ကလေးသူငယ်များ မေးတတ်သော မေးခွန်းများ  

အပြစ်လွှတ်ခြင်းအခွင့်ကို ငါတို့ ဘယ်လိုရနိုင်မလဲ?

ငါတို့ဘယ်လိုနည်းနဲ့ပြောင်းလဲနိုင်မလဲ?

ကလေးများ ( အထူးသဖြင့် သမ္မာကျမ်းစာအကြောင်း လုံးဝမကြား မသိဖူးသေးသောကလေးများ ) ဝိညာဉ်ကယ်တင်ရေးနှင့်ဆိုင် သော သင်ခန်းစာ ( ၅ ) ခု

SAM DOHERTY

( အသင်းတော်တွင်း ကန့်သတ်ထုတ်ဝေသည် )

ကလေးသူငယ် အမှုတော်မြတ်တွင်ပါဝင်လုပ်ဆောင်နေသူများအတွက် လမ်းညွှန်စာအုပ်များ

အတွဲ ( ၁ ) ကလေးအမှုတော်ဆောင်တစ်ယောက်အတွက် ဘုရားရှင်၏လမ်းညွှန်

အတွဲ ( ၂ ) ကလေးသူငယ်တစ်ဦးအား ခရစ်တော်ထံ ပို့ဆောင်နည်း

အတွဲ ( ၃ ) ကလေးသူငယ်များအား သမ္မာကျမ်းစာ၏ ဩဝါဒများကို သွန်သင်နည်း

အတွဲ ( ၄ ) ကလေးသူငယ်များအား အဘယ်ကြောင့် ဧဝံဂေလိတရားဟောပြောရသနည်း

အတွဲ ( ၅ ) ကောင်းကင်ရူပါရုံကိုနာခံခြင်း

အတွဲ ( ၆ ) သင်ကြားခြင်း၏နည်းစနစ်များ

မျက်မြင်အထောက်အကူပစ္စည်းများဖြင့် ကလေးသူငယ်များ သမ္မာကျမ်းစာ၏ ဩဝါဒများကိုသွန်သင်ခြင်း

အတွဲ ( ) ကလေးသူငယ် မေးတတ်သောမေးခွန်းများ ( သင်ခန်းစာ ( ) ခု

သင်ခန်းစာ ( ၁ ) ကျွန်ုပ်တို့အပြစ်လွှတ်ခြင်းအခွင့်ကို ဘယ်လိုရနိုင်မလဲ

သင်ခန်းစာ ( ၂ ) ကျွန်ုပ်တို့ဘယ်လိုပြောင်းလဲနိုင်မလဲ

သင်ခန်းစာ ( ၃ ) ကျွန်ုပ်တို့ဘယ်လိုလွတ်မြောက်နိုင်မလဲ

သင်ခန်းစာ ( ၄ ) ကျွန်ုပ်တို့စိတ်ချမှုကို ဘယ်လိုရနိုင်မလဲ

သင်ခန်းစာ ( ၅ ) ကျွန်ုပ်တို့ပျော်ရွှင်မှုကို ဘယ်လိုရနိုင်မလဲ

အမှာစာ

ကလေးသူငယ်များသည် သူတို့ ကြားရသည့်၊ တွေ့မြင်ဖတ်ရှုရသည့် အချက အလက်များအပေါ် မူတည်၍ သိလိုစိတ်ဖြင့် မေးခွန်းများကို အလွယ်တကူ မေး မေးထရှိကြပါသည်။ သူတို့သည် ကလေးသဘာဝအလျောက် လူကြီးများထက် သာ၍ စပ်စုလိုသောသဘောရှိတတ်ကြပါသည်။ ဤကဲ့သို့ မေးမြန်းခြင်းများကို သူတို့အား သွန်သင်နေကြသူများကလည်း အားပေးကြပါသည်။ အထူးသဖြင့် ထာဝရကာလနှင့် ဝိညာဉ်ရေးရာအကြောင်းအရာများကို မေးမြန်းသည့်အခါ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် သွန်သင်သူ ဆရာ/ဆရာမများနှင့် ဧဝံဂေလိတရားဟောဆရာများသည် ဤကဲ့ သို့မေးလာသော မေးခွန်းများကို သူတို့၏အမှုတော်မြတ်အတွက် ပထမဆုံးသော အသီး အပွင့်များအဖြစ် ခံယူထားသောကြောင့်ဖြစ်သည်။

နားထောင်လိုစိတ်၊ ခံယူလိုသောသဘောရှိသောကလေးသူငယ်များအား ညွှန်ကြားသင်ပြခွင့်ရရှိခြင်းသည် ထူးမြတ်သောအခွင့်အရေးနှင့် အတွေ့အကြုံများပင်ဖြစ် သည်။ ကလေးများသည် သူတို့၏ဧဝံဂေလိဆရာက ပို့ချချက်များကို စိတ်ဝင်တစား နားထောင်တတ်ကြပြီး အချို့ကလေးများအဖို့ ကယ်တင်ရှင်လိုအပ်ကြောင်း နိုးကြားသည့် အသိများဖြစ်ပေါ်လာကြသည်ကိုလည်း ထင်ရှားစွာ တွေ့မြင်ရလေ့ရှိပါသည်။

အစည်းအဝေးလည်း ပြီးဆုံးသွားပါပြီ။ ကလေးသူငယ်များလည်း ပြန်လည်ထွက် ခွာသွားကြပြီဖြစ်သည်။ ထိုအချိန်တွင် တံခါးခေါက်သံကို ကြားရသည့် ဧဝံဂေလိဆရာ သည် တံခါးကို ဖွင့်ကြည့်လိုက်သောအခါ ကလေးမလေး(၃)ယောက်ကို တွေ့ရပါသည်။ (၂)ယောက်မှာ အသက်ရှစ်နှစ်ခန့်စီရှိပါလိမ့်မည်။ ကျန်တစ်ယောက်မှာ ထိုနှစ်ယောက် ထက် များစွာငယ်ရွယ်ပါသည်။ အကြီးမလေးနှစ်ယောက်က ဆရာအား သူတို့အ ကယ်တင်ခြင်းလိုအပ်ပုံအကြောင်း ပြောပြပေးရန် တောင်းဆိုလာကြသည်။ ဆရာသည် လည်း သင့်လျော်သော ကျမ်းပိုဒ်အချို့ကို ဖတ်ပြပြီးနောက် နားလည်သဘောပေါက် အောင် အကြီးမလေး(၂)ယောက်တို့အား ရှင်းပြကာ ကယ်တင်ခြင်းရစိမ့်သော ကယ်တင်ရှင်ထံ လမ်းပြပေးနိုင်ခဲ့ပါသည်။ ။

ဧဝံဂေလိဆရာအဖို့ ကျန်(၁)ယောက်မှာ နားလည်ဖို့ရန် အလွန်ငယ်သေးသ. ထင်မှတ်ခဲ့ပါသည်။ ကလေးမလေးများ ထွက်သွား၍ စက္ကန့်ပိုင်းအကြာတွင် နောက် တံခါးခေါက်သံကို ကြားရပြန်သည်။ တံခါးကို ဖွင့်ကြည့်လိုက်သောအခါ အငယ်မ လေးက ဆရာ့မျက်နှာကို မော့ကြည့်ရင်း “ကျွန်မရော ကောင်းကင်ဘုံကို မသွားနိုင် မေးလိုက်ပါသည်။ ။

အသက်အရွယ်အလွန်ငယ်ရွယ်သေးသည်ဟု ထင်မှတ်နေသော ဧဝံဂေလိဆ အဖို ဤကဲ့သို့ကယ်တင်ခြင်းလမ်းအကြောင်း သိမြင်လို၍မေးလာသောကလေးမလေး မေးခွန်းကို ကြားရသည့်အခါ မဖော်ပြနိုင်လောက်အောင် ဝမ်းမြောက်ပီတိဖြစ် သည်။ ဤအဖြစ်အပျက်နှင့် ဆက်နွယ်နေသော နောက်ဆက်တွဲအကြောင်းများရှိပါ) သည်။ နှစ်ပေါင်းအတော်ကြာလာသည့်အခါ ထိုဧဝံဂေလိတရားဟောဆရာသည် ထိုအသင်းတော်သို့ သွား၍ဥပုသ်စာဖြေသင်တန်းတွင် စကားပြောဖို့ရန် ဖိတ်ခေါ်ခြင်းခံခဲ့ ရပါသည်။ ။

သူ့အား မိန်းကလေး(၃)ယောက်က စကားပြောခွင့်ပြုပါရန် တောင်းခံလာကြောင်း ၊ ကို တင်ပြလာပါသည်။ ထိုမိန်းကလေး(၃)ဦးအနက် (၂)ဦးမှာ အသက်(၁၈)နှစ်ခန့်စီရှိပြီး ကျန်တစ်ယောက်မှာ အသက်(၁၄)နှစ်ခန့်ရှိပါသည်။ သူတို့သည် ထိုအသင်းတော်တွင် အသင်းသားများဖြစ်ကြပြီး ဥပုသ်စာဖြေသင်တန်းနှင့် လူငယ်သင်တန်းများတွင် တက်ကြွ စွာပါဝင်လှုပ်ရှားနေကြသူများဖြစ်သည်။ ဧဝံဂေလိတရားဟောဆရာအဖို့ စိတ်လှုပ်ရှား ရသည်မှာ ထိုမိန်းကလေး(၃)ဦးလုံးမှာ တစ်ချိန်က သူကိုယ်တိုင် သခင်ယေရှုခရစ်ထံသို့ လမ်းပြပို့ဆောင်ပေးခဲ့သောသူများဖြစ်နေကြောင်း သိရှိခဲ့ရ၍ဖြစ်သည်။

ဆရာကြီး Sam Doherty သည်လည်း သူ၏ကလေးဧဝံဂေလိလုပ်ငန်း မိတ်သ ဟာယအဖွဲ့ကြီးတွင် ပါဝင်အစေခံနေသည့် ကာလတစ်လျှောက်လုံး၌ ဤကဲ့သို့ပင် “ကျွန်ုပ်တို့ရော”ဆိုသည့် တောင်းပန်မေးမြန်းသံများကို ကြားခဲ့ရပြီး ထောင်ပေါင်းများစွာ သော ကလေးသူငယ်များကို ယေရှုခရစ်တော်ထံသို့ လမ်းပြပို့ဆောင်ပေးနိုင်ခဲ့ပါ သည်။ သူ၏(၄၈)နှစ်ကြာ ကာလအတွင်း ကလေးသူငယ်များ အမှုတော်မြတ်ကြီးကို ဇာတိရပ် မြေမြောက်ပိုင်းအိုင်ယာလန်နိုင်ငံနှင့် ဥရောပတိုက်အရှေ့ခြမ်းနိုင်ငံများသို့ သွားရောက်ပြီး ဧဝံဂေလိတရားဟောကြားခဲ့ရာတွင် မြောက်မြားစွာသော ကလေးများမှာ သူ ချစ်မြတ်နိုးပြီး သူတို့အတွက် အသေခံသွားရှာသော ကယ်တင်ရှင်ခရစ်တော်အကြာ ကို ကြားနာခွင့်မရခဲ့ကြကြောင်းကို ဖော်ထုတ်တွေ့မြင်ခဲ့ရပါသည်။ “ကျွန်ုပ်တို့ရော ဆို သည့် မေးခွန်းများကိုလည်း သူ ကြားခဲ့ရပါသည်။ ဆရာကြီး San သည် ယခုအခါ ဇာတိရပ်မြေမြောက်ပိုင်းအိုင်ယာလန်သို့ ပြန်၍ အခြေချလျက် ကလေးသူငယ်များ ဧဝံဂေလိတရား ဟောပြောနေသူဆရာ/ဆရာမများအဖို့ စာပေရေးသားဖြန့်ဝေ လုပ်ငန်းကြီးကို လုပ်ဆောင်လျက်ရှိနေပါသည်။

Dr. D.G Barnhouse ဆိုသူ ဆရာကြီးက “တိုင်းတစ်ပါးအတွက် အကြီးမြတ်ဆုံး သောသာသနာပြုခြင်းသည် စာပေပုံနှိပ်ထုတ်ဝေဖြန့်ချိပေးခြင်းဖြစ်ပြီး ကျွန်ုပ်တို့သည် ဤလုပ်ငန်းကြီးကို တိုး၍ လုပ်ဆောင်ဖို့ လိုပေသည်”ဟု မိန့်ဆိုခဲ့ဖူးပါသည်။ )

ဤအမှုတော်မြတ်အသစ်အားဖြင့် ခရစ်တော်အကြောင်းကို ကြားသိရခွင့်မရကြ သော ကလေးသူငယ်မြောက်မြားစွာသည် ဘုရားသခင်၏နှုတ်ကပတ်တော်သမ္မာတရား ကို ကြားသိနားလည်ခွင့်ရကြပြီး ကယ်တင်ရှင်ယေရှုခရစ်တော်ကို လက်ခံယုံကြည်ကိုးစား လာနိုင်ခွင့်ရကြမည်ဖြစ်သည်။ ။

ကလေးသူငယ်များအား ဧဝံဂေလိဟောကြားနေကြသော ဆရာ/ဆရာမများ၊ အတွက် သူတို့၏ အသက်တာနှင့် အမှုတော်မြတ်တွင် အထောက်အကူဖြစ်စေမည့် လမ်းညွှန်စာအုပ်များ ရေးပေးနေသည့် ဆရာကြီး Sam အား သမ္မာတရားနှင့်ပတ်သက်၍ ကျောထောက်နောက်ခံမရှိကြသော ကလေးများအတွက် ဤစာအုပ်ကဲ့သို့ ရှင်းလင်း လွယ်ကူသည့် ရုပ်ပြအထောက်အကူပစ္စည်းများကို အသုံးပြုသောသမ္မာတရားဩဝါဒ သင်ခန်းစာများကို ရေးသားပေးပါရန် မေတ္တာရပ်ခံလာကြပါသည်။ ။

ဤဧဝံဂေလိဩဝါဒသင်ခန်းစာတွင် ကယ်တင်ခြင်းဟူသည် ကျေးဇူးတော်ကြောင့် ခရစ်တော်၏ အသွေးတော်မြတ်အားဖြင့်သာလျှင် ရရှိခံစားနိုင်ကြောင်း ရှင်းလင်းစွာဖြင့် သွန်သင်ထားပါသည်။ ။

ဤသွန်သင်ချက်စာအုပ်တွင် ခေါင်းစဉ်(၅)ခုခွဲ၍ အောက်ပါအတိုင်း ရှင်းလင်း ဖော်ပြထားပါသည်။ ။

အပြစ်လွှတ်ခြင်း၊ အသက်တာပြောင်းလဲခြင်း၊ လွတ်မြောက်ခြင်း၊ စိတ်ချမှုနှင့် ပျော်ရွှင်ခြင်းတို့ဖြစ်သည်။ ဤသင်ခန်းစာတွင် အထူးအလေးပေး သွန်သင်ချက်များမှာ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာသို့ရောက်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ ။

အောင်ခြင်းနှင့် ထာဝရအသက်အတွက် စိတ်ချစွာ သိမြင်ခြင်းတို့ဖြစ်ပါသည်။ ကျွန်ုပ် သည် ဤသင်ခန်းစာများအားဖြင့် ဩဝါဒတရားများကို လေးနက်စွာ ခံယူနိုင်ခြင်း ၊ ကောင်းချီးမင်္ဂလာကို ခံစားခွင့်ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက်ပီတိဖြစ်ရပါ သည်။ ဤသင်ခန်းစာတွင် လေးနက်လှသော ဩဝါဒများကို အလွယ်တကူ နားလည် နိုင်ဖို့ရန် ရှင်းလင်းဖော်ပြထားပါသည်။ ဤသင်ခန်းစာများအားဖြင့် မြောက်မြားစွာသော ကလေးသူငယ်များသည် ကယ်တင်ရှင်ကို ယုံကြည်လက်ခံလာစေဖို့ရန် Sam၏ ဆုတောင်းချက်အတိုင်း ကျွန်ုပ်သည်လည်း သူနှင့် ထပ်တူထပ်မျှ ဆုတောင်းပေးလိုက်ပါ သည်။ တရားဟောဆရာကြီး John Wesley သည် သူ့အသက်(၆)နှစ်အရွယ်က မမေ့နိုင်

သော ကြောက်မက်ဖွယ်ရာ အတွေ့အကြုံတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပါသည်။ သူ လန့် သောအခါ သူ့အိမ်ကို မီးစွဲလောင်နေကြောင်း တွေ့လိုက်ရပါသည်။ အခြားသူများ ကယ်တင်နိုင်ခဲ့ကြသော်လည်း သူ့ကိုမူ မေ့နေခဲ့ကြသည်။ နောက်ဆုံးတွင် ကြောက်လန့် နေသော ကလေးအပေါ် မီးလောင်နေသည့် အိမ်ခေါင်မိုးသည် ပြုတ်ကျမလာခင် တွင် အိမ်နီးချင်းတစ်ယောက်က ကလေးငယ်၏ အော်ဟစ်အကူအညီတောင်းသံ ကြားရ၍ အိမ်ပေါ်ပြေးတက်လာပြီး မီးလောင်ခေါင်မိုးပြုတ်ကျမလာခင် သူ့အား ပြတင်း ပေါက်မှ ဆွဲထုတ်ကယ်တင်နိုင်ခဲ့ပါသည်။ ဤအဖြစ်အပျက်ကို လူတစ်ယောက်က ပုံကြမ်း၊ ဆွဲထားခဲ့ရာ ထိုပုံကို John Wesley သည် သေသည့်တိုင်အောင် သူနှင့်အတူ သိမ်းဆည်း ထားခဲ့ပါသည်။ ထိုပုံကိုကြည့်မည်ဆိုလျှင် ပုံ၏အောက်တွင် “မီးထဲကနုတ်သောထင်းစ” ဟု ရေးသားထားသော သူ၏လက်ရာကို တွေ့ကြရမည်ဖြစ်သည် (ဇာခရိ၊၃၂)။ ။

ဝမ်းမြောက်ဖွယ်ရာ ကယ်တင်ခြင်းသတင်းစကားကို ကြားနာရပြီး ခရစ်တော်ကို မိမိတို့၏ ကယ်တင်ရှင်အဖြစ် လက်ခံကြသော ကလေးများသည်လည်း “မီးထဲကနုတ် သော ထင်းစများ”ပင်ဖြစ်ကြပါသည်။ ထို့ကြောင့် ထိုကယ်တင်ခြင်းသတင်းစကားကို သူတို့ထံသို့အရောက် ဟောကြားဖို့ရန် အထူးအရေးကြီးပါသည်။ “ကျွန်ုပ်တို့ရော”ဟု သောအသံကို သူတို့ထံမှ မကြားလိုပါ။

မြောက်ပိုင်းအိုင်ယာလန်ကလေးသူငယ်ဧဝံဂေလိလုပ်ငန်း မိတ်သဟာယအဖွဲ့ကြီး တွင် Sam နှင့် ကျွန်ုပ်တို့ ပါဝင်လုပ်ဆောင်ခဲ့စဉ်က ကလေးသူငယ်များကို ဧဝံဂေလိ တရားဟောကြားနိုင်ဖို့ ကြိုးစားလုပ်ခဲ့ပုံများကို ယခုတိုင် သတိရလျက်ရှိပါသည်။ သို့သော် ထိုအချိန်က သမ္မာကျမ်းစာသြဝါဒတရားများနှင့်ပတ်သက်၍ အနည်းငယ်သာ ကျွန်ုပ်တို့ သိခဲ့၊ သွန်သင်နိုင်ခဲ့ကြပါသည်။ ။

ယခုအခါ ဤကဲ့သို့သော ရုပ်ပြဩဝါဒသင်ခန်းစာ(၅)မျိုးကို ခံယူရသည့်အတွက် ကြီးမားသော ကောင်းချီးမင်္ဂလာဖြစ်ပါသည်။

ဤပဏာမသင်ခန်းစာ စာစဉ်တွဲများအပေါ် ဘုရားသခင်ကောင်းချီး သွန်းလောင်း ချပေးပါစေ။ ဤသင်ခန်းစာများကို များစွာသောဘာသာစကားများဖြင့် ရိုက်နှိပ်ကာ ကမ္ဘာအနှံ့ ဖြန့်ချိနိုင်ဖို့ သင်၏ဆုတောင်းခြင်းအားဖြင့် ပါဝင်ဖို့ရန် မေတ္တာရပ်ခံပါသည်။

Jim Cairns

Lisburn

Northern Ireland

ကလေးသူငယ်များအတွက် အမှုတော်ဆောင်နေကြသူ အတော်များ ကလေးများအတွက် ရိုးစင်းလွယ်ကူသော ရုပ်ပြသဝါဒနှင့်ပတ်သက်သည့် သင်ခန်းစာ များကို ရေးသားထုတ်ပေးပါရန် ကျွန်ုပ်ထံ တောင်းဆိုလာကြပါသည်။ ။အထူးသဖြင့် သမ္မာကျမ်းစာနှင့်ပတ်သက်၍ အနည်းငယ်သာသိသူ သို့မဟုတ် ကျမ်းစာကျောထောက်နောက်ခံမရှိသောကလေးများအတွက်ဖြစ်သည်။ ဤသင်ခန်းစာ (၅)မျိုးအတွဲသည် ထိုတောင်းဆိုလာခြင်းအပေါ် တုံ့ပြန်ရေးသားလိုက်ခြင်းဖြစ်ပါသည်။

အကယ်၍ နောက်ထပ်စဉ်ဆက်မပြတ် တောင်းဆိုမှုများရှိလာလျှင် အခြား သင်ခန်းစာတွဲများကိုလည်း ဆက်လက်ရေးသားဖော်ပြသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်၏ ရည်မှန်းချက်မှာ သမ္မာကျမ်းစာ၏ အဓိကဩဝါဒများကို သွန်သင်ပေး နိုင်မည့် သင်ခန်းစာများကို ထုတ်လုပ်သွားရန်ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းရန်နှင့် အထောက်အကူဖြစ်စေရန်ဖြစ်သည်။ ။

သမ္မာကျမ်းစာက “သမ္မာတရားကိုလည်း သိကြသဖြင့် ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်” (ယောဟန်၊၈း၃၂)ဟု ဖော်ပြထားသည်။ သို့တိုင်အောင် ဟောရှေ အနာ ဂတ္တိကျမ်းတွင် ဖော်ပြထားသည့်အတိုင်း “ငါ့လူတို့သည် ပညာနည်းသောကြောင့် ဆုံးရှုံး ကြ၏” (ဟောရှေ၄း၆)။ ထိုအထဲတွင် ကလေးသူငယ်များလည်း ပါဝင်ပေသည်။ ကလေး သူငယ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရားများကို ကြားနိုင်ဖို့ရန် ကျွန်ုပ်လိုလားပြီး သန့်ရှင်းသောဝိညာဉ်တော်၏ မစခြင်းကြောင့် သူတို့သည် ထိုသ တရားကို နားလည်သဘောပေါက်ကာ သူတို့၏ စိတ်နှလုံးနှင့်အသက်တာများတင် ။ လျှောက်ကျင့်သုံးနိုင်ရန် ကျွန်ုပ်ဆုတောင်းပါသည်။ ။

ထို့ကြောင့်ပင် ဤစာအုပ်ပါ သင်ခန်းစာများကို ရေးသားပုံနှိပ်ထုတ်ဝေလျက် နိုင်ငံ အများအပြားတွင် ရှိနေကြသည့် ကလေးသူငယ်များအား သွန်သင်နေကြ ဆရာမများအတွက် အထောက်အကူဖြစ်စေရန် ဖြန့်ဝေပေးလျက်ရှိပါသည်။ အ ဆရာမတို့ကလည်း နှုတ်ကပတ်တော်၏ ဩဝါဒတရားများကို ကလေးများအား ပို့ချပေးခြင်းအားဖြင့် သူတို့လေးများ၏အသက်တာတွင် လိုက်လျှောက်ကျင် ရရှိကြမှာဖြစ်သည်။

ကလေးများသည် ဤသင်ခန်းစာများအားဖြင့် ကယ်တင်ခြင်း ရရှိ တာကြီးထွားမှုအတွက် အထောက်အပံ့ ရရှိသွားကြသည့်အခါ သူတို့အတွက်ပါဝင်လုပ်ဆောင်နေကြသော ကျွန်ုပ်တို့အားလုံးလည်း ဝမ်းမြောက်ကျေနပ်မှုရရှိပါ ကျွန်ုပ်တို့၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ကလေးငယ်များသည် သမ္မာကျမ်းစာ ဩဝါဒများကိုသာ၍ သိရှိလာပြီး ထိုအသိအားဖြင့် ကောင်းချီးများခံစားရကာ သ အသက်တာများအားဖြင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေဖို့ရန်ဖြစ်သည်။ သူငယ် ဧဝံဂေလိလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေကြသော ဆရာ/ဆရာမတို့အတွက် သူတို့၏အသက်တာနှင့် အမှုတော်မြတ်တွင် အထောက်အမဖြစ်စေမည့် ကျွန်ုပ်ရေးသား ခဲ့သောလမ်းညွှန်စာအုပ်များနှင့် အကျွမ်းတဝင်ရှိပြီးပြီဟု မျှော်လင့်ပါသည်။ ထိုစာအုပ် များ၏စာရင်းကို ဤစာအုပ်၏အစတွင် ဖော်ပြထားပါသည်။ ကျွန်ုပ်၏ တတိယစာအုပ် ဖြစ်သော “ကလေးသူငယ်များအား သမ္မာကျမ်းစာ၏ ဩဝါဒများကို သွန်သင်နည်း” စာအုပ်ကို အထူးသတိပြုစေလိုပါသည်။ ဤစာအုပ်ပါ သင်ခန်းစာများသည် ထိုတတိယ စာအုပ်ကို ပြည့်စုံအောင် ဖြည့်စွက်ပေးသောစာအုပ်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆို သော် ထိုစာအုပ်၏ သွန်သင်ချက်တို့ကို သရုပ်ပြသင်ကြားနည်းကို ဖော်ပြထားသော ကြောင့်ဖြစ်သည်။ ကလေးသူငယ်များအား ဩဝါဒသမ္မာတရားများကို သွန်သင်ရာတွင် လက်တွေ့ကျကျဥပမာများအားဖြင့် သွန်သင်ထားသည့်အတွက် ဤသင်ခန်းစာများ သည် တတိယစာအုပ်၏ နောက်ဆက်တွဲများဖြစ်ပါသည်။

ဤစာအုပ်အတွက် ကျွန်ုပ်၏ ချစ်မိတ်ဆွေကြီး Jim Cairns အား အမှာစာ ရေးပေးပါရန် မေတ္တာရပ်ခံခဲ့ပါသည်။ Jim နှင့် ကျွန်ုပ်တို့သည် နှစ်ပေါင်း(၄၆)နှစ်တိုင် တိုင် အတူတကွ မိတ်သဟာယဖွဲ့လျက် အမှုတော်မြတ်ကြီးထဲတွင် ပါဝင်လုပ်ဆောင်ခဲ့ ကြပါသည်။ ကျွန်ုပ်တို့ဇနီးမောင်နှံ မြောက်ပိုင်းအိုင်ယာလန်သို့ ပြန်ရောက်ခဲ့ကြပြီး ဤစာပေထုတ်ဝေခြင်း အမှုတော်မြတ်ကြီးကို စတင်လုပ်ဆောင်နိုင်ရန် Jim နှင့် သူ၏ လုပ်ဖော်ဆောင်ဘက် စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကြီးမားသောထောက်ပံ့မှုများကို ပေးခဲ့ကြပါသည်။ ကျွန်ုပ်တို့အတွက် ရုံးခန်းများ၊ များစွာသောငွေကြေးများနှင့် စိတ်ပိုင်း၊ ဆိုင်ရာ အားပေးမှုများကို ပေးလျက်ရှိနေကြပါသည်။ ။

ဤစီမံချက်ကြီးတစ်ခုလုံးအတွက် ဘုရားသခင်သည် Jim နှင့် သူ၏အပေါင်း အသင်းများ၏ စိတ်နှလုံးထဲတွင် ဝန်တာတင်ပေးခဲ့သည့်အတွက် ကျေးဇူးတော်ကို အထူး ချီးမွမ်းကြပါသည်။ ထို့ကြောင့်ပင် ဤကလေးသူငယ်များအတွက် သမ္မာကျမ်းစာ ဩဝါဒ သင်ခန်းစာအတွဲကို Jim အား အမှာစာရေးခိုင်းခြင်းလည်း လျော်ကန်သင့်မြတ်လှပေ သည်။ ဤသင်ခန်းစာများသည် နောက်ဆုံး၌ ကျွန်ုပ်တို့၏ စာပေလုပ်ငန်းကြီးအတွက် ၊ အများဆုံး အကျိုးဖြစ်ထွန်းစေလိမ့်မည်ဟု Jim နှင့်တကွ ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။

Jim ခင်ဗျား- သင်၏မိတ်သဟာယဖွဲ့မှု၊ ကူညီထောက်ပံ့ခြင်းများနှင့် အားပေး ကူညီမှုတို့အားလုံးအတွက် အထူးကျေးဇူးဥပကာရ တင်ရှိပါကြောင်းနှင့် ဤအရာအား လုံးတို့သည် ကျွန်ုပ်ကိုယ်တိုင်နှင့် ဤအသစ်သော အမှုတော်မြတ်ကြီးအတွက် ရွေးကောက်ခြင်းခံရသူအားလုံးအတွက်ပါ ကြီးမားသောအထောက်အကူဖြစ်ပါကြောင်း ပြောကြားလိုပါသည်။

သင်ခန်းစာတွဲများအပေါ် ခြုံငုံသုံးသပ်ခြင်း

ဤသင်ခန်းစာတွဲ(၅)ခုမှာ လွယ်ကူရှင်းလင်းသည့် ဧဝံဂေလိတရားနှင့်ဆိုင်သော သမ္မာတရားဩဝါဒများဖြစ်ပြီး ကလေးများအားလုံး (အထူးသဖြင့် ကျမ်းစာကျော

ထောက်နောက်ခံမရှိသောကလေးများ အဖို့ အဓိကအထောက်အကူရရှိစေဖို့ဖြစ်သည်။ ဤသင်ခန်းစာများကို ကလေးများအား ဧဝံဂေလိတရားဟောကြားရာတွင် အသုံးပြုနိုင်ပါ သည်။ လေဟာပြင်တရားဟောပွဲများ၊ အသင်းတော်ပုံမှန်ဥပုသ်စာဖြေသင်တန်းများ၊ ကျမ်းစာသင်တန်းများတွင် ပို့ချနိုင်ပါသည်။ ကျွန်ုပ်အကြံပြုလိုသည်မှာ ဤသင်ခန်းစာ များသည် နှုတ်ကပတ်တော်ကို သွန်သင်ရာတွင် အသုံးပြုရန်ဖြစ်သည်။ ဖော်ပြထားသော ကျမ်းချက်များကို ဖတ်ရှုလိုက်လျှောက်မည်ဆိုလျှင် သင်ခန်းစာ(၁)ခုသည် (၁၆)မိနစ် ခန့်ကြာမည်ဖြစ်သည်။ သင်၏ သွန်သင်ခြင်းအခြေအနေနှင့်ကလေးများအပေါ်မူတည် ၍ ကျမ်းချက်များကို လျှော့သုံးခြင်းအားဖြင့် အချိန်ကိုလျှော့ချနိုင်ပါသည်။ သို့သော် ကျွန်ုပ်သည် သင်ခန်းစာများအတွက် အလုံအလောက်ဖြစ်မည့် စာပေရေးသားထားသည့် ပစ္စည်းများကို ဖြည့်ဆည်းပေးထားသည့်အတွက် အနည်းဆုံး(၁၆)မိနစ်မှ (၁၈)မိနစ်အထိ အချိန်ကြာနိုင်ပါလိမ့်မည်။ ။

ဤသင်ခန်းစာတွဲ၏ ရည်ရွယ်ချက်မှာ ကယ်တင်ခြင်းမရရှိသေးသော ကလေး တစ်ယောက်၏ အဓိကပြဿနာအခက်အခဲ(၅)ချက်ကို ဖော်ပြရန်နှင့် ပြဿနာများ အပေါ် ကလေးမွေးနိုင်သည့် အဓိကမေးခွန်း(၅)မျိုးကို ဖြေကြားပေးရန် ဖြစ်သည်။ ဤပြဿနာများထဲမှအချို့ကို သူသည် သတိပြုမိပြီး သိရှိမှာဖြစ်သော်လည်း အခြား အချက်များကို သူတွေ့ချင်မှ တွေ့ပေလိမ့်မည်။

သင်ခန်းစာတစ်ခုစီတွင် ကယ်တင်ခြင်းမရသေးသောကလေးငယ်များကို နှုတ်ကပတ်တော်နှင့်အညီ အဖြေပေးမည်ဖြစ်ပြီး ထိုမေးခွန်းများ၏အဖြေကို ဘုရားသခင် သည် ဖြည့်ဆည်းပေးရန် အဆင်သင့်ရှိကြောင်း သူတို့အား ပြသပေးဖို့ဖြစ်သည်။

မေးခွန်းများကို သင်ခန်းစာတစ်ခုစီ၏အစတွင် ဖော်ပြထားပြီး ပထမရုပ်ပြ တွင်လည်း ပြသထားပါသည်။

မေးခွန်း၏အဖြေကို နောက်ဆက်တွဲရုပ်ပြကဒ်ပြား(၇)ခုတွင် အတတ်နိုင် ရိုးစင်းစွာဖြင့် ယုတ္တိရှိရှိ ဖြေကြားထားပါသည်။

သင်ခန်းစာ ၁- ကျွန်ုပ်တို့ အပြစ်လွှတ်ခြင်းအခွင့်ကို ဘယ်လိုရနိုင်မလဲ

ဤမေးခွန်းသည် ကလေးများအဖို့ မိဘများက သားသမီးများအပေါ် ခွင့်လွှတ် ခြင်းမျိုးကဲ့သို့ သာမန်အတွေးအခေါ်မျိုးဖြင့် တွေးထင်သွားစရာအကြောင်းရှိပါသည်။ သို့သော် ဤမေးခွန်းကို ကလေးများက ဝိညာဉ်ရေးရာရှုထောင့်မှ မေးတတ်ဖို့နှင့် နှုတ်ကပတ်တော်နှင့်အညီ အဖြေကို သိရှိဖို့လိုပါသည်။ ။

ဤသမ္မာတရား၏ ရှင်းလင်းသွန်သင်ချက်မှာ “ဖြောင့်မတ်ရာသို့ ရောက်စေခြင်း” တည်းဟူသော သမ္မာကျမ်းစာ၏ ဩဝါဒဖြစ်သည်။

သင်ခန်းစာ ၂- ကျွန်ုပ်တို့ ဘယ်လိုပြောင်းလဲနိုင်မလဲ ၊

များစွာသောကလေးသူငယ်များသည် ပြောင်းလဲထူးခြားသောအသက်တာကို လိုလားကြပါသည်။ သို့သော် မည်ကဲ့သို့ရရှိနိုင်သည့်နည်းကိုမူ မသိရှိကြပေ။ ဤသင်ခန်း စာ၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏အဖြေကို ဖော်ပြပေးဖို့ဖြစ်သည်။

ဤဩဝါဒ၏ ရှင်းလင်းသွန်သင်ချက်မှာ “အသစ်မွေးဖွားခြင်း”အကြောင်းဖြစ်သည်။

သင်ခန်းစာ ၃- ကျွန်ုပ်တို့ ဘယ်လိုလွတ်မြောက်နိုင်မလဲ ၊

ဤသင်ခန်းစာ၏ ပထမရည်ရွယ်ချက်မှာ ကလေးများသည် လွတ်မြောက်ဖို့ လိုအပ်ကြောင်းကို ပြသရန်ဖြစ်ပါသည်။ ကလေးအများသည် အပြစ်၏ချုပ်နှောင်မှု အောက်တွင် ကျရောက်နေကြပြီး လွတ်မြောက်ခြင်းမရှိကြသည်ကို သဘောမပေါက်ကြ ပေ။ ထို့ကြောင့် သူတို့အား လွတ်မြောက်ခွင့်ပေးနိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ကို ရှင်းလင်းစွာ သိမြင်ဖို့ လိုအပ်ပေသည်။

ဤဩဝါဒ၏ ရှင်းလင်းသွန်သင်ချက်မှာ “ရွေးနုတ်ခြင်း”အကြောင်းဖြစ်သည်။

သင်ခန်းစာ ၄- ကျွန်ုပ်တို့ စိတ်ချမှုကို ဘယ်လိုရနိုင်မလဲ ၊

ယနေ့ခေတ်တွင် အကြောင်းအရာအမျိုးမျိုးအပေါ် မရေရာမှုများရှိနေ အထူးသဖြင့် ဝိညာဉ်ရေးရာနှင့်ပတ်သက်၍ ထိုကဲ့သို့ ကြုံတွေ့နေကြရပါသည်။

ဤသင်ခန်းစာသည် ကလေးများအဖို့ သူတို့လိုအပ်သောအဖြေများကို မည်သည့်နေရာ

ရရှိနိုင်ကြောင်း ရှင်းပြနိုင်ရန် ကြိုးစားအားထုတ်ထားပါသည်။ ဤမေးခွန်း အတွက်သာမဟုတ်ဘဲ အခြားမေးခွန်းများအတွက်ပါ ရှင်းလင်းဖော်ပြထားပါသည်။ ဤသင်ခန်းစာ၏ ရှင်းလင်းသွန်သင်ချက်မှာ “နှုတ်ကပတ်တော်၏ ဟုတ်မှန် သောသမ္မာတရား” အကြောင်းဖြစ်သည်။

သင်ခန်းစာ ၅- ကျွန်ုပ်တို့ ပျော်ရွှင်မှုကို ဘယ်လိုရနိုင်မလဲ

ဤအချက်သည် ကလေးများအပါအဝင် လူတိုင်းတမ်းတရှာဖွေနေသော အကြောင်းအရာဖြစ်သည်။ သို့သော် စိတ်မကောင်းစရာဖြစ်ရသည်မှာ သူတို့ကြားရသော အဖြေများသည် သူတို့အား လမ်းမှားသို့ တွန်းပို့နေခြင်းများဖြစ်သည်။ ကျွန်ုပ်တို့အဖို့ နှုတ်ကပတ်တော်ထဲတွင် ဖော်ပြထားသော အဖြေမှန်ကို ဤသင်ခန်းစာထဲတွင် ပို့ချသွား မည်ဖြစ်သည်။ ဤဩဝါဒ၏ ရှင်းလင်းသွန်သင်ချက်မှာ “ထာဝရအသက်”

အကြောင်းဖြစ်ပါ သည်။ ဤကဲ့သို့သော ဩဝါဒနှင့်သက်ဆိုင်သည့် သင်ခန်းစာများကို ယနေ့ ကလေးငယ် များအဖို့ အထူးပင်လိုအပ်နေသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သူတို့၏မေးခွန်းများ အတွက် လက်တွေ့ကျသော အဖြေများကိုလည်းကောင်း၊ သူတို့၏ ပြဿနာများကို လက်တွေ့ကျသော ဖြေရှင်းနည်းကိုလည်းကောင်း နှုတ်ကပတ်တော်သမ္မာတရား ဩဝါဒ များအပေါ် ခိုင်ခံ့မြဲမြံစွာ အခြေခံထားသော ဤသင်ခန်းစာများကသာလျှင် ဖြေရှင်းပေး နိုင်မည်ဖြစ်သည်။

သင်၏သင်ခန်းစာများကို တင်ဆက်ခြင်း >

သင်ခန်းစာတစ်ခုစီအတွက် ရုပ်ပုံ သို့မဟုတ် ရုပ်ပြကဒ်ပြား(၈)ခုစီရှိပြီး ကလေးများ

အား ရုပ်ပြကဒ်ပြားတစ်ခုစီကိုပြလျက် (၂)မိနစ်ခန့် သွန်သင်ပို့ချသင့်ပါသည်။ ဤလက်စွဲစာအုပ်တွင် ထုတ်နုတ်ဖော်ပြထားသောအချက်များက အထောက်အ

ဖြစ်စေပါလိမ့်မည်။ > ရုပ်ပုံများ သို့မဟုတ် ရုပ်ပြကဒ်ပြားများကို သူ့နဂိုအတိုင်း အသုံးပြုနိုင်ပါသည်။ ပုံနှိပ်ခြင်း ဖြန့်ဝေခြင်းစရိတ်များ သက်သာစေရန် အရောင်တစ်မျိုးတည်းဖြင့် ကပ် အတိုင်း ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။ သို့သော် အသုံးမပြုခင် သင့်အနေဖြင့် စိတ်ကြိုက်ဆောင်ရွက်နိုင်ပါသည်။

အရုပ်များကို သာ၍ဆွဲဆောင်မှုရှိအောင် အရောင်များခြယ်နိုင်ပါသည်။ • သင်ခန်းစာတစ်ခုစီတွင် ပါရှိသော ရုပ်ပုံများ၏ဘေးအစပ်တွင် အရောင်တစ်မျိုး စီဖြင့် မတူညီသော အရောင်(၅)မျိုးဖြင့် သင်ခန်းစာ(၅)ခုအတွက် အသုံး

နိုင်ပါသည်။ • ဤရုပ်ပုံများထက် အနည်းငယ်ကြီးသော ကဒ်ထူဖုံးများပေါ်တွင် ဤရုပ်ပုံစာရွက်

ကိုကပ်၍ သွန်သင်ရာတွင် လွယ်ကူစွာ ကိုင်တွယ်အသုံးချနိုင်ရန် လုပ်ဆောင် နိုင်ပါသည်။ ကဒ်ထူဖုံး၏ မျက်နှာစာ(၂)ဖက်လုံးတွင် ကပ်၍လည်း အသုံးပြုနိုင် ပါသည်။ ။ • ကလေးအများကို သွန်သင်မည်ဆိုလျှင် ထိုရုပ်ပုံများကို ပုံကြီးချဲ့၍လည်း အသုံးပြု

နိုင်ပါသည်။ > သင့်ထံတွင် ရုပ်ရှင်ပြစက်ရှိလျှင် ဖလင်ပြားဖြင့် ပြန်ကူး၍လည်း အသုံးပြုနိုင်သည်။ > များသောအားဖြင့် ရုပ်ပြကဒ်ပြားများတွင် ရုပ်ပုံ(၂)မျိုးပါတတ်ပါသည်။ သင်ခန်းစာ

သွန်သင်နေစဉ် မလိုအပ်သောရုပ်ပုံကို ကဒ်ပြားတစ်ခုဖြင့် ခေတ္တဖုံးအုပ်ထားပြီး

သွန်သင်ပါ။ ထို့နောက် ကျန်တစ်ခုကို သွန်သင်ရာတွင်လည်း ထိုအတိုင်းလုပ်ဆောင်ပါ။ > ကလေးများ၏ ရုပ်ပုံအများစုမှာ မျက်နှာဖြူကလေးများ၏ပုံများဖြစ်သော်လည်း အခြားလူမျိုးစုကလေးများ၏ပုံများကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။ ဤသင်ခန်းစာများကို ကမ္ဘာအနှံ့ရှိ နိုင်ငံပေါင်း (၁၁၀)နိုင်ငံသို့ ပေးပို့ရခြင်းဖြစ်သည့် အတွက် ထိုနိုင်ငံအားလုံးရှိ ကလေးများ၏ ပုံများကို ထည့်သွင်းဖော်ပြနိုင်စွမ်းမရှိ

သော်လည်း အတတ်နိုင်ဆုံး ဆောင်ရွက်ထားပါသည်။ သင့်အဖို့ သာ၍ အဆင်ပြေ မည်ဆိုလျှင် သင်၏နိုင်ငံရှိ ကလေး၏ပုံကို ရုပ်ပြကဒ်ပြားပေါ်ရှိ ရုပ်ပုံပေါ်တွင်

ထပ်ကပ်ပြီး အသုံးပြုနိုင်ပါသည်။ – ရုပ်ပုံအုပ်စု(၂)ခုကို ကျွန်ုပ်တို့ ထုတ်လုပ်ထားပါသည်။ • အင်္ဂလိပ်စာဖြင့် ရေးထားသော ရုပ်ပုံများ၊ ဤရုပ်ပုံကဒ်ပြားကို အထက်

ဖော်ပြထားသည့်အတိုင်း အသုံးပြုသွားရန်သာဖြစ်သည်။ • စကားလုံးမပါသောရုပ်ပုံများ၊ ထိုရုပ်ပုံများကို သင်လက်ခံရရှိပါက ရုပ်ပုံများ

လွတ်နေသော နေရာများတွင် သင့်ဘာသာစကားဖြင့် သင်ခန်းစာတွင် ဖော်ပြ ထားသော ခေါင်းစဉ်မေးခွန်းများကို ရေးသားသွန်သင်ပါ။ သင်၏လက်ရေးမှာ လှဖို့မလိုပါ။ ထင်ရှားပြတ်သားပြီး ကလေးများအားလုံး မြင်တွေ့နိုင်ဖို့ စာ” အရွယ်အစားရှိဖို့သာလိုပါသည်။

> ယခုအချိန် သင်ခန်းစာများ စတင်ပို့ချရန် သင့်အဖို့အဆင်သင့်ဖြစ်ပါပြီ။ သင်ခန်းစာ

ခေါင်းစဉ်ကို ဖော်ပြထားသော ရုပ်ပြကဒ်ပြားကို ပြသလျက် ထိုခေါင်းစဉ်အောက်ရှိ အကြောင်းအရာများကို စတင်သွန်သင်ပို့ချနိုင်ပြီဖြစ်သည်။

ကလေးများအား ထိုရုပ်ပုံကဒ်ပြားများကို (၂)မိနစ်ခန့်ထက် ကျော်လွန်၍ မပြပါ နှင့်။ သူတို့၏အာရုံများ လွင့်ပါးသွားနိုင်ပါသည်။ > သင့်နိုင်ငံရှိ လူမျိုးတို့၏ လက္ခဏာဓလေ့စရိုက်များနှင့်အညီ ရုပ်ပုံများကို ပြောင်းလဲ ၊

အသုံးပြုလိုပါက လွတ်လပ်စွာ လုပ်ဆောင်နိုင်ပါကြောင်း။ အင်္ဂလိပ်ဘာသာကလွဲ၍ အခြားဘာသာဖြင့် သွန်သင်ဖို့လိုလျှင်လည်း စာသားများကို သင်လိုအပ်သလို

ပြောင်းလဲ အသုံးပြုခွင့်ရှိပါကြောင်း အသိပေးအပ်ပါသည်။ > ပျော်ရွှင်နေသောကလေးငယ်(၄)ယောက်ပါ ရုပ်ပုံတစ်ခုကိုလည်း ထည့်သွင်းထားပါ သည်။ သူတို့သည် ခြားနားသောလူမျိုးစုများ၏ ပုံများဖြစ်သည်။ ကလေးများသည် ယေရှုခရစ်တော်ကို မိမိတို့၏ ကယ်တင်ရှင်သခင်အဖြစ်လက်ခံရရှိသည့်အခါ မည်မျှ ပျော်ရွှင်နေပုံကို သင်တို့ သင်ခန်းစာ(၁)မျိုး သို့မဟုတ် (၅)မျိုးလုံးတွင် သင် အလေး ပေး ပြောကြားလိုလျှင် ထိုကလေးများ၏ပုံကို လိုအပ်သလို ပြသသင်ကြားပို့ချနိုင် ပါသည်။

သင်ခန်းစာ(၁) ကျွန်ုပ်တို့ အပြစ်လွှတ်ခြင်းအခွင့်ကို ဘယ်လိုရနိုင်မလဲ

(ဖြောင့်မတ်ရာသို့ ရောက်စေခြင်းဩဝါဒ)

ဆရာ/ဆရာမတို့အတွက်

ဖြောင့်မတ်ရာသို့ရောက်စေခြင်းနှင့်ပတ်သက်သော ဩဝါဒကို နားလည်နိုင်ရန် အထောက်အပံ့များ > ၎င်း၏အဓိပ္ပါယ်ကား အဘယ်နည်း။ ။

“ဖြောင့်မတ်ရာသို့ရောက်စေခြင်း”ဆိုသည်မှာ အပြစ်သားတစ်ယောက်သည် ခရစ်တော်ကို အမှန်တကယ် ယုံကြည်ကိုးစားသည့်အခါ သူသည် အပြစ်ဒဏ်သင့် ခြင်း၊ အပြစ်စီရင်ခြင်းမှ လွတ်ကင်းလျက် ဘုရားသခင် ရှေ့တော်မှောက်တွင်

ဖြောင့်မတ်သောသူအဖြစ် ရောက်ရှိကြောင်းကို သမ္မာကျမ်းစာအရ ဘုရားသခင်၏ သတ်မှတ်ခြင်း ခံရကြောင်းကို ဆိုလိုသည်။ • ဘုရားသခင်သည် သူ၏အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အပြစ်အားလုံးတို့ကို

ဖြေလွှတ်တော်မူသည် (တမန်၊၁၃၃၈၊၃၉။ ရောမ၊၅၁)။ • ထိုသူသည် ခရစ်တော်၌ တည်နေသူ၊ ခရစ်တော်ကဲ့သို့ သန့်ရှင်းစင်ကြယ်ပြီး

ဖြောင့်မတ်သူဟု ဘုရားသခင် သိမှတ်တော်မူ၏ (၂ကော၊၅း၂၁။ ဖိ၃၉)။ – ထိုဩဝါဒကို သမ္မာကျမ်းစာ၏ မည်သည့်နေရာတွင် သွန်သင်ထားပါသနည်း။

ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်ရာသို့ရောက်၏ဟူသောဩဝါဒသည် ဓမ္မသစ် ကျမ်း၏ အဓိကကျသော သမ္မာတရားများအနက်တစ်ခုဖြစ်သည်။ အထူးသဖြင့် ရောမဩဝါဒစာတွင် တွေ့မြင်နိုင်ပါသည်။ ကျမ်းစာတော်မြတ်တွင် ဤသစ္စာစကား နှင့်ပတ်သက်၍ မြောက်မြားစွာ တွေ့မြင်နားလည်နိုင်ပါသည်။ ) • ၎င်း၏ မူလအစသည် ဘုရားသခင်ဖြစ်သည် (ရောမ၊၈း၃၃)။ သူ၏ကျေးဇူး

