Dr. Thomas Hwang ( Ph.D )
ကျေးဇူးတင်လွှာ
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားဝေငှ ခွင့်၊ သင်ကြား ပို့ချ ခွင့် ပေးသည့် အပြင် စာပေ အားဖြင့် ရေးသား ဖြန့်ဝေခွင့် ပေးသော ဘုရားသခင်၏ ကျေးဇူး
တော် ကို ဦးစွာ ချီးမွမ်း ပါသည်။
အထူးသဖြင့် ဤစာအုပ် ဖြစ်မြောက်ရေးအတွက် ဘုရားသခင် အသုံးတော် ခံသော – ။
– သင်ကြားပို့ချပေးသူ ဒေါက်တာ သောမတ်စ်ဝေါင်
– စကားပြန် ဆရာ ဦးအေးမင်း ” – ရှင်မဿဲနှင့် ဧဖက်သြဝါဒစာ ပို့ချချက်များကို အင်္ဂလိပ်လို ပြုစုသူ
ဆရာ သောမတ်(စ်)ပေါင် နှင့် ဆရာ ရွှေကြီး၊
– တည်းဖြတ်ပေးသူ Rev. Dr. Kam Khua Thang
– ရှင်မဿဲခရစ်ဝင်ကျမ်း ပို့ချချက်ကို ဘာသာပြန်သူ ဆရာမ မာန်နူးနှင့်
မှတ်စု ယူပေးသူ ဆရာမ မိငယ်၊
– ဧဖက်သြဝါဒစာ ပို့ချချက်ကို ဘာသာပြန်သူ ဆရာမ ရီရီလှိုင်
– အသံသွင်းပေးသည့် ဆရာ မုန်နိုး
– ဆုတောင်းခြင်းဖြင့် ထောက်မသည့် ယုံကြည်သူများ
– အလှူငွေအားဖြင့်ပါဝင် ထောက်ပံ့သူ ဓမ္မမိတ်ဆွေများ
– လိုအပ်သည့် နေရာတိုင်းတွင် ကူညီသည့် ဆရာကိုလေး၊ ဆရာဗရန်ရှောင်
– စီစဉ်ညွှန်ကြားပေးသူ ဆရာ စတီဗင်စော တို့အပေါ်တွင် အထူးကျေးဇူးတင် ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ဤကဲ့သို့ အမှုတော်မြတ်၌ ပါဝင်လုပ်ဆောင်ခြင်းကြောင့် ဓမ္မမိတ်ဆွေများ အပေါ် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သက်ရောက်ပါ စေသောဝ်။
ခမ်စွမ်းဟောက်
အမှာစာ
ကျွန်ုပ်တို့ ကိုးကွယ်သော ထာဝရဘုရားသခင်တွင် မြန်မာပြည်အတွက် အထူးအစီအစဉ် ရှိကြောင်း နားလည် ရသဖြင့် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
အကြောင်းမှာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများတွင် ခရစ်ယာန် ကြီးထွား တိုးတက်မှု နှုန်း အမြန်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းမှာ အသင်းတော်တိုင်းနှင့် ဂိုဏ်းဂဏတိုင်း တွင် မိမိလူမျိုးနွယ်စု အတွက် သာမက အခြားလူမျိုးနွယ်စုများ အတွက်ပါ သာသနာပြုလုပ်ငန်းတွင် ဆက်ကပ်ထားသော ခရစ်ယာန်များ ရှိသောကြောင့်ပင် ဖြစ်သည်။
သို့ဖြစ်စေကာမူ မြန်မာနိုင်ငံသည် လူမျိုးနွယ်စုများစွာ နေထိုင်သည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ဧဝံဂေလိသတင်း မကြားရသေးသည့် လူမျိုးနွယ်စု များလည်း ရှိနေသေးကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ ဤမပြီးပြတ်သေးသော အမှုတော်မြတ် အတွက် ဆောင်ရွက်ဖို့ တာဝန်သည် မြန်မာ့ ခရစ်ယာန်များ၏ မဟာတာဝန် တစ်ရပ်ပင် ဖြစ်သည်။
ဖော်ပြပါ သခင်ယေရှု၏ မဟာစေခိုင်းချက်ကို လူမျိုးနွယ်စုတိုင်း အပေါ်တွင် ပြည့်စုံစေနိုင်ရန် မြန်မာ ခရစ်ယာန်များအား နှုတ်ကပတ်တော် လက်နက် တပ်ဆင်ပေးရန် အထူးလိုအပ်လှ ပါသည်။ သို့မှသာလျှင် မိမိတို့၏ နေ့စဉ် အသက်တာ၌ ၎င်း၊ အမှုတော်မြတ်နှင့် သာသနာကွင်းများ၌ ၎င်း၊ သမ္မာတရားအတိုင်း ကျင့်လျှောက်နိုင်ကြမည် ဖြစ်သည်။
သို့ဖြစ်ရာ ဖော်ပြပါ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန် ဤစာအုပ်သည် စာရှုသူအတွက် အထောက်အကူ ဖြစ်နိုင်ပါစေဟု ဆုတောင်းမိ ပါသည်။ ထို့အပြင် ဤစာအုပ်ကို ဖတ်ရှုဆင်ခြင် သောအခါ ဘုရားသခင်၏ အလိုတော်ကို ပိုမို
သိရှိရုံ သာမက လေးနက်၍ ဆန်းကျယ်သော အကြံအစည်တော်ကိုလည်း နားလည်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်က အရာရာတိုင်းတွင် ရှင်းလင်း ဖော်ပြနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ် ပါသည်။
ဒေါက်တာ သောမတ်(စ်)ဝေါင် (Ph. D)
မာတိကာ
၁။ ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာ
(က) ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာနှင့်
ခရစ်တော်၏ နက်နဲသောအရာ
(ခ) ရှင်မဿဲ အခန်းကြီး ၁ မှ ၂၈ အတွင်း
ဖြစ်ပေါ်သော ခရစ်တော်၏ နက်နဲသောအရာ
(ဂ) ရှင်မဿဲ အခန်းကြီး ၁ မှ ခရစ်တော်၏ ၊
ဆွေစဉ်မျိုးဆက် စာရင်း
၂။ ရှင်မဿဲ အခန်းကြီး ၈ မှ
(က) တပါးအမျိုးသားတို့၏ အခွင့်အရေး၊ … (ခ) ထာဝရငရဲနှင့် ယာယီငရဲတွင် ယုဒအမျိုး ………..
သားများနှင့် တပါးအမျိုးသားတို့၏ အခန်းကဏ္ဍ (ဂ) ဓမ္မဟောင်း ယုဒအမျိုးသားများနှင့် ………….
တပါးအမျိုးသားများ၊
(ဃ) ဓမ္မသစ်ရှိ ယုဒအမျိုးသားများနှင့် …
တပါးအမျိုးသားများ၊
၃။ (က) ခရစ်တော်၏ နက်နဲသောအရာ ဆိုသည်မှာ (ခ) ခရစ်ဝင်ကျမ်း ၄ ကျမ်းမှ ……………… နက်နဲ
သာအရာများ
၄။ ရှင်မသဲ ၁း၂၀-၂၃ မှ ဣသရေလတိုင်းနိုင်ငံရှိ မြို့များ …………..
၅။ ရှင်မဿဲ အခန်းကြီး ၁၂ မှ
(က) ဥပုသ်နေ့ အကြောင်း သွန်သင်ခြင်း
(ခ) အသက်သစ်၏ နိယာမတရား ……. ၊
၆။ ခရစ်ဝင်ကျမ်း ၄ ကျမ်းထဲ၌ ဝှက်ထားလျက်ရှိသော
အဓိက အကြောင်းအရာ (၃)ခု
၇။ ရှင်မဿဲ ၁၄း၁၃-၂၁ မုန့် ငါးလုံးနှင့် ..
ငါးနှစ်ကောင်၏ အဓိပ္ပာယ်
၈။ ရှင်မဿဲ ၁၅း၃၂-၃၉ ရှိ မုန့် ငါးလုံးနှင့် ငါး နှစ်ကောင်
၉။ ရှင်မဿဲ ၁၆း၁၃-၂၁ မှ သားတော် ယေရှု
၁၀။ ရှင်မဿဲ ၁၇၁၈ မှ သားတော် ယေရှု ..
၁၁။ ရှင်မဿဲ ၂၁း၂၈-၃၁ ရှိ သားကြီးနှင့် …
သားငယ်အကြောင်း ၊
၁၂။ ရှင်မသဲ ၂၄း၁၄ မှ နောက်ဆုံးသော ကာလတွင်
ဖြစ်ပျက်လာမည့်အရာများ ၊
(က) မဿဲ ၂၈း၁၉ မဟာစေခိုင်းချက်၊..
(ခ) ဘုရားသခင်၏ နိုင်ငံတော်ဆိုသည်မှာ၊
(ဂ) အုပ်ချုပ်စိုးစံမှုနှင့် ပတ်သက်၍ ဖွင့်ဆိုပုံ နှစ်မျိုး ………….
၁၃။ ရှင်မဿဲ ၁၃း၃-၉ မျိုးစေ့ကြဲသူ ပုံဥပမာထဲမှ ဘုရားသားသမီး လေးမျိုး
၁၄။ ညစ်ညူးသော နှလုံးသားကို မည်သို့… ၊
သန့်ရှင်းစေမည်နည်း။
၁၅။ ဆီနှင့် ဘိသိက်ခြင်းကဏ္ဍ လေးမျိုး ….
၁၆။ ပုံဥပမာ ၂ ပေါင်းပင် (သို့မဟုတ်)……တောမျိုးစေ့ ဥပမာ
၁၇။ ပုံဥမာ ၃ နှင့် ၄ မုန်ညှင်းစေ့နှင့် တဆေးဥပမာ
၁၈။ ပုံဥပမာ ၅ နှင့် ၆ ဝှက်ထားသော ဘဏ္ဍာနှင့် ၊မြတ်သော ပုလဲ ၊
၁၉။ ပုံဥပမာ ၇ ပိုက်ကွန် ဥပမာ
၂၀။ ကောင်းကင်သစ်နှင့် ယေရုရှလင်မြို့သစ်
၂၁။ မပြီးဆုံးသေးသော သာသနာလုပ်ငန်း၊ ..
ရှင်မဿဲခရစ်ဝင်ကျမ်းကို အခန်းကြီး ၁၃ အား အခြေခံ၍ ခြုံငုံလေ့လာခြင်း”
နိဒါန်း
ယနေ့ မန္တလေးမြို့တွင် ကျင်းပသော အသင်းအုပ် ဆရာများနှင့် အမှုတော်ဆောင်များ စုံညီ အစည်းအဝေး တွင် ပို့ချ သင်ကြားပေးမည့် အကြောင်းအရာမှာ ရှင်မဿဲခရစ်ဝင် ခန်းကြီး ၁၃ ဖြစ်သည်။ ရှင်မဿဲ၊ ခန်းကြီး ၁၃ တွင်ပါရှိသော အကြောင်းအရာများကို နားလည်နိုင်ရန်
နောက်ခံသမိုင်းကြောင်းများကိုလည်း သိရှိထားရန်လိုအပ်သည်။ ထို့ကြောင့် ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ ကျမ်းညွှန်းများကို အပြန်ပြန်အလှန်လှန် ကိုးကား ရမည်ဖြစ်သည်။ မည်သည့် သင်တန်းကိုမဆို တက်ရောက်လာ
သောအခါတွင် သင်ကြားပေးသော အကြောင်းအရာများကို မိမိအနေဖြင့် သိရှိပြီးဖြစ်သော်လည်း မှတ်စုဖြင့်သေချာစွာ ကူးယူမှတ်သားထားရန် လိုအပ် သည်။ အထူးသဖြင့် အသင်းအုပ်ဆရာများ၊ အမှုတော်ဆောင်များသည် တပါးသူများကို ပြန်လည်သင်ကြားပေးရမည်ဖြစ်ရာ သေချာစွာ မှတ်စုယူ ရမည်။ ထိုသို့ မရေးမှတ်ပါက မကြာမီ မေ့ပျောက်သွားပေလိမ့်မည်။ ပထမဦးစွာ ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၃ ကို ဖတ်ကြပါစို့။ ထို့နောက် အခန်းငယ် ၁၀ တွင် “ဥပမာ ၊ အငယ် ၁၁ တွင် “ကောင်းကင်
၏ နက်နဲ သောအရာ” ၊ အငယ် ၃၄ တွင် `ဥပမာ” ၊ အငယ် ၁၅ တွင် “ဥပမာ” နှင့် “ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာ” စသည့်တို့ကို မျဉ်းထားကြပါစို့ ။ ။
စိတ်ဝင်စားစရာအချက် (၃)ချက်
ရှင်မဿဲ အခန်းကြီး ၁၃ ကိုဖတ်ကြည့်ပါက စိတ်ဝင်စားဖွယ် ကောင်းသော အချက် သုံးချက်ကို တွေ့နိုင်သည်။ ၎င်းတို့မှာ –
(၁) ဥပမာ၊
(၂) ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာ၊ (၃) ကမ္ဘာဦးမှစ၍ ထိမ်ဝှက်သောအရာများ စသည်တို့ ဖြစ်ကြသည်။
ယေရှုခရစ်တော်သည် ပုံဥပမာပေါင်း ၃ဝ-ကျော်ကို အသုံးပြု ခဲ့သည်။ ပုံဥပမာဆိုသည်မှာ အဖြစ်အပျက်အမှန် မဟုတ်ပေ။ ကျွန်ုပ်တို့ ပို၍ နားလည်နိုင်ရန် ပုံဥပမာသုံးရခြင်း ဖြစ်သည်။ ကောင်းကင် နိုင်ငံ၏ နက်နဲသောအရာဟု ဆိုရာ၌လည်း လူသားတို့ နားမလည်နိုင်သော အရာများကို
ပြောခြင်းဖြစ်သည်။ ယေရှုခရစ်တော်က “နက်နဲသောအရာ” ဟု သုံးခြင်းမှာ လူ့ဉာဏ်နှင့် နားမလည်နိုင်သော အရာများကို ဆိုလိုသည်။ နားလည်ရန် ကြိုးစားပြီး အနက်ဖွင့်ပါက ကျွန်ုပ်တို့ မှားသွားပေလိမ့်မည်။ ထို့ကြောင့် ယေရှုက ထိုနက်နဲသောအရာသည် ကမ္ဘာဦးမှစ၍ ဝှက်ထားလျက် ရှိသည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။ ၎င်း
ရှင်မဿဲ အခန်းကြီး ၁၃ သို့ရောက်သောအခါ ယေရှုခရစ်တော်က ဘုရားသခင့် နိုင်ငံတော်၏ နက်နဲသောအရာများကို ပုံဥပမာနဲ့ စတင်၍ အသုံးပြုခဲ့သည်။ ထိုနက်နဲသောအရာများကို ရှင်းပြရန် ပုံဥပမာ ခုနစ်ခုကို အသုံးပြုခဲ့သည်။ ဘုရားသခင်၏အမြင်တွင် ကိန်းဂဏန်း ခုနစ်သည် ပြည့်စုံခြင်း နံပါတ် ဖြစ်သည်။ ထို ပုံဥပမာ ခုနစ်ခုမှာ –
(၁) မျိုးစေ့ကြဲသူ ဥပမာ (အငယ် ၃-၉, ရှင်း, ၁၈-၂၃)
(၂) ကောင်းသောမျိုးစေ့နှင့် တောပင် ဥပမာ (အငယ် ၂၄-၃၀, ၃၆- ၄၃)
(၃) မုန်ညှင်းစေ့ ဥပမာ (အငယ် ၃၁-၃၂) ၊
(၄) တဆေး ဥပမာ (အငယ် ၃၃)
(၅) ဝှက်ထားသောဘဏ္ဍာ ဥပမာ (အငယ် ၄၄)
(၆) မြတ်သောပုလဲ ဥပမာ (အငယ် ၄၅-၄၆)
(၇) ပိုက်ကွန် ဥပမာ (အငယ် ၄၇-၅ဝ) စသည်တို့ ဖြစ်ကြသည်။
၁။ “ကောင်းကင် နိုင်ငံတော် ၏ နက်နဲသော အရာ”
ယေရှုခရစ်တော်က ဘုရားသခင်၏ အလိုတော်နှင့် အကြံစည်တော် သည် လူသားများ နားမလည်နိုင်သော အရာများ ဖြစ်သည်ကို သိသော
ကြောင့် “နက်နဲသောအရာ” ဟု သုံးနှုန်းထားသည်။ ထိုနက်နဲသောအရာ များကို နားလည်ရန် ကြိုးစားပါကလည်း နားလည်နိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဘုရား အမြင်နှင့် လူသား အမြင် မတူသောကြောင့် ဖြစ်သည်။
ပထမဆုံးနက်နဲသော အရာသည် လူသားနှင့် ဆိုင်သော နက်နဲသော အရာဖြစ်သည်။ ကမ္ဘာပေါ်တွင် လူသန်းပေါင်း ၆ဝဝဝ ကျော်ရှိသော်လည်း အားလုံးမှာ ဘုရား သားသမီးများ မဟုတ်ကြပါ။ အနည်းစုသာ ဘုရား သားသမီး ဖြစ်ကြသည်။ ဤအရာသည် ဘုရားသခင်၏ လူသားနှင့် ဆိုင်သော နက်နဲသောအရာ ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့ ပတ်ဝန်းကျင်ကို ကြည့်ပါက ဘုရား သားသမီးများသည် ဆင်းရဲပြီး၊ ဘုရားကို မသိသော သူများ ချမ်းသာ နေကြသည်။ ထိုအရာသည်လည်း လူသားနှင့် ဆိုင်သော နက်နဲသောအရာ ပင်ဖြစ်သည်။ ကျွန်ုပ်တို့ လူသားများသည် ဤစကြာဝ တွင် အလွန်သေးငယ်သော အစိတ်အပိုင်းမျှသာ ဖြစ်သည်။ ကျွန်ုပ် အလွန်သေးငယ်သော ဉာဏ်ပညာဖြင့် ကောင်းကင်နိုင်ငံတော် (သို့မဟုတ်)
ဘုရားသခင်၏ နိုင်ငံတော်၏ ကြီးမား ကျယ်ပြန့်မှုကို နားလည်နိုင်မည် မဟုတ်ပေ။ တခါတရံ ကျွန်ုပ်တို့အနေဖြင့် “လူသားအားလုံး ဘာ့ကြောင့် ဘုရားသားသမီး မဖြစ်ရသလဲ?” ကျွန်တော် ဘာကြောင့် အနောက်ဥရောပလို နိုင်ငံမျိုးမှာ မမွေးပဲ ဒီနိုင်ငံမှာ မွေးရသလဲ? အစရှိသည့် မေးခွန်းမျိုး မေးဖူးကြပေ လိမ့်မည်။ မစိုးရိမ်ပါနှင့်။ ထိုနက်နဲသော အရာများ၏ အဖြေကို
ကောင်းကင်ဘုံ ရောက်လျှင် အမှန် သိရလိမ့်မည်။ ဖန်ဆင်းခံလူသား အနေဖြင့် ဖန်ဆင်းရှင်အကြောင်း အရာခပ်သိမ်းနားလည်ဖို့ မကြိုးစားပါနှင့်။ လုံးဝနားလည် နိုင်မည် မဟုတ်ပါ။
ကျွန်ုပ်တို့ကဲ့သို့ပင် တမန်တော်ကြီး ရှင်ပေါလုကလည်း ဘုရားသခင်ကို မေးခွန်း ထုတ်ခဲ့ဖူးသည်။ ဘုရားသခင်သည် ရှင်ပေါလုက ယုဒလူမျိုးများထံ ကယ်တင်ခြင်း မဝေငှစေပဲ၊ တပါးအမျိုးသားများထံ ဝေငှစေခဲ့ပြီး တပါးအမျိုး သားများစွာ ပြောင်းလဲခဲ့သည်။ ထိုအရာကို ရှင်ပေါလု နားမလည် နိုင်ခဲ့ပါ။ ထို့ကြောင့် ရောမ အခန်းကြီး ၉ တွင် ရှင်ပေါလုက သူ့ခံစားချက် ထုတ်ဖော် ရေးသားခဲ့သည်။ ကျွန်တော်ရဲ့ ယုဒလူမျိုးတွေကို ဘာ့ကြောင့် ကယ်တင်ခြင်း မရစေတာလဲ၊ ကိုယ်တော် သူတို့ကို မပြောင်းလဲစေဘူးဆိုရင် ကျွန်တော့် နာမည်ကို ကောင်းကင်စာရင်းကနေ ထုတ်လိုက်ပါဟု ပြောခဲ့သည်။ ရှင်ပေါလု၏ အမေးကို ယေရှုခရစ်တော်က ရောမ ၉း၂၁-၂၉ တွင် ဤသို့ ပြန်ဖြေခဲ့သည်။ “ပေါလု၊ မင်း ငါ့ကို နောက်ဆုံးမှာ ဒီလို မေးခွန်းမျိုး မေးမယ်ဆိုတာ ငါသိတယ်။ မင်းဟာ အိုးမြေ၊ ငါဟာ သိုးထိန်း ဖြစ်တယ်။ အိုးထိန်းက အိုးမြေကို ကြိုက်သလို ပုံသွင်းခွင့် ရှိတယ်။ အိုးမြေအနေနဲ့ အိုးထိန်းထံ ကျွန်တော့်ကို ဘယ်လို ပုံသဏ္ဍာန် လုပ်ပေးပါလို့ ပြောခွင့် မရှိဘူး” ဟု ပြောခဲ့သည်။ ရောမ ၉း၂၁ ရှိ “အိုးမြတ်နှင့် အိုးယုတ်” ဟု ၎င်း၊ အငယ် ၂၂ တွင် “အပျက်ခံရာအိုး” အငယ် ၂၃ တွင် “ကရဏာခံရာ အိုးများ” အငယ် ၂၄ တွင် “ယုဒအမျိုးသား” ၊ “တပါးအမျိုးသား” အငယ် ၂၅ တွင် “ဟောရှေ” အငယ် ၂၇ တွင် “ပဇရာဖက်ဧဟရာယ” ၊ “ကြွင်းသောသူတို့” အငယ် ၂၉ တွင် “ဟေရှာယ” ၊ “ပျိုးစေ့” စသည့် စကားလုံးများကို ကျမ်းစာအုပ်ထဲတွင် မျဉ်းတား၍ မှတ်သားပေးပါ။ ဤအကြောင်းအရာများကို နားလည်စေရန် လူနှင့်ဆိုင်သော ဩဝါဒကို ဆက်လက်လေ့လာ ကြပါစို့ ။
“လူနှင့်ဆိုင်သော ဩဝါဒ”
(အိုးထိန်းသမားနှင့် အိုးမြေ၏ ဆက်နွယ်မှု) ရာဗ ၉း၂၁-၂၉
(၁) အိုးထိန်းသည် အိုးမြတ်ကိုပြုလုပ်သည်။ (ခရစ်ယာန်များ)
(ကရုဏာ ခံရာအိုးများ)
(၂) အိုးထိန်းသည် အိုးယုတ်ကိုလည်း ပြုလုပ်သည်။ (မယုံကြည်သူများ)
(အမျက်ခံရာအိုးများ) ၊ အိုးမြတ် (၂)မျိုးရှိသည်။ ၎င်းတို့မှာ –
(က) ဂျူးလူမျိုးများ (သို့) ယုဒအမျိုးသားများနှင့်
(ခ) တပါးအမျိုးသားများ ဖြစ်ကြသည်။ အ
ကျွန်ုပ်တို့သည် တပါးအမျိုးသား များတွင် ပါဝင်ကြသည်။ ရှင်ပေါလု ကမူ ယုဒအမျိုးသား ဖြစ်သည်။ ဘုရားသခင်က ယုဒအမျိုးသား များတွင် လူအနည်းစု ကသာ ဝိညာဉ်မျက်စိပွင့်၍ ယေရှုခရစ်တော်ကို ဘုရားအဖြစ် လက်ခံကြမည်ဖြစ်ကြောင်း ဟေရှာယ ၁၀း၂၂ တွင် ကြိုတင်ပြောထားပြီး ဖြစ်သည်။ ရောမ ၉:၂၇-၂၉ ပါ အကြောင်းအရာကို ဟေရှာယ ၁၀း၂၂၊ ၁၉ ဘီစီ ၇၀၀ တွင် ပရောဖက်ပြု ခဲ့ပြီးဖြစ်သည်။ ယေရှုခရစ်တော်က ထိုပရောဖက်ပြုချက် အကြောင်းကို ရှင်ပေါလုအား ဖော်ပြခဲ့ရာ ရှင်ပေါလုက ကြွင်းကျန်သော ယုဒလူမျိုးများ အကြောင်းကို နားလည်လာခဲ့သည်။ ယေရှုက ဤအကြောင်းအရာ များသည် သူ၏ အကြံအစည် ဖြစ်ကြောင်း၊ ယုဒများ မယုံကြည်သောကြောင့် သင့်နာမည်ကို အသက်စာစောင်မှ ဖျက်ရန် မလိုကြောင်း ပြန်ပြောခဲ့သည်။
မြောက်များစွာသော တပါးအမျိုးသားများ ယေရှုထံ လာကြမည် အကြောင်းကို (ရောမ ၉း၂၅-၂၆)တွင် ဖော်ပြခြင်းမှာ ဘီစီ ၇၀၀ အချိန်က
ဟောရှေ၏ ပရောဖက်ပြုချက်ကို ပြန်လည် ကိုးကားခဲ့ခြင်း ဖြစ်သည်။ (ဟောရှေ ၁၁၀)တွင် ဘုရားသခင်သည် ပရောဖက် ဟေရှာယအား ယဒလူမျိုး အနည်းငယ်ကသာ သခင်ယေရှုကို ယုံကြည်မည့်အကြောင်း
ဖွင့်ပြ၍ ဟောရှေအားဖြင့် တပါးအမျိုးသားများစွာက ယေရှုကို လက်ခံ အကြောင်း ကြိုတင် ဖွင့်ပြခဲ့သည်။ ထို့ကြောင့် ခရစ်တော် အသက်ရှိစဉ်က ယုဒလူမျိုး အနည်းငယ်ကသာ ခရစ်တော် နောက်လိုက်ခဲ့ ကြသည်။ ထိုအရာသည် နက်နဲသောအရာ ဖြစ်သည်။ ရှင်ပေါလုကိုယ်တိုင် နားမလည် ခဲ့သော်လည်း ဤဥပမာအားဖြင့် ဘုရားသခင်၏ နက်နဲသောအရာကို ပြန်လည်နားလည် ခဲ့သည်။ ။
ကျွန်ုပ်တို့သည် ရွှံ့၊ အိုးမြေသာ ဖြစ်သည်။ ထို့ကြောင့် အိုးထိန်း၏ အကြံအစည်ကို နားမလည်၊ မသိနိုင်ပေ။ ကျွန်ုပ်တို့အနေဖြင့် တပါးအမျိုး သားများထဲတွင် ဘုရားသခင်၏ သားသမီး မည်မျှရှိကြောင်း မသိနိုင်ပေ။ သို့သော် ရှင်ပေါလုက ဘုရားသခင်ထံ “ဘယ်အချိန်မှ ယုဒလူများက ခရစ်တော်ကို သိနိုင်မလဲ” ဟု မေးခွန်း ထုတ်ခဲ့သည်။ ထိုအခါ ဘုရားသခင်က တပါးအမျိုးသားများထဲမှ ဘုရားသခင် ရွေးကောက်သော အရေအတွက် ပြည့်လာသောအခါ ယုဒလူမျိုးအချို့ ဝိညာဉ်မျက်စိ ပြန်လည်ပွင့်လာမည် ဖြစ်ကြောင်း ပြန်ပြောခဲ့သည်။ တပါးအမျိုးသား အရေအတွက် မည်မျှရှိမှ ပြည့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ မသိနိုင်ပေ။ လွန်ခဲ့သောနှစ် တစ်ရာ မှစ၍ ယုဒအမျိုးများ အချို့ ဝိညာဉ်မျက်စိ တဖြည်းဖြည်း ပွင့်လာကြပြီး ခရစ်တော်ကို ယုံကြည်သောသူ အနည်းငယ် ရှိလာသည်။ ယခုအခါ ယုဒခရစ်ယာန် တစ်သိန်းခန့် ရှိနေပြီ ဖြစ်သည်။ ထိုအဖြစ်အပျက်က တပါးအမျိုးသား ခရစ်ယာန် အရေအတွက် အမြန်ဆုံးပြည့်လာပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။ ဗျာဒိတ် ၇ အရ ယုဒအမျိုးသားများထဲမှ ခရစ်ယာန်ဖြစ်မည့် အရေအတွက်မှာ ၁ သန်း ၄ သောင်း ဖြစ်သည်။ ထိုအရေအတွက် ပြည့်ရန် အလွန်နီးကပ် လာပြီ ဖြစ်ကြောင်း သိနိုင်သည်။ တပါးအမျိုးသား များ၏ အချိန်ပြည့် စုံ ရန် နီးကပ်လာသလို ယုဒအမျိုးသားများ၏ ဝိညာဉ်မျက်စိ ပွင့်လာပြီး၊ ထိုအရာ များက နောက်ဆုံးသော ကာလ၌ ကျွန်ုပ်တို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သက်သေ
ထူလျက်ရှိသည်။ ယေရှုခရစ်တော်က ကယ်တင်ခြင်းရမည့် တပါး အမျိုးသားများ၏ အရေအတွက် ပြည့်စုံသောအခါ ကျန်ကြွင်းသော ယုဒအမျိုး သားများအားလုံး ဘုရားသခင်ထံ ပြန်လာကြမည် ဖြစ်သည်ဟု ပြောခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် ဘုရားသားသမီး မည်မျှရှိကြောင်း မသိနိုင်ပေ။ သို့သော် ကျွန်ုပ်တို့အနေဖြင့် ထွက်၍ ၎င်းတို့ထံ ဧဝံဂေလိ ဝေငှရမည် ဖြစ်သည်။ ထိုသို့ ဝေငှပါက ကောင်းကင်ဘုံတွင် အဆင့်မြင့်သော ရာထူးကို ရမည်ဖြစ်သည်။ သင့်အနေဖြင့် မဝေငှပါက ဘုရားသခင်သည် အခြားသောသူကို သုံး၍ ဆုသရဖူ ချီးမြှင့်မည် ဖြစ်သည်။ ရောမသြဝါဒစာ ၉,၁၀,၁၁ တွင် ယေရှုခရစ်တော် ပြောသော အရာများကို ရှင်ပေါလုက နားလည်သဘောပေါက် ကြောင်း ရေးသား ခဲ့သည်။ ထိုအရာသည် နက်နဲသော အရာ ဖြစ်သည်။ အရာခပ်သိမ်းကို သင်နားလည်ဖို့ မကြိုးစားပါနဲ့။ ထိုနက်နဲသော အရာများစွာကို ရှင်မဿဲ အခန်းကြီး၁၃ အားဖြင့် ဆက်လက်လေ့လာ ကြပါစို့။
(က) ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာနှင့် ခရစ်တော်၏နက်နဲသောအရာ
ကောင်းကင်နိုင်ငံတော် ၏ နက်နဲသောအရာ နှင့် ခရစ်တော်၏ နက်နဲသော အရာသည် အတူတူပင် ဖြစ်သည်။ ထိုနက်နဲသောအရာများကို ဘုရားသခင်က ကမ္ဘာဦးအစကတည်းက ဝှက်ထားခြင်းဖြစ်ပြီး အချိန်တန်မှ ဖွင့်ပြခဲ့သည်။ ဘုရားသခင်က ရှင်ပေါလှအား ဖွင့်ပြသောအခါမှ ရှင်ပေါလုက တပါးအမျိုး သားများကို ဘုရားသခင်က အဘယ်ကြောင့် ချစ်သည်ကို နားလည် လာခဲ့သည်။ တပါးအမျိုးသားများကို ဘုရားသခင်က ချစ်သည် ဆိုရာ၌ ယုဒလူမျိုးများကို ဘုရားသခင် မုန်းသည်ဟု မဆိုလိုပါ။ ဧဝံဂေလိသတင်း စကားကို ယုဒလူမျိုးအနည်းငယ်က ဦးစွာလက်ခံပြီး ထိုယုဒလူမျိုး အနည်း ငယ်အားဖြင့် တပါးအမျိုးသားများက ဧဝံဂေလိ သတင်းကောင်းကို လက်ခံ ကြမည်။ ထိုတပါးအမျိုးသားများ အရေအတွက် မပြည့်စုံမီထိ ယုဒလူမျိုးများ ဝိညာဉ်မျက်စိကန်းနေပြီး၊ တပါးအမျိုးသားများ၏ အရေအတွက် ပြည့်စုံလာမှ ယုဒလူမျိုးများ၏ ဝိညာဉ်မျက်စိ ပြန်လည် ပွင့်လာမည် ဖြစ်သည်။ ဤအစီစဉ်သည် ဘုရားသခင်၏ အစီအစဉ် ဖြစ်သည်။
ရှင်ပေါလုသည် ဘုရားသခင် ဖွင့်ပြသော ဤနက်နဲသော အရာများကို ဧဖက်မြို့ အသင်းတော်ရှိ ယုံကြည်သူများနှင့် ကောလောသဲ အသင်းတော်ရှိ ယုံကြည်သူများထံ ပြန်လည်ပြောပြရေးသားခဲ့သည်ကို ကောလောသဲ ၁၂း၅-၂၇ “ရှေးကပ်ကာလပတ်လုံး ဝှက်ထားလျက် ရှိသော်လည်း၊ ယခုတွင် သန့်ရှင်းသူတို့အား ဖော်ပြသော နက်နဲရာတည်းဟူသော ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို အကုန်အစင် ဟောပြောစေခြင်းငှါ၊ သင်တို့ အကျိုးကိုထောက်၍ ငါ့ အား အပ်ပေးတော်မူသော ဘုရားသခင်၏ သာသနာ တော်နှင့် အညီ ငါ့ သည် အသင်းတော်၌ ဓမ္မဆရာ၏ အဖြစ်သို့ ရောက်ရပြီ။
တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာနှင့် ဆိုင်သော မဟာစည်းစိမ် ကား အဘယ်မျှလောက် ကြီးသည်ကို သန့်ရှင်းသူတို့သည် သိစေခြင်းငှါ ဘုရားသခင် အလိုရှိတော်မူ၏။ ထိုစည်းစိမ်ကား ဘုန်းအသရေကို မျှော်လင့်ခြင်း အကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော် ပေတည်း” ဟု ဖော်ပြထားသည်။ ကောလောသဲ ၁း၂၅-၂၇တွင် “ရှေးကပ် ကာလပတ်လုံး ဝှက်ထားလျက်ရှိသော” အငယ် ၂၆တွင် “နက်နဲရာ” အငယ် ၂၇တွင် “ခရစ်တော်” ဟူသော စကားလုံးများ ပါရှိသည်။ ထို့ပြင် ဧဖက် ၃း၄-၁၀တွင် အငယ် ၄၌ “ခရစ်ဒဏ်၏ နက်နဲသောအရာ” ဟုပါရှိသည်။ တဖန် ဧဖက် ၃း၅ကို ကြည့်ပါက ဤသို့ အဓိပ္ပာယ် သက်ရောက်သည်။ ဘုရားသခင်သည် ပရောဖက်များစွာ ရှိသော်လည်း ဤနက်နဲရာကို ဟေရှာယနှင့်
ဟောရှေ အား၎င်း၊ တမန်တော်ထဲမှ ပေါလုကို သာ၎င်း ဖော်ပြခဲ့ပြီး အခြားသော ပရောဖက်များနှင့် တမန်တော် များကို မဖော်ပြ၊ လူနည်းစုကိုသာ ဖော်ပြနားလည် စေသည်ဟု ဆိုလိုသည်။ တနည်းအားဖြင့် အထူးရွေးချယ်ခြင်း ခံရသူများ ကသာ နားလည်ရသည်။ မိတ်ဆွေတို့ သည်လည်း အထူးရွေးချယ်ခြင်း ခံရသူများ ဖြစ်သည်။ မိတ်ဆွေတို့အား အခြားနားမလည် သူများကလာရောက် ငြင်းပါက စိတ်မဆိုးပါနဲ့၊ ပြန်လည်ငြင်းခုံခြင်း မပြုပါနဲ့။ အဘယ်ကြောင့် ဆိုသော် ဤနက်နဲသောအရာကို လူတိုင်း နားမလည်နိုင် သောကြောင့်
ဖြစ်သည်။
ရှင်မသဲ ၁၃း၁၂-၁၅
ဆက်လက်၍ ရှင်မဿဲ ၁၃၁, ၁၀-၁၁ ကိုကြည့်ပါက ခရစ်တော် နောက်လိုက်ကြသော၊ များစွာသောသူတို့တွင် မတူညီသောအုပ်စု နှစ်စုကို တွေ့ရသည်။ ၎င်းတို့မှာ –
(၁) ခရစ်တော်၏ တပည့်တော်များအုပ်စုနှင့်
(၂) နိမိတ်လက္ခဏာနှင့် တရားစကားများကြောင့် လိုက်သောအုပ်စုတို့
ဖြစ်ကြသည်။ အငယ် ၁၁တွင် ဘုရားသခင့်နိုင်ငံ တော်၏ နက်နဲသော အရာကို လူနည်းစုသာ နားလည်ရကြောင်း ဖော်ပြထားသည်။ အဘယ့်
ကြောင့် လူနည်းစုကသာ နားလည်ရသနည်းဟု မေးခွန်းထုတ်လာပါက ရှင်ပေါလု၏ အဖြေကဲ့သို့ ပင် “အိုးထိန်းသည် ၏ လုပ်ဆောင်ချက်ဖြစ်၍ အိုးမြေဖြစ်သော ကျွန်ုပ်တို့ ဘာမျှ ပြောပိုင်ခွင့် မရှိ” ဟုပင် ဖြေရပေလိမ့်မည်။ မဿဲ ၁၃း၁၃ သည် လူနည်းစုဖြစ်သော တပည့်တော်များက နားလည် ကြပြီး များစွာသောသူတို့သည် ခရစ်တော် ဟောကြားသော အရာများကို ကြားသော်လည်း ထိုနက်နဲရာကို မသိမြဲမသိ ဖြစ်နေပေလိမ့်မည်ဟု ဆိုလိုသည်။
ကောင်းကင်နိုင်ငံ၏ နက်နဲသောအရာကို ရွေးချယ်ထားသော လူနည်းစုကသာ နားလည်နိုင်ကြောင်း မမေ့ပါနဲ့။
တဖန် အငယ် ၁၂ သည် ရွေးချယ်ခြင်းခံရသော လူနည်းစုဖြစ်သော တပည့်တော်များက ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာကို ပို၍ပို၍ သိရပြီး များစွာသော သူတို့အထဲမှ ၎င်းတို့သိသော အရာကိုပင်နုတ်လျက် တပည့်တော်တို့အား သိစေမည်ကို ဆိုလိုသည်။ မိတ်ဆွေတို့ တိုင်းပြည်၌ လည်း ဝိညာဉ် ကောင်းကြီးခံစားရသူများမှာ လူနည်းစု ဖြစ်၍ ခရစ်ယာန် အများစုကမူ ဝိညာဉ်ကောင်းကြီး ခံစားရမည် မဟုတ်ပါ။ ခရစ်ယာန်တိုင်း ဘုရားသခင်၏ သားသမီးမှန်သော်လည်း ကောင်းသော ခရစ်ယာန်၊ ဝိညာဉ်ဆန်သော ခရစ်ယာန်များဖြစ်မည်ဟု မမျှော်လင့်ပါနှင့်။ ခရစ်ယာန် အများစုသည် ကောင်းသော ခရစ်ယာန်များ မဖြစ်နိုင်ပေ။ ဘုရားသခင်၏ နိုင်ငံတော်တွင် လူတို့၏ အဆင့်အတန်း ဖွဲ့စည်းပုံသည် ပိရမစ်ပုံ A ဖြစ်၍ ထိပ်ဆုံးပိုင်းသည် အထူးလူတန်းစား ဖြစ်သည်။ နက်နဲသော အရာများကို သိခွင့်ရသော သူများသည် ရွေးချယ်ခံရသော လူနည်းစုသာ ဖြစ် သည် ။ တနည်း အားဖြင့် ဘု ရားသခင် ကို နာခံ ၊ မဟာစေခိုင်းချက်ကို နာခံ လုပ်ဆောင်သော သူများဖြစ်သည်။ ထိုရွေးချယ်ခံ ရသော လူနည်းစုအားဖြင့် ဘုရားသခင်၏ နိုင်ငံတော် ကျယ်ပြန့်လာမည် ဖြစ်သည်။
ပထမရာစု – ရှင်ပေါလု ခေတ်က ခရစ်ယာန်များကို ကြည့်ပါကလည်း ဘုရားသခင်သည် သူ၏ နိုင်ငံ ကျယ်ပြန့်စေရန် အနည်းငယ်သော ခရစ်ယာန် များကိုသာ အသုံးပြုခဲ့ကြောင်း တွေ့နိုင်သည်။ ဆက်လက်၍ မဿဲ ၁၃း၁၃ ကိုကြည့်ပါက ထိုရွေးချယ်ခြင်း ခံရသော လူနည်းစု နားလည်နိုင်ရန် ပုံဥပမာနှင့် ပြောခြင်းဖြစ်ကြောင်း၊ ထိုသို့ ပုံ။ဥပမာများဖြင့် ပြောသော်လည်း လူများစု ဖြစ်သောလူအုပ်ကြီးက နားလည်မည် မဟုတ်ကြောင့် ယေရှုခရစ်တော်က ပြောထားသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ ခန့်က ပရောဖက်ကြီး ဟေရှာယ၏ ပရောဖက်ပြုချက်မှန်ကန်ကြောင်း ဤလူအုပ်ကြီးသည် ကြားလျက်ပင်မကြား၊ မြင်လျက်မမြင် ကောင်းကင်နိုင်ငံတော်၏ နက်နဲ သောအရာကို နားမလည်နိုင်ကြောင်း ပြောခဲ့သည်။ လူအုပ်ကြီးသည် ယုဒလူမျိုးဖြစ်သကဲ့သို့ တပည့်တော် ၁၂ ပါးသည်လည်း ယုဒလူမျိုးများပင် ဖြစ်သည်။ သို့ သော် အထူးရွေးချယ်ခံရသော တပည့်တော်များကသာ နက်နဲရာကို နားလည်ရသည်။ ဆက်လက်၍ မဿဲ ၁၃း၁၄-၁၅ ကို ကြည့်ပါက ယေရှုခရစ်တော်က ပရောဖက်ကြီး ဟေရှာယသည် ထိုပရောဖက် ပြုချက်ကို ပြန်လည်ကိုးကား၍ မှန်ကန်ကြောင်း ဖော်ပြထားသည်ကို တွေ့ရသည်။ ပရောဖက်ကြီး ဟေရှာယသည် ထိုပရောဖက်ပြုချက်ကို လက်ခံရရှိချိန်က ၎င်း၏အနက်အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။ အခြားအခြား
သော ပရောဖက်များနှင့် ဓမ္မဟောင်းကာလမှ ယုဒလူမျိုးများက ဤကျမ်းပိုဒ်ကို အကြိမ်ကြိမ်အခါခါ ဖတ်သော်လည်း နားမလည်ခဲ့ကြပေ။ အကြောင်းမှာ ထိုအရာသည် ဝှက်ထားသောအရာဖြစ်ကြောင့် ဖြစ်သည်။ ယခု ယေရှုက အဓိပ္ပာယ်ကို တပည့်တော်တို့အား ဖွင့်ပြခဲ့သည်။ အဓိပ္ပာယ်မှာ ယုဒလူ အနည်းစုကသာ ဝိညာဉ်မျက်စိ ပွင့်လင်းကြပြီး ကျန်လူများစု ယုဒလူမျိုး များသည် ဝိညာဉ်မျက်စိ အလင်းကွယ်နေမည် ဖြစ်သည်။ ဤနိယာမသည် ယုဒလူမျိုးများအတွက် သာမက ယနေ့ ကျွန်ုပ်တို့ တပါးအမျိုးသား ခရစ်ယာန် များအတွက်လည်း အတူတူပင် ဖြစ်သည်။ ကျွန်ုပ်တို့ ခရစ်ယာန် လောက
၌လည်း နက်နဲသောအရာကို များစွာသော ခရစ်ယာန်များက နားမလည်ပဲ ရွေးချယ်ခံရသော လူနည်းစုခရစ်ယာန်များကသာ နားလည်နိုင်သည်။ ၎င်းကို ရှေးမဆွက ခွဲခန့်မှတ်သားထားသော ဩဝါဒဖြစ်သည်ဟု ခရစ်ယာန်
လောက၌ ခံယူကြသည်။ ဤအကြောင်းအရာကို ကယ်(လ)ဗင်၏ဝါဒ ဟုလည်း ခေါ်သည်။ သို့သော် ဤအရာသည် ကယ်(လ)ဗင်က စတင်ခဲ့ခြင်း မဟုတ်။ ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်။ ခရစ်ယာန် လူအုပ်ကြီး ထဲတွင်လည်း ကောင်းသော ခရစ်ယာန်များစွာရှိလျက် ဘုရားသခင်က အဘယ့်ကြောင့် ခွဲခြားသနည်းဟု မေးနိုင်သည်။ ကျွန်ုပ် ထိုအဖြေကို ရိုးရိုးလေးဖြေချင် ပါသည်။ ၎င်းတို့မှာ “ကျွန်ုပ်မသိ” ဟုပင်။ အဘယ့်ကြောင့် ဆိုသော် ထိုအရာသည် နက်နဲသောအရာ ဖြစ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ် နားလည်သည်မှာ ကောင်းကင် နိုင်ငံတော်သည် အဆင့်တန်းအဆင့် အဆင့်ဖြင့် ဖွဲ့စည်းထားသော နေရာဖြစ်သည်။ ဤအကြောင်းအရာကို ရှင်းပြရန် အခြား အသုံးအနှုန်း မရှိပါ။ ““ကျေးဇူးတော်ဘ” ဟုသာပြောနိုင်ပါသည်။ ရှင်ပေါလုကလည်း ကျေးဇူးတော်ကြောင့်သာ ဤနက်နဲသော အရာများကို နားလည်နိုင်ကြောင်း၊ အရာရာတိုင်းသည် ဘုရားသခင်၏
ကျေးဇူးတော်ကြောင့် သာဖြစ်ကြောင်း အမြဲဝန်ခံ ခဲ့သည်။ ယနေ့ ဘုရားသခင်၏ နက်နဲသော အရာများကို သိခွင့်ရသော မိတ်ဆွေတို့သည်လည်း ကျေးဇူးတော်
ကြောင့်ဟု ပြောနိုင်သည်။ ယနေ့ ဤတိုင်းပြည်တွင် ဉာဏ်ရည်ထက် မြတ်သော၊ အလွန်တော်သော၊ အဖက်ဖက်မှ သာလွန်သောသူများစွာရှိ
သော်လည်း ၎င်းတို့သည် ဤနက်နဲသောအရာကို မသိရပဲ မိတ်ဆွေတို့က သိနားလည်ခွင့် ရသည်။ ဤအရာသည် ကျေးဇူးတော်သက်သက်ဖြစ်၍
ကျေးဇူးတော်ကို နားလည်သောသူများက ဘုရားသခင် ရှေ့တွင် နှိမ့်ချစွာ အသက်ရှင် လာကြသည်။ မိတ်ဆွေအနေဖြင့် နက်နဲသောအရာကို နားမလည်
သောသူများကို အပြစ်တင်၊ ဝေဖန်ခြင်း မပြုပဲ ဘုရားသခင့်ထံ ဆုတောင်း ခြင်းဖြင့် ကူညီရမည်။ ကျွန်ုပ်တို့ အနေဖြင့် ဘုရားသခင်ထံ မျက်ရည်ဖြင့်
အမြဲကျေးဇူးတင်ကြောင်း ပြောနေသင့်သည်။ ဘုရားသခင်ထံ “ဤအံ့သြ ဖွယ်ရာ နက်နဲသောအရာများကို သိခွင့် ရလို့ ကျေးဇူးတင်ပါတယ်” ဟု
ကျေးဇူးချီးမွမ်း ဆုတောင်း သင့်ပါသည်။ ဤသင်တန်း ပြီးသောအခါ အသိဉာဏ်ပိုင်း တိုးတက်ဖို့သာ မခံယူပဲ နှိမ့်ချစွာနှင့်သာ၍ ကျေးဇူးတော်ကို ဝန်ခံရမည် ဖြစ်သည်။
