ခြားနားသောအရာများ

၁။ ကယ်တင်ခြင်းသုံးမျိုး Three Tenses of Salvation

                ခရစ်ယာန်ဖြစ်ခါစ၌ ကျွန်ုပ်တို့သည် ဝိညာဉ်ကယ်တင်ခြင်းတစ်မျိုးကိုသာ စဉ်းစားတတ်ကြသည်။ သမ္မာကျမ်းစာ၌ရှိသော “ကယ်တင်ခြင်း” စကားလုံးအားလုံးတို့ကို ဝိညာဉ်ကယ်တင်ခြင်းအတွက်သာ အဓိပ္ပာယ်ကောက်ယူ၍ မရကြောင်း တွေ့ရပါသည်။

                သို့ဖြစ်၍၊ “ကယ်တင်ခြင်း” ဟူသော ဝေါဟာရသည် “ကယ်လွှတ်ခြင်း” “လုံခြုခြင်း” သို့မဟုတ် “အနာအဆာကင်းခြင်း” စသဖြင့် အဓိပ္ပာယ်အမျိုးမျိုးရှိကြောင်း တွေ့ရပါသည်။ ဥပမာ – ဖိလိပ္ပိ၊ ၁း၁၉တွင် ရှင်ပေါလုက အကျဉ်းထောင်မှ လွှတ်မြောက်ရန်သူ၏ မျှော်လင့်ခြင်းကို ပြောသောအခါ “ကယ်တင်ခြင်း” စကားလုံးကို သုံးပါသည်။ “သင်တို့ဆုတောင်းသဖြင့် ၎င်း၊ ယေရှုခရစ်၏ ဝိညာဉ်တော် မစသဖြင့် ၎င်း၊ ဤအကြောင်းအရာသည် င့ါကိုကယ်တင်သော အကြောင်းအရာဖြစ်မည်ဟု ငါသိ၏။” New KJV ၌  “ကယ်တင်ခြင်း” (Salvation) စကားလုံးမသုံးဘဲ “လွတ်မြောက်စေခြင်း” (Deliverance) စကားလုံးကို မှန်ကန်စွာ သုံးပါသည်။

                ဖိလိပ္ပိ၊ ၂း၁၂ တွင်ပါသော “ကယ်တင်ခြင်း”သည် အဓိပ္ပာယ်တစ်မျိုးရှိပါသည်။  ဖိလိပ္ပိအသင်းတော်ကို ကွဲပြားစေသော ပြဿနာ ဖြေရှင်းသည့် အကြောင်းဖော်ပြရာ၌ ထိုစကားလုံးကို အသုံးပြုသည်။ ဖိလိပ္ပိအသင်းတော်၌ သင်းကွဲခြင်းပြဿနာ ကြီးကြီးကျယ်ကျယ် ဖြစ်ခဲ့သည်။ (ဖိ ၂း၁-၄၊ ၄း၂)။ ရှင်ပေါလုက ထိုပြဿနာဖြေရှင်းရန် အဓိကသော့ချက်မှာ ကိုယ့်ကိုယ်ကို နိမ့်ချခြင်း၊ သခင်ဘုရားကဲ့သို့ ကိုယ်ကျိုးစွန့်စိတ်သဘောထားရှိခြင်းဖြစ်ကြောင်း ခရစ်ယာန်များကို သတိပေးပါသည်။ “သို့ဖြစ်၍၊ ငါချစ်သူတို့၊ သင်တို့သည် ငါ့ မျက်မှောက်၌ နားထောင်သည်သာမက၊ မျက်ကွယ်၌လည်းအစဉ် နားထောင်ကြသည်နှင့်အညီ၊ ကြောက်ရွံတုန်လှုပ်သော စိတ်နှင့်ကိုယ်ကို ကယ်တင်ခြင်းငှာ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့။” (အငယ် ၁၂)။

                တဟ်နည်းအားဖြင့်ဆိုသော် “သင်တို့အချင်းချင်းငြင်းခုံစေသော ထိုပြဿနာမှ လွှတ်မြောက်ရန်လမ်းကို သင်တို့အား ငါပြောခဲ့ပြီ ဖြစ်သောကြောင့် ကြောက်ရွံ့တုန်လှုပ်ခြင်းဖြင့် ဖြေရှင်းချက်ပြုလုပ်ကြပါ”ဟု အဓိပ္ပာယ် ရှိပါသည်။

                ကျမ်းပိုဒ်သုံးပိုဒ်တွင်လည်း “ကယ်တင်ခြင်း”စကားလုံးကို ရေနှစ်ခြင်းအန္တရာယ်မှ ကယ်လွှတ်ခြင်းအတွက် အသုံးပြုထားသည်။]       “သင်္ဘောသားတို့သည် သင်္ဘောကိုစွန့်သွားမည်ဟု အကြံရှိသည်နှင့် သင်္ဘောဦးသို့သွား၍ ကျောက်ဆူးချဟန်ပြုလျက် သမ္ဗာန်ကို လျှော့စဉ်တွင် ပေါလုက၊ ဤသူတို့သည် သင်္ဘောပေါ်၌ မနေလျှင် သင်တို့သည် ချမ်းသာမရနိုင်ကြဟု တပ်မှူးမှစ၍ စစ်သူရဲတို့အား ဆို၏။ (တမန်၊ ၂ရး၃ဝ၊ ၃၁)။

                “နောဧသည် မမြင်သေးသောအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွှံသော စိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ၊ သင်္ဘောကို တည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့် ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။” (ဟေဗြဲ ၁၁း၇)။

                “ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွတော်မူ၍၊ ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။ ထိုဝိညာဉ်တို့မူကား ရှေးကာလ၊ နောဧလက်ထက်၌ နည်းသောသူတည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သော သင်္ဘောကို တည်လုပ်စဉ်တွင် ဘုရားသခင်၏ ခန္တီတော်သည် ဆိုင်းလင့်တော်မူသော်လည်း၊ နားမထောင်သောဝိညာဉ်ဖြစ်သတည်း’’     (၁ ပေ၊ ၃း၁၉၊ ၂၀)။

                ဘုရားသခင်သည် လောကသားများ၏ ကယ်တင်ရှင်ဖြစ်၍၊ သူတို့ကို ကွယ်ကာစောင်မသည်။

                “ထို့ကြောင့် အသက်ရှင်တော်မူထသော လူအပေါင်းတို့ကို ကယ်မတော်မူ၍၊ ယုံကြည်သောသူတို့ကို အထူးသဖြင့်ကယ်မတော် မူသော ဘုရားသခင်၌…” (၁တိ၊ ၄း၁၀)။

                သို့ရာတွင် ဤသင်ခန်းစာ၌ “ကယ်တင်ခြင်း” သို့မဟုတ် “ကယ်တင်ခဲ့သည်” ဟူသော စကားလုံးကို အပြစ်လွှတ်ခြင်း (ကယ်တင်ခြင်း)အတွက် အသုံးပြုသည်။ ဓမ္မသစ်ကျမ်းတွင် ဤစကားလုံးကို အများအားဖြင့် ကယ်တင်ခြင်းအတွက်သုံးထားသည်။

                ကယ်တင်ခြင်းသုံးမျိုးအကြောင်းကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ အချိန်ကာလဖြင့်ပိုင်းခြား၍ လေ့လာရသည်။

အတိတ် –           ကျွန်ုပ်ကို ပြစ်ဒဏ်မှ ကယ်တင်ခဲ့သည်။

ပစ္စုပ္ပန်   –           ကျွနု်ပ်ကိုအပြစ်၏တန်ခိုးမှ ကယ်တင်သည်။

အနာဂတ်          –           ကျွနု်ပ်ကိုအပြစ်ကမ္ဘာမှကယ်တင်မည်။

အတိတ်ကာလ

                အပြစ်ဒဏ်မှကယ်တင်ခြင်းကိုအောက်ဖော်ပြပါကျမ်းပိုဒ်များ၌ ပါရှိပါသည်။

                “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။

ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း” (ဧဖက် ၂း၈)။

                “ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မှီ၊ ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင် ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ ငါတို့ကိုကယ်တင်၍ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏” (၂တိ၊ ၁း၉)။

                “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲ၊ မိမိသနားခြင်းဂရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်းနှင့် ဆိုင်သော ဆေးကြောခြင်းအားဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်၎င်း၊ ငါတို့ကိုကယ်တင်တော်မူ၏” (တိတု၊ ၃း၅)။

                ဤကျမ်းပိုဒ်သုံးပိုဒ်တွင် “ကယ်တင်ခဲ့သည်” (saved) စကားလုံးသည် အတိတ်ကာလ (Past tense) ကိုဖော်ပြသည်။ သို့ရာတွင် အခြားကျမ်းပိုဒ်တစ်ချို့၌ ထိုစကားလုံးကို အတိတ်ကာလ (Past tense) ဖြင့် မသုံးသော်လည်း အပြစ်ဒဏ်မှကယ်တင်ခြင်းဟု အဓိပ္ပာယ် ဆောင်ပါသည်။

                “ထိုသခင်နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သောနာမ တစုံတခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အားမြွတ်ဆို၏” (တမန်၊ ၄း၁၂)။

                “အဘယ်သို့နည်းဟူမူကား၊ သင်သည်သခင်ယေရှုကို နှုတ်ဖြင့်ဝံခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူ ပြီဟုစိတ်နှလုံးထဲ၌ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” (ရောမ ၁၀း၉)။

                ထို့ကြောင့် ဤကျမ်းပိုဒ်သည် အတိတ်ကာလ ကယ်တင်ခြင်းကိုဆိုလိုသည်၊ မဆိုလိုသည်ကိုသိလိုပါက “ကြိယာ” (verb)ကို အဓိကထားသည်ထက် ကျမ်းပိုဒ်ထဲ၌ပါသော အချက်အားလုံးကို စေ့စေ့လေ့လာပြီး ဆုံးဖြတ်ပါ။ ကျမ်းပိုဒ်ထဲတွင် အပြစ်တရားစီရင်ခြင်းမှ ထာဝရလွှတ်မြောက်ခြင်းအဓိပ္ပာယ်ရှိပါက အတိတ်ကာလကယ်တင်ခြင်းဖြစ်သည်။

ပစ္စုပ္ပန်ကာလ

                ကျွနု်ပ်ကိုအပြစ်ဒဏ်မှ ကယ်တင်ခဲ့ပြီဟူသော အချက်နှင့် ကျွန်ုပ်ကို အပြစ်တန်ခိုးမှကယ်တင်သည်ဟူသော အချက်သည် နှစ်ခုစလုံး မှန်ပါသည်။ ကျွနု်ပ်ကို လက်ဝါးကပ်တိုင်ပေါ်၌ ခရစ်တော်ဘုရားပြုခဲ့ပြီးသော အမှုအားဖြင့်ကယ်တင်ခဲ့ပြီ။ ကျွနု်ပ်ကို သူ၏ အသက်နှင့် ဘုရားသငခ်၏ လက်ျာတော်ဘက်၌ ဆောင်ရွက်နေသောအမှုအားဖြင့် ကယ်တင်သည်။ ရောမ ၅း၁၀သည် ဤအချက်ကို ရှင်းလင်းစွာပြပါသည်။

                “အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင်၊ ဘုရားသခင်သားတော် အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည်ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မြော်လင့်စရာရှိ၏” (ရောမ ၅း၁၀)။

                ပစ္စုပ္ပန်ကာလကယ်တင်ခြင်းသည် သန့်ရှင်းစေခြင်းနှင့်တူပါသည်။ အသက်တာကို ညစ်ညူးစေတတ်သောအရာများနှင့် အပြစ်မှ မိမိကိုယ်ကိုခွဲခွာပြီး ဘုရားသခင်အထံတော်သို့ ဆက်ကပ်ခြင်းဖြစ်သည် (ဟေဗြဲ ရး၂၅)။

                “ထို့ကြောင့်အကြင်သူတို့သည် ယေရှုအားဖြင့်ဘုရားသခင်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏အမှုကို ကိုယ်တော်သည် စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူတို့ကိုအစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏။”

                ပစ္စုပ္ပန်ကာလကယ်တင်ခြင်းကို ၁ကော၊ ၁း၁၈ ၌လည်း တွေ့နိုင်သည်။

                “အကြောင်းမူကား၊ ဆုံးရှုံးခြင်းသို့ရောက်သောသူတို့၌ လက်ဝါးကပ်တိုင်တော်တရားသည် မိုက်သောတရားဖြစ်၏။ ကယ်တင်ခြင်းသို့ ရောက်သောငါတို့၌ ထိုတရားသည် ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏” (၁ကော၊ ၁း၁၈)။

အနာဂတ်ကာလ

                နောက်ဆုံးတစ်ခုက အနာဂတ်ကာလကယ်တင်ခြင်းဖြစ်သည်။ ကျွနု်ပ်တို့သည် ကယ်တင်ရှင်ယေရှုဘုရားနှင့် မျက်နှာချင်းဆိုင် တွေ့ကြသောအခါ၊ အပြစ်လွှမ်းမိုးသော ဤကမ္ဘာမြေမှ ကယ်တင်ခြင်းရကြမည်ဖြစ်သည်။ ထိုအခါ၊ ကျွနု်ပ်တို့၏ ကိုယ်ခန္ဓာသည် ရွေးနှုတ်ခြင်းနှင့် ချီးမြောက်ခြင်းခံမည်။ အောက်ပါကျမ်းပိုဒ်များက ကျွနု်ပ်တို့၏အနာဂတ်ကာလကယ်တင်ခြင်း အကြောင်းကိုဖော်ပြသည်။

                “ထိုမှတပါး၊ ငါတို့ကိုကယ်တင်သော ကျေးဇူးတော်သည် ငါတို့ယုံကြည်သောနေ့ရက်၌ နီးသည်ထက် ယခုသာ၍နီးသောကြောင့် ၎င်း………. ” (ရောမ ၁၃း၁၁)။

                “နေ့၏သားဖြစ်သောငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကို၎င်း၊ ကယ်တင်ခြင်းသို့ရောက်မည်ဟု မြော်လင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဝတ်ဆောင်ကြကုန်အံ့။ အမျက်တော်ကို ခံစေခြင်းငှါ ဘုရားသခင်သည် ငါတို့ကိုခန့်ထားတော်မူသည်မဟုတ်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကို အပိုင်ရစေခြင်းငှါ ခန့်ထားတော်မူ ၏’’ (၁သက်၊ ၅း၈၊ ၉)။        

                “နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသောသင်တို့အဘို့ ကောင်းကင်ဘုံ၌ ထားလျက်ရှိသော အမွေတည်း’’ (၁ ပေ၊ ၁း၅)။

ကာလသုံးခုစလုံး

                အကယ်၍ ကျမ်းပိုဒ်တစ်ခုခုကို အထက်ဖော်ပြပါ ကယ်တင်ခြင်းသုံးမျိုးထဲမှ တစ်ခုခုအတွက် ကိုးကားရန် အခက်အခဲတွေ့ပါက၊ ထိုသုံးမျိုးစလုံးအတွက် ဖြစ်နိုင်သည်။ ဥပမာနှစ်ခု ပေးပါမည်။

                “သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသော အမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏’’ (မဿဲ ၁း၂၁)။

                “သင်တို့သည် ကယ်တင်တော်မူခြင်းအကြောင်းနှင့် ယှဉ်သောဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကို ကြားနာရ၍ ထိုခရစ် တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့် ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ’’ (ဧဖက် ၁း၁၃)။

                ဤကဲ့သို့သောကျမ်းပိုဒ်များသည် ကယ်တင်ခြင်းသုံးမျိုးစလုံးနှင့် သက်ဆိုင်ပါသည်။

ဖြောင့်မတ်စေခြင်း၏ သွင်ပြင်လက္ခဏာများ Aspects of justification

ကျေးဇူးတော်၊ ယုံကြည်ခြင်း၊ အသွေးတော်၊ တန်ခိုးတော်နှင့် လုပ်ဆောင်ခြင်းစသည်တို့အားဖြင့် ကျွန်ုပ်တို့အား ဖြောင့်မတ်စေ သည်ဟု ဓမ္မသစ်ကျမ်းစာက သွန်သင်ပါသည်။ ဖြောင့်မတ်ခြင်းကို ရစေသည့် ဖော်ပြပါတစ်ခုစီ၏ အဓိပ္ပါယ်နှင့် သွင်ပြင်လက္ခဏာကို မသိရှိပါက၊ ရှုပ်ထွေးပြီး တစ်ခုနှင့် တစ်ခုဆန့်ကျင်ကြသည်ဟု နားလည်လွဲစရာ ဖြစ်တတ်ပါသည်။

ရှင်းလင်းချက်။

                ပထမဦးစွာ၊ ဖြောင့်မတ်စေခြင်းက ဘာကိုဆိုလိုပါသနည်း။ “ဖြောင့်မတ်သောသူအဖြစ်မှတ်ယူသည်’’ ဟုဆိုလိုပါသည်။ “ဖြောင့် မတ်သူအဖြစ်ပြုလုပ်သည်’’ဟု မဆိုလိုပဲ “ဖြောင့်မတ်သောသူအဖြစ်ကြေညာသည်’’ ဟုဆိုလိုသည်။ အမှန်ဆိုရပါလျှင်၊ ဤအသုံးအနှုန်း သည် တရားခုံရုံး၌သုံးသော တရားဥပဒေရေးရာနှင့် ဆိုင်သည့် ဝေါဟာရ ဖြစ်ပါသည်။

                ကျွန်ုပ်တို့သည် မဖြောင့်မတ်သောသူများ ဖြစ်ခဲ့ကြသည်။ သို့သော်ယေရှုခရစ်တော်ကို မိမိ၏သခင်နှင့်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောအခါ၊ ခရစ်တော်၏ ကျွန်ုပ်တို့ကိုယ်စား လုပ်ပေးသွားသောအမှုအပေါ်၌ မူတည်ပြီး၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ဖြောင့်မတ်သောသူများအဖြစ် မှတ်ယူလိုက်သည်။ ကျွန်ုပ်တို့သည် “ခရစ်တော်၌’’ ရှိသောအခါ၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ဖြောင့်မတ် သောသူများအဖြစ် မှတ်ယူလိုက်သည်။ ကျွနု်ပ်တို့သည် “ ခရစ်တော်မှ ” ရှိသောအခါ၊ ဘုရားသခင်းက ကျွန်ုပ်တို့ကို ဖြောင့်မတ်သူများ အဖြစ် မှတ်ယူကြောင်း တရားမျှတစွာ ကြေညာသည်။ ယုံကြည်သူအပြစ်သားသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ဝတ်လုံ ဖြင့် လွှမ်းခြုံခြင်းခံသည်။ “အဘယ့်ကြောင့်နည်းဟူမူကား၊ ဘုရား¬သခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည် အကြောင်းတည်း” (၂ကော၊ ၅း၂၁)။

                အစပိုင်းတွင်ဖော်ပြခဲ့သလို၊ ဖြောင့်မတ်စေခြင်းသည် ကျေးဇူးတော်၊ ယုံကြည်ခြင်း၊ အသွေးတော်၊ တန်ခိုးတော်၊ လုပ်ဆောင်ခြင်းနှင့် ဘုရားသခင်စသည်တို့အားဖြင့်ဖြစ်သည်။ ဤငါးမျိုးဖြင့် အဘယ်သို့ဖြစ်နိုင်သနည်း။

ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်စေခြင်း

                ပထမမှာ၊ ဖြောင့်မတ်စေခြင်းသည် ကျေးဇူးတော်အားဖြင့်ဖြစ်သည်။ ရောမ ၃း၂၄ တွင် “ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြ၏” (ရောမ ၃း၂၄)ဟုဖော်ပြပါသည်။

                ဘုရားသခင်၏ ဖြောင့်မတ်စေခြင်းကို အပြစ်သားအနေဖြင့် မရထိုက်ပါ။ သူသည်အဘိုးအခပေး၍သော်လည်းကောင်း၊ လုပ်ယူ၍ သော်လည်းကောင်း၊ ထိုဖြောင့်မတ်ခြင်းကို မရနိုင်ဘဲ၊ လက်ဆောင်အဖြစ် လက်ခံခြင်းဖြင့် သာလျှင်ရနိုင်သည်။ ဘုရားသခင်က ဖြောင့် မတ်ခြင်းကို လူသားများအား အဘိုးအခမတောင်းဘဲ လက်ဆောင်အဖြစ်ပေးခြင်းသည် ကျေးဇူးတော်ဖြစ်ပါသည်။

ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စေခြင်း

                ဒုတိယမှာ၊ ဖြောင့်မတ်စေခြင်းသည် ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။ “ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင်၊ ငါတို့သင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏” (ရောမ ၅း၁)။ ဤကျမ်းပိုဒ်က အပြစ်သားတစ်ယောက်သည် ယေရှုခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ခြင်း ရနိုင်ကြောင်း ရှင်းလင်းစွာသွန်သင်ပါသည်။ အပြစ်သားသည် ငရဲနှင့်သာထိုက်တန်သောသူဖြစ်ကြောင်းဝန်ခံပြီး၊ လက်ဝါးကပ်တိုင်ပေါ်၌ သူ၏အပြစ်ဒဏ်ကို ကိုယ်စားခံပေးသော သခင်ယေရှုကို လက်ခံရမည်။

                ဘုရားသခင်ကအပြစ်သားအား ကရာနီကုန်းပေါ်၌ခရစ်တော်ပြုခဲ့သော ရွေးနှုတ်ကယ်တင်ခြင်းအမှုပေါ်တွင် အခြေပြုသော ဖြောင့်မတ်ခြင်းကို လက်ဆောင်အဖြစ်ပေးခြင်းသည် ကျေးဇူးတော်ဖြစ်သည်။ ယုံကြည်ခြင်းဟူသည် နောင်တရသောအပြစ်သားက သူ၏အကျင့်စာရိတ္တ(သို့)သူပြုခဲ့သော ကောင်းမှုများကြောင့် ဖြောင့်မတ်ခြင်းကို ရထိုက်သည်ဟုမအောက်မေ့ဘဲ၊ ဘုရားသခင်ထံမှ လက်ဆောင်အနေဖြင့် လက်ခံခြင်းဖြစ်သည်။

အသွေးတော်အားဖြင့် ဖြောင့်မတ်စေခြင်း

                ဖြောင့်မတ်ခြင်းသည် သွေးတော်အားဖြင့်လည်းဖြစ်သည်။ “သို့ဖြစ်၍ ယခုတွင်အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် ပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ရောက်မည်ဟုသာ၍ မျှော်လင်စရာရှိ၏” (ရောမ၊ ၅း၉)။ ဤကျမ်းပိုဒ်က ကျွန်တော်ဖြောင့်မတ်ရာသို့ ရောက်ရန်ပေးရမည့်အဘိုးအခကို ဖော်ညွှန်းပါသည်။ စုပုံနေသောကျွနု်ပ်၏ အပြစ်ကြွေးအားလုံးကို စာရင်းရှင်းရန် အပြစ်မဲ့သော ကယ်တင်ရှင်ခရစ်တော်ကသူ၏ အသွေးတော်မြတ်ကိုသွန်းခဲ့သည်။ ကျွန်တော်ရရှိသောဖြောင့်မတ်ခြင်းသည် ခရစ်တော်ယေရှု၏အသက်နှင့်အမျှ တန်ဘိုးကြီးကြောင်း တွေ့နိုင်ပါသည်။

တန်ခိုးတော်အားဖြင့် ဖြောင့်မတ်စေခြင်း

                တန်ခိုးတော်အားဖြင့် ဖြောင့်မတ်စေခြင်းကိုသွန်သင်သောကျမ်းပိုဒ်များများမရှိသော်လည်း ရောမ ၄း၂၅ တွင်တွေ့နိုင်ပါသည်။ “ငါတို့သည် ဖြောင့်မတ်ရာသို့ ရောက်မည်အကြောင်း ထမြောက်တော်မူ၏။” ဤကျမ်းချက်တွင် ကျွနု်ပ်တို့၏ဖြောင့်မတ်ခြင်းသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်းတွေ့ရပါသည်။ မှန်ပါသည်။ ခရစ်တော်မထမြောက်ခဲ့ပါက၊ ကျွနု်ပ်တို့၏ ယုံကြည်ခြင်းသည် အချည်းအနှီးဖြစ်ကာ၊ ဒုစရိုက်အပြစ်အောက်၌နေကြ၏ (၁ကော၊ ၁၅း၁၇)။ သို့ဖြစ်၍ ကျွနု်ပ်တို့၏ ဖြောင့်မတ်ခြင်းသည် သခင်ယေရှုကို သေခြင်းမှထမြောက်စေသော တန်ခိုးတော်နှင့် ဆက်နွယ်နေကြောင်း ထင်ရှားပါသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် တန်ခိုးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၏ဟု ပြောဆိုနိုင်ပါသည်။

လုပ်ဆောင်ခြင်းအားဖြင့်ဖြောင့်မတ်စေခြင်း

                ကျွနု်ပ်တို့ကို လုပ်ဆောင်ခြင်းဖြင့် ဖြောင့်မတ်စေခြင်းဖြစ်ပါသည်။ “လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်။ အကျင့်အားဖြင့်ရောက်သည်ကိုသင်တို့သိမြင်ရကြ၏” (ယာကုပ် ၂း၂၄)။ ဤနေရာတွင် ဆန့်ကျင်ဘက် သွန်သင်ချက်ဖြစ်သလိုမျိုးထင်ရသည်။ ရှင်ပေါလုက ကျွနု်ပ်တို့သည် ယုံကြည်ခြင်းအားဖြင့်သာလျှင် ဖြောင့်မတ်ရာသို့ရောက်ရ၏ဟု သွန်သင်ပါသည်။ ရှင်ယာကုပ်၏သွန်သင်ချက်ကို ဤသို့ထင်မှားစရာဖြစ်နိုင်သည်-“ကျွနု်ပ်တို့သည် ယုံကြည်ခြင်းနှင့်အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရ၏’။ သို့သော်၊ ရှင်ယာကုပ်၏သွန်သင်ချက်မှာ ထိုသို့မဟုတ်ပါ။ သူသည်ကောင်းသောအကျင့်ကျင့်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရသည်ဟု မသွန်သင်ပါ။ ကျွနု်ပ်တို့သည် ယုံကြည်ခြင်းနှင့် အကျင့်ပေါင်းခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရ၏၊ဟူ၍လည်း ယာကုပ်မသွန်သင်ပါ။သူသွန်သင်သည်မှာ ကျွနု်ပ်တို့သည်ကောင်းသောအကျင့်ကို ကျင့်စေသော ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ရ၏ဟူ၍ ဖြစ်ပါသည်။

                လူတစ်ယောက်က ယုံကြည်ခြင်းကို ထင်ရှားစေသောအကျင့်မရှိပဲ ကျွနု်ပ်၌ယုံကြည်ခြင်းရှိသည်ဟု ပြောခြင်းသည်အကျိုးမရှိပါ။ ဤကဲ့သို့သော ယုံကြည်ခြင်းမျိုးသည် နှုတ်ပါးစပ်ဖြင့်သာပြောခြင်းဖြစ်ပြီး၊ အချည်းအနှီးဖြစ်ပါသည် (ယာကုပ် ၂း၁၄-၁၇)။ စစ်မှန်သော ယုံကြည်ခြင်းသည် မမြင်နိုင်သောအရာဖြစ်သော်လည်း အကျင့်အားဖြင့် ဖော်ပြနိုင်ပါသည် (ယာကုပ်၊ ၂း၁၈)။ အာဗြဟံသည် ထာဝရ ဘုရားကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ပါသည် (ကမ္ဘာ၊ ၁၅း၆)။ သို့ရာတွင် နှစ်အတန်ကြာသောအခါ၊ မိမိ၏သား ဣဇက်ကို ဘုရားအား ပူဇော်ချင်သော ဆန္ဒအားဖြင့် သူ၏ယုံကြည်ခြင်းသည် စစ်မှန်ကြောင်း ပြသခဲ့သည်။ (ကမ္ဘာ၊ ၂၂း၉-၁၄)၊ ရာခပ် သည်လည်း ဣသရေသလူတို့၏ တမန်တို့ကို လက်ခံပြီး၊ လွှတ်မြောက်အောင် ကူညီခြင်းအားဖြင့် သူ၏စစ်မှန်သော ယုံကြည်ခြင်းကို သက်သေပြခဲ့သည်။ (ယာကုပ်၊ ၂း၂၅)။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ရ၏ဟု ပြောသောအခါ၊ ထိုအကျင့်တို့မှာ ကျွန်ုပ်တို့သည် ယုံကြည်အားဖြင့် အမှန်တကယ်ဖြောင့်မတ်ရာသို့ ရောက်ပြီဖြစ်ကြောင်းကို ထင်ရှားစေသော မြင်နိုင်သည့် အပြင် သက်သေများဖြစ်ကြပါသည်။ အကျင့်သည်ဖြောင့်မတ်ခြင်းသို့ ရောက်စေသော အကြောင်းတရား မဟုတ်ဘဲ၊ အကျိုးတရားဖြစ်ကာ အမြစ်မဟုတ်ဘဲ လူရှေ့၌ ဖြောင့်မတ်စေသော အသီးဖြစ်သည်။

ဘုရားသခင်အားဖြင့် ဖြောင့်မတ်စေခြင်း။

                နောက်ဆုံးမှာ၊ ဘုရားသခင်က ကျွန်ုပ်တို့ကို ဖြောင့်မတ်စေခြင်းဖြစ်သည်။ “ဘုရားသခင်ရွေးကောက်တော်မူသော သူကို အဘယ်သူသည်အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူအား ဘုရားသခင်ပေတည်း။ (ရောမ ၈း၃၃)။ သူသည် ကျွန်ုပ်တို့အား ဖြောင့်မတ်သော သူအဖြစ် ကြေငြာသောသူဖြစ်သည်။

အကျဉ်းချုပ်

                အထက်ဖော်ပြပါ အချက်အလက်အားလုံးကို လေ့လာသောအခါ ကျွန်ုပ်တို့သည် အောက်ဖော်ပြပါ အချက်များအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြောင်း ဓမ္မသစ်ကျမ်းက သွန်သင်ပါသည်။

ကျေးဇူးတော်     –           ကျွနု်ပ်တို့နှင့် မထိုက်တန်ကြောင်း အဓိပ္ပာယ်ဆောင်သည်။

ယုံကြည်ခြင်း     –           ကျွန်ုပ်တို့က လက်ခံရမည်ဟု ဆိုလိုသည်။

အသွေးတော်     –           ကယ်တင်ရှင်ခရစ်တော်၏ အသေခံခြင်းဖြင့် ရွေးဝယ်သည်ဟု အဓိပ္ပါယ်ရှိသည်။

တန်ခိုးတော်       –           ရှင်ပြန်ထမြောက်ခြင်းသည် ကယ်တင်ရှင်၏ လုပ်ဆောင်ချက်အပေါ်၌ ဘုရားသခင်၏ အားရနှစ်သက်ခြင်းကို ထင်ရှားစေသည်ဟု ဆိုလိုပါသည်။

အကျင့် –           ကျွန်ုပ်အား ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စေပြီးသော အခါ၊ ထိုဖြောင့်မတ်ခြင်းကို အကျင့်ကထင်ရှားစေမည်ဟု ဆိုလိုသည်။

ဘုရားသခင်       –           ယေရှုကို ယုံကြည်သောသူအား ဖြောင့်မတ်စေသူဖြစ်သည်ဟု ဆိုလိုသည်။

ထာဝရအသက်၏ သွင်ပြင်လက္ခဏာများ  Aspects of Eternal Life

အသက်၏ အရည်အသွေး

                ထာဝရအသက်သည် အဆုံးမရှိသော တည်ရှိခြင်းနှင့်မတူပါ။ ယုံကြည်သူနှင့် မယုံကြည်သူအယောက်စီတိုင်းသည် ထာဝရ အသင်ရှင်ကြမည် ဖြစ်သော်လည်း၊ ယုံကြည်သူများသာလျှင် ထာဝရအသက်ရှိကြသည်။ ထာဝရအသက်ရှင်ခြင်းသာမဟုတ်ဘဲ၊ အရည် အသွေးနှင့် ပြည့်စုံသောဘုရားသခင်ကိုယ်တိုင်၏ အသက်ဖြစ်ပြီး၊ သခင်ယေရှု၌ရှိသော အသက်လည်းဖြစ်သည်။

                “ထိုအသက်သည် ထင်ရှားခဲ့ပြီ။ ငါတို့လည်း မြင်ရကြပြီ။ ခမည်းတော်နှင့်အတူရှိဘူး၍၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို ငါတို့သည် သင်တို့အား သက်သေခံ၍ ပြသကြ၏”။ (၁ယော၊ ၁း၂၊ ၁ယော၊ ၅း၂ဝ ကိုလည်း ဖတ်ပါ)။

                အာဒံသည် သူ၏ အပြစ်ကင်းစင်သော ဘဝတွင် (အပြစ်သားမဖြစ်ခင်) သူ၌ထာဝရအသက်မရှိခဲ့ပါ။ သူသည်အပြစ်မလုပ်ဘဲ နေသရွေ့ကာလပတ်လုံး ကမ္ဘာပေါ်ရှိ ဘုရားဖန်ဆင်းသော အရာများနှင့် ပျော်မွေ့မည်ဟုထင်မြင်ရသော်လည်း ကောင်းကင်ဘုံ၌ ခရစ်တော်နှင့်အတူ ဘုန်းတော်ထင်ရှားရန်မျှောလင်းခြင်းရှိမည်မဟုတ်ပါ။ တချိန်ချိန်တွင် အပြစ်ကျူးလွန်ကာ အပြစ်၏အခ သေခြင်းကို ခံနိုင်သည့် အခြေအနေ၌ရှိခဲ့သလို၊ ဤအတိုင်းပဲဖြစ်လာပါသည်။ သူသည် ဘုရားသခင်ကို မိမိကယ်ကယ်တင်ရှင်အဖြစ် လက်မခံမချင်း ထာဝရကောင်းကြီးမင်္ဂလာအပြည့်ပါသာ ထာဝရအသက်မရရှိနိုင်ပါ။

                တခါတရံတွင် ထာဝရအသက်ကို ပစ္စုပ္ပန်ကာလ၌ ပိုင်ဆိုင်ခြင်း(သို့) အနာဂတ်ကာလတွင် ခံစားရရှိမည့် အမွေအဖြစ် သမ္မာကျမ်း စာထဲ၌ ဖော်ပြပါသည်။

ပစ္စုပ္ပန်ကာလ၌ပိုင်ဆိုင်ခြင်း

                ယုံကြည်သူတိုင်သည် ထာဝရအသက်လက်ဆောင်ကို ယခုပစ္စုပ္ပန်ကာလ၌ပိုင်ဆိုင်ပါသည်။ ဤလက်ဆောင်ကို ဘုရားသခင် ပေးခဲ့သော ဂတိတော်ဖြစ်၍ (၁ ယော၊ ၂း၂၅)၊ ထိုအသက်ကို ခရစ်တော်၌တွေ့ရသည် (ယော၊ ၆း၆၈။ ၁ ယော၊ ၅း၁၁)။ ဤထာဝရ အသက်ကို ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ရရှိနိုင်သည်။

                “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” (ယော၊ ၆း၄၇။ ယော ၃း၁၅၊ ၁၆၊၃၆။ ၅း၂၄။ ၆း၄၀။ ၁တိ၊ ၁း၁၆)။

                ခရစ်တော်ကိုယုံကြည်ခြင်းနှင့် အဓိပ္ပါယ်တူသော အခြားဖော်ပြချက်များမှာ – သူပေးသောရေကိုသောက်ခြင်း (ယော ၄း၁၄)၊ သူ၏အသားကိုစားခြင်းနှင့်အသွေးကိုသောက်ခြင်း (ယော၊ ၆း၅၄)၊ သူ၏နောက်တော်သို့ လိုက်ခြင်း (ယော၊ ၁၀း၂၇)၊ သူ့ကိုသိကျွမ်းခြင်း (ယော၊ ၁ရး၃)တို့ဖြစ်ပါသည်။ ရှင်ယောဟန်က လူ့အသက်ကိုသတ်သောသူတစ်စုံတယေက်၌မျှ ထာဝရအသက်မတည်ဟု ပြောပါသည်။ (၁ယော၊ ၃း၁၅)၊ သို့သော် မယုံကြည်သောအပြစ်သားများ၌လည်း ထာဝရအသက်မရှိကြောင်းကိုလည်း ပြောပါသည်။

                ထာဝရအသက်သည် ခမည်းတော်ဘုရားပေးသောလက်ဆောင်ဖြစ်သည် (ရောမ ၆း၂၃။ ၁ယော၊ ၅း၁၁)။

                ထာဝရအသက်ကို သားတော်ယေရှုကလည်း ပေးပါသည်။

                “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာဝရအသက်ကိုလည်းငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။  အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရာ” (ယော၊ ၁၀း၂၇-၂၈။ ၁ရး၂)။

                ခမည်းတော်ဘုရားက ခရစ်တော်အားပြောခိုင်းသောအရာအားလုံးတို့၏ အဓိကရည်ရွယ်ချက်မှာ ထာဝရအသက်ပေးခြင်း ဖြစ်ပါသည် (ယော ၁၂း၅၀)။

                “ထာဝရအသက်ကိုရစေခြင်းငှါ ခန့်ထားတော်မူသောသူရှိသမျှတို့သည် ယုံကြည်ကြ၏”(တမန်၊ ၁၃း၄၈)။ တစ်ဖက်တွင် ခရစ်တော်ကိုငြင်းပယ်၍ ထာဝရအသက်ကို မိမိတို့၏မခံထိုက်သည်ဟု၊ မိမိတို့စီရင်ကြသည် (တမန် ၁၃း၄၆)။ ဤထာဝရအသက်ကို ကျေးဇူးတော်အားဖြင့်သာရနိုင်သည်ဖြစ်၍ (ရော၊ ၅း၂၁)၊ ယုံကြည်သောသူအားလုံးတို့က ထိုထာဝရအသက်သည် သူတို့၌ ရှိကြောင်းကို နှုတ်ကပတ်တော်အားဖြင့်သိနိုင်သည်။

                “ဘုရားသခင်၏သားတော်ကိုယုံကြည်သော သင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏”(၁ယော၊ ၅း၁၃)။

                ထာဝရအသက်ရရှိသောသူအားလုံးတို့သည် ထိုအသက်နှင့်ထိုက်တန်သောအကျင့်ကို တစ်နေ့ပြီးတစ်နေ့ လက်တွေ့ကျင့်ရန် ဘုရားသခင်က မျှော်လင်ပါသည်။

                “ယုံကြည်ခြင်းနှင့်ဆိုင်၍ ကောင်းစွာသောတိုက်လှန်ခြင်းကို ပြုလော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၍ မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင်လိုက်လော့” (၁တိ ၆း၁၂)။

                “မှန်သောအသက်ကိုဝင်စားလိုသောငှါ၊ နောင်ဘဝ၌ကောင်းသော ဘဏ္ဍာကို မိမိတို့အဘို့ဆည်းပူးခြင်းတို့ကို ပြုရမည်အကြောင်း ပညတ်ထားလော့” (၁တိ၊ ၆း၁၉။ ယော၊ ၆း၂၇)။

အနာဂတ်မျှော်လင်ခြင်း

                ထာဝရအသက်ရရှိပိုင်ဆိုင်ခြင်းကို ပစ္စုပ္ပန်ကာလနှင့်ဖော်ပြသလို၊ အနာဂတ်ကာလနှင့်လည်းရေးသားထားပါသည်။

                “သူတို့အပါအဝင်၊ အမျိုးသားချင်း ပရောဖက်ဆရာတယောက်က၊ ကရက်သားမြဲ၊ မုသာစွဲလမ်း၊ သားရဲကြမ်းကြုတ်၊ စားကြူး တုတ်တုတ်၊ လူယုတ်ပေဟု စပ်ဆိုသတည်း”(တိကု ၁း၁၂)။

                “ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍၊ ထာဝရအသက်အလိုငှါ၊ ငါတို့သခင်ယေရှုခရစ်၏ ကရုဏာ တော်ကို မျှော်လင့်၍နေကြလော့” (ယုဒ ၂၁)။

                အထက်ပါကျမ်းချက်တို့က ယုံကြည်သူသည် အပြစ်ကမ္ဘာမှသော်လည်းကောင်း၊ နာခြင်း၊ ဝမ်းနည်းခြင်းနှင့်သေခြင်းတို့မှ လည်းကောင်း လွတ်မြောက်သောအခါ ရရှိခံစားမည့် ထာဝရအသက်၏ ပြည့်စုံခြင်းနှင့် ဘုန်းအာနုဘော်နှင့်ပြည့်စုံသော ကောင်းကင် ရွှေပြည်ကို ရည်ညွှန်းပါသည်။ တစ်ခါတစ်ရံတွင် ထာဝရအသက်ကို “အမေ”ဟု ပြောပါသည်။

                “အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန့်၏။ ထိုသူသည် အဆတရာသောအကျိုးကိုရ၍ ထာဝရအသက်ကိုအမွေခံရလတံ့”(မဿဲ ၁၉း၂၉။ မာကု ၁၀း၂၉-၃၀။ လု၊ ၁၈း၃၀)။

                “အကြောင်းမူကား၊ ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်၍ ထာဝရအသက်ကိုလျှော်လင့် သည်နှင့်အညီ အမွေခံဖြစ်ကြမည်အကြောင်းတည်း” (တိကု ၃း၇)။

အကျင့်အားဖြင့်ရသည်မဟုတ်

                ဤလောက၌ လူတစ်ယောက်၏လုပ်ဆောင်ချက်အတွက် ထာဝရအသက်ကိုပေးသကဲ့သို့ အဓိပ္ပါယ်ဆောင်သော ကျမ်းပိုဒ် တစ်ချို့ရှိပါသည်။ ၎င်းတို့မှာ၊ မဿဲ ၂၅း၄၅၊ ၄၆။ လုကာ ၁၈း၂၉-၃၀။ ယော၊ ၄း၃၆။ ၁၂း၂၅။ ရောမ ၂း၇။ ဂလာ၊ ၆း၈။ သို့သော် ဤကျမ်းပိုဒ်များက ကယ်တင်ခြင်းသည် ကျေးဇူးတော်အားဖြင့် ရရှိခြင်း၊ လက်ဆောင်ဖြစ်ခြင်း၊ ယုံကြည်ခြင်းဖြင့်သာ ရရှိနိုင်ခြင်း၊ အကျင့်အားဖြင့် လုံးဝမရနိုင်ခြင်းစသော မြောက်များစွာသော ကျမ်းပိုဒ်များ၏ သွန်သင်သည့် ကြီးမြတ်သော သမ္မာတရားနှင့်ဆန့်ကျင် ဘက်ပြုနိုင်မည် မဟုတ်ပါ။

                ဤသို့ဆိုသော်၊ ဤကျမ်းပိုဒ်များက ဘာကိုဆိုလိုသနည်း။ ဤကျမ်းပိုဒ်များက ကောင်းကင်ဘုံတွင် လုပ်ခပေးမည့် အကြောင်းကို သိစေပါသည်။ ယုံကြည်သူတစ်ချို့သည် ခရစ်တော်၏ တရားစီရင်ခြင်းပလ္လင်ရှေ့၌ သရဖူများရ၍၊ တစ်ချို့တို့သည် လုပ်ခဆုံးရှုံးလိမ့်မည်။ ယုံကြည်သူအားလုံးတို့သည် ထာဝရအသက်ကိုရရှိပိုင်ဆိုင်ကြသော်လည်း လုပ်ခရရှိမှုအပေါ်၌မူတည်ပြီး ဝမ်းမြောက်မှုကွားခြားမည် (၁ကော၊ ၁၅း၄၁ခ)။ ထိုလုပ်ခများကို ယခုဘဝ၌ ယုံကြည်သူ၏ သစ္စာရှိမှုနှင့် သန့်ရှင်းသောအသက်တာအပေါ်၌ အခြေပြုပြီး ပေးပါမည်။ (ရောမ ၆း၂၂)။

                ဤကျမ်းပိုဒ်များတွင် ဖေါ်ပြသောအကျင့်တို့သည် ယုံကြည်သူရရှိသော ထာဝရအသက်၏ အသီးအပွင့်များဖြစ်ပြီး၊ ထိုအကျင့်များ အားဖြင့် ထာဝရအသက်ရသည်မဟုတ်ပါ။ ဥပမာ၊ မဿဲ ၂၅း၄၆ တွင် “ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့၎င်း၊ ဖြောင့်မတ်သော သူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့၎င်း သွားရကြလတံ့”ဟု မိန့်တော်မူ၏။ ဤကျမ်းပိုဒ်သည် ဘေးဒဏ်ကြီးကာလ၌ ခရစ်တော်၏ ဂျူးလူမျိုးတို့အား မိတ်ဖွဲ့၍ ကူညီမစခြင်းဖြင့် သူတို့သည် ကယ်တင်ခြင်းအမှန်တကယ်ရကြောင်းကို သက်သေပြကာ၊ ထာဝရအသက် အတွက် ဝမ်းမြောက်ကြမည်။ သူတို့၏ကောင်းသောအကျင့်သည် သူတို့၏ကယ်တင်ခြင်းအတွက် သက်သေအထောက် အထားများဖြစ် သည်။

                ရှင်ယောဟန် ၄း၃၆ နှင့် ၁၂း၂၅ ကလည်း အမှုတော်မြတ်၌သစ္စာရှိမှုကို ဖေါ်ညွှန်းပြီး၊ ကယ်တင်ခြင်းရရန်မဟုတ်ပါ။

ယော၊ ၄း၃၆ – စပါးရိတ်သောသူသည် အခကိုခံရ၍၊ ထာဝရအသက်ရှင်ခြင်းအလို့ငှါ အသီးအနှံကိုစုသိမ်း၏။ သိုဖြစ်လျှင် ပျိုးကြဲသောသူ နှင့်စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။

ယော၊ ၁၂း၂၅ – မိမိအသက်ကိုနှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌မိမိအသက်ကို မုန်းသောသူမူကား၊ ထာဝရအ သက်ကို စောင်လျှောက်လျက်နေ၏။

ရောမ ၂း၇ – သည်လည်း လူအများအတွက်ခက်ခံသောကျမ်းပိုဒ်ဖြစ်သည်။ ကောင်းသောအကျင့်ကို အမြဲကျင့်၍ ဘုန်းအသေရကို၎င်း၊ မဖောင်ပြန်သောဇာတိကို၎င်း ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတံ့။

                ဤကျမ်းပိုဒ်သည် ထာဝရအသက်ကိုကောင်းသောအကျင့်ပေါ်၌ တည်နေသလို ဖေါ်ပြပါသည်။ သို့ရာတွင် များပြားလှသော နှုတ်ကပတ်တော်သက်သေများက ဤကဲ့သို့မှားယွင်းစွာအနက်ဖွင့်ရန်ခွင့်မပြုပါ။ ဤကျမ်းပိုဒ်ကို နှစ်မျိုးဖြင့်နားလည်နိုင်ပါသည်။ ပထမမှာ- မယုံကြည်သူများအား တရားစီရင်သောအခါ ဘုရားသခင်၏စံချိန်ဖြစ်သည်။ မယုံကြည်သူတစ်ယောက်သည် သူ၏ခွန်အား၊ ကြိုးစားမှုနှင့် “ကောင်းသောအကျင့်ကို ရာနှုန်းပြည့်ကျင့်နိုင်ပါက ထာဝရအသက်ရမည်။ သို့သော်၊ ကောင်းသောအကျင့်ကို ကျင့်နိုင်သောသူမရှိ၊ တယောက်မျှမရှိ” (ရောမ ၃း၁၂) ဟု ကျမ်းစာကအတိအလင်းဖေါ်ပြသောကြောင့်၊ ကောင်းသောအကျင့်အားဖြင့် ထာဝရအသက် လုံး၀ မရနိုင်ကြောင်းထင်ရှားပါသည်။ ဒုတိယမှာ- ယုံကြည်သူကသာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးအားဖြင့် ထိုစံချိန်ကို မီနိုင်သည်။ ထို့ကြောင့် ကောင်းသော အကျင့်သည် ကယ်တင်ခြင်း၏ အပြင်သက်သေဖြစ်ပြီး၊ ကယ်တင်ခြင်းမရစေနိုင်ပါ။

အကျဉ်းချုပ်

                ထာဝရအသက်သည်ဝိညာဉ်အသက်ဖြစ်ပြီး၊ အသစ်တဖန်မွေးဖွားခြင်းအားဖြင့်သာလျှင် ရနိုင်သည်။ ထိုအသက်သည် ဘုရား သခင်ကိုယ်တိုင်၏ အသက်ဖြစ်၍၊ ထာဝရဖြစ်သည်။ ထိုထာဝရအသက်သည် ယခုပစ္စုပ္ပန်ဘဝ၌ရရှိပိုင်ဆိုင်ပြီး၊ အနာဂတ်မျှော်လင်ခြင်း လည်းဖြစ်သည်။ ခရစ်တော်ကို အမှန်တကယ်ယုံကြည်သောသူသည် ထိုထာဝရအသက်ရရှိကြောင်းကို နှုတ်ကပတ်တော်၏ အခွင့် အာဏာအားဖြင့် သိနိုင်သည်။ ကယ်တင်ခြင်းစိတ်ချမှုကို နှုတ်ကပတ်တော်အားဖြင့်ရသည်။

                ယုံကြည်သူသည် ထာဝရအသက်၏ ပြည့်စုံခြင်းကိုမျှော်လင့်နေပြီး၊ ခန္ဓာကိုယ်ရွေးနှုတ်ကယ်တင်ခြင်းရသောအခါ လက်တွေ့ ခံစားမည်။

                ထာဝရအသက်ကို လုပ်ခနှင့်တွဲဖက်၍ ပြောဆိုသောအခါ၊ ၎င်းသည် အသက်တာသန့်ရှင်းခြင်း၏အခ (သို့) အမှုတော်ဆောင် ရွက်ခ (သို့) ကောင်းသောအကျင့် ကျင့်ခြင်း၏အခ ဟူ၍မဆိုလိုပါ။ လုပ်ခသည် ယုံကြည်သူတစ်ဦး၏ အသက်တာ၌ ခရစ်တော်၏အသက် ရှင်သန်ပြီး၊ သစ္စာရှိစွာဖြင့် အသက်ရှင်လုပ်ဆောင်ခြင်းအတွက်ဖြစ်သည်။

မှတ်ချက်။

၁။        King James ကျမ်းစာထဲတွင် အမြဲတမ်းတည်တံ့သောအသက် “everlasting life” နှင့် ထာဝရအသက် “eternal life” ကို ဂရိ ဘာသာဖြင့် “aionions” ဖြစ်သည်။ ဤဝေါဟာရနှစ်ခုစလုံး၏ အဓိပ္ပါယ်မှာတူညီပြီး၊ ခြားနားသော အဓိပ္ပါယ်ရှိအောင် အနက်မဖွင့်သင့်ပါ။

ကျေအေးစေခြင်း  Atonement Then & Now

                “ကျေအေးစေခြင်း” သည် သမ္မာကျမ်းစာထဲ၌ စိတ်ဝင်စားစရာအကောင်းဆုံးဝေါဟာရများထဲမှ တစ်ခုဖြစ်ကာ၊ အဓိပ္ပါယ်အမျိုးမျိုး ဖြင့်သုံးထားပါသည်။ ထိုဝေါဟာရပါရှိသော ကျမ်းပိုဒ်၏ ရှေ့နောက်စကားအဆက်အစပ်ကိုကြည့်ပြီး အဓိပ္ပါယ်ကိုဖွင့်ဆိုရသည်။

                ဓမ္မဟောင်းကာလကယ်တင်ခြင်းကို လေ့လာကြပါစို့။ လူတို့သည် ဘုရားသခင်ကို ယုံကြည်သောအခါ ကယ်တင်ခြင်းရကြသည်။ ဘုရားသခင်က လူတို့အားဗျာဒိတ်တော်ကို ဖွင့်ပြပြောဆိုသောအခါ သူတို့သည် ယုံကြည်ကာ၊ သူတို့၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း ကဲ့သို့ မှတ်ယူ၏။ ဘုရားသခင်က အာဗြဟံအား ကြယ်လောက်များပြားသော အမျိုးအနွယ်ရှိလိမ့်မည်ဟု ဂတိပေးသောအခါ သူသည် “ထာဝရဘုရားကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏” (ကမ္ဘာ၊ ၁၅း၆)။ ခရစ်တော်ဘုရား၏ အနာဂတ်တွင် လုပ်ဆောင်မည့်ကယ်တင်ခြင်းအပေါ်၌ အခြေခံ၍ အာဗြဟံအား ဖြောင့်မတ်စေသည်။ အာဗြဟံသည် ထိုကယ်တင်ခြင်းအ ကြောင်းကိုမသိခဲ့သော်လည်း ဘုရားသခင်ကသိပြီး၊ ထိုကယ်တင်ခြင်းအကျိုးကို အာဗြဟံအား ခံစားစေသည်။ ဘုရားသခင်သည် အာဗြဟံ၏ အပြစ်အားလုံးကို ကရာနီကုန်းပေါ်တွင် သွန်းလောင်းသော ခရစ်တော်၏ အသွေးတော်ဖြင့် ဆေးကြောကာ၊ တရားဥပဒေအရ အပြစ်လွှတ်ခြင်းကို ပေးပါသည်။ ခေတ်ကာလတိုင်းတွင် ကယ်တင်ခြင်းကို ဘုရားသခင်နှင့် သခင်ယေရှု၏ ကိုယ်စားအသေခံခြင်းအပေါ်၌ အခြေပြုပြီး၊ ယုံကြည်ခြင်းအားဖြင့်သာလျှင် ရနိုင်သည်။ ဤနည်းဖြင့် ဘုရားသခင်နှင့် ထာဝရတော်စပ်မှုကို တည်ထောင်ခဲ့သည်။

                သို့ရာတွင်၊ ယုံကြည်သူဣူသရေလလူမျိုးတစ်ယောက် ကျူးလွန်သောအပြစ်ဒုစရိုက်က ဘုရားသခင်နှင့် မိတ်ဿဟာယ ပျက်စေ ပြီး၊ မစင်ကြယ်သောသူဖြစ်စေသည်။ အပြစ်ကျူးလွန်ခြင်း မဟုတ်သော်လည်း ဘာသာရေးဓလေ့ထုံးစံအရ ညစ်ညူးစေသော အကျင့် (ဥပမာ- လူသေအလောင်းကို ထိမိခြင်း) တစ်ချို့ရှိပါသည်။ ဤအရာများက သူ့အား တဲတော်ဝင်း (သို့) ဗိမ္မာန်တော်၌ ဝတ်ပြုခြင်းမပြု အောင် တားဆီးပါသည်။ ထိုအခါ သူသည် ကျေအေးစေခြင်း “atonement” လိုအပ်သည်။ ဤအကြောင်းနှင့် ပတ်သက်၍ ဆက်လက် ဆင်ခြင်ကြပါစို့။

ဓမ္မဟောင်းကာလ၌ “ကျေအေးစေခြင်း” ၏ အဓိပ္ပါယ်

                ဓမ္မဟောင်းကျမ်းစာထဲတွင် “ကျေအေးစေခြင်း” ကို ဟေဗြဲဘာသာ “ဖုံးအုပ်ခြင်း” စကားလုံးမှ ဘာသာပြန်ဆိုထားသည်။ ဘုရား သခင်က နောဧအားသင်္ဘော၏ အတွင်းနှင့်အပြင်နှစ်ခုစလုံကို ထင်းရှုးစေးနှင့် သုတ်ခိုင်းခဲ့စဉ် “ကျေအေးစေခြင်း” “to atone” စကားလုံး သုံးပါသည်။ ခရစ်တော်က ကရာနီကုန်းပေါ်၌ ပြီးပြည့်စုံသော ကယ်တင်ခြင်းအမှု မပြုမီတိုင်အောင် ကျေအေးစေခြင်းသည် “အပြစ်ဖုံး အုပ်ခြင်း”သာလျှင်ဖြစ်သည်။

တစ်ချို့နေရာတွင် “ကျေအေးစေခြင်း” (to atone) စကားလုံးကိုပြုပြင်ခြင်း၊ ဆေးကြောခြင်း၊ အပြစ်ဒဏ်မှလွတ်ကင်းခြင်း၊ ပေးလှူဆက်ကပ်ခြင်းစသည်ဖြင့် အဓိပ္ပါယ်အမျိုးမျိုး ဖော်ဆောင်ပါသည်။

                ဤစကားလုံးကို ယေဘုယျအားဖြင့် လူမျိုး၊ ယဇ်ပရောဟိတ်နှင့် ဣသရေလနိုင်ငံအတွက် သုံးပါသည်။ သို့သော်၊ အပြစ်ပြေစေ ခြင်းအတွက် စိတ်ကျေနပ်ခြင်းကို ဖေါ်ပြရာ၌မသုံးပါ။ ဟေဗြဲသြဝါဒစာကိုရေးသောသူသည် ဓမ္မဟောင်းကာလယဇ်ပူဇော်ခြင်းက အပြစ် တစ်စုံတစ်ခုမျှ မပယ်ရှားဖူးပါဟု ရှင်းလင်းစွာဖေါ်ပြပါသည်။ “ကျေအေးစေခြင်း”၏ မူလအဓိပ္ပါယ်သည် အပြစ်ပယ်ရှားခြင်းဖြစ်ပါက၊ ထို ယဇ်ပူဇော်ခြင်းသည် အကျိုးမရှိဖြစ်ပေမည်။ “အကြောင်းမူကား၊ ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ”(ဟေဗြဲ ၁၀း၄)ဟု ဖေါ်ပြပါ သည်။ ကျေအေးစေခြင်းယဇ်ကို ပူဇော်သောနေ့တွင် အပြစ်များကိုအောက်မေ့ခြင်းရှိ၏ (ဟေဗြဲ ၁၀း၃)။ ထို့ကြောင့် ယဇ်ပူဇော်ခြင်းက ဘုရားသခင်၏ လူတို့အား အပြစ်နှင့် ပတ်သက်၍ သြတ္တပ္ပကြည်လင်ခြင်းမပေးနိုင်ပါ။ “… တည်စေနိုင်လျှင် ဝတ်ပြုသော သူတို့သည် တခါ တည်းနှင့်စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန်သံဝေဂတရားရစရာ အကြောင်းအလျှင်း မရှိသည်ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တခါတည်းသာ ပူဇော်၍၊ နောက်တဖန်မပူဇော်ပဲနေရကြမည် မဟုတ်လော” (ဟေဗြဲ ၁၀း၁၂)။

                တစ်ခါတစ်ရံတွင် “ကျေအေးစေခြင်း” စကားလုံးကို သက်မဲ့ဝတ္ထုဖြစ်သော ယဇ်ပလ္လင်၊ သန့်ရှင်းရာဌါန၊ အသန့်ရှင်းဆုံးဌါန၊ ပရိသတ်စည်းဝေးရာတဲတော်ဝင်းနှင့် ဗိမ္မာန်တော်တို့အတွက် သုံးပါသည်။ ထိုသက်မဲ့ဝတ္ထုတို့သည် အပြစ်မလုပ်တက်ပါ။ ထို့ကြောင့် “ကျေအေးစေခြင်း”သည် အပြစ်ကိုပယ်ရှားခြင်း (သို့) အပြစ်မှ ကင်းလွတ်ခြင်းနှင့် လုံးဝမပတ်သက်ကြောင်း ထင်ရှားပါသည်။ ယဇ်ပလ္လင် သည်ဘုရားဝတ်နှင့် ဆိုင်၍ ၎င်းကိုစင်ကြယ်ရန်နှင့် ဘုရားအမှုတော်၌ အသုံးပြုနိုင်ရန် ‘စင်ကြယ်စေခြင်း’ ပြုရပါသည်။ ကျေအေးစေခြင်း စကားလုံးကို အနက်ဖွင့်ဆိုရာတွင် ထိုသက်မဲ့ဝတ္ထုများ အဘယ့်ကြောင့် “ကျေးအေးစေခြင်း” ပြုရပါသနည်းဟူသော အချက်ကိုရှင်းလင်းရ ပါမည်။

                ကျေးအေးစေခြင်းကို လူပုဂ္ဂိုလ်အတွက်သုံးသောအခါ၊ ဘုရားဝတ်နှင့်ဆိုင်သော ဆေးကြောခြင်းကို ဆိုလိုသည်။ ယုံကြည်သူ ဂျူး လူမျိုးတစ်ယောက်အပြစ်ကျူးလွန်သောအခါ၊ တောင်းဆိုထားသော ယဇ်ကိုပူဇော်ကာ၊ အပြစ်တာဝန်ချတောင်းပန်ရသည်။ အပြစ်ဝန်ချပြီး သည်နှင့် တစ်ပြိုင်နက် အပြစ်လွတ်ခြင်းချမ်းသာရသည်။ သူရရှိခံစားသောအပြစ်လွတ်ခြင်းသည် တိရစ္ဆာန်ပူဇော်ခြင်းမှလာသည်မဟုတ်ပဲ၊ ခရစ်တော်၏ မိမိကိုယ်ကိုပူဇော်ခြင်းမှ လာပါသည်။ တိရစ္ဆာန်ပူဇော်ခြင်းသည် ခရစ်တော်၏ ပူဇော်ခြင်းကို ပုံဆောင်ပါသည်။ သူသည် ဘုရားသခင်ကို ယုံကြည်သောအခါ၊ သူခံရမည့် ထာဝရပြစ်ဒဏ်ပယ်ရှားခြင်းခံရပြီး၊ အပြစ်ဝန်ချတောင်းပန်းခြင်းသည် ဘုရားသခင်နှင့် သူ၏မိဿဟာယပြုခြင်းကို ပြန်လည်ဆန်းသစ်စေပါသည်။ သူ၏ ယဇ်ပူဇော်ခြင်းက ယေဟောဝါဘုရားအား ဝတ်ပြုခြင်းနှင့် အမှုတော်၌ပါ ဝင်နိုင်ရန် အခွင့်အရေးပြန်လည်ရရှိစေပါသည်။ ဘုရားသခင်နှင့်သူ၏ တော်စပ်မှုမှာ ထာဝရတည်ပြီး ဖြစ်သော်လည်း၊ ယခုတွင်သူသည် ဘုရားဝတ်ပြုခြင်းဆိုင်ရာ ထုံးနည်းအရ သန့်ရှင်းသည်။ ထိုပူဇော်သက္ကာက အပြင်ပိုင်းကိုသာ စင်ကြယ်စေသည်။ ခရစ်တော်၏ လုပ် ဆောင်ချက်ကသာလျှင် အတွင်းသြတ္တပ္ပကိုဆေးကြောကာ၊ သေခြင်းနှင့်စပ်ဆိုင်သော ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်စေပါသည်။

ချွင်းချက်တစ်ခု

                ဓမ္မဟောင်းကျမ်းတစ်ပိုဒ်က “ကျေအေးစေသည်” (atone) ကိုအပြစ်ပယ်ရှားခြင်းဟု ရှင်းလင်းစွာဖော်ပြထားပါသည်။

                “လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကိုတံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ ထာဝရကုသိုလ်ကို သွင်းစေ ခြင်းငှါ၎င်း၊ ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသောအရပ်ဌါနကို လိမ်းစေခြင်းငှါ၎င်း၊ သီတင်း ခုနှစ်ဆယ်ကို သင်၏အမျိုးသားချင်းအဘို့နှင့် သင်၏သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းစရှိ၏” (ဒံယေလ ၉း၂၄)။

                ဤကျမ်းပိုဒ်တွင် မတရားသောအမှုအတွက်ပြုသော ပြန်လည်သင့်မြတ်စေခြင်းကို ပကတိအတိုင်း ဖော်ပြရာ၌ “ဆိုးညစ်ခြင်း အတွက်ကျေအေးစေရန်”ဟု အဓိပ္ပါယ်ရှိပါသည် (NASB နှင့် NIV ထဲ၌ ဤသို့ဘာသာပြန်ဆိုကြသည်)။ KJV နှင့် NKJV ဘာသာပြန်သူတို့ သည် ခရစ်တော်၏ လုပ်ဆောင်ချက်က အပြစ်များကို ဖုံးအုပ်သည်ဟု ဘာသာပြန်ဆိုခြင်းကို ရှောင်ကြဉ်ကြကာ၊ မတရားသောအမှုအ တွက် ပြန်လည်သင့်မြတ်စေခြင်းကို ပြုခြင်းဟူ၍ ပြန်ဆိုကြသည်။

                ဤကျမ်းပိုဒ်သည် အနာဂတ်ကာလတွင် ခရစ်တော်က ဣသရေလလူမျိုးတို့၏ ဆိုးညစ်ခြင်းကို ဖြေရှင်းရန်ကြွလာခြင်းကို ဖော်ညွှန်းပါသည်။ အမှန်မှာ၊ မရှိမဖြစ်လိုအပ်သော ပူဇော်ခြင်းကိုကရာနီကုန်းပေါ်၌ပြုခဲ့ပြီး ဖြစ်သော်လည်း ဣသရေလလူအားလုံးတို့သည် မိမိတို့ထိုးဖေါက်သော ယေရှုကို မြင်တွေ့သည့်အချိန်နှင့် တစ်ဦးတည်းသောသားအတွက် အဘသည် ငိုကြွေးမြည်တမ်းသည့်အချိန် မရောက်မီတိုင်အောင် ထိုအကျိုးကို ရရှိခံစားကြမည်မဟုတ်ပါ (ဇာခရိ ၁၂း၁၀။ ယော၊ ၁၉း၃၇)။ ဓမ္မဟောင်းခေတ်၌ ကျေအးစေခြင်း “atonement”၏ ဖုံးအုပ်သော အပြစ်အားလုံးကို ခရစ်တော်က လက်ဝါးကပ်တိုင်ပေါ်၌ ပယ်ရှားခဲ့သည်။

အဓိပ္ပါယ်

                ကျေအေးစေခြင်း “atonement”စကားလုံးသည် ဓမ္မသစ်ဝေါဟာရ မဟုတ်ပါ။ ဓမ္မဟောင်းကျမ်း၌ရှိသော “ကျေအေးစေခြင်း” နှင့် အဓိပ္ပါယ်တူသော ဝေါဟာရကို ဓမ္မသစ်ကျမ်း၌ မတွေ့ရပါ။ လူတို့နှင့်သက်မဲ့ဝတ္ထုအတွက် ဖုံးအုပ်ခြင်းနှင့် ပတ်သက်၍ ဓမ္မသစ်ကျမ်းက လုံးဝမဖေါ်ပြပါ။ (KJV မှာ ကျမ်းစာ၌ ဤစကားလုံးကို ရောမ ၅း၁၁၌ တွေ့ရသော်လည်း အဓိပ္ပါယ် “ပြန်လည်သင့်မြတ်စေခြင်း” ၄ ဖြစ်သည်။ လက်တွေ့တွင်၊ ခေတ်သစ်ကျမ်းစာဘာသာပြန်ရာ၌ “ကျေအေး စေခြင်း” စကားလုံးကို မသုံးတော့ဘဲ၊ “ပြန်လည်သင့်မြတ် စေခြင်း” ကိုသုံးကြသည်)။

                ကျွန်ုပ်တို့ခေတ်ကာလတွင် “ကျေအေးစေခြင်း”(atonement) သည် ခြားနားသောအဓိပ္ပါယ်ရှိပါသည်။ ခရစ်တော်၏ ကျေအေး စေခြင်းအကြောင်းကို ပြောသောအခါ၊ အပြစ်ကြောင့်သူ၏ အသခေံခြင်း၊ သင်္ဂြုံဟ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရားသခင်အား ကျေနပ်စေခြင်းကို ဆိုလိုသည်။ ဒေသနာနှင့် ဓမ္မသီချင်းများတွင် ခရစ်တော်၏အသွေးတော်က ကျွနု်ပ်တို့၏ အပြစ်အားလုံးကို တစ်ခါ တည်းဖြင့်တာဝန်ရပယ်ရှားခဲ့ပြီဟူ၍ ဝမ်းမြောက်စွာ ဟောပြောသီဆိုကြပါသည်။ သို့သော်လည်း ဓမ္မဟောင်းကျမ်းစာဖော်ပြသော အဓိပ္ပါယ် နှင့် ပတ်သက်မှုမရှိပါ။

                ဓမ္မဟောင်းကျမ်းတွင် ပါရှိသော အဓိပ္ပါယ်နှင့် ယနေ့သုံးသော အဓိပ္ပါယ်ခွဲခြားတတ်ပါက၊ ဘာမှရှုပ်ထွေးစရာမရှပါ။ ဓမ္မဟောင်း ကျမ်း၌ ပါရှိသော ကျေအေးစေခြင်း “atonement”သည် မပြည့်စုံပဲ၊ ထပ်ခါထပ်ခါ လုပ်ရ၍၊ အပြင်လက္ခဏာသာဖြစ်သည်။ ခရစ်တော်၏ လုပ်ဆောင်ချက်သည် ပြည့်စုံပြီး၊ မမြင်နိုင်သောအတွင်းဘက် ဆေးကြောခြင်းဖြစ်သည်။

နိုင်ငံတော်၌ကျေအေးစေခြင်း

                ဤဝေါဟာရကို ပရောဖက်ယေဇကျေလက အနှစ်တစ်ထောင်အုပ်စိုးခြင်းကာလ၌ ဗိမ္မာန်တော်အမှုဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ သုံးပါသည်။ ယေဇကျေလက ယဇ်ပလ္လင်၊ ဣသရေလလူများနှင့် ဗိမ္မာန်တော်အတွက် ကျေအေးစေခြင်းအမှုပြုသည်ဟု ပြောပါသည်။ ဤအချက်သည် ဟေဗြဲ ၁၀း၁၂နှင့် ဆန့်ကျင်ဘက်ဖြစ်သကဲ့သို့ ထင်ရသည်။ “ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခု တည်းကိုပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လင်္ကျာတော်ဘက်၌ အစဉ်အမြဲထိုင်၍ … ။” ဟေဗြဲ ၁၀း၁၈ “ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသောပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ။”

                “ကျေအေးစေခြင်း” (atonement) ၏အနက်အဓိပ္ပါယ်ကို ဓမ္မဟောင်းမူရင်း အဓိပ္ပါယ်ထက် ယခုခေတ်သစ် Dictionary အဓိပ္ပါယ်ကို သုံးသောကြောင့် ရှုပ်ထွေးနိုင်ပါသည်။ အနှစ်တစ်ထောင်ကာလ၌ အပြစ်ပယ်ရှားရန် ဗိမ္မာန်တော်၌ ပြုမည့်ယဇ်ပူဇော်ခြင်း သည် ဓမ္မဟောင်းခေတ်ယဇ်ပူဇော်ခြင်းထက် အကျိုးသက်ရောက်မှု ရှိမည်ဟု ပြော၍မရပါ။ ထိုယဇ်ပူဇော်ခြင်းသည် ဗိမ္မာန်တော်၌ ပြုလုပ် မည့် ဘုရားဝတ်ပြုရန် ထုံးနည်းမျှသာဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် ရွေးနှုတ်ခြင်းခံရသောဣသရေလလူတို့သည် ခရစ်တော်၏ လုပ်ဆောင် ချက်နှင့်နှိုင်းယှဉ်ကြည့်သောအခါ၊ ထိုဘုရားဝတ်ပြုရန် ထုံးနည်းများ၏ အားနည်းချက်ကို သိမြင်လာကြမည်။ ထိုဘာသာရေးအခမ်းအနား တို့သည် အရိပ်ဖြစ်ပြီး၊ အစစ်အမှန်မှာ ခရစ်တော်ဖြစ်ကြောင်းကို သိလာကြမည်။ ပွဲတော်မင်္ဂလာက ကျွနု်ပ်တို့အားသွန်သင်သကဲ့သို့ ဓမ္မဟောင်းခေတ် ယဇ်ပူဇော်ခြင်းက ခရစ်တော်၏ အနာဂတ်လုပ်ဆောင်ချက်ကို တင်ကူး၍ဖော်ညွှန်းပြီး၊ အနှစ်တစ်ထောင်ကာလ ယဇ်ပူ ဇော်ခြင်းက အတိတ်ကာလတွင် ကာရာနီကုန်းပေါ်၌ ခရစ်တော်၏ လုပ်ဆောင်ချက်ကို ဖော်ညွှန်းသည်။