တော် (ရောမ၊၃း၂၄)။ • ၎င်း၏အဖိုးအခသည် ခရစ်တော်၏ အသွေးတော်ဖြစ်သည် (ရောမ၊၅း၉)။ ၎င်း၏ ဆက်သွယ်ရာလမ်းကြောင်းသည် ယုံကြည်ခြင်းဖြစ်သည်။ (ရောမ၊၅း၁။

ရောမ၊ ၂၆၊ ၂၈။ ဂလာတိ၊ ၂း၁၆)။ ၎င်း၏သက်သေသာဓကသည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းဖြစ်သည် (ရောမ၊၄း၂၅)။

၎င်းကိုပေါ်လွင်ထင်ရှားစေသောအကြောင်းသည် အကျင့်ဖြစ်၏ (ယာ၊ ၂း၄)၊ • ၎င်း၏ခံစားရသောအကျိုးရလဒ်များကား ငြိမ်သက်ခြင်း (ရောမ၊၅း၁)၊ အနာဂတ် တွင် ချီးမြှောက်ခြင်းခံရမည့် စိတ်ချမှု (ရောမ၊၈း၃၀) ထာဝရအသက်နှင့်ယှဉ် သော ဘုရားသခင်၏ အမွေစားအမွေခံဖြစ်ရသောအခွင့် (တိတု၊၃း၇)။ ။

ဤဩဝါဒကို သွန်သင်ရာတွင် အထောက်အကူဖြစ်စေရန် ၊

သင်ခန်းစာနှင့်အတူ စာသားမဲ့စာအုပ်ကို ဆီလျော်သလို အသုံးပြုနိုင်ပါသည်။

ရွှေရောင်စာမျက်နှာသည် ဘုရားသခင်နှင့် သူ၏သန့်ရှင်းစင်ကြယ်ခြင်းကိုဖော်ပြ သည်။

အနက်ရောင်စာမျက်နှာသည် အပြစ်အကြောင်းကို ဖော်ပြသည်။ အနီရောင်စာမျက်နှာသည် ယေရှုခရစ်တော်၏ အသေခံခြင်းကို ဖော်ပြသည်။

အဖြူရောင်စာမျက်နှာသည် ဖြောင့်မတ်ရာသို့ရောက်ခြင်းအကြောင်းကို ဖော်ပြ သည်။

အဓိကသော့ချက်ကျမ်းပိုဒ် အကြောင်းမူကား ထာဝရဘုရားကို ပဌနာပြုသော သူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့၊

(ရောမ၊၁၀း၁၃)။

ရုပ်ပုံ – ၁ “ကျွန်ုပ်တို့ အပြစ်လွှတ်ခြင်းအခွင့်ကို ဘယ်လိုရနိုင်မလဲ” “အဖေ၊ မိုးရေဟာ ဘယ်က ဖြစ်လာသလဲ” “မိုးရေဟာ ဟိုးအပေါ်ကို ဘယ်လိုရောက်နေတာလဲ” ၊ “အမေ၊ နွားမအမည်းကြီးကနေ ဘာကြောင့် နို့အဖြူရောင် ထွက်လာရတာလဲ”

အလွန်ငယ်ရွယ်တဲ့ ကလေးငယ်များဟာ ဒီလို မေးခွန်းများမေးတတ်ကြောင်း ၊ သင်ကြားဖူးပါလိမ့်မယ်။ သင်ကိုယ်တိုင် ငယ်ရွယ်စဉ်က ဒီလိုမေးခွန်းများ မေးကောင်း ၊ မေးခဲ့မှာဖြစ်တယ်။ ယခု အသက်အရွယ်ရောက်နေပေမဲ့လည်း သင့်အဖို့ မေးစရာမေးခွန်း ၊ များ ရှိနိုင်ပါတယ်။ ထိုမေးခွန်းများမှာ အထက်တွင်ဖော်ပြခဲ့သော ပုံစံမျိုးနှင့်မတူဘဲ ခြားနားပေလိမ့်မည်။ ကျွန်ုပ်သည် ထိုမေးခွန်းများအချို့ကို ဖြေကြားပေးလိုပါသည်။

ဥပမာ- ဒီမေးခွန်းကိုကြည့်ပါ (ရုပ်ပုံ- ၁ ကို ပြပါ)။ သင်သည် ၎င်းမေးခွန်းကို နားလည်ချင်မှ နားလည်ပေလိမ့်မည်။ အပြစ်လွှတ်ခြင်းဆိုသည့်အဓိပ္ပါယ်သည် ဘာကို ဆိုလိုကြောင်း သင်သိပါသလား (ဤမေးခွန်းကို ကလေးများအား သူတို့၏အသိဉာဏ် ဖြင့် တုံ့ပြန်ဖြေကြားခြင်းကို ခဏစောင့်ဆိုင်းပါ။)

မင်းဟာ လူတစ်ယောက်ကို ပြစ်မှားမိတဲ့အခါ ထိုအမှားအတွက် မင်း စိတ် မကောင်းဖြစ်မိမယ်။ မင်း ဘာလုပ်သင့်သလဲ။ (ခဏစောင့်) မှန်ပါတယ်။ မင်းကို ခွင့်လွှတ် ဖို့ သူ့ကို တောင်းပန်ရမယ်။ ဒါပေမဲ့ မင်းနဲ့ တို့တွေဟာ အပြစ်လွှတ်ခြင်းခံရဖို့ လိုအပ်ပါ သလား။ ဘာအတွက်လဲ။ ဘယ်သူက ခွင့်လွှတ်ပေးရမှာလဲ။

ရုပ်ပုံ -၂ “ကျွန်ုပ်တို့မှာ ပြဿနာတစ်ခုရှိနေကြတယ်”

မင်းမှာရော ပြဿနာတွေ ရှိနေပါသလား။ ရှိလိမ့်မယ်လို့ ဆရာ/ဆရာမ အတတ် ပြောနိုင်တယ်။ ဆရာ/ဆရာမမှာလည်း ပြဿနာရှိနေတာကို သိနေတယ်(ရုပ်ပုံ-၂ ကို ပြပါ)။

တို့တွေအားလုံးမှာ ပြဿနာများအမှန်ရှိနေကြတယ်။ ဒါပေမဲ့ ဒီနေ့ တို့တွေ အားလုံးမှာရှိနေတဲ့ အထူးပြဿနာတစ်ခုအကြောင်းကို ပြောပြလိုတယ်။ ဒီရုပ်ပုံမှာ တွေ့ရတဲ့အတိုင်း တို့တွေအများစုက အခြားသူတွေနဲ့ ပြဿနာတက်လေ့ရှိကြတယ်။ Bob လို့ခေါ်တဲ့ ကလေးငယ်ဟာ သူ့ဆရာမနဲ့ ပြဿနာဖြစ်ခဲ့တယ်။ သူက သူ့သူငယ်ချင်း Andrew ထံမှ အိမ်စာကို ကူးချလို့ပေါ့။ ဒါပေမဲ့ ဒီအိမ်စာကို သူကိုယ်တိုင်လုပ်တာပါ လို့ ဆရာမကို ပြောခဲ့တယ်။ ဆရာမက စစ်ဆေးကြည့်လိုက်တော့ Andrew ရဲ့ အိမ်စာ နဲ့တစ်ထပ်တည်းတူနေတာကို တွေ့ရတယ်။ ဒါကြောင့် ကျောင်းဆင်းသွားတဲ့အခါ ဆရာမက သူ့အား နေရစ်စေခဲ့ပြီး အိမ်စာကို သူကိုယ်တိုင် ထပ်၍ လုပ်စေခဲ့တယ်။ မှန်ပါတယ်။ Bob ဟာ သူ့ဆရာမနဲ့ ပြဿနာဖြစ်ရတယ်။

Joan က သူမရဲ့ မိခင်နဲ့ ပြဿနာဖြစ်ရတယ်။ သူမဟာ မိဘစကားကို နားမထောင် တတ်သူဖြစ်တယ်။ သူ့အမေက ခိုင်းတဲ့အလုပ်တွေကို မလုပ်ဘဲ ငြင်းပယ်ခဲ့တယ်။ အဲ့ဒီ အပြင် စတင်ငိုကြွေးပြီး ခြေထောက်ကို ဆောင့်ကာ တံခါးများကိုလည်း ဆောင့်ပိတ်ခဲ့ တယ်။ ဒါကြောင့် သူမရဲ့ မိခင်က သူမကို စောစောစီးစီး အိပ်ရာဝင်ခိုင်းခဲ့တယ်။ အိပ်ရာ ထဲလှဲနေရင်း သူ မည်မျှဆိုးနေကြောင်းကို စဉ်းစားမိပြီး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ မှန်ပါတယ်။ Joan ဟာ သူမရဲ့ မိခင်နဲ့ ပြဿနာဖြစ်ခဲ့ရတယ်။

Bob ရော Joan ပါနှစ်ယောက်လုံး မှန်တာကိုလုပ်ဖို့ချို့ယွင်းခဲ့ကြတယ်။ ဒါကြောင့်လည်း Bob က သူ့ဆရာမနဲ့ ပြဿနာ စတင်ဖြစ်ခဲ့ရသလို Joan ဟာလည်း သူမရဲ့ မိခင်နဲ့ ပြဿနာစတင်ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်လုံး မသိတဲ့အချက် က သူတို့မှာ ပိုပြီးကြီးမားတဲ့ပြဿနာရှိနေတယ်ဆိုတာပဲ။ တို့တွေမှာလည်း အဲ့ဒီပြဿနာ ကြီးရှိနေတယ်။ မင်းမသိသေးပေမဲ့လည်း မင်းမှာ အဲ့ဒီပြဿနာကြီးရှိနေတယ်။

တို့တွေအားလုံးမှာရှိနေတဲ့ ဒီပြဿနာကြီးက ဘာလဲ။

တို့တွေရဲ့ ပြဿနာမှာ ဘုရားသခင် မကြိုက်ဘူးလို့ သတ်မှတ်ထားတဲ့အရာတွေကို ပြုလုပ်မိခဲ့တဲ့အတွက် ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်ဘဲ ပြဿနာဖြစ်ခဲ့ရတယ်။ ဒီအချက်က မင်းကို အံ့အားသင့်စေပါသလား။ လူကြီးတွေက မင်းတို့ကို လိမ္မာဖို့ ပြောကြ ဆုံးမကြတယ်။ မင်းတို့လည်း လိမ္မာဖို့ ကြိုးစားကြမှာပါ။ ဒါပေမဲ့ မင်းတို့ ဘယ်လောက်ပဲ အားထုတ်ပေမဲ့ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့နိုင်ဖို့ တတ်စွမ်းနိုင်မှာမဟုတ်ဘူး။ (မင်း တို့အထဲမှ အချို့သူတွေက အခုပဲ အခြားမေးခွန်းတစ်ခုကို မေးချင်ကောင်းမေးချင်လိမ့် မယ်)။ ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ။ အချို့ကလည်း ဘုရားသခင်က ဘယ်သူ လဲ။ ဒါမှမဟုတ် ဘုရားသခင်လို့ ပြောရာမှာ ဆရာ/ဆရာမက ဘာကို ပြောတာလဲလို့ မေးကောင်းမေးချင်ပေလိမ့်မယ်။ ဒီမေးခွန်းတွေကို မကြာခင် ဖြေကြားပေးသွားမယ်။ ဒါပေမဲ့ မင်း အခုသိထားဖို့ လိုအပ်တဲ့အချက်မှာ မင်းရဲ့ အစွမ်းနဲ့ ကြိုးစားပြီး ဘုရားသခင် ရဲ့ စိတ်တော်နှင့် တွေ့စေဖို့ မလုပ်နိုင်ဘူးဆိုတာပဲ။ မင်းဟာ အဖိုးကြီးမဟုတ်သေးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေပြီး အခုတော့ ပိုပြီးကောင်းတဲ့ဘက်သို့ ရောက်နေပါပြီလို့ ခံယူမိ စေကာမူ ဘုရားသခင်၏စိတ်တော်နှင့် တွေ့စေဖို့ မင်းမတတ်စွမ်းနိုင်ဘူး။

Mary ဆိုတဲ့ မိန်းကလေးတစ်ယောက်မှာ “နှင်းပွင့်ဖြူ”လို့ခေါ်တဲ့ ယုန်ဖြူလေး တစ်ကောင်ရှိတယ်။ ဆွတ်ဆွတ်ဖြူနေတဲ့အမွေးရှိလို့ “နှင်းပွင့်ဖြူ”ဟု အမည်ပေးထား တယ်။ သူမရဲ့ယုန်ကလေးဟာ တစ်ကမ္ဘာလုံးမှာ အဖြူဖွေးဆုံးယုန်ကလေးဖြစ်တယ်လို့ သူမထင်ခဲ့တယ်။ တစ်မနက် အိပ်ရာမှ နိုးလာချိန်မှာ သူမအဖို့ အထူးစိတ်လှုပ်ရှားနေမိ တယ်။ ဘာကြောင့်လဲဆိုတော့ မနေ့ညက တစ်ညလုံး နှင်းတွေကျထားလို့ နေရာတကာ မှာ နှင်းကော်ဇောကြီးခင်းထားသလို ဖြူဖွေးသန့်စင်နေတာ တွေ့လိုက်ရလို့ပဲ။ သူမဟာ အိမ်ပြင်ထွက်ပြီး နှင်းပြင်ကြီးကိုကြည့်ရင်း သူမရဲ့ယုန်ကလေးကို အစာကျွေးဖို့ ထွက်လာ ခဲ့တယ်။ ဒါပေမဲ့ ယုန်ကလေး “နှင်းပွင့်ဖြူ”ကို ကြည့်လိုက်တဲ့အခါ ထင်ထားသလောက် ဖြူဖွေးခြင်းမရှိကြောင်း သတိပြုမိလိုက်တယ်။ နှင်းပြင်ကြီးနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ ယုန်ကလေးက အညိုရောင်နီးပါးဖြစ်နေတာကို တွေ့မြင်ခဲ့ရတယ်။

ဘုရားသခင်က သမ္မာကျမ်းစာအုပ်ထဲမှာ ကောင်းမွန်တိကျမှန်ကန်လျက် ပြီးပြည့် စုံသော ပညာများ သို့မဟုတ် စည်းကမ်းဥပဒေများကို တို့တွေအဖို့ ပေးထားပါတယ်။ ဒါပေမဲ့ ဘုရားသခင်နှင့်တကွ သူ့ရဲ့ နည်းဥပဒေသတွေနဲ့ နှိုင်းယှဉ်ကြည့်လိုက်တဲ့အခါ တို့တွေအနေနဲ့ ဘယ်လောက်ပဲ ကြိုးစားလုပ်ဆောင်ပေမဲ့ ဖြူဖွေးကောင်းမွန်ပြီး ပြီးပြည့်စုံ ခြင်းသို့ လုံးဝရောက်နိုင်စရာမရှိဘဲ အညိုရောင်သန်းနေတဲ့၊ ညစ်ပေနေတဲ့အနေအထား မျိုးသာ ထင်ရှားပေါ်လွင်နေမှာဖြစ်တယ်။

ဘုရားသခင်ရဲ့ ပညတ်တော်တစ်ချက်မှာ “သင်၏မိဘကို ရိုသေစွာပြုလော့”လို့ ပါတယ်။ မင်းရဲ့ မိဘများက စေခိုင်းတဲ့အလုပ်တစ်ခုကို မင်းဟာ ချက်ချင်းလုပ်ပေးလား။ ဒါမှမဟုတ် မိဘတွေ နောက်ကွယ်မှာ မျက်နှာစူပုပ်ပြီး ထွက်သွားတတ်ပါသလား။ Joan ကဲ့သို့ မိဘများကို ဆောင့်အောင့်ဖူးပါသလား။ မိဘကို ရိုသေစွာပြုလော့ဆိုတဲ့ ဘုရား သခင်ရဲ့ ပညတ်တော်ကို တို့တွေအားလုံး ငယ်ရွယ်စဉ်က ကျူးလွန်ခဲ့ဖူးလေ့ရှိပါတယ်။ ဒါကြောင့်လည်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က တို့တွေဟာ အပြစ်သားများဖြစ် တယ်လို့ ဖော်ပြထားတာဖြစ်တယ်။ အပြစ်ဆိုတာ ဘုရားသခင်ရဲ့ မိန့်မှာချက်ပညတ်တော် တွေကိုလိုက်နာဖို့ ပျက်ကွက်ခြင်းဖြစ်ကြောင်း ကျမ်းစာက ဖော်ပြထားပါတယ်။

ဘုရားသခင်က အမှားဖြစ်တယ်လို့ ပြောဆိုထားတဲ့အကြောင်းအရာများကို တို့တွေ ကျူးလွန်ပြစ်မှားလုပ်ဆောင်မိတတ်ခြင်းရဲ့ အကြောင်းရင်းက တို့တွေအားလုံး

ဟာ အပြစ်နဲ့မွေးဖွားလာကြလို့ပဲ။ ဒီလိုနဲ့ တို့တွေဟာ အမှားတွေကို လုပ်မိကြတယ်။ ဒါကြောင့် တို့တွေအားလုံးက အပြစ်သားတွေဖြစ်ပြီး ဘုရားသခင် မနှစ်သက်တဲ့အမှား

တွေကို ပြုလုပ်မိခြင်းဖြစ်တယ်။ ဒါကြောင့် နှုတ်ကပတ်တော်က “အဘယ်ကြောင့်နည်း ဟူမူကား လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်၏ရှေ့တော်၌ အသရေပျက် ကြပြီ” (ရောမ ၃၂၃)လို့ ရှင်းလင်းစွာ ဖော်ပြထားတယ်။ ရုပ်ပုံ – ၃ “ဘုရားသခင်ဟာ တန်ခိုးအစွမ်းသတ္တိနဲ့ ပြည့်စုံပြီး

သန့်ရှင်းစင်ကြယ်တော်မူတယ်” ဒီအချက်တွေကိုဆင်ခြင်တဲ့အခါ တို့တွေဟာ ဘုရားသခင်နဲ့လုံးဝခြားနားပြီး ဆန့်ကျင်ဘက်သဘောရှိတာကို တွေ့ရတယ်။ တို့တွေဟာ အမှားတွေအများကြီး ပြုလုပ် တတ်ပြီး အမှန်လို့သိထားတာတွေကိုတော့ မလုပ်ဘဲ နေတတ်ကြတယ်။ တို့တွေဟာ

ကောင်းတာကို လုပ်နိုင်ဖို့ မတတ်နိုင်ကြောင်း ထင်ရှားလျက်ရှိတယ်။ ဒါပေမဲ့ ဘုရားသခင် ကတော့ ကောင်းတဲ့အမှုကို အစဉ်အမြဲ ပြုတော်မူတယ်။ ဒီလိုပြောတဲ့အခါ တစ်ယောက်

ယောက်က “ဘုရားသခင်က ဘယ်သူလဲ။ ဘုရားသခင်က ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ” မေးစရာအကြောင်းရှိမယ် (ရုပ်ပုံ-၃ ကိုပြပါ)။

တို့တွေပတ်ဝန်းကျင်ရှိ ကမ္ဘာလောကကြီးကို စဉ်းစားကြည့်ပါ။ မင်း ဘာတွေ့ရလဲ။ နေ့အခါ နေ၊ ညအခါ ကြယ်တွေနဲ့ လကို တွေ့မြင်ရမယ်။ တောင်တန်းများ (ဤပုံထဲ ပါသည့်အတိုင်း) နဲ့ ပင်လယ်ကြီးများ၊ တောင်ကုန်းလေးများ၊ မြစ်ချောင်းအင်းအိုင်များ၊ လှပသောပန်းပွင့်များနဲ့ သစ်ပင်တွေကို တွေ့မြင်ကြရမယ်။ ဒါတွေအားလုံးဟာ အံ့သြ ဖွယ် ကောင်းလှပါတယ်။ မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါ။ ကိုယ်ခန္ဓာတည်ဆောက် ထားပုံ၊ မြင်နိုင်တဲ့မျက်စိ၊ ကြားနိုင်တဲ့နား၊ ရှင်းလင်းစွာစဉ်းစားနိုင်တဲ့ဦးဏှောက်၊ မင်း နေ့စဉ်စားသောက်နေတဲ့ အစားအသောက်ကောင်းတွေကို အရသာခံနိုင်တဲ့လျှာနဲ့ ပါးစပ် တို့အကြောင်းကို ပြန်စဉ်းစားကြည့်ပါ။ ဒီအရာအားလုံးဟာ သူ့အလိုအလျောက်ဖြစ် လာတာမဟုတ်နိုင်ပါ။ ဤမျှထူးဆန်းအံ့သြဖွယ်ရာကောင်းတဲ့အရာအားလုံးကို ပြုလုပ်ပေး တဲ့ပုဂ္ဂိုလ်တစ်စုံတစ်ဦး အမှန်ရှိရမယ်။ အဲ့ဒီပုဂ္ဂိုလ်ကို ဘုရားသခင်လို့ခေါ်တယ်။ အဲ့ဒီ ပုဂ္ဂိုလ်က (ပုံတွင်ပါသော တောင်တန်းများ) အပါအဝင် ဖန်ဆင်းတော်မူသည်သာမက အရာခပ်သိမ်းကို အစီအစဉ်တကျ ထိန်းသိမ်းထားနိုင်ဖို့ သူဟာ အလွန်ပင် အစွမ်းသတ္တိ တန်ခိုးနှင့် ပြည့်စုံသူဖြစ်ရမယ်။

ထိုပုဂ္ဂိုလ်ကို တို့တွေရဲ့ မျက်စိနဲ့ မမြင်နိုင်ဘူး။ ထိုပုဂ္ဂိုလ်ဟာ မိုးတိမ်တို့အထက် ကောင်းကင်ဘုံမှာ စံမြန်းလျက်ရှိတော်မူတယ်။ ဒါပေမဲ့ ထိုပုဂ္ဂိုလ်က ဒီကမ္ဘာလောကကြီး ထဲမှာလည်း ရှိတော်မူတယ်။ တကယ်တော့ သူဟာ နေရာတိုင်းမှာ တည်ရှိတော်မူနိုင်ပြီး သူ့ရဲ့နှုတ်တော်ထွက်စကားဖြစ်တဲ့ သမ္မာကျမ်းစာကို တို့တွေအတွက် ပေးထားတယ်။ ဒီသမ္မာကျမ်းစာအုပ်ရဲ့ အဓိကရည်ရွယ်ချက်က သူဟာ ဘယ်လိုပုဂ္ဂိုလ်ဖြစ်ကြောင်းနဲ့ ဒီလောကမှာရှိတဲ့ လူသားအားလုံးတို့ သိရှိလိုက်နာဖို့ သူ့ရဲ့ ပညတ်တော်(ဥပဒေသ)တွေကို ဖော်ထုတ်ပြသဖို့ဖြစ်တယ်။

ဘုရားသခင်ရဲ့ဥပဒေသများဟာ ပြည့်ဝစုံလင်တဲ့အတွက် တို့တွေရဲ့ အဖြစ်သနစ်၊ မှန်ကို ဖော်ပြပေးတယ်။ ဘုရားသခင်ရဲ့ဥပဒေသများက ပြည့်ဝစုံလင်ရုံမကဘဲ ဘုရား သခင်ကိုယ်တော်တိုင်ကလည်း လုံးဝဥသုံ သန့်ရှင်းစင်ကြယ်စုံလင်တော်မူတယ်။ ဒီအကြောင်းကို တို့တွေ ရုပ်ပုံကားချပ်မှာ တွေ့နိုင်ပါတယ်။ သူဟာ သန့်ရှင်းသောသူ ဖြစ်ကြောင်းကို နှုတ်ကပတ်တော်က ဖော်ပြထားပါတယ်။ သမ္မာကျမ်းစာထဲမှာ “ကောင်းကင်ဗိုလ်ခြေထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”လို့ ဖော်ပြထားတယ်(ဟေရှာယ၊၆း၃)။ ဒါကြောင့် သူဟာ တို့တွေနဲ့

လုံးဝခြားနားပြီး အပြစ်တင်စရာမရှိ- အမှားအယွင်းနှင့်ကင်းသောသူဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်တယ်။ သူက အမြဲတမ်း တရားမျှတပြီး ကောင်းတဲ့အမှုကိုသာ ယူဆောင် သူဖြစ်တယ်။ ဒီရွှေရောင်ကို (စာသားမဲ့စာအုပ်မှ ရွှေရောင်စာမျက်နှာကိုပြပါ) ကြည့်ခြင်း ၊ အားဖြင့် တို့တွေဟာ ဘုရားသခင်ကို သတိရစေတယ်။ ဘာလို့လဲဆိုတော့ ရွှေဆိုတာ လုံးဝစင်ကြယ်တဲ့ သတ္တုဖြစ်လို့ပဲ။ ဒီရွှေရောင်ဟာ ဘုရားသခင်စံမြန်းတော်မူတဲ့

ကောင်းကင်ဘုံကိုလည်း သတိရစေတယ်။ သမ္မာကျမ်းစာက ကောင်းကင်ဘုံမှာရှိတဲ့လမ်း ဟာ ရွှေအတိဖြစ်တယ်လို့ ဖော်ပြထားတယ်။ (ကောင်းကင်ဘုံသည် မည်သို့သောနေရာ ဖြစ်ကြောင်းကို ကျွန်ုပ်တို့အတိအကျမသိနိုင်သော်လည်း ဤရွှေရောင်အားဖြင့် အစားထိုး ပြသခြင်းဖြစ်ပါသည်)။ ဘုရားသခင်ဟာ အပြစ်နဲ့လုံးဝကင်းစင်ပြီး သူစံမြန်းရာ

ကောင်းကင်ဘုံမှာလည်း အပြစ်ဆိုတာ လုံးဝမရှိဘူး။ ဘုရားသခင်နဲ့ တို့တွေ ဘယ်လောက်ကွာခြားကြောင်း မင်းတို့ တွေ့မြင်လောက်ပြီနော်။

ဒီအချက်ကပဲ တို့တွေရဲ့ ပြဿနာဖြစ်တယ်။ တို့တွေအားလုံးက အပြစ်သားတွေ ဖြစ်ကြပြီး ဘုရားသခင်နှင့်အတူ ကောင်းကင်ဘုံသို့ ဝင်ရောက်နေထိုင်နိုင်ဖို့ တို့တွေရဲ့ အပြစ်တွေကနေ လွှတ်ခြင်းအခွင့်ရဖို့လိုတယ်။ ဒါပေမဲ့ အပြစ်လွှတ်ခြင်းကို ဘယ်လို ခံရနိုင်မလဲ (ရုပ်ပုံ-၄ ကိုပြပါ)။

ရုပ်ပုံ – ၄ “တို့တွေရဲ့ အပြစ်များကို တို့တွေကိုယ်တိုင် ဆေးကြောသန့်စင်ခြင်း

မပြုလုပ်နိုင်ပါ”

တို့တွေ တွေ့မြင်ခဲ့ရတဲ့အတိုင်း မင်းနဲ့ ဆရာ/ဆရာမတို့ဟာ ဘုရားသခင်ရဲ့ စိတ် တော်နဲ့တွေ့နိုင်ဖို့ မပြုလုပ်နိုင်ကြဘူး။ တို့တွေဟာ ဘုရားသခင်နဲ့မတူတဲ့ အပြစ်သားတွေ ဖြစ်ကြတယ်။ တို့တွေ ဘယ်လောက်ပဲ ကြိုးပမ်းအားထုတ်ပေမဲ့ ကိုယ့်အစွမ်းအစနဲ့တော့ ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့ဖို့ မလုပ်နိုင်ကြဘူး။ ဒီစာသားမဲ့စာအုပ်ထဲက အနက် ရောင်စာမျက်နှာဟာ (အနက်ရောင်စာမျက်နှာကိုပြလျက်) ဘုရားသခင်ရဲ့ ရှေ့တော် မှောက်မှာ တို့တွေရဲ့ အခြေအနေကို ဖော်ပြနေတယ်။ ဒီအနက်ရောင်က တစ်နည်း အားဖြင့် တို့တွေရဲ့ စိတ်နှလုံးနဲ့ အသက်တာရဲ့ အမှောင်ကျရောက်နေခြင်းကိုလည်း ပြသ လျက်ရှိတယ်။ တို့တွေဟာ ထပ်ခါတလဲလဲ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို ချိုးဖောက် လေ့ရှိတတ်တယ်။ အပြစ်တရားကြောင့် ဖြစ်ပေါ်လာတဲ့ ဒီအမှောင်တရားနဲ့ ဆိုးညစ်မှု တွေကို တို့တွေကိုယ်တိုင် ဖယ်ရှားပစ်နိုင်ဖို့ မတတ်နိုင်ကြဘူး။ ဒါတွေအားလုံးကို ဘုရား ၊သခင် သိတော်မူပြီး သူဟာ သန့်ရှင်းတော်မူသောအရှင်၊ တရားမျှတသော

ဒီအပြစ်တွေကို မသိကျိုးကျွန်ပြုပြီး ကျောခိုင်းထားခြင်းမျိုး မပြုဘူးလို့ သမ္မာကျမ်း က ဖော်ပြထားတယ်။

ဥပမာ- ဒီပုံထဲမှာပါတဲ့ Becky ရဲ့ပုံကိုကြည့်ပါ။ (ပုံကိုပြပါ)။ သူမဟာ သန့်ရှင်း ဖြူစင်တဲ့အဝတ်ကိုဝတ်ဆင်ထားပါတယ်။ သူ့အဖွားထံ သွားရောက်လည်ပတ် နှုတ်ဆက် မှာဖြစ်လို့ အဝတ်တွေပေကျံခြင်းမရှိအောင် ငြိမ်ငြိမ်ထိုင်နေဖို့ ပြောထားပါတယ်။ ဒါပေမဲ့ သူမက အလစ်မှာထွက်သွားပြီး ချောကလက်တစ်ပြားကိုယူစားလိုက်တယ်။ ချောကလက် အချို့က သူမရဲ့ လှပတဲ့အင်္ကျီပေါ်သို့ စီးကျလာတယ်။ အဆူခံရမှာသိလို့ ပေနေတဲ့ ချောကလက်တွေကို လက်နဲ့ပွတ်တိုက်ပစ်လိုက်တယ်။ ဒီလိုလုပ်တဲ့အခါ ချောကလက် အရည်ပျော်လာပြီး သူ့အင်္ကျီကို အစွန်းအကွက်ကြီးဖြစ်စေတယ်။ ဒါကြောင့် ရေချိုးခန်း၊ ထဲသွားပြီး ရေမြှပ်နဲ့ ပွတ်တိုက်ကြည့်ပြန်တယ်။ ဒါပေမဲ့ အစွန်းကွက်ကြီးက ပိုပြီးကြီးလာခဲ့ တယ်။ သူ ဘယ်လောက်ပဲကြိုးစားပေမဲ့ ဒီအစွန်းကွက်ကို မဖျောက်ပစ်နိုင်ပါ။

တို့တွေမှာရှိတဲ့အပြစ်ကလည်း ဒီလိုပါပဲ။ တို့တွေရဲ့ နှလုံးသားနဲ့ အသက်တာမှာ စွန်းထင်းနေတဲ့အပြစ်ကို တို့တွေ ဖျောက်ဖျက်လို့မရဘူး (ဤပုံတွင် ဖော်ပြထားသည့် အတိုင်း)။ တို့တွေ ဘယ်လောက်ပဲကြိုးစားလုပ်ဆောင်ပြီး ကောင်းပါတယ်လို့ ယူဆနေပါ စေ၊ အောင်မြင်နိုင်မှာမဟုတ်ဘူး။ တို့တွေဟာ အမှောင်တရားကို ဖယ်ရှားပစ်နိုင်စေကာမူ (အမှန်မှာ ကျွန်ုပ်တို့မတတ်နိုင်ပါ) မှားယွင်းတဲ့အတွေးအခေါ် တစ်ခု ဒါမှမဟုတ် စကား တစ်ခွန်း ဒါမှမဟုတ် လုပ်ဆောင်မှုတစ်ခုကို ကျူးလွန်မိလိုက်တာနဲ့ ဒီအပြစ်တရားက လည်း ပြန်လည်လွှမ်းမိုးထားပြီး တို့တွေမျှော်လင့်ထားတဲ့ သန့်ရှင်းကောင်းမွန်ခြင်းတို့ လည်း လွင့်ပါးသွားမှာပဲ။ တို့တွေဟာ ဒီအမှောင်တရားကို ပယ်ရှားဖို့ မတတ်နိုင်ပါဘူး။ တို့တွေအားလုံးက ဘုရားသခင့်ရှေ့တော်မှောက်မှာ အပြစ်သားများသာဖြစ်ပါတယ်။ ဘုရားသခင်နဲ့မိတ်သဟာယဖွဲ့နိုင်ဖို့ သူ့ထံမှ အပြစ်လွှတ်ခြင်းကို ခံယူရန် လိုအပ်ပါတယ်။

ရုပ်ပုံ – ၅ “ဘုရားသခင်က အပြစ်ကို စီရင်မယ်”

တို့တွေရဲ့ ချို့ယွင်းကျဆုံးမှုကြောင့် ဘုရားသခင် မျက်မှောက်တော်တွင် ဒီအနက် ရောင်စာမျက်နှာလို တို့တွေဖြစ်နေတာကို ဂရုထားမိလိမ့်မယ်လို့ မင်း ထင်သလား။ သူ အမှန်ပင် ဂရုထားတော်မူတယ်။ Becky ရဲ့ အစွန်းနေခြင်းအတွက် သူမရဲ့ မိခဝ ဂရုထားမလား။ အမှန်ပင် ဂရုပြုမိမှာဖြစ်တယ်။ သူမရဲ့ မိခင်က ဆုံးမလိမ့်မယ်။

မင်းဟာ မိဘစကားကို နားမထောင်တဲ့အခါ တစ်ခုခုဖြစ်မှာ သေချာတယ်။ မင်း ပြုလုပ်မိခဲ့တဲ့အရာအတွက် ဆုံးမခြင်းကို ခံရမယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ စကားကို နားမထောင်ဘဲ ပြစ်မှားမိခဲ့ရင်တော့ ပိုပြီးကြီးလေးတဲ့အပြစ်ကို ခံရဖို့ရှိတယ်။

မင်း ပြစ်မှားမိခဲ့တဲ့အပြစ်အားလုံးက ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ ထင်ရှား လျက်ရှိပြီး အဲ့ဒီအပြစ်နှင့်အလျောက် ဘုရားသခင်ရဲ့ ဆုံးမခြင်းကို ခံရဖို့ရှိတယ် (ရုပ်ပုံ၅ ကို ပြပါ)။ ဒါကြောင့်လည်း ပြဿနာပေါ်လာရခြင်းဖြစ်တယ်။

| ပထမအချက်က- တို့တွေရဲ့ အပြစ်တွေကြောင့် တို့တွေကို ဘုရားသခင်နဲ့ ကင်းကွာ စေတယ်။ ဒါကြောင့် ရုပ်ပုံမှာ ဖော်ပြထားတဲ့အတိုင်း တို့တွေနဲ့ ဘုရားသခင်အကြား အဆီးအတားရှိနေတာဖြစ်တယ်။ ဘုရားသခင်က သန့်ရှင်းမြင့်မြတ်တော်မူလို့ သူ့ရဲ့ ရှေ့တော်မှောက်မှာရော၊ ကောင်းကင်နိုင်ငံတော်မှာရော အပြစ်ကိုခွင့်မပြုနိုင်ပါဘူး။ ဒါကြောင့် တို့တွေဟာ အပြစ်ထဲမှာနစ်မြုပ်ပြီး သေဆုံးတဲ့အခါ ကောင်းကင်ဘုံသို့ မဝင်

ရောက်နိုင်ပါ။ ပြီးတော့ ဒီထက်ပိုပြီးဆိုးတာရှိသေးတယ်။ သမ္မာကျမ်းစာက “ဘုရားသခင် သည် အစဉ်ထာဝရတရားမျှတသောအရှင်ဖြစ်သည်”လို့ ဖော်ပြထားတယ်။ ကျမ်းစာက “ဖြောင့်မတ်ခြင်း”ဆိုတဲ့စကားကို သုံးထားတယ်။ အဓိပ္ပါယ်က ဘုရားသခင်ဟာ အမြဲ တမ်း အမှန်ကိုပဲ ပြုလုပ်တယ်လို့ ဆိုလိုတယ်။

ရံဖန်ရံခါ တို့တွေဟာ မိဘများ၊ ဆရာ/ဆရာမများတို့နဲ့ မှားတတ်ကြတယ်။ ဆရာမက သင်ပုန်းမှာ စာရေးနေတုန်း သူ့နောက်ကျောဘက်မှ စကားပြောသံ ကြားနေ ရတယ်။ ဆရာမက နောက်လှည့်လိုက်ပြီး Ralph မင်းစကားများမနေနဲ့- တိတ်တိတ် နေစမ်းလို့ဆူလိုက်တယ်။ Ralph က ဆရာမစကားများတာ ကျွန်တော်မဟုတ်ပါဘူးလို့ ပြန်ဖြေလိုက်တယ်။ ဆရာမကလည်း “မင်းဘာမှ ဆင်ခြေတက်မနေနဲ့။ စကားများနေ တာမင်းပဲ။ ဒီအတွက် ကျောင်းလွှတ်ရင် မင်းအိမ်မပြန်ရသေးဘဲ နေရစ်ခဲ့ရမယ်”လို့ ဆိုလိုက်ပါတယ်။ ဒါပေမဲ့ Ralph က အမှန်တကယ်ပင် စကားမပြောခဲ့ပါဘူး။ ဆရာမ က သူ့ကို အထင်မှားပြီး စွပ်စွဲခဲ့တာဖြစ်တယ်။ Ralph ကလည်း “ဒါကတော့ မတရား ဘူး”လို့ တိုးတိုးလေးရေရွတ်လိုက်မိတယ်။ မင်းလည်း ဒီလိုအဖြစ်အပျက်မျိုးနဲ့ ကြုံတွေ့ဖူး ပါသလား။ ဒါပေမဲ့ ဘုရားသခင်ကတော့ အမြဲတမ်း တရားမျှတမှုရှိတယ်။ သူဟာ ဘယ်တော့မှ အမှားမပြုလုပ်ခဲ့ဘူး။ ကျမ်းစာက သူဟာ အစဉ်သဖြင့် အပြစ်အတွက် ဆုံးမတော်မူလိမ့်မည်ဟု သွန်သင်ထားပါတယ်။ မင်းအနေနဲ့ ပြဿနာရဲ့ ရလဒ်ကို တွေ့မြင်ပါသလား။ တို့တွေအားလုံး အပြစ်ပြုမိခဲ့ကြတယ်။ ဘုရားသခင်က သန့်ရှင်း မြင့်မြတ်တော်မူပြီး တရားမျှတတဲ့အရှင်ဖြစ်တယ်။ ဒါကြောင့် တစ်နေ့မှာ တို့တွေဟာ

သူနဲ့ ထာဝရကွဲကွာပြီး အပြစ်အတွက် စီရင်ခြင်းကို ခံကြရမယ် (ရုပ်ပုံတွင် ဖော်ပြထားပြီး၊ ကို ကြည့်မြင်နိုင်ပါသည်)။ ဒါဟာ ပြဿနာပဲ။

ဒီပြဿနာကို တို့တွေ မဖြစ်ချင်ကြဘူး။ Bob နဲ့ Joan တို့လည်း ဒီပြဿနာမျိုး ဖြစ်ချင်ကြမှာမဟုတ်ဘူးလို့ ဆရာ/ဆရာမ ယုံကြည်တယ်။ တို့တွေဟာ ဘုရားသခင်နဲ့ ထာဝရကင်းကွာပြီး ဘုရားသခင်ရဲ့ အပြစ်စီရင်ခြင်းမှ လွတ်မြောက်ဖို့ အဖြေရှိပါသလား။ ရှိခဲ့ရင် ဒီအဖြေကို တို့တွေ ဒီနေ့ပဲ တွေ့ချင်တယ်။ သမ္မာကျမ်းစာက ရှင်းလင်းစွာဖော်ပြ ထားတာတော့ တို့တွေမှာ ဒီအဖြေမရှိသလို တခြားဘယ်လူသတ္တဝါမှာမှမရှိဘူး။ > တို့တွေရဲ့ ကောင်းတာလုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်ပါ။ > တို့တွေရဲ့ မိဘတွေက ခရစ်ယာန်များ ဖြစ်နေပေမဲ့ တို့တွေကို မကယ်တင်နိုင်ပါ။ > တို့တွေရဲ့ အသင်းတော်ကလည်း မကယ်တင်နိုင်ပါ။ > တို့တွေရဲ့ သင်းအုပ်ဆရာ ဒါမှမဟုတ် ဘုန်းတော်ကြီးတွေကလည်း မကယ်တင်နိုင်

ပါ။ သူတို့တွေလည်း အပြစ်သားများဖြစ်ပြီး ကယ်တင်ခြင်းကို လိုအပ်သူများဖြစ် ကြတယ်။

မင်းဟာ ဘုရားရှိခိုးကျောင်းတက်နေပေမဲ့ မင်းရဲ့ အသင်းတော် ဒါမှမဟုတ် သင်းအုပ်ဆရာက မင်းကို ကယ်တင်ခြင်း- အပြစ်လွှတ်ခြင်းကို မပြုနိုင်ဘူး။ မင်းက နှစ်ခြင်းမင်္ဂလာခံယူသည်ဖြစ်စေ၊ ဂိုဏ်းအုပ်ဆရာကြီးထံ လက်တင်မင်္ဂလာ ခံယူထား သည်ဖြစ်စေ၊ အပြစ်များအတွက် သွားပြီးအာပတ်ဖြေသည်ဖြစ်စေ၊ အသင်းတော်တစ်ပါး တွင် အသင်းသားတစ်ဦးဖြစ်နေပါစေ၊ ဒီအရာအားလုံးက မင်းကို ကယ်တင်ခြင်း မပေး နိုင်ဘူး။

တို့တွေမှာ အပြစ်လုံးဝကင်းစင်ပြီး တို့တွေရဲ့ အပြစ်အတွက် အပြစ်ဒဏ်စီရင်ခြင်း ကို ဝင်ရောက်ခံယူပေးနိုင်တဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်မျိုးကို လိုတယ်။ မင်းအတွက် ဒီနေ့ပဲ ခံစားနိုင်တဲ့ သတင်းကောင်းရှိတယ်။ အဲ့ဒါကတော့ မင်းကို ကယ်တင်နိုင်တဲ့သူ တစ်ဦးဖြစ်တဲ့ ယေရှုခရစ်တော်ရှိတယ်ဆိုတဲ့သတင်းပဲ။ သူဟာ သားတော်ဘုရားဖြစ်တယ်။

ရုပ်ပုံ – ၆ “ယေရှုခရစ်တော်တစ်ပါးတည်းကသာ တို့တွေရဲ့ အပြစ်များကို

လွှတ်နိုင်စွမ်းရှိတယ်” နောက်ဆုံးမှာ တို့တွေရဲ့ ပြဿနာအဖြေကို စတင်တွေ့နေရပြီ။ တို့တွေရဲ့ အပြစ် များကို လွှတ်ခြင်းအခွင့်ရရှိနိုင်ပါတယ်။ ဘယ်လိုရနိုင်မလဲ။

ဘုရားဖြစ်တော်မူတဲ့ ယေရှုခရစ်အားဖြင့်သာ ရနိုင်ပါတယ်။ (ရုပ်ပုံ-၆ ကိုပြပါ)။ တို့တွေ မလုပ်နိုင်ဘူး၊ အခြားဘယ်သူမှလည်း မလုပ်နိုင်ဘူး။ ဒါပေမဲ့ ယေရှုခရစ်တော်က လုပ်နိုင်ပါတယ်။ ။

အာဖရိကတိုက်မှာ ကလေးငယ်တစ်ဦးဟာ တွင်းတစ်ခုထဲ ကျသွားခဲ့တယ်။ ညအချိန်ရောက်ခါနီးလို့ တောရိုင်းတိရစ္ဆာန်များလည်း အစာရှာထွက်ချိန်ဖြစ်တယ်။ သူ့ အဖို့ တွင်းထဲကနေ ပြန်မထွက်နိုင်ဖြစ်နေပြီး ကြောက်ရွံ့တုန်လှုပ်နေတယ်။ လူတွေလည်း တွင်းများသို့ စုရုံးရောက်ရှိလာကြတယ်။ တစ်ယောက်က “မင်းဟာ ဉာဏ်ပညာမဲ့လို့သာ ဒီလိုတွင်းထဲ ကျရတာ”လို့ ပြောတယ်။ အခြားတစ်ယောက်က “မင်းဟာ စကား နားမထောင်ဘဲ တွင်းနားမှာ လာကစားလို့ဖြစ်ရတာ”လို့ အပြစ်ဆိုတယ်။ တတိယ လူတစ်ယောက်က “မင်းကျသွားတဲ့အတိုင်း ပြန်တက်လာခဲ့ပေါ့”လို့ ဆိုပြန်တယ်။ (ထိုကဲ့ သို့ အမှန်ပင် သူပြန်မတက်နိုင်ပါ)။ အခြားတစ်ယောက်ကတော့ သူ့ကို တုတ်တစ်ချောင်း ပစ်ချပေးတယ်။ ဒါပေမဲ့ အဲ့ဒီတုတ်ကလည်း ကျိုးသွားခဲ့ပြန်တယ်။ နောက်တစ်ယောက် က “သူဟာ တွင်းထဲက တက်လာနိုင်ခဲ့ရင် နောက်တစ်ကြိမ် ပြန်မကျဖို့လိုတယ်”ဆိုပြီး ညွှန်ကြားချက်တွေတောင် ပေးနေပြန်သေးတယ်။ ဒါပေမဲ့ ဒီအချက်အားလုံးဟာ အဲ့ဒီ ကလေးငယ်အတွက် ဘာမျှ အကူအညီမဖြစ်စေဘူး။ ။

ညအချိန် ရောက်လာနေပြီ။ နောက်ဆုံးမှာ အလွန်တရာ ခွန်အားနဲ့ပြည့်စုံပြီး သနားကြင်နာတတ်တဲ့ လူကြီးတစ်ယောက်က သူ့ကိုယ်မှာ ကြိုးနဲ့ချည်ပြီး သူကိုယ်တိုင် တွင်းထဲဆင်းကာ ကလေးငယ်ကို ချီပင့်ပြီး အပေါ်ဆွဲတင်လာနိုင်ခဲ့တယ်။ ဒါဟာ အ ပဲ။ တစ်ခုတည်းသောအဖြေလည်း ဖြစ်တယ်။ ကလေးငယ်က သူ့ကိုယ်သူ မကယ်တင် နိုင်ဘူး။ အခြားသူတစ်ယောက်က သူ့ကို ကယ်တင်ဖို့လိုတယ်။ အဲ့ဒီကယ်တင်မဲ့သူက လည်း စွမ်းရည်ထက်မြက်ပြီး ချစ်ခင်ကြင်နာတတ်သူဖြစ်ရမယ်။ ။

တို့တွေရဲ့ အပြစ်များကို ဘယ်လိုလွှတ်ခြင်းအခွင့်ရနိုင်မလဲ။ ယေရှုခရစ်တော်အား ဖြင့်ပဲ ရရှိနိုင်တယ်။ သူဟာ တို့တွေရဲ့ အပြစ်များကို ဘာလို့လွှတ်နိုင်တာလဲ။

ပထမအချက်က- သူဟာ အလွန်ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်လို့ပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀)ခန့်က ဒီလောကကြီးထဲသို့ သူ ဆင်းသက်လာကာ လူအဖြစ်ကို ခံယူခဲ့ပြီး နှစ်

ပေါင်း (၃၃)နှစ်တိုင်တိုင် လုံးဝအပြစ်ကင်းစင်တဲ့အသက်တာနဲ့ အသက်ရှင်နေထိုင်ခဲ့ တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ သူဟာ ဘုရားစင်စစ်လည်းဖြစ်တယ်။ ဒီအကြောင်းကို တို့တွေ နားလည်ဖို့ ခက်ခဲလိမ့်မယ်။ သူက သားတော်ဘုရားဖြစ်သလို အပြစ်ကင်းစင်တဲ့ လူသားလည်းဖြစ်တယ်။ ဒါပေမဲ့ ဒုတိယအချက်မှာ သူပြုခဲ့တဲ့အမှုအားဖြင့် တို့တွေရဲ့

အပြစ်တို့ကို သူ လွှတ်နိုင်တယ်။ သမ္မာကျမ်းစာက “ဘုရားသခင်သည် မိမိ၏တပါးတ သောသားတော် ယေရှုခရစ်တော်ကို စွန့်တော်မူသည့်တိုင်အောင် ချစ်ခြင်းမေတ္တာ လောကီသားများဖြစ်ကြတဲ့ မင်းနဲ့ ဆရာ/ဆရာမတို့ အပြစ်များအတွက် ကိုယ်စား ဝင်ရောက် အသေခံနိုင်ဖို့ စေလွှတ်တော်မူခဲ့တယ်” (ယော၊၃၁၆)လို့ ဖော်ပြထားတယ်။ သူဟာ တို့တွေရဲ့ အပြစ်ကြွေးအတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံတော်မူခဲ့တယ်။ (စာသားမဲ့စာအုပ်မှ အနီရောင်စာမျက်နှာကိုပြပါ)။ ဘုရားသခင်က တို့တွေရဲ့ အပြစ်များ ကို တရားစီရင်ရမယ်။ ဒါပေမဲ့ ယေရှုခရစ်တော် အသေခံခြင်းအားဖြင့် ဘုရားသခင်ရဲ့ အပြစ်စီရင်ခြင်းကို ဝင်ရောက်ခံယူပေးလို့ တို့တွေ ကယ်တင်ခြင်းရဖို့၊ အပြစ်လွှတ်ခြင်း၊ အခွင့်ရရှိဖို့နဲ့ အပြစ်စီရင်ခြင်းမှ လွတ်မြောက်ရတာဖြစ်တယ်။ ဒီစာမျက်နှာက တို့တွေရဲ့ အပြစ်ကြွေးအားလုံးအတွက် အသေခံ သွန်းလောင်းသွားခဲ့တဲ့ သခင်ယေရှုခရစ်တော်ရဲ့ အသွေးတော်မြတ်အကြောင်းကို ပြန်လည်သတိရစေတယ်။ ဒီအချက်ကပင်လျှင် သတင်း

