။ တောင်တန်းပြာကြီး ရှိတယ် ဆိုတာ ယုံလားဟု

မေးလျှင် ယုံကြောင်း ပြန်ဖြေကြပါသည်။ ထို့နောက် ဆရာက ဖန်ဆင်းရှင် ဆိုတဲ့

ထာဝရဘုရားကိုရော မြင်ကြလားဟု မေးလျှင် မမြင်ရပါဘူးဟု ဖြေကြပါသည်။

ဒါဆိုတပည့်တို့ ဖန်ဆင်းရှင် ထာဝရဘုရား ရှိတယ် ဆိုတာ ယုံလားဟု မေးလျှင်

တပည့်များက မယုံကြောင်း ပြန်ဖြေ ကြပါသည်။

ထိုအခါ နံဘေးမှ ဆရာတစ်ဦးက ထိုဆရာကြီးကိုလက်ညိုထိုးပြပြီး ဆရာ

ရှိတယ်ဆိုတာ ဘာ့ကြောင့် ယုံကြလဲဟုမေးလျှင် တပည့်များက ဆရာကို

မြင်ရလို့ ပါဟု ပြန်ဖြေကြလျှင် မြင်မှယုံမယ်ပေါ့ဟု ထပ်မေးလျှင် ဟုတ်ကြောင်း

ပြန်ကြာပါသည်။ ဒါဆို အဲဒီဆရာရဲ့ ဦးနှောက်ကို မြင်ကြလားဟုမေးလျှင်

တပည့်များက မမြင်ကြောင်းကိုပြန်ဖြေပြီး ဒါဆို အဲဒီဆရာသင်ပေးတဲ့အတိုင်း အဲဒီ

ဆရာရဲ့ ဦးနှောက်ကို မမြင်ရလို့ အဲဒီဆရာမှာ ဦးနှောက်ရှိကြောင်း ယုံကြည်

ကြပါသလား” ဟုမေးလိုက်စဉ် တပည့်များက ဗျာ ဟုဆိုလျက် မဖြေ ရဲကြတော့ပါ

လျှင် ၄င်းတို့လည်း ဦးနှောက်မရှိသူများ ဖြစ်သွားကြမည် မဟုတ် ပါလား

ယေရှုဘုရား တကယ်ရှိပါသလား?

သားဖြစ်သူနှင့် သူငယ်ချင်းများ ပျော်ပွဲစားထွက်သွားသည့် ဆလွန်း ကားမှာ

ယဉ်တိုက်မှုဖြစ်လျက် ကားတစ်စင်းလုံး ကြေမွသွားပါသည်။ သူမ၏ သားနှင့်

သူငယ်ချင်းများလည်း ဆုံးပါးသွားကြပါသည်။ သို့သော် ကားနောက် ဖုံးထဲမှာ

ထည့်ထားသည့် ကြက်ဥများနှင့် အခြားအသုံးအဆောင် ပစ္စည်းများ တစ်စုံ တစ်ခုမှ

မကွဲမပျက်ဘဲ အကောင်း အတိုင်းရှိနေသည်ကို လူများက အံ့ဩ စွာဖြင့် မြင်တွေ့

လိုက်ရကြ ပါသည်။

အကြောင်းမှာ ကားထွက်ခါနီး မိခင်ကြီးက ၄င်းတို့ အပျော်ကြူးကြ

တော့မှာကို စိုးရိမ်လျက် ယေရှုဘုရားနဲ့ အတူသွားလာကြပါဟုဆိုစဉ် သားဖြစ်သူ

နှင့် သူ့သူငယ်ချင်း များက ကားထဲမှာတော့ နေရာမရှိတော့ဘူး အမေရေ ဒါကြောင့်

ယေရှုကို ကားနောက်ဖုံးထဲကနေပဲ ခေါ်သွားတော့မည်ဟု လှောင်ပြောင် ပြောဆို

ရယ်မောလျက် ထွက်သွားကြကြောင်းကို ၄င်း၏ မိခင်ကြီးက ပြန်ပြောင်း ပြောပြလျက်

သက်သေ ခံခဲ့ပါသည်။

အကယ်၍ မိခင်ကြီးမှာကြားသည့်အတိုင်းသာ ယေရှုကို ၄င်းတို့ နှင့်အတူ

ရှေ့ခန်းတွင် နေရာ ပေးခဲ့မိပါက ၄င်းတို့၏ အမှားကြောင့် ယဉ်အန္တရယ်ဖြစ်ခဲ့

မိသည့်တိုင် အသက်အန္တရာယ်မှ လွတ်မြောက် နိုင်ကြပါ သေးသည်။ ကြက်ဥ တစ်လုံး

ကိုမျှပင် မကွဲအောင် ကွယ်ကာနိုင်သော ဘုရားသည် ၄င်းတို့ အားလည်း ကွယ်ကာမှု

ပေးနိုင်ပါသည်။ သို့သော် ယေရှုဘုရားက လူသားတို့ အား အသိမဲ့ သော တိရစ္ဆာန်

များကဲ့သို့ အတင်းအကြပ် ဘာတစ်ခုမျှမလုပ်ဆောင်ပါ။ လူတိုင်းကို ဖန်ဆင်းရာပါ

လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်တည်းဟူသော အခွင့်အရေးကို ဘုရားက မချိုး

ဖောက်ပါ။ လူတို့သည် ယေရှုဘု ရားကို အခွင့် ပေးပါက အသက် ရှင်စဉ်

ကွယ်ကာကြည့်ရှု ပြုစုရုံမျှမက တမလွန် တွင်လည်း အပယ်ငရဲမှ ကယ်တင် ပေး

နိုင်သောအရှင် ဖြစ်ပါသည်။

၁၉. သိပ္ပံစမ်းသပ်မူတွေ၏ တိုးတက်တွေ့ရှိမူတွေ ဖြစ်ပေါ်လာတိုင်း ထာဝရ ဘုရား

၏ ဖန်ဆင်းရှင်ဝါဒကို ငြင်းဆန်နေသကဲ့သို့ သက်ရောက် နေပါသည် ထို့ကြောင့်

သိပ္ပံပညာက မှားသည်ဟုပြောမလား ဖန်ဆင်းရှင် ဝါဒမှားသည်ဟု ပြောမလား၊

အဓိပ္ပါယ်ရှိရှိ ငြင်းချက်ထုတ်ပါ။

သိပ္ပံပညာက ရှင်းပြနိုင်သည်ထက် ကြီးမြတ်သော ဖန်ဆင်းခြင်းလက်ရာတော်-

ယခင်က ထိုသို့ ထင်သော်လည်း စကြာဝဠာကို အမှန်တကယ် လေ့လာ

ကြည့်သောအခါ သိပ္ပံပညာရှင်များသည် ၄င်းတို့၏ တတ်စွမ်းသော ပညာက

ဖေါ်ပြနိုင်သည်ထက် စကြာဝဠာကြီးသည် အဆုံးအစမရှိ ဖေါ်မပြနိုင်လောက် အောင်

နက်နဲ ကျယ်ပြန့်ကြောင်း ထုတ်ဖေါ် ဝန်ခံလျက် ဘုရားရှိကြောင်း ဝန်ခံ ခဲ့ကြပါသည်။

ယနေ့ကမ္ဘာ ပေါ်တွင် ပေါ်ထွန်းအောင်မြင်ခဲ့သည့် သိပ္ပံပညာ ရှင် ၃ဝဝ ဦးအနက်

၉၂% သည် ခရစ်ယာန်များ ဖြစ်ကြပါသည်။

စကြဝဠာကြီး၏ ကျယ်ပြန့် နက်နဲမှုကို ဖေါ်ပြရပါကျွန်ုပ်တို့နေထိုင်ရာ

ကမ္ဘာကြီးသည် ဂြိုလ်ကြီး ကိုးလုံးမှ တစ်လုံး အဝင်ဖြစ်ပြီး နေကိုဗဟိုပြုလျက်

လည်ပတ်နေပါသည်။ ကျွန်ုပ်တို့ မြင်တွေ့နေရသော ကြယ်များအနက် ကမ္ဘာနှင့်

အနီးဆုံးကြယ်သည် ခြောက် အနောက်မှ သုံည နှစ်ဆယ်ခြောက်လုံးမိုင်ခန့်

ဝေးပါသည်။ . ကြယ်တစ်လုံးမှ တစ်လုံးသို့ သွားနိုင်ဖို့ အမြန်ဆုံးဒုံးပျံနှင့်

သွားမည် ဆိုလျှင်ပင် နှစ်ပေါင်း ရှစ်ထောင်လောက်ကြာမည် ဖြစ်ပါသည်။

စကြာဝဠာကြီးတွင် မစ်ကီဝေးခေါ်ကြွယ်ပင်လယ် သန်းငါးရာခန့်ဖြင့် ဖွဲ့စည်းထား

ပြီး မစ်ကီဝေးတစ်ခုတွင် ဂလက်စီ တစ်ထောင်ကျော်ခန့် ရှိပါသည်။ ဂလက်စီ

တစ်ခုစီတွင် ကြယ် သန်းပေါင်း တစ်သိန်းခန့် ပါဝင်ပါသည်။ ကောင်းကင် –

မျက်နှာပြင်ရှိ လ၏အရွယ်ပမာဏ အကျယ် အဝန်းပင် မရှိသောနေရာမှ

ကြယ်များကို ရေတွက်ကြည့် ပါက ကြယ်ပေါင်း ရှစ်သောင်းခန့် ရှိသည်ဟု

သိပ္ပံပညာရှင်များက ဆိုပါသည်။ ထိုမျှ နက်နဲကြယ်ပြန့်သော စကြာဝဠာကြီးကို

လူတို့၏ ဉာဏ်ပညာ နှင့် အသိပညာက အားလုံးကိုရှာဖွေစစ်ထုတ်၍ သိနိုင်ပါမည်လား။

လူသည် စကြာဝဠာတစ်ခုလုံး၏ အပုံတစ်ရာပုံ တစ်ပုံထက်နည်းသော

အသိဉာဏ်ကိုသာ ပိုင်ဆိုင်ကြ သည်ဟု အိုင်စတိုင်းက ဆိုပါသည်။ ထိုသို့ ဆိုက

နေပါသည်။

ကျန် ၉၉% ကျော်သည် ဘုရား၏ ဉာဏ်တော် ဘုရား၏ တန်ခိုးတော်ကို ဖေါ်ပြ

ထို့ကြောင့် ရခဲလှသော လူ့ဘ၀ခဏတာမှ တမလွန်ထာဝရ ကမ္ဘာသို့

မကူးမြောက်မီ သင်၏ ရွေးချယ် ကိုးကွယ်ရာက စကြာဝဠာ၏ အပုံတစ်ရာပုံ

တစ်ပုံထက်နည်းသော အသိဉာဏ်ကိုသာ ပိုင်ဆိုင်သည့် လူထဲကလူ ဖြစ်ပါသလား၊

သို့တည်းမဟုတ် စကြာဝဠာကြီးတစ်ခုလုံးရဲ့ အထက်မှာ ရှိသော ထာဝရ ဘုရားကို –

ကိုးကွယ်နေသည်လား ဆိုသည်ကို မှန်ကန်စွာရွေးချယ် တတ်ဖို့ အရေး ကြီး ပါသည်။

သမ္မာကျမ်းစာက “မိုယ်ကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအရေ

တော်ကိုကြားပြော၍၊ မိုယ်မျက်နှာကျက်သည် လက်တော်နှင့် လုပ်သော အရာ

များကိုပြသ၏။” (ဆာ၊ ၁၉၁-၄)။ ကြယ်တာရာများကို ကြည့်ခြင်း၊ စကြာဝဠာ

တခုလုံး၏ ကြီးမားမှုကို သိရှိခြင်း၊ သဘာဝတရား၏ အံဩမှုကို လေ့လာခြင်း

နေဝင်ခြင်း၏ပမှုမြင်ကွင်းကို မြင်တွေ့ခြင်းစသော အချက်တို့သည် ဖန်ဆင်းရှင်

ရှိကြောင်းကို ညွှန်ပြသည်။ ထိုသဘာဝတရားတို့ကို ဆင်ခြင်ရင်း သဘာဝနဲ့

အထက်မှာရှိသော ဖန်ဆင်းရှင်ဘုရားကို မြင်တွေ့သွားကြသည့် သူများလည်း

မြောက်များစွာ ရှိပါသည်။

ဤသက်သေပြချက်ဖြင့် လုံလောက်မှုမရှိလျှင် ကျွန်ုပ်တို့၏ နှလုံးသား ထဲ၌

ဘုရားသခင်ရှိကြောင်းကို သက်သေပြနိုင်ပါသည်။ ကျမ်းစာက (ဒေသနာ၊ ၃၁၁)

“လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်း စေတော်မူပြီ” ဟု မိန့်ဆို ထားပါသည်။

ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ဤဘဝလွန်သွားလျှင် နောင်ဘဝ ရှိသည်ကိုင်း၊

ဤလောကလွန်သွားလျှင်လောကသစ်ရှိသေးသည်ကို၎င်း၊ အသိ အမှတ်ပြုနိုင်သည်။

ဤသိရှိခြင်းပညာကို ကျွန်ုပ်တို့ ငြင်းဆိုနိုင်ပါသည်။ သို့သော် ထိုသို့

သောသူကို သမ္မာကျမ်းစာက “ဘုရားသခင် မရှိဟု မိုက်မဲသောသူတို့သည်

တင်တတ်ကြ၏” (ဆာ၊ ၁၄၁)၊ ဟု ဆိုထားပါသည်။ ၉၀% သော ပုဂ္ဂိုလ်တို့

သည် သူတို့၏အတွင်း မနောသိစိတ်မှဖြစ်စေ၊ သမိုင်း၌ဖြစ်စေ၊ ယဉ်ကျေးမူ၌ ဖြစ်စေ၊

လူမှုရေး၌ ဖြစ်စေ၊ နယ်မြေဒေသ၌ဖြစ်စေ ဘုရားသခင်ရှိကြောင်းကို ယုံကြည်

တတ်ကြသည်။

ဖန်ဆင်းရှင်ဘုရားတည် ရှိခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ ဆွေးနွေးမှုထဲမှ

ဆွေးနွေး ဖေါ်ပြချက် လေးချက် ရှိပါသည်။ –

ပထမအနေနှင့် ဘုရားသခင်တည်ရှိခြင်း သက်သေထူရန် ဘုရား

သခင်နှင့် ပတ်သက်သော ယူဆချက်ကို အသုံးပြုသည်။ ၄င်းအချက်က“ ဘုရား

သခင်ထက် ကြီးမြတ်သောသူမရှိ” ဟူသော အဓိပ္ပါယ် ဖွင့်ဆိုချက်ဖြင့် အစ ပြုထား

ပါသည်။ တည်ရှိခြင်းသည် မတည်ရှိခြင်းထက်သာ၍ ကြီးမားသည် မဟုတ် ပါလား။

ထို့ကြောင့် အကြီးဆုံးသော ဖန်ဆင်းရှင် ရှိရမည်ဟု ယုံကြည်ခြင်း ဖြစ်သည်။

ဘုရားသခင်သည် မရှိခဲ့လျှင် ဘုရားသခင်သည် အကြီးမားဆုံးသောသူ မဖြစ် နိုင်ပေ။

ဘုရားသခင်၏ ဖြစ်ခြင်းအနက် ဖွင့်ဆိုချက်နှင့် ဆန့်ကျင်ဘက် ဖြစ်သွား ပါလိမ့်မည်။

ဒုတိယအချက်သည် ဖန်ဆင်းပြုပြင်သူရှိသည်ဟု ထောက်ပြခြင်း

ဖြစ်ပါသည်။ ၄င်းက စကြာဝဠာ တစ်ခုလုံးသည် အံ့ဩဖွယ်သော အနေအထားဖြင့်

လှပစွာတည်ရှိသောကြောင့် ပုံစံရေးသူရှိရမည်ဟု ယုံကြည် ကြသည်။ ဥပမာအား

ဖြင့်၊ ကမ္ဘာသည် နေမှမိုင်ပေါင်းလေးရာ (သို့) ထိုထက်ဝေးလံလျှင် ယခု မျက်မှောက်

ကာလတွင် ၄င်း၏ လုပ်ဆောင်ချက်အတိုင်း အသက်ရှိသော သူများ ရှင်သန်နိုင်ရန်

ထောက်ပံ့နိုင်မည် မဟုတ်ပေ။ ကျွန်ုပ်တို့နေထိုင်သော ပတ်ဝန်းကျင်တွင် ပြောင်းလဲမှု

ရာခိုင်နှုန်း အနည်းငယ် ပေါ်ပေါက်လာပါက လောက၌ရှိသော သက်ရှိသတ္တဝါ

အားလုံးတို့သည် သေကုန်ကြ ပါလိမ့်မည်။ ပရိုတင်း မော်လီကျူးတစ်ခု ထုတ်လုပ်

နိုင်ရန် တကြိမ်လျှင် ၁၀၂၄၃ လိုအပ်သည်။ ဆဲလ်တခုသည် သန်းနှင့်ချီသော

ပရိုတင်မော်လီကျူး တို့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ ထိုမျှ အနုစိတ် တိကျ

လှသော စနစ်တို့ဖြင့် စကြာဝဠာကြီးနှင့် သက်ရှိများ တည်နေခြင်းကြောင့် ပုံစံ

ရေးဆွဲသူခေါ် ဖန်ဆင်းရှင်ရှိကြောင်း သိနိုင်ပါသည်။

တတိယအချက်အနေဖြင့် ဤစကြာဝဠာတခုလုံးနှင့် ၄င်း၏အထဲ၌ ရှိသော

အရာအားလုံးတို့ သည် အကြောင်းတရားတခုကြောင့် ဖြစ်လာရသည်။ အရာ

ခပ်သိမ်းဖြစ်လာရန် ဖန်တီးပေးသောသူ တစ်ယောက်ရှိရ ပါမည်။ နောက်ဆုံး

အနေဖြင့်၊ အရာခပ်သိမ်း ဖြစ်လာရန်အတွက် “ဖန်ဆင်းခြင်း”မခံသောသူ တစ်ဦး

ရှိရမည်။ ထို “ ဖန်ဆင်းခြင်း” မခံရသောသူသည် ဘုရားသခင်ပင် ဖြစ်လေသည်

ဟု ဖေါ်ပြထားပါသည်။

စတုတ္ထ မြောက် ဆွေးနွေးမှုမှ ပေါ်ထွက်လာသောအဖြေမှာ အကျင့်

စာရိတ္တပိုင်းဆိုင်ရာ သက်သေ ပြသခြင်း ဖြစ်ပါသည်။ သမိုင်းတစ်လျှောက်ကို

ပြန်ကြည့်လျှင် ယဉ်ကျေးမူအားလုံးက ဥပဒေပုံစံရှိ ကြသည်။ လူတိုင်းက အမှား

အမှန် ဟူသော ခံယူချက်ရှိကြပါသည်။ သတ်ခြင်း၊ လိမ်ညာခြင်း၊ ခိုးခြင်းနှင့် အကျင့်

စာရိတ္တ ပျက်ပြားခြင်းတို့ ကို လူတိုင်းက မနှစ်သက်ကြပေ။ အမှားနှင့်အမှန်

သိရှိနိုင်သော ပညာသည် သန့်ရှင်းသောဘုရားသခင်ထံမှ လွဲ ၍ မည်သည့် အရပ်မှ

လာသနည်း ဟူ၍ ဖြစ်ပါသည်။

စဉ်းစားဆင်ခြင်ကြည့်လို့ ရမှ လက်ခံမည်

တစ်ခါက သိပ္ပံပညာရှင်တစ်ဦးနှင့် တရားဟောဆရာတစ်ဦးတို့ ထိုင်၍

စကားလက်ဆုံ ပြောနေကြ ပါသည်။ သိပ္ပံပညာရှင်က ဘုရားရှိခြင်းကို မယုံနိုင်ပါ။

လူတို့၏ ဆင်ခြင်တုံတရားအားဖြင့် စဉ်းစား၍ မရနိုင်၊ စဉ်းစားဉာဏ်အားဖြင့်

လက်လှမ်း၍ မမှီနိုင်သော အရာမှန်သမျှကို မယုံနိုင်ဟု ဆို၏။

ထိုအခါ တရားဟောဆရာက ၄င်းတို့ ရှေ့ မြက်ခင်းပြင်တွင် မြက်စား

နေကြသော ငန်းနှင့် နွားများကို ညွှန်ပြပြီး မြက်စားတာခြင်း အတူတူ စန်းက

ပြီး နွားကျတော့ မည်းနေတယ်၊ ငန်းက ဥပြီး နားကျ တော့ နို့ထွက်တယ်.. အဲဒါကို

စဉ်းစားဆင်ခြင်လို့ ရနိုင်ပါသလား၊ မရပေမည့် လက်တွေ့က ဖြစ်နေ သည် မဟုတ်

ပါလားဟု ဆိုရာ သိပ္ပံပညာရှင်လည်း ဘာမှ ပြန်မပြော တတ်ပါ။

ဆက်ပြီး တရားဟောဆရာက သိပ္ပံပညာရှင်ကြီးအား ခင်ဗျားတို့

ပညာရှင်တွေ မြက်ကနေ နွားနို့ ဖြစ်အောင် မလုပ်နိုင်ကြပါဘူး၊ ဟုဆိုလိုက်စဉ်

သပ္ပံပညာရှင်ကြီး မှာ ငိုင်ကျသွားပါတော့သည်။

၂၀. ထာဝရဘုရားဆိုတာ ဘယ်သူပါလဲ ဘာကြောင့် ကိုယ်စားလှယ် သားတော်ကို

လွတ်ရသလဲ။ အဘယ်ကြောင့် လောကတွင်းသို့ မဆင်းသက်သလော။

သုံးပါးတစ်ဆူဘုရား-

အထက်ပါမေးခွန်းနှင့် တဆက်တည်း ယေရှုဘုရားကိုယ်တော်တိုင်က

သင်၏ ဘုရားသခင် ထာဝရဘုရား တစ်ပါးတည်းကိုသာကိုးကွယ်ရန် ပညတ်ထား

ပါလျက် အဘယ့်ကြောင့် ယေရှုကို ကိုးကွယ်ကြသနည်းဟု ယေဟောဝါခေါ်

ကင်းမျှော်စင်အဖွဲ့မှ မေးတတ်ကြပါ သေးသည်။ (မ ၄၁၀)

ထိုအကြောင်းအရာကို ရှင်းပြဖို့ ဦးစွာ တမန်တော် ယောဟန်၏ အဖြစ်

အပျက်ကို ဖေါ်ပြလိုပါသည်။ ကောင်းကင်တမန်က ရှေးဖြစ်ဟန်များကို ဖေါ်ပြပြီး

ဗျာဒိတ်ကျမ်းကို ရှင်ယောဟန်က ပြုစုပြီးသောအခါ ထိုကောင်းကင်တမန်ကို ၄င်းက

ပျပ်ဝပ်ကိုးကွယ်ဖို့ရန်ပြုစဉ် ကောင်းကင်တမန်က ငြင်းပယ်လျက် ဘုရားသခင်ကို

သာကိုးကွယ်ရန် မိန့်ကြားခဲ့ပါသည်။

ယေရှုသည် ထာဝရဘုရားတစ်ပါးတည်းကိုသာ ကိုးကွယ်ရန် စာတန်ကို

ဆိုခဲ့သော်လည်း တမန်တော်များနှင့် လူများတို့၏ ပျပ်ဝပ်ကိုးကွယ်ခြင်းကို ယေရှု

ခံယူခဲ့ပါသည်။ အကြောင်းမှာ ယေရှုသည် ထာဝရဘုရားသခင် ဖြစ်ခြင်းကြောင့်

ပင်ဖြစ်ပါသည်။

သုံးပါးတစ်ဆူဘုရားအကြောင်းကို ဆက်ပြီး ရှင်းပြလိုပါသည်။ လူ့အမြင်ဖြင့်

ကြည့်လျှင် ပုဂ္ဂိုလ်တစ်ဦး တည်းက သုံးယောက် ထင်ရှားသည်ဆိုသည်မှာ နားမ

လည်နိုင်ပါ။ အခြား ဘာသာများ တို့တွင်လည်း ဤကဲ့သို့ သွန်သင်မှုမျိုး မရှိပါ။

“သုံးပါးတစ်ဆူလုံးသည် တန်ခိုးတူ၊ အဆင့် အတန်းတူ အခွင့် အာဏာတူကြ

သော်လည်း လုပ်ဆောင်သည့် တာဝန်များ ကတော့ ကွဲပြားကြပါသည်။

ခမည်းတော်ဘုရားသည် ကြံစည်သောသူဖြစ်ပါသည်၊ သားတော်ဘုရား

သည် လက်တွေ့ လုပ်ဆောင် သူနှင့် သရုပ်ဆောင်သူ ဖြစ်ပြီး၊ သန့်ရှင်းသော

ဝိညာဉ်တော်ဘုရားသည် တန်ခိုးအစွမ်းကို ပေးသောသူ ဖြစ်ပါ သည်။ ဖန်ဆင်းခြင်း၊

လူတို့ကို ကယ်တင်ခြင်းမှ စ၍ အရာအားလုံးတို့ကို ပုဂ္ဂိုလ်သုံးပါးလုံး တိုင်ပင်

ဆွေးနွေးကာ အတူတကွဆုံးဖြတ်ချက် ချပြီးမှ အတူတကွ လုပ်ဆောင်လေ့ ရှိပါသည်။

အပြန်အလှန် လေးစားမှုလည်း ရှိပါသည်။

သားတော်ယေရှုဘုရားက စီမံကိန်းအားလုံးကို လက်တွေ့ လုပ်ဆောင်သူ

ဖြစ်သော်လည်း ယေရှု၏ သက်တော်စဉ် ကိုလေ့လာကြည့်ပါက မည်သည့်

အမှုကိုမဆို ခမည်းတော်ဘုရား၏ ခွင့်ပြုချက်မရဘဲ မလုပ်ဆောင်သကဲ့သို့

သန့်ရှင်းသော ‘ဝိညဉ်တော်ဘုရားထံမှ တန်ခိုးကို မခံရမခြင်းလည်း မည်သည့်

အမှုကိုမျှမပြုပါ။ သက်သုံးဆယ်ခန့်တွင် အမှုတော်ကို စတင်ထမ်းဆောင်ရန်

ခမည်းတော်ဘုရား ထံတွင် အခွင့်တောင်းခံခဲ့ပြီး သန့်ရှင်းသောဝိညာဉ်တော်

ဘုရား၏ တန်ခိုးကိုခံယူပြီးမှ အမှုတော်ကို စတင်ထမ်းဆောင် ခဲ့ပါသည်။

ဘုရားသခင်က ငါတို့ နှင့် တညီတသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့ဟု

သုံးပါးတစ်ဆူဘုရားက ဆိုခဲ့သော်လည်း အမှန်တကယ်လက်တွေ့ ကွင်းဆင်း

လုပ်ဆောင်သူမှာ ယေရှုဖြစ်ပါသည်။ (က ၁း၂၆) ထို့ကြောင့် ကျမ်းစာက ယေရှု

သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏၊ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်

လျက် ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ ဟု (ယော ၁၃) ဆိုခဲ့ပြီး ယေရှုဘုရား

သည် လူ့ဇာတိ ကိုခံယူခဲ့ကြောင်း (ယော ၁း ၁၄) ဖေါ်ပြထားပါသည်။ ခမည်း

တော်ဘုရားသည်ဖန်ဆင်းတော်မူ၏ ဟူ၍၄င်း သန့်ရှင်းသောဝိညာဉ်တော်ဘုရား

သည် ဖန်ဆင်းတော်မူ၏ ဟူ၍၄င်း သီးသန့် အမည်နာမဖြင့် ဖေါ်ပြထားခြင်း မရှိပါ။

ဆက်လက်ပြီး ကျမ်းစာက ထိုသားတော်သည် ကောင်းကင်ပေါ်မြေကြီး

ပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်း တန်ခိုး

ဖြစ်စေ၊ အထွဋ် အမြတ်ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသောအရာ တို့ကို