မှတ်ချက်။

၁။        ကြိယာမှာ “kaphar”ဖြစ်ပြီး၊ အင်္ဂလိပ်ဘာသာဖြင့် “cover” ဖုံးအုပ်သည်ဟု အဓိပ္ပါယ်ရှိသည်။

၂။         ဟေဗြဲ ၉း၁၃

၃။        ဟေဗြဲ ၉း၁၄

၄။        နာမ်ပုဒ်ဖြစ်သော “katallage”   ကို “ ပြန်လည်သင့်မြတ်စေခြင်း” အတွက်သုံးသည်။

၅။        ယေဇကျေလ ၄၃း၂၀၊ ၂၆။ ၄၅း၁၅၊ ၁၇၊ ၂၀။

နေရာနှင့် လက်တွေ့ပြုမူဆောင်ရွက်ခြင်း    Position and Practice

                ဓမ္မသစ်ကျမ်းလေ့လာရာတွင် ယုံကြည်သူများ၏ နေရာနှင့် လက်တွေ့ပြုမူဆောင်ရွက်ခြင်း၏ ခြားနားမှုကို နားလည်ခြင်းထက် သာ၍ အထောက်အကူပြုသော နည်းလမ်းမရှိပါ။ ထိုခြားနားခြင်းကို မသိပါက၊ ဤအကြောင်းနှင့်ပတ်သက်သော ကျမ်းပိုဒ်များတွေ့သော အခါ ရှုပ်ထွေးပြီး၊ တစ်ခုနှင့်တစ်ခုဆန့်ကျင်သကဲ့သို့ ထင်မှတ်နိုင်ပါသည်။ တစ်ခါတစ်ရံနေရာနှင့်လက်တွေ့ပြုမူဆောင်ရွက်ခြင်းကို ရပ်တည် ချက်နှင့်အခြေအနေဟူ၍ အဓိပ္ပါယ်တူညီစွာ ပြောဆိုအသုံးပြုတတ်ကြပါသည်။ အချုပ်အားဖြင့်ဆိုလျှင်၊ ခရစ်ယာန်တစ်ဦး၏နေရာ (position) သည် ခရစ်တော်၌သူ၏ရပ်တည်ချက်ဖြစ်ပြီး။ သူ၏လက်တွေ့ပြုမူဆောင်ရွက်ခြင်း (practice) မှာမူ၊ သူ၏လက်တွေ့ဖြစ်သင့် သော အခြေအနေဖြစ်သည်။ ပထမအချက်က သြဝါဒဖြစ်ပြီး၊ ဒုတိယမှာဝတ္တရားဖြစ်ပါသည်။

                ယုံကြည်သူတစ်ဦး၏ ခရစ်တော်၌ ရပ်တည်ချက်နှင့် လက်တွေ့ဖြစ်သင့်သော အခြေအနေမှာ ခြားနားပါသည်။ ကျေးဇူးတော်အား ဖြင့် ယုံကြည်သူသည် ခရစ်တော်၌ရှိပြီး၊ ဘုရားသခင်ရှေ့မှောက်၌ လုံးဝစုံလင်သောသူ ဖြစ်သည်။ သူသည်ချစ်တော်မူသော သားတော်၌ လက်ခံထားသောသူဖြစ်၍ (ဧ၊ ၁း၅၊ ၆)၊ ခရစ်တော်၌ စုံလင်သောသူဖြစ်သည် (ကော၊ ၂း၁၀)။ သူ၏အပြစ်အားလုံးခွင့်လွှတ်ပြီး၊ ဘုရား သခင်၏ဖြောင့်မတ်ခြင်းဝတ်လုံဖြင့် လွမ်းခြုံခြင်းခံပါသည် (၂ကော၊ ၅း၂၁)။ အောက်ပါအတိုင်း သူပြောဆိုနိုင်ပါသည်။ 

                ဘုရားနှင့်နီးကပ်ရန်

                အကျွနု်ပ်မတတ်နိုင်ပြီ

                ဘုရားသားတော်အားဖြင့်

                အကျွန်ုပ်နီးကပ်နိုင်ပြီ။

                                မေတ္တာတော်ရှင်ဘုရား

                                ကျွန်ုပ်အားချစ်ရင် မထိုက်ပြီ

                                သားတော်အားချစ်သော မေတ္တာဖြင့်

                                ကျွန်ုပ်အားချစ်တော်မူပြီ။

                ယုံကြည်သူ၏ လက်တွေ့ပြုမူဆောင်ရွက်ခြင်းသည် ခရစ်တော်၏အထဲ၌ရရှိသော စုံလင်ခြင်းနှင့် အလွန်ကွာခြားလှပါသည်။ ဤ အရောသည် တစ်နေ့နှင့်တစ်နေ့မတူဘဲ၊ အခြေအနေမျိုးမျိုးနှင့် ဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံတွင် ယုံကြည်သူသည် ဝိညာဉ်ရေးရာ၌ အားသန်၍ တောင်ထိပ်ပေါ်သို့ ရောက်သလိုခံစားတွေ့ကြုံကာ၊ တစ်ခါတစ်ရံတွင်လည်း ဆုံးရှုံးခြင်း ချိုင့်ဝှမ်း၌လျှောက်သွားရပါသည်။

                ဘုရားသခင်၏ အလိုတော်မှာ၊ ကျွန်ုပ်တို့၏ လက်တွေ့ပြုမူဆောင်ရွက်ခြင်းသည် ခရစ်တော်၌ကျွန်ုပ်တို့၏ ရရှိသောနေရာနှင့် တိုးတက်ကိုက်ညီရန် ဖြစ်သည်။ ကျွန်ုပ်တို့အတွက် အသေခံသောသူူကို ချစ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ နေ့စဉ်အသက်တာသည် ခရစ် တော်၏ သဏ္ဍာန်သို့ တသမတ်တည်း တိုးပွားရင့်ကျက်သင့်ပါသည်။ သို့သော်လည်း ယခုဘဝ၌စုံလင်သော အသက်တာမီနိုင်ကြမည် မဟုတ်ပါ။ ဤအရာသည် ကျွန်ုပ်တို့မသေမီ (သို့) ခရစ်တော်မကြွလာမီ မဖြစ်နိုင်ပါ။ သို့ရာတွင်၊ အသက်တာတိုးတက်ခြင်းသည် တစ်ဆက်တည်းဖြစ်သင့်သည်။ ကျွနု်ပ်တို့၏ လက်တွေ့အသက်တာသည် ခရစ်တော်၌ရရှိသော စုံလင်ခြင်းသို့ ပို၍တိုးတက်ရပါမည်။

                ကျွန်ုပ်တို့သည် ကယ်တင်ရှင်နှင့်တွေ့သောအခါ သူနှင့်အလိုအလျောက်တူကြမည် (၁ယော၊ ၃း၂)။ ဤပြောင်းလဲခြင်းသည် ကျွန်ုပ်တို့၏ ပူးပေါင်းလုပ်ဆောင်မှုမပါဘဲ၊ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်ဖြစ်မည်။ သို့သော်၊ ယခုဘဝ၌ ယုံကြည်သူတို့၏ အသက် တာ သခင်ယေရှု၏သဏ္ဍာန်တော်သို့ တိုးတက်ခြင်းသည် ဘုရားသခင်၏ ဘုန်းတော်ကို ပို၍ထင်ရှားစေပါသည်။ ဤနည်းသည် ခရစ်ယာန် ယုံကြည်ချက်ကို လူတို့အား “ကြော်ငြာခြင်း” နည်းဖြစ်သည်။

နေရာနှင့်လက်တွေ့ပြုမူဆောင်ရွက်ခြင်းကိုခွဲခြားခြင်း

                ကျွန်ုပ်တို့၏နေရာ (သို့)လက်တွေ့ပြုမူဆောင်ရွက်ခြင်းကို သီးသန့်သွန်သင်သောကျမ်းပိုဒ်ကို အဘယ်သို့ သိနိုင်ပါမည်နည်း။ ကျမ်းပိုဒ်ထဲတွင် “ခရစ်တော်၌” “ချစ်တော်မူသောသားတော်၌” (သို့) “သူ၌” စသည်တို့သော စကားစုတွေ့လျှင်၊ ဤကျမ်းစာရေးသောသူ သည် ခရစ်တော်၌ကျွနု်ပ်တို့ရရှိသောနေရာ (position)ကို ပြောခြင်းဖြစ်သည်။ ကျွန်ုပ်တို့ဖြစ်သင့်၊ လုပ်သင့်သောအရာကို သွန်သင်သော ကျမ်းပိုဒ်များသည် လက်တွေ့ပြုမူဆောင်ရွက် (practice) ကို ဆိုလိုကြောင်းသိမှတ်ပါ။

                ဓမ္မသစ်ကျမ်းထဲတွင် ပြောင်းလဲ၍မရသော အစဉ်အလိုက်ရေးထားသောအရာမှာ ပထမတွင် “နေရာ” (position)ဖြစ်ပြီး၊ ထိုနောက် တွင်”လက်တွေ့ပြုမူဆောင်ရွက်ခြင်း” (practice) ဖြစ်ပါသည်။ သြဝါဒစာအတော်များများထဲ၌ ဤသို့အစဉ်အလိုက်ဖြင့် ရေးထားပါသည်။ ဥပမာ၊ ဧဖက်သြဝါဒစာ ပထမအခန်းကြီးသုံးခန်းထဲတွင် ခရစ်တော်၌ကျွန်ုပ်တို့ရရှိသော နေရာကိုဖော်ပြပြီး၊ နောက်ဆုံး အခန်းကြီးသုံးခန်းက နေ့စဉ်အသက်တာ၌ ကျွန်ုပ်တို့ဖြစ်သင့်သောအရာကို သွန်သင်သည်။ ပထမသုံးခန်းတွင် ခရစ်တော်၌ ကျွန်ုပ်တို့ရရှိ သော ကောင်းကင်ဘုံအကြောင်းပါရှိပြီး၊ နောက်ဆုံးသုံးခန်းတွင် ကျွန်ုပ်တို့သည် ဤလောကနှင့် မိသားစုပြဿနာ၊ ခက်ခဲမှုများကို ကိုင်တွယ်ဖြေရှင်းနေရ ကြောင်း ရေးထားပါသည်။

ခြားနားခြင်းများ၏ ဥပမာများ

                ဤခြားနားမှုများကို ရှင်းလင်းစွာခွဲခြားနားလည်ခြင်းသည် ဓမ္မသစ်ကျမ်းလေ့လာရာ၌ အဘယ်သို့အထောက်အကူပေးပါသနည်း၊  ဆိုသည်ကိုကြည့်ကြစို့။ နေရာနှင့်လက်တွေ့ပြုမူဆောင်ရွက်ခြင်း၏ ခြားနားချက်ကို သွန်သင်သော ဥပမာ(၇)ခုရှိပါသည်။

နေရာ (Position) လက်တွေ့ပြုမူဆောင်ရွက်ခြင်း

ဥပမာ-၁

အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်း       ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်

အကျိုးကိုရစေခြင်းငှါ၊ တခါတည်းပူဇော်ခြင်း အားဖြင့်ပြုတော်မူ      စုံလင်တော်မူသည်နည်းတူသင်တို့သည်လည်း စုံလင်ခြင်းရှိကြ

၏ (ဟေဗြဲ ၁၀း၁၄)။       လော့ (မဿဲ ၅း၄၈)။

                                ပထမကျမ်းပိုဒ်က ယုံကြည်သူအားလုံး စုံလင်သည်ဟုပြောပါသည်။ ဒုတိယကျမ်းပိုဒ်က ယုံကြည်သူအားလုံး စုံလင်သင့်သည်ဟု ပြောသည်။ ပထမက ကျွန်ုပ်တို့၏နေရာ (ရပ်တည်ချက်) ကိုပြောပြီး၊ ဒုတိယက ကျွန်ုပ်တို့၏ လက်တွေ့ပြုမူ ဆောင်ရွက်ခြင်းကို ပြော သည်။

ဥပမာ -၂

အပြစ်တရားမှ စုတေ့သောသူတို့သည် ထိုတရား၌အဘယ်သို့ ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့်ဆိုင်သောအရာ၌

ရှင်ရဦးမည်နည်း (ရောမ ၆း၂)။     ကား အသေဖြစ်သည်ဟူ၍၎င်း၊ ဘုရားသခင်နှင့်ဆိုင်သောအ

                                                ရာ၌ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ

                                                ၍၎င်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့ (ရောမ ၆း၁၁)။

                သင်သည် အပြစ်တရားမှသေသောသူဖြစ်သည်။ ကျေးဇူးတော်က သင့်ကို ဤနေရာ (ခရစ်တော်)၌ ပို့ဆောင်သည်။ ယခုတွင် အပြစ်တရားနှင့်ဆိုင်သော အရာ၌သေသောသူဖြစ်သည်ဟု နေ့တိုင်းထင်မှတ်ပါ။ ဤအရာသည် သင်၏လက်တွေ့ပြုမူ ဆောင်ရွက်ချက် ဖြစ်သင့်သည်။

ဥပမာ-၃

ထိုသူကိုလက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ထိုသို့ သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အ

ယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသော      ညီ၊ ဘုရားသခင် ကျင့်တော်မူသည်နည်းတူ ကျင့်ကြလော့။

အခွင့်ကို ပေးတော်မူ၏ (ယော၊ ၁း၁၂)။

                လူတစ်ယောက်သည် ဒုတိယမွေးခြင်းခံသည်နှင့် တစ်ချိန်တည်းတွင် ဘုရားသခင်၏သားဖြစ်လာသည်။ ထိုအချိန်မှစ၍ သူသည် ချစ်တော်မူသော သားအနေနှင့် ဘုရားသခင်၏နောက်လိုက် ဖြစ်သင့်သည်။ သူ၏သားသမီးအားလုံးတို့သည် အိမ်တော်သားများပီပီ အ သက်ရှင်လာရန် ဘုရားသခင်က မျှော်လင့်ပါသည်။

ဥပမာ-၄

ငါတို့သခင်တည်းဟူသော သားတော်မြတ်သခင်ယေရှုခရစ်နှင့်          ခေါ်တော်မူခြင်းကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့်အ

ဆက်ဆံခြင်း ကျေးဇူးတော်ကိုသင်တို့အားပေးတော်မူသော ထိုက်အလျောက် ကျင့်ဆောင်မည့်အကြောင်း၊ သခင်ဘုရား

ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူ၏ (၁ကော၊ ၁း၉)။ အတွက်ကြောင့် အကျဉ်းခံရသော ငါသည်သင်တို့ကို တိုက်

                                တွန်းနှိုးဆော်ပါ၏ (ဧဖက် ၄း၁)။

                ကျွန်ုပ်တို့အား အံ့ဘွယ်ကောင်းသော မိတ်ဿဟာယထဲသို့ခေါ်ဆောင်ခဲ့ပြီ။ ဤအခွင့်အရေးသည် တာဝန်နှင့်တွဲဖက်၍ ကျွန်ုပ်တို့ ၏ ခေါ်ဆောင်ခြင်းနှင့် ထိုက်တန်သောအသက်တာ ရှိသင့်ပါသည်။

ဥပမာ-၅

သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်ထံ          သန့်ရှင်းသူတို့သည် ပြုသင့်သည်အတိုင်း၊ သခင်ဘုရားကို

တော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါ ထောက်၍ ထိုသူကိုလက်ခံကြလော့။ သူသည်အကူအမလိုသ

စေသော။ သခင်ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ လူမျိုးအ         မျှသောအမှုတို့၌ သူ့ကိုကူမကြလော့။ အကြောင်းအမှုတို့၌သူ့

ပေါင်းတို့သည် ယုံကြည်နားထောင်စေခြင်းငှါ၊ ထိုသခင်ထံ၌ ကိုကူမကြလော့။ အကြောင်းမူကား၊ သူသည်များစွာသောသူ

ကျေးဇူးတော်နှင့် တမန်တော်အရာကို ငါတို့သည်းခံရကြပြီ။ တို့ကို၎င်း၊ ငါ့ကို၎င်း၊ မစသောသူဖြစ်၏ (ရောမ ၁၆း၂)။

ထိုသခင်ခေါ်ထားတော်မူသော သင်တို့သည်လည်း ထိုလူမျိုး

တို့၌အပါအဝင်ဖြစ်ကြ၏ (ရောမ ၁း၇)။

                ရှင်ပေါလုက ရောမမြို့၌ရှိသောခရစ်ယာန်တို့ကို သန့်ရှင်းသူများဟု ခေါ်ပါသည်။ သူတို့သည် ဘုရားအတွက်သီးသန့်ဖယ်ထား သောလူစုဖြစ်၍၊ ကယ်တင်ခြင်းရကြသောကြောင့်သန့်ရှင်းသူများဖြစ်ကြသည်။သို့ရာတွင်၊ သန့်ရှင်းသူတို့သည်သန့်ရှင်းသောအသက် တာရှိသင့်သည်။ဤအပိုင်းသည် လက်တွေ့ပြုမူဆောင်ရွက်ခြင်းဖြစ်သည်။

ဥပမာ-၆

ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့         သို့ဖြစ်၍ ငါချစ်သူတို့၊ သင်တို့သည် မျက်မှောက်၌နားထောင်

ရောက်ရ၏။ကိုယ်အလိုလျောက်ရောက်သည်မဟုတ်။ ဘုရား           သည်သာမက၊ မျက်ကွယ်၌လည်းအစဉ်နားထောင်ကြသည်နှင့်

သခင်သနားတော်မူရာဖြစ်သတည်း။ (ဧဖက် ၂း၈)    အညီ ကြောက်ရွံ့တုန်လှုပ်သော စိတ်နှင့် ကိုယ်ကိုကယ်တင်             ခြင်းငှါ ကိုယ်တိုင်ကြိုးစားအားထုတ်ကြလော့ (ဖိ၊ ၂း၂၁)

                ကျွန်ုပ်တို့ရပ်တည်ချက် ( standing ) သည် ဘုရားသခင်ထံတော်ပါးမှဆုကျေးဇူးဖြစ်သည်။ ကျွန်ုပ်တို့၏လက်တွေ့အခြေအနေ

(state) မှာ ဘုရားသခင်အပေါ် ဝမ်းမြောက်မှုဖော်ထုတ်ခြင်း ဖြစ်သည်။ ဤနှစ်ခုထဲမှရပ်တည်ချက်သည် ပထမအနေနှင့် အမြဲတမ်းပါလာ လေ့ရှိပြီး၊ နောက်မှလက်တွေ့အခြေအနေလာပါသည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်အသက်သာလိုက်လျှောက်ခြင်းအားဖြင့် ခရစ်ယာန် ဖြစ်လာသည်မဟုတ်ဘဲ၊ ခရစ်ယာန်ဖြစ်သောကြောင့် ခရစ်ယာန်အသက်တာလိုက်လျှောက်ခြင်းဖြစ်ပါသည်။

ဥပမာ-၇

                ထိုကျေးဇူးတော်ကိုခံစားရသည် အကြောင်မှာ ယုံကြည်       ထို့ကြောင့်ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြောက်

ခြင်းရှိ၍၊ ထိုသခင်အားဖြင့်သာခံစားသောအခွင့်ကိုရကြ၏။ သို့ဖြစ်    ၍ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သောဘွဲ့နာမကိုပေး

၍၊ ဘုရားသခင်၏ဘုန်းတော်ကိုမြော်လင့်၍ဝါကြွားဝမ်းမြောက်ခြင်း  သနားတော်မူ၏ (ဖိ၊ ၂း၉)

ရှိကြ၏ (ရောမ ၅း၂)

                ကျေးဇူးတော်၌ကျွန်ုပ်တို့၏ရပ်တည်ချက်သည် ခရစ်တော်၌ကျွန်ုပ်တို့၏နေရာဖြစ်၍၊ ယုံကြည်သူအနေဖြင့် နေ့စဉ်အသက်တာ လိုက်လျှောက်ခြင်းသည် ပြုမူဆောင်ရွက်ခြင်းအပိုင်းဖြစ်သည်။     

သင်တို့သည်ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရားသခင်၏လကျာ်တော်ဘက်မှာ ခရစ်တော်သည် ထိုင်နေ (ငယ်-၁က )။     တော်မူရာအရပ်၌ရှိသော အထက်အရာတို့ကိုရှာကြလော့

                                (ငယ်-၁ခ)။

အကြောင်းမူကား၊ သင်တို့သည်သေသောသူဖြစ်၍ သင်တို့   မြေကြီးပေါ်မှာရှိသောအရာရှိတို့ကို စွဲလမ်းသော စိတ်မရှိကြ အသက်သည်ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျှက်        ကြနှင့်။

ရှိ၏ (ငယ်-၃)     အထက်အရာရှိတို့ကိုသာစွဲလမ်းခြင်းရှိကြလော့ (ငယ်-၂)။

                                မြေကြီးပေါ်မှာရှိသော သင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေ

                                ကြလော့ (ငယ်-၅က)။

                နောက်ဆုံးဥပမာအဖြစ် ကောလောဿဲ ၃း၁-၅ ထဲတွင်ရှင်ပေါလုရေးသားသော နေရာနှင့်လက်တွေ့ပြုမူဆောင်ရွက်ခြင်းကို ဖော်ပြပါမည်။

                ရှင်ပေါလုပြောသည်မှာ “အပြစ်လုပ်တတ်သောသင်၏ လူဟောင်းသေပြီဖြစ်သဖြင့် ယနေ့တွင်သင် သည်အပြစ်တရားနှင့်ဆိုင် သောအရာ၌သေပါ။ သင်သည်ခရစ်တော်နှင့်အတူ ထမြောက်ပြီဖြစ်သောကြောင့် ထမြောက်ခြင်းအသက်တာ၌ အသက်ရှင်ပါ၊” ဟု ဖြစ်ပါ သည်။ ရှင်ပေါလုကခရစ်တော်၌ ကျွန်ုပ်တို့ ရရှိသောနေရာနှင့် လက်တွေ့အသက်တာ၌ ကျွန်ုပ်တို့ဘယ်လိုအသက်ရှင်သင့်သည်ကို ခွဲခြား၍ပြောပါသည်။

မိမိအသက်တာဖြင့် သာဓကပေးခြင်း

                နိဂုံးချုပ်အနေဖြင့် ကျွန်တော်ကယ်တင်ခြင်းရခါစကာလ၌ ကယ်တင်ခြင်းစိတ်ချမှုနှင့်ပတ်သတ်၍ ကျွန်ုပ်၏စိတ်ရှုပ်ထွေးမှုကို အထက်ဖော်ပြပါ “ရပ်တည်ချက်” နှင့် “လက်တွေ့ပြုမူဆောင်ရွက်ခြင်း” တစ်ခုစီ၏ခြားနားခြင်းက ရှင်းလင်းစေခဲ့ပါသည်။ ကျွန်တော် ကယ်တင်ခြင်းရပြီးသည့်နောက်တွင် ယုံကြည်သူတစ်ချို့၏ ၂ကော၊ ၅း၁၇ ကို ကိုးကားသက်သေခံချက်ကိုကြားတတ်ပါသည်။

                “လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခပ်သိမ်း သောအရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ကော၊ ၅း၁၇)။

                ထိုသူတို့သည် သူတို့အသက်တာ၌ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီဟု အံ့သြဘွယ်ရာပြောင်းလဲခြင်းအကြောင်းပြောကြပါသည်။ သူတို့၏သက်သေခံချက် ကျွန်တော်ကိုယ်တိုင်ကြားသောအခါ “ကျွန်တော် လည်း ကောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီဟု ပြောချင်လိုက်တာ” ဟု စဉ်းစားမိပါ သည်။ သို့သော်၊ ထိုကဲ့သို့မဖြစ်ပါ။ ကျွန်ုပ်အသက်တာ၌ လူဟောင်းအကျင့်တချို့၊ ဆိုးညစ်သောစိတ်ထား၊ ဒေါသထွက်ခြင်းနှင့် မပြောင်း လဲမီက ညစ်ညမ်းသောစရိုက်တစ်ချို့ရှိနေပါသေးသည်။ ထို့ကြောင့် ကျွန်ုပ်၏ကယ်တင်ခြင်းကို သံသယဖြစ်ခဲ့ပါသည်။

                တစ်နေ့တွင် “ခရစ်တော်၌” ဟူသော စကားစုကိုသတိရမိကာ အလွန်ဝမ်းမြောက်ခဲ့ပါသည်။ ထိုကျမ်းပိုဒ်က ခရစ်တော်၌ကျွန်ုပ် ၏ရရှိသောနေရာကို ဆိုလိုပြီး၊ ကျွန်ုပ်၏လက်တွေ့ပြုမူဆောင်ရွက်ခြင်းမဆိုလိုပါ။ “ခရစ်တော်၌” ထိုအရာများအမှန်တကယ်ဖြစ်ပါသည်။ သူ၌ဟောင်းသောအရာများဖြစ်သော အပြစ်ဒဏ်စီရင်ခြင်း၊ စာတန်၏ပိုင်ဆိုင်မှု၊ သေခြင်းတရားကိုကြောက်ရွံ့ခြင်း….. စသည်တို့ ပျောက်လွင့်သွားပါသည်။ သူ၌ခပ်သိမ်းသောအရာ – အပြစ်လွှတ်ခြင်း၊ လက်ခံခြင်း၊ ဖြောင့်မတ်စေခြင်း၊ သန့်ရှင်းစေခြင်းနျင့် အခြားများ ပြားလှသောကောင်းကြီး မင်္ဂလာအဖြာဖြာတို့သည်အသစ်ဖြစ်ကြပြီဖြစ်သည်။ ထိုအချိန်မှစ၍၊ ဤကျမ်းပိုဒ်သည် ကျွန်ုပ်တို့အတွက် ကြောက်စရာမဖြစ်တော့ဘဲ၊ကျွန်တော်အကြိုက်နှစ်သက်ဆုံးကျမ်းပိုဒ်ဖြစ်လာပါသည်။ ခရစ်တော်၌ကျွန်ုပ်ရရှိသောမင်္ဂလာများကို သိခြင်း အားဖြင့် သူ့ကိုကျွန်ုပ်၏အသက်သခင်အဖြစ်ထားပြီး၊ သူ့အတွက်အသက်ရှင်စေချင်ပါသည်။

    မေးခွန်း။ ။ ၁ကော၊ ၅း၇။ ဧဖက် ၅း၈။ ၁ပေ၊ ၂း၉ ထဲတွင်ရပ်တည်ချက်(standing) နှင့်လက်တွေ့အခြေအနေ (state) နှစ်ခုစလုံးပါပါသည်။ သင်သည် ခွဲခြားနားလည်နိုင်ပါသလား။

၆။ တော်စပ်မှုနှင့်မိတ်ဿဟာယ  Relationship And Fellowship

                ဤအကြောင်းသည် နေရာ ( position )လက်တွေ့ပြုမူဆောင်ရွက်ခြင်း ( practice ) နှင့် အတော်အသင့်တူပါသည်။ သို့ရာတွင်

ဤနှစ်ခု၏ တစ်ခုနှင့်တစ်ခုခြားနားမှုကို သမ္မာကျမ်းစာထဲတွင်တွေ့နိုင်ပါသည်။

ဘုရားသခင်နှင့်တော်စပ်ခြင်း

                လူတစ်ယောက် ဒုတိယမွေးခြင်းခံရသောအခါ၊ အသစ်သောတော်စပ်မှု ဖွဲ့စည်းဖြစ်ပေါ်လာပြီး၊ သူသည် ဘုရားသခင်၏သားဖြစ် လာသည် (ယော၊ ၁း၁၂)။ “ချစ်သူတို့၊ ယခုတွင် ငါတို့သည်ဘုရားသခင်၏ သားဖြစ်ကြ၏။ နောက်မှအဘယ်သို့ သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်းကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့်တူကြလတံ့ဟု ငါတို့ သိကြ ၏” (၁ယော၊ ၃း၂)        

                မွေးဖွားခြင်းအကြောင်း သင်စဉ်းစားခဲ့ဘူးပါသလား။ တစ်ကြိမ်သာဖွားမြင်ရပြီး၊ ထာဝရအတွက်လုံလောက်ကာ၊ ဖျက်စီး၍မရပါ။ ပြောင်းလဲ၍မရသော တော်စပ်မှုတစ်ခုဖွဲ့စည်းဖြစ်ပေါ်လာပါသည်။

                ဥပမာတစ်ခုပြောကြပါစို့။ ဦးဘနှင့်ဒေါ်လှတို့လင်မယား၌သားတစ်ယောက်ရှိသည်။ ထိုသားသည် ဘယ်အခြေအနေပဲရောက် ရောက် ဦးဘနှင့်ဒေါ်လှတို့၏သားပဲဖြစ်ပြီး၊ သူတို့နှစ်ဦးသည်လည်း ထိုသား၏မိဘပဲဖြစ်သည်။ ထိုသားကြီးပြင်းလာသောအခါ မိဘကိုမရို မသေပြုပြီးဝမ်းနည်းစေသည်။ သို့သော်လည်း သူတို့၏တော်စပ်မှုမှာ တည်မြဲနေပြီး၊ ဦးဘသည်သူ၏ဖခင် ဖြစ်မြဲဖြစ်ကာ၊ သူသည်လည်း ဦးဘ၏သားဖြစ်မြဲဖြစ်ပါသည်။

                ဤဥပမာကို ယုံကြည်သူ၏အသက်တာအတွက်ယူပါ။ အသစ်ဖွားမြင်ခြင်းအားဖြင့် အဖဘုရားနှင့်တော်စပ်မှု ဖွဲ့စည်းဖြစ်ပေါ်သည်။

                “ ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏ ” (ရောမ၊ ၈း၁၆)။

                ” သို့ဖြစ်၍သင်တို့သည် နောက်တဖန်အစေအပါးကျွန်မဖြစ်၊ သားပင်ဖြစ်ကြ၏။ သားဖြစ်လျှင်ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်းဖြစ်ကြ၏” (ဂလာတိ ၄း၇)။

                တစ်ကြိမ်တစ်ခါဘုရားသားဖြစ်လျှင် ကာလအစဉ်ဘုရားသားပဲ ဖြစ်ပါသည်။ ဤတော်စပ်မှုကို မပျက်စီးနိုင်တော့ပါ။

ဘုရားသခင်နှင့် မိတ်ဿဟာယဖွဲ့ခြင်း

                တော်စပ်မှု၏တဘက်တွင် မိတ်ဿဟာယရှိပါသည်။ မိတ်ဿဟာယသည် ဆက်ဆံခြင်းဖြစ်သည်။ နောက်ပြီး၊ တော်စပ်မှုသည် မကျိုးပြတ်နိုင်သောကြိုးဖြစ်သော်လည်း၊ မိတ်ဿဟာယသည် အလွန်လွယ်ကူစွာကျိုးပြတ်နိုင်သော သေးသွယ်သည့်ချည်မျှင်ကဲ့သို့ ဖြစ်ပါ သည်။

                အပြစ်သည် ဘုရားသခင်နှင့်မိတ်ဿဟာယကိုကျိုးပြတ်စေသည်။ လူနှစ်ဦးသည်သဘောမတူလျှင်၊ ပေါင်းဖော်၍ခရီးမသွားနိုင်ပါ (အာမုတ်၊ ၃း၃)။ ထိုနည်းတူစွာ၊ ဘုရားသခင်သည်သူ၏သားသမီးများ အပြစ်ကျူးလွန်သောအခါ မိတ်ဿဟာယဖွဲ့၍မရပါ။ “ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။  ဘုရားသခင်၌မှောင်မိုက်အလျှင်းမရှိ “ (၁ယော၊ ၁း၅)။ ဘုရားသခင်သည် အပြစ်ကိုထိမ်ဝှက် သော သားသမီးများနှင့်ဆက်ဆံရာ၌ မပျော်မွေ့နိုင်ပါ။ မိတ်ဿဟာယပြတ်သွားသောအခါ၊ ယုံကြည်သူသည်သူ၏ ဝမ်းမြောက်မှု၊ သီချင်း၊ တန်ခိုး၊ သက်သေနှင့် ထိရောက်သောဆုတောင်းခြင်အသက်တာ စသည်တို့ဆုံးရှုံးသည်။

                အပြစ်ကိုဝန်ချတောင်းပန်၍မစွန့်မချင်း မိတ်ဿဟာယသည် ဆက်လက်ကျိုးပြတ်နေပါသည်။ ကျိုးပြတ်နေသောမိတ်ဿဟာယ သည်အလွန်အန္တရာယ်ရှိပါသည်။ ဥပမာ၊ ဘုရားသခင်နှင့်ထိတွေ့ခြင်းမရှိသည့် အချိန်ကာလတွင် ဘဝတစ်သက်လုံးပျက်စီးစရာဖြစ်သည့် ဆုံးဖြတ်ချက်များ မှားယွင်းစွာချနိုင်သည်။ ဖောက်ပြန်သောခရစ်ယာန်များစွာတို့သည် မိမိတို့၏အိမ်ထောင်ဘက်အတွက် မယုံကြည်သူ ကိုရွေးုပြီး ဘုရားသခင်သုံး၍မရတော့သည့်ဘဝသို့ရောက်ကြပါသည်။ သူတို့၏ဝိညာဉ်တို့သည် ကယ်တင်ခြင်းရပြီးဖြစ်သော်လည်း သူတို့၏ အသက်တာသည် ဘုရားသခင်၏အလိုတော်လမ်းမှပျောက် ကွယ်ကြသည်။

                ကျိုးပြတ်သောမိဿဟာယသည် ဘုရားသခင်၏ဆုံးမဒဏ်ခတ်ခြင်းကို ခံစေပါသည်။ ယုံကြည်သူသည် ထာဝရပြစ်ဒဏ်မှလွှတ် မြောက်သော်လည်း သူ၏နေ့စဉ်အသက်တာ၌ပြုခဲ့သော အပြစ်ဒုစရိုက်၏နောက်ဆက်တွဲဆိုးကျိုးနှင့်မကင်းလွတ်နိုင်ပါ။ အဘယ့်ကြောင့် ကောရိန ္တုအသင်းတော်ရှိ သန့်ရှင်းသူတစ်ချို့ဖျားနာပါသနည်း။ အဘယ့်ကြောင့်ဆိုသော်၊ ထိုသူတို့သည် အရင်ဦးစွာအပြစ်ဝန်ချတောင်း ပန်ခြင်းမပြုဘဲ ပွဲတော်မင်္ဂလာဝင်ကြသောကြောင့်ဖြစ်သည် (၁ကော၊ ၁၁း၂၉-၃၂)။ ထိုသူတို့ထဲမှတချို့သေကြသည်။ ထိုသူတို့သည် ကောင်းကင်နိုင်ငံသို့ရောက်ရန် ခရစ်တော်၏ရွေးနှုတ်ကယ်တင်ခြင်းအားဖြင့် ခရစ်တော်၌စုံလင်သောသူများဖြစ်ကြသော်လည်း လောက၌ အသက်ရှင်စဉ်တွင် ပုံသက်သေကောင်းမပြနိုင်သောသန့်ရှင်းသူများဖြစ်ကြသည်။

                ကျိုးပြတ်သောမိတ်ဿဟာယသည် ယုံကြည်သူ၏လုပ်ခကို ခရစ်တော်၏တရားပလ္လင်ရှေ့၌ ဆုံးရှုံးစေနိုင်ပါသည် (၁ကော၊ ၃း၁၅)။ ဘုရားသခင်နှင့် မိတ်ဿဟာယမရှိသည့်အချိန်ကာလ တစ်ခုလုံးသည် ထာဝရအတွက် အကျိုးမဲ့စွာဖြုန်းတီးသောအချိန်ကာလ များဖြစ်ပါသည်။

                ဘုရားသခင်နှင့် ကျွန်ုပ်တို့၏တော်စပ်မှုသည် မကျိုးပြတ်နိုင်ခြင်းအတွက် ဝမ်းသာကြည်နူးရသော်လည်း၊ အဖဘရားသခင်နှင့် မိတ်ဿဟာယဖွဲ့ခြင်းကို ကျိုးပြတ်စေနိုင်သောအရာဟူသမျှကို ကြောက်ရွံ့စွာဖြင့်သတိထားသ်င့ပါသည်။ အမှန်မှာ၊ ခရစ်တော်၌ကျွန်ုပ် တို့ရသောမကျိုးပြတ်၊ မပျက်စီးနိုင်သည့် ထိုအံ့ဘွယ်ရာတော်စပ်မှုကြောင့် ဝမ်းမြောက်စွာဖြင့် ဘုရားသခင်နှင့် မှန်မှန်ကန်ကန်မိတ် ဿဟာယ ရှိသင့်ပါသည်။ ကျေးဇူးတော်သည် အပြစ်ဒုစရိုက်ကိုအားမပေးဘဲ၊ တားဆီးပါသည်။

သမ္မာကျမ်းစာနှင့်ညီသော သာဓကများ

                ဓမ္မဟောင်းကျမ်းထဲတွင် အပြစ်ကြောင့်ဘုရားသခင်နှင့် မိတ်ဿဟာယပျက်သွားသော ဒါဝိဒ်မင်းကြီးသည် မှတ်သားလောက် သောနမူနာဖြစ်ပါသည်။ သူ၏အပြစ်ဝန်ချတောင်းပန်ခြင်းနှင့် ဘုရားသခင်၌ပြန်၍တည်မြဲခြင်းအကြောင်းကို ဆာလံ ၃၂ နှင့် ၅၁ တွင်တွေ့ ရသည်။

                ဓမ္မသစ်ကျမ်းထဲတွင် ပျောက်သောသားကိုရွေ့လျော့ဖောက်ပြန်သောယုံကြည်သူများအား ဖော်ပြသော ပုံဥပမာအဖြစ်ယူနိုင်ပါ သည်။ (လုကာ၊ ၁၅း၁၁-၂၄) (ဤပုံပြင်ကို အပြစ်သားတစ်ယောက်၏ပြောင်းလဲခြင်းအဖြစ် အနက်ဖွင့်ကြသော်လည်း)။ သား၏စိတ်အလို လိုက်စားခြင်းနှင့် ပုန်ကန်ခြင်းကြောင့် မိတ်ဿဟာယကျိုးပြတ်ပျက်စီးခဲ့ရပါသည်။ သို့သော်၊ သူသည်ဝေးသောအရပ်ဒေသ၌ “ အဖ၏ သား “ ဖြစ်နေမြဲဖြစ်ပါသည်။ အဖေ့ထံသို့ပြန်လာပြီး သူ၏အပြစ်များကို ရုတ်တရက်ဝန်ချတောင်းပန်သောအခါ၊ မိဿဟာယပြန်လည် တည်မြဲလာပါသည်။ ဖခင်သည်ပြေး၍သား၏လည်ပင်းကိုဖက်၍နမ်းပါသည်။

                ၁ယော၊ ၂း၁ တွင် “ ချစ်သားတို့ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ပေးလိုက်၏။  တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏ ”  ဟုပြောပါသည်။ ဤကျမ်းပိုဒ်သည် ဒုတိယမွေးခြင်းခံယူသော ဘုရားသခင်၏မိသားစုဝင်အားလုံးအတွက် ရေးသားခြင်းဖြစ်သည်။ ဘုရားသခင်၏သဘောတော်မှာ သူ၏သားသမီးများအပြစ်မလုပ်ရန်ဖြစ်သည်။ သို့ရာတွင်၊ ကျွန်ုပ်တို့အပြစ်လုပ်မိ ပါက ဖြေရှင်းနည်းကို ဘုရားကပြင်ဆင်ပေးပြီးဖြစ်သည်။ “… တစုံတယောက်သာသူသည် ဒုစရိုက်ကိုပြုမိလျှင်၊ ငါတို့အမှုဆောင် (ရှေ့နေ) အရှင်ယေရှုခရစ်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။ ”  “ ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။ ” ဆိုသည့်အချက် ကိုသိမှတ်ပါ။ ကျွန်ုပ်တို့အပြစ်ကျူးလွန်သောအခါ၌လည်း သူသည် ကျွန်ုပ်တို့၏  “အဖ”  ပဲဖြစ်ပါသည်။ အဘယ်သို့ဖြစ်နိုင်မည်နည်း။ အဘယ့် ကြောင့်ဆိုသော် တော်စပ်မှုသည်ဘယ်သောအခါမှမကျိုးပြတ်၊ မပျက်စီးနိုင်ပါ။ သို့ဖြစ်လျှင်၊ အပြစ်လုပ်သောအခါ အဘယ်သို့ဖြစ်မည် နည်း။ “ ဖြောင်မတ်တော်မူသော ငါတို့အမှုဆောင်သခင် (ရှေ့နေ) သည် ခမည်းတော်ထံ၌ရှိတော်မူ၏ ” ဘုရားသခင်နှင့်မိတ်ဿဟာယ ဖွဲ့ခြင်းကို ပြန်လည်ပျော်မွေ့ရန်နှင့် ကျွန်ုပ်တို့အပြစ်ကို ဝန်ချ၍စွန့်လွတ်ရန် ခရစ်တော်ကကျွန်ုပ်တို့၏အသက်တာ၌ ချက်ချင်းအလုပ် လုပ်ပါ သည်။

                တော်စပ်မှုနှင့် မိတ်ဿဟာယတို့၏ တစ်ခုနှင့်တစ်ခုခြားနားမှုသဘောပေါက်သောအခါ ဤဖော်ပြပါကျမ်းပိုဒ်များကိုလည်း နား လည်စေပါသည်။ ခရစ်တော်၏အထဲ၌ ကျွန်တော်ရရှိခံစားသော ထာဝရကယ်တင်ခြင်း (လုံခြုံမှု) အတွက် အရမ်းဝမ်းမြောက်ပြီး၊ ကျွန်ုပ် ကိုအလွန်ချစ်တော်မူသော အဖဘုရားနှင့် ပုံမှန်မိဿဟာယရှိဘို့ရန်လည်း တက်ကြွစေပါသည်။

တရားဥပဒေအရနှင့်မိဘ၏အပြစ်လွှတ်ခြင်း   Judicial and Parental Forgiveness

                ကျမ်းစာထဲတွင် မတူညီသောအပြစ်လွှတ်ခြင်း နှစ်မျိုးတွေ့ရသည်။ နှုတ်ကပတ်တော်ကို စေ့စေ့မြေ့မြေ့လေ့လာချင်သော သူဖြစ်ပါက ထိုနှစ်မျိုးကို ခွဲခြားတတ်ဘို့ သင်ရပါမည်။ ထိုနှစ်မျိုးမှာ တရားဥပဒေအရအပြစ်လွှတ်ခြင်းနှင့် မိဘမှအပြစ်လွှတ်ခြင်းတို့ဖြစ် သည်။ (ကျမ်းစာထဲတွင် ဤဝေါဟာရနှစ်မျိုး မတွေ့ရသော်လည်း)။

                ရိုးရိုးလေးနှင့် ရှင်းပြမည်ဆိုလျှင်၊ တရားဥပဒေအရ အပြစ်လွှတ်ခြင်းသည် တရားသူကြီး၏ အပြစ်လွှတ်ခြင်းဖြစ်ပြီး၊ မိဘ၏ အပြစ် လွှတ်ခြင်းမှာ ဖခင်၏အပြစ်လွှတ်ခြင်းဖြစ်သည်။ ပထမသည် တရားခုံရုံး၌သုံးသော ဝေါဟာရဖြစ်ပြီး၊ ဒုတိယဝေါဟာရမှာ အိမ်ထောင်မိသား စု၌သုံးသည်။

တရားဥပဒေအရ အပြစ်လွှတ်ခြင်း

                ပထမဦးစွာ တရားခုံရုံးသို့သွားကြစို့။ ဘုရားသခင်သည် တရားသူကြီးဖြစ်ပြီး၊ အပြစ်ရှိသောလူသည် စစ်ဆေးခြင်းကိုခံသောသူ ဖြစ်သည်။ လူသည်အပြစ်ကျူးလွန်သောအပြစ်သားဖြစ်၍ ခံထိုက်သည့်အပြစ်ဒဏ်မှာ ထာဝရသေခြင်းဖြစ်သည်။ ထိုအချိန်တွင် သခင်ယေ ရှုပေါ်လာပြီး “ဒီလူရဲ့အပြစ်ကြောင့် ခံထိုက်သည့်အပြစ်ဒဏ် ငါဆပ်ပေးမည်၊ သူ့ကိုယ်စား ငါအသေခံပါ့မည်” ဟုကြေငြာလိုက်သည်။ ကယ်တင်ရှင်ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌ ဤအတိုင်းပြုခဲ့ပါသည်။ တရားသူကြီးက အပြစ်သားအား “သင်သည် ငါ့သားတော် ယေရှုကို သင်၏သခင်နှင့်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံလျှင်၊ သင့်အပြစ်ကို ငါလွှတ်မည်” ဟု ကြေငြာသည်။ လူသည်ထိုကယ်တင် ရှင်ကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လက်ခံသည့်အချိန်တွင် တရားဥပဒေအရ အပြစ်လွှတ်ခြင်းကို ရရှိသည်။ သူ၏အပြစ်အားလုံးအတွက် ခံရမည့်ပြစ်ဒဏ်ကို ခရစ်တော်ကပေးဆပ်ပေးခဲ့ပြီဖြစ်သောကြောင့် သူသည်ငရဲ၌ ဘယ်သောအခါမှ ပေးဆပ်စရာမလိုတော့ပါ။ ယခုတွင် အပြစ်လွှတ်ခြင်းကျေးဇူးကို ရရှိသောအပြစ်သားသည် အသစ်သောတော်စပ်မှုရရှိကာ၊ သူ့အတွက် ဘုရားသခင်သည် တရားသူကြီး မဟုတ်တော့ပဲ၊ ဖခင်ဖြစ်လာသည်။

မိဘ၏အပြစ်လွှတ်ခြင်း

                မိဘ၏အပြစ်လွှတ်ခြင်းအတွက် အိမ်ထောင်မိသားစုကို ပုံဥပမာပေး၍ လေ့လာကြပါစို့။ ဘုရားသခင်သည် ဖခင်ဖြစ်၍၊ ယုံကြည် သူသည် သားဖြစ်သည်။ ထိုသားသည် မမျှော်လင့်ပဲ အပြစ်တစ်ခုကျူးလွန်သောအခါ ဘာဖြစ်သွားမည်နည်း။ ဘုရားသခင်သည် ထိုသား ကို သူ့အပြစ်ကြောင့် သေဒဏ်ပေးပါမည်လား။ မပေးပါ။ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်သည်တရားသူကြီး မဟုတ်တော့ပဲ ဖခင် ဖြစ်သောကြောင့်ဖြစ်သည်။

                ထိုသို့ဆိုလျှင် ဘာဖြစ်မည်နည်း။ မိသားစုထဲ၌ နွေးထွေးသည့်မိတ်ဿဟာယပျက်စီးသွားပြီး၊ မိသားစု၏ ပျော်ရွှင်မှုလည်း ပျောက်သွားသည်။ ဘုရားသားသည် ကယ်တင်ခြင်းကိုမဆုံးရှုံးပါ။ သို့ရာတွင် ကယ်တင်ခြင်း၏ဝမ်းမြောက်မှု ဆုံးရှုံးသွားသည်။ နွေးထွေး သောမိတ်ဿဟာယထဲသို့ ပြန်လှည့်လာရန် ရည်ရွယ်ချက်ဖြင့် သူသည် ဖခင်၏ ဆုံးမခြင်းကိုခံပါမည်။ ဘုရားသားသည် အပြစ်ဝတ်ချ တောင်းပန်ပါက ဖခင်၏အပြစ်လွှတ်ခြင်းကို ပြန်လည်ရရှိခံစားပါသည်။ တရားဥပဒေအရ အပြစ်လွှတ်ခြင်းသည် ကယ်တင်ခြင်းရသည့်အ ချိန်တွင်ဖြစ်ပြီး ထာဝရအတွက် လုံလောက်သည်။ သို့ရာတွင် မိဘ၏အပြစ်လွှတ်ခြင်းမူကား ယုံကြည်သူသည် အပြစ်ဝန်ချတောင်းပန်၍၊ အပြစ်ကိုစွန့်သည့်အချိန်တိုင်းတွင် ဖြစ်သည်။ သခင်ယေရှုသည် ဤအကြောင်းကို ယောဟန် ၁၃း၈-၁၀၌ သွန်သင်ပါသည်။ ကျွန်ုပ်တို့ သည် အပြစ်ဒဏ်မှ ကယ်တင်ခြင်းရဘို့ရန် အသစ်မွေးဖွား (ရေချိုး)ခြင်း(the bath of regeneration) တစ်ကြိမ်တည်းသာလိုအပ်ပြီး၊ သို့ ရာတွင် ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာတစ်လျှောက်၌ မိဘ၏အပြစ်လွှတ်ခြင်းရရန် ဆေးကြောခြင်းကို အကြိမ်ပေါင်းများစွာ လိုအပ်ပါ သည်။

အပြစ်လွှတ်ခြင်းနှစ်မျိုး၏ခြားနားမှု

                အပြစ်လွှတ်ခြင်းနှစ်မျိုး၏ တစ်ခုနှင့်တစ်ခုခြားနားမှုကို အောက်ပါအတိုင်း အတိုချုံး၍ ဖော်ပြနိုင်ပါသည်။

                                တရားဥပဒေအရအပြစ်လွတ်ခြင်း မိဘ၏အပြစ်လွှတ်ခြင်း

လူတစ်ဦး၏အခြေအနေ  အပြစ်သား                                              သား

                                       (ရောမ ၃း၂၃)                                        (၁ယော၊ ၃း၂)

ဘုရားသခင်၏တော်စပ်မှု တရားသူကြီး                                 ဖခင်

                                (ဆာ၊ ၉၆း၁၃)                                               (ဂလာ၊ ၄း၆)

ခရစ်တော်၏လုပ်ဆောင်ချက်      ကယ်တင်ရှင်     ယဇ်ပရောဟိတ်မင်းနှင့်

                                (၁တိ၊ ၁း၁၅)                                      ရှေ့နေ (ဟေဗြဲ ၄း၁၄-၁၆။ ၁ယော၊ ၂း၁)

လူတစ်ဦး၏လိုအပ်မှု       ကယ်တင်ခြင်း                                 ကယ်တင်ခြင်းဝမ်းမြောက်မှု

အပြစ်လွှတ်ခြင်းနည်းလမ်း           (တမန်၊ ၁၆း၃၀)               (ဆာလံ၅၁း၁၂)

                                ယုံကြည်ခြင်း                                   ဝန်ချတောင်းပန်ခြင်း

                                (တမန်၊ ၁၆း၃၁)  (၁ယော၊ ၁း၉)

အပြစ်လွှတ်ခြင်းအမျိုးအစား        တရားဥပဒေအရ မိဘ၏အပြစ်လွှတ်ခြင်း

                                (ရောမ၊ ၈း၁)           (လုကာ ၁၅း၂၁၊ ၂၂)။

အကျိုးဆိုက်ရောက်မှု     ငရဲ       ဆုံးမဒဏ်ခတ်ခြင်း

                                (ယောဟန်၊ ၅း၂၄)           (၁ကော၊ ၁၁း၃၁၊ ၃၂)

                                                ခရစ်တော်၏တရားပလ္လင်

                                                စီရင်ခြင်း၌လုပ်ခများ ဆုံးရှုံးခြင်း

                                                (၁ကော၊ ၃း၁၅)

သေချာသောရလဒ်         အသစ်သောတော်စပ်မှု    ဆန်းသစ်သောမိတ်ဿဟာယ

                                (ယော၊ ၁း၁၂)     (ဆာလံ၊ ၃၂း၅)

အကြိမ်ကြိမ်ဖြစ်ခြင်း       တစ်ကြိမ်တည်း  ကြိမ်ဖန်များစွာ

                                အသစ်မွေးဖွားရေချိုးခြင်း            (အကြိမ်ပေါင်းများစွာဆေး

                                (ယော၊ ၁၃း၁၀)  ကြောခြင်း)(ယော၊ ၁၃း၈)

တရားဥပဒေအရ အပြစ်လွှတ်ခြင်းနှင့် ဆိုင်သောကျမ်းချက်များ

                ထာဝရအတွက်လုံလောက်သော တစ်ကြိမ်တစ်ခါတည်းအပြစ်လွှတ်ခြင်းသည် လက်ဝါးကပ်တိုင်ပေါ်၌ ခရစ်တော်ပြုခဲ့သော ကယ်တင်ခြင်း အမှုအားဖြင့် ကျွန်ုပ်တို့ရရှိခြင်းဖြစ်ပြီး၊ တရားဥပဒေအပြစ်လွှတ်ခြင်း (Judicial forgiveness) ဖြစ်သည်။ ဤအကြောင်းကို အောက်ပါကျမ်းပိုဒ်များက ဖော်ပြပါသည်။

                “ ခပ်သိမ်းသောသတိပညာတော်နှင့်လျော်စွာ ငါတို့၌အတိုင်းထက်အလွန်များလှစွာသော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံ သည်နှင့်အညီ၊ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ ၏” (ဧဖက် ၁း၇၊ ၈)။

                “အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်း ရှိကြလော့” (ဧဖက် ၄း၃၂)။

                “ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏အရေဖျားလှီးခြင်းကိုမခံသောအဖြစ်၌၎င်း သေလျက်ရှိနေသောသင်တို့ကို ခရစ်တော်နှင့် အတူ အသက်ရှင်စေ၍ သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏” (ကော၊ ၂း၁၃)။

မိဘ၏အပြစ်လွှတ်ခြင်း

                သို့ရာတွင်၊ မိဘ၏အပြစ်လွှတ်ခြင်း (Parental forgiveness) ကို သွန်သင်သည့်ကျမ်းပိုဒ်များရှိပါသည်။               

                “သင်တို့သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိ တော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်၊ သင်တို့သည်သူတပါးတို့၏ အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ” (မဿဲ ၆း၁၄၊ ၁၅)။

                “သူတပါးအမှု၌စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင်သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွှတ်ကြလိမ့်မည်။ သူတပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင်သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွှတ်ကြလိမ့်မည်။ သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွှတ်လိမ့်မည်” (လုကာ ၆း၃၇)။

                “သင်တို့သည်ဆုတောင်းသောအခါ၊ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိ တော်မူသော သင်တို့အဘသည် သင်တို့၏ အပြစ်ကိုလွှတ်တော်မူမည်” (မာကု ၁၁း၂၅)။

                ဖော်ပြပါကျမ်းပိုဒ်များထဲမှနှစ်ပိုဒ်တွင် ဘုရားသခင်သည် ဖခင်အဖြစ်အထူးသဖြင့်ဖော်ပြပြီး၊ ဖခင်၏ အပြစ်လွှတ်ခြင်းပါဝင်ကြောင်း သတိရပါ။ ကျွနု်ပ်တို့အား အပြစ်လွှတ်ခြင်းသည် ကျွနု်ပ်တို့ကသူတစ်ပါး၏ အပြစ်ကို လွှတ်ချင်သောဆန္ဒအပေါ်၌တည်နေကြောင်း ကိုလည်း သတိရပါ။ ဤအပြစ်လွှတ်ခြင်းမျိုးသည် တရားဥပဒေအရအပြစ်လွှတ်ခြင်း (Judicial forgiveness) မဟုတ်ပါ။ သူတစ်ပါး၏အပြစ်ကိုလွှတ်ခြင်းသည်  ကယ်တင်ခြင်းရရန်အတွက် မဟုတ်ပါ။ သို့သော် ဤအပြစ်လွှတ်ခြင်းသည် မိဘ၏အပြစ်လွှတ်ခြင်း (parental forgiveness) ဖြစ်ကာ၊ ကျွနု်ပ်ဟို့အချင်းချင်းအပြစ်မလွှတ်ပါက မဖဘုရားကလည်း ကျွနု်ပ်တို့၏အပြစ်ကိုလွှတ်မည်မဟုတ်ပါ။

                ရှင်မဿဲ ၁၈း ၂၃-၃၅ တွင် သခင်ယေရှုသည် ရှင်ဘုရင်တစ်ပါးက တာလင်တစ်သောင်းအကြွေးတင်သော ကျွန်တစ်ဦးကို လွှတ်၍ ချမ်းသာပေးသည့်အကြောင်းပြောပါသည်။  သို့သော်၊ ထိုကျွန်သည် မိမိငွေဒေနာရိတစ်ရာကြွေးတင်သော ကျွန်ချင်းတစ်ယောက် ကို မလွှတ်ဘဲနေ၏။ ထိုအခါ ရှင်ဘုရင်အမျက်ထွက်၍ ထိုကျွန်ကိုအကြွေးရှိသမျှ မဆပ်မှီတိုင်အောင် အာဏာသားတို့၏ လက်သို့အပ်လိုက်၏။ ခရစ်တော်ဘုရားက ဤပုံဥပမာစကားကို “သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျက် အပြစ်မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောငါ၏ အဘသည် ထိုနည်းတူ သင်တို့ကိုစီရင်တော်မူလတံ့” ဟု မိန့်တော်မူပြီး အဆုံးသတ်လိုက်သည်။ ဤအရာသည် ဖခင်၏ခွင့်လွှတ်ခြင်းနှင့်သက်ဆိုင်သည်။ အပြစ်မလွှတ်ချင်သောစိတ်သဘောထားသည် အပြစ်ဖြစ်ပြီး၊ ထိုအပြစ်ကိုဝန်ချ၍  မစွန့်ပစ်မီတိုင်အောင် ဘုရားသခင်က ဖခင်အနေဖြင့်  ကျွနု်ပ်တို့အားအပြစ် မလွှတ်နိုင်ပါ။

                ကျမ်းစာလေ့လာရာ၌ အားရစရာများထဲမှတစ်ခုမှာ ဤအခြေခံခြားနားချက်များကို သိရှိနားလည်ပြီး၊ ကျွနု်ပ်တို့၏ နေ့စဉ်ကျမ်းစာ ဖတ်ရှုဆင်ခြင်သောအခါ၌ လက်တွေ့ကျင့်သုံးခြင်းဖြစ်သည်။ ယခုအချိန်မှစ၍ သင်သည် အပြစ်လွှတ်ခြင်းအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာထဲ၌တွေ့သောအခါ “ဟေ့၊ ဒါက တရားဥပဒေအရ အပြစ်လွှတ်ခြင်းဖြစ်ပြီး” သို့မဟုတ် “ဒါကတော့ အဖဘုရားရဲ့ အပြစ်လွှတ်ခြင်းဖြစ်တယ်” စသည်ဖြင့် မှန်ကန်စွာဖြင့် ခွဲခြားတတ်တော့မည်ဖြစ်သည်။ အပြစ်သားသည် သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံသောအခါ တရားဥပဒေအရအပြစ်လွှတ်ခြင်းကိုရရှိကာ၊ ယုံကြည်သူသည် သူကျူးလွန်သည့်အပြစ်ကိုဝန်ချတောင်း ပန်သောအခါ မိဘ၏အပြစ်လွှတ်ခြင်းကို ရရှိကြောင်းအမြဲသတိရပါ။

သဘာဝနှစ်မျိုး   The Two Natures

                သမ္မာကျမ်းစာထဲတွင် ယုံကြည်သူ၏ခြားနားသော သဘာဝနှစ်ခုအကြောင်းတွေ့ရပါသည်။ ခရစ်ယာန်တစ်ယောက်က  ဤသမ္မာတရားကိုမသိသောအခါ၊ သူသည် အပြစ်၊ သံသယနှင့်စိတ်ပျက်ခြင်းတို့၏ ဖျက်ဆီးမှုကို ခံရန်အသင့်ဖြစ်နေသည်။ သို့ဖြစ်၍၊ ခရစ်ယာန်တိုင်းသည် ဤသဘာဝဟောင်းနှင့် သဘာဝသစ်နှစ်ခုစလုံးရှိကြောင်းနှင့် ၎င်းတစ်ခုစီ၏ဂုဏ်အင်လက္ခဏာကိုလည်း သိရှိနားလည်ရန် အရေးကြီးပါသည်။

သဘာဝဟောင်း (လူဟောင်း)

                ကယ်တင်ခြင်းရသောသူနှင့် မရသောသူနှစ်ဦးစလုံးတို့၌ သဘာဝဟောင်းရှိကြပါသည်။ မယုံကြည်သူ၌ ဤသဘာဝဟောင်း တစ်ခုတည်းသာရှိပြီး၊ အာဒံမှတဆင့်ရရှိသောအမွေဖြစ်ကာ၊ အမြဲတည်ရှိသည်။ ဤသဘာဝကို အာဒံ၏သဘာဝ၊ လူဟောင်း (သို့)ဇာတိ ဟူ၍ ခေါ်သည်။ ဒါဝိဒ်က “ အကျွနု်ပ်သည် မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋ္ဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏” (ဆာ၊ ၅၁း၄) ဟု ဝန်ခံပါသည်။ ရှင်ပေါလုကလည်း “ ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာတစုံတခုမျှ မတည်သည်ကိုငါသိ၏” (ရောမ ရး၁၈) ဟု ဖော်ပြပါသည်။ ထိုဇာတိပကတိ၌ ကောင်းသောအရာမရှာသင့်သလို၊ ကောင်းသောအရာမတွေ့သောအခါလည်း ဝမ်းမနည်း သင့်ပါ။ ကျွနု်ပ်တို့တစ်ယောက်စီတိုင်း၌ အပြစ်မျိုးစုံကိုလုပ်နိုင်သောဇာတိပကတိရှိကြောင်းသိမှတ်ပါ။

                အာဒံ၏သဘာဝသည် ယုံကြည်သူ၏ ရန်သူသုံးမျိုးထဲမှ တစ်မျိုးဖြစ်ပြီး၊ အခြားနှစ်မျိုးမှာ၊ လောကနှင့်စာတန်ဖြစ်ပါသည်။ သဘာဝဟောင်း (လူဟောင်း) သည် အတွင်းရန်သူဖြစ်၍ မသန့်ရှင်းသောအရာများကိုကြိုက်နှစ်သက်ကာ၊ ဘုရားသခင်၏ပညတ်တော်ကို ပုန်ကန်ဆန့်ကျင်သည့် သဘောရှိသည်။ ထိုအာဒံ၏ သဘာဝကြောင့် လူတို့သည်သမ္မာတရားထက်အမှားကိုပို၍ လက်ခံချင်ကြသည်။

                အာဒံ၏သဘာဝမှာ ကုသ၍ မရလောက်အောင်ဆိုးယုတ်ပါသည်။ ယောက်ျား (သို့) မိန်းမတစ်ယောက်သည် သန့်ရှင်းစွာဖြင့် နှစ် ပေါင်းများစွာအသက်ရှင်သည့်တိုင်အောင် ထိုသဘာဝဟောင်းမှာ ပို၍မကောင်းလာပါ။ ဘုရားသခင်သည် ထိုသဘာဝဟောင်းကို ပို၍ ကောင်းလာရန်နှင့် ပြုပြင်ပြောင်းလဲရန် မလုပ်ပဲ၊ လက်ဝါးကပ်တိုင်ပေါ်၌ ဒဏ်ပေးလိုက်သည်။ “ အပြစ်နှင့်ပြည့်စုံသော ဇာတိပကတိ၏  သဏ္ဍာန်ကိုဆောင်သော မိမိသားတော်ကို စေလွှတ်တော်မူ၍၊ အပြစ်ဖြေဘို့ရာ ဇာတိပကတိ၌ အပြစ်ကိုဒဏ်ပေးတော်မူ၏။”(ရောမ ၈း၃)။ “ငါတို့၏လူဟောင်းသည် ထိုသခင်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကိုခံပြီး” (ရောမ ၆း၆)။ ယခုတွင် ဘုရားသခင်သည် ယုံကြည်သူတို့အား အပြစ်တရားနှင့် ဆိုင်သောအရာ၌ အသေဖြစ်သည်ဟူ၍ ကိုယ်ကိုကိုယ်ထင်မှတ်ကြရန် သွန်သင်ပါသည်။

                လူတစ်ယောက်အား တစ်ခုခုမလုပ်ရန်တားမြစ်သောအခါ၊ ထိုလူဟောင်းကချက်ချင်း လုပ်ချင်သည်။ ရှင်ပေါလုက ရောမ ရး၇-၉တွင် ထူးဆန်းသောအတွေ့အကြုံကို ဖေါ်ပြပါသည်။

                “… အဘယ်သို့နည်းဟူမူကား၊ လောဘစိတ်မရှိစေနှင့်ဟု ပညတ်တရားမဆိုလျှင်၊ လောဘသဘောကို ငါမသိ။ အပြစ်တရား သည် ပညတ်တရားအားဖြင့် အခွင့်ရ၍၊ ငါ၌အမျိုးမျိုးသော လောဘတို့ကို ဖြစ်စေ၏။ ပညတ်တရားမရှိလျှင် အပြစ်တရားသေ၏။ အထက် ကပညတ်တရားမရှိသဖြင့် ငါသည်အသက်ရှင်၏။ ပညတ်တရားပေါ်သောအခါ အပြစ်တရားသည် ရှင်ပြန်၏။ ငါလည်းသေ၏။”

                ရှင်ပေါလုက ထိုဇာတိပကတိ (သဘာဝဟောင်း)ကို ရွံရှာဘွယ်အနံ့ဆိုးရှိသော လူသေအလောင်းသဖွယ်ပြောပါသည်။ ထိုဇာတိ ပကတိက ရှင်ပေါလုသွားသည့်နေရာတိုင်း၌လိုက်ပြီး အလွန်ပြင်းပြသောဝေဒနာဖြင့် “ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤ အသေကောင်မှ ငါ့ကိုအဘယ်သူကယ်လွှတ်မည်နည်း”(ရောမ ရး၂၄) ဟုအော်ဟစ်စေပါသည်။

                သဘာဝဟောင်း (လူဟောင်း)သည် အာဒံ၏အထဲ၌ ကျွန်ုပ်တို့၏ အခြေအနေကို ဖေါ်ညွှန်းသည်။ သခင်ယေရှုသည် ထိုသဘာ၀ ဟောင်းနှင့် ကျွန်ုပ်တို့ပြုသော ဒုစရိုက်အားလုံးအတွက် အသေခံခဲ့သည်။ ဤအရာက စိတ်သက်သာရာရစေပါသည်။ အဘယ့်ကြောင့် ဆိုသော်၊ အာဒံ၌ ကျွန်ုပ်တို့၏ အခြေအနေမှာ ကျွန်ုပ်တို့ပြုခဲ့ပြီးသော အရာများထက် အလွန်ဆိုးရွားလှပါသည်။

                ကျွန်ုပ်တို့ပြောခဲ့ပြီးသောအရာများသည် မယုံကြည်သူတို့၏ ကြင်နာတတ်ခြင်း၊ ဂရုဏာထားခြင်းနှင့် ရက်ရောခြင်းများကို မငြင်း ပယ်ပါ။ ထိုအကျင့်များသည် သဘာဝဉာဏ်အားဖြင့် လုပ်ဆောင်ခြင်း၊ (ဥပမာ-သားသမီးများအတွက် မိခင်၏မေတ္တာ) သို့မဟုတ်၊ စိတ် လိုက်မာန်ပါလုပ်ဆောင်ခြင်း(သို့) ပညာရှိသောကြောင့် လုပ်ဆောင်ခြင်းများ ဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ်၊ ခရစ်ယာန်အယူဝါဒ၏ လွှမ်းမိုးခြင်းကြောင့် (သို့) ကယ်တင်ခြင်းရချင်သောကြောင့် ထိုသို့သောကောင်းသောအကျင့် ကျင့်ကြံခြင်းဖြစ်နိုင်ပါသည်။ မည်သို့ပင် ဆိုစေ၊ သေချာသောအရာတစ်ခုမှာ၊ မယုံကြည်သူတစ်ယောက် ပထမလုပ်နိုင်သော အကျင့်ကောင်းတစ်ခုမှာ ခရစ်တော်ကို ယုံကြည် ကိုးစားခြင်းဖြစ်ပါသည်။ (ယော၊ ၆း၂၉)။

သဘာဝသစ်(လူသစ်)

                လူတစ်ယောက်ဒုတိယမွေးခြင်းခံသောအခါ၊ သဘာဝသစ်၊ ဘုရားပကတိ (၂ပေ ၁း၄)နှင့် ခရစ်တော်၏ အသက်ကိုရရှိပါသည်။ ဤသဘာဝသစ်သည် ဘုရားသခင်ဖွားမြင်စေခြင်းအားဖြင့် ဖြစ်သောကြောင့် အပြစ်မလုပ်တတ်ပါ (၁ယော၊ ၃း၉)။

                ထိုသဘာဝသစ်သည် ကောင်းသောအရာကိုသာ  လုပ်တတ်သည်။ ဤသဘာဝသစ်ကို ခရစ်တော်၏ သဘာ၀ (သို့) လူသစ်ဟု ခေါ်ဆိုနိုင်သည်။ ဤလူသစ်သည် သန့်ရှင်းသောအရာများကိုသာ ကြိုက်နှစ်သက်ကာ၊ ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်အညီ အသက်ရှင် ချင်သည်။ လူသည် ဘုရားသခင်၏ နည်းဥပဒေသများကို အားရနှစ်သက်၍ လက်တွေ့လိုက်နာသည်။ ထိုအရာများသည် မိခင်တစ်ဦးအား သူ၏ သားသမီးများကို ကောင်းမွန်စွာပြုစုရန် စေခိုင်းသကဲ့သို့ဖြစ်ပြီး၊ ဝန်မလေးကြပါ။   

                ဤသဘာဝနှစ်မျိုးကို သင်္ဘောပေါ်မှ နောဧလွှတ်သော ကျီးအနှင့် ဂျိုးငှက်ဖြင့် နှိုင်းယှဉ်ကြည့် နိုင်ပါသည်။ ကျီးအသည် ဘယ် သောအခါမှ ပြန်မလာပဲ၊ ရေပေါ်၌ မျောသောအပုပ်ကောင်များကို စားသုံးခြင်းဖြင့် အားရကျေနပ်ခဲ့ပါသည်။ သဘာဝသစ် (လူသစ်) ကိုပုံ ဆောင်သော ဂျိုးငှက်သည် သူနားနေရန် သန့်ရှင်းသောနေရာနှင့်  စားသုံးရန် အစာမတွေ့မချင်း သင်္ဘောဆီသို့ ပြန်လာပါသည်။

