သောမတ်(စ်)Limbu
အသင်းတော်တွင်းကန့်သတ်
မာတိကာ
စာရေးသူ၏အမှာ
၁။ ပိုလီကာရ်ပိုးစ် ၁၉။ဒီအဲလ်မိုးဒီ
၂။ဂျပ်စတင်မားတား ၂၀။ဘီလီဂရေဟမ်
၃။တာတုလျှံ ၂၁။ပေါလ်ယွန်ဂီချူး
၄။ပဲရ်ပက်တိုးဝါ
၅။ဩရီဂင်
၆။ယူးလ်ဖီးလားစ်
၇။ဂျေရုမ်း
၈။ဩဂုတ်စတင်း
၉။ပက်ထရိုက်
၁၀။ဘွန်နီဖေးစ်
၁၁။အစီစီမှဖရန်စီးစ်
၁၂။ရေးမွန်လိုးလ်
၁၃။ဂျွန်ဝိုင်းကလီးဖ်
၁၄။မာတင်လူသာ
၁၅။ဝီလျှံတိုင်းဒေးလ်
၁၆။ဝီလျှံကယ်ရီ
၁၇။ဒေးဗစ်လီးဗင်းစတုန်း
၁၈။ဟတ်ဆန်းတေလား
သာ့သနာသူရဲကောင်းများ၏အတ္ထုပ္ပတ္တိ
စာရေးသူ၏အမှာ
ဤစာအုပ်တွင် ခရစ်ယာန်သာသနာ၌ အသက်ထက်ဆုံး ပါဝင်ဆက်ကပ်ခဲ့ကြသော ခေတ်အဆက်ဆက်ရှိ ပုဂ္ဂိုလ်အချို့တို့၏ အတ္ထုပ္ပတ္တိများကို ရေးသားဖော်ပြထားပါသည်။ ထိုပုဂ္ဂိုလ်များသည် မိမိတို့၏အသက်ကိုပင် ပဓါနမထားပဲ တခြားတိုင်းတပါးတွင် သာသနာပြုခြင်းအားဖြင့် သော်လည်းကောင်း၊ မိမိတို့၏ ယုံကြည်ခြင်း၌ မည်သည့်အရာကမှမယိုင်လဲစေနိုင်ပဲ မာတုရအနေဖြင့် အသေခံခြင်းအားဖြင့် သော်လည်းကောင်း၊ အသက်အန္တရာယ်ကြား၌ပင် စာအုပ်၊ စာပေများ ရေးသားခြင်း၊ကျမ်းစာများ ဘာသာပြန်ခြင်းအားဖြင့် သော်လည်းကောင်း စသည်ဖြင့်မိမိတို့၏ အသက်တာ တစ်ခုလုံးပုံအပ်ပြီး နည်းလမ်းပေါင်းစုံဖြင့်သာသနာ့အမှု၌ ရဲရဲဝံ့ဝံ့ သစ္စာရှိစွာ ပါဝင်ဆက် ကပ်ခဲ့ကြသောကြောင့်
“သာသနာ့ သူရဲကောင်းများ” ဟူပြီး နာမည် ပေးထားပါသည်။
ဤစာအုပ်ရေးသားရသည့် ရည်ရွယ်ချက်မှာ ထိုပုဂ္ဂိုလ်များ၏အတ္ထုပ္ပတ္တိကို ဖတ်ရှုခြင်းအားဖြင့် ယနေ့ယုံကြည်သူ ခရစ်ယာန်များသည်လည်း သာသနာ့စိတ်ပြန်ပြီး နိုးကြားလာနိုင်ဖို့ရန် ရည်ရွယ်ထားပါသည်။အကယ်စင်စစ် ထိုပုဂ္ဂိုလ်များသည် ယနေ့ယုံကြည်သူများနှင့် အလွန်ခြား
နားသောသူများမဟုတ်ကြပေ။ အလွန်ပြည်စုံသော သူများလည်း မဟုတ်ကြပါ။ ထိုသူတို့၌ တောက်လောင်နေသော သာသနာ့ စိတ်ဓါတ်များ ရှိနေခြင်းကြောင့်သာ အောင်မြင်မှု၊ ဆုံးရှုံးမှုကို ပဓါနမထားပဲ သာသနာ့အမှုအတွက် အစွမ်းရှိသမျှ ပါဝင်ဆက်ကပ်သော သူများဖြစ်ကြပါသည်။
သို့သော် ဤစာအုပ်တွင် ထိုပုဂ္ဂိုလ်များ၏ အားသာချက် (သို့) ကောင်းကွက် များကိုသာ ရွေးပြီးရေးသားထားခြင်းမဟုတ်ပဲ ထိုသူတို့၏ အားနည်းချက်များကိုပါ ထည့်ပြီး ပြုစုရေးသား ထားပါသည်။ဤစာအုပ်ကို ဖတ်ရှုသောသူတိုင်းသည် သာသနာ့စိတ်ဓါတ် တိုးပွားလာပြီး
မိမိတို့နှင့် သက်ဆိုင်သော နေရာများတွင် သာသနာ့အမှုကို အသက်ထက်
ဆုံးပါဝင်ဆက်ကပ်သောသူများဖြစ်နိုင်ကြပါစေ….
မေတ္တာမွန်ဖြင့်
သောမတ်(စ်) Linbu
နေပါလီ နှစ်ခြင်း အသင်းတော်
ဒ/၇၀၊ ရပ်ကွက်ကြီး (ရ)
အနော်ရထာလမ်း
ပြင်ဦးလွင်မြို့
ပိုလီကာရ်ပိုးစ် ( Polycarp )
(အေဒီ ၆၉-၁၅၅ )
ပိုလီကာရ်ပီုးစ်သည် ဘယ်ပုံဘယ်နည်း ခရစ်ယာန်ဖြစ်လာသည်ကိုတိတိကျကျ မသိနိုင်သော်လည်း ဒုတိယရာစုနှစ်ဦးပိုင်းတွင် သူသည်စမားရ်နား (Smyrna) တွင် ဘုန်းတော်ကြီး (Bishop) အနေဖြင့် နှစ်ပေါင်းများစွာ လုပ်ဆောင်ခဲ့သည် ဟုယူဆခဲ့ကြသည်။ F .F. Bruce ဆိုသူက
“ပိုလီကာရ်ပိုးစ်က ကြည်ညို ထိုက်သောသူ၊ ငယ်ရွယ်စဉ်အခါ၌ ခရစ်တော်၏အချစ်ဆုံးတပည့် ဖြစ်သော ရှင်ယောဟန်၏ ခြေတော်ရင်း၌ ထိုင်သောသူ” ဟုဆိုခဲ့သည်။ ထို့ကြောင့် သူသည် တမန်တော်ခေတ် တွင်နောက်ဆုံးတမန်တော်ဟူ၍ အဆိုရှိခဲ့သည်။
ပိုလီကာရ်ပိုးစ်သည် အာရှမိုင်းနားတလျှောက်ရှိနတ် ကိုးကွယ်သော သူတို့ကြား၌ သာသနာပြုခဲ့ပြီး၊ သူ့အား ဘုရားမဲ့ဝါဒ (Atheist)ကို စွဲကိုင်သူ၊ ထိုသူတို့၏ နတ်ဘုရားများကို ဖျက်ဆီးသူဟူ၍ လူသိရှင်ကြားရှုတ်ချခြင်းခံရသော သူလည်းဖြစ်သည်။ ထို့အပြင် ပိုလီကာရ်ပိုးစ်သည်
နတ်ဘုရားကိုးကွယ်သောသူတို့အား ခရစ်တော်၏ သွန်သင်ချက်များနှင့်နမိတ်လက္ခဏာ အကြောင်းများကို ဟောပြောခဲ့ရာ ထိုသူတို့အား စိတ်ပျက်ခြင်းကိုသာ ဖြစ်စေခဲ့သည်။ သူရေးသားခဲ့သော စာများသည်လည်း ထိုသူတို့အား ဒေါသကို ဆွပေးသလိုသာ ဖြစ်စေခဲ့သည်။ ထိုသို့ သူရေးသားခဲ့သောစာများတွင် မပျောက်မပျက်ပဲ ကျန်ရှိခဲ့သော တစ်ခုတည်းသော စာစောင်
သည် ဖိလ္လိပ္ပိအသင်းတော်ကို ရေးသားခဲ့သော စာစောင်ပင်ဖြစ်သည်။
အေဒီ ၁၅၆ ခုနှစ်တွင် အာရှနိုင်ငံတလျှောက် ခရစ်တော်ကို ဆန့်ကျင်သောသူ (Anti-Christian) တို့သည် ယုံကြည်သူများအား ညှဉ်းပန်းနှိပ်စက်ခြင်း စတင်ပေါ်ပေါက်ခဲ့သည်။ ထိုကဲ့သို့ကြုံတွေ့သောအခါ ရင့်ကျက်သော ပိုလီကာရ်ပိုးစ်သည် ခရစ်တော်အတွက် သေခြင်းကို မကြောက်ရွံ့သော်လည်း၊ သူ၏သူငယ်ချင်း ယုံကြည်သူ အချို့တို့၏ တောင်းပန်မှုကြောင့် လူသူမရှိသော နေရာဖြစ်သော သူ၏အချို့သော သူငယ်ချင်းများပိုင်ဆိုင်သော လယ်ယာများရှိ မြက်ခြောက်ရှိသော နေရာတစ်ခုတွင် ပုန်းရှောင်နေခဲ့သည်။ သူ့ကိုလိုက်ရှာနေကြသော ရဲများသည် ပထမလယ်ယာ
သို့ရောက်ရှိပြီး ကျွန်တစ်ယောက်ကို ဖမ်းမိကာ ပိုလီကာရ်ပိုးစ် ဘယ်မှာရှိကြောင်းကို သိချင်ကြသောကြောင့် သူ့ကိုညဉ်းပန်းနှိပ်စက်ပြီး မေးမြန်းခဲ့ကြသည်။
ပိုလီကာရ်ပိုးစ်သည် ထွက်ပြေးဖို့ရန် အချိန်လုံလုံလောက်လောက်
ရရှိခဲ့သော်လည်း မထွက်ပြေးတော့ပဲ “ဘုရားရဲ့ အလို အတိုင်းသာ ဖြစ်ပါ” ဟုဆိုကာ ပုန်းနေသောနေရာမှထွက်လာခဲ့ပြီး သူ့ကိုဖမ်းဖို့ရန်လာသော သူတို့အား အစာအဟာရကိုပင် ကျွေးခဲ့သည်။ ထို့နောက် ပိုလီကာရ်ပိုးစ်သည် တစ်ဦးတည်း တစ်နာရီခန့် ဆုတောင်းနိုင်ဖို့ရန် သူ့ကို
လာဖမ်းသော ရဲများအား တောင်းဆိုခဲ့ပြီး နှစ်နာရီ ကြာခန့်မျှ ဆုတောင်းခဲ့ သည်။
ပိုလီကာရ်စ်ကို ဖမ်းဆီးသော ရဲအချို့ကမူ ထိုကဲ့သို့ကောင်းမြတ်သောအဘိုးအိုကြီးအား ဖမ်းဆီးချုပ်နှောင်ခြင်းအတွက် စိတ်မကောင်းဖြစ်ခဲ့ကြသည်။ သူ့ကိုဖမ်းဆီးပြီး စမားရ်နား (Smyrna) သို့အပြန်လမ်းတွင်ရဲအရာရှိတစ်ယောက်ကလည်း သူ့အား “သခင် စီဇာဟုခေါ်ပြီးတော့
အမွှေးတိုင်နှင့် စီဇာဘုရင်ကို ပူဇော်ပသပြီး မင်းကိုမင်း ကယ်ဖို့ရန် ဘာခက်လို့လဲ” ဟုဆိုကာ ပိုလီကာရ်ပိုးစ်၏ စိတ်ကို ပြောင်းလဲစေချင်သောစိတ်ဖြင့် ကြိုးစားခဲ့သေးသည်။ သို့သော်ပိုလီကာရ်ပိုးစ်က “ငါမလုပ် နိုင်ဘူး”ဟူ၍ ရိုးရိုးလေး အဖြေပေးခဲ့သည်။ ထို့နောက် ပိုလီကာရိပိုးစ်သည် ဒေါသထွက်ပြီး ရုန်းရင်းခတ်နေသော လူထုများ စုဝေးရာ လူသတ်ကွင်း (Arena)
သို့ရောက်ရှိခဲ့ရာ သူ့ အားလေးစားဟန်ရှိသော ရောမဘုရင်ခံနယ်စား တစ်ဦးက အောက်ပါ အတိုင်း ပြောခဲ့သည်။ “မင်းရဲ့ အသက်အရွယ်ကို ငဲ့ညှာလောက်ထားသောအနေနှင့် စီဇာဘုရင်ရဲ့ ကံကြမ္မာကောင်းမြတ်ဖို့ အတွက်ကျိန်ဆိုခြင်းကိုပြုပါ. . မင်းရဲ့ စိတ်ကို ပြောင်းလိုက်ပါ။ ပြီးမှ “ဘုရားမဲ့ဝါဒရှိသောသူများနှင့် ဝေးဝေးနေပါ” ဆိုပြီး လူထုအားပြောပါ”..စသည်ဖြင့် ပိုလီကာရ်ပိုစ်အား လွတ်စေချင်သော သဘောဖြင့် ပြောစေခဲ့ပါသည်။ (ထိုအချိန်အခါ၌ ယုံကြည်သူများသည် ရုပ်တုဆင်းတု များကိုမကိုးကွယ်ခဲ့ကြသောကြောင့် ဘုရားမဲ့ဝါဒကို စွဲကိုင်သူများဟူ၍ ထင်မှတ်
ခဲ့ကြသည်)။
ထိုအခါ ပိုလီကာရ်ပိုးစ်သည် သူ့ကိုပြောင်လှောင်နေသော လူထုကြီးကိုကြည့်ပြီး ဝမ်းနည်းစွာ လက်ကိုလည်းဝှေ့ရမ်းလျက် “ဘုရားမဲ့ဝါ(Athesim) ရှိသူများ နှင့်ဝေးဝေးနေပါဟု ငါပြောရမှာလား” ဟု ကောင်းကင်ယံကို ကြည့်ရင်း အော်ငိုပြီး ပြောခဲ့သည်။ ထိုအခါ ရောမဘုရင်ခံကဆက်လက်ပြီး ပိုလီကာရ်ပိုးစ်အား “ခရစ်တော် ကိုကျိန်ဆိုပါ၊ ငါမင်းကိုလွှတ်မယ်” ဟုဆိုကာ စသည်ဖြင့် ပိုလီကာရ်ပိုးစ်၏ အသက်ကိုကယ်ဖို့ရည်ရွယ်ခဲ့သည်။သို့သော် ပိုလီကာရ်ပိုးစ်သည် ခိုင်ခိုင်မာမာ မတ်တပ်ရပ်ကာအောက်ပါအတိုင်း တည်ငြိမ်စွာ တုံ့ပြန်ခဲ့သည်။ “ငါဟာ ခရစ်တော်ကို ရှစ်ဆယ်ခြောက်နှစ်တိုင်တိုင် အစေခံခဲ့တယ်။ ဒါပေမဲ့ ခရစ်တော်ဟာငါ့အပေါ်မှာ တစ်ခါမှ မကောင်းဒါ မလုပ်ခဲ့ဖူးဘူး.. ဒါ့အပြင် ငါ့ကိုကယ်တင်ခဲ့တဲ့ ငါ့ရဲ့ အရှင်သခင်ကို ငါဘယ်လို ပြစ်မှားနိုင်မလဲ” ဟုပြောခဲ့
သည်။ ထို့နောက် ဘုရင်ခံနယ်စားသည် ပိုလီကာရ်ပိုးစ်အား သားရိုင်းတရိစ္ဆာန် ရှိသောနေရာတွင် ပစ်ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။ သို့သော်ပိုလီကာရ်ပိုးစ်သည် မကြောက်ရွံ့သောကြောင့် မီးဖြင့်ပြန်ပြီးခြိမ်းခြောက်ခဲ့သည်။ သို့သော် ပိုလီကာရိပိုးစ်သည် ဘုရင်ခံနယ်စားအား အောက်ပါ
အတိုင်း ဆက်လက်ပြီး တုံ့ပြန်ခဲ့သည်။ “လူကြီးမင်းငါ့ကို ခြိမ်းခြောက်တဲ့မီးကတော့ တစ်နာရီလောက် လောင်ကျွမ်းပြီး ငြိမ်းသွားလိမ့်မယ်။ ဒါပေမဲ့နောက်လာမဲ့ အချိန်ကာလမှာ တရားစီရင်မဲ့ မီးကတော့ ထာဝရဖြစ်လိမ့်မယ်” ဟု တုံ့ပြန်ခဲ့သည်။ ဘုရင်ခံနယ်စားသည် အံ့ဩသွားပြီး ပိုလီကာရ်
ပိုးစ်၏ယုံကြည်ခြင်းသည် အလွန်ခိုင်မာကြောင်း မြင်တွေ့သောအခါ ပိုလီကာရ်ပိုးစ်သည် ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း ဝန်ခံခဲ့ပြီ ဟုလူထုရှေ့၌သုံးကြိမ် ကြေငြာခဲ့သည်။ ထိုအခါ လူသတ်ကွင်းတွင်ရှိသော လူထုပရိတ်သတ်ကြီးသည် ပိုလီကာရ်ပိုးစ်အား အရှင်လတ်လတ်မီးရှို့ခြင်း ခံထိုက်ကြောင်း အော်ဟစ်ခဲ့ကြသည်။ထို့နောက်ဘုရင်ခံနယ်စားသည် ပိုလီကာရ်ပိုးစ်အား အရှင်လတ်
လတ်မီးရှို့ရန် အမိန့်ပေးခဲ့သည်။ ထိုသို့ဖြင့် ပိုလီကာရ်ပိုးစ်အား တိုင်တွင်ကြိုးဖြင့် ချည်နှောင်ခဲ့ကြပြီးနောက် ပိုလီကာရ်ပိုးစ်သည် နောက်ဆုံး ဆုတောင်းပဌနာပြုပြီး အာမင်ဟု အဆုံးသတ်သတ်ချင်း သူ့အား မီးရှို့ သတ်ခဲ့ကြသည်။ ထိုအချိန်၌ရှိသော မျက်မြင်သက်သေတစ်ဦး၏ အဆိုအရ ပိုလီကာရိပိုးစ်၏ ခန္ဓာကိုယ်သည် မလောင်ကျွမ်းပဲ ရွှေနှင့် ငွေကို မီးထဲ၌
ကြေးချွတ်သလိုမျိုး ဖြစ်သည်ဟု ဆိုခဲ့သည်။ မီးထဲမှ ထွက်လာသောအနံ့အသက်သည်လည်း မွှေးကြိုင်သော အမွှေးတိုင်ကဲ့သို့ စွဲမက်ဖွယ်ဖြစ်ကြောင်းနှင့် သူ့ကိုဓါးဖြင့် ထိုးသောအခါ သူ၏ခန္ဓာမှ စီးလာသောအသွေးသည် မီးကိုငြိမ်းသတ်စေသည် ဟုဖော်ပြခဲ့သည်။ ထိုသို့ဖြင့် ပိုလီ
ကာရ်ပိုးစ်သည် အေဒီ ၁၅၅ ခုနှစ်တွင် မာတုရအနေဖြင့် သေဆုံးသွား ခဲ့သည်။
“လူကြီးမင်းက ငါ့ကိုခြိမ်းခြောက်တဲ့မီးကတော့ တစ်နာရီလောက် လောင်ကျွမ်း ပြီးငြိမ်းသွားလိမ့်မယ်။ ဒါပေမဲ့ လာမယ့် အချိန်ကာလမှာ တရားစီရင်မဲ့ မီးကတော့ ထာဝရဖြစ်လိမ့်မယ် “
ပိုလီကာရ်ပိုးစ်
ဂျပ်စတင်မားတား ( Justin Martyr )
( အေဒီ ၁၀၀ – ၁၆၅ )
ဂျပ်စတင်မားတားသည် ဒုတိယရာစု နှစ်ဦးပိုင်းတွင် ပါလက်စတိုင်းဒေသရှိ ဂရိ မိဘနှစ်ပါးမှ မွေးဖွားခဲ့သူဖြစ်သည်။ သူသည် စာပေအရေးအသားနှင့် အဟောအပြော ကျွမ်းကျင်မှုပညာ (Rhetoric)၊ ကဗျာ (Po-etry) နှင့် သမိုင်း (History) စသည့်တို့ကို ကောင်းမွန်စွာ လေ့လာ ဆည်းပူးခဲ့သည်။ ထို့အပြင် သူသည် အလက်ဇန္ဒားနှင့် ဧဖက်မြို့များတွင် ရှိသောဒဿနိကကျောင်းများတွင်လည်း ပညာဆည်းပူးခဲ့သည်။ဂျပ်စတင်သည် အစပိုင်းတွင် ဂရိအတွေးအခေါ် ပညာရှင် စတိုး
ယစ်ဝါဒ (Stoicism) ကိုလေ့လာခဲ့သော်လည်း ဘုရားသခင် အကြောင်းနှင့်ပတ်သက်ပြီး အသိပညာ လုံးဝတိုးတက်မှုမရှိသောကြောင့် သူသည် စိတ်ပျက်ခဲ့ရသည်။ ထို့နောက် အာရီးစ်တိုဘာလ် (Aristotle) နှင့် ပိုက်သာဂိုရပ်စ် (Pythagoras) စသည်တို့၏ သင်ကြားချက်များကိုလည်း လေ့လာ
ဆည်းပူးခဲ့သည်။ ထို့အပြင် ပလေတို၏ဝါဒ ( Platonism) ကိုလည်းလေ့လာခဲ့ပြီး စသည်ဖြင့် သမ္မာတရားကို ရလိုရငြားဖြင့် ကြိုးစားရှာဖွေခဲ့သည်။ ဂျပ်စတင်သည် ဧဖက်မြို့ ၌နေစဉ် ခရစ်ယာန်များ၏ မကြောက်မရွံ့မယိမ်းမယိုင်ပဲ သူတို့၏ ယုံကြည်ခြင်း၌ သစ္စာရှိစွာ မာတုရအနေဖြင့် အသေခံကြခြင်းကို သူ၏စိတ်တွင် စွဲမြဲစေခဲ့သည်။
တနေ့သော အချိန်တွင် ဂျပ်စတင်သည် ကမ်းခြေတွင်လမ်းလျှောက်နေစဉ် အသက်အရွယ် ကြီးရင့်သော ခရစ်ယာန် တစ်ယောက်နှင့်တွေ့ဆုံခဲ့ရာ ထိုသူက ရှေးပရောဖက်များ၏ ပရောဖက်ပြုခြင်းသည်ခရစ်တော်၌ ပြည့်စုံကြောင်း၊ ဘုရားသခင်သည် သူ့ကိုယ်သူ မည်ကဲ့သို့
သော ဘုရားဖြစ်ကြောင်းကို ခရစ်တော်အားဖြင့် အတိအလင်း ဖော်ပြခဲ့ကြောင်းနှင့် ခရစ်ယာန်တို့၏ လျှောက်သော လမ်းသည်သာလျှင် သမ္မာတရားလမ်းဖြစ်ကြောင်း စသည်ဖြင့် ဂျပ်စတင်အား ပြောပြခဲ့သည်။ ထိုသို့ဂျပ်စတင်ကြားနာခဲ့သော အရာများသည် သူ့ကို စတင်ပြောင်းလဲစေခဲ့ သော အကြောင်းအရာ ဖြစ်လာခဲ့သည်။
ထိုသို့ဖြင့် ဂျပ်စတင်သည် ရှေးပရောဖက်များ ရေးသားခဲ့သောကျမ်းများကို သော်လည်းကောင်း၊ ခရစ်ဝင်ကျမ်းများကို သော်လည်းကောင်း၊ ရှင်ပေါလု၏ ဩဝါဒစာစောင်များကို သော်လည်းကောင်း စတင်ဖတ်ရှုလေ့လာခဲ့ပြီးနောက် သူသည် ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့
သည်။ သို့သော် ဂျပ်စတင်သည် ဒဿနိက ပါမောက္ခဝတ်စုံကို ဆက်လက်ဝတ်ဆင်ခဲ့ပြီး သူသည် ဂရိ အတွေးအခေါ်နှင့် ခရစ်ယာန်တို့၏ ယုံကြည်ခြင်းသည် မည်ကဲ့သို့ ဆက်စပ်မှုရှိကြောင်း ရှာဖွေခဲ့သည် သာမက ဒဿနိက ပညာ၌ အကောင်းဆုံးဟု ဟုယူဆခဲ့ကြသော အတွေးအခေါ်များ ပင် လျှင် ခရစ်ယာန်ဘာသာ၌ အားလုံး ပြည့်စုံကြောင်း တွေ့မြင်လာခဲ့သည်။
ထို့နောက် ဂျပ်စတင်သည် ကျန်ရှိသော သူ၏အသက်တာ အနှစ် (၃၀)အတွင်း ခရီးသွားခြင်း၊ ဧဝံဂေလိဟောပြောသက်သေခံခြင်းနှင့် စာပေရေးသားခြင်းဖြင့် အချိန်ကုန်လွန် စေခဲ့ပါသည်။
ဂျပ်စတင်၏ အသက်တာနှင့် စပ်လျဉ်း၍ ရှင်ပေါလုနှင့် ဆင်တူသော အချက်များ တွေ့နိုင်ပါသည်။ ၄င်းတို့မှာ ရှင်ပေါလုသည် ဂျူးလူမျိုးဖြစ်ပြီး တပါးသော အမျိုးသားများ နေထိုင်သောနေရာ တာရှ (Tarsus)တွင် မွေးဖွားခဲ့သည်။ ဂျပ်စတင်မားတားသည် တပါးသောအမျိုးသားဖြစ်ပြီး
ဂျူးလူမျိုးများ နေထိုင်သော နေရာဖြစ်သော ရှေးစီးကာမ် (Ancient Shechem ) တွင်မွေးဖွားခဲ့သည်။ နှစ်ဦးစလုံး ကောင်းမွန်စွာ ပညာဆည်းပူးခဲ့ကြပြီး အခြေအတင်ပြောဆိုသော နည်းလမ်းဖြင့် လူမျိုးများနှင့်တပါးသော အမျိုးသားတို့အား ခရစ်တော်အကြောင်းကို ဟောပြော သက် သေခံခဲ့ကြသည်။
ဂျပ်စတင်မားတား ရေးစားပြုစုခဲ့သော စာစောင်များအနက်မပျောက်မပျက်ပဲ ကျန်ရစ် ခဲ့သော အရာ (၃) ခုမှာ-
(၁) ပထမအပိုလိုဂျီ (I Apology)။ ဤစာစောင်သည် အခန်းကြီး (၆၈)ခန်းပါဝင်ပြီး အင်ပါယာ အင်တိုနီးနားစ် ပီးယားစ် (Antonious Pius)အား ရည်စူးပြီး ခရစ်ယာန်ယုံကြည်ခြင်းနှင့် ပတ်သက်၍ ထောက်ခံကာကွယ် ပြောဆိုချက်များ ရေးသားဖော်ပြထားပါသည်။ ထိုစာစောင်တွင်ဂျပ်စတင်သည် ရောမအစိုးရ အာဏာပိုင်များသည် ခရစ်ယာန်များအားညှဉ်းပန်းနှိပ်စက်ခြင်း အကြောင်းနှင့် ပတ်သက်၍ ထိုသို့ လုပ်ဆောင်ချက်သည် မှားယွင်းကြောင်း အကျိုးအကြောင်းနှင့် တကွ ရေးသားဖော်ပြခဲ့သည်။ ခရစ်ယာန်တို့၏ ယုံကြည်ခြင်း၊ အသက်တာ၌ လက်တွေ့ကျင့်သုံး
ခြင်းများနှင့် မင်္ဂလာဝတ်များ စသည်တို့ကိုလည်း ထိုစာစောင်၌ ရှင်းလင်းဖော်ပြခဲ့သည်။ ထို့အပြင် ဂျပ်စတင်သည် ခရစ်ယာန်များသည် တိုင်းပြည်ကိုအန္တရာယ် ပေးမည့်သူများ မဟုတ်ကြောင်း၊ တိုင်းပြည်ကို ကူညီသူများသာလျှင်ဖြစ်ကြောင်းကိုလည်း ဖော်ပြရေးသားခဲ့သည်။
(၂) ဒုတိယ အပိုလို (II Apology)။ ဤစာစောင်သည် အခန်းကြီး(၁၅) ခန်း ပါဝင်ပြီး ရောမလွှတ်တော် အမတ်မင်းအား ရည်စူးပြီး ရေးသားခဲ့သောစာစောင်ဖြစ်သည်။ ထိုစာစောင်တွင် ခရစ်ယာန်တို့၏ ယုံကြည်ခြင်းသည်သာလျှင် စစ်မှန်သော ကျိုးကြောင်းဆင်ခြင်တုံတရား ဖြစ်ကြောင်း
ရေးသားဖော်ပြခဲ့သည်။ ထို့အပြင်နှုတ်ကပတ်တော်တည်းဟူသောလောဂိုးစ်(Logos) သည် လူ့ဇာတိကို ခံယူခြင်းဖြင့် လူသားများအား သမ္မာတရားကိုဖွင့်ပြဖို့ရန်နှင့် စာတန်၏ တန်ခိုးမှ ကယ်နှုတ်ရန် ဖြစ်ကြောင်းကိုလည်းရေးသား ဖော်ပြထားပါသည်။
(၃) ထရိုင်းဖို နှင့် စကားလက်ဆုံပြောခြင်း (Dialogues with Trypho)။ဤစာစောင်သည် ထရိုင်းဖိုနှင့် စကားလက်ဆုံပြောခြင်းကို ပြန်ပြီး ရေးသားထားသောစာစောင်ဖြစ်ပြီး အခန်းကြီး (၁၄၂) ခန်းပါဝင်ပါသည်။ ထိုစာစောင်၌ ရေးသားဖော်ပြချက်များအရ ခရစ်ယာန်ဘာသာသည် စစ်မှန်
သောဘာသာဖြစ်ကြောင်း လူတို့အား သိရှိနားလည် လာနိုင်ဖို့ရန် ဂျပ်စတင်သည် ကြိုးပမ်းခဲ့ကြောင်း တွေ့ရပါသည်။ ထို့အပြင် ခရစ်တော်၏ ပင်ကိုသဘောသဘာဝနှင့် ရည်ရွယ်ချက်ကိုလည်း အထူးအခြေပြုပြီး ရေးသားဖော်ပြခဲ့ပါသည်။
ဂျပ်စတင်သည် စာအုပ်စာပေများကို ရေးသားခဲ့သည့်အပြင်ခရီးလည်း ကျယ်ပြန့်စွာ သွားခဲ့ပြီး ခရစ်ယာန်ယုံကြည်ခြင်းနှင့် ပတ်သက်ပြီးအချေအတင် ပြောဆိုဆွေးနွေးခြင်း အမှုကိုလည်း အမြဲပြုခဲ့သည်။ သူသည်ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့သော်လည်း ကျိုးကြောင်း ဆင်ခြင်တုံ
တရားကို မစွန့်လွှတ်ပဲ ထိုအရာကို သမ္မာတရားနှင့် ချိန်ထိုးကာ ထိုသို့ဖြင့်သူသည် စစ်မှန်သော ဓမ္မအတွေးအခေါ် ပညာရှင် တပါးဖြစ်လာခဲ့သည်။ခရစ်တော်နှင့် အတွေးအခေါ် ပညာရှင်များကြားရှိ ဆက်စပ်မှုမှာ မပြည့်စုံသော ကျိုးကြောင်းဆင်ခြင်တုံတရားသည် ခရစ်တော်၌ ပြည့်ဝစုံ လင်ခြင်း
ပင်ဖြစ်သည်ဟု ဂျပ်စတင် ယုံကြည်လက်ခံခဲ့သည်။ အတွေးအခေါ် ပညာရှင်များ အမှန်တရားများကို သိရှိလာနိုင်ခြင်းသည်လည်း နှုတ်ကပတ်တော်အားဖြင့်သာလျှင် ဖြစ်သည်ဟူ၍လည်း ဂျပ်စတင် ခံယူခဲ့သည်။ ထို့အပြင်ထိုနှုတ်ကပတ်တော်သည် ခရစ်တော်၌ ပြည့်စုံခဲ့ကြောင်း ကိုလည်း
ဂျပ်စတင် ခိုင်မာစွာ ယုံကြည်ခဲ့သည်။ဂျပ်စတင်သည် သူ၏ နောက်ဆုံး အချိန်ကာလကို ရောမတွင်
အသုံးပြုခဲ့သည်။ အေဒီ ၁၆၅ ခုနှစ်တွင် ဂျပ်စတင်သည် သူ၏ ယုံကြည်ခြင်းကြောင့် ထောင်ချခြင်းခံခဲ့ပြီး၊ ညှဉ်းပန်း နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရသည်။ထို့အပြင် ဂျက်စတင်သည် ဒေသခံများ၏ နတ်ဘုရားကို ယဇ်ပူဇော်ရန်ငြင်းဆိုခြင်း၊ ခရစ်တော်ကို စွန့်လွှတ်ဖို့ ရန်ငြင်းဆိုခြင်းများကြောင့် သူနှင့်အတူ အခြားသော ယုံကြည်သူ (၆) ယောက်တို့အား ခေါင်းဖြတ်သတ်ခြင်းခဲ့ရပါသည်။ဂျပ်စတင်သည် သူ့ကိုသတ်မည့်သူတို့အား “သင်တို့ဟာ
ငါတို့ကို သတ်နိုင်ကြလိမ့်မယ်၊ ဒါပေမဲ့ ငါတို့ကို ဆုံးရှုံးသွားအောင်တော့လုပ်နိုင်မှာမဟုတ်ဘူး” ဟူ၍ ပြောခဲ့သည်။ ထို့ကြောင့် ဂျပ်စတင် ဟူသောအမည်နာမမှ ဂျပ်စတင် မားတား (မာတုရ ဂျပ်စတင်) ဟူ၍ သူ၏အမည်တွင်ခဲ့သည်။
တာတုလျှံ ( Tertullian )
( အေဒီ ၁၆၀ – ၂၂၅ )
ကွိုင်းတားစ် ဆဲလ်တီးမီးယားစ် ဖာလောရဲန်းစ် တာတုလျှံနားစ်(Quintus Septimius Florens Tertullianus) (သို့) တာတုလျှံ(Tertullian) သည် အေဒီ ၁၆၀ ခုနှစ်တွင် မြောက်အာဖရိကတိုက်ရှိ
ကားသိတ်ချ် (Carthage) တွင် နေထိုင်သော မယုံကြည်သူ အိမ်ထောင်မိသားစုမှ မွေးဖွားခဲ့သည်။ သူသည် ဥပဒေပညာ (Law)နှင့် စာပေအဟောအပြော၊ အရေးအသား ကျွမ်းကျင်မှုပညာ (Rhetoric) များကိုသင်ယူလေ့လာခဲ့သည်။