ကောင်းဖြစ်တယ်။ ဒီပုံမှာ ဖော်ပြထားတဲ့ ယောက်ျားလေးများ၊ မိန်းကလေးများက မိမိတို့ ရဲ့ အပြစ်များကို လွှတ်တော်မူရန် တောင်းပန်သလို မင်းတို့လည်း တောင်းခံနိုင်တယ်။ ရုပ်ပုံ – ၇ “ယေရှုခရစ်တော်က တို့တွေကိုယ်စား အပြစ်စီရင်ခြင်းကို

ခံသွားတော်မူတယ်” ယေရှုခရစ်တော်က ကားတိုင်ပေါ်မှာ အသေခံချိန်၌ ဘာတွေ ဖြစ်ပျက်ခဲ့သလဲ။ ကျမ်းစာတော်မြတ်က သူဟာ တို့တွေရဲ့ အပြစ်အတွက် အပြစ်စီရင်ခြင်းကို ခံယူသွား

တော်မူတယ်လို့ သွန်သင်ထားတယ်။ (ရုပ်ပုံ- ၇ ကို ပြပါ)။ တို့တွေကိုယ်စား အပြစ်စီရင် ခြင်းကို သူ ခံယူသွားတော်မူခဲ့တယ်လို့ပြောတဲ့အခါ ဘာကို ဆိုလိုတာလဲ။

မင်းတို့တွေ ရှင်းလင်းစွာ သိမြင်နိုင်ဖို့ ပုံပြင်တစ်ပုဒ်ပြောပြမယ်။

ဆရာတစ်ယောက်ဟာ ကျေးလက်တောရွာရှိ စာသင်ကျောင်းတစ်ကျောင်းသို့ ပြောင်းရွှေ့လာခဲ့တယ်။ အဲ့ဒီနေ့က သူ့ရဲ့ ပထမဆုံးစာသင်နေ့ပေါ့။ သူက ကျောင်းသူ

ကျောင်းသားတို့တွေ လိုက်နာဖို့ စည်းကမ်းများကို ထုတ်ထားမယ်လို့ ပြောခဲ့ပါတယ်။ တကယ်လို့ အဲ့ဒီစည်းကမ်းတွေထဲက တစ်ချက်ချက်ကို ကျောင်းသူကျောင်းသားများက ချိုးဖောက်ခဲ့ရင် ကြိမ်လုံးနဲ့ (၆)ချက်ရိုက်ပြီး အပြစ်ပေးမယ်လို့ အမိန့်ထုတ်ထားခဲ့တယ်။

သူက ကျောက်သင်ပုန်းပေါ်မှာ စည်းကမ်းချက်များကို စတင်ရေးသားခဲ့တယ်။

မနာခံခြင်းမျိုးမရှိစေရ၊ လိမ်ညာပြောဆိုခြင်းမပြုရ၊ ခိုးဝှက်ခြင်းမပြုရ၊ ခိုက်ရန် မဖြစ်ပွားရ — စသည်တို့ဖြစ်တယ်။ အဲ့ဒီနောက် မင်းတို့ နားလည်သဘောပေါက်ကြ

သလားလို့မေးရာ ကျောင်းသူကျောင်းသားများကလည်း ကောင်းစွာသဘောပေါက် နားလည်ကြောင်း ပြန်ဖြေခဲ့ကြတယ်။

နောက်တစ်နေ့မနက်မှာ သန်မာထွားကြိုင်းတဲ့ Don ဆိုတဲ့ ကျောင်းသား တစ်ယောက် ရောက်လာပြီး ဆရာခင်ဗျာ ကျွန်တော့် ထမင်းဘူး ပျောက်သွားတယ်။ တစ်ယောက်ယောက် ခိုးသွားတာဖြစ်နိုင်ပါတယ်လို့ လာရောက်တိုင်တန်းတယ်။ ။

ဆရာလည်း စိတ်မကောင်းဖြစ်ပြီး “မင်းတို့အထဲက Don ရဲ့ ထမင်းဘူးကို ဘယ်သူ ခိုးသလဲ”လို့ မေးခဲ့တယ်။ အဲ့ဒီအခါ အလွန်ငယ်ရွယ်တဲ့ Tim ဆိုသူ ကလေးငယ်က Don ရဲ့ ထမင်းဘူးကို ကျွန်တော်ယူမိတယ်လို့ ဆရာထံလာရောက်ဝန်ခံခဲ့ပါတယ်။

ဆရာခင်ဗျား- ကျွန်တော်ယူမိခဲ့ပါတယ်။ ဒီနေ့မနက် ကျွန်တော် နံနက်စာမစား ရဘဲ အလွန်ဆာလောင်နေလို့ ယူစားမိပါတယ်။ ဒီအတွက် ကျွန်တော် ဝမ်းနည်းပါတယ်။ ခွင့်လွှတ်ပါလို့ ဆရာ့ကို တောင်းပန်ခဲ့တယ်။

ဆရာက မင်းကို ငါ ခွင့်လွှတ်ချင်ပါတယ်။ ဒါပေမဲ့ ငါဟာ တရားမျှတဖို့လိုပါတယ်။ မင်းဟာ သတ်မှတ်ထားတဲ့စည်းကမ်းတစ်ချက်ကို ဖောက်ဖျက်ခဲ့တယ်။ ဒါကြောင့် ဖြစ် ဒဏ်က ကြိမ်လုံးနှင့်(၆)ချက် အရိုက်ခံရဖို့ဖြစ်တယ်။ ငါ ဘယ်လိုမှ ရှောင်လွှဲလို့မရနိုင်ပါ။ ငါကိုယ်တိုင် ဒီစည်းကမ်းကို သတ်မှတ်ထားခဲ့တာဖြစ်တယ်။

အဲ့ဒီအခါ Don က မတ်တတ်ရပ်လိုက်ပြီး လက်ကို မြှောက်ပြကာ (ကျွန်ုပ်တို့ ပုံတွင် ပြထားသည့်အတိုင်း) ဆရာခင်ဗျား သူ့အစား ကြိမ်ဒဏ်(၆)ချက်ကို ကျွန်တော် အရိုက်ခံလို့ရမလားလို့ မေးလိုက်တယ်။ ဆရာက ရပါတယ်။ သူလုပ်မိတဲ့ကိစ္စအတွက် တစ်ယောက်ယောက်ကတော့ အပြစ်စီရင်ခြင်းကို ခံရမှာပဲလို့ ဆိုလိုက်ပါတယ်။ သူ့ ကိုယ်စား မင်းအပြစ်ပေးခြင်းကိုခံရင် သူ့ကို အပြစ်ပေးဖို့မလိုတော့ဘဲ သူဟာ အပြစ်မှ လွတ်မြောက်သွားပြီလို့ ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက် ဆရာက Don ကို ကြိမ်လုံးနဲ့ ၊ (၆)ချက်ရိုက်ခဲ့လို့ Tim အဖို့ လွတ်မြောက်ခွင့်ရခဲ့တယ်။

နောက်ပိုင်းမှာ Tim ဟာ Don ဆီကို လာတွေ့ပြီး (Don မှာ နာကျင်နေတုန်းပင်) Don ရယ် ကျွန်တော့်အစား အပြစ်ပေးခြင်းကို ခံပေးလို့ ကျေးဇူးအထူးတင်ပါတယ်။ အခု ကျွန်တော်သင်ခန်းစာရပါပြီ။ နောက်ကို ဘယ်တော့မှ မခိုးတော့ပါဘူးလို့ လာပြော တယ်။

ဒီပုံပြင်လေးရဲ့ အဓိပ္ပါယ်ကို မင်းတို့ နားလည်ကြသလား။ တို့တွေ အပြစ်ပြုမိကြ လို့ အပြစ်သားများဖြစ်တယ်။ ဘုရားသခင်က တရားမျှတတော်မူတဲ့အတွက် အပြစ်ကို စီရင်ရမယ်။ ဒါပေမဲ့ ယေရှုခရစ်တော်က “သူတို့ဟာ အပြစ်စီရင်ခြင်းမှ လွတ်မြောက် စေဖို့ သူတို့ရဲ့ အပြစ်များအတွက် ငါ ဝင်ရောက်ပြီး အပြစ်စီရင်ခြင်းကိုခံရမယ်”ဆိုခဲ့

ပါတယ်။ ယေရှုခရစ်တော်က လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံတဲ့အခါ အဲ့ဒီအတိုင်း အတိအကျ ဖြစ်ပျက်ခဲ့တယ်။ အဖဘုရားသခင်ဟာ တို့တွေရဲ့ အပြစ်အတွက် သ၊ အပြစ်စီရင်ခဲ့တယ်။ ။

သမ္မာကျမ်းစာက “ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော် သည် မတရားသောသူတို့(သင်နှင့်ကျွန်ုပ်) အတွက်ကြောင့် အသေခံတော်မူ၏” (ရောမ၊၅၆)၊ ငါတို့သည် အပြစ်ရှိစဉ်တွင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည် (ရောမ၊၅း၈)လို့ ဖော်ပြထားတယ်။ အဖဘုရားသခင်က တို့တွေကို ဘယ်လောက်ချစ်သလဲဆိုတာ ထင်ရှားတယ်။

သားတော်ဘုရားက ဒီလောက်ထိ ဒုက္ခဝေဒနာကို ခံခြင်းဟာ တို့တွေကို ဘယ်လောက်ချစ်တော်မူကြောင်း ပြသွားခဲ့တယ်။ ။

ရုပ်ပုံ – ၈ “တို့တွေက ဘုရားသခင်ထံ တောင်းခံရင် တို့တွေရဲ့ အပြစ်အားလုံးဟာ

အစဉ်ထာဝရ ခွင့်လွှတ်ခြင်းခံရမယ်”

တို့တွေရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အပြစ်အားလုံးကို ဘုရားသခင်၏သား တော် ယေရှုခရစ်တော်က ဒီနေ့ပဲ အကုန်အစင် ဖြေလွှတ်ပေးနိုင်စွမ်းရှိတယ် (ရုပ်ပုံစ ကိုပြပါ)။ ထို့နောက် တို့တွေဟာ ကယ်တင်ခြင်းရမယ်လို့ သမ္မာကျမ်းက ဖော်ပြထားတယ်။

Sharon ဆိုတဲ့ မိန်းကလေးတစ်ယောက်က သူ့မိခင်အား မေမေ၊ ဘုရားသခင် က ကျွန်မရဲ့ အပြစ်အားလုံးကို ပယ်ဖျက်ပစ်နိုင်တယ်လို့ ကျမ်းစာထဲမှာဖော်ပြထားပါတယ် ၊ (ဆာလံ၊၅၁း၁)။ အဲ့ဒါ ဘာကိုဆိုလိုတာလဲ။ မိခင်ဖြစ်သူက “သမီးလေး မနေ့က သင်ပုန်း ပေါ်မှာ စာတွေရေးခဲ့တယ်မဟုတ်လား။ သမီး ဘာတွေရေးခဲ့တယ်ဆိုတာ အမေ့ကို ပြပါအုံး”လို့ ပြန်မေးခဲ့တယ်။ သမီးဖြစ်သူက “ဟုတ်ပါရဲ့၊ ဒါပေမဲ့ ကျွန်မ ဖျက်ပစ်လိုက် ပြီ။” “ကောင်းပြီ။ ဒါဆိုရင် မင်းရေးထားတဲ့စာတွေ အခု ဘယ်မှာလဲ”လို့ မေးတဲ့အခါ Sharon က “အဲ့ဒီစာတွေ ပျောက်ကုန်ပြီ။ သင်ပုန်းပေါ်မှာရှိခဲ့တာတော့ အမှန်ပဲ။ ဒါပေမဲ့ အခုတော့ ပျောက်ကွယ်သွားခဲ့ပြီ”လို့ ပြန်ဖြေခဲ့တယ်။ အဲ့ဒီအခါ မိခင်ဖြစ်သူက “ကောင်းပြီ သမီး၊ ဒီအတိုင်းပဲ မေမေတို့ရဲ့ အပြစ်တွေကို ဘုရားသခင်က ပယ်ဖျက်လိုက် တဲ့အခါ ပျောက်ပျက်သွားပြီ။ ဘုရားသခင်နဲ့ပတ်သက်လာရင် မေမေတို့အပြစ်အားလုံး လည်း ပျောက်ပျက်သွားပြီးဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်၏သားတော် ယေရှု ခရစ်တော်အားဖြင့်သာ ဖြစ်တယ်”လို့ ပြောတယ်။

သခင်ယေရှုက တို့တွေရဲ့ အပြစ်များကို လွှတ်လိုတဲ့ဆန္ဒရှိတယ်။ တို့တွေရဲ့ အပြစ် များကို ဖြေလွှတ်နိုင်ဖို့ လိုအပ်တဲ့ လုပ်ဆောင်မှုအားလုံးကို သူ ဆောင်ရွက်ခဲ့ပြီးပြီ။ ဒါပေမဲ့ တို့တွေအပေါ် အတင်းအကြပ်ဖိအားပေးခြင်းမျိုးကိုတော့ မပြုလုပ်ဘူး။ Tim ရဲ့ ကိုယ်စား Don က ဝင်ရောက်ပြီး ကြိမ်ဒဏ်(၆)ချက် အရိုက်ခံဖို့ ကမ်းလှမ်းပြောဆို လာတဲ့အခါ Tim က ကိစ္စမရှိပါဘူး။ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ကြိမ်ဒဏ်ကို ခံယူပါ့မယ်”လို့ ပြောဆိုနိုင်တယ်။ ဒီလိုပြောလိုက်ရင် မိုက်မဲရာကျမယ်။ Don က စွမ်းအားနှင့်ပြည့်စုံလျက် ခံနိုင်ရည်ရှိပြီး လိုလားစွာဖြင့် ကမ်းလှမ်းလာလို့ပေါ့။

ယေရှုခရစ်တော်ကလည်း တို့တွေအစား အပြစ်စီရင်ခြင်းကို ဝင်ရောက်ခံယူသွားခဲ့တယ်။ “ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့”လို့ အခုပဲ ယေရှုက တို့တွေကို ပြောနေတယ်။ တစ်နည်းအားဖြင့် မင်းတို့ ကယ် တင်ခြင်းရဖို့၊ မင်းတို့အပြစ်အားလုံးကို လွှတ်ပေးဖို့ ငါအားလုံးကို လုပ်ပေးခဲ့ပြီလို့ပြော တယ်။ အခုပဲ မင်းတို့ဟာ ငါ့ကိုပတ္ထနာပြုလျက် တောင်းလျှောက်လျှင် ကယ်တင်ခြင်းကို ရရှိပြီး အပြစ်အားလုံးလည်း ဖြေလွှတ်ခြင်းကို ခံရမယ်ပြောနေတယ်။ မင်းတို့ဟာ နက်မှောင်ပြီးအပြစ်နဲ့ပြည့်နေတဲ့ နှလုံးသားအစား (ရုပ်ပုံ-၄ ကိုပြပါ) အပြစ်လွှတ်ခြင်းကို ခံရလျက် မင်းတို့ရဲ့နှလုံးသားနဲ့အသက်တာကလည်း ဘုရားသခင် ရှေ့တော်မှောက်မှာ ဒီပုံအတိုင်း သန့်ရှင်းစင်ကြယ်သွားလိမ့်မယ်။

တကယ်လို့ မင်းက ယခင်က ဒီလို တစ်ခါမျှမလုပ်ဖူးခဲ့ဘူး၊ ဘယ်လိုလုပ်ရမှန်း မသေချာရင် အစည်းအဝေးပြီးတဲ့အခါ မင်းနဲ့ တွေ့ဆုံဆွေးနွေးပြီး ဝမ်းမြောက်စွာ ကူညီလိုပါတယ်။ မင်း လုပ်ဆောင်ဖို့လိုတာကို ပိုပြီးရှင်းလင်းစွာ သိမြင်ဖို့ ဖော်ပြပေး မယ်။ တကယ်လို့ မင်းရဲ့ အပြစ်များကို ဖြေလွှတ်ပေးဖို့ ယေရှုခရစ်တော်ထံ ဘယ်လို

တောင်းလျှောက်ရမလဲဆိုတာ ရှင်းလင်းစွာသိချင်ရင် ဆရာ/ ဆရာမနဲ့ လာရောက်ဆွေး နွေးနိုင်ပါတယ်။ မင်းကို ဝမ်းမြောက်စွာ အကူအညီပေးလိုပါတယ်။ ဒီအခွင့်အရေးကို ငြင်းပယ်ရင် မိုက်မဲရာကျလိမ့်မယ်။

ဒီနေ့ပဲ သခင်ယေရှုကို ပြောပါ. “သခင်ယေရှုဘုရား ကျွန်ုပ်ကိုယ်စား ဝင်၍ ကျွန်ုပ်၏အပြစ်များအတွက် အပြစ်စီရင်ခြင်းကို ခံပေးလို့ ကျေးဇူးတင်ပါတယ်။ ယခုပင် ကျွန်ုပ်အား ကယ်တင်လျက် ကျွန်ုပ်၏အပြစ်များကို လွှတ်တော်မူပါ။ ကိုယ်တော် သည် ကျွန်ုပ်အဖို့ ပြုလုပ်ပေးနိုင်ကြောင်းနှင့် ပြုလုပ်ပေးလိုသောဆန္ဒရှိကြောင်း ကျွန်ုပ် သိပါ၏။ ယခုပင် ကိုယ်တော်အား တောင်းလျှောက်ပါ၏။

မင်းကို ကယ်တင်ဖို့ သူ့အား ပတ္ထနာပြုလျှင် “ထာဝရဘုရားကို ပဌနာပြုသော သူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့”ဆိုတဲ့ ကတိတော်ရှိတဲ့

အတိုင်း ပြုလုပ်ပေးမယ်။ ဒါဟာ ကတိတော်ပဲ။ မင်းက သူ့အား ပတ္ထနာပြုရင် ကယ်တင် ခြင်းသို့ ရောက်မယ်။ ကယ်တင်ခြင်းရတယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာကိုဆိုလိုတာ အဓိပ္ပါယ်ကတော့ မင်းရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အပြစ်အားလုံး ဖြေလွှတ်ခြင်းခံရမှာ ဖြစ်တယ်။ တစ်ချိန်တည်းမှာ မင်းဟာ ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ သခင်ယေရ လိုပဲ သန့်ရှင်းစင်ကြယ်သူအဖြစ် သတ်မှတ်ခြင်းခံရမယ်။ ဘုရားသခင်ရဲ့ ရှေ့တော်မှောက် မှာ မင်းဟာ ဒီစာသားမဲ့စာအုပ်ထဲက အဖြူရောင်စာမျက်နှာလိုဖြစ်လိမ့်မယ် (အဖြူရောင် စာမျက်နှာကိုပြပါ)။ ဘုရားသခင်က သခင်ယေရှုရဲ့ သန့်ရှင်းစင်ကြယ်ပြီး လှပတဲ့ အ

ရောင် ဝတ်ရုံနဲ့ မင်းကို လွှမ်းခြုံပေးလိုက်သလို ဖြစ်မယ်။ ဘုရားသခင်က မင်းကို ကြည့် တဲ့အခါ (ဤပုံတွင် ဖော်ပြထားသည့်အတိုင်း) မင်းလွှမ်းခြုံထားတဲ့ ဝတ်ရုံအဖြူရောင်ကို ပဲမြင်ရလိမ့်မယ်။ မင်းအသက်တာမှာ ရံဖန်ရံခါ အပြစ်အချို့ ပြန်ဝင်လာပေမဲ့ ဘုရား သခင်ရဲ့ အမြင်မှာတော့ မင်းဟာ ဝတ်ရုံအဖြူကို ခြုံထားသူအဖြစ် မြင်လိမ့်မယ်။ ။

ဒီအကြောင်းကို သမ္မာကျမ်းစာက “ဖြောင့်မတ်ရာသို့ရောက်စေခြင်း”လို့ ဖော်ပြ ထားတယ်။ အဓိပ္ပါယ်က- မင်းဟာ ဘယ်တုန်းကမှ အပြစ်မပြုခဲ့သူတစ်ယောက်လို ဘုရား ၊ သခင်က သိမှတ်တော်မူလိမ့်မယ်။ မင်းရဲ့ အပြစ်အားလုံးဟာ ဖြေလွှတ်ခြင်းခံရပြီး ဘုရား သခင်က မင်းကို ယေရှုခရစ်တော်ကဲ့သို့ သန့်ရှင်းစင်ကြယ်သူအဖြစ် မှတ်ယူလိမ့်မယ်။ နောက်အဓိပ္ပါယ်တစ်မျိုးက မင်း သေသွားတဲ့အခါ ကောင်းကင်ဘုံသို့ အမှန်တကယ် ရောက်ရှိလိမ့်မယ်။ ဒါကို မင်း လုံးဝယုံကြည်စိတ်ချနိုင်တယ်။ ယေရှုခရစ်တော်က အမြဲ တမ်း ကတိတည်တဲ့အရှင်ဖြစ်တယ်။

မင်းဟာ ပတ္ထနာပြုလျက် တောင်းလျှောက်ရင် အပြစ်တရားမှ လွတ်ကင်းခြင်း အခွင့်ကိုရမယ်လို့ ကတိတော်ရှိတယ်။ တစ်နည်းအားဖြင့် ပျော်ရွှင်ရတဲ့အခွင့်ကို ခံစားရ မယ် (ဤပုံတွင် တွေ့မြင်ရသည့်အတိုင်း) မင်းရဲ့ နှလုံးသားဟာ ဝမ်းမြောက်ခြင်းနဲ့ ပြည့်ဝ နေလိမ့်မယ်။ မင်းရဲ့ အပြစ်အားလုံး လွှတ်ခံရပြီး ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင် ခွင့်ရှိတဲ့အတွက် မင်း သီချင်းဆိုလျက် ဝမ်းမြောက်နိုင်လိမ့်မယ်။ သခင်ယေရှုကို မင်း ၊ ပတ္တနာပြုပြီးခဲ့ပြီလား။ မပြုရသေးလျှင် ယခုပဲပြုပါ။ မင်းအပြစ်များကို လွှတ်လျက် ကယ်တင်ဖို့ တောင်းလျှောက်ပါ။ သခင်ယေရှုကလည်း ကတိတော်ရှိတဲ့အတိုင်း မင်းကို ကယ်တင်လိမ့်မယ်။ ။

ဒါဟာ မင်း ပြဿနာရဲ့ အဖြေဖြစ်တယ်။ ဒီနည်းအားဖြင့် ဘုရားသခင်က မင်း အပြစ်အားလုံးကို လွှတ်ပေးတော်မူလိမ့်မယ်။ အချိန်ကို စောင့်မနေပါနဲ့။ သခင်

ယေရှုကို ဒီနေ့ပဲ တောင်းခံပါ။ မင်းကို ကယ်တင်ဖို့နဲ့ အပြစ်လွှတ်ဖို့ ပတ္ထနာပြုပါ။ သူသည်လည်း ကယ်တင်တော်မူလိမ့်မည်။ ဆုတောင်းကြပါစို့။

သင်ခန်းစာ(၂) ကျွန်ုပ်တို့ ဘယ်လိုပြောင်းလဲနိုင်မလဲ

(အသစ်မွေးဖွားခြင်း၏ဩဝါဒ)

ဆရာ/ဆရာမတို့အတွက် အသစ်မွေးဖွားခြင်းနှင့်ပတ်သက်၍ သင်နားလည်နိုင်စေရန်> ၎င်းသည် ဘာကို ဆိုလိုသနည်း။ ။

အသစ်မွေးဖွားခြင်းဆိုသည်မှာ သေနေသောအပြစ်သားကို အသက်ရှင်စေတော်မူ

သော ဘုရားသခင်၏ လုပ်ဆောင်ချက်ဖြစ်သည် (ဧဖက်၊ ၂း၁၊၅။ ယော၊၃း၁၆)။ သူတို့အား အသစ်သောသတ္တဝါဖြစ်စေသည် (၂ကော၊၅း၁၇)။ အသစ်မွေးဖွားခြင်း အားဖြင့် ထိုသူသည် အသစ်ပြုပြင်ခြင်းခံရသော သတ္တဝါသစ်ဖြစ်သည် (ယာ၊၁း၁၈။ ၂ပေ၊၁း၄။ ယော၊၃း၃-၇)။ ထိုအဖြစ်အပျက်သည် ကိုယ်ကာယ မွေးဖွားသကဲ့သို့ အချိန်အခိုက်အတန့်တစ်ခုတွင် ဖြစ်ပျက်ခဲ့ပြီး ထိုအဆင့်သို့ရောက်ရှိရန်မှာ နားလည် သဘောပေါက်ခြင်း- ခံယူယုံကြည်ခြင်းများ ပါဝင်ကာ သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ် အပေါ်တည်ပါသည်။ ။

၎င်းအဖြစ်အပျက်သည် အပြစ်သားတစ်ယောက် သခင်ယေရှုခရစ်တော်ကို မိမိ ၏ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်သည်နှင့်တစ်ပြိုင်နက် ဖြောင့်မတ်ရာသို့ ရောက်စေခြင်းကဲ့သို့ဖြစ်သည်။ ဖြောင့်မတ်ရာသို့ ရောက်စေခြင်းဆိုသည်မှာ သူ့အခြေအနေကို ဆိုလိုခြင်းဖြစ်ပြီး သူ၏သဘောသဘာဝကို ပြောင်းလဲစေခြင်း၊ မဟုတ်ပါ။ အသက်တာပြောင်းလဲခြင်းကသာ သူ၏သဘောသဘာဝကို ပြောင်းလဲ စေခြင်းဖြစ်သည်။ ထိုနှစ်မျိုးစလုံးကို ရရှိမှသာလျှင် ပြီးပြည့်စုံခြင်းသို့ ရောက်ပါသည်။

> ၎င်းနှင့်ပတ်သက်၍ မည်သည့်နေရာ၌ သွန်သင်ထားပါသနည်း။

အသက်တာပြောင်းလဲခြင်း (အသစ်မွေးဖွားခြင်း)နှင့်ပတ်သက်သောအကြောင်း အရာများကို သမ္မာကျမ်းစာတော်မြတ်က ကျွန်ုပ်တို့အား နေရာအတော်များများတွင် သွန်သင်ထားပါသည်။ • ၎င်း၏ လိုအပ်ချက်

ယော၊၃း၃-၅။ ဧဖက်၊ ၂း၁။ ရော၊၃း၁၀-၁၈

၎င်းကိုဖြစ်ပွားစေသောအကြောင်းရင်းများ ၊

  • သန့်ရှင်းသောဝိညာဉ်တော်ဘုရား (ယော၊၃း၈။ တိတု၊၃း၅။ ယာ၊၁း၁၈)။
  • ဘုရားသခင်၏နှုတ်ကပတ်တော် (ယာ၊၁း၁၈။ ၁ပေ၊ ၂း၂-၃)။ • ၎င်း၏ရလဒ်
  • ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ရသောအခွင့် (ယော၊၃း၅)။ • အသစ်သောဝိညာဉ်နှင့် ထာဝရအသက်ကို ရရှိခံစားရခြင်း (ယော၊၃း၁၄၊၁၅၊

၁၆။ ဧဖက်၊ ၂း၁၊၅)။ • အသစ်ဖြစ်ပွားစေသည် (၂ကော၊၅း၁၇။ ၁ယော၊၂း၂၉)။ • ဘုရားသခင်၏ မိသားစုဝင်သားသမီးဖြစ်ရသောအခွင့် (ယော၊၁း၁၂)။ • ကောင်းသောအကျင့်ကို ကျင့်နိုင်ဖို့ရန် (ဧဖက်၊ ၂း၁၀)။ အသစ်မွေးဖွားသောသူသည် ပြီးပြည့်စုံခြင်းရှိချင်မှရှိမည်။ သို့သော် သူသည် ပြောင်းလဲသောသူဖြစ်သည်။

အဓိကသော့ချက်ကျမ်းပိုဒ် သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်သည် ကယ်တင်ခြင်းသို့

ရောက်မည် (တမန်၊၁၆း၃၁) ရုပ်ပုံ – ၁ “ကျွန်ုပ်တို့ ဘယ်လိုပြောင်းလဲနိုင်မလဲ” ဘုရားသခင်က တို့တွေကို ချစ်ကြောင်း သိကြတယ်။ သူက တို့တွေရဲ့ အပြစ်ကို တော့ မချစ်ကြောင်းကိုလည်း တို့တွေသိကြတယ်။ တို့တွေရဲ့ လက်ရှိဘဝမှ ပြောင်းလဲဖို့ ဘုရားသခင် အလိုတော်ရှိတယ်။ တို့တွေလည်း လက်ရှိဘဝမှ ပြောင်းလဲလိုကြပါတယ်။ (ရုပ်ပုံ-၁ ကိုပြပါ)။ ဒါပေမဲ့ ဖြစ်နိုင်ပါသလား။ တို့တွေ ဘာလုပ်ဖို့ လိုအပ်သလဲ။ တစ်ခါ တစ်ရံ တို့တွေဟာ အလွန့်အလွန် မိုက်မဲဆိုးသွမ်းတယ်လို့ ခံစားမိပြီး စိတ်နှလုံးထဲကနေ

ကောင်းမွန်လိမ္မာရေးခြားရှိဖို့ အလိုရှိတတ်ကြတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ မတတ်စွမ်းနိုင် ဘူး။ တို့တွေ ပြောင်းလဲဖို့ ကြိုးစားတတ်ကြပေမဲ့ ဖြစ်မလာဘူး။ တို့တွေ လုပ်ရမဲ့နည်း လမ်းများရှိပါသလား။ တို့တွေကို ကူညီမစမဲ့သူတစ်စုံတစ်ယောက်ရှိပါသလား။ (ရုပ်ပုံ၂ ကိုပြပါ)။ ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှာ အဖြေကို ဖော်ပြထားပြီး ကူညီမဲ့သူ တစ်ဦးရှိကြောင်း သွန်သင်ထားတယ်။ သူကတော့ အလွန့်အလွန် ထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ် တယ်။ သူကသာ တို့တွေကို ကူညီမစပြီး ပြောင်းလဲပေးနိုင်တယ်။

ရုပ်ပုံ – ၂ “တို့တွေမှာ ပြဿနာ(၂)မျိုးရှိတယ်” တို့တွေရဲ့ ပထမပြဿနာက ပြုလုပ်မိခဲ့တဲ့အမှားတွေအတွက် အပြစ်လွှတ်ခြင်း အခွင့်ကို ခံယူဖို့လိုတယ်။ တို့တွေဟာ ဘုရားသခင်ရဲ့ ပညတ်များကို ချိုးဖောက်ခဲ့တဲ့ အတွက် သူက တို့တွေကို အပြစ်စီရင်မယ်။ သူဟာ အမြဲတမ်းတရားမျှတသူဖြစ်တယ်။ ဆိုလိုတာက တို့တွေဟာ သူနဲ့ ထာဝရကွဲကွာသွားလိမ့်မယ်။ တို့တွေ သေလွန်တဲ့အခါမှာ လည်း ကောင်းကင်နိုင်ငံတော်သို့ မဝင်နိုင်တော့ဘူး။ တို့တွေရဲ့ အပြစ်များကို ဖြေလွှတ် ပေးဖို့နဲ့ ကယ်တင်ဖို့ တို့တွေကိုယ်စား အပြစ်စီရင်ခြင်းကို ခံယူပေးဖို့ တစ်ဦးတစ်ယောက် သောပုဂ္ဂိုလ်ကို လိုအပ်တယ်။

သူကတော့ သခင်ယေရှုခရစ်တော်ပဲဖြစ်တယ်။ သူဟာ ဒီလောကသို့ ကြွဆင်း လာခဲ့ပြီး တို့တွေကိုယ်စား လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့တယ်။ တို့တွေရဲ့ အပြစ် အားလုံးအတွက် အပြစ်စီရင်ခြင်းကို သူ ခံယူသွားခဲ့ပြီးဖြစ်တယ်။

ဒါပေမဲ့ တို့တွေကို ကယ်တင်ဖို့ သူ့အား တောင်းလျှောက်ရမယ်လို့ ကျမ်းစာက ဖော်ပြထားတယ်။ “ဘုရားသခင်ကို ပဌနာပြုလျှင် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတုံ” (ရော၊၁း၁၃)။ တို့တွေရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အပြစ်အားလုံးလည်း ခွင့်လွှတ်ခြင်းခံရမယ်။

မင်းနဲ့ ဆရာ/ဆရာမတို့ဟာ ဒီလိုတောင်းလျှောက်ရင် တို့တွေရဲ့ အပြစ်အားလုံး လည်း ထာဝရပယ်ဖျက်ခြင်းကို ခံစားရမယ်။ အဲ့ဒီအခါ တို့တွေရဲ့ အပြစ်နဲ့ပြည့်ပြီး နက်မှောင်နေတဲ့နှလုံးသားနဲ့ အသက်တာအစား (ဤပုံအတိုင်း) ဘုရားသခင် ရှေ့တော် မှောက်မှာ သန့်ရှင်းစင်ကြယ်တဲ့နှလုံးသားကို ရရှိကြမယ်။ ဘုရားသခင်က တို့တွေကို ၊ ယေရှုခရစ်တော်လို သန့်ရှင်းစင်ကြယ်သူများအဖြစ် သိမှတ်တော်မူပြီး တို့တွေ သေဆုံး တဲ့အခါ ကောင်းကင်ဘုံသို့ ရောက်ရှိကြမယ်။ တို့တွေအတွက် အထူးဝမ်းမြောက်စရာ ပဲ။ ဒါကြောင့် တို့တွေရဲ့ ပထမပြဿနာကို ဖြေရှင်းပြီးဖြစ်တယ်။ မင်းရော ဒီလို လုပ်ဆောင်ပြီးပြီလား။ ။

ဒါပေမဲ့ မင်းနဲ့ ဆရာ/ဆရာမမှာ ဒုတိယပြဿနာတစ်ခုရှိသေးတယ်။ အဲ့ဒီပြဿနာက ပထမပြဿနာနဲ့ အလွန်နီးစပ်ဆက်နွယ်နေတယ်။ ဒီပြဿနာ (၂)မျိုး မှာ ဒီငွေအကြွေပြားကလေးမှာရှိတဲ့ မျက်နှာစာနှစ်ဘက်နဲ့တူတယ်။ (ငွေအကြွေကိုပြပါ)။ ဒီမျက်နှာပြင်(၂)ဘက်ကို မင်းခွဲခြမ်းလို့မရဘူး။ ဒီလိုပဲ ပြဿနာတစ်ခြမ်းကို ဖြေရှင်းပြီး ကျန်တစ်ခြမ်းကို ထားခဲ့လို့လည်း မရဘူး။ ဆရာ/ဆရာမ ရှင်းပြမယ်နော်။

တို့တွေ သေဆုံးတဲ့အခါ ကောင်းကင်ဘုံသို့သွားဖို့ တို့တွေရဲ့ အပြစ်များ လွှတ် ခံရခြင်းအခွင့်နဲ့ မပြီးသေးဘူး။ (ဤပုံတွင် မြင်ရသည့်အတိုင်း) ဒါဟာ ဒီငွေအကြွေပြား

လေးရဲ့ ပထမပိုင်းမျက်နှာစာဖြစ်တယ်။ တို့တွေ ဒီလောကကြီးထဲမှာ နေထိုင်တဲ့အခါ ဘယ်လို အသက်ရှင်ရမလဲဆိုတာလည်း သိထားဖို့လိုတယ်။ တို့တွေ ပြောင်းလဲဖို့လိုတယ်။ တို့တွေ အသက်တာသစ်ကို လိုတယ်။ တို့တွေဟာ ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့နိုင် တဲ့ အသက်တာနဲ့ အသက်ရှင်ဖို့လိုအပ်တယ်။ တို့တွေ အခုလက်ရှိအသက်တာကနေ ဆန့်ကျင်ဘက်သို့ ဦးတည်တဲ့အသက်တာမျိုးနဲ့ အသက်ရှင်ဖို့လိုတယ်။ ဒီအချက်ဟာ ငွေအကြွေပြားလေးရဲ့ ကျန်မျက်နှာစာတစ်ဘက်ဖြစ်ပြီး တို့တွေရဲ့ ဒုတိယပြဿနာပဲပေါ့။

ရုပ်ပုံ – ၃ “တို့တွေဟာ အမှားများကို လုပ်တတ်ကြတယ်” တို့တွေဟာ ကောင်းတဲ့အလုပ်ကို လုပ်ချင်ကြတယ်။ ကောင်းအောင် ကြိုးစားကြ တယ်။ ဒါပေမဲ့ မလုပ်နိုင်ဘူး။ (ရုပ်ပုံ-၃ ကိုပြပါ)။ မကောင်းတာကိုပဲ ထပ်ခါတလဲလဲ လုပ်မိတတ်ကြတယ်။ ဒီလို တို့တွေ မဖြစ်ချင်ဘူး။ ဘယ်လိုလုပ်ရမလဲ။ ဘယ်လို

ပြောင်းလဲနိုင်ပါ့မလဲ။ ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့နိုင်ဖို့ ဘယ်လိုအသက်ရှင်နေထိုင်ရ မလဲ။

Bobby ဆိုတဲ့ကလေးက ဒီပုံမှာ ဖော်ပြထားတဲ့အတိုင်း စိတ်တိုတတ်သူဖြစ်တယ်။ သူ့အစ်ကိုနဲ့ ရန်ဖြစ်တတ်တယ်။ သူ့အမေက တစ်ခုခုလုပ်ခိုင်းရင် ပြန်အော်တတ်တယ်။

ဘော်လုံးကန်တဲ့အခါလည်း တစ်ယောက်ယောက်က သူ့ထံမှ ဘော်လုံးကို လုယူသွားရင် စိတ်တိုတတ်တယ်။ သူဟာ ဥပုသ်စာဖြေသင်တန်းသို့ တက်ရောက်ပြီး ကျမ်းစာပုံပြင် များကို နားထောင်တယ်။ အထူးသဖြင့် သခင်ယေရှုနဲ့ပတ်သက်တဲ့အကြောင်းတွေကို နားထောင်တယ်။ သူလုပ်နေတဲ့ မကောင်းမှုများကို မလုပ်သင့်ကြောင်းလည်း သိခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုပြောင်းလဲရမလဲဆိုတာ မသိဘူး။ ဒီလို ဘာကြောင့်ဖြစ်နေရသလဲဆိုတဲ့ နိုင်မလဲ။ မေးခွန်းကိုလည်း သူ့ကိုယ်သူ မကြာခဏ ပြန်မေးမိနေခဲ့တယ်။ ငါ ဘယ်လို ပြောင်းလဲ

Jenny ဆိုတဲ့ မိန်းကလေးဟာ မင်းတို့တွေ့ရတဲ့အတိုင်း ရွှေဝါရောင်ဆံပင်နဲ့ ချောမောလှပတဲ့မိန်းကလေးဖြစ်တယ်။

သူမဟာ လှပရုံသာမက နူးညံ့သိမ်မွေ့စွာစကားပြောတတ်လို့ လူတိုင်းက သူ့ကို ချစ်ကြတယ်။ လူတိုင်းက သူမကို သူတော်ကောင်းလေးဟု ထင်မှတ်ခဲ့ကြတယ်။ ဒါပေ

မဲ့ ဒီလိုထင်နေသူတွေထဲမှာ Jenny ကိုယ်တိုင် မပါဝင်ဘူး။ သူမရဲ့ မိခင်မျက်နှာကို ပြုံးပြုံးလေးနဲ့ကြည့်ပြီး လိမ်လည်ပြောဆိုခဲ့တဲ့အချိန်တွေ၊ ချမ်းသာပြီး အရုပ်များစွာရှိတဲ့ သူ့သူငယ်ချင်း Paula ကိုလည်း ကြိတ်ပြီး အကြိမ်ကြိမ်မနာလိုဖြစ်ခဲ့ပုံများကိုလည်း ပြန်လည်သတိရနေမိတယ်။ ဒီလို စိတ်ထားရှိခြင်း၊ လုပ်ဆောင်ခြင်းတို့ဟာ မှားယွင်းတယ် လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ ဖော်ပြထားကြောင်းနဲ့ ဒါတွေဟာ အပြစ်ဆို တာကိုလည်း သူသိတယ်။

မှန်ပါတယ်။ မိမိရဲ့ အတွင်းသဏ္ဌာန်အတိုင်း သူဖြစ်နေတာကို သိနေပါတယ်။ အများက သူမအပေါ် ထင်ထားတဲ့အတိုင်း ကောင်းမွန်တဲ့မိန်းကလေးဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ မကြာခဏ သူမ တမ်းတနေမိခဲ့တယ်။

ရုပ်ပုံ – ၄ “တို့တွေဟာ မွေးစကပင် အပြစ်ပါလျက်ရှိတယ်” တို့တွေ ဒီလို ဘာကြောင့်ဖြစ်ရသလဲဆိုတာ ကျမ်းစာက ဖော်ပြထားတယ်။ (ရုပ်ပုံ ၄ ကိုပြပါ)။ Bobby, Jenny တို့သာ ဒီပြဿနာရှိနေတာမဟုတ်ဘူး။ ဆရာ/ဆရာမ မှာကော၊ မင်းမှာကော- တို့တွေအားလုံးမှာ ဒီပြဿနာရှိနေကြတယ်။ တို့တွေဟာ မှားယွင်းတဲ့အလုပ်ကို မလုပ်ချင်ကြပေမဲ့ လုပ်မြဲလုပ်မိနေကြတယ်။ “

တစ်ခါက စက်ရပ်နေတဲ့ နာရီတစ်လုံးရှိခဲ့ဖူးတယ်။ တစ်ယောက်က “နာရီကို ရက်အတော်ကြာ ဒီအတိုင်းထားလိုက်ပါ။ ဘာဖြစ်လာမည်ကို စောင့်ကြည့်ပါ”လို့ဆို တယ်။ ဒါပေမဲ့ နာရီစက်ဟာ ရပ်မြဲရပ်နေတယ်။ နောက်တစ်ဦးက “ဆီထည့်ပေးလိုက်ပါ” လို့ပြောတယ်။ ဆီထည့်ပေးလည်း စက်ကမသွားဘူး။ “ဒါဆိုရင် ခပ်နာနာလေး လုပ်ပေး လိုက်ပါ”ဆိုလို့ လုပ်ကြည့်တော့လည်း ရပ်မြဲရပ်နေတယ်။ “တခြားတစ်နေရာမှာ ပြောင်း ရွှေ့ထားကြည့်ပါ” ဆိုလို့ ပြောင်းထားကြည့်တဲ့အခါလည်း ဒီအတိုင်းပဲ။

နောက်ဆုံးမှာ ဝယ်လာတဲ့ဆိုင်သို့ ပြန်ပို့လိုက်တယ်။ ဆိုင်ရှင်က ဒီနာရီကိုလုပ်တဲ့ သူဆီ ပို့ပေးမယ်လို့ဆိုတယ်။ နာရီလုပ်သူထံမှ အကြောင်းပြန်ကြားချက်ကား နာရီ အတွင်းရှိ သံပတ်ပြတ်နေတဲ့အတွက် အသစ်လဲဖို့လိုတယ်လို့ပြောပါတယ်။

ဒါကြောင့်လည်း တို့တွေရဲ့ ပြဿနာဟာ အတွင်းကလာကြောင်း ကျမ်းစာက ဖော်ပြထားတယ်။ တို့တွေအားလုံးဟာ အပြစ်စွဲပါလျက် မွေးဖွားလာကြတယ်။ တို့တွေရဲ့ အတွင်းမှာရှိတဲ့အရာက အမှားကို ပြုလုပ်လိုတယ်။

တို့တွေ ဒီလိုမွေးဖွားလာရခြင်းရဲ့ အကြောင်းရင်းကတော့ ဒီကမ္ဘာလောကကြီးထဲ မှာ ပထမဦးဆုံး အသက်ရှင်နေထိုင်ခဲ့တဲ့ လူယောက်ျားနဲ့ လူမိန်းမတို့ဟာ ဘုရားသခင်ရဲ့

စကားကို နားမထောင်ခဲ့တဲ့အတွက်ဖြစ်တယ်။ သူတို့ကို ဘုရားသခင် ဖန်ဆင်းတုန်းက တို့တွေ အခုပြောနေတဲ့အပြစ်တရားမပါဘဲ အပြစ်မဲ့တဲ့သူတွေအဖြစ် ဖန်ဆင်းခဲ့တယ်။ ဘုရားသခင်က သူတို့ကို အလွန်လှပတဲ့ဥယျာဉ်ကြီးထဲမှာ နေထိုင်စေပြီး အဲ့ဒီဥယျာဉ်ကြီး ကို စောင့်ရှောက်လျက် အသီးအနှံများကို ပျော်ရွှင်စွာစားသောက်နေထိုင်ဖို့ဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်က အပင်တစ်ပင်ရဲ့ အသီးကိုတော့မစားဖို့ (ဤပုံတွင် သင်တို့မြင်ရ သည့်အတိုင်း) သူတို့ကို တားမြစ်ခဲ့တယ်။ တခြားအပင်အားလုံးရဲ့ အသီးတွေကို စားနိုင် ပေမဲ့ ဒီအပင်တစ်ပင်ရဲ့ အသီးကိုတော့ မစားဖို့ တားမြစ်ထားခဲ့တယ်။ ။

တစ်နေ့မှာ စာတန်မာရ်နတ်ရောက်လာပြီး လူမိန်းမကို ဘုရားသခင်က တားမြစ် ထားတဲ့အသီးကိုစားဖို့ သွေးဆောင်ဖြားယောင်းခဲ့တဲ့အတွက် လူမိန်းမနဲ့ သူမရဲ့ ခင်ပွန်းတို့ ဟာ ဘုရားသခင်ရဲ့ စကားကို နားမထောင်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီလိုနဲ့ တားမြစ်ထားတဲ့ အသီးကို သူတို့စားလိုက်တဲ့အခါ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့ကြတယ်။ သူတို့ဟာ သန့်ရှင်းစင်ကြယ်နေရာမှ အပြစ်နဲ့ပြည့်လာကြတယ်။ အခုတော့ သူတို့ဟာ အပြစ် သဘောပါရှိသူများဖြစ်လာတယ်။ သူတို့ရဲ့ သားသမီးတွေ မွေးဖွားလာကြတဲ့အခါ (ဤပုံ မှာ မြင်ရသည့်အတိုင်း) မိဘများထံမှ အပြစ်တရားကို ဆက်ခံရရှိလာကြတယ်။ (ဤပုံ အတိုင်း) အဲ့ဒီသားသမီးတွေကနေ ထပ်မွေးဖွားလာကြတဲ့ ကလေးတွေလည်း အပြစ်ပါ လာကြတယ်။ ဒီလိုနဲ့ ဆင့်ကဲမွေးဖွားလာကြတဲ့သားသမီးတိုင်း အပြစ်တရားများ စွဲကပ်ပါ လာခဲ့ရာ မင်းနဲ့ ဆရာ/ဆရာမတို့အားလုံးအထိ ဒီအတိုင်းဖြစ်လာတယ်။ မင်းရဲ့ ရှပ်အင်္ကျီ အပေါ်ဆုံးကြယ်သီးကို အပေါက်မှားတတ်မိရင် နောက်ကြယ်သီးတွေလည်း အပေါက် မှားနေတာကို မင်း သတိပြုမိမှာပါ။ တို့တွေရဲ့ အသက်တာလည်း ဒီလိုပါပဲ။ အတွင်းမှာ ရှိတဲ့အရာက အပြင်ဘက်မှာ ပေါ်ထွက်လာခြင်းဖြစ်တယ်။ တို့တွေရဲ့ အတွင်းသဘော သဘာဝအတိုင်း တို့တွေ လုပ်လေ့လုပ်ထရှိတယ်။ ခွက်ထဲမှာ ရေလျှံကျသလိုပေါ့။

ကျမ်းစာက “အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍၊ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရောမ၊၃း၂၃)။ “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ်၍”(ဟေရှာယ၊၂၃း၆) လို့ ဖော်ပြထားတယ်။

ကျမ်းစာက တို့တွေရဲ့ပြဿနာကို ဖော်ပြခဲ့သလို အဲ့ဒီပြဿနာရဲ့ အဖြေကိုလည်း ပေးထားပါတယ်။ တို့တွေဟာ စက်ရပ်နေတဲ့ နာရီလိုပဲ တို့တွေအထဲမှာရှိတဲ့အရာကို အသစ်ပြုပြင်ဖို့လိုတယ်။ ဒါလည်း တို့တွေကို ဖန်ဆင်းတော်မူတဲ့ ဘုရားသခင်ကပဲ တတ်နိုင်တယ်။

ရုပ်ပုံ – ၅ “တို့တွေ ပြောင်းလဲလိုကြတယ်”

မှန်ပါတယ်။ တို့တွေ ပြောင်းလဲလိုကြတယ်။ (ရုပ်ပုံ-၅ ကိုပြပါ)။ တို့တွေ ပြုလုပ်နေ တဲ့အမှားများကြောင့် မပျော်နိုင်ကြဘူး။ တို့တွေရဲ့ စိတ်နှလုံးထဲမှာ ပြောင်းလဲလိုစိတ်ရှိ ကြပြီး ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့ချင်ကြတယ်။ ဒါကြောင့် တို့တွေ ပြောင်းလဲဖို့ ကြိုးစားလုပ်ဆောင်ကြတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ အရှုံးနဲ့ပဲ ကြုံတွေ့နေရတယ်။ တစ်ခါတစ်ရံ ကောင်းလာတယ်ထင်ရပေမဲ့ မကြာခင်မှာပဲ တို့တွေ ဆိုးမြဲတိုင်းဆိုးနေ တတ်ကြတယ်။ ပုံလေးတစ်ပုဒ် ပြောပြမယ်။