ဤကမ္ဘာမတည် မရှိမီကပင် ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော နက်နဲ ရာကို ဝှက်ထားလျက် ရှိသည်။ ဘီစီ ၁၅၀၀ မောရှေ လက်ထက်တွင် ဘုရားသခင်က နက်နဲသော အရာအနည်းငယ်ကို မောရှေအား ဖော်ပြခဲ့သည်။ ထိုအချိန်တွင် မောရှေ၏ အသက်သည် ၁၂၀ ရှိ၍ သေခါနီး အချိန်လည်း ဖြစ်သည်။ ယေရှုသည် မောရှေအား ယေဟောဝါအဖြစ် ထင်ရှားခဲ့သည်။
ယေဟောဝါသည် ယေရှုခရစ်တော် ဖြစ်သည်။ ယေဟောဝါဘုရားက ဣသရေလလူမျိုးများအား “သင်တို့ တောထဲ မှာလှည့် လည် ချိန်မှာ ငါ့ ပညတ်တော်တွေကို ချိုးဖောက်တာ ၁၀ ကြိမ်မက ရှိတယ်။ ဒါကြောင့် ငါပေးမယ့် ကောင်းကြီးမင်္ဂလာတွေကို ပြန်ရုပ်သိမ်းမယ်” လို့ပြောခဲ့သည်။ အပေါ်ယံအားဖြင့် ဣသရေလလူမျိုးများ မနာခံ၍ ကောင်းကြီး မခံစားရခြင်း ဖြစ်သည်ဟု ပြောသော်လည်း နောက်ကွယ်၌ နက်နဲသောအရာများစွာ ရှိသည်။ ယေဟောဝါဘုရားဖြစ်သော ယေရှုက “ငါဟာ မင်းတို့ထံမှ ငါ့ မျက်နှာကို လွှဲမယ်” လို့ပြောခဲ့သည်။ ယေရှုခရစ်တော်က “ဓမ္မဟောင်း တုန်းက ယေဟောဝါကို သင်တို့ အသိအမှတ်ပြုသလောက် ငါ့ကိုသင်တို့ အသိအမှတ် မပြုဘူး” ဟု အပြစ်တင်ခဲ့သည်။ ယနေ့ထိ မြောက်များစွာသော ခရစ်ယာန်များသည် ဓမ္မဟောင်း ယေဟောဝါဘုရားသည် ယေရှုဖြစ်ကြောင်း နားမလည်ကြသေးပေ။ ခရစ်ယာန်အများစုက ဓမ္မဟောင်း ယေဟောဝါ ဘုရားနှင့် ဓမ္မသစ်ယေရှုသည် တသီးတခြားစီ ဖြစ်သည်ဟု ခံယူကြသည်။
ယေရှုက မောရှေအား တရား ၃၂း၁၅-၂၁ တွင် ဣသရေလ လူမျိုးများ၏ ဝိညာဉ်မျက်စိကို ကွယ်စေ၍ ယေရှုသည် ယေဟောဝါ ဘုရားဖြစ်ကြောင်း မသိရပဲ တပါးအမျိုးသားများ၏ ဝိညာဉ်မျက်စိကို ပွင့်စေ၍ သူတို့က ယေရှုကို လက်ခံမည့်အကြောင်းကို ပြောထားခြင်းဖြစ်သည်။
နောက်နှစ်ပေါင်း ၅၀၀ အကြာ ဒါဝိဒ်မင်းကြီးလက်ထက်သို့ ရောက်လာခဲ့သည်။ ရှင်ဘုရင်ဒါဝိဒ်၏ နောက်ကွယ်တွင် စီမံပေးသော အာသပ်ထံ ဘုရားသခင်၏ သတင်းစကားရောက်လာသည်။ အာသပ်အားဖြင့် ဆာလံ ၇၈း၂ ကို ရေးသားခဲ့သည်။ ဤဆာလံ ၇၈း၂ ကို နောက်ပိုင်းတွင် ယေရှုခရစ်တော်က ပြန်လည်ကိုးကားခဲ့ကြောင်း မသဲ ၁၅း၃၅ တွင် တွေ့နိုင်သည်။ ယေရှုခရစ်တော်က အာသပ် အားဖြင့် သူဖော်ပြခဲ့သော အရာများကို နောင်နှစ်ပေါင်း ၁၀၀၀ ကြာသောခါ ပြန်လည်ပြောကြား ခဲ့သည်။ ဒါဝိဒ်မင်းကြီးလက်ထက်မှ နှစ်ပေါင်း ၃ဝဝ ကြာသောအခါ
ထိုသတင်းစကားကိုပင် ဟေရှာယနှင့် ဟောရှေအား ထပ်မံဖော်ပြခဲ့ပြန်သည်။ မဿဲ အခန်းကြီး ၁၃ တွင် ယေရှုခရစ်တော်က မောရှေ၊ ဒါဝိဒ်၊ ဟေရှာယ၊ ဟောရှေ တို့၏ပရောဖက်ပြုချက်များကို ပြန်လည် အသုံးပြုကိုးကားခဲ့ကြောင်း ရောမသြဝါဒစာ၊ ဧဖက်သြဝါဒစာနှင့် ကောလောသဲ ဩဝါဒစာတို့တွင် ပြန်လည်တွေ့နိုင်ပါသည်။ ယခု တင်ပြသော အကြောင်းအရာများသည် သမိုင်းကြောင်းကို ပြန်ကြည့်၍ ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။ အကျဉ်းချုပ် အားဖြင့် ရှင်မဿဲခရစ်ဝင်ကျမ်းကို တခန်းပြီး တခန်း ဆက်လက်လေ့လာ ကြပါစို့ ။
(၈) ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁ မှ ခရစ်တော်၏ ဆွေစဉ်မျိုးဆက်စာရင်း
ရှင်မဿဲ အခန်းကြီး ၁ တွင် ခရစ်တော်၏ ဆွေစဉ်မျိုးဆက် စာရင်းကို မှတ်တမ်းတင်ထားသည်။ ထိုစာရင်း၌ အမျိုးသမီး (၅)ဦး၏ အမည်ကိုလည်း မှတ်တမ်းတင်ထားကြောင်း တွေ့ရသည်။ ၎င်းတို့မှာ(၁) တာမာ (၂) ရာခပ် (၃) ရုသ (၄) ဗာသရှေဘနှင့် (၅) မာရိ တို့ဖြစ်ကြသည်။ ၎င်းတို့အနက် ၄-ဦးမှာ တပါးအမျိုးသား များဖြစ်ကြသည်။ ယုဒထုံးစံအရ အမျိုးသမီးများ၏ အမည်ကို သားစဉ်မျိုးဆက် စာရင်း၌ မဖော်ပြရပေ။ သို့သော် ထိုထုံးတမ်းစဉ်လာကို ဆန့်ကျင်၍ ဖော်ပြထားခြင်း ဖြစ်သည်။ ဤဆွေစဉ်မျိုးဆက်ကို ကြည့်ခြင်းအားဖြင့် ယေရှုခရစ်တော်သည် ဣသရေလ လူမျိုးစစ်စစ် မဟုတ်ကြောင်း တွေ့ရသည်။ ဤမှတ်တမ်းရှိ ပထမဆုံးဖော်ပြသော အမျိုးသမီးမှာ တာမာ အငယ် ၃
ဖြစ်၍ သူမသည် ယုဒလူမျိုး မဟုတ်။ ခါနန်လူမျိုးသာ ဖြစ်သည်။ အငယ် ၅ ရှိ ရာခပ်သည်လည်း ခါနနိလူမျိုး ဖြစ်သည်။ တတိယအမျိုးသမီး ဖြစ်သော ရုသသည် မောဘလူမျိုး၊ စတုတ္ထမြောက် အမျိုးသမီး ဖြစ်သော ဗာသရှေဘတို့သည် ဟိတ္တိအမျိုး အငယ် ၆ ဖြစ်ကြသည်။ ဤသမိုင်းကြောင်း၊ အားဖြင့် ဒါဝိဒ်နှင့် ရှောလမုန်တို့သည် ဣသရေလ လူမျိုးစစ်စစ် မဟုတ်ဟု ပြောနိုင်သည်။ ယေရှုခရစ်တော်၏ ဖခင်ဖြစ်သော ယောသပ်သည်လည်း ဣသရေလစစ် မဟုတ်ဟု ပြောနိုင်သည်။ စဉ်းစားရမည်မှာ ခရစ်တော်၏ ဆွေစဉ်မျိုးဆက် စာရင်းတွင် ဣသရေလလူ မဟုတ်သော တပါးအမျိုးသား ဖြစ်သော မိန်းမများ၏ အမည်ကို အဘယ့်ကြောင့် မှတ်တမ်းတင် ဖော်ပြထား ရသနည်းဆိုသော အချက်ပင်ဖြစ်သည်။ ဤမေးခွန်းသည်လည်း နက်နဲသော အရာနှင့် ဆက်စပ်နေပါသည်။ အဖြေမှာ ယေရှုခရစ်တော်သည် ဤအမျိုးသမီး (သို့) လူ၏ အသွေးအသားအားဖြင့် မွေးဖွားလာခြင်း မဟုတ် တနည်းအားဖြင့် ဣသရေလလူမျိုးများကိုသာ ကယ်တင်ရန် ကြွလာခြင်း မဟုတ်ပဲ၊ တလောက လုံးရှိ လူမျိုးများအားလုံးကို ကယ်တင်ရန် ကြွလာခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုခရစ်တော်၏ ဆွေစဉ်မျိုးဆက်တွင် တပါးအမျိုးသား မိန်းမများ၏ အမည်ကို ဖော်ပြထားခြင်း ဖြစ်သည်။ ပြဿနာမှာ တပည့်တော်များက ခရစ်တော်၏ ဧဝံဂေလိသတင်းကောင်းသည် တပါးအမျိုးသားများ အတွက်လည်း ဖြစ်သည်ကို လက်မခံနိုင်ကြခြင်း ဖြစ်သည်။ တပည့်တော်များတွင် လူမျိုးခွဲသော မာန်မာနများ ရှိနေသည်။ ထိုမာန်မာန၊ အတွေးအခေါ်များ ပြောင်းလဲစေရန် ယေရှုခရစ်တော်က သုံးနှစ်လုံးလုံး သင်တန်းပေးခဲ့ရခြင်း ဖြစ်သည်။
ယေရှုခရစ်တော်သည် တပည့်တော်များကို ရွေးချယ်ပြီးပြီးချင်း တောင်ပေါ်ဒေသနာဖြင့် စတင်သွန်သင်ခဲ့သည်။ ဤအကြောင်းအရာများကို ရှင်မဿဲ အခန်းကြီး ၅၊၆၊၇ တွင် ဖတ်ရှုနိုင်ပါသည်။ ဆက်လက်၍ ရှင်မဿဲ အခန်းကြီး ၈ ကို လေ့လာကြပါစို့။
၂။ ရှင်မဿဲ အခန်းကြီး ၈
(က) တပါးအမျိုးသားတို့၏ အခွင့်အရေး
ရှင်မဿဲ အခန်းကြီး ၈ သည် ခရစ်တော်၏ သွန်သင်ခြင်း၊ အစပိုင်း ဖြစ်၍ အငယ် ၂ တွင် နူနာစွဲသော သူတစ်ဦး၏ အကြောင်းကို တွေ့ရသည်။ ဝိညာဉ်ရေးရာအရ နူနာစွဲသောသူ ဆိုသည်မှာ တပါးအမျိုးသား များကို ဆိုလိုသည်။ ယေရှုသည် အနူကိုဦးစွာ ကျန်းမာစေခဲ့သည့် အဓိပ္ပာယ်မှာ တပါးအမျိုးသားဦးစွာ ကယ်တင်ခြင်း ရရှိခြင်းကို ဆိုလိုသည်။ အငယ် ၅ တွင် ဒုတိယ နိမိတ်လက္ခဏာဖြစ်သော အီတာလျံ တပ်မှူးတစ်ဦး၏ ငယ်သားကို ကျန်းမာစေခြင်း ဖြစ်သည်။ ထိုတပ်များသည် တပါးအမျိုးသား ဖြစ်သည်။ ထိုတပ်မှူးက ခရစ်တော်ကို ယုံကြည်ကြောင်း ပြသခဲ့သည်။ ဤအဖြစ်အပျက်များကို ယေရှုခရစ်တော်၏ တပည့်တော်များက စောင့်ကြည့် နေကြသည်။ အငယ် ၁ဝ တွင် ယေရှုက ယုဒလူမျိုးကြားထဲတွင် တပါး အမျိုးသားဖြစ်သော တပ်မှူး၏ ယုံကြည်ခြင်းကို ဖော်ထုတ်ချီးမွမ်း ခဲ့သည်။ ထိုသို့ တပါးအမျိုးသား၏ ယုံကြည်ခြင်းကို ချီးမွမ်းသောအခါ တပည့်တော် များက မည်သို့ခံစားရမည်ကို စဉ်းစားကြည့်နိုင် ပါသည်။ အငယ် ၁၁ တွင် ဆက်လက်ကြည့်ပါက တပါးအမျိုးသားများစွာ ကောင်းကင်နိုင်ငံတော် ဝင်ရောက်ကြမည်ကို ယေရှုက ပြောသောအခါ တပည့်တော်များက မကျေနပ် ကြပေ။ အဘယ့်ကြောင့်ဆိုသော် တပည့်တော်များက ထိုသတင်းကောင်းသည် ၎င်းတို့နှင့်သာ သက်ဆိုင်သည်ဟု ခံယူထားသောကြောင့် ဖြစ်သည်။
(ခ) ထာဝရငရဲနှင့် လာလီငရဲတွင် ယုဒအမျိုးသားများနှင့် တဝါးအမျိုး
သားတို့၏ အခန်းကဏ္ဍ၊
အငယ် ၁၂ ကိုကြည့်ပါက ခရစ်တော်ကို လက်မခံသော ယုဒလူမျိုး များသည် Abyss ဟု ခေါ်သောနေရာ၌ ခေတ္တနေရမည်ဖြစ်သည်။ ထို Abyss ၌ ရောက်နေသော ယုဒလူမျိုးများ မည်သည့် အချိန်တွင် လွတ်မြောက် ကြမည်နည်း။ Abyss ကို မြန်မာကျမ်းစာ၌ “ပြင်အရပ် နှောင်မိုက်” ဟု ဘာသာပြန် ထားသည်။ ပြင်အရပ် မှောင်မိုက်နှင့် ငရဲတို့မှာ မတူကြပါ။ Abyss သည် ယာယီနေရာ ဖြစ်၍ ငရဲသည် ထာဝရနေရာ ဖြစ်သည်။ ထိုယာယီနေရာများကို အင်္ဂလိပ်ဘာသာအားဖြင့် (၁) Abyss အနက်ဆုံးသော အရပ် (ဗျာဒိတ် ၉း၁၊ ၁၁း၇) (၂) Hades မရဏာနိုင်ငံ (မဿဲ ၁၆း၁၈၊ လုကာ ၁၆း၂၃
ဗျာဒိတ် ၁၁း၈၊ ၆း၈) (၃) The sheol မရဏာနိုင်ငံ (ကမ္ဘာ ၃၇း၃၅၊ မဿဲ ၁၆း၁၈) (၄) The bottomless pit အဆုံးမရှိသော တွင်းနက် ဟု ဖော်ပြထားသည်။ ထိုယာယီ နေရာသည် ကျွန်ုပ်တို့ ရပ်နေသော ကမ္ဘာ့မျက်နှာပြင်မှ အနက်ပေ ၇၀၀၀ ကျော် လောက်တွင် ရှိ၍ ထိုနေရာတွင် အပူချိန် ၆ဝဝဝ ဒီဂရီစင်တီဂရိတ် ရှိသည်။ တနည်းအားဖြင့် ကမ္ဘာမြေ၏အတွင်း အလည်ဗဟိုတည့်တည့်တွင် ရှိသည်။ စာတန်၏ သားသမီးများ၊ ယေရှုခရစ်တော်ကို မသိ မယုံကြည်သော သူများအားလုံး ပထမဦးစွာ ထို Abyss ၌ ရောက်သွားကြသည်။ ၎င်းတို့ အားလုံး ခရစ်တော်၏ တရားစီရင်ခြင်းပြီးမှ ကန့်နှင့် လောင်သော ထာဝရငရဲ မီးအိုင်၌ ပစ်ချခံရမည် ဖြစ်သည်။ ထိုငရဲကို ဂရိဘာသာအားဖြင့် ဂေဟနာအရပ် ဟု ခေါ်သည်။ ကျမ်းစာထဲတွင် ၎င်းကို ကန့်မီးအိုင်ဟု သုံးထားသည်။ ဂေဟနာ၊ မီးအိုင်၊ ငရဲ စသည်တို့မှာ အတူတူပင်ဖြစ်သည်။
ယာယီဖြစ်သော Abyss တွင် နှစ်မျိုးရှိသည်။ ၎င်းတို့မှာ – Abyss (အေ) နှင့် -Abyss (ဘီ)တို့ဖြစ်၍ ခရစ်တော်ကို မယုံကြည်သော ယုဒလူမျိုးများကို ထားသောနေရာနှင့် တပါးအမျိုးသားများကို ထားသော နေရာတို့ ဖြစ်ကြသည်။ ယုဒလူမျိုးများကို ထားသော Abyss သည် တပါးအမျိုး သားများကို ထားသော Abyss ထက် ပိုကောင်းသည်။ ယေရှုခရစ်တော်က ထို Abyss နှင့်ပတ်သက်၍ သူ၏တပည့်တော်များ နားလည်စေရန် သွန်သင် ခဲ့ပြီး ၎င်းမှာ လုကာ ၁၆း၁၉-၃၁ တွင်ဖော်ပြသော “သူဌေးကြီး နှင့်လာဇရ” အကြောင်းပင် ဖြစ်သည်။ သူဌေးကြီးနဲ့ လာဇရုသည် တဦးနဲ့တဦး မြင်နေရပြီး ကူးသွား၍ မရပေ။ ယာယီငရဲ၏ သက်တမ်းသည် နောက်ဆုံး တရားစီရင်ခြင်း တိုင်အောင် ဖြစ်သည်။ ယာယီဟု ခေါ်ငြားသော်လည်း နှစ်ပေါင်းမည်မျှ ကြာမည် မသိရချေ။ ယာယီငရဲသည် အဆုံးရှိသော၊ အကန့်အသတ်ရှိသော ငရဲဖြစ်ပြီး ထာဝရငရဲသည် အဆုံးမရှိ၊ အကန့်အသတ်မရှိသော ငရဲ ဖြစ်သည်။
ခရစ်တော်မကြွလာမီ သေလွန်သော ယုဒလူမျိုးများသည် Abyss (အေ) သို့သွားရသည်။ ဓမ္မဟောင်းကာလမှ တပါးအမျိုးသားများကမူ Abyss (ဘီ) သို့ သွားရသည်။
ခရစ်တော် အသေခံ စဉ် ၃ ရက်အတွင်း eng မည်သည့်နေရာသို့ သွားခဲ့အနည်း။
ထိုအဖြေကို ၁ပေ ၃၁၉တွင် “ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍ ယခု ထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တို့ အား တရားဟောတော်မူ၏” ဟုဖော်ပြထားသည်။ သခင်ယေရှုသည် Abyss (အေ) နှင့် (ဘီ) သို့ သွားခဲ့သည်။ ထိုနေရာတွင် ဘီစီ ၂၀၀၀ မှစ၍ အာဗြဟံ၊ မောရှေ၊ ဒါဝိဒ် တို့ အားလုံး ရှိနေကြသည်။ အဘယ့်ကြောင့် ဆိုသော် ၎င်းတို့၏ အပြစ်သည် ခရစ်တော်အသွေးမသွန်းမီ၊ တိရိစ္ဆာန် အသွေးအားဖြင့် ယာယီခွင့်လွှတ်ခြင်းခံရသော သူများဖြစ်သောကြောင့် ဖြစ်သည်။ တိရိစ္ဆာန်၏ အသွေးက အပြစ်လွှတ်ခြင်း မပြုနိုင်။ ယေရှုက Abyss တွင် သုံးရက်တိုင် နေပြီး၊ သူသည် ၎င်းတို့၏ အပြစ်အတွက် အသွေးသွန်းခဲ့ပြီး ဖြစ်ကြောင်း၊ သတင်းကောင်း ဟောပြောခဲ့သည်။ ထိုအခါ သန့်ရှင်းသူတို့သည် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံ ကြသည်။ ထိုသို့ လက်ခံသည်နှင့် တပြိုင်နက် တမဟုတ်ခြင်း အထက်အရပ် ပရဒိသုဘုံသို့ ပြောင်းရွှေ့ခြင်း ခံရသည်။ ထိုပရဒိသုဘုံသို့ ပြောင်းရွှေ့ ကြောင်း မည်သို့ သိနိုင်မည်နည်း။ ကျမ်းစာအားဖြင့် သိနိုင်ပါသည်။ ကျမ်းစာက
ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ချိန်တွင် ရှေးသန့်ရှင်းသူများလည်း ခရစ်တော်နှင့်အတူ ထမြောက်ကြောင်း မဿဲ ၂၇း၅၁-၅၃ တွင် “ထိုအခါ ဗိမန်တော်၏ ကုလားသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲ လေ၏ ။ မြေကြီး လှုပ်လေ၏ ။ ကျောက်များတို့သည် ကွဲပြားကြ၏။ သင်္ချိုင်း တွင်းတို့သည် ပွင့်လစ်သဖြင့် ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏
အလောင်းများစွာတို့သည် ထကြ၍ ကိုယ်တော် ထမြောက်တော်မူသည် နောက်၊ ထိုသူတို့သည် သင်္ချိုင်းတွင်းမှ ထွက်၍ သန့်ရှင်းသော မြို့ထဲသို့ ဝင်ပြီးလျှင် လူများစွာတို့အား ထင်ရှားကြ၏” ဟု ဖော်ပြထားသည်။ ထမြောက်သော သန့်ရှင်းသူတို့သည် ယေရှုနှင့်အတူ ယေရုရှလင်မြို့တွင် ရက် လေးဆယ်တိုင်တိုင် အတူရှိနေခဲ့ကြသည်။ ကျွန်ုပ်တို့အနေဖြင့် ထိုရှေးသန့်ရှင်းသူ များသည် ခရစ်တော် နှင့်အတူ ထမြောက်၍ ပရဒိသုဘုံတွင် စံမြန်းနေကြ သည်ဟု ယူဆရသည်။
(ဃ) ဓမ္မသစ်ရှိ သုဒအမျိုးသားများနှင့် တပါးအမျိုးသားများ
ဓမ္မသစ်တွင် ယုံကြည်သူယုဒလူမျိုးများနှင့် မယုံကြည်သူ ယုဒ လူမျိုးများဟူ၍ ရှိသလို တပါးအမျိုးသားများထဲတွင်လည်း ယုံကြည်သူနှင့် မယုံကြည်သူဟူ၍ ရှိကြသည်။ ယေရှုခရစ်တော် အသွေးသွန်းပြီးသော ဓမ္မသစ်ခေတ်တွင် ယုံကြည်သူယုဒလူမျိုးများနှင့် တပါးအမျိုးသားများ Abyss (အေ) သို့ သွားရန်မလိုတော့ပဲ ပရဒိသုဘုံသို့ တိုက်ရိုက် ရောက်သွား ကြသည်။ မယုံကြည်သော ယုဒလူမျိုးများမှာမူ Abyss (ဘီ)သို့၎င်း၊ မယုံကြည်သူ တပါးအမျိုးသားများမှာ Abyss (ဘီ) သို့ ၎င်း အသီးသီးသွားရမည် ဖြစ်သည်။ ဓမ္မဟောင်းခေတ် Abyss(အေ)(ဘီ)၊ ဓမ္မသစ်ခေတ် Abyssအေ၊ ဘီသို့ရောက်သော သူအားလုံး တရားစီရင်ခြင်း ကာလမရောက်မီ ပြန်လည်ရှင်ပြန်ထမြောက် ကြမည်ကို ယော ၅း၂၄-၂၉ တွင် ဖော်ပြထားသည်။ ခရစ်ယာန် ယုံကြည်သူ များသည် အပြစ် စီရင်ခြင်းနှင့် ကင်းလွှတ်လိမ့်မည်။ တရားစီရင်ခွင့် ရှိသူမှာ ယေရှုဖြစ်၍ အချို့မှာ အသက်ရှင်ရာ ထမြောက်ခြင်းသို့၎င်း၊ အချို့မှာ တရားစီရင်ရာ ထမြောက်ခြင်းသို့၎င်း ထမြောက်ကြမည်။ တရားစီရင်ခြင်း ပြီးလျှင် မယုံကြည်သူများမှာ ထာဝရငရဲသို့ သွားရမည် ဖြစ်သည်။ ယုံကြည် သူများမှာ ယာယီ ပရဒိသုဘုံမှ ထာဝရနိုင်ငံတော် ဖြစ်သော ကောင်းကင် နိုင်ငံတော်သို့ သွားရမည် ဖြစ်သည်။
ယေရှုခရစ်တော်သည် မသဲ ၈း၁၁-၁၂ တွင် “ငါဆိုပြန်သည်ကား၊ လူများတို့သည် အရှေ့အရပ်၊ အနောက်အရပ်မှ လာ၍ ကောင်းကင်နိုင်ငံ
တော်၌ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင်ကွ လျောင်းရကြလတံ့၊ နိုင်ငံတော် သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်း ရှိရာ၊ ပြင်အရပ်မှောင် စိုက်ထဲသို့ နှင်ချခြင်းကို ခံရကြလတံ့ ဟု နောက်တော်သို့ လိုက်သော သူတို့အား မိန့်တော်မူပြီးမှ” ဟု ဖော်ပြထားရာ၊ ယုဒလူမျိုးများ အကြောင်းကို ပြောနေခြင်းဖြစ်သလို၊ အရှေ့၊ အနောက်မှ တပါးအမျိုးသားများလာ၍ အာဗြဟံ၊ ယာကုပ်တို့နှင့် အတူရှိမည်ကို သွန်သင်ခဲ့သည်။ ယေရှုခရစ်တော် သည် သူ၏တပည့်တော်များအား သုံးနှစ်တိုင်တိုင် တပါး အမျိုးသားများထံ ဧဝံဂေလိဝေငှရ မည့်အကြောင်း၊ ဣသရေလလူမျိုးများအတွက် ပူစရာ မလိုကြောင်း ပြောခဲ့သည်။ ယေရှုက “ငါဟာ အခုချိန်မှာ ယာယီအားဖြင့် တပါးအမျိုးသားများကို ပိုချစ်တယ်” ဟု ပြောခြင်း ဖြစ်သည်။ ထို့ကြောင့် “ဝိညာဉ်မျက်စိ ကွယ်နေသော ဣသရေလလူမျိုးများအတွက် မစိုးရိမ်နဲ့ တပါး အမျိုးသားများထံ ဧဝံဂေလိဝေငှပါ” ဟု ပြောခဲ့သည်။ အငယ် ၁၂ ကိုကြည့် ပါက ယေရှုကို လက်မခံသော ယုဒလူမျိုးများမှာ (Abyss)ခေါ် ငိုကြွေးခြင်း၊ အံသွားခဲခြင်း ရှိရာသို့ ရောက်မည် ဖြစ်သည်။ ယခု ဝိညာဉ် မျက်စိကွယ် နေသော ယုဒလူမျိုးများနှင့် Abyss (အေ) တွင် ချုပ်ခံနေရသော ယုဒလူမျိုး အားလုံးတို့သည် ကယ်တင်ခြင်းသို့ ရောက်မည့် တပါးအမျိုးသား အရေအတွက် ပြည့်သွားပါက အားလုံး ကယ်တင်ခြင်းသို့ ပြန်ရောက်မည် ဖြစ်သည်။
ယေရှုခရစ်တော်သည် ရှင်မဿဲ အခန်းကြီး ၁၃ တွင် စကားလုံး အသစ်အဆန်းအနေဖြင့် ကောင်းကင်နိုင်ငံ၏ နက်နဲသောအရာကို ပြောပြ ပါသည်။ ရှင်မသဲက ဘုရားသခင်၏ နိုင်ငံတော်ဟု သုံးနှုန်းထားပြီး ရှင်လုကာ ကမူ ကောင်းကင်နိုင်ငံတော်ဟု သုံးနှုန်းထားသော်လည်း အဓိပ္ပာယ်မှာ အတူတူပင် ဖြစ်သည်။ ယေရှုခရစ်တော်ကလည်း ကောင်းကင်နိုင်ငံ၏
နက်နဲသော အရာဟု သုံးနှုန်းခဲ့ပြီး၊ နောက်ပိုင်းတွင် ရှင်ပေါလုက ခရစ်တော်၏ နက်နဲသောအရာဟု ပြန်လည် သုံးနှုန်းခဲ့သည်။ ယေရှုခရစ်တော်နှင့် ရှင်ပေါလု သုံးနှုန်းသကဲ့သို့ နက်နဲသောအရာ ဆိုသည်မှာ လူသားတို့ နားမလည်နိုင်
သောအရာပင် ဖြစ်သည်။ ထိုနက်နဲသောအရာကို ဤကမ္ဘာမတည်ရှိမီ ကပင် ဝှက်ထားပြီး တဖြည်းဖြည်းနဲ့ မောရှေ၊ ဒါဝိဒ်၊ အာသပ်၊ ဟေရှာယ၊ ဟောရှေ တို့အားဖြင့် ဘုရားသခင်က ဖွင့်ပြခဲ့သည်။ ခရစ်ဝင်ကျမ်း ၄ကျမ်းလုံးတွင် ခရစ်တော်၏နက်နဲသောအရာ၊ ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာများ ပါဝင်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ရှင်မဿဲ ခရစ်ဝင် ကျမ်း၌ပါသော နက်နဲသောအရာများကို လေ့လာနေခြင်း ဖြစ်သည်။
၃။ (က) ခရစ်တော်၏ နက်နဲသာအရာ ဆိုသည်မှာ
ဘုရားသခင်သည် အာဗြဟံအားဖြင့် ဣသရေလ လူမျိုးဖြစ်သော ယုဒအမျိုးကို ဖြစ်ပွားစေခဲ့သည်။ ထိုဣသရေလလူမျိုးထဲမှ ယေရှုခရစ်တော် မွေးဖွားလာခဲ့သည်။ တနည်းအားဖြင့် ဣသရေလ လူမျိုးများ၏ သမိုင်း
ကြောင်းအားဖြင့် လူသားအားလုံးအတွက် ကယ်တင်ခြင်း၏ နက်နဲသော အရာကို ဖော်ထုတ်သွားခဲ့သည်။ ဣသရေလ လူမျိုးတို့၏ ဘာသာရေး ဓလေ့ထုံးစံအားဖြင့် ယေရှု အကြောင်းကို ဖော်ထုတ်မည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဣသရေလ လူမျိုးများအား ၎င်းတို့ လိုက်နာရန် ဘာသာ ဓလေ့ထုံးစံ ခုနစ်ခု ချမှတ်ပေးခဲ့သည်။ ၎င်းတို့မှာ
ဣသရေလ လူမျိုးများသည် ဘုရားသခင်၏ ရည်ရွယ်ချက်အတွက် အထူးရွေးချယ် ခံထားရသော လူမျိုးများ ဖြစ်သည်။ ၎င်းတို့သည် တပါး အမျိုးသားများအတွက် ရုပ်ရှင်သရုပ်ဆောင်များကဲ့သို့ သရုပ်ဆောင်နေခြင်း ဖြစ်သည်။ ဘုရားသခင်သည် ဣသရေလ လူမျိုးများကို ကယ်တင်ခြင်း
ဇာတ်လမ်းတွင် မင်းသား၊ မင်းသမီးအဖြစ် သရုပ်ဆောင် စေသော်လည်း ၎င်းတို့ ၏ ဝိညာဉ်မျက်စိကို ကန်းစေခဲ့သည်။ ဝိညာဉ်မျက်စိ ကန်းနေ သောကြောင့် ၎င်းတို့၏ ဘာသာဓလေ့ထုံးစံများထဲမှ ခရစ်တော်ကို မတွေ့မြင် နိုင်ကြခြင်း ဖြစ်သည်။ ပထမရာစုအတွင်းတွင် အနည်းငယ်သော ဣသရေလ လူမျိုးများကသာ ယေရှုခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် သိမြင်ခဲ့ ကြသည်။ ဘာသာတရား အလွန်ကိုင်းရှိုင်းသော ဣသရေလ လူမျိုးများသည် ဓမ္မဟောင်းကျမ်းတွင် ပါရှိသော ယေဟောဝါ နှင့် ဓမ္မသစ်ကျမ်း တွင်ပါရှိသော
ယေရှုခရစ်တော် အတူတူဖြစ်ကြောင်း မသိမမြင်နိုင် ခဲ့ကြပေ။ ထိုအရာ သည်လည်း နက်နဲသောအရာ တစ်ခုပင် ဖြစ်သည်။ ၄င်း
ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အနည်းငယ်သော ဣသရေလ လူမျိုးများအားဖြင့် တပါးအမျိုးသားများ အားလုံးကို ဧဝံဂေလိဝေငှရန်ပင် ဖြစ်သည်။ ကမ္ဘာ့လူဦးရေ၏ ၉၉.၉% မှာတပါးအမျိုးသားများဖြစ် သောကြောင့် ဘုရားသခင်၏ စိတ်ထဲတွင် ဣသရေလများက တပါးအမျိုး သားများထံ ဧဝံဂေလိသတင်းစကား ဝေငှရန် အကြံအစည် ရှိခဲ့သည်။ လူ့အဖွဲ့ အစည်းတွင် တပါးအမျိုးသား များစွာတို့သည် ရှင်ပေါလုအားဖြင့် ဧဝံဂေလိ သတင်းစကား ကြားနာရင်း ပြောင်းလဲလာကြခြင်း မှာလည်း ဘုရားသခင် စီမံကိန်း အကြံအစည်ပင် ဖြစ်သည်။ ပထမရာစု ကာလတွင် ကမ္ဘာ့လူဦးရေ ယုံကြည်သူ တိုးပွားလာသော်လည်း ဣသရေလ လူမျိုးများမှာ ဝိညာဉ်မျက်စိ ကန်းနေခဲ့ရသောကြောင့် ဒုတိယရာစု အစပိုင်းထိ ဣသရေလ လူမျိုး ခရစ်ယာန် မရှိသလောက် ရှားပါးခဲ့သည်။
ဣသရေလလူမျိုးများ မည်သည့် အချိန်တွင် ခရစ်တော်ထံ ပြန်လာကြ မည်နည်း။
ဣသရေလ လူမျိုး (သို့) ယုဒ လူမျိုးများသည် ဧဝံဂေလိသတင်း စကားအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင်ခဲ့ပြီး ယေရှုခရစ်တော် သည်လည်း ဣသရေလ မျိုးနွယ်မှပင် မွေးဖွားလာခဲ့သည်။ ရှင်ပေါလုသည် ဣသရေလ လူမျိုးများ မည်သည့် အချိန်တွင် ယေရှုခရစ်တော်ထံ ပြန်လာ မည်ကို ရောမ ၁၁း၂၅-၂၆ တွင်ကြိုတင် ပရောဖက်ပြုခဲ့သည်။ ၎င်းမှာ ဣသရေလ လူမျိုးအချို့သည် ကယ်တင်ခြင်း သို့ရောက်မည့် တပါးအမျိုး သားများ၏ အရေအတွက် ပြည့်စုံသောအခါ ခရစ်ယာန် ဖြစ်လာကြ မည်ဟူသော အကြောင်း ဖြစ်သည်။ ယနေ့ ဂျူးခရစ်ယာန် တစ်သိန်း ရှိလာပြီ ဖြစ်သည်။ ဘု ရားသခင် ရွေးချယ်ခွဲ ခန့် ထားသော တပါးအမျိုးသားများ ကယ်တင်ခြင်း ရရှိမည့်ဦးရေ ပြည့်စုံသော အချိန်တွင် Abyss သို့ရောက်သော ယုဒအမျိုးများနှင့် ကျန်ရှိသော ယုဒလူမျိုးတို့ တချိန်တည်း ကယ်တင်ခြင်း ရရှိကြမည် ဖြစ်သည်။ ဤအရာသည်
ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာဖြစ်ပြီး ယေရှုခရစ်တော်က ဤနက်နဲသောအရာကို ခရစ်ယာန်တိုင်း နားလည်နိုင်မည် မဟုတ်ကြောင်း ပြောခဲ့သည်။ ရှင်မဿဲ ၁၃ တွင် ယေရှုက ဤနက်နဲသောအရာကို ရွေးချယ်ထားသော လူနည်းစုကသာ နားလည်နိုင်မည်။ ကျန် ခရစ်ယာန် အများစုမှာ ထိုအရာကို သိလျက်ပင် မမြင်နိုင်၊ နားမလည်နိုင်ပဲ ရှိလိမ့် မည်ဟု ပြောခဲ့သည်။ ယနေ့ ချစ်သော မိတ်ဆွေသည် နက်နဲသော အရာကို သိသော သူလာ၊ နားမလည်နိုင်သော သူလော။
ယေရှုခရစ်တော်၏ နက်နဲသောအရာ (သို့) ဘုရားသခင့် နိုင်ငံတော်၏ နက်နဲသောအရာကို ရှင်မဿဲ အခန်းကြီး ၁ ရှိ “ခရစ်တော်၏ ဆွေ မျိုးဆက်စာရင်း” က ဖွင့်ပြခဲ့ပါသည်။ ၎င်းဆွေစဉ်မျိုးဆက် စာရင်းအရ
ယေရှုခရစ်တော်သည် ယုဒလူမျိုး မဟုတ်ကြောင်း တွေ့ရပြီး ထိုအရာက ကယ်တင်ခြင်း ဆိုသည်မှာ ယုဒလူမျိုးများအတွက် သီးသန့် မဟုတ်ပဲ။ လူမျိုးတကာ တို့အတွက် ဖြစ်ကြောင်းကို ဖော်ပြသည်။ ယုဒထုံးစံအရ အမျိုးသားသည် ယုဒလူမျိုးဖြစ်၍ အမျိုးသမီးမှာ တပါးအမျိုးသားဖြစ်ပါက မွေးဖွားလာသော သားသမီးများကို ယုဒလူမျိုးအဖြစ် မသတ်မှတ်တော့ပေ။ ယေရှုခရစ်တော်၏ ဆွေစဉ်မျိုးဆက် စာရင်း၌လည်း တပါးအမျိုးသား မိန်းမ လေးယောက်တိတိ ပါဝင်သည်ကို တွေ့ရသည်။ ဤအရာက ခရစ်တော်သည် ယုဒလူမျိုးစစ်စစ် မဟုတ်ကြောင်း ဖော်ပြနေသည်။
ယေရှုခရစ်တော်သည် သူ၏ အမှုတော်ဆောင် ကာလ သုံးနှစ် အတွင်းတွင် ချစ်တပည့်တော်များအား ခရစ်တော်၏ နက်နဲသောအရာများနှင့် ပတ်သက်၍ ကြိုးစားသင်ကြား ပေးခဲ့သည်။ ခရစ်တော်၏ တပည့်တော်များ အားလုံးသည် ယုဒလူမျိုးများ ဖြစ်ကြသည်။ ၎င်းတို့၏ ထုံးတမ်းစဉ်လာအရ ယုဒလူမျိုးများသည် တပါးအမျိုးသားများနှင့် ထမင်းပင်အတူတူ စားခွင့် မရှိချေ။ ထို့ကြောင့် တပည့်တော်များ အနေဖြင့် တပါးအမျိုးသား များထံ ဧဝံဂေလိဝေငှရန် လုံးဝမဖြစ်နိုင်ပေ။ ဓလေ့ထုံးစံတခုတည်းကို မူသေဆုပ်ကိုင် ထားသော တပည့်တော်များ၏ အတွေးအခေါ် ပြောင်းလဲလာစေရေးအတွက် သင်ကြားပေးရန် အလွန်ပင်ခက်ခဲလှ ပေလိမ့်မည်။ တပည့်တော်များ အနေဖြင့် ခရစ်တော်၏ နက်နဲသောအရာကို မဖြည့်စွမ်း နိုင်ခဲ့ကြပေ။ အထူးသဖြင့် ယေရုရှလင်အနီးတွင် နေထိုင်သော ယုဒပြည် တောင်ပိုင်းသားများသည် မြောက်ပိုင်း ဂါလိလဲနယ်ရှိ ယုဒလူမျိုးများ ထက်ပို၍ လူမျိုးစွဲမှု ကြီးမားသည်။ ထို့ကြောင့် ယေရှုခရစ်တော်က လူမျိုးအစွဲ ကြီးသော တောင်ပိုင်း ယုဒလူမျိုးကို မရွေးချယ်ပဲ မြောက်ပိုင်း ဂါလိလဲ နယ်သားများကိုသာ တပည့်တော်အဖြစ် ရွေးချယ်ခဲ့သည်။ ယေရှုခရစ်တော်၏ တပည့်တော်များတွင် ယုဒရှကာရုတ် တစ်ဦးထဲသာလျှင် တောင်ပိုင်း ယုဒနယ်သား ဖြစ်၍ ကျန် တပည့်တော် များမှာ မြောက်ပိုင်း ဂါလိလဲနယ်သားများ ဖြစ်ကြသည်။ တပည့်တော်
၁၂ ပါး ရွေးကောက်သော ရည်ရွယ်ချက်မှာ ယုဒလူမျိုးများအား ဧဝံဂေလိ ဝေငှရန်အတွက် မဟုတ်ပဲ တပါးအမျိုးသားများကို ဧဝံဂေလိဝေငှရန် ဖြစ်သည်။ ထို့ကြောင့် မဟာစေခိုင်းချက်ကို သူတို့ လက်ထဲသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် တပည့်တော်များသည် ၎င်းတို့၏ ပင်ကို အတွေးအခေါ် များအရ ယုဒလူမျိုးထဲ၌သာ ဆက်ပြီးနေချင် ခဲ့ကြသည်။ ။
ထို့ကြောင့် ယေရှုခရစ်တော်သည် တပည့်တော် ဆယ်နှစ်ပါး၏ အတွေးအခေါ် ပြောင်းလဲစေရန် သုံးနှစ်သုံး မိုးလေ့ကျင့်သင်ကြား ပေးခဲ့သည်။ သို့သော် တပည့်တော်များက ၎င်းတို့၏ ဓလေ့ထုံးစံကို စွဲမြဲကြပြီး မစွန့် နိုင်ခဲ့ကြပေ။ ထို့ကြောင့် ခရစ်တော်၏ သင်ကြားပေးမှု မအောင်မြင်သကဲ့သို့ ဖြစ်သည်။ မိတ်ဆွေတို့ ကိုယ်တိုင် မိမိတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို စွန့်၍ ညတွင်းချင်း၊ တရုတ်လူမျိုးကဲ့သို့ ဖြစ်ရန် မလွယ်ကူ သကဲ့သို့ ဖြစ်သည်။ သုံးနှစ်တိတိ ပြင်ဆင်လျှင်ပင် တရုတ်လူမျိုးများကဲ့သို့ အသက်ရှင် နိုင်ရန် လွယ်ကူမည် မဟုတ်ပေ။
(၁) “ခရစ်ဝင်ကျမ်း ၄ ကျမ်းမှ နက်နဲသောအရာများ”
ခရစ်ဝင်ကျမ်း ၄-ကျမ်းလုံးတွင် ခရစ်တော်၏ နက်နဲသောအရာများ ပါဝင်သည်။ ခရစ်တော်သည် သူ့တပည့်တော်များ အားလုံး၏ “ယုဒလူမျိုး များအတွက်” ဟု ခံယူသော အတွေးအခေါ်မှ တပါးအမျိုးသားများအတွက် စဉ်းစားပေးတတ်သော အတွေးအခေါ်သို့ ပြောင်းလဲရန် သင်ကြား ပေးခဲ့သည်။ မိတ်ဆွေတို့အနေဖြင့်လည်း မိမိလူမျိုးကိုသာ မကြည့်ပဲ အခြားလူမျိုးများကိုပါ။ ထိတွေ့ရမည် ဖြစ်သည်။ ကျွန်တော်သည် နိုင်ငံခြားသားဖြစ်၍ ဤနေရာ၌ ကျမ်းစာ သင်ပေးရာတွင် လူမျိုးရေး အဆီးအတားများကို ကျော်လွန်၍ ရောက်လာခြင်း ဖြစ်သည်။ ကျွန်တော့် အနေဖြင့် ကျွန်တော့် လူမျိုးကိုသာ
ကျမ်းစာ သင်ပေးနေပါက ထိုအရာသည် ဘုရားသခင်၏ အလိုတော် မဟုတ်ပါ။ ကျွန်ုပ်တို့ အားလုံး၏ လူမျိုးရေး အဆီးအတားများမှ ဖောက်ထွက်ရန် ခရစ်တော်၏ တောင်းဆိုမှုသည် ခရစ်တော်၏ နက်နဲသောအရာပင် ဖြစ်သည်။ ခရစ်တော်၏ နက်နဲသော အရာအရ ကျွန်ုပ်တို့၏ လူမျိုးမှ ထွက်လာ၍ အခြားသော လူမျိုးများထံ ဧဝံဂေလိတရား ဝေငှမည် ဖြစ်သည်။ ထိုအခါ အခြားသော လူမျိုးများ ပြောင်းလဲလာပြီး၊ ဘုရား ခွဲခန့်ထားသော ကယ်တင်ခြင်း ရရှိမည့် တပါးအမျိုးသား အရေအတွက် အလျင်အမြန် ပြည့်လာမည် ဖြစ်သည်။ ထိုသို့ တပါးအမျိုးသားများ၏ အရေအတွက် ပြည့်လာသောအခါတွင် ယေရှုခရစ်တော် ဒုတိယအကြိမ် ပြန်ကြွလာမည် ဖြစ်သည်။
ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ ရွာများ၌ ခရစ်တော်ကို မသိသေးသော သူများရှိပါက ၎င်းတို့ထံ ခရစ်တော်၏ ကယ်တင်ခြင်းသတင်းကို ဝေငှရမည် ဖြစ်သည်။ မိတ်ဆွေအနေဖြင့် ကိုယ့် အသိုင်းအဝိုင်း၊ ကိုယ့် အသင်းတော်၊ ကိုယ် လူမျိုးစုများတွင် သက်တောင့်သက်သာ အမှုတော်ဆောင် လိုမည် ဖြစ်သည်။ ထိုသို့ပင် အမှုတော်ဆောင်ရင်း သေလွန်သွားကြမည်။ သို့သော် လူနည်းစု ခရစ်ယာန်များသည် ထိုသို့ အသက်မရှင်ပဲ လူမျိုးရေး အဆီးအ တားများကို ကျော်လွန်၍ သတင်းကောင်းကို အခြားသော လူမျိုးများထံ ဝေငှလျက် ရှိကြသည်။ ကျွန်တော် အနေဖြင့်လည်း ကိုးရီးယားတွင် ကျမ်းစာ သင်ပေးလျှင် စကားပြန် မလို၊ အင်္ဂလိပ်လို ပြောရန် မလိုပေ။ အင်္ဂလိပ် ဘာသာစကားသည် ကျွန်ုပ်၏ မိခင် ဘာသာစကား မဟုတ်ပေ။ ယခု မြန်မာပြည်သို့ လာရောက်သောအခါ အင်္ဂလိပ်စကား ပြောရသည်။ စကားပြန် လိုအပ်သည်။ မြန်မာ အစားအစာများကို စားပြီး၊ ပူပြင်းသော ရာသီဥတု ဒဏ်ကို ခံစားရသည်။ အရာအားလုံးသည် ကျွန်တော့်အတွက် မရင်းနှီးသော အရာများ ဖြစ်သည်။ ထိုအရာများကို ကျွန်တော့် အနေဖြင့် ခက်ခဲသော်လည်း အဘယ့်ကြောင့် ပြုရသနည်း။ အကြောင်းမှာ ယေရှုခရစ်တော်၏ မဟာစေ ခိုင်းချက်ကြောင့် ဖြစ်သည်။ ယေရှုက မိဆွေအား မိတ်ဆွေတို့၏ လူမျိုးစုထဲမှ