အေဒီ ၁၉၇ ခုနှစ်ခန့်တွင် တာတုလျှံသည် ခရစ်ယာန်တစ်ယောက်ဖြစ်လာခဲ့ပြီးနောက် သူသည် ခရစ်ယာန်တို့၏ ယုံကြည်ခြင်းနှင့် ပတ်သက်၍စာအုပ်စာပေများကို ကျယ်ပြန့်စွာ ပြုစုရေးသားခဲ့သည်။ ထိုအချိန်အခါတွင်ခရစ်ယာန် စာရေးဆရာ အများစုတို့သည် စာရေးသားခဲ့ကြရာတွင် ဂရိ
ဘာသာ စကားအားဖြင့် ရေးသားခဲ့ကြသည်။ တာတုလျှံသည်လည်း ဂရိဘာသာစကားကို တတ်ကျွမ်းခဲ့သော်လည်း လက်တင်ဘာသာ စကားအားဖြင့် စာရေးသားခြင်းကို ပိုပြီးနှစ်သက်ခဲ့ပါသည်။ ထို့ကြောင့် တာတုလျှံသည် လက်တင်ဘာသာစကားဖြင့် စာရေးသားသော ပထမဦးဆုံးနှင့်အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပါသည်။
တာတုလျှံနှင့် ဩရီဂင်တို့သည် ဒုတိယနှင့် တတိယ ရာစုနှစ်များတွင် အလွန်ထင်ပေါ်ကျော်ကြား ခဲ့သူများဖြစ်ကြသည်။ တာတုလျှံသည်အနောက်တိုင်း ဓမ္မရေးရာ အတွေးအခေါ်နှင့် ပတ်သက်ပြီး အုတ်မြစ်ချပေးမဲ့သူလည်း ဖြစ်ပါသည်။ တာတုလျှံသည် အစပထမပိုင်းတွင် သူ၏အဓိက ပင်မအသင်းတော်ဖြစ်သော ရောမကက်သိုလစ်ကို ထောက်ခံခဲ့သော်လည်း ဘီးရှောလူများသည် တမန်တော်တို့၏ အခွင့်အာဏာ တန်ခိုးဆက်ခံသောသူများဖြစ်ပြီး အပြစ်လွှတ်ပိုင်ခွင့်ရှိခြင်းနှင့် ပတ်သက်၍ကျမ်းစာနှင့် မကိုက်ညီဟု ယူဆခဲ့သောကြောင့် မွန်တေနီဇမ်ဝါဒ(Nontonism) ဖက်တွင် ကူးပြောင်းသွားခဲ့သည်။ အေဒီ ၁၇၀ ခုနှစ်တွင်မွန်တေနားစ်(Montanus) နှင့်အတူ အခြားသော အမျိုးအမီး နှစ်ယောက်လို့သည် ဖရီဂျေရာ (Phygia) တွင် ပရောဖက်ပြုခြင်းဖြင့် မွန်တေနီဇမ်ဝါဒ
စတင် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ မွန်တေနီဇမ်ဝါဒ၏ သွန်သင်ချက်မှာကမ္ဘာကြီး ပျက်စီးတော့မည့် အကြောင်းနှင့် အစာရှောင် ဆုတောင်း ကြရန်၊ထိမ်းမြားခြင်းကို ရှောင်ရှားရန်၊ အသားစားမှုကို ရှောင်ရန်၊ ကာမဂုဏ်ချုပ်တည်းရန်၊ သန့်ရှင်းစွာ နေထိုင်ရန် စသည်ဖြင့် ခြိုးခြံစွာ ကျင့်ကြံကြရန်
သွန်သင်ထားသော ဝါဒဖြစ်ပါသည်။
တာတုလျှံသည် ထိုသို့ ရောမကက်သိုလစ်အသင်းတော်မှ ထွက်သွားခဲ့သော်လည်း အခြားသောအသင်းကိုဖွဲ့ခြင်း (သို့) အခြားသောအဖွဲ့တွင် ပါဝင်ခြင်းရှိမရှိကိုမူ သက်သေအထောက်အထား မရှိခဲ့ပေ။တာတုလျှံသည် သူ၏စာပေအရေးအသားနှင့် အဟောအပြော ကျွမ်းကျင်မှု ပညာကို အသုံးပြုပြီး၊ သူခံယူယုံကြည်သော အယူဝါဒနှင့် ပတ်သက်ပြီး
ခုခံကာကွယ်ခြင်း၊ အခြားသူများ မှားယွင်းသည် ဟုယူဆသော သူတို့၏အယူဝါဒများကိုလည်း အစွမ်းကုန် ခုခံချေပခဲ့သည်။ သို့သော် ထိုသို့ ခုခံချေပခြင်းသည် တာတုလျှံ၏ မရိုးသားမှု၊ သူတပါးအပေါ်၌ လက်စားချေလိုသော စိတ်များအပေါ်၌ အခြေမခံပဲ အမှန်တရားကို ဖော်ထုတ်လို (သို့)
သိစေလိုသောကြောင့်ဖြစ်သည်။ တာတုလျှံသည်အရေအတွက် (၃၀)ထက်မကသော စာအုပ်၊ စာပေများကို ပြုစုရေးသားခဲ့သည်။ ထိုသို့ သူရေးသားခဲ့သော အရာများတွင် အဓိကအုပ်စု (၃)စု အနေဖြင့် ခွဲခြား နိုင်ပါသည်။(က)။ ခရစ်ယာန်ယုံကြည်ခြင်းနှင့် ပတ်သက်ပြီး ထောက်ခံကာကွယ်
ရှင်းလင်းချက်များ ပြုစုရေးသားထားသော စာစောင်များ ( ApologeticWorks)။ တာတုလျှံသည် ဂျပ်စတင် ကဲ့သို့ ဒုတိယရာစုနှစ်များတွင်ဆက်လက်ပြီး ခရစ်ယာန်ယုံကြည်ခြင်းနှင့် ပတ်သက်၍ ထောက်ခံကာကွယ် ရှင်းလင်းသော စာစောင်များကို ရေးသားခဲ့သည်။ သို့သော် သူ၏
ရေးသားချက်များသည် ဂျပ်စတင်ထက် ပိုပြီး ပြောင်မြောက်ခဲ့ပါသည်။ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး သူပြုစုရေးသား ထားခဲ့သောစာစောင်များအနက် ထင်ရှားသော စာစောင်မှာ အပိုလိုဂျီ (Apology)စာဖြစ်ပြီး အခန်းကြီး (၅၀) ခုပါရှိပါသည်။ ထိုစာစောင်များတွင် တာတုလျှံ
သည် ခရစ်ယာန်ဖြစ်ခြင်းကြောင့် အသေသတ်ခံရခြင်းသည် လုံးဝမ တရားကြောင်းနှင့် ခရစ်ယာန်ဘာသာ အပေါ်တွင် မဟုတ်မမှန် စွပ်စွဲချက်များကိုလည်း သူ၏ အစွမ်းပညာရှိသမျှဖြင့် ချေပရေးသားခဲ့ပါသည်။(ခ)။ တယူသန် (သို့) တရားသေဝါဒကို ချေပရေးသားပြုစုထားသောစာစောင်များ(Dogmatic/ Anti-heretical Works) တာတုလျှံသည် အိုင်းရေးနီးယပ်စ် နည်းတူ နော့စတစ်အယူဝါဒ (Gnosticism) ကိုဆန့်ကျင်ခဲ့သည်သာမက အိုင်းရေးနီးယပ်စ် ထက်ပင် ပိုပြီးချေပပြောဆိုရေးသားနိုင်ခဲ့သည်။ တာဘုလျှံသည် သူ၏အချိန်အများဆုံး အသုံးပြုပြီး ကြိုးပမ်း အားထုတ်လုပ်ဆောင်ခဲ့သောအရာနှင့် အထင်ရှားဆုံးသော အရာမှာမားစီးအွန် (Marcion) ကို ဆန့်ကျင်သော (Against Marcion) စာအုပ်
(၅)အုပ်ကို ပြုစုရေးသားခဲ့ခြင်းပင်ဖြစ်သည်။ မားစီးအွန်ဆိုသူသည်ဒုတိယရာစုနှစ်များတွင် အထင်ရှားဆုံးသော မိစ္ဆာအယူဝါဒရှိသူဖြစ်သည်။တာတုလျှံသည် မိုနာ့ချာဝါဒ (Monarchianism) ကိုလည်း ဆန့်ကျင်ခဲ့သည်။ ထိုအယူဝါဒသည်သုံးပါးတစ်ဆူဘုရားနှင့်ပတ်သက်ပြီး ဝိညာဉ်တော်
သည် သားတော်အောက်၌ရှိပြီး၊ သားတော်သည်သည်လည်း ခမည်းတော်
အောက်၌ရှိသောကြောင့် ခမည်းတော်သည်သာလျှင် အကြီးမြတ်ဆုံးဖြစ်သည်ဟု ယုံကြည်သော အယူဝါဒဖြစ်သည်။ ထိုအယူဝါဒနှင့် ပတ်သက်ပြီးဆန့်ကျင်သောအားဖြင့် အခန်းကြီး (၃၁) ပါဝင်သော (Against Praxeas)ကို ပြုစုရေးသားခဲ့သည်။ ထို့အပြင် တာတုလျှံသည် သုံးပါးတစ်ဆူ ဘုရား
“ထရီးနီတီး” (Trinity) စကားလုံး အသုံးအနှုန်း ကိုလည်း စတင်ဖန်တီးခဲ့သောသူဖြစ်သည်။
(ဂ)။ လက်တွေ့ကျင့်သုံးမှုနှင့် ဆိုင်၍ ပြုစုရေးသားထားသော စာစောင်များ
(Practical Works)။တာတုလျှံသည် ကျင့်ဝတ်နှင့်ဆိုင်သောအရာများ၊ အထူးအဖြင့် အသင်းတော်၏ စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်ပြီးစာစောင်အမြောက်အများကိုလည်း ရေးသားခဲ့သည်။ တာတုလျှံသည်ခရစ်ယာန်များနှင့် ခရစ်ယာန်ဘာသာကို ထောက်ခံကာကွယ် ရှင်းလင်းခြင်းနှင့် ပတ်သက်ပြီး ပြုစုရေးသားခြင်း၊ မိစ္ဆာအယူဝါဒကို ဆန့်ကျင်တိုက်ဖျက်သော စာများ ရေးသားခြင်း၊ အသင်းတော်ကို တိုက်တွန်းနှိုးဆော်ခွန်အားပေးသော စာများရေးသားခြင်း စသည်ဖြင့် စာအုပ်၊ စာပေနှင့်စာစောင် အမြောက်အများကို ပြုစုရေးသားခဲ့ပါသည်။ ထိုသို့ သူပြုစု
ရေးသားခဲ့သော စာများအနက် အချို့တို့သည် ပျောက်ဆုံးခဲ့သော်လည်း၊စုစုပေါင်း အရေအတွက် (၃၁) ခုမှာ မပျောက်မပျက် ပဲကျန်ရစ်ခဲ့သည်။ဂျေရုမ်း (Jerome)၏ အဆိုအရ တာတုလျှံသည် အရွယ်အိုမင်းသည်အထိအသက်ရှင်ခဲ့ပြီး အေဒီ ၂၂၅ ခုနှစ်တွင် သေဆုံးခဲ့သည်ဟုဆို၏။
တာတုလျှံ၏ မှတ်သားဖွယ်ရာ စကားတစ်ခု မှာ “မာတုရများရဲ့ အသွေးဟာအသင်းတော်ရဲ့ မျိုးစေ့ဖြစ်တယ်” ဟူ၍ဖြစ်သည်။
“မာတုရများရဲ့ အသွေးဟာ အသင်းတော်ရဲ့ မျိုးစေ့ဖြစ်တယ် “
တာတုလျှံ
“သမ္မာတရားအား ပထမဆုံး တန်ပြန်မှုမှာ မုန်းတီးခြင်းဖြစ်တယ်”
တာတုလျှံ
ပဲရ်ပက်တိုးဝါ ( Perpetua )
( အေဒီ ၁၈၂- ၂၀၃ )
ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်ခြင်း စတင်ဖြစ်ပေါ်ပြီး ရာစုနှစ်များ နောက်ပိုင်းတွင် အင်ပါယာ ဆဲပ်တီးမားစ် စေးဗားရားစ် (SeptimusSeverus) လက်ထက်တွင် ပြင်းထန်သော ညှဉ်းပန်းနှိပ်စက် ခြင်းသည်နေရာအနှံ့ပြန်ပြီး ပေါ်ပေါက်လာခဲ့သည်။ အေဒီ ၂၀၂ တွင် ခရစ်ယာန်
ဘာသာ (သို့) ဂျူးဘာသာဝင်အဖြစ်သို့ မပြောင်းရဟူပြီး အစိုးရ အာဏာပိုင်မှလည်း အမိန့် ထုတ်ပြန်ခဲ့သည်။ အင်ပါယာ ဘုရင်ကိုယ်တိုင် သေခြင်းကိုအုပ်စိုးသောဘုရားဟု ယုံကြည်ခဲ့ကြသော အီဂျစ်လူတို့၏ ဆာရာပီးစ်(Serapis) ဘုရားကို ကိုးကွယ်ခဲ့ပြီး ခရစ်ယာန်ဘာသာသည် သူယုံကြည်
ကိုးကွယ်သောဘာသာကို အန္တရာယ်ပေးနိုင်သည်ဟု ကြောက်ရွံ့ခဲ့သူလည်းဖြစ်သည်။
ထိုအချိန်တွင် ညှဉ်းပန်းနှိပ်စက်ခြင်း အဆိုးရွားဆုံးဖြစ်ပေါ်သောနေရာသည် မြောက်အာဖရိကရှိ ထင်ရှားသောရောမမြို့ ကားသဲခ်ျ(Carthage) တွင်ဖြစ်သည်။ ထိုနေရာတွင် ခရစ်ယာန်ဘာသာ သာသနာအလွန်ထွန်းပေါက်သော နေရာဖြစ်ပြီး ခရစ်ယာန်များ တိုးပွားလာခြင်းကို
သတိထားမိလာကြသောအခါ အင်ပါယာကိုယ်တိုင်က ခရစ်ယာန်ဘာသာနှင့်ပတ်သက်ပြီး “ဘယ်သူမှ သင်ကြားခြင်း (သို့) ခရစ်ယာန်ဘာသာသို့ပြောင်းလဲစေခြင်း များမပြုလုပ်ရ” ဟူပြီး အမိန့်ထုတ်ပြန်ခဲ့သည်။ ကားသဲခ်ျတွင်ရှိသော ခရစ်ယာန်များတွင် ဆားတရားစ် (Saturus) ဆိုသူသည်
အသင်းတော်၏ သင်းထောက်တစ်ပါးဖြစ်ပြီး သူသည် ပြောင်းလဲခါစရှိသော ခရစ်ယာန်လူတစ်စုအား သမ္မာကျမ်းစာကို အမေးအဖြေဖြင့် သင်ကြားပို့ချခြင်း (Catechism) နည်းဖြင့် သင်ကြားပို့ချပေးခဲ့သည်။ ထိုအတန်းတွင် ကလေးတစ်ယောက် အမေဖြစ်သော အသက် (၂၂) နှစ်အရွယ်
ပဲရ်ပက်တိုးဝါ (Perpetua) နှင့် ကိုယ်ဝန် (၈) လ ဆောင်နေသောပဲရ်ပက်တိုးဝါ၏ကျွန် ဖလီးရှီတားစ် (Felicitus) တို့သည်လည်း တက်ရောက်ခဲ့ကြသည်။ ပဲရ်ပက်တိုးဝါ၏ ယောက်ျား အကြောင်းကို မူမသိ
ခဲ့ကြပေ။ သို့သော် သမိုင်းပညာရှင်များ၏ အဆိုအရ ပဲရ်ပက်တိုးဝါ၏ယုံကြည်ခြင်းကြောင့် သူမ၏ ယောကျာ်းသည် သူမအား ပစ်ပယ်ခဲ့သည်(သို့) သူမ၏ယောကျာ်းသည် သေဆုံးခဲ့ပြီး ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ပဲရ်ပက်တိုးဝါ၏ ကြေကွဲဖွယ် အဖြစ်အပျက်ကို အေဒီ ၃ ကားသဲခ်ျအတွင်း
(The Passion of Perpetua and Felicitas) ခေါင်းစဉ်အောက်တွင် ပဲရ်ပက်တိုးဝါနှင့် ဖလီးရှီတားစ် တို့၏ဒိုင်ယာရီနှင့် မှတ်တမ်းစာများကိုအခြေခံပြီး ရေးသားမှတ်တမ်း တင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတ်တမ်းတွင်ဂုဏ်သက္ခာရှိပြီး လူအများတို့၏ လေးစားခြင်းခံရသော ပဲရ်ပက်တိုးဝါ၏
ဖခင်ကြီးသည် သူမ၏သမီး ပဲရ်ပက်တိုးဝါသည်လည်း သူမ၏ ယုံကြည်ခြင်းကြောင့် ထောင်ကျသည်ဟု ကြားသောအခါ အလွန်ပူဆွေးသောကရောက်ပြီး အရှက်တကွဲ အကျိုးတနည်း ဖြစ်ခဲ့ရသည်။ ဖခင်ဖြစ်သူသည်သူ့သမီး ပဲပက်တိုးဝါ အားချုပ်ထားသော ထောင်တွင် ချက်ချင်းသွားခဲ့ပြီး
သူမ၏ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့တောင်းပန်ခဲ့သည်။
သို့သော် ဖခင်တောင်းဆိုမှုကို ပဲရ်ပက်တိုးဝါသည် ငြင်းပယ်သောအခါ ဖခင်ဖြစ်သူသည်
ရူးမတတ်ဖြစ်ပြီး နောက်ဆုံးတွင် သူမအားရိုက်မည်ဟုပင် ခြိမ်းခြောက်ခဲ့သည်။ သို့သော် ပဲပက်တိုးဝါ၏ဖခင်ကြီးသည် သူမ၏ယုံကြည်ခြင်းကိုတုန်လှုပ်အောင် မလုပ်နိုင်ခဲ့ပေ။ မကြာမီ ယုံကြည်သူ ခရစ်ယာန်နှစ်ယောက်၏ စီစဉ်ကူညီမှုအားဖြင့် ပဲရ်ပက်တိုးဝါသည်သူမ၏ကလေးငယ်ကို
ထောင်၌ တွေ့ခွင့်သောအခါတွင်မူ သူမ၏ယုံကြည်ခြင်းကိုပင် စွန့်လွှတ်ချင်သော စိတ်ပင်ဖြစ်ခဲ့သေးသည်။ ပဲရ်ပက်တိုးဝါသည် ထိုသို့ သူမ၏ကလေးငယ်နှင့် ထောင်ထဲ၌အတူ နေခွင့်ရသောကြောင့် ကလေးအတွက်စိုးရိမ်ပူပင်သောက ရောက်ခဲ့သော အရာများမှ ပြန်ပြီးစိတ်အေးခဲ့ရသည်။
ပဲရ်ပက်တိုးဝါအား သေဒဏ်စီရင်ချက်ချသော နေ့ရက်ကာလသည် နီးကပ်လာသည်နှင့်အမျှ သူမ၏မိသားစုများသည်လည်း ပိုပြီး ပူဆွေးသောကရောက်ခဲ့ကြသည်။ ဖခင်ဖြစ်သူသည် ပဲရ်ပက်တိုးဝါ ထောင်ကျသောနေရာကို နောက်တကြိမ် သွားခဲ့ပြီး မိသားစုကို ငဲ့ညှာသောအနေဖြင့်
သူမ၏ ယုံကြည်ခြင်းကို စွန့်လွှတ်ဖို့ ထပ်ပြီး တောင်းပန်ခဲ့သည်။ သို့သော်စိတ်ဓါတ်ကြံ့ကြံ့ခိုင်သော မိန်းမငယ် ပဲရ်ပက်တိုးဝါသည် သူမ၏ယုံကြည်ခြင်း၌ မယိုင်မလဲ ရှိခဲ့သည်။ နောက်တစ်နေ့တွင် ပဲရ်ပက်တိုးဝါအားသားရိုင်းတရိစ္ဆာန်များရှိသော ကွင်းပြင်တွင် ပစ်ချမည့်အကြောင်း သူမ၏
ဖခင်သည် ကြားသိသောအခါ သူမအား သွားရောက် ကယ်တင်ဖို့ရန်ကြိုးစားခဲ့သော်လည်း အာဏာပိုင်များ၏ ရိုက်နှက်ခြင်းကို ခံခဲ့ပြီး သူ့အားအပြစ်ဒဏ်ပေးဖို့ရန် အမိန့်ချမှတ်ခြင်းကိုလည်း ခံခဲ့သည်။
ထောင်ထဲ၌ရှိကြသော ယုံကြည်သူများသည် အဆုံးစီရင်မှုမတိုင်မီရက်များတွင် စုရုံးကြပြီး အတူအကွဆုတောင်းခြင်း၊ နောက်ဆုံးသောအဂ္ဂပေချစ်ခြင်းမေတ္တာ မိဿဟာရ ညစာ စားပွဲများကိုလည်း ပြုလုပ်လေ့ရှိကြသည်။ ထို့အပြင် အပြင်၌ရှိသောလူထုကြီး ရှေ့၌လည်း သူတို့၏
ယုံကြည်ခြင်းကို မာတုရအနေဖြင့် အသေခံခြင်းဖြင့် သက်သေထူပြခဲ့ကြသည်။ ရိုက်သ် (Wrigli) ဆိုသူက ထောင်ထဲ၌ရှိသော ယုံကြည်သူများအား အောက်ပါအတိုင်း မှတ်ချက်ချခဲ့သည်။ “သူတို့ ရဲ့ လာမယ့် အချိန်မှာတွေ့ကြုံရမယ့် ဒုက္ခဝေဒနာထက် ခရစ်တော်၌ သစ္စာရှိခြင်း ကိုပိုပြီး
အာရုံစိုက်ကြတယ်။” အပြစ်ဒဏ်ချမှတ်မည့်နေ့ရက်အချိန် ရောက်လာသောအခါ အဆုံးစီရင်ခြင်း ခံရမည့်သူတို့အား လူသတ်ကွင်းသို့ ခေါ်ဆောင်လာခဲ့ကြသည်။ ရောမလူတို့၏ ထုံးတမ်းစဉ်လာအရ ထောင်သားများအားအဆုံးမစီရင်မီ သူတို့ကို လူသတ်ကွင်းတွင် လူထုရှေ့၌ ယောက်ျားများအား
ဝက်ဝံ၊ ကျားသစ် ၊ တောဝက်ထီး စသည်များဖြင့် အရင်ဦးဆုံး တိုက်ခိုက်စေခြင်း၊ အမျိုးသမီးများကိုမူ နွားရိုင်းများဖြင့် တိုက်ခိုက်ခြင်း သည်ဖြင့်လူထုများအတွက် ဖျော်ဖြေမှုကို ပြုလုပ်လေ့ရှိကြပါသည်။
ပဲရ်ပက်တိုးဝါနှင့် ထောင်ထဲ၌ ကလေးမွေးခဲ့သော သူမ၏ကျွန်မဖလီးရှာ တို့ကိုလည်း အဝတ်များကိုချွတ်ပြီး လူသတ်ကွင်းထဲသို့ ခေါ်သွင်းခဲ့ကြသည်။ သို့သော် ထိုသို့သွေးစွန်းသော ညှဉ်းပန်းနှိပ်စက်မှုဖြင့် ဖျော်ဖြေမှုသည် ရက်စက်လွန်းသောကြောင့် ကြည့်ရှုသော လူထုပရိသတ်
များကပင် “တော်ပြီ” ဟု အော်ဟစ်သည့်တိုင်အောင်ဖြစ်ခဲ့သည်။ ထိုသို့ဖျော်ဖြေမှုအပြီးတွင် ပဲရ်ပက်တိုးဝါအပါအဝင် အမျိုးအမီးအချို့တို့အားအဆုံးစီရင်ဖို့ရန် အခြားတစ်နေရာသို့ ခေါ်ဆောင်ခဲ့ကြသည်။ ထိုသို့ခေါ်ဆောင်နေသော အချိန်တွင် သူမအတွက် ဝမ်းနည်းနေကြသော သူငယ်
ချင်းများအား ပဲရ်ပက်တိုးဝါက အောက်ပါအတိုင်း အော်ပြီး “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မင်းတို့နှင့် သက်ဆိုင်တဲ့ ညီအကိုမောင်နှမများကိုဝေငှကြပါ။ မင်းတို့ရဲ့ ယုံကြည်ခြင်းကို ခိုင်မြဲစေကြပါ။ တစ်ယောက်နှင့်တစ်ယောက် ချစ်ချစ်ခင်ခင် နေကြပါ။ ဒုက္ခဝေဒနာများကို ခံစားရတဲ့အခါ
ထိုအရာများက မင်းတို့ရဲ့ ယုံကြည်ခြင်းကို အတားအဆီးမဖြစ်စေပါနှင့်။”ဟူ၍ ပြောခဲ့သည်။ ထို့ နောက် ပဲရ်ပက်တိုးဝါသည် ခေါင်းဖြတ် အဆုံးစီရင်သောနေရာတွင် ရောက်ရှိခဲ့သည်၊ ခါးကိုင်သူ၏ ကျွမ်းကျင်မှု မရှိခြင်းကြောင့် (သို့) စိတ်လှုပ် ရှားမှုကြောင့် သူ၏ပထမအကြိမ်ရိုက်ချက်တွင်ပရ်ပက်တိုးဝါသည် မသေပဲ ပြင်းထန်သောဝေနာခံစားရင်း အော်ဟစ်ခဲ့ပြီးသူမ၏ရင်ပတ်၌ နောက်တစ်ကြိမ် ဓါးဖြင့် အထိုးခံခဲ့ပြီးနောက် မာတုရအနေဖြင့် သေဆုံးခဲ့သည်။
“ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို မင်းတို့နှင့် သက်ဆိုင်တဲ့ညီအကို မောင်နှမများကို ဝေငှကြပါ။ မင်းတို့ရဲ့ ယုံကြည်ခြင်းကိုခိုင်မြဲစေကြပါ။ တစ်ယောက်နှင့် တစ်ယောက် ချစ်ချစ်ခင်ခင်
နေကြပါ။ ဒုက္ခဝေဒနာများ ခံစားရတဲ့အခါ ထိုအရာများက မင်းတို့ရဲ့ယုံကြည်ခြင်းကို အတားအဆီးမဖြစ်စေပါနှင့်။”
ပဲရ်ပက်တိုးဝါ
ဩရီဂင် (Origen )
( အေဒီ ၁၈၅ – ၂၅၁ )
ထိုအချိန်အခါ၌ ခရစ်ယာန်ဘာသာသည် ဆင်းရဲနွမ်းပါးသောသူများ၊ ပညာမတတ်သော သူတို့၏ဘာသာ ဟူ၍ ဝေဖန်ခြင်း ခံခဲ့သောလည်း အေဒီ ၃ရာစု တွင် ဩရီဂင်ဆိုသူသည် ခရစ်ယာန်တစ်ဦး ဖြစ်ခဲ့သော်လည်း အလွန်ထင်ရှားဆုံးသော ပညာရှင်တစ်ဦးလည်းဖြစ်ခဲ့သည်။
ခရစ်ယာန်များသာမက ဘုရားတရား မရှိသောသူများ၊ မိတ္တဒိဋ္ဌိ အယူဝါဒ ရှိသောသူများတို့သည်ပင်လျှင် သူ့ကိုနှစ်သက်ခဲ့ကြသည်။ဩရီဂင်သည် အေဒီ ၁၈၅ ခုနှစ်တွင် အလက်ဇံဒါး (Alexandria) တွင် ဘုရားကို ဦးထိပ်ထားသော ခရစ်ယာန် မိဘနှစ်ပါးမှ မွေးဖွားခဲ့သည်။ သူသည် ပညာကို အထူးသင်ကြား လေ့လာဆည်းပူးခဲ့ပြီး ထိုပညာရပ်များသည် နောင်အနာဂတ်တွင် ခရစ်ယာန်ဓမ္မပညာသင်ကြားခြင်း၌
လွှမ်းမိုးခြင်း ခံရလိမ့်မည့် အရာများဖြစ်ခဲ့သည်။ အေဒီ ၂၀၀ ခန့်တွင်ဆပ်တီးမားစ် စေးဗားရားစ် (Septimus Severus) လက်ထက်တွင်ခရစ်ယာန်များအား ညှဉ်းပန်းနှိပ်စက်ခဲ့ရာ သူ၏ဖခင် လီယိုနီဒါးစ်
(Leonidas) သည်လည်း ထောင်ချခြင်း ခံခဲ့ရသည်။ ထို့ကြောင့် ဩရီဂင်သည် တောင်၌နေသော သူ၏ဖခင်အား မိသားစုအတွက် စဉ်းစားပြီးခရစ်တော်ကို မငြင်းပယ်ဖို့ရန်အတွက် တိုက်တွန်း ခွန်အားပေးသော စာကိုပေးပို့သည်။ ထို့အပြင် အစိုးရအာဏာပိုင်များထံသို့ကိုယ်တိုင် သွားရောက်
ခဲ့ပြီး သူ၏ဖခင်နှင့်အတူ မာတုရအနေဖြင့် အသေခံချင်ကြောင်း ဖော်ပြမည်ဟုရည်ရွယ်ခဲ့သော်လည်း အမေဖြစ်သူသည် သူ့အားခွင့်မပြုခဲ့ပါ။ ထိုသို့ဖြင့်ဖခင်ဖြစ်သူ လီယိုနီဒါးစ်သည် မာတုရနေဖြင့် အသတ်ခံရပြီးနောက် သူပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကိုလည်း အာဏာပိုင်များ၏ သိမ်းပိုက်ခြင်း ခံခဲ့ရ
ပြီးသူ၏မိန်းမနှင့် ဩရီဂင်အပါအဝင် သားသမီး(၇) ယောက်ကျန်ရစ်ခဲ့ပါသည်။ ထို့ကြောင့် ဩရီဂင်သည် ဂရိစာပေများကို သင်ကြားပေးခြင်း၊ ကျမ်းဂန်စာပေလက်ရေးစာမူများကို ပုံတူကူးယူခြင်းများအားဖြင့် မိသားစုကို ဖခင်ကိုယ်စား ထောက်ပံ့ပေးခဲ့သည်။
ထိုသို့သော ညှဉ်းပန်းနှိပ်စက်ခြင်း ကာလတွင် အလက်ဇန္ဒိယား၌ရှိသော ခရစ်ယာန်ကျမ်းတတ်ပညာရှင်များသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသောကြောင့် အမေးအဖြေနည်းဖြင့် ခရစ်ယာန်ဘာသာကို သင်ကြားပေးသောကျောင်း (Catechetical School) တွင်သင်ကြား ပေးမည့် ဆရာသမားများ အလွန်လိုအပ်နေသော အချိန်ဖြစ်ခဲ့သည်။ ထို့ကြောင့် ဩရီဂင်
သည် သူ၏အသက် ၁၈ နှစ်အရွယ်၌ပင် ထိုကျောင်း၌ ဦးဆောင်ဦးရွက်လုပ်ခွင့်ရခဲ့ပြီး ထိုသို့ဖြင့် သမ္မာကျမ်းစာကို လေ့လာခြင်း၊ သင်ကြားပေးခြင်းနှင့် ဓမ္မစာပေများကို ရေးသားခြင်း စသည်ဖြင့် ပါဝင်ဆောင်ရွက်ခွင့်ရခဲ့သည်။
သူသည် ခြိုးခြံစွာ ကျင့်ကြံနေထိုင်ခဲ့ပြီး၊ စာပေလေ့လာခြင်းနှင့်ဆုတောင်းခြင်းများကိုမူ ညပိုင်းအချိန်တွင် ပိုပြီးအချိန်ပေးခဲ့သည်။ သူသည်ကုပ်အင်္ကျီတစ် ထည်သာရှိပြီး ဘုတ်ဖိနပ်လည်းမရှိပါ။ ညအိပ်ရာဝင်သောအချိန်တွင်လည်း အခင်းအကျင်း မပါသော ကြမ်းပြင်တွင် အိပ်လေ့ရှိသည်။ ဩရီဂင်သည် ခရစ်တော်၏ ပညတ်ချက်များကို လိုက်လျှောက်ခဲ့ သည့် အပြင် သူ၏အကြီးမားဆုံးသော ဆန္ဒတစ်ခုမှာ သူသည် အသင်းတော်၌ သစ္စာရှိသောသူနှင့် ခရစ်တော်၏ နာမကို ချီးမြှောက်သောသူဖြစ်နိုင်ဖို့ရန်အတွက်ဖြစ်သည်။
ဩရီဂင်၏ အသက်တာတွင် ကြီးကြီးမားမား လုပ်ဆောင်ခဲ့သောအမှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။ သူသည် စာအုပ်စာပေ ၂၀၀၀ခန့်ပြုစုရေးသားထုတ်ဝေခဲ့သည်။ ထို့အပြင် သမ္မာကျမ်းစာ တစ်အုပ်လုံးနီးပါး ပါဝင်သော အဘိဓါန်များကို ပြုစုရေးသားခြင်း၊ ရာနှင့် ချီသောတရား
ဟောချက်များကို ထုတ်လုပ်ခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။ ထို့အပြင်ကော်လံ (၆) ခု ပါဝင်ကာ ထိုကော်လံ (၆) ခု၌ မတူညီသော ကျမ်းတစ်ခုစီထည့်ရေးပြီး ထိုသို့ဖြင့် ကော်လံတစ်ခုနှင့် တစ်ခုကိုနှိုင်းယှဉ်ပြထားသော ဟဲဂ်ဇာပလာ (Hexapla) ကိုလည်း ပြုစုရေးသားခဲ့ပါသည်။