တစ်ခါက Mrs. O’ Leary ဆိုတဲ့ အမျိုးသမီးကြီးတစ်ယောက်ရှိခဲ့တယ်။ သူမမှာ ဝက်တစ်ကောင်ရှိတယ်။ ဒီဝက်နဲ့ပတ်သက်ပြီး သူမက အထူးဂုဏ်ယူတတ်တယ်။ ဒါကြောင့် သူမရဲ့ ဝက်က တခြားဝက်တွေနဲ့မတူဘဲ ခြားနားဖို့ လိုလားပြီး သူမရဲ့ ဝက်ကို သန့်သန့်ရှင်းရှင်းနေတတ်ဖို့ သင်ကြားပေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် သူမရဲ့ ဝက်ကို သန့်ရှင်းအောင် ဆပ်ပြာနဲ့ တိုက်ချွတ်ပြီး ရေချိုးပေးလေ့ရှိတယ်။ ဝက်တစ်ကောင် လုံး သန့်ရှင်းစင်ကြယ်လာတဲ့အခါ ဖဲကြိုးအပြာလေးဝယ်ပြီး ဝက်ရဲ့ လည်ပင်းမှာ ချည်ပေး လိုက်တယ်။ အခုဆိုရင် သူ့ဝက်ကလေးဟာ တစ်ကောင်လုံး အဖြူရောင်တောက်နေပြီး အပြာရောင်လည်ပတ်၊ ပန်းနုရောင်နှုတ်သီးလေးနဲ့ အထူးကြည့်လို့လှနေတယ်။ ဝက် ပိုင်ရှင်အဒေါ်ကြီးက ဝါကြွားရန်အတွက် သူမရဲ့ ဝက်ကို လည်ပင်းမှာကြိုးချည်ပြီး မြို့သို့ တက်လာခဲ့တယ်။ တစ်လမ်းလုံး အဆင်ပြေခဲ့တယ်။ ဒါပေမဲ့ ရေဗွက်အိုင်တစ်ခုအနား

လျှောက်သွားချိန်မှာ ဝက်ကလေးဟာ သခင်ရဲ့ လက်ကနေ ရုန်းထွက်ပြီး ရွှံ့အိုင်ထဲကို ပြေးဆင်းကာ ဗွက်ထဲမှာ လူးလှိမ့်ပျော်ရွှင်နေပါတော့တယ်။ အပြင်ပန်းသဏ္ဌာန်က ဘယ်လောက်ပဲ သန့်ရှင်းနေပေမဲ့၊ အတွင်းစိတ်မှာတော့ ဝက်က ဝက်စိတ်သာရှိနေသေး လို့ ဝက်တို့ရဲ့ အကျင့်စရိုက်ရှိတဲ့အတိုင်း ညစ်ပတ်ပေတေတာကို ကြိုက်နှစ်သက်နေတုန်း ပဲဖြစ်တယ်။

တို့တွေလည်း ဒီလိုပါပဲ။ အဝတ်အစားကောင်းတွေ ဝတ်ထားလို့ အပြင်ဘက်မှာ ကောင်းမွန်လှပနေတယ်လို့ ထင်စရာရှိတယ်။ အဲ့ဒီနည်းနဲ့ တို့တွေဟာ ခြားနားပြောင်းလဲ ဖို့ ကြိုးစားတတ်ကြတယ်။ ဒါပေမဲ့ ပြဿနာမှာ အတွင်းကဖြစ်တယ်။ ဒီလိုမျိုး တို့တွေက မှားလေ့မှားထရှိကြတယ်။

အခြားသူတစ်ယောက်ယောက်က တို့တွေကို ကူညီပေးနိုင်ကောင်းပေးနိုင်လိမ် မယ်လို့ မျှော်လင့်ချက်နဲ့ တို့တွေရဲ့ မိဘများထံ အကူအညီ တောင်းတယ်။ ဒါပေမဲ့

သူတို့လည်း တို့တွေကို မပြောင်းလဲပေးနိုင်ဘူး။ သင်းအုပ်ဆရာ၊ ဂိုဏ်းအုပ်ကြီး သို့မဟ ၊ ဘုန်းတော်ကြီးတွေထံ အကူအညီ တောင်းခံပေမဲ့လည်း အဖြေကတော့ အတူတူပါပဲ။ အမှန်ပြောရရင် သူတို့လည်း တို့တွေလိုပဲ အဲ့ဒီပြဿနာရှိနေတာကို ကျမ်းစာအားဖြင့် သိရတယ်။ နှုတ်ကပတ်တော်က “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက် ကိုယ့်လမ်း သို့ အသီးသီး လိုက်သွားကြသည်ဖြစ်၍”လို့ ဖော်ပြထားတယ် (ဟေရှာယ ၅၃၆)။ “ တို့တွေရဲ့ အသင်းတော်က အကူအညီပေးနိုင်ကောင်းပေးနိုင်လိမ့်မယ်လို့ ထင်ရ ပေမဲ့ ဒါဟာ အဖြေမဟုတ်ကြောင်း သိရတယ်။ များစွာသောသူတို့ဟာ ရေနှစ်ခြင်းမင်္ဂလာ ကို ခံယူခဲ့ကြပေမဲ့ ပြောင်းလဲလာတာ မတွေ့ရဘူး။ အချို့ကလေးတွေက တနင်္ဂနွေဥပုသ် စာအတန်းနဲ့ ဘုရားရှိခိုးကျောင်းတက်ကြပါတယ်။ ဒါဟာ သူတို့အတွက် အကျိုး

ကျေးဇူးများစွာရရှိစေတယ်။ ဒါပေမဲ့ သူတို့ ပြောင်းလဲဖို့ တန်ခိုးကိုတော့ မပေးနိုင်ဘူး။ တချို့သူတွေက ကျမ်းစာကို အခါအားလျော်စွာ ဖတ်တတ်ကြတယ်။ အချို့ကလည်း ရံဖန်ရံခါ ဆုတောင်းကြတယ်။ တို့တွေအပါအဝင် သူတို့အားလုံးက ဒီလို လုပ်ဆောင် ကျင့်ကြံဖို့လိုကြောင်း သိထားကြတယ်။ ဒါပေမဲ့ သူတို့အဖို့ အဖြေမှန်ကို မရရှိဘဲဖြစ်နေ တယ်။ အချို့သူများအဖို့ အရွယ်ရောက်လာတဲ့အခါ ဂိုဏ်းအုပ်ကြီးရဲ့ လက်တင်မင်္ဂလာ ကို ခံရကြတယ်။ အဲ့ဒီလို လက်တင်မင်္ဂလာကို ခံရပြီးပေမဲ့လည်း အချို့သူများကတော့ ယခင်အတိုင်းပင် ရှိနေကြတယ်။

တို့တွေကို ကူညီပေးနိုင်မဲ့ ပုဂ္ဂိုလ်တစ်စုံတစ်ဦး ရှိနိုင်ပါ့မလား။ အမှန်ပင် ရှိနေပါ တယ်။ အဲ့ဒီ ပုဂ္ဂိုလ်ကတော့ သခင်ယေရှုပဲ။

နောက်ထပ်ပုံပြင်တစ်ပုဒ်ကို ပြောပြမယ်နော်။ မေရီဆိုတဲ့ မိန်းကလေး တစ်ယောက်ဟာ ဘုရားသခင်က သန့်ရှင်းမြင့်မြတ်ပြီး အပြစ်ကိုရွံရှာမုန်းတီးပြီး မှားယွင်း တဲ့ အမှုများကို ကြိုက်နှစ်သက်ခြင်းမရှိကြောင်း ကြားခဲ့ဖူးတယ်။

ဒါကြောင့် သူမဟာ နံနက်တိုင်း ရေမိုးချိုးပြီး အဝတ်အစား သန့်သန့်ပြန့်ပြန့် ဝတ်လျက် အတတ်နိုင်ဆုံး ကောင်းမွန်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားပေမဲ့ မအောင်မြင်ဘူး။ သူမရဲ့ မိခင်စကားကို နားထောင်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ စကားနားမထောင်ဘဲ ဖြစ်သွားတတ်တယ်။ သနားကြင်နာတတ်ဖို့ ကြိုးစားပေ မဲ့လည်း ကြင်နာစိတ်မရှိဘဲ ဖြစ်နေတတ်တယ်။

သူမ ဘယ်လို လုပ်ရမလဲ။ နောက်အပတ် ဥပုသ်စာသင်တန်းမှာ Mrs. O’ Leary ရဲ့ ဝက်အကြောင်းကို ကြားခဲ့ရတယ်။ အဲ့ဒီအခါ သူမရဲ့ ပြဿနာမှာ အပြင်ပန်း မှမဟုတ်ဘဲ အတွင်းမှဖြစ်ကြောင်း နားလည်သဘောပေါက်ခဲ့တယ်။ သခင်ယေရှုကသာ

သူမရဲ့ အတွင်းနှလုံးသားကို ပြောင်းလဲပေးနိုင်ကြောင်း သင်ကြားခံယူခဲ့ရတယ်။ ဒါကြောင့် ပြောင်းလဲပေးဖို့ သခင်ယေရှုထံ ဆုတောင်းခဲ့တယ်။ ဒီလို တောင်းလျှောက်လိုက်တဲ့အခါ သခင်ယေရှုက သူမရဲ့ စိတ်နှလုံးကို ပြောင်းလဲပေးခဲ့ပါတယ်။

မင်းနဲ့ ဆရာ/ဆရာမလည်း ပြောင်းလဲဖို့ အပြင်ပန်းကို သန့်ရှင်းစေဖို့မဟုတ်ပါ။ တို့တွေလိုအပ်တာက အသစ်သောစိတ်နေသဘောထားဖြစ်တယ်။ တို့တွေရဲ့ အတွင်း စိတ်နှလုံးပြောင်းလဲဖို့ လိုအပ်တယ်။ ဒီလိုပြောတဲ့အခါ သွေးကို ညှစ်ထုတ်ပေးတဲ့ လူ့ခန္ဓာ အတွင်းရှိ နှလုံးအင်္ဂါအစိတ်အပိုင်းကို ဆိုလိုတာမဟုတ်ဘူး။ တို့တွေအတွင်းမှာရှိတဲ့ မွေးရာပါ ဇာတိသဘောကို ဆိုလိုတယ်။ အဲ့ဒီစိတ်သဘောထား ပြောင်းလဲဖို့ လိုအပ် တယ်။ အထက်က ဖော်ပြခဲ့တဲ့ Bobby အကြောင်းကို မင်းသတိရသေးသလား။ သူ့ ညီအစ်ကိုနဲ့ စိတ်မဆိုးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ Jenny ဆိုတဲ့ မိန်းကလေး အကြောင်းကိုလည်း မင်းသတိရနေမှာပါ။ သူမရဲ့ သူငယ်ချင်းအပေါ် မနာလိုဝန်တိုမှု မဖြစ်ဖို့ ဘယ်လောက်ကြိုးစားခဲ့ပေမဲ့ အဲ့ဒီမနာလိုစိတ်က ထပ်ခါတလဲလဲ ပြန်ပေါ်လာနေ တတ်တယ်။ တို့တွေ ဘယ်လိုပြောင်းလဲနိုင်မလဲ။ ဒီလိုပြောင်းလဲနိုင်ဖို့ ခွန်အားကို ဘယ်က ရနိုင်ပါမလဲ။ သခင်ယေရှုတစ်ဦးတည်းကသာ တို့တွေကို ပြောင်းလဲပေးနိုင်တယ်။ (ရုပ်ပုံ-၆ ကိုပြပါ)။

ထိုယေရှုအကြောင်းနဲ့ သူ ဘာလုပ်ပေးနိုင်တဲ့အကြောင်းတွေကို ဆက်လက် ပြောပြလိုတယ်။

ရုပ်ပုံ – ၆ “ယေရှုခရစ်တော်က တို့တွေကို ပြောင်းလဲပေးနိုင်တယ်” (ဆရာ/ဆရာမများအတွက်- ဤရုပ်ပြကဒ်ပြားတွင် အခြားကဒ်ပြားများထက် သာ၍ရှည်သော ကျမ်းချက်ပါရှိသည်။ သို့သော် ၎င်းအထဲတွင် ပုံဆောင်ချက် (၂)မျိုး သို့မဟုတ် ပုံပြင်(၂)မျိုးပါရှိပြီး ကလေးသူငယ်များ၏ အာရုံကို ဆွဲဆောင်နိုင်ပေမည်)။

ယေရှုခရစ်တော်က ဘယ်သူဖြစ်တယ်ဆိုတာ မင်း သိသလား။ သူက အဖဘုရား သခင်ရဲ့ သားတော်ဖြစ်ပြီး ဒီလောကကြီးထဲသို့ လွန်ခဲ့သောနှစ်ပေါင်း(၂၀၀၀)ခန့်က ဆင်းသက်လာခဲ့တယ်။ သူ ဘာကြောင့် ကြွလာခဲ့ရတာလဲ။ သမ္မာကျမ်းစာက “လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်း”လို့

ဖော်ပြထားတယ် (လုကာ၊၁၉၁၀)။ ဘယ်သူက ပျောက်ဆုံးနေသူလဲ။ လူတိုင်းပဲ ဖြစ် တယ်။ တို့တွေအားလုံးဟာ ပျောက်ဆုံးနေကြသူများဖြစ်ကြပြီး သူက ကယ်တင်ဖို့ ကြွလာ ခဲ့ခြင်းဖြစ်တယ်။ တို့တွေကို ကယ်တင်ဖို့ဆိုတာ ဘာအဓိပ္ပါယ်လဲ။ အကြောင်းရင်း(၂)ချက် ရှိတယ်။ သူက တို့တွေရဲ့ အပြစ်များကို လွှတ်ဖို့ရန် ကြွလာခဲ့ခြင်းဖြစ်တယ်။ တို့တွေ

အပြစ်ကြောင့် ပြစ်ဒဏ်စီရင်ခြင်းမှ လွတ်ကင်းဖို့ရန် သူက ကိုယ်စားဝင်ရောက်ပြီး ပြစ် ဒဏ်စီရင်ခြင်းကို ခံယူတော်မူတယ်။ ဒါဟာ ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းပဲ။ ဌ အကြောင်းနဲ့ပတ်သက်၍ ပြီးခဲ့တဲ့သင်ခန်းစာမှာ တို့တွေ ပြောခဲ့ကြပြီးပြီ။ ဒီအချက်က တို့တွေရဲ့ ပထမပြဿနာပဲ။ ဒီပြဿနာကို ဖြေရှင်းပေးဖို့ သခင်ယေရှုကြွလာခဲ့ခြင်းဖြစ်တယ်။

ဒါပေမဲ့ သူက တို့တွေကို ပြောင်းလဲဖို့ အသေခံရန် ကြွလာခဲ့ခြင်းလည်းဖြစ်တယ်။ (ဤရုပ်ပုံတွင် ပြထားသော လက်ဝါးကပ်တိုင်သည် ထိုအကြောင်းကို ပြန်၍ သတိရစေ ပါသည်)။ သမ္မာကျမ်းစာထဲမှာ ပထမဆုံး ခရစ္စမတ်နေ့တွင် သူငယ်တော်ယေရှုမွေးဖွား လာတဲ့အကြောင်းကို မင်းတို့သတိရသေးသလား။ ကောင်းကင်တမန်တစ်ပါး ပေါ်လာပြီး

ယောသပ်ကို (ယောသပ်သည် သခင်ယေရှု၏ လောကဖခင်အဖြစ် ဘုရားသခင်က ရွေးကောက်ခြင်းကို ခံရသူဖြစ်သည်) “သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူဖြစ်သောကြောင့် ယေရှုဟူသောအမည်ဖြင့် မှည့်ရ မည်ဟု ကောင်းကင်တမန်ဆို၏” (မဿဲ၊၁း၂၁)လို့ပြောခဲ့တယ်။ တစ်နည်းပြောရရင် တို့တွေရဲ့ အပြစ်ကြောင့် ပြစ်ဒဏ်စီရင်ခြင်းမှ လွတ်မြောက်နိုင်ဖို့ ကယ်တင်ရန် ဆင်းသက် ကြွလာခဲ့ခြင်းသာမက အပြစ်များကို ချွတ်ပယ်ပြီး မင်းနဲ့ ဆရာ/ဆရာမတို့ကို ပြောင်းလဲ နိုင်ခွင့်ရရှိရန် အသေခံဖို့ ကြွလာခြင်းလည်းဖြစ်တယ်။

သမ္မာကျမ်းစာက “လူမည်သည်ကား ခရစ်တော်၌ရှိလျှင်(သူသည် ယေရှုခရစ် တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်လျှင်) အသစ်ပြုပြင်သောသတ္တဝါ- လူသစ် ဖြစ်၏”လို့ဖော်ပြထားတယ်။ အဓိပ္ပါယ်ကတော့ မင်းဟာ ယေရှုခရစ်တော်ကို ယုံကြည် ရင် အသစ်သောအသက်တာ စိတ်သစ်သဘောသစ်ကို ရရှိလိမ့်မယ်။

ဒါပေမဲ့ မင်းဟာ ချက်ချင်းတော့လုံးဝစုံလင်ခြင်းမရှိသေးဘဲ အပြစ်ပြုမိနိုင်သေး တယ်။ ဘာလို့လဲဆိုတော့ မင်းဟာ စိတ်သဘောသစ်ကို ရရှိပေမဲ့ လူဟောင်းရဲ့ အကျင့် စရိုက်တွေက ရှိနေဦးမယ်။ ဒါပေမဲ့ မင်းဟာ လူသစ်ဖြစ်လာလိမ့်မယ်။ မင်းဟာ ထူးခြား သူဖြစ်လိမ့်မယ်။ ဒီမြားလိုပဲ မင်းဟာ ဦးတည်ရာအသစ်သို့ ရှေ့ရှုရွေ့လျားလိမ့်မယ်။ ဒီအကြောင်းကို ကျမ်းစာက “ဒုတိယမွေးခြင်း”လို့ သုံးနှုန်းထားပါတယ်။ မင်းနဲ့ ဆရာ/ ဆရာမတို့ဟာ ဒီလောကကြီးထဲသို့ လွန်ခဲ့တဲ့နှစ်များက မွေးဖွားလာခဲ့ကြတယ်။ ဒါပေမဲ့ မင်းက ယေရှုခရစ်တော်ကို မင်းရဲ့ ကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစားလိုက်တဲ့အချိန်မှာ “ဒုတိယမွေးခြင်း”ကို ခံရတယ်။ မင်းဟာ ဒုတိယအကြိမ် မွေးဖွားလာလိမ့်မယ်။ ဆိုလိုတာ က မင်းဟာ လူသစ်ဖြစ်လာပြီး ဘုရားသခင်ထံမှရရှိတဲ့ ခွန်အားတန်ခိုးအားဖြင့် ဘုရား သခင်ရဲ့ စိတ်တော်နဲ့ တွေ့စေမယ်။

မင်း သဘောပေါက်နားလည်ရဲ့လား။ ယောက်ျားလေးတစ်ယောက် ဒါမှမဟုတ် မိန်းကလေးတစ်ယောက်က ယေရှုခရစ်တော်ကို မိမိရဲ့ ကယ်တင်ရှင်သခင်အဖြစ် လက်ခံ ယုံကြည်လိုက်တာနဲ့ တစ်ချိန်တည်းမှာပဲ အဖြစ်အပျက်(၂)ခုကို ခံစားရတယ်။ > သူ့ရဲ့ အပြစ်အားလုံး ခွင့်လွှတ်ခြင်းခံရတယ်။ > တစ်ဖန် မွေးဖွားလာပြီး စိတ်သစ်သဘောသစ်ကို သူ ရရှိခံစားရတယ်။

Bobby ဆိုတဲ့ သဘောထားဆိုးသောကလေးအကြောင်းကို မင်းတို့သတိရသေး သလား။ သူ့အကြောင်းကို ဒီသင်ခန်းစာအစပိုင်းမှာ တို့တွေ ပြောခဲ့ပြီးပြီ။ Bobby က ကျမ်းစာသင်တန်းသို့ အပတ်စဉ်မှန်မှန်တက်ရောက်ခဲ့ပြီး သင်ကြားခံယူခဲ့ပါတယ်။ အပတ် စဉ် သခင်ယေရှုအကြောင်းနဲ့ သူ့အတွက် ယေရှု ပြုလုပ်ခဲ့ပုံတို့ကို ကြားခဲ့ရတယ်။ သူဟာ စိတ်ဝင်စားစွာ နားထောင်ခဲ့တယ်။ သူ့မှာ ပြဿနာတွေရှိနေကြောင်း သူသဘောပေါက်ခဲ့ တယ်။ ဒီပြဿနာတွေရဲ့ အဖြေများကိုလည်း သူရှာနေခဲ့တယ်။ အမှားများကို သူ လုပ်မိခဲ့

ကြောင်းလည်း သိခဲ့တယ်။ ဘုရားသခင်ဟာ သန့်ရှင်းမြင့်မြတ်တော်မူတဲ့အတွက် ဒီအမှားများကြောင့် အပြစ်ဒဏ်စီရင်မှာကိုလည်း သဘောပေါက်နားလည်ခဲ့တယ်။ ဒီလို ဖြစ်မှာကိုလည်း သူ မလိုလားခဲ့ပါ။ သူ့မှာဆိုးတဲ့စိတ်သဘောရှိတာ သူသိတယ်။ ဒါကြောင့် မှားယွင်းတဲ့အလုပ်တွေကို သူဆက်လုပ်မိခြင်းဖြစ်တယ်။ သူ ဒီလိုမဖြစ်ချင်ဘူး။

တစ်နေ့ ကျမ်းစာသင်တန်းမှာ သူ အဖြေရခဲ့တယ်။ သူဘာလုပ်ဖို့လိုကြောင်း နားလည်ခဲ့တယ်။ ယေရှုခရစ်တော်က သူ့ထံလာဖို့နဲ့ ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည် ဖို့ သူ့ကို အလိုရှိနေကြောင်း နားလည်ခဲ့ရတယ်။ “လူမည်သည်ကား ခရစ်တော်၌ရှိလျှင် (ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစားလျှင်) အသစ်ပြုပြင်

သောသတ္တဝါဖြစ်၏” (၂ကော၊၅း၁၇)။ ထိုအရာကိုပင် သူ အမှန်တကယ် လိုလားနေခဲ့ ခြင်းဖြစ်တယ်။ ဒါကြောင့် သူဟာ ညတစ်ညမှာ သူ့အိပ်ရာဘေး၌ ဒူးထောက်ပြီး ရိုးသား စွာဖြင့် စိတ်နှလုံးပါလျက် “သခင်ယေရှုဘုရား၊ ကျွန်ုပ်သည် အပြစ်သားဖြစ်ပါသည်။ မှားယွင်းသောအလုပ်များကိုလည်း ပြုလုပ်မိခဲ့ပါသည်။ ကိုယ်တော်သည် ကျွန်ုပ်၏ အပြစ် များအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခဲ့ပြီးဖြစ်ကြောင်း သိရှိရသည့် အတွက် ကျွန်ုပ်၏ အပြစ်များကို ခွင့်လွှတ်ဖို့ရန် တောင်းပန်ပါသည်။ ကျွန်ုပ်အား

ပြောင်းလဲခွင့်နှင့် ထူးခြားသောသူဖြစ်စေဖို့ရန်လည်း တောင်းလျှောက်ပါ၏”လို့ ဆုတောင်းခဲ့တယ်။

သခင်ယေရှုက သူ့ဆုတောင်းသံကို နားထောင်ခဲ့ပါသလား၊ အဖြေပေးခဲ့ပါသလား။ အမှန်ပင် အဖြေပေးခဲ့ပြီးဖြစ်တယ်။ ဒါဆို ဘယ်လိုဖြစ်မလဲ။ တစ်ချိန်တည်းမှာ အဖြစ် အပျက်(၂)ခု ဖြစ်ခဲ့တယ်။

> ပထမ- သူ့အပြစ်အားလုံး ဖြေလွှတ်ခွင့် ရခဲ့ပါတယ်။ > ဒုတိယ- သူဟာ လူသစ်ဖြစ်လာခဲ့ပါတယ်။ စိတ်သဘောထားအသစ်ကို ရရှိခဲ့တယ်။ ဒုတိယမွေးခြင်းကိုလည်း ခံယူရရှိခဲ့တယ်။ အခုတော့ သူဟာ အခြားသူတွေနဲ့ ချစ်ခင် စွာ မိတ်ဆွေဖွဲ့ဖို့ နားလည်လာပြီ။ (ဤမှာ မြင်ရသည့်အတိုင်း) ယခင်ကလို ရန်မဖြစ် တော့ဘူး။

မင်းလည်း Bobby လို ဆိုးခဲ့ဖူးသလား။ ဒါမှမဟုတ် ဒီနေ့ Bobby လို လိမ္မာတဲ့သူ ဖြစ်ပါသလား။ မင်းလည်း သခင်ယေရှုထံ ဆုတောင်းလျက် မင်းရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ခြင်းအားဖြင့် ပြောင်းလဲလာနိုင်တယ်။

Jenny လို့ခေါ်တဲ့ ရွှေရောင်ဆံပင်နဲ့ လှပတဲ့မိန်းကလေးကို မင်းတို့ သတိရသေး လား။ သူမဟာ အပြင်ပန်းအားဖြင့် လှပကောင်းမွန်နေပေမဲ့ အတွင်းကတော့ အဲ့ဒီလို မဟုတ်ကြောင်း သူမကိုယ်တိုင်သိခဲ့တယ်။ ပန်းခြံကြီးထဲမှာ လူကြီးတစ်ယောက်က ကျမ်းစာပုံပြင်ကိုပြောနေပြီး ကလေးများက ထိုင်နားထောင်နေတာကို သူမ တွေ့ခဲ့တယ်။ အဲ့ဒီလူကြီးကလည်း ဒီရုပ်ပုံကားချပ်တွေကို အသုံးပြုပြီးပြောပြနေခဲ့တယ်။ Jenny လည်း ကလေးအုပ်စုထဲ သွားထိုင်ပြီး နားထောင်ခဲ့တယ်။ လူကြီးက သခင်ယေရှုဟာ ကလေး များရဲ့ အတွင်းစိတ်သဘောကို ပြောင်းလဲပေးလိုကြောင်း ရှင်းပြနေတယ်။ ဒါဟာ သူမ လိုနေတဲ့အချက်ဖြစ်ကြောင်း Jenny တစ်ယောက် စဉ်းစားမိလာခဲ့တယ်။ ခဏချင်းမှာပဲ သူမဟာ အခြားကလေးများနဲ့ ထိုင်နေရင်း မျက်စိမှိတ်ကာ သခင်ယေရှုအား သူမကို ကယ်တင်ဖို့နဲ့ သူမရဲ့ အတွင်းနှလုံးသားကို ပြောင်းလဲပေးဖို့ ဆုတောင်းခဲ့တယ်။ သခင်

ယေရှုကလည်း သူမရဲ့ စိတ်နှလုံးကို ပြောင်းလဲပေးခဲ့တယ်။ ယေရှုက ဒီလို ဆုတောင်းတာ ၊ ကို အမြဲတမ်း အဖြေပေးတယ်။

ရုပ်ပုံ – ၇ “သခင်ယေရှုအား မင်း တောင်းဖို့လိုတယ်” မင်းက မတောင်းခဲ့ရင် သခင်ယေရှုက ကယ်တင်မှာ မဟုတ်ဘူး။ ပြောင်းလဲပေး မှာလည်း မဟုတ်ဘူး။ (ရုပ်ပုံ-၇ ကိုပြပါ)။ မင်းရဲ့ စိတ်နှလုံးထဲမှာရှိတဲ့ အပြစ်အားလုံးကို ဖြေလွှတ်ပေးဖို့နဲ့ မင်းကို ပြောင်းလဲစေပြီး ထူးခြားသူဖြစ်လာစေဖို့ မင်းအလိုရှိရင် သခင်

ယေရှုထံ တောင်းလျှောက်ဖို့လိုတယ်။ သူ့ကို မင်းမျက်စိနဲ့ မမြင်ရပေမဲ့ အခုပဲ မင်းအနီး အပါးမှာ သူရှိနေတယ်။ မင်းကို ကယ်တင်ဖို့နဲ့ ပြုပြင်ပြောင်းလဲပေးဖို့ သူ့အား ယုံကြည် ကိုးစားလာနိုင်ဖို့ မင်းက တောင်းခံဖို့လိုတယ်။

မင်းလိုပဲပြဿနာမျိုးနဲ့ရင်ဆိုင်နေရတဲ့ လူတစ်ယောက်အကြောင်းကို ကျမ်းစာထဲ မှာ ဖော်ပြထားတယ်။ သူ့နာမည်အတိအကျကို တို့တွေမသိရပေမဲ့ သူက ကြမ်းတမ်းသူ၊ ဆိုးသွမ်းသူဖြစ်တယ်။ သူဟာ ဒီပုံမှာပါတဲ့သူနဲ့ တူနိုင်တယ်။ (ရုပ်ပုံကိုပြပါ)။ သူက မင်းတွေ့မြင်ရတဲ့အတိုင်း ထောင်မှူးတစ်ယောက်ဖြစ်တယ်။ သူဟာ ဖိလိပ္ပံမြို့မှာ ပေါလု နဲ့သိလတို့ကို ကြာပွတ်နဲ့ရိုက်နှက်ပြီး ထောင်တွင်းအကျဉ်းချထားတဲ့သူဖြစ်နိုင်တယ် (တမန်၊၁၆)။ အဲ့ဒီနောက် အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့တယ်။ ပေါလုနဲ့ သိလတို့ဟာ အကျဉ်းချထားခံနေရစဉ်မှာပင် သီချင်းဆိုကြပြီး ဆုတောင်းနေကြတဲ့အသံ ကို သူကြားခဲ့ရတယ်။ ပေါလုတို့ တရားဟောသံကိုလည်း သူကြားကောင်းကြားမိမှာပဲ။ အဲ့ဒီနေ့ည သန်းခေါင်ယံအချိန်မှာ ထောင်ထဲကနေ ငလျင်လှုပ်သံကြားရပြီး သူလန့်နိုး လာခဲ့တယ်။ ငလျင်ဒဏ်ကြောင့် ထောင်တံခါးတွေ ပွင့်ကုန်ပြီး ချည်နှောင်ထားတဲ့ သံကြိုး တွေလည်း ပြုတ်ထွက်သွားပေမဲ့ ပေါလုနဲ့သိလတို့က ထွက်ပြေးခြင်းမရှိကြောင်းကို သူ အံ့အားသင့်စွာနဲ့ တွေ့မြင်ခဲ့ရတယ်။ သူ့စိတ်နှလုံးထဲမှာ “ငါလည်း သူတို့လိုဖြစ်ချင်တယ်” လို့ စဉ်းစားမိနေမှာပဲ။ “ငါလည်း ပြောင်းလဲသူဖြစ်ပြီး ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့ဖို့ အလိုရှိတယ်”လို့ သူခံစားမိမယ်။ ဒါကြောင့်လည်း ပေါလုနဲ့သိလတို့ကို အလွန် နက်နဲတဲ့ မေးခွန်းကြီးဖြစ်တဲ့ “ကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှာ အဘယ်သို့ ပြုရပါ မည်နည်း” (ကျွန်ုပ်သည် ပြောင်းလဲပြီး ထူးခြားသောသူဖြစ်ဖို့ရန် မည်ကဲ့သို့ ပြုရပါမည် နည်း)လို့ မေးခဲ့တယ်။

ပေါလုက- “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်”လို့ ပြောခဲ့ပါတယ်။

ဒါကြောင့် အဲ့ဒီအကျဉ်းထောင်အတွင်းမှာပဲ ထောင်မှူးဟာ သခင်ယေရှုထံ တောင်းလျှောက်ခဲ့တယ်။ သူဘယ်လိုတောင်းလျှောက်သလဲဆိုတာ ကျမ်းစာက ဖော်ပြ မထားဘူး။ ဒီလို သူ ဆုတောင်းကောင်း ဆုတောင်းနိုင်တယ်။ “သခင်ယေရှုဘုရား၊ ကျွန်ုပ် သည် အပြစ်သားတစ်ယောက်ဖြစ်ပါသည်။ ကျွန်ုပ်သည် အပြစ်လွှတ်ခြင်းခံရဖို့ လိုပါ သည်။ ယခုပင် ကိုယ်တော်ကို ကျွန်ုပ်ယုံကြည်ကိုးစားလိုပါသည်။ (ရုပ်ပုံတွင် ပါရှိသော ဤစာသားများကို ညွှန်ပြပါ)။ ကိုယ်တော်အား ကျွန်ုပ်ကိုယ်ကို ဆက်ကပ်အပ်နှံပါသည်။ ကျွန်ုပ်၏အပြစ်များကို လွှတ်လျက် ပြောင်းလဲရသောအခွင့်ကို ပေးတော်မူပါ။”

အဲ့ဒီနောက် ဘယ်လိုဖြစ်ပျက်ခဲ့သလဲဆိုတာ မင်းသိပါသလား။ ယေရှုခရစ်တော် က သူ့ကို ကယ်တင်ခဲ့ပြီး သူဟာ ပြောင်းလဲသောသူဖြစ်လာကြောင်း ကျမ်းစာက ဖော်ပြ ထားပါတယ်။

> ထောင်မှူးက ပေါလုနဲ့ သိလတို့ကို မိမိရဲ့ မိသားစုများအား ဝမ်းမြောက်ဖွယ်ရာ

ကယ်တင်ခြင်းသတင်းစကား ဟောကြားပေးဖို့ တောင်းပန်ခဲ့ရာ ကြားနာရတဲ့ ၊ မိသားစုတွေလည်း ကယ်တင်ခြင်းသို့ ရောက်ရှိခဲ့ကြတယ်။ > ထောင်မှူးက ပြီးခဲ့တဲ့နာရီအနည်းငယ်က သူကိုယ်တိုင် ရိုက်နှက်ခဲ့ဟန်တူတဲ့ ပေါလုနဲ့

သိလတို့ရဲ့ ကျောများမှ ကြာပွတ်ရိုက်ရာနှင့် ဒဏ်ရာဒဏ်ချက်များကို ဆေးကြော

သုတ်သင်ပြုစုပေးခဲ့တယ်။ > သူက ပေါလုနဲ့သိလတို့ကို အိမ်သို့ခေါ်ပင့်ပြီး ကောင်းမွန်စွာ ကျွေးမွေးခဲ့တယ်။ > သူနဲ့သူ့မိသားစုတွေ ပြောင်းလဲခဲ့ကြောင်း အခြားသူများအား သိမြင်စေခဲ့တယ်။ > သူနဲ့ အိမ်သူအိမ်သားအပေါင်းတို့ အတူတကွ ဝမ်းမြောက်ခြင်းသို့ ရောက်ကြတယ်။

အံ့သြဖွယ်ကောင်းလှတဲ့ ပြောင်းလဲမှုပါတကား ဘာကြောင့် ဒီလို ပြောင်းလဲခဲ့ တာလဲ။ ထောင်မှူးက သခင်ယေရှုကို ယုံကြည်ကိုးစားပြီး သူ့အား ကယ်တင်ဖို့ တောင်းလျှောက်ခဲ့တဲ့အတွက်ဖြစ်တယ်။

မင်းမှာရှိနေတဲ့ ပြဿနာ(၂)မျိုးကို သတိပြုမိရဲ့ လား။ ဒီပြဿနာ (၂)မျိုးလုံးကို ယေရှုက ယခုပဲ ဖြေရှင်းပေးနိုင်ကြောင်း သဘောပေါက်သလား။ သခင်ယေရှုကို ယုံကြည်လက်ခံလိုက်တာနဲ့တစ်ပြိုင်နက် ဒီပြဿနာ(၂)မျိုးကို တစ်ချိန်တည်းမှာ သူက ဖြေရှင်းပေးမယ်။

မင်းက ယနေ့- ယခုပင် တောင်းလျှောက်ဖို့ အဆင်သင့်ဖြစ်ပြီလား။ ဒီအကြောင်း နဲ့ပတ်သက်ပြီး မင်းစဉ်းစားနေတုန်းမှာ သခင်ယေရှုကို ဘယ်လိုယုံကြည်လက်ခံရမလဲ ဆိုတာ ပိုပြီးသိနိုင်ဖို့ ဆရာ/ဆရာမ ကူညီရမလား။ ဆရာ/ဆရာမပြောပြနေတဲ့ ဘုရား သခင်ရဲ့ နှုတ်ကပတ်တော်ကို မင်း ကြားနာခဲ့ရပေမဲ့ ဘယ်လိုပြုလုပ်ရမှန်း မသေမချာ ဖြစ်နေသလား။ အဲ့ဒီလိုခံစားနေရရင် ဒီအစီအစဉ်ပြီးသွားတဲ့အခါ မင်းနဲ့ ဝမ်းမြောက် စွာတွေ့ဆုံပြောပြလိုပါတယ်။ မင်းရဲ့ ထိုင်ခုံမှာပဲ ဆက်ထိုင်နေပါ။ တခြားကလေးတွေ နဲ့အတူ ထွက်မသွားပါနဲ့။ ဆရာ/ဆရာမနဲ့တွေ့ပြီး သခင်ယေရှုကို ဘယ်လို ယုံကြည် ကိုးစားရမည့်အကြောင်း မေးစေလိုပါတယ်။ ဒီလို လာရောက်မေးမြန်းရင် ဝမ်းမြောက် စွာနဲ့ မင်းကို ကူညီပေးမယ်။

ရုပ်ပုံ – ၈ “မင်းဟာ တစ်ဖန် မွေးဖွားလိမ့်မယ်” မင်းမှာ မွေးနေ့ဘယ်နှစ်ခုရှိသလဲ။ ဆရာ/ဆရာမမှာ (၂)ခုရှိတယ်။ ပထမမွေးနေ့ က ဒီလောကကြီးထဲသို့ ကလေးအရွယ်က မွေးဖွားလာခဲ့ချိန်မှာဖြစ်တယ်။ လွန်ခဲ့တဲ့

 

နှစ်ပေါင်းများစွာက ဩဂုတ်လမှာဖြစ်တယ်။ ဒါပေမဲ့ နောက်နှစ်များစွာ ကုန်လွန်ခဲ့ချိန် နိုဝင်ဘာလမှာ သခင်ယေရှုကို ဆရာ/ ဆရာမရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည် လိုက်ချိန်မှာ နောက်ထပ်မွေးနေ့ ထပ်ရရှိခဲ့တယ်။ (ရုပ်ပုံ-၈ ကိုပြပါ)။

သခင်ယေရှုခရစ်ကို ဆရာ/ဆရာမရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်လိုက် ချိန်မှာ ဘုရားသခင်ရဲ့ နိုင်ငံတော်သားအဖြစ်သော်လည်းကောင်း၊ သူ့ရဲ့ မိသားစုဝင် အဖြစ်သော်လည်းကောင်း မွေးဖွားလာခဲ့တယ်။ ။

ဆရာ/ဆရာမအဖို့ ဒုတိယအကြိမ် မွေးဖွားလာခြင်းဖြစ်တယ်။ ပြောင်းလဲလာ တယ်။ ဒါပေမဲ့ စုံလင်သူတော့ ဖြစ်မလာသေးဘူး။ ဆရာ/ဆရာမ ပြောင်းလဲလာခဲ့ပြီး ၊ နောက် အသက်တာသစ်၌ စတင်ကြီးထွားလာခဲ့တယ်။ ယခုလည်း ဆက်လက်ကြီးထွား နေဆဲပါပဲ။ ။

မင်းတို့မှာရော မွေးနေ့(၂)ခု ရှိပါသလား။ ဒီပုံကိုကြည့်ပါ။ မင်းဟာ လွန်ခဲ့တဲ့ (၇)နှစ်ကပဲ မွေးခဲ့တာဖြစ်စေ။ ဒီထက်မက စောသည်ဖြစ်စေ၊ မင်းရဲ့ မွေးနေ့ကိတ်မုန့်မှာ နေ့ရက်ကို မင်း ရေးသားဖြည့်သွင်းနိုင်မယ်ဆိုတာ ဆရာ/ဆရာမ သိပါတယ်။ ဒါပေမဲ့ ဒီဒုတိယကိတ်မုန့်တွင် မင်းရဲ့ ဒုတိယမွေးနေ့ရက်ကို ဖော်ပြနိုင်ပါ့မလား။ ။

မင်းသဘောပေါက်ပါရဲ့လား။ ကျမ်းစာထဲမှာ လူတစ်ယောက်ဟာ သခင်ယေရ ထံသို့ ညတစ်ညမှာ လာရောက်တွေ့ဆုံခဲ့တယ်လို့ ဖော်ပြထားတယ်။ သူ့နာမည်က “နိကောဒင်”ဖြစ်တယ်။ သူတို့စကားပြောနေစဉ် သခင်ယေရှုက “ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ”လို့ မိန့်တော်မူခဲ့တယ်

(ယော၊၃း၃)။

“နိကောဒင်”က နားမလည်ခဲ့ဘူး။ မွေးဖွားပြီးတဲ့ လူတစ်ယောက်က ဒုတိယ အကြိမ် ထပ်၍ ဘယ်လိုမွေးနိုင်မလဲလို့ ပြန်မေးခဲ့ပါတယ်။ သခင်ယေရှုက ကိုယ်ကာယ အားဖြင့် မွေးဖွားခြင်းကို ဆိုလိုတာမဟုတ်ကြောင်း ပြန်လည်ရှင်းပြခဲ့တယ်။ သခင်ယေရှု ဆိုလိုတာက ဝိညာဉ်မွေးဖွားခြင်းဖြစ်တယ်။ သခင်ယေရှု ပြောနေတာက အတွင်းစိတ် နှလုံးအသစ်မွေးဖွားခြင်းဖြစ်ပြီး စိတ်သစ်သဘောသစ်နဲ့ အသစ်သောအသက်တာကို ရရှိခံစားလျက် ထာဝရအသက်တာအကြောင်းဖြစ်တယ်။ အဲ့ဒီနောက် “သင်သည် ဒုတိယမွေးခြင်းကို ခံရမည်”လို့ ထပ်ပြီး မိန့်တော်မူတယ်။

Bobby က သခင်ယေရှုကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံခဲ့ပြီးနောက် (၂)ပတ် အကြာမှာ သူ့မိခင်ကို “ကျွန်တော်ဟာ (၂)ပတ်သား နို့စို့အရွယ်လေးပဲ ရှိသေးတယ်”

ပြောခဲ့တယ်။ သူ့မိခင်က နားမလည်လို့ ပြုံးရယ်ပြီး “မဟုတ်ပါဘူးသားရယ်။ မင်းဟာ ကိုးနှစ်သားအရွယ်ပါ။ မင်းဟာ လွန်ခဲ့တဲ့ကိုးနှစ်က မွေးဖွားခဲ့တာပဲ”လို့ ပြန်ပြောခဲ့တယ်။

အဲ့ဒီအခါ Bobby က ပြုံးပြီး “မှန်ပါတယ် မေမေ။ ကျွန်တော်ဟာ လွန်ခဲ့တဲ့ ကိုးနှစ်က ဒီလောကကြီးထဲသို့ မွေးဖွားလာတာမှန်ပါတယ်။ ဒါပေမဲ့ သခင်ယေရှုကို လွန်ခဲ့တဲ့ (၂)ပတ်က ယုံကြည်လက်ခံခဲ့လို့ ဒုတိယအကြိမ် မွေးဖွားလာခြင်း ဖြစ်ပါတယ်။ ကျွန်တော်ဟာ အသက်တာအသစ်နှင့်လူသစ် ဖြစ်လာခဲ့ပြီး (၂)ပတ်သား အရွယ်သာ ရှိပါသေးတယ်”လို့ ပြောပြခဲ့ပါတယ်။ ။

မင်းတို့မှာလည်း ဒုတိယမွေးနေ့ရှိပါသလား။ မင်းတို့က သခင်ယေရှုကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံပြီးကြပြီလား။ မင်းတို့ရဲ့ အပြစ်များကနေ ဖြေလွှတ်ခြင်း ခံစား ရရှိလိုကြပါသလား။ မင်းတို့ ပြောင်းလဲလာကြပြီး ဘုရားသခင်ရဲ့ စိတ်တော်နဲ့တွေ့ဖို့ အလို ရှိကြပါသလား။ သမ္မာကျမ်းစာက “သခင်ယေရှုကို ယုံကြည်လော့။ ယုံကြည်လျှင် သင် သည် ကယ်တင်ခြင်းသို့ ရောက်မည်”လို့ ဖော်ပြထားတယ်။ ဒီနေ့ပဲ ယုံကြည်ပါ။ အခုပဲ ယုံကြည်ပါ။ အခုပဲ ခေါင်းငုံ့ပြီး သခင်ယေရှုကို ယုံကြည်ကြောင်းပြောပါ။ မင်းကို ကယ်တင်ဖို့ တောင်းလျှောက်ပါ။ သူ့လက်ထဲသို့ မင်းကိုယ်မင်း အပ်နှံလိုက်ပါ။ အဲ့ဒီအခါ မင်းရဲ့ အပြစ်အားလုံး ဖြေလွှတ်ခြင်းခံရပြီး ပြောင်းလဲထူးခြားသူဖြစ်လာလိမ့်မယ်။

သင်စန်းစာ(၃) ၊ ကျွန်ုပ်တို့ ဘယ်လို လွတ်မြောက်နိုင်မလဲ

(ရွေးနုတ်ကယ်တင်ခြင်းဩဝါဒ) ဆရာ/ဆရာမတို့အတွက် ရွေးနုတ်ကယ်တင်ခြင်းဩဝါဒနှင့်ပတ်သက်၍ နားလည်ဖို့ရန် အထောက်အကူ – ၎င်း၏ဆိုလိုခြင်းအဓိပ္ပါယ်ကား အဘယ်နည်း။

( အကျယ်တဝင့်ပြောရလျှင် ရွေးနုတ်ခြင်းဆိုသည်မှာ အပြစ်သားများအား ပြစ်ဒဏ် စီရင်ခြင်း- အပြစ်ရှိနေခြင်းနှင့် ၎င်း၏တန်ခိုးမှ လွတ်မြောက်စေရန် ခရစ်တော်အား ဖြင့် ဘုရားသခင်ပြုတော်မူသော အကြံအစည်တော်တစ်ခုလုံးနှင့် အကျုံးဝင်ပါသည်။

၎င်း၏တိကျသောအဓိပ္ပါယ်မှာ ယေရှုခရစ်တော်သည် ကားတိုင်တွင်အသေခံခြင်း ၊ ဖြင့် သူသည် ကျွန်ုပ်တို့အား အပြစ်၏ကျေးကျွန်ဈေးကွက်မှ ရွေးဝယ်ပြီး ထိုချည်

နှောင်မှုအပေါင်းမှ လွတ်မြောက်စေလျက် ကျွန်ုပ်တို့အား လွတ်မြောက်ရသောအခွင့် ကို ပေးတော်မူသည်။ ။ “ရွေးယူသည်”ဆိုသောအဓိပ္ပါယ်မှာ လွတ်သည်၊ လွတ်မြောက်စေသည်။ အဖိုး အခပေး၍ လွတ်မြောက်ခြင်းချမ်းသာကိုပေးခြင်းဖြစ်သည်။ ဤနေရာတွင် ပုံရိပ်မှာ ကျေးကျွန်ဈေးကွက်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကျေးကျွန်များဖြစ်ကြသည်။ အပြစ်၏ ကျေးကျွန်များဖြစ်ကြသည်။ ယေရှုခရစ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံတော်မူခြင်းဖြင့် အဖိုးအခကို ပေးဆပ်သွားခဲ့ပါသည်။ ကျွန်ုပ်တို့အား အပြစ် ၏ကျေးကျွန်ဈေးကွက်မှ ရွေးဝယ်နိုင်ရန်နှင့် လွတ်မြောက်ရသောအခွင့်ကို ရရှိစေဖို့ ရန် အဖဘုရားသခင်အား ပေးဆပ်ရမည့်ပြီးပြည့်စုံသော အဖိုးအခမှာ ကားတိုင်တွင် သားတော်ယေရှုခရစ်တော်၏ တန်ခိုးကြီးမားမြင့်မြတ်လှသော အသွေးတော်ကိုသွန်းခြင်းအားဖြင့်သာ ဖြစ်ပေသည်။ > သမ္မာကျမ်းစာထဲတွင် မည်သည့်နေရာ၌ ၎င်းနှင့်ပတ်သက်၍ သွန်သင်ထားသနည်း။

ဓမ္မသစ်ကျမ်းတွင် ရွေးနုတ်ခြင်းနှင့်ပတ်သက်၍ (၃)နေရာတွင် ဖော်ပြထားသည်။ • ရွေးနုတ်ခြင်းအမှုကို ယေရှုခရစ်တော်သည် ကားတိုင်ပေါ်တွင် အသေခံခြင်း

အားဖြင့် အထမြောက်အောင်မြင်စေခဲ့ပြီးဖြစ်သည်။ မသဲ၊ ၂၀း၂၈။ တမန် ၂း၈။ ရောမ၊၃း၂၄။ ၁ကော၊၁း၃၀။ ဂလာတိ၊၃း၁၃။ ဂလာတိ ၄း၄၊၅။ ဧဖက်၊ ၁း၇။ တိတု၊ ၂း၁၄။ ဟေဗြဲ၊၉း၁၂။ ၁ပေ၊၁း၁၈-၁၉။

အပြစ်သားသည် ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အဖြစ် လက်ခံလိုက်ချိန်

တွင် ရွေးနုတ်ကယ်တင်ခြင်းအခွင့်ကို ဧကန်အမှန်ရရှိခံစားခွင့်ရရှိစေပါသည်။

ရောမ၆း၂၂။ ၁ကော၊၆း၁၉-၂၀။ ၁ကော၊၇၂း၂-၂၃။ တိတု၊ ၂း၁၄။ • ရွေးနုတ်ကယ်တင်ခြင်းသည် ယေရှုခရစ်တော် ပြန်လည်ကြွရောက်လာချိန်