ဖန်ဆင်းတော်မူ၏။ ထို သခင် အားဖြင့် ၄င်း၊ ထိုသခင် အဘို့ အလို့ ငှါ၎င်း၊

ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ (ကော ၁၁၆) ဆိုထား

ပါသည်။ အစိုးရခြင်းတန်ခိုး၊ အထွန်, အမြတ်၊ အာဏာစက်တို့ ဆိုသည်မှာ

ကောင်းကင်တမန်များကို ဆိုခြင်းဖြစ်၍ ကောင်းကင်တမန် များကို လည်း ယေရှုကပဲ

ဖန်ဆင်းထားပါသည်။

အထက်ပါကျမ်းပိုဒ်အရ ယေရှုအဘို့ အလို့ ငှါသာ ဖန်ဆင်းထားခြင်း ဖြစ်လို့

ဖန်ဆင်းခံအရာ အားလုံး ကလည်း ယေရှုကိုပဲ မြင်ခွင့် ရရှိကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ခမည်းတော်ဘုရားကို အဘယ်သူမျှ မမြင်စဘူး ဟု (ယော ၁း၁၈)

ဆိုထားပါသည်။ ခမည်းတော်ကို မြင်တွေ့ခွင့်တောင်းသော ဖိလိပ္အား ယေရှုက

ပြန်ပြောပုံကို စကားပြေဖြင့် ဖေါ်ပြရပါက ငါ့ကိုမြင်လျှင် ခမည်းတော်ကိုမြင်တာနဲ့

အတူတူပဲ၊ ဖန်ဆင်းခံ သတ္တဝါ အားလုံးက ဘုရားနှင့် ပတ်သက်လို့ အမြင့်ဆုံး

မြင်နိုင်တာငါပဲ၊ ဒါကြောင့် ခမည်းတော်ကိုမြင်ဖို့ ငါ့ကို အဘယ့်ကြောင့် အခွင့်

တောင်းရတာလဲဟု ယေရှုပြန်ပြောခဲ့ပါသည်။ (ယော ၁၄၉-၁၀) (၁ တိ ၆း၁၆)

ယေရှုက ငါသည် ခမည်းတော်နှင့် တလုံးတဝတည်း ဖြစ်တော်မူ၏ဟု

မိန့်တော် မူ၏။ (ယော ၁၀၃၀) ထိုတလုံးတဝတည်း ဆိုသည့် စကားသည် မူရင်း

ကျမ်းစကားအရ အရည်အချင်းတူ၊ အခွင့်တန်ခိုးတူ၊ အဆင့်အတန်း တူခြင်းကို

ဖေါ်ပြခြင်းဖြစ်ပါသည်။ လောကတွင် အဖေကသားထက် ကြီးမြတ်သည် မှန်သော်

လည်း သုံးပါးတစ်ဆူ ဘုရားတွင် ထိုသို့ အဓိပ္ပါယ် မရှိပါ။ သမ္မာကျမ်းစာ တော်မြတ်

တွင် ခမည်းတော်ဘုရား၏ အမည်နာမကို အက္ခရာစာလုံး အကြီးနှင့်သုံး သကဲ့သို့

သားတော်ယေရှုဘုရားကိုလည်း အဆင့်အတန်း တူညီမှု အနေဖြင့် အက္ခရာ

စာလုံးအကြီးဖြင့်သာ သုံးထားပါသည်။ လောကနှင့် မတူညီသော သဘောကို လူတို့

ဘိရှိရန် အတွက် ကျမ်းစာတော်မြတ်တွင် ယေရှုကို မိမိ၌ တစ်ပါးတည်းသော

သားတော်ဟု သုံးထားခြင်း ဖြစ်ပါသည်။ တနည်းအားဖြင့် ယေရှုနှင့်တူသော

သားတော်ဆိုသည့် အမည်နာမသည် စကြာဝဌာကြီး တစ်ခုလုံး အတွင်းတွင် လုံးဝ

မရှိဟု ဆိုခြင်း ဖြစ်ပါသည်။ လူသားဂုဏ်နှင့် မစပ်ဆိုင်ပါ။ ထို့ကြောင့် ယေရှုက

ငါသည် ခမည်းတော်နှင့် တစ်လုံးတဝတည်းဟု ဆိုခြင်းဖြစ်ပြီး ခမည်းတော်လက်

အနည်းငယ် နိမ့်သော ဘုရားငယ်လည်း မဟုတ်ပါ။

အရာအားလုံးကို ယေရှုဖန်ဆင်းသကဲ့သို့ အရာအားလုံးကိုလည်း ယေရှု

ထိန်းချုပ် ထားကာ အရာအားလုံးတို့သည်လည်း ယေရှု၏ စီရင်ခြင်း လက်အောက်

တွင်သာ ရှိကြပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာတော်မြတ်ထဲတွင် သခင်ဟူသော

အမည် နာမသည် ယေရှုဘုရားကိုသာ အဓိက ရည်ညွှန်းထားခြင်း ဖြစ်ပါသည်။

ယေရှုသည် သခင်ဖြစ်က ကျွန်ုပ်တို့အားလုံးတို့သည် အသက်ရှင်ခြင်း နှင့် သေခြင်းကို

အစိုးရသည့် သခင်ယေရှု၏ လက်တော်အောက်မှ ကျွန်များ ဖြစ်ကြ ပါသည်

ထို့ ကြောင့် သခင်ယေရှု၏ အမိန့်တော်ကို အကြွင်းမဲ့ နာခံလျက်၊ နေ့စဉ်

အသက်ရှင်ခွင့်ရခြင်းအတွက် ကျေးဇူးတော် ချီးမွမ်းရပေမည်။

ငါသည် ခမည်းတော်ကိုတောင်း၍ သန့်ရှင်းသောဝိညာဉ်တော်ဘုရားအား

သင်တို့ နှင့် အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့ အား ပေးတော်မူမည်ဟု

ယေရှုက ဆိုခဲ့ပါသည်။ (ယော ၁၄၁၆) ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်

ဘုရားအား ခမည်းတော်ထံမှ အကျွန်ုပ်တို့ အပေါ်သို့ တိုက်ရိုက် စေလွှတ်မည်ဟု

သိရှိရပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် သမ္မာတရားကို သွန်သင်

ပြသဖို့နှင့် ယေရှု ဘုရား၏ ဘုန်းတော်ကိုထင်ရှားစေဖို့ရန် ကြွဆင်းလာခြင်း

ဖြစ်ပါသည်။ (ယော ၁၆း၁၃-၁၄) သန့်ရှင်းသော ဝိညာဉ်တော် ဘုရားသည်

သုံးပါးတစ်ဆူဘုရားတွင် တတိယမြောက် ပုဂ္ဂိုလ်ဖြစ်ပါသည်။

ယေရှုဘု ရားက ငါသည် လောကသို့ ကြွဆင်းလာရခြင်းသည် ငါ့

ခမည်းတော်၏ အလိုကို ပြည့်စုံ စေဖို့ဟု နှိမ့်ချစွာ ဆိုခဲ့သကဲ့သို့ ကျွန်ုပ်တို့ အားလုံး )

တို့သည်လည်း မိမိ ဘုန်းအသရေအတွက်ထက် ဘုရား၏ ဘုန်းထင်ရှား ဖို့ရန်

အတွက်သာ အသက်ရှင်ကြ ရပေမည်။ ထိုသို့ ဘုရားသခင်၏ ဘုန်းထင်ရှား နိုင်ရန်

အတွက် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားနှင့် ပူးပေါင်း၍ ယေရှုဘုရား၏

သက်သေခံကောင်းများ အဖြစ် လောကကြီးတွင် အသက်ရှင်ကြရမည် ဖြစ်ပေသည်။

(တ ၁:၅၊ ၈)

သုံးပါးတစ်ဆူဘုရားအမှန်တကယ် ရှိပါသလား? –

ဖန်ဆင်းရှင် ဆို သည့် ထာဝရဘု ရားတွင် ခမည်းတော်၊ သားတော်

သန့်ရှင်းသော ဝိညာဉ်တော်ဆိုသည့် ပုဂ္ဂိုလ်တော်သုံးပါး ပါဝင်ပြီး ချစ်ခြင်း မေတ္တာဟု

အမည်နာမရှိသော ထာဝရဘုရားတွင် မည်သူက ပိုးပြီး မြင့်မြတ် သည်ဟူ၍မရှိပါ

တစ်လုံးတစ်ဝတည်း ဖြစ်ကြပါသည်။ သုံးပါး တစ်ဆူဘုရား ရှိမရှိနှင့် ပတ်သက်၍

သမိုင်းမှ အဖြစ်အပျက်လေးတစ်ခုကို ဖေါ်ပြပေးလိုပါသည်။

၁၉၂၅ ခု အင်္ဂလန်နိုင်တွင် ဘုရားမဲ့ဝါဒီများစုပေါင်း၍ ညစာစားပွဲ ကျင်း

ပြုလုပ်ကြချိန်တွင် ဖြစ်ပါသည်။ လူပေါင်း ၂၁၇ ဦးပါဝင်ကြပြီး ညစာ မစားမီ

၄င်းတို့၏ ဘုရားမဲ့ဝါဒီ ဥက္ကဌဖြစ်သော မစ္စတာ ဂျော့(ခ်)ဝေးက အဖွင့် မိန့်ခွန်း

ပြောကြားပါသည်။ “ဖန်ဆင်းရှင်ဆိုလား ခမည်းတော်ဘုရား ဆိုလား မရှိပါဘူး

ယေရှုဆိုတာကလည်း သာမန် လက်သမားသား တစ်ဦးပါ။ ပြီးတော့ ခရစ်ယာန်

ပြောပြောနေတဲ့ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားဆိုလား အလင်းတန်း ဆိုလား

အဲဒီဟာလည်း မရှိပါဘူး၊ အခုဆို နှစ်ပေါင်း နှစ်ထောင်လောက် ရှိနေပြီ ဘာအလင်း

တန်းမှလည်း ဘယ်ဘုရား ကျောင်းကိုမှ ကျမလာပါဘူး၊ ရှိတယ်ဆိုရင် အခုတောင်

စိန်ခေါ်လိုက်ချင် သေးတယ်၊ အလင်းတန်းကြီး ကျလာ ပါဆိုပြီးတော့… အဲ ဒါပေမဲ့

စိန်ခေါ် လို့ သာ ခေါ်လိုက်ရတယ်… တကယ်တာ အလင်းတန်းကြီး လာရင်

သူ့ကိုမကြောက်ပေမဲ့ တမန်တော်ဆိုတဲ့ ပေါလု ဆိုလား ရှောလုဆိုလား သူ့အပေါ်ကို

အလင်းတန်း ကျလာတဲ့ အခါ ရူးသွပ်သွပ် ပေါချောင်ချောင် ယောင်ချာချာဖြစ်ပြီး

ချာလပတ်လည်နေမှာကိုတော့ ကြောက် သား” ဟူသော လှောင်ပြောင် ကဲ့ရဲသံဖြင့်

ဆိုလိုက်ရာ ပရိတ်သတ်များ ကလည်း ဝါးကနဲ ဝိုင်းပြီး ရယ်မော ကြပါသည်။ သို့သော်

သူတို့၏ ရယ်မော မှုက တစ်ဝက်ပင် မရောက် လိုက်ပဲ ရပ်သွားကြ ပါသည်။

သူတို့အထဲမှ ဆရာဝန်ကြီးများကလည်း မိန့်ခွန်း ပြောကြားနေသော ဥက္ကဌကြီးထံသို့

အပြေးသွားကြည့် ခဲ့ကြပြီး တိတ်ဆိတ် စွာဖြင့် ညစာကို မစားဖြစ်ကြ ပဲ

အလျှိုလျှို ပြန်သွားကြပါသည်။ အကြောင်းမှာ ကျန်းမာရေးကောင်းသော ၄င်းတို့၏

ဘုရားမဲ့ဝါဒီ ဥက္ကဌကြီး မိန့်ခွန်းပြောရင်း ရုတ်တရက် လဲကျသေဆုံးသွားသောကြောင့်

ဖြစ်ပါသည်။ ထိုဖြစ်ရပ်ကို ၁၉၂၅ မေလ ၅ရက်နေ့ထုတ် လန်ဒန်ဒေးလီးအပ်စပရက်

သတင်းစာတွင်မှတ်တမ်း တင်ဖေါ်ပြထား ပါသည်။ ယေရှုက“ ပြစ်မှား

အပြစ်အမျိုးမျိုး ၊ ဘုရားကို ကဲ့ရဲသော အပြစ် အမျိုးမျိုး ရှိသမျှနှင့် လွတ်စေခြင်း

အခွင့်ကို လူသားတို့ သည် ရနိုင်ကြ၏။ သန့်ရှင်း သော ဝိညာဉ်တော်ကို

ကဲ့ရဲသောသူသည် အပြစ် လွတ်စေခြင်း အခွင့်ကို အဘယ် ကာလ၌မျှ မရနိုင်ကြ

ထာဝရ အပြစ်ဒဏ်ကို ခံရသောသူ ဖြစ်ပေ၏” ဟု မိန့်တော်မူ၏။ (မာ ၃း၂၈-၂၉)

 

၂၀. ထာဝရဘုရား၏ ရုပ်ပုံလွှာတွင် ဆံပင်မွေးညင်းသည် ဖြူဖွေးသော နှင်းပွင့်

နှင့်တူ၏။ မျက်လုံး (၇) လုံး ပါရှိ၏။ ဦးချို (၇) ချောင်းရှိ၏။ ပါးစပ်တွင် အသွား

နှစ်ဖက်ပါသော ဓားရှည်တစ်ချောင်းပါပြီး ခြေထောက် တော် နှင့် လက်တော်

တို့တွင် မီးရဲရဲဖုတ်ထားသော ကြေးဝါရောင် ရှိသည်ဟု (ကျမ်းစာတို့တွင် အထိ

အကျ ဖော်ပြထားပါလျက်) အဘယ့်ကြောင့် တရား ဟောရာတွင် ထည့်တောဝဲ

ဝိညာဉ်တော် ဟူ၍ ဖုံးကွယ်ထား သည်ကို ရှင်းပြပါ။ ဤသို့ သော ဖျော်ဖွဲ့စည်းပုံ

သို့ဖြင့် ကြည်ညိုဖွယ်ယူ၍ ဘယ်လို ဆက်စပ်၊ ကြည်နူးစွာ ကြည်ညိုဝါသနည်း။

အသင်းတော်သမိုင်းနှင့် ခေတ်ကာလ၏သမိုင်းသက်သေများ-

အထက်ပါကျမ်းသည် အနက်အဓိပ္ပါယ်ဖွင့်ဆိုရသော ဗျာဒိတ်ကျမ်း ဖြစ်ပြီး

ဗျာဒိတ် အနက်ဖွင့် ကျမ်းစာအုပ်တွင် လေ့လာနိုင်ပါသည်။ မေးခွန်း၏ ရေးသား

ဖေါ်ပြချက်မှာလည်း အနည်းငယ်လွဲမှား နေသည့် အတွက် ဖြစ်ရမည့် မေးခွန်း

အမှန်ကို ဖေါ်ပြပေးလိုပါသည်။

ဗျာဒိတ်ကျမ်း ၁း၁၂-၁၆ ၊ ထိုသို့ ငါနှင့်စကားပြော၍ အသံမြည်သော

သူကိုမြင်ခြင်းငှါ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက် ခုနှစ် လုံးကို၎င်း၊ ထို မီးခွတ်

ခုနှစ်လုံး၏ အလယ်၌ လူသားတော်နှင့်တူသော သူတစ်ဦးကို၎င်း မြင်၏။ ထိုသူသည်

ခြေသို့တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေခါးပန်းကိုစည်းလျက် ဖြစ်၏။

ခေါင်းတော်နှင့် ဆံပင်တော်သည် ဖြူသောသိုးမွေးကဲ့သို့ ၄င်း၊ မိုးပွင့် ကဲ့သို့ ၄

င်း၏။

မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်၏။ ခြေတော် သည်လည်း မီး၌

ချွတ်ပြီးသော ကြေးဝါစနှင့်တူ၏။ အသံတော် သည်လည်း သမုဒရာသံ ကဲ့သို့ဖြစ်၏။

လက်ျာ လက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင်၏။ ခံတွင်း တော်ထဲကလည်း

ထက်သော သန်လျက်ထွက်၏။ မျက်နှာတော် သည် အရှိန်တန်ခိုးနှင့် ထွန်းထောက်

နေကဲ့သို့ဖြစ်၏။

အထက်ပါ ကျမ်းကို တစ်ဆက်တည်း အနက်အဓိပ္ပါယ် ဖွင့်ထားသည့်

အခန်းငယ် ၂၀ ကိုဖေါ်ပြ ရပါက…ငါ့လက်ျာလက်၌ ထင်ရှားသော ကြယ်ခုနှစ်လုံး

နှင့် ရွှေမီးခွက် ခုနှစ်လုံး၏ နက်နဲခြင်း အရာဟူမူကား မီးခွက်ခုနှစ်လုံးသည်

အသင်းတော် ခုနှစ်ပါးဖြစ်၏။ ကြယ်ခုနှစ်လုံးသည်လည်း ထိုခုနှစ်ပါးသော

အသင်းတော် တို့ကို အုပ်သော တမန်တော်ဖြစ်၏။

သမ္မာကျမ်းစာတော်မြတ်သည် လူနှင့် ကမ္ဘာ့သမိုင်း၏ ဖြစ်ပြီး ဖြစ်ဆဲနှင့်

ဖြစ်လတံ့သော အကြောင်း အရာတို့ကို အစမှ အဆုံးတိုင်အောင် ကြိုတင်

ဖေါ်ပြထားသည့် တစ်ခုတည်းရှိသော စာအုပ်ဖြစ်ပါသည်။ သမိုင်းက ဖြစ်ပြီးခဲ့သော

အရာ များကို မှတ်တမ်းတင်ခြင်းဖြစ်ပြီး သမ္မာကျမ်း စ စာက ဖြစ်လာမည့်အရာ များကို

ကြိုတင်၍ ဖေါ်ပြထားသော စာအုပ်ဖြစ် ပါသည်။ သမ္မာကျမ်းပါ ဖေါ်ပြချက်များ

မှန်ကန်ကြောင်းကို သမိုင်းနှင့် ရှေးဟောင်း သုတေသီများက ဖေါ်ထုတ်လျက်ရှိပြီး

ခေတ်ကာလ ကြာလာလေ၊ သမိုင်းနှင့် သုတေသီများ၏ ရှာဖွေတွေ့ရှိချက်များအရ

သမ္မာကျမ်းစာတော်မြတ်က မှန်လာလေပင် ဖြစ်ပါသည်။ အထက်ပါ မေးခွန်း တွင်

ဖေါ်ပြထားသော အသင်းတော် ခုနှစ်ပါး၏ အကြောင်းကို ဗျာဒိတ်ကျမ်း၏

အခန်းကြီး နှစ်နှင့် သုံးတို့တွင် ရှင်းလင်းထားပြီး ထိုပရောဖက်ပြုချက်များ အတိုင်း

သမိုင်းတွင် ပြည့်စုံလာသည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်ပါသည်။

အကြောင်းအရာတစ်ခုကိုရေးသား ထားသော မှတ်တမ်းစာပေများ တို့တွင်

နိဒါန်း၊ စာကိုယ်၊ နိဂုံး ဆိုပြီး ရှိသကဲ့သို့ အစမှ အဆုံးတိုင်အောင် ဖတ်ရှု လေ့လာပါမှ

အဓိပ္ပါယ်ပြည့်စုံပါသည်။ ထိုနည်း၎င်းပင် အထက်ပါ မေးခွန်းက ဗျာဒိတ်ကျမ်း၏

အခန်းကြီးတစ်တွင်ပါရှိသော အနက်ဖွင့်ရသည့် ကျမ်းတစ်ပုဒ်ကို ထုတ်နှုတ်ပြီး

မိမိလိုရာကိုဆွဲ၍ အဓိပ္ပါယ်ဖွင့်ဆိုခြင်း ပြုထားပါသည်။ ဆက်လက် ပြီး သမ္မာကျမ်းပါ

ပရောဖက်ပြုချက်များ ခြောက်ထောင်ကျော် ရှိသည့် အနက် လေးထောင်

ခန့်ပြည့်စုံလာခဲ့ပြီး အသင်းတော်နှင့် ပတ်သက်၍ ပြည့်စုံလာမှု ကိုလေ့လာ နိုင်ရန်

မီးခွက်ခုနှစ်လုံး၏ အဓိပ္ပါယ်ဖြစ်သော အသင်းတော်ခုနှစ်ပါး ၏ အကြောင်းကို

ဖေါ်ပြပေးလိုပါသည်။ ခရစ်ယာန်သာသနာ့သမိုင်း၏ အနှစ်ချုပ်လည်း ဖြစ်ပါသည်။

ဧဖက်အသင်းတော်

စမုရနအသင်းတော်

ပေရဂံ အသင်းတော်

တမန်တော်များခေတ်အသင်းတော် (AD ၃၀-၁၀၀)

နှိပ်စက်ခြင်းခံရသောအသင်းတော် (၁၀၀-၃၁၃)

လောကီဆန်သော အသင်းတော် (၃၁၃-၅၀၀)

သွားတိရအသင်းတော် –

မိစ္ဆာဒိဋ္ဌိအသင်းတော် (၅၀၀-၁၅၁၇)

သာဒိအသင်းတော်

ပြုပြင်ပြောင်းလဲသောအသင်းတော် (၅၁၇-၁၇၅၀)

ဖိလဒေလဖိအသင်းတော် – သာသနာပြုသောအသင်းတော် ( ၁၇၅၀-ယခုချိန်)

လောကအသင်းတော်

အယူလွဲမှားသောအသင်းတော် (၁၉ဝဝ-ယခုချိန်)

အထက်ပါ အသင်းတော်သမိုင်းကို ကြည့်ခြင်းအားဖြင့် လူတို့ သိလို

ကြသော အဖြေ တစ်ခု ရှိပါသည်။ အေဒီ ၃ဝဝ ခန့်အထိ ခရစ်ယာန်ဟု အမည်ခံ

ရဖို့ အသက်ပေးကြရပါသည်။ ယေရှုဘုရားကို အသက်ပေး၍ ကိုးကွယ်ရသော

ခေတ်ဖြစ်သည့်အတွက် စစ်မှန်သော ခရစ်ယာန်များသာ ရှိကြပါသည်။ ထို

ခရစ်ယာန်များ၏ အရိပ်ကိုထိမိသူပင် အနာရောဂါငြိမ်းခြင်းတန်ခိုးများ ရှိကြ ပါသည်။

သို့သော် အေဒီ ၃ဝဝ နောက်ပိုင်း ဘာသာကြီးဖြစ်လာသောအခါ ခရစ်ယာန်

ဘာသာသည်လည်း အမည်ခံခရစ်ယာန်များ ဘာသာရေး ခရစ်ယာန်များ ဖြစ်လျက်

အေဒီ ၁၅၀၀ ကျော်အထိ ခရစ်ယာန်တို့ က အနိုင်ကျင့် သတ်ဖြတ်ခဲ့သော

သမိုင်းရှိခဲ့ပါသည်။ သာသနာပလူများက ထိုသမိုင်းကိုထောက်ပြပြီး ဘုရားကို

ကဲ့ရဲတတ်ကြပါသည်။ ဆက်လက်ပြီး အသင်းတော် သမိုင်းကို ဖေါ်ပြလိုပါသည်။

အဆင်းတော်သမိုင်း အနှစ်ချုပ် (ခရစ်ယာန် သမိုင်း)

ဘီစီလေးတွင် ယေရှုဘုရားလူ့ဇာတိခံယူခဲ့ပြီး အေဒီ ၂၆ ခန့်မှစ၍

သုံးနှစ်တာ သာသနာပြုခဲ့ကာ အေဒီ သုံးဆယ်ခန့်၌ ကားတိုင်ထက်တွင်

လူသားအားလုံး၏ အပြစ်အတွက် အသေခံခဲ့ပါသည်။ သုံးရက်မြောက်သောနေ့တွင်

ရှင်ပြန်ထမြောက်ခဲ့ပြီး တပည့်တော်များနှင့် ရက်ပေါင်းလေးဆယ်အတူနေထိုင်ခဲ့ကာ

သံလွင်တောင်မှတဆင့် မိမိကြွမြန်းလာရာကောင်းကင်ဘုံသို့ ငါးရာမက

လူများ၏ရှေ့မှ ပြန်လည်တက်ကြွသွားခဲ့ပါသည်။

ယေရှုဘု ရား ကောင်းကင် ဘုံ သို့ တက်ကြွ သွားပြီး တပည့်တော်

တရာ့နှစ်ဆယ်တို့သည် ယေရှုဘုရား မှာထားတော်မူ ခဲ့သည့်အတိုင်း ယေရုရှလင်မြို့

အထက်ခန်းမတွင် လောကသို့ သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းကြွလာချိန်

အထိ ကြိုးစားလျက် ဆုတောင်း စောင့်နေခဲ့ပါသည်။ ပင်တေကုတ္တေပွဲနေ့တွင်

တပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူခဲ့ကြပြီး ဝိညာဉ်တော်

အရှိန်အဟုန်ဖြင့် ယေရုရှလင်မြို့မှစတင်ကာ ဧဝံဂေလိ သတင်းစကားကို ဟောကြား ၊

သက်သေခံခဲ့ကြပါသည်။ ထိုသတင်းစကားအတွက် တမန်တော်များ အားလုံးနီးပါး

အသက်ပေးခဲ့ကြရပါသည်။ –

တမန်တော် ရှင်ပေတရုနှင့် ရှင်ပေါလုတို့သည် သာသနာပြုရင်း မာတုရများ –

အဖြစ် အေဒီ ၆၅ ခန့်တွင် အသတ်ခံရပြီးချိန်၌ ခရစ်ယာန် အသင်းတော်များတို့သည်

မြေထဲပင်လယ်ဝန်းကျင်တလျောက်တွင်၎င်း အီဂျစ်ပြည်မှ ရောမနှင့် စပိန်အထိ

နှံ့ပြားခဲ့ပါသည်။ ၄င်းအပြင် ရောမအပါယာ၏ အပြင်ပဖြစ်သော အရှေ့ဘက်

နိုင်ငံများ၌လည်း အသင်းတော်များ ရှိကြပြီးဖြစ်ပါသည်။ အိန္ဒိယတောင်ပိုင်း

အသင်းတော်ကို တမန်တော် မမှ တည်ထောင်ခဲ့သည်ဟုဆိုပါသည်။ ထိုအေဒီ

၆၅ ခုနှစ်အတွင်း၌ပင် တကမ္ဘာလုံးဆိုင်ရာ ဧဝံဂေလိ နှံ့ပြားရေး လုပ်ငန်းသည်

ကောင်းစွာစတင် ခဲ့ပြီဆိုသည်ကို တွေ့မြင်ရပါလိမ့်မည်။

ကနဦးအသင်းတော်များသည် ပထမရာစုတွင် နီရိုးဘုရင်(အေဒီ ၆၄)၏

– ရက်စက်စွာ နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခြင်းကို ခံခဲ့ရ ပါသည်။ နီရိုးဘုရင်သည်

ရောမမြို့ကြီးကို ကိုယ်တိုင် မီးရှို့ခဲ့ပြီး သူ့ကိုပြန်လည်တော်လှန်နိုင်ခြင်းငှါ

မစွမ်းနိုင်သော အားနည်းသည့် ခရစ်ယာန်များ၏ လက်ချက်ဟုယိုးစွပ်ကာ

ခရစ်ယာန်များကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပါသည်။ နီရိုးဘုရင်သည် ခရစ်ယာန်များတို့ကို

