မိသားစုနှင့်ငယ်ဘဝ
လွန်ခဲ့သော (၁၇၈၈)ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့၊ စနေနေ့ တွင် ယုဒဿန် Adoniram Judson သည် မယ်လ်ဒင့် Molden မြို့တွင် မွေးဖွားခဲ့ပါသည်။ ဖခင်ဖြစ်သူ Adoniram Judson, Senior နှင့် မိခင်ဖြစ်သူ Abigail Brown တို့၏ သားသမီး (၄)ယောက် အနက်၊ ယုဒဿန်သည် အကြီးဆုံးသား ဖြစ်ပါသည်။
ယုဒဿန်၏ ဖခင်သည် အမေရိကန်နိုင်ငံ New England ပြည်နယ်တွင်ရှိသည့် Congregational အသင်းတော်၌ ထင်ရှားသော သင်းအုပ်ဆရာကြီးတစ်ပါး ဖြစ်ပါသည်။ သူ၏ဇနီးသည်လည်း စိတ်နေသဘောထား နူးညံ့သိမ်မွေ့လျက်၊ သားသမီးများကို ဘုရား သခင်၏အလိုတော်ထဲ၌ ဆုံးမသွန်သင် အုပ်ထိန်းနိုင်သော မိခင် ကောင်းပီသသူ တစ်ဦးဖြစ်ပါသည်။
ခရစ်ယာန်အိမ်ထောင် မိသားစု ပီသစွာပင် အိမ်ထောင်ဝတ် ပြု စည်းဝေးခြင်းကို နေ့စဉ်ပြုလုပ်ကြပြီး၊ ဖခင်ဖြစ်သူသည်လည်း သားသမီးများကို သမ္မာကျမ်းစာ သင်ကြားပေးလေ့ရှိပါသည်။ သို့ဖြစ်၍ ယုဒဿန်သည် လေးနှစ်သား အရွယ်ကတည်းက သူ့အပေါင်းအသင်း များအား တရားဟောပြောသည့် အလေ့အထကို ပြုကျင့်လေ့ ရှိတတ် သည်။ “ကောင်းသောသတင်းကို ကြားပြောလော့။ ဘုရားသခင်
ရှိတတ်သည်။ သူသည် အခြား အပေါင်းအသင်းများနှင့် မတူအောင် ဉာဏ်ရည်ထက်မြက်ခြင်း၊ စိတ်အားထက်သန်စွာ စူးစမ်းရှာဖွေစိတ် ရှိခြင်း၊ မိမိကိုယ်ကို ယုံကြည်စိတ်ရှိခြင်းနှင့် ဘာသာရေးစာအုပ်များကို ဖတ်ရှုလေ့လာလျှက် ရှိနေတတ်ပေသည်။ ရှစ်နှစ်သားအရွယ်ရောက်
သော ယုဒဿန်သည် တစ်နေ့တွင် မိမိ၏ဦးထုပ် အပေါ်ပိုင်းနား လေးကို အပေါက်ငယ်ကလေး တစ်ပေါက်ဖောက်ပြီး၊ ယင်းအပေါက် ငယ်ကလေးမှ နေမင်းကြီးကို စူးစိုက်မိစွာကြည့်ရှုသောကြောင့်၊ သူ့ မျက်စိ ကန်းလုမတတ် ဖြစ်ခဲ့ဖူးလေသည်။
. အခြေခံပညာသင်ကျောင်းသားဘဝ အရွယ်ရောက်သော ယုဒဿန်သည် ကျောင်းမှ သင်ကြားပို့ချပေးသော မေးခွန်းပုစ္ဆာများကို လျင်မြန်စွာ တွက်ချက်ပြီး ဦးစွာ အဖြေပေးနိုင်သူ ဖြစ်သောကြောင့်၊ကျောင်းဆရာ များ၏ချီးကျူးခြင်းကို ခံရပေသည်။ ထို့ပြင် ဟေလသ ဘာသာ၊ လက်တင်ဘာသာ Nagigation ရေကြောင်းပြ ဘာသာရပ် များကို အသက်(၁၀)နှစ် အရွယ်ကပင် ယုဒဿန်သည် ကောင်းမွန်စွာ သင်ကြား တတ်မြောက်နိုင်ခဲ့သည်။
ယုဒဿန်၏ဖခင် Adoniram Judson Senior ၏ စိတ်နေသဘောထားမှာ စည်းကမ်းကြီးခြင်း၊ ခေါင်းမာခြင်း၊ ပျော့ ပျောင်းမှု မရှိခြင်း၊ အသေးစိတ် ကြံဆတွက်ချက်ခြင်း၊ မိမိ၏လုပ် ဆောင်မှု မှန်သည်ဟုထင်လျှင် အလျော့မပေးခြင်း၊ ပြဿနာကို ရဲဝံ့စွာ ရင်ဆိုင်ခြင်း၊ အလုပ်တစ်ခုကို ပြီးမြောက်အောင် လုပ်တတ်ခြင်း ဟူ၍
ဖြစ်သည်။ ယုဒဿန်၏မိခင် Abigail Brown မှာမူ စိတ်နှလုံးနူး ညံ့သိမ်မွေ့ခြင်း၊ စကားပြော ပြောင်မြောက်ခြင်း၊ နေထိုင်မှု မှန်ကန်သပ် ရပ်ခြင်း၊ ဘုရားတရား ကြည်ညိုခြင်း၊ မိခင်ကောင်းပီသ၍ သားသမီး များအပေါ် စည်းကမ်းသေဝပ်စွာ ပြုစုကြည့်ရှု အုပ်ထိန်းခြင်းဟူ၍ပင် ဖြစ်သည်။ ဤသို့သော မိခင်နှင့် ဖခင်ကြီး၏ အုပ်စိုးမှုအောက်၌ နေထိုင်ကြီးပြင်း လာခဲ့ရသော ယုဒဿန်သည်လည်း မိခင်နှင့် ဖခင် ကြီး၏ စိတ်နေသဘောထား အမွေအနှစ်ကို ခံယူရရှိခဲ့လေသည်။
ယုဒဿန်၏ဖခင် သင်းအုပ်ဆရာကြီးသည် တာဝန်ဖြင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့၍ အမှုတော်မြတ်ထမ်းဆောင် ခဲ့သည်။ ယုဒဿန်သည် အသက် (၁၄)နှစ်သား အရွယ်ရောက်သော အချိန်၌ သူတို့မိသားစုအားလုံး ပလိုင်းမော့သ် Plymouth မြို့သို့
ပြောင်းရွှေ့နေထိုင်ကြသည်။ ယင်းမြို့၌ နေထိုင်စဉ် ယုဒဿန်သည် သူ့ဘဝ၌ ဖြစ်ချင်သော ဆန္ဒတစ်ခု ဖြစ်ပေါ်ပြင်းပြလာရသည်။ ၎င်းမှာ တိုင်းပြည် နိုင်ငံရေးခေါင်ဆောင်ကြီး သမ္မတဂျွန်အဒမ် John Adams ကဲ့သို့ တိုင်းပြည်ခေါင်းဆောင် လူကြီးတစ်ဦး ဖြစ်ချင်သည်။
သို့ရာတွင်၊ များမကြာမီ ယုဒဿန်သည် မထင်မှတ်ဘဲ၊ အသဲအသန် ဖျားနာလေသည်။ အဖျားသက်သာ၍ နလံထူလာသော် လည်း၊ ကျောင်းပညာပင် ဆက်မသင်နိုင်လောက်အောင် သန်သန် မာမာ ရှိမလာနိုင်ဘဲ အိပ်ရာထဲတွင် တစ်နှစ်ကြာခန့် နေခဲ့ရပေသည်။ ထို့ကြောင့်၊ သူ၏ပထမ ရည်ရွယ်ချက်ဖြစ်သော လောက၌ကျော်ကြား
သော နိုင်ငံခေါင်းဆောင် လူဂုဏ်လူသန် ဖြစ်ချင်စိတ်များကို ဖယ်ရှား ကျောခိုင်းကာ၊ ဘာသာရေးခေါင်းဆောင် သင်းအုပ်ဆရာကြီး ဖြစ် လာအောင် ဆောင်ရွက်မည်ဟု စိတ်ဆန္ဒဖြစ်ပေါ်လာရလေသည်။
` တစ်နေ့တွင် သူ၏စိတ် ဓမ္မာအာရုံထဲ၌ ကျယ်လောင်စွာ စကားပြောသံတစ်ခု ထွက်ပေါ်လာ၏။ ထိုစကားများမှာ၊ ငါတို့အ တွက်မဟုတ်၊ ငါတို့အတွက်မဟုတ်၊ ကိုယ်တော်၏ နာမတော် အားဖြင့်ဘုန်းတော်ထင်ရှားစေသနည်း”Not unto us, not unto us, but to thy name be the glory” ယုဒဿန်သည် တစ်နေ့ ကောင်းမွန်စွာ ပြန်လည်ကျန်းမာ လာသောအခါ ကျောင်းပညာအတွက် စာများကိုကျက်မှတ်ရခြင်း
ကြောင့်၊ သူ၏ ဓမ္မာအာရုံ၌ ကြားခဲ့ဘူးသောအသံကို မေ့ပျောက်သွား ခဲ့သည်။ ထို့နောက်၊ သူ၏အသက်(၁၆)နှစ်သား အရွယ်၌ Brown တက္ကသိုလ်သို့ တက်ရောက်၍ တက္ကသိုလ်ပညာကို ဆက်လက်ဆည်း ဖူး သင်ကြားရလေ၏။
အပေါင်းအသင်းကြောင့် ယုံကြည်ခြင်း ယိုင်ခဲ့ရ
ငယ်စဉ်က သင်ကြားတတ်မြောက်လာခဲ့သော လက်တင် ဘာသာ၊ ဟေလသဘာသာ၊ ပထဝီ၊ သင်္ချာဘာသာများကို နိုင်နင်း စွာ တတ်မြောက်ခြင်းကြောင့် တက္ကသိုလ်ကျောင်းတွင် သူ့အတွက်
၄င်းဘာသာရပ်များမှာ အခက်အခဲမရှိ၊ သူနှင့်ပေါင်းသင်းဆက်ဆံ သူများသည်လည်း၊ သူနှင့်အရည်အချင်းတူသူများပင်ဖြစ်ကြသည်။
ထိုတက္ကသိုလ်ကျောင်း၌ ယုဒဿန်နှင့် အကျွမ်းဝင်ဆုံး ခင် မင်ရင်းနှီးသူ မိတ်ဆွေမှာ Jacob Fames ဖြစ်၏။ သူ့သူငယ်ချင်း Eames သည် ဘာသာရေးအယူဝါဒများကို လက်မခံပေ။ ဘုရားမရှိ ဟူ၍ ခိုင်ခိုင်မာမာ ခံယူထားသူတစ်ယောက် ဖြစ်၏။ ယုဒဿန်နှင့် ဘာသာရေးဆိုင်ရာ ဆွေးနွေးရာ၌ ထာဝရဘုရားရှိသည် မရှိသည် ကို ကျောင်းချိန်ပေါင်းများစွာ ကုန်ဆုံးစေလေ့ရှိကြ၏။ နှစ်ယောက်သား မကြာခဏ ပြင်းထန်စွာ အငြင်းအခုန် ဖြစ်ကြ၏။
သို့နှင့် (၁၈၀၇-၁၈၀၈)ခုနှစ်၊ Brown University တက္က သိုလ်ကျောင်းကြီးမှ မဟာဘွဲ့ကို ရယူအပြီး (၁၉)နှစ်သား အရွယ်သာရှိသော ယုဒဿန်သည် ဘဝရှေ့ရေးအတွက်မည်ကဲ့သို့သော အလုပ် အကိုင်မျိုး စတင်လုပ်ရမည်ကို စဉ်းစား၍မရ ဖြစ်နေသည်။ သူ့ အားလပ်ချိန်များတွင် အင်္ဂလိပ် သဒ္ဒါစာအုပ် “Elemenis of English Grammar” နှင့် မိန်းကလေးများအတွက်သင်္ချာစာအုပ် ၊ “Young lady’s Arithmetic”ကိုရေးသားခဲ့၏။ ဘွဲ့ယူပြီးနောက်၊ ယုဒဿန်၏ စိတ်ထားသည် တစ်နေ့ထက်တစ်နေ့တိုး၍ မတည်မငြိမ် ဖြစ်လာသည်။
ငယ်ရွယ်ကတည်းက၊ ထာဝရဘုရားအကြောင်းကို ခံယူ စိတ်ထက်သန်သော ယုဒဿန်သည် ယခု တက္ကသိုလ်ကျောင်း ပြီးဆုံး သည့်အချိန်၌ ဘာသာရေးတွင် စိတ်မပါတော့ချေ။ ကျမ်းစာမဖတ်
တော့ဘဲ၊ အိပ်ရာဝင် အိပ်ရာထ၊ ထမင်းစား စသည်တို့၌လည်း ဆုတောင်း ချီးမွမ်းခြင်းပင် မလုပ်ခဲ့တော့ချေ။ စိတ်ထဲ၌ အမျိုးမျိုး တွေးတော နေလေတော့သည်။ ရင်းနှီးခင်မင်ခဲ့သော မိတ်ဆွေ Jacob Eames နှင့်ဆွေးနွေးချက်၊ ရည်ရွယ်ချက်၊ မျှော်မှန်းချက်များသည် အိပ်မက်ပင် ဖြစ်နေပြီလောဟု သူသတိရ တွေးတောနေတော့သည်။
ထာဝရဘုရားသခင်ဟူသည် သူ၏ဘုရား မဟုတ်ကြောင်း၊ သမ္မာကျမ်းစာကို သူလုံးဝ မယုံကြည်နိုင်တော့ဘဲ၊ လူတို့ရေးထား
သောစာအုပ်များသာ ဖြစ်ကြောင်း၊ ကိုရမ်ကျမ်းနှင့် ဗုဒ္ဓမြတ်စွာဘုရား ရေးထားသော ကျမ်းများသည်လည်း ထို့အတူပင်ဖြစ်ကြောင်း၊ သခင် ယေရှုခရစ်တော် ဟူသည်လည်း ဘုရားသခင်၏သားတော် မဖြစ်နိုင်
ကြောင်း၊ လူသား စင်စစ်သာဖြစ်ကြောင်း စသည်ဖြင့် မိမိစိတ်၌ ရှိသမျှ အကြောင်းအရာများကို မိတ်ဆွေများသာမက၊ မိဘများအား ဖွင့်ဟ ထုတ်ဖော်၍ ပြောလိုက်၏။
ထိုအခါ သူ၏ဖခင် သင်းအုပ်ဆရာကြီး Adoniram Judson, Senior သည် မခံမရပ်နိုင်အောင် ဒေါသထွက်လာ၏။ မိခင်ဖြစ် သူသည်လည်း ဝမ်းနည်းကြေကွဲစွာနှင့် ငိုကြွေးလျက် ဘုရား သခင်ထံဒူးထောက် ဆုတောင်းပေးနေ၏။ ထိုအချိန်ကာလ (၁၈၀၈) ခု၊ ဩဂုတ်လ (၁၁)ရက်နေ့တွင် New York မြို့သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ ရကြပြန်သည်။ ယုဒဿန်သည် ထိုသို့သော အတွင်း ခါးသီး သည့် ဘဝအတွေ့အကြုံ ခံစားနေရသည့် အခက်အခဲ များကြားက၊
မိမိ၏ ရှေ့ရေးဘဝအတွက်မည်ကဲ့သို့၊ ဆက်လဂ် လုပ်ကိုင်ဆောင် ရွက်ရ မည်ကို စဉ်းစားအဖြေမရ ဖြစ်နေသည်။ တဖန် New York မြို့မှ မိမိနေရင်း အိမ်သို့ပြန်လျှင် ကောင်းမည်လားဟု ပြန်၍စဉ်းစား မိသည်။ ယုဒဿန် တစ်ခါမှ မစဉ်းစား မတွေ့ကြုံခဲ့ဘူးသော ပြင်ပ
လောက လူတို့၏ဖြစ်စဉ်များကို စဉ်းစားရင်း၊ သူ့အမြင်တွင် လွတ်လပ် မှုမရှိခြင်း၊ ရိုးသားမှုမရှိခြင်း၊ လူတို့သည် ကိုယ်ဘို့ အတွက်သာကြည့် ခြင်း၊ အချင်းချင်းပြိုင်ဆိုင်မှုများရှိခြင်း စသည်တို့ကို သူ့စိတ်ထဲ၌ တွေးတောရှုပ်ထွေးနေလေသည်။
သို့ဖြစ်၍၊ တစ်နေ့ Plymouth မြို့၌ရှိသော သူ့ဦးလေး သင်းအုပ်ဆရာတစ်ဦးဖြစ်သော Epiriam Judson ထံသို့ သွားရောက်ညအိပ်ရန် ဆုံးဖြတ်လိုက်လေသည်။ သူ့ဦးလေးထံမြင်းစီး ပြီးသွားရသော်လည်း၊ ဦးလေးခရီးထွက်နေ၍ ယုဒဿန်နှင့် ရွယ်တူ ခန့်ဖြစ်သော သူ့ဦးလေး၏ လက်ထောက် ဓမ္မဆရာသည် သူ့အား ခရီးဦးကြိုပြုကာ လက်ခံခဲ့၏။ သူတို့နှစ်ယောက်သား စကားစမြည် ပြောလျှက် မိတ်သဟာယဖွဲ့နေကြသည်။ ညစာစားကြပြီးနောက် ဘာသာတရားအကြောင်းကို ဆွေးနွေးကြ၏။ သူ့ကိုလက်ခံ ဆွေးနွေး
သော ဓမ္မဆရာသည် ဘုရားသခင်အား ကြည်ညို လေးစား၍ စိတ်နှလုံးနူးညံ့ သိမ်မွေ့နေကြောင်းကို ယုဒဿန်က သတိ ထားမိသည်။ ယုဒဿန်သည် မိမိ၏ စိတ်နေသဘောထားနှင့် ချင့်ချိန် လျှက်များစွာ ကွာခြားလှသည်ကို သတိပြုမိပေသည်။
နောက်တနေ့တွင်၊ ယုဒဿန်သည် သူ၏မြင်းကိုစီးလျက် နေ ထိုင်ခဲ့ရာ Plymouth မြို့နှင့် ဝေးကွာအောင် အနောက်မြောက်ဘက် ခပ်ယွန်းယွန်းသို့ တဖန် ထွက်ခွာသွားလေ၏။ နေဝင်ခါနီး အချိန်တွင် ရွာတစ်ရွာသို့ ရောက်ရှိလာရာ၊ ညအိပ်ရန် တည်းခိုစရာအိမ်ကိုလိုက် ရှာ၏။ တွေ့သောအခါ တည်းခိုအိမ်ပိုင်ရှင်ထံ တည်းခိုခွင့်ပြုရန် တင်ပြ တောင်းဆို၏။
ထိုအခါ၊ တည်းခိုခန်းပိုင်ရှင်က အခန်းအားလုံး ပြည့်နေ ကြောင်း၊ သို့ရာတွင် အခန်းတစ်ခန်း ကျန်ရှိနေသေးကြောင်း၊ ထိုအခန်း မှာ အသည်းအသန်ဖျားနာနေသော လူငယ်တစ်ယောက်အိပ်နေ
သော အခန်းနှင့် ကပ်လျက်နေကြောင်း၊ ထိုလူနာမှာ သေလုမျှောပါး ဖြစ်နေကြောင်း၊ လူနာ၏ငြီးသံများနှင့် လူဝင်လူထွက်များသည့် လူ သွားလမ်းနှင့် နီးသောကြောင့်၊ အနှောင့်အယှက်ဖြစ်မည်ဟု ရှင်းပြ ပေးသည်။ သို့သော်၊ ယုဒဿန်သည် ထိုအခန်း၌ပင် ညအိပ်အနား ယူမည်ဟု လက်ခံဆုံးဖြတ်လိုက်သည်။
အိပ်ယာပေါ်တွင် လှဲလောင်းအနားယူနေစဉ် သူ၏စိတ်ကို အနှောင့် အယှက်ပေးသော အချက်မှာ၊ သူ့ ဘေးအခန်းထဲရှိ အသဲအ သန်ဖျားနေသော လူနာသည် သေခြင်းကို ရင်ဆိုင်ရန်အတွက် သူစိတ်နှလုံးသဘောထား ပြင်ဆင်မှုရှိရဲ့လား၊ မရှိဘူးလား၊ မိမိကိုယ် တိုင်ရော၊ ပြင်ဆင်ထားပြီလား၊ ဟူသော တွေးဆချက်များသည် သူ့ခေါင်းထဲ၌ ရှုပ်ထွေးနေရာယူလေသည်။ သို့ဖြစ်၍ နံနက်
ခပ်စောစော ယုဒဿန်အိပ်ရာမှနိုး၊ မျက်နှာသစ်၊ အဝတ်အစား လျင် မြန်စွာလဲပြီး၊ တည်းခိုခန်းအိမ်ရှင်အား အိပ်ခန်းအတွက် ကုန်ကျ စရိတ်ငွေ ရှင်းပြီးသောအခါ၊ အမှတ်တမဲ့ပင် သူ၏အခန်းနှင့် ကပ် လျက်နေသော လူမမာ သက်သာလာပြီလားဟု လှမ်းပြီးမေးလိုက်မိ၏။ ထိုအခါ အိမ်ရှင်ထံမှ လူမမာ သေဆုံးသွားပြီ ဟူသောအဖြေကိုသာ သိရှိရ၍ “သေသွားပြီ”ဟုတ်လားဟု သူအံ့အား သင့်သွားသည်။ သေသွားသူမှာ မည်သူဖြစ်ကြောင်းကို အလိုလို သိချင်မြင်ချင်စိတ် ပေါ်လာ၏။ ယုဒဿန်သည် တည်းခိုခန်း အိမ်ပိုင်ရှင်၏ ဧည့်မှတ်တမ်း စာအုပ်ကို ကိုယ်တိုင်လှန်ကြည့်သောအခါ Brown University မှ Jacob Fames ဟု အဖြေကို သူတွေ့ရှိသွားလေသည်။
ထိုအခါ ယုဒဿန်သည် တစ်ကိုယ်လုံး ကြက်တင်းထပြီး၊ သူ ၏စိတ်ထဲ၌ပင် ခေါင်းလောင်းမြည်သော အသံတစ်ခုကို ကြားယောင်မိသည်။ ၄င်းအသံနှင့်အတူ အသံတစ်ခု ထပ်ကြားရသည်ကား မိမိ၏သူငယ်ချင်း “Jacob Eames ပျောက်ဆုံးခဲ့ပြီး Lost” ဟူသော အသံပေတည်း။ သူ၏ အတွေးစိတ်ထဲတွင် ချစ်လှစွာသော သူငယ်ချင်း Jacob Eames သည် ဤလောကကြီးထဲမှ ပျောက်ဆုံး သွားပေပြီ။ အကယ်၍ တက္ကသိုလ်နေစဉ်တုန်းက Jacob Eames ၏အတွေးအခေါ်များ မှားခဲ့ပါမူ၊ ကျမ်းစာသည် မှန်ခဲ့လျှင် “ထာဝရ ဘုရားသည် အမှန်စင်စစ်အသက်ရှင်သောဘုရား ဖြစ်ခဲ့ပါလျှင်” Jacob Fames ၏သေဆုံးခြင်းသည် မျှော်လင့်စရာမရှိသော
ပျောက်ဆုံးခြင်း၊ ဆုံးရှုံးခြင်းပေတကား… စသည်ဖြင့်၊ ယုဒဿန်၏ စိတ်ထဲ၌ ဤသို့ အတွေးဝင် စခန်းထဲ လုံးပန်းနေ လေတော့သည်။
ထိုအခါ ယုဒဿန် စီးလာသောမြင်းသည် အရှေ့ဘက်တည့် တည့်သို့ ပြန်လည် ဦးတည်လာရကာ၊ မိမိ၏နေရင်း မိဘများထံ ပြန်လာခဲ့ရသည်။ ခရီးသွား၍ မိမိနေအိမ်နှင့် ငါးပတ်ကျော်ခန့် ကင်းကွာခဲ့ရသော ယုဒဿန်သည် ပြင်ပလောက၏အကြောင်းကို အတော်လေး နားလည်လာပေသည်။ ထိုအချိန်၌ အသက်နှစ်ဆယ် မျှသာ ရှိနေသေးသော ယုဒဿန်သည် စိတ်လှုပ်ရှားမှုများစွာနှင့် မိမိနေအိမ်သို့ ပြန်လာရခြင်းပင် ဖြစ်ပေသည်။
ဓမ္မတက္ကသိုလ်၌ ပြောင်းလဲခြင်း
ယုဒဿန်သည် သူ၏အတွေးအခေါ်နှင့် အတွေ့အကြုံများ ကြောင့်၊ ကျမ်းစာကျောင်း တက်ရောက်ချင်စိတ်ရှိလာသည်။ သို့သော်။ ဘုရား မရှိကြောင်း၊ ကျမ်းစာမှာ လူတွေရေးသားထားကြောင်း စသည့် ယုံကြည်ခံယူချက်ကို လူကြီးများသိရှိမှုကြောင့်၊ ကျမ်းစာသင်ကျောင်း သို့ လွယ်ကူစွာ ပညာဝင်ရောက်သင်ကြားခွင့် မရချေ။ သို့ရာတွင် ၁၈၀၈ခု၊ အောက်တိုဘာလ (၁၂)ရက်နေ့ကျမှ ဓမ္မလူကြီး တစ်ချို့တို့၏
ထောက်ခံချက်ကြောင့် Andover အင်ဒိုဘာမြို့ရှိ ဓမ္မတက္ကသိုလ် ကျမ်းစာကျောင်းသို့ တက်ရောက်ခွင့် ရခဲ့လေသည်။
ကျမ်းစာကျောင်းတွင် ဟေလသဘာသာ၊ လက်တင်ဘာသာ အပြင် အခုဟေဗြဲဘာသာကိုပါ ထိတွေ့သင်ယူခဲ့ရ၍၊ ကောင်းမွန်စွာ တတ်မြောက်လာခဲ့ပေသည်။ ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်းကို လေ့လာသင်ယူခြင်း၊ ရှင်ပေါလု၏ ပြောင်းလဲခြင်း၊ သခင်ခရစ်တော်၏ လက်ဝါးကပ်တိုင်၌ ဒုက္ခစရိယ ခံခဲ့ရခြင်း အဓိပ္ပါယ်လေးနက်မှုများ၊ သုံးရက်မြောက်သောနေ့၌ ထမြောက်ရှင်ပြန်ခြင်းစသည့် အကြောင်း များကို လေးနက်စွာ သိရှိလာရသည်။ ထိုသို့ဓမ္မပညာသင်ယူချိန် သုံးလအတွင်း၊ ၁၈၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၂)ရက်နေ့၌ ယုဒဿန် သည် သခင်ယေရှု ခရစ်တော်အား မိမိ၏ကယ်တင်ပိုင်ရှင်နှင့် အသက်သခင်အဖြစ် အကြွင်းမဲ့ ယုံကြည်လက်ခံ လိုက်လေသည်။ ဓမ္မပညာ သင်ယူပြီးဆုံးသော ယုဒဿန်သည် ဓမ္မတက္ကသိုလ်ကျောင်း ၌ ဂုဏ်ထူးဖြင့် အောင်မြင်ခြင်းကြောင့်၄င်း၊ သူ၏ ဉာဏ်ထက်မြတ် မှုကြောင့်၄င်း၊ မိမိဓမ္မပညာတက္ကသိုလ်၌ပင် နည်းပြဆရာလုပ်ရန် ဖိတ်ခေါ်ခြင်း ခံခဲ့ရသော်လည်း ငြင်းဆန်လိုက်သည်။
| ကျမ်းစာသင်ကျောင်း၌ သင်ယူရသော ဘာသာရပ်များ သည် အသင်းတော်ကို ကြည့်ရှုထိန်းသိမ်းရသော သင်းအုပ် လုပ်ငန်း အတွက်ကိုသာ ဦးစားပေးသင်ကြားပေးပြီး၊ သာသနာပြု လုပ်ငန်းကို ဦးစားမပေးခဲ့ချေ။ ယုဒဿန်၏ စိတ်ရင်းဆန္ဒမှာ ယခုဓမ္မပညာ သင်ကြားနေခြင်းသည် ရပ်ဝေးနယ်ခြားသို့ ဓမ္မဆရာ၊ သင်းအုပ်ဆရာ ဖြစ်ဖို့ရန်သာ သူဦးတည်နေသည်။ သူများနှင့်မတူ တမူထူး၍စွန့်စားကာ ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်လိုသော ဆန္ဒပြင်း ပြနေသည်။
အသက်(၂၁)နှစ်အရွယ်သို့ ရောက်လာသော ယုဒဿန် သည် ၁၈၀၉ ခုနှစ် စက်တင်ဘာလ နေ့တစ်နေ့၌၊ သူ၏ ရှေ့ရေးကို ဖော်ထုတ်မည့်အကြောင်းတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ထိုအ
ကြောင်းမှာ၊ ဓမ္မတက္ကသိုလ်၌ ဓမ္မပညာဆည်းပူးရာတွင်၊ အထူးပြု ဘာသာရပ်မှာ ဟေဗြဲစာပေဖြစ်၍ ထိုစာပေအား ဖတ်ရှုလေ့လာခဲ့ ရသော နေ့တစ်နေ့တွင် သာသနာပြုလုပ်ငန်းကို သဘောတူလုပ် ဆောင်ရန်၊ စိတ်ပါဝင်စားသော ကျမ်းစာသင်ကျောင်းမှ သူနှင့်ရွယ်တူ ကျောင်းသား သူငယ်ချင်းလေးဦးနှင့် နွေးထွေးစွာ ရင်ဖွင့်ဆွေးနွေး ပေါင်းသင်းမိသောကြောင့် ဝမ်းသာပီတိ ဖြစ်သွားသည်။
ညီအစ်ကိုများ အသင်းဝင် ဖြစ်လာ
ထိုအခါ၊ ယုဒဿန်နှင့် အဖော်လေးဦးတို့သည် သာသနာပြု လုပ်ငန်းကို စိတ်အားထက်သန်စွာ ဆွေးနွေးကြရာ၊ ယုဒဿန်ကပင် ဦးဆောင်လျက် အာရှတိုက်အိန္ဒိယပြည်နှင့် မြန်မာပြည်သို့ သွားရောက် ပြီး၊ အမှုတော်မြတ်ထမ်းဆောင်ရန် ရည်ရွယ်ထားကြောင်းကို ထုတ် ဖော်ပြောဆို၏။
ကျမ်းစာသင်ကျောင်းမှ ဓမ္မဘွဲ့ဆွတ်ယူ အောင်မြင်ပြီးသော တစ်နေ့တွင်၊ အဖော်လေးဦးတို့နှင့်အတူ ချိန်းချက်ထားသော နေရာ၌
တစ်ယောက်စီ ဆုတောင်း ဝတ်ပြုကြရန် စုရုံးနေကြစဉ်၊ မထင်မှတ်ဘဲ မိုးသည်းထည်စွာ ရွာသွန်းပြီး မိုးကြိုးပစ်ခြင်းကြောင့်၊ အနီးအနားမှာ ရှိသော ကောက်ရိုးသို လှောင်ထားသော နေရာသို့ မိုးခိုနေကြသည်။ သူတို့လေးဦးသည် တစ်ယောက် ပြီးတစ်ယောက် သူတို့အကြံအစည် နှင့် ဆုံးဖြတ်ချက်များ အောင်မြင်စေရန် “ဘုရားသခင်သည် ကမ္ဘာ မြေကြီးကို ယခုမိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သော အသံ ဖြင့် သတင်းကောင်းကို ပြန့်ပွားစေသတည်း”ဟုဆုတောင်း ကြ၏။
သူတို့လေးဦး ကောက်ရိုးပုံ၌ ဆွေးနွေးခဲ့သော ဖြစ်ရပ်ပြီး တစ်နှစ် ကြာသောအခါ The Brethren ဟူသော ညီအစ်ကိုများ အသင်းတော်ကို သူတို့အားဖြင့် ပေါ်ပေါက်လာခဲ့သည်။ ထိုအခါ၊ ညီအစ်ကိုများအသင်းတော်၏ အခြေခံစည်းမျဉ်းဥပဒေကို သူတို့ရေး ဆွဲကြ၏။ ယင်းအခြေခံ စည်းမျဉ်းဥပဒေတွင်၊
“ညီအစ်ကိုများ အသင်းတော်သည် သခင်ခရစ်တော် အကြောင်းကို မသိသေးသောသူများအား သာသနာပြုလုပ် ငန်းဆောင် ရွက်ရမည်။ အသင်းသားများသည် သာသနာပြု လုပ်ငန်း အဓိက ထားခြင်းမှအပ၊ အခြားသော လုပ်ငန်းများဦး စားပေးခြင်းမှ ကင်းရှင်းရမည်။ အသင်းသား အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း၊ ဆုတောင်းပဌနာပြုခြင်းများပြုလုပ်၍၊ သာသနာပြုလုပ်ငန်းကိုအချိန် နေရာမရွေး တာဝန်ပေးအပ်ချက်အရ ဆောင်ရွက်ရန် အဆင်သင့်ဖြစ်
နေရမည်” ဟူသော အချက်များကို အဓိက ရေးဆွဲကြသည်။