                သခင်ယေရှုပြောသောစကားများမှာ အလွန်မှန်ပေသည်- “ ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော် မွေးသော အရာသည် ဝိညာဉ်ဖြစ်၏” (ယော၊ ၃း၆)။

ဆန့်ကျင်တိုက်ခိုက်ခြင်း

                လူတစ်ယောက်ကယ်တင်ခြင်းရသည်နှင့် တပြိုင်နက် သဘာဝနှစ်ခုတို့သည် တစ်ခုနှင့်တစ်ခုဆန့်ကျင်တိုက်ခိုက်ကြ၏။ လုံးဝမတူ ညီသော ဤသဘာဝနှစ်ခုတို့သည် ငြိမ်းချမ်းစွာဖြင့် အဘယ်သို့ရှိနိုင်ကြပါမည်နည်း။ ဤတိုက်ခိုက်ခြင်းကို ရေဗက္က၏ ဝမ်းထဲ၌တစ်ယောက် နှင့်တစ်ယောက် ရုန်းကန်တိုက်ခိုက်နေသည့် ကလေးနှစ်ယောက်က ဖော်ပြပါသည် (ကမ္ဘာ၊ ၂၅း၂၂-၂၃)။ “ထိုသို့ဖြစ်၍ ငါ၌အဘယ်အမှု ရောက်ပါလိမ့်မည်နည်း”ဟုမေးပါသည်။ ရှင်ပေါလုက ထိုသဘာဝနှစ်မျိုးတစ်ခုနှင့်တစ်ခု ဆန့်ကျင်တိုက်ခိုက်ခြင်းကို ရောမ ရး၁၄- ၂၅ တွင် အောက်ပါအတိုင်း ဖော်ပြပါသည်။

                “ထိုမှတပါး ပညတ်တရားသည် ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သည်ကို ငါတို့သိကြ၏။ ငါမူကား ဇာတိပကတိရှိ၏။ အပြစ်တရား လက်၌ ကျေးကျွန်ဖြစ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်ကျင့်သောအကျင့်ကိုမကျင့်၊ ရွံရှာသောအကျင့်ကိုကျင့်၏။ ထိုသို့ ငါသည်မကျင့် ချင်သော အကျင့်ကို ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည်ကျင့်၏။ ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်း သောအရာတစုံတခုမျှမတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သောစိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သော အခွင့်ကိုရှာ၍ မတွေ့သောစိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။ ငါသည် ကျင့်ချင်သောအကျင့်ကောင်း ကိုမကျင့်၊ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့်၏။ ထိုသို့ငါသည်မကျင့်ချင်သော အကျင့်ကိုကျင့်လျှင်၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါအထဲ၌နေသော အပြစ်တရားသည်ကျင့်၏။ ထိုသို့ငါသည် မကျင့်ချင်သော အကျင့်ကိုကျင့်လျှင်၊ ငါကိုယ်တင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသောအပြစ်တရားသည် ကျင့်၏။ ထိုသို့ကောင်းသောအကျင့်ကို ကျင့်ချင်သောအခါ။ မကောင်းသောအကျင့်ကို ကျင့်စေတတ်သောတရားကို ငါမတွေ့။ ငါသည်အတွင်းလူအားဖြင့် ဘုရားသခင်၏ပညတ်တရားတော်ကိုနှစ်သက်၏။ သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ရှိသောတရားတပါးသည် စိတ်ဝိညာဉ်တရားကိုဆိုင်ပြိုင်တိုက်လှန်သဖြင့် ငါ့ကိုဘမ်းသွားအပ်နှံသည်ကိုငါမြင်၏။ ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား။ ဤအသေကောင်မှငါ့ကို အဘယ်သူကယ်လွှတ်မည်နည်း။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသောဘုရားသခင်၏ ကျေးဇူးတော်ကြီးလှပေ၏။ ထိုသို့ စိတ်ဝိညာဉ်အားဖြင့်  ဘုရားသခင်၏  တရားတော်အလိုသို့၎င်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့၎င်း၊ ငါလိုက်တတ်၏။ ”

                ဇာတိပကတိနှင့် သန့်ရှင်းသော ဝိညာဉ်တော်သည် တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်ကြသည်ဟု (ဂလာ၊၅း၁၇)၌ ဖေါ်ပြထားပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ ဇာတိပကတိတပ်မက်မှုက ဝိညာဉ်တော်ကိုတိုက်၍၊ ဝိညာဉ်တော်က ဇာတိပကတိကို တိုက်လှန်ပြီး၊ တစ်ခုနှင့် တစ်ခုဆန့်ကျင်ကြသောကြောင့် သင်လုပ်ချင်သောအရာကိုလုပ်၍မရပါ။ ယုံကြည်သူတစ်ယောက်သည် မလုပ်ချင်သည့် အရာကိုလုပ် မိတက်သည့်အတွက် ကိုယ့်ကိုကိုယ်မယုံကြည်နိုင်လောက်အောင်ဖြစ်တက်ခြင်းမှာ အံ့သြစရာမဟုတ်ပါ။ ရှင်ပေါလုသည်လည်း ရေဗက္ကာကဲ့သို့ အတွင်း၌ယှဉ်ပြိုင်တိုက်ခိုင်ခြင်းကို နားမလည်နိုင်လောက်အောင် ခံစားခဲ့သည့်မှာ အံ့သြစရာမဟုတ်ပါ။ သူသည် ခရစ်တော်ကို ယုံကြည်ကိုးစားသောအခါ ထိုစစ်ပွဲပြီးဆုံးသွားကြောင်း မှန်ကန်စွာသိရှိခဲ့သည်။ သို့သော်၊ ယခုတွင် အခြားခက်ထန်သော တိုက်လှန်ခြင်းတစ်ခုစတင်ကြောင်းတွေ့ရှိကာ ၊ သူရရှိသည့်ကယ်တင်ခြင်းအတွက် သံသယရှိလာပါသည်။

                ယုံကြည်သူ တစ်ယောက်စီ၌ ထိုတိုက်လှန်ခြင်းရှိကြောင်းကို သိသင့်ပြီး (၁ကော၊ ၁၀း၁၃)၊ ၎င်းသည် သေသည့်တိုင်အောင် (သို့) ချီဆောင်ခြင်းနေ့ရက်အထိ ဆက်လက်ဖြစ်နေမည်။ ဤအရာသည် ကယ်တင်ခြင်းမရသည့်အထောက်အထားမဟုတ်ပဲ၊ အမှန်မှာ ကယ်တင်ခြင်းရကြောင်းကို အတည်ပြုသည့် အထောက်အထားများဖြစ်ပါသည်။

မည်သည့်သဘာဝကနိုင်ပါသနည်း

                ဝိညာဉ်တော်သည် လူ့အထဲ၌ ကျိန်းဝပ်သော အပြစ်၏တန်းဖိုးမှ လွတ်မြောက်စေသောသူဖြစ်ပါသည် (ဂလား၊ ၅း၁၇)။ ဝိညာဉ်သဘောနှင့် အပြည့်ဝဆုံး ယုံကြည်သူ၌ ထိုတန်ခိုးမရှိပါ။ သို့ရာတွင်၊ နာခံခြင်းနှင့် အခြားယုံကြည်သူများ၏ စုပေါင်းပံ့ပို့မှုလို အပ်ပါသည်။

                မည်သည့်သဘာဝကနိုင်သည်ဆိုသည်မှာ ယုံကြည်သူ၏ ဆုံးဖြတ်ချက်အပေါ်၌မူတည်ပါသည်။ လူသစ်(ဝိညာဉ်ပကတိ)ကို ထိပ်ဆုံး၌ နေရန်မျှော်လင့်ပါက၊ သူသည် အကျိုးမပေးသော TV နှင့် ရုပ်ရှင်ဇာတ်ကားများကြည့်ခြင်း၊ မကောင်းသည့်စာပေများဖတ်ရှုခြင်း နှင့် အပျော်လိုက်စားခြင်းများဖြင့် ကိုယ်ကာယ၏ တပ်မက်မှုနောက်သို့ မလိုက်ရပါ။ သိုးကလေး အနိုင်ရစေချင်ပါက မြေခွေးကို အစာမ ကျွေးရပါ။ သို့ဖြစ်သောကြောင့်၊ ယုံကြည်သူအား” ကိုယ်ကာယ၏ တပ်မက်ခြင်းအလိုဌါ မကြံစည်ကြနှင့် ” (ရောမ ၁၃း၁၄)ဟု ပြောထား ပါသည်။ သူသည် နှုတ်ကပတ်တော်ဖတ်ရှုဆင်ခြင်ခြင်း၊ ဆုတောင်းခြင်း၊ အမှုတော်မြတ်၌ ပါဝင်ခြင်းများအတွက် အချိန်များစွာပေး ရန်တာဝန်ရှိပါသည်။ သန့်ရှင်းသော အသက်တာ၌ ကျင်လည်နိုင်ရန် လိုအပ်သောလုပ်ဆောင်ချက်များကို လက်တွေ့လုပ်ဆောင်ရပါမည်။

ဆင်ခြေပေး၍ မရပါ

                ကျွနု်ပ်တို့ကျူးလွန်သော အပြစ်များအတွက် လူဟောင်းပေါ်၌ အပြစ်ပုံချ၍ မရပါ။ အကျိုးလည်းမရှိပါ။ ဘုရားသခင်သည် ထိုအပြစ်အတွက် လူဟောင်း၌တာဝန်ရှိသည်မမှတ်ယူပဲ၊ ကျူးလွန်သူ၌သာ တာဝန်ရှိသည်ဟု မှတ်ယူပါသည်။

                အပြစ်အတွက် ဆင်ခြေပေးခြင်းသည် အပြစ်ဆက်လက်ကျူးလွန်ရန် လွယ်ကူစေသည့်အပြင် အပြစ်ကိုခုခံဆန့်ကျင်သည့် ခွန်အားကိုလည်း ကျဆင်းစေပါသည်။

နိဂုံး

                သမ္မာကျမ်းစာနှင့် ကျွနု်ပ်တို့၏ အတွေ့အကြုံနှစ်ခုစလုံးက ကျွနု်ပ်တို့၌ သဘာဝနှစ်မျိုးရှိကြောင်းဖော်ပြပါသည်။ ထိုသဘာဝ နှစ်မျိုးကို ခြားနားသောနာမည်အမျိုးမျိုးဖြင့် ခေါ်ကြသော်လည်း၊ ၎င်းတို့သည် အမှန်တကယ်ရှိပါသည်။ ယုံကြည်သူတစ်ယောက်သည် ဤ သမ္မာတရားကိုမသိပါက ၊ ဆန့်ကျင်ဘက်ဖြစ်သကဲ့သို့ ခံစားနိုင်ပြီး၊ သူ၏ ပြောင်းလဲခြင်းခိုင်လုံမှုအပေါ်တွင် သံသယရှိလာမည်ဖြစ်သည်။ ထို့အပြင်  သူသည်ရှုံးနိမ့်သောအသက်တာ၌သာ သံသရာလည်နေမည်ဖြစ်သည်။

                သူ၏ခက်ခဲသောအခြေအနေဖြေရှင်းနည်းမှာ လူဟောင်း၏ဆိုးညစ်သော ကိုယ်ကာယတပ်မက်မှုကို မတုန့်ပြန်တတ်သော လူသေကဲ့သို့ မိမိကိုယ်ကိုမှတ်ယူကာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ ထိန်းချုပ်မှုအောက်၌ ဆက်လက်၍ အသက်ရှင်ရပါမည်။ ဤသို့အသက်ရှင်နေသရွေ့ ဇာတိပကတိ၏ အလိုသို့မလိုက်ပဲ အသက်ရှင်နိုင်မည်ဖြစ်သည်။  (ဂလာ၊ ၅း၁၆)

သန့်ရှင်းစေခြင်းအမျိုးမျိုး  Kinds of Sanctification

                “ သန့်ရှင်းစေခြင်း” စကားလုံး၏အဓိပ္ပာယ်မှာ” သီးသန့်ဖယ်ထားခြင်း” ဖြစ်သည်။ ဤဝေါဟာရ၏အုပ်စုတွင်ပါဝင်သော စကားလုံးများမှာ  သန့်ရှင်းစေသည် (sanctify)၊ သန့်ရှင်းသူ (saint)၊ သန့်ရှင်းသော (holy) သန့်ရှင်းခြင်း (holiness)၊ သီးသန့်ထားသော (consecrate)၊ သီးသန့်ထားခြင်း (consecration) တို့ဖြစ်ပြီး၊ ၎င်းတို့အားလုံး၏မူရင်းအဓိပ္ပာယ်တူကြသည်။ သန့်ရှင်းစေခြင်းသည် အများ အားဖြင့် အရာတစ်ခုခုကို သာမန်အသုံးပြုခြင်းမှ ဘုရားအမှုတော်အတွက်ခွဲခြားထားခြင်းကိုဆိုလိုသည်။ “ သန့်ရှင်းစေသည်” (sanctify) ဝေါဟာရကို “သီးသန့်ဖယ်ထားသည်” ဟု မှတ်ယူပါက၊ အနက်ဖွင့်ရာတွင်အကိုက်ညီဆုံးဖြစ်သည်။

                ဓမ္မဟောင်းခေတ်တွင် ဘုရားသခင်သည် သတ္တမနေ့ကိုသန့်ရှင်းစေသည် (ကမ္ဘာ၊ ၂း၃)။ လူနှင့်တိရစ္ဆာန်တို့၏ သားဦးများက လည်း ဘုရားအတွက် သန့်ရှင်းစေသည် (ထွက်၊ ၁၃း၂)။ ယဇ်ပုရောဟိတ်များကိုလည်း ဘုရားအတွက် မိမိကိုယ်ကိုသန့်ရှင်း စေရန်ပြောခဲ့သည် (ထွက် ၊ ၁၉း၂၂)။ သိနတောင်ကိုသန့်ရှင်းစေသည် (ထွက်၊ ၁၉း၂၃)။ တဲတော်နှင့်အသုံးဆောင်ပစ္စည်း အားလုံးကိုလည်း သန့်ရှင်းစေသည် (ထွက် ၊ ၄၀း၉) ။ ဟေရှာယ ၆၆း၁၇ တွင် ရုပ်တုကိုးကွယ်ရန်သန့်ရှင်းစေကြသည်။

                ဓမ္မသစ်ကျမ်းထဲတွင် သန့်ရှင်းစေခြင်း (sanctification) ကို မူလအားဖြင့် လူတို့အတွက်အသုံးပြုထားသည်။ သို့သော် သခင်ယေရှုက “ ဗိမ္မာန်တော်သည် ဗိမ္မာန်တော်၏အပေါ်၌ရှိသော ရွှေများကို သန့်ရှင်းစေပြီး၊ ယဇ်ပလ္လင်သည်လည်း သူ့အပေါ်၌ရှိသော ပူဇော်သက္ကာများကို သန့်ရှင်းစေသည်”ဟု ပြောပါသည် (မဿဲ ၃း၁၇၊ ၁၉)။ တမန်တော်ရှင်ပေါလုကလည်း အစားအစာအတွက် ကျေးဇူးတော်ချီးမွမ်းသောအခါ၊ ဘုရား၏ နှုတ်ကပတ်တော်နှင့်ဆုတောင်းခြင်းအားဖြင့်သန့်ရှင်းသည်ဟု သွန်သင်ပါသည် (၁တိ၊ ၄း၅)

                လူပုဂ္ဂိုလ်ရေးရာသန့်ရှင်းစေခြင်းနှင့် ပတ်သက်၍ ဘုရားသခင်သည် ခရစ်တော်ကိုသန့်ရှင်းစေ၍ ဤလောကသို့စေလွှတ်ခဲ့သည် (ယော၊ ၁ဝး၃၆)။ ဤအရာသည် ခမည်းတော်ဘုရားက ကျွနု်ပ်တို့ကိုအပြစ်မှကယ်လွှတ်ရန်သူ၏သားတော်ကို သီးသန့်ဖယ်ထား ခြင်းဖြစ်သည်။ ယေရှုဘုရားကလည်း မိမိကိုယ်ကိုသန့်ရှင်းစေခဲ့သည် (ယော၊ ၁ရး၁၉)။ အဓိပ္ပာယ်မှာ၊ သူ၏လူများအတွက်ကြား ဖြန်ပေးဘို့ရန် မိမိကိုယ်ကိုသီးသန့်ဖယ်ထားခဲ့သည်။

                မယုံကြည်သူများပင်လျှက် သန့်ရှင်းစေခဲ့ကြောင်းတွေ့ရသည်။ “ အကြောင်းမူကား၊ မယုံကြည်သောလင်သည် မိမိမယား အဘို့စင်ကြယ်၏။ မယုံကြည်သောမယားသည်လည်း မိမိလင်အဘို့စင်ကြယ်၏။” (၁ကော၊ ရး၁၄)။ အဓိပ္ပါယ်မှာ၊ မယုံကြည်သူ အိမ်ထောင်ဖက်၏ ကယ်တင်ခြင်းအတွက်  သူ၏ယုံကြည်သူအိမ်ထောင်ဖက်မှဆုတောင်းပေးခြင်းအားဖြင့် သူသည် သန့်ရှင်းစေခြင်း အခွင့်ရသောသူဖြစ်သည်။

                ယုံကြည်သူများက ခရစ်တော်ကိုသီးသန့်ဖယ်ထားရန် နှုတ်ကပတ်တော်ကသွန်သင်ပါသည်။ “ စိတ်နှလုံးထဲ၌ ထာဝရအရှင် ဘုရားသခင် (ခရစ်တော်)ကို ရိုသေခြင်းရှိကြလော့ (သီးသန့်ဖယ်ထားကြလော့ NIV)’’ (၁ပေ၊ ၃း၁၅)။ ကျွနု်ပ်တို့ အသက်တာ၌ ခရစ်တော် ဘုရားကို အကြွင်းမဲ့ အုပ်စိုးစေခြင်းအားဖြင့် သီးသန့်ဖယ်ထားရပါမည်။

                ဓမ္မသစ်ကျမ်းလေ့လာသော အခါ သန့်ရှင်းစေခြင်း (သီးသန့်ဖယ်ထားခြင်း)နှင့် ပတ်သက်၍ အထက်ဖော်ပြပါ အချက်များအပြင်၊ နောက်ထပ်(၄)မျိုးရှိရာ၊ ၎င်းတို့ကို ခွဲခြားနားလည်ဘို့ လိုအပ်ပါသည်။ ၎င်းတို့မှာ- မပြောင်းလဲမီ သန့်ရှင်းစေခြင်း၊ ခရစ်တော်၌ သန့်ရှင်းစေခြင်း၊ အဆင့်ဆင့်တိုးတက်သော သန့်ရှင်းစေခြင်းနှင့် စုံလင်သော သန့်ရှင်းစေခြင်းတို့ ဖြစ်သည်။

မပြောင်းလဲမီ သန့်ရှင်းစေခြင်း (Pre-Conversion Santification)

                လူတစ်ယောက် ဒုတိယမွေးခြင်းမခံမီအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အသက်တာ၌ အလုပ်လုပ်ပြီး၊ ခရစ်တော် ၏ အပိုင်ဖြစ်လာဘို့ရန် သူ့ကိုကြိုတင်၍ သီးသန့်ဖယ်ထားသည် (ဂလာ၊ ၁း၁၅)။ သက်သာလောနိတ်မြို့ ၌ ရှိသော ယုံကြည်သူတို့အား ၎င်းတို့၏ ကယ်တင်ခြင်းသည် အဆင့်သုံးဆင့်ရှိသည့်အကြောင်းကို ရှင်ပေါလုက သတိပေးအမှတ်ရစေပါသည် (၂သက်၊၂း၁၃)။၎င်းတို့မှာ

၁။        ဘုရားသခင်က သူတို့ကို ရွေးကောက်ခြင်း၊

၂။         သန့်ရှင်းသော ဝိညာဉ်တော်က သူတို့ကို သန့်ရှင်းစေခြင်း၊

၃။        သူတို့၏ သမ္မာတရားကို ယုံကြည်ခြင်း စသည်တို့ဖြစ်သည်။

                ဤသန့်ရှင်းစေခြင်း (သီးသန့်ဖယ်ထားခြင်း)သည် သူတို့မယုံကြည်မီ၊ ကယ်တင်ခြင်းမရမီအချိန်တွင် ဖြစ်ခဲ့သည်။ ၁ပေ၊ ၁း၂ ထဲတွင် ကယ်တင်ခြင်းနှင့် ပတ်သက်သော ဖြစ်စဉ်များကို အောက်ပါအတိုင်း တွေ့ရပါသည်။

၁။        ခမည်းတော်ဘုရားက ရှေးမဆွက ရွေးကောက်ခြင်း၊

၂။         ဝိညာဉ်တော်အားဖြင့် သန့်ရှင်းစေခြင်း၊

၃။        ယေရှုခရစ်တော်ကို နာခံခြင်း၊

၄။        ခရစ်တော်၏ အသွေးတော်နှင့် ဖြန်းခြင်း၊

                ဘုရားသခင်သည် ကျွန်ုပ်တို့ကို သူ၏ အပိုင်ဖြစ်ဘို့ရန် ထာဝရကာလ၌ ရွေးကောက်ခဲ့သည် (ဧဖက် ၁း၄)။ အချိန်တန်သောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို ဘုရားသခင်အတွက် သီးသန့်ဖယ်ထားခဲ့သည်။ ထို့နောက် ကျွန်ုပ်တို့သည် ဧဝံဂလိတရား ကို ယုံကြည်လက်ခံကြ၏။ ထိုသို့ ယုံကြည်လက်ခံသည်နှင့်တစ်ပြိုင်တည်းတွင် ခရစ်တော်သွန်းလောင်းသော အသွေးတော်သည် မိမိအတွက် အကျိုးသက်ရောက်လာသည်။ ဤကျမ်းပိုဒ်တွင် ရှင်ပေတရုပြောသောအရာမှာ လူတစ်ယောက်မပြောင်းလဲမီ ဖြစ်ခဲ့သည့် သန့်ရှင်းစေခြင်း (sanctification) ဖြစ်ပါသည်။

ခရစ်တော်၌သန့်ရှင်းစေခြင်း

                လူတစ်ယောက် ဒုတိယမွေးခြင်းခံသည့်အချိန်တွင် ခရစ်တော်၌ သန့်ရှင်းခြင်းခံပြီးသောသူဖြစ်လာပါသည်။ ဆိုလိုသည်မှာ၊ ထိုသူ သည်”ခရစ်တော်၌” ရှိပြီဖြစ်သောကြောင့် လောကမှ ဘုရားသခင်ထံတော်သို့ သီးသန့်ဖယ်ထားခြင်းခံသောသူဖြစ်သည်။ အမှန်မှာ၊ ခရစ်တော် ကိုယ်တိုင်သည် ထိုသူ၏ သန့်ရှင်းခြင်း ဖြစ်ပါသည်။ (၁ကော၊ ၁း၃၀)  

                စစ်မှန်သော ယုံကြည်သူ အယောက်တိုင်းသည် သန့်ရှင်းသူဖြစ်ပါသည်။ ဘုရားသခင်ထံတော်သို့ သီးသန့်ဖယ်ထားခြင်း ခံခဲ့ပြီးသူ ဖြစ်သည်။ ထို့ကြောင့် ကောရိန္တုအသင်းတော်၌ ရှိသော ခရစ်ယာန်အားလုံးကို “ခရစ်တော်ယေရှု၌ သန်ရှင်းခြင်းခံခဲ့ပြီးသူများ၊ သန့်ရှင်းသူများ” ဟု ၁ကော၊ ၁း၂တွင်ဖော်ပြထားပါသည်။ ထိုသူတို့၏ အသက်တာသည် တစ်ချိန်လုံး မသန့်ရှင်းကြပါ။  ကြီးလေးသော အပြစ်ကျုးလွန်သူသည်ရှိသည် (၁ကော၊ ၅း၁-၂)။ အချင်းချင် အမှုရှိလျှင် လောကီတရားရုံး၌ စီရင်ကြသည် (၁ကော၊ ၆း၁)။ သူတို့တွင် ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်သော ဆရာများရှိ၏ (၁ကော၊ ၁၅း၃၃၊၃၄။ သို့ရာတွင် သူတို့အားလုံးသည် သန့်ရှင်းခြင်းခံခဲ့ပြီး သူများဖြစ်သောကြောင့် သန့်ရှင်းသူများဖြစ်ကြသည်။

                ခရစ်တော်၌ သန့်ရှင်းစေခြင်းအကြောင်းကို သွန်သင်သော ကျမ်းပိုဒ်တစ်ချို့ဆက်လက်၍ လေ့လာကြပါစို့။ တမန်၊ ၂၀း၃၂- “သန့်ရှင်းသော သူအပေါင်းတို့ “ ဟူသော စကားစုသည် ယုံကြည်သူအားလုံးကိုဆိုလိုသည်။ တမန်၊ ၂၆း၁၈တွင်လည်း ခရစ်တော်ဘုရား က သူ၏လူတို့ကို “ ယုံကြည်ခြင်းအားဖြင့် ငါ၌သန့်ရှင်းခြင်းခံပြီးသူများ” ဟု ဖော်ပြပါသည်။ ကောရိန္တုမြို့၌ရှိသော ယုံကြည်သူအားလုံးကို သခင်ယေရှု၏ နာမတော်နှင့် ဝိညာဉ်တော်အားဖြင့် “ဆေးကြောခြင်း ….. သန့်ရှင်းစေခြင်း၊ ဖြောင့်မတ်စေခြင်းခံပြီးသူများ” (၁ကော ၊ ၆း၁၁)ဟု ပါရှိသည်။ ဟေဗြဲသြဝါဒစာကို ရေးသောသူကလည်း “ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တစ်ခါတည်း ပူုဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏” ဟု ကျွန်ုပ်တို့ကို သတိပေးသိမှတ်စေပါသည် (ဟေဗြဲ ၁၀း၁၀)။ “အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းအကျိုးကို ရစေခြင်းငှါ၊ တစ်ခါတည်း ပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏” (ဟေဗြဲ ၁၀း၁၄)။

                ခရစ်တော်၌သန့်ရှင်းစေခြင်းကို တစ်ခါတစ်ရံ “သန့်ရှင်းသော” (holy) စကားလုံးကို အသုံးပြု၍ ဖော်ပြလေ့ရှိပါသည်။ ရှင်ပေါလုက ကောလောသဲ ၃း၁၂တွင် ခရစ်ယာန်များကို “သန့်ရှင်းသောသူ” ဟုခေါ်ရာတွင် သူတို့သည် ဘုရားသခင်ရှေ့မှောက်၌ ခရစ်တော်အားဖြင့် ရရှိသောသန့်ရှင်းခြင်းကို ဖော်ညွှန်းခြင်းဖြစ်ပါသည်။

အဆင့်ဆင့်တိုးတက်သော သန့်ရှင်းစေခြင်း (Progressive Sanctification)       

                ခရစ်ယာန်အားလုံးတို့သည် သန့်ရှင်းစေခြင်း ခံခဲ့ကြပြီးဖြစ်ကြောင်းကို သွန်သင်သော ကျမ်းပိုဒ်များစွာရှိသလို၊ သူတို့သည် သန့်ရှင်းစေခြင်းကို ခံသင့်ကြောင်း (should be) သွန်သင်သည့်ကျမ်းပိုဒ်များလည်းရှိပါသည်။ အမျိုးမျိုးသော သန့်ရှင်းစေခြင်းကို မခွဲခြားတတ်ပါက ရှုပ်ထွေးသွားပါမည်။

                အဆင့်ဆင့်တိုးတက်သော (သို့) လက်တွေ့သန့်ရှင်းစေခြင်းသည် ကျွန်ုပ်တို့ နေ့စဉ်အသက်တာ၌ မည်ကဲ့သို့ အသက်ရှင်သင့် သည်အကြောင်းကို ဖော်ညွှန်းပါသည်။ ကျွန်ုပ်တို့သည် အပြစ်နှင့်မကောင်းမှုအမျိုးမျိုးတို့ကို စွန့်ကာဘုရားသခင်အတွက် မိမိအသက်တာ ကို သီးသန့်ဖယ်ထားပြီး၊ အသက်ရှင်သင့်သည်။ သန့်ရှင်းသူတို့သည် အချိန်နာရီတိုင်းတွင် သာ၍ သန့်ရှင်းသော အသက်တာရှိသင့်သည်။

                ရှင်ယောဟန် ၁ရး၁၇ ၌ သခင်ယေရှု၏ ဆုတောင်းချက်သည် “ လက်တွေ့သန့်ရှင်းစေခြင်း”နှင့် သက်ဆိုင်ပါသည်။ “ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏”

                “လက်တွေ့သန့်ရှင်းစေခြင်း” တွင် ယုံကြည်သူ၏ စုပေါင်းလုပ်ဆောင်မှုပါဝင်သည် (၂တိ၊ ၂း၂၁)။ သန့်ရှင်းစေခြင်း (သို့) သန့်ရှင်း ခြင်းအတွက် သွန်သင်နှိုးဆော်သော ကျမ်းပိုဒ်များသည် ခရစ်ယာန်အသက်တာလက်တွေ့ သန့်ရှင်းခြင်းနှင့် သက်ဆိုင်ကြောင်း သေချာပါ သည်။ ထို့ကြောင့် ရှင်ပေါလုက “…. ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင် စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့” (၂ကော ၊ ရး၁)ဟု ကောရိန္တုမြို့ရှိ ယုံကြည်သူများကို တိုက်တွန်းသည်။ အလားတူစွာ ပေတရုက “သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့” ၁ပေ၊ ၁း၁၅)။

                 လက်တွေ့သန့်ရှင်းစေခြင်းသည် ညစ်ညူးသောအရာများမှ ခွဲခြားခြင်းဖြစ်ကြောင်း ကျမ်းစာကသွန်သင်ပါသည်။ “ဘုရား သခင်၏ အလိုတော်ဟူမူကား၊ သင်တို့သည် မတရားသော မေထုန်ကို ကြဉ်ရှောင်၍ သန့်ရှင်းစေခြင်းငှါသော်၎င်း၊ ဘုရားသခင်ကို မသိသော သာသနာပလူတို့သည် ကိလေသာတပ်မက်ခြင်းရှိသကဲ့သို့မရှိ၊ သင်တို့အပေါင်းသည် သန့်ရှင်းခြင်း၊ အသရေတင့်တယ်ခြင်းနှင့် မိမိကိုယ်ကို မိမိထိန်းတတ်စေခြင်းငှါ . . .” (၁သက်၊ ၄း၃-၅)ဟု သွန်သင်ပါသည်။

                ခရစ်ယာန်တစ်ယောက်သည် ဘယ်လိုနည်းဖြင့် ပို၍ သန့်ရှင်းသောသူ ဖြစ်လာနိုင်ပါသနည်း။ ဤမေးခွန်း၏ အဖြေကို    ၂ကော၊ ၃း၁၈တွင် တွေ့ရပါသည်။ “ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက် မှန်ကိုကြည့်သကဲ့သို့ သခင်ဘုရား၏ ဘုန်းအသရေတော်ကို ကြည့် မြင်၍၊ ဝိညာဉ်တော်တရား၏ အရှင်သည် ရောင်ခြည်တော်ကို လွှတ်တော်မူသည်အတိုင်း ငါတို့သည် ဘုန်းသရေတိုးပွား၍၊ ပုံသဏ္ဍာန် တော် နှင့်အညီ ပြောင်းလဲခြင်းရှိရကြ၏။ လက်တွေ့ သန့်ရှင်းစေခြင်းသည် အသက်တာ၌ ခရစ်တော်ကို ပထမဦးစားပေးခြင်းအားဖြင့်သာ လျှင် ရရှိခံစားနိုင်သည်။ လူ့အသက်တာ၌ အရေးကြီးသောမူတစ်ခုမှာ၊ ကျွန်ုပ်တို့အသက်တာသည် ကျွနု်ပ်တို့ကိုးကွယ်သောသူ၏  သဏ္ဍာန်တော်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။ ခရစ်တော်ကိုစေ့စေ့ကြည့်မျှော်လေလေ၊ သူ၏သဏ္ဍာန်တော်သို့ ပြောင်းလဲလေလေ ဖြစ်၏။ ဤအံ့သြဘွယ်ရာ ပြောင်းလဲခြင်းကို သန့်ရှင်းသော ဝိညာဉ်တော်က တစ်ချိန်တစ်ခါတည်းမဟုတ်ပဲ အကြိမ်ကြိမ် လုပ်ဆောင်ပါ    သည်။

စုံလင်သော သန့်ရှင်းစေခြင်း

                ဤစုံလင်သော သန့်ရှင်းစေခြင်းသည် ယုံကြည်သူအတွက် အနာဂတ်ကာလတွင် ဖြစ်မည်။ ယုံကြည်သူသည် ခရစ်တော်ကို မျက်နှာချင်းဆိုင် တွေ့သောအခါ အပြစ်နှင့် ညစ်ညူးသောအရာများမှ ထာဝရခွဲခွာတော့မည်ဖြစ်သည်။ သူသည် စုံလင်သော သန့်ရှင်းစေ ခြင်းခံပြီး၊ အကျင့်စရိုက်အားဖြင့် သခင်ယေရှုနှင့် တူမည်ဖြစ်သည်။ ဤအကြောင်းကို ကောလောသဲ ၁း၂၁-၂၃တွင် ဤကဲ့သို့ ပြောထားပါ သည်။ “… ကိုယ်ခန္ဓာတော်၌ အသေခံတော်မူသောအားဖြင့် … သန့်ရှင်းစင်ကြယ်လျက် အပြစ်တင်ခွင့်နှင့် ကင်းလွှတ်လျက်ရှိသော သင်တို့ကို ရှေ့တော်၌ ဆက်သမည်အကြောင်းတည်း။”

                ထိုနေ့ရက်တွင် အသင်းတော်သည် စုံလင်သောသန့်ရှင်းခြင်း ရရှိမည်-“ထိုအသင်းတော်သည် သန့်ရှင်းလျက်၊ အပြစ်ကင်းလျက် ရှိသည်ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှစသည်တို့နှင့် လွတ်လပ်သဖြင့် အသရေတင့်တယ်လျက်ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှါ . . .” (ဧဖက် ၅း၂၆-၂၇)။

                “စုံလင်သော သန့်ရှင်းစေခြင်း” စကားလုံး မသုံးသော်လည်း ၎င်းနှင့် တူညီသော အဓိပ္ပါယ်ရှိသည့် အခြားကျမ်းပိုဒ်များလည်း ရှိပါသည်။ ဥပမာပြောရပါက၊ ရှင်ယောဟန်က “… ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ငါတို့သည် မြင်ရကြလတံ့ (၁ယော၊၃း၂)ဟု ပြောပါသည်။ ရှင်ယုဒကလည်း သခင်ယေရှုသည် “အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော် ရှေ့၌ ဆက်သခြင်းငှါ၎င်း” (ယုဒ ၂၄)ဟူ၍ ကျွနု်ပ်တို့ကို သတိပေးသိမှတ်စေပါသည်။

အကျဉ်းချုပ်

                သန့်ရှင်းစေခြင်း (Sanctification) အကြောင်းနှင့်ပတ်သက်၍ ကျမ်းစာလေ့လာရာတွင် ဤသင်ခန်းစာက အထောက်အကူ ပေးမည်ဟု မျှော်လင့်ပါသည်။ ကျမ်းစာထဲတွင် သန့်ရှင်းခြင်း (holiness) စကားလုံးတွေ့သောအခါ၊ ဤအရာသည် ပြောင်းလဲခြင်းမတိုင်မီ ဖြစ်တာလား၊ ခရစ်တော်၌ ကျွန်တော်ရသော သန့်ရှင်းခြင်းလား၊ နေ့စဉ်အသက်တာ၌ လက်တွေ့သန့်ရှင်းခြင်းလား၊ သို့မဟုတ် ခရစ်တော် ဘုရားနှင့်အတူ ဘုန်းတော်ဝင်စားသောအခါ ကျွန်တော်ရရှိခံစားမည့်စုံလင်သော သန့်ရှင်းစေခြင်းလား။ စသည်ဖြင့် ရှင်းလင်းမှန်ကန်စွာ နားလည်ခွဲခြားနိုင်မည်ဖြစ်သည်။

၁၀ကျိန်းဝပ်ခြင်း၊ နှစ်ခြင်းနှင့် ပြည့်ဝခြင်း  The Indwelling, Baptism, and Filling

                သန့်ရှင်းသော ဝိညာဉ်တော်၏ အကြောင်းလေ့လာသောအခါ၊ အရေးကြီးသည့် ကွဲပြားခြားနားသော အရာတစ်ချို့ ခွဲခြားရပါ မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျိန်းဝပ်ခြင်း၊ နှစ်ခြင်းနှင့် ပြည့်ဝခြင်းတို့၏ ခြားနားမှုကို တွေ့ရပါမည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ နှစ်ခြင်းသည် မီး၌ နှစ်ခြင်းနှင့် မတူကြောင်းကိုလည်း သိမှတ်ရမည်။ ထို့အပြင်၊ ကျွန်ုပ်တို့သည် ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းနှင့် ကျွန်ုပ်တို့ လုပ်ဆောင်ရမည့် တာဝန်အကြား ခြားနားမှုကိုလည်း ခွဲခြားတတ်ရန်လိုသည်။

ကျိန်းဝပ်ခြင်း

                လူတစ်ယောက် ဒုတိယမွေးခြင်းခံသောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏အထဲ၌ ကျိန်းဝပ်သည် (၁ကော၊ ၆း၁၉) –“အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော်တည်းဟူသော၊ သင်တို့အထဲ၌ ကျိန်းဝပ်၍သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမ္မာန်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။ “ ဝိညာဉ်တော် မရရှိသောသူသည် စစ်မှန်သော ခရစ်ယာန်မဟုတ်ပါ (ရောမ ၈း၉ခ)။ သုံးပါးတစ်ဆူဘုရား၏ တတိယပုဂ္ဂိုလ်တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်တစ်ခါ ကျိန်းဝပ်သည်နှင့် ဘယ်သောအခါမှ မစွန့်ခွာတော့ပါ(ယော၊ ၁၄း၆)။ ကျွန်ုပ်တို့အထဲ၌ ဝိညာဉ်တော် ကျိန်းဝပ်ခြင်းကို အဘယ်သို့ သိနိုင်ပါသနည်း။ ကာလအချိန်ကျော်လွန်လာသည်နှင့်အမျှ ကျွန်ုပ်တို့၏ အသက်တာထဲ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ပြုပြင်ပြောင်းလဲပေးသောအရာများအားဖြင့်လည်း သိနိုင်ပါသည်။ ကျိန်းဝပ်ခြင်းသည် စိတ်ခံစားမှုပါဝင်ကောင်းပါဝင်မည်ဖြစ်သော်လည်း၊ မူလအားဖြင့် ပြည့်ဝခြင်းမဟုတ်ပါ။ ထိုကျိန်းဝပ်ခြင်းကို စောင့်ဆိုင်းရန် နှုတ်ကပတ်တော်က မသွန်သင်ပါ။ သခင်ယေရှုခရစ်တော်ကို မိမိ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသည့်အချိန်၌ ဝိညာဉ်တော်သည် ကျွန်ုပ်တို့ အထဲ၌ ဝင်ရောက်ကျိန်းဝပ်ပါသည်။

ဝိညာဉ်တော်နှစ်ခြင်း

                ဝိညာဉ်တော်နှစ်ခြင်းနှင့် ပတ်သက်သော အဓိက ကျမ်းချက်မှာ ၁ကော ၁၂း၁၃ ဖြစ်ပါသည်။ “အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်းအားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကို ခံကြ၏။ ငါတို့ရှိသမျှသည် တစ်စိတ်တစ်ဝိညာဉ်တည်းထဲသို့လည်း သောက်ကြ၏။”

                ဤနှစ်ခြင်းသည် ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်၍၊ ယုံကြည်သူကို အသင်းတော်ဖြစ်သော ခရစ်တော်၏ ကိုယ်ခန္ဓာထဲသို့ သွတ်သွင်းသည်။ ထိုဝိညာဉ်တော်နှစ်ခြင်းသည် အသင်းတော်အစပြုသည့် ပင်တေကုတ္တေနေ့၌ ပထမဆုံးဖြစ်ခဲ့ပါသည်။ ထို့နောက်တွင် လူတစ်ဦးတစ်ယောက်က ခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောခါ ဝိညာဉ်တော်နှစ်ခြင်းအားဖြင့် အသင်းတော်သို့ သွတ်သွင်းခြင်းခံပါသည်။

                တစ်နည်းအားဖြင့် ပြောမည်ဆိုလျှင်၊ ယုံကြည်သူအားလုံးတို့သည် လူမျိုး၊ ဓလေ့ထုံးစံနှင့် မဆိုင်ဘဲ ဝိညာဉ်တော်နှစ်ခြင်းခံခဲ့ပြီး ဖြစ်သည်။ ဤဝိညာဉ်တော်နှစ်ခြင်းသည် အသစ်မွေးဖွားခြင်းနှင့်အတူ တစ်ချိန်တည်းတွင်ဖြစ်ကာ၊ နောက်မှဖြစ်လာခြင်းမဟုတ်ပါ။ ဤဝိညာဉ်တော်နှစ်ခြင်းကို နောက်တစ်ကြိမ်ထပ်ခံရန် မလိုတော့ပါ။

                သမ္မာကျမ်းစာက ယုံကြည်သူအား ဝိညာဉ်တော်နှစ်ခြင်းခံရန် ဘယ်သောအခါမှ မခိုင်းပါ။ အပြစ်သားတစ်ယောက်က ကယ်တင် ရှင်ကို ယုံကြည်လက်ခံသောအချိန်တွင် ဝိညာဉ်တော်နှစ်ခြင်းသည် အလိုအလျောက် ဖြစ်ပေါ်ပါသည်။ ဤအရာသည် စိတ်ခံစားမှု အတွေ့ အကြုံမျိုးမဟုတ်ပါ။ ဝိညာဉ်တော်နှစ်ခြင်းခံခြင်းကို သိရှိနားလည်နိုင်သည့် တစ်ခုတည်းသောနည်းမှာ သမ္မာကျမ်းစာသာလျှင်ဖြစ်သည်။

မီးနှင့်ဗတ္တိဇံခံခြင်း

                မီးနှင့်ဗတ္တိဇံခံခြင်းသည် ဝိညာဉ်တော်နှစ်ခြင်း (ဗတ္တိဇံ)နှင့် မတူပါ။ ဤအရာသည် တရားစီရင်ခြင်းနှင့်ဆိုင်သော နှစ်ခြင်း(ဗတ္တိဇံ) ဖြစ်ပြီး ကောင်းကြီးမင်္ဂလာနှင့် အခွင့်အရေးမဟုတ်ပါ။

                နှစ်ခြင်းဆရာယောဟန်က ယုံကြည်သူနှင့် မယုံကြည်သူများ ရောနှောသည့် တရားနာပရိသတ်တို့အား ဟောပြောရာတွင် “ထိုသူ (ခရစ်တော်)သည် သင်တို့ကို ဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်း၊ ဗတ္တိဇံပေးမည်” (မဿဲ ၃း၁၁။ လုကာ ၃း၁၆) ဟု ပြောပါသည်။ ထို့နောက် သူသည် ဆက်လက်၍ မီးနှင့် ဗတ္တိဇံခံခြင်းသည် ဘုရားသခင်၏ တရားစီရင်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

                “လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ်တလင်းကို ရှင်းလင်းစေသဖြင့် ဂျုံစပါးကိုကား ကျီ၌စုသိမ်းသွင်းထား၍၊ အဖျင်းကိုကား မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလတံ့ဟု ပြောဆို၏” (လုကာ ၃း၁၇။ မဿဲ ၃း၁၂)။

                ဤကျမ်းပိုဒ်ရှိ စကားအဆက်အစပ်တို့က မီးသည် တရားစီရင်ခြင်းဖြစ်ကြောင်းကို ရှင်းလင်းထားပါသည်။ မီးနှင့်ဗတ္တိဇံခံခြင်းသည် နှစ်သက်ပျော်မွေ့ဘွယ်ကောင်းသော အရာမဟုတ်ပါ။

                သို့ရာတွင်၊ ယောဟန်သည် သူ၏တရားနာပရိသတ်ထဲတွင် မယုံကြည်သူများမပါပဲ၊ ယုံကြည်သူများသာရှိသောအခါ “ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်” ဟု ပြောပါသည် (မာကု ၁း၈။ ယော၊ ၁း၃၃)။ သူသည် မီးအကြောင်း လုံးဝမပြောပါ။

                ဝိညာဉ်တော်နှစ်ခြင်းသည် ယုံကြည်သူအတွက် အတိတ်ကာလ၏ အဖြစ်အပျက်ဖြစ်ပါသည်။ မီးနှင့်ဗတ္တိဇံခံခြင်းသည် မယုံကြည် သူများအတွက် အနာဂတ်တရားစီရင်ခြင်းဖြစ်ပါသည်။

ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း၏ သွင်ပြင်လက္ခဏာနှစ်မျိုး

                ဓမ္မသစ်ကျမ်းစာထဲတွင် ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းကို နှစ်မျိုးခွဲခြား၍ ရေးသားဖော်ပြပါသည်။ ဤအရာကို မသိပါက ရှုပ်ထွေး နိုင်ပါသည်။

                ပထမမှာ၊ “တန်ခိုးတော်ဖြင့် ပြုသော ပြည့်ဝခြင်း”ဟု ကျွန်ုပ်တို့ခေါ်ဆိုနိုင်ပါသည်။ ဥပမာ၊ နှစ်ခြင်းဆရာယောဟန်သည် “သူ၏ အမိဝမ်းထဲ၌ရှိစဉ် ဝိညာဉ်တော်နှင့် ပြည့်ဝသည်”ဟု ကျမ်းစာ၌ဖော်ပြပါသည်။ (လုကာ ၁း၁၅ခ)။ သူငယ်လေး ယောဟန်၌ ထိုကဲ့သို့ ဝိညာဉ်တော်နှင့်ပြည့်ဝနိုင်ရန် အခြေအနေရှိမည်မဟုတ်ကြောင်း ထင်ရှားပါသည်။ ဘုရားသခင်သည် နှစ်ခြင်းဆရာယောဟန်အား မေရှိယ၏ ရှေ့ပြေးအဖြစ်နှင့် တမူထူးခြားသော အမှုတော်အတွက် တန်ခိုးတော်ဖြင့် ပြင်ဆင်ခြင်းဖြစ်ပါသည်။

                အလားတူပဲ၊ တမန်တော်ဝတ္ထုထဲ၌ နှစ်နေရာတွင် တွေ့နိုင်ပါသည်။ ပေတရုသည် မကြောက်မရွံ့ဘဲ သရေလလူအကြီးအကဲများ အား တရားဟောရန် ဝိညာဉ်တော်နှင့် ပြည့်ဝခဲ့သည် (တမန်၊ ၄း၈-၁၂)။ ရှင်ပေါလုသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် နတ်ဝိဇ္ဇာအတတ်သမား ဧလုမအား လွတ်စေပါသည် (တမန်၊ ၁၃း၉-၁၁)။

ဝိညာဉ်တော်နှင့် ပြည့်ဝကြလော့။

                ဒုတိယတစ်မျိုးမှာ၊ ပထမနှင့်မတူဘဲခြားနားပါသည်။ ဤအရာသည် ယုံကြည်သူတိုင်း ဝိညာဉ်တော်နှင့် ပြည့်ဝရန် မိန့်မှာ ခြင်းဖြစ်သည်။ ဤအကြောင်းကို ဖေါ်ပြသော အဓိကကျမ်းချက်မှာ ဧဖက် ၅း၁၈ ဖြစ်ပါသည်။ “လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယဇ်မူးခြင်းကို ရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်ဝလျက်ရှိကြလော့။”

                ကြိယာပုဒ် “ပြည့်ဝလျက်ရှိကြလော့” (be filled) စကားလုံး၏ အဓိပ္ပါယ်မှာ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝခြင်းကို တစ်ချိန်တစ်ခါသာ တွေ့ကြုံခြင်းမဟုတ်ဘဲ၊ ဆက်လက်၍ ပြည့်ဝရန် ယုံကြည်သူ၌ တာဝန်ရှိကြောင်း ဆိုလိုသည်။ ဤအရာသည် စပျစ်ရည်နှင့် ယစ်မူးပြီး အပျော်အပါး ကြူးခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။၂ အောက်ပါတို့ကို မှတ်သားပါ။

                စပျစ်ရည်နှင့် ယစ်မူးခြင်း၊  ဝိညာဉ်တော်နှင့် ပြည့်ဝလျက်ရှိကြလော့။

အဘယ်သို့ ပြည့်ဝမည်နည်း။

                သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝနိုင်ရန် လိုအပ်သောအရာတစ်ချို့ကို အထက်တွင် ဖေါ်ပြပြီးဖြစ်ပါသည်။ လူတစ်ယောက် က “ကောင်းကြီးမင်္ဂလာရနိုင်သောနည်းလမ်း” အတိုင်း မိမိကိုယ်ကို ဆက်ကပ်အပ်နှံရပါမည်”ဟု ပြောခဲ့ဘူးပါသည်။ လူတစ်ယောက်က အဘယ်သို့လုပ်နိုင်ပါမည်နည်း။

                –              မနှောင့်နှေးဘဲ အပြစ်ကို ဝန်ချတောင်းပန်၍ စွန့်ပစ်ပါ

                                (၁ယော၊ ၁း၉။ သုတ္တံ ၂၈း၁၃)။

                –              မိမိကိုယ်ခန္ဓာကို အသက်ရှင်ခြင်းလက္ခဏာနှင့် ပြည့်စုံသော ယဇ်ကဲ့သို့ ဆက်ကပ်ပါ (ရောမ ၁၂း၁-၂)။

                –              ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မိမိကိုယ်ကို ကြွယ်ဝစေပါ (ကော၊ ၃း၁၆)။

                –              ဝတ်ပြုခြင်းနှင့် ဆုတောင်းခြင်းအတွက် အချိန်များများ သုံးပါ (၂ကော၊ ၃း၁၈။ မဿဲ ရး၇)။

                –              ခရစ်ယာန်များနှင့်နီးကပ်စွာ မိဿဟာယဖွဲ့ပါ (ဟေဗြဲ ၁၀း၂၅)။

                –              ခပ်သိမ်းသော အရာကို ဘုရားဘုန်းတော်အတွက်လုပ်ပါ (၁ကော၊ ၁၀း၃၁)။

                ဝိညာဉ်တော်နှင့် အမှန်တကယ် ပြည့်ဝသောသူသည် သူတစ်ပါးတို့အား မဝါကြွားပါ။ သူသည် မိမိကိုယ်ကို နှိမ့်ချပြီး၊ ခရစ်တော်ကို ချီးမြှောက်သည် (ယော၊ ၃း၃၀။ ၁၆း၁၄)။ သူသည် ဝိညာဉ်တော်၌ ပို၍ လျှောက်လှမ်းလေလေ၊ သူ့ကိုယ်သူဘာမှ မဟုတ် ကြောင်းနှင့် မထိုက်တန်သောသူဖြစ်ကြောင်းကိုပို၍ သိလေလေဖြစ်သည်။

                ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းသည် စိတ်ခံစားချက်မဟုတ်ဘဲ၊ လက်တွေ့အသက်တာသန့်ရှင်းခြင်းဖြစ်ကြောင်းကို သိမှတ်ရန် အရေးကြီးလှပါသည်။ စိတ်ခံစားမှုသည် ခရစ်ယာန်အသက်တာ၌ ပါဝင်သကဲ့သို့ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း၌ပါသော်လည်း အဓိကမဟုတ်ပါ။

နောက်ဆုံးစကား

                ယုံကြည်သူတစ်ယောက်သည် ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းကို တွေ့ကြုံဘူးမည်ဖြစ်သည်။ ဥပမာ၊ သူသည် ဝိညာဉ်အသက်တာ ကျဆင်းနေသည့်အချိန်၊ ဘုရားသခင်နှင့် မိဿဟာယပြတ်စဲသည့် အချိန်အခါများ၌ နောင်တရပြီး၊ မိမိအသက်တာကို ခရစ်တော်၌ ပြန်လည် ဆက်ကပ်အပ်နံှသောအခါ၊ အသက်တာပြန်လည်ဆန်းသစ်လာကာ ဝိညာဉ်တော်နှင့်ပြည့်ဝလာပါသည်။ ဤကဲ့သို့သော အတွေ့အကြုံမျိုးကို တောင့်တရန် လိုအပ်ပြီး၊ စိတ်ခံစားမှုလည်းပါဝင်နိုင်ပါသည်။ ဤအတွေ့အကြုံသည် ဝိညာဉ်တော်ကျိမ်းဝပ်ခြင်း (သို့) ဝိညာဉ်တော်နှစ်ခြင်းနှင့်မတူပါ။ ထိုအတွေ့အကြုံသည် ဝိညာဉ်တော်နှင့် ပြည့်ဝဘို့ရန် တိုးတက်ဖြစ်ပေါ်နေခြင်း ဖြစ်သော်လည်း ထိုပြည့်ဝခြင်းသည် တစ်ကြိမ်တစ်ခါတည်းသာ ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ရရှိခြင်းမဟုတ်ပါ။ ဝိညာဉ်တော်၏ လုပ်ဆောင်မှုအမျိုးမျိုးကို မှားယွင်းစွာ အခေါ်အဝေါ်ပေးခြင်းသည် သမ္မာတရားခံယူခြင်းဆိုင်ရာ ရှုပ်ထွေးမှုဖြစ်စေပါသည်။

မှတ်ချက်။

၁။        မူလကျမ်းစာထဲတွင် အမိန့်ပေးခြင်းကို အချိန်ကာလနှစ်မျိုးဖြင့် ဖေါ်ပြပါသည်။ တစ်ခုက လုပ်ဆောင်ခြင်း(သို့) အဖြစ်အပျက် ကို ဖေါ်ပြကာ၊ နောက်တစ်ခုက ပစ္စပ္ပန်ကာလ၌ တစ်ဆက်တည်းဖြစ်ခြင်း (သို့) ထပ်ခါတလဲလဲဖြစ်သော အဖြစ်အပျက်ကို ဖေါ်ပြသည်။ “ဆက်လက်၍ ပြည့်ဝခြင်း” ဟု ဘာသာပြန်ဆိုနိုင်ပါသည်။

၂။         သမ္မာကျမ်းစာ KJV  တွင် “ပိုးများခြင်း” (excess) ကို ယခုခေတ်တွင် “သင်လုပ်ဆောင်နိုင်ခြင်းထက်” ဟု အဓိပ္ပါယ်ရှိပါသည်။ (ဥပမာ၊ လူတစ်ယောက်သည် ကိုလာ၊ ကော်ဖီ၊ (သို့) ကိတ်မုန့်များကိုလည်း အပိုဆောင်း၍ ရနိုင်သည်)။ အပျော်အပါးကြူးခြင်းသည် အရက်သေစာသောက်သုံးခြင်းအားဖြင့် မိမိကိုယ်ကိုထိန်းချုပ်မှုမရှိသည့် အသက်တာကို ညွှန်ပြသည်။

၁၁ကယ်တင်ခြင်းနှင့် အစေခံခြင်း Salvation and Service

                ဘုရားသခင်၏ နှုတ်ကပတ်တော် လေ့လာသောအခါ ကယ်တင်ခြင်း၊ ခရစ်ယာန်အသက်တာနှင့် အမှုတော်မြတ်၌ အစေခံခြင်း တို့ကို ဖေါ်ပြသော ကျမ်းပိုဒ်များကို သိရှိ၊ နားလည်ခွဲခြားတတ်ပါက မှားယွင်းရှုပ်ထွေးမှုများနှင့် ကင်းလွတ်လိမ့်မည်။

ကယ်တင်ခြင်းနှင့် ဆိုင်သော ကျမ်းပိုဒ်များ

                ယေဘုယျအားဖြင့် ပြောမည်ဆိုလျှင်၊ ကယ်တင်ခြင်းနှင့် ပတ်သက်သည့် ကျမ်းပိုဒ်များကို နားလည်ရန် မခက်ခဲပါ။ ထိုကဲ့သို့သော ကျမ်းပိုဒ်များသည် အောက်ဖေါ်ပြပါအတိုင်း တသမတ်တည်းဖြစ်ကြသည်။

                ဘုရားသခင်ဘက်မှ ကယ်တင်ခြင်းသည် ကျေးဇူးတော်ကြောင့် ဖြစ်သည် – –

                “ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကို မပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရ ကြ၏” (ရောမ ၃း၂၄)။

                ခရစ်တော်ဘက်မှ လက်ဝါးကပ်တိုင်ပေါ်၌ ကိုယ်စားအသေခံခြင်းကြောင့် ဖြစ်သည် – –

                “အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏” (၂ကော၊ ၅း၂၁)။

                လူဘက်မှ ကယ်တင်ခြင်းသည် ယုံကြည်ခြင်းအားဖြင့် ဖြစ်၍ ပညတ်တရား၏ အကျင့်အားဖြင့် လုံးဝမဟုတ်ပါ – –

                “ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသည်ကို၊ အပြစ်ထင်ရှားသောတပါးအမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သော ငါတို့သည် အမှန်သိသည်နှင့်အညီ၊ ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခြင်းငှါ၊ ငါတို့ပင်ယေရှုခရစ်ကို ယုံကြည်ကြပြီး အကြောင်းမူကား၊ ပညတ် တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ” (ဂလာ၊ ၂း၁၆)။

                ကယ်တင်ခြင်းစိတ်ချမှုနှင့် ပတ်သက်၍၊ ယုံကြည်သူတစ်ယောက်သည် သူကိုယ်တိုင်ကယ်တင်ခြင်းရသည့် အကြောင်းကို နှုတ်ကပတ်တော်၏ အခွင့်အာဏာအားဖြင့် သိနိုင်သည် – –

                “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ၊ ဤအရာများ ကို သင်တို့အား ငါရေး၍ ပေးလိုက်၏” (၁ယော၊ ၅း၁၃)။

                လုံခြုံမှုနှင့်ပတ်သက်၍၊ ဘုရားသခင်၏သားသည် သူ၏ အပြစ်ကြောင့် တရားစီရင်ခြင်း မခံရတော့သည့်အပြင် ဘယ်သောအခါမှ မပျက်စီးတော့ပါ —

                “ငါသိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကို ငါ၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသော သူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်း တော်၏ လက်မှ မနှုတ်မယူနိုင်ရာ” (ယော၊ ၁၀း၂၇-၂၉)။

အစေခံခြင်းနှင့် ဆိုင်သော ကျမ်းပိုဒ်များ

                ကယ်တင်ခြင်းနှင့် မပတ်သက်ဘဲ၊ ခရစ်ယာန်အသက်တာ၊ အစေခံခြင်းနှင့် ပတ်သက်သော ကျမ်းပိုဒ်များကို သတိမထားမိပါက၊ အနက်ဖွင့်ဆိုရာ၌ ခက်ခဲမှု ကြုံရတတ်သည်။

                ဥပမာအနေဖြင့် ရှင်ယောဟန် ၁၅း၁-၁၁ ကို လေ့လာကြစို့။

                “ငါသည် မှန်သော စပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ ငါ၌အသီးမသီးသော အခက် ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏။ သင်တို့သည် ငါဟောပြောသော စကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။ ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ် ခက်သည် အပင်၌ မတည်လျှင် ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင်၊ အသီးမသီးနိုင်ကြ။ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်း သူ၌တည်၏။ ထိုသူသည် များစွာသော အသီး သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။ ငါ၌မတည်သောသူသည် သွေ့ခြောက် သောအခက်ကဲ့သို့ ပြင်သို့ ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သော အခက်များကို လူတို့သည် စုသိမ်း၍ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။ သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ ရကြလိမ့်မည်။ သင်တို့သည် များစွာသော အသီးကို သီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍ သင်တို့သည်လည်း ငါ၏ တပည့်မှန်ကြလိမ့်မည်။ ခမည်းတော်သည် ငါ့ကို ချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို ချစ်၏။ ငါ၏ ချစ်ခြင်းမေတ္တာ၌ တည်နေကြ လော့။ ငါသည် ငါ့ခမည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်၍ ခမည်းတော်၏ မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။ သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်းတည်စေခြင်းငှါ၎င်း၊ သင်တို့ဝမ်းမြောက်စရာ စုံလင်စေခြင်းငှါ၎င်း၊ ဤစကားကိုသင်တို့အား ငါဟောပြော၏။”

                ဤကျမ်းပိုဒ်များ၏ အဓိကသွန်သင်သည့် အကြောင်းမှာ ငရဲမှကယ်တင်ခြင်းမဟုတ်ဘဲ၊ အသီးသီးခြင်းဖြစ်ပြီး၊ ခရစ်ယာန် အသက်တာ၌ ဝိညာဉ်တော်၏အသီးကို ထင်ရှားစေခြင်းဖြစ်သည် (ဂလာ၊ ၅း၂၂)၊ ၂၃)။ ကယ်တင်ရှင် လိုအပ်နေသော အပြစ်သားများ အတွက် ရေးသားခြင်းမဟုတ်ဘဲ ခရစ်တော်နှင့် တူသောအသက်တာကို လိုအပ်နေသည့် သန့်ရှင်းသူများအတွက် ရေးသားခြင်း ဖြစ်သည်။  သင်သည် ဤသို့ မရှုမြင်တတ်ပါက၊ ခရစ်ယာန်များကို ငရဲမီးထဲသို့ ပစ်ချနိုင်သည်ဟု နိဂုံးချုပ်နိုင်သည် (ယော၊ ၁၅း၆)။ ဤကျမ်းပိုဒ်၏ အဓိကသွန်သင်ချက်မှာ ရွေ့လျော့ဖောက်ပြန်သော ယုံကြည်သူ၏ အသက်တာသည် စပျစ်နွယ်ပင်၌ မတည်သော အကိုင်းကဲ့သို့ ဖြစ်၍ လောကသားတို့သည် ထိုယုံကြည်သူ၏ နာမည်နှင့် အသုံးမရသော အသက်တာကို ယူ၍ မီးထဲသို့ ပစ်ချကြသည်ဟု တင်စား၍ ဖေါ်ပြခြင်း ဖြစ်သည်။ ကယ်တင်ခြင်းမရသောသူတို့သည် စပျစ်နွယ်ပင်၌ မတည်သော ယုံကြည်သူများကို အထင်အမြင်သေးကြသည်။

                မကြာခဏ နားလည်လွဲသော အခြားကျမ်းပိုဒ်တစ်ပိုဒ်မှာ -(၁ကော၊ ၃း၁၀-၁၅) ဖြစ်ပါသည်။

                “ဘုရားသခင်၏ ကျေးဇူးတော်ကို ငါခံရသည်နှင့်အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်း သတိပြုပါစေ။ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော ချလျက်ရှိသော တိုက်မြစ်မှ တပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။ ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊ အသီးသီးလုပ်သောအလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား ဘော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။ အကြင်သူ၏ အလုပ်သည် ကျွမ်းလောင်၏။ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။”

                အခန်းငယ် ၁၁၌ ပါသော အဓိကအကြောင်းမှာ ကယ်တင်ခြင်းဖြစ်သည်။ ယေရှုခရစ်တော်သာလျှင် ခိုင်ခံ့သော အုတ်မြစ် ဖြစ်သည့် ကြောင်းကို သွန်သင်ပါသည်။ သို့သော် ကျန်ရှိသော ကျမ်းပိုဒ်များက ထိုအုတ်မြစ်ပေါ်၌ ဆောက်ထားသော အဆောက်အဦး အကြောင်းပြောပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ထိုအပိုဒ်သည် ကယ်တင်ခြင်းနောက်ကလာသော အစေခံခြင်းကို ဆိုလိုသည်။ ယုံကြည်သူကို မီးနှင့် မစစ်ဆေးတော့ဘဲ၊ သူ၏အလုပ်ကို စစ်ဆေးမည်။ ယုံကြည်သူကိုယ်တိုင်မီးနှင့်မလောင်ကျွမ်းဘဲ၊ သို့သော် သူ၏ အလုပ်လောင်ကျွမ်းနိုင်သည်။ ဤကျမ်းချက်၏ အဓိက ပြောချင်သော အရာမှာ ကယ်တင်ခြင်းသို့ ရောက်စေသော ယုံကြည်ခြင်း အကြောင်း မဟုတ်ဘဲ၊ လုပ်ခရယူခြင်း (သို့) ဆုံးရှုံးခြင်းအကြောင်းကို ပြောပါသည်။

                ၁ကော၊ ၉း၂၄-၂၇၌ပါသော ရှင်ပေါလု ပြောသောအကြောင်းကို နောက်ဥပမာတစ်ခုအဖြစ် ယူကြစို့။

                “မြေတလင်း၌ ပြိုင်၍ ပြေးကြသောသူ အပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်းသာလျှင် ဆုကိုရသည်ဟု သင်တို့မသိကြသလော။ ဆုကိုရမည်အကြောင်း ပြေးကြလော့။ ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သောသူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။ ငါတို့မူကား မညိုးနွမ်း မပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။ ထို့ကြောင့် ငါပြေးသောအခါ အမှတ်တမဲ့ ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သော အခါ အာကာသကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။ သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။”

                နောက်ဆုံးအပိုဒ်တွင် ရှင်ပေါလုက အဆုံး၌ သူ့ကိုယ်သူ ဆုံးရှုံးသောသူ ဖြစ်နိုင်သည့်အကြောင်း ပြောပါသည်။ ဤကျမ်းပိုဒ်သည် ကယ်တင်ခြင်းနှင့် မဆိုင်ဘဲ၊ ခရစ်ယာန်အသက်တာ၌ ကိုယ့်ကိုယ်ကို ချုပ်တည်းခြင်းအကြောင်းနှင့်ဆိုင်ပါသည်။ ကယ်တင်ခြင်းနှင့် ပတ်သက်၍ ရှင်ပေါလုအား ငြင်းပယ်စရာအကြောင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် သူ့ကို ခရစ်တော်၌ လက်ခံခဲ့ပြီးဖြစ်သည်။ သို့သော် ခရစ်ယာန်အသက်တာ၌ ကိုယ့်ကိုယ်ကို ချုပ်တည်းခြင်းအားနည်းပါက၊ ဘုရားသခင်၏ အသုံးတော်ခံခြင်းမှ ဝေးကွာပြီး၊ လုပ်ခလည်း ဆုံးရှုံးမည်။

                ကယ်တင်ခြင်းနှင့် အစေခံခြင်း၏ ကွဲပြားခြားနားမှုသည် ဓမ္မသစ်ကျမ်း၌ တစ်ခုနှင့်တစ်ခု ဆန့်ကျင်သကဲ့သို့ ဖြစ်သော ကျမ်းပိုဒ် များကို ဖြေရှင်းရန် သော့ချက်တစ်ခုဖြစ်သည်။ မဿဲ ၁၂း၃၀တွင် ကျွန်ုပ်တို့၏ သခင်ဘုရားက ဤသို့ ပြောခဲ့သည် —

                “ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန်းသောသူဖြစ်၏။”

                သို့ရာတွင် မာကု ၉း၄၀၌ ခရစ်တော်ဘုရားက ဤသို့ ပြောခဲ့သည်။

                “သင်တို့၏  ရန်သူဘက်၌ မရှိသောသူသည် သင်တို့ဘက်၌ ရှိ၏။”

                ပထမပိုဒ်တွင် ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်သလိုဖြစ်သည်။ သို့သော် ပထမအပိုဒ်သည် ကယ်တင်ခြင်းနှင့် သက်ဆိုင်ပြီး ဒုတိယမှာ အမှုတော်မြတ်၌ အစေခံခြင်းနှင့် ဆိုင်ကြောင်း သိရှိနားလည်သောအခါ၊ အနက်ဖွင့်ရန်ခက်ခဲမှု မရှိတော့ပါ။ ပထမ သာဓကတွင် သခင်ယေရှုက သူ့ကို ငြင်းပယ်ပြီး၊ သူပြုသောနိမိတ်လက္ခဏာများကို နတ်ဆိုး၏ တန်ခိုးနှင့် ပြုခဲ့သည်ဟု စွပ်စွဲသော ဖါရိရှဲ တို့အား ပြောဆိုခြင်းဖြစ်သည်။ သူ့ဘက်၌ မနေ၊ လက်မခံသောသူတို့သည် ခရစ်တော်၏ ရန်ဘက်ဖြစ်သည်။

                ဒုတိယဖြစ်ရပ်မှာ၊ ခရစ်တော်၏ နာမတော်၌ အစေခံသော်လည်း တပည့်တော်တို့၏ နောက်သို့ မလိုက်ပါ။ တပည့်တော်တို့က ထို သူကိုတားမြစ်ကြသောအခါ၊ ယေရှုက “ထိုသူကို မမြစ်တားကြနှင့်။ . . .သင်တို့၏ ရန်သူဘက်၌ မရှိသောသူသည် သင်တို့ဘက်၌ရှိ၏” ဟု ပြောသည်။ ခရစ်တော်အတွက် အစေခံရာတွင် ကျွန်ုပ်တို့အား ဆန့်ကျင်တိုက်ခိုက်ခြင်း မပြုသောသူတို့သည် ကျွန်ုပ်တို့ဘက်၌ရှိကြသည်။

                အထက်ဖော်ပြပါသာဓကများသည် ကယ်တင်ခြင်း၊ ခရစ်ယာန်အသက်တာနှင့် အစေခံခြင်းစသော အကြောင်းများနှင့် သက်ဆိုင် သည့် ကျမ်းပိုဒ်များကို ခွဲခြားနားလည်နိုင်ရန် အထောက်အကူပြုပါသည်။ သို့ဖြစ်၍ ကျမ်းစာလေ့လာသောအခါ၊ အောက်ပါပေးထားသော အချက်များမှ မည်သည့်အချက်ကို လေ့လာသနည်းဟူ၍ မိမိကိုယ်ကိုမေးပါ။

                ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုသောအမှု –           ကယ်တင်ခြင်း

                ကျွန်ုပ်တို့၏အထဲ၌ ဘုရားသခင်ပြုသောအမှု          –           သန့်ရှင်းစေခြင်း

                ကျွန်ုပ်တို့အားဖြင့် ဘုရားသခင်ပြုသောအမှု            –           အစေခံခြင်း

                (အမှုတော်)။

၁၂ပုဂ္ဂိုလ်ရေးရာကြီးမြတ်ခြင်းက နေရာနှင့်သက်ဆိုင်သော ကြီးမြတ်ခြင်းကို ဆန့်ကျင်သည်

Personal Greatness vs. Positional Greatness

                စာရေးသူပြောသော လူပုဂ္ဂိုလ်တစ်ဦး၏ အသက်တာ၌ သူ၏ ဂုဏ်အင်္ဂါ (သို့) တာဝန်ကို ခွဲခြားနိုင်ရန် ကျမ်းပိုဒ်တစ်ချို့ရှိပါသည်။ ဥပမာ-ပြောရလျှင် လူတစ်ဦးသည် အခြားတစ်ဦးထက် သာ၍ ကြီးမြတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူသည်ပင်ကိုယ်အားဖြင့် ပို၍ ကောင်းသောကြောင့် ဖြစ်သည်။ တစ်ဘက်တွင် သာလွန်၍ ကြီးမြတ်ခြင်းသည် လူတစ်ဦးတစ်ယောက်က ပို၍ အဆင့်မြင့်သော ရာထူး ရှိသောကြောင့် ဖြစ်နိုင်သည်။