ရောက်သည့်အခါ ပြီးပြည့်စုံပေလိမ့်မည်။ လုကာ၊ ၂၁း၂၈။ ရောမ၊၈း၁၉-၂၃။ ဧဖက်၊၁း၁၄။ ဧဖက်၊၄း၃၀။ ဖိလိပ္ပံ၊၃း၂၀-၂၁။ ၊

အဓိကသော့ချက်ကျမ်းပိုဒ် ) ထိုကြောင့် သားသည် သင်တို့ကို လွှတ်လျှင် သင်တို့သည်

ဧကန်အမှန်လွတ်ကြလိမ့်မည် (ယော၊၈း၃၆)။

ရုပ်ပုံ – ၁ “ကျွန်ုပ်တို့ ဘယ်လို လွတ်မြောက်နိုင်မလဲ” ဒီကိုလာခဲ့။ ငါပြောသလိုလုပ်။ ငါ့အတွက် အစားအသောက်ယူခဲ့။ မြန်မြန်သွား စမ်း။ အချိန်ဖြုန်းမနေနဲ့။ ဟေ့ ကျွန်သပေါက်- မင်းအလုပ်ကို ဆက်လုပ်စမ်း။

သခင်ဖြစ်သူက သူ့ကျွန်ကို ဒီလိုပဲ တစ်ချိန်လုံး အမိန့်ပေးပြောဆိုနေလိမ့်မယ်။ ကျွန်တစ်ယောက်အဖို့ ရွေးစရာလမ်းမရှိပါ။ သူ့သခင်ရဲ့ အလိုကို အစဉ်လိုက်နေရမယ်။ သူ့သခင်က အမိန့်ပေးတဲ့အခါ သူနာခံရမယ်။

ဒါပေမဲ့ မင်းက “ဒီနေ့ ကျွန်တော်တို့နိုင်ငံမှာ ဒီလိုမျိုးတစ်ယောက်မျှ မရှိတော့ပါ။ ကျွန်တော်ကတော့ ကျွန် မဟုတ်တာ သေချာတယ်။ ကျွန်တော်ဟာ လွတ်လပ်သောသူ တစ်ယောက်ပါ”လို့ ပြောလိမ့်မယ်။ မင်းအနေနဲ့ သေချာရဲ့လား။ ဘယ်သူမှ ကျွန် မဖြစ်ချင် ပါဘူး။ သို့တိုင်အောင် တို့တွေအထဲမှာ များစွာသောသူတို့ဟာ အမှန်တကယ် လွတ်

မြောက်သူတွေမဟုတ်ကြဘူး။ တို့တွေကို သံကြိုးလိုပဲချည်နှောင်ထားတဲ့အကျင့်တွေ ရှိတယ်။ တို့တွေဟာ အကျင့်ဆိုးများရဲ့ လွှမ်းမိုးမှုအောက်မှာခံနေရပြီး လိုက်နာနေခဲ့ကြရ တယ်။ မင်းအသက်တာမှာ ဒီလို အကျင့်မျိုးရှိနေသလား။ ဥပမာ- လိမ်ညာပြောတတ်တဲ့ အကျင့်၊ ဆိုးသွမ်းတဲ့ အတွေးအခေါ်၊ ခိုးဝှက်ခြင်း၊ ရန်ဖြစ်ခြင်း၊ ဒေါသထွက်ခြင်း၊ မိဘနဲ့ ၊ ဆရာ/ဆရာမတို့ရဲ့ စကားကို နားမထောင်ခြင်း၊ တစ်ခါတစ်ရံ ပိုပြီးအန္တရာယ်ကြီးတဲ့ အကျင့်ဆိုးများဖြစ်တဲ့ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အရက်သေစာသောက်စားခြင်း စသည် တို့ဖြစ်တယ်။ လူတွေဟာ မိမိတို့ရဲ့ အကျင့်ဆိုးများကို ဖျောက်ပစ်လိုကြတယ်။ နှစ်သစ်ကူး

ချိန်ရောက်တိုင်း နှစ်သစ်အဓိဋ္ဌာန်များ ပြုလေ့ရှိကြတယ်။ ဒါပေမဲ့ ခဏပဲ လိုက်လျှောက် င်ပါတယ်။ သူတို့အဖို့ လိုက်နာဆောင်ရွက်ဖို့ မတတ်နိုင်ကြပါ။ သူတို့ဟာ ကျေးကျွန်များ ဖြစ်နေကြတယ်။ သူတို့ လွတ်မြောက်လိုကြတယ်။ ဒါပေမဲ့ ဘယ်သူက သူတို့ကို လွတ် မြောက်ခွင့်ပေးနိုင်မှာလဲ။ ဒီမေးခွန်းက ယနေ့ တို့တွေမေးနေတဲ့ မေးခွန်းဖြစ်တယ်။

ရုပ်ပုံ – ၂ “ယေရှုခရစ်တော်က ငါတို့ကို လွတ်မြောက်စေတယ်” မင်းအနေနဲ့ သမိုင်းဘာသာရပ်ကို ကြိုက်နှစ်သက်ပါသလား။ “သမိုင်း”ဆိုတာကို သိပါသလား။ သမိုင်းဆိုတာ ပြီးခဲ့တဲ့အတိတ်ကာလက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ များဖြစ်ပြီး စိတ်ဝင်စားဖို့ အထူးကောင်းပါတယ်။ ဆရာ/ဆရာမဟာ အတိတ်က ကျော်ကြားခဲ့ပြီးထင်ရှားလှတဲ့ အမျိုးသားကြီးများ၊ အမျိုးသမီးကြီးများအကြောင်းကို အထူးနှစ်သက်တယ်။ သူတို့ဟာ ဘယ်သူတွေဖြစ်ပြီး ဘာတွေလုပ်ဆောင်ခဲ့ကြတယ်ဆို တာတွေကို စိတ်ဝင်စားတယ်။

ပြင်သစ်နိုင်ငံသား စစ်ဗိုလ်ချုပ်ကြီးလည်းဖြစ်၊ ဘုရင်မင်းမြတ်လည်းဖြစ်တဲ့ နပိုလီယံအကြောင်း မင်းတို့ကြားဖူးသလား။ ဒါမှမဟုတ် ထင်ရှားကျော်ကြားလှတဲ့ ပြဇာတ်ပေါင်းမြောက်မြားစွာရေးသားခဲ့တဲ့ ရှိတ်စပီးယားအကြောင်းကို သိပါသလား။ ထင်ရှားကျော်ကြားတဲ့သိပ္ပံပညာရှင်ကြီး အိုင်းစတင်းအကြောင်း ကြားဖူးပါသလား။ ကွန်မြူနစ်စနစ်ကို တည်ထောင်ခဲ့သော နိုင်ငံရေးသမားကြီး ကား(လ်) မတ်(စ်)အကြောင်း ၊ ကြားဖူးပါသလား။ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ခရစ္စတိုဖာကိုလံဘတ်(စ်)ကို သိပါသလား။ နာမည်ကျော်ဘရာဇီးလ်နိုင်ငံသား ဘောလုံးသမား ပီလီအကြောင်းကိုရော သိပါသလား။ ဒါပေမဲ့ ထင်ရှားကျော်ကြားဆုံးနဲ့ (ရုပ်ပုံ-၂ ကိုပြပါ) အခြားသူတွေထက် လူသားတို့ကို လွှမ်းမိုးနိုင်ပြီး အသက်တာများကို ပြောင်းလဲပေးနိုင်တဲ့ ပုဂ္ဂိုလ်ကတော့ ယေရှုခရစ်တော်ပဲဖြစ်တယ်။ သူဘယ်သူလဲ ဆိုတာ မင်းတို့ သိပါသလား။ သူက ဘယ်လောက်အရေးကြီးတဲ့ပုဂ္ဂိုလ်လဲဆိုတော့ သူမွေးဖွားတဲ့နေ့ရက်ကစပြီး တို့တွေရဲ့ ခုနှစ်သက္ကရာဇ်တွေကို သတ်မှတ်ပေးခဲ့တယ်။ တို့တွေဟာ သက္ကရာဇ်(၂ဝဝဝ)ပြည့်နှစ် အတွင်း နေထိုင်လျက်ရှိတယ်။ တစ်နည်းဆိုရရင် ယေရှုခရစ်တော် မွေးဖွားခဲ့တဲ့အချိန်က စပြီး နှစ်ပေါင်း(၂၀၀၀)သို့ ရောက်ခဲ့ပြီဖြစ်တယ်။ ဒီလောကသို့ ယေရှုခရစ်တော် မကြွရောက်လာမီကနှစ်များကို “ခရစ်တော် မတိုင်မီ”နှစ်များလို့ သတ်မှတ်ခေါ်ဆိုကြတယ်။ ဒါကြောင့် ယေရှုခရစ်တော်က ဘယ်လောက်အရေးကြီးကြောင်း မင်းသိနိုင်ပါတယ်။ ခုနှစ်သက္ကရာဇ်တွေကို သူ မွေးဖွားချိန်မှစတင်သတ်မှတ်ထားခဲ့ရတယ်။

ဒီအဖြစ်ကိုကြည့်ရင် ယေရှုခရစ်တော်ဟာ သမိုင်းတစ်လျှောက်လုံးရဲ့ ဗဟိုပြုရာပုဂ္ဂိုလ်ဖြစ်ကြောင်း ပြသနေတယ်။ ဒါပေမဲ့ ထိုယေရှုခရစ်တော်က အထက်မှာဖော်ပြခဲ့တဲ့ ကျော်ကြားခဲ့သူများ ထက်သာမက အခြားမင်းမသိသေးတဲ့သူများအားလုံးထက် ပိုပြီးကျော်ကြားတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ သူဟာ အခြားသူတွေအားလုံးထက် ထူးခြားတဲ့ပုဂ္ဂိုလ် လည်းဖြစ်တယ်။ သူကပဲ တို့တွေကို စစ်မှန်တဲ့လွတ်မြောက်ခွင့်ကို ပေးနိုင်တယ်။ သူက သာ တို့တွေရဲ့ အသက်တာမှာ အုပ်စိုးနေတဲ့အပြစ်တရားကို ပယ်ရှားနိုင်သူဖြစ်တယ်။ သူသာလျှင် (ဤရုပ်ပုံတွင်ပါသည့်အတိုင်း) တို့တွေကို ချည်နှောင်ထားပြီးကျွန်ပြုခြင်း ခံနေရတဲ့ဘဝမှ အမှန်လွတ်မြောက်ခွင့်ကို ပေးနိုင်သူဖြစ်တယ်။

ရုပ်ပုံ – ၃ “ယေရှုခရစ်တော်က လူသားစင်စစ်ဖြစ်တယ်” သူဟာ ဘာကြောင့် ဒီလောက် ထူးခြားနေရတာလဲ (ရုပ်ပုံ – ၃ ကိုပြပါ)။ အဘယ် ကြောင့်ဆိုသော် သူက လုံးဝဥသုံ ဖြောင့်မတ်စုံလင်သူဖြစ်လို့ပဲ။ ဒီအချက်က ဘာကို ဆိုလိုကြောင်း မင်းသဘောပေါက်ရဲ့ လား။ သူဟာ ဒီကမ္ဘာလောကကြီးထဲမှာ နှစ်ပေါင်း (၃ဝ)ကျော် နေထိုင်ခဲ့ပြီး မှားယွင်းတဲ့အရာဘာတစ်ခုကိုမျှ မလုပ်ခဲ့ဘူး။ သူဟာ ဘယ်တုန်း ကမှ လိမ်ညာမပြောခဲ့ဘူး။ မှားယွင်းတဲ့အမှုတစ်ခုကိုမျှပင် စဉ်းစားခဲ့ခြင်းမရှိခဲ့ဘူး။

သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က တို့တွေအားလုံး လိုက်နာဖို့ ပညတ်တော် (၁၀)ပါးကို ပေးခဲ့ပါတယ်။ တို့တွေဟာ ဘယ်လောက်ပဲအားထုတ်ကြပေမဲ့ ဒီပညတ်များ ကို နာခံနိုင်ခြင်းမရှိခဲ့ဘူး။ ဒါပေမဲ့ ဒီပုံမှာ ဖော်ပြထားတဲ့အတိုင်း ယေရှုခရစ်တော်က ပညတ်ချက်တစ်ခုစီတို့ကို လိုက်လျှောက်နာခံနိုင်ခဲ့တယ်။ ဒီကမ္ဘာလောကကြီးထဲရှိသမျှ လူသားအားလုံးထဲမှာ ယေရှုခရစ်တော်တစ်ပါးတည်းသာ ဖြောင့်မတ်စုံလင်တော်မူတယ်။

အထက်က ဖော်ပြခဲ့တဲ့လူတွေဟာ ထင်ပေါ်ကျော်ကြားခဲ့သူများဖြစ်ကြပြီး အံ့သြ ဖွယ်ရာများကို ပြုလုပ်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ သူတို့က အပြစ်သားများဖြစ်ကြလို့ အမှား များကိုလည်း လုပ်မိခဲ့ကြတယ်။ သူတို့က မင်းနဲ့ဆရာ/ဆရာမတို့လိုပဲ အမှားတွေကိုပြု လုပ်ခဲ့ကြပြီး ဘုရားသခင်ရဲ့ စကားကို နားမထောင်ခဲ့ကြဘူး။ သမ္မာကျမ်းစာထဲမှာပါတဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးများ၊ ထိုခေတ်ထိုအခါက ခရစ်ယာန်ကြီးများပင်လျှင် အမှားများကို ပြမိခဲ့ကြတယ်။ ကျမ်းစာထဲမှာ နာမည်ဖော်ပြထားတဲ့ အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်၊ ပေါလု၊ မာရိနှင့် ပေတရုတို့အကြောင်းကို ကြားဖူးမှာပါ။ သူတို့ဟာ တစ်မျိုးစီ လူတော်များဖြစ်ကြ ပြီး ဘုရားသခင်ကလည်း သူတို့ကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အားလုံးလည်း အပြစ်သားများဖြစ်တယ်။ သူတို့ဟာ အပြစ်သားများဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ်

သိကြပြီး နှုတ်မှလည်း ဖွင့်ဟဝန်ခံခဲ့ကြတယ်။ သမ္မာကျမ်းစာက “ခြားနားခြင်းအလျှင်းမရှိ အဘယ်ကြောင့် နည်းဟူမူကား လူအပေါင်းတို့သည် (လူတိုင်းသည်) ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရော၊၃း၂၃)လို့ ဖော်ပြထားတယ်။ ဘယ် တုန်းကမှ အပြစ်မပြုတဲ့တစ်ဦးတည်းသောသူက ယေရှုခရစ်တော်ပဲဖြစ်တယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀၀၀)ခန့်က ဗက်လင်မြို့တွင် မွေးဖွားခဲ့တယ်။ သူ မွေးဖွားလာ ချိန်ဟာ တို့တွေနဲ့မတူဘဲ ထူးခြားကွဲပြားတယ်။ တို့တွေအားလုံးက အပြစ်ပါလျက် မွေးဖွား လာခဲ့ကြတယ်။ တို့တွေဟာ ကိုယ့်အကျိုးကိုသာ ကြည့်တတ်ပြီး ဘုရားသခင်ရဲ့ စကားကို မနာခံဘဲ အခြားသူတွေကို ထိခိုက်စေတယ်။ ယေရှုခရစ်တော်ကတော့ ဒီလိုမဟုတ်ဘူး။ သူ့မှာ အပြစ်သဘောသဘာဝမပါရှိခဲ့ဘူး။ သူဟာ မိခင်မာရိ ဝမ်းတွင်းမှာ သန္ဓေတည်စ ကပင် တို့တွေနဲ့ မတူဘဲ ခြားနားတယ်။ တို့တွေမှာ လူသားဖခင်၊ မိခင်ရှိကြတယ်။ သူတို့ကတစ်ဆင့် ဒီအပြစ်သဘောသဘာဝကို တို့တွေအထဲမှာ စွဲကပ်ပါလာတယ်။ ဒါပေ မဲ့ သခင်ယေရှုမှာ လူသားမိခင်သာရှိတယ်။ ကောင်းကင်ဘုံ၌ရှိတော်မူတဲ့ ဘုရားသခင်က သူ့ဖခင် ဖြစ်တယ်။ ဒါကြောင့် သူ့အထဲမှာ မှားယွင်းတဲ့အပြစ် သဘောသဘာဝမရှိခဲ့ဘူး။ သူဟာ လုံးဝဥသုံ အပြစ်ကင်းလျက်၊ စုံလင်ဖြောင့်မတ်သူအဖြစ် မွေးဖွားလာခဲ့တယ်။

သူက နို့စို့ကလေးအရွယ်မှကြီးထွားလာပြီး ဆယ်ကျော်သက်အရွယ် ရောက်လာခဲ့ တယ်။ စာတန်မာရ်နတ်က သူ့ကို အမေစကား နားမထောင်ဖို့၊ လိမ်ညာပြောဖို့၊ ဒေါသ အမျက်ထွက်ဖို့ သွေးဆောင်ခဲ့တယ်လို့ ဆရာ/ဆရာမ အတတ်ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူက အဲ့ဒီလို တစ်ခါမှ မလုပ်ခဲ့ဘူး။ အဲ့ဒီနောက် လူကြီး ဖြစ်လာပေမဲ့လည်း အပြစ်တစ်ခါ မှ မလုပ်ခဲ့ဘူး။ သူ့ရန်သူတွေထဲမှ တစ်ယောက်က “ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့လို့ ဝန်ခံပြီး ပြောခဲ့သေးတယ် (လုကာ၊၂၃၄)။ သူ့ ရဲ့ အရင်းနှီးဆုံးမိတ်ဆွေ တွေကတော့ “ကိုယ်တော်၌ အပြစ်မရှိ”လို့ ရေးသားခဲ့ကြတယ် (၁ယော၊၃း၅)။ ကောင်းကင်ဘုံရှင်အဖခမည်းတော်ကိုယ်တိုင်က ဤသူကား ငါနှစ်သက်မြတ်နိုး ရာ ငါ၏ချစ်သားပေတည်း”လို့ မိန့်တော်မူခဲ့တယ် (မဿဲ၊၃း၁၇)။

ယေရှုခရစ်တော်ဟာ ကျမ်းစာထဲမှာပါတဲ့ သူ့အဖဘုရားသခင်ရဲ့ မိန့်မှာချက်တွေ အားလုံးကို (၃၃)နှစ်လုံးလုံး နာခံလိုက်လျှောက်ခဲ့တယ်။ သူဟာ ဖြောင့်မတ်စုံလင်သူဖြစ် ပြီး ဘုရားသခင်ရဲ့ စကားတွေကို နာခံလိုက်လျှောက်တဲ့အတွက် တို့တွေကိုယ်စား လက်ဝါးကပ်တိုင်မှာ အသေခံနိုင်တာဖြစ်တယ်။ တကယ်လို့သာ သူက အပြစ်တစ်ခါ

လောက်လုပ်မိခဲ့ရင် ဒီလို ကိုယ်စား အသေခံပေးနိုင်မှာမဟုတ်ဘူး။ ကိုယ်စားအသေခံ တယ်ဆိုတာ အခြားတစ်ယောက်ရဲ့ နေရာကို ဝင်ရောက်ပြီး အသေခံလိုက်တာဖြစ်တယ်။

ဒါပေမဲ့ ကိုယ်စားခံယူမဲ့သူက သူခံပေးရမဲ့သူနဲ့ အမျိုးအစားတူရမယ်။ ဒါကြောင့်

ကောင်းကင်တမန်က တို့တွေကိုယ်စား ဝင်ရောက်အသေခံပေးလို့မရဘူး။ တို့တွေဟာ လူဖြစ်တဲ့အတွက် တို့တွေကိုယ်စားအသေခံပေးရမဲ့သူဟာလည်း လူဖြစ်ရမယ်။ ဒါပေမဲ့

ယေရှုခရစ်တော်ကလည်း တို့တွေလို အပြစ်သားဖြစ်နေရင် တို့ အပြစ်အတွက် အပြစ် စီရင်ခြင်းဒဏ်ကို ခံပေးလို့မရပြန်ဘူး။ သူ့အပြစ်အတွက် ပြစ်ဒဏ်စီရင်ခြင်းကိုသာ သူ ခံရမှာဖြစ်တယ်။ ဒါပေမဲ့ သူဟာ ဖြောင့်မတ်စုံလင်သူဖြစ်လို့ မင်းနဲ့ဆရာ/ဆရာမတို့လို မစုံလင်တဲ့သူတွေကိုယ်စား ဝင်ရောက်အသေခံပေးနိုင်တာဖြစ်တယ်။ ဒီလိုနဲ့ တို့တွေကို ကယ်တင် ဖို့အဖိုးအခပေးပြီး တို့လွတ်မြောက်ရတဲ့အခွင့်ကို ပေးနိုင်ခြင်းဖြစ်တယ်။ တို့တွေ အပြစ်အတွက် ဘုရားသခင်ရဲ့ အပြစ်စီရင်ခြင်းကို သူက ကိုယ်စားခံပေးနိုင်တာဖြစ်တယ်။ ဒါတင်မကဘဲ တို့တွေကို လွှမ်းမိုးနေတဲ့ ချည်နှောင်မှုအားလုံးကိုလည်း ဖြတ်တောက်ပေး နိုင်တယ်။ ကျမ်းစာထဲမှာ သခင်ယေရှုကသာ တို့တွေကို ဧကန်အမှန်လွတ်မြောက်ခြင်း ပေးပိုင်သူအဖြစ် ဖော်ပြထားတယ်။ “ထို့ကြောင့် သားသည် (ထိုသားသည် သူကိုယ်တိုင် ဖြစ်သည်) သင်တို့ကိုလွှတ်လျှင် သင်တို့သည် ဧကန်အမှန် လွတ်မြောက်ကြလိမ့်မည်” ( ယော၊၈း၃၆)။

ရုပ်ပုံ – ၄ “ယေရှုခရစ်တော်က ဘုရားစင်စစ်ဖြစ်တယ်” မှန်ပါတယ်။ သူဟာ ဖြောင့်မတ်စုံလင်သူဖြစ်တဲ့အတွက် ထူးခြားတဲ့သူပဲ။ ဒီလို ထူးခြားတဲ့သူဖြစ်ရခြင်းတစ်ခုကတော့ (ရုပ်ပုံ-၄ ကိုပြပါ) သူဟာ တစ်ချိန်တည်းမှာ ဘုရား စင်စစ်ဖြစ်သလို ဖြောင့်မတ်စုံလင်တဲ့လူတစ်ယောက်လည်းဖြစ်တဲ့အတွက် လက်ဝါးကပ် တိုင်ပေါ်မှာ လူသားများကိုယ်စားအသေခံပေးနိုင်မှာဖြစ်တယ်။

ဒီအကြောင်းအရာက နားလည်ဖို့ခက်ခဲပေမဲ့လည်း ယေရှုခရစ်တော်ဟာ တစ်ချိန် တည်းမှာ ဘုရားစင်စစ်ဖြစ်သလို လူလည်းဖြစ်ကြောင်း ကျမ်းစာက ဖော်ပြထားတယ်။ ဘုရားသခင်တစ်ပါးတည်းသာ ရှိတော်မူတယ်။ ဒီစက်ဝိုင်းဟာ အစအဆုံးမရှိဘူး။ ဒါဟာ ၊ တစ်ဆူတည်းသော ဘုရားသခင်ကို ပုံဆောင်တာဖြစ်တယ်။ ဒါပေမဲ့ ဘုရားသခင်မှာ ပုဂ္ဂိုလ်(၃)ပါးပါဝင်နေတယ်။ ခမည်းတော်ဘုရား၊ သားတော်ဘုရား (ယေရှုခရစ်တော်) နဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားတို့ဖြစ်ကြတယ်။ ဒီတြိဂံပုံက (၃)ပါးတစ်ဆူဘုရားကို ပုံဆောင်တယ်။ ယေရှုခရစ်တော် သို့မဟုတ် သားတော်ဘုရားဟာ ထာဝရဘုရားဖြစ်ပြီး

ကောင်းကင်ဘုံမှာ ခမည်းတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားတို့နဲ့ အတူ

ထာဝရ နေတော်မူတယ်။ ဒါပေမဲ့ သူဟာ တို့တွေကိုယ်စား အသေခံဖို့ ဒီလောကကြီးထဲ သို့ ကြွဆင်းလာပြီး လူ့အဖြစ်ကို ခံယူခဲ့တယ်။ သူဟာ ဒီလောကကြီးထဲမှာ အသက်ရှင် နေထိုင်ဖို့ ဆင်းသက်ကြွလာခြင်းသာမဟုတ်ဘဲ အသေခံရန်အတွက်လည်းဖြစ်တယ်။ သူဟာ လူ့ဇာတိကို ခံယူခဲ့ပေမဲ့ ဘုရားစင်စစ် ဖြစ်မြဲဖြစ်နေတယ်။

ဒီလောကကြီးထဲမှာ ရှိနေတုန်းက သူဟာ ဘုရားဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောခဲ့တယ်။ ဥပမာအနေနဲ့ “ငါသည် ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်” (ယော၊၁၀း၃၀)။ “ငါအမှန်အကန်ဆိုသည်ကား အာဗြဟံမဖြစ်မီ ငါဖြစ်၏”လို့ မိန့်တော်မူ တယ် (ယော၊၈း၅၈)။ ဆိုလိုတာက အာဗြဟံမဖြစ်မတည်မီ ရှေးဦးစွာ ငါရှိပြီး ဖြစ်တယ်။ သူက “လူတို့၏အပြစ်ကို လွတ်စေပြီ”လို့လည်း မိန့်တော်မူခဲ့တယ် (မာကု၊ ၂း၅)။ ဒီလို အပြစ်လွှတ်ပိုင်ခွင့်ကို ဘုရားသခင်ကသာ တတ်စွမ်းနိုင်တယ်။ ဒီလိုနဲ့ သူဟာ ဘုရား ၊ စင်စစ်ဖြစ်ကြောင်း ပြောနေတာပေါ့။

သူက အံ့သြဖွယ်ရာတန်ခိုးနိမိတ်လက္ခဏာတွေကိုလုပ်တိုင်း သူပြောတာတွေမှန် ကန်ကြောင်း သက်သေပြလျက်ရှိတယ်။ ဥပမာ- သူဟာ လှေပေါ်မှာ မတ်တတ်ရပ်ပြီး လှိုင်းနဲ့လေကို ငြိမ်သက်ဖို့ အမိန့်ပေးခဲ့တယ်။ ချက်ချင်းပဲ လှိုင်းနဲ့လေဟာ ငြိမ်သက်သွား တယ်။ တပည့်တော်တွေက “ဤသူကား အဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ် သည် သူ၏စကားကို နားထောင်ပါသည်တကား”ဆိုပြီး အံ့ဩကြတယ် (မဿဲ၊၂၇)။ အဆုံးမှာ ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း သူတို့ နားလည်သဘော ပေါက်ခဲ့ကြတယ်။

အဲ့ဒီနောက် ယေရှုခရစ်တော်ဟာ ဘုရားစင်စစ်ဖြစ်ကြောင်း တစ်ခါတည်းနဲ့ သက်သေပြနိုင်ဖို့ ခမည်းတော်ဘုရားက အထူးအံ့ဩဖွယ်ရာအမှုကို ပြုတော်မူခဲ့တယ်။ ယေရှုခရစ်တော်ဟာ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့ပြီးနောက် (၃)ရက်မြောက်တဲ့ နေ့မှာ ခမည်းတော်ဘုရားက သူ့ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေခဲ့တယ်။ ဒါက မင်းနဲ့ ဆရာ/ဆရာမ အပါအဝင် တစ်လောကလုံးကို ယေရှုခရစ်တော်က သူပြောခဲ့တဲ့ အတိုင်း ဘုရားစင်စစ်ဖြစ်ကြောင်း ပြသလိုက်တာပဲ (ရောမ၊၁၃၊၄ က။ မဿဲ၊၁၂၃၈၄၀)။ ယေရှုခရစ်တော်က ဘုရားစင်စစ်ဖြစ်လို့ အရာခပ်သိမ်းကို တတ်စွမ်းနိုင်တယ်။ သူက မင်းကို ကယ်တင်နိုင်တယ်။ လွတ်မြောက်ခွင့်ပေးနိုင်တယ်။ ဒီအတွက်ကြောင့်ပဲ သူဟာ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့တာဖြစ်တယ်။ (ရုပ်ပုံ-၅ ကိုပြပါ)။

ရုပ်ပုံ – ၅ “တို့တွေကို ရွေးနုတ်ကယ်တင်ဖို့ လက်ဝါးကပ်တိုင်ပေါ်မှာ

သူ အသေခံခဲ့တယ်” ကျေးကျွန်ပုံပြင်တွေကို မင်းတို့ ဖတ်ဖူးသလား။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အမေရိကလိုနိုင်ငံနဲ့ ဥရောပတိုက်ရှိ နိုင်ငံတွေမှာ ကျေးကျွန်တွေ အများကြီးရှိခဲ့ဖူးတယ်။ သမ္မာကျမ်းစာကာလတုန်းကလည်း ရောမအင်ပါယာကြီးမှာ ကျေးကျွန်တွေ အများကြီး ရှိခဲ့ဖူးတယ်။ ရောမအင်ပါယာခေတ်ကာလက ကျေးကျွန်ပေါင်းအနည်းဆုံး(၆)သန်းခွဲ

ကျော်ရှိခဲ့တယ်လို့ ဆရာကြီးတစ်ဦးက ပြောပြခဲ့ဖူးတယ်။ ကျေးကျွန်တွေထဲမှာ ယောက်ျား ကြီးတွေ၊ မိန်းမကြီးတွေနဲ့ ကလေးငယ်တွေလည်း ပါဝင်ကြတယ်။ ဒီလူတွေကို လူဆိုး များက သူတို့အိမ်ကိုခေါ်သွားပြီး အလုပ်ကြမ်းတွေကို အတင်းအဓမ္မစေခိုင်းခဲ့ကြတယ်။ တစ်ခါတလေ အခြားနိုင်ငံများသို့ ပို့ဆောင်ပြီး စေခိုင်းခဲ့တယ်။ ဒီလို အခိုင်းခံရပေမဲ့ အခကြေးငွေ လုံးဝမရရှိကြဘူး။ သူတို့အသက်တာဟာ ကြမ်းတမ်းရက်စက်တဲ့ သခင်တွေ နဲ့ တွေ့ကြုံကြရတယ်။ သူတို့ဟာ လွတ်လပ်မှုတစ်ခုမျှ မရှိဘူး။ သခင်တွေရဲ့ ခြယ်လှယ် မှုအောက်မှာ ခံနေရသူတွေဖြစ်တယ်။ ကျွန်ကုန်ကူးသူတွေဟာ သူတို့ကို ဖမ်းမိတဲ့အခါ ဈေးအမြင့်ဆုံးပေးနိုင်သူတွေဆီ ရောင်းချလေ့ရှိတယ်။ အချို့တိုင်းပြည်တွေမှာ ဒီလိုကျွန် အရောင်းအဝယ်ဈေးကို နေရာတကာ တွေ့မြင်နိုင်တယ်။ ဈေးပြိုင်ဝယ်ယူသူတွေက သန်မာထွားကြိုင်းတဲ့ကျွန်တစ်ယောက်ကို အပြိုင်အဆိုင် ဈေးပေးဝယ်ယူလေ့ရှိတယ်။ ကျွန်ဖြစ်ရတာ ဘယ်လောက် ကြောက်စရာကောင်းလဲနော်။ ဒီလို အရောင်းခံလိုက်ရတာ ကြေကွဲဖွယ်ရာပဲ။ ဒီနေ့ခေတ်မှာ အဲ့ဒီလို ကျွန်စနစ်မရှိတော့လို့ ဝမ်းသာစရာပဲ။

ဒါပေမဲ့ ဒီနေ့ကျွန်စနစ်ကတော့ တခြားနည်းနဲ့ ရှိနေတုန်းပဲ။ ယနေ့ ကျေးကျွန်ဖြစ် နေတဲ့ ယောက်ျားလေးတွေ၊ မိန်းကလေးတွေရှိနေကြတယ်။ သူတို့ဟာ ချုပ်နှောင်ခြင်း ခံနေကြရတယ်။ ကျွန်ကုန်ကူးသူတွေအားဖြင့်တော့မဟုတ်ဘူး။ စာတန်မာရ်နတ်နဲ့ အပြစ် တို့ရဲ့ ချည်နှောင်မှုအောက်မှာ ရှိနေကြတယ်။

သူတို့ဟာ အကျင့်ဆိုးတွေရဲ့ လွှမ်းမိုးမှုကို ခံနေရပြီး လွတ်လပ်မှုမရှိသူတွေ၊ တစ်နည်းအားဖြင့် ကျွန်တွေဖြစ်နေကြတယ်။ မင်းကော ကျွန်တစ်ယောက်ဖြစ်နေသလား။ ဆိုးသွမ်းမှုတစ်ခုခုရဲ့ လွှမ်းမိုးမှုကို ခံနေရသလား။ မင်း လွတ်မြောက်လိုပါသလား။

ယေရှုခရစ်တော်ဟာ ဒီလောကသို့ ကြွဆင်းလာတာဟာ ယောက်ျားကြီးများ၊ မိန်းမကြီးများ၊ ယောက်ျားလေးများ၊ မိန်းကလေးများကို ရွေးနုတ်ဖို့ဖြစ်တယ်။ ကျမ်းစာက “ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသောဒုစရိုက်မှ ငါတို့ကို ရွေးနုတ်ခြင်းငှာ—- ကိုယ်ကို

ကိုယ် စွန့်ကြဲတော်မူပြီ” တိတု၊ ၂း၁၄)လို့ ဖော်ပြထားတယ်။ “ရွေးနုတ်ခြင်းဆိုတာ “ပြန်လည်ဝယ်ယူရန်”လို့ အဓိပ္ပါယ်ရတယ်။ လွတ်လပ်မှုကို ဝယ်ယူခြင်း တစ်စုံတစ်ဦး လွတ်မြောက်ဖို့အတွက် အဖိုးအခပေးခြင်းကို ဆိုလိုတာပေါ့။ ။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကျွန်အရောင်းအဝယ်လုပ်တဲ့နေရာကို စဉ်းစားကြည့် ပါ။ အဲ့ဒီနေရာမှာ ကျွန်တစ်ယောက်ကို “ဒီလူကို ဘယ်သူဈေးပေးဝယ်မလဲ”လို့ ကျွန်ကုန် ကူးသူက ရောင်းဖို့ အော်ဟစ်နေတယ်။ ကြင်နာစိတ်ရှိပုံပေါ်တဲ့သူတစ်ယောက်က “ကျွန်ုပ်ဝယ်မယ်။ သူ့အတွက် ငွေတစ်သောင်းပေးမယ်”လို့ ပြောလိုက်တယ်။ ကျွန် ကုန်ကူးသူကလည်း “ကောင်းပါပြီ။ သူ့ကို သင်ပိုင်ဆိုင်သွားပါပြီ”လို့ ကြေညာလိုက်တယ်။ ဒါနဲ့ ထိုလူကြီးက ပိုက်ဆံပေးလိုက်တယ်။ (ဤပုံတွင် တွေ့မြင်ရသည့်အတိုင်း) အဲ့ဒီ

နောက် သခင်က ကျွန်ကို ကျွန်အရောင်းအဝယ်ဈေးမှ ခေါ်ထုတ်သွားပြီး ထူးဆန်းတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တယ်။ သူက ကျွန်အား “သင် ယခု လွတ်မြောက်ပြီ။ သင့်ကို ငါဝယ်ယူခဲ့ပြီးပြီ။ အခု လွတ်မြောက်ခွင့်ပေးပါတယ်”လို့ ပြောခဲ့တယ်။ လွတ်လပ်စွာသွား လာနိုင်ပြီး သူကြိုက်နှစ်သက်ရာ လုပ်နိုင်ပြီဆိုတာသိလိုက်ရတဲ့ ကျွန်ရဲ့ မျက်နှာပေါ်မှာ ထွက်ပေါ်လာတဲ့ ဝမ်းမြောက်မှုကို မင်း စဉ်းစားကြည့်ပါ။

ဒီလိုပဲ ယေရှုခရစ်တော်က လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံခဲ့စဉ်က ပြုလုပ်ခဲ့ တယ်။ သူက တို့တွေအပြစ်ရဲ့ အဖိုးအခကို ပေးဆပ်ခဲ့ပြီးပြီ။ ကျွန်ကိုဝယ်သွားတဲ့လူကြီး ၊ လိုပဲ ငွေကြေးပေးခဲ့တာတော့မဟုတ်ဘူး။ သူ့ရဲ့ အဖိုးထိုက်တန်လှတဲ့ အသွေးတော်ကို သွန်းပြီး တို့တွေအတွက် အသက်စွန့်တော်မူခဲ့တယ်။ တို့တွေ ပြုလုပ်မိခဲ့တဲ့ မှားယွင်းမှုများ အားလုံးအတွက် ခမည်းတော်ဘုရားက ယေရှုခရစ်တော်ကို ပြစ်ဒဏ်စီရင်ခဲ့တယ်။ ဒီအတွက် အဖိုးအခအားလုံးကို ယေရှုခရစ်တော်က ပေးဆပ်ခဲ့ပြီးဖြစ်တယ်။ သူ့ကို ယုံကြည်ကိုးစားသူတို့ကို ယေရှုခရစ်တော်က “ငါဟာ အဖိုးအခပေးပြီး သင်တို့ကို ရွေးဝယ်ခဲ့ပြီ။ သင်တို့အခု လွတ်ခြင်းအခွင့်ရပြီ။ သင်တို့ဟာ ကျွန်မဟုတ်တော့ဘူး”လို့ မိန့်ဆိုခဲ့တယ်။ ကျွန်ဈေးမှာရှိတဲ့ အချို့ကျွန်တွေရဲ့ လက်ကောက်ဝတ်နဲ့ခြေချင်းဝတ်တို့မှာ ထွက်မပြေးနိုင်အောင် သံကြိုးနဲ့ ချည်ထားတယ်။ ဒါပေမဲ့ သူတို့ကို ဝယ်ယူခဲ့တဲ့ သခင် အသစ်က သူတို့အား လွှတ်လိုက်တဲ့အခါ သံကြိုးများကိုလည်း ဖြတ်တောက်ပေးလိုက် တယ်။

ယေရှုခရစ်တော်က တို့တွေကို ကျွန်ဈေးမှ ရွေးနုတ်ချိန်မှာ တို့တွေဟာ လွတ်မြောက်မှုကို ရခဲ့ရုံသာမဟုတ်ဘဲ အောက်မှာ ဖော်ပြထားတဲ့ ပြဿနာသံကြိုးတွေကို လည်း ဖြတ်တောက်ပေးဖို့ အဆင်သင့်ရှိနေတယ်။

> လိမ်ညာခြင်းသံကြိုး။ ။ > ခိုးဝှက်ခြင်းသံကြိုး။ > မကောင်းသောတွေးခေါ်မှုသံကြိုး။ > နားမထောင်တတ်ခြင်းသံကြိုး။ > ဆိုးညစ်သောစိတ်သံကြိုး၊ ၊ > မူးယစ်ဆေးဝါးနှင့် သေရည်အရက်သံကြိုး။

မင်း လွတ်မြောက်လိုသလား။ မင်းအသက်တာမှာရှိနေတဲ့ အပြစ်တရားရဲ့ ချည်နှောင်မှုသံကြိုးများကို ယေရှုခရစ်တော်က ဖြတ်တောက်ပေးစေလိုပါသလား။ ဒါဆိုရင် သူ့အား ယုံကြည်ကိုးစားပါ။ မင်းကို ရွေးနုတ်ကယ်တင်ဖို့နဲ့ ကျွန်ဈေးမှ ထုတ်

ဆောင်ပြီး မင်းဘဝမှာရှိနေတဲ့ ချည်နှောင်ခံနေရသောသံကြိုးတွေကို ဖြတ်တောက်ပေးဖို့ သူ့ထံတောင်းလျှောက်ပါ။ ဒါပေမဲ့ သူက ရွေးနုတ်ခြင်းခံလိုသူတို့ကိုသာ ရွေးနုတ် ကယ်တင်မှာဖြစ်တယ်။ တကယ်လို့ တစ်စုံတစ်ဦးက “ငါကတော့ ကျွန်တစ်ယောက်အနေ နဲ့ ကျွန်ဈေးမှာပဲ နေချင်တယ်”လို့ ပြောရင် ယေရှုခရစ်တော်က သူ့ကို “ကောင်းပြီ။ ဒါဟာ သင့်ဆုံးဖြတ်ချက်ပဲ”လို့ ဆိုလိမ့်မယ်။

ယေရှုခရစ်တော်က တို့တွေအတွက် အသေခံပြီး ရှင်ပြန်ထမြောက်ကာ တို့တွေကို လွတ်ခြင်းအခွင့်ပေးနေပေမဲ့ (ရုပ်ပုံ-၆ ကိုပြပါ) တို့က ကျွန်လိုပဲ ဆက်နေချင်ရင် ဘယ်လောက်မိုက်မဲမှုဖြစ်မလဲနော်။

ရုပ်ပုံ – ၆ “သူဟာ တစ်ဖန် ရှင်ပြန်ထမြောက်ခဲ့တယ်” လူတစ်ယောက်ဟာ ဆိုင်တစ်ဆိုင်ရှိ ပြတင်းပေါက်နားမှာရပ်ပြီး ပန်းချီကား တစ်ချပ်ကို စူးစိုက်ကြည့်နေတယ်။ ဒီပန်းချီကားကတော့ ယေရှုခရစ်တော် လက်ဝါးကပ်တိုင် ပေါ်မှာ အသေခံတော်မူခြင်းပုံဖြစ်တယ်။ အဲ့ဒီလူဟာပုံကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေပုံပဲ။

အဲ့ဒီအချိန်မှာ ဖြတ်လျှောက်လာတဲ့လူငယ်လေးတစ်ယောက်က သူ့ကို “ပုံထဲကလူ ဟာဘယ်သူဖြစ်ပြီး ဘာလုပ်နေတာကို သိသလား”လို့ မေးလိုက်တယ်။ လူကြီးကလည်း “ကျေးဇူးပြုပြီး ပြောပြပေးပါ”လို့ ပြောတယ်။ ခရစ်ယာန်ဖြစ်တဲ့ အဲ့ဒီလူငယ်ကလည်း “ထိုသူဟာ ယေရှုဖြစ်တယ်။ သူက ဒီလောကသို့ ကြွဆင်းလာပြီး ကျွန်ုပ်တို့အဖို့ အသေခံ ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အပြစ်ကြွေးများအတွက် အဖိုးအခကိုပေးကာ ရွေးနုတ် ကယ်တင်ပြီး လွတ်မြောက်ခြင်းအခွင့်ကို ပေးတော်မူပါတယ်”လို့ ပြောပြခဲ့တယ်။ လူကြီး

ကလည်း ကျေးဇူးတင်ကြောင်းပြောပြီး လူငယ်လည်း ထွက်ခွာသွားခဲ့တယ်။ (၂)မိနစ် လောက်အကြာမှာတော့ လူငယ်လေးဟာ မောကြီးပန်းကြီးနဲ့ ပြန်ပြေးလာခဲ့ပြီး လူကြီး အား“ကျွန်တော်အရေးကြီးတဲ့အချက်ကို ပြောဖို့မေ့သွားလို့ပါ။ အဲ့ဒီသခင်ယေရှုဟာ အခုတိုင် သေနေတာမဟုတ်ဘူး။ သူဟာ ရှင်ပြန်ထမြောက်ခဲ့ပြီး ယနေ့အသက်ရှင်လျက် ရှိပါတယ်”လို့ ပြောပြခဲ့တယ်။

မှန်ပါတယ်။ ထိုအရှင်ဟာ ယနေ့ အသက်ရှင်နေပါတယ်။ ယေရှုခရစ်တော်ဟာ ဤလောကကြီးထဲသို့ ကြွဆင်းလာတာဟာ တို့ရဲ့ အပြစ်တွေအတွက် အသေခံပြီး ရွေးနုတ် ကယ်တင်ဖို့ဖြစ်တယ်။ (၃)ရက်မြောက်သောနေ့မှာ သေခြင်းမှ တစ်ဖန် ရှင်ပြန်ထမြောက် ခဲ့တယ်။ သူဟာ မြှုပ်နှံသဂြိုဟ်ခြင်းကို ခံခဲ့ရပြီး သူ့ရဲ့ တပည့်တော်တွေလည်း ဝမ်းနည်း

ကြေကွဲခဲ့ကြတယ်။ ယေရှုခရစ်တော်ဟာ သူတို့နဲ့အတူ ရှိတုန်းက သူ အမြဲသေနေမှာ မဟုတ်ဘူးလို့ပြောခဲ့တာကို တပည့်တော်တွေဟာ မေ့သွားခဲ့ပြီ။ ရှင်ပြန်ထမြောက်ရာ ပထမ တနင်္ဂနွေနေ့နံနက်စောစောမှာ မိန်းမအချို့တို့က အလောင်းကိုကြည့်ဖို့ လာခဲ့ကြ တယ်။ ဒါပေမဲ့ အလောင်းက အဲ့ဒီနေရာမှာ မရှိတော့ဘူး။ တို့တွေမြင်ရတဲ့အတိုင်း သင်္ချိုင်းဂူဝကို ပိတ်ထားတဲ့ကျောက်တုံးကြီးလည်း လိမ့်လှန်ထားလျက်ရှိတယ်။ အလောင်း ကိုပတ်ရစ်ထားတဲ့ အဝတ်က အဲ့ဒီနေရာမှာ ရှိနေပေမဲ့ အလောင်းက မရှိတော့ဘူး။ တခဏအတွင်းမှာ မိန်းမတွေထဲက မာရိဟာ သခင်ယေရှုကို အသက်ရှင်လျက်တွေ့မြင် ခဲ့ရပြီး သူမအား သခင်က စကားပြောခဲ့တယ်။ ယေရှုခရစ်တော်ဟာ ရှင်ပြန်ထမြောက်

တော်မူခဲ့ပြီးနောက်ရက်ပေါင်း(၄၀)အတွင်း အခြားတပည့်တော်တွေလည်း သူ့ကို တွေ့မြင်ခဲ့ကြရပြီး ကြိမ်ဖန်များစွာ စကားပြောခဲ့ကြတယ်။ တစ်ချိန်မှာလည်း လူပေါင်း ၊ (၅၀၀)တို့ဟာ တစ်စုတစ်ဝေးတည်း သူ့ကို တွေ့မြင်ခဲ့ကြတယ်။

ယေရှုခရစ်တော်ကို တစ်ဖန် ပြန်တွေ့ရခြင်းနဲ့ သူဟာ ထာဝရအသက်ရှင်ကြောင်း သိရတာ ဘယ်လောက်ပျော်ရွှင်ဖွယ်ကောင်းလိုက်သလဲနော်။ သူဟာ ဘယ်တော့မှ မသေတော့ဘူး။ သူဟာ ယနေ့အသက်ရှင်လျက်ရှိတယ်။ မင်းက သူ့ကို မမြင်နိုင်ပေမဲ့ သူကတော့ ဒီနေရာမှာ ရှိနေတယ်။ ဒါကြောင့် မင်းက သူ့ကို ယုံကြည်ကိုးစားရင် ကယ်တင်နိုင်ပြီး လွတ်ခြင်းအခွင့်ကို ပေးနိုင်တယ်။ ပြီးတော့ မင်းအသက်တာရှိ အပြစ် ချည်နှောင်မှုအားလုံးကို ဖြတ်တောက်ပြီး သူ့အတွက်အသက်ရှင်နိုင်ဖို့လည်း ခွန်အားနဲ့ ပြည့်စေမယ်။ တို့တွေဟာ အသက်ရှင်တဲ့ဘုရားကို ကိုးကွယ်နေတာဖြစ်တယ်။ အသေခံ ပြီး သေခြင်းတရားနဲ့တကွ အပြစ်နှင့်မာရ်နတ်တို့ကို အောင်နိုင်သူနောက်ကို တို့တွေလိုက်

နေတာဖြစ်တယ်။ အသေခံပြီး ရှင်ပြန်ထမြောက်လျက် တို့တွေကို လွတ်ခြင်းအခွင့်ပေး တဲ့အရှင်ကို တို့တွေချစ်မြတ်နိုးကြတယ်။

ဖီးလစ်ဆိုတဲ့လူငယ်တစ်ယောက်ဟာ အပတ်စဉ် ကျမ်းစာသင်တန်းတက်လေ့ရှိ တယ်။ သခင်ယေရှုဟာ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံပြီး သူ့ကို ရွေးနုတ်တာကို လည်း သူသိတယ်။ မကြာခဏဆိုသလို သူ့အား မိမိရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ “ငါဟာ ဘယ်တော့မှ ခရစ်ယာန်ကောင်းတစ်ယောက်ဖြစ်လာမှာ မဟုတ်ဘူး။ ငါ့မှာ ခွန်အားမရှိပါဘူး”လို့ စဉ်းစားတယ်။ တစ်နေ့မှာတော့ သခင်ယေရှု ဟာ သေခြင်းမှ ရှင်ပြန်ထမြောက်တဲ့အကြောင်းကို ကြားခဲ့ရတယ်။ သခင်ယေရှုဟာ အသက်ရှင်တော်မူပြီး သူ့ကို ခရစ်ယာန်တစ်ယောက်အဖြစ် အသက်ရှင်စေဖို့ ကူညီမစနိုင်

ကြောင်း ပထမဆုံးအကြိမ် သူသဘောပေါက်လာခဲ့တယ်။ ပြီးတော့ အတွေးအမြင်သစ် နဲ့ သူ့ကို အပြစ်တရားမှ ရွေးနုတ်ကယ်တင်တဲ့ သခင်ဟာ အသက်ရှင်တော်မူပြီး ယနေ့ မနက်ဖန် အပြစ်၏လွှမ်းမိုးမှုအောက်မှ သူ့ကိုကယ်တင်နိုင်ကြောင်း သိရှိနားလည်လာ တယ်။ ဒါတင်မကဘူး။ သူ့အသက်တာမှာ ချည်နှောင်ခံနေရတဲ့ အပြစ်တွေကိုလည်း ဖြတ်တောက်ပစ်နိုင်ကြောင်း သဘောပေါက်ခဲ့တယ်။ ဒါကြောင့် အဲ့ဒီအချိန်မှစပြီး ဖီးလစ် ရဲ့အသက်တာဟာ အပြစ်ရဲ့ အုပ်စိုးမှုအောက်မှာရှိဖို့ မလိုတော့ဘူး။ ဒါကြောင့် ယေရှု ခရစ်တော်ကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် သူလက်ခံယုံကြည်ခဲ့တယ်။ ယေရှုခရစ်တော်

ဟာ သူ့ကို မစလိုပြီး မစဖို့လည်း အသင့်ရှိနေပြီ။ သူဟာ လွတ်ခြင်းအခွင့်ကိုရခဲ့ပြီး အမှားများကို ပြုမိကာ အပြစ်ကျူးလွန်ကောင်းကျူးလွန်မိပေမဲ့ ယေရှုခရစ်တော်အတွက် အသက်ရှင်နိုင်ပြီး အပြစ်ရဲ့ကျေးကျွန်ဘဝမှ လွတ်မြောက်ခဲ့ပြီးဖြစ်တယ်။ ယေရှုခရစ်

တော်ဟာ မင်းကို ယနေ့ ကယ်တင်ဖို့ အဆင်သင့်ရှိနေပြီး လွတ်ခြင်းအခွင့်ကိုပေးလိုပါ တယ်။ ဒါမှပဲ မင်းဟာ သူ့အတွက် အသက်ရှင်နိုင်ပြီဖြစ်တယ်။ တို့တွေရဲ့ အဓိက

သော့ချက်ကျမ်းပိုဒ်ကို သတိရသေးသလား။ “ထို့ကြောင့် သားသည် သင်တို့ကို လွှတ် လျှင် သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်” (ယော၊၈း၃၆)။

ရုပ်ပုံ – ၇ “သူဟာ ကောင်းကင်ဘုံသို့

ပြန်လည်တက်ကြွသွားတဲ့အရှင်သခင်ဖြစ်တယ်” ယနေ့ ယေရှုခရစ်တော်က ဘယ်နေရာမှာ ရှိနေသလဲ။ သူဟာ ဘုရားသခင်ဖြစ်လို့ နေရာတိုင်းမှာရှိနေနိုင်တယ်။ ဒီနေရာမှာရှိနေသလို၊ ဟိုနေရာမှာလည်း ရှိနေနိုင်တယ်။

ဒါပေမဲ့ သူရဲ့ အထူးနေရာကတော့ (ရုပ်ပုံ-၇ ကိုပြပါ) ကောင်းကင်ဘုံရှိ ခမည်းတော် ဘုရားရဲ့ လက်ျာတော်ဘက်ရှိ နေရာဖြစ်တယ်။ သခင်ယေရှုဟာ တစ်ဖန် ရှင်ပြန် ထမြောက်ပြီးနောက်မှာ တပည့်တော်တို့ကို ယေရုရှလင်မြို့အနီးရှိ သံလွင်တောင်ပေါ် ခေါ်သွားခဲ့တယ်။ တပည့်တော်တွေနဲ့ ခဏစကားပြောပြီးနောက် သူတို့အားလုံး ကြည့် နေတုန်းမှာပဲ သူဟာ အထက်အရပ်သို့ တဖြည်းဖြည်းချင်း ဆောင်ယူခြင်းကို ခံယူကာ နောက်ဆုံးမှာ မိုးတိမ်များဖုံးအုပ်ပြီး သူတို့ရဲ့ မြင်ကွင်းမှ ပျောက်ကွယ်သွားတဲ့အထိဖြစ် တယ်။ ဒီအတွေ့အကြုံဟာ အံ့ဩဖွယ်ပဲ!