ထိုကော်လံ (၆) ခုတွင်ပါဝင်သော ကျမ်း (၆) ခုများမှာ ဟေဗြဲဓမ္မဟောင်းကျမ်း၊ ဆားပ်တိုဂျင် (Septuagint) ဟုခေါ်သော ဂရိဓမ္မဟောင်းကျမ်း၊ဟေဗြဲကျမ်းကို ဂရိဘာသာစကားနှင့် ဂရိအမြင် ဖြင့်ပြန်ပြီးပြုပြင် ရေးသားသောကျမ်း၊ အကွီးလာ (Aquila)၊ စီးမကိုးစ် (Symmachus)၊ နှင့် သီယို ဒိုရှင်း (Theodotion) တို့၏ဓမ္မဟောင်းကျမ်းများကို ဂရိဘာသာဖြင့်ပြန်ဆိုသောကျမ်းများ စသည်တို့ ပါဝင်ပါသည်။
တို့အပြင် ဩရီဂင်သည် ခက်ခဲသော ကျမ်းပိုဒ်များကို လေ့လာသုံးသပ်သော မှတ်စုစာ (Scholia)၊ ခရစ်တော်ကို ဆန့်ကျင်သောစာများကိုရေးသားထားသော ဆဲလ်းဆားစ် ( Celsius ) ၏ ( True Word ) ကိုတုံ့ပြန်သော အနေဖြင့် (Against Celsus) စာကိုလည်း ရေးသားခဲ့သည်။
ထို့အပြင် ဩရီဂင်သည် ဆုတောင်းခြင်းအကြောင်းအပါအဝင် မာတုရအနေဖြင့် အသေသတ်ခြင်းခံရသော အကြောင်းအရာများ စသည်တို့နှင့်ပတ်သက်ပြီး တိုက်တွန်းနှိုးဆော် ချက်များကိုလည်းရေးသားခဲ့ပါသည်။
ထိုနည်း၎င်း ဘုရားသခင်အကြောင်း၊ ခရစ်တော်အကြောင်း၊ သန့်ရှင်းသောဝိညာဉ်တော် အကြောင်း၊ ဖန်ဆင်းခြင်းအကြောင်း၊ လူသားတို့၏ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အကြောင်း၊ ကယ်တင်ခြင်းအကြောင်းနှင့် သမ္မာကျမ်းစာအကြောင်း စသည့်အကြောင်းအရာများကိုလည်း သေချာစွာ လေ့လာသုံးသပ်ပြီး ရေးသားခဲ့သည်။ဩရီဂင်သည် ထိုအခေတ်အခါ၌ ရှိသော ခရစ်ယာန်ဘာသာ၊ သိပ္ပံပညာနှင့် အတွေးအခေါ်ပညာ စသည်တို့ မည်ကဲ့သို့ဆက်စပ်မှုရှိ ကြောင်းကို လည်း လေ့လာခဲ့သည်။ ဂရိတွေးခေါ်မှုပညာသည် သမ္မာကျမ်းစာကိုနားလည်နိုင်ဖို့ရန် ဘုရားပြင်ဆင်ပေးခဲ့သော အရာဖြစ်သည်ဟုလည်းဩရီဂင် ယုံကြည်ခဲ့သည်။
ဒီရှန်း အင်ပါယာ (Emperor Decian) ၏ ခရစ်ယာန်များအားညှဉ်းပန်းနှိပ်ခြင်း ကာလတွင် ဩရီဂင်သည်လည်း ထောင်ချခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း အမျိုးမျိုး ခံခဲ့ရသော်လည်း သူ၏ ယုံကြည်ခြင်း၌ မယိုင်မလဲပဲမားမားရပ်တည်ခဲ့သည်။ ဩရီဂင်သည် ဒီရှန်းအင်ပါယာ သေဆုံးသွားခြင်း
ကြောင့် ထောင်မှလွတ်မြောက်ခွင့် ရခဲ့သော်လည်း ညှဉ်းပန်းနှိပ်စက်ခြင်းဒဏ်ကြောင့် ဩရီဂင်သည် ထောင်မှ လွတ်မြောက်ပြီး နှစ်အနည်းငယ်ခန့်ကြာသော် အေဒီ ၂၅၁ ခန့်တွင် သေဆုံးခဲ့သည်။
သူပြုစုရေးသားခဲ့သော စာအုပ်စာပေများသည် ခရစ်ယာန်ဓမ္မပညာတွင် တိုးတက်မြင့်မားစေသော အရင်းအမြစ် တစ်ခုဖြစ်စေသည်အသင်းတော်ကို လေးစားလာအောင် လောကကြီးကိုလည်း
အမြင် ဖွင့်ပေးခဲ့ပါသည်။ သူရေးသားခဲ့သော စာအုပ်များသည် ယနေ့တိုင်အောင် သမ္မာကျမ်းစာလေ့လာကြသော ကျောင်းသူကျောင်းသားများအတွက် အလွန်တန်ဖိုးထားကြဆဲ ဖြစ်ပါသည်။
“ လူ၏နှလုံးသားသည် ကြီးကြီးမားမား
ပွေ့ဖက်နိုင်တဲ့အတွက်ကြောင့် သေးငယ်အပ်သော
အရာဝတ္ထုမဟုတ်ပေ။”
ဩရီဂင်
“ ကွဲပြားသောနေရာတွင် အပြစ်ရှိသည်။ ”
ဩရီဂင်
” ခရစ်တော်ရဲ့ စစ်သားမှန်လျှင် သမ္မာတရားအတွက်
တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိရမှာဖြစ်ပြီး မှားယွင်းသော
ယုံကြည်ခြင်းများကိုလည်း ဘယ်တော့မှ
ခွင့်ပြုမည်မဟုတ်ပေ။ ”
ဩရီဂင်
အိုလ်ဖီးလားစ် ( Ulfilas )
( အေဒီ ၃၁၁-၃၈၃ )
ပြည်ပသာသနာပြုသူများတွင် အိုလ်ဖီးလားစ်သည် အထင်ရှားဆုံးသော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ သူသည် ရောမအင်ပါရာပြင်ပဒေသ(ယခုလက်ရှိ ရော်နီးယားနိုင်ငံ) ၌နေကြသော အရိုင်းအစိုင်း လူမျိုးနွယ်များနေထိုင်ရာ ဂွတ်သ် (Goths) တွင် သာသနာပြုခဲ့သည်။ အိုလ်ဖီးလားစ်သည် အေဒီ ၃၁၁ တွင် မွေးဖွားခဲ့ပြီး၊ ဂွတ်သ်တွင်ရှိသော နတ်ဘာသာကို
ကိုးကွယ်သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သည်။ သူ၏မိခင်သည်ဂွတ်သ်လူမျိုးဖြစ်ပြီး၊ သူ၏ဖခင် ကေပါ ဒိုးရှန်း (Cappadocian) သည်ခရစ်ယာန်တစ်ယောက်ဖြစ်သည်။ သူ၏ဖခင်အား ဂွတ်သ်လူမျိုးများကိုကျူးကျော်တိုက်ခိုက်ခဲ့သော လူတို့၏ ဖမ်းဆီးခြင်းခံခဲ့သည်ဟု ယုံကြည်
ခဲ့ကြသည်။
အိုလ်ဖီးလားစ်သည် သံတမန်ဆက်ဆံရေးနှင့် သက်ဆိုင်သောအမှုကို ထမ်းရွက်ဖို့ရန် ကွန်စတင်တီးနိုပါလ် (Constantinople) တွင်စေလွှတ်ခြင်းခံခဲ့ရသည်။ သူသည် ထိုနေရာ၌ နှစ်ပေါင်းများစွာ အမှုထမ်းဆောင်ခဲ့ပြီး၊ ဘီးရှော့ပ်အက်ဖ်ဆေးဗီးရားစ် (Bishop Eusebius)နှင့်
နီကောမီဒီယား (Nicomedia) တို့အားဖြင့် ကျမ်းစာကို ဂရိနှင့် လက်တင်ဘာသာစကားများအားဖြင့် သင်ယူခွင့်ရခဲ့ပြီး၊ ထိုသူနှစ်ဦး၏ သြဇာလွှမ်းမိုးခြင်းကိုလည်းခံခဲ့သည်။ အိုလ်ဖီးလားစ်သည် အက်ဖ်ဆေးဗီးရားစ်၏ လက်အောက်တွင် ကထိကအနေဖြင့် ရောမစစ်တပ်တွင်ရှိသော ဂွတ်သ် စစ်သားများကြားတွင် အမှုထမ်းရွက်ခဲ့သည်။
ထိုသို့ဖြင့် အိုလ်ဖီးလားစ်သည် ကွန်စတင်တီးနိုပါလ်တွင် (၁၀)နှစ်နီးပါး အမှုထမ်းဆောင်ခဲ့ပြီးနောက် သူ၏ အသက် (၃၀) တွင် ဂွတ်သ်တွင် ပြန်လာခဲ့ပြီး ဘီးရှောပ့်အနေဖြင့် တင်မြှောက်ခြင်းခံခဲ့သည်။ သို့သော်ထိုနေရာဒေသတွင် သူသည် ဘီးရှော့ပ်လုပ်ငန်းထက် ဧဝံဂေလိကို အဓိကလုပ်ဆောင်ဖို့ရန် ရည်ရွယ်ထားခဲ့သည်။ ဂွတ်သ် ဒေသတွင် နေထိုင်ကြ
သောသူတို့သည် စည်းမျဉ်းစည်းကမ်း မရှိခြင်း၊ ယဉ်ကျေးသိမ်မွေ့မှုမရှိခြင်း၊ ကြမ်းတမ်းခြင်း စသည်ဖြင့် အလွန်ရိုင်းစိုင်းသောသူများဖြစ်ကြသည်။ထို့အပြင် သူတို့၏ လူနေမှုအဆင့်အတန်းသည်လည်း အလွန်နိမ့်ကျပြီး၊ခိုင်ခန့်သောအိမ်များ မရှိခြင်းကြောင့် လေးဘီးတပ်လှည်းများတွင် မကြာခဏ အိပ်လေ့ရှိကြသည်။
ထိုနေရာတွင် အိုလ်ဖီးလားစ်သည် အနှစ် (၄၀) ပတ်လုံးသာသနာပြုခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း ညှဉ်းပန်းနှိပ်စက်ခြင်းဖြစ်ပေါ်လာခြင်းကြောင့် သူ၏သာသနာကို ထိခိုက်နှောင့်နှေးစေခဲ့သည်။ အေဒီ၃၄၈ တွင်သူ့ကို ဆန့်ကျင်သော ဂွတ်သ် လူမျိုးစော်ဘွားက အိုလ်ဖီးလားစ်လုပ်ဆောင်နေသော ခရစ်ယာန်သာသနာသည် ဂွတ်သ်ဒေသကို ရောမတို့
၏လွှမ်းမိုးချုပ်ကိုင်မှုအောက်၌ ထားဖို့ရန် ကြိုးစားသည်ဟု ထင်မြင်ခဲ့သောကြောင့် ခရစ်ယာန်အမြောက်အများကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့်အိုလ်ဖီးလားစ်သည် အားရီးယန်း (Arian) အင်ပါရာဖြစ်သော ကွန်စတင်တီးယားစ် (Constantius) ထံ၌ ခွင့်ပြုချက်ကိုယူပြီး သူပြောင်းလဲစေခဲ့သောဂွတ်သ် ယုံကြည်သူခရစ်ယာန်များနှင့်အတူ ဒါနိုဘီ (Danube) ဒေသကို
ဖြတ်ကျော်ပြီး ပိုပြီးလုံခြုံသော ရောမနယ်မြေတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ထို ဂွတ်သ်ယုံကြည်သူ ခရစ်ယာန်များမှ အချို့တို့သည် သူတို့၏ ဂွတ်သ်လူမျိုးများထံသို့ သာသနာပြုဖို့ရန် ဂွတ်သ်၌ ပြန်လာခဲ့ကြသည်။ အိုလ်ဖီးလားစ်၏ အကြီးမားဆုံးသော ချစ်ခြင်းမေတ္တာကို
ဂွတ်သ် လူမျိုးတို့အားပြသရာတွင် သူတို့၏ ကိုယ်ပိုင်ဘာသာစကားဖြင့်ကျမ်းစာကို ဘာသာပြန်ပေးခြင်းနှင့် သူတို့အတွက် အက္ခရာစကား လုံးများကို တီထွင်ပေးခြင်းပင်ဖြစ်သည်။ ထိုသို့ကျမ်းစာကို ဂရိဘာသာ စကားမှဘာသာပြန် ဆိုရာတွင် ဂွတ်သ် လူမျိုးတို့သုံးသော ဘန်းသုံး စကားပင်လျှင်မပျောက်မပျက်ပဲ တိကျမှန်ကန်စွာ တစ်လုံးချင်း ဘာသာပြန်ဆိုပေးခဲ့
သည်။ သို့သော် သူသည် ဓမ္မရာဇဝင် စာစောင်များကိုမူ ဘာသာမပြန်ပဲချန်လှပ်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဂွတ်သ် လူတို့သည် စစ်မက်ရေးရာကို အလွန်လိုလားသော ပင်ကိုယ်သဘောသဘာဝ ရှိသူများ ဖြစ်သောကြောင့် စစ်မက်ရေးရာ အကြောင်းများပါသော ထိုဓမ္မရာဇဝင်စာစောင်များကို ထည့်သွင်း မထားခြင်းဖြစ်သည်။
အိုလ်ဖီးလားစ်သည် သူ၏ အသက် (၇၂)နှစ်တွင် သေဆုံးခဲ့ပြီးနောက် နှစ်ရှည်ကြာမြင့်စွာ စစ်ရေး ပြိုင်ဖက်များဖြစ်ခဲ့ကြသော ဂွတ်သ်နှင့် ရောမလူတို့သည် ဆက်လက်ပြီး စစ်ပွဲများ ဖြစ်ပွားခဲ့သည်။ သို့သော်အိုလ်ဖီးလားစ်၏ သစ္စာရှိသော သူ၏ ယုံကြည်သူ တပည့်များသည် ထိုသို့
စစ်မက်ဖြစ်ပွားခြင်းကို ပဓါနမထားပဲ စစ်မြေပြင်တွင် လှည့်လည်သွားလာနေသော ဂွတ်သ် လူတို့နှင့်အတူ အဖော်ပြုယင်း ဧဝံဂေလိသတင်းကောင်းကို ဆက်လက်ပြီး ဟောကြားခဲ့ကြသည်။
ဗီရေးမွန် အက်မန် (V, Raymond Elman) က ဂွတ်သ်ခရစ်ယာန်သာသနာပြုသူများအား အောက်ပါအတိုင်း မှတ်ချက်ချခဲ့သည်။“သူတို့ရဲ့ ဩဝါဒ သွန်သင်ချက်ဟာ မပြည်စုံပေမယ့် သူတို့တွေရဲ့ နှလုံးသားဟာ ချွတ်ယွင်းချက်မရှိဘူး။ သူတို့တွေဟာ သူတို့ရဲ့ လုံခြုံမှုကို မရှာပဲ တစ်
ယောက်နှင့် တစ်ယောက် အစေခံဖို့ရှာဖွေကြတယ်။ ပြီးတော့ သူတို့အချင်းချင်းပေါင်းဖော်ခြင်းဟာ တစ်ဦးနှင့် တစ်ဦး လွှမ်းမိုးချုပ်ကိုင် ဖို့ရန်မဟုတ်ပဲ ခရစ်တော်၌ ပေါင်းဖော်ကြတယ်။”
ထိုသို့ဖြင့် အိုလ်ဖီးလားစ်နှင့် သူ၏ တပည့်များ ၏သာသနာ့ စိတ်ဓါတ်ကြောင့် ဂွတ်သ်လူမျိုးတို့ အိပ်သောနေရာ ဖြစ်ခဲ့သော လေးဘီးတပ်လှည်းများသည် သူတို့ ဘုရားရှိခိုးသော နေရာ (ဘုရားကျောင်း) များ ဖြစ်လာခဲ့သည်။
“ အိုလ်ဖီးလားစ်နှင့် သူ၏ တပည့်များရဲ့ သြဝါဒသွန်သင်ချက် များဟာ မပြည်စုံပေမယ့် သူတို့တွေနဲ့နှလုံးသားဟာ ချွတ်ယွင်းချက်မရှိဘူး။ သူတို့တွေဟာ
သူတို့ရဲ့ လုံခြုံမှုကို မရှာပဲ တစ်ယောက်နှင့်တစ်ယောက် အစေခံဖို့ရှာဖွေကြတယ်။ ပြီးတော့
သူတို့ အချင်းချင်းပေါင်းဖော်ခြင်းဟာ တစ်ဦးနှင့်တစ်ဦး လွှမ်းမိုးချုပ်ကိုင် ရန် မဟုတ်ပဲ ခရစ်တော်၌
ပေါင်းဖော်ကြတယ်။”
ဗီရေးမွန် အက်မန်
ဂျေရုမ်း ( Jerome )
( အေဒီ၃၄၀ – ၄၂၀ )
ဂျေရုမ်းသည် အေဒီ ၃၄၀ ခုနှစ် အီတလီ (Italy) နှင့် ဒါလ်မရှာ (Dalmatia) ကြားရှိ နယ်စပ် (လက်ရှိနိုင်ငံ- ယူဂိုစလားဗီးယား)တွင် မွေးဖွားခဲ့သည်။ သူ၏နာမည်ရင်းမှာ အက်ဖ်ဗီးရားစ် ဟိုင်ရော်နီမားစ်ဆိုဖရောနီးယားစ် (Euse- bius Heironymus Sophronius ) ဖြစ်သော်လည်း ဂျေရုမ်း ဟူ၍ လူသိများခဲ့သည်။ သူသည် ရောမတွင် ပညာသင်ယူလေ့လာ ဆည်းပူးခဲ့ပြီး၊ ထိုနေရာတွင် အဆင့်အတန်းမြင့်သော ကိုယ်ပိုင်စာကြည့်တိုက်ကိုလည်း တည်ထောင်ခဲ့သည်။ သူသည် ၁၉ နှစ်အရွယ်တွင်နှစ်ခြင်း မင်္ဂလာခံယူခဲ့သည်။
ဂျေရုမ်းသည် သူ၏ လောကီနှင့် ဆိုင်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကို စွန့်လွှတ်ပြီး မကြာမှီ ပညာကို အထူးလေ့လာလိုက်စားခြင်းနှင့် ခြိုးခြံစွာကျင့်ခြင်း (Ascestic Life) အားဖြင့် သူ၏အသက်တာကို စတင်မြှုပ်နှံခဲ့သည်။ အေဒီ ၃၇၃-၇၄ တွင် ဂေရုမ်းသည်
ဘုရားဖူးခရီး သွားစဉ် အပြင်း ဖျားနာခဲ့သောကြောင့် အန္တိအုတ်ကို ကျော်ပြီးမသွားရောက်နိုင်ခဲ့ပေ။ ထိုသို့ အပြင်းဖျားနာခဲ့ချိန်တွင် ဂျေရုမ်းသည်မှတ်သားလောက်သော အိပ်မက်တစ်ခုကို အောက်ပါအတိုင်း မက်ခဲ့ပါသည်။ “ငါဟာ ရုတ်တရက် ဖမ်းဆီးခြင်းခံခဲ့ပြီး ကောင်းကင်နိုင်ငံမှာရှိတဲ့
တရားသူကြီးရဲ့ တရားဆုံးဖြတ်တဲ့နေရာမှာ တရွတ်တိုက် ဆွဲခေါ်ခြင်းခံခဲ့ရတယ်။ ပြီးမှ တရားသူကြီးက ငါဘယ်သူဘယ်ဝါ ဖြစ်ကြောင်းနှင့် ငါဘယ်သူဖြစ်ခဲ့တဲ့အကြောင်း ငါ့ကိုသူ မေးခဲ့တယ်။ ပြီးတော့ “ငါဟာခရစ်ယာန်တစ်ယောက်ပါ” ဆိုပြီး ငါဖြေကြားခဲ့တယ်။ ဒါပေမယ့် သူက “မင်း ခရစ်
ယာန်မဟုတ်ဘူး၊ မင်းကတော့ စီစေရောနီးယာန်း (Ciceronian) ဖြစ်တယ်”ဆိုပြီး ငါ့ကို အပြစ်တင်ခဲ့တယ်။” ( စီစေရောနီးယာန်း ဆိုသည်မှာ ဂရိအတွေးအခေါ် ပညာရှင် ချီချေးရော် (Cicero) ၏ နောက်လိုက်တပည့်ဟူ၍ ဆိုလိုသည်။ ထိုကဲ့သို့သော အိပ်မက်ကို မက်ပြီးသည့် နောက်
ဂျေရိုမ်းသည် လောကီစာအုပ်များထက် နှုတ်ကပတ်တော်ကို ပိုပြီး စိတ်အားထက်သန်စွာ စတင်လေ့လာ ဖတ်ရှုခဲ့သည်။ ထိုသို့ဖြင့် မကြာမှီ သူသည်လူသူကင်းမဲ့သော အန္တိအုတ်၏ အရှေ့တောင်ဒေသရှိ ချားလ်စီးစ်(Chalcis) နယ်နမိတ်တွင် သွားရောက်ခဲ့ပြီး ရသေ့ကဲ့သို့ ဂူထဲ၌ နေထိုင်ခဲ့သည်။ ထို့အပြင် သူ၏စာကြည့်တိုက်မှ စာအုပ်တခုလုံးကိုလည်း သူနှင့်
အတူ ယူဆောင်သွားခဲ့သည်။
ထိုသို့ဖြင့် ဂေရုမ်း သည် ခြိုးခြံစွာ ကျင့်ကြံခြင်းနှင့် စာအုပ်စာပေကျမ်းဂန်များကို လေ့လာခြင်း များပြုလုပ်ခဲ့သည်။ တစ်ခါတစ်ရံ သူ့ထံ၌ဧည့်သည်များ ရောက်ရှိတတ်ပြီး၊ စာအားဖြင့်လည်း အဆက်အသွယ်လုပ်တတ်ကြပါသည်။ သို့သော် အန္တိအုတ်ရှိ ဂိုဏ်းချုပ်ရာထူးနှင့် ပတ်သက်၍
အရှေ့တိုင်းနှင့် အနောက်တိုင်းတို့တွင် ငြင်းခုံမှုများ ဖြစ်ပွားခဲ့ပြီး လူသူကင်းမဲ့သော နေရာများတွင် ခြိုးခြံစွာ ကျင့်ကြံနေထိုင်ကြသော ဘုန်းကြီးများနှင့်လည်း ပါဝင်ပတ်သက်သောကြောင့် ဂျေရုမ်းသည်လည်း အခက်တွေ့ခဲ့ပြီး သူနေထိုင်သော ဂူမှ ပြန်ပြီးထွက်ခွါခဲ့ရသည်။ ထိုသို့ဖြင့် ဂေရုမ်းသည်လူသူကင်းမဲ့သောနေရာတွင် စုစုပေါင်း နှစ်နှစ်ခွဲခန့် နေထိုင်ခဲ့သည်။
အေဒီ ၃၈၂ တွင် ဂျေရုမ်းသည် ရောမသို့သွားခဲ့ရာ ပုပ်ရဟန်းမင်းဒါမားစ်ဆားစ် (Pope Damusius) ၏ ကိုယ်ပိုင် အတွင်းရေးမှူးနှင့် စာကြည့်တိုက်မှူးဖြစ်လာခဲ့သည်။ ဂျေရုမ်းသည်လက်တင်စာပေနှင့် အဆင့်မြင့်သောဂရိစာပေများကို လေ့လာသင်ကြားခဲ့ပြီး၊ အပြင်လောက၏ စာရေး ဆရာဖြစ်ဖို့ရန် နှစ်သက်စွဲလမ်းခဲ့ခြင်းကိုလည်း သူ့ကိုယ်သူ အပြစ်တင်ခဲ့ သည်။ထို့ကြောင့် သူသည် ဆီးရီးယား (Syria) တွင်သွားပြီး ဟေဗြဲစာပေကို
လေ့လာခဲ့သည်။ အဆင့်မြင့်သောဂျေရုမ်းသည် ပုပ်ရဟန်းမင်း ဒါမားစ်ဆားစ်၏လက်အောက်တွင် စတင်အမှုထမ်းဆောင်သော အချိန်တွင်မူ သူသည်အထင်ရှားဆုံးသော ပညာရှင်တစ်ပါး ဖြစ်ခဲ့ပြီး ဖြစ်သည်။
ပုပ်ရဟန်းမင်း ဒါမားစ်ဆားစ်သည် သမ္မာကျမ်းစာကို ကောင်းမွန်ပြီး တိကျစွာ ဘာသာပြန်ခြင်းကို လိုလားသောကြောင့် ဂျေရုမ်းအား တိုက်တွန်း နှိုးဆော်ခဲ့ရာ ထိုသို့ဖြင့် ဂျေရုမ်းသည် ဓမ္မဟောင်းကျမ်းကို လက်တင်ဘာသာသို့ ပြန်ဆိုခြင်းကို အေဒီ ၃၈၂ တွင်စတင်ခဲ့ပါသည်။ အေဒီ ၃၈၄
တွင် ဒါမားစ်ဆားစ် ဆုံးပါးခဲ့ပြီးနောက် ဘီးရှော နေရာကို ရချင်ခဲ့သော်လည်းရွေးခြယ်ခြင်း မခံခဲ့သောကြောင့် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီးစိတ်အာရုံလွှဲပြောင်းရန်အတွက် ရောမမြို့မှထွက်ခွာခဲ့ပြီး သန့်ရှင်းသောနယ်မြေတွင်ရှိသော ဗက်သလင် (Bethlehem) တွင် သွားရောက်ခဲ့ရာထိုနေရာတွင် သူသေဆုံးသွားသော အေဒီ (၄၂၀) ခုနှစ်တိုင်အောင် နေထိုင်
ခဲ့သည်။
ဂျေရုမ်းသည် သမ္မာကျမ်းစာကို ဘာသာပြန်ဆိုရာတွင် မူလဟေဗြဲဓမ္မဟောင်းကျမ်းကို အခြေပြုပြီး ဘာသာပြန်ဆိုခဲ့သည်။ သို့သော် ဟေဗြဲကျမ်းစာတွင်မူ ဂရိကျမ်းစာဖြစ်သော (Septuaginit) ကဲ့သို့ ကျမ်းပယ်(Apocrypha) များ မပါရှိသောကြောင့် ဂျေရုမ်းသည် ကျမ်းပယ်များကိုပါဘာသာပြန် ထည့်သွင်း ရေးသားထားခဲ့သည်။ ထိုသို့ဖြင့် ဂျေရုမ်းသည်
လက်တင်ဘာသာစုစကားဖြင့် သူပြန်ဆိုခဲ့သောကျမ်းကို ဗားလ်ဂိတ်(Vulgate) ဟူ၍ ခေါ်ဆိုပါသည်။ လက်တင်ဘာသာစကား ဖြစ်သော vulgus ၏ အဓိပ္ပါယ်မှာ “ဘုံ” common ဖြစ်ပါသည်။ ထိုအချိန်အခါရှိဓမ္မဟောင်းကျမ်းကို ဘာသာပြန်ပြန်ဆိုခဲ့ကြသောသမ္မာကျမ်းစာများ အနက်
ထို ဂျေရုမ်းဘာသာပြန်ဆိုခဲ့သော ဗားလ်ဂိတ်ကျမ်းသည် အလွန်တိကျပြီးအကောင်းဆုံးသော ဘာသာပြန် သမ္မာကျမ်းစာအုပ် ဖြစ်လာခဲ့သည်။ထို့အပြင် ဂျေရုမ်းသည် တရားဟောချက် စာအုပ်များကို ဘာသာပြန်ခြင်း၊ဓမ္မဟောင်းကျမ်း အဘိဓါန်များကို ဘာသာပြန်ဆိုခြင်း၊ ဓမ္မသစ်ကျမ်း
အဘိဓါန်များကို ဘာသာပြန်ဆိုခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ထို့အပြင် အတ္ထုပ္ပတ္တိများ၊ စာစောင်အမြောက်အများ၊ ဓမ္မအတွေးအခေါ်များနှင့် သမိုင်း စသည်တို့ကိုလည်း ရေးသားခဲ့သည်။
” သမ္မာကျမ်းစာကို ဥပက္ခာပြုသောသူသည်
ခရစ်တော်ကို ဥပက္ခာပြုခြင်းပင်ဖြစ်သည်။ “
ဂျေရုမ်း
ဩဂုတ်စတင်း ( Augustine )
( အေဒီ ၃၅၄ – ၄၃၀ )
သူ့၏နာမည်သည် အော်ရီလီးယားစ် ဩဂုတ်စတီးနားစ်(Aurelius Augustinus) ဖြစ်သော်လည်း ဩဂုတ်စတင်း (Augustin)ဟူ၍ပိုပြီးသိရှိကြပါသည်။ သူသည် ရှင်ပေါလုပြီးနောက် အထင်ရှားဆုံးသော ဘာသာရေးအတွေးအခေါ် ပညာရှင်တစ်ဦးဖြစ်သည်။ သူသည်အေဒီ ၃၅၄ ခုနှစ်၊ တားဂါးစ်တေ (Thagaste) တွင်မွေးဖွားခဲ့ပါသည်။သူ၏ မွေးမိခင်သည် ခရစ်ယာန်ဘာသာ ကိုင်းရှိုင်းသော သူတစ်ဦးဖြစ်ခဲ့ပြီး၊သူ၏ဖခင် ပက်ထရီးစီးယားစ် (Patricius) မှာမူ ခရစ်ယာန် မဟုတ်ခဲ့ပေ။သြဂတ်စတင်းသည် ဉာဏ်အလွန်ထက်မြက်သောကြောင့် မိဘများက
အကောင်းဆုံးကျောင်းတွင် တက်ရောက်ခဲ့ကြသည်။ သူသည်စာအရေးအသားနှင့် အဟောအပြော ကျွမ်းကျင်သောပညာ (Rhetoric) ကိုကားသေ့ခ်ျ (Carthage) တွင် သင်ယူလေ့လာခဲ့သည်။ ထိုသို့ သူ၏ပညာသင်ကြားလေ့လာစည်းပူးခြင်းအားဖြင့် သမ္မာတရားသည် အသက်
သာ၌ အရေးကြီးဆုံး ဖြစ်ကြောင်းသူသိရှိလာခဲ့သည်။ ဩဂတ်စတင်းသည် အစပထမတွင် ခရစ်ယာန်ဘာသာသည် အလွန် သာမန်ရိုးစင်းသောသူများအတွက်သာ ဖြစ်သည်ဟု ခံယူသောကြောင့် ခရစ်ယာန်ဘာသာကိုငြင်းပယ်ခဲ့သည်။ ဩဂတ်စတင်းသည် သူ၏ဆယ်ကျော်သက်အရွယ်တွင်
အပျော်မယား ယူခဲ့ပြီး သားယောကျာ်းကို ဖွားမြင်ခဲ့သည်။
သူသည် ကားသေ့ခ်ျတွင် နေထိုင်စဉ်တလျှောက် သူ၏အလွန်စက်ဆုပ်ရွံ့ရှာဖွယ် အသက်တာကို အမြဲမြင်ယောင်မိခဲ့သည်။ ဤလောကသည် အလင်းနှင့် အမှောင်၊ ဇာတိအသွေးအသားနှင့် ဝိညာဉ်စသည်တို့တိုက်ခိုက်သော စစ်မြေပြင်ဖြစ်သည်ဟု သွန်သင်သော (Manichaeism)
ဝါဒကို လည်းဩဂတ်စတင်း ကျင့်သုံးခဲ့သည်။ သို့သော် ထိုဝါဒသည် သူ၏သမ္မာတရားရှာဖွေခြင်းတွင် စိတ်ကျေနပ်မှုကို မရရှိစေနိုင်ခဲ့ပေ။ ထို့ကြောင့်သမ္မာတရားကို အခြားသော နေရာတွင်ပြန်ပြီး ရှာဖွေရန် ဆုံးဖြတ်ခဲ့သည်။ဩဂတ်စတင်းသည် သူ၏အသက်တာ၌ ငြိမ်သက်ခြင်းကို မရရှိနိုင်
သောကြောင့် စာအရေးအသား၊ အဟောအပြော ဆိုင်ရာကျွမ်းကျင်ပညာဖြစ်သော (Rhetoric) ကို သင်ကြားပေးယင်း ကားသေ့ချ်မှ ရောမသို့၊ရောမမှ မီလန် (Milan) သို့ စသည်ဖြင့် ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မီလန်တွင် အလွန်ထက်မြက်သော ဘီးရှော့ပ်၊ အက်ပ်ဗာရောစ် (Ambrose)
နှင့်တွေ့ဆုံခဲ့ပြီးနောက် ခရစ်ယာန်တိုင်းသည် သာမန် ရိုးစင်းသော သူများ
သာ မဟုတ်ကြောင်း သိမြင်လာခဲ့ရသည်။
အေဒီ ၃၈၇ ခုနှစ်တွင် ဩဂတ်စတင်းသည် မီလန်တွင်ရှိသောပန်းခြံတစ်ခုတွင် ထိုင်နေစဉ် ကလေးငယ်တစ်ယောက်၏ “ယူပြီးဖတ်ပါ။ယူပြီးဖတ်ပါ ” ဟုဆိုသော သီချင်းဆိုသံကို ကြားခဲ့သည်။ ထို့နောက်သူသည်သူ့နားတွင်ရှိသော စာကိုယူပြီး ဖတ်ကြည့်ရာ ရှင်ပေါလုရေးသားသော
ရောမဩဝါဒစာ ( ၁၃း၁၃၊ ၁၄ ) ကိုဖတ်ခဲ့ရသည်။ ထိုကျမ်းပိုဒ်ထဲတွင်ကိုယ်ကာယတပ်မက်ခြင်း ငှါမကြံစည်ကြဖို့နှင့် သခင်ယေရှုခရစ်တော်ကိုယူတင်ဝတ်ဆောင်ဖို့ရန် စသည့်အကြောင်း အရာများကို ဖတ်မိသောအခါဩဂုတ်စတင်း၏ အသက်တာသည် စတင်ပြောင်းလဲလာခဲ့သည်။ ထို