နှစ်ခြင်းဆရာယောဟန်

                ယေရှုက “ငါအမှန်ဆိုသည်ကား၊ မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူ တစ်ယောက်မျှ မပေါ် မထွန်းသေး” (မဿဲ ၁၁း၁၁) ဟုပြောပါသည်။ ခရစ်တော်က ယောဟန်သည် နောဧ၊ ဒံယေလ (သို့) ယောဘတို့ထက် ဂုဏ်အင်္ဂါ ပိုကောင်းသည်ဟူ၍ မဆိုလိုပါ။ နောက်ပြီး၊ ယောဟန်သည် သူတို့ထက်ပို၍ ကျက်သရေရှိသည်၊ ဘုရားတရားကို ပို၍ ကြည်ညိုသည်၊ ပို၍ နူးညံ့သိမ်မွေ့သည် (သို့) ပို၍ ချစ်ခင်တတ်သည်ဟုလည်း မဆိုလိုပါ။ နှစ်ခြင်းဆရာယောဟန်၏ မေရှိယရှေ့ပြေးနေရာ (တာဝန်)သည် အရင်ကျသောသူအားလုံး၏ နေရာ (တာဝန်) ထက် သာလွန်၍ ကြီးမြတ်သည်ဟု ဆိုလိုပါသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ သခင် ဘုရား၏ သွားရာလမ်းကို ကြိုတင်ပြင်ဆင်ရသောအခွင့်၊ ကြွရောက်လာမည့်အကြောင်းကို ကြော်ငြာရသောအခွင့်နှင့် သူ့ကို နှစ်ခြင်း ပေးရသော အခွင့်ထူးများကို မရကြပါ။ ဤအချက်များကြောင့် နှစ်ခြင်းဆရာယောဟန်သည် တမူထူးခြားသောသူဖြစ်သည်။

နိုင်ငံတော်၌ အငယ်ဆုံးသောသူ

                နှစ်ခြင်းဆရာယောဟန်၏ နေရာ(တာဝန်) ပို၍ကြီးမြတ်ခြင်းအကြောင်း ပြောဆိုပြီးသည်နှင့်တဆက်တည်းတွင် သခင်ယေရှုက “…သို့ သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ ကြီးမြတ်၏” (မဿဲ ၁၁း၁၁ခ)ဟု ပြောပါ သည်။ ဤကျမ်းချက်ကလည်း ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် ယောဟန်ထက်ပို၍ ကောင်းသော ပင်ကိုယ်စရိုက် (သို့) အသက်တာရှိသည်ဟု မဆိုလိုပါ။ ယနေ့ယုံကြည်သူများသည် နှစ်ခြင်းဆရာယောဟန် ကြော်ငြာခဲ့သော နိုင်ငံတော်သားများ ဖြစ်ကြပါ သည်။” ယောဟန်က သူသည် “မင်္ဂလာဆောင်လုလင်၏ မိတ်ဆွေ” (ယော ၃း၂၉) ဖြစ်သည်ဟု ပြောပါသည်။ ယနေ့ ဘုရားသခင်၏ သားသမီးအားလုံးတို့သည် သတို့သမီးဖြစ်ကြပါသည်။ ထို့ကြောင့် ဤကျမ်းပိုဒ်၏ အဓိပ္ပါယ်မှာ- သတို့သမီးသည် မင်္ဂလာဆောင်လုလင်၏ မိတ်ဆွေထက်သာ၍ ကြီးမြတ်သောနေရာ (တာဝန်)ရှိသည်ဟု ဆိုလိုသည်။

မာရိ

                ကောင်းကင်တမန်ဂါဗေဆလက မာရိအား “ကျေးဇူးတော်ကိုခံသောမိန်းမ၊ သင့်အားမင်္ဂလာဖြစ်စေသတည်း။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ သင်သည်မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိသည်” (လုကာ ၁း၂၈)ဟုဆို၏။ မာရိသည် ဘုရားကို ကြည်ညိုသောသူ ဣန္ဒြေရသောသူနှင့် အပြစ်တင်ခွင့်နှင့်ကင်းသောသူဖြစ်ကြောင်း မေးစရာမလိုပါ။ သို့သော်မာရိ၏ စစ်မှန်သော ကြီးမြတ် ခြင်းမှာ၊ ခရစ်တော်၏ လူ့ဇာတိခံယူရာ၌ သူ့အားမိခင်နေရာယူရန် ရွေးကောက်ခံရခြင်းဖြစ်သည်။ သူသည် ဘုရားသခင်အား သူ၏ “ကယ် တင်ရှင်” (လုကာ ၁း၄၇)ဟုခေါ်ရန် မထိုက်တန်သူ၊ အပြစ်သားတစ်ယောက်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ သူ၏ဂုဏ်အင်္ဂါသည် ရုသ (သို့) ဟာနတို့ထက် သာ၍ ကြီးမြတ်သည်ဟု မဆိုလိုပါ။ သို့သော်သူ၏ တာဝန်မှာ အခြားအမျိုးသမီးများ၏ နေရာ (တာဝန်)နှင့် နှိုင်းယှဉ်၍မရပါ။

                တစ်ခါက ချီးမွမ်းအံ့သြသူတစ်ဦးက သခင်ယေရှုအား “ကိုယ်တော်ကို လွယ်သောဝမ်းနှင့် စို့တော်မူသော သားမြတ်သည် မင်္ဂလာ ရှိပါ၏။” (လုကာ ၁၁း၂၇)ဟုလျှောက်၏။ ကိုယ်တော်က “ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံ၍ ကျင့်စောင့်သောသူသည် မြတ်စွာ သော မင်္ဂလာရှိသည်” (ငယ်၊ ၂၈)ဟုမိန့်တော်မူ၏။ ဆိုလိုသည်မှာ၊ ခရစ်တော်၏ နာခံသော နောက်လိုက်တဦးဖြစ်ခြင်းသည် သူ(ယေရှု)၏ မိခင်ဖြစ်ခြင်းထက်ပင်သာ၍ ကြီးမြတ်သည်။ မာရိသည် သခင်ယေရှုကိုဖွားမြင်ခြင်းထက် သူ့ကိုယုံကြည်ခြင်းသည်သာ၍ မင်္ဂလာရှိသည်ဟု ဆိုလိုသည်။

ခမည်းတော်သည် ငါထက်သာ၍ ကြီးမြတ်၏

                အကျင့်စာရိတ္တနှင့် နေရာ (တာဝန်) ခြားနားမှု၏ အရေးကြီးပုံကို ယောဟန် ၁၄း၂၈ ၌ ခရစ်တော် ဟောပြောသော စကားတွင် တွေ့ရသည်။ “ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသော စကားကို သင်တို့ ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ် တော်မူ၏”။ ခရစ်တော်၏ ဘုရားဇာတိကို ငြင်းပယ်သည့် အယူဝါဒလွဲသောသူများ (Cults)နှင့် အခြားသောသူ တစ်ချို့တို့သည် ဤကျမ်းပိုဒ်၏ နောက်ဆုံးစကား “ငါ့ခမည်းတော်သည် ငါထက်သာ၍ ကြီးမြတ်တော်မူ၏” ကို မှားယွင်းစွာ အဓိပ္ပါယ်လွဲယူကာ၊ သားတော် နှင့် ခမည်းတော်၏ တူညီမှုနှင့် သုံးပါးတစ်ဆူဘုရားကို ငြင်းပယ်ကြသည်။

                ဤကျမ်းပိုဒ်က အဘယ်သို့ဆိုလိုပါသနည်း။ သခင်ယေရှုက ထိုသို့ ပြောဆိုစဉ်တွင် လောက၌နေကာ၊ သူ၏ဖန်ဆင်းသော လူသားများ၏ ရန်လိုမုန်းတီးခြင်း၊ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့် မတော်မတရားပြုခြင်းသာမက ငြင်းပယ်ခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် အရှက်တကွဲ ဖြစ်ခြင်းတို့ကိုခံရသည်။ တစ်ဖက်တွင်၊ ခမည်းတော်သည် ကောင်းကင်ဘုံ၌စံမြန်းကာ ထိုကဲ့သို့သော ဆက်ဆံပြုမူခြင်းမှ လွတ်ကင်းသည်။ ထို့ကြောင့် ခမည်းတော်သည် နေရာ (Position) အနေဖြင့် သားတော်ထက်ပို၍ ကြီးမြတ်ကာ၊ သို့ရာတွင် ပုဂ္ဂိုလ်ရေးရာ၌ ပို၍မကြီးမြတ်ပါ။ တပည့်တော်တို့သည် သခင်ခရစ်တော်ကို အမှန်တကယ် ချစ်ကြပါက၊ ကောင်းကင်သို့ ပြန်သွားမည့် အကြောင်းကို သူပြောခဲ့စဉ်က ဝမ်းမြောက်ကြမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူသည်သူဖန်ဆင်းသော လူသားများ၏ စော်ကားခြင်းနှင့် မတော်မတရားပြုခြင်း တို့ကို ဘယ်တော့မှ မခံရတော့ပါ။ ကောင်းကင်ဘုံ၌ ခရစ်တော်၏နေရာ (Position) သည် ခမည်းတော်၏ နေရာနှင့် ခြားနားခြင်းမရှိဘဲ တူညီကာ၊ သူဖန်ဆင်းသော လူသားများ၏ ညှဉ်းဆဲခြင်းမှ ကင်းလွတ်သည်။

                အခြေအတင်ပြောဆိုသော အချက်သည် ပုဂ္ဂိုလ်ရေးရာနှင့်ဆိုင်သော အကျင့်စာရိတ္တနှင့် မပတ်သက်ပါ။ ဘုရားသခင်၏ သားတော်သည် ကဏ္ဍအားလုံး၌ ခမည်းတော်နှင့် တန်းတူရည်တူဖြစ်သည်။ သို့ရာတွင် ခရစ်တော်သည် လောက၌ အပြစ်သားများ၏ ဆန့်ကျင်တိုက်ခိုက်ခြင်းကို ခံနေရသည့် အချိန်ကာလတွင် ခမည်းတော်သည် နေရာ(Position)အားဖြင့် သားတော်ထက်ကြီးမြတ်သည်။

သခင်ယေရှုသည် . . . ထက်သာ၍ ကြီးမြတ်သည်

                ရှင်မဿဲခရစ်ဝင်အခန်းကြီး ၁၂တွင် သခင်ယေရှုက၊ သူသည် ဗိမ္မာန်တော်ထက်ကြီးမြတ်သည် (ငယ် ၆)၊ ယောနထက် ကြီးမြတ် သည် (ငယ် ၄၁)၊ ရှောလမုန်မင်းကြီးထက်ကြီးမြတ်သည် (ငယ် ၄၂)ဟု ပြောပါသည်။ ဆိုလိုသည်မှာ၊ ခရစ်တော်သည် ဗိမ္မာန်တော်၏ ပုံစံ ကို ရေးဆွဲသူ၊ ဘုရားဝတ်ပြုရန်ထုံးနည်းများကို စတင်တည်ထောင်သူဖြစ်သည်။ သူ၏ပုဂ္ဂိုလ်ရေးရာ၊ ဟောပြောသည့်ဒေသနာ၊ အကျိုး ရလာဒ်နှင့်ပတ်သက်၍ ပရောဖက်ယောနထက်သာ၍ ကြီးမြတ်သည်။ ဘုန်းအသရေနှင့် ဉာဏ်ပညာ၌လည်း ရှောလမုန်မင်းကြီးထက် သာ၍ ကြီးမြတ်သည်။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်သည် ရှောလမုန်၏ စိတ်ထဲတွင် ဉာဏ်ပညာကို ပေးသွင်းသောသူဖြစ်သည်။

ရှေ့နောက်စကားအဆက်အစပ်ကို စစ်ဆေးပါ

                ယေဘုယျအားဖြင့် ရှေ့နောက်စကားအဆက်အစပ်က အဓိက အကြောင်းအရာသည် ပုဂ္ဂိုလ်ရေးရာနှင့်ဆိုင်သော ဂုဏ်အင်္ဂါ (သို့) နေရာနှင့် ဆိုင်သော ဂုဏ်သိက္ခာဖြစ်ကြောင်းကို ရှင်းလင်းစွာ ဖေါ်ပြပါသည်။ သခင်ယေရှုအား ကိုးကားဖော်ပြသော ကျမ်းပိုဒ် တိုင်းတွင် သူ၏ပုဂ္ဂိုလ်ရေးရာကြီးမြတ်ခြင်းနှင့်ပတ်သက်၍ ဘာမှမေးစရာမလိုပါ။ သူသည် အကြီးဆုံးသောသူနှင့်အကောင်းဆုံးသောသူတို့ ထက်သာ၍ ကြီးမြတ်သောသူဖြစ်သည်။

မှတ်ချက် ။

၁။        “အသင်းတော်နှင့်နိုင်ငံတော်” အကြောင်းရေးသည့်အခန်းကို ဖတ်ပါ။

၂။         အတိအကျဘာသာပြန်ဆိုပါက “သာ၍ ကြီးမြတ်သောအရာ” ဟူ၍ ဖြစ်ကာ၊ နိုင်ငံတော်ကို ဖော်ညွှန်းခြင်း ဖြစ်ကောင်းဖြစ်နိုင် သည်။ သို့သော် နိုင်ငံတော်သည် ရှင်ဘုရင်၌ တည်နေသောကြောင့် “သာ၍ ကြီးမြတ်သော ပုဂ္ဂိုလ်” ဟု အဓိပ္ပါယ်ရှိပါသည်။

၁၃အခြေခံယုံကြည်ချက်၊ အရေးကြီးသော သွန်သင်ချက် သို့မဟုတ် သာမညများ

Fundamental, Important, or Nonessential Matters

                ဓမ္မသစ်ကျမ်းကို လေ့လာသောအခါ၊ အခြေခံယုံကြည်ချက်များ၊ အခြေခံယုံကြည်ချက် မဟုတ်သော်လည်း အရေးကြီးသော သွန်သင်ချက်များနှင့် သာမညများကို ခွဲခြားတတ်ဘို့ အလွန်အရေးကြီးပါသည်။ နှုတ်ကပတ်တော်တစ်လုံးစီတိုင်းသည် ဘုရားသခင် မှုတ်သွင်းခြင်း ဖြစ်သော်လည်း အလေးထားပြောဆိုမှု (သို့) အရေးကြီးမှုပိုင်းတွင် တစ်ခုနှင့်တစ်ခုမတူပါ။

                အပြစ်အပျက်တစ်ခု၌ ခရစ်တော်ဘုရားက ဖါရိရှဲတို့အား “ . . . ပင်စိမ်း၊ စမွတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တစ်ဘို့ လှူကြသည်တွင် တရားသဖြင့် စီရင်ခြင်း၊ သူတပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ ကိုကား လှပ်၍ ထားကြ၏။” (မဿဲ ၂၃း၂၃)။ တစ်နည်းအားဖြင့် ပြောပါက၊ ပညတ်တရားတစ်ချို့တို့သည် အခြားပညတ်များထက် သာ၍ လေး(အရေးကြီး)ကြောင်း ဝန်ခံပြောဆိုခဲ့သည်။ သို့သော်လည်း၊ သေးငယ်သော ပညတ်တရားများကိုလည်း နာခံခြင်းဖြင့် စောင့်ထိန်းရန် သတိပေးသည်။

                ခရစ်ယာန်ယုံကြည်ခြင်းတွင် အခြေခံယုံကြည်ခံယူချက်များဖြစ်သော သြဝါဒများရှိပါသည်။ တစ်ချို့တို့သည် အရေးကြီးသော သွန်သင်ချက်များဖြစ်၍ တစ်ချို့မှာမူ သခင်ဘုရား၏ ပညတ်တော်အနေဖြင့် ဖေါ်ပြချက်များဖြစ်ပါသည် (၁ကော၊ ၁၄း၃၇)။ တစ်ချို့မှာ ယုံကြည်သူကိုယ်တိုင်က ဘုရားရှေ့မှောက်၌ စီရင်ဆုံးဖြတ်ရန် ဖြစ်သည်။

အခြေခံယုံကြည်ချက်များ

                အောက်တွင်ရေးသားဖော်ပြသော သြဝါဒများမှာ အခြေခံယုံကြည်ချက်များဖြစ်ပါသည်။

–              သမ္မာကျမ်းစာမှုတ်သွင်းခြင်း – သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။

–              သုံးပါးတစ်ဆူ – ဘုရားတစ်ဆူတည်းရှိ၍ သုံးပါးအနေဖြင့် ထာဝရတည်ရှိသည်။

–              ခရစ်တော်၏ ဘုရားဇာတိ – သခင်ခရစ်တော်သည် ဘုရားဖြစ်သည်။

–              လူ့ဇာတိခံယူခြင်း – သခင်ယေရှုသည် ရာနှုန်းပြည့်လူသားဖြစ်သည်။

–              ကရာနီကုန်းပေါ်တွင် ခရစ်တော်၏ကိုယ်စားအသေခံခြင်း၊ သင်္ဂြုဟ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ ချီဆောင်ခြင်း။

–              ဧဝံဂလိတရား – ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရ၏။ လုပ်ဆောင်မှုလုံးဝမပါပါ။

–              ဒုတိယအကြိမ်ကြွလာခြင်း – ခရစ်တော်ပြန်လည်ကြွလာမည်။ ပြန်လည်ကြွလာခြင်းနှင့် ပတ်သက်သော အသေးစိတ်သွန်သင် ချက်များအပေါ် အားလုံးသဘောမတူနိုင်ကြသော်လည်း ပြန်ကြွလာခြင်းသည် အခြေခံယုံကြည်ခံယူချက်ဖြစ်သည်။

–              မယုံကြည်သူများ၏ ထာဝရပြစ်ဒဏ်

                အထက်ဖော်ပြပါသြဝါဒများကို အလျှော့ပေးညှိယူ၍မရပါ။ ဤသြဝါဒများအပေါ်၌ ခိုင်မြဲစွာ ရပ်တည်ရပါမည်။ ဤခံယူချက်များကို  သမ္မာကျမ်းစာက ရှင်းလင်းစွာ  သွန်သင်ထားပါသည်။ ဧဝံဂလိအသင်းတော်များသည် ဤခံယူချက်များကို ခေတ်အဆက်ဆက် ခံယူစွဲကိုင် ကြပါသည်။ အယူလွဲသောသူတစ်ချို့တို့သည် ဤခံယူချက်များကို ငြင်းပယ်ကြသည်။ ယုံကြည်သူများသည် ထိုတန်ဘိုးကြီးလှသော သမ္မာတရားအတွက် အသေခံဝံ့ကြသည်။ ဤသမ္မာတရားခံယူချက်များကို အပေးအယူလုပ်၍ မရသလို၊ ဤခံယူချက်ကို ငြင်းပယ်သော သူတို့နှင့် မညီသော ထမ်းပိုးကို အတူမတင်နိုင်ကြပါ။

                ဘုရားသခင်၏ မပြောင်းလဲသော ကျင့်ဝတ်နှင့်ဆိုင်သည့်ပညတ်ချက်များကို ကျူးလွန်ခြင်းသည် အစဉ်အမြဲ အပြစ်ဖြစ်သည်။ လိမ်ညာခြင်းနှင့်ခိုးခြင်းသည် အစဉ်အမြဲ အပြစ်ဖြစ်သည်။ ရုပ်တုကိုးကွယ်ခြင်းကိုလည်း သမ္မာကျမ်းစာက တားမြစ်ထားပါသည်။ ဤကဲ့သို့ ဘုရားတားမြစ်ထားသော အရာများကျူးလွန်ခြင်းသည် အပြစ်လွှတ်ခွင့်မရှိ၊  လျော့ပေါ့၍ မရသည့်အပြင် လုံးဝမထောက်ထားရပါ။ ကျွန်ုပ် တို့သည် ဘုရားသခင်နှင့် တလုံးတဝတည်း ရပ်တည်လျက် ထိုဆိုးညစ်သောအရာများကို ဆန့်ကျင်ရပါမည်။

အခြေခံယုံကြည်ချက်များမဟုတ်သော်လည်း အရေးကြီးသောသွန်သင်ချက်များ

                ဒုတိယမှာ အချို့သော သွန်သင်ချက်များမှာ အခြေံယုံကြည်ချက်များ၌ မပါသော်လည်း သမ္မာကျမ်းစာက သြဇာအာဏာအပြည့် ဖြင့် အလေးထားသွန်သင်ထားသောကြောင့် အရေးကြီးပါသည်။ သို့ရာတွင်၊ ၎င်းတို့ကို အခြေခံယုံကြည်ချက်များအဖြစ် မှတ်ယူခြင်း မရှိခဲ့ ဖူးပါ။ အောက်ဖော်ပြပါ ခေါင်းစဉ်များကို အရေးကြီးသော သွန်သင်ချက်များ၌ပါဝင်သည်။

–              နှစ်ခြင်း

–              လင်မယားကွာရှင်းခြင်း၊ ပြန်လည်အိမ်ထောင်ပြုခြင်း

–              အနာဂတ်ဖြစ်ရပ်များ၏ အချက်အလက်များ

–              ရွေးကောက်ခြင်းနှင့် လူ၏တာဝန်

–              ယုံကြည်သူ၏ လုံခြုံမှု

–              အသင်းတော်၌ အမျိုးသမီးများတာဝန်

–              ဝိညာဉ်တော်ဆုကျေးဇူးများ

                အထက်ဖော်ပြပါ အကြောင်းတစ်ခုစီ၏ အနက်ဖွင့်ဆိုချက်သည် တစ်ခုစီသာရှိသော်လည်း ယုံကြည်သူအားလုံးတို့သည် ထိုအနက် ဖွင့်ဆိုချက်ပေါ်တွင် သဘောတူညီမှု မရကြချေ။ ခရစ်ယာန်တစ်ဦးနှင့်တစ်ဦး၏ အမြင်လည်း မတူကြချေ။ John Wesleyက Charless Spurgeon နှင့် သဘောမတူသည့် အချက်များရှိကောင်းရှိမည်။ ယုံကြည်သူတစ်ဦးစီက ဤအကြောင်းများကို ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်၌ ခိုင်မာစွာ အခြေပြု၍ ယုံကြည်ခံယူရန် တာဝန်ရှိပါသည်။

သာမညများ (သို့) ကျင့်ဝတ်ဆိုင်ရာ အရေးမကြီးသောအရာများ

                တတိယမှာ သမ္မာကျမ်းစာထဲတွင် အရေးမကြီးလှသော သာမညများပါရှိသည်။ ၎င်းတို့ကို ကျင့်ဝတ်ဆိုင်ရာ အရေးမကြီးသော အရာများဟုလည်းခေါ်သည်။ တစ်ချို့သွန်သင်ချက်များကို လူတစ်ယောက်၏ အပြုအမူသည် အခြားသူများအတွက် ထိမိလဲစရာ မဖြစ် သရွေ့ (ရောမ ၁၄း၁၃) အသင်းတော်၏ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်မပေးသရွေ့ (ရောမ ၁၄း၁၉)၊ မိမိ၏ သြတ္တပ္ပစိတ်ကို မပြစ်မှားသရွေ့ (ရောမ ၁၄း၂၃)၊ ဘုရားသခင်သည် ခြားနားသောထင်မြင်ချက် ခွင့်ပြုထားပါသည်။

                ကနဦးအသင်းတော်ခေတ်ကာလတွင် ရုပ်တုရှေ့၌ ပူဇော်သော အစားအစာ၊ နေ့ရက်များကို စောင့်ထိန်းခြင်း (ဂျူးလူမျိုးတို့၏ ဘာသာရေးပြက္ခဒိန်)၊ သန့်ရှင်းသောအစာ၊ မသန့်ရှင်းသောအစာများနှင့် ပတ်သက်၍ ပြဿနာဖြစ်ခဲ့သည်။ သမ္မာကျမ်းစာနှင့်ညီသော ဖြေရှင်းချက်ကို အောက်ပါအတိုင်း အတိုချုံး၍ ဖော်ပြပါမည်။

ရုပ်တုရှေ့၌ ပူဇော်သော အစားအစာ

                ရုပ်တုရှေ့၌ ပူဇော်သောအစားအစာနှင့် ပတ်သက်၍ ၁ကော၊ ၈း၁-၁၃နှင့် ၁ကော ၊ ၁၀း၁၄-၃၀တွင် ပါရှိပါသည်။ ဤသွန်သင် ချက်၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ ယုံကြည်သူခရစ်ယာန်သည် ရုပ်တုရှေ့၌ အစားအစာပူဇော်သောပွဲတွင် မပါဝင်သရွေ့ သူ၏ သြတ္တပ္ပကြည် နေသရွေ့ အခြားသူများအတွက် ထိမိလဲစရာမဖြစ်သရွေ့ ထိုအစားအစာများကို စားခွင့်ရှိပါသည်။ ရှင်ပေါလုက “ခပ်သိမ်းသော အမှု အရာကို ပြုနိုင်သည်” ဟု ပြောရာတွင် ချွင်းချက်မပါဘဲ ခပ်သိမ်းသော အမှုအရာကို ပြုနိုင်သည်ဟု မဆိုလိုကြောင်း သိမှတ်ရမည်။ သူသည် ကျင့်ဝတ်နှင့် ဆိုင်သော သာမညတစ်ချို့ကို ဖော်ညွှန်းထားခြင်း ဖြစ်သည်။ ဤသို့ မမြင်တတ်ပါက ရှင်ပေါလုသည် အကျင့် စာရိတ္တပျက်ပြားခြင်းကို အပြစ်မယူဘဲ လျစ်လျူရှုသည်ဟု မှားယွင်းသောအနက်ဖွင့်ဆိုခြင်းကို လက်ခံကောင်းလက်ခံနိုင်သည်။

နေ့ရက်များကို စောင့်ထိန်းခြင်း

                ရောမအခန်းကြီး ၁၄တွင် နေ့ရက်များကို စောင့်ထိန်းခြင်း၊ အသားစားခြင်း (ဟင်းသီး၊ ဟင်းရွက်ကိုသာစားသုံးခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်း)နှင့် စပျစ်ရည်သောက်သုံးခြင်း စသည့်အကြောင်းများပါရှိသည်။ အခြားလမ်းညွှန်ချက်များထဲမှ ရှင်ပေါလု ချပြသော အချက်မှာ “လူတိုင်းမိမိစိတ်သဘောကျပါစေ” ဟူ၍ဖြစ်သည်။ ရှေ့နောက်စကားအဆက်အစပ်မကြည့်ဘဲ ဤအချက်ကို ယူ၍ ဘုရားမှုတ်သွင်းသော ကျမ်းစာ (သို့) ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏ စသည့် သြဝါဒခံယူချက် များနှင့် ရောနှောမိပါက သင်သည့်စိတ်သောကရောက်တော့မည်ဖြစ်သည်။ ရောမ ၁၄ထဲတွင် ဖေါ်ပြထားသောမူမှာ အဖြူနှင့်အမဲကဲ့သို့ ခွဲခြား၍ မရသောကိစ္စဖြစ်သည်။

သန့်ရှင်းသော အစားအစာနှင့် မသန့်ရှင်းသော အစားအစာ

                တိတု အခန်းကြီး ၁တွင် ရှင်ပေါလုက ယုံကြည်သူခရစ်ယာန်များကို မောရှေ၏ ပညတ်တရားအောက်၌ ပြန်ရောက်ရန် ကြိုးစား သော မှားယွင်းသော ဆရာများအကြောင်း ပြောပါသည်။ အငယ်-၁၅တွင် “စင်ကြယ်သောသူတို့အား ခပ်သိမ်းသော အရာတို့သည် စင်ကြယ်လျက်ရှိကြ၏။ မစင်ကြယ်၊ မယုံကြည်သောသူတို့အား အဘယ်အရာမျှ မစင်ကြယ်။ သူတို့၏ နှလုံးသည်လည်း မစင်ကြယ်။ ကိုယ်ကိုကိုယ်သိသော စိတ်လည်းမစင်ကြယ်” ဟု ပြောခဲ့သည်။

                ရှင်ပေါလုက “စင်ကြယ်သောသူတို့အား ခပ်သိမ်းသောအရာတို့သည် စင်ကြယ်လျက်ရှိ၏” ဟု ပြောသောအခါ၊ တစ်ကမ္ဘာလုံးနှင့် ဆိုင်သော မှန်ကန်မှု (သမ္မာတရား)ကို ဖော်ပြခြင်းမဟုတ်ဘဲ၊ မောရှေ၏ ပညတ်တားမြစ်သော မသန့်ရှင်းသော အသားများနှင့် ပတ်သက် ၍  ဖော်ညွှန်းခြင်းဖြစ်သည်။ ယခုခေတ် ကျေးဇူးတော်ကာလ၌ ရှိသော ယုံကြည်သူခရစ်ယာန်များအတွက် ဘုရားပြင်ဆင်ပေးသော အစား အစာဟူသမျှစင်ကြယ်သည်။ “Kosher” (ဂျူးဘာသာအယူဝါဒနှင့် ညီညွှတ်သော အစားအစာ)နှင့် “Non-Kosh” (ဂျူးဘာသာအယူဝါဒနှင့် မညီညွှတ်သောအစားအစာ) အမှတ်အသားတံဆိပ်မသုံးတော့ပါ။ ရောမ ၁၄ထဲတွင် တွေ့ရသည့် အခြားဖော်ပြချက်တစ်ခုမှာ “အဘယ်အစာမျှ ပကတိအတိုင်း မညစ်ညူးကြောင်းကို ငါသည် သခင်ယေရှုကို အမှီပြုလျက် သဘောကျ၍ အမှန်သိ၏။” ရှင်ပေါလု သိသည့်နည်းတူ ကျွန်ုပ်တို့ကလည်း ဝက်သား၊ ပုဇွန် (သို့) ယုန်သားများသည် ဓမ္မဟောင်းကာလတွင် မသန့်ရှင်းသော အစာများထဲ၌ ပါကြောင်း သိသည်။

သာမညများ

                ယုံကြည်သူတစ်ချို့သည် အောက်ဖော်ပြပါ အချက်များထဲမှ တစ်ချို့ကို အရေးကြီးသည်ဟု ခံယူကြသည်။ သို့သော်၊ ထိုအချက် များကို သမ္မာကျမ်းစာထဲ၌ ရှင်းလင်းစွာ အလေးထားသွန်သင်ခြင်းမရှိပါ။ ယခုခေတ်ကာလတွင် အောက်ဖော်ပြပါ အချက်များသည် သာမည စာရင်းထဲ၌ ပါပါသည်။

                –              ပွဲတော်မင်္ဂလာ (the Lord’s Supper)၌ ဝိုင်အရက်နှင့် စပျစ်ရည်ပြ      ဿနာ

                –              တဆေးပါသောမုန့်နှင့် မပါသောမုန့်

                –              ဝတ်ပြုစည်းဝေးသည့် အချိန်သတ်မှတ်ခြင်း

                –              ဝတ်ပြုစည်းဝေးခြင်း၌ တူရိယာပစ္စည်းအသုံးပြုခြင်း

                –              ကျော်ကြား၊ ထူးခြားသော ကျမ်းစာအုပ်သုံးခြင်း

                –              ဘုရားကို ခေါ်သော အခါ သုံးသော ဝေါဟာရများ (Thee or Thou)

                –              အမှုတော်လုပ်ငန်း၌ အသုံးပြုသော နည်းစနစ်များ

                “ငါသည် အဘယ်သူ၏ ကျွန်မဖြစ်သော်လည်း သာ၍များသောသူတို့ကို ရခြင်းအလိုငှါ လူတကာတို့၏ ကျွန်ခံရ၏။ ယုဒလူတို့ကို ရခြင်းအလိုငှါ ယုဒလူတို့၌ ယုဒလူကဲ့သို့ဖြစ်၏။ ပညတ်တရားကို ကိုယ်တိုင်မဆည်းကပ်သော်လည်း၊ ပညတ်တရားကို ဆည်းကပ်သောသူ တို့ကို ရခြင်းအလိုဌါ ၊ ပညတ်တရားကို ဆည်းကပ်သော သူတို့၌ ပညတ်တရားကို ကျင့်သောသူကဲ့သို့ဖြစ်၏။ ဘုရားသခင်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏ တရားကို ကျင့်သောသူ ဖြစ်သော်လည်း၊ ပညတ်တရားမဲ့သောသူတို့ကို ရခြင်းအလိုငှာ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သောသူကဲ့သို့ ဖြစ်၏။ အားနည်းသောသူတို့ကို ရခြင်းအလိုငှါ၊ အားနည်းသောသူတို့၌ အားနည်းသောသူကဲ့သို့ဖြစ်၏။ အချို့သောသူတို့ကို တစ်စုံတစ်ခုသော အမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသောသူတို့၌ ခပ်သိမ်းသောအရာဖြစ်၏။ သင်တို့နှင့်အတူ ဧဝံဂေလိတရားကို ဆက်ဆံ ခြင်း အလိုငှါ၊ ဧဝံဂေလိတရားကြောင့် ထိုသို့ ငါပြုလေ့ရှိ၏” (၁ကော၊ ၉း၁၉-၂၃)။

                သို့သော်လည်း ရှင်ပေါလုက “အချို့သောသူတို့ကို တစ်စုံတစ်ခုသော အမှုအရာအားဖြင့် ကယ်တင်ခြင်းအလိုငှါ၊ ခပ်သိမ်းသော သူတို့၌ ခပ်သိမ်းသောအရာဖြစ်၏” ဟု ပြောသောအခါ ဧဝံဂလိသမ္မာတရားကို အပေးအယူလုပ်ခဲ့ဘူးသည် (သို့) အပြစ်ရှိသော လုပ် ဆောင်မှုမျိုး၌ ပါဝင်ခဲ့ဘူးသည်ဟု လုံးဝမဆိုလိုပါ။ သမ္မာတရားကို အလျှော့ပေးခြင်းမဟုတ်ဘဲ၊ ဧဝံဂေလိ၏တရားဟောပြောရာ၌ ပို၍ အခွင့် အလမ်းရနိုင်ရန် ပြုခဲ့သည်။ (တိမောသေအား အရေဖျားလှီးခြင်းကဲ့သို့သော တမန်၊ ၁၆း၃)။ သို့ရာတွင်၊ ကယ်တင်ခြင်းသည် ပညတ်တော် စောင့်ထိန်းခြင်းအားဖြင့် မဟုတ်၊ ကျေးဇူးတော်အားဖြင့်သာလျှင် ရနိုင်သည်ဟူသော သမ္မာတရားကို ငြင်းပယ်သောသူတို့နှင့် ရင်ဆိုင်သောအခါ ရှင်ပေါလုသည် ဘယ်သောအခါမှ တစ်လက္မမျှ နောက်မဆုတ်ခဲ့ပါ။ (တိတုအား အရေဖျားလှီးခြင်းနှင့် ပတ်သက်၍ အငြင်းပွားမှု – ဂလာတိ ၂း၁-၅)။

နိဂုံး

အထက်ပါသွန်သင်ချက်အားလုံးကို အတိုချုံးကြပါစို့။ အခြေခံယုံကြည်ချက်များနှင့် ဘုရားသခင်၏ မပြောင်းလဲသော လူ့ကျင့် ဝတ်များကို လုံးဝသဘောတူ၍ ခံယူကျင့်သုံးရပါမည်။ အခြေခံယုံကြည်ချက်၌မပါသော်လည်း ဝိညာဉ်ရေးဆိုင်ရာ အရေးကြီးသော သမ္မာကျမ်းစာသွန်သင်ချက်များကို ယုံကြည်သူတစ်ဦးစီက နှုတ်ကပတ်တော်ကို အခြေပြု၍ စီရင်ဆုံးဖြတ်ကာ လက်တွေ့ကျင့်သုံးရပါမည်။ သာမည (အရေးမကြီးသော အရာများ)များကို စည်းလုံးရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အတိုင်းအတာတစ်ခုအထိ အလျှော့ အတင်းနှင့် ညှိယူမှုလုပ်သင့်ပါသည် (ဧဖက်၄း၁-၆)။ သို့သော်၊ ဤကဲ့သို့သော အခြေအနေ၌ပင်လျှင် ယုံကြည်သူသည် ဆိုးညစ်မှုအမျိုးမျိုး၊ ညီအစ်ကို တစ်ယောက်ယောက်အတွက် ထိမိလဲစရာဖြစ်ခြင်းနှင့် မိမိ၏ သြတ္တပ္ပစိတ်ပြစ်မှားစခြင်းများကို ရှောင်ရပါမည်။

                အခြေခံယုံကြည်ချက်၊ အရေးကြီးသော သွန်သင်ချက်များနှင့် ပတ်သက်လာပါက သမ္မာကျမ်းစာ၏ အခြေခံမူများ ကိုသာ လက်တွေ့အခြေပြုရပါမည်။ သို့ရာတွင် ကျင့်ဝတ်နှင့်ဆိုင်သော အရေးမကြီးသည့် အကြောင်းမျာကို ခြားနားသော ထင်မြင်ယူဆချက်များ ရှိနိုင်ကြောင်း သိမှတ်ရပါမည်။ ထို့ကြောင့်၊ ခရစ်တော်၏ ဘုရားဖြစ်ခြင်းနှင့်ပတ်သက်၍ ရှင်ပေါလုက “လူတိုင်းမိမိထင်မြင်ယူဆသည့် အတိုင်း ခံယူပါစေ” ဟု ခံယူပေးမည်မဟုတ်ပါ (ရောမ ၁၄း၅ခ)။ သို့မဟုတ်၊ အကျင့်စာရိတ္တ ပျက်ပြားခြင်းနှင့် ပတ်သက်၍ ရှင်ပေါလုက “အကျင့်စာရိတ္တပျက်ပြားခြင်းသည် မသန့်ရှင်းသော အကျင့်မဟုတ်သည့်အကြောင်း သခင်ယေရှုက ကျွန်ုပ်အား ပြောခဲ့ပါသည်” ဟု လုံး၀ ပြောမည်မဟုတ်ပါ (ရောမ ၁၄း၁၄)။ ကျွန်ုပ်တို့သည် အခြေခံယုံကြည်ချက်များ အရေးကြီးသော သွန်သင်ချက်များ သို့မဟုတ် သာမည များကို ခွဲခြားတတ်ရမည်။

၁၄ခြားနားသော ခေတ်ကာလများ  Differing Ages

                တစ်ခါက Augustine သည် “ခေတ်ကာလပိုင်းခြားခြင်းနှင့် သမ္မာကျမ်းစာသည် လိုက်လျောညီထွေမှုရှိသည်”ဟု ပြောခဲ့ဘူးသည်။ ဘုရားသခင်သည် လူ့သမိုင်းကို ခေတ်ကာလအလိုက်ခွဲခြားသတ်မှတ်ခဲ့သည်။ “…. ဘုရားသခင်သည် ထိုသားတော်အားဖြင့် ခေတ်ကာလများကို ဖန်ဆင်းတော်မူ၏” (ဟေဗြဲ ၁း၂ ASV margin)။ ထိုခေတ်ကာလများသည် အချိန်ကာလအားဖြင့် ရှည်နိုင်သည် (သို့) တိုတောင်းနိုင်ပါသည်။ ထိုခေတ်ကာလအသီးသီးကို ခွဲခြားသိမြင်စေသော အရာမှာ အချိန်ကာလမဟုတ်ပဲ၊ ဘုရားသခင်၏လူသားများနှင့် ဆက်ဆံပြုမူခြင်း အမျိုးမျိုးတို့ဖြစ်ပါသည်။

ခေတ်ကာလပိုင်းခြားခြင်း (Dispensation) အဓိပ္ပါယ်ဖွင့်ဆိုချက်

                ဘုရားသခင်ကိုယ်တိုင်မပြောင်းလဲသော်လည်း လူသားများနှင့် ဆက်ဆံပြုမူသည့် နည်းစနစ်များမှာမူ ပြောင်းလဲပါ သည်။ သူသည်ခြားနားသောခေတ်ကာလများ၌ ခြားနားသောနည်းစနစ်များဖြင့် အလုပ်လုပ်ပါသည်။ တစ်ခါတစ်ရံ ကျွနု်ပ် တို့သည် ဘုရားသခင်က သီးခြားသတ်မှတ်သည့် ခေတ်ကာလတစ်ခုတွင် သူ၏အမှုကိစ္စစီရင်အုပ်ချုပ်ခြင်းကို ခေတ်ကာလ ပိုင်းခြားခြင်း (Dispensation) ဖြစ်သည်ဟု ပြောဆိုတတ်ကြပါသည်။ အမှန်မှာ၊ ခေတ်ကာလပိုင်းခြားခြင်း (Dispensation) သည် ခေတ်ကာလကို မဆိုလိုဘဲ၊ စီရင်အုပ်ချုပ်ခြင်း၊ ဘဏ္ဍာစိုးအရာ၊ အစီအစဉ်(သို့)နေရာတကျကြည့်ရှု့စီမံခြင်း ဟုဆို လိုပါသည်။ သို့သော်လည်း ကျွနု်ပ်တို့အတွက် အချိန်ကာလကို ထည့်မစဉ်းဘဲ ခေတ်ကာလပိုင်းခြားခြင်း (Dispensation) ကိုနားလည်ရန် ခက်ခဲပါသည်။ ဥပမာ၊ အမေရိကန်ပြည်ထောင်စုအစိုးရ၏ သမိုင်းကို စီရင်အုပ်ချုပ်မှု အမျိုးမျိုးဖြင့် ခွဲခြားသတ်မှတ်ခဲ့ပါသည်။ Roosevelt ၏စီရင်အုပ်ချုပ်မှု၊ Eisenhower ၏စီရင်အုပ်ချုပ်မှု၊ သို့မဟုတ် Kennedy ၏ စီရင် အုပ်ချုပ်မှုစသည်ဖြင့် ခွဲခြားသတ်မှတ်ခဲ့ပါသည်။ ထိုသို့ဆိုရာတွင်ထိုသမ္မတများသည် ထိုသမ္မတရာထူးရှိနေကြစဉ်တွင် သူတို့၏ မူဝါဒဖြင့် နိုင်ငံတော်ကိုစီရင်အုပ်ချုပ်ကြပါသည်။ အဓိကအချက်မှာ လိုက်နာရသော မူဝါဒဖြစ်သော်လည်း ကျွနု်ပ်တို့သည် ထိုမူဝါဒများ ကိုကျင့်သုံးခဲ့သည့်အချိန်ကာလနှင့် ဒွန်တွဲစေပါသည်။

ခေတ်ကာလပိုင်းခြားခြင်း သာဓကများ

                ထို့ကြောင့် ဤသင်ခန်းစာတွင် ကျွန်ုပ်တို့သည် ခေတ်ကာလပိုင်းခြားခြင်း (Dispensation) ကို ဘုရားသခင်သည် လူသားများအား ခြားနားသော ခေတ်ကာလအသီးသီး၌ ဆက်ဆံပြုမူခြင်းကိုဆိုလိုခြင်းဖြစ်သည်ဟု မှတ်ယူရပါမည်။ ဘုရားသခင်၏ ခေတ်ကာပိုင်းခြား၍ လူသားများနှင့် ဆက်ဆံပြုမူခြင်းကို အိမ်ထောင်စုတစ်ခုလည်ပတ်ပုံနှင့် နှိုင်းယှဉ်ရပါ မည်။ အိမ်ထောင်ထဲတွင် လင်ယောကျ်ားနှင့် ဇနီးတို့ရှိပါက ချမှတ်ထားသောမူများကို လိုက်နာကြပါသည်။ သို့ရာတွင် သားသမီးများရှိလာသည့်အခါ၊ အသစ်သောစည်းကမ်းနှင့် မူများကို မိတ်ဆက်ချမှတ်ရပါသည်။ သားသမီးများကြီးပြင်းလာပြီး ရင့်ကျက်လာသောအခါ၊ အိမ်ထောင်၌ လိုက်နာမည့်မူများ ပြောင်းလဲပြုပြင်ရပါသည်။ ဘုရားသခင်သည် လူသားများနှင့် ဆက်ဆံပြုမူရာတွင် ဤပုံစံအတိုင်းဖြစ်ကြောင်း ကျွန်ုပ်တို့တွေ့နိုင်ပါသည်။ (ဂလာ၊ ၄း၁-၅)

                ဥပမာအားဖြင့်၊ကာဣနသည် သူ့ညီအာဗေလကိုသတ်သောအခါ၊ ကာဣနကိုတွေ့သောသူ တစ်စုံတစ်ယောက် ကမျှ မသတ်စေခြင်းငှါ၊ ထာဝရဘုရားသည် သူအမှတ်ပေးတော်မူ၏ (ကမ္ဘာ၊ ၄း၁၅)။ သို့ရာတွင် ရေလွှမ်းမိုးခြင်းဖြစ်ပြီးနောက် ဘုရားသခင်သည် သေဒဏ်ကို စတင်ချမှတ်ခဲ့သည်။ “အကြင်သူသည် လူ၏အသွေးကိုသွန်း၏၊ ထိုသူ၏အသွေးကို လူလက်ဖြင့် သွန်းရမည်” (ကမ္ဘာ၊ ၉း၆)။ အဘယ့်ကြောင့်ပြစ်ဒဏ်မတူဘဲ ခြားနားရပါသနည်း။ အဘယ့်ကြောင့်ဆိုသော် ခေတ်ကာလပြောင်းလဲခြင်းကြောင့်ဖြစ်ပါသည်။

                အခြားဥပမာတစ်ခုပြောရမည်ဆိုလျှင်၊ ဆာလံဆရာက ဗာဗုလုန်နိုင်ငံအပေါ်၌ ပြင်းထန်သောတရားစီရင်ခြင်းကျ ရောက်ရန် တောင်းဆိုခဲ့ပါသည် (ဆာလံ ၁၃ရး၈-၉)။

                “ ဖျက်ဆီးတတ်သော ဗာဗုလုန်မင်းသမီး၊ သင်သည်ငါတို့၌ ပြုသည်အတိုင်း၊ သင်၌အပြစ်ကိုဆပ်ပေးသောသူသည် မင်္ဂလာရှိ၏။ သင်၏သူငယ်တို့ကိုကိုင်ယူ၍၊ ကျောက်ပေါ်မှာဆောင့်သောသူသည် မင်္ဂလာရှိ၏။ သို့သော်လည်း၊ နောက်ပိုင်း တွင် ဘုရားသခင်သည် သူ၏လူမျိုးတို့ကိုသွန်သင်သည်မှာ “… သင်တို့၏ ရန်သူတို့ကိုချစ်ကြလော့။ သင်တို့အား ကျိန်ဆဲ သောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကိုမုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကိုနှောင့်ယှက်ညှဉ်းဆဲ သောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်းကြလော့။ (မဿဲ ၅း၄၄)။

                ပညတ်တရားအောက်၌ အသက်ရှင်ခဲ့သော ဆာလံဆရာတို့၏ပြောဆိုသော စကားသည် ကျေးဇူးတရားအောက်၌ ယုံကြည်သူခရစ်ယာန်တစ်ဦးအတွက် မသင့်လျော်တော့ပါ။ ပညတ်တရားအောက်၌ ၊ဣသရေလလူတို့အား သူတို့၏မယုံ ကြည်သူဇနီးများနှင့် သားသမီးများကို ဖယ်ရှားရန် မိန့်မှာသည် (ဧ၊၁၀း၃)။ ကျေးဇူးတရားအောက်၌ ယုံကြည်သူသည် သူ၏ မယုံကြည်သူဇနီး (သို့) သားသမီးများကို မဖယ်ရှားသင့်ပေ (၁ကော၊ ရး၁၂-၁၆)။

ခေတ်ကာလပိုင်းခြားခြင်းကို ဖော်ပြခြင်း

                ခေတ်ကာလပိုင်းခြားခြင်း (Dispensation) ၏နံပါတ်အရေအတွက်(သို့) ၎င်းတို့အားခေါ်သော အမည်နာမများနှင့်  ပတ်သက်၍၊ ခရစ်ယာန်အားလုံး သဘောတူညီမှုမရှိကြပါ။ သို့ရာတွင် ကျွနု်ပ်တို့သည်ခေတ်ကာလပိုင်းခြားခြင်း (Dispensation) ရှိကြောင်းကို အောက်ပါအတိုင်းဖော်ပြနိုင်ပါသည်။ ပထမအနေဖြင့်၊ ခေတ်ကာလပိုင်းခြားခြင်း အနည်းဆုံး (၂)ခုရှိပါသည်။ ၎င်းတို့မှာ၊ ပညတ်တော်ကာလနှင့် ကျေးဇူးတော်ကာလဖြစ်ပါသည်။ “အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင်ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား၊ ယေရှုခရစ်အားဖြင့်ဖြစ် သတည်း”(ယော၊၁း၁၇)။ အကြောင်းမှာ၊ ကျွနု်ပ်တို့၏သမ္မာကျမ်းစာအုပ်သည် ပဋိညာဉ်ဟောင်း (ဓမ္မဟောင်း) နှင့် ပဋိညာဉ်သစ် (ဓမ္မသစ်)ဟူ၍ နှစ်ပိုင်းခွဲခြားခြင်းသည် စီရင်အုပ်ချုပ်မှုပြောင်းလဲကြောင်းဖေါ်ပပါသည်။ သာ၍ ထင်ရှားသော သက်သေမှာ၊ ကျေးဇူးတော်ကာလ၌ရှိသော ယုံကြည်သူတို့အား တိရစ္ဆာန်ဖြင့် ယဇ်ပူဇော်ရန်မတောင်းဆိုတော့ပါ။ ဤအချက်သည် ဘုရားသခင်ကအစီအစဉ်သစ်တစ်ခုကို လူသားတို့အား မိတ်ဆက်ပေးကြောင်း ထင်ရှားပါသည်။

                သို့သော်လည်း ကျွနု်ပ်တို့သည် အထက်ဖေါ်ပြပါခေတ်ကာလပိုင်းခြားခြင်း (၂) မျိုးရှိသည်ဟု သဘောတူပါက၊ ခေတ်ကာလပိုင်းခြားခြင်း (၃)မျိုးရှိကြောင်း ယုံကြည်လက်ခံရပါမည်။ အဘယ့်ကြောင့်ဆိုသော်၊ ထွက်မြောက်ရာကျမ်း၊ အခန်းကြီး ၁၉ မတိုင်မီ၊ ဖန်ဆင်းခြင်းမှစ၍  နှစ်ပေါင်းရာနှင့်ချီကြာပြီးသည့်အထိတိုင်အောင် ပညတ်တော်ခေတ်ကာလအစ မပြုသေးပါ။ ဤအချက်က ခေတ်ကာလ(၃)ခု ရှိစေပါသည်။

                ထို့နောက်၊ စတုတ္ထမြောက်ခေတ်ကာလရှိကြောင်းကိုလည်း ယုံကြည်သူအယောက်တိုင်း လက်ခံသင့်ပါသည်။ အကြောင်းမှာ၊ သမ္မာကျမ်းစာက “ နောင်ကာလ” (ဟေဗြဲ ၆း၅)အကြောင်းကို သွန်သင်သောကြောင့်ဖြစ်သည်။ ထိုခေတ် ကာလသည် ခရစ်တော်ဘုရားလောကကို အုပ်စိုးရန်ကြွလာသောခါ ဖြစ်ပေါ်လာမည်ဖြစ်ပြီး၊ ၎င်းကို အနှစ်တစ်ထောင်ကာလ ဟုလည်းခေါ်သည်။

                ရှင်ပေါလုကလည်း ယခုခေတ်ကာလနှင့် နောင်လာလတံ့သော ခေတ်ကာလကိုခွဲခြား၍ဖေါ်ပြပါသည်။ ပထမအနေဖြင့် သူသည်အသင်းတော်နှင့်ဝမ်းမြောက်ဘွယ်သတင်း၏ သမ္မာတရားနှင့်ပတ်သက်၍ ခေတ်ကာလတစ်ခု၌ သူ့အားအပ်နှင်းခြင်းအကြောင်းကိုပြောပါသည် (၁ကော၊ ၉း၁၇။ ဧဖက် ၃း၂။ ကော၊ ၁း၂၅)။ ထိုခေတ်ကာလသည် ယခု ပစ္စုပ္ပန်ကာလ (ကျေးဇူးတော်ကာလ) ဖြစ်သည်။ သို့သော်လည်း သူသည် နောင်ကာလ အကြောင်းကိုလည်း ညွှန်ပြခဲ့သည် – “ ကာလအချိန်စေ့စုံခြင်းခေတ်ကာလ” (ဧဖက် ၁း၁၀)။ ဤခေတ်ကာလသည် ယခုအချိန်တွင် မရောက်သေးဘဲ၊  အနာဂတ်ကာလတွင် ပြည့်စုံရောက်ရှိလာမည်ဖြစ်ကြောင်း ထင်ရှားသည်။

                သို့ဖြစ်၍၊ ကျွနု်ပ်တို့သည် ကမ္ဘာ၏နောက်ဆုံးသောခေတ်ကာလ၌ အသက်ရှင်နေထိုင်ခြင်းမဟုတ်ကြောင်းသိရသည်။

ခေတ်ကာလပိုင်းခြားခြင်းကို အတိအကျဖော်ပြခြင်း

                Scofield ကျမ်းစာအုပ်ကိုရေးသားသူ Dr. C.I. Scofield က ခေတ်ကာလ(၇) ပိုင်းကို အောက်ပါအတိုင်း အစဉ်လိုက် ရေးခဲ့ပါသည်။

                                ၁။        အပြစ်ကင်းသောခေတ်ကာလ (ကမ္ဘာ၊ ၁း၂၈)။ အာဒံဖန်ဆင်းခြင်းအချိန်မှစ၍ သူ၏ပြိုလဲသည့်            အချိန်အထိ။

                ၂။         သြတ္တပ္ပခေတ်ကာလ (သို့) ကျင့်ဝတ္တရားတာဝန် (ကမ္ဘာ၊ ၃း၇၊ ၂၂)။ အာဒံပြိုလဲခြင်းမှရေလွှမ်းမိုး သည့်ကာလအဆုံးအထိ။

                ၃။        လူအုပ်ချုပ်ခြင်းခေတ်ကာလ (ကမ္ဘာ၊ ၉း၅-၆)။ ရေလွှမ်းမိုးသည့်ကာလအဆုံးမှ အာဗြဟံကိုခေါ် ထုတ်သည့်အချိန်အထိ။

                ၄။        ဂတိတော်ခေတ်ကာလ (ကမ္ဘာ၊ ၁၂ း၁-၃)။ အာဗြဟံကိုခေါ်ထုတ်သည့်အချိန်မှ ပညတ်တော်ပေး အပ်သည့်အချိန်အထိ။

                ၅။        ပညတ်တော်ခေတ်ကာလ (ထွက်၊ ၁၉-၂၀)။ပညတ်တော်ပေးအပ်သည့်အချိန်မှ ပင်တေကုတ္တေနေ့ အထိ။

                ၆။        အသင်းတော်ခေတ်ကာလ (တမန်၊ ၂)။ ပင်တေကုတ္တေနေ့မှ ချီဆောင်ခြင်းအထိ။

                ၇။        နိုင်ငံတော်ခေတ်ကာလ (ဗျာ၊ ၂၀း၄) ခရစ်တော်ဘုရား၏ အနှစ်တစ်ထောင်ကာလအုပ်စိုးခြင်း။

A.E.Booth ရေးသားသော၊ “The Course of Time from Eternity to Eternity” စာအုပ်ထဲတွင်  ကမ္ဘာဦးကျမ်း၌ ပါသော (၇) ရက်သည် ခေတ်ကာလ(၇)ပိုင်းကို အရိပ်ပြခြင်းဖြစ်သည်ဟု ဖော်ပြခဲ့ပါသည် –

ပထမနေ့           –           ဖန်ဆင်းခြင်း၏အလင်းဖြင့်လူကိုစစ်ဆေးခြင်း – အလင်းနှင့် ဂတိတော်။

ဒုတိယနေ့          –           စီရင်အုပ်ချုပ်ခြင်းကာလ (ရေလွှမ်းမိုးခြင်းမှတိုင်းနိုင်ငံများ ကွဲပြားခြင်းအထိ)။

တတိယနေ့        –           က္ကသရေလ (အစ္စရေး) (အာဗြဟံမှခရစ်ဝင်ကျမ်း (၄)ကျမ်း ကုန်ဆုံးသည့်အချိန်အထိ)။

စတုတ္ထနေ့          –           ကျေးဇူးတော်ကာလ (ကြားကာလ)။

ပဉ္စမနေ့             –           ဘေးဒဏ်ကြီးကာလ။

ဆဋ္ဌမနေ့           –           အနှစ်တစ်ထောင်ကာလ။

သတ္တမနေ့          –           ထာဝရကာလ။

ခေတ်ကာလပိုင်းခြားခြင်း၏ အရေးကြီးပုံ

                ဤအကြောင်းနှင့်ပတ်သက်၍ ခံယူချက်အသေးစိတ်တူညီရန် အရေးမကြီးသော်လည်း၊ ခြားနားသောကာလများရှိ ကြောင်း သိမြင်တတ်ဘို့ အရေးကြီးလှပါသည်။ (အထူးသဖြင့် အရေးကြီးသောအချက်မှာ ပညတ်တော်ကာလနှင့် ကျေးဇူး တော်ကာလကိုခွဲခြားခြင်းဖြစ်သည်)။ သို့မဟုတ်လျှင် အခြားခေတ်ကာလနှင့် တိုက်ရိုက်ပတ်သက်သောကျမ်းပိုဒ်များကို မိမိအတွက်ယူမိပါလိမ့်မည်။ သမ္မာကျမ်းစာထဲ၌ရှိသော နှုတ်ကပတ်တော်အားလုံးတို့သည် ကျွနု်ပ်တို့အတွက်အကျိုးရှိသော် လည်း (၂တိ၊ ၃း၁၆)၊ ကျမ်းပိုဒ်အားလုံးတို့သည် ကျွနု်ပ်တို့အတွက် တိုက်ရိုက်ရေးသားခြင်းမဟုတ်ပါ။ အခြားခေတ်ကာလများ အတွက် ရေးသားသောကျမ်းပိုဒ်များကို အသက်တာအတွက်သင်ခန်းစာယူပြီး ကျင့်သုံး၍ရသော်လည်း၊ အနက်ဖွင့်ဆိုရာ၌ ထိုကျမ်းပိုဒ်နှင့် တိုက်ရိုက်ပတ်သက်သော ခေတ်ကာလနှင့်လူတို့အတွက်သာလျှင် အနက်ဖွင့်ရပါမည်။ ဥပမာ- ပညတ်တရား အောက်၌ အသက်ရှင်သောဂျူးလူမျိုးများအား မသန့်ရှင်းသောတိရစ္ဆာန်များ၏ အသားကိုမစားရန်တားမြစ်ပါသည်။ “ခွါမကွဲပြား၊ စားမြုံ့မပြန်သောသားများကိုမစားရ’’ (ဝတ်ပြု၊ ၁၁း ၃)။ ဤတားမြစ်ချက်သည် ယနေ့ခရစ်ယာန် များအတွက် မဟုတ်ပါ (မာကု ရး၁၈-၁၉) သို့ရာတွင် လူ့ကျင့်ဝတ်နှင့်ဝိညာဉ်ရေးရာအတွက် မသန့်ရှင်းသော အရာများကိုရှောင်ရ မည့်မူမှာ တည်နေဆဲဖြစ်ပါသည်။

                ဘုရားသခင်သည် ဣသရေလလူတို့အား  သူ့စကားနားထောင်ပါက လောကစည်းစိမ်ဖြင့်ကြွယ်ဝချမ်းသာစေမည်ဟု ဂတိပေးခဲ့ပါသည် (တရား၊ ၂၈း၁-၆)။ ဤကျမ်းပိုဒ်၏အဓိကသွန်သင်ချက်မှာ မြေကြီး၌ ရုပ်ဝတ္ထုနှင့်ဆိုင်သောကောင်းကြီးများ ဖြစ်ပါသည်။ သို့သော်လည်း ဤကျမ်းချက်သည် ယနေ့အတွက်မမှန်တော့ပါ။ ဘုရားသခင်သည် သူ့စကားနားထောင်ခြင်း အတွက် ငွေကြေးချမ်းသာမှုဖြင့် ကျွနု်ပ်တို့ကိုကောင်းကြီးပေးမည်ဟု ဂတိမပေးပါ။ ယခုခေတ်ကာလ (ကျေးဇူးတော်ကာလ)၏ ကောင်းကြီးများမှာ ကောင်းကင်ဘုံ၌ရှိသော ဝိညာဉ်ရေးရာကောင်းကြီးများဖြစ်ပါသည် (ဧဖက် ၁း၄)။

ခေတ်ကာလအားလုံးအတွက် ဧဝံဂေလိတစ်မျိုး

                ခြားနားသောခေတ်ကာလအမျိုးမျိုးရှိသော်လည်း ဘယ်သောအခါမှ မပြောင်းလဲသောအရာတစ်ခုမှာ ဝမ်းမြောက် ဘွယ်သတင်း (ဧဝံဂေလိတရား) ဖြစ်ပါသည်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၊ မည်သည့်ခေတ်ကာလတွင်မဆို ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့်သာလျှင် ကယ်တင်ခြင်းရနိုင်ပါသည်။ ခေတ်ကာလအသီးသီး၌ ကယ်တင်ခြင်းသည် ခရစ်တော်၏ လက်ဝါးကပ်တိုင်ပေါ်တွင် ပြီးစီးသောအမှုပေါ်၌အခြေပြုပါသည်သည်။ ဓမ္မဟောင်းခေတ်ကာလရှိလူတို့သည် ဘုရားသခင်ဖွင့် ပြမိန့်မှာခဲ့သောအရာများကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရကြသည်။ ဥပမာ- အာဗြဟံသည် ဘုရားသခင်၏ ဂတိတော် ဖြစ်သော “ သင်၏အမျိုးအနွယ်သည် မရေတွက်နိုင်သောကြယ်များကဲ့သို့များပြားမည်” (ကမ္ဘာ၊ ၁၅း၅-၆) ကို ယုံကြည်သောကြောင့် ကယ်တင်ခြင်းရခဲ့ပါသည်။ အာဗြဟံသည် အနာဂတ်ရာစုနှစ်များကုန်လွန်ပြီးမှ လက်ဝါးကပ်တိုင်ပေါ်၌ ဖြစ်ပျက်မည့်အရာကိုမသိခဲ့ပါ။ သို့သော် ဘုရားသခင်ကသိပါသည်။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သောအခါ အနာဂတ်ကာလတွင် ကာရာနီကုန်းပေါ်၌ခရစ်တော်ပြုမည့် ကယ်တင်ခြင်းအကျိုးကျေးဇူးကို ဘုရားသခင်ကပေးလိုက်သည်။

                တစ်ယောက်သောသူက ဓမ္မဟောင်းသန့်ရှင်းသူတို့သည် “အကြွေး” ဖြင့် ကယ်တင်ခြင်းရကြသည်ဟု ပြောဖူးပါသည်။ ဆိုလိုသည်မှာ၊ သူတို့၏ ကယ်တင်ခြင်းသည်နှစ်ပေါင်းအတော်ကြာမှ ခရစ်တော်ကသူ့အသက်ကို စတေးပြီးပြုမည့် ကယ်တင်ခြင်းအပေါ်၌ တည်နေသည် (ရောမ ၃း၂၅) သည် ဤအဓိပ္ပါယ်ကိုဆောင်ပါသည်)။ ယနေ့ ကျွနု်ပ်တို့၏ ကယ်တင် ခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၁၉ဝဝ ကျော်ခန့်က ခရစ်တော်ပြုခဲ့သော ကယ်တင်ခြင်း အမှုအပေါ်၌တည်ပါသည်။ သို့ရာတွင် ဤခေတ်ကာလနှစ်ခုစလုံးတွင် ဘုရားသခင်ကို ယုံကြည်ခြင်း အားဖြင့်သာလျှင် ကယ်တင်ခြင်းရနိုင်သည်။  ပညတ်တော်ကာလ၌ရှိသောလူတို့သည် ပညတ်တော် စောင့်ထိန်းခြင်းအားဖြင့် သို့မဟုတ် တိရစ္ဆာန်နှင့် ယဇ်ပူဇော်ခြင်း အားဖြင့် ကယ်တင်ခြင်းရကြသည်ဟူသော ယုံကြည်ခြင်းကို ကျွနု်ပ်တို့ငြင်း ပယ်ရပါမည်။ ပညတ်တရားသည် အပြစ်ကို ထင်ရှားစေပြီး၊ အပြစ်သားကိုမကယ်နိုင်ပါက (ရောမ ၃း၂ဝ)။ နွားနှင့်ဆိတ်၏ အသွေးက လူတို့၏အပြစ်ကိုမဆေးကြောနိုင်ပါ(ဟေဗြဲ၁ဝး၄)။ ဘုရားသခင်၏ကယ်တင်ခြင်း နည်းလမ်းသည် ယုံကြည်ခြင်း သာလျှင်ဖြစ်ပါသည်။ (ရောမ ၅း၁) ကို ဖတ်ပါ။

                အခြားသိမှတ်ဘွယ်ရာအကြောင်းတစ်ခုမှာ၊ ယခုခေတ်ကာလသည် ကျေးဇူးတော်ကာလဖြစ်သည်ဟုပြောဆိုရာတွင်  ပြီးခဲ့သည်ခေတ်ကာလ (ကျေးဇူးတော်ကာလမတိုင်မီ) တွင် ဘုရားသခင်သည် လူများအပေါ်၌ ကျေးဇူးမပြုပါဟု မဆိုလိုပါ။ ဘုရားသခင်သည် ယခုခေတ်ကာလတွင် လူတို့အား ပညတ်တရားအောက်၌မဆက်ဆံပဲ ကျေးဇူးတရားအောက်၌ပြုမူ ဆက်ဆံသည်ဟု ဆိုလိုပါသည်။    ဤနှစ်ခု၏ခြားနားချက်များကို ရှေ့သင်ခန်းစာများ၌ ပို၍ပြည့်စုံစွာရှင်းလင်းပါမည်။

                ခေတ်ကာလအသီးသီးတို့သည် တစ်ချိန်တည်းတွင် တိကျစွာမရပ်ဆိုင်းပါ။ ထပ်ခါဖြစ်ပေါ်ခြင်း သို့မဟုတ် အသွင်ကူး ပြောင်ခြင်းကာလဟူ၍လည်းရှိတတ်ကြောင်း သိထားသင့်သည်။ ဥပမာတစ်ခုပြောရလျှင်၊ တမန်တော်ဝတ္ထုထဲ၌ ဓမ္မသစ် အသင်းတော်ဖြစ်ပေါ် ပြီးနောက်ပိုင်းတွင် ဓမ္မဟောင်းကာလ၏ ဝတ်ပြုကျင့်ထုံးများအားလုံးကို စွန့်လွတ်ရန် အချိန်ကာလ အတိုင်းအတာတစ်ခုအထိ ကြန့်ကြာခဲ့သည်။ အနာဂတ်ကာလတွင်လည်း ဒုစရိုက်သားကောင်ပေါ်လာရန်နှင့် ယေရုရှလင်မြို့ ဗိမ္မာန်တော်ပြန်လည်ပြင်ဆင်ရန်အတွက်ချီဆောင်ခြင်း (Rapture) နှင့် ဘေးဒဏ်ကြီးကာလအကြား၌ အချိန်ကာလတစ်ခုရှိ နိုင်ပါသည်။

ခေတ်ကာလပိုင်းခြားခြင်းကို မှားယွင်းစွာခံယူခြင်း

                နောက်ဆုံးအနေဖြင့်၊ ခေတ်ကာလပိုင်းခြားခြင်းအကြောင်းလေ့လာရာတွင် မှားယွင်းစွာခံယူတတ်သော ခရစ်ယာန် တစ်ချို့ရှိပါသည်။ ထိုသူတို့သည် ခေတ်ကာလပိုင်းခြားခြင်းကိုခံယူရာတွင် အစွန်းရောက်သောသူများဖြစ်ကြပြီး၊ ရှင်ပေါလု၏ အကျဉ်းထောင်မှရေးခဲ့သော သြဝါဒစာများ (Prison Epistles) ကိုသာ ယခုခေတ်အသင်းတော်အတွက်ခံယူကျင့် သုံးကြသည်။ ထို့ကြောင့် ဤသူတို့သည် ရေနှစ်ခြင်းမင်္ဂလာနှင့်ပွဲတော် မင်္ဂလာကို လက်ခံကြချေ။ အကြောင်းမှာ၊ သူတို့ လက်ခံသောသြဝါဒများထဲ၌ မပါသောကြောင့်ဖြစ်သည်။ ထိုသူတို့က ရှင်ပေတရု၏ ဧဝံဂေလိတရားသည် ရှင်ပေါလုရေးသား သော ဧဝံဂေလိနှင့်မတူပါဟု သွန်သင်ကြသည်။ (ချေပရန်အတွက် ကျမ်းချက် ဂလာ၊ ၁း၈-၉ ကိုဖတ်ပါ)။ ဤကဲ့သို့ခံယူသော သူတို့ကို တစ်ဖက်စွန်းရောက်သော ခေတ်ကာလပိုင်းခြားသူများ (Ultradispensationalists) သို့မဟုတ် E.W.Bullinger ၏ နောက်လိုက်သူများ (Bullingerites) ဟုခေါ်သည်။ ကျွနု်ပ်တို့၏ ခေတ်ကာလပိုင်းခြားခြင်းနှင့် ပတ်သက်၍ သူတို့၏အစွန်း ရောက်ခံယူချက်ကို ငြင်းပယ်ရမည်။

သမ္မာကျမ်းစာ၏ အဓိကပဋိညာဉ်များ Major Covenants of Scripture

                လူ့သမိုင်းတလျှောက်တွင် ဘုရားသခင်သည်လူသားများနှင့် သဘောတူညီချက် (သို့) ပဋိညာဉ်ပြုခဲ့ပါသည်။ ပညတ် တော်ကဲ့သို့သော ပဋိညာဉ်တစ်ချို့ကို အခြေအနေပေါ်တွင်မူတည်ပြီးပြုခဲ့သည်။ လူသားများဘက်မှ ထိုပဋိညာဉ်ကို စောင့်ထိန်းပါက ဘုရားဘက်မှလည်း စောင့်ထိန်းပါသည်။ အခြေအနေပေါ်တွင် မူတည်သောပဋိညာဉ်တောင်းဆိုသော စည်းကမ်းချက်များကို လူသားများဘက်မှမမီနိုင်ဘဲ ပျက်ကွက်ကြသည်။ ကျေးဇူးတော်ကြောင့် ဘုရားသခင်၏ ပဋိညာဉ်အများစုသည် အခြေအနေပေါ်တွင် အခြေမပြုဘဲ၊ ဘုရားသခင်အပေါ်၌သာ အခြေပြုကာ၊ ထိုပဋိညာဉ်များပြည့်စုံရန် လည်း အာမခံသည်။ ပဋိညာဉ်အများစုကို အာဗြဟံနှင့်သူ၏သားစဉ်မြေးဆက်များနှင့်ပြုခဲ့သည်။ အနည်းငယ်သော ပဋိညာဉ် တို့နှင့် အသင်းတော်ပါဝင်ပတ်သက်မှုရှိသော်လည်း ပဋိညာဉ်ကို အသင်းတော်နှင့်တိုက်ရိုက်မပြုပါ။