အရှင်လတ်လတ်မီးရှို့လျက် လူသားမီးရှူးတိုင်များပြုလုပ်ကာ ဘုရင်၏ဥယျာဉ်၌

ပွဲခံခဲ့သည့် စိတ်မငြိမ်သက်သူဟူ၍၄င်း၊ စိတ်မနှံ့ သူဟူ၍ ၄င်း သတ်မှတ်ခံခဲ့ရသော

မင်းတစ်ပါးလည်းဖြစ်ပါသည်။

  • ဒုတိယရာစုတွင် ရောမရှင် ဘုရင် ၏ရုပ်တုကို ခရစ်ယာန်များက

မကိုးကွယ်သည့်အတွက် နှိပ်စက်ညှင်းပန်း အသေသတ်ခြင်း ခံခဲ့ရကာ တတိယ

ရာစုတွင် ကြီးထွားလာသော ခရစ်ယာန်တို့အား နိုင်ငံရေး အရ တစ်နေ့တော်လှန်

ပုန်ကန် လိမ့်မည်ဟူသော အမြင်ဖြင့် နှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့ကြပြန်ပါသည်။

ကနဦး အသင်းတော်၏ ခရစ်ယာန်များတို့သည် ခေါင်းဖြတ်အသတ် ခံရခြင်း၊ မီးနှင့်

ကင်မြိုက်၍ အသတ်ခံရခြင်း၊ ဆံညှပ်များဖြင့် အပိုင်းပိုင်းကိုက်ဖြတ်ခြင်း၊ လွှနှင့်

အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ သားရဲတိရစ္ဆာန်တို့၏ အစာအဖြင့်ဖြစ် နည်းလမ်းမျိုးစုံဖြင့်

ရက်စက်စွာ ကွပ်မျက်ခြင်း ခံခဲ့ရပါသည်။ သို့သော် ခရစ်ယာန်များ လျော့မသွားသည့်

အပြင် တိုးလို့ သာလာခြင်းက ရောမအစိုးရကိုပင် တုန်လှုပ်စေခဲ့ပါသည်။

အေဒီ၃၁၂ တွင် ရောမ၌ ကွန်စတင်တိုင်း ဘုရင်ဖြစ်လာခဲ့ပါသည်။

၄င်းသည် တိုက်ပွဲများဆင်နွဲရင်း အရေးကြီးဆုံးသော နောက်ဆုံးတိုက်ပွဲကြီး

မတိုင်မီတစ်ညတွင် ထူးဆန်းသော အိပ်မက်ရူပါရုံတစ်ခုကို မြင်မက်ခဲ့ပါသည်။

ထိုအိပ်မက်၌ လက်ဝါးကပ်တိုင်ကြီး တစ်ခုကို ရှုမြင်ရပြီးလျှင် ကြားရသောအသံကား၊

ဤအထိမ်းအမှတ်အားဖြင့် သင်သည်အောင်မြင်လိမ့်မည်ဟု ဖြစ်၏။ ထို့ကြောင့်

၄င်း၏ စစ်အသုံးအဆောင်များတို့ ၌ ကားတိုင်းတံဆိပ် ခပ်နှိပ်စေလျက်

တိုက်ပွဲဝင်ခဲ့ရာ ၄င်း၏ အစိုးရိမ်ဆုံးသော နောက်ဆုံးတိုက်ပွဲကို အောင်မြင် ခဲ့ပါသည်။

ထို့နောက် အေဒီ ၃၁၃ တွင် မီလန်အမိန့်တော် ရာဇသံကို ကွန်စတင်တိုင်းမှ

ထုတ်ပြန်လိုက်ပြီး ထိုအမိန့်တော်မှာ လူများတို့ အား မိမိကြိုက်နှစ်သက်ရာဘာသာကို

လွတ်လပ်စွာကိုးကွယ်ခွင့်ရှိကြောင်း ဟူ၍ဖြစ်ပါသည်။

ကွန်စတင်တိုင်းသည် ရောမနိုင်ငံတွင် မထမဦးဆုံးသော ခရစ်ယာန်ဘုရင်

ဖြစ်လာ သကဲ့သို့ ရောမအင်ပါယာတစ်ခုလုံးလည်း ခရစ်ယာန် အင်ပါယာဖြစ်လာ

ခဲ့ပါသည်။ ကွန်စတင်တိုင်းဘုရင်သည် ခရစ်ယာန် မြို့တော်သစ် ဖြစ်သည့်

အီစတမ်ဘူးလ်ဟူ၍ ခေါ်သော ကွန်စတင်တီနိုပယ်လ်မြို့သစ်ကြီးကိုလည်း

တည်ဆောက်ခဲ့ပါသည်။ ရောမစစ်တပ်များတွင်လည်း ခရစ်တော်ဟု အဓိပါယ်

ရှိသော စာလုံးကို ဟေလသအက္ခရာဖြင့် အလံများတွင် ရေးသားအသုံးပြု

.ကြပါသည်။ ကွန်စတင်တိုင်းဘုရင်ခရစ်ယာန်ဖြစ်ပြီး မကြာမှီပင် တနင်္ဂနွေနေ့ကို

ဝတ်ပြုရာနေနှင့် အများနှင့်ဆိုင်သောအားလပ်ရက် အဖြစ် သတ်မှတ်ခဲ့ပါသည်။

အေဒီ၅၉၀ တွင် ရိုမန်ကက်သလစ်အသင်းတော်ကို ပုပ်ရဟန်းမင်းကြီး

ဂရယ်ဂိုရီက တည်ထောင် အစပြုခဲ့ပြီး ရောမအင်ပါယာ တန်ခိုးကြီးချိန်ဖြစ်၍

အနောက်ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့ပါသည်။ ကနဦး သုံးရာစုအတွင်း ခရစ်ယာန်များ

တို့သည် ယေရှုကို အသက်ပေး ကိုးကွယ်ခဲ့ကြသလို ခရစ်ယာန်ဟု အမည်ခံဖို့ မိမိ၏

အသက်အိုးအိမ်စည်းစိမ်များအားလုံးကို စွန့်ခဲ့ကြရပါသည်။ သို့သော်သုံးရာစု

နောက်ပိုင်း ခရစ်ယာန် ဘာသာသည် လူအများကိုးကွယ်သော ဘာသာ၊ အာဏာ

ရှိသော ဘာသာနှင့် နိုင်ငံတော်ဘာသာတစ်ခု ဖြစ်လာသောအခါ သာ၍ဘာသာ

ပြောင်းလာသူများ၊ အာဏာရလို၍ ဘာသာပြောင်းလာသူများ တို့နှင့် သမ္မာတရားကို

သိကျွမ်းခြင်းမရှိသော အတုအယောင် ခရစ်ယာန်များ ဖြစ်လာကြပါသည်။

အသင်းတော် သည်လည်း လောကီ ဆန်လာပြီး မိစ္ဆာဒိဋ္ဌိ အယူဝါဒများနှင့်

လွဲမှားသောအယူဝါဒများစွာ တို့ သည်လည်း အသင်းတော်တွင်းသို့ ဝင်ရောက်

လာပါသည်။ ထိုအယူဝါဒများဖြင့် ခရစ်ယာန်အချင်းချင်း ပြဿနာများ ဖြစ်ခဲ့

ကြပါသည်။ သုံးပါးတစ်ဆူဘုရားဆိုင်ရာ သွန်သင်မှု အများနှင့် ယုံကြည်ခြင်း

ဆိုင်ရာ လွဲမှားသောဩဝါဒများ ရှိလာပါသည်။

ထို့နောက် အေဒီ ၆ဝထံ ခန့်တွင် မွတ်ဆလဘာသာပေါ်ပေါက်လာခဲ့ပြီး

နှစ်ပေါင်းသုံးရာကျော်အတွင်း ဥရောပ တိုက်တစ်ခုလုံး နီးနီးကို မွတ်ဆလင်

တပ်များက နယ်ချဲ့ သိမ်းပိုက်ခဲ့ရာတွင် ခရစ်ယာန်နိုင်ငံအတော်များများလည်း

ပါသွားခဲ့ပါသည်။ ထို့ကြောင့် အေဒီ ၁၀၀ ခန့်တွင် ကက်သလစ်ခရစ်ယာန်

ဂိုဏ်းဝင်များ ဖြစ်ကြသည့် ပြင်သစ်နှင့်ဂျာမဏီတို့ ဦးဆောင်ပြီး မွတ်ဆလင်တပ်များကို

တိုက်ထုတ်ခဲ့သော ခရုစိတ်စစ်ပွဲကြီး ဖြစ်ပွါးခဲ့ပြန်ပါသည်။ ခရစ်ယာန်နိုင်ငံများ

တို့ ကိုလည်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါသည်။

ခရုစိတ်ခေါ် ဘာသာရေးစစ်ပွဲကြီးပြီးသည့်နောက် ရောမနှင့် ဂရိတို့

အာဏာပြိုင်မှုနှင့် အငြင်းပွါးမှုများဖြစ်ပေါ်ခဲ့ကြသည်။ ဂရိလူမျိုးများက ကျမ်းစာကို

ဂရိလိုရေးပြီး ဂရိဘာသာစကားဖြင့် စာသင်ကြားခြင်းကြောင့် ၄င်းတို့ သည် မူရင်း

ခရစ်ယာန်များဖြစ်ကြ သည်ဟု ဆို၏။ ရောမတို့ သည် ဂရိဘာသာစကားဖြင့်

ပညာသင်ကြားနေရသော်လည်း အာဏာကြီးစိုးမှုတွင် ရောမတို့က သာသဖြင့်

ဂရိတို့က လက်မခံလိုကြပေ။ ဂရိတို့က ဗာတီကန်သည် ယိုယွင်းပျက်စီး နေသည်

ဟုမြင်ပြီး ပုပ်ရဟန်းမင်းကြီးကိုလည်း အယုံအကြည်မရှိ သောကြောင့် အရှေ့တိုင်း

ဂရိ များက အနောက်တိုင်းရောမမှ ခွဲထွက်ခဲ့ကြပါသည်။

ရိုမန်ကက်သလစ်က ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ စပိန် စသည့်နိုင်ငံတို့ ကို

ရောမလက်အောက်ခံဖြစ်အောင်ကြိုးစားသည်။ ဂရိ တို့ကလည်း ရုရှားတခွင်ကို

ချဲ့ထွင်ကာ ရုရှား အော်သိုဒေါက် အသင်းတော်များကို တည်ထောင်ခဲ့ပါသည်။

ရုရှားမှတဆင့် ဟော်လန်၊ ယူကရေးနီးယား တို့ကိုလွှမ်းမိုးနိုင်ခဲ့သည်။ ယနေ့တိုင်

အနောက်ဥရောပသည် ရိုမန်ကက်သလစ်၏ လွှမ်းမိုးမှု အောက်တွင်ရှိပြီး၊

အရှေ့ဥရောပမှာ ရုရှားအော်သိုဒေါက်၏ လွှမ်းမိုးမှုအောက်တွင် ရှိနေကြပါသည်။

အထက်ပါ အကြောင်းတို့ကြောင့် ရောမနှင့် ဂရိတို့သည် ခရုစိတ်စစ်ပွဲပြီးချိန်တွင်

ဂိုဏ်းကွဲခဲ့ကြရပါသည်။

ထို့နောက် အေဒီ ၁၅၁၇ တွင် မာတင်လူသာ၏ ခရစ်ယာန်ဘာသာ

ပြုပြင်ပြောင်းလဲခြင်း ဖြစ်ပေါ်လာကာ ပရိုတက်စတင့် အသင်းတော်များ ပေါ်ထွက်

လာသည်။ မာတင်လူသာသည် ဂျာမဏီလူမျိုး ကာသိုလိပ်အသင်းတော်မှ

ဘုန်းကြီးတစ်ပါးဖြစ်ပါသည်။ ရောမကာသိုလိပ်အသင်းတော်၏ ဩဝါဒများနှင့်

လုပ်ဆောင်မှုများ မှားယွင်းနေကြောင်းကို ထောက်ပြပြီး လူသာရင် အသင်းတော်ကို

မက်စေခဲ့သူ ဖြစ်ပါသည်။ ၄င်းနောက် ပြင်သစ်လူမျိုး ကယ်လ်ဗင် ကလည်း

ပြုပြင်ပြောင်းလဲသောအသင်းတော် (Reformed Church) ကိုတည်ထောင်ခဲ့ ပါသည်။

ဂျွန် နောက် (John Knox) စကော့တလန်ကလည်း ပရက်ဗီတေးရီးယန်း

အသင်းတော်ကို တည်ထောင်ခဲ့ပါသည်။ အင်္ဂလန် ရှင်ဘုရင်ကလည်း အင်္ဂလီကန်

အင်းတော်ကို စတင်ခဲ့ပါသည်။ ဂျွန်ဝက်စလီကလည်း မက်သဒစ်အသင်းတော်ကို

တည်ထောင်ခဲ့သကဲ့သို့ ဂျွန်စမစ်၏ ဦးဆောင်မှုအောက်တွင် နှစ်ခြင်းအသင်းတော်ကို

အဦးအောင်ခဲ့ကြ၏။ ဤအသင်းတော်များ အားလုံးသည် အေဒီ

၁၅၁၇ မှအေဒီ ၁၆ အတွင်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါသည်။

အေဒီ ၁၈၀၀ ခန့်တွင် ဝိညာဉ်နိုးထမှုများရှိလာကာ သာသနပြုခြင်းများ

တပ်မ ပေါ် ပေါက်လာသည်။ ဝီလျံကယ်ရီသည် အိန္ဒိယသို့ ၄င်း ဆရာကြီး

ဟုအန်သည် မြန်မာပြည်သို့ ၄င်း ဘာသာပြုခဲ့ကြပါသည်။ ထို့နောက် သာသနာပြု

များစွာ ပေါ်ထွက်လာခဲ့ပြီး အာရှ၊ အာဖရိက၊ တောင်အာဖရိက၊ တောင်အမေရိက

အ အအင်းတော်များ ပျံ့နှံ့ ပေါ်ထွက်လာခဲ့ပါသည်။

အေဒီ ၉၀၀ အစပြုချိန်တွင် အမေရိကန် Kansas ပြည်နယ် Topeka

မြို့တွင် အချို့စုကာ ဆုတောင်းခဲ့ရာမှ အထက်ခန်းမ ၌ တပည့်တော်တို့

ခံစားရသကဲ့သို့ ဝိညာဉ်တော် နိုးထမှုဖြစ်ပေါ်လာခဲ့သည်။ ထိုနိုးထမှုဖြင့်

သာသနာပြုခဲ့ကြရာမှစပြီး ဂိုဏ်းဂဏအသီးသီးသို့ ဝိညာဉ်တော်နိုးထမှု ပျံ့နှံ့

လာခဲ့သည်။ အေဒီ ၁၉၃၀ တွင် ဝိညာဉ်တော်နိုးထမှုရှိသော သူများစုပေါင်းပြီး

Assembly of God (AoG) အသင်းတော်ကို ထူထောင်ခဲ့သည်ဟု သိရပါသည်။

ဒုတိယကမ္ဘာစစ်အပြီး ကွဲပြားနေသော ခရစ်ယာန်တို့ အား ပြန်လည်

စည်းရုံးနိုင်ရန် ၁၉၄၈ ခုနှစ်တွင် ကမ္ဘာ့ဧဝံဂေလိ မိသဟာရဟု ခေါ်သည့် အစည်း

အဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ၄င်းနောက် ၁၉၅ဝ တွင် World Council of

Churchs(W.C.C) ကိုဖွဲ့စည်းခဲ့ကာ ၄င်းအဖွဲ့တွင် လစ်ဘရယ်ဝါဒကို လက်ခံသော

အသင်းတော်များ ပါဝင်လာပါသည်။ လစ်ဘရယ်ဝါဒတွင် သုံးပါးတစ်ဆူဘုရား

ဆိုင်ရာ မတူညီသော ဩဝါဒများနှင့် ကယ်တင်ခြင်းဆိုင်ရာ မတူညီသော ဩဝါဒများ

ရှိကြပါသည်။ (သေဆုံးပြီးသူများအတွက် ကောင်းမှုပြု ပေးခြင်းနှင့် ကောင်းရာဘုံသို့

ရောက်ဖို့ဆုတောင်းပေးခြင်း၊ ကောင်းမှုကုသိုလ်ဖြင့် ကယ်တင်ခြင်းရဖို့သွန်သင်ခြင်း၊

ဘာသာတရားတိုင်းတွင် ယေရှုဘုရား အသွင်တစ်မျိုးစီဖြင့်ရှိပြီး ဘာသာတရား

တိုင်းတွင် ကယ်တင်ခြင်းတရားရှိသည်ဟု ဆိုခြင်း ယနေ့ ကမ္ဘာ့လူဦးရေ သုံးပုံတစ်ပုံ

ခန့်သည် ခရစ်ယာန်များဖြစ်ကြပြီး ခရစ်ယာန် ၈၀% သည် (WC.C) အဖွဲ့ဝင်များ

ဖြစ်ကြကာ ကျန် ၂၀% သော ခရစ်ယာန်များတို့သည့် World Evangelical

Fellowship (W.E.F) ၏အဖွဲ့ဝင်များဖြစ်ကြပါသည်။ (W.E.F) အဖွဲ့ဝင်များမှာ

သုံးပါးတစ်ဆူဘုရားနှင့် ယေရှုအားဖြင့်သာလူသားတိုင်း ခမည်းတော်ထံသို့

ရောက်နိုင်သည်ဟူသော သမ္မာတရားကို လက်ခံယုံကြည်သော ခရစ်ယာန်ဂိုဏ်းဂဏ

များ အားလုံး ပါဝင်ပါသည်။ အထက်ပါ အဖွဲ့ အစည်း နှစ်ခုအား လစ်ဘရယ်

ခရစ်ယာန်နှင့် ဧဝံဂေလိခရစ်ယာန် ဟူ၍လည်း ခေါ်ကြပါသည်။

အထက်ပါ ခရစ်ယာန်သမိုင်းအကျဉ်းချုပ်သည် ဗျာဒိတ်ကျမ်းပါ

တမန်တော်ရှင်ယောဟန် ရေးသားဖေါ်ပြခဲ့သည့် အသင်းတော်ခုနှစ်ပါးနှင့် ဆက်စပ်

ပတ်သက်ပြည့်စုံလာကြောင်း တွေ့ရှိရပါသည်။

ဤမေးခွန်းနှင့် ဆက်နွယ်၍ သမ္မာကျမ်းပါဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတံ့သော

အကြောင်းအရာ အနှစ်ချုပ်ကို ဆက်လက်ဖေါ်ပြပေးလိုပါသည်။ မှတ်သားရ

လွယ်ကူရန် သမ္မာကျမ်းပါ နှစ်ငါးရာ ဝန်းကျင်တိုင်း ထူးခြားသောဖြစ်ရပ်နှင့်

ထူးခြားသော ပုဂ္ဂိုလ်တို့၏ ဖြစ်ပျက်ပေါ်ထွန်း ခဲ့မှုကို ဖေါ်ပြပေးလိုပါသည်။

သမ္မာကျမ်းတွင် လူကို ဘယ်နှစ်ခုနှစ်မှာ ဖန်ဆင်းသည်ဟု မပါရှိ သော်

လည်း အပြစ်တရား လောကသို့ ဝင်ရောက်လာပြီးချိန်မှစ၍ လူတို့၏ အကြောင်း

ကို နှစ်အပိုင်း အခြားအလိုက် ဖေါ်ပြထားသည့် အတွက် တွက်ချက်၍ ဖေါ်ပြနိုင်

ခြင်းဖြစ်ပါသည်။

လူသားအားလုံး၏ ဖခင် အာဒံကိုဖန်ဆင်းပြီး အာဒံအပြစ်ကို ကျူးလွန်ခဲ့သောအချိန်မှာ-

ဘီစီ ၄၀၀၀ ခန့်က ဖြစ်ပါသည်။

ဘီစီ ၃၅၀၀ တွင် ဘုရားနှင့် အတူ သွားလာတတ်သောဧနောက်ပေါ်ထွန်းခဲ့

ဘီစီ၃၀၀၀ တွင် နောဧပေါ်ထွန်းခဲ့

ဘီစီ၂၅၀၀ တွင် ကမ္ဘာကြီးကို ရေလွှမ်းမိုးခဲ့

ဘီစီ ၂၀၀၀ တွင် အာဗြဟံပေါ်ထွန်းခဲ့

ဘီစီ၁၅၀၀တွင် မောရှေပေါ်ထွန်းခဲ့

ဘီစီ ၁၀၀၀ တွင် ဂျူးတို့၏ ဒုတိယဘုရင် ဒါဝိဒ်ပေါ်ထွန်းခဲ့

ဘီစီ ၅၀၀ ဘုရားစကားနားမထောင်သောဂျူးတို့ ၏တိုင်းပြည် ပျောက်ခဲ့

(ဗုဒ္ဓပေါ်ထွန်း)

အေဒီနှင့် ဘီစီ ကူးပြောင်းချိန်တွင် ယေရှုပေါ်ထွန်းခဲ့

အေဒီ ၅၀၀ ခန့် တွင် ခရစ်ယာန် ဂိုဏ်းငယ်မှ ဘာသာကြီးဖြစ်လာခဲ့

(မိုဟာမက်ပေါ်ထွန်း)

အေဒီ ၁၀၀၀ ခန့်တွင် မွတ်ဆလင်နှင့် ခရစ်ယာန် ဘာသာရေးစစ်ဖြစ်ခဲ့

အေဒီ ၁၅၀၀ ခန့်တွင် ခရစ်ယာန်ဘာသာကို- ပပြင်ခဲ့သော မာတင်လုသာပေါ်ထွန်းခဲ့

အေဒီ ၂၀၀၀ ခန့်တွင် ချီဆောင်ခြင်း၊ ဘေးဒဏ်ကြီးကာလနှင့် အာမဂုန် ကမ္ဘာစစ်

ကြီးတို့ ဖြစ်လာမည် ဖြစ်ပြီး ယေရှုဘုရားလောကသို့ ဒုတိယ အကြိမ်ကြွဆင်းလျက်

လောကကို နှစ် ၁၀၀၀ အုပ်ချုပ်မည် ဖြစ်ပါ သည်။ ထို့နောက် ကမ္ဘာအဆက်ဆက်မှ

လူသား အားလုံးနှင့် မာရ်နတ်အား တရားစီရင်မည်ဖြစ်ပြီး ထာဝရ ငရဲနှင့်

ကောင်းကင်ဘုံသို့ သွားကြရမည် ဖြစ်ပါသည်။ ထိုအချိန်မတိုင်မီ လူများတို့သည်

ပရဒိသုဘုံနှင့် မရဏာနိုင်ငံ တို့တွင် ဘုရား၏ စီရင်ရာ နေ့ကြီးအထိ နေကြရမည်

ဖြစ်ပါသည်။

၁၅၀၀ တွင် သိနတောင်ပေါ်သို့တက်၍ ဘုရားထံမှ ပညတ်တော်

ဆယ်ပါးကို ဆောင်ယူ လာသည့် မောရှေ၏ အကြောင်းအထိ လူတို့ လက်ခံနိုင်

ကြသော်လည်း ကမ္ဘာဦးကာလမှ အာဗြဟံ၊ ထို့နောက် ရေလွှမ်းမိုးခြင်း အကြောင်း

တို့ကို အချို့က လက်မခံ ကြသည့်အတွက် သက်သေများကို ဖေါ်ပြ ပေးလိုပါသည်။

ကမ္ဘာကြီးကို ဖန်ဆင်းခြင်းနှင့် ရေလွှမ်းမိုးခြင်း၏ သက်သေများ-

သိပ္ပံပညာရှင်များက စကြာဝဠာကြီးသည် ထာဝရ တည်နေသော အရာ

မဟုတ်ပဲ ဖြစ်တည်ခဲ့သော အချိန် တစ်ချိန်ရှိသည်ဆိုခြင်းကြောင့် ဖန်ဆင်းသော

အရှင်ရှိကြောင်းကို သက်သေခံနေပါသည်။ လူသားများ ဆင်းသက်လာခြင်းကို

လူတို့က အမျိုးမျိုး ဆိုကြပေမည့် ရာစုအဆက်ဆက်၏ လူဦးရေတိုးနှုန်းကို ပြန်တွက်

ကြည့်သောအခါ ဘီစီ လေးထောင်ခန့်တွင် လူနှစ်ဦးနှင့် အစပြု ဆင်းသက်

လာသည်ဆိုသည့် သမ္မာကျမ်း အရ ကိုက်ညီမှုရှိကြောင်း တွေ့ရပါသည်။ ဒါဝင်၏

ဆင့်ကဲပြောင်းလဲခြင်း အယူအဆအရလူသားသည် လွန်ခဲ့သော နှစ်တစ်သန်းမှ

အစပြုသည်ဟု ခန့်မှန်းတွက်ချက်လျှင်ပင် လူဦးရေတိုးနှုန်းအရ လူသားများ

နေထိုင်ရန် လက်ရှိကမ္ဘာအရွယ်အစားပေါင်း တစ်သန်းခန့်ပင် လိုမည်ဖြစ်ပါသည်။

လူသားနှစ်ဦးကို ဘုရားကဖန်ဆင်းပြီး ဧဒင်ဥယျာဉ်၌ နေရာချထား

ပေးပါသည်။ ထိုဥယျာဉ်မှ မြစ်လေးသွယ် ဖြာထွက် စီးဆင်းကြောင်း ဖေါ်ပြထား

ပါသည်။ တိဂရိမြစ်နှင့် ဥဖရတ်မြစ်သည် လက်ရှိ စီးဆင်းလျက်ရှိနေပြီး

ကျန်မြစ်နှစ်မြစ်မှာ ရေလွှမ်းမိုးပြီးနောက်ပိုင်း ဆာဟာရသဲကန္တာရအောက်တွင်

စီးဆင်းနေကြောင်းကို ၁၉၈၁ လူရှစ်ဦးလိုက်ပါသည့် နာဆာလွန်းပျံယဉ်ပေါ်မှ

မှန်ကန်ကြောင်း သက်သေခံခဲ့ပါသည်။

ရိုက်ကူးသော ဓါတ်ပုံအရ သိရခြင်းကြောင့် ကမ္ဘာဦးကျမ်း၏ အဆိုသည်

သမ္မာကျမ်းပါ ဧဒင်ဥယျာဉ်ကို ဒဏ္ဍာရီဟု လူတို့ယူဆခဲ့ကြသော်လည်း

အထက်ပါ မြစ်လေးစဉ်း အစတည်ရာ အရှေ့အလယ်ပိုင်း၏ ပါးရှန်းပင်လယ်ကွေ့

အနီးတွင် တည်ရှိကြောင်းကို အတိအကျပြောနိုင်ပြီ ဖြစ်ပါသည်။ ယခုအခါ

ထိုနေရာသည်ဆာဟာရ သဲကန္တာရအဖြစ် မြင်တွေ့ရပြီး သစ်ပင်များနှင့် ဒိုင်နိုဆော

ရုပ်ကြွင်းများကို ထိုကန္တာရတွင် တွေ့ရှိရပါသည်။ ရေလွှမ်းမိုးပြီးနောက်ပိုင်း

ဒင်ဥယျာဉ်သည် မြေကြီး အောက်သို့ ရောက်ရှိသွား ကြောင်းကို ပညာရှင်များက

ဖေါ်ပြကြသကဲ့သို့ ကျမ်းစာကလည်း ဖော်ပြထား ပါသည်။ (ယေဇ ၃၁၁၈)