ယုဒဿန်သည်လည်း၊ ၄င်းညီအစ်ကိုများ အသင်း တော်၌ သင်းဝင်အသင်းသားတစ်ဦး ဖြစ်လာခဲ့သည်။ အသင်း သားခြောက် ယောက်ထဲသို့ ဘွဲ့ရပြီးဖြစ်သူ Luther Rice လည်း ဝင်ရောက်လာခြင်းကြောင့်၊ အားလုံးပေါင်း အသင်းသားခုနှစ် ယောက် ဖြစ်လာခဲ့ကြသည်။
ရူပါရုံများကို ရကြခြင်း
ညီအစ်ကိုများအသင်းတော်၌ သင်းဝင်သူအားလုံးသည် သူတို့ နှင့်နီးစပ်ရာ ဘုရားရှိခိုးကျောင်းများသို့ သွားရောက်၍၊ ဧဝံဂေလိ သတင်းကောင်းအကြောင်းကို စိတ်အားထက်သန်စွာ စတင်ဟောပြော သက်သေခံကြလေပြီ။ ညီအစ်ကိုများ အသင်းသား ခုနှစ်ဦး၏ ဟော
ပြောချက်များကို ကြားရသော ခရစ်ယာန်အပေါင်းတို့သည် သူတို့အား ကူညီထောက်ပံ့လိုသော စိတ်ဆန္ဒများ ရှိလာကြသည်။ အထူးသဖြင့်၊ အသက်အရွယ်ကြီးသောသူများစွာက မည်ကဲ့သို့ ကူညီရမည်ကို စိတ်ထဲ၌ ဆန္ဒပြင်းပြနေကြသည်။
၁၈၁၀ခုနှစ်၊ ဇွန်လ(၂၅)ရက် တနင်္ဂနွေနေ့၌ Andover ကျမ်းစာသင်ကျောင်း၏ ပါမောက္ခ Dr. Sturant ၏နေအိမ်တွင် Congregation အသင်းတော်လူကြီးများအစီးအဝေးတစ်ခုကျင်းပရာ၊ ယုဒဿန်တို့ အဖွဲ့ကိုလည်း အစည်းအဝေး တက်ရောက်ရန်
ဖိတ်ခေါ်ခြင်းခံခဲ့ကြသည်။ ထိုအစည်းအဝေးက လာမည့် ဇွန်လ (၂၈) ရက်နေ့၌ကျင်းပမည့် သင်းလုံးကျွတ် နှစ်ပတ်လည် အစည်းအဝေးကြီး သို့ ယုဒဿန်နှင့် အဖွဲ့တို့၏ ရည်ရွယ်ချက်ကို စာနှင့်ရေး၍ တင်ပြရန် တစ်ဆင့် ဆုံးဖြတ်ချက် ချပေးလိုက်၏။
သို့ဖြစ်၍၊ ဇွန်လ (၂၆)ရက်၊ အင်္ဂါနေ့၌ ယုဒဿန် ဦးဆောင် ၍ မိမိတို့၏ ရည်ရွယ်ချက်များကို စာလွှာဖြင့် ရေးသားကြ၏။ ထို့သို့ စာလွှာရေးသားပြုစုသော ယုဒဿန်တို့အဖွဲ့ဝင် ခြောက်ဦး၏နာမည် များမှာ Judson, Mott, Mills, Newell, Rice and Richards တို့ဖြစ်ကြ၏။ ၄င်းစာတမ်းကို Dr.Sturant နေအိမ်၌ တည်ခိုးနေကြသော နှစ်ပတ်လည် အစည်းအဝေးကြီးသို့ တက်ရောက် မည့် ကိုယ်စားလှယ် အသင်းတော်ခေါင်းဆောင် ဓမ္မလူကြီးများအား ယုဒဿန်တို့ အဖွဲ့ထဲမှ လေးယောက်က သွားရောက်၍ အကြမ်း အားဖြင့်၊ ကြိုတင် အသိပေးထားကြသည် ၊
၁၈၁၀ ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့၊ ကြာသပတေးနေ့ နံနက် (၇)နာရီတွင်၊ နှစ်ပတ်လည် အစည်းအဝေးကြီး စတင်လေပြီ။ Andover ကျမ်းစာသင်တက္ကသိုလ် ကျောင်းသားများဖြစ်သော လူငယ် လေးယောက်တို့မှာ၊ ရှေ့တန်းထိုင်ခုံ၌ နေရာယူထားကြလေပြီ။ သူတို့ ၏ မျက်နှာအနေအထားသည် တည်ငြိမ်စွာရှိနေ၏။ ထိုကျောင်းသား များ၏ အသက်မှာ (၂၂)နှစ် ပတ်ဝန်းကျင်မှာရှိကြ၏။ ယုဒဿန်သည် သူ့အလှည့်ရောက်၍ စင်မြင့်ပေါ်သို့ တက်ရောက်ပြီး တည်ငြိမ်သော
မျက်နှာထားဖြင့်၊ ပရိတ်သတ်ကို အေးဆေးစွာ ကြည့်ရှုနေသည်။ ထို အခါ၊ မိမိယူဆောင်လာသော သူတို့၏ဆန္ဒကို ဖော်ထုတ်ရေးသား ထားသော စာလွှာကို ကြည်လင်ပြတ်သားသော ဩဇာအသံနှင့် ဖတ် ကြားတင်ပြလေ၏။ ထို့နောက်၊ ကျန်ရှိသောမိတ်ဆွေ သုံးဦးကလည်း မိမိတို့၏အကြံအစည်များ၊ ခံစားချက်များနှင့် ဘုရားသခင်အား မည် သို့ ဆုတောင်း ဆက်ကပ်ထားကြသည်ကို သက်သေခံကြ၏။
ထိုအခါ၊ ကြားနာသော ဓမ္မလူကြီးများနှင့် ပရိသတ်များစွာတို့ သည် ဘုရားသခင်၏ သာသနာတော်အတွက် လူငယ်တို့၏ စိတ်အား ထက်သန်မှုအပေါ် အံ့ဩခြင်း၊ ဝမ်းသာခြင်းနှင့် မျက်ရည်များပင် တရွဲရွဲ ကျနေကြ၏။ ထိုနေ့သည် ယုဒဿန်နှင့် အဖော်တို့က၊ မိမိတို့ တစ်ဦးစီ၏ ရူပါရုံနှင့် ဝန်တာစိတ်ကို လူအများရှေ့မှောက်၌ ပထမ ဦးဆုံး ဖွင့်ဟတင်ပြကြရသည့် သမိုင်းဝင် မှတ်တမ်းတင် ရသည့်နေ့ ဖြစ်လေပြီ။
လက်ထပ်မဂ်လာပေးအပ်ခြင်း
ယုဒဿန်သည် Andover မြို့၌ ခဏမျှသာ နေပြီးနောက်၊ မိတ်ဆုံစားပွဲ တစ်ခုတွင် တွေ့ဆုံခဲ့ဘူး၍ မေတ္တာမျှခဲ့ရသော နန်စီ Ann Hassel tine Nancy အမည်ရှိအမျိုးသမီး၏နေထိုင်ရာ Braford မြို့သို့ ရောက်ရှိသွားလေသည်။ မကြာမီ ရက်အတွင်းမှာ ဆုတောင်း ဆပ်ကပ်ထားသည့်အတိုင်း၊ နိုင်ငံရပ်ခြားသို့ သာသနာပြု ထွက်သွားရမည့်သတင်းကို နန်စီအား ပြောပြရန် ဖြစ်သည်။ ၄င်းအပြင်၊ Hormony သင်္ဘောနှင့် လိုက်ပါနိုင်ရန်အတွက်၊ ၁၈၁၂ ခုနှစ်၊ ဖေဖော် ဝါရီလ (၆)ရက်နေ့တွင်၊ ဆာလင်မြို့ရှိ Tabernacle ဘုရားရှိခိုးကျောင်း၌ ယုဒဿန်တို့အဖွဲ့အား၊ လက်တင် မင်္ဂလာ ပေးရန် အတွက် အသင်းတော်ရှိ ဓမ္မလူကြီးများက သတ်မှတ်ပေးခြင်း ကိုလည်း ပြောပြလေသည်။
အသင်းတော်ကလည်း သတင်းစာတွင် ယုဒဿန်တို့ (၄)ဦး အား၊ ဆာလင်မြို့ Tabernacle ဘုရားရှိခိုးကျောင်း၌ နံနက်(၁၁) နာရီတွင် လက်တင်မင်္ဂလာ ပေးမည်ဖြစ်ကြောင်း၊ ရက်ရောစွာ အလှူ ငွေများ လှူဒါန်းရန် ကြိုတင် အသိပေးထားကြသည်။ ဤသတင်းကို ကြားသော လူပရိတ်သတ်ကြီးမှာ အလှူငွေများကို တဖွဲဖွဲ ထည့်ဝင်ကြ လေသည်။ ချမ်းသာကြွယ်ဝသော ကုန်သည်ကြီး တစ်ဦးက ယုဒဿန်တို့အဖွဲ့အား ကာလကတ္တားသို့ သွားမည့်ကုန်ကျခရီးစရိတ် အတွက် လှူဒါန်းခဲ့၏။ ဤအချိန်တွင် နန်စီသည် ယုဒဿန်နှင့် မင်္ဂလာဆောင် ရန်အတွက်လည်းကောင်း၊ သူ့သူငယ်ချင်း Harriet Atwood သည် Newell နှင့် မင်္ဂလာဆောင်ရန်အတွက် လည်းကောင်း၊ အိန္ဒိယပြည် သို့အတူ ခရီးထွက်ရန် ပြင်ဆင်မှုများ ပြုလုပ်ရချိန်ဖြစ်၍ အလုပ်များ နေကြသည်။
၁၈၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက် ဗုဒ္ဓဟူးနေ့ နံနက်တွင်၊ နန်စီနှင့် ယုဒဿန်တို့ နှစ်ဦးသည် သူတို့ပထမဦးဆုံး တွေ့ဆုံခဲ့ဘူး
သော နန်စီ၏အိမ်ရှေ့ ထမင်းစားခန်းအပြင်ဘက် ဧည့်ခန်းဆောင်၌ သင်းအုပ်ဆရာကြီး Rev. Par son Allen က၊ ယုဒဿန်နှင့် နန်စီ တို့အား ဘုရားသခင်ရှေ့၊ ပရိသတ် အနည်းငယ်ရှေ့မှောက်တွင် အကြင်လင်မယားမြောက်စေမည့် လက်ထပ်ခြင်းကို ပြုပေးခဲ့လေ သည်။ ၄င်းနေ့ ညနေတွင် Haver Hill ဘုရားကျောင်း၌ မင်္ဂလာဧည့်ခံ ခြင်း ဝတ်ပြုအစည်းအဝေးသို့ တက်ရောက်လာကြသော ပရိသတ်ကြီး မှာလည်း အစည်းအဝေးခန်းမ၊ မဆန့်နိုင်လောက်အောင် များပြား လှ၏။ အထူးသဖြင့် နိုင်ငံရပ်ခြားသို့ ခင်ပွန်းသည်များနှင့်အတူ ပထမ ဦးဆုံး၊ သာသနာပြုလုပ်ငန်း ထမ်းဆောင်ရန် လိုက်ပါသွားကြမည့် အမျိုးသမီး နန်စီနှင့် Harriet တို့အား လူကိုယ်တိုင် တွေ့မြင်လိုသော စိတ်နှင့် နှုတ်ဆက်ကြရန် ဖြစ်သည်။ ပရိသတ်များသည် ဝမ်းမြောက် ခြင်းနှင့် ဝမ်းနည်းခြင်းများ ရောယှက်လျှက် မျက်ရည်များပင် တရွဲရွဲကျလျက် ရှိနေကြသည်။ လက်ထပ်ခြင်း ဧည့်ခံပွဲ၌ သင်းအုပ်ကြီးပြော သော အဓိက စကားမှာ၊“ချစ်သော သားသမီးတို့၊ သင်တို့သည် လောကကြီး၌ ကိုယ်ကျိုးကိုစွန့်လျက်၊ အကောင်းဆုံး သောလမ်းစဉ်ကို ရွေး ချယ်ထားသူများဖြစ်ကြသည်။ သင်တို့သည် ဤသို့ မရွေးချယ် မီက၊ သခင်ခရစ်တော်သည်လည်း၊ ဤလမ်းစဉ်အတိုင်း အပြစ်သား များအတွက် အသက်စွန့်လျက် ကယ်တင်ရန်၊ ကမ္ဘာမြေကြီး ပေါ်သို့ ကြွရောက်လာရမည်ကို ရွေးချယ်ခဲ့လေသည်။ သင်တို့ သည်လည်း ယခုမိဘ၊ ညီအစ်ကို၊ မောင်နှမ၊ ဆွေမျိုးသား ချင်းများကိုစွန့်၍ ဘုရားသခင်၏ နိုင်ငံတော်ကျယ်ပြန့်ရန် အတွက် ရည်ရွယ် ထားခြင်း ဖြစ်ပေသည်။ သို့ဖြစ်၍ “သွားကြလော့”သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအား ဖြင့်၊ သခင်ခရစ်တော်၏အလင်းနှင့် ဘုန်းတော်ကို သင်တို့ အားဖြင့် ထင်ရှားပါစေသော်၊ အာမင်း” ဟု ပြောကြားပေသည်။
လက်တင် မင်္ဂလာ ပေးအပ်ခြင်း
နောက်တစ်နေ့ ၁၈၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ဆာလင်မြို့ Tabernacle Church စည်းဝေးဇရပ်၌ ယုဒဿန်တို့အဖွဲ့
ဟောလ် Hallနှင့် ရိုက်(စ်) Rice တို့အား၊ လက်တင် မင်္ဂလာပေးခြင်း အစီအစဉ်ကို အသင်းတော်ရှိ ဓမ္မလူကြီးများက ပြုလုပ်ပေးပါသည်။
ပထမဦးဆုံးအဖြစ် နိုင်ငံရပ်ခြားသို့ သွားရောက်၍၊ သာသနာပြုအမှု တော်ဆောင်များကို လက်တင် မင်္ဂလာပေးသော အစည်းအဝေးကြီး ဖြစ်သဖြင့်၊ ပရိသတ်ကြီးမှာ အစည်းအဝေးဇရပ်၌ ပြည့်လျှံလျက်ရှိပေ သည်။ လူပေါင်း(၁၅ဝဝ မှ ၂ဝဝဝ)ခန့်ရှိမည်ဟု ခန့်မှန်းရလေသည်။
လက်တင်မင်္ဂလာ အစည်းအဝေးကြီး စတင်လေပြီး၊ ဒေါက် တာဂရစ်ပင် DrGretpen က အဖွင့်ဆုတောင်း၍၊ ဒေါက်တာဝတ် က တရားဒေသနာကြား၏။ ယုဒဿန်တို့ အဖွဲ့ငါးဦးသည် သန့် ရှင်းသော ပလ္လင်ရှေ့၌ ငြိမ်သက်စွာ ဒူးထောက်လျှက်၊ သင်းအုပ် ဆရာကြီး ငါးဦးတို့သည် ထိုသူတို့၏ခေါင်းပေါ်သို့ မိမိတို့၏လက်နှစ် ဘက်ကို တင်ထားကြချိန်ဝယ်၊ ပရိသတ်ကြီးမှာ အပ်ကျသံကြားနိုင်လောက်အောင် တိတ်ဆိတ် ငြိမ်သက်လျက်ရှိနေ၏။ နန်စီသည်လည်း သူတို့နောက်၌ ဒူးထောက်ပါဝင်လျှက် ရှိနေ၏။
ဒေါက်တာမို့စ် Dr.Most သည် ယုဒဿန်တို့ တစ်ဦးစီအ တွက် ဘုရားသခင်အား ဆက်ကပ်ပူဇော်ခြင်းဆုကို အဆုံးသတ်
တောင်းပေးလိုက်လေသည်။ ငြိမ်သက်လျက်ရှိသော ပရိသတ်ကြီး သည် စိတ်ကိုမထိန်းချုပ်နိုင်ကြတော့ဘဲ၊ ငြိမ်သက်နေသည့် ကြားတွင် ငိုယိုသံ ငိုကြွေးသံများ ကြားနေရ၏။ လေတိုက်လျှင် သစ်ရွက်များ လှုပ်ရှားသကဲ့သို့၊ ပရိသတ်ကြီး၏ စိတ်နှလုံးများသည် လှုပ်ရှားလျက် ရှိနေကြ၏။ တည်ငြိမ်၍ ကြည်လင်ပြတ်သားသော ဓမ္မလူကြီးများ၏ အသံသည် ပရိသတ်ကြီးများ အပေါ်သို့ တဖြည်းဖြည်း ဤသို့ လွှမ်းမိုးသွားလေပြီ။
“သွားလော့၊ ကယ်တင်ခြင်းအကြောင်း၊ ငြိမ်သက်ခြင်း အကြောင်း၊ ထာဝရအသက်အကြောင်းကို လူသားတို့အား ကြွေးကြော် ကြလော့။ ငါတို့ ယုံကြည်ကိုးစား၍ ငါတို့ကိုချစ်သော သခင်ခရစ် တော်သည် အပြစ်သားများ၏ ကယ်တင်ပိုင်ရှင် ဖြစ်သည့်အကြောင်း၊ ကောင်းသောသတင်းကို ဟောပြောကြလော့ ချစ်လှစွာသော ညီငယ် ညီမငယ်များ၊ ကြောက်ရွံ့ခြင်းကင်းမဲ့၍ ခွန်အား၊ မမျှော်မှန်းနိုင်သော ငြိမ်သက်ခြင်း၊ ကျေးဇူးတော်နှင့် ဂရုဏာတော်သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမဖြင့်၊ သင်တို့အပေါ် သို့ အစဉ်တည်ရှိပါစေသော၊ အာမင်း” ဟူ၍ပင် ဖြစ်သတည်း။
သို့ဖြစ်၍၊ သူတို့မှာ ယခု ဓမ္မဆရာများ ဖြစ်လာကြပြီး လက် တင်မင်္ဂလာ ပေးအပ်သော အစည်းအဝေးကြီး အစအဆုံး၊ ရင်နှင့် ခံစားဘွယ်ရာအဖြစ် ပြီးဆုံးသွားလေပြီ။ ဤနေ့ ဤရက်သည်ကား၊ သူတို့ဘဝ၌ သာမက၊ လာကြသူ ပရိသတ်များက မမေ့နိုင်သော ရက်တစ်ရက် ဖြစ်ခဲ့ပေသည်။ အသင်းတော်၏ သမိုင်းဝင် မှတ်တမ်း တစ်ခုလည်း ဖြစ်လေပြီ။ ဤတိုတောင်းသော ရက်အတွင်းမှာပင် နယူးဝဲလ်နှင့် ဟဲရီရက် တို့သည်လည်း၊ မင်္ဂလာဆောင်နှင်းပြီးစီး၍ သာသနာပြု ခရီးထွက်ရန် ပြင်ဆင်ရကြပြီ။ ဆရာယုဒဿန်နှင့် နယူး ဝဲလ်တို့ ဇနီးမောင်နှံသည်လည်း၊ ဆာလင်မြို့မှ ကယ်ရဘင် သင်္ဘော ဖြင့် အိန္ဒိယပြည်၊ ကာလကတ္တားမြို့သို့ လည်းကောင်း၊ ဧနော့နှင့် ရိုက်(စ်) တို့သည် ဖီလာဒယ်ဖိယာမြို့မှ ဟာမိုနို သင်္ဘောဖြင့် လည်း
ကောင်း၊ ရက် အနည်းငယ်အတွင်း နိုင်ငံရပ်ခြားသို့ သာသနာပြုရန် ထွက်ခွာသွားကြမည် ဖြစ်ပေတော့သည်။
သင်းဝင်သူတို့သည် အမေရိကန် သာသနာပြုဘုတ်အဖွဲ့သို့ အလှူငွေများ ရက်ရောစွာ လှူဒါန်းကြလေသည်။ Andover အင်ဒိုဘာ ကျမ်းစာသင်ကျောင်းမှ ကျောင်းသားများသည်လည်း အိမ်တိုင်းစေ့ လှည့်လည်၍ သင်းဝင်သူတို့က ဆန္ဒပြုထားသော အလှူငွေများ
ကောက်ခံကြလေသည်။ သာသနာပြုလုပ်ငန်းအတွက် စိတ်ပါဝင်စားမှု မရှိသော တပည့်တော်များပင်လျှင်၊ အလှူငွေများ ပါဝင်လှူဒါန်း ကြလေသည်။ ဤကဲ့သို့ တပည့်တော်များသည် သာသနာပြု လုပ် ငန်းအတွက် သဒ္ဒါတရား ပွားများလျှက် ရှိကြသည်။
အိန္ဒိယပြည်သို့ စတင် ထွက်ခွာလာခြင်း
၁၈၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့၊ နံနက်စောစော တွင် ယုဒဿန်နှင့် နယူးဝဲလ်တို့ ဇနီးမောင်နှံသည် ကယ်ရဘင် သင်္ဘောပေါ်သို့ ရောက်ရှိသွားကြပေပြီ။ အေးချမ်းသော ဆောင်း ရာသီဥတု ရှိစေကာမူ၊ လိုက်၍ နှုတ်ဆက်လာကြသော အသိ မိတ်ဆွေများစွာ တို့သည် မျက်ရည်များပင် မဆယ်နိုင်ကြဘဲ၊ ကမ်းခြေ
သောင်ပြင်၌ ကျန်ရစ်ခဲ့ကြလေပြီး တိုက်ခတ်လာသော လေအဟုန်ဖြင့် ကယ်ရဘင် သင်္ဘောသည် ရွက်များကိုတင်လွင့်လျက်၊ ကမ်းခြေမှ
ဖြည်းညှင်းစွာ ထွက်ခွာသွားလေသည်။
ခရီးမထွက်ခွာမီ နန်စီသည် ချစ်လှစွာသောမိဘ၊ ဆွေမျိုး၊ မိတ်ဆွေများနှင့် ခွဲခွာသွားရတော့မည်ကို စဉ်းစားလိုက်တိုင်း၊ သူမ၏ နှလုံးသား ခံနိုင်ရည် ရှိပါမည်လောဟု ကြိုတင်တွေးတောလျှက် ရင်လေးနေပေသည်။ သို့သော်လည်း၊ ဤကဲ့သို့ တကယ်ပင် ခွဲခွာရ
တော့မည့်အချိန် ရောက်လာသည့်အခါ၊ ရဲရင့်စွာ ရင်ဆိုင်နိုင်ခဲ့သည်။ ဝမ်းနည်းကြေကွဲခြင်းသည် သခင်ခရစ်တော်အတွက် ငြိမ်သက်ပျော်ရွှင် ခြင်းအဖြစ် ခံစားကြောင်းကို ဤကဲ့သို့ မှတ်တမ်းတင် ထားခဲ့လေသည်။
ကျွန်မ၏ နှလုံးသားထဲမှ သွေးများယိုစီးလျှက် ရှိ၏။ အမေရိကန် သင့်အား၊ ကျွန်မခွဲခွာရတော့မည်။ ကျွန်မ မွေးဖွား ရာဇတိဖြစ်သော Bradford ဖရက်ဖို့မြို့၊ သင့်အား ကျွန်မ ခွဲခွာသွားရပေတော့မည်။ မွေးဖွားစဉ်ကပင်၊ မိခင်၊ ဖခင်၊ အစ်ကို၊ အစ်မများနှင့် အတူတကွ ပျော်ရွှင်စွာ နေထိုင် ခဲ့ရခြင်း၊ ဆွေမျိုးများနှင့် ပျော်ရွှင်မှုများ၏ အရသာကို ခံစား ရခြင်း စသည်တို့သည် သခင်ခရစ် တော်၏အသွေးတော်တန်ခိုး၊ သခင်ဘုရားနှင့် သိကျွမ်းခြင်းအခွင့် ထက်၊ အဘယ်သို့ မွန်မြတ်နိုင်မည်နည်း။ နှိုင်းယှဉ်၍ မရနိုင်ပါတကား။ ကျွန်မ နှုတ်ဆက်ခဲ့သည်။ ယခု ပျော်ပျော် ရွှင်ရွှင်နှုတ်ဆက် ခဲ့ပြီ။ ဤနေ့ရက်သည် ကျွန်မ၏ နှလုံးသားထဲ၌ ခိုင်မြဲစွာ စွဲမြဲလျက် မမေ့နိုင်သော နေ့ရက်ဖြစ်ချေတော့ပြီ ဟူ၍ မှတ်တမ်းတင် ထားနိုင်ခဲ့သည်။
သူတို့ စီးသွားရသည့် ရွက်လှေသင်္ဘောကြီးသည် ရာသီဥတု မငြိမ်သက် မှုကြောင့်၊ တရွေ့ရွေ့ လေတိုက်အားဖြင့်၊ ငါးရက်မြောက် သောနေ့တွင် သင်္ဘောကြီး၏ ဝမ်းဗိုက်အောက်အပေါက် ဖြစ်လာပြီး၊ ရေများ စိမ့်ဝင်လာခဲ့ရာ၊ သင်္ဘောကြီး နစ်မြုပ်သွားနိုင်လောက်အောင် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။ သို့သော်လည်း၊ သင်္ဘောသားများ၏ ကြိုး စားစွမ်းဆောင်မှုကြောင့် ရေဝင်လာသော အပေါက်ကို ကောင်းမွန်စွာ ပိတ်ဆို့နိုင်ခဲ့ကြ၏။ ဘုရားသခင်၏ အလိုတော်ကြောင့်သာ အသက် ချမ်းသာရကြသည်ဟု ယုဒဿန်၏ နေ့စဉ်မှတ်တမ်း၌ တင်မှတ်ထား ကြောင်း တွေ့ရလေသည်။ “
ပင်လယ်ကြမ်းပြင် ရွက်လှေကြီးပေါ်ရှိနေချိန် ပထမ တနင်္ဂနွေနေ့တွင် ရာသီဥတုပြင်းထန်မှုကြောင့်၊ ဝတ်ပြုကိုးကွယ်ခြင်း မပြုနိုင်ခဲ့ကြပေ။ ဒုတိယအပတ် တနင်္ဂနွေနေ့၌သာလျှင် ဝတ်ပြုကိုး ကွယ်နိုင်ကြလေသည်။ ရာသီဥတု မသာယာသော်လည်း၊ မှန်မှန် ဆုတောင်းခြင်း အချိန်ကို ယူနိုင်ကြလေသည်။
၁၈၁၂ ခုနှစ်၊ မေလ(၁)ရက်နေ့တွင် ကမ္ဘာ့ အီကွေတာမျဉ်း ကြောင်းကို ဖြတ်ကျော်ခဲ့လေပြီ။ ၄င်းအချိန်အတွင်း ဆရာယုဒသာန် သည် အင်ဒိုကာ ကျမ်းစာသင်ကျောင်း၌ ရှိနေစဉ် ကတည်းက၊ ဓမ္မသစ်ကျမ်းကို Greek ဟေလသဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို လျက်ရှိ၏။ သူ စိတ်ပါဝင်စားသော စကားလုံးမှာ ဟေလသ
ဘာသာမှ အင်္ဂလိပ်သာသာသို့ ပြန်ဆိုထားသော ဗတ္တိဇံ မင်္ဂလာခံယူ ခြင်းအကြောင်း ပင်ဖြစ်၏။
သူကိုယ်တိုင်၌ပင် ငယ်ရွယ်စဉ်က Congregation Church ယုံကြည်သူများ၏ ခံယူချက်အရ၊ ဦးခေါင်းပေါ်သို့ ရေဖြန်းခြင်းဖြင့်၊ ဗတ္တိဇံမင်္ဂလာကို ခံယူခဲ့သည်။ ဓမ္မသစ်ကျမ်းကို သေချာစွာ လေ့လာ
သောအခါ၊ ဗတ္တိဇံမင်္ဂလာ ဟူသည် ရေဖြန်း၍ပေးသည်ကို မတွေ့ရ။ မြစ်ထဲ၌ ရေနှစ်ခြင်းပေးကြောင်းကိုသာ တွေ့ရ၏။ ညီအစ်ကို အသင်း ဝင်ဖော် သူငယ်ချင်းများနှင့် အတူ၊ ဟေလသဘာသာ စကားကို သေ ချာစွာ လေ့လာချိန်၌လည်း ရေနှစ်ခြင်းမှအပ အခြားအဓိပ္ပါယ် ဖော်
ဆောင်ခြင်းကို ကျမ်းစကားလုံး မတွေ့ရကြကြောင်း ခရီးစဉ်တလျှောက် လုံး သူပြန်လည် သတိပြုမိသည်။ ။
ဆရာယုဒဿန်သည် သူ၏ချစ်ဇနီး နန်စီနှင့် ဤအကြောင်း ဖြစ်ရပ်ကို အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့ကြ၏။ မွေးစကလေး သူငယ်ကို ရေဖြန်း၍ ဗတ္တိဇံပေးခြင်းသည် အယူအဆနှင့် လုပ်ရပ်က သည်ဖြင့်၊ တွေးတောစဉ်းစားလျှက် အချိန်ပေး ဆွေးနွေးနေကြသည်။ ဓမ္မသစ်ကျမ်းအရ အသင်းတော်ဘောင်ထဲသို့၊ အသင်းသား တစ် ယောက်ဖြစ်ရန် သခင်ခရစ်တော်အား၊ မိမိ၏ ကယ်တင်ပိုင်ရှင်ဖြစ် ကြောင်းကို ယုံကြည်လက်ခံပြီး၊ ဗတ္တိဇံမင်္ဂလာခံယူပြီးမှသာ ဖြစ်ချေ၏။
သို့ဖြစ်၍၊ ဤအတွေးအခေါ် သဘောတရားသည် ယုဒဿန် ၏ စိတ်ကို အချိန်ကြာမြင့်စွာကပင် လှုပ်ခတ်စေခဲ့သည်။ ပူပင်သောက ဖြစ်စေခဲ့သည်။ နန်စီနှင့် ဆွေးနွေးရာ၌လည်း နန်စီကပင်ပို၍ စိတ်
သောက ရောက်လျက်ရှိ၏ အကယ်၍ ယုဒဿန်သည် ရေနှစ်ခြင်းခံ ယူသည့် အသင်းတော်သို့ ကူးပြောင်းသွားပါက၊ အမေရိကန် သာသ နာပြုဘုတ်အဖွဲ့၏ သဘောထားနှင့် ထောက်ပံ့ကြေးများ မည်ကဲ့သို့ ဖြစ်ပေါ်လာမည်ကို ဆရာယုဒဿန်က ထည့်သွင်း စဉ်းစားလျက်ရှိ ပေသည်။
ဤအချိန်အတောအတွင်း ဇွန်လဆန်းမှာ Orissa ကမ်းခြေ ကို လှမ်းပြီး တွေ့မြင်ရကြ၏။ သို့ဖြစ်၍ မကြာမှီကာလ ၁၈၁၂ ခုနှစ် ဇွန်လ (၁၇)ရက်နေ့တွင် သူတို့စီးလာသော Caravan ကယ်ရဘင် သင်္ဘောကြီးသည် အိန္ဒိယပြည်၊ ကာလကတ္တားမြို့ ဆိပ်ကမ်းသို့ ဆိုက်
ရောက် ကျောက်ချရလေပြီ။ အမေရိကန်မှ စတင်ထွက်ခွာလာရသည့် အချိန်နှင့် ယခုအိန္ဒိယပြည်သို့ ရောက်ရှိလာသော အချိန်ကာလသည် ငါးလ ခန့်မျှကြာအောင် ပင်လယ်ခရီး ဆန့်လာခဲ့ကြခြင်း ဖြစ်သည်။
အိန္ဒိယပြည်၌ နေထိုင်စဉ် ဆရာယုဒသန်နှင့် နယူးဝဲလ်သည်လည်း၊ ဆိပ်ကမ်းကပ် ပြီးသော သင်္ဘောပေါ်မှ ခပ်သွက်သွက် ဆင်းလာကြ၍ ကာလကတ္တား မြို့ရှိ ရဲစခန်းသို့ သတင်းပို့ ရန် ထွက်ခွာသွားကြသည်။ ရဲစခန်းမှ ရဲအရာရှိသည် သူတို့နှစ်ဦးအား၊ ကြည်ကြည်ဖြူဖြူ လက်မခံချေ။ ရဲအရာရှိက လာရောက်သတင်းပို့ခြင်းကို မှတ်တမ်းတင်ထားမည်ဟု
ပြောပြ လိုက်လေသည်။ ဆရာယုဒ်ဿန်နှင့် နယူးဝဲလ်တို့သည် သူတို့ အသိ မိတ်ဆွေဖြစ်သော ဒေါက်တာကေရီ၏ နေအိမ်သို့ သွားရောက် ကြရာ၊ အားရဝမ်းသာစွာ ကြိုဆိုနှုတ်ဆက်လေသည်။
ဒေါက်တာကေရီသည် အင်္ဂလိပ် နှစ်ခြင်းအသင်းတော်က ပထမဦးဆုံး စေလွတ်ခဲ့သော သာသနာပြုဆရာ တစ်ဦးဖြစ်သည်။ ကာလကတ္တားမြို့နှင့်(၁၅)မိုင်ခန့်ကွာဝေးသော Serampore ၌ အမှု