ဧဒင် (ကမ္ဘာ ၁း၂၈-၃၀။ ၂း၁၆-၁၇)

                အပြစ်မရှိမီကာလ၌ ဘုရားသခင်သည် ဧဒင်ပဋိညာဉ်ကို လူနှင့်ပြုကာ၊ ပွားများပြီး မြေကြီး၌ပြည့်၍နိုင်ကြရန် တာဝန် ပေးခဲ့သည်။ တိရစ ္ဆာန်အားလုံးအပေါ်၌ အုပ်စိုးခွင့်အာဏာကိုအာဒံအားပေးသည်။ သူသည်ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက် ကာ၊ ၎င်းမှထွက်သော ကောင်းမကောင်းသိကျွမ်းရာအပင်၏ အသီးမှအပ ကျန်သီးနှံများအားလုံး စားခွင့်ရှိသည်။ မစားရန် မိန့်မှာသည့် ပညတ်ကို နားမထောင်ခြင်းဖြင့် သေခြင်းတရားရောက်စေသည်။ ထို့ကြောင့် ထိုပဋိညာဉ်သည် အခြေအနေပေါ် ၌ မူနည်သော ပဋိညာဉ်ဖြစ်သည်။

အာဒံ (ကမ္ဘာ ၃း၁၄- 1၉)

                လူပြိုလဲပြီးနောက်တွင် ဘုရားသခင်သည်မြွေကိုကျိန်ဆဲကာ၊ မြွေနှင့်မိန်းမအကြား၊ စာတန်နှင့်ခရစ်တော်ကြားတို့၌ ရန်ငြိုးရှိမည့်အကြောင်းကို တင်ကူး၍ပြောခဲ့သည်။ စာတန်က ခရစ်တော်ကိုနာကျင်စေကာ၊ ခရစ်တော်က စာတန်ကို ဖျက်ဆီး မည်။ မိန်းမသည် သားဖွားခြင်း၌နာကျင်ခြင်း ဝေဒနာခံစားကာ မိမိခင်ပွန်းသည်၏ သြဇာအာဏာအောက်၌ နေရသည်။ မြေကြီးသည် ကျိန်ခြင်းခံကာ၊ ယောက်ျားသည် ဆူးပင်များအကြား၌ ထွန်ယက်စိုက်ပျိုးခြင်းဖြင့် ကျေနပ်ရကာ၊ ချွေးစီးခြင်းနှင့် မောပန်းခြင်းများ ခံစားရသည်။ နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်သည် မူလနေရင်းအရပ်ဖြစ်သော မြေကြီးသို့ ပြန်သွားရသည်။

နောဧ (ကမ္ဘာ ၈း၂၀-၉း၂၇)

                ဘုရားသခင်သည် မြေကြီးကိုမကျိန်ဆဲတော့ဘဲ၊ ကမ္ဘာကိုရေလွှမ်းမိုးခြင်းဖြင့် မဖျက်ဆီးတော့မည့်အကြောင်း နောဧ အား ဂတိပေးကာ၊ သက်သေအဖြစ် သက်တန့်ကိုပေးခဲ့သည်။ နောဧနှင့်ပြုခဲ့သော ပဋိညာဉ်တွင် လူ့အသက်ကိုသတ်သော သူကို သေဒဏ်ချမှတ်ကာ၊ ထိုအမှုကိုလိုက်ရန်နှင့် ပြစ်ဒဏ်ချမှတ်ရန် အစိုးရမင်းရှိလာမည်ဟု မှတ်ယူရသည်။ သို့ဖြစ်၍၊ နောဧနှင့်ပြုသော ပဋိညာဉ်က လူအုပ်စိုးခြင်းကို စတင်တည်ထောင်သည်။ ဘုရားသခင်သည် အချိန်ကာလနှင့် ရာသီဥတုပုံ မှန်ဖြစ်ရန် အာမခံသလို၊ လူသားသည်ပွားများပြီး မြေကြီး၌ပြည့်ရန် ညွှန်ကြားကာ၊ တိရစ ္ဆာန်များအပေါ်၌ အုပ်စိုးခြင်းအာဏာ ရှိခြင်းကို နောက်တဖန်အတည်ပြုခဲ့သည်။ လူတို့အား အသားစားခွင့်လည်းပေးသည်။ နောဧ၏ သားစဉ်မြေးစက်နှင့် ပတ်သက်၍ ဘုရားသခင်က ဟာမ၏သား ခါနန်အား ရှေမနှင့်ယာဖက်တို့၏ ကျွန်တို့၌ ကျွန်ဖြစ်စေဟု ကျိန်ဆဲပါသည်။ ရှေမ အားကောင်းကြီးပေး၍၊ မေရှိယသည် သူ၏မျိုးနွယ်မှဖြစ်ကြောင်း သိရပါသည်။ ယာဖက်သည် တိုးပွားခြင်းကောင်းကြီးကို ခံစားကာ ရှေမ၏တဲများ၌နေရသည်။ နောဧနှင့်ပြုသောပဋိညာဉ်သည် အခြေအနေပေါ်တွင် မမူတည်ဘဲ ပြန်လည်မရုတ်သိမ်း ပါ။ ထိုပဋိညာဉ်သည် “ခေတ်အဆက်ဆက် သားစဉ်မြေးဆက်များအတွက်ဖြစ်သည်။” (ကမ္ဘာ၊ ၉း၂၅)။

အာဗြဟံ (ကမ္ဘာ ၁၂း၁-၃။ ၁၃း၁၄း၁၇။ ၁၅း၁-၅။ ၁ရး၁-၈)

                ဤပဋိညာဉ်တွင် အာဗြံ (နောက်ပိုင်း၌ အာဗြဟံ ဟုခေါ်သူ)နှင့် သူ၏သားစဉ်မြေးဆက်များအားပေးသော အောက် ဖော်ပြပါ ဂတိတော်များပါဝင်သည်။ လူမျိုးကြီး (ဣသရေလ)၊ အာဗြဟံအတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကောင်းကြီး၊ နာမကို ကြီးမြတ်စေခြင်း၊ သူအားဖြင့် သူတပါးကောင်းကြီး ခံစားခြင်း (ကမ္ဘာ ၁၂း၂)။ သူ့ကိုကောင်းကြီးပေးသောသူကို ဘုရားသခင်က ကောင်းကြီးပေးကာ၊ သူ၏ရန်သူများအပေါ်၌ ကျိန်ခြင်းအမင်္ဂလာကျရောက်စေခြင်း၊ လူမျိုးအပေါင်းအတွက် ကောင်းကြီးဖြစ် စေခြင်း (ခရစ်တော်အားဖြင့် ပြည့်စုံသည်) စသည်တို့ပါဝင်သည် (ကမ္ဘာ၊ ၁၂း၃)။ နောင်ကာလတွင် အစ္စရေးနှင့်ပါလက်စ တိုင်းဟူ၍ သိရသောခါနန်ပြည်ကို ထာ၀၇အပိုင်အဖြစ်ပေးသည် (၁၅း၁၈)။ ကာယနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ကောင်းကြီးများနှင့် နောင်လာနောက်သားများမရေတွက်နိုင်လောက်အောင် များပြားစေမည် (ကမ္ဘာ၊ ၁၃း၁၆။ ၁၅း၅)။ များစွာသော လူမျိုးနှင့် ရှင်ဘုရင်များ၏ဖခင် (ဣရှမေလနှင့် ဣဇက်အားဖြင့်) (ကမ္ဘာ၊ ၁ရး၄၊၆) ဘုရားသခင်နှင့်အထူး တော်စပ်မှု (ကမ္ဘာ၊ ၁ရး၇) စသည့် ဂတိတော်များပါဝင်သည်။

ပညတ်တော်(သို့) မောရှေနှင့်ပြုသော ပဋိညာဉ် (ထွက်၊ ၁၉း၅။ ၂၀-၃၁)

                ကျယ်ပြန့်သော အဓိပ္ပါယ်ဖြင့် မောရှေပညတ်တော်တွင် ဘုရားသခင်နှင့် အိမ်နီးနားချင်းများအပေါ်၌ ထားရမည့်တာ ဝန်ကိုဖေါ်ပြသော ပညတ်တော်ဆယ်ပါး (ထွက်၊၂၀) ဣသရေလူတို့၏ လူမှုရေးဆိုင်ရာများပြားသော စည်းမျဉ်းစည်းကမ်း များ (ထွက်၊ ၂၁း၁-၂၄း၁၁)၊ ဘာသာတရားနှင့်ဆိုင်သော အသေးစိပ်ပြဌာန်းချက်များ (ထွက်၊ ၂၄း၁၂-၃၁း၁၈) ပါဝင်သည်။ ထိုပဋိညာဉ်ကို တပါးအမျိုးသားတို့အားပေးသည်မဟုတ်၊ ဣသရေလလူမျိုးအတွက်သာဖြစ်၍ အသွေးဖြင့်အတည်ပြုရသည် (ထွက်၊ ၂၄း၈။ ဟေဗြဲ ၉း၁၉-၂၀)။ အခြေအနေပေါ်၌တည်သော ပဋိညာဉ်ဖြစ်၍၊ လူတို့၏ နာခံခြင်းတောင်းဆိုသောကြောင့် “ဇာတိပကတိကြောင့် ပညတ်တရားသည်အားနည်း၍” (ရောမ ၈း၃က)ဟု ဖေါ်ပြထားပါသည်။ ထိုပညတ်တော်(၁၀)ပါးကို ကယ်တင်ခြင်းရရန် ရည်ရွယ်၍ပေးသည်မဟုတ်ဘဲ၊ သူတို့၌အပြစ်ရှိကြောင်းနှင့်ကောင်းသောအကျင့် မကျင့်နိုင်ကြကြောင်း ကို သိရှိခံယူလာကြရန်အတွက်သာပေးခြင်းဖြစ်သည် (ရော ၃း၂၀ခ)။ “ထိုပညတ်တော်(၁၀)ပါးထဲမှ (၉)ပါးသာလျှင် (ဥပုဉ် စောင့်ခြင်းမှအပ) ဓမ္မသစ်ကျမ်း၌ထပ်၍ပါရှိကာ၊ ပြစ်ဒဏ်နှင့်ပူးတွဲသောပညတ်တော်ကဲ့သို့မဟုတ်ဘဲ၊ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရရှိသောသူများအတွက် သင့်လျော်သော အပြုအမူအဖြစ်သာဖေါ်ပြရေးသားထားပါသည်။ ယုံကြည်သူခရစ် ယာန်တစ်ဦးသည် ပညတ်တရားအောက်၌မရှိဘဲ၊ ကျေးဇူးတရားအောက်၌ရှိကာ၊ သာလွန်သော ခရစ်တော်၏ တရားကိုကျင့် သောသူဖြစ်သည် (၁ကော၊ ၉း၂၁)။ ပညတ်တော်က အာဗြဟံနှင့်ပြုသော ပဋိညာဉ်ကို မပျက်ပြယ်စေပါ (ဂလာ၊ ၃း၁၇-၁၈)။

ပါလက်စတိုင်း (တရား ၂၈း၁။ ၂၉း၁-၃၀း၂၀)

                ဤပဋိညာဉ်ကို ကမ္ဘာဦးကျမ်း ၁၅း၁၈၌ တွေ့ရသည်။ ဘုရားသခင်သည် ဂတိပေးတော်မူလျက် “အဲဂုတ္တုမြစ်မှစ၍ မြစ်ကြီးတည်းဟူသော ဥဖရတ်မြစ်တိုင်အောင်” သင်၏အမျိုးအနွယ်အား ငါပေးပြီဟု မိန့်ဆိုခဲ့သည်။ဣသရေလလူတို့သည် စကားနားမထောင်ခြင်းနှင့် သစ္စာမရှိမှုတို့ကြောင့် တခြားလူမျိုးအကြား ကွဲပြားပျံ့နှံမည့် အကြောင်းနှင့် သခင်ခရစ်တော် လောကသို့ ဒုတိယအကြိမ် ပြန်ကြွလာသောအခါ နောင်တရ၍ ပြောင်းလဲလာကြမည့်အကြောင်း၊ သူတို့၏ ရန်သူများအား ပြစ်ဒဏ်ခတ်ခြင်းနှင့် သူတို့သည် မေရှိယ၏အုပ်စိုးမှုအောက်၌လုံခြုံစွာနေရမည့် အကြောင်းများကို တင်ကူး၍ တွေ့မြင်ခြင်း ဖြစ်သည်။

                ဘုရားဂတိပေးသောထိုတိုင်းပြည်ကို ဣသရေလတို့သည် ပြည့်စုံစွာ သိမ်းပိုက်ရယူခြင်းမရှိသေးပါ။ ရှောလမုန်အုပ်စိုး ခဲ့စဉ်က အရှေ့ဘက်တွင်ရှိသော တိုင်းနိုင်ငံများက အခွန်ပေးဆောင်ကြသည် (၃ရာ၊ ၄း၂၁၊ ၂၄)၊သို့သော် အပြီးသိမ်းယူ ပိုင်ဆိုင်သည်ဟု သတ်မှတ်၍မရပါ။ ပါလက်စတိုင်းနှင့်ဆိုင်သော ပဋိညာဉ်၏ပြည့်စုံခြင်းသည် အနာဂတ်ကာလတွင် ဖြစ်လာမည်။

ဒါဝိဒ် (၂ရာ ရး၁-၁၇)

ဘုရားသခင်သည် ဒါဝိဒ်အားသူ၏ နိုင်ငံထာဝစဉ်တည် မြဲမည့်အကြောင်း ဂတိပေးရုံသာမက၊ သူ၏ သားစဉ်မြေးဆက်များက ထိုရာဇပလ္လင်ပေါ်တွင် နန်းထိုင်ကြမည်ဟုပြောပါသည် (၂ရာ၊ ရး၁၂-၁၆)။ ဤပဋိညာဉ်သည် အခြေအနေပေါ်၌မမူတည်ဘဲ၊ ဒါဝိဒ်၏နာခံခြင်းနှင့် ဖြောင့်မတ်ခြင်းအပေါ်၌လည်း မမူတည်ပါ။ မဿဲအခန်းကြီး ၁ ၌ ယောသပ်၏ မျိုးနွယ်စာရင်း၌ တွေ့သကဲ့သို့၊ ခရစ်တော်သည်ရှောလမုန်မှတဆင့် ဒါဝိဒ်၏ ရာဇပလ္လင်ကို တရားဝင်အမွေ ဆက်ခံသူဖြစ်သည်။ ယောသပ်သည်ခရစ်တော်ကိုမွေးစားထားသည်။ လုကာအခန်းကြီး ၃ ၌ မာရိ၏မျိုးနွယ် စာရင်းကို တွေ့ရသကဲ့သို့ ခရစ်တော် သည်နာသန်အားဖြင့် ဒါဝိဒ်၏ တိုက်ရိုက်သားစဉ်မြေးဆက်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူသည် ထာဝရအသက်ရှင် သောကြောင့် ထိုပလ္လင်နှင့်ထိုက်သင့်ကြောင်း တောင်းဆိုပိုင်ခွင့် မည်သူတစ်ဦးတယောက်မျှ မပြုနိုင်ပါ။ သူ၏နိုင်ငံသည် ထာဝရဖြစ်ကာ၊ သူ၏အနှစ်(၁၀၀၀) ကလအုပ်စိုးခြင်းနှင့် တဆက်တည်းတွင် ထာဝရကာလ ဖြစ်မည်။

ရှောလမုန် (၂ ဓမ္မ၊ ရး၁၂-၁၆။ ၃ ဓမ္မ၊ ၉။ ၆ ဓမ္မ၊ ၇)

                ရောလမုန်နှင့်ပြုသောပဋိညာဉ်သည် ထာဝရနိုင်ငံတော်နှင့် ပတ်သက်၍ အခြေအနေပေါ်တွင် မမူတည်ဘဲ၊ သို့ရာတွင် ရာဇပလ္လင်ပေါ်တွင်မမူတည်ဘဲ၊ သို့ရာတွင် ရာဇပလ္လင်ပေါ်၌ နန်းစံသောသူ၏ သားစဉ်မြေးဆက်များနှင့် ပတ်သက်၍ အခြေအနေပေါ်တွင်မူတည်သည် (၃ရာ၊ ၉း၄-၅။ ၆ရာ၊ ရး၁၇-၁၈)။ ရှောလမုန်၏သားစဉ်မြေးဆက်ထဲမှ တစ်ဦးဖြစ်သော ခေါနိ (ယေခေါနိ (သို့) ယေဟောယချိန်ဟုလည်းခေါ်သည်) သည် ဒါဝိဒ်၏ရာဇပလ္လင်၌ မထိုင်ရန်ပယ်ဖျက်ခြင်းခံသည် (ယေရမိ ၂၂း၃၀)။ ဤဖေါ်ပြချက်အရ၊ သခင်ယေရှုသည် ရှောလမုန်၏သားစဉ်မြေးဆက်မဟုတ်ပါ။ ဖြစ်ခဲ့ပါက၊ သူသည် ခေါနိခံရသည့် ကျိန်ခြင်းအမင်္ဂလာအောက်၌ ရှိနေမည်ဖြစ်သည်။

ပဋိညာဉ်သစ် (ယေရမိ ၃၁း၃၁-၃၄။ ဟေဗြဲ ၈း၇-၁၂။ လု ၂၂း၂၀)

                ဤပဋိညာဉ်သစ်ကို ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို့နှင့် (ယေရမိ ၃၁း၃၁) ပြုကြောင်း ထင်ရှားသည်။ ပဋိညာဉ်သစ်က ပဋိညာဉ်ဟောင်း (မောရှေနှင့်ဆိုင်သောပဋိညာဉ်) ကိုပယ်ဖျက်သည်။ ပဋိညာဉ်သစ်တွင် သာလွန် ကောင်းမွန်သောယဇ်ပရောဟိတ်အမျိုး၊ ယဇ်ပရောဟိတ်မင်း၊ ပူဇော်သက္ကာနှင့်ယဇ်ပလ္လင်များရှိကာ၊ သာ၍ကောင်းသော ဂတိတော်များအပေါ်၌ တည်ပါသည် (ဟေဗြဲ ၇-၉။ ၁၃း၁၀)။ ပရောဖက်ယေရမိက ဤကျမ်းရေးစဉ်တွင် အနာဂတ်၌ဖြစ်ပေါ် မည့်ပဋိညာဉ်ဖြစ်သည် (ယေရမိ ၃၁း၃၁က)။ ဤပဋိညာဉ်သစ်သည် ဣသရေလလူမျိုးချိုးဖောက်ခဲ့သည့် မောရှေနှင့် ဆိုင်သော ပဋိညာဉ်နှင့်မတူဘဲ၊ အခြေအနေပေါ်တွင်မူတည်သော ပဋိညာဉ်မဟုတ်ပါ (ယေရမိ ၃၁း၃၂)။ ထိုပဋိညာဉ်ထဲ၌ ဘုရားသခင်သည် အခြေအနေပေါ်၌မမူတည်သော ဂတိတော်များ (ထပ်သောစကား “I will” “ငါပေး/လုပ်မည်”ကို မှတ်သားပါ)- ဣသရေလ၏အနာဂတ်မျိုးဆက်သစ်များ(ယေဇကျေ၊ ၃၆း၂၅-၂၆)၊ ဝိညာဉ်တော်ကျိန်းဝပ်ခြင်း (ယေဇကျေ ၃၆း၂၇)၊ ဘုရားသခင်၏အလိုတော်ကို စေတနာစိတ်ဖြင့် လုပ်သောနှလုံးသား (ယေရမိ ၃၁း၃၃က)၊ တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ဣသရေလလူမျိုးကြား၌ ပညတ်နှင့်ဆိုင်သောအသိပညာ (ယေရမိ ၃၁း၃၄က)၊ အပြစ်ခွင့်လွတ်ခြင်းနှင့် မအောက်မေ့ခြင်း (ယေရမိ ၃၁း၃၄ခ)၊ ထာဝရဆက်လက်တည်ရှိသောလူမျိုး (ယေရမိ ၃၁း၃၅-၃၇)စသည်တို့ကို ပေးခဲ့သည်။ ယခုတွင် ဣသရေလလူတို့သည် ပဋိညာဉ်သစ်၏ အကျိုးကျေးဇူးများ မရရှိကြသေးပါ။ သို့သော် သခင်ယေရှုဒုတိယအကြိမ် ကြွလာသောအခါ အပြည့်အဝခံစားကြမည်။ တချိန်တည်းတွင် စစ်မှန်သောယုံကြည်သူတို့သည် ထိုပဋိညာဉ်သစ်၏ ကောင်းကြီးများကို အတူတကွမျှဝေခံစားကြမည်။ သူတို့သည် အပြစ်လွှတ်ခြင်းနှင့်မအောက်မေ့ခြင်း၏ ဝမ်းမြောက်ခြင်းကို ခံစားရရှိကြကာ (ဟေဗြဲ ၁၀း၁၆-၁၇)၊ ဖြောင့်မတ်ခြင်းဆိုင်ရာပညတ်၏တောင်းဆိုချက်ကို စုံလင်စေနိုင်ကြမည် (ရောမ ၈း၄)။ အသင်းတော်သည် ပဋိညာဉ်အသစ်နှင့်သက်ဆိုင်သည့်အကြောင်းကို သခင်ဘုရား၏နောက်ဆုံးညစာ (ပွဲတော်မင်္ဂလာ)၌ တွေ့နိုင်ပါသည်။ စပျစ်ရည်က ထိုပဋိညာဉ်အသစ်နှင့် အသွေးတော်ကိုဖေါ် ညွှန်းကာ၊ ပဋိညာဉ်သစ်ကိုလည်းတည်စေပါသည် (လုကာ ၂၂း၂၀။ ၁ကော၊ ၁၁း၂၅)။၂ ရှင်ပေါလုက သူကိုယ်တိုင်နှင့်အခြားတမန်တော်များ တို့သည် “ပဋိညာဉ်သစ်၏ အစေခံများ”ဟုပြောပါသည်(၂ကော၊၃း၆)။အဓိပ္ပာယ်မှာဘုရားသခင်ကျေးဇူးတော်၏“သတင်းကောင်းအခြေခံများ” ဖြစ်သည်။

မှတ်ချက်။

၁။        အများအားဖြင့် ကျိန်ခြင်းခံသောသူ၏ဖခင်ထံသို့ ထိုကျိန်ခြင်းပြန်လှည့်သည်။ ဤသို့ဖြင့် သားကိုပြုစုပျိုးထောင်ခြင်း တာဝန်မှာ ဖခင်၌ရှိကြောင်းပြသသည်။ Arthur Cu stance က “… နောဧကသူ့ကိုယ်သူတရားစီရင်ခြင်းနှင့် ကင်းလွတ်ကာ သူ့သား ဟာမအပေါ်၌ကျရောက်မည့် မည်သည့်တရားစီရင်ခြင်းကိုမျှ မြွတ်ဆို၍မရပါ။ အဘယ့်ကြောင့်ဆိုသော် လူ့အဖွဲ့အစည်းက သူ့သား၏ အကျင့်စရိုက်အတွက်သူ၌တာဝန်ရှိသည်ဟု ခံယူဆွဲကိုင်ကြသည်။ Noah’s Three Sons, p.195)။ A.W.Pin က“ဟာမအပြစ်၌ နှုတ်ဖြင့်သူ့ဖခင်အားလေးစားသမှုပြုရန် ပျက်ကွက်ခြင်းပါဝင်သည် … ကြောက်မက်ဖွယ် ကောင်းသော နောက်ဆက်တွဲဆိုးကျိုးဖြစ်သည့် – သူကြဲသည့်အတိုင်း ပြန်ရိတ်ခဲ့သည် – ဟာမသည်သား အနေဖြင့်ပြစ်မှား ကာသူ့သားအပေါ်၌ ပြစ်ဒဏ်စီရင်သည်” (Gleanings in Genesis, p. 124, author’s italics)။

၂။         J.N.Darby က အသင်းတော်သည် မူလအကြောင်းရင်းထက်သာလွန်ကောင်းမွန်သော ပဋိညာဉ်သစ်၏ ကြားဝင်ဖြန် ဖြေသူကို ကိုယ်တိုင်ကိုယ်ကျသိသည်ဟု ညွှန်ပြသည်။

၁၆ဣသရေလ၊ တပါးအမျိုးသားများနှင့် အသင်းတော် Israel, Gentiles and the Church

                ဓမ္မသစ်ကျမ်းက လူမျိုးအပေါင်းကို အမျိုးအစား(၃)မျိုးဖြင့် ခွဲခြားပါသည် — ဣသရေလူမျိုး (Irsrael)၊ တပါးအမျိုး သားများ (the Gentiles) နှင့် အသင်းတော် (the Church) တို့ဖြစ်သည်။ ဥပမာ-ရှင်ပေါလုသည် ၁ဟော၊ ၁၀း၃၃ တွင် “… သင်တို့သည်လည်း ယုဒလူ၊ ဟေလသသူ၊ ဘုရားသခင်၏ အသင်းတော်ဝင်သူတို့၌ ထိမိ၍လဲစရာအကြောင်းကို မပြုဘဲ” ဟုပြောပါသည်။

                ဤလူအမျိုးအစား (၃)မျိုးကို တမန်တော် ၁၅း၁၄-၁၇ ၌လည်း ဖော်ပြပါသည်။

အသင်းတော်

                “ဘုရားသခင်သည် မိမိနာမအဘို့ တပါးအမျိုးသားတို့အထဲက အချို့သောသူတို့ကို နှုတ်ယူခြင်းငှါ၊ ရှေးဦစွာ တပါးအမျိုးသားတို့ကို အကြည့်အရှုကြွလာတော်မူသည်”(ငယ် ၁၄)။

ဣသရေလ

                “… နောက်မှငါပြန်လာမည်။ လဲလျက်ရှိသော ဒါဝိဒ်၏တဲကို ဆောင်တည်ပြန်မည်။ ပြိုပျက်ရာများကိုလည်း ပြုပြင်ပြီးလျှင်၊ ထိုတဲကို မတ်စေပြန်မည်” (ငယ် ၁၇)။

တပါးအမျိုးသားများ

                “ငါ၏နာမဖြင့်သမုတ်သော တပါးအမျိုးသားအပေါင်းတည်းဟူသော ကျန်ကြွင်းရစ်သော သူတို့သည် ထာဝရဘုရားကို ရှာစေခြင်းငှါ …” (ငယ် ၁၆)။

                ရှင်ပေါလုကလည်း ဤသို့သုံးမျိုးခွဲခြားပါသည်။

ဂျူးလူမျိုး — လက်ဖြင့်အရေဖျားလှီးခြင်းကိုခံရသောသူ (ဧဖက် ၂း၁၁)။

တပါးအမျိုးသား — အရေဖျားလှီးခြင်းကိုမခံသောလူ (ဧဖက် ၂း၁၁)။

အသင်းတော် — လက်ဖြင့်မလုပ်သောအရေဖျားလှီးခြင်းကို ခံသောလူ(ကော၊ ၂း၁၁)။

                ယေဘုယျအားဖြင့်ပြောမည်ဆိုလျှင်၊ ကျမ်းစာကျောင်းသားများအတွက် ဣသရေလနှင့်အသင်းတော်ကို တပါးအမျိုး သားနှင့် ရောထွေးပြီးမရှုပ်ပါ။ ဤသင်ခန်းစာထဲတွင် အထူးသဖြင့် ဣသရေလလူမျိုးနှင့်အသင်းတော်၏ ခြားနားမှုကို လေ့လာပါမည်။ ကျွနု်ပ်တို့သည် ဤနှစ်ခု၏ကွဲပြားခြားနားချက်ကို မသိရှိပါက ကျမ်းစာအနက်ဖွင့်ရာတွင် အထူးသဖြင့် အသင်းတော်ကဏ္ဍနှင့်အနာဂတ်ဖြစ်ရပ်များ (Prophecy) နှင့်ပတ်သက်၍မှားယွင်းနိုင်ပါသည်။

                ဤသင်ခန်းစာအဘယ်ကြောင့်အရေးကြီးသနည်းဟုဆိုလျှင်၊ လူတစ်ချို့က အသင်းတော်သည် ဣသရေလလူမျိုးမှ ဆင့်ပွားတိုးချဲ့ခြင်းသာ ဖြစ်သည်ဟုသွန်သင်ကြသည်။ သူတို့က “ဘုရားသခင်သည် ခေတ်ကာလတလျှောက်လုံးတွင် အသင်းတော်ကိုတဆက်တည်းထားကာ၊ ဓမ္မဟောင်းကာလတွင် ဣသရေလသည် အသင်းတော်ဖြစ်ခဲ့ပြီး၊ မေရှိယကို ငြင်းပယ်ကြသောကြောင့်လည်း သူတို့ကို ထာဝရငြင်းပယ်လိုက်သည်။ ဣသရေလလူမျိုးတို့အတွက် အနာဂတ်ဟူ၍ မရှိတော့ပါ။ ယခုတွင် ဓမ္မသစ်အသင်းတော်သည် ဘုရားသခင်၏ဣသရေလလူမျိုးဖြစ်လာ၍၊ ဣသရေလလူမျိုးအတွက် ပေးထားသောကတိတော်အားလုံးသည် အသင်းတော်အတွက်ဝိညာဉ်ရေးရာပြည့်စုံခြင်းဖြစ်သည်”ဟု ပြောကြသည်။

                သမ္မာကျမ်းစာက ဣသရေလနှင့်အသင်းတော်၏မူလအစ၊ ဂုဏ်အင်လက္ခဏာ၊ တာဝန်နှင့်နောက်ဆုံးဖြစ်ရပ်များ တို့သည် ကွဲပြားခြားနားစွာသွန်သင်သည်ဟု ကျွနု်ပ်တို့ယုံကြည်သည်။

                ဣသရေလလူမျိုးတို့သည် သခင်ယေရှုကိုသူတို့၏ မေရှိယအဖြစ် လက်မခံဘဲ ငြင်းပယ်သောအခါ၊ ဘုရားသခင်က သူတို့ကို ခေတ္တခဏဘေးဖယ်ထားလိုက်သည်။ ဤလောက၌ အသင်းတော်အတွက် အစီအစဉ်များပြီးပြည့်စုံသောအခါ၊ ဣသရေလလူမျိုးနှင့် ဆက်ဆံခြင်းကို ပြန်လည်လုပ်ဆောင်မည်။ သို့ဖြစ်၍၊ ဘုရားသခင်နှင့်သူ၏လူမျိုးတော် ဣသရေလ လူမျိုးတို့၏ဆက်ဆံရေးပြတ်စဲသည့်ကြားကာလတွင် အသင်းတော်သည် ကြားညှပ်ဝင်လာခြင်းဖြစ်သည်။

                အသင်းတော်နှင့် ဣသရေလလူမျိုး၏ ကွဲပြားခြားနားခြင်းကို အောက်ပါအတိုင်းတွေ့နိုင်ပါသည်။

                အသင်းတော်     ဣသရေလလူမျိုး

၁။         ရှင်ပေါလုက အသင်းတော်ကိုနက်နဲသောအရာအဖြစ်                 ၁။   ဣသရေလကို မည်သည့်အခါမျှ နက်နဲသောအရာဟု ပြောပါသည်။ “ထိုနက်နဲသောအရာကို သန့်ရှင်းသော                   ”မပြောဘူးပါ။ ဆန့်ကျင့်ဘက်ကော်လံတွင် ဖော်ပြချက်

                တမန်တော်နှင့်ပရောဖက်တို့အား ယခုကာလ၌ ဝိညာဉ်                    များသည် ဣသရေလလူမျိုးနှင့် လုံးဝမပတ်သက်ပါ။

                တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ အခြားသော

                ကာလတို့၌ လူမျိုးတို့အားပြတော်မမူ(ဧဖက်၊ ၃း၅)။

                ထိုနက်နဲသောအရာကို ဘုရားသခင်၌ ရှေးကာလပတ်လုံး

                ဝှက်ထားလျက်ရှိ(ဧဖက် ၃း၉)၍၊ ဤကာလပတ်လုံး

                ဝှက်ထားပြီး၊ ပရောဖက်တို့၏ကျမ်းစာများလာသည်နှင့်

                အညီ ယခုမှာထင်ရှားပြီး

                (ရော ၁၆း၂၅၊ ၂၆။ ကော၊ ၁း၂၅၊၂၆)။

၂။         အသင်းတော်သည် သန့်ရှင်းသောဝိညာဉ်တော်        ၂။         ဣသရေလလူမျိုးသည် ဘုရားသခင်က အာဗြဟံကို

                သွန်းလောင်းသည့် ပင်တေကုတ္တေနေ့၌စတင်သည်              ခေါ်ခြင်းဖြင့် စတင်တည်ရှိသည်။ (ကမ္ဘာ၊ ၁၂)။

                (တမန် ၂)။ ဤအကြောင်းကို အောက်ဖော်ပြပါ

                အချက်အလက်တို့မှကောက်ယူသည်။

                (က) ခရစ်တော်လောက၌ရှိစဉ်တွင် အသင်းတော်

                မရှိသေးဘဲ၊ အနာဂတ်ကာလတွင်ရှိသေးသည်။

                အဘယ့်ကြောင့်ဆိုသော်၊ သူက “ငါ၏အသင်းတော်ကို

                ငါတည်ဆောက်မည်”(မဿဲ ၁၆း၁၈) ဟုပြောပါသည်။

                (ခ) ရှင်ပေါလုက သူ၏ပထမသြဝါဒစာကို ကောရိန္တုမြို့၌

                ရှိသော ယုံကြည်သူများသို့ ရေးခဲ့စဉ်က အသင်းတော်

                တည်ရှိပြီဖြစ်သည်။ ယုံကြည်သူအားလုံးဝိညာဉ်တော်

                အားဖြင့်            ခရစ်တော်၏ ကိုယ်ခန္ဓာထံ၌ နှစ်ခြင်းခံကြောင်း

                ပြောပါသည် (၁ကော၊ ၁၂း၁၃)။

                (ဂ) သန့်ရှင်းသောဝိညာဉ်တော်နှစ်ခြင်းနှင့်ဆိုင်သော

                ဂတိတော်သည် ပင်တေကုတ္တေနေ့၌ ပြည့်စုံသောကြောင့်

                ထိုနေ့သည် အသင်းတော်၏ မွေးနေ့ဖြစ်ပါသည်။

၃။        ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်သည်။           ၃။        အာဗြဟံသည် ဣသရေလလူမျိုး၏ ဦးခေါင်း (ဦးစီး)

                                                                ဖြစ်သည်။

၄။        ဝိညာဉ်တော်၌ မွေးဖွားခြင်းအားဖြင့် အသင်းတော်၌ ၄။        သဘာဝမွေးဖွားခြင်းအားဖြင့် နိုင်ငံသားဖြစ်ရသည်။

                ပါဝင်သည်။

၅။        အသင်းတော်သည်ဘုရားသခင်၏ ကောင်းကင်      ၅။        ဣသရေလလူတို့သည် ဤလောက၌ ဘုရားသခင်

                နိုင်ငံသာများဖြစ်သည်။ အသင်းတော်၏ ကောင်းကြီး                       ရွေးကောက်သော လူမျိုးတော်ဖြစ်သည်။ ဣသရေလ

                မင်္ဂလာများမှာကောင်းကင်နိုင်ငံ၌ ဝိညာဉ်ရေးရာကောင်း                  လူတို့၏ ကောင်းကြီးမင်္ဂလာသည် ဤလောကရုပ်ဝတ္ထု

                ကြီးမင်္ဂလာများဖြစ်သည်။ ခရစ်ယာန်တို့၏ နိုင်ငံသားခံ                     နှင့် ဆိုင်ကာ၊ သူတို့နိုင်ငံသားဖြစ်ခြင်းသည်လည်း

                ယူခြင်းမှာကောင်းကင်နိုင်ငံဖြစ်သည်။ အသင်းတော်၏                    ဤလောကနှင့်ဆိုင်သည်။ ဣသရေလလူတို့၏

                မျှော်လင့်ခြင်းမှာ ကောင်းကင်နိုင်ငံ၌ ခရစ်တော်နှင့်အတူ                  မူလမျှော်လင်ခြင်းမှာ ကမ္ဘာပေါ်၌ မေရှိယ၏ အုပ်စိုးခြင်း

                နေထိုင်ရန်ဖြစ်သည်။                              ဖြစ်သည်။ (ဤအချက်သည် ခရစ်တော်ကို

                                                                ယုံကြည်သော ဣသရေလ လူများသေသောအခါ

                                                                ကောင်းကင်ဘုံသို့ ရောက်သည် (သို့)

                                                                ကောင်းကင်ဘုံသို့ မျှော်လင့်ကြသည် ဟူသော

                                                                ခံယူချက်ကို မငြင်းပယ်ပါ။ သို့ရာတွင် ဤအရာသည်

                                                                သူတို့၏ရှေ့မှောက်တွင် ထားရှိသော အဓိက

                                                                အရာမဟုတ်ပါ။

၆။        အသင်းတော်တွင်ယုံကြည်သူဂျူးလူမျိုးများနှင့်       ၆။        ဤအချက်များအားလုံး ဣသရေလလူမျိုးအတွက်

                ယုံကြည်သူတပါးအမျိုးသားတို့သည် ခရစ်တော်၌               မမှန်ပါ။ ဣသရေလလူမျိုးနှင့် နှိုင်းယှဉ်ပါက၊ တပါး

                တလုံးတဝတည်းဖြစ်သည်။ သူတို့သည် ဧဝံဂေလိတရား                  အမျိုးသားတို့သည် ခရစ်တော်ကိုမသိ၊ ဣသရေလ

                အားဖြင့်အမွေခံချင်းများ၊ ခရစ်တော်၌ ဆက်ဆံသူချင်းများ                           အပေါင်းအသင်း၌မဝင်၊ ဂတိတော်ပါသော ပဋိညာဉ်

                ဖြစ်ကြသည်။ ဂျူးနှင့်တပါးအမျိုးသားအကြား၌ ပိုင်းခြား                              တရားတို့နှင့်မဆိုင်း မျှော်လင်ခြင်းမရှိ၊ လောက၌

                လျက် ရှိသောကြားအုတ်တံတိုင်းနံရံကို ခရစ်တော်၌                        ဘုရားမဲ့နေကြသည်’ (ဧဖက် ၂း၁၂)။

                ဖြိုဖျက်၍ လူမျိုးနှစ်စုတို့ကိုတစုတည်းဖြစ်စေတော်မူ၏

                (ဧဖက် ၂း၁၃-၁၇။ ၃း၆)။

၇။        အသင်းတော်၌ယုံကြည်သူအားလုံးတို့သည် သန့်ရှင်းသော    ၇။        ဣသရေလလူမျိုးထဲတွင် ယဇ်ပရောဟိတ်များကို လေဝိ

                သန့်ရှင်းသောယဇ်ပရောဟိတ်၊ မင်းစည်းစိမ်ရှိသော             အမျိုးနှင့်အာရုန်မိသားစု ရွေးချယ်ရသည်။

                ယဇ်ပရောဟိတ်များဖြစ်ကြသည်။ သူတို့သည်

                ဘုရားသခင်ထံ တော်ပါးသို့အတားအဆီးမရှိဘဲ

                အချိန်မရွေး       ဝင်ရသော အခွင့်ရကြသည်

                (၁ပေ၊ ၂း၁-၉။ ဟေဗြဲ ၁၀-၁၉-၂၂)။

၈။        အသင်းတော်သည် ကောင်းကင်သို့ချီဆောင်ခြင်းခံပြီး၊          ၈။        ရွေးနှုတ်ခြင်းခံသော ဣသရေလလူတို့သည် ခရစ်တော်

                နောက်မှ ဤလောက၌ အနှစ်တစ်ထောင်ကာလအုပ်စိုးရန်                ဘုရား ဤလောကကို အုပ်စိုးသောအခါ၊ အုပ်စိုးခြင်း

                ခရစ်တော်နှင့်အတူ ဆင်းကြွလာမည်။                   ခံသော ပြည်သူများဖြစ်သည်။

                အသင်းတော်နှင့်ဣသရေလလူမျိုး၏ အခြားကွဲပြားခြားနားမှုများရှိပါသေးသည်။ Lewis Sperry Chafer သည် သူ၏ “Systematic Theology Vol. 4” (pp. 47-53)တွင် မမှားနိုင်သောကွဲပြားခြားနားမှု (၂၄)မျိုးရေးသားထားပါသည်။ သို့သော် အထက်ဖော်ပြပါအချက်များသည် ဘုရားသခင်၏ အကြံစည်တော်နှင့်ရည်ရွယ်ချက်ထဲတွင် အသင်းတော်သည် ဣသရေလ လူမျိုးနှင့်မရှုပ်ထွေးဘဲ၊ သီးသန့်နေရာယူထားကြောင်း ထင်ရှားပြသရန် လုံလောက်ပါသည်။

                ဣသရေလနှင့် အသင်းတော်ကိုရောနှောရှုပ်ထွေးစေသော ကျမ်းပိုဒ်များမှာ မဿဲ၂၃း၃၇-၂၅း၄၆ တွင်ပါသော သံ လွင်တောင်ပေါ်၌ ခရစ်တော်ဘုရား၏ သွန်သင်ချက်ဖြစ်သည် ။ အမှန်မှာ၊ ဤကျမ်းချက်များသည် ဣသရေလလူမျိုးနှင့်သာ ဆိုင်ပြီး၊ အသင်းတော်နှင့်မဆိုင်ပါ။ ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းမတိုင်မီ အခြေအနေနှင့် ကြွလာပြီးရှင်ဘုရင်အနေ နှင့် အုပ်စိုးမည့်အကြောင်းဖော်ပြသည်။ ၂၄း၁၆တွင် “ယုဒပြည်၌ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ” ဟုဖြစ်ပွား ရာအရပ်သည် ဂျူးလူမျိုး၏နေရပ်ဒေသဖြစ်ကြောင်းသိမှတ်ပါ။ နောက်ပြီးအငယ်-၂၀တွင် “သင်တို့ပြေးသောအချိန်သည် ဆောင်းကာလ၌မကျ၊ ဥပုဒ်နေ့ကိုအသင်းတော်အတွက် ဘယ်သောအခါမှမပေးဘဲ၊ ဣသရေလလူမျိုးကိုသာပေးသည်။ အငယ်၂၂တွင်ဖေါ်ပြသော ရွေးချယ်ခြင်းခံရသောသူတို့မှာ ဘုရားသခင်ရွေးချယ်သော ဂျူးလူမျိုးများဖြစ်သည်။ အငယ်-၃၀တွင် ဖော်ပြသော ခရစ်တော်၏ ကြွလာခြင်းမှာ အသင်းတော်ကို သိမ်းဆည်းရန် အာကာသအထိ ကြွလာခြင်းမဟုတ်ဘဲ၊ ဣသရေလ၏ရှင်ဘုရင်အနေဖြင့် ဤကမ္ဘာမြေပေါ်သို့ ကြွာလာခြင်းဖြစ်သည်။

                သို့ဖြစ်၍၊ ယုံကြည်သူသည် မည်သည့်ကျမ်းပိုဒ်က ဣသရေလလူမျိုး(သို့) အသင်းတော်ကို ဖော်ညွှန်းသည်ကို ခွဲခြားနားလည်သင့်သည်။ ထာဝရဘုရား၏ နေ့ရက်အကြောင်းဖတ်ပါက၊ ထိုကျမ်းပိုဒ်တို့သည် မူလအားဖြင့် ဣသရေလ လူမျိုးကိုဖော်ညွှန်းသည်။ ခရစ်တော်၏ နေ့ရက်နှင့်ပတ်သက်သောကျမ်းပိုဒ်များဖတ်ပါက၊ အသင်းတော်ကိုဖော်ညွန်းသည်။ ထို့ကြောင့် ဗျာဒိတ်၁၁တွင်ပါရှိသော တံပိုး(၇)ခု တရားစီရင်ခြင်းသည် ဣသရေလလူမျိုးနှင့်သက်ဆိုင်သည်။ အဘယ့်ကြောင့် ဆိုသော် ဤကျမ်းပိုဒ်သည် ထာဝရဘုရား၏ နေ့ရက်ကာလ၏အပိုင်းဖြစ်သည်။ သို့ရာတွင် ၁ကော၊၁၅း၅၂၌ ဖော်ပြသော“ နောက်ဆုံးတံပိုး”သည် အသင်းတော်နှင့်သက်ဆိုင်သည်။ အဘယ့်ကြောင့်ဆိုသော်၊ ဤကျမ်းပိုဒ်၏ အဓိကသွန်သင်သည့် အကြောင်းမှာ ချီဆောင်ခြင်း (Rapture) ဖြစ်ကာ၊ ခရစ်တော်၏ နေ့ရက်နှင့်သက်ဆိုင်သည်။

                နိဂုံးအနေဖြင့်၊ အသင်းတော်သည် ဣသရေလလူမျိုးနှင့်မကွဲပြား မခြားနားပါဟု ခံယူသောသူတို့ကို ကားလေ့ရှိသည့် ကျမ်းနှစ်ပိုဒ်ကို လေ့လာကြပါစို့။

                ၁။        တမန်၊ရး၃၈ (KJV) တွင် ဣသရေလလူမျိုးကို “တော၌ရှိသော အသင်းတော်” ဟုခေါ်သည်။ သို့သော်၊ ကျွနု်ပ်တို့သိရန် အရေးကြီးသောအချက်မှာ- အသင်းတော် “Church” ဝေါဟာရ၏ မူလအဓိပ္ပါယ်မှာ “လူစုလူဝေး” (သို့) “အစည်းအဝေး”ဖြစ်သည်။ ဧဖက်မြို့၌ရှိသော သာသနာပလူထုကြီးကို ဖော်ညွှန်းရာတွင် အလားတူဝေါဟာရကို အသုံးပြုသည် (တမန်၊၁၉း၃၂)၊ ဓမ္မသစ်အသင်းတော်မှာမူ ခမည်းတော်ဘုရားနှင့်သော်လည်းကောင်း၊ သခင်ယေရှုနှင့်သော် လည်းကောင်းဆက်စပ်ပြီး ထပ်တူထပ်မျှဖော်ပြပါသည်။

                ၂။         ဂလာတိ ၆း၁၆တွင် ရှင်ပေါလုက “ဤနည်းဥပဒေသအတိုင်း ကျင့်သောသူရှိသမျှတို့အပေါ်၌၎င်း၊ ဘုရားသခင် ၏ ဣသရေလအမျိုးအပေါ်၌၎င်း၊ ငြိမ်သက်ခြင်းနှင့်သနားတော်မူခြင်း သက်ရောက်ပါစေသော”ဟု ပြောပါသည်။ ယနေ့ယုံကြည်သူ ခရစ်ယာန်အားလုံးတို့သည် ဖော်ပြခဲ့သည့် “ဘုရားသခင်၏ ဣသရေလလူမျိုး” ဖြစ်သည်ဟု တစ်ချို့ကယုံကြည်ကြသည်။ သို့သော် ဤသို့ခံယူခြင်းသည် မှားယွင်းသည်ဟု ကျွနု်ပ်တို့ ယုံကြည်သည်။ ရှင်ပေါလုက “သူတို့အပေါ်၌ငြိမ်သက်ခြင်း သက်ရောက်ပါစေသော” ဟုပြောရာတွင် ယုံကြည်သူအားလုံးကို ဆိုလိုသည်။ သို့သော် “ဘုရားသခင်၏ ဣသရေလအမျိုး” သည် ပညတ်တော်၏ နည်းဥပဒေသအတိုင်းမဟုတ်ဘဲ၊ လူသစ်ဖြစ် ခြင်း၏ နည်းဥပဒေသကို ကျင့်သောဂျူးလူမျိုးကို သီးသန့်ပြောဆိုခြင်းဖြစ်သည်။ “နှင့်” (and)၊ ဂရိဘာသာဖြင့် “ kai” ကို “ ဘုရားသခင်၏ ဣသရေလလူမျိုးပင်လျှင်” ဟု သဒ္ဒါနည်းအရမဖြစ်နိုင်သော်လည်း ဘာသာပြန်ဆိုကြကာ၊ အနှစ်တစ်ထောင် ကာလကို ငြင်းပယ်သောသူတို့က ဣသရေလလူမျိုးနှင့်ဆိုင်သော ဂတိတော်များကို ပယ်ရှားပြီး အသင်းတော်ကို “အသစ်သောဣသရေလလူမျိုး”ဟု မှားယွင်းစွာခံယူကြသည်။

၁၇ပညတ်တရားနှင့် ကျေးဇူးတရား Law and Grace

                ပညတ်တရားနှင့်ကျေးဇူူးတရားသည် ဘုရားသခင်က လူသားများကို ဆက်ဆံရာ၌ အသုံးပြုသော ဆန့်ကျင်ဘက် နည်းလမ်းနှစ်မျိုးဖြစ်သည်။ ဘုရားသခင်သည် ထိုမတူညီသောမူနှစ်မျိုးဖြင့် လူသားများကိုစမ်းသပ်သည်ဟု ကျွနု်ပ်တို့ပြော နိုင်ပါသည်။ သို့မဟုတ် ဘုရားသခင်သည် သူ၏လူများနှင့် ပဋိညာဉ်နှစ်ခုပြုသကဲ့သို့ ကျွနု်ပ်တို့ယူဆနိုင်ပါသည်။ “အကြောင်း မူကား ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှု ခရစ်အားဖြင့်ဖြစ်သတည်း” (ယော၊ ၁း၁၇)။

                ပညတ်တရားအောက်တွင် လူတစ်ယောက်သည် သူ၏လုပ်ဆောင်ခ သို့မဟုတ် ရထိုက်သည့်အရာကို ရပါသည်။ ကျေးဇူးတရားအောက်တွင်မူ သူ၏အပြစ်ကြောင့် ခံထိုက်သည့်အပြစ်ဒဏ်မှ ခွင့်လွှတ်ရုံသာမက သူ့အားမဖေါ်ပြနိုင်လောက် အောင်များပြားသော ကောင်းကြီးမင်္ဂလာကို လက်ဆောင်အဖြစ်ပေးသည်။ ဤမူနှစ်ခုစလုံးကို ရောမ ၄း၄-၅ ၌ ဖေါ်ပြထား ပါသည်။

                “အကျင့်ရှိသောမည်သူမည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကိုခံရသည်မဟုတ်၊ ခံထိုက်သောအားဖြင့်ခံရ၏။ အကျင့်မရှိသောသူမည်သည်ကား၊ မတရားသောသူ၏ အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင် သူ၏ယုံကြည်ခြင်းကို ဖြောင့် မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏” (ရောမ၄း၄-၅)။

                ကျေးဇူးတရားနှင့် ပညတ်တရားနှစ်ခုတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်၍မရပါ။ “… ကျေးဇူးတော်အားဖြင့်ရှိလျှင်၊ ကိုယ်ကျင့်သော အကျင့်အားဖြင့်မရှိ။ ရှိလျှင် ကျေးဇူးသည် ကျေးဇူးမဟုတ်” (ရောမ ၁၁း၆)။

                ပညတ်တရားသည် ချွင်းချက်ပါသော ပဋိညာဉ်ဖြစ်သည် – “သင်သည် ငါ့စကားနားထောင်လျှင် ဆုချမည်။ သို့သော် နားမထောင်လျှင် ဒဏ်ခတ်မည်။” ကျေးဇူးတရားသည် ချွင်းချက်မရှိသော ပဋိညာဉ်ဖြစ်သည် — ဘုရားသခင်က “သင့်ကို ငါကောင်းကြီးပေးမည်” ဟု မည်သည့်အရာမျှ မတောင်းဆိုဘဲ ပြောပါသည်။ 

                ပညတ်တရားက “လုပ်ပါ” ကျေးဇူးတရားက “ယုံကြည်ပါ” ဟု အသီးသီးပြောကြသည်။ သို့သော် ယုံကြည်ခြင်းသည် ချွင်းချက်ပါသောပဋိညာဉ်မဟုတ်ပါ။ လူသားအားလုံးက သူတို့ဖန်ဆင်းရှင်အား ဆီလျော်သော တုန့်ပြန်မှုပေးနိုင်သည့် တစ်ခု တည်းသောအရာမှာ ယုံကြည်ခြင်းဖြစ်ပါသည်။ ဤအရာသည် ကုသိုလ်ကောင်းမှုလည်းမဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် အဘယ်သူမျှ ဝါကြွား၍မရပါ။ စကြာဝဠာတစ်ခုလုံးတွင် ယုံကြည်အားကိုးထိုက်သောပုဂ္ဂိုလ်ကို မယုံကြည်သောသူသည် လူမိုက်ဖြစ်ပါသည်။

                ပညတ်တရားအောက်တွင် အသက်တာသန့်ရှင်းခြင်းကို တောင်းဆိုသော်လည်း ထိုသို့ပြုနိုင်ရန် တန်ခိုး ပေးမထားပါ။ ကျေးဇူးတရားအောက်တွင် သန့်ရှင်းခြင်းအကြောင်းသွန်သင်ပြီး (တိတု ၂း၁၁-၁၂) ထိုသို့ပြုနိုင်ရန် လိုအပ်သော တန်ခိုးကိုလည်းပေးပါသည်။ ယုံကြည်သူတစ်ဦးက ဤသို့ပြောဖူးပါသည်- “ ပညတ်တရားသည် အားအင်ကုန် ခန်းနေသော လူတစ်ယောက်ထံမှ ခွန်အားပြရန်တောင်းဆိုပြီး၊ မပြုလုပ်နိုင်ပါက ကျိန်ဆဲလိုက်၏။ ကျေးဇူးတရားသည် အားအင်ကုန်ခန်းနေသောသူကို ခွန်အားဖြည့်ဆည်းသည့်အပြင် ထိုခွန်အားအသုံးပြုနိုင်ရန် ကောင်းကြီးပေးသည်။”

                ပညတ်တရားသည် ကျိန်ခြင်းကိုယူဆောင်လာ၏- “… ပညတ္တိကျမ်းစာ၌ပါသမျှသော စကားတို့ကို အမြဲမကျင့်သော သူတိုင်းကျန်တော်မူခြင်းကို ခံစေသတည်းဟု ကျမ်းစာလာ၏” (ဂလာ ၃း၁၀)။ ကျေးဇူးတရားက ကောင်းကြီးမင်္ဂလာကို ယူဆောင်လာသည် – “ယေရှုခရစ်ရွေးကောက်တော်မူသောအားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ရကြ၏” (ရောမ ၃း၂၄)။

                ပညတ်တရားအောက်တွင် ဝါကြွားခြင်းကိုအားပေးပြီး၊ သို့ရာတွင် ကျေးဇူးတရားအောက်၌ ထိုအရာကို ပယ်ဖျက် လိုက်သည်။ “သို့ဖြစ်လျှင် ဝါကြွားစရာအကြောင်းကား အဘယ်သို့နည်းဟုမေးသော်၊ ဝါကြွားစရာအကြောင်းကိုပယ်ပြီး။ အဘယ်တရားအားဖြင့်ပယ်သနည်း။ အကျင့်တရားအားဖြင့်ပယ်သလော။ အကျင့်တရားအားဖြင့်ပယ်သည်မဟုတ်။ ယုံကြည် ခြင်းတရားအားဖြင့်ဝယ်ပြီး” (ရောမ ၃း၂၇)။

                ပညတ်တရားအောက်၌ ကယ်တင်ခြင်းစိတ်ချမှုမရှိနိုင်ပါ။ လူတစ်ယောက်သည် မှန်ကန်သော ကောင်းမှုကုသိုလ် (သို့) လုံလောက်သော အကျင့်ကောင်းကို ပြုခဲ့ပြီလား၊ မပြုခဲ့သေးဘူးလားဆိုသည်ကို ဘယ်သောအခါမှ မသိနိုင်ပါ။ ကျေးဇူး တရားအောက်တွင်မူကား၊ ကယ်တင်ခြင်းသည် လက်ဆောင်ဖြစ်သောကြောင့် ပြည့်စုံလုံလောက်သောစိတ်ချမှုရှိပါသည်။ သင်သည် လက်ဆောင်တစ်ခုခုရသောအခါ၊ သင့်ကိုသင်ရရှိကြောင်းသိသည်။

                ပညတ်တရားအောက်၌ရှိသော လူတစ်ယောက်သည် စစ်မှန်သော ကယ်တင်ခြင်း စိတ်ချမှုမရရှိနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် ပညတ်တရား၏ တောင်းဆိုချက်အားလုံးကို ဆက်လက်စောင့်ထိန်းနိုင်ရန် မသေချာပါ။ ကျေးဇူးတရားအောက်၌ယုံကြည်သူသည် ထာဝရလုံခြုံမှုကို ခံစားသည် (ယော၊ ၁၀း၂၇-၂၉)၊ အဘယ့်ကြောင့်ဆိုသော် သူ၏ ကယ်တင်ခြင်းသည် ခရစ်တော်၏လုပ်ဆောင်မှုအပေါ်၌ အခြေပြုသည်။

                ပညတ်တော်စောင့်ထိန်းခြင်းအားဖြင့် ကယ်တင်ခြင်းမရနိုင်ပါ။ ထိုသို့စောင့်ထိန်းခြင်းဖြင့် ကယ်တင်ခြင်းရရန် ဘုရားသခင်သည် အဘယ်သောအခါမှ မရည်ရွယ်ဘူးပါ။ ပညတ်တော်ထားရှိခြင်း၏ ရည်ရွယ်ချက်မှာ လူသည် အပြစ်သား ဖြစ်ကြောင်း ထင်ရှားစေရန်သာဖြစ်သည်။ “ပညတ်တရားသည် ဒုစရိုက်အပြစ်ကိုထင်ရှားစေသည်” (ရောမ ၃း၂၀)- ကယ် တင်ခြင်း ကိုမထင်ရှားစေပါ။

                ကယ်တင်ခြင်းသည် ကျေးဇူးတော်အားဖြင့်ဖြစ်၍ (ဧဖက် ၂း၈-၉) ကောင်းကင်ဘုံသို့ ရောက်ရန် သခင်ယေရှုခရစ် တော်ကို ယုံကြည်လက်ခံသော သူတို့အား ဘုရားသခင်ပေးသော အခမဲ့လက်ဆောင်ဖြစ်သည်။

                ပညတ်တရားအောက်တွင် အပြစ်တရားသည်ရှင်ပြန်၍ (ရောမ ရး၈-၁၃)၊ ကျေးဇူးတရားအောက်၌ စက်ဆုပ်ရွံရှာ ဘွယ်ဖြစ်သည်။ အပြစ်သားတစ်ယောက်ကို ပညတ်တော်အောက်၌ ထားသောအခါ သူသည်တားမြစ်သော အရာများကို ချက်ချင်းလုပ်ချင်သည်။ ဤသို့ဖြစ်ရခြင်းသည် ပညတ်တရား၏ အမှားမဟုတ်ဘဲ၊ လူ၏အထဲ၌ရှိသော အပြစ်တရား၏ လုပ်ဆောင်ချက်ဖြစ်သည်။ ကျေးဇူးတရားအောက်၌ အပြစ်တရားသည် စက်ဆုပ်ရွံရှာဘွယ်ဖြစ်သည်။ ကယ်တင်ရှင်ယေရှု ဘုရားက ယုံကြည်သူများကို ထိုအပြစ်တရားမှ ပြန်လှည့်စေသည်။

                ပညတ်တရားအောက်၌ ဘယ်သောအခါမှ အလုပ်ပြီးသည်ဟူ၍မရှိပါ။ ထို့ကြောင့် သတ္တမနေ့ဖြစ်သော ဥပုဉ်နေ့သည် တစ်ပတ်တာ၏နောက်ဆုံးနေ့၊ မောပန်းနွမ်းနယ်သည့် နေ့ဖြစ်သည်။ ကျေးဇူးတရားအောက်၌ အလုပ်ပြီးစီးပြီဖြစ်သောကြောင့် တစ်ပတ်တာကို ကျွနု်ပ်တို့၏ အနားယူသည့်နေ့ဖြစ်သော သခင်ဘုရား၏နေ့ (the Lord’s Day) ဖြင့် အစပြုပါသည်။

                ပညတ်တရားသည် “လုပ်ပါ” ဟု မိန့်ဆိုပြီး၊ ကျေးဇူးတရားသည် ခရစ်တော်၌ဘုရားသခင်၏ ပြုခဲ့ပြီးသော အမှုကို ထုတ်ဖေါ်ပြောဆိုသည်။

                ပညတ်တရားသည် ချုပ်နှောင်ခြင်းခံသော ထုံးနည်းဖြစ်ပြီး (ဂလာ ၄း၁-၃)၊ ကျေးဇူးတရားသည် လွတ်လပ်သော ထုံးနည်းဖြစ်သည် (ဂလာ ၅း၁)။ ပညတ်တရားအောက်၌ ရှိသောသူတို့သည် ကျွန်များဖြစ်ကြပြီး၊ ကျေးဇူးတရားအောက်၌ ရှိသောသူတို့သည် ကျွန်များဖြစ်ကြပြီး၊ ကျေးဇူးတရားအောက်၌ ရှိသောသူတို့မှာမူ ဘုရားသားများဖြစ်ကြသည်။

                ပညတ်တရားက “…ချစ်ပါ၊” ကျေးဇူးတရားက “ဘုရားက သင့်ကို ချစ်တော်မူသည်”ဟု ဆိုပါသည်။ ပညတ်တရားက “လုပ်လျှင်အသက်ရှင်မည်။” ကျေးဇူးတရားက “အသက်ရှင်လျှင်လုပ်မည်”ဟု ဆိုပါသည်။

                ပညတ်တရားက “ကြိုးစား၍နာခံပါ။” “ကိုးစား၍ နာခံပါ။” ပညတ်တရားက တောင်းဆို၍ ကျေးဇူးတရားက ကျေးဇူး ပြုပါသည်။ ပညတ်တရားက အကောင်းဆုံးလူကို မပြစ်တင်သည်။ ကျေးဇူးတရားက အဆိုးဆုံးလူကို ဖြောင့်မတ်စေသည်။ ပညတ်တရားကို လူကစောင့်ထိန်းရသည်။ ကျေးဇူးတရားက လူကိုစောင့်ထိန်းရသည်။ ပညတ်တရားက လူကိုအပြစ် လွှတ်ရန် ချေဆိုခွင့်မပေးပါ။ ကျေးဇူးတရားက ရှေ့နေတစ်ဦးပြင်ဆင်ပေးသည်။

                ပညတ်တရားအောက်၌ဆိုးသောသားကို မြို့ပြင်သို့ထုတ်၍ ကျောက်ခဲဖြင့် ပစ်သတ်ရသည် (တရား၊ ၂၁း၁၈-၂၁)။ ကျေးဇူးတရားအောက်၌ ပျောက်သောသားသည် အပြစ်ဝန်ချတောင်းပန်၍ ဖခင်ထံသို့ ပြန်လာပြီး ပြန်လည်မတ်ဿဟာယ ဖွဲ့ခွင့်ရသည် (လုကာ ၁၅း၂၁-၂၄)။

                ပညတ်တရားအောက်၌ သိုးသည်သိုးထိန်းအတွက်အသေခံရသည်။ ကျေးဇူးတရားအောက်၌ သိုးထိန်းသည် သိုးအ တွက်အသေခံရ၏ (ယော၊ ၁၀း၁၁)။

                ကျေးဇူးတရား၏သာလွန်မှုကို အောက်ပါအတိုင်းဖေါ်ပြခဲ့သည်- ကျေးဇူးတရားသည် သူတော်ကောင်းများကို ရှာမည်မဟုတ်၊ ရှာပါက ကျေးဇူးတရားမဟုတ်ဘဲ၊ သူတော်ကောင်းများကို မျက်နှာသာပေးသော တရားမျှတမှု (Jusice) သာဖြစ်မည်။ သို့ရာတွင် ကျေးဇူးတရားသည် အပြစ်စီရင်ခြင်းခံသောသူ၊ အပြစ်ရှိသောသူ၊ အသောသူနှင့် အကူအညီကင်းမဲ့ သော သူများကို ကယ်ရန်၊ သန့်ရှင်းစေရန်နှင့် ချီးမြှောက်ရန် ရှာဖွေနေသည်။

                မာတင်လူသာက “သင်သည် ပညတ်တရားနှင့် ကျေးဇူးတရားကို ခွဲခြားတတ်ပါက သင်၏ ကျွမ်းကျင်မှုအတွက် ဘုရားအပေါ် ကျေးဇူးတင်သင့်ပြီး၊ သင့်ကိုသင် ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူလိုက်ပါ”ဟု ပြောခဲ့ဖူးသည်။

၁၈အသင်းတော်နှင့်နိုင်ငံတော် The Church and the Kingdom

                အသင်းတော်သည် ဘုရားသခင်၏နိုင်ငံတော် (သို့) ကောင်းကင်နိုင်ငံတော်နှင့် မတူသည့်အကြောင်းကို သင်သည် လေ့လာသိရှိသောအခါ အံ့သြမိပါလိမ့်မည်။ ခရစ်ယာန်လောကတွင် အသင်းတော်နှင့် နိုင်ငံတော်သည်တူသည်ဟု အများ အားဖြင့်ယုံကြည်လက်ခံကြသည်။ သို့သော် ဤနှစ်ခုကွဲပြားခြားနားမှုကို မသိပါက၊ သြဝါဒနှင့်ကျင့်သုံးမှုပိုင်းတွင် ပြဿနာ ရှိနိုင်ပါသည်။

                အခန်း ၁၆ တွင် အသင်းတော်အကြောင်းကို အကျယ်အဝန်းဆွေးနွေးပြီးဖြစ်သောကြောင့် ဤအခန်းတွင် ပြန်လည်၍ မဆွေးနွေးပါ။ အသင်းတော်သည် တမူထူးခြားသောလူစုဖြစ်၍၊ ဘုရားသခင်၏သာမန်လူသားများအား ဆက်ဆံခြင်းနှင့် မတူပါ။ ခရစ်တော်သည်ဦးခေါင်းဖြစ်ပြီး၊ ယုံကြည်သူအားလုံးတို့သည် ကိုယ်ခန္ဓာ၏ အင်္ဂါများဖြစ်ကြသည်။ လူမျိုးရေး၊ အဆင့်အတန်း၊ ယောက်ျား၊ မိန်းမဟူ၍ခွဲခြားခြင်းကို ခရစ်တော်၌ဖျက်ဆီးခဲ့ပြီး၊ အားလုံးတို့သည် သူ၌တစ်လုံးတစ်ဝတည်း ဖြစ်သည်။ အသင်းတော်သည် ပင်တေကုတ္တေနေ့တွင် စတင်ခဲ့ပြီး၊ ချီဆောင်ခြင်း (Rapture) အချိန်တွင်ပြည့်စုံမည်။ အသင်းတော်ကို ခရစ်တော်၏ခန္ဓာကိုယ်နှင့်သတိုးသမီးဟုခေါ်၍၊ အနာဂတ်တွင် ခရစ်တော်နှင့်အတူထာဝရဘုန်းအသရေ မျှဝေခံစားကာအုပ်စိုးမည်။

                ကောင်းကင်နိုင်ငံတော်ဆိုသည်မှာအဘယ်နည်း

                ကောင်းကင်နိုင်ငံသည်ဘုရားသခင်၏အုပ်စိုးခြင်းအာဏာသက်ရောက်သည့်နေရာအားလုံးဖြစ်သည်။ ကောင်းကင် နိုင်ငံဟူသော ဝေါဟာရကို ဘုရားသခင်အားဖေါ်ညွှန်းရာတွင် လည်းသုံးသည် (ဒံ၊ ၄း၂၅၊၂၆)။ ဒံယေလက “အမြင့်ဆုံးသော ဘုရားသည် လောကီနိုင်ငံကို အုပ်စိုး၏”  (ငယ်၊ ၂၅)ဟု ပြောပါသည်။ နောက်တပိုဒ်တွင် “ကောင်းကင်ဘုံသည် အုပ်စို းကြောင်း” (ငယ်၊ ၂၆)ဟု ပါရှိသည်။ သို့ဖြစ်သောကြောင့်၊ ကောင်းကင်နိုင်ငံသည် ဘုရားသခင်၏ အုပ်စိုးခြင်းအာဏာသက် ရောက်သည့်နေရာအားလုံးဖြစ်ပြီး၊ ထိုနေရာ၌ လူတို့သည် ထိုအုပ်စိုးခြင်းအာဏာကို ဝန်ခံကြသည်။

                ကောင်းကင်နိုင်ငံတော်၌ သွင်ပြင်လက္ခဏာနှစ်မျိုးရှိသည်။ အကျယ်ပြန့်ဆုံးသွင်ပြင်လက္ခဏာ၌ ဘုရားသခင်ကို အမြင့်ဆုံးသောအုပ်စိုးသူ အဖြစ်သာ ဝန်ခံသောသူအားလုံးပါဝင်သည်။ သို့ရာတွင်၊ အတွင်းဖက်ကျသော သွင်ပြင်လက္ခဏာ တွင်မူ စစ်မှန်သောယုံကြည်သူများသာလျှင်ပါဝင်သည်။ ပို၍နားလည်နိုင်ရန် အောက်ပါအတိုင်း စက်ဝိုင်းနှစ်ခုဖြင့် ပြနိုင်ပါ သည်။

                စက်ဝိုင်းကြီးသည် ဘုရားသခင်၏သြဇာအာဏာကိုသာ ဝန်ခံသောသူများရှိသည့်နေရာဖြစ်ပြီး၊ ယုံကြည်သူနှင့် မယုံကြည်သူ၊ စပါးပင်နှင့် တောပင်စသည်တို့ပါဝင်သည်။ အတွင်းစက်ဝိုင်း၌ခရစ်တော်ယေရှုကို ယုံကြည်လက်ခံခြင်းဖြင့် ဒုတိယမွေးခြင်းခံသောသူများသာ ပါဝင်သည်။

                နိုင်ငံတော် (Kingdom) နှင့်ပတ်သက်သောကျမ်းပိုဒ်အားလုံးကို နှိုင်းယှဉ်ပါက အခြေအနေပြောင်းလဲခြင်း၏ ခြားနားသောသွင်ပြင်လက္ခဏာ(၅)မျိုးခွဲခြားနိုင်ပါသည်။

နိုင်ငံတော်အကြောင်းကို တင်ကူး၍ဟောပြောခြင်း

                ပထမဦးစွာ၊ နိုင်ငံတော်အကြောင်းကို ဓမ္မဟောင်းကျမ်း၌ ပရောဖက်ပြုထားပါသည်။ ဒံယေလက ဘုရားသခင်သည် ပျက်စီးခြင်းသို့မရောက်နိုင်သော နိုင်ငံတစ်ခုကိုတည်ထောင်မည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့ မရောက်ဘဲ အစဉ်အမြဲတည်မည်ဟု ပရောဖက်ပြုခဲ့ပါသည်။ (ဒံ၊ ၂း၄၅)။ သူသည်ခရစ်တော်ဘုရား၏ ကြွရောက်လာခြင်းနှင့် လူမျိုးတကာ တို့ကို အုပ်စိုးကာ၊ အာဏာစက်သည် ကမ္ဘာအဆက်ဆက်တည်မည့်အကြောင်းကိုလည်း ကြိုတင်၍ မြင်ခဲ့ပါသည် (ဒံ၊ ရး၁၃၊ ၁၄။ ယေရမိ၊ ၂၃း၅၊ ၆)။