အကြောင်းအရာနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ဩဂုတ်စတင်းကအောက်ပါ အတိုင်းဖော်ပြခဲ့သည်။ “အဲဒီစာပိုဒ်ကို ဖတ်ပြီး ဒါနဲ့ ဆက်ပြီးမှဖတ်ဖို့တောင် မလိုတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီစာပိုဒ်ဆုံးဒါနဲ့ကျွန်ုပ်ရဲ့ နှလုံးသားမှာ ယုံကြည်ခြင်း ပြည့်လျှံလာပြီး၊ သံသယအမှောင်ထု
ကြီးဟာ ကွယ်ပျောက်သွားခဲ့တယ်။”
ဩဂုတ်စတင်းသည် ထိုသို့ပြောင်းလဲလာခဲ့ပြီးနောက် အကျိုးအကြောင်း ဆင်ခြင်တုံတရားနှင့် ပတ်သက်ပြီး၊ စာတမ်း (၁၃) ခုကိုပြုစုရေးသားခဲ့သည်။ မေနီခဲရီဇီမ်ဝါဒ (Manichaeism) ကို ဆန့်ကျင်သောစာတမ်းများကိုလည်း ရေးသားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် လူများ
တို့အား ထိုကဲ့သို့သော မိစ္ဆာဒိဠိအယူဝါဒဖက်ကို သူကိုယ်တိုင် ရှေ့ဆောင်လမ်းပြခဲ့ဖူးသောကြောင့် သူ့မှာတာဝန်ရှိသည်ဟု ခံယူပြီး ထိုသို့ပြုစုရေးသားခဲ့ခြင်းဖြစ်သည်။ ထိုစာတမ်းများမှ မေနီခဲရီဇင်ဝါဒကို ကျင့်သုံးသောသူတို့ ငြင်းပယ်ထားသော လူသားတို့၏ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်
(Free-will) အကြောင်းကို (Free Choice of the Will) ခေါင်းစဉ်အောက်၌ အသေးစိတ်ရှင်းပြပြီး ချေပရေးသားခဲ့သည်။အေဒီ၃၈၈ တွင် သူသည် အာဖရိကကို ပြန်လာခဲ့သည်။ ဟီပို
(Hippo) တွင်သွားလည်စဉ် ဘုန်းကြီးဖြစ်ရန် ကမ်းလှမ်းခြင်းခံရသောကြောင့် အေဒီ ၃၉၁ ခုနှစ်တွင် သူသည် ဘိသိက်ခံဘုန်းကြီးတပါးဖြစ်လာခဲ့သည်။ ထို့နောက် အေဒီ ၃၉၅ ခုနှစ်တွင် ထိုနေရာတွင် ရှိသောဘီးရှော ဆုံးပါးသွားသောအခါ သူကိုယ်တိုင် ဘီးရှော့ပ်ဖြစ်လာခဲ့သည်။ထိုသို့ဖြင့် ဩဂတ်စတင်းသည် သူသေဆုံးသွားသော အေဒီ ၄၃၀ နှစ်တိုင်အောင် မြောက်အမေရိကတိုက်ရှိ ဟီပိုတွင် ဘီးရှော့ပ်အနေဖြင့် အမှုထမ်းရွက်ခဲ့သည်။
ဩဂတ်စတင်း ဘီးရှော့ပ်ဖြစ်သောအချိန်အခါတွင် ဒေါနတီးစ်(Donatists)နှင့် ကာသိုလိပ် (Catholics) ဟူ၍ ဂိုဏ်းကွဲနေသော အချိန်ဖြစ်သည်။ ဒေါနတီးစ် (Donalists) အဖွဲ့က ကိုယ်ကျင့်တရား ကောင်းမွန်ပြီး သစ္စာရှိသောဘုန်းကြီးရှိခြင်းသည် အလွန်အရေးပါသည်ဟုခံယူခဲ့ကြ
သည်။ အဘယ်ကြောင့်ဆိုသော် အင်ပါယာ ဒိုင်အိုကလဲရှန်း (Diocletian)၏ညှဉ်းပန်းနှိပ်စက်ခြင်း ကာလတွင် အချို့သော ခရစ်ယာန်ဘုန်းကြီးများသည် သူတို့ကို ညှဉ်းပန်းနှိပ်စက်သော ထိုသူတို့အား ကျမ်းစာ စာမူများကိုမီးရှို့ဖို့ရန် ပေးအပ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ညဉ်းပန်း နှိပ်စက်ခြင်း
ကုန်ဆုံးပြီးနောက်တွင် ထိုကဲ့သို့ပြုမူခဲ့သော ဘုန်းကြီးအချို့ တို့အား မူလရာထူးတွင် ပြန်ပြီး ခန့်အပ်ခြင်းခံခဲ့ကြသည်။ သို့သော် ဒေါနတီးစ်အဖွဲ့ကမူထိုကဲ့သို့ သစ္စာမရှိသော ဘုန်းကြီးများကို ငြင်းဆိုခဲ့ကြသည်။ထို့အပြင်ဒေါနတီးစ်အဖွဲ့သားများသည် အသင်းတော်၏ သန့်ရှင်းဖြူစင်ခြင်းသည်
အသင်းသူ အသင်းသားများနှင့် အထူးသဖြင့် ဘုန်းကြီးများ၏ စင်ကြယ်သော အသက်တာ အပေါ်၌မူတည်သည်ဟု ခံယူခဲ့ကြသည်။ ထိုအချိန်တွင်ဩဂတ်စတင်း အုပ်ချုပ်သောသာသနာ နယ်မြေ၌ ဒေါနတီးစ်အဖွဲ့ဝင်ထောင်နဲ့ချီပြီး ရှိခဲ့ကြသည်။
သို့သော်ဩဂတ်စတင်းသည် ဒေါနတီးစ်တို့၏ အယူဝါဒကိုငြင်းပယ်ခဲ့ပြီး အသင်းတော်တွင် သန့်ရှင်းသောသူများသည် မသန့်ရှင်းသူများထက် ပိုပြီးနည်းကောင်းနည်းပါးနေမည်ဖြစ်သော်လည်း၊ အသင်းတော်သည် ခန္ဓာတစ်ခုတည်းသာ ဖြစ်သည်ဟုဆိုခဲ့သည်။ ထို့အပြင် သူသည်ခရစ်ယာန် မင်္ဂလာဝတ်များသည် ဘုန်းကြီးများအားဖြင့် မဟုတ်ပဲ ဘုရားသခင်ကျေးဇူးတော်၏ လုပ်ဆောင်ချက်ကြောင့်သာ ဖြစ်လာခြင်းဖြစ်သည်ဟုဆို၏။ ထို့အပြင် ဩဂတ်စတင်းသည် အသင်းတော်နှင့် ပတ်သက်ပြီးအတိအလင်းဖော်ပြခဲ့သည်။ အသင်းတော်အတွင်း၌ ရှိသော
ခရစ်ယာန်တိုင်းသည် စစ်မှန်သော ခရစ်ယာန်ဟူ၍ မသတ်မှတ်နိုင်ပေ။နာမည်ခံ ခရစ်ယာန်များလည်း ရှိမှာဖြစ်သည်။ သို့သော် စစ်မှန်သောခရစ်ယာန်နှင့် အမှန်မဟုတ်သော ခရစ်ယာန်ကို ကျွန်တော်တို့သည် မခွဲခြားနိုင်ပါ။ဘုရားသခင်သာလျှင် လူတို့၏ နှလုံးသားကို စစ်ဆေးနိုင်ပြီး၊ ထိုနည်း၎င်း သူ၏လူတို့ကိုလည်း သူသာလျှင် သိနိုင်စွမ်းရှိပါသည်။
ထို့ကြောင့် စစ်မှန်သော အသင်းတော် ဘောင်သည်လည်း ဘုရားသခင်သာလျှင်သိနိုင် ကြောင်းစသည်ဖြင့် ဩဂတ်စတင်းသည် မြင်တွေ့နိုင်သောအသင်းတော် (Visible church) (အပြင်ပန်းအားဖြင့် တွေ့မြင် နိုင်သောအဖွဲ့ အစည်း)နှင့် မမြင်နိုင်သော အသင်းတော် ( Invisible church)(စစ်မှန်သော ခရစ်ယာန်များ၏ ခန္ဓာကိုယ်) ဟူ၍ ခွဲခြားပြခဲ့သည်။ဩဂတ်စတင်းသည် အခြေအတင်ပြော၍ သွေးဆောင်ခြင်းနည်းအားဖြင့် သော်လည်းကောင်း၊ ၄င်း၏ ဩဇာအရှိန်အဝါကြောင့် သော်လည်းကောင်း ဒေါနတီးစ် အချို့တို့အားပြန်လည် သိမ်းသွင်းနိုင်ခဲ့သည်။
အေဒီ ၄၀၅ တွင် ရောမအစိုးရသည်လည်း ဒေါနတီဇင် (Donatism)ဝါဒကို တားမြစ်ခဲ့သော်လည်း အေဒီ ၄၁၁ တိုင်အောင် ဒေါနတီးစ်နှင့်ရောမကက်သလစ်ကြား၌ ပဋိပက္ခဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင် ရုန်းရင်းဆန်ခတ်ပြုခြင်းအမှုကို ပြုလိုသော သူများကြောင့် မလွဲမရှောင် သာဘဲ
ဩဂတ်စတင်းသည် ဘုရင့်အာဏာကို အသုံးပြုပြီး ဒေါနတီးစ်တို့အားအသင်းတော် ဘောင်သို့ ပြန်လည် သိမ်းသွင်းခဲ့လေသည်။ဒေါနတီဇင်ဝါဒ (Donatism) ၏ အရှိန်အဟုန်သည် ကျဆုံးခဲ့ပြီး
သည့်နောက် အေဒီ ၄၁၀ တွင် ရောမမြို့ကို ရက်စက်ကြမ်းကြုတ်သောဥရောပလူမျိုးနွယ်စုဖြစ်သော ဗီစီဂွတ်စ် (Visigoths) စစ်သားများ၏တိုက်ခိုက် သိမ်းပိုက်ခြင်းကို ခံခဲ့သည်။ အချို့သောသူတို့က ထိုသို့ရောမမြို့ကြီး ကျဆုံးခြင်းသည် ထိုနေရာ၌ နေကြသော ခရစ်ယာန်များ၏
ထိုဒေသရှိ နတ်ဘုရားများကို ဥပေက္ခာ ပြုခြင်းကြောင့်ဖြစ်သည်ဟု စောဒကတက်ခဲ့ကြသည်။ ထို့ကြောင့် ဩဂတ်စတင်းသည် ထိုအကြောင်း အရာနှင့် ပတ်သက်ပြီး ပြန်လည်ရှင်းပြလိုသော ရည်ရွယ်ချက်ဖြင့် အေဒီ ၊ ၄၁၃နှင့် ၄၂၇ ကြားတွင် (The City of God) ကို ပြုစုရေးသားခဲ့ရာ ထိုစာ
သည် သူပြုစုရေးသားခဲ့သော စာပေများအနက် နှစ်အကြာဆုံး ဖြစ်ပြီး(၁၅) နှစ်ခန့် ပြုစုရေးသားခဲ့သည်။ ထိုစာ၏ ပထမအပိုင်းတွင် ရောမမြို့တွင်ရှိသော နတ်ဘုရားများသည် လောကအရာ၌ သော်လည်းကောင်း၊ကောင်းကင်နှင့် ဆိုင်သောအရာ၌ သော်လည်းကောင်း အနာဂတ်အ
တွက် မျှော်လင့်ချက်များကို မပေးနိုင်ကြောင်း ဖော်ပြရေးသားခဲ့ပါသည်။ခရစ်ယာန်ဘာသာသည် လောကအရာများတွင် ယာယီ အောင်မြင်ခြင်းထက်၊ အတွင်းစိတ်၌ ငြိမ်သက်ခြင်းနှင့် ထာဝရအသက်ရရှိခြင်း သတင်းကောင်းကို ယူဆောင်လာသော ဘာသာဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြခဲ့သည်။ ဒုတိယအပိုင်းတွင်မူ ကွဲပြားသောမြို့ (သို့) လူ့ဘောင်အဖွဲ့
အစည်း နှစ်မျိုးအကြောင်းကို ရေးသားခဲ့သည်။ ၄င်းတို့မှာ ဘုရားသခင်၏မြို့နှင့် စာတန်၏မြို့ ဟူ၍ ဖော်ပြခဲ့ပြီး၊ ကောင်းကင်နှင့် ဆိုင်သောမြို့၊လောကနှင့် ဆိုင်သောမြို့၊ ယေရုရှလင်နှင့် ဗာဗုလုန် စသည်ဖြင့် ခိုင်းနှိုင်းပြီး ဖော်ပြ ရေးသားခဲ့ပါသည်။ ထို့အပြင် ဩဂတ်စတင်းသည် ဘုရားသခင်
နှင့်အတူ ထာဝရအုပ်စိုးရမည့်မြို့နှင့် မကောင်းဆိုးဝါး စာတန်နှင့်အတူထာဝရ အပြစ်ဒဏ် စီရင်ခြင်းကို ခံရမည့်မြို့ နှစ်မြို့ရှိကြောင်း ကိုလည်းခိုင်းနှိုင်းပြီး ဖော်ပြရေးသားခဲ့ပါသည်။
ရောမမြို့ မကျဆုံးမှီ လေးအချိန်ကာလတွင် ပေလာဂျားစ်ဝါဒ(Pelagianism) ပြန်ပြီး ပေါ်ပေါက်လာခဲ့သည်။ ထိုဝါဒကို စတင်သူမှာဗြိတိသျှ လူမျိုး ပေလာဂျာစ် (Pelagius) ဖြစ်သည်။ ပီလာဂျားစ် သည်ဘုရားသခင်ကို မိမိတို့ကိုယ်ပိုင် လွတ်လပ်စွာ ရွေးချယ်ခြင်းသည် အလွန်
အရေးကြီးကြောင်း သွန်သင်ခဲ့သည်၊ ပီလာဂျားစ်သည် မိမိကိုယ်မိမိကယ်တင်နိုင်သည် ဟူ၍ မသွန်သင်ပေးခဲ့သော်လည်း လူသားများသည်အာဒံအပြစ်မှ ဆင်းသက်ခြင်းကို မယုံကြည်ခဲ့ပေ။ ဩဂတ်စတင်းသည်ပီလာဂျားစ်ဝါဒကို အနှစ်နှစ်ဆယ်နီးပါး တိုက်ခံခဲ့သည်။ ထိုသို့ဖြင့် အေဒီ
၄၃၀ ခုနှစ်၊ သြဂတ်စတင်း သေဆုံးပြီး တစ်နှစ်အကြာတွင် ဧဖက်မြို့ကောင်စီတွင် ပီလာဂျားစ်ဝါဒကို တရားဝင် ပြစ်တင်ရှုပ်ချခဲ့ကြသည်။
ဩဂတ်စတင်းသည် သူ၏ ခရစ်ယာန်အသက်တာ နှစ်ဦးပိုင်းတွင်ဘုရားသခင်၏ ကျေးဇူးတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ ကူညီမစမှုလိုအပ်ကြောင်း ယုံကြည်ခဲ့သည်။ ထို့အပြင် မယုံကြည်သူများသည်လည်းဘုရားကို လွတ်လပ်စွာရွေးချယ်ခြင်းဖြင့် ဘုရားကိုသိနိုင်သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် နှစ်အနည်းငယ်ကြာသောအခါ ဘုရားသခင်၏ ကျေးဇူး
တော်သည် ဘုရားရွေးကောက်သော သူများအတွက်သာ ဖြစ်သည်ဟူ၍ပြန်ပြီး သိမြင်ယုံကြည်လာခဲ့သည်။ ထိုသို့ဖြင့် သြဂုတ်စတင်းသည် သူကိုယ်တိုင် ဝိညာဉ်ရေးရာနှင့် ဆိုင်သောအရာများကို စူးစမ်းလေ့လာ ရှာဖွေခဲ့သောအရာများကို သူ၏ “ဖွင့်ဟဝန်ခံချက်” (Confession) တွင် ရေးသားဖော်ပြခဲ့သည်။
ဩဂတ်စတင်းသည် သူ၏ ကြီးမားသောလုပ်ဆောင်မှု တစ်ခုမှာအေဒီ ၃၉၉ နှင့် ၄၁၉ ကြားတွင် “သုံးပါးတဆူ ဘုရား” (Trinity)အကြောင်း ကိုရေးသားခဲ့ခြင်းပင်ဖြစ်သည်။ ထို့အပြင် ဩဂတ်စတင်းသည်အရေအတွက်အားဖြင့် ရာနှင့်ချီသော ကျမ်းဋီကာများ၊ စာစောင်များ၊
အနက်ဖွင့်ကျမ်းများကိုလည်း ပြုစုရေးသားခဲ့သည်။ အကယ်စင်စစ်ဩဂတ်စတင်း၏ ဘာသာရေးအတွေးအခေါ်သည် အလယ်ခေတ် တိုင်အောင် ဓမ္မအတွေးအခေါ်ပညာရှင်များကို လွှမ်းမိုးခဲ့သည် သာမကအသင်းတော်များပြန် လည်ပြုပြင်ခြင်းတိုင်အောင် ဆက်လက်ပြီး လွှမ်းမိုး
ခဲ့သည်။
ပက်ထရိတ် ( Patrick )
( အေဒီ ၃၈၉ – ၄၆၁ )
ပက်တရိတ်သည် အေဒီ (၃၈၉) တွင် ထိုအချိန်၌ ရောမနယ်မြေဖြစ်သော ဗြိတိန်နိုင်ငံရှိ ခရစ်ယာန်အိမ်ထောင်မိသားစုမှ မွေးဖွားခဲ့သောသူဖြစ်သည်။ သူ၏ဖခင်သည် သင်းထောက်ဖြစ်ပြီး၊ သူ၏အဘိုးသည်ဆဲလ်တိတ် ဘုရားကျောင်း (Celtic Church) တွင် ဘုန်းကြီး ဖြစ်ခဲ့သည်။
ထိုအချိန်အခါသည် ရောမတို့၏ လွှမ်းမိုးချုပ်ကိုင်မှု မတိုင်မှီ ဖြစ်ပြီးခရစ်ယာန်ဘုန်းကြီး အများစုတို့သည် အိမ်ထောင် ပြုလေ့ရှိကြသည်။ပက်တရိတ်၏ ငယ်စဉ်ဘဝ အကြောင်းနှင့် ပတ်သက်ပြီးအနည်းငယ်သာသိရှိခဲ့ကြသည်။ ပက်ထရိတ်သည် သူ၏ (၁၆) နှစ် အရွယ်တွင် ဗြိတိန်နိုင်ငံ
၏ အရှေ့ကမ်းခြေဒေသကို အိုင်းရီးစ် (Irish) လူမျိုးတို့၏ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခြင်းခံခဲ့စဉ် ပက်ထရိုတ် အပါအဝင် လူငယ်အမြောက်အများတို့ကိုလည်း ကျွန်အဖြစ် ရောင်းစားရန်အတွက် အဝေးကို ခေါ်ဆောင်ခြင်း ခံခဲ့ကြသည်။ ပက်တရိတ်သည်လည်း မြောက်ဖက်အိုင်းရီလဲန်
(North Ireland) တွင်ရှိသော လယ်သမား စလယ်မီးစ် ( Slemish )ထံသို့ ရောင်းစားခြင်းခံခဲ့ရပြီး၊ ထိုနေရာ၌ (၆) နှစ်ပတ်လုံး ဝက်များကို ကျောင်းခဲ့ရပါသည်။
ပက်ထရိတ်သည် ခရစ်ယာန်အိမ်ထောင်မိသားစု၌ ကြီးပြင်းခဲ့သော်လည်း သူကိုယ်တိုင် ဘုရားသခင်ကို အယုံအကြည်မရှိခဲ့ပေ။ သို့သော်ပက်ထရိတ်သည် ဖမ်းဆီးရောင်းစားခြင်း ခံခဲ့ရပြီးနောက် သူ၏အသက်တာ၌ ဝိညာဉ်ရေးရာနှင့် ပတ်သက်ပြီး စတင်စဉ်းစားလာခဲ့သည်နှင့် အမျှ
သူ၏ အသက်တာသည်လည်း စတင်ပြောင်းလဲလာခဲ့သည်။ ထို့ကြောင့်ပက်ထရိတ်သည် အောက်ပါအတိုင်း ပြောခဲ့သည်။ “ဘုရားသခင်သည်ငါ့မှာ အပြစ်ရှိကြောင်းနှင့် ငါသူ့ကိုမယုံကြည်ခဲ့ကြောင်း ကိုယ့်ကိုယ်ကိုသိနားလည်စေခဲ့ခြင်းအားဖြင့် ငါသည် သူ့ဆီကို ပြန်လာနိုင်ဖို့ရန်အတွက်ပြင်ဆင်ပေးခဲ့တယ်။ အမှန်တကယ်တော့ ဘုရားသခင်ကို ငါမသိခင်
ကတည်းက ဘုရားသခင်ဟာ ငါ့မှာဥစ္စာ ပစ္စည်းချို့တဲ့ခဲ့ကြောင်း ဂရုပြုခဲ့တယ်။ ငါ့ရဲ့ အသိညဏ်မိုက်မဲမှု အပေါ်မှာလည်း ဘုရားသခင်ဟာ ငါ့ကိုသနားကြင်နာခဲ့တဲ့အတွက်ကြောင့် ငါ့ကိုစောင့် ရှောက်ခဲ့တယ်။ ငါဟာကောင်းသော အရာနှင့် မကောင်းသောအရာကို မဝေခွဲ နိုင်ခင်ကတည်းက
ဘုရားသခင်ဟာ ငါ့ကိုဖခင်တစ်ဦးလိုပဲ ခွန်အားပေးပြီး နှစ်သိမ့်ခဲ့တယ်။”
ဘုရိုစ်း၏ အဆိုအရ ဆိုလျှင် ထိုအချိန်မှစပြီး၊ ပက်ထရိတ်၏ အသက်တာတွင် စွဲစွဲမြဲမြဲ ဆုတောင်းခြင်းအမှုကို စတင်ပြုခဲ့သည်။ ထိုသို့ဖြင့် ပက်ထရိတ်သည် တချိန်ပြီးချိန် သူ၏ဆုတောင်းခဲ့သော အမှုအရာများကိုလည်းဘုရားသခင် တုံ့ပြန်ကြောင်း သိမြင်တွေ့ ရှိလာခဲ့သည်။ ထို့အပြင် သူလက်ရှိခံစားနေသော ကျွန်ဘ၀မှ လွတ်မြောက်နိုင်ဖို့ရန်အတွက်လည်း သူ့အား
အတွင်းစိတ်ကို လှုံ့ဆော်ခြင်း ခံခဲ့သောကြောင့် ပက်ထရိက်သည် သူ၏သခင်ထံမှ ထွက်သွားပြီး ကမ်းခြေတလျှောက် မိုင်ပေါင်း ၂၀၀ ခန့်ခြေကျင်လျှောက်ခဲ့ရာ သင်္ဘောရှိသည့်နေရာကို ရောက်ရှိခဲ့လေသည်။ ထို့နောက်ပက်တရိတ်သည် ထိုသင်္ဘောတွင် တင်ဆောင်လာသော အမဲလိုက်ခွေး
များကို ကြည်ရှုစောင့် ရှောက်သောသူ အနေဖြင့် လိုက်ပါခဲ့သည်။ ထိုသို့ဖြင့်ပက်တရိတ်သည် အိုင်းရီလဲန် (Ireland) မှလွတ်မြောက်ခဲ့ပြီး၊ ပြင်သစ်နိုင်ငံတွင်ရှိသော ဘုန်းကြီးကျောင်း တစ်ကျောင်းတွင် သွားရောက် နေထိုင်ခဲ့သည်။
နောက်ပိုင်းတွင် ပက်ထရိတ်သည် လွန်ခဲ့သောအချိန်၌ ရန်သူများ၏တိုက်ခိုက် ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ပြီးနောက် အသက်ရှင် ကျန်ရစ်ခဲ့သောသူ၏ဆွေမျိုးတစ်ချို့ နေထိုင်သောနေရာ သူ၏ဇာတိမြေတွင် ပြန်လာခဲ့သည်။ တညသောအချိန်တွင် ပက်ထရိတ်သည် အိုင်းရီးစ်ကလေးများကသတင်းကောင်းကို သူတို့ ဆီသို့ယူဆောင်လာဖို့တောင်းပန်နေသောအရာ
ကို သူ၏ အိပ်မက်ရူပါရုံ၌ တွေ့ခဲ့သည်။ ထိုအချင်းအရာသည် ရှင်ပေါလု၏ဗျာဒိတ်ရူပါရုံတွင် မြင်ခဲ့သော မာကေဒေါနိမှ လူတစ်ယောက်၏ ခေါ်သံလိုမျိုးဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်ပြီး ပက်ထရိတ်ကအောက်ပါအတိုင်း ဖော်ပြခဲ့သည်။ “အိုင်းရီလန်ကနေလာပြီး စာရွက်များကို
ယူဆောင်တဲ့ ဗီတိုရီးယားစ် (Victorious) လို့ခေါ်တဲ့ လူတစ်ယောက်ကိုငါတွေ့ခဲ့တယ်။ ထိုလူက အဲဒီ စာရွက်များထဲကနေ တစ်ရွက်ကိုယူပြီး ငါ့ကိုပေးခဲ့တယ်။ အဲဒီစာကို စပြီးဖတ်တဲ့ အချိန်မှာပဲ ဘေး၌ရှိတဲ့ တောအုပ်ကနေ သန့်ရှင်းသော လူငယ်လေး ကျေးဇူးပြုပြီး ငါတို့ဆီကို တခေါက်ပြန်ပြီး လာခဲ့ပါ” ဆိုတဲ့ အသံကိုကြားခဲ့တယ်။ ပြီးမှ သူတို့ရဲ့ အော်ငို သံဟာလည်း ငါ့ရဲ့နှလုံးသားကို ထိုးဖောက်သလိုခံစားမိ တဲ့အတွက်ကြောင့် အဲဒီစာစောင်ကို ဆက်ပြီးငါမဖတ် နိုင်တော့ဘူး။ အဲဒီအချိန်မှာပဲ ငါလည်း
နိုးလာခဲ့တယ်။”
ထိုသို့ဖြင့် ပက်ထရိက်သည် အိုင်းရီလန်ကို သာသနာပြုဖို့ရန်ခေါ်သံကို ကြားခဲ့သည်ဟု သူယူဆခဲ့သော်လည်း ချက်ချင်းမသွားနိုင်ခဲ့ပေ။အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်ယုံကြည်ခြင်းနှင့် ပတ်သက်ပြီး သူသိရှိနားလည်ထားသော အတိုင်းအတာသည် မလုံလောက်သေးပါဟု ခံယူ
ထားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူသည် ပထမဆုံးအကြိမ် ကျမ်းစာသင်ယူလေ့လာ ဖို့ရန်အတွက် ပြင်သစ်နိုင်ငံရှိ ဂေါလ်(Gaul) တွင်ရှိသောအော့စ်ဆာ (Aureme) ဘုန်းကြီးကျောင်းတွင် သွားရောက်ခဲ့သည်။ သူသည်ကျမ်းစာသင်ယူလေ့လာခဲ့ပြီးနောက် သင်းထောက် အရာ၌ ဘိသိက်ပေး
ခန့်အပ်ခြင်းခံခဲ့သည်။ ခရစ်ယာန် ဘုန်းကြီးကျောင်းရှိ အကြီးအကဲများသည် ပက်ထရိတ်၏ စွမ်းဆောင်နိုင်မှုကို သတိထားမိကြသောကြောင့် သူ့အား သာသနာပြုဖို့ရန် မလွှတ်ချင်ကြတော့ပဲ သူ့ကိုယ်စားပါးလားဒီးယားစ် (Palladius) ကိုသာသနာပြုဖို့ရန် ရွေးချယ်ပြီး စေလွှတ်
ခဲ့ကြသည်။ သို့သော် ပါးလားဗီးယားစ်သည် ထိုသို့ အိုင်းရီလိန် (Ireland)ကိုသာသနာပြုဖို့ရန် သွားပြီး တစ်နှစ်မပြည့်မှီ ဆုံးပါးသွားခဲ့သည်။ ထို့ကြောင့် ပက်ထရိတ်အတွက် သာသနာပြုဖို့ရန် ပြန်ပြီးလမ်းပွင့်သွားခဲ့သည်။သူသည် အသက် (၄၀) နှစ် ကျော်ခဲ့ပြီ ဖြစ်သော်လည်း ဘုရားပေးခဲ့သော
သာသနာပြုဖို့ရန် ရရှိခဲ့သောရူပါရုံကို ပြည့်စုံစေဖို့ရန် အလွန်ပင်စိတ်အားထက်သန်ခဲ့ပါသည်။
ပက်ထရိတ်သည် အေဒီ ၄၃၂ ခုနှစ်ခန့်တွင် အိုင်းရီလဲန်ကိုသာသနာပြုဖို့ရန် ရောက်လာသောအခါ ထိုဒေသတွင်ရှိသော လူတို့သည်ခရစ်ယာန်များအား ဝိုင်းပယ်ထားကြောင်း တွေ့ရှိခဲ့သည်။ ထိုဒေသတွင်
ရှိသော လူအများစုသည် ရုပ်တု၊ ဆင်းတုများကို စွဲမြဲစွာ ကိုးကွယ်ကြဆဲဖြစ်သည်။ ထိုသူတို့သည် နေ၊ လ၊ လေ၊ ရေ၊ မီးနှင့် ကျောက်တုံးများစသည်တို့ကို ကိုးကွယ်ကြသည်သာမက ကောင်းသော ဝိညာဉ်နှင့် ဆိုးသောဝိညာဉ်များသည် သစ်ပင်တိုင်း၊ တောင်ကုန်းတိုင်းတွင် နေထိုင်ကြသည်ဟု ယုံကြည်ခဲ့ကြသည်။ ထို့အပြင် အံ့ဩဖွယ်နမိတ်လက္ခဏာများ၊ယဇ်ကောင်ပူဇော်ခြင်း၊ လူကိုပူဇော်ပသခြင်းများပင်လျှင် သူတို့၏နတ်ဆရာများအားဖြင့် လုပ်ဆောင်ခဲ့ကြသည်။
ထို့ကြောင့် ပက်ထရိတ်သည် သူတို့၏လူမှုရေးနှင့် နိုင်ငံရေးနယ်ပယ်တွင် လိုက်လျောညီထွေအောင်နေထိုင်ပြီး နတ်ဆရာများကို အရင်ဦးဆုံး ချဉ်းကပ်ပြီး သူတို့နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့ဖြင့် နတ်ဆရာအချို့တို့သည် ခရစ်ယာန်ဖြစ်လာခဲ့ကြသည်။ ဘရိုးစ် (F. F. Bruce) ဆိုသူကပက်ထရိုက်၏ ဧဝံဂေလိ လုပ်ဆောင်ခြင်းနှင့် ပတ်သက်ပြီးအောက်ပါ
အတိုင်း မှတ်ချက်ချခဲ့သည်။ “ပက်ထရိတ်က သူကိုးကွယ်တဲ့ ဘုရားသခင်ရဲ့တန်ခိုးဟာ အိုင်းရီးစ်လူတို့ရဲ့ နတ်ဆရာများထက်ပိုပြီး တန်ခိုးရှိတဲ့အကြောင်း သက်သေပြခြင်းနှင့်အတူ ဧဝံဂေလိတရားကို ဟောကြားခဲ့တယ်။ ထို့အပြင် ပက်ထရိတ်သည် အိုင်းရီလဲန်တွင် ရောက်ပြီး မကြာမီ
မှာပင် လွိုင်ဂေရီ (Loigaine) ဘုရင်အား ခရစ်ယာန်များကို သည်းခံဖို့ရန်သဘောပေါက်နားလည်အောင် ပြောပြနိုင်ခဲ့ခြင်းသည် အလွန်အရေးကြီးသော အောင်မြင်မှုတစ်ခု ဖြစ်သည်သာမက ခရစ်ယာန်များအတွက် လုံခြုံမှုကိုလည်း ရရှိစေခဲ့တယ်။ မကြာမီ ဘုရင်၏ ညီတော်သည်လည်း ပြောင်းလဲခဲ့ပြီး သူ၏နယ်မြေဒေသတွင် အသင်းတော်တည်ဆောက်ဖို့ရန် အတွက်
မြေနေရာကိုပင် ပက်ထရိက်အား ပေးခဲ့သည်။ ထိုနေရာတွင် အသင်းတော်တည်ထောင်ခဲ့ပြီးနောက် ပက်ထရိက်သည် ဧဝံဂေလိ သတင်းကောင်းမကြားခဲ့ဖူးသော နေရာဒေသတွင် ပြန်ပြီးပြောင်းရွှေ့ခဲ့သည်။ အေဒီ၄၄၇ခုနှစ် တွင် ပက်ထရိတ်သည် အိုင်းရီလန်းတွင် သူဧဝံဂေလိ သတင်းကောင်းဟောကြားခြင်းသည် ၁၅ နှစ်ခန့်ရှိခဲ့ပြီဖြစ်ပြီး၊ အိုင်းရီလဲန်း အနှံ့အပြား
တွင် ပက်ထရိတ်သည် ဘုရားသခင်၏ ကြီးမြတ်သောလူ ဟူ၍ အသိအမှတ် ပြုခြင်း ခံခဲ့သည်။ သူ၏ ဝန်ခံရေးသားဖော်ပြခဲ့သော စာအရ သူသည် ပြန်ပေးဆွဲခံခြင်း၊ ၂ ပတ် ခန့်မျှ အဖမ်းခံရခြင်းနှင့် ၁၂ ကြိမ်