တော် သာသနာပြုလုပ်ငန်းကို ဆောင်ရွက်နေ၏။ ဆရာယုဒဿန်တို့ အဖွဲ့သည် ဒေါက်တာကေရီ၏ နေအိမ်၌ ရက်အနည်းငယ် နေ ထိုင်ကြရ၏။ ၁၈၁၂ ခုနှစ်၊ ဇူလိုင်လ(၁) ရက်နေ့တွင်၊ ဆရာ ယုဒဿန် နှင့် နယူးဝဲလ်တို့အား ကာလကတ္တားမြို့ရှိ ရဲစခန်းတခုက သတင်း ပြန်ပို့ရန် အကြောင်းကြားစာ ရရှိခဲ့လေသည်။ ရဲအရာရှိက အထက်မှ လာသော အမိန့်စာကို ဖတ်ပြ၍ ပေးလိုက်၏။ ထိုစာအရ၊ ဆရာယုဒ ဆရာယုဒသန်နှင့် နယူးဝဲလ်သည်လည်း၊ ဆိပ်ကမ်းကပ်ပြီးသော သင်္ဘောပေါ်မှ ခပ်သွက်သွက် ဆင်းလာကြ၍ ကာလကတ္တားဿန်တို့
အဖွဲ့(၄)ဦးသည် ကယ်ရဘင်သင်္ဘောနှင့် ကာလကတ္တားမြို့မှ – ထွက်ခွာသွားရပေမည်။ ကယ်ရဘင် သင်္ဘောသည်လည်း၊ ယုဒဿန် တို့ လေးဦးမပါဘဲလျက် ကာလကတ္တားမြို့မှ ထွက်ခွာသွားရမည် မဟုတ်ချေ။ သို့ဖြစ်၍ ဆရာယုဒဿန်တို့ အခက်ကြုံရပေပြီ။
ထိုအခါ ဆရာယုဒဿန်နှင့် နယူးဝဲလ်က ဟာမိုနီသင်္ဘော ကြီးကို၊ ကာလကတ္တားမြို့သို့ ကမ်းကပ်ဆိုက်ရောက်လာသည့်နေ့ အထိ၊ နေထိုင်ခွင့်ပြုရန် အိန္ဒိယဘုရင်ခံချုပ်အား အသနားခံစာ တင် သွင်းလိုက်ရ၏။ ဆရာယုဒဿန်တို့သည် ရှေ့ဆက်ခရီးကို မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို စဉ်းစား၍ မရနိုင်အောင်ပင် ဖြစ်နေကြသည်။
ဆရာယုဒဿန်နှင့်အဖွဲ့သည် အိန္ဒိယနိုင်ငံ၌ သာသနာပြု လုပ် ငန်းကို သူတို့ မဆောင်ရွက်ရလျှင် ဘယ်နိုင်ငံသို့ ဆက်ပြီးသွားရမည် နည်း။ အာရှတိုက်၌ရှိသော မြန်မာပြည်၊ တရုတ်ပြည်၊ ယိုးဒီးယားပြည် အစရှိသော တိုင်းပြည်များသို့ သွားရောက်ရန် စဉ်းစားရင်း၊ ဆွေးနွေး တိုင်ပင်ကြသော်လည်း ဒုက္ခဆင်းရဲခြင်း အမျိုးမျိုး၊ အခက်အခဲ အ မျိုးမျိုးနှင့် ရင်ဆိုင်ရမည်ကို ကြိုတင်သိမြင်ခဲ့ကြ၏။ အမေရိကန်ပြည် သို့ ပြန်သွား၍ လူရိုင်းတို့အား သာသနာပြုရန် အကြံပေးခြင်း ခံရ သော်လည်း၊ သူတို့ လက်မခံဘဲ နေကြ၏။ မည်သို့ပင် ခက်ခဲသည်ဖြစ် စေ၊ သူတို့ အားမလျော့ဘဲ ဘုရားသခင်၏ လမ်းပြမှုကို ခံယူလျှက် “အလိုတော်အတိုင်းသာ ဖြစ်စေသတည်း”ဟု ဆုတောင်း နေကြ လေသည်။
၁၈၁၂ ခုနှစ်၊ ဇွန်လိုင်လ (၁၅)ရက်နေ့တွင် တဖန်၊ ဆရာ ယုဒဿန်တို့ နှစ်ဦးသည် ကာလကတ္တားမြို့ ရဲစခန်းသို့ သွားရပြန် သည်။ ရဲအရာရှိမှ တစ်ဆင့် သိရှိရသည့်သတင်းမှာ ဘယ်ရဘင် သင်္ဘောနှင့်ပြန်ရန် စောင့်ဆိုင်းဖို့မလို၊ ကြုံရာသင်္ဘောဖြင့် အိန္ဒိယမှ အမြန်ဆုံး ထွက်ခွာသွားရမည်သာ ဖြစ်ကြောင်း၊ မထွက်ခွာပါက အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကို ဆရာယုဒဿန်တို့ နောက်ဆုံး အကြိမ် သိရှိရလေသည်။
ယုဒဿန်နှင့်နန်စီတို့ရေနှစ်ခြင်းမဂ်လာခံယူကြခြင်း
ဆရာယုဒဿန်နှင့် နန်စီတို့သည် အိန္ဒိယပြည် ကာလ ကတ္တားမြို့မှ ထွက်ခွာသွားမည့် သင်္ဘောကို ရက်ရှည်ကြာ စောင့်ဆိုင်း နေခဲ့စဉ်၊ ဗတ္တိဇံနှင့် ပတ်သက်သော အကြောင်းအရာများကို အလေး အနက် ဆက်လက် လေ့လာလျှက်ရှိကြ၏။ ဗတ္တိဇံမင်္ဂလာ အကြောင်း ကိုလည်း လေးနက်စွာ သိရှိနားလည်လာကြ၏။ ချစ်ဇနီးသည် နန်စီ က သူငယ်ရွယ်စဉ် စွဲမြဲစွာခံယူထားသော Congregational အသင်း တော်၏ ခံယူချက်ကို မည်သည့်အချိန်အခါမျှ စွန့်ပယ်မည်မဟုတ်။ ကျမ်းစာထဲ၌ မွေးဖွားစကတည်းက၊ ကလေးသူငယ်အား ဗတ္တိဇံမင်္ဂလာ ပေးသည့် အထောက်အထားများ ခိုင်မြဲစွာ ပါရှိမည်ဟု သူမ တွက်ဆ
ထား၏။ သို့သော်လည်း၊ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းကို သေ သေချာချာ လေ့လာသောအခါ၊ တွက်ဆထားသည့်အတိုင်း ခိုင်လုံ
သော အထောက်အထားကို မတွေ့ရ။ ယုံကြည်ခြင်းနှင့် ရေနှစ် ဗတ္တိဇံ မင်္ဂလာပေးခြင်းသည် ဒွန်တွဲလျှက်ရှိသည်ကို သာ ရှင်းလင်းစွာ တွေ့ရှိရ၏။
သို့ဖြစ်၍ ယခု နန်စီ အခက်ကြုံရပေပြီ။ ဆရာယုဒဿန်၏ ခိုင်မြဲသော စိတ်ဓာတ်ကိုလည်း သူမ ကောင်းကောင်းကြီးသိ၏။ မိမိကိုယ်၌ ရေနှစ်ခြင်းမင်္ဂလာကို မခံယူပါလျှင်၊ ယုံကြည်လာသော သူတို့အား မည်ကဲ့သို့ ရေနှစ်ခြင်း ပေးနိုင်မည်နည်း။ မိမိကိုယ်တိုင်က ရေနှစ်ခြင်းကို ခံယူမှသာလျှင်၊ ယုံကြည်သူများအားလည်း ရေနှစ်ခြင်း ပေး၍၊ အသင်းတော်ဘောင်အတွင်းသို့ အသင်းသားအနေနှင့် လက်ခံရခြင်းဖြင့်၊ ကျမ်းစာနှင့် ကိုက်ညီသောဆောင်ရွက်ချင် ဖြစ်ပေလိမ့်မည်။
သို့ဖြစ်၍၊ နန်စီသည် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြ သွန်သင်မှုကိုခံယူရန်၊ ဆုတောင်း အချိန်ယူလေသည်။ တိုတောင်း
သော အချိန်အတွင်းတွင် ကျမ်းစာသည် နှစ်ခြင်း ခံယူရမည့်သူများ၏ ယုံကြည်ချက်ကို အလေးပေးသည်ဟု သူမက သဘောပေါက် ဝန်ခံရ
လေပြီး၊ နန်စီသည် ဆရာယုဒဿန်နှင့်အတူ ယခုဆုံးဖြတ်ချက် တစ်ခုချလိုက်လေပြီ။ မကြာမီ ဆရာယုဒဿန်နှင့် အတူ၊ ရေနှစ်ခြင်း မင်္ဂလာကို ခံယူရပေတော့မည်။
အကြောင်းမှာ၊ နှစ်ခြင်းမင်္ဂလာ ခံယူခြင်းသည် သခင် ခရစ်တော်အား ကယ်တင်ပိုင်ရှင်အနေဖြင့်၊ ယုံကြည်လက်ခံ ခြင်းသက်သေ၊ ယုံကြည်သူများ၏ တစ်ခုတည်းသော ခရစ်
တော်၏ တပည့်ဖြစ်ခြင်း ပြင်ပသက်သေထူရာ ရေနှစ်ခြင်း ဗတ္တိဇံ မင်္ဂလာပင် ဖြစ်ပေသည်။
သို့ဖြစ်၍၊ ၁၈၁၂ ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင် ဆရာ ယုဒဿန်နှင့် ဇနီးနန်စီတို့အား နှစ်ခြင်းသင်းအုပ်ဆရာကြီး Dr.Word ဒေါက်တာဝပ်က ကာလကတ္တားမြို့တွင်ရှိသော Lal Bazare ဘုရားရှိ ခိုးကျောင်းဝင်းရှိ နှစ်ခြင်းကန်၌ ရေနှစ်ခြင်းမင်္ဂလာကို ပေးအပ်လိုက် လေသည်။ သို့ဖြစ်၍ နန်စီသည် ဤကဲ့သို့မှတ်တမ်းကို ရေးသားထားခဲ့၏။
“ကျွန်ုပ်တို့၏ ဆန္ဒအားဖြင့်၊ ရေနှစ်ခြင်း မင်္ဂလာကို ခံယူရခြင်းမဟုတ်” သမ္မာတရား၏ ပို့ဆောင်မှုကြောင့်သာ၊ ဤသို့ ဖြစ်ရ၏။ ဤသို့ ရေနှစ်ခြင်းကိုခံယူ၍ ပြောင်းလဲခြင်း အားဖြင့်၊ အဖိုးအခ ပေးရမည်ကို ငါတို့သိရှိ၏။ ငယ်စဉ်ကပင်၊ ပေါင်းသင်း ဆက်ဆံခဲ့ရသော မိဘဆွေမျိုး၊ မိတ်ဆွေများ၏ ပြစ်တင်ရှုတ်ချခြင်း၊ ပစ်ပယ်ခြင်းများကို ရင်ဆိုင်ရပေမည်။ ဤလောကကြီးမှာ၊ ငါ့ကို အလွန်ချစ်သော ခင်ပွန်းကလွှဲ၍ မိတ်ဆွေ များ ရှိကြတော့မည်မဟုတ်။ ငါတို့ အားကိုးအား ထားရန် အခြားသူများမရှိ။ အဘဘုရားသခင် တစ်ဆူတည်းသာ ရှိပေတော့မည်။ ဘုရားသခင်၏ ဘုန်းတန် ခိုးတော်ထွန်းတောက်ပါစေသတည်း၊ အာမင်း ဟူ၍ ပါ။
အိန္ဒိယပြည် ပြန်လည် လျှောက်လာရခြင်း
ဆရာယုဒဿန်နှင့် နန်စီသည် အိန္ဒိယပြည်မှ အမြန်ဆုံး ထွက်ခွာ သွားရပေတော့မည်။ ဘယ်တိုင်းပြည်ကို သွားရမည်နည်း။ ဂျပန်ပြည်၊ ပါရှားပြည်၊ ပြင်သစ်ပိုင်သော မော်ရေးရှပ်ကျွန်းများသို့ သွားရမည်လော။ ယခုအိန္ဒိယပြည်၌ နေထိုင်ခဲ့စဉ်၊ ရင်းနှီးသော မိတ် ဆွေများစွာက မြန်မာပြည်သို့ မသွားရန်အကြိမ်ပေါင်းများစွာ အကြံ ပေးကြသည်။ မြန်မာပြည်သို့သွားလျှင် ခရစ်ယာန်သာသနာပြုလုပ် ငန်း လုပ်နိုင်မည်မဟုတ်။ အတားအဆီးနှင့် ကန့်ကွက်ချက်များစွာ ရှိလိမ့်မည်။ ဒုက္ခဆင်းရဲအမျိုးမျိုးနှင့် ရင်ဆိုင်ရလိမ့်မည်။ အသက် အန္တရာယ်ပင် ကြုံတွေ့ရလိမ့်မည်ဟု အကြံပြုကြလေသည်။
ဤသို့သောအချိန်တွင် ဆရာယုဒဿန်၏ စိတ်ထဲ၌ မြန်မာ ပြည်သို့ သွားရောက်၍ သာသနာပြုရန် ဆန္ဒပြင်းပြလျက်ရှိ၏။ တစ်ချိန်က အင်းဝရွှေမြို့တော်အကြောင်းကို အင်္ဂလိပ် စစ်ဗိုလ်တစ်ဦး ရေးသားထားသော စာအုပ်အား ဖတ်ရစဉ်က၊ ထူးခြားသော မြန်မာ ပြည်အကြောင်းကို စိတ်ဝင်စားမှု ရှိခဲ့ဖူးသည်။ အခုတော့သွားမည်ဟု စိတ်ကူးယဉ်မိခဲ့သည်။ ထိုအချိန်တွင် သမ္မာကျမ်းစာကို မြန်မာဘာသာ နှင့် ရေးသားထားခြင်းမရှိသေး။ မြန်မာပြည်၌ လူဦးရေ (၁၇) သန်း ခန့် ရှိသောကြောင့်၊ အမေရိကန်ပြည်ထက် နှစ်ဆများကြောင်း
သတိပြုမိသည်။ ခရစ်တော်၏ ကယ်တင်ခြင်း သတင်းကောင်း ပြန့် ပွားရန် အတွက် ပထမဦးဆုံးနေရာအဖြစ် ရွေးချယ်သင့်ကြောင်း၊ သမ္မာကျမ်းစာကို မြန်မာဘာသာနှင့် ပြန်ဆို ရေးသားနိုင်ရန်နှင့် ပထမဦးဆုံး မြန်မာပြည် သာသနာပြု ပုဂ္ဂိုလ်တစ်ဦး ဖြစ်လိုကြောင်း တို့ကို ဆရာယုဒဿန် စဉ်းစားမိသည်။
ထိုအချိန် ၁၈၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက် တနင်္ဂနွေနေ့၌ သူ၏ မိတ်ဆွေ Rice ရိုက်စ် သည်လည်း၊ ရေနှစ်ခြင်းမင်္ဂလာကို ထပ်မံယူခဲ့လေသည်။ သို့ဖြစ်၍၊ ဆရာယူဒဿန်တို့ ဇနီးမောင်နှံနှင့် စိတ်တူသဘောတူ ဖြစ်သွားပေပြီ။ သူတို့သုံးဦးမှာ တူညီသော ယုံကြည် ခြင်းနှင့် သာသနာပြုလုပ်ငန်းကို ရှေ့ဆက်ဆောင်ရွက်မည်ဟု သဘော တူညီမှု ရရှိကြလေသည်။ ထိုသို့ အဓိဌါန်ပြုပြီးမှ ကြုံရမည့် အခက်အခဲ များကို ကျော်လွန်လျှက်၊ နောက်ဆုံး၌ မော်ရေးရှပစ်ကျွန်းရှိ Port Louis ပို့လူစ်သို့ ထွက်ခွာမည့် ခရီယို သင်္ဘောဖြင့်၊ အိန္ဒိယပြည်မှ ပြန်လည် ထွက်ခွာနိုင်ခဲ့ကြသည်။ သို့ဖြစ်၍၊ ၁၈၁၃ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့တွင် မော်ရေးရှပ်စကျွန်းရှိ ပို့လှစ်သင်္ဘောဆိပ်မြို့သို့ ဆိုက်ရောက်သွားကြပြီး၊ ပင်လယ်လမ်းခရီး၌ ခရီးစဉ် (၇)ပတ်ကြာ မြင့်ခဲ့ကြသည်။
ပင်လယ်ခရီး၌ လေပြင်းတိုက်ခတ်လှိုင်းထ ကြမ်းတမ်းလှသ ဖြင့်၊ အခက်အခဲများစွာနှင့် ဝမ်းနည်းကြေကွဲမှုများစွာ ကြုံခဲ့ကြရသည်။ နယူးဝဲလ်၏ မှတ်တမ်းအရ၊ ကလကတ္တားမြို့မှ ထွက်ခွာလာခဲ့ပြီး
၁၈၁၂ခုနှစ်၊ အောက်တိုဘာလ(၈)ရက်နေ့တွင်၊ သူတို့သူငယ်ချင်း ဟယ်ရီရက်(၁၉) နှစ်မပြည့်မီ(၂)ရက် အလိုတွင်၊ သင်္ဘော၏ ကြမ်းပြင် ပေါ်၌ မည်သူမျှ အကူအညီမရှိဘဲ၊ သမီးကလေးကို ဖွားမြင်ခဲ့ရသည်။ မွေးဖွားပြီး ငါးရက်မြောက်သောနေ့တွင်၊ လွန်ကဲစွာအေးချမ်း
သော ရာသီဥတုဒါဏ်ကို မခံမရပ်နိုင်ဖြစ်ကာ၊ အအေးမိ၍ မိခင်၏ ရင်ခွင်ထဲမှာပင် ထိုသမီးလေး သေဆုံးခဲ့ရ၏။ မတတ် သာ၍၊ ဆုတောင်းဆက်ကပ်ပေးပြီး၊ ပင်လယ်ထဲမှာပင် မျှောချ သဂြိုလ်ခဲ့ရသည်။ မိခင်ဖြစ်သူ ဟယ်ရီရက်သည်လည်း၊ အပြင်း အထန်ဖျားနေပြန်သည်။ လူနာအားကုန်းပေါ်သို့ သယ်ဆောင်သွား ပြီး၊ ဆရာဝန်များနှင့် ဆေးကုသပေးသော်လည်း သက်သာခြင်း မရှိဘဲ ၁၈၁၂ ခု၊ နိုဝင်ဘာ (၁၃)ရက်နေ့မှာ မိခင်ဟယ်ရီရက်ခများ သေဆုံးရ ရှာသဖြင့်၊ ပို့လူစီကမ်းနား ကုန်းပေါ်မှာပင် သဂြိုလ်လိုက်ရ၏။
ဤအချိန်တွင် ရိုက်စ်သည်လည်း၊ အသဲရောင်ရောဂါ စွဲကပ် လာခဲ့ခြင်းကြောင့် အမေရိကန်ပြည်သို့ ၁၈၁၃ခုနှစ်၊ မတ်လတွင် ပြန် လည် ထွက်ခွာသွားရ လေတော့သည်။ ထိုအခါ၊ ဆရာယုဒသန်နှင့် နန်စီတို့ နှစ်ဦးတည်းသာ ကျန်ရစ်ပြီး ခရီးဆက်လာကြရသည်။ သူတို့ ၏ စိတ်ထဲတွင်၊ တစ်နေ့ ငါတို့သည် ကောင်းကင်ဘုံ၌ အေးချမ်းသာ ယာစွာနှင့် ပျော်ရွင်ချမ်းမြေ့စွာ ပြန်လည် တွေ့ဆုံရမည်ဟုယုံကြည်ထား သည့်အပေါ် ခွန်အားယူနေကြသည်။
မြန်မာရွှေပြည် ကမ်းခြေသို့ ဆိုက်ရောက်လာကြခြင်း
၁၈၁၃ ခုနှစ်၊ မတ်လ (၇) ရက်နေ့တွင် ကောင်းတက်စ်ဟာ တုတ်သင်္ဘောဖြင့်၊ ဆရာယုဒဿန်နှင့် ဇနီးနန်စီတို့သည် မာဒရစ်မြို့ သို့ ဆက်လက်၍ ခရီးထွက်ခွာလာခဲ့ကြသည်။ ထိုအချိန်တွင် နန်စီ သည်လည်း ကိုယ်ဝန် ရှိကြောင်း သိရှိလာခဲ့ရ၏။ ထိုအခါ ဆရာယုဒ ဿန် ခမျာ၊ အခက်ကြုံရပေပြီ။ သို့ဖြစ်၍ မာဒရစ်မြို့မှ အမြန်ဆုံး ဆက်လက် ထွက်ခွာသွားရန်သာ အရေးကြီး ရည်မှန်းထားသည်။ ဆရာယုဒဿန်က၊ ကြားရသည့် သတင်းအပေါ် ဆုံးဖြတ်ချက်တစ်ခု ချလိုက်လေသည်။ ”
ဂျော့ဂျီယားနားသင်္ဘောသည် ရန်ကုန်မြို့သို့ မကြာခင် ထွက် ခွာတော့မည်။ အခြားထွက်ခွာမည့် သင်္ဘောများမရှိချေ။ စောင့် ဆိုင်းရန် အချိန်လည်းမရှိချေ။ ဆရာယုဒဿန်၏ ရည်မှန်းချက် ပန်း တိုင်သည် ယခု ရွှေပြည်တော် မြန်မာပြည် ဖြစ်ချေပြီ။ ဘုရားသခင်၏ စီမံချက်ပင် ဖြစ်ရချေမည်။ အင်းဝမြို့တော်အကြောင်း ရေးသား ထားသော စာအုပ်ကို ဆရာယုဒဿန် ဖတ်ခဲ့ရသည်မှာ ကြုံကြိုက်၍ မဟုတ်။ အိန္ဒိယပြည်မှ သူတို့ကို လက်မခံခဲ့သည်မှာလည်း တိုက်ဆိုင် မှုမဟုတ်။ ဘုရားသခင်၏ စီမံချက် အကြံအစည်သာလျှင် ဖြစ်ရချေမည်။ အိန္ဒိယပြည်တွင်ရှိစဉ်၊ သူ၏မိတ်ဆွေများက မည်မျှကန့်ကွက် တားဆီး စေကာမူ၊ ကြုံရမည့် ဒုက္ခဆင်းရဲခြင်းများသည် မည်မျှ ကြီး မားစေကာမူ၊ ထိုအရာများ ရင်ဆိုင်ရမည်မှာ ဘုရားသခင်၏ အလိုတော်အတိုင်း ဆက်လက် လျှောက်လှမ်းရပေမည်ဟု သူစိတ် ပြဌါန်း ထားသည်။
သို့ဖြစ်၍၊ ၁၈၁၃ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့တွင်၊ ဆရာယုဒ ဿန်နှင့် ဇနီးနန်စီသည် ဂျော့ဂျီယားနား သင်္ဘောပေါ်သို့ တက် ရောက်၍ မြန်မာပြည်သို့ ပင်လယ်ခရီး ဆက်လက်နှင်လာခဲ့ကြသည်။ နန်စီသည်လည်း၊ ကိုယ်ဝန်အရင့်အမာ ရှိလာခဲ့ပေပြီ။ နန်ဂီအား အနီးကပ်ပြုစုကြည့်ရှုရန်အတွက် အနောက်နိုင်ငံ အမျိုးသမီးတစ်ဦး အား၊ အခပေးငှားရမ်းလာခဲ့ကြ၏။ သို့ရာတွင်၊ ၄င်းအမျိုးသမီးမှာ သင်္ဘောပေါ်သို့ ရောက်ရှိလာပြီး မကြာခင်မှာပင်၊ မည်ကဲ့သို့ဖြစ်မှန်း မသိ၊ ပင်လယ်လမ်းခုလပ်၌ ရုတ်တရက် သေဆုံးသွားလေတော့ သည်။ သို့ဖြစ်၍၊ နန်စီအား အနီးကပ်ကြည့်ရှုရန် အမျိုးသမီးတစ်ဦး ငှားရမ်းရန် အချိန် မရရှိ နိုင်တော့ချေ။
မာဒရစ်မြို့ကမ်းခြေမှ စတင်ထွက်ခွါလာရသောဂျော့ယား နား သင်္ဘောသည်လည်း၊ ဘင်္ဂလားပင်လယ်အော်ထဲသို့ ရွက်များကို ဖြန့်လွင့်၍ လေအဟုန်နှင့်အတူ၊ တဖြည်းဖြည်း တစ်ရက်ပြီးတစ်ရက် ရွေ့လျားသွားပေပြီ။ နန်စီသည် များမကြာမီ မွေးဖွားရန် အချိန်စေ့ ပြီဖြစ်၍၊ ကူညီမစမည့်သူ မရှိသဖြင့် ဆရာယုဒဿန် တစ်ယောက်
တည်းသာလျှင် ကူညီ၍ မွေးဖွားပေးခဲ့ရသည်။ သို့သော်၊ မွေးဖွားလာ
သော ကလေးခမျာ၊ အသက်ပင် ပါမလာခဲ့ချေ။ ဆရာယုဒဿန် ကိုယ်တိုင်ချီပွေ့ပြီး၊ ဆုတောင်းဆက်ကပ်လျှက် ပင်လယ်ထဲ၌ပင် သဂြိုလ်လိုက်ရလေသည်။
ဆက်လက်၍၊ ပင်လယ်ခရီးနှင်လာခဲ့ကြရာ ၁၈၁၃ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်၊ ကြာသပတေးနေ့တွင် ပင်လယ်ရေပြင်ပေါ် ရွေ့လှော်ခတ်နေသော ဂျော့ဂျီးယားနား သင်္ဘောကြီးမှာ၊ ရန်ကုန် မြစ်ဝဘက်သို့ ချဉ်းကပ်ရောက်ရှိ လာခဲ့ပေသည်။ ဂျော့ဂျီးယား သင်္ဘောကြီးသည် ရန်ကုန်မြစ်ဝထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာ ခဲ့ရာတွင်၊ ဆရာယုဒဿန်တို့ ဇနီးမောင်နှံက ပထမဦးဆုံး ရွှေတိဂုံ စေတီတော်ကို အံ့သြစွာလှမ်းပြီး တွေ့မြင်ကြလေသည်။ ရန်ကုန်မြို့နှင့် တဖြည်းဖြည်း နီးကပ်လာလေလေ၊ ရွှေအဆင်းအရောင်နှင့် တောက်ပ နေသော ရွှေတိဂုံစေတီတော်ကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့ ကြသည်။ အိန္ဒိယပြည်၌ သူတို့တွေ့မြင်ခဲ့ပြီးသော ဘုရား၊ ပုထိုးစေတီများနှင့် များစွာ ကွာခြားနေကြောင်းကို သတိပြုမိကြသည်။ နေဝင်စချိန်ဖြစ်၍၊
ဂျော်ဂျီယားနား သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်း၌ လွင့်ဖြန့်သော ရွက်များကိုစုချ၍ အခုကျောက်ဆူးချပြီး၊ ရပ်နားနေ လေပြီ။
လွန်ခဲ့သော သုံးနှစ်ခန့်က ဆရာယုဒဿန် ကိုယ်တိုင်၊ ကျမ်းစာ သင်ကျောင်း၌ ဓမ္မပညာကို သင်ကြားနေစဉ် “အင်းဝ ရွှေမြို့တော်” အကြောင်းကို ဖတ်ရှုခဲ့ပြီး၊ မျှော်မှန်းထားသော ရွှေပြည်တော် ကမ်းခြေ၊ ရန်ကုန်မြို့တော်သို့ ယခု မျက်ဝါးထင်ထင် ခြေချဆိုက်ရောက် လာကြ
လေပြီ။ ဤအချိန်တွင် ဆရာယုဒဿန်၏ အသက်မှာ (၂၄)နှစ်မျှသာ ရှိသေး၏။ အမေရိကန်ပြည် ဆာလင်မြို့မှစတင် ထွက်ခွာလာခဲ့ရ
သော နှင်လာခဲ့ရသည့် ခရီးအချိန်ကာလမှာ ယခုမြန်မာပြည်ရောက်ရှိ ခြေချသည်အထိ တစ်နှစ်ခွဲခန့် ကြာမြင့်ခဲ့လေသည်။
ရန်ကုန်မြို့၌ ရှိနေစဉ်
၁၈၁၃ ခုနှစ်၊ ဇူလိုင်လ(၁၃) ရက်နေ့ညတွင်၊ ဆရာ ယုဒဿန် နှင့် ဇနီးနန်စီသည် စီးလာခဲ့သော သင်္ဘောပေါ်၌ အိပ်လျက်နောက်နေ့ နံနက် မြန်မာ အကောက်ခွန်ရုံးတော်သို့ သွားရောက် စစ်ဆေးခြင်းကို ခံယူရ၏။ ပေးဆောင်သင့်သော အကောက်ခွန်များကို ပေးဆောင်ခဲ့ ပြီးလျှင်၊ ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်ခွင့် ရကြလေသည်။ မွေးဖွားရက် မကြာလှသေးသော နန်စီမှာလည်း ကောင်းမွန်စွာ လမ်းမလျှောက်နိုင် သည့်အတွက် ကုလားထိုင်ကို ဝေါ ကဲ့သို့ပြုလုပ်ပြီး၊ သင်္ဘောပေါ်မှ ကမ်းခြေသို့ သယ်ဆောင်သွားရလေသည်။ မျက်နှာဖြူ အမျိုးသမီးကို ပထမဦးစွာ တွေ့မြင်ရသော မြန်မာများသည် အံ့ဩစွာ ကြည့်ရှုနေကြ ၏။ အကူအညီလိုလျှင် မစနိုင်ကြောင်း လာပြောကြသည်ကို ဆရာယုဒဿန်တို့ တစ်ခွန်းမှ နားမလည်ချေ။
အထူးသဖြင့်၊ မြန်မာအမျိုးသမီးများသည် သူမ၏ ဝတ်ဆင်ပုံ
နှင့် အဝတ်များကိုပင် ကိုင်တွယ်ကြည့်ရှုကြ၏။ နန်စီသည်လည်း မိတ်ဆွေဖွဲ့လိုသော စိတ်နေသဘောထားနှင့် ပြုံးပြလိုက်သော အခါ မြန်မာအမျိုးသမီးများလည်း၊ မိတ်ဆွေဖွဲ့လိုသော သဘောစိတ် ထားသည် သူတို့၏မျက်နှာ၌ ပေါ်လွင်လျှက်ရှိ၏။ ဆရာယုဒဿန် နှင့် နန်စီတို့၏ စိတ်ဓာတ်မှာ မြင့်တက်လာခဲ့ပေသည်။ မြန်မာလူမျိုး များသည် သူတို့ မိတ်ဆွေများထံမှ ကြိုတင်သိရှိရသလို ရိုင်းစိုင်းသော လူမျိုးများ မဟုတ်ကြောင်း၊ ယဉ်ကျေးသိမ်မွေ့၍ပွင့်လင်းသော လူမျိုး ဖြစ်ကြောင်းကို ပထမဦးဆုံး ကိုယ်တွေ့မြင်ခဲ့ရ၏။
မြန်မာပြည်၌ တိုင်းပြည်တာဝန်ဖြင့် ရောက်နှင့်ပြီးသော ဖိလစ် ကေရီနှင့်ဇနီးသည် ဆရာယုဒဿန်တို့အား ဝမ်းမြောက်ရွှင်လန်းစွာ ကြိုဆို ဧည့်ခံကြလေသည်။ ဖိလစ်ကေရီသည် မြန်မာရှင်ဘုရင်၏ဝန် ထမ်းတစ်ဦး ဖြစ်သောကြောင့်၊ မကြာခဏ ရွှေမြို့တော်အင်းဝသို့ သွား ရောက်ရ၏။ ဖိလစ်ကေရီ၏ဇနီးမှာ ပေါ်တူဂီနှင့် မြန်မာ ပေါင်းစပ်လာ
သော အမျိုးအနွယ်မှ ဆင်းသက်လာသူဖြစ်သော်လည်း အင်္ဂလိပ် စကားကို ကောင်းမွန်စွာ မပြောတတ်ချေ။ သူတို့၌ နှစ်နှစ်သားအရွယ် သားငယ်လေး တစ်ယောက်ရှိ၏။
ဆရာယုဒဿန်နှင့် နန်စီတို့သည် စိတ်အေးချမ်းသာယာစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း လျှက်၊ သူတို့နေအိမ်၌ နေ
ထိုင်ကြရလေသည်။ မြန်မာစာကို ပိုင်ပိုင်နိုင်နိုင် တတ်မြောက်ရန် ပထမဦးစားပေး ဆောင်ရွက်လိုသောကြောင့်၊ ဟိန္ဒူဘာသာဝင် ဆရာ တစ်ယောက်ကို ငှားရမ်းခဲ့ရ၏။ တစ်နေ့လျှင် (၁၂) နာရီခန့်မျှ အချိန်ယူ လျက် သင်ကြားခဲ့ကြရ၏။ မြန်မာစကားလုံးများသည် ဝလုံးပုံသဏ္ဌာန် ကို အခြေခံထားကြောင်းကို သတိပြုမိ၏။
များမကြာမီ ဆရာယုဒသန်နှင့် နန်စီတို့သည် မြန်မာများ နေထိုင်စားသောက်သကဲ့သို့ သူတို့သည်လည်း နေထိုင်စားသောက် တတ်လာ၏။ ကြက်သားနှင့်ဟင်းသီး ဟင်းရွက်များကို ဟင်းချက်၍ ထမင်းနှင့်စားကြရ၏။ နန်စီသည်လည်း မြန်မာအမျိုးသမီးကဲ့သို့ ဝတ်ဆင်တတ်လာလေသည်။ ဆရာယုဒဿန်မှာမူ သူ၏တိုင်းရင်း သားဝတ်စုံ အနက်ရောင်ကိုသာ ဝတ်ဆင်လေ့ရှိ၏။ နန်စီမှာမူ မြန်မာ အမျိုးသမီးများနှင့် နေ့စဉ်ထိတွေ့မှုရှိခြင်းကြောင့် ဆရာယုဒသန်ထက် ပို၍ မြန်မာစကားကို ပြောဆိုတတ်၏။ ဆရာယုဒဿန်သည် နေ့စဉ် စာပေရေးသားမှုကို ပိုမို အာရုံစိုက်လျက်ရှိ၏။