ကျမ်းစာက သူဟာ ကောင်းကင်ဘုံသို့ တက်ကြွသွားခြင်းက ခမည်းတော်ဘုရားရဲ့ ချီမြှောက်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ ဖော်ပြထားတယ်။ ဆိုလိုတာက ခမည်းတော်ဘုရား ဟာ ဒီလိုအားဖြင့် ဘုရားနဲ့ လူစင်စစ်ဖြစ်တော်မူတဲ့ ယေရှုခရစ်တော်ကို အရာခပ်သိမ်းရဲ့ အရှင်သခင်အဖြစ် ချီးမြှောက်ခဲ့တယ်။ သူက အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့ ၏ဘုရင်ဖြစ်တယ်။ ဒီရုပ်ပုံမှာ ဖော်ပြထားတဲ့ ပလ္လင်နဲ့ သရဖူတို့က သူဟာ ကောင်းကင်နှင့် မြေကြီးအားလုံးတို့၏ အရှင်သခင်ဖြစ်ကြောင်း တို့တွေကို သတိရစေတယ်။

တစ်နေ့ကျရင် (ဘယ်တော့ဖြစ်မလဲမသိ) သူဟာ တစ်ဖန် ပြန်လည်ကြွဆင်းလာ မယ်။ ဒီတစ်ကြိမ်မှာ ကလေးလေးတစ်ယောက်လို မဟုတ်တော့ဘဲ ဘုရင်အဖြစ် ကြွလာ မှာဖြစ်တယ်။ လူတိုင်းက သူ့ရှေ့တော်မှောက်မှာ ဒူးထောက်ကြရလိမ့်မယ်။ သူ

ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွသွားတုန်းက တပည့်တော်တို့အား ကောင်းကင် တမန်(၂)ပါးက ကိုယ်ထင်ရှားပြသခဲ့ကြတယ်။ ပြီးတော့ “သင်တို့နှင့်ခွာ၍ ကောင်းကင်သို့

ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွားတော်မူသည့်နည်းတူ တဖန် ကြွလာတော်မူလတံ့”လို့ ကောင်းကင်တမန်တွေက

ပြောခဲ့ကြတယ်။ ဒါပေမဲ့ နွားစားခွက်ထဲရှိ သူငယ်လေးလိုမဟုတ်ဘဲ ဘုရင်တစ်ပါးလို ဘုန်းတန်ခိုးအာနုဘော်နဲ့ ပြည့်စုံလျက် ပြန်လည်ကြွလာမှာဖြစ်တယ်။ ဒီအချိန်မှာ လူတိုင်း က သူ့ရှေ့တော်မှောက်မှာ ဒူးထောက်ကြရမယ်။ ဒါပေမဲ့ အများသောသူတို့အဖို့ အလွန် နောက်ကျသွားမယ်။ သူတို့က သခင်ယေရှုကို ငြင်းပယ်ခဲ့ကြပြီး သူတို့ အသက်တာကို အုပ်စိုးခွင့်မပေးခဲ့ကြသူတွေပေါ့။ ဒါကြောင့် သခင်ယေရှု ပြန်လည်ကြွလာတဲ့အခါ သူတို့ ဟာ တရားစီရင်ခြင်းကို ခံရမှာဖြစ်ပြီး ဘုရားသခင်နှင့် ထာဝရကင်းကွာသွားသူတွေ ဖြစ်လိမ့်မယ်။

သခင်ယေရှုက မင်းဟာ သူ့ကို ဒီနေ့ပဲ ဒူးထောက်ဦးညွှတ်ပြီး ကယ်တင်ရှင်သခင် အဖြစ် လက်ခံဖို့ အလိုရှိတယ်။ ဒီလိုဆိုရင် သူ တစ်ဖန် ပြန်လည်ကြွလာတဲ့အခါ မင်းဟာ

တရားစီရင်ခြင်း၊ ထာဝရခွဲခွာခြင်းတို့နဲ့ ကင်းလွတ်ခွင့်ရလိမ့်မယ်။ မင်းရဲ့ အပြစ်အားလုံးကို လွှတ်ဖို့ သူ အလိုတော်ရှိတယ်။ မင်းအသက်တာကို ပြောင်းလဲပေးလိုပြီး လွတ်ခြင်းအခွင့် ကို ပေးလိုတယ်။ မင်းကို ကျွန်ပြုထားတဲ့အကျင့် ဒါမှမဟုတ် အပြစ်တို့မှ လွတ်မြောက် ခွင့်ပေးလိုတယ်။ မင်း ဘာလုပ်ဖို့လိုသလဲ။ ကျမ်းစာက “ထာဝရဘုရားကို ပဌနာပြုသော သူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့”လို့ ဖော်ပြထားတယ်။ ဒါကြောင့် မင်းဟာ ဒီနေ့ပဲ ရွေးနုတ်ကယ်တင်ဖို့နဲ့ မင်းရဲ့ ကယ်တင်ရှင်ဖြစ်ဖို့ သူ့ထံ တောင်း

လျှောက်ရင် “သင်သည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်”လို့ ကျမ်းစာထဲမှာပါတဲ့ ဘုရားသခင်ရဲ့ကတိတော်အတိုင်း ရွေးနုတ်ခြင်းကို ခံရမယ်။ လွတ်ခြင်းအခွင့်ကိုရမယ်။

အချိန်မဆွဲပါနဲ့။ ဒီနေ့ပဲ မင်းရဲ့ ကယ်တင်ရှင်သခင်ဖြစ်ဖို့ တောင်းလျှောက်ပါ။

ဘုရားသခင်ဟာ မင်းရဲ့ စိတ်နှလုံးကို တို့ထိဖွင့်ပြတော်မူပါသလား။ ဘာလုပ်ရမှန်း ခုထိ မသေမချာဖြစ်နေပါသလား။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဘုရားသခင်အား ဘယ်လိုတောင်းလျှောက်ရမဲ့အကြောင်းသိချင်ရင် ဆရာ/ဆရာမနဲ့ တွေ့ဆုံဆွေးနွေးပါ။ ဒီအစီအစဉ်ပြီးသွားတဲ့အခါ ဒီနေရာမှာပဲ ဆရာ/ဆရာမရှိနေမယ်။ တွေ့ဆုံဆွေးနွေး လိုရင် လာရောက်တွေ့ဆုံနိုင်ပါတယ်။ ။

ရုပ်ပုံ – ၈ “ယနေ့ပင် မင်းဟာ လွတ်ခြင်းအခွင့်ကို ရနိုင်ပြီ” မင်း လွတ်မြောက်ပြီလား။ လွတ်မြောက်ခြင်းအခွင့်ကို ရလိုပါသလား။ အပြစ်ရဲ့ ကျေးကျွန်ဈေးမှ မင်းကို ထုတ်ဆောင်စေလိုပါသလား။ ယနေ့ပင် လွတ်ခြင်းအခွင့်ကို ရနိုင်တယ်။ မင်းကို ကယ်တင်ဖို့ ယေရှုခရစ်ထံ ယနေ့ပင် တောင်းလျှောက်ပါ။ သူက မင်းကို ဒီနေ့ပဲ ကျေးကျွန်ဈေးမှ ထုတ်ဆောင်ပေးလိမ့်မယ်။ ရုပ်ပုံ-၁ မှာ ဖော်ပြထားတဲ့ အတိုင်း ဒါဟာ ပထမအဆင့်ဖြစ်တယ်။ ယေရှုခရစ်တော်ကို မင်းရဲ့ ကယ်တင်ရှင်ဖြစ်ဖို့

တောင်းလျှောက်တဲ့အခါ မင်းအပြစ်အားလုံး လွတ်ခြင်းခံရပြီး ထာဝရအသက်ကို ရရှိကာ လူသစ်ဖြစ်လာလိမ့်မယ်။ မင်းဟာ လွတ်မြောက်သူဖြစ်ပြီး အသက်တာမှာ မစခြင်းနဲ့ ခွန်အားကိုရရှိကာ ဘုရားသခင်၏စိတ်တော်နှင့်တွေ့ဖို့ အသက်ရှင်နိုင်မှာ ဖြစ်တယ်။ ဒီအကြောင်းအရာကို ရုပ်ပုံ-၂က ဖော်ပြနေတယ်။ တို့တွေဟာ အပြစ်မှ ကျောခိုင်းပြီး

ယေရှုခရစ်တော်ကို မိမိရဲ့ကယ်တင်ရှင်အဖြစ် လက်ခံဖို့ရန် တောင်းလျှောက်လိုက်တဲ့ အခါ တစ်စုံတစ်ဦးသောပုဂ္ဂိုလ်ဟာ တို့တွေရဲ့ အထဲမှာ ဝင်ရောက်ကိန်းဝပ်တော်မူကြောင်း ကျမ်းစာက ဖော်ပြထားတယ် (တမန်၊ ၂း၃၈)။ ဒီပုဂ္ဂိုလ်ကတော့ သန့်ရှင်းသောဝိညာဉ်

တော်ဖြစ်တယ်။ သူကလည်း ခမည်းတော်ဘုရား၊ သားတော်ယေရှုခရစ်ဘုရားတို့လိုပဲ ဘုရားဖြစ်တော်မူတယ်။ သူဟာ မင်းကို ယေရှုခရစ်တော်အတွက် အသက်ရှင်နိုင်ဖို့ မစမည့်သူဖြစ်ပြီး မကောင်းတဲ့အကျင့်ဆိုးများရဲ့ ချည်နှောင်မှုအောက်မှ လွတ်မြောက်ဖို့ ကူညီပေးလိမ့်မယ်။ ဒီအကျင့်ဆိုးတွေကို မင်းစွန့်ပစ်နိုင်ဖို့ ခွန်အားကို သူက ပေးလိမ့်မယ်။ ပုံမှာ မင်းတွေ့မြင်ရတဲ့အကျင့်ဆိုး(၃)မျိုးကို မင်းအောင်မြင်ဖို့ သူက မစပေးလိမ့်မယ်။ မကောင်းသောအကြံအစည်များ၊ မကောင်းသောစကားများ၊ မကောင်းသောအကျင့်များ တို့ကိုပေါ့။ သခင်ယေရှု ရွေးနုတ်ကယ်တင်ခြင်း ဒါမှမဟုတ် ကျေးကျွန်ဘဝမှ အဖိုးအခါ ပေးကာ ရွေးဝယ်ခြင်းခံရပြီး လွတ်မြောက်ခွင့်ခံရသူ အယောက်တိုင်းဟာ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ ဆုကျေးဇူးကို ခံစားရမယ်။ ဝိညာဉ်တော်ဟာ သူ့အထဲမှာ ကိန်းဝပ်ပြီး ၊ နေ့စဉ်မကောင်းတဲ့အကျင့်တွေကနေ လွတ်မြောက်နိုင်ဖို့ မစခြင်းကို ခံရမယ်။ ယေရှုခရစ် တော်အား မင်းကို ကယ်တင်ဖို့၊ လွတ်မြောက်ခွင့်ပေးဖို့နဲ့ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိဖို့ မတောင်းလျှောက်ခဲ့ရင် ကြီးစွာသောမိုက်မဲမှုဖြစ်လိမ့်မယ်။

ကယ်တင်ခြင်းရရှိဖို့ သူ့အား ယနေ့ပင် မင်းအနေနဲ့တောင်းလျှောက်ဖို့ သခင်ယေရှု အလိုရှိတယ်။ ကျမ်းစာက “ထာဝရဘုရားကို ပဌနာပြုသောသူရှိသမျှတို့သည် ကယ်တင်

တော်မူခြင်းသို့ ရောက်ရကြလတံ့” (ရောမ၊၁၀း၁၃)လို့ ပြောထားတာကို သတိရပါ။ ဒါဟာ ဘုရားသခင်ရဲ့ ကတိတော်ဖြစ်တယ်။ မင်းဟာ ယနေ့၊ ယခုအချိန်မှာပင် ပဌနာပြု (တောင်းလျှောက်)ရင် လွတ်ခြင်းအခွင့်ကို ရနိုင်တယ်။ ရွေးနုတ်ကယ်တင်ခြင်းကိုခံရပြီး သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးကိုလည်း မင်းရရှိခံစားရမှာဖြစ်တယ်။

အာဖရိကလူမျိုးအကြီးအကဲတစ်ယောက်ဟာ ဘောင်းဘီတိုနဲ့ ချည်အင်္ကျီ သင်တိုင်းရှည်ကြီးကို ဝတ်လေ့ရှိတယ်။ ဝါးခမောက်ကိုလည်း ဆောင်းကာ သူ့ရဲ့ အရေး တွန့်နေတဲ့ လက်တစ်ဖက်မှာ တုတ်ကောက်တစ်ချောင်းကို ကိုင်ပြီး သွားလာလေ့ရှိတယ်။ သူ ဘယ်သူလဲ။ သူ့လူမျိုးတို့က သူ့ကို “မနက်ဖြန်အဖိုးအို”လို့ ခေါ်ကြတယ်။ ဒီနာမည်ကို သူဘယ်လိုရခဲ့တာလဲသိလား။ ဖြစ်ပုံကတော့ သာသနာပြုဆရာတွေက သူ့အား ယေရှု ခရစ်တော်ကို သူ၏ကယ်တင်ရှင်သခင်အဖြစ် လက်ခံဖို့ မကြာခဏ တိုက်တွန်းအားပေး

လေ့ရှိတယ်။ အဲ့ဒီအခါ သူ့ရဲ့ တစ်ခွန်းတည်းသောအဖြေက “မနက်ဖြန်မှ”ဆိုတာပဲ။ ဒါကြောင့် လူတိုင်းက သူ့ကို “မနက်ဖြန်အဖိုးအို”လို့ ခေါ်ခဲ့ကြတယ်။ မင်းကော ဘယ်လို အခြေအနေရှိသလဲ။ ယေရှုခရစ်တော်က မင်းကို ယနေ့ တောင်းလျှောက်ဖို့ အလိုတော်ရှိ တယ်။ မနက်ဖြန်ရောက်မှမဟုတ်ဘူး။ ကျမ်းစာက “ယနေ့ပင် ကယ်တင်ခြင်းကာလ

သည်ဖြစ်၏”လို့ ဖော်ပြထားတယ် (ဟေဗြဲ၊၃း၁၅)။ မနက်ဖြန်အထိ စောင့်မနေပါနဲ့။ ယခုပင် တိတ်ဆိတ်စွာနဲ့ ခေါင်းငုံ့ပြီး အောက်ပါအတိုင်း ပြောပါ။ သခင်ယေရှုဘုရား ကိုယ်တော်ကို ကျွန်ုပ်ယုံကြည်ပါတယ်။ သခင်ဘုရား- ကိုယ်တော်ကို ကျွန်ုပ်၏ ကယ်တင် ရှင်အဖြစ် လက်ခံလိုပါတယ်။ ကျွန်ုပ်အား လွတ်မြောက်ရသောအခွင့်ကိုပေးပါ။ ကိုယ်တော်သည် ကျွန်ုပ်၏ ကယ်တင်ရှင်ဖြစ်ဖို့နှင့် သန့်ရှင်းသောဝိညာဉ်တော်ဆုကျေးဇူး ကိုပေးသနားပါမည့်အကြောင်း တောင်းလျှောက်ပါတယ်။ ။

မင်းဟာ ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားလျက် ကယ်တင်ရှင်အဖြစ် လက်ခံ လိုကြောင်း တောင်းလျှောက်ရင် ဘယ်တော့မှ ပျက်စီးဆုံးရှုံးခြင်းမရှိနိုင်တော့ဘူး။

ထာဝရအသက်ကိုလည်း ရရှိမယ် (ယော၊၃း၁၆)။ သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးကိုလည်း ရရှိမယ် (တမန်၊ ၂း၃၈)။ လွတ်မြောက်ခြင်းအခွင့်ကိုလည်း ခံစား ရလိမ့်မယ် (ယော၊၈း၃၆)။ ဘုရားသခင် မိန့်မှာတဲ့အတိုင်း မင်းလုပ်ဆောင်ရင် ယနေ့ပင် ထိုအခွင့်အရေးများကို ရရှိမယ်လို့ ဘုရားသခင် ကတိတော်ရှိပါတယ်။

သင်ခန်းစာ(၄) ကျွန်ုပ်တို့ စိတ်ချမှုကို ဘယ်လို့ရနိုင်မလဲ (သမ္မာကျမ်းစာနှင့်ပတ်သက်၍ မှန်ကန်ကြောင်းဆိုင်ရာဩဝါဒ) ဆရာ/ဆရာမတို့အတွက် သမ္မာကျမ်းစာနှင့်ပတ်သက်၍ မှန်ကန်ကြောင်းဆိုင်ရာဩဝါဒကို သင်နားလည်သဘော ပေါက်နိုင်ရန် အထောက်အကူ > ၎င်း၏အဓိပ္ပါယ်ကား အဘယ်နည်း။ ။

သမ္မာကျမ်းစာသည် တန်ခိုးတော်နှင့် မှုတ်သွင်းထားသော ဘုရားသခင်၏ နှုတ် တော်ထွက်စကားဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ကျမ်းစာရေးသူ တို့အား တန်ခိုးတော်နှင့် ပဲ့ပြင်ထိန်းသိမ်းခြင်းဖြင့် အမှားအယွင်းမရှိဘဲ မှတ်တမ်းတင် နိုင်သည်။ ထို့ကြောင့် မူရင်းစာတွင် ရေးသားထားသောစကားလုံးများမှာ လုံးဝအမှား အယွင်းမရှိပါ။ ကျွန်ုပ်တို့ ယနေ့ အသုံးပြုနေသော သမ္မာကျမ်းစာတော်မြတ်သည် မူရင်းစာအတိုင်း အနီးစပ်ဆုံး အမှားအယွင်းမရှိမှန်ကန်ကြောင်းကို ကျမ်းစာကျွမ်း ကျင်သောပုဂ္ဂိုလ်ကြီးများက အာမခံထားပါသည်။ သို့ဖြစ်၍ သမ္မာကျမ်းစာ၏

သွန်သင်ချက်များသည် အမှားအယွင်းမရှိ လုံးဝဥဿုံယုံကြည်စိတ်ချနိုင်ပါသည်။ – ၎င်းကို မည်သည့်နေရာတွင် သွန်သင်ထားပါသနည်း။

သမ္မာကျမ်းစာထဲတွင် ကျမ်းစာတော်မြတ်၏ မှန်ကန်ကြောင်း ထိုနှုတ်ကပတ် တော်သည် ဘုရားသခင်၏ နှုတ်ထွက်စကားဖြစ်ပြီး ဘုရားသခင်ကိုယ်တော် တိုင်တန်ခိုးဖြင့် မှုတ်သွင်းတော်မူကြောင်းကို ခိုင်မာစွာ ဖော်ပြထားပါသည်။ ဒီနေရာတွင် ကျမ်းပိုဒ်(၂)ပိုဒ်ကိုသာ ဖော်ညွှန်းလိုပါသည် (အပြည့်အစုံကို နောက်ပိုင်းတွင် တွေ့နိုင်ပါသည်)။ “တိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုစုခြင်း အလို့ငှာ ပြင်ဆင်သောသူဖြစ်မည့်အကြောင်း ဩဝါဒပေးခြင်း၊ အပြစ်ကိုဆော်ပြခြင်း၊

ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်၏” (၂တိ၊၃၁၆)။

“အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူ့အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်၊ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော် မူခြင်းကို ခံရ၍ ဟောပြောကြ၏” (၂ပေ၊၁း၂၁)။

> ကျွန်ုပ်တို့ကိုယ်တိုင် မည်ကဲ့သို့ စိတ်ချမှုရနိုင်မည်နည်း

သင်ကိုယ်တိုင် သမ္မာကျမ်းစာ၏ မှန်ကန်မှုကို စိတ်ချမှုမရှိလျှင် အခြားသူများ လည်း သွန်သင်နိုင်မည်မဟုတ်ပေ။

သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားဖြစ်ကြောင်း၊ လုံးဝ ဥဿုံမှန်ကန်ကြောင်း၊ သင့်အဖို့ အထောက်အထားဖြစ်စေမည့်ဖော်ပြချက်များစွာ ရှိပါသည်။ • သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားဖြစ်ကြောင်းကို

ထပ်ခါ တလဲလဲ အခိုင်အမာ ဖော်ပြထားသည်။ ထွက်၊ ၂၀၁။ တမန်၊၁း၁၆။ ၁ကော၊၁၃ နှင့် “ဘုရားသခင်မိန့်တော်မူသည်”၊ “ဘုရားသခင်မိန့်တော်မူ သည်”ဟူသောစကားလုံးကို သမ္မာကျမ်းစာတွင် အကြိမ်ပေါင်း(၂၅၀) ဖော်ပြ

ထားသည်။ မူ များစွာသောပရောဖက်ပြုချက်တို့ကို မှတ်တမ်းတင် ရေးသားခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာသောအခါ တိတိကျကျ ပြီးပြည့်စုံခဲ့သည်။

ဥပမာ- ယေရှုခရစ်တော်နှင့်ပတ်သက်၍ ဓမ္မဟောင်းကျမ်းတွင် ပရောဖက် ပြုထားချက်များကို တွေ့နိုင်သည်။ • သခင်ယေရှုက ဓမ္မဟောင်းကျမ်းသည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားဖြစ်

ကြောင်း ထပ်ခါတလဲလဲ သက်သေထူခဲ့ ပါသည်။ မဿဲ၊၅း၁၇-၁၈။ မဿ၊၁၂း၃၉-၄၀။ မဿဲ၊ ၂၄း၃၇-၃၉။ မာကု၊၁၂း၃၆။ လုကာ၊ ၂၄း၂၅-၂၇။

လုကာ၊၂၄း၄၄၊၄၆။ ယောဟန်၊၃း၁၄။ • နှုတ်ကပတ်တော်သည် လူပုဂ္ဂိုလ်ပေါင်း (၄၀)က နှစ်ပေါင်း(၁၆၀၀)ကြာ ရေးသား ခဲ့ကြသော်လည်း အံ့သြဖွယ်ရာ ညီညွတ်မှုရှိပြီး တစ်လုံးတစ်စည်းတည်းရှိ

ကြောင်း တွေ့မြင်နိုင်ပါသည်။ ။ နှုတ်ကပတ်တော်၏ တန်ခိုးတော်အားဖြင့် လူတို့၏အသက်တာများ၊ အိမ်ထောင်

များနှင့် လူ့ဘောင်အဖွဲ့အစည်းတို့ကို ပြောင်းလဲစေနိုင်ကြောင်း ပြသခဲ့ပါသည်။ • နှုတ်ကပတ်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ စိတ်နှလုံးထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် သက်သေခံလျက်ရှိပါသည်။ ၁သက်၊၁း၅၊၆၊ ၂း၁၃။ ၁ယော၊ ၂း၂၀၊ ၂၇။

အဓိကသော့ချက်ကျမ်းပိုဒ် ငါ့ထံသို့လာသောသူကို ငါသည် အလျှင်းမပယ် (ယောဟန်၊၆း၃၇)။

ရုပ်ပုံ – ၁ “ကျွန်ုပ်တို့ စိတ်ချမှုကို ဘယ်လိုရနိုင်မလဲ” ကမ္ဘာကြီးကို ဘယ်သူတည်ဆောက်တာလဲ မေမေ။ ဖေဖေရေ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းတာလဲ။ ဘုရားသခင်က ဘာနဲ့တူသလဲ။ ကျွန်တော့်ကို ဘယ်သူပြုလုပ် ထားတာလဲဟင် ဖွားဖွား။ ဖိုးဖိုးရေ ကျွန်တော်တို့အားလုံး ဘယ်အရပ်က ရောက်လာကြ တာလဲ–စတဲ့ မေးခွန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာတတ်တယ်။

ကလေးတွေမှာ မေးခွန်းတွေရှိတတ်ကြတယ်။ ဒါပေမဲ့ လူတိုင်း အဖြေကို မသိကြ ဘူး။ ဒီလိုမေးခွန်းမျိုးတွေနဲ့ အခြားမေးခွန်းများစွာရဲ့ အဖြေတွေကို ရှာဖွေတွေ့ရှိနိုင် ပါ့မလား။ (ရုပ်ပုံ-၁ ကိုပြပါ)။ အမှန်ပင် အဖြေများကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ထိုအဖြေ များဟာ သံသယမရှိ၊ လုံးဝယုံကြည်စိတ်ချနိုင်တယ်။ ဘုရားသခင်ဟာ ဘယ်လိုဘုရား ဖြစ်ကြောင်း သိနိုင်ပါတယ်။ ဘုရားသခင်ဟာ တို့တွေကို ဘာဖြစ်စေလိုတယ်၊ ဘာလုပ် စေချင်တယ်ဆိုတာလည်း သိနိုင်ပါတယ်။ တို့တွေရဲ့ အဖြစ်မှန်ကိုလည်း သိရှိနိုင်တဲ့အစွမ်း ရှိတယ်။ တို့တွေ စိတ်ချမှုကို ဘယ်လိုရနိုင်မလဲ။ ဒီအကြောင်းကိုပဲ တို့တွေ ဆွေးနွေးပြော ဆိုကြရအောင်။ (ရုပ်ပုံ-၂ ကိုပြပါ)။

ရုပ်ပုံ – ၂ “မှန်အကြောင်း သိပါသလား” ဒီကမ္ဘာကြီးထဲမှာ မှန်မရှိရင် ဘယ်လိုဖြစ်မလဲ စဉ်းစားကြည့်ပါ။ ဒါဆို ကမ္ဘာကြီး ကလည်း ထူးဆန်းအံ့သြဖွယ်ကောင်းတဲ့နေရာဖြစ်နေမှာ အမှန်ပဲ။ ပြတင်းပေါက်တွေ၊ ကြည့်မှန်တွေ၊ ဖန်ခွက်တွေနဲ့ ဖန်သောက်ရေခရားတို့၊ အဝေးကြည့်မှန်ပြောင်းတို့လည်း ရှိမှာမဟုတ်ဘူး။ တို့တွေရဲ့ ရုပ်ပုံကိုကြည့်ဖို့ ပစ္စည်းလည်း လုံးဝမရှိဖြစ်နေမယ်။ တို့တွေရဲ့ နိုင်ငံမှာ မှန်ထုတ်လုပ်တဲ့ စက်ရုံကြီးတွေ ရှိတယ်။ မှန်ကို အထူးကောင်းမွန်တဲ့ သဲတစ်မျိုး နဲ့ ဓာတုပစ္စည်းတွေရောစပ်ပြီးမှ ပြုလုပ်ရတာ။ မှန်နဲ့ လုပ်ထားတဲ့ ပစ္စည်းများစွာကို တို့တွေ အံ့သြဖွယ်ရာ တွေ့နိုင်တယ်။

မင်းတို့ကိုပြဖို့ ဒီနေ့တော့ ဆရာ/ဆရာမ မှန်တချို့ကို ယူခဲ့တယ်။ ဒါပေမဲ့ မှန် တွေက အဓိကအားဖြင့် အုပ်စု(၂)စုထဲမှာ ပါဝင်ကြတယ်။

ပထမအုပ်စုက ရောင်ပြန်ဟပ်တဲ့အမျိုးအစားဖြစ်ပြီး ဒုတိယအုပ်စုက ထုတ်ချင်း ပေါက်မြင်နိုင်တဲ့ အမျိုးအစားဖြစ်တယ်။ ရှင်းပြမယ်နော်။

တကယ်လို့ မှန်ကို ပြဒါးသုတ်လိမ်းပြီး ပြုပြင်လိုက်ရင် ဆရာ/ဆရာမ လက်ထဲမှာ ရှိနေတဲ့ ဒီကြည့်မှန်လို ဖြစ်လာတယ်။ ဒီမှန်ထဲကိုကြည့်ရင် ကိုယ့်ပုံကို ပြန်မြင်နိုင်တယ်။ ဒီမှန်က ရောင်ပြန်ဟပ်နိုင်တယ်။ ထုတ်ချင်းပေါက်တော့ မမြင်နိုင်ဘူး။ ကြည့်မှန်တွေက အမှန်တကယ် အရေးကြီးတယ်မဟုတ်လား။ အထူးသဖြင့် မိန်းကလေးတွေအတွက်ဖြစ် တယ်။ ဒါကြောင့် တို့တွေဟာ ကျောင်းမသွားခင် မှန်ကြည့်ပြီး တို့မျက်နှာညစ်ပေခြင်း ရှိမရှိ၊ ဆံပင်တွေသပ်ရပ်မှုရှိမရှိ၊ အဝတ်အစားတွေ သေသပ်မှုရှိမရှိ ကြည့်တတ်ကြတယ်။ ဒါပေမဲ့ တခြားအသုံးများတဲ့ မှန်တစ်မျိုးလည်း ရှိသေးတယ်။ အဲ့ဒါက ဒီမှန်ပြားမျိုးပေါ့။ ဒါကို ထုတ်ချင်းပေါက်မြင်နိုင်တယ်။ ဒီလိုမှန်မျိုးကို အိမ်တွေရဲ့ ပြတင်းပေါက်တွေ၊ မော်တော်ယာဉ်တံခါးပေါက်တွေမှာ အသုံးပြုကြတယ်။

သိပ္ပံအတတ်ပညာမှာလည်း အဝေးကြည့်မှန်ပြောင်း၊ အနီးကြည့်မှန်ဘီလူးတွေမှာ အသုံးပြုတယ်။ တကယ်တော့ ထုတ်ချင်းပေါက်မြင်နိုင်တဲ့ မှန်အမျိုးမျိုးရှိတယ်။ တချို့က “ပြောင်” မှန်မျိုးဖြစ်ပြီး ကြည့်တဲ့အခါ အရာဝတ္ထုတွေကို သူ့နဂိုမူလအရွယ်အစားအတိုင်း

တွေ့နိုင်တယ်။ တချို့မှန်တွေဟာ မှန်ဘီလူးဖြစ်ပြီး အရာဝတ္ထုတွေကို ကြီးမားစွာမြင်နိုင် ဖို့ ပြုလုပ်ထားတယ်။ တချို့မှန်တွေကတော့ ဘေးကအရာဝတ္ထုကို ကြည့်တဲ့အခါ သေး ငယ်သွားအောင် ပြုလုပ်ထားတယ်။ တချို့မှန်တွေက ကြည့်လိုက်တဲ့အရာဝတ္ထုတွေက အနီးရောက်လာသလိုမြင်ရပြီး တချို့က ပိုဝေးတဲ့နေရာကို ရောက်သွားသလိုမြင်ရတယ်။

မှန်ဆိုတာဟာ အံ့သြဖွယ်ရာ တီထွင်လုပ်ထားမှုတစ်မျိုးဖြစ်ပြီး မှန်မရှိရင် တို့တွေ အခက်အခဲများ ကြုံတွေ့နိုင်တယ်။

ရုပ်ပုံ – ၃ “သမ္မာကျမ်းစာက ကြည့်မှန်ဖြစ်တယ်” ဒီစာအုပ်က ဘာစာအုပ်လဲသိသလား။ မှန်တယ်။ ဒါဟာ သမ္မာကျမ်းစာအုပ်ဖြစ် တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာအုပ်က ဘယ်လိုမျိုးစာအုပ်လဲဆိုတာ သိသလား။ (ရုပ်ပုံ၃ ကိုပြပါ)။ ဒီစာအုပ်က အလွန်ထူးခြားတဲ့စာအုပ်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်လို့ပဲ။ အဓိပ္ပါယ်ကတော့ ဒီကျမ်းစာအားဖြင့် တို့တွေ ကို ဘုရားသခင် စကားပြောနေတယ်။ သူ့စကားသံကို တို့တွေရဲ့ နားနဲ့တော့ မကြားနိုင် ဘူး။ ဒါပေမဲ့ သူ့ရဲ့ နှုတ်တော်ထွက်စကားတွေကို တို့တွေရဲ့ မျက်စိနဲ့ ကြည့်ပြီး ဖတ်နိုင် တယ်။ ဒါကြောင့် သမ္မာကျမ်းစာကို ဖတ်ဖို့ အလွန်အရေးကြီးတယ်။ ကျမ်းစာအုပ်ထဲမှာ

တို့တွေရဲ့မေးခွန်းအားလုံးကို ဘုရားသခင်က ဖြေကြားထားပြီး ဒီအဖြေတွေကို ယုံကြည် စိတ်ချဖို့လည်း မစတော်မူတယ်။ ။

သမ္မာကျမ်းစာက စာအုပ်တစ်အုပ်၊ ဒါမှမဟုတ် စာအုပ်ငယ်တွေစုစည်းထားတာပဲ မဟုတ်ဘူးဆိုတာ မင်းတို့ သိကြလား။ ဒီစာအုပ်က ကြေးမုံပြင် (ကြည့်မှန်)လည်းဖြစ် တယ်။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာရင် တို့တွေရဲ့ အဖြစ်မှန်ကို ပြန်မြင်လာစေတယ်။ ရုပ်ပုံမှာ ဖော်ပြထားတဲ့ ဒီမိန်းကလေးက သူ့ရဲ့ အဖြစ်မှန်ကို တွေ့မြင်လိုပြီး သူ့ကိုယ်သူ နားလည်ချင်တယ်။ ဒါကြောင့် သူမက နှုတ်ကပတ်တော်ကို ဖတ်ရှုတယ်။ သူမဟာ မှန်ထဲကိုကြည့်ခြင်းဖြစ်တယ်။ ဓမ္မသစ်ကျမ်းမှာရှိတဲ့ ရှင်ယာကုပ်ဩဝါဒစာထဲမှာ “မှန်၌ မိမိပကတိမျက်နှာကိုကြည့်သောသူနှင့် တူ၏” (ယာကုပ်၊၁း၂၃)လို့ရေးသားထားတယ်။ ဝမ်းနည်းစရာကောင်းတာက “ကိုယ့်ကိုကိုယ်ကြည့်ပြီးမှ အခြားသို့ သွား၍ မိမိအဆင်း သဏ္ဌာန်ကို ချက်ချင်းမေ့လျော့တတ်၏”လို့လည်း ဖော်ပြထားတယ် (ယာကုပ်၊၁း၂၄)။

တစ်ခါတလေ ဒီလို မှန်အစစ်ထဲကို တို့တွေကြည့်မိကြမယ်။ (မှန်ကိုပြပါ)။ တွေ့ရ တဲ့ပုံရိပ်လွှာကို တို့တွေ မနှစ်သက်ရင်လည်း ကိုယ့်ပုံအတိုင်း အတိအကျပဲဖြစ်တယ်။ မှန်ဟာ မလိမ်ညာတတ်ဘူး။ တို့တွေ ကြိုက်ချင်ကြိုက်၊ မကြိုက်ချင်နေ တို့တွေဖြစ်နေတဲ့ အတိုင်း အမှန်ကို ဖော်ပြတတ်တယ်။

ပျော်ပွဲရွှင်ပွဲတွေမှာ တွန့်လိမ်ရဲ့ စောင်းနေတဲ့ မှန်မျိုးတွေလည်း ရှိတယ်။ အဲ့ဒီမှန်ထဲ ကိုကြည့်လိုက်ရင် တို့တွေရဲ့ ပုံတွေဟာ အလွန်ဝနေတာ၊ ဒါမှမဟုတ် အလွန်ပိန်နေတာ၊ အလွန်အရပ်ရှည်နေတာ၊ ဒါမှမဟုတ် ပုနေတာကို တွေ့ရတာ ရယ်စရာအလွန်ကောင်း တယ်။ တို့တွေရဲ့ မျက်နှာဟာ တွန့်လိမ်နေပြီး ဆံပင်တွေကလည်း ထူးခြားနေတတ်တယ်။ တကယ်တော့ ရယ်ရွှင်ဖွယ်ရာ ဖန်တမ်းထားပြီး ဒီပုံက တို့တွေရဲ့ ပုံမဟုတ်တာ သိနေလို့ အားလုံး ရယ်မောနိုင်ကြတယ်။ ဒါဟာ အစစ်အမှန်မဟုတ်တဲ့ မှန်ရဲ့ မှားယွင်းမှုကြောင့် ဖြစ်တယ်။

ဘုရားသခင်က ကျမ်းစာကို ရေးသားစေလိုတဲ့အခါ ကျမ်းအစောင်ပေါင်း(၆၆) ကျမ်းကို ရေးဖို့ အထူးရွေးချယ်ထားတဲ့သူတွေကို လမ်းပြခဲ့တယ်။ ဘုရားသခင်ရဲ့ ရည်ရွယ် ချက်တွေထဲမှ တစ်ခုကတော့ တို့တွေကို ပကတိရှိနေတဲ့အတိုင်း တွေ့မြင်တတ်ဖို့ ပြသလို တယ်။ တစ်ခါတလေ တို့တွေဟာ တစ်မျိုးတစ်ဖုံနဲ့ တူတယ်လို့ ထင်တတ်တယ်။ ဒါမှ မဟုတ် တစ်မျိုးတစ်ဖုံနဲ့ တူလိုကြတယ်။ ဒါပေမဲ့ မှန်က တို့တွေရဲ့ အဖြစ်မှန်ရုပ်ပုံလွှာ အတိုင်း အတိအကျဖော်ပြလေ့ရှိတယ်။ ဒီလိုပဲ သမ္မာကျမ်းစာကလည်း တို့တွေရဲ့ နဂို အဖြစ်မှန်ကို ဖော်ပြတယ်။ ကျမ်းစာက ဘုရားသခင်ရဲ့မှန်ဖြစ်ပြီး သူ့ရဲ့ ရှေ့တော်မှောက်မှာ

တို့တွေရဲ့ အဖြစ်မှန်ကို ဖော်ပြနေတယ်။ ဒီပုံရိပ်ကလည်း လှပမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ ဒီမှန်က လုံးဝအမှန်ကိုသာ ဖော်ပြလေ့ရှိတယ်။ ဒီမှန်က ဘုရားသခင်ရဲ့ စကား တော်ဖြစ်ပြီး အမြဲတမ်း မှန်ကန်တယ်။

ဘုရားသခင်က ဘယ်တော့မှ မုသာမသုံးဘူး။ ဘုရားသခင်ပြောတဲ့အခါ၊ တစ်စုံ တစ်ခုကို ဖော်ပြတဲ့အခါ မှန်ကန်ကြောင်း မင်း ယုံကြည်စိတ်ချနိုင်တယ်။ ဒီစာအုပ်ကို မင်းမြင်ပါသလား။ ဒါဟာ ဘုရားသခင်ပြောတဲ့စကားတွေဖြစ်တယ်။ အထဲမှာ ဖော်ပြ ထားတဲ့ ဘုရားသခင်ရဲ့ အကြောင်း၊ တို့တွေရဲ့ အကြောင်းနဲ့ ဘာအကြောင်းမဆို လုံးဝမှန် ကန်တယ်။ ကျမ်းစာအပေါ် မင်းစိတ်ချမှီခိုနိုင်တယ်။

တစ်ခါတစ်ရံ မင်းနဲ့ ဆရာ/ဆရာမ အပါအဝင် လူတွေဟာ အမှန်တရားအားလုံး၊ ကို မပြောဘဲ လိမ်ညာတတ်ကြပေမဲ့ ဘုရားသခင်ကတော့ ဒီလိုမဟုတ်ဘူး။ နှုတ်ကပတ်

တော်ထဲမှာ ပြောထားတဲ့အချက်အားလုံး မှန်ကန်တာကို မင်း လုံးဝယုံကြည်စိတ်ချနိုင် တယ်။ သူပြောတာကို သံသယရှိစရာမလိုဘူး။

ရုပ်ပုံ – ၄ “တို့တွေဟာ အပြစ်သားများဖြစ်ကြတယ်” သမ္မာကျမ်းစာက တို့တွေရဲ့ ဘဝမှန်ကို ဖော်ပြတယ်။ (ရုပ်ပုံ-၄ ကို ပြပါ)။ တို့တွေ ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုထင်နေတာ၊ တခြားသူတွေက တို့တွေအကြောင်းကို ဘယ်လိုပြောနေတာကို ဘုရားသခင် သိတော်မူတယ်။ သူဟာ အမြဲတမ်း အမှားအယွင်း မရှိဘူး။ ဒီရုပ်ပုံ(၃)ပုံက တို့တွေရဲ့ အဖြစ်မှန်ကို ဖော်ပြနေတယ်။ မကြာခင်မှာ ဒီပုံတွေ ဘာကိုဆိုလိုတယ်ဆိုတာ နားလည်ရမှာဖြစ်တယ်။

ရှေးဦးစွာ တို့တွေဟာ အပြစ်သားတွေဖြစ်ပြီး ဘုရားသခင်ရဲ့ ပညတ်များကို ချိုးဖောက်သူများဖြစ်တယ်လို့ ကျမ်းစာက ဖော်ပြထားတယ်။ သမ္မာကျမ်းစာမှာ ဘုရား ၊ သခင်က ပညတ်တော်တွေကို ချမှတ်ထားတယ်။ “မိဘစကားကို နားထောင်လော့၊ မခိုးနှင့်၊ လိမ်မပြောနှင့်၊ ထာဝရဘုရားမှတစ်ပါး အခြားမည်သူ့ကိုမျှ သို့မဟုတ် မည်သည့် အရာဝတ္ထုကိုမျှ မကိုးကွယ်ရ၊ ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်ဆို နှင့်”တို့ပေါ့။ ဒီပညတ်တွေကို ဖတ်ကြည့်တဲ့အခါ တို့တွေဟာ ပညတ်အားလုံး ဒါမှမဟုတ် တချို့တစ်ဝက်ကို မနာခံတာ သဘောပေါက်လာမယ်။ တို့တွေဟာ ဘုရားသခင်ရဲ့ ပညတ်တော်တွေကို ချိုးဖောက်ခဲ့ပြီး အပြစ်သားများဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ မှန်ထဲမှာ တွေ့မြင်ရတဲ့အရာတွေက နှစ်သက်ဖွယ်ရာမရှိဘူး။ တို့တွေဟာ လူကောင်းတွေ

မဟုတ်ဘဲ၊ လူဆိုးတွေဖြစ်ကြတယ်။ ကောင်းကင်ဘုံမှာ ဘုရားသခင်နဲ့ အတူတကွ သွား ရောက်နေထိုင်ဖို့ တို့တွေရဲ့ အပြစ်အားလုံး လွှတ်ခြင်းခံရဖို့ လိုတယ်။ တို့တွေဟာ ဒီအပြစ်တွေကို ဘာလို့ လုပ်မိကြတာလဲ။

ဒုတိယအချက်ကတော့ ဘုရားသခင်ရဲ့ မှန်ဟာ တို့တွေရဲ့ အပြစ်သဘောသဘာဝ ရှိတဲ့အကြောင်း ဖော်ပြတယ်။ မင်းနဲ့ ဆရာ/ဆရာမရဲ့ အတွင်းမှာ ဆိုးတဲ့အရာ၊ မှားယွင်း တဲ့အရာတွေ ရှိနေတယ်။ လူတွေဟာ အပြစ်ပါလျက် မွေးဖွားလာကြတယ်။ မှားယွင်းတဲ့ အမှုတွေကို ပြုလုပ်မိတာဟာ တို့တွေမှာ မှားယွင်းတဲ့သဘောသဘာဝရှိလို့နဲ့ မှားယွင်းသူ များဖြစ်ကြလို့ပဲ။ သမ္မာကျမ်းစာက တို့တွေရဲ့ ဘဝမှန်ကို အပြင်ပန်းသာမဟုတ်ဘဲ အတွင်း ၊ သဏ္ဌာန်ကိုပါ ပြသပေးတယ်။ တို့တွေ ပြောင်းလဲဖို့ လိုအပ်တယ်။

သခင်ယေရှု ဒီလောကကြီးထဲမှာ ရှိနေတုန်းက တို့တွေအကြောင်းနဲ့ ပတ်သက်ပြီး ၊ ပုံပြင်(၃)ပုဒ်ကို ပြောခဲ့တယ်။ အဲ့ဒီပုံပြင်တွေကတော့ ဒီရုပ်ပုံမှာ တွေ့မြင်ရတဲ့အတိုင်း တို့တွေရဲ့ အဖြစ်မှန်ပုံတွေကို ဖော်ပြနေတယ်။ တို့တွေမှန်ထဲကို ကြည့်သလိုပဲ။

ဘုရားသခင်၏ မှန်တည်းဟူသော လုကာ အခန်းကြီး(၁၅)ကို ကြည့်ရင်

တို့တွေဟာ ပျောက်သောသိုး၊ ပျောက်သောငွေဒင်္ဂါး၊ ပျောက်သောသားနဲ့ တူ တယ်။ ဒီ(၃)မျိုးလုံးကိုကြည့်ရင် ချစ်သူခင်သူတွေနဲ့ ကင်းကွာပျောက်ဆုံးသွားကြတယ်။ တို့တွေကို ချစ်တော်မူတဲ့ ဘုရားသခင်နဲ့ ကင်းကွာသွားတဲ့ တို့တွေလိုပဲ။ ကျမ်းစာက “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွှဲလျက်” (ဟေရှာယ၊၅၃း၆)လို့ ဖော်ပြထားတယ်။ ဘာလို့လဲဆိုတော့ တို့တွေရဲ့ အပြစ်ကြောင့် ဘုရားသခင်နဲ့ ကင်းကွာပြီး ပျောက်ဆုံးသူ တွေဖြစ်ကြတယ်။ ဝမ်းနည်းဖွယ်ရာ ရုပ်ပုံတွေပါပဲ။ ဒါပေမဲ့ ဒီအတိုင်း တို့တွေ တူနေ တယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲကြည့်ရင် ဒီအတိုင်းပဲ မြင်တွေ့ကြရမယ်။

ဒါပေမဲ့ သတိရဖို့က ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ တခြား တွေ့မြင်နိုင် တဲ့ အကြောင်းအရာတွေလည်း ရှိသေးတယ်။ တို့တွေအဖို့ သတင်းကောင်းလည်းရှိတယ်။ ဖော်ပြခဲ့တဲ့ကျမ်းပိုဒ်မှာ “ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ အပေါ်၌ တင်တော်မူ၏”လို့ တွေ့ရမယ် (ဟေရှာယ၊၅၃း၆)။