ထွက်လာရန် ပြောနေပါသည်။ ယေရှုခရစ်တော်သည် ခုနှစ်လုံးလုံး သူ၏ တပည့်တော် များအား ဤသင်ခန်းစာကို ထပ်တလဲလဲ တဖြည်းဖြည်း သင်ကြား ပေးခဲ့သည်။ နောက်ဆုံး ရှင်မဿဲ အခန်းကြီး ၂၈ သို့ ရောက်သောအခါ ယေရှုခရစ်တော်က သူ၏ တပည့်တော်များအား မဟာစေခိုင်း ချက်ကို အပ်နှင်း ခဲ့သည်။ ထိုမဟာစေခိုင်းချက်ကြောင့်ပင် လွန်ခဲ့သော နှစ် နှစ်ရာက မေရိကန် သာသနာပြု ဆရာများနှင့် အင်္ဂလိပ် သာသနာပြု ဆရာများ မြန်မာပြည်သို့ ရောက်ရှိလာပြီး၊ ဧဝံဂေလိသတင်းကောင်း ဝေငှခဲ့ကြခြင်း ဖြစ်သည်။ မဟာစေခိုင်းချက်ကို အမေရိကန် ခရစ်ယာန် အားလုံး၊ ယူကေ ခရစ်ယာန် အားလုံးက မနာခံခဲ့ကြပေ။ အနည်းငယ်သော အမေရိကန် သာသနာပြုများနှင့် ယူကေ ခရစ်ယာန် သာသနာပြုများကသာ မဟာစေခိုင်းချက်အတိုင်း လက်တွေ့လုပ်ဆောင် ခဲ့ကြသည်။ ယနေ့ သင်းတန်း ပြုလုပ်ကျင်းပရာ အသင်းတော်သည် ယုဒသန် အသင်းတော် ဖြစ်သည်။ ဆရာ ယုဒသန်သည် ယခုအချိန်တွင် ကောင်းကင်ဘုံမှ ကျွန်ုပ်တို့ အားလုံးကို ကြည့်နေလိမ့်မည်။ ယေရှုခရစ်တော် ကလည်း ကောင်းကင်ဘုံမှ နေ၍ မိတ်ဆွေတို့ထဲမှ နောက်ထပ် ယုဒသန် ကဲ့သို့သော သူများပေါ်ထွက် လာရန်အတွက် မျှော်လင့်လျက် ကျွန်ုပ်တို့ကို ကြည့်နေပေလိမ့်မည်။ ဆရာ ယုဒသန်သည် သူ၏ လူမျိုးနှင့် ဓလေ့ထုံးစံများကို စွန့်၍ မြန်မာပြည်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ယခု မိတ်ဆွေတို့ စွန့်လွှတ်ရမည့် အလှည့် ရောက်ရှိလာပြီ ဖြစ်သည်။ မိတ်ဆွေတို့သည် ဆရာကြီး ယုဒသန်၏ ဝိညာဉ် မျိုးဆက်များ ဖြစ်ကြသည်။ မိတ်ဆွေတို့ထဲမှ အားလုံးတော့ မဟုတ် အနည်းငယ်သော သူတို့သည် ဆရာကြီး ယုဒသန် ကဲ့သို့ လုပ်ဆောင် မည့်သူများ ဖြစ်ကြသည်။ ယနေ့ မန္တလေး ယုဒသန် အသင်းတော်တွင် ကျင်းပသော သင်တန်း၌လည်း ဆရာ ယုဒသန် ကဲ့သို့ ဖြစ်လိုသော သူ ၆၀ ခန့် မတ်တပ်ရပ် ကြသောကြောင့် ဘုရားသခင်၏ နာမတော်ကို ချီးမွမ်း ပါသည်။ ယေရှုခရစ်တော်သည်
တပည့်တော်များ၏ အတွေးအခေါ်များ
ပြောင်းလဲရန် သွန်သင်သကဲ့သို့ ကျွန်တော့် အနေဖြင့်လည်း ရှင်မဿ ၁၃ အားဖြင့် မိက်ဆွေတို့၏ အတွေးအခေါ်များ ပြောင်းလဲလာစေရန် သင်ကြား ပေးမည် ဖြစ်သည်။
အတွေးအခေါ် ပြောင်းလဲရမည်
ယေရှုခရစ်တော်သည် တောင်ပေါ်ဒေသနာဖြစ်သော ရှင်မဿဲ အခန်းကြီး ၅,၆,၇ ကို ဝေငှပြီးနောက် တပည့်တော်များအား တပါးအမျိုး သားပေါ်တွင် မြင်သော ၎င်းတို့၏ အမြင်များ ပြောင်းလဲရန် သင်ပေးခဲ့သည်။ မဿဲ အခန်းကြီး ၈ တွင် ယေရှုခရစ်တော်က လူနူတစ်ဦးကို ကျန်းမာ စေခဲ့ကြောင်း ဖော်ပြထားသည်။ ထိုလူနူသည် တပါးအမျိုးသားများကို ပုံဆောင်သည်။ ယုဒ ဓလေ့ထုံးစံအရ ၎င်းတို့သည် လူနူကို လုံးဝမခေါ်၊ မပြော မဆက်ဆံကြပေ။ အကြောင်းမှာ အနူများသည် ကျိန်ခြင်းခံရသော သူများဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ခရစ်တော်က လူနူကိုလည်း သူချစ်ကြောင်း ပြသခဲ့သည်။ ထို့ပြင် အီတာလျံ တပ်မှူး၏ ကျွန်ကိုလည်း ယေရှုခရစ်တော်က ကျန်းမာ စေခဲ့သည်။ ယုဒလူမျိုး ဓလေ့ထုံးစံအရ ၎င်းတို့သည် တပါးအမျိုးသားများနှင့် စကားပင် မပြောကြပေ။ အီတာလျံ တပ်မှူးသည် သစ္စာရှိသော သူဖြစ်ရုံမက သူ၏ ငယ်သားကို ယေရှုခရစ် ကျန်းမာခြင်း ပေးနိုင်သည်ဟုလည်း ယုံကြည်ခဲ့သည်။ တပည့်တော် များကလည်း ထိုတပ်မှူး၏ ယုံကြည်ခြင်းသည် သူတို့၏ ယုံကြည်ခြင်း ထက်ပင် ပို၍ ကြီးသောကြောင့် အံအားသင့်ခဲ့ကြသည်။ ယေရှုခရစ် ကိုယ်တိုင် အငယ် ၁၀ တွင် ထိုတပ်မှူး ကဲ့သို့ သော ယုံကြည်ခြင်းမျိုး ဣသရေလ လူမျိုး၌ပင် မတွေ့ဘူးကြောင်း မှတ်ချက် ချခဲ့သည်။ အဘယ့်ကြောင့် တပည့်တော်များ ရှေ့ ဤကျမ်းစာထဲတွင် ထိုတပ်မှူး အကြောင်းကို ဖော်ပြ ခဲ့သနည်း။ ကောင်းကင်နိုင်ငံ၏ နက်နဲသောအရာကို ဖော်ပြလို၍ ဖြစ်ပြီး
ဘုရားသခင်သည် ယုဒလူမျိုးများအားဖြင့် တပါးအမျိုးသားများကိုလည်း ချစ်ကြောင်း ဖော်ပြလို၍ ဖြစ်သည်။ တပါးအမျိုးသားများကို အရေးပေးခြင်း အားဖြင့် တပည့်တော်များ၏ အတွေးအခေါ်ကို အနည်းငယ် ပြောင်းလဲစေ လို၍ ဖြစ်သည်။
ခရစ်တော်၏ ရည်မှန်းချက်
ဆက်လက်၍ မသဲ ၈း၁၁ တွင် “ငါဆိုပြန်သည်ကား၊ လူများ တို့သည် အရှေ့အရပ်၊ အနောက်အရပ်မှ လာ၍ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ နှင့်တကွ လျောင်းရကြလတံ့။” ဟု ရေးထား သည်။ ဆိုလိုသည်မှာ တပါးအမျိုးသားများ သည်လည်း ဣသရေလ လူမျိုးများ နှင့်အတူ ကောင်းကင်နိုင်ငံတော်သို့ ဝင်စားရကြမည် ဟု ဆိုလိုသည်။ ဤသတင်းစကားကလည်း တပည့်တော်များကို အံ့အား သင့်သွားစေပြန်သည်။ တနည်းအားဖြင့် မိတ်ဆွေတို့ အနီးပတ်ဝန်းကျင်တွင် ရှိသော မယုံကြည်သူ အချို့သည် ဘုရားသခင် နိုင်ငံတော်ထဲ၌ မိတ်ဆွေနဲ့ အတူဝင်စားရမည်ဟု ဆိုလာပါက စိတ်ထဲတွင် “မဆိုင်လိုက်သ” ဟု ဆိုရင်း အံအားသင့်သလိုမျိုး ဖြစ်သည်။ မဿဲ ၈း၁၂ တွင် ယုဒလူမျိုး များမှာ Abyss ခေါ် ပြင်အရပ်မှောင်မိုက်သော အရပ်သို့ သွားရမည်ဟု ဆိုပြန်ရာ တပည့်တော်များအတွက် တုန်လှုပ်သွားစေသော သတင်းစကား ဖြစ်သည်။ ယေရှုခရစ်တော် ပြောသော စကားအပေါ် တပည့်တော်များ ဘဝင်မကျသည်ကို ယေရှုခရစ်တော်က သိသည်။ တပည့်တော်များက
ယေရှုခရစ်တော်အား အမြင်ကျယ်လွန်းသူအဖြစ် အထင်လွဲကြသည်။ ထို့ပြင် ခရစ်တော်သည် မိမိတို့၏ လူမျိုးနှင့် နိုင်ငံကို မချစ်သောသူ ဖြစ်သည်ဟု သံသယဝင်ကြသည်။ တနည်းအားဖြင့် ယေရှု ခရစ်တော်ကို တပည့်တော်များက မျိုးချစ်ပုဂ္ဂိုလ် မဟုတ်ဟု ယူဆကြသည်။ ထို့ကြောင့် ယေရှုခရစ်တော်သည်
သူ၏တပည့်တော်များအား ယုဒလူမျိုး ထဲတွင်ပင် ဧဝံဂေလိ လုပ်ဖို့စေခိုင်းရန် ဆုံးဖြတ်ခဲ့သည်။ အမျိုးချစ်စိတ် အပြည့်ရှိသော တပည့်တော်များ ကျေနပ်စေရန် ပြန်လည်နှစ်သိမ့်ပေးခဲ့သည့် အကြောင်းကို ရှင်မဿဲ အခန်းကြီး ၁၀ တွင် တွေ့နိုင်သည်။ ရှင်မဿဲ ၁၀း၅-၆ ကိုကြည့်ပါက ယေရှုခရစ်တော်က တပည့်တော်များအား “ကိုယ့်လူမျိုးများစီမှာပဲ ဧဝံဂေလိဝေငှပါ” ဟု စေလွှတ် ခဲ့သည်။ သို့သော် ဣသရေလ လူမျိုးတမျိုးထဲကိုသာ ဧဝံဂေလိဝေငှရ ခြင်းသည် ယေရှုခရစ်တော်၏ အဓိက ရည်ရွယ်ချက် မဟုတ်ပဲ ယုံကြည် လာသော ဣသရေလများအားဖြင့် တပါးအမျိုးသားများထံ ဧဝံဂေလိဝေငှရန် ဖြစ်သည်။ ခရစ်တော်၏ စိတ်သဘောကို နားလည်နိုင်ရန် ရှင်မသဲ ၁၀း၅-၂၃ ထိ ဖတ်ကြည့် စေလိုပါသည်။ ဤရှင်မဿဲ ၁၀း၅-၂၃ တခုလုံးကို နားလည်အောင် ရှင်းလင်းရန် မလွယ်ကူပါ။ သို့ သော် အရေးကြီးသော အချက်များနှင့် နက်နဲသောအရာများကို မှတ်သား စေလိုပါသည်။ ယေရှု ခရစ်တော်ကို ယုံကြည်မည့်သူမှာ ယုဒလူမျိုး လူနည်းစုသာလျှင်ဖြစ်ကြောင်း ခရစ်တော် ကိုယ်တိုင်က သူ့တပည့်တော်များကို ကြိုတင် ပြောခဲ့သည်။ မသဲ ၁၀း၁၁ တွင် “ထိုက်တန်သောသူ” ကိုရှာရန်၊ မဿဲ ၁၀း၁၃ တွင် “အိမ်သည် ထိုက်တန်လျှင်” စသဖြင့် “ထိုက်တန်” ဟူသောစကားလုံးကို သုံးထားသည်။ မဿဲ ၃း၁၅ ကိုကြည့်ပါက ဧဝံဂေလိသတင်းကို ငြင်းပယ်သော ယုဒလူမျိုးများအား ဘုရားသခင်က ဆုံးမ မည်ဖြစ်ကြောင်း ကြိုတင် ဟောပြောထားခြင်း ဖြစ်သည်။ မဿဲ ၁၀း၁၈ သည် တပည့်တော် များအတွက် ယေရှုခရစ်တော်၏ ပရောဖက်ပြုချက် ဖြစ်သည်။ ထိုပရောဖက်ပြု ချက်အရ တပည့်တော်များသည် ညှင်းပန်းနှိပ်ခြင်း ခံရမည်။ တနည်းအားဖြင့် တပည့်တော်များကို တပါးအမျိုးသားများ၊ မြို့ဝန်များ၊ ရှင်ဘုရင်များက ညှင်းပန်းနှိပ်စက်ကြမည် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် တပည့်တော်များ အနေဖြင့် ခရစ်တော် အကြောင်းကို တပါးအမျိုးသားများထံ သွားရောက် ဝေငှမည် ဖြစ်သောကြောင့်ပင် တပည့်တော်များကို ဘုရားသခင်က ယုဒလူမျိုး တမျိုးတည်းအတွက် ရွေးထားခြင်း မဟုတ်ပဲ အဓိကမှာ တပါးအမျိုးသားမြောက်များစွာတို့ကို ဟောပြောရန် ရွေးထားခြင်း ဖြစ်သည်။ တပါးအမျိုးသား အပါအဝင် ယုဒလူမျိုးများက တပည့်တော်များအား မုန်းလာပြီး ညှင်းပန်းနှိပ်စက် လိမ့်မည် ဖြစ်ကြောင်း ပရောဖက် ပြုခဲ့သည်။ ခရစ်တော်၏ တပည့်တော်များ အားလုံးသည် သတင်းကောင်းအတွက် မာတုရ အဖြစ် အားလုံးအသေခံ သွားကြပြီး ခရစ်တော်၏ ပရောဖက်ပြုချက် ပြည့်စုံသွားပြီး ဖြစ်သည်။
(၁) ရှင်ပေတရုသည် ရောမမြို့၌ မာတုရအဖြစ် အသေခံသည်၊ (၂) မာကုသည် အဲဂုတ္တုပြည်၌ မာတုရအဖြစ် အသခံခဲ့သည်၊ (၃) သောမသည် အိန္ဒိယပြည်၌ ၎င်း၊ (၄) အမြွေသည် ဥရောပတောင်ပိုင်း၌ ၎င်း၊ (၅) မဿဲသည် အဲသယောပိ၌ ၎င်း၊ (၆) ယောဟန်သည် ဧဖက်မြို့၌ ၎င်း၊ (၇) ဗာသောလမဲသည် အာမေးနီးယားပြည်၌ ၎င်း၊ မာတုရအဖြစ် အသေခံ သွားခဲ့ကြသည်။
၎င်းတို့ အားလုံးသည် တပါးအမျိုးသား များအတွက် သာသနာပြု ဆရာကြီးများ ဖြစ်ကြသည်။ မိတ်ဆွေတို့ အနေဖြင့် ယေရှုခရစ်တော်၏ တပည့်တော်ဖြစ်လိုပါက အဆီးအတားများကို ကျော်လွန်၍ တပါးအမျိုး သားများထံ သွားရောက် ဧဝံဂေလိဝေငှရမည် ဖြစ်သည်။ အခြား လူမျိုးနွယ်စု၊ အခြားတိုင်းနိုင်ငံများသို့ သွားရောက် သတင်းကောင်း ပို့ဆောင် သူများကို သာသနာပြုများ ဟုခေါ်သည်။ ယနေ့ ကမ္ဘာတွင် သာသနာပြု ဆရာပေါင်း သုံးသိန်းခန့် ရှိပါသည်။ ၎င်းတို့အထဲတွင် –
(၁) အမေရိကန် သာသနာပြုဆရာပေါင်း ၄ သောင်း၊
(၂) ကိုးရီးယား သာသနာပြုဆရာပေါင်း ၁ သောင်း ၅ ထောင်၊
(၃) အင်္ဂလန် သာသနာပြုဆရာပေါင်း ၈ ထောင် ရှိပြီး အခြားတိုင်း၊
နိုင်ငံများကမူ အနည်းငယ်စီ ရှိကြသည်။
ကမ္ဘာ သာသနာပြုဆရာ ၃ သိန်းတွင် ၇ သောင်းသာလျှင် နိုင်ငံရပ်ခြား သာသနာပြုဆရာများ ဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် အခြားနိုင်ငံသို့ ဝင်ရန် နိုင်ငံကူး စာအုပ်နှင့် ပြည်ဝင်ခွင့် လက်မှတ် လိုအပ်ပါသည်။ ကျန် နှစ်သိန်း သုံးသောင်းကမူ နိုင်ငံကူး စာအုပ်ရော ပြည်ဝင်ခွင့် မလိုပေ။ မိမိတို့ တိုင်းပြည်တွင်းမှာပင် လှည့်လည် သာသနာပြုသောကြောင့် မလိုအပ်ခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် လူမျိုးနွယ်စုပေါင်း ၃၀၀၀ ခန့်ရှိသည်။ သာသနာပြု ဆရာအနေဖြင့် မိမိနှင့် လူမျိုး မတူသော အခြားသူတစ်ဦးထံ သာသနာပြုခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင်း တွင်ပင် တနေရာပြီး တနေရာသွားလာ သာသနာပြုပါက နိုင်ငံကူး စာအုပ်နှင့် ပြည်ဝင်ခွင့် လက်မှတ် မလိုပေ။ ထိုသို့ လွယ်ကူစွာ သွားလာနိုင်သောကြောင့် နိုင်ငံရပ်ခြားသာ သနာပြု ဆရာဦးရေထက် ပြည်တွင်း သာသနာပြု ဆရာ ဦးရေ များနေရခြင်း ဖြစ်သည်။ မြန်မာပြည်အတွက် ဆိုလျှင် ကချင်ပြည်နယ် မှ ရှမ်းပြည်နယ်သို့ သာသနာ ပြုနိုင်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန်လည်း ဘုရားသခင်က မျှော်လင့်သည်။ ထိုသို့ လုပ်ဆောင်ပါက နိုင်ငံရပ်ခြား သာသနာပြု ဆရာများ လာရောက်ရန် မလိုတော့ပေ။ မြန်မာပြည်တွင် လူမျိုးနွယ်စု ၁၃၅ မျိုးခန့် ရှိရာ မိမိနဲ့ လူမျိုး မတူသော သူထံ သာသနာပြု ရမည်ဖြစ်သည်။ ဆက်လက်၍ မဿဲ ၁၀၂၃ ကိုကြည့်ပါက “ဣသရေလ မြို့ရွာ ရှိသမျှတို့ကို လှည့်လည်၍ မကုန်မီတိုင်အောင် လူသားသည် ကြွလာ လိမ့်မည်” ဟု ဆိုထားသည်။ အဓိပ္ပာယ်မှာ ယေရှုခရစ်တော်သည် နောက်ဆုံးသော ကာလနှင့် ပတ်သက်၍ ခုန်ကျော်ပြီး ပြောနေခြင်း ဖြစ်သည်။ တခါတရံ ကျမ်းစာ ပထမပိုင်းတွင် ပထမရာစု အခြေအနေကို ပြောနေသော် လည်း ခုန်၍ နောက်ဆုံးကာလ အကြောင်းကို ကြိုတင် ပြောတတ်သည်။
ယေရှုခရစ်တော် ဒုတိယအကြိမ် ပြန်ကြွလာသောအခါ ဣသရေလလူမျိုး ၁၄၄,၀၀၀ သာလျှင် ကယ်တင်ခြင်း ရရှိမည်ဖြစ်ပြီး အများစုမှာ ကယ်တင်ခြင်း ငြင်းပယ်အုံးမည် ဖြစ်သည်။ တနည်းအားဖြင့် ယေရှုက တပည့်တော် များအား ဣသရေလ လူမျိုးထံ ဧဝံဂေလိသတင်း ဝေငှသော်လည်း အနည်းငယ်
ကသာ လက်ခံမည်။ တပါး အမျိုးသားများထံ ဝေငှသောအခါ များစွာပြောင်းလဲ မည့်အကြောင်းနှင့် ခရစ်တော် ဒုတိယအကြိမ် ကြွလာသော အခါတွင်ပင် ဣသရေလလူမျိုး အနည်းစုကသာ လက်ခံမည်ဖြစ်ကြောင်း ပြောထားခြင်း ၊ ဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့် ကျမ်းစာ ဖတ်သောအခါ သေချာစွာ နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ ဆက်လက်၍ ရှင်မဿဲ အခန်းကြီး ၁၁ ကို လေ့လာ ကြပါစို့။ ။
အချုပ်အားဖြင့်ဆိုလျှင် ယေရှုခရစ်တော်က ယုံကြည်သူများ အပေါ်တွင် သာသနာပြုရန် ရည်မှန်းချက် ထားရှိကြောင်းနှင့် မဟာစေခိုင်းချက်သည် သာသနာပြုသူများ အဓိက လုပ်ဆောင်ရမည့် အရာဖြစ်ကြောင်း ထင်ရှားလျက် ရှိပေသည်။
၄။ ရှင်မဿဲ ၁၁း၂၀-၂၃ မှဣသရေလတိုင်းနိုင်ငံရှိ မြို့များ
ယေရှုခရစ်တော်သည် သူ၏ သုံးနှစ်တာ အမှုတော်လုပ်ဆောင်သော ကာလတွင် ဂါလိလဲအိုင် တဝိုက်တွင် အမှုတော်ဆောင် ခဲ့သည်။ ထို့ပြင် ကပေရနောင်မြို့ကို အခြေပြု၍ လှုပ်ရှားခဲ့သည်။ တပည့်တော်များအထဲမှ ပေတရုသည် ဗက်ဇဲဒမြို့သား ဖြစ်သည်။ မုန့် ၅ လုံး ငါး၂ ကောင် နိမိတ်လက္ခဏာကိုလည်း ဗက်ဇ်ဒမြို့ အနီးတွင် ပြုလုပ်ခဲ့သည်။ တောင်ပေါ် ဒေသနာကိုမူ ခေါရဇိန်မြို့ အနီးရှိ တောင်ပေါ်တွင် ဟောကြားဝေငှခဲ့သည်။ ဇိဒုန်မြို့နှင့် တုရုမြို့ရှိ မြောက်မြားစွာသော တပါးအမျိုးသားများသည်
ယေရှုခရစ်တော်၏ အနာရောဂါငြိမ်းခြင်းနှင့် နိမိတ်လက္ခဏာများကို တွေ့မြင်ရန် ယေရှု ရှိရာသို့ ရောက်လာခဲ့ကြသည်။ တပါးအမျိုးသားများက ယေရှုခရစ်တော်ကို ယုံကြည်လက်ခံ ကြသည်။
ဂါလိလဲနယ်သား ယုဒအမျိုး များကမူ ထိုနိမိတ်လက္ခဏာကို မြင်တွေ့ ခဲ့ရသော်လည်း မယုံကြည်ခဲ့ကြပေ။ ထို့ကြောင့် ယေရှုခရစ်တော်က ဂါလိလဲ နယ်သားများကို ကျိန်ခဲ့ပြီး ယုံကြည်သော တုရုနှင့် ဇိဒုန်မြို့ သားများကို ကောင်းကြီး ပေးခဲ့သည်။
ဆက်လက်၍ မဿဲ ၁၁း၂၅ တွင် “ထိုအခါ ယေရှုက၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အဘ၊ ကိုယ်တော်သည် ပညာလိမ္မာနှင့် ပြည့် စုံသောသူတို့ အား ဤအရာများကို ထိန်ဝှက်ကွယ်ထားလျက် သူငယ် တို့ အား ဖော်ပြတော်မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏” ဟု တွေ့ရသည်။ ပညာအလိမ္မာနဲ့ ပြည့်စုံသောသူ ဆိုသည်မှာ ဗက်ဇ်ဒမြို့၌ ဣသရေလ လူမျိုးများကို ရည်ညွှန်းပြီး သူငယ်ဆိုသည်မှာ တုရုမြို့နှင့် ဇိဒုန်မြို့မှ တပါးအမျိုးသားများကို ရည်ညွှန်းသည်။ တုရုမြို့နှင့် ဇိဒုန်မြို့သား များသည် ဝန်လေး၍ ပင်ပန်းနေသော တပါးအမျိုးသားများ ဖြစ်ကြသည်။ ထို့ကြောင့် မသဲ ၁၁း၂၈ တွင် ယေရှုခရစ်တော်က “ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို့ ငါ့ထံလာကြပါ။ ငါချမ်းသာပေးမယ်” ဟု ပြောထားခြင်း ဖြစ်သည်။
ဆက်လက်၍ အငယ် ၂၉-၃၀ ကိုကြည့်ပါက ယေရှုခရစ်တော်က သူသည် မကြာမီ ဘုရားသခင်၏ အမျက်တော် ဖလားကို ခံစား၍ အသေ ခံရမည်။ နှိမ့်ချခံရမည်။ ထို့ကြောင့် တပါးအမျိုးသား များအားလည်း ငါ့ထံသို့ လာကြပါဟု ပြောခဲ့ခြင်း ဖြစ်သည်။ သို့သော် ယေရှုခရစ်တော် လုပ်ဆောင်သော အရာများကို တပည့်တော်များက နားမလည်ခဲ့ကြပေ။ ယေရှု ကောင်းကင်ဘုံသို့ တက်ပြီး နောင်နှစ်ပေါင်း အတန်ကြာလာမှ တဖြည်းဖြည်း နားလည်လာ ခဲ့ကြသည်။ ရှင်မဿဲခရစ်ဝင်ကို လေ့လာ ပါက ရှင်မဿဲ အခန်းကြီး ၁၁ မှ ၂၈ သည် ခရစ်တော်၏ အမှုတော်ဆောင်ခြင်း အကြောင်းများ ဖြစ်သည်။ ဆက်လက်၍ ရှင်မဿဲ အခန်းကြီး ၁၂ ကို ကြည့်ကြပါစို့။
၅။ ရှင်မဿဲ အခန်းကြီး ၁၂ လ
(က) ဥပုသ်ဇနေ့ အကြောင်းသွန်သင်ခြင်း ၊
ရှင်မဿဲ အခန်းကြီး ၁၂ တွင် ဥပုသ်နေ့ အကြောင်းကို သွန်သင် ထားကြောင်း တွေ့ရသည်။ ဥပုသ်နေ့ သွန်သင်ချက်သည် ပညတ်တော် ဆယ်ပါး၏ မူလအမြစ် ဖြစ်သည်။ ပညတ်တော် ဆယ်ပါး၏ မူလ အမြစ်သည် ဘုရားသခင်သာ ဖြစ်သည်၊ မောရှေ့ မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့ အနေဖြင့် ဥပုသ်နေ့ကို လေ့လာသည့်အခါ ယေရှုခရစ် အကြောင်းကို ဗဟိုပြုရန် ဖြစ်ပါသည်။ မဿဲ ၁၂း၈ ကိုကြည့်ပါက ယေရှုခရစ်တော်သည် ဥပုသ်နေ့ကို အစိုးရသော သူဖြစ်ကြောင်း ဖော်ပြထားသည်။ ဆက်လက်၍ မဿဲ ၁၂း၉-၂၁ တွင် ဥပုသ်နေ့၌ လက်တဖက် သေသော သူတစ်ဦး ရောက်ရှိလာသည်ကို တွေ့ရသည်။ ထိုလက်တဖက် သေသော သူသည် တပါးအမျိုးသား ဖြစ်သည်။ ယေရှုခရစ်တော် ထံသို့ ထိုတပါးအမျိုးသား ရောက်လာခြင်းသည် ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ယေရှုခရစ်တော် သည် ဓမ္မဟောင်းကျမ်းကို ကိုးကား၍လည်း ပြောလေ့ရှိကြောင်း တွေ့ရသည်။
ဟေရှာယ ၄၄း၁-၄ တွင် ပရောဖက်ကြီး ဟေရှာယ ရေးသားထားသော အကြောင်းအရာသည် ယေရှုခရစ်တော်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ထိုပရောဖက် ဟေရှာယ၏ ဟောကြားချက် ပြည့်စုံကြောင်းကို မသဲ ၁၂း၁၈-၂၀ တွင် “ငါရွေးချယ်သော ငါ့ ကျွန်ရင်း၊ ငါနှစ်သက် မြတ်နိုးသောသူ ကို ကြည့်ရှုလော့။ ထို သူ ၏ အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည် ။ ငြင်းခုံခြင်း၊ ဟစ်ကြော်ခြင်းကို မပြုမူ၍ လမ်းခရီး၌ သူ ၏ အသံကို အဘယ်သူမျှ မကြားစေရ။ နင်းနယ်လျက် ရှိသော ကျူပင်ကို မချိုး၊ မီးခိုးများသော မီးစာကို မသတ်။ တရားသည်
အောင်မြင်ခြင်းသို့ ရောက်မည်အကြောင်း စီရင်လိမ့်မည်” ဟု ပြန်လည် ဖော်ပြထားသည်။ မဿဲ ၁၂း၂၀ တွင် ဖော်ပြသော ကျူပင်၊ မီးစာဆို
သည်မှာ တပါးအမျိုးသားများကို ရည်ညွှန်းခြင်း ဖြစ်သည်။ စစ်မှန်သော ခရစ်ယာန် ဆိုသည်မှာ ဧဝံဂေလိ သတင်းစကားကို တခါမှ မကြားဖူးသေး သူများထံ သွားရောက်မှ သူများ ဖြစ်သည်။
အမြင်ကျဉ်းသော ယောန
တဖန် မသဲ ၁၂း၃၈-၄၁ တွင် ပရောဖက်ယောန အကြောင်းကို ကိုးကားပြန်သည်။ ယောနသည် ယုဒလူမျိုး ဖြစ်သည်။ ဘုရားသခင်သည်
ယောနကို တပါးအမျိုးသားများ နေထိုင်သော နိနဝေမြို့သို့ စေလွှတ်ခဲ့သည်။ ထိုနိနဝေမြို့သားများသည် ဘုရားသခင်၏ ဧဝံဂေလိသတင်းစကားကို မကြားသေးသူများ ဖြစ်သည်။ ထို့ကြောင့် ယောနကို စေလွှတ်ပြီး၊
ယောန မသွားခဲ့ပါ။ ယောနသည် မနာခံသော ပုဂ္ဂိုလ် ဖြစ်သည်။ ယောနသည် မျိုးချစ်ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ မိမိလူမျိုးများသာ ကယ်တင်ခြင်းရ စေလိုသည်။ နိနဝေမြို့သားများ ကယ်တင်ခြင်းရသောအခါ ယောနသည် ဘုရားသခင် ကိုပင် အရမ်းစိတ်ဆိုး ခဲ့သည်။ ကိုယ့်ရဲ့ အိမ်နီးချင်းများ ၊
နောင်တရ၍ ပြောင်းလဲလာသောအခါ အမျက်ထွက်တတ်သော ယောနကဲ့သို့ သဘောထား မျိုးမရှိရန် အရေးကြီးလှသည်။ ခရစ်ယာန် လောကကို ကြည့်ပါက ၉၀ % သော ယုံကြည်သူများအားဖြင့် ဘုရားသခင်၏ ဧဝံဂေလိသတင်းကောင်း ပျံ့နှံ့မည် မဟုတ်ပဲ ၁၀ % သော စွန့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းနှင့် ဆက်ကပ်မှုရှိသော ယုံကြည်သူ ခရစ်ယာန်များ အားဖြင့်သာ ဘုရားသခင်၏ ကြီးမြတ်သော အမှုတော်လုပ်ငန်း တိုးပွားပျံ့နှံ့မည် ဖြစ်သည်။
(ခ) အသက်သစ်၏ နိယာမတရား
ဘုရားသခင်သည် အသက်သစ်၏ နိယာမတရားကို ကျွန်ုပ်တို့အား သိရှိစေပါသည်။ သေခြင်းသည် အသက်သစ်နှင့် အသီးအပွင့်ကို ဖြစ်စေပြီး၊ ထိုသေခြင်းမှ အသက်သစ်နှင့် အသီးအပွင့်ဖြစ်လာခြင်းသည် ဘုရားသခင်၏ အသက်သစ် နိယာမတရားပင် ဖြစ်သည်။ အနီးစပ်ဆုံးဖြစ်သော စပါးစေ့ တစေ့ကို လေ့လာကြည့်ပါက စပါးစေ့တွင် မျက်စိ ဟုခေါ်သော နေရာရှိသည်။ ထိုစပါးစေ့ မြေကြီးထဲသို့ ရောက်သောအခါ မျက်စိတွင် စုနေသော ပရိုတိန်းများ ကုန်ခမ်းသွားပြီး စပါးစေ့ ပျက်စီး၍ မျက်စိနေရာမှ အပင်သစ် ထွက်ပေါ် လာသည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ သခင်ယေရှု၏ သွန်သင် ချက်ကို ရှင်ယောဟန် ၁၂း၂၄-၂၆ တွင် “ငါအမှန်အကန် ဆိုသည်ကား၊
မြေ၌ ကျသော စပါးစေ့သည် မပျက်လျှင် တစ်ခုတည်း နေ၏။ ပျက်လျှင် မူကား များစွာသော အသီးကို သီးတတ်၏။ မိမိအသက်ကို နှမြောသော သူသည် အသက်ဆုံး လိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသော သူ မူကား ထာဝရအသက်ကို စောင့် ရှောက်လျက် နေ၏။ ငါ၏ အမှုကို
ဆောင်ရွက်သော သူဖြစ်လျှင် ငါ့ နောက်သို့ လိုက်ရမည်။ ငါ၏ အမှုဆောင် သည်လည်း ငါရှိရာအရပ်၌ ရှိလိမ့်မည်။ ငါ၏ အမှုကို ဆောင်ရွက်သော သူဖြစ်လျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလတံ့” ဟု ဖော်ပြထားသည်။ ယေရှုခရစ်တော်သည် မျိုးစေ့ နှစ်မျိုး အကြောင်းကို သွန်သင်ခဲ့သည်။ ပထမ မျိုးစေ့သည် မြေအောက်တွင် ရောက်ရှိပြီး သေသွားသော မျိုးစေ့ဖြစ်၍ ဒုတိယ တစ်မျိုးမှာ မြေပေါ်တွင် ဆက်လက် ရှိနေသော မျိုးစေ့ တို့ဖြစ်သည်။ ထိုမျိုးစေ့ နှစ်မျိုး အနက် မြေအောက်ကို ရောက်သော မျိုးစေ့သည် ယေရှုခရစ်ကို ပုံဆောင်သည်။ ယေရှုခရစ်တော်သည် လက်ဝါးကားတိုင်တွင် အသေခံခဲ့ပြီး ကျွန်ုပ်တို့အတွက် အသက်သစ်ကို ပေးခဲ့သည်။ မည်သူသည် ယေရှုခရစ်တော်၏ တပည့်တော် ဖြစ်လိုသနည်း။
ယေရှုခရစ်တော်၏ တပည့်တော်ဖြစ်လိုပါက ကျွန်ုပ်တို့၏ အလိုဆန္ဒ၊ ရာထူး၊ အကျင့်၊ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကို ဦးစားပေးမှု စသည့် ဇာတိ သဘောများ သေဖို့ လိုအပ်သည်။ ထိုသို့ ဇာတိသေမှ အသက်ရှင်ခြင်း အသီးအပွင့်ကို မြင်ရမည်ဖြစ်ပြီး၊ ယေရှုခရစ်တော်၏ ကယ်တင်ခြင်း သတင်းကောင်း ကိုသာ ဟောပြော သက်သေခံ နိုင်လာမည် ဖြစ်သည်။
များစွာသော ယုံကြည်သူတို့သည် ထိုသို့ အသေခံရန် မိမိကိုယ်မိမိ မအပ်နှံနိုင်ကြချေ။ ထိုသို့ မိမိ၏ အသက်တာကို သခင်ဘုရားအတွက် လုံးလုံးအပ်နှံသော သူများမှာ လူနည်းစုဖြစ်သော တပည့်တော်များ ဖြစ်သည်။ သခင်အတွက် သင့်ငွေကြေးများ အကုန်ခံရဲ ရမည်။ အချို့သော သူများက တစ်လတွင် တစ်သောင်းသာ ရရှိကြသည်။ ကိစ္စမရှိပါ၊ သင့်မှာ ငွေကြေး ဘယ်လောက် ရှိသလဲဆိုတာ အရေး မကြီးပါ။ ထိုဝင်ငွေမှ ဘုရားသခင့် နိုင်ငံတော်အတွက် အနည်းဆုံး ဆယ်ဖို့တစ်ဖို့ကို ပါဝင်ရန်သာ လိုအပ်သည်။ မြန်မာပြည်တွင် သတင်းကောင်း မကြားရသေးသော တိုင်းရင်း သားမျိုးနွယ်စု များစွာက သင့်ငွေကြေး၊ သင့်အသက်၊ သင့်မိသားစုကိုပင် စွန့်လွှတ်ပြီး ၊ သတင်းကောင်း ဟောပြောမည့် သင့်အား စောင့်မျှော်နေကြသည်။
သခင့်အတွက် စွန့်လွှတ်ပါ
ဆက်လက်၍ ရှင်လုကာ ၁း၁၅-၂၆ ကိုကြည့်ပါက ယေရှုခရစ် တော်က မိဘ၊ သားမယား၊ ညီအစ်ကို၊ မ တို့ကိုသာမက မိမိအသက်ကိုပင် မုန်းမှ သူ၏ တပည့် အမှန်ဖြစ်ကြောင်း ပြောထားသည်။ သင့်ဇနီး၊ သင့်သား မယား၊ သင့်မိဘများကို သင်ချစ်နိုင်ပါသည်။ သို့သော် သင်သည် ၁၀% တွင် ပါဝင်သော သူဖြစ်လိုပါက ခမည်းတော်ဘုရားသခင်ကို ဦးထိပ်ထားသော သူဖြစ်ရမည်။ မိဘ၊ သားမယားများထက် ဘုရားကို ပိုချစ်၍ ပေးဆပ်သောသူ ဖြစ်ရန် ဘုရားသခင် အလိုရှိပါသည်။ ထိုသို့သော သူများကို “ငါကောင်းကြီး ပေးမည်” ဟု ယေရှုက ပြောခဲ့သည်။ ဓမ္မအမှုတော်ဆောင်များ၊ သင်းအုပ် ဆရာများအနေဖြင့် မိမိတို့၏ မိသားစု၊ ဇနီး၊ သားမယားများအတွက် စိုးရိမ်ပူပန်နေပါက သင်သည် ၉၀ % ခရစ်ယာန် စာရင်းတွင်သာ ပါဝင်ပေ လိမ့်မည်။ သင်သည် အသင်းအုပ်ဆရာ ဖြစ်နေသော်လည်း ယေရှုခရစ်တော်၏ တပည့်တော် မဖြစ်နိုင်ရာ။ အဘယ့်ကြောင့်ဆိုသော် သင့်မိသားစု၊ သားသမီး၊ ငွေကြေးများသည် သင်၏ ကိုးစားရာ ရုပ်တုများ ဖြစ်သွားကြသောကြောင့် ဖြစ်ပါသည်။ အချို့သော အသင်းအုပ် ဆရာများက ရာထူးကို အထူးခုံမင် ကြသည်။ သူတို့၏ ဘွဲ့ထူး၊ ဂုဏ်ထူးအတွက်နှင့် ချီးမြှောက်ခံရန်အတွက်သာ ရှာဖွေမျှော်လင့် နေတတ်ကြသည်။ ထိုသို့သော သူများသည် သခင်ယေရှု ခရစ်၏ တပည့်တော်လုံးဝ မဖြစ်နိုင်ပေ။ ရှင်မဿဲ အခန်းကြီး ၅ တွင် ယေရှုခရစ်တော်က “သင်တို့သည် ဤလောက၏ သားဖြစ်ကြ၏” ဟု ၊ ပြောထားသည်။ ထို့ နောက်မှ “သင်တို့သည် ဤလောက၏ အလင်းဖြစ် ကြ၏” ဟုဆိုထားရာ ဆားကို အလင်းထက် အရင်ပြောထားသည်ကို တွေ့ရသည်။ ကျွန်ုပ်တို့ အသက်တာကို ဆားကဲ့သို့ ပျော်ဝင်ကုန်ဆုံးစေဖို့ ပြောထားခြင်း ဖြစ်သည်။ သင့်ဇာတိများ သေဆုံး၊ ကုန်ဆုံးမှ သင့်အသက် တာတွင် မှောင်မိုက်တန်ခိုးများ ထွက်ပြေးပြီး အသစ်သော ရှင်သန်ခြင်းများ
သီးပွင့်လာမည် ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် ဧဝံဂေလိ သတင်းစကား မကြားသေးသောသူ မြောက်များစွာက ကျွန်ုပ်တို့ကို စောင့်မျှော် နေကြပါသည်။ ကျွန်ုပ်တို့အနေဖြင့် မိသားစု၊ ငွေကြေးပိုင်းဆိုင်မှုများကို စွန့်လွှတ်ပေးဆပ်ပြီး ယဇ်အဖြစ် ဆက်ကပ်မှသာလျှင် ၎င်းတို့ထံ သတင်း စကားဝေငှနိုင်မည် ဖြစ်သည်။ ၁ဝဝ ခန့်သော လူမျိုးနွယ်စုများက ဧဝံဂေလိ ၊ သတင်းစကား မကြားရသေးပါ။ ၎င်းတို့က မိတ်ဆွေတို့ကို မျှော်လင့်နေ ကြသည်။ မိတ်ဆွေတို့အနေဖြင့် သူတို့ထံ ဧဝံဂေလိ မလုပ်ဆောင်ပါက ဘုရားသခင်သည် နိုင်ငံရပ်ခြားသာသနာပြုများကို စေလွှတ်ပြီး သတင်းကောင်း ဖြန့်ဝေစေလိမ့်မည်။ မိတ်ဆွေတို့ကိုယ်တိုင် သွားရောက်ဝေငှရန် ဘုရားသခင် အလိုရှိသည်။ သင်တို့၏ ငါးများကို အခြားသူများ ပိုင်ဆိုင်ဖို့ရန် အခွင့် မပေးပါနှင့်။ ၁၀ % သော ခရစ်ယာန်ဖြစ်ဖို့၊ ထိုဧဝံဂေလိ သတင်းစကား မကြားရသေးသော သူများကို ဧဝံဂေလိတရား ဝေငှသူဖြစ်ရန် ကျွန်ုပ်ကို အသုံးပြုပါဟု အားလုံးအတူတကွ ဆုတောင်း ဆက်ကပ်ကြရန် အထူး တိုက်တွန်းနှိုးဆော် လိုပါသည်။ ။
ဆက်လက်လေ့လာမည့် အရာမှာ ခရစ်ဝင်ကျမ်း ၄ စောင်ထဲ၌ ဝှက်ထားသော အကြောင်းအရာ (၃)ချက် ဖြစ်သည်။
၆။ ခရစ်ဝင်ကျမ်း ၄ ကျမ်းထဲ၌ ဝှက်ထားချက်ရှိသော
အဓိက အကြောင်းအရာ ၃-ခု
ခရစ်ဝင်ကျမ်း ၄ ကျမ်းစလုံး၌ ဝှက်ထားလျက်ရှိသော အဓိက အကြောင်းအရာ (၃)ခုရှိသည်။ ထိုအကြောင်းအရာ (၃)ခုမှာ ယေရှုခရစ်
တော်အနေဖြင့် သူ့တပည့်တော်များကို သွန်သင်ပေးခဲ့သော အဓိက အကြောင်း အရာများပင် ဖြစ်သည်။ ၎င်းတို့မှာ –
(၁) ယေရှုခရစ်တော်သည် မည်သူနည်း။
(၂) ယေရှုခရစ် လူ့ဇာတိခံယူရခြင်း၏ ရည်ရွယ်ချက်နှင့်
(၃) ရှင်ပြန်ထမြောက်ပြီးနောက် ရွေးချယ်ခြင်းခံရသော သူများအတွက် ကယ်တင်ခြင်း စီမံကိန်း တို့ဖြစ်ကြသည်။
(၁) ယေရှုခရစ်တော်သည် မည်သူနည်း။
ခရစ်ဝင်ကျမ်း ၄ ကျမ်းစလုံးကို သေချာစွာဖတ်ရှုလေ့လာပါက ယေရှုခရစ်တော် မည်သူနည်းဟူသော အမေးကို သိရှိစေပါသည်။ ခရစ်ဝင် ကျမ်း ၄ ကျမ်းလုံးက ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်ကြောင်း ဖော်ပြပါသည်။ ထို့ပြင် ယေရှုသည် ဓမ္မဟောင်းကျမ်းတွင် ထင်ရှားခဲ့သော ယေဟောဝါဘုရား ဖြစ်သလို စကြာဝဠာကို ဖန်ဆင်းသော အရှင်လည်း ဖြစ်သည်။ လက်ဝါးကားတိုင်းတွင် အသေခံ၍ ကယ်တင်ခဲ့သော ကယ်တင်ရှင်လည်း ဖြစ်သည်။ လူ့ဇာတိကို ခံယူသောဘု ရား တနည်း အားဖြင့် ဘုရား စစ်စစ် ဖြစ်သကဲ့သို့ လူသား စစ်စစ်လည်း ဖြစ်တော်မူသော ဘုရား ဖြစ်ကြောင်းကို ရှင်းလင်းစွာ သိရှိစေပါသည်။
(၂) ယေရှုခရစ်တော် လူ့ဇာတိခံယူရခြင်း၏ ရည်ရွယ်ချက်
ယေရှုခရစ်တော် မာတိ ခံယူရခြင်း၏ ရည်ရွယ်ချက်ကို ယော ၃း၁၆ တွင် တွေ့နိုင်သည်။ ယေရှုခရစ်တော် ဤလောကသို့ ကြွလာခြင်း သည် လူသားများအပေါ် သူ၏ တန်ခိုးများကို ပြသရန် မဟုတ်ပဲ ကျွန်ုပ်တို့ အပြစ်ကြွေးများကို အပ်၍ အသေခံပေးရန် ကြွလာခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုခရစ်တော်က သူ့တပည့်တော်များအား တနေ့သောအခါ သူ့အား ယဇ်ပုရောဟိတ်များ၊ ကျမ်းပြုဆရာများထံ ခေါ်သွား၍ ညှင်းပန်းနှိပ်စက် ခံရမည့်အကြောင်းကို အမြဲ ပြောခဲ့သည်။ ယေရှုခရစ်တော်သည် တပည့်တော် များအား သူအသေခံဖို့ ကြွလာကြောင်း မကြာခဏ ပြောခဲ့သည်။ ထိုတပည့် တော်များထဲမှ ပေတရုက “ကိုယ်တော် မသေရ၊ ကိုယ်တော် မသေရဘူး” ဟု အမြဲ ငြင်းပယ်ခဲ့ဘူးသည်။ အဘယ့်ကြောင့်ဆိုသော် တပည့်တော်များက ယေရှုခရစ်တော်၏ ဆိုလိုရင်းကို နားမလည်သောကြောင့် ဖြစ်သည်။
(၃) ရှင်ပြန်ထောက်ပြီးနောက် ရွေးချယ်ခြင်းခံထားသော သူများအတွက် ကယ်တင်ခြင်း
စီမံကိန်း
ယေရှုခရစ်တော်သည် ရှင်ပြန်ထမြောက် ပြီးနောက် သူရွေးချယ် ထားသော သူများအတွက် ကယ်တင်ခြင်း စီမံကိန်းကို သူ၏တပည့်တော် ၊ များအား သွန်သင်ပေးခဲ့သည်။ ထိုကယ်တင်ခြင်း စီမံကိန်းသည် နက်နဲသော အရာဖြစ်သည်။ ဘုရားသခင်သည် အာဗြဟံကို ရွေးကောက်ခြင်း၊ ဣသရေလ လူမျိုးများကို ရွေးကောက်ခြင်း၊ တပါးအမျိုးသားများ အတွက်သာ ရှိသော ကယ်တင်ခြင်း အစီအစဉ်များ ထားရှိခြင်း၊ ဣသရေလ လူမျိုးများ၏ ဝိညာဉ် မျက်စိကို ကန်းစေခြင်းစသည့် အရာများသည် ခရစ်တော်၏ နက်နဲသော အရာများပင် ဖြစ်သည်။ ထို့ကြောင့် တပည့်တော်များအား မဟာစေခိုင်းချက်ကို