ရန်ကုန်မြို့ကို အုပ်ချုပ်သောမြို့ဝန်နှင့် မိတ်ဆွေဖွဲ့ပြီး နေရေးထိုင်ရေး သေရေးရှင်ရေးသည် မြို့ဝန်မင်း၏ စေတနာအပေါ်၌ မူတည်လျှက်ရှိ၏။ များမကြာမီမြို့ ဝန်မင်းကတော်သည် လှပတင့် တယ်သော မြန်မာဝတ်စုံကို ဝတ်ဆင်လျက်၊ နန်စီတို့အား သင်ဖြူးဖျာ ပေါ်မှာ ထိုင်စေပြီး ယဉ်ကျေးစွာ ဧည့်ဝတ်ပြု၏။ ပထမအကြိမ် တွေ့ဆုံ
ခြင်းဖြစ်သော်လည်း၊ မြို့ဝန်မင်းကတော်နှင့် နန်စီတို့မှာ ခင်မင်ရင်းနှီး
သော မိတ်ဆွေများ ဖြစ်သွားကြလေသည်။ မကြာခဏ လာလည်ရန် လည်း ဖိတ်ခေါ်ခဲ့လေသည်။
ဖိလစ်ကေရီသည်လည်း မိသားစုနှင့် အတူတကွ အင်းဝမြို့ တော်သို့ ပြောင်းရွှေ့နေထိုင်ရန် ဆုံးဖြတ်လေသည်။ အင်းဝမြို့တော် သို့ သွားရာလမ်းခရီးတွင် မမျှော်လင့်ဘဲ လှေမှောက်၍ ဇနီးနှင့် ကလေးနှစ်ဦးစလုံးပါ ရေနစ်၍ သေဆုံးခဲ့လေသည်။ ဆရာယုဒဿန် နှင့် နန်စီတို့အတွက်လည်း ဝမ်းနည်းကြေကွဲစရာဖြစ်ရပြန်သည်။ လွတ်မြောက်လာသော ဖိလစ်ကေရီသည်လည်း ဖခင်ရှိရာ အိန္ဒိယ ပြည် ကာလကတ္တားမြို့သို့ပြန်သွားနွေတော့သည်။ မြန်မာပြည်တွင် ဆရာ ယုဒဿန်နှင့် နန်စီသာလျှင် ကျန်ရစ်ခဲ့လေသည်။
ဆရာယုဒဿန်နှင့် နန်စီတို့သည် မြန်မာဘာသာကို ကြိုးစား၍ ဆက်လက် သင်ကြားလျှက်ရှိ၏။ အနောက်နိုင်ငံသားများက မြန်မာ ဘာသာကို သင်ကြားတတ်မြောက်နိုင်ရန်အတွက် အခြေခံကျသော မြန်မာသဒ္ဒါကို အင်္ဂလိပ် မြန်မာ အဘိဓာန် Dictionary အဓိပ္ပါယ် ကို ဖော်ထုတ်လျှက်ရှိ၏။ ပါဠိဘာသာသည်လည်း ဗုဒ္ဓဘာသာ၏ အ ခြေခံကျသော ဘာသာတစ်ရပ်ဖြစ်သည့် အလျောက်၊ ပါဠိသဒ္ဒါ ကိုရေးသားနိုင်ရန်အတွက် တတ်ကျွမ်းသော ဆရာသမားများနှင့် အ စွမ်းကုန် ကြိုးစားသင်ယူလျှက် ရှိလေသည်။
၁၈၁၅ခုနှစ်၊ အစ၌နန်စီသည် ကျန်းမာရေးချို့တဲ့ လာခဲ့ရာ တွင် တစ်နေ့ထက်တစ်နေ့ ခွန်အားနည်း၍လာခဲ့၏။ ကိုယ်ဝန်ရှိမည်ဟု ထင်မှတ်ရ၏။ ထိုအချိန်တွင် ရန်ကုန်မြို့၌ ဆရာဝန်တစ်ယောက်မျှ မရှိသည့် အတွက်ကြောင့်၊ နန်စီသည် မာဒရက်စ်မြို့သို့ တစ်ယောက် တည်း ဆေးကုသရန် ထွက်ခွာသွားလေသည်။ မာဒရက်စ်မြို့၌
ခြောက်ပတ်ကြာမျှ ဆေးကုသခြင်းခံယူပြီး ကျန်းမာလာခဲ့ရာ ၁၈၁၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးအပတ်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက် ရှိလာခဲ့၏။
မာဒရက်စ်မြို့မှ (၇)နှစ်အရွယ်ရှိ (အမ်မလီ)ခေါ် မိန်း ကလေးငယ်တစ်ယောက်ကို နန်စီကအဖော် ခေါ်ယူလာခဲ့သည်။ မိမိ မွေးဖွားလာမည့်ကလေးအား ထိန်းသိမ်းနိုင်ရန်အတွက် ခေါ်ဆောင် လာခဲ့ခြင်းဖြစ်သည်။ အမ်မလီသည် နန်စီတို့နှင့်အတူ (၇)နှစ်ခန့်မျှ နေထိုင်သွားခဲ့လေသည်။
၁၈၁၅ခုနှစ်၊ စက်တင်ဘာ (၅)ရက်နေ့၊ ဆရာယုဒဿန်တို့ မျှော်မှန်းထားသော အကောင်းဆုံးသတင်းကို ကြားသိရလေသည်။ scope: American Baptist Board for Foreign Missionary ဟု ဖွဲ့စည်းသော အမေရိကန်နှစ်ခြင်းသာသနာပြု ဘုတ်အဖွဲ့ က ဆရာယုဒဿန်တို့သည် မြန်မာပြည်၌ နှစ်ခြင်းသာသနာလုပ်ငန်း ကို ဆောင်ရွက်နေသော အမှုတော်ဆောင်များဖြစ်ကြခြင်းကို အသိအ မှတ်ပြုလိုက်ခြင်း သတင်းကောင်းပင်ဖြစ်သည်။
သားယောကျာ်းလေးမွေး
၁၈၁၅ ခုနှစ်၊ စက်တင်ဘာ လ(၁၁)ရက်နေ့တွင် နန်စီသည် သားယောက်ျားလေး တစ်ယောက်ကို ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့ပေ သည်။ ကလေးအမည်မှာ Roger willian Judson ရောဂျာဝီလီ ယံယုဒဿန်ဟု နာမည်ပေးခဲ့ပါသည်။ သားလေး ရောဂျာသည်လည်း
ကောင်းမွန်စွာ ကျန်းမာလျှက်ရှိပြီး၊ မွေးပြီးသုံးပတ်အတွင်း နန်စီသည် လည်း ကောင်းမွန်စွာ ကျန်းမာလာလေသည်။
ဤအချိန်အတွင်း ဆရာယုဒဿန်သည် အသက်(၄၇)နှစ်အ ရွယ်ရှိ ဆရာဦးအောင်မင်းနှင့် မြန်မာဘာသာကို ဆက်လက်သင် ကြားခွင့်ရခဲ့၏။ ဦးအောင်မင်းသည် ခရစ်ယာန်ဘာသာကို လေ့လာသူ တစ်ဦးဖြစ်၏။ ဆရာယုဒဿန်သည်လည်း မိမိ၏ တိုင်းပြည်၊ မိဘ
ဆွေမျိုး၊ ဥစ္စာပစ္စည်း၊ ချမ်းသာမှုကို စွန့်လွှတ်၍ ကိုယ်၏အကျိုးကို မငဲ့ဘဲ မြန်မာပြည်သို့ လာရခြင်းသည် အပြစ်သားများကို ကယ်တင်
သော သခင်ခရစ်တော်အကြောင်းကို ပြောပြရန်သာ ဖြစ်ကြောင်း ရှင်းပြရာ ဆရာဦးမောင်မင်းသည် များစွာမှ အံ့ဩသွားလေသည်။ ဤခရစ်ယာန်ဘာသာသည် ထူးခြားသော ဘာသာတရား ဖြစ်ခြင်းကို ပိတ်ပါဝင်စားလာခဲ့သည်။ သို့သော်လည်း၊ ယုံကြည်ခြင်းအားဖြင့် ကယ် တင်ခြင်းရမည်ကို လုံးဝ လက်မခံနိုင်ချေ။
၁၈၁၆ ခုနှစ် နှစ်သစ်ထဲသို့ ကူးပြောင်းရောက်ရှိလာခဲ့ပေပြီ။ သားငယ်လေး ရောဂျာသည်လည်း၊ တစ်နေ့တစ်ခြား ကျန်းမာလျှက် ကြီးထွားလာလေသည်။ ရန်ကုန်မြို့၌ ပထမဦးဆုံး မျက်နှာဖြူ မိဘမှ မွေးဖွားလာသော သားငယ်ကလေးကို တွေ့ချင်မြင်ချင်သူ ပေါများလှ ၏။ ခြောက်လကြာသည်အထိ Roger ရောဂျာလေးသည် ကျန်းမာ ကြီးထွားလာခဲ့ပေသည်။ များမကြာ မတ်လအတွင်း မမျှော်လင့်ဘဲ
ရောဂျာ မှာ အဖျားဝင်လာသည်။ ဆရာဝန်မရှိ ဆေးမရှိငယ်ရွယ်သော ကလေးကို မည်ကဲ့သို့ ကုသရမည်ကို မသိကြ။ ဆရာယုဒဿန်နှင့် နန်စီတို့သည် စိတ်ပူပင် သောကရောက်ရလေပြီ။ မည်ကဲ့သို့ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကိုဝန်ခံ၍၊ ဆုတောင်းခြင်းအားဖြင့် ခွန် အားသစ်ကိုရရှိလျှက် ပယခင်ကထက် ပိုမို၍အမှုတော်ကို ဆောင် လျှက်ရှိနေကြ၏။ )
မေလဆန်းလောက်တွင်၊ ရော်ဂျာလေးသည် ရောဂါမ သက် သာသည့်အပြင်၊ ချောင်းဆိုးရင်ကြပ်ဖြစ်လာ၍ အသက်ကိုပင်
ကောင်းစွာ မရှုနိုင်တော့ချေ။ ထိုအခါ (၈)လမျှသာ ရှိသေးသော သား ငယ်လေးရောဂျာသည် ဘုရားသခင်၏ခေါ်တော်မူခြင်းကို ခံသွားရ လေတော့သည်။သာသနာဝင်းအတွင်းရှိ သရက်ပင် အောက်မှာဘဲ၊ ဇနီးမောင်နှံနှစ်ဦးတည်းက ဆုတောင်းဆက်ကပ်ပြီး၊ မြှုပ်နှံလိုက် လေသည်။ နန်စီသည် ဤကဲ့သို့ မှတ်တမ်းစာရေးသားခဲ့လေသည်။
“ငါတို့၏နှလုံးသားထဲမှာ တည်ရှိနေသော ချစ်ခြင်း မေတ္တာကြီးသည် သားငယ်လေးအား၊ ရစ်ပတ်လျှက်ရှိ၏။ ငါတို့၏ဝမ်းမြောက်ခြင်း၊ ပျော်ရွှင်ခြင်း၊ မျှော်လင့်ခြင်းများ သည် သားငယ်လေးနှင့်အတူ ပျောက်ကွယ်သွားလေပြီ။ ငါတို့ ၏ မှားယွင်းချက်များကို သတိရစေခြင်းငှာ သားငယ်ကလေး တိုခေါ်ဆောင်သွားခြင်းပေလော။ ဤကဲ့သို့ဖြစ်လျှင် အချည်း နှီးမဖြစ်စေဘဲ၊ ငါတို့၏ယုံကြည်ချက်ကို ပိုမိုခိုင်မြဲ စေလျှက် ကိုယ်တော်ရှင်၏အလိုတော်အားလည်း ပို၍တည်မြဲစေပါ သော်၊ အာမင်းဟူ၏။
မြန်မာစာပေကိုစက်ဖြင့်ပုံနိပ်ခြင်း
သားငယ်လေးရောဗျာ ကွယ်လွန်ပြီးနောက်၊ ဆရာယုဒသာန် သည် ယခင်ကထက် ပိုမို၍ မြန်မာဘာသာနှင့် ပါဠိဘာသာကို သင် ကြား လေ့လာလျှက်ရှိ၏။ တစ်နေ့လျှင် (၁၈)နာရီခန့် အချိန်ယူ၍ ကြိုးစားမှုကြောင့်၊ များမကြာမီ ခေါင်းကိုက် ရောဂါစွဲကပ်လာလေ သည်။ အာရုံ စူးစိုက်၍ မျက်စိကိုအသုံးပြုရခြင်းကြောင့် မျက်စိများ နီရဲလာလျှက် ကောင်းမွန်ကြည်လင်စွာ မမြင်ရတော့ချေ။ အမှောင် ချထားသော အခန်း၏အိပ်ယာထဲ၌ နန်စီ၏ပြုစုခြင်းကို တစ်လတာ ခံစားနေရ၏။ သို့သော်လည်း၊ နန်စီ၏ပြုစုမှုကြောင့် ကျန်းမာလာပြီး၊
ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျှက်ရှိကြ၏။ ။
၁၈၁၆ ခုနှစ်၊ ဇူလိုင်လ(၁၃) ရက်နေ့၊ ရန်ကုန်မြို့သို့ရောက်ရှိ လာခြင်း သက်တမ်း သုံးနှစ်တင်းတင်းပြည့်သောနေ့၌ သာသနာပြု လုပ်ငန်း၏ ပထမအဆင့်ဖြစ်သော မြန်မာစာနှင့် အင်္ဂလိပ်သဒ္ဒါကို ပြီးစီးအောင် ပြုစုနိုင်ခဲ့ပေသည်။ နန်စီသည်လည်း မိန်းကလေးများ အတွက် ကျောင်းဖွင့်ပေးပြီး၊ စာများကို သင်ကြားပေးလေ၏။ ကျမ်း စာထဲရှိ ပုံပြင်များနှင့် ကလေးများ နားလည်လွယ်သော အမေး၊ အဖြေ များကို နေ့စဉ် သင်ကြားပေးလျှက်ရှိ၏။ တက်ရောက် ခံယူလာကြ
သော မိန်းကလေးများမှာ နှစ်ဆယ်မှ သုံးဆယ်ခန့်ရှိ၏။ ဤအချိန် တွင် သင်္ဘောကပ္ပတိန် တစ်ဦးထံမှ ပုံနှိပ်လုပ်ငန်းကို ကျွမ်းကျင်သော
ဟောက်နှင့်မိသားစုသည် ကာလကတ္တားမြို့မှ ရန်ကုန်သို့ စာပုံနှိပ် စက်နှင့် အတူတကွ ထွက်ခွာလာသည့်သတင်းကောင်းကို ကြားရ လေသည်။
၄င်းစာ ပုံနှိပ်စက်ကိုလည်း အင်္ဂလိပ်နှစ်ခြင်းအသင်းမှ လှူ ဒါန်းလိုက်ခြင်း ဖြစ်ပေသည်။ ဟောက်နှင့်ဇနီး၊ ကလေးနှစ်ယောက် တို့သည် အောက်တို့ဘာလအတွင်း ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့၏။ ၁၈၁၆ ခုနှစ် မြန်မာသက္ကရာဇ် ၁၁၇၈ခု၊ ဝါခေါင်လ (၁၂)ရက်၊ အင်္ဂါ နေ့၌ “ကောင်းကင်နိုင်ငံတော်သို့ သွားရန်လမ်း”ဟူသော လက်ကမ်း စာစောင်ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပေသည်။
၁၈၁၇ ခုနှစ်ဦးပိုင်း၌ ကယ်တင်ခြင်းအကြောင်း ဝေစာများ ကို စောင်ရေ (၁၀၀၀)တစ်ထောင်ကျော်ကျော် ရုပ်နှိပ်ဖြန့်ဝေနိုင်ခဲ့ သည်။ နန်စီ ရေးသားထားသော ဘုရားသခင်အကြောင်း ဓမ္မအမေး အဖြေ စာတန်းများကိုလည်း ရိုက်နှိပ်ထုတ်ဝေနိုင်ခဲ့ပေသည်။ ဆရာ ယုဒဿန်ကိုယ်တိုင် မြန်မာဘာသာဖြင့် ပြန်ဆိုထားသော ရှင်မသဲ ခရစ်ဝင်ကျမ်းကိုလည်း ရိုက်နှိပ် ထုတ်ဝေနိုင်ခဲ့လေသည်။
ရန်ကုန်မြို့၌ တပေါင်းလပွဲတော် ကျရောက်သောအချိန် မတ်လတွင် ရွှေတိဂုံစေတီတော်သို့ မြန်မာပြည်အရပ်ရပ်မှ ဘုရား ဖူးလာရောက်ကြသူများ စည်ကားလျှက်ရှိ၏။ ထိုအချိန်၌ လူတစ်
ယောက်သည် သာသနာပြုအိမ်သို့ ရောက်ရှိလာ၏။ ၄င်း ပုဂ္ဂိုလ်၏ နာမည်မှာ ဦးယဖြစ်၏။ ဆရာယုဒဿန်သည် ဝမ်းမြောက်စွာ ခရီး ဦးကြိုပြု၍ ဦးယက “သခင်ခရစ်တော်နှင့် ခရစ်ယာန်ဘာသာ အကြောင်းကို သိရှိနားလည်နိုင်ရန် အချိန်မည်မျှကြာအောင် လေ့လာ ရမည်နည်း” ဟု မေးမြန်းလိုက်သောအခါ၊ ဆရာယုဒဿန်က၊
“ထာဝရဘုရားသခင်၏ အလင်းနှင့် ဉာဏ်ပညာရရှိ ပါက၊ ခရစ်ယာန်ဘာသာတရားကို အချိန် အနည်းငယ် အတွင်း နားလည်နိုင်မည်ဖြစ်သည်။ ထာဝရဘုရားသခင် မပါရှိပါက တစ်သက်လုံး လေ့လာသော်လည်း၊ အချည်းနှီးသာဖြစ်
ဟု အဖြေကိုပေးလိုက်လေ၏။ ဦးယ သည်လည်း ကျေးဇူးတင်ရှိ
ကြောင်း နှုတ်ဆက်၍ ထွက်ခွာသွားလေသည်။ ဦးယကို ဆရာယုဒ ဿန်တို့ ပထမနှင့် နောက်ဆုံးအကြိမ် တွေ့လိုက်ရခြင်းပေတည်း။
| ၁၈၁၇ ခုနှစ်၊ မေလလောက်တွင် ဆရာယုဒသန်သည် ရှင်မဿဲခရစ်ဝင်ကျမ်းကို အဆုံးတိုင်အောင် မြန်မာလို ဘာသာပြန် ဆိုနိုင်ခဲ့ပေပြီ။
၁၈၁၇ ခုနှစ်၊ သြဂုတ်လတွင် ဆရာယုဒ်ဿန်၏ဖခင်သည် ပလိုင်းမောက်မြို့ Congregational အသင်းတော်၏ သင်းအုပ်ဆရာ ရာထူးမှ အငြိမ်းစားယူ၍ မိမိ၏ဇနီး၊ သမီး၊ အဲဘီး တို့နှင့်အတူတကွ ရေနှစ်ခြင်းမင်္ဂလာကို အတူခံယူလျက်၊ နှစ်ခြင်းအသင်းသားများ ဖြစ် လာကြလေသည်။ ။
ဤအချိန်ကာလတွင် ဆရာယုဒဿန်သည် သူ၏သာသနာ ပြုခြင်းလုပ်ငန်အား ကူညီပေးနိုင်မည့်သူ စစ်တကောင်းမြို့တွင်ရှိ သည် ဟူသော သတင်းကြားသိရ၏။ ထိုသတင်းကြောင့် ဆရာယုဒဿန် သည် အသွားအပြန် သုံးလကြာမည့် ပင်လယ်ခရီး၊ စစ်တကောင်းမြို့ ဘက်သို့ ၁၈၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် ခရီးပြုလာလေသည်။
ထိုအခါ ဆရာယုဒဿန်စီးလာရသော ရွက်လှေသင်္ဘော သည် ရာသီဥတု မသင့်ခြင်းကြောင်း စစ်တကောင်းမြို့သို့ မရောက်
နိုင်ဘဲ ရှိနေကြောင်း သင်္ဘောကပ္ပတိန်ထံမှသိရ၏။ ရန်ကုန်မြို့မှထွက် ခွာရသည်မှာ လေးလကြာပြီ ဖြစ်သော်လည်း၊ မမျှော်လင့်ဘဲ မာဒ ရပ် မြို့အနီး မာဆူလီပါတန်မြို့ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာခဲ့ရ သည်။ ၄င်းမြို့မှ ရန်ကုန်မြို့ ပြန်သွားရန် ပင်လယ်ခရီး မိုင်သုံးရာ ကွာဝေးကြောင်း သိရှိရ၏။ ၄င်းအချိန်တွင် ရန်ကုန်မြို့၌ ကာလဝမ်း ရောဂါကျရောက်ပြီး၊ ကာကွယ်ဆေးလည်း မရှိ၊ အိမ်တိုင်းစေ့ လူများ သေကြေပျက်စီးသော အချိန်ကာလဖြစ်လေသည်။ နန်စီလည်း ခင်ပွန်းသည် ယုဒဿန်အတွက် အမြဲဆုတောင်း ပေးလေသည်။ အကြောင်းမှာ စစ်ဖြစ်သည့် သတင်းသည်လည်း အရိပ်အရောင်တန်းလာ နေပြီဖြစ်သည်။
” ဆရာယုဒဿန်သည် လမ်းခရီး၌ ဒုက္ခဆင်းရဲခြင်း အမျိုးမျိုး ကို တွေ့ကြုံခံစားရပြီးနောက်၊ မာဒရပ်မြို့သို့ ရောက်ရှိနိုင်ခဲ့လေပြီ။ ၄င်း မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာခဲ့ရာ (၇)လကြာ၊ ခွဲခွာခဲ့ရ
သော သူ့ချစ်ဇနီး နန်စီနှင့် ကျန်းမာစွာ ပြန်တွေဆုံရလေသည်။ သို့ဖြစ် ၍ ၁၈၁၈ခု၊ ဇူလိုင်လဆန်းမှ အခုလို ပြန်လည်ရောက်ရှိ ဆုံတွေ့ရခြင်း သည် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာလျှင်ဖြစ်ကြောင်း၊ သိရှိ ဝန်ခံလျှက် ချီးမွမ်းကြရသည်။
ဤအတွေ့အကြုံ သင်ခန်းစာကြောင့် ဆရာယုဒသာန်သည် နောင်အခါ၊ လူကို အားကိုးခြင်း မပြုလိုတော့ချေ။ ဘုရားသခင်၏ အမှုတော်အတွက် ဘုရားသခင်သာလျှင် အားကိုးရမည်ဟု အခိုင် အမာ ယုံကြည်လာရသည်။
မြန်မာထဲမှ ပထမဦးဆုံး ခရစ်ယာန်ဖြစ်လာသူဦးနော်
ဆရာယုဒသန်သည် နန်စီနှင့်တိုင်ပင်၍ လူသွားများသော ရွှေတိဂုံဘုရားလမ်း တစ်နေရာ၌ “ဇရပ်” တစ်ဆောင် ဆောက်ရန် ပြင်ဆင်လေသည်။ အလျားပေသုံးဆယ်၊ အနံပေနှစ်ဆယ်၊ အမြင့် (၁၄)ပေနှင့် ဝရံတာဆယ်ပေရှိ “ဇရပ်”ကိုဆောက်လုပ်ပြီး စီး သွားလေ သည်။ ၁၈၁၉ခု၊ဧပြီလ(၄)ရက်၊ တနင်္ဂနွေနေ့၌ ဘုရားသခင်၏ ကျေး ဇူးတော်ကို ချီးမွမ်းလျှက် ဝတ်ပြုကိုးကွယ်သည့် အစည်းအဝေးကို ပြုလုပ်နိုင်ခဲ့ပေသည်။“ဇရပ်”အနီးအနား၌ရှိသောသူ တစ်ဆယ့်ငါး
ယောက်ခန့် ဝတ်ပြုစည်းဝေးသို့ တက်ရောက်ခဲ့လေ သည်။ တခါတရံ၊ ဆရာယုဒဿန်သည် အသံကျယ်လောင်စွာဖြင့်၊ လမ်းလျှောက်လာကြ သော ပရိသတ်များကို ဖိတ်ခေါ်လျှက် ရှိလေသည်။
၁၈၁၉ခုနှစ်၊ ဧပြီလ နောက်ဆုံးအပတ် သောကြာနေ့ ဖြစ် ၏။ ထူးခြားသော ဧည့်သည်တစ်ဦးမှာ အသက် သုံးဆယ့်ငါးနှစ်ခန့် အရွယ်ရှိပြီး၊ နာမည်မှာ မောင်နာ ဖြစ်၏။ သူသည် ဆင်းရဲပုံရ၏။ တစ်ကိုယ်ရေတကာရ နေထိုင်သူဖြစ်ပြီး၊ စားဝတ်နေရေးအတွက် အ လုပ်ကို ကြိုးစား၍ လုပ်ကိုင်သူဖြစ်၏။ ရိုးသားဖြောင့်မတ်ပုံရပြီး၊ ထူးခြားသော အရည်အချင်း ရှိပုံမပေါ်ချေ။ ဆရာယုဒဿန်သည်
မောင်နောအား သတိပြုမိသောအချက်မှာ အခြားသူများနှင့်မတူဘဲ။ တစ်ခွန်းမျှ မေးမြန်းခြင်း မရှိဘဲ၊ အေးဆေးငြိမ်သက်စွာ ဓမ္မဒေသနာ တော်ကို နား ထောင်နေခြင်း ပင်ဖြစ်သည်။
နောက်တစ်နေ့၊ စနေနေ့တွင် ဦးနောသည် ဆရာယုဒဿန် ၏ “ဇရပ်”သို့ ရောက်ရှိလာပြန်သည်။ သူသည် ရိုးသားစွာ သိချင်
သော စိတ်နှင့် မရဲတရဲ၊ ဆရာယုဒဿန်အား မေးမြန်းနေ၏။ ဆရာ ယုဒဿန် သတိထားမိသောအချက်မှာ အများသောသူတို့၏ မေးမြန်း
သော အကြောင်းအရာများမှာ အပြစ်ရှာလိုသောသဘောသက် ရောက်၏။ ယခု မောင်နော သိမြင်လိုသော အကြောင်းအရာများမှာ စိတ်ရင်းကောင်းနှင့် ဧကန်အမှန် သိရှိနားလည် လိုသောသဘောနှင့် မေးမြန်းခြင်းကို ဆရာယုဒဿန် ထူးခြားစွာ သတိထားမိလေသည်။ နောက်တစ်နေ့၊ တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်း အစည်းအဝေးသို့ မောင်နာ တက်ရောက်လာခဲ့၏။ ဂရုတစိုက် နားထောင်နေခြင်းကို တွေ့မြင်ရ၏။ ပရိတ်သတ် သုံးဆယ်မျှတက်ရောက်ကြသည်ဟု ခန့်မှန်းရ၏။
တနင်္လာနေ့၊ အင်္ဂါနေ့ဆက်၍ ဆရာယုဒသန်၏ဇရပ်သို့ မောင်နာလာရောက်ခဲ့၏။ ဆရာယုဒဿန်သည် မောင်နာ ၏အတွင်း စိတ်နေသဘောထားကို သေချာစွာ နားလည်လာခဲ့ပေပြီ။ မောင်နောသည် နိမ့်ချသော စိတ်နှင့်သင်ကြားပြသမှုကို ခံယူနိုင် သော အရည်အချင်း ရှိသူဖြစ်ကြောင်း သိရှိလာခဲ့လေသည်။
ဆရာယုဒဿန် သည် ၁၉၁၉ ခုနှစ်၊ မေလ(၅)ရက် ဗုဒ္ဓဟူးနေ့တွင် ဤသို့မှတ်တမ်းတင် ထား၏။
“ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုဏာတော်သည် မောင်နော၏ နှလုံးသားထဲသို့ ဆင်းသက်လျှက် ရှိနေပေပြီ၊ မောင်နော သည် သူပြုလုပ်ခဲ့သမျှသော အပြစ်များကို နောင်တရကာ ကယ်တင် ပိုင်ရှင်သခင်ယေရှုကို ယုံကြည်လျှက် ရှိနေပေပြီ။ အခြားအခြားသော ကယ်တင်ပိုင်ရှင် တစ်ယောက် မျှမရှိ၊ သခင်ယေရှုသာလျှင် တစ်ဆူ တည်းသော ကယ်တင်ပိုင်ရှင်ဖြစ်ခြင်းကို မောင်နောတစ်ယောက် ယုံကြည်လက်ခံလျှက် ရှိလေသည်။ မှောင်မိုက်ထဲမှ အလင်းကို မြင်တွေ့နေရပေပြီးထိုအတွက်ကြောင့် သူ၏ကျန်ရှိသော အသက်တာ တစ် လျှောက်လုံးကို သခင်ခရစ်တော်ထံအပ်နှံလျှက် ယုံကြည်အား ကိုးစွာဖြင့် ဝတ်ပြုကိုးကွယ်မည်ဖြစ်ပေသည်။
ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဂရုဏာတော်သည် ဤ မြန်မာအမျိုးသား တစ်ဦးဖြစ်သော မောင်နာအပေါ်၌ ကြွရောက် ဆင်းသက်လာခြင်းကို အကျွန်ုပ် မယုံနိုင်လောက်အောင် စိတ်ထဲ၌ ခံစားရ၏။ဤနေ့ဤရက်သည်ကား အကျွန်ုပ် အတွက် အလွန်ဝမ်းမြောက်ရွှင်လန်းဆုံးနေ့ဖြစ်ချေပြီ။ ဘုရား သခင်၏ ဂုဏ်ကျေးဇူးတော် ကိုချီးမွမ်းလျက် ဘုရားခင်၏ ဘုန်းတော် သည် အစဉ်အမြဲ ထင်ရှားပါ စေသတည်း၊အာမင်း” ဟူ၏။
ဆရာယုဒဿန်သည် ရန်ကုန်မြို့သို့ ရောက်ရှိ လာပြီး သည့်နောက် ခြောက်နှစ်ကြာမှ ပထမဦးဆုံးရလဒ်ဖြစ်သောမောင်နာ သည် တစ်ရက်ပြီးတစ်ရက် သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းပြမှုနှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားလာခဲ့ရာ၊ တနင်္ဂနွေနေ့ဝတ် ပြုကိုးကွယ်သော အစည်းအဝေး၌ တက်ရောက်လာသောသူများ ရှေ့မှောက်တွင် သခင်ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်၊ ယုံကြည်လက်ခံကြောင်းကို ပွင့်ပွင့်လင်းလင်း သက်သေခံလိုက်လေ သည်။ မောင်နောသည် သစ်ကုန်သည်တစ်ဦးထံ၌ အလုပ်လုပ်လျက် ရှိ၏။ များမကြာမီ မောင်နာသည် သူလုပ်ကိုင်လျှက်ရှိသော အလုပ်မှ နှုတ်ထွက်၍ ရန်ကုန်မြို့သို့ ပြောင်းရွှေ့ နေထိုင်လာခဲ့လေသည်။
၁၈၁၉ ခုနှစ်၊ ဇွန်လ(၆)ရက် တနင်္ဂနွေနေ့၊ ဝတ်ပြုကိုးကွယ် သော အစည်းအဝေး၌ မောင်နောသည် နှစ်ခြင်းမင်္ဂလာကို ခံယူလို ကြောင်းကို မေတ္တာရပ်ခံလေသည်။ မောင်နော၏ မေတ္တာရပ်ခံချက် ကို သာသနာပြုအဖွဲ့မှ နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူညီလိုက်လေ သည်။ သို့ဖြစ်၍၊ ၁၈၁၉ခုနှစ်၊ ဇွန်လ(၂၇)ရက်၊ တနင်္ဂနွေနေ့ တွင်၊ ဇရပ်နှင့် မနီးမဝေးရှိ ရေကန်၌ ပရိတ်သတ် သုံးဆယ် ရှေ့မှောက်တွင် မောင်နောအား ဆရာယုဒသန်သည် ရေနစ် ခြင်းမင်္ဂလာကို ပေးအပ်လိုက်လေသည်။