အသက်ဘေးနှင့် တွေ့ကြုံခဲ့ရကြောင်း ဖော်ပြခဲ့သည်။ ထိုကဲ့သို့သောဒုက္ခအခက်အခဲပေါင်းများစွာနှင့် တွေ့ကြုံခဲ့သော်ငြားလည်း ပက်ထရိက်သည် အနှစ် (၃၀) ကျော်တိုင်အောင် ဆက်လက်ပြီး သာသနာပြုခဲ့သည်။ပတ်ထရိက်သည် သူ၏ သာသနာပြု ဧဝံဂေလိဟောခြင်းအားဖြင့်
ကြီးမားသော အောင်မြင်မှုမှာ အသင်းတော်ပေါင်း ၂၀၀ ခန့်မျှတည်ထောင်နိုင်ခဲ့ပြီး ပြောင်းလဲခဲ့သော လူဦးရေစုစုပေါင်း တစ်သိန်းခန့်မျှ နှစ်ခြင်းမင်္ဂလာ ပေးခဲ့ပါသည်။
ဘွန်နီဖေးစ် ( Boniface )
( အေဒီ ၆၈၀ – ၇၅၅ )
ဘွန်နီဖေးစ်သည် အမှောင်ခေတ်ကာလတွင် အထင်ရှားဆုံးသောသာသနာပြုတစ်ဦးဖြစ်သည်။ ဘွန်နီဖေးစ်သည် အေဒီ ၆၈၀ ခုနှစ် တွင်အင်္ဂလန်ရှိ ဒေဗွန်ရှာ (Devonshire) တွင် မွေးဖွားခဲ့သည်။ သူ၏နာမည်ရင်းမှာ ဝင်းဖရက် (Winfred) ဖြစ်သည်။ သူသည် ဘုန်းကြီး ကျောင်းတွင်
ပညာသင်ကြား လေ့လာခဲ့ပြီး သူ၏ အသက် ၃၀ အရွယ်တွင် ထိုင်းဘုန်းကြီးတပါး ဖြစ်လာခဲ့သည်။ ဘွန်နီဖေးစ်သည် သူ၏ ဇာတိဖြစ်သော အင်္ဂလန်တွင် ဆက်လက်နေထိုင်မည်ဆိုလျှင် သူသည် ပညာကို
ဆက်လက် လေ့လာသင်ယူခြင်း၊ ဘုန်းကြီးကျောင်းကိုလည်း ဆက်လက်ဦးစီး ဦးဆောင်ခြင်း စသည့် အခွင့်အလမ်းများ ရရှိမှာဖြစ်သည်။ သို့သော်ဘွန်နီဖေးစ်သည် ထိုအခွင့် အလမ်းများထက် ခရစ်ယာန် မဖြစ်သေးသောသူများထံသို့ သွားရောက် သာသနာပြုဖို့ရန် စိတ်အားပြင်းထန်ခဲ့သည်။
ဘွန်နီဖေရီးစ်တွင် ဂျာမနီ ဇာတိဖြစ်သော ဆက်ဆန်လူမျိုး အပေါင်းအဖော်အမြောက်အများရှိခဲ့ပြီး ဂျာမနီနိုင်ငံတွင်လည်း သတင်းကောင်း ရောက်ရှိရန် လိုအပ်နေကြောင်း သိမြင်ခဲ့သည်။
အေဒီ ၇၁၆ ခုနှစ်တွင် ဘွန်နီဖေးစ်သည် သူ၏ ပထမဆုံး သာသနာခရီးကို ဖရီးရှာန်း ( Frisians )လူမျိုးများနေထိုင်ရာ ဟော်လန် ( Holland )တွင် သွားရောက်ပြီး စတင်သာသနာပြုခဲ့သည်။ သို့သော်ဖရီးရှာန်းလူမျိုးတို့၏ဘုရင် ရက်ဘိုက် (Redbod) သည် ခရစ်ယာန်ဘာသာကို
ဆန့်ကျင်ခဲ့ပြီး ဘွန်နီဖေးစ် လုပ်ဆောင်သော သာသနာတွင်လည်း အကြီးအကျယ် နှောင့်ယှက်ဒုက္ခပေးခြင်းကြောင့် ဘွန်နီဖေးစ်သည်အင်္ဂလန်နိုင်ငံသို့ ပြန်သွားခဲ့ရပြီး ဘုန်းကြီးကျောင်းတွင် ကျောင်းထိုင် ဆရာတော်နေရာ၌ အမှုထမ်းရွက်ခဲ့သည်။ ထို့ကြောင့် ဟော်လန်၌ သူ၏ ပထမသာသနာပြုခြင်းသည် မအောင်မြင်ခဲ့သော်လည်း သူ၏ သာသနာ့ စိတ်
ဓါတ်သည် လုံးဝ မကွယ်ပျောက်သွားခဲ့ပေ။
တို့ကြောင့် ဘွန်နီဖေးစ်သည် သူ၏ ပထမသာသနာပြုခဲ့သောအတွေ့အကြုံမှ သင်ခန်းစာယူပြီး အေဒီ ၇၁၈ ခုနှစ်တွင် သူသည် ရောမမြို့သို့ သွားရောက်ခဲ့ပြီး ပုပ်ရဟန်းမင်း၏ ထောက်ခံချက်ကို အရင်ရယူကာဂျာမနီနိုင်ငံရှိ ဂျာမာန် လူမျိုးများ နေထိုင်သော ရိုင်း (Rhine) အရှေ့ဖက်
ဒေသတွင် ပြန်ပြီးသာသနာပြုခဲ့သည်။ အေဒီ ၇၁၉ တွင် ဘုရင် ရယ်ဘိုတ်သည် သေဆုံးကြောင်း ကြားသိခဲ့သောကြောင့် သူအရင်သာသနာ ပြုခဲ့သော ဟော်လန်နိုင်ငံရှိ ဖရီးရှန်း လူမျိုးများထံသို့ ပြန်သွားခဲ့သည်။ထိုနေရာတွင် (၃) နှစ် သာသနာ့အမှုကို ဆောင်ရွက်ခဲ့ပြီးနောက် အရှေ့
တောင်ဖက်၌ ရှိသော ဟေစီ (Hesse) တွင် ပြန်သွားခဲ့သည်။ အေဒီ၇၂၃ ခုနှစ်တွင် ရောမမြို့သို့ ဒုတိယအကြိမ် သွားရောက်ခဲ့ရာ ပုပ်ရဟန်းမင်းဖြစ်သော ဒုတိယမြောက် ဂရေဂိုရီ (2 Gregory) အားဖြင့် ဂျာမနီနိုင်ငံတွင် သာသနာပြုနိုင်ဖို့ရန်အတွက် ဘီးရှောပ့် (Bishop) အဖြစ် တရားဝင်
တင်မြှောက်ခြင်း ခံခဲ့သည်။ ထို့အပြင် သူ၏နာမည်ရင်းဖြစ်သော ဝင်းဖရက်မှ ဘွန်နီဖေးစ် ဟူ၍ အမည်သစ်ကိုလည်း လက်ခံရရှိခဲ့သည်။
သို့ဖြင့် ဘွန်နီဖေးစ်သည် သူသာသနာပြုခဲ့သော ဂျာမနီနိုင်ငံရှိရိုင်းတွင် ပြန်ပြီး သာသနာပြုဖို့ရန် ပြန်ပြီးသွားရောက်ခဲ့သည်။ ထိုဒေသတွင်ဘွန်နီဖေးစ် သာသနာပြုစဉ် ပြောင်းလဲပြီး ယုံကြည်သူဖြစ်လာခဲ့သော သူတို့သည် ပျက်ကွက်ခဲ့သော အချိန်ကာလအတောအတွင်း ရုပ်တု၊ ဆင်းတု
များကို ကိုးကွယ်ခြင်း၊ ဝိညာဉ်ကို ကိုးကွယ်ခြင်း၊ မှော်၊ နတ်ဝိဇ္ဇာများ ပင်လျှင်ကျင့်သုံးခြင်း စသည်တို့ကိုပြန်ပြီး လုပ်ဆောင်ခဲ့ကြသည်။ ထို့ကြောင့် ဘွန်နီဖေးစ်သည် ထိုသူတို့အား ဧဝံဂေလိ သတင်းကောင်းကို ဟောပြောသာမက လက်တွေ့ပြသရန် လိုအပ်ကြောင်း သိမြင်လာခဲ့သည်။ ထို့
ကြောင့် ဘွန်နီဖေးစ်သည် ထိုသူတို့ ကိုးကွယ်သော နတ်ဘုရားသည် တန်ခိုးမရှိ ကြောင်းသက်သေထူချင်သော ရည်ရွယ်ချက်ဖြင့် ဂါးရ်မာ (Geismar)မြို့တွင် လူများကို စုဝေးစေပြီး သူတို့ အလွန်အထွတ်အမြတ် ထားပြီးမိုးကြိုးဘုရားတည်ရှိသည် ဟုယူဆကြသော ဝက်သစ်ချပင်ကြီးကိုခုတ်လှဲခဲ့ရာ လူများတို့သည် ကြောက်ရွံ့ ထိတ်လန့် တုန်လှုပ်စွာဖြင့် ရပ်ကြည့်
ခဲ့ကြသည်။ဘွန်နီဖေးစ်သည် ထိုသို့ ဝက်သစ်ချပင်ကြီးကို ခုတ်လှဲခဲ့သော်လည်း သူတို့နတ်ဘုရားက သူ့အား ဘာမှမလုပ်နိုင်ကြောင်း တွေ့မြင်ကြသောအခါ ဘွန်နီဖေးစ် ကိုးကွယ်သော ဘုရားသခင်သည် အလွန်ကြီးမြတ် သောဘုရားဖြစ်သည်ဟု အသိအမှတ်ပြုခဲ့ကြသောကြောင့် ရေ၌
နှစ်ခြင်း မင်္ဂလာကိုခံယူလျှက် စတင်ပြောင်းလဲ လာခဲ့ကြသည်။ ဘွန်နီဖေးစ်သည် လူများတို့က ထိုသို့သူ၏ ဝက်သစ်ချပင်ကြီးကို ခုတ်လှဲခြင်း လုပ်ရပ်အပေါ်၌ အကောင်းဖက်မှ တုံ့ပြန်ခြင်းခံရသောကြောင့် ပို၍အားတက်လာပြီး သူတို့၏ ဗိမာန်တော်များနှင့် စေတီပုထိုးများကို ဖျက်ဆီးခြင်းနှင့်သူတို့ အထွတ်အမြတ်ထားရှိသော ကျောက်တုံးများကို အစိတ်စိတ်အမွှာမွှာ
ကွဲအောင် ရိုက်ချိုးခြင်းများကိုလည်း ဆက်လက်လုပ် ဆောင်ခဲ့သည်။အေဒီ၇၃၄ ခုနှစ်တွင် ဘွန်နီဖေးစ်သည် အလွန်နာမည် ကျော်ကြားသော ဖာလ်ဒါ (Fulda) ဘုရားကျောင်းကို တည်ထောင်ခဲ့ပြီး ထိုဘုရားကျောင်းသည် ယနေ့တိုင်အောင် ဂျာမနီတွင် ရောမကာသလစ်အယူဝါဒကို ခံယူသူများအတွက် ဗဟိုအချက်အခြာကျသောနေရာ ဖြစ်လာခဲ့သည်။
အေဒီ ၇၄၇ ခုနှစ်တွင် ဘွန်နီဖေးစ်သည်ရောမမြို့ကို တတိယအကြိမ်မြောက် သွားခဲ့ရာ ထိုနေရာတွင် ဂိုဏ်းချုပ် (Archishop) အမည်ဘွဲ့နာမကို ရရှိခဲ့သည်။ ဘွန်နီဖေးစ်သည် အသက်အရွယ်အားဖြင့် ၇၀နှစ် ကျော်ခဲ့ပြီးဖြစ်သော်လည်း သာသနာ့ အမှုတွင်မူ ဆက်လက်ပြီး
စိတ်အားထက်သန်ဆဲဖြစ်သည်။ အေဒီ ၇၅၃ ခုနှစ်တွင် သူသည် ဂိုဏ်းချုပ်အရာမှ အနားယူခဲ့ပြီး သူပထမဆုံး သာသနာပြုခဲ့ သောနေရာဖြစ်သောဟော်လန်နိုင်ငံရှိ ဖရီးရှန်း လူမျိုးများထံသို့ ပြန်သွားခဲ့သည်။ ထိုနေရာ၌သူပြောင်းလဲစေခဲ့သော ယုံကြည်သူ အချို့တို့သည်လည်း သူတို့၏
နတ်ဘုရားများကို ပြန်ပြီး ကိုးကွယ်ကြသောကြောင့် ဘွန်နီဖေးစ်သည်သူတို့ကိုလည်း ပြန်ပြီး သွန်သင်ခဲ့သည်။ ထို့နောက် သူသည် သာသနာမပြုရသေးသော နေရာတွင် ပြန်ပြီး ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ပင်တေကု တ္တေတနင်္ဂနွေနေ့၊ အေဒီ ၇၅၅ ခုနှစ်တွင် ဒက်ကွမ်(Dackum) တွင် ရှိသော ဘားဗနာမြစ် (Borne River) ကမ်းဘေးတွင်ဘွန်နီဖေးစ်သည် သူ၏ လက်ထောက်များ၊ တပည့်များနှင့်အတူ ယုံကြည်သူအသစ်များအတွက် ဆက်ကပ်အပ်နှံသော ဝတ်ပြုခြင်း အစီအစဉ်ကို
လုပ်ဖို့ရန် ပြင်ဆင်ခဲ့ကြသည်။ သို့သော် ထိုအစီအစဉ်သည် ဘယ်သောအခါ
မှ မဖြစ်မြောက်နိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ ပြင်ဆင်နေကြအချိန်တွင် လက်နက်များ ကိုင်ဆောင်ထားသော လူစုတစ်စုသည်အရှိန်အဟုန်ဖြင့် ဘွန်နီဖေးစ်နှင့် အဖွဲ့သားများဆီသို့ တိုက်ခိုက်ဖို့ရန်ပြေးလာခဲ့ကြသည်။ ဘွန်နီဖေးစ်၏ တပည့်များက ပြန်ပြီး ခုခံတိုက်ခိုက်ဖို့ရန်
ပြင်ဆင်ခဲ့ကြသောအခါ ဘွန်နီဖေးရီးစ်က အောက်ပါအတိုင်း ပြောခဲ့သည်။“ငါ့လူတွေ၊ ရပ်တန်းက ရပ်ကြပါ။ ခန္ဓာကိုယ်ကိုသာ သတ်ဖြတ်နိုင်ပြီးတာဝရအသက်ရှင်မယ့် ဝိညာဉ်ကို မသတ်ဖြတ်နိုင်တဲ့ သူတွေကို မကြောက်ကြပါနဲ့။ ထာဝရ အသက်ရှင်ပြီး ခရစ်တော်နှင့် စံမြန်းနိုင်ဖို့ရန် တဒင်္ဂ
တွေ့ကြုံရမယ့် သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်ကြပါ။” ထိုသို့ဖြင့်ဘွန်နီဖေးစ်နှင့် သူ၏ အပေါင်းအပါများသည် သူတို့၏ ယုံကြည်ခြင်းအတွက် မာတုရအနေဖြင့် သတ်ဖြတ်ခြင်းခံခဲ့ကြရသည်။
“ငါ့လူတွေ၊ ရပ်တန်းက ရပ်ကြပါ။ ခန္ဓာကိုယ်ကိုသာ သတ်ဖြတ်နိုင်ပြီးတာဝရအသက်ရှင်မယ့် ဝိညာဉ်ကို မသတ်ဖြတ်နိုင်တဲ့ သူတွေကို မကြောက်ကြပါနဲ့။ ထာဝရ အသက်ရှင်ပြီး ခရစ်တော်နှင့် စံမြန်းနိုင်ဖို့ရန် တဒင်္ဂတွေ့ကြုံရမယ့် သေခြင်းကို တည်ငြိမ်စွာ ရင်ဆိုင်ကြပါ။”
ဘွန်နီဖေးစ်
အစီစီမှ ဖရန်စီးစ် (Francis of Assisi)
( အေဒီ ၁၁၈၁ – ၁၂၂၆ )
ဖရန်စီးစ်သည် အေဒီ ၁၁၈၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူ၏ဖခင်မှာ ပီတာ ဘာနားဒန်း (Peter Bernardone) ဖြစ်ပြီး အီတလီနိုင်ငံရှိအစီစီ (Assisi) ဒေသတွင် ကြွယ်ဝချမ်းသာသော သူဖြစ်ပြီး အထည်အရောင်းအဝယ်လုပ်သော ကုန်သည်ကြီး ဖြစ်သည်။အစီစီဒေသသည် အိမ်နီးချင်းမြို့ဖြစ်သော ပါရိုဂျီယာ (Perugia)နှင့် စစ်ဖြစ်နေသော အချိန်ဖြစ်ပြီး ဖရန်းစီးစ်သည် အေဒီ ၁၂၀၁ ခုနှစ်တွင်
စစ်မှုရေးရာတွင် အမှုထမ်းဆောင်ခဲ့သည်။ သူသည် စစ်မြေပြင်တွင်ရန်သူများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ပြီး ပေရိုဂီယာတွင် တစ်နှစ်ထောင်ကျခဲ့သည်။ သို့သော် သူသည် ထောင်မှလွတ်ပြီးသည့်နောက် မကြာမီ
အပြင်းဖျားနာခဲ့သည်။ ထိုကဲ့သို့တွေ့ကြုံခံစားခဲ့သော ဒုက္ခအခက်အခဲများကြောင့် လောကီရေးရာနှင့် ဆိုင်သော ချမ်းသာကြွယ်ဝခြင်း၏ အကျိုးကျေးဇူးကား ဘယ်မှာနည်း ဟူ၍ မေးခွန်းထုတ်လာခဲ့ပြီး ဝိညာဉ်နှင့်ဆိုင်သောအရာတွင်လည်း ပိုပြီး အာရုံစိုက်လာခဲ့သည်။
တစ်နေ့သောအခါ၊ ဖရန်စီးစ်သည် မြင်းစီးနေသော အချိန်တွင်နူနာရောဂါ စွဲကပ်သောသူအား လမ်းဘေး၌ မြင်ခဲ့ရာ အလွန်ရွံရှာဖွယ် ၊ကောင်းသည်ဟု ထင်သောကြောင့် ဒုံးစိုင်း ပြေးဖို့ရန် ပြင်ဆင်ခဲ့သည်။သို့သော် ထိုနူနာစွဲကပ်သာ သူ၏ မျက်နှာသည် ခရစ်တော်၏မျက်နှာ
သဖွယ်ရှိနေကြောင်း ထူးခြားစွာ မြင်တွေ့ခဲ့သည်။ ထို့ကြောင့် ဖရန်းစစ်သည် မြင်းပေါ်မှ ခုန်ဆင်းခဲ့ပြီးထို နူနာစွဲကပ်သူအား နမ်းခဲ့ပြီး သူပါလာသော ပိုက်ဆံအားလုံးကိုလည်း ပေးခဲ့သည်၊ ထိုအချိန်မှစပြီး ဖရန်းစီးစ်သည် လိုအပ်နေသော အငယ်ဆုံးသောသူတို့အား သနားကြင်နာ တတ်သော စိတ်ဓါတ်သည် ပိုပြီး တိုးပွားလာခဲ့သည်။
တစ်နေ့သောအခါ ဖရန်းစီးစ်သည် ပျက်စီးဟောင်းနွမ်းသောစိန့်ဒမိန်း ဘုရားကျောင်း (St. Domain Church) တွင် ဆုတောင်းနေခိုက်ထိုဘုရားကျောင်းကို ပြန်လည် မွမ်းမံ တည်ဆောက်ဖို့ရန်အတွက် သူ့အားပြောစကားသံကို ကြားခဲ့သည်။ ထို့ကြောင့် ဖရန်းစီးစ်သည် ထိုဘုရားကျောင်းကို မွမ်းမံတည်ဆောက် နိုင် ဖို့ရန်အတွက် အလွန်စိတ်အားထန်သန်ခဲ့ပြီး ကုန်လှောင်ရုံမှ သူ၏ဖခင်ပိုင်ဆိုင်သော အဝတ်များကိုမြင်းပေါ်တင်ပြီး ရောင်းချခဲ့သည် သာမက ထိုမြင်းကိုလည်းရောင်းချခဲ့သည်။ ထို့နောက်သူရရှိသော ငွေအချို့ကို စိန့် ဒမိန်း ဘုရားကျောင်းရှိ
ဘုန်းကြီးထံသို့ ပေးလှူရန် ရည်ရွယ်ခဲ့သော်လည်း သူ၏ဖခင် ဘားနားဒန်းသည် အလွန် ဒေါသထွက်ပြီး ဖရန်းစီးစ်အား သူ့ခြေထောက်ကို သံခြေချင်းခတ်ပြီး ပိတ်လှောင်ထားခဲ့သည်။ ဖရန်းစီးစ်သည် သူ့အမေ၏ အကူအညီအားဖြင့် ပြန်ပြီး လွတ်မြောက်ခဲ့ပြီး စိန့် ဒမိန်း ဘုရားကျောင်းကို ပြန်သွားခဲ့
သည်။ သို့သော် သူ၏ဖခင်သည် ဖရန်းစီးစ်ကို မှီအောင်လိုက်ပြီး အိမ်မပြန်လျှင် သူရရှိမည့် အမွေများကို ရရှိမည့်မဟုတ်တော့ကြောင်းနှင့် သူရောင်းခဲ့သော မြည်းနှင့် ပစ္စည်းများ၏ တန်ဖိုးကိုလည်း လျှော်ရမည့်အကြောင်းစိတ်ဆိုးမာန်ဆိုးနှင့် သူ့အား ပြောခဲ့သည်။ ဖရန်းစီးစ်သည် မြည်းနှင့်အဝတ်များကို ရောင်း၍ ရခဲ့သော ငွေပမာဏအတိုင်း သူ့ ဖခင်အားပြန်ပြီးလျော်ပေးခဲ့သည်။ ထို့အပြင် သူကိုယ်တိုင် ဝတ်ဆင်သောအဝတ်များကိုပါချွတ်၍ သူ၏ဖခင်အားပေးခဲ့သည်။ ထိုနေ့မှစ၍ ဖရန်းစီးစ်သည် သူ့၌ခေါ်စရာ ဖခင်ဟူသည် တစ်ဦးတည်းသာရှိပြီး ထိုဖခင်မှာ ကောင်းကင်ဘုံ၌
ရှိသော ဘုရားသခင် သာလျှင်ဖြစ်သည်ဟု ဆိုခဲ့သည်။
ဖရန်းစီးစ်သည် အေဒီ ၁၂၀၆ ခုနှစ်တွင် ချမ်းသာကြွယ်ဝသောသူ၏ ဖခင်အိမ်ကို စွန့်လွှတ်ပြီး သူသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်သောအသက်တာ၌ မြုပ်နှံခဲ့သည်။ ဖရန်းစီးစ်သည် သူ့၌ရှိသော အနည်းငယ်သောအစာနှင့် အဝတ်အစားများကိုပင်လျှင် လိုအပ်နေသောသူတို့
အတွက် ပေးကမ်းစွန့်ကြခဲ့သည်။ ထိုသို့ဖြင့် ဖရန်းစီးစ်သည် “မရှိသောသူများ” (Have-nots ) ကို ပေးဖို့ရန်အတွက် သူကိုယ်တိုင် သူတောင်းစားသဖွယ် မရှက်မကြောက်ပဲ “
ရှိသောသူများ” (Haves) ထံ၌ အလှူခံခဲ့သည်။ဖရန်းစီးစ်သည် ခြေလျင်လှည့်လည်သွားရင်း ဂိုဘိုသူ့အို (Gabbio) သို့ရောက်သော် ထိုနေရာ၌နေထိုင်သော သူ၏သူငယ်ချင်းဟောင်း တစ်
ယောက်သည် ဖရန်းစီးစ်ကို မှတ်မိသောကြောင့် သူ့အိမ်ကိုခေါ်သွားခဲ့ပြီးအတွင်းခံအင်္ကျီ ခါးပတ်နှင့် ရူးဖိနှိပ်အချို့ကို ပေးခဲ့ပြီး ဖရန်းစီးစ်သည်ထိုအရာများကို (၂) နှစ်တိုင်ဝတ်ဆင်ခဲ့သည်။
သူသည် စိန့်ဒမိန်း ဘုရားကျောင်းကို နောက်တကြိမ် ပြန်သွားခဲ့ပြီးဘုန်းတော်ကြီးက ပျိုပျိုငှာငှာ ကြိုဆိုခဲ့သည်။ ဖရန်းစီးစ်သည် ထိုဟောင်းသော ဘုရား ကျောင်းကို ပြုပြင်မွမ်းမံနိုင်ဖို့ရန်အတွက် ဆက်လက်ပြီး စိတ်အားထက်သန်သောကြောင့် မြို့တွင်ရှိသော လမ်းများတွင် ထိုင်ပြီး အလှူ ခံကာ ရသမျှ ငွေဖြင့် ဘုရားကျောင်းကို စတင်ပြုပြင်မွမ်းမံခဲ့ပြီး အေဒီ ၁၂၀၈ခုနှစ်တွင် ဘုရားကျောင်းသည် ကောင်းသောအနေအထားကို ရောက်ရှိခဲ့သည်။ ဒါ့အပြင် စိန့်ပီတာ (St. Peter) ကိုရည်စူးပြီး တည် ဆောက်ထားခဲ့သော ဘုရားကျောင်း အဟောင်းကိုလည်း ပြုပြင်ခဲ့သည်။
ထိုနည်း၎င်းစွန့်ပစ်ထားခဲ့ပြီဖြစ်သော စိန့်မေရီ ( St. Mary )ကိုလည်း ပြန်လည် ပြုပြင်နိုင်ခဲ့သည်။တနေ့သောအခါ ဖရန်းစီးစ်သည် ဘုရားကျောင်းတစ်ကျောင်း၌
ရှင်မဿဲ ခရစ်ဝင်ကျမ်း ( ၁၀း၇-၁၀) ကိုအခြေပြုပြီး တရားဟောချက်ကိုကြားနာခဲ့ပြီးနောက် ထိုအရာသည် ဘုရားသခင်၏ ခေါ်သံဖြစ်သည်ဟုခံယူကာ တမန်တော်များကဲ့သို့ ဘုရားအတွက် အစေခံဖို့ရန် ဆုံးဖြတ်ခဲ့ပြီးစတင်တရားဟောခဲ့သည်။ သူဟောပြောသက်သေခံခဲ့သော သတင်း
ကောင်းသည် ချစ်ခြင်းမေတ္တာနှင့် အစေခံခြင်း အကြောင်းဖြစ်သည်။ထို့နောက် သူသည် နောက်လိုက်တပည့် အချို့ကိုလည်း ရရှိလာခဲ့သောကြောင့် ထိုသူတို့အတွက် ရိုးစင်းသော အခြေခံစည်းမျဉ်း (Primitive Rules) ကိုရေးစွဲခဲ့သည်။ ထိုစည်းမျဉ်းသည် ခရစ်ဝင်ကျမ်းများကို အဓိကအခြေခံထားပြီး ခရစ်တော်၏ သွန်သင်ချက်များကို လိုက်နာစောင့် ရှောက်ရန်နှင့် ခရစ်တော်၏ခြေရာကို လိုက်လျှောက်ရန် စသည်တို့ပါဝင်ပါသည်။
ထိုစည်းမျဉ်းနှင့် ပတ်သက်၍ အေဒီ ၁၂၁၀ ခုနှစ်တွင် ဖရန်းစီးစ်နှင့်သူ၏ တပည့် (၁၁) ယောက်တို့သည် ဘာသာရေးတွင် လွတ်လပ်စွာ လှုပ်ရှားနိုင်ရေးကို ရှေးရှုပြီး ဘာသာရေးခွင့်ပြုချက်အမိန့်ကို ရယူနိုင်ဖို့ရန်အတွက် ရောမမြို့ကို သွားရောက်ခဲ့ကြပြီး ပုပ်ရဟန်းမင်းဖြစ်သော တတိယမြောက် အင်နိုဆင့် (Innocent III) ထံမှ နှုတ်အားဖြင့် ထောက်ခံချက်
ကိုရရှိခဲ့သည်။ထိုသို့ဖြင့် အေဒီ၁၂၁၀ ခုနှစ်၊ ဧပြီလ ၁၆ ရက်တွင် ဖရန်းစီးစ်ကန်သာသနာ့ဘောင် (Franciscan Order) ကို တရားဝင် ဖွဲ့စည်းလိုက်သည်။ထိုသာသနာဘောင်၌ နေသော ရဟန်းတို့သည် လမ်းပေါ်၌ထွက်ပြီးတရားဒေသနာများကို ဟောပြောသက် သေခံကြသည်။ ထိုရဟန်းတို့သည်
ဘာတစ်ခုမှ ပိုင်ဆိုင်မှု မရှိကြခြင်းကြောင့် သူတို့အား နိမ့်ကျသောရဟန်း
(Friars Minor) ( သို့ ) ယုတ်ညံ့သော ညီအစ်ကိုများ (Lesser Brothers) ဟူ၍ သတ်မှတ်ခဲ့ကြပါသည်။ အေဒီ ၁၂၁၁ ခုနှစ်တွင် အမျိုးအမီးငယ်ကလဲ (Clare) သည် ဖရန်းစီးစ်၏ တရားဟောချက်ကို နားထောင်သောအခါ ပြောင်းလဲလာကာ ဖရန်စီးစ်၏ ကူညီမှုအားဖြင့် အေဒီ ၁၂၁၂ ခုနှစ်
တွင် သီလရှင် သာသနာ့ဘောင် (PoorClure) ကိုလည်း ဖွဲ့စည်းတည်ထောင်နိုင်ခဲ့သည်။
ဖရန်းစီးစ်၏ လှုပ်ရှားမှုသည် ခရစ်ယာန်များကြား၌ သာမကအေဒီ ၁၂၁၂ ခုနှစ်တွင် ဆီးရီယား ( Syria) ၌ သော်လည်းကောင်း၊အေ၁၂၁၃ – ၁၄ ခုနှစ်များတွင် မော်ရိုကို (Morocco) ၌သော်လည်ကောင်း၊
အေဒီ ၁၂၁၉ ခုနှစ်တွင် အီဂျစ် (Egypt) ၌သော်လည်းကောင်းစသည့် နိုင်ငံများတွင်ရှိသော မယုံကြည်သူများကြား၌လည်း သာသနာပြုခဲ့သည်။ သူ၏ သာသနာဘောင်၌ ရဟန်းများ တိုးပွားလာခြင်းကြောင့်သူပထမရေးစွဲခဲ့သော အခြေခံစည်းမျဉ်းအားဖြင့်သာ မလုံလောက်သော
ကြောင့် ပထမ စည်းမျဉ်းဥပဒေ (First Rule) ကို ထပ်မံ ရေးဆွဲခဲ့ပြီးဂိုဏ်းချုပ်၏ အကူအညီအားဖြင့် အသင်းတော်တွင် သြဇာအာဏာရှိသောသူတို့ လက်ခံနိုင်ရန် ပြုပြင်မှုကိုလည်း လုပ်ဆောင်ခဲ့သည်။ အေဒီ ၁၂၂၃ခုနှစ်တွင် ဒုတိယ စည်းမျဉ်းဥပဒေ (Second Rule) ကိုထပ်မံ ရေးဆွဲခဲ့ပြီးတတိယမြောက် ပုပ်ရဟန်းမင်း ဟိုနောရီးယားစ် (Honorious III) ၏
ထောက်ခံ အတည်ပြုခြင်းကိုလည်း ရယူခဲ့သည်။
အေဒီ၁၂၂၄ ခုနှစ်တွင် ဖရန်းစီးစ်သည် အေးလ်ဗားနား တောင်(Mount Alvema) တွင် ဆုတောင်းစဉ် လက်ဝါးကပ်တိုင် ရူပါရုံကို မြင်ပြီးခရစ်တော်၏ လက်နှစ်ဖက်၊ ခြေနှစ်ဖက်နှင့် နံဘေး စသည့် ဒဏ်ရာဒဏ်ချက် (၅) ခုသည် သူ၏ ခန္ဓာကိုယ်၌ ကောင်းကင်တမန်အားဖြင့်
လက်ခံရရှိခဲ့သည်။ အေဒီ ၁၂၂၅ ခုနှစ်တွင် ရေးသားခဲ့သော (Can ticle of brother Sun) စာအုပ်သည် ထင်ပေါ်ကျော်ကြားသော စိန့်ဖရန်းစီးစ်၏ ဆုတောင်ချက်များ (Prayer ofSt. Francis) ရေးသားခဲ့သူမှာ သူကိုယ်တိုင် မဟုတ်ခဲ့ပေ။ အေဒီ ၁၂၂၆ခုနှစ်တွင် သူသည် နောက်ဆုံး စိန့်ဖရန်းစီးစ်၏ သမ္မာကျမ်းစာ (Testa-ment of the Holy Father St. Francis) ကိုရေးသားခဲ့ပြီး အီတလီ နိုင်ငံရှိ
အစီစီ ဒေသတွင် ဆုံးပါးသွားခဲ့သည်။
ဖရန်းစီးစ်၏ စံနှုန်းထားအပ်သောအရာများမှာ ရိုးစင်းသောအသက်တာဖြင့် အသက်ရှင်ခြင်း၊ ဥစ္စာဓနများကို စွန့်လွှတ်ခြင်း၊ ခရစ်တော်၏ သွန်သင်ချက်များကို လိုက်လျှောက်ခြင်းနှင့် စံနမူနာဟူပြီး သူယုံကြည်သောအရာများကို လိုက်လျှောက်ခြင်း စသည်တို့ဖြစ်သည်။ စာရေးဆရာ
တစ်ဦး၏ ဖော်ပြချက်အရ ဖရန်းစီးစ်၏ ခြေရာကို လိုက်လျှောက်ဖို့ရန်ခေတ်အဆက်ဆက်ရှိ လူတို့သည် ကြိုးစားခဲ့ကြသော်လည်း မလိုက်လျှောက်နိုင်ခဲ့ကြပေ။ ဖရန်းစီးစ်သည် မသေမီ နောက်ဆုံး ပြောခဲ့သော
ဘူး သောမှတ်သားဖွယ်ရာ စကားမှာ “ငါ့တာဝန် ပြီးဆုံးသွားပြီ၊ အခုတော့ခရစ်တော်က မင်းတို့လုပ်ရမယ့် တာဝန်ကို သွန်သင်ပါစေ” ဟူ၍ဖြစ်သည်။
“ငါ့တာဝန် ပြီးဆုံးသွားပြီ၊ အခုတော့ခရစ်တော်က မင်းတို့လုပ်ရမယ့် တာဝန်ကို သွန်သင်ပါစေ”
ဖရန်းစီးစ်
“သခင်……သူတစ်ပါး၏ချစ်ခြင်းကိုသာရရှိဖို့ထက် သူတစ်ပါးအားချစ်နိုင်သောသူဖြစ်စေပါ “
ဖရန်းစီးစ်
ရေးမွန်လားလ် ( Raymond Lull ).