ပေးခဲ့သည်။ ထိုမဟာစေခိုင်းချက် ပေးရခြင်းမှာ တပါးအမျိုးသားများ ကယ်တင်ခြင်း ရရှိရန်အတွက် ဖြစ်သည်။ ထိုအရာကို ကောင်းကင်နိုင်ငံတော်၏ နက်နဲသော အရာဟုလည်း ဆိုနိုင်သည်။ ယေရှုခရစ်တော်သည် သူ၏ သုံးနှစ်တာ အမှုတော်လုပ်ငန်း အချိန်တွင် သူ၏ တပည့်တော်များအား ယခုဖော်ပြခဲ့သော အကြောင်းအရာ သုံးခုကို အဓိက သင်ကြားပေးခဲ့သည်။ ယခုပို့ချလျက် ရှိသော သင်တန်းတွင် ထိုအဓိက သုံးချက်မှ တတိယ အချက်ကို မဿဲ အခန်းကြီး ၁၃ အားဖြင့် လေ့လာနေခြင်း ဖြစ်သည်။ ထို့ကြောင့် ရှင်မသဲထဲရှိ ပုံပမာများ၊ ကျမ်းညွှန်းများသည် ထိုတတိယ အချက်နဲ့ ပတ်သက်သော အချက်အလက်များ ပါဝင်ပါသည်။ ထို အခန်းကြီး ၁၃ ကို မလေ့လာမီ မဿဲ အခန်းကြီး ၁၄ ကို ဦးစွာလေ့လာ ကြပါစို့။
၇။ မဿဲ ၁၄း၁၃-၂၁ မှုန့်ငါးလုံးနှင့် ငါးနှစ်ကောင်၏ အဓိပ္ပာယ်
ရှင်မဿဲ ၁၄း၁၃-၂၁ ကို ဖတ်ပါက ယေရှုခရစ်တော် သွန်သင်ခဲ့သော အဓိက အကြောင်းရင်း နှစ်ချက်ကို တွေ့နိုင်ပါသည်။ ထို့ကြောင့် သေချာစွာ ဖတ်ရှုရန် လိုအပ်သည်။ ယခု ရှင်မဿဲ ၁၄း၁၃-၂၁ တွင် နိမိတ်လက္ခဏာ နှစ်မျိုးကို တွေ့ရသည်။ ၎င်းတို့မှာ – (၁) လူနာများကို ကျန်းမာစေခြင်း (အငယ် ၁၄) (၂) မုန်းငါးလုံးနှင့် ငါးနှစ်ကောင် (အငယ် ၁၇-၂၁) တို့ဖြစ်သည်။
ခရစ်တော်၏ လုပ်ဆောင်မှု တစ်ခုစီတိုင်းသည် ကြုံကြိုက်၍ ဖြစ်လာ ခြင်းမဟုတ်ပဲ ဘုရားသခင်၏ အကြံအစည်တိုင်း ဖြစ်လာခြင်း ဖြစ်သည်။ ပထမဦးဆုံး စဉ်းစားရမည့် အချက်မှာ ယေရှုခရစ်တော်သည် ဤနိမိတ် လက္ခဏာ နှစ်ခုကို အဘယ့်ကြောင့် တပည့်တော်များ ရှေ့၌ ပြသခဲ့သနည်း ဟူသော အချက်ပင် ဖြစ်သည်။ အဖြေမှာ အဓိက အကြောင်းအရင်း နံပါတ် တစ်ဖြစ်သော ယေရှုခရစ်တော်သည် ဘုရားသားတော် ဖြစ်ကြောင်း သူ့တပည့်တော်များ သိရှိစေရန် ပြသခြင်း ဖြစ်သည်။ တပည့်တော်များ အနေဖြင့် ခရစ်တော် နောက်သို့ လိုက်နေသော်လည်း ပရောဖက်တပါး အဖြစ်သာ သတ်မှတ်၍ ဘုရားသား အဖြစ် လက်မခံကြသေးချေ။ ထို့ပြင်
မဿဲ ၁၄း၂၂-၃၂ ကြည့်ပါက “ယေရှုခရစ်တော် ရေပေါ်တွင် လမ်းလျှောက်ခြင်း အကြောင်း” ကိုတွေ့နိုင်သည်။ အငယ် ၃၃ ကိုကြည့်ပါက လှေသားများက
ယေရှုခရစ်တော်သည် ဘုရားသား ဖြစ်ကြောင်း ဝန်ခံကြသည်ကို တွေ့ရသည်။ တပည့်တော်များသည် ယေရှုခရစ်တော် ဘုရားသား ဖြစ်ကြောင်း အလွယ် တကူ မရိပ်မိခဲ့ကြပေ။ သို့သော် လှေသားများ ဝန်ခံမှသာ တဆင့်ကြားရကြသည်။
ယေရှုခရစ်တော်သည် ခန္ဓာ မကျန်းမာသော သူများကို ကျန်းမာ စေရန်သာ ကြွလာခြင်း မဟုတ်ပါ။ ထိုထက် ပိုလေးနက်သော ရည်ရွယ်ချက် ရှိပါသည်။ ထို့ပြင် လူ ငါးထောင်ကို အစာ ကျွေးရန်လောက်သာ ကြွလာခြင်း မဟုတ်ပေ။ ကျွန်ုပ်တို့ ခရစ်ယာန်များအနေဖြင့် ယေရှုထံ ကျန်းမာခြင်းနှင့် ခန္ဓာအစာကိုသာ တောင်းလျှောက်တတ်ကြသည်။ ထိုသို့ တောင်းလျှောက် ခြင်းသည် ဘုရားကို အလွန်နိမ့်ကျသေးသိမ် စေပါသည်။ ခရစ်တော် ကျန်းမာစေခဲ့သော ပုဂ္ဂိုလ်များမှာ ယခု မရှိကြတော့ပါ။ ယေရှု နောက်သို့လိုက်၍ ဝစွာကျွေးမွေးခံရသော လူ ငါးထောင်သည်လည်း မကြာမီပင် ပြန်လည်ဆာ
လှောင်ကြမည်သာ ဖြစ်သည်။ သို့သော် ယေရှုခရစ်တော်သည် ဤနိမိတ် လက္ခဏာများအားဖြင့် သူသွန်သင်လိုသော အဓိက အကြောင်းရင်း (၃)ချက်မှ နံပါတ် (၁)နှင့် (၂)ကို ထုတ်ဖော်ပြသလို၍သာ ဖြစ်သည်။ ဆက်လက်၍ မုန့် ၅ လုံးနှင့် ငါး ၂ ကောင်၏ အဓိပ္ပာယ်ကို လေ့လာကြပါစို့။
အဘယ့်ကြောင့် ခရစ်တော်သည် မုန်၅ လုံးနှင့် ငါး၂ကောင်ကို ပြင်ဆင်ခဲ့သနည်း။
မုန့် ၅ လုံးနှင့် ငါး ၂ ကောင်၏ အဓိပ္ပာယ်။
မုန့် ငါးလုံး
၁။ မုန့်သည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။
၂။ မုန့်ငါးလုံးသည် မောရှေ၏ ပညတ္တိကျမ်း ၅ ကျမ်းကို ဆိုလိုသည်။
၃။ ထိုပညတ္တိကျမ်း ၅ ကျမ်းသည် ယေရှုခရစ်တော် အကြောင်းကို
ရည်ညွှန်းသည်။ ထို့ကြောင့် မုန့် ၅ လုံးသည် ယေရှုခရစ်တော်ပင် ဖြစ်သည်။
၄။ မုန့်စားခြင်း ဆိုသည်မှာ နှုတ်ကပတ်တော်ကို စားခြင်း၊ တနည်းအားဖြင့်
ယေရှုကို သုံးဆောင်ခြင်း ဖြစ်သည်။ နှုတ်ကပတ်တော်ကို အတွင်းနှလုံး သားထဲမှ နက်နက်နဲနဲ ဆင်ခြင်ခြင်းသည် ယေရှုခရစ်ကို စားသုံးခြင်းပင် ဖြစ်သည်။
ငါးနှစ်ကောင်
၁။ ယေရှုခရစ် အသေခံပြီး ပထမရာစု ခရစ်ယာန် ယုံကြည်သူများ တစ်ဦး
နှင့် တစ်ဦး ငါးအမှတ်အသားဖြင့် ဆက်သွယ် အသိအမှတ်ပြုခဲ့ ကြသည်။
၂။ Greek စကားဖြင့် ငါးကို IxoyE ဟု ပေါင်းသည်။
၃။ ထိုစာလုံးပေါင်းသည် ယေရှုခရစ်တော်၏ နာမ တခုစီကို ပုံဆောင်သည်။
ငါးနှစ်ကောင်၏ ပုံဆောင်ချက်မှာ တစ်ကောင်သည် ဓမ္မဟောင်း ကျမ်းကို၎င်း၊ ကျန် ငါးတစ်ကောင်သည် ဓမ္မသစ်ကျမ်းကို ၎င်း ပုံဆောင် သည်။ ကျွေးမွေးခံရသော လူငါးထောင်တွင် ယုဒလူမျိုးများနှင့် အနည်း ငယ်သော တပါးအမျိုးသားများ ပါဝင်ကြသည်။ ထိုအနည်းငယ်သော တပါးအမျိုးသားများမှာ တုရုမြို့နှင့် ဇိဒုန်မြို့မှ လာကြခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ယုဒလူမျိုးအားလုံး မဟုတ်သော်လည်း အချို့ သော ယုဒများက
ယေရှုကို စားသုံးမည်။ ကယ်တင်ရှင် အဖြစ် လက်ခံမည် ဟူသော ပုံဆောင်ချက် ဖြစ်သည်။ ကြွင်းကျန်သော အကျိုးအပဲ့ ၁၂-တောင်းမှာ တပည့်တော် ၁၂-ပါးကို ပုံဆောင်သည်။ တပည့်တော် ၁၂-ပါးသည် ခရစ်တော် ပေးသော မဟာစေခိုင်းချက်ကို ယုဒလူမျိုးတမျိုးထဲ မဟုတ်ပဲ တပါးအမျိုးသား များကိုလည်း ဝေငှရမည် ဖြစ်သည်။ ထိုကြွင်းကျန်သော ၁၂-တောင်းသည် တပည့်တော် ၁၂-ပါးက တပါးအမျိုးသား များကိုလည်း ဝေငှရမည်ဟု ပုံဆောင်ပါသည်။ ဤသွန်သင်ချက်ကို ကျွန်ုပ်တို့ အသက် တာထဲ၌ သတင်းစကား အဖြစ်သာ မခံယူပဲ ကိုယ်တိုင် တပါးအမျိုးသားထံ ဝေငှရမည် ဖြစ်သည်။ နှစ်စဉ် ကျွန်ုပ်တို့ အနေဖြင့် ဤကဲ့သို့သော သင်တန်း ပြုလုပ်နေရခြင်း မှာလည်း မဟာစေခိုင်းချက်ကို တပါးအမျိုးသားထံ ဝေငှနိုင်ရန် ဖြစ်သည်။ ယခု ယေရှုခရစ်က ဤသင်တန်းအားဖြင့် မုန့်နှင့် ငါးကို တောင်းအပြည့် ပြင်ဆင်ပေးနေပြီဖြစ်ရာ သင်တန်းပြီးဆုံးလျှင် ထိုအစာကို တပါးသူများအားဝေငှရန် မိတ်ဆွေတို့၌ တာဝန် ရှိပါသည်။ ဤသင်ခန်းစာများကို မိတ်ဆွေတို့၏ အသင်းတော် တိုးတက်ရေးအတွက်သာ မဟုတ်ပဲ ပြင်ပရှိ တပါးအမျိုးသားများထံ သွားရောက်ဝေငှရမည် ဖြစ်သည်။ စစ်မှန်သော အသင်းတော် တိုးတက်ခြင်း ဆိုသည်မှာ အဆောက်ဦးကြီးပြီး လူဦးရေများပြားခြင်း မဟုတ်ပါ။ အလျားလိုက် အသင်းတော်များစွာ ပွားများခြင်းရှိမှသာ စစ်မှန်သော အသင်းတော် တိုးပွားခြင်း ဖြစ်သည်။ အမှန်တကယ် ချမ်းသာကြွယ်ဝ သန်စွမ်းသော သူသည် လူဝကြီးများ
မဟုတ်ပါ။ နိုင်ငံများစွာတွင် သားသမီးများစွာ၊ လုပ်ငန်းများစွာ ရှိသော တပါးသူများကို စွန့်ကြဲဝေငှ ပေးကမ်းသော သူသာလျှင် ချမ်းသာသူ အစစ် အမှန် ဖြစ်သည်။
ခရစ်တော် စံထားသော အသင်းတော်
ဗျာဒိတ်ကျမ်းတွင် ရှင်ယောဟန်အားဖြင့် ဖော်ပြထားသော အသင်း တော် ခုနစ်ပါးကို ကြည့်ပါက ငါးပါးသည် ခရစ်တော်၏ ရှုတ်ချအပြစ်တင်ခြင်း ခံရသည်။ ထိုအသင်းတော် ငါးပါးသည် ကြွယ်ဝချမ်းသာသော အသင်းတော် ဖြစ်သော်လည်း ဝိညာဉ်ရေးရာ၌ သေနေသည်ဟု ခရစ်တော်က ပြစ်တင် ရှုတ်ချခဲ့သည်။ သို့သော် ခရစ်တော်သည် စမုရန အသင်းတော်နှင့် ဖိလဒေလဖိ အသင်းတော်ကို ချီးမွမ်းခဲ့သည်။ ထိုအသင်းတော် နှစ်ပါးကို လေ့လာပါက သေးငယ်သော အသင်းတော်ဖြစ်ပြီး၊ ညှင်းပန်းနှိပ်စက်ခံရသော အသင်းတော် နှစ်ပါးဖြစ်ကြောင်း တွေ့ရသည်။ ယခု ကျွန်ုပ်တို့ အနေနှင့်လည်း မိမိ၏ အသင်းတော်သည် သေးငယ်သော အသင်းတော်ဖြစ်ပါက အားငယ်စရာ မလိုပါ။ သို့သော် ထိုသေးငယ်သော အသင်းတော် ကြီးထွားရန် အသင်းတော် တွင်းရှိ တပည့်တော်များကို နယ်မြေအသီးသီးသို့ စေလွှတ်ရမည် ဖြစ်သည်။ ကိုးရီးယားနိုင်ငံရှိ ကျွန်ုပ် အသင်းအုပ်ဆရာ လုပ်နေသော အသင်းတော်သည် အသင်းသူ အသင်းသားပေါင်း ၁၀၀-ကျော်သာရှိပြီး၊ သေးငယ်သော အသင်းတော်တပါး ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ အနေဖြင့် နိုင်ငံပေါင်း ၁၅- နိုင်ငံ၌ လူပေါင်း ၄၀၀၀ ကျော်ကို သာသနာပြု အဖြစ် စေလွှတ်နိုင်ခဲ့ ပါသည်။ ကျွန်ုပ်အနေဖြင့် အသင်းတော်မှ လစာ မယူပါ။ အချို့ အသင်းအုပ် များအနေဖြင့် အသင်းတော်ကို ကြီးပွားစေလိုခြင်းမှာ လစာများများ ရလို၍ ဖြစ်သည်။ ငွေကြေးချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားမှုကို လိုလားပြီး လွှဲမှားသော စိတ်နေသဘောထားများ ရှိလာကြသည်။ ကျေးဇူးပြု၍ ထိုသို့ ကြီးပွားသော အသင်းတော်များ မဖြစ်ရအောင် ကျွန်ုပ်တို့ လက်ဝယ်ရှိသော ၊ တောင်းများထဲမှ အစားအစာများကို အခြားသော သူများထံ ဝေငှကြပါစို့။
၈။ မဿဲ ၁၅း၃၂-၃၉ ရှိ မုန့် ၇-လုံးနှင့် ငါးခု
ယေရှုခရစ်တော် သည် ရှင်မသဲ ၁၅း၃၂-၃၉ တွင် မုန့် ခုနစ်လုံးနှင့် ငါး နိမိတ်လက္ခဏာကို ဒုတိယအကြိမ် ဖော်ပြပြန်သည်။ ငါးသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းကို ဆိုလိုပြီး၊ မုန့် ခုနစ်လုံးနှင့် ကျန်ကြွင်းသော အကျိုးအပဲ့ ခုနစ်တောင်းတွင်လည်း အဓိပ္ပာယ် ရှိပါသည်။ တပည့်တော်များသည် နှုတ်ကပတ်တော်ကို ဝေငှ၍ နေရာတိုင်းတွင် အသင်းတော် တည်ဆောက် သည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နှင့် ၃ တွင် ပုံစံ မတူသော အသင်းတော် ခုနစ်ပါးကို တွေ့ရသည်။ ကမ္ဘာလုံးဆိုင်ရာ အသင်းတော် ကြီးကို အပိုင်း ခုနစ်ပိုင်း၊ ပုံစံ ခုနစ်ခုအဖြစ် တွေ့ရသည်။ မုန့် ခုနစ်လုံးသည် ပုံစံမတူသော ထိုအသင်းတော် ခုနစ်ပါးကို ဆိုလိုသည်။ ထိုအသင်းတော် ခုနစ်ပါးတွင် စမုရနနှင့် ဖိလဒေလဖိ အသင်းတော် နှစ်ပါးကသာ သူတို့၏ မုန့်ကို သူတပါးအား ဝေငှကြသဖြင့် သခင်ယေရှု ချီးမွမ်းခြင်း ခံသည်။ အသင်းတော် ခုနစ်ပါးသည် မုန့် ခုနစ်တောင်းကို အသီးသီးရယူကြခြင်းမှာ ထိုအသင်းတော် ခုနစ်ပါးအားဖြင့် နှုတ်ကပတ်တော်ကို အသီးသီး ဝေငှရန် ဖြစ်သည်။ ပါဝင်သော လူ လေးထောင်သည် ယုဒလူမျိုး အသီးသီးကို ဆိုလိုသည်။ မုန့်နှင့် ငါးသည် ယေရှုခရစ်တော်၏ အကြောင်းကို ပုံဆောင် နေခြင်း ဖြစ်သည်။ လပ
ယေရှုခရစ်တော်သည် ဘုရားသခင့် နိုင်ငံတော်၏ နက်နဲသောအရာကို တပည့်တော်များသိရန် ထိုမုန့်နှင့် ငါးအားဖြင့် သရုပ်ဖော်ပြသခြင်း ဖြစ်သည်။ ယေရှု၏ တပည့်တော်များ အပေါ်ထားသော အဓိက ရည်ရွယ် ချက်မှာ ဘုရားသခင်၏ နက်နဲသောအရာကို သိရှိနားလည်ရန် ဖြစ်သည်။ ထိုနက်နဲသောအရာတွင် အကြောင်းအရာ အဓိက သုံးချက် ပါဝင်သည်။ ခရစ်ဝင်ကျမ်း ၄-စောင်လုံးတွင်လည်း ဤနက်နဲသော အဓိက အကြောင်း အရာကို ဖော်ထုတ်ထားသည်။ ယခု ရှင်မဿဲ ခရစ်ဝင်ကျမ်းတွင်လည်း
ယေရှုခရစ်တော်က ထိုနက်နဲသောအရာကို တပည့်တော်များအား ဖွင့်ပြ ခဲ့သည်။ ထို့ကြောင့် ယေရှုခရစ်တော်သည် သူ၏ သုံးနှစ်တာ ဒေသစာရီ လှည့်လည်၍ အမှုတော်ဆောင်စဉ် ကာလတွင် ဤနက်နဲသော အကြောင်း၊ အရာ သုံးချက်ကို ဖော်ထုတ်ပြသ ခဲ့သည်။ ခရစ်တော်၏ အဓိက ရည်ရွယ် ချက်မှာ သူ၏ တပည့်တော်များ အနေဖြင့် နက်နဲသော၊ အဓိက ကြောရိုး ဖြစ်သော ထိုအချက် သုံးချက်ကို နားလည်သဘောပေါက်စေရန် ဖြစ်သည်။
ပထမရာစုမှ ၂၁ ရာစုအထိ ခရစ်ယာန်များအနေဖြင့် ထိုအကြောင်း အရာ သုံးခုကို လူတိုင်းနားမလည်ခဲ့ကြပေ။ သို့သော် စစ်မှန်သော တပည့်
တော်ဖြစ်ပါက ထိုအကြောင်းရင်း သုံးခုကို နားလည်နိုင်ပါသည်။ ကျွန်ုပ်တို့ အနေဖြင့် ကျမ်းစာကို ဖတ်သောအခါ ခရစ်တော်က ကျွန်ုပ်ကို စကားပြော နေသည်ဟု ခံယူ၍ ဖတ်ရမည်။ သတင်းအချက်အလက် သိရှိရုံလောက်သာ သဘောထား၍ ကျမ်းစာကို ဖတ်ရှုပါက ကျမ်းစာ၏ တန်ခိုးကို ခံစားရမည် မဟုတ်ပေ။ ထို့ကြောင့် ကျမ်းစာဖတ်သည့် အခါတိုင်း “ဘုရားသခင် ကျွန်ုပ်ကို စကားပြောပါ၊ သွန်သင်ပါ၊ ကိုယ်တော်ရှင်၏ နှုတ်ကပတ်ကို နားလည်ခံယူ လိုပါသည်၊ ကူညီ မစတော်မူပါ” ဟု ဆုတောင်းပြီးမှ ဖတ်ရှုရမည်။
ရှင်မဿဲ အခန်းကြီး ၁၅ ကိုကြည့်ပါက ယေရှုခရစ်တော်သည် တပည့်တော်များအတွက် အခြားသော သင်ခန်းစာတစ်ခုကို ပြင်ဆင်ထား သည်ကို တွေ့ရသည်။ မဿဲ ၁၅း၂၁-၂၈ ဖတ်ကြည့်ပါက အလွန်လူသိ များသော အဖြစ်အပျက်တစ်ခုကို တွေ့နိုင်ပါသည်။ ထိုအဖြစ်အပျက်သည် တပည့်တော်များအား အကြောင်းရင်း သုံးခုအနက်မှ တတိယအကြောင်း ၊ အရင်းကို သွန်သင်သော အကြောင်းအရာ ဖြစ်သည်။ ဖတ်ရှုသောအခါ ဝိညာဉ်ရေးရာ သွန်သင်ချက်ကို နားလည်နိုင်ရန် ဖတ်ရမည်။ ခရစ်တော် သည် သူ့တပည့်တော်များကို သွန်သင်လိုသောကြောင့် တုရုမြို့နှင့် ဇိဒုန်မြို့သို့ သွားရန် စီစဉ်ထားပြီး ဖြစ်သည်။ ကောင်းကင်တမန် တပါးကလည်း ခါနန် အမျိုးသမီးတစ်ဦးကို ယေရှု ရှေ့ရောက်လာရန် ပို့ဆောင်ပေးခဲ့သည်။
ထိုခါနန် အမျိုးသမီးသည် နတ်ဆိုးစွဲနေသော သူမ၏သမီးအား အနာရောဂါ၊ ငြိမ်းစေရန် တောင်းပန် ပြောဆိုဖြစ်သည်။ ။
ထိုအမျိုးသမီးသည် တပါးအမျိုးသား မိန်းမဖြစ်၍ ယေရှုကို ဘုရား” သားတော် ဖြစ်ကြောင်းနှင့် ဒါဝိဒ်၏ အမျိုးအနွယ် ဖြစ်ကြောင်း သိထား သည်။ ဤအဖြစ်အပျက်သည် တပါးအမျိုးသားများလည်း ကယ်တင်ခြင်း၊ ရရှိမည့် အကြောင်းအရာကို ပြညွှန်ပါသည်။ ထိုခါနန် အမျိုးသမီးက ယေရှုသည် ဘုရား သားတော် ဖြစ်ကြောင်း ဝန်ခံပြောဆို ချိန်၌ တပည့် တော်များပင်လျှင် ယေရှုသည် ဒါဝိဒ်အမျိုး ဘုရား သားတော် ဖြစ်ကြောင်း ၊ ဝန်မခံကြသေးပေ။ ကျွန်ုပ်တို့ အနေဖြင့်လည်း ဘုရားကို မသိသေးသော သူများက ခရစ်တော်သည် ဘုရားသား ဖြစ်သည်ဟု ကျွန်ုပ်တို့ထက် ကြွေးကြော်လာပါက ထိုတပည့်တော်များကဲ့သို့ အံအားသင့် သွားကြပေ လိမ့်မည်။ တပည့်တော်များက ထိုမိန်းမကို အထင်သေးစွာ ကြည့်ရုံမက ထိုမိန်းမ၏သမီး ကျန်းမာသွားမည်ကို မလိုလားကြပေ။ အလွန် အမြင်ကျဉ်း၊ အတ္တစွဲသော တပည့်တော်များပေ။ ယေရှုနှင့် တစ်နှစ်ခွဲခန့် အတူနေ၍ နိမိတ်လက္ခဏာပေါင်းများစွာ မြင်ခဲ့သော်လည်း တကိုယ်ကောင်း ဆန်လျက်ပင် ရှိနေသေးသည်။ ၎င်းတို့၏ နှလုံးသားသည် ယုဒလူမျိုး တွင်သာ ရှိသေး၍ အခြားသော လူမျိုးများနှင့် ကူးလူးဆက်ဆံရန် လုံးဝ ဆန္ဒမရှိကြပေ။ ကျွန်ုပ်တို့ အထဲ၌လည်း အချို့သော အမှုတော်ဆောင် များသည် မိမိလူမျိုးတစ်မျိုးတည်းကိုသာ စွဲလန်းလျက် ရှိနေသေးသည်။ ထိုသို့သော စိတ်သဘောမျိုးကို ခရစ်တော် မနှစ်သက်ပေ။ ၉၀ % သော ခရစ်ယာန် များသည် ထိုသို့ သော စိတ်သဘော ရှိကြသည်။
ခရစ်တော်သည် ဤလောကသို့ လူမျိုးတစ်မျိုးတည်းကို ကယ်တင်ရန် ကြွလာခြင်း မဟုတ်ပါ။ သင်သည် စစ်မှန်သော ခရစ်တော်၏ တပည့်ဖြစ်ရန် လူမျိုးတိုင်းကို လက်ခံနိုင်သော အမြင်မျိုး ရှိရမည်။ ယေရှုခရစ်သည် တပည့်တော်များ၏ အလွန်ကျဉ်းမြောင်းသော စိတ်သဘောထားကို
သိသော်လည်း အပြစ် မတင်ခဲ့ပေ။ သဘောထားကြီးစွာ နားလည်ပေးခဲ့ပြီး ၎င်းတို့ စိတ်ကျေနပ်စေရန် နှစ်သိမ့်ခဲ့သေးသည်။ မဿဲ ၁၅း၂၄ တွင် “ကိုယ်တော် ကလည်း ဣသရေလ အမျိုးအဝင် ပျောက်ပွင့်သော သိုးများမှ တပါး အခြားသော အမျိုးရှိရန် ငါ့ကို မစေမလွှတ်” ဟု ပါရှိရာ ထိုအကြောင်း အရာသည် သူတပည့်တော်များ ကျေနပ်စေရန် ပြောဆိုခြင်းသာ ဖြစ်သည်။
ယေရှုက ယုဒလူမျိုးများ အတွက်သာ ကြွလာခြင်း ဖြစ်သည်ဟု အငယ် ၂၄ တပိုဒ်ထဲကိုသာ ဖတ်ပြီး၊ အဓိပ္ပာယ်ဖွင့်ပါက အမှားကြီးမှား သွားပေ လိမ့်မည်။ အချို့ ဓမ္မပညာရှင်များကလည်း ဘောင်ကျဉ်းကျဉ်းလေးနဲ့ လေ့လာပြီး အထက်အောက် စာသားကို သေချာစွာ မလေ့လာသောကြောင့် အဓိပ္ပာယ်လွဲမှားစွာဖြင့် အခြားသူများကို နားလည်စေခဲ့သည်။ ယခု ရှင်မယ် ၁၃ ကို နားလည်နိုင်ရန် ထိုအကြောင်းအရာနှင့် ဆက်စပ်နေသော အရာများကို ဦးစွာလေ့လာ ကြရသည်။ ယခု ယေရှုခရစ်တော်က သူသည် ယုဒလူမျိုး အတွက်သာ ကြွလာခြင်း ဖြစ်သည်ဟု ပြောသောအခါ သန့်ရှင်းသောဝိညာဉ်
တော်သည် ခါနန် အမျိုးသမီးကို ပို့ဆောင်ခဲ့သည်။ ထိုခါနန် အမျိုးသမီးသည် ခရစ်တော်၏ ခြေရင်းတွင် ပြပ်ဝပ်၍ နတ်ဆိုးစွဲနေသော သူမ၏သမီးကို ကယ်တင်ပေးရန် ပြောသောအခါ ယေရှုခရစ်တော်က ပြန်းထန်စွာ ငြင်းဆန် ခဲ့ကြောင်း အငယ် ၂၆ တွင် “ကိုယ်တော်က သား၏ အစာကို ယူ၍ ခွေးအား မ မချအပ်ဟု ပြန်ပြောတော်မူ၏” ဟု ဖော်ပြထားသည်။ ယေရှုက ငါ့သားအား ကျွေးမည့် မုန့်ကို ခွေးအား ချမကျွေးနိုင်ကြောင်း ပြောခဲ့သည်။ ခွေးသည် တပါးအမျိုးသားများကို ပုံဆောင်သည်။
ထိုအမျိုးသမီးသည် ဝန်ခံ၍ ခွေးသည်လည်း မုန့်အကြွင်းအကျန် များကို စားခွင့် ရှိပါသည်ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။ ယေရှုက ထိုအမျိုး သမီးအား ခွေးနဲ့ နှိုင်း၍ ပြောသောအခါ တပည့်တော်များ အနေဖြင့် အလွန်ကျေနပ် သွားကြသည်။ ယေရှုအနေဖြင့် နှစ်ကြိမ်တိုင်တိုင် နှိမ်ပြောသော အခါ တပည့်တော်များ အလွန်ဝမ်းမြောက် ကြသည်။ သို့ သော် အငယ်
၂၈ ကိုကြည့်ပါက ယေရှုခရစ်တော်သည် တပည့်တော်များ ရှေ့မှာပင် တပါးအမျိုး သားမိန်းမကို “သင်၏ ယုံကြည်ခြင်းသည် လူကြီးလူကောင်း တပည့်တော် များ ထက်ပို၍ ကြီးကြောင်း” ချီးမွမ်း ပြောဆိုခဲ့ပြန်ရာ တပည့်တော်များ စိတ်ပျက် သွားကြပြန်သည်။ ဤအဖြစ်အပျက်သည်လည်း တပည့်တော်များ၏ စိတ်သဘော ပြောင်းလဲစေရန် သွန်သင်ပေးခဲ့ခြင်း ဖြစ်သည်။ တပည့်တော် များ၏ စိတ်တွင် ယခင်က အီတာလျံတပ်မှူးကို ချီးမွမ်းခဲ့ပြီး ယခုအခါ ခါနန် အမျိုးသမီးကို ချီးမွမ်းစကားဆိုသော ယေရှုကို ပြန်ပြီး အမြင်လွဲကြ ပြန်သည်။ ဤ အဖြစ်အပျက် ပြီးနောက် ယေရှုခရစ်တော်သည် မသဲ ၁၅း၃၂-၃၉ တွင် မုန့် ခုနစ်လုံးနှင့် ငါး နိမိတ်လက္ခဏာကို ပြသခဲ့ပြန်သည်။ တပည့်တော်များသည် တစ်နှစ်ခွဲလုံးလုံး ခရစ်တော်၏ သွန်သင်ခြင်းကို ခံရပြီး ဖြစ်သော်လည်း ထိုအချိန်ထိ ၎င်းတို့၏ ခံယူချက် မပြောင်းလဲ ကြသေးပေ။
၉။ ရှင်မသဲ ၁၆း၁၃-၂၁ မှ သားတော် ယေရှု
ယေရှုခရစ်တော်သည် တစ်နှစ်ခွဲလုံးလုံး သင်တန်း ပေးခဲ့သော်လည်း သူ၏ တပည့်တော်များသည် သူ့ကိုသေချာစွာ မသိကြသေးပေ။ ယေရှုသည် မုန့် ခုနစ်လုံးနှင့် ငါးအနည်းငယ်ကို လူကြီးအား ကျွေးပြီး၊ ထိုလူအုပ်ကြီး ထဲမှ ထွက်ခွာ၍ တိတ်ဆိတ်သော တောင်ပေါ်သို့ တပည့်တော်များနှင့် အတူ တက်သွားသည်။ တောင်ထိပ်သို့ ရောက်သောအခါ လူအုပ်ကြီးကို ကြည့်၍ ထိုလူအုပ်ကြီးက သူ့ကို ဘယ်လိုထင်ကြသလဲဟု တပည့်တော် များအား မဿဲ ၁၆၁၃ တွင် မေးခဲ့သည်။ ထိုအချိန်ထိ တပည့်တော်များက လူအချို့၏ အမြင်ကိုသာ အဖြေပေးနိုင်ခဲ့သည်။ တပည့်တော် များသည် တောင်အောက်မှ လူအုပ်ကြီးမြင်သကဲ့သို့ “ကိုယ်တော်ကို ဗတ္တိဇံဆရာ ယောဟန်၊ ဧလိယ၊ ယေရမိမှ စသော ပရောဖက် တပါးပါး ဖြစ်သည်” ဟုပင် ဖြေခဲ့ကြသည်။ ထိုအခါ ယေရှုက ပေတရု ဘက်သို့ လှည့်၍ “သင်ကရော ငါ့ ကို ဘယ်လို မြင်သလဲ” ဟုမေးရာ ပေတရုက “ကိုယ်တော်သည် ခရစ်တော် တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော် ဖြစ်သည်” ဟု ဝန်ခံပြောဆိုခဲ့သည်။ ထိုသို့ ဝန်ခံပြောဆိုခြင်းသည် ပထမဆုံး အကြိမ်ဖြစ်သလို ယေရှုက ပေတရုအား “သင်သည် အသွေး အသားအားဖြင့် ပြောသည် မဟုတ် ခမည်းတော်က သင့်နှုတ်ကို ဖွင့်၍ ဖော်ပြခြင်း ဖြစ်တယ်” ဟု ပြန်ပြောခဲ့သည်။ တစ်နှစ်ခွဲ ကြာပြီးမှ ယေရှုခရစ်တော် ကိုယ်တိုင်က သူသည် ဘုရားသခင်၏ သားတော် ဖြစ်ကြောင်း ပထမဦးဆုံး အကြိမ် ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ယေရှုသည် ရေပေါ် လမ်းလျှောက်ခြင်း၊ ကျန်းမာစေခြင်း စသည့် နိမိတ်လက္ခဏာ များအားဖြင့် သူ၏ ဘုရား သားတော် ဖြစ်ခြင်းကို သက်သေ ထူခဲ့သည်။
ဆက်လက်၍ မဿဲ ၁၆း၂၁ တွင် “ထိုမှတပါး ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားရမည်။ အကြီးအကဲ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့ လက်၌ များစွာ ခံရမည်။ အသေသတ်ခြင်း ကိုလည်း ခံရမည်။ သုံးရက်မြောက်သော နေ့၌ ထမြောက်လိမ့်မည် ဟူသော အကြောင်းများကို ထိုအခါမှစ၍ တပည့်တော်တို့အား ပြတော်မူ၏” ဟု ဖော်ပြထားရာ တပည့်တော် များကို သွန်သင်ခဲ့သော အဓိက အကြောင်းအရင်း၏ ဒုတိယ အချက်ကို တွေ့နိုင်ပါသည်။ ဆက်လက်၍ အခန်းကြီး ၁၇ ကို လေ့လာ ကြပါစို့။
၁၀။ မဿဲ ၁၇း၁၈ မှ သားတော် ယေရှု
ယေရှုခရစ်တော်သည် သူ၏တပည့်တော်များထဲမှ ပေတရု၊ ယာကုပ် နှင့် ယောဟန် တို့ကိုခေါ်၍ သူ၏အဆင်းသဏ္ဍာန်ပြောင်းလဲရာ တောင်ပေါ်သို့ ခေါ်သွားခဲ့သည်။ သူတို့၏ ဝိညာဉ်များသည် တတိယကောင်းကင်ဘုံသို့ ရောက်၍ ပလ္လင်တော်မှ ကြီးသောအသံနှင့် “ဤသူကား၊ ငါနှစ်သက် မြတ်နိုးရာ ငါ၏ ချစ်သားပေတည်း” ဟူသော အသံကို ကြားသောအခါ လန့်ဖျန့်သွားကြသည်။ ပေတရုက ယေရှုသည် ဘုရား သားတော် ဖြစ်ကြောင်း ရက်အနည်းငယ်က ဝန်ခံပြီးဖြစ်ရာ ယခု တဖန် ခမည်းတော်ကိုယ်တိုင် “ယေရှုသည် ငါ၏ ချစ်သားပေတည်း” ဟု ထပ်ပြောခြင်း ဖြစ်သည်။
ယေရှုသည် ယေရုရှလင်မြို့ထဲသို့ အောင်မြင်စွာ ဝင်ရောက်ပြီးနောက် တပည့်တော်များကို သွန်သင်ချက်များစွာနဲ့ ဆက်လက်သင်ကြား ပေးခဲ့သည်။ ထိုအကြောင်းအရာများထဲမှ တစ်ခုကို ဦးစွာလေ့လာ ကြပါစို့ ။ ၎င်းကို မာဘဲ အခန်းကြီး ၂၁ တွင် တွေ့နိုင်သည်။
၁၁။ မ ၂၁း၂၈-၃၁ ရှိ သားကြီးနှင့် သားငယ် အကြောင်း
ဤကျမ်းညွှန်းကို ဖတ်ရှုပါက သားကြီးနှင့် သားငယ် အကြောင်းကို တွေ့ရသည်။ သားအကြီးသည် ယုဒလူမျိုးကို ပုံဆောင်ပြီး၊ သားငယ်သည် တပါးအမျိုးသားများကို ပုံဆောင်သည်။ ဤအကြောင်းအရာ အားဖြင့် ယေရှုခရစ်တော်က တပည့်တော်များအား “သင်တို့ ယုဒလူမျိုးများက ငါ့စကား နားမထောင်ကြဘူး၊ အနည်းငယ်သော ယုဒလူမျိုး များကသာ ငါ့ စကား နားထောင်တယ်၊ ဒါပေမယ့် တပါးအမျိုးသား တွေကတော့ ငါပြောတဲ့ အတိုင်းပဲ နားထောင်ကြတယ်” ဟု ပြောခဲ့သည်။ ထိုစကားကို
ယေရှုခရစ်တော်က လက်ဝါးကားတိုင်ပေါ် အသေသတ်ခြင်း မခံမီ ငါးရက် အလိုတွင် ပြောခဲ့ခြင်း ဖြစ်သည်။ အငယ် သုံးကို ဖတ်ရှုပါက “အဘ၏ အလိုတော်ကို သားအကြီးက ဆောင်သော်လည်း၊ အခွန်ခံတို့နှင့် ပြည့်တန်ဆာ တို့သည် သင်တို့အရင် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်တတ်ကြ၏” ဟု ပြောထားသည်။ ဤကျမ်းစာတွင် ယုဒလူမျိုးများ၏ အမြင်အားဖြင့် တပါးအမျိုးသားများကို နာမည်ဆိုးများ မှည့်ပေးတတ်သည်။ “အခွန်ခံနှင့် ပြည့်တန်ဆာများ” ဟု ဆိုရာတွင်၊ တပါးအမျိုးများကို ရည်ညွှန်းခြင်း ဖြစ်သည်။ တပါးအမျိုးသားများသည် ယုဒလူမျိုးများထက်အရင် ဘုရား သခင်၏ နိုင်ငံတော်သို့ ဝင်ရမည် ဖြစ်သည်။ ဆက်လက်၍ ယေရှုခရစ်တော်က နောက်ဆုံးသော ကာလ အကြောင်းကို မသဲ ၂၄း၁၄ တွင် ပြောထား ပါသည်။
၁၂။ မသဲ ၂၄း၁၄ နောက်ဆုံးသော ကာလတွင်
ဖြစ်လာမည့် အရာများ
ရှင်မသဲ ၂၄း၁၄ တွင် “လူမျိုး အပေါင်းတို့အား သက်သေဖြစ်မည့် အကြောင်း နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံ အရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတ္တံ့” ဟု ဖော်ပြထားသည်။ ဤကျမ်းပိုဒ်လေးသည် နောက်ဆုံးသော ကာလတွင် ဖြစ်လာမည့် အရာတခုကို ဖော်ပြထားခြင်း ဖြစ်သည်။ အင်္ဂလိပ် ကျမ်းစာ၌ “လူမျိုးတကာ” ဟု သုံးထားသည်။ ထိုလူမျိုးတကာကို ဂရိဟေလသ ဘာသာ အားဖြင့် ETHNE ဟု ရေးသားထားပြီး၊ တပါးအမျိုးသားများကို ရည်ညွှန်း သည်။ ယုဒလူမျိုးများကို ETHNE ဟု မခေါ်ပါ။ LAOI ဟု ခေါ်ဝေါ် သုံးနှုန်း ကြပါသည်။ မသဲ ၂၄၁၄ တွင် LAOI ဟု မသုံးပဲ ETHNE ဟု သုံးထားပါသည်။ မည်သည့် အချိန်တွင် LAOI ဟုခေါ်သော ယုဒများ ကယ်တင်ခြင်းသို့ ရောက်မည်နည်း။ တရား
ETHNE ဟုခေါ်သော တပါးအမျိုးသားများ ကယ်တင်ခြင်းရမည့် ဦးရေ ပြည့်စုံသည်နဲ့ တပြိုင်နက် LAOI ဟုခေါ်သော ယုဒလူမျိုးများ အလိုအ လျောက် ကယ်တင်ခြင်းရရှိ မည့်အကြောင်းကို ရောမ ၁၁၁၅၂၆ တွင် လည်း ဖော်ပြထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အလုပ်တာဝန်သည် ယုဒလူမျိုးများ ပြောင်းလဲစေရန် မဟုတ်ပဲ တပါးအမျိုးသားများ ပြောင်းလဲ စေရန်သာ ဖြစ်သည်။ ကျွန်ုပ်တို့ ကိုးရီးယား သာသနာပြုများအနေဖြင့် ETHNEများစွာ မရှိပေ။ မြန်မာနိုင်ငံအနေဖြင့် ခရစ်တော်အကြောင်း မကြား သေးသော ETHNE များစွာ ရှိနေသေးသည်။ ထို ETHNE ငါးများစွာကို ဖမ်းရန် ကျွန်ုပ်အနေဖြင့် သွန်သင်နေခြင်း ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် ဘာသာစကား မတူသောကြောင့် မိတ်ဆွေတို့၏ ငါးများကို ဖမ်းရန်သာ မလွယ်ပါ။ ထို့ကြောင့် မိတ်ဆွေတို့အား ငါးဖမ်းရန် တိုက်တွန်း နိုင်ပါသည်။
ဘုရားသခင် ထံရောက်၍ ဆုလာဘ်ရလျှင် ကျွန်ုပ်အနေဖြင့် မိတ်ဆွေတို့၏ ဆုလာဘ်မှ ၁၀ % ခန့် ခံစားရမည် ဖြစ်သည်။ ထို့ကြောင့် ဆုလာဘ်ကို မျှော်လင့်၍ ဤနေရာ၌ သွန်သင်နေကြခြင်း ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် ဤကဲ့သို့သော် လုပ်ဖော်ဆောင်ဖက် များရရှိရန် သင်တန်းများစွာ ပေးနေရခြင်း ဖြစ်သည်။ ဆက်လက်၍ မသဲ ၂၈း၁၉ ကိုကြည့်ပါစို့။
(က)မသဲ ၂၈း၁၉ မဟာ စေခိုင်းချက် )
မဿဲ ၂၈း၁၉ ကို ခရစ်တော်၏ မဟာစေခိုင်းချက်ဟု ခေါ်သည်။ ယေရှုခရစ်တော်သည် တပည့်တော်များအား သုံးနှစ် သင်တန်း ပေးပြီးနောက် ETHNE ဟုခေါ်သော လူမျိုးအပေါင်းတို့ထံ သွားရောက် ဧဝံဂေလိဝေငှရန် စေလွှတ်ခဲ့သည်။ LAOI ဟုခေါ်သော ယုဒလူမျိုးများထံ မစေလွှတ်ခဲ့ပါ။ ETHNE များထံ ဧဝံဂေလိဝေငှပါက LAOI များ အလိုအလျောက် ပြောင်းလဲ လာမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အသင်းအုပ် ဆရာများအနေဖြင့် မိမိလူမျိုး LAOI ထက် တပါးအမျိုးသား ETHNE များထံ ဧဝံဂေလိဝေငှရန် အာရုံစိုက် ရမည်။ သို့မှသာ စစ်မှန်သော အသင်းတော် ဖြစ်လာပေမည်။ တပည့်တော်များသည် ပင်တေကုတ္တနေ့ ပြီးချိန်ထိ မဟာစေခိုင်းချက်ကို မလုပ်ဆောင်နိုင်ခဲ့ကြပေ။ တပည့်တော်များသည် ၎င်းတို့နဲ့ လူမျိုးတူ ယုဒလူမျိုးများဖြင့် ယေရုရှလင် အသင်းတော်ကို တည်ထောင် ခဲ့ကြသည်။ ထိုယေရုရှလင် အသင်းတော်ကြီးကသာ ကြီးထွားလာပြီး တပည့်တော်များ ၊ အနေဖြင့် တပါးအမျိုးသားများထံ ထွက်၍ ဧဝံဂေလိမဝေငှ ခဲ့ကြချေ။ ထို့ကြောင့် ဘုရားသခင်သည် ယေရုရှလင် အသင်းတော်ပေါ်၌ ညှင်းပန်းနှိပ် စက်မှုကို ရောက်စေခဲ့သည်။ ထိုညှင်းပန်းနှိပ်စက်မှုကြောင့် ယေရုရှလင်မြို့တွင် ရှိသော ခရစ်ယာန်များ အနယ်နယ် အရပ်ရပ်သို့ ပျံ့နှံ့ထွက်ပြေး သွားကြ သည်။ ဤအရာသည် ဘုရားသခင်၏ နိယာမပင် ဖြစ်သည်။
LAOI ၌ ပျော်မွေ့သော အသင်းတော်ကြီးများကို ဘုရားသခင်က ထိုသို့ ပြုလေ့ ရှိသည်။ အသင်းတော် အဆောက်အဦးကြီးကသာ ဟောင်းလောင်း ကျန်ရစ် ခဲ့တတ်သည်။ ကြီးမားသော အသင်းတော် အဆောက်အဦးကြီး အပေါ်တွင် မခုံမင်ပါနဲ့။ ထိုအဆောက်အဦးများသည် တနေ့သောအခါ လူမရှိပဲ ကျန်ရစ် သွားလိမ့်မည်။ ယခု ဥရောပ အသင်းတော်များ၊ အမေရိက အသင်းတော်များ၊ ကိုးရီးယား အသင်းတော်များကို ကြည့်ပါ။ အများစုမှာ အသင်းတော် အဆောက်ဦး ကြီးကြီးဆောက်ကာ ကျေနပ်နေ ကြသည်။ ၁၀ % လောက်က သာသနာပြု ဆရာများ စေလွှတ်၍ သာသနာတော်ကို လုပ်ဆောင်နေကြသည်။ ဖေဖေါ်ဝါရီလထုတ် NEWSWEEK တွင် ဥရောပရှိ အသင်းတော်များသည် ၎င်းတို့၏ အသင်းတော် အဆောက်အဦးကြီးများကို ဗလီအတွက်၊ လွှက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကပွဲရုံများအတွက်
ရောင်းစားခဲ့ကြရကြောင်း ဖတ်ရသည်။ အဘယ့်ကြောင့်ဆိုသော် ဝတ်ပြုကိုး ကွယ်မည့် သူမရှိသောကြောင့် ဖြစ်သည်။ ယခု ဤဖေဖေါ်ဝါရီလထုတ် NEWSWEEK တွင် ငွေကြေး မြောက်များစွာနဲ့ တည်ဆောက်ခဲ့သော အသင်း တော်ကြီး တခုအား မုံ့ဖုတ်သော မီးဖိုအဖြစ် အသုံးပြုနေပုံနှင့် တောင်တက် လေ့ကျင့်ရန် အသင်းတော် အဆောက်အဦး၏ နံရံကို အသုံးပြုထားပုံကို တွေ့မြင်နိုင်ပါသည်။ ဤပုံများကို ကမ္ဘာကျော် NEWSWEEK စာစောင်ထဲတွင် ဖော်ပြထားခြင်း ဖြစ်သည်။ အသင်းအုပ်ဆရာ များအနေဖြင့် အဆောက်အဦး ၊ လိုအပ်ပါသည်။ သို့သော် ဝိညာဉ်ရရှိရန် ပို၍ လိုအပ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ငွေကြေးများကို အဆောက်အဦးအတွက်ထက် ပျောက်ဆုံး ဝိညာဉ်များအတွက် ရင်းနှီးမြှပ်နှံ ကြပါစို့ဟု တိုက်တွန်း လိုပါသည်။ ဆက်လက်၍ ပုံဥပမာ ခုနစ်မျိုးထဲမှ ပထမ ပုံဥပမာ ဖြစ်သော မျိုးစေ့ကြဲသူ ပုံဥပမာကို လေ့လာ ကြပါစို့။
ပုံဥပမာ (၁) မျိုးစေ့ကြဲသူ ပုံဥပမာ (မဿဲ ၁၃း၃၈, ၁၃း၁၈-၂၃)