၂၀၀၀ ခန့်တွင် ပေါ်ထွန်းခဲ့သော အာဗြဟံသည် အစ္စလမ်၊ ဂျူးနှင့်

ခရစ်ယာန်တို့၏ ယုံကြည်ခြင်း ဖခင်ကြီးအဖြစ် တင်စားခံရသူ ဖြစ်ကာ

သမ္မာကျမ်းစာတော်မြတ်တွင်လည်း အလွန် အရေး ပါသော ပုဂ္ဂိုလ်တော်မြတ်ကြီး

ဖြစ်ပါသည်။ အာဗြဟံ နေထိုင်ခဲ့သော ဥရမြို့သည် ယနေ့ အီရတ်နိုင်ငံရှိ Basa

မြို့၏ တောင်ဘက် မိုင် ၁၂၀- တွင် တည်ရှိပြီး ထိုမြို့လေးတွင် အာဗြဟံကို

အမှက်တရ ဖြစ်စေရန် မှတ်တိုင် တစ်ခု ပြုလုပ်ထားပြီး ယနေ့တိုင် ထားရှိထိန်းသိမ်း

စားဆဲ ဖြစ်ပါသည်။

၁၉၂၉- ခုနှစ်တွင် ဥရမြို့ကို တူးဖေါ်ကြရာ မြေအောက် အနက်ထဲမှ

နန်းမြေတစ်လွှာကို တွေ့ရှိရပြီး ထိုမြေလွှာထဲတွင် ပင်လယ်ငါး တို့၏ အရိုးစု များကို

တူးဖေါ်တွေ့ရှိခဲ့ပါသည်။ ၄င်းနုန်းမြေအောက်တွင် လည်း လူသားတို့ သက်ရှင်

နေအိုင်ခဲ့သောခေတ်တစ်ခေတ်ရှိခဲ့ကြောင်း မြေအိုးမြေခွက်များနှင့် ရုပ်ကြွင်း

ပစ္စည်းများ အရ သိရပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် ရေမလွှမ်းမိုးမှီအချိန်

ယူအားများခေတ်၊ ရေလွှမ်းမိုးချိန်နှင့် ရေလွှမ်းမိုးပြီးချိန်ခါဟူ၍ ခေတ်သုံးခေတ်

ပင်လယ်ပြင်မှ မိုင်ထောင် ပေါင်းများစွာဝေးသော ထိုမြေလွှာတွင် ငါးများ၏

ရုပ်ကြွင်းများကို တွေ့ရသည်မှာ အံ့သြစရာဖြစ်ပြီး ထိုရုပ်ကြွင်း တို့သည် ဘီစီ

၂၅၀၀ရှိခဲ့ကြောင်းနိုင်ပါသည်။

ခန့်က ဖြစ်ကြောင်းစမ်းသပ် တူးဖေါ်တွေ့ရှိချက်အရ ဘီစီ ၂၅၀၀ ခန့်တွင် ကမ္ဘာကြီး

ကို ရေလွှမ်းခဲဖူးကြောင်း သမ္မာကျမ်းပါအချက်နှင့် ကိုက်ညီ နေသည်ကို

တွေ့ရပါသည်။

၄င်းအပြင် နောဧသဘော်ကို တူရကီရှိ အာရရတ်တောင် (ပေ ၁၆၈၀၀)

အမြင့်တွင် သိုးထိန်း တစ်ဦးက တွေ့ရှိသည်ဟု ဆိုခြင်းကြောင့် ၁၈၃၃ နှင့် ၁၈၉၂

ခုနှစ်များတွင် လေ့လာရေးအဖွဲ့များဖွဲ့၍ သွားရောက် လေ့လာခဲ့ကြပါသည်။ ၁၉၇၀

ဧပြီ ၁၁ ရက်ထုတ် (Choil News) သတင်းစာပါ ဖေါ်ပြချက် အရ ဂြိုလ်တုမှနေပြီး

နောဇသင်္ဘောကို ဓါတ်ပုံရိုက်ပြီးလေ့လာခဲ့ပါသည်။ ထိုဓါတ်ပုံအရ -သမ္မာကျမ်းမှ

ဖေါ်ပြထားသော သင်္ဘောအရွယ်အစားအတိုင်း အတိအကျကို ရရှိခဲ့ပါသည်။

အရှည်၊ အကျယ်၊ အမြင့် (၁၃၇ ×၄၅×၂၂) မီတာ ရှိကြောင်းသိရပါသည်။

၁၉၈၄ ဩဂုတ် ၂၇ ရက်နေ့တွင် အမေရိကန်ရှာဖွေရေးအဖွဲ့က သင်္ဘောကို

သွားရောက်လေ့လာခဲ့ပြီး ၄င်းအဖွဲ့မှ (James Erwin) ဆိုသူက သင်္ဘောသည်

အာရရတ်တောင်၏ အမြင့် ၅၁၆၅ မီတာအမြင့်တွင် ရှိကြောင်း ဖေါ်ပြခဲ့ပါသည်။

ပီကင်းနှင့် ဟောင်ကောင်မှ ရှေးဟောင်း သုတေသနာပညာရှင်းများကလည်း

သွားရောက်လေ့လာခဲ့ပြီး သင်္ဘောအတွင်း ထိပင်ရောက်ရှိလေ့လာခဲ့တာ

သဘော်တွင်းမှ ရုပ်ကြွင်း ပစ္စည်းများကို ယူဆောင်ဓါတ်ခွဲစမ်းသပ်မှုများပြုခဲ့ပါသည်။

သတင်းစာရှင်းလင်းပွဲ၌ (BTV) ရုပ်သံမှတဆင့် သမ္မာကျမ်းစာ၏ ဖေါ်ပြချက်

များသည် အံ့သြဖွယ်ကောင်းလောက်အောင် မှန်ကန်ကြောင်း ဆိုခဲ့ကြပါသည်။

ကမ္ဘာကြီးတစ်ခုလုံးရေအောက်ရောကီခဲ့ဘူးကြောင်းကို များစွာသော

သက်သေများကလည်း အတည် ပြုပေးနေပါသည်။ တောင်အမေရိကတိုက်၏

ဘိုလေးဗီးယားနိုင်ငံရှိ မီတာ ၄၀၀၀ မြင့်သောတောင်ပေါ်တွင် ငါးများ၏

ရုပ်ကြွင်းများနှင့် ၄င်းတောင်ပေါ်တွင် လေးနာရီမျှ ကားမောင်း၍ ဖြတ်သန်းသွား

ရသော ဆာလွင်ပြင် ကျယ်ကြီးတစ်ခုရှိနေပါသည်။ ရော့ကီးတောင်တန်းတွင်

ပင်လယ်ပြင်ထဲ၌သာတွေ့ရတတ်သည့် သန္တာနှင့် အလွန်မာကျောသော ရေ

သတ္တဝါ၏ အခွံများ အရိုးစုများကို တွေ့ရပါသည်။ ချွန်နန်းဒေသ ဂျင်းကျွန်းရှိ

တောင်ပေါ်တွင်လည်း ပင်လယ်သတ္တဝါ မျိုးစုံ၏ အရိုးစုများတွေ့ရခြင်းနှင့်

အခြားသော သက်သေများစွာ တို့ အရ ကမ္ဘာကြီးကို ရေလွှမ်းခဲ့ဖူးကြောင်း သိရှိရပါသည်။

ရှေးဟောင်း တူးဖေါ်တွေ့ရှိချက်များနှင့် အခြားတွေ့ရှိရသော အထောက်

အထား တို့ အရ ဓမ္မဟောင်းကျမ်းသည် မှန်ကန်၍ ယုတို့ရှိ ကြောင်း ဖေါ်ပြနေ

ပါသည်။ ကမ္ဘာကြီးက သက်တမ်းရလာပြီး လူတို့၏ ရှာဖွေတွေ့ရှိချက်များ

တိုးလာလေ သမ္မာကျမ်းသည် မှန်ကန်ကြောင်း သက်သေ ခိုင်လုံလာလျက်

ရှိလာလေပင်ဖြစ်ပါသည်။ ထိုမှန်ကန်မှုတို့အရ သမ္မာကျမ်းကို ဘုရားကိုယ်တော်

တိုင်က ရေးသားထားကြောင်း သက်သေခိုင်လုံလာ လျက်ရှိပါသည်။ ဘုရားရေး

သည့်စာအုပ် မဟုတ်ပါက ဘာသာစကား ပေါင်း

၂၅၀၀ ကျော်ဖြင့် ဘာသာပြန်

ဆိုရလောက်သည်အထိ ပေါက်မြောက် အောင်မြင်နိုင်စရာ အကြောင်း မရှိပါ။

အထူးသတိပြုရန်အချက်အနေဖြင့် ယခု အေဒီ

၂၀၀၀ ကျော်လာပြီဖြစ်

ပါသည်။ ယေရှုဘုရား ကြွဆင်းလာချိန် နီးလာသကဲ့သို့ ဘေးဒဏ်ကြီးကာလ

သည်လည်း နီး၍ လာပြီဖြစ်ပါသည်။ တပည့်တော် များက ယေရှုဘုရားဒုတိယ

အကြိမ်လောကသို့ ကြွဆင်း လာချိန်နီးလျှင် အဘယ်ပုပ္ပနိမိတ်များ ဖြစ်မည်ကို

အမိန့်ရှိတော်မူပါဟု လျောက်ကြလျှင် ယေရှုက လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံ

နှင့် တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်၊ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာ

များပြားခြင်း၊ မြေကြီးလှုပ်ခြင်း တို့ သည် ဖြစ်ကြလိမ့်မည်။ မတရားသောအမှု တို့သည်

များပြားသဖြင့် ချစ်ခြင်းမေတ္တာသည် ခေါင်းပါး လိမ့်မည် ဟု မိန့်တော် မူ၏။ (မသဲ

၂၄း၇)

စစ်ဆိုသည်မှာ လူသားများနှင့် ရင်းနှီးနေသော ဝေါဟာရဖြစ်နေပြီး

ဖြစ်နေဆဲ ဖြစ်လတံ့သော စစ်များ များစွာ ရှိနေပါသည်။ ကမ္ဘာ့လူသား

သုံးပုံတစ်ပုံကျော်သည် ငတ်မွတ်၍နေပြီး ကျန်တစ်ပုံကလည်း ကောင်းစွာ မစားရပါ။

နှစ်စဉ် ကာလနာရောဂါသစ်များ တိုး၍ လာနေပါသည်။ ရာစုတစ်ခုကို

မြေငလျင်လှုပ်မှု သုံးဆ သုံးဆခန့် တိုးလာပြီး ပိုမို ပြင်းထန်၍ လာနေပါသည်။

ကမ္ဘာကြီးသည် ကြပ်တည်း လာသလို ချစ်ခြင်းမေတ္တာ ခေါင်းပါးမှု များဟာလည်း

ကမ္ဘာအဝှမ်း တွင်သာမက မိသားစုအတွင်းမှာပင် ဖြစ်ပေါ်နေပြီ ဖြစ်ပါသည်။

ထိုအမှုအရာများ လျော့ပါးသွားဖို့ မမျှော်၊ ဘာ ဖြစ်လာဖို့ ရှိနေပါပြီ။ အနား

ဒုတိယအကြိမ် ကြွဆင်းလာချိန် နီးပြီဖြစ်ကြောင်းနှင့် မောဘုရား၏ ရောဖတ်

ပြုချက် ပြည့်စုံလာကြောင်းကို ဆင်ခြင်၍ အမ္မာအတိက် အကောင့် ပြင်ဆင်ချက်

စောင့်နေ ကြပါစို့လား။

၂၂. ဓမ္မသစ်ကို မည်သူဟော၍၊ဓမ္မဟောင်းကိုမည်သူ ဟောပြောသနည်း။

၄င်းပုဂ္ဂိုလ် နှစ်ဦး၏ဟောပြောချက် အဘယ့်‌ကြောင့် ဆန့်ကျင် နေပါသည်။

ကျမ်းများ၏ အကြောင်း-

ဓမ္မဟောင်းကျမ်းသည် ဓမ္မသစ်ကျမ်း၏ အုတ်မြစ်ဖြစ်ပြီး ဓမ္မသစ်ကျမ်း

ဓမ္မဟောင်းကျမ်း၏ ပရောဖက်ပြုချက်များ မှန်ကန်သည့် ဘုရား၏

နှုတ်ကပတ်တော် ဖြစ်ကြောင်း သက်‌ သေတော်ပင် ဖြစ်ပါသည်။

ဓမ္မဟောင်းကျမ်းနှင့်ဓမ္မသစ်ကျမ်းတို့သည် ဆန့်ကျင်ဘက်ဖြစ်ကြောင်း

ကို ခရစ်တော်ဘုရား ကိုယ်တော်တိုင် မိန့်ဆိုထားသည်မှာ ပညတ္တိကျမ်း

အနာဂတ္တိကျမ်း များကို ဖျက်ပစ်ခြင်းငှာ ငါလာသည့်ဟု မထင်ကြနှင့် ဖျက်ပယ်

ခြင်းငှာ ငါလာသည် မဟုတ်၊ ပြည့်စုံစေခြင်းငှာ ငါလာသတည်း။ ငါအမှန်ဆိုသည်

ကား ကောင်းကင်နှင့်မြေကြီး မပျက်စီးမှီတိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသော

စာလုံး ဗိန္ဓုတလုံး ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ- ( မ ၅း၁၇-၁၈)။

လူသားတိုင်းနှင့် သက်ဆိုင်သော သမ္မာကျမ်းအကြောင်း-

ဓမ္မဟောင်းကျမ်း ၃၉ ကျမ်းကို စာပေစတင် တီထွင် အသုံးပြုသည့်

အချိန်ဖြစ်သည့် ဘီစီ ၁၅၀၀ ခန့်တွင် စတင်ရေးသားပြီး နောက်ဆုံး ရေးသားချိန်မှာ

ဘီစီ၄၀၀ ဖြစ်ပါသည်။ ဓမ္မသစ်ကျမ်းကို ယေရှုခရစ်တော် ပေါ်ထွန်းပြီးချိန် အေဒီ

၄၀ မှ ၁၀၀ ကြားတွင် ရေးသားခဲ့ပြီး ကျမ်းပေါင်း ၂၇ ကျမ်း ပါဝင်ပါသည်။ ထို ၆၆

ကျမ်းပါ သမ္မာကျမ်းကို လူပေါင်း ၄၀ ခန့်က နှစ်ပေါင်း ၁၆၀၀ ခန့် အချိန်ယူ

ရေးသား ပြုစုခဲ့ကြသည် မှန်သော်လည်း ထိုကျမ်းကို ရေးသားသူမှာ ထာဝရဘုရား

တစ်ပါး တည်းသာလျှင် ဖြစ်ပါသည်။ ထာဝရဘုရားက သူ၏လူ လေးဆယ် ခန့်ကို

အသုံးပြုပြီး ရေးသားထားခြင်း ဖြစ်သည့်အတွက် ဘာသာစကားပေါင်း

၂၅၀၀

ခန့်ဖြင့် ဘာသာပြန်ဆိုမှု အများဆုံးနှင့် ခေတ်အဆက်ဆက် ထုတ်ဝေမှု အများဆုံး ၁

စာအုပ်ဖြစ်ပါသည်။ ဘုရား ရေးသားသော စာအုပ်မဟုတ်ပါက ထိုမျှပေါက်မြောက်

အောင်မြင်နိုင်စရာ အကြောင်း မရှိပါ။

ထိုကျမ်းဟောင်းနှင့် ကျမ်းသစ်သည်လည်း ဆန့်ကျင်မှုမရှိပါ။ – ဓမ္မဟောင်း

ကျမ်းသည် လူတို့၏ နှစ်ပေါင်း လေးထောင်ခန့်အတွင်း အဖြစ်အပျက်ကို မှတ်တမ်း

တင်ထားပြီး ဓမ္မသစ်ကျမ်းကိုမူ ယေရှု ပေါ်ထွန်းပြီး နှစ်တစ်ရာအတွင်း အဖြစ်

အပျက်ကိုသာ မှတ်တမ်း တင်ထားခြင်းဖြစ်သည့် အတွက် နှစ်တစ်ရာနှင့်

နှစ်ထောင်၏ မှတ်တမ်း မတူညီဟု ထင်ရသော်လည်း ဘုရား၏ သဘောတော်

ကတော့ အတူတူ သာလျှင်ဖြစ်ပါသည်။ ထာဝရဘုရား ကိုယ်တော်တိုင် ရေးသား

ထားသော ထိုသမ္မာကျမ်း ကိုမျှ ဖတ်ရှုလေ့လာဘူးခြင်း မရှိသူအား စုံလင်သော

အတွေးအခေါ်ပညာရှင်အဖြစ် သတ်မှတ်ခြင်းကို မခံထိုက်ဟု ပညာရှင်များက

ဆိုကြပါသည်။

သမ္မာကျမ်းပါ လူပုဂ္ဂိုလ်များ၊ နေရပ်ဒေသများ၊ အဖြစ်အပျက်များနှင့်

ယဉ်ကျေးမှုအမွေအနှစ်များ တို့ကို ရှေးဟောင်း သုတေသီများက တိုက်ဆိုင် စစ်ဆေး

ရာတွင် အချက်အလက်များ နှစ်သောင်းငါးထောင် ထက်မက တူးဖေါ် တွေ့ ရှိနိုင်ခဲ့ပြီး

ဖြစ်ပါသည်။ ဓမ္မဟောင်းကျမ်းပါ အဖြစ်အပျက်များ၊ နေရာဒေသ များနှင့် လူပုဂ္ဂိုလ်

များ အမှန်ပင်ရှိခဲ့ကြောင်းကို ဘူမိဗေဒနှင့် မနုဿဗေဒပညာ ရှင်များက တူးဖေါ်

တွေ့ရှိခဲ့ကြ ပေသည်။ ဥပမာတစ်ခုကို ဖေါ်ပြရပါက ကမ္ဘာဦးကျမ်း (ကမ္ဘာဦး ကာလ)

ပါ ဖရတ်မြစ်နှင့်

အီဂရိမြစ် တို့သည် ယူနေ့တိုင် စီးဆင်းလျက်ရှိပြီး နော၏

မြစ်ဖြစ်သော နိမ်ရော တည်ခဲ့သည့် ကာလမြို့ကိုအေဒီ ၁၈၈၆ ခုတွင် တူးဖေါ်

နိုင်ခဲ့ပါသည်။ မီလာတောရိုးဆိုသည့် ယေးလ် တက္ကသိုလ် ပါမောက္ခက ပါလက်စတိုင်း

မြေပေါ်တွင် ရှာဖွေတူးဖေါ်မှုများ ပြုရင်း သမ္မာကျမ်းစာတော်မြတ်ကို ယခင်ထက်

ပိုပြီးရိုသေလေးမြတ်လာသော သုတေသီတွေ တစ်ဦးထက်မကပါဟု ဆိုခဲ့ပါသည်။

၁၉၄၇ တွင် ဆားငံအိုင်ခေါ် ပင်လယ်သေ၏ ကမ်းခြေတစ်နေရာရှိ

ဂူများထဲတွင် ဘီစီ

၂၀၀ ခန့်က ကူးရေးထားသော ဓမ္မဟောင်းကျမ်းကို ပြန်လည်

တွေ့ရှိခဲ့ပါသည်။ ဧသတာဝတ္ထုမှလွဲပြီး ကျန်ကျမ်းများ အားလုံး၏ အစိတ်အပိုင်း

များတို့ကို ပြန်လည် တူးဖေါ်တွေ့ရှိခဲ့ပါသည်။ ယေရှု၏ သက်တော်စဉ်အကြောင်း

ကို အများဆုံး ကြိုတင် ပရောဖက်ပြု ရေးသားထားသည့် ဟေရှာယ အနာဂတ္တိ

ကျမ်း ကိုတော့ အစမှအဆုံးတိုင် တစ်ကျမ်းလုံးကို ရရှိခဲ့ပါသည်။ ထိုကျမ်းသည်

လူတို့၏ ကိုးကွယ်မှုဆိုင်ရာ ရွေးချယ်ရာ၌ အရေးအပါဆုံးသော သက်သေကျမ်း

များလည်း ဖြစ်ပါသည်။ ထိုပရောဖက်ပြုချက်များအတိုင်း ယေရှုတွင်ပြည့်စုံ ခဲ့ပါ

သည်။

နောက်တစ်ချက်အနေဖြင့် အံ့ဩဖွယ်စုစည်းထားမှုကြောင့် ဖြစ်ပါသည်။

နှစ်ပေါင်း ၁၆၀၀ အတွင်း လူပေါင်း လေးဆယ်ခန့်က မတူညီသောတိုက်ကြီး သုံးခု၊

မတူညီသော ဘာသာစကား တို့ဖြင့် ရေးသား ခဲ့ကြသော်လည်း ထို ၆၆ ကျမ်းပါ

သမ္မာကျမ်းသည် အစီအစဉ် မကျမှုများ၊ ရှုပ်ထွေးမှုများ၊ ရှေ့နောက် မညီညွတ်မှုများ

ရှိလိမ့်မည်ဟု ယူဆရလင့်ကစား စာအုပ်အစမှသည်အဆုံးတိုင် အောင် အံ့ဩဖွယ်ရာ

တသမတ်တည်းရှိနေပြီး အကြောင်းအရာပိုင်းတွင်လည်း စည်းဝါးကိုက်၍ ညီညွတ်မှု

ရှိနေပေသည်။

အနာဂတ္တိကျမ်းများ ပြည့်စုံမှု ရှိလာခြင်း၊ ရှေးဟောင်းသုတေသနဆိုင်ရာ

ရှာဖွေတွေ့ရှိချက် များနှင့် သမ္မာကျမ်းစာ၏ အံ့မခန်း စုစည်းထားမှုများအရ သမ္မာ

ကျမ်းစာ၏ မြင့်မြတ်သည့် မူလဇစ်မြစ်နှင့် သမိုင်းကြောင်းဆိုင်ရာ အထောက် အထား

ခိုင်လုံမှုတို့ကို မယုံကြည်၍ မရနိုင်ပေ။ သမ္မာကျမ်းစာကို ဘုရား၏ ရှုဒေါင့်မှ ရေး၍

သမိုင်းကို လူကမြင်တွေ့သည့်အတိုင်း မှတ်တမ်းတင်ခဲ့ ကြပါ သည်။ ကျမ်းစာ၏

ပရောဖက်ပြုချက်များ ပြည့်စုံလာမှုနှင့် မှန်ကန်မှု ရှိကြောင်းကို သမိုင်းမှတ်တမ်းများက

အတည်ပြုပေး နေကြပါသည်။

သမ္မာကျမ်းစာတော်မြတ်ကို ရာစုနှစ်များတလျှောက် အကြိမ်ပေါင်း များစွာ

ဘာသာပြန်တည်းဖြတ် မှုများ ပြုခဲ့သော်လည်း မူရင်းနှင့် အဓိပ္ပါယ် ကွဲလွဲမှု မရှိပါ။

ပထမ အချက် အနေဖြင့် သမ္မာကျမ်းတွင် ရှေးဟောင်းမူလ လက် မူများဖြင့်

ဘီစီသုံးရာစုထက် စော၍ လိပ်မူ ထားသော ကျမ်းစာ လိပ်များ အနက် အားလုံးနီးပါး

ခန့်ကို ယနေ့တိုင် ထိန်းသိမ်းထား နိုင်ခဲ့ပါသည်။ ထိုရှေးဟောင်းကျမ်းစာ လိပ်များ

နှင့် တိုက်ဆိုင်စစ်ဆေးကြည့်ချက်အရ ယနေ့ကျွန်ုပ်တို့ အသုံးပြုနေသော သမ္မာကျမ်း

သည် ကနဦး အသင်းတော်များ အသုံးပြုသော သမ္မာကျမ်းစာနှင့် ထပ်တူ ထပ်မျှဖြစ်

ကြောင်း ကျမ်းဂန် ပညာရှင် တို့က ဝေဖန်စိစစ် သက်သေပြနိုင်ခဲ့ကြ ပေသည်။

ဒုတိယအချက်အနေဖြင့် ကနဦးအသင်းတော်ကို ဦးဆောင်သူများသည်

တစ်ဦးမှ တစ်ဦးထံသို့ ရေးသောစာများနှင့် အသင်းတော် တစ်ပါးမှ တစ်ပါးသို့

ရေးသောစာများ ယနေ့တိုင်ရှိနေပါသည်။ သူတို့ ရေးသားထားသော စာများတွင်

သမ္မာကျမ်းစာတော်မြတ်ကို ကိုးကားထည့်သွင်း ရေးသားထားသော ကျမ်းပိုဒ်

များတို့ကို ပြန်လည်စုစည်းကြည့်ရာ အခန်းငယ်ဆယ်ခန်းသာ ကျန်ရှိနေပြီး

၉၉- ၈၆% ကို ပြန်လည် စီစစ် ပြုစုနိုင်ခဲ့ပါသည်။ ထို့ကြောင့် မူရင်းကျမ်း စာလိပ်

များနှင့် ကနဦးအသင်းတော် ဖခင်ကြီးများတို့၏ စာမူတည်းဟူသော အထောက်

အထား နှစ်ရပ်အရ သမ္မာကျမ်းစာသည် နဂိုမူရင်းကျမ်းစာလိပ်များမှ အလွန်စေ့စပ်

သေချာစွာ စီမံပြုစုထားကြောင်း အခိုင်အမာ သက်သေပြနိုင်ပါသည်။

ယနေ့ကမ္ဘာပေါ်တွင် အတိုက်ခိုက်ခံရဆုံးသောစာအုပ်ဟာ သမ္မာကျမ်း

စာအုပ်ပဲဖြစ်ပါသည်။ ဆယ့်ရှစ်ရာစုကျော် အတွင်းမှာ လူတွေရဲ့ သိပ္ပံနည်းပညာ

အတွေးအခေါ်၊ သက်သေများနဲ့ အကြောင်း ပြချက် တွေဟာ သမ္မာကျမ်းစာ

တော်မြတ်ကို ဤကမ္ဘာ အပြင်ဖက်သို့ ရောက်အောင် တွန်းအားပေးနေသော

အရာများ ဖြစ်ခဲ့ပေမယ့် ဒီနေ့အချိန် ကာလမှာတော့ သမ္မာကျမ်းစာအုပ်ကို ယခင်

ထက်ပိုပြီး အထွတ်အမြတ် ထားနေကြပြီ ဖြစ်ပါသည်။ ထိုစာအုပ်သာ ဘုရားက

ရေးသားခဲ့ခြင်း မဟုတ်ဘဲ လူရေးသော စာအုပ် ဖြစ်ပါက လွန်ခဲ့သော နှစ်ပေါင်း

များစွာကတည်းကပင် ပျက်သုန်းပြီး လူတွေတောင်မေ့နေ လောက်ပြီ ဖြစ်သော

စာအုပ်တစ်အုပ် ဖြစ်ပေမည်။ သမ္မာကျမ်းစာအုပ်ကို ဘုရားသခင်ရဲ့ နှုတ်ကပတ်

တော် ဖြစ်ကြောင်း အခြေခံကျကျ ယုံကြည်လို့ နေ့စဉ်နေ့တိုင်း ဖတ်ရှုလေ့လာ

ပါသည်ဟု ဆာအိုက်ဇက် နယူတန် (ဗြိတိန် သိပ္ပံပညာရှင်) က ဆိုခဲ့ပါသည်။

ရှေးခေတ်အချိန်အခါက ရေးသားထားသော သမ္မာကျမ်းပါ ဖေါ်ပြ

ချက်တို့ သည် ယနေ့ သိပ္ပံနည်းကျအယူအဆနှင့် ကိုက်ညီမှုရှိပါသည်။ အချက်

သုံးချက်နှင့်ဖေါ်ပြရပါက လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀ ခန့်တွင်ကမ္ဘာကြီးက

သည်ဟု လူများ ယူဆနေချိန်၌ ပရောဖက်ဟေရှာယက အမှန်စင်စစ်

ကမ္ဘာကြီးသည် လုံးဝိုင်းကြောင်း ကြေညာခဲ့ လေသည်။ (ဟေရှာ ၄၀ ၂၂)