သမ္မာကျမ်းစာက သခင်ယေရှုဟာ ပျောက်ဆုံးနေတဲ့ သိုးတွေကိုချစ်တော်မူပြီး လိုက်ရှာနေတယ်။

ပျောက်ဆုံးသွားတဲ့ ငွေဒင်္ဂါးကို ချစ်တော်မူပြီး အိမ်အနှံ့အပြား ရှာဖွေနေတယ်။

ပျောက်ဆုံးသွားတဲ့သားကို ချစ်တော်မူပြီး သူ့ထံပြန်လာဖို့ စိတ်ရှည်သည်းခံစွာနဲ့ စောင့်ဆိုင်းနေတယ်လို့ သွန်သင်ထားတယ်။

ရုပ်ပုံ – ၅ “တို့တွေဟာ လမ်းမှားဘက်သို့ ရှေ့ရှုသွားနေတယ်” ဘုရားသခင်ရဲ့မှန်ဖြစ်တဲ့ သမ္မာကျမ်းစာကိုကြည့်တဲ့အခါ တို့တွေဟာ မှားယွင်းသူ တွေ၊ အပြစ်ရှိသူတွေဖြစ်ကြောင်း သဘောပေါက်နားလည်လိမ့်မယ်။ ဒီလိုဖြစ်ရတာ (ရုပ်ပုံ – ၅ကိုပြပါ) တို့တွေရဲ့ အသက်တာတစ်ခုလုံးက လမ်းမှားဘက်သို့ ဦးတည်နေလို့ဖြစ် တယ်။ (ဟေရှာယ၊၅၃၆)မှာ “ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက် ကိုယ့်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍”လို့ ဖော်ပြထားတယ်။ တို့တွေ ကိုယ့်လမ်းသို့ အသီးသီး လိုက်သွားကြတယ်။ ဒါက မှားယွင်းမှုဖြစ်တယ်။ တို့တွေဟာ တစ်ခုတည်းသော လမ်းမှန်ဖြစ်တဲ့ ဘုရားသခင်ရဲ့ လမ်းသို့ မလိုက်သွားကြဘူး။ ယေရှုခရစ်တော်ထံမှ ထွက်ခွာသွားကြပြီး (ရုပ်ပုံတွင် ပြသထားသည့်အတိုင်း) ခရစ်တော်နဲ့ ပြီးတော့ တို့တွေ အတွက် အသေခံတော်မူတဲ့ ကားတိုင်တို့ကို ကျောခိုင်းကြတယ်။ (သုတ္တံ၊၁၄း၁၂၊ ၁၆း၂၅)မှာ “လူထင်သည့်အတိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌သေခြင်းသို့ ပို့သောလမ်းတစ်မျိုးရှိ၏”လို့ ဖော်ပြထားတယ်။ ဒီလို (၂)ကြိမ်တိုင်တိုင် ဖော်ပြထားတာကို ကြည့်ရင် အထူးအရေးကြီးကြောင်း နားလည်ရတယ်။ လုကာ အခန်းကြီး ၁၅ မှာ ဖော်ပြထားတဲ့ လူငယ်တစ်ယောက်အကြောင်းကို ပြန်စဉ်းစားကြည့်တဲ့အခါ သူဟာ လမ်းမှားသို့ လိုက်သွားကြောင်း တွေ့ရမယ်။ ဒါပေမဲ့ သူလမ်းမှားနေတာကို သဘော မပေါက်ခဲ့ဘူး။ တစ်နေ့မှာ သူ့အဖေဆီက ရပိုင်ခွင့်ရှိတဲ့ အမွေဥစ္စာကို သူတောင်းခဲ့တယ်။ သူဟာ အဖေနဲ့ အိမ်ကို ကျောခိုင်းပြီး ဝေးလံတဲ့တိုင်းနိုင်ငံတစ်ခုသို့ ထွက်ခွာသွားခဲ့တယ်။ သူ့အဖို့ စွန့်စားခန်းကြီးတစ်ခုလို့ ထင်ခဲ့မိတယ်။ သူပျော်ရွှင်ချင်တယ်။ သူ့စိတ်ထဲမှာ အဖေနဲ့ သူ့အိမ်ကို ကျောခိုင်းထွက်သွားရင် အလွန်ပျော်ဖို့ ကောင်းမှာပဲလို့ ထင်ခဲ့တယ်။ သူဟာ တမင်တကာပဲ သူ့လမ်းကို သူကိုယ်တိုင် ရွေးချယ်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို တို့တွေ အပြစ်မတင်မိခင် ကိုယ့်ကိုယ်ကိုယ် မေးခွန်းတစ်ခု မေးဖို့လိုတယ်။ တို့တွေဟာ ဘုရား သခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်တဲ့ မှန်ကို ကြည့်ဖို့လိုတယ်။ တို့တွေကော ဒီလူငယ်လို ပြုလုပ်နေပါသလား။ တို့တွေကော သခင်ယေရှုခရစ်တော်ကို ကျောခိုင်းမိကာ သူထံသို့ လာပြီး သူ့လမ်းအတိုင်း လျှောက်ရမဲ့အစား ကိုယ့်လမ်းအတိုင်း လျှောက်နေပါသလား။ မှန်တည်းဟူသော သမ္မာကျမ်းစာက မှန်ကန်တဲ့လမ်းကို ပြညွှန်နေတဲ့ မြေပုံလည်းဖြစ် တယ်။ ယေရှုခရစ်တော်ကိုယ်တိုင်က “ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ် ၏၊ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက် ရ”လို့ မိန့်ဆိုထားတယ် (ယော၊၁၄း၆)။ မင်းဟာ ယေရှုခရစ်တော်ရဲ့ လမ်းကို လိုက်နေပါ သလား။ ဒါမှမဟုတ် မင်းသဘောအတိုင်း ကိုယ်လမ်းကိုယ် လိုက်သွားနေပါသလား။ (ရုပ်ပုံ-၆ ကိုပြပါ)။

ရုပ်ပုံ – ၆ “ကိုယ့်အပြစ်အတွက် တို့တွေနောင်တရကြတယ်” မင်းဟာ ဒီပုံထဲက လူငယ်လေးလို မင်းအပြစ်အတွက် နောင်တရရဲ့လား။ မင်းဟာ လမ်းမှားကိုလိုက်သွားနေတယ်ဆိုတာကော သဘောပေါက်နားလည်ရဲ့လား။ သခင် ယေရှုခရစ်တော်ကို ကျောခိုင်းမိတဲ့အတွက် နောင်တရပါသလား။

လုကာ၊၁း၅ မှာ ယေရှုခရစ်တော် ပြောခဲ့တဲ့ ပုံပြင်ထဲက လူငယ်ရဲ့ အမည်ကို မဖော် ပြထားဘူး။ သူ့ကို “ပျောက်သောသား” ဒါမှမဟုတ် လှည့်လည်သွားနေတဲ့သားလို့ တို့တွေ ခေါ်လေ့ရှိတယ်။ သူ့ကိုယ်သူ ပျော်ရွှင်တဲ့ဘဝကို ရခဲ့တယ်လို့ ထင်ခဲ့တယ်။ သူဟာ အိမ်နဲ့ သူ့ကိုချစ်တဲ့အဖေနဲ့ အလွန်ဝေးကွာတဲ့နေရာကို ရောက်နေခဲ့တယ်။ သူ့မှာ ငွေ တွေအများကြီးရှိနေတယ်။ သူ့အဖို့ ရသင့်ရထိုက်တဲ့အမွေအားလုံးကို သူ့အဖေဆီက တောင်းခဲ့လို့ပဲ။ ဝေးလံတဲ့တိုင်းနိုင်ငံရောက်တဲ့အခါ ပစ္စည်းမျိုးစုံကိုလည်း ဝယ်ခဲ့ပြီး၊ သူ့ကို ပျော်ရွှင်မှုပေးနိုင်မယ်ထင်တဲ့ အရာတွေအတွက် ငွေတွေကို သုံးဖြုန်းခဲ့တယ်။ ခဏ တဖြုတ်အချိန်မှာ အစစအရာရာ အဆင်ပြေနေတယ်လို့ ထင်မှတ်စရာပေါ့။ သူ့မှာ ငွေတွေ အများကြီးရှိနေပြီး မိတ်ဆွေအပေါင်းအသင်းများစွာလည်း ရခဲ့တဲ့အတွက် ပျော်စရာကောင်းတယ်လို့ထင်ခဲ့တယ်။ ဒါပေမဲ့ သူသုံးဖြုန်းခဲ့လို့ ငွေတွေလည်း ကုန်ပြီ။ အဲ့ဒီအချိန်မှာတော့ သူ့မိတ်ဆွေတွေကလည်း သူ့ကို စွန့်ခွာသွားခဲ့ကြတယ်။ အဲ့ဒီနိုင်ငံမှာ အစာရေစာခေါင်းပါးခြင်း ကျရောက်တဲ့အတွက် အစားအသောက်တွေရှားပါးပြီး ဈေး နှုန်းက အလွန်တရာကြီးမြင့်လာတယ်။ နောက်ဆုံးတော့ သူ့မှာ စားစရာတောင် မရှိ တော့ဘူး။ ဒါနဲ့ သူ အလုပ်ရှာထွက်ခဲ့တယ်။ သူရတဲ့အလုပ်ကတော့ ဝက်တွေကို ထိန်း ကျောင်းရတဲ့ အလုပ်ပဲ။ သူ ဒီလိုဒုက္ခတွေနဲ့ အလွန်တရာ ရင်ဆိုင်နေရတာဟာ ကိုယ့်လမ်းအတိုင်း လျှောက်လိုက်သွားခဲ့ပြီး သူ့ကိုချစ်တဲ့အဖေကို ကျောခိုင်းမိခဲ့လို့ပေါ့။ သူ ဘယ်လောက် ဆာလောင်မွတ်သိပ်သလဲဆိုရင် ဝက်စားတဲ့ပဲတောင့်ကိုတောင် စားချင်မတတ်ဖြစ်ခဲ့ရတယ်။ အဲ့ဒီနောက်တော့ သူဟာ ဝက်အုပ်ထဲမှာထိုင်ရင်း သူ မိုက်မဲ မိခဲ့တဲ့လုပ်ရပ်ကို ပြန်စဉ်းစားရင်း သဘောပေါက်နားလည်ခဲ့တယ်။ သူ့အဖေ သူ့ကို ဘယ်လောက်ချစ်တာကိုလည်း သတိရလာတယ်။ သူအိမ်က ထွက်သွားတုန်းက သူ့ အဖေခမျာ ဘယ်လောက်ဝမ်းနည်းခဲ့ရတာကိုလည်း ပြန်သတိရနေတယ်။ အခုအချိန်မှာ သူ့အဖေကို ဘယ်လောက်ကြီးမားတဲ့ကြေကွဲဝမ်းနည်းမှုဖြစ်စေခဲ့မိတာကို စဉ်းစားမိပြီး ဝမ်းနည်းနေမိတယ်။ သူဟာ နောင်တအကြီးအကျယ်ရပြီး ငါ့အဖေကို ပြစ်မှားမိခဲ့ပြီလို့ ပြန်စဉ်းစားသတိရနေတယ်။

မင်းလည်း ကိုယ့်လမ်းအတိုင်း လိုက်လျှောက်နေပါသလား။ နှုတ်ကပတ်တော် မှန်ထဲမှာ ဒီအကြောင်းအရာကို တွေ့ရတဲ့အခါ မင်းကိုယ်မင်းလည်း ပြန်မြင်မိပါသလား။ မင်းကို ချစ်မြတ်နိုးပြီး သူ့ထံလာကာ သူနဲ့အတူလျှောက်လှမ်းဖို့ အလိုရှိတဲ့ သခင်ယေရှုကို မင်းဘယ်လောက် ကြေကွဲဝမ်းနည်းစေခဲ့တာကိုရော သဘောပေါက်ရဲ့လား။ ဒီလို ကိုယ့် လမ်းအတိုင်း လျှောက်လှမ်းခဲ့ပြီး သူ့ကို ကျောခိုင်းခဲ့တာဟာ သခင်ယေရှုကို ကြီးမားစွာ ဝမ်းနည်းစေခဲ့တယ်။ ဒီအတွက် မင်း နောင်တရရဲ့ လား။ ဘုရားသခင်က မင်း ဘယ်လောက် မှားယွင်းခဲ့ကြောင်း မင်းရဲ့ စိတ်နှလုံးကို ဖွင့်ပြပါသလား။ ။

ဒီရုပ်ပုံကဒ်ပြားမှာ ဖော်ပြထားတဲ့လူငယ်လေးရဲ့ ပုံဟာ မင်းပုံများ ဖြစ်နေမလား။

အကြီးမားဆုံးအပြစ်က ဘာလို့ထင်သလဲ။ တချို့လူတွေက “ခိုးဝှက်ခြင်း” တခြား လူတွေက “လူသတ်ခြင်း”လို့ ပြောလိမ့်မယ်။ ဒါပေမဲ့ အပြစ်တကာထဲမှာ အကြီးမားဆုံး အပြစ်က သခင်ယေရှုကို မချစ်မနှစ်သက်ခြင်းဖြစ်တယ်လို့ ကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားတယ်။ သူ့ကို ကျောခိုင်းခြင်းအပြစ်၊ သူ့ကို ယုံကြည်ကိုးစားခြင်းမရှိတဲ့အပြစ်၊ မှားယွင်းတဲ့လမ်းသို့ လိုက်လျှောက်တဲ့အပြစ်တို့ဖြစ်တယ်။ (ယော၊ ၃၃း၆။ ယော၊၈း၂၄။ ယော၊၁၆း၉)။

ရုပ်ပုံ – ၇ “သူ့ထံသို့ တို့တွေ လာရမယ်” လူငယ်ဟာ ဝက်အုပ်အတွင်း ထိုင်ပြီး သူ့လမ်းအတိုင်း လျှောက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ တာကြောင့် သူ့ကိုချစ်တဲ့အဖေကို ဘယ်လောက်ဝမ်းနည်းကြေကွဲစေခဲ့ကြောင်း ပြန်လည် သတိရလာတယ်။ ပြီးတော့ ရှေ့ဆက်ဘာလုပ်ရမလဲလို့ စဉ်းစားနေတယ်။ (ရုပ်ပုံ- ၇ ကိုပြပါ)။

သူ့အဖေအကြောင်းနဲ့ သူ့အိမ်အကြောင်းကို ပြန်စဉ်းစားပြီး “ငါ့အဖေအိမ်မှာရှိတဲ့ အစေခံတွေတောင် ငါ့ထက် ဝလင်စွာ စားသောက်ရတယ်”လို့ ပြောနေမိတယ်။ နောက်

တော့ သူ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။ “ငါ့အိမ်ကိုပြန်မယ်။ ငါ ဒီအရပ်မှာ ဆက် မနေတော့ဘူး။ ငါလုပ်ခဲ့တဲ့ အပြစ်ကြောင့် နောင်တရပြီ။ ငါ့အဖေကို တောင်းပန်မယ်။ ငါ့ကို သားတစ်ယောက်အနေနဲ့ပြန်လက်ခံမယ်လို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ငါ့ကို အစေခံတစ်ယောက်အနေနဲ့ လက်ခံဖို့တော့ ငါတောင်းပန်ရင် လက်ခံကောင်းပါရဲ့”လို့ တွေးတယ်။

ဒါကြောင့် သူဟာ ထပြီး ဝက်အုပ်ကို ထားခဲ့ကာ အိမ်ပြန်ခရီးကို စထွက်ခဲ့တယ်။ ဒါဟာ သူ့အဖို့ အသစ်သောလမ်းကို ရွေးချယ်လိုက်တာပဲဖြစ်တယ်။ သူ့အိမ်ရောက်တဲ့

အခါ ဘယ်လိုဖြစ်မလဲလို့ ဆရာ/ဆရာမ စဉ်းစားမိတယ်။ သူ့အဖေက သူ့ကို လက်မခံ တော့ဘဲ ဝက်အုပ်ဆီကို ပြန်သွားဖို့ မောင်းထုတ်လိုက်မလား။ ။

ဒါကို သေချာမသိရခင် တို့တွေ ကိုယ့်ကိုယ်ကိုယ် ပြန်စဉ်းစားကြည့်ရအောင်။ မင်းကော ကိုယ့်ကိုယ်ကိုယ် ဘုရားသခင်ရဲ့ မှန်ဖြစ်တဲ့ သမ္မာကျမ်းစာထဲမှာ ပြန်စစ်ဆေး မိသလား။ မင်းဟာ သခင်ယေရှုထံက ထွက်သွားပြီး လမ်းမှားသို့ လျှောက်သွားနေတာ

ကော သိပါသလား။ မင်းက သူ့ကို ဝမ်းနည်းစေခဲ့တဲ့ အပြစ်အတွက် နောင်တရပါ သလား။ မင်းကို အလွန်ချစ်တော်မူတဲ့ သခင်ယေရှုထံ ပြန်လှည့်လာပြီး အပြစ်တွေကို ခွင့်လွှတ်ဖို့ တောင်းပန်မလား။ မင်းဦးတည်သွားနေတဲ့လမ်းကနေ ပြန်လှည့်လာဖို့ အဆင် သင့်ဖြစ်ပြီလား။ ဒီရုပ်ပုံမှာ ဖော်ပြထားတဲ့လူငယ်ဟာ သူသွားနေတဲ့လမ်းကနေ နောက် ပြန်လှည့်လာနေတာ တွေ့ရမယ်။ (ရုပ်ပုံ- ၅ ကိုပြပါ)။ သူဟာ သူ့အပြစ်လွှတ်ဖို့နဲ့ အသက်တာပြောင်းလဲပေးဖို့ တောင်းပန်ရန် သခင်ယေရှုဆီ လာနေတယ်။ မင်းကော ဒီလိုလုပ်ဖို့ အခု အဆင်သင့်ဖြစ်ပြီလား။ ။

လူငယ်ဟာ အိမ်နဲ့နီးလာလေလေ “ဘာများဖြစ်လာမလဲ၊ ငါ့အဖေက ဘာပြောမလဲ” လို့ စိတ်လှုပ်ရှားလေဖြစ်နေမှာပဲ။ ဒါပေမဲ့ သူ စိတ်ပူစရာမလိုတော့ဘူး။ သူ့အဖေက သူအဝေးမှာ ရှိနေကတည်းက သူ့ကို တွေ့ခဲ့ပြီး ကြိုဆိုဖို့ ပြေးလာနေတယ်။ အဖေက သား ပြန်လာမဲ့လမ်းကို နေ့တိုင်း မျှော်ကြည့်စောင့်မျှော်နေခဲ့တယ်။ အခုတော့ သူ့သားကို တွေ့မြင်ခဲ့ရပြီ။ သားဟာ အဖေရဲ့ ဝမ်းမြောက်စွာနဲ့ ကြိုဆိုမှုကို ခံစားရတယ်။ အဖေဟာ သားရဲ့ လည်ပင်းကို ပိုက်ဖက်ပြီး နမ်းရှုပ်ခဲ့တယ်။

မင်းတို့လည်း အပြစ်ကို စွန့်လွှတ်ပြီး သခင်ယေရှုထံ ပြန်လှည့်လာရင် သခင်ယေရှု ရဲ့ ကြိုဆိုမှုကို ဒီလိုပဲ ခံရမယ်။ သမ္မာကျမ်းစာထဲမှာ ယေရှုက “ငါ့ထံသို့လာသောသူကို ငါသည် အလျှင်းမပယ်”လို့ ဖော်ပြထားတယ် (ယော၊၃၇)။ ဒါဟာ “ငါသင့်ကို လက်ခံ မယ်၊ သင့်ကို ကြိုဆိုမယ်၊ သင့်အပြစ်ကို လွှတ်မယ်၊ သင့်အား ငါကယ်တင်မယ်”လို့ သခင်ယေရှုက ပြောနေတာဖြစ်တယ်။ ။

ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က မင်းရဲ့ အဖြစ်မှန်ကို ဖော်ပြနေတယ်။ ခရစ်တော်က မင်းအဖို့ ဘာလုပ်ပေးခဲ့တယ်ဆိုတာကိုလည်း ဖော်ပြထားတယ်။ မင်း ဘာလုပ်ဖို့လိုကြောင်းကိုလည်း တွေ့မြင်ရမယ်။ ဘုရားသခင်က မင်းအတွက် ဘာလုပ် ပေးမယ်ဆိုတဲ့အကြောင်းလည်း ပြောထားတယ်။ ဒီအချက်တွေက ဘုရားသခင်ရဲ့ နှုတ်

တော်ထွက်စကားတွေပေါ့။ ဘုရားသခင်ကိုယ်တော်တိုင် ပြောထားတဲ့စကားတွေဖြစ်လို့ မင်း ယုံကြည်စိတ်ချနိုင်တယ်။

ဒီပုံမှာ ဖော်ပြထားတဲ့ကလေးငယ်လို ဒီနေ့ပဲ သခင်ယေရှုထံ လာပါ။ မင်းရဲ့ ထိုင်ခုံမှာ ထိုင်နေရင်းနဲ့ သူ့ထံကို မင်းချဉ်းကပ်နိုင်တယ်။ မင်းရဲ့ စိတ်နှလုံးထဲကနေ “သခင်ယေရှုဘုရား၊ ကျွန်ုပ် ကိုယ်တော့်ထံသို့လာပါပြီ။ ကျွန်ုပ်သည် လမ်းမှားသို့ လိုက်သွားမိခဲ့ပါတယ်။ ကိုယ်တော်သာလျှင် လမ်းခရီးအမှန်ဖြစ်ပါ၏။ ယခုပင် ကိုယ်တော်ကို ကျွန်ုပ်၏ ကယ်တင်ရှင်အဖြစ် ယုံကြည်ကိုးစားပါပြီ။ ကျွန်ုပ်အား ခွင့်လွှတ် လျက် လက်ခံတော်မူပါ”လို့ ပြောနိုင်တယ်။ ဒီလိုလုပ်ရင် သခင်ယေရှုက မင်းကို လက်ခံ မယ်ဆိုတဲ့ ကတိတော်ရှိပါတယ်။ မင်းဟာ သခင်ယေရှုထံပြန်လာပြီး ယုံကြည်ကိုးစားပြီး

နောက် ဘုရားသခင်ရဲ့မှန်ဖြစ်တဲ့ သမ္မာကျမ်းစာကို ပြန်ကြည့်ပါ။ မင်းဟာ ယခင်နဲ့ မတူဘဲ ထူးခြားနေတဲ့ အသစ်သောရုပ်ပုံကို တွေ့မြင်ရမယ်။ » မင်းရဲ့ အပြစ်အားလုံး ဖြေလွှတ်ခြင်းခံရမယ်။ > မင်းဟာ လူသစ်ဖြစ်လာမယ်။ > မင်းဟာ လွတ်မြောက်သူဖြစ်လာမယ်။

သခင်ယေရှုထံလာတဲ့ ကလေးတိုင်း ဒီလို ခံစားရမယ်လို့ ကျမ်းစာက ဖော်ပြထား တယ်။ မင်းအနေနဲ့ သခင်ယေရှုထံ လာချင်ပေမဲ့ ဘာလုပ်ရမှန်း သေချာမသိရင် ဒီအစီ အစဉ်ပြီးတဲ့အခါ ဆရာ/ဆရာမနဲ့ လာတွေ့ပါ။ မင်းလုပ်ရမဲ့အရာကို ရှင်းလင်းစွာ သိနိုင် ဖို့ ကူညီပေးလိုပါတယ်။ အစီအစဉ်ပြီးတဲ့အခါ ဆရာ/ဆရာမ ဒီနေရာမှာပဲ ထိုင်နေမယ်။ ဆွေးနွေးလိုပြီး အကူအညီတောင်းခံလိုရင် ဆရာ/ဆရာမဆီလာခဲ့နော်။

မှန်ထဲကို ကြည့်တဲ့အခါ မင်း ဘာကိုတွေ့မြင်ရပါသလဲ။ တစ်စုံတစ်ယောက်က သခင်ယေရှုကို ကျောခိုင်းပြီး မိမိရွေးချယ်တဲ့အပြစ်လမ်းအတိုင်း လျှောက်လိုက်နေတာ တွေ့ရပါသလား။ ။

(ရုပ်ပုံ ၅ ကို ပြပါ)။ ဒါမှမဟုတ် တစ်စုံတစ်ယောက်ဟာ ဘုရားသခင်ရဲ့ လမ်း အတိုင်း လျှောက်လိုက်နေတာကို တွေ့မြင်ပါသလား။ (ရုပ်ပုံ- ၇ကို ပြပါ)။ တစ်စုံ တစ်ယောက်ဟာ သခင်ယေရှုထံသို့ လာတဲ့အတွက် အပြစ်လွှတ်ခြင်းကိုခံရပြီး ပြောင်းလဲ တဲ့ အသက်တာနဲ့ လွတ်မြောက်ခြင်းအခွင့်ကို ခံစားရကာ သခင်ယေရှုနောက်သို့ လိုက်လျှောက်နေတာကို တွေ့မြင်ပါသလား။

မှန်ထဲမှာ ဘယ်ရုပ်ပုံကို တွေ့မြင်လိုသလဲဆိုတာ မင်းဆုံးဖြတ်နိုင်ပါတယ်။

ရုပ်ပုံ – ၈ “သမ္မာကျမ်းစာဟာ ပြတင်းပေါက်တစ်ချပ်ဖြစ်တယ်” တစ်ခါတစ်ရံ မှန်ဟာ ကြည့်မှန်ဖြစ်ပြီး တို့တွေရဲ့ ရုပ်ပုံကို ပြန်မြင်နိုင်တယ်။ တစ်ခါတစ်ရံမှာတော့ မှန်ဟာ ပြတင်းပေါက်မှာ တပ်ဆင်ထားတတ်တယ်။ (ရုပ်ပုံ- ၈ ကိုပြပါ)။ အဲ့ဒီအခါ သာမန်အားဖြင့် မမြင်နိုင်တဲ့အရာတွေကို ပြတင်းပေါက်မှန်ကနေ ဖောက်ထွင်းတွေ့မြင်နိုင်တယ်။ မှန်ပါတယ်။ သမ္မာကျမ်းစာဟာ ကြည့်မှန်ဖြစ်ပြီး တို့တွေ ဟာ ဘာနဲ့တူကြောင်း ဖော်ပြပါတယ်။ သမ္မာကျမ်းစာဟာ ပြတင်းပေါက်မှန်လိုလည်းဖြစ် ပြီး ထိုမှန်မှ ထိုးဖောက်ကြည့်ရင် သခင်ယေရှုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ကြောင်း တွေ့မြင် နိုင်ပါတယ်။ သမ္မာကျမ်းစာက တို့တွေအကြောင်းကို ဖော်ပြတယ်။ ဒါပေမဲ့ ပိုပြီး အရေးတဲ့ အချက်က သမ္မာကျမ်းစာဟာ သခင်ယေရှုအကြောင်းကိုလည်း ဖော်ပြပေးတယ်။ တို့တွေ ဟာ ပြတင်းပေါက်မှန်ကနေ ထိုးဖောက်ကြည့်ရင် သခင်ယေရှုကို တွေ့မြင်နိုင်တယ်။ (ပုံတွင် ပြထားသည့်အတိုင်း)။ အဲ့ဒီသခင်ဟာ သူ့ထံလာဖို့ မင်းကို ဖိတ်ခေါ်နေတယ်။

တို့တွေဟာ သခင်ယေရှုကို မချစ်ပေမဲ့ သူက တို့တွေအတွက်နဲ့ တို့တွေရဲ့ အပြစ်အတွက် တစ်ဖက်သတ်မေတ္တာနဲ့ အသေခံတော်မူခဲ့တယ်။ အပြစ်လုပ်ပြီး ကိုယ့် လမ်းအတိုင်း လိုက်လျှောက်သွားနေခဲ့ပေမဲ့ မင်းကို သူ့ထံလာစေလိုပြီး လာတဲ့အခါမှာ ကြိုဆိုပြီး မင်းအတွက် အချက်(၂)ချက်ကို ပြုလုပ်ပေးလိမ့်မယ်။

ပထမအချက်က မင်းရဲ့ အပြစ်အားလုံးကို လွှတ်ပေးမှာဖြစ်တယ်။ ပျောက် သောသားဟာ အိမ်ပြန်လာခဲ့တဲ့အခါ သူ့အဖေက “မြတ်သောဝတ်လုံကို ယူခဲ့၍ သူ့အား ခြုံကြ”လို့ ဆိုခဲ့တယ် (လုကာ၊၁၅း၂၂)။ သူဟာ သစ်လွင်တဲ့အဝတ်အစားကို ရရှိခဲ့တယ်။ မင်းဟာ သခင်ယေရှုထံသို့ လာတဲ့အခါ အသစ်သောအဝတ်အစားကို ရရှိမယ်။ အဲ့ဒီ အဝတ်အစားက ငွေနဲ့ဝယ်လို့ မရဘူး။ မင်းနဲ့ အံကိုက်ဖြစ်ပြီး အလွန်လှပကာ အထူးချုပ် ထားတဲ့ အဝတ်အစားမျိုးဖြစ်တယ်။ ဆွေးမြည့်တာမျိုး၊ ခေတ်ကုန်သွားတာမျိုးမရှိတဲ့ အဝတ်အစားမျိုးဖြစ်တယ်။ ဒီလိုအဝတ်အစားမျိုးမရှိနိုင်ပါဘူးလို့ မင်း ဆိုကောင်းဆိုမယ်။ အမှန်တကယ် ရှိပါတယ်။ အလွန်လှပတဲ့ အဖြူရောင်ဝတ်ရုံကို စဉ်းစားကြည့်ပါ။ ဒီဝတ်ရုံ

ဟာ သခင်ယေရှုရဲ့ သန့်ရှင်းစင်ကြယ်ပြီး အပြစ်အနာအဆာကင်းတဲ့ ကောင်းမြတ်ခြင်းကို ပုံဆောင်တယ်။ မင်းဟာ သူ့ထံသို့လာပြီး သူ့ကို ယုံကြည်ကိုးစားရင် အသစ်သောအဝတ် အစားဖြစ်တဲ့ သန့်ရှင်းစင်ကြယ်တဲ့ဝတ်ရုံနဲ့ မင်းကို လွှမ်းခြုံပေးမှာ ဖြစ်တယ် (ကော၊၃း၁၀)။ ဘုရားသခင်ကလွဲပြီး ဘယ်သူမှ ဒီဝတ်ရုံကို မမြင်နိုင်ဘူး။ ဘုရားသခင် မင်းကို ကြည့်တဲ့အခါ မင်းရဲ့ အပြစ်တွေကို လုံးဝမမြင်တော့ဘဲ သခင်ယေရှုရဲ့ ပြီးပြည့်သော

ကောင်းမြတ်ခြင်းဝတ်ရုံနဲ့ လွှမ်းခြုံထားတာကိုပဲ မြင်လိမ့်မယ်။ မင်းရဲ့ အပြစ်အားလုံးလည်း ဖြေလွှတ်ခြင်းခံခဲ့ရပြီး ဘုရားသခင်က မင်းကို ဒီစာသားမဲ့စာအုပ်မှာပါတဲ့ အဖြူရောင် စာမျက်နှာလို မြင်လိမ့်မယ်။ (စာမျက်နှာအဖြူရောင်ကိုပြပါ)။ သခင်ယေရှုလို သန့်ရှင်း မြင့်မြတ်သူအဖြစ် မင်းကို မြင်လိမ့်မယ်။ အဲ့ဒီအဖြစ်အပျက်ဟာ ဘယ်လောက်ကောင်းမွန် လှပလိမ့်မလဲနော် (ဟေရှာယ၊၆၁း၁၀)။

ဒုတိယအချက်ကတော့ မင်းဟာ သခင်ယေရှုထံ လာတဲ့အခါ မင်းရဲ့ အသက်တာ ကို ပြောင်းလဲစေပြီး လူသစ်ဖြစ်စေမယ်။ “ငါဟာ အလွန်ဆိုးသွမ်းသူဖြစ်တယ်။ သခင် ယေရှုက ငါ့ကို လက်ခံပြီး ကယ်တင်ခြင်းပေးလိုမှာမဟုတ်ပါဘူး”လို့ မင်းတို့အထဲမှာရှိတဲ့ တစ်ယောက်ယောက်ရဲ့ စိတ်ထဲမှာ ထင်ကောင်းထင်နေမယ်။ ဒါပေမဲ့ သခင်ယေရှုက မင်းကိုချစ်ပြီး သူ့ထံလာဖို့ အလိုတော်ရှိပါတယ်။ သူ့ထံသို့ မင်းလာတဲ့အခါ သခင်ယေရှုက မင်းကို ပြောင်းလဲပေးလိမ့်မယ်။ ယေရှုခရစ်တော်က အသက်တာပြောင်းလဲပေးပြီး ၊ ကယ်တင်ခြင်းမပေးနိုင်လောက်အောင် ဆိုးသွမ်းသူတစ်ဦးတစ်ယောက်မှ မရှိဘူး။ မင်း ဒီနေ့ပဲ ယေရှု ခရစ်တော်ထံသို့လာဖို့ တိုက်တွန်းခွန်အားပေးချင်တယ်။ သူ့ကို မျက်စိနဲ့ မမြင်နိုင်ဘဲ လက်နဲ့လည်း ထိတွေ့နိုင်မှာမဟုတ်ပေမဲ့ မင်းရဲ့ စိတ်နှလုံးအားဖြင့် သူ့ထံသို့ မင်းချဉ်းကပ်နိုင်ပြီး စကားပြောနိုင်တယ်။ မင်းရဲ့ အပြစ်လွှတ်ဖို့နဲ့ အသက်တာကို ပြောင်း ၊ လဲပေးဖို့ တောင်းလျှောက်နိုင်တယ်။ “ငါ့ထံသို့လာသောသူကို ငါသည်အလျှင်းမပယ်” ဆိုတဲ့ သူ့ရဲ့ ကတိတော်ရှိတယ် (ယော၊၆း၃၇)။ သူက မင်းကိုလည်း ငြင်းပယ်မှာမဟုတ် ဘူး။ သူဟာ အမြဲတမ်းကတိတည်လို့ပဲ။ သူက မင်းကို လက်ခံပြီး ကယ်တင်တော်မူမယ် ဆိုတာ လုံးဝယုံကြည်စိတ်ချနိုင်တယ်။ ဘုရားသခင်ရဲ့ စကားဟာ သစ္စာစကားဖြစ်တယ်။ အခုပဲ ယေရှုခရစ်တော်ထံသို့ လာပါ။ သူက မင်းကို ကယ်တင်ပေးမယ်။

သင်ခန်းစာ(၅) ကျွန်ုပ်တို့ ပျော်ရွှင်မှုကို ဘယ်လိုရနိုင်မလဲ

(ထာဝရအသက်နှင့်ပတ်သက်သောဩဝါဒ) ဆရာ/ဆရာမတို့အတွက် ထာဝရအသက်နှင့်ပတ်သက်၍ သင်နားလည်သဘောပေါက်နိုင်ရန် အထောက်အကူ > ၎င်း၏အဓိပ္ပါယ်ကား အဘယ်နည်း။ • ထာဝရအသက်ဆိုသည်မှာ စဉ်ဆက်မပြတ် အသက်ရှင်ခြင်းဖြစ်သည်။ ယေရှု ခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အသက်သခင်အဖြစ် လက်ခံယုံကြည်သူသည်

ကောင်းကင်ဘုံ၌ သူနှင့် အစဉ်အမြဲအသက်ရှင်နေထိုင်ခွင့်ရမည်။ အပြင်လူဖြစ် သော ခန္ဓာကိုယ်သည် သေရမည်ဖြစ်သော်လည်း (ထိုသို့မသေခင်ယေရှုခရစ် တော်ဒုတိယအကြိမ် ပြန်လည်ကြွဆင်းလာခြင်းမှအပ) သူ၏အတွင်းလူဝိညာဉ် မူကား ဘယ်သောအခါမျှ မသေပါ။ • ဤထာဝရအသက်သည် သေသောအချိန်တွင်မှ အစပြုခြင်းမဟုတ်ပါ။ အသစ်

မွေးဖွားချိန်ကစ၍ ရရှိပိုင်ဆိုင်ခြင်းဖြစ်သည်။ • ထာဝရအသက်သည် တစ်ကြိမ်ရရှိလျှင် ဆုံးရှုံးမှုမရှိနိုင်ပါ။ အပြစ်သား

တစ်ယောက်သည် ကယ်တင်ခြင်းသို့ရောက်သည်နှင့်တစ်ပြိုင်နက် ထာဝရ အသက်ကို ရသည်။ အကယ်၍ နောက်ပိုင်းတွင် ထိုထာဝရအသက်ကို ဆုံးရှုံး မည်ဆိုပါက ထာဝရအသက်မဟုတ်ဟုဆိုရာရောက်ပြီး ဘုရားသခင်၏စကား သည်လည်း မမှန်ဟု ပြောရပေမည်။ ထာဝရအသက်နှင့် ပတ်သက်၍ (ယော၊၁၀း၂၈နှင့် ၂၉)တွင် “ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရ။ ထိုသိုးတို့ကို ငါ၌ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ် ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရာ။ ထိုသိုးတို့ကို ငါ၌ အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏လက်မှ မနှုတ်မယူနိုင်ရာ”ဟု အတိအကျဖော်ပြထားသည်။ • ထာဝရအသက်ဆိုသည်မှာ အထူးကောင်းမွန်သော ဂုဏ်ရည်ဂုဏ်သွေးနှင့်ပြည့်စုံ

ပြီး အသက်နှင့် ပြည့်ဝလျက် ယခုပင် ခံစားရှင်သန်နိုင်ပါသည် (ယော၊၁၀း၁၀)။

> ၎င်းကို မည်သည့်နေရာ၌ သွန်သင်ခဲ့ပါသနည်း။

ဤသစ္စာတရားကို သမ္မာကျမ်းစာတစ်အုပ်လုံးတွင် သွန်သင်ထားပါသည်။ • ယေရှုခရစ်တော်ကို ယုံကြည်သည်နှင့် ထာဝရအသက်ရကြောင်း ဖော်ပြထား

သော ကျမ်းပိုဒ်များစွာရှိပါသည် (ယော၊၃း၁၆၊ ၁၀း၂၈၊ ၁၁း၂၅-၂၆၊ ၁၇း၂-၃။ ရောမ ၂း၂၊ ၆း၂၃။ ဂလာတိ ၆း၈။ ၁ယော၊၅း၁၃)

တစ်ချိန်တည်းမှာပင် ထာဝရအသက်နှင့် ကယ်တင်ခြင်းကို အမှန်တကယ် လက်ခံရရှိမည်ဆိုလျှင် မဆုံးရှုံးနိုင်ကြောင်းကို အတိအကျ ဖော်ပြထားသော ကျမ်းပိုဒ်ပေါင်းများစွာရှိပါသည် (ယော၊၅း၂၄၊ ၆း၃၇-၄၀၊ ၁၀း၂၇-၂၉။ တမန်၊၁၃း၃၈-၃၉။ ရောမ၊၅း၁-၁၁၊ ၈း၁။ ၁ကော၊၁း၈။ ဖိလိပ္ပိ၊၁း၆။ ၁သက်၊၅း၂၃-၂၄။ ၂တိ၊၁း၁၂၊ ၄၁၈။ ၁ပေ၊၁း၅ နှင့် အခြားများစွာရှိပါသည်။ • အမှန်တကယ် ယုံကြည်သူတစ်ယောက်သည် သူ၏ကယ်တင်ခြင်းနှင့် ထာဝရ

အသက်တို့ကို ဆုံးရှုံးနိုင်သည့်ပမာ သွန်သင်ထားသည်ဟု ထင်ရသော ကျမ်းပိုဒ် များလည်း ရှိပါသည်။ သို့သော် ကျွန်ုပ်တို့ သတိရပြုရမည့်အချက်မှာ သမ္မာ ကျမ်းစာသည် ၎င်း၏ သွန်သင်ချက်များကို ပြန်၍ ဆန့်ကျင်ခြင်းမပြုသည့် အချက်ဖြစ်သည်။ သမ္မာကျမ်းစာသွန်သင်ချက်တစ်ခုလုံးတွင် ထာဝရအသက်ဆို

သော စကားလုံးနှင့်ပတ်သက်၍ စစ်မှန်သောယုံကြည်သူတစ်ယောက်သည် သူ၏ ကယ်တင်ခြင်းကို မဆုံးရှုံးနိုင်ဟု အတိအကျ ဖော်ပြသွန်သင်ထားပါသည်။ ထို့ကြောင့် ၎င်းနှင့်ဆန့်ကျင်လျက် သွန်သင်ထားသည်ဟု ထင်ရသော ကျမ်းပိုဒ် များကို ကျွန်ုပ်တို့ လုံးဝဥသုံ နားလည်နိုင်စွမ်းမရှိပါ။ သို့သော် သေချာသည်မှာ ထိုကျမ်းချက်များသည် မဖြစ်နိုင်သောအချက်ကို သွန်သင်ပေးနိုင်မည်မဟုတ်ပါ။

ဤသင်ခန်းစာကို သွန်သင်နိုင်ရန် သင့်အတွက် အထောက်အကူဖြစ်စေရန်

ဤပဉ္စမမြောက်ဖြစ်သော သင်ခန်းစာတွင် ရည်မှန်းချက်ပန်းတိုင်(၃)ခုရှိပါ သည်။ > ပထမသင်ခန်းစာ(၄)ခု၏ သွန်သင်ချက်များကို ပြန်လည်စိစစ်လေ့လာရန်အတွက်

ဖြစ်သည်။ ဤအချက်ကို ရုပ်ပုံ- ၂၊ ၃၊၄နှင့် ၅ တို့ဖြင့် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ > ခရစ်ယာန်အသက်တာဟူသည် အမြဲတမ်း လွယ်ကူခြင်းတော့မဟုတ်ကြောင်း

ကလေးသူငယ်များအား နားလည်စေဖို့ဖြစ်သည်။ (ရုပ်ပုံ- ၆)။ > ထာဝရအသက်နှင့်ပတ်သက်သောဩဝါဒကို သွန်သင်ရန် (ရုပ်ပုံ- ၇ နှင့်၈) ၊

အဓိကသော့ချက်ကျမ်းပိုဒ်

ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်။ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို

ချစ်တော်မူ၏ (ယောဟန်၊၃း၁၆)။ ရုပ်ပုံ – ၁ “ကျွန်ုပ်တို့ ပျော်ရွှင်မှုကို ဘယ်လိုရနိုင်မလဲ” လူတိုင်း ပျော်ရွှင်လိုကြပါတယ်။ ဒါပေမဲ့ အလွန်နည်းပါးသူတွေလောက်ပဲ အမှန် ပျော်ရွှင်နိုင်ကြတယ်။

အများစုဖြစ်တဲ့ တို့တွေဟာ ရုပ်ပုံမှာ ပြထားတဲ့ကလေးငယ်(၂)ယောက်နဲ့တူကြပြီး အမှန်တကယ် ပျော်ရွှင်နိုင်ခြင်းမရှိကြဘူး။

ပျော်ရွှင်ခြင်းဆိုတာဘာလဲ။ အဓိပ္ပါယ်ကတော့ ဘယ်လိုပဲဖြစ်နေပါစေ၊ ရောင့်ရဲ တင်းတိမ်နိုင်ဖို့ဖြစ်တယ်။ ဆိုလိုတာက အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ရပေမဲ့ စိတ်နှလုံးထဲ မှာ အမှန်တကယ် ဝမ်းမြောက်ခြင်းရှိတာဖြစ်တယ်။ တစ်နည်းအားဖြင့် ပြဿနာတွေ၊ အတွင်းမှာပင် ငြိမ်သက်ခြင်းနဲ့ ငြိမ်သက်စွာ နေနိုင်ခြင်းကို ဆိုလိုတယ်။

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကဘာလဲ။ မင်းနဲ့ ဆရာ/ဆရာမတို့ဟာ အမှန် တကယ် ပျော်ရွှင်နိုင်မလား။ အဖြေမှာ အမှန်တကယ် ပျော်ရွှင်နိုင်ပါတယ်။

ငွေကြေးက အဖြေလား။ ဒါဆို ချမ်းသာကြွယ်ဝသူအများကြီးဟာ ပျော်ရွှင်ခြင်း မရှိကြောင်း တွေ့ရမှာဖြစ်တယ်။ ထင်ပေါ်ကျော်ကြားခြင်းက အဖြေဖြစ်ပါသလား။ ထင်ပေါ်ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေက သူတို့အဖို့ ပျော်ရွှင် ခြင်းမရှိကြောင်း ဝန်ခံပြောဆိုကြတယ်။ အချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့အထိ ဖြစ်တယ်။ အားကစားက အဖြေလား။ များစွာသောနာမည်ကျော်တဲ့ အားကစားသမား တွေနဲ့ ဘောလုံးသမားတွေဟာ ပျော်ရွှင်ကျေနပ်မှုမရှိကြကြောင်း တွေ့ရတယ်။

မင်းနဲ့ ဆရာ/ဆရာမဟာ ဘယ်လိုလုပ်ပြီး အမှန်တကယ်ပျော်ရွှင်နိုင်ကြမလဲ။ ဒီနေ့ သင်ခန်းစာမှာ Roger ဆိုတဲ့ ယောက်ျားလေးတစ်ယောက်အကြောင်း ပြောပြမယ်။ သူ့မှာ ညီအစ်ကို(၂)ယောက်နှင့် ညီမငယ်တစ်ယောက်ရှိတယ်။ သူဟာ ကျောင်းသားတစ်ယောက်ဖြစ်ပြီး ကျောင်းပိတ်ရက်များကို နှစ်ခြိုက်သူဖြစ်တယ်။ သူက

ဘော်လုံးကန်ဖို့နဲ့ ရုပ်မြင်သံကြားအစီအစဉ်တွေကိုကြည့်ဖို့ဆိုရင် အထူးဝါသနာပါတယ်။ ဒါပေမဲ့ မင်းတို့လိုပဲ သူ့မှာ ပြဿနာအခက်အခဲတွေရှိတတ်ပြီး ရံဖန်ရံခါ ဒီပြဿနာတွေက သူ့အဖို့ ပူပင်စရာစိတ်ဓာတ်ကျစရာဖြစ်တတ်တယ်။ > သူဟာ ဥပုသ်စာဖြေသင်တန်းကို မတက်ပေမဲ့ ဘုရားသခင်အကြောင်းကို အခြားသူ

တွေပြောတာကြားဖူးတယ်။ တစ်ခါတလေ သူ့ရဲ့ မှားယွင်းမှုတွေ၊ လိမ်ညာပြောဆို ခြင်းတွေအပေါ် ဘုရားသခင်က ဘယ်လိုသဘောထားမလဲလို့ စဉ်းစားမိတတ်တယ်။ (ပထမဆုံး သင်ခန်းစာ၏ ရုပ်ပုံ-၁ ကိုပြပါ)။ ကျွန်ုပ်တို့ အပြစ်လွှတ်ခြင်းအခွင့်ကို

ဘယ်လိုရနိုင်မလဲ။ > ရံဖန်ရံခါ သူဟာ ပြောင်းလဲပြီး ထူးခြားသူဖြစ်လိုတယ်။ (ဒုတိယ သင်ခန်းစာ၏

ရုပ်ပုံ-၁ ကိုပြပါ)။ ကျွန်ုပ်တို့ ဘယ်လိုပြောင်းလဲနိုင်မလဲ။ > တစ်ခါတစ်ရံမှာ သူ့ကိုယ်သူ ပြောင်းလဲဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူမလုပ်နိုင်ဘူး ဆိုတာကို တွေ့ရတယ်။ (တတိယသင်ခန်းစာ၏ ရုပ်ပုံ-၁ ကိုပြပါ)။ ကျွန်ုပ်တို့

လွတ်မြောက်ခြင်းအခွင့်ကို ဘယ်လိုရနိုင်မလဲ။ > ဒီအကြောင်းအရာများနဲ့ ပတ်သက်ပြီး အခြားသူတွေရဲ့ ပြောဆိုတာကို သူ နားထောင်ဖူးတယ်။ ဒါပေမဲ့ သူတို့ပြောဆိုတာတွေက တစ်မျိုးတည်းမဟုတ်ဘဲ ကွဲပြားခြားနားနေလို့ သူ့အဖို့ ရှုပ်ထွေးပြီး နားမလည်နိုင်ဘူး။ (စတုတ္ထသင်ခန်းစာ၏

ရုပ်ပုံ-၁ ကို ပြပါ)။ ကျွန်ုပ်တို့ စိတ်ချမှုကို ဘယ်လိုရရှိနိုင်မလဲ။ > သူဟာ သေသွားတဲ့အခါ ဘာဖြစ်မလဲလို့ တစ်ကြိမ်နှစ်ကြိမ်လောက် တွေးတော

စဉ်းစားမိခဲ့တယ်။ ဒီအချက်သည် သူ့ကို တကယ်ပဲ ပူပင်သောကဖြစ်စေတယ်။ (တစ်ဖန် ထပ်၍ ဤသင်ခန်းစာ၏ ရုပ်ပုံ-၁ ကိုပြပါ)။ ပျော်ရွှင်မှုကို တို့တွေ ဘယ်လို ရနိုင်မလဲ။ ဒီပြဿနာတွေအားလုံးရဲ့ အဖြေက Roger အဖို့ မကြာခဏ ဝမ်းနည်းပူဆွေးမှုကို ဖြစ်စေတယ်။ သူဟာ မှိုင်တွေနေတတ်လို့ သူ့မိဘများကတောင်မကြာခဏသူ့ကို ဘာဖြစ်နေတာလဲလို့ မေးရတဲ့အထိ ဖြစ်တယ်။ Roger ရဲ့ နက်ရှိုင်းတဲ့ နှလုံးသားထဲမှ ပျော်ရွှင်လိုစိတ်တွေဖြစ်ပွားလျက်ရှိတယ်။ ဒါပေမဲ့ ဘယ်လိုပျော်ရွှင်နိုင်လဲဆိုတာ သူ မသိဘူး။ မင်းကော ပျော်ရွှင်လိုပါသလား။

ရုပ်ပုံ – ၂ “အဝတ်အစားအသစ်များ”