ယေရှုခရစ်သည် ရှင်မဿဲ အခန်းကြီး ၁၃ တွင် မျိုးစေ့ကြဲသူ ပုံဥပမာကို ဖော်ပြထားသည်။ ယေရှုသည် ပုံဥပမာတိုင်းကို အနက်ဖွင့်လေ့ မရှိသော်လည်း ယခု မျိုးစေ့ကြဲသူ ဥပမာကို ပြန်လည်၍ အနက်ဖွင့်ရှင်းလင်း ခဲ့သည်။ ခရစ်ဝင်ကျမ်း ၄-စောင်စလုံးကို လေ့လာပါက ပုံဥပမာ ၃၀-ကျော်
တွေ့ရသည်။ ယေရှုခရစ်တော်သည် ထိုပုံဥပမာတိုင်းကို အနက်ဖွင့် မရှင်းပြခဲ့ပေ။ သို့သော် ဤပထမ ပုံဥပမာကို အနက်ဖွင့်ထားကြောင်းကို မဿဲ ၁၃၁၈-၂၃ တွင် တွေ့ရသည်။ ကျွန်ုပ်တို့အနေဖြင့် ယခုရှင်းလင်းမည့် ပထမပုံဥပမာကို မသွားမီ ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကို ဦးစွာလေ့လာ ကြပါစို့ ။
(ခ) ဘုရားသခင်၏ နိုင်ငံတော်ဆိုသည်မှာ
နိုင်ငံတော်တွင် ရှင်ဘုရင် အမြဲရှိသည်။ ဘုရားသခင့် နိုင်ငံတော်တွင် ရှင်ဘုရင်သည် မည်သူနည်း။ ဘုရားသခင့် နိုင်ငံတော်တွင် ရှင်ဘုရင်မှာ ခမည်းတော်ဘုရား မဟုတ်သလို၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားလည်း မဟုတ်ပါ။ ယေရှုခရစ်တော် သာ ဖြစ်သည်။
နယ်မြေ အကျယ်အဝန်း မည်မျှရှိသနည်း။ ။
ယေရှုခရစ်တော်၏ နယ်မြေ အကျယ်အဝန်းသည် ပထမကောင်းကင်မှ တတိယကောင်းကင်တိုင်အောင် သာမက Abyss, Hell တိုင်အောင် ကျယ်ဝန်း ပါသည်။ ငရဲမီးအိုင်ပင်လျှင် ယေရှုခရစ်တော်၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။
ယေရှုခရစ်တော်သည် မည်သူတို့ကို အုပ်ချုပ်မည်နည်း။
ဖန်ဆင်းခြင်းခံ သတ္တဝါများအားလုံး ယေရှုခရစ်တော်၏ အုပ်ချုပ်မှု အောက်တွင် ရှိသည်။ ဆိုလိုသည်မှာ တိတယကောင်းကင်မှ Abyss ငရဲတိုင်အောင် ယေရှုခရစ်တော်က အုပ်ချုပ်သည်။ ထိုအရာကို ပိုမို နားလည်ရန် ဆက်လက်ရှင်းပြပါမည်။ )
(၁) ငရဲရောက်နေသော စာတန်၏ သားသမီးများပင်လျှင် ယေရှုခရစ်
တော်၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။
(၂) စာတန်နှင့် နတ်ဆိုးများအားလုံးသည်လည်း ယေရှုခရစ်တော်၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ စာတန်သည် ယေရှုခရစ်တော်၏ ပြိုင်ဘက် ရန်သူ မဟုတ်ပါ။ ယေရှုခရစ်တော်၏ ခြေဖဝါးအောက်၌သာ ရှိပါသည်။ ရန်သူဆိုသည်မှာ အရည်အချင်းတူသော ပြိုင်ဘက်ဖြစ်သည်။ ထို့ကြောင့် စာတန်ကို ယေရှုခရစ်တော်၏ ရန်သူဟု မသုံးနှုန်း မိပါစေနဲ့။ ယောဘ အခန်းကြီး ၁ ကိုကြည့်ပါက စာတန်သည် ယောဘကို စုံစမ်းရန်
ယေရှုခရစ်တော်၌ ခွင့်တောင်းရသည်ကို သတိရပါ။
(၃) Abyss ထဲတွင် ရောက်နေသော စာတန်၏ သားသမီးအားလုံး သည်လည်း ယေရှုခရစ်တော်၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။
(၄) ပင်လယ်သမုဒ္ဒရာထဲရှိ အသက်ရှင်သော သတ္တဝါကြီးငယ် အပါအဝင် ရေထဲတွင် ပေါက်နေသော ရေညှိ၊ ရေမှော်၊ အပင်သေးလေးများအားလုံး ယေရှုခရစ်တော်၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။
ယေရှုခရစ်တော်သည် ယခုဖော်ပြသွားသည်ထက်ပင် ပို၍အစွမ်း တန်ခိုးကြီးမားသော ဘုရား ဖြစ်သည်။ ထိုသို့ တန်ခိုးနှင့်ပြည့်စုံသော ဘုရားက “ငါသည် သရဲ မိတ်ဆွေဖြစ်တယ်” ဟု ပြောနေပါသည်။ ထိုသို့ ကြီးမြတ်သော ဘုရားထံသို့ နေ့စဉ် တယ်လီဖုန်း ဆက်ရန် လိုပါသည်။ ထိုအခါ ယေရှုဘုရား က ကျွန်ုပ်တို့ကို ပြန်လည် အဖြေပေးမည် ဖြစ်သည်။ ကျွန်ုပ်တို့ တိုင်းနိုင်ငံ အုပ်ချုပ်သော အမြင့်ဆုံးသော သူများက သင့်အား ဖုန်းနဲ့ စကားပြောလျှင် သင်အလွန်ဝမ်းသာမည် ဖြစ်သည်။ ထိုသို့ပင် အစွမ်းတန်ခိုးကြီးသော ယေရှုနဲ့ သင်အမြဲ စကားပြောရန် လိုအပ်ပါသည်။ ယေရှုခရစ်တော်သည် သင့်မိသားစုအားလုံး၏ အသက်၊ ဝင်ခြင်း၊ ထွက်ခြင်းကိုပင် အုပ်စိုးသော ဘုရား ဖြစ်သည်။ မိတ်ဆွေအနေဖြင့် ကင်ဆာရောဂါ ဝေဒနာခံစားရပါက သင်သည် မည်သူ့ထံ ဆုတောင်းမည်နည်း။ ယေရှုထံ၌သာ ဆုတောင်း ရပါမည်။ မိတ်ဆွေအနေဖြင့် ယေရှုခရစ်တော်နဲ့ အမြဲ မဆက်သွယ်ပဲ အခက်အခဲ ဒုက္ခရောက်မှ ဘုရားသခင့်ထံ အရေးပေါ် အကူအညီတောင်းခံ နေပါသလား။ ကျန်းမာသန်စွမ်း အဆင်ပြေချိန်တွင်ပင် ယေရှုကို အမြဲဆက် သွယ်စကားပြောနေဖို့ လိုပါသည်။ ထို့ကြောင့် ယေရှုခရစ်တော်က ပညာရှိသော ခရစ်ယာန်နှင့် မိုက်သောခရစ်ယာန် အကြောင်းကို ဖော်ပြခြင်း ဖြစ်သည်။ ကျွန်ုပ်အနေဖြင့်လည်း နံနက်တိုင်း ယေရှုခရစ်တော်ကို ဤသို့ ဆုတောင်း စကားပြောလေ့ ရှိပါသည်။ “ယေရှုဘုရား၊ မင်္ဂလာ နံနက်ခင်းပါ၊ ယနေ့ တိုင်အောင် အသက်ရှင်သန်ခွင့် ပေးထားလို့ ကျေးဇူးတင်ပါတယ်၊ မိသားစုအား ကျန်းမာစေသည် ရှင်သန်မှုအတွက် ကျေးဇူးတင်ပါတယ်” စသဖြင့် ကျေးဇူးတင်ကြောင်း အမြဲ ပြောလေ့ရှိ ပါသည်။ ဤအရာသည် ဘုရားသခင့် ရှေ့၌ နှိမ့်ချစွာ တိုးဝင်ခြင်းလည်း ဖြစ်သည်။ လူငယ်များအနေဖြင့်လည်း
မိဘများနဲ့ အတူ အသက်ရှင်နေရသေးလို့ ကျေးဇူးတင်ပါတယ် ။ ဘုရားသခင်ထံ ပြောရပါမည်။ အချုပ်ဆိုသော် လူအပါအဝင်၊ သတ္တဝါများ သစ်ပင်ပန်းပင်များ အားလုံးကို အုပ်ချုပ်ပါသည်။ ယေရှုခရစ်တော်က “ငါ့ အခွင့်မရှိလျှင် စာငှက်တစ်ကောင်မျှ မြေသို့ မကျရ” ဟု ပြောထားကြောင်း ကိုလည်း သတိရပါ။ ဒုတိယ ကောင်းကင်တွင် ကြယ်လ နက္ခတ်များရှိ၍ သန်းပေါင်းများစွာသော ကြယ်စုအပါအဝင် နက္ခတ်တာယာများ အားလုံးသည် လည်း ယေရှုခရစ်တော်၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ ထို့ပြင် တတိယ
ကောင်းကင်တွင် ရှိသော ဝိညာဉ်ခန္ဓာ ပိုင်ဆိုင်သော ကောင်းကင်တမန် များစွာသည်လည်း ယေရှုခရစ် တော်၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။
ယေရှုခရစ်တော်၏ အစွမ်းတန်ခိုး ကြီးမားမှုကို ရှင်ပေါလုက ကောလောသဲ ၁း၁၅-၁၈ တွင် ဤသို့ ရှင်းလင်းစွာ ဖော်ပြထားပါသည်။ “ထိုသားတော်သည် မျက်မြင် မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော် ဖြစ်၏ ဝေနေယျသတ္တဝါ အပေါင်းတို့တွင် သားဦး ဖြစ်တော်မူ၏။ အကြောင်းမူကား ထိုသားတော်သည်
ကောင်းကင်ပေါ် မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်းတန်ခိုး ဖြစ်စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။ ထိုသခင် အားဖြင့် ၎င်း၊ ထိုသခင်အဘို့ အလို့ငှါ ၎င်း၊ ခပ်သိမ်းသော အရာတို့ သည် ဖန်ဆင်းပျက် ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသောအရာ
မဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသော အရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏ ။ အသင်းတော် တည်းဟူသော ကိုယ်၏ ဦးခေါင်း ဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်း ဖြစ်၍ သေသောသူတို့တွင် သားဦး ဖြစ်တော်မူ၏။”
(၅) နိုင်ငံတော်ကို မည်သည့်အချိန်မှ မည်သည့်အချိန်ထိ တည်ထောင် မည်နည်း။ ။
ဘုရားသခင်၏ နိုင်ငံတော်သည် ဖန်ဆင်းခြင်း စတင်သော အချိန် ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဖန်ဆင်းသည့် ခုနှစ်ကို အတိအကျ မသိသော်လည်း အချိန်အလွန် ကြာညောင်းခဲ့ပြီ ဖြစ်ကြောင်း သိနိုင်ပါသည်။
(၆) ယေရှုခရစ်တော်၏ ရှင်ဘုရင်အဖြစ် အုပ်ချုပ်မှုသည် မည်သည့် အချိန်တွင် ပြည့်စုံ မည်နည်း။
ယေရှုခရစ်တော်၏ ရှင်ဘုရင် အဖြစ် အုပ်ချုပ်စိုးစံမှုသည် ထာဝရ ကာလတိုင် ဖြစ်ပါသည်။ ဤအုပ်ချုပ် စိုးစံမှုနှင့် ပတ်သက်၍ ဖွင့်ဆိုပုံ နှစ်မျိုး ရှိသည်။
(ဂ) အုပ်ချုပ်စိုးစံမှုနှင့် ပတ်သက်၍ဖွင့်ဆိုပုံ ၂-မျိုး
ပထမဖွင့်ဆိုပုံမှာ ယေရှုခရစ်တော်က ဘုရားသခင်၏ နိုင်ငံတော်သည် ဤသို့ဖြစ်သည်ဟု ပြောခဲ့သည်။ ယေရှုခရစ်တော်သည် အသေခံပြီး၊ ရှင်ပြန် ထမြောက်ခြင်း အချိန်မှ စတင်၍ ဘုရားသခင်၏ နိုင်ငံတော်ကို စိုးစံ အုပ်ချုပ်သည်။ ထို့အပြင် ဘုရားသခင်၏ သားသမီးများအတွက် ကယ်တင် ခြင်းအမှုကို စတင်ချိန်မှ စ၍ ရှင်ဘုရင် အဖြစ် စတင်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုကြရာ ဤသို့ ဖွင့်ဆိုမှုသည် အမြင်ကျဉ်းသော အဓိပ္ပာယ်ဖွင့်ဆိုမှု ဟု ဆိုနိုင်သည်။
ဒုတိယဖွင့်ဆိုပုံ (သို့မဟုတ်) အမြင်ကျယ်သော အဓိပ္ပာယ်ဖွင့်ဆိုချက် အရမူ ဘုရားသခင်က အာဒံကို ဖန်ဆင်းချိန် မှစ၍ ဘုရားသခင်၏ နိုင်ငံတော် စတင်သည်ဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။ ယခု ရှင်မဿဲ အခန်းကြီး ၁၃ ရှိ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုအမြင် နှစ်မျိုး စလုံးပေါ် တည်နေပါ သည်။ ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် ဘုရားသခင်သည် သူ၏ သားသမီးများနှင့်အတူ စာတန်၏ သားသမီးများကို နေထိုင်ခွင့် ပြုထားသည်။ ပထမဆုံး ပုံဥပမာ၌ ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် ဘုရားသခင်၏ သားသမီး လေးမျိုးရှိကြောင်း ဖော်ပြထားသည်။
မျိုးစေ့ကြဲသူ ပုံဥပမာကို မလေ့လာမီ ဘုရားသခင်၏ နိုင်ငံတော် အကြောင်းကို လေ့လာခဲ့ပြီး ဖြစ်သည်။ ယခုတဖန် ဘုရားသခင်၏ နိုင်ငံတော် တွင်ရှိသော ဘုရားသားသမီး လေးမျိုးအကြောင်း မလေ့လာမီ သခင်ယေရှုသည် အဘယ့်ကြောင့် ပုံဥပမာများကို အသုံးပြုခဲ့ကြောင်း ဦးစွာ ရှင်းပြလိုပါသည်။
သခင်ယေရှု သည် အဘယ့်ကြောင့် ပုံဥပမာများကို အသုံးပြုခဲ့သနည်း။ (မဿဲ ၁၃း၁၀–၁၇, ၃၄-၃၅)
ဤမေးခွန်း၏ အဖြေသည် မဿဲ ၁၃း၁ဝ-၁၇, ၃၄-၃၅ ဖတ်ပါက တွေ့နိုင်ပါသည်။ ပုံဥပမာများကို အသုံးပြုရခြင်းမှာ အလွန်ရှင်းပါသည်။ ပုံဥပမာသည် ဖြစ်ရပ်မှန် မဟုတ်ပါ။ ယေရှုခရစ်တော် တီထွင် ပြောဆိုသော အကြောင်းအရာဖြစ်၍ ထိုပုံဥပမာများထဲတွင် ဝိညာဉ်ရေးဆိုင်ရာ အနက် အဓိပ္ပာယ်များကို ဝှက်ထားလျက် ရှိသည်။ ထိုဝှက်ထားသော လျှို့ဝှက်ချက် များကို ထုတ်ဖော်ပြသရန် ပုံဥပမာများကို သုံးခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအချက် များကို သာမန် မဟုတ်သော အထူးခရစ်ယာန် များကသာ နားလည်နိုင် ကြလိမ့်မည်။ ထို့ပြင် ပုံဥပမာများကို လေ့လာ၍ အနက်အဓိပ္ပာယ် များကို ဖော်ပြရန် ပုံဥပမာများကို အသုံးပြုခြင်း ဖြစ်ကြောင်း နားလည် စေလိုပါသည်။ ဆက်လက်၍ ယခင် ခေါင်းစဉ်ဖြစ်သော မျိုးစေ့ကြဲသူ ဥပမာကို လေ့လာ ကြပါစို့။
ပုံဥပမာ (၁) မျိုးစေ့ကြဲသူ ဥပမာ
ယေရှုခရစ်တော်သည် လူအသီးသီး၏ စိတ်နှလုံးအခြေအနေကို လယ်မြေနှင့် ခိုင်းနှိုင်းထားသည်။ (လူအသီးသီး၏ စိတ်နှလုံး = လယ်မြေ) လယ်မြေနှင့် ခိုင်းနှိုင်းခြင်းသည်လည်း အလွန်ရိုးရှင်းပါသည်။ ထိုလယ်မြေတွင် မျိုးစေ့ကြဲမည်၊ အပင်ပေါက်လာမည်။ အကိုင်းအခက်များ ထွက်လာပြီး အသီးသီးလာမည် ဖြစ်သည်။ အထက်က ဘုရားသခင့် သားသမီး လေးမျိုး ရှိကြောင်းကို ပြောခဲ့ပါသည်။ ထိုအရာကို လယ်မြေ လေးမျိုးအားဖြင့် လေ့လာသွားမည် ဖြစ်သည်။
၁၃။ မဿဲ ၁၃း၃-၉ မျိုးစေ့ကြဲသူ ပံ့ဥပမာထဲမှ
ဘုရားသားသမီး (၄)မျိုး
“ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ မျိုးစေ့ ကြဲသောသူသည် မျိုးစေ့ကို ကြဲခြင်းငှါ ထွက်သွား၏။ အစေ့ကို ကြသည်တွင် အချို့သော အစေ့တို့သည် လမ်း၌ ကျသဖြင့် ငှက်တို့သည် လာ၍ ကောက်စား ကြ၏။ အချို့ သော အစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသော အရပ်၌ ကျသဖြင့် မြေတိမ်သောကြောင့် ချက်ချင်း အပင်ပေါက်သော်လည်း နေထွက်သောအခါ ပူလောင်သည် ဖြစ်၍ အမြစ် မစွဲသောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။ အချို့သော အစေ့တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည် ကြီးပွား၍ ညှဉ်းဆဲကြ၏။ အချို့သော အစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ ပွားများ၍ အသီးသီးကြ၏။ ကြားစရာ နားရှိသော သူမည် သည်ကား ကြားပါစေဟု မိန့်တော်မူ၏။” ဟု မဿဲ ၁၃ ၃-၉ တွင် ဖော်ပြထားသည်။ ဤမျိုးစေ့ကြဲသူ ပုံဥပမာထဲတွင် ဘုရားသားသမီး လေးမျိုးအကြောင်းကို တွေ့နိုင်သည်။ ထိုဘုရားသားသမီး လေးမျိုးကို လယ်မြေ လေးမျိုးအားဖြင့် သရုပ်ဖော် ရှင်းပြထားသည်။ ၎င်းတို့မှာ – (၁) လမ်း (အငယ် ၄) (၂) မြေနည်း၍ ကျောက်ပေါသော အရပ်ရှိမြေ (အငယ် ၅) (၃) ဆူးပင်ပေါသော မြေ (အငယ် ၇)
(၄) ကောင်းသောမြေ (အငယ် ၈) တို့ဖြစ်ကြသည်။
လယ်မြေပုံတွင် မျိုးစေ့ကြဲသူ လမ်းသွားရန် လမ်းများ ရှိသည်။ ကျောက်ပေါသော မြေတွင် ကျောက်ကို မြေကြီးဖုံးထားသဖြင့် ကျောက်ကို မျက်စိဖြင့် မမြင်နိုင်ပါ။ အချို့လယ်ကွက်တွင် ဆူးပင်များ ပေါက်နေသည်။ ဤအကြောင်းအရာ၏ ရှင်းလင်းချက်ကို မဿဲ ၃း၁၈-၂၃ တွင် တွေ့နိုင် သည်။ ဤမဿဲ ၁၃း၁၈-၂၃ မှ မျိုးစေ့ကြဲသူ လယ်သမားကြီးသည်
ယေရှုခရစ်တော် ဖြစ်သည်။ ယေရှုက မျိုးစေ့ကြဲသည်။ ထိုမျိုးစေ့သည် ၊ နှုတ်ကပတ်တော် ဖြစ်သည်။ ထိုနှုတ်ကပတ်တော်သည် သူ၏ အကြောင်းပင် ဖြစ်သည်။ ယေရှုခရစ်တော်က ယော ၃၁၆ တွင် ဖော်ပြသည့်အတိုင်း ကျွန်ုပ်တို့ အပြစ်မှကယ်ရန် ဤလောကသို့ ကြွလာသည်။ ထိုမျိုးစေ့ကြဲခြင်း ဆိုသည်မှာ ဧဝံဂေလိသတင်းကောင်းကို ဝေငှခြင်း ဖြစ်သည်။ ထိုသတင်း
ကောင်းဝေငှခြင်းကို လူများက ပုံစံအမျိုးမျိုးဖြင့် တုံ့ပြန်သည်။ အဘယ့်ကြောင့် ပုံစံအမျိုးမျိုးနှင့် တုံ့ပြန်ကြကြောင်း ကျွန်ုပ်တို့ မသိနိုင်ပါ။ ဤအရာသည် လည်း ဘုရားသခင့် နိုင်ငံတော်၏ နက်နဲသောအရာပင် ဖြစ်သည်။ ထို့ကြောင့် သတင်းကောင်း ဝေငှသောအခါ ပုံစံ လေးမျိုးထဲမှ အမျိုးမျိုးဖြင့် တုံ့ပြန်ခြင်း ဖြစ်ကြောင်း မှတ်သားရုံသာ ရှိသည်။ ယေရှုခရစ်တော်သည် ဧဝံဂေလိ သတင်းစကား မျိုးစေ့ကို ကြဲသောအခါ အချို့ မျိုးစေ့များသည် လမ်းပေါ်တွင် ကျသွားသည်။
နံပါတ် (၁) လမ်းပေါ်တွင် ကျသော မျိုးစေ့
အချို့ ဓမ္မပညာရှင် ကျမ်းတတ်များက လမ်းပေါ်တွင် ကျသော မျိုးစေ့များသည် မယုံကြည်သူ၊ ခရစ်ယာန် မဟုတ်သော သူများကို ဆိုလိုသည်ဟု ပြောကြသည်။ သို့သော် မဿဲ ၁၃၁၉ “လမ်း၌ အစေ့ကို ကြဲခြင်း အကြောင်းအရာကား နိုင်ငံတော်၏ တရားစကားကို ကြား၍ နှလုံး မသွင်းသည် ရှိသော် နတ်ဆိုး လာ၍ နှလုံး၌ ကြဲသော အစေ့ကို နှုတ်ယူတတ် သည်ဟု ဆိုလိုသတည်း” ဟု ဖော်ပြထားရာ ဤအရာသည် မယုံကြည်သူ များကို ဆိုလိုခြင်း မဟုတ်ကြောင်း သိရသည်။ မယုံကြည်သူ များသည် ဧဝံဂေလိ သတင်းကောင်းကို ၎င်းတို့၏ နှလုံးသားထဲတွင် မခံယူကြပါ။ ကြားပင် မကြား လိုကြပါ။ သို့သော် မသဲ ၁၃၁၉ တွင် ၎င်းတို့သည် သတင်းကောင်းကို ကြားနာသည်။ ၎င်းတို့၏ နှလုံးသားထဲသို့ ဝင်သွားပြီး ၊
နှုတ်ကပတ်တော်ကို နားမလည်ကြပေ။ ထို့ကြောင့် နောက်ပိုင်းတွင် စာတန်က သူတို့ နှလုံးသားထဲတွင် ရှိသော နှုတ်ကပတ်တော်ကို ပြန်၍ ထုတ်ယူသွားသည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ဧဝံဂေလိသတင်းကို ခံယူသည်။ ကျမ်းစာ သင်တန်းတက်၍ ကျမ်းစာကို သိသည်။ သို့သော် ကျမ်းစာကို နားမလည်ကြသူများ ဖြစ်ကြသည်။ နှုတ်ကပတ်တော် သမ္မာ ကျမ်းစာကို တချိန်လုံး လေ့လာ၍ ယေရှုကို ရှာမတွေ့ပါက လွှဲမှားသော နားလည်မှုဖြစ်သည်။ ကျွန်ုပ်တို့ ပြုလုပ်နေသော ကျမ်းစာ သင်တန်း သည်လည်း ယေရှုနှင့် ပိုမိုနီးလာ စေရန် ပြုလုပ်ခြင်း ဖြစ်သည်။ သို့သော် ယေရှုကို မသိလိုက်ပါက အလွန် ဝမ်းနည်းစရာကောင်းပြီး အချိန်ကုန်ရုံ သက်သက်သာ ဖြစ်ပေလိမ့်မည်။
နှလုံးသားကိုဖွင့်၍ နှုတ်ကပတ်တော်ကို လက်ခံကြသော်လည်း နားမလည်သော သူများသည် မည်သူနည်း၊ ဓမ္မဟောင်းတုန်းက ယေဟောဝါဘုရားကို ဘုရားသခင် အဖြစ် လက်ခံကြသော်လည်း ဓမ္မသစ်တွင် ယေရှုကို ဘုရား မဟုတ်ဟု ငြင်းပယ်ကြသည့် ယုဒလူမျိုးများပင် ဖြစ်သည်။ ထို့ကြောင့် လမ်းပေါ်တွင် ကျသောမျိုးစေ့သည် ယုဒလူမျိုးများကို ဆိုလိုခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ဘုရားသခင်သည် ထိုသို့ ဖြစ်စေသနည်းဆိုသော် တပါးအမျိုးသား များအတွက် အထူးအခွင့်အရေး ပေးလိုသောကြောင့် ဖြစ်သည်။ အဘယ့်ကြောင့် ဘုရားသခင်သည် ဤသို့သော နည်းလမ်းကို သုံးသနည်း။ အဖြေမှာ ဤအရာသည် နိုင်ငံတော်၏ နက်နဲသောအရာ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ဤအရာကို ကျမ်းစာက ကမ္ဘာဦးမှ စ၍ ဝှက်ထားသောအရာဟု ပြောထားခြင်း ဖြစ်သည်။ ယခုပင်လျှင် ထိုဝှက်ထားသော အရာကို ခရစ်ယာန် လူနည်းစုကသာ နားလည်ကြသည်။ ထိုသို့ ရှင်းလင်း နားလည်စေရန် ပုံဥပမာများကို အသုံးပြုရခြင်း ဖြစ်သည်။ လယ်မြေ အမျိုးအစား (၂,၃, ၄)တို့မှာ တပါးအမျိုးသားများမှ ခရစ်ယာန်များကို ရည်ညွှန်းသည်။
တပါးအမျိုးသား ခရစ်ယာန်များ မှာလည်း (၃)မျိုး (၃)စား ရှိသည်။ ၎င်းတို့အနက် – ပထမ အမျိုးအစားမှာ ကျောက်ပေါသော ခရစ်ယာန် အမျိုးအစား ဖြစ်သည်။
နံပါတ် (၂) မြေနည်းပြီး ကျောက်ပေါသော အရပ်တွင် ကျသော မျိုးစေ့ (မဿဲ ၁၃း၂၀-၂၁)
“ကျောက်ပေါသော အရပ်၌ အစေ့ကို ကြဲခြင်း အကြောင်းအရာသည် တရားစကားကို ကြား၍ ဝမ်းမြောက်သော စိတ်နှင့် ချက်ခြင်း ခံယူသော်လည်း စိတ်နှလုံး၌ အမြစ်မစွဲ ခဏသာတည်သဖြင့် တရားစကားကြောင့် အမှုအခင်း နှင့် ညှဉ်းဆဲခြင်းကို ခံရသောအခါ ချက်ချင်း ဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း” ဟု မဿဲ ၁၃း၂၀-၂၁ တွင် တွေ့ရသည်။ လယ်သမားကြီး သည် မျိုးစေ့ကို ကြဲသည်တွင် အပေါ်ယံတွင် ကောင်းသောမြေ ရှိသော်လည်း၊ မြေတိမ်ပြီး၊ ထိုမြေအောက်တွင် ကျောက်ပေါများသောကြောင့် အပင်ပေါက် သော်လည်း နေပူသည့်အခါ ကျောက်ပေါ်တွင် အမြစ် မစွဲနိုင်၊ ညှိုးနွမ်းပြီး ပျက်စီးသွားသည်။ ၎င်းတို့သည် သတင်းကောင်းကို ဝမ်းမြောက်စွာ ကြိုဆို လက်ခံကြသည်။ ပျော်ရွှင် ကြသည်။ ၎င်းတို့၏ ပြဿနာ ယေရှုခရစ်ကြောင့် ပြေလည်ကြောင်း၊ စီးပွားရေး ပိုမိုကောင်းလာကြောင်း၊ မိသားစုတွင်လည်း ကလေးများ ပို၍ လိမ္မာလာကြောင်း ဘုရား၏ ကောင်းမြတ်ခြင်းကို မြည်းစမ်း ကြသည်။ ထို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို နေ့စဉ်ချီးမွမ်း ၊ ကြသည်။ သို့သော် နှုတ်ကပတ်တော်ကို ကောင်းစွာ မသိကြပေ။ အသင်းတော် တွင်း၌ သင်းထောက် ထိုမှတဆင့် အသင်းအုပ်ပင် ဖြစ်လာကြ သော်လည်း ၎င်းတို့၏ နက်ရှိုင်းသော အတွင်းနှလုံးသားတွင် ကျောက်ရှိ နေသည်။ နှုတ်ကပတ်တော်က နှလုံးသားကို နက်ရှိုင်းစွာ နေရာယူပြီး ထိန်းချုပ်မှု မခံယူလိုကြပေ။ နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့
နှလုံးသွင်းခြင်း မရှိသောသူ ဖြစ်သည်။ နှုတ်ကပတ်တော်တွင် ၎င်းတို့၏ အသက်တာကို အခြေမခံပဲ၊ ပတ်ဝန်းကျင် အခြေအနေနဲ့ ဓလေ့ထုံးစံများ အပေါ်တွင် အခြေခံရပ်တည်သော သူများဖြစ်သည်။ ၎င်းတို့အနေဖြင့် အကြီးမားဆုံးသော အသင်းတော်တွင် ပါဝင်ရခြင်း၊ အတော်ဆုံး အသင်းအုပ် ဆရာ၏ အသင်းသားဖြစ်ရခြင်း အပေါ်တွင် ဝါကြွားတတ်သည်။ တနည်း အားဖြင့် မျက်မြင်သော အရာပေါ်တွင် ဝါကြွား အသက်ရှင်သော သူများဖြစ် သည်ဟု ဆိုနိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးတွင် နှုတ်ကပတ်တော် အမြစ် မစွဲနိုင်သော ခရစ်ယာန်များ ဖြစ်ကြသည်။ ပြဿနာနှင့် ရင်ဆိုင်သည့် အခါ စိတ်ဓာတ်ကျပြီး၊ ယုံကြည်ခြင်း ရွေ့ လျော့သွားကြသည်။ ထိုအကြောင်း အရာကို မဿဲ ၁၃၂၁ တွင် “စိတ်နှလုံး၌ အမြစ် မစွဲ ခဏသာ တည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့် ညှင်းဆဲခြင်း ခံရသောအခါ ချက်ချင်း ဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း” ဟု ဖော်ပြထားသည်။ ဤကျမ်းပိုဒ် ထဲရှိ “တရားစကားကြောင့် အမှုအခင်းရောက်မည်၊ ညှင်းဆဲခြင်း ခံရမည်” ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ညှင်းဆဲခြင်း ဆိုသည်မှာ ဥပမာအားဖြင့် အသင်းအုပ်များ၊ သင်းထောက်များက “မင်းရဲ့ ဆယ်ဖို့တစ်ဖို့ကို အသင်းတော်သို့ ပေးလှူရမယ်” ဟု ဆိုသောအခါ ထိုအရာကို လက်မခံနိုင် ဖြစ်လာသည်။ ဆယ်ဖို့တစ်ဖို့ ပေးရခြင်းသည် ၎င်းတို့အတွက် အတွင်းပိုင်း၌ ညှင်းပန်းနှိပ်စက်ခြင်း ခံရသကဲ့သို့ ဖြစ်လာသည်။ အသင်းတော်တွင်း၌ တွေ့ကြုံရသော အခြား ညှင်းပန်းနှိပ်စက်မှုများစွာ ရှိသေးသည်။ ၎င်းတို့မှာ ကျမ်းစာနေ့တိုင်း ဖတ်စေခြင်း၊ ဘုရားကျောင်း မှန်မှန်တက်ရန် တောင်းဆိုခြင်း တို့ဖြစ်ကြသည်။ ထို့ပြင် အမှားအယွင်းတခုခု ပြုလုပ်မိ၍ အသင်းအုပ် ဆရာက ဆုံးမပါက အသင်းတော်တွင် မနေလိုတော့ပ် အခြားအသင်း တော်သို့ ပြောင်းသွား ကြသည်။ ၎င်းတို့သည် နှုတ်ကပတ်တော်ကို နာခံရန်၊ ခံယူရန် အသင်းတော်သို့ လာခြင်းမဟုတ်ပဲ မိမိကိုယ်ကျိုးနှင့် ညီအစ်ကို မောင်နှမများအတွက် အသင်းတော်သို့ လာကြခြင်း ဖြစ်သည်။ ဤသို့သော ခရစ်ယာန်များကို
ကလေး ခရစ်ယာန်များ (သို့မဟုတ်) ကျောက်ပေါမြေ ခရစ်ယာန်များ ဟု ခေါ်သည်။ ထိုကဲ့သို့သော ခရစ်ယာန်များသည် ရာထူး ဘယ်လောက် ကြီးကြီး၊ အသက် ဘယ်လောက်ကြီးကြီး၊ ၎င်းတို့သည် ကလေး ခရစ်ယာန်များ၊ တနင်္ဂနွေ ခရစ်ယာန်များ၊ သာမန် ခရစ်ယာန်များ (မိရိုးဖလာ) ဖြစ်ကြသည်။ ယနေ့ ထိုသို့သော ခရစ်ယာန်များသည် ၉ဝ% ရှိပါသည်။ ခရစ်ယာန်တို့၏ အဆင့်အတန်းကို ကောင်းကင်နိုင်ငံ၌ ပိရမစ် ပုံသဏ္ဍာန် ဖွဲ့စည်းထားရာ ၎င်းတို့သည် ပိရမစ်အောက်ခြေရှိ အနိမ့်ဆုံးနေရာကိုသာ ရရှိကြမည် ဖြစ်သည်။ သို့သော် ၎င်းတို့ကို အပြစ် မတင်ပါနဲ့။ မဆူပါနဲ့။ အသင်းတော်တွင် ဖြစ်စေ၊ ကောင်းကင်နိုင်ငံတွင် ဖြစ်စေ၊ ကလေးခရစ် ယာန်များသည်လည်း လိုအပ်ပါသည်။ ဤအရာများ အားလုံးကို ယေရှုခရစ်တော်က ကြိုတင်ပြောထားပြီး ဖြစ်သည်။ ကျွန်ုပ်တို့ ပြုလုပ်ကျင်း ပနေသော သင်တန်းသည် မိတ်ဆွေတို့ကို ကောင်းသော မြေ အမျိုးအစားတွင် ပါဝင်စေရန် ကျင်းပနေခြင်း ဖြစ်သည်။ ကောင်းကင်နိုင်ငံတွင် အဆင့်အဆင့် ဖွဲ့စည်းထားရာ ကျွန်ုပ်တို့ ကြိုးစား အားထုတ်မှုအားဖြင့် မဟုတ်၊ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်သာ ဖြစ်ပြီး၊ ကျွန်ုပ်တို့ ကြိုးစား သလောက် ခံစားနိုင်ရန်လည်း ဘုရားသခင်၏ ကျေးဇူးတော် လိုအပ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်း မရှိပဲ မိမိကြိုးစားအား ထုတ်မှုကိုသာ အားကိုးပါက ဘဝင်မြင့်၊ မာနတက်လာပြီး သူတပါးကို အပြစ်တင် တတ်လာမည် ဖြစ်သည်။ ထို့ ကြောင့် ဆုတောင်းသောအခါ “ဘုရားသခင် ကျေးဇူးတော်အားဖြင့် မစပါ၊ ကျွန်ုပ်တို့၏ သားသမီးများ အပေါ်တွင်လည်း ကျေးဇူးတော်အားဖြင့် မစပါ” ဟု ဆုတောင်းရမည်။ ဘုရားသခင် ကြိုတင်စီမံထားသော အရာကို ကျွန်ုပ်တို့အနေဖြင့် ပြောင်းလဲ၍ မရပါ။ “ကိုယ်တော် ကျေးဇူးတော်အားဖြင့် ကျွန်ုပ်ကို နံပါတ် ၄ အဆင့်ရှိ ကောင်းသော
ကဲ့သို့သော ခရစ်ယာန် ဖြစ်စေရန် မပါ” ဟု ဆုတောင်း ရပါမည်။ ဆက်လက် လေ့လာပါက နောက်နံပါတ် ၃ ခရစ်ယာန်မှာ ပိုကောင်းလာသည်ကို တွေ့ရပေလိမ့်မည်။
“ဆူးပင်တို့တွင် အစေ့ကို ကြဲခြင်း အကြောင်းအရာကား တရား စကားကို ကြား၍ လောကီ အမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စား ခြင်းသည် တရားစကားကို လွှမ်းမိုး ညှဉ်းဆဲတတ်သောကြောင့် အသီး မသီးနိုင်ဟု ဆိုလိုသတည်း” ဟု မဿဲ ၁၃း၂၂ တွင် တွေ့ရသည်။ ဤတတိယ အမျိုးအစား ခရစ်ယာန်များသည် ကျောက်ပေါသော ခရစ်ယာန် များနှင့် မည်သို့ ကွာခြားမှု ရှိသနည်း။ ၎င်းတို့တွင် ကျောက် နှလုံးသားမျိုး မရှိ။ ကောင်းသောမြေ၊ ကောင်းသော နှလုံးသားမျိုး ရှိသည်။ သို့သော် ထိုကောင်း သောမြေတွင် ဆူးပင်အပြည့် ပေါက်နေသည်။ ယေရှုသည် ထိုဆူးပင် အကြောင်းကို ပုံစံ နှစ်မျိုး (သို့မဟုတ်) အဓိပ္ပာယ် နှစ်မျိုးဖြင့် ရှင်းပြသည်။ ၎င်းတို့မှာ –
(က) လောကီအမှု၌ စိုးရိမ်ခြင်းနှင့် (ခ) စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းတို့ဖြစ်ကြသည်။
(က) ပထမဆူးပင် (သို့) လောကီအမှု၌ စိုးရိမ်ခြင်း
ကျွန်ုပ်တို့သည် အဘယ့်ကြောင့် စိုးရိမ်ကြသနည်း။ အမှာ ဘုရားသခင်ကို စိတ်မချ၍ ဖြစ်သည်။ ထိုသို့ စိုးရိမ်ရခြင်းမှာ နှုတ်အားဖြင့်သာ ဘုရားကို ယုံကြည်ကိုးစားပြီး နှလုံးသားက အကြွင်းမဲ့ မယုံကြည်နိုင်ခြင်း ဖြစ်သည်။ ယေရှုခရစ်တော်သည် တန်ခိုးနှင့် ပြည့်စုံသော ဘုရား၊ အရာခပ် သိမ်းကို သိသော ဘုရား ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ လိုအပ်သမျှ ဖြည့်ဆည်း ပေးနိုင်ကြောင်း ကောင်းစွာ မယုံကြည်သောကြောင့် စိတ်မချနိုင်ခြင်း ဖြစ်သည်။ ယေရှုခရစ်တော်ကို စိတ်ချနိုင်သူ အဖို့မှာမူ အခြေအနေသည် လုံခြုံမှု
မရှိသော်လည်း အတွင်းထဲ၌ ငြိမ်သက်ခြင်း ရှိနေမည် ဖြစ်သည်။ ပြဿနာများ ငွေရေးကြေးရေး ခက်ခဲမှုများက ဝန်းရံနေသော်လည်း ဘုရား ကောင်းမြတ် ခြင်းကို စိတ်ချ၍ ချီးမွမ်းနိုင်သောသူ ဖြစ်လိမ့်မည်။ ယေရှုသည် ကောင်းမြတ်
သော ဘုရား၊ သစ္စာရှိသော ဘုရား ဖြစ်ကြောင်း စိတ်ချစွာ ချီးမွမ်းနိုင်ပါလိမ့် မည်။ ကျွန်ုပ်တို့အနေဖြင့် ယေရှုခရစ်တော်၏ ဦးဆောင်လမ်းပြခြင်းအားဖြင့် တနေ့ပြီးတနေ့၊ တချိန်ပြီးတချိန် ခရစ်တော် နှင့်အတူ လျှောက်လှမ်းရန် ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် လွန်ခဲ့သော ၂-နှစ်ခန့်က မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အသင်းအုပ်ဆရာများ စုံညီသင်တန်း ပြုလုပ်နိုင်ရန် ဆုတောင်းခဲ့သည်။ ယေရှုခရစ်တော်က “စောင့်ပါ။ ငါစီစဉ်ပေးမယ်” ဟု အဖြေပေးခဲ့သည်။ အချိန်တန် လာသောအခါ ခရစ်ယာန် မိတ်ဆွေတစ်စု ရောက်ရှိလာပြီး၊ မြစ်ကြီးနားတွင် သင်တန်းပြုလုပ်ရန် လာရောက်ဆွေးနွေး ကြသည်။ ထိုခရစ်ယာန် မိတ်ဆွေ များက သင်တန်း ကုန်ကျစရိတ်အားလုံး သာမက ကျွန်ုပ်၏ အသွားအပြန် လေယာဉ်စရိတ်ကိုပင် တာဝန်ယူမည်ဟု ပြောလာပါသည်။ ယေရှုခရစ်တော် ထံမှ ကျွန်ုပ် မျှော်လင့်သည်ထက် ပို၍ အဖြေရခဲ့ပြီး လွန်ခဲ့သော နှစ် အောက်တိုဘာလတွင် မြစ်ကြီးနား သင်တန်းပြုလုပ် နိုင်ခဲ့သည်။ ထို့ပြင် ယခု မန္တလေး သင်တန်းကိုလည်း ထိုခရစ်ယာန် မိတ်ဆွေများက ကုန်ကျစရိတ် အားလုံး တာဝန်ယူ ကျင်းပခြင်း ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် ယေရှုကို ယုံကြည် စိတ်ချသည်။ စိုးရိမ်ပူပန်စရာ ဘာမျှမရှိပေ။ ကျွန်ုပ် အတွင်း၌ ငြိမ်သက်ခြင်း ရှိသည်။ ထို့ကြောင့် စိုးရိမ်ပူပန်ခြင်း ရှိသမျှ ကိုယ်တော်၌ အပ်နှံလိုက်ပါ။ ထိုသို့ မအပ်နှံပါက ဆူးပင် ခရစ်ယာန်သာ ဖြစ်နေ လိမ့်မည်။ မိတ်ဆွေအနေဖြင့် နှုတ်ကပတ်တော်ကို သိသည်၊ ဘုရား အလိုတော်ကို သိသည်။ သို့သော် စိုးရိမ်ပူပန်ခြင်း ဆူးပင် ဝိုင်းရံနေပါက အသီး သီးနိုင်မည် မဟုတ်ပါ။ ယေရှုခရစ်တော်က ထိုသို့သော ခရစ်ယာန်များစွာ ၊ ရှိကြောင်း ပြောထားပါသည်။ ဒုတိယ ဆူးတစ်မျိုးမှာ စည်းစိမ်ဥစ္စာ၏ လှည့်ဖြားခြင်း ဖြစ်သည်။
(ခ) ဒုတိယ ဆူးပင် (သို့မဟုန်) စည်းစိမ်ဥစ္စာ၏ လှည့်ဖြားခြင်း
ဒုတိယဆူးပင်ဖြစ်သော စည်းစိမ်ဥစ္စာ၏ လှည့်ဖြားခြင်း ဆိုရာဝယ်။ ငွေကြေး၏ လှည့်ဖြားမှုကို ခံနေရခြင်း ဖြစ်သည်။ ငွေကြေးသည် ကျွန်ုပ်တို့ကို လိမ်လည်သည်၊ လှည့်ဖြားသည်၊ မုသာ ပြောနေသည်။ လောကသား များသည် ငွေကြေးရှိပါက ပျော်ရွှင်သည်။ မိသားစု သာယာသည်။ အသင်းတော် တိုးတက်သည်ဟု ပြောတတ်ကြသည်။ သို့သော် ယေရှုခရစ်
တော်က ငွေကြေးအားဖြင့် အသက်တာ၌ ကျဆင်းရကြောင်း ပြောခဲ့သည်။ ငွေကြေးအားဖြင့် အပြင်ပိုင်းတွင် ပျော်ရွှင်သကဲ့သို့ အဆင်ပြေနေသကဲ့သို့ ရှိသော်လည်း ထိုငွေကြေးနောက်သို့ သာ တစိုက်မတ်မတ် လိုက်နေပါက နောက်ဆုံးတွင် ထိုငွေကြေးသည် သင့်ကိုဖျက်ဆီးသွား ပေလိမ့်မည်။ သင်သည် ငွေကြေးနောက်သို့ လိုက်စရာ မလို။ ငွေကြေးကသာ သင့်နောက်သို့ လိုက်လာရမည် ဖြစ်သည်။ မြောက်များစွာသော ခရစ်ယာန်များသည်