ဆရာယုဒဿန်သည် မြန်မာပြည်သို့ ရောက်ရှိပြီး ခြောက်နှစ်အကြာတွင်၊ ဤကဲ့သို့သော မြန်မာလူမျိုးများထဲမှ ပထမဦးဆုံး နှစ်ခြင်းမင်္ဂလာကို ဦးနာအား ပေးလိုက်ရခြင်း
ကြောင့် ဘုရားသခင်၏ ကျေးဇူးနှင့် ဂရုဏာတော်ကို ချီးမွမ်း ရလေသည်။ နောင်လာလတ္တံ့သော အချိန်ကာလများ၌ မြန်မာအမျိုး သားများသည် သခင်ခရစ်တော်ကို ယုံကြည်လက်ခံ ကြပါစေသတည်း။ ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေသတည်း။ အာမင်းဟု ဆရာယုဒဿန်တို့ ဇနီးမောင်နှံက ဆုတောင်းလိုက်လေသည်။
ဦးနာအား နှစ်ခြင်းမင်္ဂလာ ပေးပြီး များမကြာမီ၊ အချို့သော သူတို့သည် ခရစ်ယာန်ဘာသာကို တကယ်ပင်ရိုးသားစွာ စိတ်ပါဝင် စားလာကြသည်။ သိရှိနားလည်လိုသူများစွာတို့သည် ရပ်ဝေးမှလာ ရောက်၍ ဆရာယုဒသန်အား မေးမြန်းဆွေးနွေးနေကြ၏။ ၄င်း ပရိတ် သတ်ထဲ၌ မောင်သာလှနှင့် သူ၏ညီမတော်သူ၊ မဘိုက်လည်း ပါဝင် လာကြသည်။ အသက်အရွယ်အားဖြင့် ငါးဆယ်ခန့်ရှိသော ဦးဖြူ သည်လည်း သာသနာဝင်းထဲ၌ နေထိုင်ရန် ပြောင်းရွှေ့လာခဲ့၏။
ထိုအချိန်တွင် တံငါသည်တစ်ဦးဖြစ်သူ မောင်အင်းသည် လည်း ဆရာယုဒဿန်အား လာရောက်တွေ့ဆုံခဲ့၏။ မောင်အင်း သည် ဆင်းရဲသားတစ်ယောက်ဖြစ်၏။ ဤသုံးဦးသည် ရိုးသားစွာ တကယ်ပင် သခင်ခရစ်တော်အကြောင်းကို သိရှိလိုသူများဖြစ်ခြင်းကို
ဆရာယုဒဿန် သတိထားမိ၏။ ၁၈၁၉ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်၊ တနင်္ဂနွေနေ့ နေဝင်ခါနီးအချိန်တွင် မောင်သာလှနှင့်
မောင်အင်းတို့ အား ဦးနောကို နှစ်ခြင်းပေးသော ရေကန် ၌ ဆရာယုဒဿန်သည် ရေနှစ်ခြင်း မင်္ဂလာကို ပေးအပ်နိုင် ခဲ့လေသည်။
ဆရာယုဒသန်သည် ဤသို့ ရေနှစ်ခြင်းမင်္ဂလာကို လျှို့ဝှက် စွာ ပြုလုပ်ပေးရခြင်းအား မှတ်တမ်းတင်ထားပုံမှာ၊
“ကျွန်ုပ်တို့သည် ကိုယ်တော်၏ကျေးဇူးတော်ကို ချီးမွမ်းခြင်း အားဖြင့်၊ ကျယ်လောင်စွာ သီဆိုခြင်း မပြုရသော်လည်း၊ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲ၌ ဝမ်းမြောက် အားရလျှက် ရှိကြပါသည်။ ကျွန်ုပ်တို့တစ်စုတည်းသာလျှင် ရေကန်ဘောင်၌ ရှိသော်လည်း၊ ကျွန်ုပ်တို့နှင့် အတူတကွ ကောင်းကင်တမန်များသည်လည်း ရှိနေမည် ဖြစ်သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့ ဆောင်ရွက် ချက်များကို ကြည့်မြင်နေလျှက်၊ ကျွန်ုပ်တို့၏ အားနည်း ချက်ကို ခွင့်လွှတ်တော်မူမည်ကို ကျွန်ုပ်တို့ယုံကြည်လျှက် ရှိပါသည်။ ကျွန်ုပ်တို့၏ ဆောင်ရွက်ချက်ကို ပွင့်လင်းစွာ ကိုယ်တော်သည် အသိအမှတ်ပြုလျက်၊ တစ်နေ့သောအခါ ပွင့်လင်းစွာ ကျွန်ုပ်တို့ ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည် လျှက် ရှိကြပါသည်။ အာမင်း ဟူ၏။
ထိုအချိန်မှစ၍၊ စာတန်မာရ်နတ်သည် သာသနာပြုလုပ်ငန်း ကို ဖျက်ဆီးရန် တိုက်ပွဲ ဆင်လျက်ရှိနေပေပြီ။
နန်းတော် အင်းမြို့သို့
၁၈၁၉ ခု၊ ဒီဇင်ဘာလ (၂၁) ရက်နေ့၊ နန်စီ၏ အသက်သုံး ဆယ်ပြည့်မွေးနေ့ မတိုင်မီတစ်ရက် အလို၌၊ ရန်ကုန်မြို့မှ အင်းဝမြို့ သို့ ထွက်ခွာလာခဲ့ကြသည်။ လှေပေါ်တွင် ဦးနောနှင့် မောင်အင်း အပါ အဝင် အင်္ဂလိပ်လူမျိုးတစ်ဦးနှင့် လူပေါင်းတစ်ဆယ့်ရှစ်ယောက် သယ်ဆောင်လာရ၏။ ဆရာယုဒဿန်တို့ စီးလာသောလှေသည် လှေလှော်သမား ဆယ်ယောက်ဖြင့် ရန်ကုန်မြစ်ဝအတွင်းမှစတင်လှော် ခတ်လာခဲ့ရာ ရက်အနည်းငယ်အတွင်း၊ ဧရာဝတီမြစ်မကြီးထဲသို့
ရောက်ရှိသွားကြပေသည်။ မြန်မာဘုရင်များ နန်းစိုက်ခဲ့ဘူးသော ပြည်မြို့နှင့် ပုဂံမြို့များကို ဖြတ်ကျော်၍ လာခဲ့ရလေသည်။
ရန်ကုန်မြို့မှ စတင်ခရီး ထွက်ခွာလာခဲ့သည်မှာ တစ်လခန့်မျှ ရှိသောအချိန်၊ နန်းတော်အင်းဝမြို့သို့ ရောက်ရှိရန် လေးငါးရက်ခန့် မျှအလို ညနေခင်းတစ်နေရာတွင်၊ ညအိပ်ရပ်နားရန် အတွက် လှေကို ကျောက်ဆူးချထားလိုက်သည်။ ထိုအခါ၊ ရုတ်တရက်ဖြင့် လူများစွာ လှော်ခတ်လာသော လှေတစ်စီးသည် ဆရာယုဒဿန်တို့ လှေအနား
သို့ ချဉ်းကပ်လာခဲ့ရာ၊ လူဆိုးဓားမြများဖြစ်ကြောင်းကို သိရ၍ သေနတ် နှင့် သုံးလေးချက် ပစ်ဖောက်လိုက်မှ၊ ၄င်းလှေသမားများသည် အခြား တစ်နေရာသို့ လှော်ခတ်ထွက်ပြေးသွား ကြလေသည်။ ထိုမှတဆင့် ခရီးဆက်လာခဲ့ကြရာ ၁၈၂၀ခု၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင်၊ နန်း တော် အင်းဝမြို့ဆိပ်ကမ်းသို့ ဆိုက်ရောက် လာခဲ့ကြသည်။
အင်းဝမြို့၌ ရက်အတော်အတန်ကြာ နေပြီးမှ မောင်အင်း သည် နန်စီကိုယ်တိုင် ရေးသားပြုစုထားသော ဓမ္မလက်ကမ်းစာစောင် များကို ယူသွားပြီးလျှင်၊ မြိတ်မြို့ဘက်သို့ ခေတ္တခဏ ဧဝံဂေလိခရီး ထွက်ခွာသွားလေသည်။ ဆရာယုဒဿန်သည်လည်း ပထမဦးဆုံး ဖွဲ့စည်းထားသော အသင်းတော်၌ မောင်ရွှေပေကို လက်ထောက်သင်း အုပ်ဆရာအနေဖြင့် ခန့်အပ်ပြီး၊ ဝတ်ပြုအစည်းအဝေးကို ဦးဆောင် စေခဲ့သည်။
၁၈၂၀ ခုနှစ်၊ ဇူလိုင်လ ဝက်လောက်တွင်၊ ဆရာယုဒဿန် သည် ဘာသာပြန်ပြုစုထားသော ဧဝံဂေလိလေးကျမ်းနှင့် ရှင်ယော ဟန်ဩဝါဒစာ သုံးကျမ်းစလုံးကို ပြီးစီးခဲ့လေသည်။ တမန်တော်ဝတ္တု ကိုလည်း စတင်၍ ဘာသာပြန်ဆိုရေးသားလျှက် ရှိလေသည်။ နန်း
တော်၌ ဘကြီးတော်ဘုရားနှင့် တွေ့ဆုံခွင့်ရချိန်ဝယ်၊ ဆရာယုဒဿန် ၏စိတ်ထဲ၌ အိုဘုရားသခင် မြန်မာပြည်ကို ကောင်းကြီးပေး တော်မူပါ ဟု ဆုတောင်းမိလေသည်။
ဘကြီးတော်ဘုရားသည်လည်း၊ ဆရာယုဒဿန်က တင် လျှောက်သော ဘာသာရေးကိုမေးမြန်းပြီးလျှင်၊ ဒေါက်တာပရိုက်နှင့် ဆရာယုဒဿန်တို့အား နေရာမြေကွက်ပေးပြီး၊ အင်းဝမြို့တော်၌ ဆက်လက်နေထိုင်သွားရန် ခွင့်ပြုလိုက်လေသည်။ ဆရာယုဒဿန် အားလည်း၊ သာသနာပြုနိုင်ခွင့်ကို ပေးလိုက်လေသည်။ ထိုအခါ၊ ဆရာယုဒဿန်သည်လည်း၊ သာသနာပြုလုပ်ငန်း ဆောင်ရွက်နိုင် ရန်အတွက် မြေကွက်ကို နန်းတော်နှင့် တစ်မိုင်ခန့် ကွာဝေးသော ဧရာဝတီမြစ်ကမ်းဘေး နေရာကို ရွေးချယ်လေ၏။ ၄င်းမြေကွက်၌ အိမ်နှင့် ကျောင်းဆောင်ဆောက်ရန်အတွက် ခွင့်ပြုချက်ရရှိ တည် ဆောက်ခဲ့လေသည်။
ဆရာယုဒဿန်သည် အင်းဝမြို့တော်၌ နေထိုင်ခဲ့စဉ်ကာလ အတွင်းတွင်၊ အတွင်းဝန်မင်းများ၊ မှူးကြီးမတ်ကြီးများ၊ မင်းညီမင်း သားများနှင့် ရင်းနှီးစွာ မိတ်ဆွေဖွဲ့နိုင်ခဲ့လေသည်။ မြဝတီမင်းကြီး ဦးစ သည်လည်း ခရစ်ယာန်ဘာသာ အကြောင်းကို စိတ်ပါဝင်စားစွာ လေ့ လာလျှက် ရှိနေလေသည်။ ဆရာယုဒဿန်သည် အင်းဝမြို့တော်၌ ငါးလ ခန့်မျှနေထိုင်ပြီးနောက်၊ မြိတ်မြို့မှ ပြန်လည်ရောက်ရှိလာသော တပည့်တော် မောင်အင်းအား အိမ်စောင့်ရန် ထားခဲ့ပြီး ၁၈၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက်နေ့ညတွင် အင်းဝမြို့တော်မှ ရန်ကုန်မြို့သို့ ပြန်ဆင်းလာခဲ့လေသည်။
ဆရာယုဒဿန်သည် ၁၈၂၃ ခု၊ ဇူလိုင်လ(၁၂)ရက် နေ့တွင် ဓမ္မသစ်ကျမ်းအားလုံးကို အောင်မြင်စွာ ဘာသာပြန် ပြီးစီးသွားသည်။ မြန်မာပြည်သို့ ဆရာယုဒဿန် ရောက်ရှိလာ သည်မှာ ယခု (၉)နှစ်ကျော် ရှိသွားလေပြီ။ ဒီတစ်ခေါက် ခရီးပြုရာတွင် ရန်ကုန်မြို့၌ နေရစ်ခဲ့သော နန်စီနှင့် ကင်းကွာခဲ့ရသည်မှာလည်း (၂)နှစ်နီးပါး ရှိသွားပေပြီ။ သို့ဖြစ်၍၊ ၁၈၂၃ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက် နေ့တွင် နန်စီနှင့်အတူတကွ သာသနာပြုဆရာနှစ်ဦးဖြစ်သော
ယောနသန် Jonathanနှင့် ဝိတ် Wade တို့နှင့်အတူ ရန်ကုန်မြို့၌ စုဝေးရောက်ရှိ လာကြသည်။
လက်မရွံ့ထောင်၌အကျဉ်းသားဘဝ
ဆရာယုဒဿန်နှင့် ဇနီးနန်စီသည် အင်းဝမြို့၌ တဖန်ရောက် ရှိ နေထိုင်စဉ် ၁၈၂၄ ခု၊ ဇွန်လ (၈)ရက် အင်္ဂါနေ့ညနေခင်း အချိန်တွင် မြန်မာ ရဲအရာရှိတစ်ဦးနှင့်အတူ ရဲသားများ ဝင်ရောက်လာပြီး၊ ဆရာ ယုဒဿန်အား ရုတ်တရက် ဖမ်းဆီးသွားကြလေ၏။ ဆရာယုဒဿန် အား အင်္ဂလိပ်သူလျှိုအဖြစ် အထင်မှားခြင်းဖြစ်သဖြင့်၊ မလှုပ်ရှားနိုင် လောက်အောင် တင်းကြပ်စွာ ကြိုးဖြင့် တုပ်နှောင်ထားကြ၏။ ထိုအခါ နန်စီသည်လည်း၊ ဤကဲ့သို့ရက်စက်စွာ တုပ်နှောင်ထားခြင်းကို
မကြည့်ရက်နိုင်၍ ငွေကိုပေးပြီး အသနားခံသော်လည်း၊ ထူးခြားခြင်း မရှိပေ။ ဆရာယုဒဿန်အား မြို့ထဲသို့ ခေါ်ဆောင်သွားကြသဖြင့်၊ နန်စီသည် မောင်အင်းမှတစ်ဆင့် ငွေတစ်ဆယ်ကျပ်ပေးမှ တင်းကြပ် စွာ ချည်နှောင်ထားသောကြိုးကို အနည်းငယ် လျော့ပေးလိုက်ကြ သည်။
တရား ရုံးတော်သို့ ခေါ်သွားပြီးလျှင် ဖမ်းဆီးရန် အမိန့်စာ ကို ထုတ်ယူဖတ်ပြ၍ လက်မရွံ့ထောင်ထဲသို့ တစ်ပါတည်း ခေါ်သွင်း ကြလေသည်။ သူတို့နောက် တစ်ကောက်ကောက်လိုက်လာသော
မောင်အင်းသည်လည်း၊ အိမ်သို့ပြန်လာ၍ နန်စီအား တွေ့ရှိခဲ့သမျှ အကြောင်းစုံကို ပြောပြလိုက်၏။ နန်စီသည် မည်ကဲ့သို့ ဆက်လက်
ဆောင်ရွက်ရမည်ကို မသိ၊ ဝမ်းနည်းကြေကွဲစွာ ငိုကြွေး၍သာ နေရ လေသည်။
ဆရာယုဒဿန်အား အလျားပေလေးဆယ်၊ အနံ ပေသုံး ဆယ်အကျယ် ပြူတင်းပေါက် မရှိ၊ အလုံပိတ်ထားသော အိမ်ထဲ၌ ထည့်ထားကြ၏။ ၄င်းအခန်းသည် ဆိုးဝါးညစ်ညမ်းသော အမှောင် ခန်း ဖြစ်ပေသည်။ အခြား အကျည်းသားအားလုံး ငါးဆယ်ခန့် ရှိမည် ဟု ခန့်မှန်းရလေသည်။ ဆရာယုဒဿန်နှင့် နိုင်ငံခြားသားများကို မိမိတို့အခန်းအသီးသီး၌ သံကြိုးခြေကျဉ်းများနှင့် ချည်နှောင်ခံထား ကြလေသည်။ ညအချိန်တိုင်းတွင် အကျည်းသားများအားလုံး၏ ခြေထောက်များကို အပေါ်သို့ မြှောက်တင် ချီနှောင်ထားခြင်းဖြင့်၊
နေ့ရက်ကာလများစွာ ကုန်လွန်စေကြသည်။ ထိုသို့ တွေ့ကြုံခံစားနေ ရချိန်တွင်၊
“ကိုယ်တော်အရှင်မြတ်သည် ငါတို့ကို ဤကဲ့သို့အခြေ အနေရောက်အောင်၊ အဘယ်ကြောင့် ပို့ဆောင်သနည်း။ ကိုယ်တော် ရှင်မြတ် အတွက် လုပ်ဆောင်ပြီးစီးခြင်းတွင်၊ ယုံကြည်သူ တပည့်တော်(၁၈)ယောက်အား၊ နှစ်ခြင်းမင်္ဂလာကို ပေးခဲ့ရ ခြင်းနှင့် ဓမ္မသစ်ကျမ်းကို မြန်မာဘာသာနှင့် ပြန်ဆိုခြင်းပင် ဖြစ် သည်။ ဓမ္မသစ်ကျမ်းကို လည်း ပေရွက်ပေါ်မှာသာ ရေးထားရခြင်းပင်ဖြစ်ပေသည်။ ဤကျမ်းသည် ပျက်စီး၍ ဆုံးရှုံးသွားမည်လော။ နန်စီနှင့် သူ၏မျှော်လင့်ချက် သည် ကုန်ဆုံးသွားပြီလော” စသည်ဖြင့် ဆရာယုဒဿန်မှာ အတွေးဝင် ပြီး၊ စိတ်ဓာတ်ကျဆင်းနေလေသည်။
နန်စီသည်လည်း ဆရာယုဒဿန်တွင် အပြစ်မရှိဘဲ၊ ထောင် ထဲ၌ ဒုက္ခဆင်းရဲခံပြီး၊ အကျဉ်းသားဘဝ ဖြစ်နေရခြင်းကို တွေးတော စိတ်ပူနေလေ၏။ သို့ဖြစ်၍ နန်စီသည် ဘုရားသခင်အား ယုံကြည် အားကိုးစွာဖြင့် ဆုတောင်း၍ ခွန်အားအသစ်ကို ရရှိခဲ့လေပြီ။ ပထမ အရေးကြီးဆုံး အချက်မှာ ဆရာယုဒဿန်သည် သူလျှို့မဟုတ်
ကြောင်းနှင့် သာသနာ ပြုဆရာသက်သက်ဖြစ်ကြောင်း၊ အပြစ်လုံးဝ မရှိကြောင်း၊ ထောင်တွင်းမှ လွတ်မြောက်ခွင့်ပြုပေးဖို့ရန် ကြိုးစား
ဆောင်ရွက်မည်ဟု စိတ်ပိုင်းဖြတ်လိုက်လေသည်။ နန်စီသည် ဆရာ ယုဒဿန်က ဆယ်နှစ်တိုင်တိုင် အချိန်ယူ၍ ဘာသာပြန်ပြုစုရေးသား ထားသော ကျမ်းစာများကို အဝတ်များဖြင့်ရစ်ပတ်လျှက်၊ မြေ၌ မြှုပ် နှံထားလိုက်သည်။
နောက်တစ်နေ့ နံနက်တွင်၊ နန်စီသည် မောင်အင်းအား ဆရာယုဒဿန် စားသုံးရန်အတွက် အစားအသောက်များကို ထောင် သို့ ပေးပို့ခိုင်းလိုက်လေသည်။ မောင်အင်းသည် များမကြာမီ ထောင် မှ နန်စီထံ ပြန်ရောက်လာခဲ့လေသည်။ ဆရာယုဒဿန်နှင့် တကွ နိုင်ငံခြားသားများအားလုံး အသက်ရှင်လျက်ရှိကြောင်း၊ နေ့စဉ် စား
သောက်ရန်အတွက် ပို့ပေးနိုင်ကြောင်း သတင်းကောင်းကို မောင် အင်း ထံမှတဆင့် နန်စီသည်ကြားရသောအခါ၊ အတိုင်းမသိ ဝမ်းသာ လျှက် ရှိနေသည်။ သူ၏စိတ်ထဲတွင် တစ်နေ့ကျလျှင် ဆရာယုဒဿန် လွတ်မြောက်လာမည်ကို ယုံကြည်မျှော်လင့်ခြင်းဖြင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပြီး၊ အလိုတော်ကိုဝန်ခံလျှက် ဆုတောင်း စောင့်ဆိုင်းနေကြပေသည်။
နောက်ရက် အနည်းငယ်တွင် တာဝန်ရှိသူများက နန်စီကို လည်း၊ ဆရာယုဒဿန်နှင့် နေ့စဉ်(၂)နာရီခန့် တွေ့ဆုံခွင့် ပေးလိုက် လေသည်။ ဆရာယုဒဿန်သည် သူဘာသာပြန်ပြီးစီး သွားသော ကျမ်းစာများကို ပိုးမွှားများကြောင့် ပျက်စီးသွားမည်ကို စိုးရိမ်မကင်း ဖြစ်ကြောင်း ဇနီးသည်အား ပြောပြလေသည်။ နောက်တစ်နေ့ နံနက်
တွင် နန်စီသည် ကျမ်းစာကို အဝတ်များ၊ စက္ကူထူများဖြင့် ကျစ်လစ် စွာ ရစ်ပတ်လျှက် ခေါင်းအုံး ကဲ့သို့ ပြုလုပ်ပြီး၊ ဆရာယုဒဿန်ထံသို့ ယူ ဆောင်လာခဲ့လေသည်။ ထိုအခါ၊ ဆရာယုဒဿန်သည် မိမိ (၁၀)နှစ်တိုင်တိုင်၊ ကြိုးစား၍ ပြုစုရေးသားထားသော ဓမ္မသစ်ကျမ်း စာစောင်များကို ထောင်ထဲ၌ ခေါင်းအုံးပြု၍၊ စိတ်အေး ချမ်းသာယာ စွာ အိပ်နိုင်ခွင့် ရရှိခဲ့လေသည်။
တစ်နေ့သောအခါ နန်စီသည် ဆရာယုဒဿန် ကြိုက်နှစ် သက်သော အသားသွပ်မုန့် MincePie ကို ကျွဲသားနှင့် ငှက်ပျောသီး ရောပြီး၊ ဖုတ်ထားသော စားသောက်ဖွယ်ကို ယူလာ၍ ကိုယ်တိုင်ကျွေး လေ၏။ ဆရာယုဒဿန်သည် ဤကဲ့သို့ဖြင့်၊ နန်စီ ကိုယ်တိုင်က ဂရုစိုက်ပုံ၊ စေတနာ မေတ္တာထားရှိပုံကို သတိရလျှက် မုန့်ကို ချက် ချင်းပင် မစားနိုင်ဘဲ၊ မျက်ရည်များပင် ကျလျှက်ရှိ၏။ ဆရာယုဒဿန် သည် ထောင်ထဲ၌ အကျဉ်းခံလျှက် ဆင်းရဲခံနေရခြင်းသည် ခြောက်လ ခန့် ရှိသွားပေပြီ။
| ထိုအချိန် ၁၈၂၅ ခု၊ ဇန်နဝါရီလ(၂၆)ရက်နေ့တွင် နန်စီ သည် သမီးလေးတစ်ဦးကို ကောင်းမွန်စွာ ဖွားမြင်ခဲ့လေ၏။ သမီးလေးကို မာရီရာဧလိရှဘတ်တာဝပ်၊ ယုဒဿန် Maria Elizabeth Judson နာမည်ပေးခဲ့၏။ သမီးလေးမွေးဖွားပြီး သုံးပတ်
လောက်အကြာတွင် နန်စီသည် သမီးလေးကို ချီပွေ့၍၊ ဆရာ ယုဒဿန်ထံ ခေါ်ဆောင်သွားလေသည်။
ဆရာယုဒဿန်သည် မိမိမရှိသည့်အချိန်တွင် မွေးဖွား သော သမီးလေးကို တွေ့မြင်သောအခါ၊ သူ၏ရင်ထဲ၌ ချစ်ခြင်း၊ ဝမ်းနည်းခြင်းနှင့် စိတ်ပျက်ခြင်းများ ရောထွေးခံစားလေသည်။ ထိုနေ့၌ နှစ်ယောက်သား၊ စကားများများ ပြောမထွက်နိုင်ကြချေ။ နောက် တမနက်၌ နန်စီသည် မောင်အင်းထံမှတစ်ဆင့် ကြားသိရသော သတင်းမှာ ဆရာယုဒဿန်နှင့် နိုင်ငံခြား အကျဉ်းသားများသည် အတွင်း ထောင်ထဲသို့ ပို့ထားလိုက်ပြီး၊ မည်သူမျှ အပြင်ဘက်သို့ ထွက်ခွင့် မပြုတော့ကြောင်းပင် ဖြစ်လေသည်။
သို့ဖြစ်၍၊ နန်စီသည် စိတ်ပူပင်သောက ရောက်လျှက်၊ ဆုတောင်းနေစဉ် မြို့တော်ဝန်မင်းထံက ကြားလိုက်ရသော သတင်း စကားမှာ ဆရာယုဒဿန်၏ အသက်ကို ရန်မရှာကြောင်း၊ ဂရုဏာ မေတ္တာစိတ်ရှိကြောင်း၊ ဂရုစိုက်ပေးနေကြောင်း စသည့်ဂတိပေး စကား ပင်ဖြစ်သည်။
ဤအချိန်အတွင်းမှာပင် ဆရာယုဒဿန်သည် ထောင်ထဲ၌ အသဲအသန် ဖျားလျှက်ရှိနေ၏။ မြို့တော်ဝန်မင်း၏ ခွင့်ပြုချက်အရ နန်စီသည် ထောင်အနီး၌ရှိသော မြို့ဝန်မင်း အိမ်ဝင်းထဲတွင် ဝါးတဲ့ တစ်လုံးဆောက်လုပ်ပြီး၊ ပြောင်းရွှေ့နေထိုင်ခွင့်ရခဲ့လေသည်။ နန်စီသည် နေ့စဉ် ဆရာယုဒဿန်ထံ သွားရောက်၍ အနီးကပ် ပြုစုနိုင်ခဲ့လေသည်။ နန်စီသည် ဆရာယုဒဿန်အား ထိုသို့ပြုစုနေစဉ် အထက်မှလာသော အမိန့်အတိုင်း၊ အကျဉ်းသားများကို အောင်ပင်
လယ် အရပ်သို့ ခေါ်ဆောင်သွားရမည် ဖြစ်ကြောင်းနှင့် မည်သူမျှ မတတ်နိုင်ကြောင်းကို မြို့ဝန်မင်းက ပြောပြလိုက်ပြီး၊ နန်စီအား နှစ်သိမ့်၍ အားပေးစကား ပြောကြားလိုက်လေ၏။
အောင်ပင်လယ်သို့
နိုင်ငံခြားအကျဉ်းသားများကို ပခန်းဝန် ဦးဆောင်၍ အောင်ပင်လယ်ဘက်သို့ ကြမ်းတမ်းသော ကျောက်လမ်း၊ သဲလမ်း၌ ဖိနပ်စီးခွင့် မရဘဲ၊ ခြေလျှင်ခရီးလမ်းဖြင့် လျှောက်သွားစေကြ၏။ လက်မရွံ့ ထောင်မှ အောင်ပင်လယ်သို့ ရှစ်မိုင်ခရီးရှိ၏။ ဖိနပ်မစီး
သောအကျဉ်းသားများ၏ ခြေဘဝါးအောက်တွင် မီးလောင်ဖုများဖြစ် လျက်၊ သွေးကြောများပင် ပေါက်ထွက်လျက်ရှိကြ၏။ အကျဉ်းသား များသည် ယခုအခါ အောင်ပင်လယ်သို့ ရောက်သွားပေပြီ။ တဲပျက် ထဲ၌ စုဝေးထိန်းသိမ်း ထားခြင်းကြောင့်၊ အကျဉ်းသားများကို တဲလေး နှင့်တစ်ပါတည်း မီးရှို့ သတ်ပစ်မည်ဟု ထင်မှတ်ကြလေသည်။
နန်စီသည် မောင်အင်းကို အိမ်စောင့်ထားခဲ့၍ သမီးငယ် မာရီယာ Maria ကိုပိုက်ပေါ့လျက်၊ မွေးစားထားသော အိမ်ဖော် မိန်းကလေး(၂)ယောက်နှင့်အတူ ဆရာယုဒဿန်ရှိရာ၊ အောင်ပင် လယ်သို့ နွားလှည်ငှားရမ်းပြီး ထွက်ခွါလာခဲ့လေသည်။ သမီးမာရီယာ Maria မှာ(၃)လအရွယ်မျှသာ ရှိသေး၏။ နန်စီသည်အောင်ပင်လယ်
သို့ ရောက်လျှင်ရောက်ချင်း၊ သမီးငယ်လေးကို ပိုက်သွေ့လျှက် ဆရာ ယုဒဿန်အနားသို့ သွားရောက်တွေ့ဆုံလေသည်။ ဆရာယုဒဿန် သည် နန်စီ လာသည်ကို လှမ်းမြင်သောအခါ၊
“ချစ်ဇနီးဘာဖြစ်လို့ လိုက်လာရသလဲ၊ သမီးငယ်လေး နဲ့ မင်းဒီမှာနေလို့ မဖြစ်ဘူး” ဟု လှမ်းပြောလိုက်လေ၏။ မည်သို့ပင် ဖြစ်စေ၊ နန်စီသည် ဆရာယုဒဿန် အသက်ရှင်လျှက် ရှိနေကြောင်းကို မြင်တွေ့ရသောအခါ၊ ရွှင်လန်းဝမ်းမြောက်လျှက် ရှိလေသည်။ ဤကဲ့သို့ဖြင့်၊ ဆရာယုဒသာန်သည် အောင်ပင်လယ်၌ အကျဉ်းသား ဘဝနှင့် တစ်နှစ်ကြာ နေထိုင်ခဲ့ရ၏။
၁၈၂၅ ခုနှစ်၊ နိုဝင်ဘာလ(၄)ရက်နေ့တွင်၊ နန်စီထံသို့ အင်းဝမြို့တော် ဝန်မင်းထံမှ စေတမန်တစ်ဦး ရောက်ရှိလာလေသည်။ ထိုစေတမန်က ဆရာယုဒဿန်အား အကျဉ်းသားဘဝမှ လွတ်
မြောက်ခွင့်အမိန့် ထုတ်ပြန်ထားကြောင်းနှင့် ချက်ခြင်းပင်၊ အမရပူရ မြို့တော်သို့ ထွက်ခွာနိုင်ကြောင်း သတင်းကောင်း ပါလာသည်ကို ပြောပြလေသည်။
လွတ်ငြိမ်းချမ်းသာခွင့်
ထိုအချိန်ကာလတွင် နန်စီနှင့် အဖွဲ့သည် သူမတို့နေထိုင် ရာ အင်းဝမြို့မြစ်ကမ်းနားဘေးတွင် တည်ရှိသော သာသနာအိမ်၌ နေထိုင်ခဲ့ကြ၏။ ထိုအချိန်တွင်၊ မြို့ဝန်မင်းသည် နန်စီအား ပြောပြ သည်မှာ ဆရာယုဒဿန်အား လွတ်လပ်ခွင့် မပြုနိုင်သေးကြောင်း၊ မြန်မာအာဏာပိုင်များအတွက် အရေးကြီးသော လုပ်ငန်းတာဝန် တစ်ခု ဆောင်ရွက်ပေးရန် ရှိနေကြောင်း၊ ၄င်းတာဝန်မှာ မလွန်မြို့၌ ရှိသော အင်္ဂလိပ်များနှင့် ဆွေးနွေးညှိနှိုင်းရာတွင် စကားပြန်အဖြစ် လိုက်ပါရန်ဖြစ်ကြောင်း ရှင်းပြနှစ်သိမ့်လေသည်။
ဆရာယုဒဿန်တို့ လက်မရွံ့ထောင်မှ အောင်ပင်လယ်သို့ ထွက်ခွာလာသည့်နေ့တွင် ထောင်စောင့် ရဲသားတစ်ယောက်သည်
ထောင်အခန်းထဲသို့ ဝင်ရောက်၍ ရှာဖွေရေး ပြုလုပ်ခဲ့ရာ၊ ခေါင်းအုံး တစ်လုံးကို တွေ့ရလေ၏။ ထိုခေါင်းအုံး၏ အဖုံးကို ဆုတ်ပစ်လိုက်ပြီး အထဲ၌ တင်းကြပ်စွာ အဝတ်အထပ်ထပ်နှင့် မာကျောစွာ ချုပ်ထား
သော အထုပ်ကို ထပ်မံတွေ့ရှိ၏။ သူ့အတွက် မည်သို့မျှ အသုံးမဝင် သောကြောင့်၊ ခြေထောက်နှင့် ကန်ပစ်လိုက်ရာ အပြင်ဘက် ရွံ့ဖွံ့ထဲသို့ လိမ့်ကျသွား၏။
ဆရာယုဒဿန်၏ ပစ္စည်းကျန်များကို ကြည့်ရှု ရန် နန်စီစေလွတ်သော မောင်အင်းသည် ထိုအထုပ်ကို တွေ့ရှိရ၍
နန်စီထံသို့ ယူဆောင်လာခဲ့လေသည်။ ဘုရားသခင်၏ ကျေးဇူး တော်ကြောင့် ဓမ္မသစ်ကျမ်းစာများသည် ဤသို့ဖြင့် ပျက်စီး သွားမည့်ဘေးမှ ကင်းလွတ်ပြီး၊ လုံခြုံသောနေရာသို့ ပြန်လည် ရောက်ရှိသွားပေသည်။
၁၈၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့တွင်၊ ဆရာယုဒဿန် လုံးဝလွတ်မြောက်ရေးအတွက် အင်းဝမြို့တော်ရှိ အမြင့်ဆုံး အာဏာ ပိုင်များထံသို့ အသနားခံစာပေးပို့ လိုက်လေသည်။ သို့အတွက်ကြောင့်၊ ၁၈၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက်အချိန်တွင် ဆရာယုဒဿန်အား လွတ်မြောက်ခွင့်အမိန့် ရရှိလေသည်။ သို့ဖြစ်၍ ဆရာယုဒဿန် သည် သူနေထိုင်ရာ နေအိမ်သို့ ဝမ်းမြောက်စွာ ပြန်လာခဲ့ရ၏။
ဆရာယုဒဿန်သည် ထိုသို့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီး၊ မိမိနေအိမ်သို့ ရောက်ရှိလာသောအခါ ခြံဝင်းတံခါးမှ နေအိမ်အား လှမ်းကြည့်မိသောအခါ အမျိုးသမီးကြီးတစ်ယောက်သည် ပိန်ချုံးနေ ၍ ညစ်ပေနေသော ကလေးငယ်ကို ပွေ့ပိုက်နေကြောင်း သူလှမ်း မြင်မိ၏။ အနားရောက်လာသောအခါ သူ၏သမီးလေးဖြစ်ကြောင်း ပင် ဆရာယုဒဿန် လုံးဝ မမှတ်မိခဲ့ချေ။ ပို၍ဆိုးသည်မှာ မိမိချစ် ဇနီးသည် နန်စီသည် အိမ်ခန်းအိပ်ယာထဲတွင် အိပ်ပျော်သကဲ့သို့ အဖျားကြီး ခံစားလျှက်၊ သတိမရ လောက်အောင် လဲလျောင်းနေ၏။ မျက်နှာမှာလည်း ပိန်ချုံး၍ ညှိုးငယ်လျက်ရှိ၏။ လှမ်းကြည့်မိသော ဆရာယုဒဿန်သည် သူ၏ဇနီး အသက်မှရှိသေးရဲ့ လားဟု ထင်မှတ်
မိ၏။ သူသည် ချစ်ဇနီး နန်စီ၏ပါးပြင်ကို ဖြေးညှင်းစွာ အသာအယာ နမ်းလိုက်သောအခါ နန်စီသည် မိမိမျက်စိကို ကြိုးစားဖွင့်ကြည့်လိုက် လေသည်။ ထိုသို့ နန်စီ၏ အကြည့်မျက်စိကြောင့် ဆရာယုဒဿန် သည်လည်း၊ အားတက်သွားလေသည်။
အကြောင်းမှာ ထောင်ထဲ၌နေခဲ့စဉ် အစွမ်းကုန် ဂရုစိုက်ခဲ့ သော ချစ်ဇနီးနန်စီ အသက်ရှင်လျက် ရှိသေးကြောင်း တွေ့ရခြင်း
ကြောင့် ဖြစ်ပေသည်။ နန်စီသည် ဆရာယုဒဿန်အား ကြိုးစား၍ ကြိုဆိုစကား ပြောဟန်ပြုသော်လည်း၊ အသံကား ထွက်ပေါ်မလာ ချေ။ သူမ၏လက်ဖြင့် စားပွဲနေရာဘက်သို့ ကြိုးစားညွှန်ပြလျက်ရှိ၏။ ဆရာယုဒဿန်သည် နန်စီညွှန်ပြသော နေရာဘက်ကို ကြည့်လိုက် သောအခါ၊ စားပွဲပေါ်၌ အဝတ်များဖြင့် ထုတ်ထားသော ကျမ်းစာကို တွေ့လိုက်ရလေသည်။ ဆယ်နှစ်တိုင်တိုင် ရေးသားပြုစုခဲ့သော ဓမ္မ သစ်ကျမ်းစာသည် ပျက်စီးခြင်းသို့ မရောက်ဘဲ၊ သူ၏လက်ထဲ၌ ယခု ပြန်လည်ရောက်ရှိခဲ့သည်ကို ဆရာယုဒဿန်ကိုယ်တိုင် မြင်တွေ့ရ လေသည်။
| နန်စီသည် ဆရာယုဒဿန်၊ မလွန်မြို့သို့ ခရီးမထွက်ခွာမီ တွေ့ဆုံအပြီး၊ သူမ၏ကျန်းမာရေးသည် ယခုလို ဆုတ်ယုတ်ယိုယွင်း လာခြင်းဖြစ်သည်။ သူမ၏ ဦးခေါင်းထဲတွင် ဦးနှောက်အမြှေးရောင်
ရောဂါ ဖိစီးမှုကြောင့် တစ်ခါတစ်ရံ သတိလစ်လျက်ရှိခဲ့၏။ နာရီပိုင်း မျှသာ အသက်ရှင်တော့မည်ဟု ယူဆရသော နန်စီ၏ ဦးခေါင်းမှ ဆံပင်များကိုပင် ရိတ်ပစ်လိုက်ရလေ၏။
နန်စီသည် များမကြာမီ၊ ကျေးဇူးတော်ကြောင့် အနည်းငယ် သက်သာလာသဖြင့်၊ ဆရာယုဒဿန်နှင့် ဒေါက်တာပရိုက်တို့သည် လည်း မြန်မာမင်းတို့၏ အကူအညီ တောင်းဆိုချက်အရ အကျိုးကို
ဆောင်ပေးရန်၊ အင်းဝမြို့ရှိ အင်္ဂလိပ်များထံ ခရီးသွား၍ အကြိမ်ကြိမ် စေ့စပ်ပြောဆိုပေးနေသည်။ ထိုသို့ဆရာယုဒသန်၏ ကြိုးစားကြားကန်
ဆောင်ရွက် ပေးမှုကြောင့် အင်္ဂလိပ်နှင့် မြန်မာမင်းတို့သည် ငြိမ်းချမ်း ရေးစာကို ချုပ်ဆိုနိုင်ခဲ့ကြသည်။ထိုသို့သော တာဝန်ဝတ္တရားများ ပြီးဆုံး သွားပြီဖြစ်၍၊ မကြာမီ ရန်ကုန်မြို့သို့ ပြန်လာရန် ပြင်ဆင်လျှက်ရှိ၏။ မြန်မာအာဏာပိုင်များသည် ဆရာယုဒဿန်အား မပြန်သွားစေလိုပေ။ သို့သော်လည်း ရိုသေစွာ လျှောက်ထားလိုက်သည်မှာ၊
“သူ၏ တာဝန်သည် ထာဝရဘုရားသခင် အတွက်သာ ဖြစ်ကြောင်း၊ ကယ်တင်ပိုင်ရှင် သခင်ယေရှုခရစ်တော်ပေးအပ် ထားသော တာဝန်အတွက် ကျေပြွန်စွာထမ်းဆောင်သွားရန် ရှိသေးကြောင်း၊ လောက၏ စည်းစိမ်ဥစ္စာပစ္စည်းများကို မက်မောမှု မရှိကြောင်း” ကို လျှောက်ထားလိုက်လေ၏။
မြန်မာအာဏာပိုင်များသည်လည်း ဆရာယုဒဿန်၏ ကိုယ် ကျိုးစွန့်မှု၊ ဖြောင့်မတ်၍ ရိုးသားသော စိတ်သဘောထားရှိမှုတို့ကို သိရှိပြီး၊ ရန်ကုန်မြို့သို့ ပြန်သွားခွင့် ပြုလိုက်လေသည်။
‘ သို့ဖြစ်၍၊ ၁၈၂၆ ခုနှစ် မတ်လ(၂၁)ရက်နေ့တွင် ရန်ကုန်မြို့ သို့ ရောက်ရှိလာခဲ့လေသည်။ ဆရာယုဒဿန်တို့ နှစ်ဦးသည် ရန်ကုန် မြို့နှင့် ကင်းကွာခဲ့သည်မှာ နှစ်နှစ်နှင့် သုံးလကြာခဲ့ပြီ ဖြစ်သည်။
စစ်ဒါဏ်ကြောင့် ပျက်စီးယိုယွင်းလျက်ရှိ၏။ တပည့်တော်များလည်း စစ်ဒါဏ်ကြောင့်၊ ထွက်ပြေးတိမ်းရှောင်၍ အချို့မှာ ကွယ်လွန်သွားကြ လေသည်။
သို့ဖြစ်၍၊ ဆရာယုဒဿန်သည် နန်စီအား အိမ်ခြေ ငါးဆယ် ခန့်ရှိသော၊ ကျိုက္ခမီမြို့သို့ ပြောင်းရွေ့၍ သာသနာပြုလုပ်ငန်းကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြောင်း၊ တလိုင်းလူမျိုး၊ မြန်မာလူမျိုး အများအပြား ရှိကြကြောင်း၊ ပင်လယ်ကမ်းခြေမြို့ ဖြစ်သည့်အတွက် လေကောင်းလေသန့် ရှိကြောင်း၊ ၄င်းမြို့ကို အခြေခံ၍ သာသနာပြု လုပ်ငန်း ဆောင်ရွက်ရန် အသင့်တော်ဆုံး ဖြစ်ကြောင်းကို ပြောပြရာ နန်စီသည်လည်း၊ သဘောတူ စိတ်အားတက်ကြွလျက်ရှိ၏။
သို့ဖြစ်၍ ၁၈၂၆ ခုနှစ်၊ ဧပြီ(၂၆)ရက်နေ့တွင်မောင်အင်း၊ မောင်ရွှေပေ စသည့်တပည့်တော်နှစ်ယောက်၏ မိသားစုများကို ကျိုက္ခမီမြို့သို့ ရှေ့ပြေးအနေဖြင့် စေလွှတ်ပြောင်းရွေ့စေကြပြီးမှ မကြာမီကာလအတွင်း၊ သူတို့လည်း ပြောင်းရွေ့လာကြလေသည်။
ဝမ်းနည်းပူဆွေးဖွယ်ရာသတင်း
ဤသို့ဖြင့်၊ ကျိုက္ခမီမြို့သို့ မိသားစု အားလုံးပြောင်းရွှေ့ ရောက်ရှိလာကြသောအခါ၊ နန်စီကိုယ်တိုင်သည် ၄င်းမြို့အား နှစ်သက် သဘောကျကြောင်း ဖွင့်ပြော၏။ ပင်လယ်မှ လေကောင်း
လေသန့်လည်းရ၏။ မြို့သူမြို့သားများသည်လည်း မိတ်ဆွေဖွဲ့လိုသော စိတ်နေ စိတ်ထားရှိ၏။ မောင် အင်းနှင့် မောင်ရွှေပေတို့ မိသားစုသည် လည်း ပျော်ရွှင်စွာ နေထိုင်လျှက်ရှိကြ၏။ သို့ရာတွင်၊ ဆရာယုဒဿန် သည် အဆိုပါ ကျိုက္ခမီမြို့တွင် သုံးရက်မျှသာ နေခဲ့ပြီး၊ ဖို့နစ် Phoenix မီးသင်္ဘောနှင့် အင်းဝမြို့သို့ ခရော Crawfurd ကုန်သွယ်ရေး စာချုပ်ကိစ္စ ဆောင်ရွက်ပေးရန် ရန်ကုန်မြို့သို့ ပြန်လာခဲ့ရလေသည်။ ။
ထိုမှတစ်ဆင့် အင်းဝမြို့သို့ ခရီးဆက်သွား၍ အလုပ်များနေ စဉ်၊ ၁၈၂၆ ခုနှစ်၊ နိုင်ဝင်ဘာလ(၂၄) ရက်နေ့တွင် ဆရာယုဒ ဿန်သည် စာတစ်စောင် ရရှိခဲ့လေသည်။ စာလာပေးသူ၏ မျက်နှာ သည် သာယာမှု မရှိလှချေ။ စာကိုဖတ်ရင်း ဆရာယုဒဿန်၏ မျက်စိ ပြာလာခဲ့ပေပြီ။ သူ၏ စိတ်လှုပ်ရှားခြင်း မရှိသော်လည်း၊ ရေခဲကဲ့သို့ အေးစက်ခြင်းကို ခံစားနေရ၏။ အိမ်ခန်းတစ်ခုလုံး လည်ပတ်နေသည် ဟု ထင်မှတ်လျှက် ရှိနေပေပြီ။ အကြောင်းမှာ၊ ကျိုက္ခမီမြို့၌ရှိသော သူ၏ ချစ်ဇနီးနန်စီ၊ ဤလောကကြီး၌ မရှိတော့ကြောင်းကို
သူ သိရှိသွားလေပြီ။ သမီးလေးမှာ ကျန်းမာလျှက် ရှိနေသေးသည်။
ထိုအခါ၊ ဆရာယုဒဿန်သည် စိတ်ကို မချုပ်တည်းနိုင် တော့ချေ။ မျက်ရည်များ ကျဆင်းလျက် ဝမ်းနည်းကြေကွဲသော စိတ်သည် သူ့အားလွှမ်းမိုးသွား လေတော့ပြီ။
ဆရာယုဒဿန်သည် ကျိုက္ခမီမြို့သို့ အမြန်ဆုံး ပြန်ရောက် လိုသော စိတ်ဆန္ဒရှိသော်လည်း၊ ခရောဖို့တို့ ကုန်သွယ်ရေးစာချုပ် ကိစ္စ မပြီးပြတ်သေးသည့်အတွက် အင်းဝမြို့တော်၌ သည်းခံ စောင့် ဆိုင်း၍နေရ၏။ ချစ်ဇနီးသည် နန်စီ ကွယ်လွန်သွားသည်မှာ တစ်လ
ကျော်လွန်၍ သွားလေပြီ။ ဆရာယုဒဿန်၏ စိတ်ထဲတွင် အတွေး များစွာ ဝင်လာသော်လည်း၊ သူ့ချစ်ဇနီးနန်စီသည် ကောင်းကင်ဘုံ ၌ ထာဝရဘု ရားသခင် နှင့် အတူ အေးချမ်းသာယာ ရှိနေသည်ဟု ယုံကြည်လျက် စိတ်သက်သာခွင့် ရလေသည်။
၁၈၂၆ ခု၊ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ဒိုင်ရာနာ Dina သင်္ဘောဖြင့် ပြန်လည် စုံဆင်းလာခဲ့ရာ၊၁၈၂၇ခု ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ကျိုက္ခမီမြို့သို့ ကျန်းမာစွာ ပြန်လည် ရောက်ရှိလာလေ သည်။ တပည့်တော်များဖြစ်ကြသော ဦးရွှေပေ၊ ဦးအင်းနှင့် အမျိုး သမီးနှစ်ယောက်ဖြစ်သော ဒေါ်မင်းလေးနှင့် ဒေါ်တုတ်တို့သည် ဆရာယုဒဿန်အား ကျိုက္ခမီမြို့ဆိပ်ကမ်း၌ ကြိုဆိုလာကြ၏။ မိမိနေအိမ် ပြန်ရောက်လာသော ဆရာယုဒဿန်သည် ချစ်ဇနီး နန်စီ ကို အလွန်သတိရလျှက် ရှိ၏။ သူ၏သမီးလေးကို ချစ်ဇနီး နန်စီချီထား
ရမည့်အစား၊ ဒေါ်ဒီဘိုရာ ချီထားကြောင်းကို တွေ့ရှိရသောအခါ ပိုမို၍ ဝမ်းနည်း ကြေကွဲမှုကို ခံစားရလေတော့သည်။ သမီးလေး မာရီယာ သည်လည်း ဖခင်ဖြစ်သူအား မမှတ်မိတော့ချေ။ ထိုအဖြစ်အပျက် များကို ဆရာယုဒဿန် စဉ်းစား၍ မျက်ရည်မဆယ်နိုင်အောင် ဖြစ်မိ နေ၏။
ထိုအခါ ဆရာယုဒဿန်နှင့် တပည့်တော်တို့သည် နေအိမ် သို့ မသွားကြသေးဘဲ၊ နန်စီ၏ သင်္ချိုင်းရှိရာသို့ ဦးစွာ သွားရောက်ကြ လေသည်။ နန်စီ၏ ကိုယ်ခန္ဓာသည် မြေကြီးအောက်၌ မြုပ်နှံထားပြီ ဟု သိရှိသော်လည်း၊ နန်စီကိုကား သူမတွေ့ရတော့ချေ။ သူမ၏အသံ ကိုလည်း မကြားရတော့ချေ။ သူမနှင့် နောက်ဆုံး ခွဲခွာနှုတ်ဆက်ခဲ့ ရသော အချိန်အခါကို ပြန်၍ သတိရ မြင်ယောင်လျက်ရှိ၏။
ယခု အချိန်၌မူကား၊ သူ၏ချစ်ဇနီးသည် နန်စီခမျာ မရှိတော့ ချေ။ လာ၍ ကြိုဆိုနှုတ်ဆက်ခြင်း မပြုနိုင်တော့ချေ။ ဆရာယုဒဿန် သည် ဝမ်းနည်းပူဆွေးလျက်၊ မျက်ရည် မဆယ်နိုင်လောက်အောင်ကျ လျက်၊ ဘုရားသခင်၏ အလိုတော်ကို ဝန်ခံလျက်ရှိ၏။ ထိုအပတ် တနင်္ဂနွေနေ့တွင် ပရိတ်သတ်နှစ်ဆယ်ခန့် တက်ရောက်သော ဝတ်ပြု ကိုးကွယ်ခြင်းကို ကိုယ်တိုင် ဦးဆောင်ခဲ့လေသည်။ ထိုဝတ်ပြုကိုးကွယ် ခြင်းသည် ဆရာယုဒဿန်အတွက်၊ အင်းဝမြို့ လက်မရွံ့ထောင်၌ ကျရောက်ခဲ့သော အချိန်မှစ၍ (၂)နှစ်ခန့် ကြာမြင့်ခဲ့ပြီးမှ၊ ယခု ပထမဦးဆုံး ဦးဆောင် ဝတ်ပြုကိုးကွယ်သော အစည်းအဝေးပင် ဖြစ်ချေသည်။
ဆရာယုဒဿန်သည် ရက်ရှည်ကြာစွာ မနေရဘဲ နန်စီအား ဆေးကုသပေးခဲ့သော ဒေါက်တာ ရီချပ်ဆင် Dr. Richardsonနှင့် တွေ့ရန် မော်လမြိုင်မြို့သို့ ဆက်လက် ခရီးထွက်ခွာခဲ့ရလေသည်။ နန်စီ၏ ရောဂါ ဖိစီးပုံအကြောင်းစုံနှင့်၊ သူကိုယ်တိုင် အစွမ်းကုန် ကုသခဲ့ကြောင်းကို ဒေါက်တာရီချပ်ဆင်မှ တဆင့် ဆရာယုဒဿန် ကြားသိ သောအခါ၊ နှိပ်သိမ့်ကျေနပ်မှု ရရှိခဲ့၏။ ။
ထိုအချိန်ကာလတွင် ဦးအင်းသည်လည်း ထားဝယ်မြို့သို့ သာသနာပြုရန် ပြန်လည် ထွက်ခွာသွားခဲ့လေသည်။ ဧပြီလ အလယ်
လောက်တွင် သမီးလေး မာရီယာ၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဘွယ်ရာ ဖြစ်လာပြန်သောကြောင့်၊ မော်လမြိုင်မြို့ရှိ ဒေါက်တာ ရီချပ် ထံသို့သွားရောက်၍ ဆေးကုမှုကို ခံယူစေကြသည်။ သို့သော်၊ မာရီယာ၏ အခြေအနေသည် ထူးခြားမှုမရှိခြင်းကြောင့် ကျိုက္ခမီမြို့သို့ ပြန်လာခဲ့ရပြီး၊ ၁၈၂၇ ခုနှစ်၊ ဧပြီလ(၂၄) ရက်နေ့တွင် ကွယ် လွန်သွားလေတော့သည်။
နန်စီ ကွယ်လွန်ပြီး ခြောက်လအကြာ၊ သမီးလေး မာရီယာ ကွယ်လွန်ချိန်၊ အသက် ၂ နှစ်နှင့် သုံးလမျှသာ ရှိသေး၏။ ထို့နောက်၊ ဆရာယုဒဿန်သည် မော်လမြိုင်မြို့ ၌ နေထိုင်၍၊ ဆာလံကျမ်းကို အစပြု ဘာသာပြန်ဆိုလျက် ရှိလေသည်။ နောက်ပိုင်းတွင် မော်လမြိုင် မြို့သို့ အပြီးပြောင်းရွေ့လာ၍ သာသနာပြုလုပ်ငန်းကို တိုးချဲ့ဆောင် ရွက်နိုင်လေသည်။ ကျိုက္ခမီမြို့၌ နေထိုင်အမှုဆောင်သော အချိန်ကာ လမှာ (၈)လခန့်မျှသာ ဖြစ်သည်။
မော်လမြိုင်မြို့ ၌ နေထိုင် ဆရာယုဒဿန်သည် မော်လမြိုင်မြို့၌ နေထိုင်စဉ်၊ နေ့စဉ် နှင့်အမျှ သာသနာပြုလုပ်ငန်းကို တပည့်တော်များနှင့်အတူ လက်တွဲ
ဆောင်ရွက်လျှက်ရှိ၏။ သူ၏ချစ်ဇနီးနန်စီနှင့် သမီးလေး ဧလိရှဘတ် သည်လည်း၊ ကောင်းကင်ဘုံ ထာဝရဘုရားထံတော်၌ အေးချမ်းသာ ယာစွာ နေထိုင်လျက်ရှိနေပေမည်။ သူသည်လည်း တစ်နေ့သော အခါတွင်၊ သွားနှင့်သော သူများနှင့်အတူ ကောင်းကင်ဘုံ၌ ဆုံတွေ နေထိုင်ကြရမည်ကို မျှော်မှန်း တသလျှက်ရှိ၏။
ပထမဦးဆုံး သွားနှင့်သော ဟယ်ရီရက် Harriet နှင့် သူမ ၏ကလေး နယူးဝဲလ် Newell ရောဂျာနှင့် သူ့ချစ်ဇနီး နန်စီ၊ ယခု နောက်ဆုံး သူ့သမီးလေး မာရီယာတို့မှာ ကောင်းကင်ရွှေအိမ်တော် သို့ ဝင်စားနှင့်လေပြီ။ သွားနှင့်သူများသည် ကောင်းကင်ဘုံ၌ ထာဝရ ဘုရားထံ၊ ကောင်းကင်တမန်များနှင့်အတူ ပျော်ရွှင်အေးချမ်းလျက် ရှိနေလေပြီ။ သူ့မှာမူကား၊ တစ်ဦးတည်းဖြင့် မြန်မာပြည်၌ အမှု
တော်ကို ပင်ပန်းစွာ ဆက်လက်ဆောင်ရွက် ရပေဦးမည်။ ဒုက္ခရောက် စဉ် ဇနီးသည်၏ထောက်မမှုအား ပြန်လည်သတိရလျက် ရှိနေစဉ်၊ ဇူလိုင်လ၌ သူ၏ ဖခင်နှင့်မိခင် ကွယ်လွန်သွားခြင်းကို တပါးတည်း ကြားသိခဲ့ရ၏။
ဆရာယုဒဿန်သည် သူ၏ငယ်ရွယ်စဉ်ဘဝ၌ သူဖခင် သင် ကြားပေးမှု၊ သူ့အား ဖခင်၏အထင်ကြီးမှု၊ အနိုင်မခံ အရှုံးမပေးသော စိတ်ဓာတ်အား၊ သွန်သင်ပေးခဲ့မှုများကို သတိရ အတွေးဝင်လျှက် ရှိ နေ၏။ ၄င်းအပြင်၊ စက်တင်ဘာလတွင် မမင်းလေးခမျာ၊ ကွယ်လွန် သွားခဲ့ပြန်လေသည်။ ဤအချိန်တွင် ဆရာယုဒဿန်၏မှတ် တမ်းစာ၌ ရေးထားသည်မှာ၊
“ဤကဲ့သို့ဖြစ်ရပ်များ ကြုံတွေ့ရခြင်းသည် အဘယ် ကြောင့်နည်း။ ငါ၏အမှုတော်ဆောင်ခြင်းသည် စစ်မှန်သော စေတနာ၊ သူတစ်ပါး၏အစေကိုခံလိုသော ဆန္ဒထက် မိမိကိုယ် ကိုမိမိ ဦးစားပေး ၍ ထင်ပေါ်ကျော်ကြားလိုသော ဆန္ဒများ ဖြစ်နေလေပြီလော” ဟု မှတ်တမ်းစာတင်ထား လေသည်။
ဆရာယုဒဿန်သည် ဤသို့ဖြင့် မိမိကိုယ်မိမိ ထင်မှတ် လျက်၊ မိမိ၏ စိတ်ထားကို ပြန်လည်ဝေဖန် သုံးသပ်လျက် ရှိနေ လေသည်။ ဆိတ်ငြိုးရာ၌ ofဦးတည်း နေခြင်း
ဆရာယုဒဿန်သည် ဆာလံကျမ်းအခန်းကြီး သုံးဆယ်ကို ပြီးစီးအောင် ဘာသာပြန်ဆိုခဲ့ပြီး၊ ဓမ္မဟောင်းကျမ်းကို ဤသို့စတင် ဘာသာပြန်ဆိုခြင်းမှ ရုတ်တရက် ရပ်တန့်လိုက်လေသည်။ မိမိကိုယ်
ကိုမိမိ မကျေမနပ် အပြစ်တင်လျှက်သာ ရှိလေသည်။ ကမ္ဘာပေါ်တွင် နာမည် ကျော်ကြားလိုသော စိတ်ကုန်ခမ်းနေသည့် အချိန်ကာလတွင်၊ ဘရောင်း တက္ကသိုလ် Brown University မှ သူ့ကို ဂုဏ်ပြုသော အားဖြင့်၊ ချီးမြှင့်အပ်နှင်းသော ဒေါက်တာဘွဲ့ကိုပင် ငြင်းပယ်လိုက်လေ သည်။ သူ၏အမှုတော်ဆောင်ရွက်ခြင်းကို ချီးကျူးထားသော ဂုဏ် ပြုစာလွှာများကိုလည်း စွန့်ပစ်လိုက်လေသည်။ သူ စုဆောင်းထားသော ငွေများကိုလည်း သာသနာပြု ရန်ပုံငွေထဲသို့ ထည့်သွင်းပေးလှူလိုက် လေသည်။
၁၈၂၈ ခုနှစ်၊ နန်စီ သေဆုံးသည့် နှစ်နှစ် ပြည့်မြောက်သော နေ့၌ ဆရာယုဒဿန်သည် တစ်ယောက်တည်း ရပ်ဝေးသို့သွားရောက် ပြီး၊ လယ်တောထဲ တစ်တဲ၌ တစ်ဦးတည်း နေထိုင်လျှက် ရှိလေသည်။ ထိုသို့ ဆိတ်ငြိမ်သောအရပ်၌ ရပ်ပေါင်း(၄ဝ)ပတ်လုံး၊ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းအမှုကို ပြုလုပ်အချိန်ယူနေစဉ်၊ မြန်မာပြည်ရှိ လူသား များအတွက် ဘုရားရှင်၏ အလိုတော်နှင့် ကျေးဇူးတော်များကို သူဝန်ခံ ရမည်ဖြစ်ကြောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ သွန်သင်မှုကြောင့် သူ့စိတ်ထားကို ထိုသို့ ဦးလှည့်လာလေသည်။ ထိုသို့သော ဝိညာဉ်တော် ၏ သွန်သင်အားပေးမှုကို ဝန်ခံရာမှ ဝိညာဉ်ခွန်အား အသစ်များရရှိ လာပြီး၊ ဆရာယုဒဿန်သည် ရက်ပေါင်း လေးဆယ်စေ့သောနေ့၌ မိမိနေအိမ်သို့ ဝမ်းမြောက်စွာ ပြန်လာခဲ့ရလေသည်။
ထိုအချိန်တွင် အမေရိကန်မှ သာသနာပြု ဆရာများသည် လည်း၊ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ မော်လမြိုင်မြို့သို့ ရောက် ရှိလာကြရာ၊ သာသနာပြုလုပ်ငန်း၏ အရှိန်အဟုန်မှာ ပိုမိုတိုးတက် မြင့်မားလျက် ရှိလာလေသည်။
ပြည်မြို့၌ စတင်သာသနာပြုခြင်း
၁၈၃၀ ခုနှစ်၊ မေလ(၂၉)ရက်နေ့တွင် ဆရာယုဒဿန် သည် မော်လမြိုင်မြို့မှ ပြည်မြို့သို့ သာသနာပြုခရီးထွက်ခွာ၍ ခရီး ဆန့် လာခဲ့လေသည်။ ဆရာယုဒဿန်နှင့်အတူ ဦးအင်း၊ ဦးအံ့၊ ဦးဒွေး၊ ဦးဒန်နှင့် ဦးလိုက်တို့ လိုက်ပါသွားကြလေသည်။ လမ်းခရီးတစ်
လျှောက်လုံး၌ ဓမ္မလက်ကမ်းစာစောင်များကို တွေ့သည့် လူတိုင်းအား ဝေငှ၍ပေးသွားကြ၏။ မြန်မာလူမျိုးများသည် ခရစ်ယာန်ဘာသာ အကြောင်းကို စိတ်ပါဝင်စားမှုရှိပြီး၊ သိရှိနားလည်လိုသော စိတ်ဆန္ဒ များရှိကြကြောင်း ဆရာယုဒဿန်က သတိပြုမိသည်။ ပြည်မြို့၌ လေး လခန့်မျှ နေထိုင်ခဲ့သည့် အချိန်အတွင်း၊ ဓမ္မလက်ကမ်းစာစောင် ငါးရာခန့် ဖြန့်ဝေနိုင်ခဲ့လေသည်။
ယုံကြည်သူတစ်ယောက်သာ တိုးလာခဲ့ရ၏။ ထိုယုံကြည် သူ လူသစ်သည်လည်း ဧဝံဂေလိ ဓမ္မဝေစာများကို ဖတ်ရှုလိုသော သူတို့ အား လက်ဆင့်ကမ်းဝေငှခဲ့ရာ၊ ဝေစာနှစ်သောင်းခန့် ဖြန့်ဝေ
နိုင်ခဲ့လေ သည်။ ဤသို့ ပါဝင်လုပ်ဆောင်ကြခြင်းကြောင့် ပြည်မြို့တွင်၊ ခရစ်တော်အကြောင်း စိတ်ပါဝင်စားသူများ၊ တစ်နေ့တစ်ခြား များ ပြား၍ တိုးပွားလာခဲ့ရပါသည်။
မြန်မာ သမ္မာကျမ်းနှင့်ထေရာ
ထိုအချိန်တွင်၊ ဆရာယုဒဿန်၏ လုပ်ဖော်ဆောင်ဖက် တစ်ဦးဖြစ်သော သာသနာပြု ဓမ္မဆရာဘို့မင် သည် ထားဝယ်မြို့၌ ကွယ်လွန် သွားကြောင်း ကြားသိခဲ့ရ၏။ ဆရာဘို့မင်သည် မိမိ၏ ကျန်းမာရေးကိုပင် ဂရုမပြုနိုင်လောက်အောင်၊ ကရင်လူမျိုးများ နေ ထိုင်သော တောတောင်များသို့ သွားရောက်အပင်ပန်းခံလျှက်၊ သာသ နာပြုခဲ့ရာ၊ များစွာအောင်မြင်မှု ရရှိခဲ့လေသည်။ တပည့်တော်(၃၄)
ယောက်အား နှစ်ခြင်းမင်္ဂလာ ပေးအပ်အပြီး၊ ထားဝယ်မြို့သို့ ပြန်လာ ခဲ့ရာ လမ်းခရီး၌ မိုးသီးထန်စွာ ရွာခြင်းကိုကြုံခဲ့ရ၍ အအေးမိပြီး၊ ထားဝယ်မြို့သို့ ရောက်လာပြီးသောအခါ ပြင်းထန်စွာဖျားနာ၍၊ ကွယ်လွန်သွားခြင်း ဖြစ်ပေသည်။
ဆရာယုဒဿန်သည် လုပ်ဖော်ဆောင်ဖက် ဆရာဘို့မင် ကွယ်လွန်ခြင်းကြောင့်၊ အားငယ်နေသော ဇနီးသည်ဖြစ်သူ ဆာရာ ကို အားပေးစာတစ်စောင် ရေးသားပေးပို့လိုက်လေသည်။ ထိုစာထဲ တွင်၊ ခင်ပွန်းသည် ဆရာဘို့မင် မရှိတော့သော်လည်း၊ အမှုတော် မြတ်ကို ဆက်လက်ထမ်းဆောင်သွားရန် အားပေးပြီး၊ လိုအပ်သော
အကူအညီကို ပေးသွားမည် ဖြစ်ကြောင်းနှင့် ဆာရာ၏ သား အတွက် ပူပင်စရာမရှိဘဲ၊ ဆရာယုဒဿန်ကိုယ်တိုင် လုံးဝ တာဝန် ယူပေးမည်ဖြစ်ကြောင်းကို ထည့်သွင်းရေးသား ပေးပို့လိုက်လေသည်။
ဆာရာသည် အမေရိကန်ပြည်သို့ ပြန်သွားရန် စိတ်ကူး ထားသော်လည်း၊ ဆရာယုဒဿန်၏ အားပေးစကားကြောင့် ခင်ပွန်း သည် ဆရာဘို့မင်ကိုယ်တိုင် သာသနာပြုခဲ့ရသော ကရင်လူမျိုးများ နေထိုင်ရာ ဒေသများသို့သွားရောက်၍ သာသနာပြုရန် ဆန္ဒပြင်းပြ လာရသည်။ ထို့ကြောင့် များစွာသော ကရင်လူမျိုးတို့သည် သူ့အားဖြင့် ယုံကြည်သူများ ဖြစ်လာကြလေသည်။
ဆရာယုဒဿန်နှင့် နန်စီသည် မြန်မာပြည်သို့ စတင် ရောက် ရှိလာရသောအချိန်မှစ၍ ဆယ်နှစ်အတွင်း၊ သာသနာပြုလုပ်ငန်းကို
ဆောင်ရွက်ရသည့် အကျိုးကျေးဇူးမှာ တပည့်တော် (၁၈)ယောက် အား နှစ်ခြင်းမင်္ဂလာကို ပေးနိုင်ခဲ့ခြင်း၊ မြန်မာတိုင်းရင်းသား (၂၄၂) ယောက်နှင့် နိုင်ငံခြားသား (၁၁၃)ယောက်တို့အား နှစ်ခြင်း မင်္ဂလာကို ပေးအပ်နိုင်ခြင်းတို့ဖြစ်သည်။
ဆရာယုဒဿန်သည် အသက်အရွယ်အားဖြင့် ယခု(၄၃) နှစ် ရှိလာချိန်အထိ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ဆဲ ဖြစ်သည်။ ထို့အတွက်ကြောင့်၊ ဆရာယုဒသန်သည် သစ္စာရှိသော တပည့်တော် အချို့နှင့် မော်လမြိုင်မြို့မှတဖန် သံလွင်မြစ်ကို ဆန်တက်၍ ငါးရက် ခရီးသွားရသော ဒေသများသို့ သာသနာပြုလျှက်ရှိ၏။ ဆရာ
ယုဒဿန်၏ ဟောပြောမှုကြောင့်၊ မြောက်များစွာသော ကရင်လူမျိုး များသည် ခရစ်ယာန်များ ဖြစ်လာကြလေသည်။ ဤအချိန်ကာလအထိ ဆရာ ယုဒဿန်က ပြုစုနေသော ဓမ္မဟောင်းကျမ်းကို ဘာသာပြန် ဆိုရာ၌ သုံးပုံတစ်ပုံသာ ပြီးဆုံးသေး၏။ အားလုံးပြီးဆုံးရန် ဆက်လက်
ဆောင်ရွက်လျှင် (၂)နှစ်အတွင်း ပြီးစီးနိုင်မည် ဖြစ်သည်။ ထို့ကြောင့်၊ ဆရာ ယုဒဿန်က၊
“ငါ့မိတ်ဆွေများ၏ ဆုတောင်းပေးခြင်းနှင့် ငါတစ် ကိုယ်တည်း ဘုရားသခင်နှင့် ဝမ်းမြောက်စွာ မိတ်သဟာယ ဖွဲ့ခြင်း၏ ခွန်အားဖြင့် ၄င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင်မှု၊ လမ်းပြမှုဖြင့်၄င်း၊ အဆုံးတိုင်အောင် လုပ်ဆောင် နိုင်ခွင့် ပေးသနား တော်မူပါဘုရား”ဟု ဆုတောင်းလျက်ရှိ၏။
ထိုအခါ၊ ဆရာယုဒဿန်သည် မိမိအခန်းထဲ၌ တစ်ယောက် တည်း အချိန်ယူနေ၍ ကျမ်းစာကို ဆက်လက်ပြန်ဆို ရေးသားလျှက် ရှိ၏။ သို့ဖြစ်၍၊ ၁၈၃၄ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့၌ ဓမ္မဟောင်း ကျမ်းကို ပြီးစီးအောင် ဘာသာပြန်ဆိုနိုင်ခဲ့လေသည်။ ထိုအခါ၊ ဆရာယုဒဿန်သည် ဒူးထောက်လျက် ဆုတောင်းသည်မှာ၊
“အို… ကျေးဇူးရှင်အဘ ဘုရားသခင်၊ ကျွန်တော် သည် ကိုယ်တော် ရှင်၏ နှုတ်ကပတ်တော်က် မြန်မာဘာသာနှင့် ပြီးစီး အောင်၊ ရေးသားနိုင်ခြင်းအတွ. ကျေးဇူးတော် ချီးမွမ်းပါ သည်။ ကျွန်တော်မျိုးသည် ဘာသာပြန်ဆိုပြီးသော နောက်ဆုံး ကျမ်းစာရွက်ကို ကိုင်
လျှက်၊ ကျွန်တော်မျိုး၏ လိုအင်ဆန္ဒကို ယခုပြည့်စုံပြီးဖြစ် ပါသည်။ ကျွန်တော်မျိုး၏ မှားယွင်းသော အတွေးအခေါ်နှင့် လုပ်ဆောင်ချက် အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ကိုယ်တော် ရှင်၏ကျေးဇူးနှင့် ဂရုဏာတော်ကို ပေးသနားတော်မူပါ။ ကျွန်တော်မျိုးလည်း၊ ကိုယ်တော်ရှင်အား ဆက်ကပ်လျက်၊ ဤမြန်မာကျမ်းစာ အားဖြင့်၊ မြန်မာလူမျိုးများသည် ကယ်တင်ပိုင်ရှင် သခင်ခရစ်တော်ကို မိမိတို့ ကယ်တင်ရှင် ဖြစ်နေကြောင်းကို သိမြင်၍၊ ကိုယ်တော်ရှင်၏ ဘုန်းတန်ခိုး တော်နှင့် ကျေးဇူးတော်ကို ချီးမွမ်းနိုင် ကြပါ စေသတည်း၊ အာမင်း ဟူသတည်း။
သမ္မာကျမ်းစာ တစ်အုပ်လုံးကို မြန်မာလို ဘာသာပြန်ဆို ပြီးသောအချိန်တွင် ဆရာယုဒဿန်၏ စိတ်သည် ရှင်းလင်းကြည်လင် ၍ သွားပေပြီ။ သူ၏လောက အသက်သည်လည်း (၄၆)နှစ် ရှိလာပြီ ဖြစ်သည်။ ကျန်ရှိသော အသက်တာရှေ့ရေးကို တွေးတောစဉ်းစား နေချိန်တွင် ဆရာထံမှ ၁၈၃၄ခု၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့စွဲနှင့် စာတစ်စောင်ရရှိခဲ့လေသည်။ ထိုစာထဲတွင်၊
သူမ၏ခင်ပွန်း ကွယ်လွန်သွားခဲ့ရသော်လည်း၊ ဘုရား သခင်၏ ကျေးဇူးတော်နှင့် ဆရာယုဒဿန်၏ အားပေးစကား
ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုဖြင့် ဝမ်းမြောက်စွာ အမှုတော် ဆောင်ရွက်လျက် နေကြောင်း စသည့် ရေးသားစာကို ဖတ်ရှုလိုက်ရ လေသည်။
ဆရာယုဒဿန်သည် ရိုးသားစွာ ရေးသားထားသော ဆာ ရာ၏စာကို သေချာဖတ်ရှုပြီး၊ စိတ်နှလုံးထဲ၌ ရွှင်လန်းခြင်းနှင့် ခွန် အားပြည့်ဝ လာလျက်ရှိ၏။ သူ၏ အတွေးထဲတွင် ဆာရာသည် ခင်ပွန်း ဆရာဘို့မင် ကွယ်လွန်သွားစေကာမူ၊ ကျားရဲ တိရစ္ဆာန် ပေါ များသော တောတောင်ထဲ၌ မကြောက်မရွံ့ဘဲ၊ သွားရောက်၍ သာသနာပြုလုပ်ငန်းကို ဆောင်ရွက်လျက် ရှိနေကြောင်း စသည်ဖြင့်၊ ဆရာယုဒဿန်၏ စိတ်နှလုံးထဲ၌ အစီအရီစဉ်းစားတွေးတောလျက်၊ ထူးခြားစွာ နှစ်သက်စွဲလန်းခြင်းကို ခံစားရလေသည်။
ဆရာယုဒသန်သည် နန်စီကို ပြန်၍သတိရ မြင်ယောင် မိလျှက်ရှိ၏။ မိမိ၏ အတွေးစိတ်ထဲ၌ ဆာရာနှင့်နန်စီ ကို နှိုင်းယှဉ် လျှက် ရှိနေလေသည်။ ချစ်ဇနီးသည် နန်စီ၏ လက်ပတ်နာရီကို ဆာရာအား လက်ဆောင်ပေးခဲ့ခြင်းကို ပြန်ပြီး သတိရလျှက်ရှိ၏။ သူသည်လည်း တစ်ကိုယ်တည်း ဖြစ်ခဲ့ရ၏။ ဆာရာသည်လည်း အ သက်(၃၀)ရှိ၏။ ဘိုမင် ကွယ်လွန်ခဲ့သည်မှာ(၃)နှစ်ရှိခဲ့ပြီ။ နန်စီ ကွယ်လွန်သွား ခဲ့သည်မှာ (၈)နှစ် ရှိသွားပေပြီဟု ဆရာယုဒဿန်၏ စိတ်ထဲ၌ အစီအရီ၊ တစ်ခုပြီးတစ်ခု အတွေးပေါ်လာလျက်ရှိ၏။
ဆရာယုဒဿန်သည် အချိန်ကို ဖြုန်းတီးခြင်း မရှိဘဲ၊ ထားဝယ်မြို့ရှိ ဆာရာထံသို့ စာပြန်ရေးလိုက်လေသည်။ သို့ဖြစ်၍ – ၁၈၃၄ ခု၊ ဧပြီ(၁၀)ရက်နေ့တွင် ဆရာယုဒဿန်နှင့် ဆာရာတို့
နှစ်ဦးအား ဆရာတော်မေစင်(Rev.Mason)က လက်ထပ်မင်္ဂ လာဆောင်ရွက်ပေးလိုက်လေသည်။ ထိုအခါ ဆရာယုဒဿန်နှင့် ဆာရာ၏ စိတ်ထဲတွင် ကောင်းကင်ဘုံ၌ ခိုနားခွဲခွာ သွားနှင့်ကြသော ဇနီးသည်နှင့် ခင်ပွန်းသည် တို့အား၊ ငါတို့ သစ္စာဖောက်ခြင်း မဟုတ်ဘဲ၊ အမှုတော်မြတ်အတွက် တစ်ဦးနှင့်တစ်ဦး ကူညီဖေးမကြရန် ဖြစ် ကြောင်းစသည်ဖြင့် ရှင်းလင်းစွာ နားလည်ခံယူလျက်ရှိကြ၏။
ဆာရာနှင့်အတူလက်တွဲနေထိုင်ခြင်း
ဆရာယုဒဿန်သည် မော်လမြိုင်မြို့သို့ တစ်ဖန် ရောက် ရှိလာသောအခါ သက်ကယ်မိုး၊ ဝါးထရံကာ၊ ကျွန်းပျဉ်ခင်းအိမ်ကို
ဆောက်လုပ်ပြီး နေထိုင်လျက်ရှိ၏။ ဆရာယုဒဿန်နှင့် ဆာရာ တို့၏ အိမ်ထောင်ရေးသည်လည်း အဆင်ပြေလျက်၊ အေးချမ်းသာယာစွာ ရှိလေသည်။ ဆရာယုဒဿန် အသက်ငါးဆယ်ပြည့် ရန် နီး ကပ်လာသော်လည်း၊ ကျန်းမာရေး ကောင်းဆဲပင်ရှိနေ၏။ သူ၏အ သားအရေ စိုပြေပြီး ဆံပင်ဖြူးခြင်းပင် မရှိသေးချေ။ သူ၏စိတ်ဓာတ် နှင့် လုံ့လဝိရိယသည် ယခင်အတိုင်းပင် ခိုင်မြဲလျက်ရှိ၏။
သို့ဖြင့် ၁၈၃၅ခုနှစ်၊ စက်တင်ဘာလ(၂၆) ရက်နေ့တွင် ဆရာယုဒဿန်သည် ပြန်လည်စိစစ်နေသော ဓမ္မဟောင်း ကျမ်းအား အချောသတ် စီစစ်မှု ပြီးစီးသွားလေသည်။ များမ
ကြာမီ၊ အောက်တို ဘာလ (၃၁)ရက်နေ့တွင် ဆာရာနှင့် သမီးလေး တစ်ဦးဖွားမြင်ခဲ့လေ၏။ ၄င်းသမီးလေး၏ အမည်မှာ အယ်ဘီး အင်းယုဒဿန် Anbigail Ann Judson ဟု နာမည်ပေးကြ၏။ ဆရာယုဒဿန်၏ နှမငယ်နှင့် နန်စီတို့အား သတိယခြင်းအားဖြင့်၊ မှည့်ခေါ် ပေးခဲ့သော အမည်နာမပင် ဖြစ်ပေသည်။
၄င်းနောက်၊ များမကြာမီ ဆရာယုဒဿန်သည် လူပေါင်း တစ်ရာကျော်ကို နှစ်ခြင်းမင်္ဂလာပေးအပြီး၊ ၁၈၃၅ခု၊ ဒီဇင်ဘာလ (၂၉)ရက်နေ့တွင် ဓမ္မဟောင်းကျမ်းကို စာပုံနှိပ်ရန် လွှဲအပ်နိုင်ခဲ့လေ သည်။ ၁၈၃၉ခုနှစ်တွင် ဆရာယုဒဿန်သည် ဓမ္မသစ်ကျမ်းကို ထပ်မံ ၍ ပြန်လည် စတင်စီစစ်လျက် ရှိလေသည်။ ဤအချိန်မှစ၍ ဆရာ ယုဒဿန်၏ ကျန်းမာရေးမှာ အနည်းငယ် ချို့ယွင်းလာသည်။ ရင် ပတ်၌ နာကျင်ခြင်း အနည်းငယ် ခံစားရသည်နှင့် ရံဖန်ရံခါ ချောင်းဆိုး လာသည်။ ထိုသို့ဆိုသော် ရိုးရိုးချောင်း ဆိုးခြင်းမဟုတ်ဘဲ၊ အဆုပ် ရောဂါကြောင့် ဖြစ်သည်ဟု ဆရာဝန်များက ထင်ကြေးပေးကြသည်။
ဆရာဝန်များ၏ အကြံပေးမှုနှင့် ဆာရာ၏အားပေးတိုက် တွန်းမှုကြောင့်၊ အိုဇုန်း 0Zone ငွေ့ပါသော ပင်လယ်လေငွေ့ကို ရှူရှိုက်ရန် အိန္ဒိယပြည် ကာလကတ္တားမြို့သို့ ၁၈၃၉ ခုနှစ်၊ ဖေဖော်ဝါ ရီလ (၁၉)ရက်နေ့တွင်၊ မော်လမြိုင်မြို့မှ ခရီးစတင် ထွက်ခွာလာခဲ့ရ လေသည်။ ၄င်းမြို့၌ သုံးပတ်မျှ နေထိုင်ဆေးကုသမှု ခံယူပြီး၊ မတ်လ ကုန်တွင် မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဆရာ
ယုဒဿန်၏ ချောင်းဆိုးရင်ပတ်နာခြင်း ရောဂါသည် သိသိသာသာ သက်သာလာခဲ့ခြင်းတော့ မရှိပေ။ ဆာရာနှင့် အများစုက အမေရိကန် ပြည်သို့ ပြန်သွား၍ ဆေးကုသရန် တိုက်တွန်းကြသော်လည်း၊ ဆရာယုဒဿန်က လက်မခံ၊ ခါးခါးသီးသီး ငြင်းပယ်လိုက်လေသည်။
| ဆရာယုဒဿန်က သူသည် အမေရိကန်နှင့် မဆိုင်ဘဲ၊ မြန် မာပြည်နှင့်သာ ဆိုင်သည်။ မြန်မာ သမ္မာကျမ်းစာသည်လည်း၊ ပြီး စီးအောင် စိစစ်ရေးသား ဆောင်ရွက်ရမည်ဟု တစ်ထစ်ချ ခံယူနေ
ကြောင်း ပြောပြသည်။ ဤကဲ့သို့ ရှိနေရင်းဖြင့် ဝတ်ပြုအစည်အဝေး ၌ ကြိုးစား၍ တရားဟောသော်လည်း၊ နောက်တန်း၌ တရားနာ ထိုင်နေသူများက သူ၏ တရားဟောပြောစကားသံကို ကောင်းမွန်စွာ မကြားရတော့ချေ။
အဂ်လိပ် မြန်မာ အဘိဓာန်
၁၈၄၀ ခုနှစ်၊ အောက်တိုဘာ(၂၄)ရက်နေ့တွင် ဆရာယုဒ ဿန်သည် အဆုံးသတ် စီစစ်ပြီးသော ဓမ္မသစ်ကျမ်းစာကို စာပုံနှိပ်ရန် ပေးအပ်နိုင်ခဲ့လေသည်။ ဆရာယုဒဿန်က ဘာသာပြန် ပြုစုခဲ့
သော ဓမ္မဟောင်း၊ ဓမ္မသစ်ကျမ်းအား နှစ်ပေါင်း(၂၃)နှစ်ကြာမှ ပြီးစီးပြီဖြစ် သော်လည်း (အင်္ဂလိပ်-မြန်မာ) အဘိဓာန်ကို ဆက်လက် ရေးသားရန် စိတ်ထက်သန်နေသေးသည်။
ဤအဘိဓာန်ကျမ်းကို ရေးသားခြင်းအားဖြင့်၊ ဆရာယုဒ ဿန်အတွက် အကျိုးထူးခံစားရန် လုံးဝမရှိချေ။ သို့သော်လည်း၊ သူတပါး၏အကျိုးကိုဆောင်ခြင်းသည် ဘုရားသခင်၏အလိုတော် ဖြစ်ကြောင်း နားလည်ထားလျက်၊ ဤမြန်မာအဘိဓာန်ကျမ်းကို ဆက် လက်ရေးသားပြုစုရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။
ထိုအချိန် ၁၈၄၁ ခုနှစ်တွင် ဆာရာသည် ပဉ္စမမြောက်သော ကလေးကို ဖွားမြင်ခဲ့သော်လည်း၊ အသက်ပင်ပါမလာခဲ့ချေ။ ထိုအခါ ဆာရာ၏ ကျန်းမာရေးသည် အိပ်ယာထဲမှာပင် မထနိုင်ခဲ့ချေ။ ရောဂါ
ဟောင်းဖြစ်သော ဝမ်းကိုက်ရောဂါ၏ ဖိစီးမှုဒဏ်ကိုလည်း ခံစားလျက် ရှိလေသည်။ ဆာရာ၏ ကျန်းမာရေးအခြေအနေသည် တစ်နေ့တစ် ခြား အားနည်းကျဆင်းလာသဖြင့်၊ ဆရာယုဒဿန်သည်လည်း၊ ဆာရာ၏ ကျန်းမာရေး ဆေးကုသရန်အတွက် အမေရိကန်ပြည်သို့ ပြန်ပို့ရန် ဆုံးဖြတ်ချက် ချလိုက်လေပြီ။ ။
သို့ဖြစ်၍၊ ၁၈၄၅ ခုနှစ် ဧပြီလ(၂၆)နေ့၌ ပါရာဂေါင် Paragon သင်္ဘောဖြင့် မော်လမြိုင်မြို့မှ အမေရိကန်ပြည်သို့ ခရီးထွက် ခွာလာခဲ့ကြသည်။ ပင်လယ်လမ်းခရီးသင်္ဘောပေါ်၌ ဆရာယုဒဿန် သည် မြန်မာအဘိဓာန်ကို စတင်ပြုစုရေးသားလျက်ရှိ၏။ သင်္ဘော ပေါ်၌ ဆာရာ၏ကျန်းမာရေး အခြေအနေသည် ပိုမိုဆိုးဝါးလာ၍၊ တစ်နေ့တစ်ခြား မျှော်လင့်ခြင်း ကင်းမဲ့လာခဲ့လေသည်။ ၁၈၄၅ ခုနှစ်၊ စက်တင်ဘာလ(၁)ရက် နံနက်(၂)နာရီအချိန် ပင်လယ်လမ်း
ခုလပ် သင်္ဘောပေါ်၌၊ ဆာရာသည် လောကခရီး ပန်းတိုင်ပင် မဆိုက်ရောက်မီ၊ နန်စီရှိရာ ကောင်းကင်ရွှေပြည်တော်သို့ ငြိမ်သက်စွာ ဝင်ရောက် အနားယူလေတော့သည်။
ဆာရာ၏ နောက်ဆုံးစကားမှာ
“ကျွန်မသည် ခေါ်တော်မူခြင်းကို ခံယူရန်အသင့်ရှိပါ ပြီ။ ကယ်တင်ပိုင်ရှင် ခရစ်တော်ကို အစဉ်အမြဲချစ်ခင်မြတ်နိုး ပါသည်။ ဆရာယုဒဿန်ကိုလည်း နောက်ဆုံးအချိန်အထိ ချစ်ခင်မြတ်နိုးပါသည်” ဟုပြောဆိုအပြီး၊ ငြိမ်သက်သွားခြင်း ဖြစ် လေသည်။
ဆရာယုဒဿန်သည်လည်း၊ ဝမ်းနည်းကြေကွဲစွာဖြင့် နောက်ဆုံး ဈာပနှဝတ်ပြုစည်းဝေးကို ကြိုးစားပြုလုပ်ပေးပြီး၊ စိန့် ဟယ်လီနာ St.Helena ကျွန်းပေါ်၌ ဆာရာအား ကိုယ်တိုင်မြေမြှုပ် သဂြိုလ် လိုက်ရလေသည်။ ဆာရာသည် အသက်(၄၁)နှစ်ရှိပြီး၊ ဆရာ ယုဒဿန်နှင့် ပေါင်းသင်းလာခဲ့သည်မှာ (၁၁)နှစ် ကြာခဲ့လေသည်။ ဆရာယုဒဿန်သည် ဆာရာနှင့်ရသောကလေးသုံးယောက်နှင့်အတူ၊ သင်္ဘော၏ အခန်းထဲ၌ ဝမ်းနည်းငိုကြွေးလျက် ရှိကြသည်။ ဆရာယုဒ ဿန်က ဤသို့ မှတ်တမ်းတင်ထားကြောင်း တွေ့ရသည်။
ကျွန်ုပ်၏ စိတ်နှလုံးသားသည်လည်း၊ ယူကြုံးမရ
ကြေကွဲလျက် ရှိနေပေသည်။ ကိုယ်တော်ရှင်၏ဂတိတော်နှင့် ကျေးဇူးတော်ကို သတိယခြင်း အားဖြင့်၊ ကျွန်ုပ်၏စိတ်သက် သာခွင့် ရရှိပြီး၊ တစ်နေ့သောအခါ ချစ်ခင်မြတ်နိုးသူများနှင့် အတူ၊ ကောင်းကင်ဘုံတွင် ပျော်ရွှင်စွာတွေ့ဆုံမည်ကို မျှော် မှန်းနေ ပါသည်။ ကိုယ်တော်ရှင်၏ အလိုတော်သည် ပြည့်စုံပါစေသတည်း၊ အာမင်း။ ဟူ၏။ ။ scumbago (EmillyChubbuck)
နှင့် တွေ့ဆုံခြင်း နေရင်းတိုင်းပြည်သို့ ရောက်လာသော ဆရာယုဒဿန် သည် အမေရိကန်ပြည်မှ သာသနာပြုရန် စတင်ထွက်ခွာလာခဲ့သည့် အချိန်မှစ၍ ယခုပြန်လည်ရောက်ရှိလာသည့် ကာလအထိ (၃၃)နှစ် ကြာရှိခဲ့လေပြီ။ လွန်ခဲ့သော ၁၈၁၂ ခုနှစ်၊ ဆာလင်မြို့မှ အေးချမ်းသော
ဆောင်းရာသီ အချိန်တွင် ချစ်ဇနီးသည် နန်စီနှင့် စတင်ထွက်ခွာလာ ခဲ့ပုံအား၊ ပြန်ပြောင်း သတိရအောက်မေ့လျက်ရှိ၏။ မိခင်မဲ့ ဖြစ်နေ
သော သူ၏ ကလေးငယ် သုံးယောက်နှင့် အတူ၊ အမေရိကန်ပြည်သို့ ယခု ပြန်လည်ရောက်ရှိလာခဲ့ပေပြီ။ ဆရာယုဒဿန်၏ အသက်သည် (၅၇)နှစ်ရှိပြီ ဖြစ်သည်။ သူ၏ ညီမငယ် အယ်ဘီဂေး မှအပ၊ ကျန် မိသားစုအားလုံးတို့မှာ ကွယ်လွန်သွား ကြလေပြီ။ များစွာသော ခရစ်
ယာန်မိသားစုများသည်လည်း၊ ဆရာယုဒဿန် ပြန်လည် ရောက်ရှိ လာခြင်းအား ကြိုဆိုနှုတ်ဆက်လျက် လာကြ၏။
မြန်မာပြည်တွင် ဘုရားသခင်၏ အမှုတော်မြတ်ကို (၃၃) နှစ်လုံးလုံး ဆောင်ရွက်ခဲ့ခြင်းကြောင့်၊ ဆရာယုဒဿန်၏ နာမည်သည် ခရစ်ယာန် အသိုင်းအဝိုင်း၌ ထင်ပေါ်ကျော်ကြားလျက် ရှိ၏။ ဘော်စ တွန်းမြို့သို့ ရောက်ရှိပြီး(၂)ရက် အကြာတွင်၊ မိခင် အသင်းတော်က ဆရာယုဒဿန်အား ကြိုဆိုဧည့်ခံပွဲ ကျင်းပပေးရန် ဘော်စတွန်း ဘုရား ရှိခိုးကျောင်း၌ စီစဉ်လျက်ရှိ၏။ လာရောက်ပါဝင်ကြသော ပရိသတ် များသည် လွန်စွာ များပြားလျှက်ရှိ၏။
သင်းအုပ်ဆရာကြီးသည် ဆရာယုဒဿန်အား၊ ဝမ်းမြောက် ဝမ်းသာစွာ ကြိုဆိုနှုတ်ဆက်စကား ပြောကြားပြီးသည့်နောက်၊ ဆရာ ယုဒဿန်သည်လည်း ထ၍ အင်္ဂလိပ်လို စတင်ဟောပြောသောအခါ၊ အင်္ဂလိပ်လို တရားဟောသည့် အလေ့အထ မရှိသည်မှာ အချိန်ကြာ မြင့်ပြီဖြစ်၍ အခက်အခဲများစွာ တွေ့ရှိလေသည်။ ထိုအဖြစ်ကို ပရိသတ်များက အံ့အားသင့်လျက် ရှိပေသည်။
ထိုအချိန်တွင်၊ ပရိသတ်များထဲမှ အသက်ငါးဆယ်ကျော် လူတစ်ယောက်သည် ဆရာယုဒဿန်ထံ လျင်မြန်စွာ၊ လျှောက်လှမ်း ပြေးဝင်လာသည်ကို ပရိသတ်များ အံ့ဩစွာ ကြည့်ရှုလျက်ရှိ၏။ ၄င်း လူသည် ဆရာယုဒဿန်အား၊ အားရဝမ်းသာစွာဖြင့်၊ ဖက်ရမ်းလျက် မျက်ရည် တစ်စွဲဖြင့် နှုတ်ဆက်လေသည်။ သူတို့နှစ်ဦး ထိုသို့ ဖက်ရမ်း
နှုတ်ဆက် နေကြစဉ်၊ အတွေးအာရုံသည် ကောက်ရိုးပုံထဲ၌ ပုန်းနေ ကြစဉ်၊
“ဘုရားသခင်၏ ဧဝံဂေလိတရားသည် မိုးကြိုးပစ် သကဲ့သို့၊ တစ်ကမ္ဘာလုံးကို ပစ်ပါစေ”ဟူသော သူတို့၏ဆုတောင်း ဆန္ဒပြုခြင်းအား ပြန်ပြောင်းသတိယနေကြသည်။ ထိုသူမှာ သူ့ သူငယ်ချာယ်မြူရယ်နော့ Samual Nott ဖြစ်၍၊ လွန်ခဲ့သော (၃၅)နှစ် လောက်က အင်ဒိုဘာ Andover ကျမ်းစာသင်တက္ကသိုလ် ကျောင်းတွင် ရှိနေကြစဉ်၊ ဤ “
နိုင်ငံရပ်ခြားသို့ စိတ်တူသဘောတူ သာသနာပြု ဆောင်ရွက်ရန် အဖွဲ့ဝင်(၇)ယောက်ဖြင့်၊ ဖွဲ့စည်းထားသော “ညီအစ်ကိုများအသင်းတော်” မှ တစ်ဦးအပါအဝင် ဖြစ်သည်။ ယခုအခါ ဆရာယုဒဿန်နှင့် ဆယ်မြူးရယ်နော့ နှစ်ယောက် သာ အသက်ရှင် ကျန်ရှိနေတော့သည်။ အခြားသောအဖွဲ့ဝင်များ မှာ အမှုတော်မြတ်ကို ဆောင်ရွက်ရင်း ကွယ်လွန်သွားကြလေပြီ။ သူတို့နှစ်ဦးပြန်လည် ဆုံတွေ့ကြခြင်းအားဖြင့်၊ မိမိတို့၏ ယုံကြည်ခံယူ ချက်များအား တဖန်အားသစ်လောင်းသကဲ့သို့ နှစ်ဦးသားက ခံစားနေကြရ၏။
ဆရာယုဒဿန်သည် သူ၏ဆွေမျိုး၊ သူငယ်ချင်းများ၊ မိတ် ဆွေများအား နှုတ်ဆက်ပြီးနောက်၊ ကလေးငယ်သုံးယောက်ကို ဆာ
ရာ၏ဆွေမျိုးများထံ ကောင်းမွန်စွာ အပ်နှံခဲ့လေသည်။ ဆရာယုဒဿန် သည် မိမိဇာတိဒေသ၌ နေထိုင်စဉ်အတွင်း၊ လူအများ စုအနေဖြင့် ဆရာယုဒဿန်အား အထင်ကြီးခဲ့ကြသော်လည်း၊ သူ၏ ဒေသနာ ဟောပြောချက်ကို ကြားနာပြီးသောအခါ အားမရခဲ့ကြချေ။ အ
ကြောင်းမှာ၊ ဆရာယုဒဿန် ဟောပြောသောအချက်မှာ ကယ်တင် ခြင်းအကြောင်းသာ ဟောပြောလေ့ရှိ၏။ သို့ဖြစ်၍ ဆရာယုဒဿန် က၊ “သူ၏အဓိကတာဝန်မှာ ကယ်တင်ပိုင်ရှင်ခရစ်တော်၏ ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြောရန်သာ ဖြစ်ပေသည်။ ပရိသတ်များ ကြိုက်နှစ်သက်သော အကြောင်းအရာကို ဟောပြောရန် မဟုတ်ပါ”ဟု ချေပပြောဆိုလိုက်သည်။
ထိုသို့ အမေရိကန်ပြည်၌ ရှိနေစဉ် ၁၈၄၅ခုနှစ်၊ ဒီဇင်ဘာလ နေ့တစ်နေ့တွင် သူ့သူငယ်ချင်း ဒေါက်တာ ဂီလစ်နှင့် အတူ၊ မီးရ ထားစီးလျက် ဖိလိဒယ်ဖီရား Philadelphia မြို့သို့ ခရီးထွက်ခွာ လာခဲ့၏။ လမ်းခရီး၌ စာရေးဆရာမ ဖယ်နီဖော်ရက်စတာ ရေးသား ထားသော “စာရေးသူ၏ ခရီးစဉ်”ဟူသော စာအုပ်ကို ဆရာယုဒ ဿန်က ဖတ်ရှုပြီး၊ များစွာမှ စိတ်ပါဝင်စားလျက် ရှိလေသည်။ စာရေး သားသူ၏ ပြောင်မြောက်လှသော စာသား အရည်အချင်း ပြတ်သား ခြင်း၊ စာကြောင်း ချောမောပြေပြစ်ခြင်းများကြောင့် ဆရာယုဒဿန် သည် စာရေးသူအား တွေ့မြင်ချင်စိတ် ရှိလာလေသည်။ အကြောင်း
မှာ၊ ဆရာယုဒဿန်သည် ဆာရာ၏ အတ္ထုပ္ပတ္တိ ရေးသားပေးမည့်သူ ကို စိတ်ကူးထဲ ရှာဖွေလျက်ရှိနေစဉ် ဖြစ်သည်။ သို့ဖြစ်၍ ဆရာယုဒ ဿန်သည် ဒေါက်တာဂီလစ် အား မေးမြန်းရာ၊ စာရေးသူ၏ နာမည် အရင်းမှာ အီမီလ်လီးလီချူဘတ် Emily Chub buck ဖြစ်ပြီး၊ ဖိလီဒယ်ဖီးရာမြို့သို့ ရောက်သောအခါ ဆရာယုဒဿန်နှင့် မိတ်ဆက် တွေ့ဆုံပေးမည်ဟု ပြောပြလိုက်လေသည်။
စာရေးဆရာမ အီမဲလ်လီ Emily သည် ဆင်းရဲသော မိသား စုမှ ကြီးပြင်းလာပြီး၊ ငယ်စဉ်က ကျန်းမာရေး မကောင်းခဲ့ချေ။ သို့
သော်၊ သူမ၏ ကြိုးစားအားထုတ်မှုနှင့် ဘုရားသခင်အား ခိုင်မြဲသော ယုံကြည်ခြင်း ထားရှိသူဖြစ်သောကြောင့်၊ အခက်အခဲအမျိုးမျိုးကို
ကျော်လွှားလာနိုင်သူဖြစ်သည်။ သူမသည်အသက် (၁၅)နှစ်အရွယ် တွင် ကျောင်းဆရာမလုပ်ခဲ့ပြီး၊ စာအရေးအသား ဝါသနာပါခြင်း ကြောင့်၊ နာမည်ကျော် စာရေးဆရာမသူတစ်ဦး ဖြစ်လာခဲ့လေသည်။