နိုင်ငံတော်တည်လုနီးပြီ

                ဒုတိယမှာ၊ နိုင်ငံတော်ကို “တည်လုနီးပြီ” “ရှင်ဘုရင်၏အထဲ၌ရှိသည်” စသည်ဖြင့်ဖေါ်ပြပါသည်။ ပထမတွင် နှစ်ခြင်း ဆရာယောဟန်၊ ထို့နောက် သခင်ယေရှု၊ တပည့်တော်များစသည်တို့က နိုင်ငံတော်တည်လုနီးပြီဟု ဟောခဲ့ကြသည် (မဿဲ ၃း၂။ ၄း၁၇။ ၁၀း၇)။ ရှင်ဘုရင်သည် ဣသရေလလူတို့ထံသို့ မိမိကိုယ်ကိုအပ်နှံရန်ရောက်ရှိလာပြီဖြစ်သည်။ ယေရှုက၊ “ငါသည်ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင်၊ အကယ်စင်စစ် သင်တို့၌ဘုရားသခင် ၏နိုင်ငံတော်တည်ချိန်ရောက်လေပြီ” (မဿဲ ၁၂း၂၈)ဟု ပြောပါသည်။ အခြားအဖြစ်အပျက်တစ်ခု၌ယေရှုက “… ဘုရား သခင်နိုင်ငံတော်သည် သင်တို့၏အထဲ၌ ရှိသည်” ဟု မိန့်တော်မူ၏ (လုကာ ၁ရး၂၀)။ ရှင်ဘုရင်သည် သူတို့ရှေ့မှောက်၌ ရောက်ပြီဖြစ်သောကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် သူတို့၏အထဲ၌ရှိပါသည်။ (နောက်ဆုံးကျမ်းပိုဒ် ၂ ပိုဒ်သည် ကောင်းကင်နိုင်ငံတော်ထက် ဘုရားသခင်၏ နိုင်ငံတော်နှင့်သက်ဆိုင်ကြောင်းတွေ့ရသဖြင့်၊ ဓမ္မသစ်ကျမ်းထဲတွင် နှစ်ခုစလုံး ထဲမှ တစ်ခုမဟုတ်တစ်ခုသုံးထားပါသည်။

နိုင်ငံတော်၏ကြားကာလ

                တတိယမှာ၊ နိုင်ငံတော်ကိုကြားကာလပုံစံအဖြစ်ဖေါ်ပြသည်။ ဣသရေလလူတို့သည် ယေရှုခရစ်တော်ကို ငြင်းပယ် သောအခါ၊ ရှင်ဘုရင်သည် ကောင်းကင်သို့ပြန်သွားသည်။ ရှင်ဘုရင်မရှိသောအချိန်ကာလတွင်သူ၏ ရှင်ဘုရင်အရာကို ဝန်ခံသောသူတို့၏ နှလုံးသားထဲ၌ နိုင်ငံတော်တည်နေပါသည်။ နိုင်ငံတော်၏ကြားကာလသွင်ပြင်လက္ခဏာကို မဿဲ ၁၃ တွင် ဖော်ပြထားပါသည်။

နိုင်ငံတော်ပေါ်ထွန်းခြင်း

                စတုတ္ထမှာ၊ နိုင်ငံတော်ထင်ရှားပေါ်ထွန်းခြင်းဖြစ်ပါသည်။ ဤနိုင်ငံတော်သည် ခရစ်တော်ယေရှု၏ ဤလောကကို အနှစ်တစ်ထောင်ကာလအုပ်စိုးခြင်းဖြစ်သည်။ ဤအကြောင်းကို တောင်ကုန်းပေါ်၌ ခရစ်တော်ဘုရား ရုပ်သဏ္ဍာန်ပြောင်းလဲ ခြင်းအားဖြင့် အရိပ်နိမိတ်ပြခဲ့သည်။ ဤနေရာ၌ ခရစ်တော်ဘုရားကို အနှစ်တစ်ထောင်ကာလအုပ်စိုးသောအခါ တွေ့ရမည့် အတိုင်း ဘုန်းအာနုဘော်နှင့်ပြည့်စုံလျက်တွေ့မြင်ခဲ့ကြသည် (မဿဲ ၁၆း၂၈)။ ယေရှုကဖော်ညွှန်းပြီး ဤသို့ပြောပါသည် — “ငါပြန်ဆိုသည်ကား၊ လူများတို့သည် အရှေ့အရပ်၊ မြောက်အရပ်မှလာ၍ ကောင်းကင်နိုင်ငံတော်၌အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ” (မဿဲ ၈း၁၁)။

ထာဝရနိုင်ငံတော်

                ပဉ္စမနှင့်နောက်ဆုံးမှာ၊ ထာဝရနိုင်ငံတော်ဖြစ်သည်။ ၂ပေ၊ ၁း၁၁တွင် “… ကယ်တင်တော်မူသော အရှင်ယေရှုခရစ်၏ ထာဝရနိုင်ငံတာ်” ဟု ဖော်ပြထားပါသည်။

ကောင်းကင်နိုင်ငံတော်နှင့်ဘုရားသခင်၏နိုင်ငံတော်

                “ကောင်းကင်နိုင်ငံတော်”ဟူသော စကားစုကို ရှင်မဿဲခရစ်ဝင်ကျမ်းထဲ၌သာရှိသည်။ “ဘုရားသခင်၏ နိုင်ငံတော်” ဟူသော ဝေါဟာရကိုခရစ်ဝင် (၄) ကျမ်းစလုံးတွင်တွေ့ရသည်။ လက်တွေ့ရည်ရွယ်ချက်အားလုံးမှာ ခြားနားမှုမရှိဘဲ တူညီ သောအကြောင်းကို ပြောကြသည်။ ဥပမာ – မဿဲ ၁၉း၂၃ တွင် သခင်ယေရှုက၊ “ချမ်းသာသောသူသည် ကောင်းကင်နိုင်ငံ တော်သို့ ဝင်ခဲလှ၏” ဟု ပြောပါသည်။ မာကု ၁၀း၂၃ နှင့်လုကာ ၁၈း၂၄တွင် ထိုအကြောင်းကိုပင် ပြောဆိုရာတွင် “ဘုရားသခင်၏ နိုင်ငံတော်”ဟု ပြောပါသည်။ ရှင်မဿဲကလည်း ခရစ်တော်ပြောဆိုခဲ့သောအချက်ကို ပြန်လည်ကိုးကား ရာတွင် “ဘုရားသခင်၏နိုင်ငံတော်”ဟု ရေးသားခဲ့ပါသည် (မဿဲ ၁၉း၂၃၊ ၂၄ နှင့် နှိုင်းယှဉ်ပါ)။

                ကောင်းကင်နိုင်ငံတော်နှင့်ဘုရားသခင်၏နိုင်ငံတော် ဝေါဟာရနှစ်ခုစလုံးကို အဓိပ္ပါယ်တူညီစွာအသုံးပြုသည့် အခြား ကျမ်းပိုဒ်များကို အောက်တွင်ဖေါ်ပြထားပါသည်။

မဿဲ ၄း၁၇ ကို   မာကု ၁း၁၅ နှင့် ယှဉ်ကြည့်ပါ။

မဿဲ ၈း၁၁ ကို လုကာ ၁၃း၂၉ နှင့် ယှဉ်ကြည့်ပါ။

မဿဲ ၁၀း၇ ကို လုကာ ၉း၂ နှင့် ယှဉ်ကြည့်ပါ။

မဿဲ ၁၁း၁၁ ကို လုကာ ရး၂၈ နှင့် ယှဉ်ကြည့်ပါ။

မဿဲ ၁၃း၁၁ ကို မာကု ၄း၁၁ နှင့် ယှဉ်ကြည့်ပါ။

မဿဲ ၁၃း၃၁ ကို မာကု ၄း၃၀၊ ၃၁။ လုကာ ၁၃း၁၈ တို့နှင့် ယှဉ်ကြည့်ပါ။

မဿဲ ၁၃း၃၃ ကို လုကာ ၁၃း၂၀၊ ၂၁ နှင့် ယှဉ်ကြည့်ပါ။

မဿဲ ၁၉း၁၄ ကို မာကု ၁၀း၁၄။ လုကာ ၁၈း၁၆ တို့နှင့် ယှဉ်ကြည့်ပါ။

                ကောင်းကင်နိုင်ငံတော်တွင် အပြင်ဘက်သွင်ပြင်လက္ခဏာနှင့် အတွင်းဘက်မှန်ကန်မှုရှိကြောင်း ဖော်ပြခဲ့ပြီး ဖြစ် သည်။ ဘုရားသခင်၏နိုင်ငံ တော်လည်း ထိုကဲ့သို့ပင်ဖြစ်ပါသည်။ ဤအကြောင်းကို အောက်ပါကျမ်းပိုဒ်များဖြင့် ဖော်ပြနိုင် ပါသည်။

                ကောင်းကင်နိုင်ငံတော်    ဘုရားသခင်နိုင်ငံတော်

အပြင်ဘက်သွင်ပြင်လက္ခဏာ၌ ရှင်ဘုရင်                                      ဘုရားသခင်၏နိုင်ငံတော်၌လည်း အမှား

ကိုအမှန်တကယ်ဝန်ခံသောယုံကြည်သူအား                                   နှင့်အမှန်နှစ်ခုစလုံးပါဝင်ကြောင်းကို

လုံးနှင့်၊ ဟန်ဆောင်ခြင်းဖြင့်ဝန်ခံသော                                           မျိုးစေ့ကြဲသူ ပုံဥပမာ (လုကာ ၈း၄-၁ဝ)

မယုံကြည်သူအားလုံးလည်းပါဝင်သည်။                                        ၌တွေ့ရသည်။ မုံညှင်းစေ့ ပုံဥပမာ

ဤအကြောင်းကို                                                                        (လု၊ ၁၃း၁၈ – ၁၉) နှင့် တဆေး ပုံဥပမာ

မျိုးစေ့ကြဲသူ ပုံဥပမာ (မဿဲ ၁၃း ၃ – ၁၁)                          (လုကာ ၁၃း ၂ဝ၊ ၂၁)။

မုန့်ညှင်းစေ့ပုံဥပမာ (မဿဲ ၁၃း ၃၁၊ ၃၂) နှင့်

တဆေးပုံဥပမာ (မဿဲ ၁၃း၃၃) တို့၌တွေ့ရသည်။

အမှန်စင်စစ်၊ ကောင်းကင်နိုင်ငံတော်၏                                         အမှန်စင်စစ်၊ ဘုရားသခင်နိုင်ငံတော်၏

အတွင်းဘက်မှန်ကန်မှု၌ ကယ်တင်ခြင်း                                         အတွင်းဘက်မှန်ကန်မှု၌ ဒုတိယမွေးခြင်း

ရသော ယုံကြည်သူများသာလျှင်                                                  ခံသောသူများသာလျှင် ဝင်ရောက်နိုင်သည်

ဝင်ရောက်နိုင်သည် (မဿဲ ၁၈း၃)။                                    သည် (ယော ၊ ၃း၃-၅)။

                ရှင်ပေါလုက “ဘုရားသခင်၏နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ရှင်း သော ဝိညာဉ်တော်အားဖြင့်ခံရသော ဝမ်းမြောက်ခြင်း၌တည်၏။” (ရောမ ၁၄း၁၇) ဟု ပြောဆိုရာတွင် အတွင်းဘက်မှန်ကန်မှု ပိုင်းကိုဖော်ညွှန်းခြင်းဖြစ်သည်။ သူသည် ဘုရားသခင်၏နိုင်ငံတော်သည် စကား၌တည်သည်မဟုတ်၊ တန်ခိုး၌တည်၏ (၁ကော၊ ၄း၂ဝ) ဟု အလေးထားပြောခဲ့သည်။

နိုင်ငံတော်နှင့်အသင်းတော်

                နိုင်ငံတော်နှင့်အသင်းတော်၏ ကွဲပြားခြားနားမှုကို အောက်ဖော်ပြပါအချက်များအားဖြင့် တွေ့နိုင်ပါသည်။

                နိုင်ငံတော်သည် ခရစ်တော်၏ လူထုသာသနာစတင်သည့်အချိန်၌အစပြုခဲ့၍၊ အသင်းတော်သည် ပင်တေကုတ္တေ နေ့၌စတင်သည် (တမန်၊ ၂)။ နိုင်ငံတော်သည် ကမ္ဘာမြေကြီးဖျက်ဆီးခြင်းခံသည့် အထိဆက်လက်တည်နေမည်ဖြစ်ပြီး၊ အသင်းတော်သည် ချီဆောင်ခြင်း (Rapture) အထိသာ ဆက်လက်တည်ရှိမည်။ ထို့နောက်ခရစ်တော် ဒုတိယအကြိမ်ကြွ လာသောအခါ၊ သူ၏သတိုးသမီးအနေဖြင့် သူနှင့်အတူ  လောကကိုအနှစ်တစ်ထောင်အုပ်စိုးရန်ကြွလာမည်။ ယခုပစ္စုပ္ပန် ကာလတွင် နိုင်ငံတော်၏အတွင်းဘက်မှန်ကန်မှု၌ရှိကြသော ယုံကြည်သူအားလုံးတို့သည် ခရစ်တော်၏ ခန္ဓာကိုယ်တည်း ဟူသော အသင်းတော်ထဲ၌ရှိကြသည်။

၁၉ခရစ်တော်၏ ကြွလာခြင်းနှစ်မျိုး Tow Comings of Christ

                သမ္မာကျမ်းစာကို နားလည်ရန်နှင့် နှစ်သက်ပျော်မွေ့ရန်အတွက် ခရစ်တော်ဘုရား၏ ပထမကြိမ်နှင့် ဒုတိယအကြိမ် ကြွလာခြင်းကို ခွဲခြားဖို့လိုအပ်ပါသည်။ သူ၏ပထမအကြိမ်ကြွလာခြင်းသည် ဗက်လင်မြို့ နွားတင်းကုပ်ထဲ၌ သူငယ်ကဲ့သို့ ဖွားမြင်ပြီး နွားစာခွက်ထဲ၌ သိပ်ထားခြင်းကို ရည်ညွှန်းသည်။ ဒုတိယအကြိမ်ကြွလာခြင်းသည် အနာဂတ်ကာလတွင် ပြန်ကြွလာမည့်အချိန်ကို ရည်ညွှန်းသည်။ ပထမသည် ခရစ်တော်၏ ဒုက္ခဆင်းရဲခံခြင်းနှင့်သက်ဆိုင်ပြီး၊ ဒုတိယသည် ဘုန်းအသရေနှင့် သက်ဆိုင်သည် (၁ပေ၊ ၁း၁၁)။

                ဤအခန်းတွင် ကယ်တင်ရှင်ခရစ်တော်ပြန်ကြွလာမည့်အကြောင်း၏ အချက်အလက်များကို  ယေဘုယျအားဖြင့် ဖော်ပြသွားပါမည်။ နောက်အခန်းတွင် သူ၏ဒုတိယအကြိမ်ကြွလာခြင်းနှင့်ပတ်သက်၍ သွင်ပြင်လက္ခဏာအမျိုးမျိုးကို လေ့လာပါမည်။

                ဓမ္မဟောင်းပရောဖက်တို့သည် မေရှိယ၏ဒုတိယအကြိမ်ကြွလာခြင်းကိုတင်ကူး၍ မြင်ခဲ့ကြသော်လည်း ရှင်းလင်းစွာ အသိကြပဲ ရှုပ်ထွေးကြသည်။ ဝိညာဉ်တော်ဘုရားသည် သူတို့အားခရစ်တော်နှိမ့်ချခြင်းနှင့် ဘုန်းအသရေဖြင့် ကြွလာမည့် အကြောင်းကို ဖွင့်ပြခဲ့သည်။ ခရစ်တော်သည် ဒုက္ခဆင်းရဲခံ၍ အသွေးတော်သွန်းလောင်းပြီး အသေခံမည်။ သို့သော်လည်း သူ၏ရန်သူအားလုံးကိုအောင်မြင်မည်။ သူတို့သည်ဤအရာကိုဆက်စပ်၍မရကြပါ။ သူတို့မသိနိုင်သည့်အချက်မှာ၊ မေရှိယ၏ ခြားနားခြင်းသော ကြွလာခြင်းနှစ်မျိုုးနှင့်သက်ဆိုင်ကြသည့်အချက် ဖြစ်သည်။ သူတို့၏ခေတ်ကာလနှင့် မေရှိယပထမအကြိမ် ကြွလာခြင်းသည် နှစ်ပေါင်း ၂၀၀၀ ကျော် ကြာခဲ့သည်။

                ကျမ်းစာထဲတွင် ကြွလာခြင်းနှစ်မျိုးစလုံးရောယှက်၍ ဖော်ပြပြီးဖြစ်ပျက်မည့်အချိန်ကာလကို ခွဲခြား၍မပြပါ။ ဤအဖြစ် အပျက်နှစ်ခုအကြောင်းကို လေ့လာပါက အကျိုးကျေးဇူးများစွာရှိပါမည်။ အောက်တွင် ဥပမာတစ်ချို့ပေးထားပါသည်။

ကြွလာခြင်းနှစ်မျိုးစလုံးကို ဖော်ပြသောကျမ်းပိုဒ်တစ်ချို့

                ဆာလံ ၂၂း၁-၂၁ သည် ပထမအကြိမ်ကြွလာခြင်းကို ရှင်းလင်းစွာရည်ညွှန်းကာ၊ လက်ဝါးကပ်တိုင်ပေါ်၌ ကယ်တင် ရှင်ခံရမည့် ဆင်းရဲဒုက္ခများကို ညွှန်ပြပါသည်။ ကျန်ရှိသော အငယ် ၂၂ မှ ၃၁ သည်အောင်မြင်ခြင်းနှင့် ဘုန်းအသရေဖြင့် ဒုတိယအကြိမ်ကြွလာခြင်းကို ညွှန်ပြသည်။

                ဟေရှာယ ၉း၆-၇ ၌လည်း ကြွလာခြင်းနှစ်မျိုးစလုံးကို တွေ့နိုင်သည်။

                “အကြောင်းမူကား၊ ငါတို့အဘို့သူငယ်ကိုဘွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ နာမတော်မူကား အံ့သြဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာ စိရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူ လိမ့်မည်” (ယေရှာယ ၉း၆-၇)။

                ဗက်လင်မြို့သို့ကြွလာမည့်အကြောင်းကို “အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏ . . . ”ဟု ဖော်ပြပါသည်။ ကျန်သည့်အကျမ်းပိုဒ်အားလုံးတို့သည် ခရစ်တော်ဘုရားဘုန်းတန်ခိုးနှင့် အာဏာစက်ဖြင့် လောကကိုအုပ်စိုးရန်ပြန်ကြွလာမည့်အချိန်ကို ညွှန်ပြသည်။

                ကြွလာခြင်းနှစ်မျိုးစလုံးကို ဟေရှာယ ၄၉း၇ ၌လည်းတွေ့နိုင်သည်။

                “ဣသရေလအမျိုးကို ရွေးနှုတ်တော်မူ၍၊ ထိုအမျိုး၏သန့်ရှင်းသော ထာဝရဘုရားသည်၊ အဘယ်သူမျှမနှစ်သက်၊ တပြည်လုံးရွံရှာဘွယ်ဖြစ်၍၊ မင်းထံ၌ကျွန်ခံရသောသူအား မိန့်တော်မူသည်ကား၊ သစ္စာရှိတော်မူသောထာဝရဘုရား၊ သင့်ကို ရွေးကောက်တော်မူသော ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ကျေးဇူးတော်ကြောင့်၊ ရှင်ဘုရင်တို့သည် မြင်၍ ထကြလိမ့်မည်။ မင်းသားတို့သည်လည်း ကိုးကွယ်ကြလိမ့်မည်” (ယေရှာယ ၄၉း၇)။

                ဤကျမ်းပိုဒ်တွင် “အဘယ်သူမျှမနှစ်သက်၊ တပြည်လုံးရွံရှာဘွယ်ဖြစ်၍၊ မင်းထံ၌ကျွန်ခံရသောသူ”က ခရစ်တော်၏ ပထမကြွလာခြင်းကို ထင်ရှားစွာဖော်ပြသည်။ သို့သော်၊ ကျန်အပိုင်းက သူ၏ဒုတိယအကြိမ်ကြွလာခြင်းကို ရည်ညွှန်းပါသည်။

                ယေရှာယ ၅၂း၁၄-၁၅ ကိုလည်းမှတ်ထားပါ။

                “သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေပျက်ခြင်းရှိသည်ကို အများသောသူတို့သည် အံ့သြမိန်းမောကြသည်ဖြစ်၍၊ ထို့အတူ သူသည်အများသောလူမျိုးတို့ကို သန့်ရှင်းစေလိမ့်မည်။ ရှေ့တော်၌ ရှင်ဘုရင်တို့သည် မိမိတို့နှုတ်ကိုပိတ်၍ နေရကြလိမ့်မည် သူတပါးမပြဘူးသော အရာကို သူတို့သည် မြင်ကြ လိမ့်မည်။ မကြားဘူးသောအရာကိုလည်း နားလည်ကြလိမ့်မည်” (ယေရှာယ ၅၂း၁၄၊ ၁၅)။

                အငယ် ၁၄ က ကယ်တင်ရှင်သည် လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခြင်းခံသည့်အကြောင်းနှင့် သူ၏ခံစားသော ဒုက္ခဝေဒနာနှင့် အသေသတ်ခြင်းကို မြင်တွေ့သောပရိသတ်တို့သည် အံ့အားသင့်ကြကြောင်းကို ထင်ရှားစွာဖော်ပြပါသည်။ သို့ရာတွင် အငယ် ၁၅ ၌ ဆန့်ကျင်ဘက်ဖော်ပြချက်တွေ့ရသည်။ ကယ်တင်ရှင်ပြန်ကြွလာသောအခါ သူ၏ဘုန်းအသရေကို တွေ့မြင်သောလူသားတို့သည် အံ့သြတုန်လှုပ်ကြမည်။ တိုင်းနိုင်ငံအပေါင်းတို့သည် တခါကနှိမ့်ချစွာဖြင့် ဂါလိလဲပြည်၌ နေခဲ့ သောသူကို ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်အဖြစ်မြင်တွေ့ကြကာ ထိတ်လန့်တုန်လှုပ်ကြမည်။

                ကြွလာခြင်းနှစ်မျိုးစလုံးပေါင်း၍ ရေးထားသော ထင်ရှားသည့်ကျမ်းပိုဒ်တစ်ခုမှာ ဟေရှာယ ၆၁း၁-၂ ဖြစ်သည်။

                “ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာတည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက် စရာသိတင်းကို ကြားပြောစေခြင်းငှါ၊ ငါ့ကိုဘိသိတ်ပေးတော်မူပြီ။ နှလုံးကြေကွဲသောသူတို့၏ အနာကိုစည်းစေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်အကျဉ်းခံလျက်ရှိသော သူတို့အား ထောင်တံခါးဖွင့်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်နှင့် ငါတို့ဘုရားသခင်အပြစ်ပေးတော်မူရာနေ့ရက်ကာလကို ကြား ပြောစေခြင်းငှါ၎င်း၊ စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှါ၎င်း” (ယေရှာယ ၆၁း၁-၂)။

                သခင်ယေရှုသည် နာဇရက်မြို့၌ရှိသော တရားဇရပ်၌တရားဟောစဉ်တွင် ဤကျမ်းပိုဒ်များကိုကိုးကား၍ ဖတ်ရှု ခဲ့သည် (လုကာ ၄း၁၈၊ ၁၉)။ သို့ရာတွင် “ထာဝရဘုရား၏မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ် တော်မူပြီ”ဟု ဖတ်ရှုပြီး၊ ဤနေရာ၌ရပ်တန့်ခဲ့သည်။ သူသည်ဤကျမ်းပိုဒ်၏တဆက်တည်းဖြစ်သော “ငါတို့ဘုရားသခင် အပြစ်ပေးတော်မူရာနေ့ရက်ကာလကို ကြားပြောစေခြင်းငှါ”ကို ဆက်၍ မဖတ်တော့ပါ။ အဘယ်ကြောင့်နည်း။ အဘယ့် ကြောင့်ဆိုသော်၊ သူ၏ပထမ အကြိမ်ကြွလာခြင်းသည် ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောရန်ဖြစ်သည်။ သူ၏ ဒုတိယအကြိမ်ကြွလာခြင်းသည် ဘုရားသခင်၏ “အပြစ်ပေးတော်မူရာနေ့ရက်” ဖြင့် အစပြုသွားမည်ဖြစ်သည်။

                ဆာလံ ၃၄း၁၅၊ ၁၆တွင်လည်း အလားတူကြွလာခြင်းနှစ်မျိုးကို ဖော်ပြပါသည်။

                “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်းနားထောင်တော်မူ၏။ ဒုစ္စရိုက်ကို ပြုသောသူတို့အား၊ မြေကြီးပေါ်မှာအောက်မေ့စရာအမှတ်မျှမရှိစေခြင်းငှါ၊ ပယ်ရှင်းမည်အကြောင်း၊ ထာဝရ ဘုရားသည် မျက်နှာထားတော်မူ၏။”

                ပေတရုသည် ဤကျမ်းပိုဒ်ကိုကိုးကားရေးသားသောအခါ အဆုံးပိုင်း၌ပါသော “မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှါ ပယ်ရှင်းမည်အကြောင်း”ကို ဆက်မရေးဘဲရပ်တန့်ပါသည်။ သူကိုးကားသော ဤကျမ်းချက်၏ အစပိုင်းအားလုံးတို့သည် ကျွန်ုပ်တို့အသက်ရှင်နေထိုင်သည့် ယခုခေတ်ကာလနှင့် သက်ဆိုင်ပြီး၊ နောက်ဆုံးဖော်ပြသည့် ကျမ်းချက်သည် ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့်သက်ဆိုင်သည်။

                ပရောဖက်မိက္ခာက ဗက်လင်မြို့သည် မေရှိယဖွားမြင်သန့်စင်မည့် နေရာဖြစ်မည့်အကြောင်း ကြိုတင်ပြောကြား ခဲ့သည် (မိက္ခာ ၅း၂)။

                “အိုဇက်လင် ဧဖရတ်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည်မြို့ငယ်မြို့ ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုး ကို အုပ်စိုးရသောသခင်သည် ငါအဘို့ သင်၏အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။”

                သို့သော်လည်း၊ မိက္ခာသည် ခရစ်တော်၏ဖွားမြင်ခြင်းအကြောင်းမှ ကျော်ဖြတ်၍ ဒုတိယအကြိမ်ကြွလာခြင်းကို “ထိုသခင်သည် မြေကြီးစွန်းတိုင်အောင်အစိုးရ၍” (မိက္ခာ ၅း၄)ဟု တိုက်ရိုက်ပရောဖက်ပြုခဲ့ပါသည်။

                “ထိုသခင်သည်ရပ်၍ ထာဝရဘုရား၏အစွမ်းသတ္တိနှင့်၎င်း၊ မိမိဘုရားသခင်ထာဝရဘုရား၏ နာမတော်တန်ခိုးအာနု ဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေးလိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူလိမ့်မည်။”

                ဇာခရိ ၉း၉ တွင် ခရစ်တော်၏အောင်မြင်ခြင်းဖြင့် ယေရုရှလင်မြို့သို့ ကြွလာခြင်းအကြောင်းကို ထင်ရှားစွာ ဖော်ပြထားပါသည်။

                “အို ဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်လော့။ တရားစီရင်၍ ကယ်တင်ခြင်းသို့ရောက်သောသခင်၊ သင်၏အရှင်မင်းကြီးသည် မြည့်မနှင့် မြည်းကလေးကိုစီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ကြွလာတော်မူသည်ကို ကြည့်ရှုလော့။”

                သို့သော် အခန်းငယ် ၁၀ တွင် ခရစ်တော်ဒုတိယကြိမ်ကြွလာသောအခါ ပင်လယ်တပါးမှသည် ပင်လယ်တပါး တိုင်အောင် အုပ်ချုပ်မည့်အကြောင်း ဖော်ပြသည်။

                “ငါသည် ဧဖရိမ်ပြည်၌ ရထားကို၎င်း၊ ယေရရှလင်မြို့၌ မြင်းကို၎င်း၊ ပယ်ဖြတ်မည်။ စစ်လေးကိုလည်း ပယ်ဖြတ်မည်။ တပါးအမျိုးသားတို့သည် စစ်ငြိမ်မည်အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာတော်လည်း ပင်လယ် တပါးမှသည် ပင်လယ်တပါးတိုင်အောင်၎င်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်၎င်း တည်လိမ့်မည်။” ခရစ်တော်၏ ကြွလာခြင်းနှစ်မျိုးကို ဓမ္မဟောင်းကျမ်း၌ရှိသကဲ့သို့ ဓမ္မသစ်ကျမ်း၌လည်း ပါရှိပါသည်။ ဥပမာအားဖြင့် ရှင်လုကာ ၁း၃၀-၃၃ ကိုကြည့်ကြစို့။ “သင်သည်ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည်။ ထိုသားကို ယေရှု အမည်ဖြင့် မှည့်ရမည်။ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့် မည်။ သူ့အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူ၏။ ထိုသူသည်လည်း ယာကုပ် အမျိုးအနွယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။”

                                ပထမကျမ်းပိုဒ်သည် ယေရှုခရစ်တော်ပထမအကြိမ်ကြွလာစဉ်က ပြည့်စုံပြီဖြစ်ကြောင်းထင်ရှားသည် (မဿဲ ၁း၂၅ ကိုဖတ်ပါ)။ သို့ရာတွင် အငယ် ၃၂ နှင့် ၃၃ တို့သည် ယခုပစ္စုပ္ပန်အသင်းတော်ကာလကို ကျော်လွန်၍ ခရစ်တော်ဘုရား ဒါဝိဒ်၏ပလ္လင်ပေါ်တွင်ထိုင်တော်မူပြီး ကမ္ဘာကိုအုပ်စိုးရန် ပြန်ကြွလာမည့်အကြောင်း ဖော်ပြပါသည်။

                ရှင်လုကာ ၂၀း၁၈ တွင်လည်း ကြွလာခြင်းနှစ်မျိုးကို နက်နဲစွာ ဖော်ပြပါသည်။

                “အကြင်သူသည် ထိုကျောက်အပေါ်သို့ကျ၏၊ ထိုသူသည်ကျိုးလတ္တံ့။ အကြင်သူ၏အပေါ်သို့ ထိုကျောက်သည် ကျ၏၊ ထိုသူသည် ညက်ညက်ကြေလတ္တံ့ဟု မိန့်တော်မူ၏။”

                ဤကျမ်းပိုဒ်၏ပထမစာကြောင်းတွင် ထိုကျောက် (ခရစ်တော်)သည် မြေကြီးပေါ်၌ရှိသည်။ ဤလောက၌ လူ့ဇာတိခံ ယူ၍ နေထိုင်စဉ်တွင် လူတို့သည် သူ့အပေါ်သို့ကျ၍ ကျိုးပဲ့ကြကုန်၏။ ဒုတိယစာကြောင်းတွင် ထိုကျောက်သည် အထက်မှ ဆင်းကြွလာသည်။ ခရစ်တော်ကြွလာသောအခါ သူ့စကားနားမထောင်သော သူအားလုံးတို့ကို ညက်ညက်ကြေအောင် ဒဏ်ခတ်တော်မူမည်။

                ဟေဗြဲ ၉း၂၆၊ ၂၈ တွင် ကြွလာခြင်းနှစ်မျိုးကို ဒွန်တွဲပြီး ပို၍ထင်ရှားစွာဖော်ပြထားကြောင်း တွေ့ရပါသည်။

                “ထိုသို့ ပူဇော်ရသည်မှန်လျှင်၊ ကမ္ဘာဦးမှစ၍ အဖန်မျာစွာအသေခံတော်မူရ၏။ ယခုမူကား၊ ဤကပ်ကာလအဆုံး၌ တခါတည်းကိုယ်ကို ပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင်ပယ်ရှင်းခြင်းငှါ၊ ပေါ်ထွန်းတော်မူ၏။ လူသည် တခါတည်း သေ၍ ထိုနောက်မှ တရားစီရင်တော်မူခြင်းကို ခံရသကဲ့သို၊ ထိုနည်းတူ ခရစ်တော်သည်လူများအပြစ်တို့ကို ခံခြင်းငှါ တခါတည်း ကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန်ထိုသခင်ကို မြော်လင့်လျက်နေသော သူတို့ကို ကယ်တင်ခြင်းအလို့ငှါ၊ အပြစ်နှင့် မဆိုင်ဘဲပေါ်ထွန်းတော်မူလတ္တံ့။”  “တခါတည်းကိုယ်ကိုပူဇော်သောအားဖြင့် အပြစ်များကို သုတ်သင် ပယ်ရှင်း ခြင်းငှါ၊” ဟူသောအချက်သည် ခရစ်တော်၏ ပထမကြွလာခြင်းကဆိုလိုပါသည်။ “နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသော သူတို့ကို ကယ်တင်ခြင်းအလိုငှါ၊ အပြစ်နှင့်မဆိုင်ပဲ ပေါ်ထွန်းတော်မူလတံ့”- ဤအချက်သည် ခရစ်တော်ပြန်လာ မည့်အကြောင်းကို ဖော်ပြသည်။

၂၀ခရစ်တော်ပြန်ကြွလာခြင်း၏သွင်ပြင်လက္ခဏာများ Phases of Christ’s Return

                အစပိုင်းသင်ခန်းစာများထဲတွင် ခရစ်တော်၏ပထမနှင့်ဒုတိယအကြိမ်ကြွလာခြင်းကို ခွဲခြားသိမြင်ရန်အလွန်အရေး ကြီးကြောင်းတွေ့မြင်ပါသည်။ ပထမအကြိမ်ကြွလာခြင်းသည် သမိုင်းအနေဖြင့်ကျန်ရစ်ခဲ့ပြီး၊ လွန်ခဲ့သည့် အနှစ် ၂၀၀၀ ခန့်က ဖြစ်ပေါ်လာခဲ့ပါသည်။ ဒုတိယအကြိမ်ကြွလာခြင်းသည် အနာဂတ္တိစကားဖြစ်၍၊ အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည် ဖြစ်သည်။

                သို့ရာတွင် ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းသည် အဖြစ်အပျက်တစ်ခုတည်းမဟုတ်ကြောင်းသိရှိရန် အရေး ကြီးလှပါသည်။ ခရစ်တော်ဒုတိယအကြိမ် ကြွလာသောအခါ ဖြစ်ပေါ်လာမည့် သွင်ပြင်လက္ခဏာ သို့မဟုတ် အဆင့်(၄) ဆင့်ရှိပြီး၊ အချိန်ကာလအတိုင်းအတာတစ်ခုအထိရှိမည်။ ထို့ကြောင့် ကျွနု်ပ်တို့သည် ဤသင်ခန်းစာတွင် ထိုသွင်ပြင်လက္ခဏာ များကို သီးသန့်ခွဲခြားပြီး လေ့လာပါမည်။

                ဓမ္မသစ်မူရင်းကျမ်းစာထဲတွင် “ရောက်လာခြင်း”(coming) ဟူသော ဝေါဟာရ၏ အဓိပ္ပါယ်မှာ “မျက်မှောက်တွင် ရှိနေခြင်း” (a presence) သို့မဟုတ် “နီးကပ်စွာရှိနေခြင်း”(a coming along-side) ဖြစ်ပါသည်။ ဤအချက်သည် “ရောက်ရှိခြင်း” နှင့်ဆက်လက်၍ အတူရှိနေခြင်းဖြစ်ကြောင်း ဖော်ပြသိစေပါသည်။ ဤဝေါဟာရစကားလုံးကို အများအားဖြင့် ရှင်ဘုရင် ဆိုက်ရောက်လာခြင်းနှင့် တဆက်တည်း တိုင်းခန်းလှည့်လည်ခြင်းနှင့် ပတ်သတ်၍သုံးသည်။

                အင်္ဂလိပ်စကားလုံးတွင်လည်း “ရောက်လာခြင်း”(coming) စကားလုံးကို အထက်ဖော်ပြပါအတိုင်း အသုံးပြုလေ့ ရှိသည်။ ဥပမာ-ခရစ်တော်ဘုရား ဂါလိလဲပြည်သို့ “ရောက်လာခြင်း”သည် လူအများဆီသို့ အနာရောဂါငြိမ်းခြင်းမင်္ဂလာ ယူဆောင်လာခဲ့သည်။ ဤအချက်တွင် ခရစ်တော်ဂါလိလဲပြည်သို့ရောက်လာသည့်နေ့ကိုသာ မဆိုလိုပဲ ဂါလိလဲပြည်၌ ရှိနေ စဉ် ကာလတစ်လျှောက်လုံးကိုလည်း ဆိုလိုသည်။

                ထို့ကြောင့် ခရစ်တော်၏ဒုတိယအကြိမ်ကြွလာခြင်းအကြောင်းဆင်ခြင်သောအခါ ကြွလာခြင်းတစ်ခုသာမဆင်ခြင်ပဲ၊ အချိန်ကာလတစ်ခုတွင် ဖြစ်ပေါ်လာမည့် သွင်ပြင်လက္ခဏာများကိုလည်း ဆင်ခြင်ရပါမည်။ ထိုအချိန်ကာလတစ်ခုတွင် သွင်ပြင်လက္ခဏာ (သို့) အဆင်(၄)ဆင့်ရှိပါသည်။

၁။        အစပိုင်း (beginning)

၂။         ဖြစ်ရမည့်အရာ (A course)

၃။        ထင်ရှားပြသခြင်း (A manifestation)

၄။        အဆုံးပိုင်း (A climax)

၁။ ခရစ်တော်ကြွလာခြင်း၏အစပိုင်း

                ခရစ်တော်ကြွလာခြင်း၏အစပိုင်းသည် “ချီဆောင်ခြင်း”(Rapture)ဖြစ်ပြီး၊ မိမိသန့်ရှင်းသူတို့ “အတွက်” ကြွရောက် လာခြင်းဖြစ်သည်။ သူသည်အာကာသအထိဆင်းသက်လာကာ၊ ခရစ်တော်၌သေလွန်သောသူများထမြောက်၍၊ အသက်ရှင် သောယုံကြည်သူများပြောင်းလဲပြီး၊ အဖဘုရား၏အိမ်တော်သို့ သွားရောက်နေထိုင်ကြမည်။ ဤချီဆောင်ခြင်းသည် အချိန် မရွေးရောက်နိုင်သည်။ “လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ကြလတံ့၊ သို့ရာတွင် လူအသီးသီးတို့သည် မိမိတို့အလှည့်အတိုင်း လိုက်ရကြ လိမ့်မည်။ ခရစ်တော်သည် အဦးသီးသောအသီးဖြစ်တော်မူသောအခါ၊ တပည့်တော်ဖြစ်သောသူတို့သည် ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်” (၁ကော၊ ၁၅း၂၂- ၂၃)။

                “ညီအစ်ကိုတို့၊ မျှော်လင့်ခြင်းမရှိသောအခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊ အိပ်ပျော်သောသူတို့၏ အမူအရာကိုမသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ။ ယေရှုသည် သေပြီးမှတစ်ဖန် ထမြောက်တော်မူ သည်ကို ငါတို့သည်ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း ထိုသခင်နှင့်အတူ ဘုရားသခင်ပို့ ဆောင်တော်မူလိမ့်မည်။ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန်ငါတို့ဆိုသည်ကား၊ သခင်ဘုရားကြွလာတော်မူသော အခါ၊ အသက်ရှင်၍ကျန်ကြွင်းသောငါတို့သည် အိပ်ပျော်ပြီးသောသူတို့၏ အရင်အဦးနေရာကျရကြမည်မဟုတ်။ သခင်ဘုရား သည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင် ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့် တကွ မိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ်နေရကြလိမ့်မည်။ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်းတယောက်ကိုတယောက် သက်သာစေကြလော့”(၁ သက်၊ ၄း၁၃-၁၈)။

                “ညီအစ်ကိုတို့၊ ငါတို့သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည် အထံတော်၌စည်းဝေးခြင်းအရာမှာ … ငါတို့သည် တောင်းပန်ကြ၏”(၂ သက်၊ ၂း၁-၂။ ၂း၁-၂)။

                “ထို့ကြောင့်၊ ညီအစ်ကိုတို့ သခင်ဘုရားကြွလာတော်မူသည့်တိုင်အောင် သည်းခံလျက် စောင့်နေကြလော့၊ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုဃ်း၊ နောက်မိုဃ်းကို ရသည့် တိုင်အောင်၊ အဘိုးထိုက်သော မြေအသီးကို သည်းခံလျက် စောင့်နေ၍ မျှော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက် စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့။ သခင်ဘုရားကြွလာတော်မူသောအချိန် ရောက်လုပြီ။”

                “ချစ်သားတို့၊ သားတော်သည်ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ ငါတို့သည်အထံတော်သို့ရောက်လျှင်၊ ရဲရင့် ရသောအခွင့်ရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော်၌တည်နေကြလော့” (၁ယော၊ ၂း၂၈)။

                ချီဆောင်ခြင်း (Rapture) အကြောင်းပါသောကျမ်းပိုဒ်များမှာယော၊ ၁၄း၁-၄။ ၁ကော၊ ၁၅း၅၁-၅၄။ ဖိ၊ ၃း၂၀-၂၁။ ၁သက်၊ ၁း၁၀။ ဟေဗြဲ ၉း၂၈။ ၁ယော၊ ၃း၂။ ဗျာ၊ ၂၂း၇၊၂၀ တို့ဖြစ်သည်။

၂။ ခရစ်တော်ကြွလာသောအခါ ဖြစ်မည့်အရာများ

                ဖြစ်မည့်အရာများထဲတွင် ယုံကြည်သူများအားလုပ်ခပေးရန်အတွက် ခရစ်တော်၏ တရားပလ္လင်စီရင်ခြင်းပါဝင်သည်။

                ၁သက်၊ ၂း၉- “ညီအစ်ကိုတို့၊ ငါတို့သည်ပင်ပန်းစွာလုပ်ဆောင်၍ ကြိုးစားအားထုတ်ကြောင်းကို သင်တို့မှတ်မိကြ၏။ သင်တို့တွင် တယောက်ကိုမျှ မနှောင့်ရှက်ခြင်းငှါ၊ ငါတို့နေ့ညဉ့်လုပ်ဆောင်လျက်၊ ဘုရားသခင်၏ ဧဝံဂေလိတရားကို သင်တို့အား ဟောပြောကြ၏” (၁သက် ၂း၉)။

                “ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်ကိုယ်တော်တိုင်လည်း၊ သင်တို့ကို အကုန်အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့သခင်ယေရှုခရစ်ကြွလာတော်မူသောအခါ၊ သင်တို့ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ် စေခြင်းငှါ စောင့်မတော်မူပါစေသော” (၁သက်၊ ၅း၂၃)။

                ရောမ ၁၄း၁၀-၁၂။ ၁ကော၊ ၃း၁၁-၁၅။ ၂ကော၊ ၅း၁၀။ ၂တိ၊ ၄း၇-၈ တို့ကိုလည်းဖတ်ပါ။

                ဖြစ်လာမည့်အရာများထဲတွင် သိုးသူငယ်မင်္ဂလာဆောင်ပွဲ ညစာလည်းပါဝင်နိုင်စရာအကြောင်းရှိပါသည်။ ဤပွဲသည် ခရစ်တော်ဘုန်းတန်ခိုးနှင့်တစ်ကမ္ဘာလုံးကို မအုပ်စိုးမီအချိန်လေးတွင် ဖြစ်ပေါ်မည်ဟု ဗျာဒိတ်ကျမ်းစာထဲတွင်ရှိပါသည်။ ဤကျမ်းချက်တွင် “ရောက်လာခြင်း”(coming) ဟူသောစကားလုံးကို ဤအကြောင်းနှင့်ပတ်သက်၍ မသုံးသော်လည်း ဖြစ်လာမည့်အရာများထဲတွင် ထည့်သွင်းရပါသည်။

                “တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင်သည် စိုးစံတော်မူ၏။ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား၊ သိုးသူငယ်၏ မင်္ဂလာပွဲကို ခံချိန်ရှိပြီး။ သူ၏မိန်းမသည် ကိုယ်ကိုတန်ဆာဆင်ပြီဟု စည်းဝေးသောသူအများတို့၏အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသော အခွင့်ကိုရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်းသူတို့၏ဖြောင့်မတ်ခြင်းဖြစ်သတည်း။ ကောင်းကင်တမန်ကလည်း၊ သိုးသူငယ်၏ မင်္ဂလာဆောင် ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးသားလော့ဟူ၍၎င်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ဟူ၍၎င်း ငါ့အားပြောဆို၏” (ဗျာဒိတ်၊ ၁၉း၆-၉)။

                ဤအရာများကောင်းကင်ဘုံ၌ ဖြစ်ပျက်နေစဉ်တွင် ကမ္ဘာပေါ်၌ဘေးဒဏ်ကြီးကျရောက်ပါမည်။ ဘေးဒဏ်ကြီးကာလ သည် (၇)နှစ်တာရှည်လျားပြီး၊ ဘုရားသခင်သည် တရားစီရင်ခြင်းအမျိုးမျိုးကို ကမ္ဘာပေါ်သို့သွန်းလောင်းမည်။ (ဒံ၊ ၉း၂၇။ မဿဲ ၂၄း၄-၂၈။ ဗျာ၊ ၆း၁၉)။ ဤဘေးဒဏ်ကြီးကာလကို (Great Tribulation)ဟု သိရပြီး၊ တစ်ခါမှမဖြစ်ဖူးသော အတိ ဒုက္ခကျရောက်မည် (မဿဲ ၂၄း၁၅-၃၁)။

၃။ ခရစ်တော်ကြွလာခြင်းကိုထင်ရှားပြသခြင်း

                ဤတတိယသွင်ပြင်လက္ခဏာသည် ကြီးမြတ်သောဘုန်းတန်ခိုးနှင့် အုပ်စိုးရန် ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာ တို့၏သခင်အနေဖြင့် လောကသို့ကြွလာမည်။ ချီဆောင်ခြင်းသည် မျက်စိတစ်မှိတ်အတွင်းရောက်လာမည်ဖြစ်သောကြောင့် ကမ္ဘာကမြင်မည်မဟုတ်ပါ။ ဤအချက်သည် ခရစ်တော်ကြွလာခြင်း၏တတိယအဆင့်သွင်ပြင် လက္ခဏာဖြစ်သည်။

                “ထို့နောက်သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမူအရာ တို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ် ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏” (မဿဲ ၂၄း၃)။

                “လျှပ်စစ်သည်အရှေ့မှပြက်၍ အနောက်တိုင်အောင်ထွန်းလင်းသကဲ့သို့ လူသားသည် ကြွလာတော်မူလိမ့်မည်။”

                “လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်” (မဿဲ ၂၄း၃၇)။

                “ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသောအခါ၌ဖြစ်လိမ့်မည်” (မဿဲ ၂၄း၃၉)။

                “ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ၊ ငါတို့အဘတည်းဟူသော သခင့်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြံခိုင်ခံ့စိမ့် သောငှါ” (၁သက်၊ ၃း၁၂)။

                “ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက် ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်” (၂သက်၊ ၂း၈)။

                “ငါတို့သခင်ယေရှုခရစ်၏တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အားကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သောဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ကြ၏” (၂ပေ၊ ၁း၁၆)။

                ဤကျမ်းချက်တွင် ပေတရုသည်တောင်ထိပ်ပေါ်၌ ရုပ်သဏ္ဍာန်ပြောင်းလဲခြင်းသည် ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းကို ကြိုတင်၍ ဖွင့်ပြခြင်းဖြစ်သည်ဟု ပြောဆိုသည်။

                ခရစ်တော်ကြွလာခြင်း၏သွင်ပြင်လက္ခဏာ တတိယ်အဆင့်ကို ဇာခရိ ၁၄း၄။ မာလခိ ၄း၁-၃။ တမန်၊ ၁း၁၁။ ၂သက်၊ ၁း၇-၉။ ယုဒ ၁၄။ ဗျာ၊ ၁း၇။ ၁၉း၁၁-၁၆ တို့တွင်လည်း တွေ့နိုင်သည်။ ခရစ်တော်၏ လူသားအနေဖြင့် ကြွလာခြင်းသည် တတိယသွင်ပြင်လက္ခဏာကို အစဉ်သဖြင့် ဖော်ညွှန်းသည်။

၄။ ခရစ်တော်ကြွလာခြင်း၏အဆုံးပိုင်း

                နောက်ဆုံးသွင်ပြင်လက္ခဏာမှာ ခရစ်တော်ကြွလာခြင်း၏ အဆုံးပိုင်းဖြစ်ပြီး၊ ကောင်းကင်အဟောင်းနှင့် မြေကြီး အဟောင်းကို မီးနှင့်ဖျက်ဆီးမည်ဖြစ်သည်။ ဤအဖြစ်အပျက်သည် အနှစ်တစ်ထောင်ကာလပြီးမှဖြစ်ပေါ်မည် (၂ပေ၊ ၃း၄၊ ၇-၁၃)။

                “သခင်ဘုရားကြွလာမည်ဟူသော ဂတိတော်သည်အဘယ်မှာရှိသနည်း။ ဘိုးဘေးများအိပ်ပျော်ပြီးနောက်၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစကဖြစ်သကဲ့သို့၊ ဖြစ်မြဲဖြစ်ကြ၏ဟုဆိုလျက်၊ ကဲ့ရဲ့ခြင်းနှင့်တကွ ပေါ်လာကြလိမ့်မည်။ ယခုရှိသော မိုဃ်းကောင်းကင်နှင့် မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့ရက်တိုင်အောင်၊ ထိုနှုတ်ကပတ်တော်အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း။ ချစ်သူတို့၊ ထာဝရဘုရားမှာ ကာလတရက်သည်၊ အနှစ်တစ်ထောင်ကဲ့သို့၎င်းဖြစ်သည့်အရာတစ်ခုကို မမေ့လျော့ကြနှင့်။ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည့်အတိုင်း၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ။ ငါတို့တွင် အဘယ်သူမျှမပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ၍၊ ငါတို့ကိုသည်းခံတော်မူ၏။ သူခိုးသည် ညဉ့်အခါလာသကဲ့သို့၊ ထာဝရဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီးပေါ်မှာ ပြုလုပ်သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။ သို့ဖြစ်၍၊ ဤအရာအလုံးစုံတို့ သည် ကုန်စင်မည်မှန်သောကြောင့်၊ မိုဃ်းကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျက်၊ အရည်ကျိုခြင်းကိုခံရသောနေ့တည်းဟူသော၊ ဘုရားသခင်၏နေ့ရောက်လိမ့်မည်ဟု သင်တို့သည်မျှော်လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်၊ အဘယ်သို့သောသူဖြစ်အပ်ကြသနည်း။ ယခုရှိသမျှ သောအရာတို့သည် ပျက်ရသော်လည်း၊ ဖြောင့်မတ်ခြင်းတရားတည်နေရာမိုဃ်းကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော်နှင့်အညီ မျှော်လင့်ကြ၏” (၂ပေ ၃း၄၊ ၇၁၃)။

                ဤသင်ခန်းစာတွင် နောက်ဆုံးသောကာလ၌ပြက်ရယ်ပြုသော သူများပေါ်လာပြီး ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်းကို ငြင်းပယ်ကြမည့်အကြောင်းဖတ်ရှုရပါမည်။ ထိုသူတို့သည် ခရစ်တော်ကြွလာခြင်း၏သွင်ပြင်လက္ခဏာကို အဘယ် ကဲ့သို့ထင်မြင်ပါသနည်း။ သူတို့သည်ချီဆောင်ခြင်းကို ရည်ညွှန်းပါသလား။ မရည်ညွှန်းကြပါ။ ထိုသူတို့သည် ချီဆောင်ခြင်း အကြောင်းသိချင်မှသိကြမည်။ ကျမ်းပိုဒ်အားလုံး၏ ပြောပြချက်အရ၊ ထိုသူတို့၏ ပြက်ရယ်ပြုသောအရာမှာ၊ သခင်ဘုရားက အဓမ္မလူတို့အား နောက်ဆုံးဒဏ်ခက်ခြင်းဖြစ်သည်။ ထိုသူတို့ ခေါ်ဆိုသည့် “ကမ္ဘာကုန်ဆုံးချိန်”တွင် ဤလောက၌ ဘုရားသခင်၏ တရားစီရင်ခြင်းကျရောက်မည်ကို မယုံကြည်ကြပါ။ ဘုရားသခင်သည် ကုန်လွန်ခဲ့သည့် ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် လုံးဝပါဝင်လုပ်ဆောင်ခြင်းမပြုခဲ့သလို အနာဂတ်တွင်လည်း လုပ်ဆောင်မည်မဟုတ်ပါဟု ခံယူကြပြီး၊ ဘုရားသခင်၏ တရားစီရင်ခြင်းအတွက် စိတ်ပူခြင်းမရှိကြချေ။ ထို့ကြောင့် ထိုသူတို့သည် ဆိုးညစ်သောစကားနှင့် အကျင့်စရိုက် ဆက်လက်ကျူးလွန်နေကြသည်။

                ဘုရားသခင်သည် “ခရစ်တော်အနှစ်တစ်ထောင်အုပ်စိုးပြီးသောအခါ” ယခုကောင်းကင်နှင့် ကမ္ဘာမြေကြီးကို လုံး၀ ဖျက်ဆီးပစ်မည်။ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း၏ အဆုံးပိုင်းသည် အနှစ်တစ်ထောင်ကာလအပြီး၊ ထာဝရကာလ မစတင်မီတွင် ဖြစ်ပေါ်မည်ဟု ထိုသူတို့၏ပြက်ရယ်ပြုခြင်းကို ပေတရုက ပြန်လည်ဖြေကြားပါသည်။

                သို့ရာတွင် တစ်ယောက်သောသူက “သွင်ပြင်လက္ခဏာတစ်နှင့်သုံးဖြစ်သော ချီဆောင်ခြင်းနှင့် ဗျာဒိတ်(ခရစ်တော် ကြွလာခြင်းကို ထင်ရှားပြသခြင်းတို့သည် သီးခြားအဖြစ်အပျက်ဖြစ်ကြောင်းကို သင်ဘယ်လိုသိနိုင်ပါသနည်းဟု မေးကောင်း မေးနိုင်ပါသည်။ အဖြေမှာ- သမ္မာကျမ်းစာထဲတွင် ဤနှစ်ခုကို အောက်ပါအတိုင်း ခွဲခြား၍ ဖော်ပြပါသည်။

ချီဆောင်ခြင်း (Rapture)                 လောကကို အုပ်စိုးရန်ကြွလာခြင်း

                                                (Revelation)

၁။ ခရစ်တော်အာကာသအထိ ဆင်းကြွလာမည်      ၁။ သူ၏သန့်ရှင်းသူများနှင့် အတူကြွဆင်းလာမည် (၁သက်၊၄း၁၆၊၁၇)

 (၁သက်၊ ၄း၁၆၊၁၇)        (ဇာခရိ ၁၄း၄)

၂။ သူ၏သန့်ရှင်းသူများအတွက် ကြွလာမည်           ၂။ သူ၏သန့်ရှင်းများနှင့်အတူ ကြွဆင်းလာမည် (၁သက်၊၃း၁၃၊ယုဒ၊၁၄)

၃။ ချီဆောင်ခြင်းသည် နက်နဲသောအရာဖြစ်သည်။  ၃။ လောကကို အုပ်စိုးကြွလာခြင်းသည် နက်နဲသောအရာမဟုတ်ဘဲ၊ ဓမ္မ

ဥပမာ- ဓမ္မဟောင်းကာလ၌ မည်သူမျှ မသိကြ          ဟောင်းကျမ်း၏ အနာဂတ္တိကျမ်းများ၌ ဤအကြောင်းပါရှိသည် (ဆာလံ၊

(၁ကော၊ ၁၅း၅၁)                                                ၇၂။ ယေရှာယ ၁၁။ ဇာခရိ ၁၄)။

၄။ မိမိသန့်ရှင်းသူများအတွက် မကြွဆင်းမီ ၄။ မိမိသန့်ရှင်းသူများနှင့်အတူ ကြွလာခြင်းကို ကောင်းကင်၌ ရှေ့ပြေး

 ရှေ့ပြေးလက္ခဏာများကို ကောင်းကင်တွင် နိမိတ်လက္ခဏာပေါ်လာမည် (မဿဲ ၂၄း၂၉-၃၀)

 ဖော်ပြမည်ဟု ကျမ်းစာ၌မတွေ့ရပါ။                    

၅။ ချီဆောင်ခြင်းကို ခရစ်တော်၏ နေ့ရက်နှင့်         ၅။ လောကကိုအုပ်စိုးရန်ကြွလာခြင်းကို သခင်ဘုရား၏ နေ့ရက်နှင့်ထပ်

ထပ်တူဖြစ်သည် (၁ကော၊၁း၈။၂ကော၊၁း၁၄။         တူဖြစ်သည် ၂သက်၊ ၂း၁-၁၂)

ဖိ၊ ၁း၆၊၁၀)။

၆။ ချီဆောင်ခြင်းသည် မင်္ဂလာရှိသောအချိန်ကာလ ၆။ လောကအုပ်စိုးရန် ကြွလာခြင်း၏ အဓိကအချက်မှာ တရားစီရင်ခြင်း

အဖြစ်တင်ဆက်သည် (၁သက်၊၄း၁၈)                   ဖြစ်သည် (၂သက်၊ ၂း၈-၁၂)။

၇။ချီဆောင်ခြင်းသည် မျက်စိတစ်မှိတ်၌ ဖြစ်ပေါ်     ၇။ လောကကိုအုပ်စိုးရန် ကြွလာခြင်းကို တစ်ကမ္ဘာလုံးက မြင်တွေ့မည်

 မည် (၁ကော၊ ၁၅း၅၂)။ ကမ္ဘာကသိကြမည်            (မဿဲ ၂၄း၂၇။ ဗျာ၊၁း၇)

 မဟုတ်ပါ။

၈။ ချီဆောင်ခြင်းတွင် အဓိကအားဖြင့် အသင်း       ၈။ လောကကိုအုပ်စိုးရန်ကြွလာခြင်းတွင် အဓိကအားဖြင့် အစ္စရေးလူမျိုး

 တော်ပါဝင်သည့် (ယော၊၁၄း၁-၄။ ၁ကော၊၁၅း       ပြီးမှ တပါးအမျိုးသားအားလုံးပါဝင်သည် (မဿဲ ၂၄း၁-၂၅း၄၆)။

၅၁-၅၈။ ၁သက်၊၄း၁၃-၁၈)။

၉။ ခရစ်တော်သည် ထွန်းတောက်သော                 ၉။ ခရစ်တော်သည် တရားသောနေမင်းအဖြစ် အနာပျောက်စေသော

မိုတောက်ကြယ်အနေဖြင့် ကြွလာမည်                  အတောင်တို့နှင့် ကြွလာမည် (မာလခိ ၄း၂)

(ဗျာ၊၂၂း၁၆)

 

၂၁ထာဝရဘုရား၏ နေ့ရက် (The Day of The Lord) ခရစ်တော်၏ နေ့ရက် (The Day of Christ)

    ဘုရားသခင်၏နေ့ရက် (The Day of God)

                ယခုတွင် သမ္မာကျမ်းစာထဲ၌ အရေးကြီးသောအကြောင်းအရာတစ်ချို့၏ မတူညီသော အဓိပ္ပါယ်နှင့်ခြားနားချက်များ ကို ဆက်လက်လေ့လာမည်။ အထူးသဖြင့် အနာဂတ်ဖြစ်ရပ်များနှင့် ပတ်သက်၍၊ ထာဝရဘုရား၏ နေ့ရက်၊ ခရစ်တော်၏ နေ့ရက်နှင့် ဘုရားသခင်၏ နေ့ရက်စသည်တို့၏ ခြားနားချက်များကို လေ့လာကြပါစို့။

ထာဝရဘုရား၏ နေ့ရက်

                ဤနေ့ရက်သည် ၂၄ နာရီရှိသည့်တစ်ရက်မဟုတ်ဘဲ၊ ထင်ရှားသော လက္ခဏာနှင့် ပြည့်စုံသည့် အချိန်ကာလတစ်ခု ဖြစ်သည်။

                ဓမ္မဟောင်းကျမ်းတွင် “ထာဝရဘုရား၏ နေ့ရက်” ကို တရားစီရင်ခြင်း၊ ပျက်စီးခြင်းနှင့် အမှောင်ဖုံးလွှမ်းခြင်းတို့ကို ဖော်ပြရာ၌ သုံးသည် (ဟေရှာ၊ ၂း၁၂။ ယောလ ၂း၁၊၂)။ ဘုရားသခင်သည် က္ကသရေလလူတို့၏ ရန်သူများကို အပြီးသတ်ဆန့်ကျင်ချေမှုန်းကာ ဒဏ်ခတ်သောအချိန်ကာလဖြစ်သည် (ဇာခရိ ၃း၈ – ၁၂။ ယောလ ၃း၁၄ – ၁၆။ သြဗဒိ ၁၅။ ဇာခရိ၊ ၁၂း၈၊ ၉)။ သူ၏ လူမျိုးတော်ကဖောက်ပြန်ပြီး ရုပ်ထုကိုးကွယ်သောအခါ ဘုရားသခင်က ဆုံးမဒဏ်ခတ်သည့် အချိန်ကာလကို ဖော်ပြရာ၌လည်း သုံးပါသည် (ယောလ ၁း၁၅ – ၂၀။ အာမုတ် ၅း၁၈။ ဇာခရိ ၁း၇ – ၁၈)။ ထာဝရဘုရား၏ နေ့ရက်သည် မူလအားဖြင့်အပြစ်ဒုစရိုက်အတွက် တရားစီရင်ခြင်းနှင့် ထာဝရဘုရားဘက်၌ အောင်မြင်ခြင်းကိုဆိုလိုသည်။

                ဓမ္မသစ်ကျမ်းတွင် ထာဝရဘုရား၏ နေ့ရက်သည် “ အချိန်ကာလ ”ဟု တမန်တော် ၁း၇ နှင့် ၁သက်၊ ၅း၁ ၌ဖော်ပြသကဲ့သို့ အချိန်ကာလတစ်ခုဖြစ်သည်။ ဤအချိန်ကာလသည် ချီဆောင်ခြင်း (Rapture)ပြီးမှ ဖြစ်လာမည်။ ၎င်းတွင် အောက်ဖော်ပြပါအဖြစ်အပျက်များပါဝင်သည်။ ၎င်းတွင် အောက်ဖော်ပြပါ အဖြစ်အပျက်များပါဝင်သည်။

                ၁။ ဘေးဒဏ်ကြီး (သို့) ယာကုပ်၏အမှုရောက်သောကာလဟုလည်းခေါ်သည် (ဒံ၊ ၉း၂၇။ မဿဲ ၂၄း၄-၂၈။ ၁သက်၊ ၅း၁-၁၁။ ၂သက်၊ ၂း၂။ ဗျာ၊ ၆း၁-၁၉း၁၆)။ ဤအရာသည် ထာဝရဘုရားနေ့ရက်၏အစပိုင်းဖြစ်သည်။ ဤနေ့ရက်သည် မမျှော် လင့်သည့်အချိန်၌လည်းကောင်း၊ ညအချိန်တွင်ဝင်လာသောသူခိုးကဲ့သို့သော်လည်းကောင်း၊ ရုတ်တရက်ရောက်လာပြီး၊ မည်သူမျှရှောင်ထွက်၍မရနိုင်ပါ။ ထိုနေ့တွင် ဘုရားသခင်သည် သူ၏ တရားစီရင်ခြင်းကို အယူဖောက်ပြန်သောယုဒအယူဝါဒ။ အယူဖောက်ပြန်သော ခရစ်ယာန်လောကသားများနှင့် တပါးအမျိုးသားအားလုံး အပေါ်၌ (၇)နှစ်ကြာသွန်းလောင်မည် ဖြစ်သည်။ ဤတရားစီရင်ခြင်းကို တံဆိပ်(၇)ခုတရားစီရင်ခြင်း၊ တံပိုး(၇)ခုတရားစီရင်ခြင်းနှင့် အမျက်တော်ဖလား (၇)ခု တရားစီရင်ခြင်းဟူ၍ ဗျာဒိတ်ကျမ်း၌ပုံဖော်၍ ရေးသားထားပါသည်။ ဘေးဒဏ်ကြီးကာလ၏ ဒုတိယပိုင်းတဝက်ကို ကြီးမားသောဘေးဒဏ်ကြီးကာလ (Great Tribulation) အဖြစ်သိရပြီး၊ ကမ္ဘာအစမှ အဆုံးထိတိုင်အောင် ဖြစ်ပေါ်ဖူးသော ဘေးဒဏ်ကြီးများထဲတွင် အဆိုးဆုံးဘေးဒဏ်ကြီးဖြစ်မည်။

                ၂။ ခရစ်တော်သည် မိမိ၏သန့်ရှင်းသူများနှင့်အတူကြွလာခြင်း (မာလခိ ၄း၁-၃။ ၂သက်၊ ၁း၇-၉)။ ဘေးဒဏ်ကြီး ကာလအဆုံးတွင် ခရစ်တော်သည် သူ၏သန့်ရှင်းသူများနှင့်သော်လည်းကောင်း၊ တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့် အတူ “ကောင်းကင်ဘုံကပေါ်ထွန်းတော်မူ၍ ဘုရားသခင်ကိုမသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူမည်” (၂သက်၊ ၁း၈)။ ဤလောက၌ နိုင်ငံတော်မတည်ထောင်မီ သူ၏ရန်သူအားလုံးကို ဖျက်ဆီးပစ်မည်။

                ၃။ ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်စိုးသောကာလ။ ဤကာလသည် ထာဝရဘုရား၏ နေ့ရက်ထဲ၌ပါဝင်သည် (ယောလ ၃း၁၈၊ ၁၄။ ဇာခရိ ၁၄း၈-၉၊ ငယ်-၁ နှင့် နှိုင်းယှဉ်ပါ)။ ရှင်ဘုရင်ဖြစ်သောခရစ်တော်ဘုရားသည် ဤလောက တစ်ခုလုံးကို သံလှံတံဖြင့် အုပ်စိုး၍၊ သူ့ကိုပုန်ကန်သောသူတို့ကို ချက်ချင်းဖျက်ဆီးမည် (ဗျာ၊ ၁၉း၁၅)။

                ၄။ ကောင်းကင်အဟောင်းနှင့် မြေကြီးအဟောင်းကို မီးဖြင့် နောက်ဆုံးဖျက်ဆီးခြင်း (၂ပေ၊ ၃း၇၊ ၁၀)။ ခရစ်တော်၏ အနှစ်တစ်ထောင်ကာလ အုပ်စိုးခြင်းအဆုံးတွင် မိုးကောင်းကင်နှင့်မြေကြီးသည် ကြီးသောအသံနှင့်တကွ ပျောက်ကွယ် သွားကာ၊ လောကဓါတ်တို့သည် ပူအားကြီးလျက် အရည်ကျိုခြင်းခံလိမ့်မည်။ ဤအရာသည် ထာဝရဘုရား၏ နေ့ရက်၏ နောက်ဆုံးအဖြစ်အပျက်ဖြစ်သည်။

ခရစ်တော်၏နေ့ရက်

                ထာဝရဘုရား၏နေ့ရက်သည် ဘုရားသခင်၏သားတော်ကို ငြင်းပယ်သောလောကသားများအပေါ်၌ တရားစီရင်ခြင်း အချိန်ကာလဖြစ်၍၊ ခရစ်တော်၏နေ့ရက်မှာမူ ခရစ်တော်ကို မိမိကယ်တင်ရှင်နှင့် သခင်အဖြစ်ယုံကြည်လက်ခံသောသူများ ဖြစ်ကြသော မိမိ၏အသင်းတော်အတွက် မင်္ဂလာနေ့ရက်ဖြစ်ပါသည်။ ခရစ်တော်၏နေ့ရက်၌ အဓိကဖြစ်ပျက်မည့်အရာ (၂)မျိုးရှိပါသည်။

                ၁။ သန့်ရှင်းသူများချီဆောင်ခြင်း (၁ကော၊ ၅း၅။ ဖိ၊ ၁း၆၊ ၁၀)။ ခရစ်တော်၌သေလွန်သော သူများထမြောက်၍ အသက်ရှင်သောယုံကြည်သူများပြောင်းလဲကာ သူတို့အားလုံးတို့သည် သခင်ဘုရားနှင့်တွေ့ဆုံရန် အာကာသသို့ ချီဆောင်ခြင်းခံပြီး ခရစ်တော်နှင့်အတူကောင်းကင်ဘုံ၌ရှိသော ခမည်းတော်ဘုရား၏ အိမ်တော်သို့သွားကြမည်။

                ၂။ ခရစ်တော်၏တရာစီရင်ခြင်းပလ္လင် (၁ကော၊ ၁း၈။ ၂ကော၊ ၁း၁၄။ ဖိ၊ ၂း၆)။ ယုံကြည်သူအားလုံးတို့သည် လုပ်ခနှင့်ဆိုင်သောတရားစီရင်ခြင်းပလ္လင် (Bema Judgment) ရှေ့မှောက်၌ ပေါ်လာကြမည်။ ဤတရားစီရင်ခြင်းသည် သူတို့၏ကယ်တင်ခြင်းနှင့် မဆိုင်ဘဲ၊ သူတို့၏ အမှုတော်ဆောင်ရွက်ခြင်းနှင့်ဆိုင်သည်။ ခရစ်တော်ဘုရား၏သဘော ကြိုက်ညီမှုရသောသူတို့အား လုပ်ခများကိုပေးမည်။ လောက၌အသက်ရှင်စဉ် မိမိအသက်တာကို အချည်းအနှီးအသုံးပြု သောသူတို့သည် လုပ်ခဆုံးရှုံးမည်၊ သို့ရာတွင် ကယ်တင်ခြင်းသို့ရောက်ကြမည် (၁ကော၊ ၃း၁၅)။

                King James Version ကျမ်းစာအုပ်တွင် ၂သက်၊ ၂း၂ ကို “ခရစ်တော်၏နေ့ရက်”ဟု မှားယွင်းစွာ ဘာသာပြန်မိ ပါသည်။ “ထာဝရဘုရား၏နေ့ရက်”ဟု ပြန်ရမည်ဖြစ်သည်။ သက်သလောနိတ်မြို့၌ရှိသော ယုံကြည်သူတို့သည် သူတို့ ရင်ဆိုင်တွေ့ကြုံရသည့် ပြင်းထန်သောစုံစမ်း စစ်ဆေးခြင်းကြောင့် ထာဝရဘုရား၏ တရားစီရင်ရာနေ့စတင်နေပြီဟု ထင်မှတ် ကြသည်။ ထိုအခါ ရင်ပေါလုက သူတို့အားပြောကြားရာတွင်၊ ထာဝရဘုရား၏နေ့ရက်မရောက်မီ ဖြစ်ပေါ်လာမည့် အရာနှစ်ခုရှိကြောင်း၊ ၎င်းတို့မှာ – တစ်ကမ္ဘာလုံးယုံကြည်ခြင်းမှ ရွေ့လျားဖောက်ပြန်ကာ ဒုစရိုက်၏ သားကောင်တည်း ဟူသော အန္တီခရစ်ပေါ်လာမည်။