ယေရှုနောက်သို့ မလိုက်ပဲ ငွေကြေးနောက်သို့ သာ လိုက်နေကြသည်။ နှုတ်ကပတ်တော်တွင် ဤဆူးပင်နှစ်မျိုးက ကျွန်ုပ်တို့အား အသက်ရှူကြပ် သကဲ့သို့ မွန်းကြပ်စေမည် ဖြစ်ကြောင်း ဖော်ပြာထားသည်။ အသက်တာ ထဲတွင် ကျမ်းစာကို ကောင်းစွာ နားလည် ခံယူသည်။ အသင်းတော်လည်း ကြီးထွားနေသည်။ သို့သော် ၎င်းတို့အထဲတွင် ယခုပြောပြနေသော ဆူးပင် နှစ်မျိုးက လွှမ်းမိုးထားသောကြောင့် အပင် ကောင်းစွာ ပေါက်သော်လည်း လည်ပင်း ညှစ်ခံရသူ ကဲ့သို့ မွန်းကြပ်လျက် အဟာရ မပြည့်ဝ၊ အသီးမသီး ၊ နိုင်ပဲ ဖြစ်လိမ့်မည်။ အသင်းအုပ်ဆရာ များအနေဖြင့် သာသနာလုပ်ငန်းကို ကြိုးစား၍ လုပ်ကိုင်သော်လည်း အသက်တာ၌ ဤဆူးနှစ်မျိုး၏ ချုပ်ကိုင် လွှမ်းမိုးမှုကို ခံရပါက အသီးသီးမည် မဟုတ်ပါ။ ယေရှုခရစ်တော်က ထိုဆူး နှစ်မျိုးဖြစ်သော လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်၏ လှည့်ဖြား ခြင်းမှ လွတ်မြောက်အောင် ရုန်းထွက်ရမည်ဟု ပြောခဲ့သည်။ ထို့ပြင်
သမ္မာတရားသည် လွှတ်ခြင်းကို ပေးမည်ဟု ဆိုထားပြီး၊ ထိုသမ္မာတရား သည် ယေရှုခရစ်တော်ပင် ဖြစ်သည်။ ယေရှုကို ယုံကြည် ကိုးစားပါ။ လူပုဂ္ဂိုလ်၊ ငွေကြေးအပေါ်တွင် မကိုးစားပါနှင့်။ ငွေနောက်သို့ မလိုက်ပါနဲ့။ ခရစ်တော်အားဖြင့် ငွေကြေးကသာ သင့်နောက်သို့ လိုက်ပါစေ။ တပါ သူများထံ ငွေ မတောင်းပါနဲ့ ။ ခရစ်တော်က သင့်အားပေးသော ငွေကို လက်ခံပါ။ ယေရှုခရစ်တော်က ကျွန်ုပ်တို့ လိုအပ်မှုကို သိပါသည်။ သင်တောင်း၍ ရသောငွေ၊ ဆု မတောင်းပဲ ရသော ငွေသည် ခရစ်တော်ထံမှ မဟုတ်ပဲ၊ လူကို ကိုးစား၍ ရသော ငွေသာ ဖြစ်သည်။ ထိုသို့ တပါးသူများကို ကိုးစားသော အမှုတော်ဆောင်များစွာ ရှိနေပါသည်။ ၎င်းတို့သည် တနင်္ဂနွေ နေ့တွင် တရားဟောချက်၌ ယေရှုကို ကိုးစားရန် ဟောပြောကြပြီး လက်တွေ့ တွင်မူ ငွေ ကိုသာ အားကိုး တတ်ကြသည်။ ငွေရှိသည့်အခါ ဝမ်းမြောက်ပြီး မရှိသည့်အခါ စိတ်ညစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဝိညာဉ်ရေးရာ၌ ပိုင်းခြား သိမြင်တတ်သော ဉာဏ်ရှိ၍ သေချာစွာ ခွဲခြားနိုင်ရန် လိုအပ်သည်။ နံပါတ် (၄) ကောင်းသောမြေ ၊
ကျောက်နှင့် ဆူးကို ဖယ်ထုတ်သောအခါ ကောင်းသောမြေ ဖြစ်လာ သည်။ ဆူးဆိုသည်မှာ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် ငွေကြေး စည်းစိမ်၏ လှည့်စားခြင်း ဖြစ်သည်။ ကျောက်ဆိုသည်မှာ အဘယ်နည်း။ ဝိညာဉ်ရေးရာ အရ ကျောက်ဆိုသည်မှာ –
(၁) မနာလိုခြင်း၊
(၂) မုန်းတီးခြင်း
(၃) ခါးသီးခြင်း
(၄) အမျက်ထွက်ခြင်း
(၅) ခွင့်မလွှတ်ခြင်း
(၆) ကျိန်ဆဲခြင်း
(၇) တကိုယ်ကောင်းဆန်ခြင်း
(၈) ကွဲပြားခြင်း၊
(၉) ရန်ဖြစ်ခြင်း၊
(၁၀) လောဘကြီးခြင်း
(၁၁) ကြင်နာမှုမရှိခြင်း၊
(၁၂) စိတ်မရှည်ခြင်း၊
(၁၃) ခေါင်းမာခြင်း စသည်တို့ ဖြစ်ကြသည်။
အထက်ဖော်ပြပါ အရာများသည် ခရစ်ယာန် အများစုတွင် တမျိုး မဟုတ် တမျိုးရှိနေ ကြသည်။ ထိုအရာများကြောင့် စိတ်သည် ကျောက်ကဲ့သို့ မာကြောခြင်း ဖြစ်သည်။ ထိုကျောက်များကို ဖယ်ရှားပါက ဆူး ခရစ်ယာန် ဖြစ်လာပြီး၊ ဆူး ခရစ်ယာန် အခြေအနေတွင် စိုးရိမ်ခြင်းနှင့် ငွေကြေး လှည့်စားမှု ခံနေရသေးသည်။ ထို့ကြောင့် ကောင်းသော မြေဖြစ်လာရန် ကျောက်များကို ဖယ်ရှားပြီးပါက ဆူးပင်များကိုလည်း ဖယ်ရှားရဦးမည် ဖြစ်သည်။ သို့မှသာကောင်းသော မြေနှင့်တူသော သန့်ရှင်းသော စိတ်နှလုံးကို ပိုင်ဆိုင်လာမည် ဖြစ်သည်။ ကျွန်ုပ်တို့ နှလုံးသားသည်လည်း ထို့အတူပင်ဖြစ်ရာ မကောင်းသော အရာ၊ မသန့်ရှင်းသော အရာများကို ဖယ်ရှားပစ်မှ သာလျှင် သန့်ရှင်းသော နှလုံးသား ဖြစ်လာမည် ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုသည် ဧဖက် ၄း၂၃-၂၄ တွင် “စိတ်နှလုံး သဘော သစ်ကို ခံယူပြီးလျှင်၊ သန့်ရှင်းခြင်း ပါရမီနှင့် မှန်သော ဖြောင့်မတ်ခြင်း၌ ဘုရားသခင်နှင့် တူအောင် ဖန်ဆင်းသော လူသစ်ကို ယူတင်ဝတ်ဆောင်မည် အကြောင်းတည်း” ဟု လူဟောင်းနဲ့ ပတ်သက်သော အရာများကို အားလုံး စွန့်ပယ်ရန် သြဝါဒ ပေးထားသည်။ ဖန်ဆင်းသော ပြုပြင်သော လူသစ်အဖြစ် အသက်ရှင်ရန် တိုက်တွန်းထား သည်။ ထိုသို့ အသက်ရှင်မှ သာလျှင် ကောင်းသောမြေ ဖြစ်လာလိမ့်မည်။
ကောင်းသောမြေ အဆင့်ရောက်မှသာ ကျွန်ုပ်တို့ အသက်တာတွင် အဆ ၃၀၊ အဆ ၆၀၊ အဆ ၁ဝဝ တိုးပွားပြီး အသီး သီးလာမည် ဖြစ်သည်။
ကျွန်ုပ်တို့ နှလုံးသားထဲတွင် ညစ်ညူးသော အရာများစွာ ရှိပြီး ခါးစွာသော ပင်မြစ်ပေါက် နေကြောင်းကို ဟေဗြဲ ၁၂း၁၅ တွင် သင်တို့တွင် တစ်စုံတစ်ယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော်ကို မရဘဲမနေစေခြင်း ငှါ၎င်း၊ ခါးစွာသော ပင်မြစ်ပေါက်၍ သင်တို့ နှောင့်ယှက်သဖြင့် …” ဟု
ဖော်ပြထားသည်။ ကျွန်ုပ်တို့ နှလုံးသားထဲတွင် ခါးစွာသော ညစ်ညူးသော အရာများရှိရုံမက ပင်မြစ်ပါ ပေါက်နေကြသည်။ ယေရှုခရစ်ကို ယုံကြည်လိုက် သောအခါ ကျွန်ုပ်တို့ စိတ်နှလုံးထဲတွင် သန့်ရှင်းသောဝိညာဉ်တော် ဝင်ရောက် လာသည်။
ယေရှုခရစ်တော်သည် အလွန်ကြီးမြတ်သောကြောင့် သူ့ရဲ့ သန့်ရှင်း သောဝိညာဉ်တော်ကို စေလွှတ်ခြင်း ဖြစ်သည်။ ထိုဝိညာဉ်တော်အားဖြင့် ယေရှု ခရစ်တော်သည် ကျွန်ုပ်တို့၏ နှလုံးသားထဲတွင် ကျိန်းဝပ်လာသည်။ ခရစ်ယာန် မဟုတ်သော ယုံကြည်သူများထဲတွင် ယေရှုခရစ်တော်၏ ဝိညာဉ်တော် မကျိန်းဝပ်ပါ။ မယုံကြည်သူများသည် စာတန်၏ တရားဝင် သားသမီးများသာ ဖြစ်ကြသည်။ ကျွန်ုပ်တို့ ခရစ်ယာန် အများစုသည် တရားဝင် ဘုရားသားသမီး ဖြစ်ကြသော်လည်း အကျင့်စာရိတ္တပိုင်းတွင် စာတန်၏ သားသမီးများ ဖြစ်နေကြသည်။ ထိုသို့သော သူများကို ယေရှုခရစ်တော်က ကျောက်ပေါသော အရပ်တွင် ကျသော မျိုးစေ့မှ ပေါက်သော အပင်နှင့် ခိုင်းနှိုင်းထားပြီး ခရစ်ယာန်များ၏ ၇၀% သည် ထိုအခြေအနေတွင် ရှိနေကြသည်။ ထို့ကြောင့် မြောက်များစွာ ကွဲပြားသော ဂိုဏ်းဂဏများ ပေါ်ပေါက်လာသည်။ အသင်းအုပ်ဆရာ ကိုယ်တိုင်ပင် ထိုအမျိုးအစားတွင် ပါဝင်ပါက အသင်းသူ အသင်းသားများမှာ ပြောစရာပင် မလိုတော့ပါ။ ထိုသို့သော ခရစ်ယာန်များသည် ကလေးအဆင့်သာ ရှိသော ခရစ်ယာန်များ ၊ လည်းဖြစ်ကြသည်။ ဆူး ခရစ်ယာန်၊ ကျောက် ခရစ်ယာန်များ တိုးပွားနေ ချိန်တွင် ကောင်းသောမြေ ခရစ်ယာန်များမှ မြောက်များစွာသော တပါး အမျိုးသား ယုံကြည်သူများ တိုးပွားလာမည် ဖြစ်သည်။
ရှင်မသဲ ၂၄ ရှိ နောက်ဆုံးသော ကာလတွင် ယေရှုခရစ်တော်က ငါ့နာမကြောင့် ညှင်းဆဲခြင်း ခံရမယ်။* ဟု ပြောခြင်းသည် ကောင်းသော မြေ၌ ပေါက်သော ခရစ်ယာန်များကို ပြောခြင်း ဖြစ်သည်။ ဆူး ခရစ်ယာန်၊ ကျောက် ခရစ်ယာန်များ ရုပ်ပိုင်း၊ ဇာတိပိုင်းတွင် ကြီးပွားတိုးတက်၍ ကောင်းသောမြေ ခရစ်ယာန်များမှာမူ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရမည် ဖြစ်သည်။ ကောင်းသော မြေ ခရစ်ယာန်များသည် လောက၏ ညှင်းပန်း နှိပ်စက်ခြင်းနှင့် ဆိုးသော ခရစ်ယာန်များ၏ နှိပ်စက်ခြင်း နှစ်မျိုးလုံးကို ခံရမည်ဖြစ်သည်။ ညှင်းပန်းနှိပ်စက်ခြင်းများသည် ကျောက် ခရစ်ယာန်၊ ဆူး ခရစ်ယာန်များထံမှ လာမည်ဖြစ်ပြီး၊ ဤအရာသည်လည်း ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ဤနေရာတွင် မေးစရာတစ်ခု ပေါ်လာသည်။
“အဘယ့်ကြောင့် ကောင်းသော ခရစ်ယာန်များကို ဆိုးသော ခရစ်ယာန်များက ညှင်းပန်းနှိပ်စက် ကြသနည်း။”
အဖြေမှာ ရွှေကို မီးနှင့် စစ်ရသကဲ့သို့ ကျွန်ုပ်တို့၏ ခရစ်ယာန် အသက်တာ ပို၍ သန့်ရှင်းစင်ကြယ်စေရန် ဖြစ်သည်။ ထိုသို့ ညှင်းဆဲခံရ ခြင်းအားဖြင့် ဘုရားသခင်ကို ပို၍ အားကိုးတတ်လာရန် ဖြစ်သည်။ ကျွန်ုပ်တို့သည် ပြဿနာ ကြုံတွေ့သောအခါ တပါးသူများကို တိုင်မပြောပဲ ယေရှုကို ပြောရမည်။ အခြားသူကို ကိုးစားလေလေ ညှင်းပန်းနှိပ်စက်ခြင်း ခံရလေလေ ဖြစ်သည်။ ထိုသို့ ညှင်းဆဲခြင်း ပြုလုပ်ရန် ယေရှုကိုယ်တိုင် ခွင့်ပြုထားခြင်း ဖြစ်သည်။ အကြောင်းမှာ သူ့ကိုအားကိုး စေလို၍ ဖြစ်သည်။
ဓမ္မဟောင်းတွင် ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များက ရုပ်တုကိုးကွယ် ခဲ့ကြသလို ဓမ္မသစ်တွင်လည်း ထိုသို့ ကိုးကွယ်သူများ ရှိကြသည်။ ၎င်းတို့သည် ဆူးပင်နှင့် ကျောက်ပေါ်တွင် ပေါက်သော အပင်များ ဖြစ်ကြသည်။ မသဲ ၅း၁ဝ-၁၂ တွင် ယေရှုခရစ်တော်က ဓမ္မဟောင်း ပရောဖက်များ ညှင်းပန်း နှိပ်စက်ခြင်းခံရ သကဲ့သို့ ဓမ္မသစ်ရှိ စစ်မှန်သော ခရစ်ယာန် များသည်လည်း နှိပ်စက်ခြင်းကို ခံရမည့်အကြောင်းနှင့် ထိုသို့ ခံရပါက ဝမ်းမြောက်ပါဟု
ပြောခဲ့သည်။ ကောင်းကင်တွင် အဆင့်မြင့်သော နေရာ၊ ရာထူး အမြင့်ဆုံး ရလိုလျှင် ထိုသို့ သော ညှင်းပန်းနှိပ်စက်ခြင်းကို ခံစားရသောအခါ ဝမ်းမြောက်ရမည် ဖြစ်သည်။ ဆက်လက်၍ ကျွန်ုပ်တို့၏ ညစ်ညူးသော နှလုံးသားများကို မည်သို့ သန့်ရှင်းစေမည်ကို ဆက်လက်လေ့လာ ကြပါစို့။
၁၄။ ညစ်ညူးသောနှလုံးသားကို မည်သို့ သန့်ရှင်းစေမည်နည်း ၊
ကျွန်ုပ်တို့ အသက်တာ၌ ခါးစွာသော ပင်မြစ်တွယ် နေသည်။ ထိုအရာများကို ဖယ်ရှားပစ်ရန် လိုအပ်သည်။ ထိုသို့ ခါးစွာသော ပင်မြစ် ပေါက်နေသော ညစ်ညူးသော နှလုံးသားကို မည်သို့ သန့်ရှင်းစေရမည်၊ မည်သည့် အရာများကို သိရှိထားရန် လိုအပ်သည်ကို ဆက်လက်လေ့လာ သွားမည် ဖြစ်သည်။ ညစ်ညူးသော နှလုံးသားကို သန့်ရှင်းစေနိုင်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့အား စုံစမ်းနှောင့်ယှက်ခြင်း များတွေ့ရန် ခွင့်ပြုထားသည်။
(၁) ဘုရားသခင်သည်စုံစမ်းနှောင့်ယှက်ခြင်းများ တွေ့ရန်ခွင့်ပြုသည်။
ခရစ်ယာန် အသက်တာ၌ စုံစမ်းနှောင့်ယှက်ခြင်း တွေ့ရန် ခွင့်ပြုခြင်းမှာ ကျွနု်ပ်တို့၏ အသက်တာ သန့်ရှင်းလာစေရန် ဖြစ်သည်။ ထိုစုံစမ်းနှောင့် ယှက်ခြင်းကို ဂရိဘာသာအားဖြင့် Peilasmos ဟုခေါ်သည်။ ကျွန်ုပ်တို့ အနေဖြင့် နေ့တိုင်း ဆုတောင်းသည်၊ ကျမ်းစာဖတ်သည် သို့သော် ပြဿနာနှင့် ကြုံတွေ့နေရသေးသည်။ ထိုသို့ ကောင်းမွန်စွာ ပြုကျင့်လျက်ပင် ခံရသော စုံစမ်းနှောင့်ယှက်ခြင်းကို Peilazo ဟုခေါ်သည်။ ဤပေအိလားစမို့(စ်)အပြင် နောက်ထပ် စုံစမ်းနှောင့်ယှက်ခြင်း တစ်မျိုး ရှိသေး သည်။ ၎င်းကို ပေလားဖိုး ဟုခေါ်၍ ကျွန်ုပ်တို့ လွန်ကျူးမိသော အပြစ်ကြောင့် ဒုက္ခခံရခြင်းမျိုး ဖြစ်သည်။ ဥပမာအားဖြင့် ရှင်ယာကုပ် ၁း၁-၄ ကိုဖတ် ကြည့်ပါက “ဘုရားသခင်နှင့် အရှင် ယေရှုခရစ်၏ ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲလွင့်သော တစ်ဆယ့်နှစ်ပါးသော အမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။ ငါ့ညီအစ်ကိုတို့၊ သင်တို့၏ ယုံကြည်ခြင်းကို စစ်ကြော စုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်နှင့်တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည် ဟု မှတ်ကြလော့။ သင်တို့သည် အလျှင်း မချို့တဲ့ဘဲ စေ့စပ်စုံလင် မည်အကြောင်း၊ သည်းခံခြင်း စိတ်သည် အကုန်အစင် ပြုပြင်ပါစေ။” ဟု ပါရှိသည်။
အငယ် ၂ တွင်ပါဝင်သော စစ်ကြောစုံစမ်းခြင်းသည် Peilasmos ဖြစ်သည်။ ထိုသို့ စုံစမ်းခြင်း ခံရခြင်းသည် သည်းခံခြင်းကို ဖြစ်စေ၍ စုံလင်သောသူအဖြစ် တက်လှမ်း သွားစေပါသည်။ မဿဲ ၅း၁၃-၁၄ ရှိ ပရောဖက်များခံရသော ဒုက္ခဆင်းရဲ ခြင်းသည်လည်း ပေအီလားစမို့(စ်) ဖြစ်သည်။ ယေရှုခရစ်ကို ကိုးစားသော ကျွန်ုပ်တို့ အသက်တာ၌ မိသားစုပြဿနာ၊ ငွေကြေး ပြဿနာများ တွေ့ကြုံ ခံစားရလေ့ရှိ ပါလိမ့်မည်။ ထိုသို့ ခံစားရပါက ဝမ်းမြောက်ပါဟု ယေရှုခရစ်တော်က ရှင်မဿဲ ၅း၁၂ တွင် ဖော်ပြသကဲ့သို့ ရှင်ယာကုပ် ကလည်း ဝမ်းမြောက်ရန် ပြောခဲ့ပါသည်။ ယေရှုက အဘယ့်ကြောင့် ဝမ်းမြောက်ပါဟု ပြောသနည်း။ ထိုစုံစမ်းခြင်း ၊ ကြုံတွေ့သောအခါ နှလုံးသားထဲရှိ ခါးစွာသော ပင်မြစ်များ ယိုင်နဲ့ လာပြီး တဖြည်းဖြည်း ဖယ်ရှားသွားမည်။ ထို့ပြင် တပါးသူများကို နားလည်သနား တတ်လာမည် ဖြစ်သည်။ ဥပမာ ကျွန်ုပ်တို့ အနေဖြင့် ငွေကြေး အခက် အခဲရှိပါက ဆင်းရဲသော ငွေကြေး ချို့တဲ့သူများကို စာနာသနားတတ် လာမည် ဖြစ်သည်။ သို့ သော် ယာကုပ် ၁၁၄ ရှိ စုံစမ်းခြင်းမှာမူ မိမိစွဲ လန်းခြင်း၊ တပ်မက်ခြင်းကြောင့် ဖြစ်သောကြောင့် ပေလားဧး ဖြစ်သည်။ မြန်မာ၊ အင်္ဂလိပ် ဘာသာပြန်ရာ၌ စုံစမ်းနှောင့်ယှက် ခြင်းဟု တမျိုးတည်း သုံးထားသော်လည်း မူရင်းဘာသာ၌ အသုံးအနှုန်း မတူကြောင်း သိရှိစေ လိုသည်။ အချုပ်ဆိုသော် စုံစမ်းခြင်း နှစ်မျိုး ရှိသည်။ ၎င်းတို့မှာ – (က) ပေအီလားစမို့(စ်)နှင့် [Peilasmos] (ခ) ပေလားဇိုး တို့ဖြစ်ကြသည်။ [Peilazo] ဤစုံစမ်းနှောင့်ယှက်ခြင်း များသည် ညစ်ညူးသော ကျွန်ုပ်တို့၏ နှလုံးသား များကို သန့်ရှင်းစေမည့် ပထမနည်းလမ်း ဖြစ်သည်။ ဒုတိယနည်းလမ်းကိုဆက်လက်ရှင်းပြပါမည်။
(၂)ကျွန်ုပ်တို့အတွင်း၌ ရှိသော သန့်ရှင်းသောဝိညာဉ်တော်နှင့် ဆက်သွယ် ရမည်။
ကျွန်ုပ်တို့နှလုံးသားထဲတွင် ရှိသော သန့်ရှင်းသောဝိညာဉ်တော်ကို pheuma – ပနျူမား ဟုခေါ်သည်။ ကျွန်ုပ်တို့ နှလုံးသားထဲတွင် ယေရှု ခရစ်၏ ဝိညာဉ်ဖြစ်သော သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်လာသည်။ တချိန်တည်းမှာပင် ယေရှုခရစ်တော်သည် ကျွန်ုပ်အနား၌ ရပ်နေပြီး နှလုံး သားထဲတွင်လည်း ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်လျက် ရှိသည်။ ဤအချိန်တွင် အပြင်၌ ရှိသော ခရစ်တော်ထက် အတွင်းနှလုံးသားထဲ၌ ရှိသော ခရစ်တော်ကို ဦးစွာ စကားပြောရမည် ဖြစ်သည်။ ကျွန်ုပ်တို့ အတွင်းနှလုံးသားတွင် သန့်ရှင်းသောဝိညာတော် အသီး ၉-မျိုး ရှိသည်။ ထိုဝိညာဉ် အသီး ၉-မျိုးကို ဂလာတိ ၅း၂၂-၂၃ တွင် ဖော်ပြထားသည်။
ဝိညာဉ်တော် အသီး ၉-မျိုး (ဂလာတိ ၅း၂၂-၂၃)
(၁) ချစ်ခြင်း
(၂) ဝမ်းမြောက်ခြင်း
(၃) ငြိမ်သက်ခြင်း
(၄) စိတ်ရှည်ခြင်း
(၅) ကျေးဇူးပြုခြင်း၊
(၆) ကောင်းမြတ်ခြင်း၊
(၇) သစ္စာစောင့်ခြင်း
(၈) နူးညံ့သိမ်မွေ့ခြင်း
(၉) ကာမဂုဏ်ချုပ်တီးခြင်း စသည်တို့
ဖြစ်ကြသည်။ ‘ ထိုဝိညာဉ် အသီး ၉-မျိုးအပြင် ဝိညာဉ် ဆုကျေးဇူး ၉-မျိုး ရှိသေးသည်။
ဝိညာဉ်ဆုကျေးဇူး ၉-မျိုး (၁ကော ၁၂း၈-၁၀)
ဝိညာဉ်ဆုကျေးဇူး အမျိုးပေါင်း ၃၀-ခန့် ရှိသည်။ သို့သော် ၁ကော ၁၂း၈-၁ဝ တွင် ၉-မျိုးကို တွေ့ရသည်။ ဦးစွာပထမ ၉-မျိုးကို ရေးကြပါစို့ ။
(၁) ပညာတရား၊
(၂) ထိုးထွင်းခြင်းတရား၊
(၃) ယုံကြည်ခြင်း၊
(၄) အနာရောဂါ ငြိမ်းစေခြင်း၊
(၅) တန်ခိုးပြနိုင်ခြင်း၊
(၆) ပရောဖက်ပြုနိုင်ခြင်း၊
(၇) စိတ်ဝိညာဉ်ကို ပိုင်းခြားနိုင်ခြင်း၊
(၈) အမျိုးမျိုးသော ဘာသာစကား ပြောခြင်း၊
(၉) ဘာသာစကားကို အနက်ပြန်နိုင်ခြင်း တို့ဖြစ်ကြသည်။ ဆက်လက်၍ အခြားဝိညာဉ်ဆုကျေးဇူးကို ရေးမှတ်ကြပါစို့။ ၎င်းတို့မှာ –
(၁၀) သင်ကြားခြင်း၊
(၁၁) တရားဟောခြင်း၊
(၁၂) သီဆိုခြင်း၊
(၁၃) တီးမှုတ်ခြင်း၊
(၁၄) ရေးသားခြင်း၊
(၁၅) ချက်ပြုတ်ခြင်း၊
(၁၆) အတတ်ပညာရှင်များ၊
(၁၇) ငွေကြေးထောက်ပံ့ခြင်း၊
(၁၈) စီမံခန့်ခွဲခြင်း၊
(၁၉) အစေခံခြင်း၊
(၂၀) ဧည့်ဝတ်ပြုခြင်း၊
(၂၁) အားပေးတိုက်တွန်းခြင်း၊
(၂၂) တည်ဆောက်ပေးခြင်း၊
(၂၃) ကိုယ်စားပြုဆုတောင်းခြင်း၊
(၂၄) ခေါင်းဆောင်နိုင်ခြင်း၊
(၂၅) လက်ထောက်ခေါင်းဆောင်များ၊
(၂၆) ထိန်းသိမ်းခြင်း၊
(၂၇) Sunday School ဆရာ/မများ၊
(၂၈) လူငယ်များ ခေါင်းဆောင်ခြင်း၊
(၂၉) ဘဏ္ဍစိုး၊
(၃၀) အသင်းတော် တည်ထောင်သူများ စသည်တို့ဖြစ်ကြသည်။
ထိုဆုကျေးဇူးများသည် ကျွန်ုပ်တို့ အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်သည်နှင့် တပြိုင်နက် အလိုလို တပါ တည်းပါလာပြီး ဖြစ်သည်။ ပနျမား ဟုခေါ်သော ကယ်တင်ခြင်း နားလည် ယုံကြည်စေသော သန့်ရှင်းသော ဝိညာဉ်တော် ကျိန်းဝပ်သည်နဲ့ တပြိုင်နက် ဝိညာဉ်အသီးနှင့် ဝိညာဉ် ဆုကျေးဇူး များအားလုံး တပြိုင်နက် ပါဝင်ပြီး ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ပနျူမားသည် လူပုဂ္ဂိုလ် ကဲ့သို့ ခံစားချက် ရှိသည်။ ထို့ကြောင့် ပနျူမားသည် ကျွန်ုပ်တို့ အထဲတွင် ရှိသော စာတန်၏ အကျင့်စရိုက်များက ဝန်းရံနေသော အခါ ဘာမှ မလုပ်ပဲ တိတ်ဆိတ်စွာ နေသည်။ အဘယ့်ကြောင့် ဆိုသော် ပနျူမားသည် သန့်ရှင်းသောကြောင့် မသန့်ရှင်းသော အရာများနှင့် ရောပြွမ်း၍ မရပဲ သီးခြား ဖြစ်နေသည်။ ဥပမာ – ဆီနှင့် ရေ ရော၍ မရသကဲ့သို့ ဖြစ်သည်။ သို့ဖြစ်လျှင် ကျွန်ုပ်တို့ အနေဖြင့် ပနျူမား သန့်ရှင်းသော ဝိညာဉ်တော်နှင့် မည်သို့ ဆက်သွယ် ရမည်နည်း။
ပမာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ဆက်သွယ်နည်းများ
(က) ကျွန်ုပ်တို့အထဲတွင် ကျိန်းဝပ်နေသော သန့်ရှင်းသောဝိညာဉ် တော်ကို ယုံကြည်ခြင်းအားဖြင့် ပုံဖော်ကြည့် ရမည်။ တိတ်ဆိတ်စွာ ဘုရားသခင်နှင့် အချိန်ယူရမည်။ ထို့ပြင် ဂုဏ်တော်သီချင်း များအားဖြင့် ချီးမွမ်းရမည်။ ထိုသို့ နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့၍ ဘုရားသခင်ကို ချီးမွမ်းက ကျွန်ုပ်တို့အထဲရှိ ဝိညာဉ်တော်ကို ပုံဖော်ကြည့်နိုင်လာ လိမ့်မည်။
(ခ) ပုံဖော်ကြည့်ပြီး ဝိညာဉ်တော်ကို မြင်လာပါက ကျွန်ုပ်တို့ အထဲတွင် ရှိသော သန့်ရှင်းသောဝိညာဉ်တော်ကို ဝန်ခံ အသိအမှတ်ပြုမည် ။ ဖြစ်သည်။ ထိုအခါ ကျွန်ုပ်တို့ အထဲ၌ ဝိညာဉ်တော် ကိန်းဝပ်ကြောင်း ခံစားရမည် ဖြစ်သည်။ ထိုသို့ ခံစားရသောအခါ စာတန်၏ အကျင့်စရိုက် များက တုန်လှုပ်ပြီး သန့်ရှင်းရန် အဆင်သင့် ဖြစ်လာသည်။ ဥပမာ – သူလျှို တစ်ဦး ကျွန်ုပ်အထဲတွင် ရောက်နေပြီး ကျွန်ုပ်တို့က သူလျှိုမှန်း ၊ သိသောအခါ သူသည် ကြောက်လန့် တုန်လှုပ်သွား သကဲ့သို့ ဖြစ်သည်။
(ဂ) ကျွန်ုပ်တို့အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်အား ကျွန်ုပ်အထဲရှိ ညစ်ညူးသော သူလျှိုများကို ဖယ်ထုတ်ပေးပါဟု ပြောရမည်။ ထိုအကြောင်း အရာကို သန့်ရှင်းသောဝိညာဉ်တော် ဘုရားထံ နုတ်ဖျားလေးမှ ဝန်ခံရုံ မဟုတ်ပဲ အတွင်းနှလုံးသားထဲမှ နက်ရှိုင်းစွာ ဝန်ခံရမည် ဖြစ်သည်။ ထို့ကြောင့် ထပ်တလဲလဲ တောင်းဆိုခြင်းသည် အလွန်အရေးကြီး သည်။ ထိုသို့ ဖိတ်ခေါ် သောအခါ သန့်ရှင်းသော ဝိညာဉ်တော်ကို ကြိုဆိုရမည်။ နှုတ်ဆက်ရမည်။ မိမိ၏ ပြဿနာ ဖြေရှင်းပေးရန် ဆက်သွယ် တောင်းဆို၍ မိဿဟာယပြု ရမည် ဖြစ်သည်။
(၃) နှုတ်ကပတ်တော်ကိုဆင်ခြင်အောက်မေ့ပါ
ကျွန်ုပ်တို့အနေဖြင့် သန့်ရှင်းသောဝိညာဉ်တော်နှင့် မိဿဟာယဖွဲ့ သောအခါ ထိုသန့်ရှင်းသောဝိညာဉ်တော် ဘုရားသည် ကျွန်ုပ်တို့ကို နှုတ်က ပတ်တော် ဆင်ခြင်အောက်မေ့ရန် နှိုးဆော်လာမည် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် နှုတ်ကပတ်တော်သည် အသွား နှစ်ဖက်ပါသော သန်လျက်ကဲ့သို့ ဖြစ်သောကြောင့်ပင်။ ဤအကြောင်းအရာကို ဟေဗြဲ ၄၁၂၊ ဧဖက် ၆း၁၇ တွင် ဖော်ပြထားသည်။ ဟေဗြဲ ၄:၁၂ တွင် “ဘုရားသခင်၏ နှုတ်ကပတ်တော် တရားသည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့် ပြုပြင်ခြင်း၊ သန်လျက်တကာတို့ ထက် တက်ခြင်းနှင့် ပြည့်စုံသည် ဖြစ်၍၊ အသက်နှင့် စိတ်ဝိညာဉ်ကို ၎င်း၊ အရိုးအဆစ်နှင့် ခြင်းဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခြင်း တတ်၏။ စိတ်နှလုံး အကြံအစည်များကိုလည်း သိမြင်တတ်၏” ဧဖက် ၆၁၇တွင် “ကယ်တင်ခြင်း ၊ တည်းဟူသော သံ ခမောက်လုံးကို ၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ် တည်းဟူသော ဝိညာဉ်တော်၏ ဓားကို၎င်း ယူကြလော့။” ကျွန်ုပ်တို့အနေဖြင့် နှုတ်ကပတ်တော်ကို လေ့လာရုံသာပြုပါက ခေါင်းထဲ၌သာ ရောက်ရှိပြီး ခေါင်းကြီးလာကာ ခန္ဓာကိုယ်အတွက် အန္တရာယ် ရှိလာပေလိမ့်မည်။
ခေါင်းထဲရောက်လာသော နှုတ်ကပတ်တော်များကို နှလုံးသားထဲသွင်းမှ ညီမျှလာမည် ဖြစ်သည်။ ယနေ့ သင်တန်းတက်ရောက် သူများအနေဖြင့် ခေါင်းကြီးရုံသာ မဖြစ်စေရန် သတိပြုရမည်။ ခေါင်းကြီးသော သူသည် ဝိညာဉ်လူ များအတွက် ရယ်စရာသာ ဖြစ်သည်။ ဘုရားသခင်သည် ကြီးမားသော ခေါင်းရှိခြင်းထက် ကြီးမားသော နှလုံးသား ရှိသူဖြစ်စေလို ပါသည်။ ထို့ကြောင့် နှုတ်ကပတ်တော်များများ အလွတ်ကျက်မှတ်၍ များများဆင်ခြင် အောက်မေ့ရမည်။ ထိုသို့ နှုတ်ကပတ်တော်ကို စားသုံးပြီး အစာကြေပါမှ သန်လျက်ကဲ့သို့ ထက်မြက်လာပြီး နှလုံးသားထဲတွင် ခိုအောင်း ၊ နေသော ဆိုးညစ်သော အရာများကို ခုတ်ထစ် ဖျက်ဆီးသွားနိုင်မည် ဖြစ်သည်။ နှလုံးသားထဲတွင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားမည် ဖြစ်သည်။
(၄) အပြင်ဘက်၌ ရှိသော ဝိညာဉ်တော် ပါရာကလေးတို့စ် (သို့) ဥပဇ္ဈာယ်ဆရာ ။
( PARACLATOS ) ၊
ဤစတုတ္ထအဆင့်တွင် အပြင်ဘက်၌ ရှိသော အကူအညီပေးသည့် ပါရာကလေးတို့စ် ခေါ် ဥပဇ္ဈာယ်ဆရာကို ခေါ်ဖိတ်ရပါမည်။ ဤဥပဇ္ဈာယ် ဆရာအကြောင်းကို ယော ၁၄း၁၆ တွင် “ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော်တည်းဟူသော တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့် အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့အား ပေးတော်မူ မည်” ဟု ဖော်ပြသည်။ ပါရာနှင့် ကလေးတို့စ် စကားလုံး နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ပါရာ၏ အဓိပ္ပာယ်မှာ ကျွန်ုပ်၏ အပြင်ဘက်၌ ယှဉ်တွဲပြီး အလုပ်လုပ်သော သူဖြစ်၍ ကလေးတို့စ် မှာ ဖိတ်ကြားခံရသောသူ (သို့) ဖိတ်မှလာသော သူဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ပါရာကလေးတို့စ်၏ အဓိပ္ပာယ်မှာ ကျွန်ုပ်တို့ ခေါ်ဖိတ်မှသာ ကျွန်ုပ်အနားတွင် ဘေးချင်းယှဉ်၍ အပြင်ဘက်မှ လုပ်ဆောင်ပေးသော ဝိညာဉ်တော် ဖြစ်သည်။ ပါရာကလေးတို့စ် ကို အဓိပ္ပာယ် (၄)မျိုးဖြင့် ဖွင့်ဆိုထားသည်။ ၎င်းတို့မှာ –
(က) နှစ်သိမ့်သူ (Comforter )
(ခ) ကူညီသောသူ (Helper )
(ဂ) အားပေးသောသူ (Encourager )
(ဃ) အမှုဆောင်ရွက်ပေးသောသူ (သို့) ရှေ့နေ ( Law) တို့ဖြစ်ကြသည်။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကူညီမစရန် ပါရာကလေးတို့စ်ကို စေလွှတ်ပေးခဲ့သည်။ နောက်ဆုံးသော ညစာ စားပွဲတွင် ယေရှုခရစ်တော်က တပည့်တော်များအား ဥပဇ္ဈာယ်ဆရာကို စေလွှတ်ပေးမည်ဟု ကတိပေး ခဲ့သည်။ ပင်တေကုတ္တေပွဲနေ့ ရောက်သောအခါ တပည့်တော်များသည် ထိုကတိထားခဲ့သော ဥပဇ္ဈာယ်ဆရာတည်းဟူသော ဝိညာဉ်တော်ကို ခံရကြသည်။ ထိုဥပဇ္ဈာယ်ဆရာသည် ပင်တေကုတ္တေပွဲနေ့ မှစ၍ ကမ္ဘာ ဆုံးသည်အထိ ကျွန်ုပ်တို့ နှင့်အတူ ရှိနေမည် ဖြစ်သည်။ ခရစ်တော်ရှိ နေစဉ်ကလည်း ခရစ်တော် နှင့်အတူ ထိုဥပဇ္ဈာယ်ဆရာ ရှိနေခဲ့သည်။ ပနျူးမား ဟုခေါ်သော သန့်ရှင်းသောဝိညာဉ်တော် ကျွန်ုပ်တို့ နှလုံးသားထဲ ကျိန်းဝပ်သကဲ့သို့ ကျွန်ုပ်တို့ ဘေး၌ ပါရာကလေးတို့စ် သည်လည်း ကျွန်ုပ်တို့ နှင်အတူ သွားလေရာရာ၌ လိုက်ပါလျက် ရှိသည်။ ပါရာကလေးတို့စ်သည် အနည်းဆုံး နည်းလမ်း (၃)မျိုးဖြင့် လှုပ်ရှားသည်။
ပါရာကလေးတို့စ် ခေါ် ဥပဇ္ဈာယ်ဆရာ၏ လှုပ်ရှားပုံ (၃)မျိုး
(၁) မီးကဲ့သို့
ဥပဇ္ဈာယ်ဆရာ တည်းဟူသော ပါရာကလေးတို့စ်သည် မီးကဲ့သို့ လှုပ်ရှားတတ်သည်။ ထို့ကြောင့် ထိုမီးကို ဖိတ်ခေါ်ရမည်။ ထိုမီးကို ကျွန်ုပ်တို့၏ ဦးခေါင်းထက်တွင် တည်နေစေ ရမည်။ ခေါင်းပေါ်၌ မီးသက် ရောက်သည်ကို ခံစားရပြီး တဖြည်းဖြည်း အတွင်းသို့ ဆင်းသက်လာမည်။
နောက်ဆုံး အတွင်းနှလုံးသားထိ ရောက်ဖို့ ခေါ်ဖိတ်ရမည်။ ထိုသို့ မီးကဲ့သို့ ဆင်းသက်လာသော အခါတွင် ကျွန်ုပ်တို့၏ ဆိုးညစ်သော အရာများကို အပိုင်းပိုင်း ခုတ်ထစ်ခြင်း ခံစားရပြီး၊ ထိုဝိညာဉ်တော် မီးက လောင်ကျွမ်းသွား မည်ဖြစ်သည်။ ယေရုရှလင်မြို့ အထက်ခန်းတွင် ဆုတောင်းသော တပည့်
တော်များ ထိုမီး၏ အတွေ့ အကြုံကို လက်တွေ့ ခံစားခဲ့ရသည်။ မီးသည် ကျွန်ုပ်တို့၏ မကောင်းသော အကျင့်များကို လောင်ကျွမ်း သွားသည်။ ရှင်ပေတရု ကြီးသည်လည်း ယေရှုခရစ်ကို လိမ်လည်ခဲ့သူ ဖြစ်သည်။ အင်မတန် ဒေါသကြီးသောသူ ဖြစ်သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ကို ခံရပြီးနောက် သူ၏ မကောင်းသော အကျင့်စရိုက် အချို့ လောင်ကျွမ်း သွားသည်။ ရှင်ပေတရု၏ မကောင်းသော အကျင့်စရိုက်အားလုံး မလောင်ကျွမ်း သေးသော်လည်း အချို့ လောင်ကျွမ်း သွားသည်။ ထိုအခါ ပနျူမား ဝိညာဉ်တော်က ရှင်ပေတရု၏ နှလုံးသားတွင် နေရာရလာပြီး ဟောပြောခြင်း ဆုကျေးဇူး၊ သင်ကြားခြင်း ဆုကျေးဇူးအပြင် ဓမ္မဟောင်း ကျမ်းကို ကိုးကားနိုင်သော ဉာဏ်ပညာများ၊ ထိုးထွင်းသော ဆုကျေးဇူးများကို ရရှိကြောင်း တွေ့ရသည်။ ထို့ပြင် တမန်တော် အခန်းကြီး ၃ တွင် အနာရောဂါ ငြိမ်းသော ဆုကျေးဇူး၊ တမန်တော် ၅ တွင် အာနနိနှင့် ရှဖိရေ အပေါ် အံ့သြဖွယ် နိမိတ်လက္ခဏာများ ပြနိုင်သော တန်ခိုးများ ရရှိခဲ့သည်။ ယခုအချိန်တွင် ကျွန်ုပ်တို့၌ ထိုမီး လိုအပ်ပါသည်။ မီးလောင်သောအခါ ပြာများ ကျန်နေပြီး ထိုပြာများကို ရေနှင့် ဆေးကြော ရမည်။ ထို့ကြောင့် ပါရာကလေးတို့စ်သည် တခါတရံ ရေကဲ့သို့ လာသည်။
(၂) ရေကဲ့သို့
ပါရာကလေးတို့စ်သည် ရေကဲ့သို့ လာရာတွင်လည်း နည်းအမျိုးမျိုး ဖြင့်လာသည်။ တခါတရံတွင် အာရုံနှင်းကဲ့သို့ ဖြည်းညင်းစွာ ကျဆင်းလာ တတ်သည်။ ဝုန်းကနဲ မလာပဲ ဖြည်းညင်းစွာ လာသောကြောင့် တခါတရံတွင် ကျွန်ုပ်တို့ အနေဖြင့် မသိနိုင်ပါ။ ထိုနှင်းကို ခံယူသောအခါ ကျွန်ုပ်တို့ အသက်တာထဲရှိ ပြာများကို ဆေးကြော လိုက်သည်။ တခါတရံတွင်မူ သည်းထန်သော မိုးကဲ့သို့ ၎င်း၊ မိုးသက်မုန်တိုင်းကဲ့သို့ ၎င်း ပုံစံအမျိုးမျိုးဖြင့် လာတတ်သည်။ ကျွန်ုပ်တို့၏ အခြေအနေပေါ်မူတည်ပြီး နည်းအမျိုးမျိုးဖြင့် ခံစားရမည် ဖြစ်သည်။ ယခု သင်တန်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ကို မီးကဲ့သို့ ၎င်း၊ ရေကဲ့သို့ ၎င်း ခံစားရမည် ဖြစ်သည်။ ကျွန်ုပ်တို့ထံ၌ ထိုသို့ ခံစားပြီးပါက နောက်ဆုံးတွင် ဆီကဲ့သို့ ကျွန်ုပ်တို့ နှလုံးသားကို ဘိသိက် ခြင်းခံရပေမည်။ ။
(၃) ဆီကဲ့သို့
ကျွန်ုပ်တို့ အတွင်းနှလုံးသားထဲရှိ ဆိုးညစ်သော အရာများ မီးနဲ့ လောင်ကျွမ်း၍ ပြာများကို ရေနှင့် ဆေးကြောပြီး၊ နောက်ဆုံးတွင် ဘိသိက် ခံရမည်။ မီးနှင့် ရေနှင့် ဆေးကြောခဲ့သဖြင့် ကျန်ရစ်သော ဒဏ်ရာများကို သန့်ရှင်းသောဝိညာဉ်တော် ဆီနှင့် အနာငြိမ်းစေရမည် ဖြစ်သည်။ ကျွန်ုပ် အနေဖြင့် မိတ်ဆွေတို့အပေါ် လက်တင် ဆုတောင်းပေးသောအခါ ပါရာက လေးကို့စ် ခေါ် ဥပဇ္ဈာယ်ရာကို ခေါ်ဖိတ်ခြင်း ဖြစ်သည်။ “ဥပဇ္ဈာယ်ဆရာ ဤသူ အပေါ် သက်ရောက်ပါ” ဟု ကျွန်ုပ် ဆုတောင်းနေစဉ် သင်၏ နှလုံးသားကို ဖွင့်ထားပါက ဝိညာဉ်တော်သည် မီးကဲ့သို့ ၎င်း၊ ရေကဲ့သို့ ၎င်း ဝင်လာပြီး မိတ်ဆွေ၏ နှလုံးသားကို ဆေးကြော ပေးလိမ့်မည်။ ထိုအခါ မိတ်ဆွေထဲရှိ ဆိုးညစ်သော အကျင့်စရိုက်အချို့ ထွက်သွား ပေလိမ့်မည်။ အချို့မှာ လဲကျသွားပြီး ကောင်းကင်ဘုံကို မြင်ရခြင်း၊
အခြားသော ဘာသာစကား အမျိုးမျိုးကို ပြောလာခြင်း စသည့် ဝိညာဉ်
ကျေးဇူးများ ခံစားရမည်။ အချို့မျက်ရည် ကျလာခြင်းများ ဖြစ်လာမည်။ သို့သော် နှလုံးသားကို ဖွင့်မထားပါက ပါရာကလေးတို့စ် မဝင်ရောက်နိုင်ပါ။
များအပေါ် လက်တင်သောအခါ “ကိုယ်တော် ဤသူအပေါ် ကျွန်ုပ် လက် မတင်ပါ၊ ကိုယ်တော်၏ လက်ကိုသာ တင်ပါ” ဟု ဆုတောင်းလေ့ ရှိသည်။ ကိုးရီးယားတွင် ကျွန်ုပ်သည် လူများစွာပေါ် လက်တင် ဆုတောင်း ၊ ပေးခဲ့ရာ ထိုသူများထဲမှ အမျိုးသမီး တစ်ဦးက ဤသို့ လာရောက်၍ သက်သေခံ ခဲ့သည်။ “ဆရာကြီး လက်တင် ဆုတောင်းပေးတဲ့အခါ ကျွန်မရူပါရုံမှာ ဆရာကြီးမဟုတ်ပဲ ယေရှုက ကျွန်မပေါ် လက်တင် ဆုတောင်းပေးတယ်” ဟု ပြန်လည် သက်သေခံ ခဲ့သည်။ ကျွန်ုပ်သည်လည်း ခင်ဗျားတို့ အပေါ် လက်တင်နိုင်လောက်သော သန့်ရှင်းသော အသက်တာ မရှိပါ။ ယေရှုထံ၌သာ ဆုတောင်းရသည်။ ကိုးရီးယားတွင် ပြုလုပ်သော ခရူးဆိတ်တခုတွင် အမှုတော်ဆောင် (၃ဝဝ)ခန့် တက်ရောက်ခဲ့ပြီး၊ ၎င်းတို့က သူတို့ တဦးချင်းအပေါ်တွင် လက်တင် ဆုတောင်း ပေးလျှင် အားပြတ်ပြီး မူးလဲ သွားနိုင်သည်။ သို့သော် ယေရှုက တတ်နိုင်သည်။ ယေရှုက အမှုပြုသည်။ ယေရှုကပင် ခွန်အားပေးသောကြောင့် ထိုလူ (၃ဝဝ)မှာ ဘုရားသခင့် ထံမှ ဘိသိက်ခြင်း ခံစားကြရသည်။ ဟာလေလုယာ ..