ဘီစီ ၁၅ဝဝ ခန့်က ရှေးအကျဆုံးကျမ်းဖြစ်သော ယောဘဝတ္တုတွင်

ကမ္ဘာကြီးသည် မည်သည့် အရာကိုမှမှီ၍ ချိတ်ဆွဲထားခြင်း မရှိကြောင်း ဖေါ်ပြ

ထားပါသည်။ (ယောဘ ၂၆၇) ထိုသို့ ကမ္ဘာကြီးသည် အမှီအတွယ် ကင်းမဲ့စွာ

တည်နေကြောင်းကို သိပ္ပံပညာရှင်များက လွန်ခဲ့သောနှစ်ပေါင်း ၁၆၅၀ ခန့်ကမှ

ရှာဖွေတွေ့ရှိ ခဲ့ကြပါသည်။

တတိယအချက်အနေဖြင့် ဒါဝိဒ်မင်းကြီးက နေမင်းသည် မိုးကောင်းကင်

တဖက်စွန်းမှ အခြား တစ်ဖက်စွန်းသို့ တိုင်အောင် မိမိလမ်းကြောင်း ပေါ်၌

ရွေ့လျားနေကြောင်းမြွက်ဆိုခဲ့ပါသည်။ (ဆာ ၁၉၆) ထိုအချိန်အခါ လေယဉ်ပျံနှင့်

ဂြိုလ်တုများမရှိပါဘဲလျက် ထိုအကြောင်းအရာတို့ကို သူတို့ အဘယ်ကဲ့သို့ သိကြ

သနည်းဟုဆိုလျှင် ဖန်ဆင်းရှင် ထာဝရဘုရား ကိုယ်တော်တိုင်က သူတို့ကို ဖေါ်ပြ

ပေးလို့ သာ သိကြရခြင်း ဖြစ်ပါသည်။ အခြားသောဘာသာတို့၏ ကျမ်းတို့တွင်

အချို့သော စကြာဝဠာဆိုင်ရာ အချက်များ တို့ကို ဖေါ်ပြထားသော်လည်း လွဲမှား

နေသည်ကို တွေ့ရပါသည်။

သမ္မာကျမ်းစာကိုမျှ ဖတ်ရှုလေ့လာဖူးခြင်း မရှိသူအား စုံလင်သော အတွေး

အခေါ်ပညာရှင်အဖြစ် အသိအမှတ်ပြုရန် မဖြစ်နိုင်ဟု ပညာရှင်များက သတ်မှတ်

ထားပါသည်။ လူကောင်းလူတော်တစ်ဦး၊ စဉ်းစားဆင်ခြင်နိုင်သူတစ်ဦး၊ စာဖတ်

တတ်သူတစ်ဦးဖြစ်ပါက ယနေ့ ကမ္ဘာပေါ်တွင် ခေတ်အဆက်ဆက် အထင်ရှား

အကြော်ကြားဆုံးဖြစ်သည့် သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာသင့်ပါသည်။

သမ္မာကျမ်းစာဟူသည်-

ကျမ်းစာတွင် မည်သည့်စာအုပ်ကမှ မဖေါ်ပြသော အကြောင်းအရာတို့ကို

တွေ့ရပါလိမ့်မည်။ သမ္မာကျမ်းစာကို ရေးသား သူသည် သမိုင်း၏ အရှင်သခင်နှင့်

အလုံးစုံကို သိမြင်တော်မူသော ဘုရားသခင် ဖြစ်ပါသည်။ ကျမ်းစာကို ဘုရား၏

ရှုဒေါင့်မှရေး၍ သမိုင်းကို လူက မြင်တွေ့သည့်အတိုင်း မှတ်တမ်းတင် ထားခြင်း

ဖြစ်ပါသည်။ ကျမ်းစာ၏ ပရောဖက်ပြုချက်များ ပြည့်စုံ လာ

သမိုင်းမှတ်တမ်းက အတည်ပြုပေးပါသည်။ လူတို့သည် ရှေ့အနာဂတ်အတွက်

စိုးရိမ်ပြီး ဗေဒင်လက္ခဏာကို ယုံကြည်၍ မေးမြန်း တတ်ကြပါသည်။ ထို ဗေဒင်

ဆရာများကိုယ်တိုင် မိမိ၏ နေ့ရက်ကို မသိနိုင်ပါ။ အချိန်ကာလကို လူတို့သည်

သိရသောအခွင့်မရှိဟု ယေရှုဆိုခဲ့ပါသည်။ (၁၇) အားလုံးကိုကြိုတင် သိက

တွေးခေါ်ကြံဆ ကြိုးစား အားထုတ်မှု မပြုဘဲ ထိုင်စောင့်ရန်သာ ရှိပါတော့သည်။

ထို့ကြောင့် အနာဂတ်ကို ဘုရားကသိခွင့်မပေးဘဲ သိထိုက်သည်များ ကိုတော့

သိခွင့်ပေးထား ပါသည်။

ယနေ့ အသက်ရှင်နေကြသူများသည် ကမ္ဘာ့ဇာတ်သိမ်းပိုင်းတွင် အသက်

ရှင်နေရသူများဟု သတိရစေလိုပါသည်။ အကြောင်းမှာ ယနေ့ ဖြစ်ပျက်နေသော

အကြောင်းအရာများအရ ယေရှုဘုရား ဒုတိယအကြိမ် ကြွဆင်း လာချိန်နီးပြီ

ဖြစ်ကြောင်းနှင့် ယခင်ကမကြားဘူး နောင်လည်း မဖြစ်နိုင်မည့် ကြောက်မက်ဖွယ်

ရာ ဘေးဒဏ်ကြီး ကာလသည် နီးကပ်နေပြီ ဖြစ်ပါသည်။ သတိပေးခြင်းကို ပျက်ရယ်

ပြုလျက် သတိမဲ့ကြသော နောဧလက်ထက်က လူများကဲ့သို့ မဖြစ်သင့်ပါ။

လောကီရေးရာနှင့် အပျော်အပါး တို့မှ ရုန်းမထွက်နိုင်သူများ သောဒုံဂေါမောရကို

အတိရဖို့ လိုပါသည်။ ကြီးပွါးချမ်းသာ တရားကိုသာ လူတို့ နှစ်သက်ကြပေမည့်

ဆူနာမီနှင့် နာဂစ်တို့ထက် အဆပေါင်းများစွာ ဆိုးရွားသည့် ကပ်ဆိုးကြီး နီးကပ်

လာပြီဖြစ်ကြောင်းကိုတော့ အလေးမထားကြပါ။ ဗေဒင် လက္ခဏာထက် သမ္မာကျမ်း

ပါ ပရောဖက်ပြုချက် များကို ယုံကြည်ပြီး သမ္မာသတိ နှင့် အသက်ရှင်ကြဖို့ရန်

အချိန်ရောက်ပြီဖြစ်ကြောင်း သမ္မာကျမ်းစာ တော်မြတ်မှ သတိပေးနေပါသည်။

သမ္မာကျမ်းကို ရေးသားသူမှာ ထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်ပြီး

လူသားတိုင်း ဖတ်ထိုက်သော စာအုပ်ဖြစ်သကဲ့သို့ နေ့ညမပြတ် ကြည့်ရှုဖတ်ရွတ် –

ဆင်ခြင်လျက် ထိုကျမ်းအတိုင်း အသက်ရှင်ကြဖို့ရန်ပင် ပညတ်ထားပါသည်။ –

မိမိကိုးကွယ်ရာ၏ ကျမ်းကို ဖတ်ရွတ်ဆင်ခြင်နိုင်ကြခြင်း ရှိပါသလား? သို့တည်း

မဟုတ် မိမိကိုးကွယ်ရာ၏ ကျမ်းကို မြင်တောင်မြင်ဘူး ကြပါနဲ့လား? ကျွန်တော်

နှင့် အလွန်ရင်းနှီးသော မိတ်ဆွေ ဖြစ်သည့် ဦးဇင်းလူထွက်ကတော့ ကျောင်းမှာ

ငါးနှစ်နေခဲ့ပေမယ့် မမြင်ဘူးလိုက်ကြောင်း ဆိုပါသည်။ ကျောင်းမှာ မရှိလို့ လား

ဟု မေးသောအခါ ရှိတော့ရှိပါသည်၊ သုတ္တာဖြင့် သော့ခတ်ထားသည့် အတွက်

မမြင်ဘူးလိုက်ခြင်း ဖြစ်ကြောင်းဆိုပါသည်။ အပြုသဘောဖြင့် ပြောပြခြင်းပါ –

ဘုရားကို မမြင်ဘူးလိုက်ကြပေမည့် ထိုဘုရား ထားခဲ့သည့် ကျမ်းက

ဘုရား၏ သက်သေပင် ဖြစ်ပါသည်။ ဘုရားကိုမဆိုသာပါ ထိုဘုရား၏ ကျမ်းကို

မျှပင် မမြင်ဘူးပါပဲအခြားသောဘုရား မကောင်းကြောင်း ဝေဖန် သွန်သင်လမ်းပြ

ကို လူကန်းက လူကန်းကို လမ်းပြသူဟု ကျမ်းစာက ဆိုထားပါသည်။

အင်တာနက်မှ အမှန်တရားကို အမှန်တကယ်မြင်တွေ့လိုသော သူတို့ အတွက်

ဟူသော ခေါင်းစဉ် အောက်တွင် ကျမ်းပိုင်းဆိုင်ရာ ဆွေးနွေးမှုကို“ပွင့်လင်းစွာ

ပြုခဲ့ဘူးပါသည်။ ၁၈၃၆ ခုတွင် ဆရာယုဒဿန်၏ ဆွေးနွေးချက်ကို ကိုးကား၍

ကျွန်တော်က ပိဋကတ် သုံးပုံအကြောင်း ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။ ယခုခေတ်

လူများက အပြုသဘောဖြင့် ဆွေးနွေးမေးမြန်းခြင်းကို စိတ်ဆိုးစရာဟု မထင်မြင်

ကြပါ။ ဘာဘာ တရားတိုင်း၏ အရေးကြီးသော အခြေခံအုတ်မြစ်ဖြစ်သည့်

ကျမ်းအကြောင်း၊ ဆွေးနွေးမှုကို အနည်းငယ် ဖေါ်ပြလိုပါသည်။ ထိုကျမ်းပါထရားက

ဒုတိယ အပိုင်း မဟုတ်ပါလား-

ပိဋကတ်သုံးပုံ – ပုပ္ပသည် မည်သည့်ကျမ်း တစ်စောင်မပြောနှင့် စာတစ်လုံး

ရေးသားမှတ်တမ်း တင်ခဲ့ခြင်း မရှိ ဗုဒ္ဓလွန်ပြီ၊ ၅၅၈ နှစ်လွန်မှ တကျွန်း

တစ်နိုင်ငံဖြစ်သည့် သီရိလင်္ကာတွင် ကျမ်းကို အက္ခရာတင်ခဲ့ခြင်း ဖြစ်ပါသည်။ မိဘ

ဘိုးဘေးတို့ သင်ကြားပေးခဲ့သော ကဗျာလင်္ကာများ ကိုပင် ရေးသား မှတ်တမ်း

 

စစ်ရေး နိုင်ခြင်းမရှိက နောက်လည်း တစ်ပါသည်။ ထို့ကြောင့် သမ္မာကျမ်း

လက် အဆပေါင်း ၂၀ ခန့် များပြားပြီး လက်မှတ်ဖို့ လက် ရေးသား ဖလ်ပြား

နိုရန် ခက်ခဲသော ထိုကျမ်းကို မျိုး ဆက်ပေါင်း ၂၀ ခန့်က အသယ် ကဲ့သို့

အလင်းရောင်လေး ခဲ့သည်ကို စဉ်းစားရန် ဖြစ်နေသကဲ့သို့ လိုမျှများပြားသော ကျမ်းကို

အလယ်ကဲ့သို့ လက်ဆင့်ကမ်း ထိန်းသိမ်း အာဂုံဆောင် လာသော သမိုင်းလည်း

ကျမ်းကို လေ့လာကြည့်သောအခါတွင်လည်း မျက်မြင်ရသော ပထဝီ

ဆိုင်ရာ ဖေါ်ပြချက်များ အလွန်မှ လွဲမှားနေသည်ကို တွေ့ရပါသည်။ မျက်မြင်

ရသောအရာများ ကို မှန်အောင်ပြလမ်းညွှန် ပေးနိုင်ခြင်း မရှိလျှင် မျက်မြင်

မရသော အလွန် အရာများတို့ အတွက် အကယ် စိတ်ချနိုင် ဘွယ်ရာ ရှိလိမ့်

မည်နည်းဟု စဉ်းစားစရာ ဖြစ်နေပြန်ပါသည်။ ဥပမာ- ဇဗူဒီပကျွန်းသည် ယူဇနာ

လစ်သန်း အကျယ်အဝန်း ရှိသည်ဟု ဆိုထားသော်လည်း အမှန်တကယ်မှာ ၆၀၀

* ၃၅% သာရှိပါသည်။ ကျွန်းငယ် ၅၀၀ ဖြင့် ဝိုင်းရံထားသည်ဟု ဆိုသော် လည်း

အမှန်လလယ်မှာမူ ကျွန်းငယ်ပေါင်း ၂၀၀၀ ကျော် ရှိနေပါသည်။ မြစ်ကြီး

ငါး

ရွဋ်သည်ဟု ဆိုသော်လည်း ဆယ်သွယ် မကပါ ကျွန်းကြီးလေးကျွန်း ရှိသည်ဟု

လေးလေးလည်း အမှန်တကယ်မှာ နှစ်ကျွန်းသာ ရှိပါသည်။ အဘယ့်ကြောင့်

လိုမျှ ထူးခြား လွဲမှားနေရသနည်းဟု ဆွေးနွေးကြည့်ရာ ပထဝီ မြေကြီးသည်

အမြဲတမ်း ပြောင်းလဲနေခြင်းကြောင့်ဟု အသိဉာဏ်နည်းသော အဖြေမျိုးဖြင့်

ပေါ့လ်ပျက် ပြန်လည် ဆိုပါသည်။ ၄င်းကဲ့သို့ အကြောင်း ပြပါက ရာစု

တစ်ခုလိုင်းတွင် ကမ္ဘာ့မြေပုံ အသစ် အသစ်များကို ရေးဆွဲ ရလိမ့်မည် မဟုတ်ပါလား”

သမ္မာကျမ်းပါ လာဝရဘုရားနှင့် ကိုရမ်ကျမ်းပါအလ္လာဘုရားသည် တစ်ပါးတည်း

ဖြစ်ပါသလား

သမ္မာကျမ်းအကြောင်းနှင့် အရေးကြီးသည့် ဆက်နွယ်နေသော ကိုရမ်

ကျမ်းအကြောင်းကို တစ်ဆက်တည်း ဖေါ်ပြပေးလိုပါသည်။ ထိုကျမ်း နှစ်ခုက လုံးဝ

မတူညီပါ၊ လိုရမ်ကျမ်းတွင် အလှူသည် အပြစ်သားများ၊ ယုံကြည် သူများ၊ မာန

ထောင်လွှားသော သူများကို လုံးဝ မချစ်ကြောင်း အထပ်ထပ် အခါခါ ဖေါ်ပြထား

ပါသည်။ သမ္မာကျမ်းစာ မှာတော့ ဘုရားသည် ချစ်ခြင်းမေတ္တာ ဖြစ်ပြီး လူသားများ

အပြစ်ရှိ စဉ်ပင် အသေခံကာအသက်ပေး ကယ်တင်သော ဘုရားဖြစ်၍ အဘယ်မျှ

လောက် လူသားများကို ချစ်ကြောင်း သွန်သင်ထားပါသည်။ (ရော ၅း၈)

ထိုကျမ်းပိုဒ်သည် မိမိကိုယ်ကို အပြစ်သားဟု ခံယူသူတို့ အတွက် သတင်းကောင်း၊

ဖြစ်ပါသည်။ ယေရှုကို ယုံကြည်ခြင်းအားဖြင့် အပြစ်ပြေလျက် အပြစ်သားမှ

ဘုရားသားဖြစ်လာပြီး ဘုရား၏အမွေခံရမည် ဟုလည်း ဂတိပေးထားပါသည်။

ထိုအခါ ဘုရားကို ခရစ်ယာန်များက အဖေ(အဗ္ဗအဖ) ဟုခေါ်ဆိုပြီး သားအဖ

တော်စပ်သူများအဖြစ် ရင်းနှီးစွာဘုရားနှင့် မိသဟာရ ဖွဲ့ကြခြင်းမှာ ဘာသာတရား

မဟုတ်သော ကိုးကွယ်မှုဖြစ်ပါသည်။ အစ္စလမ်ဘာသာ မှာတော့ ဘုရားနှင့် ထိုသို့

ရင်းနှီးစွာ မိသဟာရဖွဲ့မှုမရှိဘဲ အလ္လာသည် လူသားများနှင့် ပါဝင်ရောယှက်မှု

မရှိသည့် တရားသူကြီး အသွင်ဖြင့် တွေ့ရပါသည်။ အစေခံခြင်း၊ ပေးဆပ်ခြင်း၊

သစ္စာစောင့်သိခြင်း အားဖြင့်သာ ဘုရားနှင့် ဆက်သွယ် ကြပါသည်။

သမ္မာကျမ်းစာ တော်မြတ်တွင်ပါရှိသော ထာဝရဘုရားက ငါမှတစ်ပါး

အခြားသောဘုရားမရှိ၊ မကိုးကွယ်ရဟု ပြတ်ပြတ် သားသားပညတ်ထားသည့်

အတွက် အေဒီ ၆၀၀ ကျော်မှ ပေါ်ထွန်းလာသော အစ္စလမ်တို့၏ ကိုရမ်ကျမ်းပါ

အလ္လာ ဘုရားကို လုံးဝမရှိခဲ့သော ဘုရားအဖြစ် သမ္မာကျမ်းကို ယုံကြည် သူများက

သတ်မှတ်ပါသည်။ (ဟေရှာ ၄၆း၉) ကိုရမ် ကျမ်း၏ စာပေအရေးအသား လှပမှု

ကိုအခြေခံ၍ ကျမ်းတစ်စောင်ဟု လူများသတ်မှတ်သော်လည်း ထာဝရဘုရား၏

ဝိညာဉ်တော်မပါသောကျမ်းဟု ကျွန်ုပ်တို့ က သတ်မှတ်ပါသည်။ အသယ့်ကြောင့်

ဆိုသော် ဘုရားသည် အပြစ် ရှိသူကိုမချစ်ခြင်း၊ သိပ္ပံနှင့် ကိုက်ညီမှုမရှိခြင်း

(နေမင်းကြီးသည် ကမ္ဘာမြေကြီးထဲသို့ ဝင်သွားသည် စူရ ၁၈း၈၆) ၊ နောက် တစ်ချက်

အနေဖြင့် ထင်ရှားသော သမိုင်း မှန်ကန်မှုကို ငြင်းဆိုခြင်း (ယေရှု လက်ဝါးကပ်တိုင်

တွင် အသေခံခြင်းကို ဆန့်ကျင် ထားသည် စူရ ၄း၁၅၇ ) အစရှိသည်တို့ကြောင့်

ထာဝရဘုရား၏ ဝိညာဉ်တော် မပါသောကျမ်းဟု သတ်မှတ် ခြင်း ဖြစ်ပါသည်။

ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်ရ –

တစ်ဆက်တည်း ကိုးကွယ်မှုဆိုင်ရာ အရေးကြီးသော အချက်တစ်ချက်ကို

ဖေါ်ပြလိုပါသည်။ သမ္မာကျမ်းပါ ပညတ်တော် ၁၀ ချက်မှ ပထမဦးဆုံးသော

ပညတ်ချက်မှာ ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်ရဟု ပညတ်ထားသည့်

အတွက် အမြင် ကျဉ်း၍ အတ္တဆန်သော ဘုရားဟု ဝေဖန်ကြပြန်ပါသည်။

ကျွန်ုပ်တို့သည် ဘုရားအားလုံးကို လက်ခံသည့် အမြင်ကျယ်၍ သဘောထား

ကြီးသူများဟု ဆိုပြန်ပါသည်။ ထိုသို့ ဆိုက မိမိဖခင်သည် ယောကျာ်းဖြစ်၍

သဘောထားကြီးပြီး ယောကျာ်းတွေကို မြင်တိုင်း အဖေဟု လိုက်ခေါ်၍ ရဝါ

မည်လား? မိမိ၏ ဖခင်စစ်ကလည်း ခွင့်ပြုမည်ဟု ထင်ပါသလား? အသိ ကြွယ်

သေးသော မိမိ၏ရင်သွေးငယ်က ယောက်ျား တွေကိုမြင်တိုင် အဖေဟု လိုက်ခေါ်

နေလျှင် ဖခင်စစ်က အဘယ်ကဲ့သို့ ခံစားရပြီး အဘယ်ကဲ့သို့ ပညတ်မည်ဟု ထင်ပါ

သနည်း ? ထို့ကြောင့် မိမိ၏ ကိုးကွယ်ရာဘုရားက အဘယ်ကဲ့သို့ မိန့်ဆို

ပညတ်ခဲ့သည်ကို စဉ်းစားဆင်ခြင်လျက် အမှန်ကို မြင်နိုင်ကြသူများ ဖြစ်နိုင်ကြ ပါစေ။

မှန်သောဘုရားက ငါမှတစ်ပါးအခြားသောဘုရားကို မကိုးကွယ်ရ၊ ရုပ်တု ဆင်းတုကို

ကိုယ်မဖို့ မလုပ်ရ၊ ဦးမချ ဝတ်မပြုရဟု ပညတ်ထား ပါသည်။ ဘုရား သခင်သည်

နာမ်ဝိညာဉ်ဖြစ်တော်မူ၏၊ ဘုရား ကို ကိုးကွယ်သော သူသည် နာမ်ဝိညာဉ်နှင့်၄င်း

သစ္စာနှင့်၄င်း ကိုးကွယ်ရ မည်ဟု ပညတ်ထားပါသည်။ (ယော ၄၂၄)

အထက်ပါကျမ်းများအကြောင်း အနှစ်ချုပ်ကို ဖေါ်ပြရခြင်းသည် အမှန်

တရားကို လေ့လာလိုသူများ အထောက်အကူဖြစ်စေရန်အတွက် ဖေါ်ပြပေးရခြင်း၊

သာလျှင် ဖြစ်ပါသည်။

သမ္မာကျမ်းအကြောင်းကိုပြောလျှင် ချန်ထား၍မရသော သမိုင်းဖြစ်ရပ်တစ်ခု

၁၈၀၉ ခုဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် တစ်နေ့တည်း လူနှစ်ဦး

မွေးဖွားခဲ့ကြပါသည်။ တစ်ဦးက အင်္ဂလန်မှ ချားလ်ဒါဝင်ဖြစ်ပြီး နောက်တစ်ဦးမှာအမေရိကန်မှ အေဗြဟံလင်ကွန်းဖြစ်ပါသည်။ အေဗြဟံ လင်ကွန်းသည် စာရေးတတ်ဖတ်တတ်ရုံမျှသာရှိကာ ဆိုင်တစ်ဆိုင်တွင် အရောင်းစာရေးကို လုပ်ကိုင်ရင်း ဥပဒေ

ပညာရပ်များကို လေ့လာခဲ့ပါသည်။ မိမိနေရပ်မှ ခပ်ဝေးဝေး မည်သည့်အရပ်သို့

မရောက်ဖူးသူလည်း ဖြစ်ပါသည်။

ချားလ်ဒါဝင်ကတော့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များတွင် ပညာ

သင်ကြားခွင့်ရပြီး ချမ်းသာသော အသိုင်းအဝိုင်းမိသားစုမှ ဖြစ်ပါသည်။ ၄င်းသည်

နိုင်ငံပေါင်းနှစ်ဆယ်ခန့် ရောက်ရှိခဲ့ပြီး အီဗီလူးရှင်းသီအိုရီဖြင့် စတင် နာမည်

ကျော်ကြား လာချိန်တွင် အဗြဟံလင်ကွန်းသည်လည်း အမေရိကန်၏ သမ္မတ

တစ်ဦးအဖြစ် စတင် ထင်ပေါ် ကျော်ကြား လာခဲ့ပါသည်။

ဒါဝင်က ဖန်ဆင်းခြင်းကို ဆန့်ကျင်လျက် ဆင့်ကဲပြောင်းလဲခြင်း သီအိုရီ

ကို ဖေါ်ထုတ်ခဲ့ပြီး အေဗြဟံလင်ကွန်းက သမ္မာကျမ်းစာနှင့်အညီ အသက်ရှင်

ယုံကြည်သလို နိုင်ငံတော် ဥပဒေစည်းမျဉ်းများ ကိုလည်း သမ္မာကျမ်းစာတော်မြတ်

နှင့်အညီ ပြောင်းလဲ၍ ရေးဆွဲစေခဲ့ ပါသည်။

အေဗြဟံလင်ကွန်း၏ ယုံကြည်မှုနှင့် လုပ်ဆောင်ခဲ့မှုသည် ယနေ့ထိတိုင်

၄င်း၏ တိုင်းပြည်ကို အကျိုးပြုရုံမျှမက ကမ္ဘာကြီးကိုပင် အကျိုးပြုလျက် ရှိနေ

ပါသည်။ သို့သော် ချားလ်ဒါဝင်၏ အီဗီလူးရှင်း သီအိုရီကို ဆွေးနွေးလိုက်တိုင်း

လူတို့အတွက် ပြဿနာကိုသာ ဖြစ်စေခဲ့ပါသည်။

၂၃. စာရေးဆရာ ဆန်းလွင် ရေးသားသောရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်

လာဘူ တစ်ယောက် အကြောင်း စာအုပ်မှ ခရစ်ယာန်ဝါဒ၏ ကောက်နုတ်ချက်

များကို ဖြေရှင်း နိုင်ပါသလား။

လူသားတိုင်းတို့၏ တစ်နေ့ကြုံရမည့် သေခြင်းတရားအကြောင်း-

အစ္စလမ်မှခရစ်ယာန်၊ ခရစ်ယာန်မဗုဒ္ဓဘာသာသို့ ကူးပြောင်း လာ

ဆရာဆန်းလွင်သည် ဧဒင်ဥယျာဉ်တွင်းမှ အာဒံနှင့် ဧဝသည် အသီးကိုစားမိပြီး

၄င်းတို့နှစ်ဦးအား သေဒဏ်စီရင်တာကို လက်မခံနိုင် သလို ထို့ထက် ၄င်းတို့မှ

ဆင်းသက် လာသောလူသား မျိုးနွယ်ဆက် ကိုလည်း သေဒဏ် စီရင်တယ် ဆိုတာ

ကို နားမလည် လက်မခံနိုင်ကြောင်း ဆိုထားပါသည်။ ဘုရားသည် အရာခပ်သိမ်း

ကို ဖန်ဆင်းပြီး လူကိုတော့ သူ့သဏ္ဍာန်တော်နှင့် အညီဖန်ဆင်းပါသည်။ ထို့ကြောင့်

ဘုရားမှာတရား ရှိသလို လူမှာလည်းတရားရှိဖို့နှင့် တရားမဲ့သော တိရစ္ဆာန်များနှင့်

” မတူရန် ဥယျာဉ်အလယ်ရှိ ထိုအပင်၏ အသီးကို မစားရန် ပညတ်ခဲ့ပါသည်။

သို့သော် လူသည် မာ့ရ်နတ်ရဲစုံစမ်းချက်အတိုင်း ဘုရားကဲ့သို့ ဖြစ်ချင်၍ ယူ၍

စားသောအခါ အပြစ်တရား ဝင်လာပြီး သန့်ရှင်းသောဘုရားနှင့် အဆက်ပြတ်ခဲ့

ရပါသည်။ ထိုအပြစ်ရှိသော လူသားတို့မှ ဆင်းသက် လာသော လူသားမျိုးနွယ်

ဆက် တစ်ခုလုံးလည်း ဘုရားနှင့် အဆက်ပြတ်ခဲ့ရပြီး အပြစ်သားများ အဖြစ်

လောကသို့ ရောက်ရှိလာခဲ့ ကြပါသည်။ ထို့ကြောင့်လူသည် မွေးကတည်းက

လောဘ ဒေါသ နှင့် မောဟတို့ ပါလာသော အပြစ်သားများ ဖြစ်ကြပါသည်။

အပြစ်သား ဖြစ်သည့်အတွက် အပြစ်ကို သင်ပေးစရာမလိုပဲပြုတတ် ကြ

ပါသည်။ မျိုးရိုးဗီဇ ပညာရှင်များက လူအတွင်းမှ ထိုမွေးရာပါ ဗီဇကို ပြုပြင်

ပြောင်းလဲဖို့ ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပါ။ ထိုဗွေးရာပါ လောဘ ဒေါသ

မှောဟတို့ သည် သေသည့်တိုင်အောင် စွဲနေသော လူတို့၏ ရောဂါနှင့် တူပါသည်။

၄င်းကိုချုပ်ငြိမ်းဖို့ ကြိုးစားသူသည် ကျောက်ခဲထဲမှရေထွက်လာရန် ညစ်ထုတ်ဖို့

ကြိုးစားသူနှင့်တူပါသည်။ နောင်ဘဝထိကြိုးစားလည်း မရနိုင်ပါ။ လူသည် အပြစ်

နည်းသည်နှင့်များသည်သာ ကွာပြီး အပြစ်သားများသာ ဖြစ်ကြ ပါသည်။ ထိုအပြစ်

အတွက် လူသားတိုင်းတစ်နေ့ သေရကာ ငရဲသို့ သွားရမည် ဖြစ်သော်လည်း

ထာဝရဘုရားက အလိုမရှိပါ။ ထို့ကြောင့် လူ့ဇာတိကို ခံယူခဲ့ ပါသည်။ လူသား

အားလုံးအတွက် ကိုယ်စားအသေခံပြီး သုံးရက် မြောက်သော နေ့တွင် ရှင်ပြန်

ထမြောက် ခဲ့ပါသည်။ ထာဝရဘုရားက သူတို့ကို သေရမည်ဟု စီရင်ခဲ့သည်

မှန်သော်လည်း ထိုသေခြင်းကို ဘုရားကိုယ်တိုင်ကပဲ ကိုယ်စားခံယူ ပေးခဲ့ပါသည်။

အပြစ်တရားရဲ့ အကျိုးဆက် ဆင်းရိခြင်းနှင့် ဒုက္ခဝေဒနာ အားလုံး ကိုလည်း

ယေရှုဘုရားက လက်ဝါးကားတိုင်ထက်တွင်ကိုယ်စား ခံယူပေးခဲ့ပြီး ဖြစ်ပါသည်။

ဘုရားသည် တရားပါသည်။ သင်သည် ရွေးချယ်ပိုင်ခွင့် မရှိပဲ အပြစ်သား

အဖြစ်လောကသို့ ရောက်ရှိ လာခဲ့ရသလို သင့်ရဲ့ ကြိုးစားကျင့်ကြံ အားထုတ်မှု

တာတစ်ခုမျှမပါပဲ ဘုရားက ကယ်တင်ပေးခဲ့ပြီးဖြစ်ပါသည်။ သို့သော် သင့်အပိုင်းက

လက်ခံ ယုံကြည်ဖို့ တော့ လိုပါသည်။ သင့်ရဲလွတ်လပ်စွာရွေးချယ် ပိုင်ခွင့်ကို

ကျော်လွန်ပြီး ဘုရားက အတင်းအကြပ် လက်ခံယုံကြည်ခိုင်းမည် မဟုတ်ပါ။

သေခြင်းသုံးမျိုး

ဘုရားက အာဒံကို ပညတ်ခဲ့သည်မှာ ထိုအပင်၏ အသီးကိုမစားရ

စားသောနေ့တွင် ဧကန်အမှန် သေရမည်ဟုဆိုပြီး ဘာ့ကြောင့် သေမသွား သနည်း?