                သက်သလောနိတ်ယုံကြည်သူတို့သည် ခရစ်တော်၏နေ့ရက်ကို ကြောက်စရာအကြောင်းမရှိပါ။ ထိုနေ့ရက်သည် သူတို့အတွက် စုံစမ်းစစ်ဆေးခြင်းမှ ထာဝရလွတ်မြောက်သောနေ့အဖြစ် အဓိပ္ပါယ်ဆောင်ပါသည်။

ဘုရားသခင်၏နေ့ရက်

                ဘုရားသခင်၏နေ့ရက်ကို ထာဝရဘုရား၏နေ့ရက် (သို့) ခရစ်တော်၏နေ့ရက်နှင့်ရောယှက်ပြီး မရှုပ်ထွေးသင့်ပါ။ ဤနေ့ရက်သည် ဘုရားသခင်၏ နောက်ဆုံးအောင်ပွဲခံသောနေ့ဖြစ်၍၊ မကောင်းမှုအားလုံးကို ထာဝရဖယ်ရှားကာ၊ ကောင်းကင်နှင့် မြေကြီးကို မီးဖြင့်ဖျက်ဆီးပြီးမှ ဖြစ်လာမည် (၂ပေ၊ ၃း၁၂)။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်နေ့ရက်၏ အဓိကရည်ရွယ်ချက်မှာ ထာဝရကာလဖြစ်ပါသည်။

၂၂နှစ်ကြိမ်ပြည့်စုံသောအနာဂတ္တိကျမ်းများ Double Fulfillments

                အနာဂတ္တိကျမ်းများလေ့လာသောအခါ အထောက်အကူပြုသော သော့ချက်တစ်ခုမှာ၊ တစ်ချို့အနာဂတ္တိ ကျမ်းပိုဒ်များသည် တစ်ကြိမ်မကပြည့်စုံကြောင်းကို သိရှိထားခြင်းဖြစ်သည်။ တင်ကူးဟောပြောခြင်းတွင် စကားချီး၊ တစ်ပိုင်း တစ်စပြည့်စုံခြင်းနှင့် အဆုံး၌စုံလင်စွာပြည့်စုံခြင်းစသည်တို့တွေ့ရပါသည်။

ဝိညာဉ်တော်သွန်းလောင်ခြင်း

                အကောင်းဆုံးဥပမာတစ်ခုမှာ – ပရောဖက်ယောလ၏ ဝိညာဉ်တော်သွန်းလောင်ခြင်းနှင့် ပတ်သက်၍ ကြိုတင်ဟော ပြောခြင်းဖြစ်သည်။

                “ထို့နောက်မှလူမျိုးတကာတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့်ဟောပြောရကြလိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိမ်မက်တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သောသူတို့သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။ ငါ၏အမှုကို ဆောင်ရွက်သောယောက်ျား၊ မိန်းမတို့ပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည်ပရောဖက်ဉာဏ်နှင့်ဟောပြောရကြလိမ့်မည်။ မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကို ငါပြမည်။ ထာဝရဘုရား၏ကြောက်မက်ဘွယ်သောနေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေး ဖြစ်လိမ့်မည်။ ထိုအခါ ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။ အကြောင်းမူကား ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဇိအုန်တော်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရားခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင်ခြင်းအခွင့်ရှိရလတံ့” (ယောလ ၂း၂၈-၃၂)။

                ပေတရုက ပင်တေကုတ္တေနေ့၌ ထိုကျမ်းပိုဒ်ကို ကိုးကားစဉ်က (တမန် ၂း၁၄-၂၁)၊ “… ဤအရာကား ပရောဖက် ယောလဟေားဘူးသော အရာဖြစ်သတည်း”ဟု ပြောပါ့သည်။ သို့သော်၊ သူသည် စုံလင်စွာပြည့်စုံခြင်းဖြစ်သည်ဟု မပြောပါ။ အဘယ်ကြောင့်ဆိုသော် ယောလဖော်ပြပြောဆိုခဲ့သော အရာတစ်ချို့ ပင်တေကုတ္တေနေ့တွင် မဖြစ်ပျက်ပါ။

                ပင်တေကုတ္တေနေ့တွင် ဝိညာဉ်တော်ကိုလူမျိုးတကာတို့အပါ်၌ မသွန်းလောင်းဘဲ၊ ဂျူးလူမျိုးအယောက်သုံးထောင် တို့၏ အပေါ်၌သာသွန်းလောင်းပါသည်။ မိုးကောင်းကင်၌ အံ့ဘွယ်သောအရာမဖြစ်ပျက်ခဲ့ပါ။ နေသည်မှောင်မိုက်အတိမဖြစ်၊ လသည်လည်းအသွေးမဖြစ်ပါ။ မြေကြီးပေါ်၌လည်းသွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသော ပုပ္ပနိမိတ်တို့လည်းမဖြစ်ပျက်ပါ။

                အဓိပ္ပါယ်မှာ၊ ပင်တေကုတ္တေနေ့၌ ယောလ၏ပရောဖက်ပြုချက်များသည် မစုံမလင်ပြည့်စုံသည် (တစ်ချို့သာလျှင် ပြည့်စုံသည်)။ စုံလင်သော ပြည့်စုံခြင်းသည် ခရစ်တော်ဘုရားအနှစ်တစ်ထောင်ကာလ အုပ်စိုးရန်ကြွလာသောအခါ ဖြစ်ပေါ်မည်။ သူ၏ကြွလာခြင်းမတိုင်မီအချိန်တွင် ကြိုတင်ဟောကြားခဲ့သည့် အံ့သြဘွယ်နိမိတ်လက္ခဏာများဖြစ်ပေါ်လာပြီး၊ အနှစ်တစ်ထောင်ကာလစတင်သည်နှင့်တဆက်တည်းတွင် လူမျိုးတကာတို့၏ အပေါ်၌ သန့်ရှင်းသောဝိညာဉ်တော် သွန်းလောင်းမည်။

ထူးခြားသော ဖွားမြင်ခြင်းများ

                အခြား ဥပမာတစ်ခုမှာ၊ ဟေရှာယ ရး၁၄ ၌ရှိသော ထင်ရှားသည့် “အပျိုကညာ”အကြောင်းဖြစ်သည်။

                “ထိုကြောင့် ထာဝရဘုရားသည် ကိုယ်တော်တိုင်နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့” (ဟေရှာယ ရး၁၄)။

                ဤအရောဖက်ပြုချက်သည် အာဟတ်မင်းကြီးကိုဆိုလိုပြီး၊ သားယောက်ျားကို ဖွားမြင့်ကာ၊ ထိုသားကို “ဧမာနွေလ” (ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်) အမည်ဖြင့်မှည့်ရလိမ့်မည်။ သူတို့၏ရန်သူအပေါ်၌ အောင်မြင်ခြင်းရရန်နီးပြီ ဖြစ်ကြောင်း အဓိပ္ပါယ်သက်ရောက်သည်။  ထိုသူငယ်သည် မကောင်းသောအရာကိုမပယ်၊ ကောင်းသောအရာကို မရွေးမယူ တတ်မီ၊ ဆီးရီးယားနှင့်ဣသရေလတို့၏ ပဋိညာဉ်ပျက်စီးကာ၊ နှစ်အနည်းငယ်ကြာသောအခါ ထိုပြည်၏ကောင်းစားခြင်းကို ခံစားမည် (ငယ် – ၁၅)။

                သို့သော်၊ ထိုကျမ်းချက်ပြောသောအချက်အားလုံးသည် ခရစ်တော်ဖွားမြင်ခြင်းဖြင့် စုံလင်စွာပြည့်စုံခဲ့သည်။

                “ထိုအကြောင်းအရာဟူမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း။ ဗျာဒိတ်တော်အချက်ဟူမူကား၊ ကြည်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောကျ်ားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်ဟု ဆိုလိုသတည်း” (မဿဲ ၁း၂၂-၂၃)။

                ဟေရှာယသုံးသော ဟေဗြဲစကားလုံး “almah” သည်နှစ်ကြိမ်ပြည့်စုံခြင်းကို ဖော်ညွှန်းသည်။ ဤစကားလုံးသည် အသက်ငယ်သော အမျိုးသမီး (သို့) အပျိုကညာဟူ၍ အဓိပ္ပါယ်နှစ်မျိုးရှိသည်။ သို့ရာတွင် ရှင်မဿဲခရစ်ဝင်ကျမ်း၌ရှိသော ဂရိ စကားလုံး “parthenos” သည် အပျိုကညာဟူသော အဓိပ္ပါယ်တစ်ခုတည်းရှိပါသည်။

အောင်ပွဲခံ၍ ဝင်ရောက်ခြင်း

                နှစ်ကြိမ်ပြည့်စုံသော တတိယမြောက်ဥပမာတစ်ခုကို ဆာလံ ၁၁၈း၂၆တွင် တွေ့နိုင်သည်။

                “ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသတည်း။”

                Palm Sunday  နေ့တွင် ခရစ်တော်ဘုရားသည် မြည်းကလေးကိုစီး၍ ယေရုရှလင်မြို့ထဲသို့ဝင်ခဲ့စဉ်က၊ ပရိသတ်များ ကြွေးကြော်ကြသည်။

                “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာတော်မူသောသူသည် မင်္ဂလာ ရှိစေသတည်း” (မဿဲ ၂၁း၉)။

                သို့ရာတွင်၊ ထိုအဖြစ်အပျက်သည် ပရောဖက်ပြုချက်ကို စုံလင်စွာမပြည့်စုံစေသေးပါ။ အကြောင်းမှာ၊ သခင်ယေရှုက ယေရုရှလင်မြို့အပေါ်၌ မြည်တမ်းသောအခါ အောက်ပါအတိုင်းပြောခဲ့သည်။

                “ငါဆိုသည်ကား၊ ထာဝရဘုရား၏အခွင့်နှင့်ကြွလာသောသူသည် မင်္ဂလာရှိစေသောဟု၊ သင်တို့မပြောမီတိုင်အောင် ယခုမှစ၍သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏”(မဿဲ ၂၃း၃၉)။

                နောက်ဆုံးပြည့်စုံခြင်းသည် ခရစ်တော်ဘုရားလောကကို အုပ်စိုးရန် ဘုန်းအသရေ၊ တန်ခိုးနှင့်ပြန်လာသောအခါ သူ့ကို မေရှိယရှင်ဘုရင်အဖြစ် ကြိုဆိုသည့်အချိန်တွင် ဖြစ်ပေါ်မည်။

ယေရုရှင်လင်မြို့ပျက်စီးခြင်း

                နှစ်ကြိမ်ပြည့်စုံသောအခြားဥပမာတစ်ခုမှာ၊ ယေရုရှလင်မြို့ပျက်စီးခြင်းနှင့် ပတ်သက်သော ကျမ်းချက်ဖြစ်သည်။ သခင်ယေရုက ထိုမြို့၏ပျက်စီးယိုယွင်းခြင်းနှင့်ပတ်သက်၍ လုကာ ၂၁း၂၀-၂၄ တွင် ကြိုတင်ပရောဖက်ပြုခဲ့သည်။ ထိုပရောဖက်ပြုချက်မှာ အေဒီ (၇၀) က ဗိုလ်ချုပ်တိုင်းတာ့စ်(Titus)နှင့်သူ၏ရောမစစ်တပ်အလုံးရင်း တို့က ထိုမြို့ကိုဖျက်ဆီး ပြီး၊ ဗိမ္မာန်တော်ကို ဖြိုချခဲ့ကြသည်။ သို့သော် ယေရုရှလင်အတွက် အမင်္ဂလာအားလုံးမကုန်ဆုံး သေးပါ။ ဗျာဒိတ် ၁၁း၂ တွင် တပါးအမျိုးသားတို့သည် ထိုသန့်ရှင်းသောမြိုကို ဘေးဒဏ်ကြီးကာလ၌ လေးဆယ့်နှစ်လလုံးလုံး ခြေဖြင့်နင်း၍ ဖျက်ဆီး မည်ဟု အတိအလင်းဖေါ်ပြထားပါသည်။

ခရစ်တော်အားဆန့်ကျင်ပုန်ကန်ခြင်း

                တမန်တော် ၄း၂၅-၂၆ တွင် ဆာလံ ၂း၁-၂ ကို ကိုးကားထားပါသည်။

                “လူမျိုးတို့သည် အဘယ့်ကြောင့်ရုန်းရင်းခတ်ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းအနှီး ကြံစည် ကြသနည်း။ လောကီရှင်ဘုရင်တို့သည်ထကြ၍၊ မှူးမတ်အရာရှိတို့သည် ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက် စည်းဝေးကြ၏။”

                ဤဖေါ်ပြပါကျမ်းစကားများကို တမန်တော် ၄း၂၇-၂၈ တွင် ခရစ်တော်လက်ဝါးကပ်တိုင်၌ အသေခံခြင်းကို ဆိုလို ကြောင်း ရှင်းပြထားပါသည်။

                “ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းမှစ၍ ဣသရေလအမျိုးသား၊ တပါးအမျိုးသားတို့သည်၊ ကိုယ်တော်၏ အလိုရှိသည့် အတိုင်း၊ … ဘိသိတ်ပေးတော်မူသော သားတော်မြတ်ယေရှုကို ဤမြို့၌ရန်ဘက်ပြု၍၊ စည်းဝေးကြပြီး၊ အမှန်ဖြစ်ပါ၏။”

                ဤအဖြစ်အပျက်သည် ဆာလံဆရာဖေါ်ပြချက်များနိဒါန်း (သို့) တစ်ပိုင်းတစ်စအနေဖြင့် ပြည့်စုံခြင်းသာဖြစ်ပြီး၊ အနာဂတ်ကာလခရစ်တော်လောကတစ်ခုလုံးအုပ်စိုးရန် ကြွလာသောအခါ ကမ္ဘာ့ရှင်ဘုရင်များသည် ပူးပေါင်း၍ တားဆီး ကြမည့်အချိန် ဘေးဒဏ်ကြီးကာလအဆုံးတွင် စုံလင်စွာပြည့်စုံမည်။

ဣသရေလလူမျိုးများ ပြန်လည်စုရုံးလာခြင်း

                နှစ်ကြိမ်ပြည့်စုံသောအခြားကျမ်းပိုဒ်တစ်ခုကို နောက်ဆုံးဥပမာအဖြစ် ဆွေးနွေးပါမည်။ ၎င်းမှာ၊ ဣသရေလလူမျိုး တို့၏ ပြန်လည်စုစည်းခြင်း ဖြစ်ပါသည် (ဟေရှာယ ၄၃း၅-၇။ ယေရမိ ၁၆း၁၄-၁၅။ ယေဇကျေလ ၃၆း၈-၁၁။ ၃ရး၂၁)။ ဤပရောဖက်ပြုချက်သည် ဧဇရနှင့်နေဟမိမှတ်စာတို့တွင် ဖေါ်ပြသည့်အတိုင်း ကျန်ကြွင်းသောဂျူးလူမျိုးတို့သည် ဗာဗုလုန် ကျွန်ဘဝမှလွတ်မြောက်လာပြီး ဣသရေလနိုင်ငံသို့ပြန်သွားသောအချိန်၌ တစ်ပိုင်းတစ်စပြည့်စုံခဲ့ပါသည်။ သို့သော် အဓိကအဖြစ်အပျက်မှာ အနာဂတ်ကာလတွင် ဖြစ်လာမည်။ ပြီးခဲ့သည့်အချိန်ကာလ၌ ဂျူးလူမျိုးတို့၏ပြန်လည်စုစည်းမှုသည် မပြောပလောက်ဘဲ၊ ယာကုပ်၏ဘေးဒဏ်ကြီးကာလ၌ ဘုရားသခင်သည် သူ၏ရွေးကောက်ခဲ့သည့် လူမျိုးတော်ဖြစ်သော ဣသရေလလူတို့ကို ကမ္ဘာအရပ်ရပ်မှ ဣသရေလနိုင်ငံသို့ ပြန်လည်ပို့ဆောင်လိမ့်မည် (မဿဲ ၂၄း၃၁။ တရားဟော ၃၀း၃-၄။ ယေဇကျေ ၃၆း၂၄-၃၂။ ၃ရး၁၁-၁၄)။ ထိုအချိန်တွင် ပရောဖက်ပြုချက်များစုံလင်စွာပြည့်စုံမည်။

၂၃တရားစီရင်ခြင်း (၇) မျိုး Seven Judgments

                သမ္မာကျမ်းစာထဲ၌ ကွဲပြားခြားနားသောတရားစီရင်ခြင်းအမျိုးမျိုးရှိသည့် အကြောင်းကို သိရှိနားလည်ရန် အရေးကြီးပါသည်။ ထိုတရားစီရင်ခြင်းတစ်ခုစီနှင့်သက်ဆိုင်သော လူ၊ အချိန်၊ နေရာ၊ တရားစီရင်ရသည့် အကြောင်းရင်းနှင့် အကျိုးသက်ရောက်မှုများကို ခွဲခြားရပါမည်။ ဥပမာ၊ လူတစ်ချို့က လူမျိုးအပေါင်းတရားစီရင်ခြင်းကို ပလ္လင်ဖြူတရားစီရင် ခြင်းနှင့်တူသည်ဟု ယူဆကြသည်။ စေ့စပ်သေချာစွာလေ့လာပါက တစ်ခုနှင့်တစ်ခု အလွန်ခြားနားကြောင်း တွေ့ရသည်။

                ပိုင်းခြားတတ်သောယုံကြည်သူသည် “အထွေထွေတရားစီရင်ခြင်း” (general judgment)ဟု ခေါ်သော ယုံကြည် သူနှင့်မယုံကြည်သူအားလုံးတို့သည် ဘုရားသခင်၏ရှေ့မှောက်၌ အတူတကွမတ်တပ်ရပ်လျက် တရားစီရင်ခြင်းမျိုး မရှိ ကြောင်းကို သေချာစွာသိသည်။

                ဤသင်ခန်းစာ၌ ဘုရားနှုတ်ကပတ်တော်တွင်တွေ့ရသည့် ပို၍အရေးကြီးသောတရားစီရင်ခြင်း (၇)မျိုးကို လေ့လာမည်။

၁။လူ၏အပြစ်တရားစီရင်ခြင်း

                သခင်ယေရှုသည် မိမိကိုယ်ခန္ဓာပေါ်၌ အပြစ်ဒဏ်ကို ယူဆောင်ကာ၊ ကရာနီကုန်းပေါ်ရှိလက်ဝါးကပ်တိုင်ပေါ်၌ အပြစ်သားများအတွက် အသေခံစဉ်တွင် ဘုရားသခင်သည်အပြစ်ကိုစီရင်ခဲ့သည်။

                “အကြောင်းမူကား၊ တယောက်သောသူသည် လူအပေါင်းတို့အတွက်ကြောင့် အသေခံသည်မှန်လျှင်၊ လူအပေါင်း တို့သည် သေလျက်နေကြသည်ဟူ၍၎င်း၊ အသက်ရှင်သောသူတို့သည် တဖန်ကိုယ်အလိုသို့လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည်ဟူ၍၎င်း၊ ငါတို့သည်သဘောထားလျက်၊ ခရစ်တော်၏ချစ်ခြင်းမေတ္တာ တော်သည် ငါတို့ကို အနိုင်အထက်သွေးဆောင်၏” (၂ကော ၅း၁၄-၁၅)။

                “ထိုသခင်သည် ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏ အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏” (၁ယော၊ ၂း၂)။

                ခရစ်တော်အသေခံခြင်းဖြင့် အပြစ်တရား၏အခ (ဒဏ်) ကို ထိရောက်စွာပေးဆပ်ခဲ့သည်။ သူ၏ယိုစီးသောအသွေး တော်က ဘုရားသခင်ဖြောင့်မတ်ခြင်း၏ တောင်းဆိုမှုအားလုံးကို ပြည့်စုံစေသည်။ ဘုရားသခင်သည် ဘုရားမဲ့ဖြစ်သော အပြစ်သားများကို ကယ်တင်ရန် အပြစ်ကိုလျစ်လျူရှုခြင်းနှင့် သူ၏သန့်ရှင်းခြင်းကို အလျှော့ပေးခြင်းမရှိသောနည်းလမ်း ပြင်ဆင်ခဲ့သည်။ သူ၏ရွေးနှုတ်ခြင်းအမှုတော်မှာ သူ၏အကန့်အသတ်မရှိသော တန်ခိုးဖြင့် အပြစ်ကိုပယ်ရှားရန်ဖြစ်သည်။

                သို့ရာတွင် လက်ဝါးကပ်တိုင်ပေါ်၌ သူ၏လုပ်ဆောင်ချက်က လူတိုင်းကိုအလိုအလျောက်မကယ်တင်ပါ။ သူ၏ ကိုယ်စားလုပ်ဆောင်ခြင်းသည် ကမ္ဘာလူသားအားလုံးအတွက် လုံလောက်သော်လည်း၊ နောင်တရ၍ သခင်ယေရှုကို ယုံကြည်လက်ခံသောသူကသာလျှင် ထိုလုပ်ဆောင်ခြင်း၏ အကျိုးကို ရရှိခံစားမည်ဖြစ်သည်။

                လူတစ်ယောက်ကခရစ်တော်ကို မိမိကယ်တင်ရှင်နှင့် သခင်အဖြစ် ယုံကြည်လက်ခံသောအခါ၊ သူသည် အပြစ်နှင့် အပြစ်ဒဏ်မှ ထာဝရလွတ်ကင်းသည်။ သူ၏အပြစ်ကြောင့် ထာဝရတရားစီရင်ခြင်းခံစရာမလိုတော့ပါ။ အဘယ့်ကြောင့် ဆိုသော် သူ၏ကိုယ်စား သခင်ယေရှုက ထိုတရားစီရင်ခြင်းခံခဲ့ပြီဖြစ်သောကြောင့် ဘုရားသခင်က အပြစ်တရား၏အခကို နှစ်ကြိမ်မတောင်းဆိုပါ။ ယုံကြည်သူသည် ယုံကြည်သောအားဖြင့် တရားရေးရာနှင့်ဆိုင်သော အပြစ်လွှတ်ခြင်းကို တစ်ကြိမ် တစ်ခါရသည်နှင့် ထာဝရအတွက် လုံလောက်ပါသည်။

၂။   ယုံကြည်သူ၏မိမိကိုယ်ကို တရားစီရင်ခြင်း

                လူတစ်ယောက်ကယ်တင်ခြင်းရပြီးသည်နှင့် သူ၏နေ့စဉ်အသက်တာ၌ မိမိကိုယ်ကို တရားစီရင်ရန်လိုအပ်သည်။ ဆိုလိုသည်မှာ အပြစ်တစ်ခုခုလုပ်မိကြောင်းသိသောအခါ၊ သူကျူးလွန်ခဲ့သောအပြစ်ကို ဝန်ခံ၍၊ စွန့်ပစ်ရမည်။ ရှင်ပေါလုက ၁ကော၊ ၁၁း၂၇-၃၂ ၌ ဤသို့ပြောပါသည် –

                “ထိုကြောင့် သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲ စားသောက်သောသူမည်သည်ကား၊ သခင်ဘုရား၏ ကိုယ်တော်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်၏။ သို့ဖြစ်၍ လူတိုင်းကိုယ်ကို ကိုယ်စစ်ကြောပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်ဝေ။ အကြောင်းမူကား၊ မထိုက်မတန်ဘဲ စားသောက်သောသူသည် သခင်ဘုရား၏ ကိုယ်တော်ပိုင်းခြား ၍ မသိသောကြောင့်၊ မိမိအပေါ်သို့အပြစ်ရောက်စေခြင်းငှါ စားသောက်သောသူဖြစ်၏။ ထိုအကြောင်းကြောင့်၊ သင်တို့တွင် အားနည်းသောသူ၊ မကျန်းမမာသောသူအများရှိကြ၏။ သေသောသူအများလည်းရှိကြ၏။ ငါတို့သည် ကိုယ်ကိုကိုယ် စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်တော်မူခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်။ စစ်ကြောစီရင်တော်မူခြင်းကို ခံရကြသောအခါ၊ လောကီသားတို့နှင့်အတူ အပြစ်စီရင်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း ဆုံးမတော်မူခြင်းကို ခံရကြ၏”(၁ကော၊ ၁၁း၂၇-၃၂)။

                အပြစ်လုပ်မိကြောင်းဝန်ခံခြင်းသည် မိမိကိုယ်ကို အပြစ်စီရင်ခြင်းဖြစ်၍၊ ထိုအပြစ်ကိုဝန်ချတောင်းပန်ပြီး စွန့်ပစ်ရပါ မည်။ ဤတရားစီရင်ခြင်းကို မိမိအသက်တာတလျှောက်တွင် ဆက်လက်ကျင့်သုံးပါမည်။ ထိုသို့ မပြုပါက၊ ဟေဗြဲ ၁၂း၃-၁၅ ၌ ဖော်ပြသကဲ့သို့၊ အဖဘုရား၏ဆုံးမခြင်းကို ခံရမည်ဖြစ်သည်။

                တမန်တော်ရှင်ပေါလုက သူ၏အသက်တာ၌မိမိကိုယ်ကို အပြစ်မစီရင်ပါက၊ အမှုတော်လုပ်ငန်းအတွက် အဆင့် မမီသောသူဖြစ်သွားမည်ကို သိမြင်ခဲ့သည်။

                “သူတပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏”(၁ကော၊ ၉း၂၇)။

၃။ခရစ်တော်၏တရားစီရင်ခြင်းပလ္လင်

                ခရစ်တော်၏တရားစီရင်ခြင်းပလ္လင်အကြောင်းဆင်ခြင်သောအခါ၊ ရာဇဝတ်မှုနှင့်ဆိုင်သော စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ၊ ပန်းအမျိုးမျိုးပြပွဲ (သို့) အားကစားပြိုင်ပွဲ၏ အပြစ်အပျက်မျိုးကို စဉ်းစားသင့်သည်။ သခင်ဘုရားသည် အပြစ်ရှိသူကို ပြစ်ဒဏ် စီရင်ချမှတ်ရန် မဟုတ်ဘဲ၊ ဆုချရန် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူမည်။ တရားခုံရုံးမြင်ကွင်းမျိုးမဟုတ်ဘဲ၊ ယုံကြည်သူ၏ လုပ်ဆောင်ချက်အားလုံးကို ပြန်လည်သုံးသပ်ခြင်းနှင့်လုပ်ခပေးသောအချိန်ဖြစ်သည်။

                ယုံကြည်သူအားလုံးတို့သည် ဂရိဘာသာဖြင့် “ဗီးမာ” (Bema) ဟု ခေါ်သော ခရစ်တော်၏တရားစီရင်ခြင်းပလ္လင် ရှေ့မှောက်၌ရောက်ရှိလာကြမည်။

                “သင်သည် ညီအစ်ကိုချင်းကို အဘယ်ကြောင့်စစ်ကြောစီရင်သနည်း။ ညီအစ်ကိုချင်းကို အဘယ်ကြောင့်မထီမဲ့မြင် ပြုသနည်း။ ငါတို့ရှိသမျှသည် ခရစ်တော်၏ တရားပလ္လင်တော်ရှေ့သို့ ရောက်ရကြမည်” (ရောမ ၁၄း၁၀)။

                ဤတရားစီရင်ခြင်းသည် သန့်ရှင်းသူများရှင်ပြန်ထမြောက်ပြီး၊ ထာဝရကာလတွင်ဖြစ်ပေါ်မည်။ ထိုအချိန်တွင် ယုံကြည်သူတို့သည် ဘုန်းတန်ခိုးနှင့် ပြည့်ဝသောခန္ဓာကိုယ်ရှိကြမည်။

                ဘုရားသခင်လူတို့၏လုပ်ဆောင်ချက်များကို ပြန်လည်သုံးသပ်မည် —

                “အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည့်အတိုင်း အကျိုးအပြစ် ကိုအသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်” (၂ကော၊ ၅း၁၀)။

                တစ်ချို့သောသူတို့အား လုပ်ခပေး၍၊ တစ်ချို့သည်လပ်ခဆုံးရှုံးကြမည် –

                “အသီးသီးလုပ်သောအလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဖော်ပြချိန်နေ့ရက်သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သောအလုပ်ဖြစ်သည်ကို မီးသည် စစ်ကြောစုံစမ်းလိမ့်မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍တည်ဆောက်သော အကြင်သူ၏အလုပ်သည်မြဲ၏၊ ထိုသူသည် အကျိုးကိုခံရလိမ့်မည်။ အကြင်သူ၏ အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူသည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ ” (၁ကော၊ ၃း၁၃-၁၅)။

                သို့သော်လည်း၊ အငယ် ၁၅ ၏ နောက်ဆုံးပိုင်းက ဤတရားစီရင်ခြင်းသည် ယုံကြည်သူ၏ ကယ်တင်ခြင်းနှင့် လုံးဝမပတ်သက်ကြောင်း ရှင်းလင်းစွာဖေါ်ပြပါသည်။

                “… သို့သော်လည်း၊ မီးနှင့်လွတ်သကဲ့သို့ သူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။”`

၄။ဣသရေလလူမျိုးအား တရားစီရင်ခြင်း

                မည်သည့်တိုင်းနိုင်ငံကမျှ ဂျူးလူမျိုးတို့၏တွေ့ကြုံခံစားသောမုန်းတီးခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်းနှင့် ညှဉ်းပန်းခြင်းများကို မခံစားခဲ့ဘူးကြပါ။ သို့သော်လည်း၊ အဆုံးသို့မရောက်သေးပါ။ အသင်းတော်သိမ်းဆည်းပြီးနောက်တွင် ဣသရေလလူမျိုးနှင့် တိုင်းနိုင်ငံအပေါင်းတို့သည် (၇)နှစ် ဘေးဒဏ်ကြီးကာလကို ဖြတ်သန်းကြမည်။ ဤကာလ၏တစ်ဝက် (ဒုတိယပိုင်း)တွင် အရင်ကမဖြစ်ခဲ့ဖူးသော ဘေးဒုက္ခကြုံတွေ့ကြမည်။ ယေရမိက ဤကာလကို “ယာကုပ်၏ဘေးဒုက္ခကာလ”ဟု ခေါ်၍ (ယေရမိ ၃၀း၇)။ သခင်ယေရှုက “ကြီးစွာသောဒုက္ခ”(Great Tribulation)ဟု ခေါ်သည် —

                “အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော ကြီးစွာသော ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်” (မဿဲ ၂၄း၂၁)။

                ဤကာလ၏အဆုံးတွင် မေရှိယပေါ်ထွန်းလာမည်။ ဘုရားသခင်သည် လူမျိုးအပေါင်းတို့ကို “လူအမျိုးမျိုးနှင့် ဆိုင်သောတော” (ယေဇကျေ ၂၀း၃၃-၄၄)သို့ ဆောင်၍၊ မျက်နှာချင်းဆိုင်တရားတွေ့မည်။

                အကြီးဆုံးပြစ်မှုများထဲမှတစ်ခုမှာ၊ ဘေးဒဏ်ကြီးကာလ၌ အန္တီခရစ်ကို အားကိုးခြင်းဖြစ်ပါသည်။ များစွာသော လူမျိုး အပေါင်းတို့သည် ထိုဆိုးဝါးသော ရုပ်ထုကိုးကွယ်ခြင်းဖြင့် ပြိုလဲကြမည်။

                “ငါသည်ခမည်းတော်၏အခွင့်နှင့်ရောက်လာသော်လည်း သင်တို့သည် လက်မခံကြ။ အခြားသောသူသည် မိမိအခွင့် နှင့် ရောက်လာလျှင် ထိုသူကိုလက်ခံကြလိမ့်မည်” (ယောဟန် ၅း၄၃)။

                မာလခိက ရှင်ဘုရင်သည် ခရစ်တော်၏သြဇာအာဏာနှင့် အုပ်စိုးမှုအောက်၌ ဝန်ခံကာ ကြွယ်ဝချမ်းသာခြင်းနှင့် ငြိမ်သက်ခြင်းချမ်းသာခံစားရမည့် အနှစ်(၁၀၀၀)ကာလမတိုင်မီတွင် ရှင်ဘုရင်မေရှိယအား ပုန်ကန်ဆန့်ကျင်သောသူအားလုံး တို့ကို ဖျက်ဆီးမည့်အကြောင်း ထင်ရှားပါသည် –

                “ထိုသို့ကျမ်းစာနှင့်အညီ၊ ဣသရေလူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ ကျမ်းစာချက်ဟူမူကား ကင်းလွှတ်သောသခင်သည် ဇိအုန်တောင်၌ ပေါ်ထွန်း၍၊ မတရားသောအမှုကို ယာကုပ်အမျိုးသားတို့မှ လွှဲတော်မူလတံ့၊ သူတို့အပြစ်များကို ငါပယ်ရှင်းသောအခါ၊ သူတို့၌ငါပေးသော ပဋိညာဉ်တရားသည် ထိုသို့သောတရားဖြစ်၏ဟု လာသတည်း” (ရောမ ၁၁း၂၆-၂၇)။

၅။လူမျိုးအပေါင်းတို့ကို တရားစီရင်ခြင်း

                တပါးအမျိုးသားတို့အားတရားစီရင်ခြင်းနှင့်ပတ်သက်၍ အဓိကဖော်ပြသောကျမ်းချက်များမှာ မဿဲ ၂၅း၃၁-၄၆ ဖြစ်ပါသည်။ ဤတရားစီရင်ခြင်းသည် ခရစ်တော်ဒုတိယအကြိမ်ကြွလာသည့်အချိန်၌ ဖြစ်ပေါ်မည်။ တရားသူကြီးမှာ လူသား ဖြစ်သောယေရှုကိုယ်တိုင်ဖြစ်မည်။

                “လူသားသည် မိမိဘုန်းအာနုဘော်ကိုဆောင်လျက်၊ သန့်ရှင်းသောကောင်းကင်တမန်မား အခြံအရံတို့နှင့်တကွ ကြွလာတော်မူသောအခါ၊ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်မည်” (ငယ် – ၃၁)။

                တပါးအမျိုးသားတို့ကို ၎င်းတို့၏ဣသရေလလူမျိုးများဆက်ဆံခြင်းအပေါ်၌အခြေပြု၍ တရားစီရင်မည့်အကြောင်းကို ပရောဖက်ယောလက ရှင်းလင်းစွာဖော်ပြပါသည် (ယောလ ၃း၂)။ ဘေးဒဏ်ကြီးကာလအတွင်း ခရစ်တော်၏ ဆွေမျိုး ဣသရေလလူတို့ကို ကွယ်ကာပြီး၊ မိတ်ဆွေကဲ့သို့ကူညီမစသောသူတို့ကို `သိုး´ ဟု မဿဲ ၂၅ ထဲ၌ခေါ်သည်။ ဣသရေလ လူတို့အား အစာ၊ ရေ၊ အဝတ်အစားများဖြင့် မထောက်ပံ့၊ ဧည့်ဝတ်မပြုဘဲ ဖျားနာသောသူများနှင့် အကျဉ်းချခံသော ဣသရေလတို့ကို ဆက်ဆံရန် ငြင်းပယ်သောလူမျိုးများကို “ဆိတ်”ဟု ခေါ်သည်။

                ထိုသိုးတို့သည် “ကမ္ဘာဦးကပင်ငြင်းပယ်ပြင်ဆင်သော နိုင်ငံတော်ကို အမွေခံကြမည်”(ငယ် ၃၄)။ ဆိတ်တို့သည် “ကျိန်ခြင်းကို ခံရသောသူတို့၊ မာရ်နတ်နှင့်သူ၏ တမန်တို့အဘို့ ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှခွါကြလော့”ဟူသော တရားစီရင်ခြင်းကို ကြားနာကြမည် (ငယ် ၄၁)။

                ထိုသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့လည်းကောင်း၊ ဖြောင့်မတ်သောသူတို့မူကား၊ ထာဝရအသက်ရှင်ရာသို့ လည်းကောင်း သွားရကြမည် (ငယ် ၄၆)။

                အချို့သောသူတို့က လူမျိုးအပေါင်း၁ တို့သည်ကယ်တင်ခြင်းရကြမည် (သို့) ဆုံးရှုံးကြမည်ဟုသော အချက်ကို နားလည်ကြချေ။ သူတို့က ကယ်တင်ခြင်းသည် လူတစ်ဦးချင်းစီ၏သီးသန့်ခြားနားသောအမှုကိစ္စဖြစ်သည်ဟု မှတ်ယူ ကြသည်။ ဤအချက်သည် ပြဿနာတစ်ခုမဖြစ်သင့်ပါ။ ခေတ်အဆက်ဆက်တွင် ဘုရားသခင်သည် လူမျိုးအပေါင်းနှင့် ဆက်ဆံသလို၊ တစ်ဦးချင်းအနေဖြင့်လည်းဆက်ဆံပါသည်။ နိုင်ငံတစ်နိုင်ငံ (သို့) နယ်မြေတစ်ခု၌ နေထိုင်သောလူအများစုက ဘုရားသခင်ကိုဆန့်ကျင်ပုန်ကုန်ပါက၊ ဘုရားသခင်သည် သူ၏လူစုကိုဦးစွာကယ်ထုတ်ပြီး၊ ထို့နောက်သူ၏အမျက်ဒေါသကို ကျန်ရှိသောလူထုအပေါ်သို့သွန်းလောင်းလိုက်သည်။ သောဒုံမြို့သည် ဥပမာပေးရန်ကောင်းသောအချက်တစ်ခုဖြစ်သည်။ တစ်ကမ္ဘာလုံးရေလွှမ်းမိုးခြင်းသည်လည်း ဘုရားသခင်၏သာ၍ကြီးမြတ်သောတရားစီရင်ခြင်းဖြစ်သည်။

၆။ကောင်းကင်တမန်များကိုတရားစီရင်ခြင်း

                ပြိုလဲသောကောင်းကင်တမန်တစ်ချို့တို့သည် ချုပ်နှောင်ခြင်းခံလျက် သူတို့၏နောက်ဆုံးတရားစီရင်ခြင်းကို စောင့်နေ ကြသည်ဟု သမ္မာကျမ်းစာကပြောပါသည် –

                “အကြောင်းမူကား၊ ပြစ်မှားသောကောင်းကင်တမန်တို့ကို ဘုရားသခင်သည်နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလို့ငှါ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏”(၂ပေ၊ ၂း၄)။

                “ထိုမှတပါး၊ မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို၊ ကြီးစွာသော နေ့၍ စစ်ကြောစီရင်ခြင်းအလို့ငှါ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏”(ယုဒ ၆)။

                ဆိုးညစ်သောအခြားကောင်းကင်တမန်များ (နတ်ဆိုးများ) လည် မရေတွက်နိုင်လောက်အောင်များပြားပါသည်။ ပြိုလဲသောကောင်းကင် တမန်များအားတရားစီရင်ခြင်းကို မည်သည့်အချိန်တွင် ဖြစ်လာမည်နည်း။

                ဤလောက၌အနှစ်တစ်ထောင်ကာလအုပ်စိုးစဉ်တွင် မေရှိယရှင်ဘုရင်က “အထွဋ်အမြတ်အာဏာတန်ခိုးအမျိုးမျိုးကို ပယ်ရှင်း၍၊ ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မူမည်” (၁ကော၊ ၁၅း၂၄-၂၅)။ ဆိုလိုသည်မှာ၊ အာဏာစက်များ၊ တန်ခိုးများနှင့်အာကာသ၌ အစိုးရသောဝိညာဉ်ဆိုးများအားလုံးအပေါ်၌ အောင်မြင်ခြင်းရမည်။

                ယုံကြည်သူတို့သည် ခရစ်တော်နှင့်အတူ အုပ်စိုးမည်ဖြစ်သောကြောင့်၊ ကောင်းကင်တမန်များအပေါ်၌ တရားစီရင်ခွင့် ရကြမည်ဖြစ်သည်။ ၁ကော၊ ၆း၃ တွင် ရှင်ပေါလုက “ငါတို့သည်ကောင်းကင်တမန်တို့ကို တရားစီရင်မည်ဟု မသိကြ သလော့”ဟု ရေးသားထားပါသည်။

                စာတန်၏နောက်ဆုံးတရားစီရင်ခြင်းသည် အနှစ်တစ်ထောင်ကာလအဆုံး၊ ကြီးမြတ်သောပလ္လင်ဖြူ တရားစီရင်ခြင်း ရှေ့မှောက်၌ ဖြစ်ပေါ်လာမည်။

                “သူတို့ကိုလှည့်ဖြားသောမာရ်နတ်ကိုလည်း၊ သားရဲနှင့်မိစ္ဆာပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲ သို့ချပစ်လျှင် သူတို့သည်နေ့ညဉ့်မပြတ် ကမ္ဘာအဆက်ဆက်ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့”(ဗျာဒိတ် ၂၀း၁၀)။

                ပြိုလဲသောကောင်းကင်တမန်တို့က စာတန်ကိုသူတို့၏ခေါင်းဆောင်အဖြစ်ဝန်ခံကြသောကြောင့် စာတန်ကဘုရား သခင်အား ဆန့်ကျင်ပုန်ကန်ခဲ့စဉ်က သူတို့လည်းပါဝင်ကြောင်းထင်ရှားသည် (ဟေရှာ၊ ၁၄း၁၂-၁၇။ ယေဇကျေ၊ ၂၈း၁၂-၁၉)။ ထို့ကြောင့် ၎င်းတို့သည်စာတန်နှင့်အတူမီးအိုင်ထဲသို့ပစ်ချခြင်းခံရကြမည်။

၇။ကြီးမြတ်သော ပလ္လင်ဖြူတရားစီရင်ခြင်း

                ရှင်ယောဟန်က “ပလ္လင်ဖြူကြီးကိုလည်းကောင်း၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူကို မြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှပြေးလွင့်၏”(ဗျာ၊ ၂၀း၁၁)။ ပလ္လင်ပေါ်၌ထိုင်တော်မူသော သူကြောင့်သော်လည်းကောင်း၊ ကြောက်မက်ဘွယ်ကောင်းသောတရားစီရင်ခြင်းကြောင့်သော်လည်းကောင်း၊ ထိုပလ္လင်သည်ကြီးမြတ်၏။ ထိုပလ္လင်၏ အဖြူ ရောင်သည် တရားစီရင်ခြင်း၏ သန့်ရှင်းမှုကို ဖေါ်ပြသည်။ ဤတရားစီရင်ခြင်းသည် ကမ္ဘာမြေကြီးပူအားကြီး၍ လောင်ကျွမ်းပြီး နောက်တွင်ဖြစ်ပေါ်မည် (၂ပေ၊ ၃း၁၀)။

                “သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်ကို ငါမြင်၏” (ဗျာ၊ ၂၀း၁၂ က)။ ထိုသူတို့သည် ခေတ်အဆက်ဆက်၌ ဆိုးညစ်သောသူများဖြစ်ကြသည်။ ပလ္လင်ရှေ့တော်၌ရပ်နေကြသည့်အကြောင်းမှာ၊ လောက၌အသက်ရှင်ကြစဉ်က သခင်ဘုရားကို မယုံကြည်ကြသောကြောင့် ဖြစ်သည်။ မယုံကြည်ခြင်းသည် ငရဲသို့ပို့ဆောင် သည့် ကြီးမားသောအပြစ်ဖြစ်သည်။

                “… မယုံကြည်သောသူမူကား၊ ဘုရားသခင်၌တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းခံရ၏” (ယော၊ ၃း၁၈ ခ)။

                “… သားတော်ကို ပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော် တည်နေ သည်”(ယော၊ ၃း၃၆ ခ)။

                ထိုသူတို့အား တရားစီရင်ရန်စာစောင်နှစ်ခုဖွင့်ထားလျက်ရှိ၏ —

                “… စာစောင်များကိုဖွင့်ထား၏။ အသက်စာစောင်တည်းဟူသော အခြားတပါးသောစာစောင်ကိုလည်းဖွင့်လေ၏။ သေလွန်သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးသားချက်များနှင့်အညီတရားစီရင်ခြင်းကို ခံရကြ၏” (ဗျာ၊ ၂၀း၁၂ ခ)။

                အသက်စာစောင်၌ ထိုသူတို့၏နာမည်များရေးသားခြင်းမရှိပါ။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည်နောင်တရ၍၊ ခရစ်တော်ကိုမိမိ၏ ကယ်တင်ရှင်အဖြစ် မယုံကြည်၊ လက်မခံကြသောကြောင့်ဖြစ်သည်။ ကောင်းကင်၌ လုပ်ခအတွက်တရား စီရင်ခြင်းရှိသကဲ့သို့ ငရဲထဲ၌လည်းအပြစ်ဒဏ်တရားစီရင်ခြင်းရှိမည်။ သူတို့၏လုပ်ဆောင်ချက်များသည် သူတို့၏ကျူးလွန် ခဲ့သည့်အပြစ်၏ပမာဏကို အဆုံးအဖြတ်ပေးမည်။ ဥပမာအားဖြင့်၊ အကြိမ်ကြိမ်မုဒိမ်းကျင့်သူသည် ယဉ်ကျေးသိမ်မွေ့ပြီး၊ မှန်ကန်သောအသက်တာရှိသောသူ (သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူသည် ခရစ်တော်၌ပြောင်းလဲခြင်းမရှိပါ) ထက်ပို၍ပြင်းထန်သောပြစ်ဒဏ်ခံရမည်။ ခန္ဓာကိုယ်သည် သေခြင်းကိုဖော်ပြကာ၊ စိတ်နှင့်ဝိညာဉ်သည် ငရဲမိးအိုင်ကို ပုံဆောင် သည်။ တစ်နည်းအားဖြင့်ပြောလျှင်၊ ခန္ဓာ၊ စိတ်၊ ဝိညာဉ်၊ သုံးပါးစလုံး ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းခံရသည် —

                “ထိုအခါ၊ မရဏာနှင့်မရဏာနိုင်ငံကို မီးအိုင်ထဲသို့ပစ်ချလေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း” (ဗျာ၊ ၂၀း၁၄)။

                ကြီးမြတ်သောပလ္လင်ဖြူတရားစီရင်ခြင်း၌ ယုံကြည်သူတစ်ဦးတစ်ယောက်မျှပေါ်လာမည်မဟုတ်ပါ။ ဤတရားစီရင် ခြင်းသည် ဘုရားသခင်၏ ဂရုဏာတော်ကိုငြင်းပယ်၍ သိုးသူငယ်၏အသက်စာစောင်၌ နာမည်မပါသောသူများနှင့်သာ သက်ဆိုင်သည်။

မှတ်ချက်။

၁။        “Nations”(လူမျိုးအပေါင်း) ဟူသော ဝေါဟာရကို “တပါးအမျိုးသားများ”(Gentiles) ဟူသောဝေါဟာရနှင့် အဓိပ္ပါယ်တူညီသည်။

 

၂၄မရဏာနိုင်ငံနှင့် ငရဲ Hades & Hell

                မရဏာနိုင်ငံနှင့် ငရဲသည် မတူဘဲခြားနားမှုရှိပါသည်။ ဓမ္မသစ်ကျမ်းထဲ၌ ဤဝေါဟာရနှစ်ခုသည် မတူဘဲ၊ အဓိပ္ပာယ်လည်း ခြားနားပါသည်။ မရဏာနိုင်ငံသည် ယာယီဖြစ်ပြီ၊ ငရဲသည် ထာဝရဖြစ်သည်။ မရဏာနိုင်ငံ (Hades)သည် ဓမ္မဟောင်းကျမ်းတွင် ဖော်ပြသော “Sheol” နှင့်တူပြီး၊ ငရဲ  (Hell)မှာမူ “Gehena” ဟုခေါ်သော ငရဲမီးအိုင် “Lake of fire” ဖြစ်သည်။ မရဏာနိုင်ငံ “Hades” သည် တရားစီရင်မည့်အချိန်ကို စောင့်သောနေရာ “အချုပ်ခန်း” နှင့်တူပြီး၊ ငရဲ (Hell)သည် တရားစီရင်ခြင်းခံပြီးသူများအား ပို့မည်နေရာ “အကျဉ်းထောင်” နှင့်တူပါသည်။

မရဏာနိုင်ငံ (Hades)

ပထမဦးစွာ  မရဏာနိုင်ငံ (Hades)အကြောင်း ဆင်ခြင်ကြပါစို့။ တစ်ခါတစ်ရံ မရဏာသည် ဒုက္ခအတိခံစားသည့်နေရာ၊ င်္သချိုင်း၊ ခန္ဓာကိုယ်နှင့်ဝိညာဉ်ကင်းကွာသော နေရာ စသည်ဖြင့် အဓိပ္ပါယ်ရှိသည်။ ဤမရဏာနိုင်ငံသည် နေရာတစ်ခု ဖြစ်သော်လည်း ၎င်း၏ တည်ရှိသော နေရာကို ဖော်ပြခြင်းမရှိပါ။ မရဏာနိုင်ငံနှင့် ပတ်သက်၍ လုကာ ၁၆း၁၉-၃၁တွင် မယုံကြည်သူ သူဋ္ဌေးတစ်ဦးသည် မရဏာ နိုင်ငံ (Hades)မှနေ၍ မျှော်ကြည့်သည်ဟု ဖော်ပြပါသည်။ ထိုသူဋ္ဌေး၏ ခန္ဓာကိုယ်မှာ င်္သချိုင်းတွင်း၌ရှိသော်လည်း သူ၏ ဝိညာဉ်မှာ မရဏာနိုင်ငံ (Hades)၌ ရှိကြောင်း ထင်ရှားသည်။ ထိုမရဏာနိုင်ငံ၌ သူဋ္ဌေးသည် အသိဉာဏ်၊ မှတ်ဉာဏ်နှင့် ကောင်းကင် (သို့) ပရဒိ သုဘုံကို လှမ်း၍ကြည့်မြင်နိုင်သော အစွမ်းရှိခဲ့သည်။ သူသည် ပြင်းပြသော အပူဒဏ်ကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ရေငတ်ခြင်းဝေဒနာ ခံစားနေရသည်။ သူ၏ညီအစ်ကို(၅)ယောက်တို့သည် ထိုမရဏာနိုင်ငံသို့ မရောက်ရလေအောင် တစ်ယောက်ယောက်က သူတို့အား ဧဝံဂလိ တရားဟောရန် စိတ်အားထက်သန်မှုရှိခဲ့သည်။ ဤနေရာတွင် မရဏာနိုင်ငံ “Hades” သည် အထူးသဖြင့် ညှင်းပန်းနှိပ်စက်သည့် နေရာဟု ပြောဆိုကာ၊ ထိုနေရာမှ လွတ်မြောက်ရာလမ်းမရှိပါ။

တမန်၊ ၂း၂၇တွင် ပေတရုက ဆာလံ ၁၆း၁၀ကို ကိုးကားပြီး ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဖော်ညွှန်းသည် –

“အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်၏ ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းသို့ ရှိစေတော်မမူ။”

                သခင်ယေရှုသေသောအခါ၊ သူ၏ဝိညာဉ်သည် ဘုရားသခင်ကျိန်းဝပ်သော နေရာနှင့် တတိယကောင်းကင်ဘုံဖြစ်သော ပရဒိသုဘုံသို့ သွားခဲ့သည်။ ဤနေရာတွင် မရဏာနိုင်ငံ (Hades)သည် ခန္ဓာကိုယ်နှင့် ဝိညာဉ်ကင်းကွာသောနေရာကို ဖော်ညွှန်းခြင်း ဖြစ်နိုင်သည်။ ဘုရားသခင်သည် သူ၏ဝိညာဉ်ကို ထိုသို့သော အခြေအနေ၌ ဆက်လက်ရှိနေရန် ခွင့်မပြုခဲ့သလို၊ သူ၏ သန့်ရှင်းသူ ကယ်တင်ရှင်ခရစ်တော်၏ ကိုယ်ခန္ဓာကို ပုပ်စပ်ခြင်းသို့  ရှိစေရန် ခွင့်မပြုပါ။ သူ၏ သန့်ရှင်းသူ “His Holy One” ဟူသော စကားလုံးသည် သေသောအခါ ပုပ်ပျက်တတ်သော လူ၏ ကိုယ်ခန္ဓာကို ပြောဆိုခြင်းဖြစ်သည်။ ပေတရုက၊ သခင်ဘုရား၏ ဝိညာဉ်ကို မရဏာနိုင်ငံ “Hades” ၌ ပစ်ထားတော်မမူ၊ ဟု ရဲဝံ့စွာကြေငြာခဲ့သည် (တမန်၊ ၂း၃၁)။ တတိယနေ့တွင် သူ၏စိတ်နှင့် ဝိညာဉ်သည် သူ၏ ဘုန်းတန်ခိုး နှင့်  ပြည့်စုံသော ခန္ဓာကိုယ်နှင့် ပြန်လည်ပေါင်းစည်းသည်။ မရဏာနိုင်ငံ “Hades” သည် ခန္ဓာနှင့် ဝိညာဉ်ကင်းကွာသော နေရာဖြစ်သည့် အကြောင်း ဖော်ပြသည့်အခြားကျမ်းပိုဒ်တစ်ခုမှာ၊ ဗျာဒိတ် ၂၀း၁၃-၁၄ ဖြစ်သည်။

                “သမုဒ္ဒရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့်မရဏာနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေ တို့ကို အပ်ပေးကြ၏။ လူအသီးသီးတို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရကြ၏။ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်းဖြစ်သတည်း” (ဗျာ၊ ၂၀း၁၃-၁၄)။

                ဤကျမ်းပိုဒ်၏ မြင်ကွင်းမှာ ဆိုးညစ်သူတို့အား နောက်ဆုံးတရားစီရင်ခြင်းဖြစ်သည်။ တရားစီရင်မည့် တရားသူကြီးများ၊ သေခြင်းနှင့် ငရဲ၏ သော့များကို ပိုင်ဆိုင်သော သခင်ယေရှုခရစ်တော်ဖြစ်ပါသည် (ဗျာ၊ ၁း၁၈)။ ဤကျမ်းပိုဒ်တွင် သေခြင်း “death”သည် သူတို့၏ ခန္ဓာကိုယ်များကို ရည်ညွှန်းပြီး၊ မရဏာနိုင်ငံ “Hades”သည် သူတို့တစ်ဦးစီ၏ ဝိညာဉ်နှင့် စိတ်ကို ရည်ညွှန်းပါသည်။ မယုံကြည် သူအားလုံးတို့၏ ဝိညာဉ်များသည် ကြီးမြတ်သော ပလ္လင်ဖြူတရားစီရင်ခြင်း ရှေ့မှောက်၌ သူတို့၏ ခန္ဓာကိုယ်များနှင့် ပြန်လည်ပေါင်းစည်း ၍ ခန္ဓာ၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံးနှင့် ပြည့်စုံစွာ ငရဲမီးအိုင် “Lake of fire” ထဲသို့ ပစ်ချခြင်းခံရမည်။ မရဏာနိုင်ငံ “Hades” သည် ခန္ဓာနှင့် ဝိညာဉ်ကင်းကွာသော နေရာဖြစ်ကြောင်း ၁ကော၊ ၁၅း၅၅၌လည်း ဖော်ပြပါသည်။

                “အိုသေမင်း၊ သင်၏လက်နက်သည် အဘယ်မှာရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏အောင်မြင်ခြင်းသည် အဘယ်မှာ ရှိသနည်း။”

                ဤသီချင်းသည် ခရစ်တော်ကြွလာသောအခါ ယုံကြည်သူများသီဆိုမည့် အောင်မြင်ခြင်းသီချင်းဖြစ်ပါသည်။ သူတို့၏ ခန္ဓာကိုယ် သည် င်္သချိုင်းမှ ထမြောက်သောအခါ သူတို့ကို ခဏတာ ချုပ်ကိုင်နိုင်သော်လည်း ထာဝရ မထိန်းချုပ်နိုင်ကြောင်းကို “သေခြင်း” အား သတိပေးပြောဆိုကြမည်။

                ဗျာဒိတ် ၆း၈တွင် သေခြင်းဟု အမည်ရှိသော မြင်းမွှဲစီးသောသူနှင့် မရဏာနိုင်ငံသည် ထိုသူ၏ နောက်သို့ လိုက်သည်ဟု ဖော်ပြ ထားပါသည်။ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံကို သတ်နိုင်သော တန်ခိုးကို ထိုသေခြင်းနှင့် မရဏာနိုင်ငံတို့အား ပေးခဲ့သည့်အကြောင်း နောက်ဆက်တွဲ ကျမ်းပိုဒ်များက ရှင်းလင်းပြောပြထားပါသည်။ ဤနေရာတွင် သေခြင်းနှင့် မရဏာနိုင်ငံသည် သေခြင်းတည်းဟူသော ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲခွာခြင်းကို ပုံဆောင်သည်။

                တစ်ခါတစ်ရံတွင်၊ မရဏာနိုင်ငံ (Hades)ဟူသော စကားလုံးကို အရှက်တကွဲဖြစ်ခြင်း၏ နက်နဲမှုကို သရုပ်ဖော်ရာတွင် အသုံးပြု သည်။ ဥပမာ-ကပေရနောင်မြို့သည် မိုးကောင်းကင်တိုင်အောင် မြောက်စားခြင်းခံခဲ့သည်။ သို့သော် ဘုရားသခင်၏သားတော်ကို ငြင်း ပယ်သောကြောင့် မရဏာနိုင်ငံတိုင်အောင်နှိမ့်ချကာ၊ အရှက်ကွဲခြင်းနှင့် ဖျက်ဆီးခြင်းကို ခံရသည် (မဿဲ ၁၁း၂၃။ လု၊ ၁၀း၁၅)။

                မရဏာနိုင်ငံ “Hades” ကိုမဿဲ ၁၆း၁၈၌ ခရစ်တော်ယေရှုကို သူတည်ထောင်မည့် အသင်းတော်ကို မရဏာနိုင်ငံ၏ တံခါးတို့က  မနိုင်ရာဟု အာမခံချက်ပေးခဲ့ပါသည်။ အသင်းတော်အား တိုက်ခံသည့် မည်သည့်အရာတစ်ခုမျှ အောင်မြင်မည်မဟုတ်ပါ။ သို့သော် မရဏာနိုင်ငံအပေါ် အသင်းတော်၏ အောင်မြင်မှုမှာ အာမခံချက်ရှိပါသည်။

ငရဲ (Hell)

                ဓမ္မသစ်ကျမ်းထဲတွင် ငရဲ (Hell)ဟူသော စကားလုံးကို ဆယ့်နှစ်ကြိမ်ပါရှိရာ၊ ၎င်းတို့ထဲမှ ဆယ့်တစ်ခုသည် လူသားအားလုံး အပေါ်၌ ဂရုဏာထားသော သခင်ယေရှု၏ နှုတ်ဖျားမှ ထွက်ခဲ့ပါသည်။ နောက်တစ်ခုမှာ သခင်ဘုရား၏ ဝမ်းကွဲညီ ယာကုပ် (James)က ပြောခဲ့ခြင်းဖြစ်သည်။

                ဤကြောက်မက်ဘွယ်ကောင်းသောနေရာအကြောင်းကို ကျမ်းစာက အဘယ်သို့သွန်သင်ပါသနည်း။ ဤနေရာသည် လူသားများ အတွက် မဟုတ်ပဲ၊ စာတန်နှင့် သူ့နောက်လိုက်ကောင်းကင်တမန်များအတွက် ပြင်ဆင်ထားသောနေရာဖြစ်သည် (မဿဲ ၂၅း၄၁)။ ဘုရား သခင်သည် ဤတရားစီရင်ခြင်းခံရန် မည်သူမျှ မရွေးကောက်ပါ။ ဘုရားသခင်၏ ကျေးဇူးတော်ကို ငြင်းပယ်ခြင်းအားဖြင့် သူတို့သည် ငရဲကို ရွေးချယ်ကြသည်။ ဤနေရာသည် ငိုကြွေးခြင်း၊ မြည်တမ်းခြင်းနှင့် အံသွားခဲကြိတ်ခြင်း ရှိသောနေရာဖြစ်သည် (မဿဲ ၈း၁၂။ ၂၂း၁၃။ ၂၄း၅၁။ ၂၅း၃၀။ လုကာ ၁၃း၂၈)။ ငရဲသို့ရောက်သောသူတို့၏ ပိုး (ညှဉ်းဆဲခြင်း)သည် မသေနိုင် (မကုန်ဆုံး) ပဲ၊ မီးလည်း မငြိမ်းနိုင်ပါ (မာကု ၉း၄၆)။ ထိုညှဉ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ၏ (ဗျာ၊ ၄း၁၁)။

                ယေရှုဘုရားက၊ တစ်ကိုယ်လုံး ငရဲသို့ ချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခုသာပျက်သော် သာ၍ကောင်း၏ဟု အကြိမ်ကြိမ် အလေးထားပြောဆိုခဲ့သည် (မဿဲ ၅း၂၉-၃၀။ ၁၈း၉။ မာကု ၉း၄၃၊ ၄၇)။ ဤကျမ်းပိုဒ်များသည် ကောင်းကင်နိုင်ငံတွင် ကိုယ်လက်အင်္ဂါ ဖြတ်ထားခြင်းခံသူများ ရှိမည်ဟုမဆိုလိုပဲ၊ ကိုယ်ခန္ဓာ၏ တပ်မက်မှုနောက်သို့လိုက်ပြီး ထာဝရအပြစ် စီရင်ခြင်းခံရသည်ထက် ယခုဘဝတွင် ကိုယ်ခန္ဓာ၏ အလိုဆန္ဒပေါ်တွင် တင်းကြပ်သော စည်းကမ်းကို လက်တွေ့ကျင့်သုံးခြင်းသည် သာ၍ကောင်းသည်ဟု ဆိုလိုသည်။

                ယုံကြည်သူများသည် ခန္ဓာကိုယ်ကို ဖျက်ဆီး၄ နိုင်သောသူတို့ကို မကြောက်ရွံ့သင့်ပဲ၊ ခန္ဓာနှင့် ဝိညာဉ်နှစ်ခုစလုံးကို ဖျက်ဆီး နိုင်သော ဘုရားသခင်ကို ကြောက်ရွံ့သင့်သည် (မဿဲ ၁၀း၂၈။ လု၊ ၁၂း၅)။

အပယ်ငရဲ (Tartaros)

                ဂရိစကားလုံး တားတရိုစ် (tartaros)၅ ကို “ငရဲ” (Hell) ဟု ၂ပေ၊ ၂း၄တွင် ဘာသာပြန်ထားကာ၊ အပြစ်လုပ်သည့် ပြိုလဲသော ကောင်းကင်တမန်များအတွက် ထူးခြားသော အဓိပ္ပါယ်ရှိပါသည်။ Tartaros ထဲ၌ တရားစီရင်ခြင်းနေ့ကို စောင့်ရန် သူတို့ကို မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။

ငရဲကလေး (Purgatory)

                ရိုမင်ကတ်သိုလစ်အသင်းတော် (Roman Catholic Church) ၏ ယုံကြည်ခံယူချက်တွင် ငရဲကလေး (purgatory) သည် သေပြီးသောအခါ အပြစ်စီရင်ခြင်းခံသောနေရာဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်အောက်၌ သေသောသူသည် လောက၌ အသက် ရှင်စဉ်က သူကျူးလွန်ခဲ့သော အပြစ်များအတွက် “ယာယီပြစ်ဒဏ်စီရင်ခြင်း” ကို သာခံရန် ကျေအေးစေခြင်းအမှုကို ပြုနိုင်ကာ၊ ထိုနေရာမှ တဆင့် ကောင်းကင်သို့ဝင်စားနိုင်သည်။ ငရဲကလေး (purgatory) ၌ ရှိသောမီးသည် သေသောသူ၏ ဝိညာဉ်ကို ဆေးကြောသည်ဟု ယုံကြည်ကြသည်။ အသက်ရှင်သောသူများ၏ ဆုတောင်းပေးခြင်းဖြင့်သော်လည်းကောင်း၊ သေသောသူတို့ကိုယ်စား ပွဲတော်ခံရသော အချိန်ကာလသည် ပို၍တိုတောင်းနိုင်သည်ဟူ၍လည်း ပြောကြသည်။ သမ္မာကျမ်းစာထဲ၌ ငရဲကလေး (purgatory) ကဲ့သို့သော နေရာမျိုး မရှိပါ။ “Purgatory” အကြောင်းကို သမ္မာကျမ်းစာက တစ်ခါမျှ မဖော်ပြပါ။ ဤသွန်သင်ချက်သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်း အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရသည်ဟု သမ္မာတရားသွန်သင်ချက်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

မှတ်ချက်။

၁။        ကျမ်းစာဘာသာပြန်ရာ၌ တစ်ချို့က မရဏာနိုင်ငံ (Hades) နှင့် ငရဲ (Hell)ကို မခွဲခြားကြပါ။ ဥပမာ၊ King James Version တွင် မရဏာနိုင်ငံ (Hades) ကို ၁ကော၊ ၁၅း၅၅ (ဤကျမ်းချက်တွင် င်္သချိုင်းဟု ဘာသာပြန်ဆိုသည်) မှအပ၊ အားလုံးကို တညီတည်းဘာသာ ပြန်ဆိုကြသည်။ မရဏာနိုင်ငံ (Hades) စကားလုံးသည် ဂရိဘာသာဖြစ်ပြီး၊ “မမြင်နိုင်သော” (ကမ္ဘာ)ဟု အဓိပ္ပာယ်ရှိသည်။ ငရဲ (Hell) သည် Anglo-Saxon စကားလုံးဖြစ်ပြီး၊ ဟေဗြဲနာမည် ဂေဟေနာ (Gehena) ကို ဘာသာပြန်ဆိုခြင်းဖြစ်သည်။ သခင်ဘုရားက သူ၏ တရားနာ ပရိသတ်တို့အား ထိတ်လန့်ဘွယ်ကောင်းသော ထာဝရညှဉ်းဆဲသည့်နေရာကို ထင်ရှားစွာ သိမြင်စေချင်သောကြောင့် အဆက် မပြတ်လောင်နေသော အမှိုက်စွန့်သည့်နေရာဟူသော ဝေါဟာရကို အသုံးပြုပါသည်။

၂။         လုကာ ၂၃း၄၃။

၃။        ၂ကော၊ ၁၂း၂။ အငယ်-၄နှင့် နှိုင်းယှဉ်ပါ။

၄။        “ဖျက်ဆီးခြင်း” ဟူသော စကားလုံးသည် ပျောက်ပျက်ခြင်း(သို့)အသက်ရှင်မှု ဆုံးရှုံးခြင်းမဟုတ်ပါ။ သို့ရာတွင်၊ လူဖန်ဆင်းခြင်း၏ ရည်ရွယ်ချက် မပြည့်စုံတော့ပဲ၊ ကောင်းစားခြင်းကို ဆုံးရှုံးသည်။ ဥပမာ- မဿဲ ၉း၁၇တွင် ပါရှိသည့် ပျက်စီးသွားသော သားရေဘူးသည် ပျောက်ပျက်မသွားပါ။ သို့ရာတွင် ထိုသားရေဘူး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပျက်စီးသွားပါသည်။

၅။        လက်တင်ဘာသာဖြင့် “Tartarus” ဟုလည်း စားလုံးပေါင်းသည်။

၂၅သမ္မာကျမ်းစာ၏ နက်နဲသော အရာများ Mysteries of Scripture

                ဓမ္မာသစ်ကျမ်းစာထဲ၌ နက်နဲသော အရာများကို တစ်ခုပြီးတစ်ခု တွေ့ရသည်။ တစ်ခုစီ၏ ဆိုလိုချက်ကို နားမလည်ဘဲ ရှုပ်ထွေးပါက အန္တရာယ်ရှိနိုင်ပါသည်။ ထို့ကြောင့် အမျိုးမျိုးသော နက်နဲသော အရာတစ်ခုစီ၏ အဓိပ္ပါယ်ကို အတိုချုံး၍ ရှင်းလင်းဖော်ပြ သွားပါမည်။

အနက်ဖွင့်ဆိုချက်

                နက်နဲသောအရာဆိုသည်မှာ ဘယ်သောအခါမှ မဖွင့်ပြခဲ့ဖူးသောအရာ၊ လူ၏အသိဉာဏ်နှင့်မမီ၊ နားမလည်နိုင်သော အရာ ဖြစ်သည်။ သို့သော်၊ ယခုတွင် ဘုရားသခင်သည် ထိုနက်နဲသော အရာကို လူတို့အား ဖွင့်ပြခဲ့ပြီ။ နက်နဲသောအရာမှာ “mystery” စကားလုံးကို ဂရိစကားလုံး “mysterion” မှ ဆင်းသက်သည်။

ကောင်းကင်နိုင်ငံတော်၏ နက်နဲသောအရာများ (မဿဲ ၁၃း၃ – ၅၀)

                ကောင်းကင်နိုင်ငံတော်၏ နက်နဲသော အရာများအကြောင်းကို မဿဲ ၁၃း၁၁၌ တွေ့နိုင်ပါသည်။ ဤအခန်းကြီးထဲတွင် ထိုနက်နဲ သောအရာများကို ပုံဥပမာ (၇)မျိုးဖြင့် တင်ဆက်ပါသည်။

                ရှင်မဿဲခရစ်ဝင်ကျမ်း၏ အစပိုင်းအခန်းကြီးများတွင် သခင်ယေရှုက မေရှိယရှင်ဘုရင်အဖြစ် ဣသရေလလူမျိုးတို့အား တင်ဆက်ခဲ့သည်။ သို့ရာတွင် ရှင်မဿဲအခန်းကြီး (၁၂)၌ ဘာသာရေးခေါင်းဆောင်တို့သည် နတ်ဆိုး၏ တန်ခိုးဖြင့် နိမိတ်လက္ခဏာများ ပြသည်ဟု ခရစ်တော်ကို ပြစ်တင်ကာ၊ သူတို့၏ ရှင်ဘုရင်ကို ငြင်းပယ်ကြသည်။ ထို့ကြောင့် နိုင်ငံတော်သည် ခြားနားသော ပုံစံဖြစ်သွား သည်ကို  မဿဲ (၁၃)၌ တွေ့နိုင်သည်။ ထိုဥပမာ(၇)မျိုးတို့သည် နိုင်ငံတော်၏ ကြားကာလပုံစံ – ရှင်ဘုရင်ကို ငြင်းပယ်သော အချိန်နှင့် လောကကို အုပ်စိုးရန် ဒုတိယအကြိမ်ကြွလာသောအချိန်၏ ကြားကာလကို ဖော်ပြသည်။ ရှင်ဘုရင် ဤလောက၌ မရှိနေ ခိုက်တွင် သူ၏ အုပ်စိုးမှုကို ဝန်ခံသောသူတိုင်း၌ နိုင်ငံတော်ကိုတွေ့ရသည်။ ပြောခဲ့ပြီးအတိုင်း၊ နိုင်ငံတော်တွင် အပြင်ဘက်သွင်ပြင် လက္ခဏာနှင့် အတွင်း ဘက်မှန်ကန်မှုဟူ၍ နှစ်မျိုးရှိသည်။ ထိုကြားကာလအချိန် ကုန်ဆုံးသောအခါ၊ စစ်မှန်သော ယုံကြည်သူအားလုံးကို မယုံကြည်သူ အပေါင်း တို့အထဲမှ ခွဲခြားပြီး၊ အနှစ်တစ်ထောင်ကာလအုပ်စိုးခြင်း၏ ကောင်းကြီးမင်္ဂလာများ ခံစားကြမည်။ မယုံကြည်သော သူအားလုံးတို့သည် ဖျက်ဆီးခြင်းခံမည်။