ကျွန်ုပ်တို့အနေဖြင့် နှလုံးသားထဲရှိ ထိုမကောင်းသော အရာများကို ဖယ်ထုတ်ခြင်း မပြုပါက ကောင်းသောမြေ မဖြစ်နိုင်ပေ။ ကျွန်ုပ်တို့ ခရစ်ယာန် ထဲတွင် ခရစ်ယာန် (၃)မျိုးဖြစ်သော ကျောက် ခရစ်ယာန်များ၊ ဆူး ခရစ်ယာန်များနှင့် ကောင်းသော ခရစ်ယာန်များရှိရာ၊ ကောင်းသောမြေ ခရစ်ယာန်ဖြစ်မှ အဆ ၃ဝ၊ အဆ ၆၀၊ အဆ ၁ဝဝ အသီးသီး၍ ပွားများ နိုင်မည် ဖြစ်သည်။ ရှင်ပေတရုနှင့် ရှင်ပေါလုတို့သည်လည်း ကောင်းသောမြေ
ဖြစ်လာစေရန် ဆိုးညစ်သော အရာများကို ဖယ်ရှားခဲ့ရသည်။ ရှင်ပေါလုသည် ၊ ထိုသို့ ဖယ်ထုတ်ပြီး ဆယ်နှစ်လုံးလုံး ပါရာကလေးတို့စ် နှင့် အချိန်ယူခဲ့ပြီးမှ အန္တိအုတ် အသင်းတော်၌ အမှုတော်ဆောင် ဖြစ်လာခဲ့သည်။ ကျွန်ုပ်တို့သည် အထဲ၌ ညစ်ညူးသော အရာများကို မဖယ်ရှားပဲ အသင်းတော်၌ သင်းအုပ် ဆရာအဖြစ် ဖြစ်စေ၊ သင်းထောက်ဖြစ်စေ၊ သာသနာပြုဖြစ်စေ အမှုတော်
ဆောင်နေပါက ပြဿနာကြီးပင် ဖြစ်ပေလိမ့်မည်။ ဆက်လက်၍ ဆီနှင့် ဘိသိက်ခြင်း နှင့်ဆိုင်သော ကဏ္ဍ (၄)မျိုးကို ရှင်းပြလိုပါသည်။
၁၅။ ဆီနှင့် ဘိသိက်ခြင်းကဏ္ဍ (၄)မျိုး
(က) ဆီသည် နှလုံးသားတွင်းရှိ ဒဏ်ရာများကို အနာငြိမ်းစေသည်။ နပ်တို့ နှလုံးသားသည် စာတန်၏ သဘောသဘာဝနှင့် ဘုရားသခင်၏ သဘာဝတို့ ဆန့်ကျင်ရာ စစ်မြေပြင် ဖြစ်သည်။ စာတန်၏ စရိုက်လက္ခဏာများ ထွက်သွားသောအခါ ဒဏ်ရာဒဏ်ချက်များ ကျန်ရစ်လေ့ရှိပြီး ထိုဒဏ်ရာများကို သက်သာပျောက်ကင်းစေရန် ဘိသိက်ဆီကို အသုံးပြုသည်။
(ခ) တဖန် ဓမ္မဟောင်းကာလတွင် ရှင်ဘုရင်များကို ဘိသိက်သော အခါ ဆီဖြင့် ဘိသိက်ရသည်။ ထိုသို့ ပင် ဝိညာဉ်တော်ဆီဖြင့် ဘိသိက်ခံ ရသောအခါ ကျွန်ုပ်တို့၌ ရှင်ဘုရင်၏ အခွင့်အာဏာကို ရရှိခံစားရသည်။ စာတန်၏ တန်ခိုးကို ဖြိုဖျက်ရန်နှင့် အောင်မြင်နိုင်ရန် တန်ခိုးရရှိသည်။
(ဂ) ယဇ်ပုရောဟိတ်များကို ခန့်သော အခါတွင်လည်း ဆီနှင့် ဘိသိက်ပြီးမှ ခန့်ရသည်။ အသင်းအုပ် ဆရာများအပေါ် သိက္ခာတော်ရရှိပြီး၊ သူတို့က လက်တင်ပြီး ဘိသိက်တင်သကဲ့သို့ ဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့်လည်း နေ့ရက်စဉ်တိုင်း ယဇ်ပရောဟိတ် တန်ခိုးကို ဘိသိက်ခံခြင်း အားဖြင့် ရရှိသည်။ ယဇ်ပုရောဟိတ်၏ တာဝန်မှာ ဘုရားနှင့် လူကြားတွင် ဆက်သွယ်အမှုဆောင် ပေးရသော သူဖြစ်သည်။ မိမိနှင့် လူအားလုံးတို့၏ အပြစ်ကို ဘုရားသခင်ထံ၌
ဆောင်ယူပြီး အပြစ်ဖြေခြင်း ယဇ်ကို ပြုရသည်။ ထို့ပြင် ဘုရားသခင်၏ ရန်သူဖြစ်ခဲ့သော မယုံကြည်သူများကို ဘုရားသခင်နှင့် ပြန်လည် မိတ်ဆွေဖွဲ့ နိုင်စေရန် ပြုလုပ်ရသည်။ ထို့ကြောင့် ယဇ်ပုရောဟိတ် ဘိသိက်ကို ခံပြီးမှ လူများအား ဧဝံဂေလိဟောခြင်းကို ပြုလုပ်ရမည်။
(ဃ) ပရောဖက်များကိုလည်း ဆီနှင့် ဘိသိက်ရသည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ဟောပြောသော ပရောဖက် ဖြစ်သင့်သည်။ သမ္မာတရားနှင့် ဆန့်ကျင်ဘက် အရာများကို ပြောမည့်အစား အမှန်တရားကို ဟောပြောသူ ဖြစ်ပါက ညှင်းပန်းနှိပ်စက် သောသူများ သတ်ဖြတ်မည်ကို မကြောက်ဘဲ ရဲရင့်သော ပရောဖက်ဖြစ်လာ လိမ့်မည်။
ထို့ကြောင့် ဝိညာဉ်တော် ဆီနှင့် ဘိသိက်ခံရသောအခါ ကဏ္ဍ (၄)မျိုး လုံးအတွက် ဘိသိက်ခံရ သူဖြစ်ကြောင်း မမေ့သင့်ပါ။ ထို့ပြင် ဝိညာဉ်တော် ဘိသိက်တန်ခိုးကို အယောက်စီတိုင်း ခံယူကြရန် အထူးလိုအပ် ပါသည်။ ကျွန်ုပ်တို့ အထဲတွင်ရှိသော ဝိညာဉ်တော်ကို စကားပြော၍ အပြင်တွင် ရှိသော ဥပဇ္ဈာယ်ဆရာ ပါရာကလေးတို့စ်ကို ရေကဲ့သို့ ဖြစ်စေ၊ မီးကဲ့သို့ ဖြစ်စေ၊ လေပြင်းမုန်တိုင်းကဲ့သို့ ဖြစ်စေ လှုပ်ရှားရန် ခေါ်ဖိတ် ရပေမည်။
၁၆။ ပုံဥပမာ – ၂ ပေါင်းပင် (သို့မဟုတ် ) (မဿဲ ၁၃း၂၄-၃၀, ၃၆-၄၃)
မျိုးစေ့ ဥပမာ
ရှင်မဿဲ ၁၃ တွင်တွေ့ရသော ဒုတိယ ပုံဥပမာမှာ ပေါင်းပင်ဥပမာ (သို့) တောမျိုးစေ့ ဥပမာ ဖြစ်သည်။ ဤအကြောင်းအရာကို မဿဲ ၁၃၂၄၃၀ ထိဖတ်ကြည့်ပါက အောက်ပါအတိုင်း တွေ့နိုင်သည်။ “အခြားသော ဥပမာ စကားကို မိန့်မြွတ်တော် မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် ကောင်းသော မျိုးစေ့ကို လယ်၌ ကြဲသော သူနှင့် တူ၏။ လူတို့သည် အိပ်ပျော် သောအခါ သူ၏ ရန်သူသည် လာ၍ ကောင်းသော စပါးနှင့် လက္ခဏာ တူသော တောမျိုးစေ့ကို စပါးအထဲ၌ ကြဲ၍ သွားလေ၏။ အပင်ပေါက်၍ အသီး အနှံထွက်သောအခါ တောပင်များလည်း ထင်ရှားလျှင်၊ ကျွန်တို့သည် အိမ်ရှင်ထံသို့ သွား၍ သခင်၊ ကောင်းသော မျိုးစေ့ကို လယ်၌ ကြံတော်မူသည် မဟုတ်လော။ တောပင်တို့သည် အဘယ်က ဖြစ်သနည်းဟု လျှောက်ကြလျှင်၊ အိမ်ရှင်က၊ ဤအမှုကား ရန်သူပြုသော အမှုတည်းဟု ဆို၏။ အကျွန်ုပ်တို့သည် သွား၍ ဘောပင်တို့ကို ရွေးနုတ်စေခြင်းငှါ အလိုတော်ရှိ သလောဟု လျှောက်ကြလျှင် အိမ်ရှင်က ထိုသို့ ငါအလို မရှိ၊ တောပင်တို့ကို ရွေးနုတ်လျှင် စပါးပင်တို့ကို ရွေးနုတ်မည် စိုးရိမ်စရာ အကြောင်း ရှိ၏။ စပါးရိတ်သည် ကာလတိုင်အောင် အပင်နှစ်မျိုးတို့သည် အတူကြီးပွား ပါလေစေ။ စပါး ရိတ်သည် ကာလ ရောက်လျှင် တောပင်တို့ကို ရှေးဦးစွာ ရွေးနုတ်၍ မီးရှို့ခြင်းငှါ စည်းနှောင် ကြလော့။ စပါးကိုကား ကျီ၌ စုသိမ်း၍ သွင်းထားကြလော့ ဟု ရိတ်သော သူတို့အား ငါစီရင်မည်ဟု အိမ်ရှင်ဆိုသည်ဟု မိန့်တော်မူ၏။”
ဆက်လက်၍ ယေရှုက အထက်ပါ ပုံဥပမာ၏ ရှင်းလင်းချက်ကို ၊ မဿဲ ၁၃၃၆-၄၃ တွင် ပြောပြထားသည်။ အငယ် ၃၇ တွင် ကောင်းသော မျိုးစေ့ကို ကြဲသော သူသည် လူသားဖြစ်၏ ဟုဆိုထားရာ ယေရှုကို ဆိုလိုပြီး အငယ် ၃၈ တွင် လယ်သည် ဤလောကဖြစ်ကြောင်းနှင့် ကောင်းသော
မျိုးစေ့မှာ ယုံကြည်သူ ခရစ်ယာန်များကို ဆိုလိုသည်။ တောမျိုးစေ့မှာ စာတန်၏ သားသမီး မယုံကြည်သူများ ဖြစ်သည်။ အငယ် ၃၉ တွင် ရန်သူသည် စာတန်ဖြစ်၍ စပါးရိတ်သော ကာလသည် ဤကမ္ဘာကုန်ဆုံးချိန်၊ စပါးရိတ်
သောသူများသည် ကောင်းကင်တမန်များ ဖြစ်သည်။ အငယ် ၄၀ တွင် “မီးရှို့တယ်” ဟူသောအရာမှာ ငရဲမီးကို ဆိုလိုသည်။ ယခုအချိန်တွင်
ကောင်းကင်နိုင်ငံ ဆိုသည်မှာ ခရစ်တော်၏ လက်ဝါးကားတိုင်တွင် အသေခံ ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းမှ တရားစီရင်ခြင်း အချိန်ကာလကို ရည်ညွှန်း သည်။ ဘုရားသခင်၏ နိုင်ငံတော်နှင့် ပတ်သက်၍ အမျိုးမျိုးရှင်းပြခဲ့ပြီး ဖြစ်သည်။ ရှေ့ပိုင်းတွင် ဘုရားသခင်၏ နိုင်ငံတော်မှာ ဖန်ဆင်းခြင်း ကာလမှ ထာဝရကာလထိ ဖြစ်သော်လည်း ယခု ဤသင်ခန်းစာအရ ကယ်တင်ခြင်း ကဏ္ဍနှင့် ပတ်သက်၍ ဘုရားသခင်၏ နိုင်ငံတော်ကို အကျဉ်းချုပ်လိုက်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် ကယ်တင်ခြင်းနှင့် ဆိုင်သော ဘုရားသခင်၏ နိုင်ငံတော်သည် လက်ဝါးကားတိုင်တွင် သေခြင်းမှ တရားစီရင်ခြင်း အထိကို ဆိုလိုသည်။
ဤအချိန်ကာလတွင် လူ (၂)မျိုး ရှိသည်ဟု ယေရှုက ပြောခဲ့သည်။ ၎င်းတို့မှာ – (၁) ဘုရားသခင်၏ သားသမီးများနှင့် ။
(၂) စာတန်၏ သားသမီးများ တို့ဖြစ်သည်။ ဘုရားသခင်၏ သားသမီးများမှာ အသီးအနှံ ရှိသော ဂျုံ (သို့) စပါးစေ့ဖြစ်၍ စာတန်၏ သားသမီးများမှာ ထိုအသီးအနှံများကို ဖျက်ဆီးသည့် ပေါင်းပင်၊ တောပင်များအဖြစ် ခိုင်းနှိုင်းထားသည်။
ယေရှုခရစ်တော်သည် ဤလောကသို့ ကြွလာ၍ ကောင်းသော မျိုးစေ့သာ ကြဲခဲ့ပါသည်။ ထိုကောင်းသော မျိုးစေ့မှာ အပင်ပေါက်လာပြီး အနှံထွက်လာခြင်းမှာ ယေရှု အသေခံပြီး သူ၏ တပည့်တော်များအားဖြင့် သတင်းကောင်း ပျံ့နှံ့ပြီး အရပ်ရပ်တွင် ယုံကြည်သော သူများတိုးပွား ၊ လာမည်ကို ဆိုလိုသည်။ ယေရှုခရစ်တော်သည် ပထမရာစုမှ ၅ ရာစု
အတွင်းတွင် အသင်းတော်များစွာ အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပဒေသနှင့် အရ အာဖရိကတွင် တိုးပွားလာမည်ကို ကြိုတင်၍ ဟောပြောခဲ့ခြင်းလည်း
သည်။ သို့ သော်လည်း ထိုခရစ်ယာန်များသည် ဝိညာဉ်ရေးရာတွင် အိပ်ပျော်နေ ခဲ့ကြသည်။ သူတို့အိပ်ပျော်နေစဉ်တွင် စာတန်သည် ၎င်းတို့ အထဲ၌ တောမျိုးစေ့များစွာ လာရောက်ကြဲချ သွားခဲ့သည်။ ထို့ကြောင့် နောက်ဆုံးသော ကာလတွင် ခရစ်ယာန်တရားကို ဆန့်ကျင်သော၊ နတ်ဆိုးကို
ကွယ်သော ဘာသာများ ပေါ်ပေါက်လာခဲ့သည်။ ထိုနတ်ဆိုးကို ကျမ်းစာ ထဲ၌ ဤလောကကို အစိုးရသော မင်း၊ ဤလောက ဘုရင်၊ ဤလောက၏ ဘုရားဟု အမည် (၃)မျိုးဖြင့် ခေါ်ထားသည်။ လူများစွာ တို့သည် ဤလောကကို အစိုးရသော မင်းကို ကိုးကွယ်သော ဘာသာများ တည်ထောင် ခဲ့ကြသည်။ ၎င်းတို့အနက် အချို့မှာ –
(၁) ဗာဗုလုန်ဘာသာ၊
(၂) မူစလင်ဘာသာ၊
(၃) ဟိန္ဒူဘာသာ၊
(၄) ဗုဒ္ဓဘာသာ၊
(၅) ဆစ်ခ်ဘာသာ၊
(၆) ကွန်ဖြူးရှပ်ဘာသာ၊
(၇) နတ်ဘာသာနှင့် ၊
(၈) ရှင်တိုဘာသာတို့ ဖြစ်ကြသည်။
ဂျပန်လူမျိုးများက ရှင်တိုဘာသာကို ကိုးကွယ်ကြသည်။ ၎င်းတို့က ဘုရားပေါင်း ၈ သန်းခန့် ရှိသည်ဟု ခံယူကြသည်။ အရာခပ်သိမ်းသည် ဘုရား ဖြစ်သည်ဟု ခံယူကြပြီး ပန်းပင်များ၌ပင် ဘုရား ရှိသည်ဟု ဆိုကာ ဦးညွှတ် ကိုးကွယ်ကြသည်။ တရုတ်လူမျိုး များကလည်း ၎င်းတို့၏ ကွယ်လွန်ပြီးသော ဘိုးဘေးများကို ကိုးကွယ်ကြသည်။ ဘိုးဘေးတို့၏
ဝိညာဉ်များကို အမှတ်တရ ဓာတ်ပုံ အမွှေးတိုင်များ ထွန်း၍ ကိုးကွယ်ကြပြီး ထိုသို့ မကိုးကွယ်ပါက ထိုဘိုးဘေးများ၏ ဝိညာဉ်များ၏ ဒဏ်ခတ်ခြင်းကို ခံရမည်ဟု ယူဆကြသည်။
တရုတ်လူမျိုးများ ထိုကဲ့သို့ ကိုးကွယ်ခဲ့ကြသော်လည်း မော်စီတုံး၊ လက်ထက်တွင် ကွန်မြူနစ်ဝါဒကို တည်ထောင်၍ ထိုဝါဒကို ခံယူစေပြီး နတ်ကွန်း၊ နတ်စင်များကို ဖျက်ဆီးစေခဲ့သည်။ ကွန်မြူနစ်ဝါဒကိုသာ ၎င်းတို့၏ ဘာသာတရား တစ်ခုအဖြစ် လက်ခံကိုးကွယ် စေခဲ့သည်။
ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်ဝမ် တို့တွင် ဘိုးဘေးဝါဒကို ဆက်လက်ကိုးကွယ် နေကြဆဲ ဖြစ်သည်။ ထိုသို့ ဖြစ်လာမည်ကို ယေရှုခရစ်တော်က ကြိုတင် ပရောဖက် ပြုခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ နိုင်ငံတော်တွင် ဘုရားသား သမီးများနှင့် အတူ စာတန်၏ သားသမီးများ ရှိကြောင်း တွေ့ရသည်။ ထို ပေါင်းပင်၊ တောပင်များကို နုတ်ရမည်လော ဟု ယေရှုခရစ်တော်ကို မေးသောအခါ ယေရှုက မနုတ်ပဲ ထိုအတိုင်းထားရန် ပြန်ပြောခဲ့သည်။ အဘယ့်ကြောင့် ခရစ်ယာန် များကြားတွင် ဘောပင်များကို ဆက်ထားခိုင်း သနည်းဟု စဉ်းစားစရာပင် ဖြစ်သည်။ ထို့ ကြောင့် ဤပုံဥပမာ ထဲ၌ရှိသော ဝိညာဉ်ရေးရာ သင်ကြား ခံယူရမည့် အချက်များကို ဆက်လက် လေ့လာ ကြပါစို့။
ဤတောပင် ဥပမာထဲမှ ဝိညာဉ်ရေးရာ သင်ခန်းစာများမှာ – (က) ဤလောကတွင် ဘုရားသခင်၏ နိုင်ငံတော်၌ လူ (၂)မျိုး ရောနှော နေထိုင်ကြကြောင်း တွေ့ရသည်။ (ခ) ထိုသို့ လူ (၂)မျိုး ရောနှောနေထိုင်ရန်သည် ဘုရားသခင်၏ အကြံအစည် ဖြစ်သည်။ (ဂ) စာတန်၏ သားသမီးများသည် ဘုရား သားသမီးများထက် ပိုများ ၊ သည်။ အကြောင်းမှာ စပါးပင်များထက် ပေါင်းပင်များ ပိုများသောကြောင့် ဖြစ်သည်။ ပေါင်းပင်များသည် စပါးပင်ထက်ပို၍ ထွားကြိုင်းပြီး လျင်မြန်စွာ
ကြီးထွားသည်။ ဤအရာသည် မယုံကြည်သူများက ယုံကြည်သူများထက် ပို၍ ချမ်းသာကြသည်ကို ဆိုလိုသည်။ ပေါင်းပင်များက စပါးပင်များကို နှောင့်ယုက်သကဲ့သို့ မယုံကြည်သူများက ယုံကြည်သူများကို အမြဲနှောင့်ယှက် သည်။ သမိုင်းတလျှောက်လုံးတွင် ထိုပေါင်းပင်များက ခရစ်ယာန်များကို နှိပ်စက်ခဲ့ကြသော်လည်း အမြစ်ပြတ်အောင် မသုတ်သင်နိုင်ကြပါ။ ဤပေါင်းပင် များ၏ နှောင့်ယှက်မှုကို ကြံ့ကြံ့ခံရင်း စပါးပင်များမှာ ပို၍ရင့်ကျက် သန်မာ လာကြသည်။
အဘယ့်ကြောင့်ပေါင်းပင်များကို ပေါက်ခွင့် ပေးခဲ့သနည်း။
အကြောင်းမှာ ခရစ်ယာန်များ၏ ကောင်းကျိုးအတွက် ဖြစ်သည်။ ပေါင်းပင်များ ပေါက်ခွင့် ပေးခြင်းသည် ဘုရားသခင်၌ ရည်ရွယ်ချက် ရှိသည်။ ဘုရားသခင်သည် သူ၏ သားသမီးများ အသီးအပွင့်ရှိရန် မျှော်လင့်ပြီး ပေါင်းပင်များက စပါးပင်ကို တိုက်ခိုက်သောအခါ စပါးပင်များသည် ခံနိုင်ရည်နှင့် ခုခံနိုင်စွမ်း သာမက ရုန်းထွက်နိုင်စွမ်း ပါရှိလာမည်ကို သိသောကြောင့် ဖြစ်သည်။ ခရစ်ယာန် များအနေဖြင့် ပေါင်းပင်များ၏ ဝိုင်းရံခြင်း ခံရသောအခါ ဘုရား ကိုပို၍ အားကိုးလာမည် ဖြစ်သည်။ အမြဲ အဆင်ပြေနေပါက ဘုရားကို မေ့လျော့သွားပြီး ဘုရားကို ရှာတော့မည် မဟုတ်ပေ။ ထို့ကြောင့် ပေါင်းပင်များအားဖြင့် ကျွန်ုပ်တို့ ခရစ်ယာန်များအား ဘုရားသခင်က ဤလောကသည် ခရစ်ယာန်များအတွက် မဟုတ်ကြောင်း သင်ခန်းစာ ပေးပါသည်။ ကျွန်ုပ်တို့သည် ကောင်းကင်အရာ နှင့်သာဆိုင်၍ မြေကြီးအရာကို ရှာရန် ဘုရားသခင် အလိုတော် မရှိပါ။ ဘုရားသခင်က ခရစ်ယာန်များကို အထက်အရပ်ကို ကြည့်ရန် အလိုတော် ရှိသည်။ ထို့ကြောင့် ဘုရားသခင်က ခရစ်ယာန်များကို ရာထူးကြီးကြီးမားမား၊ ငွေကြေး မြောက် များစွာ မပေးထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် အမေရိကန်နှင့် ဥရောပ
ခရစ်ယာန်များထက် ပိုသာကြသည်။ ကျွန်ုပ်တို့အနေဖြင့် အနောက် နိုင်ငံများ ကဲ့သို့ ငွေနောက် မလိုက်ရန် သတိထားဘို့ လိုသည်။ ချမ်းသာသော တိုင်းနိုင်ငံများအနေဖြင့် ၎င်းတို့၏ စည်းစိမ်များကြောင့် ဘုရား ပျောက်
သွားရခြင်း၊ ယုံကြည်ခြင်း အားနည်းခြင်းများ တွေ့ကြုံ ကြသည်။ မပြောပလောက်သော လူနည်းစုသာ ချမ်းသာလေလေ ဘုရားကို ပိုချစ်
လေလေ ဖြစ်သည်။ ထိုသို့သော လူနည်းစုတွင် ဒါဝိဒ်၊ ဗာနဗ၊ အာကုလ နှင့် ပြစ်ကိလတို့ ဇနီးမောင်နှံတို့ ပါဝင်ကြသည်။
ဘုရားသခင်သည် အသုံးပြုလိုသော သူများအား ၎င်းတို့ ပိုင်ဆိုင် ထားသော အရာများကိုပင် ရုပ်သိမ်းသည်။ ဘုရားသခင်သည် ရှင်ပေါလု ထံမှလည်း သူ၏ စည်းစိမ်များကို နုတ်ယူလိုက်သည်။ ငွေမရှိသည့် အချိန်တွင် ကု၍ မရသော ရောဂါကိုပင် ခံစားရန် အခွင့်ပေးခဲ့သည်။ ပေါလုက ယေရှုအား (၃)ကြိမ်တိုင်တိုင် ဆုတောင်း ခဲ့သော်လည်း ယေရှုက “မင်းအားနည်း တဲ့အခါ ပိုအားကြီးတယ်၊ ငါ့ ကျေးဇူးဟာ သင့်အတွက် လောက်တယ်” ဟု ပြန်ပြောခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အသက်တာတွင် ကျန်းမာရေး ချို့တဲ့သော အခါတွင်လည်း ဘုရား ကျေးဇူးတော်ကို အောက်မေ့ရန် လိုအပ် ပါသည်။ ကျွန်ုပ်တို့သည် လောကသား မဟုတ်၊ ကောင်းကင် သ ဖြစ်ကြောင်း အမြဲသတိရ စေလိုသည်။
မယုံကြည်သူ (သို့) ပေါင်းပင်၏ စရိုက်လက္ခဏာများ
မယုံကြည်သူ ပေါင်းပင်များ၏ စရိုက်လက္ခဏာများမှာ –
(၁) ဘုရားသခင်သည် ယုံကြည်သူများ စည်းကမ်း ရှိစေရန် ပေါင်းပင် ၊
များကို အသုံးပြုသည်။
(၂) သူတို့သည် ဤလောက၏ ဘုရားကို ကိုးကွယ်ကြသည်။
(၃) သူတို့ တိုးပွားနှုန်းသည် ဘုရား သားသမီးများထင့် ပိုမြန်ဆန်သည်။
(၄)သူတို့၏ အရေအတွက်သည် ဘုရား သားသမီး အရေအတွက်ထက်
ပိုများသည်။
(၅) သူတို့သည် စပါးပင်များထက် ပိုမိုရှင်သန်သည်။ ။
အဓိပ္ပာယ်မှာ သူတို့ သည် ကဏ္ဍတိုင်းတွင် ခရစ်ယာန်များထက် ပို၍ အောင်မြင်မည်။ ထင်ရှားမည်။ သာ၍ ကောင်းစားမည် ဖြစ်သည်။ အစ္စလာမ်နိုင်ငံများသည် ရေနံကြွယ်ဝသော နိုင်ငံများ ဖြစ်သည်။ ဂျပန်နိုင်ငံ၊ တရုတ်၊ အိန္ဒိယနိုင်ငံများသည် စီးပွားရေး အလွန်လျင်မြန်စွာ တိုးတက် နေသည်။
(၆) ဣသရေလနိုင်ငံတွင် ဇီဇာနီရန်းခေါ် အဆိပ်ရှိသော ဘာလီပင်များသည် ဂျုံပင်များကို အဆိပ်သင့် စေပါသည်။ ထို့အတူ မယုံကြည်သူများကြောင့် ယုံကြည်သူများ မကြီးထွားနိုင်ကြပေ။ မည်သို့ပင် ဖြစ်စေ၊ ကျောက်ပေါသော ခရစ်ယာန်၊ ဆူးပေါသော ခရစ်ယာန် ၇၀% ရှိခြင်းသည်လည်း ဘုရား အခင်၏ အကြံအစည်ပင် ဖြစ်သည်။ ကျွန်ုပ်တို့ အနေဖြင့်မူ ဘုရားသခင် ထံ၌ ဤလောက၏ စုံစမ်းနှောင့်ယှက်ခြင်းမှ ကယ်မရန် ဆုတောင်း ရမည် ဖြစ်သည်။
(၇) ဤပေါင်းပင်များကို နုတ်ပစ်ရန် အလွန်ခက်ခဲ့သည်။
အမှန်မှာ တိုပေါင်းပင်များသည် စပါးပင်များ ကြီးထွားရေးအတွက် အဟန့်အတားဖြစ်သဖြင့် နတ်ပစ်ရန်သာ ဖြစ်သည်။ အချို့ ခရစ်ယာန် များသည် မယုံကြည်သူများနှင့် ရောယှက်ပြီး ပေါင်းသင်း နေထိုင်ကြသည်။ ထို့ကြောင့် ပေါင်းပင် နုတ်ပစ်ပါက ကောင်းသော စပါးပင်များ ပါသွားမည် ဟု စိုးရိမ်သောကြောင့် အလွန်ခက် လှပါ သည်။ အချိန်တန်၍ တရားစီရင်ချိန် ရောက်သော အခါမှ ပေါင်းပင်နှင့် စပါးပင်ကို ခွဲခြားကာ မီးရှို့မည် ဖြစ်သည်။ ထိုအချိန် မရောက်မီ ဘုရားသခင်က ကျွန်ုပ်တို့အား စောင့်ရှောက် လျက်ရှိသည်။ ထိုသို့ အားကြီးသော မယုံကြည်သူများ နောက်သို့ မလိုက်မိစေရန် သတိရှိ ရမည်။ ကျွန်ုပ်တို့သည် ကောင်းသောမြေ ခရစ်ယာန်
အဖြစ် အမြဲရပ်တည်နေပါက နောက်ဆုံးတွင် ဘုရားသခင်က ကောင်းကြီး အမှန်ပင် ပေးပါလိမ့်မည်။ ပေါင်းပင်များသည် စပါးပင်များကို အသက်ရှူ ကြပ်စေရန် နှောင့်ယှက်ရစ် ပတ်သော်လည်း စပါးပင်များ မသေပါ။ လယ်ရှင်သည် စပါးပင်များကို ဂရုစိုက် စောင့်ရှောက်သကဲ့သို့ ဘုရားသခင်က ကျွန်ုပ်တို့ကိုလည်း ထိုသို့ပင် စောင့်ရှောက် နေကြောင်း သိရှိကာ ခွန်အားယူ ကြပါစို့။
၁၇။ ပုံဥပမာ ၃ နှင့် ၄ မုန်ညှင်းစေ့နှင့် တဆေးပုံဥပမာ
(မဿဲ ၁၃း၃၁-၃၃)
ဆက်လက်၍ ပုံဥပမာ ၃ နှင့် ၄ ကို ဆက်လက် လေ့လာ ကြပါစို့။ ပုံဥပမာ ၃ သည် မုန်ညှင်းစေ့ ပုံဥပမာဖြစ်၍ ပုံဥပမာ ၄ သည် တဆေး ပုံဥပမာ ဖြစ်သည်။ ဤပုံဥပမာ နှစ်ခုလုံးကို မသဲ ၁၃း၃၁-၃၃ တွင် “အခြားသော ဥပမာ စကားကို မိန့်မြွက်တော်မူသည်ကား
ကောင်းကင် နိုင်ငံတော်သည် လယ်၌ စိုက်သော မုန်ညှင်းစေ့နှင့် တူ၏။ မုန်ညှင်းစေ့သည် အစေ့တကာတို့ထက် ငယ်သော်လည်း ကြီးပွားသောအခါ မြက်ပင်တကာတို့ထက် ကြီးသဖြင့် မိုးကောင်းကင်ငှက်တို့သည် လာ၍ အကိုင်းအခက်တို့၌ နားနေ မှီခို လောက်သော အပင်ဖြစ်တတ်သည်ဟု မိန့်တော်မူ၏။ အခြားသော ဥပမာ စကားကို မိန့်မြွက်တော်မူသည်ကား
ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့် တူ၏။ မိန်းမသည် တဆေးကို ယူ၍ မုန့်ညက်သုံးတင်း၌ ထည့် သဖြင့် မုန့်ညက် ရှိသမျှကို ဖောင်းကြွစေ တတ်သည်ဟု မိန့်တော်မူ၏” ဟု တွေ့နိုင်သည်။ ဤအကြောင်းအရာသည် ယေရှုခရစ်တော်၏ မဟာစေခိုင်းချက်နှင့် ပတ်သက်နေပါသည်။ မဟာ စေခိုင်းချက် ပြည့်စုံစေရန် စေစားခံရသော ခရစ်ယာန် (၂)မျိုးရှိသည်။ ၎င်းတို့မှာ – (၁) မုန်ညှင်းစေ့ ခရစ်ယာန်များနှင့် (၂) တောခရစ်ယာန်များ ဖြစ်ကြသည်။
ဤခရစ်ယာန် နှစ်မျိုးလုံးသည် ခရစ်တော်၏ သတင်းကောင်းကို အရပ်ရပ်တို့၌ ဖြန့်ချီကြသည်။ မုန်ညှင်းစေ့ ခရစ်ယာန်များသည် ကောင်းသော မြေခရစ်ယာန်များကို ပုံဆောင်သည်။ တဆေး ခရစ်ယာန်များမှာ ကျောက်နှင့် ဆူးပါဝင်လုပ်ဆောင် နေသော်လည်း အသီး မသီးနိုင်ကြပါ။ မုန်ညှင်းစေ့ ခရစ်ယာန်များကမူ အဆ ၃ဝ၊ အဆ ၆၀၊ အဆ ၁၀၀ ပွားများ၍ အသီး သီးကြသည်။
မုန်ညှင်းစေ့ ခရစ်ယာန်ဖြစ်ပါက အသီးမသီးမီ သေရန် လိုအပ်သည်။ ယော ၁၂း၂၄ တွင် စပါးစေ့သည် မြေ၌ကျပြီး သေမှသာလျှင် အသီးများစွာ သီးမည်ဟု ပြောထားသည်။ ရှင်မဿဲ ၅း၁၃ တွင်လည်း ကျွန်ုပ်တို့သည် ဤလောက၏ သားဖြစ်ကြောင်း ပြောထားသည်။ အစားအသောက် မပျက်စီးရန် ထားသည် အရည်ပျော်ပြီး ၎င်းတို့အထဲတွင် စိမ့်ဝင်သွား ရပါသည်။ ဘုရားသခင်၏ အသက်သစ်နှင့် ဆိုင်သော နိယာမတရားသည် အသက်ပေးပြီး ကိုယ်ကျိုးစွန့်လွှတ်ခြင်း ဖြစ်သည်။ တိရိစ္ဆာန်များ၏ အသက်တာ တွင်လည်း အဖို၏ သုတ်ပိုးသည် အမ၏ မျိုးဥထဲတွင်ဝင်ပြီး၊ သန္ဓေတည် ရသည်။ အဖို၏ သုတ်ပိုးသည် အမ၏ မျိုးဥတွင် သေရပြီး ထိုသို့သေမှ အသက်ရှင်သော တိရိစ္ဆာန် ကလေးမွေးလာမည် ဖြစ်သည်။ ပန်းများ တွင်လည်း ပျားလေးများက အဖိုဝတ်မှုန်ကို အမဝတ်မှုန်ထံ သယ်ဆောင်ပြီး မျိုးပွားကြသည်။ ကျွန်ုပ်တို့ အသက်တာတွင်လည်း ယေရှုခရစ်၏ အသက်ပေးခြင်း အားဖြင့် ကျွန်ုပ်တို့ အသက်ရှင်ရခြင်း ဖြစ်သည်။ ထို့ကြောင့်
ယေရှုခရစ်တော်က ဤနိယာမအတိုင်း တပည့်တော်များအား ၎င်းတို့သည်လည်း အသေခံ ရမည်ဖြစ်ကြောင်း ထိုသို့ အသေခံမှ အသီးသီးနိုင်မည် ဖြစ်ကြောင်း သွန်သင်ခဲ့သည်။
မုန်ညှင်းစေ့သည်လည်း အပင်သစ် ပေါက်ရန် သေရမည် ဖြစ်သည်။ မုန်ညှင်းစေ့သည် ကောင်းသော မြေကို ပုံဆောင်သည်။ ထို့အပြင် ကျွန်ုပ်တို့ နှလုံးသားသည် ကောင်းသော မြေဖြစ်ပါက များစွာ သီးပွင့်လာပါမည်။ ထိုအခါ ကျွန်ုပ်တို့အနေဖြင့် ယေရှုခရစ်တော်အတွက် စွန့်လွှတ်ရန် ဝန်လေးမည် မဟုတ်ပါ။ စွန့်လွှတ်ခြင်းတွင်လည်း ဆိုးသော စိတ်နှလုံးမှ စွန့်လွှတ်ခြင်းနှင့်
ကောင်းသော စိတ်နှလုံးကို စွန့်လွှတ်ခြင်းဟူ၍ နှစ်မျိုးရှိသည်။ စွန့်လွှတ်မှု နှစ်မျိုးစလုံးတွင် အသီးအပွင့် ပေါ်ထွက်သော်လည်း မတူညီကြပါ။ ကျောက်နှင့် ဆူး ခရစ်ယာန်များ၏ စွန့်လွှတ်ခြင်း အသီးအပွင့်များသည် မှားယွင်းသော အသီးအပွင့်များ ဖြစ်လာကာ ၎င်းတို့ သတင်းကောင်းကို ဖြန့်ဝေပုံကို တဆေးနှင့်
ပုံနှိုင်းထားသည်။ ထိုသို့ဆိုလျှင် တဆေးဆိုသည်မှာ အဘယ်နည်း။ ရှင်မဿဲ ၁၆:၅-၁၂ တွင်ကြည့်ပါက တဆေးဆိုသည်မှာ ဖာရိရှဲနှင့် ဇဒ္ဒကဲများ၏ ဩဝါဒများဖြစ်ကြောင်း ဖော်ပြထားသည်။ ယေရှုခရစ် လက်ထက်တွင် ဘာသာရေး ဂိုဏ်းကွဲ ၃-မျိုး တွေ့ရသည်။ ၎င်းတို့မှာ – (၁) ဖာရိရှဲ – (၂) ဇကဲနှင့် – (၃) ကျမ်းတတ်ပုဂ္ဂိုလ်များ – စသည်တို့ဖြစ်သည်။
ဖာရိရှဲအုပ်စုများသည် အယူသည်းသည့် တရားသေ မူဝါဒသမားများ ဖြစ်ကြသည်။ ပညတ်တရားများကို အစွမ်းကုန် စောင့်ထိန်းပြီး တရားသေ တရားများ၊ အစွန်းရောက် ရှေးရိုးစွဲဝါဒီများလည်း ဖြစ်ကြသည်။ ၎င်းတို့သည် သွန်သင်မှုဩဝါဒပိုင်းတွင် အလွန်ကျွမ်းကျင်ပြီး ဘုရားသခင်ကို ချစ်သော အပိုင်း လက်တွေ့ပိုင်းတွင် အားနည်းကြသည်။ ၎င်းတို့တွင် သန့်ရှင်းသော ဝိညာဉ်တော် အသီး မရှိကြပါ။ အထူးသဖြင့် ၁ကော အခန်းကြီး ၁၃ တွင် ဖော်ပြထားသော ချစ်ခြင်းမေတ္တာ မရှိကြပါ။ ။
ဇျကဲများသည် ဖာရိရှဲများနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ အမြင်ကျယ် ကြသည်။ ဉာဏ်ရည်ကို အားကိုးသော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် ဆင်ခြင်တုံတရားကို လက်ကိုင်ထားပြီး သဘာဝလွန်ဖြစ်ရပ် နိမိတ်လက္ခဏာ များကို မယုံကြည်ကြပေ။ ရှင်ပြန်ထမြောက်ခြင်း ကိုလည်း ငြင်းပယ် ကြသည်။
တတိယအုပ်စု ကျမ်းတတ်ပုဂ္ဂိုလ်များမှာ ကျမ်းစာကို တတ်ကျွမ်းပြီး လူ့ဉာဏ်စွမ်းကိုသာ အားကိုး ကြသည်။ ယေရှုခရစ်တော်က ထိုသို့ သော သူများ၏ သွန်သင်ချက်များကို တဆေးနှင့် ခိုင်းနှိုင်း ပြောဆိုခဲ့သည်။ ယနေ့တွင်လည်း တဆေးနှင့် တူသော ခရစ်ယာန်များ ရှိပြီး ယေရှုခရစ်တော် ကာလကဲ့သို့ မှားယွင်းစွာ သွန်သင်နေဆဲ ဖြစ်သည်။
၎င်းတို့သည် မည်သို့ သွန်သင်တတ်ကြသနည်း။ ထိုကျမ်းတတ်များ သည် လူတို့အား အောက်ပါအတိုင်း သွန်သင်တတ်ကြသည်။ ၎င်းတို့က (၁) ယေရှုခရစ်တော်၏ အသွေးတော် အကြောင်းကို မသွန်သင်ပါ။ သြဝါဒ မျိုးစုံကို သွန်သင်ပေးနေကြသော်လည်း အသွေးတော် အကြောင်းကို မသွန်သင် ကြပေ။ (၂) ယေရှုခရစ်၏ ဘုရားဇာတိနှင့် ဂုဏ်အင်္ဂါများ၊ လူ့ဇာတိ ခံယူခြင်းတို့ကို ငြင်းပယ်ကြသည်။ ဆိုလိုသည်မှာ ယေရှုခရစ်တော်၏ လူ့ဇာတိ အကြောင်း သွန်သင်လျှင် ဂုဏ်အင်္ဂါ မပါ၊ ဘုရား ဇာတိပါလျှင် လူ့ဇာတိ အကြောင်း ၊ မပါပဲ သူတို့၏ သွန်သင်ချက်တွင် တခုခု အမြဲ လိုနေသည်။ (၃) သူတို့သည် ဓမ္မဟောင်းမှ ယေဟောဝါဘုရားသည် ဓမ္မသစ်မှ ယေရှုခရစ်တော် ဖြစ်ကြောင်းကို ငြင်းပယ်ကြသည်။ ။ (၄) ယေရှုခရစ်တော် အပျိုကညာမှ မွေးဖွားခြင်းကို ငြင်းပယ်ကြသည်။ (၅) ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်ကြသည်။ (၆) ယေရှုခရစ်တော်၏ ကောင်းကင်ဘုံသို့ တက်ကြွခြင်းကို ငြင်းပယ် ကြသည်။ (၇) ယေရှုခရစ်တော်သည် ကယ်တင်ရှင် ဖြစ်ကြောင်းကို ငြင်းပယ်ကြသည်။ (၈) ယေရှုခရစ်တော်သည် ဒုတိယအကြိမ် ကိုယ်ခန္ဓာနှင့် ကြွလာမည်ကို ငြင်းပယ်ကြသည်။ (၉) ယေရှုခရစ်တော်သည် လူသားများအတွက် တပါးတည်းသော ကယ်တင် ရှင်ဖြစ်ကြောင်း ငြင်းပယ်ကြသည်။ (၁၀) အခြားသော ဘာသာတရားများမှလည်း ထာဝရအသက်ရနိုင်သော နည်းလမ်းရှိသည်ဟု သွန်သင်ကြသည်။ (၁၁) လူသားတိုင်း ကယ်တင်ခြင်း ရမည်ဟု သွန်သင်ကြသည်။ ထိုသို့သော ၊ သွန်သင်ချက်များ အားလုံးသည် ဖာရိရှဲ၊ ဇျကဲနှင့် ကျမ်းတတ်များ၏ တဆေးများပင် ဖြစ်သည်။ ဆက်လက်၍ ယနေ့ ကျွန်ုပ်တို့ခေတ်တွင် တွေ့ရသော တဆေးများအကြောင်းကို လေ့လာကြပါစို့။
ယခုခေတ်အချိန်တွင် တွေ့ရသော တဆေးများ (သို့) တဆေးကဲ့သို့သော သွန်သင်ချက်များ
(၁) ဗာဗုလုန် ဘာသာတရား
ဤဗာဗုလုန် ဘာသာတရား၏ သွန်သင်ချက်များသည် ရောမ ကက်သလစ် အသင်းတော်ကို လွှမ်းမိုးထားသည်။ အနည်းငယ်သော ဗာဗုလုန် တဆေးသည် ကက်သလစ် အသင်းတော်များထံ ရောက်လာပြီး ၊ ၎င်းတို့က မာရိယာလော်ဂျီ ခေါ် မယ်တော်မာရိအား ကိုးကွယ်ခြင်း ဝါဒကို လက်ခံကျင့်သုံး လာခဲ့ကြသည်။
အေဒီ ၄၃၁ တွင် ဧဖက် ကောင်စီက မယ်တော်မာရိသည် ထာဝရ အပျိုကညာ၊ သန့်ရှင်းသော မိခင်ကြီး ဖြစ်သည်ဟု ခံယူခဲ့သည်။
ထို့နောက် အေဒီ ၄၅၁ တွင် Chalcedon ကောင်စီက မယ်တော် မာရိနှင့် ပတ်သက်သော ထိုသွန်သင်ချက်ကို တရားဝင် လက်ခံပြီး ယနေ့ထိတိုင် ခံယူအသုံးပြုဆဲ ဖြစ်သည်။
ထို့ပြင် ၁၈၅၄ တွင် နဝမမြောက် ပုပ်ရဟန်းမင်းကြီးသည် မယ်တော် မာရိအား အပြစ်မပါပဲ မွေးဖွားသူ၊ သူမ၏ အသက်တာတွင်လည်း အပြစ် တခုမှမရှိ ဟူသော သြဝါဒကို တီထွင်ပြန်သည်။
၁၉၅ဝ တွင် ဒွါဒသမမြောက် ပုပ်ရဟန်းမင်းကြီးက မယ်တော်မာရိသည် ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ တက်ကြွသွားသည်ဟူသော သြဝါဒကို တပ်မံထည့်သွင်း ခဲ့သည်။
၁၉၆၂-၆၅ ဗာတီကန် (၂) အစည်းအဝေးကြီးတွင် မာရိသည် အဖ ခမည်းတော်၏ ဇနီးဖြစ်သည်ဟု ထည့်သွင်းခဲ့ ပြန်သည်။ အထက် ဖော်ပြပါ အကြောင်းအရာ အားလုံးတို့သည် ဗာဗုလုန် ဘာသာတရား၏ လွှမ်းမိုးမှုဖြစ်၍ ယနေ့တိုင်အောင် လွှမ်းမိုးဆဲ ဖြစ်သည်။ တဆေးသည် အလျင်အမြန် ပြန့်ပွားပြီး ဖောင်းပွကြောင်းကို ဤအရာများအားဖြင့် သိမြင်နိုင်ပါသည်။
(၂) အရီးယားဇနဇင်းမ် [ (အေဒီ ၃၀၀-၆၀၀)
ဤသွန်သင်ချက်သည် ယေရှုခရစ်တော်၏ ဘုရား ဖြစ်ခြင်းကို ငြင်းဆို သော အာရီးယားနီးရပ်စ်၏ သွန်သင်ချက် ဖြစ်သည်။ ဤဩဝါဒသည် မုန့်ထဲတွင် တဆေးထည့်သကဲ့သို့ ဖောင်းပွလာခဲ့သည်။ အမှန်တကယ် ကျွန်ုပ်တို့သည် တဆေးမဲ့မုန့် ဖြစ်ရမည်။ ဤသွန်သင်ချက်က ခမည်းတော် တပါးတည်းသာ ဘုရား ဖြစ်သည်ဟုဆို၍ ဤအတွေးအခေါ်ကို မိုဟာမက်က ခံယူခဲ့သည်။ မိုဟာမက်သည် အေဒီ ၅၇၀ တွင် မွေးဖွား၍ အေဒီ ၆၃၂ တွင် သေဆုံးသော အစ္စလာမ်ဘာသာကို စတင်တည်ထောင်သူ ဖြစ်သည်။
ယေရှု၏ ဘုရား ဖြစ်ခြင်းကို ငြင်းပယ်ခဲ့သည်။ ၁၉ ရာစုတွင် ယေဟောဝါ သက်သေခံများက ထိုအယူဝါဒကို လက်ခံလာကြသည်။ ထို့ပြင် ယူနီတေး ရီးယားမေးဇင်းမ်းကလည်း အာရီးယားနေဇင်းမ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ အမေရိကတွင် ဤအယူဝါဒများကို လက်ခံသူများစွာ ရှိကြသည်။ နာမည်ကျော် ဟားဗတ်တက္ကသိုလ်ကြီးကလည်း ယူနီတေးရီးယားနေဇင်းမ်ကို လက်ခံကျင့်သုံးပြီး သွန်သင်သည်။
၁၉၆ဝ ခု ပတ်ဝန်းကျင်လောက်တွင် ကိုးရီးယားမှ Rev. Sung Myong Moon က ထိုအယူဝါဒကို လက်ခံပြီး Unification Church တည်ထောင်ခဲ့သည်။ ထိုအသင်းတော်မှ အသင်းသားများက ၎င်းတို့၏ ဆရာကြီး Moon သည် ယေရှုခရစ်တော် ထပ်မံဝင်စားသော ပရောဖက် ဖြစ်သည်ဟု လက်ခံယုံကြည် ကြသည်။ ကမ္ဘာပေါ်တွင် လွဲမှားသော အယူဝါဒ ပေါင်း နှစ်သောင်းကျော် ရှိသည်။ ထိုသွန်သင်ချက်ထဲမှ အဆိုးဆုံး တခုမှာ ဘာသာ တရားအားလုံး အတူတူဖြစ်သည် ဟူသော ဘာသာတရား အများဝါဒ ဖြစ်သည်။
(၁) ဘာသာတရားအများဝါဒ ခေါ် Religious Pluralism
အမြင်ကျယ်သော ဝါဒကို သွန်သင်သော ခရစ်ယာန် အားလုံးက ဤဘာသာတရား အများဝါဒကို လက်ခံကြသည်။ ၎င်းတို့က လူသားအားလုံး တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြသည်ဟု ခံယူကြသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာတော်ရှင် ဖြစ်၍ မည်သူ့ကိုမျှ ငရဲထဲသို့ ချပစ်မည် မဟုတ်ဟု လက်ခံယုံကြည် ကြသည်။ Universalismကို ခံယူကြပြီး လူသားတိုင်း တစ်ယောက်မကျန် ကယ်တင်ခြင်းရမည်ဟု လက်ခံသောကြောင့် “ရဲ” “တရားစီရင်ခြင်း များကို မယုံကြပေ။ ဘာသာတရားတိုင်းတွင် ယေရှုသည် အမည်နာမ တစ်မျိုးစီဖြင့် ပါဝင်ကြောင်း သွန်သင်ကြပြီး ဘာသာတရားအားလုံး အတူတူဖြစ်သည်ဟု ယုံကြည်ကြသည်။
ထို့ကြောင့် အခြားသော မယုံကြည်သူ ဗုဒ္ဓဘာသာ တစ်ဦးအား ခရစ်ယာန် တစ်ယောက် ဖြစ်လာစေရန် လုပ်ဆောင်ခြင်းသည် အလွန် ကြမ်းတမ်းသည်ဟု ယူဆရုံမက ဗုဒ္ဓဘာသာဝင် များသည်လည်း နောက်ဆုံးတွင် ခရစ်ယာန်များ ကဲ့သို့ ကောင်းကင်ဘုံဝင်စား ကြမည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် သာသနာပြုစရာ မလို။ အခြားသော ဘာသာဝင်များကိုလည်း ၎င်းတို့ ဘာသာအတိုင်း ရှိစေ၍ ကျွန်ုပ်တို့အနေဖြင့် ၎င်းတို့၏ လိုအပ်ချက် များကိုသာ ဖြည်းဆည်း ပေးရမည်။ ထိုသို့ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးခြင်းသည် သာသနာပြုခြင်းဖြစ်သည်ဟု ခံယူကာ NGO ကဲ့သို့သော ကုလသမဂ္ဂနှင့် အခြားသော လူမှုရေးအဖွဲ့တွင် အလှူငွေများထည့်ဝင် လှူဒါန်း၍ လူမှုရေးလုပ်ငန်းကို အဓိက လုပ်ဆောင်ကြသည်။ ယေရှုခရစ်တော် အကြောင်းကိုမူ လုံးဝ မပြောကြပေ။ ဤဝါဒကို လက်ခံသော သူများသည် အလွန်သဘောကောင်း သူများ ဖြစ်ပါသည်။ ယနေ့ ကမ္ဘာ့ ခရစ်ယာန် ၈၀% သော အသင်းတော်များသည် ဤ’ဘာသာတရား အများ အယူဝါဒကို” လက်ခံကျင့်သုံး နေကြသည်။ ထိုခရစ်ယာန်များကို “လစ်ဘရယ်” ခရစ်ယာန် များဟု ခေါ်သည်။
ထိုလစ်ဘရယ် ခရစ်ယာန်များသည် WCC ခေါ် World Churches Council ကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ မြန်မာ နှစ်ခြင်း ခရစ်ယာန်များ သည်လည်း WCC အဖွဲ့ဝင် လစ်ဘရယ် ခရစ်ယာန်များ ဖြစ်ကြသည်။ ဆရာယုဒသန် မြန်မာပြည်သို့ ၁၈၁၃ ဇူလိုင် ၁၃ တွင် ရောက်ရှိခဲ့စဉ်က သူသည် ထိုလစ်ဘရယ် အဖွဲ့ဝင်တစ်ဦး မဟုတ်ခဲ့ပါ။ သို့သော် မုန့်တစ် လုံးထဲသို့ တဆေးအနည်းငယ် ထည့်လိုက်သောအခါ ထိုတဆေးသည် မုန့်ကို
ဖောင်းပွစေသကဲ့သို့ နောက်ပိုင်း နှစ်ခြင်း အသိုင်းအဝိုင်းတွင် ဤသာ တရားအဗျာဝါဒ” တဆေးဝင်ရောက်လာခဲ့သည်။ ဤအရာအားလုံးကို ယေရှုခရစ်တော်က နောက်ဆုံးသော ကာလ၏ ပုပ္ပနိမိတ်များအဖြစ် ကြိုတင် ဟောကြားခဲ့ပြီး ဖြစ်သည်။
WCC ၏အဖွဲ့ ဝင် လစ်ဘရယ် အသင်းတော်များမှာ (၁) Roman Catholic Church
(၂)Anglican Church (ခေါ်) Church of England
(၃) Baptist Church by Joseph Smyth
(၄) Egyptian Coptic Church by St. Mark
(၅) Ethiopian Orthodox Church by St. Matthew
(၆) Greek Orthodox Church
(၇) Lutheran Church by Martin Luther
(၈) Methodist Church by John Wesley
(၉) Presbyterian Church by John Calvin (၁၀) Russian Orthodox Church စသည်တို့ဖြစ်ကြသည်။
ဤအခြေအနေတွင် Evangelical များနှင့် Pentecostal များဟူ၍ နှစ်ဖွဲ့ ပေါ်ပေါက်လာခဲ့ပြီး ထိုနှစ်ဖွဲ့တွင် Evangelical များသည် ကျမ်းကို ဦးစားပေး၍ Pentecostal များကမူ ခုန်ပေါက် ချီးမွမ်းခြင်းကို ဦးစားပေးသော ခရစ်ယာန်များ ဖြစ်ကြသည်။