ဆရာ/ဆရာမအတွက်- ဤအပိုင်းသည် သင်ခန်းစာ(၁)ကို ပြန်လည်လေ့လာစိစစ်ခြင်း ဖြစ်သည်။ ထိုပထမသင်ခန်းစာ၏ ရုပ်ပုံ-၁ ကို တစ်ဖန် ပြန်ပြနိုင်ပါသည်။

မင်းတို့တွေ အဝတ်အစားအသစ်တွေ လိုချင်သလား။ အထူးသဖြင့် မိန်းကလေး တွေဟာ အဝတ်အစားအသစ်တွေ၊ ကုတ်အင်္ကျီအသစ်တွေနဲ့ ဖိနပ်အသစ်တွေကို ကြိုက်နှစ်သက်တတ်ကြတယ်။ အဲ့ဒါတွေဆိုရင် သူတို့ အလွန်ပျော်ရွှင်ကြတယ်။ ယောက်ျားလေးတွေကလည်း ဂျင်းဘောင်းဘီအသစ်၊ ဘော်လုံးကန်အင်္ကျီ ဒါမှမဟုတ် အားကစားဝတ်စုံအသစ်တို့ကို ရတဲ့အခါ အလွန်ပျော်ရွှင်ကြတယ်။ တစ်နေ့မှာ Roger ရဲ့ သူငယ်ချင်း Terry က ကျမ်းစာသင်တန်းတစ်ခုသို့ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီကျမ်းစာသင်တန်းက ယောက်ျားလေး၊ မိန်းကလေးတွေအတွက် အင်္ဂါနေ့ ညနေတိုင်းပြု လုပ်ပေးတာဖြစ်ကြောင်း၊ သူ့အိမ်နဲ့လည်း နီးကြောင်း ရှင်းပြခဲ့တယ်။ Roger လည်း စူးစမ်းလိုတဲ့စိတ်နဲ့လိုက်သွားခဲ့တယ်။ အဲ့ဒီနေရာမှာ သူမကြားဖူးတဲ့ သီချင်းတွေ ဆိုကြ တယ်။ သီချင်းတွေက သခင်ယေရှုအကြောင်း၊ ကောင်းကင်ဘုံအကြောင်းနဲ့ သမ္မာ ကျမ်းစာအကြောင်းတို့ဖြစ်တယ်။ သူနားထောင်ရတာ တကယ်ပဲ ကြိုက်နှစ်သက်တယ်။ အဲ့ဒီနောက်ဆရာဖြစ်သူက သမ္မာကျမ်းစာလို့ခေါ်တဲ့ စာအုပ်အမည်းကြီးတစ်အုပ်ကို လက်ထဲမှာကိုင်ထားပြီး ဒီနေ့ အသစ်သောအဝတ်နဲ့ပတ်သက်ပြီး ကျမ်းစာထဲမှာ ဖော်ပြ ထားတဲ့ အထူးပုံပြင်တစ်ပုဒ်ကို ပြောပြမယ်လို့ ဆိုတယ်။ Roger လည်း စိတ်ဝင်တစားနဲ့ နားစိုက်ထောင်ခဲ့တယ်။ ဒီပုံပြင်မှာ လူငယ်တစ်ယောက်ဟာ အိမ်ကနေ ဝေးလံတဲ့အရပ် သို့ ထွက်သွားပြီး သူ့မှာ ပါသွားတဲ့ငွေအားလုံးကို သုံးဖြုန်းခဲ့ပြီးနောက် သူ့အဖေရှိရာ အိမ်သို့ပြန်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အကြောင်းဖြစ်တယ်။ ဒီပုံပြင်ကို သိပ်မကြာခင်က ပြောခဲ့ပြီးဖြစ်လို့ မင်းတို့အထဲက တချို့ သူတွေလည်း သတိရနေမှာပါလို့ ဆရာက ပြော တယ်။ သူဟာ အိမ်ပြန်လာတဲ့အခါ သူ့အဝတ်အစားတွေဟာ ဟောင်းနွမ်းညစ်ပတ်စုတ်ပြဲ နေတာမျိုး ရှိကောင်းရှိနေလိမ့်မယ်။ ဒါပေမဲ့ သူ့အဖေက သူ့ကို ဝမ်းပန်းတသာနဲ့ ကြိုဆိုပြီး သူ့အစေခံတွေကို “အကောင်းဆုံးဝတ်လုံ (အဝတ်အစား)အသစ်ဆုံးကို ယူခဲ့ပြီး သူ့ကို ခြုံပေးလော့”လို့ အမိန့်ပေးခဲ့တယ်။ သူဟာ အဝတ်အစားအသစ်တွေဝတ်ပြီးတော့ သူနဲ့ သူအဖေတို့ အတူပျော်ရွှင်ခဲ့ကြကြောင်း ကျမ်းစာက ဖော်ပြထားတယ်။

အဲ့ဒီနောက် ဆရာက “မင်းတို့လည်း အဝတ်အစားသစ်ကို ရရှိနိုင်တယ်”လို့ ဆက် ပြောပြတယ်။ ယေရှုခရစ်တော်ဟာ မင်းတို့ရဲ့ အပြစ်အတွက် အသေခံခဲ့တယ်။ (ရုပ်ပုံမှာ

မြင်ရသည့်အတိုင်းဖြစ်သည်)။ သူ့ကို မင်းက ကယ်တင်ရှင်သခင်အဖြစ် ယုံကြည်ကိုးစား ရင် ဘုရားသခင်က မင်းကို အသစ်သောအဝတ်အစားကို ပေးလိမ့်မယ်။ (ဤရုပ်ပုံသည် ထိုအဝတ်အစားများကို ပုံဆောင်ထားသည်)။ ဒီအဝတ်အစားအသစ်တွေဟာ ယေရှု ခရစ်တော်ရဲ့ သန့်ရှင်းဖြူစင်ခြင်းဖြစ်ပြီး မင်းနဲ့အတူ မင်းရဲ့ အပြစ်တွေကို လွှမ်းခြုံပေးမှာ ဖြစ်တယ်။ ဒီလိုနဲ့ မင်းရဲ့ အပြစ်တွေလည်း အစဉ်ထာဝရခွင့်လွှတ်ခြင်းကို ခံရမယ်။ ဘုရား သခင်ရဲ့ ရှေ့တော်မှောက်မှာ ဒီစာသားမဲ့စာအုပ်ရဲ့ အဖြူရောင်စာမျက်နှာလိုဖြစ်လိမ့် မယ်။ သခင်ယေရှုခရစ်တော်ကို မင်းရဲ့ ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်တဲ့အခါ မင်းရဲ့ အပြစ်တွေဟာ လက်ဝါးကပ်တိုင်ပေါ်ရှိ ယေရှုခရစ်တော်အပေါ်သို့ တင်လိုက်ခြင်း ဖြစ်တယ်။ မင်းကို ကယ်တင်ဖို့ သူ့ထံ တောင်းလျှောက်တဲ့အခါ သူ့ရဲ့ ဖြူစင်သန့်ရှင်းခြင်း

တွေကို မင်းရဲ့ အပေါ်သို့ လွှမ်းခြုံပေးပြီး ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ မင်းအတွက် အကာအကွယ်ဖြစ်လိမ့်မယ်။ သခင်ယေရှုက အံ့ဩဖွယ်ရာကောင်းလောက်အောင် မင်း ကို ပြောင်းလဲပေးနိုင်တယ်။ မင်းက တောင်းလျှောက်တဲ့အခါ ယေရှုခရစ်တော်က သူ့ရဲ့ သန့်ရှင်းစင်ကြယ်ခြင်းနဲ့ မင်းရဲ့ အပြစ်တွေပြည့်ဝပြီး ညစ်ညမ်းတဲ့ဘဝကို ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ ကွယ်ကာပေးပြီး အသစ်ဖြစ်စေတယ်။ ဒီအဝတ်အစားအသစ်တွေကို မင်းလိုချင်လား။ လိုချင်ရင် ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားပြီး မင်းကိုခွင့်လွှတ်ဖို့

တောင်းလျှောက်ပါ။ သမ္မာကျမ်းစာက “ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် အပြစ်ရှိသမျှတို့နှင့် လွတ်ရကြသည်ကို၎င်း သိမှတ်ကြလော့”လို့ ဖော်ပြထားတယ် (တမန်၊ ၁၃၃၆)။ သခင်ယေရှုခရစ်တော်ကို ဒီနေ့ပဲ ယုံကြည်လက်ခံပါ။

သူက မင်းကို အပြစ်လွှတ်ပြီး အဝတ်အစားသစ်ကို ပေးလိမ့်မယ်။

Roger ဟာ အဲ့ဒီနေရာမှာ ထိုင်ရင်းနဲ့ သူ့မျက်စိတွေကို မှိတ်ပြီး သူ့ရဲ့ စိတ်နှလုံး ထဲမှ “သခင်ယေရှုဘုရား ကိုယ်တော်ကို ကျွန်ုပ်ယုံပါ၏။ ကျေးဇူးပြုပြီး ကျွန်ုပ်အား ကယ်တင်တော်မူပြီး ထိုစာအုပ်ထဲရှိ အဖြူရောင်စာမျက်နှာလို ဖြူဖွေးသန့်စင်စေပါ”လို့

တောင်းလျှောက်ခဲ့တယ်။ သခင်ယေရှုလည်း ချက်ချင်းပဲ သူ့ကို ကယ်တင်သန့်စင်စေခဲ့ တယ်။ သူ ကတိထားတဲ့အတိုင်း အစဉ်ကတိတည်တယ်။ Roger လည်း ပျော်ရွှင်စွာနဲ့ အိမ်ပြန်သွားခဲ့တယ်။ ဘုရားသခင်က သူ့ကို ပေးလိုက်တဲ့ အဝတ်အစားအသစ်က သူ့ကို အထူးပျော်ရွှင်စေတယ်။ အခုဆိုရင် သူဟာ အပြစ်တွေအားလုံး ခွင့်လွှတ်ခြင်းခံရပြီး ဘုရားသခင်ရဲ့ ရှေ့တော်မှောက်မှာ သန့်ရှင်းသူဖြစ်ကြောင်း သိခဲ့ရပြီ။

ရုပ်ပုံ – ၃ “အသစ်သောဆန္ဒကို ရရှိခံစားရခြင်း” ဆရာ/ဆရာမအတွက်- ဤအပိုင်းသည် သင်ခန်းစာ(၂)ကို ပြန်လည်စိစစ်လေ့ လာခြင်းဖြစ်သည်။ ဒုတိယသင်ခန်းစာ၏ ရုပ်ပုံ-၁ ကို တဖန်ပြန်ပြနိုင်ပါသည်။

Roger က သခင်ယေရှုကို ယုံကြည်လက်ခံတဲ့အခါ သခင်ယေရှုက သူ့ကို ကယ်တင်ခဲ့ပြီး ဘုရားသခင်ရှေ့တော်မှောက်မှာ သန့်ရှင်းစေခဲ့တယ်။ အဝတ်အစားသစ် ကို သူရခဲ့ပြီး သူ့အပြစ်အားလုံးလည်း ခွင့်လွှတ်ခြင်းရခဲ့တယ်။ ဒီအဖြစ်အပျက်က သူ့ကို အမှန်တကယ် ပျော်ရွှင်စေခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာ တခြားအရာတွေကိုလည်း ခံစားရတယ်။ သခင်ယေရှုက သူ့ကို ပြောင်းလဲပေးခဲ့ပြီးပြီ။ သူဟာ လူဟောင်း Roger မဟုတ်တော့ဘူး။ လူသစ်ဖြစ်ခဲ့ပြီ။ သူ့အတွေးအခေါ်တွေလည်း ပြောင်းလဲခဲ့ပြီး အသစ်

သောဆန္ဒများလည်းဖြစ်ပေါ်ခဲ့တယ်။ ဆန္ဒဆိုတာ တို့တွေလုပ်လိုတဲ့အလုပ်ကို လုပ်ချင်တဲ့ စိတ်(အကျင့်)ကို ပြောတာဖြစ်တယ်။ Roger ဟာ အသစ်သောအကျင့်ကို လုပ်လိုတဲ့ဆန္ဒ

တွေဖြစ်ပေါ်လာတယ်။ နောက်အပတ်လည်း ကျမ်းစာသင်တန်း ပြန်တက်ချင်တဲ့ဆန္ဒရှိ တယ်။ သူဟာ ကျမ်းစာအုပ်တစ်အုပ်ကို လိုချင်ပြီး ဖတ်ချင်စိတ်တွေ ပေါ်လာတယ်။ ဘုရားသခင်ထံ ဘယ်လိုဆုတောင်းရမလဲဆိုတာ သင်ကြားခံယူလာတယ်။ သူခံစားရတဲ့ အကြောင်းတွေကို သူတစ်ပါးအား ပြောပြလိုတယ်။ ဒီလိုဖြစ်ရတာဟာ သမ္မာကျမ်းစာက

ဖော်ပြထားတဲ့အတိုင်း “ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါသစ်ဖြစ်ခြင်းနှင့် ဒုတိယမွေးခြင်း”ကို ခံယူရရှိပြီးလို့ပေါ့။ သူဟာ လောကအပြစ်လမ်းဟောင်းတွေထဲကနေ တစ်လှမ်းပြီးတစ်လှမ်း ပြန်လှည့်လာပြီး (ရုပ်ပုံမှာ ဖော်ပြထားသည့်အတိုင်း) မိမိအတွက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံလျက် ကယ်တင်ခဲ့တဲ့ ယေရှုခရစ်တော်ရဲ့ နောက် တော်သို့လိုက်လျှောက်ဖို့ သင်ကြားခံယူနေတယ်။ ဒါပေမဲ့ သူဟာ လုံးဝပြီးပြည့်စုံပြီလို့

တော့ မဆိုသာဘူး။ အသစ်သောအကျင့်ရခဲ့ပြီးဖြစ်ပေမဲ့ သူ့မှာ အကျင့်ဟောင်းတွေလည်း ရှိနေသေးတယ်။ အသစ်သောအသက်တာကို စတင်ပြောင်းလဲခဲ့ပေမဲ့ ကလေးငယ် တစ်ယောက်လိုပဲ သူဟာကြီးထွားဖို့ သည်းခံပြီးအချိန်ပေးရန် လိုအပ်ပါတယ်။ စာသားမဲ့ စာအုပ်မှာပါရှိတဲ့ စာမျက်နှာအစိမ်းက တို့တွေအဖို့ ယေရှုခရစ်တော်ကို ကိုးစားပြီးနောက် ကြီးထွားဖို့လိုကြောင်း ပြသနေတယ်။ မြက်ပင်၊ သစ်ရွက်၊ ချုံနွယ်ပေါင်းပင်တွေနဲ့ သစ်ပင် အားလုံးဟာ အစိမ်းရောင်တွေဖြစ်ပြီး ကြီးထွားကြတယ်။ ဒီလိုပဲ သခင်ယေရှုကို ယုံကြည် သူတွေရဲ့ အသက်တာလည်း ကြီးထွားဖို့လိုတယ်။ ဒါပေမဲ့ မြက်ပင်၊ သစ်ပင်တွေဟာ ကြီးထွားဖို့နှေးသလို သခင်ယေရှုကို ယုံကြည်တဲ့ တို့တွေလည်း နှေးကွေးစွာ ရှင်သန်ကြ လိမ့်မယ်။ ဒီအဖြစ်အပျက်ဟာ အချိန်ယူသည်းခံစောင့်ဆိုင်းဖို့လိုတယ်။ ဒါပေမဲ့ Roger

ရဲ့ အသက်တာမှာ အစပြုခဲ့ပြီး သူဟာ လူသစ်ဖြစ်ခဲ့ပြီး အသစ်သောအကျင့်ကိုလည်း ကျင့်လိုခဲ့ပြီ။ ဒါတွေအားလုံးက Roger ကို ပျော်ရွှင်စေခဲ့တယ်။

ရုပ်ပုံ – ၄ “အသစ်သောခွန်အား” ဆရာ/ဆရာမအတွက်- ဤအပိုင်းသည် သင်ခန်းစာ(၃)ကို ပြန်လည်စိစစ် လေ့လာခြင်းဖြစ်သည်။ သင်ခန်းစာ(၃)၏ ရုပ်ပုံ-၁ ကို ပြန်ပြနိုင်ပါသည်။

Roger မှာ ကြီးမားတဲ့ပြဿနာတစ်ခုရှိတယ်။ သူဟာ အသစ်သောအကျင့်ကို ကျင့်လိုကြောင်း၊ ပြောင်းလဲသောသူဖြစ်ကြောင်း သိခဲ့တယ်။ ဒါကြောင့် သူဟာ ထူးခြားတဲ့ သူဖြစ်လိုတယ်။ ဒါပေမဲ့ ခက်ခဲလှကြောင်း သိလာရတယ်။ > လိမ်ညာပြောဆိုခြင်းအကျင့်ကို ငါ ဘယ်လိုဖျောက်ပစ်ရမလဲ။ > ဘော်လုံးကစားတဲ့အခါ ဒေါသကို ငါ ဘယ်လိုချုပ်တည်းနိုင်မလဲ။ > မကောင်းတဲ့ဗီဒီယိုအခွေတွေကို မကြည့်တော့ဘဲ ငါ ဘယ်လိုနေနိုင်ပါ့မလဲ။

ထူးခြားသူဖြစ်လိုပေမဲ့ သူ့မှာ ခွန်အားမရှိကြောင်း တွေ့ရတယ်။ နောက်တစ်ပတ် ကျမ်းစာသင်တန်းမှာ ဆရာက “သခင်ယေရှုက လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံတဲ့ အခါ သူ့သားသမီးတွေကို အပြစ်ရဲ့ကျေးကျွန်ဘဝမှ လွတ်မြောက်စေဖို့နဲ့ အပြစ်ရဲ့ အကျင့်အကြံတွေရဲ့ ချည်နှောင်ခြင်းများကို ဖြတ်တောက်ပြီး သူတို့အသက်တာမှာ အပြစ်ကို အောင်မြင်နိုင်ဖို့ ခွန်အားပေးကြောင်း” ရှင်းပြခဲ့တယ်။ ဆရာက “ကလေးသူ ငယ်တစ်ယောက်ဟာ သခင်ယေရှုကို မိမိရဲ့ ကယ်တင်ရှင်သခင်အဖြစ် ယုံကြည်ကိုးစား တဲ့အခါ ပုဂ္ဂိုလ်တစ်ပါးဟာ သူ့အထဲမှာ ဝင်ရောက်ကိန်းအောင်းပြီး အပြစ်ရဲ့ မကောင်းတဲ့ အကျင့်တွေကို အောင်မြင်နိုင်ဖို့ ခွန်အားပေးလိမ့်မယ်။ ဒီပုဂ္ဂိုလ်ကတော့ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်ပြီး ဘုရားစင်စစ်လည်းဖြစ်တယ်”လို့ ဆက်ပြောပြတယ်။

ဒီပုံမှာ ဖော်ပြထားတဲ့ မိန်းကလေးက သခင်ယေရှုကို မိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်ခဲ့လို့ သန့်ရှင်းသောဝိညာဉ်တော်ဟာ သူမအထဲမှာ ဝင်ရောက်ကိန်းဝပ်တော်မူ တယ်။ နေ့စဉ်နှင့်အမျှ မကောင်းသောအကြံအစည်၊ မကောင်းသောစကားရဲ့ အကျင့် အကြံတွေကို ကျောခိုင်းငြင်းဆန်နိုင်ဖို့ သူမကို ခွန်အားပေးလျက်ရှိတယ်။

ဆရာဖြစ်သူက ဒီခွန်အားကို ဘယ်လိုရရှိခံစားနိုင်ကြောင်း၊ သန့်ရှင်းသောဝိညာဉ် တော်က အပြစ်တွေကို အောင်မြင်နိုင်ဖို့ ဘယ်လိုခွန်အားပေးနိုင်ကြောင်းတို့ကို ဆက် လက်ရှင်းပြခဲ့တယ်။

> သူတို့အထဲမှာ သန့်ရှင်းသောဝိညာဉ်တော် ဝင်ရောက်ကိန်းဝပ်ကြောင်းကို သိရှိဖို့နဲ့

ယုံကြည်ဖို့လိုကြောင်း ၊ > သူတို့အသက်တာမှာ ကြုံတွေ့ရတဲ့ ဘယ်အပြစ်ကိုမဆို အောင်မြင်လိုတဲ့ဆန္ဒရှိဖို့

လိုကြောင်း ၊ > ထိုခွန်အားကို ဘုရားသခင်ထံတော်မှာ ဆုတောင်းခြင်းအားဖြင့် သန့်ရှင်းသောဝိညာဉ်

တော်က သူတို့အား ပေးမဲ့အကြောင်းတွေကို ရှင်းပြခဲ့တယ်။

ဆရာက ဒီလိုဖြစ်နိုင်ဖို့ အချိန်ပေးရမဲ့အကြောင်း၊ စည်းကမ်းရှိရမဲ့အကြောင်း၊ သည်းခံစောင့်ဆိုင်းဖို့နဲ့ ယုံကြည်ခြင်းဖြင့် ဆုတောင်းဖို့လိုကြောင်း ဆက်ရှင်းပြခဲ့တယ်။ ဒီခွန်အားကို သူတို့ကသာ အမှန်တကယ် လိုလားရင် ရရှိနိုင်ဖို့ အဆင်သင့်ရှိကြောင်း ပြောပြခဲ့တယ်။

Roger အဖို့ ဒီအကြောင်းတွေကို ကြားရတာ အရမ်းပျော်ရွှင်ခဲ့တယ်။ ဒါကြောင့် သူ့စိတ်နှလုံးထဲကနေ “ချစ်တော်မူသော ကောင်းကင်ဘုံရှင် အဖဘုရားသခင် သန့်ရှင်း

သောဝိညာဉ်တော်သည် ကျွန်ုပ်အထဲတွင် ရှိနေကြောင်းကို ယုံကြည်ပါ၏။ ကျွန်ုပ်သည် အလွယ်တကူ ဒေါသမထွက်လိုပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အား စိတ် ရှည်စေဖို့နှင့် ကျွန်ုပ်၏လျှာကိုထိန်းချုပ်နိုင်ဖို့ ကူညီမစပါမည့်အကြောင်း တောင်းလျှောက် ပါ၏။ ဤကဲ့သို့ မစခဲ့ခြင်းအတွက် ကိုယ်တော်အား ကျေးဇူးတင်ပါ၏။ အာမင်”လို့ ဆုတောင်းခဲ့တယ်။

အဲ့ဒီနောက် Roger ရဲ့အသက်တာမှာ ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုတွေကို တဖြည်း ဖြည်းချင်းဖြစ်ပေမဲ့ သေချာတွေ့မြင်လာတယ်။ ဒါလည်း သူ အရမ်းပျော်ရွှင်ခဲ့တယ်။

ရုပ်ပုံ – ၅ “အသစ်သောငြိမ်သက်ခြင်း” ဆရာ/ဆရာမအတွက်- ဤအပိုင်းသည် သင်ခန်းစာ(၄)ကို ပြန်လည်လေ့လာ စိစစ်ခြင်းဖြစ်သည်။ သင်ခန်းစာ(၄)၏ ရုပ်ပုံ-၁ ကို ပြန်လည်ပြသနိုင်ပါသည်။

Roger ဟာ သမ္မာထဲမှကျမ်းပိုဒ်အချို့ကို နေ့စဉ် ဖတ်ရှုခဲ့တယ်။ ဒီစာအုပ်က ဘုရားသခင်ရဲ့ အထူးစာအုပ်ဖြစ်ကြောင်း စာအုပ်ထဲမှာပါတဲ့ စကားလုံးတိုင်းဟာ မှန်ကန် ကြောင်းကို သူသိရှိခဲ့တယ်။ ဒါကြောင့်လည်း ဘုရားသခင်က သူ့ကို နေ့စဉ်ဘာပြောလို

တယ်ဆိုတာကို သိချင်တယ်။ တစ်စုံတစ်ယောက်က စာတိုက်မှတစ်ဆင့် မင်းထံသို့ စာပို့ ရင် မင်းဘာလုပ်မလဲ။ ရရချင်း ဖောက်ဖတ်မယ်လို့ ဆရာ/ဆရာမ ယုံကြည်တယ်။

တကယ်လို့ အကြောင်းတစ်ခုခုကြောင့် ဒီစာကို မင်းမဖတ်မိခဲ့ရင် စာရေးပေးတဲ့သူဟာ အလွန်ဝမ်းနည်းမိမှာအမှန်ပဲ။ ဘုရားသခင်က တို့တွေဆီကို စာအရှည်ကြီး ရေးသားခဲ့ တယ်။ အဲ့ဒီစာကတော့ သမ္မာကျမ်းစာဖြစ်ပြီး မင်းနဲ့ ဆရာ/ဆရာမထံ ဘုရားသခင်ထံ မှစာဖြစ်တယ်။ ဒီစာထဲမှာ ဘုရားသခင်က တို့တွေကို ပြောလိုတဲ့အရာတွေကို တို့တွေ မဖတ်ဘဲနေရင် ဘုရားသခင် အရမ်းဝမ်းနည်းမှာပဲ။ ဘုရားသခင်ရဲ့စာက အခြားဘယ်စာ နဲ့မှ မတူဘူး။ လုံးဝထူးခြားတယ်။ ဘာလို့လဲဆိုတော့ စာထဲမှာပါတဲ့စကားလုံးတိုင်းက သစ္စာစကားတွေဖြစ်လို့ပေါ့။ အဲ့ဒီစာထဲမှာ အမှားအယွင်းလုံးဝမရှိဘူး။ ဘုရားသခင်ထံက စကားလုံးတိုင်းကို မင်းမှီခိုအားထားနိုင်တယ်။ အပြည့်အဝယုံကြည်နိုင်ပါတယ်။ ဥပမာဘုရားသခင်ဟာ သမ္မာကျမ်းစာထဲမှာ တို့တွေအဖို့ ကတိတော်များစွာပေးထားတယ်။ > သခင်ယေရှုကို မိမိရဲ့ ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသူတိုင်းကို ဘုရားသခင်က

အပြစ်လွှတ်မယ်လို့ ကတိပြုထားတယ်။ (တမန်၊၁၃၃၆) (ရုပ်ပုံထဲတွင် အဖြူရောင် နှလုံးသားကို ထောင်ပြပါ)။ > ခရစ်တော်ကို ယုံကြည်သူတိုင်းအား ဘုရားသခင်က အသက်တာပြောင်းလဲပေးမယ်

လို့ ကတိတော်ရှိတယ်။ (၂ကော၊၅း၁၇) (မြားကိုထောင်ပြပါ)။ > သန့်ရှင်းသောဝိညာဉ်တော်က သားသမီးတွေဟာ အပြစ်ကိုအောင်မြင်နိုင်ဖို့ မစလိမ့် မယ်လို့ ဘုရားသခင် ကတိတော်ရှိတယ်။ (ရောမ၊၆း၁၄ နှင့် ၈း၄)။ (ချိုးငှက်ပုံကို ထောက်ပြပါ)။

မင်းဟာ အစဉ်အမြဲ ကတိတည်သူဖြစ်ပါသလား။ ရံဖန်ရံခါ ကတိတည်ပြီး တစ်ခါ တစ်ရံမှာတော့ ကတိပျက်တတ်တယ်မဟုတ်လား။ ဒါပေမဲ့ ဘုရားသခင်ကတော့ အစဉ် အမြဲ ကတိတည်တော်မူတယ်။

– “သင်သည် သက်တန့်ကို တွေ့မြင်ရတိုင်း ဤကမ္ဘာကြီးတစ်ခုလုံးကို ရေလွှမ်းမိုးခြင်း မပြုတော့ဘူး”လို့ ဘုရားသခင်ပြုခဲ့တဲ့ကတိတော်ကို သတိရပါ။ (ရုပ်ပုံပါသက်တန့်ပုံကို ထောက်ပြပါ)။

Roger က သူ့ဆရာထံ “သမ္မာကျမ်းစာအကြောင်းနဲ့ ကျမ်းစာထဲမှာ ဘုရားသခင် ပြုတော်မူတဲ့ ကတိတော်တွေအကြောင်းကိုလည်း ကြားခဲ့ရတယ်။

ဘုရားသခင်က အစဉ်အမြဲကတိတည်တော်မူကြောင်း ဆရာရှင်းပြတာကို ကြားရ တဲ့ Roger အဖို့ အထူးပျော်ရွှင်ခဲ့တယ်။ ဒီအကြောင်းအရာတွေဟာ သူ့နှလုံးသားထဲ မှာ ငြိမ်သက်ခြင်းကို ဖြစ်စေတယ်။ ဘုရားသခင်က သူ့ကို အစဉ်စောင့်မကြည့်ရှုပြီး ကယ်တင်ခြင်း ထာဝရအသက်ကို ရရှိမယ်ဆိုတာ သိခဲ့ရပြီ။

သူကယ်တင်ခြင်းရပြီလို့ ဘုရားသခင်က ပြောတယ်။ ဒီအကြောင်းကိုလည်း သူ ယုံကြည်တယ်။ ဒါကြောင့် သူ့နှလုံးသားထဲမှာ ငြိမ်သက်ခြင်းကို ရရှိပြီး အမှန်တကယ်

ပျော်ရွှင်ခဲ့တယ်။

ရုပ်ပုံ – ၆ “အသစ်သောပြဿနာများ” ပြဿနာများ၊ ပြဿနာအသစ်များ တစ်စုံတစ်ယောက်က “ကျွန်ုပ်တို့ ဘယ်လို ပျော်ရွှင်နိုင်ကြောင်း မင်းပြောနေတာကို ကြားရင်၊ ပြဿနာတွေရှိနေရင် ဘယ်လိုပျော် ရွှင်နိုင်မလဲ။ အထူးသဖြင့် အရင်က မကြုံဖူးသေးတဲ့ ပြဿနာတွေနဲ့ တွေ့ကြုံရတဲ့အခါ ဘယ်လိုပျော်ရွှင်နိုင်မလဲ”လို့ မေးကောင်းမေးမိမယ်။ ဆရာ/ဆရာမ အမှန်အတိုင်း

ပြောပြလိုပါတယ်။ မင်းက ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံတာ နဲ့ အံ့ဩဖွယ်ရာအဖြစ်အပျက်များစွာကို ခံစားရမယ်။

အဲ့ဒါတွေကတော့ အသစ်သောအဝတ်အစား၊ အသစ်သောဆန္ဒ၊ အသစ်သော ခွန်အားနဲ့ အသစ်သောငြိမ်သက်ခြင်းတို့ဖြစ်တယ်။ ဒီအဖြစ်အပျက်အားလုံးဟာ မင်းကို အမှန်တကယ် ပျော်ရွှင်နိုင်ဖို့ အထောက်အကူဖြစ်စေမယ်။

ဒါပေမဲ့ Roger အဖို့ ခရစ်တော်ကို ယုံကြည်လက်ခံပြီးနောက် သူအရင်က မတွေ့ကြုံရတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ > သူနဲ့အတူ ဘောလုံးကစားဖော်တွေက သူ ခရစ်ယာန်ဖြစ်သွားတာ ကြားသိရတဲ့အခါ

သူ့ကို နောက်ပြောင်သရော်ခဲ့ကြတယ်။ – သူ့သူငယ်ချင်းတွေထဲမှ တစ်ယောက်ကတော့ သူနဲ့အတူ ညစ်ညမ်းတဲ့ဗီဒီယိုအခွေ

တွေ လိုက်မကြည့်တော့လို့ အလွန်စိတ်ဆိုးဒေါသထွက်ခဲ့တယ်။ ဒီလိုအဖြစ်အပျက် တွေက Roger ရဲ့အသက်တာမှာ ပိုပြီး ခက်ခဲလာစေတယ်။

Roger ဟာ သူ့ကိုယ်သူမပိုင်တော့ဘူးဆိုတာ သဘောပေါက်ခဲ့ပြီးဖြစ်တယ်။ သူက ခရစ်ယာန်တစ်ယောက်မဖြစ်ခင်က အနည်းနဲ့အများ သူ့စိတ်ကြိုက်လုပ်နိုင်ခဲ့တယ်။ ဥပမာ- သူသွားချင်တဲ့နေရာကို သူ့စိတ်တိုင်းကျသွားခဲ့တယ်။ ဒါပေမဲ့ အခုတော့ သူ့ကို အုပ်စိုးတဲ့သခင်အသစ်ရှိနေပြီ။ ယေရှုခရစ်တော်က သူ့ရဲ့ ကယ်တင်ရှင်သာမကဘဲ သခင် လည်းဖြစ်တယ်။ Roger အဖို့ ယေရှုခရစ်တော်ရဲ့ စကားကို နားထောင်ဖို့ သခင်က မျှော်လင့်တယ်။ ဒါဟာ Roger အတွက် လိုက်နာဖို့ အစဉ်မလွယ်ကူကြောင်း တွေ့လာ ခဲ့တယ်။ မှန်ပါတယ်။ Roger အဖို့ ပြဿနာအသစ်တွေနဲ့ ရင်ဆိုင်နေရပြီ။ မင်းလည်း

ယေရှုခရစ်တော်ကို ယုံကြည်လက်ခံရင် ဒီလိုပြဿနာအသစ်တွေနဲ့ တွေ့နိုင်တယ်။ မင်းဟာ ဒီပုံထဲကဖော်ပြထားတဲ့ မိန်းကလေးလို ခရစ်ယာန်တစ်ယောက်အဖို့ ထိခိုက်စေ မဲ့ ညစ်ညမ်းဗီဒီယိုအခွေကြည့်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်ခြင်း၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းတွေကို ငြင်းဆန်နိုင်မယ်။

ဒီအရာတွေက မင်းတို့ကိုလည်း အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် ရှောင်ကြဉ်ဖို့ ၊ သခင်ယေရှုက အလိုတော်ရှိတယ်။

“သို့သော်လည်း”ဆိုတဲ့စကားကြီးနှစ်ခွန်းကို ဆက်လက်ဖော်ပြပေးမယ်။

“သို့သော်လည်း”- သခင်ယေရှုက ဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ မင်းကို မစလို ပြီး သန့်ရှင်းသောဝိညာဉ်တော်က မင်းအထဲမှာ ကိန်းဝပ်နေလို့ ဒီပြဿနာတွေကို အောင် မြင်နိုင်ဖို့ ခွန်အားပေးလိမ့်မယ်။ ဒါကြောင့် ပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမဲ့ မင်း ပျော်ရွှင် နိုင်မယ်။

“သို့သော်လည်း” ဘုရားသခင်က ဒီပြဿနာတွေကို အသုံးပြုပြီး မင်းရဲ့ အသက် တာကြီးထွားစေကာ မင်းကို သခင်ယေရှုနဲ့ ပိုပြီး တူညီလာစေမယ်။ ပြဿနာတိုင်းမှာ ရည်ရွယ်ချက်ရှိပါတယ်။ မင်းက မှန်ကန်တဲ့နည်းလမ်းနဲ့ အသက်တာဟာ သာ၍ခွန်အား နှင့်ပြည့်ဝပြီး တိုး၍ပျော်ရွှင်လာနိုင်မှာဖြစ်တယ်။

ရုပ်ပုံ – ၇ “အသစ်သောအနာဂတ်” ဒါပေမဲ့ သိထားရမှာက မင်းဟာ ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံတဲ့ အခါ အသစ်သောအနာဂတ်ကို ရရှိပိုင်ဆိုင်ခွင့် ရပြီး ဒီလိုနဲ့ ကောင်းမြတ်တဲ့မျှော်လင့်ခြင်းကိုလည်း ခံစားရလိမ့်မယ်။ ။

တို့တွေဟာ တစ်ခုခုကို အစဉ်မျှော်လင့်တတ်ကြတယ်မဟုတ်လား။ နောက်အပတ် မှာ ပြုလုပ်မဲ့ဘော်လုံးပွဲအကြောင်း၊ နွေရာသီအားလပ်ရက်များ၊ ကျောင်းပြီးတော့ စတင် အလုပ်လုပ်နိုင်တဲ့နေ့တွေကို မျှော်လင့်တတ်ကြတယ်မဟုတ်ပါလား။

ဒါပေမဲ့ ခရစ်ယာန်တွေအဖို့ အထူးပျော်ရွှင်ဖွယ်ရာဖြစ်စေမဲ့ မျှော်လင့်ချက်ရှိတယ်။ အခြားအရာအားလုံးထက် ပျော်ရွှင်ဖွယ်ရာကောင်းတဲ့အကြောင်းအရာပေါ့။

သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတဲ့ ထူးမြတ်သောပုံပြင်တစ်ပုဒ်ကို ရှင်လုကာ အခန်းကြီး(၁၀)မှာ ဖော်ပြထားတယ်။

သခင်ယေရှုဟာ သူ့ရဲ့ တပည့်တော်(၇၀)ဦးတို့ကို (၂)ယောက်တစ်တွဲစီ မြို့ရွာအနှံ့ သို့စေလွှတ်ပြီး ထိုအရပ်များရှိလူတွေကို သွန်သင်ဖို့နဲ့ မစဖို့ ခိုင်းတယ်။ အချိန်အတော်

ကြာတဲ့အခါ သူတို့က ဝမ်းမြောက်ဝမ်းသာနဲ့ ပြန်လာခဲ့ကြတယ်လို့ ကျမ်းစာထဲမှာ ဖော်ပြ ထားတယ်။ သူတို့က ဘာလို့ဝမ်းမြောက်ဝမ်းသာဖြစ်လာခဲ့ကြတာလဲ။ သူတို့က အံ့သြဖွယ် ရာ တန်ခိုးနိမိတ်လက္ခဏာများ ဖြစ်ပျက်ကြတာကို တွေ့မြင်ခဲ့ရတယ်။ သခင်ယေရှု၏ နာမတော်၌ သူတို့တရားဟောတဲ့၊ သွန်သင်တဲ့အခါ စာတန်မာရ်နတ်တွေကို အောင်နိုင် ခဲ့ကြတယ်။ သူတို့ရဲ့ အမှုတော်မြတ်မှာ အောင်မြင်ပြီး လူအများကို မစခဲ့ရလို့ သူတို့ အထူးပျော်ရွှင်ခဲ့ကြတယ်။ တို့တွေလည်း သခင်ယေရှုရဲ့ အစေကိုခံခြင်းနဲ့ နာမတော်၌ အခြားသူတွေကို မစခွင့်ရရင် ပျော်ရွှင်မှုကို ခံစားကြရမှာဖြစ်တယ်။

ဒါပေမဲ့ သခင်ယေရှုက သူတို့ကို “မှန်ပါတယ်။ ဒီအမှုတွေကြောင့် သင်တို့ဟာ ဝမ်းမြောက်ကြတာ ကောင်းပါတယ်။ ဒါပေမဲ့ ဒီအရာများထက် ပိုပြီး ဝမ်းမြောက်ဖွယ်ရာ ရှိသေးတယ်။ သင်တို့ကို သာ၍ဝမ်းမြောက်စေလိမ့်မယ်။ ဝမ်းမြောက်ခြင်းရှိကြလော့” လို့ မိန့်တော်မူခဲ့တယ်။ ဘာလို့လဲဆိုတော့ တို့ရဲ့ နာမည်တွေဟာ ကောင်းကင်စာရင်း၌ ဝင်ပြီးဖြစ်တယ်။

သူတို့အဖို့နဲ့ တို့တွေအဖို့ အပါအဝင် အကြီးမြတ်ဆုံးသော ဝမ်းမြောက်ဖွယ်ရာ သတင်းစကားကတော့ တို့တွေ သေဆုံးချိန်မှာ သခင်ယေရှုနဲ့အတူ ကောင်းကင်ဘုံမှာ အတူတကွ နေထိုင်ရမှာကို သိရခြင်းပဲ။ (ဤပုံတွင် မြင်ရသည့်အတိုင်းဖြစ်သည်။) သခင် ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ရင် တို့တွေရဲ့ အမည်တွေလည်း ထိုအရပ် မှာ ထည့်သွင်းထားပြီး တစ်နေ့ကျရင် အဲ့ဒီအရပ်မှာ နေရမယ်။ ဒီအချက်ကလည်း တို့တွေအဖို့ အမှန်တကယ် ပျော်ရွှင်စေပါတယ်။ အနာဂတ်ကာလနဲ့ သေခြင်းတရားတို့ အတွက်တောင် တို့တွေ ပူပင်ဖို့ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ တို့တွေဟာ ထာဝရ အသက်ရှင်ခွင့်ရမှာဖြစ်လို့ပေါ့။ သခင်ယေရှုကို မင်းယုံကြည်ကိုးစားရင် မင်းရဲ့ အတွင်းလူ က ဘယ်တော့မှ သေဆုံးမှာမဟုတ်ဘူး။ မင်းဟာ ယေရှုခရစ်တော်နဲ့အတူ ကောင်းကင် ဘုံမှာ ထာဝရခံစားရမယ်။ သားတို့သမီးတို့အထဲက တစ်ယောက်ယောက်ဟာ သခင် ယေရှုကို မယုံကြည်ရသေးပေမဲ့ အခု အမှန်တကယ် ယုံကြည်လက်ခံလိုတဲ့သူ ရှိကောင်း ရှိနိုင်တယ်။ မင်းက အမှန်တကယ် ပျော်ရွှင်မှုကို ခံစားလိုပြီး၊ ကောင်းကင်ဘုံရောက်ဖို့ သိချင်လိမ့်မယ်။ ဒါပေမဲ့ ဘာလုပ်ရမှန်းတိတိကျကျမသိဘဲ ဖြစ်နေရင် ဆရာ/ဆရာမက ဝမ်းမြောက်စွာနဲ့ တွေ့ဆုံဆွေးနွေးပြီး မင်းကို ကူညီမစချင်တယ်။ မင်းလည်း ဒီအကူအညီ ကို လိုချင်ရင် အခြားကလေးတွေ ထွက်သွားပြီးတဲ့အခါ မင်းရဲ့ ထိုင်ခုံမှာပဲ ထိုင်နေခဲ့ နော်။ ဒီလိုထိုင်နေတာကို တွေ့တဲ့အခါ မင်းဟာ ဆရာ/ဆရာမနဲ့ တွေ့ဆုံဆွေးနွေးလို ၊ကြောင်း ဆရာ/ဆရာမ သိနိုင်မယ်။

ရုပ်ပုံ – ၈ “တို့တွေ အစဉ်ထာဝရအသက်ရှင်လိမ့်မယ်” သခင်ယေရှုကို ယုံကြည်သူ ယောက်ျားလေး၊ မိန်းကလေးတိုင်းဟာ ထာဝရ အသက်ရှင်လိမ့်မယ်။ ယောက်ျားလေးတစ်ယောက် ဒါမှမဟုတ် မိန်းကလေးတစ်ယောက် ဟာ သခင်ယေရှုကို ယုံကြည်ကိုးစားရင် ထာဝရအသက်ကိုရ၏လို့ သမ္မာကျမ်းစာက ဖော်ပြထားတယ်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌ တပါး တည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏” (ယော၊၃း၁၆)။

ထာဝရအသက်ဆိုတာ အဆုံးမရှိတဲ့ အသက်တာဖြစ်တယ်။ ဒီအသက်က ကာလ အစဉ်မပြတ် ဆက်လက်ရှင်နေတာကို ဆိုလိုတယ်။ မင်းဟာ ထာဝရအသက်ရရှိမှာ သိပါသလား။ သခင်ယေရှုက မင်းကို ဒီနေ့ပဲ အဲ့ဒီထာဝရအသက်ကို ပေးလိုတယ်။ မင်းဟာ သခင်ယေရှုကို ယုံကြည်ကိုးစားပြီးသူ ဖြစ်ပြီလား။ မင်းရဲ့ အမည်စာရင်းဟာ

ကောင်းကင်စာရင်းမှာ ပါဝင်ပြီးပြီလား။ မင်း သေဆုံးတဲ့အခါ ကောင်းကင်ဘုံသို့ ရောက်မှာကို

ယုံကြည်စိတ်ချမှုရပြီလား။

Roger က ဖော်ပြပါကျမ်းပိုဒ်ကို ပထမဦးဆုံးအကြိမ် ဖတ်ရှုခဲ့ရတဲ့အခါ သူ့အဖို့ အထူးပျော်ရွှင်ခဲ့ရတယ်။ သူဟာ သေခြင်းတရားကို အစဉ်ကြောက်ရွံ့သူဖြစ်ပြီး အနာဂတ် ကာလအတွက် မသေမချာဖြစ်နေခဲ့တယ်။ အခုတော့ သူ ကြောက်ရွံ့စိုးရိမ်ဖို့ မလိုတော့ ဘူး။ ဘုရားသခင်က သူ့ကို ထာဝရအသက်ပေးပြီးဖြစ်ကြောင်း သူစိတ်ချခဲ့ပြီ။

ယေရှုခရစ်တော်ကို မင်းယုံကြည်လက်ခံတဲ့ တဒင်္ဂအတွင်းမှာပဲ ဒီထာဝရအသက် ကို အစပြုရရှိခံစားရတယ်။ မင်းရဲ့ ကိုယ်ခန္ဓာဟာ သေရမှာဖြစ်ပြီး မြှုပ်နှံသဂြိုဟ်ခြင်းခံရ မယ်။ (ရုပ်ပုံတွင် ဖော်ပြထားသည့်အတိုင်း)။ ဒါပေမဲ့ မင်းရဲ့ အတွင်းလူကတော့ ဘယ်တော့မှ သေမှာမဟုတ်ဘူး။ မင်းရဲ့ကိုယ်ခန္ဓာဟာ သေဆုံးချိန်မှာ အတွင်းမှာရှိတဲ့ ဝိညာဉ်က ချက်ချင်းပဲ ကောင်းကင်ဘုံသို့ရောက်ရှိပြီး အဲ့ဒီနေရာမှာ အစဉ်ထာဝရနေရ မယ်။ (ရုပ်ပုံတွင်မြင်ရသည့်အတိုင်း)။ ထို့နောက် သခင်ယေရှု တစ်ဖန် ပြန်လည်ကြွဆင်း လာတဲ့အခါ (ပုံတွင်ပါသည့်အတိုင်း) မင်းရဲ့ ခန္ဓာကိုယ်ကို သင်္ချိုင်းတွင်းကနေ ထမြောက် စေပြီး စုံလင်တဲ့ ခန္ဓာကိုယ်အသစ်နဲ့ ပြန်ရှင်စေပြီး (ပုံတွင်ပါသည့်အတိုင်း) ကောင်းကင်ဘုံ မှာ ရောက်ရှိတဲ့ မင်းရဲ့ ဝိညာဉ်က အဲ့ဒီ ခန္ဓာကိုယ်အသစ်မှာ ဝင်ရောက်အသက်ရှင်ပြီး ကာလအစဉ်မပြတ် အသက်ရှင်ခွင့်ကို ရရှိမယ်။

> မျက်ရည်ကျခြင်းမရှိ၊ > သေခြင်းမရှိ၊ > ဖျားနာခြင်းမရှိ၊ > ပြဿနာမရှိ၊ > အပြစ်မရှိ၊

စုံလင်ပြည့်ဝတဲ့ပျော်ရွှင်ဝမ်းမြောက်ခြင်းနဲ့ ကာလအစဉ်တည်နေမှာဖြစ်တယ်။ ဒါဟာ လူအပေါင်းတို့အတွက် ပျော်ရွှင်ဖွယ်ရာ မဟုတ်ဘူးလား။ Roger အဖို့ အမှန်ပင် အထူးပျော်ရွှင်စေပါတယ်။ မင်းလည်း ပျော်ရွှင်နိုင်ပါတယ်။

မင်းဟာ ယေရှုခရစ်တော်ကို ယုံကြည်ကိုးစားရင် ဒီနေ့ပဲ စိတ်ချနိုင်ပြီ။ မင်းဟာ အစဉ်အမြဲ အသက်ရှင်ခွင့်ရမယ်။

သမ္မာကျမ်းစာက “ယေရှုခရစ်တော်ကို ယုံကြည်သောသူအပေါင်းတို့သည် ထာဝရအသက်ကိုရ၏”လို့ ဖော်ပြထားတယ် (ယော၊၃း၁၆)။ သခင်ယေရှုကို မင်းအခုပဲ “ချစ်စွာသောသခင်ယေရှုဘုရား၊ ကျွန်ုပ်ကို ကယ်တင်ဖို့ ကိုယ်တော်အား ယုံကြည်ကိုးစား ပါပြီ။ ကျွန်ုပ်ကိုယ်ကို ကိုယ်တော်၏လက်သို့ အပ်နှံပါ၏။ ကိုယ်တော်ကို ကျွန်ုပ်၏ ကယ်တင်ရှင်အသက်သခင်အဖြစ် ယခုမှစ၍ ကာလအစဉ်အဆက် ယုံကြည်လက်ခံပါပြီ” လို့ ပြောလိုက်ပါ။ ထိုခဏချင်းမှာ သခင်ယေရှုက မင်းကို ကယ်တင်ပြီး ကာလအစဉ် မပြတ် ထာဝရတည်တဲ့အသက်ကို အမှန်တကယ် ပေးမှာဖြစ်တယ်။

Questions, questions and more questions! How easy and normal it is for boys and girls to question what has been told them or what they have read or seen. They are much more naturally inquisitive than adults. Most people who teach or instruct children encourage their questions, especially questions about eternal and spiritual things, because teachers and evangelists see the questions as the first fruits of their ministry. What a wonderful experience and privillege to be able to instruct children who are usually so willing to listen and learn!

In this book Sam Doherty takes five of the most important questions any child might ask, and answers them with clarity and simplicity. This series of lessons is the practical application of the teaching given in the book “How to Teach Bible Doctrines to Children”. More lessons will follow at a later date. The visuals, which accompany this book. will help you explain the truths as well as hold the attention of the children.

You will find this to be an excellent tool to help you teach doctrine to children whenever you have the opportunity. May God bless you and help you to answer the questions of your boys and girls,

Child Evangelism Fellowship® Ine.

Specialized Book Ministry Assisting Children’s Evangelists Worldwide

Leave a Reply

Your email address will not be published. Required fields are marked *