( အေဒီ ၁၂၃၅ – ၁၃၂၅ )
ရေးမွန်လားလ်သည် မူစလင် လူမျိုးများထံသို့ သွားရောက်ပြီးသာသနာပြုသူများတွင် အဦးဆုံးသောသူနှင့် အထင်ရှားဆုံးသော သာသနာပြုသူတစ်ဦး ဖြစ်သည်။ အေဒီ ၁၀၉၅ နှင့် ၁၂၉၁ ခုနှစ်များကြားတွင်သန့်ရှင်းသော နယ်မြေ (Holy Land)နှင့် ပတ်သက်ပြီး မူစလင်နှင့်
ခရစ်ယာန်များကြားတွင် ဖြစ်ပွားသော ဘာသာရေးစစ်ပွဲများ (Crusades)၏ အဆုံးပိုင်းတွင် ရေးမွန်လားလ်သည် ဝိညာဉ်တိုက်ပွဲကို စတင်ခဲ့သောစစ်သူရဲကောင်း ဖြစ်သည်။ ထို့ကြောင့် သူဆင်နွှဲသော ဝိညာဉ်စစ်ပွဲသည်မြင်း၊ ဒုတ်၊ ဓါး၊ လှံ၊ သံချပ်ကာအင်္ကျီ၊ စစ်အာလံ စသည်တို့ မဟုတ်ပဲ၊
“ချစ်ခြင်း မေတ္တာ” လက်နက်ကို အသုံးပြုပြီး တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ထို့ကြောင့် ရေးမွန်လားလ်ကို “ချစ်ခြင်းမေတ္တာ တမန်တော်” ဟူ၍ လည်းခေါ်ဝေါ်ခဲ့ကြသည်။
ရေမွန်လားလ်သည် အေဒီ ၁၂၃၅ ခုနှစ် မာဂျော့ကာ (Majorea)ကျွန်းရှိ ပါးလ်မာ (Palma) မြို့၌ နေထိုင်ခဲ့ကြသော ချမ်းသာသောရောမကက်သလစ် မိသားစုမှ မွေးဖွားခဲ့သည်။ သူသည် စပိန်သို့ သွား
ရောက်ခဲ့ပြီး၊ အားရ်ဂေါန် (Aragon) ကို အုပ်စိုးသောဘုရင် ဒုတိယမြောက်ဂျေးမ်စ် (II King James) ၏ နန်းတွင်းတွင် အမှုထမ်းရွက်ခဲ့သည်။ထိုသို့ အမှုထမ်းရွက်ရာတွင် ရေမွန်လားလ်သည်
ရဲစွမ်းသတ္တိရှိခြင်းအတွက်ဆုချီးမြှင့်ခြင်း ခံရသော သူလည်းဖြစ်သည်။ သူဆည်းပူး လေ့လာခဲ့သော
အသိပညာများနှင့် စာပေရေးရာများတွင် သူ၏ ကျွမ်းကျင်မှုကို အသိအမှတ်ပြုခြင်း ခံရသော သူလည်းဖြစ်သည်။ သို့သော် သူသည် အပျော်အပါးကျူးလွန်ခဲ့ပြီး အကျင့်စာရိတ္တလည်း ပျက်ပြားခဲ့သည်။ သူ့၌ ဇနီးနှင့် သားသမီးများ ရှိခဲ့သော်လည်း အပျော်မယားငယ် ထားခဲ့သည်။ တစ်နေ့
သောအခါ သူသည် ထိုမယားငယ်အား ဦးတည်ပြီး တဏှာနှင့် ဆိုင်သောကဗျာကို ရေးစပ်သီကုံး နေခိုက် ရုတ်တရက် ရူပါရုံ တစ်ခုကို တွေ့ခဲ့သည်။ထိုရူပါရုံတွင် ခရစ်တော်သည် လက်ဝါးကားတိုင်၌ ဒဏ်ရာဒဏ်ချက်များဖြင့်တွေ့ခဲ့ပြီး၊ ခရစ်တော်၏ခြေ၊ လက်နှင့် နဖူးများမှ သွေးများလည်း
တစိမ့်စိမ့် စီးဆင်းနေပြီး၊ ရေးမွန်လားလ်အား ပြစ်တင်ရှုတ်ချပြီး အလွန်ဝမ်းနည်းနေသော ပုံစံဖြင့်စိုက်ကြည့်နေပုံ ကိုတွေ့ခဲ့သည်။ ထိုရူပါရုံကြောင့်ရေးမွန်လားလ်သည် တုန်လှုပ်ခြောက်ခြားခဲ့ပြီး တဏှာနှင့် ပတ်သက်ပြီးသူသီကုံး ရေးစပ်သော ကဗျာကို မစပ်တော့ပဲ ရပ်စဲလိုက်သည်။ ထို့နောက်
ထိုသို့ ဖြစ်ပျက်ပြီး တစ်ပတ်ခန့် အကြာတွင် ထိုကဗျာကို အဆုံးသတ်သီးကုံး ရေးစပ်ဖို့ရန်ပြန်ပြီးပြင်ဆင်ခဲ့ရာ ထိုရူပါရုံကို ဒုတိယအကြိမ် ပြန်ပြီးတွေ့မြင်ခဲ့သည်။ ဒီအချိန်တွင်မူ ရေးမွန်လားလ်သည် သူ၏ အသက်တာကိုခရစ်တော်၌ အပ်နှံခဲ့သည်။
ရေးမွန်လားလ်သည် ထိုသို့ခရစ်တော်ကို ယုံကြည်လက်ခံပြီးနောက် မာဂျော့ကာကျွန်းတွင် ပြန်လာခဲ့ပြီး သူ့ကိုယ်သူ အလွန်ဆိုးညစ်သောသူ ဖြစ်သည်ဟု ခံယူသောကြောင့် ရေးမွန်လားလ်သည် သူ၏ချမ်းသာကြွယ်ဝခြင်းနှင့် ဂုဏ်ပကာသနများကို စွန့်လွှတ်ပြီး သူ၏ အသက်
တာ တစ်ခုလုံး ဘုရားသခင်ကို အစေခံဖို့ရန် ဆက်ကပ်အပ်နှံခဲ့ပြီး အောက်ပါအတိုင်း ပြောခဲ့သည်။ “အို ဘုရားသခင်၊ ငါ့မှာ ပိုင်ဆိုင်တဲ့အရာ အားလုံးနှင့် အတူ ငါ့သားသမီး၊ ငါ့ဇနီး၊ ငါကိုယ်တိုင် ယခုပင် ဘုရားသခင် အတွက်တင်လှူ ပူဇော်ပါတယ်။ ယခုလို တင်လှူပူဇော်ခြင်းအတွက် လက်ခံပေး
ပါ။” ထိုသို့ဖြင့်ရေးမွန်လားလ်သည် ရသေ့ကဲ့သို့အစာရှောင်ခြင်း၊ ဆုတောင်းပဌနာပြုခြင်း၊ တရားထိုင်ခြင်း စသည်ဖြင့် သူ၏အသက်တာကိုမြှုပ်နှံခဲ့သည်။ ရေးမွန်လားလ်သည် ထိုသို့ လူတောသူတောမရှိသောနေရာတွင် နေခြင်းဖြင့် လောက၏ စုံစမ်းနှောင့်ယှက်ခြင်း မှလည်း ကင်းဝေး
နိုင်ပြီး ဘုရားသခင်ကို ချစ်ကြောင်း ဖော်ပြခြင်းလည်း ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ သို့သော် ရေမွန်းလားလ်သည် သူနောက်ထပ်ရရှိသော ရူပါရုံကြောင့် သူသည် သူ၏ ပတ်ဝန်းကျင်၌ နေထိုင်သောသူများကို ဘုရားအကြောင်း ဟောပြော သက်သေခံဖို့ရန် တာဝန်ရှိကြောင်း သိမြင်လာ
ခဲ့သည်။
သူရေးသားခဲ့သော (The Tree of Love) စာအုပ် တွင် သူတွေ့ရှိခဲ့သော ရူပါရုံအားဖြင့် သူ့အား ဘုရားသခင်သည် မည်သို့ သာသနာပြုဖို့ရန် ခေါ်တွင်ခဲ့ကြောင်းကိုလည်း ရေးသားဖော်ပြခဲ့ပါသည်။ ထိုရူပါရုံတွင် သူသည် လူသူကင်းမဲ့သော တောထဲ၌ ဘုရားသခင်နှင့် သာအတူရှိနေသော အချိန်တွင် ဘုရားဖူးခရီး လှည့်လည်သောသူတစ်ဦးနှင့် တွေ့ဆုံပြီး ရေမွန်လားလ်သည် သူ့အားမည်ကဲ့သို့ ဘုရားသခင်၏ ရွေးကောက်ခြင်းခံခဲ့ရကြောင်းကို ထိုသူအား ပြောပြသောအခါ ထိုသူက ရေမွန်လားလ်
အား တစ်ကိုယ်ကောင်း ဆန်သောသူဟု ဆူပူကြိမ်းမောင်းခဲ့ကြောင်းနှင့်လောကကြီးထဲသို့ ဝင်ပြီး ခရစ်တော်၏ သတင်းကောင်းကို ယူဆောင်သွားဖို့ကို ထိုသူကစိန်ခေါ်မှုလည်း ပြုခဲ့ကြောင်း စသည်ဖြင့် သူ၏ရူပါရုံကို ထိုအုပ်၌ ရေးသားဖော်ပြခဲ့သည်။ ထိုကဲ့သို့ သူမြင်ခဲ့သော ရူပါရုံသညရေးမွန်လားလ်အား အခြားတိုင်းပြည်သို့ သွားရောက်ပြီး သာသနာပြုရန်တွန်းပို့ခဲ့သော အရာလည်းဖြစ်ခဲ့သည်။
ရေးမွန်လားလ်သည် မကြာသေးမီ ပိန်နိုင်ငံမှ မြောက်အမေရိကတိုက်ကို တိုက်ထုတ်ခြင်းခံရသော မူစလင်လူမျိုးများကြား၌ သာသနာပြုဖို့ ၊ရန် စိတ်အား ထက်သန်ခဲ့သည်။ ထို့ကြောင့် သူသည် အာရမိဘာသာကို (၉) နှစ်ခန့် အပြင်းအထန် သင်ယူလေ့လာခဲ့သည်။ ထို့အပြင်
မူစလင်လူမျိုးတို့၏ ထုံးတမ်းဓလေ့များ၊ အတွေးအခေါ်နှင့် သူတို့ကိုးကွယ်သော ဘာသာများကိုလည်း ဆည်းပူးလေ့လာခဲ့သည်။ ထိုသို့ အာရမိဘာသာ စကားကို သင်ယူနိုင်ဖို့ရန်အတွက် မူစလင် ကျွန်မတစ်ယောက်ကိုလည်း ဝယ်ယူခဲ့သည်။ တနေ့သောအခါ ထိုမူစလင်ကျွန်မသည် ခရစ်တော်
ကို ကျိန်ဆဲသောကြောင့် ရေးမွန်လားလ်သည် ဒေါသမထိန်းနိုင်ပဲ သူမ၏မျက်နှာကို ရိုက်မိခဲ့သည်။ ထိုကျွန်မကလည်း ပြန်ပြီး ဓါးမြှောင်ကိုင်ပြီးတုံ့ပြန်ခဲ့ရာ ရေးမွန်လားလ်သည် အသက်အန္တရာယ် စိုးရိမ်ဖွယ် အထိမဟုတ်ခဲ့သော်လည်း ဒဏ်ရာဒဏ်ချက် များစွာ ရရှိခဲ့သည်။ ကျွန်မသည်
ရေးမွန်းလားလ်အား ထိုကဲ့သို့ အကြမ်းဖက်ခြင်းကြောင့် သူမသည် ဖမ်းချုပ်ခြင်းခံရပြီး၊ ထောင်ကျခဲ့သည်။ ထိုမူစလင် ကျွန်မသည် သူမ၏ ရှေ့ကံကြမ္မာပို၍ဆိုးနိုင်သည်ဟု ထင်မှတ်သောကြောင့် သူမကိုယ်သူမ အဆုံးစီရင်ခဲ့သည်။ ထိုသို့ဖြစ်ပျက်ခဲ့သောအရာသည် ရေးမွန်လားလ်အား မူစလင်များကြား၌အား ခရစ်တော်အကြောင်းကို ဟောပြောဖို့ရန် အရင်ထက်ပိုပြီး
စိတ်အား ထက်သန်စေခဲ့သည်။ ထိုသို့ဖြင့် ရေးမွန်လားလ်သည် မူစလင်လူမျိုးကြား၌ စတင်သာသနာ ပြုသောအချိန်တွင် သူသည် အသက် (၄၀)နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။
ရေးမွန်လားလ်သည် သူ၏ သာသနာပြုရာတွင် အဓိက နည်းဗျူဟာ (၃) မျိုးဖြင့် လုပ်ဆောင်ခဲ့သည်။ ၄င်းတို့မှာ ခရစ်ယာန် ယုံကြည်ခြင်းနှင့်ပက်သတ်၍ ထောက်ခံ ကာကွယ်ပြောဆိုခြင်း (Apologetical) အားဖြင့်သော်လည်းကောင်း၊ ပညာရေး (Educational) အားဖြင့် သော်လည်းကောင်း၊ ဧဝံဂေလိ(Evangelistic) ဟောခြင်းအားဖြင့်သော်လည်းကောင်း
စသည်ဖြင့် သာသနာပြုခဲ့သည်။ ထို့အပြင်သူသည် နေရာအနှံ့ ကျယ်ပြန့်စွာခရီးသွားခဲ့ပြီး အသင်းတော်များ၊ နိုင်ငံ့ခေါင်းဆောင်များထံသို့ သူ့အားကူညီ ထောက်ပံ့ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။ စပိန်နိုင်ငံရှိ ဒုတိယမြောက် ဘုရင် ဂျေးမ်စ်သည် သူ့အား ထောက်ခံခဲ့ပြီး ငွေရေးကြေးရေးကိုလည်း ကူညီထောက်ပံကူ့ပေးခဲ့သည်။
ရေးမွန်လားလ်သည် ဖရန်းစစ် ဘုန်ကြီး (၁၃) ယောက် ပါဝင်သောဘုန်းကြီး ကျောင်းကို မာဂျော့ကာတွင် ဖွင့်လှစ်ခဲ့သည်။ ထိုဘုန်းကြီးကျောင်းတွင် အာရမိဘာသာစကား သင်ကြားခြင်း အစီအစဉ်ကိုလည်း လုပ်ဆောင်ပေးခဲ့သည်။ အထောက်အပံ့ အလုံအလောက် မရရှိခဲ့သော်လည်း
ရေမွန်လားလ်သည် သာသနာပြုသူများအတွက် ဘာသာစကား သင်ကြားပေးနိုင်ဖို့ရန် အခြားသော ဘုန်းကြီးကျောင်းများနှင့် တည်းခိုရာအိမ်များကိုလည်း တည်ဆောက်ပေးခဲ့သည်။ သူ၏ကြီးမားသော အောင်မြင်မှု တစ်ခုမှာ ဥရောပတခွင်တွင်ရှိသော တက္ကသိုလ်များတွင် ခရစ်ယာန်သာသနာ
ကို ကဏ္ဍတစ်ခုအနေဖြင့် ထားရှိနိုင်ခဲ့ပြီး ထိုအရာအားဖြင့် နောင်လာမည့်အချိန်တွင် မူစလင်များနှင့် ခရစ်ယာန်များ အချင်းချင်း ဘာသာရေး ဆွေးနွေးနိုင်ဖို့ရန်အတွက် လမ်းပွင့်ခဲ့သည်။
ရေးမွန်လားလ်သည် အခြားယုံကြည်သူများကိုလည်း မူစလင်လူမျိုး တို့နေထိုင်သောနေရာတွင် သွားရောက်သာသနာပြုကြဖို့ တိုက်တွန်းခဲ့သော် လည်းမအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ရေမွန်းလားလ်သည် သူကိုယ်တိုင်သွားရောက်ပြီး သာသနာပြုဖို့ရန် ဆုံးဖြတ်ခဲ့သည်။ သူ၏ ပထမသာ
သနာ့ခရီးကို အေဒီ ၁၂၈၇ တွင် စတင်ခဲ့သည်။ သူသည် ဂျေနွာ (Genoa)မြို့ဆိပ်ကမ်းမှ တားနီးစ် (Tunis) ကို သွားဖို့ရန် ပြင်ဆင်ခဲ့သည်။
စာအုပ်များအပါအဝင် သူပိုင်ဆိုင်သော အရာအားလုံး ရွက်လွင့်သင်္ဘောပေါ်တွင်တင်ပြီး ထိုသင်္ဘောရွက်လွင့် ခါနီးတွင်မူ ရေးမွန်လားလ်သည်သူသာသနာပြုရန် ရည်ရွယ်ထားခဲ့သော မူစလင်လူမျိုးများ နေထိုင်ရာဒေသတွင် ခရစ်တော်အကြောင်း ဟောမည်ဆိုလျှင် မည်ကဲ့သို့ ဖြစ်လိမ့်
မည်နည်းဟု တွေးသောအခါ ကြောက် ရွံ့သောစိတ်များဝင် လာသောကြောင့် ရွက်လွင့်သင်္ဘောပေါ်တွင် တင်ထားသော သူ၏ပစ္စည်း အားလုံးပြန်ချကာ သင်္ဘောပေါ်မှ ပြန်ပြီး ဆင်းလာခဲ့သည်။ ထိုကဲ့သို့ သူ၏ လုပ်ရက် ၊ကြောင့် ရေမွန်လားလ်သည် သူ့ကိုယ်သူ ဘုရားသခင်ကို သစ္စာဖောက်ပြီဟု
ခံယူကာ အလွန်စိတ်ထိခိုက်ပြီး အပြင်းဖျားနာခဲ့သည်။ ထို့နောက်သူသည် ၊ဒုတိယသင်္ဘောကို လိုက်ဖို့ပြန်ပြီး ပြင်ဆင်သော် အပြင်းဖျားနာ နေသောကြောင့် သူ၏ သူငယ်ချင်းများသည် သူ့အားမသွားဖို့ရန် အတင်းတားခဲ့ကြပြန်သည်။ ထိုသို့ဖြင့် ရေးမွန်လားလ်သည် နောက်ဆုံးတွင် တတိယ
မြောက် တိုနီးစ်ကို ရွက်လွင့်မည့် သင်္ဘောကိုသာ လိုက်နိုင်ခဲ့သည်။ တိုနီးစ်သည် မြောက်အမေရိက တိုက်တွင် မူစလင်လူမျိုးများ အဓိကနေထိုင်ရာဒေသဖြစ်သည်။ ခရစ်ယာန်များနှင့် ဘာသာရေးစစ်ပွဲများ ဖြစ်ခဲ့ခြင်းကြောင့်မူစလင်လူမျိုးများ သည် ခရစ်ယာန်များကို အလွန်မုန်းတီးခဲ့ကြသော အချိန်အခါလည်း ဖြစ်သည်။ ရေးမွန်လားလ်သည် ထိုဒေသကိုရောက်သောအခါသူထင်ခဲ့သလို မဟုတ်ပဲ အခြေအနေ မဆိုးလှပေ။ ထို့ကြောင့် ရေးမွန်
လားလ်သည် မူစလင်ဘာသာရေး ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး မူစလင်ဘာသာနှင့် ခရစ်ယာန်ဘာသာ အကြောင်းကို အချေအတင် ဆွေးနွေးပြီး၊ နှီးနှောဖလှယ်ဖို့ရန် ဖိတ်ခေါ်ခဲ့သည်။ ထိုသို့ဖြင့် ရေးမွန်းလားလ်သည်ခရစ်ယာန်ဘာသာနှင့် ပတ်သက်ပြီး အကျိုးအကြောင်းနှင့် တကွဖော်ပြခဲ့ရာ
မူစလင် ဘာသာရေးခေါင်းဆောင်များသည် ခရစ်တော်ကို ယုံကြည်လက်ခံလာခဲ့ကြသည်။ ထိုအချင်းအရာကို ဘုရင်မင်းမြတ်ကြားသိသော် စိုးရိမ်ထိတ်လန့်ပြီး ရေမွန်လားလ်အား မြေအောက်အကျဉ်းစခန်းတွင် ထောင်ချခဲ့သည်။ ထို့အပြင် ထောင်ထဲ၌ တုတ်နှင့် ရိုက်နှက်ခြင်း၊ ကျောက်ခဲနှင့်ထုခြင်း၊ လက်သီးနှင့် ထိုးခြင်း၊ သံကြိုးဖြင့် ချည်နှောင်ခြင်း၊ သူ၏မုတ်ဆိတ်
ကိုဆွဲခြင်း စသည်ဖြင့် ရေမွန်လားလ်သည် ညှဉ်းပန်းနှိပ်စက်ခြင်းများခံခဲ့သည်သာမက သေဒဏ်အမိန့်ကိုလည်း ချမှတ်ခြင်းခံခဲ့သည်။ သို့သော်ကားတလန် (Catalan) နှင့် ဂျေနွာ(Genoa) မှလာသော ကုန်သည်ကြီးများ၏ အသနားခံပေးမှုကြောင့် သူသည် သေဒဏ်ချမှတ်ခြင်း အမိန့်မှ ပြည်နှင်ဒဏ်ပေးခြင်း အမိန့်သို့ပြောင်းခြင်းခံခဲ့သည်။ သို့သော် ရေးမွန်းလားလ်သည်
သူ့အား ခေါ်ဆောင်သွားမည့် ရွက်လွင့်သင်္ဘောမထွက်ခွာမှီ သူသည်အမှောင်ထုကို အကွယ်အကာယူပြီး ထိုသင်္ဘောပေါ်မှ ခုန်ဆင်းခဲ့ပြီးသင်္ဘောကျင်းတွင်ရှိသော ကုန်ဆည်သိုလှောင်ရာတွင် ပုန်းခဲ့သည်။ ထိုသို့
ဖြင့် ရေးမွန်းလားလ်သည် လွတ်မြောက်ခဲ့သော်လည်း လပေါင်းများစွာလျှို့ဝှက်စွာ နေထိုင်ခဲ့ရပြီး သူရရှိခဲ့သော ယုံကြည်သူ အသစ်များကိုလည်းပြုစုပျိုးထောင်ခဲ့သည်။ ထို့နောက် သူသည် ဥရောပရှိ မြို့ကြီးများနှင့်ရောမမြို့ တွင် ကျယ်ပြန့်စွာ ခရီးသွားခဲ့ပြီး မူစလင် လူမျိုးများကို သာသနာ
ပြုဖို့ရန် ခရစ်ယာန်များအား တိုက်တွန်းနှိုးဆော်ခဲ့သော်လည်း နည်းတူမအောင်မြင်ခဲ့ပေ။ ရေးမွန်းလားလ်သည် မူစလင်လူမျိုးများကိုခရစ်တော်အကြောင်းကို ဟောပြောဖို့ရန်စိတ်အား ထက်သန်ခဲ့သည်မဟုတ်ပဲ ဂျူးလူမျိုးများကိုလည်း သူတို့မျှော်လင့်နေသော မေရှိယသည်
ခရစ်တော်ဖြစ်ကြောင်းကို ဟောပြောသက်သေခံခဲ့သည်။ စင်စစ်အားဖြင့်ရေမွန်းလားလ်သည် ခရစ်တော်အတွက် တစ်ကမ္ဘာ့လုံးကို ရရှိနိုင်ရန် ရူပါရုံရှိခဲ့သော သူဖြစ်ပါသည်။
အေဒီ ၁၃၀၇ ခုနှစ်၊ သူ၏ အသက် ၇၅ နှစ်တွင် ရေးမွန်းလားလ်သည် ဥရောပ၌ (၁၅) နှစ်ခန့် လှုပ်ရှားခဲ့ပြီးနောက် မြောက်အဖရိကတိုက်ရှိဘာဂျီရာ (Bugia) တွင် ပြန်ပြီး သွားခဲ့သည်။ အရင်နှစ်များတွင် တိုးနီးစ်၌လုပ်ခဲ့သလို မူစလင်ဘာသာနှင့် ခရစ်ယာန်ဘာသာကို အချေအတင်
ဆွေးနွေး နှီးနှောဖလှယ်ဖို့ရန် ထိုဒေသ၌ နေထိုင်သော သူတို့အား ရဲဝံ့စွာစိန်ခေါ်ခဲ့သည်။ သို့သော် ထိုသို့ပြုလုပ်ပြီး ရက်အနည်း ငယ်ကြာသော်သူသည် (၆) လခန့် ထောင်ချခြင်း ခံခဲ့ရပြန်သည်။ ထို့အပြင် သူ့အားဘာဂျာမှလည်း ပြည်နှင်ဒဏ်ပေးခြင်းကို ခံခဲ့ရပြန်သည်။ ထို့ကြောင့်သူသည် ဥရောပသို့ တဖန်ပြန်ပြီးသွားခဲ့ပြီး၊ အေဒီ ၁၃၁၄ ခုနှစ်တွင် တိုးနီးစ်သို့ လျှို့ဝှက်စွာ ပြန်လာခဲ့ပြီး အသစ်သော ယုံကြည်သူအချို့ကိုလည်း ပြန်ပြီးရရှိနိုင်ခဲ့သည်။
ထို့နောက် ရေးမွန်လားလ်သည် သူ၏အသက် (၇၉) ခုနှစ်ခန့်တွင်သူ့အားပြည်နှင် ဒဏ်ပေးခဲ့သောနေရာဖြစ်သော ဘာဂျာတွင် လျှို့ဝှက်စွာပြန်သွားခဲ့သည်။ ထိုနေရာ၌ သူ၏ပထမခရီးစဉ်တွင် ရရှိခဲ့သော ယုံကြည်သူအသစ်များနှင့် ပြန်ပြီး တွေ့ဆုံခွင့်ရရှိခဲ့ပြီး သမ္မာကျမ်းစာကိုလည်း တစ်နှစ်ခန့် သင်ကြားပေးခဲ့သည်။ နောက်ဆုံးတွင် ရေးမွန်လားလ်သည် ထပ်မံ
ပုန်းခို၍ မရနိုင်တော့သောကြောင့် လူများတို့ ရောင်းဝယ်ဖောက်ကားဈေးဆိုင်များတွင်သွားပြီး ခရစ်တော်အကြောင်းကို ဦးစွာ ဟောပြောသက်သေခံခဲ့သည်။ သို့သော် အေဒီ ၃၂၅ ခုနှစ် ဇွန်လ ၃၀ ရက် နေ့တွင်ရုန်းရင်းဆန်ခတ် လူစုတစ်စုသည် ရေးမွန်လားလ်အား ခြံအပြင်ကိုဒရွတ်တိုက် ဆွဲခဲ့ကြပြီး၊ သူ့အားကျောက်ခဲနှင့် ပစ်ပေါက်ခဲ့ကြပြီး နောက်ရက်အနည်းငယ်ကြာသော် ရေးမွန်လားလ်သည် သေဆုံးသွားခဲ့သည်။ထို့ကြောင့် ရေးမွန်လားလ်သည် မူစလင်လူမျိုးတို့အား သာသနာပြုသော
သူများတွင် မထမဦးဆုံး မာတုအနေဖြင့် သေဆုံးသွားခဲ့သော သူဖြစ်ပါသည်။
ထို့အပြင် ရေးမွန်လားလ်သည် စုစုပေါင်း စာအုပ် (၂၉၀) အုပ်ခန့်ရေးသား ထုတ်ဝေနိုင်ခဲ့သည်။ သူသည် စာများကို လက်တင်ဘာသာစကားအားဖြင့်သာ ရေးသားခြင်းမဟုတ်ပဲ အာရမိနှင့် သူ၏ ဇာတိဘာသာ
စကားဖြစ်သော ကာတာလန် (Catalan) ဘာသာစကားအားဖြင့် လည်းပြုစုရေးသားခဲ့သည်။
“အိုဘုရားသခင်၊ငါ့မှပိုင်ဆိုင် တဲ့အရာ အားလုံးနှင့် အတူ ငါ့သားသမီး၊ငါ့ဇနီး၊ငါကိုယ်တိုင် ယခုပင် ဘုရားသခင် အတွက် တင်လှူပူဇော် ပါတယ်။ ယခုကဲ့သို့ တင်လှုပူဇော် ခြင်းအတွက် လက်ခံပေးပါ။ “
ရေးမွန်လားလ်
ဂျွန်ဝိုင်းကလီးဖ် (John Wycliffe)
( အေဒီ ၁၃၂၀- ၁၃၄၈ )
ဂျွန်ဝိုင်းကလီးဖ်သည် အင်္ဂလန်နိုင်ငံသားတစ်ဦး ဖြစ်ပြီး အေဒီ၁၃၂ဝ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သူသည်ကောင်းမွန်စွာ ပညာသင်ကြားခဲ့ပြီး အောက်စဖို့စ် တက္ကသိုလ် (Oxford University) တွင် ပထမဆုံးပညာရှင်နှင့် ခေါင်းဆောင်အဖြစ် ကျော်စောကတ္တိရှိသောသူလည်းဖြစ်သည်။ သူသည် လူတ္တာဝသ် (Lutterworth) အသင်းတော်၏ သင်းအုပ်ဆရာလည်းဖြစ်ပြီး ဆင်းရဲသောသူများအပေါ်တွင် ကိုယ်ချင်းစာနာတတ်သောသူလည်း ဖြစ်သည်။
ဝိုင်းကလီးဖ်သည် ထိုအချိန်အခါရှိ ကက်သလစ် အသင်းတော်၏လုပ်ဆောင်မှုသည် မှားယွင်းသည်ဟု ခံယူသောသူဖြစ်ပြီး အသင်းတော်ကို တစ်စုံတစ်ဦးက စတင်ပြုပြင်မှသာ ရတော့မည်ဟုလည်း ယူဆခဲ့သည်။ထို့ကြောင့် သူသည်အသင်းတော်နှင့် ပတ်သက်ပြီး အောက်ပါအတိုင်းမှတ်ချက်ချခဲ့သည်။ “တကယ်လို့ အသင်းတော်ဟာ အာဏာပါဝါနှင့် ချမ်းသာ
ကြွယ်ဝမှုတွေက မချုပ်ကိုင်ခဲ့ရင် အသင်းတော်ဟာ ကောင်းမွန်စွာ အစေခံနိုင်မှာ ဖြစ်တယ်။ အမှန်တကယ်တော့ အသင်းတော်ဟာ နှိမ့်ချခြင်း အသက်တာမှာ တည်ဆောက်သင့်ပြီး ခရစ်တော်နှင့် သဏ္ဍာန်တူသင့်တယ်။” ထို့အပြင် ဘုန်းတော်ကြီးသည် သမ္မာကျမ်းစာကိုမှန်ကန်စွာ အနက်မဖွင့်ခြင်းသည်လည်း ဝိုင်းကလီးဖ်အတွက် စိတ်ဒုက္ခရောက်စေပါသည်။ ထို့ကြောင့်
ဝိုင်းကလီးဖစ်သည် အသက်တာ၌ ပုံသက်သေကောင်းပြသော ခရစ်ယာန်ဘုန်းကြီးများ၏ သွန်သင်ချက်များကိုသာ ယုံကြည်သင့်ကြောင်း လူများတို့ကိုလည်း ပြောပြခဲ့သည်။
ထို့အပြင် ပိုင်းကလီးဖ်သည် ပုပ်ရဟန်းမင်းကြီး၏ လုပ်ငန်းစဉ်နှင့်အခွင့်အာဏာကို သော်လည်းကောင်း၊ ဘုန်းတော်ကြီး အဖွဲ့အစည်း၏ဖွဲ့စည်းပုံစနစ်ကို သော်လည်းကောင်း ရှုတ်ချခဲ့ပြီး၊ ဘုန်းတော်ကြီးအဆင့်အတန်းခွဲခြားမှုသည်လည်း မရှိသင့်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ရောမအသင်းတော်၏ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုဖြစ်သောပွဲတော်မင်္ဂလာခံယူခြင်းနှင့် ပတ်သက်ပြီး ခရစ်တော်၏ အသွေးနှင့် အသားအစစ်ဖြစ်လာခြင်း (Substantiation) ကို လည်းငြင်းပယ်ခဲ့သည်။ အပြစ်စာစောင် (Indulgences) များဖြင့် အပြစ်လွှတ်ခြင်းကိုလည်း
ပြစ်တင်ရှုတ်ချခဲ့သည်။
တို့အပြင် လူတို့သည် ဘုရားသွန်သင်သော ပညတ်တရားများကိုမသိရှိဘဲ စစ်မှန်သောခရစ်ယာန်အသက်တာ မရှိနိုင်ကြောင်း သိမြင်လာခဲ့သောကြောင့် ဝိုင်းကလီးဖ်သည် သမ္မာကျမ်းစာကို လူတို့အား ပိုပြီးသင်ကြားပေးဖို့ရန် လိုအပ်သည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူသည်ဆင်းရဲသော ဘုန်းကြီးတစ်စုကို ကျမ်းစာသင်တန်းပေးပြီး အင်္ဂလန်နိုင်ငံရှိ
ကျေးလက်ဒေသများတွင် ဧဝံဂေလိဟောကြားဖို့ရန် အတွက် စေလွှတ်ခဲ့သည်။ ၄င်းတို့သည် ကြမ်းတမ်းသော ပင်နီဝတ်စုံများကို ဝတ်ဆင်ပြီးတောင်ဝှေး ကိုကိုင်လျက် အင်္ဂလန်ပြည်အနှံ့ အပြားသို့ခြေလျင်သွားကြပြီးဝိုင်းကလီးဖ် ရေးသားသောစာပေများ၊ တရားဟောစာတမ်းများ၊ ကျမ်းပိုဒ်
များကိုလည်း ၄င်းတို့ ဧဝံဂေလိဟောကြားရာ အရပ်သို့ ယူဆောင်သွားကြသည်။ ထိုသူများကို နောက်ပိုင်းတွင် ဆင်းရဲသောဘုန်းကြီး (သို့) လောလဒ်(Lollards) ဟုခေါ်ဝေါ်ကြသည်။ မကြာမီ ဝိုင်းကလီးဖ်၏ နောက်လိုက်တပည့်များသည် တဖြည်းဖြည်းများလာပြီး သူ၏သွန်သင်ချက်များသည်
ထိုသူတို့မှတဆင့် လူအမြောက်အများ ကြားနာခွင့် ရခဲ့ကြသည်။ ၁၅ ရာစုနှစ်များအတွင်း ညှဉ်းပန်းနှိပ်စက်မှုများ ခံခဲ့ကြရသော်လည်း ထိုဘုန်းကြီး(သို့) လောလဒ် တို့သည် အသင်းတော် ပြန်လည်ပြုပြင် ပြောင်းလဲရေးခေတ် ရောက်သည့်တိုင်အောင် ဆက်လက်သာသနာပြုခဲ့ကြသည်။
သို့သော် ဝိုင်းကလီးဖ်သည် သူ၏ စာအုပ်စာပေ ရေးသားခြင်းမှတားဆီးခြင်း ခံခဲ့ရသည်။ သူသည် အကြမ်းဖက်မှု မခံရအောင် ရှောင်ရှားနေစဉ် သူရေးသားခဲ့သော ဓမ္မစာစောင်များ မီးရှို့ခြင်းခံခဲ့သည်။ ထို့အပြင်အောက်စဖို့စ် တက္ကသိုလ် (Oxford University) မှ သူ၏ ရာထူးကို
လည်း ရုပ်သိမ်းခြင်း ခံခဲ့သည်။ သူ၏ ယုံကြည်ခြင်း အယူဝါဒ ဖြန့်ဖြူးခြင်းမှလည်း ပိတ်ပင်ခြင်း ခံခဲ့ရသည်။ ထိုနည်း၎င်း ကက်သလစ် အသင်းတော်မှထိပ်တန်းအရာရှိများက ဝိုင်းကလီးဖ်အား ကြောက်ရွံ့မုန်းတီးကြသဖြင့်သူ့အားသတ် ရန် အစဉ်သဖြင့် ကြံစည်ခဲ့ကြသည်။ နောက်ဆုံးတွင်
ဝိုင်းကလီးဖ်သည် လူတ္တာဝသ် (Lutterworth) အသင်းတော်မှလည်းနှုတ်ထွက်ခဲ့ရပါသည်။
ဝိုင်းကလီးဖ်သည် အရာခပ်သိမ်း၏ အရင်းအမြစ် ဖြစ်တော်မူသော ဘုရားသခင်ကို လူများတို့သည် ကိုယ်တိုင်ကိုယ်ကျ သိကြလျှင် သူ၏သာသနာသည် ပိုပြီး ထိရောက်လိမ့်မည်ဟု သိမြင်လာခဲ့သည်။ ထို့ကြောင့်သူကြုံတွေ့နေသော အခက်အခဲ အတားအဆီးများကို ပဓါနမထားရှိ
တော့ပဲ ဘုရားသခင်၏ နှုတ်ကပတ်သမ္မာကျမ်းစာကို လက်တင်ဘာသာစကားမှ ထိုသူတို့ နားလည်နိုင်သော အင်္ဂလိပ်ဘာသာစကားသို့ ပြန်ဆိုသင့်သည်ဟု ယူဆခဲ့သည်။ ထိုသို့ဖြင့် ဝိုင်းကလီးဖ်သည် လက်တင်ဘာသာစကားဖြင့် ရေးသားထားသော ဗားလ်ဂိတ် (Vulgate) ကျမ်းစာကို အင်္ဂလိပ်ဘာသာစကားဖြင့်ပြန်ဆိုခဲ့ပြီး ထိုသို့ဖြင့် ဝိုင်းကလီးဖ်သည် သမ္မာကျမ်းစာ