ထိုအဖွဲ့ နှစ်ဖွဲ့ ပေါင်း၍ WEF ခေါ် World Evangelical Fellowship ဖွဲ့စည်း ခဲ့ကြသည်။ ကျွန်ုပ်တို့သည် WEF အဖွဲ့ဝင်များ ဖြစ်ကြသည်။ ဧဝံဂေလိ ခရစ်ယာန်များသည် အလွန်နည်းသော ခရစ်ယာန် အုပ်စုမျှသာ ဖြစ်နေသေးသည်။ ဧဝံဂေလိ ခရစ်ယာန်များသည် ခရစ်ယာန် အုပ်စုကြီးနှင့် နှိုင်းလျှင် အလွန်နည်းလှသည်။ ဧဝံဂေလိခရစ်ယာန် –
(၁) အမေရိကန်၌ ၁၈ %
(၂) ကနေဒါ၌ ၁၂%
(၃) ကိုးရီးယား၌ ၁၀ %
(၄) အင်္ဂလန်၌ ၂%
(၅) စပိန်၌ ၁%
(၆) ဂျာမဏီ၌ တွင် ၁ %
(၇) အီတလီ၌ ၁ %
(၈) အာဖရိက၌ ၁%
(၉) ဂျပန်၌ ၀.၅% ၊
(၁၀) တရုတ်၌ ၅%
(၁၁) ဒိန်းမတ်၌ ၃%
(၁၂) ဆွီဒင်၌ ၃%
(၁၃) နော်ဝေ၌ ၃%
(၁၄) ဖင်လန်၌ ၃%
(၁၅) ရုရှား၌ ၁%
(၁၆) တောင်အာဖရိက၌ ၁၀ % ၊
(၁၇) အိန္ဒိယ၌ ၁ %
စသဖြင့် အသီးသီးရှိကြရာ တဆေး ခရစ်ယာန်များသည် မုန်ညှင်းစေ့ ခရစ်ယာန် များထက် အားကြီးကြောင်း တွေ့ရသည်။
ယေရှုခရစ်တော်က နောက်ဆုံးသော ကာလတွင် ဤသို့ဖြစ်လိမ့် မည်ကို ကြိုတင်ဟောထားခဲ့ပြီး ဖြစ်၍ အံ့သြစရာ မဟုတ်ပေ။ ကျွန်ုပ်တို့သည် နောက်ဆုံး သောကာလကြီးထဲတွင် အသက်ရှင်နေရပြီ ဖြစ်ကြောင်းကိုလည်း သတိပြု စေလိုပါသည်။
၁၈။ ပုံဥပမာ ၅ နှင့် ၆ ဝှက်ထားသောဘဏ္ဍာနှင့် မြတ်သော ပုလဲ
(မဿဲ ၁၃း၄၄-၄၆)
ယခုဆက်လက် လေ့လာမည့် ပုံဥပမာသည် ဝှက်ထားသော ဘဏ္ဍာနှင့် မြတ်သော ပုလဲ ဥပမာ ဖြစ်သည်။ ရှင်မဿဲ ၁၃း၄၄-၄၆ တွင် “တနည်းကား ကောင်းကင်နိုင်ငံတော်သည် လယ်၌ ဝှက်ထားသော ဘဏ္ဍာနှင့် တူ၏။ ထိုဘဏ္ဍာကို တွေ့သော သူသည် တဖန်ဖုံး အုပ်၍ ဝမ်းမြောက်သော စိတ်နှင့် သွားပြီးလျှင် ရတတ်သမျှကို ရောင်း၍ ထိုလယ်ကို ဝယ်တတ်၏။ တနည်းကား ကောင်းကင်နိုင်ငံတော်သည် မြတ်သော ပုလဲတို့ကို ရှာသော ကုန်သည်နှင့် တူ၏။ ထိုကုန်သည်သည် အလွန်အဖိုးထိုက်သော ပုလဲကို တွေ့သောအခါ သွား၍ မိမိရတတ်သော သမျှကို ရောင်းပြီးလျှင် ထိုပုလဲကို ဝယ်လေ၏” ဟု ဖော်ပြထားသည်။
ဝှက်ထားသော ဘဏ္ဍာနှင့် မြတ်သောပုလဲ ပုံဥပမာသည် ပုံဥပမာ နံပါတ် (၅)နှင့် (၆) ဖြစ်သည်။ ဤပုံဥပမာ နှစ်ခုကို တွဲ၍ ယှဉ်တွဲဖော်ပြ ထားသကဲ့သို့ ရှေ့ပိုင်းရှိ ပုံဥပမာ (၃)နှင့် (၄)ဖြစ်သော မုန်ညှင်းစေ့နှင့် တဆေး ပုံဥပမာကိုလည်း ယှဉ်တွဲ ဖော်ပြထားသည်။ ထို့ပြင် ကောင်းသော မျိုးစေ့နှင့် တောမျိုးစေ့ကိုလည်း ယှဉ်တွဲ ဖော်ပြသလို ယုဒလူမျိုးနှင့် တပါး အမျိုးသားတို့ကိုလည်း ယှဉ်တွဲ ဖော်ပြထားပါသည်။ ဤအကြောင်းအရာက ဘုရားသခင်၏ နိုင်ငံတော်တွင် မတူညီသော အရာနှစ်ခု ယှဉ်တွဲလျက်ရှိ နေကြောင်းကို ကျွန်ုပ်တို့အား ရှင်းလင်းစွာ ဖော်ပြနေပါသည်။
ဝှက်ထားသော ဘဏ္ဍာနှင့် မြတ်သော ပုလဲတို့သည် အကြောင်းအရာ အားဖြင့် ဆန့်ကျင်ခြင်း မရှိပဲ ပုံစံတူ၊ သဏ္ဍာန်တူအဖြစ် တည်ရှိနေကြသည်။ ပုံဥပမာ ၅ နှင့် ၆ တို့သည် ကောင်းသော မြေ၌ ရှိသော ခရစ်ယာန်များ၏ အသက်တာကို ဖော်ပြနေခြင်း ဖြစ်သည်။ ကောင်းသောမြေ နှလုံးသားမျိုးကို ပိုင်ဆိုင်သော ခရစ်ယာန်သည် အလွန်တန်ဖိုးရှိသော ဝှက်ထားသော ရတနာကို
လွယ်ကူစွာ ရှာဖွေတွေ့ရှိ တတ်သည်။ ကျောက်နှင့် ဆူး ခရစ်ယာန်များကမူ ဝှက်ထားသော ဘဏ္ဍာများကို မြင်နိုင်ခြင်း မရှိကြပေ။ အကြောင်းမှာ ၎င်းတို့၏ ဝိညာဉ်မျက်စိ မှုန်ဝါး နေသောကြောင့် ဖြစ်သည်။ ရှင်မဿဲ ၅း၈ တွင် “စိတ်နှလုံး ဖြူစင်သော သူတို့သည် မင်္ဂလာရှိ ကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတ္တံ့” ဟု ဖော်ပြထားသည်။ ထိုကျမ်းပိုဒ်က ကျွန်ုပ်တို့၏ နှလုံးသား ဖြူစင်နေပါက ဝိညာဉ်မျက်စိ ပွင့်လာပြီး ဝိညာဉ်ရေးရာများကို ကြည်လင်စွာ တွေ့နိုင်မည် ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ အသက်တာထဲ၌ မနာလိုခြင်း၊ မုန်းတီးခြင်းနှင့် ပြည့်နေပါက ဘုရားသခင်၏ သားသမီး ဖြစ်သော်လည်း ကျွန်ုပ်တို့၏ ဝိညာဉ်မျက်စိသည် မှုန်နေမည်သာ ဖြစ်သည်။ အဖိုးထိုက်လှသော ထိုရတနာများသည် လူတိုင်း မြင်တွေ့နိုင် သောအရာ မဟုတ်ပါ။ ဝိညာဉ်မျက်စိ ပွင့်လင်းကြည်လင်သော သူမှသာလျှင် မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့် သမ္မာကျမ်းစာက ဝှက်ထားသော ဘဏ္ဍာဟု ပြောနေခြင်း ဖြစ်သည်။ ရှင်မဿဲ ၁၃ ကို “ဝှက်ထားသော ဘဏ္ဍာ အခန်း” ဟု ခေါ်နိုင်ပါသည်။ ဝှက်ထားသော ဘဏ္ဍာသည် ဖန်ဆင်းစ အချိန်မှစ၍ ဖုံးအုပ်ထားလျက် ရှိသည်။ ယခု ထိုဝှက်ထားသော ဘဏ္ဍာကို ယေရှုခရစ်တော် က ကျွန်ုပ်တို့အား ဖွင့်ပြနေပါသည်။ စစ်မှန်သော မင်္ဂလာရှိသော သူသည် ဝှက်ထားသော ဘဏ္ဍာကို ရှာဖွေတွေ့ရှိ၍ အလွန်ဝမ်းမြောက်ပြီး ထိုဘဏ္ဍာကို အကျိုးရှိစွာ အသုံးပြုသောသူပင် ဖြစ်သည်။ ဝှက်ထားသော ဘဏ္ဍာကို တွေ့သော ပုဂ္ဂိုလ်သည် အလွန်ဝမ်းမြောက်၍ အိမ်သို့ပြန်ကာ ရှိသမျှကို
ရောင်း၍ ထိုဘဏ္ဍာကို ဝယ်ယူသကဲ့သို့ မိတ်ဆွေသည်လည်း ဝှက်ထားသော ဘဏ္ဍာကိုတွေ့၍ အလွန်ဝမ်းမြောက်နေပါလိမ့်မည်။ ဤသတင်းစကားကို ကြားနာပြီး ဝှက်ထားသော ဘဏ္ဍာကို ရှာတွေ့သော မိတ်ဆွေအနေဖြင့် အခြားသော သူများကို ပြန်လည် ဝေငှရမည်။ သင်၌ ရှိသမျှသော ချမ်းသာခြင်း၊ ပညာဥစ္စာတို့ဖြင့် ဝှက်ထားသော ဘဏ္ဍာကိုဝယ်၍ အခြားသူများကို ဝေငှရန် ဘုရားသခင်က မိတ်ဆွေအား စိန်ခေါ်လျက် ရှိသည်။ ထိုသို့ မလုပ်ဆောင်ပဲ နေပါက မိတ်ဆွေ၏ အသက်တာသည် ကျောက်ကဲ့သို့သော ခရစ်ယာန်၊ ဆူး ခရစ်ယာန် စာရင်းတွင် ပါဝင်သွားမည် ဖြစ်သည်။
ယေရှုခရစ်တော်သည် မဿဲ ၁၃း၄၅ ကိုကြည့်ပါက ထိုသို့သော ပုဂ္ဂိုလ်ကို “မြတ်သောပုလဲရှာသော ကုန်သည်” နှင့် တူကြောင်း ထိုကုန်သည် သည် အလွန်တန်ဖိုးရှိသော မြတ်သော ပုလဲကို ရှာဖွေနေသူဖြစ်ကြောင်း ပြောသည်။ ထိုသူသည် မြတ်သော ပုလဲကို တွေ့သောအခါတွင်လည်း သူ့စည်းစိမ်ကို ရောင်း၍ ထိုမြတ်သော ပုလဲကို ဝယ်ယူကြောင်း တွေ့ရသည်။ ဆက်လက်၍ အောင်မြင်သော ကုန်သည် တစ်ယောက်ဖြစ်ရန် လိုအပ်သော အရည်အချင်းများကို လေ့လာကြပါစို့။ ။
“အောင်မြင်ကျော်ကြားသော ကုန်သည် တစ်ဦး၏ အကျင့်လက္ခဏာများ”
အောင်မြင်ကျော်ကြားသော ကုန်သည် တစ်ဦး၏ အသက်တာသည် မည်သို့ ရှိသနည်း။ ။ (၁) ကောင်းသော စီးပွားရေးသမားသည် သတင်းအချက်အလက်များကို စုံစမ်းခြင်း၊ ရှာဖွေဆုဆောင်းခြင်း ပြုလုပ်တတ်သည်။ ထိုသူသည် မိမိဝယ်ယူ ထားသော ပစ္စည်းအား မည်သူ့ကို ရောင်းရမည်။ မည်သို့သော သူနှင့် ထိုက်တန်သည်ကို သိထားသောသူ ဖြစ်သည်။ ဈေးကွက်ကောင်းလည်း ရှာဖွေတတ်သည်။ ကျွန်ုပ်တို့ အနေဖြင့်လည်း ထိုကုန်သည်ကဲ့သို့ မည်သူ့ကို
ရောင်းရမည်ကို သိရမည်။ လူမှား ရောင်းမိပါက ထိုဝယ်သော ပုဂ္ဂိုလ်က တန်ဖိုးထားမည် မဟုတ်သောကြောင့် မှန်ကန်သင့်လျော်စွာ ဝယ်မည့်သူကို ရှာဖွေတတ် ရပါမည်။ ရှင်မဿဲ ၇၆ တွင် ရတနာတို့အား ဝက်၊ ခွေးတို့ ရှေ့၌ မထားရန်၊ ထားမိပါက ဝက်တို့ ခွေးတို့က ခြေနှင့် နင်းလိမ့်မည်ဟု ပြောထားသည်။ ကျွန်ုပ်တို့ စဉ်းစားရမည်မှာ ယခု နောက်ဆုံးသော ကာလကြီးတွင် မည်သူသည် ဧဝံဂေလိသတင်းစကားကို အလိုအပ်ဆုံးနည်း။ ထိုလူမျိုးများသည် ဧဝံဂေလိကို မဝေငှ ရသေးသော လူမျိုးနွယ်စုများ ဖြစ်ပါ သည်။ ထို့ကြောင့် ထိုလူမျိုးနွယ်စုများထံ ကျွန်ုပ်တို့၏ ရတနာများ ဖြစ်သော ဧဝံဂေလိတရားကို ရောင်းချရမည် ဖြစ်သည်။ မြောက်များစွာသော ဝယ်ယူမည်သူများက မိတ်ဆွေကို စောင့်မျှော် နေကြပါသည်။
(၂) ကုန်ထုတ်လုပ်ခြင်း အသိပညာနှင့် သတင်းအချက်အလက်များကို သိရှိရမည်။ အောင်မြင်ကျော်ကြားသော ကုန်သည်တစ်ဦးဖြစ်လာရန် ရောင်းချရမည့် ကုန်ပစ္စည်း အမျိုးအစားနဲ့ အရည်အသွေးကို သိရှိထား ရမည်။ (ဥပမာ ရေဒီယိုရောင်းသူသည် ရေဒီယိုကို ဖွင့်ပြတတ်၊ ပိတ်ပြတတ် ရုံမက မိမိရောင်းသည့် ရေဒီယိုသည် မည်မျှကောင်းကြောင်း သိထားရမည်။) ကျွန်ုပ်တို့၏ ထုတ်ကုန်သည် ဧဝံဂေလိတရား၊ သမ္မာကျမ်းစာ ဖြစ်ကြောင်းနှင့် ထိုထုတ်ကုန် ဧဝံဂေလိတရား၏ အရည်အသွေးကို မိတ်ဆွေကိုယ်တိုင် ကောင်းစွာနားလည် သိရှိထားရန် လိုအပ်ပါသည်။
(၃) ကုန်ပစ္စည်း ဝယ်ယူမည့်သူ၏ လိုအပ်ချက်ကို သိရှိရမည်။ ကုန်သည် အနေဖြင့် ဝယ်ယူမည့် သူများ၏ လိုအပ်ချက်ကို ကောင်းစွာ သိရှိသကဲ့သို့ ကျွန်ုပ်တို့ အနေဖြင့်လည်း ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ရှိသော သူများစွာတို့သည် ဧဝံဂေလိတရားကို အလွန်ဆာငတ် နေကြောင်း သိရှိရပါမည်။ ထိုသို့ ဆာငတ် ခြင်းသည် ဘုရားသခင်၏ အကြံအစည်နှင့် အလိုတော်ပင် ဖြစ်သည်။
(၄) အောင်မြင်သော ကုန်သည် ဖြစ်နိုင်ရန် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်သောသူ ဖြစ်ရမည်။ ဆိုလိုသည်မှာ မှန်ကန်စွာ ဆုံးဖြတ်ချက်ချပြီးလျှင် ထိုဆုံးဖြတ်ချက်အတိုင်း ရဲဝံ့စွာ ဆောင်ရွက်သောသူ ဖြစ်ရမည်။ ဆုံးဖြတ်ချက် ချပြီး စိုးရိမ်တုန်လှုပ်ကာ ဝေဝါးနေသောသူ မဖြစ်ရပါ။ ကျမ်းစာထဲရှိ မြတ်သော ပုလဲကို ဝယ်သော ပုဂ္ဂိုလ်သည် ပြတ်သားသော ဆုံးဖြတ်ချက်နှင့် အတူလုပ်ဆောင်ကြောင်း တွေ့ရပါသည်။
(၅) အောင်မြင်သော ကုန်သည် တစ်ဦးသည် ရဲဝံ့စွာ၊ စွန့်စားရဲသောသူ ဖြစ်ရမည်။ သမ္မာကျမ်းစာထဲရှိ မြတ်သော ပုဂ္ဂိုလ်ကို ဝယ်ယူသော သူသည် သူ၏ စည်းစိမ်ဥစ္စာ ရှိသမျှကို ရောင်းပြီး ထိုရတနာကို ဝယ်ခဲ့ရာ ဆုံးရှုံးမည့် အရာကို မကြောက်ပဲ ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်သွားကြောင်း တွေ့ရ သည်။ တနည်းအားဖြင့် အလောင်းအစားပြုရ သကဲ့သို့ စည်းစိမ်ရှိသမျှကို အရင်းအနှီး ပြုရသည်။ ၉၀ % ဆုံးရှုံးလျှင်လည်း ဆုံးရှုံးခြင်းကို မကြောက်ပဲ လုပ်ဆောင်နိုင်သောသူ ဖြစ်ရမည်။ ၁၀၀ % အောင်မြင်သည်ဟု သေချာ
သောအရာ ဤလောကတွင် မရှိပါ။ မိမိဝေငှ၍ ကြားရသူတိုင်း ပြောင်းလဲ မည်ဟု ပုံသေတွက်ရန် မဟုတ်ပေ။ သို့ဖြစ်ရာ ယေရှုခရစ်တော်က မိတ်ဆွေအား တပတော် ဖြစ်စေရန် ဧဝံဂေလိဝေငှပါဟု ပြောသောအရာကို နောက်မှ လုပ်မည်ဟု မပြောပဲ ချက်ချင်းလုပ်ဆောင် ရပါမည်။
(၆) ဆုံးဖြတ်ချက်ချပြီးလျှင် ချက်ချင်းရင်းနှီးမြှုပ်နှံမှု ပြုသောသူ ဖြစ်ရမည်။ ရင်းနှီးမြှုပ်နှံမှုတွင် မိမိ၏ အချိန်၊ ငွေကြေး၊ ပညာ အာလုံးပါဝင် ပါသည်။
(၇) အောင်မြင်သော ကုန်သည် တစ်ဦးသည် မိမိ၏ အခြေအနေနှင့် လုပ်ကိုင် နိုင်သော စွမ်းအားကို သိရှိရမည်။ ။
(၈) အမြတ်အစွန်းကို ခန့်မှန်းတွက်ချက် နိုင်သောသူ ဖြစ်ရမည်။ ဆိုလို သည်မှာ အမြတ်အစွန်းကို တွက်ချက်နိုင်မှ အကျိုးရလဒ်ကို ကောင်းစွာ ခံစားနိုင်မည် ဖြစ်သည်။ မိမိလုပ်ကိုင်သော လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံပြီး အကျိုးအမြတ်ကို တွက်ရာတွင် အရှုံးပြနေပါက ထိုလုပ်ငန်းကို ဆက်မလုပ်
တော့ပဲ ရပ်တန့်ရန်သာ ဖြစ်သည်။ ထို့ပြင် မိမိ၏ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးသွားပါက ထိုသူသည် အောင်မြင်သော စီးပွားရေးသမား တစ်ယောက်ဟု မဆိုနိုင်ပေ။ လူမှုရေးကို ပြုလုပ်သော သူတစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ယေရှုခရစ်တော်က မြတ်သော ပုလဲကို ဝယ်ယူသော ကုန်သည်သည် တကယ့် စီးပွားရေး သမားတစ်ဦး ဖြစ်ကြောင်းနှင့် အကျိုးအမြတ်ကို သိသောသူဖြစ်
ကြောင်း ဖော်ပြထားသည်။ ဧဝံဂေလိသတင်းစကား မကြားရသေးသော သူများအား ဧဝံဂေလိဝေငှပါက မည်သည့် အကျိုးအမြတ်ကို မိတ်ဆွေခံစားရ မည်နည်း။ ရုပ်ပိုင်းဆိုင်ရာ ကောင်းကြီး မဟုတ်၊ ဝိညာဉ်ပိုင်းဆိုင်ရာ
ကောင်းကြီး မင်္ဂလာများစွာကို ဘုရားသခင်က မိတ်ဆွေအား မည်ကို သိပါ။ ဘုရားသခင်၏ နိုင်ငံတော်တွင် လူမြောက်များစွာကို အုပ်ချုပ်ပြီး၊ ငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းများနှင့် ပြည့်ဝနေမည် ဖြစ်သည်။ ရုပ်ပိုင်း ဆိုင်ရာတွင်လည်း သင်၏ သားသမီး၊ မိသားစုများကို ဘုရားသခင်
ကောင်းကြီး ပေးမည် ဖြစ်သည်။ ကောင်းကင်နိုင်ငံတွင်လည်း ရာထူးတဆင့် ပြီးတဆင့် မြင့်မား နေမည် ဖြစ်သည်။ အောင်မြင်သော ကုန်သည် တစ်ဦးသည် ရည်မှန်းချက်ပန်းတိုင် ရှိသောသူ ဖြစ်ရမည်။ သင့်
(၉) အောင်မြင်သော ကုန်သည် တစ်ဦးသည် ရည်မှန်းချက်ပန်းတိုင် ရှိသော သူဖြစ်ရမည်။
(၁၀) အောင်မြင်သော ကုန်သည် တစ်ဦးသည် မိမိ၏ ကုန်ထုတ်လုပ် ၊ သူများနှင့် အကျွမ်းတဝင် သိရှိသောသူ ဖြစ်ရမည်။ ထာဝရဘုရားသည် ကျွန်ုပ်တို့၏ ကုန်ထုတ်သူဖြစ်ကြောင်း သိရမည်။
သမ္မာကျမ်းစာထဲ၌ ဘုရားသခင် အသုံးတော်ခံ ပုဂ္ဂိုလ်များတွင် အောင်မြင်သော ကုန်သည် တစ်ဦး၏ လက္ခဏာများကို တွေ့ရသည်။ တမန်တော်ကြီးများထဲတွင် –
(က) ရှင်ပေတရုသည် ငါးကုန်သည် ဘဝကို စွန့်လွှတ်ခဲ့သည်။
(ခ) ရှင်ပေါလုသည် အဆင့်မြင့် အစိုးရအရာရှိ တစ်ဦး ဘဝကို စွန့်လွှတ်
ခဲ့သည်။
(ဂ) ရှင်မဿဲသည်လည်း အကျိုးအမြတ် များစွာရှိသော အခွန်ခံ ဘဝကို
စွန့်လွှတ်ခဲ့သည်။
(ဃ) ရှင်လုကာသည် ဆရာဝန် လုပ်ငန်းကို စွန့်လွှတ်ခဲ့သည်။
(င) ဗာနဗသည် ရင်းနှီးမြှုပ်နှံသော စီးပွားရေးသမား ဘဝကို စွန့်လွှတ်ခဲ့သည်။
(စ) မောရှေသည် တော်ဝင်မင်းသား ဘဝကို စွန့်လွှတ်ခဲ့သည်။
(ဆ) ယေရှုခရစ်တော်ကမူ ဘုရားဇာတိကို စွန့်၍ လူ့ဇာတိကို ခံယူခဲ့သည်။ ထိုသူအားလုံးတို့သည် မိမိတို့၏ အလွန်တန်ဖိုးရှိသော ရာထူးများကိုစွန့် လွှတ်၍ သာ၍မြတ်သော အရာကို ရယူခဲ့ကြသည်။
ပုဂ္ဂိုလ်အားလုံးတို့သည် မိမိတို့၏ အလိုဆန္ဒကို ရှေ့တန်းမတင်ပဲ ဘုရားသခင်၏ အလိုတော်နှင့်
ကျေးဇူးတော်အားဖြင့်သာ ထိုအရာများကို စွန့်လွှတ်ခဲ့ကြောင်း ဝန်ခံခဲ့ကြ ပါသည်။ ထိုပုဂ္ဂိုလ်အားလုံးတို့သည် ၎င်းတို့၏ ဆုံးဖြတ်ချက်အပေါ် အလွန်စိတ်လှုပ်ရှားကာ ဘုရားသခင်၏ ရွေးချယ်မှုအားဖြင့်သာ ထိုသို့ ဆုံးဖြတ်နိုင်ကြောင်း ဝန်ခံ ခဲ့ကြပါသည်။ ကျွန်ုပ်တို့သည်လည်း သမ္မာကျမ်းစာ ထဲရှိ ထိုပုဂ္ဂိုလ်များကဲ့သို့ မြတ်သော အရာကို ဝယ်ယူပိုင်ဆိုင်ရန် ၎င်းတို့၏ အသက်တာများကို အတုယူ အသက်ရှင် ကြရပါမည်။
၁၉။ ပုံ့ဥပမာ ၇ ပိုက်ကွန်ဥပမာ (မဿဲ ၁၃း၄၇-၅၀)
“တနည်းကား ကောင်းကင်နိုင်ငံတော်သည် ပင်လယ်၌ ချ၍ အမျိုးမျိုး သော ငါးတို့ကို အုပ်မိသော ပိုက်ကွန်နှင့် တူ၏။ ငါးနှင့် အပြည့် ရှိသောအခါ တံငါတို့သည် ကုန်းပေါ်သို့ ဆွဲတင်၍ ထိုင်လျက် ကောင်းသော ငါးကို ခြင်းထဲသို့ ရှေးချယ်ထည့် ထား၍၊ မကောင်းသော ငါးကို အပြင်သို့ ပစ်လိုက်ကြ၏….” ဟု မသဲ ၁၃း၄၇-၅ဝ တွင် တွေ့ရသည်။ ဤပုံဥပမာ နံပါတ် ၇-သည် ဘုရားသခင်၏ ပြည့်စုံသော နံပါတ် ဖြစ်သည်။ နံပါတ် ၃-သည် ဘုရားသခင်၏ သုံးပါးတစ်ဆူဖြစ်ခြင်းကို ပြ၍ (၇+၃)=၁၀ သည်လည်း ပြည့်စုံသော နံပါတ်ပင် ဖြစ်သည်။ ယခု ပုံဥပမာ ၇-သည် ဘုရားသခင် ကြံစည်ထားသော ပြည့်စုံသော ဥပမာနံပါတ် ဖြစ် ။ ဤ ၇-ခု မြောက်သော ပုံဥပမာသည် နောက်ဆုံးသော ကာလတွင် တရားစီရင်မည့် အကြောင်း ပုံဥပမာ ဖြစ်သည်။ ဤဥပမာတွင် ဝိညာဉ်ရေးရာ၌ အဓိပ္ပာယ် ရှိသော စကားလုံးများ ပါဝင်သည်။ ၎င်းတို့မှာ –
(၁) ပင်လယ်သမုဒ္ဒရာ
(၂) အမျိုးမျိုးသော ငါး
= ဤလောကကမ္ဘာ = လူမျိုးအပေါင်း (မဿဲ ၂၈း၁၉)
ဤ ကမ္ဘာပေါ်တွင် လူမျိုးနွယ်စု မည်မျှ ရှိသနည်း။ ဤကမ္ဘာ ပေါ်တွင် လူမျိုးနွယ်ပေါင်း ၁၂,၀၀၀ ရှိသည်။ မြန်မာနိုင်ငံတွင်မူ ငါးအမျိုး ပေါင်း (သို့မဟုတ်) လူမျိုးနွယ်ပေါင်း ၁၃၅-မျိုး ရှိသည်။ ထို့ပြင် ချင်းလူမျိုးနွယ်၌ မျိုးနွယ်စုခွဲ ၆၀-ကျော် ရှိသေးသည်။ ထို့ပြင် ကချင်၌ ၇-မျိုး၊ ကရင်၌ ၄-မျိုး၊ ရှမ်း၌ ၃၃- ကျော်၊ ကယား၌ ၇-မျိုး၊ စလုံ ၄-မျိုး၊ ဗမာ ၅-မျိုး၊ မွန်၌ ၄-မျိုး၊ ရခိုင် ၉-မျိုး၊ တရုတ်၌ ၅-မျိုး၊ အိန္ဒိယ စသည့် လူမျိုးနွယ်စု ငယ်ပေါင်းများစွာ ရှိနေသေးသည်။ ချင်းလူမျိုးများ၌
လည်း ၎င်းတို့ ချင်းမျိုးနွယ်စုငယ်များထံ ဧဝံဂေလိဝေငှရန် ကြီးမားသော တာဝန် ရှိပါသည်။ ဘုရားသခင်သည် ဧဝံဂေလိတရားဝေငှရန် ချင်းလူမျိုး များကို ကောင်းကြီးပေး နေသည်။ ရှမ်းလူမျိုးများ ထံသို့လည်း များစွာသော တံငါများကို စေလွှတ်ရပါမည်။ ရှမ်းပြည်နယ်၌ ငါးများစွာ ရှိသည်။ အခြားလူမျိုးများ အနေဖြင့်လည်း မည်သည့် ဒေသတွင် မည်သည့် ငါးများကို ဖမ်းရမည်ကို မိမိဘာသာ ဆုံးဖြတ်ရမည် ဖြစ်သည်။ ကျွန်ုပ်အနေဖြင့် မြန်မာနိုင်ငံရှိ ခရစ်ယာန် အုပ်စုကြီး ၃-ခုမှာ ချင်း၊ ကချင်နှင့် ကရင်တို့ ဖြစ်သည်ဟု သိရှိထားရာ ကချင်လူမျိုး များအနေဖြင့် ရှမ်းပြည်နယ်၌ ငါးသွားဖမ်း စေလိုပါသည်။ ချင်းလူမျိုးများကမူ ကျန်ရှိသော ချင်းမျိုးနွယ်စု ငယ်များထံ ဆက်လက် ဧဝံဂေလိလုပ်ရန် ဖြစ်သည်။ ။ (၃) တံငါသည် = ခရစ်ယာန် များအားလုံး ဖြစ်သည်။ ယေရှုခရစ်တော်က ပေတရုအား လူများကို များသော တံငါ ဖြစ်စေမည်ဟု ပြောခဲ့သည်။ (၄) ပိုက်ကွန် အုပ်ခြင်း ၊
ပိုက်ကွန် ဆွဲခြင်း = တရားစီရင်ခြင်း ဖြစ်သည်။ ငါးများကို ခွဲခြားခြင်း = ယုံကြည်သူနှင့် မယုံကြည်သူကို ခွဲခြားခြင်း၊
ရှင်မသဲ ၁၃း၄၈-၅ဝ တွင် “ငါးနှင့် အပြည့် ရှိသောအခါ တံငါ တို့သည် ကုန်းပေါ်သို့ ဆွဲတင်၍ ထိုင်လျက်၊ ကောင်းသော ငါးကို ခြင်းထဲသို့ ရွေးချယ်ထည် စား၍၊ မကောင်းသော ငါးကို ပြင်ပသို့ ပစ်လိုက်ကြ၏။ ထိုနည်းတူ ကမ္ဘာ၌ ကောင်းကင် တမန်တို့သည် ဆင်းလာပြီးလျှင် ၊
ဖြောင့်မတ်သော သူတို့အထဲမှ ဆိုးသော သူတို့ကို နုတ်ယူခွဲထား၍၊ ငိုကြွေးခြင်း၊ အံသွားခဲ ကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတ္တံ့။” ဟု ဖော်ပြ ထားသည်။
ဤအကြောင်း အရာအားဖြင့် ကျွန်ုပ်တို့ အားအောက်ပါအတိုင်း သွန်သင်သည်။ ၎င်းတို့မှာ –
(၁) ငါး နှစ်မျိုးဖြစ်သော ကောင်းသော ငါးနှင့် မကောင်းသော ငါး တို့ဖြစ်သည်။ မကောင်းသော ငါးကို မီးထဲသို့ ချပစ်လိုက်ပြီး၊ ကောင်းသော ငါးကို ခြင်းထဲသို့ ရွေးချယ်၍ ထည့်ထားမည်။ (၂) ဤကမ္ဘာပေါ်တွင် ငါးအမျိုးအစား ပေါင်း ၁၂၀၀၀ ရှိပြီး ၎င်းတို့ထဲတွင်
ကောင်းသော ငါးနှင့် မကောင်းသော ငါး နှစ်မျိုးစလုံး ပါဝင်သည်။ (၃) နောက်ဆုံးသော အချိန်ရောက်လာသောအခါ ကောင်းကင်တမန်တို့သည် ပိုက်ကွန်ထဲ၌ ရှိသော ငါးအားလုံးကို စုသိမ်း၍ တရားစီရင်ခြင်း လာမည်။ (၄) မကောင်းသော ငါးများသည်လည်း တရားစီရင်ခြင်းကို ခံရပြီး တရားသူကြီး ယေရှုက ၎င်းတို့ကို ငရဲထဲသို့ ချပစ်မည် ဖြစ်သည်။ (၅) ကောင်းသော ငါးများသည် တရားစီရင်ခြင်း မခံရပါ။ (ယော ၅း၂၄ တွင် ကောင်းသော ငါးများသည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်စား ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။)
*မကောင်းသော ငါးများသည် ငရဲထဲသို့ အဘယ့်ကြောင့် ချပစ်ခြင်း ခံရသနည်း။
ငရဲနှင့် ပတ်သက်၍ ဂရိဘာသာအားဖြင့် ဂေဟင်နာဟုခေါ်သည်။ ဂဟင်နာ၏ အဓိပ္ပာယ်မှာ အမှိုက်များစုဝေးရာ နေရာဟု ဆိုလိုသည်။ လွှင့်ပစ်ခြင်းခံရသော အမှိုက်များသည် အသုံး မလိုတော့သော အရာများ ဖြစ်သည်။ ကျွန်ုပ်တို့အတွက် အသုံးဝင်သော အရာများကို အမှိုက်ပုံးထဲသို့ ပစ်ချလေ့ မရှိပါ။ အသုံးမဝင်၊ အသုံးမလိုသော အမှိုက်များကိုသာ အမှိုက်ပုံး ထဲသို့ လွှင့်ပစ်ရသည်။ မကောင်းသော ငါးတို့၏ အမည်များသည် ဘုရားသခင် နိုင်ငံတော်၏ အသက်စာစောင် အမည်စာရင်းတွင် မှတ်ပုံတင်ထားခြင်း
မရှိသောကြောင့် ဘုရားသခင်၏ မိသားစုဝင်များ မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်နှင့် ၎င်းတို့ မသက်ဆိုင်ကြပါ။ ထိုမကောင်းသော ငါးများ၏ အမည်များသည် စာတန်၏ မိသားစု စာရင်းတွင်သာ ရေတွက်ခြင်းခံရပြီး စာတန်နှင့် သူ၏ နောက်လိုက်များဖြစ်သော နတ်ဆိုး၊ ဝိညာဉ်ဆိုးအတွက် ပြင်ဆင်ထားသော ငရဲထဲသို့ သွားရမည် ဖြစ်သည်။ ငရဲသည် သူတို့၏ မြို့ရွာ ဖြစ်သည်။ စာတန်သည် သူငရဲထံသို့ သွားရမည်ကို ကြိုတင်သိရှိ ထားသည်။ ထို့ကြောင့် မယုံကြည်သော မကောင်းသော ငါးများ၏ အမည်များကို သူ၏ မိသားစု အမည်စာရင်းတွင် ထည့်သွင်းရေးသား ထားသည်။ ယေရှုခရစ်သည် တရားစီရင်သော အချိန်တွင် တရားစီရင် ခံရသော သူများ၏ အမည်များကို စစ်ဆေး၍ သူတို့၏ အကျင့်အတိုင်း စီရင်မည် ဖြစ်သည်။ ထိုတရားစီရင်ခြင်းကို ဖြူသော ပလ္လင်ပေါ် တရားစီရင်ခြင်း ဟုခေါ်သည်။ ယေရှုခရစ်သည် ထိုပလ္လင်ပေါ်တွင် ထိုင်၍ တရားစီရင်မည် ဖြစ်သည်။ ထိုတရားပလ္လင်ပေါ်တွင် စာစောင် နှစ်မျိုး ရှိသည်။ ၎င်းတို့မှာ
(၁) အသက် စာစောင်နှင့် ၊ (၂) သေစာရင်း စာစောင် တို့ဖြစ်ကြသည်။
(၁) အသက်စာစောင် (ဗျာ ၂၀း၁၁-၁၂)
“တဖန်တုံ ဖြူသောပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူကို ၎င်း ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့်၍ သူ တို့ နေစရာ အရပ် မရှိ ၊ သေလွန် သူ အကြီးအငယ် တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏ ။ စာစောင်များကို ဖွင့်ထား၏။ အသက်စာစောင် တည်းဟူသော အခြားတပါးသော စာစောင် ကို လည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည် မိမိတို့ အကျင့် အတိုင်း စာစောင်တို့၌ ရေးထားချက်များ နှင့် အညီ တရားစီရင်ခြင်း ကိုလည်း ခံရကြ၏” ဟု ဗျာဒိတ် ၊
၂၀း၁၁-၁၂ တွင် ဖော်ပြထားသည်။ အသက်စာစောင်သည် တစ်အုပ်တည်း ရှိသည်။ ထိုအသက်စာစောင်တွင် ဘုရားသခင်၏ သားသမီးများ၏ အမည် စာရင်းများ နှင့်အတူ ရရှိမည့် ဆုလာဘ်များပါ ရေးသားထားသည်။
ကောင်းကင်တွင် ရရှိမည့်နေရာ၊ ရာထူး၊ အဆင့်အတန်း အားလုံးကိုပါ ရေးသားထားသည်။ ထို
(၂) သေစာရင်း စာစောင် (ဗျာ ၂၀း၁၂)
ဤစာစောင်သည် တစ်အုပ်တည်း မဟုတ် များစွာရှိပြီး ထိုစာစောင်တွင် စာတန်၏ သားသမီးများ၏ အမည်စာရင်းများကို ရေးသား ထားသည်။ စာတန်၏ သားသမီးများသည် သူတို့၏ အသက်တာအတိုင်း တရားစီရင်ခြင်း ခံရမည် ဖြစ်သည်။ ၎င်းတို့၏ အကျင့်အတိုင်း မတူညီသော ငရဲများသို့ ပစ်ချခြင်း ခံရမည်။
အဘယ်ကြောင့် အသက်စာစောင်သည် တစ်အုပ်တည်း ရှိပြီး၊ သေစာရင်း စာစောင်က ပိုများ နေရသနည်း။ အဖြေမှာ ရှင်းပါသည်။ စာတန်၏ သားသမီးအရေ အတွက်သည် ဘုရား သားသမီး အရေအတွက် ထက် များနေသောကြောင့် ဖြစ်သည်။ ကျမ်းစာတွင် Abyssကို အမည်မျိုး မျိုးဖြင့် ဖော်ပြထား သေးသည်။ ၎င်းတို့မှာ – (က) Bottomless Pit (အင်္ဂလိပ်လို) (ခ) Hades (ဂရိလို) (ဂ) Sheo (ဟေဗြဲလို) စသည်တို့ ဖြစ်ကြသည်။ နောက်ဆုံးသောနေ့ တရားစီရင်ခြင်း ရောက်ရှိလာသော အချိန်တွင် ထိုစာတန်၏ သားသမီး အားလုံးတို့သည် ထို Abyss မှ ထမြောက်လာ၍ တရားပလ္လင်ဖြူ ရှေ့တွင် တရားစီရင်ခြင်းခံရန် ပေါ်လာမည် ဖြစ်ကြောင်းကို ဗျာဒိတ် ၂၀း၁၃-၁၅ တွင် “သမုဒ္ဒရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏ မရဏာနှင့် မရာဏာနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။
လူအသီးသီးတို့သည် မိမိတို့ အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထို သေခြင်း အကား ဒုတိယသေခြင်း ဖြစ်သတည်း။ အသက်စာစောင်၌ စာရင်းမဝင် သူရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ် လေ၏” ဟု ဖော်ပြထားလေသည်။ ဆက်လက်၍ ဤသင်ခန်းစာ၏ နောက်ဆုံးပိုင်းဖြစ်သော ကောင်းကင် သစ်နှင့် ယေရုရှလင်မြို့သစ် အကြောင်းကို ဆက်လက် ရှင်းပြလိုပါသည်။
၂၀။ ကောင်းကင်သစ်နှင့် ယေရှုရှလင်မြို့သစ် ၊
ဗျာဒိတ်ကျမ်း အခန်းကြီး ၂၁ ကိုဖတ်ကြည့်ပါက ကောင်းကင်သစ်နှင့် ယေရုရှလင်မြို့သစ် အကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ဘုရားသခင်၏ ယေရုရှလင်မြို့သစ်သည် တတိယကောင်းကင်မှ ဒုတိယ ကောင်းကင်တိုင်အောင် ဆင်းသက်လာမည် ဖြစ်သည်။ ယေရုရှလင်မြို့သစ်သည် စတုရန်း လေးထောင့် ပုံသဏ္ဍာန်ရှိ၍ အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ ၂၄ဝဝ (သို့)
ယူဇနာ တစ်ရာ့နှစ်ဆယ် ရှိသည်။ (ဗျာဒိတ် ၂၁း၁၆)တွင် မြို့သည် စတုရန်း လေးထောင့် ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့် မြို့ကိုတိုင်း၍ မြို့၏ အနံ၊ အလျား၊ အမြင့် ယူဇနာ တစ်ရာ့နှစ်ဆယ် စီရှိ၏ ဟု ဖော်ပြထားသည်။
ယေရုရှလင်မြို့သစ်ကို ကျွန်ုပ်တို့ လွယ်ကူစွာ နားလည်စေရန် ဥပမာ ပြောရလျှင် အမေရိကန်နိုင်ငံ ကဲ့သို့ ဖြစ်သည်။ အလွန်ကြီးမား ကျယ်ဝန်းသော မြို့ကြီးဖြစ်၍ အနား တစ်ဘက်စီ၌ ဂိတ်ပေါင်း (၃)ခုစီ ရှိသည်။ ထိုယေရုရှလင်မြို့သစ် ထဲတွင် နေ၊ လတို့၏ အလင်းရောင် မလိုပဲ ဘုရားသခင်၏ ဘုန်းရောင်ခြည်အားဖြင့် အလွန်ပင် ထွန်းတောက်လျက် ရှိသည်။ ထိုမြို့တော်ကြီးထဲတွင် သာမန် လူများဝင်ခွင့် မရပေ။ အထူးရွေး ချယ်ခြင်းခံ၍ ဘုန်းတော်နှင့် ပြည့်ဝသော သူများသာလျှင် ဝင်ခွင့်ရရှိသည်။
မည်သို့သော သူသည် ဘုန်းတော်နှင့် ပြည့်ဝသော သူဖြစ်သနည်း
ယေရုရှလင်မြို့သစ်ထဲသို့ ဝင်ရောက်နိုင်မည့် ဘုန်းတော်နှင့် ပြည့်ဝ သော သူများသည် မည်သို့သော သူများ ဖြစ်သနည်း။ အဖြေမှာ ရိုးရိုး လေးပင်။ ကောင်းသော မြေနှင့် သန့်ရှင်းသော နှလုံးရှိသော သူသည် ထွန်းလင်း
တောက်ပ၍ ဘုန်းတော်နှင့် ပြည့်ဝသော သူဖြစ်သည်။ ထိုမြို့သစ်ထဲတွင် ဖြူစင်သော နှလုံးသားရှိ၍ မိမိ၏ အသက်တာကို အစေခံကာ စွန့်လွှတ် အနစ်နာခံသောသူ၊ မိမိအသက်ကို အသေခံ၍ အခြားသူများ၏ ဘဝကို ရှင်သန်စေသော သူများ နေထိုင်ရမည် ဖြစ်သည်။ ရှင်မဿဲ ၅း၁၃-၁၄ တွင် “သင်တို့သည် ဤလောက၏ သားဖြစ်ကြ၏။ ဆားမူကား အငန်ကင်း
ပျောက်လျှင် ငန်သော အရသာကို အဘယ်သို့ ပြန်မည် နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်း မှတပါး အဘယ်အသုံးမျှ မဝင်။ သင်တို့သည် ဤလောက၏ အလင်းဖြစ်ကြ၏။ တောင်ထိပ်၌ တည်သော မြို့ကို မကွယ်နိုင်” ဟု ဖော်ပြရာ ကျွန်ုပ်တို့သည် နှင့် အလင်းကဲ့သို့ အသက်ရှင် ရမည်။
သို့သော် တပြိုင်တည်း ဆားနှင့် အလင်းကဲ့သို့ မဖြစ်နိုင်ပါ။ ထို့ကြောင့် “အလင်း” မဖြစ်မီ “ဆား” ကဲ့သို့ အသက်တာ ရှိရသည်။ ယေရှုခရစ်တော် သည် ဆား အနေဖြင့် အသေခံ၍ အလင်းအနေဖြင့် ရှင်ပြန်ထမြောက် ခဲ့သည်။ ထို့ကြောင့် ဘုန်းတော်နှင့် ပြည့်ဝသော အသက်တာဖြစ်ဖို့ရန် ဖြူစင်သော နှလုံးသားနှင့် ဆားကဲ့သို့သော အသက်ရှိရမည်။ ထိုသို့ ဘုန်းတော်နှင့် ပြည့်ဝသော သူဖြစ်ပါက ကျွန်ုပ်တို့ ဒေသနာဝေငှသော အခါတွင် နားလည် လက်ခံပြီး ထိရောက်သော ဒေသနာဝေငှချက်များ ဖြစ်လာပေမည်။
ထို့ပြင် ဘုန်းတော်နှင့် ပြည့်ဝသော သူများသည် ဘုရင်အနေဖြင့် ကြယ်တာယာပေါင်း များစွာကို အုပ်စိုးခွင့် ရရှိမည် ဖြစ်သည်။ ကျွန်ုပ်တို့ နေထိုင်သော ကမ္ဘာသည် ကြယ်တာယာပေါင်း များစွာထဲမှ တစ်ခုအပါ အဝင်မျှသာ ဖြစ်သည်။ အချို့သည် ကြယ်တစ်လုံးကိုသာ အုပ်စိုးရပြီး ဘုန်းတော်နှင့် ပြည့်ဝသော အချို့ကမူ ကြယ်သိန်းပေါင်း များစွာတွင် ဘုရင်အဖြစ် အုပ်ချုပ်ရမည် ဖြစ်သည်။ အလွန်ရာထူး မြင့်မားသော နေရာကို ပိုင်ဆိုင်ရပြီး ရာထူးအလိုက် သန်းပေါင်းများစွာကို အုပ်ချုပ်ရမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့ အသက်တာကို ယေရှုခရစ်တော် ကဲ့သို့ အသက်ရှင်ရန် အလွန်အရေးကြီး လှပါသည်။
၂၁။ မပြီးဆုံးသေးသော သာသနာလုပ်ငန်း
ယေရှုခရစ်တော်၏ သာသနာလုပ်ငန်းကြီးသည် ယေရှုလုပ်ဆောင် ရမည့် အပိုင်းသာ ပြီးဆုံးပြီး ကျွန်ုပ်တို့ လုပ်ဆောင်ရမည့် အပိုင်းမှာ မပြီးဆုံး သေးပါ။ ငါးများစွာ ဖမ်းရန် တာဝန်ကို ကျွန်ုပ်တို့အား ဆက်လက်အပ်နှင်း ခဲ့သည်။ မြန်မာနိုင်ငံတွင် ဖမ်းစရာ ငါးမြောက်များစွာ ရှိနေသေးရာ ထိုအရာသည် ကျွန်ုပ်တို့ မြန်မာ ခရစ်ယာန်များအတွက် ဝိညာဉ်ရေးရာ ရိတ်သိမ်းရမည့် ကောင်းကြီးများပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ နှလုံးသားများ ဖြူစင်သန့်ရှင်း လေလေ ဘုန်းတန်ခိုးနှင့် ပြည့်ဝလေလေဖြစ်ပြီး ကောင်းသော မြေ ခရစ်ယာန်၊ အလွန်ရှားပါး အဖိုးတန်သော ၁၀ % ခရစ်ယာန် စာရင်းတွင် ပါဝင်၍ ကျွန်ုပ်တို့ အထဲ၌ ဘုန်းတန်ခိုးနှင့် ပြည့်ဝနေမည် ဖြစ်သည်။
ကျောက် ခရစ်ယာန်၊ ဆူး ခရစ်ယာန်များသည် သာမန်မြို့ပြ နိုင်ငံသား မျှသာ ဖြစ်လိမ့်မည်။ ယေရှုခရစ်တော် ထဲသို့ အသက်ရှင်လေလေ ထိုအရာသည် အနာဂါတ်အတွက် ဘုန်းတန်ခိုး ဖြစ်လေလေပင်။
ကောင်းကင်သစ် လူမှုအသိုင်းအဝိုင်းတွင် အဆင့်ဆင့် ခွဲခြားထားသည်။ ထိုရာထူး အားလုံးကို ဘုရားသခင်ကပင် ခွဲခြားသတ်မှတ်ထားခြင်း ဖြစ်သည်။ ထိုကောင်းကင်သစ်နှင့် ယေရုရှလင်မြို့သစ်တွင် ကြယ်တစ်ခုမှ တစ်ခုသို့ တစ်စက္ကန့်အတွင်း သွားလာနိုင်မည် ဖြစ်သည်။ တစ်စက္ကန့်သည် မိနစ်၊ ၆၀ ၏ တစ်စိတ် ဖြစ်သည်။ နောက်ဆုံးသောကာလသည် အလွန်နီးပြီဖြစ်
ကြောင်း ယခုခေတ်သစ် မျက်မှောက်ကာလ ဖြစ်ပျက်မှုများက သက်သေထူ နေပါသည်။ ကျည်ဆံ ရထားများ၊ E-mail အသုံးပြုသော စနစ်များ၏ လျင်မြန်မှုကြောင့် ကမ္ဘာအနှံ့ကို တစ်စက္ကန့် နှစ်စက္ကန့်အတွင်း ဆက်သွယ် နေကြပြီ ဖြစ်သည်။ ကောင်းကင်သစ်နှင့် ယေရုရှလင်မြို့သစ်တွင် ယခု တိုးတက်နေသော ခေတ်သစ် IT စနစ်ထက်ပင် သွားလာမှု၊ ဆက်သွယ်ရေး လုပ်ငန်းများ ပိုမိုလျင်မြန်မည် ဖြစ်သည်။ ကျွန်ုပ်တို့အတွက် ဘုရားသခင်သည် ရွှေအိမ်တော်နှင့် ရွှေလမ်းများကို ပြင်ဆင်ထားသည်။ ယခု ကျွန်ုပ်တို့
လောကတွင် သိမ်ငယ်စွာ အသက်ရှင် နေရသည်ဟု ခံစားမိပါက အနာဂါတ်တွင် မိတ်ဆွေအတွက် ဘုရားသခင် ပြင်ဆင်ထားမှုကို သတိရပါ။ ထိုကောင်းကင် သစ်နှင့် ယေရုရှလင်မြို့သစ်တွင် ငိုကြွေးခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ လိမ်လည်ခြင်း၊ ဖျားနာခြင်း၊ တိုက်ခိုက်ခြင်း၊ အိမ်ထောင်ရေး ပြဿနာ ဖြစ်ခြင်းများ အလျင်း မရှိ။ အလွန်ပျော်ရွှင်ဖွယ် အတိဖြင့်သာ ပြည့်နေပြီး ဘုရားသခင်၏ ကောင်းကင်တမန်များက ကျွန်ုပ်တို့အား ပြုစုပေးမည် ဖြစ်သည်။ ။
ဗျာဒိတ် ၂၁း၄ တွင် “ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေး မရှိရ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်း မရှိရ။ အကြောင်းမူကား ရှေးဖြစ် ဘူးသော အရာတို့သည် ရွေ့သွားကြပြီ” ဟု ဖော်ပြထားသည်။
ထို့ကြောင့် ထိုမြို့သစ်၌ မေတ္တာနှင့် ပြည့်ဝနေပြီး နေ့စဉ် မွေးနေ့ပွဲ။ အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပကာ ယေရှုခရစ်တော်ကို နေ့စဉ်ချီးမွမ်း အသက်ရှင် နေရမည် ဖြစ်သည်။ ထိုအလွန် ပျော်ရွှင်ဖွယ် ကောင်းသော နေရာသည် မိတ်ဆွေနှင့် ကျွန်ုပ်တို့ မကြာမီ သွားရမည့် နေရာပင် ဖြစ်သည်။
ယနေ့ ဤစာအုပ် ဖတ်ရှုသော မိတ်ဆွေ၊ ဖောက်ပြန် ပျက်စီး တတ်သော ဤလောက အရာများကို မကြည့်ပါနဲ့ အထက်အရာကိုသာ မျှော်ကြည့်ပါ။ အသုဘ အခမ်းအနားများတွင် မျှော်လင့်ချက်မဲ့သော သူတို့ ကဲ့သို့ ပူဆွေး မနေပါနဲ့။ ကျွန်ုပ်တို့ အရှင် ယေရှုနှင့် ထာဝရစိုးစံ ရမည်ကို သဘောပေါက်လျက် ဝမ်းမြောက်ပါ။ သေခြင်းတရားကို တွေး မကြောက်ပါနဲ့။ အိမ်တော်သို့ ပြန်ရန် ရှင်ပေါလုကဲ့သို့ အဆင်သင့် ဖြစ်ရမည်။ စိတ်ဆိုးစရာ၊ ခွင့်မလွှတ်နိုင်စရာ များရှိလျှင် ခွင့်လွှတ်ပါ။
ကျောက်ပေါသော၊ ဘူးပေါသော ခရစ်ယာန် အသက်တာမျိုးအဖြစ် အသက် မရှင်ပဲ ကောင်းသောမြေ ခရစ်ယာန်အဖြစ် အသက်ရှင်ကြပါစို့။ သန့်ရှင်းစင်ကြယ်သော နှလုံးသားနှင့် အသက်တာဖြစ်စေရန် ဆက်ကပ် ကြပါစို့ ။
ကောင်းကင်နိုင်ငံတွင် အလွန်ဝမ်းမြောက် သောသူနှင့် ဆုလာဘ် များကို မြော်လင့်ရင်း မြန်မာနိုင်ငံတွင်းရှိ ငါးများစွာကို ဖမ်းကြပါစို့ဟု တိုက်တွန်းနိုး
ဆော်ရင်း နိဂုံးချုပ် လိုက်ပါသည်။ စာဖတ်သူ မိတ်ဆွေအားလုံးအပေါ် ဘုရားသခင် ကောင်းကြီးပေးပါစေ။ အာမင်!