ဆိုသည့် မေးခွန်း နှင့်ပတ်သက်ပြီး သေခြင်းသုံးမျိုး၏ အကြောင်းကို သိဖို့

လိုအပ်ပါသည်။

သေခြင်းဆိုသည့် (Dad) စကားလုံးသည် (Depart) ဆိုသည့် စကား လုံးမှ

ဆင်းသက်လာပြီး အဆက်ပြတ်ခြင်း၊ ခွဲခွါခြင်းဟု အဓိပ္ပါယ် ရပါသည်။

ဘုရားနှင့် လူအဆက်ပြတ်ခြင်း (ဝိညာဉ်သေခြင်း)

အာဒံအသီးကိုစားသောနေ့တွင် အပြစ်တရားဝင်လာပြီး သန့်ရှင်းသော

ဘုရားနှင့် အဆက်ပြတ် ခဲ့ရပါသည်။ အာဒံမှဆင်းသက်လာသော လူသားတိုင်း

တို့သည်လည်း အပြစ်သားအဖြစ် ဘုရားနှင့် အဆက်ပြတ်လျက် မွေးဖွားလာ

ကြပါသည်။ ထို့ကြောင့်လူသည် မွေးကတည်းက လောဘ၊ ဒေါသနှင့် မောဟ

တို့ပါလာသော အပြစ်သား ဖြစ်သည့်အကြောင်းကြောင့် အပြစ်ကို သင်ပေးစရာ

မလိုပဲပြုတတ်ကြခြင်း ဖြစ်ပါသည်။ ထိုလူ သားတိုင်းတို့ သည် တစ်နေ့အပယ်သို့

သွားရမည့် ဝိညာဉ်သေနေ သူများ အဖြစ် မွေးဖွားလာကြရပါသည်။

ခန္ဓာနှင့် ဝိညာဉ်အဆက်ပြတ်ခြင်း၊ (ခန္ဓာသခြင်း)

လူသည် အပြစ်သားဖြစ်သည့်အတွက် သေကြရမည်မှာ အမှန် ပင်ဖြစ်

ပါသည်။ ခန္ဓာအတွင်းမှ ဝိညာဉ်ထွက်သွားသောခန္ဓာကိုယ်ကို မည်သူမျှ ကြာကြာ

မထားကြပါ။ ဖိနပ်စုတ်ကို အိမ်တွင် သိမ်းထားနိုင်ကောင်း သော်လည်း သေသွား

သောခန္ဓာကိုယ်ကို မည်သူမျှသိမ်းမထား နိုင်ကြသည့် အတွက် ဖိနပ်လောက်မျှပင်

တန်ဘိုးမရှိတော့ပါ။ လူ့ခန္ဓာကိုယ်ရှိ ထုံးဓါတ် ကန့်ဓါတ်တို့ကို တွက်ကြည့်ရာ

တစ်သောင်း ခန့်သာ တန်ဘိုးရှိကြောင်း ပညာရှင်များက ဆိုပါသည်။ သို့သော်

မည်သူမျှ ဓါတ်ခွဲပြီး တော့လည်း ရောင်းစား၍ မရပါ။ အမှန်တကယ် တန်ဘိုးရှိ

သော အရာမှာ လူ့အတွင်းရှိ ဝိညာဉ်ဖြစ်ပါသည်။ လူဆိုသည်မှာ ခန္ဓာအတွင်းရှိ

ဝိညာဉ်ဖြစ်ပါသည်။ ထိုဝိညာဉ်ဘယ်ကိုသွားမှာလဲ?

ဘုရားနှင့် ထာဝရခွဲခွါခြင်း (ဝိညာဉ်ထာဝရသေခြင်း)

လူသည်တစ်ခါတည်းသေ၍ အပြစ်စီရင်ခြင်းကို ခံရမည်ဟု သမ္မာ ကျမ်းစာ

ဆိုထားပါသည်။ လူသည် သေပြီး နှစ်လမ်းသာ သွားရမည်ဖြစ် ကြောင်းကို

သာသနာပြု ဆေးရုံတစ်ခုမှ ဆရာဝန်တစ်ဦး၏ သုတေသနပြုချက်ကို ခေါ်တာ

သောမတ်(စ်)ဝေါင်က ပြုစုထားပါသည်။ နှလုံးခုန်ရပ်လျက် နောခွာ သော လူနာ

နှစ်ရာကို သုတေသန ပြုကြည့်ရာ ဘာသာမတူကြသော်လည်း ၎င်းတို့ တွေ့

သေသွားစဉ် ၄င်းတို့၏ ဝိညာဉ်ခန္ဓာကို ကောင်းကင် တမန်များက တောင်းတင်ခဲ့

သို့ ခေါ်ဆောင် သွားပေးပြီး အချို့ကိုတော့ နတ်ဆိုးများ၏ ခေါ်ဆောင်ရာ

ငရဲဘုံအထိ (ဝိညာဉ်ထာဝရ သေရာအရပ်သို့) ရောက်ရှိခဲ့ဘူးကြောင်း သက်သေ

ခံထားပါသည်။

ယေရှုဘုရားသည် ထိုသေခြင်းသုံးမျိုးလုံးကို လက်ဝါးကပ်တိုင် ပေါ်တွင်

ဆောင်ယူပေးခဲ့ပြီး ဖြစ်ပါသည်။ ကားတိုင်ထက်တွင် လူသားအားလုံး၏ အဖြစ်

ကို တင်လိုက်သောအခါ ခမည်းတော် ဘုရားနှင့် အဆက် ဖြတ်ခြင်းကို

ခံရသည့်အတွက် ယေရှုက အကျွန်ုပ်ကို အဘယ့်ကြောင့် စွန့်ပစ်တော်မူသနည်းဟု

ဆိုခဲ့ပါသည်။ ထို့နောက် ခန္ဓာအသေခံခဲ့ရပြီး သေခြင်းဆိုသည့် မရဏာအရပ်သို့

ကိုယ်စားသွားရောက်ပေးခဲ့ပါသည်။ ယေရှုရှင်ပြန်ထမြောက်သောအခါ ငါ့ကို

ယုံကြည်သော သူသည် သေလွန်သော်လည်း အသက်ရှင်လိမ့်မည်ဟု ဆိုခဲ့ခြင်း

ကြောင့် သေခြင်း သုံးမျိုးလုံးသည် ယေရှုကို ယုံကြည်သောသူတို့ နှင့် မသက်

| ဆိုင်တော့ပါ။ ယေရှုကို ယုံကြည်သူတို့၏ သေခြင်းဆိုသည်မှာ ကောင်းကင်ဘုံသို့

ကူးပြောင်းရာ မင်္ဂလာ တံခါး တစ်ချပ်သာလျှင်ဖြစ်ပါသည်။

ဆရာဆန်းလွင်၏လက်မခံနိုင်သောအဓိက ပြဿနာဖြစ်သည့် လူသည်

မွေးကတည်းမှာ အပြစ်သားအဖြစ် မွေးလာကြပြီး လူသားတိုင်း တို့သည် အပြစ်

သားဖြစ်ရခြင်းအကြောင်းဖြစ်ပါသည်။ ထိုအကြောင်းကို ယေရှု၏ သက်တော်စဉ်

တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခုဖြင့် ဖေါ်ပြပေးလိုပါသည်။ ဤဖြစ်ရပ်

သည် လူသားတိုင်းအတွက် သင်္ခန်းစာယူထိုက်သော သမိုင်းဖြစ်ရပ်တစ်ခု ဖြစ်ပါ

သည်။ ဘုရားအားလုံးကောင်းသည် မှန်သော်လည်း အောက်ပါ အကြောင်းအရာ

က ဘုရားအားလုံးမတူသောအချက်ကို ဖေါ်ပြနေပါသည်။

ယေရှုဘုရားသည် အဘယ့်ကြောင့် လူ့ဇာတိခံယူခဲ့ရသနည်း?

ယေရှုသည် နံနက်စောစော ဗိမာန်တော်ရှေ့၌ ထိုင်လျက် ဆုံးမ ဩဝါဒ

ပေးနေစဉ် မှားယွင်းခြင်းအမှုကို ပြုလျက်နေသော မိန်းမတစ်ယောက်ကို တွေ့လျှင်

ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့ သည် ခေါ်ခဲ့၍ အလယ်၌ ထားပြီးမှ အရှင်ဘုရား ဤ

မိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ် တွင်ပင် တွေ့မိပါသည်။ ထိုကဲ့သို့သော

မိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည် ကျွန်ုပ်တို့အား စီရင်ထုံးဖွဲ့ပါပြီ။

သို့ရာတွင် ကိုယ်တော် သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။

ယေရှုဘုရားလောကသို့ ကြွလာစဉ် ဘာသာရေးခေါင်းဆောင်များ က

ယေရှုကို မကြည်ကြပါ၊ ထို့ကြောင့် ယေရှုကို အပြစ်ရှာလိုသည့်အတွက် ထို

အမှုကို တိုင်ပင်ပြီးပြုကြခြင်းဖြစ်ပါသည်။ ယေရှုက မပစ်ပါနဲ့ ဟု တားမြစ်လျှင်

ပညတ် တရားကို ဆန့်ကျင်သည်ဟုဆိုလျက် ကျောက်ခဲများ က ယေရှုဆီသို့ သာ

ရောက်လာ ပါမည်၊ ပစ်ပါဟုစီရင်ပြန်လျှင်လည်း လူတို့ကသင်သည်အပြစ်သားများ

ကို ကယ်တင်ဖို့ ကြွလာသည်ဟု ဆိုပြီး အပြော တစ်မျိုးအလုပ်တစ်မျိုးဟု ဆိုလျက်

ကျောက်ခဲများက ယေရှုဆီသို့သာ ရောက်လာပါဦးမည်။ သင်သာ ယေရှု၏ နေရာ

၌ ရှိပါက အဘယ်ကဲ့သို့ ပြန်၍ ပြောဆိုတုန့်ပြန်မည်နည်? သို့သော် အနန္တဉာဏ်

တော်၊ တန်ခိုးတော်၊ မေတ္တာတော်ရှင် ယေရှုဘုရား၏ တုန့်ပြန်ပုံမှာ-

ထိုသူတို့သည် ယေရှုအား အထပ်ထပ်မေးလျှောက်ကြသောအခါ ယေရှု

သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေးဦးစွာ ကျောက်ခဲနှင့် ပစ်စေဟု

မိန့်တော် မူပြီးမှ တဖန်အောက်သို့၍ မြေ၌ ရေးသားတော်မူပြန်ပါသည်။ ထိုသူ

တို့သည် ကြားရလျှင်” မိမိတို့ စိတ်နှလုံးသည် မိမိတို့ အပြစ်ကို အော်ပြသဖြင့်

အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသော တိုင်အောင် တစ်ယောက်နောက်

တစ်ယောက် ထွက်သွားကြ၏။ ယေရှုသည် တစ်ယောက်တည်းကျန်ရစ်၍ မိန်းမ

သည် အလယ်၌ ရပ်နေ၏။ ထိုအခါ ယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍ ထိုမိန်းမ

တစ်ပါး အဘယ် ဆုကိုမျှမမြင်လျှင် အချင်းမိန်းမ၊ ဆင့်ကိုအပြစ် တင်သော

ဆုတို့သည် အဘယ်မှာရှိကြသနည်း၊ သင်၏အမှုကို အဘယ်သူမျှမစီရင်သလော

ဟု မေးတော်မူ၏။ ထိုမိန်းမကလည်း အဘယ်သူမျှ မစီရင်ပါဟု လျှောက်၏။

ငါသည်လည်း ဆင်၏ အမှုကို စီရင်၊ သွားတော့ နောက်တဖန် ဒုစရိုက်ကို မပြုနှင့်

ဟု မိန့်တော်မူ၏။ (ယော ၁-၁၁)

အူထက်ပါအကြောင်းအရာကို ဆင်ခြင်ကြည့်ပါက လူအုပ်ကြီးသည်

တမန်မှာ ကျွန်ုပ်တို့ကို အပြစ်စီရင်ဖို့ရန်စောင့်နေသော ဘာသာ တရားနှင့် တူပြီး

မှားယွင်းသောမိန်းမသည် ကျွန်ုပ်တို့ လူသားများနှင့် တူပါသည်။ လူသားတိုင်း

မိဘောအပြစ်ရှိသလို လူမိဘော အပြစ်များ ရှိကြပါသည်။ ယေရှုသည် အပြစ်မှ

ကယ်တင်နိုင်သည့် တပါးတည်းသော ကယ်တင်ရှင် ဖြစ်ပါသည်။ သင်္ခန်းစာ

အနေဖြင့် လူအုပ်ကြီးထဲမှ ကျောက်ခဲကို ဦးစွာ လွှတ်ချ သွားသူမှာ အသက်

အကြီးဆုံးမှ ကြီးစဉ်ငယ်လိုက် လွှတ်ချသွားခြင်းဖြစ်ပါသည်။ ဘာသာတရားက

ကောင်းသောအမှုကို ပြုခိုင်းသော်လည်း မပြုနိုင်သည့် လူ့သဘာဝအရ အသက်ကြီး

စာ အပြစ်များလာလေဖြစ်ပြီး တရားကိုပိုသိ၍ စောင့်ထိန်းရန် ပညတ်များ

က လူက မစောင့်ထိန်းနိုင်သည့်အတွက် အပြစ်က ပိုများ လာလေ ပင်ဖြစ်

ပါအည်။ တမလွန်တွင်လည်း အပြစ်ကင်းသူက ငရဲက လွတ်စေဟု စီရင်ပါက

မည်သည့် သူ့အား အပယ်က လွတ်နိုင်ကြမည် မဟုတ်ပါ။ လူသားတိုင်း တို့သည်

အပြစ်နည်းသည်နှင့် များသည်အပြီး ဘုရားရှေ့တွင် အပြစ်သားများသာ

ဖြစ်ကြပါသည်။ မကိုက်တန်၍ မြင်းတွင် ကျေးဇူးတော်ဟု ဆိုခြင်းဖြစ်ရာ

ဘုရားသည် အာဂရက်သက်အတွက် ကျေးဇူးတော်ချီးမွမ်းပါ။

၂၄. ခရစ်ယာန် သာသာတွင်ရှေးဘဝ၊ နောက်ဘဝရှိပါသလား?

မရှိပါ။ လူသည် တစ်ခါတည်းသေ၍ တရား စီရင်ခြင်းကို ခံရကာ ထာဝရ

ကောင်းကင်နှင့် ငရဲ နှစ်လမ်းတည်းသာရှိပါသည်။ ပြစ်ဒဏ်တစ်ခုကို စီရင်ချက်

ချရာတွင် လွတ်စေနှင့် ပြစ်ဒဏ်ကျခံစေနှစ်မျိုးသာ ရှိပါသည်။ ထောင်လည်းမကျ

အိမ်သို့လည်းမပြန်ရပဲ ၃၁ နှစ် အိမ်နှင့်ထောင်ကြားတွင် လည်စေဆိုသည့် စီရင်ချက်

မျိုးသည် ယုတ္တိရှိပါမည်လား၊ လူဝင်စားနှင့် သရဲတစ္ဆေများတို့ သည် မာရ်နတ်၏

အယောင်ဆောင် လှည့်ဖျားမှုများသာ ဖြစ်ပါသည်။ လူဝင်းစားဆိုသူအား ထိုသူ၏

အထဲမှ မာရ်နတ်ကို ယေရှုနာမဖြင့် မောင်းထုတ်လိုက်လျှင် ထိုသူသည် ၄င်း၏

ဘဝဟောင်းကို မပြောနိုင် တော့သော သာမာန်လူသာ ပြန်ဖြစ်သွားပါသည်။

ဆင်းရဲသား၏ သမီးငယ်က ၄င်း၏ အိမ်နှင့် မလှမ်းမကမ်းမှ သေသွား

သူဌေးကြီး၏ ဇနီးဖြစ်ကြောင်း ပြောသလို ၄င်းပိုင်ဆိုင်သမျှနှင့် စားဝတ် နေ

အားလုံးကိုပါ အတိအကျပြောနိုင်ပါသည်။ ထို့ကြောင့် ထိုသမီးငယ်က ထိုအိမ်ကြီး၏

အမွေ ဥစ္စာများကို ပိုင်ထိုက်သည်ဟု ထင်ပါသလား၊ ဥပဒေက လည်း လုပ်ဆောင်

ပေးနိုင်မည်ဟု ထင်ပါသလား။ လူဝင်စားခြင်းကို လက်ခံ ယုံကြည်ပါက ဥပဒေ

သည်လည်း ထိုကဲ့သို့သော သမီးငယ်မျိုး အတွက် အမွေ ဥစ္စာ ဆက်ခံပိုင်ခွင့်

ရှိစေရမည်ဖြစ်ပါသည်။ သဘာဝကျပြီး လူတိုင်းလက်ခံနိုင်ပါမည်လား

လူဝင်စားခြင်းနှင့် သံသရာလည်ခြင်းကို လက်ခံ ယုံကြည်ပါက တစ်နေ့နေ့ တစ်ချိန်

ချိန်တွင် ကလေးတစ်ဦးက သင်တို့၏ ဖခင်ဝင်စားပါသည် ဆိုလျှင် အဘယ်ကဲ့သို့

ပြုမူရမည်ကို ကြိုတင်၍ စဉ်းစား ထားသင့်ပါသည်။ ဘုရား၊ တရား၊ သံဃာ၊ မိဘနှင့်

ဆရာတို့ကို တစ်ဂိုဏ်းတည်း ထားရမည် မဟုတ်ပါလား။ အတိက်ဘဝကပြုခဲ့သော

ကုသိုလ်၊ အကုသိုလ်ကံကြောင့် ယခုဘ၀တွင် ရုပ်ချော- ရုပ်ဆိုး၊ ဆင်းရဲ ချမ်းသာ

အယုတ်- အမြတ် စသဖြင့် ကွဲပြားလျက် လူဖြစ်လာရသည်ဟုဆိုက ရာစုအဆ။

ဆက်မှ လူ့သမိုင်းကို ပြန်၍ သုံးသပ်ကြည့်နိုင်ပါသည်။ လူသားတစ်ရပ်လုံး၏

ကောင်းကျိုးချမ်းသာ လွတ်မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ၍

လုပ်ဆောင်ခဲ့သော အာဇာနည်ဆိုသည့် စံပြပုဂ္ဂိုလ်ကြီးများတိုင်း ဒုက္ခဆင်းရဲမျိုးစုံကို ခံကြရကာ အသက်ပေးခဲ့ရသည့်တိုင် ဘဝနာခဲ့ကြရပါသည်။ သူတို့၏အစကို

ပြန်ကြည့်လျှင် ရုပ်ဆိုး၊ ဆင်းရဲ၊ ယုတ်ညံ့သော ဘဝဖြင့် အသက်ရှင်ခဲ့ကြရပါသည်။

ထိုသူတို့သည် အတိတ်ဘဝမှ ပြုခဲ့သော အကုသိုလ်တရား များကြောင့်ယခု ဘ၀တွင်

ထိုဘဝမျိုးကို ရကြသည်ဟု ဆိုက ကြောင်းကျိုးညီညွတ်၍လက်ခံနိုင်သော တရား၊

လုံးဝမှန်ကန်သောတရား ဖြစ်နိုင်ပါမည်လား?

မာရ်နတ်သည် တချိန်က ကောင်းကင်တမန်မင်း တပါးဖြစ်ပြီး ဘုရား၏

နေရာကို လုယူဖို့ ကြံစည်ရာမှ ကောင်းကင်ဘုံမှ နှင်ချခံရကာ ယနေ့ လောကကို

အုပ်စိုးသော မုသာ၏ အရှင်သခင် ဖြစ်ပါသည်။ တန်ခိုးနိမိတ် အမျိုးမျိုးကို ပြနိုင်ပြီး

စည်းစိမ်ချမ်းသာကို ပေးလျက် လူတို့ကိုးကွယ်မှုမှ လွဲမှားရန် နည်းမျိုး စုံဖြင့်

လှည့်ဖျားနေသော ဘုရား၏ ရန်သူဖြစ်ပါသည်။ ၄င်းသည် ယနေ့ လူတို့ အား

လူဝင်စား၊ သရဲတစ္ဆေ၊ နတ်အမျိုးမျိုး၊ ဝိညာဉ်ကောင် အမျိုးမျိုးတို့ဖြင့် လူတို့

ကိုးကွယ်မှုမှ လွဲမှားရန် လှည့်စားနေပါသည်။ လူသည် အဖန်ဖန် ပြန်ဝင်စားရိုး

မှန်က ဥပမာ ကမ္ဘာပေါ်တွင် လူတစ်သိန်းတို့က တစ်သိန်းအမြဲရှိနေရမည်

မှန်သော်လည်း ယနေ့ သန်းပေါင်းခုနှစ်ထောင်ခန့် ရှိနေပြီး နှစ်စဉ် အဆမတန်

တိုးပွါးနေပါသည်။ ထိုတိုးပွါးလာသောလူများက ဘယ်က ဝင်စားလာကြပါ သနည်း။

အကြောင်းအကျိုး ကိုက်ညီမှုရှိပါသလား? ငရဲသည် မာရ်နတ်နှင့် နောက်

လိုက်အပေါင်းပါတို့ အတွက်သာ ဖန်ဆင်းထားခြင်း ဖြစ်၍ လူသားများတို့ သည်

နောက်လိုက် အရွေးမမှားကြဖို့ အလွန် အရေးကြီးပါသည်။တိုးပွါးလာသော ကမ္ဘာ့လူဦးရေစာရင်းကို ဖေါ်ပြရပါက အေဒီ ၁၅၀၀ တွင် သန်း ၃၀၀

၊အေဒီ ၁၆၀၀ တွင် သန်း ၅၀၀၊အေဒီ၁၇၀၀တွင်သန်း ၇၀၀၊အေဒီ ၁၈၀၀ တွင် သန်း ၁၀၀၀၊ အေဒီ ၁၉၀၀ တွင် သန်း ၂၀၀၀၊ အေဒီ ၂၀၀၀ တွင် သန်း ၆၀၀၀ နှင့် ၃၁.၁၀.၂၀၁၁ တွင် လူဦးရေ သန်းပေါင်း ၇၀၀၀ ရှိပြီဖြစ်ကြောင်း ပညာရှင်များက ကြေညာပါသည်။ အေဒီ ၁၅၀၀ ကနှစ်တရာအတွင်း လူသန်း ၂၀၀ သာတိုးလာသော်လည်း ယခု အေဒီ ၂၀၀၀ မှ ဆယ်နှစ်အတွင်း သန်းတစ်ထောင် တိုးလာသည်ကို တွေ့ရပါသည်။

၂၅- ခရစ်ယာန် ဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော ကောင်းကင် နိုင်ငံတော်သို့ –

ဝင်ရောက် သွားသော မိသားစုနှင့် လူပုဂ္ဂိုလ်တို့၏ အမည်နှင့် လိပ်စာ ရှိခဲ့ –

ဘူးပါသလား။ ယခု ရှိနေပါလျှင် လိပ်စာနှင့် နာမည် အတိအကျ သက်သေ =

ဖော်ပြပါ။

အောင်တင်ဘုံသို့ ဝင်ရောက်ဖူးသူ တစ်ယောက်၏အကြောင်း-

ယနေ့ ကောင်းကင်ဘုံသို့ ရောက်ရှိသွားသော လူများစွာတို့၏ သက်သေ =

ခံချက်များ များစွာ ရှိပါသည်။ ယခုလောလော လတ်လတ်ပင် အီကွေဒေါနိုင်ငံမှ

မိန်းမငယ်တစ်ဦးသည် ၂၃ နာရီမျှ သေသွားပြီး ပြန်ရှင်ခဲ့ပါသည်။ ထိုအချိန်အတွင်

၎င်းသည် ငရဲ ကောင်းကင်ဘုံနှင့် ယေရှုဘုရား ဒုတိယအကြိမ် လောကသို့

ကြွဆင်းလာချိန် ဖြစ်မည့်အကြောင်းအရာများတို့ကို မြင်တွေ့ခွင့် ရလိုက်ပါသည်။

ထိုမိန်းမငယ် ထက်ခိုင်လုံသောသူ တစ်ဦးရှိပါသည်။ ယနေ့ ကမ္ဘာပေါ်တွင်

တန်ခိုးသြဇာအလွှမ်းမိုးဆုံးစာအုပ်ဖြစ်သည့် ၆၆ ကျမ်းပါ သမ္မာကျမ်းတွင် ရှင်ပေါလုမှ

၃ ကျမ်းခန့်ကို ရေးသားခဲ့ပြီး ခရစ်ယာန် ဘာသာကြီး ထွန်းကားလာဖို့ ဘုရား၏

အဓိက အသုံးတော် ခံရသူအဖြစ် ကမ္ဘာ့ မှတ်တမ်းစာအုပ်တွင် မှတ်တမ်း အတင်

ခံရဆုဖြစ်ပါသည်။ ၄င်းသည် ဘုရားရှိရာ တတိယ ကောင်းကင်နိုင်ငံတော် အထိ

ရောက်ရှိ မြင်တွေ့ ခံစားခဲ့ရသော သမိုင်းဝင် ပုဂ္ဂိုလ်မြတ်တစ်ဦး ဖြစ်ပါသည်။

ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံးပုဂ္ဂိုလ်များစာရင်းတွင် ရှင်ပေါလုသည် ထိပ်တန်း စာရင်း

တွင် ပါဝင်သူ တစ်ဦးဖြစ်ပါသည်။ ရှင်ပေါလုသည် ယေရှုကို မမြင်တွေ့ ဘူးလိုက်ပါ။

ရှင်ပေါလုသည် ယေရှု၏ တမန်တော် ၁၂ ပါးအဝင်ဖြစ်သည့် သဝေဖန်

ကို ကျောက်ခဲနှင့် သေဒဏ်စီရင်ရာတွင် ပါဝင်ခဲ့ရုံမျှမက ခရစ်ယာန် များကို လိုက်လံ

ရှာဖွေ၍ ညင်းဆဲသတ်ဖြတ်သူများ၏ ခေါင်းဆောင်ပင် ဖြစ်ခဲ့ပါသည်။ ထိုကဲ့သို့

မရစ်ယာန်များကို လိုက်လံရှာဖွေ သတ်ဖြတ်ဖို့ မသက်မြို့သို့ သွားရာ လမ်း၌

သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ ရောက်ရှိ စံပယ် နေတော်မူသော

ယေရှုနှင့် မြင်တွေ့ခွင့်ရရှိခဲ့ပါသည်။ သူ၏ နောက်လိုက်များ ကလည်း ကောင်းကင်

ဘုံမှ အလင်းတန်းကြီး တစ်ခု ရှင်ပေါလုကိုယ်ပေါ်သို့ ကျရောက်လျက် ကောင်းကင်

ဘုံမှ အရှင်တစ်ပါးဖြင့် စကားပြောခဲ့ကြောင်း တွေ့မြင်ကြရပါသည်။ ကောင်းကင်ဘုံမှ

စကားပြောသော အရှင်သည် ယေရှု ဖြစ်ကြောင်းကို ရှင်ပေါလု သိမြင်ခဲ့ရပြီး

ယေရှုဘုရား၏ ညွှန်ကြားမှုကိုခံယူလျက် ယေရှုအတွက် အသက်ရှင် ခဲ့ကာ

နောက်ဆုံး ယေရှု၏ ကယ်တင်ခြင်းတရား စကား တော်အတွက် အသပင်

ပေးခဲ့သူ ဖြစ်ပါသည်။ ရှင်ပေါလုသည် ယေရှု ကဲ့သို့ပင် သေသောသူကို ပြန်ရှင်

စေနိုင်သော တန်ခိုးရှိသူဖြစ်ပြီး လူနာများ ကိုလည်း အနာရောဂါ ငြိမ်းစေ

နိုင်ခဲ့သူဖြစ်ပါသည်။ ထိုသူတော်စဉ်ဖြစ်သည့် တမန်တော် ရှင်ပေါလုက ကောင်းကင် *

ဘုံသို့ ရောက်ရှိ မြင်တွေ့ခံစားခဲ့ရကြောင်း သက်သေခံထားခဲ့ခြင်းကို မုသာဟုဆိုက

ကောင်းကျိုး ညီညွတ်မှု ရှိနိုင်ပါ မည်လား? (၂ ကော ၁၂၂-၄) ရှင်ပေါလု၏

အကြောင်းကို ဆင်ခြင် ကြည့်ခြင်း အားဖြင့် ယေရှုသည် အသက်ရှင်သော ဘုရား၊

ကောင်းကင်ဘုံသည် အမှန်တကယ် တည်ရှိသော အရပ်နှင့် ယေရှု ပြောခဲ့သော

မရဏာနိုင်ငံသည်လည်း အမှန် တကယ်တည်ရှိ ပါကြောင်း ဆင်ခြင်သိမြင်

နိုင်ပါသည်။

ထိုအရာ တို့တကယ်ရှိပါက သင်အသက်ရှင်စဉ် သင့်တမလွန်အတွက်

အဘယ်အရာကို ရွေးချယ် ဆုံးဖြတ်မည်နည်း? ကောင်းကင်ဘုံသည် ဗြဟ္မာဘုံ၊

နိဗ္ဗာန်ဘုံအဆင့်ပင် မရှိပါ၊ နတ်ဘုံအဆင့်သာ ရှိသည်ဟု တရားနာဘူးပါသည်။

သို့ဆိုက နတ်ဘုံသို့ အဘယ်သူရောက်ဖူးပါသနည်း၊

ရှိကြောင်း ဘာနှင့်သက်သေ

ပြမည်နည်း၊ ထိုဘုံများတို့ကို မည်သူက ဖန်တီးထိန်းချုပ် ထားပါသနည်းဟု

စဉ်းစားရန် အချက်များ ရှိလာပါသည်။ သမ္မာကျမ်းတွင် လူသည် သေပြီး ငရဲနှင့်

ကောင်းကင်နှစ်လမ်းသာ ရှိသည်ဟုဆိုသလို သုတေသီများကလည်း နှလုံးခုန်

ရပ်သွားသောလူနားများကို သုတေသနပြုကြည့်ရာ ထိုနှစ်နေရာသို့ သာ သွားကြ

ရကြောင်း တွေ့ရှိကြရပါသည်။ သို့ဆိုက ၃၁ ဘုံကို သေသွားပြီး ပြန်လာ သူများ

တို့တွင် ထိုဘုံများသို့ ရောက်ရှိခဲ့ ဘူးကြောင်း ကြားဘူးပါသလား မေ့မျောသွား

သူ ကို မဆိုလိုပါ၊ နှလုံးမခုန်တော့ဘဲ အသက်ရှူရပ်လျက် ခေတ္တသားသူများ

ကိုသာဆိုလိုပါသည်။)

ဗုဒ္ဓဘာသာဝင်တို့၏ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်သို့ ရောက်ခဲ့ဖူးသောသူ ရှိပါသလား၊

ရှိပါကဖေါ်ပြပေးပါ”

ကောင်းကင်ဘုံသို့ ရောက်ဖူးသောသူရှိပါသလားဟူသော မေးခွန်းကြောင့်

နိဗ္ဗာန်သို့ ရောက်ဖူးသော သူ ရှိပါသလား ဟု ပြန်လည်မေးခွန်းထုတ်ရန် စဉ်းစား

မိပြန်ပါသည်။ သို့သော် ပိဋပတ်သုံးပုံတွင် နိဗ္ဗာန် ဆိုသည်မှာ မရှိတော့သော၊

ပျောက်ကွယ် သွားသော အရပ်ဖြစ်သည်ဟု ပြန်လည်၍ စဉ်းစားဆင်ခြင်မိသည့်

အတွက် ရောက်ဖူးသောသူရှိပါသလားဟု မေးခွန်းထုတ်ပါကလည်း ရောက်သွား

သူက ပြန်လာ စရာအကြောင်းမရှိသောကြောင့် ထိုမေးခွန်းမေးလည်း အကျိုးရှိမည်

မဟုတ်ဟု သုံးသပ်မိပါသည်။

ထိုသို့ဆိုကဗုဒ္ဓသည် မရှိတော့ပြီဖြစ်သောကြောင့် ထိုဘုရားထံသို့ ရည်စူး၍

ဆင်းတုများရှေ့တွင် တောင်းဆုပြုနေကြပြန်ရာ မရှိတော့သောအရှင်က အဘယ်

ကဲ့သို့ ပေးမည်နည်းဟု စဉ်းစားမိပြန်ပါသည်။ ဆုတောင်းတာမဟုတ်ဘူးဟု ဆိုပြန်

ကလည်း ဆုတောင်းပြည့် ဘုရား၊ စေတီ၊ ဓမ္မာရုံ အစရှိသဖြင့် ကင်ပွန်းတပ်

ထားသော အရပ်များတို့ကို အဘယ်ကဲ့သို့ နားလည်နိုင်ရမည်နည်း။ ထို့ကြောင့်

ဗုဒ္ဓဘာသာဝင်တို့၏ ဆုတောင်းခြင်းနှင့် ပတ်သက်ပြီး ၄င်းတို့၏ ယုံကြည်မှုကို

မေးခွန်းများ မေးမိပါသည်။ ထိုမေးခွန်းများတို့ကို ဖေါ်ပြပေးရပါက…

ဗုဒ္ဓဘာသာဝင်တို့ အနေဖြင့် ဘုရားဟာ နိဗ္ဗာန်ရောက်သွားပြီ ဖြစ်ပြီး ထိုဘာသာဝင်

တိုင်းတို့သည်လည်း နိဗ္ဗာန်ရောက်ဖို့ ကြိုးစားနေကြသည် ဆိုတော့.…

၁) ဘုရားမရှိတော့ဘူးပေါ့.…။

က- မိဘမဲ့များရဲ့ ခံစားချက်နဲ့ မိဘရှိသူရဲ့ ခံစားချက်ဟာ ကွာခြားသလို ဘုရား

မရှိ တော့သည့် သင်တို့ရဲ့ ခံစား ချက်လေးကို သိလိုပါသည်?

– မရှိတော့သည့် ဘုရားထံ တောင်းဆုပြုခြင်း၏ ရည်ရွယ်ချက်ကို လည်း သိလို

ပါသည်.. မရှိသည့် အရှင်က အဘယ်ကဲ့သို့ ပေးနိုင်မည်နည်း?

– ဘုရားကိုဆုတောင်းခြင်းမဟုတ်ဟု ဆိုပြန်ကလည်း ယနေ့ ဆုတောင်းပြည့် ဘုရား

ဟု ကင်ပွန်း တပ်ထားသော စေတီပုထိုးများကို အဘယ် ကဲ့သို့ ဆိုလိုပါ သနည်း?

၂) ချုပ်ငြိမ်းဖို့ ကျင့်ကြသည် ဆိုတော့

စံစားဖို့ အတွက်သာ လူတို့ ကြိုးစားရိုး ထုံးစံရှိပေမည့် ဘာမှ မရှိတော့

ဘဝအတွက် ကြိုးစားသည် ဆိုတော့ ကြောင်းကျိုး၊ ညီညွတ်မှု ရှိပါသလား ?

နိဗ္ဗာန်သို့ ချက်ခြင်းရောက်ရန် မလွယ်ကူမှန်းသိပါလျက်သံသရာ လည်ရ

ခြင်းကို မကြောက်ဘူးလား?

သံသရာလည်ခွင့် မရှိပဲ သမ္မာကျမ်းအဆိုအရကောင်းကင် ငရဲဘုံ

နှစ်လမ်းသာရှိခဲ့မည်ဆိုလျှင် အဘယ်ကဲ့သိုခံယူရင်ဆိုင်မည်နည်း?

၃) ဗုဒ္ဓဘာသာဝင်တို့၏ တရားသဘောတွင်

သံသရာ၏ အစကို မသိ၍ ပြယ်သည်

အလယ် တွင် သုံးဆယ့်တစ်ကို ၍ ရေတွက်ပြသောကြောင့်

မောက်သည်

အဆုံးတွင် နိဗ္ဗာန်မှာ ဘာမှမရှိသောကြောင့် ပျောက်သည်ဆိုသည့်

အတွက်ကြောင့် အစ ပြယ်၊ အလယ်မောက်၊ အဆုံးပျောက်သော ဝါဒဟု ဆိုနိုင်

ပါသလား… ?

၄) ဗုဒ္ဓဘာသာဝင်တို့အနေဖြင့် ရခဲလှသည့် လူ့ဘဝ၊ တန်ဘိုးရှိလှသည့် လူ့ဘဝကို

အနိစ္စ၊ဒုက္ခ၊အနတ္တလို ရှုမြင်ထားသည့်အတွက်ကြောင့် ဘဝ၏ အဓိပ္ပါယ် ဆိုသည်မှာ

အဘယ်နည်း…?

၅) ဗုဒ္ဓဘာသာကို အမိနိုင်ငံ ကျော်နှင့် လူမျိုး၏ ကိုးကွယ်ရာဟု အများက

ဆိုကြခြင်းကြောင့်…

ဗုဒ္ဓဘာသာသည် ဤနိုင်ငံသို့ မည်သည့်ခုနှစ်တွင် ဝင်ရောက်လာပါသနည်း?

ထိုအချိန်မတိုင်မှီ ဤတိုင်းပြည်တွင် မည်သည့် ဘုရားကို ကိုးကွယ်ခဲ့ကြ

ပါသနည်?

ဗုဒ္ဓဘာသာကို ကူးပြောင်းလက်ခံယုံကြည်ကိုးကွယ်ခြင်းသည် တမလွန်

အတွက် စိတ်ချရာ တရားဖြစ်သည့်အတွက်ကြောင့် ရွေးချယ်ရခြင်းဖြစ် ပါသလား

သို့တည်းမဟုတ် အဘယ့်ကြောင့်နည်း?

၆) ဘာသာတရားအစ

ဘီစီ၅၀၀ ခန့်မှဗုဒ္ဓဘာသာပေါ်ထွန်းလာသောကြောင့် ထိုအချိန်မတိုင်မှီ

လူတို့သည် အဘယ်ဘုရားကို ကိုးကွယ်ကြသနည်း?

ဗုဒ္ဓဘာသာသည် မှန်သော တရားဟု ဆိုခြင်းကြောင့် ထိုအချိန်မတိုင်မှီ

လူသားများ၏ ကိုးကွယ်မှုကို မှားသည်ဟု ဆိုနိုင်ပါသလား?

ထိုအချိန်ဆိုသည့် လူသားအစတွင် မည်သည့်ဘုရားကို ကိုးကွယ်မှုဖြင့်

အစပြုခဲ့ပါသနည်း။

ရ) လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိသော လူသားတိုင်းတို့ သည် မိမိနှင့် တန်ရာ

တန်ရာကိုသာ ရွေးချယ် ကိုးကွယ်တတ်သော ကြောင့် သင်သည်..

မည်သည့်အရှင်ကို အဘယ့်ကြောင့် ရွေးချယ်ပြီး

ဘယ်လိုနည်းဖြင့် ကိုးကွယ် ယုံကြည်ရပါသနည်း… ဗုဒ္ဓဘာသာကို

ကျွန်တော်စားပါသည် ကျွန်တော့်ရဲ့ ဆွေးမျိုး၊ ဆရာသမားများ

နဲ့ မိတ်ဆွေများ ဟာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်… ကျွန်တော် သိလိုသော

မေးခွန်းများကို ၄င်းတို့အားလည်း အလျှင်းသင့်သလို ဆွေးနွေးဖြစ်ပါသော်လည်း

ဘီလိုသော အသို့ မရောက်သေးသည့်အတွက်ကြောင့် ဖြစ်ပါသည်။ ကျွန်တော်

ဝိလိုသော အများအတွက် ကြိုတင်ကျေးဇူးတင်လျက်ဟု အင်တာနက်

ဘာသာရေး ဆွေးနွေးခန်း စာမျက်နှာတွင် မေးကြည့်သောအခါ-

အဖြေ။ ။ ဘယ်သူတွေက တောင်းဆုပြုနေပါသနည်း။ Buddhism တွင် ဆုတောင်း

သည် ဆိုတာကို ဆိုလို ချင် ပါက နည်းနည်းရှင်းပြပါမည်။Buddhism တွင်

တောင်းဆုပြုသည် ဆိုသည်မှာ တစ်စုံတစ်ယောက်ထံ တိုင်တည် တောင်းခံခြင်း

မဟုတ်ပါ။ မိမိကိုယ်ကို ကတိကဝတပြုခြင်း တစ်မျိုးမည်ပါသည်။ ဟိုဟာလိုချင်လို့

ဟာလိုချင်လို့ အမွှေးတိုင်ထွန်းတာမျိုး၊ လက်ဝါးကပ်တိုင်ရှေ့ ဒူးထောက်

တောင်းခံခြင်းမျိုးနှင့် မရောချပါနှင့်။ အဲ ဒါသည် Buddhism တွင် မရှိပါ။

ကိုယ်လိုချင်ရာ ကိုယ့်ပန်းတိုင်ကို သတ်မှတ်ခြင်းသည် ဆုတောင်းခြင်း မည်ပါ၏။

မိမိထက် အကြီးအကဲရှေ့ (သို့မဟုတ်) မြင့်မြတ်သည်ဟု သတ်မှတ်ထားသော

နေရာဌာန တစ်ခုခုတွင် ကတိကဝတ်ပြုခြင်းသည် မိမိဘာသာ တစ်ယောက်ထဲ

စိတ်ထဲတွင်ထားသည်ထက် ပိုပြီး လေးနက်သည်ဟု အဓိပ္ပါယ်ရသောကြောင့်

ဖြစ်ပါသည်။ တစ်ခုခုလိုချင်လို့ တစ်ခုခုပေးခြင်းမျိုး (ငါ့ကိုယုံမှ နေရာရမယ်

ဆိုတာမျိုး) လုံးဝမဟုတ်ပါ။ အတ္တာဟိ အတ္တနော နာထော ( မိမိကိုယ်သာ

ကိုးကွယ်ရာ၊ မိမိ ရွေးချယ်သော လမ်းအတိုင်းသာ မိမိရှောက်ရသောကြောင့် မိမိ

သည်သာ မိမိ၏ အရှင်သခင်ဖြစ်သည်) ဟု ဖြေကြားပေးခဲ့ပါသည်။

ကျန်သောမေးခွန်းများအတွက်၄င်း၏ အဖြေမှာ (မည်သူ့အတွက်မှ

အကျိုးမရှိသောမေးခွန်းများ ဖြစ်ပါသည်) ဟုသာ ချုံငုံပြီး အဖြေပေးခဲ့ပါသည်။

ထို့ကြောင့် ဆွေးနွေးဖြေကြားပေးသည့် မိတ်ဆွေကြီးအား ကျွန်တော်က

ပြန်လည်ပြီး

မိမိကိုယ်ကိုသာ ကိုးကွယ်ရာတဲ့လားဗျာ၊ ဒါဆို ဆင်းတုကြီးတွေအတွက်

အချိန်တွေ၊ ငွေတွေ အများကြီး အကုန်ကျခံ တည်ထားကိုးကွယ်နေကြသေးလဲဗျာ၊

ကိုယ့် ရုပ်တုပ် ကိုယ်ထုလုပ်ပြီး ကိုးကွယ်ပါ တော့လား၊ ကိုယ့်ရုပ်ထုတောင်

ကိုယ်ကိုးကွယ် ချင်စိတ်ရှိပါရဲလား၊ မှန်ထဲက ကိုယ့်ရုပ်ကိုကြည့်ပြီး၊ ဒေါသအမျက်

ကင်းသူ၊ လူသားတိုင်းကို စာနာသနား နားလည်ပေးတတ်သူ၊ ရက်ရောပေးကမ်းသူ၊

ကိုယ့်အကျိုးထက် အများအကျိုးအတွက် ရှိသမျှကိုစွန့်ကြရုံမျှမက အသက်ကိုပါ

ပေးပြီး မေတ္တာထားနိုင်သူ၊ လူတကာက ကိုယ့်ကို အပြစ်ရှာမတွေ့အောင် သန့်ရှင်းသူ၊

သီလများကို ခါးဝတ်လိုမြဲသူဟု ဆိုလျှင် ကိုယ့်ရုပ်ကိုကိုယ်ကြည့်ပြီး လှောင်နေတယ်လို့

မခံစားရဘူးလားဗျာ… မိမိကိုယ်ကိုသာ ကိုးကွယ်ရာဆို နည်းနည်း ပြန်စဉ်းစား

သင့်ပါတယ်.. နည်းနည်းလို့ ပြောခြင်းက အများကြီးပင် စဉ်းစာစရာ လိုမည်

မထင်လို့ပါဟု ပြန်လည်၍ အပြုသဘောဖြင့် ဆွေးနွေးဖြစ် ခဲ့ပါသည်။ ထိုအခါ

၄င်းက .. ခင်ဗျားက ဒါမျိုးတွေလည်း ရေးတတ် ခနဲ့တတ်သား ပဲဟု ဆိုလျှင်

ကျွန်တော်က အမှန်ကို မြင်စေလိုသော စေတနာနဲ့ပါ ဟုသာ ပြန်ဖြေ ပေးခဲ့ပါသည်။

အစား ဘုရား .

ယေရှအားဖြင့်သာလျှင် ကောင်းရာဘုံသို့ ရောက်နိုင်မည်ဟူသော အဆိုသည်

အမြင်ကျဉ်း မြောင်းပြီး မတရားသလို ဖြစ်မနေဘူးလား?

အမြင်မကျဉ်းမြောင်းသူဖြစ်ပါက ထိုကဲ့သို့ ဆိုရမည့်အ

လူတွေကို ဘာ့ကြောင့် အတင်း အဓမ္မ လိုက်ကယ် နေရတာလဲဟု မေးသင့်ပါသည်။

နားထောင် လိုသည်ဖြစ်စေ နားမထောင်လိုသည်ဖြစ်စေ ဘာသာစကား မျိုးစုံတို့ဖြင့်

ရေဒီယိုနှင့် ရုပ်မြင်သံကြား၊ ဂြိုဟ်တုစလောင်းတို့မှ ထိုတရားစကား ကို လူတိုင်း

နေရာတိုင်းမှ မကြား ချင်မှအဆုံး ကြားနေ ကြရပါသည်။ ယေရှု၏ ကယ်တင်ခြင်း

တရားတော် ဝေစာများ ဟာလည်း မရချင်မှအဆုံးပါ။ ယေရှုသည်သာ လူသား

တိုင်းတို့၏ တစ်ခုတည်းသော သုခဘုံသို့ ရောက်ရာလမ်း ဖြစ်သည်ဟူသော

အဆိုသည် အမြင်ကျဉ်းမြောင်းသည့် မဆင်မခြင် ပြောဆိုသော အစွဲအဆို

မဟုတ်ပါ၊ ကြောင်းကျိုး ညီညွတ်ဆီလျော်လျက် အထောက်အထား ခိုင်လုံ

တိကျမှန်ကန်စွာရှိသော အဆိုဖြစ်ပါသည်။ ထိုမျှ ခိုင်လုံသော တရားလမ်း ဖြစ်သည့်

ယေရှုဘုရားကို ငြင်းပယ်ကြသောသူများသည် ငါ့လူမျိုး ဘာသာ၊ သာ သန

ဆိုသည့် ကိစ္စကိုမချွတ်နိုင်သော အစွန်းရောက်သူများ သာလျှင် ဖြစ်ပါသည်။

လူသားတိုင်း သမ္မာတရားတည်းဟူသော ငြိမ်သက်ခြင်း၏အရှင် ယေရှုဘုရားကို

ကိုးကွယ်ကြပါက ငြိမ်းချမ်းသော ကမ္ဘာကြီး ဖြစ်နေမည်မှာ အမှန်ပင်ဖြစ်ပါသည်။

ယေရှုအကြောင်းမကြား သိလိုက်ရဘဲ သေဆုံးသွားသော သူများနှင့် ကလေး

သူငယ်များအတွက် ဘုရားသခင်သည် လူ၏ အဆင်းသဏ္ဍာန် ထက် စိတ်နှလုံးကို

ကြည့်သောဘုရားဖြစ် ပါသည်။ လူသားတိုင်း၏ အတွင်း မနောကိုသိသောဘုရားက

တရားမျှတစွာဖြင့် စီရင်ပါလိမ့်မည်။ ထိုသူတို့သည် ယေရှုဘုရား၏ အကြောင်းကို

အမှန်တကယ် ကြားသိရပါကလည်း အမှန်တရား ကို နှိမ့်ချစွာဖြင့် လက်ခံနိုင်သော

နှလုံးသား ရှိပါမည်လား။

လူသည်တစ်နေ့ကို အတွေးပေါင်း နှစ်သောင်းခန့်တွေးခေါ် တတ်ကာ

ထိုအတွေးထဲတွင်လည်း လောဘ ဒေါသ မောဟက မကင်းကြောင်း ပညာရှင်များက

ဆိုပါသည်။ သိပ္ပံပညာရှင်များကလည်း လောဘ၊ ဒေါသနှင့် မောဟတို့ ပါမလာ

သော မျိုးရိုးဗီဇသစ်ကို တီထွင်ရာ အရှုံးပေးလိုက် ရပါသည်။ မွေးရာပါ သေသည့်

တိုင် စွဲနေမည့် သေရာပါရောဂါနှင့် တူပါသည်။ ထို့ကြောင့် အသက်ကြီးလာလေ

အပြစ်ကြီးလာလေ ဖြစ်ပြီး တရားဓမ္မပိုသိ၍ စောင့်ထိန်းရန် သီလများ များလာလေ

မကျင့်နိုင်သော လူ့သဘာဝအရ အပြစ်က ပိုများလာလေ ပင် ဖြစ်ပါသည်။ တရားက

လူကို မကယ်နိုင်ပါ၊ ဘုရားက သာလျှင် လူကိုအပယ် မှ ကယ်တင်နိုင် သောကြောင့်

တရားပေးသည့်ဘုရားထက် တရားကိုလည်းပေး၍ အပယ်ငရဲမှလည်း ကယ်တင်

ပေးသောအရှင်တွင် အဘယ်အရှင်ဘုရားသခင်သည် မိမိ၏ တမလွန် အတွက်

စိတ်ချရာဖြစ်သည်ကို မှန်ကန်စွာ ရွေးချယ်လျက် ကိုးကွယ် တတ်ကြဖို့ အရေးကြီး

ပါသည်။

ယေရှုဘုရား၏ လူသားတို့ အတွက်ပြုပေးသော အမှုကြီး နှစ်ခုမှာ လူတို့

ကိုအပယ်ငရဲမှ ကယ်တင်ခြင်းနှင့် လူသားများကောင်းသောအကျင့်ကို စံနှုန်းသတ်

ကျော်လွန်စွာ ကျင့်နိုင်ရန် ယုံကြည်သူ၏အထဲမှ ဝိညာဉ်တော်အားဖြင့် ကူမခြင်း

တို့ဖြစ်ပါသည်။ ယေရှုကို ယုံကြည်သူသည် ကောင်းရာဘုံသို့ ရောက်ဖို့ ကောင်းသော

အမှုကို ပြုသောသူမဟုတ်ဘဲ ကောင်းကင်နိုင်ငံသား ဖြစ်သည့်အတွက် ကောင်းသော

အမှုကို မပြုဘဲ မနေနိုင်သူအဖြစ် မနောပြောင်း သွားပါသည်။ လူတို့ကို အပယ်ငရဲ

မှပင် ကယ်တင်ခဲ့သော ဘုရား သည် လောကီဒုက္ခဆင်းရဲ အပေါင်းမှလည်း

ကယ်တင်မပေးဘဲ အဘယ်သို့ နေတော် မူမည်နည်း။ ယေရှုက ဝန်လေး၍

ပင်ပန်းသော သူအပေါင်းတို့ ငါထံသို့ လာကြလော့၊ ငါသည် ချမ်းသာ ပေးမည်။

(မ ၁၁း ၂၈) ဟု လူတိုင်းကို ကြိုဆိုနေပါသည်။

၄။ ယေရှုကို ကိုးကွယ်ခြင်းသည်မှန်သောကိုးကွယ်ခြင်းဖြစ်ပါသလား?

မှန်သောကိုးကွယ်ခြင်းဖြစ်ပါသည်။ယေရှုကိုယ်တော်တိုင်က ပြောခြင်းဖြစ်

ပါသည်။ (ယော ၁၄၆) အမှားအယွင်းကင်းသောသမ္မာကျမ်းစာက ပြောပါသည်။

( ၁၇၁၇) ထို သမ္မာကျမ်းစာတော်မြတ်ကို ဖျက်ဆီး၍ မရခြင်းတို့ကြောင့် E

ဖြစ်ပါသည်။ (မ ၅ဝ၈)

ရာနှင့်ချီသောဓမ္မဟောင်းကျမ်း’ ပရော် ဖက်ပြုချက်များအားလုံး ယေရှု

* တွင် ပြည့်စုံခဲ့သည်။ သူ့တွင်အပြစ်ရှာ၍မရပါ။ အပြစ်မဲ့သော သူ၏သက်တော်စဉ်၊

သူပြုခဲ့သော အနှိုင်းမဲ့ သဘာဝလွန်တန်ခိုးနိမိတ် လက္ခဏာများနှင့် သူ၏ သေခြင်းမှ

ရှင်ပြန် ထမြောက်ခြင်း အမှုတို့ အားဖြင့် မိမိသည် မျက်မြင်မရသော ဘုရား၏

ဘိသိတ်ခံဘုရားဖြစ်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ ထင်ရှား သော

ဘာသာရေး ခေါင်းဆောင် များတို့၏ အသက်ရှင်မှုတွင် အပြစ်ကင်းသော

သဘာဝကို မတွေ့ရသကဲ့သို့ မည့်သည့် အံ့ဖွယ်နိမိတ်လက္ခဏာ တစ်စုံတစ်ခုမျှ

မရှိခဲ့ပါ။ သူတို့ ၏ ရုပ်ကလပ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ လောကတွင်

ရှိနေကြပြီး သေခြင်းတရားကို မအောင်မြင်ခဲ့ပါ။ သို့သော် ယေရှု၏ သင်္ချိုင်းဂူ

ထဲတွင် ဘာမျှမရှိတော့ပါ။ ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက် ခြင်းနှင့် အံ့ဩဘွယ်

နိမိတ်လက္ခဏာမျိုးကို အခြားမည်သည့် ဘာသာတရားတွင်မှ မတွေ့နိုင်ပါ

ထို့ကြောင့် ဤအချက်သည် ကိုးကွယ်မှုဆိုင်ရာ အရေးကြီးသည့် မတူညီသော

အချက်ကြီးတစ်ရပ် ဖြစ်ပါသည်။ ယေရှုသည် အသက်ရှင်စေသော အာဏာစက်နှင့်

ပြည့်စုံပြီး လူသားတိုင်းတို့၏ ကိုးကွယ်ယုံကြည်ခြင်းကို ခံထိုက် သော သက်သေ

များနှင့် ပြည့်စုံသည့် တစ်ပါးတည်းသော ကယ်တင်ရှင် ဘုရားသခင် ဖြစ်ပါသည်။

ခေတ်အဆက်ဆက်တွင် လူအများ၏ ကြည်ညိုလေးစား ကိုးကွယ်ခြင်းကို

ခဲ့ရသော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ များစွာ ပေါ်ထွန်းခဲ့ကြ ဖူးပါသည်။ ထိုပုဂ္ဂိုလ်များ

သက်ရှိထင်ရှားရှိစဉ်အခါ လူများအပေါ် တန်ခိုးသြဇာအာဏာ လွှမ်းမိုး သက်ရောက်

နိုင်ခဲ့ခြင်း ရှိခဲ့ပါသော်ငြားလည်း သူတို့ ကွယ်လွန်ပြီး နောက်ပိုင်း ၄င်းတို့၏

ဆောင်ရွက်ချက်များနှင့် လူတို့အပေါ် လွှမ်းမိုးနိုင် စွမ်းများ တဖြည်းဖြည်း မှေးမှိန်

လာကာ အချို့ကိုပင် လူများ မေ့ပျောက် ကုန်ကြပြီ ဖြစ်ပါသည်။

သို့သော် ထိုအထဲမှ ပုဂ္ဂိုလ်တစ်ဦးမှာ ထိုကဲ့သို့ မဟုတ်ပါ။ ခေတ် ၊

တိုးတက် ပြောင်းလဲလာလေ သူ့ကိုယုံကြည်လက်ခံ သူများ များပြားလာလေ ဖြစ်ပြီး

နှစ်များ ကြာလာလေ လူသားတို့ အပေါ် သူ၏ တန်ခိုးသြဇာလွှမ်းမိုးနိုင်စွမ်း

ကြီးမားလာ လေပင် ဖြစ်ပါသည်။ အကြောင်းမှာ လက်ဝါးကားတိုင်ထက် လူများ

ရှေ့တွင် သူ့ကို ကွပ်မျက်လိုက်ကြသော်လည်း ကျမ်းစာလာသည့်အတိုင်း သုံးရက်

မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ပြီး ယနေ့တိုင် အသက်ရှင်လျက် အလုပ်လုပ်

နေခြင်းကြောင့် သူ၏လုပ်ငန်းများ မှေးမှိန် ပျောက်ကွယ် သွားခြင်း မရှိဘဲ တိုးတက်

ကြီးထွား လာရခြင်းပင် ဖြစ်ပါ သည်။

ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏၊ ကိုးကွယ်သော သူသည်

နာမ်ဝိညာဉ် နှင့်၄င်း၊ သစ္စာနှင့်၄င်း ကိုးကွယ်ရမည်။ (ယော ၄၂၄)

တမလွန်အရေးသည် မိမိ၏ကိုယ်ပိုင်အရေး ဖြစ်ပါသည်။ မည်သူမျှ

မိမိနှင့်အတူ လိုက်ပြီး တမလွန်အတွက် တာဝန်ယူပေးမည့်သူ မရှိပါ။ ယေရှတို

မိမိ၏ကိုယ်ပိုင် အပယ်ငရဲမှ ကယ်တင်ပေးသော အရှင်နှင့် ဘုရားသခင်အဖြစ်

ခေါ်ဖိတ်လက်ခံလိုပါက အောက်ပါဆုတောင်းချက်အတိုင်း ခေါ်ဖိတ် လက်ခံ

ဆုတောင်း နိုင်ပါသည်။ ဘာသာသွင်းသော ဘာသာရေးမဟုတ်ပါ၊ ယေရှုက

သူတစ်ပါးကို ဘာသာသွင်းသောသူသည် အမင်္ဂလာရှိ၏ ဟု ပညတ်ထားပါသည်။

ဤဆုတောင်းချက်သည် မိမိ၏ စိတ်နှလုံးနှင့် နာမ်ဝိညာဉ်ဘုရားသာ သက်ဆိုင်

သော ရွေးချယ်မှု ဖြစ်ပါသည်။

လူသားတိုင်းတို့အတွက် နောက်ဆုံးနှင့် ကြောက်စရာအကောင်းဆုံး တိုက်ပွဲ

ကို အမှီပြုလျက် ရင်ဆိုင်မည်လား” သို့တည်းမဟုတ် ယေရှုဘုရား ကလူတို့ အတွက်

.

၂။

ကတော့ သေမင်း ဖြစ်ပါသည်။ ထိုသေမင်းအား မိမိ၏ ပြုခဲ့သော ကောင်းမှုကို

| ပြုပေးသော ကောင်းမှုကို ကျေးဇူးတင်လျက် ရင်ဆိုင်မည်လား? ကွယ်လွန်ပြီးသူ

က် ကောင်းရာဘုံသို့ ရောက်ဖို့ရန်အတွက် လူလူချင်းပြုပေးသော ကောင်းမှု ကို

လက်ခံနိုင်လျှင် ဘုရားက လူတို့ယခုဘ၀နှင့် နောင်ဘဝကောင်းစားဖို့ရန်အတွက်

အသက်ပေး၍ ပြုပေးသော ကောင်းမှုကို လက်ခံယုံကြည်သင့်ပါသည်။

သင်၏ရွေးချယ် ဆုံးဖြတ်မှုတွင် အထောက်အကူဖြစ်နိုင်ရန်အတွက်

အောက်ပါ စကားဝိုင်းလေးမှ ဆွေးနွေးစားမှုကို ဖေါ်ပြပေးလိုပါသည်။

တမလွန်နှင့်ပတ်သက်လို့ ခံစားမှုမရှိပါ။

ကမ္ဘာကြီးသည် ခံစားမှုနှင့် လည်ပတ်နေသည်မဟုတ်ပါ။ ဆရာဝန်

သည်လည်း လူနာ၏ ခံစားချက်အပေါ်မူတည် ၍ ကုသခြင်း မပြုလုပ်ပါ။ ထိုနည်း =

၄င်းတမလွန်တွင်လည်း သင့်ခံစားချက်ရှိမရှိအပေါ်မူတည်၍ စီရင်မည်မဟုတ်ပါ။

ခရစ်ယာန်တွေကိုကြည့်ပြီး ခရစ်တော်ကို မကိုးကွယ်ချင်ပါ။

ခရစ်ယာန်တိုင်း ကောင်းကင်ဘုံသို့ရောက်ကြလိမ့်မည်မဟုတ်ပါ။ ဤသူများ

ကြောင့်ကယ်တင်ရှင်ကိုလက်မခံလျှင် ဤသူများ နည်းတူ ငရဲသို့ အာဘွားရမည်

ဖြစ်ပေသည်။ ဤသူတို့ အတွက်ကြောင့်ဘုရားသခင်နှင့် သင့်ကိုချစ်၍ အသက်

ပင်စွန့်ပေးခဲ့သော ယေရှုဘုရားကို ပြစ်ပယ်သင့်ပါသလား။

ယေရှုကို ကိုးကွယ်လျှင် စွန့်လွှတ်ရမည့်အရာများ များလွန်းသည်။

တခဏအတည်ပြီး ဧည့်လျှင် ပါမသွားသည့် လောကအရာများနှင့်

ဏဝရတည်ပြီး ပျောက်ပျက်မသွားနိုင်သည့် အသက်ဝိညာဉ် ကောင်းစားဖို့ အရေး

အယ်အရာကိုရွေးချယ်သင့်ပါသလဲ။ သဲမှုန့်နှင့်စိန်ပွင့် ပုလဲအတုနှင့် ပုလဲအစစ်

ဘယ်အရာကိုရွေးချယ်မှာလဲ။

တမလွန်အကြောင်း၊ နာမလည်နိုင်လို့ လက်မခံနိုင်ပါ။

အစာအိမ်တွင်းအစာမမြင်အကြောင်း နားမလည်လို့ အစာကိုမစားဘဲ

နေပါသလား။ လေလှိုင်းထဲမှ ရုပ်သံများ အဘယ်ကဲ့သို့ ရောက်လာသည်ကို

နားမလည်လို့ တီကို ဖွင့်မကြည့်ဘဲနေပါသလား။ လျှပ်စစ်အကြောင်းနားမလည်

မည် ကို အကျိုးကို သင်ခံစာ၊ နရသည်ဆိုလျှင် သင့်တမလွန်အကြောင်း

နားမလည်ပမည့် တမလွန်အကျိုးကိုတော့ တစ်နေ့ အမှန် ခံစားရပါလိမ့်မည်။

လူများပြက်ရယ်ပြုမည်ကို စိုးရိမ်ပါသည်။

လူများပြက်ရယ်ပြုမည်ထက် သင့်ကို စီရင်ပိုင်ဘောအရှင်နှင့် ခွင့်လွှတ်

ပိုင်သောအရှင်ဘုရားသခင်၏ ပြက်ရယ်ပြုခြင်းကို ပိုပြီး ကြောက်ရွံ့ အလေးအား

သင့်ပါသည်။ (သု ၁း၂၆)

ယေရှုကို ရွေးချယ်ဆုံးဖြတ်ရန် အချိန်မရောက်သေးပါ။

လူသည်ယနေ့ပင်အဘယ်ကဲ့သို့ဖြစ်မည်ကိုမသိနိုင်ပါ။ ကောင်းသော

ရွေးချယ်မှုအတွက် နက်ဖြန်ဟူသော စကား မရှိပါ။ ယနေ့သည်ပင် ရွေးချယ်ရန်

အကောင်းဆုံးသော အချိန် ဖြစ်ပါသည်။ (၂ကော ၆း၂)

ယခုပျော်ပျော်နေပြီး ဖြစ်သမျှကိုရင်ဆိုင်ပါမည်။

ထိုကဲ့သို့သောသူတို့အတွက် ယေရှုက အသက်ရှင်စဉ် မိမိစည်းစိမ်တွင်

ယစ်မူးပျော်ပါးလျက် သေသောအခါ ငရဲသို့ကျသွားသော သူဌေးကြီးနှင့် လောက

တွင် အသက်ရှင်စဉ် ဆင်းရဲပြီး သေသောအခါကောင်းရာဘုံသို့ ရောက်သွား သော

ဆင်းရဲသားလာဇရု အကြောင်းအားဖြင့် သတိပေးထားပါသည်။ သူဌေးကြီး ခမျာ

ငရဲမီးအိုင် အတွင်း ရေတစ်စက်အတွက် အသနားခံနေရပါသည်။ ယေရှုသည်

မုသာမပြောပါ။ (လု ၁၆း၂၅)

မိတ်ဆွေကောင်းများ၏ စွန့်လွှတ်ခြင်းကို မခံနိုင်ပါ။

သင့် အတွက် အသက်ပေးခဲ့ပြီး မနေ့ယနေ့နောင်ကာလမပြောင်းမလဲ

သင်နှင့်အတူရှိသည့် ယေရှုထက် ကောင်း သောမိတ်ဆွေ လောကတွင်မရှိနိုင်ပါ။

မိတ်ဆွေကောင်းကိုတန်ဘိုးထားက ယေရှုကို စံထားတန်ဖိုးထားသူ ဖြစ်ရ ပါမည်။

ထိုအကြောင်းတို့ကို လာမပြောဖို့ တောင်းပန်ပါတယ်။

နားထောင်သည်ဖြစ်စေ နားမထောင်သည်ဖြစ်စေ ဟောပြောလော့ (ယေဇ

၃း၁) ဟု ဘုရားက မိန့်မှာထား သလို ထိုအလုပ်သည် အကျွန်ုပ်၏အလုပ်ဖြစ်ပါ

သည်။ (၂ကော ၂း၁၅-၁၆) ပျက်စီးဆုံးရှုံးခြင်းမှ အမြောက်အများကို

သိထား ဆူသည် လူတို့ကို ချစ်ခင် ပါးက ဆက်လက်ပြီး ပြောအပါအည်။ အကို

ချစ်ခင်သည့်အတွက် ပြောပြခြင်းဖြစ်က အနာမည် အပြည့် အ

ငြင်းဆန်ခြင်းကိုလည်း ကျွန်ုပ်အဖြစ် မမြင်ပါ။ ကျွန်မ အကို အမှန်

တကယ်မချစ်ခင်သော မိတ်ဆွေဖြစ်သွားလိမ့်မည်။

ကျွန်ုပ်သည်သာ အကျွန်ုပ်၏ အရှင်အခင်ဖြစ်၏။

လူအင်အ၌ အတိုင်းမှန်အောက္ခဏာရှိအော်လည်း အဆုံး၌

သေခြင်းသို့ ရောက်ရာလမ်းတစ်လမ်းရှိ‌ သေး၏ (သု၁၄း၁၂) ငါသည်ပညာရှိဟု

ကိုယ်ကို မထင်နှင့် စာဂရဘုရားကိုကြောက်ရွံ့၍ ဒစရိုက်ကိုရှောင်လော့ ( သု ၃း၇)

ယေရှု၏အကြောင်းအရာတို့ကို မယုံသင်္ကာဖြစ်၏။

ထိုသို့ဖြစ်ခြင်းမှာ ဘုရားကို အော်မမှတ်လိုသည်ဖြစ်၍ (ရော ၁း၂၈)

ဘုရားနှင့် စပ်ဆိုင်သောသူသည် ဘုရား ၏ တော် တို့ကို နားထောင်တတ်၏။

(ယော ၈း၄၇) သူသည် မိမိကိုးကွယ်ရာကို စစ်ဆေးရွေးချယ်ရန် တာဝန်ရှိ၏။

(ဆာ၃၄း၈)

ကျွန်ုပ်သည် အားအာတရားကိုင်းရှိုင်းသူဖြစ်၏။

အမ္မာကျမ်းစာတော်မြတ်တွင် တပ်မှူးစောနေလီအကြောင်း မှတ်တမ်း

တင်ထားပါသည်။ ဆူသည် တာ၀ရဘုရားကိုကြောက်ရွံ့သူ၊ အစာရှောင် ဆုတောင်း

အူ၊ ကမ်းလှူဒါန်းသောဂုံ၊ ပညတ်တို့ကိုကျင့်စောင့်သောသူ ဖြစ်သော်ငြားလည်း

ကယ်တင်ခြင်းကို မရပါ။ ဘုရားကို ရှာသော သူ၏ အသက်တာတွင်

ကမ်းတင်ခြင်း ရရန်အတွက် ဘုရားမှ ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ပေးခဲ့ပြီး

ကယ်တင်ခြင်း အတင်းစကားကို တမန်တော်ပေတရုထံမှ နာယူရန် ညွှန်ကြား

မဲ့ပါသည်။ (တ- ၁၁) ထိုနည်း၎င်း ဘုရားကို အမှန်တကယ် ရှာသောသူတို့ထံသို့

ဘုရာက နည်းမျိုးစုံဖြင့် သူ၏ ကယ်တင်ခြင်းတရားစကားကို ကြားနာစေရန်

စေလွှက်လျက်ရှိသကဲ့ယခုလည်း ဤစာအုပ်အားဖြင့် ဟောကြားနေပါသည်။

ခရစ်ယာန်ဖြစ်ရန်အသက်ကြီးလွန်းပါပြီ။ (တရာ၊ ၄း၂၉)

ခရစ်ယာန်ဖြစ်ရန် အသက်အကန့်အသတ်မရှိပါ။ သင်၏ဘုရားသခင် ထာဝရဘုရားကို တဖန်ရှာလိုသောအခါစိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင်တွေ့လိမ့်မည်။

ဆုံးဖျက်ချက်ချရန်အထွက် ရင့်ကျက်မှုမရှိသေးပါ။

သင်၏အသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းသောအရှင်ကို အောက်မေ့

လော့ ထိုသို့ စိတ်ခံစားမှု ရှိသော အချိန် တွင် သင်၌ဆုံးဖြတ်ရန်နေ့ရက် ရောက်ပြီဖြစ်

ဒါသည်။ (ဒေ ၁၂း၁)(ဟေဗြဲ ၃း၁၃)

ယေရှုကို ယုံကြည်လက်ခံဖို့ မခက်ပေမယ့် နောက်ပိုင်းဖြစ်ပျက်လာမည့်

အရာတို့ အတွက် စိုးရိမ်နေရပါသည်။

ယေရှုသည် ယုံကြည်သူအား အပယ်ငရဲမှကယ်တင်ရုံမက နောက်ပိုင်း

အသတ်တာ ကိုလည်း ဆက်လက်စောင့်ထိန်း ကွယ်ကာ သောအရှင်ဖြစ်ပါသည်။

(ယော ၁၀း၁၁) ကောင်းသောအမှုကိုပြစ်ပြုတော်မူ၍ အဆုံးတိုင်အောင်

ပြုတော်မူမည်။ (ဖိ ၁း၆)

ခရစ်ယာန်တစ်ယောက်ဖြစ်လောက်အောင် ကောင်းသောသူမဟုတ်ပါ။

ယေရှုသည် ဖြောင့်မတ်သောသူတို့ ကို နောင်တသို့ ခေါ်ခြင်းငှါလာသည်

မဟုတ်၊ အပြစ်ရှိသောသူတို့ကို ကယ်တင်ဖို့ရန် ကြွလာသတည်း။ ကောင်းသောသူ

ဖြစ်ဖို့ ခရစ်တော်ကိုကိုးကွယ်ခြင်းဖြစ်၏။ ကောင်းသောသူဖြစ်လို့ ကိုးကွယ်ခြင်း

မဟုတ်ပါ။

ဘုရားသည်ကောင်းမြတ်သည့်အတွက်မည်သူ့ကိုမျှငရဲသို့ ပို့ မည်မဟုတ်ပါ။

ကျမ်းစာထဲမှာတော့ထိုကဲ့သို့ မဆိုထားပါ၊ ယေရှုကို မှန်ကန်စွာယုံကြည်မှု

မရှိသောသူတိုင်းအပယ်သို့လားရမည်ဟု ဆိုထားပါသည်။ (ယော ၁၂း၄၈) ဘုရားက

စိတ်ခိုင်မာသည်မဟုတ်ပါ၊ သင်ကသာ စိတ်ခိုင်မာခြင်းဖြစ်ပါသည်။ (ရာ ၂း၅)

ဆုတောင်းချက်-

အနန္တ တန်ခိုးတော်၊ အနန္တဉာဏ်တော် အနန္တမော်တောနှင့် ကြွယ်ဝ

ပြည့်စုံ မူသောဘုရား ကိုယ်တော့်ကို တပည့်တော်သည် စိတ်နှလုံး အကြွင်းမဲ့

လက်ခံယုံကြည်၍ ကိုးကွယ်ပါ၏။ ခပ်သိမ်းသော လူပုဂ္ဂိုလ် နာမ် ပုဂ္ဂိုလ် အပေါင်း

လက် တန်ခိုးကြီးတော်မူသော ဘုရား ကိုယ်တော်သည် အကျွန်ုပ် ကို ဖန်ဆင်းသော

အရှင် ဖြစ်တော်မူ၏။ လက်ဝါးကားတိုင်ထက်မှာ အကျွန်ုပ်၏ အပြစ်အားလုံးနှင့်အတူ

အကျွန်ုပ်၏ အနာရောဂါရှိသမျှကို ဆောင်ယူ သွားတော်မူသော ယေရှုဘုရား

ကိုယ်တော်သည် အကျွန်ုပ်၏ အနာရောဂါရှိသမျှတို့ကို ငြိမ်းစေ နိုင်တော် မူသော

အရှင် ဖြစ်တော်မူ၏။ တန်ခိုးကြီးသော လူပုဂ္ဂိုလ် နာမ်ပုဂ္ဂိုလ် အပေါင်းတို့ထက်

အနန္တတန်ခိုးတော်နှင့် ကြွယ်ဝ ပြည့်စုံတော်မူသော ဘုရား ကိုယ်တော်သည်

အကျွန်ုပ်ကို ဘေးဥပဒ်အပေါင်းမှ ကွယ်ကာပေးနိုင်တော်မူသောအရှင် ဖြစ်ပါ၏။

သူဌေးသူကြွယ် အပေါင်း တို့ ထက် ကြွယ်ဝပြည့်စုံတော်မူသော ဘုရား ကိုယ်တော်

သည် အကျွန်ုပ်နှင့် အကျွန်ုပ်၏ မိသားစု လိုအပ်သမျှအတွက် ထောက်ပံ့ သနား

နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ ပညာရှင် ဉာဏ်ကြီးရှင် အပေါင်း တို့ထက်

အနန္တဉာဏ်တော်နှင့် ပြည့်စုံတော်မူသော ဘုရား ကိုယ်တော်သည် အကျွန်ုပ်အား

ဉာဏ်ပညာကို ပေးပိုင်တော်မူသော အရှင်ဖြစ်ပါ၏။ အသိပညာရှင် အတတ်

ပညာရှင် အပေါင်းတို့ထက် တတ်စွမ်းနိုင်တော်မူသောဘုရား ကိုယ်တော် သည်

အကျွန်ုပ်အား အတတ် အစွမ်းများ ပေးပိုင်တော်မူသော ဘုရားဖြစ်တော်၏။

သူတော်ကောင်း သူတော်မြတ်တို့ ထက် ဂတိသစ္စာတည်တော် မူသော ယေရှု

ခရစ်တော်ဘုရား ကိုယ်တော်သည် အကျွန်ုပ်အား အပယ်ငရဲမှ ကယ်တင် ပေးခဲ့သော

ကယ်တင်ရှင်နှင့် ဘုရားသခင် အဖြစ် လက်ခံယုံကြည်၍ ကိုးကွယ်ပါ၏။ လူမျိုး

အပေါင်းတို့၏ ချီးမွမ်း ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသော ယေရှုဘုရား ကိုယ်တော်

၏ နာမတော်သည် ကမ္ဘာ အဆက်ဆက် ဘုန်းကြီး၍ မင်္ဂလာ ရှိပါစေသတည်း။

ငါသည် လောကကို အောင်ပြီဟု မိန့်တော် မူသော အောင်မြင်ခြင်း၏ အရှင်သခင်

ယေရှုခရစ်တော်ဘုရားအား အကျွန်ုပ်၏ ကိုယ်ပိုင် ကယ်တင်ရှင်နှင့် ဘုရားသခင်

အဖြစ် ခေါ်ဖိတ်လက်ခံ၍ယေရှုနာမတော်မြတ်၌ဆုတောင်းပါ၏။ အာမင်။

ယေရှုကသင်တို့၏ အမည်များ ကောင်းကင်စာရင်း၌ ဝင်သည်ကို

ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။ (လု ၁၀း၂၀)

ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့် အတူအစဉ်မပြတ်

ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ (မ ၂၈း၂၀)

လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်တွင် ယေရှု တစ်ပါးတည်းက တ်

အဆက်ဆက်မှ လူသားတိုင်းတို့၏ အပြစ်ရဲအခ သေခြင်းအတွက် ကိုယ်စား

ပြုနိုင်ခြင်းမှာ-

၁) ယေရှုသည် ဖန်ဆင်းရှင်ဖြစ်သည့်အတွက် ၄င်းဖန်ဆင်းသည့် လူသားအားလုံး၏

ကိုယ်စား ပြုနိုင်ခြင်း ဖြစ်ပါသည်။

၂) ယေရှုသည် ဘုရားဖြစ်သည့်အတွက် လူသားအားလုံး၏ တန်ဘိုးထက် ကြီးမြတ်

သောကြောင့် ကိုယ်စားခံယူ ပေးဆပ်နိုင်ခြင်းဖြစ်ပါသည်။

၃) ယေရှုသည် အပြစ်ကင်းစင်သည့်အတွက် ယေရှုဘုရား၏ အသွေးတော်သည်

အပြစ်သားအားလုံး၏ အပြစ်ကို ဆေးကြောပေးနိုင်ရခြင်းဖြစ်ပါသည်။

၄) ဘုရားမှ လူ့ဇာတိခံယူလာသူ ယေရှုသည် လူ့ဇာတိ ၁ဝဝ% ပါဝင်သလို ဘုရား

ဇာတိလည်း ၁၀၀% ပါဝင်သည့်အတွက် လူသားများအတွက် ကိုယ်စား ပြုနိုင်ရခြင်း

ဖြစ်ပါသည်။ ဘုရား ၁၀၀% သာဖြစ်ပါက လူတို့ အတွက် ကိုယ်စားမပြုနိုင်ပါ။

၅) တမလွန်တွင် လူသားအားလုံးကို အပြစ်စီရင်မည့် တရားသူကြီးမှာလည်း ယေရှု

ဘုရားခရစ်တော်ဘုရား ကိုယ်တော်တိုင် ဖြစ်သည့် အတွက် ယေရှုပြုသည့်

ကယ်တင်ခြင်း အမှုကို စိတ်ချနိုင်ရခြင်းဖြစ်ပါသည်။

ယေရှုခရစ်တော်ဘုရားကို စိတ်ချယုံကြည်ပြီး ကျေးဇူးတင်လျက်

ဝမ်းမြောက်ပါ။

ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိ

ရှိသော သူမူကား မိမိသွားရာလမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။ (သု ၁၄း၁၅)

ဖတ်ရှုဆူအယောက်စီတိုင်းကို ဘုရားသခင်အသစ်တဖန် ကောင်းချီးပေးပါစေ။

 

Leave a Reply

Your email address will not be published. Required fields are marked *