ကို အင်္ဂလိပ် လူမျိုးများထံသို့ ပထမဆုံးအကြိမ် ဖွင့်ပြနိုင်ခဲ့လေသည်။အေဒီ ၁၃၈၂ ခုနှစ်တွင် ဝိုင်းကလီးဖ်သည် လန်ဒန်တွင် ခေါ်ဆောင်သွားခြင်းခံခဲ့ရပြီး သူ့အား ကွဲပြားသော မိစ္ဆာဒိဋ္ဌိအယူဝါဒရှိသူ ဟုကြေငြာခြင်း ခံခဲ့သည်။ ထို့အပြင် ဝိုင်းကလီးဖ်၏ ယုံကြည်ခြင်းကို ခံယူသော
သူတိုင်း အသင်းတော်အား ဆန့်ကျင်သောသူအဖြစ် သတ်မှတ်ခြင်းခံရမည့်အကြောင်းကိုလည်း ကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။အေဒီ ၁၃၇၈ တွင် “သန့်ရှင်းသော သမ္မာကျမ်းစာ၏ သမ္မာတရား” (The Truth of Holy Scripture) ခေါင်းစဉ်အောက်၌ရေးသားခဲ့ပြီး ထိုစာ၌ သမ္မာကျမ်းစာသည်သာလျှင် ယုံကြည်ခြင်းနှင့် ကျင့်သုံးမှု၏ အချုပ်အခြာဖြစ်ကြောင်းကို သော်လည်းကောင်း၊ ကယ်တင် ခြင်းတရားနှင့် ပတ်သက်ပြီး ကျမ်းစာ၌ အပြည့်အစုံ ဖော်ပြကြောင်းနှင့် ဘာသာရေးအခမ်းအနား ကျင်းပခြင်း၊ မင်္ဂလာဝတ်များ ပြုလုပ်ခြင်း များအားဖြင့်
ကယ်တင်ခြင်း မရနိုင်ကြောင်းကို သော်လည်းကောင်း၊ ဘုန်းတော်ကြီးများသာမဟုတ်ပဲ ခရစ်ယာန်တိုင်း သမ္မာကျမ်းစာကို ဖတ်သင့်ကြောင်း စသည့်ဖြင့် ဖော်ပြ ရေးသားခဲ့သည်။
ထို့ကြောင့် ဝိုင်းကလီးဖ်သည် ထိုခေတ်ရှိ ကက်သလစ် အသင်းတော်အား ပြန်လည်ပြုပြင်ခြင်းတွင် ရဲဝံ့တည်ကြည်သောစိတ်ဖြင့် အဦးဆုံးပါဝင် လှုပ်ရှားခဲ့သောသူ ဖြစ်သောကြောင့် သူ့အား “အသင်းတော်ပြန်လည်ပြုပြင်ခြင်း အာရုံဦးကြယ်” (The Morning Star of Reformation) ဟု အမည်တွင်ခဲ့ကြသည်။ ဝိုင်းကလီးဖ်သည် အေဒီ ၁၃၄၈ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် လေဖြတ်ပြီး သေဆုံးခဲ့သည်။ သို့သော်သူ၏ ဓမ္မအတွေးအခေါ်များသည် ဥရောပတခွင် အလွန်မြန်ဆန်စွာ ပျံ့နှံ့လိမ့်မည်ကိုမူ ထိုအချိန်၌ မည်သူမျှ မစဉ်းစားခဲ့ မိကြပေ။
“တကယ်လို့ အသင်းတော်ဟာ အာဏာပါဝါနှင့်ချမ်းသာကြွယ်ဝမှုကို မချုပ်ကိုင်ခဲ့ရင် အသင်းတော်ဟာ ကောင်းမွန်စွာအစေခံနိုင်မှာဖြစ်တယ်။ အမှန်တကယ်တော့ အသင်းတော်ဟာ နှိမ့်ချခြင်း အသက်တာမှာ တည်ဆောက်သင့်ပြီး ခရစ်တော်နှင့် သဏ္ဍာန်တူသင့်သည်။”
ဂျွန်ဝိုင်းကလီးဖ်
မာတင်လူသာ ( Martin Luther )
(အေဒီ ၁၄၈၃ – ၁၅၄၆ )
ခေတ်ကာလကြာလာသည်နှင့် အမျှ အသင်းတော်သည်ယိုယွင်းပျက်စီးလာခဲ့ရာ အသင်းတော်ကို ပြန်လည်ပြုပြင်ရေးသမားများပေါ်ပေါက်လာခဲ့သည်။ ထိုသို့အသင်းတော်ကို ပြန်လည်ပြုပြင်ရေးတွင်ထင်ရှားသော ပုဂ္ဂိုလ်တပါးမှာ မာတင်လူသာဖြစ်ပါသည်။ လူသာသည်
၁၄၈၃ ခုနှစ် ဂျာမနီနိုင်ငံရှိ အိုင်းစလေဘန် (Eisleben) တွင်ဆင်းရဲသော လယ်သမားမိဘမှ မွေးဖွားလာခဲ့သည်။ သူ၏ ဖခင်သည်သတ္တုတွင်း တူးဖော်သူဖြစ်ပြီး လူသာသည် အသက်တစ် ဆယ်ရှစ်နှစ်အရွယ်ရောက်သောအခါ သူ့ဖခင်သည် လူသာအား ဥပဒေပညာကိုအဲရ်ဖါတ် (Erfurt) တက္ကသိုလ်တွင် တက်ရောက်စေခဲ့သည်။ သို့သော်လူသာသည် ခရစ်ယာန်ဘုန်းကြီးဝတ်ပြီး ဩဂတ်စတင်း ဘုန်းကြီးကျောင်းတွင် သံဃာအဖွဲ့ဝင် သွားသောကြောင့် သူ၏ ဖခင်နှင့် မိတ်ဆွေများအားအလွန် အံ့အားသင့်စေပြီး၊ အလွန်စိတ်ပျက်စေခဲ့သည်။ လူသာသည် ထိုသို့ ရဟန်း
ဘောင်သို့ ဝင်လာရခြင်းမှာ ကယ်တင်ခြင်းရရှိနိုင်ရန် အဓိကရည်ရွယ်ထားခဲ့သော်လည်း အကယ်စင်စစ်မှာမူ စိတ်၏ ငြိမ်သက်ခြင်းကိုပင်လျှင်မရရှိနိုင်ခဲ့ပေ။ ထို့ကြောင့် လူသာသည် အစာရှောင်ခြင်း၊ သီလစောင့်ခြင်း၊မိမိကိုယ်ကို အပြစ်ပေးခြင်း၊ ဝါကြီးသော ဘုန်းကြီးများထံတွင် အပြစ်ကိုအပတ်ဖြေခြင်း၊ စသည်ဖြင့် လွန်ကဲစွာ ကျင့်ကြံခဲ့သည်။ ထို့ကြောင့်လူသာ
သည် သံဃာအဖွဲ့၌ပင် ဘုရားတရား ကြည်ညိုမှုတွင် နာမည်ကျော်ကြားလာလေသည်။ သို့သော် ထိုသို့ ခြိုးခြံစွာနေထိုင်ပြီး ကြိုးစားကျင့်ကြံခြင်းသည်ပင် အကျိုးမရှိကြောင်း လူသာ တွေ့ရှိလာခဲ့သည်။ ထိုသို့ဖြင့် အေဒီ၁၅၀၇ ခုနှစ်တွင် လူသာသည် သိက္ခာရ ဘုန်းကြီးတပါး ဖြစ်လာခဲ့သည်။
ဘုရားသခင်သည် အလွန်သန့်ရှင်း မြင့်မြတ်သော ဘုရားဖြစ်ကြောင်းကို သော်လည်းကောင်း၊ သူသည် အပြစ်သားဖြစ်ပြီး သူ၏ကြိုးစားအားထုတ်မှုသည် ဘုရားသခင်အား ကျေနပ်စေရန် လုံးဝမဖြစ်နိုင်ကြောင်းကိုသော်လည်းကောင်း စသည်ဖြင့် လူသာသည် နက်နက်ရှိုင်းရှိုင်း ခံစားမိ
လာခဲ့သည်။ အေဒီ ၁၅၁၀ ခုနှစ်တွင် ရောမမြို့သို့ သွားရောက်ခဲ့ရာ ဘုရားကျောင်း အများအပြားတွင် သွားရောက်ဆုတောင်းခြင်း၊ သန့်ရှင်းသူများနှင့်မာတုရများအတွက် သီးသန့်ထားရှိသော နေရာများတွင် ဆုတောင်းခြင်းအမှုများကိုပြုလုပ်ခဲ့သည်။ ထိုနည်း၎င်း ပိလတ်မင်း အိမ်တော်မှ ယူဆောင်
လာသော လှေကားဟု ယုံကြည်ကြသော စကာလာဆန်တာ (ScalaSanita) ကို ခေါင်းဖြင့် တက်ခဲ့ပြီး တစ်ထပ်တက်တိုင်း ပတ္ထနာတော်ကိုရွတ်ဆိုခဲ့သည် သာမက အထပ်တိုင်းကိုလည်း နမ်းခဲ့ပါသည်။ ထို့သို့ဖြင့်လူသာသည် ဘုရားသခင်အား ရိုသေလေးမြတ်ခြင်းဖြစ်သည်ဟု ထင်မှတ်
သော အရာတိုင်းကို လုပ်ဆောင်ခဲ့သည်။
လူသာသည် အေဒီ ၁၅၁၂ ခုနှစ်တွင် ဝစ်တင်းဘားချ် (Wittenberg) တက္ကသိုလ်တွင် ဓမ္မပညာပါရဂူဘွဲ့ကို ရရှိခဲ့သည်။ အေဒီ ၁၅၁၃နှစ်ဦးပိုင်းတွင် လူသာသည်အခန်းထဲ၌ ရှိနေစဉ် ရောမဩဝါဒ (၁း၁၇)တွင် ရေးသားထားသော “ဖြောင့်မတ်သော သူသည် ယုံကြည်ခြင်းအားဖြင့်
အသက်ရှင် လိမ့် မည်” ဟူသော ကျမ်းပိုဒ်ကို ဖတ်ရှုခြင်းအားဖြင့် သူ၏အသက်တာတလျှောက် စမ်းတဝါးဝါးရှာ ဖွေခဲ့သော သမ္မာတရားကိုရှင်းလင်းစွာ သိရှိခွင့်ရရှိခဲ့သည်။ “ဘုရားသခင်၏ ဖြောင့်မတ်ခြင်း” သည်လူသားတို့၏အပြစ်ကို စီရင်သည်မဟုတ်ပဲ၊ ယုံကြည်ခြင်းအားဖြင့် ထိုဖြောင့်
မတ်ခြင်းကို ရရှိနိုင်ဖို့ရန် အတွက် ပြင်ဆင်ပေးထားသော ဘုရားသခင်၏ကျေးဇူးတော်ဖြစ်ကြောင်း လူသာသည် သိရှိနားလည်ခဲ့သည်။
နှစ်အနည်းငယ်ကြာသော် လူသာသည် ဝစ်တင်းဘားချ်တက္ကသိုလ်တွင် ပြန်လာခဲ့ပြီး ကျမ်းစာကို သင်ကြားပို့ချခဲ့ရာ အေဒီ ၁၅၁၅ ခုနှစ်တွင်ရှင်ပေါလု စာစောင်များမှ ရောမဩဝါဒစာကို လေ့လာသင်ကြားပို့ချပေးခြင်းအားဖြင့် သူကိုယ်တိုင် ယုံကြည်ခြင်းနှင့် ပတ်သက်ပြီး ပိုပြီး နားလည်
ခွင့်ရရှိခဲ့သည်။ ထို့ကြောင့် လူသာသည် သူသင်ကြားပေးသော အရာများသည် သားစဉ်မြေးဆက် သင်ကြားခဲ့ကြသော ဆရာကြီးများ၏ ဟောပြောသင်ကြားခြင်းများနှင့် အသွင်မတူဖြစ်ခဲ့သည်။ သူ၏ ဟောပြောသင်ကြားမှုသည် စိတ်ဝင်စားစရာ ကောင်းသောကြောင့် တက္ကသိုလ်ကျောင်းသူ၊
ကျောင်းသားများနှင့် မြို့သူမြို့သားများသည်ပင် စာသင်ခန်းသို့ လာရောက်နားထောင်ခဲ့ကြသည်။
အေဒီ၁၅၁၇ ခုနှစ်တွင် ဝစ်တင်းဘား၌ အနီးတွင် တက်ဇဲလ်(Tetzel) အမည်ရှိသော လူတစ်ယောက်သည် ပုပ်ရဟန်းမင်းကြီး ထုတ်ဝေသော အပြစ်လွှတ်စာတမ်း (Indulgences) ကို ရောင်းလေသည်။ ထို(Indulgences) စာစောင်နှင့် ပတ်သက်သော သွန်သင်ချက်ကို ထောက်ပံ့
သောအချက်မှာ ( Purgatory ) သည် ကောင်းကင်နိုင်ငံနှင့် ငရဲ စပ်ကြားတွင် တည်ရှိသည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုနေရာသည် သေဆုံးသော သူတို့၏ ဝိညာဉ်ဖြတ်သန်းရပြီး
အစစ်ဆေးခံသောနေရာ ဖြစ်ကြောင်း၊ အပြစ်မှသန့်ရှင်းစေသော နေရာဖြစ်ကြောင်းနှင့် အပြစ်ရှိသောသူအတွက် လောက၌ကျန်ရစ်သော သူတို့ကအသင်းတော်မှ ရောင်းချသော (Indulgences) စာစောင်များကိုလုပ်ခဲ့သောအပြစ်များနှင့် ချိန်ဆပြီး ဝယ်မှသာ ကောင်းကင်နိုင်ငံသို့
ဦးလှည့်သွားနိုင်ကြောင်း စသည်ဖြင့် သွန်သင်ခဲ့ကြသည်။ ထိုသို့အပြစ်လွှတ်စာစောင်များ ဝယ်ယူခြင်းသည်လူတို့အား ဘုရားသခင်နှင့် သိကျွမ်းမှုတွင် ပိုပြီးဝေးကွာစေသည် သာမက လူတို့၏ ကိုယ်ကျင့်တရားကိုလည်းပိုပြီး ပျက်စီးစေသောအရာ ဖြစ်သည်ဟု လူသာ တွေ့မြင်ခဲ့သည်။
အလယ်ခေတ်တက္ကသိုလ်များတွင် မည်သူမဆို မိမိတို့၏ အတွေးအခေါ် အယူအဆ
များကို စာတမ်းရေးပြီး လူများမြင်သာနိုင်အောင် နံရံတွင် ကပ်ပြီး လူထု၏ဆွေးနွေးဝေဖန်မှုကို ဖိတ်ခေါ်လေ့ရှိကြသည်။ ထို့ကြောင့် ၁၉၁၇ ခုနှစ်တွင် လူအမြောက်အများလာတတ်သော သန့်ရှင်းသူများနေ့ (All Saint’s Day) မတိုင်မီတွင် လူသာသည် ထိုအပြစ်လွှတ်စာတမ်းရောင်း ချခြင်းနှင့်ပတ်သက်ပြီး သူသည် စာတမ်း ၉၅ စောင်ကို ရေးသားခဲ့ပြီး ဝစ်တင်း
ဘားချ်ာမြို့၏ ရဲတိုက်ဗိမာန်တော် (Castle Chruch) တံခါးမတွင် ကပ်ထားခဲ့သည်။ ထိုစာတမ်းတွင် လူသာ ရေးသားထားခဲ့သော အကြောင်းအရာများတွင် အသင်းတော်သည် အသင်းတော်မှ ချမှတ်ထားသော စည်းကမ်းနှင့် ပတ်သက်ပြီး ချိုးဖောက်သော သူတို့အား အပြစ်ဒဏ် ပေးခြင်း
မှသာ ခွင့်လွှတ်နိုင်ကြောင်း၊ အပြစ်လွှတ်စာတမ်းများသည် အပြစ်များကိုမဖယ်ရှားနိုင်ကြောင်းနှင့် အပြစ်မှ လွှတ်ခြင်းခံရနိုင်ဖို့ရန် မိမိကိုယ်တိုင်နောင်တရရှိခြင်းဖြင့် ဘုရားသခင်ထံ၌ တိုက်ရိုက် ချဉ်းကပ်နိုင်ကြောင်းစသည် တို့ပါဝင်ပါသည်။ ထို့ကြောင့် လူသာ ရေးသားခဲ့သော စာတမ်းများ
သည် အသင်းတော်၏ အချုပ်အခြာအာဏာပိုင် ပုပ်ရဟန်းမင်းကြီးကိုတိုက်ရိုက် ထိခိုက်စေပါသည်။ အေဒီ ၁၅၂၀ ခုနှစ်တွင် လူသာ၏ စာတမ်းကို ပြစ်တင်ရှုတ်ချသော အမိန့်ပြန်စာတမ်းကို ပုပ်ရဟန်းမင်းကြီး ထုတ်ပြန်ခဲ့သည်။
သို့သော် လူသာသည် သူ၏ယုံကြည်ခြင်းနှင့် ပတ်သက်ပြီး စာအုပ်စာပေ အမြောက်အများကို ဆက်လက်ပြီး ရေးသားခဲ့ရာ ဂျာမန်လူထုများသည်လည်း သူရေးသားသော စာများကို ဖတ်ခွင့်ရခဲ့ကြသည်။ ထိုသို့ဖြင့်လူသာသည် ခရစ်ယာန်တိုင်းသည် သံဃာများဖြစ်ကြောင်း၊ ပုပ်ရဟန်းမင်းကြီး တစ်ဦးတည်းသာလျှင် သမ္မာကျမ်းစာကို အနက်ဖွင့်နိုင်သည် မဟုတ်ပဲ
ယုံကြည်သူတိုင်း အနက်ဖွင့်နိုင်ကြောင်း စသည်တို့ကိုလည်း ဖော်ပြခဲ့သည်။ထို့အပြင် ထိုအချိန်အခါ၌ရှိသော ပုပ်ရဟန်းမင်းကြီး ရုံးတော်မှ ဖောက်ပြန်မှုများ ပုပ်ရဟန်းမင်းကြီး၏ လောဘဇောတိုက်မှုများ၊ ငွေညစ်ခြင်းများပုပ်ရဟန်းမင်းကြီး၏ အယူခံရုံးတော်တွင် လာဘ်ထိုးလျှင် မည်သည့်အရာမျိုးမဆို လုပ်ပေးခြင်း စသည်တို့ကို ဖော်ပြခြင်းနှင့်အတူ ရှုတ်ချခြင်းများကိုလည်း လုပ်ဆောင်ခဲ့သည်။ လူသာသည် အေဒီ ၁၅၂၀ ခုနှစ်အတွင်း အဓိကဆောင်ရွက်ခဲ့သော အချက် (၃) ခုရှိခဲ့ပြီး ထိုသို့ဖြင့် အသင်းတော် ပြန်လည်ပြုပြင်ခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။ ၄င်းတို့မှာ (၁)ဂျာ
မန်အစိုးရထံသို့ အသင်းတော်ကို ပြန်လည်ပြုပြင်ဖို့ရန် တောင်းဆိုသောစာ(Appeal to the Geran Ruling Class)၊ (၂) ထိုအချိန်၌ ရောမအသင်းတော်၏ ယုံကြည်ကျင့်သုံးမှုနှင့် ပတ်သက်ပြီး မင်္ဂလာဝတ် ခုနှစ်ပါးကို ဆန့်ကျင်သောစာ (Babylonian Captivity oth the Church) နှင့်အတွင်းလူနှင့် အပြင်လူအကြောင်းနှင့် ပတ်သက်ပြီး ခရစ်ယာန်တို့၏လွတ်လပ်ခြင်း (The Freedom of a Christian) စာ တို့ဖြစ်ပါသည်။
အေဒီ ၁၅၂၀ ဩဂုတ်လတွင် လူသာအား အသင်းတော်မှ
နှင်ထုတ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ကြသည်။ ထိုကြေငြာစာတွင်
လူသာနှင့် သူ၏နောက် လိုက်များသည် ရက် (၆၀) အတွင်း ၄င်းတို့၏
ကွဲလွဲသော အယူအဆများကို ပြန်လည် ရုပ်သိမ်းရန်နှင့် ထိုသို့မပြုပါက
သူတို့အား အယူဝါဒမှားယွင်းသူအဖြစ် သတ်မှတ်မည့်အကြောင်း စသည်
တို့ပါဝင်လေသည်။ အကယ်၍ အယူဝါဒမှားယွင်းသူ အဖြစ် သတ်မှတ်ခြင်း
ခံခဲ့လျှင် သူတို့အား ဖမ်းဆီးပြီး သေဒဏ် ပေးနိုင်ပါသည်။
ထို့အပြင် အေဒီ ၁၅၂၁ ခုနှစ် ဝမ်းစ်မြို့ (Woms) တွင် ကျင်းပသော
ဘုရင့်လွှတ်တော်တွင် လူသာသည်လည်း ဖိတ်ခေါ်ခြင်း ခံခဲ့သည်။
အကယ်၍ ထိုလွှတ်တော်တွင် တက်ရောက်ပါက သူ့အား သေဒဏ်ပေးနိုင်
သည်ဟု လူသာ သိမြင်သော်လည်း မကြောက်မရွံ့ပဲ ထိုလွှတ်တော်ကို
တက်ရောက်ဖို့ရန် သွားလေ၏။ လူသာသည် သူအား လမ်းခရီးတလျှောက်
လူထု၏ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသော အချင်းအရာကို
မြင်တွေ့သော် လူသာသည် သူတစ်ဦးတည်းသာမဟုတ်ပဲ သူကိုထောက်ခံ
အားပေးလာသူ များစွာရှိကြောင်း သိမြင်လာခဲ့သည်။
လူသာသည်လွှတ်တော်သို့ရောက်သောအခါ သူရေးခဲ့သောစာအချို့မှ အကြောင်းအရာများကို ရုပ်သိမ်းမည်၊ မရုပ်သိမ်းမည် အကြောင်းသူ့အား မေးမြန်းကြလေ၏။ ထိုအခါ လူသာသည် သူရေးသားခဲ့သောအကြောင်းအရာများမှ မှားယွင်းကြောင်းကို သမ္မာကျမ်းစာအရသော်လည်း
ကောင်း၊ ထင်ရှားသော သက်သေအထောက်အထား မပေးနိုင်သ၍ မရုပ်
သိမ်းနိုင်ကြောင်း ရဲရဲဝံ့ဝံ့ ပြောခဲ့သည်။ ထိုသို့ဖြင့် လွှတ်တော်တွင် လူသာ၏ အရေးကိစ္စနှင့် ပတ်သက်ပြီး နောက်ထပ် ငါးရက်ခန့် ဆွေးနွေးခဲ့ကြသည်။ နောက်ဆုံးတွင် ဝမ်းစ်မြို့ရှိလွှတ်တော်၌ ဆုံးဖြတ်သည့် အတိုင်းကြေငြာချက်ကို ထုတ်ပြန်ခဲ့သည်။ ထိုကြေငြာချက်တွင် လူသာသည် မိ
အယူဝါဒရှိသူဖြစ်ပြီး ဖမ်းဆီးဖို့ရန် လိုအပ်ကြောင်း၊ သူသည်ဝရမ်းပြေးဖြစ်ပြီး သူ့အားနေရာထိုင်ခင်းနှင့် အစားအဟာရကျွေးသူအား ရာဇဝတ်မှုကျူးလွန်သူအဖြစ် သတ်မှတ်ခြင်း ခံရမည့်အကြောင်းနှင့် မည်သူမဆိုသူ့အား တရားဝင် သတ်ပိုင်ခွင့်ရှိကြောင်း စသည်တို့ပါဝင်ပါသည်။လူသာသည် ဝစ်တင်းဘားချ်သို့ အပြန်ခရီးတွင်မူ အသက်အန္တရာယ် ရှိသောကြောင့် သန့်ရှင်းသော ရောမအင်ပါယာ (Holy Roman Empire) ၏ ရွေးချယ်ရေးအဖွဲ့ဝင်ဖြစ်သော တတိယမြောက်ဖရေးဒရိတ် (Frederick III) ၏ အကူအညီဖြင့် ဝါးထ်ဘားခ်ျ (Wartburg)ရဲတိုက်တွင် ခိုလှုံခွင့်ရခဲ့သည်။ ထိုနေရာတွင်လည်း စာပေများကို ဆက်လက်ရေးသားခဲ့ပြီး ဓမ္မသစ်ကျမ်းကိုလည်း ဂျာမန်ဘာသာစကားဖြင့် ပြန်ဆို
ခဲ့သည်။
လူသာသည် အေဒီ ၁၅၂၂ ခုနှစ်၊ မတ်လ (၆) ရက်နေ့တွင်ဝစ်တင်းဘာချ်တွင် လျှို့ဝှက်စွာ ပြန်လာခဲ့သည်။ အေဒီ ၁၅၂၅ ခုနှစ်ဇွန်လ (၁၃) ရက်နေ့တွင် လူသာသည် မယ်သီလရှင် ကာသာရီးနား ဗွန်ဘော်ရာ ( Katharina Von Bora) နှင့် လက်ထပ်ခဲ့ပြီး သားသမီး (၆)
ယောက်ထွန်းကားခဲ့သည်။ သူ၏ ထင်ရှားသော ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုမှာ “ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ခြင်း” (Justification faithalone) ဖြစ်ပါသည်။ လူသာသည် သူ၏ ကျန်းမာရေး ချို့တဲ့လာခဲ့ပြီးအေဒီ ၁၅၄၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့၊ သူမွေးဖွားရပ် ဇာတိမြေဖြစ်သော အီးစ်လေဘင် (Eisleben) ၌ သူ၏အသက် ၆၂ နှစ် အရွယ်တွင်
ဆုံးပါးခဲ့သည်။ အေဒီ၁၉၅၀ ခုနှစ်လောက်မှစပြီး လူသာ၏ ဟောပြောချက်များသည် ဂျာမနီပြည်အတွင်း လျင်မြန်စွာပျံ့နှံ့သွားလေသည်။ ဘုန်းကြီးအများအပြားတို့သည်လည်း ၄င်းတို့၏ တောရကျောင်းကို စွန့်ကြပြီးလူသာ၏ တရားကို စတင်ဟောလာကြသည်။ လူသာ ရေးသားခဲ့သော
စာအုပ်စာပေများသည်လည်း လူထုထဲသို့ ရောက်ရှိပြီး ကျယ်ပြန့်စွာ ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် လူသာသည် အသင်းတော်များ ပြန်လည်ပြုပြင်ခြင်းတွင် အထင်ရှားဆုံးသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်လာခဲ့သည်။
ဝီလျံ တင်းန်ဒဲလ် (William Tyndale )
( အေဒီ၁၄၉၀ – ၁၅၃၆ )
ဂျွန်ဝိုင်းကလီးဖ် သေဆုံးပြီးနောက် သူ၏တပည့် များဖြစ်သောဆင်းရဲသော ဘုန်းကြီး (သို့) လောလဒ် (Lollards) တို့သည် ကျမ်းစာဖြန့်ဝေခြင်းမှ ရပ်တန့်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ပါလီမန် လွှတ်တော်နှင့် ပုပ်ရဟန်းမင်းတို့သည် ကျမ်းစာတွင်ပါသော မည်သည့် စာပိုဒ်
မဆို ဘာသာပြန်ဆိုသော သူတိုင်း ထောင်ချခြင်း (သို့) သေဒဏ် ပေးခြင်းခံရမည်ဟူ၍ သတ်မှတ်ခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုသို့ သတ်မှတ်ခြင်းအကြောင်းအရင်းတစ်ခုမှာ သာမာန် အသင်းသူ၊ အသင်းသားများ သမ္မာကျမ်းစာဖတ်ရှုခြင်းမှ တားဆီးလို သောကြောင့်ဖြစ်သည်။ သို့သော် အချို့သောသူတို့သည် ဝိုင်းကလီးဖ် ဘာသာပြန်ခဲ့သော သမ္မာကျမ်းစာကို လျှို့ဝှက်စွာ ကူးယူနေခဲ့ကြသည်။ အကယ်စင်စစ် ထိုအချိန်၌ ထိုကဲ့သို့တင်းကျပ်သော ဥပဒေကို အာခံရဲသော သူရဲကောင်းကို စောင့်မျှော်နေခဲ့ကြသည်။
ဝီလျံတန်ဒဲလ်သည် အေဒီ ၁၄၉၀ ခုနှစ် တွင် မွေးဖွားခဲ့သည်။သည် အောက်စဖိုဒ် (Oxford) နှင့် ကင်းမ်ဘရိုက်ခ် (Cambridge)ကျောင်းများတွင် ပညာကိုကောင်းမွန်စွာ သင်ယူခဲ့သည်။ သူသည် ထိုကဲ့
သို့တင်းကျပ်သော ဥပဒေကြား၌ပင် တင်းန်ဒဲလ်သည် ဝိုင်းကလီးဖ် ၏သာသနာကို ဆက်လက်ပြီး ထမ်းဆောင်ဖို့ရန် ပြင်ဆင်လေသည်။ တစ်နေ့သောအချိန်၌ လူအုပ်စုကြားတွင် တင်းန်ဒဲလ်သည် သမ္မာကျမ်းစာကိုအင်္ဂလိပ်ဘာသာ စကားဖြင့် လူတိုင်းဖတ်စေချင်ကြောင်း အတိအလင်း
ကြေငြာခဲ့သည်။ ထိုသို့ တင်းန်ဒဲလ်၏ စကားကို ကြားသောသူများကထိုသို့မလုပ်ဖို့ရန်နှင့် ထိုသို့လုပ်ဆောင်ခြင်းကို ဥပဒေကတားဆီးကြောင်းဖော်ပြကြသောအခါ တင်းန်ဒဲလ်သည် အောက်ပါအတိုင်း ဒေါသတကြီးပြောခဲ့သည်။ “ငါဟာ ပုပ်ရဟန်းမင်းရဲ့ ဥပဒေများကို ငါအံတုတယ်။
ဘုရားသခင်က ငါ့ကို နှစ်ပေါင်းများစွာဆက်လက်ပြီး အသက်ရှင် ခွင့်ပေးခဲ့ရင်၊ ဘုန်းကြီးများထက် လယ်တောမှာ လယ်ထွန်စက်ကိုမောင်းတဲ့လူငယ်ကလေးကို သမ္မာကျမ်းစာကို ပိုပြီး နားလည်အောင် ငါလုပ်မယ်။”တင်းန်ဒဲလ်သည် ထိုသို့ ကြုံးဝါးပြီးနောက် အေးစ်ရားစ်မူဆာ(Erasmus) ဂရိကျမ်းစာကို အင်္ဂလိပ် ဘာသာစကားဖြင့် ဘာသာပြန်ဆိုခြင်းကို စတင်လုပ်ဆောင်နိုင်ဖို့ရန်အတွက် လန်ဒန်သို့ သွားခဲ့သည်။ ထို့နောက် လန်ဒန်တွင်ရှိသော ဘီးရှော့ပ် တန်းစတိုးလ် (Bishop Install)
ကိုချဉ်းကပ်ခဲ့ပြီး၊ ကျမ်းစာဘာသာပြန်ခြင်းနှင့် စပ်လျဉ်း၍ စိတ်ပါလာအောင် ကြိုးစားခဲ့သော်လည်း တင်းန်ဒဲလ်အား ထိုသို့ဘာသာပြန်ခြင်းကိုလုပ်ဆောင်နိုင်ဖို့ရန်အတွက် သူ့၌ အခန်းလွတ်မရှိကြောင်း ပြောပြခဲ့သည်။ထို့ကြောင့် တင်းန်ဒဲလ်သည် တခြားနေရာတွင်သွားပြီး ဘာသာ ပြန်ခြင်း
အမှုကို လုပ်ဆောင်နိုင်ဖို့ရန်အတွက် ဆက်လက်ပြီးရှာဖွေခဲ့ရာ အထည်များကို အရောင်းအဝယ်လုပ်ပြီး ချမ်းသာကြွယ်ဝသော သူ၏ သူငယ်ချင်းဟားဖရေးမွန်းမောက် (Humphrey Monmouth) သည် သူ့ အတွက်နေအိမ်နှင့် ငွေကိုပေးသည့်အပြင် သူ၏ ဘာသာပြန်ခြင်း အလုပ်ကိုလည်း ကာကွယ်စောင့်ရှောက် ပေးခဲ့သည်။
ထိုသို့ဖြင့် တင်းန်ဒဲလ်သည် သမ္မာကျမ်းစာ ဘာသာပြန်ခြင်းကိုစတင်နိုင်ခဲ့ရာ သူဘာသာပြန်သော စာရွက်များသည်တစ်နေ့ထက်တစ်နေ့စုပြုံ လာသောကြောင့် သူနှင့်သူ၏သူငယ်ချင်း၏ လုံခြုံမှုအတွက် ပြန်ပြီးစိုးရိမ်ခဲ့ရသည်။ အကယ်၍ ထိုစာရွက်များကို အာဏာပိုင်များ တွေ့ရှိလျှင်သူ၏သူငယ်ချင်း မွန်းမောက်သည်လည်း သူ့ကိုနေရာ ထိုင်ခင်းပေးခဲ့သောကြောင့် ထောင်ကျနိုင်သည်။ ထို့အပြင် သူဘာသာ ပြန်ခဲ့သောစာရွက်များကိုလည်း အကုန်ဖျက်စီးခြင်း ခံရနိုင်ပါသည်။တင်းန်ဒဲလ်သည် သူ၏အသက် ဆုံးရှုံးခြင်းထက် သူ၏ဘာသာပြန်ခြင်းအမှုကို မပြီးမှီ၊ ရပ်တန့်စေမှာကို မတွေးဝံ့ခဲ့ပေ။ ထို့ကြောင့်တင်းန်ဒဲလ်သည် အင်္ဂလန်နိုင်ငံ၌ နေထိုင်ခြင်းသည် သူ့အတွက် လုံခြုံမှု
မရှိတော့ဟု ယူဆသောကြောင့် အခြားတစ်နေရာကို ပြန်သွားဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။ ထို့ကြောင့် တင်းန်ဒဲလ်သည် သူနေထိုင်သော မွန်းမောက်အိမ်မှ တိတ်တဆိတ် ထွက်ခွာခဲ့သည်။ သူဘာသာပြန်ခဲ့သော စာရွက်များကိုအိတ်တွင်ထည့်ထားပြီး သတိကြီးစွာဖြင့် သွားခဲ့ရာ သင်္ဘောဆိပ်ကမ်းကိုအရောက်သွားနိုင်ခဲ့သည်။ ထိုသို့ဖြင့် အ့န်ထဝဲပ် (Antwerp) တွင်သွား
သောသင်္ဘောနှင့် လိုက်ပါခဲ့သည်။ ထိုမှတဆင့် ဂျာမနီနိုင်ငံရှိ စားသောက်(Humburg) တွင် သွားရောက်ခဲ့ပြီး တင်းန်ဒဲလ်သည် ထိုသို့ဖြင့် အင်္ဂလိပ်လူတို့ မိမိတို့ကိုယ်ပိုင်ဘာသာစကားဖြင့် သမ္မာကျမ်းစာကို ဖတ်ရနိုင်ဖို့ရန်အတွက် ဘာသာပြန်ခြင်းတွင် အသက်စွန့်ဖို့ရန်ပင် ဝန်မလေးပဲ ကူညီချင်သော သူငယ်ချင်းများပင် တွေ့ရှိခဲ့သည်။
သို့သော် ထိုနေရာတွင်လည်း သူလျှိုများသည် နေရာတိုင်း၌ရှိသောကြောင့် သူ၏ဘာသာပြန်ခြင်းအလုပ်ကို ဆက်လက်ပြီး လုပ်ဆောင်ဖို့ရန် အလွန်ပင် အန္တရာယ်ကြီးနေပါသည်။ ထို့ကြောင့် တင်းန်ဒဲလ်သည်သူဘာသာပြန်ပြီးသော စာရွက်များကို သိမ်းပိုက်ဖျက်ဆီးခြင်း ခံရမှာကိုသာ
အမြဲစိုးရိမ်ပူပန်ခဲ့ရသည်။ သူသည် အတတ်နိုင်ဆုံး လုံခြုံမှုရှိအောင်လုပ်ဆောင်ခဲ့ပြီး ဘာသာပြန်ခြင်းအလုပ်ကိုလည်း အရင်ထက်ပိုပြီး လုံ့လစိုက်ထုတ်ပြီး ကြိုးပမ်းခဲ့သည်။ ထိုသို့ဖြင့် အခက်အခဲ၊ အကြပ်အတည်းကြားထဲ၌ပင် တင်းန်ဒဲလ်သည်နောက်ဆုံးတွင် ဓမ္မသစ်ကျမ်းကို အင်္ဂလိပ်ဘာသာစကားဖြင့် အောင်မြင်စွာ ဘာသာပြန်ဆိုနိုင်ခဲ့သည်။ သို့သော် သူသည်