ဣသရေလလူတို့၏ အမှောင်ဖုံးလွမ်းခြင်းနက်နဲမှုများ (ရောမ ၁၁း၂၅)

                ရှင်ဘုရင်ကို ငြင်းပယ်ကြသောကြောင့် ဘုရားသခင်သည် ဣသရေလလူမျိုးအပေါ်၌ တရားစီရင်ခြင်းနှင့် အမှောင်ဖုံးလွှမ်းမှု ကျရောက်စေခဲ့သည်။ ဤအချက်သည် ဣသရေလလူတို့အတွက် သခင်ယေရှုကို မေရှိယအဖြစ် လက်ခံရန် ခက်ခဲရသည့် အကြောင်း ဖော်ပြပါသည်။ အနည်းငယ်သော ဂျူးလူမျိုးတို့က ကယ်တင်ခြင်းရကြပါသည်။ သို့ရာတွင် ထိုအမှောင်ဖုံးလွမ်းခြင်းသည် ထာဝရမဟုတ်ပါ။ ခရစ်တော်ယေရှုကို ပရောဖက်များပြောခဲ့သော မေရှိယဖြစ်သည်ဟု ယုံကြည်လက်ခံလာသော ဂျူးလူမျိုးများလာပါသည်။ သူတို့၏ အမှောင်ဖုံးလွမ်းခြင်းသည် “တပါးအမျိုးသားတို့၏ အချိန်ကာလပြည့်စုံသည့်အထိ” ဖြစ်မည်။ ထိုအချိန်သည် ခရစ်တော်က တပါး အမျိုး သား ယုံကြည်သူအားလုံး သိမ်းဆည်းသည့်အချိန်တိုင်အောင်ဖြစ်မည်။ နောက်မှဣသရေလလူမျိုးထဲမှ ကျန်ကြွင်းသော ယုံကြည်သူများ ခရစ်တော်ထံသို့ ပြန်လှည့်လာကြမည်။

ချီဆောင်ခြင်း၏ နက်နဲသောအရာ (၁ကော ၁၅း၅၁-၅၂)

                ချီဆောင်ခြင်း (Repture) အချိန်အထိ လောကသားအားလုံးတို့သည် တစ်နေ့မဟုတ်တစ်နေ့ သေရမည်ဟု ယုံကြည်ကြသည်။ သို့ရာတွင် ရှင်ပေါလုက အံ့အားသင့်စရာကောင်းသော ကြေညာချက်တစ်ခုပြုပါသည်။ ၎င်းမှာ ယုံကြည်သူအားလုံး သေကြမည်မဟုတ်ပါ။ ချီဆောင်ခြင်းရောက်သည့်အချိန်တွင် အသက်ရှင်လျက်ရှိသော ယုံကြည်သူအားလုံးတို့သည် ခန္ဓာကိုယ်မသေဘဲ ကောင်းကင်သို့ တက်ကြွမည်။ သူတို့သည် မျက်စိတစ်မှိတ်၌ ဘုန်းအသရေနှင့်ပြည့်စုံသည့် ဝိညာဉ်ခန္ဓာကိုယ်သို့ ပြောင်းလဲကြမည်။ ခရစ်တော်၌ သေလွန် ပြီးသော ယုံကြည်သူတို့သည်လည်း ထမြောက်၍ အသက်ရှင်သောသန့်ရှင်းသူများနှင့်အတူ ကောင်းကင်သို့ ချီဆောင်ခြင်းခံကြမည်။ ဤအကြောင်းကို ၁သက်၊ ၄း၁၃-၁၈တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။

အသင်းတော်၏နက်နဲသော အရာ (ရောမ ၁၆း၂၅။ ဧဖက် ၃း၄-၅)

                ဘုရားသခင်သည် ကမ္ဘာကြီးစတင်တည်ရှိသည့်အချိန်မှစ၍၊ အသင်းတော်ကို လျှို့ဝှက်ထားပြီး၊ သို့ရာတွင် ဓမ္မသစ်ခေတ် ကာလ ၏ တမန်တော်များနှင့် ပရောဖက်တို့အား ဖွင့်ပြခဲ့သည် (ဧဖက် ၃း၅)။ အသင်းတော်၏ နက်နဲသောအရာထဲတွင် ပါဝင်သောအရာများမှာ –

၁။        ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်ခြင်း (ကော၊ ၁း၁၈)

၂။         ယုံကြည်သူအားလုံးတို့သည် ထိုအသင်းတော်၏ အင်္ဂါများဖြစ်ခြင်း (၁ကော၊ ၁၂း၁၃)

၃။        ယုံကြည်သူတပါးအမျိုးသားတို့သည် ယုံကြည်သူဂျူးလူမျိုးတို့နှင့်အတူ ခရစ်တော်ကို သူတို့၏ မျှော်လင့်ခြင်း ဘုန်းအသရေ ဖြစ်ကာ၊ ဂျူးလူမျိုးနှင့် တပါးအမျိုးသားတို့၏ စပ်ကြား၌ရှိသော ရန်ငြိုးဖွဲ့ခြင်းကို ခရစ်တော်၏ ကိုယ်ခန္ဓာတော်တွင် ပယ်ရှင်းတော်မူခဲ့သည် (ဧဖက် ၃း၆။ ကော၊ ၁း၂၆၊ ၂၇။ ဧဖက် ၂း၁၄၊ ၁၅)။

၄။        အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်ခြင်း (၁ကော၊ ၁၂း၁၂၊ ၁၃)။

၅။        အသင်းတော်သည် ခရစ်တော်၏ သတိုးသမီးဖြစ်ခြင်း (ဧဖက် ၅း ၂၅-၂၇၊ ၃၁၊ ၃၂)။

၆။        အသင်းတော်သည် ဘုရားသခင်၏ အမျိုးမျိုးသော ပညာတော်ကို ကောင်းကင်အရပ်တို့၌ အထွဋ်အမြတ်အာဏာစက်တို့အား ပြသခြင်း (ဧဖက် ၃း၁၀)။

၇။        ဘုရားသခင်၏ ရည်ရွယ်ချက်မှာ၊ ခရစ်တော်ကို ရွေးနှုတ်ကယ်တင်ခြင်း ခံသောသူအားလုံးအတွက် ဦးခေါင်းဖြစ်စေခြင်း (ဧဖက် ၁း၉၊ ၁၀)၊ အသင်းတော်သည် သူ၏သတိုးသမီးအနေဖြင့် ဘုန်းအသရေကို မျှဝေခံစားကာ ထာဝရအုပ်စိုးခြင်း။

                ကောလောဿဲ ၁း၂၇၌ရှိသော “တပါးအမျိုးသားတို့တွင် ဤနက်နဲသောအရာ”ကို “ဘုန်းအသရေကို မျှော်လင့်ခြင်း အကြောင်း တည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း” ဟု အဓိပ္ပါယ် သတ်မှတ်ဖော်ပြကာ၊ အသင်းတော်၏ နက်နဲသော အရာနှင့်တူပါသည်။ ဤကျမ်းပိုဒ်က ခရစ်တော်သည် ယုံကြည်သူတပါးအမျိုးသားနှင့် ယုံကြည်သူ ဂျူးလူမျိုးတို့၏ ဘုန်းအသရေကို မျှော်လင့်ခြင်းအကြောင်း ဖြစ်သည်ဟု အလေးထားပြောဆိုသည်။ ယခုတွင် သူတို့အားလုံးသည် ခရစ်တော်၏ အထဲ၌ ခြားနားမှု မရှိ တူညီကြသည်။

                ကောလောဿဲ ၂း၂ ၌ ဘုရားသခင်၏ နက်နဲသောအရာမှာ ခရစ်တော်၏နက်နဲသော အရာနှင့် ထပ်တူဖြစ်ကြောင်းတွေ့ရသည်။ ဤအရာသည် နားလည်ရန် ခက်ခဲသော ခရစ်တော်၏ ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်ဖြစ်သည်။ ခရစ်တော်သည် ထိုကိုယ်ခန္ဓာ၏ ဦးခေါင်းဖြစ်၍၊ ယုံကြည်သူအားလုံးတို့သည် ထိုကိုယ်ခန္ဓာထဲ၌ ပါဝင်ကြသည်။

                အသင်းတော်၏ နက်နဲသော အရာကို ဖော်ပြသော အခြားကျမ်းပိုဒ်တို့မှာ၊ ဧဖက် ၆း၁၉ နှင့် ကောလောသဲ ၄း၃ ဖြစ်သည်။ အသင်းတော်၏ နက်နဲသောအရာသည် သမ္မာကျမ်းစာ၏ ဗျာဒိတ်ဖွင့်ဆိုချက်ထဲတွင် အရေးကြီးဆုံးဖြစ်ပါသည်။ ရှင်ပေါလုသည် ထိုသမ္မာ တရားကို တဆင့်ဟောပြောသွန်သင်ခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြည့်စုံစေခဲ့သည် (ကော၊ ၁း၂၅)။ သမ္မာကျမ်းစာ ထဲ၌ ကာလအစဉ်အတိုင်း နောက်ဆုံးအပိုင်း၌ မရေးသားသော်လည်း အသင်းတော်၏နက်နဲသောအရာသည် အရေးကြီးဆုံးသော သွန်သင်ချက်တစ်ခုဖြစ်သည်။

အဓမ္မအရာ၏ နက်နဲသော အရာ (၂သက်၊ ၂း၇၊ ၈)

                “အဓမ္မအရာ” အကြောင်းကို ဖော်ပြသည့် တစ်ခုတည်းသော ကျမ်းပိုဒ်မှာ  ၂သက်၊ ၂း၇၊၈ ဖြစ်သည်။ ရှင်ပေါလုက “…. ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင်ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ ရောက်သော အခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည် . . .။ “ကနဦးအသင်းတော်ကာလ၌ပင်လျှင် ထိုအဓမ္မအရာသည် ပြုပြင်ဆဲရှိပြီးဖြစ်သည်။ အန္တီ ခရစ် အများအပြားရှိခဲ့သည်။ သို့သော်၊ ထိုအဓမ္မလူက အစွမ်းကုန် လုပ်ဆောင်ခွင့်မရအောင် နာမည်မဖော်ပြသော ပုဂ္ဂိုလ် (သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်ဟု  ယုံကြည်ရသည်) တစ်ဦးက တားဆီးနေဆဲဖြစ်သည်။ ထိုတားဆီးသောသူသည် ပယ်ရှင်းခြင်းသို့ ရောက်သော အခါ (ချီဆောင်ခြင်းအချိန်တွင် သန့်ရှင်းသော ဝိညာဉ်တော်ကို ယုံကြည်သူထဲ၌ အမြဲကျိန်းဝပ်ခြင်းမှ ရုပ်သိမ်းမည်) အဓမ္မလူဖြစ်သော အန္တီခရစ်သည် တစ်ကမ္ဘာလုံးတွင် လျင်မြန်စွာလှုပ်ရှားလာမည်။ သူသည် အပြစ်နှင့် မတရားသောအမှုအလုံးစုံတို့၏ စုဝေးရာဖြစ်လာကာ၊ လောကသားအပေါင်းတို့သည် မတွေ့မြင်ခဲ့ဖူးသော ရွံရှာဘွယ်ကောင်းသည့်ဆိုးညစ်ခြင်းအမှုများ တွေ့မြင်ကြမည်။

ယုံကြည်ခြင်း၏ နက်နဲသောအရာ (၁တိ၊ ၃း၉)

“ယုံကြည်ခြင်း၏ နက်နဲသောအရာ”သည် ခရစ်ယာန်အခြေခံသြဝါဒကို ရည်ညွှန်းသည် (သို့) ခရစ်ယာန်ယုံကြည်ခြင်းဟူ၍လည်း ခေါ်သည်။ ဤအရာကို နက်နဲသောအရာဟု ခေါ်ဆိုရခြင်းမှာ၊ ၎င်း၏များပြားလှသော သမ္မာတရားကို ဓမ္မဟောင်းကာလ၌ စုံလင်စွာ မသိနားမလည်ကြသောကြောင့်ဖြစ်သည်။

ကိုးကွယ်ခြင်း၏ နက်နဲသောအရာ (၁တိ၊ ၃း၁၆)

                “ကိုးကွယ်ခြင်း၏ နက်နဲသော အရာသည် ကြီးစွာသော အရာဖြစ်သည်” ဟု ငြင်းခုံရန် မရှိပါ။ ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်းသည် ဝိညာဉ်တော်အားဖြင့် ထင်ရှားပြီ။ ကောင်းကင်တမန်တို့သည် ကိုယ်တော်ကို ရှုမြင်ရကြပြီ။ တပါးအမျိုးသားတို့သည် သတင်းတော်ကို ကြားရကြပြီ။ လောကီသားတို့သည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။”

                ကိုယ်ခန္ဓာ၌ ပေါ်ထွန်းတော်မူသောသူသည် ယေရှုခရစ်တော်သာလျှင် ဖြစ်ကြောင်း သိနိုင်ပါသည်။ ခရစ်တော်ဘုရား ဤလောက သို့ မကြွလာမီ၊ လောကသားတို့သည် လူ့သမိုင်းတွင် စုံလင်သော ကိုးကွယ်ခြင်းကို တစ်ကြိမ်တစ်ခါမျှ မတွေ့ခဲ့ဖူးပါ။ သို့သော် သခင်ယေရှု လောကသို့ ကြွရောက်လာပြီး၊ မှန်ကန်သော ကိုးကွယ်ခြင်းအသက်တာပြခဲ့သည်။

                ရှင်ပေါလုက ကိုးကွယ်ခြင်း၏ နက်နဲသောအရာသည် ကြီးစွာသော အရာဖြစ်သည်ဟု ပြောသောအခါ၊ အလွန်နက်နဲသော အရာ ဖြစ်သည်ဟု မဆိုလိုဘဲ၊ မှန်ကန်သော ခရစ်တော်၏ ခန္ဓာကိုယ်သည် အလွန်အံ့သြဘွယ် ကောင်းသည်ဟု ဆိုလိုပါသည်။    ကိုးကွယ်ခြင်း၏ နက်နဲသော အရာသည် အဓမ္မအရာ၏ နက်နဲသော အရာနှင့်ပြိုင်ဆိုင်သည်။ ပထမသည် မှန်ကန်သော ကိုးကွယ်ခြင်းကို ပြည့်စုံစေသည့် ခရစ်တော်ကို တင်ဆက်ကာ၊ ဒုတိယသည် အပြစ်နှင့်မတရားသော အမှုအလုံးစုံကို ပြည့်စုံစေသည့် အန္တီ ခရစ်ကို တင်ဆက်ပါသည်။

ကြယ်ခုနှစ်လုံး၏ နက်နဲသောအရာ (ဗျာဒိတ် ၁း၂၀)

                ဤနက်နဲသောအရာကို ရှင်းလင်းစွာ အနက်ဖွင့်ဆိုထားပါသည်။ ရှင်ယောဟန်၏ ဗျာဒိတ်ရူပါရုံထဲ၌ပါသော ကြယ်ခုနှစ်လုံးမှာ အာရှတိုက်ရှိ အသင်းတော်ခုနှစ်ပါး၏ ကောင်းကင်တမန်များ (သို့) စေတမန်များ ဖြစ်ပါသည်။ ရွှေမီးခွက်ခုနှစ်လုံးမှာ ထိုအသင်းတော် ခုနှစ်ပါး ဖြစ်သည်။ ဗျာဒိတ်အခန်းကြီး ၂နှင့် ၃တွင် သခင်ဘုရားက ထိုအသင်းတော်ခုနှစ်ပါး၏ ကောင်းကင်တမန်တို့အား စာရေးခဲ့သည်။ ထိုစာများကို အဓိပ္ပါယ်သုံးမျိုးဖြင့် နားလည်နိုင်သည်။

၁။        ထိုစာခုနှစ်စောင်သည် ရှင်ယောဟန်အသက်ရှင်စဉ်ကာလ၌ အသင်းတော် ခုနှစ်ပါးသို့ အမှန်တကယ် ရေးခဲ့သောစာဖြစ်သည်။ အများစုက မှန်သည်ဟု လက်ခံကြသည်။

၂။         ထိုစာများသည် တလောကလုံးအသင်းတော်၏ ဘယ်အချိန်ကာလမျိုးတွင်မဆို ကြုံတွေ့နေသည့် အခြေအနေကို ဖော်ပြသည်။

၃။        ထိုစာများသည် တမန်တော်များခေတ်မှ အသင်းတော်ကာလကုန်ဆုံးသည်အထိ အသင်းတော်၏ အခြေအနေမှန်ကို နေ့ရက် သက္ကရာဇ်စဉ်အတိုင်း ကြိုတင်ကြည့်ရှုခြင်းကို ဖော်ပြသည်။

ဘုရားသခင်၏နက်နဲသောအရာ (ဗျာဒိတ် ၁၀း၇)

                ဗျာဒိတ်အခန်းကြီး ၁၀တွင်ပါရှိသော ခုနှစ်ခုမြောက်သောတံပိုးမှုတ်သောအခါ ဘုရားသခင်၏ နက်နဲသောအရာသည် ပြည့်စုံခြင်း သို့ရောက်မည်။ ထိုတံပိုးမှုတ်သံနှင့်အတူ ကောင်းကင်မှ ကြီးသောအသံနှင့် “လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံ ဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူမည်” ဟု ပြောဆိုကြ၏ (ဗျာဒိတ် ၁၁း၁၅)။ ကြီးလေးသော  ဘေးဒဏ်ကြီးကာလအဆုံး၊ ခရစ်တော်လောကကို အုပ်စိုးရန် ပြန်လာသည့် အချိန်၌ ထိုသတ္တမတံပိုးမှုတ်သည်ကို သိရသည် (ဗျာ၊ ၁၁း၁၇)။ ထိုအချိန်တွင် ဘေးဒဏ်ကြီးကာလအတွင်း သခင်ဘုရား၏ သစ္စာရှိသော သန့်ရှင်းသူတို့အား လုပ်ခပေးကာ၊ သူ၏ရန်သူ အားလုံးကို ဖျက်ဆီးမည် (ငယ် ၁၈)။

                ထိုအခါ၊ ဘုရားသခင်၏ နက်နဲသောအရာ ပြည့်စုံလာကာ၊ မကောင်းသောအရာပေါ်၌ အောင်ပွဲခံလိမ့်မည်။ ဘုရားသခင်က လူသားများ၏ ဆိုးညစ်ခြင်းအပေါ် ချက်ချင်းပြစ်ဒဏ်မပေးသည့် ခေတ်ကာလလည်း ကုန်ဆုံးလိမ့်မည်။ “ဘုရားသခင်၏ နက်နဲသောအရာ သည် ထာဝရပြီးဆုံးပြီး၊ ဘုရားသခင်၏ ဘုန်းတော်သည် နေကဲ့သို့ ထွန်းတောက်မည်။ ယုံကြည်ခြင်းကို ပြည့်စုံစွာ ဖြောင့်မတ်ကြောင်း ထင်ရှားစေပြီး၊ ယုံမှားသံသယဖြစ်ခြင်း၏ ညဉ်းညူသံသည်လည်း ထာဝရတိတ်ဆိတ်သွားမည်” (F.W.Grant) ။

ဗာဗုလုန်၏ နက်နဲသော အရာ (ဗျာဒိတ် ၁ရး၅-၇)

                ဗျာဒိတ်အခန်းကြီး ၁၇ထဲ၌ ဗာဗုလုန်မြို့ကြီးကို ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိသော သားရဲအပေါ်၌ထိုင်သော ပြည် တန်ဆာမအဖြစ် သရုပ်ဖော်ပါသည်။ ထိုမိန်းမကို “ဗာဗုလုန်မြို့ကြီး၊ ပြည်တန်ဆာတို့၏ အမိ၊ မြေ၌စက်ဆုပ်ရွံရှာဘွယ်သော အရာတို့၏ အမိ” ဟု နာမည်ပေးထားသည်။ ထိုနက်နဲသောအရာ၏ ရှင်းလင်းချကို အငယ် ၈-၁၈တွင် ရှိပါသည်။ ထိုသားသည် ရှိခဲ့ဘူးပြီ။ ပျက်စီးပျောက်ကွယ်သွားသော ကမ္ဘာ့အင်ပါယာတစ်ခုဖြစ်သည်။ ထိုအင်ပါယာပြန်လည်ရှင်သန်လာကာ၊ သို့ရာတွင် ဖျက်ဆီးခြင်းခံမည် (ငယ် ၈)။ ခေါင်းခုနှစ်လုံးသည် ထိုအင်ပါယာနိုင်ငံ၏ ရှင်ဘုရင်ခုနှစ်ပါးဖြစ်သည် (ငယ် ၉)။ ချိုဆယ်ချောင်းသည် ထိုအင်ပါယာနှင့် ပူးပေါင်း၍ ဖွဲ့စည်းမည့် ဘုရင်ဆယ်ပါးဖြစ်သည် (ငယ်၊ ၁၂)။ ထိုပြည်တန်ဆာသည် သားရဲအပေါ်၌ ခေတ္တခဏထိုင်၍၊ သို့ရာတွင် သားရဲက သူ့ကို ဖျက်ဆီးလိုက်၏ (ငယ် ၁၆)။ အဆုံးတွင် သခင်ယေရဘုရားသည် ထိုအင်ပါယာနိုင်ငံကို ဖျက်ဆီးပစ်မည် (ငယ် ၁၄)။

                ထိုနက်နဲသောအရာကို ဤသို့ အနက်ဖွင့်ဆိုပါသည်။ မိန်းမသည် ကျယ်ပြန့်သော ဘာသာရေးနှင့် စီးပွားရေးစနစ်ကို ရည်ညွှန်း၍၊ ထိုစနစ်၏ ဌါနချုပ်ကို ရောမမြို့၌ ထားရှိမည်။ ဌါနချုပ်သည် တစ်ကမ္ဘာလုံးဆိုင်ရာအသင်းတော်ဖြစ်သည့်အပြင် အလွန်ကြီးမားသော ငွေကြေးဆိုင်ရာအင်အားစုဖြစ်မည်။ သားရဲသည် ဆယ်နိုင်ငံဖြင့် ဖွဲ့စည်းမည့် ပြန်လည်ရှင်သန်လာသော ရောမအင်ပါယာဖြစ်၍၊ ဥရောပ အဖွဲ့အစည်းလည်းပါဝင်မည်။

                ပြန်လည်ရှင်သန်လာသော ရောမအင်ပါယာ ရှင်ဘုရင်နှင့် သူ၏မဟာမိတ် ဆယ်နိုင်ငံတို့သည် တစ်ကမ္ဘာလုံးဆိုင်ရာ အသင်း တော်ကို ခေတ္တခဏမျှ ကူညီထောက်ပံ့ပြီး၊ ထိုဘာသာရေးနှင့် စီးပွားရေးစနစ်ကို ဆန့်ကျင်တိုက်ခိုက်၍ ဖျက်ဆီးမည်။ ဗာဗုလုန်နှင့် ၎င်း၏ ပျက်စီးခြင်းအကြောင်းကို ဗျာဒိတ်အခန်းကြီး ၁၈ ၌ ပို၍ပြည့်စုံစွာ ဖော်ပြထားပါသည်။

နိဂုံး

                နက်နဲသောအရာကို ဖော်ပြသော အခြားကျမ်းပိုဒ် (၄)ပိုဒ်ကိုလည်း ဓမ္မသစ်ကျမ်းတွင် တွေ့နိုင်ပါသည်။

                ၁ကော၊ ၂း၇တွင် ရှင်ပေါလုက၊ သူနှင့်အခြားတမန်တော်များက နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကို ပြောကြသည်ဟု ဆိုထားပါသည်။ ဆိုလိုသည်မှာ၊ ဓမ္မဟောင်းခေတ်ကာလ၌ ရှိသောလူတို့အား မဖွင့်ပြဘဲ ဝှက်ထားသော သမ္မာတရားကို ယခုဝိညာဉ်တော်အားဖြင့် ဖွင့်ပြပြီ။

                ရှင်ပေါလုနှင့် အခြားတမန်တော်တို့သည် “ ဘုရားသခင်၏ နက်နဲသော အရာတို့ကို စောင့်သော ဘဏ္ဍာစိုးများ” ဖြစ်ကြသည် (၁ကော၊ ၄း၁)။ ဤကျမ်းပိုဒ်တွင် ခရစ်ယာန်တို့၏ ခေတ်ကာလ (ကျေးဇူးတော်ကာလ)ကို ရည်ညွှန်းသော စကားလုံးကို သုံးပါသည်။ သို့ရာတွင် နက်နဲသော အရာရှိသမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို သိသော်လည်း မေတ္တာမရှိလျှင် အချည်းနှီးဖြစ်သည်ဟု ၁ကော၊ ၁၃း၂တွင် ကျွန်ုပ်တို့ကို သတိပေးထားပါသည်။

                နောက်ဆုံးအနေဖြင့်၊ ရှင်ပေါလုက ၁ကော၊ ၁၄း၁၂တွင် လူတစ်ယောက်သည် အခြားသော ဘာသာစကားဖြင့် နက်နဲသော အရာတို့ကို ပြောသော်ငြားလည်း၊ စကားပြန်မရှိပါက အကျိုးမရှိ၊ အချည်းနှီးဖြစ်သည်ဟု ရှင်းလင်းစွာ ပြောပါသည်။

၂၆ခရစ်တော်၏ဘုန်းအသရေ သွင်ပြင်လက္ခဏာများ Aspects of Glories of Christ

                ခရစ်တော်၏ ဘုန်းအသရေအကြောင်း ပြောဆိုရာတွင် သူ၏ပုဂ္ဂိုလ်၊ နေရာ (သို့) လုပ်ဆောင်ချက်များ၌ သူ၏ အမြင့်မြတ်ဆုံး သော ကောင်းမြတ်ခြင်းကို ရည်ညွှန်းပါသည်။ နှုတ်ကပတ်တော်အားဖြင့် ယုံကြည်ခြင်းမျက်စိနှင့် တွေ့မြင်သော သူ၏ကျင့်ဝတ္တရားနှင့် ဝိညာဉ်ရေးရာ၌ ပြည့်စုံခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ သို့မဟုတ်၊ ယခုအချိန်တွင် ကောင်းကင်ဘုံ၌ သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြီးမြတ်ခြင်းနှင့် ခမ်းနားကြီးကျယ်ခြင်း (သို့) ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်အနေဖြင့် လောကသို့ ပြန်ကြွလာခြင်းကို ဆိုလိုခြင်းလည်း ဖြစ်နိုင်ပါသည်။

                သခင်ယေရှု၏ ဘုန်းအသရေကို ရေတွက်၍မရနိုင်ပါ။ လူ၏ဘာသာစကားနှင့်လည်း ပြည့်စုံစွာ ပြောနိုင်မည်မဟုတ်ပါ။ ဤအခန်းတွင် သမ္မာကျမ်းစာ၌ တွေ့ရသော ဘုန်းအသရေ၏ သွင်ပြင်လက္ခဏာခုနှစ်မျိုးအကြောင်းကို တင်ဆက်ပါမည်။

သားတော်ဘုရားအနေဖြင့်သူ၏ မူလနှင့်ကိုယ်နှင့်စပ်ဆိုင်သော ဘုန်းအသရေ

                ဤအချက်သည် ခရစ်တော်၏ ဘုရားဇာတိကောင်းမြတ်ခြင်းများနှင့် ပြည့်စုံခြင်းကို ရည်ညွှန်းသည်။ ထိုဘုန်းအသရေသည် စွဲမြဲပြီး၊ ထာဝရတည်မြဲသည်။ သူသည် ဘုရားသခင် ဘုန်းအသရေ၏ တောက်ပမှုထက် မလျှော့ပါ (ဟေဗြဲ ၁း၃)။ သခင်ယေရှုသည် သူ၏ ဘုန်းအသရေကို စွန့်၍မရသလို၊ ဘေးဖယ်ထား၍လည်းမရပါ။ ဤအရာသည် သူ၏ အသက်ရှင်ခြင်း၏ ပကတိရှိရင်းအပိုင်းဖြစ်၍၊ သူ၏ အံ့သြဘွယ်ရာ ဂုဏ်အင်္ဂါနှင့် ပါရမီများပါဝင်သည်။ လောကသို့ ကြွလာစဉ်က သူ၏ ဘုန်းအသရေကို လူ့ခန္ဓာကိုယ်ထဲ၌ ဖုံးအုပ်ထားကာ သူ၏ ဘုရားဇာတိကို ထင်ရှားစွာ ပြသခဲ့သည် (မဿဲ ၁ရး၁-၈။ မာကု ၉း၁-၈။ လု၊ ၉း၂၈-၃၆)။

ကောင်းကင်ဘုံ၌ သူ၏ဘုန်းအသရေ

                ယေရှုဘုရားသည် ထာဝရကာလမှစ၍ မဖေါ်ပြနိုင်သော ဂုဏ်အသရေနှင့် အလွန်ခမ်းနားတောက်ပခြင်းရှိသည်။ သူသည် ခမည်း တော်ဘုရား၏ နေ့တိုင်းအားရနှစ်သက်သောသူနှင့် ကောင်းကင်တမန်တို့၏ ဝတ်ပြုကိုးကွယ်ခြင်းကိုခံသော အဓိက ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော်လည်း၊ လူသားတို့အား ရွေးနှုတ်ကယ်တင်ရန် ထိုသို့သော ဘုန်းအသရေကို စွန့်၍ အစေခံကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက် လူကဲ့သို့ ဘွားမြင်ခြင်းကို ခံတော်မူ၏ (ဖိ၊ ၂း၇)။ ကောင်းကင်ဘုံ၌ ခရစ်တော်၏ ဘုန်းအသရေနှင့် ပတ်သက်၍ Charles Wesley က “သူ၏ ဘုန်းအသရေကို ဖြေးညှင်းစွာချထား၍၊ လူသားများသေခြင်းနှင့် ကင်းလွတ်ရန် လူ့ဇာတိခံယူဖွားမြင်လာ” ဟု ရေးသားခဲပါသည်။၁

                ကယ်တင်ရှင်ယေရှုဘုရားက ဘုန်းအသရေကို စွန့်သည်ဟု ဆိုရာ၌ ကောင်းကင်ဘုံ၌ သူရရှိခံစားသည့် ဘုန်းအသရေကို ရည်ညွှန်းပြီး သူ၏ကိုယ်နှင့်စပ်ဆိုင်သော ဘုန်းအသရေစွန့်လွှတ်ခြင်းမဟုတ်ကြောင်း နားလည်ရန် အလွန်အရေးကြီးလှပါသည်။ မင်းညီ မင်းသားတစ်ဦးသည် နန်းတော်ကို စွန့်ကာ တောထဲ၌ နေ၍ရသော်လည်း၊ သူ၏မင်းသားဖြစ်ခြင်းကို လက်လွတ်၍မရပါ။

                ရှင်ယောဟန်၁ရး၅၌ ကယ်တင်ရှင်က “အိုအဘ၊ ဤကမ္ဘာမတည်မရှိမှီ အထံတော်၌ ကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့် ယခု တွင်လည်း အကျွန်ုပ်ကို အထံတော်သို့ ချီးမြှောက်တော်မူပါ” ဟု ဆုတောင်းခဲ့ပါသည်။ တစ်နည်းအားဖြင့်ပြောလျှင်၊ လောကသို့ ကြွလာစဉ်က သူစွန့်ခဲ့သော ကောင်းကင်ဘုံ၌ သူ၏ ခမည်းတော်ဘုရားနှင့်အတူ ရရှိခံစားခဲ့သော ဘုန်းအသရေကို ပြန်၍ တည်မြဲစေရန် တောင်းလျှောက်ခြင်းဖြစ်သည်။

လောက၌ လူသားအနေဖြင့် သူ၏ဘုန်းအသရေ

                လောက၌ လူသားအနေဖြင့် ယေရှုဘုရားသည် သူပြုခဲ့သော နိမိတ်လက္ခဏာများကြောင့် ဘုန်းတော်ထင်ရှားခဲ့သည်။ “ထိုသို့ ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြသည်” (ယော ၂း၁၁ က)။ သူ၏အကျင့်စာရိတ္တကောင်းမြတ် ပြည့်စုံခြင်း၌ ဘုန်းတော်ထင်ရှားသည်။ သူသည်အပြစ်ကို မသိ၊ မကျူးလွန်သည်သာမက၊ သူ၌အပြစ်လုံးဝမရှိပါ (၂ကော၊ ၅း၂၁။ ၁ပေ၊ ၂း၂၂။ ၁ယော၊ ၃း၅)။ သူသည် အကျင့်စာရိတ္တပိုင်း၌ ပြည့်စုံသောကြောင့် ကိုယ့်စိတ်အလိုအတိုင်း ဘာတစ်ခုမှမလုပ်ပဲ၊ ခမည်းတော် ဘုရားက လုပ်ခိုင်းသောအရာများကိုသာလုပ်၍၂ (ယော၊ ၅း၁၉)၊ ပြောခိုင်းသောအရာများကိုသာ ပြောခဲ့သည် (ယော၊ ၁၃း၅၀၊ ၁ရး၈)။ ခရစ်တော်၌ အပြစ်တစ်စုံတစ်ရာမျှ မရှိကြောင်း ပိလတ်မင်းကြီးက ဝန်ခံခဲ့သည် (လုကာ ၂၃း၁၄၊၂၂။ ယော၊ ၁၈း၃၈။ ၁၉း၄၊၆)။ ဟေရုဒ်မင်းကြီး၏ ဆုံးဖြတ်ချက်တွင်လည်း ခရစ်တော်သည် သေဒဏ်ခံသင့်သည့် အပြစ်မရှိကြောင်း ဖော်ပြသည် (လု၊ ၂၃း၁၅)။ သေဒဏ် ချခံသော သူခိုးကလည်း ခရစ်တော်က အပြစ်တစ်ခုမျှ မကျူးလွန်ခဲ့ကြောင်း သက်သေခံခဲ့သည် (လု၊ ၂၃း၄၁)။ ယုဒရှကာရုတ်ကလည်း အပြစ်မရှိသောသူ၏ အသွေးကို အပ်မိပါပြီဟု ပြောဆိုခဲ့ရသည် (မဿဲ ၂ရး၄)။

                ကယ်တင်ရှင်ယေရှုဘုရားသည် သူ၏ အပြစ်ကင်းမဲ့ခြင်း၌ ဘုန်းတော်ထင်ရှားသည်သာမက၊ သူ၏နှုတ်တော်ထွက် စကားများ အားဖြင့်လည်း ဘုန်းတော်ထင်ရှားသည်။ “နာဇရက်မြို့သားအပေါင်းတို့ကလည်း ကိုယ်တော်ကို ဝန်ခံ၍၊ သင့်တယ်လျောက်ပတ်သော နှုတ်ထွက်စကားကို အံ့သြချီးမွမ်းကြ၏” (လု၊ ၄း၂၂)။ ခရစ်တော်အားဖမ်းရန်စေလွှတ်သော အရာရှိများကလည်း “ထိုသူဟောပြောသကဲ့သို့ အဘယ်သူမျှ မဟောစဖူးပါ” ဟု ဝန်ခံကြ၏ (ယော၊ ရး၄၆)။ သူ၏ ပြည့်စုံသောလူဖြစ်ခြင်း၌လည်း ဘုန်းတော်ထင်ရှားသည်။ ဤအရာကို သခင်ယေရှုခရစ်တော်၏ အကျင့်စာရိတ္တနှင့် ဆိုင်သော ဘုန်းအသရေအဖြစ်သိရသည်။

သူ၏ရယူသော ဘုန်းအသရေများ

                သခင်ယေရှုသည် ကောင်းကင်ဘုံ၌သာ နေခဲ့ပါက၊ မည်သည့်အခါမှ ကျွန်ုပ်တို့၏ ကယ်တင်ရှင် ဖြစ်လာနိုင်မည်မဟုတ်ပါ။ သို့ရာတွင်၊ လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းနှင့်သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကြောင့် ပြည့်စုံသောကယ်တင်ရှင်ဖြစ်လာသည်။ ကျမ်းစာထဲတွင် ဤသို့ဖော်ပြပါသည်။

                “အကြောင်းမူကား၊ များစွာသောသားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်ခံစားရာသို့ ပို့ဆောင်သောအရှင်သည်၊ ဒုက္ခဝေဒနာအား  ဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသော ဘုရားသည် စီရင်တော်မူအပ်၏” (ဟေဗြဲ ၂း၁၀)။

                “ထိုသို့ စုံလင်ခြင်းသို့ ရောက်ပြီးမှ၊ ယုံကြည်နားထောင်သောသူအပေါင်းတို့အား ထာဝရကယ်တင်ခြင်းကျေးဇူးကို ပြုသောသူ ဖြစ်တော်မူ၍” (ဟေဗြဲ ၅း၉)။

                သခင်ယေရှုသည် ထာဝရပြည့်စုံသောသူဖြစ်၍၊ ပြည့်စုံသော ကယ်တင်ရှင်ဖြစ်လာပါသည်။

                ကရာနီကုန်းပေါ်၌ အပြစ်သားများအတွက် အသေခံသောအခါ၊ သူရရှိမည့် ဘုန်းအသရေကို ရည်ညွှန်း၍ ဤသို့ပြောဆိုပါသည်။

                “. . . လူသားသည် ဘုန်းပွင့်ရသောအချိန်ရောက်လာပြီ” (ယော ၁၂း၂၃ခ)။ ပြည့်စုံသော ကယ်တင်ရှင်အနေဖြင့် သူရရှိသော ဘုန်းအသရေအပြင် အခြားဘုန်းအသများကိုလည်း လူ့ဇာတိခံယူခြင်းနှင့် အပြစ်သားများအတွက် အသေခံခြင်းအားဖြင့် ရရှိသည်။ လူ့ဇာတိ မခံယူပါက သခင်ယေရှုသည် ဘယ်သောအခါမှ မေရှိယဖြစ်မလာနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ခရစ်တော်သည် ဒါဝိဒ်၏ မျိုးနွယ်စဉ်ဆက်ဖြစ်ရမည်။ ကရာနီကုန်းပေါ်၌ အသေမခံခဲ့ပါက၊ ဘယ်သောအခါမှ ယဇ်ပုရောဟိတ်မင်း၊ ရှေ့နေ၊ ကြားဖြန်ပေးသူ၊ ရွေးနှုတ် ကယ်တင်သူ၊ ကောင်းသောသိုးထိန်း၊ ခပ်သိမ်းသော အရာ၏အမွေခံသူ၊ တရားသူကြီးမင်း (သို့) အသင်းတော်၏ ဦးခေါင်းဖြစ်လာမည် မဟုတ်ပါ။ ထို့အပြင်၊ နာမတကာတို့ထက် ကြီးမြတ်သောနာမ (သို့) သေလွန်သောသူအားလုံးတို့မှ သားဦးလည်းဖြစ်လာမည်မဟုတ်ပါ။ သူ၏လူ့ဇာတိခံယူခြင်း၊ သေခြင်း၊ င်္သဂြိုဟ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဖြစ်ပေါ်လာသော ဘွဲ့နာမအားလုံးတို့သည် သူ၏ ရယူသော ဘုန်းအသရေများဖြစ်ကြသည်။ သူ၏ရယူသော ဘုန်းအသရေကို ယော၊ ၁ရး၁၀၌လည်း ဖော်ပြထားပါသည်။ “အကျွန်ုပ်နှင့် စပ်ဆိုင်သော အရာရှိသမျှတို့သည် ကိုယ်တော်နှင့်စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့် စပ်ဆိုင်သမျှတို့သည်လည်း အကျွန်ုပ်နှင့် စပ်ဆိုင်၍၊ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။”

                ယုံကြည်သောသူအပေါင်းတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းသည်လည်း ကရာနီကုန်းပေါ်၌ သူ့လုပ်ဆောင်မှု၏ အကျိုး ရလာဒ်ဖြစ်ပါသည်။ ၂သက်၊ ၁း၉တွင် ဤအချက်ကို ရှင်ပေါလုက သခင်ဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့် ဆက်နွယ်၍ဖော်ပြပါသည်။

                “ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော်ထင်ရှားခြင်းကို၎င်း . . . ယုံကြည်သောသအပေါင်းတို့အားဖြင့် အံ့သြချီးမွမ်းခြင်းကို၎င်း ခံအံ့သောငှါ ကြွလာတော်မူသောနေ့ရက်၌ . . . ။”

သူ၏ရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း၏ ဘုန်းအသရေ

                ယော၊ ၁ရး၁၌ သခင်ဘုရားသည် ကရာနီကုန်းပေါ်၌ သူခံရမည့် အချိန်ကျရောက်ပြီဟု ပြောပါသည်။ ခမည်းတော်ဘုရားက သူ့အား သေခြင်းမှ ပြန်လည်ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် ဘုန်းတော်ထင်ရှားစေရန်နှင့် ထိုသို့ပြုခြင်းဖြင့် သားတော်က ခမည်းတော်၏ ဘုန်းတော်ကို ပြန်လည်ထင်ရှားစေရန် ဆုတောင်းခဲ့ပါသည်။ ဤကျမ်းပိုဒ်နှင့် တူညီသော ဖော်ပြမှုကို ယော၊ ၁၃း၃၁-၃၂ ၌ တွေ့ရသည်။

                ယော၊ ၁၃း၃၁-၃၂-“ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင် လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရားသခင် သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။ ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင် သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။ ကာလမကြာမမြင့်မီ သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။”

                အသေခံခြင်းအားဖြင့် သူ၏ ဘုန်းအသရေထင်ရှားကာ၊ ခမည်းတော်ဘုရား၏ ဘုန်းတော်ထင်ရှားမည့်အကြောင်း ပြောပါသည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခဲ့သည်ဖြစ်၍ ဘုရားသခင်ကလည်း သေခြင်းမှ ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် သားတော်အား ဘုန်းတော်ထင်ရှားစေမည်။ သုံးရက်မြောက်သောနေ့၌ ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခဲ့သည်။

                “ခရစ်တော်သည် ဤသို့ပင်အသေခံ၍ မိမိဘုန်းစည်းစိမ်တောကို ဝင်စားရမည်မဟုတ်လော” (လု၊ ၂၄း၂၆)။

                “ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး” (ယော၊ ရး၃၉)။

                “ထိုအကြောင်းအရာကို တပည့်တော်တို့သည် အစအဦး၌ နားမလည်သော်လည်း၊ ကိုယ်တော်ကိုရည်မှတ်၍ ထိုသို့ ရေးထားသည်ကို၎င်း၊ ကိုယ်တော်အား ထိုသို့ပြုကြသည်ကို၎င်း၊ ဘုန်းပွင့်တော်မူသည်နောက် သတိရ၍ မှတ်မိကြ၏” (ယော၊၁၂း၁၆)။

                “အာဗြံဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ ဘုရားသခင်၊ ငါတို့ဘိုးဘေးများ၏ ဘုရားသခင်သည် မိမိသားတော်၏ ဘုန်းကို ထင်ရှားစေတော်မူပြီ။ ထိုသခင်ကို သင်တို့သည် ပိလတ်မင်းလက်သို့ အပ်နှံ၍၊ ထိုမင်းသည် လွှတ်မည်အကြံရှိသော်လည်း သင်တို့သည် ထိုသခင်ကို ငြင်းပယ်ကြ၏” (တမန်၊ ၃း၁၃)။

                “. . . (ခရစ်တော်)သည် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူပြီ” (၁တိ၊ ၃း၁၆)။

                “သင်တို့သည် ဘုရားသခင်ကို ထောက်လျက် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းရှိစေခြင်းငှါ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ” (၁ပေ၊ ၁း၂၁)။

                ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ချီဆောင်ခြင်း၏ အသရေသည် ကောင်းကင်ဘုံ၌ သူ၏ ထာဝရဘုန်းအသရေနှင့် ရောနှော ပေါင်းစပ်ကာ ခွဲခြား၍မရပါ။

သူ၏ ဒုတိယအကြိမ်ကြွလာခြင်းနှင့် နိုင်ငံတော်၏ ဘုန်းအသရေ

                ဤအကြောင်းနှင့် ပတ်သက်သော ကျမ်းပိုဒ်များကို ဓမ္မသစ်ကျမ်းထဲ၌ အများဆုံးတွေ့ရသည်။ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည် (မဿဲ ၂၄း၃၀)။ ထိုသခင်သည် မိမိ သန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော်ထင်ရှားခြင်းကို၎င်း . . . ယုံကြည်သောသူအပေါင်းတို့အားဖြင့် အံ့သြချီးမွမ်းခြင်းကို၎င်း၊ ခံအံ့ သောငှါ ကြွလာတော်မူမည် (၂သက်၊ ၁း၉၊၁၀)။ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ တမန်တော်များနှင့် သူ၏နောက်တော်သို့ လိုက်သောသူအပေါင်းတို့အား ဆုချတော်မူ၍ (မဿဲ  ၁၉း၂၈)၊ လူမျိုးအပေါင်းတို့ တရားစီရင်မည် (မဿဲ ၂၅း၃၁-၃၃)။ ဘုန်းကိုဆောင်၍ ကြွလာသောအခါ သူ့ကို၎င်း၊ သူ၏စကားကို၎င်း၊ ရှက်သောသူအပေါင်းတို့ကို ရှက်တော်မူလတံ့ (လု၊ ၉း၂၆)။ ယာကုပ်နှင့် ယောဟန်တို့သည်ခရစ်တော်အား နိုင်ငံတော်တည်သောအခါ သူ၏လက်ယာ၊ လက်ဝဲ၌ ထိုင်ခွင့်ပေးရန် မလိမ္မာစွာဖြင့် တောင်းလျှောက်ကြသည် (မာကု၊ ၁၀း၃၇)။ ယခုအချိန်၌ ခရစ်တော်၏ ဒုက္ခဆင်းရဲကို မျှဝေခံစားသောသူသည် အနှစ်တစ်ထောင်ကာလ၌ ခရစ်တော်နှင့် အတူပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ဘုန်းတော်ခံစားမည် (၁ပေ၊ ၄း၁၃)။

                ခရစ်တော်၏ ရုပ်သဏ္ဍာန်ပြောင်းလဲခြင်းက မေရှိယသည် ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ဖြစ်ကြောင်းကို ကြိုတင်ပြသသည်။ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် သန့်ရှင်းသော တောင်ကုန်းပေါ်၌ သခင်ဘုရား၏ ဘုန်းအသရေကို တွေ့မြင် ကြသည်။

                “ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ” (ယော၊ ၁း၁၄ခ)။

                “ပေတရုနှင့် သူ၏အဖော်တို့သည် . . . နိုးသောအခါ၊ ဘုန်းအသရေတော်ကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသော လူနှစ်ယောက်ကို ၎င်း မြင်ကြ၏” လု၊ ၉း၃၂)။

                နောက်ပိုင်းတွင် ပေတရုက သဏ္ဍာန်ပြောင်းလဲခြင်းသည် ခရစ်တော် ဒုတိယအကြိမ် ကြွလာသောအခါ ဘုန်းအသရေနှင့် ကြွလာမည့်ဖြစ်ရပ်ကို ကြိုတင်ဖော်ပြခြင်းဖြစ်သည်ဟု ကိုးကား၍ ရှင်းလင်းခဲ့ပါသည်(၂ပေ၊ ၁း၁၆)။

                မိမိ၏နိုင်ငံတော်၌ ခရစ်တော်၏ ဘုန်းအသရေကို ယော၊ ၁ရး၂၂၌ ဖော်ပြထားပါသည်။ ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းက ဤသို့ ဆိုပါသည်- “ငါတို့သည် တလုံးတဝတည်းဖြစ်သကဲ့သို့ သူတို့သည် တလုံးတဝတည်းဖြစ်ရန် ကိုယ်တော်သည် အကျွန်ုပ်အား ပေးတော်မူ သော ဘုန်းအသရေကို အကျွန်ုပ်သည် သူတို့အားပေးပါပြီ။” အဓိပ္ပါယ်မှာ၊ ကျွန်ုပ်တို့သည်ဘုရားသခင်၏ သားသမီးအနေဖြင့်၎င်း၊ သူ၏ညီ အစ်ကိုမောင်နှမများအနေဖြင့်၎င်း၊ ကိုယ်အင်္ဂါချင်းအနေဖြင့်၎င်း၊ အမွေကို အတူတကွ ဆက်ဆံသူအနေဖြင့်၎င်း၊ သူ၏ဘုန်းအသရေကို မျှဝေခံစားရကြသည်။

                သို့သော်လည်း ဤကျမ်းချက်တွင် လောက၌ သူ၏အုပ်စိုးခြင်း အာဏာသက်ရောက်ခဲ့ပြီးသကဲ့သို့ ပြောဆိုသည်။ အနှစ်တစ် ထောင်ကာလကို သူနှင့်တကွအုပ်စိုးသောအခါ၊ သူ၏ဘုန်းအသရေကို ကျွန်ုပ်တို့ကလည်း မျှဝေခံစားမည် (ဗျာ၊ ၂၀း၄)။ ဘုန်းအသရေဖြင့် ပေါ်ထွန်းသောအခါ၊ ကျွန်ုပ်သည်လည်း ဘုန်းအသရေနှင့် ပြည့်စုံမည်။ ယခုလက်ရှိအခြေအနေတွင် လောကသား တို့သည် ဘုရားသခင်၏ လူများကို မသိမှတ်သည့်အပြင်၊ မနှစ်သက်ကြချေ။

                “ . . .  လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် သို့ရာတွင်၊ ခရစ်တော်သည် ဘုန်းအသရေဖြင့် ပေါ်ထွန်းသောအခါ၊ ယုံကြည်သူအားလုံးတို့ကိုလည်း ဘုန်းအသရေဖြင့် မြင်ရကြမည်။ “ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတံ့” (ကော၊ ၃း၄)။

                “ချစ်သူတို့၊ ယခုတွင်ငါတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။ နောက်မှအဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော် လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည်မြင်ရကြလတံ့” (၁ယော၊ ၃း၂)။ ထို့နောက်လောကီသားတို့သည် သခင်ယေရှုနှင့်သူ၏ နောက်လိုက်များ၏ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို တွေ့မြင်ကြကာ၊ ခမည်းတော်သည် သားတော်ကို စေလွှတ်၍ သူ၏သားတော်ကို ချစ် သကဲ့သို့ သန့်ရှင်းသူတို့ကိုလည်း ချစ်တော်မူကြောင်း သိကြလိမ့်မည်။

ပစ္စုပ္ပန်ကောင်းကင်ဘုံ၌ သူ၏ဘုန်းအသေရေ

                ရှင်ယောဟန် ၁ရး၄၂၌ သခင်ယေရှု၏ တောင့်တမှုကို ဖော်ပြရာ၌ သူ့ကိုချစ်သောသူတို့သည် သူနှင့်အတူ ကောင်းကင်ဘုံ၌ စံမြန်းကာ၊ သူ၏ ဘုန်းအသေရေကို တွေ့မြင်ရန်ဖြစ်သည်။ ခရစ်တော်သိည် ကောင်းကင်ဘုံ၌ စံမြန်း၍၊ ဘုန်းအသရေ ပေါင်းနှင့် ပြည့်စုံသော သရဖူဆောင်းလျက်နေသည်ကို ကျွန်ုပ်တို့သည် ယုံကြည်ခြင်းဖြင့် တွေ့မြင်နိုင်ပါသည်။ “ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှာ။ ကောင်းကင်တမန်တို့ အောက်၌ အနည်းငယ်နှိမ့် ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသေရေပစ်ရစ်လျက်ရှိသည်ကို ငါတို့မြင်ကြ၏။” (ဟေမြဲ ၂း၉)။

                ကောင်းကင်ဘုံ၌ သူ၏ဘုန်းအသရေသည် ပေတရုတ ထာဝရဘုန်းအသရေဟုခေါ်သော အရာနှင့်တူပါသည်။ “ခရစ်တော် ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်ကို ပြုတော်မူသော ခပ်သိမ်းသော ကျေးဇူးကို ပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်”။ (၁ပေ၊ ၅း၁၀)။

                သို့သော်လည်း ခရစ်တော်လောကသို့ မကြွလာမီ သူ၏ဘုန်းအသရေနှင့် ခြားနားမှုရှိပါသည်။ ယခုအချိန်တွင် ကောင်းကင်ဘုံ၌ သူ၏ဘုရားဇာတိနှင့် ဆိုင်သောဘုန်းအသရေအပြင် ဘုန်းအသရေနှင့် ပြည့်စုံစော လူသားအနေဖြင့်လည်း တည်ရှိသည်။

                ယခုပစ္စုပ္ပန်ကာလ၌ သူ၏အသရေသည် ပင်ကိုယ်ဘုန်း အသရေနှင့် ရယူသောအသရေများ တွဲထားခြင်းဖြစ်သည်။ ဤဘုန်းအသ ရေများသည် သူ၏ဘုရားဇာတိ၊ လူသားဖြစ်ခြင်း၊ ဂုဏ်အင်္ဂါ၊ အကျင့်စာရိတ္တနှင့် ရာထူးတို့၏ ဘုန်းအသရေများဖြစ်သည်။ ထိုဘုန်းအသရေ များကို ခရစ်တော်နှင့်မျှဝေခံစားရန် ကျွန်ုပ်တို့အားမခေါ်ဘဲ၊ ထိုဘုန်းအသရေများ၌ ဝမ်းမြောက်ကြည်နူးကာ၊ ထိုဘုန်းအသရေများကြောင့် ခရစ်တော်ကို ထာဝရချီးမွမ်းရန် ခေါ်ပါသည်။

မှတ်ချက် ။

၁။        ခရစ္စမတ်သီချင်း “နားထောင်ကောင်းကင်သား ကြွေးကြော်”

၂။         “သခင်ယေရှုအပြစ် လုပ်တတ်ပါသလား” ဟူသော မေးခွန်း၏ အဖြေမှာ – ခမည်းတော်ဘုရားလုပ်ခိုင်းသော အရာများကို သာ လုပ်သည်။ ဤအရာက အပြစ်လုပ်ခြင်းကို ဖယ်ရှားပါသည်။ သူသည ်ခမည်းတော်နှစ်သက်တော်မူသော အမှုကိုသာ ပြုသည်။ (ယော၊ ၈း၂၉)။ ဤအရာကလည်း အပြစ်ကို ဖယ်ရှားသည်။

၃။        ဤကျမ်းပိုဒ်က လောက၌ခရစ်တော်၏ (လူသားအနေဖြင့်) အကျင့်စာရိတ္တနှင့် ပတ်သတ်သော ဘုန်းအသရေကို ရည်ညွန်းခြင်း ဖြစ်နိုင်သည်။ သို့သော် အဓိကအားဖြင့် သူ၏ရုပ်သဏ္ဍာန်ပြောင်းလဲခြင်းကို ရည်ညွှန်းပါသည်။

၂၇ခရစ်ဝင်ကျမ်း၌ ရှိသော ခြားနားချက်များ Differences in the Gospels

                ခရစ်ဝင်ကျမ်းကို လေ့လာသောသူတိုင်းသည် အထူးသဖြင့် ရှင်မဿဲ၊ ရှင်မာကုနှင့် ရှင်လုကာကျမ်းများတွင် ပါရှိသော အကြောင်းများသည် တစ်ခုနှင့်တစ်ခုထပ်နေကြောင်း သတိပြုမိလိမ့်မည်။ တူညီသော နိမိတ်လက္ခဏာများအကြောင်း၊ ပုံဥပမာများနှင့် တရားဒေသနာများပါရှိသည်။ သို့ရာတွင်၊ ၎င်းတို့ကို မလိုအပ်ဘဲနှင့် သမ္မာကျမ်းစာထဲ၌ ထပ်၍ရေးသားမည်မဟုတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် အကြောင်းရင်းမရှိဘဲ ထပ်၍ ရေးသားခိုင်းမည်မဟုတ်ပါ။

                ခရစ်ဝင်ကျမ်းကို စေ့စေမြေ့မြေ့လေ့လာသောအခါ၊ တူညီသော အချက်များသည် အရေးမကြီးဘဲ၊ တစ်ခုနှင့်တစ်ခုခြားနားသော အချက်များက အရေးကြီးပါသည်။ အကြောင်းတူကို ထပ်၍ရေးသည်ဟုထင်ရသော ကျမ်းပိုဒ်များတွင် အနည်းငယ်သော ပြောင်းလဲမှု များရှိကာ ထူးခြားသော အဓိပ္ပာယ်ရှိပါသည်။

                ခရစ်ဝင်ကျမ်းရှိသော တူညီသည့်အချက်များကို ရေးသားထုတ်ဝေသည့် စာအုပ်မြောက်များစွာရှိပါသည်။ သို့သော်လည်း သူတို့ သည် အဓိကအချက်များကို မေ့လျှော့တတ်ကြသည်။ တစ်ခုနှင့်တစ်ခု တူညီချက်များသည် အဓိကကျသော အရာမဟုတ်ဘဲ။ တူညီသော ကျမ်းပိုဒ်များမှ ခြားနားသော သမ္မာတရားသွန်သင်ချက်များကို နှိုက်ထုတ်ရန်ဖြစ်သည်။ တူညီသောကျမ်းပိုဒ် များနှိုင်းယှဉ်ခြင်းဖြင့် သက်သေသာဓကများပြ ကြပါစို့။

                ခရစ်ဝင်ကျမ်း (၄)ကျမ်းစလုံးတွင်၊ နှစ်ခြင်းဆရာယောဟန်က သူ၏တရားနာပရိသတ်အား သခင်ဘုရားက နှစ်ခြင်း (ဗတ္တိဇံ) ပေးမည်ဟု ပြောခဲ့ပါသည်။ သို့သော်၊ ယုံကြည်သူအား ပြောသောအခါ၊ “ထိုသူ (သခင်ယေရှု)သည် သန့်ရှင်းသော ဝိညာဉ်တော်၌ သင်တို့ကို ဗတ္တိဇံပေးမည်”ဟုပြော၏။ (မာကု ၁း၈။ ယော ၁း၃၃)။ သို့ရာတွင် သူ၏ပရိသတ်ထဲ၌ မယုံကြည်သူများပါသောအခါ “ထိုသူသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ မီးနှင့်၎င်းသင်တို့ကို ဗတ္တိဇံပေးမည်” ဟု ပြောဆို၏။ (မဿဲ၃း၁၁။ လု၊ ၃ း၁၆)။ သူသည် ခြားနားသော ဗတ္တိဇံနှစ်မျိုးကို ပြောခြင်းဖြစ်သည်။ ပထမမှာ မင်္ဂလာရှိသော ဗတ္တိဇံဖြစ်၍၊ ဒုတိယမှာ တရားစီရင်ခြင်းကို ဖော်ညွှန်းသော ဗတ္တိဇံ ဖြစ်သည်။

ဒေသနာနှစ်ခု (တစ်ခု မဟုတ်)

                တောင်ပေါ်ဒေသကို မဿဲအခန်းကြီး ၅-၇၌ တွေ့ရသည်။ ဤတောင်ပေါ်ဒေသနာ၏ အချို့တဝက်တို့သည် လုကာ ၆-၁၇ အောက်ပိုင်း၌ ထပ်၍ပြန်ပါလာသကဲ့သို့ ဖြစ်ပါသည်။ သို့သော် တရားဒေသနာနှစ်မျိုးဖြစ်၍၊ ခြားနားသော အဖြစ်အပျက်နှစ်ခု၌ ဟောကြားခြင်းဖြစ်သည်။ ရှင်မဿဲ ခရစ်ဝင်ကျမ်းထဲ၌ ဤဒေသနာတောင် ပေါ်၌ ဟောကြားခြင်းဖြစ်သည်။ ရှင်လုကာထဲတွင် ဒေသနာကို မြေညီရာအရပ်၌ ဟောကြားခြင်းဖြစ်သည်။ သခင်ယေရှုသည် သူ၏တပည့်တော်များနှင့်အတူ ကြွရောက်လာကာ၊ မြေညီရာအရပ်၌ မတ်တပ်ရပ်သည် (လု၊ ၆း၁၇)။ ရှင်မဿဲက ပြည့်စုံသော နိုင်ငံတော်သားအကြောင်း ဖော်ပြကာ၊ ရှင်လုကာက ဧဝံဂေလိတရားကို ဟောပြောမည့် တပည့်တော်များ၏ အသက်ရှင်မှုကို ဖော်ပြသည်။ ရှင်မဿဲခရစ်ဝင်ကျမ်း၌ စိတ်နှလုံးနိမ့်ချသော သူတို့အတွက် ကောင်းကြီးမင်္ဂလာဖော်ပြကာ (မဿဲ ၅း၃)၊ ရှင်လုကာခရစ်ဝင်ကျမ်း၌ ဆင်းရဲသော သူတို့အား ကောင်းကြီးပေး၏။ (၆း၂ဝ)။ ရှင်မဿဲ ခရစ်တော်ဝင်ကျမ်းတွင် အမင်္ဂလာမပါရှိဘဲ၊ ရှင်လုကာထဲတွင် အမင်္ဂလာ (၄) မျိုးရှိပါသည်။ (၆း၄ – ၂၆)။ ဤခြားနားချက်များကို ကောင်း မွန်စွာ မဆင်ခြင်ဘဲ ကျော်မသွားသင့်ပါ။

                မဿဲ နှင့် လုကာ နှစ်ဦးစလုံးက “မျက်စိကား ကိုယ်၏ဆီမီးဖြစ်၏”ဟု ဖော်ပြချက်ကို ကိုးကားရေးသားကြသည်။ ရှင်မဿဲ ခရစ်ဝင်ကျမ်း၏ ရှေ့နောက်စကားအဆက်အစပ်များက ငွေကိုတပ်မက်ခြင်းသည် ဝိညာဉ်ရေးရာအမြင်ကြင်လင်မှုကို တားဆီးကြောင်း ပြောပါသည် (၆း၂၂)။ ရှင်လုကာသည် ထိုကျမ်းပိုဒ်တွင် ငွေနှင့်ပတ်သက်၍မဖော်ပြပါ (၁၁း၃၃-၃၆)။ သခင်ယေရှု၏ သွန်သင်ချက်ကို ကြိုဆိုလက်ခံခြင်းနှင့် ၎င်းတို့ကိုသူတပါးအားပြန်လည်ဝေငှခြင်းအားဖြင့် ကောင်းကြီးမင်္ဂလာရရှိကြောင်း အလေးထားဖော်ပြသည်။

                ခရစ်ဝင်ကျမ်းတွင် “… သူတပါးအားပေးသော ပမာဏအတိုင်းကိုယ်ခံရကြမည်”ဟူသော သွန်သင်ချက်သုံကြိမ်ပါရှိသည်။ ရှင်မဿဲ ရး၂ တွင် သူတပါးကို တရားစီရင်လေ့ရှိသောသူတို့အား သတိပေးခြင်းအနေဖြင့် ပါရှိသည်။ ရှင်မကုက ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မိမိအတွက် ကျင့်သုံးရန် အားပေးသည့်အနေဖြင့် ကိုးကားသည် (၄း၂၄)။ ရှင်လုကာက ဘုရားသခင်၏လူစုထဲ၌ လွတ်လပ်မှုကို အားပေးသည့်အနေဖြင့် သုံးသည်။

                မဿဲ ၁၀း၂၄ တွင် သခင်ယေရှုက “တပည့်သည်ဆရာထက်မသာ။ ကျွန်သည်သခင်ထက်မသာ”ဟု ပြောသည်။ ထို့နောက် လုကာ ၆း၄၀တွင် “တပည့်သည် ဆရာထက်မသာ၊ အပြီးသင်ပြီးသော တပည့်တိုင်းမိမိဆရာကဲ့သို့ဖြစ်လိမ့်မည်” ဟု ပြောခဲ့သည်။ ဤကျမ်းပိုဒ်များ၏ ဆိုလိုချက်သည် တူညီသကဲ့သို့ဖြစ်သော်လည်း၊ ခြားနားသော အဓိပ္ပါယ်ရှိပါသည်။ ရှင်မဿဲခရစ်ဝင်ကျမ်းတွင်၊ တပည့် သည် သူ၏ဆရာထက် ညှဉ်းပန်းနှိပ်စက်ခြင်းကိုလျှော့၍ခံသင့်သည်ဟု မျှော်လင့်၍မရပါဟု ကယ်တင်ရျင်ကသွန်သင်ခြင်း ဖြစ်သည်။ ရှင်လုကာထဲတွင် ယုံကြည်သူတစ်ဦးက သူ၏ဝိညာဉ်ရေးအခြေအနေထက်ကျော်လွန်၍ တပည့်အားဦးဆောင်၍ မရနိုင်ကြောင်းကို သွန်သင်ခြင်းဖြစ်သည်။

ကိုးဆယ့်ကိုး

                သိုးကိုးဆယ့်ကိုးကောင်၏ပုံပြင်ကို ခရစ်ယာန်တိုင်းသိကြပါသည်။ မဿဲ ၁၈း၁၂-၁၃ တွင် သခင်ဘုရား၏ ကလေးသူငယ်များ အားချစ်မြတ်နိုးကြောင်းကို ပုံဖော်ထားပါသည်။ လုကာ ၁၅း၄-၇ သည် နောင်တရရန်လိုအပ်ကြောင်းကို မဝန်ခံချင်သောဖါရိရှဲတို့အား ရည်ညွှန်းသည် (ငယ် ၂ နှင့် ၇)။

                တလင်ပုံဥပမာ (မဿဲ ၂၅း၁၄-၃၀) နှင့် ငွေပိဿာပုံဥပမာကို မရှုပ်ထွေးသင့်ပါ (လု၊ ၁၉း၁၂-၂၇)။ တာလင်ပုံဥပမာတွင်၊ လူသုံးယောက်အား သူတို့အသီးသီး၏အစွမ်းသတ္တိအတိုင်း ငွေကိုခွက်ဖြင့် ချိန်၍ပေး၏။ ပထမနှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦး အစွမ်း သတ္တိကွာခြားသော်လည်း သူတို့၏သစ္စာရှိမှုအပေါ်၌မူတည်၍ တူညီသောချီးမွမ်းခြင်းကို ရရှိကြ၏။ တတိယလူမူကား၊ သူ၌ရှိသော အရာနှင့်လုပ်သင့်သောအလုပ်ကို မလုပ်သောကြောင့် ပြစ်တင်ခြင်းခံရပါသည်။

                ငွေပိဿာပုံဥပမာတွင် လူသုံးယောက်သည် တူညီသောငွေပမာဏအသီးသီးရရှိကြကာ၊ သူတို့အားလုံးသည် တူညီသောအခွင့် အရေးလည်းရရှိကြသည်။ တစ်ယောက်က တစ်ဆယ်ဆ၊ တစ်ယောက်က ငါးဆ၊ နောက်ဆုံးလူက မည်သည့်အမြတ်မျှမရပါ။ ပထမလူ နှစ်ယောက်အား သူတို့၏သစ္စာရှိမှုအပေါ်၌အခြေပြု၍ အကျိုးခံစားစေပါသည်။ တတိယလူမှာ သူ့အားပေးခဲ့သော ငွေတစ်ပိဿာပင်လျှင် ဆုံးရှုံးရ၏။

ငြင်းပယ်ခြင်းအကြိမ်ပေါင်းမည်မျှရှိပါသနည်း။

                ရှင်ပတေရုက သခင်ယေရှုအား အနည်းဆုံး(၆)ကြိမ်ငြင်းပယ်သည်ဟု ဆိုနိုင်သည်။ ခရစ်ဝင်ကျမ်းကို အသေးစိတ်လေ့လာပါက၊ သူကခရစ်တော်ကို အောက်တွင်ဖော်ပြသောလူများ၏ရှေ့မှောက်၌ ငြင်းပယ်ကြောင်းတွေ့ရသည် – (၁) အမျိုးသမီးတစ်ယောက် (မဿဲ ၂၆း၆၉-၇၀။ မာကု ၁၄း၆၆- ၆၈)။ (၂) အခြားအမျိုးသမီးတစ်ယောက် (မဿဲ ၂၆း၇၁-၇၂။ မာကု ၁၄း၆၉-၇၀)၊ (၃) ရပ်နေသောလူထု (မဿဲ ၂၆း၇၃-၇၄။ မာကု ၁၄း၇၀-၇၁)၊ (၄) ယောက်ျားတစ်ယောက် (လု၊ ၂၂း၅၈)၊ (၅) အခြားယောက်ျားတစ်ယောက် (လု၊ ၂၂း၅၉-၆၀)၊ (၆) ယဇ်ပုရောဟိတ်မင်း၏ကျွန် (ယော၊ ၁၈၊ ၂၆၀၂၇)။ ဤနောက်ဆုံးလူသည် အခြားသူများနှင့်မတူဘဲ ထားခြားသည်။ အဘယ့်ကြောင့်ဆိုသော် သူက ပေတရုအား “ဥယျာဉ်၌ ယေရှုနှင့်အတူ သင်ရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လော”ဟု ပြောခဲ့သည်။ အခြားသူ များက ထိုကဲ့သို့မပြောကြပါ။

                ခရစ်ဝင်ကျမ်းတစ်ခုစီ၏အဆုံးပိုင်းတွင် ယေရှုဘုရားကသူ၏တပည့်တော်များအားစေခိုင်းရာတွင် အလေးထားပြောဆိုမှုများသည် ခြားနားကြောင်းသိမှတ်ပါ။

မဿဲ    –           တပည့်တော်ဖြစ်စေပါ၊ တရားဟောပါ။ သွန်သင်ပါ (၂၈း၁၉)

မာကု    –           ဧဝံဂေလိတရားဟောပါ (၁၆း၁၅)

လုကာ  –           သက်သေခံပါ (၂၄း၄၈)

ယောဟန်          –           ငါ့နောက်သို့လိုက်လော့ (၂၁း၁၉-၂၂)၁

                ခရစ်ဝင်ကျမ်းတွင် တူညီသည်ဟုထင်ရသောကျမ်းပိုဒ်တစ်ချို့သည် ထပ်ကာထပ်ကာပါရှိခြင်းမဟုတ်ပါ။ ၎င်းတို့၏တူညီမှုကို ဖတ်ရှုလေ့လာခြင်းထက် ခြားနားမှုများကို ဂရုတစိုက်ဖတ်ရှုလေ့လာပါက နက်နဲသောသမ္မာတရားတွေ့ရှိကာ၊ ရှုပ်ထွေးမှုများလည်း ရှင်းသွားလိမ့်မည်။ ထို့အပြင်၊ အံ့သြဘွယ်ရာအသက်ရှင်သော နှုတ်ကပတ်တော်ကိုလည်း ပို၍နှစ်သက်မြတ်နိုးပါလိမ့်မည်။

မှက်ချက်။

၁။        ပေတရုအားပြောသောစကားဖြစ်သော်လည်း ယုံကြည်သူအားလုံးအတွက်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *