ချိုးဖောက်ခြင်း

တားမြစ်ထားသော နယ်စွန်၊နယ်ဖျားများကို ဖြတ်ကျော်၍ ဝမ်းမြောက်ဖွယ်သတင်းကောင်း ယူ သွားခြင်း။

ဘာသာပြန်သူ – ဗိုလ်မှူးကြီးအိပ်ချ်၊ကမ်ပွန်း(ငြိမ်း) 

အသိအမှတ်ပြုခြင်း

စာအုပ်တစ်အုပ်ဖြစ်မြောက်ဖို့ဆိုသည်မှာ တက်ညီ လက်ညီ လုပ်ရမည့် အလုပ်တစ်ခုဖြစ်သည်။ ဤကဲ့သို့ တက်ညီလက်ညီ စု ပေါင်းလုပ်ကိုင်သောသူများအား အသိအမှတ်ပြုလိုပါသည်။

ပထမဆုံးနှင့် ရှေ့ဆုံးတွင် ဇွန်ဒိုနီကို ကျေးဇူးတင်လိုပါသည်။ သူမက လက်ရေး မူကိုကျင်လည်စွာ အချောသပ်ပေးသည်။ လက်ရေးမူမှစာအုပ်ပုံစံအဖြစ်ရောက်သွားအောင် ကူညီခဲ့သော လော်ရဲလ်အိပ်စီကိုလည်း အထူးကျေးဇူးဥပကာရ တင်ရှိပါသည်။

ဇွန်၏ခင်ပွန်းသည် ဂွဒ်ဖရီဒိုနီသည် ဤစာအုပ်ကို ပြုစုနေသော ကျွန်တော်တို့ အဖွဲ့နေ့စဉ်လုပ်ငန်းဆောင်ရွက်ရာတွင် သက်တောင့်သက်သာ ဖြစ်စေရန်နှင့် အစစအရာရာအဆင်ပြေစေဖို့ရန် ဖန်တီးပေးသောကြောင့် ကျေးဇူးတင်သည်။ တစ်ဖန် ပုံမနှိပ်မီအထောက်အကူနှင့် အကြံကောင်း ဉာဏ်ကောင်းများစွာ ပေးကြသည့် တည်းဖြတ်ပေးသူ အယ်ဒီတာများနှင့် ကြိုတင်ဖတ်ရှုပေးကြသော မိတ်ဆွေများကိုလည်း များစွာ ကျေးဇူး ပကာရတင်ရှိပါကြောင်း မှတ်တမ်းတင်လိုပါသည်။

ကရတ္တီဂင်မြို့၊ ဆွီဇာလန်

မေလ၊ ၁၉၉၉။

အကြောင်းအရာ

အသိအမှတ်ပြုခြင်း                                                                                                                     (က)

၁။မျိုးစေ့ကြဲခြင်း                                                                                                                        ၁

၂။ထိုလူနောက်ကိုလိုက်ပါ                                                                                                            ၁၈

၃။ကြားဝင်ဆုတောင်းရာ၌သင်ခန်းစာများ                                                                                     ၃၆

၄။အသွားကြမ်းသောခါ                                                                                                               ၅၅

၅။အိပ်မက်တစ်ခု                                                                                                                        ၇၁

၆။နယ်စပ်များကိုဖြတ်ကျော်ခြင်း                                                                                                  ၈၃

၇။ဘူလ်ဂေးရီးယားတွင် ရဲဝင့်စွာ စွန့်စားခြင်း                                                                                 ၉၆

၈။နယ်မြေသစ်များဖြတ်ကျော်ခြင်း                                                                                               ၁၂၄

၉။တရုတ်ပြည်မှန ခေါ်ဖိတ်ခြင်း                                                                                                 ၁၄၈

၁၀။ယုံကြည်ခြင်းအကျိုးခံစားခြင်း                                                                                               ၁၇၅

၁၁။တရုတ်များနှင့်ထိတွေ့ခြင်း                                                                                                    ၁၉၈

၁၂။တိုးပွားခြင်း                                                                                                                           ၂၁၇

၁၃။အဖြူအမည်းပေါင်းစပ်နိုင်ပါသည်                                                                                          ၂၄၃

၁၄။အဖမ်းခံခြင်း                                                                                                                        ၂၅၈

၁၅။လွတ်မြောက်ခြင်း                                                                                                                 ၂၇၅

၁၆။အိပ်မက်တစ်ခု ပြည့်စုံလာခြင်း                                                                                              ၂၉၅

၁၇။ချိုးဖောက်ခြင်း                                                                                                                     ၃၁၇

မျိုးစေ့ကြဲခြင်း

မီးခိုးရောင် စစ်ကားတစ်စီးသည် သာသနာပြုခြံဝင်းထဲသို့ အသံကျယ်လောင်စွာ ဝင်ရောက်လာသည်။ ကားနောက်မှ ဖုံတစ်ထောင်းထောင်းထ၍ ကျွန်တော်၏ဗင်ကား ဘေးတွင် ထိုးရပ်လာကာ၊ သေနတ်ကိုယ်စီကိုင်ဆောင်ကြသော အာဖရိကတိုက်သား စစ်သား တစ်ဒါဇင်ခန့်သည် ၎င်းစစ်ကားထဲမှ ခုန်ဆင်းလာကြသည်။ ၎င်းတို့ အားလုံး သည် ပြောက်ကျားဝတ်စုံများကို ဝတ်ဆင်ကြသည်။ သူတို့နှင့်အတူ တရုတ်ကွန်မြူနစ် သုံးယောက် အတူတူပါလာသည်။ ဒေါက်တာဒူရီနှင့်ကျွန်တော် မယုံနိုင်ဘဲ မျက်လုံးပြူးနေကြပါသည်။ “လက်မြောက်”ဟု မျက်နှာပေါက်ဆိုးဆိုး အာဖရိကတိုက်သား အရာရှိ တစ်ယောက်က အသံကျယ်ကျယ်အော်ပြောရင်း ကျွန်တော့်မျက်နှာရှေ့တွင် သူ့သေနတ် ဝှေ့ရမ်းနေသည်။ ကျွန်တော့်လက်များသည် အလိုအလျောက် မြောက်ပြီးသားဖြစ်နေ သည်။

“ထွက်ပြေးဖို့ တော့ စိတ်မကူးကြနှင့်”ဟု မျက်နှာပေါက်ဆိုးဆိုး အရာရှိက သရော်မော်ကားပြုလေသည်။ ဘာမျှ မစဉ်းစားတတ်တော့ပါ။ နှလုံးကတစ်ဒုန်းဒုန်း ခုန်လာသည်။ အာဖရိကတိုက်အလယ် ဇမ်ဘီယာတိုင်းပြည်အတွင်း တစ်နေကုန် ကား မောင်းခဲ့ရာမှ တင်းမာသော ကျွန်တော်၏ ကြွက်သားများသည် ကြောက်စိတ်ကြောင့် တုန်တုန်ရီရီ ဖြစ်လာသည်။ ဒေါက်တာဒူရီသည် ကျွန်တော်၏ဘယ်ဘက်သို့ ကြမ်းတမ်းစွာ တွန်းဖယ်ခြင်းခံရကာ ဘာမျှမတတ်နိုင်တော့ဘဲ လက်ပိုက်၍သာ ရပ်ကြည့်နေပါသည်။ ဤကဲ့သို့ တစ်နေ့သောအခါ ဘေးကျပ်နံကျပ်ခံရလိမ့်မည်ဟု ကြိုတင်မှန်းဆချက်

သည် အခု အမှန်တစ်ကယ် ဖြစ်လာမှန်း နားဝေတိမ်တောင်ဖြစ်နေသော ဦးနှောက်ထဲက

ပေါ်လာပါသည်။ ကျွန် တော်၏လှုပ်ရှားသွားလာမှုကို နောက်ရောင်ခံ၍ တစ်ဦး

တစ်ယောက်က သတင်းပေးခဲ့ပါလိမ့်မည်။

“ခင်ဗျား စာရွက်စာတမ်းများ ဘယ်မှာလဲ” ဟု အာဖရိကတိုက်သား တပ်မှူးကကျွန်တော့်ကို သေနတ်ဖြင့်ချိန်၍ မေးလေသည်။ စိတ်ထိခိုက်လွန်းသောကြောင့်စကားပင်မပြောနိုင်ဘဲ ကျွန်တော်၏ ဗင်ကားအဖြူဘက်ကို အားယူ၍လက်ညှိုး ထိုးပြလိုက်သည်။ “သွား” ဟု ထိုအရာရှိက မာန်ဖီ၍ ဟိန်းလေသည်။

“ရုဒီလက်ခ်၊ သခင်ဘုရားကို ယုံကြည် အားထားပါ။ ဒီကျော့ကွင်းထဲက ကိုယ်တော် ကယ်နှုတ်လိမ့်မယ်လို့ ငါပြောရဲတယ် “ဟု ကျွန်တော်၏ နောက်ဘက်က ဒေါက်တာဒူရီ၏အသံတိုးတိုးကြားရပါသည်။ကျွန်တော့်ကို နှစ်သိမ့်အားပေးရန် ဒေါက်တာဒူရီ၏ ကြိုးစားအားထုတ်မှုကို ကျွန်တော် ချီးကျူးမိပါသည်။ သို့သော် ကြုံနေရသောဒုက္ခမှာ အလွန်ကြီးမားသောကြောင့် ဘုရားသခင် ကယ်ထုတ်နိုင်ပါ့မလား

ဟုပင် သံသယဖြစ်နေမိပါသည်။ ကျွန်တော်၏ သားရေအိတ်ထဲတွင် ရိုဒီရှားပြည်၌ အမြဲ

နေထိုင်သောသူတစ်ဦးအဖြစ် သတ်မှတ်သည့် သက်သေခံစာတစ်စောင်ရှိနေပါသည်။

၁၉၇၅ခုနှစ်မှစ၍ ဇမ်ဘီယာနှင့် ရိုဒီရှားနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး

မရှိကြတော့ပါ။ ဤနှစ်နိုင်ငံ၏နယ်စပ်များကို တင်းကြပ်စွာ ပိတ်ပင်ထားပါသည်။

ရိုဒီရှားမှဇမ်ဘီယာသို့ ဝင်နိုင်ရန် ဘော့စ်ဆွားနားပြည်ဘက်သို့ တစ်ကွေ့တစ်ပတ် သွားရ

ပါသည်။ ကျွန်တော်ဝင်ရောက်ခဲ့သော နယ်စပ်ဇမ်ဘီစီမြစ်ရှိ အကောက်ခွန်အရာရှိသည်

ကျွန်တော်ကို ရိုဒီရှားတွင် အမြဲနေထိုင်သူဖြစ်မှန်း သိရှိခဲ့လျှင် ကျွန်တော့်ကို ဘယ်သော

အခါမှ ဝင်ခွင့်ပြုမည်မဟုတ်ပါ။ ကျွန်တော်၏ဆွီဇာလန် နိုင်ငံကူးလက်မှတ်ကိုသာ ပြသ

ခဲ့ပါသည်။ ထိုနိုင်ငံကူးလက်မှတ်တွင် ရိုဒီရှား၌ ကျွန်တော် နေထိုင်ခဲ့သောကာလကို

ဖော်ပြထားခြင်းမရှိပါ။ ရိုဒီရှားတွင် အမြဲနေထိုင်သူဖြစ်ကြောင်း ပြသော အထောက်

အထားသည် အခြားစာရွက်စာတမ်းထဲတွင် ဖော်ပြထားသည်။ ဒုက္ခပေးနိုင်သော စာရွက်

စာတမ်းမှာ အမြဲနေထိုင်ခွင့်လက်မှတ်ဖြစ်ပါသည်။ ထိုစာရွက်ကို စစ်သားများ တွေ့ရှိခဲ့ လာ

လျှင် ရိုဒီရှားနိုင်ငံအတွက် သူလျှိုလုပ်နေသည်ဟု စွပ်စွဲမည်မှာ သေချာသည်။ သူတို့၏

အမူအရာကို ကြည့်ခြင်းအားဖြင့် အရင်သတ်ပစ်ပြီးမှ မေးကြမြန်းကြမည့် သဘော

ရှိပါသည်။

ကြံဖန်၍ ကျွန်တော့်ခြေထောက်များကို လှုပ်ရှားရန် အားပြုနိုင်ခဲ့ သည်။ သော့

ခလောက်ထဲသို့ သော့သီးများကိုထည့်ဖို့ ကြိုးစားသော်လည်း လက်များသည် မထိန်းချုပ်

နိုင်လောက်အောင် တုန်နေပါသည်။ နောက်ဆုံးတွင် သော့ကိုဖွင့်ရန် အားပြုနိုင်ပြီး၊

တုန်တုန်ရီရီဖြင့် ဗင်ကားထဲမှ သားရေအိတ်ကို ကောက်ယူပါသည်။ စစ်သားများသည်

ကျွန်တော့်လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြပါသည်။ မငြင်းဆန်နိုင်သော နေထိုင်ခွင့်

လက်မှတ်ကို ဖျောက်ပစ်ရန် နည်းလမ်းမရှိပါ။ သခင်ဘုရား၊ မျှော်လင့်စရာမရှိသော

ဤဒုက္ခထဲမှ ကျေးဇူးပြု၍ ကယ်မတော်မူပါဟု စိတ်ပျက်စွာ ဆုတောင်းမိပါသည်။

“ကားပေါ်တက်”ဟူ၍ စစ်ဝတ်စုံဝတ်ဆင်ထားသော စစ်သားက အမိန့်ပေး

သည်။ ကျွန်တော့်နှလုံးသည် တစ်ဒိန်းဒိန်းခုန်နေကာ အမိုးမပါသော စစ်ကားနောက်သို့

တက်သွားပါသည်။ ကားထဲတွင် ကျောက်စရစ်နှင့် ဖုန်ထူထပ်ခြင်းကြောင့် တန်- ဇမ်

မီးရထားလမ်းအတွက် သဲကျောက်များ သယ်ဆောင်သော ထရပ်ကားဖြစ်မည်ဟု မှန်းဆ

ရပါသည်။ ကျောက်စရစ်များကို လက်ဖြင့်ဘေးဖယ်၍ ကျွန်တော် ထိုင်ချလိုက်ပါသည်။

လွတ်မြောက်ရန် မျှော်လင့်ချက်မရှိကြောင်း စဉ်းစားမိပါသည်။ အာဖရိကတိုက်သား

စစ်သားများသည် ကျွန် တော့်နောက်တွင် ဝင်ထိုင်ကြသည်။ မော်စီတုံးဝတ်စုံပုံစံ ခပ်ပွပွ

ဝတ်ဆင်သော တရုတ်ယာဉ်မောင်းသမားမှ ကားစက်ကို နိုးသည်။ သို့သော် မထွက်ခွာမီ၊

အာဖရိကတိုက်သား စစ်သားများနှင့် တရုတ်အရာရှိများ ထရပ်ကားအပြည့် နောက်

တစ်စီးဖြင့် သာသနာပြုခြံဝင်းထဲသို့ ဒယိမ်းဒယိုင် ဝင်ရောက်လာသည်။ ကျွန်တော်တို့

နောက်တည့်တည့်တွင် ကားသံကျယ်လောင်စွာဖြင့် ရပ်လိုက်သည်။ ၎င်းကားပေါ်က

အာဖရိကတိုက်သား စစ်သားတစ်ယောက် လှမ်းခေါ်သည်။ “ခဏစောင့်၊ ဒီကောင့်ဆီက

ပေစာ နမူနာရသလောက် လိုချင်တယ်၊ ကျွန်တော့်ဘေးတွင် ထိုင်နေသော အာဖရိက

တိုက်သား စစ်သားတစ်ယောက်က ကျွန်တော့်ကို အတင်းအဓမ္မတွန်းပြီး ခင်ဗျား ဗင်ကား

ထဲက ဝေစာနမူနာများကို သွားယူကွာ” ဟု ပြောသည်။ ခြေထောက်များ မြေကြီးပေါ်

ချမိသည်နှင့် တစ်ပြိုင်နက် ဗင်ကားဆီသို့ ဒယိမ်းဒယိုင် ချဉ်းကပ်ရင်း သက်ပြင်းချမိပါ

သည်။ ခြေရာဖျောက်ဖို့ အခွင့်အလမ်းပေါ်လာသောကြောင့် စိတ်ထဲတွင် သက်သာလာပါ

သည်။

ကျွန်တော် ကားဆီသို့ ရောက်သောအခါ ကားနောက်ကိုဖွင့်၍ သယ်ဆောင်

လာသော စာအုပ်သေတ္တာတစ်လုံးထဲကို စမ်းတဝါးဝါးဖြင့် စတင်ရှာဖွေနေပါသည်။

တရုတ်များတောင်းဆိုသော ဝေစာနမူနာများကို ရှာဖွေနေဟန်ဆောင်ခြင်းဖြစ်သည်။

အမှန်မှာ ကျွန်တော့်သားရေအိတ်ကိုဖွင့်၍ စာအုပ်များကြားတွင် ညှပ်ထားသော ရိုဒီရှား

နေထိုင်ခွင့်လက်မှတ်ကို ရှာဖွေနေခြင်းဖြစ်ပါသည်။ လိုအပ်သော နမူနာအချို့ကိုယူ၍

ကားတံခါးကိုပိတ်ကာ ထရပ်ကားဆီသို့ ပြန်လှည့်လာသည်။ ကားထဲတွင် ကျွန်တော့်

တရားခံဖြစ်စေနိုင်သော အထောက်အထားဖြစ်သည့် ရိုဒီရှားပြည်နေထိုင်ခွင့် လက်

မှတ်ကို စာအုပ်စာရွက်ပုံများအောက်တွင် လုံခြုံစွာ ဝှက်ထားခဲ့ပါသည်။ အသက်ရှု

အနည်းငယ် ချောင်လာသည်။ ယခုမူ၊ ကျွန်တော့်သားရေအိတ်ထဲတွင် ဆွီဇာလန်နိုင်ငံကူး

လက်မှတ် တစ်ခုတည်းသာ ကျန်ရစ်နေသဖြင့် ရိုးရှားပြည်တွင် နေထိုင်ခဲ့ဖူးသည့်

အကြောင်း သဲလွန်စ လုံးဝမရှိတော့ပါ။

စစ်သားတစ်ယောက်က ထရပ်ကားပေါ်သို့ ကျွန်တော့်ကို ပြန်တွန်းတင်သည်။

ဒေါက်တာရီသည် မတ်တတ်ရပ်လျက် စောင့်ကြည့်နေသည်။ သူ့ခမျာ ဘာမျှမတတ်နိုင်

ပါ။ သူ့ကို ကျွန်တော် မျက်တောင်မခတ်ဘဲ နောက်ဆုံးလှမ်းကြည့် ရင်း ကားပေါ်သို့

အတက်တွင် အားပြတ်၍ ထိုင်ချလိုက်ပါသည်။ ကျွန်တော့်ဘေးနှစ်ဖက်တွင် သေနတ်အသင့် ကိုင်ဆောင် ထားသော အာဖရိကတိုက်သား စစ်သားနှစ်ယောက်ထိုင်ကြသည်။ အခြားလေးယောက်သည် ကားဘေးတန်းကိုကိုင်၍ မတ်တတ်ရပ်ကြပြီး၊ တရုတ်အရာရှိ များမှာမူ ကားရှေ့ထိုင်ခုံတွင် ထိုင်ကြသည်။ ထရပ်ကားကို ကြမ်းတမ်းစွာ မောင်းနှင့် သဖြင့် စစ်သားများသည် ကားဘေးတန်းကို တင်းကြပ်စွာ ကိုင်ထားကြရသည်။ အဘယ်အရပ်ကို ဦးတည်မှန်းမသိပါ။ ကျွန်တော့်ကို မည်ကဲ့သို့ပြုမည်ကို မသိရှိနိုင်ပါ။

ဤအချိန်တွင် နေဝင်စပြုနေပြီ။ ထရပ်ကားသည် လမ်းဆိုးသဖြင့် ခုန်ကာ ဆောင့်ကာမသက်သာ သည့် အထဲ အမိုးအကာမရှိသော ကားပေါ်တွင် ညလေး တိုက်ခတ်လာရာ၊ ကျွန်တော်ခမျာ ခိုက်ခိုက် တုန်နေပါသည်။ သို့သော် ကိုယ်ခန္ဓာဒဏ်ထက် အရိုးထဲသို့ ထိခိုက်လောက်အောင် ကြောက်စိတ် အအေးဒဏ်က ပို၍ခံရ ခက်နေပါသည်။ ကျွန်တော်ခမျာ ရူဒွပ်ဖ်(Rudolf)တစ်ယောက်နှင့်မတူတော့ပါလား။

ရူဒွပ်ဖ်(Rudott) ၏ အတိုကောက်မှာ ရုဒီဖြစ်ရာ မိဘများ မှည့်ခေါ်သောနာမည် ဖြစ်သည်။ မိဘနှစ်ပါးမှာ ခရစ်ယာန်စစ်စစ်များဖြစ်ကြပြီး၊ ဖခင်ဟန်စ်လက်မှာ ဆွီအမျိုးသား ဧဝံဂေလိအသင်းတော် များစွာတို့၏ သင်းအုပ်ဆရာဖြစ်ပါသည်။ ကျွန်တော်မွေးဖွားအချိန်အခါသည် ဒုတိယကမ္ဘာစစ်ကြီး အပြင်းထန်ဆုံး အချိန်ကာလဖြစ်သည်။ ကျွန်တော်တို့၏နေရပ် အာရ်ဘတ်မြို့ကလေးမှာ ဂျာမနီ စကားပြောသော ဆွီဇာလန်နယ်ထဲတွင် တည်ရှိပြီး၊ ဂျာမနီနယ်စပ်မှ မော်တော်ကားဖြင့် (၁)နာရီခရီးမျှသာ ဝေးသည်။ဂျာမန်စစ်တပ်က ကျွန်တော်တို့နယ်ကို ကျော်နင်းဖို့ သေချာသလောက်ဖြစ်နေသည်။

ဤကြောက်လန့်ဖွယ်အရေးကို သတိထားမိကာ သမ္မာကျမ်းကို ယုံကြည်ကြသော ခရစ်ယာန်များအနေဖြင့် ကျွန်တော့်မိဘများသည် ကျမ်းစာနှင့် ပတ်သက်သော အမည်နာမကို မပေးတော့ဘဲ ရုဒွပ်ဖ်(Rudoff)ဟု မှည့်ခေါ်ခြင်းဖြစ်သည်။ ရူဒွပ်ဖ်၏အဓိပ္ပာယ်မှာ “ရဲဝံ့သော ဝံပုလွေ”ဖြစ်သည်။ ဘုရားသခင်က ဤနာမည်ကို မှည့်ခေါ်ရန် ကျွန်တော့် မိဘများကို လမ်းညွှန်တော်မူခဲ့သည်ဟု ကျွန်တော် တပ်အပ် ယုံကြည်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော် ငယ်စဉ်ကတည်းကပင် စွန့်လွှတ်စွန့်စားသည့် အမှုကို မြတ်နိုးသည့်

အကြောင်းကို ဤနာမည်က ဖော်ဆောင်လာသည်။

ကျွန်တော်တို့ အိမ်တွင် သာသနာပြုဆရာများ လာရောက်တည်းခိုလေ့ရှိကြ

သည်။ လူငယ်တစ်ယောက်ပီပီ၊ ဝေးလံသောတိုင်းပြည် များ၌ သူတို့၏ စွန့်စားခန်းအကြောင်း ပြောပြကြ သည်ကို ငေးမောကာ နားထောင်လေ့ရှိသည်။ သူတို့ ပြောပြသော တိုင်းပြည် အချို့၏ အမည်များ ထူးဆန်းလွန်းကာ လိုက်၍ပင် မရွတ်ဆိုတတ်ပါ။ ကျွန်တော် အသက်(၅)နှစ်သားတုန်းက ညတစ်ည၏အဖြစ်ကို ကောင်းစွာမှတ်မိပါသည်။ ကျွန်တော့်မိဘများသည် အာဖရိကတိုက်မှ သာသနာပြုဆရာတစ်ပါးကိုညစာသုံးဆောင်ရန် ဖိတ်ခေါ်ခဲ့ပါသည်။ စကားလက်ဆုံကျနေကြရင်း၊ သူတို့ထဲတွင် (၅)နှစ်အရွယ် ကလေးတစ်ယောက်ရှိနေမှန်း သတိမေ့ကြဟန်ရှိသည်။ သာသနာပြုဆရာ

ရင်ခုန်ဖွယ်ဇာတ်လမ်းတွင် နှစ်မြုပ်နေကြသဖြင့် ကျွန်တော့်အိပ်ရာဝင်ချိန်ကိုပင် သတိမထားမိကြပါ။ နုနယ်သေးသော ကျွန်တော့်စိတ်အာရုံတွင် စိတ်တက်ကြွမှုသည် မခံချိမခံ သာဖြစ်ခဲ့ရပါသည်။ ထိုင်ခုံဘေးတွင်ကပ်၍ လက်သီးကို တစ်အားဆုပ်နယ်ကာ မည်သည့် အမှုအရာများဆက်လက် ဖြစ်ပေါ်မည်ကို စိတ်ကူးတွင် မြင်ယောင်မိအောင်ကြိုးစားခဲ့ပါသည်။ စစ်မှန်သောစွန့်လွှတ်စွန့်စားခြင်း ဖြစ်သည်။ ကျွန်တော်လည်းကြီးလာလျှင် ရဲဝံ့စွန့်စားသော သာသနာပြုဆရာ၊ အာဖရိကတိုက်ရှိ ရိုင်းစိုင်းသော ခြင်္သေ့များကို မမှုသော သာသနာပြုဆရာ၊ အန္တာတိကတိုက်ရှိ လေပြင်းမုန်တိုင်းကို အရေးမထားသောသူ၊ အမေဇုံမြစ်ထဲ၊တောထဲရှိ သွေးဆုပ်သော မျှော့ကြီးများကိုမကြောက်သောသူ၊

ကမ္ဘာလူမျိုး အသီးသီးသို့ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်း သတင်းစကားကိုယူဆောင်သော သာသနာပြုဆရာ ဖြစ်ချင်သောစိတ်ဆန္ဒ ပြင်းပြလာခဲ့ပါသည်။

အတွေးရေစုန်မျောနေရင်း မိခင်၏ “ရုဒီ”ဟူ၍ ရုတ်တရက်အသံကို ကြားသဖြင့်ထခုန်မိသည်။ “စောစောကတည်းက အိပ်ရာထဲရောက်သင့်ပြီ” အခန်းထဲက မျက်လုံးအစုံသည် ကျွန်တော့်အပေါ် လှည့်လာကြသည်။ ထိတ်လန့်၍ ညည်းသံပြုလိုက်ပါသည်။အခုတော့ သာသနာပြုဆရာ၏ ဇာတ်လမ်းအဆုံးကို ကြားရတော့မည်မဟုတ်။ မတရားဘူးဟု ထင်မိပါသည်။

အမျိုးမျိုးငြင်းဆန်သော်လည်း ကျွန်တော့်မိခင်သည် အိပ်ရာဝင်ရန် အတင်းခိုင်းလေသည်။ လူငယ်နားထောင်ရန် သင့်တော်သော ဇာတ်လမ်းပုံပြင် မဟုတ်ဘူးဟု မိခင်မှ သဘောထားပုံရှိသည်။ ကျွန်တော်တို့၏ ဆွီဇာလန်ပုံစံအိမ်ထဲတွင် သစ်သား လှေကားတစ်ဝက်အထိ မိခင်က အတင်းတွန်းပို့ပြီးမှ ယက်ကန်ယက်ကန်ဖြင့်အိပ်ရာထဲသို့ရောက်သွားသည်။ အခန်းထဲတွင် ကျွန်တော် အိမ်ဆောက်တမ်း ဆော့ကစားသော သစ်သားတုံးငယ်များ၊ အဝတ်အစားများ ပြန့်ကျဲနေသည်ကို အမေကကြည့်ပြီးသက်ပြင်းချလေသည်။ “နက်ဖြန်ကျမှ လုပ်လိုက်ပါ၊ အခု ညအိပ်ရာဝင် ဝတ်စုံဝတ်ပြီး

အိပ်ရာဝင်ပေတော့” အချိန်က ဘယ်လိုကုန်မှန်းမသိ မြန်ဆန်လွန်းလှပေသည်။

အမေက အပေါ်ထပ်စောင်ကို ကျွန်တော့်ဘေးနှစ်ဖက်တွင် ညှပ်ပေးသည်။တောင်းပန်သော မျက်နှာထားဖြင့် အမေ့မျက်နှာကို မော့ကြည့် သည်။ ကျွန်တော်ဝမ်းနည်းမှန်း သဘောပေါက်သဖြင့် အမေသည် ကျွန်တော်ဘေးတွင် ဘေးစောင်းလာ အိပ်ပြီး ကျွန်တော့်ဆံပင်ကို တယုတယ ပွတ်သပ်ပေးနေသည်။ “ဝမ်းနည်းပါတယ်။ ခွင့်လွှတ်ပါ ရုဒီ၊ ဒါပေမဲ့ အိပ်ချိန်လွန်ပြီလေ၊ သားသိပါတယ်” မိခင်သည်လည်း မအားမလပ်သည့်ကြားထဲကပင် အချိန်ယူပြီး ကျွန်တော်အတွက် ညစဉ်ညတိုင်း ပြုလုပ်နေ

အတိုင်း ဆုတောင်းပေးသည်။ ကျွန်တော့်ပခုံးပေါ် လက်ကို အသာလေးတင်၍ မျက်စိကို

မှိတ်ကာ အမေဆုတောင်းပေးသည်။ “ဘုရားသခင်၊ ကျွန်မသား ရုဒီကို ကိုယ်တော်ရှင်၏

ချစ်ခြင်းမေတ္တာ အရိပ်အာဝါသအောက်တွင် အပ်နှံပါတယ်၊ သူအိပ်ပျော်နေစဉ်၊

စောင့်ရှောက်ပါ။ ကိုယ်တော်ရှင်၏သားအဖြစ်၊ ကိုယ်တော်ရှင်၏ မေတ္တာသတင်းစကားကို

ပျောက်ဆုံးသောဝိညဉ်များဆီသို့ ယူဆောင်သွားနိုင်သော အစေခံတစ်ဦးအဖြစ် ။

မစပါ။ အာမင်”၊ ကိုယ်တစ်ဖက်စောင်း၍ ကျွန်တော့်ကို ပွေ့ဖက်သည်။ ကျွန်တော့်

ပါးပြင်တစ်ဖက်တွင် အမေ့ဆံပင်နုနုလေး၏ထိတွေ့မှုကို ခံစားနေရင်း မိခင်၏ဂရုစိုက်မှ

ကို သဘောပေါက်ကာ စိတ်ချမ်းသာမှုကို ဖော်ပြသည့် အနေဖြင့် သက်ပြင်းချပါသည်။

ခုတင်ဘေးရှိ မီးကိုပိတ်ပြီး အမေသည် ပြန့်ကျဲနေသော ဆော့ကစားစရာသစ်တုံးလေးများကို မတိုက်မိအောင် ဖြည်းညင်းစွာ အခန်းထဲမှ ထွက်သွားပြီး ထမင်းစားခန်း

ထဲသို့ ပြန်ဝင်သည်။ ကျွန်တော်သည် ကျေနပ်အားရစွာ စောင်ကိုဆွဲ၍ ခေါင်းမြီးခြုံလိုက်

သည်။ ထမင်းစားခန်းထဲက ဘိုးဘိုးကြားရသောအသံသည် တဖြည်းဖြည်းနှင့်မှိန်မှိန်သွား

လေသည်။ ဤမျှဖြစ်သည့်တိုင်အောင် လေးလံသော ကျွန်တော့်မျက်ခုံးသည် အလို

အလျောက်မှိတ်လာပြီး စက္ကန့်အနည်းငယ်အတွင်း အိပ်ပျော်သွားကာ၊ အိပ်မက်ကမ္ဘာ

ထဲသို့ ရောက်ရှိသွားပါသည်။ အာဖရိကတိုက်ထဲက မြစ်ချောင်းအင်းအိုင်များကို ဖြတ်

ကျော်ကာ အဆိပ်လူးထားသော လှံတံတစ်ချောင်းဖြင့် ခြင်္သေ့များကို တိုက်ထုတ်နေသည့်

ထူးဆန်းသော လူမည်းများအား ဘုရားသခင့်အကြောင်းကို ရဲဝံ့စွာပြောပြနေသည်ဟု

အိပ်မက်မက်ပါသည်။ မျိုးစေ့ကို တော့ကြဲခဲ့ပါသည်။ တစ်နေ့သော် သာသနာပြုဆရာ

တစ်ပါးဖြစ်ရမည်။ ထိုအခါ မိမိ အတွေ့အကြုံနှင့် ကိုယ်တိုင်ဇာတ်လမ်းကို ခင်းပြရမည်။

ကျွန်တော်၏ငယ်စဉ်ဘ၀သည် ဤကဲ့သို့ သော အိပ်မက်များ မက်ခဲ့ရပါသည်။သင်းအုပ်ဆရာ တစ်ပါး၏သား အနေဖြင့် အသင်းတော်ထဲတွင် ကြီးပြင်းလာခဲ့ပါသည်။သမ္မာကျမ်းထဲက ပုံပြင်ဝတ္ထုများ သည် ကျွန်တော့်မိဘများအိမ်ထဲက ဟောင်းနွမ်းနေသောပရိဘောဂများကဲ့သို့ အကျွမ်းတဝင်ဖြစ်နေပါသည်။ ကျွန်တော်တို့ မိသားစုသည် ကောင်းစားနေသော မိသားစုမဟုတ်ပါ။ ထောပတ်ကိုပင် အချိန်မှန်မှန် ဝယ်မစားနိုင်ပါ။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့်နောက်တွင် ခရစ်ယာန်များနှင့်ခရစ်ယာန် မဟုတ်သောသူများအတွက် ခက်ခဲသောအချိန်ကာလဖြစ်သည်။ သို့သော် ကျွန်တော့်မိဘများသည် ဘုရား

သခင်အား အစစ်အမှန် ယုံကြည်သူများအဖြစ် ဖော်ဆောင်နိုင်ကြသည်။

ကျွန်တော့်အသက် (၇)နှစ်အရွယ် ခရစ္စမတ်ပွဲကျရောက်ချိန်တွင် အဝါရောင်စာပို့ ကားကို ကျွန်တော် အလွန်သဘောကျမိလေသည်။ ဆွီဇာလန်နိုင်ငံတွင် စာပို့ကားမှာအဝါရောင်ချည်းဖြစ်သည်။ အစမ်းသဘောပြုလုပ်တတ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ကလေးများအတွက် သစ်သားစာပို့ ကားပုံစံ သေးသေးလေးများကို ဖန်တီးလေသည်။ ခရစ္စမတ်ပွဲမတိုင်မီ ရက်သတ္တပတ်ပေါင်းများစွာကပင် ထိုလေးဘီးတပ် စာပို့ကားကလေးပုံကို လက်ဆောင်အဖြစ် ပေးသနားပါ ရန် ညစဉ်ဆုတောင်းခဲ့ပါသည်။

ကျွန်တော်တို့၏ ဆွီ-ဂျာမန်အိမ်တွင် ဓလေ့ထုံးစံအရ၊ လက်ဆောင်များကိုခရစ္စမတ်အကြိုနေ့၌ ခရစ္စမတ်သစ်ပင်ခြေရင်းတွင် ပုံထားကြရသည်။ အပေါ်တွင်ကျွန်တော့်နာမည်ရေးထားပြီး လှလှပပ အထုတ်တစ်ထုတ်ကို မြင်မိခဲ့ပါသည်။ ၎င်းအထုတ်ကို ကျွန်တော်လုပ်ကြည့်သည်။ ခပ်လေးလေးအရာဝတ္ထု တစ်ခု အထုတ်ထဲတွင်လှုပ်နေသည်။ ကျွန်တော်တမ်းတနေသော စာပို့ကားအဝါကလေးဖြစ်ဖို့များသည်။ ၎င်းစာပို့ ကားဝါကလေးနှင့် ဆော့ကစားဖို့ မစောင့်ဆိုင်းနိုင်လောက်အောင် ဆန္ဒစောမိပါသည်။သို့သော် ၎င်းလက်ဆောင်များကို ဖွင့်ဖောက်ဖို့ အတော်အတန်ကြာ စောင့်စားရဦးမည်ဖြစ်သည်။

ကျွန်တော်သည် ဂဏာမငြိမ်ဖြစ်နေကာ ည(၇)နာရီထိုးသောအခါ ယေရှု ဖွားမြင်ခြင်းအကြောင်း သမ္မာကျမ်းထဲရှိ ဇာတ်လမ်းကို ပြန်လည်ပြောပြနေသော ဖခင်၏စကားကို ကြားတစ်ချက်၊ မကြားတစ်ချက်ဖြစ်နေပါသည်။ ကျွန်တော့်စိတ်ထဲတွင်ကစားစရာဖြစ်သော အဝါရောင်စာပို့ကားသည် စိုးမိုးနေပါသည်။ ကျွန်တော့်စိတ်ထဲ၌ခရစ္စမတ်သီချင်းများကို ခါတိုင်းထက် ပိုရှည်သလို ခံစားမိပါသည်။ နောက်ဆုံး လက်ဆောင်အထုတ်များ ဖွင့်ဖောက်ရန် အချိန်ရောက်လာသည်။ ကျွန်တော်ရရှိသော ရှည်မျောမျော အထုတ်ကို ယူ၍ အားရပါးရ ဆွဲဖြဲလိုက်ပါသည်။ အထဲကို ကြည့်လိုက်သောအခါ ဝမ်းနည်းခြင်းသည် အသဲနှလုံးကို ဖုံးအုပ်လေတော့သည်။ အဝါရောင် စာပို့ကားအစားအနီရောင် သစ်သားမီးသတ်ကား ဖြစ်နေသောကြောင့်ဖြစ်သည်။

ကော်ဇောခင်းထားသော သစ်သားကြမ်းပြင်ပေါ်တွင် ၎င်းမီးသတ်ကား ရုပ်ကလေးကိုပြေးလွှတ်ရင်း ဖခင်မှ “တော်တော်ထူးဆန်းတာဘဲ။ ကြည့်ပါဦးသား၊ မီးငြိမ်းသတ်ဖို့ ထွက်သွားတာ”ဟု ပြောပါသည်။ “နီနီရဲရဲနဲ့ ဘယ်လောက်လှသလဲဆိုတာလူတိုင်းမြင်နိုင်တယ်”ဟု မိခင်က ထပ်ကွန့်လိုက်သည်။ သို့သော် မိဘနှစ်ပါး၏နှစ်သိမ့်ခြင်းသည် အချည်းနှီးသက်သက်ဖြစ်သည်။ ကျွန်တော် မကျေနပ်ဖြစ်ကာ အပြင်သို့ထွက်သွားသည်။ မီးသတ်ကားနှင့် ဆော့ကစားဖို့ ငြင်းဆန်လိုက်သည်။ ကျွန်တော်၏ငယ်စိတ်ယုံကြည်မှုမှာ ကြေမွသွားသည်။ အဝါရောင်စာပို့ကားအရုပ်ကလေးကို ပိုင်ဆိုင်ဖို့ရန် ရက်သတ္တပတ်ပေါင်းများစွာ ဆုတောင်းခဲ့သည်။ ဘုရားသခင်သည် ဆုတောင်းသံကို နားထောင်၍ အဖြေပေးသောဘုရားဖြစ်သည်ဟု မိဘများကို သွန်သင်ခဲ့သည်။ကျွန်တော် ဆုတောင်းချက်ကို ဘုရားသခင်သည်  မည်သည့်အတွက်ကြောင့် မပေးခဲ့သနည်း။

ကျွန်တော်၏ မိဘများသည် ကျွန်တော်နှင့် အတူ စိတ်မကောင်းဖြစ်လာကြသည်။ သို့သော် ဖခင် သင်းအုပ်ဆရာ၏ဝင်ငွေမှာ နည်းပါးသည့်အလျောက် ထိုကဲ့သို့တန်ဘိုးကြီးသော အဝါရောင်စာပို့ ကားအရုပ်ကို ပယ်ပေးဖို့ရန် စိတ်ပင်မကူးဝံ့ပါ။ “အကို”ဟု မိခင်သည် ဖခင်ဘက်သို့ ရုတ်တရက်လှည့်၍ ခေါ်သည်။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်က အသင်းတော်မှာရှိတဲ့ အမျိုးသမီးတစ်ယောက် လာပေးသွားတဲ့ သားအတွက်လက်ဆောင်ကို ကျွန်မ မေ့နေတယ်၊ သွားယူပေးပါဦး၊ သားလေး စိတ်ကျေနပ်ကောင်း

ကျေနပ်နိုင်တယ်”ဟု မိခင်မှ ပြောသည်။

ဖခင်သည် မဆိုင်းမတွဘဲ သွား၍ လှလှပပ ထုတ်ပိုးထားသော အထုတ်ကိုယူလာသည်။ “ရော့သား၊ သားအတွက် အထူးစပါယ်ရှယ်လက်ဆောင်”။ မိဘနှစ်ပါးကသော်လည်းကောင်း၊ အစ်ကိုဟန်စ်ကသော်လည်းကောင်း၊ ညီမလေး အက်စတာကသော်လည်းကောင်း အထုတ်ထဲတွင် ဘာရှိမှန်းမသိကြပါ။ ကျွန်တော့်ကို ဝိုင်းကြည့်နေကြသည်။ ကျွန်တော့်လက်ဆောင်အသစ်ကို ဖွင့်ဖောက်လိုက်သည်။ အဖုံးစက္ကူကို ဆွဲဖြဲလိုက်သည့်အခါ ဝမ်းသာလွန်း၍ ထခုန်မိပါသည်။ ၎င်းမှာ ကျွန်တော် အလွန်တောင့်တနေသော အဝါရောင်စာပို့ ကားအရုပ် ဖြစ်နေပါသည်။

နောင်တွင် မိဘများသည် ဤလက်ဆောင်ကို ပေးသော အမျိုးသမီးအားမည်သည့်အတွက် ဤလက်ဆောင်ကို ရွေးချယ်ခဲ့သနည်းဟု မေးမြန်းရာ သူမကကစားစရာ အရုပ်များ ရောင်းတဲ့ဆိုင်ရောက်တော့ အခြားလက်ဆောင်တစ်ခုကို ရွေးပြီးနေပြီ။အဲဒီအချိန်မှာပဲ ဘုရားသခင်က ကျွန်မကို သတိပေးနေတယ်။ “ရုဒီအတွက် ဒီအဝါရောင်စာပို့ကားအရုပ်ကို ဝယ်ပေးပါဟု ပြောသလို ကျွန်မစိတ်ထဲမှာ ခံစားနေရပါတယ်”ဟုပြောပြသည်။ ဘုရားသခင်သည် သာမန်လူငယ်တစ်ဦး၏ ယုံကြည်ခြင်းကိုပင် ချီးမြောက်တော်မူသည်မဟုတ်ပါလား။ ၎င်းအချိန်မှစ၍ ကျွန်တော်သည် ဘယ်သောအခါမှ ယုံမှားသံသယစိတ် မရှိတော့ပါ။ ကျွန်တော့်အတွက် အရေးကြီးသော ကိစ္စအားလုံးကိုဘုရားသခင်သည် အမြဲတမ်းဂရုစိုက်ကြောင်းကို ကျွန်တော် သဘောပေါက်ခဲ့ပါသည်။

သို့သော် ကျွန်တော်သည် သူတော်စင်မဟုတ်ပါ။ ဒေါသကြီးတတ်ပါသည်။

စိတ်ဆန္ဒအတိုင်း ဖြစ်မလာလျှင် မြည်တွန်တောက်တီး ပြုလုပ်တတ်ပါသည်။ တံခါးများ

ကိုထု၍ အော်ဟစ်ပေါက်ကွဲတတ်သည်။ အသက်အရွယ်နှင့်မလိုက်အောင် ကျွန်တော့်

ကိုယ်ခန္ဓာ သေးသေးကွေးကွေးဖြစ်၍ အစ်ကိုဟန်စ်မှာမူ သာမာန်ထက် ပိုသွားသည်။

သို့သော်ငြားလည်း သူ့ကို မမှုပါ အသေးအဖွဲ့ငြင်းခုံကြရာမှ အသက်ပုံစံမျိုးဖြင့်နပန်းလုံးလေ့ ရှိကြသည်။ စိတ်ကောက်တတ်သည့် အတွက် ဖခင်၏ပြင်းထန်သောလက်ဝါးဒဏ်ကို ကြိမ်ဖန်များစွာ ခံခဲ့ရပါသည်။ တစ်အောင့်လောက်သာ စိတ်မကောင်းဖြစ်၍ ခေတ္တခဏ ပြုပြင်နိုင်ခဲ့သော်လည်း တစ်စုံတစ်ယောက်က ကျွန်တော့်ကို ဆန့်ကျင်လျှင်သော်လည်းကောင်း၊ ကျွန်တော့်စိတ်ကြိုက် ဖြစ်မလာလျှင်သော်လည်းကောင်းကျွန်တော်၏ဒေါသမီးမှာ ပေါက်ကွဲတတ်ပါသည်။

ကျွန်တော် အသက် (၁၂)နှစ်အရွယ်၊ နေ့တစ်နေ့၌ အစ်ကိုနှင့်အတူ မြေအောက်အိမ်ခန်းထဲတွင် တွန်းလှည်းတစ်စီးကို ပြုလုပ်နေကြသည်။ မြေအောက်အိမ်ခန်း၏နံရံမှာလေးထောင့်ပုံကျောက်တုံးများကို စီထားခြင်းဖြစ်ပြီး အဖြူရောင်ဆေးသုတ်ထားသည်။ကြမ်းပြင်မှာ မြေကြီးဖြစ်သည်။ ဖခင်၏အလုပ်ရုံအခန်းနှင့် ဥယျာဉ်သုံး ကိရိယာများကိုထည့်ထားသောအခန်းဖြစ်သည်။ လက်တွန်းလှည်းကို တစ်ဝက်ခန့်အပြီးတွင် အစ်ကိုနှင့်ငြင်းခုံမှုတစ်ခုပြုကြရာ၊ ဟန်စ်သည် အစ်ကိုတစ်ယောက်၏လုပ်ပိုင်ခွင့်ကို အသုံးချ၍ ကျွန်တော့်ကို ဘေးသို့ တွန်းချလေသည်။ ဤအပြုအမူသည် ကျွန်တော်၏စိတ်ကို

မခြင်ဆင်နိုင်အောင် ရိုင်စိုင်းစေလေသည်။ သူ့လက်ထဲမှ တန်ဆာပလာကို လုယူရန်

ကြိုးစားသည်။

“ငါ့ကိုပေးစမ်း” ဟု တောင်းဆိုသည်။ ဟန်စ်က နောက်ပြောင်၍ ကျွန်တော်မမှီနိုင်အောင် ထိုတန်ဆာပလာကို ခေါင်းအထက်မှ မြောက်ထားသည်။ ဤအပြုအမူသည် ကျွန်တော်အား ပေါက်ကွဲတော့မည့် မီးတောင်ကဲ့သို့ ဖြစ်စေသည်။ လက်လှမ်းမှီရာမှ ကိရိယာတစ်ခုကို ကောက်ကိုင်ရာ၊ အဝါရောင်လက်ကိုင် ပန်းပင်ညှပ်ကတ်ကြေးဖြစ်နေသည်။ လက်ထဲရှိ တန်ဆာပလာကို မပေးလျှင် သတ်ပစ်မည်ဟု ကျွန်တော် ဟိန်းဟောက်ရင်း သူ့အနားသို့ ချည်းကပ်သည်။ ကိုယ်ကာယအားဖြင့် သူနှင့်မယှဉ်သာသော်လည်း အစ်ကိုသည် ကျွန်တော့်မျက်နှာ အမူအရာကို ကြည့်ခြင်းအားဖြင့် သာမာန်ခြိမ်းခြောက်မှုမဟုတ်ကြောင်း သဘောပေါက်ဟန်ရှိသည်။ အမှန်ထိုးမိမည်ကို သူသိသည်။ သူ့ရင်ဘတ်မှ လက်မအနည်းငယ်မျှသာ ကွာသော ဥယျာဉ်သုံးကတ်ကြေးထိပ်ကိုမျက်လုံးပြုံးဖြင့် ကြည့်နေရင်း အမြန်နောက်ဆုတ်ရန် ဟန်ပြင်နေသည်။

မီးဖိုချောင်မှ အိမ်အောက်ခန်းသို့ ဆင်းရန် ခင်းထားသော သစ်သားလှေကားအတိုင်း ဆင်းလာသော မိခင်၏ခြေသံကို တစ်ဒေါက်ဒေါက်ကြားလိုက်ပါသည်။ မီးဖိုချောင်ထဲတွင် ညနေစာပြင်ဆင်နေသော အချိန်နှင့် တိုးနေသည်။ လက်တစ်ဘက်မှခါးစည်းအဝတ်ကို သုတ်လျက်၊ ကျန်တစ်ဘက်ဖြင့် ကျနေသောဆံပင်များကို ထုံးရင်းအိမ်အောက်ခန်းထဲသို့ ဘွားကန်ပေါ်လာသည်။ ဥယျာဉ်သုံးကတ်ကြေးဖြင့် အစ်ကိုကိုထိုးတော့မည်ပုံကို မိခင်မြင်သောအခါ ရှေ့ဆက်မတိုးတော့ဘဲ ရောက်သည့်နေရာတွင်ရပ်လိုက်သည်။ ဟန်စ်ကဲ့သို့ပင်  မိခင်သည်လည်း ကျွန်တော်တကယ်ထိုးမိမည်ကို သိရှိသွားသည်။ သူတို့နှစ်ယောက်စလုံး အိမ်အောက်ခန်းထဲမှ လျင်မြန်စွာ နောက်ဆုတ်သွားကြကာ တံခါးကို ပိတ်လိုက်ကြလေသည်။ သော့ခလောက်ကိုလည်း ခတ်ထားကြသည်။

ကတ်ကြေးကို အောက်ချ၍ တံခါးကိုကလော်ထုတ်ရန် ကြိုးစားသည်။ ကြိုးစား

သော်လည်းမရပါ။ သေချာစွာ ပိတ်ထားသည် ။ ခြေထောက်ဖြင့် ကန်၍အသံကုန် အော်

ဟစ်သည်။ ထွက်ပေါက်မရှိ။ မိမိကိုယ်ကို အချုပ်သားဖြစ်အောင် ပြုလုပ်မှန်းပေါက်ကာ အေးစက်သော မြေကြီးကြမ်းပြင်ပေါ်တွင် ထိုင်ချ၍ ငိုပွဲဆင်လေတော့သည်။တဖြည်းဖြည်းနှင့် ဒေါသပြေလာကာ အော်ကြီးဟစ်ကျယ် ငိုကြွေးရာမှ သနားစရာအသံသို့ ရောက်လာသည်။ ပိတ်ထားသော အိမ်အောက်ခန်း တံခါး၏အပြင်ဘက်မှ အမေသည်စိတ်ပူပန်သော အသံဖြင့် “ရုဒီ စိတ်ပြန်ကောင်းလာပြီလား” ဟုမေးသည်။ “မကောင်းဘူး”ဟု ဖွဲ့ဆိုးဆိုးပြသည်။ ဤကဲ့သို့ ဘေးကျပ်နံကျပ်ဖြစ်သည့်ကြားမှာပင် မည်ကဲ့သို့ စိတ်

ကောင်းနိုင်မလဲဗျ။ ဒေါသစိတ်၊ ဝမ်းနည်းစိတ်၊ နောင်တရသောစိတ်တို့သည် ကျွန်တော့်ကို လွှမ်းမိုးနေသည်။ မှားမှန်းသိသည်။ မည်သည့်အတွက်ကြောင့် မိမိစိတ်ကို မထိန်းနိုင်ရသနည်း။ အစ်ကိုကို ချစ်ပါသည်။ သူ့ကိုတော့ တစ်ကယ် သတ်ချင်သည်မဟုတ်ပါ။“မှားပါတယ်” ဟု ဝန်ခံချင်သည်။ သို့ သော် မတတ်နိုင်ပါ။

“ညီလေး၊ ကျီစယ်မိတာ ဝမ်းနည်းပါတယ်။ ခွင့်လွှတ်မည်လား” ဟု အစ်ကိုကပိတ်ထားသော တံခါးအပြင် ဘက်မှနေ၍ နောင်တရသောအသံဖြင့် တောင်းပန်သည်။

“ဟုတ်ကဲ့၊ ခွင့်လွှတ်ပါတယ်၊” အစ်ကိုကြီးအဖြစ်ကို သဘောကျလေးစားပါတယ်” ဟု ပြောဆိုရန် စိတ်ကူးသော်လည်း တစ်ကယ်တွင် “ခွင့်မလွတ်နိုင်ဘူး၊ ထွက်သွားပါ”ဟု ငယ်သံပါအောင် ပြန်အော်ပြော လိုက်မိပါသည်။

ဤအချိန်တွင် ကျွန်တော့်ဖခင်သည် အမေ၊ အစ်ကိုတို့နှင့် ပူးပေါင်းနေပြီ။မိသားစုအားလုံး တံခါးအပြင်ဘက်မှ ချော့မော့တောင်းပန်နေကြသည်။ ကျွန်တော် ရေငုနှုတ်ပိတ်နေသည်။ ဖခင့်အလုပ်ရုံ၏သစ်သားခုံရှိသော အခန်းထောင့်ဘက်သို့ သွားကာသစ်သားတုံးကလေးများ ခင်းထားသော ကြမ်းပြင်ပေါ်တွင် စိတ်ကောက်၍ နွဲ့ဆိုးဆိုးပြသည်။ ယခုအချိန်ဆိုလျှင် နာရီဝက်ခန့်ကြာနေပြီ၊ ဘုရားသခင်သည် ကျွန်တော့် အပြုအမူကို မနှစ်သက်မှန်းသိရှိနေပါသည်။ မှန်ကန်လျောက်ပတ်သော အမှုအရာကို လုပ်ချင်နေသည်မှာ အမှန်ဖြစ်သည်။ မာန်မာနနှင့် ကိုယ်ကျိုးဆန်သည့် စိတ်ကို စွန့်လွှတ်ဖို့ရန်လိုအပ်ကြောင်းကို ဖခင်၏တရားဒေသနာ ဟောကြားချက်များတွင် လုံလုံလောက်လောက်ကြားနာခဲ့ပြီးဖြစ်သည်။ ယေရှုအား မိမိအသက်တာကို အပြည့်အဝ အပ်နှံခဲ့လျှင် အမူအရာများ ပြောင်းလဲလာမည်ဟု ကျွန်တော်သိရှိပါသည်။ သို့သော်ငြားလည်း ထိုသို့ပြုလုပ်ရန်အခက်အခဲကြုံတွေ့ နေသည်။ တစ်ဖက်တွင် မိမိစိတ်သဘောဖြင့် ရပ်တည်ချင် သည် ။မည်သည့်အကြောင်းကြောင့် ဤမျှခေါင်းမာနေရသလဲဟု မိမိကိုယ်ကို စစ်ဆေးမိပါသည်။

လူငယ်ဘဝတစ်လျောက်လုံး ကျွန်တော်သည် ခေါင်းမာမှု၊ စိတ်တိုမှု၊ ပေါက်ကွဲ

တတ်မှုများဖြင့် နပန်းလုံးနေခဲ့သည်။ ယခု ကျွန်တော်၏ အချုပ်ခန်းဖြစ်သော အိမ်အောက်

ခန်းတွင် ထိုအရာများကို ထု ခွဲဖို့ အချိန်တန်ပြီဟု ကျွန်တော် သဘောပေါက်လာသည်။

အခွံများ အလွှာလိုက် ခွာချရန်လိုအပ်သည်။ လက်မြောက်ရန် ပြင်ဆင်နေသည့် အချိန်

မိမိအသက်တာကို ဘုရားသခင်အားအပြည့် အဝထိန်းချုပ်စေရမည်(သို့) မိမိသဘော

အတိုင်း ဆက်လုပ်၍ အနာဂတ်တွင် ကြုံတွေ့လာမည့် ဆိုးဝါးသောအကျိုးဆက်များကို

ရင်ဆိုင်မည်လား။ နောက်တစ်ဖန် အစ်ကိုကို မခြိမ်းခြောက်သင့်။ မိမိ၏ဒေါသကို မထိန်း

နိုင်ဘဲ အစ်ကိုအား အမှန်တကယ် သတ်မိခဲ့လျှင် ဆိုသည့် အတွေးများ ဝင်လာကာ

တုန်လှုပ်မိပါသည်။

ကျွန်တော့်အသက်တာကို ဘုရားရှင်ထံအပ်နှံရန် ဆုံးဖြတ်လိုက်ပြီ။ “အဖေ၊

ကျွန်တော့်အမှားကို ဝန်ခံရန်အသင့်ဖြစ်ပါပြီ” ဟု အိမ်အောက်ခန်းတံခါးအတွင်းမှ

အော်ပြောလိုက်ပါသည်။ မိဘများ၏သက်ပြင်းချသံကိုကြားရပါသည်။ ကျွန်တော်ကို

စောင့်ကြည့်နေစဉ်တွင် မိဘများ တိုးတိုးတိတ်တိတ် ဆုတောင်းနေမည်မှာ သေချာပါ

သည်။ တံခါးကို ဖွင့်ပေးကြသည်။ မိဘများနှင့် မျက်လုံးချင်းမဆုံရဲပါ။ ခေါင်းကိုငုံ့လျက်

ဖခင်၏ စာကြည့်ခန်းထဲသို့ ငြိမ်သက်စွာ လိုက်သွားသည်။ ထိုနေရာတွင် အဖေ၏

သစ်သား ကုလားထိုင်ဘေးတွင် ဒူးထောက်၍ “သခင်ဘုရား ကျွန်တော်၏မကောင်းသော

အမျက်ဒေါသအတွက် ခွင့်လွှတ်တော်မူပါ။” “ကိုယ်တော် ကြွလာ၍ ကျွန်တော့်အသက်

တာကို အုပ်စိုးတော်မူပါ”ဟု ဆုတောင်းခဲ့ပါသည်။ လွယ်ကူရှင်းလင်းသော တောင်းဆို

ချက်ဖြစ်သော်ငြားလည်း စိတ်နှလုံးသားထဲမှ တောင်းလျှောက်ခြင်းဖြစ်သည်။ ငြိမ်သက်မှု

တစ်ခု ကျွန်တော့်အပေါ်သို့ ကျရောက်လာသည်။ တစ်ချိန်တည်းမှာပင် ကျွန်တော်၏

စိတ်နှလုံးထဲသို့ နက်နဲသော ယုံကြည်စိတ်ချမှုတစ်ရပ် တိုးဝင်လာသည်။ ကျွန်တော်၏

အနာဂတ် ဘယ်လိုဖြစ်လာမည်ကို တပ်အပ်သိရှိပါပြီ။ ချာတိတ်ကလေးအနေဖြင့်

ထုံးဖွဲ့ထားသော အိပ်မက်များသည် စိတ်ကူးယဉ် မဟုတ်တော့ပါ။ ဘုရားသခင်သည်

ကျွန်တော့်ကို သာသနာပြုဆရာတစ်ပါးအဖြစ် အလိုရှိတော်မူသည်မှာ သေချာနေပါပြီ။

ဤစိတ်စွဲလန်းခြင်း၌ ကျွန်တော်၏ယုံကြည်စိတ်ချခြင်းသည် လူပျိုဘဝ ရောက်

သည့်တိုင်အောင် မတုန်မလှုပ် ခိုင်မြဲလျက်ရှိလေသည်။ ကျွန်တော်၏ ပြင်းထန်သော

ဆက်ကပ်မှုကို အပေါင်းအဖော်များက တလွဲတချော် နားလည်ကြသည်။ အလိုမလိုက်

တတ်သော ကျွန်တော်၏ ရပ်တည်ချက်ကြောင့် မိတ်ဆွေများကို ဆုံးရှုံးခဲ့ ရပါသည်။

သို့သော် ကျွန်တော် ဂရုမစိုက်ပါ။ အသက်(၁၂)နှစ်အရွယ်တုန်းက ခရစ်တော်နှင့်

စကားစမြည် ပြောဆိုနေကြရာတွင်ကျွန်တော်၏ ဘဝလမ်းကြောင်း သတ်မှတ်ခဲ့ပြီးဖြစ်သည်။

မည်သည့်အမှုအရာမှလမ်းလွဲစေနိုင်မည်မဟုတ်တော့ပါဟု ကျွန်တော် သန္ဒိဋ္ဌာန် ချခဲ့ပြီ။

ကျွန်တော့်အသက်(၁၄)နှစ်တုန်းက အတန်းပိုင်ဆရာက အပတ်စဉ် တာဝန်တစ်ရပ်

ပေးလေသည်။ “လာမည့်အပတ် တနင်္လာနေ့ နံနက်တိုင်း၊ ခင်ဗျားတို့အားလုံး

အတန်းရှေ့မှာ မိနစ်(၂၀)စကားပြောရမည် ။ ပြောလိုသည့်ဘာသာရပ်ကို မိမိတို့ စိတ်ကြိုက်

ကို ရွေးချယ်နိုင်သည်။ စကားပြောရာတွင် အသံနေအသံထား ပြောပုံဆိုပုံ နှင့်အကြောင်း အရာများကို လေ့ကျင့်ဖို့ ဖြစ်တယ်။

အားလုံးက အလေးအနက် လက်ခံကြသည်။ တနင်္လာနေ့ နံနက်တိုင်း မိနစ်

(၂၀) အတွင်း၊ ကျောင်းသူကျောင်းသားတစ်ဦးချင်းသည် မိမိသဘောကျသောဘာသာရပ်၊

မော်တော်ကားနှင့် အားကစားမှအစ လူငယ်လူရွယ်များ ကြိုက်နှစ်သက်တတ်သည်။

ဘာသာရပ်အထိ အာဝဇ္ဇန်းရွှင်ရွှင်နှင့်ပြောရမည်။ ကျွန်တော်ပြောသင့်သည့် ခေါင်းစဉ်ကို

တွေးကြည့်သည်။ ကျွန်တော်စိတ်ဝင်စားနေသောဘာသာရပ်မှာ သာသနာပြုခြင်းဖြင့်

သည်။ လွန်ခဲ့သော နှစ်နှစ်တုန်းက ယေရှု၏နောက်တော်ကိုလိုက်ဖို့ ဆုံးဖြတ်ချက်ချက်

တည်းက ကျွန်တော်၏ယုံကြည်ခြင်းကို အတန်းတူအတန်းသားများအား ဝေငှခဲ့ပါသည်။

သို့သော် ကျောင်းသူကျောင်းသားအားလုံး၏ရှေ့တွင် တစ်ခါမျှ မပြောခဲ့ဘူးပါ။ ယခု

အခွင့် အလမ်းပေါ်လာပြီဟု ဆုံးဖြတ်လိုက်လေသည်။

အချိန်နာရီများစွာယူ၍ ပြင်ဆင်ခဲ့ပါသည်။ အဟောအပြောကို အထောက်

အကူပြုရန် အာဖရိကတိုက်အကြောင်း မှတ်တမ်းရောင်စုံရုပ်ရှင်တစ်ခုကို ကြည့်ရှုခဲ့ပါ

သည်။ မှန်ကန်သင့်လျော်သော စကားလုံးများကို အသုံးပြုတတ်ရန်လည်း ဘုရားသခ

အား အနူးအညွတ်ဆုတောင်းခဲ့ပါသည်။ သို့တိုင်အောင် ကျွန်တော့်အလှည့်ရောက်လာ

စကားပြောဖို့ မတ်တတ်ရပ်သောအခါ ကျွန်တော့်ဒူးများ ရိုက်ခတ်လောက်အောင် တုန်

လေတော့သည်။ လူငယ်လူရွယ် (၁၅)ယောက်တို့၏မျက်လုံးအစုံသည် ပိန်ညောင်ညောင်

(၁၄)နှစ်အရွယ်ပေါ်သို့ ကျရောက်လာကြသည်။ အတန်းထဲက အပြစ်ရှာလိုသောသူများ

သူတစ်ပါး ကျီစယ်စေရန် မကြားတကြား တစ်ခစ်ခစ်ရယ်၍ နောက်ပြောင်တတ်သောသူ

အနည်းငယ်ရှိလေသည်။ ထိုသူတို့၏သဘောထားကို ကျွန်တော် အတိအကျ ဖော်ထုတ်

နိုင်ပါသည်။ (၁၅)ယောက်ထဲမှ (၁၀)ယောက်က ရုဒီလက်ခ်က ဘာအကြောင်း ပြောမယ်

ထင်သလဲ၊ ဘာသာရေးပဲဖြစ်မှာပေါ့ဟု ထင်ကြေးပေးကြသည်။ အချိန်တန်တော့မှ

ခြေစုံပစ်ဝင်ကြဖို့သာ ကျန်တော့သည်။

“ဘုရားသခင်ဟာ ဒီလောကကို ပြောင်းလဲစေဖို့ ကျွန်တော်တို့ကို အသုံးပြုချင်

တယ်”ဟု စိန်ခေါ်လိုက်သည်။ “သို့သော် လောကကို ပြောင်းလဲနိုင်ဖို့ ကိုယ်တော်ရှင်အား

ကိုယ်တိုင်ကိုယ်ကျ အပ်နှံမှုတစ်ရပ်ကို တော့ ရှေးဦးစွာ ပြုကြရလိမ့်မည် ။ အပ်ကျသံ

ကြားလောက်အောင် တိတ်ဆိတ်သည်။ ကျွန်တော်၏ရဲဝံ့သောစကားကြောင့် အတန်းသူ

အတန်းသားများကို အလဲထိုးမိလေသည်။ ကျွန်တော်၏ အပြစ်ကို ကြိမ်ဖန်များစွာ

ရှာတတ်သော သူငယ်ချင်းအပေါင်းအသင်းများပင်လျှင် ပြောစရာဆိုစရာမရှိ၊ ပါးစပ်

အဟောင်းသားဖြင့် ထိုင်နားထောင်နေကြသည်။ ဤကဲ့သို့ ဘာသာရေးအကြောင်း

ပြတ်ပြတ်သားသား ဟောပြောခြင်းမရှိခဲ့ဘူးပါ။

မကောင်းဆိုးဝါး တုံ့ပြန်မှုကိုတော့ နောက်ရက်အနည်းငယ်တွင် ကြားရပါတော့

သည်။ မကြားမနာအပ်သော ထင်မြင်ချက်များဖြင့် ဝိုင်းပြောခြင်းတို့သည် စစ်သင်္ဘောမှ

ပစ်ခတ်သော ဒုံးကျည် ထိမှန်ချက် တိကျသကဲ့သို့ ပစ်ခတ်ကြသော စက္ကူမှားများကို

မနည်းရှောင်နေရသည်။ ခရစ်တော်အတွက် ပထမဆုံး ဒုက္ခခံခြင်းဖြစ်သည်။ သို့သော်

ကျွန်တော်၏ယုံကြည်ခြင်းကို လျော့နည်းစေသည်ထက် ဤအတိုက်အခံလုပ်ရပ်က

ဘုရားသခင်၏ ရွေးကောက်ခေါ်တော်မူခြင်းကို လိုက်နာရန် အမှုတော်ဆောင်ရန်

ကျွန်တော့်ကိုပို၍ စိတ်အားထက်သန်စေသည်။

ဤသို့ဆိုသည့်တိုင်အောင် ဘုရားသခင် တစ်ဆူတည်းကိုသာ ကျွန်တော့်

အသက်တာ၌ နှစ်သက်သည်မဟုတ်ပါ။ ဓာတုဗေဒဘာသာရပ်ကိုလည်း အထူးနှစ်သက်

စွဲလမ်းသည်။ အားကစားတွင် ထူးချွန်သည့်အတွက် ပြင်သစ်စာအက္ခရာသင်္ချာစသည်

တို့နှင့် လုံးပမ်းနေသည်။ ပထဝီ၊ကမ္ဘာ့သမိုင်းနှင့် အထွေထွေသိပ္ပံတို့ကိုလည်း အတော်ပင်

သဘောကျမိပါသည်။ သို့သော်လည်း ကျွန်တော် ထူးချွန်သောဘာသာရပ်မှာ ဓာတုဗေဒ

ဖြစ်သည်။ ဓာတုဗေဒသင်ခန်းစာများကို အလွန်နှစ်သက် သဘောကျလွန်းသည့်အတွက်

သတ္တုများကိုရောစပ်ခြင်း၊ ဗူးထဲသို့ ထည့်ပြီးမီးရှို့ခြင်းစသော လက်တွေ့ စမ်းသပ်ခြင်းဖြင့်

အားလပ်သောအချိန်ကို ကုန်ဆုံးစေခဲ့ပါသည်။ ကျွန်တော်တို့၏ဥယျာဉ်ရှေ့ကို စမ်းသပ်

ကွင်းအဖြစ် အသုံးပြုကာ အိမ်နီးနားချင်းတို့၏ဥယျာဉ်များကို ဖြတ်ကျော်၍ တစ်ဘက်

လယ်ကွင်းထဲသို့ မီးပုန်းပျံများကို ပစ်လွှတ်လေ့ရှိနေပါသည်။

ဓာတုဗေဒဘာသာကို သဘောကျသည့်တိုင်အောင် အသက်မွေးဝမ်းကျောင်း

အတွက် လေးလေးနက်နက် သဘောမထားခဲ့ပါ။ အသက်တာအတွက် တစ်လမ်းကိုသာ

ချမှတ်ခဲ့ပါသည်။ သာသနာနယ်ကိုသာ ဦးတည်ခဲ့ပြီးဖြစ်သည်။ ကျွန်တော့် အသက်(၁၆)

နှစ် နီးပါး အခြေခံပညာကျောင်းပြီးခါနီးတွင် ဖခင်သည် သူ့စာကြည့်ခန်းထဲသို့ ကျွန်

တော့်ကို ခေါ်လေသည်။ ခရစ်တော်အားအပ်နှံရန် လေးနှစ်ခန့် တုန်းက ကျွန်တော် ဒူး

ထောက်ခဲ့သော သစ်ကုလားထိုင်ပေါ်မှာပင် ထိုင်၍ စာအုပ်စင်များပေါ်က စနစ်တကျ အစီအရီထားသော ဖခင်၏ဘာသာရေးစာအုပ်များကိုလိုက်ကြည့်မိသည်။ တစ်နေ့ကျသောအခါ ကျွန်တော်လည်း ထိုစာအုပ်မျိုးကို လေ့လာ၍ ဘုရားသခင်၏ဗျာဒိတ်တော်များနှင့် ကိုယ်တော်၏ပညတ်တော်များကို သူတစ်ပါးအား ရှင်းပြနေလိမ့်မည်ဟု တွေးတောနေပါသည်။

“ရုဒီ၊ သားကို အဖေပြောပြချင်တဲ့ အကြောင်းအရာတစ်ခုရှိတယ်”။

ဖခင်လေးနက်သောအသံသည် ကျွန်တော့်အတွေးကို ဖြတ်တောက်ကာ သူ့ကို အာရုံစိုက်

သည်။ စာရေးခုံရှည်ကြီး၏ နောက်တွင်ထိုင်၍ ဖခင်သည် ကျွန်တော့်ကို ကရုဏာမျက်

အစုံဖြင့် ကြည့်နေသည်။ ယခုတစ်လော ဝမ်းဗိုက်သား ဆူ ထွက်လာသော်လည်း

ဖခင်သည်ငယ်ငယ်တုန်းကကျွန်ုပ်လို သေးသေးကွေးကွေးနှင့်မာကျောကြံခိုင်သောသူဖြစ်သည်။ သက်တမ်းတစ်ဝက် ရောက်ခါနီးအချိန်က ထူထပ်သောဆံပင်သည် ယခုအခါ

ပါးလွှာစပြုနေသည်။ ဖခင်ကို အမြဲရိုသေလေးစားသည့်သကာလ ယခုလည်း သူ့စကား

ကို စိတ်အားထက်သန်စွာ နားထောင်နေပါသည်။ “သားရဲ့ အနာဂတ်အကြောင်းကို

ဆွေးနွေးဖို့လိုပါပြီ”၊ ခုံပေါ်ကို အမှီသဟဲပြု၍ ကျွန်တော့်မျက်လုံးအစုံကို စိုက်ကြည့်

သည်။

“ဟုတ်ကဲ့ပါ”ဟု ရိုးရိုးကလေးပင် ပြန်တုံ့ပြန်သည်။ခရစ်ယာန်တစ်ဦးအဖြစ် ကျွန်တော်လျှောက်လှမ်းခဲ့ရာတွင် ဖခင်သည် အကြံကောင်း ဉာဏ်ကောင်းပေးသော လက်ဦးဆရာကြီးဖြစ်ပါ သည်။ ကျွန်တော့်ကို လည်းကြောင်းမှန်အောင် ထိန်းသိမ်းစောင့်ရှောက်၍ လိုက်လျှောက်ရန် အမြင့်ဆုံးအဆင့်ကိုသတ်မှတ်ပေးသည်။ သာသနာပြုဆရာတစ်ပါးဖြစ်ဖို့ ကျွန်တော်ကြာရှည်စွာ အောင့်ထားခဲ့သော ရည်မှန်းချက်ကို ထောက်ခံတော့မည်ဟု ကျွန်တော်စိတ်ချယုံကြည်သည်။ဖခင်ပြောသော စကားက ကျွန်တော့် စိတ်ကူးယဉ်လမ်းကြောင်းကို လုံးဝလမ်းလွဲစေသည်။ “သားက ဓာတုဗေဒကို သဘောကျတယ်နော်။အသက်မွေးဝမ်းကျောင်းအတွက်

ဆက်လက် လေ့လာဖို့ အကြံပြုပါတယ်။ ပလပ်စ်စတော်ဖာစက်ရုံမှာ အလုပ်သင်ဓာတ်ခွဲ

ပညာသည် ဖြစ်နိုင်မယ်လို့ ယုံကြည်တယ်”၊ ဤကုမ္ပဏီသည် ကျွန်တော်တို့အိမ်

(၅)မိနစ်ခန့် လျှောက်သွားလျှင် ရောက်နိုင်သော သုတေသနပြုသည့်ကုမ္ပဏီတစ်ခုဖြစ်

သည်။ ဘာပြန်ပြောရမှန်းမသိဘဲ အဖေ့ကို ငိုင်၍ ကျွန်တော်ကြည့်နေသည်။

ဒါပေမဲ့၊ သား သာသနာပြုဆရာဖြစ်ချင်နေတာ၊ ဖေဖေသိသားပဲဟု ကန့်ကွက်စ

ပြုခဲ့ပါသည်။ အဖေသည် လျှာမရှည်တော့ဘဲ တိုတိုတုတ်တုတ် ပြန်ပြောသည်။ သူ့ငြင်း

ချက်သည် ယုတ္တိရှိပါသည်။ စစ်ပွဲကြီးတစ်ပွဲဖြတ်သန်းခဲ့ပြီးဖြစ်ပြီး မိသားစု စားဝတ်နေ

ရေးအတွက် လုံးပန်းခဲ့သည့် ကာလ သူ့သားကို ငွေရေးကြေးရေး ဖူလှုံစေချင်သည်။

အစ်ကိုဟန်စ်သည် စာရင်းကိုင်သင်တန်းတစ်ခုတွင် ဟန်ကျနေပြီးဖြစ်သည်။ ထိုခေတ်

ထိုကာလတွင် လူငယ်တစ်ယောက်သည် အချိန်ပြည့် သာသနာပြုလုပ်ငန်းတွင် တိုက်ရိုက်

ခြေစုံပစ်ဝင်ရန်မှာ စဉ်းစား၍ပင် မရနိုင်သောက်ဖြစ်ပါသည်။ ဆက်လက်၍ ဖခင်၏

အကြံပြုချက်မှာ “ပထမဆုံး အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို ပိုင်အောင်လုပ်

ပါ။ ပြီးတော့မှ ကျမ်းစာသင်တန်းဆက်တက်ပါ။”စိတ်မကောင်း ဖြစ်သော်လည်း ဖခင်၏

အကြံပြုချက်သည် မွန်မြတ်သော ဆီလျှော်မှုဖြစ်မှန်းကို အသိအမှတ်ပြုခဲ့ပါသည် ။

အင်တင်တင်နှင့် သဘောတူလိုက်ပါသည်။

၎င်းနှစ်ကုန်တွင် အထက်တန်းကျောင်းပညာပြီးဆုံးကာ ပလပ်စ်စတော်ဖာ

ကုမ္ပဏီတွင် အလုပ်သင် ဓာတ်ခွဲပညာရှင်အဖြစ် သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါသည်။ ဤသုံး

နှစ်ကာလဆိုသည်မှာ အရေးပါသော ဘဝဇာတ်စင်ပေါ်ကသည့်ကာလဟု ဆိုနိုင်ပါသည်။

အကျင့်စာရိတ္တကောင်းမွန်ရန် လေ့ကျင့်သောကာလနှင့် လာမည့်ရှေ့နှစ်များတွင် တန်ဘိုး

ကို မဖြတ်နိုင်သော ဖြောင့်မတ်သည့်လမ်းစဉ်ကို ချမှတ်ရန် အချိန်ကာလဖြစ်ခဲ့လေသည်။

ဗီဇအားဖြင့် ကျွန်တော်သည် အစစအရာရာတွင် အသေးစိတ် စိတ်မပူတတ်ဘဲ

ဗလုံးဗလဲနေတတ်သူတစ်ဦးဖြစ်ပါသည်။ အလုပ်တစ်ခုကို ပြီးမြောက်သည့်အထိ လုပ်လေ့

လုပ်ထမရှိဘဲ အူယားဖားယားနှင့် နောက်တစ်ခုကို လုပ်လေ့လုပ်ထရှိပါသည်။ ဓာတ်ခွဲ

ခန်းတွင် ပညာရှင်တစ်ဦးအနေဖြင့် အန္တရာယ်ဖြစ်နိုင်သော သတ္တုများနှင့်အလုပ်လုပ်နေ

သည်ဖြစ်၍ တိကျပြတ်သားမှု၏အရေးပါပုံကို တတ်မြောက်လာခဲ့သည်။ ဓာတုဗေဒ

လောကတွင် ဖြစ်ကတတ်ဆန်း လုပ်တတ်သည့် အကျင့်မျိုးကို လက်မခံနိုင်ပါ။ အငွေ့ပြန်

တတ်သော အရာဝတ္ထုများကို ကိုင်တွယ်နေရသည်ဖြစ်၍ တလွဲတချော် အသုံးပြုမိလျှင်

အသက်ကိုပင် ဆုံးရှုံးစေနိုင်သည်။ အနည်းငယ် လွဲချော်ရုံဖြင့် ကိစ္စအားလုံး ဆုံးခန်းတိုင်

အောင် ရှုပ်ထွေးနိုင်သည်။ ကျွန်တော်သည် ဤသင်ခန်းစာကို အလူးအလဲ လေ့ကျင့်

သင်ယူပြီးမှ တတ်မြောက်လာခဲ့သည်။

အလုပ်သင်ကာလ ပထမနှစ်တွင် စိတ်ငြိမ်ဆေးဖော်နည်းအလုပ် အပ်နှံခြင်းကို

ကျွန်တော်လက်ခံလေသည်။ ဤဆေးကိုဖော်ရန် လုပ်ငန်းအဆင့်ဆင့်သည် ရက်ပေါင်း

များစွာ အပူအအေးဓာတ်ပေးရန်၊ ချိန်တွယ်ရန်နှင့် အခြားသတ္တုရောစပ်ရန် လိုအပ်လေ

သည်။ ဤစိတ်ငြိမ်သက်ဆေးကို ဖော်ရာတွင် အလွန်အဆိပ်ပြင်းသော Phosgenဟုခေါ်

သည့် ဓာတ်ငွေ့တစ်ခု ယိုထွက်လာသည်။

ဤအဆိပ်ပြင်းသော ဓာတ်ငွေ့ကို ထည့်ထားသည့် အဖြူရောင်ဆေးသုတ်ထား

သည့် သံမဏိစည် ဘေးတွင် အမည်းရောင် လူဦးခေါင်းခွံပုံရှိလေရာ စက်ရုံထဲတွင်

ရှိသမျှ အရာခပ်သိမ်းသည် အနန္တရာယ်အရှိဆုံး ပစ္စည်းသင်္ကေတဖြစ်သည်။

၎င်းဓာတ်ငွေ့အနည်းငယ်လေထုထဲသို့ရောက်သွားရုံဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို အန္တရာယ်ပြုနိုင်သည်။

အမိုးနီးယားဓာတ်ငွေ့ အရည် တစ်ပုလင်းသည် အသုံးမပြုသော မျက်နှာဖုံးဘေးစင်ပေါ်တွင်တင်ထားပါသည်။Phosger ဓာတ်ငွေ့ မတော်တဆယိုထွက်မိပါကဓာတ်ငွေ့ ရည် အနည်းငယ် ရှုသွင်းမိလျှင် ကျွန်တော်၏လုပ်ဖော်ကိုင်ဖက်များကဲ့သို့ အန္တရာယ်ရှိမှန်းသိလျက်နှင့် ဓာတ်ငွေ့ကြိုတင် ကာကွယ်ရေးမျှော်လင့်ချက်ဖြစ်သည်။ ဤမျှဖြစ်သည့်တိုင်အောင် ကျွန်တော်လည်း အခြား အုပ်ဖုံးကို ဝတ်ဆင်ရန် စိတ်မကူးခဲ့ပါ။ လုပ်ငန်းသည် လုံးဝဥသုံ အာရုံစိုက်ရန် လိုအပ်

သည်။ ထိုအဖြူရောင် သံမဏိစည်နှင့် ၎င်းနှင့်ဆက်စပ်သော ပြွန်များ၊ ဖန်ပုလင်းများကို

သော ဓာတ်ခွဲခန်း ပုံတူဝတ်စုံကို ဝတ်ဆင်လျက် ဂဏန်းလက်မကို ယူ၍ သံမည်အမှန်

ကျွန်တော် အလွန်ဂရုစိုက် ကိုင်တွယ်ခဲ့ပါသည်။

ထူးထူးခြားခြား နေ့တစ်နေ့တွင် ခါတိုင်းကဲ့သို့ စနစ်တကျ မီးပူတိုက်

ဖန်ပြွန်ကြီးထဲသို့ Phosgen ဓာတ်ငွေ့ကို မကူးစေရန် သတိကြီးစွာ သံစည်ဖုံးကို လှည့်

လိုက်ပါသည်။ ဓာတ်ငွေ့ကူးသွားသည် မကူးသွားသည်ကို မမြင်နိုင်သော်လည်း မျက်

တောင်မခပ်ဝံ့လောက်အောင် စိုက်ကြည့်နေပါသည်။ စက္ကန့်အနည်းငယ်အတွင်း

ဓာတ်ငွေ့ သည် ဆက်စပ်ထားသော ပြွန်ထိပ်ကသုံးရေထည့်ထားသော သုံးဒေါင့်ပုံ ဖန်

ပုလင်းကြီးထဲသို့ ရောက်သွားရမည်ဖြစ်သည်။ အရည်ထဲတွင် အမြုပ်ထွက်လာသည်

နှင့်တစ်ပြိုင်နက် ကျွန်တော့်တာဝန်မှာ တိုင်းတာရန်ဖြစ်သည်။

အရိပ်နိမိတ်အတိုင်း တိကျစွာ ပထမတစ်ခုပြီးလျှင် အမြုပ်စတင်၍ ပိုထွက်လာ

သည်။ အစစအရာရာ စနစ်တကျဖြစ်လာသည်။ တိုင်းထွာသောကိရိယာအမှတ်ကို

ကြည့်ရှုရန် ချဉ်းကပ်လိုက်သည် ။ ဖန်ပြွန်ကြီးထဲသို့ သွားရန် လိုအပ်သော ဓာတ်

ပမာဏ အတိအကျရောက်သွားပြီ။ ထိုအခါ ဓာတုဗေဒပညာရှင်တိုင်း ကြောက်ရွံ့ကြသည်။

ယိုထွက်လေပြီး၊ကောက်ရိုးပုတ်အနှံ့ ရုတ်တရက်ရှုမိပါသည်။ သေမင်းတမန် Phosgen ဓာတ်ငွေ့

ဟုတ်တာပေါ့ ဗျာ၊ ဖန်အချို့ကို လုံခြုံစေသောပြွန်တစ်ခုမှ ဓာတ်ငွေ့ ယိုထွက်လာခဲ့သည်။

ပင်ကိုယ်အသိစိတ်အတိုင်း၊ အမိုးနီးယားဓာတ်ငွေ့ပုလင်းကို

လှမ်းယူ၍ ဖန်လုံးအဆို့ ကို ဆွဲထုတ်ကာ ပုလင်းအပေါက်ကို နှာခေါင်းနှင့်ကပ်၍ ရှုရင်း၊

မျက်နှာဖုံးကိုစွပ်လိုက်သည်။

အသက်ချမ်းသာရရှိဖို့ လုနေရပြီ။ အသက်ကိုကယ်မည့် နမိုးနီးယား ဓာတ်ငွေ့

ဖြေဆေးသည် အလုပ်လုပ်နေပြီလား။ ကျွန်တော့် အဆုတ်ထဲတွင် ဖြစ်ပွားနေသော

ဟိုက်ဒရိုကလိုရိုက် ဆား ရည်၏ အာနိသင်ကို ဖြိုဖျက်နေပြီလား။ တစ်မိနစ်ခန့်ကြာသော

နှလုံးခုန်နှုန်းလျှော့လာသည်။ မူလအတိုင်း နှလုံးပုံမှန်ခုန်လာသဖြင့် စိတ်သက်သာ

၍ လက်ပြင်တစ်ချက် ချမိပါသည်။ နမိုးနီးယားဓာတ်ငွေ့ က သူ့အလုပ်ကို လုပ်ကိုင်ခဲ့လေပြီ။

ယခုအချိန်ထိဓာတ်ခွဲခန်းထဲတွင် မထိန်းမချုပ်ဘဲ Phosgen ဓာတ်ငွေ့

ယိုထွက်နေသည်ကို ဂလန်းလက်မဖြင့်ပိတ်ပြီးမှ ကျွန်တော်သည် ဓာတ်ခွဲခန်း ခွေးခြေ

အမြင့်ပေါ်တွင် ခွေ ထိုင်ချလိုက်ကာ၊ လက်ဖဝါးဖြင့် မျက်နှာကိုအုပ်၍

တဒင်္ဂအတွင်း အဖြစ်သနှစ်အစုံကို ပြန်လည်သုံးသပ်သည်။ သေမင်းတမန် လက်ထဲမှ

ကယ်တင်တော်မူခဲ့သော ဘုရားသခင်ကိုသာ ကျေးဇူးတင်နိုင်တော့သည်။ သို့သော်

သင်ခန်းစာ ကောင်းကောင်းရခဲ့ပါသည်။ ၎င်းအချိန်မှစ၍ ကျွန်တော့် ကိရိယာတန်ဆာ

ကို ကြောက်ရွံ့စိတ်ဖြင့် အကြိမ်ကြိမ် စစ်ဆေးခဲ့ပါသည်။ ပြီးတော့မှ

မည်သို့ပင်ရှုပ်ထွေးစေကာမူ၊ မည်မျှ စိတ်အနှောင့်အယှက် ဖြစ်စေကာမူ ဘေးအန္တရာယ်

ကို ကြိုတင်ကာကွယ်အနေဖြင့် မျက်နှာဖုံးကိုဖွပ်ပြီး အလုပ်လုပ်ဖို့ ကျွန်တော်

တတ်နိုင်သမျှ ကြိုးစားလေတော့သည်။

၂။ထိုလူနောက်ကိုလိုက်ပါ

 

ဓာတ်ခွဲခန်းပညာ အလုပ်သင်ဘ၀(၃)နှစ်အတွင်း အလုပ်တွင် စိတ်တက်ကြွစရာ အချိန်မြောက်မြားစွာ  ရှိခဲ့ပါသည်။ လုပ်ဆောင်ခဲ့သမျှ အစီရင်ခံစာ ရေးသား

ရန် လိုအပ်သည်။ အစီရင်ခံစာ ရေးသားပြုစုသော အလုပ်က ငြီးငွေ့ စရာကောင်းသည်။

သူများထံမှ ဆင့်ဆိုချက်များကို လက်ခံဖို့ လိုအပ်ရာ အလုပ်ကို ကျွန်တော်

ဘဝင်မကျပါ။ ဗီဇအားဖြင့် ကျွန်တော်သည် တစ်ကောင်ကြွက်ဖြစ်သည်။ ရုဒွပ်ဖ်နာမည်

နှင့် လိုက်လျောညီထွေစွာ တစ်ကိုယ်တည်း ကျက်စား၍ ကျွန်တော်၏အသက်တာအတွက် အလုပ်အကိုင်ဖြစ်သော သာသနာပြုဆရာအဖြစ်ဖြင့် ဘဝခရီးဆက်လျှောက်လိုပါသည်။

ယခုတော့ ဤကဲ့သို့ ဖြစ်မည့်အစား ကျွန်တော်တတ်သည့်ကိုယ်ဖိရင်ဖိလုပ်ကိုင်ရင်း ကောင်းစွာတတ်မြောက်လာခဲ့သည်။ ဤအလုပ်တွင် နစ်မြှုပ်လွန်းရကာ ရှေ့နှစ်နှစ်အတွင်း သာသနာပြုဆရာဖြစ်ချင်သည့် စိတ်ထက်သန်မှု တဖြည်းဖြည်း ထုံထိုင်းသွားသည်။ ဓာတုဗေဒလုပ်ငန်းတွင် အာရုံစိုက်လွန်းသည့်အပြင် တစ်ခါလေ ကုမ္ပဏီစမ်းသပ်မှုလုပ်ငန်းများတွင် ညနေပိုင်းအချိန်ကို အသုံးပြုလေ့ရှိပါသည်။

အသင်းတော် လူငယ်လုပ်ငန်းတွင် ပါဝင်ဆဲ ယုံကြည်ခြင်းတွင်လည်း တက်ကြွ

ဆဲဖြစ်သည်။ သို့သော် ငယ်စဉ်ဘဝတစ်လျှောက်လုံး အာရုံစူးစိုက်ခဲ့သော သာသနာပြု

လုပ်ငန်းသည် တဖြည်းဖြည်း လျော့နည်းသွားလေသည်။ ယုံကြည်ခြင်းအကြောင်းကိုပင်

ပွင့်ပွင့်လင်းလင်း မပြောရဲတော့ပါ။ ကောင်းမွန်သော အလုပ်အကိုင်၏ ဖူလှုံမှု၌ မွေ့လျော်

ကာ၊ ဘဏ်စာရင်းတွင် ဝင်ငွေတိုးလာသည်ကို မြင်သည့်အခါ ကျေနပ်အားရခဲ့ပါသည်။

အသက်တာ၌ အာရုံပြုသည့်အရာသည် မသိမသောပြောင်းလဲလာသည်။ ဓာတုဗေဒ

သုတေသီအဖြစ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ အခြေချနေထိုင်ဖို့ စကားစပ်မိလာ

သည်။ ဤသို့ ဖြစ်စေကာမူ အလုပ်သင်ဘဝ တတိယနှစ်တွင် ဘုရားသခင်သည်

ကျွန်တော့်ဘဝလမ်းကြောင်းကို ထူးကဲစွာ ပြောင်းလဲစေကာ မူလလမ်းကြောင်းပေါ်သို့

ပြန်ပို့ တော်မူသည်။

မိသားစုအနေဖြင့် ဧည့်သည်များသည် အသက်တာ၏ အပိုင်းအစတစ်ခု ဖြစ်လာ

သည်။ ဧည့်သည်များရှိသောအခါ မိခင်သည် သူမ၏အထူးဟင်းပွဲများဖြစ်သည့် ခြံထွက်

ဟင်းသီးဟင်းရွက်ကြော်၊ ပလူကြော်နှင့် အသားခြောက်ပြီးလျှင် ပန်းသီးနှင့်နို့မလိုင်

အချိုပွဲ စသည်တို့ကို တည်ခင်းကား၊စားနေကျဝက်အူချောင်းတို့မှ လွှတ်မြောက်သဖြင့် ဧည့်သည်လာလျှင် ဝမ်းသာစွာ အမြဲကြိုဆိုခဲ့ပါသည်။ ဧည့်သည်များသည် ဘာမျှမယူဆောင်လာသည့်တိုင်အောင် သူတို့ကြောင့်စားနေကြအစာပြောင်းလဲသဖြင့် ကျွန်တော်သည် ဧည့်ဝတ်၌ အလွန်မွေ့လျော်ခဲ့ပါသည်။

သို့သော် ဧည့်သည်တစ်ဦးသည် သူစားနေကြ ဝိညာဉ်အစာကို ပေးကမ်းဖို့ရောက်

လာလေသည်။ ထိုသူမှာ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင် အဒေါ့ဖ်စနေ

ဂဲလ်ဘတ်ဆိုသူဖြစ်သည်။ သူသည် ကျွန်တော့်မိခင်၏ မွေးဇာတိဖြစ်သော စတပ်ဂတ်

နယ်သားဖြစ်သည်။ ကျွန်တော်၏အသက်မှာ(၂၁)နှစ်ဖြစ်ကာ ဝိညာဉ်အသက်တာတွင်

အနိမ့်ဆုံးသောအချိန် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဘုရားရှိခိုးကျောင်းကို မှန်မှန်တက်၍

ကျမ်းစာကို မှန်မှန်ဖတ်ရှုလျက်ရှိနေပါသည်။ သို့သော်လည်း ဘုရားသခင်၌ ကျွန်တော့်

ဆက်ကပ်မှုသည် အစွန်းနားသို့ရောက်လေသည်။ ဦးအာဒေါ့ဖ်သည် ကျွန်တော်တို့နှင့်

ရက်သတ္တပတ်နှစ်ပတ်ခန့် လာကာ လေကောင်းလေသန့်ကဲ့သို့ ခွန်အားသစ် မှုတ်သွင်း ခဲ့ပါသည်။

ထမင်းစား စားပွဲပတ်လည်တွင် မိသားစုသဖွယ် ဝိုင်းထိုင်၍ စကားလက်ဆုံ

ကြနေကြပါသည်။ ကိုယ်ခန္ဓာဖွဲ့နွဲ့ ကလေးနှင့် လုံ့လဝီရိယရှိသော သက်လတ်အရွယ်

ရောက် ဤဂျာမန်အမျိုးသားသည် ကျွန်တော်မကြုံဖူးသော ခရစ်တော်အတွက်

စိတ်ထက်သန်မှုနှင့် စိတ်ဝင်စားမှုတို့ကို ပိုင်ဆိုင်သည်။ သူ၏စိတ်အားထက်သန်မှုသည်

ဆုတ်ယုတ်နေသော ကျွန်တော့်တို့အသက်တာကို အားဖြည့်ပေးလေသည်။

ဂျာမနီ စတပ်ဂတ်မြို့ ရပ်ကွက်ပန်းခြံတစ်ခု၌ စနေနေ့တိုင်း ကျင်းပသော

လေဟာပြင်ဟောပြောပွဲအကြောင်းကို ပြောပြသောအခါ ကျွန်တော်သည် စိတ်ဝင်စားစွာနားထောင်

လေသည်။ လူအမြောက်အမြားကို သခင်ဘုရားအထံတော်သို့ ပို့ဆောင်ခဲ့သည်

ဟု ဆိုသဖြင့် ပလပ်တော့ဖာတွင် လုပ်ဖော်ကိုင်ဘက်များနှင့် ကျွန်တော့်ယုံကြည်ခြင်းကို

ရန် ကြိုးစားမှုအားနည်းသည်ကို မိမိဩတ္တပ္ပစိတ်မလုံဖြစ်နေမိသည်။ တစ်ခါတလေ

ရိုင်းစိုင်းသော စကားအသုံးအနှုန်းနှင့် ညစ်ညမ်းသောပြက်လုံးများကို ပြောတတ်လေ့

ရှိသဖြင့် ကျွန်တော်ထိတ်လန့်မိပါသည်။ ဦးအာဒေါ့ဖ်သည် သခင်ဘုရားအတွက်

ရဲရင့်စွာလုပ်ဆောင်ပုံကို ပြောပြပြန်သောအခါ ကျွန်တော်ရှက်မိပြန်သည်။ သူနှင့်တူချင်နေ

သည်မှာ ကြာပြီး (၁၄)နှစ်သားအရွယ်တုံးက အတန်းရှေ့တွင် ကျွန်တော်ယုံကြည်ခြင်း

ကို မရှက်မကြောက် သရုပ်ဖော်ခဲ့သော စိတ်အားထက်သန်မှုဘက်သို့ ပြန်လှည့်ချင်

သည်။ မည်သည့်အကြောင်းကြောင့် စိတ်နှလုံးအကြံအစည် ငုပ်သွားကာ ရဲစွမ်းသတ္တိ

ပျောက်သွားခဲ့ပါလိမ့်။

အကြောင်းပြချက်မှာ တစ်နေ့ ညနေခင်းတွင် ကျွန်တော့်အကြံအစည် ။

မြင်မှုကို နှုတ်ဖြင့် ဝန်ခံပြောပြသောအခါ ဦးအဒေါ့ဖ်က ရှင်းပြသည်။ “ရုဒီရယ်၊ ခင်ဗျား

သန့်ရှင်းသောဝိညာဉ်တော်နှင့် သွန်းလောင်းခြင်း မခံရသေးလို့ဘဲ”။

ကျွန်တော့်စိတ်ကိုလာခုနေသည်။ ဘာမျှ ပြန်မပြောမိသော်လည်း ကျွန်တော့်အသက်တာတွင် ဝိညာဉ်

အတိုင်းအတာတစ်ခုခု ဟာနေသည်ဟု စွပ်စွဲချက်ကြောင့် ကျွန်တော့်စိတ်ထဲတွင်

နာကြည်းမှုတစ်ခု ခံစားလာသည်။ ကျွန်တော်သည် အသင်းတော်ထဲ၌ ပြုစုပျိုးထောင်

ခြင်း ခံခဲ့သည်။ တနင်္ဂနွေနေ့တိုင်း ဖခင်၏တရားဟောချက်ကို နားထောင်ခဲ့သည်

မိသားစုပုံမှန် ဆုတောင်းဝတ်ပြုခြင်းပြီးနောက်တွင် ကျွန်တော့်အနေဖြင့် ဘုရားသခင်

နှင့် ကိုယ်ပိုင်တိတ်ဆိတ်သောအချိန် ရှိခဲ့ပါသည်။ သမ္မာကျမ်းကို အစမှအဆုံးမှာ –

အကြိမ်ကြိမ်ဖတ်ရှုခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်အကြောင်းကို သိသင့်သိထိုက်

သလောက် သိရှိခဲ့ပြီဟု ကျွန်တော် တထစ်ချယုံကြည်သည်။

ကျွန်တော်တို့၏ဂိုဏ်းဂဏသည် ယုံကြည်ခြင်း၌ ပင်တေကော်စတဲလ်

သော်လည်း ကျွန်တော့်မိခင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ကိုယ်တိုင်ကိုယ်က

တွေ့ဆုံ၍ တစ်ခါတလေ သူမ၏ရူပါရုံအကြောင်းကိုလည်းကောင်း၊ အနာဂတ်အကြောင်

ကိုလည်းကောင်း ပြောပြလေ့ရှိသည်။ အခါအခွင့်သင့်သည့်အခါ အမေသည် ဦးအာဒေါ့

ပြောပြသော တမန်တော်ဝတ္ထု အခန်း(၂) ထဲက “အခြားသော ဘာသာစကားကို

ပင်ပြောတတ်လေသည်။ ကျွန်တော့်ဖခင်သည် ဤသန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်

ခြင်းကို ပြောပြပါသည်။ သို့သော် ဤအရာသည် လူတိုင်း ရှိသင့် တွေ့ကြုံသင့်သည်။

ဦးအာဒေါ့ဖ်ကဲ့သို့ တိုက်တွန်းခြင်း၊ အခိုင်အမာပြောဆိုခြင်း မပြုလုပ်ခဲ့ဘူးပါ။

ပြန်လည်ထွက်ခွာမသွားမီ ရက်ပေါင်း အနည်းငယ်အတွင်း ဦးအာဒေါ့ဖ်သည့်

ကျွန်တော့်ညီမ အက်စတာနှင့် ကျွန်တော့်ကို ဂျာမနီတောင်ပိုင်းရှိ သူကြီးကြပ်နေ

အသင်းတော်မှ ပြုလုပ်မည့် ဇန်နဝါရီလစခန်းသွင်း လူငယ်လေ့ကျင့်ရေးသို့ ဖိတ်ခေါ်ခဲ့ပါ

သည်။ “သန့်ရှင်းသော ဝိညာဉ်တော်အကြောင်း ထပ်ဆင့်တိုး၍ သွန်သင်ပြီး ဆုတောင်း

ပေးခဲ့ပါမယ်” ဟု ဆိုသည်။ တစ်ဖန် ကျွန်တော့်စိတ်ကို လာခုပြန်ပါပြီ။ ကျွန်တော့်လက်

အခြေအနေတိုင်း ကိုယ့်ဟာကိုယ် ကျေနပ်အားရလျက်ရှိနေပါသည်။ သန့်ရှင်းသော

ဝိညာဉ်တော်ကို မလိုပါဟု ခံစားမိသည်။ သို့သော်ငြားလည်း သူ၏ ရဲဝံ့၍ တစ်ခေတ်ဆန်

ယုံကြည်ခြင်းသည် ကျွန်တော့်စိတ်ကို တစ်မျိုးတစ်မည် လှုံ့ဆော်နေသည်။ ယခုတလေ

ကျွန်တော့်ကို လွမ်းမိုးနေသော ကြောက်ရွံ့ စိတ်မှ အလူးအလဲ လွှတ်ကင်းချင်ပါသည်

လမ်းမပေါ်သို့ ထွက်၍ ပန်းခြံထဲတွင် မတ်တတ်ရပ်ကာ ဦးအာဒေါ့ဖ်ကဲ့

သို့ ရဲဝံ့ဟောပြောချင်သည်။ သူ့ကို အားကျလွန်း၍ သွားရေပင် ကျနေသည်။

ဇန်နဝါရီ လူငယ်စခန်းကို တက်ရမလား၊ မတက်ရဘူးလားဟု စိတ်ထဲတွင်

ဇဝေဇဝါ ဖြစ်နေသည်။ ကိုယ်တစ်ပိုင်းက သွားချင်ပြီး၊ ကျန်တစ်ပိုင်းက ငြင်းဆန်သည်။

ရက်ပေါင်းများစွာ ဦးနှောက်အခြောက်ခံခဲ့လေသည်။ နောက်ဆုံးတွင် ဦးအာဒေါ့ဖ် ပြန်မသွား

မီညတွင် ကျွန်တော်ဆုံးဖြတ်လိုက်သည်။ နောက်တစ်နေ့ နံနက်တွင် ကျွန်တော်

ဆုံးဖြတ်ချက်ကို ပြောပြသောအခါ ဦးအာဒေါ့ဖ်သည် ပြုံးပြုံးရွှင်ရွှင်ဖြင့် “ဟိုမှာတွေ့ကြဖို့

မျှော်လင့်နေမှာပါရုဒီ”ဟုပြန်ပြောလေသည်။ ဤကိစ္စအကြောင်း မပြောကြသော်လည်း

ကျွန်တော်ဦးနှောက် အခြောက်ခံနေသည်ကို သူ ရိပ်စားခဲ့သည်မှာ သေချာလေသည်။

ကျွန်တော်တို့ အသင်းတော်၏ လူငယ်ခေါင်းဆောင်လည်း တက်ဖို့ဆုံးဖြတ်

သည်။ ၎င်းစခန်းကို စတပ်ဂတ်မြို့မှ မနီးမဝေးရှိ သစ်တောထဲတွင် ဆောက်လုပ်သည့်

ထိုဇာလန်ပုံစံ သစ်သားအိမ်တွင် ပြုလုပ်ပါသည်။ ညီမလေး အက်စတာ၊ လူငယ်ခေါင်း

ဆောင်နှင့် ကျွန်တော်တို့ သုံးယောက် ၎င်းအဆောက်အဦထဲသို့ ဝင်သွားသောအခါ

ဆူညံနေသော ဂျာမန်လူငယ် (၇၀)ယောက်တို့နှင့် ပက်ပင်းတိုးမိကြသည်။ အများဆုံးမှာ

ဦးအာဒေါ့ဖ်၏ ပင်တေကော်စတဲလ် အသင်းတော်မှဖြစ်ဟန်တူသည်။ သူတို့တစ်ယောက်

နှင့်တစ်ယောက် သိရှိပြီးဖြစ်သည်။ ကျွန်တော့်မှာ မနေတတ်မထိုင်တတ်ဖြစ်နေရှာသည်။

ထိုနေ့ည အစည်းအဝေးသည် ကျွန်တော်တက်ခဲ့ဖူးသော အစည်းအဝေးနှင့်

ခြားနားလေသည်။ လူတိုင်း လက်ကို အပေါ်သို့မှောက်သည်ကို ပထမဆုံး တွေ့မြင်ခြင်း

ဖြစ်သည်။ ကျွန်တော်တို့ အသင်းတော်တွင် လက်ခုပ်တီးလေ့မရှိပါ။ ဤနေရာတွင်

သီချင်းတိုင်းလိုလိုတွင် ခြေနင်းခလုတ်ကို အားပါးတရနင်းကာ စန္ဒယားတီးသည့် လူတစ်

ယောက်နှင့် ဂစ်တာတီးအဖွဲ့များက ဦးဆောင်ပြီး ကျန်လူအုပ်စုက စည်းဝါးလိုက်အောင်

လက်ခုပ်တီးကြသည်။ ကျွန်တော်တို့ အိမ်တွင် လေမှုတ်အော်ဂင်တစ်လုံးရှိသည်။ ယခု

ဖြစ်ပုံ မှာ ထူးဆန်းသည်၊ မဆီမဆိုင် ဟု ထင်ရသည်။ ဒုတိယနေ့ ၊တတိယနေ့သို့

ရောက်သောအခါ သူတို့၏ကူးစက်တတ်သော စိတ်တက်ကြွမှုသည် ကျွန်တော်၏အေး

စက်သော ခုခံမှုကို အရည်ပျော်စေသည်။ ဦးအာဒေါ့ဖ်နှင့်တစ်ဖြစ်တန်း သူတို့၏ ချစ်ခြင်း

မေတ္တာနှင့် ဘုရားသခင်အား ဆက်ကပ်မှုသည် ကျွန်တော့်ကို ဆွဲဆောင်လေသည်။

ကျွန်တော် ရေငတ်သည်ကို ဆားထည့် ခံ ရသည်။ ထိုသူတို့တွင် ရှိပြီးသောအရာကို

ကျွန်တော်လိုချင်သည်။

သာ၍ခက်ခဲသည်မှာ သူတို့၏ သွန်သင်မှုကို နားလည်သဘောပေါက်ဖို့ ဖြစ်

သည်။ ကျွန်တော်တို့ ခရစ်တော်ကို ယုံကြည်လက်ခံ၍ ပြောင်းလဲလာသည့် အခါ သန့်ရှင်း

သောဝိညာဉ်တော် ရရှိကြသည်ဟု ကျွန်တော်တို့ကို သွန်သင်ထားသည်။ ဤနေရာရှိ

ခေါင်းဆောင်များက များစွာရှိသေးသည်ဟု ပြောဆိုကြသည်။ စည်းဝေးချိန် တစ်ချိန်ပြီး

ဆုံးသောအခါ ဤအကြောင်းနှင့် ပတ်သက်၍ စခန်းခေါင်းဆောင်တစ်ဦးကို ကျွန်တော်စိန်ခေါ်လိုက်သည်။ ဘုရားသခင်ကိုချစ်ပြီး၊ သူ့စကားကို နားထောင်ရင်၊ သန့်ရှင်းသော ဝိညာဉ်တော် ရှိပြီလို့ ကျွန်တော် ယုံကြည်နေပါတယ်။

“ဟုတ်ပါ၊ ရုဒီ။ ဝိညာဉ်တော်နှင့် ပြန်လည် မွေးဖွားခြင်းခံပြီးပြီ ဆိုရင်ပိုင်ဆိုင်ပါတယ်။

ဒါပေမဲ့ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝခြင်းခြားနားတယ်ဟုစခန်းခေါင်းဆောင်က ရှင်းပြသည်။ သူက ကျမ်းစာအုပ်ကိုယူ၍ တမန်တော်(၈)ကိုဖွင့်လိုက်လေသည်။ “ဒီမှာလေ၊ ဖိလိပ္ပုဟာ ရှမာရိမြို့သို့ သွားပြီး သူ၏ ဟောပြောမှု ကြောင့် မြို့သူမြို့သားများ အမြောက်အမြား ပြောင်းလဲကြတယ်လို့ ဆိုပါတယ်။ တမန်တော်ရှင်ပေတရုနှင့် ရှင်ယောဟန်တို့ ယေရုရှလင်မြို့ကလာပြီး သူတို့ အပေါ်လက်တင်ဆုတောင်းတဲ့ အခါကျမှာ သန့်ရှင်းသောဝိညာဉ်တော် ပြည့်၀ခြင်းခံကြတယ် လို့

ဆိုပါတယ်။

“အဲဒီ အဖြစ်အပျက်ဟာ တမန်တော်တို့က ယုဒလူမျိုးကိုကျော်ပြီး၊ ရှမာရိ လူမျိုး

ဆီရောက်သွားလို့ မဟုတ်ဘူးလား” ဟု ကျွန်တော် မေးသည်။

“ဟုတ်တော့ဟုတ်ပါတယ် ရုဒီ၊ ဒါပေမဲ့၊ ရှင်ပေါလုနှင့် ဧဖက်မြို့သားများ

တွေ့ဆုံတဲ့ တမန်တော်ဝတ္ထုအခန်း(၁၉)ကိုကြည့်ပါ။ သူတို့ယုံကြည်တဲ့အခါ ဝိညာဉ်

ရရှိကြပြီလားလို့ ရှင်ပေါလုက ယုံကြည်သူများကိုမေးတယ်။ ကျွန်တော်တို့ ပြောင်းလဲ

တဲ့အခါ ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကို အလိုအလျောက် ရရှိကြလျှင်၊ ဘာဖြစ်လို့

ရှင်ပေါလုက အဲဒီမေးခွန်းကို မေးမှာလဲ ရုဒီ”။

ကျွန်တော့်မှာ အဖြေမရှိပါ။ သို့သော် အခန်းထဲသို့ ပြန်ရောက်သည့်အခါ

ထိုကျမ်းပိုဒ်များကို ပြန်ရှာပြီး ထပ်ခါတစ်လဲလဲ ဖတ်ကြည့်ခဲ့ပါသည်။ အငယ်(၅)နှင့်၊

(၆)တွင် ပိုမိုရှင်းလင်းသည်။ ဧဖက်အသင်းသားတို့သည် ရှင်ယောဟန်၏နှစ်ခြင်းမင်္ဂလာ

ကိုသာ ခံကြသည်။ ရှင်ပေါလုက ယေရှု၏နာမတော်ဖြင့် တစ်ဖန် နှစ်ခြင်းမင်္ဂလာ

ပေးသည်။ ပြီးလျှင် သူတို့အပေါ်သို့ သူ၏လက်ကိုတင်သည်။ သူတို့အပေါ် ဝိညာဉ်တော်

ဆင်းသက်လာကာ အခြားသော ဘာသာစကားပြော၍ ပရောဖက်ပြုကြသည်။

ဘုရားတရားအကြောင်း အတော်အသင့် သိရှိထားပြီဟု ကိုယ့်ကိုကိုယ် ထင်ထင်

သော အခြေအနေသည် တစ်ကယ်တွင် စိတ်ရှုပ်ထွေးမှုဖြစ်စေခဲ့လေသည်။ သမ္မာကျမ်း

ယုံကြည်သောခရစ်ယာန်တစ်ဦးအနေဖြင့် သမ္မာကျမ်းပြောသောအရာကို မငြင်းနိုင်

သို့သော်ငြားလည်း လုံးဝသေချာရန်လိုသည်။ ကျွန်တော်တို့အသင်း လူငယ်ခေါင်းဆောင်

နှင့် ညသန်းခေါင်ယံထိ ဆွေးနွေးကြပါသည်။ နောက်တစ်နေ့ ကျန်ရှိနေသေးသောရက်

များတွင်လည်း ကျွန်တော်တစ်ယောက်တည်း အနားစခန်းပတ်လည် ရေခဲထူထပ်

သာသစ်တော ထဲတွင် ခြေထောက်ကို ဒရွတ်တိုက်လျှောက်၍ စဉ်းစားခန်းဝင်နေပါသည်။

ဘုရားသခင်၊ ကျွန်တော့်အတွက် ကိုယ်တော်စီစဉ်ထားသမျှကို လိုချင်ပါသည်။ လမ်းပြ

တော်မူပါ။ သို့သော် ပထမဦးဆုံး နှစ်ခြင်း မင်္ဂလာဟာ ကိုယ်တော်ရှင်၏ ဝိညာဉ်တော်

၌ ရှိလားလို့ အမှန်တရားကို သိချင်ပါတယ်။

ကျွန်တော်လိုချင်သောအဖြေသည် ဗုဒ္ဓဟူးနေ့တွင် ရရှိသည်။ ၎င်းနေ့ ညပိုင်း

ကို ခေါင်းဆောင်များအလို အရ “စောင့် ဆိုင်ခြင်း၊” သို့မဟုတ်“ဆိုင်းတွချိန်” အတွက်

သီးသန့်ထားသည်။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် သွန်းလောင်းခြင်း၊ ခံယူလိုသောသူ

များအတွက် ဆုတောင်းပေးဖို့ အခွင့် အလမ်း သတ်မှတ်ပေးခြင်းဖြစ်သည်။ ပထမဆုံး၊

သွန်သင်မှု အတော်အသင့် ပေးသည်။ ကျွန်တော်နားထောင်နေရင်း ကျွန်တော် ကောက်

ချက်ချသောအချက်များနှင့် သွန်သင်ချက်များစွာ တူညီကြောင်းတွေ့ရှိခဲ့ပါသည်။ ဝိညာဉ်

တော်၌ နှစ်ခြင်းခံခြင်းသည် ယခုခေတ်အတွက် တရားဝင်ဆဲဖြစ်သော အတွေ့အကြုံဖြစ်

သည်။ တစ်ချိန်တည်းတွင် တွေ့ကြုံကောင်းတွေ့ ကြုံတတ်သည် ။ ဝိညာဉ်တော်၌ နှစ်ခြင်း

ခံခြင်းသည် ပြောင်းလဲခြင်းနှင့် များစွာ ကွာခြားသည်။ ကနဦး အသင်းတော်တွင်သာ

ကန့်သတ်ထားသည်မဟုတ်၊ လူတချို့ သွန်သင်သကဲ့သို့ သမ္မာကျမ်းပြည့်စုံစေရန်

ရေးသားပြုစုသည့် အထိသာ အကျုံးဝင်သည်မဟုတ်ဘဲ၊ အသစ်တစ်ဖန် မွေးဖွားခြင်း

ခံသော ခရစ်ယာန်မည်သူမဆို ရနိုင်သည်။ ပုဂ္ဂိုလ်တစ်ဦးတွင် သန့်ရှင်းသောဝိညာဉ်

တော် ရရှိသည့် သက်သေအထောက်အထားတစ်ခုမှာ ပင်တေကုတ္တေနေ့တွင် တမန်တော်

များ ပုံစံအတိုင်း မသိနားမလည်သော ဘာသာစကားတစ်ခုဖြင့် စကားပြောသော အတတ်

ဖြစ်ပါသည်။

ကနဦး အသင်းတော်သည် ခရစ်တော်ကို သက်သေခံနိုင်ရန် ဝိညာဉ်တော်နှင့်

တန်ခိုးပေးဖို့ လိုအပ်လျှင် ယခုခေတ် ကျွန်တော်တို့သည် သာ၍ အဘယ်မျှလိုအပ်နည်း။

တရားဟောဆရာကမေးသည်။ ဟုတ်တော့ဟုတ်ပါသည်။ သို့သော် ကျွန်တော့်ကို နောက်

ဆုံး ဆွဲ ဆောင်သောအရာမှာ သူ၏ အဆုံးသတ်ချက်ဖြစ်သည်။ “ကာရိန္တုဩဝါဒစာ

ပထမစောင် အခန်း(၁၅)ကို ကြည့်ကြပါ။” စည်းဝေးခန်းမတစ်ခုလုံးတွင် ကျမ်းလှန်

သည့် အသံ ထွက်လာသည်။ “အခု အငယ်(၆)ကိုကြည့်ကြပါ။ သေခြင်းမှ ထမြောက်

တော်မူပြီးနောက် တစ်ချိန်တည်းမှာ ယေရှု ယုံကြည်သူ ဘယ်နှစ်ဆီပေါ်လာ

သလဲ” အားလုံးတစ်ပြိုင်တည်း ဖြေကြသည်။

“ငါးရာပါခင်ဗျာ။

“အဲဒီ အယောက်(၅၀၀)ကို ယေရုရှလင်မြို့သို့ သွားပြီး စောင့် နေကြဖို့ ကိုယ်တော် မိန့်တော်မူခဲ့ပါတယ်။ ဒါပေမဲ့၊ ငါနှင့် အတူ တမန်တော်များ အခန်း ၂း၁၅ ကိုပြန်လှည့်ကြရအောင်။ ပင်တေကုတ္တနေ့ အပေါ်ခန်းမှာ လူဘယ်နှစ်ယောက်တကယ်ရှိသလဲ။ ဖြေဆိုသံနည်းလာသည်။ တစ်ရာနှင့်နှစ်ဆယ်။

“(၁၂ဝ) ဟာ (၅၀၀) ရဲ့ ရာခိုင်နှုန်း ဘယ်လောက်ဆိုတာ တွက်ချက်လို့ ရ

သလား”ဟု ဆက်မေးသည်။ ကျွန်တော် ချက်ခြင်းမဖြေတတ်ပါ။ တစ်ခန်းလုံး မည်သည့်

မျှ မဖြေတတ်ဘူးဟု ကျွန်တော်တထစ်ချယုံကြည်သည်။ “၂၅ရာခိုင်နှုန်းသာဟု သူက

ဇာတ်လမ်းဆန်ဆန် ပြောဆိုပြီးမှ သမ္မာကျမ်းကိုအပေါ်သို့ မှောက်ကာ ၎င်းကျမ်းပိုဒ်ကို

လက်ညှိုးထိုးပြ၍ သန့်ရှင်းသောဝိညာဉ်တော်ကို စောင့်နေကြဖို့ ညွှန်ကြားထားတော်မူတဲ့လူ (၅၀၀) ထဲက (၂၅)ရာခိုင်နှုန်းကသာ နာခံတယ်။ ကိုယ်တော်ကို စောင့်ဆိုင်းမည့်လူ (၂၅)ရာခိုင်နှုန်းထဲမှာ ခင်ဗျား ပါဝင်ဖို့ ပြင်ဆင်ထားပြီးပြီလား။

သူ့မေးခွန်းက ကျွန်တော်ကို မိုးကြိုးပစ်သဖွယ် ထိမှန်သွားပါသည်။ ကျွန်တော်သည် (၂၅)ရာခိုင်နှုန်း သို့မဟုတ် (၇၅)ရာခိုင်နှုန်းထဲတွင် ပါဝင်သူဖြစ်ပါသလား။မျှော်နေဖို့ ပြင်ဆင်ပြီလား။ ဟုတ်ပါသည်။ သန္နိဋ္ဌာန်ချခဲ့ပြီ။ ဘုရားသခင် အလိုရှိမူလျှင် တစ်ညလုံးစောင့်နေမည်။ ကံကောင်းထောက်မစွာ ဤမျှကြာရှည်စောင့်ဆိုမလိုပါ။ စည်းဝေးအဆုံးသတ် သောအခါ ဝိညာဉ်တော်နှင့်သွန်းလောင်းခြင်းကို ခံလိုသူတို့သည် နောက်ချန်နေရစ်ကြရမည်။ မလိုအပ်သောသူများ ပြန်နိုင်သည်။ ကျွန်တော်ထိုင်ခုံဘေးတွင် ဒူးထောက်လိုက်သည်။ ခေါင်းဆောင်များသည် စောင့်ဆိုင်းနေ

သူများရှိရာသို့ တစ်ဦးချင်းစီသွား၍ ဝိညာဉ်တော်ရရှိရန် တစ်ယောက်ပြီးတစ်အပေါ် လက်တင်၍ ဆုတောင်းပေးကြသည်။ သူတို့အားလုံးသည် ကျွန်တော်အတွက်ဆုတောင်းပေးကြသောအခါ ဝမ်းမြောက်ခြင်းသည် ကျွန်တော့်အထဲတွင် ဝင်ရောက်လာခဲ့ပါသည်။ ကျွန်တော်လက်သည် ခေါင်းပေါ်သို့ အလိုအလျောက် တက်လာသည်။ တစ်ဖန်စွမ်းအားနောက်တစ်မျိုးမှ တန်ခိုးသွင်းပေးသကဲ့သို့ ကျွန်တော်မသင်ယူခဲ့ဘူးဘာသာစကားတစ်ခုဖြင့် စကားစပြောလေ တော့သည်။

၎င်းည အတွေ့အကြုံသည် ကျွန်တော့်ခရစ်ယာန်အသက်တာကို အသစ်တစ်ဖန် ပြောင်းလဲပစ် လေသည်။ အသင်းတော် လူငယ်ခေါင်းဆောင်နှင့် အက်စတာတို့လည်း အလားတူ တွေ့ကြုံခံစား ကြလေသည်။ ဝိညာဉ်အားသစ် သွန်းလောင်းသောအသက်တာ တစ်ခေတ်ဆန်း၍ အားသစ်မာန်သစ် သွန်းလောင်းခြင်းခံ၍ အိမ်ပြန်ကြသည်။ အိပ်ခန်းထဲတွင် တစ်ယောက်တည်း အချိန်ကြာမြင့်စွာ ဆုတောင်း၍ ကျမ်းစာဖတ်နေပါသည်။ ယခင် ဤဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းသည် ဝတ်ကျေတန်းကျေငြီးငွေ့စရာဖြစ်ခဲ့သည်။ ယခုမူကား အထူးနှစ်သက်ဖွယ်ရာဖြစ်လာသည်။ ပလပ်စ်

စတော်ဖာ၌ ညပိုင်းတွင် ဓာတုဗေဒစမ်းသပ်ခြင်းမရှိတော့ပါ။ လောကီရေးအတွက် အချိန်နှမြော

စရာ ကောင်းလာသည်။ ဓာတုဗေဒစမ်းသပ်ခြင်းအစား ညပိုင်းအချိန်ကို သမ္မာကျမ်းစာ

လေ့လာခြင်း၌ အသုံးပြုခဲ့ပါသည်။

ယခင် ကြောက်ရွံ့တတ်သောစိတ်သည် ယခု အသစ်သော ရဲရင့်ခြင်းနှင့် အစား

ထိုးလာသည်။ လုပ်ဖော်ကိုင်ဘက်များ၏ ညစ်ညမ်းသော ပြက်လုံးများ၊ ရွံ့စရာကောင်း

သော စကားအသုံးအနှုန်းများကို ကျွန်တော်နားမထောင်တော့ပါ။ အစုလိုက်အပြုံလိုက်

ပြောင်းလဲခြင်း မပြုလုပ်နိုင်သေးသည့်တိုင်အောင် သူတို့သည် ကျွန်တော့်ရပ်တည်မှုကို

လေးစားကြသည်။ ဓာတုဗေဒသုတေသီတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သော ကျန်နှစ်နှစ်

အတွင်း ကျွန်တော်လုပ်ဖော်ကိုင်ဘက်များသည် သူတို့၏ညစ်ညမ်းသော ဟာသပြက်လုံး

များကို ကျွန်တော်မရှိခိုက်အတွက် ချန်ထားခဲ့ကြသည်။

သန့်ရှင်းသောဝိညာဉ်တော်နှင့် သွန်းလောင်းခြင်းခံသော နှစ်သည်လည်းဝမ်းနည်းကြေကွဲသောနှစ်ဖြစ်သည်။ ဇွန်လ ဝန်းကျင်လောက်တွင် အသက် (၅၅)နှစ်ရှိသော မိခင်သည် မကျန်းမာ၍ အိပ်ရာထဲတွင်လဲနေသည်။ မိခင်၏ကျန်းမာရေးမှာ ချို့တဲ့ နေသော်လည်း ညီမနှစ်ယောက်ရော ကျွန်တော်ပါ အလေးအနက် သဘောမထားမိကြ

ပါ။ ဖခင်သည် တရားဟောဖို့ တစ်ချိန်လုံး ခရီးထွက်လေ့ရှိပြီး အစ်ကိုဟန်စ်မှာလည်း

သူ့ဇနီး၊ကလေးနှစ်ယောက်နှင့် တခြားမြို့တွင် နေထိုင်၍ စာရင်းကိုင်စာရင်းစစ် လုပ်ငန်း

တဖြင့် အောင်မြင်စွာ အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိနေကြသည်။ နေ့ရက်များ

ကျော်လွန်ခဲ့သော်လည်း မိခင်၏အခြေအနေမှာ တိုးတက်မှုမရှိပါ။ တစ်ညနေခင်းတွင်

မိခင်၏အခြေအနေကို ဝင်ကြည့်သည်။ တစ်ပျစ်ပျစ်တံတွေးထွေးထုတ်၍ ချောင်းဆိုးနေ

သည်။ တဆက်တည်းမှာပင် သက်ပြင်းချ၍ ခေါင်းအုံးပေါ်တွင် ပျော့ခွေလဲကျသွား

သည်။ အခြေအနေမကောင်းသဖြင့် ဆရာဝန်အမြန်ဆုံးလာရန် တယ်လီဖုန်းဆက်၍

ခေါ်လိုက်ပါသည်။

ဆရာဝန်ကို တယ်လီဖုန်းဆက်ပြီးနောက် ပြန်လှည့်၍ အမေ့ကို စစ်ဆေးခဲ့ပါ

သည်။ အေးဆေးစွာ အိပ်ရာပေါ်တွင် လျောင်းနေရင်း အိပ်ပျော်နေသည်။ ထို့ကြောင့်

အမေကို ထားပစ်ခဲ့ကာ ကျွန်တော့်အခန်းထဲသို့ ဝင်၍ မိခင်အတွက် ဆုတောင်းနေပါ

သည်။ တစ်အောင့်လောက်ကြာသောအခါ ဆရာဝန် ရောက်လာ၍ အမေ့အိပ်ခန်းထဲသို့

လိုက်ပို့သည်။ အမေသည် ခုတင်ပေါ်တွင် မလှုပ်မရှား အိပ်လျက်ပင်ရှိနေသည်။

ဆရာဝန်က အမေ့ကို စစ်ဆေးမည်အပြုတွင် ကျွန်တော်အပြင်ထွက်ရန် နောက်ပြန်လှည့်

သည်။ ခြေနှစ်လှမ်းသာလှမ်းရုံ ရှိသေးသည်။ ဆရာဝန်က ကျွန်တော်ကို ပြန်ခေါ်သည်။

“မစ္စတာလက်ခ်ရယ်၊ ပြောရမှာ ဝမ်းနည်းပါတယ်၊ ခင်ဗျားအမေက သေနေပြီပဲ။

ယူကြုံးမရလောက်အောင် တုန်လှုပ်ချောက်ချားခဲ့သည်။ အမေက နှလုံးခုန်ရပ်၍ အသက်ထွက်ခြင်းဖြစ်သည်။ ဖခင်ကိုချက်ခြင်းအကြောင်းကြားသည်။ တရားဟောရန် ချိန်းထားချက်များကိုပယ်ဖျက်၍ အလျင်အမြန်အိမ်သို့ပြန်လာသည်။ နာရီဝက်ခန့်အကြာတွင် ရောက်လာခဲ့ပါတယ်။ တံခါးပေါက်အရောက်တွင် မျက်နှာ၌ သွေးမရှိ၊ခွေလဲသွားသည်။

ကြမ်းပြင်ပေါ်တွင် တရှိုက်ရှိုက်ငိုနေသည်။ ဘာလုပ်ရမှန်းမသိ ကျွန်တော်တို့ငိုင်နေကြသည်။ ဤမျှလောက် စိတ်ထိခိုက်မှုကို ထိန်းချုပ်မရ ဝမ်းနည်းကြေကွဲမှုကို မည်ကဲ့သို့ နှစ်သိမ့်ရမည်ကို မသိကြပါ။ ကျန် ရစ်ခဲ့သောမိသားစုအားလုံးသည် မိခင်၏ ဈာပနကို ပြင်ဆင်နေရင်း မယုံတယုံ တွေဝေစွာဖြင့် လှုပ်ရှားနေကြပါသည်။ မမျှော်လင့်သေးသောအချိန်တွင် မိခင်၏ ခွဲခွာခြင်းကို ရင်ဆိုင်

နိုင်ရန် နည်းလမ်းရှာကြံနေကြပါသည်။ ။

အမေနှင့် အရင်းနှီးဆုံးသောသူ မှာ ကျွန်တော်ပင်ဖြစ်ပါသည်။ အမေသည်ပွင့်လင်းသည်။ ပြုပြင်တတ်သည့် တန်ခိုးရှိသည်။ မိသားစုကို အမြဲရွှင်လန်းစေသည်။ခွန်အားများဖြည့်ပေးသည်။ မိသားစုတစ်ခုလုံး၏လှုပ်ရှားမှုသည် သူမပေါ်တွင် မူတည်သည်။ မိခင်ကွယ်လွန်ပြီးနောက် ရက်သတ္တပတ်ပေါင်းများစွာ သူမ၏ရယ်မောသံ၊ အိမ်မှုကိစ္စအ၀၀တွင် တိကျသော လုပ်ဆောင်ချက်များကို လွမ်းဆွတ်တမ်းတနေပါသည်။ ကျွန်တော်ဝမ်းနည်းကြေကွဲမှု ပြေပျောက်သွားရန် လပေါင်းများစွာ ကြာညောင်းခဲ့ပါသည်။ မကြာခင်ဖခင်သည် ချစ်စရာကောင်းသော ခရစ်ယာန်အမျိုးသမီး မာရီအန်နီနှင့် စုံဖက်ကြသည်။ ဖခင်ထက် ဆယ်နှစ်ငယ်သော မာရီအန်နီသည် ကျွန်တော်၏မိခင်ရင်းထက် စကားနည်း၍ သိက္ခာရှိသည်။ ကျွန်တော်မိခင်အရင်း၏နေရာကို အစားမထိုးနိုင်သည့်တိုင်အောင် မာရီအန်နီနှင့်ကျွန်တော်၏ဆက်ဆံရေးမှာ ပြေလည်ကြပါသည်။ ပဲ့ကိုင်ဖို့ ၊တစ်ယောက်ရရှိသည့် အလျောက် လက်ခံမိသားစုသည် ယခင် ပုံစံအတိုင်း ပြန်လည်

လှုပ်ရှားနိုင်ကြပါသည်။

ပလပ်စ်စတော်ဖာကုမ္ပဏီတွင် အလုပ်သင်ဘ၀ သုံးနှစ်ပြီးဆုံးသောအ

ဓာတုဗေဒသုတေသီအဖြစ် နှစ်နှစ်ဆက်လုပ်ရန် ကမ်းလှမ်းလေသည်။ ဤကာလ

ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လန်ဒန်မြို့ကြီးသို့ သွား၍ Assembly of Godဂိုဏ်း

ကင်လီကျမ်းစာကျောင်းတွင် နှစ်နှစ်သင်တန်း တက်ရောက်ခဲ့ ပါသည်။

ဆွီဇာလန်သို့ ပြန်၍ ကျွန်တော့်ဖခင်ဦးစီးသည့် လွတ်လပ်သော ဧဝံဂေလိအသင်းတော်

များ၌ လက်ထောက်သင်းအုပ်ဆရာအဖြစ် အမှုတော်ဆောင်ခဲ့ပါသည်။

နောက်ဆုံးတွင် သခင်ဘုရား၏လုပ်ငန်းထဲတွင် ခြေစုံပစ်ဝင်ခဲ့ပါသည်။

သော်လည်း ကျေနပ်ရောင့်ရဲမှုမရှိပါ။ ကျွန်တော်မြတ်နိုးခဲ့သော အိပ်မက်မှာ သာသနာ

ဆရာဖြစ်ရန်နှင့် ကမ္ဘာတစ်ဝန်းလုံးသို့ ဧဝံဂေလိတရားဟောပြောရန် ယေရှု၏အမိန့်တော်ကို

ပြည့်စုံစေရန်ဖြစ်သည်။  တသက်လုံးဆွီဇာလန်နိုင်ငံတွင် နစ်မြုပ်၍ ဂိုဏ်းဂဏတစ်ခုထဲ၌လုပ်ကိုင်ရန်ဆန္ဒမရှိပါ။ ကျွန်တော်၏ ရည်မှန်းချက်မှာ ဘုရားသခင်အတွက်

ကမ္ဘာတစ်ဝန်းလုံးသို့ ခရီးနှင်၍ လူငယ်များနှင့် အတူ အမှုတော်ဆောင်ရန်ဖြစ်သည်။

သို့သော် ဘယ်လိုလုပ်ပြီး၊ ဘယ်ကစသင့်သနည်း။ အိပ်မက်ကို အကောင် အထည်ဖော်ပေး

ရန် လွတ်လပ်သော သာသနာပြုအဖွဲ့အစည်း တစ်ခုရှိပါ။ သင်းအုပ်ဆရာအလုပ်၌

(၂)နှစ် ကျော်လွန်ပြီးနောက်တွင် အကြံအစည် အထမမြောက်ခြင်း၏ ဒဏ်သည် အထွက်

အထိပ်သို့ ရောက်နေပါသည်။ ဖိနှိပ်ချုပ်ချယ်မှုခံနေ ရသလို ဖြစ်နေပါသည်။ သာသနာပြု

ဖို့ အခွင့်အလမ်းများ ပေါ်ကောင်းပေါ်ငြား မိုဃ်းကောင်းကင်သို့ လေးနက်စွာကြည့်မိ

သည်။ သင့်တော်သော အမှုတစ်စုံတစ်ခုမှ ပေါ်မလာသဖြင့် ဖြစ်လာသော အခက်အခဲများ

ကို ရင်ဆိုင်၍ ဖခင်၏လက်ထောက်သင်းအုပ်ဆရာအဖြစ်မှ ရပ်စဲတော့မည်ဟု ဆုံးဖြတ်

လိုက်ပါသည်။

ဇန်နဝါရီလတွင် ကျွန်တော့်အသက်တာကို အသစ်အဆန်း ပြောင်းလဲစေ

ခဲ့သော ဝိညာဉ်အတွေ့အကြုံကို ရရှိပြီးသည့်နောက်တွင် (၇)နှစ်တိုင်တိုင် ဂျာမနီတော

ထဲရှိ လူငယ်စခန်းသို့ ပြန်ရောက်သည် ။ အလုပ်မှထွက်စာ မတင်သေးသည့်တိုင်အောင်

သင်းအုပ်တာဝန်မှ အနားယူရန် စိတ်ကိုဆုံးဖြတ်လိုက်ပါသည်။

ညတစ်ည၊ ညပိုင်းအစည်းအဝေးမတိုင်မီ၊ ဂျာမနီစခန်း ခေါင်းဆောင်တစ်ဦး

ဖြစ်သော ဖရက်ဆိုသူနှင့် သူ၏ခုတင်ဘေးတွင် ဆုတောင်းကြသည်။ ညပိုင်းအစီအစဉ်

များအတွက် ကျွန်တော်တို့ အာရုံစိုက်နေကြသည်။ ကျွန်တော်အထူး စိတ်ပူနေသည်မှာ

ကျွန်တော်နှင့်အတူ လိုက်လာသည့် လူငယ်တစ်ဒါဇင်အတွက်ဖြစ်သည်။ သူတို့သည်

ကျွန်တော်ကဲ့သို့ ပြောင်းလဲပြီးသည့်နောက် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပိုမိုနက်နဲသော

သွန်သင်ဆုံးမမှုကို ငြင်းဆန်ကြသည်။ ကျွန်တော်အထူးတလည် စိတ်ပူပန်နေသည်မှာ

(၁၉)နှစ်အရွယ် ရော်လီဆော်ဇ် ဆိုသူအတွက်ဖြစ်သည်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သော

လူငယ်ဖြစ်ပြီး လျှပ်စစ်ပညာရှင်ဖြစ်ဖို့ သင်တန်းတစ်ဝက်ခန့်တက်ခဲ့ပြီးဖြစ်သည်။ သူတို့

မိသားစုသည် အသင်းတော်တွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့ပြီး သူကိုယ်တိုင်သည် လူငယ်

အဖွဲ့တွင် သစ္စာရှိရှိ ပါဝင်သောသူဖြစ်သည်။ သို့သော် သူသည် သန့်ရှင်းသောဝိညာဉ်

တော်နှင့် သွန်းလောင်းခြင်းမခံရသေးခြင်း။ ယုံကြည်သူ မဟုတ်သော လုပ်ဖော်ကိုင်ဖက်

များကြောင့် ကျွန်တော်ကဲ့သို့ ခရစ်ယာန်အသက်တာ၌မပူမအေးဖြစ်ရမည့် အန္တရာယ်ရှိနေ

သည်။

ရော်လီနှင့်အခြားသောသူများအတွက် ကျွန်တော် အာရုံစိုက် ဆုတောင်းနေစဉ်

ဖရက်က လာဖြတ်ဝင်ပြီး “ရုဒီ၊ ဘု ရားသခင်က ခင်ဗျားအတွက် ရူပါရုံ ပေးနေတယ်။

နံရံပေါ်က ပန်းချီကားကို သြတ္တပ္ပစိတ်ကြည်လင်စွာဖြင့် မြင်နေရတယ်”ဟု ပြောပြ

သည်။ သူစတင်၍ ရှင်းပြသည်။ ဗျာဒိတ်တော်ကို ဖော်ထုတ်ပြောပြရင်း စိတ်တက်ကြွစွာဖြင့်

သူ့အသံကျယ်လာသည်။ “ငါရူပါရုံထဲမှာ လူတစ်ယောက်က ခင်ဗျားဘေးမှာ ထိုင်

တယ်။ ခင်ဗျား သူ့ကိုမသိဘူး။ ဒါပေမဲ့ သူဟာ ခင်ဗျားရဲ့ အနာဂတ်မှာ အရေးပါတဲ့

ကဏ္ဍမှာ ပါလာလိမ့်မယ်။ နောက်တစ်ခုရှိသေးတယ်။ ဒါက တစ်ကယ့်အရေးကြီးတယ်

လက်ထောက်သင်းအုပ်ဆရာအလုပ်ကနေ ခင်ဗျား စောစောစီးစီး နှုတ်ထွက်မှာ မဟုတ်

ဘူး။ အခုပြောနေတဲ့လူကိုလည်း ခင်ဗျား လိုက်ရှာစရာမလိုဘူး။ ဘုရားသခင်

ခင်ဗျားတို့ကို ဆုံစည်းကြဖို့ ဖန်တီးပါလိမ့်မယ်။ သူက ခင်ဗျားရဲ့ အနာဂတ်အမှု

ဆောင်လုပ်ငန်းမှာ လမ်းပြလိမ့်မယ်။ ဆွီဇာလန်နယ်စပ်ကျော်ပြီး ခင်ဗျား အမှုတော်

ဆောင်ရလိမ့်မယ်။”

သူ ၏နောက်ဆုံးစကား“ဆွီဇာလန်နယ်စပ်ကျော်”ကြောင့် ကျွန်တော့် စိတ်

ဝိညာဉ် ထခုန်လေတော့သည်။ ဒူးထောက်ရာမှထ၍ ဖရက်၏ခုတင်ပေါ်တွင် တက်ထိုင်

ကြားရသည့်သတင်းကို တွေးတောနေသည်။ ဤကဲ့သို့ ကျွန်တော့်အတွက်

တိုက်ရိုက် အနာဂတ်ဟောပြောခြင်းမရှိခဲ့ဘူးပါ။ ဖရက်ကို ကျွန်တော် ကောင်းမွန်စွာ

မသိရှိသေးသော်လည်း သူမြင်ခဲ့သောအမှုအရာသည် ဘုရားသခင်ထံမှဖြစ်နေသည်မှာ

ယုံကြည်စိတ်ချပါသည်။ ဖရက်က ကျွန်တော့်ပခုံးပေါ် အသာလေးတို့ ထိပြီး “ရုဒီ၊

ကျွန်တော်ပြောမည့်စကားဟာ အနာဂတ်အကြောင်းမဟုတ်ဘူး။ ဒါပေမဲ့ ယေရှုထံတော်

ပါးမှ သတင်းစကားဖြစ်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ သတိပေးစကားဖြစ်တယ်

ကျွန်တော်သည် အာရုံအပြည့်အဝဖြင့် နားစွင့်နေသည်။

“ဟုတ်ကဲ့ပါ၊ ဆိုပါဦး”။

“မလောပါနှင့်။ ဒီလူနှင့်ဆုံဖို့ (၁)နှစ် (သို့) (၂)နှစ်ဖြစ်ကောင်းဖြစ်နိုင်မယ်

ရုတ်တရက် စိတ်ပျက်လာသည်။ လွတ်လွတ်ကျွတ်ကျွတ် နှုတ်ထွက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ (၂)နှစ်မဆိုထားနှင့်၊ (၁)နှစ်တောင် မစောင့်နိုင်တော့ပါ။ သို့ သော် ဘုရားသခင်သည် ဖရက်အားဖြင့် စကားပြောနေသည်ဟု ကျွန်တော် တထစ်ချယုံကြည်သည်။ဖရက်၏ ညွှန်ကြားချက်အရ အလုပ်မှနှုတ်ထွက်စာကို မတင်တော့ဘဲ ဆိုင်းထားပါသည်ထွက်စာတင်မည့်အစား စိတ်မပါတပါဖြင့် သင်းအုပ်ဆရာအလုပ်ထဲသို့ ခြေစုံပစ်ပြန်သည်။

ဤတွင် ခါတိုင်းထက် အလုပ်ပိုများလာသည်။ အသင်းတော် တာဝန်များအပြင်

စာပေးစာယူနှင့် အတူ သက်သေခံခြင်း သင်ခန်းစာ စတင်စမ်းသပ်ကြည့်ရာမှ မကြာမီ

ကျောင်းသူကျောင်းသား(၅၀၀)ခန့် မှတ်ပုံတင်လာသည်။ သက်သေခံချက် အမြောက်အမြားထဲက ကျွန်တော့်စိတ်နှလုံးကို ထိခိုက်စေသောစာမှာ ရို့စ်မေရီဆိုသူထံမှဖြစ်သည်။

သူမသည် လက်မရှိ၊ ခြေတစ်ဘက်နှင့် မွေးဖွားလာပြီး သူ့ အဖြေများကို ခြေထောက်

အကောင်းတစ်ဘက်ဖြင့် လက်နှိပ်စက်ကို ရိုက်ခတ်၍ရေးသည်။ သက်သေခံခြင်း တာဝန်

ကို ပြီးမြောက်ရန် လမ်းမကြီးဘေးတစ်ခုတွင် တွန်းလှည်းပေါ်ထိုင်၍ ဝေစာများကို ခြေ

ချောင်းများကြားတွင် ညှပ်ကာ လမ်းသွားလမ်းလာသူများအား ယူစေသည်။ ရို့စ်မေရီ၏

ကြီးမားသော မစုံလင်ခြင်းကို အန်တု၍ သဲသဲမဲမဲလုပ်တတ်သည့် စိတ်သည် ကျွန်တော့်

ကို ရှေ့သို့ တွန်းပို့လေသည်။

ဖခင်သည် လွတ်လပ်သော ဧဝံဂေလိအသင်းတော်(၃)ပါးနှင့် သြဇာခံ အသင်း

တော်(၂)ပါးတို့၏ ဝါရင့်သင်းအုပ်ဆရာကြီးအဖြစ် ဆက်လက်တာဝန် ထမ်းဆောင်

သော်လည်း ကျွန်တော့်ကို တာဝန်ဝတ္တရားထပ်၍ အပ်နှင်းလေသည်။ ယခု ကျွန်တော်

သည် ကိုယ်ပိုင်အသင်းတော်အရာရှိ စာကြည့်ခန်းတစ်ခုကို ပိုင်ဆိုင်လာသည်။ အာဘတ် မြို့ ကျွန်တော်တို့၏အိမ်ဧည့်ခန်းတစ်ခုကို ပြုပြင်ခြင်းဖြစ်သည်။ ဖခင်၏စာကြည့်တိုက်

၃၈ လောက် မကြီးသော်လည်း ဖခင်၏စာအုပ်စင်များကဲ့သို့ပင် စင်ပေါ်တွင် စာအုပ်အစီအရီ

တင်ထားသော ရုံးခန်းဖြစ်သည်။ ဒေသနာအကြမ်းရေးထားသော စာရွက်များနှင့် အခြား

စာရွက်စာတမ်းများ ပြန့်ကြဲနေသော သစ်သားစာရေးခုံပေါ်တွင် ပြတင်းပေါက်မှ ပန်းသီး

နှင့်သစ်တော်သီးခြံကို ကျော်လွှားကာ ကားလမ်းမတစ်ဘက် သစ်တောစိမ်းစိမ်းနှင့်

တောင်ကုန်းများကို လှည့်ကြည့်နိုင်ပါသည်။ ကျွန်တော်တို့၏အိမ်သည် မြို့အစွန်

ဘုရားရှိခိုးကျောင်းကြီးနှင့် ကပ်လျက်တည်ရှိသည်။

နောက်တစ်နှစ်တွင် ကျွန်တော်ညီမ အက်စတာသည် အိမ်ထောင်ပြု၍ သူမ

၏ခင်ပွန်းသည်နှင့် ဂျာမနီသို့ ပြောင်းရွှေ့သွားသည်။ သူတို့သည် လွန်ခဲ့သော ခုနှစ်နှစ်

တုန်းက မှတ်မှတ်ရရ သစ်တောနက် လူငယ်စခန်းတွင် စတင်တွေ့ဆုံကြရာမှ ချစ်ကျွမ်း

ဝင်ခဲ့ကြသည်။ အက်စတာ မရှိတော့သည့်နောက်ပိုင်းတွင် အိမ်တွင် ဖခင်နှင့်မိထွေးတို့

နှစ်ဦးသာ ကျန်ရစ်ခဲ့လေသည်။ ပျော်ရွှင်တတ်သော (၁၈)နှစ်အရွယ် ညီမ ဂျူးဒစ်သည်

ဂျာမနီဘက်သို့ တရားဟောထွက်သော ဖခင်ထက် အိမ်ပြန်ရောက်ချိန်က ပိုများတတ်လေ့

ရှိလေသည်။

ဧဝံဂေလိဆရာများ၊ တရားဟောဆရာများနှင့် သာသနာပြုဆရာများသည်

ခါတိုင်းကဲ့သို့ ကျွန်တော်တို့ အိမ်တွင် တဖွဲဖွဲဝင်ထွက်နေကြသည်။ ဆွီဇာလန်နှင့်

ဂျာမနီနိုင်ငံတို့မှသာမကဘဲ ကမ္ဘာတစ်ဝန်းလုံးမှ လာကြသည်။ အများဆုံးလာရောက်

လည်ပတ်သူကား အမေရိကန် ဧဝံဂေလိဆရာဝိလ်လတ်ကင်တီလွန်ဖြစ်ပါသည်။

ဆောင်းဦးအချိန်နေ့တစ်နေ့၏နံနက်ခင်းတွင် ဝိလ်လတ်ထံမှ စာတစ်စောင်ရောက်လာ

သည်။ စာရေးခုံပေါ်တွင်ရှိသော စာထဲမှ ရွေးထုတ်၍ ကဗျာကယာဖွင့်ကာ ကြည့်လိုက်

သည်။ အမေရိကန် မိတ်ဆွေ ၊ ဧဝံဂေလိဆရာတစ်ပါးနှင့်တွေ့ဆုံစေသည့်အကြောင်း

ရေးသား လေသည်။ သူ့ မိတ်ဆွေ လိုရင့်ခန်နင်ဟမ်းဆိုသည်မှာ ဆွီဇာလန်သို့ ရွေ့

ခါစရှိသည်။ သူသည် Youth with a Mission ခေါ် လူငယ်သာသနာပြုအဖွဲ့ အစည်း

တစ်ခုကို ဦးဆောင်သောသူဖြစ်သည်။

စာကို စိတ်ဝင်စားစွာ ဖတ်ရှုခဲ့ပါသည်။ အထူးသဖြင့် လိုရင့်၏ရည်မှန်းချက်

လူငယ်များဖြင့် ကမ္ဘာအနှံ့ ခရီးရောက်ရန်နှင့် ထိုရည်မှန်းချက် အကောင်အထည်ဖော်

ဝမ်းမြောက်ဖွယ်သတင်း သင်တန်းကျောင်း၊ အတိုကောက်အားဖြင့် (SOE= Scho

of Evangelism)တစ်ခုကို ချာတီယိုဒီအိုသက်မြို့ ၊ ကျွန်တော်တို့မြို့ အာဘတ်

မော်တော်ကားဖြင့် (၃)နာရီခန့်၊ ပြင်သစ်စကားပြောသော ဆွီ ဇာလန်အပိုင်း၌

တည်ထောင်သည်ဟု ဝိလ်လတ်က ရှင်းပြလေသည်။ လိုရင့်၏ရူပါရုံသည် ကျွန်တော်

အကောင်အထည် မဖော်နိုင်သေးသော အိပ်မက်နှင့်တစ်ပြေးညီဖြစ်ဟန်ရှိသည်။ ၎င်း

ကို ခေါက်၍သူ့ အိတ်ထဲသို့ ပြန်ထည့်သောအခါ ကျွန်တော်စိတ်ထဲ – အတွေးတင်

ဝင်ရောက်လာသည်။ လိုရင့်ခမ်နင်ဟမ်းဆိုသည်မှာ ကျွန်တော်စောင့်ဆိုင်းနေသော

ကျွန်တော့်အနာဂတ် သာသနာပြုရန် ရှေ့ဆောင်မည့်သူလား။ သစ်တောနက်စခန်း

ဤလူအကြောင်း ဖရက်ကြိုတင်ဟောပြောခဲ့သည်မှာ (၁၈)လကြာခဲ့ပါပြီ။ ယခုအချိ

အထိ မည်သူမျှ ပေါ်မလာသေးပါ။

ဝိလ်လတ်ကင်တီလွန်၏စာကို မီးခိုးကြွက်လျှောက်လိုက်ဖို့ စိတ်ကူးခဲ့

လည်း နေ့စဉ် လှုပ်ရှားမှုများ၌ အလုပ်ရှုပ်ကာ စာရေးခုံပေါ်တွင် အခြား အရေးကြီး

စာ အထပ်ထပ်အောက်တွင် မြှုပ်၍ မေ့ကျန်ခဲ့ပါသည်။ ရက်သတ္တပတ်ကြာသောအခါ

ဖခင်နှင့်ကျွန်တော် သူ့စာကြည့်ခန်းထဲတွင် ထိုင်လျက် တနင်္ဂနွေနေ့ အထူးညီလာခံတွင်

ဧည့်သည်စကားပြောဖို့ မည်သူ့ကို ဖိတ်သင့်ကြောင်း ဆွေးနွေးကြပါသည်။ ၎င်းညီလာခံ

သည် ကျွန်တော်တို့၏ အသင်းတော်(၅)ပါး စုပေါင်းဝတ်ပြုသော နေ့ထူးနေ့မြတ်ဖြစ်

သည်။ နာမည်ပေါင်းများစွာကို တွေးရန်ရှိသော်လည်း သင့်လျော်မည့် ပုဂ္ဂိုလ် မတွေ့

ဖြစ်နေသည်။ ဤတွင် ရုတ်တရက် ဝိလ်လတ်၏စာကို သတိရသဖြင့် “အဖေ၊ အံဝင်ဂွင်

ကျမည့်သူ တစ်ယောက် သားစဉ်းစားမိတယ်။ သူ့နာမည်က လိုရင့်ခမ်နင်ဟမ်းပါ။

ကျွန်တော့်စာကြည့်ခန်းသို့ပြေး၍ ဝိလ်လတ်ရေးသောစာကို ယူသည်။ အဖေက စာသားကို

စာကြောင်းလိုက်မျက်စိ ဝှေ့ကြည့်သည်။ အဖေဗိုက်လုံးသည် အခုတစ်လောပိုထွက်လာသည်။ တစ်ခေါင်းလုံးဖြူခါနီးသဖြင့် သူ့အသက်(၅၃)နှစ်ထက် ပိုကြီးဟန်ရှိ

သည်။ သို့ သော် စာကြည့် မျက်မှန် မတပ်ရသေးပါ။ အမှုတော်လုပ်ငန်းတွင်လည်း

တက်ကြွစွာ ပါဝင်နေပါသေးသည်။ စာကိုဖတ်ပြီးသွားသောအခါ ကျွန်တော့်ကို ပြန်လှမ်း

မေးသည်။ ဝိလ်လတ်က အထူးထောက်ခံထားတယ်၊ လာနိုင်မည်လား၊ တယ်လီဖုန်း

ဆက်ကြည့်ပေါ့ ”

လိုရင့် ခမ်နင်ဟမ်းသည် ကျွန်တော်တို့ ၏ ဖိတ်ကြားချက်ကို လက်ခံ ရန်

ကျွန်တော်တို့ မျှော်လင့်သည်ထက် ဝမ်းသာပုံ ရသည်။ ထို့ကြောင့် သူ့ကို White Sun-

day နေ့(ခရစ်တော် ရှင်ပြန်ထမြောက်သော တနင်္ဂနွေ နေ့ မှ သတ္တမမြောက် တနင်္ဂနွေနေ့)

ဧည့်သည်တော် စကားပြောမည့်သူအဖြစ် ကြေညာလိုက်ပါသည်။ ဆရာလိုရင့် နှင့် SOE

ကျောင်းသား ခြောက်ယောက်သည် စနေနေ့ညနေတွင် လာရောက်ရန်ပြင်ဆင်သည်။

ပထမအစည်းအဝေးသည် စနေနေ့ညတွင် စတင်မည်ဖြစ်သည်။ ညနေ သုံးနာရီခန့်တွင်

ကျွန်တော့်အိပ်ခန်းထဲ စာရေးခုံတွင် စာကျက်နေစဉ် မော်တော်ကားသံကို ကြားပါသည်။

လှေကားအတိုင်း ခပ်သွက်သွက်ဆင်းသွားရာ ကားလမ်းမကြီးဘက်သို့ ဖွင့်ထားသော

အိမ်ရှေ့တံခါးမအရောက်တွင် ရှုပ်ပဲ့၍အပြာရောင်ခပ်နွမ်းနွမ်း ဗင်ကားတစ်စီး ထိုးဆိုက်

သည့်အချိန်နှင့် တိုးမိလေသည်။ အနီးကပ်ကြည့်ရှုသည့်အခါ ပေါင်မုန့်လိုက်ရောင်းသော

ဘတ်စ်ကားဟောင်းကြီးဖြစ်မှန်းသိရှိပါသည်။ နောက်တံခါးပွင့်လာပြီး အမျိုးသား အမျိုး

သမီး လူငယ်လူရွယ် တစ်ဒါဇင်ခန့်ဆင်းလာကြသည်။ ကားထဲတွင် တစ်ချိန်က ပေါင်မုန့်

အတန်းလိုက် တင်ထားသော ခုံများကို ထိုင်ခုံအဖြစ် ပြုပြင်ထားသည်။ လူကြီးလူကောင်း

ပုံပေါက်သော ဆရာကြီးလိုရင့်ဟု ယူဆရသောသူသည် ကားရှေ့ထိုင်ခုံမှဆင်းလာသည်။

သူ့ကို ကြိုဆိုဖို့ ကျွန်တော်ရှေ့ကိုတိုးသည်။ “ကျွန်တော်ကင်လိလ်ဆန်ပါ”။

အမေရိကန် အသံနေအသံထားဖြင့် ပြောဆို၍ ကျွန် တော်ကမ်းထားသောလက်ကို

လာကိုင်၍ နှုတ်ဆက်သည်။ မပွင့်တစ်ပွင့် ပြုံး၍ အံ့ဩပုံဖော်ဆောင်သော ကျွန်တော်

မျက်နှာထားကို ရိပ်စားမိကာ သူကရှင်းပြသည်။ ဆရာကြီးလိုရင် ဒုက္ခရောက်နေကြောင်း၊

ဒီမနက် ခါးကြောညှပ်လွဲသွားလို့ မလှုပ်ရှားနိုင်ကြောင်း၊ အိပ်ရာပေါ်လှဲနေကြောင်း၊

ဆရာကြီးလိုရင့်ကိုယ်စား စေလွှတ်ခြင်းဖြစ်ကြောင်းပြောပြပါသည် ။ မျှော်လင့်ထားသည့်

အတိုင်း ဖြစ်မလာသည့် အခြေအနေကို ရိပ်မိကား ကင်က တစ်ဖွဖွ တောင်းပန်ရှာသည်။

ကျွန်တော်ဝမ်းနည်းပါတယ်၊ ခွင့်လွတ်ပါ။ အစီအစဉ်ကတော့ မပျက်ဘူးထင်ပါတယ်”။

“လုံးဝမပျက်ပါဘူး၊ လာနိုင်တာဝမ်းသာပါတယ်” ဟု သူစိတ်ချမ်းသာအောင်

ကျွန်တော်အားပေးသော်လည်း စိတ်ထဲတွင် စိတ်မကောင်းဖြစ်နေပါသည်။

ဆရာကြီးလိုရင့်နှင့် တွေ့ဆုံဖို့ ကျွန်တော်မျှော်လင့်တောင့်တလျှက်နေပါသည်။

ကင်သည် ၎င်းညတွင် သာသနာ ပြုသည့် အကြောင်း အင်မတန်ကောင်းသော သတင်း

စာကားကို ဟောပြောလာပါသည်။ စကားပြန်လုပ်ရင်း ပရိသက်ဖက်သို့ ကျွန်တော်

လှမ်းကြည့်မိရာ အဖေသည် ခေါင်းတစ်သိတ်ညိတ်နှင့် အစားထိုးပြောသောသူကို

သဘောကျ၍ အလွန်ပျော်ရွှင်ပုံရှိနေသည်။ ကင်သည် တနင်္ဂနွေ နေ့ညတွင်လည်း

တစ်ကြိမ် ဟောဦးမည်ဖြစ်သည်။

အစည်းအဝေးပြီးဆုံးသွားသောအခါ ကျွန်တော်တို့ ၏ ဧည့်ခန်းထဲတွင်

ကော်ဖီ သောက်နေကြစဉ်၊ ကင်သည် ကျွန်တော့်ဘက်သို့လှည့်၍ ရူဒီ၊ ဆရာ၌

လိုရင့်ကို တယ်လီဖုန်းဆက်ကြည့်ရင် အဆင်ပြေမည်လား။ သူ ဒီမှာရှိသင့်တယ်

ကျွန်တော်စိတ်ထဲမှာ စွဲလမ်းမှုတစ်ရပ်ဖြစ်ပေါ်လာတယ်။ အခုဆိုရင် သူခရီးသွား

လောက်အောင် သက်သာလောက်ပြီထင်ပါတယ်။”

“ကောင်းတာပေါ့။”ပြောပြောဆိုဆို ရုံးထဲက တယ်လီဖုန်းရှိရာသို့ သူ့ကို လမ်း

ညွှန်လိုက်ပါသည်။ မိနစ်အနည်းငယ်ကြာသောအခါ ကင်သည် အခန်းထဲသို့ ပြန်လာပြီး

ကျေညာချက်တစ်ရပ် ထုတ်ပြန်လေသည်။ ဆရာလိုရင့်ရဲ့ အကြောညှပ်တဲ့ဝေဒနာ မသက်သာဘူး

ဒါပေမဲ့ သူလာဖို့ဆုံးဖြတ်ထားတယ်။ သူ့ကိုခေါ်ဖို့ ကားကို ပြန်လွှတ်ရမည်။

ပေါင်မုန့်စင်ပေါ်တွင် ပက်လက်အိပ်၍ ချာသာအိုဒီအောက်ထဲမှာ (၃)နာရီနဲ့

ဆရာကြီးလိုရင့် လာဖို့အရေးကို တွေးမိသည်။ မတ်စောက်ကွေ့ ကောက်သော ဆောင်

ကြားလမ်းကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ခါးကြောဆစ်လွဲသော်လည်း ခရီးကြမ်း

ဒုက္ခဝေဒနာကိုခံဖို့ ပြင်ဆင်ကာ မသိမရောက်ခဲ့ဘူးသော အသင်းတော်မှာ တရားဟော

ပြောမည့် လူတစ်ယောက်၏ဗျတ္တိကို အံ့သြမိပါသည်။ ဤဆရာလိုရင့်ဆိုသူကို တွေ့

ချင်စိတ် ပိုပေါက်လာသည် ။

ဆရာကြီးလိုရင့်သည် တနင်္ဂနွေနေ့ ညနေပိုင်း အစီအစဉ်မစမီ ပေါင်မုန့်ကား

နှင့်ရောက်လာသည်။ တောင့်တောင့်တင်းတင်း ဆံပင်ညိုညို၊ ဤလူသည် သတိဝိရိယ၊

ဗင်ကားပေါ်မှာ ဆင်းလာ၍ ကျွန်တော်တို့ဘက်ကို မဆုတ်မနစ် ဇွဲနှင့် ရောက်လာသည်။

ကျွန်တော်စောင့်ကြည့် နေသည်။ သူ့ကို ကူညီသောသူမှာ အပျံစား၊ ဆံပင်အဝါရောင်

ဖျော့ဖျော့ရှိ၍ ခပ်တိုတိုညှပ်ထားသော အမျိုးသမီးတစ်ယောက် ကျွန်တော်ထင်သည်။

ထင်သည့်အတိုင်း ဆရာကြီးလိုရင့် ၏ဇနီးဒါလင်းဖြစ်သည်။ ဤမျှတွေ့ လိုစိတ် ပြင်းထန်လာ

နောက်တစ်ကယ်တွေ့ကြသောအခါ “ဒေါက်တာဒေးဗစ်လစ်ဗင်းစတုန်း၊ ပြန်တွေ့ရသလို

ပဲ ဝမ်းသာအားရစွာဖြင့် နှုတ်ဆက်ချင်စိတ်ပေါက်နေသော်လည်း မိမိကိုယ်ကို မနည်း

ထိန်းချုပ်မိပါသည်။ အဘယ်မျှ ဝေဒနာခံစားနေသည်ကိုလည်း မြင်တွေ့ရပါသည်။

ကြမ်းပြင်ပေါ်မှာ ပက်လက်အိပ် ဒါမှမဟုတ် မတ်တတ်ရပ်ဖို့ပဲ တတ်နိုင်တယ်။

လာစေဖို့ အချိန် မရောက်မချင်း ဘုရားရှိခိုးကျောင်းနောက်တွင် မတ်တတ်ရပ်နေပါ

တယ်။ အချိန်ရောက်လာတဲ့အခါ လာခေါ်ပါ” ဟု ပြောသည်။

ဝတ်ပြုကိုးကွယ်ခြင်းစတင်ပြီးနောက်တွင် SOE ကျောင်းသူ ကျောင်းသား

တချို့က သက်သေခံကြသည်။ နောက်ဆုံးတွင် ဆရာကြီးလိုရင့်၏ အလှည့်ရောက်လာ

သည်။ သူ့ကိုသူခေါ်နေတုန်း ရှေ့ထိုင်ခုံ စကားပြန်နေရာတွင် ကျွန်တော်ထိုင်နေပါ

သည်။ သူသည် လေးလေးလံလံနှင့် ဘုရားရှိခိုးကျောင်း စင်္ကြန်အတိုင်း လျှောက်လာပြီး

စင်ပေါ်သို့ တက်သွားကာ စကားပြောစင်ကို လက်နှစ်ဘက်နှင့်ကိုင်၍ အားယူနေသည်။

လူထုပရိသတ်သည် မျှော်လင့်တောင့်တသောစိတ်ဖြင့် စောင့်ဆိုင်းနေကြ

သည်။ ဆရာကြီးလိုရင့် ဆော့နဲ့ထော့နဲဝင်လာသည်ကို တွေ့မြင်ကြခြင်းနှင့် ကင်၏

ပြင်းပြသောဒေသနာတို့ ပေါင်းစပ်ကြည့်လျှင် ပရိသတ်၏စိတ်တွင် “ငါတို့ကို တရား

သည့်အကောင် ဘာကောင်ပါလိမ့်ဟု ထင်မိကြမည်လားဟု ကျွန်တော် ရိပ်စားမိပါ

သည်။

ဝေဖန်ပြစ်တင်ချင်သောသူများ ရှိသည့်တိုင်အောင် ဆရာကြီးလိုရင့် ပါးစပ်ဟ၍

စကားစပြာသည်နှင့်တစ်ပြိုင်နက် ပပျောက်သွားလိမ့်မည်ဟု ယုံကြည်ပါသည်။ စကားပြောဆိုပြောနည်း

အသံနေအသံထားကအစ အသဲစွဲစရာကောင်းပေသည်။ ဤကဲ့သို့အပြောကောင်းသောသူကို ကျွန်တော်မကြားခဲ့ဘူးပါ။ သူ၏အိပ်မက်ကမ္ဘာထဲကမြင်ခဲ့သမျှကို ဝေငှရာတွင် လူငယ်များ အင်အားတောင့်တင်းသော စစ်တပ်ကြီးကဲ့သို့ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ပြောကြားရန် ကမ္ဘာတစ်ဝန်းလုံးသို့၊ ချောင်ကြိုးချောင်ကြားမကျန်သာသနာပြုဆရာများ ခြေမချဘူးသော ရပ်ဝေးရပ်နီး နယ်စွန်နယ်ဖျားသို့ ချီတက်နေသည်ကို မြင်ခဲ့သည်ဟုဆိုသည်။

သူ၏ဟောပြောချက်တွင် ရူပါရုံမျှသာ မဟုတ်ဘဲ သူ၏အတွေ့အကြုံ တစ်ချို့

ကိုပါ ဆင့်ခဲ့လေသည်။ သူသည် ကွန်မြူနစ်ရုရှားနိုင်ငံ ရင်ပြင်နီတွင် ခရစ်တော်ကို

သက်သေခံခဲ့သည့်အကြောင်း၊ YWAMERS ခေါ် Youth With A Mission လူငယ်

သာသနာပြုအဖွဲ့ လူသစ်များကို ကာရီဘီယန်ကျွန်းသို့ ဧဝံဂေလိခရီးခြေဆန့်ခဲ့သည့်

အကြောင်း မည်သူမှ လစာစရိတ် ရရှိကြသည်မဟုတ်ဘဲ စားနပ်ရိက္ခာအတွက် ဘုရား

သခင်ကိုသာ ယုံကြည်အားထားမှုကြောင့် ယုံကြည်ခြင်းဖြင့် အသက်ရှင်လှုပ်ရှားနေကြ

ကြောင်း၊ လစာစရိတ်မရရှိသည့်အထဲတွင် YWAM(ဝိုင်အမ်ဟုဖတ်သည်) တည်ထောင်

သူနှင့် ကြီးကြပ်သောသူဖြစ်သော သူကိုယ်တိုင်ပါဝင်ကြောင်း ရှင်းပြလေသည်။

ဆရာကြီးလို ရင့်၏ ဟောပြောချက်သည် ကျွန်တော့်စိတ်ထဲတွင် ပန္နက်

ရိုက်သလို ခံစားပြီး စိတ်အလွန်တက်ကြွစေ၍ ယေရှုအတွက် တစ်ကမ္ဘာလုံးသို့

ရောက်ဖို့ ကျွန်တော်အိပ်မက်ကို ယခုကဲ့သို့ ရှင်းလင်းစွာ ပြောပြသောသူ တစ်ဦး

တစ်ယောက်နှင့် ဆုံစည်းခြင်းမရှိခဲ့ဘူးပါ။ ဟောပြောပွဲအပြီးတွင် ကျွန်တော်လည်း

ဝိုင်အမ်(YMAM)ထဲသို့ ပါဝင်ဖို့ လက်မှတ်ထိုးရန် အသင့်ပြင်ဆင်ထားပါသည်။ ဧကန္တ

ယခင် ဗရက်ကြိုတင်ဟောပြောခဲ့သော၊ ကျွန်တော့်ကို အမှုတော်ဆောင်လုပ်ငန်းထဲ

ဦးဆောင်မည့်သူမှာ ဤပုဂ္ဂိုလ်ပဲဖြစ်ပါသည်။ သခင်ဘုရားသည် ကျွန်တော်၏ခံယူချက်

အပေါ်တွင် အင်မတန်ထူးခြားသော နည်းလမ်းဖြင့် တံဆိပ်ခတ်တော်မူသည်။ ဟောပြောပွဲ

တစ်ဝက်ခန့်ရောက်သောအခါ ဆရာကြီးလိုရင့်၏ ခြေထောက်များသည် တည်ငြိမ်

ပြုလာသည်။ ဟောပြောပွဲပြီးဆုံးသောအချိန်တွင် သူသည် လက်နှစ်ဘက်ကို ဝှေ့ရမ်း၍

လုံးဝကျန်းမာသောသူ၏ ခွန်အားနှင့်လှုပ်ရှားနေသည်။ နာကျင်သောလက္ခဏာဟုသမျှ

ပျောက်ကင်းခဲ့လေပြီ။ ဘုရားသခင်သည် လူသားတို့မတတ်စွမ်းနိုင်သော ဘုန်းတန်ခိုးဖြင့်

သူ၏ခါးဆစ်အနာရောဂါကို ငြိမ်းစေတော်မူခဲ့ပြီ။

၎င်းည ဆရာကြီးလိုရင့်နှင့် သူ၏ဇနီးဒါလင်(Darlene)(ခင်ပွန်းသည်က သူ့

ကို အဒါဟု ချစ်စနိုးခေါ်သည်)တို့သည် ကျွန်တော်တို့မိသားစုနှင့်အတူ ညစာသုံးဆောင်

ကြပါသည်။ “လက်ခ်တို့မိသားစုနှင့်တွေ့ရတာ တစ်ကယ်ပဲ စိတ်နှလုံးပီတိဖြစ်နေတယ်

ဟု ပြောရင်း စေတနာဗလာပွနှင့် မာရိယာနီ ထည့်ပေးသော အသားကင်ကို ခက်ရင်းဖြင့်

ထိုးဆွနေပါသည်။ သူကဘဲ ဆက်လက်၍ “ဝိလ်လတ် ခကင်တီလွန်က ခင်ဗျားကို

ကောင်းကောင်းချီးမွမ်းတယ်။ အဆက်အသွယ်ရဖို့ ကြိုးစားတာကြာပါပြီ။ ကျွန်တော်

ခါးဆစ်လွဲခြင်းဟာ ငါတို့ဆုံစည်းရေးကို တားမြစ်ဖို့ စာတန်ရဲ့ နောက်ဆုံး အားထုတ်ခြင်း

ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု ပြောပြလေသည်။ သူသဘောပေါက်ခဲ့သည်

ထက် ရန်သူ၏ခုခံမှုက သာလွန်ခဲ့လျှင် မည်ကဲ့သို့ ဖြစ်ပျက်မည်ဟု စိတ်ထဲတွင် စဉ်းစား

ရင်း ဆရာကြီးလိုရင့်၏စကားကို ကျွန်တော်တိုးတိုးတိတ်တိတ် စမြုံ့ပြန်နေလေသည်

ညစာစားရင်း ပြောကြသော စကားစမြည်ပင်လျှင် စိတ်စွဲလမ်းဖွယ် ဒေသနာ

အဆက်ဖြစ်သည်။ ဆရာကြီးလိုရင့်သည် ယေရှုအတွက်ကမ္ဘာကို ဝိုင်းပတ်မည့်လူငယ်

များကို ပိုင်ဆိုင်ရေးစီမံချက်များကို အကျယ်တဝန်းပြောပြလေသည်။ သူ ပြောသော

စကားတစ်လုံးချင်း ကျွန်တော်စိတ်ထဲတွင် စွဲငြိနေသည်။ ကျွန်တော့်ပန်းကန်ထဲက ပဲသီး

အစိမ်းထက်အရသာ ပိုရှိသည်။ ညစာစားပြီးခါနီးတွင် ဆရာကြီးလိုရင်သည် ရုတ်တရက်

ကျွန်တော်ဘက်သို့လှည့်ကာ “ဒီ၊ ဥရောပမြေပေါ်မှာ လူငယ်သာသနာပြု စေလွှတ်

တော့မယ်။ လာပြီး မပါဝင်ချင်ဘူးလား။”

လစာ စားစရိတ်မရှိဘူးဟု ဟောပြောချက်မှ သိရှိခဲ့ပြီးဖြစ်သည်။ သူ့ ရူပါရုံသည် ကြီးမား၍ နှစ်စဉ်လူငယ်ပေါင်း (၅၀၀၀) ခန့် အချိန်ပိုင်း ပါဝင်သော်ငြားလည်း

အချိန်ပြည့်ဦးစီးဦးဆောင်အဖွဲ့သား တစ်ဒါဇင်ခန့်မျှသာရှိလေသည်။ ဥရောပရုံးတွင်

သူတို့လင်မယားမှလွဲ၍ အခြားဦးစီးသူမရှိပါ။ သို့သော် ဤအကြောင်းသည် ကျွန်တော်ကို

ဟန့်တားသည်မဟုတ်ပါ။ ဤအမှုတော်တွင် ကျွန်တော်စိတ်ဝင်စားခဲ့ပြီးဖြစ်သည် ။

အဖေ၏မျက်နှာကို အကဲခတ်ကြည့်ရာ ယုံကြည်စိတ်ချသည့် လက္ခဏာမတွေ့ရပါ။

ဤလူငယ်သာသနာပြုအဖွဲ့ထဲသို့ ကျွန်တော်ဝင်လျှင် ဖခင်သည် လက်ထောက်မရှိဖြစ်နေ

မည်။ အဖေ၏ထိန်ချန်ခြင်းကို ရိပ်မိခြင်းကြောင့်လားမသိ၊ ဆရာကြီးလိုရသည် အသာ

နောက်ပြန်ဆုတ်၍ “ရုဒီရယ်၊ သခင်ဘုရား၏အလုပ်ကို ကျွန်တော်မလုပ်ချင်ပါ။

ကျွန်တော်ပြောတာ ဘု ရားသခင်၏အလိုတော်ဖြစ်ရင် ကိုယ်တော်လမ်းပြမှာပါ”

သို့ သော် ဘုရားသခင်သည် လမ်းပြတော်မူပြီ။ ဆရာကြီးလိုရင့်ကို ကျွန်တော်

သဘောကျနေပြီ။ အဖေ၏အသင်းတော်ထဲက လေးစားအပ်သော အခြားလူကြီးများ၊

မိထွေးအပါအဝင် သဘောပေါက်စေရန်ရှင်းပြဖို့ လပေါင်းအနည်းငယ်ကြာခဲ့သော်လည်း

နောက်ဆုံးတွင် အားလုံးက မီးစိမ်းပြုကြလေသည်။ နောက်ဆုံးတွင် ဖခင်၏သဘောတူ

ခွင့်ပြုချက်ကိုရရှိပါသည်။ လက်ထောက်သင်းအုပ်ဆရာအဖြစ်မှ နှုတ်ထွက်ခွင့်တင်ပြီး

၁၉၆၉ခုနှစ် စက်တင်ဘာလတွင် ဝိုင်အမ်(YWAM)ခေါ် လူငယ်သာသနာပြုအဖွဲ့၌

ဥရောပသား ပထမဆုံး အမှုတော်ဆောင်အဖြစ် ပူးပေါင်းပါဝင်ခဲ့ပါသည်။

ကမ္ဘာတစ်ဝန်း တစ်နိုင်ငံပြီးတစ်နိုင်ငံ နယ်စပ်ကိုဖြတ်ကျော်၍ လူစိမ်းသူစိမ်း

တိုင်းပြည်ထဲသို့ဝင်ကာ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်ရပ်များနှင့် ကြုံတွေ့ နေရသော ဇာတ်စင်

ပေါ်တွင် နေရာချထားခြင်းကို ကျွန်တော်ခံခဲ့ပါသည်။ တိုင်းနိုင်ငံမြောက်ခြားများစွာတို့၌

ကျွန်တော်လုပ်ဆောင်နေသည့် သာသနာပြုလုပ်ငန်းကို နားလည်သိရှိကြပါက ကျွန်တော်

နိုင်ငံကူးလက်မှတ်တွင် အလိုမရှိသောပုဂ္ဂိုလ်ဟူသော တံဆိပ်တုံး ထုနှက်ကြမည်မှာ

ယုံမှားသံသယမရှိပါ။

၃။ကိုယ်စား ဆုတောင်းပေးရာ၌သင်ခန်းစာများ

ပိုင်အမ် (YWAM) နှင့် ပထမလပေါင်းအနည်းငယ်ကို လူသစ်

စုဆောင်းရန်ဥရောပတိုက်တစ်လျှောက် တစ်ဦးတည်းခရီးနှင်ခဲ့ ပါသည်။ ဆရာကြီးလိုရင့်

သာသနာပြုသည့် အကြောင်း အနည်းငယ်ကိုသာ ကြားခဲ့သဖြင့် လူသစ်စုဆောင်းရာတွင်

သာသနာပြုအကြောင်း ကျွန်တော်သိသမျှ မှတ်သမျှ

ရုပ်သေပြသခြင်းအားဖြင့် ဟောပြောခဲ့ပါသည်။ ဤခရီးစဉ်သည် အဖော်မရှိ လွမ်းသလိုလိုဖြစ်နေမိသည်။ ခရစ္စမတ်အတွက် ရက်သတ္တပတ်နှစ်ပတ် နားခွင့် ရသဖြင့် ဝမ်းသာပါသည်။ ဘာလင်မြို့တွင်နေထိုင်ကြသော ညီမအက်စတာနှင့် သူမ၏ခင်ပွန်းသည်တို့ထံ ခရစ္စမတ်ပွဲအတွင်းသွား ရောက်လည်ပတ်ပြီးမှ မိမိဌာနေ အာဘတ်မြို့သို့ မိသားစုနှင့် အနားယူရန် ပြန်သွားပါသည်။

လက်စွဲအိတ်ကြီးတစ်လုံးနှင့် သုံးလလုံးလုံး စခန်းသွားပြီးနောက် နေသားတကျ

ဖြစ်သော အိမ်သို့ပြန်ရောက်၍ ကိုယ်ပိုင်ခုတင်ပေါ်တွင် အိပ်ရသည်မှာ အလွန်ဇိမ်ကျ

သည်။ သို့သော်၊ အိပ်ခန်းစာရေးခုံတွင်ထိုင်၍ စာဖတ်ရင်း အသီးမရှိတော့သော ပန်းသီး

ကိုကျော်၍ ရေခဲဖြူဖွေးသော တောင်တန်းများကို လှမ်းမျှော်ကြည့်သောအခါ ဤအိမ်ရာ

အတည်တကျ နေထိုင်ရတော့မည်မဟုတ်ကြောင်း စိတ်ကူးပေါက်လာသည်။ အလည်

အပတ်ရောက်၍ မိသားစုနှင့် နီးနီးကပ်ကပ်နေချင်မှနေတော့မည်။ အဘယ့်ကြောင့်

သော် ဝိုင်အမ် (YWAM) မိသားစုနှင့် ကျွန်တော်တွဲမိပြီးဖြစ်သည်။ အဖွဲ့သားများနှင့်

သိကျွမ်းရင်းနှီးဖို့ ကျွန်တော် စိတ်စောနေပြီ။

ဤအခွင့် အလမ်းသည် ရက်သတ္တပတ်နှစ်ပတ်အကြာ၊ ဝိုင်အမ်၏ဧဝံဂေလိ

ကျောင်းသို့တက်ရောက်ဖို့ ကျွန်တော့်အမည် စာရင်းကို တင်သွင်းသည့်အခါ အကောင်း

ထည် ဖော်လာသည်။ ဤသင်တန်းမှာ ရှစ်လသင်တန်းဖြစ်သည်။ ဝိုင်အမ်သို့ ဝင်ရောက်

ပါဝင်လိုသောသူတိုင်းအတွက် မတက်မနေ ရ သင်တန်းဖြစ်သည်။ ကျွန်တော်သည်

ကောလိပ်သို့ နှစ်နှစ် တက်ရောက်ခဲ့ပြီး၊ လေးနှစ်နီးပါး အမှုတော်ဆောင်ခဲ့သော်လည်း

ကင်းလွတ်ခွင့်မပြုကြပါ။ သင်တန်း၏ပထမသုံးလကို ဟောပြောပို့ချဘာသာရပ်ချည်း

ဖြစ်ပြီး၊ အလယ်နှစ်လမှာ အရှေ့အလယ်ပိုင်းသို့ လေ့လာရေးခရီးထွက်ခြင်းနှင့် ကျန်သုံး

လမှာ ဧဝံဂေလိခရီးစဉ်ဖြင့် အဆုံးသတ်ရန်ဖြစ်သည်။ ဧဝံဂေလိကျောင်းကို လောဆန်နီ

မြို့အစွန် မကြာသေးခင်က ပိုင်အမ်အဖွဲ့မှငှားရမ်းထားသော သုံးထပ်တိုက် ဟိုတယ်

တစ်ခုတွင် ပြုလုပ်ခြင်းဖြစ်သည်။

ရက်သတ္တပတ်နှစ်ပတ်လုံးလုံး အလုပ်အကိုင်မရှိ၊ မိတ်ဆွေများ၊ မိသားစုများနှင့်

တစ်ဖွဲဖွဲလာရောက်လည်ပတ်သော ဧည့်သည်များနှင့် အချိန် ကုန်ကွန်ပြီးနောက်

“ ကျွန်တော်သည် ခြေမငြိမ်တော့ဘဲ သွားဖို့သာ ဆန္ဒစောနေပါသည်။ ခရီးထွက်

ဖို့ ရက်သတ္တပတ်တစ်ပတ် ရပ်ဆိုင်းဖို့ အကြောင်း ပေါ်လာလည်း အခြား

စည်းဝေးဆက်တိုက်ပြုလုပ်လျက်ရှိရာ ကျွန်တော့်အနေဖြင့် ကူညီဖို့ အပ်လာသည်။

သင်တန်းကျောင်းသို့ နောက်ကျ၍ရောက်ရှိကာ၊ ဆရာကြီးလိုရင့်ပို့ချသောဘာသာရပ်

များကိုမီအောင် ကက်ဆက်ခွေ နားထောင်၍ မနည်းလိုက်ခဲ့ပါတယ်။

ဧဝံဂေလိသင်တန်းကျောင်းတွင် ကျောင်းသူကျောင်းသား(၃၀)ရှိသည်။ အသက် (၂၇)နှစ်ရှိသော ကျွန်တော်သည် အသက်ကြီးဆုံးဖြစ်သည်။ ဂျိုပွတ်တဲလ်၊ဒွန်၊ဒီယွန်၊စတီဖင်၊ ဒါဝိဒ်၊ ကာရောလ်ဆွိနှင့် အလ်အကီမွတ်စသည်တို့မှာ အမေရိကန်များဖြစ်ကြပြီး၊ ကောလိပ်တွင် နှစ်ပေါင်းများစွာ တက်ခဲ့ပြီးသူများဖြစ်ကြသည်။ နေ့လည်စာစားရင်း၊ အဲလ်သည် ရုရှားအမျိုးအနွယ်ဖြစ်မှန်းသိရှိပါသည်။ သူ့အဖေလည်း ဆက်ကပ်သော ခရစ်ယာန်တစ်ဦးဖြစ်ပြီး ဆိုဗီယက်ယူနီယံတွင် ကွန်မြူနစ်များ အာဏာမသိမ်းမီခရစ်ယာန် ရပ်ကွက်တစ်ခုလုံး အမေရိကန်သို့ ထွက်ပြေးပုံကို ပြောပြရာ ကျွန်တော်သည်စိတ်ဝင်စားစွာ နားထောင်သည်။ လူပျိုပေါက်တစ်ယောက်၏ ပရောဖက်ပြုမှုကြောင့်

ထွက်ပြေးဖို့ ကြိုတင်သတိပေးခြင်း ခံခဲ့သည်ဟုဆိုသည်။ အဲလ်၌ စိတ်ဝိညာဉ်ချင်းတူညီမှု

ကို ကျွန်တော်ရိပ်စားမိပါသည်။ အရပ်ငါးပေကျော်မျှသာရှိသော်လည်း ဝိညာဉ်ရေး

စိတ်ထက်သန်မှုနှင့်ပတ်သက်လာလျှင် သေးသေးကွေးကွေး အညတရမဟုတ်ပါ။ သူနှင့်

ရှေ့တိုး၍ မိတ်ဖွဲ့ဖို့ ကျွန်တော်စိတ်ပိုင်းဖြတ်ထားသည်။

ဧဝံဂေလိသင်တန်းကျောင်းတွင် စတက်သည့် ပထမရက်များအတွင်း

ကျွန်တော်မျက်စိကျသော ပုဂ္ဂိုလ်တစ်ဦးမှာ ဆံပင်ညိုညို ကျောင်းဆရာမတစ်ဦးဖြစ်ပါ

သည်။ သူ့နာမည်က ရီအိုနာပီတာဆင်ဖြစ်ပြီး တောင်ပစိဖိတ်သမုဒ္ဒရာထဲက နယူးဇီလန်

နိုင်ငံသူဖြစ်သည်။ လူငယ်တို့သဘာဝအတိုင်း ချစ်ကြိုက်တတ်သည့်သဘော မဟုတ်

သော်လည်း ဝိညာဉ်ရေးရာတွင် အနှောင်အဖွဲ့ ချက်ခြင်း ငြိတွယ်မှန်း ရိပ်စားမိပါသည်။

ရီအိုနာနှင့်ကျွန်တော်မှလွဲ၍ အခြားသော ကျောင်းသူကျောင်းသားများမှာ မြောက်အမေရိ

ကသားများဖြစ်ကြသည်။ သင်ကြားပို့ချမှုသည် အင်္ဂလိပ်ဘာသာစကားဖြစ်သဖြင့်

အင်္ဂလန်တွင် (၂)နှစ်ပညာ သင်ကြားခွင့် ရရှိသည့် အကျိုးကြောင့် ဝမ်းသာပါသည်။

ဤသင်တန်းမှာ ဆရာကြီးလိုရင့်နှင့်သူ့ ဇနီးဒါတို့ ဥရောပတိုက်တွင် ဒုတိယအကြိမ် ဦးစီးခြင်းဖြစ်သည်။

ကျောင်းသည် သာ၍ ထင်ပေါ်သော အနာဂတ်ခေါင်းဆောင်များကို မွေးထုတ်လေသည်။

၁၉၇၀ ခုနှစ်တွင် ကျွန်တော်တို့ အဖွဲ့သည် ပထမတစ်သုတ်ဖြစ်ပြီး ဘုရားသခင်

နည်းလမ်းများကို လေ့လာသင်ယူရန် စိတ်ထက်သန်ကြသည်။ ဆရာကြီး လိုရင့်၏

ပြောသွန်သင်ခြင်း ပထမရက်သတ္တပတ်ကို မမီခဲ့သော်လည်း ဒုတိယအပတ်တွင် ပါဝင်နိုင်သောကြောင့်

ဝမ်းသာအားရနေပါသည်။

ဆောင်းရာသီ လာဆန်နီမြို့ နေရောင်၏အားပျော့သော အလင်းရောင်သည်

သင်တန်းခန်းပြတင်းပေါက်ကို ဖြတ်၍ဝင်လာသည်။ ဝိုင်အမ်အတွက် သူ၏ရူပါရုံကို

ဆရာကြီးလိုရင် ရှင်းပြသောအခါ ကျွန်တော်သည် အာရုံစူးစိုက်လျက် မလှုပ်မရှက်

နားထောင်နေသည်။ သူ့ဟောပြောချက်ကို နားထောင်နေရင်း၊ အာဘတ်မြို့ ကျွန်တော့်

ဇာတိ ဘုရားရှိခိုးကျောင်းတွင် ထိုမှတ်လောက်သားလောက်သော တနင်္ဂနွေ နေ့အစည်းအဝေး

တွင် သူဟောပြောစဉ်က ကျွန်တော်စိတ်လှုပ်ရှားမှုမျိုးကို တစ်ဖန်ခံစားနေပါသည်။

ကယ်လီဖိုးနီးယားပြည်နယ်တွင် အေဂျီအသင်းတော် (Assemblies of God)နှင့် လက်

တွဲရာတွင် သူသည် လူငယ်တစ်ဦးဖြစ်လျက် ဘုရားသခင်သည် သူ့ကို ရွေးကောက်

တော်မူ၍ ဂိုဏ်းဂဏတစ်ခုတည်းနှင့်မဟုတ်ဘဲ ခရစ်ယာန်ဂိုဏ်းပေါင်းစုံနှင့် အမှုတွဲ

ဆောင်ရန် စေခိုင်းတော်မူသည်။ ဤကဲ့သို့ ဂိုဏ်းဂဏအသီးသီးနှင့် အမှုတော်ဆောင်ရ

မှာ မြေစမ်းခရမ်းပျိုးသဘောမျိုးဖြစ်သော်လည်း သူသည် စွန့်စား၍ သူ့ဇနီးဒါနှင့်အ

ဝိုင်အမ်(YWAM)ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

တစ်ဦးတည်း ဆုတောင်းပတ္ထနာပြုနေစဉ်၊ ဘုရားသခင်သည် တန်ခိုးကြီးသော

ပင်လယ်ရေလှိုင်းသည် ပင်လယ်ကမ်းခြေကို ရိုက်ခတ်သည့်မြင်ကွင်းကို ပြတော်မူသည်။

ရေလှိုင်းတစ်ခုနောက်ပြန်၍ နောက်တစ်ခုက အစားထိုးကာ နောက်ရေလှိုင်းတစ်ခုစီသည်

ကုန်းပေါ်သို့ ထိုးဖောက်သွားသည်။ သူရူပါရုံမြင်ကွင်းကို သူ့ဧည့်ခန်းနံရံအဖြူပေါ်တွင်

ရုပ်ရှင်ကြေညာသကဲ့သို့ ပုံဆွဲထားသည်။ ရူပါရုံရုပ်လွှာများကို ကြည့်ရင်း၊ ရေလှိုင်း

များသည် လူမျိုးအသီးသီးထံသို့ ချီတက်၍ ကမ္ဘာအစွန်ဆုံး အဝေးဆုံးနေရာများကိုပင်

ဝင်ရောက်တိုက်ခိုက်သော လူငယ်တပ်တော်ကြီးအဖြစ်သို့ ကူးပြောင်းသွားသည်။ ဤ

ကမ္ဘာမြေကြီးပေါ်မှာ ခရစ်တော်အတွက် မရောက်နိုင်သောနေရာမရှိဘူး။ ဘုရားသခင်၏

ဝမ်းမြောက်ဖွယ်သတင်းကို သတ္တဝါအပေါင်းတို့ထံ ယူသွားပြီး လူမျိုးအပေါင်းတို့ကို

တပည့်ဖြစ်စေဖို့ ငါတို့ကို ရွေးကောက်ခေါ်တော်မူပါတယ်”ဟု ဆရာကြီးလိုရင့်မှ ကျေညာ

သမှု ပြုလေတော့သည်။

ဥရောပတိုက်တွင် လောလောဆယ် ဝိုင်အမ်ကို ကိုယ်စားပြုသော ကျွန်တော်တို့

လက်တစ်ဆုတ်စာကို စဉ်းစားကြည့်သည်။ အချိန်ပြည့် ဥရောပတိုက်သား ရုံးလုပ်ငန်း

ဦးစီးသောသူမှာ ကျွန်တော်တစ်ယောက်တည်းဖြစ်ပါသည်။ လွန်ခဲ့သော လအနည်းငယ်

အတွင်း ခရီးထွက်ရာတွင် ကျွန်တော်တို့ အကြောင်းကို ကြားဖူးသော လူတစ်ယောက်

တစ်လေမျှနှင့် မဆုံမိခဲ့ပါ။ အမေရိကန်နိုင်ငံမှာ ဝိုင်အမ်သည် (၁၀)နှစ်ကျော်လုပ်ကိုင်ခဲ့ပြီး

ဖြစ်သော်လည်း အချိန်ပြည့်ဦးစီးသူ လက်တစ်ဆုတ်စာမျှသာရှိနေပါသည်။ သို့သော်ငြား

လည်း ဆရာကြီးလိုရင့် ဟောပြောသည့်အတိုင်း ဤလူငယ်အုပ်ကြီးသည် ချီတက်သည့်

အနေအထားတွင် ရှိသလိုဖြစ်နေသည်။ ကျွန်တော့်အနေနှင့် အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်ရ

မည်ဟု စိတ်ထဲတွင် ဆုံးဖြတ်ထားပါသည်။

“သာသနာပြုဆရာများဆိုတဲ့နေရာမှာ ပုံစံအမျိုးမျိုးရှိတယ်၊ တချို့က ရှေ့ပြေး

သို့မဟုတ် လမ်းထွင်သူများနှင့်တူတယ်။ သူတို့က နယ်မြေသစ်များကို စုံစမ်းလေ့လာတဲ့

– အဖွဲ့ ဖြစ်တယ်။ သူတို့ဟာ နယ်ပယ်သစ်မှာ ကြာကြာနေလေ့မရှိကြဘူး။ နောင်လာမည့်

လူများအတွက် ပြင်ဆင်ပေးနေရတယ်”ဟု ဆရာကြီးလိုရင့် ရှင်းပြလေသည်။ ဤရှေ့ပြေး

လ အဖွဲ့သည် မည်သူမှ အခြေမချဘူးသည့်နေရာသို့ မည်ကဲ့သို့ သွားသည်။ တောနက်

နွယ်အောက်တွင် မူလလမ်းကို မည်ကဲ့သို့ ခုတ်ထွင်နေကြသည်ကို ရှင်းပြသောအခါ

ကျွန်တော့်စိတ်နှလုံး ပြေးလွှားနေလေတော့သည်။ ဆရာကြီးလိုရင့်မှ ဆက်၍ ရှင်းပြရာ

တွင် ဤအလုပ်သည် အန္တရာယ်များတတ်သည်။ လုပ်ဖော်ကိုင်ဖက်မရှိ တစ်ယောက်

အတည်း စွန့်စားသောအလုပ်ဖြစ်သည်။ သို့ သော် လုံးဝမလုပ်ဘဲနေ၍မဖြစ်။ တောလမ်း

ကြောင်းရှာသော သူတို့သည် နောက်လာမည့် သာသနာပြုအဖွဲ့ လမ်းခင်းဖို့ ပြင်ဆင်ပေး

ကြသည်။ နောက်ဆုံးရောက်လာမည့်သူများမှာ အခြေချမည့်အဖွဲ့ဖြစ်သည်။ သူတို့သည်

တောလမ်းကို လမ်းမကြီးနှင့် ကတ္တရာလမ်းအဆင့်အဖြစ်လုပ်ဆောင်ရမည်။ နောက်က

လိုက်လာမည့်သူတိုင်း အလွယ်တကူ ရောက်သွားနိုင်ရန် လမ်းချဲ့ကြသည်။ ကျွန်တော်

သည် မည်သည့် နေရာနှင့်အံဝင်ဂွင်ကျ ဖြစ်မည်ကို သိရှိပါသည်။ သူတစ်ပါးနောက်ကို

လိုက်မည်မဟုတ်ပါ။ “သခင်ဘုရား ကျွန်တော်သည် လမ်းကြောင်းရှာသောသူ၊ ပထမ

ဆုံး ဝင်ရောက်သောသူ ဖြစ်ကိုဖြစ်ရမယ်” ဟု တိုးတိုးတိတ်တိတ် သစ္စာကတိ ပြုခဲ့ပါ

သည်။

လာမည့်အပတ်တွင် အမျိုးသမီးတစ်ယောက်သည် ဆုတောင်းခြင်းအကြောင်း

ကို ဟောပြောရန် စီစဉ်ထားသည်ဟုသိရှိသောအခါ ကျွန်တော်သည် စိတ်မကောင်းဖြစ်

နေပါသည်။ ကျွန်တော်တို့ အသင်းတော်တွင် အမျိုးသမီးဆုတောင်းအဖွဲ့ကို မြင်ယောင်နေမိသည်။ သူတို့တစ်တွေ တိုးတိုးတိတ်တိတ် ဆုတောင်းလေ့ရှိကြသည်။ ရှေးဟောင်းပုံစံအတိုင်း

ဝတ်ဆင်ကြသည်။ ကျွန်တော့်မိခင်ကဲ့သို့ သူတို့သည် နောက်ကျောဘက်တွင်ဆံပင်ကို

တစ်ထုံးတည်းဖြင့်ဖားလျားချထားသည်။ ဆုတောင်းခြင်းအကြောင်းဟောပြောမည့်သူမှာ နယူးဇီလန်သူ ဂျွိုင်းဒေါဆင်ဖြစ်ပါတယ်။ ကျွန်တော်တို့ကိုမိုးကြိုးပစ်ခတ် သလိုပစ်ခတ်တော့မည်ဟု ကျွန်တော်လုံးဝမျှော် လင့်မထား၊ ပြင်ဆင်မထားခဲ့ပါ။

            ဂျွိုင်းဒေါဆင်သည် သင်တန်းစကတည်းကကျွန်တော်တွေ့ရှိအကဲခက်သည့်အတိုင်း တော်ရုံသင့်ရုံသာဖြစ်ဟန်ရှိသည်။ယဉ်ယဉ်ကျေးကျေး ဝတ်ဆင်၍ ဘုရားသခင် အထံတော်မှ

တိုက်ရိုက်တိုက်ခက်သော လေမုန်တိုင်းသဖွယ် ကျွန်တော်တို့ကို တိုက်ချလေသည်။တန်ခိုးအာဏာအပြည့်ဖြင့် စကားပြောသည်။ မိန်းမသား ဖြစ်သော်

လည်း သူမ၏ယုံကြည်ခံယူချက်မှာ ပြင်းထန်လှသည်။ မည်ကဲ့သို့ ဆုတောင်း၍ ဘုရားသခင်ထံ

တော်မှ မည်ကဲ့သို့ အဖြေရရှိရမည်ဟူသော အကြံကောင်းဉာဏ်ကောင်း ကိုဟောပြောသည်မဟုတ်ဘဲ ကိုယ်တိုင် အတွေ့အကြုံကို အရင်းခံ၍ ဟောပြောခြင်းဖြစ်လေသည်။ ဤဂျွိုင်းအမျိုးသမီးသည် အနန္တတန်ခိုးရှင်နှင့် အစစ်အမှန်အလုပ်လုပ်သောသူဖြစ်မှန်း ကျွန်တော် ချက်ခြင်းရိပ်စားမိပါသည်။ ပေါ့ပေါ့တန်သဘောထားရမည့် မိန်းမသားမဟုတ်ပါ။

ဂျွိုင်းဒေါဆင်ပြုသမျှ၌ စားသောက်ခန်းသို့ သွားရာ၌ပင် ဘုရားသခင်၏အရှိန်အဝါ

ပါသည်ဟု ယူဆရသည်။ ရက်သတ္တတစ်ပတ် အဆုံးသတ်သောနေ့ စနေနေ့

တွင်အားလပ်ချိန်ရရှိကြသည်။ ညနေစောစောပိုင်းတွင် နယူးဇီလန်ကတည်းက သိကျွမ်းခဲ့

သော ရီအိုနာတို့နှင့် ဧည့်ခန်းအဖြစ် အသုံးပြုသော ဟိုတယ်ဝင်ပေါက်အခန်းတွင်

အာလပသလာပ စကားလက်ဆုံ ပြောဆိုနေကြပါသည်။ သူမဟောပြောခဲ့သော ယေရှု

အသံကို မှန်ကန်စွာ ခွဲခြားသိတတ်ဖို့ အကြောင်းကို ဆွေးနွေးကြသည်။ ဗိုက်ဆာလာ

သဖြင့် တစ်ခုခုသွားစားကြဖို့ အကြံပြုသည်။ “ကျွန်တော့်ကားနှင့်သွားပြီး ပေါင်မုန့်

ထောပတ်သုတ် သွားစားကြရအောင်”။

“သိပ်ကောင်းတာပေါ့ ရုဒီ”ဟု သူမ၏အကျင့်အတိုင်း ရိုးသားပွင့်လင်းစွာထောက်ခံလေသည်။

သုံးယောက်တည်းဖြစ်ပြီး ကျွန်တော့်ကားတွင် လူ(၅)ယောက်အသာကလေးဆန့်သည်။ ဧည့်ခန်းဒေါင့် ခပ်ဝေးဝေးတွင် ကျောင်းသားနှစ်ယောက်ထိုင်၍ပြောနေကြသည်ကို လှမ်းမြင်လိုက်ပါသည်။ “သူတို့ များလိုက်ချင်ကြမည်လားပြောပြောဆိုဆို သူတို့ဘက်သွားမည်အပြုတွင် ဂျိုင်းက သူမ၏လက်ဖြင့် ကျွန်တော့်ကို တားလိုက်သည်။

“ဒီမှာ၊ ထင်ကြေးမလုပ်နှင့်ရုဒီ။ သူမ၏စူးရှသော မျက်လုံးအစုံဖြင့် ကျွန်တော့်

ကို စိုက်ကြည့်သည်။ သခင်ဘုရားကို အသေးစိတ် စူးစမ်းရှာဖွေဖို့ လိုအပ်ပါသည်။

ဒီညနေ ကိုယ်တော်ကို အစွမ်းကုန်လိုချင်ပါတယ်” ဟု ဆက်ပြောပြီး မျက်စိကိုမှိတ်ကာ

ခေါင်း ကိုငုံ့လေသည် ။ ကျွန်တော်အံ့သြသွားသည်။ ဤမျှလောက် အရေးမကြီးသောကိစ္စ

အတွက် ဘုရားသခင်နှင့်တိုင်ပင်ရန် စိတ်မကူးခဲ့ပါ။ မိနစ်အနည်းငယ် ကြာသောအခါ

ဗျိုင်း သည် ခေါင်းပြန်မော့၍ပြသည်။ သူတို့ကိုမခေါ်ပါနှင့်။ သုံးယောက်သားဘဲ သွားကြမယ်။

သုံးယောက်သား မိမိတို့စိတ်ခံစားမှုအားလုံး အိတ်သွန်ဖာမောက် ဝေငှကြသည်။

အခြားသူများ ပါဝင်လာလျှင် စကားလမ်းကြောင်းတစ်မျိုးတစ်မည်ဖြစ်ကောင်းဖြစ်နိုင်

သည်။ သာ၍အရေးကြီးသောအချက်မှာ ၎င်းပေါင်မုန့် ထောပတ်သုတ်သည် ဘုရားသခင်

ကို အသေးစိပ်စူးစမ်းရှာဖွေရန် လိုအပ်သည့်အကြောင်း ရက်သတ္တတစ်ပတ်လုံး ဂျိုင်း၏

ဟောပြောချက်အရေးကြီးပုံကို ထပ်မံဖော်ပြရာရောက်လေသည်။ အနာဂတ်တွင်း

ကျွန်တော်အလေးအနက် အားကိုးအားထားပြုရမည် အခြေခံမူတစ်ရပ်ဖြစ်လေ

တော့သည်။

ဂျိုင်းနှင့် ကျွန်တော်တို့ အတူ ရှိနေကြသည့် ခေတ္တအချိန်သည် ကျွန်တော့်

အသက်တာတွင် သေရေးရှင်ရေးကိစ္စ နယ်ပယ်တစ်ခု၌ ဘုရားသခင် ထိုးဖောက်လာ

ခဲ့သည်။ ဤနယ်ပယ်မှ ငွေကြေး၏ဆုတ်ကိုင်မှုဖြစ်သည်။ ဆွီလူမျိုးများအတွက် ငွေအသ

ပြာသည် အချုပ်အနှောင်တစ်ခုဖြစ်သည်။ ဆွီဘဏ်တွင် ကလေးများပင်လျှင် လွတ်လပ်

စွာ စာရင်းဖွင့်နိုင်သည်။ ဓာတ်ခွဲခန်းပညာရှင်အဖြစ် (၅)နှစ်ကြာလုပ်ကိုင်ခဲ့ပြီး၊ ဖခင်၏

လက်ထောက်သင်းအုပ်ဆရာအဖြစ် နှစ်နှစ်ခွဲ လုပ်ကိုင်ခဲ့ပြီးနောက် ဘဏ်စုဆောင်းငွေ

အတော်အသင့်ရှိနေပါသည်။ ဤစုဆောင်းငွေသည် ကျွန်တော်၏အသိုက်ထဲကဥဖြစ်

သည်။ ယခု ကျွန်တော်သည် လူတိုင်းယုံကြည်ခြင်းဖြင့် အသက်ရှင်၍ စားပတ်နေရေး

အတွက် ဘုရားသခင်ကိုသာ ယုံကြည်အားထားသော သာသနာပြုလုပ်ငန်းတွင် တစ်စိတ်

တစ်ဒေသ ပါဝင်သည့်တိုင်အောင် ကိုယ်ပိုင်ဖူလှုံမှုတစ်ခုရှိသည်မှာ သက်တောင့် သက်

သာမှုတစ်ရပ်ဖြစ်ပါသည်။

မိမိတို့၏ပိုင်ဆိုင်ခွင့်အားလုံးကို စွန့်လွှတ်၍ ရှိသမျှကို လက်ဖဝါးဖြန့်ပြရန်

လိုအပ်သည့် အကြောင်းကို စောစောပိုင်းကတည်းက ဆရာကြီးလိုရင့်ဟော ပြောခဲ့ပါ

သည်။ ပူဇော်သက္ကာပြု၍ အသက်ရှင်ခြင်း၏သတင်းစကားကို သူဟောပြောသောအခါ

ကျွန်တော့်စိတ်ကို အကြီးအကျယ် လှုံ့ဆော်သဖြင့် ကောက်နုတ်ချက်များကိုပင် စိတ်အား

ထက်သန်စွာ မှတ်စုစာအုပ်တွင်ရေးမှတ်ခဲ့သည်။ ဂျွိုင်းနှင့်တွေ့ဆုံသည့်အခါကျမှ ဆရာကြီးလိုရင့်နှင့် ဇနီးဒါတို့သည် လောဆန်နီရှိငှါးနေသော ဟောတယ်ကို အပြီးအပိုင်ဝယ်ယူရန် ဆုံးဖြတ်ကြကြသည်။ ဝိုင်အမ်( YWAN)တွင် ရံပုံငွေ လုံလုံလောက်လောက်မရှိပါ။ ကျိုင်း၏ဟောပြောခြင်းအပြီးတွင် လူကြီး လိုရပ်မှစိန်ခေါ်မှုတစ်ရပ်ပြုလေသည်။ “ကျောင်းသူကျောင်း

မနေဖြင့် ကျွန်တော်တို့ နှင့် အတူ ငွေရေးကြေးရေး ယိုထွက်လာဖို့ ယုံကြည်ကြပါ

လား။  သခင်ဘုရားက ခင်များတို့ကို ဘာပေးချင်တယ်ဆိုတာ ပြဖို့ ဆုတောင်းကြပါ။

ကျောင်းသူကျောင်းသားအားလုံးနီးပါးက ဤမေတ္တာရပ်ခံချက်ကို လျင်မြန်

စွာ ပြန်ကြသည်။ ကျွန်တော်စိတ်ကိုလည်း လှုပ်ရှားစေသည်။ ကျွန်တော့် ဘဏ်စာရင်း

တွင် သောင်းနှင့်ချီ၍ ညီငွေ ရှိနေသည်ကို စဉ်းစားသည်။ ကျွန်တော် ဘယ်လောက်ပေး

စေချင်သလဲ ခမည်းတော်။ ပေါင်မုန့်ထောပတ်သုတ်စားကြသောညက ဂျိုင်းထံမှ

သင်ခန်းစာသည် ကျွန်တော့်စိတ်ထဲတွင် လန်းဆန်းလျက်ရှိသေးသည်။ ကျွန်တော့်ခေါင်း

ထဲက သိန်းဂဏန်းအနည်းငယ် ဖြစ်ပေါ်လာသည်။ တစ်ရာ သို့မဟုတ် ငါးရာပေးရမည်

လား။ ထိုအခါ ဘု ရားသခင် ကျွန်တော့်ရှေ့တည့်တည့်တွင် ထင်ထင်ပေါ်ပေါ် မတ်တပ်

ရပ်လာသကဲ့သို့ ကျွန်တော့်စိတ်နှလုံးထဲတွင် ခံစားသည်။ “သင်၏ဘဏ်စာရင်းနှင့် အိတ်

ထဲမှာရှိသမျှကို အိတ်သွန်ဖာမှောက်လှူလိုက်ပါ”။ အမိန့်တော်မှာ ပြတ်သား ရှင်းလင်း

ပါသည်။ သို့သော် နာခံမှုက ဤကဲ့သို့ မဟုတ်ပါ။

ဆရာကြီးလိုရင့်၏ယုံကြည်ခြင်းပုံပြင်များနှင့် ဘုရားသခင်၏ပြင်ဆင်ပံ့ပိုးခြင်း

ကို ကြားနာ၍ စိတ်အာရုံကပ်ငြိသည်ကတစ်ကြောင်း၊ ပေးရမလား၊ မပေးရဘူးလားဟု

နေရထိုင်ရခက်သည်က အဓိကအရေးကြီးသော အချက်ဖြစ်နေသည်။ သခင်ဘုရား

မိန့်တော်မူသည်မှာ ယုံမှားသံသယမရှိပါ။ ဆရာကြီးလိုရင့်နှင့်ဂျိုင်းတို့နှစ်ဦးစလုံးသည်

စိတ်ရွှင်လန်းစွာ ပေးကမ်းသောသူတို့ကို ကိုယ်တော်အသက်မျှ ချစ်တော်မူသည်ဟု

ကျွန်တော်တို့ကို စိန်ခေါ်ခဲ့လေသည်။ စိတ်ရွှင်လန်းဖို့က ဝေးပေစွ။ တစ်ခါမှ မကြုံခဲ့ဘူး

သော စိတ်လွန်ဆွဲပွဲတစ်ခုကို ဆင်နွဲရလေတော့သည်။

“ရှိသမျှပိုက်ဆံကို ပေးလိုက်ရင် ဘယ်လိုလို့ အသက်ရှင်မလဲ။ ဘယ်သူက

ငါ့ကို ကျွေးမွေးမလဲ။” အငြင်းအခုံပြုကြည့်သည်။ ငါပြင်ဆင်ပေးမယ်ဟု တုံ့ပြန်လာ

သည်။ သမ္မာကျမ်းအရ မှန်မှန်းသိပါသည်။ နိုင်ငံတော်ကို ရှေးဦးစွာရှာလျှင် ဘုရားသခင်

သည် ကျွန်တော်တို့အလိုရှိသမျှကို ပေးတော်မူမည်ဟု ခရစ်တော် ကတိပြုခဲ့ပါသည်။

ရှိသမျှ ငါ့ပိုက်ဆံအားလုံးကို ပေးရမည်လားဟု ကျွန်တော်မေးသည်။ မလွန်လွန်းဘူး

လား။ ဝိညာဉ်တော်က တမန်တော်ဝတ္ထု အခန်း(၂) ထဲက အသင်းတော်အကြောင်းကို

ကိုယ်စားဆုတောင်းပေးရာ၌သင်ခန်းစာများသတိရစေသည်။ ကနဦး ခရစ်ယာန်တို့သည် သူတို့ ၏အိုးအိမ်များကို ရောင်းချ၍အဆင်းရဲဆုံးသောသူများအား လိုအပ်သောပစ္စည်းများကို ပေးကမ်းစွန့်ကြဲကြသည်။ကန့်ကွက် ငြင်းဆန်မှုပြုတိုင်း၊ ဘုရားသခင်သည် တုံ့ပြန်မှုတစ်ခုကို သမ္မာကျမ်းအတိုင်းကျွန်တော့်စိတ်ထဲတွင်ဖွင့်ပြတော်မူသည်။

နောက်ဆုံးတွင် နှစ်ရက်လုံးလုံး တိုက်ပွဲဝင်ပြီးမှ အရှုံးပေးလိုက်ပါသည်။ ဘဏ်

သို့ သွား၍ ပိုင်ဆိုင်သမျှ ငွေတစ်ပြားမှမချန်ဘဲထုတ်ပြီး စာအိတ်တစ်အိတ်တွင်ထည့်ကာ

ဆရာကြီးလိုရင့်ထံသို့ လက်ကမ်းလိုက်ပါသည်။ “ကျေးဇူးဘဲ၊ရုဒီ”ဟု ပြုံးပြုံးရွှင်ရွှင်

စာအိတ်ကို လက်ခံလေသည်။ သူသည် ရှည်ရှည်ဝေးဝေး မပြောသော်လည်း သူသဘော

ပေါက်မှန်း ကျွန်တော်သိရှိပါသည်။ ကျွန်တော် ပေးလှူခဲ့သောအရာသည် ဟိုတယ်ဝယ်ဖို့

ရက်ရောသော လှူဒါန်းခြင်းအဖြစ်ထက် သာလွန်သည်။ ကျွန်တော်တစ်ယောက်တည်းကို

သာ မဟုတ်ဘဲ ဆွီလူမျိုးတစ်ရပ်လုံးကိုလည်း ခိုင်မြဲစွာ ချုပ်နှောင်သောအရာတစ်ခုကို

ရိုက်ချိုးခဲ့သည့် သက်သေ သာဓကတစ်ခုဖြစ်သည်။ လွတ်လပ်မှုကို ထူးဆန်းစွာ ခံစား

လေသည်။ ကျွန်တော်တွင် ငွေတစ်ပြားမှမကျန်တော့ပါ။ ရရှိရန်လည်း အာမခံချက်မ

ပါ။ သို့သော် ဘုရားသခင်အား နာခံခဲ့ပါပြီ။ ယခု ရပ်တည်စရာ ဘဏ်စုငွေ မရှိတော့ပါ

ကျွန်တော့်လိုအပ်ချက်များကို ဖြည့်ဆည့်ပေးရန် ကိုယ်တော်၏တာဝန်ဖြစ်သည်။

၎င်းရက်သတ္တပတ်ကုန်တွင် ဂျိုင်းဒေါဆင်၊ဒါဝိဒ်ဆွေ၊ကာရိုလ်ဆွနှင့် ကျွန်တော်

တို့သည် ရှေးကျသော ပြင်သစ်မြို့ခြာမိုနီသို့ ခရီးတစ်ခေါက်ဆန့်ကြရန် ရည်ရွယ်ထား

သည်။ ၎င်းမြို့မှာ ဥရောပတွင် အမြင့်ဆုံးသော တောင်မွန့်ဘလန့်၏ခြေရင်းတွင် တည်

သော ကမ္ဘာလှည့်ခရီးသည်များ နားယူရာစခန်းတစ်ခုဖြစ်သည်။ ခြာမိုနီမြို့သည် ဈေး

ကြီးသော နေရာတစ်နေရာဖြစ်၍ အိတ်ထဲတွင် တစ်ပြားမှမပါဘဲ သွားရမည်ဖြစ်သဖြင့်

ကျွန်တော့်လိုအပ်ချက်ကို ယေရှုဘယ်လိုဖြေရှင်းပေးတော်မူမည်နည်း။ ခရီးသွားမည့်

နေ့ရက်တွင် သွားဖြစ်မသွားဖြစ်သည် အနာဂတ်ခြေလှမ်း၏ အဦးအစကို မြည်းစမ်းခြင်း

အဖြစ် သက်သေထူပြပါလိမ့်မည် ။

ဘုရားသခင်သည် ပံ့ပိုးရုံသာမကဘဲ ဤအမှုအရာတွင် ဆရာမဂျွိုင်း၏စေတနာ

ကြောင့် (အစစအရာရာအတွက် သူမက အကုန်အကျခံသည်) လုံလောက်ရုံသာမ

ထိုနေ့တွင် ကိုယ်တော်သည် အလျှံပယ် ပံ့ပိုးပေးတော်မူသည်ကိုလည်း သက်သေထူခဲ့ပါသည်။

တောင်ထိပ်သို့တက်ကြရာတွင် အကုန်အကျများသော ဓာတ်ရထားဖြင့်တက်

ကြသည်။ ဤမျှဈေးကြီးသော အပျော်တမ်းခရီးစဉ်ကို ကျွန်တော့်အိတ်ထဲက ပေး

လျှင် တွန့်ဆုတ်မိမည်မှာ သေချာပါသည်။ ဤတင်မကဘဲ တောင်ပေါ်စားသောက်ဆိုင်

တစ်ခုတွင် ထူးဆန်းသော ပြင်သစ်အစားအစာဖြင့် ညစာသုံးဆောင်ကြပြန်သည်။

ရက်သတ္တတစ်ပတ်အနည်းငယ်အတွင်း ဘုရားသခင်သည် ကျွန်တော်လုံးဝ မျှော်လင့် မထားသည့် နာမည်မဖော်လိုသော အလှူရှင်များထံမှ ထောင်နှင့်ချီ၍ ပိုက်ဆံ တစ်ပွေ့တစ်ပိုက်ကြီး

ထောက်ပံ့လေတော့သည်။ ဘဏ်တွင် ကျွန်တော် စုဆောင်းခဲ့သည့် ငွေ ပမာဏထက်ပင် များလေသည်။

ကျွန်တော်တို့ သင်တန်း၏ ဆဌမရက်သတ္တပတ်သည် ဆရာကြီးလို ရင့်

ဆရာမဂျိုင်းတို့ထံမှ ကြားရသောအကြောင်းအရာတို့ကို စေ့စပ်တွေ့ဆုံခြင်းနှင့်အတည်ပြု

ခြင်းကိုဖြစ်စေသည်။ ဤအပတ်လာရောက် ဟောပြောသောသူမှာ ဟော်လန်နိုင်ငံသား

ညီအစ်ကို အင်ဒရူး(Andrew)ဖြစ်သည်။ သူသည် ဖွင့်ထားသော တံခါးများ(0ppen

Doors)ဟုခေါ်သော အမှုတော်ဆောင်လုပ်ငန်း တည်ထောင်သောသူနှင့်ကြီးကြပ်

သူဖြစ်သည်။ လုပ်ငန်းနှင့်ခေါင်းဆောင်သူကို ကျွန်တော် မကြားခဲ့ဘူးပါ။ သူ၏အေးဆေး

၍ ပြတ်သားမည့် အမူအရာကို ကျွန်တော်ချက်ခြင်း သဘောကျမိပါသည်။ သူ၏ပြင်ပန်း

သဏ္ဍာန်ကို ကြည့်ခြင်းအားဖြင့် အေးတိအေးစက်နေတတ်၍ ဖြည်းညင်းစွာ စကားပြောဆို

တတ်သော ဒပ်ချ်လူမျိုးဟု ထင်စရာရှိသည်။ သို့သော် သူ၏အမှုတော်ဆောင်လုပ်ငန်း

အသေးစိတ်ကို ဝေငှပြောပြသည်နှင့် တစ်ပြိုင်နက် ကျောင်းသူကျောင်းသားများသည်။

ပါးစပ်ဟောင်းလောင်းနှင့် နားထောင်နေကြသည်။ ဓမ္မကောလိပ်တွင် သင်ဖူးသမျှနှင့်

အလွန် ကွာခြားလေသည်။

ညီအစ်ကိုအင်ဒရူးသည် ဆရာကြီးလိုရင့် ရည်ညွှန်းခဲ့သော သာသနာ

လမ်းကြောင်းရှာသူတစ်ဦးအဖြစ် လုံးလုံးလျားလျား ပေါ်လွင်သည်။ သူ့နာမည်ရှေ့တွင်

ညီအစ်ကို (Brother)ဟု တပ်ထားခြင်းမှာ ဘယ်သူဘယ်ဝါဟု အတိအကျ မဖော်ပြ

သောကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် လွန်ခဲ့သော (၁၅)နှစ်လုံးကို

ပိတ်ဆို့ထားသောတိုင်းပြည်(Iron Curtain)များသို့ သမ္မာကျမ်းစာအုပ်ကို တင်သွင်း

လေသည်။ ပိတ်ထားသောတံခါးဟူ၍မရှိပါ”ဟု ညီအစ်ကို အင်ဒရူး ရုတ်တရက်အသံ

မြင့်လိုက်ရာ ကျွန်တော်တို့ အလန့်တကြားဖြစ်ကြလေသည်။ “ပိတ်ဆို့ထားသော တိုင်း

ပြည်များသည်ပင်လျှင် ဝမ်းမြောက်ဖွယ်သတင်းကောင်းအတွက် တံခါးများမပိတ်ဘူးဗျ။

ဘုရားသခင်သည် ကျမ်းစာအုပ်ကို သွားပေးစေလိုသည်မှာ ခံယူရုံမျှဖြင့်

အဆက်အသွယ်မရှိဘဲ မော်စကိုမြို့သို့ သွားဖြစ်အောင်သွားခဲ့ပုံကို သူပြောပြသည်။

မော်စကိုမြို့တွင် တစ်ခုတည်းဖွင့်လှစ်ထားသော နှစ်ခြင်းဘုရားရှိခိုးကျောင်းကို တက်ခဲ့

သည်။ ဝတ်ပြုကိုးကွယ်ခြင်းပြီးဆုံးသွား၍ ပရိသတ်များ ပါးသွားသောအခါ ဝမ်းနည်း

သောမျက်နှာထားနှင့် လူတစ်ယောက်သည် သူ့ကို ချည်းကပ်၍ စကားပြောသည်။

စကားစမြည်ပြောနေကြစဉ်မှာပင် ထိုသူက သူ့ထင်မြင်ချက်ကို ထုတ်ဖော်သည်။

မိုင်ပေါင်း ( ၃၀၀၀ ) ဝေးသည့် ဆိုက်ဘေးရီးမှ မော်စကိုမြို့သို့ လာရောက်ခြင်း

သည် ကျမ်းစာအုပ် တစ်အုပ်တစ်လေ ရရှိရန်မျှော်လင့်ချက်ဖြစ်သည်။ ဤနေရာသည် ဆိုက်ဘေးရီးယားထက် ကျမ်းစာအုပ် ရှားပါးပုံရသည်။ မိုင်ပေါင်း ( ၃၀၀၀ ) ကိုခရီးနှင်လာသည်မှာ အချဉ်းနှီးဖြစ်သည်။ ဤတွင် ညီအစ်ကိုအင်ဒရူးသည် သူ၏အိပ်ကပ်ထဲသို့နှိုက်၍

ကျမ်းများအုပ်တစ်အုပ်ကို ဆွဲထုတ်ကာထိုလူအားပေးရင်း ကျွန်တော်လည်း

ဒီစာအုပ်ကို ခင်ဗျားကို ပေးဖို့ အနောက်ဘက်မှ မိုင်ပေါင်း ( ၃၀၀၀ ) ခရီးနှင်လာခဲ့ရတယ် လို့ပြောလိုက်ပါတယ်။

“ဘုရားသခင်အတွက် လုပ်ကိုင်ရဲရမယ်” သူက ကျွန်တော်တို့ ကိုစိန်ခေါ်သည်။သွားဖို့ စိတ်အဆန္ဒရှိလျှင် သွားနိုင်သည်၊ ပြန်မလာရဘူး။ သူ၏စကားဆိုလိုရင်း အဓိပ္ပာယ်ကို တစ်ဦးချင်း ချင့်ချိန်ကြရင်း ငြိမ်သက်စွာ ကြက်သေသေနေကြသည်။ သူ့ဇာတ်လမ်းကို နားထောင်ရသည်မှ တစ်မှောင့်၊ ကိုယ်တိုင်သွားဖို့စဉ်းစားရသည်မှာတစ်မှောင့်။ “ကောဇောနီနှင့်မကြိုဆိုသည့်နေရာဒေသသို့ သွားရန်ပြင်ဆင်ကြပါဟု ညီအစ်ကိုအင်ဒရူးက ဆက်ပြောလေသည်။ ကျောင်းသူ၊ကျောင်းသားတစ်ချို့ တွန့်ဆုတ်နေကြပြီဟု ကျွန်တော်ရိပ်မိနေသည်။ကျွန်တော့်အတွက်တော့ အာဖရိကတိုက်တွင် လူရိုင်းများကို ရင်ဆိုင် ဖို့ အိမ်မက်ကို ပြန်နိုးဆွသလိုဖြစ်နေသည်။ လုံခြုံအေးချမ်းသောတိုင်းပြည်တွင်

သက်သောင့်သက်သာ သနာပြုဆရာ ရိုးရိုးမျှသာမဖြစ်ချင်ပါ။ ညီအစ်ကိုအင်ဒရူးကဲ့သို့

စွန့်စားချင်သည်။ အန္တရာယ်ကို ရင်ဆိုင်ချင်သည်။ မည်သူမျှခြေမချဝံ့သောနေရာဒေသသို့သွားချင်သည်။

​ဟောပြောပို့ချခြင်း သင်ခန်းစာ လေးပတ်ပြည့်သွားပြီ။ ဆက်လက်၍ ကျောင်းသားအားလုံး သည် စာတွေ့မှလက်တွေ့သို့ အခွင့်ကောင်းအခါကောင်း ရောက်လာသည်။

တပ်ဖွဲ့သည် ရက်သတ္တပတ်ကုန်ရက်တွင် ပြင်သစ်ပြည် ဂရီနိဘဲလ် သို့ခြေဆန့် ကြမည်

ဖြစ်သည်။ ညီအစ်ကိုအင်ဒရူး နိုးဆော်သော ပိတ်ဆို့ထားသောတိုင်းပြည်မျိုးတော့

မဟုက်ပါ။ မည်သို့ဆိုစေ တစ်နည်းနည်းအားဖြင့် အစပြုရမည်။

ညီအစ်ကိုအင်ဒရူး၏ နောက်ဆုံး ဟောပြောပွဲအပြီး သောကြာနေ့ညနေပိုင်းတွင်

ဗင်ကားဖြင့် ဂရီနိုဘဲလ်သို့ ဦးတည်ကြပါသည်။ လောဆန်နီမှ ( ၂ ) နာရီခရီးရှိသည်။

ကျွန်တော်တို့ဆယ်ယောက် တနင်္ဂနွေနေ့တုံးက ဆရာကြီးလိုရင့်သို့ စီးနင်းလာသည့်

အရောင်ဖျော့ဖျော့ ပေါင်မုန့်ကားကိုစီးကြပါသည်။ ပေါင်မှုန့်စင်ထန်းပေါ်တွင် မှို့ယာခင်း၍ထိုင်ကြပါသည်။ အိပ်ရာလိပ်များကို စင်အောက်တွင် စုပုံထားသည်။ ပို၍

သက်တောင့် သက်သာကားများကို စီးနေကြဖြစ်သော်လည်း မည်သည့်မျှ ​မညဉ်းမငြူ

ကြပါ။ ပျောက်ဆုံးသောဝိညာဉ်များနှင့် ဝမ်းမြောက်ဖွယ်သတင်းဝေငှမည့် အခွင့်အလမ်းကြောင့် မမှုကြပါ။

ဤရက်သတ္တပတ်ကုန်ဆုံးရက်သည် အစီအစဉ်ပြည့်ကြပ်သွားချိန် နာရီများ အလဟသ ကုန်ဆုံးသည်ဟု၍မရှိ။ သောကြာနေ့ညကို ဂရီနိုဘဲလ်လမ်းမပေါ်တွင် လေဟာပြင်

စည်းဝေးကျင်းပပြီး လာရောက်သည့် ရည်ရွယ်ချက်စတင်ခဲ့ပါသည်။ ဂီတာတီးပြီး

အားရပါးရ သီချင်းဆိုကြကာ၊ စိတ်နှလုံးကိုဖွင့်ချ၍ ဘုရားသခင်၏ကြီးမြတ်သော

အကြောင်းကို သက်သေခံကြပါသည်။ လမ်းသွားလမ်းလာ လူတချို့သည်

ခဏရပ်၍ နားထောင်သည်။ သို့သော် ဈေးဝယ်သော လူအများဆုံးသည် ကျွန်တော်တို့

ဘက်သို့ဦးတည်လာကြသည်။ တချို့က လုံးဝဂရုမစိုက်၊ တချို့က အနီးအနား မကပ်

ဘဲ တမင်တကာ လမ်း၏ တစ်ဘက်သို့ ကူး၍ လျှောက်သွားကြသည်။

စိတ်မပျက်ဘဲ နောက်တစ်နေ့တွင် လမ်းမပေါ်သို့ ထွက်၍ ဝေစာများ ဖြန့်

ခြင်း၊ ရှောင်တခင်လူတွေ့ သက်သေခံခြင်းပြုလုပ်ကြသည်။ လူအနည်းငယ်လောက်ကသာ

ဝေစာကို ယဉ်ယဉ်ကျေးကျေး လက်ခံသည်။ အများစုက ဗြောင်ကျကျငြင်းဆန်

သည်။ မကြာမီ ကျွန်တော်တို့၏ စာများ အမှိုက်ပုံးထဲတွင်လည်းကောင်း၊ မဖတ်ဘဲ

ဖမ်းမပေါ်တွင် ပစ်ချသည်ကိုလည်းကောင်း တွေ့မြင်ကြပါသည် ။ ဖတ်ရှုသူ တချို့

တို့သည် ဤသတင်းစကား၏ ရည်ရွယ်ချက်ကို ထမြောက်စေမည်လားဟုသာ ကျွန်တော်

တို့ မျှော်နေကြပါသည်။

ဂရီနိုဘဲလ် တက္ကသိုလ်နယ်မြေတွင်လည်း ဟောပြောဖို့ရန် စီစဉ်ကြပါသည်။

တက္ကသိုလ်ဝင်း လက်ဖက်ရည်ဆိုင်တွင် ကျောင်းသူ ကျောင်းသားများအား သက်သေခံ

ခြင်း၊ အိပ်ဆောင်တစ်ခန်းမှ တစ်ခန်းသို့ တံခါးခေါက်ကာ ဟောပြောဆွေးနွေး

ခြင်း၊ ငြင်းခုံပြုလုပ်ခြင်းဖြင့် ဇွဲရှိရှိ ဝိညာဉ်ရေးကယ်တင်ခြင်း သတင်းကောင်း

ဝေငှခဲ့တော်လည်း အရာမရောက်ဖြစ်ခဲ့ပါသည်။ အများဆုံးက အထင်သေး၍ မချေမငံ

ဆက်ဆံကြမည်။ နှုတ်ကမထွက်သော်လည်း သူတို့တုန့်ပြန်လို သည်မှာ“လုပ်ကြ

ပေါ့၊ အရပ်တကာတို့။ အလေးအနက်လုပ်ကြပါ။ လူ့လောက အစစ်အမှန်မှာ စတင်

နေထိုင်ဖို့လုပ်ကြပေါ့ “ မည်သူကမျှ လေးနက်သော စိတ်ဝင်စားမှုမပြသဖြင့် စိတ်အားငယ်စွာ

တက္ကသိုလ်နယ်မြေကို စွန့်ခွာခဲ့ကြသည်။ ဧဝံဂေလိတရားတော်ဟောပြောဖို့ ဇွဲသတ္တိ လျော့နည်းသွားသလို ခံစားနေကြပါသည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဂရီနိုဘဲလ်မြို့ အသင်းတော်အသီးသီးတွင်

အုပ်စုခွဲ၍ သွားကြသည်။ သီချင်းဆိုကြသည်။ သက်သေခံကြသည်။ တချို့က သမ္မာတရားကို စိတ်အားထက်သန်စွာ ဟောပြောကြသည်။ တနင်္ဂနွေနေ့တွင် ပရိသတ်သည်။

ဝတ်ကြေတန်းကြေနားထောင်ကြသည်။ စည်းဝေးခြင်းပြီးဆုံးသွားသောအခါ ယဉ်ကျေး

သိမ်မွေ့စွာ စကားစမြည် ပြောကြသည်။ သို့သော် ကျွန်တော်တို့ ဟောပြောသော နှုတ်ကပတ်တော်၏

ထိရောက်မှုကို ထင်ထင်ပေါ်ပေါ် မမြင်ခဲ့ပါ။ မည်မျှပင်ပန်းနွမ်းနယ်စေကာမူ။ တနင်္ဂနွေနေ့ညနေပိုင်းစည်းဝေးပွဲသို့ ထပ်၍သွားကြကာ၊ လူအမြောက်အမြားနှင့်

တစ်ဦးချင်းလည်းကောင်း၊ အစုလိုက်သော်လည်းကောင်း ဝမ်းမြောက်ဖွယ်သတင်း

ကောင်းကို တတ်နိုင်သမျှနည်းလမ်းဖြင့် ဆွေးနွေးကြသော်လည်း ဘာမျှ အကျိုး

မပါ။ ညီအစ်ကိုအင်ဒရူး၊ ဆရာမကြီးဂျွိုင်းနှင့်ဆရာကြီးလိုရင့်တို့ ဟောပြောကြသော

ဝိညာဉ်တော်လမ်းပြသည့် စိတ်တက်ကြွဖွယ် ရင်ဆိုင်တွေ့ကြုံခြင်းမျိုး ဘယ်ရောက်ကုန်

သနည်း။

“မှန်းချက်နှင့်နှမ်းထွက် မကိုက်ဘူးမဟုတ်လား”ဟု ခရီးအပြန်တွင် ရီအိုနာက

မှတ်ချက်ချလေသည်။ သူမ၏စကားမှာ ကျွန်တော်ပြောချင်သော စကားနှင့်တထေရာ

တည်းဖြစ်သည်။ ဘယ်နေရာများလွဲချော်သလဲ။ တတ်သမျှမှတ်သမျှအသုံးချခဲ့တာဘဲ”

ဟု ကျွန်တော်မေးသည်။ တစ်ယောက်တစ်ပေါက် ဝေဖန်ကြသည်။ မျှော်မှန်းသလောက်

မရသည့်အတွက် စိတ်ထဲတွင် ဇဝေဇဝါဖြစ်နေကြသည်။ ကျွန်တော်တို့ရိပ်စားမိ

သမျှ ဤမျှ ကြိုးစားအားထုတ်ခဲ့သည့် အမှုတော်ကို တစ်ယောက်တစ်လေမျှ ကောင်း

ကောင်းမွန်မွန် တုန့်ပြန်မှုမရှိသည်ကို အပြစ်ပြောနိုင်ပါသည်။

“ဘယ်လိုပဲဖြစ်ဖြစ် မျိုးစေ့တော့ ကြဲခဲ့ပြီ”ဟု အဲလ်က အားပေးသည်။

“ဟုတ်ပါတယ်၊ သဘောတူတယ်။ ဒါပေမဲ့၊ ရီအိုနာက ဖြည်းညင်းစွာ ပြောနေ

သည်ကို ကျွန်တော်က ဆန္ဒစောပြီး ဖြတ်လိုက်ပါသည်။

“ဒါပေမဲ့ ဘာလဲဗျ” ကျွန်တော်ကမေးသည်။

“ကျွန်မတို့ ဆုတောင်းတာ မလုံလောက်ဘူးထင်တယ်” ဟု သူမကဆိုသည်။

လက်တွေ့ ပိုင်းကိုတော့ အားလုံးပြင်ဆင်ကြတယ်၊ ဒါပေမဲ့ ခရီးထွက်ဖို့ အလုပ်ရှုပ်ကြ

စိုးရိမ်မကင်းဖြစ်ကြနဲ့ ဆုတောင်းဖို့ရန် ကျကျနနမစီစဉ်မိခဲ့ဘူး။

အားလုံးငြိမ်နေကြသည်။ ရီအိုနာပြောသည်ကို မှန်မှန်း အားလုံးသိကြသည်။

လမ်းမပေါ်တွင်လည်းကောင်း၊ တက္ကသိုလ်နယ်မြေတွင်လည်းကောင်း လုပ်ဆောင်မှု

အားလုံးကို သခင်ဘုရားအား တိုတိုတုတ်တုတ်သာ အပ်နှံခဲ့သည်။ ဆရာမကြီးဒွိုင်း

ဟာပြောညွှန်ကြားသည့် အတိုင်း အပြည့်အဝ မဟုတ်သည့်တိုင်အောင် အနည်းဆုံး

လုပ်ဆောင်ရမည့် အစီအစဉ်များနှင့် အံဝင်ဂွင်ကျစေရန် ကျကျနန ဆုမတောင်းခဲ့သည်ကို

ဝန်ခံကြပါသည်။ ကျွန်တော်တို့၏အားထုတ်မှုကို ဟန့်တား၍လည်းကောင်း၊ ဝမ်းမြောက်

ဖွယ်သတင်းကောင်း နားထောင်မည့်သူများ၏ စိတ်ကို ပိတ်ပင်ပေးရန် နတ်ဆိုးဝိညာဉ်ဆိုး

များ၏ ရန်စတိုက်ခိုက်ခြင်းကို ထည့်မစဉ်းစား မိကြပါ။ ဘုရားသခင်၏ လှုပ်ရှားမှု

ကိုသိသိသာသာလေး မြင်ချင်လျှင် ဆုတောင်းခြင်းဖြင့် အစပြုရမည်ဟူသော ဆရာမဂျွိုင်း

ဆုံးမခြင်းကို ကျွန်တော်သတိရလေသည်။ သူ မ၏ သွန်သင်ဆုံးမမှုကို စိတ်ထဲက

ရံဖန်ရံခါ ပါဝင်ခဲ့ပြီးကြောင်း ကျွန်တော်သိရှိပါသည်။ ၎င်းဆုတောင်းအဖွဲ့

နယူးဇီလန်နိုင်ငံ၊ ဆက်လင်းမြို့တွင် ရီအိုသည် ဆရာမဂျွိုင်း၏ ဆုတောင်းအဖွဲ့နှင့်

စိတ်တက်ကြွစအချိန် မြောက်များစွာ ပါဝင်ကြုံတွေ့ခဲ့ရပါသည်။ထို့ကြောင့် ရီအိုနာအား

ကျွန်တော်အကြံပြုသည်။ ညနေပိုင်း ပုံမှန်စုပေါင်း ဆုတောင်းခြင်းအစပြုကြပါစို့။ ရီအိုနာ

ခင်ဗျား အတွေ့အကြုံရှိပြီးသားပဲ မဟုတ်လား။ တချို့က စိတ်ဝင်စားသော မျက်နှာ

မျိုးပြလာသည်။ “ကျွန်တော်လည်း စတင်ပါဝင်လာမည် ” အဲလ်က သူ့ ဆန္ဒဖော်ထုတ်

လာကြပါလိမ့်မည်။

ဤအကြံကို အခြားကျောင်းသူကျောင်းသားများအား ပြောပြသည်။တချို့က စိတ်ဝင်စားမှုပြုကြသည်။ ဆရာကြီးလိုရင့်၏ဇနီးဒါကမူ တစ်ကယ်ပင်တက်ကြွလာသည်။ “တစ်ကယ့်အကြံကြီး အကြံကောင်းပဲ။ တခြား တာဝန်ကြောင့် အမှန်တော့ ကျွန်မ မပါဝင်နိုင်ဘူး။ ဒါပေမဲ့ တတ်နိုင်သည့်အခါ ပါဝင်ပါမယ်”ဟု

အားပေးလေသည်။

ထို့ကြောင့် အားလုံးသဘောတူကြသည်။ ကျွန်တော်တို့ ဆုတောင်းအဖွဲ့တွင်

ပါဝင်လိုသောသူတိုင်းအတွက် ညနေပိုင်းတွင် မိမိတို့ ဆန္ဒအလျောက် ဆု တောင်း

ကြမည့် နေရာအတွက်ဟောပြောခန်းမကို သတ်မှတ်ကြသည် ။ ပထမနေ့ည

စုရုံးကြရာတွင် ဤစုပေါင်းဆုတောင်းပတ္ထနာပြုခြင်းသည် အနာဂတ်သာသနာပြုရေးအတွက်

မည်မျှအရေးပါ အရာရောက်မည်မှန်း ကျွန်တော်တို့ မသိကြသေးပါ။ စုပေါင်းဆုတောင်း

ခြင်းအဖွဲ့တွင် ဒွန်၊စတီဖင် ဒီယွန်စတီဖင်တို့လင်မယား၊ဒါဝိဒ်ဆွေနှင့်ကာရိုလ်ဆွေတို့

၊ ရီအိုနာ၊ အဲလ်၊ဒါ၊ ဂျိုပွတ်တိလ်နှင့်ကျွန်တော်တို့ ပါဝင်ကြသည်။ ရီအိုနာမှ

ကျန်လူများသည် ဤကြားဝင်ဆုတောင်းပေးခြင်းအမှု၌ လူသစ်များသာဖြစ်ကြသည်။

ရီအိုနာက ဆောင်ရွက်ပုံဆောင်ရွက်နည်းကို အစဉ်လိုက်ပြောပြသည်။ သူမ

သွန်သင်ချက်များသည် ဆရာမဂျွိုင်း၏သွန်သင်ချက်များနှင့်တထေရာတည်း ဖြစ်သည်။

ပထမတွင် ကျွန်တော်တို့၏အသက်တာတွင် အပြစ်ကျူးလွန်မှုတစ်စုံတစ်ရာ ရှိလျှင်

ဘုရားသခင်ဖော်ပြဖို့ ငြိမ်သက်စွာ စောင်းဆိုင်းနေရမည်။ အဲဒီအဖြစ်ဟာ ခင်ဗျားဟာ

ဘုရားသခင်အကြားမှာ ကိုယ်ပိုင်အပြစ်ဖြစ်လျှင်၊ တိတ်ဆိတ်စွာဝန်ခံရလိမ့်မည်။ရှေ့မှာဝန်ခံလျှင်၊ အခြားသူများ ကြားသိကြသည့် အတွက် အသံထွက်အောင် နှုတ်ဖြင့်

ဝန်ခံခြင်းဟာ ကောင်းပါတယ်” ဟု ရီအိုနာက အကြံပြုလေသည်။

ထိုင်ခုံဘေးတွင် ဒူးထောက်၍ စောင့်ဆိုင်းကြသည်။ တစ်အောင့်လောက်ကြာ

အခါ တစ်ယောက်ပြီးတစ်ယောက် မိမိတို့ အပြစ်များကို ဖော်ထုတ်ဝန်ခံကြသည်။

တစ်ချို့က ဆုတောင်းခြင်းအမှုမပြုခဲ့သည့်အကြောင်း၊ အခြားသောသူများက ပျောက်ဆုံး

ဝိညာဉ်အတွက် စိတ်ပူပန်မှုကင်းမဲ့သည့် အကြောင်း ဖော်ထုတ်ဝန်ခံကြသည်။

တစ်ယောက်သောသူက သူ၏လောဘကြီးခြင်း၊ အတ္တဆန်ခြင်းနှင့် သူတစ်ပါးအတွက်

ဆင်ခြင်တုံတရား ကင်းမဲ့သည့်အကြောင်း ခွင့်လွှတ်ရန် တောင်းလျှောက်သည်။ ပုထုဇဉ်

လူသားဆိုသည်မှာ အဖွဲ့ အစည်း၊ အသိုင်းအဝိုင်းနှင့် အသက်ရှင်လှုပ်ရှားနေကြသည်

ဖြစ်သောကြောင့် ဤအမှုအရာမှာ အဓိက ပြဿနာတစ်ခုဖြစ်ပါသည်။ “မင်းရဲ့ ကိုယ်ကျိုး

ဆန်မှုကို လည်းထုတ်ဖော်ဝန်ခံဖို့ လိုတယ်”ဟု သခင်ဘုရားက ကျွန်တော်လိပ်ပြာ မလုံသောကြောင့်

ဖော်ပြတော်မူသည်။ နေ့လည်စာ စားသုံးကြရာတွင် ပန်းကန်ထဲက ပန်းသီး

လက်ကျန်တစ်လုံးကို နိုက်စားသည့်အကြောင်းကို ကိုယ်တော်သတိရစေတော်မူသည်။

အသေးအဖွဲဟု ထင်စရာရှိသည်။ သို့ သော် ၎င်းနောက်ဆုံး လက်ကျန်ပန်းသီးကို

ကျွန်တော်နိုက်ယူစားသုံးစဉ်တွင် ကိုယ့်ဟာကိုယ် လောဘကြီးမှန်း မိမိစိတ်ထဲတွင်

လိပ်ပြာမသန့်ဖြစ်ခဲ့ပါသည်။

ဘုရားသခင်အား မိမိအပြစ်ကို ဝန်ခံခြင်းသည် အကြောင်းအရာတစ်ခု၊

သူတစ်ပါးအတွက် မိမိ၏စိတ်နှလုံးအခြေနေမှန်ကို ဖော်ထုတ်ရန်မှာ ကိစ္စတစ်ခုဖြစ်

သည်။ မိမိအပြစ်ကို ဖော်ထုတ်လိုက်လျှင် သူတစ်ပါးက ကျွန်တော့်ကို ဘာထင်ကြမည်

လဲ။ ခေတ္တမျှ မိမိစိတ်ထဲတွင် ချင့်ချိန်ကြည့်ပြီး၊ တဆက်တည်းမှာပင် ဖော်ထုတ်လေ

တော့သည်။ “ဘုရားသခင်၊ ကျွန်တော်၏ကိုယ်ကျိုးဆန်ခြင်းအတွက် ခွင့်လွှတ်တော်မူပါ။

လောဘကြီးမိပြီး၊ စားပွဲပေါ်ရှိ နောက်ဆုံးပန်းသီးကို ယူစားမိသည့်အတွက် ဝမ်းနည်းပါ

တယ်” ထူးဆန်းသည်မှာ သူတစ်ပါးငြင်းခြင်းခံရသည့် အစား ထိုသို့ ဝန်ခံခြင်းသည်

အခန်းထဲရှိလူများအားလုံးနှင့် ပို၍ နီးကပ်စေပါသည်။

လူတိုင်း မိမိတို့အပြစ်ကို ဝန်ခံဖော်ထုတ်လာခဲ့ရာ ကျွန်တော်သည် ဂဏာမငြိမ်

ဖြစ်နေမိသည် ။ “ဘယ် အချိန် မှာ ဆုတောင်းပွဲ စတင်ကြမည်လဲ။ ကျွန်တော်သည်

နှစ်ပေါင်းများစွာ ဘုရားသခင်၏ ရှေ့တော်၌ ဒူးထောက်၍ နာရီပေါင်းများစွာ ဆုတောင်းခဲ့

ပြီးပြီ။ သို့သော် ဤမျှ ကြာရှည်စွာ ပြင်ဆင်မှုကို တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ခဲ့ဘူးပါ။

ဒီလောက်တောင် လိုမည်လား၊ တောင်းလျှောက်ဖို့ လိုအပ်တာ အများကြီးရှိသေးတယ်။

စိတ်နှလုံးပြင်ဆင်ရန် ဒီလောက်တောင် အချိန်ကုန်ခံဖို့ လိုသလား”ဟု ကျွန်တော်က

ကန့်ကွက်သည်။ တချို့က သဘောတူ၍ ခေါင်းညိတ်ကြသည်။

ရုဒီ ပြောတာမှန်တယ်ထင်တယ်”ဟု ထောက်ခံသည်။ သို့ သော် ရုဒီ

ဘုရားသခင်ရဲ့ တုန့်ပြန်မှု ကြားချင်တယ်၊ ကိုယ်တော်ရဲ့ စိတ်တော်ကို တွေ့ချင်တယ်ဆို

ကိုယ်လိုချင်တာကို တောင်းလျှောက်ရုံပဲဆိုလျှင် ကောင်းပါတယ်။ ဒါပေမဲ့ မိမိကိုယ်ကို ပြင်ဆင်ဖို့ လိုပါတယ်။ ဒါဟာ အဓိပ္ပာယ်ရှိရှိ ကြားဝင်ဆုတောင်းခြင်းဖြစိသည်။

ရီအိုနာနှင့်အားလုံး သဘောတူကြပြန်သည်။ ဆရာမဂျွိုင်း၏ သွန်သင်ချက်သည်

ဘုရားသခင်ထံမှ အတိအကျ ကြားနာဖို့၊ ဘုရားသခင်နှင့်လူတို့ ခြားနားစေသောအရာ

များကို ရှေးဦးစွာ ဖော်ထုတ်ဖို့ လိုအပ်သည်ဟု အလေးအနက် သဘောထားခဲ့သည်မှာ သာမာန်ဆုတောင်းခြင်းတို့ရဲ့ ခြားနားချက်ပါပဲ။

မှန်ပါသည်။ ဤအမှုအရာကို သူမက ရေဒီယိုဖွင့် နားထောင်ခြင်းနှင့်ဥပမာပြုလေသည်။

နှုတ်ဖြင့် မဝန်ခံသောအဖြစ်သည် ဘုရားသခင်နှင့် ရှင်းလင်းသော ဆက်ဆံပြောဆိုခြင်း

ကိုဟန့်တားသည်။ သူမစိတ်နှလုံးထဲတွင်ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ”။

နောက်ဆုံးတွင် လူတိုင်းသည် မိမိတို့အပြစ်ကို ဝန်ခံကြပြီ။ တဆက်တည်း

ပင် ရှင်ယာကုပ်ဩဝါဒစာအခန်း(၄)တွင် ဖော်ပြသည့်အတိုင်း စာတန်အပေါ် ကျွန်တော်

တို့၏ တန်ခိုးအာဏာကို ကျေညာကြသည်။ ယေရှု၏နာမတော်၌ ကျွန်တော်တို့

စည်းဝေးပွဲကို အနှောင့်အယှက်ပြုရန် ကြိုးစားအားထုတ်မှုဟူသမျှကိုလည်းကောင်း ၊

ဩတ္တပ္ပစိတ်ထဲတွင် မကောင်းမှုအကြံဟူသမျှကိုလည်းကောင်း ဆန့်ကျင်ကြသည်။

စာတန်မာရ်နတ်ကို ခုခံတားဆီးလျှင်၊ ထွက်ပြေးလိမ့်မည်ဟု ရှင်ယာကုတ် ကတိပြု

သည်။ မိမိတို့၏ အပြစ်များကို ဝန်ခံခြင်းဖြင့် မိမိတို့အသက်တာ အခန်းများကို သန့်ရှင်း

စေနိုင်ကာ စာတန်၏ဝင်ရောက်တိုက်ခိုက်မှုကို တားဆီးနိုင်လျှင် ဤအမှုအရာသည်

အလုပ်၏ တစ်ဝက်မျှသာရှိသေးသည်။ ရှင်လုကာ ၁၁း၂၄-၂၆ တွင် “ညစ်ညူးသော

နတ်သည် လူထဲကထွက်လျှင်ခြောက်ကပ်သောအရပ်၌လည် ၍ ငြိမ်သက်ခြင်းကို

ရှာတတ်၏။ မတွေ့လျှင်ငါသည် ထွက်သွားခဲ့သော နေမြဲအိမ်သို့ ပြန်ရဦးမည်ဟုဆို

ရောက်သောအခါ၊ ထိုအိမ်သည် သုတ်သင်ပြင်ဆင်လျက်ရှိသည်ကို တွေ့သော် မိမိထက်

သာ၍ ညစ်ညူးသော နတ်ဆိုးခုနှစ်ပါးကို ခေါ်ပြီးလျှင် ထိုလူထဲသို့ဝင်၍ နေကြ၏။

ထိုလု၏ နောက်ဖြစ်ဟန်သည် ရှေ့ဖြစ်ဟန်ထက် သာ၍ဆိုးသည်ဟု မိန့်တော်မူ၏

ဖော်ပြသည့်အတိုင်း ကျွန်တော်တို့ကို အုပ်စိုးစေရန် သန့်ရှင်းသောဝိညာဉ်တော်”

ဖိတ်ခေါ်၍ ခိုင်မာစွာ ရပ်တည်ကြရန်လိုအပ်သည်။ ဆရာမဂျွိုင်း၏ သွန်သင်ချက်တွင်

လည်း ဤမူကို အလေးအနက်သင်ပြထားရာ တော်တော်နှင့် ပြည့်ဝဖို့ရန် လိုအပ်

သည်ဟုပါရှိလေသည်။

“အခု၊ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့အချိန်ယူပြီး ဝိညာဉ်တော်သွန်းလောင်းခြင်းခံကြပါစို့ ဟု ရီအိုနာ က အကြံပြုသည်။ ဘုရားသခင်၏ ဂုဏ်တော်

အပေါင်းကို စိတ်အာရုံသွင်းခြင်းဖြင့် အချို့သည် လက်ကိုမြှောက်ကြ၏ကျွန်တော့်

အထဲ၌ ကိုယ်တော်ကြွဆင်းတော်မူပါဟု တစ်ယောက်က တောင်းလျှောက်ရာ

အယောက်တိုင်းက “ဟုတ်ပါတယ် ။ ကျွန်တော်တို့ကို ဝိညာဉ်တော်သွန်းလောင်းတော်မူ

ပါဟု သဘောတူကြသည်။ တစ်ယောက်က သာယာဖြေးငြင်းစွာသီချင်းတစ်ပုဒ်သီဆိုရာ အားလုံးက လိုက်ဆိုကြသည်။ ယေရှု အတူပါရှိခြင်းသည် အလွန်ကောင်းသည်။ ကိုယ်တော်၏

လ္လင်တော်အခန်းထဲသို့ ဖြေဖျားထောက်၍ ဝင်သွားသလို ခံစားသည်။ ကိုယ်တော်သည်

ကျွန်တော့်ရှေ့တွင် ဘုန်းတန်ခိုးအာနုဘော်ဖြင့် မတ်တပ်ရပ်တော်မူသလားဟု ခိုးကြည့်ရန်

မျက်စိဖွင့်တော့မလိုဖြစ်နေသည်။ စောစောပိုင်းတွင် ဆုတောင်းဖို့ ဆန္ဒစောနေမိပါသည်။ ယခုမူကား နွေးထွေးသော ကိုယ်တော်၏ တန်ခိုးအောက်တွင် အမြဲခိုလှုံချင်ပါသည်။ သို့သော် ရီအိုနာက ရှေ့သို့တိုးရန် အချိန်တန်ပြီဟု ရိပ်စားနေသည်။

“ဟုတ်ပါပြီ။ အခု ဘုရားသခင်ကဘာမိန့်ဆိုချင်သလဲဟု နားထောင်ဖို့အချိန်

ကျရောက်လာပြီ” ဟု ငြိမ်သက်ခြင်းအရာ မပျက်ဘဲ တိုးတိုးတိတ်တိတ် ပြောလေ

သည်။ တဆက်တည်းမှာပင် ကိုယ်တော်ဖော်ပြတော်မူသည့် အမှုအရာကို အချင်းချင်းဝေငှ

ကြရပါမယ်။ ကျွန်တော် ရှေ့ဆက်လုပ်ရမည့် အစီအစဉ်ကို ငြိမ်သက်စွာ ပြတော်မူ

ပါရန် မည်းတော်အား မျှော်လင့် စောင့်ဆိုင်းနေကြပါသည်။ ကျွန်တော်သည် ဟော

ပြောခြင်းအတွက်ပြုလုပ်သော ကုလားထိုင်ဘေးတွင် ဒူးထောက်နေသည်။ ရုတ်ချည်းဆိုသ

လို သမ္မာကျမ်းစာတစ်ပိုဒ် ကျွန်တော်စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်။ သို့သော်

ယုံမှားခြင်းသံသယသည် ကျွန်တော့်ကို အပြင်းအထန် နှောင့်ယှက်လေသည်။ ဤကျမ်း

ပိုဒ်သည် ဘုရားသခင်ထံတော်မှလာမှန်း ဘယ်လိုသိရှိရမည်နည်း။ ဤကျမ်းပိုဒ်ကို

သူတစ်ပါးနှင့်ပြီး တစ်ခြားလူရရှိသော ဗျာဒိတ်နှင့်မတူလျှင် ဘယ်လိုဖြစ်မည်နည်း။

ပရောဖက်ရှာမွေလပင်လျှင် ပထမဆုံး ဘုရားသခင် မိန့်တော်မူချက်မှန်း မရိပ်မိ

ကြောင်း စိတ်ထိတွင်ပေါ်လာ၍ မိမိကိုယ်ကို နှစ်သိမ့်မိပါသည်။ သူငယ်ဘဝတွင် ဘုရား

သခင်သည် သူ့ကို စကားပြောတော်မူသည်ကို ပရောဖက်ဧလိယ၏အသံဟု မှားယွင်းခဲ့

လေသည်။ ဤကြားဝင်ဆုတောင်းခြင်းအမှုမျိုးတွင် ကျွန်တော်သည် လူသစ်ဖြစ်နေသည်

မှာ သေချာပါသည်။ ကျွန်တော်တို့ အားလုံးသည် ကကြီးခခွေးမှ အစပျိုးသလိုဖြစ်နေကြ

သည်။ ဆက်လက်၍ စောင့်နေသော်လည်း စိတ်ထဲတွင် ဘာမျှမပေါ်လာတော့ပါ။

အားလုံးထိုင်ခုံပေါ်တွင် အသီးသီးထိုင်၍ ကျမ်းစာအုပ်ထဲတွင် ဘုရားသခင်ဖော်ပြသောကျမ်းပိုဒ်ကိုရှာနေကြသည်။

နောက်ဆုံးတွင် သူမကပင်တိတ်ဆိတ်မှုကို ခွင်း၍ “ ဘာရရှိကြသလဲဆိုတာ ဝေငှကြရအောင် “ဟု စေခိုင်းလေသည်။

တစ်ယောက်ပြီးတစ်ယောက် ဘုရားသခင် ဖော်ပြထားတော်မူသည့်

အရာများကို ဖွင့်ပြောကြသည်။ တချို့က လူပုဂ္ဂိုလ်တစ်ဦးအကြောင်း၊ အခြားသောသူ

များက တိုင်းပြည် သို့မဟုတ် ဖြစ်စဉ်တစ်ခုခုအကြောင်း ပြောကြသည်။

အကြောင်းအရာအမျိုးမျိုးကို စုပေါင်းမိသည့်အခါ ကျွန်တော်တို့၏ဆုတောင်း

ခြင်းအသီးသီးသည် စုပေါင်း၍ စပ်ဟပ်လာသည်ကို အံ့သြစွာ တွေ့ရှိရပါသည်။

စိတ်ထဲသို့ အသီးသီးပေါ်လာသည့်အတိုင်း တစ်ဦးအတွက် ဘုရားသခင်၏

အကြံအစည်တော် မည်ကဲ့သို့ ရှိနေသည်ကို ရှင်းလင်းစွာ ပုံပေါ်လာသည်။

တစ်ညပြီးတစ်ည ဤပုံစံအတိုင်း ဆက်လုပ်ကြပါသည်။ တခါတရံ

သခင်၏စိတ်တော်ကို တွေ့ရပါသည်။ တစ်ခါတရံ ကျွန်တော်၏ရူပါရုံ မှန်မမှန် ကို

စစ်ဆေးပေးတော်မူရန် လိုအပ်တတ်သည်။ သို့သော် လုပ်ရိုးလုပ်စဉ်အတိုင်း

ဝိညာဉ်ကိုပြင်ဆင်၍ စောင့်ဆိုင်းနားထောင်သည့်အခါ ခရစ်တော်သည် ကျွန်တော်

အား အသေးစိပ်ဖော်ပြပုံမှာ အလွန်အံ့သြဖွယ်ကောင်းလေသည် အခြား ကျောင်းသား

လည်း အားလပ်သည့်အချိန်များတွင် ပါဝင်လာကြသည်။ ဤကဲ့သို့ အချိန်မှန်

ဆုံဆည်းခြင်းဖြင့် ကျွန်တော်တို့၏ယုံကြည်စိတ်ချမှုနှင့် အစွမ်းသတ္တိတိုးပွားလာပြီး

ဆုတောင်းခြင်းသည် ထိရောက်မှုရှိသည်ဟု စိတ်ချစေပါသည်။

ညတစ်ညတွင် ဒါဝိဒ်အမည်ရှိသော ကျောင်းသားတစ်ယောက်အတွက်ဆု

တောင်းချင်စိတ် ပေါ်လာကြသည်။ သင်တန်းတွင် သူသည် အကြိတ်အနယ် ကြီးမား

သော်လည်း မလိုက်နိုင်တော့သဖြင့် နုတ်ထွက်ရန် စီစဉ်နေသည်။ သူ့အတွက် ကြားဝင်

ဆုတောင်းပေးနေကြစဉ် နံနက်ပိုင်း (၁)နာရီခန့်တွင် သူ့အခန်းသို့သွား၍ သူနှင့်

ပြောချင်စိတ် တစ်အားပေါ်လာသည်။ ဤစိတ်ကူးကို အကြိတ်အနယ်ချင့်ချိန် ကြည့်

သည်။ အဘဘုရား အပေါ်ထပ်သို့တက်၍ သန်းခေါင်ကျော်အချိန်တွင် အိပ်ပျော်နေ

သူတစ်ယောက်ကို နိုး၍ သူသည် ဘုရားသခင်အထံတော်မှ ထွက်ပြေးသည်ဟု သွားပြော

၍မဖြစ်နိုင်ပါ။ သို့သော် ဘုရားသခင်သည် ကျွန်တော့်ကို စေခိုင်းတော်မူသည်ဟု ရိပ်

မိလေသည်။ ထို့ကြောင့် ၊ အဖော်များကိုမပြောဘဲ ၊ အသာကလေး ခိုးထွက်၍ လှေကား

အတိုင်း တိတ်ဆိတ်စွာ ကျွန်တော်တက်သွားသည်။ လှေကားထိပ်ရောက်သောအခါ

ဒါဝိဒ်၏အခန်းကို ဦးတည်၍ တံခါးကို ညင်သာစွာဖွင့်သည်။ ကျွန်တော့်နှလုံးက

တစ်ဒုံးဒုံးခုန်နေသည်။ စကားမပြောဘဲ ပြန်လှည့်သွားလျှင် ကောင်းမလားဟု စိတ်ကူး

မိသည်။ ဒက်ဖ်၊(ဒါဝိဒ်ကို ချစ်စနိုးခေါ်ခြင်း)ဟု လေသံဖြင့် တံခါးပေါက်မှ ခေါ်ကြည့်

သည်။ အကြောင်းလျော်ညီစွာ ဒက်ဇ်သည် တစ်ဦးတည်းနေသည်။ ထို့ကြောင့် အခန်းထဲ

က အဖော်များကို နှောင့်ယှက်ရန် စိုးရိမ်စရာမလိုတော့ပါ။ )

အခန်းထဲဝင်ပြီး ခုတင်နားသို့ ချဉ်းကပ်၍ “ဒက်ဇ်၊ဒက်ဖ်” ဟုခေါ်သည်။

ဟောက်သံအနည်းငယ်ကြားရသည်။ ရုတ်တရက် ကျောချမ်းလာသည်။ တစ်ခုခုတော့

မှားနေပြီဟုဆုံးဖြတ်ကာ တံခါးဘက်သို့ ပြန်လှည့်သည်။ အခန်းတစ်ဝက်ခန့် အရောက်

တွင် ကြောက်လန့်၍ထခုန်မိသည်။ ကျွန်တော့်နောက်တွင် အသံဆိုးဆိုးဝါးဝါးတစ်ခု

ပေါ်လာသောကြောင့်ဖြစ်သည်။ အလန့်တကြား၊ ဘယ်ကအသံလဲဟု ပြန်လှည့်ကြည့်

သည်။ တစ်အောင့်လောက်ကြာပြီးမှ ၎င်းအသံသည် ဒက်ဖ်၏ခုတင်ဘေးစားပွဲပေါ်မှ

အချိန်ကိုက်နာရီသံမှန်း ကျွန်တော်ရိပ်စားမိလေတော့သည်။ နေရာ က မခံ

မလှုပ်မရှက်ရပ်နေ၍ အလင်းရောင်မှိန်မှိန်ထဲတွင် ဒက်ဖ်၏လက်သည် ခြုံထား၊

သော စောင်အောက်ကထွက်လာ၍ နာရီရှိရာဘက်သို့ စမ်းနေသည်ကို မြင်ရသည်။ နာရီ

၏အသံထိန်းခလုပ်ကို လက်ဖဝါးဖြင့် ပိတ်လေသည်။ စောင်ကိုပြန်ခြုံ၍ ထိုင်နေသော

အနေအထား မိမိကိုယ်ကိုဆွဲတင်ကာ ဆက်လက်၍ ပါးစပ်ပိတ်ရင်း ညည်းညူသံတစ်ခု

ပြုနေသည်။ လရောင်မှိန်မှိန်တွင် ကျွန်တော့်အရိပ်ကို မြင်သည်ဟု ထင်ပါသည်။

သူ့ခုတင်ဘေး မီးကိုဖွင့်၍ ရုဒီလက်ခ်၊ ဒီမှာဘာလာလုပ်သလဲ”ဟု အံ့ဩသံ၊ မနှစ်မြို့

သော အသံရော၍ တထစ်ထစ်ပြောဆိုလေသည်။ ကျွန်တော်တို့ မသိအောင် ဒါဝိဒ်သည်

အိပ်ရာမှ စောစောနိုးပြီး ကျောင်းမှခိုးထွက်နိုင်ရန် နာရီကို တမင်တကာ အချိန်ကိုက်ထား

ခြင်းဖြစ်သည်။ ယခု ကျွန်တော်တို့ဆုတောင်းစောင့် ရှောက်မှုကြောင့် ၊ သူခိုးထွက်ဖို့

အကြံအစည်ကို ဟန့်တားနိုင်ခဲ့လေပြီ။ တုန်လှုပ်ဆဲဖြစ်သော်လည်း ဘုရားသခင်၏

အတိအကျ စေခိုင်းတော်မူခြင်းကြောင့် ဒက်ဖ်အခန်းထဲသို့ ယခုလိုရောက်ရှိနေသည်ကို

များစွာ အားတက်လာကာ၊ သူ့ခုတင် ခေါင်းရင်းပေါ်တွင် ထိုင်၍ အငြင်းအခုန် ပြုလုပ်

လျက် သူကျောင်းဆက်နေဖို့ သဘောပေါက်အောင် ကြိုးစားရှင်းပြခဲ့ပါသည်။ သူ့အသက်

တာတွင် အကြီးမားဆုံးသော မှားယွင်းမှုတစ်ရပ်ပြုမိတော့မည်ဟု သက်သေပြရန်

ကျွန်တော်ကြိုးစားပါသည်။ သူနားထောင်ဟန်ရှိသည် ။

နောက်ဆုံးတွင် ကျွန်တော်ပြောဆိုခဲ့သော စကားများကြောင့် ယုံကြည်စိတ်

ချလောက်ပြီဟု မှတ်ယူကာ သူ့အခန်းထဲမှထွက်၍ အောက်ခန်းဟောပြောခန်းမထဲတွင်

ဆုတောင်းနေကြသောအဖော်များထံသို့ ကျွန်တော်ပြန်ခဲ့ပါသည်။

နံနက်အိပ်ရာမှနိုးသောအခါ ကျွန်တော် ယုံကြည်စိတ်ချမှုသည် တစ်လွဲတစ်ချောဖြစ်နေသည်ကို ဝမ်းနည်းစွာ တွေ့မြင်ခဲ့ပါသည်။ တစ်ဖွဖွတောင်းပန်လျက်သားနှင့် ဒက်ဖ်သည် ဝေလီဝေလင်း အချိန်တွင် ဟိုတယ်မှ ခိုးထွက်သွားလေပြီ။ ကျွန်တော် တို့မည်သူကမျှသူ့ကိုမတွေ့ကြတော့ပါ။

စိတ်ပျက်အားငယ်နေစဉ်တွင် ကျွန်တော် သဘောပေါက်လာသည်မှာ လူတိုင်းတွင် လွတ်လပ်

သော ဆန္ဒရှိကြသည်။ လူတစ်ဦးတစ်ယောက်အတွက် ဆုတောင်းရန် ခရစ်တော်

ကျွန်တော်တို့ကို ညွှန်ကြားတော်မူသည့် အတိုင်း ဆုတောင်းခံကြသောသူတို့သည်

ကိုယ်တော်၏အနူးအညွတ် တောင်းပန်ခြင်းကိုပင်လျှင် ငြင်းဆန်နိုင်စွမ်းရှိကြသေးသည်။

ညသန်းခေါင်တွင် သူ့ကို ဖြောင့်ဖျစကားပြောရန် လူတစ်ယောက်ကို စေလွှတ်

သည့်တိုင်အောင် ဘုရားသခင်သည် သူ့ကို ချစ်တော်မူသည်ဟု ဒက်ဖ်သဘောပေါက်ရန်

ကျွန်တော်၏တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်လေတော့သည်။ အနာဂတ်

တစ်ချိန်မဟုတ် တစ်ချိန်ချိန်တွင် ဒက်ဖ်သည် သူ့ကို ပြင်းထန်စွာ ဒုက္ခပေးနေသော်

ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ပါစေဟု ကျွန်တော်မျှော်လင့်ဆဲပင်ဖြစ်ပါသည်။

ဤကဲ့သို့သော အတွေ့အကြုံများသည် မနာတမ်း ကြားဝင်ဆုတောင်းပေးရန် ကျွန်

တို့ကို နှိုးဆော်လျက်ရှိနေပါသည်။

အသွားကြမ်းတမ်းသောအခါ

သုံးလဧဝံဂေလိသင်တန်း အခြေအနေ တစ်ဆင့်တိုးလာသည်နှင့်အမျှ သင်တန်း

ခန်းမတွင် ညတိုင်း ဆုတောင်းစည်းဝေးပွဲ ဆက်လက်ပြုလုပ်ကြပါသည်။ သစ်သားကြမ်း

ပြင်ပေါ်တွင် ဒူးထောက်၍ ဒက်ဖ်အတွက် ဆုတောင်းပေးစဉ် ပြုလုပ်သကဲ့သို့ ညသန်း

ခေါင်ကျော်အထိ ဆက်လုပ်ကြပါသည် ။ ဆု တောင်းရာ၌ ပျော်မွေ့ကြသည်ဖြစ်၍ အချိန်

ကုန်မှန်း သတိမပြုမိကြပါ။

ညသန်းခေါင်ဝန်းကျင်တွင် တချို့ အိပ်ငိုက်စပြုလာကြသဖြင့် ဆုတောင်းအဖွဲ့

အရေအတွက် တဖြည်းဖြည်းနှင့် နည်းပါးလာသည်။ ဘုရားသခင် အတူပါရှိခြင်းကို ခံစား

ရသည့် အပြင် ကိုယ်တော်ဖော်ပြသည့် အရာများမှာ တန်ခိုးတော်ပါရှိသဖြင့် ကြားဝင်

ဆုတောင်းပွဲကို မရပ်ဆိုင်းချင်ပါ။ ဆုတောင်းပတ္ထပြုခြင်းသည် ဤမျှစိတ်တက်ကြွစရာ

ကောင်းမှန်း တစ်ခါမျှ မခံစားခဲ့ဘူးပါ။ ရီအိုနာလည်း အလားတူခံစားသည်။ မကြာခဏ

ကျွန်တော်တို့ နှစ်ယောက်တည်းသာ ကျန်ရစ်၍ ဆုတောင်းနေကြပါသည်။ တစ်ခါတလေ

နောက်တစ်နေ့နံနက်ပိုင်းသို့ ပင် ကူးသွားတတ်သည်။ အိပ်ရေးပျက်၍ အားအင်ကုန်ခမ်း

ကာ နေ့စာသင်ချိန်တွင် အာရုံစိုက်နိုင်စွမ်းမရှိသော်လည်း ကိုယ်စိတ်ဝိညဉ်သုံးပါး

ပြန်လည်လန်းဆန်းလာသည်ကို ခံစားရပါသည် ။ ဟေရှာယအနာဂတ္တိကျမ်း ၄၀း၃၁တွင်

ဘုရားသခင်၏ကတိတော် မှန်ကန်ကြောင်းကို လက်တွေ့ ခံစားခဲ့ပါသည်။ “ဘုရားသခင်

ကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့ သို့ မိမိတို့

အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။”

ကျွန်တော်တို့၏ကြားဝင်ဆုတောင်းခြင်းအမှုကို ယေရှုနည်းတူပြုကြပါသည်။

မဝန်ခံရသေးသောအပြစ်များကို နောင်တရခြင်းနှင့် အနှောင့် အယှက်ပေးနိုင်မည့် ဝိညာဉ်

ဆိုးနတ်ဆိုးများကို ခုခံတွန်းလှန်ခြင်းဖြင့် အစပြုကြသည်။ ပြီးနောက် ချီးမွမ်းဝတ်ပြုကြ

သည်။ တစ်ဖန် ဘုရားသခင်၏ အစီအစဉ် ဖော်ပြခြင်းကို စောင့်ဆိုင်းနေကြသည်။

ကျွန်တော်တို့သည် မဟာဝိညာဉ်တန်ခိုးရှင်များ မဟုတ်ကြပါ။ သမ္မာကျမ်းစာ

သင်တန်း ကျောင်းသူ ကျောင်းသားများသာ ဖြစ်ကြသည်။ လူသားများ၏ဗီဇနှင့် ကြောက်

တတ်သောလူငယ်များ ဖြစ်ကြသော်လည်း ကျွန်တော်တို့ တွင် ထူးခြားမှုတစ်ရပ်တော့

ရှိပါသည်။ ၎င်းမှာ ဘုရားသခင်၏ အလုပ်ကို အလုပ်နှင့်တူအောင် လုပ်ဆောင်ကြသူများ

ဖြစ်ကြပါသည်။ တစ်ညပြီးတစ်ည ကျွန်တော်တို့ ၏ဆုတောင်းပွဲတွင် လမ်းပြတော်မူ

ပါရန် ကိုယ်တော်အား ယုံကြည်ခြင်းဖြင့် ဆုတောင်းကြခြင်းမှာ ဘဝင်တုန် ရင်ခုန်စေပါ

သည်။ ရှေ့ ကစ်ဆင့်တိုး၍ ဘုရားတရားကို ဆန့်ကျင်သည့်တိုင်းပြည်များကို အာရုံပြု

လာကြသည်။ တစ်ခါမျှ မကြားဘူးခဲ့သော နိုင်ငံများအတွက် ဆုတောင်းပေးရန်

လမ်းညွှန်ခြင်းခံရလေသည်။ ထိုကဲ့သို့သော နိုင်ငံတစ်နိုင်ငံမှာ အလ်ဘေးနီးယားဖြစ်ပြီး

၎င်းနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘုရားကို မယုံကြည်သည့် တစ်ခုတည်းသောနိုင်

ဖြစ်သည်ဟု ဝါကြွားခဲ့လေသည်။

အလ်ဘေးနီးယားအတွက် ဆုတောင်းပေးကြရန် ပထမဆုံး ဘုရားသခင် လမ်း

ညွှန်တော်မူသည့်အချိန်ကို ကျွန်တော်ကောင်းစွာ မှတ်မိပါသည်။ မယုံကြည်သူများနှင့်

ထိတွေ့ရန် ခြေဆန့်သွားခဲ့စဉ်တုံးက ဆုံစည်းမိခဲ့သော ကယ်တင်ခြင်းမခံရသူတစ်ဦး

အတွက် ဆုတောင်းပေးခြင်းဖြင့် စည်းဝေးအစပြုကြသည်။ ပြီးနောက် ရှေ့ဆက်အ

အစဉ်ကို ဘုရားသခင်ဖော်ပြတော်မူရန် စောင့်ဆိုင်းကြသည်။ ကျွန်တော့်ဩတ္တပ္ပစိတ်

ထဲသို့ အလ်ဘေးနီးယားနိုင်ငံ ပေါ်လာသည်။ ယခင်တွင် ၎င်းနိုင်ငံအတွက် ဆုမတောင်း

ဘူးသောကြောင့် ဘုရားသခင်ထံတော်မှ စေခိုင်းခြင်းဟုတ်မဟုတ် သေချာစေချင်သည်။

ကျွန်တော့် စိတ်အာရုံထဲက ပေါ်လာသောနိုင်ငံကို ဖော်ထုတ်ပြောဆိုရမည့်အစား၊ နောက်

ဆက်ပြီး ဆုတောင်းပေးရမည့်နိုင်ငံကို ကျွန်တော်သိသလိုလိုပဲ၊ ဒါပေမဲ့ တစ်ဦးတစ်

ယောက်က အတည်ပြုပေးဖို့ လိုချင်ပါတယ်” ဟု ကျွန်တော် ပြောဆိုသည်။

မိမိတို့ ထိုင်ခုံပေါ်မှီ၍ အာရုံပြု စဉ်းစားကြသည်။ မည်သူမျှ စကားမပြောကြ

ပါ။ မိနစ်မှနာရီသို့ ကူးပြောင်းသွားသလို အချိန်ကြာလာသည်။ ဒူးထောက်လျက်ပင်

မအီမသာ ကျွန်တော်ရွေ့ရှားသည်။ ကျွန်တော်လုပ်တာဟုတ်ကောဟုတ်ရဲ့လား။ သံသယ

စိတ်သည် နှစ်ဘက်ညှပ်ဝင်လာသည်။ မိမိကိုယ်ကို အရူးလုပ်နေတာပဲ။ ဒီလောက်

ချောင်ကျနေတဲ့နိုင်ငံကို ဘယ်သူကမှ စိတ်ဝင်စားမှာမဟုတ်ပါဘူး။ ဤသို့ ဖွင့်ပြော

၍မိမိမျက်နှာမပျက်အောင် ကာကွယ်ချင်သည်။ သို့သော် ကျွန်တော် ဆိတ်ငြိမ်ဆဲ၊ ဘုရား

သခင် အထံတော်မှ ကျွန်ုပ်ကြားခဲ့ခြင်းဖြစ်လျှင်

၊ အခြားသောသူတစ်ဦးဦးအား

ကိုယ်တော်ဖော်ပြတော်မူလိမ့်မည်ဟု ကျွန်တော် ယုံကြည်သည်။

နောက်ဆုံးတွင် ဆရာကြီးလိုရင့်၏ဇနီး”ဒါ”က ခေါင်းမော့၍ မျက်လုံးတောက်တောက်ပ

ပဖြင့် ပြောသည်မှာ “အလ်ဘေးနီးယား ဟုတ်ပါစေ ”၊ ကျွန်တော်နှင့် ရီအိုနာ

သည် သဘောကျလွန်းသဖြင့် နားရွက်အထိ ပါးစပ်လောက်အောင် ပြုံးကြပါသည်။

“ကျွန်မကို ဘုရားသခင်ပေးတော်မူတဲ့ နိုင်ငံအမည်ဟာ အဲဒါပါပဲ” ဟု “ဒါ“ ကစိတ်တက်ကြွစွာပြောလေသည်။ဝမ်းသာလွန်းသဖြင့် စကားပင်မပြောနိုင်လောက်

အောင်ဖြစ်နေသည်။ ကျွန်တော်တို့ သုံးဦးစလုံးသည် ထိုတစ်နိုင်ငံတည်းကို အတူတူ

ရူပါရုံရရှိကြသည်မှာ ဆုတောင်းအဖွဲ့၏ ယုံကြည်ခြင်းကို တစ်လုံးတစ်ဝတည်းဖြစ်စေ

သည်။ နတ်ဆိုးချည်နှောင်ထားသော ဤနိုင်ငံအတွက် ဇွဲရှိစွာဖြင့် ဆုတောင်းခြင်း

အစပြုကြသည်။ ၎င်းအချိန်မှစ၍ အလ်ဘေးနီးယားနိုင်ငံသည် ကျွန်တော်တို့၏ကြားဝင်

သင်းဖွဲ့ ၏ဦးစားပေး အခန်းကဏ္ဍတွင် ပါဝင်လေသည်။

ညတစ်ည ကျွန်တော်တို့ ဆုတောင်းနေကြစဉ် ရီအိုနာသည် ခေါင်းတွင် ပုဝါ

စည်းထားသော အလ်ဘေးနီးယားအမျိုးသမီးတစ်ဦးကို မြင်ခဲ့သည့်အကြောင်းကို ပြောပြ

လေသည်။ တန်ခိုးအာဏာကြီးထွားနေသော ဘုရားမဲ့ဝါဒကို ကြံ့ကြံ့ခိုင်ခုခံနေသည့် အနည်း

ငယ်သော လျှို့ဝှက်ယုံကြည်သူတစ်ဦးဖြစ်ကြောင်း ဘုရားသခင် ဖော်ပြတော်မူသည်ဟု

အိုနာက ဆိုသည်။ ခေါင်းတွင်ပုဝါစည်းထားသော ဤမြေထဲပင်လယ် အမျိုးသမီး

အတွက် စတင်၍ အထူးဆုတောင်းပေးကြသည်။ အခြားဆုတောင်းချိန်တွင် သူမကို

ဘုရားသခင် စောင့်ရှောက်ကွယ်ကာပေးဖို့ ဆုတောင်းပေးကြသည်။ တစ်ညနေတွင်

အလ်ဘေးနီးယားသို့ သွားရောက်လည်ပတ်ရန် ဘုရားသခင်သည် သူ့ကို ညွှန်ကြား

တော်မူသည်ဟု သူသည် မယုံကြည်ဟန်ဖြင့် ပြောပြသည်။ လူသားအမြင်နှင့်မဖြစ်နိုင်ပါ။

သို့သော် တစ်ညပြီးတစ်ည ဆုတောင်းကြသည့်အခါ ရီအိုနာ၏ယုံကြည်စိတ်သည်

တိုးပွားလာသည်။ ဘုရားသခင်သည် သီးခြားညွှန်ကြားချက် ပေးတော်မူသည်ဟု သူမ

စိတ်အာရုံတွင် ခံစားနေသည်။ လောလောဆယ်သွားမည်ဆိုလျှင် ကုန်းလမ်းနှင့် သွားရ

မည်ဖြစ်သည်။

ဖြစ်ပုံမှာ နောက်တစ်နှစ်ကြာသောအခါ ရီအိုနာသည် မိတ်ဆွေတစ်ဦးနှင့် ကမ္ဘာ

လှည့်အဖွဲ့ တစ်ဖွဲ့ နှင့်အတူ အလ်ဘေးနီးယား၏အိမ်နီးချင်းနိုင်ငံ ယူဂိုစလားဗီးယား

နိုင်ငံထဲသို့ လေကြောင်းဖြင့် ရောက်သွားကာ၊ တစ်ဖန် ဘုရားသခင် ဖော်ပြတော်မူသည့်

တိုင်း အလ်ဘေးနီးယားသို့ မော်တော်ယာဉ်ဖြင့် ဆက်သွားသည်။ ထိုနေရာ ဟိုတယ်

ခန်းတစ်ခု၌ ဖျားနာ၍ နွမ်းရိအားနဲ့ လျက်ရှိနေစဉ်၊ သူမ၏ရူပါရုံထဲတွင် တွေ့မြင်ခဲ့သော

အလ်ဘေးနီးယား အမျိုးသမီးနှင့် တစ်ကယ်ပင် ဆုံစည်းမိကြသည်။ ထိုအမျိုးသမီးမှာ

ဟိုတယ်တွင် အလုပ်သမားဖြစ်သဖြင့် ရီအိုနာက ဝမ်းမြောက် ဖွယ်သတင်းကောင်းစာအုပ်

တစ်အုပ်ကို တိုးတိုးတိတ်တိတ် ပေးခွင့်ရရှိလေသည်။ ဤအပြုအမူသည် နောင်တွင်

အဖမ်းခံရန် အကြောင်းတရားတစ်ရပ်ဖြစ်လာသည်။ သူမသည် သေနတ်ပစ်အဖွဲ့ မှ

ပစ်သတ်ဖို့အချိန်တွင် အံ့သြဖွယ် လွတ်ခွင့်ရရှိလေသည် ။(ဤအကြောင်းနှင့်ပတ်သက်၍

ရီအိုနာ၏ အတွေ့အကြုံ အပြည့်အစုံကို သူမရေးသားပြုစုသော “မနက်ဖြန်သေကြတော့

မည်စာအုပ်တွင် အပြည့် အစုံ မှတ်တမ်းတင်ထားသည်)။ ဆုတောင်းအဖွဲ့တွင် ပါဝင်

ကြသောကျွန်မတို့ အနေဖြင့် ရီအို၏ ခရီးစဉ်၌အထူးခြားဆုံးသော အသွင်အပြင်

မှာ အလ်ဗေးနီးယား နိုင်ငံတွင် ရှိနေစဉ် ယုံကြည်သူတစ်ဦးတည်းနှင့်သာ ဆုံစည်းမိခြင်းဖြစ်သည်။

ထိုသူမှာ ရီအိုနာ၏ ရူပါရုံတွင် ယေရှုဖော်ပြတော်မူသော ကျွန်တော်တို့ ပုံမှန်

ကြားဝင်ဆုတောင်းပေးနေသော ခေါင်းတွင်ပုဝါစည်းထားသည့် အမျိုးသမီးပင်ဖြစ်သည်။

ဘုရားသခင်သည် ရီအိုနာကို အလ်ဘေးနီးယားနိုင်ငံတွင် အာရုံပြုစေသော

အချိန်တွင် ကျွန်တော်တို့ ဘူလ်ဂေးရီးယားနိုင်ငံဘက်သို့ လမ်းညွှန်တော်မူသည်။

ဘူလ်ဂေးရီးယား၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ပထမဆုံး ကျွန်တော်တို့

နိုးကြားစေသောသူမှာ ညီအစ်ကိုကြီးအင်ဒရူးပင်ဖြစ်ပါသည်။ ဘူလ်ဂေးရီးယားနိုင်ငံ၏

နယ်နိမိတ်မှာ တောင်ဘက်တွင် ဂရိနိုင်ငံ၊အနောက်ဘက်တွင် ယူဂိုစလားဗီးယားနိုင်ငံ

အရှေ့ဘက်တွင်ပင်လယ်နက်နှင့် မြောက်ဘက်တွင် ဒါနုဘီမြစ်ဖြစ်ကာ၊ လူဦးရေ

(၅)သိန်းမျှသာ ဘောလကန်လူမျိုးနှင့် ကွန်မြူနစ်လက်အောက်ရောက် နိုင်ငံများထဲတွင်

ပါဝင်သောနိုင်ငံဖြစ်သည်။

ပထမနှင့် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဘူလ်ဂေးရီးယားအမျိုးသားတို့သည်

ဆိုဗီယက်ပြည်ထောင်စုကို ကြံ့ကြံ့ခံဆန့်ကျင်လျှက် ဂျာမနီတို့နှင့်ပူးပေါင်းလေသည်။

၁၉၄၄ခုနှစ်တွင် ရုရှားတို့သည် လက်စားချေ တုံ့ပြန်သည့်သဘောဖြင့် ဘူလ်ဂေးရီးယား

နိုင်ငံသိမ်းပိုက်၍ အလံကိုစိုက်ထူကာ ဆိုဗီယက်ပြည်ထောင်စု ပြည်နယ်တစ်ခုအဖြစ်

ကျေညာလေတော့သည်။ ယခု (၂၆)နှစ်သို့ ကျရောက်လာသောအခါ၊ ရုရှားလေးဟု

သရော်ခြင်းခံကာ ကြောက်မက်ဖွယ်ကောင်းသော ကွန်မြူနစ်အုပ်စိုးသည့်နိုင်ငံဖြစ်လာ

သည် ။ ညီအစ်ကိုအင်ဒရူး ရှင်းပြသကဲသို့ ဘူလ်ဂေးရီးယားသည် အလ်ဘေးနီးယားကဲ့သို့

ဝမ်းမြောက်ဖွယ်သတင်းကောင်းကို လုံးဝဆန့်ကျင်သော နိုင်ငံဖြစ်နေသည်။ အသင်းတော်

သည် ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းခံ၍ ယုံကြည်သူအမြောက်အမြား

သည် သူတို့၏ယုံကြည်ခြင်းကြောင့် အကျဉ်းချထားခြင်းခံကြလေသည်။ သမ္မာကျမ်း

ပိုင်ဆိုင်သော ခရစ်ယာန်ဟူ၍ မရှိသလောက်ဖြစ်ကာ ထိုနိုင်ငံတွင် ကျမ်းစာအုပ်တစ်အုပ်

ရရှိရန် မည်သူမျှ မတတ်နိုင်ပါ။

ဘုရားသခင် စွန့်ပစ်တော်မူသည်ဟု ယူဆရသော ဤနိုင်ငံအတွက် သန့်ရှင်း

သောဝိညာဉ်တော်က ကျွန်တော်တို့ကို ဆုတောင်းရန် နိုးဆော်မှုခံရပြီး၊ ထိုလူမျိုးများ

အတွက် ကြင်နာသနားစိတ် တိုးပွားလာပါသည်။ ဧဝံဂေလိသင်တန်းတွင် ရရှိခဲ့

လက်တွေ့ကျသည့် ဆုံးမဩဝါဒများနှင့် ကျွန်တော့်စာကြည့်ခန်းထဲက ဘာသာရေးဆုံးမ

လွန်အင်မှုဆိုင်ရာ စာအုပ်များကို စဉ်းစားကြည့်သောအခါ သမ္မာကျမ်းတစ်အုပ်မှာ

ကူလ်ဂေးရီးယားရှိ ခရစ်ယာန်များနှင့်နှိုင်းယှဉ်၍ မိမိကိုယ်ကို ရာဇဝတ်မှု ကျူးလွန်သကဲ့

သို့ ခံစားမိပါသည်။ ညီအစ်ကိုကြီး အင်ဒရူးသည် ဘူလ်ဂေရီးသို့ သုံးလေးခေါက်

ရောက်ခဲ့ပြီး ခရစ်ယာန်များအတွက် ကျမ်းစာအုပ်များကို တိုးတိုးတိတ်တိတ် ယူဆောင်

သွားပုံကို ပြောပြလေသည်။ ညီအစ်ကိုကြီး၊အင်ဒရူး ခြေရာကို လိုက်ချင်သောဆန္ဒ

တိုးလာသည်။ သို့ သော် ဘယ်လိုလိုက်နိုင်မည်နည်။

အခြားကျောင်းသူကျောင်းသားများကဲ့သို့ ကျွန်တော့်ရှေ့ရေးဘာဖြစ်မည်ကို

မသေချာမရေရာပါ။ “ဝိုင်အမ်”( YWAM)သည် ကျွန်တော်ကို အချိန်ပြည့် ရုံးတာဝန်

ပေးထားသည်။ သို့သော်လည်း ကျွန်တော်တို့ သင်တန်းပြီးဆုံးသွားလျှင် လုပ်ရမည်

ဟု တိကျသောအဖြေမရှိပါ။ ဟောပြောပို့ချသည့် သင်တန်းပြီးဆုံးသောအခါ ဧည့်သည်

ဓမ္မဆရာတစ်ပါးက မိမိလူမျိုးဆီကိုသာ အမှုတော်ဆောင်ဖို့ စိန်ခေါ်ခဲ့ပါသည်။ မိမိတိုင်း

ပြည်တွင် ဝိညာဉ်အစာခေါင်းပါးမှုရှိမှန်း သိမြင်၍ ဤအကြံပြုချက်ကို ဘုရားသခင်

ရှေ့တော်သို့ အလေးအနက် တင်ပြလျှောက်ထားခဲ့ပါသည်။ သို့သော် မိမိမြေတွင် ဆက်

လက်ဆောင်ရွက်လိုသောစိတ် ရှိသော်လည်း စိတ်အာရုံတွင် မခံစားမိပါ ။ အာဖရိကတိုက်

တွင် သာသနာပြုဆရာတစ်ပါးအဖြစ် လုပ်ဆောင်ဖို့ ငယ်စဉ်ဘဝကတည်းက အိပ်မက်

များကို ပြန်လည်သတိရနေပါသည် ။ ရာစုနှစ်ပေါင်းများစွာ ခရစ်ယာန်သမ္မာတရား၌

လုပ်ထားခြင်းခံရသောလူမျိုးနှင့် အလုပ်လုပ်ဖို့ရန် ကျွန်တော့်အတွက် ဘုရားသခင့် စီစဉ်

ထားတော်မူမည်မှာ သေချာပါသည်။ ကျွန်တော်၏ဆန္ဒမှာ ခရစ်တော်ကို မသိသေးသော

နယ်ပယ်၌ ရှေ့ပြေးလမ်းကြောင်းထွင်သောသူ ဖြစ်လိုပါသည်။ လုပ်ရမည့် နေရာကို

ပြတော်မူပါရန် ဘုရားသခင်အား တောင်းလျှောက်နေသော်လည်း ယနေ့တိုင် တိကျသော

အဖြေကို မရသေးပါ။

ကျွန်တော်တို့၏ ဟောပြောပို့ချသင်တန်း သုံးလကုန်ခါနီးတွင် နှစ်ကွင်း

ဆင်းဖို့ အရေးကိုသာ အာရုံစိုက်ကြသည်။ ရက်သတ္တပတ်အကုန် စနေနေ့၊ တနင်္ဂနွေနေ့

တို့တွင် အိမ်ပြန်၍ ဧဝံဂေလိသင်တန်း၏ ကွင်းဆင်းရန် အစီအစဉ်ကို အသင်းတော်အား

ပြောပြပါသည်။ ဆွီဇာလန်မှ အီတလီနှင့်ဂရိကို ကုန်းကြောင်းဖြင့်ဖြတ်ပြီး၊ ၎င်းမှ ရေ

ကြောင်းဖြင့် ဣသရေလသို့ တစ်ဖန် တူရကီဘက်နှင့် ဂရိကိုဖြတ်ကျော်ကာ ဆီဇာလန်သို့

ပြန်ရောက်မည်ဖြစ်သည်။

၀တ်ပြုစည်းဝေးခြင်းပြီးဆုံးသွားသောအခါ ရောလီဆော်ဆာသည်ကျွန်တော့်ကို ချဉ်းကပ်လာသည်။ သူ့မျက်လုံးများက တောက်ပနေသည်။ လွန်ခဲ့ သော နှစ်နှစ်တုံးက

စတပ်ဂက်လူငယ်စခန်းတွင် ဝိညာဉ်တော်၌ နစ်ခြင်းခံကတည်းက သူ၏ ခရစ်ယာန်

အသက်တာသည် ပြန်လည်နိုးကြားလာသည်။ အခု အသက် (၂၁) နှစ်တွင်၊ လျှပ်စစ်

ပညာရှင်တစ်ယောက် ဖြစ်နေပြီ။ “ရုဒီ၊ ခင်ဗျားတို့ ကွင်းဆင်းမည့် အကြောင်း

ကျွန်တော်ကြားတော့ တစ်ကယ်ပဲ စိတ်လှုပ်ရှားမိတယ်။ ကျွန်တော် ပါဝင်နိုင်မယ့်

လို့မထင်ဘူးလား။” ကျွန်တော်ခေါင်းခါပြသည်။

“ခွင့်ပြုနိုင်မယ်မထင်ဘူး။ ရော်လီ၊ ကွင်းဆင်းလေ့လာဖို့က ဧဝံဂေလိကျောင်း

သူကျောင်းသားများအတွက်ပဲဖြစ်တယ် ”

အလုပ်က လစာမဲ့ခွင့်နှစ်လရနိုင်မယ်လို့တော့ ယုံကြည်တယ်။ စရိတ်စက ကိုယ်ဟာကိုယ်ခံရမှာပါ။” သူ့ စိတ်အားထက်သန်မှုကို မပျက်ပြားစေလိုပါ။

“ကျွန်တော်မေးကြည့်ပေးမယ် “ဟု ကတိပြုပေးလိုက်သည်။ သို့တိုင်အောင် ကျွန်တော့်စိတ်ထဲတွင် မျှော်လင့်ချက်တော့ မကြီးလှပါ။ လောဆန်နီသို့ ပြန် သွား၍

ရော်လီ၏တောင်းပန်ချက်ကို ဆရာကြီးလိုရင့်အား တင်ပြရာ သူ့တုံ့ပြန်ချက်ကြောင့် ကျွန်တော် အံ့အော်သင့်သွားသည်။

            ပြဿနာမဖြစ်ပါဘူး ရုဒီ။ ကျွန်တော်တို့သုံးနေကျလမ်းစဉ်မဟုတ်ပေမဲ့ ချွင်းချက်အဖြစ် ခွင့်ပြုနိုင်ပါတယ်။ ထို့ကြောင့် ပြင်ဆင်မှု ပြုလုပ်ကြသည်။ ရောနီလိုက်ပါနိုင်သည်။ ကားပေါ်သို့ စိတ်အားထက်သန်စွာ ကျွန်တော်တို့နှင့်အတူတက်ထိုင်ကာ လောဆန်နီမြို့ ဟိုတယ်မှ ထွက်သွားကြသည်။ ကွင်းဆင်းလေ့လာရေးအဖွဲ့ကသူပါလာခြင်းကြောင့် မည်မျှအရေးပါလာမည်ကို ကျွန်တော်မရိပ်မိခဲ့ပါ။

ကျွန်တော်တို့ မော်တော်ယာဉ်အုပ်စုဖြင့် ခရီးထွက်ကြသည်။ ဗင်ကားနှစ်က

ဘတ်စ်ကားတစ်စီး၊ အပြာရောင် ပေါင်မုန့်ကားတစ်စီး အပါအဝင် ဒွန်စတီဖင်၏ ရောင် ဖို့ဒ်ဗင်ကားဟောင်းကြီးတစ်စီးတို့ ပါဝင်သည်။ ကျွန်တော်တို့ အသုံးပြု

မော်တော်ယာဉ်များသည် သက်တမ်းအိုသောယာဉ်များ ဖြစ်ကြသည်။ သို့သော် ဒုက္ခ

မပေးကြပါ။ သုံးလလုံးလုံး စာတွေ့သက်သက် သင်ကြားပြီးနောက် လက်တွေ့ အသုံး

ချရန် မစောင့်ဆိုင်းနိုင်လောက်အောင် ဖြစ်နေကြပါသည်။ သွားရမည့် ခရီးလမ်းကြေး

ကို အကြမ်းဖျင်း သိရှိကြသည်။ ဆွီဇာလန်မှအစ္စရေးသို့ ၊ အစ္စရေးမှတူရကီသို့ ၊ တူရဂီမှ

ဂရိသို့ဖြစ်သည်။ သို့သော် ကျွန်တော်တို့ခရီးစဉ်သည် ပုံသေမဟုတ်၊ အပြောင်းအလဲရှိ

သည်။ မမျှော်လင့်သောအခြေအနေအတွက် နေရာပြင်ဆင်ထားသည်။ အရေးပေါ်

ရှိစေကာမူ အခြေအနေအရ ဖြေရှင်းဖို့ အသင့်ရှိသည်။ နေရာထိုင်ခင်း မသေချာ

မိုးကာတဲပါသည် ။ အိပ်ရာလိပ်ပါကြသည်။ တဲထိုး၍နေဖို့ လိုအပ်လျှင် အားလုံးပြင်ဆင်ထား

သည် ၊ ဘုရားရှိခိုးကျောင်း ကြမ်းပြင်ပေါ်တွင် အိပ်ဖို့ လိုအပ်လျှင်လည်း

အသင့် ရှိကြသည်။ အင်္ဂလိပ်စကား မပြောတတ်သော သူတစ်ယောက်တည်းပီပီ ကျွန်တော်၏ ငယ်ရွယ်နုပျိုသောမိတ်ဆွေရော်လီသည် ကျွန်တော်ကို လာကပ်နေသည်။

လမ်းမပေါ်သို့ ခြေချမိသည့် အခါမှစ၍ ယခင် ပြုလုပ်နေကြအတိုင်း အချိန်မှန်

မှန်ဆုတောင်းခြင်းမပြုနိုင်ကြတော့ပါ။ နေ့စဉ် တစ်နေရာမှတစ်နေရာသို့ လှည့်လည်

ကာ ခရီးစဉ်မတူ၊ ခရီးထွက်ချိန်၊ ရောက်ချိန် မတူသဖြင့် အချိန်အတိအကျ

သတ်မှတ်ရန် ခက်ခဲပါသည်။ နေ့စဉ် မိုးလင်းမှမိုးချုပ်သည့်တိုင် ခရီးသွားခြင်း၊ စခန်းချ

ခြင်းနှင့် သွားရောက်လည်ပတ်သော နေရာဒေသတို့၏ ခရစ်ယာန် အမွေအနှစ်များနှင့်

ပတ်သက်သည့် ဟောပြောပို့ချခြင်းကို နားထောင်ခြင်းဖြင့် အချိန်ကုန် အလုပ်ရှုပ်နေကြ

သည်။ ညအချိန်ရောက်လာပါက ဟိုတယ်သင်တန်းခန်းမ၌ ပြုလုပ်သကဲ့သို့ ညသန်း

ခေါင်ကျော်အထိ ဆု တောင်းဖို့ စိတ်ကူးရာ ပင်ပန်းလွန်းသဖြင့် လေမွေ့ရာပေါ်သို့ မိမိ

ကိုယ်ကို သစ်တုံးကဲ့သို့ ပစ်ချကာ အိပ်ပျော်ကြလေတော့သည်။ ပြုလုပ်နေကျ ဆုတောင်း

ပုံစံမရှိသော်လည်း ၎င်း၏ အရှိန်ကြောင့် ဆက်လက်လှုပ်ရှားကာ အတွေ့အကြုံ အသစ်

အဆန်းများ၌ မွေ့လျော်နေကြပါသည်။

ပထမရက်သတ္တတစ်ပတ် ကုန်ဆုံးသွားသောအခါ နာရီပေါင်းများစွာ ကြားဝင်

ဆုတောင်းခြင်းအားဖြင့် ရရှိခဲ့သော ဝိညာဉ်နိုးကြားမှု ပပျောက်သွားလေသည်။ ဆရာမ

ကြီးဂျွိုင်း ဆုံးမသွန်သင်သကဲ့သို့ အစစအရာရာတွင် ဘုရားသခင်နှင့်တိုင်ပင်ဖို့ ပျက်

ကွက်လာကြသည်။ ခရီးစဉ်အတိအကျကို ဘုရားသခင်အား တောင်းလျှောက်မည့် အစား

ဖြစ်ပေါ်လာသော အကြောင်းအရာများကို လမ်းပြစေသည်။ ဤသို့ဖြင့် ဘုရားသခင်နှင့်

အဆက်အသွယ် ပျက်ကြလေတော့သည် ။ ဒုတိယပတ်ရောက်လာသောအခါ ဤ

အကြောင်းတရား၏ အကျိုးတရားကို လက်တွေ့ ခံစားရပါတော့သည် ။ အခုအချိန်တွင်

မူကား ဆွီဇာလန်မှ အီတလီမြောက်ပိုင်းကို ဖြတ်ကျော်၍ အတ္တလန်တိတ်ပင်လယ်ကို

ကွေ့ပတ်ကာ ယူဂိုစလားဗီးယားကို ကုန်းလမ်းဖြင့် ဖြတ်ကျော်ခဲ့ကြသည်။ ဆရာကြီး

လိုရင့်နှင့် ဘဲလ်ဂရိတ်မြို့တွင် ဆုံစည်းကြသည်။

တူရကီဘက်သို့ ဦးတည်၍ အီး-၇၆၁ လမ်းမကြီးကို လိုက်ကြသည်။ ဆရာကြီး

လိုရင့် သည် အစိမ်းရောင် ဝပ်ဝါဂွန်ကားကို မောင်း၍ ကျွန်တော်သည် ဘေးထိုင်ခုံတွင်

ထိုင်လေသည်။ ရှေ့တွင် လမ်းနှစ်ခွပေါ်လာသည်။ ဂရိနိုင်ငံဘက်လိုက်၍ တောင်ဘက်သို့

တည့်တည့်သွားနိုင်သည်။ သို့မဟုတ် ဘူလ်ဂေးရီးယားကို ဖြတ်သောလမ်းကိုလည်း

အသုံးပြုနိုင်သည်။ လမ်းခွဲသော အမှတ်အသား ရောက်သောအခါ ဆရာကြီးလိုရင့်သည်

ကျွန်တော့်ဘက်သို့လှည့်၍ “ရုဒီ၊ ဘယ်လမ်းကိုလိုက်ကြမည်လဲ။” အစစအရာရာတွင်

ဘုရားသခင်၏လမ်းညွှန်ချက်အတိုင်း ဆရာမကြီးဂျိုင်း၏သွန်သင်ဆုံးမမှုနှင့်အညီ အတိ

အကျလိုက်နာလိုသောသူတစ်ဦးဖြစ်ပါသဖြင့် ခရီးစဉ်အတွက် အပြည့်အဝ ဆုတောင်း

ခဲ့ပြီးသည့်အတိုင်း ပိညာဉ်တော်လမ်းပြမှုရရှိပြီဟု ကျွန်တော်မျှော်လင့်ထားသည်။ သူ့ကို

ငေးကြည့်နေသည့် အခြားကျောင်းသူကျောင်းသားများကဲ့သို့ပင် ကျွန်တော်သည်ကားပေါ်တက်ထိုင်ရုံမျှသာပြုလုပ်ခဲ့သည်။ သွားရမည့်လမ်းကို အတိအကျ

လုံးဝမဆင်ခြင်မိပါ။

ဝိညာဉ်တော်နှင့် မသက်ဆိုင်သည့်ပုံစံမျိုး ပြလိုသဖြင့် အဖြေတစ်ခုကိုရ

ရန် ကြိုးစားလေတော့သည်။ ကျွန်တော်ကဲ့သို့ပင် ဆရာကြီးလိုရင့်သည်ဘူဂေးရီးယား

ကို အလည်အပတ်ရောက်လိုသည်ကို ကျွန်တော်သိရှိခဲ့ပါသည်။ ဘူလ်ဂေးရီးယား

သွားရအောင် ဟု ကျွန်တော်အကြံပြုသည်။ ဆရာကြီးလိုရင့်သည် ကျွန်တော့်

ဆင်ခြင်ချင့်ချိန်နေရင်း ကျွန်တော့်ကို တစ်အောင့်စိုက်ကြည့်ပြီး ခေါင်းကို

ခါပြလေသည်။ “ကျွန်တော်တော့ ဘူလ်ဂေးရီးယားဘက် သွားဖို့ စိတ်မကူးမိဘူး

ပြန်ပြောသည်။ ကျွန်တော်ကဲ့သို့ မဟုတ်ဘဲ သူသည် ယေရှုနှင့် အတူ အသက်ရှင်

ပြီးဖြစ်သည့်အတွက် ဝိညာဉ်တော်နှင့် စည်းဝါးကိုက်ခဲ့ပြီး ဖြစ်သည်။ ခရစ်ယာန်များကို

ဆန့်ကျင်၍ ရန်မူသောတိုင်းပြည်ဖြစ်သည့် ဘူလ်ဂေးရီးယားထဲသို့ အလုပ်သင်ကျောင်း

သူကျောင်းသား တစ်သိုက်ကို ခေါ်သွားဖို့ ဘုရားသခင်ခွင့်ပြုသည့်အချိန် မဟုတ်

ဟု သူပိုင်းခြားသိမြင်ခဲ့ပေသည်။ ထို့ကြောင့် လမ်းလွှဲသွားမည့်အစား ရှေ့တည့်တည့်

သာ ဦးတည်ကြသည်။

၎င်းလမ်းမကြီးအတိုင်း မလှမ်းမကမ်းနေရာတွင် မတော်တဆ ဖြစ်ပွားမှုတစ်ရပ်တွေ့

ကြသည်။ ဆရာကြီးလိုရင့်၏လမ်းမှန်ရွေးချယ်မှု သက်သေအထောက်အထား လက္ခ

ဏာတစ်ရပ် ဖြစ်လေသည်။ မတော်တဆဖြစ်ပွားမှုနေရာသို့ ကျွန်တော်တို့ ပထမဦး

ရောက်ရှိလာကြကာ ဒုက္ခရောက်သူများကို ကူညီခွင့်ရရှိခြင်းဖြစ်သည်။ ကြီးကြီးကျယ်

ကျယ် ဒဏ်ရာမရရှိကြသော်လည်း ခရီးသည်များ ချောက်ချားနေကြသည်။ ရှေးဦး

သူနာပြုစုကြပြီးမှ ခရီးဆက်မထွက်ခွာမီ သူတို့နှင့်အတူ ဆုတောင်းကြကာ ဝေစာတစ်ချို့

ပေးခဲ့ပါသည်။ ခရစ်တော်ကို သက်သေခံဖို့ “ဘုရားသခင် ပေးသနားတော်မူသော အခွင့်

အလမ်းကြောင့် အမွန်းတင်ပီတိဖြစ်လျက် မိမိတို့ ၏ကားအသီးသီးပေါ်သို့ တက်ကြ

သည်။ ဆရာကြီးလို ရင့်၏ဘေးထိုင်ခုံပေါ်တွင် ပြန်ထိုင်၍ ကိုယ့်ဟာကိုယ် မထိုက်မတန်

စိတ်ခံစားမှုရှိနေပါသည်။ ဘူလ်ဂေးရီးယားသို့ လည်ပတ်လိုသောအိပ်မက် အရှက်ခွဲရုံ

မကဘဲ ဆရာကြီးလိုရင့်ကိုသာမဟုတ်၊ သခင်ဘုရားကိုယ်တော်တိုင် အကျပ်ရိုက်အောင်

ပြုလုပ်မိသောကြောင့် သာ၍ စိတ်မချမ်းမသာဖြစ်မိပါသည်။ မည်မျှ အခက်အခဲ

ရှိစေကာမူ ဆုတောင်းရန်အချိန် သတ်မှတ်ချိန်တွင် မဖြစ်မနေ ကြားဝင်ဆုတောင်းရန်

အခိုင်အမာ စိတ်ဆုံးဖြတ်ခဲ့ပါသည်။

တစ်နေကုန် ပင်ပင်ပန်းပန်း ခရီးနှင်ပြီးနောက် အေသင်နိုင်ငံ၊ ကာသာရီမြို့

လူငယ်နွေရာသီစခန်းအဖြစ် အသုံးပြုသော ဘုရားရှိခိုးကျောင်းသို့ သတ်မှတ်ထားသည့်

ခရီးစဉ်အတိုင်း ရောက်ရှိကြပါသည်။ ပင်ပန်းနွမ်းလျစွာ ဗင်ကားနှစ်စီးနှင့် ပေါင်မုန့်ကား

ထဲမှ ဒရောသောပါ ဆင်းကြပါသည်။ ညစာ အမြန်သုတ်ကြပြီး သစ်သားကာ သစ်သား

ကြမ်းပြင် အဆောက်ဦးငယ်လေးများထဲတွင် မိမိတို့အတွက် သတ်မှတ်ထားသော နေရာ

များ၌ စောစောစီးစီး အနားယူကြသည်။ အခြားသောသူများနည်းတူ ပင်ပန်းသည့်တိုင်

အောင် အိပ်ရာသို့ ဦးတည်မည့် အစား ရီအိုနာကို မတွေ့တွေ့အောင်လိုက်ရှာကာ “မူလ

အတိုင်း ဆုတောင်းကြမှဖြစ်မယ်””ဟု ဘူလ်ဂေးရီးယားဖြတ်လမ်းတွင် တွေ့ကြုံခဲ့သော

အဖြစ်အပျက်ကို ပြောပြရာ၊ ရီအိုနာလည်း ခရီးရှည် ကြောင့် ဖရိုဖရဲဖြစ်သော သူမ၏

ဝါချည်ပန်းပွင့်ရိုက် အဝတ်အစားနှင့် အခြားသော ခရီးသွားဖော်များကဲ့သို့ အိပ်ရာ

စောစောဝင်၍ အနားယူချင်သော်လည်း ခေါင်းညိတ်၍ သဘောတူ လေသည်။

“ရှင်ပြောတာမှန်တယ်၊ရုဒီ။ ဆု တောင်းဖို့ထက် လှုပ်ရှားဖို့ ဦးစားပေးတဲ့

က ထောင်ခြောက်ဟောင်းထဲကို ပြန်ရောက်ကြပါပြီ”၊ ဂရိနိုဘဲလ်သွားတုံးက အဖြစ်အပျက်

ကို ပြန်သတိရတယ်။ ဘာဖြစ်လို့ မေ့လွယ်ကြမှန်းမသိဘူး။

မည်မျှ အဆင်မပြေသည့် တိုင်အောင် ကြားဝင်ဆုတောင်းချိန်ကို မဖြစ်မနေဆက်လုပ်ကြရန် အခိုင်အမာ ဆုံးဖြတ်ကြသည်။ ပြဿနာအကြီးဆုံးမှာ တိတ်ဆိတ်သောသီးသန့်နေရာ တွေ့ဖို့ဖြစ်သည်။ သို့သော်လည်း လုပ်ဖြစ်အောင် ပြုလုပ်ကြသည်။ တစ်ခါတရံ ကျွန်တော်တို့ စခန်းချသောနေရာနှင့် မနီးမဝေး အားလုံးမြင်သာသော ကွင်းပြင်တွင် ဆုံကြသည်။ ဘုရားရှိခိုးကျောင်းတွင် တည်းခိုကြပြီး အိပ်ရာပေါ်တွင် ဝိုင်းထိုင်၍ဆုတောင်းကြသည့် အခါလည်း ရှိလေသည်။

အေသင်မြို့တွင် ရက်သတ္တပတ်နှစ်ပတ် လေ့လာပြီးမှ မော်တော်ယာဉ်များကို

“သင်္ဘောပေါ်တင်ကာ အရှေ့ဥရောပ ယုဒအမျိုးသား အမြောက်အမြားနှင့် အတူ အစ္စရေး

နိုင်ငံ ဟိုင်ဖာဆိပ်ကမ်းမြို့သို့ ဦးတည်ကြပါသည်။ ပထမည ခရီးအဆုံးမှာ ယေရုရှလင်

မြို့ဖြစ်သည်။ ရှည်လျားသောခရီးဖြစ်သော်လည်း စိတ်ဝင်စားဖွယ်ကောင်းသည်။ ရာစုနှစ်

ပေါင်းများစွာ ခြေချမခံသော မိမိတို့ဘိုးဘွားဇာတိသို့ ဦးတည်သော ဤယုဒလူမျိုး

ပြည်တော်ပြန်များ၏ စိတ်အားထက်သန်မှုကို ကြည့်၍ အလွန်သနားကြင်နာစိတ် ပေါ်

လာလေသည်။ ဤအရေးထက် သူတို့နှင့်စကားပြောဖို့ လမ်းစရှာသောအခါ ကျွန်တော်

သည်ပို၍ ဝမ်းနည်းလာသည်။ သူတို့၏ရုပ်ပစ္စည်းမက်မောမှု အထူးသဖြင့် ငွေကြေးချမ်း

သာမှုသည် သူတို့၏ဦးနှောက်ကို လွမ်းမိုးကြောင်း ကျွန်တော်ရုတ်တရက် သိမြင်လေ

သည်။ အဲဂုတ္တုဘုရင် ဖာရောများ၏ကြမ်းကြုတ်ရက်စက်မှုမှ သူတို့၏ အဘိုးအဘွားများ

ကို ကယ်တင်ခဲ့သော ထာဝရဘုရားကို ဘေးချိတ်ထားခဲ့သည်မှာ ကြာညောင်းခဲ့ပြီလေ။

စကားစပ်မိသောသူတချို့က ထာဝရဘု ရားသခင်ရှိမှန်းပင် မယုံကြည်ကြပါ။

အများပြားသည် သူတို့ ယဉ်ကျေးမှု၏ ပြင်ပပုံပန်းသဏ္ဍာန် ထိန်းသိမ်းကြသည်ကို

ဣသရေလနိုင်ငံတွင် ရက်သတ္တပတ်တစ်ပတ်ကာလအတွင်း ယုဒလူမျိုး

တွေ့ ရှိခဲ့ပါသည်။ ဥပမာ အပတ်စဉ် ဥပုသ်နေ့ ၊ ဘာရ်မစ်ဇဝါပွဲ (လူငယ်ဘဝမှလူကြီး

ကူးပြောင်းသည့်ပွဲ)နှင့် နှစ်စဉ်ကျင်းပနေကျပွဲများ ဥပမာ ပသခါပွဲ သို့မဟုတ်

များ( Pann ပွဲမှာ ယုဒလူမျိုး တစ်မျိုးလုံး သတ်ဖြတ်သုတ်သင်ရန် မတရားကြံစည်မှု

လွတ်မြောက်ကြောင်း နှစ်စဉ်မတ်လ(၁)ရက်နေ့ ခန့်တွင် ကျင်းပသည့်ပွဲ၊ ( ဧသာ

ကြည့်ရန်- ဘာသာပြန်သူ) သို့သော် ဓမ္မဟောင်းထဲက ဣသရေလအမျိုးသားကဲ့သို့

လက်ရှိ ဣသရေလအမျိုးသားအများစုသည် သူတို့ ၏ ရှေ့ဟောင်းအမွေအနှစ်များ

ထက် ထာဝရဘု ရားနှင့်မောရှေ ရေးသားပြုစုခဲ့သော ဓမ္မဟောင်းကျမ်း

စွန့်လွှတ်ကြသည်။ ဟိုင်ဖာဆိပ်ကမ်းမြို့သို့ ရေကြောင်းဖြင့် ခရီးသွားကြစဉ်တွင်

စပ်မိခဲ့သော ရှေးဟောင်းအမှန်၊ ဘာသာရေးကိုင်းရှိုင်းသည့် ယုဒလူမျိုး လက်

ငါးအုပ်ကို ခိုင်မာစွာ ယုံကြည်ကြသည်။ မေရှိယ ကြွလာဦးမည်ဟု ပြောသော်လည်း

ကျွန်တော်တို့နှင့် စကားစပ်မိသောသူများသည် ဤမေရှိယကြွလာခဲ့ပြီ။ သူ့နာမည်

ယေရှုဖြစ်သည်ဟု နည်းနည်းမျှ လက်မခံကြပါ။ ဤအကြောင်းကြောင့် ဣသရေလူမျိုး

များအား ခရစ်တော်အကြောင်းကို သက်သေခံရန် လွယ်ကူမည့်အလုပ် မဟုတ်

ကြောင်း၊ ကျွန်တော့်ကို သဘောပေါက်စေလေသည်။

ဟိုင်ဖာသဘောဆိပ်ကမ်းမြို့သို့ နေ့လည်ခန့်တွင် ရောက်ရှိကြသည့်

အကောက်ခွန်အရာရှိများနှင့် ရှင်းပြီး နောက်နှစ်နာရီခန့်အကြာတွင် သင်္ဘော

မော်တော်ယာဉ်များကို ထုတ်မောင်းကြပါသည်။ ယေရုရှလင်မြို့သို့ နောက်နှစ်နာရီ

မောင်းရဦးမည်ဖြစ်သည်။ မြို့ရိုးဟောင်းများပြင်ပတွင် တည်ရှိနေသော ကာသိုလိပ် ဘု

ကြီးကျောင်း၏ သားနားသောတံခါးမကြီးရှေ့သို့ ဖုံပေကျံနေသော မော်တော်ယာဉ်

ဖြင့် ဆိုက်ရောက်ချိန်တွင် ညနေစောင်းနေပြီ။ ပျော့အိ၍ ရွှေရောင်ရှိသော ယေရုရှ

ကျောက်တုံးများဖြင့် ဆောက်လုပ်၍ အုတ်နံရံမြင့်မြင့်ကာရံထားကာ အဝင်ပေါက်

လေးလံသော သစ်သားတံခါးမကြီးများဖြင့် ဆီးတားထားသော ဤဘုန်းကြီးကြောင်းသည် ကိုးယိုးကားယားရှိနေသော်လည်း တည်းခိုရန် နေရာကောင်းတစ်ခုဖြစ်ပါသည်

ခရီးပန်းသော ကျောင်းသူကျောင်းသား(၃၀)ယောက်၊ ဆရာကြီးလိုရင့် ၊ဇနီး၊

ကျွန်တော့်မိတ်ဆွေတို့ မော်တော်ယာဉ်ထဲမှ ဆင်းလာကြသည်။ သီလရှင်များမှ လှိုက်လဲ

စွာ ကြိုဆိုကြသည်။ မုန့်ပြားသလက်ကြီးနှင့်အခြား ဣသရေလ စားကောင်းသောက်

ဖြစ်သည့် သံလွင်သီး၊ သခွားသီးနှင့် ကိုယ်တိုင်လုပ် ထောပတ်များကို အားရ

ပါးရစားသောက်ကြပါသည်။ အစားအသောက်ကောင်းသလောက်စကားပြောမကောင်းကြပါ။ အားလုံးကတုံးလုံးလဲ၍အိပ်ယာဝင်ဖို့သာစိတ်ကူးနေကြသည်။

ကြားဝင်ဆုတောင်းကြဖို့ ခဏတစ်ဖြုတ် ပါဝင်နိုင်ကြမည်လား”ဟု ပါဝင်နေ

ကျသူများကိုမေးကြည့်သည်။ ကျွန်တော့်အကြံပြုချက်သည် သဲထဲရေသွန်သလိုဖြစ်နေသည်။

“ရုဒီ၊တကယ်ပြောတာဟုတ်ရဲ့လား။ အားလုံးမောပန်းနေကြပြီလား”

ဆုတောင်းဖို့ အမြဲစိတ်ပါတတ်သော “ဒါ“ ပင်လျှင် ဤကဲ့သို့ ပြောချလိုက်လေသည်။

“ဒီည အလိုတော့ ကျွန်မမထင်ဘူး။ ကျေးဇူးဘဲ”ဟု ရီအိုနာက မျက်နှာသာယာ

စွာ ပြောလေသည်။ သူမတစ်ဦးလျှင် ဆုတောင်းဖို့ စိတ်ဝင်စားမှုပြသည် ကျွန်တော်

ကဲ့ သို့ ပင် သူမသည် ခရီးထွက်တုန်းက ဆုမတောင်းခြင်း၏ အဖြစ်အပျက်နှင့်

ပတ်သက်၍ သခင်ဘု ရား၏ဆုံးမခြင်းကို ခံစားခဲ့သောသူဖြစ်သည်။ ကိုယ်ရေးကိုယ်တာ

ကို ဂရုမစိုက်ဘဲ သတ်မှတ်ထားသော ဆုတောင်းချိန်တွင် ဆုတောင်းရန် နှစ်ဦးစလုံး

အခိုင်အမာ ဆုံးဖြတ်ကြသူများဖြစ်ပါသည်။

“ဒါပေမဲ့ ဘယ်မှာ တောင်းကြမည်လဲ ရုံဒီ”ဟု ရီအိုနာက မေးသည်။ ဘုန်းကြီး

ကျောင်းသည် လေ့လာရေးဧည့်သည်များနှင့် ပြည့်နှက်နေသည်။ အခန်းလွတ်မပြောနှင့်

ဒေါင့်နားလွှတ်ပင်မရှိပါ။ ဤတွင် ကျွန်တော် အကြံတစ်ခုရလာသည်။ ဘုန်းကြီးကျောင်း

အုတ်တံတိုင်းအပြင် တံခါးမအနီးတွင် လေ့လာရေးခရီးမော်တော်ယာဉ်များ ရပ်နားထား

သည်။

“အစိမ်းရောင် ဗင်ကားထဲမှာ သွားရအောင်”ဟု ကျွန်တော်အကြံပြုသည်။

“ကောင်းပြီ”ဟု ရီအို နာ သဘောတူလေသည်။ စားသောက်ကြပြီးနောက်

အားလုံးနီးပါး အိပ်ရာဝင်ရန်သာ ပြင်ဆင်ကြပေရာ ရီအိုနာနှင့်ကျွန်တော် ကျောင်းခြံဝင်း

ထဲမှ အသာကလေး ထွက်လာကြသည်။ ငွေရောင်လမင်းစန္ဒသည် ယုဒပြည် တောင်

ကုန်းများပေါ်တွင် အလုံးလိုက် ထိုင်သလိုမြင်ရသည်။ သစ်သားဝင်ပေါက်တံခါးဝမှ

ထွက်၍ အစိမ်းရောင်ဗင်ကားထဲသို့ တက်သွားကြသည်။ ချက်ခြင်းပင် ကျွန်တော့်စိတ်

ဝိညာဉ်ထဲ၌ ခံစားရသည်မှာ “ဘုရားသခင်အလိုရှိတဲ့နေရာက ဒီနေရာဖြစ်တယ်။ တစ်ည

လုံး အိပ်ပစ်ဖို့ မဟုတ်ပါ။ ကိုယ်ကာယ မည်မျှပင်ပန်းနွမ်းနယ်စေကာမူ လူမျိုးအပေါင်း

တို့ အတွက် ကြားဝင်ဆုတောင်းပေးဖို့ဖြစ်တယ်။

အေသင်မြို့မှ ရေကြောင်းခရီးဖြင့် သွားနေစဉ် ကျွန်တော် သက်သေခံဖို့

လုပ်ခဲ့ သော ယုဒပြည်တော်ပြန်များအတွက် အထူး ဆုတောင်းပေးလိုသောဆန္ဒ

ပေါ်လာသည်။ များမကြာမီ ဣသရေလအမျိုးသားများအတွက် ပြင်းထန်စွာ ကြားဝင်

ဆုတောင်းပေးကြလေတော့သည်။ ဤရွေးကောက်ခံသောလူမျိုးတို့အတွက်မှန်ကန်သော စေတနာဖြင့် ဆုတောင်းပေးကြသည် ဖြစ်သော်ငြားလည်း စိတ်ထဲ၌နှောင့်ယှက်မှုတစ်ခုကို ကိုက်ထုက်နေရပါသည်။ သီလရှင်များ သို့မဟုတ် အခြားသော သူတစ်ယောက်ယောက်က ရီအိုနာနှင့်ကျွန်တော်နှစ်ယောက်သား မှောင်မိုက်ထဲတွင်ထိုင်နေကြသည်ကိုမြင်လျှင် ဘယ်လိုထင်ကြမည်လဲ။ လူငယ်တို့သဘာဝအလျှောက်

နှစ်ယောက် ချစ်ကြိုက်ခြင်း၊ စိတ်စွဲလမ်းခြင်း မရှိကြပါ။ ဘုရားသခင်သည် ၎င်းကိစ္စကို ကျွန်တော့်အား ရှင်းလင်းစွာ ဖော်ပြတော်မူပါသည်။ ဆုတောင်းဖို့ရန် စိတ်တူသဘောတူခြင်းဖြင့် ပြုလုပ်ကြသည့် သဘောရိုး မိတ်ဆွေကောင်းများဖြစ်ကြပါသည် ။ ခေါင်းဆောင်များဖြစ်ကြသော ဆရာကြီး လိုရင့်စ်နှင့် သူဇြနီး ဒါ တို့သည် ဤအကြောင်းအရာကို နားလည်ထားကြသဖြင့် ကျွန်တော်တို့အကြောင်း မေးဖို့ပင် စိတ်မကူးပါ။ သို့ပေမဲ့နားမလည်သော ပြင်ပလူတစ်ယောက်ယောက်က တလွဲတချော် ပြုနိုင်ဖွယ်ရှိသည်။ ဝိုင်အမ်(YMAM)၏ နာမည်ကောင်းကို အိုးမည်းမသုတ်လိုပါ။ သီလရှင်များသည်

အထူးစေတနာရှိစွာဖြင့် ဧည့်ခံကြသည်မဟုတ်ပါလော။ စိတ်နှစ်ခွ ဖြစ်လာသည်။

ဆုတောင်းရန် ဆန္ဒပြင်းပြလွန်းပြီး ဆုတောင်းရန်နေရာသည် ဗင်ကားထဲမှလွဲ၍

တခြားနေရာမရှိပါ။ နောက်ဆုံးတွင် ကျွန်တော်ဆုံးဖြတ်သည်။ ဤသို့ တွေးတောခြင်းသည်

အာရုံပျက်ရန် စာတန်၏ နည်းပရိယာယ်ဖြစ်မည်။ စာတန်၏ပရိယာယ်များကို

ဘေးဖယ်၍ ကြားဝင်ဆုတောင်းပေးရာတွင် ကျွန်တော် အာရုံစိုက်မြဲစိုက်နေပါသည်။

ညသန်းခေါင်ခန့်တွင် ကျယ်လောင်သော ရိုက်ခတ်သံပေါ်လာသည်။ ရီအိုနာ

ဆုတောင်းရပ်၍ မော့ကြည့်သည်။ “ဘာပါလိမ့်။

သစ်သားတံခါးဝင်ပေါက်တွေကို လေတိုက်ခတ်တာ ဖြစ်မယ်ထင်တယ်”

ဟုကျွန်တော်ဆိုသည်။ ၎င်းကိစ္စကို မစဉ်းစားတော့ဘဲ ဆုတောင်းမြဲ တောင်းကြပြန်သည်

အလ်ဘေးနီးယားပြည်အတွက်နှင့် အထူးသဖြင့် ကျွန်တော်စိတ်နှလုံး အထူးဝန်တာထား၍

ဘူလ်ဂေးရီးယားအတွက် ဆက်လက်၍ ကြားဝင်ဆု တောင်းပေးကြသည်။

နောက်ဆုံး နံနက်ပိုင်းသို့ ကူးသွားချိန်တွင် ဆုတောင်းခြင်းအမှု ပြီးမြောက်ပြီးနောက် –

တစ်နေကုန် ခရီးသွားရာမှ ပင်ပန်းနွမ်းနယ်သည့် အားလျော်စွာ မျက်လုံး မဖွင့်နိုင်လောက်

အောင် လေးလံစွာဖြင့် ကားပေါ်မှဆင်းကာ တံခါးဘက်သို့ ဦးတည်ကြသည်။

အိပ်ရာထဲတွင် ဇိမ်ခံ၍ အိပ်စက်အနားယူဖို့သာ စိတ်ထဲတွင် ကျန်တော့သည်။

ဘုန်းကြီးကျောင်းမှ ထွက်သွားတုံးက သစ်သားတံခါးမကြီးများ ဖွင့်ထားလျက်

ရှိလေသည်။ ယခု အားလုံး ပိတ်ထားကြသည်။ စောစောက ကြားခဲ့သော သတ္တုရို

တ်သံမှာတံခါးမများကို လေတိုက်ခတ်သည့် အသံဖြစ်မည်ဟု ကျွန်တော့်အထင် မှန်

သည်။ ရီအိုမှာက ကပ်ရုံဖွင့်ကြည့်သည်။ လှုပ်ပင်မလှုပ်။ ဒုတိယအကြိမ် ကြိုးစားကြည့်သည်။

တစ်ဖန် ထပ်၍ ကြိုးစားသေးသည်။ သူမ၏ အားရှိသမျှကို အသုံးပြု၍

သစ်သားတံခါးမဆောင်ကို တတ်အားသရွေ့တွန်းသည်။ အနည်းငယ်မျှမရွေ့။ ပိတ်မြဲပိတ်

နေသည်။

ဤအခိုက်တွင် အဖြစ်မှန်ကို နှစ်ယောက်စလုံး သဘောပေါက်လာကြသည်။တံခါးများကို ပိတ်သောအရာမှာ လေမဟုတ်ဘဲ သီလရှင်များဖြစ်မည်။ ညစဉ်ပိတ်နေ

ကျဖြစ်သည်။ ကျောင်းပြင်ပကားထဲတွင် ဆုတောင်းနေကြမှန်း မသိသဖြင့် တံခါးကို သော့

ခတ် ပိတ်ထားခြင်းဖြစ်သည်။ ရီအိုနာသည် ထိတ်ထိတ်ပြာပြာနှင့် ကျွန်တော့်ကို

ကြည့်သည်။ “ရုဒီ၊ ဘာဆက်လုပ်ကြမည်လဲ။ ကျွန်တော်လည်း အကြံအိုက်နေသည်း

ဘာလုပ်ရမှန်းမသိတော့ပါ။ စောစောပိုင်းက ကျွန်တော့်စိတ်ပူပန်မှု ပြန်ဝင်လာသည်

လုံးဝအပြစ်ကင်းသည့်တိုင်အောင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်

သည်။ ဘုန်းကြီးကျောင်းပြင်ပတွင် ကျန်ရစ်ခဲ့သည့် အခြေအနေမှာ စိတ်အနှောင့်အယှက်

ဖြစ်နေသည်။ ကားထဲတွင် နှစ်ယောက်သား တစ်ညလုံးနေဖို့ ဆိုသည်မှာ မဖြစ်နိုင်ပါ။

တစ်ခုခုတော့ လုပ်စမ်းပါ” ရီအိုနာက ဒေါသသံထွက်လာသည်။ ကျွန်တော်သည်လည်း

ပူပင်သောကရောက်သည်ကို သူမရိပ်မိနေရှာသည်။ “လက်စသတ်တော့ ကားထဲမှာ

ဆုတောင်းဖို့ ခင်ဗျားရဲ့ အကြံပဲ”ဟု ဒေါသသံဖြင့် သူမထပ်ပြောသည်။

ဗင်ကားသည် ဆုတောင်းဖို့ ကောင်းသောနေရာဖြစ်ကြောင်း သူမ သဘောတူ

ခဲ့သည်မဟုတ်လားဟု ကျွန်တော်ငြင်းဖို့ ဖြစ်နိုင်သော်လည်း သူမ၏စိတ်အခြေအနေ

မဟန်တော့သဖြင့် ကျွန်တော် တိတ်ဆိတ်စွာနေလိုက်သည်။ သို့ သော် ကျွန်တော်

အမျိုးမျိုးစိတ်ကူးကြည့်သည်။ ဘာလုပ်ရမှာလဲ၊ သခင်ဘုရား၊ ကူညီတော်မူပါ။ စိတ်ပျက်

အားလျှော့သည့်အဆုံး တိုးတိုးတိတ်တိတ် ဆုတောင်းသည်။ ရုတ်တရက် ကျွန်တော့်

ယုံကြည်ချက် တိုးပွားလာသည်။ ဤလေးလံ၍ ခိုင်ခံ့သောတံခါးပေါက်မှ အထဲသို့ ဝင်ရန်

ဘုရားသခင်သည် နည်းလမ်းတစ်ခုကို ပြင်ဆင်ပေးတော်မူမည်ဟု လုံးဝ သေချာ၍

ယုံကြည်ချက်တစ်ဟုန်ထိုး ထွက်လာသည်။ ရဲဝံ့စွာ တံခါးကို ချည်းကပ်၍ အသာကလေး

တွန်းလိုက်သည်။ တံခါးသည် ပွင့်လာသည်။ အံ့အားသင့်စွာဖြင့် ရီအိုနာနှင့်ကျွန်တော်

ဝင်သွားပြီးသည့်နောက် တံခါးကို ပြန်ပိတ်ကာ မိမိတို့၏အိပ်ရာ အသီးသီးသို့ သွားကြ

သည်။ နံနက်ကျမှ အံ့သြဖွယ်နိမိတ်၏အပြည့် အစုံ အဖြစ်အပျက်ကို သိရှိကြလေ

သည်။ သီလရှင်တို့သည် ညသန်းခေါင်အချိန်တွင် တံခါးမကြီးကို သေချာစွာ ပိတ်သွား

ကြောင်းကို အားလုံးသိကြသည်။ အပြင်မှ မည်သူမျှ ဝင်စရာနည်းလမ်းမရှိ။ တစ်နည်းအားဖြင့် ဘုရားသခင်ကိုယ်တိုင် ကြားဝင်ဆောင်ရွက်ပေးခြင်းမှလွှဲ၍ အပြင်မှအထဲ

ဝင်ရန် အခြားနည်းလမ်းမရှိပါ။

ဤကဲ့သို့ သော ဘုရားသခင်၏လုပ်ဆောင်ချက် တိကျရှင်းလင်းသော

သာဓကသည် ကျွန်တော်တို့၏ယုံကြည်ခြင်းကို ကြီးစွာခွန်အားရစေသည့်အပြင် ဤ

ဆုတောင်းခြင်းကို ဆက်လက်ပြုလုပ်ရန် နှိုးဆော်လေသည်။ တမြို့သို့ ရောက်

သည့်အခါတွင်မူကား၊ ဒွန်း၊ဒီယွန်၊ဒါဝိဒ်၊ကာရိုလ်၊ အလ်ဒါနှင့်ဂျိုစသော လောဆန်နီတွင်

မူလဆုတောင်းအဖွဲ့ အားလုံးနှင့် အခြားသူများစတင်ပါဝင်လာကြသည်ဆိုသည်နှင့်

သင့်တော်သော တခြားနေရာ မရှိသောအခါ (၁၂)ဦးခန့်အထိ ကျွန်တော်တို့၏ အကြီး နှင့်

မော်တော်ယာဉ်ဖြစ်သော အပြာရောင်ပေါင်မုန့်ကားထဲတွင် ဘုရားသခင် ဖော်ပြ

အမှုအရာအတွက် နာရီပေါင်းများစွာ ကြားဝင်ဆုတောင်းကြပါသည်။

ဗာရှေဗနယ် သဲကန္တာရအစွန်တွင် စခန်းချနေစဉ် အဖြစ်အပျက်တစ်ခုကို ကျွန်တော် ကောင်းစွာ မှတ်မိပါသည်။ ကြာရှည်စွာ ဆုတောင်းပြီးနောက် ဗင်ကားထဲမှ ဒယိမ်းဒယိုင်ထွက်လာ၍ မတ်တတ်ရပ်ကြည့်သည့်အခါ လရောင်ထဲတွင် ချော့မွေ့တောက်ပသော ရွှေရောင်သဲသောင်ခုံတို့ကို မြင်ရပါသည်။ မှောင်မိုက်ထဲတွင် သဲသောင်ခုံများသည် မိုးကုတ်စက်ဝိုင်းအတိုင်း ပင်လယ်ထဲက ဒီရေလှိုင်းကဲ့သို့ မြင်ရပါသည်။ ဆရာကြီးလိုရင် ပြောပြသော ကမ္ဘာတစ်ဝန်းသို့ အထပ်ထပ်ချီ

တက်သည့် လူငယ်များအကြောင်းကို ဤမြင်ကွင်းက ကျွန်တော့်ကို သတိရစေခဲ့ပါ

သည်။ နောက်ကျခံ၍ ဆုမတောင်းမိလျှင် ဤခြင်ကွင်းကို မြင်ရမည်ဟုတ်ပါ။

နံနက်မိုးလင်းသောအခါမူကား၊ ဤမြင်ကွင်းမှာ ခြားနားပြန်ပါသည်။ဘေးမှ ထိုးဖောက်လာသော နေရောင်ခြည်မှာ ကျွန်တော်တို့ကို စောစောစီးစီး နိုးလေသည်။ ပြတင်းပေါက်များကိုဖွင့်၍ ကြည့်သောအခါတွင် ငွေရောင်နေသူရိန်သည် မိုးကုပ် စက်ဝိုင်းအပေါ်တွင် ပြူထွက်လာကာ၊ အလင်းတန်းသည်လည်း လူးလွန့်၍ သဲသောင်ခုံများအပေါ်မှာပင် ကျရောက်နေပါသည်။ ကြမ်းတမ်းသလိုလို ထင်ရသော်လည်း ဤမြင်ကွင်းမှာ အံ့မခန်းလောက်အောင် လှပတင့်တယ်ပါသည်။ ဘုရားဖန်ဆင်းတော်မူခြင်း၏ ခမ်းနားလှပခြင်းသက်သေအဖြစ် ကျွန်တော် အံ့အားသင့်စွာတွေ့ရှိခဲ့ပါ

သည်။ စိတ်နှလုံးထဲတွင်လည်း ကိုယ်တော်နှင့်အတူ ဤစွန့်စားခန်းတွင် ပါဝင်ခွင့်

ပြုတော်မူသည့် အတွက် ကျေးဇူးတော်ချီးမွမ်းနေပါသည်။

နံနက်ပိုင်း အပူရှိန်တက်လာသည့်တိုင်အောင် ကျောင်းသူကျောင်းသားများ

သည် တစ်အိမ်တက်တစ်အိမ်ဆင်း လည်ပတ်ရန် ထွက်သွားကြပါသည်။

က္ကုသရေလ နိုင်ငံတွင် အခြားသော ဘာသာရေးအတွက် လူသစ်စုဆောင်းရန် ဥပဒေဖြင့် တားမြစ်ထား

သည့်အတွက် အလွန်ဂရုစိုက်ဖို့ လိုအပ်လေသည်။ ဣသရေလအမျိုးသားများအား

ကယ်တင်ခြင်းအကြောင်းကို ပွင့်လင်းစွာ မဝေငှနိုင်ပါ။ မိမိတို့ကို ခရစ်ယာန်

များဟု ခေါ်ဝေါ်မည့်အစား မေရှိယ၏ နောက်လိုက်များဟု မိမိတို့ ကိုယ်ကို မိတ်ဆက်ကြပါသည်။

ဤကဲ့သို့ ချည်းကပ်ခြင်းအားဖြင့် သာ၍လမ်းပွင့်လာပြီး သူတို့၏ အိမ်များတွင်

ဖိတ်ကြားသည့်အခါ အခွင့်များစွာ ရရှိခဲ့ပါသည်။ ဤသို့ဖြစ်သည့်တိုင်အောင် ယေရှုခရစ်

တော်အကြောင်း နည်းနည်းမျှဖွင့်ဟ၍မရပါ။ ယုဒလူမျိုးတို့၏စိတ်ထဲတွင် ခရစ်ယာန်များ

နှင့်အသင်းတော်သည် ညှဉ်းပန်းနှိပ်စက်သော ဘာသာရေး စစ်ပွဲတွင်ပါဝင်သည့် လူများ

နှင့်အတူ ခိုင်လုံစွာ သဘောထားကြသည်။ ဤမျှ အတားအဆီးကြားမှ ကျွန်တော်တို့၏

သတင်းစကားအား တုံ့ပြန်မှု တချို့တလေကိုတော့ မြင်ခဲ့ပါသည်။

ဣသရေလအမျိုးသားများကို ဧဝံဂေလိတရား ဟောပြောရန် ကျွန်တော်တို့၏

ကြိုးစားအားထုတ်မှုကို ဖုံးကွယ်၍ရသည်မဟုတ်ပါ။ တစ်နေ့တွင် ကျွန်တော် အဖော်

နှစ်ဦးနှင့်ဗာရှေဗဒေသ လမ်းမပေါ်တွင် လမ်းလျှောက်ကြစဉ် ဣသရေလအမျိုးသား

သတင်းထောက်တစ်ဦး လာ၍ချဉ်းကပ်လေသည်။ “ဒီမှာ၊ မော်မွန်တချို့ ရှိနေတယ်လို့

သတင်းကြားတယ်”ဟု သူက အမှတ်တမဲ့ ပြောလေသည်။ ချက်ခြင်းပင် ကျွန်တော်

သတိထားမိပါသည်။ မော်မွန်ဝါဒကို ဣသရေလနိုင်ငံတွင် တားမြစ်ထားသည်။

(Mormonism= မော်မွန် ဝါဒဆိုသည်မှာ ခရစ်သက္ကရာဇ် ၁၈၃ဝပြည့် နှစ်တွင်

အမေရိကန်ပြည်၌ ဂျိုးဇက်စမစ်ဆိုသူ တည်ထောင်ခဲ့သည့် ဝါဒဖြစ်သည်။ အဓိက

အယူဝါဒမှာ မယားပြိုင် ထားပိုင်ခွင့်ဖြစ်သည်။ ဘာသာပြန်သူ)။

“ကျွန်တော်တို့ မော်မွန်ဝါဒီများမဟုတ်ပါဘူး” ဟု ကျွန်တော်က ခပ်မြန်မြန်

ပြောပြလိုက်လေသည်။

“မော်မွန်ဝါဒီများ မဟုတ်ဘူးဆိုလျှင် ဗာရှေဗမှာ ဘာလာလုပ်တာလဲ” ဟု သူက

စိတ်ဝင်စားစွာ ပြန်မေးလေသည်။ ကျွန်တော်တို့သည် လေ့လာရေးအဖွဲ့ ဖြစ်သည့်

အကြောင်းနှင့် အရှေ့အလယ်ပိုင်း ဒေသအသီးသီးသို့ လည်ပတ်လေ့လာကြသည်ဟု

ရှင်းပြသည်။ ပြောလေဆိုးလေ သတင်းထောက်၏ နိုက်နိုက်ချွတ်ချွတ် သိချင်သောစိတ်

ကို ပို၍ နိုးဆွသလိုဖြစ်နေသည်။ “ကျွန်တော်တို့ သတင်းစာတိုက်အတွက် ဆောင်းပါး

တစ်ပုဒ်လောက် ရေးချင်တယ်။ ကျွန်တော်နှင့် အမေးအဖြေ လုပ်ကြရအောင်လား”။

လူသိရှင်ကြားဖြစ်ရေးမှာ ကျွန်တော် မလိုချင်ဆုံးသောအရာဖြစ်သည်။

“ကျွန်တော်က အဖွဲ့ ခေါင်းဆောင်မဟုတ်ဘူး” ဟုပြောကာ သူ့ကို ပထုတ်နိုင်ရန်

အရဲစွန့် ပြောလိုက်သည်။

“ဒါဆိုရင် ခေါင်းဆောင်နှင့် တွေ့ခွင့် ရမလား” သူက ထပ်မေးသည် ။ ရီအိုနာကို

ကျွန်တော် အသာကလေး လှမ်းကြည့်မိရာ၊ သူ မသည် ခေါင်းကိုငုံ၍ တိတ်ဆိတ်စွာ

ဆုတောင်းနေသည်ကို မြင်ရသည်။

“ဘယ်မှာရှိမှန်း၊ ကျွန်တော် အတိအကျ မပြောနိုင်ဘူး”ဟု မှန်ကန်စွာ

ပြန်ပြောပြသည်။ ဆရာကြီးလိုရင့်မှာ အခြားအဖွဲ့တစ်ခုနှင့် ထွက်သွားသည်မှာအမှန်ပင်ဖြစ်သည်။

“ဒါဆိုရင် ခင်ဗျားတို့နှင့် ခဏလောက် လိုက်နေလို့ရမလားဟု”သူကလုပ်ပြန်သည်။

စိတ်မရှိပါနှင့်ဗျာ၊ ကျွန်တော်ကို က အေးဆေးပဲ နေချင်တယ်။ ခင်ဗျား

ကို ပြောပြဖို့ စိတ်ဝင်စားစရာ ဘာတစ်ခုမှမရှိတာ တစ်ကယ်ပါ”ဟု ကျွန်တော်ဆိုသည်။

ဆက်မေး၍ မထူးမှန်းသိသဖြင့် ၎င်းသတင်းထောက်သည် နောက်ဆုံးတွင်ထွက်သွားလေသည်

ဖြစ်သည်။

သို့သော်လည်း သူသည် နောက်တစ်နေ့တွင် ကျွန်တော်တို့ စခန်းချရာနေရာသို့ရောက်လာပါသည်။သဘောကောင်းပုံအန္တရာယ်ကင်းပုံတော့ရသည်။

သို့သော် ကျွန်တော်တို့လှုပ်ရှားမှု၏ သဘောသဘာဝ အစစ်အမှန်၏သဲလွန်စကို မဖော်ထုတ်မိရန်

သတိထားကြပါသည်။ ၎င်းည အပြင်းအထန် ဆုတောင်းကြသောအခါ သခင်ဘုရားက

ဤသတင်းထောက်၏ အပြုအမူသည် ရန်သူ၏ထောင်ချောက် ဖြစ်သည့်အကြောင်း

ဖော်ပြတော်မူလေသည်။ လူသိရှင်ကြား ကျေညာမိလျှင် နောက်ဆက်တွဲသည် ပြင်းစွာဒုက္ခပေးနိုင်သည်။ နောက်တစ်နေ့ ၎င်းသတင်းထောက်ပေါ်လာပြန်သည်။ ဟို

ဒီမေးလုပ်နေသည်။ ကြားဝင်ဆုတောင်းရာတွင် သတိပေးခံပြီးဖြစ်၍ အရေးယူနိုင်

သတင်းအစအန မပေးမိကြရန် ပို၍သတိထားကြသည်။ ကျွန်တော်တို့မှာ လေ့လာရေး

ခရီးထွက်သော ကျောင်းသူကျောင်းသားများ ဖြစ်သည့် အကြောင်းကို သူ နောက်

သဘောပေါက်သည်ဟု ထင်ပါသည်။ နောက်တစ်ခေါက် ပေါ်မလာတော့ပါ။ ကျွန်

တို့ သီသီကလေး လွတ်မြောက်ခြင်းပင်။ ဤအဖြစ်အပျက်သည် ဝိညာဉ်တော်၏

အောင်ခြင်းနှင့် ကြားဝင်ဆုတောင်းရာတွင် မလျှော့တမ်းပြုလုပ်ခြင်းတို့၏ အရေးပါ

ပုံကို ကျွန်တော်တို့အား ပြသခြင်းဖြစ်ပါသည်။

၅။အိပ်မက်တစ်စု

ဘူလ်ဂေးရီးယားပြည်တွင် သမ္မာကျမ်းစာလိုအပ်မှုအတွက် ကျွန်တော်စိတ်ပူပန်မှု ပြင်းထန်လာပါသည်။ ကျွန်တော့်စိတ်ထဲတွင် အကြံတစ်ခုပေါ်လာပါသည်။ ဘုရားသခင်သည်ဆုတောင်းချက်များကိုတုံ့ပြန်၍ ကျွန်တော်ကိုယ်တိုင် ဘူလ်ဂေးရီးယား တိုင်းပြည်သို့ ကျမ်းစာအုပ်များယူသွားရန် အလိုတော်ရှိနေသလား။ ဤသို့ဆိုလျှင် ဧသင်မြို့သို့ပြန်သွားကြရမည်ဖြစ်သည်။ ခရီးသွားရင်းဟန်လွဲဆိုသလို ဘူလ်ဂေးရီးယားတိုင်းပြည်ထဲသို့ဝင်မည်ဆိုပါက ဖြစ်နိုင်မည်လား။

အခြား ကျောင်းသားများအပေါ်တွင် အနိုင်ယူလိုသည့်စိတ်အဖြစ်မိမိကိုယ်ကို မမြောက်ပင့်လိုပါ။ တချို့ကတောင် ညတိုင်းဆုတောင်းဖို့ ကျွန်တော်ကို ကန့်ကွက်စပြုလာကြသည်။ ခွဲခြားမှုဖြစ်သည်ဟု စွပ်စွဲကြသည်။ သူတို့ပြစ်တင်ရန် ခိုင်လုံသော အထောက်အထားမရှိပါ။ လူတိုင်း ပါဝင်နိုင်သော အစည်းအဝေးဖြစ်ပါသည်။ ကျွန်တော့်ကိုရည်ရွယ်ချက်ကို အဓိပ္ပာယ်ကောက်မှားစေရန် စွမ်းစွမ်းတမံ မလုပ်ချင်သည့် အတွက် မိမိအကြံအစည်ကို စိတ်ထဲတွင် အောင့်ထားခဲ့ပါ

သည်။ ကျွန်တော့်လူယုံတော်ဖြစ်သော ရီအိုနာကိုတော့ တစ်စွန်းတစ်စ ပြောပြခဲ့ပါသည်။

ဤသို့ ဖြစ်စေကာမူ၊ တွေးလေ၊စဉ်းစားလေ ကျွန်တော်ခံယူချက် ပိုမိုပြင်းထန်လာလေသည်။

မည်။ ဘူလ်ဂေးနီးယားသို့ သွားသင့်သည့်အကြောင်းကို ယေရှုကိုယ်တော်တိုင်

မိန့်တော်မူသည်မှာ အလွန်ခိုင်လုံသည်ဟု စိတ်ထဲတွင် ခံစားမိလာသည့်အတွက် ဤခရီး

စဉ်မှာပင် ရိုမေးနီးယားနှင့်ဘူလ်ဂေးရီးယား ကျမ်းစာအုပ်များကို ကျွန်တော်စတင်

စုဆောင်းနေပါသည်။ အေသင် မြို့တွင် အခြေပြုစတင်ခဲ့ခြင်းဖြစ်သည်။ အားလပ်သည့်

အခါတိုင်းခရစ်ယာန်စာအုပ်ဆိုင်များကိုမတွေ့တွေ့အောင်ရှာဖွေ၍ ကျမ်းစာအုပ်များကို ဝယ်ယူနေပါသည်။ မိမိဇာတိမြို့မှမိတ်ဆွေများ၏စေတနာသဒ္ဒါတရားကြောင့်ပေးပို့သော အလှူငွေများအားဖြင့် ဘုရားသခင်သည် ဤကဲ့သို့ ကျမ်းစာအုပ်များကိုဝယ်ယူနိုင်ရန် ငွေကြေးပြင်ဆင်ပေးတော်မူခြင်းဖြစ်သည်။

            အခြားသောကျောင်းသူကျောင်းသားများသည် အထုတ်အပိုးထဲတွင် ဘာပါသည်ဟုအတိအကျ မသိရှိကြသော်လည်း ကျွန်တော်တို့ တည်းခိုစခန်းချနေရာသို့ ကျွန်တော်အထုပ်မပိုးယူလာသည်ကို သူတို့မြင်နေကြဖြစ်သည်။ နှုတ်ဖြင့် ဖွင့်မပြောကြသော်လည်းမကျေနပ်မှု များ ပေါ်လွင် နေပါသည်။ ကျွန်တော် မလိုချင်ဆုံးသောအရာမှာ ကျောင်းသူကျောင်းသားများ စိတ်ဝမ်းကွဲခြင်း ဖြစ်သည်။ ဇွန်၊ဒီယွန်နှင့်ရီအိုနာတို့အတူတူ ကျွန်တော်သည် အဖွဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ခန့်ထားခြင်းခံရသောသူဖြစ်ပါသည်။ ဝိုင်အမ်(YWAM)အဖွဲ့၏ ခေါင်းဆောင်အနေဖြင့် ကိုယ်နှုတ်စောင့်ထိန်းရာ၌ စံနမူနာပြရန်သင့်တော်ပါသည်။

ဗာရှေဗမှတဲလ်အဗစ်မြို့၊ ၎င်းမှ ဟိုင်ဖာဆိပ်ကမ်းမြို့သို့ ခရီးပြန်ဆက်ကြ

သည့်အခါ ဝေဖန်ပြစ်တင်ခြင်း တိုးပွားလာသည်။ ရုဒီက လွန်လွန်းတယ်၊ ဒီလောက်

များပြားတဲ့ စာအုပ်ဘာလုပ်ဖို့လဲ”ဟု ပွင့်လင်းစွာ စတင်ပြစ်တင်သူလည်းရှိလာသည်။

အခြားသော အဖွဲ့ ခေါင်းဆောင်များက စိတ်ပူပန်မှု အရိပ်အခြေ ပြလာသည်။ သို့သော်

လည်း ခရစ်တော်ထံမှ အမိန့်တော်ရရှိနေသည်ဟု ကျွန်တော် အပြတ်အသတ် ယုံကြည်

သောကြောင့် လက်မြောက်အရှုံးမပေးချင်ပါ။ ပြင်ဆင်ထားဖို့ လိုအပ်သည်။ တစ်နည်းအားဖြင့်

သင့်တော်ပါသည်။ကိုယ်တော်တံခါးဖွင့်ပေးဖို့ စောင့်နေရန် လိုအပ်သည်ဟု စိတ်ထဲတွင် ခံယူ

သည်။ ထို့ကြောင့် ဆန့်ကျင်မှု တိုးပွားလာလင့်ကစား သမ္မာကျမ်းစာအုပ် ရှာဖွေရေးကို

ခေါင်းမာစွာ ဆက်လက်ပြုလုပ်ခဲ့ပါသည်။

ဟိုင်ဖာမြို့သို့ ပြန်ရောက်ချိန်တွင် ကျွန်တော်၌ သမ္မာကျမ်းစာအုပ်ဝယ်၊၍ စုဆောင်းခြင်းကို အဓိက အာရုံစိုက်လာသည်။ ကာမဲလ်တောင်သို့ လေ့လာရေးတစ်ထောက် စီစဉ်ထားသည်။ ဗာလပရောဖက်များကို မဟာပရောဖက်ကြီးဧလိယ သတ်ဖြတ်ခဲ့သော သမ္မာကျမ်းမှ သမိုင်းဝင်နေရာကို အလွန်လေ့လာချင်ပါသည်။ သို့သော်ကျွန်တော် စိတ်ပူနေသည်မှာ ဘူလ်ဂေးရီးယား ကျမ်းစာအုပ်ထပ်ရဖို့ဖြစ်သည်။ ထို့ကြောင့် လေ့လာရေးခရီး လိုက်ပါသွားမည့်အစား ခရစ်ယာန်စာအုပ်ဆိုင် ရှာဖွေဖို့ထွက်ခွာလာခဲ့ပါသည်။ ဤကိစ္စကို ဆရာကြီးလိုရင့်အား ဖောက်သည်မချ

သည့် တိုင်အောင် ကူလ်ဂေးရီးယားတိုင်းပြည်ထဲသို့ သမ္မာကျမ်း သယ်ဆောင်သွားရန်

ဘုရားသခင်သည် ကျွန်တော့်ကို အလိုရှိတော်မူသည်ဟု ယခုအချိန်တွင် ကျွန်တော်ဝယ်ယူထားသည့်

စာအုပ်များကို ထုတ်ပိုးနေရင်းအတိအလင်း သဘောပေါက်ခဲ့ပြီးဖြစ်ပါသည်။  “ဒီစာအုပ်များနှင့်ဘာလုပ်မလဲ”အရောင်းစာရေးမက ကျွန်တော်ဝယ်ယူမည့် ဘူလ်ဂေးရီးယားနှင့်ရိုမေးနီးယား ကျမ်းစာအုပ်များကိုထုပ်ပိုးနေရင်းစိတ်ဝင်စားစွာမေးလေသည်။

“ဘူလ်ဂေးရီးယားပြည်ထဲ ယူသွားမလို့ “ဟု ကျွန်တော် ရဲဝံ့စွာဖြသည်။ ရီအိုနာ

မှလွဲ၍ ကျွန်တော်စိတ်စွဲလမ်းမှုကို ဖွင့်ပြောခဲ့သည်မှာ ဤတစ်ကြိမ်သည် ပထမဆုံး

အကြိမ်ဖြစ်သည်။

“ဘာဖြစ်လို့ ရိုမေးနီးယားလည်း ပါဝင်သလဲ”ဟု သူမက ဆက်မေးသည်။

“ကွန်မြူနစ်နိုင်ငံ ဘယ်နိုင်ငံကိုမဆို ဝင်မိလျှင် အခြား ကွန်မြူနစ်နိုင်ငံထဲကို

ပို့ဖို့ သိပ်ပြီး ခက်ခဲတော့မှာ မဟုတ်ဘူးထင်တယ်” ဟု ကျွန်တော်ပြန်ပြောသည်။

“နေ့တိုင်း ဆုတောင်းပေးပါမယ်”ဟု သူမ ပြုံးပြလေသည်။ ထိုစာအုပ်ဆိုင်

အရောင်းစာရေးမ၏တုံ့ပြန်မှုကြောင့် များစွာအားတက်လာကာ ဆိုင်မှထွက်ခွာသွားပါ

သည်။ သို့သော် ထပ်၍ အတည်ပြုချက်ရှာရန် အချိန်တန်ပြီဟုလည်း ကျွန်တော် သဘော

လာပေါက်လာသည်။ ကျွန်တော်၏စိတ်ကူးယဉ်မျှသာ မဟုတ်ဘဲ ဘုရားသခင် စေခိုင်းတော်

မူသော လုပ်ငန်းကြီးတစ်ရပ်ဖြစ်သည်ဟု သေသေချာချာ တပ်အပ်သိရှိရန် လိုအပ်နေပါသည်။

အစ္စတင်ဘူလ်မြို့၌ ညတစ်ညတွင် မိတ်ဆွေရော်လီအား ကျွန်တော်၏ လျှို့ဝှက်ချက်ကို ဖောက်သည်ချလိုက်ပါသည်။ လမ်းဘေး ကော်ဖီဆိုင်တစ်ဆိုင်တွင် ကော်ဖီသောက်နေကြစဉ် ပြောပြခြင်းဖြစ်သည်။ ခရီးတစ်လျှောက်လုံး ရော်လီနှင့် ကျွန်တော်တို့ အများဆုံး တွဲခဲ့ကြရာ၊ ကျွန်တော်ထက် အသက်ငါးနှစ်ငယ်သော်လည်း မိတ်ဆွေကောင်းတစ်ဦးအဖြစ် သဘောကျခဲ့ပါသည်။ “ဘယ်လို သဘောရှိသလဲရော်လီ၊ မဟုတ်မဟပ်များလုပ်မိနေသလား”။ သူသည် စဉ်းစားရင်း သူ့လက်ညိုးဖြင့် ကော်ဖီခွက်အပေါ်ကိုပွတ်နေပါသည်။ စိတ်ဝင်စားမှု မပါသည်မှာ မြင်သာသည်။

“မပြောတတ်ဘူး၊ရုဒီ၊ ဘာဖြစ်လို့ ဆရာကြီးလိုရင့်ကို မမေးတာလဲ။ ပြတ်ပြတ်

သားသား တင်ပြကြည့်ပါ။ ခင်ဗျားအကြံအစည်ဟာ ဘုရားသခင် အလိုတော်ဖြစ်လျှင်

သဘောတူမှာပါ”။ ရော်လီ၏နောက်ဆုံးပြောသောစကားက ကျွန်တော့်ကို မျှော်လင့်ချက်

ပေးလေသည်။

“မှန်ပါတယ်၊ ရော်လီ။ ဆရာကြီးလိုရင် ဟာ ဘုရားသခင်ထံတော်မှ အသံကို

နားထောင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ ကျွန်တော့်လမ်းကြောင်း မှားလား၊မှန်လား သူသိမှာပါ။

ရော်လီ၏မျက်လုံးအစုံကို ကျွန်တော်စိုက်ကြည့်၍ သူခွင့်ပြုလျှင် ကျွန်တော်နှင့် လိုက်မ

လား၊ ကျွန်တော်တစ်ယောက်တည်း သွားလို့ မဖြစ်ဘူးလေ” ဟု အဖော်ညှိကြည့်သည်။

သူ့နဖူး တွန့်လိမ်သွားသည် ။ ကျွန်တော့်ကို အားပေးသော်လည်း သူကိုယ်တိုင်သွားဖို့ရန်

ဆင်ခြင်စဉ်းစားစရာ ဖြစ်နေပြန်သည်။

“ဆရာကြီးလိုရင် ဘာပြောတယ်ဆိုတာ ကြည့်ကြရအောင်”ဟု ရှောင်ဖယ်သည့်

သဘောဖြင့် ပြောသည်။ သူ့ကို တစ်ရွတ်ထိုး တိုက်တွန်းဖို့ မကြိုးစားချင်ပါ။ ကျွန်တော်

၏ အကြီးမားဆုံးနှင့် ပထမဆုံး ကျော်နင်းဖို့ ကိစ္စမှာ ဆရာကြီးလိုရင့်၏ ခွင့်ပြုချက်ကို

ရရှိဖို့ ဖြစ်သည်။

နောက်တစ်နေ့တွင် ဆရာကြီးလိုရင့်သည် မိုးကုတ်မှ မလှမ်းမကမ်းတွင်

တစ်ဦးတည်း မတ်တတ်ရပ်နေသည်ကို မြင်၍ စကားပြောရန် အခွင့် အလမ်း ရရှိခဲ့ပါ

သည်။ သူ့ကို ကျွန်တော် အစစအရာရာ ရင်ဖွင့်ပြောပြသည်။ ဘူလ်ဂေးရီးယားအတွက်

ကျွန်တော်ဝန်လေးနေပုံ၊ သမ္မာကျမ်းစာအုပ်များကို စုဆောင်းနေပုံ၊ ကွန်မြူနစ်နိုင်ငံထဲကို

ကျမ်းစာအုပ်မရှိသော အသင်းတော်အား ဝယ်ယူစုဆောင်းထားသော ကျမ်းစာအုပ်များကို

ပို့ လိုသောဆန္ဒ၊ လေ့လာရေးအဖွဲ့မှ မကျေနပ်သည့် တီးတိုးပြောဆိုသံစသည့် ကိစ္စတို့ကို

ပါ ပြောပြလိုက်သည်။ ဆရာကြီးလိုရင့်သည် ကျွန်တော်ကျောခိုင်းနေသော မိုးကာတဲ

က လှုပ်ရှားမှုများကို ကျွန်တော့်ပခုံးပေါ်မှ ကျော်၍ကြည့်နေသည်။ ဘာမျှမပြောဘဲ

ငြိမ်နေသည်။ သူသည် အကင်းပါးသူပီပီ ကျွန်တော် စာအုပ်စုဆောင်းသည့် အပြုအမူကို

အခြားကျောင်းသားများ တုံ့ပြန်ကြသည့် အရိပ်အခြေအားဖြင့် သတိပြုမိသည်မှာ ယုံမှား

စရာမရှိပါ။

ဘူလ်ဂေးရီးယားအတွက် ကျွန်တော် ပူပင်သောက ဖြစ်နေသည်ကို

ဆုတောင်းကြရာမှ သူသည်လည်း သိရှိပြီးဖြစ်လေသည်။ သို့သော် ယခုအချိန်ထိ

ဤမျှရေးကြီးခွင်ကျယ် လုပ်လိမ့်မည်ဟု တွက်ဆချင်မှ တွက်ဆမည်ဖြစ်သည်။

ဆရာကြီးလိုရင့်၏ ဆိတ်ငြိမ်ခြင်းသည် စိတ်မဝင်စားခြင်း၏ နိမိတ်လက္ခ

မဟုတ်ကြောင်းကို ကောင်းစွာသိရှိနိုင်လောက်အောင် သူ့အကြောင်းကိုကျွန်တော်သိ

လည်ခဲ့ပြီးဖြစ်သည်။ သူသည် အေးဆေးတည်ငြိမ်သော အလေ့အထရှိသည့်အလျောက်

ကျွန်တော် တင်ပြခဲ့သည့်ကိစ္စများကို ချင့်ချိန်နေသည်၊ ရှုထောင့် အမျိုးမျိုးမှ

ဆင်ခြင်ကာ၊ ဘုရားသခင် လမ်းပြတော်မူရန် တိုးတိုးတိတ်တိတ် ဆုတောင်းနေသည်။

သေချာသည်။ ကျွန်တော်သည် သူ၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေရင်း စိတ်မအီမသာ

ဖြစ်ကာ ခြေတစ်ဖက်ပေါ်ရပ်လိုက်၊ နောက်တစ်ဖက်ပေါ်ရပ်လိုက် လုပ်နေပါသည်။

ကျွန်တော် ကြံစည်ထားသည့်ကိစ္စကို ပုဇွန်ဦးနှောက် အကြံအစည်များကို ပယ်ရှား ပြီး

အားလုံးလျှော်ပစ်မည်လား။

အတော်အတန် စဉ်းစားပြီးမှ နောက်ဆုံးတွင် ကျွန်တော့်ဘက်ကိုလှည့်

မေးလေသည်။ ဘူလ်ဂေးရီးယားပြည်ထဲကို သမ္မာကျမ်းစာအုပ်များကို ယူသွား ရင်

လက်ခံမည့်သူ ရှိမည်လား။

“အတိအကျတော့ မပြောတတ်ဘူး” ဟု ကျွန်တော် ရှက်ကိုးရှက်ကန်းဖြင့် ပြောလိုက်

သည်။ ညီအစ်ကို အင်ဒရူးထံမှ ရရှိသမျှသောသတင်းနှင့် ကျွန်တော်ကိုယ်တိုင် စူးစမ်း

ရှာဖွေသည့် သတင်းအစအနမှလွဲ၍ ဤပိတ်ဆို့ထားသောတိုင်းပြည်ရှိ အသင်းတော်

အကြောင်း သိရှိနားလည်ထားမှု အနည်းငယ်သာရှိသည်။ မိမိတို့ကိုယ်ကို ခရစ်ယာန်များ

ဟု ခေါ်ဆိုကြသောသူအားလုံး(အသင်းတော်လူကြီးများ၊ အမှုတော်ဆောင်များအပါ

အဝင်) စိတ်ချစွာ မယုံကြည်ရကြောင်းကို သိရှိခဲ့ပါသည်။ ၎င်းတို့အများစုမှာ စစ်မှန်သော

ယုံကြည်သူများကို ထောက်လှမ်းရန် အစိုးရက တမင်တကာ ခိုးသွင်းသော သတင်းပေး

“အတိအကျ မပြောတတ်ဘူးဆိုတာ ဘာဆိုလိုသလဲ”ဟု ဆရာကြီးလိုရင့်မှ

မေးသည်။

“ဟိုင်ဖာမြို့ထဲက ဧဝံဂေလိဂိုဏ်းတစ်ခုရဲ့ ဦးဆောင်သူအကြောင်းကို အမည်

မဖော်လိုသူတစ်ယောက်က ကျွန်တော့်ကို သတိပေးတယ်။ နာမည်ကိုတော့ မသိဘူး။

ဒါပေမဲ့၊ အဲဒီလူဟာ အစိုးရကို သတင်းပေးတဲ့လူ ဖြစ်တယ်ဆိုတာ သေချာတယ်။ မယုံရ

ဘူးလို့ပြောပါတယ်”။

“သဘောပေါက်တယ်” ဟု ဆရာကြီးလိုရင့်မှ အလေးအနက် စဉ်းစားရင်း

ပြောလေသည်။

“ဘုရားသခင်ဟာ ညီအစ်ကို အင်ဒရူးကို ဓမ္မတာအတိုင်း မပြုနိုင်သောနည်း

လမ်းဖြင့် အဆက်အသွယ်များနှင့်ချိတ်မိအောင် လမ်းပြတော်မူခဲ့သည့်နည်းတူ ကျွန်တော့်

အတွက် ကိုယ်တော်လုပ်ဆောင်နိုင်မည်ဟု ကျွန်တော် အပြည့်အဝ ယုံကြည်တယ်” ဟု

မဆိုင်းမတွ ဆက်ပြောလိုက်ရာ၊ ဆရာကြီးလိုရင့်သည် ဘာမျှပြန်မပြောဘဲ ကျွန်တော့်ကို

သာ စိုက်ကြည့်နေလေသည်။

“ဘူလ်ဂေးရီးယားနှင့်ရိုမေးနီးယား ကျမ်းစာအုပ် ဘယ်နှစ်အုပ်ဝယ်ပြီးပြီလဲ ရုဒီ”

ဟု မေးရာ စိတ်ထဲတွင် ကမန်းကတန်း တွက်ချက်ပြီးမှ “အုပ်(၂၀၀)နီးပါး” ဟု ပြန်ဖြေ

လိုက်ပါသည်။

“ဒါဆိုရင် ထပ်လိုသေးလို့လား”

“စဉ်းစားကြည့်ပါဦး၊ဆရာ။ လူဦးရေ (၅)သန်းရှိတဲ့တိုင်းပြည်မှာ ခရစ်ယာန်

လက်တစ်ဆုပ်စာလောက်ဘဲ ကျမ်းစာအုပ်တစ်အုပ်ကို ပိုင်ဆိုင်တယ်။ ဆင်ပါးစပ်ထဲကို

နမ်းပက်သလိုပါပဲ။ သူက ခေါင်းညိတ်ပြသည်။ ကျွန်တော် ဆိုလိုသောအချက်ကို

သဘောပေါက်လေသည်။

“တူရကီမှာ ဒီကျမ်းစာအုပ်မျိုးကို ဘယ်မှာရနိုင်မလဲ”ဟု သူက ထပ်မေးသည်။

“ဗြိတိသျှသံရုံးကို အဆက်အသွယ်လုပ်ခဲ့ပါပြီ။ ဒီအစ္စတန်ဘူလ်မြို့ ကျမ်းစာ

အသင်းရှိတဲ့နေရာ လိုက်ရှာပေးနိုင်တယ်လို့ ပြောပါတယ်”ဟု ကျွန်တော်ပြန်ဖြေသည်။

မျက်ခုံးများကိုပင့်၍ ကျွန်တော်လုံးလဝိရိယကို အထင်ကြီးလာသည်မှာ သိသာသည်။

“ကျမ်းစာအသင်းများနှင့် အဆက်အသွယ်မရသေးပေမဲ့၊ လိုသလောက် ရ

မယ်လို့ ထင်ပါတယ်”

“ဒါဆိုရင် ဘယ်နှစ်အုပ်များ လိုသေးတယ်လို့ ထင်သလဲ”

ရုတ်တရက်ပင် အကြံတစ်ခုရလာသည်။ ဘူလ်ဂေးရီးယားနှင့် ရိုမေးနီး

တစ်မျိုးဆယ်အုပ်စီ ။ အလွန်နည်းပါးမည့်သဘောရှိသည်။ သခင်ဘု ရား ညွှန်ကြားချက် မဟုတ်ဟုဘေးဖယ်လိုက်သည်။ စိတ်ထဲကပေါ်လာသည့်အရေအတွက်အစား အနည်းဆုံး

ဆုံး ရိုမေးနီးယား(၁၀)အုပ်နှင့် ဘူလ်ဂေးရီးယား(၅)အုပ်” ဟု ပြန်ဖြေလိုက်သည်။

“ကောင်းပြီလေ”ဟု ဆရာကြီးလိုရင့်ပြန်ပြောသည်။ သူ ထုတ်ဖော်မပြောသော်

လည်း ကျွန်တော့်ကို စုံစမ်းစစ်ဆေးမှု ပြုနေခြင်းဖြစ်သည်။ ကျမ်းစာအသင်း သည်

ကျွန်တော်ပြောသော အရေအတွက်တိုင်းရှိနေလျှင်၊ ကျွန်တော့်ရည်မှန်းချက်အပေါ်

ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို ပြတော်မူမည့်လက္ခဏာ တစ်ရပ်အဖြစ် သူသိ

ထားပါလိမ့်မည်။

၎င်းနေ့ညနေတွင် ကျမ်းစာအုပ်အရောင်းဆိုင်သို့ ပျော်ရွှင်စွာ

သွားရောက်ခဲ့သည်။ ဆိုင်ထဲသို့ဝင်ဝင်ချင်း အရောင်းစာရေး အမျိုးသမီးက ချိုသာစွာမေးသည်။ “ကျွန်မ

ဘယ်လို ကူညီနိုင်မလဲ”။

“ဘူလ်ဂေးရီးယားကျမ်းစာ အုပ်(၅၀)နှင့် ရိုမေးနီးယားကျမ်းစာ အုပ်(၁၀) လိုချင်

တယ်” ဟု ကျွန်တော် စိတ်ချယုံကြည်စွာ ပြန်ပြောသည်။

“ဝမ်းနည်းပါတယ်၊ဆရာရယ်၊ အဲဒီလောက်များများတော့ မရှိဘူးထင်ပါရဲ့

ကျွန်တော့်အပြုံး ပျက်သွားသည်။

“ဟုတ်လား၊ ဒါဆိုရင် ဘယ်လောက်ရနိုင်မလဲ” မနက်တုံးက စိတ်ထဲတွင်

ပေါ်လာသော ဘူလ်ဂေးရီးယား(၁၀)အုပ်နှင့် ရိုမေးနီးယား(၁၀)အုပ်တို့ကို ပြန်လည်

သတိရသဖြင့် အသံနည်းနည်းလျှော့၍ ပြန်မေးလိုက်ပါသည်။

“သွားကြည့် ပေးပါ့မယ်၊ ခဏစောင့် နေဦးနော်”၊ နောက်ခန်းထဲသို့ ဝင်သွား

စည်းနှင့်ဝါးရိုက်ခတ်ကာ စောင့်

သည်။ ကောင်တာပေါ်သို့ လက်ညိုးဖြင့် အသာကလေး

မျှော်နေပါသည်။ ကျွန်တော်ယုံကြည်ချက်သည် ပေါက်သောရေအိုးထဲရှိ ရေပမာ “ယိုထွက်

နေပါသည်။ “နောက်ခန်းထဲတွင်ရှိဦးမှာပါ”ဟု မိမိကိုယ်ကို စိတ်ခိုင်လုံစေရန် ကြိုးစား

ကြည့်သည်။ တစ်အောင့်လောက်ကြာသောအခါ အရောင်းစာရေးမ ထွက်လာသည်။

“ရိုမေးနီးယား(၁၀)အုပ်နှင့် ဘူလ်ဂေးရီးယား(၁၀)အုပ်ပဲ ကျန်တော့တယ်ဆရာ” သူမက

(ကျွန်တော် ကြက်သေသေ၍ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေမိသည်။ ဆရာကြီးလိုရင့်

မေးတုံးက ကျွန်တော့်စိတ်ထဲတွင် ပေါ်လာသော အရေအတွက် အတိ အကျဖြစ်နေသည်။

ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသော ကျွန်တော့်အဖြစ်ကိုကြည့်၍ မေးလေသည်။

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ။ ရှိသမျှယူပါ့ မယ်”။

“ရိုမေးနီးယားကျမ်းစာ(၁၀)အုပ်နှင့် အူလ်ဂေးရီးယားကျမ်းစာ(၁၀)အုပ်” ဘုရား

သခင် ဖော်ပြတော်မူခဲ့ပြီးဖြစ်သည်။ ဆရာကြီးလိုရင့်ကို ဘယ်လိုဖြေရှင်းရပါလိမ့်။ ငွေ

အိတ်ကိုဖွင့်ကြည့်သည်။ ရှိသမျှ ငွေစက္ကူများကို ဆွဲထုတ်ကြည့်ရာ ငွေစက္ကူအနည်း

ငယ်မျှသာ ကျန်ရှိနေမှန်း ရုတ်တရက် သိရှိလာသည်။ ဆိုင်တွင် အုပ်ရေ (၆၀)ရှိသည့်

တိုင်အောင် မတတ်နိုင်တော့ပါ။ အုပ်ရေ(၂ဝ)အတွက်သာ ငွေလက်ကျန် ရှိတော့သည်။

ဆရာကြီးလိုရင့်နှင့် ရှေးဦးစွာ တွေ့ကြဖို့ ကျွန်တော်ဆုံးဖြတ်လိုက်သည်။ ထို့

ကြောင့် ကျွန်တော့်ထင်မြင်ချက်ကို ရမ်းတမ်းပြောဆိုခဲ့သည့် အပြစ်ကို ဝန်ခံပြီး၊ (၆၀)

ဟုတ်ဘဲ(၂ဝ)အုပ်ကိုသာဝယ်ဖို့ ဘုရားသခင် ဧကန်အမှန် မိန့်တော်မူသည့်အကြောင်း

ကို ကျွန်တော် ရှင်းပြလေသည်။

သမ္မာကျမ်းစာအုပ်များကို အဆင်သင့်ရနိုင်မရနိုင်သည့်

အကြောင်းကို စုံစမ်းမှုတစ်ရပ် ပြုလုပ်ခဲ့သည့်အကြောင်းကို ဆရာကြီးလိုရင့်အား ရှင်းပြ

သောအခါ ကျွန်တော့်ရိုးသားမှုအတွက် အထူးဝမ်းသာမိပါသည်။ ဤစွန့်စားမှုအခန်း

တွင် ဘုရားသခင်၏လက်တော်အားဖြင့် ပို့ဆောင်ကြောင်းသိရှိပြီး ဖြစ်သည့်အလျောက်

ဆရာကြီးလိုရင့်သည် ကျွန်တော့်ကို ချီးမွမ်းလိုက်ပါသည်။ “ကောင်းပါပြီ ရုဒီ၊ ဘူလ်ဂေး

ရီးယားသို့ ခင်ဗျား ကျမ်းစာအုပ်များကို ယူသွားနိုင်တယ်၊ ဒါပေမဲ့၊ လေးရက်တည်းနော်၊

တစ်ရက်မှမပိုစေရဘူး။ အနာဂတ်မှာ ဝမ်းမြောက်ဖွယ်သတင်းကောင်း ကမ်းလှမ်းမည့်

အဖွဲ့ ကို ပို့ဖို့ဖြစ်နိုင်မဖြစ်နိုင် ရှေ့ပြေးမြေစမ်းခရမ်းပျိုးဖို့ ခင်ဗျား လုပ်နိုင်ပြီ”။ ကျွန်တော်

ဝမ်းသာလွန်း၍ စိတ်ထဲတွင် ဘဝင်မြင့်လာသည်။ သွားခွင့် ရလေပြီ။ သမ္မာကျမ်းစာအုပ်

များလည်း အဆင်သင့် ။ ဇွန်ကလည်း သူ့ဗင်ကားကို စေတနာရှိစွာ သုံးစွဲခွင့်ပြုသည်။

ယခု ကျွန်တော် လိုအပ်ဆုံးသောအရာမှာ ခရီးသွားဖော်နှင့် ကားကူမောင်းပေးဖို့ဖြစ်သည်။

ကျွန်တော့်မိတ်ဆွေ ဆွီလူငယ်ကို သွားရှာသည်။ မိုးကာတဲထဲတွင် သူ့ကိုတွေ့သည်။

ဆရာကြီးလိုရင့် ခွင့်ပြုတယ်၊လိုက်မည်လား။ သူ့လေမွေ့ရာပေါ်တွင် ထိုင်ရာမှ

ရော်လီသည် ကျွန်တော့်ကိုမော့ကြည့်၍ တစ်အောင့်လောက်ပြူးတူးပြုတဲဖြင့် ကျွန်တော့်

ကိုကြည့် သည်။ ကျွန်တော် အသက်ရှုဖို့ပင် မေ့သွားသည်။ ရော်လီမလိုက်ဖြစ်ရင်

ဘယ်သူ့ကို တောင်းပန်ရမည်လဲ။ တဆက်တည်းမှာပင် သူ့အပြုံးသည် သူ့မျက်နှာ

တစ်ဝန်းလုံးသို့ ပျံ့နှံ့လာသည်။

“ကောင်းပြီးလိုက်ပါ့မယ် ရုဒီ။ ဘယ်တော့ ထွက်ကြမည်လဲ။”

နောက်တစ်နေ့တွင် အစ္စတန်ဘူလ်မှ အေသင်မြို့ လူငယ်စခန်းအဖြစ် အသုံးပြု

သည့် ဘုရားရှိခိုးကျောင်းသို့ ပြန်လှည့်လာကြသည်။ ၎င်းနေရာသို့ စကော့လူမျိုး

ဧဝံဂေလိဆရာဒွန်ကင်ကဲမ်ဘဲလ်ဆိုသူသည် ကျွန်တော်တို့နှင့် ရက်သတ္တပတ်အတူတူ

လုပ်ကိုင်ရန် လေကြောင်းဖြင့် ဆိုက်ရောက်လာသည်။ သူ အလည်အပတ် ရောက်ရှိလာ

သည့် နောက်ပိုင်းတွင် ရှေ့လာမည့် ရက်သတ္တပတ်ကာလ အစီအစဉ်အားလုံးကို ညှိနှိုင်း

ကြပြီးမှ ခရီးဆက်ထွက်ချိန်ကို သတ်မှတ်ကြပါသည်။ ဒွန်ကင်ကမ်ဘဲလ်သည် စတော့

တလန်ပြည် ဟာဘီရိုက်ကျွန်းစုတွင် နိုးထမှုနှင့် အကျွမ်းဝင်ပြီး ဖြစ်သည့်အပြင် ကမ္ဘာ့

တစ်ဝန်းလုံးတွင် အရှိန်ပြင်းသော နိုးထမှုစည်းဝေးအလီလီ ဆင်နွဲခဲ့ပြီးဖြစ်သည်။

ကျွန်တော်တို့ကို အချိန်ပေးနိုင်ခြင်းသည် အကယ်စင်စစ် ဘုရားသခင် လမ်းပြတော်မူခြင်း

တစ်ရပ်ဖြစ်သည့်အပြင် ဤဘူလ်ဂေးရီးယား ခရီးစဉ်အတွက် ရော်လီနှင့်ကျွန်တော်တို့

လိုအပ်သော အားပေးထောက်ခံမှုတစ်မျိုးလည်း ဖြစ်လေသည်။

အခြားသော ကျောင်းသူကျောင်းသားများမှာ ဤအမှုအရာသည် ရုဒီလက်ခံ၍

ပုဇွန်ဦးနှောက် အကြံအစည်မျှသာမဟုတ်ဘဲ၊ ခေါင်းဆောင်အဖွဲ့ မှ တရားဝင် အားပေး

ထောက်ခံ၍ စိတ်ဝင်စားနေကြသော ခရီးစဉ်ဖြစ်မှန်း သိမှတ်လာကြသည့်အခါ ကျွန်တော်

ခရီးထွက်မည့် အကြံအစည်ကို မျက်နှာချိုပြုကြလေသည်။ ဤမျှမကဘဲ ဤဝိညာဉ်

စစ်ဆင်ရေးအောင်မြင်နိုင်ရန် ကျောင်းသူ ကျောင်းသားတစ်ရပ်လုံး၏ထောက်ခံအားပေး

လိုအပ်ပါသည်။ တံခါးဖွင့်(Open Door)သာသနာလုပ်ငန်း၏ အဓိက ရည်ရွယ်ချက်

ဖြစ်သော ကျမ်းစာအုပ်များကို အောင်မြင်စွာ ပို့နိုင်ခြင်း၏အကြောင်းတရားမှာ အကောက်

ခွန်အရာရှိများ၏မျက်စိကို ဘုရားသခင် ပိတ်ပေးတော်မူရန် မိမိဇာတိဌာနေမှ အသင်းသူ

အသင်းသားများ၏ ကြားဝင်ဆုတောင်းပေးကြခြင်းကြောင့် ဖြစ်သည်ဟု ညီအစ်ကို

အင်ဒရူး ပြောပြခဲ့ဖူးလေသည်။

ကျောင်းသူ ကျောင်းသားအားလုံး၏ စိတ်ရောကိုယ်ပါ

တက်ညီလက်ညီ ဆုတောင်းထောက်ခံခြင်းမရှိလျှင် နယ်စပ်ဖြတ်ကျော်ရာတွင် သက်ဆိုက်

ရာ အာဏာပိုင်တို့မှ ကျမ်းစာအုပ်များကို သယ်ခွင့်ပြုရန် အခွင့်အလမ်း နည်း

သွားမည်ဖြစ်ပါသည်။ ယခုအချိန်အထိ ရာနှုန်းပြည့် ထောက်ခံအားပေးမှု မရရှိသေး

မကျေနပ်သံအနည်းငယ် ရှိသေးသည်။ ကျွန်တော်တို့ လေးရက်လုံးလုံး ခရီးထွက်နေခိုက်

လေ့လာရေးအဖွဲ့ တစ်ဖွဲ့လုံးသည် အချိန်အခါမလပ် ကြားဝင်ဆုတောင်းပေးရန် လိုအပ်

ပါသည်။ ဤတာဝန်မျိုးကို ယူပေးကြရန် စည်းလုံးညီညွတ်ဖို့ အရေးသည် အခက်အခဲ

ဖြစ်နေပါသည်။

ယခု စီမံပြင်ဆင်နေသော ခရီးစဉ်အတွက် ထောက်ခံမှုရရှိပြီးဖြစ်သည်။

မီးပုံကို ရွှေတောင်မှတ်သော လိပ်ပြာပမာဖြစ်မှန်း ကျွန်တော် သဘောပေါက်လာသည်။

ပိတ်ဆို့ မှုအောက်တွင်ရှိသော ခရစ်ယာန်တို့သည် တားမြစ်ထားသော သမ္မာကျမ်းစာအုပ်

တစ်အုပ်ကို ပိုင်ဆိုင်ရုံမျှဖြင့် သို့မဟုတ် တရားမဝင်သော ဘုရားရှိခိုးကျောင်းဝတ်ပြုခြင်း

ပြုလုပ်ရုံမျှဖြင့် နှစ်ပေါင်းများစွာ ထောင်ချခြင်းခံကြသည်။ တချို့မှာ အမှုစစ်ဆေးရန်ပင်

သုံးလေးလ အကျဉ်းချခံ၍ စောင့် ဆိုင်းနေကြကာ နွမ်းလျဆုတ်ယုတ်နေကြသည်။

“ဘုရားသခင်က သွားခိုင်းတော်မူတယ်၊ ဒါပေမဲ့ ပြန်ထွက်ဖို့တော့ ကတိပေးတော်မမူပါ

ဘူး”ဟူသော ညီအစ်ကိုအင်ဒရူး၏စကားကို ကျွန်တော် သတိရမိသည်။ သူပြောပြသော

သူ့အတွေ့အကြုံ အဖြစ်အပျက်များဖြင့် စိတ်အာရုံအညို့ခံ၍ လောဆန်နီသင်တန်း

ခန်းမထဲတွင် လုံခြုံစွာထိုင်နားထောင်ခဲ့သည့် အခြေအနေကတစ်မျိုး၊ ယခုတွင် ကိုယ်တိုင်

ကိုယ်ကျ စွန့်စားရတော့မည့် အရေးက နောက်တစ်မျိုးဖြစ်ရလေကား၊ ကိုယ့်ဟာကိုယ်

အာမ မခံရဲဘဲရှိနေသည်။ အပြင်းအထန်ဆု တောင်းဖို့ လိုအပ်နေမှန်း သိမြင်လာခဲ့

သည်။

ခရီးထွက်မည့် အကြိုရက်တွင် ရီအိုနာသည် ကျွန်တော်နှင့် အစာရှောင်ဆု

တောင်းကြရန် သဘောတူလေသည်။ နောက်တစ်နေ့ အသုံးပြုရမည့် မော်တော်ယာဉ်ထဲ

တွင် ထိုင်ကြရင်း၊ ခရီးစဉ်၌ ဖြစ်လာနိုင်သော အခြေအနေတစ်ခုမကျန် ဆုတောင်းရာတွင်

ထည့်တောင်းရန် ကြိုးစားကြပါသည်။ အထူးသဖြင့် လမ်းခရီးတွင် လုံခြုံရေးအတွက်

တောင်းလျှောက်ကြပါသည်။ ရော်လီနှင့်ကျွန်တော်မှာ စက်မှုပညာကျွမ်းကျင်သူများ

မဟုတ်ကြပါ။ ဇွန်သည် သူ့ဗင်ကားကို စေတနာထက်သန်စွာ ငှားရမ်းသည့်တိုင်အောင်

အစ္စရေးမှတူရကီ ခရီးစဉ်တစ်လျှောက်တွင် မရေတွက်နိုင်သော ဒုက္ခများရှိလေသည်။

ဥပမာ၊ ကားပျက်သည်ဖြစ်စေ၊ မတော်တဆတစ်ခုခု ကြုံခဲ့သည်ဖြစ်စေ၊ အထူးသဖြင့်

ဘူလ်ဂေးရီးယားပြည်ထဲတွင် ပြုပြင်၍မရနိုင်သည့် အခြေအနေနီးပါး သို့ မဟုတ်

ယာဉ်အပိုပစ္စည်း မရရှိနိုင်သည့် အခြေအနေ ဆိုက်ရောက်နိုင်သည်။

ရီအိုနာနှင့်ကျွန်တော်လည်း လျောက်ပတ်သင့်တော်သည့် အဆက်အသွယ်

ရရှိနိုင်ရန် ပုံမှန်ထက်ပို၍ ဆုတောင်းကြပါသည်။

ဤကိစ္စမှာ ကျွန်တော်၏အဓိကစိတ်ပူပန်မှုဖြစ်သည်။ ကျွန်တော်လိုအပ်သော သမ္မာကျမ်းစာအုပ် အရေအတွက်ကိုပိုင်ဆိုင်သည့်တိုင်အောင် ၊ လက်ကမ်းရမည့် ယုံကြည်ထိုက်သောပုဂ္ဂိုလ်ဟူ၍ မရှိပါ။

ဟိုင်ဖာမြို့တွင် နေထိုင်သော သင်းအုပ်ဆရာတစ်ပါး အွတ်စ်ကပ်ဇောဆိုသူ၏ နာမည်ကို

တော့ မကြာသေးခင်က လက်ဝယ်ရရှိခဲ့သည်။ သူ့အကြောင်းကို စုံစုံလင်လင်မသိပါ။

နာမည်နှင့် လိပ်စာတို့ကိုသာ သိရှိပါသည်။ တစ်ခုသော ဧဝံဂေလိဂိုဏ်းဂဏတစ်ခု၏

ညွှန်ကြားရေးမှူး ဆိုသူကိုလည်း ရှောင်ရန်လိုအပ်ကြောင်း ကျွန်တော်သိရှိပြီးဖြစ်သည်။

သည် အစိုးရကို သတင်းပေးသောသူ ဖြစ်သည်ဟု သတိပြုရန်ဖြစ်သည်၊ ရီအိုနာနှင့်

ကျွန်တော်သည် ဤကိစ္စအတွက် ဆုတောင်းကြသောအခါ ကျွန်တော့် စိတ်ဓာတ်

မြင့်တက်လာကာ ယုံကြည်စိတ်ချမှု တိုးပွားလာသည်။ ဘုရားသခင်သည် သင့်တော်

လျောက်ပတ်သော ပုဂ္ဂိုလ်ထံသို့ လမ်းပြတော်မူလိမ့်မည်ဟု ကျွန်တော်

ယုံကြည်သည်။

ဆုတောင်းအစာရှောင်ခြင်း နေ့တစ်ဝက်သို့ ရောက်ကြသောအခါ ဆရာကြီး

လိုရင်သည် ကျွန်တော်တို့ ဆုတောင်းနေကြသော ဗင်ကားထဲသို့ တက်လာပြီး ကျမ်းစာ

တစ်ပိုဒ်ကို ပြောလေသည်။ ၎င်းကျမ်းပိုဒ်မှာ ရှင်မဿဲ၊ ၇း၁၅ ဖြစ်သည်။ “အတွင်း၌

ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ ရှိရာသို့ လာသော မိစ္ဆာ

ပရောဖက်တို့ ကို သတိနှင့် ရှောင်ကြလော့”၊ ဘယ်လို အဓိပ္ပာယ်ကောက်ယူရမှန်း ကျွန်တော်

မသိရှိခဲ့ပါ။ ဘယ်လိုအကျုံးဝင်သလဲ၊ ဆရာကြီးဟု ကျွန်တော်မေးသည်။

ကျွန်တော်လည်း အတိအကျ မသိဘူးဗျာ၊ တွေ့သမျှ ဆုံမိသမျှလူကို မယုံပါနဲ့။

သခင်ဘုရား သတိပေးချက် ဖြစ်ကောင်းဖြစ်လိမ့်မယ်ဟု သူက ဆက်ပြောသည်။

ဆရာကြီးလိုရင့်အားဖြင့် ဤသတိပေးချက်ကို အစာရှောင် ဆုတောင်းသောနေ့

ကုန်ဆုံးခါနီး ရီအိုနာ၏စိတ်ထဲတွင် ထင်ဟပ်လာသော ကျမ်းပိုဒ်ရည်ညွှန်းချက် နှစ်ချက်

မှ အတည်ပြုလေသည်။ ပထမကျမ်းပိုဒ်မှာ ဗျာဒိတ် ၁၂း၁၂ “ထို့ကြောင့် ကောင်းကင်နှင့်

ကောင်းကင်သားတို့ရွှင်လန်းကြလော့။ မြေကြီးနှင့်ပင်လယ်သည်မင်္ဂလာရှိ၏။အကြောင်း

မူကား၊ မာရ်နတ်သည် မိမိကာလ တစ်ခဏသာရှိသည်ကိုသိ၍ ပြင်းစွာသော ဒေါသအမျက်

နှင့်တကွ သင်တို့ ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား၏။ ဒုတိယ

ကျမ်းပိုဒ်မှာ ယေရမိ ၄၆:၂၇-၂၈ “

မကြောက်နှင့်။ စိတ်မပျက်နှင့် သင်တို့ကို ဝေးသော

အရပ်မှလည်းကောင်း ငါနုတ်ယူဆောင်ခဲ့သဖြင့် မကြောက်နှင့်၊ သင်နှင့်အတူ ငါရှိ၏။

အကွယ်အကာပြုဖို့ ဤကတိများမှ ကျွန်တော့်ကို ခွန်အားပေးသည့်အတွက် ဖြစ်ပေါ်လာ

နိုင်သောအန္တရာယ်ကို တစ်ဆင့်တိုး၍မှတ်သားခဲ့ပါသည်။ ဘယ်ပုံဘယ်နည်း ဖြစ်လာမည်

ကို မတွေးခေါ်တတ်သော်လည်း ကျွန်တော်ကို သတိဝိရိယ

ရှိစေလေသည်။

၎င်းညတွင် အင်္ဂလိပ်စကားပြောသော အသက်ခြောက်ဆယ်ခန့်ရှိသည့်

လင်မယားတစ်တွဲ ကျွန်တော်တို့ စခန်းချရာသို့ရောက်လာသည်။ ဝိုင်အမ်(YWAN)နှင့်

အဆက်အစပ် မရှိခဲ့ဘူးသော်လည်း ကျွန်တော်တို့ အကြောင်းကို ကြားဖူးကြသည်ဟု

ဆိုသည်။ တစ်ရက်နှစ်ရက်ခန့် နေခွင့်ပြုမည်လားဟု မေးသည်။ ကန့်သတ်နယ်မြေ

ဖြတ်ကျော်၍ အမှုတော်ဆောင်ကြသည်ဟု ဆိုသည်။ ကန့်သတ်နယ်မြေထဲသို့ ရောက်

ဖူးသည်ဟုလည်း ပြောပြသဖြင့် ကျွန်တော်စိတ်ဝင်စားလာသည်။ ဘယ်ကလာကြသလဲ

ဗျာဟု မေးရင်း သုံးယောက်သား ထမင်းစားခန်း စားပွဲဝိုင်းတစ်ခုတွင် ထိုင်ကြသည်။

 

ညစာအဖြစ် လေ့လာရေးခရီးစဉ်တစ်လျှောက် စားသုံးလေ့ရှိသော ထမင်းနှင့် ငါးဟင်း

တို့ကို တည်ခင်းထားသည်။ တစ်နေကုန် အစာရှောင်ထားသည့်သကာလ အ၀သုတ်ရန်

စိတ်အားထက်သန်နေပါသည်။

“ဘူလ်ဂေးရီးယားကပါ၊ ဘူလ်ဂေးရီးယား အသင်းတော်ထံ အလည်အပတ်

သွားကြတယ်ဆိုပါတော့။ ကျွန်တော့် နှလုံးခုန်လာသည်။ ရုတ်တရက် အစားအသောက်

အရေးမကြီးဖြစ်လာသည်။ ကြုံလိုက်သည့်ခရီး အံ့ဩစရာဖြစ်ပါဘိ။ ကျွန်တော်တို့၏

ဆုတောင်းသံ ဘုရားသခင် နားညောင်းတော်မူသည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်နေ

သည်။ ကျွန်တော် ဆက်သွယ်ရမည့် ယုံကြည်အားထားစရာ အသင်းတော်ကို သူတို့

သိရှိကောင်း သိရှိလိမ့်မည်။

ကျွန်တော့်ဇွန်းနှင့် ခက်ရင်းကို အောက်ချ၍ နောက်တစ်နေ့ ရော်လီနှင့် ပြင်ဆင်

နေသော ခရီးစဉ်ကို ပြောပြတော့မည်အပြုတွင် တစ်ခုခုက ကျွန်တော့်ကို တားမြစ်သည်။

သိုးသားရေကိုခြုံသောတောခွေးကို သတိထားရမည်ဟူသော ဆရာကြီးလိုရင့်ပြော

သည့်ကျမ်းပိုဒ်ကို သတိရသည်။ ဤလင်မယား၏အကြောင်း အစုံအလင်ကို ဘာမျှ

မသိရှိသည့်အကြောင်း ရုတ်တရက် သတိရလာသည်။ မိတ်ဖွဲ့ဖို့ ထိုက်တန်မည့်သဘော

ရှိသည်။ မယုံကြည်ရန် အကြောင်းပြချက်ဟူ၍ မရှိပါ။ သို့သော်လည်း ဘူလ်ဂေးရီးယား

ပြည်ထဲက အသင်းတော်နှင့် အဆက်အသွယ် ပြုလုပ်သည့် အကြောင်း ပြောပြရာတွင်

ပွင့်လင်းလွန်းသည်ဟု ကျွန်တော် ရုတ်တရက်သဘောပေါက်လာသည်။ ထောင်ချောက်

ထဲ အမိမခံချင်ပါ။ ကျွန်တော် သင်္ကာမကင်းမှု အတွက် အထောက်အထား အထိုက်အ

လျောက် မပြနိုင်သော်လည်း အပြောအဆို အပြုအမူ၌ လိမ္မာပါးနပ်ရန် လိုအပ်ကြောင်းကို

သတိပြုမိပါသည်။ ဘူလ်ဂေးရီးယားတွင် အလုပ်အကိုင်အကြောင်းကို ပွင့်လင်းစွာ စကား

စွာကြသည်ကို စိတ်ဝင်စားစွာ နားထောင်နေပါသည်။ နောက်တစ်နေ့ ထိုနိုင်ငံသို့ပင်

ခရီးထွက်ရတော့မည့်အကြောင်းကို တစ်ခွန်းတလေမျှ မပြောမိဘဲ ရေငုံနှုတ်ပိတ် နေပါ

တော့သည်။

အာရုံထိခိုက်လွယ်လွန်းသလားဟု မိမိကိုယ်ကို အံ့သြမိပါသည်။ ထို့ကြောင့်

ညစာ စားသုံးပြီးသောအခါ ဆရာကြီးလိုရင့်ကို မတွေ့ တွေ့အောင် ရှာဖွေကာ ကျွန်တော်

စိတ်ပူပန်မှုကို ဖောက်သည်ချမိပါသည်။ ဟိုလင်မယားက စောစောပိုင်းက ဆရာကြီး

သတိပေးခဲ့တဲ့ သိုးသရေခြုံတဲ့ တောခွေးများဖြစ်ကြမလား” ဟု ကျွန်တော်မေးသည်တွင်

သူလည်း စဉ်းစားရခက်ဟန်ပြနေလေသည်။

“ဖြစ်ကောင်းဖြစ်နိုင်တယ်၊ မဖြစ်ဘူးလို့ မဆိုနိုင်ဘူး၊ ရုဒီ”ဟု ဆိုကာ ဆုတောင်း

ရန် ခေါင်းငုံလေသည်။ ကျွန်တော်လည်း ဆုတောင်းသည်။ ကျွန်တော် အာရုံ ထိခိုက်

လွယ်သလား မပြောနိုင်ပါ။ တိုင်းတစ်ပါးတွင် သူတို့၏အတွေ့အကြုံများကို ဝေငှ ရန်

အားသန်သော စကားပြောကောင်းသည့် ခရစ်ယာန်လင်မယားလည်း ဖြစ်ကောင်းဖြစ်နိုင်

သည်။ သို့သော် သံသယစိတ်က ရှိနေဆဲဖြစ်သည်။ ဆရာကြီးလိုရင့်သည် ခေါင်းပြန်မော့

လာကာ ခင်ဗျားပြောတာ မှန်နိုင်တယ်၊ရုဒီ။ ဘာမှမပြောမိတာက လိမ္မာပါးနပ်ရာ ရောက်

မယ်ထင်ပါတယ်”

၎င်းလင်မယားသည် လွတ်နေသောအခန်းသို့ အနားယူရန် ထွက်ခွာသွားပြီ

နောက် ဆရာကြီးလိုရင့်သည် လေ့လာရေးအဖွဲ့ တစ်ဖွဲ့လုံးကို စုစည်း၍ နောက်တစ်နေ့

ခရီးအစီအစဉ်ကို ၎င်းလင်မယားအား မပြောမိကြရန် သတိပေးလေသည်။ ဤသတိပေး

ချက်သည် ရော်လီနှင့်ကျွန်တော့် ခရီးစဉ်အတွက် စွန့်စားရမည့်လုပ်ငန်း ဖြစ်သည့်

အကြောင်းကို အဖွဲ့သားအားလုံးအား ပထမဆုံး ဖွင့်ပြောခြင်းနှင့် လေ့လာရေးအဖွဲ့ တစ်ဖွဲ့

လုံး ရေငုံနှုတ်ပိတ်လုပ်ရန် လိုအပ်မည့်အကြောင်း အခုမှ တစ်ချက်ခုတ်နှစ်ချက်ပြတ်

ဖြစ်စေတော့သည်။ လက်ကျန် ဆန့်ကျင်မှုဟူသမျှ ပပျောက်စေသည်။ ဤသိုးသရေခြုံ

တောခွေးလင်မယားသည် အရေးကြုံခိုက် လိုအပ်နေသော စည်းရုံးရေးဖြစ်စေပါသည်။

စောစောပိုင်းတွင်မူ၊ အခါမလပ် ဆုတောင်းစည်းဝေးပြုလုပ်ကြဖို့ လိုအပ်သည့်

အကြောင်း ပြောပြသောအခါ၊ အနည်းငယ်မျှသာ ပါဝင်ကြလေသည်။ ယခုတွင် အားလုံး

၌ ကျွန်တော်တို့၏စိတ်တက်ကြွမှု ကူးသွားသဖြင့် ဆုတောင်းလိုသည့်ဆန္ဒရှိကြောင်း

ဖော်ပြလာကြသည်။ လေ့လာရေးအဖွဲ့ တစ်ဖွဲ့လုံးက ဆုတောင်းပတ္ထနာပြု၍ တိုက်ပွဲဝင်

ကြရန် သဘောတူကြသည်။ ကျွန်တော်တို့ ခရီးထွက်သည့် လေးရက်တစ်လျှောက်လုံး

(၂၄)နာရီ မပြတ်မလပ် ဆုတောင်းသံမစဲပြုလုပ်ရန် ကျောင်းသူကျောင်းသားတိုင်း မိမိတို့

ဆန္ဒအလျောက်တာဝန်ယူကြသည်။

နံနက်ပိုင်း အိပ်မောကျချိန်ကိုပင် ရွေးချယ်သော ကျောင်းသူကျောင်းသားများရှိကြလေသည်။

ဆရာကြီးလို ရင့်နှင့် ရီအိုနာတို့၏

စိတ်နှလုံးထဲတွင် သတိပေးကျမ်းပိုဒ်များကို သွင်းပေးတော်မူသောကြောင့် ဘုရားသခင်

၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။ တိုက်ပွဲအမှန်တကယ် ဝင်ရမည့် အချိန်သည်

ရှေ့တွင်ရှိသေးသည့် တိုင်အောင် နောက်တန်းတွင် စစ်ကူအဖွဲ့ နေ ရာယူပြီးဖြစ်သော

ကြောင့် ယခု ကျွန်တော် ယုံကြည်စိတ်ချနေပါပြီ။ အောင်ပွဲခံဖို့ စိတ်ချနေပါပြီ။

၆။နယ်စပ်များကိုဖြတ်ကျော်ခြင်း

အေသင်မြို့မှ ဘူလ်ဂေးရီးယားနယ်စပ်သို့ ခရီးရှည်နှင်ရန် အားသစ်မွေးဖို့

စောစောအိပ်ရာဝင်ရန် မျှော်လင့်ထားပါသည်။ ရော်လီနှင့်ကျွန်တော် ကြမ်းတမ်းသော

တောင်ပေါ်လမ်းကို ခက်ခက်ခဲခဲ ခရီးနှင်ကြရမည်ဖြစ်သည်။ သိုးသားရေခြုံသော

တောခွေးလင်မယားတို့ ရှိနေခြင်းကြောင့် ဖြစ်ပေါ်ခဲ့သော အခြေအနေကြောင့် နံနက်ပိုင်း

တစ်နာရီခန့်မှ အိပ်ရာဝင်နိုင်ခဲ့ပါသည်။ ယမန်နေ့က ဖြစ်စဉ်များနှင့်မရေမရာ ရှေ့ခရီး

စဉ်ကြောင့် အိပ်မပျော်ဘဲ အိပ်ရာထဲတွင် လူးလိမ့်နေပါသည်။ ဘုရားသခင်၏ ကြီးကြပ်မှု

အောက်တွင် ရှိနေပြီဟု စိတ်ချရသော်လည်း သမ္မာကျမ်းများကို မည်သူ့ထံသို့ လက်လွဲရ

မည်ဟု အဆက်အသွယ် အတိအကျ မရရှိသေးသည့်အတွက် စိတ်ပူပန်ဆဲဖြစ်ပါသည်။

အမှန်တကယ် အိပ်ပျော်သွားသည့်အခါ အိပ်မက်ဆိုးများကို မက်နေပြန်သည်။

နယ်စပ်စောင့်ရဲများမှ ကျွန်တော်တို့၏ပစ္စည်းများကို သိမ်းယူသည်။

ရောလီနှင့်ကျွန်တော့်ကို အတင်းအဓမ္မဒရွတ်တိုက်ဆွဲ၍ အကျဉ်းထောင်ထဲသို့ ထည့်လိုက်သည်။ ကျွန်တော်သည် ဖမ်းဆီးသောသူများအား ရဲဝံ့စွာ တရားဟောသည်။ ညှဉ်းပန်းနှိပ်စက်သည့်ကြား

မှာပင် “ရဲဝံ့ ဝံပုလွေ”ဟု ကျွန်တော့်နာမည် အဓိပ္ပာယ်ပေါက်သည့်အတိုင်း နာမည်နှင့်

လိုက်အောင် ရှင်းပြဖို့ ဆုံးဖြတ်လိုက်ပါသည်။ နာရီပေါင်းအနည်းငယ်မျှသာ အိပ်ခဲ့သော်

လည်း ပျဉ်ထောင်တည်းခိုအိမ် ပြတင်းပေါက်မှ နေရောင်ခြည် စတင်လာသည်နှင့်

တစ်ပြိုင်နက် အိပ်ရာမှနိုးလာသည်။ အဝတ်အစားချက်ခြင်းလဲကာ စခန်းချသောနေရာ

ရှေ့ တိတ်ဆိတ်သောကမ်းခြေသို့ ဦးတည်နေခဲ့ပါသည်။ သဲသောင်ပေါ်တွင် ထိုင်၍

ကျမ်းစာအုပ်ကို အမှတ်တမဲ့ လှန်လိုက်ရာ ဆာလံကျမ်းအခန်း(၄၅) ဖွင့်လာသည်။

ဖတ်ရင်းနှင့်အပိုဒ်လေးက အချက်ကောင်းကို မိလေသည်။ “လက်ျာလက်တော်လည်း

ကြောက်မက်ဖွယ်သောအရာကို ကိုယ်တော်အား ပြပါလိမ့်မည်”။ ဂျာမန်ကျမ်းစာအုပ်တွင်

မူကား ရဲဝံ့သောအရာဟု ဘာသာပြန်ထားသည်။

ပင်လယ်ဘက်ကိုကြည့် ၍ ၎င်းဆာလံကျမ်းပိုဒ်၏ ဆိုလိုရင်းအဓိပ္ပာယ်ကို စိတ်နှလုံးထဲတွင်ချိန်ဆနေပါသည်။

ရုတ်တရက်ခြေသံကြား၍လှည့်ကြည့်ရာ ရီအိုနာချဉ်းကပ်လာသည်ကိုမြင်သည်။ သူမလည်း ဆုတောင်းရန် စောစောစီးစီးနိုးလာသည်။ ကျွန်တော့်နားတွင် လာထိုင်သည်။ စကားမပြောဘဲ မိနစ်များစွာထိုင်နေကြကာ နံနက်စောစောချစ်စဖွယ်ကောင်းသော ကမ်းခြေမြင်ကွင်း၏ဆိတ်ငြိမ်

ခြင်း အရသာကို ခံစားနေကြသည်။ ဆိတ်ငြိမ်နေသော ကျွန်တော်တို့ ၏ ဘေးပတ်

ကျင် အကြောင်းသည် ၎င်းနေ့မှာပင် ရော်လီနှင့်ကျွန်တော် ရင်ဆိုင်ဖွယ်ရှိသည့် အန္တရာယ်

၏ အရိပ်အခြေကို မပြခဲ့ပါ။

နောက်ဆုံးတွင် ရီအိုနာမှ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ “ရုဒီ၊ ခင်ဗျား

အတွက် ကျမ်းပိုဒ်တချို့ကို ကျွန်မတိတ်ဆိတ်စွာ အာရုံပြုချိန်မှာ ဘုရားသခင်

ပေးခဲ့တယ်” သူမသည် ကျမ်းစာအုပ်ကိုလှန်၍ “ဒီမနက် ကျွန်မဖတ်ခဲ့တာ ဒီကျမ်းပိုဒ်

ဆာလံ၊၁၁၂:၁ မှစဖတ်ပြီး ကျွန်တော်နှင့် အကျုံးဝင်သည်ဟု ထင်ရသောအပိုဒ်များ

ဖတ်၍ အကျုံးမဝင်ဟု ထင်ရသောအပိုဒ်များကို ကျော်သွားသည်။ ကျွန်တော်သည် မျက်လုံးကို

ကိုပိတ်ကာ သူမ၏ နယူးဇီလန် အသံနေအသံထားကို နားစွင့်နေပါသည်။ ထာဝရဘုရား

ကို ကြောက်ရွံ့ ၍ ပညတ်တော်တို့၌ အလွန်မွေ့လျော်သောသူသည် မင်္ဂလာရှိ၏။

သဘောဖြောင့် သူတို့အဘို့၊ မှောင်မိုက်ထဲမှာ အလင်းပေါ်ထွန်းတတ်၏။ ကရုဏာ

စိတ်ရှိ၍ ချေးငှားတတ်သောသူသည် ကောင်းစားတတ်၏။ တရားဆုံးဖြတ်ရာကာလ၌

အောင်ခြင်းသို့ရောက်လိမ့်မည်။ အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွှတ်လိမ့်

မည်၊ မကောင်းသောသတင်းကို မကြောက်ရ။ စိတ်နှလုံးသည် ထာဝရဘုရားကို ကိုးစား

သဖြင့် တည်ကြည်တတ်၏။

ကျွန်တော့်မျက်စိကို ဖွင့်လိုက်သည်။ အလွန်ထူးဆန်းပါသည်။ တစ်ဖန် ဆာလံ

(၁၁၂) ကို ကိုယ်တိုင်ပြန် ဖတ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် အဘယ်မျှ

အံ့သြစရာကောင်းလောက်အောင် တိကျပါသနည်း၊ လိုအပ်ချက် အတိအကျ ထိုးပြတော်

မူသည်ကို အသစ်တစ်ဖန် အံ့သြမိပါသည်။ ကရုဏာစိတ်ရှိ၍ ချေးငှားတတ်သောသူ

သည် ကောင်းစားတတ်၏။ သမ္မာကျမ်းစာအုပ်များကို အဘိုးအခမယူဘဲ အခမဲ့ပေးကမ်း

ရန် စီစဉ်ထားပါသည်။ မကောင်းသောသတင်းကို မကြောက်ရ။ အားပေးစကားဖြစ်

သည်မှာ သေချာပါသည်။ ဆာလံ(၄၅)မှ အကြောင်းအရာနှင့် အံဝင်ဂွင်ကျဖြစ်နေသည်။

ကျွန်တော်စဉ်းစားနေစဉ် ရီအိုနာထပ်ဝင်လာပြန်သည်။ ခင်ဗျားအတွက်

ထပ်ရတဲ့ကျမ်းပိုဒ်ကတော့ တောလည်ရာ ၁၀၁ ဖြစ်တယ်။ ကျွန်တော့် ကျမ်းစာအုပ်ထဲက

၎င်းကျမ်းပိုဒ်ကိုလှန်၍ သူနှင့်အတူ လိုက်ဖတ်သည်။ “ဣသရေလအမျိုးသားတို့သည်

ထာဝရဘု ရား၏တောင်တော်မှ ထွက်၍ သုံးရက်ကွာသောခရီးကို သွားကြ၏။

ထိုသုံးရက်ကွာသောခရီးကို သွားကြစဉ်၊ ထာဝရဘု ရား၏ ပဋိညာဉ်‌ သေတ္တာသည် သူ့တို့အဖို့

စခန်းချရာအရပ်ကိုရှာ၍ သူတို့ရှေ့ကသွားလေ၏”။ သူတို့သည် နေ့အချိန်၌ တပ်ချီ၍

သွားသောအခါ၊ ထာဝရဘုရား၏မိုဃ်းတိမ်သည် သူတို့အပေါ်မှာရှိလေ၏”။ သုံးရက်ဟု

ကျွန်တော် တစ်အုံနွေးနွေး စဉ်းစားကြည့်သည်။ ဆရာကြီးလိုရင့်က ကျွန်တော်တို့ကို

တို့ ရှေ့ကလေးရက်ပေးသည်။ သုံးရက်နှင့် ကျွန်တော်တို့၏လုပ်ငန်းကို ပြီးမြောက်ဖို့ ဖြစ်ကောင်း

ဖြစ်မည်။ ဘာပဲဖြစ်ဖြစ်၊ သတင်းစကားကိုရှင်းပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့ရှေ့က

ကြွတော်မူရန်၊ ကွယ်ကာတော်မူရန်နှင့် ဘေးကင်းစွာ မူလနေရာသို့ ပြန်ပို့

တော်မူမည်ဟု ကတိပြုတော်မူသည်။ ကျွန်တော်များစွာ အားတက်လာသည်။

ယခုအချိန်တွင် နံနက်ခုနှစ်နာရီခွဲ ခါနီးပြီ။ စခန်းထဲက လှုပ်လှုပ်ရွရွ ဖြစ်လာ

သည်။ ကျွန်တော် တစ်ယောက်တည်းလုပ်ဖို့ တာဝန်တစ်ခုရှိသည်။ ၎င်းတာဝန်မှာ အသုံး

ပြုမည့် ဗင်ကားထဲသို့ တရားမဝင်ပစ္စည်းများကိုတင်ရန် ဖြစ်သည်။

ဧည့်သည်လင်မယားမရိပ်မိအောင်လုပ်ဖို့ လိုအပ်သည်။ သူတို့ ရှိနေခြင်းသည် လေ့လာရေးအဖွဲ့ တစ်ဖွဲ့လုံး၏အစီအစဉ်ကို ရှုပ်ထွေးစေသည်။ တည်းခိုခန်းမှ ဝေးနိုင်သမျှဝေးလံစွာ ဗင်ကားကိုထား၍

အခြားသောကျောင်းသားများ၏ အကူအညီဖြင့် ထိုလင်မယား မသိမရိပ်မိစေဘဲ ပစ္စည်း

ထုတ်များကို ကားပေါ်သို့ အရောက် စွမ်းဆောင်နိုင်ကြပါသည်။

ကျောင်းသားတစ်ယောက်သည် သမ္မာကျမ်းစာအုပ်တစ်အုပ်ကို လက်ထဲတွင်

ကိုင်၍မေးသည်။ “ဒီ၊ ဒီစာအုပ်များကို ဘယ်မှာဝှက်ထားမည်လဲ”။ အခုအချိန်အထိ

ကျွန်တော် မစဉ်းစားမိခဲ့သော မေးခွန်းတစ်ရပ်ဖြစ်သည်။ ဤတန်ဘိုးအရှိဆုံးသော ပစ္စည်း

များကို ဘယ်မှာ ဝှက်ထားရမည်နည်း။ ညီအစ်ကိုကြီးအင်ဒရူးကတော့ သူတို့စာအုပ်များ

ကို အတွင်းထပ်၏နောက်တွင် ဝှက်ထားသည်ဟုဆိုသည်။ ဇွန်၏ဗင်ကား ဆုတ်ဆုတ်

ပျက်ပျက်တွင် အတွင်းထပ်ဟူ၍ မရှိတော့သဖြင့် ထိုနည်းကို အသုံးမပြုနိုင်ပါ။ နယ်စပ်

စောင့်ရဲများ၏ သိန်းငှက်မျက်စိမှ ကာကွယ်နိုင်မည့် နေရာဟူ၍ ကားပေါ်တွင်မရှိ ဖြစ်နေ

ပါသည်။

“ကျွန်တော်အကြံရပြီ” ဟု ရော်လီက လာကယ်လိုက်သည်။ ကျမ်းစာအုပ်

များကို အဝတ်အစားများထဲထည့်ပြီး အခြားအိပ်ရာလိပ်၊မိုးကာတဲများနှင့် ရောထားမယ်။

ထောက်ခံ၍ခေါင်းညိတ်ပြသည်။ တစ်ကယ်ကောင်းတဲ့အကြံပဲ၊ ရော်လီ၊ အဲဒီအတိုင်း

လုပ်ကြရအောင်။

စိတ်ပါဝင်စားစွာ ကျောင်းသားတစ်ယောက်က လေမွေ့ရာထဲမှလေကို ထုတ်

သည်။ တစ်ယောက်သောသူက အခြားသောပစ္စည်းများကို ကားပေါ်သို့ စိုင်းတင်ပေး

ကြသည်။ လေမွေ့ရာ၊ အိပ်ရာလိပ်၊ ရေနံဆီမီးဖို၊ ဓာတ်ပုံရိုက်ကိရိယာများ၊ မဂ္ဂဇင်းစာ

အုပ်များ၊ အစားအသောက်များစသော အခြားတိုလီမိုလီအောက်တွင်မူကား အဝတ်အစား

အချို့နှင့် ကျမ်းစာအုပ်များကို ထည့်ထားသည့် လက်ဆွဲ အိတ်များကို စီထားသည်

တစ်ယောက်သောသူက အကြံရ၍ ကမ်းခြေတစ်နေရာတွင် တွေ့သောသံချေးတက်နေသည့်အဝတ်တိုက်မီးပူတစ်လုံးကို ကားပေါ်သို့တင်ပေးလိုက်သည်။

သံချေးတက်ရုံမကဘဲ စွန့်ပစ်ပစ္စည်းများသည်ပင်လျှင် ကျွန်တော်တို့ ခရီးစဉ်တစ်ခုလုံး၏ဟန်ဆောင်မှုကို အထောက်အကူအဖြစ် ဖန်တီးပေးလေသည်။

ပစ္စည်းပစ္စယများကို တင်နေစဉ်တွင် ကားပြင်တစ်ဦးမှ နောက်ဆုံး စစ်ဆေး

ကို ပြုလုပ်နေသည်။ ရီအိုနာနှင့်ကျွန်တော်ယာဉ်မောင်းရာတွင် အန္တရာယ်ကင်းရှင်းရန်

ဆုတောင်းကြလင့်ကစား၊ ခရီးတစ်လျှောက်တွင် မကြာခဏပျက်သော ဤကားစုတ်

နှင့်ခရီးသွားဖို့ ဂဏမငြိမ်ဖြစ်နေမိသည်။

သို့သော်လည်း ဘုရားသခင်ပြင်ဆင်ပေးသော ယာဉ်ဖြစ်သည်။ ဘာမှမဖြစ်ဘဲ အသွားအပြန် ကိုယ်တော် စောင့်ရှောက်တော်မူပြီးမည်ဟု ယုံကြည်အားထားဖို့သာ ကျန်တော့သည်။

မူလအစီအစဉ်အရ စောစောထွက်ဖို့ ဖြစ်သော်လည်း ပစ္စည်းထုတ်ပိုးခြင်းနှင့်

နောက်ဆုံး ပြင်ဆင်ချက်သည် မျှော်မှန်းသည်ထက် အချိန်ကြာသွားသည်။ ညနေစောင်းမှ

သာ ပစ္စည်းများတင်၍ပြီးဆုံးကာ ထွက်ခွာရန် အသင့်ဖြစ်နေသည်။ ကျွန်တော်တို့ကို

နှုတ်ဆက်ရန်အားလုံး စုလာကြသည်။ ဘုရားသခင် စီစဉ်ပေးမှုကြောင့် ဧည့်သည်

လင်မယားသည် နံနက်ပိုင်းတွင် ထွက်ခွာသွားပြီးဖြစ်သဖြင့် တိုးတိုးတိတ်တိတ်လုပ်စရာ

မလိုတော့ပါ။ ကျွန်တော်တို့၏အစီအစဉ်ကို ဖြိုဖျက်ရန် စာတန်၏နောက်ဆုံး အားထုတ်မှု

ကို ကောင်းစွာ တွန်းလှန်နိုင်ခဲ့သည်။ သွားကြပေတော့” ဒွန်က ကားတံခါးကိုပိတ်ပေး၍

နှုတ်ဆက်သည်။ ဖုန်တစ်ထောင်းထောင်းနှင့် ခရီးစထွက်ပါပြီ။

နှုတ်ဆက်သံသည် ဝေးသည်ထက်ဝေးလာသောအခါ ၊ ယာဉ်မောင်းထိုင်ခုံတွင်

နေသားကကျဖြစ်အောင်ပြု၍ (၁၂)နာရီ ခရီးအတွက် စိတ်ရောကိုယ်ပါ ပြင်ဆင်လိုက်ပါ

သည်။ ပစ္စည်းများကျန်ခဲ့သေးသလဲဟု စိတ်ထဲတွင် လိုက်စစ်သည်။ ခရီးစဉ်အတွက်

လိုအပ်သော ပစ္စည်းပစ္စအားလုံးပါသလား။ ပိုက်ဆံအိတ်၊ အင်္ကျီအိတ်ကိုစမ်းကြည့်

သည်။ ပါသည်။ ဒေါ်လာတစ်ရာဘဲရှိသည်။ ကျွန်တော်ကိုယ်ပိုင် ပိုက်ဆံအားလုံးမှာ

ကျမ်းစာအုပ်ဝယ်ယူရာတွင် ကုန်သွားပြီ။ အနည်းငယ်သော ကျောင်းသားများက ခရီး

မထွက်ခင်လေးတွင် လက်ထဲသို့ ပိုက်ဆံလာထည့်ပေးကြသည်။ မိတ်ဆွေအချို့ ပေးပို့

သော လက်ဆောင်များကို မမျှော်လင့်ဘဲ ခရီးထွက်ခါနီးတွင် ရရှိပါသည်။ မထွက်ခွာခင်

ကျွန်တော်တို့တွင် လုံလောက်သော လမ်းစရိတ်မရှိကြောင်းကို ဆရာကြီးလိုရင့်သိရှိသော

အခါ လေ့လာရေးခရီးစရိတ်ထဲမှ ချေးငှါးရန်အကြံပြုလေသည်။

သို့သော် ကျွန်တော်ငွေချေး လိုစိတ်မရှိပါ။ ဘုရားသခင် ကူညီပံ့ပိုးတော်မူလိမ့်မည်ဟု ယုံကြည်အားထားရပါသည်။ကားနောက်ဘက်သို့ လှည့်ပြန်ယုံကြည်အားထားကားပေါ်တွင် သဲချေးတက်သောမီးပူမှအစ အိပ်ရာလိပ်များ၊ အထုတ်အပိုးများ ဖြန့်ကြဲနေသည်ကို မြင်၍ သဘော

ကျကာ ပြုံးနေမိပါသည်။ ထိုပြန့်ကြဲနေသော ပစ္စည်းများအောက်တွင် ကျမ်းစာအုပ် (၂၀၀)

ဝှက်ထားမှန်း သင်္ကာမကင်းဖြစ်ကြမည် မဟုတ်ပါ။ နယ်စပ်အစောင့် ရဲများကို လှည့်စား

နိုင်မည်ဟု ကျွန်တော်မျှော်လင့်နေပါသည်။ ရော်လီ နှင့် ခဏအား စမြည်ပြောကြ

ပြီးမှ ရေငုံနှုတ်ပိတ် ခရီးဆက်နှင်ကြပါသည် ။ တစ်နေ့သော စိတ်တက်ကြွမှုသည် ကုန်

လွန်သွားသည့် နောက် နှစ်ယောက်သား စိတ်ကူးကိုယ်စီဖြင့် ခရီးဆက်သွားသည်။

နောက်ရက်တွေမှာ ဘာများဖြစ်ကြမည်နည်း။

နယ်စပ်တွင် အဖမ်းခံမိပါက ကျမ်းစာအုပ်များသာမကဘဲ၊ ပစ္စည်းပစ္စယာ

အားလုံး နှင့်မော်တော်ယာဉ်ပါ အသိမ်းခံရမည်ဟု ကျွန်တော်သိရှိနေပါသည်။ ရှုတ်ရှတ်ပဲ့ပဲ့

ဖြစ်သည့်တိုင်အောင် ဤဗင်ကားကို ဆုံးရှုံးလျှင် ကြေကွဲစရာဖြစ်ပါသည်။ လောလော

ဆယ် ကျွန်တော်တို့နှစ်ယောက်၏တစ်ခုတည်းသော သယ်ယူပို့ဆောင်ရေးအာမခံ

ကျန်ရှိနေသေးသော လေ့လာရေးခရီးစဉ်သည် သေရေးရှင်ရေးသမျှ အရေးကြီးသည်။

သင်တန်းနည်းပြဆရာ/မများမပါဘဲ ကျောင်းသူကျောင်းသားများကိုယ်တိုင် သုံးလ

သာသနာပြုကျောင်းဆင်းဖို့ အချိန်ကျရောက်သည့် အခါလည်း ဤဗင်ကားကို အသုံးပြု

ကောင်း အသုံးပြုဦးမည်ဖြစ်သည်။

အေသင်မြို့မှ အထက်သို့ခရီးဆန့်၍ သံလွင်ပင်အတန်းလိုက် စိုက်ခင်းများ

နှင့်တောရိုင်းပန်းပင်များ ပေါများသော တောင်ကုန်းတောင်စောင်းများကို ဖြတ်ကျော်ကာ

ကားလမ်းမအတိုင်း ခရီးနှင်ကြသည်။ လက်ျာဘက်တွင် ဂရိပိုင် အပြာရောင် မြေထဲပင်

လယ်ထဲရှိ ကျွန်းများကို ကွက်ကြားကွက်ကြား မြင်ခဲ့ကြပါသည်။ ညနက်သော အချိန်

တွင်မူကား ဘူလ်ဂေးရီးယားပြည်နှင့် ဆက်စပ်သော မြေပြန့်သို့ မရောက်မီ ဖြတ်ကျော်

ရန်လိုအပ်သည်။ တောင်တန်းကြီးများ ပေါ်သို့ ရောက်သွားကြပါသည်။ ဗင်ကားသည်

တောင်စောင်းလမ်းအတိုင်း အိပဲ့အိပဲ့နှင့်တက်သွားသည်။ ညသန်းခေါင် အချိန်ရောက်ခါ

နီးတွင် ရောက်ရှိနေသည့် တောင်ပေါ်လမ်းမှာ အကာအရံပြုလုပ်ထားသော်လည်း ကျဉ်း

မြောင်း၍ ကျောက်စရစ်ခင်းထားသော လမ်းဖြစ်နေသည်။ အကွေ့အကောက်များတွင်

သတိကြီးစွာ မောင်းနှင်ရန် စိတ်ရောကိုယ်ပါ အားစိုက်ဖို့လိုအပ်ပါသည်။

အိပ်ရာဝင်နောက်ကျ၍ စောစောစီးစီး အိပ်ရာထခြင်းအပြင် လွန်ခဲ့သောနှစ်ရက်၌ အဖြစ်အပျက်တို့၏ဒဏ်ကိုခံဖို့ အစပြုလေတော့သည်။ နိုးနိုးကြားကြားရှိရန် အလွန့်အလွန်ကြိုးစားနေရပါသည်။

တအိအိတက်သွား ရင်း ရှေ့တွင် ဒေါင့်ချိုးကွေ့တစ်ကွေ့ ကို မြင်လိုက်ပါသည်။

ထိုကွေ့ကို ချဉ်းကပ်ရင်းပဲ့ကိုင်ဘီးကို တင်းကြပ်စွာ ကိုင်ထားပါသည်။ ရုတ်တရက်

တာယာများသည် ယက်ကန်ယက်ကန်ဖြစ်၍ ထိမ်းမရသိမ်းမရ ဖြစ်လာပြန်သည်။ ဘာမှ

မဖြစ်ပါရစေနှင့်ဟု ကျွန်တော် အထိတ်အလန့် အော်လိုက်သည်။ တောင်ကမ်းပါးခြောက်

ထဲသို့ ဇောက်ထိုးကျ၍ ရော်လီနှင့်ကျွန်တော် နှစ်ယောက်သား မှောင်မိုက်နေသော

ကျောက်ဆောင်ကြားထဲသို့ သေဘေးနှင့် ရင်ဆိုင်ရမည့် အဖြစ်ကို မြင်ယောင်မိပါသည်။

ရော်လီသည် အလန့်တကြားနိုးလာသည်။

“ဘာဖြစ်သလဲ၊ ဘယ်ရောက်နေကြသလဲ”။

တဆက်တည်းမှာပင် ဗင်ကားသည် မူလအတိုင်း အလိုအလျောက် ပုံမှန်ဖြစ်

လာကာ ရှေ့သို့ စောင့်အောင့်စောင့်အောင့်တက်သွားပြီး တစ်အောင့်ချိုးကွေ့ကို အန္တရာယ်

ကင်းစွာ ကျော်သွားပါသည်။

“အမလေး၊ သီသီကလေး ရုဒီ၊ ဘယ်လိုဖြစ်ပါလိမ့် ”ရော်လီသည် ဘေး

အန္တရာယ်လွတ်ပြီးမှ နိုးကြားလာသည်။

“မသိဘူးဗျ”ဟု သက်ပြင်းချမိသည်။ ပြဿနာသည် သူ့ဟာသူ ပုံမှန် ဖြတ်

ကျော်ခဲ့ပြီးဖြစ်သည့်တိုင်အောင် ကျွန်တော့်နှလုံးသား တစ်ဒုန်းဒုန်းတစ်ဒိန်းဒိန်း

ခုန်နေသည်။ ကိုယ်စိတ်နှစ်ပါး မောပန်းသည့်အထဲက သတိဝိရိယ လက်လွတ်မိသလား။ အမှား

အယွင်းပြုမိခဲ့သည်ကိုလည်း သတိမထားမိပါ။ ဗင်ကားက သူ့သဘောနှင့်သူ ဒေါသ

ထွက်လာသလားမပြောတတ်ပါ။ “စာတန်မာရ်နတ် ကိုယ်တိုင်က ငါတို့ကို လမ်းပေါ်က

တွန်းချပြီး၊ငါတို့ရည်မှန်းချက်ကို အဆုံးသတ်ဖို့ နည်းနည်းပဲလိုတော့တယ်”ဟု ကျွန်တော် တိုးတိုးလေးပြောလိုက်မိသည်

“စခန်းမှာကျန်တဲ့အဖွဲ့ကက ကျွန်တော်တို့အတွက် ဆုတောင်းပေးကြတဲ့အတွက်

သခင်ဘုရားကို ချီးမွမ်းပါတယ်။ သူတို့ ဆုတောင်းပတ္ထနာပြုကြတဲ့အဖြေ ရရှိနေတာ

သေချာတယ်”ဟု ရော်လီက အေးဆေးစွာပြောရာ ကျွန်တော်က ထောက်ခံ ခေါင်းညိတ်

ပြပါသည်။

ကတိတော်ကြောင့် ကျွန်တော့်ကိုယ်ကို အားပေးနေပါသည်။

“ဟုတ်ပါတယ်။ ဒီစွန့်စားခန်းမှာ ငါတို့ နှစ်ယောက်တည်းမဟုတ်တာ ဝမ်းသာ

စရာပဲ ရော်လီ။” ကျွန်တော်တို့ကို ဘေးကင်းရန်ကင်း ပြန်ပို့ပေးမည်ဟု ဘုရားသခင်၏ ကတိတော်ကြောင့် ကျွန်တော့်ကိုယ်ကိုအားပေးနေသည်။

မည် သို့ဖြစ်စေ၊ ဤအဖြစ်အပျက်ကြောင့် နှစ်ယောက်သား တုန်လှုပ်ချောက်ချား

ကြသည်မှာ အမှန်ပင်ဖြစ်သည် ။ ရပ်ဖို့ လုံခြုံသောနေရာ ရောက်ရောက်ချင်း၊ ကားကို

ရပ်၍ ကွယ်ကာတော်မူသည့် အတွက် ယေရှုကို ကျေးဇူးတင်ကြပါသည်။ ယာယာဉ်မောင်းဖို့

အလှည့်ကျတာဝန်ယူကြပြီး ကျန်တစ်ဦးက ဆုတောင်းခြင်းဖြင့် စောင့်ကြပ်ဖို့ သဘောတူ

လိုက်ကြပါသည်။ ဝိညာဉ်‌ရေး တိုက်ခိုက်မှု ဖြစ်သောကြောင့်လည်းကောင်း၊

ကျွန်တော်တို့၏ မိုက်မဲမှုတစ်ခုခုကြောင့်လည်းကောင်း စာတန်၏ဖိစီးမှုအတွက် အခွင့်

လမ်းထပ်မံ၍ မပေးချင်တော့ပါ။

ရော့လီက ပဲ့ထိန်းကိုင် ရန် နေရာယူ၍ ကျွန်တော်က ယဉ်မောင်းသားထိုင်ခုံတွင် ဝင်ထိုင်ပါသည်။ ဤအချိန်မှာပင် ကျွန်တော်တို့အတွက်လေ့လာရေးခရီးစဉ်တွင် ကြားဝင်ဆုတောင်းပေးနေကြသော အဖွဲ့အား ချီးမွမ်းဆုတောင်းခြင်းကို စိတ်ထဲတွင် တိတ်ဆိတ်စွာ ရေရွတ်နေပါသည်။ မည်သည့် အရေးအကြောင်းအတွက် ဆုတောင်းပေးကြရမည်ကို အတိအကျ ညွှန်ကြားတော်မူခြင်းခံရသည်ဟု နောင်တွင် သိရှိရပါသည် ။

အထွက်နောက်ကျခြင်းနှင့် လေးရက်ကန့်သတ်ချက်ကြောင့် မတော် တဆဖြစ်ဖို့

သီသီကလေးလွတ်မြောက်သည့် တိုင်အောင် တစ်ညလုံး ခရီးဆက်ထွက်ရန် ဆုံးဖြတ်

ကြပါသည်။ တစ်ယောက်အိပ်ပြီး တစ်ယောက်ကမောင်းသည် ။ နံနက်လေးနာရီတွင်

ဂရိနိုင်ငံ မြောက်အစွန် နှင့် ဘူလ်ဂေးရီးယား နိုင်ငံတောင်ဘက်စွန်း နယ်စပ်ဖြစ်သော

တောင်ကြားသာယာသော မြေပြန့်ဆီသို့ တောင်ကြားလမ်းမှ ဆင်း၍ စတင်ဝင်ရောက်ကြ

ပါသည်။ အခုဆိုလျှင် နှစ်နိုင်ငံနယ်စပ်မှ မလှမ်းမကမ်းသို့ ရောက်ရှိနေပြီးဖြစ်သည်။

တစ်ညလုံး နယ်စပ်စောင့်ကြပ်သော တာဝန်ကျရဲများသာမရှိလျှင် တောက်လျှောက် ခရီး

ဆက်သွားနိုင်ကြမည်ဖြစ်သည်။ ဂျိုင်းဒေါ ဆင်၏သွန်သင်ချက်အရ အစစအရာရာ၌

ဘုရားသခင်ကို မတွေ့တွေ့အောင်ရှာဖို့ လိုအပ်သည့်အကြောင်းကို ကျွန်တော်သိရှိပြီးဖြစ်

သည်။ သို့ဖြစ်၍ နယ်စပ်ကို ဖြတ်ကျော်ရန် အချိန်အတိအကျကို ကိုယ်တော်အား

တောင်းလျှောက်ဖို့ အရေးကြီးသည့် အကြောင်း စိတ်ထဲတွင်ပေါ်လာသည်။ ထို့ကြောင့် ခရီး

ဆက်သွားမည့် အစား ဗင်ကားကို လမ်းပေါ်မှလယ်ကွင်းထဲသို့ မောင်း၍ သစ်ပင်တစ်

ပင်ဖက်တွင် ရပ်လိုက်ပါသည် ။

မက်လီသည် ရှေ့ထိုင်ခုံပေါ်တွင် အိပ်ပျော်ဆဲ။ သူ့ကို နှောင့်ယှက်မည့် အစား

ကျမ်းစာအုပ်ကိုယူ၍ ကားတံခါးကို အသာကလေးဖွင့်ကာ အသံမမြည် အောင် ကားပေါ်မှ

ဆင်းခဲ့ပါသည်။ ဗင်ကားမှ ခပ်လှမ်းလှမ်းလယ်ကွင်းထဲတွင် ထိုင်၍ နံနက်ဝေလီဝေလင်း

အချိန်တွင် အသံထွက်အောင် စတင်ဆု တောင်းနေပါသည်။ မိုယ်းထိန်ထိန်လင်းဖို့

လိုပါ‌ သေးသည်။

“သခင်ဘုရား၊ ရန်သူ အမည်နှင့် စိတ်ထဲက အနှောင့် အယှက်ဟူသမျှ အပေါ်

အနိုင်ရဖို့ တန်ခိုးအာဏာကို ယူလိုက်ပါပြီ” ဟု အစပြုကာ ကျွန်တော် ဆုတောင်းသည်။

ဘုရားသခင်ထံမှ အသံတော်ကို သေချာစွာကြားဖို့ လိုပါသည်။ ဆက်လက်၍ ကျွန်တော့်

အသက်တာတွင် မဝန်ခံရသေးသော အပြစ်ရှိလျှင် ဖော်ပြပါရန် သန့်ရှင်းသောဝိညာဉ်

တော်အား တောင်းလျှောက်သည်။ စိတ်ထဲတွင် ဘာမျှပေါ်မလာသဖြင့် ကိုယ်တော်

အကျွမ်းမဲ့ အားကိုး သည့် အကြောင်းကို ဆက်လက်၍ ကျေညာပါသည်။ နောက်ဆုံး

မိမိကိုယ်ကို အပြည့်အဝ ပြင်ဆင်ပြီးသည့်အလျောက် အဆုံးအဖြတ်ပေးမည့် မေးခွန်းကို

ကျွန်တော်မေးလေသည်။ “သခင်ဘုရား၊ ကျွန်တော်တို့ကို ဘယ်အချိန် နယ်စပ်ဖြတ်

စေချင်သလဲ “

ကျွန်တော်တို့၏ ရည်မှန်းချက်တစ်ခုလုံးသည် ဤကိစ္စနှင့်ပတ်သက်၍ အ

ထံတော်မှ မှန်ကန်စွာ ကြားနာမှုအပေါ်တွင်မူတည်၍ အောင်မြင်မှု သို့တည်းမဟုတ်

ဆုံးရှုံးနိုင်သည်။ နယ်စပ်ဖြတ်ကျော်ရာတွင် ဘုရားသခင် ချိန်ကိုက်ပေးသောအချိန်နှင့်

လွဲမှားမိပါက တာဝန်ကျသော နယ်စောင့် ရဲသည် ကျွန်တော်သယ်ဆောင်လာသည့်

တန်ဘိုးရှိသောပစ္စည်းများကို သိမ်းဆည်းနိုင်သည်။ သို့မဟုတ် အဝင်မခံဘဲ ကျွန်တော့်

တို့ကို နောက်ပြန်လှည့်စေနိုင်သည်။ ပို၍ဆိုးနိုင်သော အကြောင်းတစ်ခုမှာ ကျွန်တော်တို့

အသုံးပြုသော ဗင်ကားဟောင်းကြီးကို ကျမ်းစာအုပ်များနှင့် အတူ အသိမ်းခံနိုင်သည်။

အသိမ်းခံလျှင် ရော်လီနှင့် ကျွန်တော်တွင် ပြန်ရွေးနိုင်မည့် အခြေအနေ မရှိကြပါ။ မော်

တော်ယာဉ်ပြန်ရွေးဖို့ နေနေသာသာ စားစရိတ်ပင် မလုံလောက်ပါ။ အမှန်တစ်ကယ်

အကျပ်ရိုက်သောအချိန် ဖြစ်နေသည်။

နောင်အခါတွင် ကျွန်တော်သိရှိလာသော အကြောင်းတစ်ရပ်မှာ ဤအချိန်

တွင် ကျွန်တော်တို့ နှင့်မိုင်ပေါင်း(၁၀၀)ကျော် ကွာဝေးသော အေသင်မြို့ လေ့လာရေး

အဖွဲ့ စခန်းတွင် ဘုရားသခင်သည် ဆရာကြီးလိုရင့်၏ပုခုံးကို ပုတ်၍ အိပ်ပျော်ရာမှနိုးက

ဆုတောင်းစေတော်မူသည်။ အလှည့်ကျ အသံမစဲဆုတောင်းကြသော ကျောင်းသူ/ကျောင်းသားတို့

လည်း ကျွန်တော်တို့ နယ်စပ်ကူးရာတွင် မလောဘဲ သခင်ဘုရား အချိန်ကိုက်ပေးခြင်းကို

စောင့်ဆိုင်းရန် ဗျာဒိတ်ရကြသည်ဟု သိရှိရပါသည်။

“နယ်စပ်ကိုဖြတ်ကျော်ဖို့ အချိန် အတိအကျကို ဖော်ပြတော်မူပါ၊ သခင်ဘုရား

ဟု ကျွန်တော် ထပ်မံ‌ တောင်းလျှောက်ပါသည်။ ကိုယ်တော်၏အဖြေကို မျှော်လင့်ကြီး

စောင့်နေပါသည်။ ကြာကြာစောင့်ဖို့မလိုပါ။ ကျွန်တော့်စိတ်ထဲတွင် ခြောက်နာရီထိုး

ချိန်ဟု ပေါ်လာသည်။ ကျမ်းစာအုပ်ကိုဖွင့်၍ ယေရှုသေဆုံးခြင်းအကြောင်းကို ရေးသား

ရှင်မာကုခရစ်ဝင်အခန်း(၁၅)ကို ရှာကြည့်လိုက်ပါသည်။ အပိုဒ်(၃၃)တွင်

ကျမ်းစာတွင် ခြောက်ချက်တီးချိန် (in the sixth hour)ဟုရေးသားထားပါသည်။

တွေ့ပါပြီ။ ခြောက်ချက်တီးချိန်(ဤတွင် စာဖတ်သူများ သတိပြုရန်အချက်မှာ အင်္ဂလိပ်

ခေတ် မြန်မာစံတော်ချိန် နှင့် နှိုင်းယှဉ်ကြည့်သည့်အခါ ညနေသုံးနာရီနှင့် အချိန်ကိုက်ဖြစ်နေသဖြင့်

ဖြစ်နေသဖြင့် ဆရာကြီးယုဒသန်မှ သုံးချက်တီးအချိန်ဟု ဘာသာပြန်ပေးခြင်းဖြစ်ပါ

သည် ။ ဘာသာပြန်သူ)။ နံနက်ခြောက်နာရီတိတိတွင် နယ်စပ်ကို ဖြတ်ကျော်ရမည်ဟု

ခြောက်နာရီထိုးဖို့ တစ်နာရီလိုသေးသည်။

ဤကျမ်းပိုဒ်အားဖြင့် ဘုရားသခင်ဖော်ပြတော်မူကြောင်း ကောက်ယူလိုက်ပါသည်။

ဗင်ကားဆီသို့ပြန်၍ ရော်လီကိုနိုးကာ ကျွန်တော့်ဗျာဒိတ်ကို ဝေငှသည် ။ ယခု

အချိန်တွင် ကျွန်တော်တို့ ကျောခိုင်းခဲ့ သော တောင်တန်းကြီးပေါ်တွင် အာရုဏ်ဦး

ရောင်ခြည် ဖြာထွက်လာသည်။ ကျွန်တော်တို့ ဗင်ကားထဲတွင် ထိုင်နေကြသည်။ တစ်ည

လုံး ခရီးထွက်လာရာ စားသောက်ဖို့အချိန် မရရှိသဖြင့် အခုမှ ဗိုက်ဆာမှန်းသိကြသည်။

ခရီးသွားရင်း သွားရေစာအနည်းငယ်မျှသာ စားကြသည်။ ဗင်ကားထဲတွင် ရိက္ခာအပြည့်

ပါသော်လည်း စိတ်ပူပန်လွန်းသောကြောင့် စားသောက်ဖို့ပင် စိတ်မကူးမိကြပါ။ နှစ်

ယောက်စလုံး ပင်ပန်းလွန်း၍ ပျော့ခွေနေကြသည်။ တစ်ယောက်တစ်လှည့် ကားမောင်း

၍ တစ်လှည့်စီ အိပ်ကြရသည်။ တစ်မိုင်နှစ်မိုင်လောက် ဆက်သွားလျှင် နယ်စပ်ကို

ဖြတ်ကျော်ပြီး ကိစ္စအားလုံးကို အမြန်ပြီးစီးနိုင်သဖြင့် ကားစက်ကိုနိုးရန် လက်ယား

နေပါသည်။ ဘုရားသခင်ကို မလွန်ဆန်ဝံ့ကြောင်း ကျွန်တော် သိရှိပါသည်။ ဖြတ်ကျော်ရ

မည့်အချိန် ခြောက်နာရီဟု ကိုယ်တော်သတ် မှတ်ထားပြီး ဖြစ်တော်မူရာ၊ ကိုယ်တော်၏

အချိန်ကိုက်ခြင်း အကြောင်းပြချက် ကျွန်တော်နားမလည်သည့်တိုင် ခြောက်နာရီ မထိုး

မခြင်း ရှေ့မတိုးရဘူးဟု ကျွန်တော် သိရှိနားလည်ထားပါသည်။

နောက်ဆုံးတစ်နာရီ စောင့်ဆိုင်းနေရသောအချိန်သည် အလွန်ကြာသည်ဟု

ထင်ရပါသည်။ စောင့်ဆိုင်းနေရသည်ကို ဘယ်သောအခါမှ လွယ်သည်ဟု သဘော

မထားခဲ့ဘူးပါ။

ကျွန်တော်သည် လုပ်စရာရှိလျှင် ချက်ခြင်းလုပ်ဆောင်တတ်သောသူ

ဖြစ်သည်။ အလုပ်မရှိဘဲ အချိန်ဖြုန်း၍ အလကား ထိုင်နေရသည်မှာ အသက်တာ၏

အခက်ခဲဆုံးသော အရာတစ်ခုဖြစ်ပါသည် ။ တိတ်ဆိတ်ခြင်း၏ဝန်ကို ထမ်းရခက်သလို

ဖြစ်နေသည်။ သည်းမခံနိုင်လောက်အောင် ဖြစ်နေသည်။ ဆုတောင်းရာတွင်ပင် အာရုံ

မစိုက်နိုင်ကြပါ။ နယ်စပ်တွင် ဘာများဖြစ်ကြမည်လဲဟု စိတ်အိုက်နေကြသည်။

နှစ်ယောက်သား စကားပင်မပြောနိုင်ကြပါ။

တဖြည်းဖြည်းနှင့်တော့ အချိန်ကုန်လာသည် ။ နာရီကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ

ကြည့်မိမှန်း မရေတွက်နိုင်တော့ပါ။ အခုကြည့်လိုက်တော့ ၅း၅၅ မိနစ် ဖြစ်နေသည်။

စိတ်သက်သာလာ၍ သက်ပြင်းချမိပါသည်။ နောက်ဆုံးတွင် ထွက်ဖို့ အချိန် ကျရောက်

လာပြီ။ ဗင်ကားထဲတွင် ပြန့်ကြဲနေသော အိပ်ရာလိပ်၊ လက်ဆွဲအိတ်၊ အထုတ်အပိုး

စသည်တို့ကို နောက်ဆုံး မျက်လုံးကစား၍ ကြည့်လိုက်ပါသည်။ ကားထဲတွင် ရှုတ်ထွေး

နေသည်။ ကားသော့ကို ကိုင်၍ စက်ကိုနိုးလိုက်ပါသည်။ မောပန်းသော မော်တော်

အင်ဂျင်လည်း ချောင်းတစ်ဟွတ်ဟွတ်ဆိုးကာ နိုးလာသည်။ ၎င်းအချိန်မှ ရော်လီနှင့်

ကျွန်တော်တို့ နိုင်ငံကူးလက်မှတ်များကို လက်ဆွဲအိတ်ထဲမှ ဆွဲထုတ်၍ အသင့်ကိုင်

ဆောင်ထားပါသည်။ အီတလီ၊ ယူဂိုစလားဗီးယား၊ ဣသရေလ၊ တူရကီ၊ ဂရိစ

နိုင်ငံများကို ခေါက်တုံ့ခေါက်ပြန် လေ့လာရေး ခရီးထွက်ရာတွင် အဝင်အထွက် တံဆုံး

တုံးများစွာ ရိုက်ထားသည့်အပြင် စခန်းချ ကမ္ဘာလှည့်ခရီးသည်များကဲ့သို့ မုတ်ဆိတ်

ရှည်နေသောအဖြစ်က ဟန်ဆောင်မှုကို အထောက်အကူပြုလေသည်။

အသက်ခပ်ပြင်းပြင်းရှုကာ၊ ကားအရှိန်ကိုတိုး၍ ရပ်ထားသော လယ်ကွင်းထဲ

လမ်းမပေါ်သို့ ပြန်တက်သည်။ နောက်ဆုံးတွင် ထင်မြင်ယူဆချိန် တစ်ကယ်ရောက်လာ

သည်။ ရော်လီကို မျက်စောင်းထိုးကြည့်သည်။ စိတ်မပူသလို ကားတံခါးပေါက်မှ အပြင်

ဘက်သို့ ကြည့်နေသည်။ နယ်စပ်မှာ ဘာဖြစ်မည်ဆိုသည်ကို သူတစ်ကယ် သဘော

ပေါက်ရဲ့လား၊ အဖမ်းခံရလျှင် မည်သည့်အကျိုးဆက်များကို ရင်ဆိုင်ရမည် ဆိုသည်က

တော့ နားလည်သဘောပေါက်ရဲ့လား။

ကြောက်စိတ်နှင့် စိုးရိမ်စိတ်ရောစပ်၍ နှလုံးခုန်လာသည်။ ညီအစ်ကိုကြီး

အင်ဒရူး၏ ပတ္တနာကို အသက်ရှုအောင့်မတတ်အောင် စိတ်ထဲတွင် ရေရွတ်၍ နယ်စပ်တွင်

ဗင်ကားကို မောင်းနှင်ပါတော့သည်။

 “နယ်စပ်အ‌ စောင့်များ၏မျက်စိကို ဘုရားသခင်ကန်းပါ”ဘုရားသခင်ကို အာရုံစိုက်နိုင်သလောက်စိုက်၍ ကွယ်ကာစောင့်ရှောက်တော်မူရန် ကတိတော်များနှင့် အစစအရာရာ ကိုယ်တော်၏လက်ထဲတွင် ရှိတော်မူသည့်အကြောင်း စိတ်ချစေခြင်းတို့ကို အဖန်တလဲလဲ သတိရနေပါသည်။ ပျဉ်ထောင်ကလေးတစ်ခုနှင့် လမ်းနှစ်ဘက်တွင် မြင်းကျားသဖွယ် ဆေးသုတ်ထားသော တိုင်ကို လှမ်းမြင်သည်။ ကားအရှိန်ကိုလျှော့လိုက်သည်။ နာရီကို မျက်စောင်းထိုး

ကြည့်ရာ ခြောက်နာရီတိတိထိုး နေသည်။ ယခုဆိုလျှင် လိမ္မော်ရောင်နေရောင်ခြည် သည်

အထက်အာကာတွင် ဖြာထွက်နေပေပြီ။

အကောက်ခွန်ရုံးအဖြစ် အသုံးပြုသော ပျဉ်ထောင်နားတွင်ကပ်၍ ဗင်ကားက

ရပ်လိုက်ပါသည်။ နံနက်စောစောအချိန် ဖြစ်သဖြင့် ကျွန်တော်တို့၏ ဗင်ကားစုပ်ကြီး

မှလွဲ၍ အခြားမော်တော်ယာဉ်မတွေ့ရပါ။ တဲထဲမှ အုန်းခွံရောင်ဝတ်စုံ နှင့် နယ်စပ်စောင့်

တစ်ယောက်တည်း ပေါ်ထွက်လာသည်။ ဦးထုပ်ဆောင်းသော သူ့ခေါင်းကို တွဲပြတင်း

ပေါက်မှပြူးထွက်၍ အင်္ဂလိပ်သံဝဲဝဲကြီးနှင့် “ထွက်လာခဲ့” ဟု ပြောလေသည်။ သူ့အာဏာ

ကို ပြသောအနေဖြင့် သူ့ခါးတွင် ချိတ်ထားသော သေနတ်ကို ပုတ်ပြလေသည်။ သူ့စကား

ကို ကျွန်တော်တို့ မနာခံဘူးဟု ထင်နေဟန်ရှိသည်။

ရော်လီက ကျွန်တော့်နိုင်ငံကူးလက်မှတ်ကို လှမ်းပေးသည်။ထင်နေဟန်ရှိ

အဆောက်အဦးထဲသို့ သွားသော ကွန်ဂရစ်လမ်းအတိုင်း ထိုအစောင့်၏နောက်ကို

စိတ်နှလုံးနူးညံ့စွာဖြင့် လိုက်သွားကြသည်။ ထိုနေရာတွင် အရာရှိများ၏အကူအညီဖြင့်

လိုအပ်သော စာရွက်စာတမ်းများကို အပြီးသတ်ပြုလုပ်ပြီး ပါလာသမျှ ဂရိငွေများကို

ဒေသန္တရသုံးငွေဖြင့် လှယ်ကြသည်။ တစ်ချိန်လုံး ပထမအစောင့်သည် ကျွန်တော်တို့

၏နောက်တွင် ရပ်ကြည့်နေသည်။ စကားတစ်ခွန်းမျှမပြောဘဲ စောင့်နေသည်။ ကိစ္စ

အားလုံးပြီးသည့်နောက် သူသည် နောက်ကိုလှည့်၍ ဗင်ကားကို လက်ညှိုးထိုးပြကာ

ကျယ်လောင်စွာပြောသည်။ ယခု ဗင်ကားနှင့် အခြားပါလာတဲ့ ပစ္စည်းများစစ်ဆေးမည်။

စာရွက်စာတမ်းများကို စစ်ဆေးရာတွင် အာရုံစိုက်နေစဉ် အနည်းငယ် လျော့

လာသော ကျွန်တော့် အာရုံကြောများ တင်းလာပြန်သည်။ အမှုမဲ့အမှတ်မဲ့ ဟန်ဆောင်၍

၎င်းအစောင့် ကို တတ်နိုင်သမျှ ပြုံးပြပါသည်။ ဤလူများသည် ဘာမဆို မလွဲမချော်

စုံစမ်းထောက်လှမ်းတတ်ရန် လေ့ကျင့်ထားသောသူများ ဖြစ်ကြသည်။ စာရွက်စာတမ်း

များကို စစ်ဆေးရာတွင် စိတ်မဝင်စားဟန် ပြနေသော်လည်း ဤအစောင့်သည် ရော်လီနှင့်

ကျွန်တော့်ကို သိန်းငှက်ကဲ့သို့ စောင့်ကြည့်နေကာ ကျွန်တော်တို့ တင်ပြသည့်အတိုင်း

နိုင်ငံတကာခြေဆန့်ခဲ့ သော စခန်းချကမ္ဘာလှည့်ခရီးသွားသောသူများ တစ်ကယ်ဟုတ်

မဟုတ် အကဲခတ်နေသည်။

ပစ္စည်းပစ္စယများ တင်ဆောင်ထားသော ဗင်ကားဘက်သို့ ဦးတည်သည့်

သူ့နောက်ကို ကျွန်တော်လိုက်သွားသည်။ ရော်လီသည် နောက်က လိုက်လာသော ဗင်

ကားထဲက ယူလာသည့် အင်္ဂလိပ်သတင်းစာကို လက်မောင်းအောက်တွင် ညှပ်ထားရာမှ

ဆွဲထုတ်သည်။ အကောက်ခွန်တဲ၏လှေကားအောက်ဆုံးထပ်တွင် ထိုင်၍ သူ့မျက်မှန်

အနေအထားကို ပြင်ကာ သတင်းစာဖတ်နေသည်။ သဘောတူ ညှိနှိုင်းထားခဲ့သော

ဟန်ဆောင်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။ ဤနိုင်ငံကိုဝင်ရသည့် အကြံအစည်

အစစ်အမှန်ကို အကဲခတ်သိရှိဖို့ အစောင့်၏အာရုံကို တစ်မျိုးတစ်မည် လွဲချော်စေရန်

စီစဉ်ခြင်းဖြစ်သည်။ ရော်လီသည် ပူလာသောနေရောင်ထဲတွင် ဇိမ်ခံ၍ အင်္ဂလိပ် သတင်း

စာကို အလေးမမူ ဂရုမစိုက်ဘဲ ဖတ်နေဟန်ပြုသည်ကို လှမ်းမြင်သောအခါ ကျွန်တော်

သဘောကျ၍ ပြုံးနေမိသည်။ အခြေအနေ တင်းမာသောအချိန်မဟုတ်လျှင် ကျွန်တော်

ရယ်မိမည်မှာ သေချာသည်။ ကျွန်တော်ကဲ့သို့ပင် ရော်လီ၏ဇာတိစကားမှာ ဆွီဂျာမန်

စကားဖြစ်၍ အင်္ဂလိပ်စာ တစ်လုံးတစ်လေမျှ မဖတ်တတ်ပါ။

ကျွန်တော့်အနေဖြင့်၊ အပြစ်မဲ့ ဖော်၍ ပူးပေါင်းကူညီတတ်သော ကမ္ဘာလှည့်

ခရီးသည်၏ အခန်းကဏ္ဍကို လုပ်ပြနေပါသည်။ ဝှက်စရာ ဘာမျှမရှိသည့်အကြောင်းကို

ပြရန် တမင်တကာ ထွင်သောလုပ်ရပ်အနေဖြင့် အစောင့်များ သိမြင်နိုင်ရန် ဗင်ကား

နှစ်ဘက်နှင့်နောက်တံခါးများကို ဖွင့်ပြလိုက်သည်။ ကားထဲတွင် ရှုပ်ပွနေသော ပစ္စည်းများကြည့်ကာ သူက “ဟယ် “ဟု ဆိုသည်။ ပြတင်းပေါက်ဘေးမှ အင်္ကျီတစ်ထည်တွဲ‌ လောင်းရှိနေသည်။ ကားတာယာနှင့်လေမွေ့ရာများ ၊ အိပ်ရာလိပ်များ၊ ကျမ်းစာအုပ်နှင့် ပြည့်

သာ လက်စွဲအိတ်များအပါအဝင် ကားထဲတွင် ရှုပ်ပွနေသည်။ “ခရီးသွားဖို့ သဘောကျ

တဲ့လူတွေဘဲ” ဟု မပြုံးမရွင် မှတ်ချက်ချလေသည်။

“ဟုတ်ကဲ့ပါ၊ ဒီလိုပဲ ခရီးသွားနေကြတာကြာပါပြီ”ဟု ကျွန်တော်လည်း

စိတ်ပူပန်ခြင်းမရှိသော လေသံဖြင့် တုံ့ပြန်လိုက်ပါသည်။

သို့သော် ကျွန်တော် ဖော်ရွေ၍ စကားရွှင်ပြလင့်ကစား၊ ကျွန်တော်တို့ ဗင်ကား

‘ ရှာဖွေဖို့ ဤနယ်စပ်စောင့်အရာရှိ၏ မူလတာဝန်မှ လွယ်လွယ်လေးနှင့် အာရုံလွဲမည့်ပုံ

မရကြောင်း ထင်ရှားလာသည်။ ကျွန်တော့်လမ်းညွှန်မှုကို စမ်းကြည့်သည်။ ခြောက်နာရီ

မှ နယ်စပ်ဖြတ်ကျော်ဖို့အကြောင်းကို ဘုရားသခင်အထံတော်မှ အကယ်စင်စစ် ကြားနာ

ခြင်း ဟုတ်ရဲ့လား။ လေ့ကျင့်မှုရပြီးသား မျက်လုံးအစုံဖြင့် မော်တော်ယာဉ်၏ အတွင်းပိုင်း

ကို ချိန်ဆနေကြသည်။ ကားဘေးနှစ်ဘက်ကို နီးကပ်စွာစစ်ဆေးသည်။ သို့

အတွင်းသားနှစ်ထပ်မဟုတ်သောကြောင့် တရားမဝင် ပစ္စည်းဝှက်ထားရန် မဖြစ်နိုင်ဟု

လျင်လျင်မြန်မြန် တွက်ဆပုံရသည်။ ကားကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသော အိပ်ရာ

လိပ်၊ မိုယ်ကာတဲများကို ခဏစိုက်ကြည့်လေသည်။ ကျွန်တော်နှလုံး ရပ်တော့မလို

ဖြစ်လာသည်။ စခန်းချ ပစ္စည်းပစ္စယများကို ဖယ်ခိုင်းမည်လား။ လက်ဆွဲအိတ်များကို

ဖွင့်ပြခိုင်းပြီး အထဲက တားမြစ်ပစ္စည်းများကို တွေ့တော့မည်လား။ သူ ၏ အုန်းခွံရောင်

ဦးထုပ်ကို အသာကလေးနောက်ဘက်သို့ တွန်း၍ သူ့ခေါင်းကို ကုတ်နေသည်။ မသင်္ကာ

သလိုဖြစ်နေသော်လည်း ဘာမှန်းအတိအကျမသိ။ သူ့နောက်တွင် ကျွန်တော် မတ်တတ် ရပ်နေကာ ဘာမှမပြောဆိုသော်လည်း အသက်မရှုရဲအောင်ဖြစ်နေသည်။

ဧကန္တ ဤအစောင့်သည် ကျွန်တော်တို့ဘက်တွင် ပါဝင်မည်ဟု ဘုရားသခင် ဆိုလိုတော်မူသောသူမဖြစ်နိုင်သည်။ကျွန်တော် နားကြားလွဲခြင်း ဖြစ်နိုင်သည်။

ရုတ်တရက်၊ ပြုံးနေကျဟုတ်ဟန်မရှိသောအပြုံးသည် သူ့မျက်နှာတွင် ပေါ်လာကာ

ခရီးထွက်ခါနီး တဒင်္ဂလေးတွင် အကျိုးသက်ရောက်မှုတစ်ခု ရှိကောင်းရှိငြား ကားပေါ်သို့ ပစ်တင်ပေးလိုက်သော သံချေးတက်သည့်မီးပူကို လက်ညှိုးထိုးပြလေသည်။

“ဟိုပစ္စည်းကို တစ်ကယ်အသုံးတည့်လို့လား”ဟု သူက မယုံတယ့်မေးလေသည်။ “မသိပါ

ဘူး။ ဂရိကမ်းမှာတွေ့လို့ ကောက်လာခဲ့တာ။ အသုံးတည့်စရာများ ပေါ်လာမလားလို့

ပါ”ဟု ကျွန်တော် ပြန်ဖြေသည်။သူနောက်ပြန်လှည့်သည်။ ပြောင်ချော်ချော်မျက်နှာထားပြောင်ချော်

မျက်နှာထားဖြင့် ဘူလ်‌ဂေးရီးယားနိုင်ငံသို့ ဝင် ခွင့်ပြုသည်။ တံဆိပ်တုံးများ

ရိုက်ထားသော ကျွန်တော်တို့၏ နိုင်ငံကူး လက်မှတ်များကို ပြန်ကမ်းပေးလေသည်။

အမှတ်တမဲ့ သူ့သတင်းစာများကို ပြန်ခေါက်၍ ဗင်ကားဘက်သို့ လျှောက်လာသည်။

ယာဉ်မောင်းခုံတွင် ကျွန်တော်တက်၍ ပြန်ထိုင်မည်အပြုတွင် ရော်လီသည်

သူသည် စစ်ဆေးနေစဉ် စိတ်ဝင်စားဟန် မပြုနေသော်ငြားလည်း ကျွန်တော့် ဘေးထိုင်ခုံ

တွင် လာထိုင်သောအခါ သူ့လက်များ တုန်တုန်ရီရီဖြစ်နေသည်ကို ကျွန်တော် ရိပ်မိပါ

သည်။

ကျွန်တော်ကဲ့သို့ပင် သူလည်း စိတ်ချောက်ချားနေသည်။ အင်္ကျီကော်လံနှင့် လက်

မောင်းတို့တွင် နီရဲသော ကွန်မြူနစ်အမှတ်တံဆိပ်များ ပေါ်လွင်သည့် အုန်းခွံ ရောင်

တူညီဝတ်စုံ ဝတ်ဆင်ထားသော အစောင့် သည် နောက်ပြန်ဆုတ်၍ ခရီးဆက်ထွက်နိုင်

ကြောင်း အချက်ပြလေသည် ။

“ဟုတ်ပြီဟဲ့၊ ရုဒီ၊ မြန်မြန်သွားကြရအောင်” ဟု ရော်လီက အသက်ရှု၍ မဝသည့်

လေသံဖြင့် ပြောလေသည်။

ကားစက်နိုးပြီး ဂီယာထိုးကာ၊ လီဗာနင်းပြီးထွက်ခွာရန် အသင့်ပြင်ဆင်နေပါသည်။

အစောင့်သည်လည်း အပြုံးမျက်နှာဖြင့် ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ ကိုယ်

ချမ်းသာ သွားကြပေတော့” ဟု နှုတ်ဆက်လေသည်။ ဗင်ကားသည် ရှေ့သို့ ခုန်ထွက်

သည်။ အချိန်အနည်းငယ်အတွင်း နယ်စပ်တဲသည် ကျွန်တော်တို့ နောက်တွင် အစက်

ကလေးမျှအဖြစ် ကျန်လေတော့သည်။ မည်သည့်အရာရှိများ မမြင်နိုင်တော့သည့် အကွာ

အဝေးသို့ ရောက်သောအခါ ဗင်ကားကို ရပ်လိုက်သည်။ လွန်ခဲ့သော နှစ်ရက်ကတည်းက

စတင်လာခဲ့သော ကိုယ်စိတ်နှစ်ပါး တင်းမာမှုကို နှစ်ယောက်သား ဆွဲဖြဲလိုက်ကြသည်။

ကားပေါ်မှဆင်း၍ တစ်ယောက်နှင့်တစ်ယောက် ဝမ်းသာအားရဖက်ကြပြီး ဤအထိ

ပို့ဆောင်တော်မူခြင်းအတွက် သော်လည်းကောင်း၊ အစောင့်များ၏မျက်စိများကို ပိတ်ပေး

တော်မူသည့်အတွက် သော်လည်းကောင်း ယူဆောင်လာသောပစ္စည်းများကို သိမြင်အောင်

မစုံစမ်းမထောက်လှမ်းနိုင်သည့် အတွက်သော်လည်းကောင်း ဘုရားသခင်ကို အသံကျယ်

လောင်စွာဖြင့် ကျေးဇူးတော်ကို ချီးမွမ်းကြသည်။ ဗင်ကားပေါ်သို့ ပြန်တက်ကြသည့်

အခါတွင်မူ ခေါင်းခဲရပြန်သည်။

ကျွန်တော်တို့ သယ်ဆောင်လာသောပစ္စည်းကို မည်သူ့ ၊လက်ထဲ ဘေးကင်းစွာ လက်လွဲ ရမည်ကို အတိအကျ မသိရှိရသေးပါ။ လိုင်ဇာမြို့တွင်မသိရသော သင်းအုပ်ဆရာအုတ်စ်ကပ်၏ဆိုသူ၏ လိပ်စာတစ်ခုတည်းသာရှိနေသည်။

သူ့အကြောင်းကို အစုံအလင် မသိရှိသေးသည့်တိုင်အောင် သူ့ကို ကျွန်တော်တို့

ဦးတည်ရာဖြစ်နေသည်။ ဆက်သွားဖို့ ဘာမျှမသိရှိရသော်လည်း လုပ်ရမည့်တာဝန်

ရှိနေပြီ။

၇။ဘူလ်ဂေးရီးယားတွင် ရဲဝံ့စွာ စွန့်စားခြင်း

သင်းအုပ်ဆရာအွတ်စ်ကပ်ဇော်၏ နာမည်ကို သီးခြားစာရွက်ပေါ်တွင်ရေး၍ ကျွန်တော့်ငွေအိတ်ထဲတွင် ဘေးကင်းအောင် ဝှက်ထားမိရန် ကြိုတင်သတိပြုခဲ့ပါသည်။

သူနေထိုင်သည်ဟုဆိုသော လမ်းနာမည်ရေးထားသည့်စာရွက်လေးကို လက်ထဲတွင်

ကိုင်ထားပါသည်။ အမည်ဝှက်ဖြင့် ရေးသားထားခြင်းဖြစ်၍ ကျွန်တော်တို့မဖတ်တတ်ပါ

မြေပုံမရှိ၊ ဘယ်လိုရှာရမှန်းမသိပါ။ ဆိုဖီယာမြို့ထဲတွင်ရှိသည် ဆိုရုံလောက်ပဲ သိရှိကြပါ

သည်။

အခြားနည်းလမ်းမရှိသောကြောင့် ဆိုဖီယာမြို့တော်ကိုသာ ဦးတည်ကြသည်။

ဘူလ်ဂေးရီးယား၏ စိမ်းလန်းသော တောတောင်ကို ငါးနာရီမျှဖြတ်မောင်းပြီးမှ မြို့တော်

သို့ ရောက်သွားမည်ဖြစ်သည်။ ရော်လီသည် ကြမ်းတမ်းသော ကျောက်ခင်းလမ်းပေါ်

တွင် သတိဝိရိယဖြင့် စတီယာရင်ကိုကိုင်နေစဉ် မရေရာသောခရီးစဉ်ကို မေ့ကောင်း

မေ့ငြား လမ်းဘေးမြင်ကွင်းကို ရှုစားနေသည်။ နယ်စပ်ဖြတ်ကျော်ခြင်း ပြဿနာကို

ဖြေရှင်းနိုင်ခဲ့သော်လည်း အဓိက ကြုံတွေ့ရမည့် အန္တရာယ်များကို ကျော်နိုင်ဖို့ အဝေးကြီး

ကျန်သေးသည်။ အချိန်မရွေး လျှို့ဝှက်ထောက်လှမ်းနေသောရဲများ လာဖမ်းနိုင်ပါ သည်။

နံနက်စောစောအချိန်တွင် လယ်သမားများသည် လယ်ထဲ၌ အလုပ်ကြိုးစား လုပ်ကိုင်နေကြပေပြီ။စပါးများကို ရိတ်သိမ်းနေကြသည်ကို သတိပြုမိပါသည်။

အဆံနှင့်ပြည့်ဝသော စပါးနှံများကို တံစဉ်ဖြင့် ရိတ်သိမ်းကြသော လယ်သမားများကို

ကျွန်တော် ကိုယ်ချင်းစာမိပါသည်။ ဘုရားသခင်၊ သူတို့ ကို ကွန်မြူနစ်ဝါဒ

အနှောင်အဖွဲ့မှလွှတ်မြောက်ကြပါစေဟုဆုတောင်းမိသည်။

စွန့်စားကြလင့်ကစား ဘုရားသခင်ကိုနာခံ၍ ဘူလ်ဂေးရီးယားသို့ သွားဖြစ်အောင် စိတ်ထက်သန်

မိသည်မှာ ဝမ်းသာစရာကောင်းပါသည် ။ ကိုယ်ကာယအစာများကို လောလောဆယ်သယ်မလာနိုင်သေးသည့်တိုင်အောင် ဝိညာဉ်ခွန်အား တိုးတက်စေဖို့ အတော်အတန်

ပါလာပါသည်။ ကျွန်တော်တို့ ရည်မှန်းချက် အရေးကြီးပုံကို စဉ်းစားမိသောအခါ တစ်ဖန်

အားတက်လာလေသည်။ ကျွန် တော်တို့ ယူ ဆောင်လာသောမုန့်ကို ဘေးကင်းစွာ

ပေးကမ်းဖို့ ကူညီမစတော်မူပါယေရှု။

အတည်တကျ တစ်နေရာတွင် နေထိုင်ခြင်းမပြုဘဲ လှည့်လည်လုပ်ကိုင် စား

သောက်နေကြသော ဂျစ်ပစီ(Gypsy)များ၏မြင်းလှည်းများနှင့် မကြာခဏ ဆုံကြပါ

သည်။ လှည်းအုပ်စုဖြင့် သွားလာသော ဂျစ်ပစီအိမ်ထောင်စုများ၊ ရောင်စုံရိုးရာဝတ်စုံများ

ကိုယ်စီဝတ်ထားသော အဖွားအိုမှရင်ခွင်ပိုက်ကလေးငယ်အထိ တွေ့ရသည်။ သူတို့

မြင်းလှည်းပေါ်တွင် ချိတ်ဆွဲထားသော ခေါင်းလောင်းများမှ သာယာသောအသံများ ထွက်

လာသည်။ ဘေးအန္တရာယ်ကာလ အချိန်မဟုတ်ဘဲ သာမာန်အချိန်သာဆိုလျှင် ဤကဲ့သို့

သော လှပသည့် မြင်ကွင်း၌ ပီတိဖြစ်နေမိမည်မှာ သေချာပါသည်။ သို့ သော် ဤပထဝီ

မြေပေါ်၌ ယခုကျရောက်နေသော ဝိညာဉ်ရေးရာ ဖိနှိပ်မှုကို စိတ်စွဲမိကာ လှပသော

မြင်ကွင်း၌ ဇိမ်ခံရန် မဖြစ်နိုင်ပါ။ ဤနိုင်ငံသည် ခရစ်ယာန်များသာမဟုတ်ဘဲ ပြည်သူ

တစ်ရပ်လုံးအတွက် ညှဉ်းပန်းနှိပ်စက်ခြင်း စိုးမိုးသောနိုင်ငံဖြစ်သည်။ ကွန်မြူနစ်ဝါဒီများ

သည် လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ပြောဆိုခွင့်၊ရေးသားခွင့် ရှိသည်ဟု ဆိုသော်ငြားလည်း

ကျွန်တော်တို့ အနောက်နိုင်ငံများတွင် သိရှိသော လွတ်လပ်မှုမျိုးမဟုတ်ပါ။

ကားတံခါးမှ ကြည့်ရင်း ကျွန်တော့်စိတ်နှလုံးထဲတွင် ဖြတ်သန်းနေသော

ကျေးလက်နေ လူထုအပေါ် မတရားဖိနှိပ်မှုများအတွက် ဒေါသထွက်တာကတစ်မျိုး၊

နယ်စပ်တွင် ဘုရားသခင် ကွယ်ကာမှုအတွက် စိတ်တက်ကြွမှုကတစ်ဖုံ၊ ရှေ့ဆက်လုပ်

ဆောင်ဖို့ ရန် ပူပန်မှုစသည်အားဖြင့် အမျိုးမျိုးဖြစ်ပေါ်လာသည်။ လမ်းပြမြေပုံမရှိ။

ရော်လီနှင့်ကျွန်တော်တို့ နှစ်ယောက်သား ဒေသန္တရစကားကိုလည်းမတတ်၊ အဆက်

အသွယ် တစ်ခုတလေဖြစ်သော သင်းအုပ်ဆရာအွတ်စ်ကပ်ဇော်ဆိုသူ ၏လိပ်စာကို

ဘယ်ပုံဘယ်နည်းဖြင့် ရှာဖွေမှန်းမသိကြပါ။ တဖြည်းဖြည်းနှင့် တောတောင် ဒေသသည်

မြေပြန့်ဖြစ်လာကာ ဆိုဖီယာမြို့ဝင်ခါနီးတွင် ကားလမ်းကျောက်တုံးများ မညီမညာ

ခင်းထားသောကြောင့် မော်တော်ယာဉ်မောင်းနှင်ရန် ပို၍ခက်ခဲပါသည်။

လမ်းဘေး ပတ်ဝန်းကျင်တွင် နှစ်ပေါင်း(၂၀)နှင့်(၃၀) ခန့်အိုသည့် သံချေးတက်

မော်တော်ယာဉ် ကားဟောင်းကြီးများကို မြင်ရသည်။ လူနာတင်ကား အမြောက်အမြားကို

မြင်ရသည့်အတွက်လည်း အံ့သြမိကြပါသည်။ ဆိုဖီယာမြို့ဟာ မတော်တဆဖြစ်ပွားမှု

တော်တော်များဖြစ်ပုံရသည်ဟု စိတ်ထဲတွင် မှတ်ချက်ချရင်း ကိုယ့်ဟာကိုယ်လည်း သတိ

ထားပြီး မောင်းနှင်ရပါသည်။

ဤလူနာတင်ကားများမှာ လျှို့ဝှက်ရဲများကို ဖုံးကွယ်ရန်အသုံးပြုသည်ဟု နောင်တွင် သိရှိရပါသည်။ လူနာတင်ကားကို လိုအပ်သည့် အရေးပေါ်လာသည့်အခါ ရှာလို့ တောင်မလွယ်ဘူးဟု ကြားသိရပါသည်။

ကြော်ငြာကပ်နိုင်သည့် နေရာတိုင်းတွင် နိုင်ငံရေးဆောင်ပုဒ် အမြောက် အများ

ကပ်ထားသည်ကိုလည်းကောင်း လမ်းဆုံလမ်းဒေါင့်တိုင်းတွင် အရွယ်အစား စုံလင်သော

ကြော်ငြာများကိုလည်းကောင်း အထူးအံ့ဩစရာ ကောင်းပါသည်။ ကြော်ငြာသည့်အရာကို

ကျွန်တော်တို့ နားမလည်သော်လည်း ကွန်မြူနစ်ဝါဒကြော်ငြာသည်မှာ သေချာပါသည်။

ဤမျှ ဘုရားမယုံကြည်သောဝါဒ၏ဖိနှိပ်မှုအောက်တွင် ဘုရားသခင်၌ ယုံကြည်ခြင်းကို

ဆက်လက်ထိန်းသိမ်းစောင့်ရှောက်စေရန် မည်မျှခက်ခဲမည့်အကြောင်းကိုလည်း

တစ်ဖန် သိမှတ်ခဲ့ပါသည်။

ဗင်ကားကို မောင်းနှင်ရင်း ဘယ်အရပ်ကို သွားမှန်းမသိဘဲ စိတ်တွေ့

သောအခါ သုတ္တံ့ ၃း၆ ကို အသုံးချလိုက်ပါသည်။ “သွားလေရာရာ၌ ထာဝရဘုရားကို –

မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်”သခင်

ဘုရား၊ လမ်းပြတော်မူပါဟု ကျွန်တော် ဆုတောင်းသည်။ လူဦးရေ နှစ်သန်းခန့်ရှိသော

မြို့တွင် ဘူလ်ဂေးရီးယားစာဖြင့် စာရွက်ကလေးပေါ်တွင် ရေးထားသောလိပ်စာကို ရှာရန်

မှာ ကောက်ရိုးပုံထဲတွင် အပ်ရှာသကဲ့သို့ ဖြစ်နေသည်။ ဗင်ကားကို သတိဝိရိယဖြင့်

မောင်းနှင်ရင်း ကမ္ဘာလှည့် ခရီးသည်များ၏ ဟိုတယ်တစ်ခုကို မြင်လိုက်ပါသည်။

ဟိုတယ်ထဲတွင် ကျွန်တော်တို့ကို ကူညီနိုင်မည့် ဂျာမနီ သို့မဟုတ် အင်္ဂလိပ်စကား

ပြောတတ်သောသူ တစ်ယောက်ယောက် ရှိကောင်းရှိနိုင်သည်။ သို့သော် သတိတော့ထား

ရန် လိုအပ်သည်။ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသည် ဟန်ဆောင်၍ ဟိုတယ်ထဲသို့

ခပ်တည်တည်ဝင်သွားကာ စားသောက်စရာမှာယူပြီး ကမ္ဘာလှည့်ခရီးသည်များ လေ့လာ

စရာကောင်းသည့် နေရာတစ်ခုအကြောင်းကို ဧည့်ခံသူအား အမှတ်တမဲ့ မေးကြည့်လိုက်

ပါသည်။ ပြီးလျှင် နောက်ထပ် သတိရဟန်ဖြင့် ဟိုတယ်တွင် မြို့တော်မြေပုံရှိသလားဟု

မေးကြည့်ရာ ဧည့်ခံသူအမျိုးသမီးက ပြုံးပြုံးရွှင်ရွှင်ဖြင့် ကမ်းပေးလိုက်ပါသည်။ ကိစ္စများ

အဆင်ပြေမည့်ပုံပေါ်လာသည်။

ဗင်ကားထဲသို့ပြန်ရောက်ကြသောအခါ ရော်လီသည် မြေပုံကိုကြည့်ရင်း လမ်း

ပြနေသည်။ ကျွန်တော်သည် ကြမ်းတမ်း၍ ကျဉ်းမြောင်းသောလမ်းတွင် ကားကို

သတိကြီးစွာ မောင်းနှင်နေပါသည်။ လမ်းဆုံလမ်းထောင့်ရောက်တိုင်း လမ်းညွှန်တိုင်များ

ကို မြေပုံဖြင့် တိုက်ကြည့်ကြသည်။ နောက်ဆုံးတွင် ကျွန်တော်တို့၏သည်းခံခြင်းသည်

အကျိုးပေးလေသည်။ ရော်လီ၏မြေပုံဖတ်ခြင်း အောင်မြင်လာကာ စာရွက်ကလေးပေါ်

ရေးသားထားသောစာနှင့် ကိုက်ညီသည့် နေရာတစ်နေရာကို ရောက်သွားကြသည်။

အိမ်ရှေ့တွင် ရပ်မည့်အစား ခပ်လှမ်းလှမ်းတွင် ဗင်ကားကို ရပ်ထားလိုက်ပါသည်။

လမ်းဘေးတွင် ကားကိုရပ်ထားပြီး မြစ်ကမ်းဘေးအတိုင်း ပေါက်နေသော သစ်ပင်ကိုင်း

အောက်တွင် ဝှက်ထားလိုက်ပါသည်။ ဤသို့ပြုသည့်တိုင်အောင် ဗင်ကားကိုအ

စောင့်မရှိဘဲ ပစ်ထားဖို့ စိတ်မအီမသာဖြစ်လာသည်။ ဤမျှလုပ်ခဲ့သော ကားထဲသို့ဝင်၍ပါ

လာသည့်ပစ္စည်းများကို ထုတ်ယူနိုင်သည်။ လမ်းပေါ်သို့ တက်သွားရင်း အသက်ရှု

‌‌ အောင့်ထားကာ ဤကဲ့သို့ ဆုတောင်းလိုက်ပါသည်။ သခင်ဘုရား ဗင်ကားကို

ကောင်းကင်တမန်ဖြင့် စောင့်ရှောက်ပေးတော်မူပါ။

အလွယ်တကူ မြင်နိုင်သောနေရာ၌ ဗင်ကားကိုထား၍ ကျွန်တော်တို့နှင့်

ပတ်သက်သည်ကို ထင်ထင်ပေါ်ပေါ် မမြင်‌ ‌စေချင်သည့်အကြောင်းတစ်ခုရှိသည်။ ဤ

သင်းအုပ်ဆရာ၏နောက်ကြောင်းရာဇဝင်ကို မသိရသဖြင့် ဘယ်လိုအခြေအနေမျိုးထဲသို့

လျှောက်လှမ်းရမည်ကို မသိသောကြောင့်ဖြစ်သည် သတိကြီးစွာသောထား‌ သောအရာမှာ

ဒေသန္တရ ခရစ်ယာန်များအတွက် ပြဿနာဖန်တီးဖို့ ဖြစ်သည်။ အာဏာပိုင်များသည်

ယုံကြည်သူတစ်ယောက် နိုင်ငံခြားသားများနှင့် ဆက်သွယ်မိသည်ကို သိရှိလျှင် အဖမ်းခံ

နိုင်သည်။ ကြိုတင်သတိပေးခြင်း ခဲ့သည့်အတိုင်း၊ မည်သူမဆို ထင်ပေါ်သော ဧဝံဂေလိ

ဂိုဏ်းခေါင်းဆောင်ပင်လျှင် သတင်းထောက်လှမ်းဖြစ်နိုင်သည်၊ ဤလူမျိုးကို

တတ်နိုင်သမျှ ရှောင်ရှားရန် လိုအပ်ပါသည်။

စာရွက်ကလေးပေါ်က အိမ်နံပါတ်ကို အတိအကျရှာဖွေရင်း နေ့လည် အပူဒဏ်

သည် ကျွန်တော်တို့၏ခေါင်းကို လောင်ကျွမ်းသလို ဖြစ်ရသည်။ အိမ်နံပါတ်ကိုရှာ

ရာတွင်ခက်သလောက် အခြားခက်ခဲမှုတစ်ရပ် ပေါ်လာပြန်ပါသည်။ အိမ်အမြောက်

အများသည် နံပါတ်မရှိ၊ရှိပြန်သော်လည်း အစဉ်လိုက်မဟုတ်၊ စမ်းတဝါးဝါးနှင့် ရှာဖွေ

ပြီးသည်နောက် ထိုလမ်းမပေါ်၌ အခြားအိမ်များနှင့်တူနေသော ခပ်နွမ်းနွမ်းနှစ်ထပ်တိုက်

တလုံးရှေ့သို့ ရောက်မှန်းမသိ ရောက်နေကြပါသည်။ ခြံတစ်ခုထဲတွင် ဆောက်လုပ်

ထားသော တိုက်ကလေးဖြစ်ပြီး ရှေ့တံခါးမမှာ လမ်းမကြီးမှ ငါးကိုက်ခန့်သာ ကွာဝေး

သည်။ ခြံကို ခပ်နိမ့်နိမ့်သစ်သားခြံစည်းရိုးဖြင့် ကာရံထားပြီး သစ်သားတံခါးမတစ်ခု

နေရာမှာ အနည်းငယ် လူမြင်သာသောကြောင့် ကျွန်တော့်အကြိုက် မဟုတ်ပါ။

လမ်းသွားလမ်းလာ တစ်ယောက်ယောက်သည် ကျွန်တော်တို့၏နိုင်ငံခြားအသံကို ကြား၍

အိမ်ရှင်များကို လျှို့ဝှက်ရဲများထံသို့ တိုင်ကြားလျှင် အကျဉ်းထောင်ထဲသို့ ရောက်သွား

နိုင်သည်။

သို့သော် ဤအခြေအနေအထိရောက်ပြီးမှတော့ နောက်ဆုတ်၍မရတော့ပါ။

စိတ်မလုံမလဲဖြင့် တံခါးကို ခပ်ဆတ်ဆတ်ခေါက်လိုက်သည်။ ဂဏမငြိမ်ဘဲ စောင့်နေကြ

သည်။ တုံ့ပြန်မှုမရှိဤတစ်ခါ ခပ်ပြင်းပြင်း ပြန်ခေါက်ကြည့်သည်။ ဤတစ်ကြိမ်တွင်

အိမ်ထဲက လှုပ်ရှားသံတစ်ခုကြားသလိုလို။ ရုတ်တရက် အသက်(၂၀)ခန့် မိန်းမပျို

ယောက် အပေါ်လသာဆောင်မှ ထွက်လာကာ အင်္ဂလိပ်စကားဖြင့် “ဟဲ့ ဘာကိစ္စလဲ”

မေးလေသည်။ ကျွန်တော်တို့၏ရုပ်ကို အကဲခတ်ခြင်းအားဖြင့် နိုင်ငံခြားသားများ

သိမှတ်သည်မှာ သေချာသည်။

သူမကို ပိုမြင်နိုင်ရန် ကျွန်တော်နောက်ဘက်သို့ ခြေနှစ်လှမ်း နောက်

ဆုတ်၍ “အုတ်စ်ကပ်ဇော်ဆိုသူကို ရှာနေကြတာပါ”ဟု ကျွန်တော်ပြန်ပြောလိုက်သည်။

အခုဆိုလျှင် ကျွန်တော်သည် အိမ်တံခါးရှေ့တည့်တည့်သို့ ရောက်နေသဖြင့် ကျွန်တော့်

အဖြစ်မှာ အန္တရာယ်များမှန်း သဘောပေါက်နေပါသည်။ လမ်းမပေါ်တွင် သွားလာနေ

သောသူများမှ ကျွန်တော်တို့၏စကားပြောသံများကို ကောင်းစွာကြားနိုင်သည်။ မတုန်

မလှုပ်ဘဲ သူမက ပြန်ပြောသည်။ ကျွန်မအဖေဘဲ၊ သူ မရှိဘူး။ ကျွန်မကူညီလို့ ရမလား

ကျွန်တော်တို့ အလည်အပတ်ရောက်ရှိလာခြင်း၏ အဓိကရည်ရွယ်ချက်မှာ

လူတကာကြားနိုင်သောနေရာတွင် မပြောလိုသဖြင့် ကျွန်တော်တို့က ကမ္ဘာလှည့်ခရီး

သည်ပါ။ လူတစ်ယောက်က ဒီနာမည်ကို ပေးလိုက်လို့ ဟုတ်ရဲ့လားလို့ လာမေးတာပါ

ဟု ကျွန်တော်က ဟန်မပျက်ပြောပြီးမှ နောက်ဆုံး အကြံကို ရလာကာ မေးလိုက်သည်

ဒါနှင့် ဒီည ဘယ်မှာများ ဘုရားရှိခိုးတဲ့နေရာရှိမည်လဲ။ ရရှိထားသော အဆက်အသွယ်

ဤတစ်ခုတည်းဖြစ်သဖြင့် တလွဲတချော်ဖြစ်လာလျှင် ဘယ်ကိုခေါင်းလှည့် မှန်း သိ

တော့မည်မဟုတ်ပါ။

ဟုတ်ကဲ့ရှင့်၊ လာတက်ပါ။ ကြိုဆိုပါတယ်ဟု လသာဆောင်အကာကိုမှီလျက်

လှမ်းပြောလိုက်သည်။ အခုပဲ ဆင်းလာပြီး လိပ်စာကို ပေးပါ့မယ်။ သူမ၏ဖော်ရွေမှု

ပွင့်လင်းမှုအတွက် ကျွန်တော်အံ့သြမိပါသည်။ ခရစ်ယာန်ဆန့်ကျင်သော ဤနိုင်ငံမှာ

လျှို့ဝှက်မှုလိုအပ်သည်ဟု နားလည်ထားခဲ့သည်မှာ ဘယ်ရောက်ကုန်ပါလိမ့်။

ထိုအမျိုးသမီး ပျောက်သွားပြီး တစ်အောင့်လောက်ကြာသောအခါ ဘုရားရှိခိုး

ကျောင်းလိပ်စာကို သပ်သပ်ရပ်ရပ် ရေးထားသည့် စာရွက်ကလေးတစ်ရွက်ကို ကိုင်၍

တံခါးပေါက်သို့ ပေါ်လာသည်။ သူမ၏ အမူအရာကို ကျွန်တော်လေ့လာကြည့် သည်။

သို့သော် ဝေခွဲ၍မရဖြစ်နေ သည်။ စိတ်ထဲတွင် မအီမသာ ဖြစ်လာသဖြင့် ကျွန်တော်တို့၏

မျက်နှာကိုမမှတ်မိမီ၊ ကမန်းကတန်း ကျေးဇူးတင်၍ နောက်ပြန်လှည့် ကြပါသည်။

ဗင်ကားကိုထားခဲ့ သော ကမ်းနားသို့ (၁၅)မိနစ်ခန့် ပြန်လျှောက်ကြပြီးမှ ဤ

အမျိုးသမီးနှင့် တွေ့ဆုံ မိကြသည့် အကြောင်းကို ဆွေးနွေးကြသည်။ အပြန်အလှန်

ပြောဆိုကြရာမှ ကောက်ကြည့်သည့်အခါ ၊ ခရစ်ယာန်များ ပွင့်လင်းစွာ တွေ့ဆုံခွင့်ရရှိဟန်

ရှိလေသည်။ ဘုရားရှိခိုးကျောင်းတွင် ဝတ်ပြုကိုးကွယ်ခြင်းအကြောင်းကို လူသိရှင်ကြား

ပြောပြရာတွင် စိုးစဉ်းမျှ စိတ်ပူပန်ပုံမရှိ။ ကျွန်တော်တို့ကြားခဲ့သော ကွန်မြူနစ် ဖိနှိပ်မှု

အကြောင်းကို အကျယ်ချဲ့သလား သို့မဟုတ် ကျွန်တော်တို့ ထောင်ခြောက်ထဲသို့

လျှောက်နေသလား။

ထိုအမျိုးသမီးပေးခဲ့သော စာရွက်လေးကိုကြည့်၍ ကျွန်တော် အလန့်တကြား

ဖြစ်လာသည်။ ကျွန်တော်တို့ ကို ကြိုတင်သတိပေးထားသော ဧဝံဂေလိဂိုဏ်း ညွှန်ကြား

ရေးမှူး၏ အသင်းတော်နာမည်နှင့် တထေရာတည်းဖြစ်သည်။ ဝတ်ပြုစည်းဝေးကို တက်

သင့်သလား မတက်သင့်ဘူးလား။ ရော်လီနှင့်ကျွန်တော် နှစ်ယောက်သား အကျိုးအပြစ်

ကို ဆွေးနွေးကြရင်း ရွေးချယ်ရမည့် အရာကို မသိကြပါ။ ဤအဆက်အသွယ်မှာ

ကျွန်တော်တို့ ၏တစ်ခုတည်းသော အဆက်အသွယ်ဖြစ်သည်။ ကျမ်းစာအုပ်များကို

လက်ကမ်းဖို့ မည်သူမျှ မရှိဖြစ်နေသည်။ ကျွန်တော်တို့အတွက် အခါမလပ် ဆုတောင်း

ပေးနေကြသော ကျောင်းသားကျောင်းသူများကို သတိရသည်။ ဆုတောင်းပေးမည်ဟု

ကတိပေးခဲ့သော ဟိုင်ဖာမြို့ ခရစ်ယာန်စာအုပ်ဆိုင်က အမျိုးသမီးကိုလည်း သတိရ

သည်။

လက်ကမ်းစရာမတွေ့ဘဲ နယ်စပ်ကို ပြန်ဖြတ်ကျော်က ကျမ်းစာအုပ်များကို

ပြန်သယ်သွားဖို့ အရေးသည် မလုပ်ချင်ဆုံးသောအရာဖြစ်သည်။ ထို့ကြောင့် စွန့်စားဖို့

ဆုံးဖြတ်လိုက်သည်။ ထိုအသင်းတော်တွင် စစ်မှန်သော ယုံကြည်သူလည်း ရှိကောင်း

ရှိနိုင်သည်ဟု မျှော်လင့်ထားသည်။ သူတို့ထံ ယေရှု လမ်းပြပေးတော်မူလိမ့်မည်ဟု

ယုံကြည်ဖို့သာ ကျန်တော့သည်။

ညနေပိုင်းကို ဆိုဖီယာမြို့ ဈေးတန်းလျှောက်ခြင်းဖြင့် အချိန်ကုန်ဆုံးစေသည်။

ဝယ်ယူနိုင်သည့် ကုန်ပစ္စည်းများသည် အရည်အသွေး ညံ့ဖျင်းသည့်အကြောင်းကိုလည်း

အံ့သြစရာတစ်ခုအဖြစ် တွေ့မြင်ကြသည်။ သစ်သီးများ ဟင်းသီးဟင်းရွက်များမှာလည်း

မလတ်ဆတ်တော့ပါ။ လူတို့သည် ခြေထောက်များ ရှပ်တိုက်လမ်းလျှောက်၍ ခေါင်းငုံ

ကြသည်။

ကွန်မြူနစ်ဝါဒသည် လူတကာတို့အတွက် လွတ်လပ်ခွင့် နှင့် ချမ်းသာကြွယ်ဝ

ခြင်းတို့ကို ဖြစ်ထွန်းစေမည်ဟု အရေးဆိုသည်။ သို့ သော် ကျွန်တော်တို့ အကဲခတ်

လေ့လာချက်အရ အထောက်အထား အရိပ်အရောင်မျှ မတွေ့မြင်ရပါ။ အသက်ဇီဝပင်

ရှိသော်လည်း ငြီးငွေ့စရာဖြစ်နေသည်။

ဝတ်ပြုစည်းဝေးမှာ ညခုနှစ်နာရီတွင် စမည်ဖြစ်သည်။ ခြောက်နာရီခန့်တွင်

ကားပေါ်သို့ ပြန်တက်ကြသည်။ ဘုရားရှိခိုးကျောင်းရှာဖို့ အချိန်လုံလောက်သည်ဟု

တွက်ဆထားကြသည်။ သို့သော် မျှော်မှန်းသည်ထက် ပိုမိုခက်ခဲလာသည်။ ရော်လီသည်။

မြေပုံကို မျက်လုံးပြူးကြည့်ပြီး လမ်းဆုံလမ်းခွတိုင်းတွင် လမ်းညွှန်တိုင်ပေါ်ကစာနှင့်

ကျွန်တော်တို့ယူလာသော စာရွက်ကလေးပေါ်က လိပ်စာကို တိုက်ကြည့်ကြသည်။

ညခုနှစ်နာရီထိုးလာပြီ။

ဘုရားရှိခိုးကျောင်း ဘယ်နားရှိမှန်း မသိရသေးရှစ်နာရီထိုး၍ မတွေ့သေးသည့်အခါ စိုးရိမ်စိတ်ဝင်လာသည်။ အလင်းရောင်သည်လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ တစ်ကယ့်တကယ်တွင် ဤမျှဝေးလံ၍ ဦးနှောက်ခြောက်စရာ လိုမည်မထင်ပါ။ ခရစ်ယာန်များနှင့် အဆက်အသွယ်ရရှိ၍ ပစ္စည်းများလက်ကမ်းဖို့အရေးကို ရန်သူ၏တိုက်ခိုက်မှုဖြစ်သည်ဟု ကျွန်တော့်စိတ်ထဲတွင် ပေါ်သည်။ ဤတစ်ညပဲ ကျန်တော့သည်။ နက်ဖြန် ပြန်လှည့်ရတော့မည်။ ဆုတောင်းကြစို့ရော်လီအားပြောဆိုကာ ရန်တုံ့ပြန်သောဆုတောင်းခြင်းဖြင့် အသံမြင့်၍ ရန်သူကို ချဉ်

နှောင်ကာ ရှင်းရှင်းလင်းလင်း လမ်းပြဖို့ ဘုရားသခင်အား တောင်းလျှောက်ကြပါသည်။

ယခုအချိန်တွင် တစ်မြို့လုံး မှောင်မဲလာသည်။ မှိန်မှိန်လင်းသော လမ်းမီးများ

သာ ရှိသောကြောင့် လမ်းကိုမြင်နိုင်သည်။ နေ့အချိန်တွင် လမ်းပြတိုင်ပေါ် စာသားကို

ကြည့်ရခက်သည့်အလုပ်က ညအချိန်တွင် ပိုခက်ခဲသည်။ ဗင်ကားပေါ်ကဆင်း၍ ထွက်

သည့်လမ်းပေါ်တွင် လျှောက်ကြသည်။ မြင်းလှည်းဘီးကြောင့်ဖြစ်သော ချိုင့်ဝှမ်းများ

ထဲသို့ ခြေမကျမိအောင် မနည်းဂရုစိုက်ရသည်။ ဆွီဇာလန်ပြည် လယ်တောလမ်းက

ဤမြို့တော်လမ်းမထက် ပိုမိုကောင်းမွန်ပါသည်။

ထပ်ခါ ထပ်ခါ လမ်းဘေးမီးမှိန်မှိန်အောက်၌ လိပ်စာနှင့်မြေပုံကို တိုက်ကြည့်

ကြသည်။ တိုးတက်မှုမရှိသည့်အတွက် စိတ်ပျက်ကာ ဗင်ကားပေါ်သို့ ပြန်တက်သည်

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ယခုဆိုလျှင် စည်းဝေးစချိန်မီဖို့ တစ်နာရီ

နောက်ကျသွားလေပြီး၊ စာရွက်ပေါ်ကစာသားနှင့် လမ်းညွှန်တိုင်ပေါ်က သင်္ကေတကို

ပြန်တိုက်ကြည့် ၍ မထူးသောအခါ လမ်းမီးမှိန်မှိန်အောက်၌ စိတ်ပျက်လက်ပျက်

မတ်တတ်ရပ်ကာ ဤရှုတ်ထွေးသော လမ်းကြိုလမ်းကြားထဲမှ လမ်းမှန်ကိုပြင်မှုရန်

ဘုရားသခင်အား ဆုတောင်းကြပါသည်။ ဤည အတွင်း ခရစ်ယာန်များကို မတွေ့တွေ့

အောင်ရှာရမည်။

ဤမြို့သို့ ရောက်နေသည်မှာ ကျမ်းစာအုပ်များကို လက်မကမ်းခဲ့လျှင်

နောက်တစ်နေ့ ဂရိနိုင်ငံထဲသို့ ပြန်သယ်သွားဖို့မလွဲ၍ အခြားရွေးစရာမရှိတော့ပါ။

အမှန်အားဖြင့် ဤမျှ ဝေးလံသောခရီးတွင် ကျွန်တော်တို့၏ အားထုတ်မှုကို ကမောက်ကမ

ဖြစ်စေရန် သခင်ဘုရား ပို့ဆောင်တော်မူမည် မဟုတ်ပါ။

နောက်ဆုံး ခရီးစထွက်ပြီး နှစ်နာရီခန့်အကြာတွင် ထောင့် ချိုးလမ်းတစ်ခုသို့

ပြန်လှည့်ကြသည်။ ဤနေရာသို့ အကြိမ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပြီးပြီဟုထင်ပါသည်။

လမ်းညွှန်တိုင်ပေါ်က သ က်ေ တနှင့်စာရွက်ကလေးပေါ်က စာသားကို ပြန်တိုက်ကြည့်ကြ

သည်။

ထပ်တူထပ်မျှ ဖြစ်သလိုလိုမြင်ရသည်။ ပြန်တိုက်ကြည့် သောအခါ ကျွန်တော်

မယုံနိုင်လောက်အောင်ဖြစ်နေသည်။ လမ်းကိုတော့ တွေ့ပါပြီ။ ညနေစောင်းတုံးက လုပ်ခဲ့

သလို၊ မော်တော်ယာဉ်ကို ခပ်လှမ်းလှမ်းတွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ရပ်ထား

လိုက်ပါသည်။ ကွေ့ပတ်နေသော မြစ်ကမ်းနားမှာပင် ဗင်ကားကို ရပ်လိုက်သည်။ နေ့

လည်တုံးက ရပ်ထားသောနေရာတော့မဟုတ်။ ၎င်းမှ ဆယ်မိနစ်ခန့်လျှောက်သွားကြ

သောအခါ ဘုရားရှိခိုးကျောင်းသို့ ရောက်သွားကြလေတော့သည်။ မထင်မပေါ် အုတ်

ဖြင့် ဆောက်လုပ်ထားသော ဘုရားရှိခိုးကျောင်းသည် အိမ်များအကြားတွင် ညှပ်နေ

သည်။ အထဲက သီချင်းဆိုသံတိုးတိုးလေးကြားနေရသဖြင့် အခုမှ နေရာမှန်သို့ ရောက်

မှန်းသိကြလေသည်။ နှစ်ယောက်သားတံခါးကို ဖွင့်၍ အသာကလေး လျှောက်သွားကာ

နောက်ဆုံးသစ်သားခုံ ပေါ်တွင် ထိုင်ကြသည်။ နှစ်နာရီမျှ နောက်ကျခဲ့သော်လည်း

စည်းဝေးဝတ်ပြုချိန်ကို မီသေးသည့် အရေးကို တွေးကြည့်သောအခါ မယုံနိုင်လောက်

အောင်ဖြစ်ခဲ့ပါသည်။

ဘုရားရှိခိုးကျောင်းနှင့်တူအောင် ရုပ်ပုံကားချပ်မရှိ၊ ထူးထူးထွေထွေ ပရိဘောဂ

မရှိသော အခန်းကျဉ်းကလေးထဲတွင် ကြပ်တည်းစွာ လူပေါင်း(၂ဝဝ)ခန့်ရှိမည်ဟု

ခန့်မှန်းရပါသည်။ အမျိုးသမီးများသည် အရှေ့ဥရောပတိုက်သူများ ဝတ်ဆင်နေကြဖြစ်

သော ခေါင်းစည်းပုဝါနှင့် ပန်းထိုးအဝတ်အစားများ ဝတ်ဆင်ကြကာ အခန်း၏တစ်ဖက်

တွင် ထိုင်ကြသည်။ အမျိုးသားများသည် ထုံးစံအတိုင်း တစ်ဖက်တွင် ထိုင်ကြသည်။

တစ်အောင့်လောက်ကြာသောအခါ ကျွန်တော်သဘောပေါက်လာသည်။ ဤအစည်း

အဝေးသည် ဆုံးမဩဝါဒပေးသော စည်းဝေး မဟုတ်ဘဲ ဆုတောင်းစည်းဝေးသက်သက်

ဖြစ်သည်။

ကွဲပြားခြားနားသော အသင်းတော်အသီးသီးမှ အဖွဲ့ဝင်များ ပါဝင်ကြကာ

အသံကျယ်ကျယ် ဆုတောင်းနေကြသည်။ တောင်းနေကြသည့်အရာကို ကျွန်တော် နားမ

လည်သော်လည်း စိတ်အားထက်သန်စွာ ဆု တောင်းနေကြသည်ကို မြင်ရသဖြင့်

ကျွန်တော့်စိတ်နှလုံးကို ထိခိုက်စေလေသည်။ ရော်လီကို ကျွန်တော်ကြည့်၍ နှစ်ယောက်

သား သဘောကျကာ ပြုံးနေကြပါသည်။

အဆောက်အဦးကိုတော့တွေ့ပါပြီ။ နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ကို ရင်ဆိုင်ရ

ပြန်ပါသည်။ ကျမ်းစာအုပ်များကို လက်ကမ်းပေးနိုင်လောက်အောင် ယုံကြည်ရမည့်လူ

တစ်ယောက်ယောက်ကို ဘယ်လိုဆက်သွယ်ရမည်နည်း။ ဘယ်သူမှ ကျွန်တော်တို့ ကို

မသိ ရှိသလို ကျွန်တော်တို့သည်လည်း သူတို့ကို တစ်ယောက်တစ်လေမျှ မသိပါ။

ကျွန်တော်တို့ ရှိမှန်းပင် သိကြပုံ မရဘဲ ဆုတောင်းမြဲ တောင်းနေကြသည်။ တစ်ဖန်

အစည်းအဝေး ပြီးဆုံးသွားသောအခါ ကျွန်တော်တို့နှစ်ယောက်ကို ဂရုမစိုက်ကြဘဲ

အလီလီထပြန်သွားကြသည်။

မတ်တတ်ရပ်၍ အနောက်ဘက်ကလာတဲ့ ဧည့်သည်တွေဖြစ်တယ်လို့ ပြောလိုက်ပါဟူသောအကြံ စိတ်ထဲတွင်ပေါ်လာသည်။ ရိုးသားသောလူတစ်ယောက်ယောက်၏ အာရုံကို ဆွဲနိုင်သကဲ့သို့ မှားယွင်းသော လူများအား ကျွန်တော်တို့ကို ဖော်စရာဖြစ်နိုင်သည်။ ဤလူအုပ်ထဲတွင် အစိုးရထံ သတင်းပေးပို့သူ ရှိသော်ရှိလိမ့်မည်။ မဖြစ်နိုင်ပါဘူးဟု တစ်ဖန် စဉ်းစားလာပြန်သည်။ ဘုရားသခင်က ဤနေရာသို့ပို့ဆောင်တော်မူပြီးတော့မှ အလဟသမဖြစ်စေသင့်ဘူး။ မှန်ကန်သင့်လျော်သော ပုဂ္ဂိုလ်

တစ်ဦးထံ လမ်းပြတော်မူရန် ကိုယ်တော်ကို ယုံကြည်အားထားရပါမည်။

အစည်းဝေးတက်ရောက်သောသူများ၏ မျက်နှာထားကို လိုက်ကြည့်ပါသည်။

သမ္မာကျမ်းမှ ခွန်အားရစရာ ဆုံးမဩဝါဒစကား မကြားမနာခဲ့သည်မှာ ဘယ်လောက်များ

ကြာညောင်းခဲ့ပြီလဲ။ ဤလူများသည် ခွန်အားပေးဖို့ လိုနေသည်။ ထ၍ သတင်းကောင်း

တစ်ခုခုပေးစမ်းပါဟု အကြံတစ်ခုရလာသည်။ မိမိကိုယ်ကို ရှေ့သို့ တွန်းမပို့လိုသဖြင့်

တွန့်ဆုတ်တွန့်ဆုတ်လုပ်မိပါသည်။ အခုအချိန်တွင် တစ်ခုခုမလုပ်မိလျှင် နောက်ကျသွား

လိမ့်မည်ဟု အတွင်းစိတ်ထဲက ပေါ်လာပြန်သည်။ ရှေ့သို့ လျှောက်သွား၍ ငါဘယ်သူ

လဲဟု ပြောလိုက်ပါ။ စိတ်ထဲက တိုက်ပွဲသည် ပြင်းထန်လာသည်။ မလိုအပ်ဘဲ သတိ

ဝိရိယထားမိသလား။ ရှေ့သို့ ရဲဝံ့စွာလျှောက်သွားပြီး ငါတို့ ဘယ်သူဖြစ်သည်ဟု

ကျေညာရမည်လား။ သတ္တိကြောင်နှင့်။ အခုသွားသာ သွားစမ်းပါဟူ၍ တိုက်တွန်းဆဲ

ဖြစ်နေသည်။

၎င်းနှိုးဆော်မှုသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသော အသံမဟုတ်၊

မိမိသဘောနှင့်မိမိလုပ်ဖို့ စာတန်၏ဖိအားပေးခြင်းဖြစ်ကြောင်း သဘောပေါက်လာပါ

သည်။ ဘုရားသခင်က ကျွန်တော့်ကို ရွေးကောက်စေလွှတ်တော်မူခြင်းဖြစ်သည်။ အထ

မြောက်ဖို့ ကိုယ်တော်ကိုသာ ယုံကြည်အားထားဖို့ လိုအပ်သည်။ မိမိကိုယ်ကို အတင်း

အဓမ္မ မတွန်းပါ။ ကျွန်တော်စကားပြောဖို့ ကိုယ်တော်အလိုရှိလျှင် တစ်ဦးဦးက ကျွန်တော့်ကို မေးစမ်းစေတော်မူပါသခင်ဘုရား။ မဖွယ်မရာသော ဆုတောင်းချက်ကဲ့သို့ ဖြစ်နေပါသည်။

ယခုအထိ ဖုတ်လေတဲ့ငါးပိ၊ ရှိတယ်လို့တောင် မထင်ဆိုသလို မည်သူကမျှ

ကျွန်တော်တို့ရှိမှန်းကိုပင် ဂရုမစိုက် အသိအမှတ်မပြုကြပါ။ ထိုအခါ အဖြစ်က တစ်မျိုး

တစ်မည် ပြောင်းလဲလာသည်။ ခေါင်းဆောင်လုပ်သောသူသည် ဘုရားရှိခိုးကျောင်းဘေး

စင်္ကြလမ်းအတိုင်း လျှောက်လာသည်။ ကျွန်တော့်သို့ ချဉ်းကပ်၍ အင်္ဂလိပ်စကားမပီသ

ဖြင့် တိုးတိုးကလေး မေးလေသည်။ ဘယ်သူများဖြစ်ကြသလဲ၊ ဘယ်ကလာကြသလဲ။

“ဆွီဇာလန်ပြည်က ယုံကြည်သူများပါ”ဟု ကျွန်တော် လေသံဖြင့် ပြန်ဖြေသည်။

“ခင်ဗျားတို့ကို စကားပြောခွင့်မပေးနိုင်ဘူး၊ တားမြစ်ထားတယ်၊ ဒါပေမယ့်

ကျမ်းစာတော်ထဲက နှုတ်ဆက်စကားမျိုးကိုတော့ ပြောနိုင်တယ်” ဟု သူက တိုးတိုးလေး

ပြောရာ ကျွန်တော် ခေါင်းညိတ်ပြသည်။

“နားလည်ပါတယ်၊ ဆရာပြောသလိုလုပ်ဖို့ ၀မ်းသာပါတယ်”ဟု ပြောပြောဆို

ဆို စင်္ကြန်လမ်းအတိုင်း သူ့နောက်လိုက်သွားကာ (၁၅)မိနစ်ကြာ တမန်တော်ရှင်ပေါလု၊

ရှင်ပေတရုနှင့်အခြား ခေါင်းဆောင်များ၏နှုတ်ဆက်စကားများကို သမ္မာတရား ငတ်ပြတ်နေသည့်အစည်းအဝေးတက်ရောက်လာသူ ပရိသတ်များအား ဟောပြောခွင့် ရရှိလာ

ပါသည်။ မိမိသဘောနှင့်တစ်ဇွတ်ထိုးမလုပ်ဘဲ ဘုရားသခင် ချိန်ကိုက်ပေးတော်မူခြင်းကို

စောင့်ဆိုင်း၍ သတင်းကောင်းပါးခွင့်ရရှိသည့် အတွက် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

စည်းဝေးပွဲပြီးဆုံးသွားသောအခါ လူများသည် ကျွန်တော်တို့ကို လာဝိုင်းအုံကြသည်။

မည်သူမျှ ဂျာမနီ သို့မဟုတ် အင်္ဂလိပ်စကား မပြောတတ်ကြဘဲ တစ်ဦးနှင့်တစ်ဦး

စကားဖြင့် မဆက်ဆံနိုင်ကြသည့်တိုင်အောင် သူတို့၏ မျက်နှာ အမူအရာများသည်

ကျွန်တော်တို့ရှိနေခြင်းအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်သည့်အကြောင်း ပေါ်လွင်စေပါ

သည်။ သူတို့အတွက်ရော ကျွန်တော်တို့ နှစ်ယောက်အတွက်ပါ ခွန်အားရစရာဖြစ်ပါ

သည်။ နောက်ဆုံးတွင် အလီလီပြန်သွားကြသည်။ ခေါင်းဆောင်တစ်ဦးတည်းသာ

ကျန်ရစ်ခဲ့သည်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုနှုတ်ဆက်ရင်း ပြောခဲ့သောအားပေးစကား

အတွက် ကျေးဇူးတင်စကားတဖွဖွ ပြောနေလေသည်။ “ ဝေငှတဲ့စကားအံ့ဩစရာ ကောင်း

ပါတယ်၊ အချိန်များများမရတာဝမ်းနည်းပါတယ်၊ သတိထားဖို့လိုနေတယ်လေ။ ခင်ဗျား

တို့သဘော ပေါက်နားလည်ပါတယ်” ဟု သူက ထပ်ပြောလေသည်။

“စုံစုံလင်လင် နားလည်ပါတယ်” ဟု ဖြေရင်းသူ့လက်များကို ဆုတ်ကိုင်ကာ

သနားကြင်နာပုံပြသော သူ့မျက်လုံးအစုံကို ကျွန်တော် စိုက်ကြည့်သည် ။

ဤလူကို ကျွန်တော် ရင်းနှီးလာသည်။ သူ့အင်္ဂလိပ်စကား မတတ်တခေါက်

သာ ပြောတတ်သော်လည်း အနည်းအကျဉ်း ဆက်ဆံ၍ရနိုင်ပါသည်။ ဆက်သွယ်ရမည့်

လူမှာသူပဲဖြစ်မည်ဟု ကျွန်တော်ယုံကြည်စိတ်ချသည်။ လာရသည့် အကြောင်းရင်းကို

မပြောပြမီ တစ်ခုသေချာအောင် လုပ်ဖို့လိုအပ်ပါသည်။ ဤဂိုဏ်း၏ သင်းအုပ် ခေါင်း

ဆောင်ဟုတ်မဟုက် သိရန်လိုအပ်ပါသည်။

“ဆရာက ဒီအသင်းတော်ရဲ့ ကြီးကြပ်သူလား” ဟု ကျွန်တော် ပျူငှါစွာ စကား

မစပ် စုံစမ်းသလို မေးကြည့် သည်။

“မဟုက်ပါဘူး။ ကျွန်တော်က လက်ထောက် သင်းအုပ်ဆရာတစ်ပါးပါ။

ကြီးကြပ်သူက သင်းအုပ်ဆရာ အွတ်စ်ကပ် ဇော်ပါ”၊ ကျွန်တော့်နှလုံးအစုံသည် ရပ်တော့

မလို ဖြစ်နေသည်။

” သင်းအုပ်ဆရာ အွတ်စ်ကပ်ဇော် ” ဟုထပ်ရွတ်မိသည်။

“ဟုတ်၊ သူ့ကိုသိလား” ဟု သူကမေးသည်။

“မသိပါဘူး၊” ဟု သင်းအုပ်ဆရာ အွတ်စ်ကပ်ဇော်အကြောင်း စိတ်ထဲ

ပါလာသည့် အလျောက် ကျွန်တော်က အနည်းငယ်ထစ်ထစ်အအနှင့် ပြောမိပါသည်။

သင်းအုပ်ဆရာ အွတ်စ်ကပ်ဇော် ဆိုသည်မှာ အစိုးရအား သတင်းပေးသူ တတ်နိုင်သည့်

ကျွန်တော်တို့ ရှောင်ရှားရန် သတိပေးခြင်းခံရသောလူပင်ဖြစ်ပါသည်။

“လာလာဆယ် သူမြို့ပြင်ရောက်နေတယ်” ဟု လက်ထောက် သင်းအုပ်

ဆရာက ကျွန်တော့်စိတ်ထဲက နှစ်ခွရိုက်ခတ်နေသည့် အခြေအနေကို မရိပ်မိဘဲ ပြန်ပြော

လေသည် ။

“သူ့လိပ်စာကိုတော့ရထားတယ်။ ဒါပေမဲ့ တစ်ကယ် မဆုံမိကြသေးဘူး” ဟု

ကျွန်တော် ပြောပြသည်။ ရော်လီနှင့်ကျွန်တော်တို့နှစ်ယောက်သား သတိမထားမိကြဘဲ

ထောင်ချောက်ထဲတွင် မိဖို့နည်းနည်းသာလိုလေသည်။ ၎င်းညနေပိုင်းတွင် သင်းအုပ်

ဆရာအုတ်စ်ကပ်ဇော် သူ့အိမ်မှာရှိနေလျှင် အစိုးရသတင်းပေးသူထံ ပေးမှန်းမသိရှာ

ဘဲ သမ္မာကျမ်းစာအုပ်များကို ရိုးရိုးသားသားနှင့် ပေးမိမည်မှာသေချာသည်။ ဆုတောင်း

ပေးနေကြသောသူများနှင့် သန့်ရှင်းသောဝိညာဉ်တော်၏ကြားဝင် တားဆီးခြင်းဖြစ်သည်

မှာ သချာသောကြောင့် တိုးတိုးတိတ်တိတ် ကျေးဇူးတော်ကိုချီးမွမ်းပါသည်။ သို့သော်

အခု ကျွန်တော်ဒုက္ခရောက်နေသည်။ ကျွန်တော့်ရှေ့တွင် ရပ်နေသောသူကို ယုံကြည်အားထားနိုင်မည်လား။

သခင်ဘုရားက တခြားလူဆီသို့ ပို့ဆောင်တော်မမူ။ စည်းဝေးတက်သော

သူအားလုံး ပြန်ကုန်ပြီဖြစ်သည်။ ဘူလ်ဂေးရီးယားတစ်ပြည်လုံးက အသင်းတော်နှင့်

လက်ကျန်အဆက်အသွယ်မှာ သူတစ်ဦးပဲရှိတော့သည်။ “ခင်ဗျားတို့လာတဲ့ကိစ္စကဘာ

လဲဗျာ” သူကမေးသည်။ ဤတွင် ကျွန်တော်တောင်းလျှောက်သော သဲလွန်စဖြစ်သည်ဟု

ကျွန်တော် သဘောပေါက်သည်။ အခြားလျှောက်လုပ်စရာအကြောင်းမရှိ၊ ထို့ကြောင့်ရှိသမျှသတ္တိကိုထုတ်ကာ သူ့ဘက်ကိုကပ်၍ မတွေ့မမြင်နိုင်သောခိုးနားထောင်သူရှိလျှင်လည်း

သူတို့မကြားနိုင်အောင် သူ့နားထဲသို့ လေသံဖြင့်

အသာကလေး ဖွင့်ဟပြောချလိုက်သည်။ “သမ္မာကျမ်းစာအုပ်များကို ယူလာတယ်”။ မယုံတယုံနှင့် သူ့နဖူးကိုအသာကလေးတွန့်နေပါသည်။

“သမ္မာကျမ်းစာအုပ်များ ဟုတ်ရဲ့လားကွာ”။

“ဟုတ်ပါတယ်၊ နယ်စပ်ကိုဖြတ်ပြီး သွင်းလာတာ”။ လက်ထောက် သင်းအုပ်

ဆရာသည် ကျွန် တော့်ကိုကြည့် ရာမှ ရော်လီဘက်သို့ လှည့်ကြည့် ရာ၊ ရော်လီက

ထောက်ခံသည့်အနေဖြင့် သူ့ခေါင်းကိုငြိတ်ပြလေသည်။

“သမ္မာကျမ်းစာအုပ်များ”ဟု သူကထပ်ပြောသည်။ သူ့မျက်နှာ ဝမ်းမြောက်

ဝမ်းသာခြင်းမှ ကြောက်စိတ်သို့ စိတ်လှုပ်ရှားမှု တစ်သီတတန်းကြီး တွက်ပေါ်လာသည်။

“ဘယ်နှစ်အုပ်များပါလိမ့်”

“ဘူလ်ဂေးရီးယား အုပ်(၁၀၀)နှင့်ရိုမေးနီးယားအုပ်(၁၀၀)”ဟု ကျွန်တော်ဖြေရာ

သူကအသာလေးလေချွန်ပြလေသည်။

သူက “ဝမ်းမြောက်ဖွယ်သတင်းကောင်းအတွက်(၁၅)နှစ် ထောင်ကျခဲ့သည်ဟု

စိတ်ပူပန်မှုနှင့်လေသံဖြင့် ပြန်ပြောသည်။ “အခု ဒီလောက်များနေတဲ့ သမ္မာကျမ်းစာအုပ်

နှင့်အဖမ်းခံလျှင် နောက်ထပ် (၁၅)နှစ်ပေါ့ဗျာ။ သတိတော့ ထားကြဖို့လိုပါတယ်။ အဲဒီ

ကျမ်းစာအုပ်များဘယ်မှာလဲ။

“ကျွန်တော်တို့ ဗင်ကားထဲမှာပါ။ ဘုရားရှိခိုးကျောင်းအဆောက်အဦးနှင့် မပတ်

သက်သလို သူများမမြင်အောင် ခပ်ဝေးဝေးမှာရပ်ထားပါတယ်”။ သူက စိတ်သက်သာ

ရာရပုံရှိသည်။

“ခင်ဗျားတို့ တော်တော်လိမ္မာတာဘဲ။ ကျွန်တော် ဘာမော်တော်ယာဉ်မှမရှိဘူး”

စက်ဘီးတစ်စီးပဲရှိတယ်။ ခင်ဗျားတို့နှင့်လိုက်လာပြီး ကျမ်းစာအုပ်များကို သိုလှောင်ဖို့

သင်တော်တဲ့နေရာကို လိုက်ပို့ပါမယ်”။ ကျွန်တော် ခေါင်းကိုညိတ်ပြသည်။

အဆုံးအဖြတ်ပေးရန် တခြားလူမရှိသဖြင့် ကျေးဇူးတော်ချီးမွမ်းပါသည်။

ဘုရားရှိခိုးကျောင်းမှာ ကျမ်းစာအုပ်များကိုထားဖို့ စိတ်မချရဘူး။ အသင်းတော်ထဲမှာ

အစိုးရကို သတင်းပေးတဲ့လူရှိတယ်။ တချို့က ရာထူးကြီးကြီးနှင့် ဗျ”ဟု သူကရှင်းပြ

သည်။ သင်းအုပ်ဆရာအွတ်စ်ကပ်ဇော်ကို တည့်မပြောသော်လည်း သူ့ဆရာသမား

၏လှုပ်ရှားမှုကို သူကောင်းစွာ သတိပြုမိသည်ဟု ကျွန်တော် တွက်ဆပါသည်။

“ကျွန်တော်သိ ရှိထားပါတယ်”ဟု ပြောဆိုကာ အစစ်အမှန်ထံသို့ ပို့ဆောင်

တော်မူသော ဘုရားသခင်ကို တစ်ဖန် တိုးတိုးတိတ်တိတ် ကျေးဇူးတင်ချီးမွမ်းလိုက်ပါ

သည်။

ရော်လီနှင့်ကျွန်တော် ထောင်ခြောက်ထဲမှ သီသီလေး လွတ်လာခဲ့သည့်အကြောင်း

ကို ပြန်တွေးကြည့်ကာ သက်ပြင်းချမိပါသည်။ “ခင်ဗျားတို့ကားရပ်ထားခဲ့တဲ့နေရာကနေ

ဆယ်မိနစ်ခန့်မောင်းရင် ရောက်သွားပါမယ်”ဟု သူကပြောပြသည်။

နောက်ရောင်ခံများ ရှိမရှိ သိရှိနိုင်ရန် ရော်လီသည် ခပ်လှမ်းလှမ်းအဝေးမှ

လိုက်လာပြီး သင်းထောက်ဆရာနှင့်ကျွန်တော် ရှေ့ကသွားနှင့်ကြသည်။ မှိန်မှိန်သာလင်းသောလမ်းဘေးမီးများကို မြင်သာအောင် အလင်းပေးနိုင်သည့်တိုင်အောင် ကျွန်တော်တို့

မှောင်ရိပ်ကို ခို၍ သွားကြပါသည်။ သင်းထောက်ဆရာအတွက် သူ့ မွေးဇာတိဌာနေဖြစ်ပြီး

လမ်းကျွမ်းနေသူဖြစ်သဖြင့် သူ့နောက်ကိုသာ စိတ်ချစွာ လိုက်ကြပါသည်။

လမ်းပြရှိနေသဖြင့် ခရီးပိုတွင်လာသည်။ ရော်လီနှင့်ကျွန်တော် စောစောတုံးက စိတ်ပျက်

လက်ပျက် ဤလမ်းအတိုင်း စမ်းတဝါးဝါးလျှောက်ရန် မလိုတော့သည့်အတွက်

သခင်ကို ချီးမွမ်းပါသည်။

ဗင်ကားဆီသို့ ပြန်ရောက်ကြသည်။ လမင်း၏ ရောင်ခြည်သည် မြစ်ရေပြင်

တွင် တရိပ်ရိပ်ရောင်ပြန်ဟပ်နေသည်။ သင်းထောက်ဆရာနှင့် ကျွန်တော်သည် ကား

သို့ ခုန်တက်၍ ရော်လီသည် ကားနောက်သို့ တက်သွားလေသည်။ ရော်လီသည်

ကားနေခက်တွင်ထိုင်ရင်း ဝှက်ထားသော ကျမ်းစာအုပ်များကို လက်ဆွဲအိတ်ထဲမှ ထုတ်

၍ ဤကိစ္စအတွက် သီးခြားအလွတ်သက်သက် ယူလာသော စက္ကူသေတ္တာထဲ ပြန်ထည့်

မည်ဖြစ်သည်။

ဤကဲ့သို့ ကြိုတင်ကာကွယ်မှုပြုခဲ့သည့် အတွက် ဝမ်းသာပါသည်။

အနောက်ဘက်မှ လက်ဆွဲအိတ်များ ဖြစ်မှန်းသိရှိလျှင် ဘူလ်ဂေးရီးယားခရစ်ယာန်များ

အတွက် နိုင်ငံခြားသားများနှင့် ဆက်သွယ်နေသည်ဟု နှာခေါင်းလျှောက်ထိုးနေကြသော

အစိုးရအရာရှိများအတွက် သေမင်းတမန် အထောက်အထား ဖြစ်သွားပါလိမ့်မည်။

ကားစက်ကိုနိုးသည့်အခါ အကြောများတင်းမာလာသည်။ ပစ္စည်းများကို အပြောင်းအလဲ

လုပ်ရမည့် နာရီဝက်ကာလသည် ကျွန်တော်တို့ ၏ လုပ်ဆောင်ချက်တစ်ခုလုံးကို

အပြီးအပြတ် အဆုံးအဖြတ်လုပ်မည့်အချိန်ဖြစ်ပါသည်။

ရော်လီနှင့် ကျွန်တော်မသွားခဲ့ဘူးသော ဟိုတယ်ဧရိယာကို ဖြတ်ကျော်ကာ

မှောင်မည်းသော လမ်းမကြီးပေါ်တွင် တစ်လုံးလုံးတစ်လိမ့်လိမ့် ကားမောင်းနေ ရသည်မှာ

မလွယ်ကူပါ။

မော်တော်ယာဉ်ကို ကျွန်တော်မောင်းနေစဉ် ရော်လီသည် ကားနောက်ပိုင်း

ထဲတွင် စက္ကူကပ်ထုများထဲသို့ ကျမ်းစာအုပ်များကို ဘေးကင်းစွာ ပြန်လည်ထုတ်ပိုးရန်

ကြိုးစားနေပါသည်။ လမ်းပြမီးရှိသောတစ်နေရာသို့ အရောက် မီးစိမ်းပြဖို့ စောင့်ဆိုင်း

နေစဉ်တွင် မော်တော်ဆိုင်ကယ်တစ်စီးနှင့် ရဲသားတစ်ယောက် ကျွန်တော်တို့ကားဘေး၊

တွင် လာရပ်သည်။ နိုင်ငံခြား မော်တော်ယာဉ်ဖြစ်မှန်း ဗင်ကားထဲတွင် လှုပ်ရှားမှုဟန်၊

တွေ ရှိနေသည်မှာ သေချာနေသည့်သကာလ၊ သူသည် ကားထဲသို့ ပြတင်းပေါက်

နှာခေါင်းထိုးကြည့်လိမ့်မည်ဟု ကျွန်တော် မြင်ယောင်မိသည်။ မဖြစ်ပါစေနှင့်ဘုရား

သခင်။

သမ္မာကျမ်းစာအုပ်များနှင့် ဒေသခံ သင်းထောက်ဆရာကိုပါ လက်ပူးလက်ကြပ်

မမိပါစေနှင့် ။ ရော်လီခေါင်းငုံ့နေဟု ကားကြားထဲမှ မြည် သံပြုလိုက်ပါသည်။

အန္တရာယ်၏ အနေအထား အတိအကျကို နားမလည်သော်လည်း ကျွန်တော့်အသံထဲ

အရေးတကြီး သတိပေးပုံကိုရိပ်မိကာ၊ ရော်လီသည် သမ္မာကျမ်းစာအုပ်များနှင့်သူ့ကိုယ်ကို

လေမွေ့ရာဖြင့် အုပ်လိုက်လေသည်။မီးစိမ်းပြလာသည်။ ကားအရှိန်တိုး၍ မောင်းထွက်လိုက်ပါသည်။ ရဲသားကအသာလေး စောင့်နေပါသည်။ သို့သော် သူ့ကို လှမ်းမမြင်တော့

ပါ။ သူသင်္ကာမကင်းဖြစ်မိအောင်သော်လည်းကောင်း၊ နောက်က အတင်းလိုက်လာရန်

သော်လည်းကောင်း တစ်စုံတစ်ရာ သူမမြင်မိသည်မှာ သေချာသည်။ ယခု အန္တရာယ်

ကင်းရှင်းပြီဖြစ်သည့် အတွက် မွေ့ရာအောက်တွင် ပုန်းနေသောရော်လီကို လှမ်းခေါ်

လိုက်ပါသည်။

“ဟုတ်ပြီ။ အန္တရာယ်တော့ရှင်းသွားပြီ။ သီသီကလေးပဲလွတ်လာကြတာ။

ရဲသားက တစ်ခုခုမြင်မိသလားလို့ ထင်နေရတယ်”။ သင်းထောက်ဆရာကို မျက်စောင်း

ထိုးကြည့်ရာ သူလည်း ကျွန်တော်တို့ကဲ့သို့ ရင်ခုန်နေသည်ကို မြင်ရပါသည်။ သူသည်

လည်း ရော်လီနှင့်ကျွန်တော့်ထက်ပင် ရှောင်လွဲလာခဲ့သော ဘေးအန္တရာယ်၏ အခြေအနေ

အမှန်ကို နားလည်နေပါသည်။ လက်ကျန်ခရီးကို မှောင်မိုက်ထဲတွင် နှင်ကြတုံး မည်သူမှ

စကားမပြောပဲ ရေငုံနှုတ်ပိတ်နေကြပါသည်။ ကားထဲက အခြေအနေတင်းမာမှုကို လက်

ဖြင့် စမ်းနိုင်လောက်အောင် မြင်သာနေပါသည်။ ထွက်လာသောအသံတစ်ခုတည်းမှာ

ကားနောက်ထဲတွင် ကပ်ထူထဲသို့ စာအုပ်များကို ထုတ်ပိုးနေသော ရော်လီ၏အလုပ်

လုပ်သံဖြစ်သည်။

(၁၅)မိနစ်ခန့်ကြာသောအခါ မြို့တော်ဆင်ခြေဖုံး တိတ်ဆိတ်သော လမ်းမကြီး

တစ်နေရာသို့ အရောက်တွင် သင်းထောက်ဆရာက ရပ်ရန် အချက်ပြလေသည်။ လမ်း

ဘေးကိုကပ်ပြီး ဗင်ကားကိုရပ်၍ စက်သတ်လိုက်သည်။ တလမ်းတည်း ရှေ့အိမ်ငါးလုံး

ခန့်အကျော်တွင်ရှိသော တံခါးကို သင်းထောက်ဆရာက လက်ညှိုးထိုးပြကာ “ရှေ့ကို

ငါသွားနှင့်ပြီး အိမ်ထဲကစောင့် နေပါမယ်။ ငါးမိနစ်ခန့်စောင့်ပါ။ ပြီးလျှင် လက်ကမ်းရ

မည့် ပစ္စည်းများနှင့်လိုက်လာကြပါ” ဟု သူကပြောပြီးထွက်သွားသည်။ တံခါးထဲသို့

ဝင်သွားသော သူ့အရိပ်ကိုလှမ်းမြင်သည်။ ငါးမိနစ်စောင့်နေရသည်မှာ ထာဝရသဖွယ်

အောက်မေ့သည်။

ရော်လီနှင့်ကျွန်တော် စာအုပ်သေတ္တာတစ်လုံးထမ်း၍ ကားထဲက

ဆင်းလာကြသည် ။ လေးလံသောဝန်ကို ပိုက်၍ ကျောက်ခင်းလမ်းပေါ်သို့ ယိုင်တိယိုင်

တိုင်ဖြင့် လျှောက်သွားရင်း နှလုံးသားလည်း တစ်ဒုံးဒုံးခုန်နေပါသည်။

မြို့တော် ဆင်ခြေဖုံး ဤအရပ်မျိုးတွင် လမ်းမီးများသည် အတော်အတန် လင်း

နေပါသည်။ ကျွန်တော်တို့၏တစ်ဘက်တည့်တည့်တွင် အရက်ဆိုင်တစ်ခုရှိနေသည်။

တံခါးပေါက်မှ ၎င်းအရက်ဆိုင်တွင် စစ်သားအစောင့်များကို ရှင်းလင်းစွာ မြင်နိုင်ပါ

သည်။

ဗင်ကားရပ်ရန်ဤနေရာထက်ဆိုးသော အခြားနေရာ မရှိဟန်တူပါသည်။

သင်းထောက်ဆရာ ညွှန်ပြသောတံခါးကို ရောက်သည့် အခါ တံခါးကို တွန်းဖွင့်၍

ရော်လီကို အရင်ဝင်စေကာ သူ့ကိုကပ်၍ အလျင်အမြန်လိုက်သွားပါသည် တံခါး

သူ့ဟာသူ ပိတ်သွားသည်။ လမ်းမပေါ်မီးရောင်ကြောင့် အိမ်ထဲသို့ဝင်သောအခါ ချက်ခြင်း

မမြင်ဘဲ မှောင်မည်းနေပါသည်။

မှောင်မိုက်ထဲတွင် စက္ခုအာရုံကျင့်သားရရှိနိုင်ရန် စက္ကန့်အနည်းငယ် ရပ်ရ

သည်။ ရုတ်တရက် ကျွန်တော်တို့ဘက်သို့ ချဉ်းကပ်လာသော ခြေသံကို ကြားသည်။

လေးလံသော သေတ္တာကိုပိုက်ရင်း ကျွန်တော်ကြက်သေသေမိပါသည်။ လူတစ်ယောက်

ယောက်က ကျွန်တော်တို့ကို မြင်နေပြီ။ လေးလံသော အထုတ်ကြီးကို ထမ်း၍ သုတ်

သုတ်ပြာသွားနေသော ကျွန်တော်တို့ လှုပ်ရှားမှုသည် အလွန် သင်္ကာမကင်းရာ ဖြစ်

လိမ့်မည်။ တံခါးကို ကပ်လာသည့်အခါ ခြေသံနှေးကွေးလာသည်။ တစ်ဖန် ထိုခြေ

ရပ်သွားသည်။ လမ်းမပေါ်က မီးရောင်မှိန်မှိန်အောက်တွင် စစ်ဖိနပ်တစ်ရံ၏ ပုံသဏ္ဍာန်

ကို သေချာစွာမြင်နေရပါသည်။

အသက်ကိုပင်မရှုဝံ့ဘဲအောင့်၍ စောင့်နေပါသည်။ အချိန်မရွေး တံခါးဖွင့်

လာကာ ရော်လီနှင့်ကျွန်တော်တို့ကို ကျမ်းစာအုပ်အထုတ်ကြီးများဖြင့် လက်

လက်ကြပ်မိနိုင်ပါသည်။ လက်မောင်းများသည် စိတ်တင်းမာမှုနှင့် သယ်ဆောင်နေသော

ကျမ်းစာအုပ်တစ်ရာ၏အလေးဒဏ်ကြောင့် နာလာသည်။ မခံမရပ်နိုင်တော့ဘဲ အထုတ်

ကို ပစ်ချတော့မလိုဖြစ်နေစဉ် ခြေသံပြန်ထွက်သွားသည်။

လောလောဆယ် အန္တရာယ်တစ်ခုပြီးဆုံးသွားဟန်ရှိ၍ အနည်းငယ် အသက်ရှု

ချောင်လာသည်။ အိမ်နောက်ဘက်တံခါးကိုဖြတ်၍ တစ်ဖန် အိမ်ခြံဝင်းတစ်ခုကို ဖြတ်

ကျော်ပြီးသည်နောက် သင်းထောက်ဆရာ စောင့်နေသည်ကို မြင်ရလိမ့်မည်ဟု မျှော်လင့်

နေပါသည်။ သို့သော် မြက်ခင်းပြင်နှင့်ပတ်လည်ဝိုင်းထားသော လူနေအိမ်တိုက်မြင့်

ကြီးများကိုသာ တွေ့ရပြီး အရိပ်မမြင်ရသဖြင့် ကျွန်တော့်နှလုံး ခုန်လာသည်။ ဘယ်

သွားပါလိမ့်။

ထိုသို့ စိုးရိမ်နေစဉ်မှာပင် ဟိုအဝေး နံရံအရိပ်အောက်တွင်သူရပ်နေသည်ကိုရုတ်တရက် မြင်လိုက်ပါသည်။ အိမ်ခြံဝင်းကို အလျင်အမြန် ဖြတ်ကျော်ကသူအချက်ပြသည့် အတိုင်း အထုတ်အပိုးများကို သူ့ရှေ့မြေကြီးပေါ်တွင် ချထားကြ၍ လေသံဖြင့် ပြောပြသည်။ “ဟိုအပေါ်မှာ မျက်နှာကြက်အပေါ်မှာ ကျမ်းစာအုပ်များကို ဝှက်ထားမလို့ “အထုတ်တစ်ထုတ်ကို ကုန်းကောက်ရန်အပြုတွင် သူ ရပ်လိုက်သည်။

အသာလေးခါးပြန်ဆန့်၍ နားကိုစွင့်ကာ ကြက်သေသေလေသည်။ ဤပုံစံအတိုင်း

စက္ကန့်အနည်းငယ်ရပ်၍ နားစွင့်နေသည်။ ရုတ်တရက်လေသံဖြင့် ပြောလိုက်သောစကား

မှာ မြန်မြန်သွားကြ၊ ဟိုတစ်ဘက်က အိမ်မှာ ပုန်းနေကြ” သူ ပျဉ်ထောင်အိမ်လေးတစ်လုံးကို သူလက်ညှိုးထိုးပြသည်။ “အမြန်သွားကြပါ” ဟု သူ့လက်နှင့်ပင် ကျွန်တော်တို့ကိုတွန်းထုတ်လေသည်။

ရော်လီနှင့် ကျွန်တော်တို့ နှစ်သား၊ ထိုတဲကလေးဆီပြေးလွှားကာ

ကျဉ်းမြောင်းသော တံခါးပေါက်တွင် ကိုယ်ကိုကြုံဝင်ကြပြီးမှ တံခါးကိုပိတ်လိုက်သည်။

အနံ့အသက် အလွန်ဆိုးဝါးသည် ။ အခန်းကကျဉ်းလွန်းသဖြင့် နှစ် ယောက် သား

မတ်တတ်ရပ်ဖို့ပင် နေ ရာမရှိပါ။ သို့သော် ပုန်းကွယ်ဖို့ နေရာ အဖြစ်တော့မဆိုးပါ။ လုံလုံ

ခြုံခြုံပုန်းနိုင်ဖို့က အရေးကြီးဆုံးဖြစ်သည် ။ အသက်ရှုသံ လျော့ရန်နှင့် နှလုံးခုန် သက်သာ

စေရန် မတ်တတ်ရပ်နေကြသည် ။

ထိုအခိုက်တွင် စစ်သားတစ်ယောက်ယောက်ကတံခါးကို ဆွဲဖွင့်၍ လက်မြောက်ဟု အော်မည့် အသံကို မျှော်လင့်နေပါသည် ။အပြင်ဘက်က ခြေသံများကို သည်းသည်းကြားနေရသဖြင့် အသက်ကိုပင်မရှုရဲဘဲ အောင့်နေသည်။ နှဖူးပေါ်တွင် ချွေးတဒီးဒီး တစ်ပေါက်ပေါက်ထွက်လာကာ လက်မောင်းများ စိုရွဲလာသည်။ တံခါးဖွင့်လာသည်။ သွားပါပြီဟု ခံစားမိပါသည် ။တော်ပါ

သေးရဲ့ ၊ အခြားလူမဟုတ်ဘဲ သင်းထောက်ဆရာဖြစ်နေသည်။ ဟန်ကျပြီဟု တိုးတိုးပြော

ဆိုကာ အနံ့ဆိုးသော အခန်းကျဉ်းလေးထဲမှ သူ့နောက်ကို လိုက်လာရန် လက်ပြသည်။

စက်ရုံအလုပ်မှ ညသန်းခေါင် ပြန်လာသည့် အိမ်ငှားတစ်ယောက် အိမ်ဝင်းခြံဖြတ်သွား

ခြင်းဖြစ်သည်။ “ဒါပေမဲ့ ၊ မစွန့်စားလို့တော့မဖြစ်ဘူးလေ”ဟု သူက ရှင်းပြလေသည်။

သူ့စိတ်ပူပန်မှုကို ကျွန်တော်သဘောပေါက်သည်။ နိုင်ငံခြားသားများနှင့် သာ သူ အတွေ့

ခံလျှင် အထူးသဖြင့် ကျမ်းစာအုပ်များ ပေးသော အနောက်နိုင်ငံသားများဖြစ်လျှင်

ပြင်းထန်သော ထောင်ဒဏ်ခံ ရမည်မှာ သေချာပါသည်။

ဤအချိန်တွင် ကျွန်တော်တို့၏ စိက်‌ ချောက်ခြားမှုများ သက်သာလာသည်။ ရော်လီ

နှင့်ကျွန်တော်ကို နှစ်ယောက် ထွက်ခွာမှဘဲ ဘေးရန်ကင်းပါလိမ့်မည်။ လေးလံသော

စာအုပ်ထုပ်ကြီးများကို ဝှက်ထားရန် သင်း‌ ထောက်ဆရာကိုကူညီချင်သော်လည်း သူ့ဟာသူဝှက်ထားမှပို၍လုံခြုံမည့်သဘောရှိသည်။ ဤတင်မကဘဲအိမ်အပေါ်ထပ်

မျက်နှာကြက်လမ်းကို သူကျွမ်းကျင်ပြီးဖြစ်သဖြင့် မှောင်မိုက်ထဲတွင်သူစမ်းတစ်ဝါးဝါးသွား၍

ခလုတ်တိုက်စရာ အကြောင်းမရှိပါ။ ထို့ ကြောင့် သင်းထောက်ဆရာဘက်သို့

လှည့်၍ “ဆရာကြီးကျွန်တော်တို့ထွက်သွားမှဖြစ်မယ်” ဟု ပြောလိုက်ရာ မျက်နှာတွင်

စိတ်သက်သာပုံ ရရှိလာသည်။

“ဟုတ်ကယ်၊ အဲ့တာအကောင်းဆုံးပဲ”ဟု သူသဘောတူထောက်ခံသည်။

စက္ကူ‌ သေတ္တာဘေးနားအစတစ်ခုကိုဆွဲဖြတ်၍ ကျွန်တော့်လိပ်စာကို ကမန်းကတန်းရေးပြီး

သူ့ကို ပေးလိုက်ပါသည်။ အားလုံးအဆင်ပြေလျှင် နှုတ်ဆက်စာ ကပ်ပြားတစ်ခု

အပေါ်မှာ “ဘူလ်ဂေးရီးယားတွင် မိုးလေ၀သကောင်းပါသည်”ဟုရေးရန် မှာလိုက်ပါ

သည်။

“ကောင်းပါပြီ” ဟု သူသဘောတူကာ ရော်လီနှင့်ကျွန်တော့်လက်ကို တလှည့်

စီ တင်းကြပ်စွာကိုင်ပြီး ကျွန်တော်တို့၏ မျက်နှာကို စိုက်ကြည့်ကာ အသက်မုန့်ကို

လာပေးကမ်းတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အခု သွားကြတော့

ဘုရားသခင်စောင့်ရှောက်ပါစေ” ဟု နှုတ်ဆက်ပါသည်။

လမ်းမပေါ်သို့ ရောက်သောအခါ ကျွန်တော်တို့ကို မြင်တဲ့သူများ ရှိ

လားဟု လိုက်ကြည့်ပါသည်။ စစ်သားများသည် အရက်ဆိုင်ထဲတွင် အရက်သောက်

နေကြဆဲ၊ မလှမ်းမကမ်းရှိ ကျွန်တော်တို့ လှုပ်ရှားမှုကို လုံးဝမရိပ်မိသည်မှာ ကျေးဇူး

တော်ကြောင့်ဖြစ်သည်။ သို့သော် အန္တရာယ်တော့ လုံးဝကင်းစင်သည်မဟုတ်

လျင်မြန်နိုင်သလောက် လျန်မြန်စွာ ကျွန်တော်တို့နှစ်ယောက်သား ထွက်သွားဖို့

လိုအပ်ပါသည်။ အကယ်၍ အဖမ်းခံမိသည့်တိုင်အောင် ကျွန်တော်တို့၏ဘူလ်ဂေးရီးယား

မိတ်ဆွေအဖော် သင်္ကာမကင်းမဖြစ်အောင် အရေးကြီးသည်။

လူသူကင်းရှင်းသော လမ်းမပေါ်သို့ တိတ်ဆိတ်နိုင်သလောက် တိတ်ဆိတ်

လျှောက်သွားကြရာ ကျွန်တော်တို့ရပ်ထားသော ဗင်ကားသည် လမ်းဘေးမှာပင် ဘေး

ကင်းစွာရှိနေသည်။

ရော်လီသည် ဘေးထိုင်ခုံတွင် ထိုင်၍ ကျွန်တော့်ကားစက်ကို နိုးမည်

အပြုတွင် ဤကားဟောင်းကြီးသည် အရက်ဆိုင်ထဲက စစ်သားများကြားလောက်အောင်

အသံကျယ်ကျယ်မပြုဖို့ တိတ်ဆိတ်စွာ ဆုတောင်းမိပါသည်။ သို့သော်လည်း သော့

လှည့်လိုက်သည့်အခါ ကားအင်ဂျင်နိုးလာမည့်အစား လူနာညည်းသံကဲ့သို့ အသံရှည်ကြီးထွက်လာသည်။

ထပ်လှည့် သည်။ စက်ကမနိုး။ မဖြစ်သေးပါဘူး။ ကျွန်တော်တို့

နှစ်ယောက် ဆိုဖီယာမြို့တွင် ကားရှုပ်ကြီးတစ်စီးနှင့် သောင်တင်၍ ကွန်မြူနစ်ရံများ၏ စစ်လား‌မေးလားလုပ်မည့်ပုံကိုရူပါရုံမြင်နေရပါသည်။

“တွန်းကြည့်ပါဦး”‌ ရော်လီအားလေသံဖြင့် ပြောလိုက်ရာ ခုန်ဆင်း၍

နောက်မှတွန်းကြည့်ရာ လမ်းပေါ်အရောက်တွင် ခင်းထားသော ကျောက်တုံးလေးများ

ပေါ်၌ ဗင်ကားသည် ဆူညံဆူညံ အသံပြုလာပါသည်။ ကားသော့ကို နောက်တစ်ခါ

ကြိုးစားလှည့်ကြည့် ရာ၊ တော်သေးရဲ့၊ ဤတစ်ခါ ကားအင်ဂျင်စက် နီုးလာသည်။

အမြန်ကားပေါ်တက်ဟု ရော်လီအား အမိန့်ပေးလိုက်သည် ။ လမ်းမကြီးအတိုင်း တောင်

ဘက်သို့မောင်းထွက်ပါသည်။ဂျိမ်းစ်ဘွန်းစတိုင်မျိုး ထွက်ခွာခြင်းလုံးဝ မဟုတ်သော်လည်းအရက်ဆိုင်ထဲရှိ စစ်သားများသည် ကျွန်တော်တို့၏ဇတ်လမ်းကို မရိပ်မိဘဲ

သောက်မြဲသောက်နေကြသည်။

ရှုပ်ထွေးနိုင်သည့် အခြေအနေမှ အမြန်ဆုံး‌ ဝေးနိုင်သလောက် ဝေးသွားအောင်

ဆန္ဒစောခြင်းကြောင့် ကားအရှိန်ကို တိုးမြင့် လိုက်ပါသည်။ ညသန်းခေါင်ကျော်တွင်

မော်တော်ယာဉ်အသွားအလာ လုံးဝမရှိတော့ဘဲ တိတ်ဆိတ်နေသည်။ အချိန်မှန်မှန်ဖြင့်

မောင်းနှင်နေချိန်တွင် စစ်ဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်၏ အရိပ် လမ်းဘေးမှ

ပေါ်လာကာ အနီရောင်ဓာတ်မီးကို ဝှေ့ရမ်းပြနေပါသည်။ ကျွန်တော်စိတ်မကောင်း

ဖြစ်လာသည်။ သူက ငါတို့ဘယ်သူဘယ်ဝါ သိနိုင်မည်လဲ။ ကျွန်တော် သတိထားမိ

သလောက် ကျွန်တော်တို့ကို မြင်သောသူမှာ ယခု အထိ မရှိသေးပါ။

ဗင်ကားကို သူ့အနီးသို့ ကပ်၍ ရပ်လိုက်ပါသည်။ ၎င်းရဲသားက ကားပြတင်း

ပေါက်မှ သူ့ခေါင်းကို အထဲထိုးသွင်း၍ ဆဲရေးတိုင်းထွားလေတော့သည်။ သူဒေါသ

ထွက်ပုံကို ရိပ်စားမိသော်လည်း ဘာပြောနေမှန်း နားမလည်ပါ။ စိတ်အနှောင့်အယှက်

ဖြစ်ဟန်ဖြင့် လက်ကို ခါပြ၍ ကားအရှိန်ပြမီတာကို လက်ညှိုးထိုးပြလေသည်။ သူစိတ်

ပူပန်သော အမှုအရာကို ကျွန်တော်ရုတ်တရက်သဘောပေါက်ကာ အသက်ရှုချောင်လာ

သည်။

ကျွန်တော်၏သမ္မာကျမ်း သယ်ဆောင်လာသည့်ကိစ္စကို သူဘာမျှမသိ၊ ကား

အရှိန်များလွန်းခြင်းကြောင့် ရပ်ခိုင်းခြင်းဖြစ်နေပါသည်။ တောင်းပန်စကား တဖွဖွ

ပြောဆိုရင်း ကားထဲက စခန်းချပစ္စည်းများကို လက်ညှိုးထိုးပြ၍ နယ်စပ်ဖြတ်ကျော်ရန်

ထွက်လာသော ကမ္ဘာလှည့် ခရီးသည်များဖြစ်သည့်အကြောင်းကို ခြေဟန်လက်ဟန်ဖြင့်

ရှင်းပြပါသည်။ သူပြောတာ ကိုယ်နားမလည်၊ ကိုယ်ပြောတာ သူနားမလည် စိတ်ရှုပ်၍

နောက်ဆုံးတွင် ရဲသားက လက်မြောက်သွားကာ ဆက်သွားခွင့်ပြုလေသည်။

စောစောပိုင်းက အဖြစ်ထက်ပို၍ စိတ်တည်ငြိမ်စွာ ခရီးဆက်သွားကြသည်။

သို့သော်လည်း ကိုယ်စိတ်နှစ်ပါး တင်းမာမှု၏ဒဏ်ရာဒဏ်ချက် စပေါ်လာသည်။ လုံးဝအားအင်ကုန်ခမ်းလာသည်။ ယာဉ်မောင်းတာဝန်ကို ရော်လီအားလွဲ၍ ကျွန်တော်သည်

ကားနောက်ခန်း လေမွေ့ရာပေါ်တွင် ကားယားကြီးအိပ်ချလိုက်ပါသည်။ တစ်ခဏ

အတွင်း အိပ်ပျော်သွားပါသည်။

ကားတာယာ၏ မြေကြီးလျှပ်သံကြောင့် ရုတ်တရက်အိပ်ရာမှလန့်နိုးမိပါသည်။ ဗင်ကားသည် ရုတ်တရက်ရပ်တန့်သွားလေသည်။“ဘာဖြစ်သလဲ”ဟု အိပ်ချင်မူးတူးဖြင့် မေးလိုက်သည်။ ရော်လီသည် ယာဉ်မောင်းထိုင်ခုံမှ ဆင်းမည်ပြုသည်ကို မြင်လိုက်ပါသည်။

“ဆက်မသွားနိုင်တော့ဘူး။ ပင်ပန်းလွန်းတဲ့အတွက် ဘာဆို ဘာမှ မစဉ်းစား

တတ်တော့ဘူး။ လမ်းမှားဖို့ နည်းနည်းပဲလိုတော့တယ်” ဟု ညည်းတွားလေသည်။ ယခု

ညတစ်ညလုံး အိပ်ရေးပျက်၊ နောက်တစ်နေ့လုံးလည်း စိတ်ပူပင်သောက ရောက်နေကြ

သဖြင့် နှစ်ယောက်သား အနားယူဖို့ လိုအပ်နေမှန်း သဘောပေါက်ပါသည်။ မလိုအပ်ဘဲမိမိတို့ကိုယ်ကို တစ်ဇွတ်ထိုး ရှေ့တန်းတင်ဖို့ အဓိပ္ပာယ်မရှိပါ။

“လမ်းဘေးတစ်နေရာမှာ ရပ်ထားကြရအောင်”ဟု အကြံပြုလိုက်ပါသည်။

ကားပြတင်းပေါက်မှ အပြင်ဘက်သို့ ကြည့်ရှုအကဲခတ်သည့်အခါ ဆိုဖီယာမြို့တော်အရိပ်

ရောက်နေပြီဟု မှန်းဆနိုင်ပါသည်။

မနီးမဝေး လယ်ကွင်းတစ်ခု၏ ဘေးအစွန်တွင် ကားရပ်ရန် သင့်တော်သော

မြေပြန့်တစ်နေရာ တွေ့ လိုက်ရာ ၎င်းနေရာတွင် ရပ်၍ အနားယူကြရန် ဆုံးဖြတ်လိုက်ပါ

သည်။ ကျွန်တော့်လေမွေ့ရာထဲသို့ ပြန်အိပ်မည်အပြုတွင် တံခါးပေါက်ကနေ လှုပ်ရှားမှု

တစ်ခုမြင်လိုက်ပါသည်။ ကြက်သေသေမိ၍ နှလုံးလည်း တစ်ဒိတ်ဒိတ် ခုန်လာသည်။

ထိုအရိပ်သည် ဗင်ကားကို ချဉ်းကပ်လာသည်။ လသာထဲတွင် ထိုသူမှာ စစ်သား

တစ်ယောက်ဖြစ်သည်ကို ကောင်းစွာမြင်ရပါသည်။ သူ့သေနတ်ကို ပစ်ခတ်ရန် အသင့်

အနေအထားတွင်ကိုင်၍ ကျွန်တော်တို့ကို လာချဉ်းကပ်နေပါသည်။ ကျွန်တော့်စိတ်သည်

တိုက်တင်းနှစ်သင်္ဘောကဲ့သို့ နှစ်မြုပ်သွားသည်။

ကျွန်တော်တို့လက်ထဲတွင် သမ္မာကျမ်းစာအုပ်များ မရှိတော့သည့်တိုင်အောင် ပိတ်ဆို့ထားသောတိုင်းပြည်တွင် လူများကိုရာဇဝတ်မှုတစ်ခုခု ကျူးလွန်သည်ဟု သင်္ကာမကင်းရုံဖြင့် ဖမ်းဆီး၍ အမှုစစ်ဆေးခြင်းမပြုဘဲ နှစ်ပေါင်းများစွာ ထောင်ချသည်ဟု ကြားဘူးပါသည်။ အကျဉ်းထောင်ထဲတွင်ခံစားရမည့် အဆိုးဝါးဆုံး ဇာတ်လမ်းကို စိတ်ထဲတွင် မြင်ယောင်မိကာ ကျွန်တော့်လိပ်ပြာဘယ်ရောက်မှန်း မသိတော့ပါ။ ကားထဲက ပစ္စည်းပစ္စယများကို မြင်နိုင်ရန် မီးကို

အမှတ်တမဲ့ ဖွင့်မိလိုက်ပါသည်။ ၎င်းစစ်သားသည် ကားတံခါးပေါက်တည့်တည့်သို့

လျှောက်လာပြီး ကားထဲသို့ကြည့်၍ ပြန်လှည့်သွားပါသည်။ ရှုပ်ပွနေသော ပစ္စည်းများ

ကို တွေ့သည့်အခါ ကျေနပ်သွားဟန်ရှိသည် ။ စခန်းချခရီးသွား ဟန်ဆောင်မှုအတွက်

ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

၎င်းစစ်သားသည် ညမှောင်ထဲတွင် ပျောက်ကွယ်သွားသည့် အခါ အသက်ရှု

ချောင်လာသည်။ သို့သော် နှစ်ခြိုက်စွာ အိပ်စက်နေခြင်းကို အနှောင့် အယှက်

ခဲ့သည့် အတွက် အဘယ်မျှ မောပန်းနွမ်းနယ်သည့်တိုင်အောင် ဆက်၍ အိပ်မပျော်တော့

ပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ရပ်နားနေသောနေရာမှာ ကွန်မြူနစ်နယ်မြေ

ဖြစ်၍ အန္တရာယ်မကင်းသေးကြောင်း ကျွန်တော် အတိအလင်း သိရှိနေပါသည်။

ထို့ကြောင့် မျက်လုံးအစုံမှိတ်၍ အနားယူရန် ကြိုးစားနေသော်လည်း ကြားနေကျအသံ။

မဟုတ်သော ထူးခြားသည့် အသံကလေးကို ကြားရုံဖြင့် ကျွန်တော့်မနောစိတ်က လန့်ဖြန့်

နေပါသည်။ နံနက်စောစော အခိုက်အတန့်တစ်ခုတွင် သစ်ကိုင်းကျိုးကျသံတစ်ချက်ကြား

လိုက်ရာ ကျွန်တော်လန့်နိုးလာပါသည်။ တံခါးပေါက်မှ ခေါင်းပြုကြည့်လိုက်ရာ စစ်သား

နှစ်ယောက် ယောင်လည် ယောင်လည်နှင့် ရောက်လာသည်ကို မြင်ရပြန်ပါသည်။

ဤဗင်ကားဟောင်းကြီးကို ဘာဖြစ်လို့ မသင်္ကာဖြစ်ကြပါလိမ့်။

တစ်ဆက်တည်းမှာပင် ဤစစ်သား ဘယ်ကစစ်သားများလဲဟု ကျွန်တော့်

စိတ်ထဲတွင် ရုတ်တရက်ပေါ်လာသည်။ ကျွန်တော်ရိပ်မိသည်မှာ ယူဂိုစလားဗီယားပြည်

နှင့်နီးကပ်သော အရပ်ဒေသသို့ ကျွန်တော်တို့ ရောက်ရှိနေသည်။ ဤစစ်သားများသည်

ကျွန်တော်တို့ နောက်ကို လိုက်ကြသည်မဟုတ်ဘဲ နယ်စပ်ကို တာဝန်ဖြင့် စောင့်ကြပ်နေ

သောသူများသာဖြစ်နေသည် ။ သို့ သော် ဤသို့ နားလည်သည့်တိုင်အောင် အနားယူရန်

အခက်တွေ့နေပါသည်။ ကျွန်တော့် အာရုံကြောများသည် ပျက်လုမတတ်ဖြစ်နေသည်။

ရော်လီသည် နှစ်နှစ်ခြိုက်ခြိုက် အနားယူနိုင်ရန် ယူဂိုစလားဗီယားကိုဖြတ်ကျော်ရန်

အချိန်အခါကောင်း ရောက်လာသည့်အချိန်အထိ ဂဏာမငြိမ်ဘဲ ကျွန်တော်စောင့်ဆိုင်း

နေပါသည် ။

အပြန်ခရီးတွင် ဂရိပြည်ဖြတ်ကျော်သော အလာလမ်းကိုပြန်သုံးလျှင် မလိုအပ်

သော အမေးအမြန်များကို ရင်ဆိုင်ရမည့် အစား ယူဂိုစလားဗီယားဘက်ကို ဖြတ်ကျော်

သောလမ်းကို အသုံးပြုရန် ဆုံးဖြတ်ကြခြင်းဖြစ်သည်။ ဤအတိုင်း နယ်စပ်အစောင့်

အလီလီနှင့် ဆုံတွေ့ နိုင်ပါသည်။ နောက်တစ်နေ့ နံနက်ခင်းတွင် နယ်စပ်ကိုဖြတ်ကျော်ရန်

လိုသေးသော မိုင်အနည်းငယ်ကို ခရီးဆက်သွား ရင်း အဖြေမရသေးသော မေးခွန်းတစ်ပုဒ်

ကျွန်တော့်စိတ်ထဲတွင် ရှိနေလေသည်။ ဘူလ်ဂေးရီးယားပြည်ထဲတွင် ဘယ်ကိုရောက်ခဲ့ပြီး

ဘယ်သူနှင့်တွေ့ဆုံခဲ့သလဲဟု မေးမြန်း၍ သမ္မာကျမ်းစာအုပ်များ ယူလာသလား၊ မယူလာ

ဘူးလားဟု တည့်တည့် အမေးခံမိလျှင် ဘာဖြစ်မည်လဲ။ ဘယ်လိုပြန်ဖြေမည်လဲ။

ဤကဲ့သို့ စစ်ဆေးမေးမြန်းဖို့ အလားအလာမရှိသော်လည်း ဖြစ်နိုင်သည်။ ကျွန်တော်တွေးနေ

သော မေးခွန်းတစ်ပုဒ်ဖြစ်သော်လည်း ကိုယ့်ကိုယ်ကို အဖြေမရသေးပါ။ ဤကိစ္စနှင့်

ပတ်သက်၍ ညီအစ်ကိုကြီးအင်ဒရူး ပြောခဲ့သော စကားကို ကြားဖူးခဲ့ပါသည်။ သူပြော

သည့် အတိုင်း လိုက်လုပ်ရမည်ဆိုပါက ကျွန်တော်တို့ ဘူလ်ဂေးရီးယားတွင် စာရွက်စာ

တမ်း တချို့ကိုတော့ ထားခဲ့သည်၊ မည်သည့် စာပေဟူ၍ အတိအကျ မဖော်ပါ။ သို့သော်

၎င်းစာရွက်စာတမ်းများမှာ ကျမ်းစာအုပ်များဟုတ်မဟုတ်၊ ကတ်သီးကတ်သတ်မေးလျှင်

ခရစ်ယာန်တစ်ယောက်အနေဖြင့် မုသာစကား မပြောတတ်ပါ။ ကျွန်တော်ပြုလုပ်နိုင်သည်

မှာ ဆုတောင်းပတ္ထနာပြုဖို့သာဖြစ်လေသည်။

အသက်ရှုအောင့်ထား၍ စိတ်ထဲတွင် ဆုတောင်းမိပါသည်။ “ဘုရားသခင်

စစ်ဆေးမေးမြန်းခြင်းမခံဘဲ နယ်စပ်ကို ချောမောစွာ ဖြတ်ကျော်စေတော်မူပါ။

အရှုပ်အရှင်းလုံးဝမရှိပါက လက်ကမ်းပေးခဲ့သော ကျမ်းစာအုပ်များ ဘေးအန္တရာယ်ကင်း

ပြီး လက်ခံသူမှာလည်း ပုဂ္ဂိုလ်မှန်ဖြစ်သည်ဟု ကိုယ်တော်ထံမှ နိမိတ်လက္ခဏာ

အဖြစ် လက်ခံပါမည်။

ကျွန်တော်တို့၏ဘူလ်ဂေးရီးယားမိတ်ဆွေမှာ အစစ်အမှန်ဖြစ်သည်

ဟု ကျွန်တော်ယုံကြည်ပါသည်။” သို့ သော် သင်းအုပ်ဆရာအွတ်စ်ကပ်ဖော်ကဲ့သို့

အစိုးရအား သတင်းပေးပို့သူနှင့်အတူ လက်တွဲလုပ်ကိုင်နေသည့်အကြောင်းက သံသရ

မကင်းစရာအချက်တစ်ခုဖြစ်နေသည်။ ကျမ်းစာအုပ်များကို ထိုမိတ်ဆွေနှင့်ပို့လိုက်

သည်မှာ ရော်လီနှင့်ကျွန်တော်နှစ်ယောက်သား၏ စွန့်စားမှုတစ်ရပ်ဖြစ်

ပါသည်။

နံနက်ခုနှစ်နာရီတွင် ယူဂိုစလားဗီယားပြည်ထဲသို့ဝင်သော နယ်စပ် စစ်ဆေး

စခန်းသို့ ရောက်ရှိသွားကာ တန်းစီထားသော ယာဉ်တန်း၏နောက်တွင် ရပ်လိုက်

သည်။ မကြာမီ အစောင့်တစ်ယောက်ရောက်လာပါသည်။ “ကျေးဇူးပြုပြီး နိုင်ငံ

ကူးခွင့်လက်မှတ်ကိုပေးပါ”။ နိုင်ငံခြားကူးလက်မှတ်များကို ကမ်းပေးရင်း နှလုံးခုန်

သည်။ ဝှက်စရာပစ္စည်း ဘာမျှမရှိတော့သော်လည်း ပြီးခဲ့သော စိတ်တင်းမာမှု

ကြောက်စိတ်က မပျောက်သေးပါ။ နယ်စပ်အစောင့်သည် ဘူလ်ဂေးရီးယားဝင်ခွင့်

သည့် တံဆိပ်များကို ကြည့်ရှုစစ်ဆေးနေသည်။ အလည်အပတ်တိုတောင်းလှပါလား

ဟု မေးများမေးမည်လား။

အသက်ရှုဖို့ပင် အောင့်ထားရသည်။ နိုင်ငံကူးလက်မှတ်များကို ကြည့်နေရင်းမှာပင် ခေါင်းညိတ်၍ ဗင်ကားနောက်ဘက်သို့ လျှောက် သွားနောက်တံခါးကို ဖွင့်ပြီး ကားထဲကို စိုက်ကြည့်နေသည်။ အခြားသော စခန်းချပစ္စည်းများအပေါ်တွင် တမင်သက်သက် တင်ထားသော သံချေးတက်သည့် မီးပူးအပေါ် သူ့ မျက်စိကျရောက်သည်တွင် “ဘာအသုံးကျစရာရှိလို့လဲ”ဟု ပြုံးပြုံးရွှင်ရွှင်ပြောလေသည်။

ကားတံခါးကို စောင့်ပိတ်၍ နိုင်ငံကူးလက်မှတ်များကို တံဆိပ်တုံးထုကာ ပြန်ပေးလေ

သည်။ “လိုရာခရီး ကောင်းမွန်စွာ ရောက်ပါစေ” ဟု ပျူငှာစွာ ပြောဆိုနှုတ်ဆက်ရင်း

ခရီးဆက်ထွက်ရန် လက်ပြလေသည်။ အမေးအမြန်းမရှိ။ မျှော်မှန်းသည်ထက် ပို၍ချောမွေ့သည်။

ဘုရားသခင်သည် ကျွန်တော်တို့၏ ရည်မှန်းချက်ကို အောင်မြင်သည်

အကြောင်း အတည်ပြုပေးတော်မူခြင်းအဖြစ် နိမိတ်ပြရန် ကျွန်တော့်ဆုတောင်းသည့်အဖြေဖြစ်သည်ဟု ကျွန်တော်လက်ခံ နေပါသည်။

ဤကဲ့သို့ဖြစ်သော်ငြားလည်း ယူဂိုစလားဗီယားနှင့် ဂရိပြည်တို့တွင် တွေ့ကြုံ

မည့် ဒုက္ခအတွက် မပြင်ဆင်မိကြပါ၊ လွန်ခဲ့သောနေ့ က ဂရိပြည်မှထွက်ပြီး ယခု တစ်

ခြားလမ်းကို အသုံးပြု၍ ပြန်လာသည့် အကြောင်းကို နယ်စပ်အစောင့်များက နား

မလည်နိုင်ဖြစ်ကြသည်။ တားမြစ်ထားသောတရားမဝင်ပစ္စည်းများကို သယ်ဆောင်သည်ဟု

အသေအချာ သဘောထားကြကာ၊ ဗင်ကားထဲက ပစ္စည်းဟူသမျှ အပြင်ထုတ်စေပြီး အသေးစိတ်ရှာဖွေကြလေသည်။

ဘူလ်ဂေးရီးယားပြည် အဝင်အထွက်နှစ်ရပ်လုံးတွင်ဘုရားသခင်၏အံ့ဩဖွယ် အကွယ်အကာကို

တစ်ဖန် သတိရစေသည်။

နောက် ရှစ်နာရီကြာသောအခါ ညနေသုံးနာရီခန့်တွင် ဖုံအထပ်ထပ်ထူသော

ကျွန်တော်တို့၏ဗင်ကားသည် အေသင်မြို့တော်အနီး ကာသဲရီနီ အခြေချစခန်းသို့

တလိမ့်လိမ့် ဝင်သွားသည်။ ကိုယ်ကာယ ပင်ပန်းနွမ်းနယ် သော်လည်း မနောစိတ်က

ပျော်ရွှင်တက်ကြွနေသည် ။ ဓာတ်ဆီတိုင်ကီထဲတွင် လက်ကျန်မရှိ၊ လမ်းခရီးတွင်

ကုန်များကုန်သွားလျှင် ကျွန်တော်တို့အိတ်ထဲတွင် လုံလောက်သော ငွေကြေးလက်ကျန်

မရှိပါ။ ယုံကြည်ခြင်းဖြင့် စွန့်စားခြင်းကို ဘု ရားသခင်သည် အစစအရာရာတွင်

ချီးမြောက်တော်မူသည်။ ရီအို နာ၏ ကြိုတင်ဟောပြောထားသည့် ကျမ်းပိုဒ်အတိုင်း

ခရီးစဉ်တစ်ခုလုံးကို သုံးရက်ဖြင့် ထမြောက်အောင်မြင်ခဲ့ပါသည်။

အခြေချစခန်းတွင်ရှိသော အဖွဲ့သားတိုင်းသည် ကျွန်တော်တို့ ကို ကြိုဆိုရန်စု

ရုံးကြသည်။ မေးမြန်းကြသည်။ စခန်းတွင် အကျယ်ဆုံးဖြစ်သော ထမင်းစားခန်းထဲတွင်

ပြတ်သိပ်၍ ကျွန်တော်တို့၏စွန့်စားခန်း အသေးစိတ်ကို အစမှအဆုံးပြောပြကြပါသည်။

ဂရိပြည်ရှိ တောင်ကြားလမ်းတွင် ညသန်းခေါင်အချိန်တွင် ဗင်ကားချောက်ထဲသို့

လိမ့်ကျဖို့အဖြစ်မှ သီသီကလေး လွှတ်မြောက်လာသည့်အကြောင်းကို ပြောပြသည့်အခါ

အိုအာနှင့်အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ဒွန်က စိတ်တက်ကြွစွာ ပြောပြသည်။

အဒါ ဘာကြောင့်ထင်သလဲ။ လမ်းခရီးမှာ ဘုရားသခင် အထူးတလည် စောင့် ရှောက်

ကာကွယ်ဖို့ ကျွန်တော်တို့ ဆုတောင်းပေးနေကြတဲ့အချိန် အတိအကျပဲဗျ”၊ ဘူလ်ဂေးရီး

နယ်စပ်ကို ကျွန်တော်တို့ နံနက်ခြောက်နာရီ ဖြတ်ကျော်ရာတွင် ဆုတောင်းပေးဖို့

အိပ်ရာမှ ထရန် လှုံ့ဆော်ခြင်းခံရသည့်အဖြစ်၏ ထူးခြားမှုကို သိမှတ်လာကာ

စရာကြီးလို ရင့်ပင်လျှင် မဖြစ်စဘူးစိတ်လှုပ်ရှားမှုဖြစ်ပေါ်လာသည် ။ အခြားကျောင်းသူ

ကျောင်းသားများကလည်း နယ်စပ်ကို ဖြတ်ကျော်ရာတွင် မလာဘဲ ဘုရားသခင်၏

ကကျသော အချိန်ကိုက်ကိုစောင့်နေရန် ဆုတောင်းပေးကြသည့် အကြောင်းကို ပြောပြကြ

လေသည်။

ရဲသားမှ မီးနီကို ရမ်းပြ၍ ကျွန်တော်တို့ကို ရပ်တန့်စေခဲ့သော အချိန် အတိ

တွင် ဆုတောင်းပေးကြသော အဖွဲ့တစ်ဖွဲ့သည် အရှိန်ပြင်းစွာ မော်တော်ယာဉ်

မောင်းနှင်ခြင်းမှ ကွယ်ကာရန် ဆုတောင်းပေးကြဖို့ စိတ်ထဲတွင် ပြင်းပြစွာ ခံစားကြ

သည်။ တစ်ဖန် နံနက် နှစ်နာရီ တွင် ယူဂိုစလားဗီးယားနယ်စပ်ကို

ဖြတ်‌ ကျော်သော်အခါ၌ပင် ဆုတောင်းအဖွဲ့မှ ဝန်ထုတ်ကို ဖယ်ရှားခြင်းခံကြသဖြင့်

ဆုတောင်းခြင်းအစီအစဉ်ကို ရပ်လိုက်ကြသည်ဟုဆိုသည်။ ကျွန်တော်တို့၌ အကြီးမားဆုံးသော

အန္တရာယ်ကို ရင်ဆိုင်ကြ‌ သောအချိန်အခါအတိအကျတွင် ဆုတောင်းပေးသော

အဖွဲ့၏ ပြင်းထန်‌ သောဆုတောင်းပွဲဖြင့် ဘုရားသခင်အတိအကျ ညှိနှိုင်းပေးတော်မူ

သည်။ ဤအဖြစ်အပျက်သည် ဆွီ ဇာလန် စစ်တပ်ထဲ

ကျွန်တော် လေ့လာခဲ့ဖူးသော အခြေခံမူတစ်ခု၏ အရေးပါပုံကို မီးမောင်းထိုးပြနေ

သည်။ ရှေ့တန်းတွင် တိုက်ပွဲဝင် စစ်သည်တစ်ဦးအတွက် နောက်တန်းတွင်စီမံ

ခန့်ခွဲပေးမည့် အခြားစစ်သည် ခုနှစ်ဦးလိုအပ်သည်။ ၎င်းအချိန်မှာပင် အခြေစိုက်

အခန်းတွင် လက်နက်ခဲယမ်းထုတ်လုပ်ရန်နှင့် တိုက်ပွဲတိုးတက်မှုတစ်ခုလုံးကို မျက်ခြည်

မပြတ် စောင့်ကြပ်ရန် နောက်ထပ်စစ်သားတစ်ဆယ့်ငါးဦး လိုအပ်သည်ဟု ဆိုပါသည်။

ဝိညဉ်တိုက်ပွဲတွင်လည်း အလားတူ ဤအခြေခံမူ အကျုံးဝင်ကြောင်းကို ကျွန်တော်

သဘောပေါက်လာပါသည်။ ကျွန်တော်တို့ ၏ ရည်မှန်းချက်တာဝန်အောင်မြင်ရန်

ရော်လီနှင့်ကျွန်တော်တို့နှစ်ယောက်ပေါ်တွင်သာ မူမတည်ဘဲ အများဆုံး အခြေချစခန်းကို

ကျောင်းသားများ၏ သစ္စာရှိရှိ ဆုတောင်းပေးကြခြင်းနှင့် ဆွေမျိုးသားချင်းများ၏ငွေကြေး

ကူညီထောက်ပံ့မှုတို့ကြောင့်သာ ဖြစ်လေသည်။ သို့ သော် မကြာမီအတွင်း ဘုရားသခင်

တွင် ကျွန်တော့်ကို ထပ်မံ၍ သွန်သင်ဆုံးမဖို့ မမျှော်မှန်းခဲ့သော သင်ခန်းစာများ ရှိသေး

ကြောင်းကို ကျွန်တော်တွေ့ရှိလာပါသည်။

ကျွန်တော်တို့၏ ဘူလ်ဂေးရီးယားခရီးစဉ်သည် ဧဝံဂေလိသင်တန်းကျောင်း

(SOE)အတွက် အရေးပါဆုံးသောအချိန် ဖြစ်လာသည်။ ဘုရားသခင်၏ လုပ်ဆောင်မှု

ကို အမြင်သစ်ဖြင့် ရှုမြင်နိုင်ရန် ကျွန်တော့်မျက်စိကို ဖွင့်ပေးလေသည်။ သင်တန်းခန်း

တွင် ညီအစ်ကိုကြီးအင်ဒရူးသည် သူ့အတွေ့အကြုံကို ပြန်လည်ဝေငှသည့်အတိုင်း

ဘုရားသခင်အတွက် မကျော်ဖြတ်နိုင်သော နယ်နိမိတ်မရှိဟူသောအချက်ကို ကျွန်တော်

ယခု ကိုယ်တိုင်တွေ့ရှိလာခဲ့သည်။ ဘူလ်ဂေးရီးယား၌ အောင်ပွဲခံပြီးသည့်နောက် မျက်စိ

ကျစရာ တောင် ထိပ်အသစ်ကို ရှာရန် စိတ်ပါလာသည်။ သို့ သော် တောင်တန်းကြီး

အသစ်ပေါ်သို့ မတက်မီ တောင်ကြားချိုင့် ဝှမ်းသို့ ဆင်းရန် လိုအပ်သည်ဟု ကျွန်တော်ရုတ်တရက် သဘောပေါက်လာပါသည် ။

ဘူလ်ဂေးရီးယားပြည်ရှိ စွန့်စားမှုကို အဖွဲ့ထံသို့ပြန်လာသည့်အခါအားမလိုအားမရဖြစ်နေသည်။

ဤအမှုအရာ အထူးခက်ခဲလာပုံမှာ မူလစီစဉ်ထားသည့် အတိုင်း ယူဂိုစလားဗီးယားပြည်ကို ဖြတ်ကျော်၍ မြောက်ဘက်သို့ တည့် တည့် မတ်မတ် သွားမည့် အစား

ဘူလ်ဂေးရီးယားသို့ လေ့လာရေးတစ်ဖွဲ့လုံးကို လမ်းပြောင်းခေါ်ဆောင်သွားရန် ဆုံးဖြတ်

သည့်အခါတွင်ဖြစ်သည်။ ရှေ့ပြေးအဖွဲ့မှ လိုက်ရမည့်လမ်း (ဥပမာနယ်စပ်စောင့်ရဲများ

ကို ဘယ်လိုရှောင်ရမည်ဟူသော အခြား မမျှော်လင့်သည့် အခက်အခဲမျိုး) ကြောင်း

အားဖြင့် အသိပညာတိုးပွားလာရာမှ ဆရာကြီးလိုရင့်သည် လေ့လာရေးအဖွဲ့ တစ်ဖွဲ့လုံးကို

ခေါင်းမာသော ကွန်မြူနစ်နိုင်ငံထဲသို့ ခြေစုံပစ်ဝင်ရောက်ရန် အချိန်တန်သည်ဟု

ဆုံးဖြတ်လေတော့သည်။ သို့သော် ရော်လီနှင့်ကျွန်တော် မလိုက်သင့်ကြောင်းကိုလည်း

ဆရာကြီးလိုရင့် ရိပ်စားမိပြီးဖြစ်သည်။ သူတို့နှင့် အတူ လိုက်ပါသွားရန် ဆန္ဒမရှိသော

ကျောင်းသားသုံးယောက်နှင့် ကျွန်တော်တို့က ယူဂိုစလားဗီးယားပြည်ကိုဖြတ်၍ မူလ

လမ်းအတိုင်း လိုက်ကြရမည်ဖြစ်သည်။ အားလုံးသည် သုံးရက်အတွင်း ယူဂိုစလားဗီး

ယားမြို့တော် ဘဲလ်ဂရိတ်တွင် ဆုံစည်းကြရမည်ဖြစ်သည်။

သူတို့နှင့် အတူလိုက်သွားဖို့ ကျွန်တော် အသဲယားနေပါသည်။ ဤနိုင်ငံနှင့်

လူမျိုးအတွက် အထူးမေတ္တာကို ဘုရားသခင်သည် ကျွန်တော်၌ မွေးဖွားပေးတော်မူခဲ့ပါ

သည်။ နောက်တစ်ခေါက် အလည် အပတ် ရောက်ချင်လှပါသည်။ ဆိုဖီယာမြို့ရှိ

သင်းထောက်ဆရာနှင့် နောက်တစ်ကြိမ် ပြန်ဆက်သွယ်မိရန်မှာ အံ့သြစရာကောင်းပါ

လိမ့်မည်။ ကျမ်းစာအုပ်များ ဘယ်ပုံဘယ်နည်း အခြေအနေဆိုက်ရောက်နေကြောင်းကို

လည်းကောင်း၊ ယုံကြည်သူများတစ်အုပ်စီ အပိုင်ရရှိကြသည့်အခါ မည်ကဲ့သို့ တုံ့ပြန်

သည်ကိုလည်းကောင်း ကိုယ်တိုင် ရှေးဦးစွာ ကြားလိုပါသည်။ နှစ်ပေါင်းများစွာ

ကိုင်တွယ်ခွင့်မရရှိခဲ့သော ဤတန်ဖိုးကြီးလှသည့် စာအုပ်ကို ဖတ်ရှုသည့်အခါ မည်ကဲ့သို့

ခံစားရသည်ကို ကျွန်တော် သိချင်လှပါသည်။ သို့သော် ကျွန်တော့်ဆန္ဒအတိုင်း

မဖြစ်ရပါ။

ရော်လီနှင့်ကျွန်တော်တို့နှစ်ယောက် အဖွဲ့သားများနှင့် ပူးပေါင်းလိုက်ပါက

နယ်စပ်အစောင့်များက ချက်ခြင်း သင်္ကာမကင်းမှုဖြစ်ပါလိမ့်မည်။ မည်သည့် အတွက်

ကြောင့် စောလျင်စွာ ပြန်လာကြသည်ကို သူတို့ သိချင်ကြလိမ့်မည်ဖြစ်သည်။ ကျွန်တော်

တို့နှစ်ယောက် ပါဝင်ခြင်းဖြင့် ကျန်အဖွဲ့ ၏ဝင်ရောက်ခွင့်ကိုပါ အန္တရာယ်ဖြစ်စေနိုင်

သည်။ ထို့ကြောင့် ၎င်းအဖွဲ့တွင် ပါဝင်ချင်စိတ်ရှိသော်လည်း ကျွန်တော်တို့နှစ်ယောက်

ဘေးဖယ်ထားရန် ဆရာကြီးလို ရင့် ၏ ဆုံးဖြတ်ချက်ကို ဆင်ခြေမတက်တော့ဘဲ စိတ်

သဘောတူညီစွာ လက်ခံလိုက်ပါသည်။

ဘူလ်ဂေးရီးယားမှ ပြန်လာသော နှစ်ရက် နေ့မြောက် စနေနေ့နံနက်တွင်

ရက်သတ္တပတ်နှစ်ပတ်ကျော် အခြေပြုခဲ့သော အေသင်မြို့ ဆင်ခြေဖုံအနီး ကားလာရီနီ၌

ချခဲ့သောစခန်းကို ဖျက်သိမ်းကြပါသည်။ ခရီးရှည်သွားကြရမည်ဖြစ်၍ နံနက်စောစော

ထွက်ကြပါသည်။ ကျွန်တော်ဦးဆောင်မည့် အဖွဲ့ ငယ်သည် ယူဂိုစလားဗီးယားပြည်ကို

ဖြတ်ကျော်ကာ ဘဲလ်ဂရိတ်မြို့သို့ (၁၉)နာရီ ခရီးနှင်ကြရမည်ဖြစ်သည်။ ကျန်အဖွဲ့

များသည် ဘူလ်ဂေးရီးယားပြည်ထဲသို့ သုံးရက်ကြာ လှည့်လည်ကြမည်ဖြစ်သည်။

“ဘဲလ်ဂရိတ်မြို့မှာ ဆုံကြရအောင်ရုဒီ”ဟု ဇွန်သည် အပြာရောင်ပေါင်မုန့်ကားပေါ်

တက်ရင်း လှမ်းအော်သည်။ “ဟုတ်ကဲ့ပါ၊ ချောချောမောမော ဖြစ်ကြပါ‌ ‌စေ”ဟု‌ ပြောရင်းကျွန်တော်လက်ရမ်းပြ၍ နှုတ်ဆက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဇာတ်ခင်းခဲ့သည့် နောက်ပိုင်းတွင် အောက်ကျနောက်ကျသလို ခံစားမိပါသည်။ ရှေ့ပြေးလမ်းစရှာဖွေသော ရင်တဖိုဖို အလုပ်နှင့် ဘုရားသခင်အတွက် နယ်ပယ်သစ် ထိုးဖောက်မှုကို ကျွန်တော် အလွန်နှစ်သက်သည်။ သို့သော်ဤအချိန်သည် မိမိစိတ်ကို နှိမ့်ချရန် လိုအပ်သောအချိန်ဖြစ်မှန်းကို သဘောပေါက်ပါ

သည်။ သူတစ်ပါးခရီးထွက်သွားချိန်တွင် သူတို့အတွက် သစ္စာရှိရှိ ဆုတောင်းပေးဖို့

ကျန်ရစ်ခဲ့ရန် အလှည့်ကျရောက်လာသည်ကို လက်ခံရပါမည်။ စကားဖွဖွပြောနေကြ

သော မိတ်ဆွေများ ကျပ်ကျပ်တည်းတည်း ထိုင်နေကြသည်။ မော်တော်ယာဉ်နှစ်စီးထွက်

သွား၍ ဘူလ်ဂေးရီးယားသို့ ဦးတည်ကြသည်ကို မနာလိုစိတ်နှင့်ကြည့်နေပါသည်။

ကျန်ရစ်ခဲ့သော အဖော်လေးယောက်ဘက်သို့ လှည့်၍ “ကိုင်း၊ သူငယ်ချင်းတို့၊ ဒီအမိုက်

သရိုက်များကို ရှင်းကြရအောင်” ဟု ကျွန်တော်သက်ပြင်းချ၍ ပြောလိုက်ပါသည်။

ခရီးအမြန်ထွက်ချင်ဇောနှင့် အမိုက်များကောက်ဖို့၊ အိမ်သာရှင်းဖို့၊ သန့်ရှင်းရေးပြုလုပ်ဖို့

မေ့သွားကြလေသည်။

သန့်ရှင်းရေးကို တစ်နာရီခန့်လုပ်ကြပြီးမှ ဗင်ကားဟောင်းကြီးထဲသို့ ပစ္စည်းများကို တင်ကြကာ၊ ကျွန်တော်တို့လည်း ခရီးစထွက်ကြပါသည်။

(၁၉)နာရီ ကြာသွားပြီးနောက်တွင် စားသောက်ရန်နှင့် အပေါ့အပါးသွားဖို့ရန်

ယာဉ်မောင်း အပြောင်းအလဲပြုလုပ်ရန် ခေတ္တမျှ ရပ်နားကြပါသည်။ ပြီးနောက်

နွမ်းနယ်စွာ အိပ်ကြပါတော့သည်။

လုပ်စရာမရှိ၊ လောစရာမရှိပါ။ အနားယူမည့်ရက်အဖြစ်

ကျွန်တော်တို့ ဗင်ကားသည် ဘဲလ်ဂရိတ်မြို့အစွန် စခန်းချမည့်နေရာသို့ တလိမ့်လိမ့်နှင့်

ရောက်သွားပါသည်။ တနင်္ဂနွေနေ့နံနက် သုံးနာရီအချိန်ဖြစ်သည်။ မိုယ်းကာတဲကို

အလျင်အမြန်ထိုးပြီး ရေချိုးဖို့ပင် စိတ်မကူးကြဘဲ အိပ်ရာလိပ်များကို ခင်းကာ ပင်ပန်းနွမ်းနွယ်စွာအိပ်ပျော်သွားပါတယ်။

မည်သူမျှ လှုပ်ရှားမှုမပြုကြသေးသော်လည်း နေအတော်မြင့် နေပါပြီ။ ဘာမျှလုပ်စရာမရှိ၊လောစရာမရှိ။အနားယူရက်အဖြစ်သဘောထားသတ်မှတ်ရန်

စိတ်ထဲတွင် စုံစမ်းမှုသွေးဆောင်မှုဖြစ်လာသည် ။ သို့သော် ကျေနပ်ရောင့်ရဲမှုရန်ကို အရှုံး

မပေးရန် ကျွန်တော် အခိုင်အမာဆုံးဖြတ်ထားသည်။ အဖော်များကို “ထကြတဲ့၊ မိတ်ဆွေတို့

၊ ဒီနေ့ တနင်္ဂနွေနေ့ပဲ။ ဘုရားရှိခိုးကျောင်းတက်ဖို့ အချိန်မီသွားကြရအောင်” ဟု

ကျွန်တော် နှိုးဆော်လိုက်သည်။ တပ်ခွဲအရာခံဗိုလ်၏ အမိန့်ကို မည်သူမျှတုံ့ပြန်မှုမပြုဘဲ

အိပ်မြဲအိပ်နေကြသည်။

“ဘု ရားရှိခိုးကျောင်းဟုတ်ရဲ့လား၊ရုဒီ၊ ရယ်စရာပြောနေသလား၊ တစ်ရက်

တလေ အနားယူလို့ မရဘူးလား” ရော်လီက ညည်းညူရင်း ပြန်ပြောလေတော့သည်။

“မနေ့က တစ်နေကုန် ပင်ပန်းခဲ့ကြပြီမဟုတ်လား” ကျန်လေးယောက်က

တစ်ပြိုင်နက်ဆိုကြသည်။ ကျွန်တော်လည်း ပင်ပန်းပါသည်။ သို့သော် ဇာတိပကတိ၏

အလိုဆန္ဒကို အရှုံးမပေးရန် ခိုင်လုံစွာ ဆုံးဖြတ်ထားသည်။ ထို့ကြောင့် အဖော်များကို

ထားပစ်ခဲ့ကာ ဤဒေသတွင် ဘုရားရှိခိုးကျောင်းတစ်ကျောင်းများ တွေ့မည်လားဟု

ရှာရန်ထွက်လာပါသည်။ စခန်းချနေရာတာဝန်ခံသူ၏ တယ်လီဖုန်းစာအုပ်ထဲက တစ်နေ

ရာကို တွေ့ လိုက်လေသည်။ သူ့လမ်းညွှန်ချက်အတိုင်း ခက်ခဲမှုမရှိဘဲ ကိုးနာရီခွဲအချိန်၊

ဝတ်ပြုစည်းဝေး မစတင်မီ နာရီဝက်အလိုတွင် ဘုရားရှိခိုးကျောင်းနှင့်တူသော

ကျောက်တုံး အဆောက်အဦရှေ့သို့ ဗင်ကားဖြင့် ရောက်သွားပါသည်။ ဘုရားရှိခိုးကျောင်း

သို့ ကျွန်တော် ခပ်တည်တည်ဝင်သွားသည်။ အသက်လေးဆယ်ခန့်ဟု ခန့်မှန်းရသော

ယောက်ျားတစ်ယောက်သည် သစ်သားမှန်ကူကွက်နောက်တွင်ရှိပြီး သီချင်းစာအုပ်များကို

ထပ်နေသည်။

အသင်းသားများက တစ်ယောက်တစ်လေမျှ မရောက်သေးပါ။

မိမိကိုယ်ကို နှုတ်ဆက်ရန် လက်ကို ဆန့်ထုတ်လိုက်ပါသည်။ “ကျွန်တော် ရုဒီလက်ခ်ပါ”

ဟု ပြော၍ ဝိုင်အမ်(YWAM)အဖွဲ့ အကြောင်းနှင့် ယူဂိုစလားဗီးယားသို့ လာရသည့်

အကြောင်းကို တိုတိုတုတ်တုတ်ရှင်းပြလိုက်ပါသည်။

“တွေ့ရတာဝမ်းသာပါတယ်” ဟုထိုသူက အားရပါးရ ကျွန်တော့်လက်ကို

ကိုင်လှုပ်ရင်း မပီသော အင်္ဂလိပ်စကားဖြင့် ပြန်ပြောသည်။ “ခင်ဗျားက ကျွန်တော်တို့

ဆုတောင်းချက်အဖြေပါပဲ” ဟု ဆက်ပြောရာ ကျွန်တော်က ပြောင်လှောင်သရော်နေ

သလားဟူသော အကြည့် မျိုးဖြင့် ပြန်ကြည့် နေပါသည်။ “ကျွန်တော် ဒီမှာ ဒီအသင်း

တော်ရဲ့ သင်းအုပ်ဆရာဖြစ်ပါတယ်။ အနောက်ဘက်ကနေ လူငယ်များ အလည်အပတ်

ရောက်လာကြဖို့ လပေါင်းများစွာ ဆုတောင်းနေကြပါတယ်”ဟု ပြောပြပြီးနောက်

“ဒီမနက် ခင်ဗျားတရားဟောပါလား” ဟု မမျှော်လင့်ဘဲ ကြားရသောကြောင့် ကျွန်တော်

အံ့သြသွားသည်။ တရားဟောဖို့ရန် မဟုတ်ဘဲ ဝတ်ပြုစည်းဝေးတက်ဖို့ ရောက်သွားရုံဖြစ်

ပါသည်။ ဘုရားရှိခိုးကျောင်းတက်ဖို့ သန့်ရှင်းသောဝိညာဉ်တော်၏ နိုးဆော်မှုကို

လိုက်နာရန် ခွန်အားရှိ၍ ကိုယ်ကာယနွမ်းနယ်မှုနှင့် အိပ်ရာထဲတွင် တစ်နေကုန် လျောင်း

ရန် ဇာတိပကတိအလိုဆန္ဒကို အရှုံးမပေးမိသည့် အတွက် ဝမ်းသာမိပါသည် ။

“တရားဟောပြောဖို့ အထူးအခွင့်အရေးတစ်ရပ်ဘဲ”ဟုစိတ်ပါလက်ပါ မျှော်လင့်

တကြီးနှင့်ပြန်ပြောလိုက်ပါသည်။ ဤတွင် ဘူလ်ဂေးရီးယားပြည်ထဲသို့ ရော်လီနှင့်

ကျွန်တော် ကျမ်းစာအုပ်များကို ခိုးသွင်းသည့် အကြောင်းကို ပြောပြဖို့ အဦးဆုံး၊

အခွင့်အရေးရရှိခြင်းဖြစ်ပါသည်။ ဤလူများ၏ ယုံကြည်ခြင်းကို အမှန်တစ်ကယ်ပင်

တွန်းအားပေးမည်။ သို့သော် ပလ္လင်ပေါ်သို့ တက်သွားသောအခါ သခင်ဘုရား၏ စကား

ပြောသံကိုကြားသည်။ ရုဒီ၊ ဘူလ်ဂေးရီးယားခရီးစဉ်အကြောင်းကို ဘာမှမပြောနှင့်။

မမျှော်လင့်သော ဤအမိန့်သံကြောင့် လန့်ဖျပ်ကာ လျင်လျင်မြန်မြန် တုံ့ပြန်လိုက်သည်။

“ဘာဖြစ်လို့လဲသခင်ဘုရား၊ ဘူလ်ဂေးရီးယားခရီးစဉ်ကို ပြောပြလျှင် ကျွန်တော့်ဒေသနာ

ပိုပြီး ခရီးရောက်မှာပေါ့ “။ သို့သော် သခင်ဘုရားနှင့် တိတ်ဆိတ်စွာ စကားရည်လုပွဲပြုကြ

သည့်တိုင်အောင် မိမိအနေအထားကို တရားဝင်ဖြစ်စေရန် ကြိုးစားသော်လည်း ကိုယ့်ဟာ

ကိုယ် အဖြေသိရှိနေပါသည် ။ ရော်လီနှင့်ကျွန်တော် နှစ်ယောက်သားသည် ဘူလ်ဂေးရီး

ယားမှ ပြန်လာကြကတည်းက သူရဲကောင်းဆန်နေကြသည်။ ဤဘဲလ်ဂရိတ်အသင်း

တော်ရှေ့တွင် မိမိကိုယ်ကို မြှောက်ပင့် ရန် လွယ်ကူ၍ သူတို့ကလည်း ကျွန်တော့်ကို

အထင်ကြီးကြမည်ကို ကျွန်တော်သိပါသည်။ သို့သော် ဘုရားသခင်သည် ကျွန်တော့်

စိတ်လှုံ့ဆော်မှုကို စိန်ခေါ်တော်မူသည်။ ချီးမြောက်ထိုက်သောသူ မှာ ရုဒီလက်ခ်

မဟုတ်ဘဲ ဘုရားသခင်ဖြစ်ပါသည်။

ကျွန်တော် ဟောပြောသည်မှာ ကောင်းပါသည်။ သို့ သော် ကျမ်းစာအုပ်

ခိုးသွင်းသည့် ခရီးစဉ်အကြောင်းကြားခဲ့လျှင် ကြားကောင်းမည်ဟု ထင်သလောက်

မဟုတ်ခဲ့ပါ။ သင်းအုပ်ဆရာသည် ကျွန်တော် ဟောပြောခဲ့သော ဧဝံဂေလိတရားအပေါ်

အခြေခံ၍ နောက်ဆုံးနှိုးဆော်ချက်ကို ပေးလေသည်။ သစ်သားထိုင်ခုံရှည်ပေါ်တွင်ထိုင်၍

နားထောင်ရင်း စောစောပိုင်းက အဖြစ်အပျက်ကို ပြန်လည် တွေးကြည့် သည်။

ရုတ်ကရက် အကြံတစ်ခု ရလာသည်။ ကျမ်းစာခိုးသွင်းသည့် အကြောင်းကို မပြောရန်

သခင်အလို ရှိတော်မူလျှင်မည်သို့ ဖြစ်မည်နည်း။ ကျွန်တော် အမြဲတစေ ရေငုံ နှုတ်

ပိတ်လုပ်နိုင်မည်လား။ ခမည်းတော်သည် ကျွန်တော့်ကို တစ်မျိုးတစ်မည် ဆန်းစစ်

တော်မူသည်။

မာန်မာနကြီးစွာဖြင့် အပြစ်ထဲသို့ အလွယ်တကူ ကျရောက်ရန်

လွယ်ကူသည့် အကြောင်းက ကျွန်တော့်စိတ်ကို အသစ်တစ်ဖန် တို့ထိလာသည်။ တောင်

တိပ်သို့ ဖစ်အိအိဖောက်ရန် စိတ်ရွှင်ပျသောအခါတွင် တစ်ကယ့် ဆန်းစစ်စုံစမ်း

ခြင်းပေါ်မလာပါ။ စိတ်နှိမ့်ချခြင်းကို အောင်မြင်ရန် ပျက်ကွက်ခြင်းသည် ရှေ့တွင်ကျန်သေးသည့်ထိုတောင်ထိပ်များပေါ်သို့ ရောက်သွားရန် အရည်အချင်း ကင်းမဲ့စေနိုင်သဖြင့်

ဖြင့် တုန်လှုပ်မိပါသည်။ ဘူလ်ဂေးရီးယားပြည်ထဲ၌ ပြီးခဲ့သော အတွေ့အကြုံသည့်

ကျွန်တော့်အသက်တာအတွက် ဘုရားသခင်၏အနာဂတ် အစီအမံ များအစပျိုးခြင်းမျှသာ

ဖြစ်သည်ကို မိမိ၏ပင်ကိုယ်အသိစိတ်မှ သိရှိခဲ့ပါသည်။ “ဘုရားသခင်၊ ကျွန်တော်၏

အတ္တကို မြှောက်ပင့်ကျေညာရန် ဘယ်သောအခါမှ စုံစမ်းသွေးဆောင်ခြင်းကို မခံပါရစေ

နှင့်။

ဤသို့ စုံစမ်းသွေးဆောင်ခြင်းခံ၍ ကျွန်တော့်အသက်တာတွင် ကိုယ်တော်၏

အကြံအစည်ကို ထမြောက်စေရန် အရည်အချင်း မကင်းမဲ့ပါစေနှင့်” ဟု ဆုတောင်းပါ

သည်။ “တောင်ကြီးများပေါ်သို့တက်၍ ကိုယ်တော်၏ဝမ်းမြောက်ဖွယ်သတင်း ဟောပြော

ခြင်းကို ဆန့်ကျင်သော အတားအဆီး ဟူသမျှကို ရိုက်ချိုးချင်ပါသည်”။

ဤအဖြစ်အပျက်သည် အနာဂတ်အတွက် အသက်သမျှ အရေးပါမည့်

အရေးကြီးသော သင်ခန်းစာတစ်ရပ်ဖြစ်လေသည်။

၈။နယ်မြေသစ်များကို ဖြတ်ကျော်ခြင်း

ကျွန်တော်တို့ ၏လေ့လာရေးခရီးစဉ်သည် လျင်မြန်စွာ ကုန်လာခဲ့သည်။

သီတင်းတစ်ပတ်မပြည့်မီ လောဆန်နီမြို့ ဟိုတယ်သို့ ပြန်လှည့်ကြတော့မည်။

ကျွန်တော်တို့ လူ(၃၀)သည် ဧဝံဂေလိအဖွဲ့ငယ်များအဖြစ် ခွဲ၍ ဥရောပတစ်ခွင်လုံးတွင်

နွေရာသီသုံးလခြေစမ်းခရီး ထွက်ကြမည်ဖြစ်သည်။ ကျွန်တော်အတွက် ရွေးချယ်စရာ

အများကြီးရှိသည်။ စပိန် သို့မဟုတ် ပြင်သစ်သို့ သွားသော အဖွဲ့တွင် ပါဝင်နိုင်သည်

သို့မဟုတ် ကျွန်တော် ပိုမိုနှစ်သက်သည့် အတိုင်းပင် အဖွဲ့ အသီးသီး စပ်ကြားက

လွတ်လပ်စွာ လှည့်ပတ်သွားချင်သည်။ ဤခရီးစဉ်အတွက် ပါဝင်ရန်ဆုံးဖြတ်ထားနိုင်

ဖြစ်သဖြင့် အစီအစဉ်များကို ပြင်ဆင်လိုက်ပါသည်။

ဇွန်၊ဒီယွန်တို့နှင့်စတင် ဆက်သွယ်ရမည်ဖြစ်သည်။ သူတို့က ဂျာမနီ ဒေသ

အသင်းတော်တစ်ခုနှင့်ပေါင်းစပ်၍ စခန်းချဝိညာဉ်ရေးရာ စစ်ဆင်ရေးတစ်ရပ်ကို စီစဉ်

လျက်ရှိနေကြပါသည်။ ဤစခန်းမှတစ်ဖန် ကျွန်တော်သည် ဂျွိုင်းနှင့် သူ၏အဖွဲ့ သား

ပဲရစ်မြို့တော်တွင် ကော်ဖီဆိုင်တို့တွင် ဧဝံဂေလိတရားတော် ဟောပြောခြင်းနှင့်ကွင်း

ဆက်နိုင်မည်ဖြစ်သည်။ လက်ကျန်ခြေစမ်းခရီးစဉ်တွင် စပိန်၌ အဲလ်နှင့်လက်တွဲ

မည်ဖြစ်သည်။ စပိန်နိုင်ငံတွင် ဗိုလ်ချုပ်ကြီးဖရန်ကို၏ အာဏာရှင်စနစ်အောက်

ကယ်တင်ခြင်းတရားတော် ထင်ထင်ပေါ်ပေါ် ဟောပြောဖို့ တားမြစ်ထားသဖြင့် ဝေစာများကို

ပေးဖို့သာရှိပါသည်။ ခြေစမ်းခရီးစဉ်အမျိုးမျိုးတွင် ကူးပြောင်းပါဝင်ဖို့ မျှော်လင့်

တကြီး စောင့်ဆိုင်းနေစဉ်တွင် ခရီးစဉ်ပြောင်းဖို့ မမျှော်လင့်ဘဲ မေတ္တာရပ်ခံချက်

ရရှိခဲ့ပါသည်။

ဘဲလ်ဂရိတ်မြို့ စခန်းချရာတွင် ရှိနေကြစဉ်ဖြစ်သည်။ ကျန်အဖွဲ့ များ ရောက်ရှိ

လာပြီးဖြစ်သည်။ ၎င်းညနေပိုင်းတွင် ဆရာကြီးလို ရင့်သည် ကျွန်တော့်ကို ချဉ်းကပ်ပြီး

“လမ်းလျှောက်ကြရအောင် ရုဒီ”ဟု ပြောလေသည်။ တဲရှင်စိုက်ထားသော ငုတ်များကြား ဖြတ်ကျော်ပြီးနောက် စခန်းနှင့် ကပ်လျက်ရှိသော တောထဲသို့ သွာလျှောက်သွားကြပါသည် ။ စခန်းမှ အသံမကြားနိုင်သော အကွာအဝေးရောက်သောအခါ ဆရာကြီးလိုရင့်မှ တည့်တည့်ပြောချလိုက်သောစကားမှာ “ရုဒီ၊ ခင်ဗျားရဲ့နွေရာသီခရီးအစီအစဉ်ကို ကျွန်တော် စဉ်းစားချိန်ဆနေပါတယ်။ ဥရောပတိုက်မှာတစ်ဖွဲ့ပြီးတစ်ဖွဲ့ကို ကူးပြောင်းဖို့ကိစ္စ ခင်ဗျားမလုပ်သင့်ဘူးလို့ ကျွန်တော်တွက်ဆမိပါတယ်။

ကျွန်တော့်စိတ်သည် ရေကန်ထဲသို့ကျသော ကျောက်ခဲကဲ့သို့ ဖြစ်သည်။အဖွဲ့ကို

ကို နေရာအပြောင်းအလဲပြုလုပ်ဖို့ ကျွန်တော် မျှော်မှန်းထားပါသည်။ သို့သော်

ဆရာကြီးလို ရင့်မှာ ဦးစီးခေါင်းဆောင် သူဖြစ်သည်။ သူလုပ်စေချင်သည့်ကိစ္စကို

ကျွန်တော်ငြင်းဖို့ အကြောင်းမရှိပါ။ အဆိုးဆုံးကို မျှော်မှန်းမိပါသည်။ သို့သော် ဆရာကြီး

လိုရင့် ဆက်ပြောသောစကားက ကျွန်တော့်ကိုအံ့သြသင့်စေခဲ့ပါသည်။ ဥရောပတိုက်သား

တစ်ယောက်အနေနှင့် လူမျိုး၊ဘာသာစကားနှင့် ဓလေ့ထုံးစံခြားနားတဲ့ အရပ်ဒေသသို့

ခင်ဗျားသွားလို့ ရှိရင် ပိုပြီးသင့်တော်မယ်လို့ ထင်တယ်။ ဖလွိုက်မက်ကလုန် ဦးစီးတဲ့

ကမ္ဘာပတ်အဖွဲ့ဟာ သီတင်းတစ်ပတ်အတွင်းမှာ ကင်ညာနိုင်ငံကို သွားကြမှာဖြစ်တယ်။

ခင်ဗျားဒီအဖွဲ့မှာ ပါဝင်သင့်တယ်”။

သစ်ကိုင်းကျိုးများကို ကျွန်တော် နင်းချလိုက်ပြီး စိတ်ထဲတွင် လွန်ဆွဲပွဲတစ်ရပ်

လာသည်။ သင်တန်းသား မိတ်ဆွေများဖြစ်ကြသော ဒွန်၊ဂျုံ၊အဲလ်နှင့်အခြားသော

ကျောင်းသားများနှင့် လက်တွဲလုပ်ဆောင်ရန် မျှော်မှန်းထားပါသည်။ ကမ္ဘာပတ်အဖွဲ့တွင်

ဝင်လျှင် ကိုယ်မသိကျွမ်းသော လူများနှင့်ပေါင်းသင်းရမည်ဖြစ်သည် ဧဝံဂေလိ

ကျောင်းသူကျောင်းသားများနှင့် လက်တွဲလာခဲ့သောကြောင့် ဝိညာဉ်ရေးရာ ငတ်မွတ်မှု၊

ဘုရားသခင်ကို အကြွင်းမဲ့ ရှာဖွေလိုသောဆန္ဒတို့နှင့် အဆင့်အတန်းတူသော စိတ်ဓာတ်

ကို ထိုသူတို့၌ တွေ့နိုင်မည်လော။ သို့သော် သက်စွန့်ဆံဖြားပြုလုပ်လိုသောဆန္ဒ

ပြင်းထန်မှုသည် စိတ်ထဲတွင် လွန်ဆွဲပွဲတစ်ပွဲဖြစ်လာပြန်သည်။ အာဖရိကတိုက်သည်

သိနည်းသော နယ်ပယ်ဖြစ်သည်။ ဤအဖွဲ့တွင် ပါဝင်လျှင် နယ်မြေသစ်များသို့ ရောက်

ရမည်။

ယဉ်ကျေးမှုဓလေ့ထုံးစံအမျိုးမျိုးကို ထိုးဖောက်ရမည်။ အကုန်ပြောရမည်ဆိုလျှင်

သက်စွန့်ဆံဖြားလုပ်ဆောင်ရမည်မှာ သေချာပါသည်။ ငယ်စဉ်တုံးက ကြားဖူးခဲ့သော

သာသနာပြုဆရာများ၏ စိတ်လှုပ်ရှားဖွယ်ပုံပြင်များကို ပြန်လည်သတိရလာသည်။

လမ်းကြောင်းမရှိ၊ မြေပုံကားချပ်မရှိသော အာဖရိကတိုက်တောကြီးထဲသို့ စမ်းတဝါးဝါးသွား

လာပုံ၊ တုတ်၊ဓား၊လှံကိုင်ဆောင်သော လူရိုင်းများနှင့် တောရိုင်းတိရစ္ဆာန်များ၏

ရန်တို့ကို ရင်ဆိုင်ပုံစသည်တို့ကို ပြန်လည်သတိရလာသည်။ အမှန်တကယ်တွင်

ကြီးမားသော အန္တရာယ်များကို ရင်ဆိုင်ဖွယ်မရှိဟု ကျွန်တော်သိရှိပါသည်။ ဤသို့

နယ်ပယ်သစ်လေ့လာလိုသော ဆွဲငင်အားသည် မိတ်ဆွေဟောင်းများအပေါ် ထားခဲ့သော

သစ္စာတရားထက် ကြီးမားသလိုဖြစ်လာသည်။ စခန်းချရာသို့ နှစ်ယောက်သား

ပြန်မလှည့်မီမှာပင် စိတ်ထဲကလွန်ဆွဲပွဲကို အဆုံးအဖြတ်ပေးလိုက်ပါသည်။ စိတ်အာရုံထဲ

တွင် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့သို့ ဦးတည်ပျံသန်းနေသော လေယာဉ်ထဲတွင် ကျွန်တော်

လိုက်ပါနေသည်။

ရက်သတ္တပတ်နှစ်ပတ်ကြာပြီးနောက် ကျွန်တော့်လမ်းစရိတ်အတွက် ဆွီဇာလန်

နိုင်ငံ ဖခင်၏အသင်းတော်မှ မမျှော်လင့်ဘဲ ပို့ပေးသည့်အတွက် နိုင်ရိုဘီမြို့သို့ ကျွန်တော်

ဆိုက်ရောက်သွားပါသည်။ ကမ္ဘာပတ်အဖွဲ့သည် ကျွန်တော့်အရင် ရက်အနည်းငယ်

ရောက်နှင့်ပြီးဖြစ်ကြသည်။ နယူးဇီလန်နိုင်ငံသား(၂)ဦးနှင့် အမေရိကန်(၈)ဦးပါဝင်ပါသည်။

၎င်းကမ္ဘာပတ်အဖွဲ့ သည် ခြောက်လလုံးလုံး ခရီးထွက်ခဲ့ကြပြီးဖြစ်သည်။ သူတို့၏

ထက်သန်မှုကား အလွန်အံ့ဖွယ်ကောင်းလှပါသည်။ သူတို့ကို ကျွန်တော် နိုးဆော်ဦး

ဆောင်မည့် အစား၊ သူတို့၏ခြေလှမ်းကိုမီရန် သူတို့ နောက်ကို ကျွန်တော် ကြိုးစား

လိုက်နေရပါသည်။

နေ့လည်ခင်းတွင် လေဆိပ်သို့ ရောက်ရှိကာ၊ ကျွန်တော့်ဖခင်၏သာသနာပြု

မိတ်ဆွေများက လာကြိုပြီး၊ ကမ္ဘာပတ်အဖွဲ့ တည်းခိုနေသော ဧည့်ရိပ်သာသို့

ပေးပါသည်။ ခေါင်းဆောင်ဖလွိုက်မက်ကလုန်က တံခါးမှလာကြိုသည်။ ခြောက်ပေ

မြင့်သော သူ့အရပ်သည် ကျွန်တော့်အပေါ်သို့ ခြောက်လက်မခန့် မိုးလေသည်။ ဆုတ်

နေသော ကျွန်တော့်ခရီးဆောင် လက်ဆွဲသေတ္တာကို အသာကလေး ကောက်ကိုင်

ခပ်သုတ်သုတ်လျှောက်သွားကာ ကျွန်တော့်အိပ်ခန်းကို လိုက်ပို့ပြီးနောက် ကျွန်တော်

ဘက်ကိုလှည့်၍ “ကမန်းကတန်းလုပ်၊ သွားဖို့လိုတယ်။ ရက်သတ္တပတ်အလယ် ဝတ်ပြု

စည်းဝေးမှာ အမှုတော်ဆောင်ဖို့ စီစဉ်ထားတယ်၊ မိနစ်(၄၀)အတွင်းစမည်။ ကျန်အဖွဲ့

များသွားနှင့်ကြပြီ။”

ဘုရားရှိခိုးဝတ်ပြုစည်းဝေးသည် ပုံမှန်အတိုင်းပင်ဖြစ်သည်။ ပြီးလျှင်ပြီးချင်း

ကားထဲသို့စုထိုင်ကြကာ မြို့လယ်ခေါင် လေဟာပြင်ဟောပြောပွဲသို့ ပါဝင်ရန် ဦးတည်ကြသည့်

“လူထုစည်းဝေးပွဲတွင် တရားဟောနိုင်မည်လား ရုဒီ၊ ကားဟွန်းသံနှင့် စက်

ခေါင်းလောင်းသံတို့ကို ဖြတ်ကျော်သွားလာကြရင်း ဖလွိုက်က မေးလေသည်။

တံခါးပေါက်မှ မမြင်ဘူးသော မျက်နှာစိမ်းများကို လှမ်းကြည့်မိပါသည်။ တရားဟော

ဖို့အကြောင်း စဉ်းစားဖို့နေနေသာသာ မိမိအဖွဲ့သားများနှင့်လည်းကောင်း၊ ဤအစီအစဉ်

ကို စီမံခန့်ခွဲသော သာသနာပြုဆရာများနှင့်လည်းကောင်း မိတ်ဆက်ဖို့ပင် အခွင့်အခါ

မရရှိခဲ့ သေးပါ။ အပူဒဏ်ခံနိုင်ဖို့လည်း ကိုယ်ဟာကိုယ် ကြိုးစားလျက်နေပါသည်

ညပိုင်းခုနှစ်နာရီခန့်ဖြစ်ပြီး အပူချိန်မှာ မခံမရပ်နိုင်လောက်အောင် ပြင်းထန်နေသည့်

သို့သော် ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ဟောပြောရန် ဤနေရာသို့ ရောက်ရှိနေသည်

မဟုတ်ပါလား။

ရရှိသည့် အခွင့်အရေးကို လက်မလွှက်ချင်ပါ။ ထို့ကြောင့် မိမိ အခြေ

အနေကို ဂရုမစိုက်ဘဲ ချက်ခြင်း သဘောတူလိုက်ပါသည်။ “ဟုတ်ကဲ့ပါ၊ ဆရာကြီး၊

ကျွန်တော် စကားပြောချင်ပါတယ်။ သီချင်းလေးငါးပုဒ်ကိုဆိုခြင်းဖြင့် ပရိသတ်

တော်ကို ဦးဆောင်နိုင်ပါသည်။ စကားပြောဖို့ ကျွန်တော်မက်တပ်ရပ်ရာတွင်

ရော်လီနှင့်ကျွန်တော် ဘူလ်ဂေးရီးယားသို့ သမ္မာကျမ်းစာတင်သွင်းသည့်အကြောင်း

လွတ်လွတ်လပ်လပ် ပြောဆိုခွင့်ကို ပထမဆုံးရရှိနေပါတကားဟု ခံစားမိပါသည်။

လေဟာပြင်လူထုအသည်းအဝေးမှအမျိုးသားတက္ကသိုလ်သို့ ချက်ခြင်းသွားရောက်

ကြပါသည်။ ၎င်းတက္ကသိုလ်တွင် ခရစ်ယာန်များသည် အများစုမဟုတ်ကြသော ကင်ညာ

ကျောင်းသူကျောင်းသား(၅၀)ခန့်၊ ခန်းမတစ်ခုထဲတွင် ပြည့်သိပ်နေပါသည်။

အချို့က သီချင်းကို ဆို၍ တစ်ချို့က၀မ်းမြောက်ဖွယ်သတင်းကို ဟောပြောကြသည်။

နောက်ပိုင်းတွင် ကျောင်းသားတချို့ကစကားပြောချင်သည်ဟု ချဉ်းကပ်လာကြ

သည်။

အနည်းငယ်က သူတို့တတ်မြောက်ထားသော အင်္ဂလိပ်စကားကို လေ့ကျင့်ချင်ကြ

သည်။ တစ်ချို့ကမူစစ်မှန်‌ သောဝိညာဉ်ရေးရာ စိတ်ဝင်စားမှု ဖော်ပြကြကာ ဖလွိုက်

အောက်က အငြင်းပွားစရာ ဆွေးနွေးရေးများကိုပို၍ သိချင်ကြသည်။

သန်းခေါင်အချိန်ခန့်တွင် ပင်ပန်းနွမ်းနယ်ခဲ့သော်လည်း ကျေနပ်စွာဖြင့်

အိပ်ပျော်လေတော့သည်။ ညသန်းခေါင်အချိန် ပြတင်းပေါက်မှဝင်လာသော ဖားအော်သံတို့ကို ကျင့်သားရ နေသည်။ ခပ်လှမ်းလှမ်းမှ ခွဲခြားမရသော ငှက်အော်သံတစ်ခုခုကို ကြားနေရပါသည်။

သို့သော် အဖရိကတိုက်သို့ရောက်လာသည်မှာနာရီအနည်းငယ်ရှိသော်လည်း ကိုယ့်အိမ်လိုသဘောထား စပြုလာပါသည်။

နောက်ရက်များတွင် အာဖရိကသားဘဝထဲသို့ လျင်မြန်စွာ သွတ်သွင်းခြင်းခံရပါသည်။ရေကျက်ကိုမသောက်ရပါက ‌သွေးဝမ်းသွားရောဂါနှင့်ဘဝဆုံးရပါမည်။

ကူးစက်နိုင်သောရောဂါဖြစ်သောကြောင့် တစ်ဖွဲ့လုံးကို ရက်အနည်းငယ်အတွင်း တုံးစေ

နိုင်ပါသည်။ အဆိပ်ပြင်းမြွေများ ခိုအောင်းတတ်သော မြက်၊ဖုတ်မြက်‌ တောများ၊

သစ်ရွက်ခြောက်များကို မှတ်မိရန် လည သွန်သင် ခြင်းခံ ရပါသည်။ ပူပြင်း၊ အိုက်စပ်၍

ခြောက်သွေ့သော အာဖရိကတိုက်နှင့်ဟပ်စပ်အောင် ပြုပြင်မှုတစ်ရပ် မပြုလုပ်

ပါက မိမိတို့ မွေးဇာတိမှာကဲ့သို့ အသက်ရှည်မည်မဟုတ်ကြောင်းကို အဖွဲ့များသား အားလုံးသ‌ ဘောပေါက်သည့် အတွက် အေးမြသောနံနက်ပိုင်းနှင့် ညနေပိုင်းတွင် အလုပ်လုပ် ကို

ပူအိုက်သော နေ့လည် အချိန်တွင် ရပ်နားရန် အချိန်ဇယားတစ်ခု ပြုလုပ်ကြပါသည်။ ထို

အလုပ်လုပ်ဖို့ ရရှိလာသောအချိန်သည် လျင်မြန်စွာ ကုန်ဆုံးဖွယ်ရှိသည့်အတွက်

ရရှိသည့် အခွင့်အရေးကို လက်မလွတ် ၀မ်းမြောက်ဖွယ်သတင်းကောင်း ဟောပြော

ကြသည်။

ခေါင်းဆောင် အနေဖြင့် ကျွန်တော်တို့ကို တိုက်တွန်းနှိုးဆော်ပါသည်။

ကျွန်တော်တို့၏ ခရီးစဉ်ကို စီစဉ်သော သာသနာပြုဆရာများအနေဖြင့် ကျွန်တော်တို့

အမှုတော်ဆောင်နိုင်ဖို့ အခွင့်အလမ်းများ ရှာဖွေပေးရန် ဖလွိုက်က နိုးဆော်နေပါသည် လူ့

အခွင့် အလမ်းများဟုဆိုရာတွင် စာသင်ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ ၊

အစရှိသော အဆောက်အဦများနှင့် တံခါးဖွင့်လက်ခံမည့် မည်သည့်အသင်းအဖွဲ့ မဆို

ခွဲခြားမှုမရှိ သွားရောက် ဟောပြောနိုင်ရန်ဖြစ်ပါသည်။ ၎င်းအပြင် မည်သည့်ဂိုဏ်း

ဖြစ်စေ၊ စာသင်ကျောင်းများ၊ ကောလိပ်၊ တက္ကသိုလ်များသည် အစိုးရပိုင်ဖြစ်စေ၊ ဘာသာ

ရေးပိုင်ဖြစ်စေ လက်ခံသမျှသော အဖွဲ့များဆီသို့ သွားရောက်ရန် အသင့် ရှိနေပါသည်။

ခရစ်ယာန် ယုံကြည်ခြင်း၏ ဝမ်းမြောက်ဖွယ်သတင်းစကားကို လွတ်လပ်စွာ ဟောပြော

မည် ဟူသော ခြွင်းချက်တစ်ခုကိုသာ ထားပါသည်။

ဖလွိုက်၏ခေါင်းဆောင်မှုအပေါ် ကျွန်တော် သဘောကျမြတ်နိုးသည်။ သူကြိုတင် မရည်မှန်းသော အခွင့် အလမ်းဟူ၍ မရှိသလောက်ပင်။ တံခါးဖိတ်ခေါ်ခြင်းမရှိလျှင် ဖလွိုက်သည် လမ်းမပေါ်တွင် ဟောပြောရန်လည်းကောင်း၊

အိမ်တိုင်းတံခါးခေါက်၍ စာပေးကမ်းရန်လည်းကောင်း ကျွန်တော်တို့ကို စေလွှတ်

သည်။ သူ့ခေါင်းဆောင်မှုအောက်တွင် ကျွန်တော်သည် ကိုယ်ဖိရင်ဖိ လုပ်ဆောင်လက်

ရှိရာ ဤကမ္ဘာပတ်အဖွဲ့နှင့် ကင်ညာနိုင်ငံတွင် သုံးလကြာ အမှုတော်ဆောင်ရသည့်

အရေးကို တစ်နေ့တခြား တိုးပွားလာသော စိတ်ထက်သန်မှုဖြင့် ရှေ့ကို မျှော်မှန်း

ရှိနေပါသည် ။

နိုင်ရိုဘီမြို့သို့ ရောက်ရှိပြီး ရက်သတ္တပတ်တစ်ပတ်ခန့်တွင် ကျွန်တော့်

ဧည့်ရိပ်သာ၏ အနားယူခန်းတွင် စိတ်ပြေလက်ပျောက် ကျမ်းစာအုပ်ကို ဖတ်ရှုနေချိန်

ဖလွိုက်ဝင်လာပါသည် ။ ညနေ အနားယူချိန်ဖြစ်သည် ။ အခြားမည်သူမျှမရှိ။ တစ်

ခွက်လောက် သောက်မည်လား၊ရုဒီဟု ဖလွိုက်ကမေးရင်း လျှပ်စစ်ရေနွေးခရားထဲသို့ ရေထည့်နေပါတယ်။

“ကျွန်တော်အတွက် နွားနို့နည်းနည်းနှင့် လက်ဘရေထည့်နေပါတယ်ရနေပါပြီ၊

ကျေးဇူးတင်ပါတယ်”၊ ကျွန်တော်အတွက် အထူး ဖျော်ပေးသော လက်ဘက်ရည်ခွက်ကို

ကြိမ်စားပွဲတစ်ခု ပေါ်တင်၍ ဖလွိုက်သည် ကျွန်တော့်နားသို့ ကုလားထိုင်တစ်လုံးဆွဲကာထိုင်လေသည်။

“တစ်ယောက်တည်း ရှိသည့် အချိန်နှင့် တိုးမိလို့ ၀မ်းသာတယ်ရုဒီ၊ စကား

ပြောစရာတစ်ခုရှိလို့ပါ။ ခင်ဗျား စိတ်ဝင်စားမည့် အလုပ် တာဝန်တစ်ခု ပေးချင်တယ်”။

တာဝန်တစ်ခုဟူ၍ပြောပြောချင်း ကျွန်တော့်ခွက်ကို ကြိမ်စားပွဲပေါ်တင်၍

စိတ်ဝင်စားစွာ သူ့ဘက်သို့ နားစွင့်ပါသည်။ ဖလွိုက်က ဘာကိုရည်ညွှန်းနေပါလိမ့်။

လွန်ခဲ့သော ရက်အနည်းငယ်က သူနှင့်စကားစပ်မိသည့် အကြောင်း တစ်ခုကို စိတ်ထဲက

ရုတ်တရက်ပေါ်လာသည်။ ထိုစကားထဲတွင် ဖလွိုက်က ကမ္ဘာပတ်အဖွဲ့သည် ကင်ညာသို့

မသွားမီ အိန္ဒိယသို့ သွားခဲ့သည့်အကြောင်းကို ပြောပြလေသည်။ ၎င်းအိန္ဒိယခရီးစဉ်တွင်

ညီအစ်ကိုကြီးအင်ဒရူးနှင့် ဆုံမိကြသည်။ ကမ္ဘာပတ်အဖွဲ့၏ရှေ့ခရီးစဉ်မှာ ကင်ညာဖြစ်

ကြောင်း ညီအစ်ကိုကြီးအင်ဒရူး သိရှိသောအခါ သူက ဖလွိုက်ကိုပြောတဲ့စကားများမှာ

ကင်ညာမှာ အလုပ်လုပ်နေကြတဲ့ တရုတ်ကွန်မြူနစ်များနှင့် အဆက်အသွယ်ရအောင်

မင်းကြိုးစားပါ။”

ဘာဆိုလိုသလဲဟု ကျွန်တော်မေးကြည့်သည်။ အာဖရိကတိုက်တွင် တရုတ်

ကွန်မြူနစ်များ အလုပ်လုပ်နေကြကြောင်းကို ပထမအကြိမ် ကြားရခြင်းဖြစ်သည်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က ကိုလိုနီအုပ်စိုးမှုထဲက လွတ်လပ်သောနိုင်ငံ

ဖြစ်လာတဲ့ အာဖရိကတိုက်ထဲက နိုင်ငံပေါင်း(၃၀)ခန့်သည် အနောက်နိုင်ငံများသို့ ဖွံ့ဖြိုး

ရေး အကူအညီတောင်းခံခဲ့သော်လည်း အနောက်နိုင်ငံများ၏ တုန့်ပြန်မှုနှေးကွေးသဖြင့်

၄င်းနိုင်ငံများသည် တရုတ်ပြည်မသို့ အကူအညီ တောင်းနေကြသည့် အကြောင်းကို

ဖလွိုက် ပြောပြလေသည်။ ဤအကြောင်းကြောင့် တရုတ်အင်ဂျင်နီယာနှင့် အခြား

ကျွမ်းကျင်သူ အလုပ်သမားများ ထောင်နှင့် ချီ၍ အာဖရိကတိုက်သို့ အလီလီရောက်ရှိ

လာကာဆည် မြောင်းတာတမံစီမံကိန်းများ၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ အသံလွှင့်

ဌာနများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ပေးနေကြသည်။ တစ်ချိန်တည်းမှာပင် သူတို့

ကျင့်သုံးနေသော မတ်စ်ကွန်မြူနစ်ဝါဒကို ဖြန့်ချီနေကြသည်။

ဤတရုတ်ဖွံ့ဖြိုးရေးစီမံကိန်းထဲက အကြီးမားဆုံးမှာ တန်ဇန်နီးယားနိုင်ငံထဲက တန်ဇန်ဟုခေါ်

သော မီးရထားလမ်းလုပ်ငန်းကြီးဖြစ်သည်။ ဤစီမံကိန်း ပြီးဆုံးသွားလျှင်

ဇမ်ဘီယာကြေးနီထွက်ရှိသည့် ဒေသနှင့် ဒါရက်စလမ် ဆိပ်ကမ်းမြို့ဆက်သွယ်ရေး

လမ်းကြောင်း ပွင့်သွားမည်ဖြစ်သည်။ မိုင်ပေါင်း (၁၀၀၀)ကျော် ကွာဝေးသည်။ ဤ

လာလမ်းတစ်လျှောက်တွင် တရုတ်အလုပ်သမား ထောင်နှင့်ချီ၍ လုပ်ကိုင်နေကြသည်။

ညီအစ်ကိုကြီးအင်ဒရူးသည် ဤအကြောင်းနှင့်ပတ်သက်၍ ဖလွိုက်အား စိန်ခေါ်မှုတစ်ရပ်

ပြုခဲ့သည်။ “မင်တို့အဖွဲ့ကို ဘုရားသခင်က တာဝန်တစ်ရပ်ပေးအပ်တော်မူခဲ့တယ်လို့

ယုံကြည်တယ်။ အနောက်နိုင်ငံသားတစ်ယောက်က တရုတ်ပြည်ဝင်ခွင့်မရတော့

ဘုရားသခင်က တရုတ်များကို ငါတို့ဆီလာပို့နေတာလေ။ ဒီအခွင့်အလမ်းကို လက်ဆုတ်

လက်ကိုင်လုပ်ပြီး၊ ဒီတရုတ်ကွန်မြူနစ်အလုပ်သမားများကို ဝမ်းမြောက်ဖွယ်သတင်း

ဖြစ်အောင် ​ဟောကြပါ။

လွယ်ကူမည့် လုပ်ငန်းတော့မဟုတ်ပါ။ ဤတရုတ်အလုပ်သမားများကို

အဖွဲ့လိုက် သီးသီးသန့်သန့်ထားသောကြောင့် အာဖရိကတိုက်သားများနှင့် ရောနှောခွင့်

မပြုပါ။ သူတို့နှင့်တိုက်ရိုက် လုပ်ကိုင်နေကြသော အာဖရိကတိုက်သားများသာ ထိတွေ့

ခွင့်ရသဖြင့် ထိုးဖောက်ဖို့ ရန် လွယ်ကူမည်မဟုတ်ပါ။ သို့ သော် ကျွန်တော့်စိတ်ကို

လှုပ်ရှားစေသောအရာမှာ ဤအချက်ပင်ဖြစ်ပါသည် ။ ခက်ခဲသော တာဝန်ပေးအပ်ခြင်း

တစ်ရပ်၏ စိန်ခေါ်မှုထက် ကျွန်တော် နှစ်သက်သောအမှုအရာမရှိပါ။ ဤအကြောင်းအရာ

သည် ဖလွိုက်၏စိတ်ထဲက ပေါ်ပေါက်လာသည့် အရာပဲလား။

“ဘာတာဝန်လဲဗျာဆရာကြီး” ကျွန်တော်ဆန္ဒစော၍ မေးလိုက်ပါသည်။

“ဦဇာလန်ပြည်က ခင်ဗျားအဖေရဲ့ အသင်းတော် ထောက်ပံ့ခဲ့တဲ့ ယူဂန္ဒာက

သာသနာပြုဆရာတစ်ပါးက ယူဂန္ဒာနိုင်ငံထဲကို အဖွဲ့ တစ်ဖွဲ့ ပို့ဖို့ ဖိတ်ခေါ်ခဲ့တယ်။ အဖွဲ့ကို ခင်ဗျားဦးဆောင်ရင်ကောင်းမလားလို့ စဉ်းစားနေတယ်”ဟု ဖလွိုက်က ပြန်

“ဟုတ်လားဆရာကြီး” ကျွန်တော့်ဝမ်းနည်းမှုကို မရိပ်မိစေရန် မနည်း ကြိုးစား

ပါသည်။ တန်ဇန်မီးရထားပေါ်က ကွန်မြူနစ်အလုပ်သမားများနှင့် ထိတွေ့ဖို့ လောက်

ယူဂန္ဒာပြည်ထဲသွားဖို့ စိတ်ဝင်စားစရာမကောင်းသော်လည်း အနည်းဆုံးတော့ စိန်ခေါ်မှု

အသစ်တစ်ရပ်ဖြစ်ပြန်သည်။ ဖြတ်ကျော်ရမည့် နယ်မြေသစ်ဖြစ်ပြီး ဧဝံဂေလိတရား

ဟောပြောဖို့ အခွင့်အလမ်းများစွာ ရရှိလိမ့်မည် ။ ထို့ကြောင့် ကျွန်တော့်စိတ်ထဲက အစစ်

အမှန်ခံစားချက်ကို မပေါ်လွင်စေဘဲ ဖြစ်နိုင်သည့်ဘက်က ရုတ်တရက် တုံ့ပြန်လိုက်ပါ

သည်။ “ယူဂန္ဓာပြည်ထဲ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ဖို့ နှစ်သက်ပါတယ်ဆရာကြီး။

ကျွန်တော်နှင့်လက်တွဲရန် လူလေးယောက်ထပ်မံရွေးချယ်ကြပါသည်။

အမေရိကန်အမျိုးသမီးနှစ်ယောက် ရာပိုနာနှင့် နာတာလီ ၊ အမေရိကန်အမျိုးသားတစ်ယောက် ဒန်နှင့်နယူးဇီလန်သား တွမ်တို့ဖြစ်ကြသည်။ ဤအုပ်စုတွင် လူသစ်အနေဖြင့် အဖွဲ့ခေါင်း

ဆောင်အဖြစ် ရွေးခြင်းခံရာတွင် ကျွန်တော်တွန့်ဆုတ်မိပါသည်။

အထူးသဖြင့် ပထမဆုံးအဖွဲ့သားများ အားလုံးစည်းဝေးကြရာတွင် ဒန်က ပြီးခဲ့သောခရီးစဉ်များတွင် ခေါင်းဆောင်မှုတာဝန်များကို ယူခဲ့ဖူးသည့် အကြောင်း အချက်ကျကျ ထုတ်ဖော်ခဲ့ပါသည်။

အတီးအမှုတ် ပါရမီထူးချွန်သူဖြစ်သော ဒန်သည် ကမ္ဘာပတ်အဖွဲ့နှင့်အစကနဦးကတည်း

က ပါဝင်လာခဲ့သူဖြစ်သည်။ ဆရာကြီးဖလွိုက်မှ သူ့ကိုခေါင်းဆောင်အဖြစ် မရွေးဘဲ

ကျွန်တော့်ကို ရွေးခဲ့သည့်အတွက် သူ့စိတ်ထဲတွင် မအီမသာဖြစ်နေသည်မှာ သေချာပါ

သည်။ သူ့မှတ်ချက်ကို တမင်တကာ မကြားဟန်ဆောင်နေပါသည်။ ကျွန်တော်တို့၏

လုပ်ငန်းတာဝန်မှာ ဧဝံဂေလိတရားဟော ပြောဖို့ဖြစ်သည်။ ပုဂ္ဂိုလ်အချင်းချင်း တင်းမာမှု

အပေါ် အာရုံပြုဖို့ မဟုတ်ပါ။ ခရီးခြေဆန့်၍ အာဖရိကတိုက်သား လူငယ်များ ခရစ်တော်

ကို လက်ခံကြသည်ကို တွေ့ကြုံသောအခါ ကျွန်တော်တို့၏ဆက်ဆံရေး မပြေလည်မှု

ပပျောက်သွားလိမ့်မည်ဟု ကျွန်တော် အပြတ်အသတ်ယုံကြည်သည်။

ခရီးသွားဖို့ ဆုံးဖြတ်ပြီးသည့်နောက်တွင် အနောက်ဘက် ယူဂန္ဒာသို့ (၁၂)နာရီ

ခရီးအတွက် ဘတ်စ်ကားကိုတက်စီးရန် စောင့်ဆိုင်းနေကြပါသည်။ ကျွန်တော့်မီးခိုးရောင်

လက်ဆွဲအိတ်ကို ကားအမိုးပေါ်သို့ ပစ်တင်၍ ကြက်ခြင်းများ၊ငှက်ပျောသီးခြင်းများ၊

အဝတ်ထုတ်များနှင့်အတူ ကြိုးဖြင့် ချည်နှောင်နေသည်ကို စိတ်မလုံတလုံနှင့် ကြည့်

နေမိပါသည်။

ဘတ်စ်ကားထဲတွင်လည်း ခြင်းတောင်းများနှင့်ဟင်းသီး ဟင်းရွက်များဖြင့်

ပြည့်နေသည်။ လှလှပပ ဝတ်ဆင်ထားသော အာဖရိကတိုက် အမျိုးသမီးများနှင့် ချွေး

တဒီးဒီးထွက်နေကြသော အာဖရိကတိုက်သားများအလယ်တွင် ညှပ်၍ ဝင်ထိုင်လိုက်ပါ

သည်။ ငါးယောက်စလုံးအတွက် ထိုင်စရာနေရာ ရရှိကြသည်မှာ ဝမ်းသာမိသော်လည်း

ကျွန်တော်ထိုင်ခုံ အောက်မှ သားရေတုအဖုံးကို ထိုးဖောက်၍ သံနန်းကြိုးစထွက်လာလေ

သည်။ ဖုံးအလူးလူးနှင့် တစ်ပိုင်းပွင့်နေသော ဘတ်စ်ကားပြတင်းပေါက်မှ လက်ရမ်း

နှုတ်ဆက်ကြသည်။

“ရနိုင်သမျှ အခွင့်အလမ်း လက်မလွတ်ဖို့မမေ့နှင့် “ဟု ဆရာကြီး

ဖလွိုက်မှ ကားထွက်ခါနီးတွင် အားပေးတိုက်တွန်းလေသည်။ အမှန်အားဖြင့် အထူး

တလည် တိုက်တွန်းအားပေးဖို့ရန် မလိုပါ။ အားလုံးသည် အာဖရိကတိုက် တစ်တိုက်လုံး

ကို ဧဝံဂေလိတရား ပြန့်နှံ့စေရန် အသင့် ပြင်ဆင်ထားကြသူများ ဖြစ်ကြပါသည်။

သုဂန္ဒာ၊ ငါတို့ကြွလာပြီ။ ဧဝံဂေလိတရားတော်ဟောပြောဖို့ အခွင့် အလမ်းသည်

ကျွန်တော်တို့ မျှော်မှန်းသည်ထက် စော၍ရောက်လာလေပြီ။

ကျယ်ပြန့်သော နိုင်ရိုဘီ၏ ဆင်ခြေဖုံးအလွန်တွင် ဘက်စ်ကားသည် တောင်

စောင်းလမ်းအတိုင်း တက်သွားကာ တစ်နာရီခန့်ကြာသောအခါ တောင်တန်းတစ်ခုကို

ရောက်သွားလေသည်။ တောင်ထိပ်မှ မျက်စိအဆုံးအထိ မြက်တောလွင်ပြင်ကြီး

၏ရှုခင်းအလှကို တအံ့တဩစားရပါသည်။ လွင်ပြင်သို့ ဆင်းသွားပြီးမှ

အနည်းငယ်အတွင်း လူတစ်ရပ်နီးပါးခန့်မြင့်သော မြက်တောကိုဖြတ်ကျော်၍ ခရီး

ဆက်နှင်ကြသည်။ ကျယ်ပြန့်သော လွင်ပြင်တွင် ကွက်ကြားကွက်ကြား ပေါက်ရောက်

သော သစ်တောများ၏နောက်ကွယ်တွင် တောဆိတ်များ ခုန်ဆွခုန်ဆွ ပြေးလွှားနေကြ

သည်ကို မြင်ရပါသည်။ ကစ်ကောင်တည်း ကျက်စားနေသော မြင်းကျားကိုလည်း မြင်

ပါသည်။

ပြီးနောက် လက်ဘက်ပင် စိုက်ခင်းဖြစ်သော တောင်စောင်းတစ်ခုကို တက်သွား

ပြန်သည်။ ဤလက်ဘက်စိုက်ခင်းတွင် ယောက်ျားနှင့်မိန်းမတချို့ ခါးအထက်ပိုင်းကို

သာ မြင်ရပါသည်။ သူတို့သည် နောက်ကျောတွင် ခြင်းတောင်းကြီးများထမ်း၍

လက်ဘက်များကို ခူးနေကြသည်။ ကမ္ဘာ၏အလယ်အီကွေတာကို တောင်အမြင့်ပေ

(၃၀၀၀)အရပ်တွင်ဖြတ်ကျော်ကြပါသည်။ တစ်ဖန် တောင်ခြေသို့ ပြန်ဆင်းကာ ပူပြင်းသော

မြက်တောမြိုင်တောထဲသို့ ရောက်သွားကြပါသည်။

အပူရှိန်တိုးလာသည်။ ပူပြင်း၍ ကပ်စေးသော အခြေအနေတွင် ဟင်းသီးဟင်း

ရွက်များ၊တိရစ္ဆာန်များနှင့် လူတို့၏ချွေးနံ့ဆိုးကြီး ထွက်ပေါ်လာသည်။ ကျောက်ခင်း

လမ်းပေါ်တွင် ဘတ်စ်ကား ဆူညံစွာ မောင်းနေစဉ် ပြတင်းပေါက်မှ လေပြည်လေညင်း

တိုက်ခတ်လာသဖြင့် အသက်ရှုသက်သာလာသည်။ ကားလမ်းဘေးတွင် သီသီကလေး

ဖြတ်သန်းသွားလာနေသော မော်တော်ယာဉ်များကို ဂရုမစိုက်ဘဲ ဝတ်လစ်စားလစ်နှင့်

ကလေးများသည် ခြေကျင်းဗလာဖြင့် ဖုံထဲတွင် ဆော့ကစားနေကြသည်။ လမ်းမကြီးနှင့်

မလှမ်းမကမ်း၊ ချုံတောနှင့်ငှက်ပျောပင်များ တစ်ဝက်တစ်ပျက် ဖုံးကွယ်ကြားမှ ကောက်

ရိုးအမိုးတဲလုံးလေးထဲမှ မီးခိုးတလူလူထွက်နေသည်ကို မြင်ရပါသည်။ ဤတဲကလေးများ

ထဲတွင် မိန်းမများသည် ညနေစာကို ချက်ပြုတ်နေကြသည်။ ကျွန်တော် ဝမ်းဗိုက်

တစ်ချောက်ချောက်မြည်လာသည်။ စိတ်ဝင်စားဖွယ်ကောင်းသော ခရီးတစ်ထောက်ဖြစ်

သော်လည်း ဘတ်စ်ကားထဲတွင် သက်တောင့်သက်သာ မထိုင်ရသဖြင့် ခရီးရှည်ပြီး

ပင်ပန်းသည်။

အမ်ဘလေမြို့သာသနာ့ရိပ်သာတွင် ရေမိုးချိုး၍ စိတ်ပြေလက်ပျောက်

အနားယူဖို့သာ စိတ်စောနေပါသည်။ ဤနေရာတွင် ပထမဆုံး ရက်အနည်းငယ် အလုပ်

လုပ်ရမည်ဖြစ်သည်။ အမ်ဘလေမြို့သည် မကြာမီဖြတ်ကျော်ရမည့် ကင်ညာနိုင်ငံ၏

နယ်စပ်မှ အရှေ့ဘက် (၁)နာရီ ခရီးမျှသာရှိသည်။ ဤမျှထက် ပိုမဝေးနိုင်ပါ။

ရုတ်တရက် ဗုံမတီးဆိုင်းမဆင့်ဘဲ ဘတ်စ်ကားသည် တစ်အားခုန်ကာ ရုတ်

ချည်း ရပ်လေတော့သည်။ ထိုင်ခုံ ရှေ့ဘက်သို့ ကျွန်တော်လွင့်စင်သွားသည်။ ခေါင်းမိုး

ပေါ်တင်ထားသော ခြင်းထဲက ကြက်များသည် အော်နေကြသည်။ ယာဉ်မောင်းသော

သူသည် သူ့ထိုင်ခုံမှ ခုန်ဆင်း၍ ကားရှေ့သို့ ပြေးလွှားကာ ရေတိုင်ကီဖုံးကို ဖွင့်လိုက်လေ

သည်။

ရေနွေးငွေ့ အသံမြည် ဟိန်းကာ တစ်ထောင်းထောင်းထွက်လာသည်။ ဘတ်စ်ကား

အပူရှိန်လွန်သွားပြီ။ စိတ်ပူစရာပဲ။ ခရီးတစ်လျှောက်ဒုက္ခရောက်လှပါပြီ။ တစ်ကယ်ဆို

လျှင် ယာဉ်မောင်းသမားသည် ဤမျှဆုတ်ခဲ့သော ဘတ်စ်ကားကို ကြမ်းတမ်းစွာ

မောင်းနှင်၍ ခရီးဆုံးမရောက်နိုင်ဘူးဟု သိရှိဖို့ အသိဉာဏ်ရှိသင့်သည်။ ဤနေရာတွင်

နာရီပေါင်းများစွာ သောင်တင်နိုင်သည်။ အခြားသူများနှင့်အတူ ကျွန်တော်လည်း ဘတ်စ်

ကားထဲမှ ဘာလုပ်မှန်းမသိ ဟိုယောင်ဒီယောင်ဖြင့် ဆင်းသွားသည်။ ယာဉ်မောင်းသူအား

မကျေမနပ် ပြောဆိုတော့မည်အပြုတွင် ကျွန်တော် အာရုံလွဲစရာတစ်ခု ပေါ်လာသည်။

ဘယ်ကပေါ်လာကြမှန်းမသိ၊ စူးစမ်းလေ့လာလိုသော အာဖရိကသားတို့သည် ဘတ်စ်

ကားပျက်ကြီးကို လာဝိုင်းအုံကြသည်။ ဆရာကြီးဖလွိုက်၏နောက်ဆုံးနိုးဆော်ချက်ဖြစ်

“ရနိုင်သမျှ အခွင့်အလမ်းတိုင်းကို လက်မလွတ်နှင့်”ကို သတိရလာသည်။ ဤ

နေရာတွင် ကြိုတင်အစီအစဉ် မသတ်မှတ်သော ခရီးတစ်ထောက် နားကြရာမှ ပရိသတ်

အလိုအလျောက်ရလာလေသည်။

“ဂီတာကိုမြန်မြန်ယူ”ဟု ဒန်ကို စေခိုင်းလိုက်ပါသည်။ တစ်အောင့်လောက်

အကြာတွင် လေဟာပြင်အစည်းအဝေးတစ်ခု ကျင်းပဖို့ အဆင်သင့်ဖြစ်လာသည်။

အာဖရိကတိုက်သားများသည် သဘောကျလာကာ ကျွန်တော်တို့ သီဆိုကြသော သီချင်း

သံနှင့် စည်းဝါးလိုက်အောင် လက်ခုတ်တီးကြလေသည်။ သီချင်းသံဂီတသံ၏ ဆွဲဆောင်

မှုကြောင့် ပရိသတ်တိုးလာသည်။ ဝမ်းမြောက်ဖွယ်သတင်းစကားကို တိုတိုတုတ်တုတ်

မနားတမ်း ဟောခဲ့ပါသည်။ ကင်ညာကျောင်းသားများသည် အများအားဖြင့် အင်္ဂလိပ်

စကားသင်ကြသည်ဖြစ်၍ အနည်းဆုံး စာတတ်မြောက်သောသူများသည် ကျွန်တော်

ဟောပြောသော သတင်းစကားကို အနည်းအကျဉ်း နားလည်ကြမည်ဖြစ်သည်။

ကျွန်တော်တို့အဖွဲ့သည် လူထုထဲတွင် ရောနှော၍ မိတ်ဖွဲ့ စကားပြောနေကြစဉ် ကားပေါ်

ပြန်တက်ကြဖို့ ယာဉ်မောင်းသူမှ အချက်ပြလာပါသည်။ ဘတ်စ်ကားသည် ခရီးဆက်

ထွက်နိုင်ရန် အင်ဂျင် အေးသွားဟန်တူသည်။ စကားစပ်မိသော လူပျိုပေါက်တစ်ဦး၏

လက်ကိုကိုင်၍နှုတ်ဆက်လိုက်သည်။ စကားတော့ ဆက်ပြောချင်ပါတယ်။ စိတ်မရှိပါ

နှင့်။ ခရီးဆက်ဖို့ ရှိလို့ပါ။ သူလည်း ကျွန်တော့်လက်ကို ဆုတ်ကိုင်ကာ မသွားစေချင်။

ထိုတဒင်္ဂအတွင်း မိတ်သဟာယဖွဲ့ပွဲကလေးတစ်ခု အထမြောက်လာသည်။ ကျွန်တော်တို့

ကားပေါ်ပြန်အတက်တွင် ရုတ်ချည်းပရိသတ်ထဲမှာ လူတချို့သည် ကျေးဇူးတင်သေးသော

အနေဖြင့် အလိုအလျောက် လက်ခုပ်တီး သြဘာပေးကြသည်။ ဘတ်စ်ကားသည် စက်နိုး

ပြီး ခရီးဆက်ထွက်သွားသည်။ နောက်ကိုပြန်လှည့်ကြည့် ရာ ခရီးဝေးသွားပြီဖြစ်

သော်လည်း လက်ခုပ်တီး၍ လက်ရမ်းပြနေသော လူအချို့ကို မြင်လိုက်ရပါသည်။ တစ်ခု

တော့နှမြောမိသည်။ ခဏတစ်ဖြုတ်ကြား ရသော သတင်းကို ပိုမိုခိုင်လုံစေဖို့နှင့် ရှင်းလင်းစေဖို့ပေးထားသောဝေစာများယူမလာမိပါ။

လမ်းဘေးတွင် ပြုလုပ်သော စည်းဝေးပွဲမျိုးသည်ယူဂန္ဒာအရှေ့ဘက်တွင်တွေ့ကြုံရသာ ကြိုဆိုဧည့်ခံပွဲမျိုးနှင့် တစ်ပုံစံတည်းဖြစ်လာသည်။

ယူဂန္ဒာလူမျိုးသည်ရိတ်သိမ်းရန် မှည့်ဝန်းနေ‌ သောလယ်ကွင်းတစ်ခုဖြစ်နေပြီ။ ဤသို့ဆိုသည့်တိုင်အောင်

ရိတ်သိမ်းမှု ပြီးမြောက်နိုင်ရန် အချိန်အနည်းငယ်လိုပါသေးသည်။ ကိုယ်ရေးကိုယ်တာ

အတားအဆီးများအချို့ကို ရှေးဦးစွာ ဖြေရှင်းဖို့လိုအပ်သလို ဝိညာဉ်အတားအဆီးများ

ဖယ်ထုတ်ဖို့ ရှိနေပါသည်။

အမ်ဘလေမြို့တွင် သာသနာပြုဆရာများနှင့် ရှေးဦး ရက်အနည်းလက်တွဲပြီးမှ နယ်ဘက်သို့ မော်တော်ကားဖြင့် နှစ်နာရီခရီးနှင်ကာ အမ်ဘလေအနောက်မြောက်ဘက် ဆိုရိုတ်မြို့သို့ ရောက်ရှိလာသည်။ ၎င်းမြို့၌ ယူဂန္ဒာနိုင်ငံလုပ်ဆောင်ခဲ့သည့် အချိန်ကာလကို အများဆုံးအသုံးပြုကြပါသည်။ ဆိုရိုတီမြို့ဟု‌ ခေါ်သော်လည်း တစ်ကယ့်တကယ်တွင် တောရွာဇနပုတ်ကြီးသာဖြစ်သည်။ ဖုံထူသော ဈေးတန်းတစ်ခုကို ဗဟိုပြုသည့် လမ်းမကြီးတစ်ခုရှိသည်။ ဤဈေးဆိုင်ကို

ဗဟိုပြု၍ အနီးအနားတောရွာသို့ သွားသော လူသွားလမ်း၊ လှည်းလမ်းနှင့် ကားများဖြာ ထွက်သွားလေသည်။

လမ်းဘေးနှစ်ဘက်တွင် မြက်တောနှင့်ငှက်ပျောပင်များဖုံးအုပ်လုမတတ်‌ သော နှစ်ခန်းသုံးခန်းရှိသည့် ပျဉ်ထောင်အိမ်များ တည်ရှိနေပါသည်။

ငွေကြေးတတ်နိုင်သေးသူ တချို့ ဆောက်လုပ်သော ကွန်ဂရစ်တိုက် အိမ်တချို့မှာ

အမိုးအားလုံးမှာ သွပ်ပြားဖြစ်လေသည်။

ကျွန်တော်တို့ တည်းခိုသည့်နေရာမှာ ပန်းရောင်ဆေးသုတ်ထား၍ အနောက်ဘက်

ပုံစံအတိုင်း မြက်ခင်းခြံဝင်းနှင့်လှလှပပ ဆောက်လုပ်ထားသောအဆောက်အဦးပင် သွပ်ပြားမိုးထားသည်။ ပိုင်ရှင်ဖြစ်သည့် သာသနာပြုဆရာလင်မယားသည် ခွင့်ယူ

သွားကြစဉ်ဖြစ်သဖြင့် ကျွန်တော်တို့ အဖွဲ့ငါးယောက်မှ ၎င်းအဆောက်အဦးတစ်ခုလုံးကို

ကြိုက်သလို အသုံးပြုနေကြပါသည်။ ဤဧရိယာအတွင်း အများဆုံး အိုးအိမ်

မတူဘဲ ကျွန်တော်တို့ တည်းခိုသောအိမ်သည် ဧည့်ခန်း၊ အနားယူခန်း ကျယ်ကျယ်

ဝန်း၊ ရေခဲသေတ္တာနှင့်လျှပ်စစ်ပန်ကာများရှိရာ ၎င်းပန်ကာများသည် အလွန်ပူအိုက်မှုကို

များစွာသက်သာရာရစေပါသည်။ သို့သော် အများပြည်သူနှင့်အတူ နေ့ အချိန် ယင်ကောင်

များ၊ ညအချိန်ခြင် များနှင့် တိုက်ပွဲဝင်နေကြပါသည်။

ဒန်နှင့် ကျွန်တော်တစ်ခန်းတည်း ယူထားသည်။ ခရီးအစတွင် ငြိ ငြင်မှုရှိသော်

လည်း ခရီးသွားလာရင်း ဆက်ဆံရေး အဆင်ပြေ ချောမွေ့လာပါသည်။ ကျွန်တော့်ခေါင်း

ဆောင်မှုကို မသိမသာ အာခံသောအချိန်အခါများ ရှိသေးသော်လည်း ကျွန်တော် မသိ

မကြားယောင်ဆောင်ကာ ခင်မင်ရင်းနှီးဖို့ အရေးကိုသာ အာရုံစိုက်နေပါသည်။

သာသနာ့ရိပ်သာမှ တစ်ခေါ်လောက်အကွာအဝေးတွင် အုတ်ခဲဖြင့် ဆောက်လုပ်

သည့် လူ(၁၀၀)ခန့်ဆန့်သော ဘုရားရှိခိုးကျောင်းတစ်ခုရှိနေသည်။ အာဖရိကတိုက်

သား သင်းအုပ်ဆရာသည် သူ့မိသားစုနှင့် ဘုရားရှိခိုးကျောင်း၏နောက်ဘက်တွင်

နေထိုင်သည်။ သင်းအုပ်ဆရာသည် ယူဂန္ဒာသား ဒါဇင်ဝက်ကို သူ့အိမ်တွင် အာဖရိက

ထုံးစံအတိုင်း လူနှစ်ယောက် ခုတင်တစ်လုံးနှုန်းဖြင့် ဧည့်ခံနေသည်။ သူတို့သည်

သာမာန်အသင်းသားများဖြစ်ပြီး ကျွန်တော်တို့ကို ကူညီရန်ခေါ်ထားခြင်းဖြစ်သည်။

အချိန်ပြည့်ဧဝံဂေလိဆရာ နှစ်ဦးရှိသည်။ သင်းအုပ်ဆရာ၏အိမ်တွင် လူပြည့်နေပြီဖြစ်

သဖြင့် ဧဝံဂေလိဆရာချားလ်စ်ဆိုသူကို ကျွန်တော်တို့၏အဖွဲ့ သား နယူးဇီလန်သား တွမ်

နှင့် တစ်ခန်းတည်းတွင် နေရာချပေးထားပါသည်။

ရရှိသောအချိန်နည်းပါးသည့်အတွက် ဆရာကြီးဖလွိုက် သွန်သင် နိုးဆော်ထား

သည့်အတိုင်း၊ ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ဟောပြောရန် ရနိုင်သည့် အခွင့်အရေး

ဟူသမျှကို လက်မလွတ်အောင် စီမံထားပါသည်။ ပထမရက် သတ္တပတ်တွင် တစ်အိမ်

တက် တစ်အိမ်ဆင်းနှင့်လမ်းများပေါ်တွင် ဝမ်းမြောက်ဖွယ်သတင်းကောင်း ဟောပြောကြ

ပါသည်။ လူများအလွန်ဖော်ရွေကြသည်ကို တွေ့ရှိရပါသည်။ မိမိတို့အိမ်မှုကိစ္စရှိကြ

သည်ကို မမှုကြဘဲ အာဖရိကတိုက်သားများသည် သစ်ပင်အရိပ်တွင် ထိုင်၍ နာရီပေါင်း

များစွာ စကားလက်ဆုံကျရန် စိတ်ဆန္ဒရှိကြသည်။ သူတို့ အတွက် အချိန်သည် အရေး

မကြီးပါ။ အဖွဲ့သားတစ်ဦးစီသည် စကားပြန်လုပ်တတ်သော ယူဂန္ဒာခရစ်ယာန် တစ်ဦး

နှင့် တွဲနေသဖြင့် အပြန်အလှန်ပြောဆို ဆက်ဆံရန် အခက်အခဲမရှိပါ။

ပထမရက်သတ္တပတ်အတွင်း ဘုရားသခင်အတွက် တစ်ယောက်တစ်လေမျှ

မရရှိခဲ့ပါ။

သို့ သော်လည်း မျိုးစေ့ကိုတော့ ကြဲခဲ့ပါသည်။ လာမည့် တနင်္ဂနွေ နေ့ တွင်

ဘုရားရှိခိုးကျောင်းလာတက်ကြဖို့ တွေ့ရှိသည့်လူတိုင်းကို ဖိတ်ခေါ်ခဲ့ပါသည်။ မနက်ပိုင်း

နှင့် ညနေပိုင်းဝတ်ပြုစည်းဝေးကို ဦးဆောင်ခွင့် ရရှိထားပါသည်။ ထိုင်ခုံပြည့်ရုံမကဘဲ

လူများပြည့်လျှံလျက် မတ်တတ်ရပ်နေကြရလိမ့်မည်ဟု ကျွန်တော်ယုံကြည်ထားပါသည်။

ကျွန်တော်တို့၏ အကျိုးအရှိဆုံးသော လှုပ်ရှားမှုမှာ ဈေးဆိုင်တန်းကြီး နေရာ

တွင်ဖြစ်သည်။ အိမ်တိုင်းတွင်ရေခဲသေတ္တာမရှိကြပါ။ ဈေးဝယ်ခြင်းသည် အမျိုးသမီး

အတွက်နေ့စဉ်ငြီးငွေ့စရာကောင်းသည်။သက်ကယ်မျက်ပင်များနှင့် နေပူစာဒဏ်ကို ကာရုံသာကာထားသောကို ဈေးဆိုင်တန်းများတွင် အဝတ်ဖြူသန့်သန့်ကို ဖုန်ထူထပ်သော မြေကြီးပေါ်တွင် ခင်းကျင်း၍ ရောင်းကုန်ပစ္စည်းများကို ၎င်းအဝတ်ဖြူပေါ်

တွင် အစီအရီပြထားကြလေသည်။ ငှက်ပျော်သီးများ သရက်သီးသန့်မျိုးစုံ၊ ဟင်း

ရွက်များ လတ်ဆတ်သောငါးများ၊ တစ်နယ်လုံးတွင် ဈေးဆိုင်တန်းသည် လူအများ

ဆုံးနေရာဖြစ်သည်။ ကျွန်တော်တို့လည်း ဆိုင်တစ်ခုဖွင့်လှစ်ကာ တန်ဘိုးမကြီးလှသော ခရစ်ယာန်စာ ပေများကို ရောင်းကြပါသည်။

၎င်းစာပေများကို ကျွန်တော်တို့ရောက်ရှိပြီးမှ သမ္မာကျမ်းအသင်းအဖွဲ့မှ ထုတ်သဖြင့် မူလဈေးနှုန်းထက် ထက်ဝက် လျှော့၍ရောင်းသည်။ အခြားလူတို့သည် အလကားရရှိသော ပစ္စည်းထက် သူတို့ကိုယ်တိုင် ဝယ်ယူရရှိသော ပစ္စည်းများပို၍ တန်ဖိုးထားတတ်ကြသည်ဟု ကျွန်တော်သိရှိလာသည်။ သူတို့လိုချင်သလောက်မရောင်းနိုင်ဖြစ်လာသည်။ တချို့ကနှစ်အုပ်တချို့ကသုံးအုပ်၊ တချို့သည် တစ်ခါတည်းတွင် ခပ်များများ ဝယ်ယူသွားကြလေသည်။ ယုဂန္ဒာတွင် စာအုပ်များ ဈေးကြီးသည်။

စာအုပ်ဝယ်ယူ သွားကြသောသူများသည် စာအုပ်ထဲက အကြောင်းအရာကို သတိ

မထားမိကြသည့်တိုင်အောင် တန်ဘိုးရှိသော စာအုပ်တစ်အုပ်ကို

ပိုင်ဆိုင်ခဲ့သည်ဟုဆိုကာ တန်ဘိုးထားကြသည်။ စာအုပ်လာဝယ်သူတိုင်းနှင့်

စပ်မိအောင် ကြိုးစား၍ လာမည့်တနင်္ဂနွေနေ့ ဝတ်ပြစည်းဝေးသို့ လာတက်ကြ

ဖိတ်ခေါ်ပါသည်။ စကားစပ်မိသည့်သူတိုင်းကိုလည်း ဘုရားရှိခိုးကျောင်းလာကြ

ဖိတ်ခေါ်ပါသည်။ တော်တော်များများ တစ်ကယ်စိတ်ပါပုံရှိသည်။

၎င်းပထမရက်သတ္တပတ်တွင်လည်း အစိုးရစာသင်ကျောင်းများသို့ သွားရောက်

ခွင့်ရရှိပြီး အနားယူချိန်များတွင်ပင် ကျောင်းသူကျောင်းသားများအား ဝမ်းမြောက်

ဖွယ်သတင်းကောင်းကို ဟောပြောကြပါသည်။ စနေနေ့ည ရောက်လာသောအခါ ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်နေကြသော်လည်း စိတ်ဝိညာဉ်ခွန်အားရရှိကြသည်။ ရက်သတ္တပတ်အတွင်း မျိုးစေ့အမြောက်အမြား ကြဲခဲ့သည့် သကာလ၊ ကျွန်တော်တို့၏အားသွန်ခွန်စိုက် လုပ်ဆောင်မှု၏ အသီးအပွင့် အဖြစ်လာမည့်တနင်္ဂနွေနေ့တွင် ဝတ်ပြုစည်းသို့ လူများလာတက်ကြလိမ့်မည်ဟု အပြည့်အဝ မျှော်လင့်နေကြပါသည်။

ဤစည်းဝေးပွဲအတွက်ကျကျနနပြင်ဆင်ရန် လိုလားကြပါသည် ဝတ်ပြုကိုးကွယ်ရန်

ခေါင်းဆောင်အနေဖြင့် ဒန်သည် သင့်တော်လျောက်ပတ်သည့် သီချင်းများကို အချိန်ယူ၍

ရွေးယူသလို ကျွန်တော်လည်း ဟောပြောရမည့် သတင်းအကြောင်း စဉ်းစားဆုတောင်းရာ

တွင် အချိန်ကုန်စေခဲ့ပါသည်။ အသင်းအဖွဲ့ အနေဖြင့် နံနက်ပိုင်းနှင့်ညနေပိုင်း ဝတ်ပြု

စည်းဝေးအတွက် စိတ်တူသဘောတူ ခွန်အားစိုက်၍ ကြားဝင်ဆုတောင်းပတ္ထနာ ပြုကြပါ

သည်။ ဂရီနိုဘဲလ်တွင် ကံဆိုးမိုးမှောင်ကျသည့်နောက်ပိုင်းတွင် ကြားဝင်ဆုတောင်းခြင်း

အားဖြင့် ကြိုတင်ပြင်ဆင်ခြင်း၏ အရေးပါပုံကို ကျွန်တော်ကောင်းစွာ သိရှိနားလည်ခဲ့ပြီး

ဖြစ်ပါသည်။ ကျွန်တော်တို့ အပိုင်းကိုတော့ လုပ်ခဲ့ပါပြီ။ ယခု ဘုရားသခင်၏အပိုင်းသာ

ကျန်ရှိနေသည်။ တနင်္ဂနွေနေ့ နံနက်တွင် ကျွန်တော့်ဘောင်းဘီအလှဆုံးကို ဝတ်ဆင်၍

လည်စည်း ဖြောင့်မဖြောင့်နှင့် ဆံပင်ကို စနစ်တကျ ဖီး၍ ကြည့်မှန်ထဲတွင် ကြည့်ရှုပြီး

နောက်အဖွဲ့ကို စိတ်ချယုံကြည်စွာ ဘုရားရှိခိုးကျောင်းသို့ ဦးဆောင်သွားပါသည်။

ကျွန်တော်တို့ ရောက်ရှိချိန်တွင် ဘုရားရှိခိုးကျောင်းထဲတွင် လူတစ်ယောက်မျှ မရောက်

သေးပါ။ နာရီကို မျက်စောင်းထိုးကြည့်ရာ ၉:၄၅မိနစ် ရှိနေပြီဖြစ်သည်။ နောက် ၁၅မိနစ်

ဆိုလျှင် စည်းဝေးစတော့မည်။ “ခင်ဗျားတို့ အာဖရိကစံချိန်နှင့် အလုပ်လုပ်နေတယ်”ဟု

မိမိကိုယ်ကို သတိပေးမိပါသည်။ “ဆယ်နာရီထိုးရင်တော့ ပြည့်လာမှာပါ။ သို့သော်

ဆယ်နာရီထိုးသောအခါ ရှေ့ထိုင်ခုံပေါ်တွင်သာ လူအပြည့်ထိုင်နေသည်။ ၎င်းတို့မှာ

ကျွန်တော်တို့အဖွဲ့ သားများနှင့် အာဖရိကတိုက်သား လုပ်ဖော်ကိုင်ဖက်များသာဖြစ်သည်။

အာဖရိကတိုက်သား အနည်းငယ်သာ ကျန်ထိုင်ခုံများတွင် ဟိုတစ်ယောက် ဒီတစ်ယောက်

ထိုင်နေကြသည်။ နောက်ဆုံးတစ်မိနစ်တွင် ရောက်လာကြဦးမည်လားဟု မျှော်လင့်ကြီး

စွာဖြင့် စောင့်နေပါသည်။ သို့သော် ဆယ်နာရီဆယ်မိနစ်တွင် ခြေဦးတည့်ရာ လျှောက်

လည် နေကြသော လူအနည်းငယ်သာ ဝင်လာသဖြင့် လူများ စိတ်ဝင်စားမှုပြကြသည့်

တိုင်အောင် ဘုရားရှိခိုးကျောင်းတက်ရန် ဖိတ်ထားသည်ကို အရေးတကြီး သဘော

မထားကြမှန်းကို ကျွန်တော် စိတ်အားငယ်စွာ သဘောပေါက်လာပါသည်။

ည နေဝတ်ပြုစည်းဝေးကို တော့ ခပ်များများလာတက်ကြမှာပါဟု မိမိကိုယ်ကို

နှစ်သိမ့်ရင်း အနည်းငယ်သော ပရိတ်သတ်အား ကောင်းမွန်စွာ ကြိုတင် ပြင်ဆင်ထား

သော ဒေသနာကိုဟောပြောရန် အစပြုခဲ့ပါသည်။ ညနေပိုင်းအချိန် ကျရောက်လာသော

အခါလည်း ကျွန်တော့် မျှော်လင့်ချက်သည် ပို၍ ပြိုပျက်လာပြန်သည်။ နံနက်ဝတ်ပြု

စည်းဝေးတွင်လာတက်သော လူဦးရေထက်ပို၍ နည်းပါးလာသည်။ စိတ်ပျက်လောက်

အောင် မရှိသလောက်ဖြစ်နေသည်။ အကြီးအကျယ် စိတ်အားငယ်ကာ အိပ်ရာဝင်ခဲ့ပါ

သည်။ လုပ်စရာရှိသမျှ သိသမျှကို လုပ်ကိုင် ထားပါသည်။ ရနိုင်သမျှအခွင့် အရေးကို

လက်မလွတ်တမ်း ဆုတ်ကိုင်၍ ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ဤလူများအား ဟာ

ပြောခဲ့ပါသည်။

သူတို့အတွက် စိတ်ထက်သန်စွာ ကြားဝင်ဆုတောင်းပေးကြပါသည်။

ဘာဖြစ်လို့ ဘုရားသခင် အဖြေပေးတော်မမူသလဲ။ ဘာဖြစ်လို့လူတွေက မတုန့်ပြန်ကြသလဲ။

ခုတင်ပေါ်တွင် လဲလျောင်းရင်း အမှောင်ထဲတွင် အဖြေမရသော ဤမေးခွန်း

များကို စိတ်ထဲတွင် နပန်းလုံးနေပါသည်။ ဘေးခုတင်ပေါ်တွင်မူ ဒန်သည် အိပ်ပျော်

ဟောက်သံပင် ထွက်ပေါ်လာသည်။ ရက်သတ္တပတ်လုံးလုံး လှုပ်ရှားမှုမှ ပင်ပန်းနွမ်းနယ်

သည့် အားလျော်စွာ သူ့ခေါင်းက ခေါင်းအုံးကို မထိမိမှာပင် အိပ်ပျော်သွားဟန်ရှိ

သည်။ သူကဲ့သို့ ကျွန်တော်လည်း ကိုယ်စိတ်နှစ်ပါး ပင်ပန်းနွမ်းနယ်နေသော်လည်

အိပ်မပျော်ဖြစ်နေပါသည်။ အိပ်ရာပေါ်တွင် တလိမ့်လိမ့်လူးလိမ့်ရင်း နောက်ဆုံးတွင်

အိပ်ပျော်သွားပါသည်။ အိပ်အပျော်ကြီးပျော်မိကာ ရင်တုန်စဖွယ် အိပ်မက်ကို

မက်နေပါသည်။

ကျွန်တော့်အိပ်မက်ထဲတွင် အာဖရိကတိုက်သား ယောက်ျားတစ်ယောက်

သံကြိုးဖြင့် ချည်နှောင်ခြင်းခံ၍ စိုးရွံ့ ထိတ်လန့်ဖွယ်အကောင်းဆုံးသော အရေဖျားလှီးခြင်း

ခံနေရပုံကို မြင်မိပါသည်။ လူမည်းအုပ်စုတစ်စုသည် တရုန်းရုန်းနှင့် သူ့ကိုဝိုင်းထားကာ

အမျိုးမျိုးအော်ဟစ်နေကြသည်။

အရေဖျားလှီးသောဓားဖြင့် သူ့အင်္ဂါကို လှီးဖြတ်သည်ကိုမြင်မိသောအခါ

ကျွန်တော်သည် ကြက်သေသေမိပါသည်။ ထိုသူ၏မျက်နှာတွင် ထိတ်လန့်ဖွယ် တုန်လှုပ်

ခြင်းပေါ်နေပါသည်။ ဓားဒဏ်ရာမှသွေးများ ပန်းထွက်လာသည်။ သေလုမတတ် ခံစား

သာ ထိုလူ၏အနာတရကို ကိုယ်ချင်းစာမိကာ ကျွန်တော်ကိုယ်တိုင် ခံစားနေသကဲ့

မျက်နှာရှုံမဲ့နေပါသည်။ သူ့ကိုဝင်ဆွဲထုတ်ကာ ကယ်တင်လိုသော်လည်း မတတ်နိုင်ပါ။

ကျွန်တော်သည် မလှုပ်မယှက်နိုင်၊လက်ညှိုးကိုပင် မမနိုင်ဖြစ်နေပါသည်။ လူအုပ်သည်

သူ့ကို ဓားဖြင့် အကြိမ်ကြိမ် မညှာမတာထိုးနှက်နေကြသည်ကို မကူညီနိုင်ဘဲ ဒီအတိုင်း

ကြည့်နေမိပါသည်။ ငရဲတွင်းထဲက အိပ်မက်ဆိုးမက်ခြင်းရှိခဲ့ဖူးလျှင် ဤအိပ်မက်

ဖြစ်ပါလိမ့်မည်။ ဤအိပ်မက်ဆိုးကြောင်း တုန်လှုပ်ခြောက်ခြားစွာ အိပ်ရာမှလန့်နိုး

တစ်ကိုယ်လုံး ချွေးစိုရွှဲနေပါသည်။

စောစောက တွေ့မြင်ခဲ့သောအမှုအရာသည် တစ်ကယ့်ဖြစ်ရပ်မဟုတ် အိပ်မက်

ဆိုးမျှသာဖြစ်သည်ဟု မိမိကိုယ်ကို နှစ်သိမ့်အားပေးနေစဉ် မှောင်မိုက်ထဲမှ ရုတ်တရက်

ဒန်၏ကျယ်လောင်သော ဟောက်သံထွက်လာသည်။ လူသားပြုလုပ်သော အသံနှင့် တောရိုင်းတိရစ္ဆာန်များ ခိုက်ရန်ပြုကြရာမှ ထွက်လာသောအသံနှင့်တူပါသည်

အိပ်မက်ဆိုးကြောင့် တစ်ကိုယ်လုံး တင်းမာလာကာ ဤမမျှော်လင့်သော အသံကြောင့်

ကြက်သီးမွှေးညင်းထလာသည်။ သတိရလာ၍ ခုတင်ပေါ်တွင် ဗြုန်းကနဲ ငုတ်တုတ်

ထိုင်မိပါသည်။ ဒန်သည် စောစောကအသံကဲ့သို့ ကြောက်စရာလန့်စရာ ဟောက်သံ

တစ်ချက် ပြုလာပြန်သည်။ ရုတ်တရက် ဘာမှန်းမသိ ကြောက်စိတ်သည် ကျွန်တော့်

လစ်ကိုယ်လုံးကို ဖမ်းစား‌ နေပါသည်။ ထူးဆန်း သောအေးစက်ခြင်းတစ်ခု အခန်းထဲသို့

ဝင်လာသည်။ ပူအိုက်သော နွေရာသီညဖြစ်လင့်ကစား တစ်ကိုယ်လုံး ခိုက်ခိုက်တုန်အောင်

ချမ်းနေသည်။ အခန်းထဲတွင် ဆိုးယုတ်သော ပရောဂတစ်ခုခုရှိနေသကဲ့သို့ ထင်ရပြီး မတ်တပ်

ရပ်နေသလို ထင်ရပါသည်။

ဒန်သည် အိပ်ပျော်နေရင်း ညည်းညူသံထွက်လာသည်။ အသက်ပြင်းပြင်း

ရှိုက်ကာ အဓိပ္ပာယ်မရှိသော စကားကို နှုတ်မှရေရွက်နေပါသည် ။ “ဒန်၊ ဒန်” ဟုခေါ်နိုးပါ

သည်။ ခေါ်နိုး၍မရသည့် အခါ အိပ်ရာမှထ၍ သူ့ကိုလှုပ်ကာ နိုးပါသည်။

“အဲ၊ ဘာလဲ”ဟု အိပ်ချင်မူးတူးဖြင့် ညည်းသံပြုလေသည်။ သူ့ ခုတင် ဘေးနား

ကမီးကို ကျွန်တော် ဖွင့်လိုက်ရာ၊ မီးရောင်ကြောင့် သူနိုးလာသည်။ အလန့်တကြား

မျက်လုံးပြူးပြူးနှင့် ခုတင်ပေါ်တွင် နိုးထလာသည်။

“ဘာဖြစ်သလဲ ရုဒီ၊ ဘာဖြစ်နေသလဲ”။

“ခင်ဗျား အသံဆိုးဆိုးဝါးဝါး ပြုနေတယ်လေ”။

“တစ်ကယ့်ကို ရင်တုန်စရာအကောင်းဆုံး အိပ်မက်မက်နေတယ်”ဟု သူက

ညည်းညူလေသည်။

“ကျွန်တော်လည်း အဲဒီလိုပဲဟု ပြန်ပြောရာ၊ ရုတ်တရက် အပြင်ဘက် မှောင်မိုက်

ထဲတွင် နတ်ဆိုးအုပ်ကြီးက ကျွန်တော်တို့ကို ဝိုင်းထားသလို အခိုင်အမာ ရိပ်စားမိပါသည်။

“ဒန်၊ ငါတို့ နတ်ဆိုးတိုက်ခိုက်ခြင်း ခံနေတယ်လို့ ယုံကြည်တယ်။ ဆုတောင်း

ပြီး တန်ခိုးအာဏာကိုယူဖို့ လိုပါလိမ့်မယ်”ဟု တုန်တုန်ရီရီနှင့် ကျွန်တော် ပြောပြသည်။

အာဖရိကမှော်ဆရာ နတ်ဆရာများ၏လူသားမတတ်နိုင်သော တန်ခိုးများကို ပြတတ်

သည့် အကြောင်း ကျွန်တော် ကြားဖူးပါသည်။ ယခုတော့ ကျွန်တော်ကိုယ်တိုင် နတ်ဆိုး

တန်ခိုးများကို တစ်ကယ်ရင်ဆိုင်နေရမှန်း သိ နေပါသည်။ ဒန်သည် မျက်လုံးပြူးထူး

ပြဲတဲဖြင့် ခေါင်းညိတ်ပြလေသည်။

“ခင်ဗျားပြောတာမှန်တယ်၊ ရုဒီ”ဟု ဒန်က ထောက်ခံသည်။ အိပ်ရာပေါ်မှထ၍

အခန်းထဲတွင် ခေါက်တုန်ခေါက်ပြန်လျှောက်ကာ အသံကြီးစွာ အော်ဟစ်ဆုတောင်းနေပါ

သည်။ သမ္မာကျမ်းစာထဲက အောင်ပွဲခံဖို့ ကတိပေးချက်များကို ဖွင့်ပြော၍ ခရစ်တော်၌

ကျွန်တော်တို့ပိုင်ဆိုင်သော တန်ခိုးအာဏာကို ကျေညာလိုက်ပါသည်။ ယေရှု၏အသွေး

တော်ကြောင့် အကွယ်အကာရရှိသည့် အကြောင်းကို အမှီပြု၍ ကိုယ့်ကို လာတိုက်

ခိုက်သော ရန်သူကို ခွန်အားရှိသမျှနှင့် ခုခံတိုက်ခိုက်သကဲ့သို့ နတ်ဆိုးများ၏တန်ခိုးကို

ဆုံးမဟန့်တားလိုက်ပါသည်။ “ယေရှုရန်သူကို ကိုယ်တော်နိုင်တော်မူပြီ။ ကိုယ်တော်၏

နာမတော်အားဖြင့် မာရ်နတ်ကို တက်နှင်းခဲ့ပြီ”ဟု ငါတို့ကျေညာပါပြီ။ သို့သော်

လည်း ရဲဝံ့သော အသံဖြင့် ဆုတောင်းသည့်တိုင်အောင် ကျွန်တော်စိတ်နှလုံးကို ကြောက်စိတ်နှင့်တင်းမာမှုသည် စိုးစဉ်းမျှမရွေ့ဘဲ ရှိမြဲရှိနေပါသည်။

ရုတ်တရက် ဒန်သည် ဆုတောင်းရာမှ စကားဖြက်ပြောသည်။ “ရုဒီ၊ ခင်ဗျားနဲ့

ကျွန်တော် အပြစ်ဝန်ချတောင်းပန်ဖို့ လိုအပ်တဲ့ကိစ္စတစ်ခုရှိတဲ့အကြောင်း သခင်ဘုရား

ဖော်ပြနေကြောင်း ရိပ်စားမိပါတယ်”၊ သူ့ကို ကျွန်တော် မေးကြည့်နေမိသည်။

“ဘာများပါလိမ့်၊ဒန်”။

“အစကတည်းက ခင်ဗျားရဲ့ ခေါင်းဆောင်မှုကို ကျွန် တော်

အာခံ နေပါတယ်

ရိုးရိုးသားသားပြောမယ်ဆိုရင် ခင်ဗျားကို ကျွန်တော် မနာလိုဖြစ်နေတာ။ ဆရာ

ဖလွိုက်က ကျွန်တော့်ကို ခေါင်းဆောင် မခန့်တာကို စိတ်မကောင်းဖြစ်နေတယ်

ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် ကမ္ဘာပတ်အဖွဲ့မှာ ခင်ဗျာထက် ကျွန်တော်က ပို

ဝါရင့်ခဲ့တယ်မဟုတ်လား”

“ဟုတ်ကဲ့၊ ခင်ဗျားစိတ်ထဲမှာ မကျေမနပ်ဖြစ်နေတာ ကျွန်တော် ရိပ်မိပါတယ်

ဒန်ရယ်၊ ဒါပေမဲ့ ကျွန်တော် ဘာမှဖွင့်မပြောချင်ဘူး။ ခရီးသွားရင်း မိတ်ဖွဲ့မှု ခိုင်မာဖို့

မျှော်လင့်နေပါတယ်”။

သည်နှင့်အမျှ အခက်အခဲများ အလိုအလျောက် ပျောက်ကွယ်သွားမယ်လို့ ကျွန်တော်ယုံကြည်နေပါတယ်။

“ကျွန်တော်မှားယွင်းတဲ့ စိတ်နေစိတ်ထားအတွက် ခွင့်လွှတ်မယ်မဟုတ်လားဟု

ဒန်က ဝမ်းနည်း၍ တောင်းပန်လေသည်။

“ခွင့်လွှတ်ပါတယ်။ဒန်ကျွန်တော့်ကိုလည်း ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်

ကျွန်တော်လည်း မှားပါတယ်” ဟု ကျွန်တော် တုန့်ပြန်သည်။

“ဟယ်၊ဟုတ်လား၊ ဘယ်ပုံဘယ်နည်းနှင့်လဲ”ဟု ဒန်က အံ့သြစွာမေးလေသည်။

အဆင်မပြေဘူးဆိုလျှင် ပလ္လင်ပေါ်မှာ ကျွန်တော်တို့ အလှူဒါနကို ထားပစ်ပြီး ရှေးဦးစွာ

ထိုသူနှင့် ပြေလည်အောင် လုပ်ရမယ်လို့ပြောပါတယ်(မဿဲ ၅း၂၂-၂၄)။ ကျွန်တော်

နှစ်ယောက်ကြားမှာ မပြေလည်မှုရှိတယ်ဆိုတာ ကျွန်တော် ရိပ်မိခဲ့ပါတယ်။ ဒါပေမဲ့

ချက်ခြင်းဖြေရှင်းမည့်အစား ကျွန်တော်လျစ်လျူရှုထားပါတယ်။ အဲဒါအမှားပဲ။ ကျွန်

ကို ခွင့်လွှက်မယ်လား”။

“ခွင့်လွှတ်မှာပါ ” သူ့ခုတင်ပေါ် သူ့ဘေးတွင်ထိုင်၍ သူ့ပုခုံးကို ညှစ်၍

ဒါမှပေါ့ သူငယ်ချင်း။ တစ်ကယ်ပဲ သဘောကျတယ်။

“ကျေးဇူးတင်ပါတယ်၊ ဒီ အဖွဲ့ကို ဦးဆောင်တဲ့နေရာမှာ ခေါင်းဆောင်တစ်ကယ်ပီသတယ်ဆိုတာ သိစေချင်ပါတယ်။ အခုကစပြီး ခင်ဗျားကို စိတ်ရောကိုယ်ပါ

လုံးဝဥဿုံ အားပေးထောက်ခံပါတယ်”

“တစ်ကယ့်ကို သဘောကျပါတယ်၊ဒန်၊ အခုပြောတဲ့စကားဟာ ကျွန်တော့်တို့ကို

ဘုရားသခင် သွန်သင်ပြသတော်မူသော အရေးကြီးသည့် သင်ခန်းစာတစ်ရပ်

ဖြစ်ပါသည်။ အင်တိုက်အားတိုက် ဝမ်းမြောက်ဖွယ်သတင်းကောင်း ဟောပြောကြရာမှ

ဆက်ဆံရေးပြေလည်လာလိမ့်မည်ဟု ကျွန်တော် မျှော်မှန်းထားပါသည်။ တစ်ကယ့်

တကယ်တွင် တင်းမာသောဆက်ဆံရေးပြေလည်စရာ နည်းလမ်းတစ်ခုတည်းသာရှိသည်။

၎င်းမှာ ဘုရားသခင်၏အခြေခံမူဖြစ် သော အပြစ်ဝန်ခံခြင်းနှင့်အပြစ်ဖြေလွှတ်ခြင်းတို့ကို

အသုံးချခြင်းဖြစ်သည်။ ကျွန်တော်တို့၏ ပြန်လည်သင့်မြတ်ခြင်းဖြင့် ဒန်နှင့်ကျွန်တော်

ကြားတွင် မပြေလည်သော ဆက်ဆံမှုကို စာတန်ဝင်ရောက်စွက်ဖက်မှုကို ရိုက်ချိုးကြလေ

သည်။

ဒန်နှင့်ကျွန်တော် အပြန်အလှန် အပြစ်ဖော်ထုတ်ဝန်ခံ၍ အချင်းချင်း ခွင့်လွှတ်

ကြပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်တော့်စိတ်နှလုံးထဲက တင်းမာမှုအလုံးကြီး ထွက်သွား

လေသည်။ အခန်းထဲက အေးစက်လေးလံသောအရာ ပျောက်ကွယ်သွားသည်။

မကြာမီက ထိုးဖောက်ရန် ခက်ခဲလှသော စာတန်၏အုတ်တံတိုင်းကို ချိုး

ဖောက်ပြီးသည်ဟု စိတ်မနောထဲတွင် ခံစား၍ ကျွန်တော်တို့၏စိတ်ဝိညာဉ် ပျော်ရွှင်လာ

သည်။ တိုက်ပွဲအောင်မြင်သော စစ်သားများသဖွယ်၊ အောင်ပွဲကိုခိုင်မာသည်ထက် ခိုင်မာ

အောင် အမြန်ဆုံးလှုပ်ရှားကြကာ မိမိတို့နယ်ပယ်မှ ရန်သူများကိုမောင်းထုတ်ကြပါ

သည်။

ဆိုရိုတီမြို့ထဲက စာတန်၏ခံစစ်စခန်းများကို ဖြိုခွင်းဖို့သော်လည်းကောင်း၊ ပတ်

ဝန်းကျင်ကျေးရွာများ၌ ခိုအောင်းနေသော ရန်သူများကိုမောင်းထုတ်ရာ၌လည်းကောင်း

ယူဂန္ဒာတစ်နိုင်ငံလုံးတွင် ဘုရားသခင်၏အောင်ပွဲကို ထင်ရှားစေရန်လည်းကောင်း

ဆုတောင်းပတ္တနာပြုကြပါသည်။ တစ်ဖန် အဲလ်ဘေးနီးယား၊ ကျူး၊ တရုတ်ပြည်

ကဲ့သို့ ညှဉ်းပန်းနှိပ်စက်ခြင်းခံနေကြသော နိုင်ငံများအတွက် ဆုတောင်းပေးကြပါသည်။

အိုနာ၊ဒွန်နှင့် အခြားအဖွဲ့သားများနှင့် ကြားဝင်ဆု တောင်းကြသည့် နောက်ပိုင်းတွင်

ဤတစ်ကြိမ်သည် ကျွန်တော်ပါဝင်သော အကောင်းဆုံးကြားဝင် ဆုတောင်းခြင်းဖြစ်

သည်။ နောက်ဆုံးနံနက်(၃)နာရီခန့်တွင် စိတ်ထဲတွင်ပေါ်လာသမျှ အရေးအတွက် ဆု

တောင်းပေးပြီးသည် နောက် တော်လောက်ပြီဟုဆိုကာ အလွန်ထူးဆန်းသော စိတ်ငြိမ်

သက်ခြင်းဖြင့် ရပ်နားကြပါ သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရုံပဲရှိပါသေးသည်။ စူးရှသော အမျိုးသမီးအသံ

သည် ကျွန်တော့်ကို နိုးလေသည်။ နှလုံးတဒုန်းဒုန်းခုန်လာသည်။ ဒန်နှင့် ကျွန်တော်

တစ်ပြိုင်တည်း မီးခလုတ်ဖွင့်ကြသည်။ “ဘာပါလိမ့်”ဟု ဒန်က တုန်တုန်ရီရီး

ပြောလေသည်။

မိန်းကလေးတစ်ယောက် အသတ်ခံတဲ့ အသံမျိုးဘဲ “ဟု ကျွန်တော်လည်း

စိတ်မငြိမ်မသက်နှင့်ပြန်ပြောသည်။ ဒန်နှင့် ကျွန်တော်တို့သည် အလုပ်ဝတ်စုံကို

ဝတ်၍ မိန်းကလေးများအခန်းဘက်သို့ ပြေးသွားမည်အပြုတွင် ကျွန်တော်တို့

တံခါးဖွင့်လာသည်။ ရာမိုနာသည် မျက်နှာတွင်သွေးမရှိ ရေချိုးဝတ်စုံကို အလျင်

ပတ်၍ ဘွားကနဲပေါ်လာသည်။ အိပ်ချင်မူးတူးရှိသော်လည်း အလားတူ

နာတာလီ ကပ်လိုက်လာသည်။ “ဘာဖြစ်သလဲ”ဟု ဒန်နှင့်ကျွန်တော် ပြိုင်တူ မေး

သည်။

ရာမိုနာသည် ဘာမျှပြန်မပြောနိုင်ဘဲ တစ်ကိုယ်လုံး မချုပ်တည်းနိုင်

အောင် တုန်လှုပ်ကာ ကျွန်တော် ခုတင်ပေါ်တွင် ခွေလဲသွားလေတော့သည်။

“အတိုက်ခံသလား” ဒန်က စိတ်ပူပန်စွာမေးသည်။

“တစ်ယောက်ယောက် ဖောက်ဝင်လာသလား” ကျွန်တော်က မေးသည်။

“အဲဒီလိုမျိုးပဲ”ဟု ရာမိုနာသည် ပင့်သက်ရှုရင်း ပြန်ပြောသည်။ သုံးယောက်

သား သူမ၏အနားတွင် ထိုင်ကြသည်။ နာတာလီက ရာမိုနာ၏ပုခုံးပေါ်တွင် သူ့လက်ကို

အသာကလေးတင်လိုက်သည။ တဖြည်းဖြည်း အသက်ရှုမှန်လာသည်။ အဖြစ်အပျက်

ကို ပြောပြလေသည်။

သူမ ခုတင်ပေါ်တွင် မလှုပ်သာအောင် ဖိထားခြင်းခံသလိုဖြစ်ကာ အိပ်ရာ

လန့်နိုးသည်ဟု ရာမိုနာရှင်းပြနေသည်။ လူတစ်ယောက်ယောက်က ကျွန်မလည်ပင်းကို

လက်နှစ်ဘက်ဖြင့် ကိုင်ထားသလိုပဲ၊ မလှုပ်နိုင်ဘူး၊ ခံစားခဲ့ဘူးသမျှထဲက ကြောက်စရာ

အကောင်းဆုံးပဲ” ဟု တစ်ကိုယ်လုံး ဆတ်ဆတ်တုန်ခါရင်း ပြောပြလေသည်။

“ဒါပေမဲ့၊ အခန်းထဲမှာ ဘယ်သူမှမရှိဘူးမဟုတ်လား” ကျွန်တော်မေးသည်။

“ရုပ်ကိုတော့ မမြင်ဘူး”။ သူက ဆက်၍ရှင်းပြသည်။ “ဒါပေမဲ့၊ ကျွန်မကို

ချုပ်ကိုင်တဲ့ နတ်ဆိုးတန်ခိုးကတော့ တစ်ကယ်အစစ်ပဲ၊ ကျွန်မပြောရဲတယ်”၊ ရာမိုနာ

ဆက်ပြောပြရာမှာ သူမသည် ကျွန်တော်တို့ကို အော်ခေါ်ရန် ကြိုးစားသော်လည်း

လည်ပင်းကို တစ်အားညှစ်ထားသည့်အတွက် အသံကမထွက်ဘူးဟု ဆိုပါသည်။

“သေတဲ့အထိ လည်ပင်းအညစ်ခံရမည်လားလို့ ထင်နေတာ၊ တစ်ကယ်

ရင်တုန်စရာ ကောင်းပါတယ်”။

နောက်ဆုံးတွင် သူမသည် ရုန်းကန်ထွက်လာနိုင်သည်။ ထိုအခါ အခန်းထဲတွင်

မိုးကြိုးတစ်ချက်လက်ကနဲ ပေါ်လာသဖြင့် သတိရခြင်းဖြစ်သည်ဟု ရှင်းပြလေသည်

“တစ်ကယ့် သွေးထွက်သံယိုတဲ့အော်သံပဲ”ဟု ကျွန်တော်မျက်နှာမဲ့၍ မှတ်ချက်

“တစ်ကယ့်ကို ကျောချမ်းစရာပဲ” ဟု ဒန်က သဘောတူသည်။ “ခင်ဗျား အသတ်ခံနေပြီမှတ်နေကြတာ။

ရာမိုနာသည် သူမအတွက် စိတ်ပူပန်နေပုံကို ရိပ်မိသောအခါအားယူ၍အသာကလေး ပြုံးလိုက်လေသည်။

ကျွန်တော် ကြုံခဲ့ဖူးသည်ထက် ဤဝိညာဉ်တိုက်ပွဲက ပို၍ ပြင်းထန်နေပါ

သည်။ ဒန်နှင့် ကျွန်တော်သည် အတော်အတန် အောင်ပွဲခံပြီဟု ယူဆကြသော်လည်း

စာတန်မာရ်နတ်က အလွယ်တကူ လက်မြောက်မည့်ပုံ မပေါ်ပါ။ ပိုမိုပြင်းထန်သော

ဝိညာဉ်တိုက်ပွဲ ဆက်လက်ဆင်နွှဲရန် လိုအပ်လာပါသည်။ “ထပ်ပြီး ဆုတောင်းကြဖို့

လိုလိမ့်မယ်ထင်တယ်”ဟု ကျွန်တော်အကြံပြုရာ အားလုံး ချက်ခြင်း သဘောတူကြသည်။

ကျွန်တော်တို့လေးယောက်သား အမှောင်ထု၏တန်ခိုးကို အံတု၍ တစ်နာရီ

၌ ဝိညာဉ်တိုက်ပွဲ ဆင်နွဲကြပါသည်။ အခိုက်အတန့်တစ်ခုတွင် ဒန်သည် ကျမ်းစာအုပ်ကို

ကောက်ယူ၍ ရှင်လုကာခရစ်ဝင် ၁၀း၁၇-၁၉ ကို အသံကျယ်ကျယ်ဖြင့် ဖတ်ပြလေသည်။

“ထိုခုနှစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ၍ သခင်

ကိုယ်တော်၏နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင်နိုင်ပါသည်ဟု လျှောက်ကြ

၏။ ယေရှုကလည်း စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။

သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကို နိုင်ရသော

အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်သူမျှ မညှဉ်းဆဲရ။ ဒန်သည် ကျမ်းစာအုပ်

ကိုပိတ်၍ အာရုံစူးစိုက်၍ ကျွန်တော်တို့ကို ကြည့်သည်။ ဤကျမ်းစာတော်ကို ငါတို့

ပိုင်ပြီဟု တောင်းဆိုဖို့လိုလိမ့်မည်လို့ ယုံကြည်ပါသည်။ ကျွန်တော်တို့ကို ဘာမျှ ဘေး

ဥပါဒ် မပေးနိုင်ဘူးလို့ ယေရှုမိန့်တော်မူပါတယ်။ ကိုယ်တော်၏အမိန့်ကို တစ်ကယ်

ယုံကြည်ကြပါသလား။

ထိုကျမ်းပိုဒ်ကို လိုက်ဆိုကြပါသည်။ “ငါတို့ကို အဘယ်မျှ မညှဉ်းဆဲရ။ စာတန်

မင်းရှုံးပြီ”။ ကျွန်တော်တို့၏စိတ်နှလုံးထဲတွင် ယုံကြည်ခြင်းတိုးပွားလာကာ ကျွန်တော်တို့

၏ ကြားဝင်ဆုတောင်းခြင်းအရှိန် တိုးပွားလာသည်။ နောက်ဆုံးတွင် စတန်တန်ခိုးများ

နောက်ဆုတ်ပြီဟု ကျွန်တော်တို့ သိရှိကြသည်။ သို့သော် ဝေးဝေးမသွားသေးကြောင်းကို

ရိပ်စားမိကြပါသည်။ အပြင်ဘက်တွင် ယောင်လည်လည် လုပ်နေကြသည်။ “သင်းအုပ်

ဆရာရဲ့ အိမ်ထဲမှာရှိတဲ့ လူများကို ကာကွယ်ဖို့ ဆုတောင်းပေးကြရအောင်”ဟု ကျွန်တော်

နိုးဆော်လိုက်ရာ၊ နောက်ဆုံးနံနက်(၄)နာရီ ပတ်ဝန်းကျင်တွင် ဝိညာဉ်တိုက်ပွဲ အောင်မြင်

မှန်း သိရှိကြပါသည်။

တစ်ညလုံး အိပ်ရေးပျက်လင့်ကစား၊ နောက်နှစ်နာရီခန့်အကြာတွင် ပြန်နိုးကာ

အံ့သြစွာကိုယ်စိတ်နှစ်ပါး ဖျတ်လတ်လျက်ရှိနေပါသည်။ ဘုရားရှိခိုးကျောင်း ရိပ်သာ

ထဲက အိပ်နေကြသောသူများကို ကျွန်တော် ပထမဆုံး သတိရလိုက်ပါသည်။ ကျွန်တော်

တို့ကဲ့သို့ ဝိညာဉ်ဆန့်ကျင်မှုမျိုး တွေ့ကြုံကြပါသလား။ သွားစစ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

“အိပ်ပျော်ရဲ့လား” ဟု ကျွန်တော် မေးသည်။

“ကောင်းကောင်း အိပ်မပျော်ဘူး”။

“ကျွန်တော်တို့လည်း အိပ်မပျော်ကြဘူး။ တစ်ညလုံးနီးပါး ဝိညာဉ်တိုက်ပွဲ

ဆင်နွဲနေပါတယ်”ဟု ကျွန်တော် ရှင်းပြသည်။

“ကျွန်တော်တို့တော့ မနက်စောစောပိုင်းကတည်းက တိုက်ခိုက်နေကြပါတယ်။

နံနက်ပိုင်း(၄)နာရီလောက်ကတည်းက စတယ်၊ အခု တချို့က ဆုတောင်းကြတုံးပဲ

ဟု ယူဂန္ဒာအမျိုးသားက ပြောပြလေသည်။

နတ်ဆိုးဆန့်ကျင်မှု အလွန်ကြောက်မက်စရာ ကောင်းသော်လည်း နောက်

ရက်သတ္တပတ်သက်သေထူပြသည့်အတိုင်း ဝိညာဉ်ထိုးဖောက်မှုတစ်ခုကိုတော့ ဆိုရိုတီ

မြို့ထဲတွင်သာမကဘဲ အနီးအနားပတ်ဝန်းကျင်တောရွာ ဇနပုပ်များတွင်လည်း အထ

မြောက် အောင်မြင်လာပါသည်။ အာဖရိကတိုက် အရှေ့ဘက် နယ်မြေအသီးသီး

နှစ်ပေါင်း (၄၀)ကျော် ပြင်းထန်သော ဆုတောင်းပွဲနှင့်နောင်တရခြင်းဖြင့် နိုးထမှုကို

တွေ့ကြုံနေကြသည်။ ဂိုဏ်းဂဏတိုင်း အထူးသဖြင့် အင်္ဂလီကန်အသင်းတော်သည်

ဤအမှုကြောင့် အလှမ်းဝေးကွာသော ကျေးရွာများအထိပင် အစုလိုက်အပြုံလိုက်

အင်းသင်းသားတိုးပွားလာပါသည်။ ယခု ဤဆိုရိုတီမြို့ကလေးတွင် ၎င်းနိုးထမှုတချို့

ကျွန်တော်တို့ကိုယ်တိုင် မျက်မြင်ဖြစ်ပါသည်။

ရက်သတ္တပတ် နောက်အပတ်များတွင် စိတ်နှလုံးများ ပျော့ပြောင်းလာသဖြင့်

ခရစ်တော်ထံသို့ အမြောက်အမြား လာကြသည်။ ဝေးလံသော ခရိုင်တချို့တွင် အံ့သြဖွယ်

မြင်ကွင်းများဖြစ်ပေါ်လာသည်။ မိသားစုတစ်အုပ်လုံးလာ၍ သူတို့အသုံးပြုနေကျ

သော အရက်အိုးများကို ရိုက်ခဲ့ကြသည်။ ဤအရက်အိုးများမှာ ရပ်ကွက်အသိုင်းအဝိုင်း

၏ ဗဟိုဖြစ်သည်။ ယခု ၎င်းအိုးများကို ရိုက်ခွဲခြင်းသည် အသက်တာအသစ်၏

လက္ခဏာဖြစ်သည်။ စောစောပိုင်းက ကျွန်တော်တို့နှင့် စကားစပ်မိ

သူတို့ကို ဘုရားရှိခိုးကျောင်းလာတက်ရန် ဖိတ်မန္တကပြုသည်ကို ငြင်းဆန်ကြသော်လည်း

ယခု ကျွန်တော်တို့ဘက်သို့ မဖိတ်မခေါ်ဘဲ အုပ်လိုက် ရောက်ရှိလာကြသည်။ အာဖရိ

တိုက်သားများ ကျွန်တော်တို့ရိပ်သာရှေ့ မြက်ခင်းပေါ်သို့ ယောင်လည်လည်နှင့် ရောက်

လာကြသည်။ တချို့က တံခါးလာခေါက်၍ မည်ကဲ့သို့ ကယ်တင်ခြင်းရရှိနိုင်မည်လဲဟု

မေးမြန်းကြသည်။ ဘုရားသခင်ကိုယ်တိုင်လည်း ကျွန်တော်တို့၏ရှေ့တွင် ဘုန်းတန်ခိုးပြ

မှု အချိန်အခါလည်းရှိသည်။

တစ်နေ့တစ်၌ ရာမိုနာသည်အိမ်တစ်အိမ်သို့ လည်ပတ်ရန် ထွက်သွားသည်။ အိမ်ရှင်မက စိတ်အားထက်သန်စွာ အတော်ကြာ မျှော်လင့်ထားသကဲ့သို့ကြိုဆိုလေသည်။ ထူးဆန်းပါတကားဟု အံ့သြရင်း အိမ်ထဲသို့ ရာမိုနာ

ဝင်သွားသည်။ သိမ်ရှင်မ၏ဇာတ်လမ်းကို သူမ တအံ့တဩ ထိုင်နားထောင်သည်။

လွန်ခဲ့သည့်ရက်တွင် ဘုရားသခင်သည် ၎င်းအိမ်ရှင်မ၏အိပ်မက်ထဲတွင် နောက်တစ်နေ့

အနောက်နိုင်ငံမှ အမျိုးသမီးတစ်ဦးလာပြီး ဘုရားသခင်နှင့် ဘယ်လိုအဆင်ပြေ သင့်မြတ်

လိမ့်မည်ဟု ပြောပြမည်ဖြစ်ကြောင်း အိပ်မက်မက်ခဲ့သည်။ ယခု ၎င်းအနောက်နိုင်ငံ

အမျိုးသမီးမှာ ရာမိုနာဖြစ်သည်။

နောက်အဖြစ်အပျက်မှာ သင်းအုပ်ဆရာနှင့်ကျွန်တော် လမ်းအတိုင်းလမ်းလျှောက်နေကြစဉ်

ယူဂန္ဒာအမျိုးသားတစ်ယောက်သည် ကျွန်တော်တို့ဘက်သို့ စက်ဘီးစီးလာသည်။ လမ်းဖယ်စရာမရှိသဖြင့် စက်ဘီးစီးသူသည် ရပ်လိုက်သည်

ကျွန်တော်တို့သုံးယောက်သား မျက်နှာချင်းဆိုင်ကြ၍ စကားစမြည် ပြောကြပါသည်။

သင်းအုပ်ဆရာက စကားပြန်လုပ်သည်။ ဤအခွင့်အရေးကို လက်မလွတ်ဘဲ ၎င်းလူအား

လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုအသေခံခြင်းအားဖြင့် သူသည် ကောင်းကင်နိုင်ငံတော်

သို့ သွားရန် လမ်းပွင့်နေ သည်ဟု ရှင်းပြလိုက်ပါသည်။ သို့သော် ပထမဆုံး သူ့အပြစ်

ဒုစရိုက်မှ နောင်တရ၍ နောက်ပြန်လှည့်ရန် လိုအပ်သည်။ သင်းအုပ်ဆရာ ပြောသည်ကို

သူက အာရုံစူးစိုက်စွာ နားထောင်နေပါသည်။ ထိုအခါ ပြုံးရွှင်စွာနှင့် သူ့ဘာသာ စ

ကားဖြင့် ပြန်ပြောသည်။

ခင်ဗျပြောတာ သူယုံကြည်တယ်၊ သူ့အသက်တာထဲသို့ ယေရှုကို ဖိတ်ခေါ်ချင်တယ် လွယ်ကူ

သလိုဖြစ်နေသည်။ တစ်ကယ် နားလည်သဘောပေါက်ရဲ့ လား။ကျွန်တော့်လက်မောင်းပေါ်တွင် တစ်ဒီးဒီးထွက်လာသေး ချွေးပေါက်များကြောင့် နွေရာသီလေမုန်တိုင်း တိုက်ခတ်တော့မည်ဟု အရိပ်နိမိတ်ပြခြင်းဖြစ်သည်။

ဘုရားရှိခိုးကျောင်းထဲဝင်ပြီး စကားဆက်ပြောရအောင် ဘုရားရှိခိုးကျောင်းမှာ ကျွန်တော်

တို့ရပ်နေကြသောနေရာမှ မလှမ်းမကမ်းတွင်တည်ရှိနေသည်။ ဘုရားရှိခိုးကျောင်းထဲတွင်

မှောင်မည်းသော မိုးသက်မုန်တိုင်ဒဏ်မှ အကွယ်အကာယူကာ စကားစမြည် ဆက်ပြော

ကြပါသည်။ သွပ်ပြားပါးပါး အမိုးပေါ်တွင် ဒလဟောရွာချလာသော မိုးဒဏ်ကြောင့် ဘာ

မျှ မကြားရတော့သည့်အတွက် သစ်သားထိုင်ခုံတစ်ခုပေါ်တွင် ခေါင်းချင်းကပ်၍

ဆက်လျက် ဆွေးနွေးကြပါသည်။ အချိန်တိုတောင်းလှသော်လည်း ၎င်းစက်ဘီးသမား

သည် သူ့စိတ်နှလုံးထဲက ရှိသမျှဝန်ထုတ်ကို ဖော်ပြလေတော့သည်။ သူသည် အရက်နှင့်

စီးကရက်ကို ဖွာနေသည်။ သူ့ အကျင့်ကို ဆက်လက်ရှင်သန်နိုင်ရန်ရာဇဝတ်မှုများကို ကျူးလွန်လေ့ရှိသည်။ ကိုယ်ကျင့်တရားလည်း ပျက်ပြားနေသည်။

တစ်ကယ့်တကယ်တွင် သူ့အသက်တာတစ်ခုလုံးသည် စွဲလမ်းမှု ဖြစ်နေသည်။

မှော်အတတ်ပညာကို အသုံးပြုနေသဖြင့် နတ်ဆိုးများ၏ညှဉ်းဆဲမှုကြောင့် ဒုက္ခ

ရောက်နေသည်။

တောင်းပန်သောမျက်လုံးများဖြင့် ကျွန်တော့်ကိုကြည့်ကာ ခင်ဗျား ယေရှုက

ကျွန်တော့်ကို ကယ်တင်နိုင်မည်လား ။သင်းအုပ်ဆရာက ဘာသာပြန်သည်။

“သူ့ အပြစ်များကို ဝန်ချတောင်းပန်ဖို့ စိတ်ဆန္ဒရှိပြီး သူ့ အသက်

အဟောင်းကို စွန့်လွှတ်မှသာ သူလွတ်လပ်နိုင်တယ်လို့ ပြောပြပါ” ဤကား

ကြားလျှင်ကြားချင်း သူသည် ဒူးထောက်၍ တစ်ရှိုက်ရှိုက်ငိုရင်း တစ်ကယ့် စိတ်

မှန်ကန်သော နောင်တရခြင်းဖြင့် ဆုတောင်းနေပါသည်။ သင်းအုပ်ဆရာနှင့်ကျွန်တော်

သည်လည်း ဆုတောင်းပေးကြကာ ယေရှု၏နာမတော်အားဖြင့် နတ်ဆိုး၏ ချည်နှောင်

ခြင်းမှ လွတ်မြောက်စေခဲ့ပါသည်။

စစ်မှန်သော ပြောင်းလဲခြင်းဖြစ်သည်ကို သက်သေ သာဓကပြသည့် အနေဖြင့်

သူ့အင်္ကျီအိတ်ထဲက တွန့်ကြေနေသော တစ်ဝက်ခန့်ကျန်နေသည့် စီးကရက်ဗူးကို

ဆွဲထုတ်လာသည်။ မိုးတိတ်သွားသည့်အတွက် အပြင်သို့ ထွက်ပြီး သစ်ကိုင်းခြောက်

တချို့ကိုရှာကာ မီးရှို့ လိုက်ပါသည်။ မီးတောက်မီးလျှံထဲသို့ ပစ်ချသော စီးကရက်ဗူးသည်

လိုအပ်သည်ထက် မီးခိုးပို၍ထွက်လာလေသည်။ ဟောင်းနွမ်းသော အသက်တာ

တစ်ခု၏အညစ်အကြေး အမိုက်သရိုက်များသည် မီးထဲတွင် လောင်ကျွမ်းပြီးသည့်

သကာလ ယေရှုအတွက် အသစ်တစ်ဖန် မီးတောက်လောင်ဖို့ အစပြုနေပြီဟု လက္ခဏ

ပြခြင်းဖြစ်ပါသည်။ ၎င်းယူဂန္ဒာ စက်ဘီးသမားသည် စက်ဘီးကိုစီး၍ထွက်သွားသည်ကို

ကြည့်ရင်း ကျွန်တော့်စိတ်နှလုံးထဲတွင် ဝင်းခနဲပေါ်လာသည်မှာ ထိုသူသည် သမ္မာ

ကျမ်းစာအသစ်စက်စက်တစ်အုပ်ကို ချိုင်းအောက်တွင်ညှပ်ကာ ပြုံးရွှင်သော သူ့မျက်နှာ

ထားဖြစ်ပါသည်။

မကြာမီနေ့ရက်တစ်ရက်တွင် သင်းအုပ်ဆရာနှင့်ကျွန်တော် ၎င်းစက်ဘီး

သမားအိမ်သို့ အလည်အပတ်ရောက်သွားကြပါသည်။ သူသည် စီးကရက်ကို လုံးဝ

ဖြတ်ထားပြီး၊ သူ့အတွက် ဆုတောင်းပေးကြကတည်းက အရက်ကိုလည်း လုံး

မသောက်တော့ကြောင်း ပြောပြလေသည်။ အမှတ်တမဲ့ တိုးမိခြင်းဖြစ်သော်လည်း

ကျွန်တော်တို့ ဆုတောင်းပေးသောသူများ ဤပုံစံအတိုင်းလိုလို ဖြစ်ကြသည့်တိုင်အောင်

ဤလူသည် ခူးရန်အသင့်ဖြစ်သည့် ဘုရားသခင် ရွေးကောက်တော်မူသော သစ်သီး

တစ်လုံးဖြစ်လေသည်။ ဤဧရိယာတွင် ဝိညာဉ်ရေးအမှောင်ထုကို ရိုက်ချိုးပစ်ခဲ့သည့်

နောက်တစ်ဆင့် သာဓကအဖြစ် နောက်တနင်္ဂနွေနေ့တွင် ဖြစ်ပေါ်လာသည်။ ပထမ

တနင်္ဂနွေနေ့တွင် ဝတ်ပြုစည်းဝေးတက်ရောက်ကြသော လက်တစ်ဆုတ်စာနှင့် နှိုင်းယှဉ်လျှင်

ကျွန်တော် ကြိုတင်မျှော်မှန်းထားသည့် အတိုင်း ဘုရားရှိခိုးကျောင်းတွင် လူပြည့် လျှံလာပါသည်။

ဤဖြစ်စဉ်တစ်ခုလုံးမှ အခြေခံသော့ချက်တစ်ခုကို ကျွန်တော်တတ်မြောက်လာ

ခဲ့ပါသည်။

 စိတ်ထကြွလှုပ်ရှား၍ မည်မျှစိတ်စေရာမှန်ကန်စေကာမူ ပြင်းထန်သော ကြား

ဝင်ဆုတောင်းပတ္တနာပြုခြင်း ပြင်းထန်စေကာမူ မလုံလောက်ပါ။ ဝိညာဉ်ရေး နယ်နိမိတ်

များကို ဖြတ်ကျော်ရန်နှင့် လွတ်မြောက်ခြင်း မခံစားမီ နတ်ဆိုးအတားအဆီးများကိုတားဆီး

ရန် လိုအပ်သောအချိန်အခါများ ရှိနေပါသည်။ ဖြောင့်မတ်သောသူ၏အပူတပြင်း

ဆုတောင်းပတ္ထနာသည် များစွာ အထမြောက်စေသည်။

ဤဖြစ်စဉ်သည် ဆိုရိုတီမြို့အတွက်သာမကဘဲ ယူဂန္ဒာတစ်နိုင်ငံလုံးအတွက်

တရားသခင်၏ပြက္ခဒိန်၌ အရေးပါသောအချိန်ဖြစ်မှန်းကို နောင်အခါကျမှသာ မှန်ကန်

သုံးသပ်ပိုင်းခြားနိုင်ကြပါသည်။ အာဏာရှင်အိုင်ဒီအာမင်သည် အစိုးရကို ဖြုတ်ချခဲ့

သည်မှာ မကြာသေးပါ။ သူ့ အစိုးရသည် ဖြူမလား၊ မည်းမည်လား အရောင်ခွဲခြား၍

မရသေးသောအချိန်အခါဖြစ်သည်။ သူ အစ္စလမ်ဝါဒ အုပ်စိုးခြင်းဒဏ်ကို အလူးအလဲခံ

ရဦးမည်ဖြစ်ပြီး သူ့အစိုးရလက်ထက်တွင် နိုင်ငံခြားသားအားလုံးကို မောင်းထုတ်၍

ယူဂန္ဒာနိုင်ငံသားအမြောက်အမြား ရက်စက်စွာ အသတ်ခံကြဦးမည်ဖြစ်သည်။

အနာဂတ်တွင် နှိပ်စက်ညှဉ်းဆဲခြင်းခံဖို့ လူများကို ပြင်ဆင်ရန် ဘုရားသ

ခင်သည် နိုးထမှုကို အားပေးတတ်သည်ဟူသော အခြေခံမူကို ကျွန်တော်တို့ အတိအ

ကျ နားမလည်ကြသေးပါ။

ယခုပင် ၎င်းနိုးထမှု အတွေ့ အကြုံ၌ရှိသော်လည်းကောင်းစက်ဘီးသမားနှင့်ရာမိုနာ ကြုံတွေ့ခဲ့သော အမျိုးသမီးစသော ယုဂန္ဒာအမျိုးသားများသည်

ယေရှုခရစ်တော်ထံသို့ အသက်တာအပ်နှံကြသည်ကို မြင်ရာ၌ ဝမ်းသာစွာ ဖြစ်နေကြ

သည်။ အဖွဲ့တစ်ဖွဲ့နေဖြင့် ယူဂန္ဓာတွင် ကောက်ရိတ်သိမ်းရန် ရက်သတ္တပတ်များစွာ

ကျန်သေးသည်။ ထိုးဖောက်မှု၏အကျိုးကို အပြည့် အ၀အသုံးချရန်ဆန္ဒစောနေကြပါသည်။

၉။တရုတ်များထံသို့ ခေါ်ဖိတ်ခြင်း

 အားသစ်လောင်းခြင်းအစီအစဉ်သည် ဆိုရိုတီမြို့နယ်မှ အနီးအနား ပတ်ဝန်း

ကျင်ကျေးရွာများအထိ အနှောင့်အယှက်မရှိဘဲ ဆက်လက်လုပ်ဆောင်ကြပါသည်။

ဘုရားရှိခိုးကျောင်းအဖြစ်(ရွာတိုင်းလိုလို ဆောက်လုပ်လာကြသည်)ဆောက်လုပ်ကြသော

အဆောက်အဦးများမှာ သက်ကယ်မိုး ယာသီမဏ္ဍာပ်မျှသာဖြစ်သည်။ ဒန်၏ဂီတသံ

ကြားကြသည့်အခါ ဆုတ်ဆုတ်ပြတ်ပြတ် ဝတ်ဆင်ထားသော လူငယ်များ ဖိနပ်

ခြေကျင်ဖြင့် ပြေးလာကြသည်။ သီချင်းဆို၍ အာဖရိကတိုက်သားစကားပြန် များ

တစ်ဆင့် ကျွန်တော်တို့၏ အသက်တာတွင် ဘုရားသခင် မည်ကဲ့သို့ လှုပ်ရှားလာပုံကို

ကိုယ်တိုင်အတွေ့အကြုံများကို ပြောပြသောအခါ မဏ္ဍာပ်တိုင်များကို မည်းနေသော

ခြေလက်များဖြင့် ရစ်ပတ်ကာ မျက်လုံးပြူးပြူးနှင့် နားထောင်နေကြသည်။ ရွာသားများ

သည် မြေကြီးပေါ်တွင် ထိုင်နေကြသည်။ သူတို့ဘေးတွင် ကြက်မများ အစာရှာရန်

မြေကြီးကို ယက်နေကြသည်။ ရံဖန်ရံခါ ခွေး၊ ကြောင်ဆိတ်နှင့် ဝက်များ လူကြားထဲသို့

ဝင်လာတက်သည်။

တချို့က ခပ်လှမ်းလှမ်းမှ ခိုးနားထောင်ကြပြီး တချို့ကမိမိတို့အိမ်ရှေ့များမှ ရပ်ကြည့်နေကြသည်။ ရံဖန်ရံခါ ယေရှုကို သူတို့၏အရှင်သခင်အဖြစ်လက်ခံကြရန် စိန်ခေါ်မှုပြုသည့်အခါ တချို့ တုံ့ပြန်ကြသည်။ ဘုရားသခင်၏နိုင်ငံတော်တံခါး ဖွင့်လာခြင်းဖြစ်သည်။

ဤသို့မြန်မြန်ဆန်ဆန်ဖြစ်ရန်ကျွန်တော်တို့မမျှော်မှန်းပါ။ဖြစ်နိုင်မည်ဟုလည်းမထင်ကြပါ။နောက်တစ်နေ့နံနက်တွင် သာသနာရိပ်သာ၌ တယ်လီဖုန်းမြည်လာသည်။

ကောက်ကိုင်၍ နားနှင့်ကပ်ပြီး “ကျွန်တော် မစ္စတာလက်ခ်ပါ” ဟုစပြောလိုက်ပါသည်။

“ခင်ဗျားက လူငယ်သာသနာပြုအဖွဲ့က ခေါင်းဆောင်လား” ဟု ကျွန်တော်

မမှတ်မိသော အသံတစ်ခု မေးလေသည် ။

“ဟုတ်ပါတယ်၊ ကျွန်တော်ပါ” ဟု ပြန်ဖြေသည် ။ ဘယ်သူပါလိမ့်။ ကျွန်တော်

ဖွင့်ဟမပြောသော မေးခွန်းကို သူကြားသလို သူ့ဟာသူ မိတ်ဆက်လာပါသည်။

“ကျွန်တော်က ယူဂန္ဒာအမျိုးသား ရုပ်မြင်သံကြားဌာနက ထုတ်လုပ်သူ

တစ်ဦးပါ။”မည်သည့်အကြောင်းကြောင့် ရုပ်မြင်သံကြားထုတ်လုပ်သူက ကျွန်တော့်ကို

အဆက်အသွယ်ပြုလုပ်သလဲဟု အံ့လည်းအံ့ဩပြီး စိတ်ချောက်ချားလာသည်။ “ခင်ဗျား

မှာ သီချင်းဆိုတဲ့အဖွဲ့ ရှိတယ်လို့ သိရှိခဲ့ပါတယ်။ ကျွန်တော်တို့ ရုပ်မြင်သံကြားဌာနမှာ

လာဆိုကြဖို့ ဖိတ်ခေါ်ချင်ပါတယ်”။ ကျွန်တော် မျိုသိပ်လိုက်ပါသည်။ ဒန်သည် ဂီတာတီး

ကျွမ်းကျင်ပြီး အဖွဲ့ သီချင်းဆိုရာတွင် ပါရမီ အတော်အသင့်တော့ရှိပါသည်။ သို့သော်

အကျော်အမော်များတော့ မဟုတ်ကြပါ။

“ကျွန်တော် အာ-အယ် ကောင်းပါပြီ၊ ဟုတ်ကဲ့ပါ” ဟု ထစ်ထစ်ငေါ့ငေါ့နှင့်

ပြန်ဖြေမိပါသည်။ အထင်သေးမခံမိအောင် မလိုချင်သလို့ ရတောင့်ရခဲ အခွင့်အလမ်း

ကိုလည်း မဆုံးရှုံးချင်ပါ။ “ကျွန်တော်တို့အဖွဲ့ဟာ ယူဂန္ဒာမှာ ဧဝံဂေလိတရားဝေငှဖို့

ရောက်လာကြတဲ့လူငယ်လူရွယ် အဖွဲ့ တစ်ဖွဲ့ ဖြစ်ပါတယ်။ အဆိုအတီးအကျော်အမော်များ

တော့ မဟုတ်ကြပါဘူးခင်ဗျား”။ ၁၉၇၁ ခုနှစ် အာဖရိကတိုက်တွင် နိုင်ငံခြားက လာ

ရောက်သူတိုင်းကို လူကျော်လူမော်အဖြစ် သဘောထားကြပါသည်။ ဤအခြေအမြစ်

ပေါ်တွင် ကျွန်တော်တို့ကို ဖိတ်ခေါ်ခြင်းဖြစ်သည်။

မှတ်တမ်းတင်ဖို့အချိန်ကို စီစဉ်ကြသည်။ အထူးအဆန်းမထွင်ဘဲ ကျေးရွာများ

တွင် လုပ်နေကျ အစီအစဉ်တစ်ရပ်ကို ပေါင်းစပ်ရန် ဆုံးဖြတ်ကြပါသည်။ ထိန်ထိန်လင်း

သော မီးမောင်းများနှင့် ရုပ်ရှင်ရိုက်ကူးသည့် ကိရိယာများသည် ရွာသားများ ဝိုင်းကြည့်

ကြသည့်အရေးထက် ခံရခက်သော်လည်း အစီအစဉ်ကို ချောချောမောမော ပြီးဆုံးသွားပါ

သည်။ ရုပ်မြင်သံကြား ထုတ်လုပ်သူသည် ကျွန်တော်တို့၏လက်စွမ်းလက်စကို ကျေနပ်

ဟန်တူပါသည်။ အစီအစဉ်၏အဆုံးသတ်တွင် ကျွန်တော်တို့နှင့် ဆက်သွယ်နိုင်မည့်

လိပ်စာတစ်ခု ထည့်သွင်းပေးရန် သဘောတူညီချက်တစ်ခုကို ပြုလုပ်ခဲ့ပါသည်။ သို့မှသာ

ဝေစာများအတွက် စိတ်ဝင်စားသောသူများ စာရေးဆက်သွယ်နိုင်မည်ဖြစ်သည်း ထုတ်

လုပ်သူက လုပ်ပေးမည်ဟု အာမခံသော်လည်း အထက်အာဏာပိုင်များမှ ကျွန်တော်တို့

၏လိပ်စာကို ဖြတ်ထုတ်ကာ ကျွန်တော်တို့ ၏လက်စွမ်းလက်စကို သာသနာပြုရန်

ထိရောက်မှုလျော့နည်းစေမည်လားဟု စိတ်ထဲတွင် မအီမသာဖြစ်မိပါသည်။

ကျွန်တော်တို့၏အစီအစဉ်ကို ထုတ်လွှင့်မည့်ညတွင် ကျွန်တော်တို့ အဖွဲ့သည်

တောရွာများအကြား လမ်းမပေါ်တွင် ရောက်နေကြပါသည်။ လမ်းဘေးကော်ဖီဆိုင်

တစ်ဆိုင်တွင် ရပ်နား၍ အဖြူအမည်း ရုပ်မြင်သံကြားဖမ်းစက်တစ်လုံးဖြင့် ရွာသား

(၅၀)ခန့်နှင့်အတူ ကြည့်ကြပါသည်။ ရုပ်မြင်သံကြား အစီအစဉ်တွင် မိမိတို့ ကိုယ်ကို

ပထမဆုံး တွေ့မြင်ကြသည်ဖြစ်ရကား အချင်းချင်း ပြက်ရယ်ပြုကြသလို ရွာသားမိန်းကလေးများကလည်း ကျွန်တော်တို့ကိုကြည့်လိုက် ရုပ်မြင်သံကြားစက်ကို ကြည့်

လိုက် တစ်ခစ်ခစ်ရယ်ကြသည်။ ကျီစယ်ပြက်ရယ်ပြုကြလင့်ကစား ကျွန်တော်တို့

လက်စွမ်းလက်စသည် အတော်ဟန်ကျသည်ဟု သဘောတူကြပါသည်။ ကျွန်တော်တို့

အားလုံးကို စိတ်ချမ်းသာစေသည်မှာ အစီအစဉ်၏ နောက်ဆုံးတွင် ကျွန်တော်တို့

လိပ်စာ ဖော်ပြခြင်းဖြစ်သည်။

ကျွန်တော်တို့၏လက်စွမ်းလက်စကို ရှေ့ရက်သတ္တပတ်များတွင် အကြိမ်ကြိမ်

ထုတ်လွှင့်လေသည်။ အဖြစ်မှန်အတိုင်း ပြောမည်ဆိုလျှင် လူကြိုက်များလာသည့်

အတွက် လမ်းမများပေါ်တွင်ပင် ကျွန်တော်တို့ ၏သီချင်းများကို တစ်ဝီဝီမြည်အေး

သီဆိုရင်း သွားလာနေကြသည်။ ကျွန်တော်တို့၏ ရုပ်မြင်သံကြား အစီအစဉ်ကြောင့်

ဖိတ်ခေါ်သူ များပြားလာသည်။ ၎င်းအထဲမှာ ကျေနပ်ဖွယ်အကောင်းဆုံးမှာ စာဖြင့်

တုံ့ပြန်ခြင်းဖြစ်သည်။ ကျွန်တော်တို့၏အစီအစဉ်ကို ပထမဆုံး ထုတ်လွှင့်သည့်ရက်များ

အတွင်း ကျွန်တော်တို့ အဖွဲ့၏ အစီအစဉ်ကြောင့် ထိတွေ့မှုရှိသောလူများထံမှ စာများ

တဖွဲဖွဲ ဝင်လာသည်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏စာတွင်၊

ခင်ဗျားတို့၏ရုပ်မြင်သံကြားအစီအစဉ်ကို မြင်မြင်ခြင်း ချက်ခြင်း စာရေးဖို့

စိတ်ထဲပေါ်လာပါတယ်။ ကျွန်တော် ပြုခဲ့ သမျှသော အမှုအရာများအပေါ် ယူကြုံးမရဖြစ်

နေပါတယ်။ ထင်ပေါ်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ ကြွယ်ဝ

ချမ်းသာခြင်း၊ဂုဏ်သိက္ခာအတိုင်းအတာတစ်ခုအထိ တန်ခိုးအာဏာကို ကျွန်တော် ပိုင်ဆိုင်

နေပါတယ်။

သို့သော် ပြီးခဲ့သော နှစ်ပေါင်းအနည်းငယ်ကတည်းက ကျွန်တော် တစ်နေ့

တခြား စိတ်မချမ်းမသာဖြစ်လာကာ အသက်ရှင် နေရတာ ဘာမှ အဓိပ္ပာယ်မရှိပါလားဟု

ခံစားနေခဲ့ပါတယ်။ ကျွန်တော် အိမ်ထောင်ပြုကတည်းက ဘာသာရေးနှင့်သော်လည်း

ကောင်း၊ အသင်းတော်နှင့်သော်လည်းကောင်း မပတ်သက်ခဲ့ပါ။ ယနေ့ည ခင်ဗျားတို့

အစီအစဉ်တွင် စိတ်ဆင်းရဲခြင်းအတွက် အဖြေတစ်ခုရှိနိုင်ပါတကားဟု ပထမဆုံးမြင်ရ

ပါတယ်။ ကိုယ်စိတ်နှစ်ပါးချမ်းသာကြသောသူများ ပြောကြသည့် မကောင်းသော အ

အရာအားလုံးကို ကျွန်တော် လုပ်ခဲ့တယ်။ ပို၍ဆိုးသည်မှာ သီးခြား အထူးဖော်

လိုတာကတော့ ကျွန်တော့် စီးပွားရေးပြိုင်ဘက်တစ်ဦးအပေါ်မှာ ကျွန်တော် ဆိုးဆိုးဝါး

ပြုမူခဲ့ပါတယ်။ သူကတော့ ကျွန်တော့် အပြုအမူ ဤသို့ ဖြစ်လင့်ကစား ကျွန်တော့်၏

မိတ်ဆွေအဖြစ် ဆက်ဆံတုန်းပဲလို့ ယူဆပါတယ်။ ကျွန်တော့်အပြုအမူကြောင့် လုပ်

ကိုင်ဖက်များ၏ မျက်နှာများကိုပင် ရင်မဆိုင်ဝံ့လောက်အောင် ဖြစ်နေတယ်။ လာရောက်

လည်ပတ်ခြင်းအားဖြင့် အကူအညီ ရနိုင်မည်လား။ ကျေးဇူးပြု၍ ဤရက်သတ္တပတ်

အတွင်း ည(၆)နာရီနောက်ပိုင်း လာခဲ့ပါ။

ဤကဲ့သို့သော စာတုံ့ပြန်မှုကြားရပြီးနောက် ကျွန်တော့်အနေဖြင့် ရင်ခုန်မိ

ပါသည်။ တစ်ရက်မျှ ပျင်းရိငြီးငွေ့စရာမရှိဘဲ ကျေနပ်စရာကောင်းပါသည်။ ရုပ်မြင်သံ

ကြား အစီအစဉ်တွင် ပါဝင်ခြင်းအားဖြင့် စာသင်ကျောင်းများနှင့် ကျေးရွာများမှ တဖွဲ့ဖွဲ့

ပြန်ခေါ်ကြပါသည်။ လမ်းမပေါ်တွင် စည်းဝေးပွဲဆက်လက်ပြုလုပ်၍ ခရစ်ယာန် စာပေ

များကိုလည်း ရောင်းချနေပါသည်။ ယခု ဝိညာဉ်ရေးဆန့်ကျင်မှု ရိုက်ချိုးပြီး ဖြစ်သဖြင့်

ဆိုရိုတီမြို့တွင် ကျန်ရှိနေသည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း အဖွဲ့သည် ပို၍ အလုပ်များလာပါသည်။

ဤသို့ဖြစ်လင့်ကစား ကျွန်တော် တစ်ယောက်တည်း အနေဖြင့် အရပ်မျက်နှာ

အသစ်တစ်ဘက်သို့ စိတ်ဝင်စားနေပါသည်။ တန်ဇန်မီးရထားလမ်းလုပ်ငန်းတွင် တရုတ်

ကွန်မြူနစ်များ အလုပ်လုပ်နေကြသည့် အကြောင်းကို ကြားမိကတည်းက စိတ်ထဲက

မဖျောက်နိုင်ဘဲ သူတို့နှင့်ထိတွေ့နိုင်ဖို့ နည်းလမ်းကို ရှာကြံလျက်ရှိနေပါသည်။ ဆိုရိုတီ

မြို့ကလေးမှ ယူဂန္ဒာမြို့တော် ကမ္ပလာသို့ ဘတ်စ်ကားခရီးဖြင့် သုံးနာရီခရီးရှိ၍ ကမ္ဗလာ

မှ တန်ဇန်နီးယားမြို့တော် ဒါရက်စလမ်လမ်းသို့ တစ်နာရီခွဲ လေယာဉ်ခရီးရှိသည်ဟု

ကျွန်တော်သိရှိခဲ့ပါသည်။ (၅)နာရီတောင်မကြာဘဲ တန်ဇန်နီးယားသို့ ရောက်နိုင်သည်။

ကျွန်တော့် စိတ်နှလုံးထဲတွင် အကြံအစည်တစ်ခု မတင်မကျဖြစ်နေသည်။ အဖွဲ့ကို

ဆိုရိုတီမြို့တွင် ထားပစ်၍ ကျွန်တော်တစ်ယောက်တည်း တန်ဇန်နီးယားသို့ အကျိုး

အကြောင်းရှာဖွေရန် ခရီးကို သွားနိုင်ပါသည်။ ဆရာကြီးဖလွိုက်မှ သွားခွင့်ပြုမည်ဟု

တထစ်ချ ယုံကြည်ပါသည်။ ဝမ်းမြောက်ဖွယ်သတင်းကောင်းဟောဖို့ ရရှိနိုင်သော

အခွင့် အလမ်းကို လက်မလွတ်ရန် အားပေးသောသူမှာ သူပင်ဖြစ်ပါသည်။ ညီအစ်ကိုကြီး

အင်ဒရူး ပြောသည့်အတိုင်း ဘုရားသခင် ပေးသနားတော်မူသော အခွင့်အလမ်းတစ်ရပ်ဖြစ်

နိုင်သည်။ ဝါးကွန်ချာ(သံကွန်များဆိုသည်မှာ နိုင်ငံရေးဝါဒလုံးဝမတူဘဲ ဆက်ဆံရေး

ကင်းခြင်းဖြစ်ပြီး၊ ဝါးကွန်ချာမှာ သံကွန်ချာလောက်တင်းမာမှု မပြင်းထန်သော်လည်း

ဆက်ဆံရခက်သော အခြေအနေကို ဆိုလိုပါသည်။ ဘာသာပြန်သူ)၊ ဝါးကွန်ချာဝါဒ

ကြောင့်တရုတ်ပြည်နှင့် ဆက်ဆံခွင့်မရရှိသော်လည်း အာဖရိကတိုက်သို့ ရောက်နေသော

တရုတ်များနှင့် ထိတွေ့ရန် အတားအဆီးမရှိပါ။

အဖွဲ့သားများအား ဖွင့်မပြောသေးသော်လည်း အကြံအစည်သည် ကျွန်တော့်

စိတ်နှလုံးထဲတွင် အစီအရီဖြစ်လာသည်နှင့်အမျှ ဘုရားသခင် စေခိုင်းတော်မူသည်ဟု

တိုး၍ သဘောပေါက်လာသည်။ ဤသို့ဆိုစေကာမူ သေချာရန် လိုအပ်နေသဖြင့် အဖွဲ့သားများ အိပ်ရာဝင်ကြပြီးသည် နောက် ညတစ်ည မအိပ်ဘဲ ဤအကျိုး၊အကြောင်း ရှာဖွေရေးခရီးသည် ကိုယ်တော်အလိုတော်လား မိမိအလိုဆန္ဒလားဟု ဘုရားသခင်အား မေးဖို့ အချိန်ယူ ရန် ဆုံးဖြတ်ခဲ့ပါသည်။

လရောင်သည် မှန်ကူကွက်ပြတင်းပေါက်ကို ဖြတ်သန်း၍ ဧည့်ခန်းနံရံပေါ်တွင် မှန်ကူကွက်ပုံစံအရိပ်ကို ပေါ်လွင်စေသည်။ တစ်ရေးရေး တစ်ရိပ်ရိပ်မျှသာ မြင်နိုင်သော

အမှောင်ထဲတွင် မဟော်ဂနီ ကုလားထိုင်တစ်ခုကိုမှီ၍ ဒူးထောက်လိုက်ပါသည်။

ကောက်ရိုးဖျာတစ်ခုကို ကွန်ကရစ်ကြမ်းပြင်ပေါ်တွင် ခင်းထားပါသည်။ သက်တောင့်သက်သာရှိသော ကြိမ်ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်၍ရသော်လည်း အလွန်ပင်ပန်း

နေပြီဖြစ်သဖြင့် အိပ်ပျော်လိုပါသည်။

ကျွန်တော့်စိတ်နှလုံးကို ပြင်ဆင်ရန် အချိန်ယူ၍ ကျွန်တော့် စိတ်လှုံ့ဆော်မှုများ

ကို စစ်ဆေးပြီး ကျွန်တော့်အသက်တာတွင် ဝန်ချမတောင်းပန်မိသော အပြစ်များတစ်ခု

မကျန် ပြတော်မူရန် ဘုရားသခင်အား တောင်းလျှောက်ပါသည်။ သူတစ်ပါးအား ရိုင်းစိုင်း

စွာ ပြောမိပါသလား သို့မဟုတ် သူတစ်ပါးအပြစ်ကို ကြံဖန်ရှာဖွေနေသလား။ ချက်ချင်း

ပင် ၎င်းနေ့တွင် အဖွဲ့သားတစ်ယောက်အား နာကျဉ်းဖွယ် ပြောဆိုမိသည်ကို သတိရလာ

သည်။ ယခု သန့်ရှင်းသောဝိညာဉ်တော်၏အပြစ်ဖော်ပြခြင်းကြောင့် ကျွန်တော့် သဘောသည်

မှားယွင်းကြောင်း သိမှတ်လာခဲ့ပါသည်။ သခင်ဘုရား ခွင့်လွှတ်တော်မူပါ

လျင်မြန်စွာ နောင်တရ၍ တောင်းပန်ပါသည်။ နောက်တစ်နေ့ သက်ဆိုင်သူသို့ ခွင့်လွှတ်

ဖို့ တောင်းပန်ရန် စိတ်ထဲတွင်လည်း မှတ်ထားလိုက်ပါသည်။ ရှင်းရှင်းလင်းလင်း သိရှိရ

သောအရာမှာ အရေးကြီးသောမေးခွန်းဖြစ်နေသဖြင့် ဘုရားသခင်ထံတော်မှ အတိအကျ

မကြားရဘဲ မည်သည့် အမှုအရာကိုမှ မလုပ်လိုပါ။

နတ်ဆိုးတန်ခိုးမှ မနှောင့်ယှက်နိုင်အောင် ယေရှု၏နာမတော်၌ ရပ်တည်

သည်။ အာဖရိကတိုက်တွင် ခေတ်စားနေသော နတ်ကိုးကွယ်ခြင်းနှင့် မှော်အတတ်ပညာ

အကာအကွယ်မရှိခြင်းနှင့် တစ်ညတွင် ကိုယ်တိုင်တွေ့ကြုံခဲ့သည့် အဖြစ်အပျက်များ

ကြောင့် စာတန်အပေါ် တန်ခိုးအာဏာ လွမ်းမိုးဖို့ အရေးကြီးသည့်အကြောင်းကို ယခင်

ထက် လိုအပ်နေသည်ဟု သတိထားလာခဲ့ပါသည်။ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ရန်လည်း အချိန်ယူကာ ကိုယ်တော်၏ ကြီးမြတ်တော်မူခြင်းနှင့် ဘုန်း

တန်ခိုးတို့ကို အာရုံပြုနေပါသည်။ ဘုရားသခင်နှင့် လုံးလုံးလျားလျား လိုက်လျောညီထွေ

ဖြစ်နေသည်ကို သေချာစေချင်ပါသည်။

မိမိကိုယ်ကို ကျကျနန ပြင်ဆင်ပြီးသည့်သကာလ အရေးကြီးသော ကျွန်တော့်မေးခွန်းကို မေးရန် နောက်ဆုံးအဆင်သင့် ဖြစ်နေပါသည်။ ယခုအချိန်တွင် စန္ဒာလမင်းအဝိုင်းကြီးသည် မိုးအာကာသအထက်ပိုင်းသို့ ရောက်ရှိနေကာ လရောင်သည် မှန်ကူပြတင်းပေါက်ကိုဖြတ်၍ ကျွန်တော့်ဘေး ကြမ်းပြင်ပေါ်သို့ ကျရောက်လာပါသည်။

“သခင်ဘုရား တန်ဇန်နီးယားပြည်ကို ရောက်နေတဲ့ တရုတ်များကို လက်လှမ်းမှီဖို့

ကျွန်တော့်ကို အလိုတော်ရှိပါသလား။ ငြိမ်သက်စွာ အဖြေကို စောင့်ဆိုင်းနေပါသည်။

မရေတွက်နိုင်သော ပရစ်အော်သံနှင့် တစ်ခါတလေ ဇီးကွက်အော်သံတို့ကို ကြားနေရပါသည်။

တစ်မိနစ်ပြီး တစ်မိနစ် အချိန်ကုန်လာခဲ့သော်လည်း ဆက်လက်စောင့်ဆိုင်းနေပါ

သည်။

ထိုအခါ ရှင်းလင်း၍ပြတ်သားသော သမ္မာကျမ်းအညွှန်းသည် စိတ်အာရုံထဲသို့

ပေါ်လာသည်။ ဟေရှာယ ၅၂။ ဤအခန်း၏ဆိုလိုသောအရာကို မသိသဖြင့် စားပွဲပေါ်

တွင် တင်ထားသောကျမ်းစာအုပ်ကို ကောက်ယူ၍ မဟော်ဂနီကုလားထိုင်ပေါ်သို့ တက်

ထိုင်ကာ စာမျက်နှာများကို လှန်လျောလိုက်ပါသည်။ ဟေရှာယအခန်း(၅၂) သို့ ရောက်

သောအခါ ဓာတ်မီးနှင့်ထိုးကြည့်ရာ အပိုဒ်ငယ်(၇)ပေါ်တွင် တည့်တည့် မတ်မတ်ထိုးမိပါ

သည်။ “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ ကယ်တင်ခြင်း

ကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၊ သင်၏ဘုရား

ခင် စိုးစံတော်မူ၏ဟု ဇိအုန်မြို့အား ပြောသောသူ၏ခြေတို့သည် တောင်ပေါ်မှာ အလွန်

တင့်တယ်လှစွတကား။ ရှေ့အပိုဒ်(၁၁)နှင့်(၁၂)တို့လည်း ကျွန်တော့်ကို ရည်ညွှန်းသည်ဟု

ယုံကြည်မိပါသည်။ “ထွက်ကြ၊ထွက်ကြ။ ထိုအရပ်မှထွက်သွားကြ လော့။ သင်တို့သည် အလျင်အမြန် မထွက်ရကြ။ ပြေး၍ မသွားရကြ။

ထာဝရဘုရားသည် သင်တို့၏ရှေ့သို့ ကြွတော်မူမည်။ နောက်၌လည်း ဣသရေလ

အမျိုး၏ဘုရားသခင်သည် သင်တို့ အကွယ်အကာဖြစ်တော်မူမည်” ဆက်လက်ဖတ်ရှု

သည့်အခါ အပိုဒ်(၁၅)၏ကတိ တော်ကလည်း ကျွန်တော့်စိတ်ကို ထိမိပါသည်။ “သူတပါး

မပြဘူးသောအရာကို သူတို့သည် မြင်ကြလိမ့်မည်။ မကြားဘူးသောအရာကိုလည်း နားလ

ည်ကြလိမ့်မည်။” ဓာတ်မီးကိုပိတ်၍ အမှောင်ထဲတွင် ထိုင်ကာ ဖတ်ပြီးခဲ့သော ကျမ်းပိုဒ်

ကို ဆင်ခြင်သုံးသပ်နေပါသည်။ ဘုရားသခင်သည် ကျွန်တော့်မေးခွန်းကို အဖြေပေး

တော်မူသည်မှာ သေချာနေပါသည်။ တန်ဇန်နီးယားသို့ ကျွန်တော်သွားရမည်။ လောလော

ဆယ် တစ်ခုတည်းသော ပြဿနာမှာ အဖွဲ့သားများအား ဤသတင်းကို မည်ကဲ့သို့ပြောရမည်နည်း။

နောက်တစ်နေ့နံနက် ကျွန်တော် ထွက်လာသောအခါ၊ ရာမိုနာသည် မီးဖိုချောင်

တွင် ကော်ဖီဖျော်၍ အသစ်ထောင်းထားသော ပဲများအပေါ် ရေနွေးလောင်းထည့်ခြင်း

လုပ်နေသဖြင့် အလုပ်ရှုပ်နေပါသည် ။ ယူဂန္ဒာ ဧဝံဂေလိဆရာချားလ်စ်သည် လတ်လတ်

ဆတ်ဆတ် ဖုတ်ထားသော ပေါင်မုန့်နှင့် ဈေးမှပြန်ရောက်ခါစဖြစ်သည်။ ပေါင်မုန့်အနံ့နှင့် ဖျောနေသော ကော်ဖီအနံ့အရသာတို့သည် ထမင်းစားခန်းတစ်ခုလုံးကို မွှေးကြိုင်လာ

သည်။ ဒန်သည် ထမင်းစားပွဲတွင်ထိုင်၍ အရေရွှဲရွှဲနှင့်သင်္ဘောသီးတစ်ခြမ်းကို ကိုက်

ပါသည်။ မှည့်နေသော သင်္ဘောသီး ခြင်းတစ်လုံးအပြည့် ဝယ်ထားသည်။ ကျွန်တော်လည်း ထိုင်၍ သင်္ဘောသီးတစ်ခြမ်းကို ကောက်ယူသည်။ သို့သော် စားချင်စိတ်မပါ

ဆာလည်းမဆာပါ။ အဖွဲ့သားများအား ကျွန်တော်သတင်းကောင်းကို မည်ကဲ့သို့

ပြောရမည်ကို အကြံအိုက်နေပါသည်။

ရာမိုနာသည် ထမင်းစား စားပွဲသို့ လာထိုင်သည်။ သင်္ဘောသီးစိပ်ကို ကျွန်တော်

မစားသည်ကို ရိပ်မိ၍ “ရုဒီ၊ အခြေအနေ အားလုံးကောင်းတယ်မဟုတ်လား” ဟုမေးသည်။

ဤမျှနံနက်စောစောအချိန်တွင်ပင် သူမ၏အညိုရောင်ဆံပင်ဖျော့ဖျော့သည် အပြစ်ဆိုစဖွယ်

မရှိအောင် အမျှင်အမျှင်ချင်း ပေါင်းစပ်လျက် သူ့နေရာနှင့်သူ ရှိနေကြသည်။ ဒန်-

သင်္ဘောသီးတစ်စိပ်ထပ်ယူရင်း ဒီမနက် ရုဒီကိုကြည့်ရတာ တစ်မျိုးပဲ”ဟုပြောဆိုပြီး

သင်္ဘောသီးကို ဝါးနေပါသည်။ အစားကြီးလျက်နှင့် သူ့ကိုယ်ခန္ဓာကို မည်ကဲ့သို့ ပိန်ပိန်

ပါးပါး ထိန်းသိမ်းတတ်သည်ကို ကျွန်တော် အံ့သြမိပါသည်။ “ခင်ဗျား စိတ်ထဲမှာ ဘာ

များရှိပါလိမ့်”၊ ယခု အချိန်တွင် တွမ်နှင့် နာတာလီတို့ ပေါ်လာသည်။

“ကောင်းပါပြီဗျာ၊ ခင်ဗျားတို့အားလုံးနှင့် ဝေငှ စရာတစ်ခုရှိပါတယ်။ ပြောပြပါမယ်

ယခုအချိန်ထက် ကောင်းတဲ့အချိန် ရှိမယ်မထင်ပါဘူး”ဟု ဝန်ခံလိုက်ပါသည်။

တစ်ဝက်ခန့်သောက်ပြီးသား ကော်ဖီခွက်ကို စားပွဲပေါ်တင်၍ ကျွန်တော်

ကုလားထိုင်ကို နောက်ဘက်အသာလေး တွန်းလိုက်သည်။ အိုးခွက်ပန်းကန်သံ တိတ်

သွားသည်။ မျက်လုံးအစုံငါးစုံသည် ကျွန်တော့်ကို ကြည့်နေကြကာ နံနက်စာ စားဖို့

မေ့နေကြသည်။ အားလုံးဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ပါသည်။ ကနဦးမှ အစပြုက

အာဖရိကတိုက်တွင် တရုတ်ကွန်မြူနစ်များရှိသည့် အကြောင်း အထူးသဖြင့် တန်-ဇမ်

မီးရထားစီမံကိန်းတွင် တရုတ်ကွန်မြူနစ် အလုပ်သမားများ ရှိနေသည့် အကြောင်းကို

ကြားလိုက်ပါသည်။ အားလုံးက ကျွန်တော့်ကို စိုက်ကြည့်နေကြပြီး ရေငုံ နှုတ်ပိတ်နေကြသည်။

ဆရာကြီးဖလွိုက်ထံမှ ကြားသိသည့် အခါ ကျွန်တော့်စိတ်ကို ဆွလာပုံ၊ တရုတ်များနှင့်

မတွေ့တွေ့အောင် ညီအစ်ကိုကြီးအင်ဒရူး၏စိန်ခေါ်သံကို ကျွန်တော်တုံ့ပြန်ပုံ၊ အဖွဲ့သား

များကို ဆိုရိုတီတွင်ထားခဲ့၍ မိမိသဘောဖြင့် ဒါရက်စလမ်မြို့သို့သွားကာ အခြေအနေ

လေ့လာဖို့ စိတ်ကူးပုံ စသည်တို့ကိုပြောပြပါသည်။ သူတို့၏တုံ့ပြန်မှုကိုစောင့် ရန်ခဏနားလိုက်ပါသည်။

ဆက်လက်၍ ညတုံးက ကျွန်တော်ဆု တောင်းရာတွင်ဟေရှာယအနာဂတ္တိကျမ်း(၅၂)ထဲက အပိုဒ်(၇၊၁၁၊၁၂)အားဖြင့် ရှင်းလင်းစွာ ပြတော်မူပုံကျွန်တော် ရှင်းပြသောအခါ နယူးဇီလန်သား တွမ်က လေချွန် ၍ “ဟုတ်ပါပြီမိတ်ဆွေဘုရားသခင်က ခင်ဗျားကို တစ်ကယ်ပဲ စကားပြောတော်မူတယ်လို့ ကျွန်တော် မှတ်ယူပါတယ်”ဟု ပြောလိုက်ရာ ဒန်က တဖြည်းဖြည်း ခေါင်းညိတ်လေသည်။

“ဟုတ်ပါပြီ။ ခင်ဗျားသွားဖို့ ဆိုလိုတယ်လို့ ကျွန်တော် ထင်ပါတယ်၊ရုဒီ။

ကျွန်တော်တို့ အတွက် စိတ်မပူပါနှင့်။ အဆင်ပြေသွားမှာပါ”ဟု ဒန်က ထောက်ခံ

အတည်ပြုသည်။

“နိုင်နိုင်နင်းနင်း ဆောင်ရွက်နိုင်ပါတယ်၊ စိတ်မပူပါနှင့်”ဟု နာတာလီကအတည်ပြုသည်

“ခရီးစဉ်တစ်လျှောက် ဆုတောင်းပေးကြမှာပါ” ဟု ရာမိုနာက ထပ်ဆင့်သည်။

“စိတ်ရောကိုယ်ပါ အားလုံးထောက်ခံသည့်အတွက် ကျေးဇူးတင်ပါတယ်” ဟု

ပြောပြောဆိုဆို မပူမနွေးသော ကော်ဖီလက်ကျန်ကို သောက်ချလိုက်ပါသည်။ တစ်ကယ်

ပဲ ကျေးဇူးဥပကာရတင်ရှိပါတယ်။ ကျွန်တော် သတင်းကိုဝေငှပြီး၊ အားလုံး၏ တုံ့ပြန်မှု

အလွန်ကောင်းမွန်သည့် အတွက် ပုခုံးပေါ်တွင်ထမ်းနေသောဝန် ပေါ့လာ၍ အသက်ရှု

ချောင်လာပါသည်။ ကျွန်တော်၏ အကြံအစည်ကို ဘုရားသခင် အတည်ပြုတော်မူသည်

ဟု သံသယရှိနေသေးရွေ့ အဖွဲ့သားများအားလုံးက ထောက်ခံကြသည်ကို သိရှိရန် များ

စွာ အဓိပ္ပာယ်ရှိပါသည်။

တစ်ခုတည်းသော မကျေနပ်သံမှာ ယူဂန္ဒာသား ချားလ်စ်၏အသံဖြစ်သည်။

ဒီတရုတ်သည်ဟာ တစ်နေရာတည်းမှာဘဲ စုပုံနေကြပြီး ထိတွေ့ဖို့မလွယ်ဘူး။ ကျွန်တော့်

မိတ်ဆွေတစ်ယောက်က တရုတ်အလုပ်သမားတစ်ယောက်ကို ဆွဟိလီစာတစ်စောင်ကို

ပေးဖို့ ကြိုးစားတာ၊ အလုပ်ကပြုတ်ဖို့ နည်းနည်းပဲလိုတယ်”ဟု သူက သတိပေးသည်။

ကျွန်တော် ခေါင်းညိတ်ပြကာ ဘာမျှ ပြန်မပြောပါ။

“ဒါနှင့် ဒါရက်စလမ်မြို့မှာ အဆက်အသွယ်ကော ဘယ်လိုလဲ၊ အဲဒီမြို့မှာ

အသိရှိသလား” ဟု သူက ဆက်၍မေးသည်။

“မရှိဘူး၊မသိဘူး”ဟု ကျွန်တော် ဝန်ခံသည်။ ရော်လီနှင့် ကျွန်တော် ဘူလ်ဂေး

ရီးယားပြည်ထဲသို့ ကျမ်းစာအုပ်ယူသွားတုံးက အဆက်အသွယ်မရှိခဲ့ ဘူး၊ ဒါပေမဲ့

ဘုရားသခင် လမ်းပြတော်မူတယ်”ဟု ကျွန်တော် ပြောပြသည်။

ချားလ်စ်၏ သုံးသပ်ချက်သည် အားလျော့စရာဖြစ်လင့်ကစား ကျွန်တော့် စိတ်

သည် နည်းနည်းမှမလျော့ပါ။ နိုင်ရိုဘီမြို့တွင်ရှိနေသော ဆရာကြီးဖလွိုက်ကို

တယ်လီဖုန်းဖြင့် ဆက်သွယ်၍ သူ့သဘောတူညီချက်ကို ရရှိပြီးသည့် သကာလ

ကျွန်တော့်ကို ဘာမျှမတားဆီးနိုင်တော့ပါ။ မီးစိမ်းပြပြီးဖြစ်သဖြင့် သွားကို သွားရတော့မည်

ဟေရှာယ ၅၂း၁၂ က အလျင်အမြန်မထွက်ရဟု ဆိုထားသဖြင့် ဤခရီးစဉ်ကို

အလောတကြီးမလုပ်ဖို့ ကျွန်တော် သိရှိနားလည်ပါသည်။ ထို့ကြောင့် ပြင်ဆင်ဖို့အချိန်

ရက်သတ္တပတ်တစ်ပတ်ယူပြီး တန်ဇန်နီးယားပြည်ထဲက တရုတ်အခြေအနေ သတင်းကို

ရနိုင်သမျှ စုဆောင်းရန် စီစဉ်နေပါသည်။ သို့ သော် ဆိုရိုတီမြို့တွင် သတင်းရရှိဖို့ မလွယ်

ကူပါ။

သွားဆုံးဖြတ်ပြီး ရက်အနည်းငယ်တွင် တန်ဇန်နီးယားနိုင်ငံတွင် သာသနာပြု

အဖွဲ့ အစည်းတစ်ခု၏ ညွှန်ကြားရေးမှူး၊ ဂျာမနီနိုင်ငံသား ဖရစ် ဆိုသူလာသည်။ သူ့ကို

မျှော်နေသည်မှာ ကြာပါပြီ။ သို့ သော် တန်ဇန်နီးယားသို့ ကျွန်တော်ခရီးထွက်ရန် ရက်

အနည်းငယ်အလိုတွင် လာလည်ဖို့ သူရွေးချယ်ခြင်းမှာ ဘုရားသခင်၏ လမ်းညွှန်ချက်

ကို အတည်ပြုရန် နောက်တစ်ချက်ဖြစ်သည်ဟု ယူဆရပါသည်။

ဖရစ်ရောက်လာသောအချိန်တွင် ကျွန်တော်သည် ဈေးဆိုင်တန်းတွင် စာပေများ

ကို ရောင်းချနေပါသည်။ ကျွန်တော် ပြန်သွားသောအချိန်တွင် သူသည် ကြိမ်ထိုင်ခုံ

တစ်လုံးပေါ်တွင် အနားယူ၍ အေးမြသော သစ်သီးစုံအရည်သောက်၍ ဇိမ်ခံနေပါသည်။

ခေါင်းပေါ်တွင် မြင့်တက်နေသော နေ၏အပူဒဏ်ကြောင့် သွပ်မိုးများ အသံတစ်ကျွံကျွံ

မြည်လာသည်။ စာပေထုတ်ကို စားပွဲပေါ်တင်၍ မျက်နှာကြက်ပန်ကာကို ဖွင့်လိုက်ရာ

ချက်ချင်းပင် လေပြည်လေညင်းထွက်လာသည်။ “ငါ့လူ၊ဟိုမှာများ အပူဒဏ် ပိုပြင်းမည်

လား” ဟု မှတ်ချက်ချရင်း သူ့ကို နှုတ်ဆက်လိုက်ပါသည်။ ဈေးဆိုင်မှ နေပူဒဏ်ခံပြီး

ပြန်လာသည့်အခါတိုင်း ကျွန်တော် အနားယူလေ့ရှိသော်လည်း ယနေ့ အနားမယူဖြစ်ပါ။

ဖရစ် ရောက်ရှိလာပြီဖြစ်သဖြင့် အချိန်အနည်းငယ်မျှ မဖြုန်းတီးချင်ပါ။

“အမောဖြေဖို့ သောက်စရာတစ်ခွက်လောက်ယူပြီးမှ ထိုင်စကားပြောကြရ

အောင်”။ သတင်းအစအန သူ့ထံမှ ရနိုင်သလောက် မေးကြည့် ရန် ဆန္ဒစောမိပါသည်။

အမှန်ဆိုရသော် တန်ဇန်နီးယားတွင် သူသည် ကျွန်တော်၏ ပထမဆုံးသော အဆက်

အသွယ် တစ်ခုတည်းဖြစ်သည်။ ရေခဲသေတ္တာထဲမှ လိမ္မော်ရည် တစ်ပုလင်းလုတ်ယူ၍

သူအနားတွင် ကုလားထိုင်တစ်လုံးနှင့် ကပ်ထိုင်ကာ ပဏမနှုတ်ဆက်စကားကို ပြောပြီးမှ

တန်ဖန်နီးယားတွင် အလုပ်လုပ်နေကြသော တရုတ်များအကြောင်းကို စကားဆက်မိ

ကြပါသည်။ တန်ဇန်နီးယားမြို့တော်ထဲက ဒေသန္တရ အခြေအနေအကြောင်းကို

များများစားစား မသိ ရှိသဖြင့် ကျွန်တော် စိတ်အားငယ်လာပါသည်။ သူ့ အဖွဲ့အစည်း

သည် ဒါရက်စလမ် အနောက်ဘက် မိုင်တစ်ရာခန့်တွင် ဗဟိုပြုသည်ဟု ဆိုပါသည်။

သို့သော် သူ သည် အာဖရိကတိုက်တွင် အလုပ်လုပ်နေကြသော တရုတ်များ၏ယေဘု

အခြေအနေကို သိရှိသင့်သလောက် သိရှိနေကာ သူသိသမျှကို ပြောပြရန် ဆန္ဒရှိပုံရလေသည်

ရလေသည်။

နာရီဝက်ခန့် မရပ်မနား မေးမြန်းပြီးနောက်၊ ဖရစ်သည် ကျွန်တော့်ဘက်ကို

လှည့်၍ ဘာဖြစ်လို့ ဒီတရုတ်များကို ဒီလောက်စိတ်ဝင်စားနေသလဲ ရဒီ” ဟု မေးလေ

သည်။ တန်ဇန်နီးယားသို့ သွားဖို့ စီစဉ်ထားသည့်ခရီးစဉ်၏ ရည်ရွယ်ချက်ကို ရှင်းပြဖို့

စတင်ရုံဘဲရှိသေး ဖရစ်သည် မျက်ခုံးကိုကျုံ့ကာ “ရုဒီ၊ ခင်ဗျား ဆောင်ရွက်ရမည့်တာဝန်၊

ဘာလဲဆိုတာ တစ်ကယ်သိရှိနားလည်ရဲ့လား”ဟု ခေါင်းခါရင်းနှင့် ပြောဆိုလေသည်။

“ခင်ဗျား စိတ်ကူးနေတဲ့အလုပ်ဟာ ခက်ခဲရုံမကဘူး၊ ဖြစ်ကိုမဖြစ်နိုင်သလောက်ဘဲ”။

ဤကွန်မြူနစ်တရုတ်များကို အောင်မြင်စွာ ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ဟောပြော

မည်ဆိုလျှင် ကျော်လွှားရန် လိုအပ်သည့် အတားအဆီးများကို လက်ချိုးရေတွက်ပြ

လေသည်။ ပထမဆုံး သူတို့စခန်းများသည် တစ်သီးတခြားစီ တစ်ခုနှင့်တစ်ခု မိုင်ပေါင်း

ရာကျော် ကွာဝေးကြသည်။ ဒုတိယ၊ သူတို့ဆီ ကိုယ်တိုင်ရောက်ဖို့ ခက်ခဲရုံမက အစိုးရက

သူတို့နှင့်တွေ့ခွင့်ကို တားမြစ်ထားသည်။ တတိယ၊ သူတို့ စခန်းများကို သံဆူးကြိုးနှင့်

ကာရံထားသည်။ စတုတ္ထ၊ သူတို့ဧရိယာထဲက နိုင်ငံခြားသားများကို မျက်ခြေမပြတ်

စောင့်ကြည့် နေတယ်။ ပဉ္စမ၊ တရုတ်များထံမှ အကူအညီရရှိရန် သဘောတူညီချက်

တစ်ရပ်အနေဖြင့် တန်ဇန်နီးယားအစိုးရသည် အလုပ်သမားစခန်းထဲသို့ မည်သည့်

ဘာသာရေးကိုမှ ဝင်ခွင့်မပြုရဟု ကတိပြုထားသည်။

ဖရစ်သည် ခေတ္တလင့်ပြီး သူလက်ျာဘက်လက်ညှိုးကို ဘယ်ဘက် လက်

ချောင်းပေါ်တွင် တင်၍ ဖခင်သည် သားကို ဆုံးမသော လေသံမျိုးဖြင့် ဆက်ပြောသည်။

“ရုဒီ၊ခင်ဗျားမျက်နှာဖြူ နှင့် သူတို့ စခန်းကိုဝင်ဖို့ ကြိုးစားလျှင် တစ်မိုင်ခန့် အကွာအဝေး

လောက်တော့ ရောက်သွားပါမယ်။ ခင်ဗျားကို ကူညီမည့် တန်ဇန်နီးယားမှာ ရေရှည်

သာသနာပြုအဖွဲ့ထဲက တစ်ယောက်တလေကို တွေ့ များတွေ့မိလျှင် ကျွန်တော် အလွန်

အံ့အားသင့်မိပါမယ်။ ဒီတရုတ်များကို ဝမ်းမြောက်ဖွယ်သတင်းကောင်း ဟောပြောတဲ့

အတွက် ဘယ်သူမှ နိုင်ငံကူးလက်မှတ် ဆုံးရှုံးဖို့ စွန့်စားချင်မှာမဟုတ်ပါဘူး။ ဒေသခံ

အာဖရိကတိုက်သား ခရစ်ယာန်များပင်လျှင် ဒီတရုက်များနှင့် ပတ်သက်ချင်မှာ

မဟုတ်ပါဘူး”။

ဖရစ်၏ဝေဖန်သုံးသပ်ချက်များသည် ထောင်တက်နေသော ကျွန်တော်၏ စိတ်

ဝိညာဉ်ကို အသံမြည်ဟိန်းစွာဖြင့် မြေကြီးပေါ်ကျရောက် ရိုက်ခတ်စေကာ၊ နောက် (၂၄)

နာရီကျော်၊ မည်သို့ပင် မဖြစ်နိုင်ဘူးဟုဆိုငြားသော်လည်း ကုတ်ခြစ်တက်သွားရန်

ကျွန်တော် ဆင်ခြင်သုံးသပ်နေသော တောင်တန်းကြီးကို စိတ်အားငယ်စွာ အကဲဖြတ်

ဝေဖန်နေပါသည်။ ဖြစ်နိုင်သော အတားအဆီး အခက်အခဲများနှင့် အန္တရာယ်များကို

ရင်ဆိုင်ရမည်မှာ သေချာသည်။ ဖရစ်နှင့်သဘောတူဖို့ လိုအပ်လိမ့်မည်။ လွယ်ကူသည့်

ခရီးစဉ်မဟုတ်။ သို့ သော စွန့်စားရမည့် အရေးကို အကဲဖြတ်တွက်ချက်ရင်း ကျွန်တော်

ဆုံးဖြတ်ချက်ကို အားငယ်မည့် အစား၊ ကျွန်တော့်စိတ်ကိုသာ၍ ထက်သန်လာသည်။

ယခင်ကထက်ကျွန်တော့်စိတ်ကို ကြွရွစေပါသည်။ ကျွန်တော့်စိတ်နှလုံးထဲတွင် ကာလက်နှင့်

နှင့်ကျန်ကြွင်းသော ဣသရေလအမျိုးသားများသည် ကျိန်ဆိုသောပြည်၏အစွန်တွင်ရပ်နေ၍ “လူစွမ်းကောင်းများရှိနေသော ဤတောင်ကို ကျွန်တော့်ကို ပေးပါ ” ဟုယုံကြည်

စွာ အော်ဟစ်သကဲ့သို့ ကျွန်တော်လည်း အော်ဟစ်ချင်စိတ်ပေါက်လာသည်။

ကျွန်တော့် သံသယစိတ်ကင်းပါသည်။ ဟေရှာယအနာဂတ္တိကျမ်း ( ၅၂း၇၊၁၁ )

ညွှန်ကြားချက်များ တိကျပါသည်။ “ဝမ်းမြောက်စရာသတင်းကို ကြားပြော သောသူတို့၏

ခြေတို့သည် အလွန်တင့်တယ်လှစွတကား။ ထွက်ကြ ထွက်ကြ။ ထိုအရပ်မှ ထွက်

ကြလော့။ “ဘုရားသခင်အထံတော်မှ ကြားရသည်ဟု ကျွန်တော် တပ်အပ်သိရှိပါသည်။

အခုမှ နောက်ဆုတ်မည်ဆိုလျှင် ယောနကဲ့သို့ ခရစ်တော်၏အမိန့်တော်ကို မနာခံရာ

ရောက်ပါမည်။ တရုတ်ကွန်မြူနစ်များထံသို့ သတင်းကောင်းပါးရန် အသုံးပြုရန်သာမန်

နည်းလမ်းထက်သာ၍ လိမ္မာပါးနပ်သောနည်းလမ်းများကို ရှာဖွေရန် လိုအပ်သည်မှာ

ထင်ရှားသိသာပါသည်။ သို့သော် ဘုရားသခင်၏စေတမန်အဖြစ် စေလွှတ်ခြင်း

ဖြစ်သောကြောင့်၊ ဤလူများအလယ်တွင် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ပြန့်

ပြန့်ပွားစေရန် နည်းလမ်းကို ဖော်ပြတော်မူလိမ့်မည်ဟု ယုံကြည်စိတ်ချနေသည်။

အလားတူစွာ ဒါရက်စလမ်မြို့တွင် ကျွန်တော်တို့ ကူညီမည့် လူတစ်ယောက်လောက်

ပြင်ဆင်ပေးတော်မူလိမ့်မည်ဟု တထစ်ချယုံ ကြည်ပါသည်။ မည်ကဲ့သို့ ထိုပုဂ္ဂိုလ်ကို –

ဆုံတွေ့ရမည်ကိုတော့ ကျွန်တော့်အနေဖြင့် မကြံတတ်ပါ။

နောက်ရက်အနည်းငယ်တွင် ဆိုရိုတီမြို့တွင် အဖွဲ့ကို ဒန်၏ ကြီးကြပ်မှုအောက်

တွင်ထား၍ လေဆိပ်သို့ ဘတ်စ်ကားဖြင့် သွားပြီး ဒါရက်စလမ်မြို့သို့ အင်ဂျင်နှစ်လုံးတင်

လေယာဉ်ငယ်ဖြင့် လိုက်သွားသည်။ လေယာဉ်ငယ်သည် မြို့ကိုပတ်၍ ဆင်းသက်သော

အခါ ကျွန်တော် ယုံကြည်စိတ်ချမှုဖြင့် မြဲမြံနေပါသည်။ ဤမြို့တွင် ခရစ်ယာန်

အဆက်အသွယ် မရှိထားသည့်တိုင်အောင် ဘူလ်ဂေးရီးယားတွင် ရော်လီနှင့်ကျွန်တော်

အတွက် ပြုလုပ်တော်မူသကဲ့သို့ ယခုအကြိမ်တွင်လည်း ဘုရားသခင်သည် ကျွန်တော်

ရှေ့သို့ ကြွနှင့်တော်မူသကဲ့သို့နည်းလမ်းတစ်ခုခုကို ပြင်ဆင်ပေးတော်မူလိမ့်မည်ဟု တထစ်ချ

ယုံကြည်ပါသည်။

ကျွန်တော့်မီးခိုးရောင် လက်ဆွဲအိတ်နှင့် မြို့ထဲက အကုန်အကျသက်သာသော

ဖရစ် ရေးပေးထားသည့် ခရစ်ယာန်ဟိုတယ်လိပ်စာကို လက်ထဲတွင်ကိုင် ဆောင်၍

နေပူပြင်းသော ဒါရက်စလမ်မြို့ လေထုထဲသို့ လျှောက်သွားပါသည်။

အပူဒဏ်ကိုခံပြီး လူများမည်ကဲ့သို့ အလုပ်လုပ်နိုင် ကြသလဲ။ ခြစ်ခြစ်တောက်သော

နေသူရိန်အောက်တွင် ချွေးတစ်ပေါက်ပေါက် နှင့် မီးရထားလမ်းဆောက်လုပ်နေကြသော

အလုပ်သမားများကို ကိုယ်ချင်းစာမိပါသည်။ ပြင်းထန်သော အပူဒဏ်ကြောင့်

နာရီအနည်းငယ်အတွင်း ကျွန်တော့်ရှပ်အကျီသည် ချွေးများဖြင့် စိုရွဲနေပါသည်။ မြို့ထဲသို့

ဘက်စ်ကားဖြင့်လိုက်သွားဖို့ စိတ်ကူးမိသော်လည်း အပူဒဏ်သက်သာအောင် ရှိသည့်ပိုက်စံ

ကလေးနှင့် တက္ကစီငှားသွားရန် ဆုံးဖြတ်လိုက်ပါသည်။

မောရစ်မော်တော်ယာဉ်အမျိုးအစား ရှုပ်ပဲ့သော တက္ကစီအငှားကားသည် မြို့ထဲသို့

ထန်းပင်အုန်းပင်မြင့်မြင့်များ၊ ဖုံပေကျံသော အဖြူရောင်သုတ်ထားသည့်အိမ်များကို

ဖြတ်မောင်းရင်း တက္ကစီကား ပြတင်းပေါက်မှ ဝင်လာသော လေကိုဇိမ်ခံနေမိပါသည်။

မြို့ထဲသို့ နီးကပ်လေလေ၊ အိုးအိမ်များ သိပ်သည်းစွာရှိသည်ကို တွေ့ရသည်။ နိုင်ရိုဘီမြို့

အခြေအနေထက် အုပ်ချုပ်မှုပိုမိုဆုတ်ယုတ်သည်မှာ သေချာပါသည်။

ပင်လယ်ကမ်းခြေမှ တိုက်တစ်လုံးကျော်တွင် ဟောင်းနွမ်းနေသော ကွန်ကရစ်

တိုက်မည်းမည်းတစ်လုံးရှေ့တွင် တက္ကစီကား ရပ်နားသည်။ တိုက်ရှေ့တွင် ဟောင်းနွမ်း

သာ အပြာရောင်သုတ်ထားသည့် အမှတ်အသားတစ်ခုပေါ်တွင် အင်္ဂလိပ်စာလုံးဖြင့်

လုသာရိပ်သာ”ဟု ရေးသားထားသည်။ နာမည်ကျော် ဟိုတယ်မဟုတ်သော်လည်း

တက္ကစီသမား မတော်မတန် တောင်းယူသည့် တက္ကစီခထက်တော့ သက်သာကောင်း

သက်သာပေလိမ့်မည်။ ပါလာသည့် ငွေပမာဏနှင့်ပို၍ ထိုက်တန်လိမ့်မည်ဟု တွက်ချက်

ပါသည်။ လေဆိပ်မှခရီးမထွက်မီ တက္ကစီသမားအား အခနှုန်းဖော်ပြသော မီတာကို

အသုံးပြုရန် ခပ်တင်းတင်းပြောဆိုရသည်။ ၎င်းမီတာကို ထူးထူးခြားခြား တပ်ဆင်ထား

ကျွန်တော် သဘောပေါက်သည်။ “ဆယ်သျှီလင်ပဲလား”ဟု ကျွန်တော်

ထပ်မေးသည် ။ မီတာကို မဆုတ်မနစ် လက်ညှိုးထိုးပြ၍ “ဆယ်သျှီလင်ပဲ” ဟု သူက

ပြန်ပြောလေသည် ။ မှန်ကန်မှုရှိမရှိထက် သက်သေပြရန် အခြားနည်းလမ်းမရှိပါတကား၊

သံသရကင်းရှင်းသော အခြားကမ္ဘာလှည့် ခရီးသည်များကဲ့သို့ပင် ပိုက်ဆံအိတ်ထဲက

စိတ်မပါတပါဆယ်သျှီလင်ကို ရေတွက်၍ တက္ကစီသမားအား ပေးလိုက်ပါသည်။

နောက်ဆုံးတက္ကစီအငှားခြင်းလည်း ဖြစ်ပါသည်။ ယခု အချိန်မှစ၍ အပူရှိန်မည်မျှဖြစ်စေကာမူ သွားစရာလာစရာရှိလျှင် ဘတ်စ်ကားများကိုသာ စီးရပါမည်။ လုသာရိပ်သာ (Luther House)သို့ ဝင်သွားပြီး တည်းခိုဖို့ အမည်စာရင်း ပေးလိုက်ပါသည်။

နောက်တစ်နေ့ နံနက်တွင် ညကပူအိုက်၍အိပ်မပျော်သော်လည်းစားသုံးသည့် နံနက်စာအတိုင်း စားသုံးရန် ခပ်တည်တည်နှင့် ထိုင်လိုက်ပါသည်။ လက်

တစ်ဆုပ်စာမျှသာရှိသော ဧည့်သည်များကို ပတ်ကြည့်ပြီး စကားပြောမည့်လူ လိုက်

ကြည့်ပါသည်။ မီးရထားအလုပ်သမား တရုတ်ကွန်မြူနစ်များနှင့် ထိတွေ့ဖို့ ကျွန်တော်

စွန့်စားမှုတွင် လက်တွဲ ရန် ဒေသခံခရစ်ယာန်တစ်ယောက်ယောက် ရှိကောင်းရှိ

လိမ့်မည်။ ဘုရားသခင်အတွက် မီးတောက်မီးလျှံဖြစ်သောသူ၊ သံဆူးကြိုးကာရံထား သော

စခန်းထဲတွင် နေထိုင်သောသူများအား ဝမ်းမြောက်ဖွယ်သတင်းဟောပြောရန် နိုင်ငံ

ဥပဒေကို အာခံရန် ဝိညာဉ်ရေးရာ ထမြောက်အောင်မြင်ရန် စွမ်းဆောင်နိုင်သူ

လုံလောက်သော အရည်အချင်းရှိသူကို ကျွန်တော် လိုအပ်နေပါသည်။

နံနက်စာ စားသုံးနေကြသောအဓိက စီးပွားရေးလုပ်ငန်းရှင်များထဲတွင် အမျိုးသမီးတစ်ဦး ရှိနေပါသည်။ သူမနှင့် စကားစမိကြရာ၊ သာသနာပြု ဆရာမတစ်ဦးဖြစ်ကြောင်းကို သိရှိရပါသည်။ ပျောက်ဆုံးဝိညာဉ်များနှင့် ထိတွေ့ ဖို့ အကြောင်းကိုနှစ်ယောက်သား စကားလက်ဆုံကျမိကြပါသည်။ ဒါရက်စလမ်မြို့သို့ ကျွန်တော်ရောက်ရှိလာသည့်အကြောင်း အတိအကျကို ဖွင့်မပြဘဲ လျှိုထားလိုက်ပါသည်။ စကားအသုံးအနှုန်းကိုလည်း သတိရှိစွာ ရွေးပြောရပါသည်။ ခရစ်ယာန်စာအုပ်ဆိုင် ဘယ်မှာရှိတယ်ဆိုတာ သိရှိမိပါသလားဟု မေးကြည့်ရာ ဤကဲ့သို့ မေးရန် ဘုရားသခင် မှုတ်သွင်းတော်မူသော ချဉ်းကပ်ခြင်း တစ်ရပ်ဖြစ်သည်ဟု ယူဆပါသည်။ စာအုပ်ဆိုင်များသည်ဒေသခံအသင်းတော် အခြေအနေကို ကောင်းစွာ သိတတ်လေ့ရှိကြပါသည်။ ကျွန်တော်လိုအပ်သော အကူအညီကိုပေးနိုင်မည့် တက်ကြွနိုးကြားသော အသင်းတော် တစ်ပါး

ပါးသို့ လမ်းပြပို့ဆောင်မည့်သူတစ်ယောက်ယောက် ရှိကောင်းရှိလိမ့်မည်ဖြစ်သည်။

“ရှိပါတယ်။ မနေ့ကဘဲ ကျွန်မ ခရစ်ယာန်စာအုပ်ဆိုင်တစ်ဆိုင် ရောက်ခဲ့တယ်။

ဒီကနေ တစ်အောင့်လောက်လျှောက်ရင် ရောက်ပါတယ်။ တွေ့ဖို့ မခက်ပါဘူး။

နံနက်စာစားဖော် အမျိုးသမီးမှပြောပြရာ၊ လိပ်စာကို လက်သုတ်ပဝါစက္ကူပေါ် ရေးမှ

လိုက်ပါသည်။

၎င်းအမျိုးသမီးပြောခဲ့သည့်အတိုင်း မှန်ပါသည်။ ခမ်းခမ်းနားနား မဟုတ်သော်

လည်း တစ်ခန်းတည်းသာရှိသော ၎င်းစာအုပ်ဆိုင်သည် ဘေးက တိုက်များအကြား

ပြတင်းပေါက်တွင် မြင်သာအောင် စာအုပ်ခင်းပြခြင်း လက်ဝါးကပ်တိုင်များနှင့်

ခရစ်ယာန်ဆိုင်ရာ ပစ္စည်းပစ္စယများကြောင့် ထူးခြားမှုမရှိသဖြင့် စောစောက

ပြောပြသောဆိုင်မှန်း ကျွန်တော် အလွယ်တကူသိရှိပါသည်။ နံနက်စောစော ဆာလံ

အခန်း(၃၇)မှ ဖတ်ရှုမိခဲ့သော ကျမ်းချက်များ စိတ်ထဲတွင် ပေါ်လာသည်။ “ကိုယ့်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင် စီရင်

တော်သဖြင်မူမည်။ သင်၏ဖြောင့်မတ်ခြင်းအကြောင်းကို အလင်းကဲ့သို့လည်းကောင်း၊ တရားသဖြင့်

ပြုခြင်းအရာကို မွန်းတည့် ရောင်ခြည်ကဲ့သို့လည်းကောင်း ဖော်ပြတော်မူမည်”

“ကျေးဇူးတင်ပါတယ်၊သခင်ဘုရား။ ကျွန်တော်၏ရှေ့သို့ ကြွတော်မူသည့်

အတွက် ကျေးဇူးတင်ပါတယ်”ဟု တိတ်ဆိတ်စွာ ကျေးဇူးတော် ချီးမွမ်းနေပါသည်။

စာအုပ်ဆိုင်တံခါးသို့ ဝင်သွားသောအခါ သေးသေးကွေးကွေး ဆံပင်ဖြူဖြူနှင့်

ဥရောပတိုက်သူ အသက်ကြီး အမျိုးသမီးတစ်ယောက်ကို ကောင်တာနောက်မှ ချိုသာစွာ

ပြုံးပြ၍ “ဆရာ့ကို ကျွန်မဘာကူညီနိုင်မည်လဲ” ဟု နိုင်ငံခြားသံ အင်္ဂလိပ်စကားဖြင့်

ဖြည်းညင်းစွာမေးလေသည်။

“ကောင်းပါပြီ။ ခင်ဗျား ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

ဟု ပြုံးရွှင်စွာ ပြန်ဖြေသည်။ ဆိုင်ထဲတွင် တစ်ခြားလူ မည်သူမျှ မရှိသဖြင့် ကျွန်တော့်

အတွက် ဟန်ကျနေသည်။ ယခု ဒါရက်စလမ်မြို့တွင် ခရစ်ယာန်အမျိုးသမီးတစ်ဦးနှင့်

လောလောဆယ် မျက်နှာချင်းဆိုင်ကြသည့်တိုင်အောင် ဘယ်ကနေ စကားစရမည်ကို

အတိအကျ မသိဘဲ ဇဝေဇဝါဖြစ်နေသည်။ “ကျွန်တော် ဆွီဇာလန် ဂျာမနီလူမျိုးပါ”ဟု

စလိုက်ပါသည်။ ၎င်းအမျိုးသမီးက ပိုပြီးပြုံးပြပါသည်။

“ကျွန်မက ဆွီဒင်ကပါ” ဟု သူမပြောပြောဆိုဆို လှိုက်လှဲစွာ လက်ကိုလှမ်း၍

နှုတ်ဆက်ပါသည်။ “တန်ဇန်နီးယားသို့ ကြိုဆိုပါတယ်”။ ပွင့်လင်း၍ ဖော်ရွေဟန်ရှိ

သည်။ ကျွန်တော့်လမ်းကြောင်းတွင် ကူညီရန် ဘုရားသခင် ပြင်ဆင်ပေးတော်မူသော

ပုဂ္ဂိုလ်ဖြစ်မည်ဟု တထစ်ချ ယုံကြည်သည့်အတွက် ကျွန်တော့်အစီအစဉ်ကို ပြောချလိုက်

ကျွန် တော်သည် လူငယ်သာသနာပြုအဖွဲ့များနှင့် လုပ်ကိုင်သူ ဖြစ်ပြီး

ကျွန်တော်တို့၏ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းလုံးသို့ ဝမ်းမြောက်ဖွယ်သတင်းကောင်း

ဟောပြောဖို့ လူငယ်များကို စေလွှတ်ဖို့ဖြစ်ကြောင်း ရှင်းပြရာ၊ သူမက “တော်တော်

ထူးဆန်းမည့်ပုံပဲ၊ ငါ့ မောင်” ဟု မျက်နှာတောက်ပစွာ ပြန်ပြောလေသည်။

ဆက်လက်၍ ကျွန်တော် “မနေ့ညမှာဘဲ ရောက်လာတယ်။ ဒေသခံ ခရစ်ယာန်

တစ်ယောက်တစ်လေမျှ မသိဘူး။ ဒီမှာ အချိန်လည်း များများမရဘူး။

“ကောင်းပါပြီ၊ ခင်ဗျားကို မိတ်ဆက်ပေးဖို့ တစ်ယောက်ယောက်ရှိမည်လား။

သို့မဟုတ် ခင်ဗျားရဲ့ ရည်မှန်းချက်ကို ကူညီနိုင်မည့် နည်းလမ်းတစ်ခုခု ရှိမည်လား။

“တစ်ခုခု ဖြစ်ပါစေ” ဟု ကောင်တာမှ သူမဘက်ကို ကျွန်တော် ပြန်ပြော

သည်။ ဆိုင်ထဲတွင် နှစ်ယောက်တည်းရှိသည့်တိုင်အောင် ကျွန်တော်တို့ စကားစမြည်

ပြောကြသည်ကို မသက်ဆိုင်သူ ခိုးနားထောင်မိအောင် မစွန့်စားချင်ပါ။ အသံအနည်း

ငယ်လျှော့၍ ကျွန်တော့် လျှို့ဝှက်ချက်ကို ပြောပြလိုက်ပါသည်။ တရုတ်ကွန်မြူနစ်

အတွက် ကျွန်တော့်စိတ်နှလုံးထဲမှာ ဘုရားသခင်က ဝန်တာဖြစ်စေတော်မူ

ဒါ့ကြောင့် ကူညီနိုင်မည့်လူတစ်ယောက်ယောက်..”၎င်းအမျိုးသမီးက ကျွန်တော့်စကားကို ဆုံးအောင်ပြောခွင့်မပြုဘဲ ဖြတ်သည်။

တရုတ်ဟု နှုတ်မှထွက်လာသည့်အခါ သူမ၏မျက်နှာညိုပုတ်ပုတ်ဖြစ်လာ

သူမ၏အမှုအရာ ချက်ခြင်းပြောင်းလာသည်။ ချစ်ခင်စဖွယ် ဈေးရောင်းသူ မှ အရူးမ

တစ်ယောက်အဖြစ်သို့ အသွင်ပြောင်းလာသည်။ စိတ်ဆိုးမာန်ဆိုးနှင့် စာအုပ်ဆိုင်ထဲမှ

ကျွန်တော့်ကို လေလွှင့်လျှောက်လည်သော ခွေးကဲ့သို့ မောင်းထုတ်လေတော့သည်

“မင်းနှင့်စကားပြောလို့ မဖြစ်ဘူး၊ မဖြစ်ဘူး၊ တရုတ်များနှင့် ထိတွေ့လို့မရဘူး။ ဥပဒေက

လုံးဝတားမြစ်ထားတယ်။ ကျွန်တော့်ကို မောင်းထုတ်နေသော်လည်း မလျှော့တမ်းခုခံ

ပါသည်။ ဒါရက်စလမ်မြို့တွင် အားကိုးစရာ သူမတစ်ယောက်တည်းသာ ရှိသောကြောင့်

သူ့ထံမှ သဲလွန်စတစ်စလေးမျှမရရှိလျှင် မည်ကဲ့သို့ ခရီးဆက်မှန်း မသိရှိတော့ပါ

“ကျေးဇူးပြုပြီး.. ဒေသခံ ခရစ်ယာန်တစ်ယောက်ယောက်ရဲ့ နာမည်ကို မသိ

နိုင်ဘူးလား”ဟု ကျွန်တော် တောင်းပန်သည်။

“ကောင်းပြီ၊ ဒီလမ်းအတိုင်း ဆက်သွားရင် နှစ်ခြင်းဘုရားရှိခိုး

တစ်ကျောင်းတော့ရှိလေရဲ့”ဟု မာန်အနည်းငယ်လျှော့၍ ပြောကာ ကျွန်တော် ထွက်

မည်အပြုတွင် ခပ်တည်တည်နှင့်ထပ်၍ “သင်းအုပ်ဆရာမာလျောကို ကြိုးစားရှာကြည့်

သယ်မယ်ကယ်ရပ်ကွက်မှာ နေတယ်။ သို့သော် သတိထပ်ရသည့်သဘောဖြင့် “နေ့အချိန်

တွေ့ဖို့တော့ မစဉ်းစားလေနှင့်။ သူ့အိမ်မှာ ညပိုင်းပဲရှိတတ်တယ်”ဟု ထပ်ပြောလာသည်

“ကျေးဇူးအများကြီးတင်ပါတယ်”ဟု ပြောဆိုကာ ပန်ကာဖြင့် လေး

အေးတိုက်ခတ်သော စာအုပ်ဆိုင်ထဲတွင် ဇိမ်ခံရာမှ ခြစ်ခြစ်တောက်နေပူထဲသို့ ထွက်

ရင်း သူမပြောသမျှကို မှတ်မိအောင် စိတ်ထဲတွင် ရေရွတ်နေပါသည်။ သယ်မယ်ကယ်

သင်းအုပ်ဆရာမာလာကို ရှာပါ။ ညပိုင်းမှလွဲ၍ သူနှင့်တွေ့ဖို့ ကြိုးစားလို့အချည်းနှီး

ဒီလမ်းအတိုင်း လျှောက်သွားလျှင် နှစ်ခြင်းဘုရားရှိခိုးကျောင်းတွေ့နိုင်တယ်။

၎င်း နှစ်ခြင်းဘုရားရှိခိုးကျောင်းသို့ သွားရောက်ခြင်းသည် ဗလာနတ္တိ ဖြစ်သည်။

သင်းအုပ်ဆရာကြီး အပြင်ထွက်နေသည်။ လက်ထောက်သင်းအုပ်ဆရာအား

မီးရထားလမ်း စီမံကိန်းကို စကားလှလှလေးဖြင့် မေးကြည့်သောအခါ မလေးမခန့်

လုပ်နေပါသည်။ တံခါးဝတွင် ကျွန်တော်မတ်တတ်ရပ်ရင်း၊ သူခပ်ပြတ်ပြတ်ပြောလိုက်သောစကားမှာ “ဒီကိစ္စ ကျွန်တော်တို့ စိတ်မဝင်စားဘူး”ဟု ဖြစ်သည်။ ကျွန်တော်

ကူညီနိုင်မည့်လူ တစ်ယောက်ယောက် မရှိဘူးလားဟု မေးရာတွင်လည်းအလားတူ

ကူညီချင်စိက်မရှိပါ။ သို့တစေ တရုတ်များနေထိုင်ကြသော နေရာသို့ အနီးဆုံးသွားနိုင်

သည့် ဘက်စ်ကားလမ်းကြောင်းကို ပြောပြလိုက်သည်။

လမ်းမပေါ်သို့ပြန်ရောက်သောအခါ နာရီကိုကြည့်လိုက်ရာ နံနက်ပိုင်း(၁၁)

ရီလိုနေ သေးသည်။ “အခုဘယ်သွားရမည်လဲ၊သခင်ဘုရား။” အခြားသဲလွန် စဆို၍

သယ်မယ်ကယ်က သင်းအုပ်ဆရာမာလျာတစ်ယောက်ပဲ ရှိတော့သည်။ စာအုပ်ဆိုင်က

အမျိုးသမီးပြောသည့်အတိုင်း ဤအချိန် သူ့အိမ်တွင် ရှိမည်မဟုတ်ပါ။ ထို့ကြောင့်

ဘတ်စ်ကားစီး၍ တရုတ်များနေထိုင်ရာသို့ သွားလည်ရန် ဆုံးဖြတ်လိုက်ပါသည်။

ဗဟိုဘတ်စ်ကားဂိတ်သို့ သွားပြီး စီးရမည့် ဘတ်စ်ကားကို စောင့်နေပါသည်။

ဤကားဂိတ်အဆုံးတွင် လှုပ်ရှားမှုများပြားနေသည်ကို တွေ့ရပါသည်။ အာဖရိကတိုက်သူ

အမျိုးသမီးများသည် သစ်သီးဝလံ ဟင်းသီးဟင်းရွက်များကို အပြည့်ထည့်ထားသော

ခြင်းတောင်းကြီးများကို ခေါင်းပေါ်တင်၍ ဘတ်စ်ကားပေါ်မှဆင်းသူဆင်း၊ တက်သူတက်

ဖြစ်နေသည်။ ခုန်ဆွခုန် ငွေ သွားနေကြသည်။ တချို့သည် အစ္စလမ်မျက်နှာဖုံးကို

ဖုံးကြသည်။ သို့သော် မူလတိုင်းရင်းသူမိန်းမများနှင့် မတူ၊ မျက်နှာကိုမဖုံးဘဲ ခေါင်း

က ပုဝါနှင့် လုပ်စားကြသည်။ ပိန်ညောင်ညောင် ဆိတ်မတစ်ကောင်ကို ပိုင်ရှင်

အမေရိကတိုက်သားတစ်ယောက်က အတင်းဆွဲသွားသည်ကို မြင်ခဲ့ပါသည်။

ဘတ်စ်ကားများကို အချိန်မှန်ထွက်သွားကြ၊ဝင်လာကြသော်လည်း တရုတ်စခန်းသို့ သွားသည့်

နံပါတ်ကို မတွေ့ရသေးပါ။ နေ့ခင်းနေ့လယ် နေပူဒဏ်သည် အမိုးအကာပါးလွှာသောအရိပ်ခိုသည့်တဲကို မကြင်မနာ ဖြတ်သန်းသည့်အပြင် မည်းကြုံ့သော ကျောက်ခင်းလမ်းပေါ်မှ ပြန်ဟပ်သော အပူဒဏ်သည် အလွန့်အလွန် ခံရခက်နေပါသည်။

ထိုင်စရာကို ကြည့် သော်လည်း မတွေ့ပါ။ အခု အချိန် ကျွန်တော့်ခြေထောက်များနာကျင်

နေသည်။ ရှပ်အင်္ကျီသည် ချွေးနှင့် စိုရွှဲနေသည် ။ အချိန်ကုန်လာသည်နှင့် အမျှ

စိတ်ဆင်းရဲမှု တိုးလာသည်။ ဆွီဒင်ဈေးရောင်းသူမှာ ကျွန်တော်လမ်းမှားအောင် တမင်

နံပါတ်ကို လွဲချော်ပေးသလား။

လူတစ်ယောက်ကိုတွေ့သော်အခါ လက်ညှိုးထိုးပြ၍ ဤဘတ်စ်ကား ဘယ်သွားမည်လဲဟု မေးကြည့်သည်။

“သယ်မယ်ကယ်” ကိုရောက်လား ဟု မေးရာ သူက ခေါင်းကို အားရပါးရညိတ်ပြလေသည်။ သယ်မယ်ကယ် ဆိုသည်မှာ သင်းအုပ်ဆရာမာလျာ၏နေရပ်ဖြစ်သည်။ စာအုပ်ဆိုင်က အမျိုးသမီး

ပြချက်အရ သူသည် ညပိုင်းမတိုင်မီ အိမ်တွင်ရှိမည်မဟုတ်ပါ။ အခု ညနေစောင်းပဲရှိသေးသည်။

သယ်မယ်ကယ် ဘယ်လောက် ဝေးမှန်း မစဉ်းစားတတ်ပါ။ဆင်ခြေဖုံးလား သီးခြားမြို့လားဟုလည်း ကျွန်တော်မသိပါ။

ဤသင်းအုပ်ဆရာမလျာ ဆိုသူကို ဘယ်လိုရှာမည်နည်း အသင်း၏သူ့အသင်းတော်၏ နံမည်ကိုပင်မသိရှိခဲ့ပါ။ ကျွန်တော် ရရှိခဲ့သော တစ်ခုကးတည်းသော သဲလွန်စမှာ စာအုပ်‌ဆိုင်ကအရောင်းစာရေး၏ ပြောပြချက်အရ သူ့အိမ်သည် လူမျိုးစုဌာနနှင့် ကက်လျက်ရှိသည်။

ဆင်ကန်းတောတိုးဆို သလို ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ယခုဂိတ်ထိုး

ထားသော ဘတ်စ်ကားကိုလိုက်ရန် ထူးဆန်းသော နိုးဆော်မှုတစ်ခုအဖြစ် ရိပ်မိပါသည်။

နောက်ဘက်ထိုင်ခုံတစ်ခုတွင် နေရာယူသောအခါ စိတ်သက်သာသွားသလို ခံစားရပါ

သည်။ ခြေဦးလှည့်ခြင်း မှန်သည်ဟု သိရှိနေပါသည်။

တစ်ဝက်ခန့် ဟာလာဟင်းလင်းဖြစ်သော ဘက်စ်ကားကို လိုက်ခဲ့ရာ

ရှေ့ပိုင်းတွင် တစ်ယောက်တည်းထိုင်နေသော နယ်ခံတစ်ယောက်ကို မြင်လိုက်ပါသည်။

ဟိုလူနှင့် သွားထိုင်ပါဟု သခင်ဘုရား၏ နိုးဆော်မှုကို ခံစားမိပါသည်။ နာခံ၍

ထိုင်ခုံကနေ ထိုသူများသို့ အသာကလေးကူးကာသွားထိုင်လိုက်သည်။ နောက် အမှတ်

တမဲ့ ကျွန်တော့်ကိုကြည့်ပြီးမှ ဘတ်စ်ကားအထွက်တွင်လမ်းဘေးမြင်ကွင်းကို ကြည့်နေသည်။ အုန်းပင်တန်းပင်များ ရေမော်ဖူးလွှမ်းနေသောတိုက်ကြီးများ တဖြည်းဖြည်းပါဝင်လာပြီး နောက်ပိုင်းတွင် ဒါရက်စလမ်မြို့၏ အိမ်ကြီးတိုက်ကြီးရပ်ကွက်များ ကျန်ရစ်ခဲ့သည်ဟု မှန်းဆရပါသည်။ ထိုသူသည် ပုခုံးတွင်အထင်ကြီးစရာမှန်ဘီလူးများ တပ်ဆင်ထားသော ကင်မရာကို လွယ်ထားသည်ကို သတိ

ပြုမိပါသည်။

“ဒီလို ကင်မရာကြီးများသာ ပိုင်ထားရင် အာဖရိကတိုက်ခရီးစဉ်တစ်

လျှောက် မှတ်တမ်းဓာတ်ပုံများကို ငါရိုက်မှာပဲ” ဟု မနောစိတ်ပေါက်သည်။ “

စကား စပြောကြည့်ပါ” ဟု သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော့် စိတ်နှလုံးထဲ

တိုးတိုးကလေးပြောလာသည်။ ကင်မရာကို အကြောင်းပြပြီး စကားစဖို့ အချက်

ယူ၍ သူ့ကင်မရာကို လက်ညှိုးထိုးကာ ကျွန်တော် ထင်မြင်ချက်ကို ပြောလိုက်ပါသည်။

သူ့ကင်မရာကို အမြတ်တနိုးကြည့် ရင်း “ဟုတ်ပါတယ်၊ ကင်မရာ အကောင်း

စားဖြစ်တာမှန်ပါတယ်။ ကျွန်တော်က သတင်းထောက်တစ်ဦးပါ။ ဒါကြောင့် ကင်မရာ

မရှိလို့ မဖြစ်ဘူး” ဟု အင်္ဂလိပ်စကားပီသစွာ ပြန်ပြောလေသည်။

စကားလက်ဆုံကျမိကြသည်နှင့်တစ်ဆက်တည်း ထွေ ရာငါးပါး ပြောကြ

တော့သည်။ သူသည် နာမည်ကျော် ကိလီမန်ရှိ တောင်ခြေရင်း ဒါရက်စလမ်မြို့

အနောက်မြောက် မိုင်တစ်ရာကျော်ခန့်တွင် ကြီးပြင်းလာကြောင်း ပြောပြသည်။ သို့သော်

ပြောပြလိုက်ပါသည်။ ဆရာဖလွိုက်နှင့်အချေအတင် ပြောဆိုကြပုံ၊ ညီအစ်ကိုကြီးအင်ဒရူး

တရုတ်အလုပ်သမားများအား ဝမ်းမြောက်ဖွယ်သတင်းကိုဟောပြောရန် စိန်ခေါ်ခြင်းကိုတုံ့ပြန်ပုံ၊ ဤစိန်ခေါ်မှုကို အထူးသဖြင့် တန်ဇမ် မီးရထားစီမံကိန်းအပေါ် သီးခြားအာရုံစိုက်ရန် တမ်းတခြင်းတိုးပွားလာပုံ၊ ဟေရှာယအနာဂတ္တိကျမ်းအခန်း(၅၂) မှ သီးခြားလမ်းညွှန်ချက်ရရှိပုံ၊ ဒေသခံ အဆက်အသွယ်မရှိသော်လည်း၊ရက်စလမ်မြို့သို့ ယုံကြည်ခြင်းဖြင့် ခြေဆန့်ခရီးထွက်လာပုံ၊ ခရစ်ယာန်စာအုပ်ဆိုင်သို့မည်သို့ မည်ပုံသွား၍ တရုတ်အကြောင်းကို ပြောမိသောအခါ အရောင်းစာရေးဆွီဒင်အမျိုးသမီး၏ ကြောက်လန့်ပုံ၊ ၎င်းအမျိုးသမီးကပင် သူ့နာမည်ကို ပေး၍ နေ့အချိန်မှာမရှိတတ်သဖြင့် ညပိုင်းအချိန်မှ သာသွားဖို့ ပြောဆိုခဲ့ပုံစသည်တို့ကို ပြောပြရာ ဆိုင်မွန်

က ဖြတ်၍ ဝင်ပြောလေသည်။ “အဲဒီ အမျိုးသမီးပြောတာမှန်တယ်။ နေ့ချိန် ကျွန်တော်

အိမ်မှာ ရှိလေ့ရှိထမရှိဘူး။ ဒီနေ့က ထူးခြားတဲ့နေ့ပဲ။ ဒါနှင့် ကျွန်တော်ငယ်စဉ် ဘဝက

မိတ်ဆွေနှင့်ဘယ်လိုဆုံမိကြသလဲ။”

“တရုတ်စခန်းကို သွားလည်ဖို့ စိတ်ကူးခဲ့တယ်၊ ဒါပေမဲ့ ဘတ်စ်ကား မရှိဘူး။ဒါ

ကြောင့် သယ်မယ်ကယ်သို့ လာဖို့ ဆုံးဖြတ်လိုက်တယ်” ဟု ရှင်းပြလိုက်သည်။

အခါ ဝိညာဉ်တော်က ဘတ်စ်ကားနောက်ဘက်ဆိုင်ရာကနေ သွားပြီး ခင်ဗျား သတင်း

ဆောက်ဆရာမိတ်ဆွေနားမှ ထိုင်ဖို့ ညွှန်ကြားလိုက်ပါတယ်”။

ဤတစ်ခါ အံ့အားသင့်၍ မျက်လုံးပြူးသူမှာ ဆိုင်မွန်ဖြစ်သည်။ သူ့ ခေါင်းကို

တဖြည်းဖြည်းလေးခါနေသည်။ မယုံနိုင်လောက်အောင်ဘဲ။ ကျွန်တော်တို့အသင်းတော်က

တရုတ်များနှင့်ထိတွေ့ဖို့ နည်းလမ်းအကြောင်း ဆုတောင်းနေတာ လပေါင်းများစွာ

ကြာနေပါပြီ။ ခင်ဗျားလာရောက်တာဟာ ကျွန်တော်တို့ ဆုတောင်းချက်ရဲ့ တိုက်ရိုက်

အဖြေပါဘဲ။ နှစ်ယောက်သား ဆုံမိကြသည့် ရှုပ်ထွေးသော ဖြစ်စဉ်များကို ပြန်လည်

သုံးသပ်ရင်း အံ့အားသင့်ကာ ငြိမ်သက်နေကြပါသည်။ ကျွန်တော်တို့ ၏နောက်

ဘက်တွင် ဆိုင်မွန်ဇနီး စားပွဲပေါ်တွင် ညစာပြင်ဆင်နေသော အသံများကို ကြားနေပါ

သည် ။

မတ်တတ်ရပ်၍ ဆိုင်မွန်သည် စားပွဲခင်းမရှိ သစ်သားသက်သက် စားပွဲဘက်

သို့ လက်ပြကာ ကျွန်တော်တို့နှင့် အတူ ညစာ စားသုံးကြရအောင် ရုဒီဟု ပြောဆိုပါသည်။

ကျွန်တော်ထိုင်ဖို့ ခွေးခြေတစ်လုံးချပေးပါသည်။ စားပွဲ ၏ အလယ်တွင် အင်တုံကြီး

နှစ်လုံးအနက် တစ်လုံးထဲကနေ ချက်ပြုတ်ထားသော ငှက်ပျောသီး၏ မွေးကြိုင်သောအနံ့

သည် ထွက်လာသည်။ အခြားအင်တုံထဲတွင် ဖြူဖွေးသော ထမင်းအပြည့်ထည့်ထား

သည်။

 ကျွန်တော့် ပန်းကန်ထဲတွင် ဆိုင်မွန်ဇနီးထည့်ပေးထားသော ဝေစုကို ငတ်မရှက်

ကြိုက်မရှက်ဆိုသလို ကျွန်တော် ဗိုက်ဆာဆာဖြင့် စားလိုက်ပါသည်။ ညစာ စားသုံး၍

ပြောကြသောစကားမှာအာဏာပိုင်တို့ တားမြစ်ထားသော တရုတ်ရပ်ကွက်ကို မည်သို့

ထိထိရောက်ရောက် ဝမ်းမြောက်ဖွယ်ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြောရမည်နည်း

ဟူသော နည်းလမ်းတစ်ခုတည်းကိုသာ ဗဟိုပြုနေကြပါသည်။

“အသုံးပြုနေကျ နည်းလမ်းကိုတော့ သုံးလို့ မဖြစ်ဘူးဟု ဆိုင်မွန်သည် သူ၏

ခက်ရင်းကို ပန်းကန်ပေါ်တွင် တင်၍ ပြောလိုက်သည်။

ကျွန်တော်လည်း အဲဒီလိုပဲ စဉ်းစားနေတယ်ဟု ခေါင်းညိတ်ပြကာ ဆိုင်မွန်

ဇနီးထပ်ထည့်ပေးသော ဇွန်းကြီးအပြည့်ထမင်းကို လက်ခံနေပါသည်။

“အာဏာပိုင်များက သိန်းငှက်လို စောင့်ကြည့် နေကြတာ” ဟု ဆိုင်မွန်

ထပ်ပြောသည်။ ဘယ်လိုဟောပြောနည်းကိုဘဲသုံးသုံး၊ ကျွန်တော်တို့ကို အာရုံမစိုက်မိဖို့

အတော့ကို ဂရုစိုက်ဖို့ လိုပါလိမ့်မည်။

ဒါကြောင့်၊ လေဟာပြင်စည်းဝေးတို့ ၊ ဝေစာတို့ ကမဖြစ်နိုင်တဲ့ သဘောပါပဲ။ သူ

စကားကို အလေးအနက် သဘောထားပုံပြဟန်ဖြင့် ဆိုင်မွန်သည် သူ့ဇွန်းခက်ရင်းများကို

ဗလာဖြစ်နေသော သူ့ ပန်းကန်ပေါ်တွင် မြဲမြံစွာ တင်လေသည်။

“လုံးဝ လုံးဝပဲ”။ ကျွန်တော့်စိတ်ထဲတွင် ဖြစ်နိုင်စရာအကြောင်းရှိသော နည်း

ဗျူဟာတစ်ခုပေါ်လာသည်။ ဖြစ်များဖြစ်နိုင်မည်လား။ နောက်ဆုံး ထမင်းတုံးကို မြောက်

ထားရင်း ကျွန်တော် ပြောလိုက်သောစကားမှာ “စာပေကျမ်းဂန်ကို တစ်မျိုးတစ်ဖုံ အသုံး

ပြုနိုင်မည့်နည်းလမ်းများရှိမလားလို့ စဉ်းစားနေတယ်”။

“ဖြစ်ကိုမဖြစ်နိုင်ဘူး”ဟု ဆိုင်မွန်က လျင်မြန်စွာ ပြန်ပြောလိုက်သည်။

ပေးပေးခြင်း အာဏာပိုင်များက ချက်ခြင်းကောက်ယူမှာပဲ။

“ဖြစ်များဖြစ်နိုင်မည်လားမသိဘူး” ဟု ပြောဆိုရင်း ညီအစ်ကိုကြီးအင်ဒရူး

၏တံခါးဖွင့် အမှုတော်အကြောင်းနှင့် ဥက္ကဋ္ဌမော်၏စာအုပ်နီကလေးကို အတုခိုးပြီး

ဝမ်းမြောက်ဖွယ် သတင်းစာအုပ် ထုတ်လုပ်ပုံကို ကျွန်တော် ပြောပြပါသည်။ အာဖရိက

ဘာသာပြန်ဆိုချက်တစ်ခုကို စာအုပ်နီအတုပြုလုပ်နိုင်ကောင်း ပြုလုပ်နိုင်မည်ထင်တယ်။

ဆိုင်မွန်သည် သက်ပြင်းရှည်ကြီးချ၍ ဖြစ်နိုင်တယ်ဟု စိတ်ဝင်စား

ပြောလေသည်။ ဒါမှမလုပ်ပါက အခြားနည်းလမ်းမရှိဘူး။

ညစာ စားသုံးပြီးနောက် သာသနာပြုဆရာတချို့ လာလည်ကြသည်။ တရုတ်

များနှင့် ထိတွေ့ဖို့ အကြောင်း ဆိုင်မွန် ရေငုံနှုတ်ပိတ်လုပ်နေသည်ကို သတိပြုမိ”ပါသည်။

ကျွန်တော်လည်း လိုက်လုပ်ပါသည်။ တရုတ်များကို ဝမ်းမြောက်ဖွယ် သတင်ဟော

ဖို့နှင့် ပတ်သက်၍ ဤသာသနာပြုဆရာများ၏ ရပ်တည်မှုကို စဉ်းစား၍မရသဖြင့်

ဆိုင်မွန်ကဲ့သို့ ရန်ငုံနှုတ်ပိတ်လုပ်ခြင်းသည် လိမ္မာရာရောက်မည်ဟု သဘောပေါက်ပါ

သည်။ ၎င်းသာသနာပြုဆရာများက လူသာဧည့် ရိပ်သာသို့ ပို့ပေးမည်ဟု ကမ်းလှမ်းသ

ဖြင့် ၎င်းည စကားဆက်ပြောဖို့ အခွင့်အလမ်း မရှိတော့ပါ။ သို့သော် ကျွန်တော် စိတ်မပူ

လှပါ။ မနက်တွင် ပြန်လည် ဆုံတွေ့ကြပြီး တရုတ်စခန်းတစ်ခုသို့ လိုက်ပို့မည်ဟု

ဆိုင်မွန်နှင့်ကျွန်တော် စီစဉ်ထားခဲ့ပြီးဖြစ်သည်။

နောက်တစ်နေ့တွင် တရုတ်များ နေထိုင်ရန် အကြမ်းဆောက်လုပ်ထားသော ပျဉ်ထောင်

အိမ်ရှေ့တွင် ဆိုင်မွန်နှင့်မတ်တတ်ရပ်ကြသည့်အခါ သူတို့အား ဝမ်းမြောက်ဖွယ်

ကယ်တင်ခြင်းသတင်းကောင်း ဟောပြောဖို့ ဆန္ဒမီးသည် အသစ်တစ်ဖန် ထကြွလာပြန်

သည်။ အကျဉ်းထောင်ပမာ သံဆူးကြိုး ကာရံထားသော နေရာဖြစ်သည်။ အာဖရိကများ

နှင့် နိုင်ငံခြားသားများ မဝင်နိုင် အောင် ကာထားခြင်းဖြစ်သည်။ နောက်ရက်အနည်းငယ်

အတွင်း ဆိုင်မွန်နှင့်ကျွန်တော် ဆက်လက်တွေ့ဆုံကြကာ ကျွန်တော်တို့၏နည်းဗျူဟာကို

လက်တွေ့အသုံးချနိုင်မည့် နည်းလမ်းကို ရှာဖွေကြံဆကြပါသည်။ တရုတ်များနှင့်ထိတွေ့

ဖို့ အိပ်မက်သည် အကောင်အထည် ပေါ်လာဖို့ အလားအလာ အလျင်အမြန်ပေါ်လာသည်။

သူတို့အတွက် ဘုရားသခင် ကိုယ်တော်တိုင်၏ချစ်ခြင်းမေတ္တာသတင်းစကားကို ကြားရန်

အခွင့်အလမ်းသည် မကြာတော့ပါ။ အချိန်ကို တိုတောင်းနိုင်သလောက် တိုတောင်းစေဖို့

ကျွန်တော် ဆုံးဖြတ်လိုက်ပါသည်။

ဒါရက်စလမ်၌ ကျွန်တော် ရက်သတ္တပတ်အကုန်တွင် ဆိုင်မွန်နှင့်ကျွန်တော်

သည် မိတ်ဆွေကောင်းများ ဖြစ်နေပါပြီ။ ပြတ်သားသော အဆုံးအဖြတ် အချို့ကိုလည်း

ပြုလုပ်ကြပါသည်။ ကျွန်တော် ဥရောပသို့ ပြန်သွားမည် ။ အာဖရိကတိုက်သို့ ရက်တို

သာသနာပြုအဖွဲ့, လာရောက်ဖို့ လူစုဆောင်းမည်။ ညီအစ်ကိုကြီးအင်ဒရူးကို ဆက်သွယ်လိုက်သည်

အမေရိကတိုက်ရောက်နေကြသော တရုတ်များအတွက် ဘာသာပြန် ဝမ်းမြောက်ဖွယ်သတင်းကောင်း

စာအုပ်နီကလေးများကို ပုံနှိပ်ဖို့ စီစဉ်မည်။ အသစ်စုဆောင်းသောအဖွဲ့သည် ဆက်လက်၍ တန်ဇန်နီးယားသို့ ၎င်းစာပေကျမ်းဂန်များကို ယူဆောင်ဖို့ယူကြရပါမည်။ ဆိုင်မွန်သည် သူ့အနေဖြင့် ဆက်လက်ဆုတောင်းပေးရန်သူ့အသင်းတော်အားတိုက်တွန်းကာ တရုတ်များလက်ထဲသို့ ၎င်းစာအုပ်နီကလေးများ ရောက်နိုင်ဖို့ နည်းလမ်းရှာဖွေထားမည်။

“ခင်ဗျားကို ကျွန်တော် ရာခိုင်နှုန်းအပြည့် ထောက်ခံတယ်”ဟု ဆိုင်မွန်က

ဒါရစ်စလမ်လေဆိပ်သို့ နောက်ဆုံး နှုတ်ဆက်စကားပြောရင်း အားပေးသည် ။ ခင်ဗျားကစာအုပ်

များကို ထောက်ပံ့မယ်၊ ကျွန်တော်က သူတို့လက်ထဲရောက်ရှိဖို့ တာဝန်

ပြန်ယူမယ်” ဟု ကတိပြုလိုက်လေသည်။

“တတ်စွမ်းနိုင်သလောက် လုပ်ပါမယ်” ဟု ကျွန်တော်က အာမခံသည်။

ညီအစ်ကိုအရင်းပမာ ဖက်ကြသည်။ စိတ်မပါတစ်ပါနှင့် ကျွန်တော် ထွက်သွားသည်

ရက်အနည်းငယ်သာဖြစ်သော်လည်း အားရစရာ နေ့ရက်များဖြစ်ခဲ့ပါသည်။ ဆိုင်မွန်

မာလျာနှင့် သင့်မြတ်စွာ ပေါင်းဖော်ဆက်ဆံခြင်းကို လက်လွှတ်ရမည်ဖြစ်သည်။

လေယာဉ်ထွက်ခွာသည့် အခါ တိမ်တိုက်ကြီးထဲက မကွယ်မခြင်း ပင်လယ်

ကမ်းနား ဒါရက်စလမ်မြို့တော်တစ်ဝန်းလုံးကို နောက်ဆုံး ကျွန်တော့် စိတ်နှလုံးသည်

အထူးသဖြင့် ထိုကွန်မြူနစ် တရုတ်မီးရထားလမ်း အလုပ်သမားများနှင့် ကျန်ရစ်ခဲ့သည်။

ကျွန်တော့်အား ဆိုင်မွန်၏ ယုံကြည်စိတ်ချစွာ အပ်နှံမှုကို စဉ်းစားရင်း လေယာဉ်ထိုင်ခုံ

နောက်မှီကိုမှီ၍ ကိုယ်ကိုဆန့်လိုက်ပါသည်။ တရုတ်လူမျိုးများကို ကမ်းဖို့

အမြောက်အမြား လိုအပ်မည်ဖြစ်သည်။ ကုန်ကျစရိတ်လည်း ကြီးမားမည်ဖြစ်ပြီး

ငွေကြေးထောက်ပံ့ရန် လူမရှိဖြစ်နေသည်။ အာဖရိကတိုက်တွင် ၎င်းဝေစာများ၊ ပုံနှိပ်

ထုတ်ဝေသူ တစ်ယောက်မျှ ကျွန်တော် မသိရပါ။ လွယ်ကူမည့် လုပ်ငန်းဖြစ်မည်

မဟုတ်ပါ။ သို့သော် မဖြစ်နိုင်စရာအကြောင်း များစွာရှိသော်လည်း ဤစွန့်စားမှုအပေါ်

တွင် ဘုရားသခင် တံဆိပ်ထုထားပြီးဖြစ်သည်။ အာမခံချက်ရပြီဟု ကျွန်တော် ငြိမ်သက်

စွာ ခံစားနေပါပြီ။ ကိုယ်တော်သည် အသေးစိတ် လုပ်ဆောင်တော်မူလိမ့်မည်။

၁၀။ယုံကြည်ခြင်းအကျိုး ခံစားခြင်း

အာဖရိကတိုက်တွင် နွေရာသီ ခြေစမ်းခရီးစဉ်၏ နောက်ဆုံးရက်သတ္တပတ်ကို

ဆရာကြီးဖလွိုက်အဖွဲ့ နှင့် ပူးပေါင်းမဆောင်ရွက်မီ ဆိုရိုတီမြို့တွင် ရောက်ရှိနေသော

အဖွဲ့နှင့် အလုပ်လုပ်ဖို့ ရက်သတ္တပတ်တစ်ပတ်ကျန်သေးသည်။ ကီစူမူမြို့တွင် ဆုံစည်း

ကြကာ အာဖရိကတိုက်သား(၃၀၀)နှင့်လူငယ်စခန်းတစ်ခုကိုဖွင့်ရန် စီစဉ်ထားကြပါ

သည်။

ဝိတိုရိယရေအိုင်ကြီးအနားတွင် တည် ရှိသော သာသနာပြုခြံဝင်းကို နိုင်ရိုဘီနှင့်

ဆိုရိုတီမြို့တို့၌ ကျွန်တော်တို့နှင့် ပေါင်းဖက်မိသော သာသနာအဖွဲ့ အစည်းမှ ပိုင်ဆိုင်

ထားသည်။ ဧက(၂၀)ခန့် ကျယ်ဝန်း၍ ကာရံထားသော ဤသာသနာခြံဝင်းကြီးတွင်

သစ်တောများကြား၌ အုတ်ဖြင့် ဆောက်လုပ်ထားသော ဗိုလ်တဲအလုံး(၂၀)ကို သီးခြား

ဖြန့်ခွဲထားရာ ကြည့်ရှုရန် မျက်စိပဒေသာရှိသလို တည်းခိုရန် အင်မတန် စိတ်ကြည်နူး

စရာ ကောင်းပါသည်။ ယူဂန္ဒာတွင် လူအုပ်ကြပ်ကြပ်တိုး၍ ယင်ကောင်ပေါများသော

အခြေအနေနှင့်တခြားစီဖြစ်သည်။ ပို၍အေးမြသော ရာသီဥတုသည် ဆိုရိုတီမြို့

အပူဒဏ်မှလည်းကောင်း၊ ဒါရက်စလမ်မြို့တွင် ကြုံတွေ့ခဲ့သော အပူရှိန်ဖြင့် အနှိပ်သည်

ခန်းနှင့်တူသော ပူအိုက်ဒဏ်မှလည်းကောင်း များစွာသက်သာပါသည်။

ကျွန်တော်တို့ (၁၁)ဦး ပါဝင်သောအဖွဲ့သည် ဧည့် ရိပ်သာတွင် တည်းခိုကြပါ

သည်။ ခွဲခွာကြသည်မှာ ရက်သတ္တပတ်ခြောက်ပတ်ကြာခဲ့ပြီဖြစ်သဖြင့် အခု ပြန်လည်

ဆုံတွေ့ကြရာတွင် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်ခြင်းအတွေ့အကြုံ အသီးသီး ဖလှယ်ကြ

ခြင်းဖြင့် ပျော်ရွှင်စွာ ပြောဆို ရယ်မောကြကာ အုတ်အုတ်ကြပ်ကြပ်ချည်နေပါသည်။

ဖလွိုက်၏ ကင်ညားအဖွဲ့ က အံ့သြစဖွယ် အခွင့်အလမ်းအမျိုးမျိုးရရှိသည်ဟု ဆိုပါသည်။

တက္ကသိုလ်များ၊ စာသင်ကျောင်းများ၌ ဟောပြောခွင့် ရရှိရုံမက ဓမ္မကောလိပ်တစ်ခု သို့ပင်

ဖိတ်ကြား၍ သွန်သင်ပြသခွင့် ရရှိသည်။ ကင်ညာတစ်နိုင်ငံလုံးရှိ မြို့ကြီး အမြောက်

အများသို့ လည်ပတ်ခွင့် ရရှိပြီး နာမည်ကြီးအသင်းတော်ကြီးများနှင့် အတူ အလှမ်းဝေး သော

တောရွာအသင်းတော်များသို့ လည်း ဟောပြောဖွင့် ရရှိသည်။ ကျွန်တော်တို့ အဖွဲ့နှင့်

သူတို့အဖွဲ့ လည်း ဟောပြောသော သတင်းကောင်းကို အလွယ်တကူတုံ့ ပြန် ခြင်းကို ရ

ခဲ့ကြသည်။ ကျွန်တော်တို့လည်း ဆိုရိုတီမြို့တွင် ဝိညာဉ်တိုက်ပွဲဝင်ခဲ့သည့် အကြောင်း

နှင့် အတားအဆီးအခက်အခဲများကို ချိုးဖောက်၍ နိုးကြားမှုအလီလီကို တွေ့ကြုံခဲ့ရသည့်

အကြောင်းကို ပြောပြပါသည်။ ဒါရက်စလမ်မြို့သို့ ကျွန်တော့်ခရီးစဉ်၊ ဆိုင်မွန်မာလျာ

ဆိုသူနှင့်တွေ့ဆုံပုံ၊ တရုတ်များနှင့်ထိတွေ့ဖို့ စီမံဆောင်ရွက်ချက်များကို ပြောပြသောအခါ

အားလုံးငြိမ်သက်စွာ နားထောင်နေကြသည်။

ပြောစရာပြီးသွားပြီဖြစ်သဖြင့် စိတ်ပြေလက်ပျောက် မိမိတစ်ယောက်တည်း

အနားယူရန် ဆုံးဖြတ်လိုက်ပါသည်။ ဧည့်ရိပ်သာအပြင်တွင် မတ်တတ်ရပ်ကာ စိမ်းလန်း

သော သစ်အုပ်၏လှပသော ရှုခင်းကို ကြည်နူးရင်း အာဖရိကတိုက်တွင် တစ်ခါမှ မခံ စား

ခဲ့ဘူးသော အေးမြသည့် လေပြည်လေညင်းကို အဝရှု၍ ဇိမ်ခံနေပါသည်။ နှစ်မိုင်ခန့်

အကွာအဝေးတွင် သစ်တောကွယ်မထားလျှင် ဝိတိုရိယာရေအိုင်ကြီး၏ ကြည်ပြာရောင်

ရေမျက်နှာပြင်ကို လှမ်းမြင်နိုင်ပါသည်။ ဤရေအိုင်ကြီးသည် ဆွီဇာလန်နိုင်ငံထက် ပို၍

ကျယ်သည်ဟု ကြားဖူးပါသည်။

စုပေါင်းအိမ်ရာအဖြစ် ဆောက်လုပ်ထားသောအိမ်တန်းများကို ကြည့်မိပါသည်။

သာသနာပြုဆရာများအိမ်နှင့် ဧည့်ရိပ်သာအပြင် ဓမ္မကျမ်းစာကျောင်းတစ်ကျောင်း တည်

ရှိနေသည်။ ကျောင်းသူ ကျောင်းသားများ လောလောဆယ် ကျောင်းပိတ်၍ အိမ်ပြန်ကြ

သဖြင့် ခန်းမဆောင်၊ မီးဖိုချောင်၊ သန့်ရှင်းရေးတို့ပါဝင်သော ဗိုလ်တဲပုံစံ အဆောက်အဦး

ကို ကျွန်တော်တို့နွေရာသီစခန်းအဖြစ် အသုံးပြုနိုင်ခြင်းဖြစ်သည်။ နောက်တစ်နေ့ ရောက်

လာမည့် အာဖရိကလူငယ်(၃ဝဝ)ကို ဤအဆောက် အဦးတွင် နေရာချပေးမည်ဖြစ်သည်။

ကျမ်းစာကျောင်း အလွန်တွင် အလွန်ကြီးမားသော အဆောက်အဦတစ်ခုရှိနေရာ၊ အသုံး

ပြုရမည့်နည်းလမ်းကို စဉ်းစားနေစဉ် ကျွန်တော့် နောက်ဘက်မှ အသံတစ်ခုကို ကြား

လိုက်ပါသည်။

“ကြိုဆိုပါတယ်”လှည့်ကြည့်ရာ နေပူဒဏ်ခံစားနေရသော်လည်း ပြုံးရွှင်သော

မျက်နှာကို မြင်လိုက်ရပါသည်။ လူငယ်စခန်းချရာတွင် ကူညီမည့်ဝိုင်အမ်(YWAN)

အဖွဲ့သားတစ်ဦး ထင်ပါသည်။ သူ့လက်ကို ဆန့်၍ သူသည် ကနေဒီယန် သာသနာပြု

ဦးစီးအဖွဲ့သားတစ်ဦးအဖြစ် မိမိကိုယ်ကို မိတ်ဆက်နေပါသည် ။

“အဆောက်အဦများကို ကြည့်ရတာ တော်တော် အထင်ကြီးစရာပါပဲ” ဟု

ကျွန်တော် အားတက်သရော ချီးမွမ်းပါသည်။

“ဟုတ်ကဲ့ပါ၊ ကောင်းချီးမင်္ဂလာခံစားလို့ပါ။ ပတ်ကြည့်ပြီးပြီလား။

“ကျမ်းစာကျောင်းတစ်ခုကိုပဲ ကမန်းကတန်း ကြည့်ခဲ့ပါတယ်။ အခြားအဆောက်အဦးများကိုတော့ မကြည့် အားသေးဘူး။” ကျမ်းစာကျောင်း အလွန်

တိုက်ကြီးကို လက်ညှိုးထိုးပြပြီး “အဲဒီအဆောက်အဦးကြီးက ဘာအတွက် အသုံးပြုနေ

လဲလို့ ကျွန်တော် စဉ်းစားနေတာ။”

“လာ၊ ကျွန်တော်ပြမယ်၊ ရှေ့ဆက်ဘာမျှမပြောတော့ဘဲ၊ ကနေဒီယန်သားသည်

ဆောက်အဦကြီးဆီသို့ ခြေလှမ်းကြဲကြဲဖြင့် လျှောက်သွားရာ အထဲမှာ ဘာများရှိမည်

ဟု သိချင်ဇောဖြင့် ကျွန်တော်လိုက်သွားပါသည်။ အသေးစား စက်ရုံတစ်ခုနှင့်တူပါ

သည်။ သို့ သော် သာသနာပြုခြံဝင်းထဲမှာ စက်ရုံက ဘာလုပ်နေသလဲ မော်တော်ယာဉ်

စက်ပစ္စည်းများကို သိုလှောင်သည့်အခန်း သို့မဟုတ် မော်တော်ယာဉ်ပြုပြင်ဖို့ အကြီးစား

အလုပ်ရုံဖြစ်တန်ရာဟု ကျွန်တော် တွက်ချက်ထားသည်။ ကနေဒီယန်သားက ဘေးတံခါး

တစ်ခု ကို သော့ဖွင့်၍ ဝင်ကြည့် စေပါသည်။ အလုပ်သမားအားလုံး ဒီနေ့အတွက်

အလုပ်ပြီးဆုံးတဲ့ အတွက် အိမ်ပြန်ကုန်ပြီ။ ဒါကြောင့် လှုပ်ရှားမှုမရှိဘူး။ ဒါပေမဲ့

ဘာအလုပ် လုပ်နေတယ်ဆိုတာ ကြည့်လိုက်ရင် ကောင်းကောင်း သဘောပေါက်မှာပါ”

အထဲသို့ ဝင်သွားကာ အလိုအလျောက် လေချွန်မိပါသည်။

ကျွန်တော်ရှေ့တွင် စီးပွားဖြစ် ဟင်ဒင်ဘတ်ပုံနှိပ်စက်ကြီးတစ်လုံးနှင့် အသေး

အမြောက်အမြားရှိနေသည်။ ခေါက်စက်မှစ၍ စီးပွားဖြစ် ပုံနှိပ်တိုက်အတွက်

လိုအပ်သော ကိရိယာအစုံအလင်ရှိနေသည်။ စင်ပေါ်တွင် စက္ကူထုတ်ကြီးများ စနစ်တကျ

ပုံထားပါသည်။ အခြားနံရံအတိုင်း ပြုလုပ်ထားသောစင်ပေါ်တွင် အသစ်စက်စက်

နှိပ်ထားသော စာအုပ်များကို စီထားလေသည်။ ဤမြင်ကွင်းကြောင့် ကျွန်တော်

ကြက်သေ သေမိကာ မှတ်ချက်ချမိပါသည်။ အဲဒီတော့ ခင်ဗျားက စာအုပ်ထုတ်လုပ်ရေး

သမားပဲကိုး”။

“စီးပွားရေးအဖြစ် အပြည့် အဝ လုပ်ကိုင်နေတာပါ” ဟု သူက ဂုဏ်ယူသော

လေသံဖြင့် ပြန်ပြောလေသည်။

“အပြင်လူ များအတွက်ကော ပုံနှိပ် ပေးသလား”ဟု မေးကြည့် ရင်းမှာပင်

ကျွန်တော့်စက္ခုအာရုံတွင် နံရံပေါ်၌ အဖုံးနီနီ ဝမ်းမြောက်ဖွယ်သတင်းကောင်းစာအုပ်များ

အတန်းလိုက် မြင်ယောင်မိပါသည် ။

“သေချာတာပေါ့ “။ သူက ပြန်ပြောသည်။ တစ်ပြည်လုံး လူမျိုးပေါင်း အားလုံး

အတွက် စာအုပ်များနှင့်ဝမ်းမြောက်ဖွယ်သတင်းကောင်းစာအုပ်များကို ပုံနှိပ်ပေးပါတယ်။

ကျွန်တော်တို့ အဖွဲ့အစည်းတစ်ခုတည်းအတွက် မဟုတ်ဘဲ ပုံနှိပ်ထုတ်ဝေချင်တဲ့လူတိုင်း

တွက် ဆောင်ရွက်ပေးနေပါတယ်”။

တစ်ကယ်ဘဲ၊ စိတ်ဝင်စားစရာကောင်းပါတယ်။ အဆောက်အဦ၏ အပြင်ဘက်

ထွက်သွားကြကာ သူက တံခါးတွေကို ပိတ်လိုက်သည်။ တရုတ်များနှင့်ထိတွေ့ဖို့

နည်းဗျူဟာကို မာလျာနှင့် ကျွန်တော် အတည်ပြုခဲ့သည်မှာ ရက်သတ္တပတ်မျှသာ ရှိသေး

သည်။ ယခုမူကား ကြိုးစားပန်းစား မပြုနိုင်သေးသည့်တိုင်အောင် ဘုရားသခင်

အာဖရိကတိုက်ကို အခြေပြုသော စာအုပ်ပုံနှိပ်ထုတ်ဝေသူ တွေ့ရှိဖို့ ကျွန်တော်တို့

ပထမဆုံး အဓိကလိုအပ်ချက်၏အဖြေကို ပေးသနားတော်မူလေပြီ။

ရှေ့အပတ်တွင် အာဖရိကလူငယ်မြောက်များစွာသည် ဘုရားသခင်နှင့် ထိတွေ့

၍ သာသနာပြုဖို့ စိတ်လှုံ့ဆော်မှုရရှိကြသည်ကို မြင်ခဲ့ရပါသည်။ သို့သော်

ကိစူမူမြို့၌နေရသည့်အချိန်တွင် ကျွန်တော့်စိတ်ကို အလှုပ်ရှားဆုံးဖြစ်စေသောအရာ

မှာ သာသနာပြုအဖွဲ့၏ ပုံနှိပ်ထုတ်ဝေလုပ်ငန်းကို တွေ့ရှိခြင်းဖြစ်သည်။ ဤမြို့တွင်

ရက်သတ္တပတ်နေစဉ်တွင် စာအုပ်ထုတ်ဝေရေး တာဝန်ခံနှင့် ညှိနှိုင်းကြရာတွင် အဖုံးနီ

တရုတ်စာဖြင့် ရေးသားထားသော ဝမ်းမြောက်ဖွယ်သတင်းကောင်း ခရစ်ဝင်စာအုပ်အုပ်

ရေ (၁၀၀၀၀)ကို ဈေးသက်သက်သာသာနှင့် ပုံနှိပ်ပေးဖို့ သဘောတူကြပါသည်။

ဆိုင်မွန်မာလျာနှင့် ပြုခဲ့သည့် ကတိဝန်ခံချက်ကို အကောင်အထည်ဖော်နိုင်ရန် ကျော်လွှားဖို့

အတားအဆီး အခက်အခဲ နှစ်ခုသာကျန်ပါတော့သည်။ ညီအစ်ကိုကြီးအင်ဒရူး၏ခွင့်ပြု

ချက်နှင့် ပုံနှိပ်စရိတ်အတွက် လိုအပ်သော ကင်ညာသုံးငွေပမာဏကို ရရှိရန်ဖြစ်သည်။

ကိစူမူမြို့တွင် ရက်သတ္တပတ်တစ်ပတ် ကုန်ဆုံးသွားသောအခါ ဂါနာနိုင်ငံသို့

ဆက်သွားကြကာ ကမ္ဘာပတ်သာသနာပြုအဖွဲ့နှင့် လမ်းကြောင်းခွဲကာ ကျွန်တော်သည်

ဆွီဇာလန်သို့ပြန်သွားပါသည်။ ယင်ကောင်ပေါများ၊ အပူဒဏ်ပြင်းထန်အနံ့ဆိုး၍ ဖုံထူ

ထပ်သော အာဖရိကတိုက်မှ ခွဲခွာ၍ ဥရောပမြေကို ပြန်လည်နှင်းမိသောအခါ ထူးဆန်း

သလို ခံစားမိပါသည်။ လူမည်းအုပ်ထဲတွင် ထူးဆန်းစွာ မျက်နှာဖြူအဖြစ် ထင်ပေါ်မည့်

စည်းကမ်းတကျရှိသော ဂျီနီဗာလေဆိပ်ရှိ လူအုပ်ထဲသို့ အညတရတစ်ယောက်

အဖြစ် လိုက်ပါလာသည်။ လောဆန်နီမြို့သို့ပြန်ရောက်သောအခါ ဧဝံဂေလိကျောင်း

တက်ရောက်ချိန်က အဖော်များနှင့် ပြန်လည်ပူးပေါင်းမိသည်မှာ ထူးဆန်းနေပါသည်။

မိမိတို့အတွေ့အကြုံများကို စိတ်အားထက်သန်စွာ ဖလှယ်ကြပါသည်။

ပါရီမြို့လမ်းမပေါ်တွင် ဂျွိုင်း၏ဝိညာဉ်ရေးရာ အောင်မြင်မှုအသေးစိပ်နှင့်ဂျာမနီတွင် ဒွန်၏အောင်မြင်

ခြင်းအကြောင်းကို ကြားရပါသည်။ ဖရန်ကို ကြီးစိုးသော စပိန်ပြည်၌

ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ဟောပြောဖို့ ကြိုးစားအားထုတ်ရာတွင် ရင်ဆိုင်ခဲ့

သည့် စိန်ခေါ်မှုများကို အဲလ်က ပြောပြသလို ပိုနေမြဲကျားနေမြဲ ရှိနေမှုကို ပိုမိုလိုလား

ဟန်ရှိသော အင်္ဂလိပ်လူမျိုးနှင့် ထိတွေ့ရန် ကြိုးစားအားထုတ်ခဲ့သည့် အကြောင်းကို

အနာက ပြောပြပါသည်။ ကျွန်တော့်အလှည့်တွင်မူ အာဖရိကတိုက်ထဲက စွန့်စားခန်း

ပြောပြသောအခါ စိတ်အာရုံကပ်၍ အံ့အားသင့်နေကြပါသည်။

ဖတ်ဖို့စာ အမြောက်အမြားရောက်ရှိနေသည်။ ၎င်းစာထဲက ဘဝင်အကျဆုံး

စာကတော့ ဘူလ်ဂေးရီးယားမှ ပို့စကတ်လေးတစ်ခုဖြစ်သည်။ ဆိုဖီယာမြို့က

သင်းအုပ်ဆရာထံမှလာသော စာဖြစ်ပြီး မှာထားသည့် အတိုင်း ရေးထားသော စာသားမှာ

ဘူလ်ဂေးရီးယားတွင် မိုးလေ၀သကောင်းပါသည်”မျှသာဖြစ်သည်။ သမ္မာကျမ်းစာ

တင်သွင်းရာတွင် ခံစားခဲ့သော ကိုယ်စိတ်နှစ်ပါး ဆင်းရဲမှု၊ ငွေကြေးကုန်ကျမှုနှင့် ဝိညာဉ်

တိုက်ပွဲ ဝင်ခဲ့ရသည့် ဒုက္ခဟူသမျှကို ဤအနည်းငယ်သော စာသားက ထိုက်တန်စေခဲ့

လေသည်။ရှေ့တွင် ဆောင်ရွက်ရဦးမည့် တာဝန်များအတွက် ယုံကြည်ခြင်းကို ကျားကန်ပေးလေသည်။

ကျောင်းသူကျောင်းသားတိုင်းသည် အနာဂတ်အတွက် ကိုယ်ပိုင် အကြံအစည်ရှိ

ကြသည်။ ဂျွိုင်းသည် ပြင်သစ်သို့ တစ်ခေါက်သွားဦးမည်။ အဲလ်သည် စလာဗစ်လူမျိုး

(ရုရှားမျိုးနွယ်)သို့ သွားလိုစိတ် ပေါက်နေသည်။ ဇွန်နှင့်ဒီယွန်တို့က ဂျာမနီပြည်

မြူးနစ်မြို့တွင် ကျင်းပမည့် အိုလံပစ်အားကစားပွဲတော်နှင့် ကြုံကြိုက်အောင် ဝမ်းမြောက်

ဖွယ်သတင်းကောင်းကို အကြီးအကျယ် ဟောပြောဖို့ ရူပါရုံမြင်ကြသည်။ တစ်နှစ်ကျော်

နှစ်နှစ်နီးပါး စောင့်ကြဦးမည်။ ဤအားကစားပွဲတော်တစ်ခုတည်းအတွက် ကမ္ဘာအရပ်ရပ်

လူငယ်ထောင်နှင့်ချီကာ လာရောက်ကြမည်ဖြစ်သဖြင့် ဝိုင်အမ်(YWAM) တာဝန်ယူခ

ခဲ့ဖူးသော အကြီးမားဆုံး ကမ်းလှမ်းပွဲကြီးတစ်ရပ်ဖြစ်ပါမည်။ ဤအကြောင်းကြောင့်

နှစ်တကျ ကြိုတင်စီမံခွဲခန့်မှု လိုအပ်ပါလိမ့်မည်။ ရီအိုနာကတော့ ဆွေဇာလန်တွင်

နေဦးမည်ဟု ဆိုသော်လည်း မကြာမီ အင်္ဂလန်သို့ ပြန်သွားရန် စိတ်ကူးနေပါသည်။

ပြန်လည်ဆုံစည်းလာကြသည့်အခါ ရူပါရုံများဝေငှကြ၍ အယောက်တိုင်း၏

ရှေ့လုပ်ငန်းစဉ်ကို အချင်းချင်း အသိပေးကြကာ အပျော်ကြီး ပျော်မိကြသည့်သကာ

လ ဤဧဝံဂေလိသင်တန်းကျောင်းတွင် ပြန်လည်ဆုံစည်းကြသည်။ နောက်ဆုံးရက်များ

အတွင်း ကျွန်တော့်အတွက် သဘောအကျဆုံးသော ပြန်လည်ဆုံတွေ့ခြင်းမှာ ညီအစ်ကို

ကြီးအင်ဒရူးနှင့်ဖြစ်ပါသည်။ သင်တန်းဆင်းပွဲတွင် သူမိန့်ခွန်းပြောကြားမည်ဟု သိရှိ

သောအခါ အထူးဝမ်းသာအားရဖြစ်မိပါသည်။ သောကြာနေ့ ညနေပိုင်းတွင် သူရောက်

ရှိလာပြီဟု ကြားသိသောအခါ လိုက်ရှာရာ အောက်ထပ်ထမင်းစားခန်းတွင် တွေ့ပါသည်။

“ရုဒီ ၊တွေ့ရတာဝမ်းသာပါတယ်ကွာ”။ သူ့ကော်ဖီခွက်ကို ဘေးချထားကာ

ကျွန်တော့်ကို ဖက်ရမ်းသည်။ ဘယ်ခရီးစဉ်မှာပါသွားသလဲ”ဟု ဆက်၍ မေးလေသည်။

“အဓိကတော့ ယူဂန္ဒာမှာပါ “ဟု ပြောရင်း သူ့နားတွင် ဝင်ထိုင်လိုက်ပါသည်။

မျက်ခုံးများကို ပင့်လာသည်။

“အာဖရိကဟုတ်လား၊ ပြောစမ်းပါဦး။ အစမှအဆုံး အသေးစိတ်ကို ပြောပြ

သည်။ အိန္ဒိယပြည်မှာ ဆရာကြီးဖလွိုက်အား သူ့ဝေဖန်သုံးသပ်ချက်ကိုပဲ တန်ဇမ်

မီးရထားစီမံကိန်းမှာ အလုပ်လုပ်နေကြသော တရုတ်များထံသို့ သွားလိုသောစိတ်

ပေါ်လာအောင် ဘုရားသခင် အသုံးပြုတော်မူပုံကို သူ့ကို ပြန်လည်ဖောက်သည်ချပြပါ

သည်။ ဒါရက်ဇလပ်သို့ သွား၍ ဆိုင်မွန်မာလာနှင့် အံ့သြစွာ တွေ့ဆုံသည့် အကြောင်း

ဤတရုတ်စီမံကိန်းတွင် သူပါဝင်လိုသည့် အကြောင်းကို ကျွန်တော်ပြောပြခဲ့ပါသည်။

“အံ့သြစရာပဲ”ဟု သူက အားပေး၍ “အကြီးအကျယ်လုပ်ရမည့် သဘောပဲဟုပြောပါသည်။

သို့သော ပြည်မတရုတ်များဆီကို ဝမ်းမြောက်ဖွယ် သတင်းကောင်း ယူသွားဖို့ထက်တော့

အာဖရိကတိုက်ရောက်နေတဲ့ တရုတ်များဆီကိုရောက်ဖို့ က များစွာ ပိုမိုလွယ်ကူပါလိမ့်

မည်။ ကျွန်တော် ကူညီနိုင်တဲ့ နည်းလမ်းများရှိရင် သိပါရစေ” ဟု ပြောလေသည်။

ကျွန်တော် အသက်ပြင်းပြင်းရှုလိုက်သည် ။ မလွယ်ကူသော ကိစ္စတစ်ခု ပေါ်လာ

သည်။ ကိစူမူမြို့ပုံနှိပ်တိုက်တွင် ရှင်ယောဟန်ခရစ်ဝင်ကို တရုတ်စာဖြင့် ပုံနှိပ်ပြီး

အဖုံးနီနီအုပ်ရေ(၁၀၀၀၀) ပုံနှိပ်ပေးရန် မိမိသဘောဖြင့် တာဝန်ယူခဲ့ပြီးဖြစ်သည်။ ညီအစ်

ကိုကြီးအင်ဒရူး၏ခွင့်ပြုချက်ကို ရှေးဦးစွာ ရယူသင့်သည်ဟု ပြန်လည်စဉ်းစားမိသည်။

“ဘယ်လိုပဲဖြစ်ဖြစ် အရဲစွန့်ကာ ကောင်းပါပြီ ဆရာကြီး ကူညီနိုင်တဲ့နည်းလမ်း ရှိပါ

တယ်။” ကျွန်တော်တို့ မျက်လုံးချင်းဆုံမိကြသည်။

“ဘယ်ပုံဘယ်နည်းနှင့်လဲ ရုဒီ”။

“အာဖရိကတိုက်တွင် ရောက်ရှိနေတဲ့ တရုတ်များနှင့်ထိတွေ့ဖို့ အကောင်းဆုံး

နည်းဗျူဟာကို တိုင်ပင်ဆွေးနွေးတဲ့အခါ ဆရာကြီးရဲ့ ဥက္ကဋ္ဌမော်ပုံစံ စာအုပ်ငယ်လေး

များကို သတိရစဉ်းစားမိပါသည် ။ အာဖရိကတိုက်မှာ အဲဒီစာအုပ်နီနီပုံစံ ပုံနှိပ်ရင်ကော

ဆရာကြီးဘယ်လိုသဘောရှိသလဲ။ သူက အတော့ကို စဉ်းစားခန်းဝင်နေပါသည်။

ကျွန်တော် ရင်တထိတ်ထိတ်နှင့် စောင့်နေပါသည်။ ငြင်းများငြင်းနေမည်လား။ ငြင်းဆန်

မည်ဆိုလျှင် သူ့မှာလုပ်ပိုင် ခွင့် ရှိနေသည်။

သင်“ဘယ်မှာပုံနှိပ်မလို့လဲ” ဟု သူက စုံစမ်းသည်။ဝိတိုရိယာအိုင်ကြီးအနီး ကိစ္စမူမြို့မှာ စီးပွားဖြစ် ပုံနှိပ်တိုက်တစ်ခုကိုခြံဝင်းထဲမှာရှိနေတယ်။ ကျွန်တော် ညှိနှိုင်းခဲ့ပြီ။ အုပ်ရေ(၁ဝဝဝဝ)ပုံနှိပ်ပေးပါမယ်လို့ပြောပါတယ်။ သူ့မျက်လုံးပြူးလာသည်။

“ဟုတ်လား၊ တကယ်လား”။ ကိုယ့်နှုတ်ကို ကိုယ်ပြန်ပိတ်ချင်စိတ် ပေါက်လာ

သည်။ အပြောများလွန်သွားသလား။ အုပ်တစ်သောင်းပုံနှိပ်ဖို့ ဘယ်လောက်ကုန်ကျမယ်

တဲ့လဲ။ သူကမေးသည်။ ကိစ္စမူပုံနှိပ်တိုက်တာဝန်ခံများ ပြောပြသည့်အတိုင်း ကျွန်

ကို ကြည့်ပြောပြသည်။ သူ့ခေါင်းကို တဖြည်းဖြည်းညိတ်၍ ကျွန်တော့်ကိုကျော်ပြီး ပြတင်းပေါက်

ကာ သူ့ကော်ဖီခွက်ပေါ်ကို အမှတ်တမဲ့ လက်ညှိုးဖြင့် ခေါက်ရင်း အာခေါင်ထဲတွင်

အသံပြုလေသည်။ ဟိမ်ဟိမ်ဟိမ်း။

ကျွန်တော်ရေငုံနုတ်ပိတ်လုပ်နေသည်။ သို့ သော်လည်း ကျွန်တော့်နှလုံးသည်

သူ့လက်ခေါက်သံနှင့် စည်းဝါးလိုက်အောင် ခုန်နေသည်။ သူ့ခွင့်ပြုချက်မရမီ ပုံနှိပ်

တိုက်နှင့် အစီအစဉ်ပြုလုပ်ခဲ့သည်မှာ ရဲတင်းလွန်းသည်ဟု သဘောထားမိမည်လား။

ထာဝရကာလရှည်သလို ထင်မိသော်လည်း တစ်အောင့်လောက်ကြာသောအခါ တည့်

တည့်စိုက်ကြည့်ကာ ဖြစ်နိုင်မယ်ထင်တယ်။ ကင်ညာမှာ အဲဒီစာအုပ်နီများကို ပုံနှိပ်ဖို့

ခင်ဗျားဆက်လက်ပြီး စီစဉ်ပါ တံခါးဖွင့်သာသနာပြုအဖွဲ့ (open doors)မှ အစွန်းအစ

ကို ကောက်ယူမယ်ဟု ပြောသောအခါ ကျွန်တော်သည် အံ့ဩ၍ ပါးစပ်ဟောင်းလောင်း

နှင့် သူ့ကို ပြန်ကြည့်နေပါသည်။

“ဆရာကြီးက ဘာလုပ်မယ်” ကျွန်တော် ဖျာယာခတ်၍မေးသည်။

“ငါတို့အဖွဲ့ က ကုန်ကျစရိတ်ကိုပေးမယ်” ဟု အေးဆေးစွာ ပြန်ပြောလေသည်။

“တစ်ကယ်ပြောသလားဆရာကြီး။ ကုန်ကျစရိတ်နည်းတာမဟုတ်ဘူးနော်။

လက်ခံရန် အားနာ၍ ပြန်မေးသည်။

“ငါသိပါတယ်။ ဒါပေမဲ့ တံခါးဖွင့် သာသနာပြုအဖွဲ့ လုပ်ချင်တာက မဖြတ်

ကျော်နိုင်တဲ့ နယ်စွန်နယ်ဖျားကိုကျော်ပြီး ဝမ်းမြောက်ဖွယ်သတင်းကို ပို့ဖို့ ဖြစ်တယ်။

အာဖရိကတိုက်မှာ ခင်ဗျား ကြိုးစားအားထုတ်နေတဲ့ကိစ္စဟာ တန်ဖိုးမဖြတ်နိုင်ဘူး။ ငါတို့

တတ်နိုင်သလောက် ခင်ဗျားကို ကူညီချင်တယ်။ သူ့ သဒ္ဒါတရားပြည့် ဝမှုကြောင့်

ကျွန်တော် အံ့သြ၍မဆုံး ကြက်သေသေကာ သူ့ကို ကြည့်နေမိပါသည်။

“စာအုပ်များကိုပုံနှိပ်ဖြစ်အောင် နှိပ်ပြီးလျှင် ကုန်ကျစရိတ်စာကိုသာ ငါတို့

ဆီပို့ခိုင်းလိုက်ပါ”ဟု စာအုပ်ငယ်အုပ်ရေ(၁၀၀၀၀)ကို ပုံနှိပ်ဖို့ ကုန်ကျစရိတ်ကို ခံပေး

မည့်အရေးကို ရေခဲချောင်းတစ်ချောင်း ဝယ်ပေးမည့် လေသံမျိုးဖြင့် အမှုမဲ့အမှတ်မဲ့ ပြော

လေသည်။

ကျွန်တော်တို့ အနေနှင့် တရုတ်ကွန်မြူနစ်များလက်ထဲသို့ မရောက်ရောက်

အောင် ပို့ပေးဖို့ အစွမ်းကုန်ကြိုးစားပါမယ်ဟု ကျွန်တော် အာမခံလိုက်ပါသည်။ ကျေးဇူး

အများကြီးတင်ပါတယ်။

ဖြတ်ကျော်ဖို့မလွယ်ကူဟု ယူဆရသော အတားအဆီးများကို ဘုရားသခင်သည်

လွယ်ကူစွာ ဖြိုဖျက်တော်မူသည်မှာ အံ့သြစရာကောင်းပါသည်။

ပထမ ဘုရားသခင်၏ချစ်ခြင်းမေတ္တာဥပဒေကို သူ့နိုင်ငံတော်၏တားမြစ်သော ဥပဒေကို တရုတ်ကွန်မြူနစ်အလုပ်သမားများ မထိတွေ့ရဟူသော နိုင်ငံတော်၏ တားမြစ်ချက်ဥပဒေကို မမူသော

ရဲဝင့်သည့် ကင်ညာနိုင်ငံသား ခရစ်ယာန်ဆိုင်မွန်မာလျာကို ပေးတွေ့ စေခြင်းဖြစ်သည်။

ဒုတိယ ကုန်ကျစရိတ် အသက်သာဆုံးဖြင့် ၎င်းစာပေကို ပုံနှိပ်ပေးလိုသော ကင်ညာ

နိုင်ငံ၌ ပုံနှိပ်သူတစ်ယောက်ကို ပြင်ဆင်ပေးတော်မူခြင်းဖြစ်သည်။ တတိယမှာ တံခါးမှာ

သာသနာပြုအဖွဲ့သည် ရှင်ယောဟန်ခရစ်ဝင်ကို တရုတ်ဘာသာဖြင့် အဖုံးနီနီ

ထုတ်ဝေဖို့ ခွင့်ပြုရုံမကဘဲ ကုန်ကျစရိတ်အားလုံးကို ကျခံရန် စိတ်ဆန္ဒ

ရှိစေတော်မူခြင်းတို့ ဖြစ်ပါသည်။ ယေရှုသည် ညွန်ကြားတော်မူသည့် အခါ ကျွန်တော်တို့သည်

ရှင်ပေတရုကဲ့သို့ လှေထဲမှ ခုန်ချဖို့နာခံမှရှိလျှင် ဘုရားသခင်သည် မဖြစ်နိုင်သော

အရာများကို အစွမ်းအစ ပြတော်မူမည်ဖြစ်သည်။ ကျွန် တော်တို့ ၏အစွမ်းအစဖြင့်

မပြုလုပ်နိုင်သော ရေပေါ်တွင် လမ်းလျှောက်ခြင်းကို တတ်နိုင်စေတော်မူပါမည် ။ မဖြစ်နိုင်

ဘူးဟု လူသားများက ပြောစေကာမူ၊ ဘုရားသခင်အတွက် ခက်ခဲလွန်းသော အမှုအရာ

မရှိပါ။

ညီအစ်ကိုကြီးအင်ဒရူး၏ ပေးကမ်းစွန့်ကြဲမှုသည် တရုတ်များနှင့်ထိတွေ့

တာဝန်ယူခြင်းအတွက်သာမကဘဲ အာဖရိကတိုက်တစ်ခုလုံးတွင် သာသနာပြုဖို့ ရွေး

ကောက်တော်မူခြင်းအတွက်ပါ အရှိန်အဟုန်အသစ် ရရှိစေလေသည်။ ရှေ့လ လေးလ

လုံးလုံး မဟာဗြိတိန်အပါအဝင် ဥရောပတစ်ခွင်လုံးတွင် ခရီးနှင်ကာ ဘုရားရှိခိုးကျောင်း

တွင်လည်းကောင်း၊ လူငယ်အစည်းအဝေးတွင်လည်းကောင်း၊ စခန်းချလေ့ကျင့်ရာ

ကျမ်းစာသင်ကျောင်းများတွင်လည်းကောင်း အာဖရိကတိုက်၌ ဝမ်းမြောက်ဖွယ်သတင်း

ကောင်း ဟောပြောဖို့ အခွင့် အလမ်း၌ ပါဝင်မှုအကြောင်းကို ဝေငှ၍ ယုံကြည်သူများ

တိုတောင်းသော အမှုဆောင်လုပ်ငန်းတွင် ပါဝင်ရန် လိုအပ်သည့်အကြောင်းကို နိုးဆော်

ခဲ့ပါ သည်။

ဤကဲ့သို့ အမှုတော်ဆောင်ရန် အထူးအရည်အချင်းရှိသော လူများကို မလိုပါ။

ပျောက်ဆုံးသောဝိညာဉ်များအား ကယ်တင်ခြင်းသတင်းကောင်းနှင့် ထိတွေ့ ကမ်းလှမ်း

ပြင်းပြသောစိတ်ဆန္ဒကိုသာ လိုအပ်ပါသည်။ လူများများ စည်းရုံးစုဆောင်းနိုင်

ကောင်းလေဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အွတ်လာဟိုးမားပြည်နယ် တူလ်

အိုရဲလ်ရောဘက်တက္ကသိုလ်တွင် ကျွန်တော် စကားပြောခွင့် ရတုံးက တရုတ်ပြည်

သွားရန် ရူပါရုံဖြင့် ပြင်ဆင်နေခဲ့သော ကျောင်းသားများကိုရှာရန် တိုက်တွန်းခြင်းခံခဲ့ပါ

သည်။ငါးကွန်များသည် တင်းကြပ်စွာ ပိတ်ထားတုံးရှိနေသေးသော်လည်း တစ်နေ့သော

တွေ့ရှိရပါသည်။ တန်ဇန်နီးယားတွင် တံခါးပွင့်နေပြီဟု စိန်ခေါ်သည့်အခါ နှစ်ယောက်က

စိတ်ထက်သန် စွာကတိပြုကြလေသည်။

ဤလေးလကာလတွင် ရက်တို သာသ နာပြုဖို့ စုဆောင်းရာတွင် လုပ်ရည်

ကိုင်ရည် စံပြုထိုက်သူတစ်ဦးမှာ ကိုယ်န္ဓာတောင့်တောင့် စာရင်းစစ် ကျွမ်းကျင်

သောအမျိုးသား အိုင်ယင်မိုယာဖြစ်သည်။ အသက်နှစ်ဆယ်ကျော်သာရှိသော

အိုင်ယင်သည် သာသနာပြုရန် စိတ်ပါသော်လည်း အာဖရိကသို့ ကျွန်တော်နှင့် သွားရန်

သူ့အလုပ်မှ မည်ကဲ့သို့ လွတ်ကျွတ်နိုင်မှန်းမသိရှာပါ။ ကျွန်တော်သည် အိုင်တင်နှင့်

သူ့မိခင်ကို နေထိုင်ကြသော ဧဒင်အတ်မြို့တွင် ရောက်ရှိနေခိုက်ဖြစ်ပါသည်။

“ရေရှည်လုပ်ဖို့ မလိုပါဘူးအိုင်ယင်ရယ်” ဟု စိန်ခေါ်ရင်း မီးဖိုထဲက ငြိမ်းစပြု

နေသော မီးခဲပေါ်တွင် အေးစက်နေသောလက်များကို နွေးထွေးစေနေပါသည်။ အိုင်ယင်

တို့၏ဘုရားရှိခိုးကျောင်းမှ ပြန်လည် ရောက်ခါစဖြစ်သည်။ သူက မီးသတ္တုတုတ်

ချောင်းကို ကောက်ယူ၍ မီးသွေးများရဲ့တောက်လာအောင် ဆွပေးနေပါသည်။ မီးဖို

ဆိုသည်မှာ ထမင်းချက်သော မီးဖိုမဟုတ်ပါ။ (ဧည့်ခန်းထဲတွင် မီးလုံသည့် မီးဖိုခန်း

ကို ဆိုလိုပါသည်၊ ဘာသာပြန်သူ)

ဆရာပြောပြတဲ့ အတွေ့အကြုံများကို ကြားသည့်အခါ စိတ်နှလုံးလှုပ်ရှားလာပါတယ်။ လာမည့် နှစ်မှာ ဆရာတို့အဖွဲ့မှာ ပါဝင်ချင်ပါတယ်၊ ဒါပေမဲ့

“ဒါပေမဲ့ ဘာဖြစ်လဲ အိုင်ယင်”ဟု သူ့မိခင်လှမ်းပေးသော အ ငွေ့ထောင်း ထောင်းထွက်သည့် လဘက်ရည်ခွက်ကို လက်ခံရင်း မေးလိုက်သည်။ မင်းအလုပ်ရှင်က ခွင့် သုံးလတောင် မပေးနိုင်ဘူးလား။

ပေးမှာပါ၊ ဒါပေမဲ့ဘာဒါပေမဲ့ လုပ်ပြန်ပြီလဲ။ ခင်ဗျားကို တားဆီးနေတာ ငွေးရေးကြေးရေးလား ။ငွေရေးကြေးရေးမဟုတ်ပါဘူး။ လုံလုံလောက်လောက်တော့ ရှိပါတယ်။ မီးဖိုနားသို့ လာထိုင်သော သူ့မိခင်ကိုကြည့်နေသည်။ မိခင်သည် မုဆိုးမဖြစ်နေသည်မှာ နှစ်ပေါင်းကြာပြီဖြစ်သည့်အတွက် သူ့အားတစ်ဦးတည်းကို အားကိုးနေရှာသည်“အမေ့အတွက် စိတ်မပူပါနှင့် သားရယ်၊ အမေအဆင်ပြေမှာပါတဲ့ ဟုဝင်ပြောသည်။

ဒါပေမဲ့ တစ်ခုခုဖြစ်တဲ့အခါ သူ့ သားစကားကိုဖြတ်ပြီး တစ်ခုခုဆိုလျှင်

ကူအညီပေးဖို့ မိတ်ဆွေနှင့်အိမ်နီးချင်း အများကြီးရှိတယ်။ အချိန်မရွေးကူညီနိုင်တယ်။

အိုင်ယင်သည် မီးဖိုကိုငေးကြည့်နေသည်။ ခွက်ကိုကိုင်ရင်းဘာမျှ မပြောသေးဘဲ

ထိုင်နေပါသည်။ အေးလွန်း၍ တောင့်တင်းနေသော လက်ချောင်းများကို နွေးထွေးစေရန်ပူနေသောခွက်ကို လက်ဖဝါးနှစ်ဘက်ဖြင့် အုပ်၍ ကိုင်နေပါသည်။ အိုင်အင်၏ စိတ်

နှလုံးထဲက လွန်ဆွဲပွဲကို စိတ်ထဲတွင် မြင်ယောင်မိပါသည်။ အာဖရိကတိုက်ဆိုသည်မှာ

လူသိမများသေးသော တိုက်ဖြစ်သည်။ သူ့မိခင်က အဆင်ပြေလိမ့်မည်ဟု ပြောဆို

တိုင်အောင် သူ့အပေါ် မည်မျှ အားကိုးအားထားပြုနေသည်ကို သိရှိနားလည်ပါသည်။

ငွေကြေးခက်ခဲမှုလည်း ပါလိမ့်မည်ဟု ကျွန်တော်ယူဆသည်။ လေယာဉ်လက်မှတ်နဲ့

ဈေးချိုသည်မဟုတ်၊ စုဆောင်းထားသော ငွေလုံလောက်သည်ဟု ဆိုသည့်တိုင်

အလုပ်မှ သုံးလပျက်ကွက်လျှင် အကျိုးခံစားခွင့်များ ဆုံးရှုံးမည်ကို စာရင်းစစ်တစ်ယောက်

အနေဖြင့် ကောင်းစွာ သိရှိနားလည်ပါသည်။

သို့သော် မီးဖိုထဲက သူဆွပေးနေသော မီးသွေးခဲများကဲ့သို့ သူ့စိတ်ရူပါရုံသည်

လှုပ်ရှားလျက်ရှိနေသည်။ ၎င်းညဝတ်ပြုစည်းဝေးတွင် ဘူလ်ဂေးရီးယားပြည်ထဲ

ရော်လီနှင့်စွန့်စားခန်း၊ ဆိုရိုတီမြို့တွင် တွေ့ကြုံခဲ့သော ဝိညာဉ်တိုက်ပွဲအောင်မြင်မှု

နိုးထမှု မကြာမီက အရှေ့ဂျာမနီနှင့် မော်စကိုမြို့သို့ ရက်သတ္တပတ်တစ်ပတ်ကြာအောင်

ကျမ်းစာအုပ် တင်သွင်းသည့်အကြောင်းတို့ကို ပြောပြခဲ့ပါသည်။ ကျွန်တော် စကား

ပြောနေစဉ်တွင် အိုင်ယင်၏တုံ့ပြန်မှုကို ထူးထူးခြားခြား သတိပြုမိပါသည်။ မျက်တောင်

ပင် မခတ်ဘဲ ကျွန်တော့်ကိုစိုက်ကြည့်နေသဖြင့် ကျွန်တော်ပြောနေသော စကားတစ်လုံး

ချင်းတွင် မူးယစ်နေသည်ကို မြင်နိုင်ပါသည်။ သို့သော် အာဖရိကတိုက်အကြောင်း စ

၍ တရုတ်များထံ စေလွှတ်တော်မူခြင်းခံရပုံနှင့် ဆိုင်မွန်မာလျာနှင့် ဆုံမိသည့်အကြောင်း

ပြောပြသည့်အခါ သူ့မျက်လုံးများ အမှန်တစ်ကယ်ဖွင့်ဟလာသည်။ သာသနာပြုခြင်း

ဆိုသည်မှာ ယုံကြည်သူအယောက်တိုင်း ပါဝင်ရမည့် ကဏ္ဍတစ်ခုဖြစ်သည်ဟု ကျွန်တော်

စိန်ခေါ်သောအချိန်တွင် အိုင်ယင်သည် သူ့ထိုင်ခုံပေါ်တွင် ဖင်တစ်ခြမ်းသာထိုင်နေ

ပါသည်။ ပလ္လင်ရှေ့သို့သာ ဖိတ်ခေါ်ခြင်းပြုလျှင် သူသည် ရှေ့ဆုံးမှ တက်လာမည်။

ကျွန်တော် တထစ်ချ ယုံကြည်ပါသည် ။

ယခု ဘုရားရှိခိုးကျောင်းထဲက လတ်တလော စိတ်ထကြွ ထက်သန်

သွားပြီးဖြစ်သည့် အားလျှော်စွာ အိုင်ယင်သည် အာဖရိကတိုက်သို့ သုံးလကြာ

သာသနာပြုအဖွဲ့တွင် ပါဝင်၍ အကျိုးအမြတ်ရရှိမည့် အပေါ် ချိန်ဆကာ စိတ်ပြောင်းလာသည်။

“ခြေလှမ်းဖို့ စိတ်ပူနေတာမဟုတ်ဘူးလား” ဟု ဇဝေဇဝါ ဖြစ်နေသော သူ့စိတ်

ပြန်ပေးရန် ပြောလိုက်ပါသည် ။ ပုံမှန်လုပ်နေကျ အလုပ်က ထွက်လှမ်းဖို့ စိတ်ပူ

တယ်မဟုတ်ဘူးလားဟု ထပ်မေးရာ သူသည် တစ်ဟုန်ထိုးတောက်နေသော မီးသွေး

ကို ကြည့်ရင်း ပြသနာအစစ်ကို ငြိမ်သက်စွာ ဝန်ခံလေသည်။ရုတ်တရက်ထွက်ပြီး စိတ်အလိုဆန္ဒလိုက်ဖို့ သတ္တိလိုနေတယ်။ခင်ဗျားတတ်နိုင်ပါတယ်၊ အိုင်ယင်ရယ်၊ သွားဖို့စိတ်ဆုံးဖြတ်လိုက်ရင် ဖြစ်လာ

မှာပါဟု ကျွန်တော် အားပေးတိုက်တွန်းသည်။

“ရခဲ အခွင့်အလမ်းတစ်ခုပါ၊သားရယ်”ဟု သူ မိခင်က အားပေးလေသည်။

ဖြည်းညင်းစွာ ခေါင်းညိတ်နေသည်။

ဆရာကြီးရုဒီရဲ့ ကမ်းလှမ်းချက်ကို လေးလေးနက်နက် စဉ်းစားမှာပဲ။

“ဆရာကြီး ပြောပြတဲ့တရုတ်များကို ကျွန်တော့်စိတ်ထဲက ဖျောက်လို့မရဘူး”

သူညည်းညူနေသည်။ အေးခါနီးသော သူ့ကော်ဖီခွက်ကို ကောက်ယူ၍

သက်ပျင်းချလိုက်ကာ မီးဖိုထဲကို ငေးကြည့်ပြန်လေသည်။ တစ်ဖန် သူ့ခွက်ကို စားပွဲပေါ်

ထားပြီး ကျွန်တော့်ဘက်ကိုလှည့်သည်။ သူ့မျက်လုံးများ တောက်ပလာသည်။

အာဖရိကတိုက်သို့ ကျွန်တော် လိုက်ပါမယ်

ဝန်ခံချက်ပြုလုပ်ပြီးသည့်နောက် သူ့ကို ဆီးတား၍ မရတော့ပါ။ အဖြစ်မှန်

အတိုင်း ပြောမည်ဆိုလျှင် နောက်တစ်နေ့နံနက် ကျွန်တော်ခရီးပြန်ထွက်ဖို့ အဆင်သင့်

ဖြစ်သောအချိန်တွင် သူသည် စိတ်ထက်သန်လွန်းသောကြောင့် သုံးလအစား လေးလ

ခွင့်ယူ၍ အဖွဲ့သားများ မစုံလင်မီ တစ်လစော၍ ဖေဖော်ဝါရီလတွင် နိုင်ရိုဘီမြို့၌

ကျွန်တော်နှင့်ဆုံစည်းကြရန် ဆုံးဖြတ်လေတော့သည်။

အိုင်ယင်၏ဆုံးဖြတ်ချက်သည် လူသစ်အနေဖြင့် ကြီးမားသော တာဝန်ခံခြင်း

ဖြစ်သည်။ အချိန်နှင့်ငွေကြေးကုန်ကျမှု ခံရုံသာမကဘဲ ပညာသင်ကြားနေသော လူငယ်

တချို့အတွက် ပညာသင်ကြားလေ့လာမှုကို ခေတ္တရပ်ဆိုင်းရာရောက်ပါသည်။ အမှုထမ်း

များအတွက် အလုပ်ပြန်ဆင်းသည့်အခါ မူလနေရာ၊ ရာထူးအဆင့်ပြန်ရဖို့ အာမခံချက်မ

ရှိပါ။ အိုင်ယင်အပါအဝင် အနည်းငယ်အတွက် ရက်တိုသာသနာပြုရာမှ ရာသက်ပန်

သာသနာပြုခြင်းသို့ ကူးပြောင်းတတ်သည်။ မည်သို့ဆိုစေ သူတို့၏နှစ်သက်ရာ ရွေးချယ်

ခြင်း၏ အဆုံးသတ်လှုံ့ဆော်မှုများမှာ အာဖရိကတိုက်တွင် ပျောက်ဆုံးသောဝိညာဉ်

များကို ကယ်တင်ရာတွင် ပါဝင်လိုသောတမ်းတမှု၊ ယုံကြည်ခြင်းဖြင့် ပြင်ပလောကထဲ

သို့ ခြေလှမ်းရန် စိတ်တက်ကြွမှုနှင့် တရုတ်ကွန်မြူနစ်များထံသို့ ဝမ်းမြောက်ဖွယ်

သတင်းကောင်းကို ယူသွားရန် ထူးခြားသော အခွင့်အလမ်း ပေါ်လာခြင်းတို့ ကြောင့်

ဖြစ်လေသည်။

ဖေဖော်ဝါရီလတွင် အိုင်ယင်နှင့်ကျွန်တော် ခရီးထွက်ရန် အသင့်ဖြစ်နေချိန်

တွင် လာမည့်မတ်လ၌ ကျွန်တော်တို့နှင့် လာပေါင်းဖို့ မိမိတို့ကိုယ်ကို အပ်နှံပြီးသူ

ဦးရေမှာ(၂၀)ဖြစ်ပါသည်။ အမေရိကန်၊ဗြိတိသျှ ဆွီဒင်၊ဖင်လန်နှင့် ဂျာမနီ စသည်တို့

ပါဝင်သော လူမျိုးပေါင်းစုံအဖွဲ့ တစ်ဖွဲ့ဖြစ်သည်။ အသက်(၂၀)မှ(၃၀) နှစ် အထိဖြစ်ကြကာ

နောက်ခံသမိုင်းအမျိုးမျိုးရှိကြသည်။ တချို့မှာ ကောလိပ်ကျောင်းသားများဖြင့်

စာသင်ချိန်ကို ပစ်ထားသောသူများဖြစ်ကြသည်။ တချို့မှာ အသက်မွေးဝမ်းကျောင်း

ပညာ တတ်မြောက်သူများဖြစ်ကြကာ ၎င်းတွင်သူနာပြုတစ်ဦး၊ ကျောင်းဆရာ/ဆရာမ လင်မယား

တစ်တွဲနှင့် ရွေးစရာအခြေအနေများစွာထဲမှ ပါဝင်လာသည့် တစ်ဦးတည်းသော စာစီစာရိုက်

ကျွမ်းကျင်သူ အိုင်ယင်တို့ဖြစ်ကြသည်။

အာဖရိကတိုက်သို့ ကျွန်တော့်ပထမခရီးစဉ်နှင့် နှိုင်းစာလျှင် ယခု နိုင်ရိုဘီ

သို့ လေယာဉ်ဖြင့် ခရီးဆိုက်ရောက်ခြင်းသည် ကိုယ်အိမ်ကိုယ်ပြန်သလို ဖြစ်လာသည်။

အိုင်ယင်က နောက်သို့ တစ်ကောက်ကောက်လိုက်လာပြီး အာဖရိကတိုက်သားခရီးသည်

များကြားကို စိတ်ချယုံကြည်စွာ ကျွန်တော်တို့ တိုးဝင်သွားကြပါသည်။ ခရီးထွက်မည့်သူများ

အနားယူသောအခန်းထဲက လူအုပ်ထဲမှတိုးထွက်ကာ ပူပြင်း၍ ရှုပ်ထွေးသော နိုင်ရိုဘဲ

လေဆိပ်လမ်းမပေါ်သို့ အရောက်တွင် ခပ်တည်တည်ဖြင့် အငှားယာဉ်တစ်စီးကို ခေါ်

လိုက်ပါသည်။ သံချေးတက်နေပြီဖြစ်သော အငှားယာဉ်ပေါ်သို့ ပစ္စည်းများကို တင်ကြ

သည်။ မီးခိုးရောင်လက်ဆွဲအိတ်၊ အိုင်ယင်၏ပစ္စည်းစုံထည့်သေတ္တာတို့နှင့် အတူပါလာ

သော ပစ္စည်းတစ်ခုမှာ ယခင် ခရီးစဉ်များမှ စုဆောင်းခဲ့သော ဘာသာရေးစာပေ နမူနာ

များ ထည့်ထားသည့်သေတ္တာဖြစ်ပါသည်။ ၎င်းစာပေကျမ်းဂန်ထဲက တန်ဘိုးအရှိဆုံးမှာ

ညီ အစ်ကိုကြီးအင်ဒရူး၏ အဖုံးနီနီတရုတ်စာဖြင့် ရေးသားထားသော ရှင်ယောဟန်

ခရစ်ဝင်ဖြစ်သည်။ ခရီးရောက်ရောက်ခြင်း ကိစူမူမြို့သို့ သွား၍ ပုံနှိပ်ရန် စီစဉ်ထားပါ

သည်။ အခြားစာအုပ်လည်းပါလာသေးသည်။ ၎င်းထဲက စာအုပ်မှာ ကလေးများအတွက်

ဖြစ်၍ အမေရိကန်ပြည်ထောင်စုမှ ကောက်ယူလာခြင်းဖြစ်သည်။ အာဖရိကတိုက်

ဆွဟိလီလူမျိုး၏ ဘာသာစကားသို့ ပြန်၍ ၎င်းပုံနှိပ်တိုက်မှာပင်ပုံနှိပ်ထုတ်ဝေရန်

စိတ်ကူးထားပါသည်။

ကင်ညာအငှားယာဉ်မောင်းသမားသည် ရှုပ်ထွေးနေသော ကြော်ငြာများတွင်

ကျင်လည်စွာ မောင်းနှင်၍ ရှုပ်ပဲ့သောယာဉ်များ၊ ဖရဲသီးတင်သောကားများကို ကျော်တက်

ရန် ဟွန်းသံ တစ်အော်အော်နေရင်း၊ အာဖရိကတိုက်မြို့ကြီး၏ မြင်ကွင်း၊ အသီးနှံ

အနံ့တို့ကို အိုင်ယင် ပထမဆုံး ထိတွေ့ ခံစားပုံကို လေ့လာရန် သူ့မျက်နှာကို ကျွန်တော်

သေချာစွာ အကဲခတ်ကြည့်နေပါသည်။ “ဧဒင်ဘတ်မြို့နှင့် တော့ နည်းနည်းလောက်ကွာခြားမှာပေ့ါ

“ဟုတ်ကဲ့၊ နည်းနည်းမကဘူး ဆရာကြီး၊ အပူဒဏ်ကတော့ သိသိသာထူးခြားပါတယ်” ဟု ဆိုရင်း စိုစွတ်ပြီးသော သူ့လက်ကိုင်ပုဝါဖြင့် သူ့နဖူးကို သုတ်နေပါသည်။

တန်ဇန်နီးယားပြည် ဒါရက်စလမ်မြို့ရောက်သည့်အခါ ဘယ်လောက်ပူအိုက်တယ်

ဆိုတာ ဆောင့်ကြည့်ကြသေးတာပေါ့ ဟု ကျွန်တော် ပြောလိုက်ပါသည်။

ကိုမူမြို့သို့ မသွားမီ နိုင်ရိုဘီမြို့တွင်နေရသော ရက်အနည်းငယ်တွင် စိတ်

တက်ကြွနေပါသည်။ ကျွန်တော့်လုပ်ငန်းကြီးတစ်ခုမှာ ကားတစ်စီးဝယ်ယူရန် ဖြစ်သည်။

ဥရောပတွင်နေစဉ် စိတ်ချမ်းသာစွာ အသုံးပြုနေသော ဆပ်ဖ်အမျိုးအစား ကားကို ရောင်း

၍ အာဖရိကတိုက်တွင် ကားအသစ်တစ်စီး ဝယ်ယူရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့မှသာ

ချောင်းအခံ၍ ဘတ်စ်ကားစီးစရာ လိုမည်မဟုတ်တော့ပါ။ တရုတ်များထံသို့ စာပေ

ကြမ်းဂန်များကို ပို့ရန် စီမံထားသည့်အလျောက် ကားကောင်းကောင်းတစ်စီး လိုအပ်

မည်ဖြစ်သည်။ ခရီးဆက်နှင်ရမည့် မညီညာသော ချိုင့်ဝှမ်း၊ဖုန်ထူထပ်သော မိုင်ပေါင်း

ထောင်နှင့်ချီ‌ သောခရီးတွင် စိတ်ချစွာ အသုံးပြုနိုင်မည့် မော်တော်ယာဉ်မျိုးဖြစ်ရမ

ည်။ကားဈေးကွက်ထဲတွင် ကျကျနနစုံစမ်းပြီး၊ ပွဲစားတစ်ယောက်ပြီးတစ်ယောက်

တင်ပြီး အိုင်ယင်နှင့်သဘောတူညီမှုရယူပြီးနောက် (၅)နှစ်အိုပြီးသော တိုယိုတာ

အား အပြာရောင်တစီးကိုဝယ်ရန် ဆုံးဖြတ်ကြပါသည်။ လိုအပ်ချက်အားလုံးနှင့်

ကိုက်ညီပါလိမ့်မည်ဟု ယူဆပါသည်။

အသစ်စက်စက် ဝယ်ယူထားသောယာဉ်၏နောက်တွင် ကျွန်တော်တို့၏ ပစ္စည်း

များကိုထည့်ပြီးနောက် ရှုပ်ထွေးသည့် နိုင်ရိုဘီမြို့လမ်းမများကို နောက်ကျောပြုကာ

နောက်မြောက်ဘက် ဝိတိုရီးယားအိုင်ကြီးဆီသို့ ဦးတည်နေကြပါသည်။ လူတစ်ရပ်ခန့်

သော မြက်လွင်ပြင်ကြီးကို မဆုံးနိုင်မခမ်းနိုင် ဖြတ်သန်းနေသောအခါ အိုင်ယင်

မျက်လုံးသည် အံ့ဩ၍ မောနေပါသည်။ မြင်ကွင်းအသစ်တိုင်းသည် အထူးသဖြင့်

သက်ကယ်မြက်ပင် ကောက်ရိုးတို့နှင့် ဆောက်လုပ်ထားသော အာဖရိကတဲစုများ ခပ်

လှမ်းလှမ်းတွင် တွေ့မြင်လေ့ရှိသော ပြေးလွှားနေသည့် အာဖရိကဦးချိုရှည်ဒရယ်များကို

ဓာတ်ပုံရိုက်စရာ မြင်ကွင်းများဖြစ်ကြပါသည်။ သို့သော် ရှေ့တွင် မိုင်(၁ဝဝ)ခန့် ခရီးနှင်ရ

မည်ဖြစ်သည်။ ခရီးပင်ပန်းစပြုလာကြသည်။ အိုင်ယင်၏မူလအံ့သြစိတ်သည်လည်း

ကုန်ခမ်းလာကာ သူ့ကင်မရာကို ဘေးချိတ်ထားရာမှ နိုင်ရိုဘီမြို့မှ ထွက်ခွာပြီး (၁၂)နာရီ

သောအချိန် လွင်ပြင်ကြီးကို ဖြတ်ကျော်ပြီးသွားသောအခါ ကင်ညာမြောက်ပိုင်း

အိမ်းဆိုင်တန်းကြီးကိုတက်စပြုသောအခါ ဓာတ်ပုံရိုက်ချင်စိတ် ပြန်ပေါက်လာသည်။

နောက်ဆုံးတွင် ဝိတိုရီးယားရေအိုင်ကြီး၏ ရေမျက်နှာပြင်ကို စတင် လှမ်းမြင်

သည်။ မိုင်အနည်းငယ်ခရီးဆက်သောအခါ ကိစ္စမူမြို့ သာသနာခြံဝင်းထဲသို့ ရောက်

ကြကာ ကျွန်တော့်တိုယိုတာကားအသစ်သည် အစမ်းခရီးကို ဂုဏ်ထူးနှင့် အောင်မြင်

ပါသည်။

ရှေ့ရက်သတ္တပတ်သုံးပတ် ကျန်အဖွဲ့သားများ လာရောက်မပူးပေါင်းမီ

ကျွန်တော်ယူလာသော ခရစ်ယာန်စာအုပ်များ အထူးသဖြင့် တရုတ်ဘာသာစကားဖြင့်

ဝမ်းမြောက်ဖွယ်သတင်းကောင်းစာအုပ် ထုတ်လုပ်ရေးကို အားသွန်ခွန်စိုက် လုပ်ကိုင်

ပါသည်။ ကျွန်တော် အပါအဝင်အဖွဲ့သား(၂၁)ဦးစလုံး အခြေပြုစခန်းဖြစ်သော ကိစူမူ

သာသနာပြုဧည့်ရိပ်သာတွင် မတ်လစောစောပိုင်းတွင် ပထမဆုံး စုရုံးလာကြရာတွင်

ပုံနှိပ်ထုတ်ဝေရေးပြီးသလောက် ရှိနေပါသည်။ ပုံနှိပ်တိုက်နံရံတွင် အဖုံးနီနီစာအုပ်

(၁ဝ၀ဝဝ) အခြောက်လှန်းရန် စီထားသည့် ကျွန်တော့် ရူပါရုံမြင်ကွင်း တစ်ကယ်

အကောင်အထည် ပေါ်လာလေတော့သည်။

အဖွဲ့သားအားလုံး စုံစုံလင်လင် ပထမဆုံး ဆက်ကပ်စရာ စည်းဝေးကို ကျင်းပ

က ဧည့်ရိပ်သာဧည့်ခန်းထဲသို့ မဖွင့်ရသေးသော စက္ကူသေတ္တာတစ်လုံးကို ကျွန်တော်

ယူလာသည်။ ဒါပဲဟုဆိုကာ စက္ကူသေတ္တာကို ကြမ်းပြင်ပေါ်တွင် ချ၍ပြဇာတ်ဆန်ဆန်

ဖွင့်ဖောက်ကာ စာအုပ်နီနီကလေးများကို နိုင်သလောက်ယူ၍ အယောက်တိုင်းအား

ကမ်းပေးလိုက်ပါသည်။ တုံ့ပြန်မှအသံပေါင်းစုံ ထွက်လာသည်။ စကင်ဒီအသံ

အင်္ဂလိပ်သံနှင့် အမေရိကန်အသံတို့ ကျယ်လောင်စွာ ထွက်လာသည်။

ကြီးမားပါဘိခြင်းမယုံနိုင်လောက်အောင်ဘဲ။အောင်ပြီဟေ့။ အမျိုးမျိုး ချီးကျူးသံထွက်လာပြီးမှ ကြားရသောအသံမှာစာမျက်နှာများကို တစ်လှပ်လှပ်လျန်လျောသည့် အသံ ဖြစ်ပါသည်။ အိုရဲလ်ရောဘတ်တက္ကသိုလ်မှ နှစ်ဦးက ၎င်းတရုတ်စာအုပ်ကို တစ်ကယ်ဖတ်တတ်ကြသည်။ သို့ သော်

ကျန်လူများအတွက် ၎င်းစာအုပ်၏ သတင်းစကားမှာ ရှင်းလင်းပါသည်။ သူတို့လက်

တွင် ယုံကြည်ခြင်း၏ခိုင်မာသော သက်သေသာဓက ရှိကြသည်။ ဤစာအုပ်ငယ်လေး

များအားဖြင့် အားလုံးသည် ထိရောက်သောကဏ္ဍတွင် ပါဝင်ကြမည်ဖြစ်သည်။

အဖွဲ့သား(၂၁)ဦးမှာ အများအားဖြင့် လူစိမ်းသူစိမ်းများဖြစ်ကြပြီး ဆုံစည်း

ကြသည့် အချိန်ကာလမှာ (၂၄)နာရီမျှသာ ဖြစ်သေးသော်လည်း ရုတ်ချည်းနှောင်ဖွဲ့

ရှိလာသည်။ စိတ်တူသဘောတူဖြစ်စေသော အကြောင်းအရာမှာ အာဖရိကတိုက်သား

နှင့် အထူးသဖြင့် အာဖရိကတိုက်ရောက်ရှိလာသော တန်ဇမ်မီးရထားစီမံကိန်း တာဝန်

ကြသော တရုတ်ကွန်မြူနစ်များအား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတရားကို ဟောပြောဖို့ဆန္ဒဖြစ်သည်။ ယခု စာအုပ်များ ပုံနှိပ်ပြီးသည့် သကာလ ရှေ့ဆက်ရင်ဆိုင်ရန်

တာဝန်မှာ ဤစာအုပ်များကို လုံခြုံသော ကင်ညာမြေသို့ ဖြတ်ကျော်၍ ကျမ်းစာကျမ်းဂန်

များကို တားမြစ်ထားသော တန်ဇန်နီးယားနိုင်ငံသို့ တင်သွင်းမည်ဖြစ်သည်။

ရှေ့ ရက်သတ္တပတ်ကို အစပျိုးဖို့ အချိန်အဖြစ် သတ်မှတ်ထားသည်။ တစ်ဦးနှင့်

ဦး ခင်မင်ရင်းနှီး၍ ဝိုင်အမ်(YWAM)၏ အခြေခံလုပ်ငန်းများ အထူးသဖြင့်

ကြားဝင်ဆုတောင်းပေးခြင်းတွင် အကျွမ်းဝင်ရန်ပြင်ဆင်ကြသည်။ တန်ဇန်နီးယားသို့

အုပ်တင်သွင်းမည့်လုပ်ငန်းမှာ ကျွန်တော်တို့၏ အဓိက ဆုတောင်းပေးရမည့် စီမံကိန်း

ဖြစ်သည်။ စာအုပ်တင်သွင်းရာတွင် အောင်မြင်မှုအတွက်သာမကဘဲ အာဖရိကတိုက်တွင်

စာအုပ်နီဖြန့်ဝေရာတစ်လျှောက်တွင် ဘုရားသခင်၏အုပ်စိုးတော်မူသော လက်တော်ကို

တွေ့နိုင်ဖို့ရန်လည်း နာရီများစွာ ဆုတောင်းကြရပါသည်။

ရက်သတ္တပတ်ကုန်ဆုံးသွားသောအခါ အဖွဲ့ခွဲ၍ အရပ်လေးမျက်နှာ အသီးသီး

သို့ ဦးတည်ကြရန် စီမံထားပါသည်။ တချို့က မြောက်ဘက်သို့ ဦးတည်၍ ခရီးစထွက်

သော ဆိုရိုတီမြို့ပြန်လှည့်ကြရမည်ဖြစ်သည်။ သူတို့အဖွဲ့ သည် အခြား ယူဂန္ဒာနယ်ထဲ

သို့လည်း ထိုးဖောက်ကြမည်ဖြစ်သည်။ နောက်တစ်ဖွဲ့ သည် ဝိုင်အမ်(YWAM)နှင့်

သက်ဆိုင်သမျှ ဇမ်ဘီယာနယ်၊ သတင်းကောင်းလုံးဝ မပြောကြားရသေးသော တောင်

ဘက်နယ်စပ်ထဲသို့ ခြေစမ်းကြရမည်ဖြစ်သည်။ ကျန်ရှိနေသောသူများသည် တားမြစ်

ခြင်းခံသော စာပေကျမ်းဂန်များ တင်သွင်းရာတွင် တာဝန်ယူမည်ဖြစ်သည်။ ရှေ့လာ

မည့်သုံးလကာလအတွင်း မိုင်ပေါင်း ထောင်နှင့်ချီ အလှမ်းကွာဝေးကြမည်ဖြစ်သော်လည်း

ကျွန်တော်တို့၏စိတ်နှလုံးသည် ဤလုပ်ငန်းစီမံကိန်းအောင်မြင်ဖို့ ဆန္ဒ၌ တညီတညွတ်

တည်း ပေါင်းစပ်လျက်ရှိနေပါသည်။ အထူးသဖြင့် (၂၁)ဦး အာရုံစိုက်ဆုတောင်းနေကြ

ရန် တာဝန် ယူဆက်ကပ်ကြသောအရေးမှာ တရုတ်များလက်ထဲသို့ ဝမ်းမြောက်ဖွယ်

သတင်းကောင်းစာအုပ်များကို ကမ်းလှမ်းရာတွင် အောင်မြင်ဖို့ဖြစ်သည်။

ကျွန်တော်တို့၏စီမံကိန်းမှာ အဖုံးနီ ဝမ်းမြောက်ဖွယ်သတင်းကောင်းစာအုပ်

အုပ်ရေ(၁၀၀၀၀)နှင့် အခြား အသစ်စက်စက် ပုံနှိပ်ထားသော စာပေကျမ်းဂန်များကို

နှစ်နေရာခွဲ၍ တင်သွင်းရန်ဖြစ်သည်။ အိုင်ယင်၊ဆွီဒင် အမျိုးသမီးနှစ်ဦးနှင့် ကျွန်တော်

သည် ဆယ်ရိန်ဂယ်တီတောရိုင်းတိရစ္ဆာန်ကြိုးဝိုင်းကို ကျွန်တော့်တိုယိုတာကားဖြင့်

ဖြတ်ကျော်ကာ အသုံးပြုလေ့ရှိသော ကြိုးဝိုင်းအလယ်လမ်းမှ နယ်စပ်ကို ဖြတ်သွားမည်

ဖြစ်သည်။ ဤနယ်စပ်ဖြတ်လမ်းကို သုံးလေ့သုံးထ မရှိသည့် အကြောင်းမှာ နယ်စပ်ကို

ဖြတ်ကျော်ပြီးလျှင် မော်တော်ကားလမ်းသည် ဆုံး၍ တောလမ်းမျှသာဖြစ်သွားသည်။

စိတ်ချရသောလမ်း ဖြစ်ဟန်ရှိသော်လည်း တောင်တန်းကြီးကိုသာ လမ်းညွှန်အဖြစ်

အသုံးပြုလျှင် ကားလမ်းမကြီးကို ပြန်ရောက်မည်ဟု ကိစူမူမြို့ အခြေစိုက်သော

သာသနာပြုအဖွဲ့မှ အာမခံလေသည်။ အခြားလေးဦးသည် ဝိတိုရီးယားရေအိုင်ကြီးကို

သင်္ဘောဖြင့် ညအချိန်ဖြတ်သွားမည်ဖြစ်သည်။ ရေအိုင်ကြီးတောင်ဘက် သဘောဆိပ်

ကမ်းမြို့ ပွန်ယာတွင် အားလုံး ဆုံစည်းကြရန်ဖြစ်သည်။

အိုင်ယင်နှင့်ကျွန်တော်သည် ဒါရက်စလမ်မြို့သို့ နှစ်ဦးတည်း ခရီးဆက်

ကြပြီး၊ ၎င်းမြို့တွင် တန်ဘိုးရှိသောဝန်ကို ဆိုင်မွန်စာလျာအား လက်ကမ်းသွားမည်

ဖြစ်သည်။ အခြားခြောက်ဦးသည် မွန်ယာမြို့ ပတ်ဝန်းကျင်တွင် ကျွန်တော် ဒါရက်စလမ်

မြို့သို့ အကြောင်းအရာ ရှာဖွေစုဆောင်းဖို့ ခရီးသွားရာတွင် မဖြစ်နိုင်ဘူးဟု

ဟောကိန်းထုတ်ခဲ့သော ဂျာမနီသာသနာပြုဆရာဖရစ်နှင့် လက်တွဲ၍ ဝမ်းမြောက်ဖွယ်သတင်း

ကောင်းကို ဟောပြောကြမည်ဖြစ်သည်။ လောလောဆယ် ဤမျှသာ စီမံထားကြပါသည့်

ဉာဏ်နီဉာဏ်နက် အသုံးပြုရမည့်လုပ်ငန်းဖြစ်သော တန်ဇန်နီးယားနိုင်ငံထဲသို့ နယ်စပ် ကို

ကို ဖြတ်ကျော်ကာ စာအုပ်များကို ဘေးကင်းစွာ သယ်ဆောင်သွားမည့်အရေးမှာ မကြာမီဆက်လုပ်ရန်ပြင်ဆင်နေကြသည်။

ယူဂန္ဓာသို့ သွားမည့် နောက်ဆုံးအဖွဲ့သည် လူထုအသုံးပြုသော ဘတ်စ်ကား

ကိုစီး၍ ဘေးကင်းစွာ ထွက်သွားသည်ကို ကြည့်ရင်း အိုင်ယင်ဘက်ကိုလှည့်က

ကျွန်တော်က “ကောင်းပြီ၊ သွားကြပါစေ”ဟု ပြောလိုက်ပါသည်။ ဇမ်ဘီယာသို့ သွားမည့်

အဖွဲ့မှာ (၁)နာရီစော၍ ထွက်သွားကြသည်။ ခြင်းတောင်းများ အဝတ်ထုတ်များနှင့်

ကျွန်တော်တို့ အဖွဲ့ ၏ပစ္စည်းများကို ဘတ်စ်ကားပေါ်တွင် ကြိုးဖြင့် ချည်ထားသော

ဝန်ပြည့် ဝန်လျှံ ဘတ်စ်ကားသည် သစ်တောနောက်သို့ ပျောက်ကွယ်သွားသည်ကို

မြင်သောအခါ နိုင်ရိုဘီမြို့မှ ယုဂန္ဒာသို့ သံချောင်း ဖင်စူးခံ၍ သွားခဲ့သော ကျွန်တော့်

ကို သတိရလာပါသည်။ ကျွန်တော်တို့၏ တန်ဇန်နီးယားခရီးသည် ပို၍ စွန့်စားရမည်

ဖြစ်သော်လည်း အနည်းဆုံး ကျွန်တော့်ကိုယ်ပိုင်ကားဖြင့် သက်သက်သာသာ ခရီးသွား

နိုင်သည်ကို စိတ်ထဲတွင် ကျေးဇူးတော်ချီးမွမ်းမိပါသည်။

မိန်းကလေးများက တိုယိုတာကားထဲ ပစ္စည်းတင်ပြီးပြီထင်ပါရဲ့။ မိုးမချုပ်ခင်

မွန်ဟာကိုရောက်ချင်တယ်။ ဘတ်စ်ကားစခန်းသို့ အဖွဲ့သားများကို ပို့ဆောင်ဖို့ သာသနာ

ပြုဆရာများ စေတနာထက်သန်စွာ သုံးခွင့်ပြုသော ဗင်ကားဖြင့် ကိစူမူ သို့ ပြန်ရောက်

သောအခါ ကျွန်တော် ပြောဆိုသောစကားဖြစ်သည်။

အိုင်ယင်က မေးသည်။

“နယ်စပ်မှ ပြဿနာတစ်ခု ကြုံမယ်လို့ မျှော်လင့် ပါသလားဆရာကြီး”

မမျှော်လင့် ပါဘူးဟု သစ်တောများမကွယ်မီ ဝိတိုရီးယားရေအိုင်ကြီး

နောက်ဆုံး ရှုစားရင်း ဖြေလိုက်ပါသည်။ ရထားတဲ့ သတင်းအတိုင်းဆိုရင် ဆယ် ရိန်ဂယ်

တီကြိုးဝိုင်း ဖြတ်လမ်းက အစောင့် များက မတင်းကြပ်တတ်ကြဘူးဟု သိရှိရပါတယ်။

ဒါပေမဲ့ မသေချာဘူးပေါ့။ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်အတွက် ပြင်ဆင်ထားဖို့တော့

 

အိုင်ယင်ကို မျက်စောင်းထိုးကြည့်ရာတွင် မျက်စိပေကလပ်ပေကလပ် လုပ်နေ

သည်။ ပြဇာတ်ဆန်ဆန်တစ်ခု ဖြစ်လာဖို့ အလိုရှိသလိုလိုဖြစ်နေသည်။

သာသနာပြုတံခါးမကိုဝင်၍ သစ်ပင်များ တစ်ပိုင်းတစ်စ ဖုံးကွယ်ကာ ဆောက်လုပ်ထားသော

တစ်ထပ်ဗိုလ်တဲတန်းကို ဖြတ်ကျော်၍ ဧည့်ရိပ်သာရှေ့သို့ အရောက်တွင်

ဆွိဒင်မိန်းကလေးများ၊ ကျွန်တော့်တိုယိုတာ ကားပြာထဲသို့ နောက်ဆုံးသေတ္တာ တင်သော

အချိန်နှင့် အံကိုက်ဖြစ်နေပါသည်။ စက္ကူသေတ္တာတိုင်းသည် ပုံတူရွယ်တူဖြစ်ပြီး

သာသနာပြု ပုံနှိပ်ထုတ်ဝေရေး၏တံဆိပ်နှင့် ကျေညာစာတမ်းတို့ကို ရိုက်ထားသည်။

အထဲက ပစ္စည်းများမှာ သီးခြားစီဖြစ်သည်။ သေတ္တာငါးလုံးထဲက တစ်လုံးတွင် ဆွဟိလီ

ဘာသာဖြင့် ပုံနှိပ်ထားသော ကလေးစာပေ အဖုံးဝါများကို ထည့်ထားသည်။ အခြား

လေးလုံးတွင် အဖုံးနီတရုတ်ဘာသာ ရှင်ယောဟန်ခရစ်ဝင်စာအုပ်များကို ထည့်ထား

သည်။ ကလေးစာအုပ်များ ထည့်ထားသည့်သေတ္တာကို ဘယ်မှာထားသလဲဟု နောက်ဆုံး

သေတ္တာကို မနိုင်တနိုင်ထမ်းကာ ကားဆီသို့ သယ်ဆောင်နေသော ဆံပင်လှလှဖွထား

သုကလေးအား မေးကြည့်ပါသည်။

ပစ္စည်းထည့်ခန်းနောက်ပိုင်းမှာ ထည့်ထားပါတယ် ဆရာကြီး။

ကလေးများစာအုပ်သေတ္တာကို အဲဒီပစ္စည်းထည့်ခန်းရှေ့မှာ ထားကြပါစို့။ ဒါမှ

နယ်စပ်အစောင့်များက စစ်လားမေးလား လုပ်ချင်ရင်၊ကလေး စာအုပ်များကို အရင်ဆုံးပြ

နိုင်မယ်။ ဒါဆိုရင် ကျန်တဲ့သေတ္တာများကို စစ်ချင်မှဖြစ်မှာဟု ကျွန်တော် အကြံပြု

လိုက်ပါသည်။

ကောင်းတဲ့ အကြံဘဲဆရာကြီးဟု သူ မပြောဆိုရင်း စက္ကူသေများကို

ပြန်စီရာတွင် ကူညီပါသည်။ကားနောက်ပစ္စည်းထည့်ခန်းထဲတွင် အိပ်ရာလိပ်များကို ထည့်ပြီးမှ မဆန့်သောပစ္စည်းများကို ကားထိုင်ခုံ နောက်တွင် တင်ပြီးသောအခါ လူလေးယောက် ထိုင်စရာနေရာ

မရှိသလောက်ဖြစ်နေပါသည်။ တိုယိုတာကားမှာလည်း မြေကြီးသို့ စိုးရိမ်စဖွယ်

ကျနေပါသည်။ ဤပုံ နှင့် ဆယ်ရိန်ဂယ်တီတောရိုင်း တိရစ္ဆာန် ကြိုးပိုင်းဖြတ်လမ်း

ခပ်ကြမ်းကြမ်းကို မောင်းရဦးမည်ဖြစ်သည်။ “သခင်ဘုရား ကားလေးများအပေါ်သို့

ကောင်းမွန်စွာ မစပါ”ဟု တိတ်ဆိတ်စွာ ဆုတောင်းနေမိပါသည်။

တိုယိုတာကားကို နောက်ဆုတ်၍ လက်ကျန်လေးဦးအား လက်ရမ်းပြကာ

နက်ဖြန်မနက် မွန်ဇာမြို့သဘောပေါ်က ဆင်းပြီးမှ ပြန်တွေ့ကြရအောင်ဟု ကားတံခါး

ဖက်မှ လှမ်းအော်လိုက်ပါသည် ၊ စိတ်ထဲတွင် ခံစားသည်ထက် ပိုမိုစိတ်ချသောအသံ

စိုက်လာသည်။ ဤမျှသော အလေးချိန်၏ ဖိစီးမှုအားဖြင့် ညည်းညူရင်း တိုယိုတာကား

သည် စက်နိုးသံထွက်လာပြီး ကျောက်စရစ်တချို့ကို ကန်ထုတ်ရင်း ထွက်လာခဲ့

သည်။ တံခါးမကိုဖြတ်ကျော်ပြီး လမ်းမပေါ်အရောက်တွင် ကျွန်တော့် မျက်မှန်အနေ

အထားကို ပြင်ကာ ယာဉ်မောင်းထိုင်ခုံတွင် သက်တောင့်သက်သာ ထိုင်လိုက်ပါသည်။

ရက်သတ္တပတ်များစွာ ပြင်ဆင်ပြီးသည့်နောက် လုပ်ငန်းဆောင်ရွက်မှု၏ အချက်အချာ

ကျသောအပိုင်းသို့ နောက်ဆုံးရောက်ရှိနေသည်ကို ဝမ်းသာလျက် ရှိနေပါသည်။

တိုယိုတာကားသည် လမ်းမအတိုင်း ကြံခိုင်စွာ မြည်သံပြုနေသည်။ နာရီ

များစွာ မောင်းနှင်ပြီးသည်နောက် ကိစူမူ၏စိမ်းစိုသော ကုန်းမြင့်ဒေသမှ ဆယ်ရိမ်ဂယ်တီ

တောရိုင်းတိရစ္ဆာန်ကြိုးဝိုင်းမြက်တောလွင်ပြင်ထဲသို့ ဆင်းသွားကြပါသည်။ ကျွန်တော်

အတွက် ဒုတိယအကြိမ်ဖြစ်ပြီး အခြားသူများအတွက်တော တိရစ္ဆာန်ကြိုးဝိုင်းကို ပထမဆုံး

ကြုံတွေ့ကြခြင်းဖြစ်သည်။ တောတိရစ္ဆာန်များ နယ်ပြောင်းချိန်ဖြစ်၍ အလည်

ရောက်ရှိရန် အကောင်းဆုံးအချိန်ဖြစ်ပါသည်။ နယ်စပ်ကို အန္တရာယ်ကင်းစွာဖြတ်ကျော်

မည်လား မဖြတ်ကျော်ရဘူးလားဟူသော စိတ်ပူပန်မှုကို နာရီပေါင်းများစွာအတူ

မေ့လျော့ကြကာ တောရိုင်းတိရစ္ဆာန်များကို စိတ်အာရုံပြုမိကြပါသည်။

ကျွန်တော်ကြည့်ရှု၍ မဝသော မြင်ကွင်းမှာ ကြီးမားသော နွားရိုင်းများ ထောင်နှင့်ချီ၍ အုပ်စုလို

လွင်ပြင်ကြီးကို ဖြတ်သွားကြသော မြင်ကွင်းဖြစ်သည်။ အလားတူ အကောင်(၅၀)

ပါဝင်သော မြင်းကျားအုပ်ကိုတစ်ကြိမ် မြင်ရသလို ကျွဲရိုင်းအုပ်များကိုလည်း မြင်ရပါ

သည်။ ဂျိုရှည်သော တောဆိတ်အကြီးစားများကို အများဆုံး တွေ့မြင်ရပါသည်

တစ်ခါတလေ ကားလမ်းကိုပင် ပိတ်ဆို့တတ်သည်။ ကားဟွန်းသံကို မကြာခဏတီးမှ

မြက်တောထဲသို့ ပြေးဝင်ကြသည်။ ခပ်ဝေးဝေးတွင် ကြံတစ်ချို့နှင့်ခြင်္သေ့ကြီး တစ်ကားကား

မြင်သောအခါ အားလုံးသည် မျက်လုံးပြုတ်ကျလုမတတ် ကြည့်နေကြပါသည်။

အဖွဲ့သားများသည် တောရိုင်းတိရစ္ဆာန်များကို ဓာတ်ပုံရိုက်ကြစဉ်

ကျွန်တော့်ရူပါရုံထဲတွင် ပေါ်လာသောခြင်္သေ့များမှာ လူခြင်္သေ့များမကြာမီရောက်

ရောက်တော့မည့် နယ်စပ်က အစောင့်များဖြစ်ကြပါသည်။ ကွန်မြူနစ်နိုင်ငံ အနည်းငယ်ကို

ကျွန်တော့်အနေဖြင့် ဝင်ရောက်ခဲ့ပြီးဖြစ်၍ သမ္မာကျမ်း တင်သွင်းသည့် အတွေ့အ

ရှိခဲ့ပြီးဖြစ်သော်လည်း ဤတစ်ကြိမ်တွင် ချဉ်းကပ်နိုင်ဖို့ မလွယ်ကူဘူးဟု ကြိုတင်သိ

ထားပါသည် ။ အဆင်မပြေမှုတစ်ခုခု ဖြစ်လာနိုင်စရာအကြောင်း ရှိနေပါသည်။ နယ်

အစောင့်များက အရေးမစိုက်တတ်ကြဘူးဟု စိတ်ချအောင် အားပေးခြင်းခံခဲ့သော်လည်း

သူတို့သည် စမ်းရေထွက်ပေါက်နားတွင် ကားယားကြီးနှင့်တစ်ဝက်အိပ် တစ်ဝက်နိုး

ခြင်္သေ့များနှင့် သဏ္ဌာန်တူနေပါသည်။ အန္တရာယ်ကင်းရှင်းပုံရှိသော်လည်း ဤအရာရှိ

များသည် အန္တရာယ်အနံ တစ်ခုခုကြားမိလျှင် ခုန်အုပ်မည့် အကောင်များ ဖြစ်သည့်သကာလ

ရည်မှန်းချက်တစ်ခုလုံးကို ကိစ္စတုံးသွားစေနိုင်ပါသည်။

ကင်ညာမှ တန်ဇန်နီးယားထဲသို့ ကူးဝင်ရန် နှစ်မိုင်ခန့်အလိုတွင် ကားကို ရပ်၍

ပစ္စည်းကို သခင်ဘုရား၏ကွယ်ကာမှုအောက်တွင် အပ်နှံဖို့ တစ်ဖန်

အိုင်ယင်က စိတ်ထက်သန်စွာ ဆုတောင်းသည်။

“သခင်ဘုရား၊ နယ်စပ်အစောင့်များ၏မျက်စိများ ပွင့်လျက်နှင့် မမြင်ပါစေနှင့်

အာမင်၊အာမင်ဟု ကျန်အားလုံးက သဘောတူထောက်ခံကြသည်။ ကျွန်တော်

၏အပိုင်းကို ဆောင်ရွက်ပြီးပါပြီ။ ယခု ဘုရားသခင်အပေါ်တွင်သာ မူတည်တော်မူသည်။

ဖြစ်ပုံမှာ တန်ဇန်နီးယားပြည်ထဲသို့ အဝင်ခရီးသည် ကျွန်တော်တို့ ထင်

သလောက် ရေးကြီးခွင်ကျယ်မဟုတ်ပါ။ ပိတ်ဆို့ထားသောနယ်မြေဘက်သို့ ခရီးသွား

သည့်အခါ တွေ့နေကျ သံဆူးကြိုးလည်းမရှိ၊ ကင်းစောင့်များလည်းမရှိ၊ အိပ်ချင်မူးတူး

အစောင့် နှစ်ယောက်သာ ရှိသည်။ တစ်ယောက်သောသူသည် သေနတ်ကို သူ့ပခုံးပေါ်

တွင် အမှတ်တမဲ့ လွယ်ကာ တဲကလေးထဲက ထွက်လာ၍ ကားရပ်ထားသော နေရာသို့

လာလေသည်။ ကျွန်တော်တို့ ၏ကားသည် တစ်နေ့လုံး သို့မဟုတ် ရက်သတ္တပတ်

တစ်ပတ်လုံး ပထမဆုံးဖြတ်လာသောကား ဖြစ်ကောင်းဖြစ်လိမ့်မည်။ ၎င်းအစောင့်သည်

ဘေးအန္တရာယ်ကင်းရှင်းပုံ ရှိရုံမက ငြီးငွေ့ နေပုံရှိသည်။ သို့သော် စမ်းရေပေါက်ဝနားက

ခြင်္သေ့မှာ တဒင်္ဂလေးမျှ စိတ်သက်သာကိုယ် သက်သာပြုလုပ်၍ မဖြစ်ဘူးဟု ကျွန်တော်

သိရှိထားသည်။

ကျွန်တော်တို့၏ နိုင်ငံကူးလက်မှတ်များကို စုဆောင်းရင်း အိပ်ချင်မူးတူးနှင့်

သန်းကာ အမှတ်တမဲ့ကြည့်ပြီး တရားဝင်တံဆိပ်တုံးရိုက်လေသည်။ ကားပေါ် ပစ္စည်း

များများတင်ပုံရှိတယ်။ ဘာများသယ်ဆောင်လာသလဲ။

စာအုပ်များပါ။ ပြောပြောဆိုဆို ကားနောက်ပစ္စည်းထည့် ခန်းကို ကြည့်

နိုင်အောင် ကျွန်တော်ဖွင့် ပေးသည်။ စက္ကူသေတ္တာငါးလုံး ပြည့် သိပ်အောင် ထည့်ထား

သည်ကို မြင်သောအခါ သူ့မျက်လုံးများ ကျယ်လာသည်။

ဘာစာအုပ်များလဲ၊ ကျွန်တော့်နှလုံး ရပ်တော့မလိုဖြစ်လာသည်။ ကားထဲတွင်

အဖွဲ့သားသုံးဦးသည် ခေါင်းငုံ နေကြသည်။ ဤခြင်္သေ့ က လာအုပ်တော့မည်လား။

ကျွန်တော်တို့က ခရစ်ယာန်သာသနာပြုဆရာများဖြစ်ပါတယ်။ ဒီစာအုပ်များ

ကို ဖြန့်ဝေဖို့ပါဟု ပြောပြောဆိုဆို အနီးဆုံးသေတ္တာကို ဖွင့်၍ ဆွဟိလီဘာသာစကားဖြင့်

နှိပ်သော အဝါရောင်ကလေးစာအုပ်တစ်အုပ်ကို ဆွဲထုတ်၍ လက်ကမ်းပေးလိုက်ပါ

သည်။ စာအုပ်သေတ္တာများ၏အနေအထားကို ပြုပြင်သည့် ကြိုတင်ကာကွယ်မှုကို

ပြုလုပ်မိသည့် အတွက် အလွန်ဝမ်းသာပါသည်။ စာမျက်နှာအနည်းငယ်ကို လှန်ကြ

ပြီးမှ စာအုပ်ကို ပြန်လှမ်းပေးလိုက်ပါသည်။ ပြီးလျှင် သူက အခြားသေတ္တာများကို

မျက်စောင်းထိုးကြည့်နေသည်။ သခင်ဘုရား၊ အဲဒီသေတ္တာထဲမှာ ဘာပါသလဲလို့ မမေးပါ

စေနှင့်ဟု စိတ်ထဲတွင် ကျွန်တော် ဆုတောင်းသည်။ ကျွန်တော့်ကြွက်သားအားလုံး

တင်းမာလာသည်။

“ကောင်းပါပြီ။ နေ့ကောင်းနေ့မြတ်ဖြစ်ပါစေ”ဟု အ စောင့်မှ ပြောဆိုကာ ဆက်

ထွက်ဖို့ လက်ပြလေသည်။ ယာဉ်မောင်းထိုင်ခုံတွင်ပြန်ထိုင်၍ ကားဆက်မောင်းရင်း

ကျွန်တော်နှုတ်ပိတ်၍ လေသံဖြင့် သီချင်းဆိုနေပါသည်။ စမ်းရေပေါက်ဝ ကျော်သွားပြီး

ခြင်္သေ့က သူ့နှာခေါင်းအောက်က သားကောင်ကို ခုန်အုပ်ဖို့ ပျက်ကွက်သွားလေပြီး

“သခင်ဘုရား၊ ပွင့်နေသော မျက်လုံးများက မမြင်အောင် ပြုလုပ်တော်မူသည့်

အတွက် ကျေးဇူးတင်ပါတယ်ဟု ကားနောက်ပိုင်းထိုင်ခုံပေါ်က မိန်းကလေးများ အထူး

အားရရွှင်လန်းစွာ အော်နေကြပါသည်။

ကြိုတင်သတိပေးထားသည့်အတိုင်းပင် ကားလမ်းသည် နယ်စပ်အလွန်တွင်

တဖြည်းဖြည်းနှင့်ကွယ်ပျောက်သွားသည်။ ညနေစောင်းအချိန်ရောက်လာပြီ။ နေရောင်

ရရှိဖို့ နာရီအနည်းငယ်သာ ကျန်တော့သည်။ တောင်တန်းကြီးတစ်ခုနှင့် မျဉ်းပြိုင်၍

ထင်ရှားသောမြက်တောထဲက လမ်းကြောင်းကို လိုက်သွားရမည်ဖြစ်သည်။ မှောင်မိုက်သော

အာဖရိကညနက်ကြီးမကျရောက်မီ ကားလမ်းမကြီး ပြန်ရောက်ရန်လိုအပ်သည်ဟု

နယ်ခံသာသနာပြုဆရာများမှ သတိပေးထားသည်။ သို့ မဟုတ်ပါက မျှော်လင့်စရာ

မရှိလောက်အောင် လမ်းမှားသွားမည်ဖြစ် သည်။ ချိုင့်ခွက်များ တောဆိတ်များကိုရှောင်၍

ကားအရှိန်ပြင်းစွာ မောင်းနှင်ခဲ့ပါသည်။

ထိတ်လန့်သော တောဆိတ်များ လမ်းဘေး တစ်ဖက်တစ်ချက်သို့ ပြေးလွှားနေ

ကြသည်ကို မကြာခဏ ကြုံကြိုက်ရင်း စိုးရိမ်စရာမြက်တောထဲက မထင်မရှားလမ်း

ကြောင်းအတိုင်း ဆောင့် ဆောင့်အောင့်အောင့် ကားကိုမောင်းလာပါသည်။ ကျန်သုံး

ယောက်သည် တီးတိုးစကားပြောရပ်ကြကာ ကားထိုင်ခုံမှ ပြုတ်မကျအောင် လက်ကိုင်

များကို ဆုတ်ကိုင်ကြလေသည်။ စွန့်စား၍ မောင်းရသလိုဖြစ်နေသော်လည်း တစ်ဦး

တစ်ယောက်မျှ ညည်းညခြင်း မပြုကြပါ။ မိုးမချုပ်မီ ကျောက်ခင်းလမ်းမပေါ်

ပြန်ရောက်ဖို့ အရေးကြီးမှန်း အားလုံးနားလည်ထားကြသည်။ တောဆိတ်များ အရပ်လေးမျက်နှာတွင် ပြေးလွှားကြဆဲပင်ရှိသေးသော်လည်း

ကျွန်တော်သည် ကြမ်းတမ်းစွာ မောင်းနှင်ဆဲပင်။ တိုယိုတာကားသည် ဤအခြေအနေကို

နိုင်သည့်အတွက် သခင်ဘုရားကို ကျေးဇူးတင်ပါသည်။ “ဆက်ဆက်သွားနော်” ဟု

ဆုတောင်းနေပါသည်။ ရုတ်တရက် ကျွန်တော် အကြောက်ဆုံးသော အဖြစ်အပျက်ဖြစ်

လာသည်။ ကားကိုမရှောင်အားသော ဆိတ်ငယ်တစ်ကောင်ကို တိုက်မိသဖြင့် အသံ

ကျယ်လောင်စွာ ထွက်လာပါသည်။ စိုးရိမ်စရာကောင်းလောက်အောင် ကားမောင်းလာ

သည်။ကားလက်ကိုင်ကို တင်းကြပ်စွာကိုင်ထားသဖြင့် ပုံမှန်အတိုင်း ပြန်တည့်လာသည်။

အထိနာသွားတယ်ထင်တယ်ဟု ဆွီဒင်မိန်းကလေးတစ်ယောက်ကပင့်သက်ရှုရင်း ပြောဆိုသံကြားထွက်လာသည်။ နောက်ကြည့်မှန်ထဲ ကိုလှမ်းကြည့်လိုက်သည်။

ကားနောက်ဘက်တွင် တောဆိတ်ငယ်တစ်ကောင် ယက်ကန်ယက်ကန်ဖြစ်နေသည်

ကို မြင်လိုက်ပါသည်။ အသက်ရှင်ဦးမည့်ပုံ မရှိတော့ပါ။

စိတ်ထဲတွင် ကားရပ်ချင်စိတ်ပေါက်လာသော်လည်း ဘာမျှမတတ်နိုင်ပါ။

ဤနေရာသည် အာဖရိကတောရိုင်းဖြစ်သည်။ အကြံခိုင်ဆုံးသော သူအသက်ရှင်ရမည့်

နိယာမတရားရှိသောနေရာဖြစ်သည်။ အပြစ်မဲ့၍ ချစ်စရာကောင်းသော သတ္တဝါ

တစ်ကောင်ကို သေဆုံးအောင်ပြုမိသည်ကို မစဉ်းစားချင်ပါ။ သို့သော်လည်း ကျွန်တော်

တို့လည်း သေရေးရှင်ရေးအခြေအနေတွင် ရောက်ရှိနေကြသည်။ ကျွန်တော်တို့သည်

လူမျိုးပေါင်းစုံအဖွဲ့ ဖြစ်သည်။ ၎င်းအပြင် တောရိုင်းတိရစ္ဆာန်ကြိုးဝိုင်းထဲတွင် တစ်ညတာ

အသက်ရှင်နိုင်ရန် ဘာမျှမရှိပါ။ ထို့ကြောင့် တောဆိတ်ကလေးကို သူ့ကံကြမ္မာအတိုင်း

ထားပစ်ခဲ့ကာ ခရီးဆက်နိုင်ကြပါသည် ။ အခုအချိန်တွင် တောင်တန်းကြီးသည် ခရမ်း

ရောင်အရိပ်အဖြစ် တစ်ရေးရေး ကျန်ခဲ့လေသည်။ အလင်းရောင်ကုန်ဆုံးဖို့ မိနစ်အနည်း

ငယ်သာ ကျန်သေးသည်။ သခင်ဘုရားလမ်းမကြီးသို့ ရောက်ပါစေ။ စိတ်ပျက်လက်ပျက်

ဆုတောင်းမိပါသည်။ ကျန်အဖွဲ့သားများလည်း အလားတူ အနန္တတန်ခိုးရှင်ထံတော်သို့

အရေးပေါ် တောင်းဆိုချက်ကို တိတ်တဆိတ် အော်ဟစ်နေကြသည်ဟု ရိပ်စားမိပါသည်။

အန္တရာယ် ကျရောက်တော့မည့်အခြေအနေကို အားလုံး အပြင်းအထန်ရိပ်မိကြပါသည်။

ကျွန်တော်ယုံ ကြည် ချက်သည် ယိမ်းယိုင်စပြုလာသည်။ ဘုရားသခင်က

ကျွန်တော်တို့ ဆုတောင်းချက်ကို အဖြေပေးပါမည်လား။ ထိုအခါ အလင်းပျောက်ကွယ်၍

မြင်နိုင်စွမ်းအား ကုန်ခမ်းစတွင် ကားမီးရှေ့ဖျားဖြင့် လမ်းမဘေးတစ်ခုကို ထိုးမိပါသည်။

လက်ကျန်မြက်တောလမ်းအတိုင်း မောင်းနှင်ရင်း စိတ်နှလုံးထဲမှ ဝေဒနာ ပျောက်ကွယ်

သွားပါသည်။ လမ်းပေါ်အရောက်တွင် ကားကိုရပ်လိုက်ပါသည်။ နှစ်နာရီလုံးလုံး အရူးပမာ

ကားမောင်းရသည့် ကိုယ်စိတ်နှစ်ပါး တင်းမာမှုကြောင့် ကျွန်တော့်နှလုံး တဒုန်းဒုန်း

ခုန်နေရင်းမှာပင် ဝမ်းသာအားရကျယ်လောင်စွာ ဘုရားသခင်၏ ကျေးဇူးတော်ကို

ချီးမွမ်းကြပါသည်။

တောင်ဘက်သို့ ဦးတည်ကာ ဤတစ်ကြိမ်တွင် စိတ်ငြိမ်စွာ ခရီးဆက်ထွက်ကြ

ရာ နောက်တစ်နာရီခန့်အကြာတွင် မွန်ယာမြို့သို့ ရောက်ရှိကြပါသည်။ ဂျာမန်သာသနာ

ပြုဆရာဖရစ်၏ဌာနချုပ်ဖြစ်သော အိမ်အပြင်တွင် ရပ်လိုက်ကြပါသည်။ ဤနေရာသို့

ကျွန်တော်တို့ အဖွဲ့ အလည်အပတ်ရောက်ရှိမည်ဟု စာအဆက်အသွယ်ရှိသော်လည်း

ဆိုရိုတီမြို့တွင် ဖရစ်နှင့်ပဏာမ တွေ့ဆုံကြကတည်းက ပုဂ္ဂိုလ်ချင်း မဆုံမိကြတော့ပါ။

သူ့အနေဖြင့်လည်း ဒါရက်စလမ်မြို့သို့ ကျွန်တော် ခြေစမ်းခရီးထွက်ရာမှ ရရှိသည့်

အဖြေအသေးစိတ်ကို မကြားရပါ။

ဖက်ရမ်းကြပြီးသည့် နောက် ကျွန်တော်ယူလာသော ရတနာကို ဖရစ် အား

ပြလိုက်ပါသည်။ ကားထဲမှ သေတ္တာတစ်လုံးကိုထုတ်၍ အထဲက စနစ်တကျ အစီအရီ

ထည့်ထားသော စာအုပ်နီများကို ဖွင့်ပြသောအခါ သူ့မျက်လုံးများသည် ပြုတ်ထွက်လု

မတတ် အံ့အားသင့်နေရှာသည်။ ဤစာအုပ်များကို ထုတ်လုပ်သည့် ဇာတ်လမ်းအစအဆုံး

ဖြစ်သော ဆိုင်မွန်မလျာနှင့် တွေ့ဆုံခြင်းအကြောင်း ကိစူမူမြို့တွင် ပုံနှိပ်တိုက်နှင့်

ဆက်သွယ်မိသည့်အကြောင်း ညီအစ်ကိုကြီးအင်ဒရူးမှရက်ရောစွာ ပုံနှိပ်ခ ကုန်ကျ

စရိတ်လှူဒါန်းခဲ့သည့်အကြောင်းနှင့် နယ်စပ်ကို အလွယ်တကူ ဖြတ်ကျော်လာခဲ့သည့်

အကြောင်းတို့ကို ပြောပြသောအခါ သူသည် ခေါင်းတစ်ခါခါ ဖြစ်လေသည်။

“ကျွန်တော့်ထက် ခင်ဗျားယုံကြည်ချက်ပိုများတယ်လို့ ယူဆပါတယ်ရုဒီ” ဟု

သူသည် မပြီးမချဉ်းဝန်ခံ၍ ကျွန်တော့်လက်ထဲမှာ စာအုပ်နီကလေးကိုယူကာ တရုတ်စာ

ဖြင့် သပ်သပ်ရပ်ရပ် ရေးထားသော စာမျက်နှာများကို လှန်လျောလိုက်ပါသည်။

ကျွန်တော် ဝန်ခံရပါမယ်ရုဒီ။ ခင်ဗျား ရူပါရုံကိုပြောပြတဲ့အခါ စိတ်ကူးယဉ် လူငယ်တစ်

ယောက်ရဲ့ ပုဇွန်ဦးနှောက်ပဲလို့ သဘောထားမိပါတယ်။ ဘယ်သူကမှ စွန့်စားပြီး ခင်ဗျား

ကို ကူညီချင်လိမ့်မယ်လို့လည်း မယုံကြည်တဲ့အကြောင်း ရိုးရိုးသားသား ဝန်ခံပါတယ်။

အခုတော့ မှားမှန်းမျက်စိနှင့် အတိုင်းသား မြင်နေရပါပြီ။ ခင်ဗျားလုပ်ဆောင်ခဲ့သမျှ

အမှုအရာမှာ ဘုရားသခင် အမှန်တကယ် ပါဝင်တော်မူခဲ့ပါတယ်။ ခရစ်ဝင်ကျမ်းစာအုပ်

ကလေးကို သူပြန်ပေးသည်။ ခင်ဗျားကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အတွက်

သင်ခန်းစာအစစ်အမှန်ပါဘဲ။ သူ၏ကျယ်ဝန်းတောင့်တင်းသော ပုခုံးပေါ်တွင် ကျွန်တော့်

လက်ကို စိတ်ချစွာ တင်၍ ဖျောင့် ဖျလိုက်ပါသည်။

ခင်ဗျားပြောပြတဲ့ကိစ္စ အလွန်အရေးကြီးပါတယ်၊ ဖရစ်။ ခင်ဗျား သတိစကား

မပြောမိရင် ကျွန်တော် ဆင်ကန်းတောတိုးလုပ်ပြီး စီမံကိန်းတစ်ခုလုံးကို ပျက်စီးစေနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်” ဟု ဆိုသည်။ဒါနဲ့အားလုံး၊ ဟိုတယ်မရာက်ကြသေးဘူး။ ဒီည သင်္ဘောနှင့် အခြားအဖွဲ့သားများက စာအုပ်သတ္တုများကို သယ်လာဖို့ ရှိသေးတယ်။

ဖရစ် ၏မျက်နှာသည် လ၀န်းပမာ ပြုံးလာသည်။ အဲဒီနေရာမှာတော့ ကျွန်တော်ကူညီနိုင်ကူညီ ကောင်းပါရဲ့။ အကောက်ခွန် အရာရှိများနှင့် အများကြီးဖြေရှင်းခဲ့ပါတယ်။

ပြဿနာမရှိစေရပါဘူး။

ရင်းရင်းနှီးနှီး ဆက်ဆံခဲ့တဲ့ အရာရှိတစ်ဦးတော့ရှိလေရဲ့။ သူတာဝန်ကျတဲ့အချိန်ဆိုရင်

နောက်တစ်နေ့နံနက်တွင် ညသင်္ဘောကုန်းပတ်ပေါ်မှ အဖွဲ့သားများ မိမိတို့

ကိုယ်ပိုင် အိပ်ရာလိပ်သာမကဘဲ လေးလံသော စာအုပ်ထုတ်များနှင့် မနိုင်မနင်း ဆင်းလာ

ကြသည်ကို ကျွန်တော်သည် စိတ်မချမ်းမြေ့စွာဖြင့် စောင့်ကြည့် နေပါသည်။ ဝင်ပေါက်

ထွက်ပေါက် အာဏာရှိသော အကောက်ခွန်ထဲသို့ ဝင်သွားကြကာ စက္ကူသေတ္တာများကို

စားပွဲပေါ်တွင် စစ်ဆေးခံ ရန် ပုံထားကြသည်။ ခပ်လှမ်းလှမ်းတွင် ကျွန်တော်တို့ အဖွဲ့ မှ

စောင့်ကြည့်နေကြပါသည်။ အဖွဲ့သားများမှာ ကျွန်တော်တို့ကို လှမ်းကြည့်ကာ ပြုံးရွှင်နေ

ကြသည်။ ပြင်ပသဏ္ဌာန်အားဖြင့် ကိုယ်စိတ်နှစ်ပါးချမ်းသာသလိုလို ပြကြသော်လည်း

စိတ်ထဲတွင်မူကား ယမန်နေ့က ဆယ်ရိန်ဂယ်တီနယ်စပ်တွင် ကျွန်တော့်နှလုံး အရမ်း

ခုန်သကဲ့သို့ ဖြစ်နေကြမည်ဟု ကျွန်တော် သိရှိထားပါသည်။

တန်ဇန်နီးယား အကောက်ခွန်အရာရှိတစ်ဦးသည် ၎င်းအဖွဲ့သားတစ်ဦးကို

ချည်းကပ်ရာတွင် ဖရစ်က လက်ရမ်းပြလေသည် ။ သူတို့က ကျွန်တော်တို့ဘက်မှာပါ

တယ်ဟု ဖရစ်က ပြောပြသည် ။အဆင်ပြေပါတယ်ဟု အကောက်ခွန်အရာရှိက ပြောပြောဆိုဆို ပြန်လည်ပြုံးပြပါသည်။ ဆက်လက်၍ စက္ကူသေတ္တာထဲတွင် ဘာပါသလဲဟု မေးမြန်းခြင်းမပြုဘဲ

၎င်းအဖွဲ့၏ စာရွက်စာတမ်းများကို တဒုန်းဒုန်းဖြင့် တံဆိပ်တုံးရိုက်နှိပ်ကာ ဆက်သွား

ခွင့်ပြုလေ သည် ။ အဖုံးနီနီတရုတ်ခရစ်ဝင်စာအုပ် အုပ်ရေ (၁၀၀၀၀) ဘေးကင်းရန်ကင်း

စွာ တန်ဇန်နီးယားနိုင်ငံထဲသို့ ရောက်လာပါပြီ။ ယခု အပြီးသတ် အဆုံးအဖြတ်ပေးမည့်

နောက်ဆုံးအဆင့်ဖြစ်သော တရက်မီးရထား အလုပ်သမားများလက်ထဲသို့ စာအုပ်ငယ်

များကို ထည့်ပေးဖို့ ကျန်ရှိနေပါသည်။ ဆယ်ရန်ဂယ်တီ တောရိုင်းတိရစ္ဆာန်ကြိုးဝိုင်းမှ

အထွက်တွင် ကျွန်တော်တို့ လိုက်ခဲ့သော ကြမ်းတမ်းသည့် မြက်တောလမ်းပမာ လမ်း

ကြောင်း အတိအကျ မဖော်ပြနိုင်သော နယ်ပယ်ဖြစ်သည်။ မည်သို့ဆိုစေကာမူ ဝမ်းသာစွာ

အမှီပြုလိုက်လျှောက်ဖို့ တောင်တန်းနောက်တစ်ခုကိုတော့ ကျွန်တော်တို့ ပိုင်ဆိုင်

ထားကြပါသည်။ ၎င်းမှာ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ သွန်သင်

လမ်းပြခြင်းပေတည်း။

၁၁။တရုတ်များနှင့်ထိတွေ့ခြင်း

အဖွဲ့သားခြောက်ဦးကို မွန်ယာတွင် ဖရစ်နှင့်ထားခဲ့ပြီး အိုင်ယင်နှင့် ကျွန်တော်

နောက်တစ်နေ့ နံနက်စောစော မြက်တောလယ်ကွင်းပြင်ကို ဖြတ်ကျော်၍ ရှည်လျားသော

ငြီးငွေ့ဖွယ်ခရီးတစ်ထောက် သွားကြရန် အရှေ့ တောင်ဘက်သို့ ဦးတည်ကြပါသည်။

ဤတစ်ကြိမ်တွင် မော်တော်ကား၏နောက် ပစ္စည်းထည့်ခန်းသာမဟုတ်ဘဲ တိုယိုတာ

ကားထိုင်ခုံများပေါ်၌လည်း သေတ္တာများကို အပြည့်တင်ထားပါသည်။

“အမလေး ဆရာကြီးပြောပြခဲ့တဲ့ အိုက်စပ်စိုစွတ်တဲ့ ရာသီဥတုဆိုတာ ယခု

သဘောပေါက်ပြီဟု အိုင်ယင်က ဒါရက်စလမ်မြို့ရောက်ခါနီးတွင် ပြောလိုက်သည်။

ခပ်ဝေးဝေးတွင် ကင်ညာမြို့တော်၏လျှပ်စစ်မီးရောင်ကို မှောင်မည်းနေသော နွေရာသီ

တွင် လှမ်းမြင်နိုင်ပါသည်။ စကော့လူမျိုးဖြစ်သည့်အလျောက် သူ၏ဖြူရော်သော အသား

အရေသည် ချွေးစို၍ တောက်ပြောင်သည်။ အိုင်ယင်သည် သူ့နာရီကို မျက်စောင်းထိုး

ကြည့်ကာ “ဆယ်နာရီ ဆယ်မိနစ်။ ဒီအချိန် အပူရှိန်အေးလာဖို့ သင့်ပြီလို့ မထင်ဘူးလား

ဟု အိုင်ယင်က ပြောသည်။

သင့်တာပေါ့ ။ မကြာခင် အသားကျလာပါလိမ့်မယ်ဟု ကျွန်တော်

နှစ်သိမ့် အားပေးသည်။ ကျွန်တော်လည်း အပူဒဏ်ခံ၍ တစ်ကိုယ်လုံးချွေးစို၍ ကပ်စေး

ကပ်စေးဖြစ်နေသည်။ သို့သော် မိုးလေဝသအပူဒဏ်နှင့် ထပ်တူထပ်မျှ ဆိုင်မွန်ကို

ပြန်လည်တွေ့ဆုံလိုသော ဆန္ဒစောမှု အပူဒဏ်ကိုလည်း ကျွန်တော် ခံနေရပါသည်။

တရုတ်ခရစ်ဝင်ကျမ်းကိုပြသည့် အခါ သူ့မျက်နှာကို ရှုစားဖို့မအောင့်အီးနိုင်လောက်

ဖြစ်နေမိပါသည်။ မဝေးတော့ဘူး၊ သယ်မယ်ကယ်မြို့က ဆင်ခြေဖုံးတည့်တည့်မှ

ရှိတယ်။ ပြောပြောဆိုဆို ဖုံတစ်ထောင်းထောင်းထသည့် အထဲကနေ လမ်းမကြီးပေါ်မှာ

ခြောက်လခန့်တုံးက ပထမဆုံး သတင်းထောက်ဆရာနှင့်ကျွန်တော် ခြေကျင်လျှောက်၏ကြသော သဲလမ်းဆီသို့ ဦးတည် နေပါသည်။

ဤတစ်ကြိမ်၏ ထူးခြားချက်မှာ ဆိုင်မွန်သည် ကျွန်တော်တို့ကို မျှော်လင့်ထား

ခြင်းဖြစ်သည်။ ကျွန်တော် ကြိုတင်မျှော်လင့်ထားသမျှအရာမှာ နီနီရဲရဲ စာအုပ်ကလေး

ကို မြင်သောအခါ သူ့တုံ့ပြန်မှု ဖြစ်သည် ။ ခရီးဆိုက်ရောက်လာသောအခါ ဖျာခင်းထား

သည့် သူ့ဧည့်ခန်းကြမ်းပြင်ပေါ်သို့ စာအုပ်သေတ္တာတစ်လုံးကို ပစ်ချလိုက်ရာသူ

သည်လည်း စိတ်အားထက်သန်စွာ ဖွင့်‌ ဖေါက်လေတော့သည်။ “ရုဒီ၊ မယုံနိုင်လောက်

တစ်ကယ့်အံ့သြစရာကောင်းတာပဲ” ဟုအော်ဟစ်ရင်း ဝမ်းသာစွာ စာအုပ်နီတစ်အုပ်

ကို ကောက်ယူကာ စာမျက်နှာများကို သေသေချာချာ စစ်ဆေးနေပါသည်။ “စိတ်ထဲ

မှာ မြင်ယောင်တဲ့အတိုင်း အတိအကျပဲ” စာအုပ်နီလေးကိုအပေါ်သို့ မြောက်ကာ မျက်စိမှတ်

၍ ဤစာအုပ်များကို ဘေးရန်ကင်းစွာ ရောက်ရှိလာသည့်အတွက် ကျေးဇူးတင်ပါတယ်၊

သခင်ဘုရား၊ ဒီစာအုပ်များ ဒီနေရာကိုရောက်လာအောင် ကိုယ်တော်လုပ်ဆောင်ခဲ့ သမျှကိုအံ့ဩမဆုံးနိုင်ပါ။

“ယခု သခင်ယေရှုဘုရား၊ တရုတ်များလက်ထဲသို့ အန္တရာယ်ကင်းစွာ ဘယ်ပုံ

ဘယ်နည်း လက်ကမ်းရမည်ကို ပြတော်မူပါ”ဟု ကျွန်တော် ဆက်ဆုတောင်းသည်။

“အာမင်၊ အာမင်” ဟု ဆိုင်ယင်က ကျယ်လောင်စွာ အော်ဟစ်၍ ကမန်းကတန်း

ပြုလုပ်သော ဆုတောင်းပွဲကို အဆုံးသတ်လေသည်။

“ဒီစာအုပ်များ အသင်းတော်ကိုပြဖို့ ငါ့မစောင့်နိုင်လောက်အောင် ဖြစ်နေတယ်”

ဟု ဆိုင်မွန်သည် ပက်လက်ကုလားထိုင်ပေါ်တွင်ထိုင်၍ မဖတ်တတ်သော စာအုပ်ကို

ထပ်မံ၍ သေချာပြန်ကြည့်နေလေသည်။ “အသင်းသူအသင်းသားများဟာ ဒီစီမံကိန်း

အကောင်အထည်ဖော်ဖို့ ဆုတောင်းနေကြတာကြာပါပြီ။”

တနင်္ဂနွေနေ့ရောက်လာသောအခါ ဆိုင်မွန်သည် တရုတ်စာအုပ် သေတ္တာ

တစ်လုံးကို ဘုရားရှိခိုးကျောင်းသို့ ယူလာကာ အသင်းသူအသင်းသားများအား တစ်အုပ်စီ

လက်ကမ်းပေးလေသည်။ စာအုပ်ကို လက်ထဲတွင် ပထမဆုံးတို့ထိကိုင်တွယ်ကြသော

အသင်းသူ အသင်းသား(၂၀၀)စုဝေးသော ဘုရားကျောင်းထဲ၌ အပ်ကျသံပင် မကြား

လောက်အောင် ထူးဆန်းသော တိတ်ဆိတ်မှုတစ်ရပ် ကျရောက်လာသည်။ အထဲကစာကို

မဖတ်တတ်ကြသည့်တိုင်အောင် တစ်ရွက်ချင်းလှန်၍ စစ်ဆေးနေကြသည်ကို ကျွန်တော်

မြင်သောအခါ ဝမ်းသာပီတိဖြစ်နေပါသည်။ ဤမျှဆုတောင်းပတ္ထနာပြု ကြပြီးသည်

နောက် အဖြေကို ယခုလက်ထဲတွင် အမှန်တကယ် ကိုင်တွယ်နေကြသည်ကို အမှန်စင်စစ်

ဟုတ်ရဲ့လားဟု အံ့သြနေကြသည့် သဏ္ဌာန်ကို ပြနေကြသည်။ ဆက်လက်၍ ဆိုင်မွန်

သည် ဧဝံဂေလိအမှုတော်အကြောင်းကို စိတ်အားထက်သန်စွာ ဟောပြောလေတော့သည်။

ဆိုင်ယင်နှင့်ကျွန်တော် သူပြောနေသော ဆွဟီလီစကားကို နားမလည်ကြသော်လည်း

အာဏာတန်ခိုးအာသံနှင့် စာအုပ်နီလေးကို မကြာခဏဝှေ့ကာ ဟောပြောခြင်းကြောင့်

၎င်းစာအုပ်များကို ဖြန့်ဝေဖို့ သူ့အသင်းတော်အား စိန်ခေါ်နေသည်ဟု ခန့်မှန်းနိုင်ပါသည်။

ကိုယ်တိုင် တောင်းဆိုချက်၏ အဖြေဖြစ်ရန်နှင့် ဤစာအုပ်များကို တရုတ်များ

လက်ထဲသို့ အသစ်သောနည်းလမ်းဖြင့် ပေးကမ်းနိုင်ဖို့ ဘုရားသခင်လမ်းပြတော်မူပါဟု

တောင်းလျှောက်ကြဖို့ တိုက်တွန်းနှိုးဆော်နေခြင်းဖြစ်သည်။ အသင်းသူအသင်းသား

၏ မျက်နှာ သာယာလာကာ သူတို့၏ယုံကြည်ခြင်း အားကြီးလာသည်ကို သိသိသာသာ

မြင်နေသည့် သကာလ ဆိုင်မွန်၏အရည် အချင်းကို အလွန်သဘောကျကာ နှစ်ယောက်

သား ဘုရားသခင် ဆုံစည်းစေခဲ့ပုံကို အသစ်တစ်ဖန် အံ့မခန်း သတိရနေမိပါသည်။

ရှေ့ရက်သတ္တပတ်လုံး အိုင်ယင်နှင့် ကျွန်တော်သည် ဆိုင်မွန်နှင့်သူ့ဇနီး၏

ဧည့်သည်များအဖြစ် ထိုင်နေကြသည်။ ဧည့်သည်များအတွက် အထူးဆောက်လုပ်

သော ဘုရားရှိခိုးကျောင်းအခန်းတစ်ခန်းတွင် အိပ်ကြပါသည်။ ရှေ့လာမည့် ရက်များတွင်

တရုတ်များထံသို့ ဝမ်းမြောက်ဖွယ် သတင်းကောင်းစာအုပ်များကို သယ်မယ်ကယ်

အသင်းတော်သူ အသင်းတော်သားများဖြန့်ချီရန် နည်းလမ်းမျိုးစုံ အသုံးပြုသည့် သတင်း

ကို စတင်ကြားနေရပါသည်။

တရုတ်များ ဈေးဝယ်နေကျ ဈေးဆိုင်တွင် ဈေးရောင်းသောသူအချို့သည်

တရုတ်များ ဝယ်ယူသော သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ကြားထဲတွင် စာအုပ်နီလေး

လျှို့ဝှက်စွာ ထည့်ထားကြသည်။ အသင်းတော်ထဲက ဆေးဆရာဝန်တစ်ဦးသည်

တရုတ်ဆေးတာဝန် မိတ်ဆွေတစ်ဦးအား စာအုပ်နီတစ်အုပ်ပေးကမ်းရလောက်အောင်

သတ္တိရှိပါသည်။ စိတ်ဝင်စားစရာအကောင်းဆုံးမှာ တန်ဇမ်မီးရထားစီမံကိန်းတွင် အ

လုပ်လုပ်နေသော တရုတ်များနှင့် တိုက်ရိုက်ဆက်စပ် ထိတွေ့မိသည့် အကြောင်းဖြစ်သည်။

ဆိုင်မွန်သည် ဤအကြောင်းကို အိုင်ယင်နှင့်ကျွန်တော်အား ညစာစား

ပြောပြသည်။ အသင်းသားတစ်ယောက်ဟာ မီးရထားစီမံကိန်းမှာ အလုပ်သမားများ

စာရင်းစစ် လုပ်ကိုင်နေတဲ့အကြောင်းကို ပြောပြတာမှတ်မိရဲ့လား။

“ဟုတ်ကဲ့၊မှတ်မိပါတယ်”ဟု မည်သည့် အရွက်မှန်းမသိသော အစိမ်း

ဟင်းရွက်ကို ဟင်းခွက်ထဲမှ ကျွန်တော့်ပန်းကန်ထဲသို့ ခပ်ယူရင်း ပြောလိုက်ပါ

ဆိုင်မွန်လည်း အင်တုံတစ်ခုထဲမှ ထမင်းကို သူ့ပန်းကန်ထဲသို့ ထည့်ရင်း

ပြောပြသည်။ အဲဒီလူ ဒီနေ့ ကျွန်တော့်ဆီလာလည်တယ်။ သူပြောတာကို ခင်ဗျား

အတော်စိတ်ဝင်စားကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်သည် စားသောက်ဖို့ပင် စိတ်မရှိ

တော့ဘဲသူဆက်ပြောမည့် စကားကိုငံ့လင့်နေပါသည် ။

ကောင်းပါပြီ။ ဆိုင်မွန်က ထမင်းပလုတ်ပလောင်း စားရင်း ပြောပြသည်။

စာအုပ်နီတချို့ကို ယူသွားပြီး သူနှင့် အတူတူ လုပ်ကိုင်နေတဲ့ တရုတ်များကိုပေးဖို့

တိုက်တွန်းခဲ့ပါသည်။

အမိခံရင်တော့ အလုပ်ပြုတ်မယ်မဟုတ်လား”ဟု အိုင်ယင်က စိတ်ပူပန်သည်။

ဟုတ်တာပေါ့။ ဒါကြောင့် သူ့ကို အကြံစပေးတုံးက အင်တင်တင်လုပ်နေတာပေါ့။

ဒါနှင့် တောင် သူ့ကို တိုက်တွန်းရသေးသလား။ ကျွန်တော်မေးသည်။

ဒီကွန်မြူနစ်များရဲ့ တုံ့ပြန်မှုဘယ်လိုရှိတယ်ဆိုတာ ဖော်ထုတ်ဖို့ တစ်ကယ်

အရေးကြီးတယ်ထင်လို့ပါဟု ဆိုင်မွန်ကပြန်ဖြေသည်။

အရည်လား၊အခဲလားဆိုတာ ပေးချင်တဲ့ သဘောပေါ့ နော်ဟု အိုင်ယင်က

ထောက်ခံသော အသံဖြင့် မေးသည်အတိအကျပဲ၊ ဒီတရုတ်များဟာ အမာခံကွန်မြူနှစ်များအဖြစ် သဘောထားကြတယ် ဒါပေမဲ့ သူတို့သက်ဝင်ယုံကြည်ချက်ထဲမှာ ဘယ်လောက်မာ တယ်ဆိုတာ

ဖော်ထုတ်ဖို့လိုတယ်လေ။

ဒါနှင့်သူက စာအုပ်များကို သယ်ပေးသလား။ ကျွန်တော်ဝင် မေးသည်။ ဆိုင်မွန်

ပြောသမျှစကားကို နားစွင့်နေသည့်အတွက် ကျွန်တော်ပန်းကန်ထဲက မစားရသော

ထမင်းအေးစက်လာသည်။

ဘယ်သူမှမရိပ်မိဘဲနှင့် အခန်းထဲကို အုပ်နီလေးများကို ယူတော့ ယူသွားပါ

တယ်ဒါနဲ့စာအုပ်များ လက်ကမ်းပေးဖို့ စိတ်မငြိမ်ဖြစ်လွန်းတာနှင့် သူ့စားပွဲအံဆွဲထဲ

က ရက်ပေါင်းများစွာ ဝှက်ထားခဲ့တယ်လို့ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်တယ်မဟုတ်လားဟု အိုင်ယင်နှင့်ကျွန်တော် ပြိုင်တူပြော

ကြသည်။ အိုင်ယင်လည်း စိတ်ဝင်စားလွန်းသဖြင့် ထမင်းဆက်စားရန်ပင် မေ့နေ

သည်ကို ကျွန်တော်ရိပ်မိပါသည်။“ဟုတ်ပါတယ်။ မနေ့က တရုတ်နှစ်ယောက် အလုပ်ကိစ္စတစ်ခုမေးဖို့ သူ့ရုံးကိုဝင်လာတယ်၊ သူတို့သုံးယောက်တည်းရှိနေတုံး အခွင့်အရေး အကောင်းဆုံးဟုဆိုပြီး

တစ်အုပ်ပေးလိုက်တယ်တဲ့။ ကျွန်တော်အသက်ရှုဖို့ပင် မေ့သွားသည်။

ကြည့်စမ်း၊ တကယ့်ကို စွန့်စားတယ်မဟုတ်လား။

တစ်ကယ့်စွန့်စားခန်းပေါ့ဟု ဆိုင်မွန်ကဖြေသည်။ သူအလုပ်လုပ်နေတဲ့ ကာလ

တစ်လျှောက် ဒီလူနှစ်ယောက်နှင့် အတော်အတန် ထိတွေ့မှုရှိတဲ့အတွက် အန္တရာယ်

မရှိဘူးလို့ ယူဆထားတယ်။ သူတို့နှင့် ဝိညာဉ်ရေးအကြောင်းကိုလည်း စကားစပ်ဖူး

ခဲ့တာခရစ်ယာန်ဘာသာကို သဘောကျသလိုလို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒါနှင့် ကျွန်တော်တို့၏ ဝမ်းမြောက်ဖွယ်သတင်းကောင်းစာအုပ်ကို သူက

ဖောက်သည်ချလိုက်တယ်တဲ့လဲဟု အသေးစိတ်ကို ကြားချင်လှသဖြင့် ကျွန်တော်

ဝင်မေးလိုက်ပါသည်။

သူတို့နှင့်ရုံးခန်းထဲမှာ နာရီပေါင်းများစွာ စကားပြောကြပြီးသည့်နောက်

အနှောင့် အယှက်မရှိတော့ဘူးဟု တွက်ဆကာ အံဆွဲထဲမှာ ဝှက်ထားသော စာအုပ်များကို

ဆွဲထုတ်၍ “ဒီမှာ သူငယ်ချင်းတို့၊ ခင်ဗျားတို့စာနှင့်ဖတ်ချင်မည့် စာအုပ်တချို့ ရှိတယ်။

ရော့ယူကြ” ဟု တစ်အုပ်စီပေးလိုက်သည်။

ဘယ်လိုတုံ့ပြန်ကြသလဲ။ အိုင်ယင်က ဆန္ဒစော၍မေးပြန်သည်။ ယခု ပန်းကန်

ထဲတွင် ထည့်ထားသော အစားအစာများကို လုံးဝမေ့နေကြသည်။

စာအုပ်ထဲ၌ ပါဝင်သော အကြောင်းအရာများကို တွေ့ ရှိကြတဲ့အခါ မျက်စိ

ပေကလပ်ပေကလပ်လုပ်ကြပြီး တစ်အောင့်လောက်စိတ်ဝင်စားစွာ ဖတ်ရှုကြတယ်တဲ့။

ကြပါတယ်။

အနှစ်(၂၀)အတွင်း သမ္မာကျမ်းကို ပထမဆုံးအကြိမ် မြင်ရခြင်းဖြစ်တယ်လို့ ပြောပြတာ

ယုံရခက်တယ် မဟုတ်လား။ စာအုပ်ကိုတော့ ယူသွားကြသလားဟု ကျွန်တော်

မေးသည်။ယူမသွားဖြစ်ဘူး။ သူတို့စခန်းကို ယူသွားကြဖို့ အန္တရာယ်များလွန်းတယ်လို့

ခံယူကြတယ်။ဒါပေမဲ့၊ သူတို့ဖတ်ချင်တယ်ဆိုတာ အနည်းဆုံးတော့ ကျွန်တော်တို့ သိကြ

တယ်မဟုတ်လားဟု အိုင်ယင်က မှတ်ချက်ချသည်။

ဆိုင်မွန်အနေဖြင့် သဘောတူသည်။ သူတို့ ဖတ်ချင်ကြမှန်းသိလို့ ကျွန်တော်

အားရတယ်။ သူတို့ လက်ထဲ ဒီစာအုပ်ရောက်ဖို့ နည်းလမ်းမျိုးစုံ ရှာကြံကြဦးမှဘဲ။ တရုတ်

များလက်ထဲသာ ရောက်သွားလျှင် ဖတ်ကိုဖတ်ကြလိမ့်မည်ဟု ကျွန်တော် ယုံကြည်တယ်။

တရုတ်များနှင့်ထိတွေ့မှုတော့ရှိလာပါပြီ။ သို့သော် ဆက်လုပ်ရန် အများကြီး

ကျန်သေးသည်။ သယ်မယ်ကယ်အသင်းသူ အသင်းသားများသည် သစ္စာရှိရှိ တတ်စွမ်း

သမျှ လုပ်နေကြသည်မှာ မှန်သော်လည်း ဆင်ပါးစပ်ထဲ နှမ်းပက်သလို ဖြစ်နေသည်။

အစုလိုက်အပုံလိုက် ပေးကမ်းနိုင်ရန် ကူညီဖို့ တခြားလူများနှင့်တွဲ၍ နည်းလမ်းမျိုးကို

အသုံးပြုရန် လိုအပ်သည်။ ရှေ့သုံးလ လေးလအတွင်း ကျွန်တော် သီးခြား ဆောင်ရွက်မှု

နည်းတစ်ခုကို ထွက်လိုက်သည်။ ဇမ်ဘီယာ၊ယူဂန္ဒာ၊ ကင်ညာနှင့် တန်ဇန်နီးယားပြည်

များထဲ၌ လှုပ်ရှားနေကြသောအဖွဲ့များကို လှည်ပတ်၍ အားပေးရင်း ဒါရက်စလမ်ကို

ပြန်လည်ဖြတ်သန်းပြီး တတ်နိုင်သည့်အခါတိုင်း၊ ကိစူမူပုံနှိပ်တိုက်မှ စာအုပ်များယူလာကာ သယ်မယ်ကယ်မြို့ ဆိုင်မွန်ထံတွင် စုပုံထားရန်ဖြစ်သည်။ ဆုံစည်းမိသည့် အခါတိုင်း ဆိုင်မွန်နှင့်ကျွန်တော်စာအုပ်များကို ဖြန့်ချိရေး ပိုမိုထိရောက်သော

နည်းလမ်းများကို ကြည့်ကြမည်။ တခ်ခါတလေ မမျှော်လင့်သော နည်းလမ်းအတွက်

အခွင့်အလမ်းသစ် ပေါ်လာတတ်ပါသည်။

ဒါရက်စလမ်မြို့သို့ အလည်အပတ် တစ်ခေါက်ရောက်တုံးကတန်ဇန်နီးယားနှင့်ဘောလုံးကစား ဖို့တရုတ်အမျိုးသားလုံးအသင်း ရောက်လာမည်ဟု သိရှိခဲ့ပါသည်။

ညီအစ်ကိုကြီး အင်ဒရူး ပြော သောစကားတစ်ခုကို သတိရလာ သည်။ တရုတ်ကွန်မြူနစ်များဆီသို့ မ‌

ရောက်နိုင်လျှင် ဘုရားသခင်က ကျွန်တော်တို့ဆီသို့ လာပို့ပါလိမ့်

မည်။ ဤ‌ ဘောလုံးပွဲသည် တရုတ်လူမျိုးများနှင့် အစုလိုက်ထိတွေ့ဖို့ အခွင့်အလမ်းသုံးဖြစ်သည်။ ချက်ခြင်း ပွဲလက်မှတ်တစ်စောင်ဝယ်လိုက်ပါသည်။

လမ်းတွင် တရုတ်အမျိုးသား အမြောက်အမြား အလုပ်လုပ်နေကြရကာ၊ ပွဲထိုင်ခုံ

လက်မလည်အောင် အရောင်းသွက်မည်ဟု မှန်းဆရပါသည်။ ကျွန်တော် စိတ်ဝင်စားနေ

သည်မှာ ဘောလုံးပြိုင်ပွဲမဟုတ်ဘဲ တရုတ်အလုပ်သမား ရာပေါင်းများစွာတို့၏

လက်ထဲသို့ ဧဂေလိကျမ်းစာအုပ်များကို ထည့်ပေးဖို့ အခွင့်အလမ်းဖြစ်ပါသည်။

စီမံထားသော နည်းဗျူဟာမရှိသော်လည်း အချိန်တန်သည့်အခါ ဘုရားသခင်က

လုပ်ရမည်ကိုပြ‌ တော်မူလိမ့်မည်ဟု ယုံကြည်အားထားပါသည်။ ထို့ကြောင့် ဘောလုံး

ပွဲမီအောင် ဒါရဂဒ်စလမ်မြို့သို့ ပြန်ရောက်နိုင်ရန် ခရီးစဉ်ကို ပြောင်းလဲပြုပြင်ခဲ့ပါသည်။

အခြေအဖွဲ့သားများမှ ကူညီနိုင်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း ဆိုင်မွန်

သည် သူလက်မလည်နိုင်လောက်အောင်ရှိပြီး အိုင်ယင်မှာ မွန်ယာသို့ အဖွဲ့သား

များနှင့် ပြန်လည်ပူးပေါင်းသည့် အတွက် မိုင်ပေါင်း(၅၀၀)ခန့် အလှမ်းဝေးသွားသည်။

ကူညီနိုင်မယ့် လူမရှိသောကြောင့် တစ်ယောက်တည်း ဦးတည်လိုက်ပါသည်။ ပွဲစဖို့

နာရီဝက်အလိုတွင် ဘောလုံးကွင်းသို့ ရောက်သွား၍ တံခါးဝတွင် လက်မှတ်ကိုပေးရာ

ခြေသလုံးပွဲ ဝါသနာရှင်များနှင့်တမူထူးခြားချက်တစ်ခုမှာ ဝမ်းမြောက်ဖွယ်သတင်း

အသင်းစာအုပ်များကို အပြည့်ထည့်ထားသော ကျောပိုးအိတ်တစ်လုံးကို ထမ်းလာခြင်း

ဖြစ်သည်။ သခင်ဘုရား၏လမ်းညွှန်မှု အတွက် ဆု တောင်းထားသည့် တိုင်အောင်

မည်ကဲ့သို့ ဖြန့်ဝေရမှန်း အကြံမရဖြစ်နေပါသည်။ တရုတ်ကစားသမားများ ဘောလုံး

ကွင်းတံခါးပေါက်သို့ ဝင်လာသည့်အခါ တစ်အုပ်စီ ဝေငှလိုက်လျှင်တော့ အသင့်မြတ်ဆုံး‌ ပေါ့။သို့သော် ဤကဲ့သို့ပြုလုပ်ရန်မှ တန်ဇန်နီးယား တည်ဆဲဥပဒေကို တမင်သက်သက် ချိုးဖောက်ရာ၊ မလေးစားရာရောက်သဖြင့် အန္တရာယ်ထူပြောသည်။

ဘောလုံးကွင်းထဲသို့ဝင်ကာ ပတ်လည်ကိုလိုက်ကြည့်ရာဘောလုံးဝါသနာရှင်တစ်ချို့ထိုင် နေကြပြီ။ မကြာမီ ပွဲကြည့်ပရိသတ်များ တဖွဲ့ဖွဲ့ ရောက်လာပါလိမ့်မည်။

ပွဲကြည့်ထိုင်ခုံ အများဆုံးတွင် တန်ဇန်နီးယား ပြည်သူပြည်သားများ မမြင်ဘူးသော

တရုတ်ပွဲကြည့်ပရိသတ်များ ထိုင်ကြကာ သူတို့နိုင်ငံသားများကို ဩဘာပေးကြလိမ့်မည်။

သူတို့ နှင့် ထိတွေ့ဖို့ ရခဲသော အခွင့်အလမ်းတစ်ခုဖြစ်သည်။ အမှန်ဧကန်ဖြစ်သည်။

သို့သော် ကျွန်တော့်အခွင့်အလမ်း တိုတောင်းသည်။ ကျွန်တော် ကျောချမ်းလာသည်။

စာအုပ်များကို ဤလူများလက်ထဲသို့ မည်ကဲ့သို့ ထိထိရောက်ရောက် ကမ်းလှမ်း

နိုင်မည်နည်း။

ထိုအခါ ရုတ်တရက် အကြံတစ်ခုရလာသည်။ စာအုပ်များကို ထိုင်ခုံတွင်

ထားပါဟူသော သန့်ရှင်းသောဝိညာဉ်တော်၏လမ်းညွှန်ချက်ကို အလိုအလျောက်

သိရှိရပါသည်။ အချိန်ဖြုန်းရန်မဖြစ်ပါ။ မိနစ်တိုင်း ပရိသတ်တိုးလာသည်။ လျင်မြန်

နှင့် လျှို့ဝှက်စွာ ထိုင်ခုံတန်းများအတိုင်း လျှောက်သွားကာ ထိုင်ခုံအလွတ်များတွင်

စာအုပ်များကို ချထားခဲ့ပါသည်။ အိတ်ထဲတွင် အုပ်ရေ(၃ဝဝ)ကျော်ပါရှိသဖြင့် လျင်လျင်

မြန်မြန်နှင့် မမြင်သာအောင် လုပ်ဖို့လိုအပ်သည်။ ကျောပိုးအိတ်ကိုလွယ်၍ ထိုင်ခုံ

တစ်တန်းပြီးတစ်တန်း အလေးမမူ ဂရုမစိုက်သလို လျှောက်သွားပါသည်။

ပွဲကြည့်သူအနေဖြင့် ကျွန်တော် ထိုင်ခုံရှာနေသည်ဟု မြင်လိမ့်မည်။ အကဲခတ်သူရှိမရှိ

သတိဝိရိယရှိစွာ မျက်လုံးကစားရင်း ကျောပိုးအိတ်ထဲသို့ သတိဖြင့် စာအုပ်များကို ဒါဇင်

လိုက် မှန်းဆ၍ နှိုက်ထုတ်ကာ ငါးအုပ်ခြောက်အုပ်စီကို ထိုင်ခုံငါးခြောက်ခုံအတွက်ပုံ၍ထားခဲ့ပါသည်။

အချိန်တိုတိုလေးအတွင်း တတ်နိုင်သမျှ ဖြန့်ကြဲချင်သည့်အတွက် နောက်ဆုံး

တွင် တမင်တကာ အစုလိုက်အပြုံလိုက် ချထားခြင်းဖြစ်သည်။ ပိုမို၍လည်း ထင်ရှား

စေပါ။ အုပ်ရေ (၃၀၀)ကျော်ဖြစ်သဖြင့် စနစ်တကျ ပြုလုပ်ရန် အချိန်ကုန်မည်ဖြစ်သည်။

လူတဖွဲ့ ဖွဲ့ရောက်လာသဖြင့် ကျွန်တော် ဘာလုပ်နေသည်ကို တစ်ယောက်ယောက်

မြင်မိကာ သတင်းပေါက်ကြားဖို့ စိတ်ပူစရာ ဖြစ်လာသည်။ စာအုပ်အနည်းငယ်

ချထားဖို့ ကျန်ရှိသောအချိန်အတွင်း စာအုပ်ချထားခဲ့သော ထိုင်ခုံတန်းထိပ်ဘက်

အော်ကျယ်အော်ကျယ်အသံ ကြားနေပါသည်။ လှည့်ကြည့်လိုက်ရာ တရုတ်တစ်ယောက်

သည် စာအုပ်တစ်အုပ်ကိုကိုင်၍ သူ့ပတ်လည်လူများအား ခပ်ကျယ်ကျယ်ဖြင့် ပစ်

ပြောနေပါသည်။ အခြားတစ်ယောက်က ထိုင်ခုံတစ်ခုပေါ်က စာအုပ်ကိုမြင်၍ လုယူ

သည်။ ဤအပြုအမူသည် ချက်ခြင်းကူးစက်လာကာ ချထားသောစာအုပ်များကို လုနေ

ကြသည်။ ဘောလုံးပွဲ ၏ အထူးအစီအစဉ်တစ်ရပ်အဖြစ် ဧဝံဂေလိ သတင်းကောင်း

စာအုပ်ကို အခမဲ့ဖြန့်ဝေသည်ဟု ယူဆကြဟန်ရှိသည်။

စာအုပ်ငယ်လေးထဲက အကြောင်းမှန်ကို သိရှိကြသောအခါ သူတို့၏ကြောက်

မက်ဖွယ်တုံ့ပြန်မှုကြောင့် လက်ပူးလက်ကြပ် အဖမ်းမခံလိုသည့်အတွက် နောက်ဆုံး

လက်ကျန်စာအုပ်များကို ကမန်းကတန်း ထားပစ်ခဲ့ကာ ထွက်ပေါက်ဘက်သို့ လျင်မြန်စွာဦးတည်နေပါသည်။သူတို့နှင့် နေခဲ့၍ စကားစပ်မိကြလျှင် အလွန်သင့်တော်ပါလိမ့်မည်။

သို့သော် လူချင်းဆုံဖို့ ကြိုးစားခြင်းသည် အန္တရာယ်ကိုဖိတ်ခေါ်ရာရောက်လိမ့်မည်ဟု

တပ်အပ်သိရှိပါသည်။ ကျွန်တော်တက်နိုင်သောအလုံးစုံမှာ သခင်ဘုရားကိုယ်တော်

ကြိုက်သလိုဖြစ်ပါစေဟု ယုံကြည်အားထားဖို့သာရှိနေသည်။ “စိတ်နှလုံးပြင်ဆင်သောသူ

များ၏လက်ထဲသို့ ရောက်သွားပါစေ”ဟု စိတ်ထဲတွင် ဆုတောင်းကာ ဘောလုံးကွင်းထဲမှ

တိတ်တဆိတ်ထွက်သွားပါသည်။ တောင်သူလယ်သမားကဲ့သို့ မျိုးစေ့ကိုကြဲခဲ့ပါပြီ။

မြေဩဇာကောင်းသောနေရာသို့ ကျရောက်ဖို့ ယေရှု၏လက်တော်ထဲတွင် အပ်နှံခဲ့ပါ

သည်။ ဤကဲ့သို့ သော အခွင့်အလမ်းများသည် ထူးဆန်းသလို ကြုံခဲပါသည်။ တရုတ်

စခန်းများထဲသို့ အရောက်ပို့ဖို့ နည်းလမ်းသစ်များကို ရှာရဦးမည်။

စာအုပ်များကို ကားထဲမှာတင်ပြီး ရထားလမ်းအတိုင်း သွားကြည့်ကြရင်ကော

ဟု သယ်မယ်ကယ်သို့ နောက်တစ်ခေါက် ပြန်ရောက်လာသောအခါ အကြံပြုပါသည်။

ရထားလမ်းတစ်လျှောက်တွင် စခန်းတစ်ရာကျော် ဖြန့်ထားသည်ဟု သိရှိရပါသည်။

သွားကြည့်ဖြစ်လျှင် ရှင်ယောဟန်ခရစ်ဝင်ကျမ်းစာအုပ် ကလေးဖြန့်ဝေဖို့ ဘုရားသခင်က

တစ်နည်းတစ်လမ်း ဖွင့်ပေးကောင်း ဖွင့်ပေးတော်မူလိမ့်မည်။

မီးရထားလမ်းသည် ဇမ်ဘီယာကြေးနီထွက်ရှိရာမှ တန်ဇန်နီးယား ဆိပ်ကမ်းမြို့

တွင်ဖြစ်သော ဒါရအက်စလမ်သို့ မိုင်ပေါင်း(၁၅၀၀) ရှည်လျားမည် ဖြစ်သည်။ ယနေ့

အထိ ကြေးနီကို ကုန်းလမ်းသယ်ယူကာ ကမ္ဘာ့ဈေးကွက်သို့ ရောက်ရန် ခဲယဉ်းသည်။

ကုန်းလမ်းပို့ဆောင်ရေးသည် ညံ့ဖျင်း၍ အကုန်အကျများသည်။ မီးရထားလမ်း ဆောက်

လုပ်ပြီးစီးသွားလျှင် သင်္ဘောဆိပ်ကမ်းသို့ ကြေးနီများကို လျင်မြန်စွာနှင့်ကုန်ကျစရိတ်

သက်သာစွာ ပို့ဆောင်နိုင်ရုံမက တန်ဇန်နီးယားနှင့်ဇမ်ဘီယာနှစ်နိုင်ငံတို့၏ စီးပွားရေး

သိသိသာသာ တိုးတက်လာမည်ဖြစ်သည်။ တရုတ်၏ ရက်ရောသော ချေးငှားခြင်းမရှိလျှင်

ဤစီမံချက်တစ်ခုလုံး အကောင်အထည် ဖော်နိုင်မည်မဟုတ်ပါ။ ဤအကြောင်းကြောင့်

တန်ဇန်နီးယားနိုင်ငံသည် မီးရထားလမ်းအများဆုံး ဆောက်လုပ်သောနေရာဖြစ်ရကား၊

တရုတ်များကိုလည်း ပြင်ပ ပရောဂပေါင်းစုံမှ ကာကွယ်ရန် အထူးဂရုစိုက်ခြင်းဖြစ်သည်။

အစိုးရသည် ကွန်မြူနစ်ဝါဒကို အားပေးသော နိုင်ငံမဟုတ်သော်လည်း တရုတ်များ၏

စိတ်မကောင်းအောင် တစ်စုံတစ်ရာဖြစ်စေခြင်းဖြင့် စီမံကိန်းတစ်ခုလုံးကို ကမောက်ကမ

မဖြစ်စေလိုခြင်းဖြစ်သည်။

စွန့်စားမှုတစ်ခုခုအတွက် အဆင်သင့်ဖြစ်သော ဆိုင်မွန်သည် ကျွန်တော်၏

အကြံပြုချက်ကို သဘောကျ၍ ထခုန်လေသည် ။ ကောင်းတဲ့အကြံပဲ။ နက်ဖြန်သွားကြရ

အောင်။ စိတ်ရောကိုယ်ပါ ခရီးစထွက်ကြသည်။ သို့ သော် အချိန် သာကုန်လာပြီး စခန်း

တစ်ခုပြီးတစ်ခုကိုသာ တွေ့ရှိရာ ကျွန်တော် ယုံကြည် အားထားမှု လျော့နည်းလာသည်။

ဖြန့်ကြဲသော စခန်းများသည် မူလက ရထားသံလမ်းများအောက်ခံသစ်တုံးများနှင့်

အခြားပစ္စည်းများ သိုလှောင်ထား‌ သောတဲများဖြစ်ကြကာ ယခုအထဲက ပစ္စည်းမရှိတော့

အလုပ်သမားများ နေထိုင်ဖို့ အသုံးပြုခြင်းဖြစ်သည်။ သံဆူးကြိုးဖြင့် ကာရံ၍

တင်းကြပ်စွာ ကြီးကြပ်ထားပြီး အကျဉ်းထောင်ငယ်လေးများပမာ ကားလမ်းမှ အတော်

အတန် အလှမ်းဝေးသွားပါသည်။ နယ်ခံလူများနှင့်သော်လည်းကောင်း နိုင်ငံခြားသား

များနှင့်သော်လည်းကောင်း မထိတွေ့နိုင်ရန် တရုတ်အလုပ်သမားများ၏ စခန်းများကို

ဒေသခံကျေးရွာများနှင့် သီးခြားစီဖြစ်ရန် တမင်တကာ စီစဉ်ထားခြင်းဖြစ်သည်။ စခန်းထဲ

တွင် အမှန်တကယ် အလုပ်လုပ်နိုင်သောသူမဟုတ်လျှင် သို့မဟုတ် အလည်အပတ်သွား

ဖို့ တရားဝင်အကြောင်းပြချက်မရှိလျှင် အနီးအနားကိုပင် ချဉ်းကပ်ရန် မဖြစ်နိုင်ပါ။

သွားရင်းလာရင်းနှင့် ကားလမ်းမှ မလှမ်းမကမ်း ဆောက်လုပ်ထားသော တဲစု

တစ်စုကို ဖြတ်သန်းခဲ့ပါသည်။ ကိုက်တစ်ရာမက ရှည်လျားသော သံဆူးကြိုးနောက်

ကွယ်တွင် ပျဉ်ထောင်အိမ်များကို မြင်နိုင်ပါသည်။ အဆောက်အဦများ နီးကပ်မှုကြောင့်

ကျွန်တော့်အကြံ မအောင်မြင်မှုကို ပိုဆိုးစေသည်။ အထဲကိုဝင်နိုင်တဲ့နည်းလမ်းတစ်ခုခု

ရှိမည်လားဟု မသွားရောက်နိုင်သည့် အဆောက်အဦများကို ကြည့်ကာ ဆိုင်မွန်အား

မေးကြည့်ရာ သူက ခေါင်းခါပြသည်။ အလွန်နီးကပ်လျက်နှင့် အလွန်ဝေးဘိခြင်း။

နည်းလမ်းတစ်ခုမျှမရှိပါ။ အဆက်အသွယ်တစ်ခု ခု ရှိဖို့ လိုတယ်။ ဒီမှာ

တစ်ယောက်တလေမျှ မသိရပါကလားဟု ဆိုင်မွန်လည်း စိတ်ပျက်ဟန်ဖြင့် ပြန်ပြော

သည်။ “ဘုရားသခင် နည်းလမ်းတစ်ခုခုကို ပြင်ဆင်ပေးတော်မူပါဟု အဆောက်အဦများ

ကို မျှော်လင့်တောင့်တစွာ စိုက်ကြည့်ရင်း တိတ်ဆိတ်စွာ ဆုတောင်းမိပါသည်။ မျှော်လင့်

ချက်ကင်းမဲ့သလို ဖြစ်လာသည်။ ရည်မှန်းချက် မအောင်မြင်ဘဲ ဘေးကြပ်နံကြပ်ဖြစ်၍

စိတ်ပျက်အားလျော့သောချိန်တွင် ကားဘီးပေါက်လာသည်။

တရုတ်စခန်းကျော်လွန်ပြီး ငါးမိနစ်ခန့်တွင် ရှေ့လမ်းပေါ်တည့်တည့်တွင်

နေရောင်အောက်၌ သတ္တုအစအနတစ်ခုခု အရောင်လက်နေသည်ကို မြင်လိုက်ပါသည်။

ဖြောင့်တန်းသော ကားလမ်းမကြီးဖြစ်သဖြင့် ကားမောင်းသူဆိုင်မွန်သည် ၎င်းအရောင်

လက်နေသောသတ္တုကို မြင်နေသည်ဟု ကျွန်တော်ယူဆသဖြင့် ဘာမျှမပြောပါ။

သတ္တုစသည် နီးကပ်လာသော်လည်း ဆိုင်မွန်သည် ရှောင်ရန် အားမထုတ်သဖြင့် သူ

မမြင်မိခဲ့ဘူးမှန်း ကျွန်တော်ရုတ် တရက်သဘောပေါက်လာသည်။ သတိထားဆိုင်မွန်

ဟု ကျွန်တော် ငယ်သံပါအောင် အော်သော်လည်း ကျွန်တော့်သတိပေးချက် နောက်ကျ

လေပြီ။ ဆိုင်မွန်သည် ခေါင်းမော့လာ၍ ၎င်းသတ္တုစကို ရှေ့တည့်တည့် တွင်မြင်

နိုင်သော်လည်း ဘေးသို့ရှောင်ရန် အချိန်မရှိတော့ဘဲ တည့်တည့်မတ်မတ် ဝင်တိုက်မိလေ

တော့သည်။ ၎င်းသတ္တုစသည် ရှေ့ဘီးကို ထိုးဖောက်ပြီဟု ရိပ်စားမိပါသည်။ တိုယိုတာ

ကားသည် လမ်းမကြီးပေါ်တွင် ခေတ္တ ဘယ်ညာယိမ်းယိုင်နေကာ ဆိုင်မွန်မှ မနည်းထိန်း

ရပါသည်။ နောက်ဆုံးတွင် အနေအထားမှန်လာကာ လမ်းမကြီးဘေးတွင် ရပ်ထား

လိုက်ပါသည် ။

ပျက်စီးမှုကို စစ်ဆေးရန် ကားရှေ့သို့ အပြေးအလွှား သွားကြည့်ရာ ကျွန်တော်

ဝင်သည့် အတိုင်း ကားတာယာတစ်ဘက်သည် ဝမ်းနည်းစဖွယ် ပေါက်ပြဲနေပါသည်။

အမလေးဟု အော်ဟစ်၍ ပေါက်ပြဲသောတာယာကို အားကုန် ကန်၍ တစ်ချိန်တည်းမှာပင်

ဆင်မခြင်မောင်းနေ ရမည်လားဟု ဆိုင်မွန်ကို ဆဲချင်လှပါသည်။ ကျေးဇူးတော်အားဖြင့်

ကျွန်တော့်ဒေါသကို ထိန်းနိုင်ခဲ့ပါသည်။ ဆိုင်မွန်သည် ပျက်စီးမှုကို စစ်ဆေးရန်

ဒူးထောက်လိုက်ပါသည် ။

ဆက်မောင်းဖို့တော့ မဖြစ်နိုင်တော့ဘူးဟု မတ်တတ်ရပ်လျက် ပြောဆိုသည်။

အရံဘီးနှင့်လဲမှဖြစ်တော့မယ်။

ပြီးလျှင် ဘာဆက်လုပ်ကြမည်လဲဟု စိတ်ထိခိုက်သံနှင့် ကျွန်တော် ပြန်မေး

လိုက်သည်။ ဘယ်နေရာနှင့်မဆို ဝေးသွားပြီ။ အရံဘီးနှင့်စွန့်စားလို့မရဘူးဟု ဆိုင်မွန်က

ပုခုံးကိုတွန့်၍ ပြောဆိုလေသည်။

တရုတ်စခန်းအလွန်လေးမှာ ရွာတစ်ရွာပြတဲ့ သင်္ကေတတစ်ခုကို မြင်လိုက် တယ်။

ထားပေးနိုင်မယ်ဆိုရင် ကောင်းမယ်။ အနည်းဆုံး ခဏလောက်သုံးလို့ ရအောင်ပေါ့။

၎င်းရွာသို့ ရောက်ရန် တရုတ်တဲစုနှင့်တစ်ပြေးညီသော ဖုံထူထပ်သည့်

လမ်းမအတိုင်း ပြန်လှည့် သွားဖို့ တော့ လိုအပ်ပါလိမ့်မည်။ ၎င်းရွာသည် ကောက်ရိုးမိုး

လုံးလုံးဝိုင်းဝိုင်း သစ်သားတဲလက်တစ်ဆုပ်စာရှိပြီး ဈေးဆိုင်မရှိပါ။ ဘေးကာမရှိ

မြေကြီးကြမ်းပြင်နှင့် သံချေးတက်နေသော စက်ကိရိယာ တချို့ရှိသော တင်းကုတ်တစ်ခု

သည် ဤဒေသ၏ကားပြင်ရုံတစ်ခုကို တွေ့ရာ၊ ပိုင်ရှင်သည် ဖုံထူထပ်သော မြေကြီးပေါ်

မှာပင် ကားဘီးကို ပြုပြင်ပေးရန် စိတ်ဆန္ဒရှိသည်။ သို့ သော် လက်နှေးလွန်းရကားသူ့

လုပ်ငန်းကို ပြီးဆုံးသွားသောအခါ တစ်နာရီခွဲ ကြာသွားလေတော့သည်။

မလိုအပ်သော နှောင့်နှေးမှုဖြင့် စိတ်လှုပ်ရှား၍ ပြင်းထန်သော အပူဒဏ်ကြောင့်

အားအင်ကုန်ခမ်းကာ ကားဘီးပြုပြင်ခကြောင့် အသုံးစရိတ်ပိုကုန်မှုတို့ကို ပေါင်းပြီး ဒေါသထွက်လျက်၊ လက်ဝှေ့ထိုးပွဲတွင် အလဲထိုးခံရသကဲ့သို့ ခံစားနေမိပါသည်။

ဤတစ်ခါ ဆိုင်မွန်ကို မမောင်းခိုင်းတော့ဘဲ ရေငုံနုတ်ပိတ်ကာ ရွာထဲမှထွက်၍ တောလမ်း

အတိုင်း ပြန်မောင်းထွက်ပါသည်။ စိတ်အနှောင့်အယှက်ကို ဖွင့်ပြောခြင်းမှ တက်နိုင်သမျှ

ရပ်ပစ်ရန် ပြုမူခြင်းဖြစ်သည်။

တရုတ်စခန်းနှင့် တစ်ပြေးညီအတိုင်း ပြန်ခေါက်၍ ကားလမ်းမကြီး အရောက်

တွင် လမ်းဘေးတွင် အာဖရိကတိုက်သားတစ်ယောက်တည်း မတ်တတ်ရပ်နေသည်ကို

မြင်လိုက်ပါသည်။ သူ့ကို ဖြတ်သွားရုံဘဲရှိသေး ဆိုင်မွန်သည် ကျွန်တော် စိတ်မကောင်း

ဖြစ်နေသည့်ကြားမှာပင် ရုဒီရပ်ဟု အော်လေသည်။ ကြောက်အားကြီး၍ ကားဘရိတ်ကို

နှင်းပစ်လိုက်ရာ တိုယိုတာကားသည် အသံဆိုးဆိုးရှဲရှဲနှင့်ရပ်တန့်သွားလေသည်။

အခုဟာကဘာလဲဗျဟု ဤတစ်ခါ ကျွန်တော်မမြင်မိသော အတားအစီး

တစ်ခုခု ရှိသည်ထင်၍ ပြောလိုက်ပါသည်။ တရုတ်တဲစုရှေ့တွင် မတ်တတ်ရပ်နေသော

အာဖရိကတိုက်သားကို သူက စိတ်တက်ကြွစွာ လက်ညှိုးထိုးပြလိုက်သည်။ ဟိုလူကို

ငါသိတယ်။ ငါ့အသင်းသားတစ်ဦးဘဲ။ တံခါးဖွင့်၍ ကားပေါ်မှ ဆင်းသွားသည်။

မဖြစ်ဘူးထင်တယ်ဆိုင်မွန်။ အချိန်တော်တော်ဖြုန်းခဲ့ကြပြီဟု စိတ်ငြိုငြင်မှုကို

နောက်ဆုံး မဖုံးအုပ်နိုင်တော့ဘဲ ညည်းညူမိပါသည်။ မိတ်ဖွဲ့ဖို့ အချိန် မရှိဘူးလေ။

ပေးကမ်းဖို့ စာအုပ်အများကြီးရှိနေတာကို စဉ်းစားကြည့်။ သို့သော် သူက မကြားတော့ပါ

ကားထဲကနေဆင်း၍ အာဖရိကတိုက်သားထံသို့ ပြေးလွှားနေသည်။ စိတ်မအီမသာ

လက်ချောင်းများကို စတီယာရင်ပေါ်တွင် စည်းနှင့်ဝါးလိုက်နေစဉ်တွင် သူတို့နှစ်ယောက်

အာဖရိကစတိုင်ဖြင့် စကားလက်ဆုံကျနေကြဟန်ရှိသည်။ အချိန်တင်းကြပ်မှန်းကို ဂရု

မစိုက်ဘဲ ဆိုင်မွန်သည် လျှာရှည်မြဲရှည်နေသည်။ အခုအချိန်တွင် ကျွန်တော့်ဒေါသသည်

မီးတောင်ပမာ ပေါက်ကွဲလုနီးဖြစ်သည် ။ နောက်ဆုံးတွင် သူတို့ နှစ်ယောက်သား

ကားဆီသို့ လျှောက်လာကြသည်။ ကားတံခါးပေါက်မှ ခေါင်းကို ထိုးသွင်းကာ ဆိုင်မွန်

သည်ထိုသူနှင့်မိတ်ဆက်ပေးသည်။ ကားထဲမှ ထွက်ဖို့ စိတ်မပူဘဲ ကားပြတင်းပေါက်မှ

နေ၍ ထိုသူအား လက်နှုတ်ဆက်ကာ တွေ့ရတာဝမ်းသာပါတယ်ဟု လိမ်ညာနေခဲ့ပါ

သည်။ ဆိုင်မွန်သည် သဘောထားကောင်းစွာ သူ့မိတ်ဆွေအား မခြေမငံပြုနေသည်ကို

မသိယောင် ဆောင် နေပါသည် ။

“ဒီ၊ ကားသော့ခဏလောက် ကျေးဇူးပြုပေးလိုက်စမ်းပါဦး။ ပစ္စည်းထည့်ခန်း

ဖွင့်ချင်လို့ပါ”ဆိုင်မွန် ဆက်သွားဖို့တော့ အမြန်လုပ်ပါအုံးဟု ပြောနေရင်း ကားသော့

မခြေမငံ ဆွဲထုတ်၍ လက်ကမ်းရင်းပြောလိုက်ပါသည်။

ကျွန်တော့်မိတ်ဆွေ ကို ဧဝံဂေလိကျမ်းပြချင်လို့ ပါဟု သူက အေးဆေးစွာ

ပြန်ပြောသည်။ သူက ဤစခန်းထဲမှာ အလုပ်လုပ်နေတယ်။ စာအုပ်တချို့ ဖြန့်ဝေပေးဖို့

ဆိုင်မွန်က ပစ္စည်းထည့်ခန်းကိုဖွင့်၍ ၎င်းအာဖရိကတိုက်အားက စိတ်အား

ထက်သန်စွာ စာအုပ်တစ်ပွေ့တစ်ပိုက်ကို ယူ၍ တစ်အောင့်လောက်အကြာတွင် မျက်နှာ

သာယာစွာ သူ့ရွာဘက်သို့ ခြေလှမ်းကြဲဖြင့် ပြန်သွားလေသည်။ ကျေနပ်ဖွယ်မကောင်း

သာ ကျွန်တော့်အပြု အမူကြောင့် သခင်ဘုရား၏ ပြစ်တင်ဆုံးမခြင်းခံကာ ကားထဲမှာတောင်

ထိုင်နေပါသည်။ အခန့်မသင့်သော နှောင်းနှေးမှုအဖြစ်နှင့် ရန်သူတော်တစ်ရပ်

အဖြစ် အဓိပ္ပာယ်ကောက်ယူမိသော အမှုအရာတို့သည် တစ်ကယ့်ဖြစ်ရပ်တွင် တန်ဘိုး

မဖြတ်နိုင်သော ဤအာဖရိကတိုက်သားနှင့် အဆက်အသွယ်ချိတ်မိရန် ဘုရားသခင်၏

နည်းလမ်းများဖြစ်လေတော့သည်။ ကားဘီးမပေါက်ဘဲ ကျော်၍ ရွာသို့

လမ်းလွဲမသွားမိလျှင် သူနှင့်ဘယ်သောအခါမှ ဆုံကြမည်မဟုတ်ပါ။

ကျွန်တော် သဘောပေါက်လာသည့်အရာတစ်ခုမှာ ကျွန်တော်တို့ တာဝန်

ယူရမည့် လုပ်ငန်းအစိတ်အပိုင်းရှိသလို၊ ခရစ်တော်လက်ထဲသို့သာလျှင် အပ်နှံလျှင်

အခြားအသွင်အပြင်များလည်း ရှိနေပါသည်။ ဤစာအုပ်များကို ထုတ်လုပ်ရန် ကိုယ်တော်

သည် ကျွန်တော့်ကို တာဝန်ပေးအပ်ခဲ့သလို မည်သူဖြန့်ဝေရမည်ကို ရွေးချယ်ရန်

ကိုယ်တော် အလိုတော်အတိုင်း ဖြစ်လာသည်။ တစ်ခါတလေ ယေရှု ရွေးကောက်တော်မူ

သောသူများမှာ ကျွန်တော့်သဘောနှင့် ရွေးယူရမည့်သူများမဟုတ်ပါ။

ဆိုင်မွန်သည် ဒါရက်စလမ်သို့ ပြန်သွားရန်လိုအပ်သည်။ ထို့ကြောင့် သူသည်

ဘတ်စ်ကားဖြင့် ပြန်သွားသည့်သကာလ ကျွန်တော်တစ်ယောက်တည်း အခွင့်အလမ်း

တစ်ခုခု ရကောင်းရငြား မည်မျှခရီးဝေးဝေး တရုတ်ခရစ်ဝင်စာအုပ်ကို ဖြန့်ဝေရန်

ဆက်ထွက်သွားပါသည်။ ဇမ်ဘီယာကြေးနီသတ္တုတွင်းတောင်ဘက်သို့ ခရီးဆက်နှင်ရာ

တွင် ကျွန်တော့်ဘက်သို့ မျက်နှာချင်းဆိုင်လာကြသော မော်တော်ကားမျိုးစုံသည်

ကားအမိုးပေါ်တွင် ဓာတ်ဆီပုံးများတင်ထားသည်ကို မြင်ရပါသည်။ ပထမတွင် အမှတ်

တမဲ့ သဘောထားမိပေမဲ့ ဆုံမိသမျှသော မော်တော်ယာဉ်တိုင်းတွင် ဓာတ်ဆီပုံးများ

သယ်လာသည်ကို မြင်သောအခါကျမှ ဤအရပ်ဒေသတွင် ဓာတ်ဆီရှားပါးသည်ဟု

သဘောပေါက်လာသည်။ တန်ဇန်နီးယားမှ ဇမ်ဘီယာသို့ မကူးမီ တိုယိုတာ ကားတိုင်ကီ

ပြည့်ထည့်ပြီး အရံယူလာဖို့ စိတ်မကူးခဲ့ပါ။ အခုမှ ကား၏ဓာတ်ဆီ မီတာပြ လက်သံ

သည် တဖြည်းဖြည်းလျော့လာကာ ကျွန်တော့်စိတ်ပူပန်မှု တဖြည်းဖြည်း တိုးပွားလာ

သည်။ ဓာတ်ဆီရှာပေးနိုင်မည့်လူ တစ်ယောက်ယောက်ကိုတော့ ရှာဖို့လိုအပ်လာသည်။

သို့သော် တွေ့ရှိသည့်ဓာတ်ဆီဆိုင်တိုင်းသည် ခေါင်းခါပြကြသည်။ ဘာဆက်လုပ်ရမည်

နည်း။ လက်ကျန်ဓာတ်ဆီဖြင့် အလွန်ဆုံး ငါးမိုင်ထက်ပို၍ သွားနိုင်မည်မဟုတ်ပါ။

အနီးဆုံးရွာသစ်ရွာတွင် ရပ်လိုက်သည်။ ကားဘီးပေါက်ကို ဖာထေးသောရွာ

နှင့်မခြားဘဲ ပြန့်ကြဲနေသော တဲကလေးများသာရှိပြီး ကားပြင်ရုံဓာတ်ဆီဆိုင်ဟူ၍

မရှိပါ။ လမ်းမကြီးအတိုင်း လျှောက်လာသော အာဖရိကတိုက်သားတစ်ယောက်ကို

ရပ်နိုင်၍ ကျွန်တော်ထဲက ဓာတ်ဆီပြမီတာကို လက်ညှိုးထိုးပြ၍ လက်ဟန်ခြေဟန်

နှင့် အင်္ဂလိပ်စာက တစ်လုံးနှစ်လုံးဖြင့် မေးကြည့်ရာ သူက “ဓာတ်ဆီလား”ဟုမေးရာ

ခေါင်းကို ငြိတ်ပြသည်။ “ဘယ်မှာလဲ”ဟု မေးဟန်ဖြင့် လက်နှင့်ပုခုံးကို ပြရာ သူက

ကျွန်‌ တော်မသိမကြားဘူးသော မြို့နာမည်ကို ပြောပြသည်။ “ဘယ်လောက်ဝေးသလဲ။

ဆယ်မိုင်လေး မိုင်နှစ်ဆယ်လား” ဟု ကျွန်တော်မေးသည်။ထိုလူ ကခေါင်းကိုပိတ်ပြ၍ မိုင်နှစ်ရာ”ဟုပြောလေသည်။မိုင်နှစ်ရာဟုတ်ရဲ့ လားဟု ကျွန်တော်ထပ်မေးသည်။ သူပြောသော စကားလွဲပါစေဟု မျှော်လင့်ပါသည်။ သူကခေါင်းကို ညိတ်ပြသည်။နှစ်ရာ”ဟု သူက ထပ်ပြောကာ မြို့နာမည်ကို ထပ်ပြောပြလေသည်။

“တစ်နေရာမှာမရှိတော့ဘူးလား”ဟု ကျွန်တော့် အခြေအနေ မည်မျှ စိတ်ပျက်စရာကောင်းသည့်အကြောင်းကို သူနားလည်နိုင်ရန် မျက်နှာငယ်ဖြင့် သူ့ကို ကြည့်သည်။ သူလက်ညှိုးထိုးပြရာ ကြည့်လိုက်သောအခါ ခပ်ဝေးဝေးတောင်ထိပ်တစ်နေရာရှိ အဆောက်အဦတစ်ခု၏အရိပ်အရောင်ကို မြင်ရပါသည်။

သာသနာပြုအဖွဲ့ တစ်ဖွဲ့ က ခင်ဗျားကို ပေးတယ်ဟု အင်္ဂလိပ်စကားဖြင့် ပြောပြ

ပါသည်။ သာသနာပြုအခန်းသည် ကျွန်တော့်ပြဿနာအဖြေအတွက် သူတို့ဆီ အကူအညီ

တောင်းဖို့ လွဲ၍အခြား နည်းလမ်းမရှိတော့ပါ။ အဆောက်အဦများကို လှမ်းကြည့်၍

အကွာအဝေးခန့် မှန်းကြည့်ရာ ကျွန်တော့်ကားထဲက လက်ကျန်ဓာတ်ဆီဖြင့် ရောက်နိုင်

လိမ့်မည်ဟု တွက်ဆပါသည်။

ကတ္တရား‌စေးလမ်းမပေါ်မှ မြေနီလမ်းခွဲတစ်ခုသို့ လှည့် ကာ တောင်စောင်း

အတိုင်း ကွေ့ကောက်သော လမ်းအတိုင်း တက်သွားပါသည်။ ကျွန်တော် မှန်းဆထား

သည့်အတိုင်းပင် ကာသိုလိပ်သာသနာပြု ခြံဝင်းထဲသို့ ဝင်ဝင်ချင်း ဓာတ်ဆီကုန်သွား

ပါသည်။ မြက်ခင်းလေဟာပြင်တစ်ခု၏ ပတ်လည်၌ အဆောက်အဦကြီးကြီး အမြောက်

အများအလယ်တွင် ကျောက်တုံးဖြင့် တစ်ခမ်းတနား ဆောက်လုပ်သော ဘုရားရှိခိုး

ကျောင်းရှိပြီး စောစောက ကျွန်တော်လှမ်းမြင်သောအရာမှာ ၎င်းဘုရားရှိခိုးကျောင်း

အခေါင်အဖျား ဖြစ်သည်။ အဆောက်အဦများ၏အလယ် လေဟာပြင်ကွက်လပ်ထဲ

ဝင်သွားသောအခါ အဖြူစွပ်စွပ် ဝတ်လုံဝတ်ထားသော ဥရောပတိုက်သားတစ်ဦးသည်

အဆောက်အဦတစ်ခုထဲမှ ထွက်လာ၍ လာကြိုသည်။ ကားထဲမှထွက်၍ တွေ့ကြုံနေရ

သည့် အခက်အခဲကို ရှင်းပြသည်။ ကျွန်တော့်ကား ဓာတ်ဆီလုံးဝပြတ်သွားတယ်။

အနီးဆုံးဓာတ်ဆီဆိုင်က မိုင်(၂၀၀)လောက်ဝေးတယ်လို့ သိရှိခဲ့ပါတယ်။

“မှန်ပါတယ်”ဟု သူက အတည်ပြုလေသည်။ “ဒါပေမဲ့၊ စိတ်မပူပါနှင့်။

ကျွန်တော်တို့မှာ ဓာတ်ဆီအရံအမြဲထားပါတယ်။ ကူညီခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။

ထွက်သွားပြီးတစ်အောင့်လောက်ကြာသောအခါ ဓာတ်ဆီတစ်ပုန်းနှင့် ပြန်လာသည်။

စေတနာထက်မြက်စွာ သူကိုယ်တိုင် ကျွန်တော့်ကားတိုင်ကီထဲသို့ ဓာတ်ဆီထည့်ပေးရင်း

စကားစမြည်စကြပါသည်။ သူသည် (white father) ခေါ် ဘုန်းတော်ကြီးအဖြူများ

ဂိုဏ်းဝင်တစ်ပါး ဖြစ်သည်။ ထို့ကြောင့် ဝတ်လုံဖြူဝတ်နေခြင်းဖြစ်သည်ဟု ရှင်းပြသည်။

ဒါနှင့်ခင်ဗျားကော၊ ကမ္ဘာလှည့်ခရီးသည်လားဟု ယဉ်ကျေးသိမ့်မွေ့စွာ မေးလေသည်။

“မဟုတ်ပါဘူး၊ ကျွန်တော်လည်း လောလောဆယ် သခင်ဘုရားရဲ့ အစေခံ

တစ်ဦးပါ။ အထူးသဖြင့် တန်-ဇမ်မီးရထားစီမံကိန်းတွင် တာဝန်ယူကြသော တရုတ်

ကွန်မြူနစ် ထောင်ပေါင်းများစွာတို့ ဝိညာဉ်ရေးရာ ဝန်တာဖြစ်မိသည့် အတွက် ဤ

ခရီးကြမ်းကို နှင်လာခဲ့ခြင်းဖြစ်ကြောင်းကို ရှင်းပြသည်။

“ဟုတ်တယ်၊ ဒီမှာ တရုတ်လူမျိုး အနည်းငယ်ရှိတာ သေချာတယ်။

ကျွန်တော်တို့ဌာနကလည်း သူတို့အတွက် တစ်ကယ်ပဲ စိတ်ပူနေကြပါတယ်”ဟု ပြောပြ

သောအခါ ကျွန်တော် အားတက်လာသည်။ ကာသိုလိပ်ဂိုဏ်းက တရုတ်ကွန်မြူနစ်များ

အပေါ် ကျွန်တော်နှင့်အတူတူ စိတ်ဝင်စားမှုရှိနေသည်ကို မမျှော်လင့်ခဲ့ပါ။ ကျွန်တော်တို့

ဂိုဏ်းက ဘုန်းကြီးတချို့ဟာ ဒီကနေ မလှမ်းမကမ်းမှာရှိတဲ့ မီးရထား အခြေစိုက်စခန်း

တစ်ခုက အလုပ်သမားများနှင့် ထိတွေ့မှုရှိကြတယ်”။

“တစ်ကယ်လား”။ ကျွန်တော်အကျပ်ရိုက် အခက်တွေ့ပြန်ပြီ။ ဘုရားသခင်

လမ်းပြတော်မူသော လမ်းလား သို့မဟုတ် ထောင်ခြောက်ဖြစ်နေသလား။ ဤဘုန်းကြီး

နှင့် ဆုံစည်းရုံပဲရှိသေးသည်။ ဘုန်းတော်ကြီးအဖြူများအကြောင်းကို ဘာမျှမသိ၊ သူတို့၏

ဘာသာရေးအခြေခံယုံကြည်ချက်နှင့် ရည်ရွယ်ချက်တို့ကိုလည်း မသိခဲ့ပါ။ သို့သော်

လည်း ပင်ကိုယ်အသိစိတ်အားဖြင့် ဤလူကို ယုံကြည် အားထားနိုင်သည်ဟု စိတ်ထဲတွင်

ရိပ်စားမိပါသည်။ သူသည် စိတ်စေတနာမှန် ကန်၍ပွင့်လင်းသည်ဟု အရိပ်အခြည်

ရှိနေရကား ကျွန်တော့်ရည်မှန်းချက်တာဝန်၏ စစ်မှန်သော ပကတိအခြေအနေအကြောင်း

ကို ပွင့်လင်းစွာ ပြောပြရန် ဆုံးဖြတ်လိုက်ပါသည် ။

“ဝမ်းမြောက်ဖွယ်သတင်းကောင်း စာအုပ်တစ်အုပ်ကို တရုတ်ဘာသာ စကား

ဖြင့် ဥက္ကဌမော်ရဲ့ စာအုပ်နီပုံစံအတိုင်း ထုတ်ဝေခဲ့ပါတယ်”ဟု ကျွန်တော် ဖောက်သည်

ချလိုက်ပါသည်။

“စိတ်ဝင်စားစရာပါပဲ။ အဲဒီလိုမျိုးတစ်ခုခုနှင့်စကြမှဖြစ်မယ်”ဟု သူကဆိုသည်။

“ကျွန်တော် အများကြီးပါလာတယ်။ ဒီမှာပြပါရစေ”ဟု ပြောပြောဆိုဆို

ကားနောက်ပစ္စည်းထည့်ခန်းကိုဖွင့်၍ သေတ္တာထဲက နမူနာတစ်အုပ်ကို ဆွဲထုတ်လိုက်

ကာ သူ့ကိုပေးလိုက်ပါသည်။ သူ့လက်ထဲက စာအုပ်ငယ်လေးကို လှည့်ပြီး တောက်

တောက်ပပ အဖုံးနီနီကို ကြည့်နေသည်။

“အတော်အကြံပိုင်တဲ့အလုပ်ပဲ” ဟု ဆိုကာ စာမျက်နှာများကို လှန်ကြည့်နေသည်။

ကျွန်တော် ရှင်းပြသည်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို တရုတ်စကားဖြင့် ဘာသာပြန်ထားတာ

“တစ်ကယ်ကောင်းတဲ့အလုပ်ပဲ” ဟုဆိုကာ စာအုပ်ကို ပြန်ပေးသည်။ တချို့

ဝယ်လို့ ရမည်လား။ဝယ်စရာမလိုပါဘူး။ အခမဲ့ပေးပါတယ်ဟု ပြောပြောဆိုဆို သေတ္တာကြီး

အထုတ်နှစ်ထုတ်ကို ဆွဲထုတ်ကာ ပေးလိုက်ပါသည်။ သူက အားနာဟန် ဖြင့်ငြင်းသည်။

သို့သော် စာအုပ်ထုတ်လုပ်ခကို လှူဒါန်းပြီးဖြစ်၍ အဖိုးအခပေး စရာလိုဘူးဟု

ရှင်းပြသောအခါ ဝမ်းသာစွာ လက်ခံလေသည်။

တစ်ကယ့်ကို ထူးဆန်းပါတယ်။ တခြားဘုန်းကြီးများကို မြန်မြန်ပြချင်လိုက်တာ။

ဆိုင်မွန်မာလျာ၏ အဆက်အသွယ်အသေးစိတ်ကို ပေးလိုက်ပါသည်။

ဒီစာအုပ်များနှင့်ဘယ်လို အခြေအနေ ရောက်တယ်ဆိုတာ သိပါရစေ ထပ်လို

ချင်လို့ရှိရင် ပြောပြောဆိုဆို ယာဉ်မောင်းထိုင်ခုံပေါ်သို့ တက်ထိုင်ကာ လိုသလောက်

ပံ့ပိုးနိုင်ပါတယ်ဟု နှုတ်ဆက်ပါသည်။

အသိပေးပါ့မယ်၊ ကျေးဇူးအများကြီးတင်ပါတယ်ဟု သူက ပြန်ပြောသည်။

သာသနာဝင်းတံခါးမသို့ ရောက်သောအခါ သူ့ကို ပြန်လှည့်ကြည့်ရာ သူသည်

စောစောကနေရာမှာပင် စာအုပ်တစ်ထုတ်စီကို ချိုင်းတစ်ဘက်စီတွင် ညှပ်ထား၍

မတ်တတ်ရပ်နေပုံမှာ ကျွန်တော်တို့ ဆွီနိုင်ငံတော်အလံထဲက အဖြူရောင် လက်ဝါးကပ်

တိုင်နှင့်သဏ္ဍာန်တူနေပါသည်။ စောစောတုံးက အတက်လမ်းအတိုင်း အခုတစ်ခါ တောင်

ခြေသို့ ပြန်ဆင်းရင်း သီချင်းဆိုကာ ဘုရားသခင်၏ အံ့ဩဖွယ်အရာများကို တစ်ဖန်

အံ့မခန်းဖြစ်ရပြန်ပါသည်။ နောက်တစ်ကြိမ် ဒုက္ခအကြီးအကျယ် ရောက်ရှိနေသည်ကို

အခွင့် အလမ်းတစ်ရပ် ဖြစ်စေတော်မူသည်။ ဓာတ်ဆီသာကုန်လုနီးပါးမဖြစ်လျှင် ဘုန်းတော်ကြီးအဖြူများ၏ ခြံဝင်းထဲသို့ ဝင်မိမည်မဟုတ်သည့်အပြင် လာမည့်ရက်များ

တွင် အဖုံးနီ တရုတ်ခရစ်ဝင်စာအုပ်များ ထွက်လမ်းသော့ချက်တစ်ခုဖြစ်လာမည့်အရေးကို

အခြေစိုက်မိမည်မဟုတ်ပါ။

တဖြည်းဖြည်းနှင့် အခြားသော သာသနာပြုအဖွဲ့များသည် ကျွန်တော်တို့၏

စီမံကိန်းကိုကြား၍ စာအုပ်ငယ်များကို တဖွဲဖွဲတောင်းကြသည်။ အာဖရိကတိုက်တွင်

ရာသီလေးလ ဧဝံဂေလိခရီးထွက်ကြပြီးနောက် ဥရောပတိုက်သို့ အဖွဲ့သားများနှင့်

ပြန်ရောက်သွားချိန်တွင် ၎င်းစာအုပ်နီကို ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေဖို့ စဉ်းစားပြီးဖြစ်

သည်။ ၁၉၇၂ခုနှစ် ဇန်နဝါရီလ ကျရောက်လာသောအခါ သုံးလဧဝံဂေလိခရီးထွက်မည့်

လူသစ်(၂၀)အတွက် ပြင်ဆင်မှုပြုလုပ်ရန် အာဖရိကတိုက်သို့ ကျွန်တော်တတိယအကြိမ်

ခရီးထွက်ပြန်ပါသည်။ ထိုလူသစ်(၂၀)သည် အိုင်ယင်အပါအဝင် ယခင် အဖွဲ့ထဲက

တစ်သက်လုံး သာသနာပြု ဆရာလုပ်ဖို့ ဆုံးဖြတ်ခဲ့သော ခြောက်ဦးနှင့် ပူးပေါင်းသွားကြ

မည်ဖြစ်ပါသည်။

ကင်ညာနယ်စပ်ကိုဖြတ်ကျော်၍ တန်ဇန်နီးယားနိုင်ငံသို့ ဘုရားသခင် ကျမ်းစာ

အများကို ပို့ဆောင်မည့်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်သလို အဖွဲ့ သစ်သည် ကိစူမူမြို့

ကို အခြေပြုရာမှ စုစုပေါင်း ခုနှစ်နိုင်ငံသို့ ခွဲထွက်သွားကြမည်ဖြစ်သည်။ ၎င်း (၇)နိုင်ငံ

များမှာ တောင်အာဖရိက၊ အီသီယိုပီးယား၊ မာလာပီ၊ ကင်ညာ၊ ယူဂန္ဒာ၊ ဇမ်ဘီယာနှင့်

လက်ရှိလုပ်ကိုင်နေသော တန်ဇန်နီးယားနိုင်ငံတို့ဖြစ်သည်။ ဥရောပတိုက်သို့ ပြန်ရောက်

နေစဉ် ကိစူမူပုံနှိပ်တိုက်မှာပင် အုပ်ရေ(၁၀၀၀၀) ထပ်မံပုံနှိပ်ရန် အလှူငွေကို ကောက်ခံ

နိုင်ခဲ့ပါသည်။

ယခု ဆိုင်မွန်စာလျာနှင့် မတွေ့ခဲ့သည်မှာ ခြောက်လကြာခဲ့ပြီဖြစ်သည်။ ဥရောပ

တိုက်တွင် ပြန်ရောက်နေစဉ် အလုပ်ရှုပ်နေပါသဖြင့် အာဖရိကတိုက်သို့ ပြန်ရောက်မည့်

ရက်ကိုသာ အသိပေးသည့် စာလေးတစ်စောင်ကိုသာ ပို့နိုင်ခဲ့ပါသည်။ ကျွန်တော်အနေ

ဖြင့်လည်း အထူးသဖြင့် ဖြန့်ဝေပြီးခဲ့သော တရုတ်စာပေများနှင့်ပတ်သက်၍ အကျိုးဆက်

များကို သိချင်လှပါသည်။ ဥရောပတိုက်သို့ ပြန်ရောက်စဉ် နေ့ချိန်းရက်ချိန်း များလွန်း

သည်ဟု ဆိုရာတွင် နီပေါ၊ အိန္ဒိယ၊ပါကစ္စတန်နှင့်လာအိုပြည်သို့ တံခါးဖွင့်သာသနာပြု

အဖွဲ့မှ တာဝန်ယူသော ခရီးစဉ်လည်းပါဝင်သည်။

ဆိုင်မွန်သည် ကျွန်တော့်ကို ပြန်တွေ့ရန် ဝမ်းသာဟန်ရှိ၍ စာအုပ်နီများ ဆက်

လက်ဖြန့်ဝေဆဲဖြစ်သည်ဟု ကျွန်တော်စိတ်ချအောင် ပြောပြစေကာမူ၊ နွေးထွေးမှု

မရှိသည်ကို ကျွန်တော်ရိပ်မိပါသည်။ ကျွန်တော် ခရီးရောက်မဆိုက် သူက မေးသည်။

တရုတ်စခန်းမှာအလုပ်လုပ်နေတဲ့ အသင်းသားကို မှတ်မိသလား”။ သူ့ဧည့်ခန်းထဲတွင်

အအေးဖျော်ရည်ဖြင့် ဇိမ်ခံနေကြစဉ်တွင် မေးခြင်းဖြစ်သည်။

“စခန်းထဲက ကျွန်တော်တို့ရဲ့ ပထမဆုံး ဆက်သွယ်မိတဲ့လူ မဟုတ်လား

ဟု ဖျော်ရည် တစ်ခွက်သောက်ရင်း၊ ပန်ကာမှ ထွက်လာသောလေညင်းခံရင်းပြန်မေးသည်

“ဟုတ်ဒါပေါ့။ အလုပ်မှပြုတ်သွားပြီ။” ဆိုင်မွန်က ပြတ်ပြတ်သားသား

ပြောချလေသည်။ ခါးဆန့်ထိုင်၍ ဖျော်ရည်ပုလင်းကို ကြမ်းပြင်သို့ချထားကာ ဟာဗျာ၊

ဒုက္ခပါဘဲ။ ကျွန်တော်မှတ်မိတဲ့အတိုင်းဆိုရင် သူ့တာဝန်က ခပ်ကြီးကြီး မဟုတ်လား

“ဟုတ်တယ်လေ၊ သူက စာရင်းစစ်ဘဲ။”ဘာဖြစ်သလဲ။

“ကုမ္ပဏီရံပုံငွေကို လိမ်လည်လို့”ဟု ဆိုင်မွန်က ဆက်လက်ရှင်းပြသည်။

ဒါပေမဲ့ သူ့အလုပ်က မမှားယွင်းနိုင်ပါဘူး။ သူ့နာမည်ကို ပျက်စေရအောင် မှတ်တမ်း

မှတ်ရာတစ်ခုမှ မရှိခဲ့ဘူး။

အဲဒီတော့ လုပ်ကြံတဲ့စွဲချက်ပေါ့။အဲဒီလိုပဲ ထင်ပါတယ်။ သူကတော့ လုံးဝရိုးသားတဲ့လူ၊ အာဏာပိုင်များကသူ့ကိုပထုတ်ရအောင် ငွေစာရင်းလိမ်လည်တယ်လို့ စွပ်စွဲကြတာပါပဲ။

ဆိုတော့ အကြောင်းပြချက် အစစ်အမှန်က ဘာလဲ။သူက တရုတ်တို့ကို သက်သေခံတဲ့နေရာမှာ ရဲဝံ့လွန်းတယ်။ အလုပ်သမားများလက်ထဲမှာ စာအုပ်နီများရှိနေတာကို အာဏာပိုင်များက တွေ့ကြတဲ့အခါကျတော့…။ကျွန်တော်ဖြည့် ပေးလိုက်ပါသည် ။

“နှစ်နှင့် နှစ်ပေါင်းကြတယ်ပေါ့လေ”ဟု ဆိုင်မွန်၏ဝါကျကို ဆုံးအောင် ကျွန်တော်ဖြည့်ပေးလိုက်ပါသည်။

“အတိအကျပါဘဲ။”

“အတော့ကို ရှက်စရာကောင်းတယ်” ဟု ပြန်လည်ဆင်ခြင်စဉ်းစားသည့်

အမူအရာဖြင့် ပြန်ထိုင်လိုက်ပါသည်။ ဤလူအလုပ်ပြုတ်သည့်ကိစ္စတွင် ကျွန်တော်လည်း

တာဝန်မကင်းပါ။ အပြစ်ဝန်ခံဖို့ တော့ လွယ်ကူပါလိမ့်မည်။ သို့ သော် နိုင်ငံရေးဖြင့်

ကြိုးဆွဲခြင်းခံနေကြသော ဘုရားမယုံကြည်သူများထံသို့ ဧဝံဂေလိတရားတော် ဟောပြော

သောသူ အားလုံး၊ ပေးလှူရန် အသင့်ပြင်ဆင်ဖို့ လိုအပ်သည့် အဖိုးအခဖြစ်ကြောင်း

ကျွန်တော် သဘောပေါက်ခဲ့ပြီးဖြစ်သည်။

အမှန် စိတ်ချောက်ချားစေသည့်အဖြစ်မှာ လွန်ခဲ့သည့် ရက်သတ္တပတ် အနည်း

ငယ်တုံးက လျှို့ဝှက်ရဲအဖွဲ့ လာရောက်တဲ့ကိစ္စပါပဲဟု ဆိုင်မွန် ထပ်ပြောပြရာ ကျွန်တော်

အား ရေစုန်များနေတုံး ထိတ်လန့်မှုကို ဖြစ်စေပါသည်။

“လျှို့ဝှက်ရဲဟုတ်လား” ဟုဆိုကာ တံတွေးပင်မျိုရခက်အောင် အာခေါင်ပိတ်

လာသည်။ အသင်းသားတစ်ယောက် မတရားစွပ်စွဲခံ၍ အလုပ်ပြုတ်သည့် အဖြစ်နဲ့

ဆိုင်မွန်ထံသို့ လျှို့ဝှက်ရဲများ ရောက်ရှိသည့် အဖြစ်က တစ်ဖက်ကမ်းဖြစ်တော်လည်း

လျှို့ဝှက်ရဲများရောက်ရှိခြင်းသည် မသက်သာလှပါ။ အဘယ့်ကြောင့်ဆိုသော် တရုတ်စာ

အထုတ်လိုက် သူ့ဘုရားရှိခိုးကျောင်းထဲတွင် သိုလှောင် ထားသည်။

“လျှို့ဝှက်ရဲများရောက်လာချိန် ကျွန်‌ တော်အိမ်မှာ ရှိနေတာ အံ့ဩစရာ

တစ်ခုပဲ”ဟု ဆိုင်မွန်က ဆက်၍ရှင်းပြသည်။ ဒီကနေ နာရီပေါင်းများစွာ ရှိပြီးမှ

ရောက်နိုင်မည့် ဧဝံဂေလိတရားဟောပွဲတစ်ခုမှာ‌စကား‌ ပြောပြီးပါဝင်ဖို့ စိတ်ကူးထားတယ်။ဒါပေမဲ့၊ အိမ်ပြန်ရန် နှိုးဆော်မှုပြင်းထန်လွန်သည့်အတွက် ဟောပြောပွဲတာဝန်ခံများကို ပြောပြပြီး ပြန်လာခဲ့တယ်။

ဧည့်သည်တော်ဧဝံဂေလိဆရာကြီး ထွက်သွားတော့ စိတ်မချမ်းသာဘူးထင်ပါရဲ့။

ဘယ်မှာစိတ်ချမ်းသာကြမည်လဲ။ အဓိပ္ပာယ်မရှိမှန်း ငါသိတယ်။ ဒါပေမဲ့နှိုးဆော်မှုက ပြင်းထန်လွန်းတော့ လိုက်နာဖို့လိုလိမ့်မယ်လို့ သိရှိထားပါတယ်။ အိမ်ကို

ပြန်ရောက်ရုံပဲ ရှိသေးတယ်။ လျှို့ဝှက်ရဲနှစ်ယောက် ရောက်လာပါလေရော။

နှိုးဆော်ချက်ကိုနာခံတဲ့အတွက် ဘုရားသခင်ကို ချီးမွမ်းပါတယ်၊ ဆိုင်မွန်း

ဒါနှင့်ဘာအကြောင်း ပြောပြပြီးလာကြသလဲ။

တရုတ်စာပေများကို ဝှက်ထားတယ်လို့ စွပ်စွဲပါတယ်။ ဖြစ်စဉ်မြင်ကွင်းကို

မြင်ယောင်ပြီး ရင်တုန်လာသည်။

“သူတို့ကိုခင်ဗျားဘာပြောလိုက်သလဲ” ကျွန်တော် တိုးတိုးမေးကြည့်သည်။

“ညာပြီး ငြင်းမလို့ဘဲ။ ဒါပေမဲ့ ဘုရားရှိခိုးကျောင်းကို လျှောက်ရှာပြီး တရုတ်စာ

များကို တွေ့သွားလျှင် ပိုပြီးဒုက္ခရောက်မှာမို့ ၀န်ခံလိုက်တယ်လေ။ ကျွန်တော် ပါးစပ်

ဟောင်းလောင်းနှင့် တစုံက သူ့ကိုကြည့် ပါသည်။

“တရုတ်စာရှိတယ်လို့ ပြောလိုက်တယ်ပေါ့ “။

“ဟုတ်ပါတယ်၊ ဒါပေမဲ့ တည့်တည့် တော့မဟုတ်ဘူး။ ရှိသမျှစာအုပ်ထုတ်များ

ကို ပြတယ်။ အဝါရောင် ကလေးစာအုပ်များနှင့် အခြား ဟိလီ၊ အင်္ဂလိပ်နှင့် အားရပ်

စာပေများကို ပြခဲ့တယ် “။ ဆိုင်မွန်၏ ရဲရင့်မှုကို ကျွန်တော် အံ့သြသွားသည်။

“ဒါနှင့်သူတို့ လက်ခံကြသလား”။

“ကျွန်တော်တို့ အစိုးရက ဘာသာရေးလွတ်လပ်ခွင့်ရှိတယ်လို့ သမတ်တည်း

အခိုင်အမာ ပြောဆိုနေတယ်ဆိုတဲ့အကြောင်းကို ဆင်‌ ခြေအဖြစ် အသုံးပြုတယ်။ သူတို့ကို

ထပ်ပြီးပြောပြတယ်။ ငါတို့နိုင်ငံဟာ လွတ်လပ်တဲ့ နိုင်ငံဖြစ်တယ်။

ဘာသာစကား အမျိုးမျိုးနှင့် စာအုပ်စာပေများရှိတာ ကအထူးအဆန်းလုပ်စရာရှိလို့လား။ ကုန်စင်အောင်ပြောလျှင် ကျွန်တော်ဟာ သင်းအုပ်ဆရာဖြစ်တယ်။ လူမျိုးတကာကို ဘုရားသခင်

ရဲ့ မေတ္တာတရားကို ကမ်းလှမ်းဖို့ တာဝန်ရှိတယ်။

အဲဒီတော့ သူတို့ငြင်းလို့ မရဘူးပေါ့ ။လွတ်လပ်ရေး၏ အရသာဟာ လွတ်လပ်မှုပဲ ၊ရုဒီ။ ဘာသာရေး လွတ်လပ်မှုရှိတယ်လို့ အခိုင်အမာပြောဆိုပြီးမှ တစ်ဖန် ၎င်းလွတ်လပ်ခွင့်ကို ဖြိုဖျက်တယ်လို့လူများကို စွပ်စွဲလို့ မရဘူးမဟုတ်လား။ ဘာသာရေးစာအုပ်များ ငါ့မှာရှိတယ်ဆိုတာ

သူတို့သိတယ်။ ဒါကြောင့် ကပ်သီးကပ်သပ် မလုပ်ကြတော့ဘူး”။

ကျွန်တော်ထိုင်ခုံပေါ်တွင် သက်တောင့်သက်သာ ပြန်ထိုင်ကာ ဤမျှခက်ခဲ သော

အခြေအနေကို ကျွမ်းကျင်စွာ ဖြေရှင်းခဲ့သည့် ဆိုင်မွန်၏လုပ်ပုံကိုင်ပုံကို သဘော ကျ၍

လေချွန်ပြီး ပီတိဖြစ်နေပါသည်။ ဒါမှဆိုင်မွန်။ သတ္တိနှင့်လိမ္မာပါးနပ်မှုကို တစ်ကယ်ပဲ

ချီးကျူးပါတယ်။ ဆိုင်မွန်သည် ပုခုံးတွန့်ပြ၍ အမှတ်ယူဖို့ ငြင်းဆန်လေသည်။

“ အစွမ်းအစ မဟုတ်ဘူး၊ရုဒီ၊ သခင်ဘုရားရဲ့ အစွမ်းတန်ခိုးဖြစ်တယ်။ လက်

စသတ်တော့။ တရားရုံးမှာ အမှုစစ်ဆေးခံတဲ့အခါ ဘယ်လိုဖြေရမည်ကို နှုတ်တိုက်

မယ်လို့ ကိုယ်တော်က ကတိပေးတော်မူခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ အနာဂတ်မှာတော့

ပိုပြီး ဂရုစိုက်ဖို့လိုပါလိမ့်မယ်။ ငါတို့မှာ တရုတ်စာရှိမှန်း သူတို့သိရှိနေတယ်ဆိုတော့

လက်ပူးလက်ကြပ် မမိနိုင်ဖို့အတွက် ဆင်ခြင်ရပါလိမ့်မည်။

ရှင်မာကု ၁၃း၉-၁၃။ သင်တို့သည် ကိုယ်ကို သတိပြုကြလော့။ အကြောင်းမူ

ကား သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားဇရပ်တို့၌ ရိုက်ကြလိမ့်မည်။

ထိုသူတို့အား သက်သေဖြစ်မည် အကြောင်း သင်တို့သည်ဝန်မင်း၊ ရှင်ဘုရင်ထံသို့

ငါကြောင့် ရောက်ကြလိမ့်မည် ။ ဧဝံဂေလိတရားကို ရှေးဦးစွာ လူမျိုးအပေါင်းတို့အား

ဟောရလိမ့်မည်။ သင်တို့ကို အပ်နှံခြင်းငှာ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြောဆို

မည်ကို မစိုးရိမ်ကြနှင့်။ ရှေးမဆွက မဆင်ခြင်ကြနှင့် ။ ထိုခဏခြင်းတွင် သင်တို့ ရသော

စကားကိုသာ ပြောကြလော့။ အကြောင်းမူကား သင်တို့ အလိုအလျောက် ပြောကြသည်

မဟုက်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ပြောတော်မူ၏။

၁၂။တိုးပွားခြင်း

ရေလှိုင်းကဲ့သို့ မြင့်ချည်နိမ့်ချည်ဖြစ်နေသော လူတစ်ယောက်၏အသက်တာကို

ဇာတိပကတိအလိုဆန္ဒ နှင့် အကြောင်းအရာတို့က ဆွဲချည်ငင်ချည်လုပ်ရန် တစ်ခါတစ်ရံ

လွယ်ကူပါသည်။ ဆုံးဖြတ်ချက်များကို မူလပြုလုပ်ကြရာတွင် အရေးပါအရာရောက်မည့်

သဘောရှိအောင် မလုပ်ကြသလိုဖြစ်သော်လည်း နောင်တွင် ပြန်လည်ဆန်းစစ်သည့်အခါ

အဆိုး အကောင်းသို့ အဓိက ဦးလှည့်ရာဖြစ်လာသည်ကို တွေ့ရှိရပါသည်။

ထိုအခါကျမှသာ တစ်ကယ့်အဖြစ်အပျက်မှန်တွင် ဘုရားသခင်သည် ထိုမရေရာသော အရေးပါ

အရာရောက်မည်ဟု အတိအလင်းထင်ရသော ရွေးယူခြင်းတို့ဖြင့် ကျွန်တော်တို့ လမ်းမှန်

ကိုလိုက်နိုင်ရန် အသုံးပြုခြင်းဖြစ်သည်ကို သဘောပေါက်လာကြသည်။ ယခု ဇမ်ဘာဘွေ

ဟုခေါ်သော ရိုဒီးရှားသို့သွားရန် ကျွန်တော် ရွေးချယ်မိခြင်းကိစ္စတွင် ဤသို့ဖြစ်လာလေသည်။

အာဖရိကတိုက်နိုင်ငံများဖြစ်ကြသော ကင်ညာ၊ ယူဂန္ဒာ၊ တန်ဇန်နီးယား၊

မာလာပီ၊ ဇမ်ဘီယာ၊ အီသီယိုပီးယား နှင့်တောင်အာဖရိကတိုက်များကို ကျွန်တော်

အလည်အပတ်ရောက်ရှိခဲ့ပြီးဖြစ်သည်။ ဤနိုင်ငံများမှာ ကျွန်တော်တို့ သာသနာပြုအဖွဲ့

လှုပ်ရှားခဲ့သောနေရာများဖြစ်သည်။ အမည်နာမ မမှတ်မိသော တစ်ယောက်သောသူက

ရိုဒီးရှားကို သွားရောက်လည်ပတ်ရန် အကြံပြုသောအခါ သွားရောက်ရန် စိတ်လှုံ့ဆော်မှု

သည် ဇာတိမာန် အတော်အတန်ပါလေသည်။ သွားဖြစ်လျှင် ကျွန်တော်၏အာဖရိက

တိုက် ခရီးစဉ်မှတ်တမ်းတွင် တစ်နိုင်ငံတိုးလာမည်ဖြစ်သည်။

ထိုအချိန်တွင် ကျွန်တော်သည် ဇမ်ဘီယာနိုင်ငံထဲက အဖွဲ့ ဆီသို့ လည်ပတ်နေ

သည်။ ကျွန်တော်တို့ နေထိုင်သောနေရာမှ ရိုဒီးရှားကို လှမ်းမြင်နိုင်သည်။ ပြတင်း

ပေါက်တွင် မတ်တတ်ရပ်၍ နယ်စပ်ကိုကျော်၍ လှမ်းကြည့်နေချိန်တွင် တစ်ယောက်သော

အမှတ်တမဲ့ပြောလိုက်လေသည်။ “ရုဒီ၊ ဟိုကို ခင်ဗျား သွားသင့်တယ်”။ ဤစကား

ကြောင့် အကြံရလာကာ Scripture Gift Mission ခေါ် သမ္မာကျမ်းစာ ဓမ္မဒါနအဖွဲ့သို့

လည်ပတ်၍ ရိုဒီရှားသို့ သွားဖို့ အကြောင်းရှာခဲ့ပါသည်။ ၎င်းသာသနာပြုအဖွဲ့သည်မြို့

တော် ဆာလစ်ဗူရီအခြေပြုကာ ကျွန်တော်တို့ အဖွဲ့ကို စာပေကျမ်းဂန်များဖြင့်ပံ့ပိုး

နေသည်မှာ ကြာပါပြီ။ တာဝန်ခံအသက်အရွယ် ခပ်ကြီးကြီး အမျိုးသမီးက သူ့

အိမ်တွင် တည်းခိုရန် သဘောကောင်းစွာ ဖိတ်ခေါ်လေသည်။ ညနေစာစားသောက်နေစဉ်

မိတ်သဟာယဖွဲ့၍ လူငယ်သာသနာပြုအဖွဲ့၏အကြောင်းကို ဆွေးနွေးနေကြရင်း အိမ်ရှင်

အမျိုးသမီး၏ မျက်လုံးများ တောက်ပလာပြီး ပြောလိုက်သောစကားမှာ “ဒီ ခင်ဗျား

ဂယ်ရီစထရောင်းကို တွေ့ဖို့လိုတယ်။ ရိုဒီရှားမှာ သူက ခေါင်းဆောင်ပဲ။ သူက ခင်ဗျားကို

ကူညီနိုင်လိမ့်မယ်လို့ ကျွန်မယုံကြည်တယ်။

“တွေ့ချင်ပါတယ်”ဟု ကျွန်တော် ပြန်ပြောလိုက်ပါသည်။ ရိုဒီရှားမှာ လူငယ်

သာသနာပြုအဖွဲ့ ကို အလုပ်စဝင်ဖို့ ကူညီနိုင်မည့်သူ ဘယ်သူမဆို မိတ်ဖွဲ့ဖို့ ကျွန်တော်

စိတ်ထက်သန်နေပါသည်။

“သူက တော်တော်အလုပ်များတဲ့လူ၊ ဒါပေမဲ့ အခုချက်ခြင်းပဲ တယ်လီဖုန်း

ဆက်ပြီး ခင်ဗျားကို နက်ဖြန်တွေ့အားမည်လား၊ မေးကြည့်ရမယ်”။ ဤသို့ဖြင့် အစီအစဉ်

ပြုလုပ်ထားသည်။ မက်သဒစ်ဘုန်းတော်ကြီးတစ်ပါးဖြစ်သော ဂယ်ရီစထရောင်းကို

နက်ဖြန်ညနေပိုင်းတွင် တွေ့ရပါလိမ့်မည်။

မြို့တော်အလယ် ကူးသန်းရောင်းဝယ်ရေး အဆောက်အဦကြီးတစ်ခု၏ တတိယ

ထပ်တွင် တည်ရှိသော ဂယ်ရီ၏အခန်းများသည် အသင်းတော်၏ရုံးခန်း တည်နေရာ

ထက် အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ရုံးခန်းနှင့် ပို၍ တူနေပါသည်။

ရိုးရိုးလေးအလှဆင်ထားသော အခန်းထဲသို့ဝင်သွားသောအခါ အသက်လေးဆယ်ခန့်ရှိ

သော ဆံပင်နီဝါရောင် လူတစ်ယောက်သည် ဆေးရောင်သုတ်ထားသော သစ်သားစာရေး

ခုံနောက်က ထွက်လာကာ ကျွန်တော့်ကို ကြိုဆိုလေသည်။

“ရိုဒီးရှားမှကြိုဆိုပါတယ်””ဟု ပြောပြောဆိုဆို စိတ်အားထက်သန်စွာ လက်ဆွဲ

နှုတ်ဆက်ကာသားရေကုလားထိုင် လှလှတစ်လုံးပေါ်တွင် ထိုင်ရန် လက်ပြလေသည်။

နှစ်ယောက်သား မိတ်ဆွေဟောင်းများပမာစကား လက်ဆုံကျနေကြပါသည်။ ပြတ်သား

သော သူ့အမှုအရာကို ကျွန်တော်ချက်ခြင်း အထင်ကြီးမိပါသည်။ ရှေ့သို့ အသာကလေး

ယိမ်း၍ မျက်လုံးအစုံဖြင့် စိုက်ကြည့်ကာ ကျွန်တော်ပြောပြသော လူငယ်များကို စည်းရုံး၍

သာသနာပြုစေရန် ဆန္ဒရှိသည့် အကြောင်းကို နားထောင်နေပါသည်။ ခင်ဗျားတို့ ရဲ့

လူငယ်သာသနာပြုအဖွဲ့ က သင်တန်းကျောင်းဖွင့် သလားဟု သူကမေးသည်။

“ဟုတ်ကဲ့၊ကျောင်းဖွင့်ထားပါတယ်” ဟု ဆွီဇာလန်တွင်ဖွင့်ထားသော ဧဝံဂေလိ

သင်တန်းကျောင်းကို ရည်ညွှန်း၍ဖြေလိုက်ပါသည်။ သုံးလသင်တန်း ပြုလုပ်ပြီးမှ နှစ်လ

လက်တွေ့ ကွင်းဆင်းလေ့လာရေးခရီး ထွက်ကြပါတယ်။ ဂယ်ရီသည် သူ့ကုလားထိုင်ကို

ပြန်မှီလျက်လက်များကို သူ့ဦးခေါင်း နောက်တွင်ယက်ကာ ပြင်းထန်စွာ ညည်းညူသံပြုလေသည်

တစ်ကယ့်ကို ကောင်းတယ်၊ ဒီရိုဒီရှားမှာ ဒီသင်တန်းကျောင်းမျိုးကို လိုအပ်

အမှန်ပဲ။ ခင်ဗျာ ၊သင်တန်းဖွင့် နိုင်မည့် နေရာ အတိအကျကိုသိတယ်။ ကျွန်တော်ပြောပြသော ဧဝံဂေလိသင်တန်းကျောင်းကို ဆွီဇာလန်နိုင်ငံမှာ ပြုလုပ်သည်ဟု ပြန်ရှင်းပြခွင့် မပြုဘဲ ထိုင်ရာမှထလိုက်သည်။ သူ့စာရေးခုံ သို့ သွားပြီ၊တယ်လီဖုန်းနံပါတ်မှတ်ထားသော စာအုပ်ကို လှန်၍နေပါသည်။

ဤကျောင်းမျိုးကို ဇာလန်နိုင်ငံတွင်ဖွင့် ၍ အာဖရိကတိုက်တွင် ဖွင့်ရန် အစီ

အစဉ် မရှိကြောင်းကို ပြောပြရန် ပါးစပ်ဟလိုက်ပါသည် ။ သို့သော် သူက တယ်လီဖုန်း

ကားပြောခွက်ကို ကောက်ယူ၍ နံပါတ်ကိုလှည့် နေသည် ။ “သင်တန်းပြုလုပ်နိုင်မည့်

နေရာကို ကြည့်ဖို့ အစီအစဉ်လုပ်လိုက်ဦးမည် ”ဟု တယ်လီဖုန်းတစ်ဘက်က အသံကို

စောင့်နေရင်း သူက ပြောလိုက်လေသည်။ “ရုံးပိတ်ရက် အနားစခန်းတစ်ခုဖြစ်တယ်။

သင့်တော်တယ်။ ကျွန်တော်မသိ၊ ဂယ်ရီ ၎င်းည နေပိုင်းတွင် သင်တန်းဖွင့်ရန် ကောင်း

သည့်နေရာကို လည်ပတ်ရန် စည်းရုံးခဲ့ပြီးဖြစ်လေသည်။

လစ်ဗျူရီမြို့မှ ဆယ်မိုင်ခန့်ကွာဝေးသော အနားစခန်းသည် သင်တန်းပြု

လုပ်ရန် တစ်ကယ်သင့်တော်ပါသည်။ ၎င်းအနားစခန်းကို Rest Haven အနားယူခိုလှုံ

ဟု ခေါ်သည်။ တစ်ကယ့်တကယ်တွင် လျှိုမြောင်တစ်ခုတွင် တည်ထားသော တောရွာ

ဇနပုဒ်တစ်ခုဖြစ်သည်။ ဂိုဏ်းပေါင်းစုံမှ အုပ်ချုပ်ကြီးကြပ်၍ အဆောက်အဦများကို

စနစ်တကျစောင့်ရှောက်သော ဥယျာဉ်များက ပတ်လည်ဝိုင်းကာ ရေကူးကန်တစ်ခုဖြင့်

အဆုံးသတ်အလှ ဆင်ထားသည်။ လမ်းလျှောက်ရန် သစ်တောမြက်တာကြားတွင် လမ်း

လေးများကို ဖောက်ထားသည်။ ၎င်း တောလမ်းများအတိုင်း လျှောက်သွားလျှင်

တစ်ခါတလေ မျောက်များ သစ်ကိုင်းတစ်ခုမှတစ်ခုသို့ ခုန်ကူးနေသည်ကိုမြင်ရသည်။

ခြံဝင်းတစ်ခုလုံးအလယ်တွင် လူနေထိုင် ရန် ဗိုလ်တဲများနှင့် ဘုရားရှိခိုးကျောင်း

တစ်ကျောင်းရှိပြီး ဘုရားရှိခိုးကျောင်းတွင် ဆွေးနွေးပွဲများအတွက် အသုံးပြုလေ့ရှိသော

အခန်းငယ်များရှိကာ ၎င်းအခန်းငယ်မှာ သင်တန်းခန်းများအတွက် ပို၍သင့်တော်သည်။

လမ်းလျှောက်ရင်း ခြံဝင်းနှင့် အဆောက်အဦး အနေအထားကို လေ့လာမှတ်သားကြည့်

သည့်အခါ ကျွန်တော့်စိတ်ထဲတွင် တစ်ခုခုလှုပ်ရှားလာသည်။ ကျွန်တော်စက္ခုအာရုံတွင် လောဆန်နီမြို့မှာကဲ့သို့ ခုံရှည်များပေါ်တွင် လူငယ်များ ထိုင်ကာ ဘုရားသခင်၏

ဂုဏ်တော်ကို လေ့လာကြပြီး တစ်ဖန် ပတ်ဝန်းကျင်နိုင်ငံများသို့ ခရစ်တော်၏

အတင်းစကားကို ဝေငှ ရန်ထွက်သွားကြသည်ကို မြင်ယောင်နေပါသည်။

သင်တန်းကျောင်းဖွင့်ဖို့ အကြံဉာဏ်သည် ဆန်းသစ်သော စိတ်ကူးစိတ်သန်း

မဟုတ်ပါ။ နိုင်ငံခြားမှ ထိုသာသနာပြုအဖွဲ့ကို နှစ်နှစ်တိုင်တိုင် စုဆောင်းခဲ့ပြီးမှ

အမြဲတမ်း ဝိုင်အမ်(YWAM) အခြေစိုက်စခန်းတစ်ခု လိုအပ်နေသည်ကို ကျွန်တော်

သိမှတ်ခဲ့ပြီးဖြစ်သည်သာမက အာဖရိကတိုက်တွင် (SOE) ဧဝံဂေလိသင်တန်းကျောင်း

တစ်ခု ဖွင့်လှစ်နိုင်ရေးအတွက် စိတ်ကစားနေခဲ့ပြီးဖြစ်သည်။ သို့ သော် မဖြစ်နိုင်သေးပါ။

ဦးစီးမည့်လူမရှိ၊ ငွေကြေးမရှိ၊ သင့်တော်သောနေရာထိုင်ခင်းမရှိ အခုအချိန်အထိ ဆိုကြပါစို့။

ခြံဝင်းနှင့်အဆောက်အဦများကို လိုက်ကြည့်ပြီးသည်နောက် ဧည့်ကြိုခန်းတွင်

မတ်တတ်ရပ်လျက် Rest Haven ၏ အကျိုးအကြောင်း ဖော်ပြသော စာများကို ဖတ်ရှု

နေပါသည်။ ဂယ်ရီသည် တစ်ခြားအခန်းတွင် အုပ်ချုပ်သူနှင့် စကားပြောနေသည်။

ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်သည့်အခါ ကောင်းမွန်လှပစွာ ထိမ်းသိမ်း

ထားသော ဥယျာဉ်ပတ်လည်တွင် အဆောက်အဦ အစီအရီကိုလည်းကောင်း၊ ဘေးပတ်

ဝန်းကျင် တောတန်းကိုလည်းကောင်း ပို၍ ကျက်သရေဆောင်စေသော ရေကူးကန်ကို

လည်းကောင်း မျက်စိပဒေသာကိုခံကာ သက်ပြင်းချမိပါသည်။ သင်တန်းတစ်ရပ်ဖွင့်လှစ်

ရန်အင်မတန် သင့်တော်သည်မှာ သေချာသည်။ တွေးတောစဉ်းစားနေတုံး ဂယ်ရီ၏အသံ

ရုတ်တရက် ဝင်လာသည်။ နွေရာသီမရောက်မီ ဇန်နဝါရီလမှမတ်လအထိ သုံးလရနိုင်

တယ်ဟု အယ်ရီက ဝမ်းမြောက်ဝမ်းသာစွာ ပြောလေသည်။ ပြီးတော့ ဈေးနှုန်းသက်သက်သာသာနှင့်တဲ့ သူ၏ကျင်လည်သော ပွဲစားပုံစံကို အနည်းငယ် အံ့ဩသောမျက်နှာအားဖြင့် သူ့ကို ကျွန်တော်ကြည့်နေမိပါသည်။ သူသည် အလုပ်တစ်ခုကိုလုပ်မည်ဆိုလျှင် ဆိုင်းငံ့တတ်သူမဟုတ်သည်မှာ သေချာသည်။

မယုံနိုင်လောက်အောင်ဘဲ” ဟု ကျွန်တော်တုံ့ပြန်သည်။ သို့သော်လည်း ခြေစုံ

ပင်မဝင်မိ‌‌ စေရန်ခက်ပါသည်။ ကျောင်းတစ်ကျောင်း ဖွင့်ဖို့ဆိုသည်မှာ လုပ်ငန်းကြီး

တစ်ရပ်ဖြစ်သည်။ ဘုရားသခင်၏အလိုတော်လား သို့မဟုတ် ရုဒီလက်ခ် သော်လည်း

ကောင်း ဂယ်ရီစထ‌ရောင်းရောင်းသော်လည်းကောင်း သူတို့၏ အကြံ ကောင်းဉာဏ်ကောင်း

တစ်ရပ်မျှထား ရှိရန် လိုအပ်သည်။ ၎င်းဆိတ်ကွယ်ရာ အနားစခန်းမှ ၎င်းနေ့ညနေပိုင်း

တွင် ပြန်ရောက်ပြီး ရိုဒီရှားတွင် သင်တန်းကျောင်းတစ်ရပ်ဖွင့်လှစ်နိုင်ရန် လိုအပ်သော

စာရွက်စာတန်းများကို ယူဆောင်ခဲ့ပါသည်။ သို့သော် အဆုံးသတ် ဆုံးဖြတ်ရန်အောင့်အီးထား

ပါသည်။ ဤကဲ့သို့သော ခြေလှမ်းကိုလှမ်းရန် ဆင်ခြင်သုံးသပ်စရာအလွန်ကြီးမားပါသည်။

အဖရိကတိုက်ထဲသို့ ဧဝံဂေလိတရားတော်ကမ်းလှမ်းခြင်းကို စည်းရုံးနေ

သည် နှစ်နှစ်အတွင်း ကိစူမူသာသနာပြဌာနကို အခြေပြု လှုပ်ရှားကြပါသည်။

ရိုဒီရှားသို့ ပထမအကြိမ် လှည့်ပတ်ခြင်းဖြစ်သည် ။ ဂယ်ရီနှင့် လတ်တလော ဆက်သွယ်မိသည့်တိုင်

သင်တန်းကျောင်းတစ်ခုခု ဖွင့်လှစ်နိုင်ရန် ရေရှည်အဖြစ် ဖန်တီးရန်လိုအပ်မည်ဟု ကျွန်တော် သဘောပေါက်လာသည်။ရိုဒီရှားတွင် ကြာရှည်နေနိုင်ရန်အမြဲနေထိုင်သူဖြစ်လာရန် လိုအပ်သည်။ Rest Haven တွင် အစစအရာရာ အခွင့်အရေးဟူသမျှကို ကျွန်တော့်အား ကမ်းလှမ်း၍ အာဖရိကတိုက်တွင် ဧဝံဂေလိသင်တန်းကျောင်းအတွက် အလွန်သင့်တော်သည်ဟု ဂယ်ရီက မှန်ကန်စွာ သုံးသပ်ချက်ပေးသည့်တိုင် အောင်အလားတူ တာဝန်ယူရန် အဆင်သင့်ဖြစ်နိုင်မည်ဟု မိမိကိုယ်ကိုစိတ်မချ ဖြစ်မိပါသည်။

ဧဝံဂေလိသင်တန်းကျောင်း တက်နေစဉ် ဒွန်စတီဖင်ကြိုတင်မြင်ယောင်မိ၍

(၂)နှစ်ပတ်လုံး ပြင်ဆင်ရန် လိုအပ်သော မြူးနစ်မြို့ အိုလံပစ်အားကစားပွဲ၌ ဧဝံဂေလိ

တရားတော် ဝေငှ ရာတွင် ပါဝင်နိုင်ရန် ၁၉၇၂ခုနှစ် ဇွန်လအတွင်း ဂျာမနီသို့ ပြန်ခဲ့ပါ

သည်။ မြူးနစ်မြို့တော်မှ မော်တော်ကားဖြင့် တစ်နာရီအတွင်းရောက်နိုင်သော ဟာလတ်

အရပ်တွင် တည်းခိုရန် ဘုရားသခင်က အံ့သြ၍မဆုံး နန်းတော်တစ်ခု ပြင်ဆင်ပေးတော်မူ

ပါသည်။ ကျောက်ဖြင့် ဆောက်လုပ်ထားသော ရဲတိုက်ကြီးထဲတွင် အားကစားပွဲတော်

အတွက် စုရုံးလာသော လူငယ်တစ်ထောင်ခန့် တည်းခိုကြသည်။ ဤပွဲသည် လူငယ်

သာသနာပြုအဖွဲ့ ဝိုင်အမ်(YWAM)၏ အပြည်ပြည်ဆိုင်ရာပွဲတော်ကြီးများနှင့်

ကြုံကြိုက်အောင် စည်းရုံးသည့် ဧဝံဂေလိတရားတော် ဟောပြောပွဲများ၏ အစဉ်အလာ

အစပျိုးပွဲ ဖြစ်သည်။ ဤအားကစားပွဲတွင် ဧဝံဂေလိတရားတော် ကမ်းလှမ်းခြင်းသည်

ဝိုင်အမ်(YWAM)၏ဂုဏ်ရည်ကို မြင့်တင်ခဲ့ပါသည်။ ဧဝံဂေလိတရားတော်ကို မြေစမ်း

ခရမ်းပျိုးခြင်းအားဖြင့် တာဝန်သိသိ သစ္စာရှိရှိ နိုင်ငံအသီးသီး လေးစားအပ်သော

သာသနာပြုအဖွဲ့ အစည်းအဖြစ် သက်သေသာဓက ထူပြနိုင်ကြသည်။

မူလတွင် မြူးနစ်မြို့တော်ကိုဖြတ်သန်း၍ ယေရှုနာမ၌ ချီတက်ပွဲတစ်ရပ်ကို

စီစဉ်ထားသည်။ သို့ သော် ဂျာမနီအာဏာပိုင်များသည် လူထုမငြိမ်မသက်မှု ဖြစ်စေ

နိုင်သည်ဟု စိတ်ပူသဖြင့် အချိန်ကပ်သည့်အခါကျမှ ခွင့်ပြုချက်ကို ပြန်လည်ရုပ်သိမ်း

လေသည်။ ထိုအခါ ဘုရားသခင်သည် အာရပ်အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုမှ

ပေါ်ထွက်လာသော ဝမ်းနည်းကြေကွဲမှုကို အောင်ပွဲသို့ ပြောင်းပစ်တော်မူသည် (၎င်းတိုက်

ခိုက်မှုတွင် ဣသရေလအမျိုးသား(၁၁)ဦး၊ အာရပ်(၅)ဦးနှင့် ဂျာမန်(၁)ဦးသေဆုံးသည်)။

အာဏာပိုင်တို့သည် သူတို့၏ခေါင်းမာသော ချဉ်းကပ်မှုကို နောင်တရ၍ မူလ အစီအစဉ်

တိုင်းမြို့လယ်ခေါင်း လမ်းမအတိုင်း ချီတက်ရန် ခွင့်ပြုရုံမကဘဲ မြူးနစ်မြို့လမ်းမ

အတိုင်း စီတန်းနေသော ဝမ်းနည်းငို ကြွေးသူများအား ပေးကမ်းနိုင်ရန် ပန်းကုံးများကိုပင်

ဖိုးပေးလေသည်။ (ဤဖြစ်စဉ်အကြောင်းစုံကို လိုရင့် ကင်နိုင်ဟမ်ရေးသားပြုစုသော

Esope To Munich With Love and is that really You, God opspooze

အသေးစိတ်ဖော်ပြထားပါသည်။)

သြဂုတ်လ ဧဝံဂေလိအစီအစဉ် ပြီးနောက်တွင် (၁၀၀) ပတ်ဝန်းကျင်ဖြစ်လာ

သော ဝိုင်အမ်(ywan)ဦးစီးအဖွဲ့သည် ဟာလတ်နန်းတော်တွင် ညီလာခံတစ်ရပ် ကျင်းပ

ကြသည်။ အားကစားပွဲတော်၌ ဧဝံဂေလိတရားတော် မြေစမ်းခရမ်းပျိုးခြင်းသည် ရေဝေကြော

အတွေ့အကြုံတစ်ရပ်ဖြစ်ကာ အယောက်တိုင်းသည် ပြီးခဲ့သောနေ့စဉ် စိတ်တက်

ကြွဖွယ် လှုပ်ရှားမှုများဖြင့် အသစ်တစ်ဖန် အားတက်လာကြသည်။ ယခင်ရက်အနည်း

ငယ်တုံးက လေမွေ့ရာ၊ အိပ်ရာလိပ်များ ပြည့်ကျပ်၍ ယခု ဟာလာဟင်းလင်းပြင် ဖြစ်နေ သောနန်းတော်ခေါင်းခန်းတွင် ထိုင်နေကြကာ၊ ဆရာကြီးလိုရင့်သည် ကမ္ဘာတစ်ဝှန်းလုံး

သို့ စေလွှတ်မည့် လူငယ်သာသနာပြုများ အထပ်ထပ်မြင်ရသည်။ ဝိုင်အမ်(ywam)၏

ရူပါရုံကို ပြန်လည်သတိရအောင် ပြောပြလေသည်။ တိုးပွားဖို့ လိုအပ်သည့်အကြောင်းကို

လူတိုင်းကို စိန်ခေါ်နေသည်။ ဤအားကစားပွဲတော်နှင့်အတူ တန်ခိုးကြီးသော လူငယ်

သာသနာပြု ဒီရေလှိုင်းတစ်လှိုင်းကို မြင်ခဲ့ရပြီ။ ဒါပေမဲ့ အစွပ်ခံသောပန်းကုံးနှင့် အကျေ နပ်ကြီး ကျေနပ်ကြကာ ရပ်နေကြဖို့ မဖြစ်ဘူး။ တစ်လှိုင်းတစ်သုတ်တော့ အနားယူ

သွားပြီ၊ ပို၍အင်အားကောင်းသော နောက်တစ်သုတ်နှင့်ရှေ့တိုးဖို့ ပြင်ဆင်ကြရပါမယ်။

၎င်းရှေ့တိုးခြင်းအတွက် ဧဝံဂေလိသင်တန်းသား တိုးပွားစေရမည်ဟု ညီလာခံမှ

ဖော်ထုတ်သည်။ ၎င်းအချိန်ကာလသည် ဟစ်ပီလှုပ်ရှားမှုအမြင့်ဆုံး အချိန်ဖြစ်ရကား

ယေရှုလှုပ်ရှားမှု(Jesus Movement)အားဖြင့် နိုင်ငံတော်ထဲသို့ လူငယ်များ တဖွဲဖွဲ

သိမ်းကျုံးခြင်း ခံကြလေသည်။ အများဆုံးမှာ ညှဉ်းပန်းခြင်းခံသော နောက်ကြောင်း

ရာဇဝင်မှ လာကြသူများဖြစ်ပြီး ယခင် ဧဝံဂေလိသင်တန်းကျောင်း တက်ရောက်ကြသော

လူငယ်များနှင့်မတူဘဲ ခရစ်ယာန်ဘာသာ၏အခြေခံ တစ်စွန်းတစ်စပင် မသိရှိသူများ

ဖြစ်ကြသည်။ အဖွဲ့ဝင်အသီးသီးသည် အနာဂတ်အတွက် သူတို့၏ရူပါရုံကို ဝေငှကြသည်

ကို အံ့သြစွာ ထိုင်နားထောင်နေပါသည် ။

ပါဝင်ဆွေးနွေးကြသောသူအားလုံးလိုလိုပင် မိမိတို့အမှုဆောင်သော နယ်ပယ်

ထဲတွင် သင်တန်းကျောင်း ဖွင့်လိုကြသည်။ ဂျိုမွတ်တဲလ်မှ ပြင်သစ်နိုင်ငံထဲတွင် တစ်

ကျောင်း၊ ဒါဝိဒ်နှင့်ကာရိုလ်ဆ လင်မယားက လက်ရှိ ဟာလတ်နန်းတော်ကိုပင် လူငယ်

ဧဝံဂေလိသင်တန်းကျောင်း၏ အခြေစိုက်စခန်းအဖြစ် စိတ်အားထက်သန်ကြသလို၊

ဇွန်နှင့်ဒီဂျုံစကီးမင်းတို့ကလည်း လောဆန်နီမြို့မှာပင် သင်တန်းကျောင်းဆက်လက်

ဖွင့်လှစ်ရန် စီမံနေကြသည်။ သင်တန်းကျောင်းတစ်ကျောင်းဖွင့်ရန် ရူပါရုံမရှိသေးသော်

လည်း ရီအိုနာသည် သူမ၏ ဓမ္မပညာ သွန်သင်ခြင်းအမှုတော် တိုးချဲ့ရန်နှင့် တက်သစ်စ

ခရစ်ယာန်လူငယ်များကို ဘုရားသခင်၏သမ္မာတရားလမ်းကြောင်း၌ သွန်သင်ရန်

အာသီကရှိနေသည်။ အယောက်တိုင်း၏သဘောထား တင်ပြချက်များကို နားထောင်

သည့် အခါ ကျွန်တော်ပို၍ ကျောင်းဖွင့်လှစ်ရန် မြစ်ကိုရှာရန် ချောင်းငယ်အတိုင်း တကတ်

မသွားမိသည်ကို သိရှိသည့်အခါ စိတ်ထဲတွင် သက်သာလာပါသည်။ ကျွန်တော်ကသာ

ရှေ့ဆုံးမှစပြီး တင်ပြဆွေးနွေးမိလျှင် ကျန်ရှိနေသော ဝိုင်အမ်(ywam)အဖွဲ့သားများက

ဘယ်ကို ဦးတည်ကြမှန်းမသိဘဲ ကျွန်တော်နှင့်ချောင်းမကြီးထဲသို့ စီးဆင်းကြမည်ဖြစ်သည်။

“ဒီ ခင်ဗျားကော ဘယ်လိုလဲ”ဟု ဆရာကြီးလိုရင့် သည် ကျွန်တော့်ဘက်သို့

လှည့်၍မေးသည်။ အနာဂတ်အတွက် ဘာတွေစဉ်းစားနေတာလဲ။ ရက်သတ္တပတ်ပေါင်း

များစွာ ဆိုင်းငံ့ပြီးမှ နောက်ဆုံးတွင် ကျွန်တော် စိတ်ဆုံးဖြတ်လိုက်ပါသည်။

“ကျွန်တော် ရိုဒီးရှားပြည်မှာ တစ်ကျောင်းစမယ်”။ဆုံးဖြတ်ချက်ချပြီးပြီ။ လမ်းကြောင်းသတ်မှတ်ပြီးပြီ။ မမျှော်မှန်းနိုင်သောအတားအဆီး အခက်အခဲများကိုတော့ ရှေ့မတိုးမီ ဖြေရှင်းဖို့ ရှိသေးသည်။ ဖိအားအပေးဆုံးမှာ ငွေရေးကြေးရေးဖြစ်သည်။ သင်တန်းကျောင်းတစ်ခု စတင်နိုင်ဖို့ အနည်းဆုံး ဆွီငွေ ၂၀၀၀ လိုအပ်မည်ကို တွက်ချက်ခဲ့ပြီးပြီ။ ငွေပမာဏ ကြီးမားသည့်တိုင်အောင်ဘုရားသခင် ပြင်ဆင်ပေးနိုင်မည်ဟု စိတ်ချယုံကြည်ပါသည်။ စာပေကျမ်းဂန်များကိုပုံနှိပ်ဖို့ ကိုယ်တော်သည် အံ့အားသင့်ဖွယ် ပြင်ဆင်ပေးတော်မူသလို ဗင်ကားတစ်စီးဝယ်ရန်လည်း ဂျာမနီစီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှ မကြာမီ ဂျာမနီငွေ(၁ဝဝဝဝ)

လှူဒါန်း စေတော်မူခဲ့ပါသည်။ ဤမျှ ပြင်ဆင်ပေးတော်မူသည့်အတိုင်း ရိုဒီးရှား ဧဝံဂေလိ

သင်တန်းကျောင်းအတွက် ဆွီငွေ(၂၀၀၀)လောက်ကိုတော့ ဘုရားသခင် အသာလေး

ပြင်ဆင်ပေးတော်မူမည်ဟု ယုံကြည်ပါသည်။ ဥရောပတစ်ခွင် အသင်းတော်အသီးသီးနှင့်

အလားတူ အသင်းသားများ ကူညီရိုင်းပင်းလိုစိတ်ရှိကြသည်။ ကျွန်တော့် ဘူမိနက်သန်

ဆွီဇာလန်အသင်းတော်တို့တွင် ဧဝံဂေလိသင်တန်းကျောင်းအတွက် ကျွန်တော့်ရူပါရုံကို

ဟောပြောဝေငှခဲ့ ရာတွင် အလှူငွေများ တဖွဲဖွဲဝင်လာမည်ဟု မျှော်လင့်မိပါသည်။

လာမည့် အောက်တိုဘာလအတွင်း အာဖရိကတိုက်သို့ ပြန်မသွားမီ လက်ထဲတွင် ဆွီငွေ

(၂၀၀၀) အသာလေး ပိုင်ဆိုင်လောက်ပြီဟု တထစ်ချ ယုံကြည်ပါသည်။ လူတိုင်း

စိတ်ဝင်စား၍ ကျွန်တော့်အနာဂတ် စီမံကိန်းတွင် အားပေးကြကာ ဆုတောင်းပေးကြမည်

ဟု ကတိပြုကြသော်လည်း သင်တန်းကျောင်းဖွင့်ဖို့ လိုအပ်သောငွေအတွက် အနည်းငယ်

မျှသာ ရရှိခဲ့ပါသည်။ ဗင်ကားတစ်စီးကိုပင် ဝယ်ယူနိုင်ရန် စေတနာထက်သန်စွာ

ပေးကမ်းခြင်း ခံခဲ့သော်လည်း လက်ထဲတွင် မည်သည့် ရံပုံငွေမျှ မပါဘဲ ဥရောပတိုက်မှ

ခရီးထွက်ခွာ ခဲ့ပါသည်။ ဦးစီးဦးဆောင်မည့် အဖော်တစ်ဦးတစ်လေမျှမရှိ၊ ကျောင်းသား

တစ်ယောက်တစ်လေမျှကို လည်း မစုဆောင်းမိပါ။ ကျွန်တော်တွင် ရှိသမျှအရာမှာ

သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ရန် ယေရှုစေခိုင်းတော်မူသည်ဟူသော ယုံကြည် သက်ဝင်ခြင်းသက်သက်သာဖြစ်သည်။

အိုလံပစ်ပွဲတော်တွင် ညီအစ်ကိုကြီးအင်ဒရူးနှင့် ပြန်လည်ဆုံမိကြပါသည်။

သည် နှစ်ကုန်ခါနီးတွင် တောင်အာဖရိကတိုက်ရှိ (၁၂)မြို့သို့ ဧဝံဂေလိ စီမံချက်

စီစဉ်လျက်ရှိနေသည်။ စည်းဝေးပွဲများ ပြီးဆုံးသွားသောအခါ လူများအတွက် ဆုတောင်း

ရာတွင်သူ့ကိုကူညီဖို့ ကျွန်တော့်ကို ဖိတ်လေသည်။ ထို့ကြောင့် ရိုဒီးရှားသို့ တိုက်ရိုက်

ဦးတည်မည်၊ ဥရောပတွင် ကိစ္စအားလုံးပြီး ဆုံးသွားသောအခါ၊ နိုင်ရိုဘီမှ တောင်

အမေရိကသို့ ပျံသန်းသွားမည်။။ ၎င်းနေရာတွင် အခြေစိုက်ပြီးသော ဝိုင်အမ်(ywam)

နှင့် တွေ့ဆုံခွင့် ရသလို သင်တန်းကျောင်းအသစ်တွင် အသုံးပြုဖို့ ကား

တစ်စီးကိုလည်း ဝယ်ယူခွင့်ရရှိခဲ့ပါသည်။ အင်ဒရူး နှင့်ဆုံစည်းရန် ဂျိုဟန်နယ်စဘတ်မြို့

သို့ ရောက်ချိန်တွင် နိုင်ရိုဘီတွင် အခြေပြုသော ဝိုင်အမ်အဖွဲ့သားတစ်ဦးမှ ၎င်းကား

ကို ရုဒီးရှားသို့ မောင်းပို့ပေးပါသည်။

ညီအစ်ကိုကြီးအင်ဒရူးနှင့် ဆင်နွဲ့သောပွဲသည် အံ့ဩအားတက်ဖွယ် အတွေ့အကြုံ

တစ်ရပ်ဖြစ်သည်။ သူသည် လူ(၈၀၀၀)အထိဆန့်သော အားကစားရုံနှင့် လူထု

မိန်းမများနဲ့ မြို့ (၁၂)မြို့တွင် တစ်နေရာပြီး တစ်နေရာသို့ ညတိုင်း တရားဟောလေသည်။

ရက်သတ္တပတ်နှစ်ပတ်အတွင်း စည်းဝေးတက်ရောက်သူ လူဦးရေမှာ(၅၀၀၀၀) ပတ်ဝန်း

ကျင်ရှိသည်။ သာသနာပြုရာတွင် ပါဝင်ကြရန် စိန်ခေါ်မှုတစ်ရပ်ဖြင့် လူထု၏စိတ်နှလုံး

ကို နိုးဆွ‌ ပေးလေသည်။ စည်း ဝေးတိုင်းတွင် ရာနှင့်ချီ၍ တုံ့ပြန်မှုရှိသည်။ လာမည့်

ဇန်နဝါရီလတွင် မောရစ်ရီမြို့တွင် ကျွန်တော်စတင် ဖွင့်လှစ်မည့် ဧဝံဂေလိသင်တန်း

ကျောင်းအကြောင်းကို ဝေငှရန် ဤစစ်ဆင်ရေးတွင် အခွင့်အလမ်းကောင်း တစ်ရပ်ရရှိခဲ့ပါ

သည်။ အမြောက်အမြားက စိတ်ဝင်စားမှုပြကာ အသေးစိတ်သိချင်ကြသည်။

မေးမြန်းကြသည့်အထဲက လူဂီဟုခေါ်သော လူငယ်တစ်ယောက်ပါဝင်သည်။

ဂျင်းဘောင်းဘီနှင့် ရင်ဖွင့် အင်္ကျီဝတ်ဆင်ကာ ဆံပင်မတိုမရှည်ကို လူပုံနှင့် ကိုက်ညီအောင်ထားလေသည်။

သူ၏ အနေအထားမှာ သာသနာပြုအတွက်မည်သူကမှ ဦးစားပေးလိမ့်မည်မဟုတ်ပါ။ ကိပ်တောင်းမြို့ စည်းဝေးပွဲတစ်ခုအပြီးတွင် ကယ်တင်ခြင်းအတွက် ညီအစ်ကိုကြီးအင်ဒရူး ဖိတ်ခေါ်သောအခါရောက်လာကြသော လူအုပ်ထဲတွင် ပါဝင်သောသူတစ်ယောက်ဖြစ်သည်။ အသက်

(၂၀) ခန့်ရှိသော လူငယ်တွင် ကျွန်တော်မျက်စိကျသော အမှုအရာတစ်ခုရှိနေသည်။

“ဘယ်လိုကူညီနိုင်မည်လဲ”ဟု သူ့နားကို ကပ်ပြီး ပုခုံးပေါ်လက်ကိုအသာကလေးတင်၍မေးသည်။

“ဒီယေရှုအကြောင်း ကျွန်တော်များများစားစား မသိဘူး”ဟု ကျွန်တော့်မျက်စိ ကိုတည့်တည့်ဆိုင်၍ပြောလေသည်။

“အမှန်အတိုင်းပြောမယ်ဆိုလျှင်၊ ကျွန်တော့်မိတ်ဆွေကသာ အတင်းအဓမ္မဆွဲခေါ်လို့သာ ဒီကိုရောက်လာတာ”၊ ပြတ်ပြတ်သားသား ပြောသည့်အတွက် ကျွန်တော်

ချက်ခြင်း သဘောကျလာသည်။

“ဒါဆိုရင် ၊ စည်းဝေးကိုဘယ်လိုသဘောထားသလဲ”ဟုဆက်မေးသည်။

“ကောင်းပါတယ်၊ ဘုရားရှိခိုးကျောင်းက ကြားနာရခြင်းနှင့် လုံးဝ မတူဘူး။

ဒီည ဟိုလူပြောတဲ့စကားထဲမှာ အစစ်အမှန်ပါလာတယ်၊ ကျွန်တော် သဘောကျတယ်။

သူ့ အသက်တာမှာ လိုအပ်သောအရာသည် ယေရှုဖြစ်သည်။ သို့သော် သူ့ကို မဖိတ်ခေါ်မီ

သူ့အပြစ်ကို စွန့်လွှတ်ဖို့ဖြစ်သည်ဟု ကျွန်တော် ရှင်းပြသည်။

“ကျွန်တော် အသက်တာဟာ ပုပ်စပ်တဲ့အသက်တာပဲ”ဟု ပွင့်လင်းစွာဖြင့်ပြောပြသည်။ တောင်အာဖရိကနိုင်ငံတွင် အလယ်အလတ် လူတန်းစားမိသားစုထဲတွင်

ကြီးပြင်းလာခဲ့ပုံနှင့် သူ့မိဘများ၏မွန်မြတ်ခြင်းနှင့် ဘဝလမ်းကြောင်းတို့ကို သူပုန်ကန်

ခဲ့သည့် အကြောင်းကို ပြောပြလေသည်။

“ကျွန်တော့်ရည်မှန်းချက်ကတော့ ရှေ့တိုးပြီး ငွေအစုလိုက်အပြုံလိုက်ရှာဖို့

ဖြစ်တယ်ဟု သူကဝန်ခံသည်။ ဆက်လက်၍ “ကျွန်တော်ဟာ လွတ်လပ်တယ်။ လိုတဲ့ခရီး

တစ်ကယ်ပေါက်ရောက်တယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်က သံသယစိတ်

ဝင်လာခဲ့ပါတယ်” ဟု ပြောပြပါသည်။

“စစ်မှန်တဲ့လွတ်လပ်မှုဟာ ယေရှုခရစ်၌သာ တွေ့နိုင်ပါတယ်”ဟု ကျွန်တော်

တုံ့ပြန်လိုက်သည်။

“ကျွန်တော်နှင့်ပေါင်းသင်းတဲ့ လူအများဆုံးဟာ အတုအပ ပရိယာယ်ဆင်တဲ့

လူချည်းပဲ၊ ဒီည တွေ့ခဲ့တဲ့အရာဟာ အစစ်အမှန်ပါပဲ။ ကျွန်တော် လိုချင်တာ အဲဒါပဲ”ဟု

လူက ဖြေလေသည်။

“ခင်ဗျား အသက်တာသစ်ရရှိဖို့ မိမိအသက်တာဟောင်းကို စွန့်လွှတ်ပြီး

လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခြင်းအားဖြင့် ခင်ဗျားကို ကယ်တင်တဲ့ ယေရှုကို

လက်ခံလို့ စိတ်ရှိရင် ရနိုင်ပါတယ်”ဟု သူ့ကို ဖြောင့်ဖျပါ သည်။

သူ့ပါးနှစ်ဘက်ပေါ်က မျက်ရည်များတစ်သွင်သွင် စီးဆင်းလာကာ လူဂီသည်

ဒူးထောက်၍ ကလေးငယ်သဖွယ် သူ့အသက်တာကို ယေရှုအား အပ်နှံနေပါသည်။

မျက်နှာတွင် မျက်ရည်ပေကျံသည့် အကြားက ပြုံး၍ပြန်ထလာသည်။ သူ့ပြောင်းလဲခြင်း

သည် စစ်မှန်သည်ဟု ကျွန်တော်သဘောပေါက်သည်။ သို့သော် သူသည် ဖိနှိပ်ခြင်း

ခံရဦးမည်။ အသက်တာအဟောင်းသို့ ပြန်လှည့်ရန် စုံစမ်းသွေးဆောင်ခြင်း ရင်ဆိုင်ရဦး

မည်ဟု ကျွန်တော် သိရှိထားပါသည်။

“အခု ကျွန်တော် ဘာလုပ်ရမည်လဲ” ဟု သူကမေးသည်။

“လာမည့် ဇန်နဝါရီလအတွင်း အာရစ်ဗျူရီမြို့မှာ သင်တန်းကျောင်းတစ်ခု

စတင် ဖွင့်လှစ်ဖို့ ရှိတယ်။ ခင်ဗျားလာတက်ရင်၊ ခင်ဗျားရဲ့ ခရစ်ယာန်ယုံကြည်ချက်

ခိုင်မာအောင် အထောက်အကူရပါလိမ့်မယ်။ လူဂီသည် စိတ်ပါဝင်စားစွာ

အသေးစိတ်ကို မှတ်ထားသည်။ ဆာရစ်ဗျူရီအခြေပြု ဧဝံဂေလိသင်တန်းကျောင်းတွင်

စိတ်ဝင်စားမှုပြခဲ့ကြသော အမြောက်အမြားထဲက သူတစ်ယောက်မျှသာဖြစ်သည်။ စုံစမ်း

မေးမြန်းသူအားလုံးလာလျှင် သင်တန်းသား(၂၀၀)ကျော်လိမ့်မည်။ ကျွန်တော့်မှာ

လိုအပ်သော ငွေကြေးမရှိ။ ကူညီမည့် အဖော်မရှိ ဖြစ်နေသည်။ သို့သော် လိုအပ်သမျှကို

သခင်ဘုရားပြင်ဆင်ပေးတော်မူလိမ့်မည်ဟု ကျွန်တော် ယုံကြည်စိတ်ချသည်။

တောင်အဖရိကတိုက်တွင် ညီအစ်ကိုကြီးအင်ဒရူးနှင့် စစ်ဆင်ရေး ပြီးဆုံးသွားသော

အခါ မြောက်ဘက်ဆာဗျူရီမြို့သို့ သင်တန်းကျောင်းပြင်ဆင်ရန် ပြန်သွားပါသည်။

ဇန်နဝါရီလတွင် သင်တန်းဖွင့်သောအခါ သန်မာသော သင်တန်းသား(၃၀)ရှိပြီး ၎င်းတို့

ထဲတွင် အသစ်စက်စက် ပြောင်းလဲလာသော တောင်အာဖရိကနိုင်ငံသား လူဂီပါလာ

မည်။ စိတ်ဝင်စားမှုပြုကြသော အခြား(၁၇၀)၏အာရုံကို မည်သည့်အရာက လမ်းလွဲအပ်ဟု ကျွန်တော် အံ့သြလျက် ရှိနေပါသည်။ သို့သော် တစ်ကယ်တက်လာကြသော(၃ဝ) ယောက်အတွက် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

ကိုယ်တော်ပြင်ဆင်ပေးသောသင်တန်းသား(၃၀)ယောက်မှာ သတ္တိရှိသောသူများ ဖြစ်သည့် အတွက် အထူးကျေးဇူးတင်ပါသည်။ ၎င်းတို့၏ အသက်မှာ (၁၈)နှစ်မှ (၃၀)ကြား ဖြစ်သည်။

အဖရိကနှင့် ဥရောပမှ အနည်းငယ်ပါလာသည်။ အများဆုံး တောင်အာဖရိကနှင့်ရိုဒီရှား

အလတ်လူတန်းစား မိသားစုများမှလာကြသည်။ သင်တန်းကျောင်းရှင်သန်နိုင်ဖို့မူလလိုအပ်သော ဆွီငွေ (၂၀၀၀)လည်း အကောင်အထည် ပေါ်မလာပါ။

လုပ်ကိုင်ရင်းဖြင့် မလိုအပ်မှန်းသိလာသည်။ သင်တန်းသားများ၏လစဉ်ကြေးသည်

အသုံးစရိတ်အတွက် လုံလောက်ရုံမကဘဲ ပိုလာပြီး ကျောင်းဆောင်စရိတ်မှာလည်း ပြောပ

လောက်အောင်မရှိသဖြင့် ထမင်းချက်တစ်ယောက်နှင့် မီးဖိုချောင်ကူညီဖို့တစ်ယောက်ကိုပါ

ငှါးရမ်းနိုင်ကြပါသည်။ ဤကဲ့သို့ ကျောင်းသားများသည် အခြားဝတ္တရားများမှ

ကင်းလွတ်လာကာ စာကျက်ချိန် ရရှိနိုင်ပါသည်။ ဧည့်သည်တော် တဖွဲ့ဖွဲ့

ရောက်ကြသည်။ ၎င်းတို့တွင် ညီအကိုကြီးအင်ဒရူးနှင့် ကျွန်တော့်ဖခင် ပါဝင်သည်။

ဟောပြောခြင်း အများဆုံးကို ကျွန်တော်ကိုယ်တိုင် တာဝန်ယူသည်။

သင်တန်းကျောင်းတွင် အခက်အခဲတော့ရှိပါသည်။ စံမံခန့်ခွဲခြင်း ဆုကျေးဇူးမ

ရှိကြောင်း သဘောပေါက်လာပါသည်။ ကျေးဇူး တော်အားဖြင့် ကျွန်တော် အားနည်းသည့်

အရာရာတွင် ကူညီရန် သင်တန်းသားများရှိနေပါသည်။ သင်တန်းပြုလုပ်ရင်း

တရုတ်များထံသို့ အထူးထိတွေ့မှု အပါအဝင် အာဖရိကတစ်တိုက်လုံးတွင် စာပေကျမ်းဂန်ဝေငှ

ခြင်းကို ဆက်လက်လုပ်ကိုင်နေပါသည်။ ညီအစ်ကိုကြီးအင်ဒရူးနှင့် စစ်ဆင်ရေး

တင်ခဲ့စဉ် အသံသွင်း ဓမ္မတော်တစ်ခုကို ကျွန်တော် စထွင်ခဲ့ပါသည်။ ဝိညာဉ်စစ်ဆင် ရေး

ကို ကိုယ်တိုင်တက်ခဲ့ဖူးသော စစ်ဆင်ရေးအကြောင်းကို ကြားဖူးသေးသူများထံမှ

အင်ဒရူး၏ အသံသွင်းတိတ်ခွေကို တဖွဲဖွဲမှာယူကြရာ အချိန်ကုန်၍ တာဝန်

ကြီးတစ်ရပ်ဖြစ်လာသည့်အပြင် ကျွန်တော်တစ်ယောက်တည်း မတတ်နိုင်သော ကိစ္စ

ကိုပါ ကိုင်တွယ်မိမှန်း သဘောပေါက်လာပါသည်။

စီမံခန့်ခွဲမှုတွင် အားနည်းချက်များရှိစေကာမူ စိတ်ထက်သန်မှုဖြင့် အစားထိုး

ခဲ့သည်။တစ်ရက်ပြီးတစ်ရက် သင်တန်းသားများအား သာသနာပြုဖို့ စိတ်စွဲလမ်းမှု

ကို ပေးကမ်းလက်ဆင့်ကမ်းနိုင်ခဲ့သည်။ ဘူလ်ဂေးရီးယားပြည်ထဲသို့ ရော်လီနှင့်စွန့်စားမှုအကြောင်း

ကိုလည်းကောင်း၊ ဆိုဗီယက်ပြည်ထောင်စုထဲသို့ သမ္မာကျမ်းတင်သွင်းမှု ခရီးစဉ်များကို

လည်းကောင်း ပြောပြခဲ့ပါသည်။ အာဖရိကတိုက်တွင် ကာလတို ဧဝံဂေလိအဖွဲ့များနှင့်

သွားရာတွင် ရခဲ့သော အခွင့်အလမ်းများ၊ ဥပမာ ယူဂန္ဒာပြည်တွင် တတိုင်းပြည်လုံး

က ရှုမြင်နိုင်အောင် ရုပ်မြင်သံကြားအစီအစဉ်တွင် ပါဝင်နိုင်သည့် အကြောင်း စသည်တို့ ကို

ပြောခဲ့ပါသည်။ အထူးသဖြင့် ဘုရားသခင်၏အစွမ်းသတ္တိကို အထင်မသေးမိကြရန်နိုးဆော်တိုက်တွန်းခဲ့ပါသည်။

ကျောင်းသားများအံ့ဩ၍ ပါးစပ်ဟောင်းလောင်းနှင့် ဖြစ် နေကြသည်။

ကျွန်တော့် အတွေ့အကြုံတစ်ခုမှာ လွန်ခဲ့သော နှစ်နှစ်တုံးက နနွင်းထုတ်လုပ်သော

ဇန်းဒီဘရ်ကျွန်းသို့ ရဲဝံ့စွာ သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်းဖြစ်သည်။ မိုင်(၈၀)

ရှည်၍ (၃၅)မိုင်မျှသာ ကျယ်ဝန်းသော ဇန်ဇီဘရ်ကျွန်းကလေးသည် တန်ဇန်နီးယား၏

ပင်လယ်ကမ်းခြေမှ မိုင်(၄၀)မျှသာ ကွာဝေးသည်။ မူလတွင် ဗြိတိသျှကိုလိုနီနိုင်ငံဖြစ်ပြီး

၁၉၆၄ခုနှစ်တွင် ကျူးဘားက သွေးထွက်သံယိုမှုကြီးစွာဖြင့် အာဏာသိမ်းယူခဲ့သည်။

ဇန်ဇီဘရ်ကျွန်းသို့ ပထမဆုံး ယောင်လည်လည်ဖြင့် ခြေဆန့်သွားခဲ့သောသူမှာ

စကော့နိုင်ငံသား စာရင်းစစ်အိုင်ယင်မူယာဖြစ်သည်။ ဆိုင်မွန်မာလျာအား တရုတ်

ခရစ်ဝင်စာအုပ် – ပထမအသုတ်ကို လက်လွဲ ရန် ဒါရက်စလမ်မြို့တွင် အိုင်ယင်နှင့်

ကျွန်တော် ရောက်ရှိနေစဉ်ဖြစ်သည်။ ကျွန်တော် ဇမ်ဘီယာသို့ သွားနေခိုက် သူလည်း

ဇန်ဇီဘရ်ကျွန်းသို့ ခရီးတစ်ထောက်သွားရန် ဆုံးဖြတ်ခဲ့သည်။ ဒါရက်စလမ်မြို့မှ

လေယာဉ်ဖြင့် သွားရောက်ပြီး ဆွဟိလီဘာသာစကားဖြင့် ရေးသားထားသော အဖုံးပါ

ကလေးစာအုပ်များကို ရဲဝံ့စွာ လမ်းဆုံလမ်းထောင့်များတွင် လူငယ်များအား ပေးကမ်း

ဝေငှခဲ့လေသည်။ ရရှိခဲ့သော တုံ့ပြန်မှုကြောင့် အိုင်ယင်သည် အလွန်ဘဝင်ကျလွန်းပါတကား။

ဆိုင်မွန်နှင့်ကျွန်တော်တို့ကိုယ်တိုင် လာမည့်ရက်သတ္တပတ်အနည်းငယ်တွင် သွားကြဖို့

စီစဉ်ခဲ့ပါသည်။ ဤအချိန်တွင် အိုင်ယင်သည် ကင်ညာအဖွဲ့နှင့် ပြန်လည်ပူးပေါင်း

ရန် ပြန်သွားပြီးဖြစ်သည်။

ခရီးအစကတည်းက ကတုန်ကယင်ဖြစ်နေသည်။ ဘယ်ကို လိုက်မှန်း

မသိဘဲ အူကြောင်ကြောင်လုပ်မိကြရာ လေယာဉ်ထွက်ခွာခါနီး မိနစ်အနည်းငယ်ကျမှ

သာ လေယာဉ်ငယ်တစ်စီးပေါ်သို့ တက်ကြသည်။ မိနစ်(၂၀)ခန့် ကြမ်းကြမ်းတမ်းတမ်း

ပျံသန်းပြီး စိမ်းစိုသော ဇန်ဇီဘရ်ကျွန်းကလေးပေါ်သို့ ဆင်းသက်ကြသည်။ လေယာဉ်

ထဲက ထွက်ခြင်း ၎င်းကျွန်း၏အဓိကထုတ်ကုန်ဖြစ်သော သစ်ခွမွှေးနှင့်နနွင်းတို့၏

မွှေးကြိုင်သောရနံ့သည် နှာခေါင်းထဲသို့ စူးဝင်လာသည်။ တရုတ်ခရစ်ဝင်ကျမ်း အပါ

အဝင် အခြားဝံဂေလိစာပေများကို ထည့်ထားသော အိတ်တစ်လုံးစီ လေးလံစွာထမ်း၍

အငှားယာဉ်တစ်စီးကို ခေါ်လိုက်ရာ၊ ၎င်းအငှားယာဉ်ထဲသို့ နှစ်ယောက်သား တက်ခါနီး

လူနှစ်ယောက် လာရောက်ချည်းကပ်ကာ တားဆီးနေသည်။ လက်ရမ်းပြပြီး ဆွီဟိလီ

စကားဖြင့် အော်ကျယ်အော်ကျယ်ပြောနေသည်။ တန်ဇန်နီးယားနိုင်ငံသားအား အမေး

အမြန်း မျက်နှာထားဖြင့် ကြည့်လိုက်ပါသည် ။

“ဘာအခက်အခဲရှိလို့လဲ”။

“ဘာဖြစ်လို့လဲ”

“အငှားယာဉ်အတူတူမစီးစေချင်လို့ပါ”ဟု ဆိုင်မွန်က လေသံဖြင့် ပြောပြသည်။

“ခင်ဗျားက နိုင်ငံခြားသားဆိုတော့ စုံထောက်ဖြစ်မယ်လို့ သင်္ကာမကင်း ဖြစ်နေကြတာ။

အတူတူသွားကြသည်ဖြစ်စေ၊ သီးခြားစီ သွားကြသည်ဖြစ်စေ ဘာများ ထူးဆန်း

မည်လဲဟု နားမလည်နိုင်သော်လည်း အငြင်းအခုံပြုလုပ်ရန် အခြေအနေမရှိသဖြင့်

မြို့လယ်ခေါင် နာမည်ကျော် အင်္ဂလီကန်ဘုရားရှိခိုးကျောင်းတွင် ပြန်ဆုံကြရင်

အလျင်အမြန် စီစဉ်ကြပါသည်။ အပြန်ခရီးလေယာဉ်ကို အပြေးအလွှားဖြင့်မီနိုင်ရန်

သူ့လက်ကျန်စာအုပ်များကို ဘုရားရှိခိုးကျောင်း၏ နောက်ဆုံးခုံတန်းပေါ်တွင် ကမန်းကတန်းထား

ခဲ့သည်ဟု အိုက်ယင်ကပြောသည်။

၎င်းဘုရားရှိခိုးကျောင်းသို့ ကျွန်တော်တစ်ယောက်တည်း ခရီးသွားရာတွင်

စိတ်ပျက်အားလျော့လာပါသည်။ ခရီးထွက်ရာတွင် လေယာဉ်ခရီး ကြမ်းတမ်းခြင်းနှင့် ခရီးဆိုက်ရောက်သည့်အခါ အနောက်မှာဖြစ်ခဲ့သည့်အရာများကြောင့် ကျွန်တော် စိတ်တုန်လှုပ်‌ နေဆဲ ဖြစ်သည်။ လည်ပတ်ရောက်ရှိခဲ့သမျှသော နိုင်ငံထဲက ဤနိုင်ငံ သေးသေးလေးသည် ဝိညာဉ်ရေးအခြေ

အနေ ဖိအားများပုံရှိသည်။ လောလောဆယ် ကွန်မြူနစ်အစိုးရတို့ကြောင့်မဟုတ်ဘဲ

ကိုလိုနီခေတ်တုံးက ချမ်းသာကြွယ်ဝသော အာဏာရှင်မြို့စား နယ်စားကြီးများ မယားငာ်

မောင်းမမိဿံ(၁၀၀)အထက်နှင့် နန်းတော်ကြီး နန်းတော်ထဲတွင် ဇိမ်ခံနိုင်သော

အငွေ့ကြောင့် ဖြစ်သည်ဟု ကျွန်တော်ယူဆသည်။ အနှစ်တစ်ရာကျော်ကြီးက ၎င်းကျွန်းသည် အရှေ့ အာဖရိကတိုက် တိုင်းပြည်များမှ ဖမ်းဆီးခြင်းခံရသောတိုင်းသူပြည်သားများကို ကျေးကျွန်အဖြစ် သံကြိုးဖြင့်ချည်နှောင်၍ တိရစ္ဆာန်များကဲ့သို့အစုလိုက်အပြုံလိုက် ကျေးကျွန် ဈေးကွက်လေလံပွဲတွင် အများဆုံး အရောင်းအဝယ်ပြုသော နေရာတစ်ခုဖြစ်ခဲ့လေသည်။

အငှားယာဉ်မှ လေးလံသော ကျွန်တော်အိတ်ကိုဆွဲထုတ်ကာ ယာဉ်ငှါးခကို

ပေးပြီး နောက်ယောင်ခံများရှိမရှိ စိတ်ချအောင် ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်

ချိန်တွင် ဆိုင်မွန်သည် ချိန်းဆိုထားသော ဘုရားရှိခိုးကျောင်းတော်ကြီးသို့ ရောက်ရှိနေ

သည်ကို မြင်လိုက်ပါသည်။ လေဆိပ်က အဖြစ်ကို ကျွန်တော် အံ့ဩ၍ အများကြီး

ရှိသေးသည်။ ယခုတိုင် အဖြေရှာ၍ မရရှိသေးဘဲရှိနေသည်။ အထဲက အလင်းရောင်

မှိန်မှိန်ကို မျက်စိကျင့်သားရရန် လုပ်နေရပါသည်။ သမိုင်းဝင်သည့်အပြင် ဗိသုကာပညာ

ထူးခြားမှုကြောင့် ကွန်မြူနစ်များအုပ်စိုးပြီးနောက်မှတောင် ဤဘုရားရှိခိုးကျောင်းကို

အသုံးပြုခွင့်ပေးလေသည်။

ကျွန်တော်တို့၏လုပ်ဆောင်ချက်ကို ကိုယ်ချင်းစာနာကြမည်ဟု တွက်ချက်ပြီး ဤကျွန်းပေါ်

တွင် ဤဘုရားရှိခိုးကျောင်းသာလျှင် ဘာသာရေးစာပေဖြန့်ဖို့ အကောင်းဆုံးနေရာ

ဖြစ်မည်ဟုလည်း တွက်ချက်ကြပါသည်။ အထုတ်အပိုးများကို ထားခဲ့ရန် မထင်မရှား

သောနေရာကို ရှာဖွေနေကြစဉ် အာဖရိကဘုန်းကြီးတစ်ပါး လာရောက်ချည်းကပ်လေ

သည်။ဘာများကူညီနိုင်မည်လဲ။ အင်္ဂလိပ်စကားပီသစွာ မေးသည်။ ကျွန်တော့်လက်

ကို ကမ်းပေးလိုက်သည်။

ကျွန်တော် ရုဒီလက်ခ်ပါ။ လူငယ်များ သာသနာပြုအဖွဲ့ လို့ခေါ်သည့် အဖွဲ့

အစည်းတစ်ခုကပါ။ ဇန်ဇီဘရ်တွင် အချိန်တိုတိုသာရရှိသည့် အတွက် စွန့်စားပြီး

လာရောက်သည့်အကြောင်းကို ပွင့်လင်းစွာပြောပြဖို့ ဆုံးဖြတ်လိုက်သော်လည်း သူဆက်

ပြောသောစကားက ကျွန်တော့်ကို ဆန့်ငင်ဆန့်ငင်နှင့် ပိတ်ပစ်လိုက်သည်။

“ဟုတ်လား၊ ဒီမှာ ဧဝံဂေလိတရားဟောဖို့ ရောက်လာတာတော့ မဟုတ်ဘူး

ထင်ပါရဲ့။ ရက်အနည်းငယ်တုံးကပဲ လျှို့ဝှက်ရဲများလာပြီး ခ ရစ်ယာန်စာပေများကို

ဖြန့်ဝေတယ်လို့ ငါ့ကိုလာစွပ်စွဲတယ်။ အရူးထတဲ့လူတချို့က လမ်းမပေါ်မှာ ကလေးများ

ကို စာအုပ်များ လက်ကမ်းပေးခဲ့တယ်။ ဒီနောက်ဆုံး ထိုင်ခုံတန်းပေါ်မှာ တချို့ ထားခဲ့ကြ

သေးတယ်။” ကျွန်တော် တံထွေးကို ပလုပ်ပလောင်းမျိုချလိုက်သည်။ ဆိုင်မွန်နှင့်

ကျွန်တော် တစ်ယောက်ကို တစ်ယောက် ကြည့် နေကြသည်။ ထိုဘုန်းကြီးသည်

အဆောက်အဦ၏နောက်ဘက် ဘီဒိုတစ်ခု သို့ သွား၍ သူ့ခြေရင်းမှာပင်ရှိနေသော

ကျွန်တော်တို့၏ ဖောင်းပွသည့် အိတ်ထဲတွင် အပြည့် ထည့်ထားသည့် စာအုပ်ဝါမျိုး

တစ်ထုတ်နှင့အကောင်းဆုံးနေရာတွေပဲဟု ပြောဆိုကာ ၎င်းအထုတ်ကို ခုံတန်းရှည်တစ်ခု

ပေါ်သို့ မကျေမနပ်ပစ်ချလိုက်သည်။ ဒီစာအုပ်များကြောင့် ဘယ်လောက်ဒုက္ခရောက်ခဲ့

တယ်ဆိုတာ ဒီကောင်တွေ မသိရှိကြဘူး။

သနားမိသောစကားကို နှုတ်မှမပွင့်တပွင့် ပြောဆိုကာ နှစ်ယောက်သား ၎င်း

ဘုန်းကြီးအား နှုတ်ဆက်၍ ကမန်းကတန်းလစ်ကြပါသည်။ မိမိတို့ ကိုယ်ကို တရားခံ

ဖြစ်အောင် မပြုလုပ်မိသည်ကို ဝမ်းသာမဆုံး၍ လမ်းမကြီးပေါ်သို့ လျင်မြန်စွာ

ထွက်လာကြသည်။ မျှော်လင့်ထားသောလမ်း ပိတ်သွားပြီး ဘာဆက်လုပ်ကြမည်လဲ။

ဆိုင်မွန်သည် ဘုရားရှိခိုးကျောင်း၏အပြင်ဘက် ကျောက်နံရံကိုမှီ၍ အားယူ

သည်။ “ရုဒီ ကျွန်တော် မအီမသာဖြစ်နေတယ်။ စိတ်ပူပန်၍ သူ့ကို ကျွန်တော်

စိုက်ကြည့်နေသည် ။

ဘာဖြစ်သလဲ။ အပူဒဏ်ကြောင့် မဖြစ်နိုင်မှန်း ကျွန်တော်သိသည်။ ဒါရက်လေး

မြို့က ပူအိုက်စိုစွတ်ထိုင်းမိုင်းသော ရာသီဥတုတွင် နေသားကျပြီးဖြစ်သည်။

“ခေါင်းမူးတယ်၊အံချင်တယ်၊ ခေါင်းလည်းကိုက်တယ်။”

“ထိုင်စရာနေရာနှင့် သောက်စရာတစ်ခုခုရှာကြရအောင် ဆိုင်မွန်။ ဒါဆို ရင်

သက်သာလာမှာပါ။”

လမ်းဘေးဈေးဆိုင်တစ်ခု၏အရိပ်တွင် ထိုင်၍ ဖျော်ရည် သောက်ရင်း ဘာဆက်

လုပ်ရမည်ကို တိုင်ပင်ကြသည်။ စရိတ်စက ချိုသာသည့် ဟိုတယ်တစ်ခုတွင်တည်းခိုပြီး

စာအုပ်များကို ဖျောက်ပစ်ဖို့ မိုးချုပ်သည်အထိ စောင့်ဖို့သာကျန်တော့သည်ဟု ဆိုင်မွန်က

ပြောရာ ကျွန်တော်လည်း သဘောတူသည်။ ဤနေရာသည် လျှို့ဝှက်ရဲများ ပလူပျံနေ

သည် ဖြစ်ရကား ဒေသခံလူများထဲတွင် ဆိုင်မွန်နှင့် ကျွန် တော် ရောနေသည့် အခါ

ကျွန်တော်သည် သိုးမည်းအုပ်ထဲက သိုးဖြူကဲ့သို့ ထင်ထင်ပေါ်ပေါ်ဖြစ်နေသည်။

ဇန်ဇီဘရ်ရိပ်သာဟုခေါ်သော စရိတ်သက်သာသည့် ဧည့်ရိပ်သာတစ်ခုကို တွေ့ရှိကြပီး

အဝတ်ထည့်ဘီရိုထဲတွင် စာအုပ်များကို ဝှက်ထားကြပါသည်။ ဆက်လက်၍ မြို့ထဲတွင်

လျှောက်လည်ရင်း စာအုပ်များကို ညအချိန် လက်ကမ်းနိုင်မည့် အကောင်းဆုံးနေရာကို

ရှာဖွေရင်း ဆုတောင်းရင်း အချိန်ကိုဖြန်းကြပါသည်။

ဆိုင်မွန်သည် ခါတိုင်းနှင့်မတူဘဲ တိတ်ဆိတ်နေပါသည်။ မညည်းညူသည့်

တိုင်အောင် အနာရောဂါတစ်ခုခုကို ခံစားနေသည်မှာ သေချာပါသည်။ နောက်ဆုံး

ညနေစောင်းတွင် ကျွန်တော့်ဘက်ကို လှည့်၍ “ရုဒီ၊ ငါမတတ်နိုင်တော့ ဘူးပြန်သွားမှဖြစ်

မယ်”။ မယုံနိုင်ဘဲ သူ့ကို ကျွန်တော် ကြည့် နေသည်။

“ဘာ၊ ဒါရက်စလမ်ပြန်မလို့လား”

ငါဆက်မသွားနိုင်တော့ဘူး။ တစ်အားဖျားနေတယ်။

ဒါနှင့်စာအုပ်များ ဘယ်လိုလုပ်ကြမည်လဲ။ တော်တော် စဉ်းစားရပါသည်။

ဆိုင်မွန်သည် ကိုယ်ခန္ဓာ ကိုက်ခဲဖျားနာခြင်းတစ်ခု ခုမဟုတ်ဘဲ စိတ်ဝိညာဉ် ဖိစီးမှု

ကြောင့် ဖြစ်မည်ဟု ကျွန်တော် တထစ်ချယုံကြည်သည်။

“ဆုတောင်းကြရအောင်၊သက်သာလာမှာပါ”ဟု သူ့ကို အားပေးသည်။ သို့သော်

သူကခေါင်းခါသည်။

“ထူးမယ်မထင်ပါဘူးရုဒီ၊ ခင်ဗျားဆက်နေချင်ရင်နေခဲ့ ။ ငါတော့ အငှားယာဉ်

နှင့်လေဆိပ်ပြေးပြီး လေယာဉ်ပျံနှင့်ပြန်သွားမှဖြစ်မယ်။ ကျွန်တော် ဦးနောက်ခြောက်

လာသည် ။ ဘာဆက်လုပ်ရမှန်းမသိဘူး။ သူနှင့် အတူကူ ပြန်သွားပြီး ဇန်ဇီဘရ်ကျွန်းကို

ခရစ်ယာန်စာပေဖြန့်ချိရေး ကြိုးစားမှုကို မေ့ပျောက်ရမည်လား။ နှစ်ယောက်သား

လုပ်ကြပါက မည်သည့် ဖိအားကိုမဆို ရင်ဆိုင်နိုင်မည်။ ယခု ကျွန်တော်တစ်ယောက်

ကည်း မည်ကဲ့သို့ တတ်နိုင်မည်နည်း။ ဤကြားထဲက ကျွန် တော်မခံချင်ဆုံးမှာ

အုပ်တစ်အုပ်တစ်လေမျှ မပေးမကမ်းဘဲ ပြန်ယူသွားဖို့ အရေးပင်ဖြစ်သည်။

ကောင်းပြီဆိုင်မွန်။ ခင်ဗျားပြန်ပါ။ ကျွန်တော် ဆက်နေမယ်ဟု ပြောလိုက်

အငှားယျာဥ်တစ်စီးထဲသို့ သူ့ကို တင်ပြီးမှ ဟွန်းသံ တစ်သံသံ မြည်သေသာ ကား

အုပ်၊ သဲလ်သံတစ်ကြည်ကြည်မြည်သော စက်ဘီးနှင့်မြင်းလှည်းများကြားထဲက

လည်လွယ်သွားသည့်အပေါ် သုံးကြည့်ပြီး မျက်ကွယ်ရာသို့ရောက်သောအခါ

တစ်ယောက်တည်း မှိုင်နေပါသည်။ နှစ်နာရီခန့် ဖုံထူသော လမ်းမကြီးပေါ်တွင် တစ်ယောက်တည်း ယောင်လည်လည်လျှောက်သွားပြီးညအချိန် သက်လာသောအခါ အလုပ်များလက်ကမ်းပေးဖို့ အားမွေးရန် ဟိုတယ်သို့ပြန်လာ ခဲ့ပါသည်။ ဧည့်ရိပ်သာ ဝရန်တာပေါ်၌ ကြိမ်ထိုင်ခုံပေါ်တွင်ထိုင်၍ တစ်ကျွန်းလုံး ပြန့်နှံ့နေသော နနွင်းအရသလို ခံယူနေရင်း ပင်လယ်ပေါ်တွင် နေဝင်သော ရှုခင်းနှင့်စာအုပ်များကို ဘေးကင်းစွာသယ်နိုင်ရန် အမှောင်ထုကိုစောင့်နေပါတော့သည်။

အလင်းရောင်သည် တဖြည်းဖြည်းအားနည်းလာပြီး အမှောင်ထုကျလာသည် အိတ်ထဲသို့ စာရွက်များကို ဆန့်နိုင်သလောက် အလျင်အမြန်ထည့်ကာ လမ်းလျှောက်သွားရင်း လမ်းမကြီးဘေး၌

ကျောက်ဖြင့် ဆောက်လုပ်သည့် ရှေးဟောင်းအိမ် ကျောက်ပြားလှေကားထစ်များပေါ်တွင် စာအုပ်ထုတ်ငယ်များကို တစ်ထုတ်စီထားခဲ့ပါသည်။ လမ်းမီးဖြစ် သော်ငွေရည်မီးခွက်များ မလှမ်းမကမ်းတွင် တစ်လုံးစီရှိသည်။ ဖုံထူသော တိုက်ကြား လမ်းမပေါ်တွင် ဤမလင်းတလင်းအရိပ်အရောင်သည် ခံစားရသော စိတ်ပူပန်မှုနှင့်ပေါင်းစပ်မိသည့်အခါ ကြက်သီးမွှေးညင်းထစေပါသည်။ လမ်းဆုံလမ်းခွများသေနတ်ကိုင်ဆောင်ထားသော စစ်သားများ ကွက်ကြားကွက်ကြား နေရာယူထားကြသည်။ စာအုပ်များကိုချထားရင်း တစ်မြို့လုံးကို ကြက်ခြေခတ် ဖြတ်လျှောက်သွားရာတွင်တစ်သက်လုံး မခံစားခဲ့ဘူးသော စိတ်ပူပန်မှုကိုခံစားခဲ့ပါသည်။ ထိုအခြေအနေတွင်ထူးဆန်းသောအသံတစ်ခု သို့မဟုတ် ခြေသံတစ်ခုကြားမိတိုင်း ကြက်သီးထမိပါသည်။

သေနတ်ကိုင် စစ်သားတစ်ယောက်က အချိန်မရွေး “ဟေ့ကောင် ဘာလုပ်နေသလဲ”

မေးလိမ့်မည်ဟု မျှော်လင့်နေပါသည်။ ဘယ် လိုဖြေမည်လဲ။ ဘယ်လိုပြုကြမည်လဲ။

ထောင်ချပစ်မည်လား။

သို့သော်ငြားလည်း စာအုပ်များကို ဖြန့်ဝေလိုသော စိတ်၏နှိုးဆော်မှုကြောင့်

ဘေးအန္တရာယ်ကိုမမှုဘဲ ဆက်လက်လှုပ်ရှားစေပါသည်။ လေးနာရီခန့် တစ်မြို့လုံး

ကန့်လန့်ဖြတ် ကြက်ခြေခတ် ဖြတ်ပြီးနောက် စိတ်ပင်ပန်းကိုယ်ပင်ပန်း ဖြစ်လာကာ

ခြေတစ်လှမ်းကိုပင် မလှမ်းနိုင်လောက်အောင် အားကုန်သွားပါသည်။ စာအုပ်အများကြီး

ကျန်သေးသည်။ လက်မမြောက်ချင်ပါ။ ထို့ ကြောင့် ခဏအနားယူဖို့ဆုံးဖြတ်လိုက်ပါသည်။ နံနက်(၄)နာရီခန့်တွင် ဖြစ်နိုင်လျှင် နေမထွက်မီ လက်ကျန်စာအုပ်များကို ဖြန့်ဝေနိုင်ရန် လုံလောက်သော အချိန်ရရှိလိမ့်မည်ဟု တွက်ချက်ထားပါသည်။

သို့သော် ပြဿနတစ်ခု ရှိသည်။ ကျွန်တော့်မှာ သတိပေးနာရီမရှိ။ ဟိုတယ်ဝန်ထမ်းများ

လာနိုးရန် မှာထားဖို့ ရန်မှာလည်း အန္တရာယ်ကို ဖိတ်ခေါ်ရာရောက်နိုင်သည် ။ သို့သော်

ခြေထောက်များ ပေါက်ပြဲလာ၍ ကျောကုန်းလည်းနာလှပြီ။ ဆက်သွားနိုင်ဖို့ ခွန်အား

နည်းနည်းမျှ မကျန်တော့ပါ။

လက်ကျန်စာအုပ်များကို ဖြန့်ဝေဖို့ အလိုတော်ရှိလျှင် ဘုရားသခင် ကိုယ်တိုင်

နိုးမှာပါ။ သခင်ဘု ရား (၄)နာရီထိုးတဲ့အခါ ကျွန်တော့်ကို နိုးတော်မူပါဟု ဆုတောင်း၍

ခေါင်းအုံးပေါ် ခေါင်းကိုတင်လိုက်သည်နှင့် တစ်ပြိုင်နက် အိပ်ပျော်သွားပါသည်။ ပင်ပန်း

လွန်းသောကြောင့် အိပ်မက်ပင် မမက်ခဲ့ပါ။ အနီးကပ်ဆုံး သတိရလာသည်မှာ စူးရှသော

ကြက်ဖတွန်သံဖြစ်သည်။ လန့်နိုး၍ နာရီကိုကြည့်လိုက်သောအခါ နံနက်(၄)နာရီ

တိတိဖြစ်သည်။အိတ်ငယ်ကိုဆွဲ၍ လက်ကျန်စာအုပ်များကို ကမန်းကတန်းထည့်ကာ ဧည့်ရိပ်

သာမှ အသာကလေး ထွက်လာပါသည်။ မိုးမလင်းမီ နှစ်နာရီအတွင်း စာအုပ်ကိုထားသင့်

သော တံခါးပေါက်၊ လှေကားစသည်တို့တွင် ထားခဲ့ပါသည်။ ရဲဝံ့စွာ စာအုပ်နီတချို့ကို

တောင် သံဆူးကြိုးကာရံထားသော တရုတ်သံရုံးထဲသို့ ပစ်ထည့်လိုက်ပါသည်။ (၆)နာရီ

ထိုးချိန်တွင် မြို့တော်ကို အကြိမ်ကြိမ် ဖြတ်သန်းပြီးဖြစ်ကာ ကောင်းကင်ယံတွင်

အလင်းတန်းများ ဖြာထွက်လာပါတော့သည် ။ နောက်ဆုံးတွင် လက်ကျန်စာအုပ်များကို

လမ်းဘေးများတစ်လျှောက် ထားပစ်ခဲ့ ရပါသည်။

ဇန်ဇီဘရ်ရိပ်သာသို့ ကမန်းကတန်းပြန်လှည့်ချိန်တွင် တစ်မြို့လုံး လှုပ်လှုပ်ရွရွ

ဖြစ်လာလေပြီ။ မကြာမီ လူများသည် အိမ်ထဲက ထွက်လာ၍ စာအုပ်များကို တွေ့ကြတော့

မည်။ ညအချိန် ကြမ်းတမ်းသော အလုပ်တစ်ခုဖြစ်သည်။ ကျွန်တော် တာဝန်ယူခဲ့ဖူးသော

အလုပ်များထဲတွင် အခက်ခဲဆုံးဖြစ်ကောင်းဖြစ်မည်။ မလုပ်ဘဲ ဘေးဖယ်ပါက အလွယ်

ဆုံး အလုပ်တစ်ခုလည်း ဖြစ်ကောင်းဖြစ်မည်။ သို့သော် လူအနည်းငယ်က ကျွန်တော်

စာပေများ ကောက်ဖတ်နေကြသည်ကို မြင်သောအခါ ကိုယ်စိတ်နှစ်ပါးပင်ပန်းသမျှ

အကျေနပ်ကြီး ကျေနပ်ခဲ့ပါသည်။ ကျွန်တော့်အပိုင်းကိုတော့ တာဝန်ကျေခဲ့ပါပြီ။

လုပ်ငန်းရည်မှန်းချက်ကို အဆုံးသတ်ဖြစ်မြောက်စေရန် ဘုရားသခင်၏အပိုင်းသာ

ကျန်နေသည်။

Rest Haven အနားစခန်းထဲတွင် လုံခြုံစွာနေထိုင်ကြသော ဧဝံဂေလိသင်တန်း

သားများကို တစ်ယောက်ချင်းလိုက်ကြည့်ရာ မလှုပ်ရှား စကားတစ်လုံးချင်းကို နားထောင်

နေကြသည်ကိုမြင်ရပါသည်။ တစ်ယောက်သောသူကမေးသည်။ ဆိုင်မွန်စဘာဖြစ်

သလဲ။

လေယာဉ်ဖြင့် ဒါရက်စလမ်မြို့သို့ ပြန်ရောက်သောအခါ ခေါင်းမူးအော့အန်တဲ့

အဖြစ်က လုံးလုံးပျောက်သွားတယ်ဟု ပြန်ဖြေသည်။ကြည့်ရတာကတော့ သူ့ရောဂါက စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တစ်ခုခုကြောင့်ဖြစ်ကောင်းဖြစ်နိုင်မည်လားဟု မိန်းကလေးတစ်ယောက်က မှတ်ချက်ပေးလေသည်။ဒီလိုပဲ ယုံကြည်ပါတယ်။ တစ်ကယ့် ဖြစ်ရပ်မှန်မှာ အဲဒီနေ့ ဆိုင်မွန်နှင့်

ကျွန်တော် သိရှိခဲ့သည့် သင်ခန်းစာတစ်ခုရှိတယ်။ ဘုရားသခင်အတွက် လုပ်ဆောင်မှု

ကြောင့် ဖျားနာလာတယ်ဆိုရင် ဇစ်မြစ်ကိုရှာဖို့ အရေးကြီးတယ်။ ကိုယ်ကာယနှင့်သက်

ဆိုင်ကောင်း သက်ဆိုင်လိမ့်မည်။ ဖြစ်လေ့ဖြစ်ထရှိတတ်တာက စာတန်ရဲ့ တိုက်ခိုက်မှု

ကြောင့်ဖြစ်တတ်ပြီး အောင်မြင်နိုင်ဖို့ လိုအပ်တယ်။ ဆီးတားချင်စိတ်ရှိလျှင် မအောင်မြင်

ရအောင် အခက်အခဲ အတားအဆီးမရှိဘူး။ ဖြတ်သန်းမရသည့် နယ်စွန်နယ်ဖျားမရှိဟု

ပြောဆိုကာ ဟောပြောပို့ချမှု အဆုံးသတ်ရင်း ကိုယ်စိတ်နှစ်ပါး ကိုယ်တော်အမှုတော်

အတွက် အဆင်သင့်ဖို့ အပ်နှံကြရန် စိန်ခေါ်ခဲ့ပါသည်။

အဲဒီလို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ရန် အဓိကလိုအပ်ချက်မှာ ယုံကြည်ခြင်း

နှင့် ဘုရားသခင်အသုံးပြုဖို့ စိတ်ဆန္ဒဘဲဖြစ်တယ်။ ရိုဒီရှားနှင့် တောင်အာဖရိကတိုက်

နိုင်ငံမှာ အချိန်မရွေး အကူအညီပေးရန် လိုအပ်တယ်။ သို့သော်ငြားလည်း မြောက်ဘက်

ကျွန်တော်တို့ရဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ ဇမ်ဘီယာမှာ ဝမ်းမြောက်ဖွယ်သတင်း

ကောင်းကို လုံးဝ မကြားဘူးသေးသော တရုတ်ကွန်မြူနစ်များ တန် – ဇမ်မီးရထားလမ်း

စီမံကိန်းမှာ အလုပ်လုပ်နေကြတယ်။ အန္တရာယ်တော့ တွေ့နိုင်တယ်။ ဒါပေမဲ့ စွန့်စားချင်

ကြတယ်ဆို ရင်တော့ သူတို့ဆီကို ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာသတင်းစကားကို

သွားရောက်ဝေငှဖို့ရှိတယ်။ စိတ်ရောကိုယ်ပါ ခေါင်းတစ်ညိတ်ညိတ် လုပ်သူတချို့နှင့်

အာမင်ဟု ရွတ်ဆိုသူ အနည်းငယ်ရှိသည် ။

လူဂီ၏ မျက်နှာတစ်ခုလုံးသည် စိတ်နှလုံး ပီတိသောအပြုံးဖြင့် လပြည့်ဝန်းပမာ

ဆရာကြီး ကျွန်တော် အဆင်သင့်ဖြစ်ပါပြီဟု ဆန္ဒပြုလေသည်။ သူ့စိတ်အားထက်သန်မှု

ကို သဘောကျကာ ကျွန်တော်ပြုံးလိုက်ပါသည်။ သူသည် ကိပ်တောင်းမြို့အားကစား

ကွင်းတွင် ကျွန်တော်ရှေ့၌ မျက်ရည် မျက်ခွက်ဖြင့် မတ်တတ်ရပ်၍ ခရစ်တော်အား

စိတ်နှလုံးကို အပ်နှံခဲ့သော ထူးခြားလာသော ပုဂ္ဂိုလ်တစ်ဦးဖြစ်လာသည်။ လွန်ခဲ့သော

လအနည်းငယ်အတွင်း သူသည် ဟောပြောသွန်သင်ခဲ့သမျှကို စိတ်အားထက်သန်စွာ

မှတ်သားထားခဲ့ လေသည်။ သူ ၏ ယုံကြည်ခြင်းသည် ခိုင်မာရင့်ကျက်လာသည့်

အလျောက် သူ၏ စိတ်နှလုံး လှုံ့ဆော်မှုမှာ ဘုရားသခင်စလွှတ်တော်မူသော မည်သည့်

နေရာမဆို သွား၍ အမှုတော်ဆောင်ရန်ဖြစ်သည်။

သင်တန်းအစပြုသောတစ်နေ့တွင် ဟောပြောပို့ချမှု အပြီး ကျွန်တော့်ကို လာ

ရောက်ချည်းကပ်၍ ဘုရားသခင်အထံတော်မှလာသည်ဟု မှတ်ယူထားသော စကားတစ်ခု

ကို လာပြောပြသည်။ ဆရာကြီးအီသိယိုပီးယားသို့ ကျွန်တော်သွားရမယ်လို့ သခင်ဘုရား

မိန့်တော်မူတယ်။ ယုံကြည်ခြင်းဖြင့် ပြည့်လျှံနေသော သူ့မျက်နှာကို ကျွန်တော်

အကဲခတ်ကြည့်သည်။ သူ့စိတ်အားထက်သန်မှုကို မထိခိုက်စေလိုပါ။ သို့သော် သူသည်

ဘုရားသခင်အထံတော်မှ အမှန်စင်စစ် ကြားခဲ့သည်ဟု ကျွန်တော် မယုံနိုင်သေးဘဲ ရှိနေ

ပါသည်။ တောင်အာဖရိကသားများကို အီသီယိုပီးယားသို့ လုံးဝဝင်ခွင့်မပြုပါ။

လူသားအသိအမြင်ဖြင့် ပြောမည် ဆိုလျှင် နယ်စပ်ဖြတ်ကျော်ခွင့်ရရှိဖို့ပင်

နည်းလမ်းမရှိပါ။ သို့သော် သူ၏ယုံကြည်ခြင်းကို အားမငယ်စေချင်သဖြင့် လူဂီရယ်။

အီသီယိုပီးယားသွားဖို့ တော့ ဟုတ်ပါပြီ။ အချိန်က စကားပြောကောင်း ပြောလိမ့်မယ်

ဟုသာ တုံ့ပြန်မိပါသည်။ ယခု ကျွန်တော့်စိန်ခေါ်မှုကို ဇွဲကောင်းကောင်းဖြင့် စောင့်ဆိုင်း

နေရင်း အီသီယိုပီးယား မဟုတ်သည့်တိုင်အောင် တစ်နေရာရာသို့ အစမ်းစေလွှတ်ရန်

အချိန်တန်ပြီဟု ကျွန်တော် သဘောပေါက်လာပါသည်။

အစမ်းစေလွှတ်ဖို့လိုအပ်သောသူမှာ လူဂီတစ်ယောက်တည်းသာ မဟုတ်ပါ။

ဟောပြောပို့ချမှုအပိုင်းသည် ပြီးဆုံးလာပြီဖြစ်ရာ သုံးလ လက်တွေ့ ကွင်းဆင်းဖို့

တဖြည်းဖြည်းနီးကပ်လာပါသည်။ သင်တန်းသူသင်တန်းသား အားလုံးသည် စေလွှတ်ဖို့

စောင်းဆိုင်းနေကြသော ပြိုင်မြင်းများသဖွယ် ဖြစ်နေကြသည်။ မကြာမီ ဝယ်ယူထားသော

ဝပ်ဝါဂွန် လက်ဟောင်းနှစ်စီးအပါအဝင် သင်တန်းသားများ၏ ကိုယ်ပိုင်ကားများ၊

ရရာမော်တော်ယာဉ်များပေါ်သို့ ကျောင်းသူကျောင်းသားများ၏ ပစ္စည်းများကို တင်ရာ

တွင် အိမ်မှပထမဆုံး ခရီးထွက်ကြသော ကလေးများကို စောင့်ကြည့် နေသော

ဖခင်ပမာ ခံစားနေမိပါသည်။ အောင်မြေနင်းနိုင်ကြမည်လား။ ကျွန်တော်သည် ဆရာ

အနေဖြင့် သူတို့ကို လုံလောက်စွာ ပြင်ဆင်ပေးခဲ့ ရဲ့ လား။ ယခု စေလွှတ်သောသုံးဖွဲ့မှာ

အနီးအနားနိုင်ငံများဖြစ်သည့် မာလာဝီ ၊ ဇမ်ဘီယာနှင့် တောင်အာဖရိကတိုက်တို့ဖြစ်ကြ

သည်။ မိမိကိုယ်ကို သုံးပိုင်းခွဲ၍ တစ်ဖွဲ့ စီ လိုက်လိုသော်လည်း မဖြစ်နိုင်သောအရာဖြစ်သဖြင့် စွန့်စွန့်စားစားလုပ်ဆောင်ဖို့ ဇမ်ဘီယာအဖွဲ့သားနှင့် စတင် ပူးပေါင်းဖို့ဆုံးဖြတ်လိုက်ပါသည်။

တောင်အာဖရိကတိုက်သား အတ်ဆိုသူကို ဇမ်ဘီယာအဖွဲ့အား ဦးစီးစေပါ

သည်။ တေးဂီတတွင် ပါရမီရှိသောသူဖြစ်ပြီး သင်တန်းပို့ချသည့်ကာလတွင် လမ်းမပေါ်

ဟောပြောခြင်းကို ဦးစီးဦးဆောင်ပြုခဲ့ပြီးဖြစ်သည်။ အခြေခံလိုအပ်သော ခေါင်းဆောင်မှု

အရည်အချင်းရှိသည်ဟု ကျွန်တော် ယုံကြည်စိတ်ချသည်။ တောင်အာဖရိကတိုက်သား

ပြောင်းလဲလာသောသူ လူအပါအဝင် ခုနှစ်ယောက်ပါဝင်သောအဖွဲ့သည် ကျွန်တော့်

ဝပ်ဝါဂွန်အဖြူဖြင့် ထွက်ခွာကြပါသည်။ ဇမ်ဘီယာနိုင်ငံထဲသို့ မြောက်ဘက်တည့်တည့်

ဦးတည်မည့်အစား အနောက်ဘက်လမ်းကိုလိုက်ပြီး ဘော့စ်ဆွာနားပြည်ထဲသို့ ကွေ့ဝင်

ကြသည်။ လွတ်လပ်ရေးရခါစ ကဲနက်ကွန်ဒါ ဦးစီးသောလူမည်း ဇမ်ဘီယာအာဏာရှင်

အစိုးရသည် လူဖြူလွမ်းမိုးသော အိုင်ယင်စမစ်ဦးစီးသည့် ရိုဒီရှား ဒီမိုကရေစီအစိုးရနှင့်

နိုင်ငံရေးဆက်ဆံမှုမရှိသောကြောင့် ဇမ်ဘီယာကိုဝင်နိုင်သော လမ်းကြောင်းတစ်ခုတည်း

မှာ ဘော့စ်ဆွေးများကို ဖြတ်သန်းဖို့သာ ဖြစ်လေသည်။

ကားပေါ်တွင် ဝေစာအထုတ်လိုက်၊ စာအုပ်များ၊ သမ္မာကျမ်းစာအုပ်များ အဖုံးဝါ

ကလေးစာအုပ်နှင့် ဆာရီဗူရီမြို့တွင် အသစ်စက်စက်နောက်ဆုံး ပုံနှိပ်သော အဖုံးနီနီ

တရုတ်ခရစ်ဝင်စာအုပ်(၁၀၀၀၀)မှ အုပ်ရေတချို့ ပါလာသည်။ ကိစူမူမြို့ကင်ညာ

သာသနာပြုစခန်းမှ မြောက်ပိုင်းအာဖရိကအတွက် ဆက်လက်ပုံနှိပ်ထုတ်ဝေရင်း

တောင်အာဖရိကအတွက် ရိုဒီရှားတွင် ပုံနှိပ်ထုတ်ဝေရန် အဆက်အသွယ်ရရှိလာသည်။

ယခင် ယာယီအဖွဲ့များနှင့် ဇမ်ဘီယာနိုင်ငံမြို့တော် လူဆာကာတွင် ပူးတွဲလုပ်ဆောင်ခဲ့

သော သာသနာအဖွဲ့ အစည်းနှင့် ပြန်လည်ပူးပေါင်းကြပါသည်။ ကျွန်တော်တို့အဖွဲ့ သား

များကို သာသနာပြုမိသားစုအသီးသီးတွင် ဖြန့်ခွဲကြသည်။ ကျွန်တော်နှင့် အတ် တို့

မိသားစုတစ်စုနှင့် အတူနေကြပါသည်။

ယခင်ယာယီအဖွဲ့ များ၏ လုပ်ဆောင်ချက်အတိုင်းပင် လိုက်လုပ်ကြပါသည် ။

လမ်းမများပေါ်တွင် အတ် ဦးဆောင်၍ တေးဂီတဖြင့်သီချင်းဆို၍ ဟောပြောပွဲများ၊ ဘုရား

ရှိခိုးကျောင်းတွင် တရားဟောခြင်း၊ တစ်အိမ်တက်တစ်အိမ်ဆင်း ဝေစာများဝေခြင်း၊

ဈေးဆိုင်များတွင် ဝေခြင်းစသည်တို့ကို လုပ်ဆောင်ကြပါသည်။ အတ်၏သီဆိုမှုနှင့်

အထူးတလည် ဂီတလက်ရာမြောက်မှုကြောင့် စာသင်ကျောင်းများသို့ ဖိတ်ခေါ်ခြင်းခံရပါ

သည်။ လူကြိုက်များလာသည့် အလျောက် အခြားစာသင်ကျောင်းများသို့ လည်း

လက်စွမ်းပြရန် ဖိတ်ခေါ်ကြသည်။ သုံးလအတွင်း ဇမ်ဘီယာကျောင်းသူကျောင်းသား

(၃၀၀၀၀)နီးပါးတို့အား အဆို အတီးဖြင့် ဖျော်ဖြေခြင်း၊ ဟောပြောခြင်း၊ သက်သေခံခြင်း

ပြုလုပ်ခဲ့ရာ၊ အလွန်စိတ်ဝင်စားကြသည် ကို တွေ့ရပါသည်။

စာသင်ကျောင်းများအပြင် အခွင့် အလမ်းအသာဆုံးတစ်ခု ပေါ်လာသည်။

နဒိုလာမြို့တွင် တစ်နိုင်ငံလုံး ကုန်စည်ပြပွဲတစ်ခု တက်ရောက်ခွင့် ရရှိလာသည်။ ဒေသခံ

များနှင့်စကားစပ်မိရာတွင် ကြေးနီသတ္တုကြောမြို့ ဖြစ်သည့် နိုလာမြို့ ကုန်စည်ပြပွဲသည်

တစ်နိုင်ငံလုံးမှလူထောင်နှင့်ချီ၍ စိတ်ဝင်စားကြသည်။ ထူးခြားမှုကို သဘောပေါက်လာ

သည်နှင့်အမျှ ကျွန်တော်တို့ ၏ရည်မှန်းချက်အတွက် စွမ်းရည်ပြနိုင်မည့် အရေးကို

တွေးကာ စိတ်တက်ကြွနေပါသည်။ ဝမ်းမြောက်ဖွယ်သတင်းကောင်းကို ဝေငှခွင့် သခင်

ဘုရားနှင့် လူအမြောက်အမြား ထိတွေ့ခွင့်ရရှိစေရန် ရခဲသောအခွင့်အရေးဖြစ်သည်။

စာပေကျမ်းဂန်များကို ဝေငှနိုင်မည့်အပြင် ဇမ်ဘီယာတစ်နိုင်ငံလုံးမှ လာမည့်လူများနှင့်

တစ်ဦးချင်း ဧဝံဂေလိတရားတော်ကို ဆွေးနွေးခွင့်ရရှိနိုင်သည်။

ပြဿနာတစ်ခုတော့ရှိသည်။ နဒိုလာသည် ကျွန်တော်တို့ အဆက်အသွယ်မရှိ

သောနယ် ဖြစ်နေသည်။ လူဆာကာမြို့၏မြောက်ဘက် မော်တော်ယာဉ်ဖြင့် (၅)နာရီခရီး

တွင် ခေတ္တသွားရောက်ဖို့ ရန် လိုအပ်မည့်သဘောရှိသည်။ အဖွဲ့ သားရှစ်ယောက်

တည်းခိုဖို့ အကြံမရှိလောက်အောင်ဖြစ်နေသည်။ ဈေးအသက်သာဆုံးဖြစ်သည့်

တိုင်အောင် ဟိုတယ်တွင် တည်းခိုဖို့ မတတ်နိုင်ပါ။ အာဖရိကတိုက်သို့ လာကတည်းက

နေရာအမျိုးမျိုးတွင် နေခဲ့ပါသည်။ ကောက်ရိုးပုံအောက်၊ နွားတင်းကုပ်၊ လမ်းပေါ်

ဘတ်စ်ကားထဲ၊ မီးရထားတွဲ၊ ဘူတာရုံစသည်တို့အပြင် အများသုံး ရေချိုးခန်းတွင်လည်း

တစ်ညအိပ်ခဲ့ဖူးပါသည်။ သို့သော် ကျွန်တော် ကိုယ်တိုင်အကြမ်းခံနိုင်သည့်တိုင်အောင်

ရိုဒီးရှားနှင့် တောင်အာဖရိကနိုင်ငံသား လူငယ်များပါဝင်သောအဖွဲ့ သား ခုနှစ်ယောက်

အတွက် ဖြစ်နိုင်မည်မဟုတ်ပါ။ အားလုံးက စားဝတ်နေရေးပြေလည်အလယ်

အလတ် လူတန်းစားမိသားစုများမှ လာကြခြင်းဖြစ်သည်။ တဲထိုးအနားယူခြင်း ကြမ်း

တမ်းသော နေထိုင်စားသောက်မှုကို ကြုံဖူးကြမည်မဟုတ်ပါ။ သို့ သော်လည်း ယခု

သွားရမည့် ခရီးသည် အံ့သြဖွယ်ကောင်းမည့် အတွေ့ အကြုံတစ်ရပ် ဖြစ်နိုင်သည်။

မည်သူ့ကိုမျှ မပြောပြခဲ့သော်လည်း သွားဖို့ မသွားဖို့ ကျွန်တော် ရက်ပေါင်းများစွာ

တွေးတောချိန်ဆနေပါသည်။ ယခု သွားဖို့ အချိန် ကျရောက်လာပြီဖြစ်သဖြင့် ဆုံးဖြတ်

ချက်တစ်ခုခုပြုလုပ်ရန် လိုအပ်လာသည်။ သွားရန် အသင့်တော်ဆုံးသောနေ့ရက်မှာ

သဘက်ခါ နေ့ဖြစ်ပြီး ဒိုလာသို့ ကားဖြင့် နေ့တစ်ဝက်ခန့် သွားရမည်ဖြစ်သည်။

ကျွန်တော်တစ်ယောက်တည်း ဆုံးဖြတ်နိုင်သောကိစ္စမဟုတ်ပါ။ ကျောင်းသားခေါင်း

ဆောင် အတ် အနေဖြင့် အဆုံးအဖြတ်ပေးရာတွင် ပါဝင်သင့်သည်။

သာသနာပြုအိမ်တွင် အတူတူတည်းခိုနေသည့်အတွက် ၎င်းနေ့ ညနေပိုင်းတွင်

တိုင်ပင်ရန် ဆုံးဖြတ်လိုက်ပါသည်။ အိမ်ပြင်တွင် နှစ်ယောက်သား လေညင်းခံ၍

မတ်တတ်ရပ်နေကြစဉ်ဖြစ်သည်။ ဘယ်လိုသဘောထားသလဲ၊ငါ့ညီ။ တစ်နိုင်ငံလုံးက

လူထောင်နှင့်ချီ၍ ဒီကုန်စည်ပြပွဲ လာကြမယ်လို့ပြောတယ်။ ဧဝံဂေလိတရားဟောဖို့

အံ့သြဖွယ် အခွင့် အလမ်းပဲ။

ဟုတ်တယ်၊ တော်တော်ရခဲ့မည့် အတွေ့အကြုံတစ်ရပ်ပဲ ဆရာကြီး။ ဒါပေမဲ့

အတ်ကစကားမဆုံးဘဲ ရပ်လိုက်သည်။

ဒါပေမဲ့ ဘာလဲ အတ်။ သင့်တော်သည့် နေရာထိုင်ခင်း မရှိသည့်အနားကိုသူချင့်ချိန်တွက်ချက်နေသည်ဟု ယူဆပါသည်။အဲဒီနယ်မှာ အသိရှိသလားဟု သူကမေးသည်။ မရှိဘူးဟု ဝန်ခံရတော့မည်။

ဒါဆိုရင် လူရှစ်ယောက်စလုံးကို ဘယ်လို နေထိုင်ကြမည်လဲ။ တည်းခိုဖို့

အခကြေးငွေလည်း လုံလုံလောက်လောက် မရှိဘူးဆိုတော့။

အဲဒီအကြောင်းကို စဉ်းစားနေတာ။ မိန်းကလေးများက ကား ပေါ်မှာအိပ်ပြီး

အမျိုးသားများက အပြင်မှအိပ်ဖို့ ဖြစ်ကောင်းဖြစ်မှာပေါ့။ အက်က တောက်ပနေသော

ကြယ်တာရာများကို မော့ကြည့်လျက် ညည်းခံပြုကာ။ဖြစ်နိုင်မည်လား ကျွန်တော်တော့ အပြက်မပြောတတ်ဘူးဆရာကြီးဟု ပြောဆိုရင်း မေးစေ့ကို ပွတ်နေပါသည် ။

ကျန်အဖွဲ့သားများရဲ့ သဘောထားကို မေးကြည့်ရအောင်ဟု ကျွန်တော် အကြံပြု

လိုက်ပါသည်။

နောက်တစ်နေ့ အဖွဲ့ အဖွဲ့သားများအားလုံးနှင့် တိုင်ပင်ကြည့်သည့် အခါ

အတ်ကဲ့သို့ပင် ဇဝေဇဝါဖြစ်နေကြသည်။ မိန်းကလေးတစ်ယောက် ကမေးသည်။

ရေဘယ်မှာ ချိုးမည်လဲ။အစားအသောက် ဘယ်လိုစီမံမည်လဲဟု မိန်းကလေး နောက်တစ်ယောက်က

စိတ်မကောင်းသော လေသံဖြင့် မေးသည်။တစ်ခုခုတော့ ဖြစ်လာမှာပါ။ စောင့်နေကြပါဟု ကျွန်တော် ကိုယ်တိုင်စိတ်ထဲတွင် ခံစားနေရသည်ထက်သာ၍ ယုံကြည်စိတ်ချသောအသံဖြင့် ပြန်ပြောလိုက်ပါ

သည်။ သင်တန်းသူ သင်တန်းသားများသည် သင်တန်းခန်းထဲတွင် ကျွန်တော် ပြောပြခဲ့

သော စွန့်စားခန်းဖြင့် စိတ်ညိ နေကြသည်။ ယခု သူတို့ကိုယ်တိုင်ယုံကြည်ခြင်းဖြင့်

ခြေလှမ်းကြမည်ဖြစ်သဖြင့် စိတ်မချဖြစ်နေကြသည် ။ ဒီခရီးဟာ ဘုရားသခင်

ခြေထောက်လှမ်းကြရမည့် အရေးနှင့် ကတိတော်အတိုင်း ဟုတ်မဟုတ် ကိုယ်တော်ကို

စမ်းသပ်မည့် အခွင့်အရေးတစ်ရပ်ဖြစ်တယ်။ စွန့်စားဖို့ မပြင်ဆင်ကြဘူးဆိုရင် ကက်

ကော်အတိုင်း ဟုတ်မဟုတ် သက်သေပြဖို့ ယခင် ကလည်း အခွင့် အလမ်းရရှိမှာမဟုတ်ဘူးဟု တပည့် များ ၏စိတ်ကို နှိုး ပေးရန် ရည် ရွယ်ချက်ဖြင့်ပြောပြလိုက်ပါသည်။

ခရီးသွားရန် သူတို့ကို တိုက်တွန်းခြင်းအားဖြစ်ဖြစ် ကျွန်တော်ကိုယ်ကိုလဲစိတ်ငြိမ်အောင် ပြုလုပ်မှန်းသိရှိပါသည်။ တချို့ကတော့ အင်တင်တင်လုပ်နေသည်။ တစ်ကယ်လို့များလေဟာပြင်ထဲမှာ အိပ်ဖို့ အရေးဖြစ်ခဲ့လျှင် ဒုက္ခရောက်မှာ မဟုတ်ဘူးဟု ကျွန်တော် နောက်ဆုံးပြောလိုက်သည်။

နောက်တစ်နေ့နံနက်စောစောထွက်သွားပါသည်။ နောင်တစ် နေ့တွင် နဒိုလာသို့ အဖွဲ့သားရှစ်ယောက်လုံး ရောက်သွားကြချိန်တွင် ကုန်စည်ပြပွဲစပြီး နေပြီးဖြစ်သည်။ မြို့ပြင်လေဟာပြင် လယ်ကွင်းတစ်ခုထဲတွင် ပြုလုပ်သော ကုန်သည်တွင် စီးပွားရေးလုပ်ငန်းရှင် ကြီးငယ်များ ရာနှင့်ချီ၍ သူတို့၏ ထုတ်ကုန်များကို ပြသနေကြသည်။ တချို့က စီမံခန့်ခွဲမှု ခပ်ညံ့ညံ့ပုံစံဖြင့် ပြသသကဲ့သို့၊တချို့က ပညာသားပါပါ ပြသသည်။ တချို့ကျပြန်တော့ အမိုးအကောအတွင်းလည်းကောင်း၊ မြေကြီးပေါ်တွင်လည်းကောင်း အတော်ခင်း၍ ပြသကြသည်။ ကြိုတင်သတင်း ရရှိထားသည့်အတိုင်း တစ်မျိုးသားလုံး ရာနှင့်ချီ၍ တက်ရောက်ကြလေသည်။

ကျွန်တော် တွေ့ရှိခဲ့သမျှ အကြီးဆုံးဖြစ်သည်။သီချင်းသံ၊ဂီတသံနှင့်ကျွန်တော်တို့၏မျက်နှာ အဆင်း ခြားနားမှုကြောင့် ချက်ခြင်းပွဲကြည့် ပရိသတ်များလာသည်။ အာဖရိကတိုက်တွင် စားအုပ် အလွန်ရှား သလိုအခမဲ့ ရရှိဖို့ မကြားဘူးလောက်အောင် ဖြစ်နေသည်။ သီချင်းဆို တရားဟော

စာများကို အခမဲ့ကမ်းရင်း အဖိုးမပေးရမည့် စာအုပ်များ အတွက်လည်း ဝမ်းမြောက်

စွာ အားပေးကြလေသည်။ အချိန်အနည်းငယ်အတွင်း တရုတ် စာအုပ်မှ လွဲ၍ပါလာသောဝေစာနှင့် စာအုပ်များကုန်ခမ်းသွားကာ ကြိုးစားခဲ့သမျှ ထိုက်တန်နေ သည်မှာသေချာပါသည်။

အဖွဲ့သားများအားလုံး လူထုနှင့် ရောနှောနေကြပြီး သူတို့၏ အမူအရာများမှာ

လူမည်းအုပ်ထဲတွင် တစ်မူ ထူးခြားနေသည်ကို ကျွန်တော်ဂုဏ်ယူစွာ ရှုစားနေပါသည်။

အယောက်တိုင်းသည် လူတစ်အုပ်စီဝိုင်း၍ သဲသဲမဲမဲ စကားစမြည်ပြောနေကြသည်။

ရွှင်မြူးဖွယ်ကောင်း သောပုံပြင်များကို အသုံးပြု၍ သူတို့သည် ဤဇမ်ဘီယာသူ

ဇမ်ဘီယားသားများအား ယေရှုကို ယုံကြည်သင့်သည့် အကြောင်းကို ရှင်းပြနေကြသည်။

ဤအလားအတွင်း အတ်သည် သူဂီတာကို တီးမြဲတီးနေသည်။ အဖွဲ့သားနှစ်ယောက်နှင့်

အကူ သီချင်းဆိုနေကြရာ လူမည်းများ တိုးဝှေ့၍ နားထောင်နေကြသည် ။

အပူရှိန်တက်လာပြီ ။ အရိပ် စရာဟူ၍မရှိ။ သစ်ပင်တစ်ပင်မျှမရှိပါ။

ဘု ရားသခင် ပြင်ဆင်ပေးတော်မူမည်ဟု အဖွဲ့အား ယုံကြည်စိတ်ချစွာ ပြောခဲ့ပြီးပြီ။

ယခု တောင်အာဖရိကတိုက်နှင့် ရုရှားနိုင်ငံသား အလယ်အလတ်လူတန်းစာ ရောနှော

သောအဖွဲ့သည် ဇမ်ဘီယာတောထဲ မိုးကောင်းကင်အောက်တွင် အမိုးအကာမရှိ

ဗင်ကားထဲတွင် ဧကန်အမှန် အိပ်ရမည့် အခြေအ‌ နေရောက်လာရာ ဤကုန်စည်ပြပွဲကို

တက်ရောက်ကြဖို့ ဤအမှုတော်ဆောင်လူသစ်များကို သွေးဆောင်တိုက်တွန်းခဲ့သည်မှာ

ကျွန်တော် အရူးထနေသလားဟု မိမိကိုယ်ကို ဝေဖန်သုံးသပ်မိပါသည်။

ကျွန်တော်တို့၏ဗင်ကားဘေးတွင် မတ်တတ်ရပ်နေကာ သံသယစိတ်များဖြင့်

စိတ်ရှုပ်နေစဉ်မှာပင် တစ်ခါမျှ မတွေ့မမြင်ဘူးသော ဥရောပတိုက်သားတစ်ယောက်

သည် ပြုံးပြုံးရွှင်ရွှင် ကျွန်တော့်နားသို့ လာ၍ ခင်ဗျားက ဒီအဖွဲ့ရဲ့ ခေါင်းဆောင်လားဟု

မေးလေသည်။ ထိတ်လန့်၍ သူ့ကို ကြည့်မိသည်။ ဤမျှအာဖရိကတိုက်သူတိုက်သား

လူမည်းအုပ်ကြီးထဲတွင် အခြားမျက်နှာဖြူတစ်ယောက်မြင်ဖို့ မမျှော်မှန်းခဲ့ပါ။

ဟုတ်ကဲ့။ ကျွန်တော် ရုဒီလက်ခ်ပါ။ ဒီကလူငယ်များကတော့ ရိုဒီးရှားမှာ

ဖွင့်လှစ်တဲ့ လူငယ်သာသနာပြုအဖွဲ့မှ ကွင်းဆင်းတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

ဆုံမိကြတာ ဝမ်းသာပါတယ်ဟု သူကပြောပြောဆိုဆို လက်ကိုဆန့်၍ ကျွန်

တော် နပိုလာမြို့ထဲက သာသနာပြုဆရာတစ်ဦးဖြစ်ပါသည်။ ဒီလူငယ်များကို စောင့်

ကြည့်နေတာ အတော်ကြာပါပြီ။ ခင်ဗျားတို့ လုပ်ပုံကိုင်ပုံကို အလွန်သဘောကျပါတယ်။

ကျေးဇူးတင်ပါတယ်ဟု ပြောပြောဆိုဆို လမ်းလျှောက်ရင်း ထွေရာလေးပါး

ပြောဆို နေကြစဉ် ဆက်လက်၍ သူကမေးသည်။ ဒါနှင့် ဘယ်မှာတည်းခိုကြမလို့လဲ။

လောလောဆယ် နေစရာ အတိအကျမရှိဘူး။ လဟာပြင်ထဲမှာပဲ အိပ်ကြဖို့

စိတ်ကူးထားတယ်။

သူသည် မိန်းကလေးများကိုကြည့် ရင်း စိတ်မချသည့်ပုံရလာကာ ဘယ်ဖြစ်

မည်လဲ၊ မစ္စတာလက်မ် ကျွန်တော်တို့ လင်မယားနှင့် လာ‌ နေပါ။

ကျွန်တော်တို့နေရာကစိတ်ပျော်ရွှင်စရာ မဟုတ်ပေမဲ့ ကျယ်ဝန်းတယ်။ ဒီည လာတည်းခိုဖို့ ကြိုဆိုပါ

လူစိမ်းတစ်ယောက်၏ စေတနာအပြည့် နှင့် ကမ်းလှမ်းခြင်းကို ကျွန်တော်သည် စိတ်

မဝေခွဲနိုင်လောက်အောင် ဖြစ်နေပါသည်။

“တကယ်ပြောနေတာလားခင်ဗျာ”

“စိတ်ချပါ။ အဆင်ပြေမှာပါ။ ကျွန်တော်တို့လင်မယားက ခင်ဗျားတို့ကို

ဧည့် ခံချင်ပါတယ်”ဟု သူက စိတ်ချအောင်‌ ပြောသည်။ ကျွန်တော့်ပုခုံးပေါ်က

ဝန်ထုပ်ကြီး ပြုတ်ကျသွားလေပြီ။

“ကျေးဇူးတင်ပါတယ်”။ ကျွန်တော်၏ ယုံကြည်ခြင်း ယိမ်းယိုင်နေသော်လည်း

ဘုရားသခင်သည် ကတိတည်တော်မူကြောင်း သက်သေပြတော်မူသည်။

ကုန်စည်ပြပွဲသို့ ရက်အနည်းငယ်လှည်ပတ်ရာမှ အဖွဲ့၏ နဒိုလာသို့ ခြေစမ်းခရီး

စဉ်သည် ရက်ဘတ္တပတ်နှစ်ပတ်သို့ ရှည်လျားသွားသည်။ ၎င်းသာသနာပြုဆရာသည်

၎င်းနယ်ထဲ၌ရှိသော အခြားအသင်းတော်များအား မိတ်ဆက်ပေးသည်။ အမှုဆောင်လုပ်

ငန်းကို စတင်ရန် အဖွဲ့ ဆက်နေဖို့ ဆုံးဖြတ်ကြသည်။ နဒိုလာတွင် နှစ်ရက်နေပြီးမှာ

ဆာရီဗျူရီမြို့သို့ပြန်သွားသည်။ ဤမြို့တွင် ရုံးလုပ်သားအနည်းငယ်မှ အသံသွင်းခြင်း

နှင့် စာအုပ်ဖြန့်ခြင်းအမှု စတင်လုပ်ဆောင်နေကြပြီးဖြစ်သည်။ ယခုအချိန်တွင်

အခက်အခဲများ စုံစမ်းနှောင့်ယှက်ခြင်းများကြုံကြိုက်ကြသည့်တိုင်အောင် သင်တန်းသူသင်တန်းသားအားလုံးသည်မြဲမြံနေကာ ဘုရားသခင်အတွက် သာ၍ဇွဲရှိရှိ လုပ်ဆောင်ရန်ဖြစ်သည်။

သို့သော် ကျွန်တော် ကြုံတွေ့ခဲ့သော အခြေအနေတစ်ခုမှာ နဒိုလာမြို့မှကျွန်တော်ထွက်

ခွာသွားပြီးနောက် အဖြစ်အပျက်ကို အတ်၏ အစီရင်ခံခြင်းဖြစ်သည်။

ဆရာကြီးရုဒီ၊ ဟန်ဇမ်မီးရထားစီမံကိန်းမှာ အလုပ်လုပ်နေကြတဲ့ တရုတ်ကွန်မြူနစ်များ

တွက် ရူပါရုံကျွန်တော်တို့ စိတ်အာရုံသွင်းလွန်းသည့်အတွက် သူတို့နယ်ထဲမှာနေကြပြီး

တရုတ်ခရစ်ဝင် စာအုပ်များရှိနေတော့မှ သူတို့စခန်းကို ကိုယ်တိုင်ယူသွားကြမှ ဖြစ်မယ်

ဆုံးဖြတ်ကြပါတယ်ဟု ရှင်းပြရာ ကျွန်တော်သည် စိတ်အားတက်လာကာ ကုလား

ဆင်ပေါ်တွင် ဖင်တစ်ခြမ်းကိုင်၍ ရင်တမမဖြင့် နားထောင်နေပါသည်။

လူငယ်များထုံးစံအတိုင်း မိုက်ရူးသတ္တိဖြင့် ဘာမျှမဆင်မခြင်ဘဲ သူတို့စခန်းကာထားသော သံဆူးကြိုး ခြံစည်းရိုးအထိ ချည်းကပ်ကာ အာဖရိက အလုပ်သမားများ အားအင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာအုပ်များကို ပေးကမ်းပြီးမှ တရုတ်အလုပ် သမားများကိုလက်ဆင့်ကမ်းပေးရန် တရုတ်စာအုပ်များကို ပေးခဲ့သည်။ သူတို့၏ လွယ်ကူရှင်းလင်းလှသောနည်းပရိယာကို ကျွန်တော် အလွန်သဘောကျ၍ ပီတိဖြစ်နေမိသည်။

သူတို့ က လက်ခံကြသလား။ဟုတ်ကဲ့၊ ဆရာကြီး ဝမ်းသာကြရုံမကဘဲ တရုတ်အလုပ်သမားများကို ပေးစရာရလို့ ကတော့ စိတ်ပါလက်ပါ လက်ခံနေကြတယ်ဟု အတ်က မပြုံးမရွှင် ခပ်တည်တည်

ဖြင့် ပြောပြလေသည်။ ဤလူငယ်များသည် ကျွန်တော်ထက်တောင် ခြေလှမ်းပို၍ရဲကြ

သည်။ ဇမ်ဘီယာနှင့်တန်ဇန်နီးယားနိုင်ငံထဲက တရုတ်ကွန်မြူနစ်များအတွက် ကျွန်တော့်

ဝန်လေးမှုတွင် ထပ်မံ၍ ရဲဝံ့ခြင်းနှင့် ပူပန်ခြင်းတိုးမြင့်လာသည်။ “သခင်ဘုရား နောက်

တစ်ကြိမ်သွားနိုင်ဖို့နှင့် တရုတ်များအား စာအုပ်ထပ်ပေးနိုင်ဖို့ လမ်းဖွင့်ပေးတော်မူပါ”ဟု

ဆုတောင်းခဲ့ပါသည် ။ နောက်တစ်နှစ်ကျမှ ဘု ရားသခင်သည် ကျွန်တော် အသဲနှလုံးထဲ

က ငိုသံကို အဖြေပေးတော်မူသည်။

၁၃။အဖြူ အမည်း ပေါင်းစပ်နိုင်ပါသည်

“ရုဒီ၊ ခင်ဗျားက အလယ်အလတ် လူတန်းလူဖြူများကို လေ့ကျင့်ပြီး

အာဖရိကတိုက်သား လူမည်းများကို မေ့နေတယ်။”ဆာလဖြူရီမြို့လယ်ခေါင် တတိယ

ထပ် ဝိုင်အမ်(ywin)၏ ရုံးခန်းတွင် ကော်ဖီထိုင်သောက်နေကြစဉ် ဂယ်ရီထရောင်း

ပြောသော စကားဖြစ်သည်။ ယခုအချိန်တွင် ကျွန်တော်တို့နှစ်ဦးသည် အလွန်ရင်းနှီးသော

မိတ်ဆွေများဖြစ်ကြသည်။ ရိုဒီရှားတွင် ဧဝံဂေလိကျောင်း စတင်ဖွင့်လှစ်ရန်

ကျွန်တော်ကို သိရီကွန်းတင်ခဲ့သည်မှာ (၁)နှစ်ရှိခဲ့ပြီ။ တဖန် ဘုရားသခင်သည်

သူ့ကိုအသုံးပြု၍ ကျွန်တော်လုပ်ဆောင်ချက်များကို အက်ခတ်ကြည့်ရှုရာမှ ကျွန်တော့်

အသက်တာကို ထပ်မံ၍ လမ်းညွှန် တော်မူသည်။ သူပြောသောစကားသည် ကျွန်တော့်

စိတ်နှလုံးကို ထိုးနှက်သဖြင့် မ နေတတ်မထိုင်တတ်ဘဲ ထိုင်ခုံပေါ်တွင် ရွေ့လျားနေပါသည်။

လူမျိုးပေါင်းစုံ ကျောင်းတစ် ကျောင်းဖွင့်ဖို့ ဆိုလိုသလား။ ဂယ်ရီသည် သူ့နီဝါ

ရောင်ဆံပင်တလှုပ်လှုပ်နှင့် ခေါင်းညိတ်ပြလေသည်။သူ့ကို ကျွန် တော်ဇီဝေဇီဝါကြည့် နေမိသည်။ ဂယ်ရီအကြံပြုချက်သည်အခြေအနေကို အမြစ်မှ ပြောင်းလဲပစ်မည့် သဘောရှိသည်။ လူဖြူလူမည်း ပေါင်းစပ်၍မဖြစ်ခဲ့ဘူးမဟုတ်လားဟု ကျွန်တော်ကန့်ကွက်သည်။ ဒီနိုင်ငံမှာ လူမျိုးပေါင်းစုံကျောင်း

လို့ လောကီပညာသင်တဲ့ကျောင်းတောင်မှ မရှိဘူးလေ။သိပါတယ်၊ ဒါပေမဲ့ တစ်နေရာရာမှာ အစပြုမှဖြစ်မယ်။ အသင်းတော်မှနမူနာ မလုပ်လျှင် ဘယ်သူကလုပ်မည်ဟု ဂယ်ရီက ဝေဖန်သုံးသပ်ပြလေသည်။

သူသည် သဘောနှင့် စိတ်ကူးယဉ် ပြောခြင်းမဟုတ်ပါ။ သူကိုယ်တိုင် အသင်း

တော်သည် လူမျိုးပေါင်းစုံ အစည်းအရုံးကြီးဖြစ်နေသည်။ ကျွန်တော်ထိုင်နေသော

ကုလားထိုင်ပေါ်တွင် လှည်ပတ်၍ ပြတင်းပေါက်မှတစ်ဆင့် မြင့်မားနေသော

အ ဆောက်အဦးများပေါ်မှ မိုးသားကို လှမ်းကြည့်လိုက်ပါသည်။ အနောက်နိုင်ငံမြို့ကြီး

ကြီးတစ်မြို့တွင် ရှိနေသလို ထင်မိသော်လည်း ကျွန်တော်ရှိနေသောနိုင်ငံမှာ ရိုဒီရှား

ဖြစ်သည်။ သူ့အိမ်နီးချင်း တောင်အာဖရိကနိုင်ငံကဲ့သို့ လူဖြူအနည်းစုမှ လူမည်း

ကို တင်းကြပ်သော အသားအရောင်ခွဲခြားမှု ဥပဒေဖြင့် စိုးမိုး၍ အသက်ရှင်သန်

သောနိုင်ငံဖြစ်သည်။

ခင်ဗျားပြာတာမှန်တယ်၊ဂယ်ရီဟု ကျွန်တော်သဘောတူ ပြောလိုက်ပါသည်။

ဒါပေမဲ့ ကျွန်တော်တို့က လူဖြူလူမည်း မရောနှောရတဲ့ တိုင်းပြည်ထဲမှာရှိ နေကြဒါဆို

တော့ မလွယ်ဘူးထင်တယ်။

မှန်ပါတယ်ဟု ဂယ်ရီ၀န်ခံသည် ။ ဒါနှင့် Rest Haven ဟာ လူဖြူနယ်ပယ်

သီးသန့်တစ်ခုဖြစ်တဲ့အတွက် ခင်ဗျားပြောတဲ့ အတိုင်း အသုံးမပြုသင့်ဘူးဆိုလျှင် အခြား

နေရာရှိပါတယ်။ ဥပမာ YWCA မျိုးပေါ့ ။YWCA နေရာက ဒီမြို့မှာ အကောင်းဆုံးနေရာ အတိအကျမဟုတ်ဘူး။ဟုတ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ခင်ဗျား ရည် ရွယ်ချက်များအတွက်

သင့်တော်ပါလိမ့်မယ်။

ဆာလီဗျူရီမြို့ပြင်တွင် တည်ရှိသော လှလှပပ အစစအရာရာ အဆင်ပြေသည့်

အနားစခန်းနှင့် အနားစခန်းထက် မစုံလင်သော်လည်း မြို့ပြင်ဆင်ခြေမှာ တည်ရှိသည့်

YWCA တည်နေရာတို့ကို နှိုင်းယှဉ်ကြည့်သည်။ ဤသို့ဆိုသည့်တိုင်အောင် YWCA သည်

သာသော အချက်များရှိနေသည်။ ဤအခန်း(၁၀၀)ပါဝင်သော တည်းခိုရိပ်သာသည်

နေရာထိုင်ခင်းအဆင်ပြေသည့်အပြင် အကျိုးသက်ရောက်မှုတစ်ခု ရှိသေးသည်။ ဤ

တည်းခိုရိပ်သာသည် ရှားရှားပါးပါး လူဖြူလူမည်း ရင်ဘောင်တန်းနေထိုင်ခွင့်ရရှိသော

နေရာ တစ်နေရာတည်းဖြစ်သည်။ အခက်အခဲရှိလင့်ကစား ဂယ်ရီပြောသောစကား

မှန်ကန်သည်။ ဤတိုင်းပြည်တွင် လူဖြူလူမည်း မရောနှော မပေါင်းစပ်ခဲ့သော်လည်း

လူမျိုးပေါင်းစုံပါဝင်သော ဧဝံဂေလိသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ရန် သင့်တော်သည် ဟုသဘောပေါက်သည်။

ဤကဲ့သို့ ဆုံးဖြတ်ပြီး မကြာမီ ဆာလီဗျူရီမြို့တောင်ဘက် မော်တော်ကားဖြင့်

(၅)နာရီခရီးရှိသော ဘူလာဝါယိုမြို့သို့ ကျွန်တော်ရောက်သွားပါသည်။

တရုတ်ပြည်မကြီးတွင် ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်သည့်အကြောင်း ဇာတ်လမ်းရုပ်ရှင်ကားကို

ပြသခဲ့ပါသည်။ လူဖြူလူမည်းပေါင်းစပ်သော ပွဲကြည့်ပရိသတ်အား သာသနာပြုရာတွင်

ပါဝင်သင့်သည့်အကြောင်းကို စိမ်ခေါ်မှုတစ်ရပ် ပြုလုပ်ခဲ့ပါသည်။ လာမည့် ဇန်နဝါရီလ

တွင် ဖွင့်လှစ်မည့် လူမျိုးပေါင်းစုံ ဧဝံဂေလိသင်တန်းကျောင်း အကြောင်းကိုလည်း ပြောပြ

ခဲ့သည်။ အစည်းအဝေးပြီးဆုံးသည့်အခါ အာဖရိကလူငယ်တစ်ယောက် စကားလာပြောသည်။

ကျွန်တော်နာမည် ဆာလူဒါကူပါ။ ဆရာကြီးပြောတဲ့ကျောင်းကို တက်ချင်ပါတယ်

တည့်တည့်မတ်မတ် ပြောလေသည် ။ ငယ်ရွယ်တက်ကြွသော ဤလူငယ်ကို အကဲခတ်

ကြည့်သည်။ အခြေခံပညာရှိပုံမပေါ်ပါ။ မည်ကဲ့သို့ အသုံးတည့်မည်ကို ဦးနှောက်ခြောက်

နေပါသည်။ သို့ သော် သူ့စိတ် စေတနာမှန်ကန်ပုံရသည်။ သူ့နောက်ကြောင်းရာဇဝင်ကို

သားသမီး(၁၀)ယောက်ထဲက အဋ္ဌမမြောက်ဖြစ်သည်။ ဆာလူသည် ဘူလာဝါ

ယိုမြို့ပြင် သတ္တုတူးဖော်သည့် ဆာဆာနီရွာ နွားတင်းကုတ်တစ်ခုထဲတွင် မွေးဖွားသည်။

သူ့မိဘများ အလွန်ဆင်းရဲနွမ်းပါးသောကြောင့် သူ့ကို မွေးဖွားတုံးက သားဖွားဆရာမ၏

အခကြေးငွေကိုပင် မတတ်နိုင်ဘဲ သူ့မိခင်က သူ့ဟာသူ မွေးထုတ်ခဲ့လေသည်။

“အဖေက ဆောက်လုပ်ရေးမှာ လုပ်ကိုင်တယ်”ဟု ဆာလူက ပြောပြသည်။

ဒါပေမဲ့ အဖေက အိမ်မှာသိပ်မနေဘူး။ ကျွန်တော် ဒီအရွယ်ရောက်သည်အထိ အဖေ့ကို

မြင်လေ့မရှိဘူး။ ကျွန်တော်နှင့်အစ်ကိုများက ဟင်းသီးဟင်းရွက်စိုက်ခင်းကို လုပ်ကိုင်ကြ

တယ်။ လူငယ်ဖြစ်ပေမဲ့ တောဆင်များကို မောင်းထုတ်နိုင်ခဲ့သည့်အကြောင်းကို ဂုဏ်ယူ

သော လေသံဖြင့် ပြောပြလေသည်။ အသက်(၁၆)နှစ်အရွယ် ဘူလာဝါယိုမြို့မှာ အလုပ်

လာလုပ်တော့မှ ပထမဆုံးဘိနပ်ကို စီးနိုင်ခဲ့တယ်။

“အခု အသက်ဘယ်လောက်ရှိပြီလဲ”ဟု မေးကြည့်သည်။

“(၁၈)နှစ်။” ဆာလူက သူ့ဘဝကို ဆက်လက်ပြောပြသည်။ ဘူလာဝါယိုမြို့တွင် စက်ပြင်

အလုပ်ကို လုပ်ကိုင်ခဲ့သည်။ သို့သော်လည်း မြို့သားဘဝ၏သွေးဆောင် ဖြားယောင်းမှု

ကြောင့် သာသနာပြုကျောင်း၏ ပြုစုပျိုးထောင်မှုမှ လမ်းလွဲခဲ့သည်။ သူ့ အစ်ကို

တစ်ယောက်နှင့် လူမည်းဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ခုတွင် ခြေစုံပစ်ပါဝင်ခဲ့သည်။

လွန်ခဲ့သော မေလတွင် ဆာလူသည် စခန်းချသင်တန်းတစ်ခုကို တက်ခဲ့ရာမှ သူ့အသက်

တာတွင် ယေရှုကို လက်ခံခဲ့သည်။ နာခေါင်းသွေးယိုသည့်ရောဂါကို အကြီးအကျယ်

ခံစားခဲ့ရာ နတ်ဆရာတစ်ယောက်၏ အကူအညီကိုပင် တောင်းခံခဲ့သည်ဟု ရှင်းပြလေ

သည်။ သို့သော် ယေရှုက သူ၏ အနာရောဂါငြိမ်းစေခဲ့ပါသည်။

ပြောင်းလဲခြင်း၏ နောက်ဆက်တွဲ အကျိုးအဖြစ် ဆာလူသည် သူ့ အသက်တာ

တွင် အပြုအမှုဟောင်းဟူသမျှကို လုံးဝစွန့်လွတ်လာခဲ့ကာ လွန်ခဲ့သော လအနည်းငယ်

မှစ၍ အချိန်ပို ရရှိသမျှ သမ္မာကျမ်းစာဖတ်ရှုရာတွင် အသုံးပြုနေလျက်ရှိကြောင်း၊

ခရစ်ယာန်စာများကို ခရစ်ယာန်မဟုတ်သူ မိတ်ဆွေများထံသို့ ဝေငှကြောင်း၊

အသင်းတော်မှ အဖွဲ့ တစ်ဖွဲ့ နှင့် ပူးပေါင်းကာ အနီးအနား ကျေးရွာများသို့ တရားဟော

ခဲ့သည့် အကြောင်းတို့ကို ဆက်လက်ရှင်းပြလေသည်။

ငယ်ရွယ်ပြီး စိတ်အားထက်သန်သော ဤလူငယ်ကို ကျွန်တော် အကဲခတ်ကြည့်သည်။ ပြသခဲ့သောရုပ်ရှင်က သူ့စိတ်ကို အလွန်ထိခိုက်ပုံ ပေါ်နေသည်။ သို့သော် သူ့အိမ်

မှဝေးကွာသော ဆာလီဗျူရီမြို့ထဲကကျောင်းတစ်ကျောင်းကိုတက်ကာ အများအားဖြင့်

အလယ်အလတ်လူတန်းစာ သင်တန်းသူ သင်တန်းသားများနှင့် နေသားကျအောင်

ရောနှောဖို့ မနည်းကြိုးစားရပါမည်။ ဤအခြေအနေအတွက် မရင့်ကျက်သေးဘူးဟု

လည်း ကျွန်တော်ထင်မြင်ယူဆသည်။ စိန်ရိုင်းတုံးပမာ မနည်းပြုပြင်အသစ်

ပြီးသည့်အခါ ဘုရားသခင်အတွက် ထိရောက်သော အရည်အသွေး ပေါ်လာပေလိမ့်မည်

ဟု ကျွန်တော် သုံးသပ်ကြည့်သည်။ “ကျောင်းဝင်ခွင့်လျှောက်လွှာတင်လေ ဆုတောင်း

ပေးကြပါမယ်”ဟု သူ့ကို ပြောလိုက်ပါသည်။

ဆာလူ၏ လျှောက်လွှာရောက်လာပြီ။ ကျွန်တော် ဆုတောင်းကြည့်သည်။

သို့သော် မသေချာသေးပါ။ အံဝင်ဂွင်ကျဖြစ်မည်လား။ ငွေကြေးထောက်ပံ့မည့်သူမရှိ၊

သူ့ကိုယ်ကို ပံ့ပိုးစရာ နည်းလမ်းလည်းမရှိ။ အထင်အမြင်လွဲလင့်ကစား ဤလူငယ်ကို

ကျွန်တော် မျက်စိကျနေသည်။ သင်တန်းစဖို့ ရက်အနည်းငယ်အလိုတွင် ကျွန်တော်

စွန့်စားဖို့ ဆုံးဖြတ်လိုက်သည်။ ကျောင်းဝင်ခွင့်ပြုသည့် အကြောင်းကြားစာကို ပို့လိုက်

သည်။ ဤသို့ဖြင့် ဆာလူသည် ကျွန်တော်တို့၏ရိုဒီရှားအမျိုးသား ပထမလူမည်း

ကျောင်းသားဖြစ်လာသည်။ အခြားလူမည်းလေးယောက်မှာ တောင်အာဖရိကနိုင်ငံမှ

လာပြီး အားလုံးအမျိုးသမီးများ ဖြစ်ကြသည်။

ရိုဒီရှားပြည်တွင် ပထမဆုံးလူမျိုးပေါင်းစုံ သင်တန်းကျောင်းကို စီမံအုပ်ချုပ်

သည့်အလုပ်မှာ တစ်ကယ်ပင် မြေစမ်းခရမ်းပျိုးအလုပ်ဖြစ်သည်။ YWCA အဆောက်

အဦကို အသုံးပြုကာ ၁၉၇၄ခုနှစ် ဇန်နဝါရီလတွင် အစပြုခဲ့ပါသည်။ လူမျိုးခွဲခြားမှု

မရှိသောနေရာ ဖြစ်စေရမည့် အပြင် နေထိုင်စားသောက်ရေးအဆင့်ကိုလည်း နှိမ့်ချရန်

လိုအပ်ပါသည် ။ လခစားထမင်းချက် အဝတ်လျှော်အလုပ်သမားများကို မတတ်နိုင်ပါ။

Rest Haven) အနားစခန်းတွင် ပထမသင်တန်းဖွင့်ရာတွင် သင်တန်းစရိတ်ကို အခြား

ကျောင်းများနှင့် တန်းတူ သတ်မှတ်ခဲ့ပါသည် ။ ယခု လူမည်းများပါလက်ခံခြင်းအားဖြင့်

သင်တန်းစရိတ်ကို လျော့ရပါသည်။ ဤကဲ့သို့ ဖြစ်လင့်ကစား လူမည်းကျောင်းသားများမှာ ဆင်းရဲနွမ်းပါးသော မိသားစုမှ လာကြသဖြင့် တစ်လရိုဒီရှား ဒေါ်လာ ၁၅ သို့ လျှော့ချသည့်တိုင်အောင် မနည်းကြိုးစားရှာနေကြသည်ကို တွေ့ရှိရပါသည်။ လိုအပ်သော သင်တန်းစရိုတ်၏ အစိတ်အပိုင်းမျှသာ ဖြစ်ပါသည်။

တစ်ခန်းထဲတွင် ကျောင်းသားလူဖြူတစ်ယောက်နှင့် လူမည်းတစ်ယောက်

ရိုဒီ ရှားနှင့် တောင်အာဖရိကတိုက်သား လူဖြူများအတွက် လူမည်းများနှင့် အတူတူထား ရန် အရဲစွန့်၍ ဆုံးဖြတ်လိုက်ပါသည်။ အများအတွက် အထူးသဖြင့်နီးကပ်မှု ပထမအကြိမ်ဖြစ်သည်။ အိမ်တွင် အစေခံများအဖြစ် အလေ့အထရှိပြီးဖြစ်သော်လည်း ရင်ဘောင်တန်းအဖြစ် ဆက်ဆံရန် ကျင့် သားမရကြသေးပါ။ စိတ်သဘောလေးနှိမ့်ချဖို့ လိုအပ်သည့်အားလျော်စွာ ပထမရက်များတွင် အနည်းငယ်ရှုပ်ထွေးမှုရှိလာပါသည်။ သို့ သော် သင်တန်းမှ နှုတ်ထွက်သူမရှိသဖြင့် တော်သေးသည်

ဟု ဆိုရပါသည်။ နေသားကျအောင် မနည်းကြိုးစားနေကြလင့်ကစား ဥမကွဲ သိုက်မပျက်

ဆက်လက်နေကြသည်။ လူဖြူသင်တန်းကျောင်းသားများထံမှ အကြီးဆုံးကန့်ကွက်မှု

ရင်ဆိုင်ရလိမ့်မည်ဟု ကျွန်တော် မျှော်လင့်ထားပါသည်။ ဤကဲ့သို့ မဟုတ်ဘဲ နေသားကျ

အောင် အခက်အခဲကြုံရသည့်အများဆုံးမှာလူမည်းကျောင်းသားများဖြစ်ပြီ အလေ့အထရှိပြီး ဆာလူဖြစ်သည်။ဆာလူအပေါ် မူလသုံးသပ်ချက်မှန်ကန်လာသည်။ သူသည် စိန်ရတနာ

အရိုင်းတုံး ဖြစ်သည်။ သို့သော် ဤသင်တန်းကျောင်းသို့ လာတက်မှသာ သူ့ကို မည်မျှ

သွေးဖို့ အချောသပ်ဖို့ လိုအပ်နေသည်ကို သဘောပေါက်လာခဲ့သည်။

သူ၏ပြဿနာအရိပ်အမြွက်သည် သင်တန်းခန်းမထဲမှ စတင်လာသည်။ ရှေးကျသော လူမျိုးရေးသဘာဝ အငြင်းပွားစရာပေါ်လာတိုင်း ဆာလူသည် လျင်မြန်စွာ သူ့လူမည်းအမြင်ကို

ထည့်ပြောဖို့ လက်မလွတ်တန်းဖြစ်နေသည်။ လူမျိုးပေါင်းစုံသင်တန်းဟုဆိုရာတွင်

ဘက်မလိုက်ဘဲ အမျိုးမျိုး ပြောဆိုနေရသည်ဖြစ်ကာ သဘောထားကွဲလွဲမှုတစ်ခုခုတော့

ပေါ်လာမည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ ရက်သတ္တပတ်အနည်းငယ် ကြာလာသည့်

အခါမှသာ ဆာလူ၏လူမျိုးရေးမုန်းတီးမှု မည်မျှနက်နဲသည်ကို ကျွန်တော်သဘောပေါက်

လာသည်။

သင်တန်းစပြီးရက်သတ္တပတ်အနည်းငယ်ကြာသောအခါ ကျွန်တော်သည်

ဟောပြောပို့ချမှုတစ်ခု အပြီး မှတ်စုများကို စုစည်းနေစဉ် ဆာလူ၏အခန်းဖော် လူဖြူ

ချည်းကပ်လာသည်။ ဆရာကြီးအကြောင်းတစ်ခု တင်ပြချင်ပါတယ်။ သူ့အသံနေအသံ

ထားမှာ စိတ်နှောင့်ယှက်မှုအသံဖြစ်ကြောင်း ရိပ်မိကာ ချက်ခြင်းဖြေရှင်းပေးရန် သဘော

တူလိုက်ပါသည်။ YWCA အခန်းများတွင် ကန့်သတ်ချက်ရှိသဖြင့် ကျွန်တော့်အခန်း

သာလျှင် အနှောင့်အယှက်မရှိဘဲ တိုင်ပင်ဆွေးနွေးနိုင်မည့် နေရာတစ်ခုဖြစ်သည်။

“လာ၊ ဆရာ့ခန်းထဲမှာ ဆွေးနွေးကြရအောင်”၊ ကျွန်တော်သည် ခုတင်ဘေးတွင်

ထိုင်၍ ဆာလူ၏ ရိုဒီရှားအခန်းဖော်ကို ကျွန်တော့်ကုလားထိုင်တွင် ထိုင်စေသည်။

“ဘာပြဿနာလဲ ”ဟု ကျွန်တော် မေးကြည့်သည်။

“ဆာလူလေ ဆရာကြီး”ဟု ဒေါသသံဖြင့် အံကြိတ်၍ပြောလာသည်။

သူနှင့် တစ်ခန်းတည်း ဆက်နေလို့ မဖြစ်တော့ဘူး။ ကျွန်တော်သည်းခံပြီး ကြိုးစားခဲ့တယ်။ ဖြစ်ကိုမဖြစ်နိုင်တော့ဘူး။

ပင်ကိုယ်အားဖြင့် သဘောထားသိမ်မွေ့ပုံရသဖြင့် လူနှင့် တစ်ခန်းတည်း

နေဖို့ သူသာလျှင် အသင့်တော်ဆုံးဖြစ်မည်ဟု တမင်တကာ ရွေးချယ်ခြင်းဖြစ်သည်။

ဆာလူသည် သဘောထား မောက်မာသူဖြစ်သဖြင့် ကျောင်းသားအားလုံးအနက် ဤ

လူငယ်သည် ဆာလူနှင့်အဆင်ပြေလိမ့်မည်ဟု တွက်ချက်ထားပါသည်။ မှားယွင်းစွာ

လုပ်မိကြောင်း ထင်ထင်လင်းလင်းပေါ်လာပြီ။ ဆာလူကို အခြားတစ်ခန်းသို့ ပြောင်းရွှေ့လိုက်သည်။ သို့သော် ရက်ပေါင်းအနည်းငယ်ကြာလာသောအခါ သူ့အခန်းဖော်အသစ်လည်း ဆာလူနှင့်အတူတူနေရန်မဖြစ်တော့သည့်အကြောင်း လာရောက်ညည်းညူပြန်ရာ ကြိုတင်မှန်းဆထားသည်ထက်ပြသနာပို၍နက်နဲမှန်း သဘောပေါက်လာကာ ဆုတောင်းပတ္ထနာပြုရန် စတင်ခဲ့ပါသည်။

ဤတစ်ကြိမ်တွင် ဆာလူနှင့်စကား သီးသန့်ပြောရန် ဆုံးဖြတ်လိုက်ပါသည်။

ရက်သတ္တပက်ကုန်ဆုံးချိန်ဖြစ်၍ ကျောင်းသားတချို့နှင့် ဆာလီဗျူရီမြို့ထဲ ရုံးခန်းတွင်

အသံသွင်းတိပ်ခွေများကို ထုက်ပိုးနေကြသည်။ ခဏနားပြီး လမ်းလျှောက်သွားကြရ

အောင်ဟု အကြံပြုလိုက်သည်။ လမ်းဘေးစင်္ကြန်ပေါ်တွင် ပျံ့လွင့်နေသော ပုလင်းအလွတ်

မေးမြန်းရန် ဆုံးဖြတ်လိုက်ပါသည်။

စီးကရက်ဗူးခွံများကို ရှောင်၍ လမ်းလျှောက်ရင်း သူ့ဘက်လှည့်၍ တိုက်ရိုက်

ဘာပြဿနာရှိသလဲ ဆာလူ။ ဤလူငယ်ကို ကျွန်တော် သဘောကျပါသည်။

ဘုရားသခင်အတွက် ဇွဲရှိပြီး ယခုအချိန်အထိ ကျွန် တော့်ကို လေးစားနေပါသည်။

သို့သော် ကျွန်တော်မမြင်ခဲ့ဘူးသော သူ့သဘောထားတစ်ဘက်ကို မြင်ရတော့မည်

ဖြစ်သည်။ ဆက်လက်၍ လျှောက်မြဲလျှောက်နေကာ စကားမပြောဘဲ အမိုက်သရိုက်များ

ပြန့်ကြဲနေသော စင်္ကြန်ကို မျက်နှာထားတင်းတင်းဖြင့် ကြည့် နေသည်။ သူနှင့်ခြေလှမ်း

အတူတူလျှောက်၍ ဘာမျှမပြောဘဲ သူ့စကားကို ငံ့လင့်နေပါသည်။ တုံ့ပြန်မှုမရှိသည့်

အတွက်စကား နှိုက်ထုက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ခင်ဗျားနှင့် အတူတူ နေရထိုင်ရတာ

အဆင်မပြေဘူးလို့ ခင်ဗျားအခန်းဖော်နှစ်ယောက်က ညည်းကြတယ်။ ခင်ဗျားဘက်က

များဘာဖြစ်မလဲလို့ သိချင်တယ်။

ကျွန်တော်ဘာမှမဖြစ်ဘူး၊ ပုလင်းအလွတ်တစ်လုံးကို ဘေးသို့ကန်ထုတ်ကာ

အောက်ကိုမျက်လုံးပြူး၍ ကြည့်နေသည်။ စကားမပြောကြဘဲ ဆက်၍ လျှောက်ကြသည်။

မြို့တွင်းပန်းခြံတစ်ခုသို့ဝင်၍ သံချေးတက်နေသော ထိုင်ခုံပေါ်တွင်ထိုင်ကြသည်။

တစ်နည်းတစ်စုံ တပ်၍ မေးမြန်းကြည့်သည်။

တစ်ခုခုက ခင်ဗျားကို ခြောက်ခြားနေတယ် ဆိုတာ ဆရာသိပါတယ်။ ဘာလဲ

ဆိုတာ မပြောနိုင်ဘူးလား။ သူ့ပေါင်ကို အသာကလေးပုတ်ရာတွင် သူသည် စိတ်ဆိုး

မာန်ဆိုးဖြင့်ကျွန်တော့်လက်ကိုဘေးဖယ်၍ မျက်လုံးအစုံဖြင့် ကျွန်တော့်ကိုစိုက်ကြည့်နေပါသည်။ ကျွန်တော့်ကို ရုတ်တရက် ထိတ်လန့်စေသောသူများထံမှ အမှောင့် အရောင်

တစ်ရပ် ထွက်ပေါ်လာလေ့ရှိသည်။ သို့သော် ကျွန်တော်သာလျှင် အဆုံးတွင် အောင်နိုင်

စမြဲဖြစ်သည်။ အဖြူအမည်း ပြဿနာပဲလားဟု သူ့ခက်ထန်မှုကိုထပ်၍ ထိုးနက်ကာ

မေးကြည့်သည်။ ထွက်လာလေပြီ။ (၁)နာရီနီးပါး သူ့ပါးစပ်က စိတ်နာကြဉ်းမှု တသီ

တတန်းကြီး ထွက်ပေါ်လာရာ သည်းခံပြီး ထိုင်နားထောင်နေပါသည်။ ဤလူငယ်၏

စိတ်ကို လှုံ့ဆော်နေသော အတွေးအခေါ်ကို အသစ်တစ်ဖန် သိရှိနားလည်ခွင့် ရရှိသည့်

အတွက် တစ်မျိုးတစ်မည် သဘောကျလာသည်။

သူ့အတွက် လူဖြူဆိုသည်မှာ ဖိနှိပ်ခြင်း၏သင်္ကေတ၊ ရွံ့ရှာရမည့် အရာ

တစ်ခုအဖြစ် သဘောထားသည်။ လူဖြူများသည် ခေါင်းပုံဖြတ်သမားများဖြစ် ကြသည်။

ရိုဒီရှားလူဖြူအနည်းစု လယ်သမားများသည် မြေဩဇာကောင်း၍ ကျယ်ပြန့်သောမြေကို

ထွန်ယက်နေကြသည့်အချိန်မှာ လူမည်းအများစု လယ်သမားများသည် ရေမြေမကောင်း

သော နေရာများကို တကူးတက ထွန်ယက်နေကြသည်ဟု သူရှုမြင်သည်။ ငယ်ဘဝ

တည်းက လူဖြူများကို မုန်းတီးစိတ်ပြင်း ပြလေသည့်အတွက် လူဖြူများနှင့် မိတ်ဆွေ

ဖြစ်ဖို့ နေနေသာသာ ပေါင်းဖက်ဖို့ စိတ်မကူးခဲ့ပါ။ တန်းတူရည်တူ သဘောထားဖို့ကို

မစဉ်းစားခဲ့ပါ။ သူ့လူမည်း အဖော်များနှင့်အတူ လူဖြူများအား မာကျောခက်ထန်သည့်

စိတ်သဘောထားကို ပိုက်ကာ ဝေးဝေးကရှောင်ရှားလာခဲ့သည်။

(၃)နှစ်တာကာလ ခရစ်ယာန်ဖြစ်လာပြီးနောက် အပေါ်ယံမျှသာ ပြောင်းလဲ

လာသည်။ လူမည်းဘု ရားရှိခိုးကျောင်းကိုသာ တက်ရောက်ခဲ့ပြီး လူဖြူများနှင့်

နည်းနိုင်သလောက် နည်းပါးအောင် ဆက်ဆံခဲ့သည်။ ဤသင်တန်းကို မတက်ရောက်

မီမှာပင် လူဖြူများကို မုန်းတီးမှုသည် အရိုးထဲတွင် စွဲနေပြီဖြစ်သော်လည်း ပြဿနာအဖြစ်

မပေါ်လွင်စေခဲ့ပါ။ ဤလူမျိုးပေါင်းစုံသင်တန်းသို့ တက်လာသည့် အခါမှသာ ဖုံးမရ

ဖီမရအောင် သူ့ခံစားချက်သည် ပေါ်လာတော့သည်။

သူ၏စိတ်နာကြဉ်းမှုကို သွန်ချ၍ နာကျင်မှုများ အပယ်ခံစိတ်များ၊ လူမည်း

အနေဖြင့် စိတ်အားငယ်မှုစသည်တို့ကို ဖော်ထုတ်နေသော်လည်း ကျွန်တော့်အနေဖြင့်

ဘာမျှဝင်မပြောတတ်ပါ။ သူ၏စိတ်ခံစားမှုများမှာ အမှန်ဖြစ်သည် ။ ဆာလူ ဖော်ထုတ်

သာ အမှုအရာများသည် ဆာလူတစ်ယောက်တည်း၏ နာကျင်မှုမဟုတ်ဘဲ သူ၏လူမျိုး

များအတွက် ဖွင့်ပြောခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ့ပုခုံးပေါ်တွင် ကျွန်တော့်လက်

ကို အသာကလေး တင်လိုက်သည်။ မာကျော၍ တင်းမာနေသည်။ ဘယ်လိုပဲဖြစ်ဖြစ်

ဆာလူ၏ စစ်မှန်သော ခံစားချက်များကို ပေါက်ကွဲစေခြင်းအားဖြင့် အတားအဆီးတစ်ခုခုကို

ချိုးဖောက်ပြီဟု ကျွန်တော် အပြတ်သိရှိခဲ့ပါသည်။ အချိန်ကြာကောင်းကြာမည်။

စိတ်ရှည်စွာ သည်းခံဖို့ လိုကောင်းလိုအပ်မည်။ သို့သော် ကျွန်တော် မျှော်လင့်ထားပါ

သည်။ အချိန်နှင့်တစ်ပြေးညီ ဘု ရားသခင်သည် ခက်ထန်သော ဆာလူ၏အသက်တာ

ပိုင်းကို ချိုးဖောက်ပြီး ပျော့ပျောင်းစေတော်မူလိမ့်မည်။

ပြောင်းလဲမှုသည် နှေးကွေးသည်။ သို့သော် ပြောင်းလဲမှုလက္ခဏာကိုတွေ့ရ

သည်။ လအနည်းငယ်ကြာပြီးနောက် သင်တန်းကျောင်း၌ လူမည်းလူဖြူအကြား

စစ်မှန်သော မိတ်ဖွဲ့ မှုခိုင်မာလာသည်။ ဤအဖြစ်ကို သာမန်အချိန်များတွင် တွေ့နိုင်ပါ

သည်။ စားသောက်ကြရာတွင် အတူတူထိုင်ကြခြင်း၊ နောက်ဆုံးဟောပြောပို့ချချက်ကို

ဆွေးနွေးခြင်း၊ ရယ်စရာမောစရာတွင် အတူတူပျော်နေကြခြင်း၊ ကျောင်းဆောင်ဝတ္တရား

များ အတူတူလုပ်ဆောင်ကြခြင်း၊ ကြမ်းပြင်တိုက်ခြင်းမှအစ အိမ်သာဆေးကြောခြင်းအထိ

စိတ်တူသဘောတူ လုပ်ကိုင်နေကြသည်။ အတားအဆီးများကို ချိုးဖောက်ရာရောက်

စေလေသည်။ ပထမဆုံးအကြိမ် ဖြစ်ကောင်းဖြစ်လိမ့်မည်။ ကျွန်တော်တို့၏ လူမည်း

ကျောင်းသားကျောင်းသူ များသည် လူဖြူများကို အဆင့်သာလွန်သော လူမျိုးအဖြစ်

မရှုမြင်တော့ဘဲ သာမန် ပုထုဇဉ်လူသားအဖြစ် ရှုမြင်ကြသည်။ ဤသို့ရှုမြင်စေသည့်

အကြောင်းတရားတစ်ခုမှာ ငွေကြေးကန့်သတ်မှုနည်းပါးသောကြောင့် လူဖြူများပင်လျှင်

ရရာအစားအသောက်ကို စားသုံး၍ ဤနိုင်ငံ ၏လူနေမှု အဆင့်အတန်းတွင် လူမည်းများ

သာ တာဝန်ယူသော အလုပ်ကြမ်းများတွင် ပါဝင်လာရန် ဆန္ဒရှိကြခြင်းကြောင့်ဖြစ်သည်။

သူတို့အပိုင်းအနေဖြင့် လူဖြူကျောင်းသားတို့သည် လူမည်းများအတွက် အမြင်

အသစ်နှင့် ရိုသေလေးစားမှုရရှိလာကာ ဉာဏ်ပညာအရာတွင် ပုခုံးချင်း ယှဉ်နိုင်သောသူများ

အဖြစ် အသိအမှတ်ပြုခြင်း၊ သူတို့၏ အတွေးအခေါ် အကြံဉာဏ်များကို နားထောင်ရန်

လိုအပ်သည်။ အဆင့် အတန်း ညံ့ဖျင်းသည်ဟု သဘောထား၍ သင်ပုန်းချေပစ်ရန်

မဟုတ်ဟု မြင်လာကြသည် ။ ရောနှောပေါင်းစပ်ရုံမျှဖြင့်လည်းကောင်း ကျောင်းလုပ်ငန်း

များတွင် အပြည့်အ၀ပါဝင်ခြင်းအားဖြင့်လည်းကောင်း စုပေါင်းရာရောက်စေလေသည်။

ကျောင်းဖွင့် ချိန် ရက်သတ္တပတ်အနည်းငယ်အတွင်း ဆောလူသည် လူမည်း

အမျိုးသမီးကျောင်းသူများနှင့်သာ အများဆုံးအဖော်လုပ်နေသည်။ ဟောပြောပို့ချရာတွင်

မိန်းကလေးများနှင့် အတူ ထိုင်ခြင်း၊ သင်တန်းတွင် လူဖြူကျောင်းသားများနှင့် ဝတ်

တန်းကျသာ ပေါင်းစည်းနေသည်။ သို့သော် သင်တန်းကာလကြာရှည်လာသည်နှင့်အမျှ

ဆာလူ၏ စိတ်နှလုံးထဲတွင် ပြောင်းလဲမှု တစ်ရပ်စဖြစ်လာသည်။ သူ၏မူလစိတ်က မည်ကဲ့သို့ ဖြစ်စေကာမူ ယေရှုအတွက် စစ်မှန်သောမေတ္တာထားရှိမှု၊ကိုယ်တော်၏နည်းနာများကို တတ်မြောက်ရန်ဆန္ဒပြင်းပြမှုနှင့် သခင်ဘုရား၏ အမှုတော်တွင် အသက်ကိုပင် စွန့်လွှတ်လိုမှုတို့သည် ကာလကြာရှည်စွာ အောင့်ထားခဲ့သော လူမျိုးရေးမုန်းတီးမှုနှင့် လူများနှင့် ကင်းကွာလိုမှုတို့အပေါ် နေရာယူလာသည် ။

ဆာလူ၏ပြောင်းလဲမှုသည် အသေးအမွှားမှ ပေါ်လာသည်။ ဥပမာ တစ်နေ့တွင်

သူသည် လူဖြူကျောင်းသားတစ်ယောက်နှင့်ပြုံးပြုံးရွှင်ရွှင်ပန်းကန်သုတ်နေကြသည်ကို

သတိပြုမိပါသည်။ နှစ်ယောက်သား ရယ်စရာတစ်ခုခုတော့ရှိနေသည်မှာ ထင်ရှားသည်။

တစ်ဖန် တောင်အာဖရိကနိုင်ငံ သားလူတစ်ယောက်နှင့် ထမင်းစားခန်းထဲတွင် စိတ်ဝင်

စားစွာ စကားစမြည်ပြောနေကြသည်ကို မြင်လိုက်ပါသည်။ အားလုံးထွက်သွားပြီးသည်

နောက် သူတို့နှစ်ယောက်ကျန်ရစ်ခဲ့ကြသည်။ တစ်ခါတစ်ရံဟု ဆိုသော်ငြားလည်း

သူ၏မာကျောသော နှလုံးသားပျော့ပြောင်းလာသည်မှာ သေချာပါသည်။

နောက်တစ်ဖန် ပြောင်းလဲခြင်း ပေါ်လွင်သည့် အခါသမယ အတိအကျလည်း

ရှိလာသည်။ ဥပမာ၊ မိမိတို့လုပ်ပိုင်ခွင့်များကို စွန့်လွှတ်ရမည်ဟူသော သတင်းစကားကို

ဝေငှသောနေ့ တွင်ဖြစ်သည်။ ကျွန်တော်တို့ မည်သူမှ မည်သည့်လုပ်ပိုင်ခွင့် မည်သည့်

အခွင့်အရေးဟူ၍မရှိ၊ ဒေါသကို ရင်ဝယ်ပိုက်၍ လူမျိုးရေးခွဲခြားမှု၊ တရားမျှတမှုမရှိခြင်း

စသည်တို့အပေါ် စိတ်နာကြဉ်းပိုင်ခွင့်မရှိဟု ရှင်းပြရာတွင် ဆာလူကို အနီးကပ်အကဲခတ်

ကြည့်နေပါသည်။ ဆာလူသည် ပြင်ပလက္ခဏာအားဖြင့် စိတ်လှုပ်ရှားမှုမပြသော်လည်း

သူ့စိတ်ကို ထိတွေ့မိသည်ဟု ကျွန်တော်သိရှိရပါသည်။ အဘယ့်ကြောင့်ဆိုသော် အခြား

လူဖြူကျောင်းသားများအပေါ်ထားရှိသော အပြုအမူသည် သိသိသာသာ ပြင်ဆင်လာ

သည်ကို တွေ့ရပါသည်။

ဘူလာဝါယိုမြို့တွင် ပထမဆုံး ဆုံမိကြတုံးက လူငယ်သည် ကြမ်းတမ်းနေဆဲ

ဖြစ်သည့်တိုင်အောင်၊ ဟောပြောပို့ချခြင်း အဆုံးသတ်ချိန်တွင် ဆာလူ၏စိတ်နှလုံး

အစစ်အမှန်ပြောင်းလဲလာသည်ဟု ကျွန်တော် တထစ်ချ ယုံကြည်ပါသည်။ ရိုဒီရှား၏

အနောက်ဘက်ကပ်လျက်ရှိသော မိုဇမ်ဘစ်နိုင်ငံထဲသို့ ကွင်းဆင်းမည့် အဖွဲ့တွင် သူ့ကို

ပါဝင်စေရန် ကျွန်တော် လုံးလုံးလျားလျား စိတ်ချနေပါသည်။ ဆာလူကိုယ်တိုင်ကလည်း

မိုဇမ်ဘစ်သို့ သူ့ကို ဘုရားသခင် စေလွှတ်တော်မူသည်ဟု ခိုင်မာစွာ ခံယူထားသည်။

၎င်းအပြင် ဤနိုင်ငံကိုသာလျှင် သူသွားရောက်ခွင့် ရရှိခြင်းဖြစ်သည်။ ရိုဒီရှားလူဖြူများ

ကိုမူကား ကမ္ဘာတစ်ဝန်းလုံးသို့ သွားနိုင်သော ဗြိတိသျှနိုင်ငံကူးလက်မှတ်ရယူကြသည်။

လူမည်းအနေဖြင့် ဆာလူသည် အင်ဂိုလာနှင့် မိုဇမ်ဘစ်သို့ သွားရောက်နိုင်သော အိုင်ဒီ

ကပ် ရှိလေသည်။ ၎င်းအဖွဲ့တွင် ဆာလူတစ်ယောက်တည်းသာ လူမည်းဖြစ်ပါသည်။

သို့သော် သူ၏ အသွင်ပြောင်းလဲမှုကို ကျွန်တော်အလွန် စိတ်ချသောကြောင့် သင်တန်း

ကျောင်းဖွင့်ခါစတွင်ဖြစ်ခဲ့သော ပေါက်ကွဲမှုမျိုးကို မတွေ့ကြုံတော့ဘူးဟု တထစ်ချ

ယုံကြည်ပါသည်။

ကျွန်တော်ပို၍ စိတ်ပူပန်နေသော ပေါက်ကွဲမှုဆိုသည်မှာ နိုင်ငံရေးဖြစ်သည်။

၁၉၇၄ ခုနှစ် ဧပြီလတွင် မိုဇမ်ဘစ်နိုင်ငံသည် နိုင်ငံရေးရှုပ်ထွေးနေသည်။ ဆယ်နှစ်လုံးလုံး

မ မပြောပလောက်သော မော်စကို လေ့ကျင့်ထားသော ကွန်မြူနစ် ဖရယ်လီမို Frelimo=

Front For the Liberation of Mozambiqe ခေါ်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်သည် သူတို့မုန်းတီးနေသော ကိုလိုနီအုပ်စိုးသူ ပေါ်တူဂီများကို ပြောက်ကျားစစ်ဆင်နဲ့

မောင်းထုတ်ဖို့အား ထုတ်လေသည်။ လက်နက်ခဲယမ်းသာလွန်သော ပေါ်တူဂီအစိုးရ

တပ်ဖွဲ့များသည် ဆန့်ကျင်ရေးတိုက်ခိုက်သမားများကို ခုခံနိုင်သော်လည်း ပေါ်တူဂီတွင်

တော်လှန်ရေးတစ်ရပ် ဖြစ်ပွားလာသည့်အခါ အားနည်းလာကာ မတ်စ်ဝါဒီ ကွန်မြူနစ်

များဖြစ်သော ဖရယ်လီမိုသည် တဖြည်းဖြည်းနှင့် အသာစီးရလာသည်။ သို့ သော်လည်း

သူတို့၏ဘုရားမဲ့ဝါဒဖြင့် တစ်နိုင်ငံလုံးကို မဆုပ်ကိုင်နိုင်သေးပါ။ မိုဇမ်ဘစ်၏ ကိုလိုနီ

စနစ်ဟောင်းအောက်တွင် သာသနာပြုရေးကို အကြီးအကျယ် ကန့်သတ်ထားသည်။ ယခု

အချိန်တွင် အခွင့်အလမ်း တံခါးပွင့်လျက်ရှိနေပါသည်။ အပြောင်းအလဲရှိနေသော အခြေ

အနေတွင် ပေါ်တူဂီဆရာကြီးဟောင်းများ အလျင်အမြန် ထွက်သွားကြသည့်အကြောင်း

နှင့် ပေါင်းစပ်လျှင် ပြည်သူလူထုသည် နားထောင်မည့်သဘော ရှိနေပါသည်။

မိုဇမ်ဘစ်သို့ ၁၉၇၁ခုနှစ်တွင် ကျွန်တော်တစ်ယောက်တည်း ရောက်ခဲ့ဖူးသည်။

၎င်းအချိန်တွင် ကိုလိုနီအုပ်စိုးမှုအောက်တွင် ခိုင်မာစွာရှိသေးသည်။ လွန်ခဲ့သော စက်တင်

ဘာလတွင် တောင်အာဖရိကမှ ဧဝံဂေလိအဖွဲ့နှင့်ပူးပေါင်းကာ ရက်တိုစစ်ဆင်ရေး

တစ်ရပ် ဆင်နွှဲကြပါသည်။ ဤအချိန်တွင် ပေါ်တူဂီတို့၏ သံမဏိလက်သီး အားလျော့စွာ

ရှိနေသည်။ ၀မ်းမြောက်ဖွယ်သတင်းကို အံ့သြစဖွယ် လွတ်လပ်စွာ ဟောပြောခွင့်ရရှိပြီး

မြို့ တဲတွင် လ ဝေစာများကို ဖြန့်ဝေခဲ့ပါသည်။ လေဟာပြင်အစည်းအဝေးများကို ကျင်းပ၍

လမ်းမကြီးများပေါ်တွင် ကယ်တင်ခြင်းအတွက် လူများနှင့်ဆုတောင်းကြကာ စောစော

ပိုင်းကမဖြစ်နိုင်သော အမှုအရာဖြစ်လာပါသည်။ လူတို့သည် အံ့ဩလောက်အောင် ဝိညာဥ်အစာကို

မွက်သက်နေကြသော မိုဇမ်ဘစ်နိုင်ငံသားတို့သည် ၀မ်းမြောက်ဖွယ်သတင်း ကောင်းအတွက်

လူမျိုးပေါင်းစုံသင်တန်းကျောင်းဟောပြောပို့ချခြင်းကာလတွင် ယခင် မိုဇမ်ဘစ်

ရိတ်သိမ်းရန် မှည့်ပန်းနေသော လယ်ကွင်းအဖြစ် ကျွန်တော်သိမှတ်ခဲ့ပါသည်။

ခရီးစဉ်တွင် ဆုံမိခဲ့သော အမေရိကန်လူမျိုး ဇွန်မိလမ်ဆို သူသည် ဆာလီဗျူရီမြို့

ကျွန်တော်တို့ဆီ သို့ လာလည်လေသည်။ သူသည် လူငယ်များပြုပြင်ရေးဌာနတစ်ခုကို

တည်ထောင်သော မြို့တော်”လိုလင်ကိုမာခီး”ယနေ့ခေတ်အခေါ် “မာပူတို”တွင် မူးယစ်

ဆေးစွဲသူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေသည်။ ဖရယ်

လီမိုအဖွဲ့ လှုပ်ရှားမှုသည် မြန်ဆန်လာသဖြင့် သာသနာပြုဖို့ အခွင့်အလမ်း အချိန်မရွေး

ပိတ်ပင်နိုင်သည်ဟု ပြောပြလေသည်။

ဒွန်မီလမ်သည် သူတို့ကို ကူညီဖို့ သင်တန်းကျောင်းမှ ဧဝံဂေလိ ကျောင်းသား

တစ်ဖွဲ့ကို စေလွှတ်ပေးဖို့ တိုက်တွန်းလေသည်။ ဤကဲ့သို့သော မရေရာသည့်နယ်ထဲသို့

ကျွန်တော့်တပည့်များကို စေလွှတ်ရန် စွန့်စားရာရောက်ပါသည်။ သို့သော် မိုဇမ်ဘစ်တွင်

ရိတ်သိမ်းချိန်တန်နေပြီးဖြစ်သဖြင့် လက်မလွတ်ချင်ပါ။

သွားမည့်အဖွဲ့ကို သေချာရွေးချယ်ထားသည်။ ခေါင်းဆောင်လုပ်သူမှာ ယခင်ကတစ်ယောက်၊ သူ့နာမည်က တွမ်ဘာဂါ ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်သားဖြစ်သည်။ ဆံပင်ရှည်ရှည်ထား၍ ဟန်ကြီးပန်ကြီးမလုပ်တတ်၊ ကမ္ဘာကိုလှည့်ပတ်နေချိန်တွင် ဘုရားသခင်သည် သူ့ကို ရိုဒီရှားပြည်တွင် လက်ရဖမ်းမိရာမှ သခင်ဘုရားအတွက် အသက်ကိုအပ်နှံ သောသူဖြစ်သည်။ ကျွန်တော်တို့၏ ပထမသင်တန်းတွင်တက်ရောက်ပြီး ကျွန်တော်တို့ သင်တန်းကျောင်း ဦးစီးအဖွဲ့ မှာပင် ပါဝင်လာသည်။

သူ့ခေါင်းဆောင်မှုကို ကျွန်တော် စိတ်ချယုံကြည်သည်။ အကျိုးတစ်ခုရှိသေးသည်။

သူ့တွင် ဗင်ကားငယ်တစ်စီးရှိသည်။ သူနှင့် အခြားသူနှစ်ယောက် တောင်အာဖရိကကို

ဖြတ်၍ ဗင်ကားဖြင့် သွားရမည်ဖြစ်သည်။ ဆာလူမှာ သူ့လူမည်းရိုဒီရှားအိုင်ဒီကပ်ပြား

ကြောင့် တောင်အာဖရိကကို ဖြတ်သန်းခွင့်မရဘဲ သူတစ်ယောက်တည်း မိုဇမ်ဘစ်သို့

မီးရထားဖြင့် တိုက်ရိုက်သွားရမည်ဖြစ်သည်။

မီးခိုးရောင်ဗင်ကားငယ်ကို လက်ရမ်းနှုတ်ဆက်၍ ဆာလူကို မီးရထားပေါ်သို့

လိုက်ပို့ပြီးသည့် အချိန် ကျွန်တော့်စိတ်နှလုံးသည် သူတို့ အတွက် မျှော်လင့်ချက်ဖြင့်

ပြည့်နေသည်။ မိုဇမ်ဘစ်တွင် ရိတ်သိမ်းစရာများစွာရှိနေသည်။ သို့သော် သူတို့ အဖွဲ့

တစ်ခုသာ မဟုတ်ဘဲ ဒွန်မလမ်ဦးစီးသောအဖွဲ့နှင့်လက်တွဲကြမည်ဖြစ်သည်။ ဤသို့ဖြစ်

သည့်တိုင်အောင် စိတ်ပူစရာတစ်ခုတော့ကျန်နေသည် ။ မိုဇမ်ဘစ်သည် ဖရယ်လီမိုကွန်မြူ

နစ်ကြီးကြပ်မှုအောက်သို့ တရွေ့ရွေ့ ကျရောက်နေသည်ဖြစ်ရကား အချိန်မရွေး သာသနာ

ပြုဖို့ တံခါးပိတ်နိုင်သည်။

လွန်ခဲ့သောနွေရာသီမှာကဲ့သို့ ဇမ်ဘီယာနှင့် တောင်အာဖရိကသို့ အဖွဲ့များကို

လွှတ်နေပါသည်။ ဤတစ်ကြိမ်တွင် အဖွဲ့ များတွင် ပါဝင်မည့် အစား ကျွန်တော်သည်

အလီဂျူရီရုံးမှာပင် နေ၍ အသံ သွင်းခြင်းနှင့် ဝေစာများကို ကမကထထုတ်ဝေရန်

ရွေးချယ်ခဲ့ပါသည်။ ဝိုင်အမ်(YWAM)လုပ် ငန်းနှင့် ဒွန်တွဲ၍ ယခု ကျွန်တော်သည်

ရိုဒီရှားတွင် တံခါးဖွင့် သာသနာပြုအဖွဲ့ ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်ပါသည်။ ဤအ

ကျိုးကြောင့် အသင်းတော်များ၌ အမှုတော်ဆောင်ရန် ဖိတ်ကြားခြင်းနှင့်သာသနာပြု

ခြင်းအကြောင်း ဟောပြောရန် ဖိတ်ကြားခြင်းခံနေရပါသည်။ ဤစပ်ကြားတွင် ကျွန်တော်

အာရုံပြုနေသည့်ကိစ္စမှာ တန်ဇမ်မီးရထားစီမံကိန်းတွင် တရုတ်အလုပ်သမားများထံသို့

ဝေစာများကို အရောက်ပို့ဖို့ဖြစ်သည်။ အဖုံးနီနီခရစ်ဝင်ကျမ်းသည် ကာသိုလိပ်အုန်း

တော်ကြီးအဖြူများမှ တစ်ဆင့် ဤရူပါရုံကို စိတ်ဝင်စားသော အခြားသာသနာပြု

အဖွဲ့အစည်းများသို့ တဖွဲဖွဲရောက်ရှိနေပါသည်။ ဒါရက်စလမ်မြို့၌ ဆိုင်မွန်စာလျာ၏

အသင်းတော်သည် တန်ဇန်နီးယားသို့ ဖြန့်ချိသော စာပေများ၏အဓိက ထွက်ပေါက်ဖြစ်

နေသည်။ ကျွန်တော်တို့ ဝိုင်အမ်အဖွဲ့ များလည်း လောလောဆယ် ဇမ်ဘီယာတွင် လှုပ်ရှား

နေကြသော အဖွဲ့နှင့်အတူ ကြေးနီကြော ဧရိယာအတွင်း တရုတ်များကိုလည်း အမှုဆောင်

လျက်ရှိနေကြသည်။

တံခါးဖွင့် သာသနာပြုအဖွဲ့ ၏ ကိုယ်စားလှယ်အဖြစ်ဖြင့် တောင်အာဖရိ

ကနိုင်ငံ၌ရှိသော တရုတ်ခရစ်ယာန်များနှင့်ကျွန်တော် ဆက်သွယ်ခွင့်ရရှိနေပါသည်။

သူတို့အသင်းတော်များသို့ လှည့်ပတ်ကာ ချုပ်ချယ်ခြင်းခံ၍ ဝမ်းမြောက်ဖွယ်သတင်း

ကောင်း ဖတ်ရှုခွင့်မရရှိကြသော တရုတ်များအတွက် တာဝန်ရှိနေကြောင်း နှိုးဆော်ခဲ့ပါ

သည်။ ဤကဲ့သို့ အမှုတော်ဆောင်ရန် အခွင့်အလမ်း သာနေကြောင်းနှင့် တန်ဇမ်မီးရထား

စီမံကိန်းတွင် တရုတ်အလုပ်သမားများအား ဝေစာများလက်ကမ်းပေးရာတွင် မည်ကဲ့သို့

ပါဝင်နိုင်ကြောင်းကိုပါ အသိပေးခဲ့ပါသည်။ တရုတ်ပြည်မကြီးသို့ သာသနာပြုရန် သွား

ရောက်ရန် အခြေအနေပေးချင်မှ ပေးပါလိမ့်မည်။ သို့ သော် ဘုရားသခင်သည် သူတို့ကို

ကျွန်တော်တို့ထံသို့ တည့်တည့်မတ်မတ် ပို့ဆောင်တော်မူသည်ဟု တရုတ်ခရစ်ယာန်များ

ကို စိန်ခေါ်မှုပြုခဲ့ပါသည် ။

သူတို့ကို တိုက်တွန်းနှိုးဆော်သည့် တစ်ချိန်တည်းမှာပင် ဘုရားသခင်သည်

တရုတ်များအတွက် ကျွန်တော့်ရူပါရုံကို အသစ်တစ်ဖန် နှိုးဆွပေးတော်မူသည်။ အဖုံးနီနီ

ခရစ်ဝင်စာအုပ်များကို ကိုယ်တိုင်လက်ဖြင့် မဖြန့်ဝေခဲ့သည်မှာ နှစ်နှစ်ခွဲတောင်ရှိလာပြီး

နောက်တစ်ခေါက်သွားချင်ပါသည် ။ သို့သော် စောင့်ဆိုင်းနေဖို့လိုပါသည်။ ဤစပ်ကြား

တွင် ကျောင်းသူကျောင်းသားများ (၂)လ ကွင်းဆင်းကြရာမှ ပြန်လာဖို့ ပြင်ဆင်လျက်

ရှိနေပါသည် ။

ကျွန်တော်တို့၏လူမျိုးပေါင်းစုံ သင်တန်းကျောင်းကို စံနမူနာအဖြစ် ဖွင့်လှစ်

ခြင်းကို သဘောကျသည်။ Rest Haven အနားစခန်းပိုင်ရှင်များသည် သူတို့၏

လှပစုံလင်သော အဆောက်အဦများကို ပြန်လည်အသုံးပြုခွင့်ပေးလေသည်။ အမှန်

အတိုင်း ဝန်ခံလျှင် ကျွန်တော်တို့ အတွက် သတ်မှတ်ထားသော အဆောက်အဦမှာ

စခန်း၏လွင်ပြင် အစွန်တွင် တည်ရှိသော သီးခြား အဆောက်အဦဖြစ်သည်။

သင်တန်းဖွင့်တုံးက ခေါက်ကုလားထိုင်များပေါ်တွင် သက်တောင့်သက်သာ ထိုင်

သလို မဟုတ်တော့ဘဲ ပြန်လည် အစီရင်ခံကြမည့် ရက်သတ္တပက်နောက်ဆုံး တစ်လ

လုံးလုံး မာကျောသော သစ်သားထိုင်ခုံရှည်များပေါ်တွင် ထိုင်ကြရမည်ဖြစ် သည်။

တချို့ထိုင်ခုံမှာ ဆေးသားများ ကွာချလျက်ရှိပြီး မီးဖိုခလုတ်မရှိဘဲ ချက်ပြုတ်ကြမည်ဖြစ်သည်။ သို့သော် လူမျိုးပေါင်းစုံ အဖွဲ့အနေဖြင့် Rest Heaven ကိုပြန်လည်အသုံးပြုခွင့် ရရှိနေသည်မှာ အကြီးစား ချိုးဖောက်ခြင်းတစ်ရပ်ဖြစ်ပေသည်။

ခြံဝင်းတံခါးမကြီးထဲသို့ မော်တော်ယာဉ်များ လေးလေးကန်ကန် အသံ

ကျယ်ကျယ်ဖြင့် လှိမ့်ဝင်လာမည့်အရေးကို မျှော်လင့်စောင့်ဆိုင်းနေသည်မှာ ရင်မောရေး

အကြိုက်ဆုံးသောအရာကို ပင်လျှင် မဝေခွဲနိုင်လောက်အောင် ဖြစ်နေမိသည်။

လက်တွေ့ ကွင်းဆင်းဖို့အထွက်တွင် ကျောင်းသူကျောင်းသားများ အားရပါးရလက်

နှုတ်ဆက်သည်ကို ရှုစားခြင်းလော့ (သို့) ထွက်သွားစဉ်ကထက်ပို၍ ချိနဲ့နေပါသလော။

သို့သော် ဘုရားသသခင်၏ ကတိတည်တော်မူခြင်းအကြောင်း ထူးဆန်းသော ဇာတ်လမ်း

အမျိုးမျိုးတို့ကို တွေ့ကြုံလာသည့်ကျောင်းသူကျောင်းသားများ အပြည့်စီးနှင်းလိုက်

လာသော မော်တော်ကားများအဝင်ကို ရှုစားခြင်းလော့။ သူတို့စီးနင်းလိုက်ပါလာသော

မော်တော်ယာဉ်များဆိုက်ရောက်လာပါက ချက်ခြင်းကားထဲမှ ခုန်ထွက်လာကြကာ

အစီရင်ခံရန် အချိန်ကိုပင် မစောင့်နိုင်ကြတော့ဘဲ ဘုရားသခင် ပြင်ဆင်ပေး

သည့်အမှုအရာများ၊ သခင်ဘုရားထံတော်သို့ ခေါ်ဆောင်သွားသည့်လူများအကြောင်း

စာပေကျမ်းဂန်များ ဖြန့်ဝေပုံစသော အတွေ့အကြုံများကို ပြောပြကြလေသည်။

အားလုံး ကောင်းကောင်းမွန်မွန် ပြန်လာကြသည်မှာ ကျေးဇူးတော်ကြီးမားလှပါ

သည်။ သို့သော် ကားတစ်စီးကို ကျွန်တော် စိုးရိမ်ပူပန်လျက် စောင့်နေဆဲဖြစ်သည်။

၎င်းကားမှာ တွမ်၏မီးခိုးရောင်ဗင်ကားငယ်ဖြစ်သည်။ မိုဇမ်ဘစ်တွင် နှစ်လလှုပ်ရှား

အဆက်အသွယ်မရှိခဲ့ပါ။ နေ့စဉ်သတင်းစာများ နှင့်နောက်ဆုံး ရေဒီယို သတင်းများ

သာ သတိရှိရှိ ဖတ်ရှုနားထောင်နေပါသည်။ မိုဇမ်ဘစ်နှင့်ပတ်သက်သော သတင်း

မကောင်းပါ။ ဖရယ်လီမို ခေါင်းဆောင် ဆရာမို ရာမိုက်ကယ်သည် တိုင်းပြည့်

ကွန်မြူနစ်ဝါဒဖြင့် ဆုပ်ကိုင်ထားသည်။ လွတ်လပ်မှုဟူ၍ ပျောက်ကွယ်သွားသည်။

ကျောင်းသူကျောင်းသားအဖွဲ့ ကို ဘုရားသခင် ကွယ်ကာပေးတော်မူဖို့နှင့် ဘေး

ရန်ကင်း ပြန်လာကြဖို့ နေ့စဉ်ဆုတောင်းနေပါသည်။ သတင်းမကြားခြင်းသည် သတင်း

ကောင်းဖြစ်သည် ။ ကျွန်တော်ဆု တောင်းချက်များ အဖြေရရှိမည်ဟု ကျွန်တော် ယုံ

စိတ်ချသည်။ သို့သော် သူတို့ဘေးကင်းရန်ကင်းဖြစ်သည်ကို မြင်ရလျှင် စိတ်နှလုံးသက်သာမည်ဖြစ်သည်။ မျှော်လင့်နေတုန်းမီးခိုးရောင် ဗင်ကားငယ်ဝင်လာကာ

ကျွန်တော်တို့ တည်းခိုသော စခန်းဘက်သို့ ဦးတည်နေသည်ကို လှမ်းမြင်သောအခါ

စိတ်ပူပန်မှု ပျောက်သွားကာ သက်ပြင်းကြီးချမိပါသည်။ ကျောင်းသားတစ်ယောက်၏

အော်သံထွက်လာသည်။ တွမ်နှင့်မိုဇမ်ဘစ်အဖွဲ့ ပြန်ရောက်လာပြီ။

အခြားကျောင်းသားများနှင့်အတူ သူတို့ကိုဝိုင်းအုံ၍ ကြိုဆိုကြသည်။ သူတို့ကို

ပြန်ပို့သည့်အတွက် ကျေးဇူးတင်ပါသည်သခင်ဘုရားဟု စိတ်ထဲတွင် ကျေးဇူးတင်ချီးမွမ်း

ဆုတောင်းနေပါသည်။ ဗင်ကားထဲမှ ထွက်လာကြကာ အခြားကျောင်းသူကျောင်းသား

များနှင့် ဖက်ကြအော်ကြ၊ ဟစ်ကြနှင့် နှုတ်ဆက်ကြသည်။ ထို အချိန်မှာပင်

မျက်နှာမည်းတစ်ယောက် ပါမလာသည်ကို သတိထားမိကာ ရင်တုန်မိပါသည်။ သူတို့

နှင့်ဆာလူပြန်မလာပါ။ ဤအဖွဲ့ သည် မိုဇမ်ဘစ်မှရိုဒီရှားသို့ တိုက်ရိုက်ပြန်လာကြသည်။

သူတို့နှင့်ဆာလူ အတူ မပါလာသည့်အကြောင်းပြချက် တစ်စုံတစ်ရာမမြင်မိပါ။ သူ့ကို

မှားယွင်းပြီး ယုံကြည်စိတ်ချမိသလား။ သူ့ အဖော်မျက်နှာဖြူသုံးယောက်နှင့် သဘောထား

ကွဲလွဲ၍ လမ်းခွဲ နေသလား။

ကျောင်းသူ ကျောင်းသားများအချင်းချင်း ဆူညံစွာဖြင့် ကြိုဆိုကြသည် ကို

ကျွန်တော် ရပ်ကြည့်နေသည်။ ကြိုဆိုနှုတ်ဆက်ပွဲ ပြီးဆုံးသွားသောအခါ တွမ်ဆီသို့

သွားကာ၊ အရပ်ရှည်ရှည် ခပ်ပိန်ပိန်ဆံပင်ရှည်ရှည် လုပ်ဖော်ကိုင်ဘက် မိတ်ဆွေကို

ဝမ်းသာအားရ ပွေ့ဖက်လိုက်ပါသည်။ ပြန်လည်တွေ့ဆုံကြတာ တစ်ကယ်ပဲ ဝမ်းသာ

တယ်ငါ့လူ။ ကောင်းကောင်းမွန်မွန် ပြန်ရောက်ပါ့မလားလို့ စိတ်ပူနေကြတာ။ ပီတိဖြစ်

သောမျက်နှာနှင့် ကျွန်တော့်ကို ပြုံးပြနေပါသည်။

တစ်ချိန်လုံး အဆင်ပြေပါတယ်ဆရာကြီး၊ ဆရာကြီးယုံမှယုံနိုင်ပါ့မလား

မသိဘူး။ မိုဇမ်ဘစ်ပြည်ထဲက လူသည် အင်မတန်ဖော်ရွေကြတယ်။ မိုဇမ်ဘစ်မြို့တော်

ကို ယေရှုပုံနှင့် ဖုံးအုပ်ခဲ့တယ်။ သမ္မာကျမ်းစာအုပ်နှင့် အခြားစာအုပ် ဘယ်နှစ်အုပ်

ရောင်းချမှန်း၊ စာပေကျမ်းဂန်ဘယ်လောက်ပေးကမ်းခဲ့မှန်း မရေတွက်နိုင်တော့ဘူး။

လူအမြောက်အမြားကို ဘုရားသခင်ထံတော်သို့ ပို့နိုင်ခဲ့တယ်ဆရာကြီး ဟု

မိန်းကလေးတစ်ယောက် ပြောပြောဆိုဆို ကျွန်တော်တို့ဆီသို့ လာသည် ။

ဟုတ်တယ်၊ ရိတ်သိမ်းဖို့ အချိန်တန်တဲ့ လယ်ပါပဲဟု တွမ်က သဘောတူသည်။

သူတို့၏ စိတ်အားထက်သန်မှုကို ကျွန်တော်သဘောကျ၍ သွားများပေါ်အောင် ပြုံးလိုက်

ပါသည်။

“အစစအရာရာအဆင်ပြေတယ်နော်။”ရိုးရိုးသားသားပြောမယ်ဆိုရင် ဘယ်သူမှ ပြန်မလာချင်ဘူး။ မိန်းကလေးတစ်ယောက်၏ ပြောဆိုသံများအားလုံးပြန်လာကြတာတော်သေးတာပေါ့ ။ ဒါနှင့် ဆာလူ ဘာဖြစ်သလဲ။ စိတ်ညစ်စရာတစ်ခုခုများလုပ်မိသလား။မလုပ်ဘူးဆရာကြီး၊ တွမ်က လျင်မြန်စွာပြန်ပြောသည်။ အားလုံး အဆင်ပြေပါတယ်။

မိုဇမ်ဘစ်မှာ ကောင်းကောင်းကြီး စေခိုင်းတော်မူခြင်းခံတယ်ဆိုလို့ နေရစ်ခဲ့ဖို့ သူဆုံးဖြတ်လိုက်ပါတယ်။တက္ကသိုလ်မှာ ပေါ်တူဂီစကားကို သင်နေပါပြီဟု မိန်းကလေးတစ်ယောက်က

အားတက်သရော ပြောပြသည်။ တွမ်က ကျွန်တော့်ကို စိုးရိမ်မကင်းစွာ ကြည့်နေသည်။

ဇွန်မီလမ်ကပြောတယ်၊ သူတို့နှင့် နေရစ်ခဲ့ဖို့ အဆင်ပြေပါတယ်။ သူ့ကိုထားပစ်ခဲ့ဖို့

ဆုံးဖြတ်တာ သင့်တော်တယ်လို့ မျှော်လင့်မိပါတယ်ဆရာကြီး။

ကောင်းပါတယ်၊တွမ်၊ ခင်ဗျားတို့ နှင့် အတူ ပြန်မမြင်ရလို့ စိုးရိမ်မိလို့ပါ။

သူ က စိတ်သန္ဒိဋ္ဌာန်ချထားပြီးပြီ။ သူပြန်လာစေဖို့ ကျွန်တော်ကြိုးစား

ကြည့်မယ်ဆိုရင်တောင် သူကငြင်းမည့်ပုံစံပါဘဲဟု တွမ်က ထပ်ပြောပြသည်။

ကျွန်တော်ခေါင်းညိတ်ပြသည်။ ကျွန်တော်နားလည်ပါတယ်။ ဆာလူကတစ်ခုခု

စိတ်စွဲလမ်းနေပြီဆိုလျှင် လက်မလွတ်စတမ်းဘဲ။ ဆာလူသည် အခြား အမှုအရာတွင်

စိတ်သဘောထား နူးညံ့ကောင်းနူးညံ့ပါလိမ့်မည်။ သို့သော် သူသည် လာဝါ ယိုမြို့

စည်းဝေးပွဲတွင် ကျွန်တော် ပထမဆုံးတွေ့စဉ်က ခေါင်းမာသောလူငယ် ဖြစ်မြဲဖြစ်နေ

သည်။ ဘုရားသခင်သည် သူ့ကိုဆွဲကိုင်တော်မူကာ စိတ်သန်မှုကို ပြန်လည်လမ်းညွှန်

ပေးသည့်အတွက် ကျွန်တော်ဝမ်းသာဖို့မှ လွဲ၍ အခြားမတတ်နိုင်ပါ။

အစီရင်ခံခြင်းသည် ရက်သတ္တပတ်ကုန်ဆုံးသည့် အလျောက် ကျောင်းသူ

ကျောင်းသားများ အသီးသီးအိမ်ပြန်ကြသည်။ အားလုံးပြန်သွားကြပြီး မကြာမီ တွမ်

လည်း မိုဇမ်ဘစ်သို့ ပြန်သွားကာ ဆာလူနှင့်အတူ ဒွန်မီလမ်၏လူငယ်စိန်ခေါ်ဌာန၌

မူးယစ်ဆေးဝါးစွဲကပ်သူ များ ပြန်လည်ထူထောင်ရေးတွင် ပါဝင်လုပ်ဖို့ ဆုံးဖြတ်လေ

သည်။ သူတို့၏သတင်းကိုတော့ မကြားရသလောက်ဖြစ်သော်လည်း မိုဇမ်ဘစ်တွင်

ဘုရားသခင် ဆက်လက်လှုပ်ရှားတော်မူသည့် အရိပ်အရောင်ရှိနေပါသည်။ နိုင်ငံရေး

မငြိမ်မသက်ဖြစ်နေသည့် ကြားမှာပင် ပြည်သူလူထုသည် ဝမ်းမြောက်ဖွယ်သတင်း

ကောင်းကို လက်ခံနေကြဆဲဖြစ်သည်။ ဤစပ်ကြားတွင် ကျွန်တော်ကိုယ်တိုင် အပြောင်း

အလဲတချို့ ပြုလုပ်ရန် ပြင်ဆင်နေပါသည်။

၁၄။အဖမ်းခံခြင်း

အိမ်ကို သတိရလွမ်းခြင်းနှင့် ရှေ့ရေးမျှော်မှန်းချက်နှစ်ရပ် ပေါင်းစပ်ခံစားမှုဖြင့်

အမှုတော်ဆောင်ရာတွင် ရှေ့တိုး၍ အဆင့်တစ်ခု ပြင်ဆင်နေပါသည်။ ရိုဒီရှားတွင်

`သင်တန်းကျောင်း(၂)ခါ ဦးစွာဖွင့်လှစ်၍ “ဝိုင်အမ်”ရုံးကို အာရီမြို့တွင် အခြေစိုက်နိုင်ခဲ့

ပါသည်။ သို့သော် ကျွန်တော်သည် လမ်းသစ်တီထွင်သူဖြစ်၍ အတည်တကျ နေထိုင်သူ

မဟုတ်ပါ။ ရိုဒီရှားတွင် “ဝိုင်အမ်”၏လုပ်ငန်းကို နောက်တစ်ဆင့်သို့ တိုးမြင့်ရေးတာဝန်

ယူဖို့ ခေါင်းဆောင်မှုကိုလွဲရန် အချိန်တန်လေပြီးဖြစ်သည်။ အမြဲနေထိုင်ခွင့် ရရှိသည်နှင့်

အမျှ ဤနိုင်ငံတွင် အမြစ်တွယ်ခဲ့ပြီးဖြစ်သည်။ ကျွန်တော်ကြီးကြပ်သော သင်တန်း

ကျောင်းနှစ်ခုစလုံးသည် ရှေးဦးစွာ စွန့်စားမှုပြုလုပ်ခဲ့ကြပြီး မွေးထုတ်သော ကျောင်းသူ

ကျောင်းသားအများဆုံး ကောင်းမွန်စွာ လုပ်ဆောင် နေကြသည်။ (၂)နှစ်ကာလသည်

ကျေနပ်ဖွယ်ကောင်းပါသည်။ သို့သော်လည်း ရှေ့တိုးရန် အချိန်တန်ပါပြီ။

၁၉၇၅ခုနှစ် မတ်လတွင် နှုတ်ဆက်ခဲ့ရပါသည်။ ကျွန်တော်၏ နီဝါရောင်ဆံပင်

ပိုင်ရှင် ရုံးနီးနားချင်းဂယ်ရီစထရောင်းကို နောက်ဆုံးနှုတ်ဆက်ရန် အထူးဝမ်းနည်းမိပါ

သည်။ လွန်ခဲ့သော (၂)နှစ်အတွင်း ရင်းနှီးသော မိတ်ဆွေအဆင့်သို့ ရောက်ရှိကြပါသည်။

ကျွန်တော့်အသက်တာတွင် အကြီးစားလမ်းညွှန်ရာ၌ ဤလူကို ဘုရားသခင် အသုံးပြု

တော်မူသည်ဖြစ်၍ သူနှင့် ခွန်အားရစရာ စကားစမြည် ပြောကြတော့မည်မဟုတ်ပါ။

သို့သော် ဥရောပတိုက်သို့ ပြန်မသွားမီ မပြီးပြတ်သေးသော လုပ်ငန်းတစ်ခု

ရှိသေးသည်။ ၎င်းမှာ ကန်ဇမ် မီးရထားစီမံကိန်းသို့ ပြန်သွားရန်ဖြစ်သည်။ ဤခရီးစဉ်

အတွက် စောင့်ဆိုင်းနေသည်မှာ ကြာပါပြီ။ ဝပ်ဝါစွန်ဗင်ကားဖြူကလေးကို နိုင်ရိုဘီမြို့

တွင် ဝယ်ယူခြင်းဖြစ်သည့်အတွက် ထပ်မံမှတ်ပုံတင်ရန် နောက်တစ်ခေါက်ပြန်ယူသွား

လိုအပ်သည်။ ထို့ကြောင့် ဤမော်တော်ကား မှတ်ပုံတင်ခြင်းကို ဗင်ကားတွင် တရုတ်

ခရစ်ဝင်စာအုပ်များကို တင်၍ ဇမ်ဘီယာနှင့်တန်ဇန်နီးယားပြည်တို့ကို ဖြတ်သန်း၍

ကင်ညာသို့ သွားရန် အခွင့် အလမ်းတစ်ရပ်အဖြစ် အသုံးချဖို့ ဆုံးဖြတ်လိုက်ပါသည်။

ထို့ကြောင့်အဖရိကတွင် ရှိသော တရုတ်ကွန်မြူနစ်များ အလုံးနီးနီး တရုတ်ခရစ်ဝင် စာအုပ်ဖြန့်ဝေရန်

နောက်ဆုံးအခွင့်အရေး ဖြစ်ကောင်းဖြစ်နိုင်သည်။ ဝပ်ဝါကွန်ဗင်က နောက်ထိုင်ခုံနှင့်

ပစ္စည်းတင်ခန်းကို စာအုပ်သေတ္တာများကို အပြည့်တင်၍ ကော့စ်ဘေးနား၊ ဇမ်ဘီယာနှင့်

တန်ဇန်နီးယားနိုင်ငံဘက် လမ်းကိုလိုက်၍ ကင်ညာသို့ ဦးတည်ခဲ့ပါသည်။

လူမည်းလွတ်လပ်သော ဇမ်ဘီယာနိုင်ငံနှင့် လူရိုဒီရှားလူမည်း အကြမ်းဖက်

သမားများသည် ဇမ်ဘီယာတွင် အခြေစိုက်၍ ရိုဒီရှားထဲသို့ ခိုးဝင်သော လူဖြူများကို

တိုက်ခိုက်လေ့ရှိသည်။ ဤအကြောင်းကြောင့် နှစ်နိုင်ငံ အကြားနယ်စပ်ကို အတင်းပိတ်

ဆို့၍ သေချာစွာ စောင့်ကြပ်နေကြသည်။ မကြေညာသောစစ် ဆင်နွဲ့နေကြသည်။

ဒမ်ဘီယာသမ္မတကဲနက်ကွန်၊ ရိုဒီရှားဝန်ကြီးချုပ် အိုင်ယင်စမစ်ကို ရန်သူအကြီးဆုံး

အဖြစ် သဘောထားနေသည်။ နိုင်ငံ ရေးဆက်ဆံမှုတွင် ပြေလည်ဖို့ လမ်းစရှာဖွေခြင်း

ထက် ခုခံတိုက်ခိုက်မှု ပြင်းထန်လာကြသည်။ ထို့ကြောင့် ရိုဒီရှားမှ ဇမ်ဘီယာအောင်နိုင်သော

လမ်းတစ်ခုတည်းမှာ ဘော့စ်သွားနားပြည်ဘက်မှ ကွေ့ဝင်ဖို့သာရှိလေသည်။ ရိုဒီတွင်

အမြဲနေထိုင်သူဖြစ်လျှင် မော်တော်ယာဉ်ဖြင့် ခရီးသွားလာခြင်းကို အကြောင်းပြနိုင်သည့်

အချက်များမှာ နိုင်ငံကူးလက်မှတ်နှင့် ကင်ညာမော်တော်ယာဉ် မှတ်ပုံတင်နံပါတ်ပြား

ကိုင်ဆောင်ခြင်းကြောင့်ဖြစ်သည်။

ဘလီဗျူရီမှ စထွက်သောခရီးကို ဘူလာဝါယိုမြို့ရောက်သည့်အခါ ခဏ

နားလိုက်သည်။ နွားလှည်းတစ်စီးကို ပစောက်ကွေ့ကွေ့နိုင်အောင် ကျယ်ဝန်းသော

မြို့တော်လမ်းမကြီးထဲသို့ ဝင်သွားသောအခါ ခေါင်းမာသော ရိုဒီရှားကျောင်းသား ဆာလူ

ကို သတိရမိပါသည်။ သူနှင့်ဘာလာဝါယိုမြို့တွင် စတင် မိခြင်းဖြစ်သည်။ လူ

သည် မိုဇမ်ဘစ်တွင်နေခဲ့သည်မှာ (၁)နှစ်ပင် မပြည့်သေးပါး သူ့သတင်းကွက်ကြား

ကွက်ကြား ကြားမိသည့်တိုင်အောင် ကြားသမျှသတင်းသည် ခွန်အားရစရာဖြစ်သည်။

ကွမ်းဒွန်မီလမ်နှင့်အတူ သူသည် မိုဇမ်ဘစ်နိုင်ငံရေး အရှုပ်အထွေးကို အခွင့်

ကောင်းယူကာ လမ်းမပေါ်တွင် စာပေကျမ်းဂန်များကိုဖြန့်၍ ဝမ်းမြောက်ဖွယ်သတင်း

ကောင်းကို ရဲဝံ့စွာ ဝေငှနေကြသည်။ သို့သော် မိုဇမ်ဘစ်တွင် အမှုအရာတစ်ခု ဆူပူလာ

သည်။ တုတ်ရမ်းသော လွတ်လပ်ရေးတိုက်ပွဲဝင်သူ များသည် ထွက်ပြေးသော ပေါ်တူဂီ

ဖြူများကို ရက်ရက်စက်စက် သတ်ဖြတ်သည်ဟု ရင်တုန်စဖွယ်ကောင်းသော သတင်း

ထွက်လာသည်။ မိန်းမများကို အဓမ္မပြုလုပ်၍ ယောက်ျား၊ မိန်းမကလေးများကို ပစ်သတ်

ခြင်း၊ လှံစွပ်ဖြင့် ထိုးသတ်ခြင်း၊ သွေးအေးစွာ ဓားဖြင့် သတ်ဖြတ်ကြသည်။ မိုဇမ်ဘစ်တွင်

ဘေးကင်းချိန်မဟုတ်ပါ။ ဘူလာဝါယာမြို့ထဲသို့ မောင်းဝင်ရင်း ဆာလူ၊တွမ်၊ဒွန်

နှင့် အခြားအမှုတော်ဆောင်များအတွက် ဆုတောင်းပေးခဲ့ပါသည်။ “သခင်ဘုရား၊

တို့ကို ကွယ်ကာပေးတော်မူပါ။ ကိုယ်တော်၏ ကောင်းကင်တမန်များ စောင့်ရှောက်စေ

တော်မူပါ။

မိတ်ဆွေများနှင့်တစ်ညတာ နေကြပြီး နောက်တစ်နေ့ နံနက်တွင် အနောက်

မြောက်ဘက်ကို ဦးတည်ကာ ညနေပိုင်းတွင် ရိုဒီရှားမှ ဘော့စ်သွားနားသို့ ဖြတ်ဝင်သွားပါ

သည်။ ယခုရောက်ရှိနေသောနေရာသည် ဇမ်ဘယ်ဇီမြစ်အတိုင်း မိုင် (၄၀၀)ခန့် ရှည်လျား

သော ဇမ်ဘီယာနယ်စပ်မှ (၂)နာရီခရီး ရှိသည်။ ရေစီးသန်၍ ကျယ်ဝန်းသောမြစ်ကို

ဖြတ်ကူးနိုင်ရန် ဒီဇယ်ဆီဖြင့် မောင်းနှင်သော သံသမ္မာန်တစ်ခုသာရှိသည်။ ကူးတို့ပေါ်

တက်ရန် ခင်းထားသော ကျောက်စရစ်လမ်းပေါ်သို့ အဆင်းတွင် ဗင်ကားအရှိန်ကို လျော့

လိုက်ပါသည် ။ ဘီးများသမ္မာန်ပေါ်ထိသည့် အခါ သံမဏိထိသံ ထွက်လာသည်။

ကျွန်တော့်ဗင်ကားနှင့် အခြား မော်တော်ယာဉ်များ လိမ့်မသွားအောင် သံချေးတက်နေ

သော ကူးတို့တံခါးကို လုံခြုံစွာ ပိတ်ထားကြသည်။ ဒီဇယ်ဆီစက်သည် မီးခိုးလုံးမည်း

မည်းကို ထွက်လာကာ အသက်ဝင်လှုပ်ရှားလာကာ ဇမ်ဘီယာမြေပြန့်ဘက်သို့ (၁၀)မိနစ်

ခရီးစကြသည်။

ဗင်ကားထဲမှထွက်၍ ရေအောက်တွင် ကျက်စားနေသည်ဟု ကြိုတင် အသိ

ပေးထားသော ရေမြင်းများအန္တရာယ်ကာကွယ်ရန် သံပန်းတစ်ခုကို တင်းကြပ်စွာ ကိုင်ကာ

မတ်တတ်ရပ်နေပါသည်။ စိမ်းညိုညိုရေထဲကို ငုံ့ကြည့် ရင်း မကြာခင်ကြားခဲ့သော

ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုကို သတိရလာကာ ကြက်သီးမွေးညင်းထလာသည်။ တစ်နေ့၌

ရေမြင်းတစ်ကောင်သည် လှေတစ်စင်းမှောက်၍ ကမ္ဘာလှည့်ခရီးသည်တစ်ယောက်ကို

ကိုက်သတ်ခဲ့သည်ဟုဆိုသည်။ ကျွန်တော်တို့၏သမ္မာန်သည် သံချေးတက်သော်ငြား

လည်း ခိုင်ခံ့ပုံရှိသည်။ ဤလမ်းကြောင်းသည် ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်

သောလမ်းကြောင်းမဟုတ်သော်လည်း ဤမြစ်ကိုအကြိမ်(၁၀၀)ခန့် ဖြတ်ကူးခဲ့သည်မှာ

ယုံမှားစရာမရှိပါ။ ဘေးကာသံပန်းကို ကျွန်တော် တစ်အား ဆုပ်ကိုင်လွန်းသဖြင့် ချွေးများ

တစ်ဒီးဒီးထွက်လာသည် ။ ရေမြင်းပေါများသော မြစ်ရေထဲသို့ လိမ့်ကျဖို့ စိတ်ပူပန်ခြင်း

မဟုတ်ဘဲ တစ်ဘက်၌ စောင့် ကြိုဖွယ်ရှိသော အန္တရာယ်ကြောင့်ဖြစ်သည်။

နိုင်ငံရေးမတည်ငြိမ်သော ဤအချိန်အခါများတွင် အာဖရိကတိုက်ရှိနိုင်ငံများ၌

တင်းတင်းကြပ်ကြပ် စည်းမျဉ်းသတ်မှတ်ထားသည်။ ကျွန်တော်သည် နယ်စပ်ကို

ဖြတ်ကျော်ရုံမျှ မဟုတ်ဘဲ ဇမ်ဘီယာပြည်က လက်မခံနိုင်သော ရိုဒီရှားတွင် အမြဲနေထိုင်

သူ၊ တရားမဝင် တရုတ်စာများကို သယ်ဆောင်၍ ဝင်ရောက်ရန် ကြိုးစားနေသူဖြစ်သည်။

နယ်စပ်ကို အကြိမ်ကြိမ်ဖြတ်ကျော်၍ စာအုပ်များကို တင်သွင်းခဲ့သော်လည်း စိတ်ပူပန်မှု

လျော့နည်းသည်ဟု မရှိခဲ့ပါ။ ယခုအချိန်အထိ ပိတ်ပင်ခြင်းမခံခဲ့ဘူးပါ။ ယနေ့

ဖြစ်မြဲဖြစ်စဉ်နှင့်လွဲကောင်းလွဲနိုင်သည်။ “သခင်ဘုရား ရှာဖွေစစ်ဆေးနေသော မျက်စိမျာ

ကိုကန်း စေတော်မူပါ။ တိတ်ဆိတ်စွာ နောက်တစ်ကြိမ် ဆုတောင်းမိပါသည်။

မြစ်ကိုဖြတ်ကူးသော ဆယ်မိနစ်ခရီးပြီးဆုံးသွားပြီ။ ဗင်ကားထဲသို့ ပြန်ထိုင်ကာ

ကျောက်စရစ်ခင်းသောလမ်းအတိုင်း မောင်းသွား၍ နံရံတွင် ရေညှိ များတွဲလောင်း

ပေါက်နေသော အကောက်ခွန်ရုံးအပြင်တွင် ဗင်ကားကို ရပ်လိုက်ပါသည်။ အထဲသို့

ဝင်သွားသောအခါ တူညီဝတ်စုံဝတ်ဆင်သော ဇမ်ဘီယာအကောက်ခွန်အရာရှိတစ်ဦးက

ကြိုဆိုလေသည်။ သူသည် သစ်သားစားပွဲခုံ၏နောက်တွင် ထိုင်နေသည်။ ပုံစံတစ်ခုကို

လှမ်းပေးပြီး ရင်ဘတ်ခန့်မြင့်သော စင်တစ်ခုကို လက်ညှိုးထိုးပြ၍ ဟိုအပေါ်မှာဖြည့်ပါ။

လာသမျှ ပစ္စည်းအားလုံး အသေးစိတ်စာရင်း လိုချင်တယ်။

မတ်တတ်ရပ်၍ ပုံစံကို စေ့စေ့စပ်စပ် လေ့လာပြီးမှ ပါလာသော ကလောင်တံ

ဖြင့် ဆွီနိုင်ငံကူးလက်မှတ်မှ သက်ဆိုင်သောအချက်များကို ကူးယူပါသည်။ ကိုယ်ပိုင်

ပစ္စည်းစာရင်းများကို မှတ်မိနိုင်သလောက် ထည့်ရေးပြီး ပါလာသော အင်္ဂလိပ်စာအုပ်

အမျိုးမျိုးနှင့် ဝေစာများကိုလည်း ကျေညာရန် ထည့်ရေးလိုက်ပါသည်။ သို့ သော် တရုတ်

စာများကိုမူ ဖော်ပြခြင်းမပြုပါ။ ထည့် သွင်းလျှင် အန္တရာယ်ကိုဖိတ်ခေါ်ရာ ရောက်ပေ

လိမ့်မည်။ အရာရှိထိုင်နေသော စားပွဲသို့ ပြန်သွားပြီး ဖြည့်စွက်ထားသောပုံစံကို

လက်ကမ်းလိုက်ပါ သည်။ လက်ခံယူ ပြီးသေချာစွာ စစ်ဆေးနေသည်။ ဒါကြောင့်

ဦဇာလန်ကလာတာကိုး မစ္စတာလက်ခ်။ ကျွန် တော့်ကြွက်သားများ တင်းမာလာသည်။

ဤခရီးက ဘယ်ကစတင်လာသည် ၊ ဘေ့စ်ဘေးနားတွင် ဘယ်လောက်ကြာအောင်နေ

ထိုင်ခဲ့သည်ဟု မေးများမေးမည်လား။ မေးလျှင်လည်း (၂)နာရီလောက်ပဲနေသည်ဟု

ဖြေရပါမည်။ ဤသို့ဆိုလျှင် ချက်ခြင်းမသင်္ကာစရာဖြစ်လာမည်။ သို့ သော် သူက

ကပ်သီးကပ်သပ် မမေးသဖြင့် ကျွန် တော်လည်း လျှာမရှည်တော့ပါ။

“သမ္မာကျမ်းစာအုပ်များနှင့် ခရစ်ယာန်ဝေစာများပါလိမ့်မယ်လို့ ငါထင်ပါတယ်

ဟု သူက မှတ်ချက်ပေးရာ ကျွန်တော် အသက်ရှုအောင့်လာသည်။

ဟုတ်ကဲ့၊ ပါပါတယ်ဟု လေးလေးလံလံ ဖြေလိုက်ပါသည်။ ဘာသာရေးစာပေ

များ ယူလာဖို့ တရားမဝင်ဘူး၊ဟုတ်လား။

အို မဟုတ်ပါဘူး။ ကောင်းပါတယ်ဟု သူက ပြန်ဖြေသည်။ ကျွန်တော် ကိုယ်

တိုင် ယေရှုကို ယုံကြည်သူတစ်ဦးဖြစ်လို့ စိတ်ဝင်စားမိတာပါ။ တင်းမာသော ကျွန်တော်

ကြွက်သားများ လျော့လာပြီး အသက်ရှုချောင်လာသည်။

ဟုတ်သလား။ အတော်ထူးဆန်းတယ်။ ကမ္ဘာတစ်ဝန်းတွင် ကျွန်တော်

နယ်စွန်နယ်စပ် ဖြတ်ကျော်သမျှနေရာတွင် ခရစ်ယာန်အကောက်ခွန်အရာရှိနှင့် ပက်ပင်း

တိုးမိသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဘုရားသခင်သည် ရှေ့သို့ကြွတော်မူ၍

လမ်းဖွင့်ပေးတော်မူသည်။ “ကျေးဇူးတင်ပါတယ် သခင်ဘုရား၊ မိမိတို့၏ယုံကြည်ခြင်း

အကြောင်းကို စတင်ဖလှယ်ကြသည်။ လူငယ်သာသနာပြုအဖွဲ့အကြောင်းနှင့် အာဖရိက

တိုက်တွင် လုပ်ဆောင်ချက်များကို ပြောပြပါသည်။ သို့သော် ရိုဒီရှားပြည်ထဲက လုပ်ငန်း

အကြောင်းကိုတော့ ဖွင့်မပြောမိအောင် သေချာစွာ ဂရုစိုက်ရပါသည်။ တစ်ချိန်လုံး

အကောက်ခွန်အရာရှိသည် ကျွန်တော်ဖြည့်ထားသော အကောက်ခွန်ပုံစံကို တံဆိပ်တုံး

ကို ကိုင်ထားလေသည်။

တစ်အောင့်လောက်ကြာသောအခါ စာရင်းကို တစ်ဖန် စစ်ဆေးပြန်သည်။

အခြားစာအုပ်စာတမ်းများ ပါသေးသလားဟု မေးသည်။ သူ့ကို ဆိုင်းဆိုင်းတွေကြည့်ပြီး

ရှာကြည့်သည်။ မပါဘူးဆိုလျှင် တမင်တကာ လိမ်ညာခြင်းဖြစ်သည်။ သို့သော်

သူက ယုံကြည်သူတစ်ဦးဖြစ်သည်။ ခွင့်ပြုကောင်းခွင့်ပြုလိမ့်မည်။ ထို့ကြောင့် စိတ်မပါ

ဝန်ခံလိုက်သည်။

ဟုတ်ကဲ့၊ တရုတ်ခရစ်ဝင်စာအုပ်များကိုတော့ ပါလာပါတယ်။

ဒါဆိုရင် ခင်ဗျားစာရင်းထဲ ထပ်ထည့်ဖို့လိုတယ်ဟု ယဉ်ကျေးစွာ ပြောသည်။

သို့သော် ခပ်တည်တည်နှင့်ပြော၍ ပုံစံကို ပြန်ပေးလေသည်။ တခြား မတတ်နိုင်ဖြစ်ရကာ

စိတ်မပါတပါနှင့် ပုံစံကိုပြန်ယူ၍ ကလောင်တံကိုဆွဲထုတ်ကာ ပုံစံနောက်ဆုံးစာရင်းတွင်

တရုတ်ခရစ်ဝင်စားအုပ်များဟု ထပ်ဖြည့်လိုက်သည်။

အဆင်ပြေပါတယ်ဟု ပြောဆိုကာ ပုံစံကို တရားဝင် အပြာရောင်တံဆိပ်တုံးထု

၍ ကျွန်တော့်ကို ပြန်ပေးရင်း ခရီးစဉ် သာယာပါစေ။ဘုရားသခင်စောင့် ရှောက်ပါဟု

သူ့ကို မယုံကြည်နိုင်လောက်အောင် ကျွန်တော် ကြည့်နေမိပါသည်။ ကျွန်တော်တွင်

တရားမဝင်စာအုပ်များ ရှိသည်ကို သူသိသည်။ စာရင်းထဲမှာပင် ထည့်ထားခိုင်းသည်။

သို့သော်ငြားလည်း ထပ်မံစစ်ဆေးမေးမြန်းခြင်းမပြုဘဲ ကျွန်တော့်ကို လွတ်လိုက်

လေသည်။

တစ်ခါမျှမကြုံဖူး ဤတစ်ကြိမ်တွင် ဘုရားသခင်သည် အဖြစ်အပျက်များ

အမှုအရာများကို ပြောင်းပြန်ဇာတ်တိုက်ထားသလားဟု ထင်ရသည်။ စစ်ဆေးသော

မျက်စိများကို ကန်းစေမည့်အစား ခိုးကြောင်ခိုးဝှက်ယူလာသော ပစ္စည်းများကို တရားဝင်

ဖော်ထုတ်စေတော်မူသည်။ လူသိရှင်ကြား ကျေညာစေသောသူမှာလည်း ခရစ်ယာန်

တစ်ဦးဖြစ်ပြန်သည်။ ဤစပ်ကြားထဲက သွားခွင့်ပြုလိုက်သေးသည်။ “ဘာဖြစ်လို့

ပါလိမ့်သခင်ဘုရား။ ၎င်းစာရွက်စာတမ်းများ ဘာဖြစ်လို့ ကြေညာဖို့လိုသလဲ” အဓိပ္ပာယ်

မရှိ စဉ်းစားလို့မရပါ။ ၎င်းနေ့ နယ်စပ်တွင် ၎င်းခရစ်ယာန်အကောက်ခွန်အရာရှိကို

တာဝန်ကျရန် ဘုရားသခင် စီစဉ်တော်မူသည့်အကြောင်းနှင့် အကောက်ခွန်ကျေညာပုံစံ

ထဲတွင် ၎င်းတရုတ်စာအုပ်များကိုထည့်ရန် အရေးကြီးပုံတို့ကို နောင်အခါကျမှ ကျွန်တော်

သဘောပေါက်ခဲ့ပါသည်။ ဤအတိုင်းသာ မလုပ်မိလျှင် အကျိုးအကြောင်း တစ်မျိုးတစ်မည်ဖြစ်လာဖွယ်ရှိသည်၎င်းနေ့ သည် နေ့တာရှည်ဖြစ်၍ အကောက်ခွန်ရုံးမှ ပြန်ထွက်လာသည့် အခါညနေပိုင်း နေဝင်ခါစဖြစ်နေပြီ။ ၎င်းညနေ နယ်စပ်မှမ ဝေးသော အာဖရိကတိုက်သားသင်းအုပ်ဆရာတစ်ပါးထံတွင် ရပ်နားပါသည်။ နောက်တစ်နေ့ နံနက်စောစော လေ

တစ် ချွန်ချွန်ဖြင့် ခရီးဆက်ထွက်သည်။ ဘုရားသခင် အတူရှိကြောင်း စိတ်ထဲတွင်

လွတ်လပ်မှုတစ်ရပ် ခံစားနေပါသည်။ သင်တန်းကျောင်းများ တာဝန်နှင့်ရိုဒီရှားတွင်

လူငယ်သာသနာပြုအဖွဲ့ အခြေစိုက်စခန်းတာဝန်များကို ကျောခိုင်းလိုက်ပါပြီ။

မြောက်ဘက်သို့ ဦးတည်၍ မြက်တောလွင်ပြင် လမ်းမကြီးအတိုင်း မောင်းနှင်နေပါသည်။

ကျွန်တော့်ဘေးထိုင်ခုံပေါ်တွင် အင်္ဂလိပ်စာဖြင့် ဝေစာနှင့်စာအုပ်ငယ်ထည့်ထားသော

ကတ်ထူသေတ္တာကို တင်ထားပါသည် ။ ရွာတစ်ရွာရောက်သောအခါ ဗင်ကားကို

ဖြည်းဖြည်းမောင်း၍ လမ်းဘေးဈေးဆိုင်ထဲက ပရိသတ်နှင့်လမ်းအတိုင်း သွားလာနေ

ကြသောသူများအား ကားတံခါးပေါက်မှစာအုပ်များကို ပစ်ချပေးလိုက်ပါသည်။ လု၍

ကောက်နေကြသည်။ စာအုပ်အလွန်ရှားပါးသဖြင့် တွေ့သမျှစာအုပ်များကို ကောက်ဖတ်

ရန် စိတ်အားထက်သန်ကြသည်။ စာအုပ်များ၊ ဝေစာများကို ကောက်ဖတ်နေကြသည်ကို

နောက်ကြည့်မှန်မှ မြင်သောအခါ မပြုံးဘဲမနေနိုင်ပါ။

ဇမ်ဘီယာတွင် ဒုတိယညကို လူဆာကာမြို့ရှိ သာသနာပြု မိတ်ဆွေများထံတွင်

တွင် တည်းခိုပြီး တစ်ဖန် စာပေကျမ်းဂန်များကို ကမ်းပေးရန် နောက်တစ်နေ့ ခရီးဆက်ထွက်ခဲ့ ပါသည်။ ရွာတစ်ရွာဖြတ်သန်းတိုင်း၊ လမ်းပေါ်တွင်တွေ့သမျှအား စာအုပ်များနှင့်ဝေစာ

ရွက် များကို ပေးကမ်းနေရသည်မှာ ပျော်ရွှင်မှုဖြစ်စေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်

ကို ကြားပြောနေသည်မဟုတ်ပါလား။ သို့ သော် ဤခရီးစဉ်၏ အဓိက ပစ်မှတ်မှာ

တရုတ်များဖြစ်သည်။ ဇမ်ဘီယာခရီး သုံးရက်ပြီးဆုံးခါနီးတွင် ကူမြစ်ဗဟိုခရိုင်

အနီးသို့ ရောက်သည့်အခါ တန်ဇမ်မီးရထားစီမံကိန်းလုပ်ငန်းခွင်ကို ပထမဆုံး လှမ်းမြင်

လိုက်ပါသည်။ တရုတ်နှင့် အာဖရိကအလုပ်သမားများ တွေ့မလားဟု မျက်လုံးကစား

ကြည့်သည်။ မှောင်တော့မည်ဖြစ်၍ တစ်နေ့တာ အလုပ်သိမ်းချိန်ဖြစ်သည်။ မိုးချုပ်ခါနီး

သော် သံဆူးကြိုးကာရံထားသော တရုတ်စခန်းကို ပထမဆုံးမြင်ခဲ့ပါသည်။ ဝတ်စုံဝတ်

ထားသော အာဖရိကတိုက်သားနှစ်ယောက် စခန်းကို စောင့်ကြပ်နေကြသည်။ ညမှောင်

လာသည့်အပြင် တစ်နေကုန် ခရီးကြောင့် အင်အားကုန်ခမ်းလာသဖြင့် ညရပ်နားဖို့

ဤနေရာသည် အခြားနေရာနှင့် ထူးခြားမည်မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။

ရေချိုးဖို့ နေရာမရှိ၊ စားသောက်စရာလည်းပါမလာ။ ကားနောက်ထဲက

စာအုပ်ထုတ်များကို ဘေးဖယ်၍ အိပ်ရာလိပ်ကို ဖြန့်ထုတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်

သွားပါသည်။ ကားပြတင်းပေါက်မှ နေရောင်ခြည်ဝင်လာသောအခါကျမှ နိုးပါသည်။

နေရောင်ခြည်တစ်ခုတည်းမဟုတ်ဘဲ ဘုရားသခင်သည် ကျွန်တော်နှင့်အတူ ရှိတော်မူ၍

အလိုတော်အတိုင်း ဤနေရာသို့ ရောက်ရှိနေသည်ကို အသိစိတ်မှ နွေးထွေးမှုကိုလည်း

ခံစားနေရပါသည်။

အိပ်ရာမှထ၍ မှုန်တုန်တုန်ဖြင့် ပြတင်းပေါက်မှ အပြင်ဘက်သို့ လှမ်းကြည့်

သည်။ အာဖရိကကင်းသမားများ တရုတ်စခန်းကို စောင့်ကြပ်ကြသည်ကို မြင်နိုင်သည်။

မြက်တောကြားမှနေ၍ အလုပ်သမားများနေထိုင်သော တန်းလျားများကို ဝိုတိုးဝါးတား

မြင်နေသည်။ ဤလူများအတွက် သနားကြင်နာစိတ် တဖွားဖွားပေါက်လာသည်။ ဤနေ့

တစ်ခုခုတော့ ထူးခြားမည်ဟု စိတ်ထဲတွင် ခံစားမိပါသည် ။ ကိုယ်စိတ်နှစ်ပါး အားတက်

လာသည်။ စခန်းအားလုံးနှင့် မီးရထားအလုပ်သမားများထံသို့ အရောက်သွား၍ ဧဝံဂေလိ

စာပေများကို ဖြန့်ဝေဖို့ အစီအစဉ်ကြောင့် ဖြစ်ကောင်းဖြစ်မည်။ တစ်ဖက်တွင်လည်း

အစစအရာရာ ချောချောမောမောဖြစ်ချင်မှဖြစ်မည်ဟူသော သတိပေးချက်ကို အတွင်းစိတ်

ထဲ၌ ပေါ်လာသည်။ မျက်မှန်ကိုတပ်၍“နေ့စဉ်အလင်း”ကို နိုက်ယူ၍ မတ်လ(၂၈)ရက်နေ့

အတွက် သတ်မှတ်ထားသော သမ္မာကျမ်းစာကို ဖတ်ကြည့် ပါသည်။

“အားယူ၍ရဲရင့်ခြင်းရှိလော့။”“ထာဝရဘုရားသည် ငါ၏ အလင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။

ငါသည် အဘယ်သူကို ကြောက်ရအံ့နည်း၊ မောပန်းသောသူတို့အား ခွန်အားကိုပေးတော်

မူ၍ စိတ်နှလုံးပင်ပန်းသောသူ၏ တန်ဖိုးကို တိုးပွားစေတော်မူ၏။ လူငယ်တို့သည်

မောပန်း၍ လဲကြသော်လည်း ကိုယ်တော်၌ မျှော်လင့်ခြင်းထားသောသူတို့သည် ခွန်အား

ကို အသစ်တဖန် ပြည့်စေလိမ့်မည်။ ရွှေလင်းတတောင်ပံကဲ့သို့ ပျံသန်းလိမ့်မည်။

ပြေးသော်လည်း မမောရ။ လျှောက်သော်လည်း အားမကုန်ရ။”

“ငါ၏ အသွေးအသားသည် ရှုံးနိမ့်သော်လည်း ဘုရားသခင်သည် ငါ၏စိတ်

နှလုံးခွန်အား၊ ထာဝစဉ်ပိုင်တော်မူ၏။ ဘုရားသခင်သည် ငါတို့ဘက်၌ ရှိတော်မူလျှင်

အဘယ်သူသည် ငါတို့ကို ဆန့်ကျင်နိုင်မည်နည်း။ သခင်ဘုရားသည် ငါနှင့်အတူ ရှိ

တော်မူ၏။ ငါသည် မကြောက်မလန့်ရ။ လူသည် ငါ့ ကိုအဘယ်သို့ တတ်နိုင်မည်နည်း

နေ့စဉ်အလင်းစာအုပ်ကိုပိတ်၍ ဖတ်ရှုခဲ့သော စာသားဖြင့် ဆုတောင်း လိုက်ပါ

သည်။ “သခင်ဘုရား၊ ယနေ့ ကျွန်တော့်ရှေ့တွင် ကြွတော်မူပါ။ ရှေ့ဆက် ဘာဖြစ်မည်

မသိပါ။ သို့သော် ကိုယ်တော်၏ နှုတ်ကပတ်တော်ပြောတယ်။ ကိုယ်တော်သည် အကျွန်ုပ်

ဘက်မှာရှိလျှင် မည်သူဆန့်ကျင်နိုင်မည်နည်း။ ကျွန်ုပ်၏ ကယ်တင်ရှင်ဖြစ်တော်မူသည့်

အတွက် ကျေးဇူးတင်ပါ၏ ။အားယူ၍ရဲရင့် ပါမည်။ မကြောက်မလန့်ရပါ။

အိပ်ရာမှ ရုန်းထွက်၍ ယာဉ်မောင်းထိုင်ခုံတွင် တက်ထိုင်ကာ ကိုက် (၁၀)ခန့်

ကွာဝေးသော အာဖရိကကင်းသားနှစ်ယောက် မတ်တတ်ရပ်နေကြသော ခြံဝင်းသို့

ဗင်ကားကို မောင်းနှင်ပါသည်။ ကျွန်တော့်သင်တန်းသားများ စံနမူနာကြောင့် ရဲသွေး

မွေးပြီး တည့်တည့်မတ်မတ် ချည်းကပ်ရန် ဆုံးဖြတ်လိုက်ပါသည်။ အင်္ဂလိပ်စာအုပ်

တချို့ကို နှိုက်ယူ၍ ၎င်းအကြားတွင် တရုတ်စာအုပ်တချို့ကို ညှပ်လိုက်သည်။ ပြီးလျှင်

ကားပေါ်မှဆင်း၍ အာဖရိကကင်းသမားတစ်ယောက်ကို ချည်းကပ်ရာ သူက မျက်လုံးပြူး

၍ကြည့်ပြီး ဘာလုပ်မှန်းမသိ အူကြောင်ကြောင် ဖြစ်နေပါသည်။ ဒီမှာ၊ ခင်ဗျားအတွက်

လက်ဆောင်ဟု ကျွန်တော် စာအုပ်ထုတ်ကို ကမ်းပေးလိုက်သည်။

ဟုတ်လား၊ ကျေးဇူးတင်ပါတယ်ဟု ပြောပြောဆိုဆို အသာကလေး ချောင်းဆိုး

၍ မမျှော်လင့်သော လက်ဆောင်ကြောင့် အံ့ဩပုံရှိလေသည်။

စာအုပ်အနီများ တရုတ်များကိုပေးလိုက်ပါ။ဟုတ်ကဲ့၊ ပေးပါ့မယ်ဟု သူက ကတိပြုလိုက်သည်။

စာအုပ်များကိုပေးကမ်းပြီးသည့်သကာလ အချိန်မဆိုင်းတော့ဘဲ ကားပေါ်သို့

တက်၊ စက်နိုး၍ သုတ်ခြေတင်ခဲ့ပါသည်။ ကျွန်တော်ဘာလုပ်ခဲ့သည်ကို မည်သူမျှ မရိပ်မိ

မီ ဝေးနိုင်သလောက်ဝေးအောင် စိတ်ကူးနေပါသည်။ စခန်းကို လှမ်းမမြင်တော့သည့်

အခါ ကားအရှိန်ကိုလျော့၍ တရုတ်နှင့်အာဖရိက အလုပ်သမားများကို ရှာကြည့်ပါသည်။

သို့သော် သူတို့သည် လမ်းမကြီးနှင့် အလှမ်းဝေးသဖြင့် တွေ့ဖို့မလွယ်ကူပါ။ နာရီဝက်ခန့်

ဆက်မောင်းသည့် အခါကျမှ ပထမဆုံး မီးရထားအလုပ်သမားများကို မြင်ရပါသည်။

သူတို့သည် မိုးမလင်းခင်ကတည်းက အလုပ်ဆင်းကြသည်။ ပေါက်ချွန်းပေါက်ပြားများ

အသုံးပြု၍ အာဖရိက အလုပ်သမားများသည် သစ်သားအောက်ခံများကိုချ၍ မီးခိုးရောင်

မော်ဝတ်စုံပွပွဝတ်ထားသော တရုတ်များက ကြီးကြပ်နေသည်။ အာဖရိကအလုပ်သမား

များ၏ ဗဟုသုတကင်းမဲ့မှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအသိပညာရှိသော တရုတ်များ

အား စာပေကျမ်းဂန်များကိုပေးဖို့ တားမြစ်ထားသည်ဟု သိကြသည်။ အခြားအဖွဲ့ နှင့်

ခပ်လှမ်းလှမ်းတွင် သီးခြားလုပ်ကိုင် နေကြသော အာဖရိကအလုပ်သမားများအား

ချည်းကပ်ပြီး ဖတ်ဖို့စာအုပ်များ မလိုချင်ကြဘူးလားဟု ကားတံခါးပေါက်မှ မေးကြည့်ပါ

သည်။ အာဖရိကကင်းသမားအား ပေးကမ်းသကဲ့သို့ အင်္ဂလိပ်စာအုပ်များကြားထဲတွင်

တရုတ်စာအုပ်များကို ညှပ်ထားပါသည်။

ဟုတ်ကဲ့ ဖတ်ချင်ပါတယ်ဟု ပြော၍ ပေါက်ချွန်းများကို ချထားကာဗင်ကားဆီသို့လာကြသည်။

အင်္ဂလိပ်စာအုပ်များက မင်းတို့အတွက် စာအုပ်အနီများကတော့ တရုတ်များအတွက်ပါဟု ရှင်းပြရင်း ကားပြတင်းပေါက်မှ စာအုပ်များကို ကမ်းပေးလိုက်ပါသည်။ ချိုချဉ်အခမဲ့ရရှိသောကလေးများကဲ့သို့ အာဖရိကတိုက်သားများသည် စာအုပ်များကို မက်မက်မောမော လက်ခံကြလေသည် ။ ကားဘီးများကို ဖုံတစ်ထောင်းထောင်း ဖြင့် သုတ်ခြေတင် မောင်းထွက်ပါသည်။ သို့မဟုတ်လျှင် တရုတ်ကြီးကြပ်မှူးများ

မှ မြင်၍ ကျွန်တော်လုပ်နေသည်ကို မေးလားမြန်းလားလုပ်ပြီး ကျွန်တော့်ကားနံပါတ်

ကို မှတ်ကောင်းမှတ်သားကြလိမ့်မည် ။ မိုင်အနည်းငယ်ခန့် လိုက်လာသော မော်တော်

ယဉ်များရှိမည်လားဟု နောက်ကြည့် မှန်ထဲကိုသာ အာရုံစိုက်ကြည့် နေပါသည်။

နောက်နာရီဝက်ခန့်ကြာသောအခါ အလုပ်သမားတစ်ဖွဲ့ ထပ်တွေ့ရာတွင်

စောစောက နည်းပရိယာယ်အတိုင်း အသုံးပြုရာ အလားတူ တုံ့ပြန်မှုရရှိခဲ့ပါသည်။

တစ်ဖန် ကျွန်တော် စိတ်ပူပန်စပြုလာသည်။ ဤအတိုင်းဆက်လုပ်လျှင် မသင်္ကာစရာ

ဖြစ်လာနိုင်သည်။ နည်းနည်းလှည့်ပတ်မှ သင့်တော်မည်။ ထို့ကြောင့် အလုပ်သမား

နောက်တစ်ဖွဲ့ တွေ့သောအခါ တစ်မျိုးတစ်ဖုံ ချည်းကပ်ရန် ကြိုးစားကြည့်သည်။ သူတို့

နားကိုကပ်၍ ကားပြတင်းပေါက်ကိုဖွင့်ကာ ခေါင်းကိုပြူထွက်ပြီး ဓာတ်ဆီရောင်းဖို့များ

မရှိကြဘူးလားဟု မေးကြည့်သည်။ အာဖရိကလုပ်သားက ခေါင်းခါပြသည်။

ဝမ်းနည်းပါတယ်၊ဓာတ်ဆီမရောင်းဘူး။ ကျွန်တော် ဝမ်းနည်းဟန်ပြသည်။

အိုဒုက္ခပါပဲ။ ဆက်လက်၍ သတိရဟန်ဖြင့် ကျွန်တော်အမှတ်တမဲ့ မေးကြည့်

သည်။ စကားမစပ်၊ ဖတ်စရာစာအုပ်များ မလိုချင်ကြဘူးလား။ တရုတ်ကြီးကြပ်ရေးမှူး များ

စောင့်ကြည့်ခြင်း ရှိမရှိသေချာအောင် ပတ်ကြည့်ပြီးမှ ကားပြတင်းပေါက်မှတစ်ဆင့်

စာအုပ်တစ်ထုတ်ကို ကမ်းပေးလိုက်သည်။ အာဖရိကတိုက်သား၏ မျက်လုံးများ ပွင့်လာသည်။

ကျေးဇူးတင်ကြောင်း ပြောဆိုရင်း စာအုပ်ထုတ်ကို လှမ်းယူလိုက်ပါသည် အခြား

အာဖရိကတိုက်သားတစ်ယောက်က ဘာဖြစ်နေကြသလဲဟု ကြည့်ရန်လာသည်။ သူ့ကို

လည်း စာအုပ်တစ်ထုတ်ကိုပေးကာ ယခင်အတိုင်း မှာလိုက်သည်။ အင်္ဂလိပ်စာအုပ်က

ခင်ဗျားတို့ အတွက်ဖြစ်မယ်။ အနီများကတော့ တရုတ်များအတွက်ဖြစ်ပါတယ်။ ခေါင်း

တညိတ်ညိတ်ဖြင့် မမျှော်လင့်သောရတနာဖြင့် ဝမ်းမြောက်ဝမ်းသာစွာ ပြန်လှည့်သွားသည်။

ရပ်နား၍သူတို့နှင့် စကားထပ်ပြောချင် လေရဲ့။ သို့သော် ဤအနီးအနားယောင်လည်လည်လုပ်ရန် အန္တရာယ်ထူပြောလွန်းသည်။ တရားမဝင်သော ပစ္စည်းပေးကမ်းပြီးသည့်သကာလ အမြန်ဆုံးထွက်သွားရန် လိုအပ်ပါသည်။ လျင်မြန်ခြင်းသာလျှင် အကွယ်အကာ တန်ခိုးကြီးဆုံးဖြစ်သည်။ စက္ကန့်အနည်းငယ်အတွင်း ရထားလမ်း

အလုပ်သမားများနှင့်အလှမ်းဝေးကွာသွားပြီဖြစ်သည်။ ကျွန်တော်ဘာလုပ်သလဲဟု အလုပ်သမားများ အမေးခံလျှင် ဓာတ်ဆီလာမေးသည်ဟု ဖြေကောင်းလိမ့်မည်။

“သခင်ဘုရား၊ ၎င်းစာအုပ်များကို စိတ်နှလုံးပြင်ဆင်သောသူများ၏လက်ထဲသို့

ချည်းကပ်ပုံနည်းသစ် အဆင်ပြေသွားပြီး စာအုပ်ငတ်နေကြသော အာဖရိက

အလုပ်သမားများသည် မက်မက်မောမော လက်ခံ၍ အဖုံးနီခရစ်ဝင်စာအုပ်များကို တရုတ်

များထံသို့ လက်ဆင့်ကမ်းဖို့ ဆန္ဒရှိကြပုံရှိသည်။ သို့ သော် အလုပ်သမားများကို

မှ တိုက်ရိုက်တွေ့ရန် မလွယ်ကူပါ။ မည်သည့်လမ်းလိုက်လျှင် သူတို့နှင့်တွေ့နိုင်မှန်းမသိ

သဖြင့် မတွေ့ ဘဲ ဘယ်နှစ်ဖွဲ့ ကျော်သွားခဲ့သည်ကို တွေးကြည့်သည့်အခါ စိတ်မကောင်း

ဖြစ်နေမိပါသည်။

တစ်မနက်လုံး လှုပ်ရှားမှုတက်ကြွမှုနှင့် ကိုယ်စိတ်နှစ်ပါး ဖိစီးမှုဒဏ် စတင်

လာပြီ။ တရုတ်-အာဖရိကမီးရထားအလုပ်သမားအုပ်ကို တွေ့သည့်အခါတိုင်း နယ်စပ်

အသစ်ဖြတ်ကျော်သလိုဖြစ်လာသည်။ အာဖရိက အလုပ်သမားများ၏ တုံ့ပြန်မှု ဘယ်လို

ဖြစ်မည်လဲ သို့မဟုတ် တရုတ်ကြီးကြပ်သူများ ကျွန်တော် ဘာလုပ်နေသည်ကို ရိပ်မိ၍

ကျွန်တော့်ကို လိုက်လာလျှင် ဘယ်လိုဖြစ်မည်လဲ ကျွန်တော် မကြံစည်တတ်အောင်ဖြစ်

နေသည်။ နံနက်စာရော၊ ညနေစာပါ မစားရ၊ ရွာတစ်ရွာဖြတ်သန်းလာရင်း သစ်သီး

လက်တစ်ဆုပ်စာကိုသာ သွားရင်းလာရင်း စားခဲ့သည်။ နေတော်တော်မြင့်ချိန်တွင်

ဆယ်ရင်ဂယ်မြို့သို့ ရောက်သွားသည်။ ဆာလည်းဆာ မောလည်းမောသဖြင့် ရပ်နားပြီး

ဒေသခံ ခရစ်ယာန်အမှုတော်ဆောင်တစ်ဦးကို ရှာဖို့ ဆုံးဖြတ်လိုက်သည်။ ဤပတ်ဝန်း

ကျင်တွင် တရုတ်အမြောက်အမြား နေထိုင်ကြသည်။ ဒေသခံအမှုဆောင်၏အသင်း

တော်မှ တရုတ်များထံ ခရစ်ဝင် စာအုပ်များကို ဖြန့်ဝေရန် ဆန္ဒရှိနိုင်သည်။

ဆယ်ရင်ဂယ်မြို့သည် သေးငယ်သော မြို့တစ်မြို့ဖြစ်သည်။ လမ်းလျှောက်

သော အာဖရိကတိုက်သားတစ်ယောက်ကို မေးကြည့်ရာ သူသည် ပရက်စ်ဘီတေးရင်း

အမှုတော်ဆောင်တစ်ဦးထံသို့ လမ်းညွှန်သည်။ သူ့နာမည်က သိက္ခာတော်ရဆရာ ဘူလန်

ဂါနိုဖြစ်ပြီး ဤမြို့တွင် သူ့အသင်းတော်က အကြီးဆုံးဖြစ်သည်။ သွပ်ပြားမိုးအုတ်တိုင်ဖြူ

ရှေ့တွင် ဗင်ကားကိုရပ်၍ ကားပေါ်မှဆင်းကာ တံခါးကိုခေါက်ကြည့်သည်။ ကျကျနန

ဝတ်ဆင်ထားသော သိက္ခာတော်ရဆရာဘူလန်ဂါနိုဟု ယူဆရသော သူက တံခါးလာဖွင့်

သည်။ မိမိကိုယ်ကို မိတ်ဆက်လိုက်သည်။ ကျွန်တော် ရုဒီလက်စ်ပါ။ လူငယ်သာသနာပြု

လို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက သာသနာပြုဆရာပါ။ ဆရာကြီး စိတ်ဝင်စားနိုင်မည့် စီမံကိန်းတစ်ခုမှာ ပါဝင်နေပါတယ်။

ဝင်လာပါဟု ပြောဆိုပြီး ကျွန်တော့်ကို ယဉ်ကျေးပျူငှာစွာ ကြည်နူးစဖွယ်

ကောင်းသော ဧည့်ခန်းသို့ လမ်းပြကာ ပက်လက်ကုလားထိုင်တစ်ခုကို လက်ဖြင့် ပြပြီး

ထိုင်ခိုင်းပါသည်။

ဆိုပါဦး၊ ကျွန်တော် ဘာကူညီလို့ ရမယ်လဲ။ ပြီးခဲ့ သည့် အချိန်တွင် လူစိမ်း

တစ်ယောက်နှင့် ကျွန်တော့်ကိစ္စကို ပွင့်လင်းစွာပြောရန် တုံ့ဆိုင်းနေခဲ့ပါ သည်။ သို့သော်

တစ်မနက်လုံး ဆောင်ရွက်မှုကြောင့် ရဲရင့်သောစိတ် ဝင်လာကာ ကျွန်တော့် ယုံကြည်ခြင်း

လည်း မြင့်မားလာပါသည်။ မိမိကိုယ်ကို ဤလူထံ၌ ပုံအပ်ရန် ဆုံးဖြတ်လိုက်ပါသည်။

တရုတ်များကို လက်လှမ်းမီသည့် အကြောင်းနှင့် ရှင်ယောဟန်ခရစ်ဝင်ကို စာအုပ်နီပုံစံ

ဖြင့် ထုတ်လုပ်သည့် အကြောင်းကို ရှင်းပြရာ သဘောကျနေပါသည်။

တော်တော်ထူးဆန်းတဲ့ အကြံကောင်းပဲ၊ မစ္စတာလက်ခ်။ ဒီဆယ်ရင်ဂယ်မြို့မှာ

တရုတ်လူမျိုးအများကြီးရှိတယ်။ ခင်ဗျားစာအုပ်များကို ကမ်းဖို့ ကျွန်တော့် တရုတ်အသင်း

သူအသင်းသားများ ဆန္ဒရှိကြမယ်လို့ ယုံကြည်တယ်။ ဒါရက်စလမ်မြို့က ဆွီဒင်စာအုပ်

ဆိုင်စာရေးမ၏ကြောက်ကြောက် ကန်ကန်ငြင်းဆန်မှုနှင့် နှစ်ခြင်းဆရာတစ်ပါး၏ တုံ့ပြန်မှုအဖြစ်တို့နှင့် အထူးနှိုင်းယှဉ်ကြည့်သည့်အခါ ဤဆရာကြီး၏အင်တိုက်အားတိုက်တုံ့ပြန်မှုကြောင့် ကျွန်တော့်စိတ်တွင် ပီတိဖြစ်မိပါသည်။ စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။ ဤပရက်စ်ဘီတေးရင်းဘုန်းကြီးသည် ဤစာအုပ်မည်မျှအန္တရာယ်

ထူပြောသည် သို့မဟုတ် တရုတ်စာများကို သူတစ်ပါးပေးကမ်းဖို့ တရားမဝင်ဘူးဟု

သိကောသိရှိပါရဲ့လား။

အဲဒီစာအုပ်တချို့ကို သွားယူပြီး ပြကြည့်ပါမယ်ဟုပြောပြီး သေတ္တာနှစ်လုံးကို

သွားယူ၍ သေတ္တာတစ်လုံးကိုဖွင့်၍ ပြလိုက်ပါသည်။ စာအုပ်တစ်အုပ်ကိုကိုင်လျက်

ရှေ့နောက်လှည့်၍ အသေအချာစစ်ဆေးရင်း ပြုံးစိစိလုပ်နေသည်။

တစ်ကယ့်ကို အကြံပိုင်တဲ့အလုပ်ပါ၊မစ္စတာလက်ခ်။ ကျွန်တော့်လူများ အသုံးပြု

နိုင်မယ်လို့ ယုံကြည်ပါတယ်။ စာအုပ်ကို သေတ္တာထဲသို့ ပြန်ထည့်ပြီး အဖုံးကို ပိတ်ကာ

နံရံနှင့်ကပ်အောင် ထားလေသည်။ အခု နေ့လည်စာ စားကြရအောင်။ ငှက်ပျောသီးအနံ့

သည် မီးဖိုချောင်ထဲမှ ထွက်လာသည် ။ ဗိုက်ဆာဆာဖြင့် ဝမ်းသာစွာ သူ့ ဖိတ်မန္တပြုသည်

ကို လက်ခံလိုက်ပါသည်။

ကျေးဇူးတင်ပါတယ်။ ဗိုက်ဆာနေကာနှင့် အတော်ပဲ။ သို့သော် သူဆက်ပြော

သော စကားကြောင့် နေ့လည်စာ ဝင်စားဖို့ အငမ်းမရလက်မခံလျှင် ကောင်းမည်လား

ထင်မိပါသည်။

ဧည့် သည် တစ်ယောက် လာဦးမယ်။ သူက ဒီကခရိုင်ဝန်။ သူနှင့်ဆုံမိရင်

သဘောကျလိမ့်မယ် ထင်တယ်။ကျွန်တော်မလိုချင်ဆုံးအရာမှာ အစိုးရအရာရှိတစ်ဦးဦးနှင့် တွေ့ဆုံခြင်းဖြစ်သည်။ ကျွန်တော့်အကြောင်း ဖုံးဖိနိုင်သလောက် ဖုံးဖိရန် ဖြစ်သည်။ သို့သော် အခုမှတော့လွတ်ကျွတ်ရန် နောက်ကျသွားပြီ။ ခရီးစဉ်ကို ကပ်သီးကပ်သပ် မမေးဖို့သာ ဆန္ဒပြုမိပါသည်။

ဇမ်ဘီယာသို့ ကျွန် တော်လာရောက်ခြင်း၏ ရည်ရွယ်ချက်အစစ်အမှန်ကို လုံးဝမသိစေချင်ပါ။

တစ်အောင့်လောက်ကြာသောအခါ တံခါးခေါက်သံကြားသည်။ သိက္ခာတော်ရ

ဆရာကြီးဘူလန်ဂါနိုကိုယ်တိုင် တံခါးသွားဖွင့်ပြီး စစ်ဝတ်စုံ သပ်သပ်ရပ်ရပ်ဝတ်ဆင်၍

ကျက်သရေရှိရှိ အာဖရိကအရာရှိတစ်ဦးကို ခေါ်လာသည်။ မစ္စတာလက်ခ်၊ ခရိုင်ဝန်နှင့်

မိတ်ဆက်ချင်ပါတယ်။ လက်ဆွဲနှုတ်ဆက်ကြပြီး ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ကြ

ကာ အိမ်ရှင်ဆရာကြီး၏ဇနီးမှ ဖျော်ရည်တည်ခင်းပေးလေသည်။

အခုတလော ဘုရားကျောင်းမှာ ခရိုင်ဝန်ကို မတွေ့မိပါလားဟု သိက္ခာတော်ရ

ဆရာက ဖျတ်လတ်ချက်ချာစွာ ပြောလိုက်ရာ ခရိုင်ဝန်သည် ကောင်းကောင်းမွန်မွန်

မနေတတ်မထိုင်တတ်ဘဲ မပွင့်တစ်ပွင့် ဖြင့် အဖြေပေးလေသည်။ အချိန်မရွေး ကြိုဆို

တယ်ဆိုတာ သိစေချင်လို့ပါဟု ဆရာကြီးကပြုံး၍ ပြောပြသည်။ ထိုအခါ စကားလမ်း

ကြောင်းပြောင်းကာ၊ အိမ်ရှင်သည် တရုတ်ခရစ်ဝင်စာအုပ် ထည့်ထားသော သေတ္တာသို့

သွားလေသည်။ အဖုံးကိုမ၍ စာအုပ်တစ်အုပ်ကိုဆွဲထုတ်သည်။ သူ့ကိုကြည့်၍ ကျွန်တော်

ကြက်သေသေမိပါသည်။ ဘာလျှောက်လုပ်နေသလဲ။ ပြန်လာ၍ စာအုပ်နီတစ်အုပ်ကို

ခရိုင်ဝန်အား ပေးလေတော့သည်။ ကြည့်စမ်း၊ ခရိုင်ဝန်ကြီး၊ ဆွီဇာလန်က ကျွန်တော့်

မိတ်ဆွေ ယူလာတဲ့ပစ္စည်းဗျ။ တရုတ်ဘာသာဖြင့် မော်ဝါဒီများအားပေးဖို့ သမ္မာကျမ်းစာ

အစိတ်အပိုင်း။ အိမ်ရှင်ပြောသောစကားကို ကျွန်တော် မယုံနိုင်လောက်အောင် ဒူးတုန်နေ

ပါသည်။ ဒီလောက်ထိအောင် အသလား။ ကျွန်တော့်ကို ဗလာနတ္တိလုပ်လိုက်လေပြီ။

ဘယ်လိုနေရမှန်းမသိတော့ပါ။

ခရိုင်ဝန်သည် သိက္ခာတော်ရဆရာကြီးထံမှ စာအုပ်နီနီကိုယူ၍ သေချာစွာစစ်ဆေးသည်။ မလွဲမရှောင် မေးလာမည့် ကျွန်တော်၏တရားမဝင် လုပ်ဆောင်မှုကိုစစ်ကြာမေးမြန်းခံ ရန် အသင့်ပြင်ဆင်နေပါသည်။ မေးမည့် စစ်မည့် အစား စာအုပ်ကိုသိက္ခာတော်ရဆရာကြီးအား ပြန်ပေးသည်။ ကောင်းသားပဲ၊ ဘု ရားမယုံကြည်တဲ့လူသည်ပဲ။ ဒီလူတွေ သမ္မာကျမ်းစာတော်ကို လိုနေတာ သေချာပါတယ်။ အပြစ်တင်စွပ်စွဲခြင်း၊ စကားတစ်လုံးမျှ မပြောသည့် အပြင် တရုတ်များအား စာပေကျမ်းဂန်ပေးဖို့ တရားမ၀င်ဘူးဟုလည်း တစ်ခွန်းမျှမပြောပါ။ ဤကဲ့သို့ ပြောဖို့ နေနေသာသာ ခရိုင်ဝန်သည်တရုတ်များ၏ နိုင်ငံရေးလှုပ်ရှားမှုအကြောင်း စိတ်ပူပန်ပုံကို ပွင့်လင်းစွာ ဖော်ထုတ်ပြောဆိုလေသည်။

စားသောက်ကြရင်း ခရိုင်ဝန်သည် သူ့ထင်မြင်ချက်များကို လွတ်လပ်စွာ ပြော

လေသည်။ တရုတ်များသည် တန်ဇမ်မီးရထားစီမံကိန်းကို သူတို့၏ကွန်မြူနစ်ဝါဒ ဖြန့်ချီ

ရေး နည်းပရိယာယ်အတွက် အသုံးပြုနေသည်ဟု သူသိမှတ်ပြီး သူ မထောက်ခံသည့်

အကြောင်းကိုပါ ဖွင့်ပြောနေပါသည်။ အာဖရိကတိုက်သား အများစုဟာ သူတို့

လှည့်ကွက်ထဲရောက်ပြီး သူတို့ ဝါဒဖြန့်ဝေခြင်းကို ယုံနေကြတယ်ဟု သူဝန်ခံသည်။

အာဖရိကလျှို့ဝှက်ရဲတပ်ဖွဲ့ ဟာ ဥပမာ တရုတ်များဆီက အမိန့်များကို တိုက်ရိုက်ခံယူ

တယ်။ ဒုက္ခရောက်တာက ဇမ်ဘီယာသူ ၊ ဇမ်ဘီယာသားများ၏ ငွေကြေးအကူအညီကို

လိုချင်တယ်။ သူတို့ပံ့ပိုးမှုကို ဆုံးရှုံးမှာစိုးလို့ ဘယ်သူကမှ သူတို့ရဲ့ ဝါဒကို အာမခံရဲကြ

ဘူး။ ခရိုင်ဝန်သည် မျိုးရိုးတခြားဖြစ်နေသည်။ နေ့လည်စာ သုံးဆောင်ရင်း ထွေရာလေး

ပါး ပြောကြရာတွင် ခရိုင်ဝန်သည် ကျွန်တော် ဘယ်လမ်းလိုက်သင့်သည်။ ဘယ်နေရာမှာ

ဘယ်လို အလုပ်သမားစခန်းများ လုပ်ငန်းခွင်များ တွေ့နိုင်သည်စသဖြင့် သတင်းအစအန

ကို ပေးသည်။ ရရှိသောသတင်းနှင့် နေ့လည်စာအတွက် ကျေးဇူးတင်သည့်တိုင်အောင်

ခရီးဆက်သွားဖို့ စိတ်အားထက်သန်လွန်းသည့် အတွက် ခွင့်ပြုကြရန် တောင်းဆိုကာ

ကားပေါ်သို့တက်၍ ဆယ်ရင်ဂယ်မြို့၏မြောက်ဘက်သို့ ဦးတည်ထွက်ခွာလာပါသည်။

နောက်နာရီအနည်းငယ်အတွင်း တတ်နိုင်သလောက် မီးရထားလမ်းလုပ်ငန်းခွင်များကို

ဖြန့်ဝေခဲ့ပါသည်။

သွားရောက်၍ အင်္ဂလိပ်စာအုပ်များနှင့် တရုတ်စာအုပ်များ ရောထားသော စာအုပ်များကို

နေဝင်ခါနီးတွင် အလုပ်သမားများ တပ်ခေါက်ကြသည်။ စာအုပ်များ မဖြန့်ဝေ

ဖြစ်တော့သဖြင့် ဘယ်မှာညအိပ်ရမည်လဲဟု အာရုံ ပြုနေပါသည်။ တစ်နေကုန်

လုပ်ဆောင်မှုများအတွက် အလွန်ကျေနပ်ခဲ့သည့် တိုင်အောင် အပူဒဏ်ခံနေရသဖြင့်

ဗင်ကားထဲတွင် တစ်ညထပ်အိပ်ရန် စိတ်မနိုင်တော့ပါ။ ၁၈၀၀ ခုနှစ် စောစောပိုင်းတွင်

ကမ္ဘာကျော် သာသနာပြုဆရာဒေးဗစ်လစ်ဗင်စတုန်း ဆေးပေးကုသမှု ပြုလုပ်ပေးခဲ့သော

ချီတမ်ဘိုမြို့သည် မိုင်အနည်းငယ်သာ ကွာဝေးသည်။ ၎င်းမြို့တွင် ဆေးဝါးကုသပေး

ခြင်း သာသနာတော်သည် နာမည်ကြီးဆဲဖြစ်သဖြင့် တစ်ညတာအိပ်ဖို့ ခုတင်တစ်လုံး

လောက်တော့ ပေးနိုင်ပါရဲ့ဟု မျှော်လင့်ကာ သွားဖို့ဆုံးဖြတ်လိုက်သည်။

ချီတမ်ဘိုသာသနာစခန်းခြံဝင်းထဲသို့ ဝင်သွားသောအခါ ဝင်ခါနီး နေရောင်

ခြည်သည် မပူပြင်းဘဲ အနောက်ဘက် မျက်နှာမူသော အိမ်များ၏ပြတင်းပေါက်မှန်များ

မှ ရောင်ပြန်ဟပ်နေသည်။ လခြမ်းပုံ ဆောက်လုပ်ထားသော တိုက်များ၏ရှေ့တွင်

ဗစ်ကားကို ရပ်ကာ ဤနေရာတွင် အသိတစ်‌ ယောက်တစ်လေမျှ မရှိသဖြင့် အိမ်တစ်

အိမ်ကို ကောက်ဝင်ခဲ့ရာ‌ ဘောင်းဘီတွန့်လိမ်၍ လည်စည်း မပါ သော အကျီ ဝတ်ဆင်သည့်

ပိန်ပိန်ပါးပါး ဥရောပတိုက်သားတစ်ဦးမှ တံခါး ဖွင့်ပါသည်။ “ကျွန်တော်ဒါက်တာ

ဒူရီပါခင်ဗျာ။ ဒီမှာ ကြီးကြပ်ရေးမှူးဟု သူ့ကိုယ်ကို မိတ်ဆက်သည်။ အာ‌ ခေါင်တွင်

မြုပ်နေသော အသံ ကြောင့် ဗြိတိသျှလူမျိုးဖြစ်မှန်း ဖော်ပြနေသည်။ ကြိုဆို ရုံမကကျွန်တော်တို့ နှင့် လာနေနိုင်တယ်ဟူသော ကြိုဆို သံကို ကြားရသည်။

ဒေါက်တာဒူရီမှ ကျွန်တော့်ကို သူ့ဇိမ်ခံဧည့် ခန်းထဲသို့ ခေါ်ဆောင်သွားရာ၊

ကျေးဇူးတင်စွာဖြင့် ကုလားထိုင်ပေါ်တွင်ထိုင်လျက် အထက်မျက်နှာကြက်မှပန်ကာ

အားဖြင့် တိုက် ခတ် သော လေပြည် အေးတွင် ဇိမ် ခံ နေပါသည်။ ဒေါက်တာဒူရီ

ကမ်းပေးသော အအေးဖျော်ရည်ကို ငတ်မရှက်ကြိုက်မရှက်ဆိုသလို သောက်ချလိုက်

သည်။ ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ကုလားထိုင်ပေါ်တွင် ထိုင်ကာ စကားစမြည်

ပြောကြရာမှ ဤနေရာသို့ ကျွန်တော် ရောက်ရှိလာသည့် အကြောင်းရင်းကို ကူးသွား

သည်။

တန်ဇမ်မီးရထား စီမံကိန်းတွင် အလုပ်လုပ်နေကြသော တရုတ်ကွန်မြူနစ်များကို

ကိုယ်ချင်းစာနာသည့်အကြောင်း တစ်နေကုန်သူတို့အား အဖုံးနီစာအုပ်ငယ်များကို ဖြန့်ဝေ

ပေးကမ်းခဲ့သည့် အကြောင်းကို ပြောပြနေပါသည်။ သူတို့ထံသို့ ဝမ်းမြောက်ဖွယ်သတင်း

ကောင်းပါးဖို့ ကြီးမားသောနည်းလမ်းတစ်ခု ဖြစ်လိမ့်မယ်ထင်တယ်ဟု ဒေါက်တာရီက

မှတ်ချက်ချပြီး ဆက်လက်၍ ကျွန်တော်တို့ကိုယ်တိုင် လုပ်နိုင်တဲ့ကိစ္စတစ်ခုပါပဲ။ ဒီနယ်

မှာ တာဝန်ကျတဲ့ တရုတ်အများကြီးရှိတယ်။ ကျွန်တော်ပြီးနောက် ချာချာလည်နေသည်။

တစ်ညတာ မှီခို စရာလာရှာသည် ။ ဘု ရားသခင်က ကျွန်တော်အတွက် အခြားကိစ္စ

ပြင်ဆင်ထားနှင့် သလားဟု အောက် မေ့ဖူးသည် ။

သူတို့နှင့် အဆက်အသွယ်ရှိသလား။ ဘယ်မှာအလုပ်လုပ်နေကြတယ်ဆိုတာ

ကာ သိသလားဟု ကျွန်တော် မေးသည် ။

မသိဘူး။ ကျွန်တော်က ဆေးကုသဖို့ပဲ အာရုံစိုက်နေတယ်။ ကျွန်တော်တို့ရဲ့

အာဖရိကသင်းအုပ်ဆရာဆို ရင် ပိုသိမယ်။ သူနှင့် စိတ်ချလက်ချ စကားပြောနိုင်တယ်။

ဒေါက်တာရီက သူ့လက်ပတ်နာရီကိုကြည့်ပြီး သူ အိမ်ပြန်ရောက်လောက်ပြီ၊ လာ သူနှင့်

မိတ်ဆက်ပေးမယ်။ သူက ခြံဝင်းတစ်ဖက်မှာနေတယ်။ ဒေါက်တာပူရီမတ်တတ်ရပ်

သည်။ တစ်နေကုန် ယာဉ်မောင်းထိုင်ခုံပေါ်တွင် ထိုင်နေပြီးမှ ပက်လက်ကုလားထိုင်ခုံပေါ်

တွင်ဇိမ်ခံနေသည်။ သို့ သော် တရုတ်များအကြောင်း သတင်းရရှိရေးနှင့် စာအုပ်များ

ဖြန့်ဝေဖို့ ဆန္ဒရှိသူ တွေ့နိုင်မည့် အခွင့် အရေးကို လက်မလွတ်ချင်ပါ။ မတ်တတ်ရပ်၍

ဒေါက်တာ ရီ၏ နောက်ကို လိုက်သွားပါသည်။

အပြင်ဘက်သို့ ခြေလှမ်းသည့် အခါ မှောင်စပြုလာသည်။ မြက် တောရှည်မှ

ပုစဉ်းရင်းကွဲများ ဆူညံစွာ အော်နေကြပြီး အဝေးတွင် ကလေးများ ရယ်မောသံကြားနေရ

သည်။ လေသည် အေးခါစပြုလာပြီ။ ညဦးပိုင်း ပသည် ငြိမ်သက်ခြင်းနှင့်

အေးချမ်းသာယာသည့် ပတ်ဝန်းကျင်ကို ဆောင်နေသည်။ ခြံဝင်းတစ်ဖက်ကို ဖြတ်သန်း

၍ သင်းအုပ်ဆရာ၏ အိမ်ဘက်သို့ ဦးတည် နေကြစဉ်၊ မီးခိုးရောင် စစ်တပ်ကား

တစ်စီး အသံကျယ်ကျယ်ဖြင့် သာသနာပြုခြံဝင်းထဲသို့ဝင်လာသည်။ ဖုန်တစ်သောင်း

သောင်းထလျှက် ကျွန်တော့်ဗင်ကားဘေးတွင် အသံဆိုးဆိုးဖြင့် ရပ်လိုက်သည်နှင့်တစ်

ပြိုင်နက် ပြောက်ကျားစစ်ဝတ်စုံဝတ်ဆင်သော အာဖရိကစစ်သားများ သေနတ်ကိုင်

ဆောင်လျက် ခုန်ဆင်းလာကြသည်။ သူတို့နှင့်တရုတ်ကွန်မြူနစ် သုံးယောက်ပါ

သည်။ ဒေါက်တာဒူရီနှင့် ကျွန်တော် မယုံနိုင်ဘဲ မျက်လုံးပြူးကြည့် နေကြသည်။

လက်မြောက်ဟု မျက်နှာကျယ်ကျယ် အာဖရိကအရာရှိတစ်ယောက်သည် သူ့ သေနတ်ဖြင့်

ကျွန်တော့်မျက်နှာအားချိန်၍ အော်ဟစ်အမိန့်ပေးလေသည်။ ကျွန်တော့်လက်များ

အလိုအလျောက် မြောက်ပြီးသား ဖြစ်သည်။

ထွက်ပြေးဖို့ တော့ မကြံလေနှင့်ဟု ၎င်းမျက်နှာပေါက်ဆိုးဆိုး အရာရှိမှ မထီမဲ့

မြင် မျက်နှာထားဖြင့် ပြောသည်။ ဘာမျှမစဉ်းစားတတ်တော့ပါ။ နှလုံးတဒုန်းဒုန်းခုန်

နေသည်။ တစ်နေကုန် ကားမောင်းရာမှ တင်းမာခဲ့သော ကြွက်သားများသည် ကြောက်

စိတ်ပေါင်းလိုက်သောအခါ တစ်ဆတ်ဆတ်တုန်နေသည်။ ကျွန်တော့်ဘယ်ဘက်သို့

ကြမ်းတမ်းစွာ တွန်းဖယ်ခြင်းခံသော ဒေါက်တာဒူရီသည် ဘာမျှမတတ်နိုင်ဘဲ မတ်တတ်

ရပ် နေရှာသည်။ တစ်နေ့နေ့တော့ ဘေးကြပ်နံကြပ် ဖြစ်လိမ့်မည်ဟု စိုးရိမ်စိတ်သည်

တစ်ကယ်ဖြစ်လာမှန်း ရှုပ်ထွေးနေသော ဦးနှောက်ထဲသို့ဝင်လာသည်။ နောက်ရောင်ခံ

နေကြသည်မှာ သေချာသည်။ တစ်ယောက်ယောက်က သတင်းပို့တာဖြစ်ပါလိမ့်မည်။

ခင်ဗျားစာရွက်စာတမ်းများဘယ်မှာလဲ။ သေနတ်ချိန်ရွယ်ရင်း အာဖရိကတပ်မှူး

အော်၍ မေးသည်။ စကားပြောရန် စိတ်အိုက်လွန်းသောကြောင့် ကျွန်တော့်ဗင်ကားဖြူဘက်ကို အားယူ၍ လက်ညှိုးထိုးပြလိုက်ပါသည်။ သွားယူခဲ့ဟု ဟောက်လိုက်သည်။

ရုဒီ၊ သခင်ဘုရားကို ယုံကြည် အားကိုးပါ။ ဒီအရေးထဲက ကိုယ်တော်

ကယ်နုတ်တော်မူလိမ့်မယ်လို့ ငါယုံကြည်စိတ်ချတယ်ဟု ဒေါက်တာဒူရီက ကျွန်တော်

ကြားလောက်အောင် တိုးတိုးပြောလေသည်။

ကျွန်တော့်ကို နှစ်သိမ့်အားပေးရန် ဒေါက်တာဒူရီ၏ ကြိုးစားအားထုတ်မှုကို

တန်ဘိုးထားပါသည်။ သို့သော် ကျွန်တော်သည် ဒုက္ခအစစ်အမှန် ရောက်နေသည်။

သေးသေးကွေးကွေး ဒုက္ခမဟုတ်။ ဘုရားသခင်က ကျွန်တော့်ကို ကယ်နှုတ်

နိုင်မည်လားမသိပါ။ ကျွန်တော့် သားရေအိတ်ထဲတွင် ရိုဒီရှားနိုင်ငံ အမြဲနေထိုင်ခွင့်

လက်မှတ်တစ်ခုရှိသည်။ တရားသဖြင့် ကျွန်တော်သည် ဇမ်ဘီယာပြည်ထဲမှာ ရှိနေဖို့

မဟုတ်ပါ။ ဘော့စ်ဆွားနားပြည်ဘက်ကို ကွေ့ပတ်သည့် ကျွန်တော်အပြုအမူသည် ပို၍

မသ်ကာကောင်းဖြစ်‌ လေမည်။ ၎င်းအတွက် ကျွန်တော် တစ်ခြား

လက်မှတ်တစ်ခုကို အသုံးပြုခဲ့ပါသည်။ ဤရိုဒီရှား‌ နေထိုင်ခွင့် လက်မှတ်က တစ်ကယ့်

အန္တရာယ်ကို ဖြတ် စေသည်။ သူတို့ အမှုအရာကို အကဲခတ်ကြည့်ခြင်းဖြင့် စခန်း‌ ရောက်မှ မေးမည့်အကြံရှိသည်။

ကြံကြံဖန်ဖန် ကျွန်တော် ခြေထောက်များတော်လှုပ်ရှားရန် တတ်နိုင်ခဲ့ပါသည်။

ကားသော့ခလောက်ထဲသို့ သော့သီးကိုထည့်မည့် အလုပ်တွင် ကျွန် လက်များမထိန်းနိုင်အောင်တုန်နေသည်။ တုန်တုန်ရီရီဖြင့်

ဗစ်ကားထဲမှ သရေအိတ်ကို ကောက်ယူလိုက်သည်။ စစ်သားများသည် ကျွန်တော်၏လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြသည်။

“သခင်ဘုရား၊ မျှော်လင့်ချက်ကင်းမဲ့နေသောဤဒုက္ခထဲမှ ကယ်တော်မူပါ”ဟုစိတ်ပျက်စွာဆုတောင်းမိသည်။ ဗင်ကားဆီသို့ သွားပြီး ကားနောက်ပစ္စည်းထည့်ခန်းကို ဖွင့်၍ စာအုပ်များထည့်ထားသော သေတ္တာတစ်ခုထဲကို ဖွကြည့်ပါသည်။ ယူခိုင်းသော တရုတ်စာများကိုရှာဖွေဟန်ပြုနေခြင်းဖြစ်သည်။ အမှန်စင်စစ် ကျွန်တော် လုပ်ဆောင်နေသည်မှာ သားရေအိတ်ကိုဖွင့်ပြီး အထဲက တရားခံပစ္စည်းဖြစ်သော ရိုဒီရှားပြည်နေထိုင်ခွင့် လက်မှတ်ကိုရှာဖွေ၍ အခြားစာအုပ်ကြီးများထဲတွင် ညပ်နေခြင်းဖြစ်သည်။ အလိုရှိသော နမူနာတချို့ကို နိုက်ယူကာ ကားနောက်ခန်းကို ပိတ်၍ ထရပ်ကားဆီသို့ ပြန်သွားပါသည်။

ကျွန်တော့်နောက်ဘက်တွင် စာရွက်စာတမ်းထုတ်ကြားထဲတွင် ရိုဒီရှားပြည် အမြဲ

နေထိုင်ခွင့်လက်မှတ် လုံခြုံစွာ ဝှက်ထားခဲ့ပြီးဖြစ်သည်။ အသက်ရှုချောင်လာသည်။

ယခု ကျွန်တော့်သားရေအိတ်ထဲတွင် ဆွီနိုင်ငံကူးလက်မှတ်တစ်ခုတည်းသာရှိ၍ ၎င်း

လက်မှတ်ပေါ်တွင် ရိုဒီရှားတွင် နေထိုင်သည့် အထောက်အထားမရှိပါ။

စစ်သားတစ်ယောက်က ကျွန်တော်ကို ထရပ်ကားပေါ်သို့ တွန်းတင်သည်။

ဒေါက်တာရီသည် မတ်တတ်ရပ်၍ စောင့်ကြည့်နေသည်။ သူ့အနေနှင့် ဘာမျှ

မတတ်နိုင်ရှာပါ။ ကားပေါ်တက်ရင်း သူ့ကို တမ်းတအကြည့်မျိုးဖြင့် နောက်ဆုံး

ကြည့်ပြီး အရပ်ကားကြမ်းပြင်ပေါ်တွင် ခွေလဲချလိုက်ပါသည် ။ သေနတ်အသင့်

ကိုင်ဆောင်သော အာဖရိကစစ်သားနှစ်ယောက် ကျွန်တော်၏တစ်ဘက်တစ်ချပ်တွင်

ထိုင်နေကြသည်။ ကျန် လေးယောက်သည် ကားဘေးကာ သံချောင်းတန်းများကို

ကိုင်လျက် မတ်တက်ရပ်နေကြသည်။ တရုတ်အရာရှိများ ကားရှေ့ခန်းခုံပေါ်တွင် ထိုင်ကြ

သည်နှင့်တစ်ပြိုင်နက် တရပ်ကား စထွက်သွားလေသည်။ မတ်တတ်ရပ်နေကြသောစစ်သားများသည် သံပန်းကိုကင်းကြပ်စွာ ကိုင်နေကြသည်။ ဘယ်ကိုဦးတည်ပါလိမ့်။

ကျွန်တော်ကို ဘာလုပ်ကြပါလိမ့်။

၁၅။လွတ်မြောက်ခြင်း

ယခုအချိန်တွင် နေဝင်ပြီး စီးနှင်းလိုက်ပါသောကားသည် အရှိန်မှန်မှန်ဖြင့်

လမ်းကြမ်းပေါ်တွင် ဆောင့်၍ဆောင့်၍ သွားရင်း အမိုးအကာမပါသော ကားပက်လက်ထဲ

သို့ ညလေးအေးတိုက်ခတ်လာသဖြင့် ကျွန်တော်ကို ခိုက်ခိုက်တုန်စေလေသည်။ သို့သော်

ကိုယ်ကာယ အအေးဒဏ်ထက် ကြောက်စိတ်အအေးဒဏ်က ကျွန်တော့်အရိုးခြင်ဆီကို

ပိုမိုထိခိုက်နေပါသည်။ ၎င်းနေ့ နံနက်စောစောပိုင်းက နေ့စဉ်အလင်းစာအုပ်ထဲမှ ဖတ်ရှုခဲ့

သော သမ္မာကျမ်းသည် ကျွန်တော့်စိတ်ထဲတွင် ပြန်ပေါ်လာသည်။ “ထာဝရဘုရားသည်

ငါ၏ အလင်း၊ငါ့ ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို

ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ၏အသက်ခိုလှုံရာဖြစ်တော်မူ ၏။ ငါသည်

အဘယ်သူကို ကြောက်လန့် ရအံ့နည်း။” ရေနစ်သောသူသည် ကြိုးကို တင်းကြပ်စွာ

ဆုပ်ကိုင်ထားသကဲ့သို့ ဤကတိတော်များကို ကျွန်တော် ဆုပ်ကိုင်နေပါသည်။ ၎င်းကျမ်း

ပိုဒ်များကို စိတ်ထဲတွင် ရေရွတ်နေသည့်သကာလ ကျွန်တော်စိတ်ဝိညာဉ်ထဲတွင် နက်နဲ

တည်ငြိမ်ခြင်းတစ်ရပ် ခံစားလာသည်။ သို့သော် မနောစိတ်ထဲတွင်မူကား ကြောက်စိတ်

နှင့် လုံးပမ်းဆဲဖြစ်နေသည်။ ကျွန်တော်ကို ဘာလုပ်ကြမည်လဲ။ သူတို့ နှိပ်စက်ညှဉ်း

ပန်းခြင်းကို ခံနိုင်ပါမည်လား၊ ပြောဆို ရမည့် လျောက်ပတ် မှန်ကန်သောစကားကို

ဘုရားသခင် ပေးသနားတော်မူပါမည်လား။

မှောင်မိုက်ထဲတွင် ဦးတည်သောနေရာကို မပြောတတ်ပါ။ ချိုင့်ခွက်လမ်းမ

အပေါ် ဆောင့် ၍ခုန် ၍ တစ်နာရီကျော်ခန့် မောင်းနှင်ပြီးမှ လမ်းမဘေးတစ်ခုတွင်

ချဉ်းကပ်ပါသည်။ သံဆူးကြိုးဖြင့် ကာရံထားသော တရုတ်အလုပ် သမားစခန်းတစ်ခုကို

လရောင်ထဲတွင် လှမ်းမြင်သည်။ ထရပ်ကားချဉ်းကပ်သည့် အခါ သံဆူးကြိုးတံခါးပွင့်

လာသည်။ စခန်းထဲသို့ ဝင်သွားကာ အာဖရိကပုံစံ ဆောက်လုပ်ထားသော အမိုးသွပ်ပြား

နံရံကိုက်ငယ် တန်းလျာလေးငါးလုံးရှေ့သို့ ရောက်ရှိလေတော့သည်။ ဤစခန်းများ၏

အထဲ ဘယ်လိုပုံဖြစ်မည်လဲဟု ကျွန်တော်သိချင်စိတ် မကြာခဏ ပေါက်ခဲ့ပါသည်။

ယခု ကျွန်တော်ဖြစ်ချင်သည့် ပုံစံမျိုးမဟုတ်သည့်တိုင်အောင် တရုတ် အလုပ်သမားများ

အခန်းတစ်ခုကိုတော့ နောက်ဆုံးတွေ့မြင်ရပြီဖြစ်သည်။

ရောက်ရောက်ခြင်း ရုတ်ရုတ်သဲသဲဖြစ်လာသည်။ ဒီကောင် ဆင်းစေခဲ့။

တရုတ်အရာရှိတစ်ယောက်က ကျွန်တော်ဘေးနားတွင် ထိုင်နေသော အာဖရိက စစ်သား

တစ်ယောက်ကို အမိန့်ပေးသည်။ သူက သူ့သေနတ်နှင့် ကျွန်တော့်ကိုထိုးဆွသည်။

ခြေထောက်များ မြေကြီးကိုထိုးလိုက်သည်နှင့် ဖုန်တစ်ထောင်းထောင်းထလေသည်။

ခရီးကြမ်းတမ်းသဖြင့် တစ်ကိုယ်လုံး ထုံကျဉ်နေသည်။ မမျှော်လင့်သော အဖြစ်အပျက်

များကြောင့် စိတ်ထိခိုက်ဆဲ ဖြစ်နေသည်။ တရုတ်များသည် အာဖရိကစစ်သားများ အား

အော်ကျယ်အော်ကျယ်နှင့် အမိန့်ပေးနေကြသည်။ လူများ ဟိုပြေးဒီပြေး လုပ်နေကြသည်။

တရုတ်နှင့်အာဖရိက အလုပ်သမားများ သူတို့တဲထဲက ပုရွက်ဆိတ်အုံဆွသည့်ပမာ

ထွက်လာကြကာ ကျွန်တော့်ကို ဝိုင်းကြည့်ကြသည်။ ဘာဖြစ်နေသည်မှန်း ဝေခွဲမရသလို

သူတို့လည်း ကယောက်ကယက် ဖြစ်နေကြသည်မှာ သေချာပါသည်။ သူတို့စခန်းထဲသို့

လူဖြူတစ်ယောက် အထူးသဖြင့် လက်နက်ကိုင် အစောင့်အရှောက်ဖြင့် ခေါ်ဆောင်

လာသည်မှာ ပထမအကြိမ် ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

၁၅မိနစ်ခန့် စိတ်တစ်ထင့်ထင့် စောင့် နေပြီးမှ တရုတ်အရာရှိမှ အာဖရိက

စစ်သားများအား အမိန့်ပေးကာ ကျွန်တော့်ကို လူနေတန်းလျာ လမ်းကြားတစ်ခုအတိုင်း

ခေါ်ဆောင်သွားသည်။ အပေါ်မျက်နှာကြက်မှ လျှပ်စစ်မီးသီးတစ်လုံးသာ တွဲလောင်းချိတ်

ထားသည်။ ကျွန်တော်ကို မာကျောသောခွေးခြေတစ်လုံးပေါ်တွင် ထိုင်ခိုင်းသည်။

ကြမ်းတမ်းသော သစ်သားစားပွဲတစ်လုံး၏ နောက်တွင် မျက်နှာမူ၍ အရပ်ဝတ် ဝတ်ထား

သော အာဖရိကတိုက်သား ငါးယောက်ထိုင်နေကြသည်။ ကျွန်တော်ဖြန့်ဝေသော

စာနမူနာများ၊ ရှင်ယောဟန်ခရစ်ဝင် တရုတ်စာအုပ်အပါအဝင် သူတို့ရှေ့စားပွဲပေါ်တွင်

ရှိနေသည်။ ဤလူထဲက အနည်းဆုံး နှစ်ယောက်သည် ဆယ်ရင်ဂယ်မြို့ နေ့လည်စာ

စားသုံးရင်း ခရိုင်ဝန်ပြောပြခဲ့သော အထူးရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြမည်ဟု အသိစိတ်ဝင်

လာသည်။ တရုတ်များသည် အာဖရိကတိုက်သား ငါးယောက်၏နောက်တွင် ဝင်လိုက်

ထွက်လိုက်ပြုလုပ်၍ အာဖရိကစစ်သားများအား တိုးတိုးလေး အမိန့်ပေးကြသည်။ ခရိုင်

ဝန်ပြောပြသည့်အတိုင်း ကြိုးဆွဲသောသူများမှာ တရုတ်များဖြစ်ကြသည်။ ကျွန်တော့်ကို

စစ်ဆေးသည့် အာဖရိကတိုက်သား ငါးယောက်မှာ တရုတ်များ၏အမိန့်ကို နာခံကြသော

နယ်ရုပ်လေးများဖြစ်ကြသည် ။

မေးခွန်းများသည် သေနတ်မှပစ်ထုတ်လိုက်သော ကျဉ်ဆန်ထိပ်ဖူးကဲ့သို့

အားသန်၍မြန်ဆန်သည်။ ဘယ်သွားနေသလဲ။ ။တန်ဇန်နီးယားပြန်ပြီး တစ်ဖန် ကင်ညာသို့ ပြန်မယ်ဟု ရိုးသားစွာ ဖြေလိုက်သည်။ဒီနိုင်ငံကို ဘယ်ကဝင်လာသလဲ။

ဘော့စ်ဆွားနားကနေ ဝင်လာတယ်။ဘယ်တုံးကလဲ။

သုံးရက်လောက်တုံးကပါ ဆရာကြီး။ ဘော့စ်ဆွားနားတွင် ဘယ်လောက်နေခဲ့သလဲဟု မမေးသဖြင့် တော်သေးသည်။ နှစ်နာရီ လောက်နေခဲ့သည်ဟု သိ

လျှင် လမ်းစဖွင့်ပေးသလိုဖြစ်သွားမည်။

ဒီစာအုပ်များဘယ်ကရသလဲ။ အာဖရိကအထူးရဲတပ်ဖွဲ့ဝင်တစ်ဦးက စစ်ကြော

သူအကြီးဆုံးဟု ယူဆရသောသူက မော်ခရစ်ဝင်စာအုပ်ကို မ၍မေးလေသည်။

ဗင်ကားထဲမှာ ကျွန်တော်ယူလာတာဖြစ်တယ်။ ဘယ်မှာပုံနှိပ်သလဲဟု မ မေး

သဖြင့် ကျွန်တော်လည်း မပြောမိပါ။

ဒါဟာ တရားမဝင်တဲ့စာဘဲဟု သူက ခပ်ပြတ်ပြတ်ပြောပြီး စာအုပ်ကို စားပွဲပေါ်

သို့ ပစ်ချလိုက်လေသည်။ ခင်ဗျား ခိုးသွင်းလာတာဖြစ်တယ်။

ကျွန်တော် ခိုးသွင်းလာတာမဟုတ်ပါဘူး။ နယ်စပ်အကောက်ခွန်ရုံးမှာ ကြေညာ

ခဲ့ပါတယ်။

ခင်ဗျား အလကားညာနေတာ။ ခိုးသွင်းလာတာဖြစ်တယ်။ ကျွန်တော့် သားရေ

အိတ်ထဲကနေ အကောက်ခွန်ကျေညာပုံစံကို ဆွဲထုတ်လိုက်ပါသည်။

ကြည့်ပါလား။ ဒီမှာရေးထားတယ်။ ပုံစံထဲတွင် တရုတ်စာအုပ်များကို ခရစ်

ယာန်အကောက်ခွန်အရာရှိမှ ရေးဖြည့်စေသည့်အတွက် ကျွန်တော် အလွန် ဝမ်းမြောက်

မိပါသည်။ စစ်ဆေးသူအကြီးအကဲက ကျွန်တော့်လက်ထဲမှ လမ်းဆွဲပြီး သေချာကြည့်နေ

သည်။ သူ့အဖော်များထံသို့ ကမ်းပေးသည်။ အသေအချာကြည့်ကြသည်။ ဘာမျှမပြော

တတ်ကြတော့ပါ။ ကျေညာစာစောင်စာရင်း အောက်ဆုံးတွင် အဖြူအမည်းဖြင့် တရုတ်

ခရစ်ဝင်စာအုပ်များဟု ရေးသားထားကာ တရားဝင်တံဆိပ်တုံးအပြာ ထုထားသည်။

နောက်ဆုံးစစ်ဆေး မေးမြန်းသူ အာဖရိကလူက အကောက်ခွန်ပုံစံကို ကြည့်ပြီး

မှ နှခေါင်းရှုံ့မဲ့ကာ ၎င်းစာရွက်ကို ကျွန်တော်ဘက်သို့ ပစ်ထည့်ပေးလိုက်သည်။

စာရွက်စာတမ်းများကို ခိုးသွင်းသည်ဟု စွပ်စွဲမှု မအောင်မြင်သဖြင့် နောက်တစ်

ထောင့်ကို ကြိုးစားကြည့်ကြပြန်လေသည်။ “ခင်ဗျားက သူလျှိုဘဲ၊ မီးရထားလမ်း

အကြောင်းကို သူလျှိုလုပ်နေတယ်မဟုတ်လား”ဟု စစ်ဆေးသူအကြီးအကဲက နောက်တစ်

မျိုးစွပ်စွဲပြန်သည်။

ကျွန်တော် သူလျှိုမဟုတ်ပါဘူးဗျာ ဆရာကြီး။ ကျွန်တော့်သားရေအိတ်ထဲမှရိုဒီရှားတွင် အမြဲတမ်းနေထိုင်ခွင့်လက်မှတ်ကို ဖျောက်ထားနိုင်ခဲ့သည်ကို ဝမ်းသာ

မိပါသည်။ ရိုဒီရှားတွင် အမြဲနေထိုင်သူမှန်း သိသွားကြလျှင် သူတို့ စွပ်စွဲချက်အတွက်

ခိုင်လုံသောအသောက်အစားဖြစ်ပါလိမ့်မည်။ ယခုလက်ရှိ အခြေအနေ အတိုင်းကျွန်တော့်ကို ဘက်မလိုက် ဆွီလူမျိုးအဖြစ်သာ သိရှိကြသည်။ အာဖရိကတိုက်တွင်

သူတို့ မုန်းတီးသားလူဖြူအနည်းစုနှင့် ကျွန်တော်ဆက်စပ်မိကာ မီးရထားလမ်း စီမံကိန်း

ကို ကမောက်ကမဖြစ်အောင် ကူညီဖို့ လူဖြူများက ကျွန်တော့်ကိုအသုံးချသည်ဟု

စွပ်စွဲလိုကြခြင်းဖြစ်သည်။ ကျွန်တော်လည်း အချိန်ပြည့် သာသနာပြုဆရာဖြစ်ပြီး

ဇမ်ဘီယာသို့ ရောက်ရှိလာသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ဘုရားသခင်၏

ချစ်ခြင်းမေတ္တာတရားကို ဝေငှရန်ဖြစ်သည်ဟု သူတို့ ယုံကြည်စိတ်ချအောင် ရှင်းပြနေ

သည်။ ကျွန်တော့် ရည်ရွယ်ချက်အစစ်အမှန်လည်းဖြစ်ပါသည်။

ဘယ်သူ စေလွှတ်သလဲ။ စစ်ဆေးသူ တစ်ယောက်က ကျွန်တော်နှင့် တောင်အာဖရိက သို့မဟုတ် ရိုဒီးရှားလူဖြူအကြမ်းဖက်သမားများနှင့် ဆက်စပ်မှုများ ရှိသလားဟု

အငိုက်မိအောင် ခပ်ဆတ်ဆတ် မေးလေသည်။ဘုရားသခင်လွှတ်တော်မူတယ်ဟု ပြန်ဖြေလိုက်သည့်အခါ ချက်ခြင်း ဆိုသလို ဤလူများအတွက် မေတ္တာတရားလွမ်းမိုးခြင်းခံရပါသည်။ ခင်ဗျားတို့ရော တရုတ်များကိုပါ ဘု ရားသခင်ရှေ့တော်မှာ တန်ဘိုးရှိကြပါတယ်။ ကျွန်တော်က ခရစ်ယာန်တစ်ဦးအနေနှင့် ဤစကားကိုပြောပြဖို့ တာဝန်ရှိတယ်။ ဒါကြောင့် ကျွန်တော်ဟာ ကားလမ်းမ

တစ်လျှောက် ဘုရားစာများကို လက်ကမ်းဝေငှ နေတာဖြစ်ပါတယ်။

သူတို့ အားလုံးရယ်ကြသည် ။ ခင်ဗျားဘုရားကို ငါတို့ အလိုမရှိပါဘူး။

ယုံလည်းမယုံကြည်ပါဘူးဟု သူတို့ထဲတွင် တစ်ယောက်သောသူက သရော်လေသည်။

သူတို့ မေးနေကျမေးခွန်းများကို ထပ်ခါတလဲလဲ ပြန်မေးနေကြကာ၊ ကျွန်တော့်

ကို လိမ်ညာနေသူ၊ အဖျက်သမားလုပ်ငန်း ကျူးလွန်နေသူဟု စွပ်စွဲမြဲစွပ်စွဲနေကြသည်။

ကျွန်တော်လည်း ခေါင်းမာ၍ ယဉ်ယဉ်ကျေးကျေးငြင်း ဆိုနေသဖြင့် သူတို့ဒေါသထွက်၍

အော်ဟစ်ငေါက်ဝေါ်ကြသည်။ သူတို့ဒေါသ ထွက်လေလေ ကျွန်တော်က ငြိမ်သက်လေ

ဖြစ်နေကာ သူတို့အတွက် သနားကြင်နာစိတ် ပိုမိုတိုးပွားလာပါသည်။ ဘုရားသခင်

သည် ရန်သူများအတွက် ချစ်ခြင်းမေတ္တာတရားကို အစစ်အမှန် သွန်းလောင်းပေးတော်မူသည်။

တရုတ်အချို့က အငွေ့တစ်ထောင်းထောင်းထွက်နေသော ခေါက်ဆွဲပန်းကန်

များကို စစ်ဆေးသူငါးယောက်၏ ရှေ့တွင် တည်ခင်းပြီး ကျွန်တော်ကိုလည်း ကမ်းလှမ်း

ရာ ကျွန်တော်ငြင်းဆန်ခဲ့ပါသည်။ ကျွန်တော်ကိုပေးသောဝေစုထဲတွင် အဆိပ်ခတ်မထား

ဘူးဟု ဘယ်သူပြောနိုင်မည်လဲ။ ကျွန်တော့်စိတ်ဝိညာဉ်ထဲတွင် ငြိမ်သက်မှုတစ်ရပ်

ထူးဆန်းစွာဖြစ်ပေါ်လာသည့်တိုင်အောင် အူမထဲတွင် အစားစားလိုစိတ် မပေါ်လာပါ။

ဗိုက်ဆာသည့်တိုင်အောင် စားနိုင်မည်မဟုတ်ပါ။ သို့သော် ဖျော်ရည်တစ်ဗူးကိုလက်ခံ

လိုက်သည်။ ကျွန်တော့်ရှေ့မှာပင် ဖွင့်ဖောက်သည့်အတွက် ဘေးကင်းသည်ဟုသိရှိရ

သည်။ သူတို့ အစားအစာအတွက် ဆုတောင်း ပေး၍ ရမည်လားဟု တောင်းကြည့်သည်။

ဒေါသထွက်၍ ငြင်းဆန်ကြသည်။ သို့သော် သူတို့စားသုံးသည့် အစားအစာများအတွက်

ကျွန်တော် အသံကျယ်ကျယ်ဆု တောင်း၍ ကျေးဇူးကို ချီးမွမ်းလိုက်ပါသည်။

ကျွန်တော့်ယုံကြည်ချက်ကို နောက်တစ်မျိုးကြေညာခြင်းဖြစ်သည့် အပြင် သူ့ရဲ့ခြိမ်းခြောက်၍မရနိုင်သည့် အကြောင်းကို ပြသခြင်းဖြစ်သည်။သူတို့ခေါက်ဆွဲများကို ပလုတ်ပ‌‌ လောင်းစားနေကြသည်။ ဗိုက်ပြည့်နေကြပြီးမှ တစ်ဖန် အားတက်၍ ပြန်လာကြသည်။ အချို့တွင်

အဖျက်သမားလုပ်နေသည်ဟု စွပ်စွဲ၍ အမျိုးမျိုးစော်ကားမော်ကား ပြောဆိုကြသည်။

ကျွန်တော့်စကားနှင့်ကျွန်တော် ကျော့ကွင်းမမိအောင် ကြိုးစား ‌ဖြေသည်။ သူတို့က မေး

မြန်းလေ ကျွန်တော် စိတ်တည်ငြိမ်လေလေး မေတ္တာတရားပွားများပေသည်။

ဆွီဇာလန်နိုင်ငံမှာ ဇိမ်ခံပြီးနေထိုင်လို့ရတယ်ဟု သူတို့ကို ပြောလိုက်ပါသည်။ ဆွီဇာလန်နိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံဖြစ်တယ်။ ဒါပေမဲ့

ကျွန်တော် အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် အကောင်းဆုံး အသက်အရွယ်ကို

လက်လွှတ်ပြီး အာဖရိကတိုက်မှာ ခင်ဗျားတို့ ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုသိ

ရအောင် လာခဲ့ပါတယ်။ ကျွန်တော့်ကိုယ်ကျိုးအတွက် လုပ်ကိုင်ဒါ မဟုတ်ဘူး။

ခင်ဗျားတို့ကိုချစ်လို့လာဒါဖြစ်တယ်။ ခင်ဗျားတို့ရဲ့ ဝိညာဉ်ရေးရာအတွက် စိတ်ပူပန်နေလို့

ပါ။ ကျွန်တော့်စိတ်ထဲက ပေါ်လာသည့် ထုတ်ဖော်ပြောဆိုချက်များကို နှခေါင်းရှုံ့ကာ

အမျိုးမျိုး‌ ‌ပြောကြလေသည်။

ဘုရားသခင်သည် သူတို့အပေါ်တွင် ကြီးမားသော သနားကြင်နာစိတ်

ရှိသောကြောင့် သူတို့ကို ကယ်တင်ရန် ယေရှုကိုလက်ဝါးကပ်တိုင်ပေါ်တွင် အသေခံဖို့

စေလွှတ်တော်မူသည်ဟု မေတ္တာစကားများဖြင့် ကျွန်တော်ဦးစွာ တုံ့ပြန်နေပါ

သည်။ သက်သေခံရာတွင် ကျွန်တော် ရဲဝံ့သည်ထက် ရဲဝံ့လာသည်။ ပိလတ်မင်းရှေ့မှာ

ယေရှုပမာ သူတို့သည် ကျွန်တော့်ကို စစ်ကြောခံရသောသူဖြစ်ဦး၊ ကျွန်တော်သည်

လျင်မြန်စွာ အပေါ်စီးနေသည်မှာ ထင်ရှားလာသည်။ သူတို့ဘာမျှမပြောနိုင်

မပြုနိုင်ကြတော့ပါ။

နောက်ဆုံးတွင် တစ်နာရီခွဲခန့်ကြာပြီးနောက် စစ်ဆေးမေးမြန်းခြင်း၊ခေါင်းဆောင်သူက ဘာမျှမတတ်နိုင်တော့ပါ။ သူတို့ အတွက်ဘုရားသခင်၏ချစ်ခြင်း

မေတ္တာတရားကို စိတ်တည်ငြိမ်နှင့်ဦးလည်မတုန် ကျေညာနေသည်ကို သည်းမခံနိုင်တော့

သည်ကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါသည်။ သူ့လက်များကို အပေါ်မြောက်၍ ထိုင်ခုံကို

နောက်သို့ တွန်းကာ၊ထပါဟု အော်ဟစ်လေတော့သည်။ ဘာများဖြစ်ဦးမည်။

အဆောက်အဦးအပြင်ဘက် အေးစိမ့်သောလေထဲသို့ ပြန်လည်မောင်းနှင်ကာ

တစ်ဖန် ထရပ်ကားထဲသို့ တက်ရန်အမိန့်ပေးလေသည်။ ရှပ်အင်္ကျီပါးပါး ဘောင်းဘီပါး

ပါးတို့ကိုသာ ဝတ်ဆင်နေသည့်အတွက် ဤတစ်ကြိမ်တွင် ထရပ်ကား ရှေ့အာဖရိက

စစ်သားနှစ်ယောက်အကြားတွင် ညှပ်၍ထိုင်ခိုင်းသည်ကို အလွန်ကျေးဇူးတင်မိပါသည်။

အခြားစစ်သားများ ကားနောက်သို့တက်ကြသည်။ စခန်းခြံဝင်းတံခါးမမှ ထွက်ခွာသည့်

အခါ မှောင်မိုက်ထဲတွင် ကျွန်တော် မှန်းဆနိုင်သမျှ မှန်းဆ၍ရသည်မှာ တောင်ဘက်သို့

ဦးတည်နေပါသည်။ တစ်နာရီ ခန့် မောင်းနှင်ပြီးသည်နောက် တရုတ်စခန်းတစ်ခုပေါ်လာ

ပြန်သည်။ အားကြီးသော လျှပ်စစ်မီးအလင်းအောက်တွင် အဆောက်အဦ များ၏အရိပ်

သည် သံဆူးကြိုးခြံစည်းရိုးပေါ်တွင် ကျရောက်သည် ။ ခြံဝင်းထဲသို့ ဝင်သွားပြီး

ထရပ်ကားပေါ်မှဆင်းကာ အေးစိမ့်သောလေထဲတွင် မတ်တတ်ရပ်၍ ခိုက်ခိုက်တုန်နေပါ

သည်။ သေနတ်ကိုင်ဆောင်သော အာဖရိကစစ်သားများမှ စောင့်ကြပ်နေကြသည်။

တရုတ်အရာရှိများ အဆောက်အဦများထဲမှ ဝင်လိုက်ထွက်လိုက်လုပ်နေကြသည်။

ရုတ်တရက်ဘယ်ကပေါ်လာမှန်းမသိ ဂျာမနီသိုးထိန်းခွေးကြီးတစ်ကောင်သည်

ကျွန်တော့်ကို တိုက်ခိုက်ရန် ရှေ့သို့ ခုန်ထွက်လာသည်။ ကျွန်တော်ထခုန်သည်။

သွားများပေါ်အောင် ပါးစပ်ဖြဲထားသောခွေးသည် ကျွန်တော့်ကို ကိုက်တော့ မည့်အခြေ

အနေကြောင့် နှလုံးခုန်မြန်လာသည်။ ကြောက်လန့်နေသည်ကို စစ်သားများသဘော

ကျကာ တစ်ဟားဟားရယ်ကြရင်း အကိုက်မခံမီ ခွေးကို ထိန်းလိုက်ကြသည်။ ၎င်းခွေး

သည် မှောင်မိုက်ထဲသို့ ပျောက်ကွယ်သွားသည်။ ဘာများအတိုက်အခိုက်လာဦးမည်လဲဟု

ဘေးပတ်လည်ကို လိုက်ကြည့်ရင်း အသက်ရှုကြပ်သွားပါသည်။ စိတ်ချောက်ချား၍သွေး

လန့်နေပါသည်။ ဘာဖြစ်လာဦးမည်လဲ။ ဤနေရာတွင် ကျွန်တော်တစ်ယောက်တည်းသာ

လူဖြူဖြစ်သဖြင့် ၎င်းခွေး၏ သီးခြားပစ်မှတ်ဖြစ်ခဲ့သည်ဟု စိတ်ထဲတွင်ပေါ်လာသည်။

အဘယ်ကြောင့်ဆိုသော် ကျွန်တော်နှင့် အတူ ရောက်ရှိကြသော အာဖရိကတိုက်သားများ

ကို ဂရုမစိုက်သည်ကို တွေ့ရသည် ။ ကျူးကျော်သူများကို တိုက်ခိုက်ရန် လေ့ကျင့်ထား

သော တောင်အာဖရိက နှင့် ရိုဒီရှားခွေးများနှင့်မတူဘဲ ဤခွေးကို လူဖြူများ၏အနံ့ခံရန်

လေ့ကျင့်ထားသည်။ လူမည်းအမြောက်အမြားနှင့်တရုတ်များက လူဖြူများကို မုန်းတီး

သည့် အကြောင်းကို အစစ်အမှန် ပေါ်လွင်စေသည်။ ဘာများဖြစ်လာဦးမည်လဲဟု

စိတ်ပူပန်၍ ခိုက်ခိုက်တုန်လျက် မတ်တတ်ရပ်နေလိုက်ပါသည်။

ထရပ်ကားဘေးတွင် အာဖရိကစစ်သား အစောင့် များနှင့် နာရီဝက်ခန့်

မတ်တတ်ရပ်ကြပြီးနောက် ဘောင်းဘီပွပွ ဝတ်ဆင်သော တရုတ်အရာရှိများ အဆောက်

အဦထဲမှ ထွက်လာကြသည်။ ဘာဖြစ်မှန်းမသိ ရှင်းပြခြင်းတစ်စုံတစ်ရာမရှိဘဲ စစ်သား

များမှ ကျွန်တော်ကို ထရပ်ကားပေါ်သို့ ပြန်တက်ခိုင်းသည်။ စခန်းထဲမှထွက်၍

တောင်ဘက်သို့ ဦးတည်၍ ခရီးဆက်ထွက်ပြန်သည်။ ရှေ့ရေး မရေရာမှု၊ တစ်နေကုန်

မော်တော်ယာဉ်မောင်းနှင်၍ ခရီးဝေးသွားရာမှ ကိုယ်စိတ်နှစ်ပါးနွမ်းနယ်မှုနှင့်

အဖမ်းခံခြင်း၊ စစ်ကြောမေးမြန်းခြင်းတို့ပေါင်းစပ်သည့် ဒဏ်က စတင်ပေါ်လာသည်။

ညဉ့်နက်လာ၍ အားအင်ကုန်ခမ်းလာသည်။ သို့သော် စိတ်ခြောက်ခြားလွန်းသည့်အတွက်

မျက်စိတစ်ခါနှစ်ခါ မိတ်ကြည့်သော်လည်း အိပ်၍မရပါ။ ဦးနှောက်က ချာချာလည်

နေသည်။ အတိအကျ စွပ်စွဲစရာ မတွေ့ကြသေးသော်လည်း အာဖရိကတိုက်မှာတောင်

ဤတရုတ်များသည် ကျွန်တော့်ကို နိုင်ငံခြားသားတစ်ဦးအနေဖြင့် အကျဉ်းထောင်ထဲသို့

ပစ်ထည့်၍ စစ်ဆေးသမှုမပြုဘဲနှစ်ပေါင်းများစွာ အရိုးကျွတ်အောင် ထားကောင်းထားနိုင်

သည်။ အခု ဘယ်ကို ခေါ်သွားကြသလဲ။

အိမ်များကိုလှမ်းမြင်၍ နယ်မြေအမှတ်အသားများကို မှတ်မိသည့်အခါ

သိက္ခာတော်ရဆရာကြီး ဘူလန်ဂါနိုနှင့် နေ့လည်စာစား၍ ခရိုင်ဝန်နှင့် ဆုံမိ

ခဲ့သောဆယ်ရင်ဂယ်မြို့သို့ ပြန်ရောက်မှန်းသိမှတ်ခဲ့သည်။ မြို့လယ်ခေါင်သို့ မောင်းနှင်ကာ

ရဲဌာနချုပ်ရှေ့တွင် ရပ်လိုက်သည်။ ကျောက်တုံးဖြင့် ဆောက်လုပ်ထားသော အဆောက်

အဦလှေကားတက်သွားသည့် အခါ ရဲအချုပ်ခန်းထဲသို့ ခေါ်ဆောင်သွားမည်ဟု အပြည့်

အ၀ မျှော်လင့်ထားပါသည်။ သို့သော် ဤကဲ့သို့ မဟုတ်ဘဲ ဆေးသုတ်ထားသော စားပွဲခုံ

နောက်တွင် ရဲဝတ်စုံဝတ်ဆင်သော ရဲအရာရှိတစ်ဦး ထိုင်နေသည့် ရုံးခန်းထဲသို့ အစောင့်

အရှောက်ဖြင့် ခေါ်ဆောင်သွားသည်။

ကျွန်တော်ကို ကုလားထိုင်နောက်မှီအကြမ်းတစ်လုံးပေါ်တွင် ထိုင်ခိုင်းသည်။

အစောင့်များပြန်လှည့်သွားကြပြီး ကျွန်တော်နှင့် ၎င်းရဲအရာရှိတစ်ယောက်သာ ကျန်နေ

ကြသည်။ သူ၏ သပ်ရပ်သော ဝတ်စုံနှင့် အမိန့်အာဏာထက်မြက်မည့် အမှုအရာကို

ကြည့်ခြင်းအားဖြင့် ပေါ့ဆ၍ရသည့်လူစားမဟုက်ဟု ချက်ခြင်းသိရှိပါသည်။ ရိုးရိုးရဲသား

မဟုတ်ဘဲ လူဆာကာမြို့မှ အရာရှိကြီးတစ်ဦးဖြစ်ကာ ခရီးကြုံခိုက် အထူးသဖြင့်

ကျွန်တော့်အမှုကို ပြန်လည် သုံးသပ်ရန် ပင့်ဆောင်ခဲ့သည်မှာ သေချာပါသည်။ အလို

အလျောက် ကိုယ်စိတ်နှစ်ပါးတင်းမာလာသည်။ ဤလူကို အထူးဂရုစိုက်ဖို့ လိုပါလိမ့်

မည်။ ကျွန်တော့်နိုင်ငံကူးလက်မှတ်ကို ကောက်ယူ၍ စာမျက်နှာများကို ကြည့်ကာ

“ဆွီနိုင်ငံသား ဖြစ်နေတာကိုး” ဟု ပြောဆိုလေသည်။

ဟုတ်ကဲ့ပါ။ ကင်ညာကိုပြန်သွားတာပါ။တရုတ်များက သူလျှိုလို့စွပ်စွဲသလားဟု စောစောက အာဖရိက စစ်ဆေးသမားများနှင့်မတူ ဒေါသထွက်ခြင်း၊ စိတ်ထကြွခြင်းမျိုးမရှိဘဲ ယဉ်ကျေးခွာ၊ အမိန့်အာဏာပါပါနှင့်မေးလေသည်။

ကျွန်တော်သူလျှိုမဟုတ်ပါဘူး။ သာသနာပြုဆရာအဖြစ် ခင်ဗျားတို့ နိုင်ငံကို

ရောက်လာတာပါ။ ကျွန်တော့်လုပ်ငန်း တစ်ဖက်တစ်လမ်းအနေနှင့် ခရစ်ယာန်စာပေများ

ကို လမ်းတစ်လျှောက်တွေ့ရှိတဲ့လူတိုင်းကို ဖြန့်ဝေခဲ့ပါသည်။

ရဲအရာရှိမှ အာရုံစိုက်၍ နားထောင်နေသည်။ ဘာမျှမပြောသော်လည်း

ကျွန်တော့်ကို အကဲခတ်နေသည်မှာ သေချာသည်။ တရုတ်များကြိုးဆွဲကိုင်ထားသော

အာဖရိကအထူးရဲတပ်ဖွဲ့များနှင့်မတူဘဲ ဤလူသည် ဆင်ခြင်တုံတရားရှိမည့်လူဟု

အကဲခတ် ဆုံးဖြတ်လိုက်ပါသည်။ ကျွန်တော်အပြစ်ကင်းမှန်း သူသဘောပေါက်အောင်

ရှင်းပြနိုင်မည့်နည်းလမ်းကို ရုတ်တရက် သတိရလာသည်။ ကျွန်တော်ဘယ်လိုလို့ သူလျှို

အဖြစ် အပြစ်တင်လို့ ရမည်လဲ ဆရာကြီး၊ ဒီနေ့လည်ဒီဆယ်ရင်ဂယ်မြို့မှာပဲ ခင်ဗျားတို့

ခရိုင်ဝန်နှင့် နေ့လည်စာကို အတူတူစားသုံးကြတယ်။ ဒီမြို့မှာ အသင်းတော်အကြီးဆုံး

ပိုင်ဆိုင်တဲ့ ပရက်စ်ဘီတေးရင်းဘုန်းကြီး သိက္ခာတော်ရဆရာကြီးဘူလန်ဂါနိုအိမ်မှာ

နှစ်ယောက်သား ဆုံမိကြတယ်။ ခရိုင်ဝန်ကိုယ်တိုင်က တရုတ် ခရစ်ဝင်စာကို ကြည့်ရှုပြီး

သဘောတောင်ကျနေတယ်။

ရဲအရာရှိကြီးသည် စိတ်ဝင်စားကာ ခါးဆန့်၍ထိုင်လာသည်။သိက္ခာတော်ရဆရာကြီး ဘူလန်ဂါနိုကို ဒီအကြောင်းဟုတ်မဟုတ် မေးကြည့် ရင်ရမည်လား။ဟုတ်ကဲ့ပါ ၊သေချာပါတယ်ဟု ကျွန်တော် ပြန်ဖြေသည်။ တစ်ညလုံး ပထမအကြိမ်မျှော်လင့်ချက်အရိပ်အရောင်ပေါ်လာသည်။ အဖုံးနီတရုတ်ခရစ်ဝင်စာအုပ်များကိုသိက္ခာတော်ရဆရာကြီးမှ ခရိုင်ဝန်ကိုပြသောအခါ ကျွန်တော့်စိတ် အရမ်းပူခဲ့ပါသည်။

ကျွန်တော့်အနေဖြင့် တာဝန်ပေါ့ဆမှုတစ်ရပ်အဖြစ် ရှုမြင်ခဲ့သောအမှုအရာ၌ ဘုရား

သခင်၏အကြံအစည်ဖြစ်မှန်းကို အခု ကျွန်တော် သဘောပေါက်လာသည်။ ရဲအရာရှိကြီး

အား သိက္ခာတော်ရဆရာကြီး၏တယ်လီဖုန်းနံပါတ်ကို ပေးလိုက်ပါသည်။ သူ့စာရေးခုံ

ပေါ်က တယ်လီဖုန်းကိုကောက်၍ချက်ခြင်း ခေါ်လေတော့သည်။ ဆရာကြီး၏ အခန်းထဲ

တွင် တယ်လီဖုန်းမြည်သံကို ကြားယောင်မိသည်။ ညသန်းခေါင်ကျော်ဖြစ်၍ ဆရာကြီး

အိပ်ပျော်နေလောက်ပြီ။ နောက်ဆုံးတွင် ဆရာကြီးအသံသဲသဲထွက်ပေါ်လာသည်။

ဟယ်လို ဘူလန်ဂါနို စကားပြောနေတယ်။သိက္ခာတော်ရဆရာကြီးဘူလန်ဂါနို၊ ရဲဌာနချုပ်ကို ချက်ခြင်းလာရောက်စေချင်ပါတယ်။ ထပ်မံရှင်းပြခြင်းမရှိဘဲ အရာရှိက အမိန့်ပေးလေသည်။ ညသန်းခေါင်အချိန်တွင် ဤကဲ့သို့ ဆင့်ခေါ်ခြင်းခံနေသည်ကို ဆရာကြီး ဘယ်လိုသဘောထား

မည်လဲဟု ကျွန်တော့်စိတ်ထဲတွင် မြင်ယောင်မိပါသည်။ ဦးနှောက်ချာချာလည်လျက်

ကျွန်တော်ငုတ်တုတ်ထိုင်နေပါသည်။ သိက္ခာတော်ရဆရာကြီးဘူလန်ဂါနိုသည်ကျွန်တော်

ကိုထောက်ခံမည်လာ သို့ မဟုတ် သူ့ ကိုယ်တိုင် ဘေးကင်းရန်ကင်းရေးအတွက် နောက်

ကြောင်းပြန်လှည့်၍ သုတ်ခြေတင်မည်လော။ သူထွက်လာပြီဟု အရာရှိမှပြောပြောဆိုဆို

တယ်လီဖုန်းကို ပြန် ချသည်။

အဲဒီတော့ ခင်ဗျားက သူလျှိုမဟုတ်ဘဲ သာသနာပြုဆရာအဖြစ် ရောက်လာ

တယ်လို့ ဆိုတယ်။ မစ္စတာလက်၊ ခင်ဗျားအဓိကလုပ်ဆောင်ချက်က ဘာလဲဗျာ။

ကျွန်တော့် တစ်ကိုယ်လုံး တင်းမာလာပြန်သည်။

ဤအရာရှိကိုတော့ ပေါ့ပေါ့တန်တန် သဘောထား၍မဖြစ်ဘူး၊ ဂရုစိုက်ဖို့

လိုပါလိမ့်မည်။ လူငယ်သာသနာပြုအဖွဲ့အကြောင်းနှင့် ကင်ညာနိုင်ငံ တန်ဇန်နီးယားနှင့်

အခြားနိုင်ငံများမှာ လုပ်ဆောင်ခဲ့သည့်အကြောင်း ကျွန်တော် ရှင်းပြခဲ့ပါသည်။

သို့ သော် ရိုဒီရှားများအကြောင်းကို မပြောမိဖို့ သတိကြီးစွာ ရှောင်ရပါသည်။ ဘော့စ်ဆွားနား

မှာ ဘယ်လောက်ကြာသည် သို့မဟုတ် နောက်ဆုံးလများ ဘယ်မှာ ဘာလုပ်ခဲ့သလဲဟု

အချိန်မရွေး မေးလိမ့်မည်ဟု မျှော်လင့်ထားပါသည်။ ဤကဲ့သို့ မေးမည့်အစား စာအုပ်များ

အကြောင်းကိုသာ မေးနေပါသည်။ ဤစာအုပ်များကို ဘယ်မှာပုံနှိပ်သလဲဟု မေးမိမည်

စိုးရိမ်၍ ကျွန်တော် မနေတတ်မထိုင်တတ်ဖြစ်နေသည်။ ရိုဒီရှားတွင် နေထိုင်ခဲ့သည့်အ

ကြောင်းနှင့် လုပ်ဆောင် ခဲ့သည့် အကြောင်း သဲလွန်စကို သူသိသွားလျှင် ကျွန်တော်

ကံကြမ္မာ အဆုံးသတ်ပေတော့မည်။

အမေးအဖြေ မိနစ် ၂၀ခန့်လုပ်ကြပြီးသည်နောက် သိက္ခာတော်ရဆရာကြီးဘူလန်ဂါနို ရောက်လာသည် ဘာမှန်းညာမှန်းမသိ၊ ညသန်းခေါင်ကြီး အခေါ်ခံရသည်ကို စိတ်မချမ်းသာမှန်း ပေါ်လွင်နေပါသည် ။ ရဲအရာရှိ၏ရှေ့တွင် ကျွန်တော် ထိုင်နေသည်ကိုမြင်သောအခါ တံခါးပေါက်တွင် ပါးစပ်ဟောင်းလောင်းနှင့် ရပ်တန့်နေလေသည်။ သူ့စိတ်ထင်တွင် ကျွန်တော်သည် မိုင်ပေါင်းရာနှင့် ချီ၍အရပ်သို့ ရောက်သွားပါလိမ့်မည်။မစ္စတာလက်ခ် ဘာလုပ်နေသလဲဟု ဗလုံးဗထွေးပြောဆိုသည်။

ဒီလူကိုသိလို့လားဟု ရဲအရာရှိက မေးသည်။

သိတာပေါ့၊ ဒီနေ့သူနှင့် နေ့လည်စာ စားခဲ့ကြတယ်လေဟု ဆရာကြီး

သူ့မျက်လုံးအစုံဖြင့် ကျွန်တော့်ကိုစိုက်ကြည့် ၍ ခေါင်းတစ်ခါခါနှင့်ပြောဆိုလေသည်။

မျက်နှာပေါ်တွင် အံ့ဩသောအမူအရာ အထင်သားဖြင့် အရာရှိတည်ပေးသောကုလား

ထိုင်ပေါ်တွင် ထိုင်ချလိုက်လေသည်။

ဒါနှင့် ခရိုင်ဝန်ကော ခင်ဗျားတို့နှင့် ရှိခဲ့သလားဟု အရာရှိကမေးသည်။

ဆရာကြီးက သူ့ကိုစိုက်ကြည့်နေသည်။ဟုတ်ပါတယ်၊ ဖိတ်ကြားထားတဲ့ဧည့်သည်တော်ပါ။

တစ်ဖန် ကျွန်တော်ဘက်ကို လှည့်၍ ကြည့်စမ်းပါဦး၊ ဘယ်လိုဖြစ်လာတာလဲ။ဘာဖြစ်လို့ မစ္စတာလက်ခ် ဆယ်ရင်ဂယ်မြို့ပြန်ရောက်လာသလဲ”။

သူ့ကို သူလျှိုဖြစ်တယ်၊ အလုပ်သမားများကို ကျမ်းစာဖြန့်ပေးတယ်

တရုတ်များက စွပ်စွဲနေတယ်။ သိက္ခာတော်ရဆရာကြီးဘူလန်ဂါနိုက အသောကလေး

လေချွန်လိုက်သည်။

ရဲအရာရှိဘက်သို့လှည့်၍ သူက ခိုင်ခိုင်မာမာပြောဆိုသည်။ အရာရှိကြီးခင်ဗျာ၊

ကျွန်တော် အာမခံရဲပါတယ်။ မစ္စတာလက်ခ်က သူလျှိုမဟုတ်ပါဘူး။ ဆွီဇာလန်နိုင်ငံက

လာတဲ့ သာသနာပြုဆရာတစ်ပါးဖြစ်တယ်။နေ့လည်စာ စားသုံးကြရင်း ထွေရာလေးပါးဆွေးနွေးကြတယ်။မစ္စတာလက်ခ်ယူလာတဲ့ တရုတ်ခရစ်ဝင်စာအုပ်ကို ခရိုင်ဝန်ကိုပြလိုက်တော့တော်တော်အကြံပိုင်တဲ့ အလုပ်ပဲလို့ ပြောသွားတယ်။

သဘောပေါက်တယ်ဟု ရဲအရာရှိက ထင်မြင်ချက် တစ်စုံတစ်ရာမပေးဘဲ

ပြန်ဖြေသည်။ သို့သော် သိက္ခာတော်ရဆရာကြီးဘူလန်ဂါနို ပြောသောစကားသည်

ကျွန်တော့် အမှုကိစ္စတစ်ခုလုံးအပေါ် အမြင်သစ်တစ်ခုလုံးလုံးလျားလျား ပေါ်စေလေပြီဟု

မေးသည်။

ကျွန်တော် သဘောပေါက်ပါသည်။ ကျွန်တော့်ဘက်သို့ လှည့် ၍ ရဲအရာရှိကြီးက

ဒီစာကို ကြေညာခဲ့သလား။ဟုတ်ကဲ့။ ကျွန်တော့် အကောက်ခွန်ကျေညာချက်မှာ ထည့်ထားပါတယ်ဟု

ပြောပြောဆိုဆို လက်ဆွဲ သားရေအိတ်ထဲမှ ဆွဲထုတ်ရင်း နောက်တစ်ကြိမ် ကြေညာ

စာရင်းထဲတွင် တရုတ်ခရစ်ဝင်စာအုပ်များဟု ထည့် စေခဲ့ သော ခရစ်ယာန်အကောက်ခွန်

အရာရှိအတွက် သခင်ဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

ရဲအရာရှိကြီးသည် နှုတ်ခမ်းကို ကျုံးစေကာ တံဆိပ်တုံးရိုက်ထားသော

အကောက်ခွန်ပုံစံထဲက ပစ္စည်းစာရင်းများကို ဖတ်ရှုလေသည်။ သူဘာစဉ်းစားနေသည်

ကို ကျွန်တော် ပြောဆသိုနိုင်ပါသည် ။ အစစ အရာရာကို ဥပဒေနှင့် အညီ ကျွန်တော်

လုပ်ကိုင်နေသည်ကို သက်သေ သာဓက ပြခြင်းဖြစ်သည် ။

သူ့နိုင်ငံထဲသို့ နိုင်ငံခြားသား ဧည့်သည်အနေဖြင့် စွဲချက်ခိုင်ခိုင်လုံလုံ မရှိဘဲ

ထိန်းချုပ်ခြင်းခံလျှင် နိုင်ငံတကာပြဿနာဖြစ်နိုင်သည်။ အထူးသဖြင့် နိုင်ငံတကာ

ဆက်ဆံရေးတွင် ပေါက်ကွဲမှုအဆင့် ရောက်နေသော ဇမ်ဘီယာနိုင်ငံအတွက် ပိုဆိုးသွား

နိုင်သည်။ “ဟုမ်မ်”ဟု ညည်းညူလျက် ကျွန်တော့် အကောက်ခွန် ပုံစံစာရွက်ကို ပြန်ကမ်း

ပေးသည်။ “ကျွန်တော်တို့လူများ လုပ်ပုံပိုသွားတယ်နှင့်တူပါတယ်”၊ ဆရာကြီးဘက်သို့

လှည့် ၍ အကူအညီအတွက် ကျေးဇူးတင်ကာ ညအချိန်မတော် ခေါ်ထုတ်သည့် အတွက်

တောင်းပန်လေသည် ။

တစ်ဖန် ကျွန် တော်ဘက်လှည့်၍ ပြောသည်။ “ကောင်းပါပြီ၊ မစ္စတာလက်ခ်။

ခင်ဗျားကို ဆက်လက်ထိန်းချုပ်စရာအကြောင်း မမြင်ရဘူး။ မှားယွင်းစွာ စွပ်စွဲပြီး ထိန်း

ချုပ်ထားတဲ့ ရဲတပ်ဖွဲ့ ကိုယ်စား ဝမ်းနည်းတဲ့အကြောင်း ဖော်ပြဖို့မှလွဲ၍ ကျွန်တော်ဘာမှ

မတတ်နိုင်ဘူး။ ဒီကိစ္စနှင့်မလိုအပ်ဘဲ စိတ်ဆင်းရဲမှုခံစားရတာ တစ်ကယ်ပဲ ဝမ်းနည်းပါ

တယ်။ အကျဉ်းထောင်ချဖို့ ရင်ဆိုင်နေသော အလိုရှိသည့်ရာဇဝတ်ကောင်ကနေ ရိုသေ

လေးစားသမှု အပြုခံသောပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ “လာတဲ့နေရာကို ပြန်ပို့ဖို့ မော်တော်

ကားကို စီစဉ်လိုက်ဦးမယ်”ဟု ရဲအရာရှိပြောဆိုလေသည်။

စွဲချက်အားလုံးမှ လွတ်မြောက်ပြီးကြောင်း သိမြင်သောအခါ ဆရာကြီးဘူလန်

သည် ကျွန်တော့်ကိုနှုတ်ဆက်၍ အလျင်အမြန် သုတ်ခြေတင်လေသည်။ ရဲအရာရှိ

ကြီးသည် အရာရှိငယ် ရဲနှစ်ယောက်ကိုခေါ်၍ ကားတစ်စီးရှာပြီး ဒီပုဂ္ဂိုလ်ကို ချီဘမ်ဘို

သာသနာပြုဌာနကို ပြန်ပို့ကြပါ”ဟု အမိန့်ပေးရာ ရဲနှစ်ယောက်ကအလေးပြု၍ “ဟုတ်ကဲ့၊

ဆရာကြီး” ဟု ပြိုင်တူပြောဆိုကြသည်။ ဤရဲနှစ်ယောက်၏ ရိုသေလေးစားပုံကို မြင်

သောအခါ ဤရဲအရာရှိ၏ရာထူးအဆင့် မြင့်မားပုံကို အသစ်တစ်ဖန် ရိပ်စားမိပါသည်။

နောက်ဆုံးပေါ် ပင်ဂွတ်ဇိမ်ခံဗင်ကားအဖြူတစ်စီး ရဲဌာနချုပ်ရုံးရှေ့သို့ ရောက်ရှိ

လာသည်။ ခင်မင်စွာလက်ဆွဲနှုတ်ဆက်သည့် အပြင် မှားယွင်းစွာ ထိန်းသိမ်းရခြင်းအ

တွက် ဝမ်းနည်းကြောင်း တောင်းပန်စကားဆိုရင်း ရဲအရာရှိကြီးသည် ကားနောက် တံခါး

ကိုဖွင့် ၍ ကျွန်တော့်ကိုကားထဲသို့ ပို့ဆောင်လေသည်။ ချီတမ်ဘိုမြို့သို့ သွားသော ကား

လမ်းအတိုင်း အမှောင်ထဲတွင် မောင်းနှင်သည့်ကားထဲတွင် ဇိမ်ခံ၍ထိုင်နေပါသည်။ ဤ

ခြံဝင်းထဲမှ လွန်ခဲ့သော(၈)နာရီတုံးက ကျွန်တော် စီးလာခဲ့ သော ထရပ်ကားနှင့် တစ်ခြား

ဖြစ် သည်။

ဤဖြစ်စဉ်ကို ပြန်လည်စဉ်းစားသည့်အခါ အစစ်အမှန်မဖြစ်ခဲ့သော အိပ်မက်

ဆိုးသဖွယ်ဖြစ်သည့်တိုင်အောင် ကျွန်တော်လွတ်မြောက်ဖို့ ဘုရားသခင် ကြိုတင်ပြင်ဆင်

တော်မူသော မယုံနိုင်စရာ နည်းလမ်းများကို အံအားသင့်လျက်ရှိနေပါသည်။ ပစ္စည်း

ကျေညာပုံစံထဲတွင် တရုတ်ခရစ်ဝင်စာအုပ်များကိုထည့်ရန် အကောက်ခွန်အရာရှိ၏

အတင်းစေခိုင်းချက်၊သိက္ခာတော်ရဆရာကြီးဘူလန်ဂါနို၏မဆင်မခြင် ခရိုင်ဝန်ကို

အဖုံးနီတရုတ်ခရစ်ဝင်စာအုပ်များကိုပြသခြင်း၊ လက်ဆွဲသားရေအိတ်ထဲမှ နောက်ဆုံးတွင်

တရားခံပစ္စည်းဖြစ်သော ရိုဒီရှားနိုင်ငံတွင် အမြဲနေထိုင်ခွင့်လက်မှတ်ကို ဝှက်ထားနိုင်ခြင်း

နှင့် ရိုဒီရှားနှင့်ပတ်သက်သော မေးခွန်းများကို စစ်ကြောသူများမှ မေးမြန်းရန် ပျက်ကွက်

မှုတို့သည် ဘုရားသခင်ကြိုတင်ပြင်ဆင်တော်မမူလျှင် ဇိမ်ခံကားထဲတွင် ထိုင်ပြီး

ပြန်သွားမည့်အစား အကျဉ်းထောင်ထဲတွင် အချုပ်ခံနေရမည်ဖြစ်သည်။

“ကျေးဇူးတင်ပါသည် သခင်ဘုရား၊ ကိုယ်တော်အတွက် အနည်းငယ် ဒုက္ခခံစားဖို့

ပြုသည့် အထူးအခွင့်အရေးအတွက် ကျေးဇူးတင်ပါသည်။ လွတ်မြောက်ဖို့လမ်းကို

ပြင်ဆင်ပေးတော်မူသည့်အတွက်လည်း ကျေးဇူးတင်ပါတယ်” (၁ကော၊ ၁း၃)ထဲက

ရှင်ပေါလု၏စကားကို သတိရသည်။ “လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ယှက်ခြင်းဆိုသော

သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့

မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စေဖို့အခွင့်ပေးတော်မမူ

သင်တို့သည် ခံနိုင်မည့်အကြောင်း စုံစမ်းနှောင့်ယှက်ခြင်းနှင့်တကွ ထွက်မြောက်သော

လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။”

စစ်တပ်ထရပ်ကားနောက်တွင် ဒုံးဒိုင်းဆောင့်၍ ကျောက်စရစ်လမ်းပေါ်တွင်

ထိုင်ရသော ခရီးစဉ်နှင့်နှိုင်းယှဉ်လျှင် ဤတစ်ကြိမ်တွင် ကားစီးရသည်မှာ ဇိမ်ခံ၍ (၁)

နာရီ မျှကြာကာ ချီဘမ်ဘိုသာသနာပြုခြံဝင်းသို့ ပြန်ရောက်ရှိပါသည်။ ပြန်လည်ရောက်

ချိန်မှာ နံနက်စောစောဖြစ်သဖြင့် မည်သူ့ကိုမျှ နိုးရန်သင့်တော်သောအချိန် မဟုတ်ပါ။

ထို့ကြောင့် ကျွန်တော့်ဗင်ကားထဲသို့ ကိုယ်ပေါ်အဝတ်အစားအပြည့်ဖြင့် ဝင်၍ ပင်ပန်းနွမ်း

နယ်လွန်းသဖြင့် ချက်ခြင်းအိပ်ပျော်သွားပါသည်။ နံနက်(၇)နာရီခန့်တွင် ဗင်ကားပြတင်း

ပေါက်မှ နေရောင်ဝင်လာသည့်အခါကျမှ နိုးပါသည်။ ပထမဆုံး စိတ်ကူးမှာ လွတ်

မြောက်လာသည့်အတွက် ဘုရားသခင်အား ချီးမွမ်းရန်ဖြစ်ပါသည်။ ဒုတိယစိတ်ကူးမှာ

ကျွန်တော် ကောင်းကောင်းမွန်မွန်ပြန်ရောက်လာသည့်အကြောင်းကို ဒေါက်တာဒူရီအား သိစေလိုခြင်းဖြစ်သည်။

နံနက်စောစော တံခါးခေါက်သံကြား၍ လာဖွင့်သောအခါ အံ့ဩဝမ်းမြောက်

စိတ်ဖြင့် ပါးစပ်ဟောင်းလောင်းကြီးနှင့်ကျွန်တော့်ကို ကြည့်ပြီး“ရုဒီ၊ ပြန်လာပြီလား

ဘာဖြစ်သလဲ”ဧည့်ခန်းထဲတွင်ထိုင်၍ ညတုံးကအဖြစ်အပျက်ကို ပြန်လည်ပြောပြသည့်

အခါ ကျွန်တော့်အတွက် ဘုရားသခင်ပြုတော်မူပုံကို ကျွန်တော်ကဲ့သို့ပင် သူလည်း

အူလှိုက်လှိုက်ဖြစ်နေသည်။ သူသည်လည်း စိတ်အနှောင့်အယှက် ကွန်ဖြစ်ခဲ့ရ

လေသည်။ “ဒီကိစ္စလောက် ဖြစ်မယ်လို့ မထင်မိခဲ့ဘူး။ ခင်ဗျားကို ဒီလိုလုပ်နိုင်လျှင်

မည်သူမဆို လုပ်နိုင်တဲ့သဘောဘဲ။ ဒီနိုင်ငံက လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်လို့

ကျိန်းဝါးနေတာ၊ အရစ်ထကြပြီ။ ဒီအခွင့်အရေးကို တိုက်ကြဖို့ လိုပါလိမ့်မယ် သို့မဟုတ်

ရင် တစ်နိုင်ငံလုံး တရုတ်နောက်အလွယ်တကူ ပါသွားလိမ့်မယ်။

တစ်ညလုံး စိတ်ညစ်ပြီး တစ်နေကုန် အနားယူချင်လေရဲ့ ။ သို့သော် အာဏာ

ပိုင်များသည် စိတ်ပြောင်းလဲလာကာ ကောင်းရှာမည်လားဟု စိတ်ပူမိသည့်

အတွက်ဤနယ်မှ အမြန်ဆုံး ထွက်ချင်ပါသည်။ ထို့ကြောင့် ရေမိုးချိုးနံနက်စာကို

ကမန်းကတန်းစားသောက်ပြီး မြောက်ဘက် တန်ဇန်နီးယားကို ဦးတည်လျက်ခရီး

ဆက်နှင်းပါသည်။ တရုတ်ခရစ်ဝင် စာအုပ်များအထုပ်လိုက် ကျန်နေသည်။ ကိုယ်တိုင်

ဖြန့်ဝေခြင်းကို ရှောင်မှ လိမ္မာရာရောက်မည်ဟု ယူဆထားသည့်တိုင်အောင် ဖြန့်လို

သောသူများလက်ထဲသို့ ရောက်ရှိနိုင်ရန် စိတ်အားထက်သန်ဆဲဖြစ်နေပါသည်။

ရှေ့ရက်အနည်းငယ်များတွင် ဒမ်ဘီယာနှင့် တန်ဇန်နီးယားနိုင်ငံတို့ကို ဖြတ်သန်း

သွားရင်း ကျွန်တော်ချန်လှပ်ခဲ့သော နေရာများတွင် ကျွန်တော့်တာဝန်ကို ဆက်လက်

ယူလိုသော ယုံကြည်စိတ်ချရသည့် ခရစ်ယာန်များလက်ထဲသို့ ၎င်းစာအုပ်ထုတ်ကို

ပေးအပ်နိုင်ပါသည်။ ကိုယ်တိုင်ဖြန့်သည့်အလုပ်မှ ကျွန်တော့်ကို သခင်ဘုရား

ထုတ်တော်မူခြင်းများ ဖြစ်နေမည်လားဟု အသိစိတ်ဝင်ကာ စိတ်ထဲတွင် သက်တောင့်

သက်သာဖြစ်လာသလို၊ အာဖရိကတိုက်တွင် တရုတ်များရှိနေတုံး အခွင့်အလမ်းသာ

တိုင်း စာအုပ်များကို ပေးကမ်းလို သောသူများရှိနေသည်ကို သိရှိရသည်မှာလည်း

စက်အားတက်ကြွမှုရရှိခဲ့ပါသည်။

နောက်ဆုံး စာအုပ်များကို အပ်နှံခဲ့သည့် နေရာမှာ ဒါရက်စလမ်မြို့နယ်၊

သယ်မယ်ကယ်မြို့ ဆိုင်မွန်လျာထံတွင်ဖြစ်သည်။ ကျွန်တော်၏လှုပ်ရှားမှုဗဟိုသည်

ဆာလီ ဗျူရီသို့ ပြောင်းရွှေ့သွားသည့်အတွက် ဆိုင်မွန်နှင့် မတွေ့ခဲ့သည်မှာ (၃)နှစ်

ရှိပြီဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ထူးဆန်းစွာ အားပေးခွင့်နှင့်အသစ်တစ်ဖန် မိတ်ဖွဲ့ခွင့်

ရရှိကြပါသည်။ ကျွန်တော်ကဲ့သို့ပင် ဆိုင်မွန်သည် ဆုတ်ယုတ်မှုရရှိခဲ့သည်။ အသင်း

တော်ကချို့သည် တရုတ်ခရစ်ဝင်စာအုပ်များကို ပေးထုတ်ခြင်းမပြုဘဲ စာအုပ်စင်များ

ပေါ်တွင် ဖုန်းအထပ်ထပ်ပေကျံ၍ စားပစ်ခဲ့ခြင်းဖြစ်သည်။ တချို့အသင်းတော်များသည်

အဖမ်းခံအချုပ်ကျမည်စိုးရိမ်၍ စာအုပ်များကို ဆိုင်မွန်ထံပြန်လည်အပ်နှံကြသည်။

ကျွန်တော်ကိုယ်တိုင် အာဏာပိုင်များနှင့် မကြာမီ ပွတ်သီးပွတ်သပ် ဖြစ်မိသည့်အတွက်

လည်း သူတို့ ၏ကြောက်စိတ်ကို ကိုယ်ချင်းစာမိပါသည်။ ဤကဲ့သို့ သော ဆုတ်ယုတ်မှု

ရှိလင့်ကစား တရုတ်ခရစ်ဝင်စာအုပ်များကို ဗဟိုဖြန့်ဝေရေးဌာနအဖြစ် ဆိုင်မွန် ဆက်

လက်တာဝန်ယူရန် ပြင်ဆင်ထားသည့်အတွက် ကျွန်တော် ခွန်အားနှစ်ဆ ရရှိခဲ့ပါသည်။

တန်ဇမ်မီးရထားစီမံကိန်းပြီးဆုံးမည့် နောက်တစ်နှစ်၊ တရုတ်အလုပ်သမားများ တရုတ်

ပြည်မသို့ ပြန်ခါနီးတွင် လက်ကျန်စာအုပ်များကို ပေးဖြစ်အောင်ပေးသွားမည်ဟု ဆိုင်မွန်

စိတ်ကူးထားပါသည်။ခရီးဆက်မထွက်မီ ဆိုင်မွန်နှင့်ကျွန်တော် အတူဆုတောင်းကြသည်။ ကျွန်တော်

တို့၏တောင်းဆိုချက်များမှာ အစကတည်းက တောင်းဆိုကြသည့် အတိုင်းပင်ဖြစ်သည်။

ကိုယ်တော်၏နှုတ်ကပတ်တော်သည် အလွတ်ပြန်မလာဘဲ ပို့ဆောင်တော်မူသည့်

အကြံအစဉ်အတွက် အထမြောက်စေရမည်ဟု ဘုရားသခင် ကတိတော်ရှိသည့်အတိုင်း

ဤခရစ်ဝင်စာအုပ်များ သက်ဆိုင်ရာလက်ထဲသို့ ရောက်သွားရန်ဆုတောင်းကြပါသည်။

၎င်းစာအုပ်များသည် မြေသြဇာကောင်းသောနေရာ၌ အမြစ်တွယ်၍ အသီးသီးရန်ဖြစ်ပါ

သည်။ တန်ဇမ်မီးရထားစီမံကိန်းတွင် တရုတ်အလုပ်သမားများနှင့် လက်ဆက်မိရန်

စီမံကိန်းတစ်ခုလုံးသည် ယုံကြည်ခြင်းစွန့်စားမှုတစ်ရပ်၊ မျိုးစေ့ကြဲခြင်းတစ်ရပ် ဖြစ်လေ

သည်။ ဘုရားသခင်အစပျိုးတော်မူသော စီမံကိန်းတစ်ရပ်ဖြစ်သည့်အတွက် ကျွန်တော်

တို့ အပိုင်းကိုသာ ကျွန်တော်တတ်နိုင်ပြီ။ ကိုယ်တော်၏အပိုင်းကို ကိုယ်တော်

ဆောင်ရွက်တော်မူရန် ယုံကြည်စိတ်ချဖို့သာရှိတော့သည်။ ကျွန်တော်တို့နှင့်အခြား

သူ များ ယုံကြည်ခြင်းဖြင့် ကြဲခဲ့ သောမျိုးစေ့မှဖြစ်ထွန်းလာမည့် အသီးကို ထာဝရ

အချိန်ကာလမှ ဖော်ထုတ်ပါလိမ့်မည်။

ဤအမှုတော်တွင် လူအမြောက်အမြားပါဝင်ကြသည်။ ညီအစ်ကိုကြီးအင်ဒရူး၏

အစပြုရန် လှုံ့ဆော်မှုနှင့်ငွေကြေးထောက်ပံ့မှုပါဝင်သည်။ တစ်ဖန် ကိစူမူနှင့် ဆာရီဗျူရီ

နှစ်မြို့များမှ ဈေးနှုန်းသက်သာစွာ ပုံနှိပ်ထုတ်ဝေပေးသူများ ပါဝင်ကြသည်။ ဥရောပ

တိုက် မိတ်ဆွေများနှင့် အသင်းတော်များမှ စေတနာထက်သန် စွာပါဝင်သောအလှူငွေများ

မပါဝင်လျှင် ဤအမှုတော်ကို ဘယ်သောအခါမှ ဆက်လက်လုပ်ဆောင်နိုင်ကြမည်

မဟုတ်ပါ။ အရေးပါဆုံး တစ်ဦးချင်းပါဝင်သောသူများမှာ မာလျာ၏အသင်းသူအသင်း

သားများ၊ ဘုန်းတော်ကြီးများ (အဖြူရောင်ဝတ်ဆင်သောအဖွဲ့) လူငယ်သာသနာပြုအဖွဲ့

လက်တွေ့ကွင်းဆင်းအဖွဲ့များ၊ အခြားအသင်းတော် အမြောက်အမြားနှင့်သာသနာပြု

အဖွဲ့အစည်းများတို့သည် အဖုံးနီနီတရုတ်ခရစ်ဝင်စာအုပ် ထောင်နှင့်ချီ၍ လက်တွေ့ဖြန့်

ဝေရာတွင် ကူညီယိုင်းပင်ကြသည်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြတ်သန်းမသွားနိုင်သော

နယ်စွန်နယ်ဖျားများကို ဖြတ်ကျော်၍ သံဆူးကြိုးကာရံထားသော ကွန်မြူနစ်ဝါဒနှင့်

ခရစ်ယာန်ဆန့်ကျင်သော တစ်ဘက်စောင်းနင်းအပြုအမူတို့ကို ထိုးဖောက်ကြရာတွင်

စည်းလုံးကြသည်။

ဥရောပတိုက်သို့ ပြန်ရောက်သည့်အခါနှင့် အာဖရိကတိုက်၌ စွန့်စားမှုများကို

ဝေငှသည့်အခါ လုပ်ဖော်ကိုင်ဖက်များ၏ အရေးပါသော အခန်းကဏ္ဍတစ်ခုကို တန်ဖိုး

ရှိမှန်း ဝေဖန်သုံးသပ်လာသည်။ ထိုသူတို့မှာ ကျွန်တော်တို့၏ ဝန်ထုတ်ဝန်ပိုးများကို

ထမ်းရွက်၍ ကြားဝင်ဆုတောင်းပတ္ထနာ ပြုသူများဖြစ်ကြသည်။ အမြဲလိုလို သူတို့သည်

အထူးသဖြင့် မကြာမီ ကျွန်တော်၏ဇမ်ဘီယာ ခရီးစဉ်ကာလတွင် ဆုတောင်းပေးကြပုံကို

ပြောပြကြသည် ။ ရင်းနှီးသော ဆု တောင်းသူရဲကောင်း ဂျာမနီအမျိုးသမီးတစ်ဦးက

တစ်နေ့ သူ တစ်ဦးတည်းဆုတောင်းရာတွင် ကျွန်တော်ကို စစ်သားများဝိုင်းရံထားသည့်

ကို ရူပါရုံမြင်ခဲ့သည်ဟု ပြောပြသည်။ အန္တရာယ်တစ်ခုခုတော့ ကျရောက်နေပြီ

သိမှတ်ကာ သူ့ခင်ပွန်းသည်ကိုခေါ်၍ ကျွန်တော်အတွက် ဒူးထောက်ဆုတောင်းပေးက

သည်။ ဝန်ထုတ်ဝန်ပိုးကျသွားသည်ဟု စိတ်အာရုံတွင် မရိပ်စားမိမချင်း ညသန်းခေါင်

အထိ နာရီပေါင်းများစွာ ဆုတောင်းပေးနေကြရာ သူတို့၏ဆုတောင်းပတ္ထနာပြုခြင်း

ကြောင့် ဘေးကင်းစွာ လွတ်မြောက်ပြီဟု သိရှိခဲ့ကြသည်။ ကျွန်တော်ဖမ်းဆီးခံရသည့်

အကြောင်းစုံကို ကြား၍ လွတ်မြောက်ရေးအတွက် လမ်းဖွင့်ပေးရန် သူတို့၏ဆုတောင်း

ပတ္ထနာပြုချက်ပါဝင်သည်ဟု သိမှတ်ကြသည့်အခါ များစွာခွန်အားရရှိကြသည် ဟုဆိုပါသည်။

သို့သော် တမန်တော်ရှင်ပေါလုနှင့်ရှင်ပေတရုကဲ့သို့ ဘုရားသခင်သည်

ကျွန်တော့်ကိုအံ့မခန်းထောင်ထဲမှ ကယ်နုတ်တော်မူစဉ်တွင် ဒုက္ခနှင့်ကြုံရရှာသော

လူငယ်တစ်ယောက်ရှိသည်။ ၁၉၇၅ခုနှစ် ဇူလိုင်လတွင် ကျွန်တော်ဇမ်ဘီယာကို ဖြတ်

သန်းသော ခရီးစဉ်အပြီး လအနည်းငယ်တွင် ဆာလီဗျူရီအခြေစိုက်စခန်းသို့ တစ်ခေါက်

ပြန်ရောက်၍ ခေါင်းဆောင်သစ်အဖွဲ့ ကို အားပေးရန် အားထုတ်နေပါသည်။ တတိယထပ်

ရုံးခန်းဟောင်းထဲတွင် ရှင်းလင်းနေစဉ် တယ်လီဖုန်းမြည်သံကြားသည်။ ကောက်ကိုင်

သည့် အခါ ကြားဘူးသောအသံတစ်ခု ထွက်လာသည်။ အသံရှင်မှာ ဆံပင်ရှည် ကယ်လီ

ဖိုးနီးယားပြည်နယ်သား မိုဇမ်ဘစ်အဖွဲ့ ခေါင်းဆောင် တွမ်ဘာဂါဖြစ်သည်။ “ဘယ်လို

နေသလဲငါ့လူ”ဟု ဆိုကာ စာရေးခုံမှ ဆုံလည်ကုလားထိုင်ကို ပြတင်းပေါက်မှ အပြင်

ဘက်သို့ ကြည့်နိုင်အောင် ဘေးသို့ တွန်းလိုက်ပါသည်။

ဆရာကြီးရုဒီ၊ ဥရောပတိုက်ပြန်ရောက်နေပြီထင်တာဟု တွမ်၏အံ့ဩ

သောအသံ တယ်လီဖုန်းထဲက ထွက်ပေါ်လာသည်။ ကျွန်တော် ရယ်ပြလိုက်သည်။

ခဏသွားလည်တာပါ။ အသေးအဖွဲရှင်းစရာများရှင်းပြီး အဖွဲ့ ကိုအားပေး

စရာပေးဖို့ ရောက်လာတာဖြစ်တယ်။ ဒါနှင့်ခင်ဗျာတို့ကော ဘာဖြစ်ကြသလဲ။ မိုဇမ်ဘစ်

မှာ ဘာများဖြစ်နေသလဲ။

ကျွန်တော် မိုဇမ်ဘစ်မှာမဟုတ်တော့ဘူး။ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်

တုံးက ထွက်သွားခဲ့တယ်ဆရာကြီး။ သူ့အသံထဲက အက်ဒ်ကြားသလို ထင်မိပါသည်။

“အို ဘာများဖြစ်ပါလိမ့်”

ဇွန်(၂၅)ရက် လွတ်လပ်ရေးနေ့ နီးကပ်လာတော့ ဖရယ်လီမိုက အာဏာရလာပြီး လူဖြူအားလုံး သာသနာပြုများ အပါအဝင် ထွက်ပြေးကြရတယ်။

“ဒါဆိုရင် အခုဘယ်ကခေါ်သလဲ”

“ဘူလာဝါ ယို” တွမ်၏အသံသည် ခါတိုင်းနှင့်မတူဘဲ တိတ်ဆိတ်နေပုံရှိသည်

ဆာလူကောဘယ်လိုနေသလဲ။ ခင်ဗျားနှင့်အတူတူဘဲလား။ တွမ်၏အသံအက်ကွဲဖို့ စတင်လာသည်။

မတူဘူးဆရာကြီး၊သူနှင့် ဒွန်တို့ မိုဇမ်ဘစ်မှာဘဲရှိကြသေးတယ်။ဘာဖြစ်ကြသလဲ၊တွမ်၊ ပြောစမ်းပါဦး။ သူတို့ အဆင်ပြေကြရဲ့လား သူ့အထဲက ထိခိုက်မှုကို ရိပ်စားမိသဖြင့် ကျွန်တော် အပူတပြင်းမေးကြည့်သည်။အဆင်မပြေကြဘူး။ အဖမ်းခံနေကြတယ်ဟု တွမ်၏အသံ တိုးတိုးကြားရသဖြင့်ပြတင်းပေါက်မှ အပြင်ဘက်သို့ မကြည့်တော့ဘဲ စာရေးခုံကို မျက်နှာမူရန် လှည့်လိုက်သည် ။

သူတို့အကျဉ်းထောင်ထဲရောက်နေကြတယ်။ တွမ်က တဖြည်းဖြည်း လေးလေး

လံလံနှင့်ပြန်ပြောသည်။ ဒွန်က ဇူလိုင်လ(၃)ရက်နေ့မှာ အဖမ်းခံပြီး ဆာလူက နောက်

ရက်အနည်းငယ်မှာ အဖမ်းခံတယ်။

ဖြစ်မှဖြစ်ရလေဗျာဟု ကျွန်တော်ညည်းညူသံပြုလိုက်သည်။ ကျွန်တော်

ကိုယ်တိုင်ကွန်မြူနစ်အာဏာပိုင်များနှင့်ပွတ်ကာသီကာဖြစ်ခဲ့သည့် အဖြစ် စိတ်ထဲ

အလီလီပေါ်လာသည်။ ဆာလူနှင့် ဒွန် ဘယ်လို ခံစားကြမည်ကို ကျွန်တော့်စိတ်ထဲတွင်

မြင်ယောင်မိပါသည်။ ဘာစွဲ ချက်များကြောင့် ဖမ်းဆီးသလဲ။

ကျွန်တော်နားလည်သလောက် တရားဝင်စွပ်စွဲချက်တစ်စုံတစ်ရာ မရှိဘူး

ဒါပေမဲ့ ၊ ကျွန်တော်တို့ ဖြန့်ဝေနေတဲ့ စာကြောင့်ပဲလို့ ထင်ပါတယ်။ အချိန်ကုန်ခါနီးမှ

သိလို့ ပြီးခဲ့တဲ့ ရက်များမှာ အပူတပြင်းလုပ်ခဲ့ကြတယ်။ ဖရယ်လီမိုဌာနချုပ်မှာတော့

ခရစ်ဝင်စာအုပ်များကို လက်ကမ်းပေးဖို့ အားထုတ်ခဲ့သေးတယ်။ ဒါပေမဲ့ လက်နက်ကိုင်

အစောင့်များက ခွင့်မပြုဘူး။အဲဒါတော့ စွန့်စားမှုတစ်ရပ်မဟုတ်လား။

ဟုတ်ပါတယ်၊ ထွက်သွားဖို့ အချိန်တန်ပြီလို့ ဆာလူနှင့် အခြားအဖွဲ့ဝင်များကို

သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က မရဘူး။ အခုတော့ တွမ်သည် စကားဆုံးအောင်

မပြောနိုင်တော့ဘဲ တယ်လီဖုန်းထဲက ငိုရှိုက်သံပေါ်လာသည်။ ကျွန်တော်သည် ကြက်

သေ သေမိ၍ စကားမပြောတတ်ဘဲ ထိုင်နေပါသည်။ မိုဇမ်ဘစ်ထောင်ထဲ အခြေအနေ

ဘယ်လိုရှိမည်လဲဟု စက္ခုအာရုံတွင် တွေးကြည့် သည်။ မျက်ရည်ကြားမှ တွမ်၏အသံ

ပြန်ထွက်လာသည် ။ကျွန်တော်နှင့်ထွက်ပြေးကြဖို့ သတိပေးရုံမလုပ်ဘဲ အတင်းအကြပ် လုပ်ခဲ့ရင်

ဒီလိုဖြစ်မှာမဟုတ်ဘူးဆရာကြီး။

ခင်ဗျားတတ်နိုင်သလောက် လုပ်ခဲ့ပြီးပြီဘဲငါ့ညီ၊ဟု ပြောဆိုကာ အားပေးနှစ်သိမ့်လိုက်ပါသည်။

ကျွန်တော့်အတွက် ဆုတောင်းပေးပါနော်ဆရာကြီး၊ ဆာလူမိဘများကို

ဒီသတင်းသွားပြောမလို့ဘဲ၊ လွယ်မှာတော့မဟုတ်ဘူး။ဆုတောင်းပေးပါ့မယ်ဟု ကတိပြုလိုက်ပါသည်။

တယ်လီဖုန်းကိုချ၍ ဆုံလည် ကုလားထိုင်ကို ပြတင်းပေါက်ဘက်သို့ တစ်ဖန်

ပြန်လှည့်ကာ မိုးကောင်းကင်ကို ငေးကြည့်နေပါသည်။ အခုအချိန် ဆာလူ ဘယ်လိုများ

ဖြစ်နေ သလဲ။ ဘာများစဉ်းစားနေသလဲ။ ဘုရားသခင်၌ သူ၏နုနယ်သော ယုံကြည်ချက်

ပျက်ပြားကုန်ပြီလား။ ဘုရားသခင် အတွက် ရာနှုန်းပြည့် အသက်ရှင်လျှင် အဖိုးအခ

ပေးဆပ်ရသည်ဟု သင်တန်းသူသင်တန်းသားများအား ကျွန်တော်မကြာခဏ စိန်ခေါ်

တက်ပါသည်။ အခု ကျွန်တော်ကိုယ်တိုင် ပွဲဦးထွက်ခံခဲ့ပါသည်။ မိုဇမ်ဘစ်ထောင် စိုစို

ထိုင်းတိုင်းအခန်းထဲတွင် ဆာလူ ဒုက္ခရောက်နေပုံကို တွေးကြည့်သည့်အခါ မျက်ရည်

ဝဲလာသည်။ ပါးပြင်ပေါ်သို့ မျက်ရည်များကျလာသည်။ “သခင်ဘုရား ဆာလူကို အဖော်

လုပ်၍ သူ ခံ နေသော ဆင်းရဲဒုက္ခတွင် အမြဲကူညီတော်မူပါ”ဟု လေသံဖြင့် ဆုတောင်း

မိပါသည်။ သက်ပြင်းချ၍ ထိုင် ရာမှထကာ စာပေနှင့်အသံသွင်းရုံးခန်းထဲတွင် အလုပ်

လုပ်နေကြသော မိန်းကလေးများအား ဤသတင်းကို ဝေငှလိုက်ပါသည်။

နောက်ရက်အနည်းငယ်တွင် ဆာလီကျူရီမြို့သို့ တွမ်ရောက်လာသည်။ သူ၏

ပိန်ကြုံသောပုံကို မြင်သောအခါ ကျွန်တော်အလန့်တကြားဖြစ်မိပါသည်။ ရက်ပေါင်းများ

စွာ အစာငတ်ခဲ့သည့် ပုံပေါက်နေသည်။ သူ့ကိုမြင်မြင်ချင်း စားစရာတစ်ခုခု ပြင်ပေးလိုက်

ပါသည်။ မီးဖိုချောင်ကြောင်အိမ်မှ ပေါင်မုန့်ကိုယူ၍ အသားညှပ်ပေါင်မုန့် လုပ်ပေးလိုက်

ပါသည်။ နှစ်ယောက်စလုံး လူငယ်သာသနာပြုရုံးထဲတွင် ရှိနေကြပါသည်။ နေ့လည်ချိန်

ဖြစ်၍ အခြားလူများ မြို့ထဲရုံးတွင် အလုပ်လုပ်နေကြစဉ်ဖြစ်သဖြင့် ကျွန်တော်တို့

နှစ်ယောက်တည်းရှိနေကြသည်။ ဆာလူရဲ့ မိဘများ ဘယ်လိုဖြစ်သွားသလဲဟု သူ့ရှေ့

စားပွဲပေါ်တွင် ပေါင်မုန့်ထောပတ်သုတ် တည်ခင်းပေးရင်း မေးမြန်းကြည့်သည်။ ကျန်တော်

သည် မျက်ရည်ဝဲ၍ ကျွန်တော့်ကိုကြည့်နေသည်။

ဆာလူက သူ့ရွာတွင် ကြီးပြင်းလာပုံကို ပြောပြတယ်ဆရာ ကျွန်တော်

ကိုယ်တိုင် သူ့ရွာကိုရောက်မှပဲ သူဖြတ်သန်းလာခဲ့တဲ့ဘဝကို ကျွန်တော် သုံးသပ်မိတယ်။

မိသားစုအဖြစ် နှစ်ခြိုက်စရာတစ်ခုမှမရှိတာကို မြင်တော့ လူဖြူဖြစ်နေတာကို ရှက်

တယ်။ ဘာကြောင့် ဆာလူက လူဖြူများကို ဒီလောက်တောင် မုန်းတီးနာကြဥ်းခဲ့သလဲဆို

တာ တစ်မျိုးတစ်ဖုံနားလည်လာခဲ့တယ်။ တွမ်ပြောပြရင်း ကျွန်တော်ကိုယ်တိုင် အာဖရိက

တိုက်သားများ နေထိုင်ကြသော သက်ကယ်အမိုး မြေကြီးကြမ်းပြင်ကို မြင်ယောင်ကာ

ကျွန်တော်ခေါင်းညိတ်နေပါသည်။

ဆာလူ ထောင်ကျတဲ့သတင်း မိဘများ ဘယ်လိုသဘောထားကြသလဲ။

သဘာဝအတိုင်း ဝမ်းနည်းပက်လက်ဖြစ်ကြတာပေါ့ ဒီလိုမကောင်းတဲ့ သတင်း

ယူလာတဲ့လူဖြစ်‌ တော့ ရွံ့ရှာပါတယ်။ တွမ်၏မျက်စိထဲတွင် မျက်ရည်အိုင်လာသည်။

ကျွန်တော်နှင့်သာ အတူထွက်လာဖို့ လုပ်နိုင်ခဲ့ရင်လေ ဆရာကြီး။ ခေါင်းတစ်ခါခါနှင့်

မျက်စိဟောက်ပက်ဖြင့် အခန်းကိုကျော်၍ကြည့်နေကာ သူ့ပန်းကန်ထဲတွင် တစ်ဝက်

တစ်ပြက်စားထားသော ပေါင်မုန့်ကို မေ့ထားလေသည်။ သူ့နားကိုကပ်၍ ပုခုံးပေါ်

ကျွန်တော့်လက်ကို အသာကလေးတင်၍ အားပေးလိုက်ပါသည်။

ခင်ဗျားတစ်ဦးတည်း ခံစားမနေပါနှင့်ငါ့ညီ။ ပြောဆိုရင်း ကျွန်တော်လည်း

မျက်ရည်ဝဲလာသည်။ ခင်ဗျားတစ်ဦးတည်းအပြစ်မယူပါနှင့်။ ဆာလူဟာ အသက်(၂၀)

လောက်ပဲရှိပေမဲ့ လူလားမြောက်နေပါပြီ။ သူ့ဘဝသူရပ်တည်နိုင်ပါတယ်။ တွမ်ငြိမ်သွား

သည်။ ထမင်းစား စားပွဲကို ကြည့်ကာ ခေါင်းတစ်ညိတ်ညိတ်လုပ်နေသည်။

ဆရာပြောတာမှန်ပါတယ်။ မိမိကိုယ်ကို နှစ်သိမ့်ဖို့က မလွယ်ဘူး။

ဟုတ်တယ်၊ မလွယ်ဘူးဟု ပြောဆို ရင်း ကျွန်တော့်ကုလားထိုင်ကို သူနှင့်ကပ်

အောင် ဆွဲ၍ သူ့ပုခုံးကို လက်တစ်ဘက်ဖြင့် ဖက်လိုက်ရာ တွမ်သည် သက်ပြင်းချ၍

ကျွန်တော့်ကို ကြည့် နေသည်။

ကောင်းတာတစ်ခု ပြောပြမယ်ဆရာ၊ ဆာလူမိဘများက သူတို့အတွက် ဆု

တောင်းခွင့်ပြုတယ်။ ဘုရားသခင်က သူတို့ကို ဘယ်လောက်ချစ်တယ်ဆိုတာ ပြောပြပြီး

အခုအချိန်မျိုးမှာ သန့်ရှင်းသောဝိညာဉ်တော် နှစ်သိမ့်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။

တစ်ကယ် နားလည်ကြမလားတော့ မစဉ်းစားတတ်ဘူး။

မစဉ်းစားတတ်ဖို့က များနေတယ်။ အလားတူပဲ ဆာလူက ခရစ်ယာန်ဘာသာ

ကို ရင်ခွင်ပိုက်တဲ့အခါ အစစအရာရာ ပြောင်းလဲလာသည်ကိုလဲ သူတို့နားလည်လာမည်မဟုတ်ပါဘူး။ ဒါဆို ရင် ဆာလူ အတွက် ကျွန် တော်တို့ ဘာတတ်နိုင်မလဲဆရာကြီးဟု

တွမ်သည် သူ့ပါးပြင်ပေါ်သို့ မျက်ရည်တစ်ပေါက်ပေါက်စီးဆင်းရင်း လေသံဖြင့် ပြော

သည်။ ဆာလူမိဘများကိုတော့ ကျွန်တော်ပြောခဲ့တယ်။ လွတ်မြောက်လာဖို့ တတ်

စွမ်းနိုင်သလောက် ဆောင်ရွက်ပါမယ်လို့။ ဒါပေမဲ့ သူတို့ထဲကနေ ထွက်လာတော့အခါ

ကျွန်တော့် စိတ်နှလုံးတစ်အားလေးနေပါသည်။ မှားယွင်းတဲ့ မျှော်လင့်ချက် ပေးမိသလား

လို့ ခံစားမိပါတယ်။ ဆာလူကို မိုဇမ်ဘစ်အကျဉ်းထောင်ထဲကနေ ထွက်လာဖို့ တစ်ခုခု

မလုပ်နိုင်ဘူးလား ဆရာကြီး၊

ကျွန်တော်တတ်နိုင်တာမရှိဘူးငါ့ညီ။ ဘုရားသခင်ကိုပဲ အပ်နှံကြပါစို့လား။

နောက်ရက်အနည်းငယ်အတွင်း ဤကိစ္စနှင့်ပတ်သက်၍ ချည်းကပ်နိုင်ဖို့ တစ်

ယောက်တစ်လေရှိမည်လား၊ နိုင်ငံရေးသြဇာရှိသည့် လူတစ်ယောက် သို့မဟုတ် ဆာလူ

အတွက် ပြောရေးဆိုခွင့် ရှိသူတစ်ယောက်ယောက် တွေ့ကောင်းတွေ့နိုင်မည်လားဟု

ဦးနှောက်အခြောက်ခံခဲ့ပါသည်။ တစ်ယောက်တစ်လေမျှမကြံတတ်မစဉ်းစားတတ်ပါ။

စာရေးရမည်လား၊ရဲစခန်းကို သွားရမည်လား။ အစိုးရအရာရှိ များကို ဆက်သွယ်

ကြည့်မည်လား။ ဒေသခံပါလီမန် အမတ်တစ်ဦးဦးထံသွားပြီး အကူအညီတောင်းရမည်

တစ်ခုခုတော့ ကျွန်တော်လုပ်ရပါလိမ့်မည်။ သို့ သော် တစ်ခုမှမကောင်းမှန်း သိရှိ

နေပါသည်။ မိုဇမ်ဘစ်အစိုးရသည် နုနယ်သော ကွန်မြူနစ်ကြွက်သားများကို ထုတ်ပြနေ

သည်။ သူတို့သည် တစ်ဦးတစ်ယောက်အတွက် နည်းနည်းမှ ရွေ့မည်မဟုတ်။ အထူး

သဖြင့် နိုင်ငံ ရေးကူညီခြင်းမရှိသော အညတရရို ဒီရှား လူမည်းတစ်ယောက်အဖြစ်

သဘောထားသောသူအတွက် နည်းနည်းမျှ ရွေ့လျားမည်မဟုတ်။ တွမ်ကို ကျွန်တော်ပြော

ခဲ့သည့် အတိုင်း သူ့အတွက် ဆုတောင်းပေးဖို့ သာ ကျွန်တော်တို့ တတ်နိုင်သည်။ ဆာလူ

လွတ်မြောက်လာဖို့ သခင်ဘုရားသာလျှင် နည်းလမ်း ပြင်ဆင်ပေးတော်မူပါလိမ့်မည်။

ဘယ်အချိန် ဘယ်လိုဘယ်နည်း ကျွန် တော် မစဉ်းစားတတ်ပါ။

နောက်ရက်ပေါင်း အနည်းငယ်တွင် ကျွန်တော်သည် စိတ်နှလုံးလေးလံစွာဖြင့်

လေယာဉ်ပေါ်တက်၍ မြောက်ဘက်ဥရောပတိုက်ကို ဦးတည်နေပါသည်။ ဇမ်ဘီယာနိုင်ငံ

အပေါ် ပျံသန်းသွားရင်း ဆောက်လုပ်ပြီးခါစ ကန်ဇမ်မီးရထားလမ်းကို အရိပ်အခြည်

မြင်ကောင်းမြင်မိမည်လားဟု လေယာဉ်ပြတင်းပေါက်မှ ကြိုးစားကြည့်ပါသည်။ တရုတ်

အလုပ်သမားစခန်းများကို ရှာဖွေရန် ဝင်ဝါဂွန်ဗင်ကားဖြူဖြင့် နာရီပေါင်းများစွာ ခရီးနှင်

ခဲ့သည်ကို ပြန်လည် စဉ်းစားကြည့်သည် ။ ယခုတရုတ်အလုပ်သမားများ ပြန်သွားကုန်ပြီ

ဖြစ်သော်လည်း သူတို့အပေါ် ကျွန်တော်ထားရှိသော မေတ္တာတရားသည် မပြောင်းမလဲ

တည်ရှိနေပါသည် ။ ဝါးကွန်ချာသည် တားဆီးမြဲတားဆီးနေသော်လည်း တစ်နေ့

ကျသောအခါ ဘုရားသခင်သည် ကျွန်တော်ကို မထိုးဖောက်မကျော်လွှားနိုင် သော

အတားအဆီးကို ချိုးဖောက်ခွင့်ပြုကာ တရုတ်ပြည်မထဲသို့ ဝင်ရောက်ခွင့်ပြုတော်မူမည်ဟု

မျှော်လင့်ဆဲဖြစ်ပါသည်။ “အလိုတော်ရှိလျှင် တစ်နေ့နေ့ဖြစ်လာမှာပါ” ဟု သက်ပြင်း

ချရင်းမှာပင် အာဖရိကတိုက်သည် ထူထပ်သော တိမ်တိုက်အောက်တွင် ပျောက်ကွယ်

သွားကာ လေယာဉ်သည် ဥရောပတိုက်သို့ ဦးတည်ပျံသန်းလျက်ရှိနေပါသည်။

၁၆။ အိပ်မက်တစ်ခုပြည့်စုံလာခြင်း

လွန်ခဲ့‌ သောနှစ်များတွင် တရုတ်ပြည် အကြောင်းကို တတ်နိုင်သလောက်ဖတ်ရှုခဲ့ပါသည်။

တရုတ်ပြည်သို့ လည်ပတ်ခွင့် ရရှိနိုင်ရန် ဆွီဇာလန်၊ ဘန်းမြို့ရှိတရုတ်သံရုံးသို့ တစ်ခါမကသွားရောက်ခဲ့သော်လည်းအချည်းနှီးပင်။ ဝင်ခွင့်ရသောတရုတ်သံရုံး ဘယ်နေရာမဆို အဖရိကတိုက်တွင်ဖြစ်စေ၊ ဂျပန်တွင်ဖြစ်စေ၊ လာအိုနိုင်ငံမှာပင်ဖြစ်စေ၊ ဝင်ရောက်ဖွင့်စည်းမျဉ်းဥပဒေများ လျော့ပေါ့လားမည်လားဟု စုံစမ်းကြည့်

ခဲ့ပါသည်။ အမြဲတ‌စေ ဗလာနတ္တိဖြစ်ခဲ့သည်။ တရုတ်ပြည်မသို့ အဝင်တံခါးသည်

လူ၏ အကျဉ်းသား တံခါးပမာ တင်းကြပ်စွာ ခတ်မြဲခတ်ထားလျက်ရှိသည်။

၁၉၇၆ခု နှစ် နှစ်လည် ရောက်လာသောအခါ ဘုရားသခင်သည် ကျွန်တော့်ကို

အစွန်းတစ်နေရာသို့ ခေါ်ဆောင်သွားတော်မူခဲ့ရာ၊ ၎င်းနယူးဇီလန် ပစိဖိတ်ပင်လယ်

နိုင်ငံငယ်ကလေးတွင် မထိုးဖောက်နိုင်သော တရုတ်၏သံမဏိသံချပ်အင်္ကျီကို ထိုး

ဖောက်နိုင်ရေး လိုအပ်ချက်ပထမ အစွန်းအစကို ရရှိလိုက်ပါသည်။ ကျွန်တော်သည်

မြောက်ဘက်ကျွန်း တာအို ရန်ဂါမြို့ နှစ်ခြင်း အသင်းတော်တစ်ခုတွင် အာဖရိကတိုက်၌

တရုတ်များနှင့် အတွေ့အကြုံများအကြောင်းကို ပြောပြ၍ ၎င်းအသင်းတော်အနေဖြင့်

လည်း တရုတ်များအား ဘယ်ပုံဘယ်နည်း သာသနာပြုနိုင်ကြောင်းကို နိုးဆော်နေသည်။

နယူးဇီလန်သို့ ရောက်ရှိစဉ်က တရုတ်ပြည်မှ ဝင်ရောက်နေထိုင်သူ အမြောက်အမြားကို

တွေ့ရှိခဲ့ပါသည်။ တရုတ်တံငါသည်များ၊ ကူးသန်းရောင်းဝယ်ရေးသဘော်များဖြင့်

လာရောက်၍ တချို့မှာ ကုန်သွယ်ရေးခရီးစဉ်ဖြင့်လည်းကောင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်း

ဖြင့်လည်းကောင်း ရောက်ရှိနေကြသည်။ အလားတူ၊ တရုတ်သံရုံးတွင် ကိုယ်စားလှယ်

များရှိကြသည်။ နိုင်ငံခြားသားများအနေဖြင့် တရုတ်ပြည်မထဲသို့ ခြေချခွင့် ရနိုင်ပါလိမ့်

မည်။ သို့သော် ဘုရားသခင်က တရုတ်များကို ကျွန်တော်တို့ဆီ ခေါ်လာဖို့ နည်းလမ်းများ

ရှိတော်မူတယ်ဟု ကျွန်တော်စိန်ခေါ်ခဲ့ပါသည်။

စည်းဝေးပြီးဆုံးသွားသောအခါ လူများကို နှုတ်ဆက်စကား ပြောနေစဉ် အရွယ်

လတ် အမျိုးသမီးတစ်ဦး ချည်းကပ်လာပါသည်။ တရုတ်ပြည်မထဲမှာ နိုင်ငံခြားသားများ

ခြေချခွင့်မပြုဘူးလို့ ဟောပြောခဲ့တာ ကျွန်မ စိတ်ဝင်စားမိပါတယ်။ တစ်ကယ်တော့

ကျွန်မသား ရွတ်နီတစ်ယောက် ပီကင်းမြို့မှာရှိနေပါတယ်ဟု ပြောရာ ကျွန်တော့်နာတစ်ကယ်တော့ထောင်လာပါသည်။တစ်ကယ်လား။ ဘယ်ပုံဘယ်နည်းလဲဆိုစမ်းပါဦး။

နယူးဇီလန်သံရုံးမှာ စက်ပြင်နှင့်ယာဉ်မောင်းအဖြစ် လုပ်ကိုင်နေပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်တုံးကဘဲ တရုတ်ပြည်အကြောင်း ကွက်ကွက်ကွင်းကွင်း ရှင်းပြ

တဲ့အသံသွင်းတိပ်ခွေတစ်ခုရရှိခဲ့ပါတယ်။ နားထောင်ချင်ရင် ကြိုဆိုပါတယ်။ နားထောင်

ချင်တယ်ဟုတ်လား။ တရုတ်ပြည်အကြောင်း မည်သည့်သတင်းမဆို ကြားချင်ပါသည်။

တရုတ်ပြည်တွင် နေထိုင်သော နိုင်ငံခြားသားတစ်ယောက်ထံမှ သတင်းကြားနာဖို့

ရတောင့်ရခဲ အခွင့်အရေးကို ချက်ခြင်းလက်ခံလိုက်ပါသည်။

၎င်းအမျိုးသမီးသည် နောက်တစ်နေ့တွင် တိပ်ခွေနှင့် ကျွန်တော့်ဆီဝင်လာ

သည်။ အိပ်ခန်းတံခါးကိုလုံအောင်ပိတ်၍ ငှားထားသော ရေဒီယိုကက်စက်ဖြင့် စိတ်အား

ထက်သန်စွာ စတင်နားထောင်နေပါသည်။ အသံသွင်းခြင်းမှာ စနစ်တကျမဟုတ်ဘဲ

ရိုးရိုးစကားပြောသည့်သဘော ဖြစ်သည်။ သို့သော် ကျွန်တော် စိတ်မပူပါ။ တရုတ်ပြည်

အကြောင်း နောက်ဆုံးသတင်းပါလာသမျှကို ကြားလိုသဖြင့် ကြိုးစားပြီး နားစွင့်နေပါ

သည်။ သူပြောဆိုသမျှသော အကြောင်းအရာအားလုံး စိတ်ဝင်စားစရာကောင်းသော်

လည်း အမှတ်တမဲ့ပြောသော စကားတစ်ခုက ကျွန်တော့်စိတ်ကို ခုန်ပေါက်စေသည်။

၎င်းမှာ “အမေ၊ သားဆီကိုဘယ်တော့ လာလည်ဖို့ စိတ်ကူးသလဲ။ သံရုံးအဖွဲ့ အနေ

နှင့် ကျွန်တော့်ဆီလာလည်ဖို့ ဘယ်သူမဆို တစ်ယောက်ယောက်လာခွင့်ပြုထားတယ်လို့

အမေ့ကို ပြောဖူးတာ မှတ်မိရဲ့လား”။

မျှော်လင့်ချက်ကြီးစွာဖြင့် တိပ်ခွေနားထောင်ခြင်းကိုရပ်လိုက်သည်။ သူ့အမေကို

ရွတ်နီဖိတ်ခေါ်သောစကားသည် တံခါးပိတ်သော တရုတ်ပြည်ဝင်ပေါက်တစ်ခု ဖြစ်

ကောင်း ဖြစ်လိမ့်မည်။ ရွတ်နီ၏မိခင်ကို တယ်လီဖုန်းဆက်၍ သူ့သား လိပ်စာကို

တောင်းယူကာ အချိန်မဆိုင်းဘဲ ကျွန်တော်ဘယ်သူဘယ်ဝါ ဖြစ်သည်ကိုရှင်းပြ၍ သူ့ဆီ

တရားဝင်လည်ပတ်ခွင့် ရမည်လားဟု စာရေးလိုက်ပါသည်။ သက်ဆိုင်ရာအစိုးရမှ စုံစမ်း

စစ်ဆေးခြင်းမပြုနိုင်အောင် သံရုံးစာပို့အိတ်ထဲတွင် ၎င်းစာကိုထည့်ပေးလိုက်ပါသည်။

ဆွီဇာလန် လောဆန်နီမြို့ လူငယ်သာသနာပြုအဖွဲ့ဌာနချုပ်သို့ ပြန်ရောက်

ချိန်တွင် မမြင်ဘူးခဲ့သော တရုတ်တံဆိပ်တုံး ထုရိုက်ထားသည့် စာအိတ်ရိုးရိုးတစ်စောင်

ရောက်လာသည်။ စာအိတ်ထဲတွင် နယူးဇီလန်သံရုံးသုံး စာရွက်တစ်ရွက်တည်းပေါ်တွင်

ပီကင်းမြို့ သူ့ဆီသို့ တရားဝင်လာလည်ရန် ဖိတ်ခေါ်စာကို ရွတ်နီရေးသားထားပါသည်။

ကျင်လည်ခဲ့ပြီးဖြစ်သော ဘန်းမြို့တရုတ်သံရုံးလှေကားထစ်ကို ဤတစ်ကြိမ်

အောင်ပွဲခံ၍ တက်သွားပါသည်။ တရုတ်သံရုံးစာရေးအား ကျွန်တော် ကိစ္စကိုရှင်းပြသော

အခါ သူပြောနေကျဖြစ်သော လောလောဆယ် တရုတ်ပြည်သို့ ဧည့်သည်များ ဝင်ရောက်

ခွင့်မပြုသေးကြောင်းကို ပြောမည့်ဟန်ပြုနေသည်ကို ကျွန်တော် ကောင်းကောင်း ရိပ်မိပါ

သည်။ သို့ သော် ရွတ်နီ၏စာကို ကမ်းပေးလိုက်သောအခါ သူဘာမျှမပြောတော့ပါ။

သူသည် စာကိုသေချာစွာဖတ်ကြည့်ရင်း မျက်လုံးများ ပြူးလာကာ အာခေါင်းကို ရှင်း၍

“ပီကင်းမြို့ကိုသွားလည်ဖို့ တရားဝင်ဖိတ်စာ မစ္စတာလက်ခ် ရနေပြီကိုး”ဟု ပြောလေ

သည်။ သူမေးစရာအများကြီး ရှိကောင်းရှိလိမ့်မည်။ ဥပမာ ဤကဲ့သို့သော အဆင့်မြင့်

အဆက်အသွယ်ကို ဘယ်လိုရသလဲ။ သို့သော် တစ်စုံတစ်ရာ မေးမြန်းခြင်း ဝေဖန်သုံးသပ်

ခြင်းမပြုဘဲ ဖိတ်စာမှာ အစစ်ဟုတ်မဟုတ် ထပ်ခါထပ်ခါ စစ်ဆေးနေပါသည်။

သို့ သော် အစစအရာရာ စည်းမျဉ်းဥပဒေနှင့်အညီ ဖြစ်နေသည်။ ကျွန်တော့်

လျှောက်လွှာကို သူတားဆီးနိုင်စရာအကြောင်းမရှိပါ။ လုပ်ဆောင်ရမည့် ရုံးလုပ်ငန်း

အဆင့်ဆင့်ကိုသာ လုပ်ဆောင်ပြီးမှ တရုတ်ပြည်ဝင်ခွင့်လက်မှတ်ကိုသာ ပေးဖို့ ရှိလေ

တော့သည်။

မဟော်ဂနီနှင့် ပြုလုပ်သောထိုင်ခုံပေါ်တွင် ထိုင်၍ လိုအပ်သော ရုံးစာပုံစံများကို

ဖြည့်နေစဉ် စိတ်ထဲတွင် ရွှင်လန်းနေပါသည်။ တစ်သက်လုံး ရည်မှန်းထားသော မဖြစ်နိုင်

သည့် ခရီးကိုသွားရတော့မည်။ ဟောင်ကောင်နှင့်မကာအိုတို့မှ တရုတ်အမြောက်အမြား

တရုတ်ပြည်မဆွေမျိုးများထံသို့ လည်ပတ်ခွင့်ပြုခဲ့သော်လည်း ၁၉၇၆ခုနှစ်တွင် ဧည့်သည်

ဝင်ရောက်ခွင့်မရှိသလောက်ဖြစ်နေသည်။ တရုတ်ပြည်မသည် တရုတ်လူမျိုးမဟုတ်သော

အခြားလူမျိုး ဝင်ရောက်ခွင့်မရှိသည့်နိုင်ငံဖြစ်သည်။

ပုံစံများကိုဖြည့်ပြီးသောအခါ ရုံးစာရေးအားကမ်းပေးလိုက်ပါသည်။ ခင်ဗျား

လျှောက်လွှာကို ထောက်ခံဖို့ ပီကင်းမြို့ကို ပို့ရပါမယ်ဟုပြောသည်။ သူ့ကို ကျွန်တော်

စိုးရိမ်ပူပန်စွာ ကြည့်နေသည်။

ဘယ်လောက်ကြာမည်လဲ။ လူငယ်သာသနာပြုအဖွဲ့ ပါဝင်မည့် မွန်ထရီးလ်

အိုလံပစ်ပွဲတော်အမီ ကနေဒါကို ရက်သတ္တပတ်နှစ်ပတ်အတွင်း သွားရန်ဖြစ်သည်။

ရက်သတ္တပတ်သုံးပတ်သို့မဟုတ် လေးပတ်လောက်ကြာမယ်ဟု သူက ဝေ့လည်

ကြောင်ပတ်ပြောနေသည်။ကျွန်တော့်နိုင်ငံကူးလက်မှတ်ကို သိမ်းထားဖို့ လိုသလား။ဟုတ်ကဲ့ လိုပါတယ်။အဲဒါမှပြဿနာပဲဟုဆိုကာ ကနေဒါသို့ ခရီးထွက်တော့မည့် အကြောင်းကို

ပြောပြပါသည်။

“အဲဒီကိစ္စအတွက် မခက်ခဲပါဘူး။ မစ္စတာလက်ခ် “ဟု စာရေးက တာဝန်သိသိ

ပြုံးပြပါသည်။ အော့တဝါမြို့ ခင်ဗျားတည်းခိုမည့် နေရာကို ဆက်ဆက်ပို့ပေးပါမယ်။

အဲဒီမြို့ တရုတ်သံရုံးက အဝင်ဗီဇာအတွက် ခင်ဗျားနိုင်ငံကူးလက်မှတ်ထဲမှာ တံဆိပ်တုံး

ထုပေးပါလိမ့်မယ်။

“ကျေးဇူးတင်ပါတယ်”ဟု ပြန်ပြောသော်လည်း မယုံတယုံဖြစ်နေမိပါသည်။

ကျွန်တော်လျှောက်လွှာများ တလွဲတချော်ဖြစ်နိုင်သည်။ သို့သော် နိုင်ငံကူးလက်မှတ်

မပါဘဲ ဆွီဇာလန်မှ မထွက်ခွာနိုင်သဖြင့် မတတ်နိုင်ပါ။ ထို့ ကြောင့် တရုတ်စာရေး၏

အစီအမံကိုသာ သဘောတူလိုက်ရသည့်သကာလ မွန်ထရိလ်မြို့တွင် တရုတ်သံရုံးမှ

ဆက်သွယ်နိုင်၊ နေရာ အသေးစိတ်ကို ဖြည့် ခဲ့ပါသည် ။

အိုလံပစ်ပွဲတော် တစ်ဝက်ခန့်အချိန်တွင် ကျွန်တော့်ဗီဇာ ထောက်ခံချက်ရရှိပြီး

ဖြစ်ကြောင်း တရုတ်သံရုံးမှ အကြောင်းကြားစာရလာပါသည်။ (၁)နာရီခရီးဖြစ်သော

အာတဝါမြို့ တရုတ်သံရုံးသို့ သွားကာ ကျွန်တော့်နိုင်ငံကူးလက်မှတ်ကို လက်ကမ်း၍

တရားဝင်တံဆိပ်ထုစေခဲ့သည်။ သံရုံးမှပြန်လည်ထွက်ခွာရင်း နိုင်ငံကူးလက်မှတ် စာမျက်

နှာများကို လှန်ကြည့်ပါသည်။ စာမျက်နှာတစ်မျက်နှာနီးပါးတွင် တံဆိပ်တုံးထုထား

သည်။ ကျွန်တော်မဖတ်တတ်သော အပြာရောင်ဖြင့် ရေးသားထားသည့် တရုတ်စာအချို့

အောက်တွင် အင်္ဂလိပ်စာလုံးအကြီးဖြင့် နေထိုင်ခွင့် ကာလရက်ပေါင်း(၃၀)။ စက်တင်ဘာ

လ(၃၀)ရက်နေ့အထိ တရားဝင်သည်ဟု ရေးသားထားသည်။ ယခု သြဂုတ်လ တစ်ဝက်

လိုသေးသည်။

ချိုးနေပြီ။ စက်တင်ဘာလ(၁)ရက်နေ့ အရောက်သွားရပါမည်။ ရက်သတ္တပတ်နှစ်ပတ်

အဖြောင့်တန်းဆုံးသော လမ်းကြောင်းမှာ တိုကျိုမြို့သို့သွား၍ ၎င်းမှ ဂျပန်

လေကြောင်းလိုင်းဖြင့် ပီကင်းမြို့သို့ ခရီးဆက်ရန်ဖြစ်သည်။ သို့သော် ဤလမ်းကြောင်း

ကို ဆုံးဖြတ်လျက်သားနှင့် အမည်စာရင်းကြိုတင်မပေးရသေးပါ။ အကြောင်းပြချက်

တစ်ခုမှာ အိုလံပစ်ပွဲတော်တွင် ဧဝံဂေလိတရားတော် ဟောကြားဝေငှရန် ရည်ရွယ်သော

ကြောင့်ဖြစ်သည်။ နောက်အကြောင်းပြချက်တစ်ခုမှာ ကျွန်တော်ကိုယ်တိုင် မရေမရာ

ဖြစ်မိခြင်းကြောင့်ဖြစ်သည်။ တရုတ်ပြည်မ၌ အချိန်အများဆုံး အသုံးပြုနိုင်ရန် ရည်ရွယ်

၍ စောနိုင်သလောက်စောအောင် ရောက်သွားလျှင် ဘုရားသခင်ကို ကျော်တက်ရာ

ရောက်မည်လားဟု မိမိကိုယ်ကို မယုံသင်္ကာဖြစ်နေသည်။ ဤခရီးစဉ်သည် ကျွန်တော်

တာဝန်ယူခဲ့ဖူးသမျှထဲက အရေးကြီးဆုံးတာဝန်ယူခြင်းဖြစ်သည်။ ဘုရားသခင်၏အချိန်

ဇယားအတိုင်း လုပ်ဆောင် နေခြင်းဖြစ်သည်ဟု သေချာစေချင်သည်။ ထို့ကြောင့်

မွန်ထရိလ်မြို့ ဧဝံဂေလိအစီအစဉ်အပြီးတွင် ဝိစ္စကွန်စင်မြို့၌ လူငယ်သာသနာပြု

ဦးစီးအဖွဲ့ အနားယူ နေကြစဉ်၊ တရုတ်ပြည် သို့ မထွက်ခွာမီ ရက်အနည်းငယ်တွင်း ၎င်း

ကွန်မြူနစ်သီးခြားနယ်မြေကို ဘယ်နေ့ ဝင်ရောက်သင့် သည်ဟု ဘု ရားသခင်ကို

မေးကြည့်ရန် သီးသန့် အချိန်ယူခဲ့ပါသည်။

နွေရာသီညနေပိုင်း နေရောင်ခြည်သည် ဝိစ္စကွန်ဆင်မြို့ ဆင်ခြေဖုံးထင်းရူး

‌ တောထဲသို့ ကျရောက်စေလျက်ရှိနေသည်။ ထင်းရူးရွက်များ ဖြန့်ကြဲလျက်ရှိသော

တောလမ်းအတိုင်း စိတ်အာရုံပြု၍လျှောက်သွားရင်း ပိတ်ထားသော တရုတ်ပြည်၏

တံခါးကို အံ့သြ၍မဆုံး ဘုရားသခင်ဖွင့်ပေးတော်မူပုံကို ပြန်လည်စဉ်းစား သုံးသပ်နေပါ

သည်။ ချက်ခြင်းအပြေးအလွှား သွားရောက်လိုပါသည်။ မနည်းကြိုးစားပြီး မိမိကိုယ်ကို

ထိန်းချုပ်ကာ ဤသေရေးရှင်ရေးသမျှ အရေးကြီးသော မေးခွန်းကို မေးကြည့်သည်။

“ဘုရားသခင် ဘယ်အချိန်မှာ တရုတ်ပြည်ကို သွားစေချင်သလဲ”။ ကြာကြာစောင့်ရန်

မလိုပါ။ ချက်ချင်းပင် အနီးအနားသစ်ပင်များပေါ်က ငှက်ကလေးများ အော်သံကဲ့သို့

ရှင်းလင်းစွာ ကျွန်တော်စိတ်ထဲသို့ ရုတ်တရက်ပေါ်လာပါသည်။ ၁၅ ရက်နေ့။

ဘုရားသခင်နှင့်အငြင်းအခုံပြုရန် စုံစမ်းခြင်းခံနေပါသည်။ အဓိပ္ပာယ် မရှိသလို

ဖြစ်နေသည်။ စက်တင်ဘာ(၁၅)ရက်နေ့ သွားလျှင် ခွင့်ပြုထားသော လတစ်ဝက် အကျိုး

မရှိဖြစ်သွားမည်။ သို့ သော် စိတ်ထဲတွင် ၎င်းအသံသေးသေးကလေးမျိုး ကြားဖန် များ

လှပြီဖြစ်သောကြောင့် ဘုရားသခင်ညွှန်ကြားတော်မူလျှင် ကိုယ်တော်၏အကြောင်းပြ

ချက်များသည် ကျွန်တော်တို့ အသိဉာဏ်ဖြင့် မမီနိုင်ပါ။ အမိန့်ကိုရရှိပြီးဖြစ်သည်။

အချိန်ထပ်ဖြုန်းရန်မလိုတော့ပါ။ တောထဲမှချက်ချင်း ပြန်လှည့် ၍ အနီးအနား

တယ်လီဖုန်းထဲသို့ သွားကာ တယ်လီဖုန်းပေါက်ထဲသို့ ပိုက်ဆံအကြွေထည့်၍ ဂျပန်

လေကြောင်းဌာနကို ခေါ်ကြည့် ပါသည်။ ဖော်ရွေသောအသံဖြင့် ဘယ်လို များ

ကူညီနိုင်မည်လဲရှင်။

တိုကျိုမြို့မှ ပီကင်းမြို့သို့ စက်တင်ဘာလ(၁၅)ရက်နေ့ ခရီးစဉ်အတွက် နာမည်

စာရင်းကြိုတင်ပေးချင်ပါတယ်။ဘုရားသခင်ထံမှ အသံကြားခဲ့သည်မှာ ယုံမှားသံသယမရှိသဖြင့် လေယာဉ်လက်မှတ် ရောင်းချသော လက်ထောက်မန်နေဂျာ၏ မှားယွင်းခြင်းဖြစ်ပါလိမ့်မည်။

ထို့ကြောင့် အချိန်ဇယား ထပ်မံစစ်ဆေးရန် တောင်းဆိုလိုက်ပါသည်။

တယ်လီဖုန်းထဲသို့ ငွေအကြွေများထပ်ထည့်ကာ နားထောင်မြဲ နားထောင်နေရာ

စာရွက်များ တလှပ်လှပ်မြည်သံကြားနေပါသည်။ ထာဝရကာလတိုင် ကြာရှည်နေသလား ဟု

အောက်မေ့သည့်အချိန်တွင် သူမ၏အသံ ပြန်ပေါ်လာသည်။ ဆရာရယ် ကျွန်မ စစ်ဆေးပြီးပါပြီ။

ဝမ်းနည်းပါတယ်။ အဲဒီနေ့ လေယာဉ်ပျံသန်းဖို့ မရှိတာ သေချာပါတယ်ရှင်။

“ရှိကိုရှိရမည်”ဟု ကျွန်တော်ထပ်ငြင်းသည်။ (၁၅)ရက်နေ့ဟူသောအသံကို

စိတ်နှလုံးထဲမှ ဒေါင်ဒေါင်မြည်လာသည်။ ကျွန်တော့်အတွေး၏ပဲ့တင်သံ မဟုတ်မှန်း

တပ်အပ်သိရှိပါသည်။

စိတ်မရှိပါနှင့်။ ထပ်ပြီး စစ်ကြည့်ပေးပါဦး၊ ရှိကိုရှိရပါမယ်။ အသံက ယဉ်ယဉ်ကျေးကျေးလွတ်အောင် မနည်းကြိုးစားသော်လည်း သူမစိတ်ခုသံကို သိရှိနိုင်ပါသည်။

ထပ်ရှာဖို့ မလိုတော့ပါဘူးဆရာရယ်၊ စက်တင်ဘာလ(၁၅)ရက်နေ့ လေယာဉ်ပျံ

သန်းဖို့မရှိပါဘူး။ သို့သော် ကျွန်တော်က နည်းနည်းမျှလျှော့မပေးဘဲ ခေါင်းမာဆဲ။

ကျေးဇူးပြုပြီးပိုသေချာအောင် ရှာပေးပါဦး။

ကောင်းပါပြီရှင်၊ ဒီလောက်တောင်မှ အပူတပြင်းဖြစ်နေရင် ထပ်ရှာပေးပါ့မယ်။

ထွက်နေကျအသံနှင့်မတူတော့ဘဲ စိတ်ခုနေသည်မှာ သေချာလာသည်။ ဒါပေမဲ့ တတ်နိုင် တလောက်

ထပ်တလဲလဲ ရှာခဲ့ပြီးပြီဆိုတာတော့ ပြောပြချင်တယ်။

ကျွန်တော်သည် တယ်လီဖုန်းလိုင်း မပြတ်အောင် ငွေအကြွေများကို ထပ်ထည့် နေ

ပါသည်။ အကြွေမကုန်စေနှင့်ဟု ဆုတောင်းမိပါသည်။ အတင်းအမ္မပြုမိနေသလား၊

သို့သော်ငြားလည်း ဘု ရားသခင်ထံတော်မှ အသံကြားခဲ့သည်မှာ သေချာသည်။ လေ

ကြောင်းဌာနက အသံသဲသဲကြားနေပါသည်။ နောက်ဆုံးတွင် သူမပြန်လာ၍ မကျေမနပ်

နှင့်ရှင်းပြကာ ပြောလာသည်။ ဟုတ်ပါပြီရှင်၊ စက်တင်ဘာလ (၁၅)ရက်နေ့ ခရီးစဉ်

တစ်ခုကိုတော့ တွေ့ဖြစ်အောင်ရှာပေးခဲ့ပါပြီ။ ဒါပေမဲ့ အိုင်ရင်းလေကြောင်းဖြစ်နေတယ်။

သူတို့က တိုကျိုမြို့မှတီဟီရန်မြို့ကို တိုက်ရိုက်ပျံသန်းပြီး ပီကင်းမြို့ မှာ ခဏရပ်နားပါ

တယ်ရှင့်။ စိတ်နှလုံးပူပန်မှု ပျောက်သွားပြီ။

အတော်ပါပဲ၊ နာမည်ကို စာရင်းထဲ တခါတည်း ထည့်ပေးလိုက်ပါဟု ပြန်ပြော

လိုက်ပါသည်။ ဘဝင်ကျစွာဖြင့် တယ်လီဖုန်းစကားပြောခွက်ချ၍ ထွက်လာသည့်အခါ

ဝမ်းသာလွန်း၍ ကခုန်မိစေရန် မိမိကိုယ်ကို မနည်းထိန်းချုပ်ထားရပါသည်။ ဘယ်လိုပဲ

ဖြစ်ဖြစ် နောက်တစ်ကြိမ် ယေရှုသည် ဤရည်မှန်းချက်တွင် ပါဝင်တော်မူသည့်အ

ကြောင်း ဖော်ပြတော်မူလေသည်။

လာမည့် ရက်သတ္တပတ်များတွင် တရုတ်ပြည်ခရီးစဉ်အတွက် လိုအပ်သောပြင်

ဆင်မှုများပြုလုပ်ရင်း အချိန်ကုန်မှန်းမသိ ကုန်လာပါသည်။ သတိပြုမိသမျှ ကျွန်တော်

က ဈေးဦးပေါက်သူတစ်ဦး ဖြစ်သည်။ တရုတ်ပြည်သို့ အလည်အပတ်သွားရန် ကြိုးစား

အားထုတ်သည့် အနောက် နိုင်ငံသားမရှိကြောင်း ကျွန်တော်သိရှိပါသည်။ တရုတ်ပြည်၏

တွင် မျှော်လင့်နိုင်သည့် အရာဟူ၍ မရှိပါ။ တရုတ် ဓမ္မသစ်ကျမ်းစာအုပ် တချို့ကို တွေ့ဖြစ်အောင်တွေ့ခဲ့သည်။ ထိုသို့ခက်ခဲလှသော အခြေအနေ၌ ကျွန်တော်၏လှုပ်ရှားမှုများကိုတတ်နိုင်သမျှ အပြည့်အဝမှတ်တန်းမှတ်နိုင်ခဲ့ပါတယ်။

၁၇။ချိုးဖောက်ခြင်း

မိုဇမ်ဘစ်တွင် ဆာလူအဖမ်းခံခဲ့သည်မှာ (၁၈)လနီးပါးရှိပြီ။ မည်သည့် ရာဇ

ဝတ်မှု တစ်စုံတစ်ရာနှင့်မှ တရားဝင်စွဲချက်တင်ခြင်းမရှိသေးပါ။ သူ့ဆီ အချိန်မှန်မှန်

ရောက်ရှိကြသော ဒေသခံခရစ်ယာန်များမှတစ်ဆင့် သူ့အခြေအနေကို အမြဲသိ ရှိနေပါ

သည်။ ဒေသခံခရစ်ယာန်များသည် ဆာလူနှင့် ထိပ်တွင် မှန်ကွဲပုလင်းကွဲစိုက်ထားသော

ကိုးပေအမြင့် အုတ်တံတားကာရံထားသည့် ရင်ပြင်တွင် တင်းကျပ်စွာ အစောင့် များ၏

မျက်စိအောက်တွင် တွေ့ဆုံကြသည်။ ညံ့ ဖျင်းသော အကျဉ်းထောင်အစားအစာများကို

ပံ့ပိုးရန် ပြင်ပမှ စားကောင်းသောက်ကောင်းများကို ပေးခွင့်ပြုသည့်အပြင် စာများကို

ခိုးသွင်းခိုးထုတ်၍ ရသဖြင့် ဝမ်းသာစရာကောင်းသည်။

အကျဉ်းထောင်များကို ကြည့်ရှုခွင့် တင်းကြပ်စွာ တားမြစ်ထားသော်လည်း

အကျဉ်းထောင်ထဲက ယုံကြည်သူများအတွက် ဆုတောင်းရန်နှင့် လက်တွေ့ အထောက်

အပံ့ပေးရန် တိုက်တွန်းအားပေးသော အနောက်ဘက်မှ မိတ်ဆွေများဟု ခေါ်သည့်

ခရစ်ယာန်တစ်ဖွဲ့ သည် အကျဉ်းထောင်ပြတင်းပေါက် မှ အပြင်ဘက်ကို ကြည့်နေသော

အာလူ၏ ဓာတ်ပုံကို ခိုးရိုက်နိုင်ခဲ့သည်။ ၎င်းဓာတ်ပုံကို ဆုတောင်းရာတွင် အထောက်

အကူပြုရန် အသင်းတော်အတွင်း ဖြန့်ဝေထားသည်။ သူ့ ဒုက္ခကို အစဉ်သတိရရန်

ဆာလူနာမည် ရေးထားသော ဗီယက်နမ်စစ်သုံ့ပန်းများ ပုံစံကဲ့သို့ လက်မောင်းတံဆိပ်များ

ကိုပင် လူများ ပတ်ထားကြသည်။ သို့သော် ကျွန်တော်တို့ ဆုတောင်းပေးကြလင့်ကစား

သူ့ အခြေအနေ သိသိသာသာ ပြောင်းလဲလာခြင်းမရှိပါ။ အနည်းဆုံး ပြင်ပအားဖြင့် ဤ

မျှလောက် ဆု တောင်းပေးကြသည်ကို ဘု ရားသခင်အဖြေပေးသည့် အသံကြားသည်

ဟုပင် ဖော်ပြခြင်း တစ်စုံတစ်ရာမရှိခဲ့ပါ။

လွန်ခဲ့သောကိုးလတုန်းက ရက်ပေါင်း(၃၀၀)အကျဉ်းထောင်ထဲတွင် အချုပ်ခံပြီး

ဆာလူနှင့် အတူ အဖမ်းခံကြသော အမေရိကန်သာသနာပြုဒွန်မီလမ်းနှင့် ဘရာဇီးလ်လီ

ယန်တို့ လွတ်လာသည်။ သူတို့ ၏ သံရုံးမှ ဖိအားပေးမှုကြောင့် ဖြစ်သည်။ သို့သော်

လူမည်းရိုဒီရှားနိုင်ငံ သား အာလူအတွက် ဖိအားပေးမည့် နိုင်ငံ မရှိသဖြင့် သူ့အကျဉ်း

တံခါး ခိုင်လုံစွာ ပိတ်မြဲတ်ထားလျက်ရှိသည်။

ယခု ဆာလူသည် ခရစ်ယာန် မိတ်ဆွေများ၏ ဝိညာဉ်ရေးရာပံ့ပိုးမှုမပါဘဲ

တစ်ယောက်တည်းရှိနေရှာသည်။ ခုခံရေးအဖွဲ့ တွင်ပါဝင်၍ တိုင်းပြည်လွတ်လပ်ရေး

အတွက် တိုက်ပွဲဝင်ကြရန် လူမည်းများအပေါ် ဖိအားအပူအပြင်းပေးနေသည်ကို

ကျွန်တော်သိရှိပါသည်။ ထို့ကြောင့် သူ့ကို ဖမ်းဆီးထားသော ကွန်မြူနစ် လူမည်းများ

သည် သူ့ကို မည်မျှဝါဒဖြန့်၍ ညှဉ်းဆဲနေမည်ကိုလည်း စိတ်ထဲတွင် မြင်ယောင်မိပါ

သည်။ ဆာလူသည် အလျှော့ပေး၍ အိုင်ယင်စမတ်၏လူနည်းစု အစိုးရကို ဆန့်ကျင်သော

လူမည်းအကြမ်းဖက် လှုပ်ရှားမှုထဲတွင် ပါဝင်ရန် ဆန္ဒပြခဲ့ပါမှု ချက်ချင်း လွတ်မြောက်

မည်ဖြစ်သည်။ ဤအမှုအရာသည် စုံစမ်းသွေးဆောင်ခြင်းတစ်ရပ် ဖြစ်ပါသည်။ ယခု

သူသည် ယုံကြည်သူအကျဉ်းသားအဖော်များ၏ ကူညီပံ့ပိုးမှု မရှိတော့သည့်အတွက်

သူ့ယုံကြည်ခြင်းကို လက်လွှတ်ရန် ဖိအားပိုမိုကြီးမားဖွယ်ရှိသည်။ လူဖြူများအပေါ်

အတိတ်က သူ့မုန်းတီးမှုပြင်းထန်ပုံကို သတိရသဖြင့် သူ့အတွက် ယခင်ထက်တိုး၍

အပူတပြင်း ဆုတောင်းပေးနေပါသည်။ သခင်ဘုရား လူကို သူ့ ယုံကြည်ချက်

လက်မလွှတ်ပါစေနှင့်။ ကွန်မြူနစ်ဝါဒဖြန့်ခြင်းကို တွန်းလှန်နိုင်ရန် ကူညီတော်မူ၏။

သူ့ကို လွတ်မြောက်စေတော်မူပါ။

(၁၉၇၇)ခုနှစ် ဇန်နဝါရီလတွင် တောင်အာဖရိကနိုင်ငံတွင် လူငယ် သာသနာပြု

အဖွဲ့ တပည့်တော်ဖြစ်သင်တန်းကျောင်း(DTS)တွင် သင်တန်းပို့ချနေပါသည်။ (DTS)

ကို ဧဝံဂေလိသင်တန်းကျောင်းပြင်ဆင်မှုအဖြစ် အစပြုခြင်းဖြစ်ရာ နောင်တွင် (DTS)

ဖြင့် လုံးလုံးအစားထိုးကြပါသည်။ ယခုတလော ကျွန်တော် အမှုတော်ကို ဥရောပတိုက်

အရှေ့ဘက်ကို ပို၍အာရုံပြုသော်လည်း အာဖရိကတိုက်မြေပေါ် ပြန်နင်းနေရသည်မှာ

အမြဲ စိတ်အားတက်စရာကောင်းပါသည်။ အနံ့၊ အမြင်နှင့် အပူဒဏ်ပင်လျှင် ဂျိုဟန်

နက်စ်စဘတ်မြို့တွင် ခံရသက်သာသည့်တိုင်အောင် အာဖရိကတောရွာများကို ခြေလျင်

ဖြတ်သန်း၍ မညီမညာ မာကျောကျောက်မွေ့ရာပေါ်တွင် အိပ်ခဲ့သော၊ ဆန်ထမင်းနှင့်

ဟင်းသီးဟင်းရွက် စားရသောရက်များကို ပြန်လည်သတိရစေသည်။ အသားဟင်းကိုမူ

လူငယ် သာသနာပြုအဖွဲ့ ဘဏ္ဍာငွေဖြင့် ဝယ်စားနိုင်လေ့မရှိပါ။

လူဖြူများကြီးစိုးသော တောင်အာဖရိကနိုင်ငံသင်တန်းကျောင်းကို (Rest

Haven) အနားစခန်းမှာကဲ့သို့ အစစအရာရာအဆင်ပြေသော (Halt Way House)တွင်

ပြုလုပ်ကြသည်။ တစ်ခါတလေ ကျွန်တော် သင်တန်းမပို့ချသည့်အခါ ဝေစာအနည်းငယ်

ကို အိတ်ထဲထည့် ၍ လူမည်းဆင်းရဲသားရပ်ကွက်သို့ ဦးတည်ပါသည်။ ဤကဲ့သို့

လေ့လာရေးသွားသည့် အခါ မလွဲမရှောင်နိုင်ဘဲ ကျွန်တော်စိတ်သည် ယခုအချိန်အထိ

အခြေအနေ မပြောင်းလဲသေးသော ဆာလူကို သတိရလေ့ရှိပါသည်။ သူသည်

အကျဉ်းထောင်တွင် နှစ်ပေါင်းများစွာ ဒုက္ခဆင်းရဲခံနိုင်ဖွယ်ရှိသည်။ ဤအတိုင်း

သူ့ရှေ့က အခြားလူများလည်း ခံခဲ့ကြသည်။ ဘာဖြစ်လို့လဲဟု သခင်ဘုရားကို ကျွန်တော်

ရံဖန်ရံခါ မေးတတ်ပါသည်။ ဆာလူသည် အသက်(၂၀)ပတ်ဝန်းကျင်ခန့်တွင် ရှိသေး

ကာ ကျန်မာသန်စွမ်းလျက်ရှိသည်။ သူ့ဘ၀ပန်းတိုင်ကို အကောင်အထည်ဖော်ရန်

မည်သည့်အကြောင်းကြောင့် လွတ်မလာသနည်း။ ကျွန်တော် အဖြေမရခဲ့ပါ။ ကောင်းကင်

ပြတင်းပေါက်များ ဆာလူ၏ အချုပ်ခန်းကဲ့သို့ ခိုင်လုံစွာ ပိတ်မြဲပိတ်ထားလျက်ရှိသည်။

စိတ်သက်သာရာတစ်ခုတော့ နှုတ်သတင်းဖြင့်လည်းကောင်း၊ စားအားဖြင့် လည်းကောင်း

ရရှိပါသည်။ ပြီးခဲ့ သောကာလတွင် အားပျော့သည့် အစား ဆာလူ၏ ယုံကြည်ခြင်းသည်

မယိမ်းမယိုင် ခိုင်မြဲလျက်ပင်ရှိနေသည်ဟု သတင်းပင်ဖြစ်သည်။

ဂျိုဟန်နက်စ်ဘတ်မြို့သင်တန်းကျောင်းတွင် ရက်သတ္တပတ်တစ်ဝက်ခန့်

သင်ပြပို့ချနေစဉ် နေ့တစ်နေ့ ညနေပိုင်းတွင် ဧည့်ခန်းထဲ၌ထိုင်၍ ကော်ဖီသောက်နေစဉ်

ဒေသခံ လူငယ်သာသနာပြုအဖွဲ့ဦးစီးသောသူတစ်ယောက် ဝင်ချလာကာ “ဆရာကြီးကို

ကျွန်တော်တို့ရှာနေကြတာ”ဟုပြောရာ အထိတ်တလန့် သူ့ကို မော့ကြည့်လိုက်ပါသည်။

“ဟုတ်လား။ ဘာဖြစ်လို့။”“ဆာလူဒါကာ သိတယ်မဟုတ်လား ဆရာ။”

“ရိုဒီရှားမှာ ငါ့တပည့်တစ်ဦးပဲ။ ဘာဖြစ်လို့။”

“မိုဇမ်ဗစ်က ဗြိတိသျှသံအမတ်ကြီးက တယ်လီဖုန်းနဲ့ စကားပြောနေတယ်။

နိုင်ငံကူး လက်မှတ်အကြောင်းလည်းပါတယ်။ ထောင်ထဲက ဆာလူထုတ်ဖို့ အကြောင်း

လည်းပါတယ်ဆရာ။” ထိုင်ရာမှထ၍ လှေကားနှစ်ဘက်ကို တစ်ခါလှမ်း၍ အောက်ထပ်

ရုံးထဲသို့ ပြေးဆင်းကာ တယ်လီဖုန်းကို ကောက်လိုက်ပါသည်။

“လက်ခ် စကားပြောနေပါတယ်”ဟု ပြောပြီး ရုတ်တရက် အားစိုက်သည့်

အတွက် အသက်ရှုကြပ်လာကာ ခဏရပ်လိုက်ပါသည်။ သဲသဲကွဲကွဲ အင်္ဂလိပ်သံတစ်ခု

ထွက်လာပါသည်။

“ဆာလူဒါကာနှင့် သိကျွမ်းခဲ့သလား။”“ဟုတ်ကဲ့၊ သိပါတယ်။ သူက ထောင်ထဲမှာ။” လေးလေးလံလံ အသက်ရှု၍ဖြေလိုက်ပါသည်။ “ပြန်လွတ်လာပြီလား။”

“မလွတ်လာသေးပါဘူး။” ရုတ်တရက် ပေါ်ပေါက်လာသော မျှော်လင့်ချက်

ပြန်ပျောက်သွားကာ စိတ်ပျက်လက်ပျက် အနီးအနားရှိ ကုလားထိုင်ပေါ်တွင် ထိုင်ချ

လိုက်ပါသည် ။

“ဒါပေမဲ့ သူ့ကို ထုတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်”ဟု သံအမတ်ကြီးက

ဆက်ပြောသည်။

“ဟုတ်လား၊ ဘယ်လိုလဲ။” ကျွန် တော့အသံသည် မျှော်လင့်ချက်နှင့် အတူ

ပြန်တက်လာသည်။

“ကမ္ဘာ့နိုင်ငံအသီးသီးက ယုံကြည်မှုပိုရလာအောင် အကြံနှင့် ဖရယ်လီမိုက

နိုင်ငံခြားသား အကျဉ်းသားများအပေါ် သူတို့ဝါဒသဘောထားပြောလာတယ်။ အများကြီး

လွတ်လာခဲ့ပြီ။

“ဒါပေမဲ့ ဆာလူ မပါသေးဘူးမဟုတ်လား။”

“မပါသေးဘူး။ ဒါပေမဲ့ သူ့အတွက် ယာယီဗြိတိသျှနိုင်ငံကူးခွင့်ကို စီစဉ်ပေး

နိုင်တယ်။ ဒါဆိုရင် လွတ်မြောက်ဖို့ လက်မှတ် ဖြစ်သွားပါမယ်။ ”

“ဘယ်လိုလုပ် ပေးနိုင်မလို့လဲ။ ရိုဒီရှားလူမည်းများကို ဗြိတိသျှနိုင်ငံ ကျေးလက်

မှတ်မှ ထုတ်မပေးတာ”ဟု ကျွန်တော်အံ့သြ၍ မေးကြည့်သည်။

“ငါသိပါတယ်။ ” သံအမတ်ကြီးက ဆက်လက်၍ ရှင်းပြရာတွင် ဗြိတိသျှ အစိုး

ရသည် အိုင်ယင်စမတ်၏မလျှော့တမ်းပေါ်လစီကို ဆန့်ကျင်သော လူမည်း လွတ်မြောက်

ရေး လှုပ်ရှားမှုကို မသုတ်သင်ရန် အားထုတ်မှုတစ်ရပ်ဖြင့် မကြာမီ လူမည်းများအား

ယာယီဗြိတိသျှနိုင်ငံကူးလက်မှတ် ထုတ်ပေးနေသည်။ “အပေးအယူတချို့ လုပ်လိုက်လျှင်

ဆာလူကို ထုတ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု သံအမတ်ကြီးက သူ့ ထင်မြင်ချက်ကို

ပြောပြသည်။

ဗြိတိသျှသံအမတ်ကြီးတစ်ဦးက မသိမကျွမ်းသော ရိုဒီရှားလူမည်း တစ်ယောက်ကို ဤမျှစိတ်ဝင်စားသည်ကို အံ့သြ၍ မေးကြည့်မိပါသည်။

ဘာသဘောနှင့် ဒီလိုလုပ်နေသလဲ“တက္ကသိုလ်မှာ ဆာလူနှင့် အတူ ပေါ်တူဂီစကားသင်တန်းအတူတက်ခဲ့ပြီးစကားစမြည် ပြောလေ့ ရှိကြတယ်။ သူ့ကို သဘောကျတယ်။ ရာဇဝတ်မှုဆိုင်ရာလုပ်ဆောင်မှုတစ်ခုခု မကျူးလွန်ဘူးလို့ ယုံကြည်ပါတယ်။ သူ့ဒုက္ခကိုကြားကတည်းကကူညီဖို့ လမ်းကြောင်းရှာနေတာ အခုထိ လက်က ချည်နှောင်ခြင်းခံနေရတယ်။”ယခုအချိန်တွင် ကျွန်တော့်နှလုံး ကျွမ်းထိုးနေသည်။

“ထူးကိုထူးပါတယ်။ သံအမတ်ကြီးက ကျွန်တော်တို့ ဆုတောင်းချက်များရဲ့

အဖြေဆိုတာ သေချာပါတယ်။”

“အခက်အခဲကျော်လွှားဖို့တစ်ခုတော့ရှိတယ်”ဟု သံအမတ်ကြီးက ထက်ပြောသည်။

“ဟုတ်ကဲ့၊ ဘာပါလိမ့်” စိတ်ပျက်လာပြန်ပြီ၊ ဘာဖြစ်ဦးမည်နည်း။

“အကျဉ်းထောင်ထဲကလွတ်လာဖို့ ယာယီ ဗြိတိသျှနိုင်ငံကူးလက်မှတ်

ကိုင်ထားလျှင်သူက ဗြိတိန်ကို ချက်ချင်းသွားဖို့ လိုပါမယ်။ ဆာလူက လေယာဉ်

လက်မှတ်ဝယ်ဖို့ ပိုက်ဆံမရှိ။”

“အို၊ ဒါပဲလ။ လွယ်ပါတယ်”ဟု စိတ်သက်သာလာကာ ပြောလိုက်ပါသည်။

“ကျွန်‌ တော်ဝယ်ပေးနိုင်ပါတယ်။” လေယာဉ်လက်မှတ်ဝယ်ပေးဖို့ ရံပုံငွေ လျော့သွားစေ

သည့်တိုင် အကျဉ်းထောင်ထဲတွင် (၁၈)လလုံးလုံး ဒုက္ခဆင်းရဲခံနေရှာသော ချစ်

မိတ်ဆွေတစ်ဦးအတွက် အနည်းဆုံးတတ်နိုင်သော အမှုအရာဖြစ်သည်။

“မာပိုတို (လိုရင်ကိုမီးမြို့၏ နာမည်အသစ်ဖြစ်သည်) လေဆိပ်ကို ဆာလူ

အတွက် လေယဉ်လက်မှတ်စီစဉ်ပေးနိုင်လျှင် နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ ဆက်လုပ်

မယ် မမျှော်လင့်ဘဲ အဖြစ်အပျက် ပြောင်းလဲလာသည့်အတွက် စိတ်နှလုံး အရမ်း

ပျော်ရွှင်သော ကားတစ်စီးပြီး လေကြောင်းပို့ဆောင်ရေးရုံးသို့ ချက်ချင်း မောင်းနှင်ပါ

သည်။ မိုဇမ်ဗစ်မှ လန်ဒန်သို့ တစ်လမ်းသွား လေယာဉ်လက်မှတ်ကို ဝယ်ယူပြီး မာပိုတို

လေဆိပ်တွင် လူကောက်ယူဖို့ စီစဉ်ပါသည်။ ဤခရီးစဉ်သည် တောင်အာဖရိက

နိုင်ငံကို ဖြတ်သန်းလာမည်ဖြစ်ပြီး ဂျိုဟန်နက်စ်ဘတ်မြို့တွင် တစ်ညရပ်နားမည်ဖြစ် သည်။

လေကြောင်းရုံးအပြင်သို့ ထွက်သွားသည့်အခါ အိပ်မက်မက်သလို ခံစားနေဆဲဖြစ် သည်။

အချိန်မရွေးအိပ်မက်ထဲမှ အမှန်တကယ်သို့ ပြင်းပြင်းထန်ထန် အနှီးခံရတော့မည်။

သို့ သော် အမှန်တကယ်သည် နောက်ရက်အနည်းငယ် တနင်္လာနေ့ညနေ

ဇန်နဝါရီလ(၁၇)ရက်နေ့ ၊ တံခါးဖွင့်အမှုတော်မှ မိတ်ဆွေတစ်ဦးနှင့်အတူ ဆာလူကို ကြိုဆို

ရန် ဂျိုဟန်နက်စ်ဘတ်လေဆိပ်သို့ သွားသည့်အခါမှ အကောင်အထည်ပေါ်လာသည်။

လေဆိပ်ထွက်ပေါက်မှာ ထွက်လာဖို့ စောင့် ဆိုင်းရာတွင် စိတ်လှုပ်ရှားမှုတစ်ရပ် ခံစားနေ

သကဲ့သို့ ဖြစ်လာသည်။ သူ့အတွက် ဆုတောင်းနေကြသည်မှာ ကြာပါပြီ။ မျှော်လင့်ချက်

အကြိမ်ပေါင်းများစွာ လွဲခဲ့ပြီးဖြစ်သည်။ ဆာလူသည် (၁၈)လထောင်

ကျသည်။ ခွဲခွာကြပြီးမှ နောက်ဆုံးတွင် ပြန်လည်ဆုံစည်းကြတော့မည်မှာ မယုံနိုင်အောင်

ဖြစ်နေသည်။ ဘူလာဝါယို စည်းဝေးပြီးမှ ပထမဆုံး ချဉ်းကပ်ခဲ့သော ကျန်းမာသန်စွမ်း

သည့်လူငယ်လူရွယ်ကို ပြန်လည်စဉ်းစားကြည့်သည်။ သင်တန်းစတင်စဉ်က ကတိ

စကားကို သတိရသည်။ ကျွန်တော်တို့ထက်သာ၍ကြီးမားသော စုံစမ်းစစ်ကြောခြင်းကို

ဂုဏ်ထူးဖြင့် အောင်မြင်လာခဲ့သည်။

အကျဉ်းထောင်ထဲမှ လွတ်မြောက်ကာစ မိုဇမ်ဘစ်တွင် ရက်အနည်းငယ် ရှိနေ

စဉ် သံအမတ်ကြီးဝယ်ပေးသော အစိမ်းရောင်အပေါ်အင်္ကျီ၊ ရှပ်အင်္ကျီအညိုနှင့် လည်စည်း

အပြာရောင်ဝတ်ဆင်သောဆာလူသည် တံခါးပေါက်မှ ထွက်လာသည့်အခါ စီးပွားရေး

လုပ်ငန်းရှင်ကစ်ဦးနှင့် တူသည်။ သို့သော် အလင်းရောင် မှိန်မှိန်အောက်တွင် လပေါင်း

များစွာ ခံခဲ့‌ သော ဒဏ်ပေါ်နေသည်။

အသက်နှစ် ဆယ်ကျော်သာရှိသေးသော်လည်းပါးလွှာသောသူ့ဆံပင်ထဲတွင် ဖြူစပြုနေပုံ ပေါ်လွင်သည်။ အကျဉ်းထောင်အစားအသောက်လည်း ထိခိုက်သည်။ ကျွန်တော် စတင်တွေ့ဆုံစဥ်က ဆာလူနှင့် မတူတော့ပါ။

ဖက်ကြ၊ မျက်ရည်ယိုကြ၊ ရယ်ကြ၊ ကျေးဇူးတော်ချီးမွမ်းကြ၍ စိတ်နှလုံး ထိခိုက်စွာ

ပြန်လည်ဆုံစည်းကြခြင်းကို အဆုံးသတ်ကာ စုတ်ပဲ့သောအညိုရောင် သူ့လက်ဆွဲအိတ်

ကို လှမ်းဆွဲကာ လေဆိပ်အနီးရှိ (Holyday Inn)သို့ စားသောက်ရန် ခေါ်သွားပါသည်။

မြန်ဆန်လှသောအခြေအနေပြောင်းလဲမှုကြောင့် သူသည် ခြေမကိုင်မိ၊ လက်

မကိုင်မိဖြစ်ကာ မကြုံစဖူး စည်းစိမ်ရှိလှသော ပတ်ဝန်းကျင်၌ နေရာမကျ အဖြစ်ခံမည်မှာ

သေချာပါသည်။

သို့ သော် ၎င်းည၌ လူငယ်သာသနာပြုအဖွဲ့ဌာနချုပ်တွင် ကျွန်တော်နှင့်

တစ်ခန်းတည်းတွင် အိပ်ကြ၍ စကားလက်ဆုံကြရာတွင် သူ့ ဖြစ်စဉ်ကို ပြောပြသဖြင့်

အသေးစိတ်သိရှိခဲ့ပါသည်။ ကျွန်တော်သင်္ကာမကင်းသည့်အတိုင်း လူမည်းတိုက်ခိုက်ရေး

လှုပ်ရှားမှုတွင် ပါဝင်ရန် အတင်းအဓမ္မတိုက်တွန်းခြင်းခံရသည်။ လူမဆန်စွာ ဆက်ဆံ

ခြင်း၊ သတ်ဖြတ်ခြင်း၊ အကျဉ်းသားများ မိမိတို့ကိုယ်ကို သတ်သေခြင်းစသည်တို့ကို

နေ့စဉ်နှင့်အမျှ မြင်ကြားနေရသဖြင့် စိတ်ဆင်းရဲမှုအလွန်ခံရခက်သည်။ တစ်နေ့တွင်

တစ်ခန်းတည်းနေ အကျဉ်းသားတစ်ယောက်သည် စိတ်ချောက်ချားလာကာ မစင်ထည့်

ထားသည့်ပုံကို အကျဉ်းထောင်အစောင့်တစ်ယောက်၏ခေါင်းပေါ်တွင် သွန်ချလိုက်ရာ

ပြစ်ဒဏ်ကို ဆာလူပါခံလိုက်ရသည်ဟု ပြောပြလေသည်။

တစ်ဖန် မတ်စ်ဝါဒအတိုင်း ပြုပြင်ပြောင်းလဲရန် ပညာပေးဟောပြော ပို့ချခြင်း

ကို အဆက်မပြတ် အတင်းတက်စေခဲ့သည်။ ဝါဒဖြန့်ချိရာတွင် ကောင်းကောင်း၊

မွန်မွန်ဟောပြောခြင်းမဟုတ်ဘဲ အကျဉ်းသားများကို နယ်ချဲ့စနစ်ပြိုကွဲပါစေ၊ ကိုလိုနီ

အုပ်စိုးမှ ပြိုလဲပါစေ၊ အသားအရောင်ခွဲခြားမှု ပြိုကွဲပါစေစသော ဆောင်ပုဒ်များကို အဖန်

တလဲလဲ အော်ခိုင်းခြင်းဖြစ်သည်။ အကျဉ်းသား အများဆုံးမှာ ပေါ်တူဂီလူဖြူ ဆရာဝန်

များ၊ ကျောင်းဆရာများ၊ အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြပြီး သူတို့ကျူး

လွန်သောအပြစ်မှာ ဖရယ်လီမို ကွန်မြူနစ်ဝါဒများနှင့် မကိုက်ညီသော အရင်းရှင်

ဆန်ဆန်နေထိုင်ပုံဖြစ်သည်။ ပေါ်တူဂီလူဖြူများသည် ဖမ်းဆီးချုပ်နှောင်သောသူများနှင့်

အငြင်းအခုံပြုလုပ်ရန် အားထုတ်ကြသည်။ သို့သော် ဖမ်းဆီးချုပ်နှောင် သောသူများ

ဒေါသထွက်စေဖို့သာဖြစ်သည်။ အော်ဟစ်ငေါက်ခြင်း ပြုလုပ်ကြသည်။ ပေါ်တူဂီ

နိုင်ငံသို့ မသာခေါင်းဖြင့် ပြန်ပို့မည် ဟု ကြိမ်းမောင်းကြသည် ။ “အလကားခြိမ်းခြောက်

တာမဟုတ်ဘူးနော် ဆရာကြီး”ဟု ဆာလူသည် အသံတုန်၍ ပြောပြလေသည်။

“ခြိမ်းခြောက်တဲ့အတိုင်း တကယ်လုပ်မည့်ပုံပဲ။”ဆာလူအကျဉ်းချထားခြင်းခံရသည့် (၁၈)လထဲက အခံရခက်ဆုံးမှာ ကရုံဂါဟုခေါ်သော အလွန်ရက်စက်ကြမ်းကြုတ်သော ထောင်မှူးလက်ထက်တွင် ဖြစ်သည်။

ဝဝတုတ်တုတ် တဏှာရူးတစ်ယောက်ဖြစ်ပြီး အလွန်မုန်းတီးသော ပေါ်တူဂီအုပ်စိုးမှုကို

ပြိုကွဲအောင် တိုက်ခိုက်ခဲ့သည့် ဖရယ်လီပိုပျောက်ကျားတပ်ဖွဲ့တွင် ပါဝင်သူတစ်ယောက်

ဖြစ်သည်။

ကရုံဂါအုပ်စိုးသောကာလတွင် အလွန်ထိတ်လန့် စက်ဆုတ်ဖွယ် ဖြစ်စဉ်တစ်ခု

ကို ဆာလူပြောပြသောအခါ ကျွန်တော့်နှလုံးအပြင်းအထန် လှုပ်ရှားလာသည်။ ပေါ်တူဂီ

လူဖြူတစ်ယောက်နှင့် အခြားအကျဉ်းသားတစ်ယောက် ရန်ဖြစ်ကြရာ ဆာလူနှင့် အခြား

အကျဉ်းသားများ ထိုင်နေကြသော သင်တန်းခန်းထဲသို့ သွေးအလူးလူးအလိမ်းလိမ်းဖြင့်

ဆွဲလာသည် ။ စစ်သားများက သူ့ကို ကြိုးဖြင့် လက်တုပ်ချည်၍ ရင်ဘတ်အထိ ဆွဲတင်

သည်။ “သူ့ခမျာ မခံမရပ်နိုင်လောက်အောင် နာကျင်နေတယ် ဆရာကြီး”ဟု ဆာလူအသံ

တုန်တုန်ဖြင့် ပြောပြလေသည်။ “

ဒီလောက်နှင့် မပြီးသေးဘူး။ သွေးထွက်နေတဲ့ ဒဏ်ရာ

အပေါက်အပြဲကို ရေလောင်းပြီးမှ ဆားထည့်ဖို့ ကရုံဂါက အမိန့်ပေးလိုက်တယ်။”ဆာလူ

၏အသံသည် လေသံမျှ ထွက်လာသည်။ “ကရုံဂါက ခပ်တည်တည်နှင့် သူ့ဝါဒဖြင့်

ပို့ချမှု စတင်လာတယ်။ ဟိုလူခမျာ ကြမ်းပြင်ပေါ်မှာ နာကျင်လွန်းလို့ လူးလိမ့်နေတယ်။

တကယ့်ကို ရင်တုန်စရာပဲ။ ဘယ်သူမျှမကူရဲဘူး။” ကျွန်တော်လည်း စက္ခုအာရုံထဲတွင်

မြင်ယောင်မိ၍ တိတ်ဆိတ်နေပါသည်။ ဆာလူခံစားခဲ့သော အဖြစ်အပျက်မှာ ကျွန်တော်

စိတ်ကူးမိခြင်းထက် ပိုဆိုးသည်။

“ဆက်လက်ပြီး ခံနိုင်မှာမဟုတ်ဘူးလို့ စိတ်ကူးမိတဲ့အချိန်များ ရှိပါသလား ”ဟု

ကျွန်တော် မေးကြည့်သည်။

“ရှိပါတယ်ဆရာကြီး၊ အထူးသဖြင့် အကျဉ်းချခါစမှာဖြစ်တယ်။ တချို့ အကျဉ်း

သားများပြောတဲ့စကားဟာ အတော့်ကိုညစ်ပတ်တယ်။ လိင်တူချင်း ဆက်ဆံချင်တဲ့

လူတစ်ယောက်နှင့် တစ်ခန်းတည်းမှာ နေကြတယ်။ ကျွန်တော့်ကို မဟားတရားလုပ်ဖို့

ကြိုးစားနေတယ်။”

“အမလေး၊ ဘုရားသခင် ကယ်တော်မူပါပေါ့ နော်။”

“ဆုတောင်းပေးတဲ့လူရှိလို့ လွတ်လာတာထင်ပါတယ်။ ဆုတောင်းပေး ကြလိမ့်

မယ်လို့ ကျွန်တော်သိရှိနေပါတယ်။ ဆုတောင်းပေးကြတာ ကျွန်တော့်အတွက် အများကြီး

အကျိုးရှိတယ်။”

“ကျမ်းစာအုပ်တော့ လက်ထဲရှိနေတယ်မဟုတ်လား။”

“အဲ့ဒါကြောင့် ကျွန်တော် ဒီလောက်ခံနိုင်တာပေါ့ဆရာကြီး။ ကျမ်းစာဖတ်နေ

လို့ ရယ်။ အစတုန်းက ဒွန်နှင့် အခြားအသိများနှင့် အတူရှိနေလို့ အားရှိလာတာ။

“သူတို့တစ်တွေ လွတ်ကြပြီးမှ ပိုပြီးခံရခက်မှာပေါ့။”

“ရိုးရိုးသားသားပြောရမယ်ဆိုရင် ဆရာကြီး သူတို့လွတ်မြောက်ပြီးပြီ ကျွန်တော်

တစ်ယောက်တည်း ကျန်နေတာ (၁၈)ထဲက အခံရခက်ဆုံးပဲ။”ဆာလူ၏မျက်စိထဲတွင်

မျက်ရည်ဝဲလာသည်။ ကိုယ်ချင်းစာ၍ ခေါင်းကိုသာ ညိတ်ပြနေပါသည်။ “ကျွန်တော့်ကို

စဖမ်းတုန်းက ရဲအရာရှိကြီးက ပြောတယ်။ မင်းကတော့ နယ်ချဲ့သမားများ သွင်းပေးခဲ့တဲ့

စိတ်မပျောက်ရင် ထောင်ထဲမှာ အနှစ်(၉၀)နေပြီး ပုပ်စပ်သွားလိမ့်မယ်တဲ့။” ဒွန်နှင့်

အခြားလူများလွတ်ပြီး ကျွန်တော် တစ်ယောက်တည်းကျန်နေတော့ “ရဲအရာရှိကြီး

တကယ်ဖြစ်လာနိုင်တယ်လို့ စုံစမ်းခြင်းခံခဲ့ရပါတယ်။”

ထိုင်ရာမှထပြီး ကျွန်တော့်ခုတင်ပေါ်ထိုင်နေသော ဆာလူကို ပွေ့ဖက်ကာ

နှစ်ယောက်သား တရှိုက်ရှိုက်ငိုကြသည်။ ဤလူငယ်ကို ကျွန်တော့်ညီအရင်းပမာ ချစ်ခင်

နေပါသည်။ သူ့မျက်ရည်

နှင့်ကျွန်တော့်ကိုကြည့်၍ ဆက်ပြောသည်။ “ဒွန်နှင့် အခြားအဖွဲ့သားများ လွတ်မြောက်

နေ့မှာ ကျွန်တော့် နေ့စဉ်မှတ်တမ်းမှာ ခက်ခဲသောနေ့ ဟုသာ မှတ်တမ်းတင်ခဲ့တယ်

ဆရာကြီး။” သူ့ လက်မောင်းကိုညှစ်ပြီး-“ခင်ဗျားယုံကြည်ခြင်းကို မပျောက်တဲ့အတွက် ဘုရားသခင်ကို ချီးမွမ်းပါတယ်ဆာလူ။အခြေအနေ ဘယ်လောက်ဆိုးဆိုး ယေရှုခံတော်မူတဲ့ ဒုက္ခဆင်းရဲခြင်းကို

ကြည့် ရင် ကျွန်တော်ခံတာ ပြောပလောက်အောင်မရှိ ဘူး။ ကိုယ့်စိတ်မလုံဖြစ်လာသည်။

“လွယ်တော့မလွယ်ပါဘူး” ဆာလူက ဝန်ခံရှာသည်။ “အစစအရာရာ မှောင်မိုက်

ပြီး မျှော်လင့်ချက် မရှိသလောက်ရက်များ ရှိခဲ့ပါတယ်။ အသက်ဆက်ရှင်လို့

ဘာထူးမလဲလို့တောင် စဉ်းစားမိတယ်။”

“ဒါပေမဲ့၊ ခင်ဗျားလက်မမြှောက်ခဲ့ဘူးလေ။”“နှုတ်ကပတ်တော်ထဲက ဘုရားသခင်ရဲ့ ကတိတော်များကို ကျွန်တော် အကြိမ်ကြိမ် သတိရနေတယ်။ ကိုယ်တော်ခံတော်မူခဲ့တဲ့ ဒုက္ခဆင်းရဲခြင်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ကျွန်တော်ခံရတာ ပြောပလောက်အောင်မရှိပါဘူး။

ခရစ်တော်အတွက် အမှန်တကယ် ကျွန်တော် ဘယ်လောက်မျှ မခံမှန်းရိပ်မိလာသည်။

နောက်တစ်နေ့ အင်္ဂလန်သို့သွားမည့် လေယာဉ်ဆီသို့ ဆာလူကို လိုက်ပို့ ရန်

အချိန် ရောက်သည့် အခါ နှုတ်ဆက်စကားပြောရန် ခဲယဉ်းပါသည်။ လူဝင်မှု

ကြီးကြပ်ရေးအဝင်ပေါက်တွင် နောက်လှည့်၍ လက်ရမ်းပြကာ “ပြန်လည်ဆုံစည်း

ကြပါ။”ဟု နှုတ်ဆက်သည် ။ သတ္တိမွေးနိုင်သလောက် မွေး၍ ပြုံးပြကာ လက်ရမ်းပြ

လိုက်ပါသည်။ လူငယ်သာသနာပြုအဖွဲ့၏ အစဉ်အလာအရ တစ်နေ့ကျလျှင် ပြန်လည်စုံစည်းကြမည်မှာ ယုံမှားသံသယမရှိပါ။ သို့ သော် ဤအစဉ်အလာ မျှော်လင့်ချက်တစ်ခု

တည်းဖြင့် နှစ်သိမ့်ရုံနှင့် မပြီးနိုင်ဘဲ ကျွန်တော်လည်း ကိုယ့်အိမ်ကိုယ် ပြန်လွမ်းဆွတ်

သည့် အတွက် မရှေးမနှောင်းမှာပင် ဘိုးအင်းလေယာဉ်(၇၄၇)ကို တက်စီးခဲ့ပါသည်။

ပြတင်းပေါက်နားတွင် နေရာယူကာ ဥရောပသို့ပြန်ရန် စိတ်ပြေလက် လေကြောင်း

ခရီး နှင်ခဲ့ပါသည်။ လေယာဉ်အောက် မျက်စိအဆုံးတွင် စိမ်းစို သော အာဖရိက မဟာ

တောမြိုင်တည် ရှိနေသည်။

“ဆီလီဖူရီလယ်ခေါင်တွင် အမှုတော် ဆက်လက်ဆောင်ရွက်နေကြသော

အဖွဲ့ကို စဉ်းစားကြည့်သည်။ တစ်ဖန် လေယာဉ်သည် မြောက်ဘက်သို့ တန်ဇန်နီးယား

ကိုဖြတ်သန်းသွားသောအခါ ယခု ဆောက်လုပ်ပြီးခဲ့သော တန်-ဇမ် မီးရထားလမ်း၏

အရိပ်အခြည်ကို မြင်ရမည်လားဟု အားထုတ်ကြည့် သည် ။ တရုတ်အလုပ်သမားစခန်း

များကို ရှာဖွေရန် ဝပ်ဝါဂွန်ဗင်ကားဖြူဖြင့် တစ်နေကုန်တစ်နေခမ်း ခရီးသွားခဲ့သည်ကို

ပြန်စဉ်းစားကြည့်သည်။ အဖမ်းခံပုံကို ပြန်လည်တွေးကြည့် သည် ။ ဆာလူကဲ့သို့

အလွယ်တကူ အကျဉ်းထောင်ထဲတွင် ရောက်သွားနိုင်သည်။ သို့သော် အခု (၁၉၇၇)ခုနှစ်

ဇန္နဝါရီလတွင်မူကား၊ တရုတ်အလုပ်သမားများ တရုတ်ပြည်မသို့ ပြန်သွားကြကုန်ပြီ။

လွန်ခဲ့သောလအနည်းငယ်က တရုတ်ပြည်တွင် ရင်တဖိုဖိုရက်သတ္တပတ်နှစ်

ပတ်လည်ပတ်ခဲ့သည့် အကြောင်းကို ပြန်လည် စဉ်းစားကြည့်သည်။ နောက်တစ်ခေါက်

သွေးချင်လှဘိခြင်း။ သို့သော် တရုတ်ပြည် သို့ ပြန်သွားရမည့် အရေးသည် လောလော

ဆယ် ကျွန်တော့်စီမံချက်မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်တော့်အတွက် ဦးစားပေး

ဆောင်ရွက်ရမည့် အကြံအစည် ရှိတော်မူသည်မှာ အယ်လီနီ ဖရီနှင့် အိမ်ထောင်ပြုရမည့်

အရေးကြီးဆုံးကိစ္စဖြစ်သည်။ ဖျတ်ဖျတ်လတ်လတ်ရှိသော ပြင်သစ်ဆွေ သူနာပြုဆရာမ

အယ်လီနီသည် ကျွန်တော်နှင့် ရှေ့ဆင့်နောက်ဆင့် လူငယ်သာသနာပြုအဖွဲ့တွင် ပါဝင်

သူဖြစ်သည်။ မကြာခဏဆုံဆည်းလေ့ရှိကြသော်လည်း တရုတ်ပြည်သို့ မလည်ပတ်မီ

ကွန်ဆင်မြို့၌ အနားယူကြသည့် အချိန်မှသာ ကျွန်တော်တို့၏ ခင်မင်ရင်းနှီးမှုသည်

ချစ်ခြင်းမေတ္တာသို့ ပန်းပွင့်လာသည်။ ချစ်စရာကောင်းသော အယ်လီနီ၏ ပြင်သစ်အမူ

အရာနှင့် သခင်ဘုရားအတွက် ဆက်ကပ်သောမေတ္တာ၊ သာသနာပြုဖို့ ဆန္ဒပြင်းပြခြင်းတို့

ပေါင်းစပ်သည့် အခါ ကျွန်တော့်နှလုံးသားကို ဖမ်းစားသည်။

(၁၉၇၇)ခုနှစ် သြဂုတ်လ (၆)ရက်နေ့ ဆန်နီဘုရားရှိခိုးကျောင်းတွင်

ကျွန်တော်၊ကျွန်မတို့ကို ဆရာကြီးလောရင့် ခွန်နင်ဟမ် မှ လက်ထပ်ပေးပါသည်။

သစ္စာဆိုကြပြီးနောက် ပလ္လင်ပေါ်မှ ဆင်းသွား၍ ဘုရားရှိခိုးကြောင်း ခန်းတိုင်းတွင်

တွဲလျှောက်သွားကြရင်း လာရောက်အားပေးသော ဧည့်သည် (၅၀၀)ခန့်ကို လိုက်ကြည့်

ပါသည်။ ဧည့်ပရိသတ်ထဲတွင် ဒန်၊ ဒီယွန်၊ ဂျုံ၊ ရီအိုနားနှင့် ဖလွိုက်တို့အပါအဝင် ငယ်သာသနာပြုအဖွဲ့ အမြောက်အမြားသည် ကျွန်တော်ကျွန်မတို့ ထိမ်းမြားလက်ထပ်ခြင်း

ကို အသိသက်သေဖြစ်ကြသည်။ မျက်နှာဖြူများသာဖြစ်သော ဧည့်သည်များထဲတွင်

ထူးထူးခြားခြား ပေါ်လွင်နေသောသူကား ဆာလူ၏ တောက်ပြောင်သည်

မျက်နှာမည်းကြီးဖြစ်ပါသည်။ ပရိသတ်ထဲက သူ့ကိုမြင်လိုက်သောအခါ

ဖြစ်စဉ်များကို စိတ်ထဲတွင် ရိပ်ကနဲပေါ်လာကာ မျက်စိဆုံမိကြသည့်အခါရင်ထဲတွင် ရှိ

ကာ မျက်ရည်ဝဲလာသည်။ ဥရောပတိုက်သို့ လာကတည်းက ဆာလူသည် အင်္ဂလန်နှင့်

ဆွီဇာလန်တွင် လူငယ်သာသနာပြုအဖွဲ့ထဲသို့ ခြေဆုံပစ်ဝင်လာခဲ့ပါသည်။ အတူတူ

ရှည်ကြာစွာ နေလေ့နေထမရှိကြသော်လည်း လုပ်ငန်းခွင်တွင် မကြာဏ ဆုံစည်းကြသည့်အခါ

ဝမ်းမြောက်ဝမ်းသာရှိကြသည်။ မကြာမီ သူလည်း အိမ် ထောင်ပြု၍ အာဖရိကတိုက်သို့

ပြန်သွားကာ ကင်မရွန်းနိုင်ငံတွင် လူငယ်သာသနာပြုအဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။

အိမ်ထောင်ပြုကြပြီးနောက် ကျွန်တော်တို့ ဇနီးမောင်နှံသည် (၁)နှစ်ကြာ

ပျားရည်ဆမ်းခရီးထွက်ရင်း ကမ္ဘာ့နိုင်ငံ(၂၅)နိုင်ငံသို့ ခရီးထွက်ကြရာ ခုတင်(၆၇)မျိုး

ပေါ်တွင် အိပ်ခဲ့ကြသည်။ သို့သော် ၎င်းနိုင်ငံထဲတွင် တစ်နိုင်ငံ မပါသေးပါ။ ၎င်းနိုင်ငံမှာ

ကျွန်တော် နောက်တစ်ခေါက်ခြေချလိုသော တံခါးပိတ်နိုင်ငံဖြစ်သည့် တရုတ်ပြည်

ပင်ဖြစ်သည်။

(၁၉၇၆)ခုနှစ် စက်တင်ဘာလတွင် တရုတ်ပြည်မ၏သမိုင်းအစဉ် အလာထဲတွင်

မဟာလှည့်ပြောင်းမှုတစ်ရပ်သဖွယ် ဖြစ်လာမည့် ကန့်သတ်နယ်ထဲတွင် သံတမန် ရော

ဝင်ပေါက်ငယ်တစ်ခုကို စမ်းကြည့်မိပါသည်။ ရှေ့နှစ်များတွင် ၎င်းသံတမန်ဝင် ပေါက်ကလေးသည်

တံခါးပေါက်ကြီးသို့ တိုးချဲ့လာသည်။ ဤအမှုအရာသည် ခရစ်ယာန်အမြောက်အမြား၏

အာရုံပြုဆုတောင်းခြင်းကြောင့် ဖြစ်သည်ဟု ကျွန်တော်ယုံကြည်ပါသည်။

တိန့်ရှောင်ဖိန်၏ ခေါင်းဆောင်မှုအောက်တွင် အနောက်နိုင်ငံများအပေါ် တရုတ်

ပြည်၏သဘောထားသည် နှေးနှေးကွေးကွေးဖြစ်သော်လည်း ပြောင်းလဲလာသည်မှာ

သေချာပါသည်။ အခြားကမ္ဘာ့နိုင်ငံများနှင့် အမြန်ဆုံး ရင်ဘောင်တန်းနိုင်အောင် နိုင်ငံခြား

စက်မှုလက်မှုပညာကျွမ်းကျင်မှုလိုအပ်နေကြောင်း သဘောပေါက် သိမှတ်လာသည့်

နောက် နိုင်ငံခြားသားများကို ဝင်ခွင့်ပြုရန် တဖြည်းဖြည်း တံခါးဖွင့်လာသည်။ စက်ရုံများ

ကို တည်ဆောက်ရန်နှင့် တရုတ်လူငယ်များကို ပညာပေးလေ့ကျင့် ရန် ဆရာများ

ဖိတ်ခေါ်လျက်ရှိသည်။ သိပ္ပံပညာရှင်များ၊ စက်မှုလက်မှုပညာရှင်များကို ပြင်သစ်နှင့်

အင်္ဂလိပ် နိုင်ငံတို့မှ အများဆုံး တောင်းဆိုလျက်ရှိသည်။ သာသနာပြုဆရာများကို

တရားဝင် ပိတ်ထားဆဲဖြစ်သော်လည်း၊ ခရစ်ယာန် အမြောက်အမြားသည် ဤလောကီရေး

ကို တရုတ်ပြည်သို့ ဝင်ရောက်ရန် အခွင့်အရေးတစ်ရပ်အဖြစ် အသုံးချနေသည်။ ဟိုတယ်

အသစ်များ တည် ဆောက်ကြပြီး အဟောင်းများကို ခေတ်မီအောင် ပြုပြင်ကြကာ တရုတ်

ပြည်၏ တံခါးဖွင့်ပေါ်လစီအသစ်ကို ကမ္ဘာလှည့် ခရီးသည် လုပ်ငန်းကြီးအဖြစ် အသုံးချကြ

သည်။ ဝင်ငွေအလူးအလဲ လိုအပ်နေသော တရုတ်အစိုးရသည် ဤလေ့လာရေးခရီးသည်

နိုင်ငံခြားသားများ အစုလိုက်အပြုံလိုက်ဝင်လာသည်ကို သည်းခံနေရပါသည်။

လျှို့ဝှက်ချက်အဖုံးပွင့်လာသည်နှင့်အမျှ မြေအောက်အသင်းတော် အမြောက်

အမြားတည်ရှိနေသည့်အကြောင်း အသေးစိတ် ပေါ်လာလေသည်။ မော်စီတုံး၏ နှိပ်စက်

ညှဉ်းပန်းသောကာလမှာပင် ဤမြေအောက်အသင်းတော်များ လှုပ်ရှားလျက် ကျယ်ပြန့်ခဲ့

သည်။ ကိန်းဂဏန်းဖြင့် အတိအကျဖော်ပြရန် ခက်ခဲသော်လည်း လူပေါင်းသိန်း(၅၀)

နှင့်(၁၀၀)အကြားသည် ဤမြေအောက်အသင်းတော် ကွန်ချာထဲတွင် ဆက်စပ်နေကြသည်။

(၁၉၈၀)ခုနှစ်အလယ်တွင် ကျွန်တော်ဟောင်ကောင်သို့ လည်ပတ်စဉ် တရုတ်

ပြည်မသို့ ရုတ်ချည်းလည်ပတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ရက်သတ္တနှစ်ပတ် လည်ပတ်ခဲ့

သည်မှာ ယခု (၄)နှစ်ကြာညောင်းခဲ့ပြီးဖြစ်သည်။ သံရုံးဖိတ်ကြားစာ မလိုတော့ပါ။

၎င်းအစား တရုတ်-ဟောင်ကောင် အပြန်အလှန်ခရီးသွား လာရေးရုံးသို့သွားကာ (၁)နာရီ

ပင်မကြာဘဲ နိုင်ငံကူးလက်မှတ်တွင် နောက်တစ်ခေါက်ဝင်ခွင့် အပြာနှင့်အနီထုရိုက်သော

တံဆိပ်ထုရိုက်သော ဗီဇာကို ရရှိခဲ့ပါသည်။ နောက်တစ်နေ့တွင် ဂွမ်မြို့သို့ စက်လှေ

တစ်စီးလိုက်သွားခဲ့သည်၊ ဤတစ်ကြိမ်တွင် တကောက်ကောက်လိုက်နေရန် တရားဝင်

ခွင့်ပြုထားသော ခရီးစဉ်ကို လိုက်လံကြီးကြပ်မည့် လမ်းပြမလိုတော့ပါ။ ယခင် ခရီးစဉ်

နှင့် မတူတော့ဘဲ ဂွမ်မြို့ လမ်းမကြီးများကို လွတ်လပ်စွာ လျှောက်လည်နိုင်ခဲ့ပါသည်။

ကြားကာလလေးနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ပြောင်းလဲမှုကို အံ့သြမိပါ သည်။

အဆင်းအရောင်အမျိုးမျိုးကို တရုတ်ပြည်တွင် ပြန်လည်ကျင့်သုံးလာသည်။ အပြာရောင်

မော်ဘောင်းဘီပွပွခေတ်ကုန်သွားပြီး လူတို့သည် အနောက်တိုင်းသားပုံစံမျိုးစုံ ဝတ်ဆင်

ကြသည်။ ကွန်မြူနစ်ဝါဒဖြန့် ဆိုင်းဘုံဒ်ကြီးများရှိသေးသော်လည်း ကြီးမားသော

မော်ရုပ်ပုံများ ပျောက်ကွယ်သွားသည်။ နေရာတကာတွင် အရင်းရှင်စနစ်ကူးပြောင်း

သည့် သက်သေသာဓကများရှိလာသည်။ လမ်းဘေးဈေးဆိုင်များတွင် ကိုယ်ပိုင်ရောင်းချ

သော အိမ်သုံးပစ္စည်းတန်ဆာပလာများနှင့် ယခင်ရခဲ့ သော လျှပ်စစ်ပစ္စည်းများကို

ပြထားကြလေသည်။

တနင်္ဂနွေနေ့နံနက်တွင် ထိပ်ခေါင်ဒွန်တွဲဘုရားရှိခိုးကျောင်းကို သွားရှာရန်

ဆုံးဖြတ်လိုက်ပါသည်။ ကျောက်လှေကားထစ်ကို တက်သွား၍ တံခါးကို ဝင်သွားသော

အခါ ပရိဘောဂမရှိ၊ လူသူငါးပါးမရှိသည့်အစား၊ ဥရောပတိုက်သား ကျွန်တော့်ကို ပြုံးရွှင်

စွာလက်ဆန့်၍ တရုတ်ယုံကြည်သူများမှာ ကြိုဆိုကြပါသည်။ ဤဘုရားရှိခိုးကျောင်း

တံခါးမှ ကြမ်းတမ်းရိုင်းစိုင်းစွာ ဆက်ဆံခြင်းခံရပုံနှင့် နှိုင်းယှဉ်သည့် အခါ အလွန်

ထူးဆန်းပါဘိခြင်း။

ညှဉ်းပန်းနှိပ်စက်ခြင်းရှိမြဲရှိနေ၍ ခရစ်ယာန်များကို ထောင်ချခြင်း၊ သတ်ဖြတ်

ခြင်း၊ သမ္မာကျမ်းစာအုပ်များကို တားဆီးပိတ်ပင်ခြင်း တည်ရှိနေဆဲ ဖြစ်သည့်တိုင်အောင်

တနင်္ဂနွေနံနက်တွင် ဘုရားရှိခိုးကျောင်းပတ်လည်ကို ကြည့်သည့်အခါ စိတ်နှလုံး

ရွှင်လန်းလျက်ရှိနေပါသည်။ ဘုရားသခင်သည် ကျွန်တော်နှင့် အခြားယုံကြည်သူ

အမြောက်အမြား၏ ဆုတောင်းပတ္ထနာပြုသံကို နားညောင်းတော်မူသည်။ အတားအဆီး

အဟန့်အတားများကို ချိုးဖောက်ခြင်းသည် အမှန်တကယ်ဖြစ်ပေါ်လာပါပြီ။

(ဘာသာပြန်သူ – ဗိုလ်မှူးကြီး အိပ်ချ်၊ကင်ပွန်း ( ငြိမ်း ) )

 

Leave a Reply

Your email address will not be published. Required fields are marked *