ဖီလီဒယ်ဖီးရာမြို့သို့ ခရီးဆိုက်ရောက်လာကြသောအခါ၊ ဒေါက်တာဂီလစ်က သူမသည် နှစ်ခြင်းအသင်းဝင်တစ်ဦး ဖြစ်ကြောင်း၊ ဆရာယုဒဿန်အား မိတ်ဆက်ပေးလိုက်လေသည်။ ထိုအခါ ဆရာယုဒဿန်က အီမဲလ်လီကိုယ်တိုင် ရေးသားထားသော စာအုပ် ကို ခရီးလမ်းတစ်လျှောက် ဖတ်ရှုခဲ့ပြီး၊ ကြိုက်နှစ်သက်ပုံနှင့် လောကီ ရေးရာများကို ရေးသား၍ အချိန်ကုန်ရမည့်အစား၊ ဝိညာဉ်ရေးရာများ ကို ရေးသားလျှင် အဘိုးတန်မည် ဖြစ်ကြောင်းကို ပြောပြလေသည်။
ထိုအခါ၊ အီမဲလ်လီက တုန့်ပြန်ပြောဆိုခြင်း မရှိဘဲ၊ ဆရာယုဒဿန် အား ပြုံးပြ ကြည့်ရှုလျက်နေလေ၏။ သူတို့နှစ်ဦး၏ ခင်မင်ရင်းနှီးမှု သည် တစ်နေ့ထက်တစ်နေ့ ပိုမိုနက်ရှိုင်းလာခဲ့သည်။
ထိုအချိန်မှစ၍ ဆရာယုဒဿန်နှင့် အီမဲလ်လီတို့ သည် မကြာခဏတွေ့ဆုံခြင်း၊ စာရေးဆယ်သွယ်ခဲ့ခြင်းနှင့် ခရီးအတူတကွ သွားလာခဲ့ခြင်းများကြောင့်၊ တစ်ဦးပေါ်တစ်ဦး သံယောဇဉ်တွယ်လာ ကြ၏။ သို့ဖြစ်၍၊ ၁၈၄၆ ခု၊ ဇွန်လ(၁)ရက်နေ့၌ ဟန်မီတန်Hannilter မြို့ အီမဲလ်လီတို့ နေအိမ်တွင်၊ ဆွေမျိုးများနှင့်ရင်းနှီးသော မိတ်ဆွေ အနည်းငယ်တို့ ရှေ့မှောက်၌ ဒေါက်တာ ၀င်းဒရစ် DrKendrick က ဦးဆောင်၍ လက်ထပ်မင်္ဂလာဆောင်ရွက်ပေးခဲ့လေသည်။
ဆရာယုဒဿန်သည် အသက်(၅၇) နှစ်ရှိပြီး၊ အီမဲလ်လီမှာ အသက်(၂၉) နှစ်သာရှိသေး၏။ ဆရာယုဒဿန်နှင့် အီမဲလ်လီတို့ လက်ထပ်ပြီးသော သတင်းသည် ပြန့်နှံ့သွားပြီး၊ ခရစ်ယာန်အများစုက ဝေဖန်ကဲ့ရဲ့ကြလေသည်။ ဆရာယုဒဿန်တို့ အနေဖြင့်၊ ဤသို့ ဖြစ်လာမည်ကို ကြိုတင်တွက်ဆလျက်၊ အလိုတော်ကို ဝန်ခံလျက်ရှိ နေကြသည်။
ထို့နောက် ၁၈၄၆ခုနှစ်၊ ဇွန်လ(၁၁)ရက်နေ့တွင် ဖင်နယူး တော့ သင်္ဘောဖြင့်၊ အမေရိကန်ပြည် ဘောစ်စဟွန်းမြို့မှ မြန်မာပြည်၊ မော်လမြိုင်မြို့သို့ ပြန်လည်ထွက်ခွာလာခဲ့ကြလေသည်။ အမေရိကန်
ပြည်၌ ဆရာယုဒဿန်သည် (၇)လခန့်မျှ နေထိုင်ခဲ့လေသည်။ အီမဲလ်လီသည်လည်း လမ်းခရီးတစ်လျှောက်လုံး တွေ့ကြုံခဲ့သော အတွေ့အကြုံများကို စာရေးသား မှတ်သားလျက်ရှိ၏။ ဆရာယုဒဿန် သည်လည်း၊ မပြီးပြတ်သေးသော အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ရေးသား၍၊ ခရီးစဉ်အချိန်ကို ကုန်လွန်စေခဲ့သည်။
၁၈၄၆ခု၊ နိုဝင်ဘာလတွင် ကျိုက္ခမီမြို့သို့ ဆိုက်ရောက် လာကြရာ၊ တပည့်တော်များသည် ဆိပ်ကမ်းများ၌ လက်ဆောင်များ နှင့် ဝမ်းမြောက်ဝမ်းသာစွာ လာရောက်ကြိုဆိုလျက် ရှိကြလေသည်။ မြန်မာပြည်မှ အမေရိကန်ပြည်သို့ ဆရာယုဒဿန် ထွက်ခွာသွား ခဲ့သည်မှာ တစ်နှစ်နှင့် (၇)လ ကြာမြင့်ခဲ့လေသည်။
မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့တွင်နေထိုင်စဉ်
အမေရိကန်ပြည်မှ ပြန်လာသော ဆရာယုဒဿန်နှင့် ဇနီး အီမဲလ်လီသည် ကျိုက္ခမီမြို့၌ သုံးရက်သာနေထိုင်ပြီး၊ မော်လမြိုင်မြို့သို့ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ မော်လမြိုင်မြို့၌ ဆာရာနှင့် ရရှိသော သားသုံးယောက်အနက်၊ တစ် ယောက်မှာ ကွယ်လွန်သွားပြီး (၂)နှစ်သားအရွယ်ရှိ အဲဒဲဝပ် Edwardနှင့် (၄)နှစ်သားအရွယ်ရှိ ဟင်နရီ Henery တို့သာ ကျန်ရှိခဲ့လေသည်။ အီမဲလ်လီ
သည်လည်း၊ ထိုသူငယ်နှစ်ဦးတို့အား မိမိသား အရင်းကဲ့သို့ပင်၊ စောင့် လျှောက် ကြည့်ရှုလျက်ရှိလေသည်။
ရန်ကုန်မြို့၏ အခြေအနေသည်လည်း၊ ပြန်လည်ကောင်း မွန်လာသည့်အတွက် ၁၈၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်နေ့တွင် ဆရာယုဒဿန်တို့ မိသားစုသည် မော်လမြိုင်မြို့မှ စီစီးလီရာ Ceciliz သင်္ဘောဖြင့် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။ ဆရာယုဒဿန်သည် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ရေးသားပြုစုနေ ပြီး၊ အီမဲလ်လီသည်လည်း ဆာရာ၏ အတ္ထုပတ္တိကို ကြိုးစား၍ ရေးသားလျက် ရှိနေကြသည်။ “
ဆရာယုဒဿန်သည် အားလပ်သောအချိန်တွင် ကွယ်လွန် သွားသော သားငယ်လေး၏သချိုင်းနှင့် ဦးနာအား နှစ်ခြင်းမင်္ဂလာ ပေးသော ရေကန်သို့သွား၍၊ အီမဲလ်လီအား ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာများကို ပြောပြလေသည်။ ဆရာယုဒဿန်နှင့် အီ မဲလ်လီတို့ မင်္ဂလာဆောင်ခဲ့သည်မှာ တစ်နှစ်လွန်မြောက်လာခဲ့ပြီး၊ အတူတကွ နေထိုင်ရခြင်းသည်လည်း၊ သူတို့၏ တစ်သက်တာ၌ အ ပျော်ဆုံးအချိန်ဟု ယူဆခဲ့ကြသည်။ များမကြာမီ ဝမ်းမြောက်ပျော်ရွှင် စွာ နေထိုင်ရခြင်းအချိန်မှ ဝမ်းနည်းကြေကွဲစရာအကြောင်း ဖြစ်ရပ်များ ပေါ်ပေါက်၍ လာခဲ့လေပြီ။ မော်လမြိုင်မြို့၌ ထားခဲ့သောပစ္စည်းများ၊ မှတ်တမ်းများ မီးလောင် ပျက်စီးသွားခဲ့လေပြီ။
ဤအချိန်မှာပင် ဇနီးသည် အီမဲလ်လီ၏ ကျန်းမာရေး သည်လည်း ချို့ယွင်းလာခဲ့ရာ၊ အစာကိုပင် ကောင်းမွန်စွာ မစားနိုင် ခဲ့ချေ။ ဝါတွင်းအချိန် ဖြစ်သောကြောင့်လည်း အသား၊ ငါးများ ဝယ်ယူ ၍မရ၊ ဆရာယုဒဿန်၏ ကလေးများသည်လည်း ဖျားနာလျှက်ရှိပြီး၊ သူ ကိုယ်တိုင်လည်း ဝမ်းကိုက်ရောဂါ စွဲကပ်လာခဲ့လေသည်။ အမ်မလီ သည်လည်း ကိုယ်ဝန်ရှိလာ၍၊ ရန်ကုန်မြို့၌ ဆက်လက် နေထိုင်ရန် မဖြစ်နိုင်တော့သဖြင့်၊ မော်လမြိုင်မြို့သို့ ပြန်သွားရန် ဆုံးဖြတ်ချက် ချလိုက်ကြလေသည်။
၁၈၄၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် အီမဲလ်လီ သည် သမီးလေး အမ်မလီဖရန်စစ် Emily Frances ကို ချောမောစွာ မွေးဖွားခဲ့လေသည်။ ဆရာယုဒဿန်သည် ၁၈၄၈ခု၊ ဩဂုတ်လ – (၉)ရက်နေ့တွင် အသက်(၆၀)ပြည့်သော်လည်း၊ ကျန်းမာရေး သန်မာ
ပျော်ရွှင်လျက်ရှိနေသည်။ အနည်းငယ် ခွန်အားနည်းခြင်းမှလွှဲ၍ ဝတ်ပြု ကိုးကွယ်ရာ ဇရပ်၌ မှန်မှန်တရားဟောပြော နိုင်ခဲ့လေသည်။ “ရွှေပြည်ကောင်းကင်စံလိုချင်လေ”ဟူသော ဓမ္မသီချင်းကို ဝတ်ပြု စည်းဝေး၌ အမြဲတမ်း အခေါက်ခေါက် အခါခါ၊ သီဆိုကျူးလေ့ရှိ ကြလေသည်။
အီမဲလ်လီသည်လည်း အိမ်ထောင်ရေးကိစ္စ အဝဝကို ကျေပြွန်စွာ ဆောင်ရွက်လျက် ရှိသည့်အပြင်၊ မြန်မာစာကို လေ့လာ သင်ကြားလျှက် ရှိလေသည်။ ဆာရာ၏ အတ္တုပတ္တိအကြောင်းကို (၆) ပတ်အတွင်း၊ စာအုပ်အဖြစ် ပြုစုရေးသားပြီးစီး ခဲ့လေသည်။ အီမဲလ် လီ အတွက် ၁၈၄၇ ခုနှစ် တစ်နှစ်လုံးသည် ဆရာယုဒဿန်နှင့်အတူ၊ အမှုတော်မြတ်ကို ဆောင်ရွက်နိုင်သည့်အပြင်၊ အသက်တာ တစ် လျှောက်လုံး၌ အပျော်ဆုံးနှစ် ဖြစ်ခဲ့လေသည်။
၁၈၄၉ခုနှစ်၊ ဇန်နဝါရီလ(၂၄)ရက်နေ့တွင် ဆရာယုဒဿန် သည် ကိုယ်တိုင်ရေးသား ပြုစုသော အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြီးစီးအောင် အဆုံးသတ် နိုင်ခဲ့လေသည်။ အဘိဓာန်စာအုပ်သည် စာမျက်နှာပေါင်း ၆ဝဝဝ ခန့်ရှိ၏။ ထိုအချက်အတွက် ဆရာယုဒဿန် က ဤကဲ့သို့ မှတ်တမ်းတင် ထားခဲ့လေသည်။
“ဤအဘိဓာန်စာအုပ်ကို ရေးသားရာ၌ အကျွန်ုပ်သည် ပင်ပန်းစွာ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကို ဘုရားသခင်မှတပါး။ မည်သူမျှမသိခဲ့ချေ။ ဤအဘိဓာန်စာအုပ်အားဖြင့်၊ မြန်မာနှင့် အင်္ဂလိပ် ဘာသာစကားကို သင်ကြားလေ့လာသူများအတွက် စံအနေဖြင့်၊ အချိန်ကာလကြာရှည်စွာ အကျိုးများစွာသက်
ရောက်စေမည်ဖြစ်ကြောင်းကို ကျွန်ုပ်ယုံ ကြည်လျှက်ရှိ ပါသည်”ဟူ၏။
၁၈၄၉ ခုနှစ်အစတွင်၊ အီမဲလ်လီ၏ကျန်းမာရေးသည် အ နည်းငယ် ပြန်လည်ချို့ယွင်း၍ လာခဲ့လေသည်။ တစ်ရက်ပြီးတစ်ရက် သက်သာခြင်းမရှိဘဲ၊ ခွန်အားဆုတ်လျော့၍ လာခဲ့လေသည်။ သို့ဖြစ်၍ အိုဇုန်းငွေ့ ပါသော ပင်လယ်လေကို ရှူခြင်းအားဖြင့် သက်သာ လာမည်ဟု ယုံကြည်သောကြောင့်၊ ထားဝယ်မြို့သို့ သင်္ဘောဖြင့် တပတ်ကျော်ကြာ ပင်လယ်ခရီးသွားပြီး၊ ပြန်လာသော်လည်း သက်သာ ခြင်းမရှိခဲ့ချေ။ ထိုအချိန်တွင်၊ ဆရာယုဒဿန်သည်လည်း၊ အအေးမိပြီး
ချောင်းဆိုးလျှက် ရှိသည့်အပြင်၊ ဝမ်းကိုက်ရောဂါလည်း စွဲကပ်ဖျားနာ လျက် ရှိပြန်သည်။ သို့ရာတွင် များမကြာမီ နှစ်ယောက်စလုံး ရောဂါ အနည်းငယ် သက်သာလာသဖြင့် ကျိုက္ခမီမြို့၌ ပင်လယ် လေရှူရှိုက် အနားယူလျက် ရှိနေကြလေသည်။ မိသားစုနှင့်အတူ ဆုတောင်းခြင်း အားဖြင့်သာ အချိန်ကို ကုန်စေခဲ့ကြသည်။
တစ်နေ့၌ ဆရာယုဒသန်သည် ဇနီးသည် အီမဲလ်လီ အား လှမ်းပြောလိုက်သော စကားတစ်ခွန်းမှာ၊
“ငါအောင်မြင်ခြင်းကို ရရှိပြီ။ သခင်ခရစ်တော်သည် လူတိုင်းကို ချစ်သကဲ့သို့၊ ငါသည်လည်း မြန်မာပြည်သူပြည် သား အားလုံးကို ချစ်သည်။ ဤကဲ့သို့ပင်၊ သခင်ခရစ်တော် သည်လည်း၊ ငါ့ကိုချစ်သည်” ဟူ၍ အပြုံးမျက်နှာဖြင့် ကြိုးစား
ပြောပြလိုက်လေသည်။ ထို အချိန်မှစ၍ ဆရာယုဒဿန်၏ စိတ်နှလုံးသည် ငြိမ်သက်ခြင်းကို ရရှိသွားပေပြီ။ ချစ်ဇနီးသည်
အီမဲလ်လီ ကလည်း၊ ဆရာယုဒဿန်၏ အခြေအနေကို ကြည့်ပြီး ရိပ်မိလျှက်ရှိရာ၊ ကျိုက္ခမီမြို့မှ မော်လမြိုင်မြို့သို့ တဖန် ပြောင်းရွှေ့ နေထိုင်ကြလေသည်။
ဆရာဝန်များကလည်း၊ ဆရာယုဒဿန်အား ကျန်းမာ ရေးအတွက် ကြာရှည်စွာ ပင်လယ်ခရီးထွက် ရန် အကြံပြုလေသည်။ အီမဲလ်လီ သည်လည်း ကိုယ်ဝန်အရင့်အမာ ရှိနေခြင်းကြောင့်၊ ဆရာယုဒဿန်နှင့်အတူတကွ၊ အချိန်ကြာမြင့်စွာ ပင်လယ်ခရီး သွားနိုင်တော့မည် မဟုတ်ပေ။
ဘဝနေ၀င်ချိန်
ဆရာယုဒဿန်၏ ခွန်အားသည် တစ်နေ့တစ်ခြား ဆုတ် ယုတ်၍ စကားပြောသောအခါ၌လည်း၊ လည်ချောင်း အသံနှင့်သာ ပြောကြားနိုင်ခဲ့လေသည်။ ဆရာဝန်များ၏ တိုက်တွန်း ချက်အရ ပင်လယ်ခရီး ထွက်မှသာလျှင်၊ ကျန်းမာရေး သက်သာလာမည်ကို လည်း ယုံကြည်လျက်ရှိ၏။ အီမဲလ်လီသည် ဆရာယုဒဿန်နှင့်အတူ နေထိုင်ရခြင်းအား နောက်ဆုံးအချိန် ဖြစ်ခြင်းကို သိရှိလျှက်၊ ဆရာ ယုဒဿန်အား ယုယစွာ အနီးကပ် ပြုစု ထောက်မလျက် ရှိ၏။
ဆရာ၏ဆန္ဒအရ ၁၈၅ဝ ခု၊ ဧပြီလ(၃)ရက်၊ ဗုဒ္ဓဟူးနေ့ တွင် ဦးအင်းနှင့် ဦးရွှေဒုတ်က ဦးဆောင်၍ ပင်လယ်ခရီးထွက်ခွာရန်
ပြင်သစ် စစ်သင်္ဘောကြီးဖြစ်သော အေရစ်တိုက်မာရီ သင်္ဘောပေါ် သို့ ချီပင့်ယူဆောင် သွားကြလေသည်။ မော်လမြိုင်မြို့၌ နေထိုင်ကြ
သော တပည့်တော်များ အားလုံးသည်လည်း ဝမ်းနည်းကြေကွဲစွာဖြင့် ဆရာ့အား ကမ်းခြေသို့ လိုက်လံ ပို့ဆောင်ကြ၏။
ပင်လယ်ခရီး စတင်ထွက်ခွာလာ၍ လေးရက်ကြာပြီးမှ ကျိုက္ခမီမြို့ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာကြသည်။ အီမဲလ်လီသည် သင်္ဘောပေါ်၌ ရှိနေကြစဉ်၊ ဆရာ့အား နှုတ်ကပတ်တော်အားဖြင့် ခွန်အားပေးလျက်ရှိ၏။ အီမဲလ်လီသည် ဆရာယုဒသန်အား နှစ်သိမ့် ခွန်အားပေးသည်မှာ၊ ကျမ်းစာထဲ၌ မောရှေသည်ပင်လျှင်၊ သင်္ချိုင်းမရှိ ခဲ့ချေဟု အားပေး စကားပြော၍ ထောက်မရလေ၏။
ဆရာကိုယ်တိုင်သည် ငယ်ရွယ်စဉ်က ရေကြောင်းသွား အ တတ်ပညာကို သင်ကြားခဲ့ခြင်းကြောင့်၊ ပင်လယ်ပြင် ခရီးသွားခြင်းကို ကြိုက်နှစ်သက်သည်။ တစ်နေ့နေ့၌ သူ့အား မြေကြီးထဲတွင် သင်္ဂြိုလ်ပါ က၊ ကျဉ်းကြပ်စွာ ရှိနေမည်ကို မနှစ်သက်ပါ။ ဆရာ့ စိတ်ထဲတွင်ပင် လယ်ကြမ်းပြင်သည်သာလျှင် သူ၏သင်္ချိုင်း ဖြစ်စေချင်သော ဆန္ဒရှိ ကြောင်းကို ဇနီးသည် အီမဲလ်လီကို ဖွင့်ပြောဘူးပါသည်။
| ထို့နောက် ၁၈၅၀ ခုနှစ်၊ ဧပြီ(၆)ရက်၊ စနေနေ့တွင်၊ ဇနီးသည် အီမဲလ်လီက ဆရာ့အား နောက်ဆုံးတွေ့ရသောနေ့ ဖြစ်ပေတော့ သည်။ အီမဲလ်လီ၏ နှလုံးသားတွင် ကြေကွဲဆို့နှစ်လျှက် ရှိနေသော် လည်း၊ သူမ၏ စိတ်ကို ချုပ်တည်းနိုင်၏။ ပြုံးလျက်ရှိသော မျက်နှာဖြင့်၊
ဆရာ့အနားသို့ကပ်၍ ပါးပြင်ကို လက်နှစ်ဖက်နှင့် ဖက်ကာ၊ အသာ အယာနမ်းပြီး၊ ဆရာ့အား နောက်ဆုံး နှုတ်ဆက်လိုက်လေသည်။ ဆရာ သည်လည်း အီမဲလ်လီ၏ မေတ္တာစကားနှင့် အမူအယာကို တွေ့ရှိခံ စားရပြီး၊ အသံထွက်အောင် ကြိုးစားအားယူလျှက် ပြန်လည် နှုတ်ဆက်
သော်လည်း၊ အသံကား ထွက်မလာချေ။ ဆရာ၏ နှုတ်ခမ်းသာလျှင် အနည်းငယ်လှုပ်၍ နှုတ်ဆက်နိုင်ခဲ့လေသည်။ ဤသည်ကား၊ စာဖြင့် ရေးသား၍ မဖော်ပြနိုင်သော နှလုံးသားထဲမှ နှစ်ဦးသား ကြေကွဲစွာ နောက်ဆုံး နှုတ်ဆက်ခြင်းပေတည်း။
ထို့နောက် ၁၈၅၀ ခုနှစ်၊ ဧပြီ(၈)ရက်၊ တနင်္လာနေ့ နံနက် တွင် အေရစ်တိုက်မာရီ ပြင်သစ် စစ်သင်္ဘောသည် ကျိုက္ခမီမြို့ ဆိပ် ကမ်းမှ တဖန်ပင်လယ်ထဲသို့ ဆရာယုဒဿန်နှင့်အတူ၊ ခရီးဆက် လက်ခုတ်မောင်းသွားပေပြီ။ သို့ရာတွင်၊ အီမဲလ်လီသည် ကိုယ်ဝန် အရင့်အမာကြောင့်၊ ခရီးဆက် မလိုက်ဖြစ်တော့ဘဲ ကျိုက္ခမီမြို့၌ ကျန် ရစ်နေတော့သည်။ ဆရာယုဒဿန်နှင့် ခွဲခွာပြီး ၁၈၅ဝခုနှစ်၊ ဧပြီ(၂၂) ရက်နေ့တွင် အီမဲလ်လီသည် သားယောကျာ်းလေးကို မွေးသော် လည်း၊ မကြာမီ ခေါ်တော်မူခြင်းခံရလေသည်။
ကျိုက္ခမီဆိပ်ကမ်းမှ ပင်လယ်ခရီးထွက်ခွာသွားသော ဆရာ့ ၏ဘယ်ဘက်ကိုယ်တစ်ခြမ်းသည် ရောင်၍၊ ခြေထောက်နှစ်ဖက် လည်း ယောင်တက်လာလေသည်။ ဗုဒ္ဓဟူးနေ့တွင် ဆရာသည် သင်္ဘောပေါ်၌ တစ်နေ့လုံး အိပ်ပျော်လျက်ရှိ၏။ သောကြာနေ့သည်
ဆရာ၏နောက်ဆုံးနေ့ ဖြစ်တော့မည်မှာ သေချာသလောက် ရှိနေပေ ပြီ။ ၄င်း နေ့ညနေပိုင်းတွင် ဆရာ့နှုတ်ခမ်းမှ ကြိုးစားပြောသွားသော နောက် ဆုံးစကားလေးတစ်ခွန်းမှာ –
“လုပ်ငန်းအားလုံး ပြီးဆုံးပါပြီ၊ ငါသွားတော့မည်။ အီမဲလ်လီကို ကြည့်ရှုပေးပါ”ဟု ပြောဆို အပြီး၊ ဆရာသည် အေရစ်တိုက်မာရီ ပြင်သစ်စစ်သင်္ဘောပေါ်မှ တစ်ဆင့်၊ ကောင်းကင်ပါရဒိသုဘုံသို့ သွားနှင့်သော မိဘဆွေမျိုးများစွာ တို့နှင့် ဆုံတွေ့ခဲ့လေပြီ။
” ထိုနေ့ရက်အချိန်ကား၊ ဆရာ့ အသက်(၆၂)နှစ်အရွယ် ၁၈၅၀ ခုနှစ်၊ ဧပြီလ (၁၂)ရက် သောကြာနေ့၊ ညနေ ၄နာရီ ၁၅ မိနစ်အချိန်တွင် ဖြစ်၏။ သို့ဖြစ်၍၊ ဆရာသည် မင်္ဂလာရှိသော
ကောင်းကင်ရွှေပြည်တော်၌ ထာဝရစံမြန်းရန် ဘုန်းတော်ဝင်စားနေ လေတော့ပြီ။
ထိုအခါ၊ သင်္ဘောသားများက ဆရာယုဒဿန်၏ ရုပ်က လပ်အား သဂြိုလ်ရန် ပြင်ဆင်လျက်ရှိကြ၏။ သူ ဝတ်ဆင်လေ့ရှိသော အမဲရောင်ဝတ်စုံကို ဝတ်ဆင်ပေးပြီး၊ ရုပ်ကလပ်ကို ခေါင်းထဲ၌ ညှင် သာစွာ လျောင်းထားပေးကြ၏။ သဂြိုလ်ရန် ပြင်ဆင်မှုအားလုံး ပြီးစီးသောအခါ၊ သင်္ဘောသားများအားလုံး ငြိမ်သက်စွာ စုရုံးနေ ကြသည်။ ထိုအခါ စစ်သင်္ဘောအရာရှိ ကပ္ပတိန်သည် ပြင်ဆင်ပြီး သော ဆရာယုဒဿန်၏ ရုပ်ကလပ်အား ပင်လယ်ထဲသို့ ဖြေးညှင်းစွာ
လျှော့ချရန်၊ ည(၈း၀၀)နာရီ အချိန်တိတိတွင် အမိန့်ပေးလိုက် လေသည်။ သို့ဖြစ်၍၊ ဆရာယုဒဿန်၏ ရုပ်ကလပ်သည်ပင် လယ်ကြမ်းပြင်သို့ မျှောပါသွားလေတော့သည်။
ဆရာယုဒဿန်၏ ရုပ်ကလပ်အလောင်းသည်ပင်လယ် ကြမ်းပြင်နှင့် ထိတွေ့ခြင်းရှိ မရှိသည်ကိုပင် မသိရချေ။ ဤသို့ဖြင့်၊ ဆရာ၏ ဈာပနဝတ်ပြုခြင်းကိုပင်လျှင် ကျေနပ်
လောက်အောင် မပြုလုပ်နိုင်ဘဲ၊ အမိန့်ပေး လျှောချသဂြိုလ် လိုက်ရသော ပင်လယ်ကြမ်းပြင် ထိုနေရာသည် ကပ္ပလီကျွန်း ၏ အရှေ့ဘက်လတ္တီတွဒ် (၁၃)ဒီဂရီ၊ မြောက် လောင်ဂျီတွဒ် (၉၃) ဒီဂရီအရှေ့ ဖြစ်လေသည်။
ထို့နောက်၊ အေရစ်တိုက်မာရီ ပြင်သစ်စစ်သင်္ဘောကြီးသည် ဆရာယုဒဿန်၏ ရုပ်ကလပ်ကို တာဝန်ကျေပြွန်စွာ သဂြိုလ်ပြီးစီး ပြီးသောအခါ၊ မိမိသွားရမည့် ရှေ့ဆက်ခရီးပန်းတိုင်သို့ ဆက်လက် ခုတ်မောင်း ထွက်ခွာသွားလေတော့သည်။
အီမဲလ်လီသည်လည်း၊ ဆရာယုဒဿန် ကွယ်လွန်သွား ကြောင်းကို လေးလကြာမှ ကြားသိရ၏။ ထိုအခါ အီမဲလ်လီ သည် ဆရာယုဒဿန်နှင့်ရသော သားနှစ်ယောက်နှင့်အတူ အမေရိကန် ပြည်သို့ ပြန်သွား၍ ဆရာ့၏ အတ္ထုပ္ပတ္တိစာအုပ်ကို ရေးသားပြုစုနေ ၏။ အီမဲလ်လီသည်လည်း အဆုတ်ရောဂါကြောင့် ၁၈၅၄ခုနှစ်၊ ဇွန် လ(၁)ရက်နေ့တွင် ရွှေပြည်ကောင်းကင်ဘုံသို့ သွားနှင့်သူများနှင့် ဆုံတွေ့ရန် ဘုန်းတော်ဝင်စား နေလေတော့သည်။
ဤသို့ဖြင့် အမိနိုင်ငံတော်ရှိ ပျောက်ဆုံးဝိညာဉ်များစွာအ တွက် ထွန်းလင်းတောက်ပလာခဲ့ရသော ဆရာကြီးယုဒဿန်၏ ကြိုး စားဆက်ကပ်မှုသည် အလွန်ပင် မွန်မြတ်လှပေသည်။
ထို့ကြောင့်၊ ဆရာယုဒဿန်အား အမြဲအောက်မေ့ဘွယ်ရာ ကျောက်ဖြူတိုင်၌ မှတ်တမ်းတင်ထားသည်မှာ၊
“သိက္ခာတော်ရ ဆရာကြီးယုဒဿန်၊ – ၁၇၈၈ခုနှစ်၊ သြဂုတ်လ (၉)ရက်နေ့မှာ မွေးဖွားသည်။ – ၁၈၅၀ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့မှာ ဘုန်းတော်ဝင်
စားသည်။ – မယ်လ်ဒင့်မြို့သည် သူ၏ဇာတိမြို့၊ – ပင်လယ်ကြမ်းပြင်သည် သူ၏သင်္ချိုင်း၊
– မြန်မာ သမ္မာကျမ်းစာအုပ်သည် သူ၏အထိမ်းအမှတ်၊ – မွန်မြတ်လှသော သူ၏ လုပ်ဆောင်ချက်များသည် အ
မြင့်ဆုံးသော နေရာ၌ ထာဝရ တည်ရှိနေမည်တည်း” ဟု ကမ္ပည်းထိုး မှတ်ကျောက်တင် ထားလေသတည်း။
နိဂုံးချုပ်ခြင်း
ကျွန်တော်တို့ အမိနိုင်ငံတော်တွင် ခရစ်ယာန်သာသနာ တော်သည် (၁၆)ရာစု အလယ်လောက်၌ ရှိနှင့်နေပြီဖြစ်ကြောင်း သမိုင်းအရ သိရှိရပါသည်။ ထိုခရစ်ယာန်ဘာသာဝင်တို့မှာ မြန်မာ နိုင်ငံ အလယ်ပိုင်း (အညာဒေသ)တစ်ဝိုက်၌ ကျင်လည်နေထိုင်ကြရာ၊ ယနေ့တိုင် ဖြစ်ပါသည်။ ထိုသူတို့သည် ခရစ်ယာန်ဘာသာကို မိမိတို့ ၏ ယုံကြည်ကိုးကွယ်ရာအဖြစ်၊ အမှီတဟဲပြုနေကြသော်လည်း၊ ဧဝံ ဂေလိ သတင်းကောင်းကို မသိနားမလည်ကြချေ။ , ဘုရားသခင်၏ ပြင်ဆင်ပေးခြင်း ကျေးဇူးတော်ကြောင့်၊ ကယ်တင်ခြင်း ဧဝံဂေလိသတင်းကောင်းကို ကိုယ်တိုင်သိရှိခံစားရုံ သာမက၊ အခြားသူတို့အား ပြန်လည် လက်ဆင့်ကမ်းချင်သော ဝန် တာစိတ် ပြင်းထန်ပြီး၊ ကြယ်ပွင့်လို ထွန်းလင်းတောက်ပသော ဆရာ ကြီးယုဒဿန်ကို အမိနိုင်ငံတော်သို့ ဘုရားသခင်သည် အရောက် ပို့ဆောင်ပေးခဲ့ပါသည်။
သမ္မာကျမ်းစာထဲ၌ ဖော်ပြသော ယုံကြည်သူ လူပုဂ္ဂိုလ်ထူး များစွာပင်လျှင် အသက်တာအားနည်းချက်များနှင့် မကင်းကြပေ။ သို့ရာတွင်၊ သူတို့သည် ထာဝရဘုရားအား ယုံကြည်ကိုးစားမှုနှင့် အဖိုး အခပေးဒုက္ခခံခြင်းတို့၌ ဇွဲမလျော့ဘဲ၊ အဆုံးတိုင်အောင် တည်ကြည် စွာ အသက်ရှင်ကြပါသည်။
ထိုနည်းတူ၊ ဆရာကြီးယုဒဿန်၏အသက်တာတွင်လည်း ထိုသို့သော အသက်တာမျိုးကို တွေ့မြင်ရခြင်းအတွက် ကျွန်ုပ်တို့က ဝမ်းမြောက်ဂုဏ်ယူစွာ ကဗ္ဗည်းမှတ်တမ်း တင်အပ်ပါသည်။
ထို့ကြောင့်၊ ဆရာကြီး ယုဒဿန်၏ အသက်တာကို လေ့လာ ဖတ်ရှုခြင်းအားဖြင့်၊ ယနေ့ ကျွန်တော်တို့ တစ်ဦးစီက ခံယူနှလုံးသွင်း သင့်သော အချက်များစွာထဲတွင်၊ အရေးကြီးဆုံးသော အချက်သည်။
“သူ၏ ဧဝံဂေလိ စိတ်အားထက်သန်မှုနှင့် ဇွဲမလျော့ စွန့်စား မှု၊ အသက်ဆုံးသည့်တိုင်အောင် သစ္စာရှိစွာ ပျောက် ဆုံးဝိညာဉ်များ အတွက် ကြိုးစားဆက်ကပ်၊ အဖိုးအခပေးခြင်း အသက်တာတို့မှာ၊ အမှောင်ကို ထွန်းလင်းတောက်စေခဲ့သော ကြယ်တစ်ပွင့်လို ဖြစ် ကြောင်းပေတည်း”၊
“ကောင်းစွာသော တိုက်လှန်ခြင်းကိုပြု၍ ပြေးရသောလမ်းကို အဆုံးတိုင်အောင်ပြေးလျှက်၊ ယုံကြည်ခြင်းတရားကို စောင့်ရှောက် လေပြီ” (၂တိ၊ ၄၇)
ပြီး ပါပြီ။
အမှုတော်မြတ်၌၊
ဦး ကပ် ခန့် ခုပ်