နောက်ထပ် ပြဿနာတစ်ခုနှင့် ကြုံခဲ့ရပြန်သည်။ သူဘာသာပြန်ခဲ့ပြီးသော
ထိုဓမ္မသစ်ကျမ်းကို ပုံနှိပ်ထုတ်ဝေနိုင်ဖို့ရန် သူ့အားအကူအညီ ပေးနိုင်သောသူကို ပြန်ပြီး လိုအပ်လာပါသည်။ ဟာမ်ဘားခ်တွင် သူ့အား ထိုသို့ပုံနှိပ်ထုတ်ဝေရန် ကူညီချင်သောသူ တစ်ယောက်မျှမရှိခဲ့ပေ။ သို့သော်သူသည် လျှို့ဝှက်စွာ ကြိုးပမ်းစုံစမ်းခဲ့ပြီး နောက်ဆုံးတွင် ကိုလွန်းငီယ်
(Cologne) တွင်ပုံနှိပ်သူ ပီတာ ခွိင်းတဲလ် (Peter Quentel)နှင့်တွေ့ဆုံခဲ့သည်။ ပီတာခွိင်းတဲလ်သည် တင်းန်ဒဲလ်အား စာနာထောက်ထားသောကြောင့် သူဘာသာပြန်ခဲ့သော ဓမ္မသစ်ကျမ်းကို ပုံနှိပ်ဖို့ရန် သဘောတူလက်ခံခဲ့သည်။ သို့သော် ထိုသို့ ပုံနှိပ်ခြင်းသည်လည်း အလွန် အန္တရာယ်
ကြီးသောကြောင့် တင်းန်ဒဲလ်သည် မည်သူမျှ မသိရလေအောင် သတိကြီးစွာဖြင့် ညပိုင်းတွင်သာ ပုံနှိပ်ဖို့ရန် သွားခဲ့ရသည်။ ထိုသို့ ဖြင့် တင်းန်ဒဲလ်သည် အေဒီ၁၅၂၅ တွင် သူဘာသာပြန်ခဲ့သော ကျမ်းစာကို စတင်ပုံနှိပ်နိုင်ခဲ့သည်။ သူ့ကိုကူညီသော သူငယ်ချင်း ကွင်းတဲလ်သည်လည်း ထိုသို့
လျှို့ဝှက်စွာ ပုံနှိပ်ခြင်းကို သူတပါးမသိလေအောင် သတိကြီးစွာဖြင့်လုပ်ဆောင်ခဲ့သည်။
တစ်ညသောအချိန်တွင် လူတစ်ယောက်သည် တင်းန်ဒဲလ် ဆီကိုစိုးရိမ်တကြီး ပြေးလာခဲ့ပြီး တင်းန်ဒဲလ်သည် သစ္စာဖောက်ခြင်း ခံခဲ့ကြောင်းနှင့် ပုပ်ရဟန်းမင်း၏တပည့်များသည် သူဘာသာပြန်ထားခဲ့သောကျမ်းစာရွက်များနှင့် ပုံနှိပ်ခဲ့သော စာရွက်များအား ဖျက်ဆီးဖို့ရန် လာနေကြောင်းသူ့အားလာပြောခဲ့သည်။ တင်းန်ဒဲလ်သည် ထိုစာရွက်များကို လုံးဝ အရှုံးမ
ခံနိုင်ပါ။ ထို့ကြောင့် သူသည်အကြီးအကျယ် ယောက်ယက်ခတ်ရင်း ကျမ်းစာရွက်မူရင်းနှင့်တကွ ပုံနှိပ်ထားခဲ့ပြီးဖြစ်သောစာရွက်များကို အမြန်စုဆောင်းပြီး အိမ်အပြင်ကို အချိန်မှီ ရုံလေး အလျင်စလို ထွက်လာနိုင်ခဲ့သည်။ တင်းန်ဒဲလ်သည် အိမ်အပြင်ကို ထွက်ပြီးချင်း သူ၏ ရန်သူများသည်
သူ၏အိမ်ကို ရောက်လာကြပြီး အင်္ဂလိပ်သမ္မာကျမ်းစာကို အသည်းအသန်ရှာဖွေခဲ့ကြသော်လည်း အရိပ်အမြွက်ပင် မမတွေ့ခဲ့ကြပေ။ ထိုသို့တင်းန်ဒဲလ်အားသစ္စာဖောက်ခဲ့သူမှာ
ဂျွန်ခေါ်ဂလားယားစ် (John Cochlaeus)ဖြစ်သည်။ဂျွန်ခေါ်ဂလားယားစ်သည် တင်းန်ဒဲလ်အား ကိုလော့ခ်နေ တွင်မဖမ်းနိုင်ခဲ့ပဲ လွတ်သွားခြင်းကြောင့် အဌမမြောက် ဘုရင်ဟင်နရီအား
အင်္ဂလိပ်ဆိပ်ကမ်းရှိသော မြို့တိုင်းတွင် စောင့်ကြပ်ဖို့ရန် သတိပေးခဲ့သောသူဖြစ်သည်။
တင်းန်ဒဲလ်သည် အင်္ဂလန်ကို မသွားသေးပဲ သူ၏သူငယ်ချင်းများရှိသော ဝါးမ်စ် (Worms) ရှိ ရီယိုင်း (Rhine) မြို့တွင်သွားရောက်ခဲ့သည်ခြောက်လကြာသောအခါ သူ၏ပုံနှိပ်ခြင်းသည် ပြီးမြောက်ခဲ့ပြီး အင်္ဂလိပ်ဘာသာစကားအားဖြင့် အပြီးရေးသားသော ဓမ္မသစ်ကျမ်းစာကို သူ၏
လက်တွင် ဆုပ်ကိုင်နိုင်ခဲ့သည်။ တင်းန်ဒဲလ်သည် ထိုသမ္မာကျမ်းစာများကိုအုန်ထဝဲပ် တွင်ပို့ပြီး ထိုမှတဆင့် အင်္ဂလန်သို့ ကုန်သည်များမှတဆင့်ပို့ဆောင်ခဲ့သည်။ သို့သော် အာဏာပိုင်များသည် ဆိပ်ကမ်း၌ တွေ့သမျှသောသမ္မာကျမ်းစာများကို ဆိပ်ကမ်းဘေး၌ပင် မီးရှို့ခဲ့ကြသည်။ ထိုသို့ကြုံ
ခဲ့သော်လည်း တင်းန်ဒဲလ်သည် ဇွဲမလျော့ပဲ သယ်ယူရန်ပိုပြီး လွယ်ကူစေရန်အတွက် အရင်ထက် အရွယ်အစားသေးငယ်သော သမ္မာကျမ်းစာများကို ထုတ်လုပ်ပြီး ဆိပ်ကမ်းမှတဆင့် ငါးဖမ်းသင်္ဘော အားဖြင့်သော်လည်းကောင်း၊ ဂျုံမှုန့်အိတ်များတွင် ထည့်ခြင်း အားဖြင့်သော်လည်း
ကောင်း၊ စည်များ၏ အောက်ဆုံးတွင် အခြားသောပစ္စည်းများနှင့် ရောပြီးထည့်ထားခြင်း အားဖြင့်သော်လည်းကောင်း စသည်ဖြင့် သမ္မာကျမ်းစာအမြောက်အများသည် သူ၏ ရန်သူများ၏ ရှေ့မှာတင် အင်္ဂလန်နိုင်ငံအတွင်းသို့ လျှို့ဝှက်စွာ တင်ပို့နိုင်ခဲ့သည်။
သို့သော် လန်ဒန်တွင်ရှိသော ဘီးရှော့ပ်သည် ထိုကျမ်းစာအုပ်များကို ဖယ်ရှားလိုသော ရည်ရွယ်ချက်ဖြင့် တွေ့ရှိသော သမ္မာကျမ်းစာ မှန်သမျှကို ဈေးကောင်း ပေးပြီးဝယ်ယူခဲ့ ပြန်သည်။ တင်းန်ဒဲလ်၏ သူငယ်ချင်းတစ်ယောက်သည် ထိုအချင်းအရာကို ကြားသိသောအခါ သမ္မာကျမ်း
စာအုပ် အမြောက်အများကို ထိုဘီးရှောပ့်ထံ၌ ရောင်းချခဲ့ပြီး ရရှိသောငွေများကို တင်းန်ဒဲလ်အား ပြန်ပေးခြင်းဖြင့် သမ္မာကျမ်းစာအုပ်များကို ပိုပြီးပုံနှိပ်ထုတ်ဝေနိုင်ဖို့ရန် အထောက်အကူပြုခဲ့သည်။ ထို့ကြောင့် ဘီးရှောသည် တင်းန်ဒဲလ်၏ သမ္မာကျမ်းစာအုပ်များကို ဖျက်ဆီးဖို့ရန် ဈေးကောင်း
ပေးပြီးဝယ်ယူခဲ့ခြင်းသည် တိုင်းဒေးလ်အား ပို၍ကူညီ နေခြင်းပင်ဖြစ်တော့သည်။
တစ်နေ့သောအခါ တင်းန်ဒဲလ်သည် သူ၏ယုံကြည်ခြင်းနှင့် လုပ်ဆောင်မှုအပေါ်၌ ကြည်ညိုလေးစားဟန်ပြပြီး ဟန်ဆောင်ခဲ့သော သူလျှိုတစ်ဦးက သူ့အားရန်သူလက်သို့ အပ်နှံခဲ့သည်။ ထိုသို့ဖြင့် တင်းန်ဒဲလ်သည်တောင်ကျခဲ့ပြီး သေဒဏ်အပြစ်စီရင်ခြင်း ခံခဲ့သည်။ နောက်ဆုံးသော သူ၏
“သခင် အင်္ဂလန်ဘုရင်ရဲ့ မျက်စိကို ဖွင့်ပေးတော်မူပါ ” ဟူ၍ဖြစ်သည်။
“သခင် အင်္ဂလန်ဘုရင်ရဲ့ မျက်စိကို ဖွင့်ပေးတော်မူပါ “
ဝီလျံတင်းန်ဒဲလ်
ဝီလျံ ကယ်ရီ ( William Carey) )
( အေဒီ ၁၇၆၁ – ၁၈၃၄)
ဝီလျံကယ်ရီသည် အေဒီ ၁၇၆၁ ခုနှစ်တွင် အင်္ဂလန်နိုင်ငံရှိနော်သမ်တွန် (Northampton) ၌ မွေးဖွားခဲ့သည်။ သူ၏ဖခင် အက်မွန်းကယ်ရီ (Edmund Carey) သည် ရက်ကန်းယက်သူဖြစ်ပြီး ကယ်ရီအသက် (၆) နှစ်တွင် သူသည် ဒေသန္တာရ အုပ်ချုပ်ရေးနယ်ပယ်တွင် စာ
ရေးကြီးအဖြစ် သော်လည်းကောင်း၊ ရွာကျောင်းအုပ်ဆရာအဖြင့်သော်လည်းကောင်း အမှုထမ်းဆောင်ခဲ့သည်။ ကယ်ရီသည် ဆင်းရဲသောမိသားစုမှ ပေါက်ဖွားပြီး သူ၏အသက်တာသည် ရိုးစင်းစွာအသက်ရှင်ခဲ့သည်။ ထို့အပြင် ကယ်ရီသည် ငယ်စဉ်ဘဝ ကတည်းက ရုက္ခဗေဒ ပညာကို
စိတ်ဝင်စားခဲ့သည်။ သို့သော် သူ၏ ကျန်းမာရေးနှင့် မကိုက်ညီ သောကြောင့် ထိုရုက္ခဗေဒနှင့် ဆိုင်သောပညာကို မလိုက်စားနိုင်ခဲ့ပေ။ ထို့ကြောင့်ကယ်ရီသည် အသက် (၁၆) နှစ်အရွယ်တွင် ဖိနပ်ချုပ် လုပ်ငန်းတွင်အလုပ်သင်အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် သူကိုယ်တိုင်
ဖိနပ်ချုပ်သူ ဖြစ်လာခဲ့ပြီး ထိုအလုပ်အကိုင်ကို သူ၏ အသက် (၂၈) နှစ်တိုင်လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ သူသည် အလုပ်ကျွမ်းကျင်သူ ဖြစ်သည် သာမက ရိုးသားဖြောင့်မတ်ပြီးစွာ လုပ်ကိုင်ဆောင် ရွက်ခဲ့သူလည်းဖြစ်သည်။ကယ်ရီသည် မိသားစု ဆင်းရဲမွဲတေမှုနှင့် သူ၏ အလုပ်အကိုင်ကြောင့်
ပညာရှာဖွေရာမှုတွင်မူ အတားအဆီး မဖြစ်စေခဲ့ပေ။ ထို့ကြောင့်ကယ်ရီသည် သူ၏အသက် (၃၂) နှစ် မပြည့်မှီ လက်တင် ဂရိ၊ ဟေဗြဲ၊ ဒတ်ခ်ပြင်သစ်နှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုနိုင်ခဲ့သည်။
ကယ်ရီသည် ဆယ်ကျော်သက် အရွယ်တွင် စတင်ပြောင်းလဲခဲ့ပြီးနောက် နှစ်ခြင်းအဖွဲ့တစ်ဖွဲ့နှင့် မိဿဟာရဖွဲ့ခြင်းဖြင့် သူသည် အားလပ်ချိန်များတွင် သမ္မာကျမ်းစာ လေ့လာခြင်း၊ အမှုတော်မြတ်တွင် ပါဝင်ခြင်းများအားဖြင့်လည်း သူ၏ အသက်တာကို ဆက်ကပ်ခဲ့သည်။ အေဒီ ၁၇၈၁
ခုနှစ်၊ သူ၏ အသက် (၂၀) မပြည့်မီ ကယ်ရီသည် သူ့အလုပ်ရှင်၏ယောက်မဖြစ်သော ဒိုရိုသီ (Dorothy) နှင့် လက်ထပ်ခဲ့ သည်။ ဒိုရိုသီသည်ကယ်ရီထက် အသက် (၅) နှစ်ပို၍ကြီးပြီး စာမဖတ်တတ်ပေ။ သူတို့
အိမ်ထောင်မိသားစုတွင် ဆင်းရဲမွဲတေခြင်းနှင့် အခက်အခဲပေါင်းများစွာကိုရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ကယ်ရီသည် သူ၏မိသားစုကို တာဝန်ယူရသည်သာမက သူ့အလုပ်ရှင် မုဆိုးမ၏ သား၊ သမီး (၄) ယောက်ကိုလည်းတာဝန်ယူ ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ ကယ်ရီသည် ထိုသို့ သူ၏ မိသားစု
၌တွေ့ကြုံခဲ့ရသော အခက်အခဲများကြား၌ပင် သူသည် သမ္မာကျမ်းစာလေ့လာခြင်းနှင့် တရားဒေသနာ ဟောကြားခြင်းကို မပြတ်မလပ် ဆက်လက်လုပ်ဆောင်ခဲ့သည်။
အေဒီ ၁၇၈၅ ခုနှစ်တွင် နှစ်ခြင်းအသင်းတော်ငယ်လေးတွင်သင်းအုပ်ဆရာအဖြင့် အမှုထမ်းဆောင်ရန် ကမ်းလှမ်းချက်ကို လက်ခံခဲ့သည်။ ထိုမှတဆင့် နောက်ပိုင်းတွင် လယ်ဆဲစ်တာ (Leicester) တွင်ရှိသော အရင်ထက်ပို၍ကြီးသော အသင်းတော်တွင် အမှုတော်မြတ်ကို
ထမ်းဆောင်ခဲ့သော်လည်း စားဝတ်နေရေးမဖူလှုံသောကြောင့် မိသားစုကိုထောက်ပံ့နိုင်ရန်အတွက် အပြင်အလုပ်ကိုလည်း လုပ်ခဲ့ရသည်။ ဗိုလ်ကြီးကွတ်ခ်၏ ရေကြောင်းခရီးများ (Captain Cook’s Voyages) စာအုပ်ကိုဖတ်ခဲ့ပြီးနောက် သာသနာနှင့် ပတ်သက်ပြီး သူ၏ အတွေးအခေါ်သည်
စတင်ပြောင်း လဲလာခဲ့သည်။ ကယ်ရီသည် သမ္မာကျမ်းစာ၌ ဖော်ပြချက်များကို လေ့လာခြင်းအားဖြင့် အသင်းတော်သည် ပြည်ပသာသနာပြုဖို့ရန်အဓိက တာဝန်ရှိသည်ဟု သိမြင်လာခဲ့သည်။ ထိုအချိန် (၁၈) ရာစုနှစ်များတွင် ခရစ်တော်၏ မဟာစေစားချက်သည် တမန်တော်များနှင့်သာဆိုင်ပြီး
မိမိတို့နှင့် မဆိုင်ဟု ယူဆခဲ့ကြသော အချိန်အခါ ဖြစ်သည်။တစ်နေ့သောအခါ ကယ်ရီသည် ဓမ္မအမှုတော်ဆောင် အဖွဲ့တစ်ခုတွင် ပြည်ပသာသနာပြုခြင်းနှင့် ပတ်သက်ပြီး သူ၏ယုံကြည်ခြင်းကို တင်ပြခဲ့ရာ “လူလေး၊ ထိုင်ပါ။ မင်းနဲ့ ငါတို့ရဲ့ အကူအညီမလိုပဲ ဘုရားသခင်က
အလိုရှိတဲ့အခါ မယုံကြည် သူတွေကို သူ့ဟာသူ ပြောင်းလဲစေလိမ့်မယ်”ဟု ပြန်ပြီး တုံ့ပြန်ပြောဆိုခြင်း ခံခဲ့သည်။ သို့သော် ကယ်ရီသည် နောက်မဆုတ်ပဲ အေဒီ ၁၉၇၉ ခုနှစ်တွင် ခရစ်ယာန်များသည် ခရစ်တော်ကိုမသိသေးသော မယုံကြည်သူများအား ပြောင်းလဲစေဖို့ရန် တာဝန်မကင်းကြောင်းနှင့် ပတ်သက်ပြီး စာမျက်နှာ (၈၇) မျက်နှာရှိသော စာအုပ်ကို(An Enquirey Into the Obligation of Christians to Use Meansfor the Conversion of the Heathens) ခေါင်းစဉ်အောက်၌ ထုတ်ဝေခဲ့ပြီး ထိုစာအုပ်သည် ခရစ်ယာန်သမိုင်းတွင်ခဲ့သော စာအုပ်တစ်အုပ် ဖြစ်လာခဲ့သည်။ ထိုစာအုပ်ကို ထုတ်ဝေပြီးနောက် ကယ်ရီသည် နှစ်ခြင်းအသင်းအဖွဲ့တစ်ခုတွင် ဓမ္မအမှုတော်ဆောင်များ စည်းဝေးသောနေရာတွင်စကားပြောခဲ့ပြီး ပရိသတ်များအား (ဟေရှာရ အနာဂတ္တိကျမ်း ၅၄း၂-၃) ကို ခြေပြုပြီး “ဘုရားသခင်ထံမှ ကြီးမားသော အရာကို မျှော်လင့်ပါ..ဘုရားသခင်အတွက် ကြီးသောအမှုကို ဆောင်ရွက်ဖို့ ကြိုးစားပါ”ဟူပြီးစိန်ခေါ်မှုကိုပြုခဲ့သည်။ ထိုသို့ဖြင့်နှစ်ခြင်းသာသနာအဖွဲ့အစည်း
(Baptist Missionary Society) ကိုဖွဲ့စည်းရန်ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့ကြသည်။ သို့သော် ထိုသို့ ဆုံးဖြတ်ချက်ချမှတ် ခဲ့ကြရာတွင် လွယ်ကူစွာ ချမှတ်ခဲ့ကြခြင်း မဟုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအဖွဲ့အစည်းတွင် ပါဝင်မည့်သူအများစုသည် ကယ်ရီကဲ့သို့ ဝင်ငွေ အလွန်နည်းပါးသော
သူများဖြစ်ကြပြီး အခြားတိုင်းတပါးတွင် သာသနာပြုခြင်းသည် ငွေရေးကြေးရေး အမြောက်အများ လိုအပ် လာမည်ဖြစ်ပြီး ဓမ္မအမှုတော်ဆောင်များအပါအဝင် အသင်းသူအသင်းသားအားလုံးတို့၏ တာဝန်ဖြစ် လာမှာဖြစ်သောကြောင့် ဖြစ်သည်။
ထို့နောက် အေဒီ ၁၇၉၃ ခုနှစ်၊ ဇန္နဝါရီလ (၉) ရက်နေ့တွင်ပထမဦးဆုံး သာသနာပြုဖို့ရန် ခန့်အပ်ခြင်းခံရသောသူမှာ ခရစ်ယာန်ဆေးဆရာဝန် ဂျွန်သောမတ်(စ်) (John Thomas) ဖြစ်သည်။ ကယ်ရီသည်လည်း သာသနာပြုဖို့ ဂျွန်သောမတ်(စ်)နှင့်အတူ လိုက်ပါသွားဖို့ရန်
လိုချင်ခဲ့သော်လည်း သူ၏ဇနီး ဒိုရိုသီသည် ထိုသို့ရာသီဥတု အလွန်ပူပြင်းသော အန္ဒိယနိုင်ငံသို့ သားသမီး (၃) ရောက်နှင့် လက်ရှိ သူမ၏ဝမ်း၌လွယ်ထားသော ကလေးနှင့်အတူ (၆)လ ပင်လယ်ခရီးသွားပြီး သာသနာပြုဖို့ရန်နှင့် ထိုနေရာတွင် အခြေချပြီးနေထိုင်ရန် မစဉ်းစားနိုင်သောကြောင့်သူမ၏ ဇာတိမြေမှ ထွက်ခွါဖို့ရန် မလိုချင်ပဲ ငြင်းဆိုခဲ့သည်။ သို့သော်
အေဒီ ၁၇၉၃ ခုနှစ်၊ မတ်လတွင် ဝီလျံကယ်ရီနှင့် ဂျွန်သောမတ်(စ်) တို့အန္ဒိယတွင် သာသနာပြုဖို့ရန် အဖွဲ့အစည်းမှ အတည်ပြုခဲ့ကြသည်။ထိုသို့ အတည်ပြုပြီး နောက်တလတွင် ကယ်ရီ၏ (၈) နှစ်သားအရွယ်ဖယ်လိစ် (Felix)၊ ဂျွန်သောမတ်(စ်)၏ဇနီးနှင့် သမီးတို့သည်လည်း
သူတို့နှင့်အတူ အန္ဒိယနိုင်ငံသို့ သင်္ဘောဖြင့် စတင်ခရီးပြုခဲ့ကြသည်။သို့သော် အင်္ဂလန်နိုင်ငံရှိ ပေါ့စမောက် (Portsmouth) တွင်ရောက်သော်ငွေရေးကြေးရေးမလုံလောက်မှုကြောင့် သော်လည်းကောင်း၊ အစိုးရထံမှခွင့်ပြုချက် အမိန့်မရရှိခြင်းကြောင့်သော်လည်းကောင်း ခရီးမဆက်နိုင်
သောကြောင့် ခရီးနှောင့်နှေးစေခဲ့သည်။ ထိုအချိန်အတောအတွင်း အန္ဒိယသို့ သွားဖို့ရန် ငြင်းဆိုခဲ့သော ဒိုရိုသီသည်လည်း ပြန်ပြီး စိတ်ပြောင်းကာသူမ၏ ကလေး (၄) ယောက်နှင့်အတူ သူမ၏ညီမ ကိတီ (Kitty) တို့သည်လည်း ကယ်ရီဆီပြန်ပြီး လိုက်လာခဲ့ကြသည်။ ထိုအချိန်တွင် ဒိုရိုသီသည်
နောက်ဆုံးကလေးကို မွေးခဲ့ပြီး (၃) ပတ်အကြာတွင်ဖြစ်သည်။ ထိုသို့ဖြင့်အေဒီ ၁၇၉၃ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် သင်္ဘောဖြင့် အန္ဒိယနိုင်ငံသို့စတင်ခရီးပြုနိုင်ခဲ့ကြသည်။ ထိုသို့ ရေလမ်းခရီးသည် အလွန်အန္တရာယ်များပြီး ကြမ်းတမ်းခဲ့သော်လည်း အေဒီ ၁၇၉၃ ခုနှစ်၊ နိုင်ဝင်ဘာလ (၁၉)
ရက်နေ့တွင် အန္ဒိယနိုင်ငံကို ကောင်းမွန်စွာ ရောက်ရှိခဲ့ကြသည်။
သို့သော် ထိုအချိန်သည် အန္ဒိယပြည်တွင် သာသနာ့လုပ်ငန်းကိုစတင်ဖို့ရန် အခွင့်သာသော အချိန်အခါ မဟုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အရှေ့အန္ဒိယကုမ္ပဏီသည် အန္ဒိယပြည်တပြည်လုံးကို ထိန်းချုပ်သောအချိန်ဖြစ်ပြီး သူတို့၏ ရောင်းဝယ်ဖောက်ကားခြင်းကို ထိခိုက်မည်ဟုကြောက်ရွံ့ကြသောကြောင့် သာသနာပြုသူများကိုလည်း မလိုလားခဲ့ကြ
ခြင်းဖြစ်သည်။ ထို့ကြောင့် ကယ်ရီသည် သူ့အား ပြည်နှင်ဒဏ် ပေးနိုင်သည်ဟု စိုးရိမ်သောကြောင့် သူနှင့်သူ၏မိသားစုတို့သည် အန္ဒိယပြည် အတွင်းပိုင်းကို ပြောင်းရွှေ့ခဲ့ကြသည်။ သို့သော် ထိုနေရာသည် စိမ့်မြေဖြစ်ပြီးငှက်ဖျားရောဂါလည်း အလွန်ပေါများသောကြောင့် အလွန်ဆိုးရွားပြီး
ကြောက်စရာကောင်းသော နေရာလည်းဖြစ်သည်။ ထိုသို့ဖြင့် သူ၏ဇနီးဒိုရိုသီနှင့် သူ၏ (၂) နှစ်အရွယ် သားလေးသည် အမှန်တကယ် သေမတတ်ဖျားနာကြခဲ့ကြရာ ကယ်ရီသည် မိသားစုကို မျက်ခြေမပြတ် ပြုစုခဲ့ရခြင်းကြောင့် သူ၏အိပ်မက် ရူပါရုံဖြစ်သော သာသနာပြုခြင်း အမှုသည်
ပျောက်ဆုံးသွားပြီလား ဟူ၍ပင် ခံစားမိခဲ့သည်။ ဒိုရိုသီနှင့် သူမ၏ညီမကိတီတို့သည် ကယ်ရီအား အမြဲဆန့်ကျင်ပြီး အော်ဟစ်ပြောဆိုခြင်းများကြောင့် ကယ်ရီအား အလွန်စိတ်ပျက်သောက ရောက်စေခဲ့ပါသည်။
ရက်၊ လအနည်းငယ်ကြာသော် ကယ်ရီနှင့် မိသားစုတို့၏ စားဝတ်နေရေး အလွန်ကြပ်တည်းသော အခြေအနေမှ အနည်းငယ် ပေါ့ပါးခွင့်ရရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အရှေ့ အန္ဒိယကုမ္ပဏီမှ အာဏာရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သော ရှောတ် (Short) သည် ကယ်ရီတို့ မိသားစုအားသနားကြင်နာသောကြောင့် သူ၏ နေအိမ်၌ အခမဲ့ နေထိုင်ခွင့် ပေးခဲ့သည်။
ထို့ကြောင့် ကယ်ရီနှင့် မိသားစုသည် ရှောတ့်နေထိုင်သော မာလ်ဒါ(Malda) တွင် ပြန်ပြီး ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ မကြာမီ ကယ်ရီသည်သူနေထိုင်သော မာလ်ဒါမှ မိုင် (၃၀၀) ခန့်ဝေးလံသော နေရာတွင် အင်ဒီဂို(Indigo) မဲနယ်စက်ရုံတွင် အကြီးအကဲ နေရာ၌ အလုပ်ရရှိခဲ့သည်။
ထိုသို့ဖြင့် ကယ်ရီသည် အင်ဒီဂိုမဲနယ်စက်ရုံတွင် အလုပ်လုပ်ခြင်းသည်မိသားစု စားဝတ်နေရေးအတွက် အထောက်အကူပြုစေသည် သာမကစက်ရုံတွင် အလုပ်လုပ်ကြသော နယ်ခံများနှင့် နီးကပ်စွာ ပေါင်းသင်းဆက်ဆံခွင့် ရရှိသောကြောင့် ဧဝံဂေလိဟောကြားခြင်း၊ သူကိုယ်တိုင်
အန္ဒိယဘာသာစကားကို လေ့လာခြင်းများကိုလည်း လုပ်ဆောင်ခွင့်ရရှိခဲ့သည်။ သို့သော် တဖက်တွင် သူ၏ဇနီး ဒိုရိုသီသည် သူမ၏ ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာများတွင် တဖြည်းဖြည်း ချို့ယွင်းလာခဲ့သည်။ ထို့အပြင် သူတို့၏ အလွန်ကြည့်မဝ၊ ရှုမဝသော (၅) နှစ်အရွယ်
သားကလေး ပီတာ (Peter) သည် အေဒီ ၁၇၉၄ ခုနှစ်တွင် သေဆုံးသွားသောကြောင့် ဒိုရိုသီသည် သူမ၏ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခြင်း အခြေအနေပိုပြီး ဆိုးရွားစေခဲ့ပြီး ဘယ်တော့မှ ပြန်ပြီး မကောင်းလာနိုင်ခဲ့တော့ပါ။ကယ်ရီသည် သူ၏မိသားစု၌ ထိုသို့စိတ်ထိခိုက်ဖွယ်ရာများ ရှိသည့်
ကြား၌ပင် သူအန္ဒိယနိုင်ငံကို ရောက်ရှိလာခြင်း၏ ရည်ရွယ်ချက်ဖြစ်သောသာသနာလုပ်ဆောင်ခြင်း အမှုကိုမူ လုံးဝမမေ့ခဲ့ပေ။ ကယ်ရီသည် သူ၏စက်ရုံအလုပ်၌ မပြတ်ဆက်လက်လုပ်ဆောင်သည့်အပြင် နာရီပေါင်းများစွာ ကျမ်းစာဘာသာပြန်ခြင်း၊ တရားဒေသနာဟောကြားခြင်း၊ ကျောင်းများ
ကို တည်ထောင်ခြင်း စသည်တို့ကိုလည်း လုပ်ဆောင်ခဲ့သည်။ အေဒီ၁၇၉၅ ခုနှစ် အဆုံးပိုင်းတွင် မာလ်ဖါ၌ နှစ်ခြင်းအသင်းတော်တစ်ပါး ကိုအင်္ဂလိပ်လူမျိုး (၄) ယောက်ဖြင့် စတင်တည်ထောင်ခဲ့သည်။ သို့သော်ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်တွင်မူ ဘင်္ဂါလီလူမျိုး အမြောက်အများ
တို့အား ဆွဲဆောင်နိုင်ခဲ့သောကြောင့် ထိုသူတို့သည်လည်း ခရစ်တော်အကြောင်းကို သိခွင့်ရခဲ့ကြသည်။ ထိုသို့ဖြင့် ကယ်ရီသည် ဘင်္ဂါလ် (Bengel)ဒေသတွင် (၇) နှစ်နီးပါးခန့် အလွန်ကြိုးစား အားထုတ်ခဲ့သော်လည်းခရစ်တော်ကို ယုံကြည်ပြီး ပြောင်းလဲသူ တစ်စုံတစ်ယောက်မျှ မရရှိနိုင်ခဲ့
ချေ။ ကယ်ရီသည် သူ၏သာသနာအောင်မြင်မှု၊ မအောင်မြင်မှု အပေါ်တွင်အခြေမခံပဲ မာလ်ဒါတွင် သူ၏ သာသနာပြုခြင်းအမှုကို ဝမ်းမြောက်ကျေနပ်ခြင်း ရှိခဲ့ပါသည်။ သို့သော် အေဒီ ၁၈၀၀ ခုနှစ်တွင် ထိုနေရာမှပြန်ပြီးပြောင်းရွှေ့ဖို့ရန် အခြေအနေဖန်လာသောကြောင့် အလွန်ပင်ဝမ်းနည်းပူဆွေးခဲ့သည်။
အသစ်သော သာသနာပြုများသည် ထပ်မံပြီး အင်္ဂလန်နိုင်ငံမှ
ရောက်ရှိလာကြပြီး ကယ်ရီထံသို့ သွားရောက်ကြဖို့ရန် ဖြစ်ခဲ့သော်လည်း
အရှေ့အန္ဒိယကုမ္ပဏီ၏ နှောင့်ယှက်ခြင်းကို မလိုလားကြသောကြောင့် ကလကတ္တား
(Culcatta) နှင့်နီးသော ဆာရာမ်ပူးရ်(Serampore) တွင်
ရှိသော ဒါးနီးစ် (Danish) နယ်မြေတွင် နေရာချခဲ့ကြသည်။ ထိုသူတို့သည်
ကယ်ရီ၏ အရေးတကြီး အကူအညီလိုသောကြောင့် ကယ်ရီနှင့် သူ၏
မိသားစုသည် မာလ်ဒါမှ မပြောင်းရွှေ့ချင်ခဲ့သော်လည်း ထိုနေရာမှ ထွက်ခွါ
ရခြင်းဖြစ်သည်။
ထိုနေရာ၌ ကောင်းသောအချက်မှာ ဒါးနီးစ် နယ်နမိတ်ကို အုပ်ချုပ်သောသူသည် ခရစ်ယာန်တစ်ဦး ဖြစ်သောကြောင့် သာသနာပြုသူတို့အား ပြူငှာစွာ ကြိုဆိုလက်ခံခဲ့သည် သာမက သူတို့ နေရာထိုင်ခင်းအတွက်ခြံဝင်းဝယ်နိုင်ဖို့ရန်ကိုလည်း အကူအညီပေးခဲ့သည်။ ထိုသို့ဖြင့် မကြာမီတွင်ဆာရာမ်ပူးရ်သည် နှစ်ခြင်းသာသနာပြုသူများ၏ လှုပ်ရှားသော ဗဟို ဖြစ်
လာခဲ့ပြီး ထိုနေရာသည် ကယ်ရီ၏ ကျန်ရှိသော အသက်တာ (၃၄) နှစ်တာကာလပတ်လုံး ဆက်လက်ပြီး ဆက်ကပ်မည့် နေရာလည်းဖြစ်ခဲ့သည်။ထိုသာသနာခြံဝင်းတွင် သာသနာပြု (၁၀) ယောက်နှင့်အတူ ထိုသူတို့အားလုံး၏ ကလေးစုစုပေါင်း (၉) ယောက်တို့သည် ကနဦးအသင်းတော်
သဖွယ် တစ်မိသားစုလို နေထိုင်ခဲ့ကြရသည်။ ထို့ကြောင့် ထိုသို့ ဆာရာမ်ပူးရ် ၊တွင်နေထိုင်ကြသော သာသနာပြုများ၏ အတူပူးပေါင်းဆောင်ရွက်မှုနှင့်သူတို့၏ စည်းလုံးညီညွတ်မှုသည် အကောင်းဆုံးသော စံနမူနာတစ်ခုဖြစ်လာခဲ့သည်။ ထိုသို့ဖြင့် ကျောင်းများဖွဲ့စည်းတည်ထောင်ခြင်း၊ ပုံနှိပ်လုပ်ငန်းကြီးကို စတင်ထူထောင်ခြင်း၊ ကျမ်းစာဘာသာပြန်ခြင်း စသည့်ဖြင့်
သသနာကို စတင်ဆောင်ရွက်ခဲ့ကြသည်။ ထိုနှစ်များတွင် ကယ်ရီသည်သမ္မာကျမ်းစာ တစ်အုပ်လုံးကို ဘင်္ဂါလီ (Bengali)၊ ဆားန်စကရီးထဲ(Sanskrit)၊ နှင့် မာရာသီ (Marathi) ဘာသာစကား များအားဖြင့် ဘာသာပြန်ဆိုနိုင်ခဲ့သည်။ ထို့အပြင် ကယ်ရီသည် ဓမ္မသစ်ကျမ်းနှင့် သမ္မာကျမ်းစာ၏ ကျမ်းစာစောင်အချို့တို့ကို အခြားခြားသော လူမျိုးနွယ်စု ဘာသာစကားများအားဖြင့်လည်း ဘာသာပြန်ဆိုခဲ့သည်။
ထို့အပြင် ဆာရာမ်ပူးရ်တွင် အဓိကလုပ်ဆောင်ခဲ့ကြသော ကဏ္ဍတစ်ခုမှာ ဧဝံဂေလိ လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ထိုသို့ဖြင့် မယုံကြည်သူတစ်ဦး ပြောင်းလဲလာခဲ့ရာ သာသနာပြုများအားလုံးတို့သည် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြသည်။ ထိုသို့ ယုံကြည်သူတစ်ဦးရရှိပြီးနောက်နှစ်များတွင် ယုံကြည်သူများသည် ထပ်မံပြီး တိုးပွားလာခဲ့ကြသည်။
ထိုသို့ဖြင့် အေဒီ (၁၈၁၈) ခုနှစ်တွင် အန္ဒိယနိုင်ငံသို့ နှစ်ခြင်းသာသနာစတင်လုပ်ဆောင်ခဲ့သော သာသနာ့ခရီး သက်တမ်း (၂၅) နှစ်တွင် အန္ဒိယနိုင်ငံတွင် ခရစ်တော်ကိုယုံကြည်ပြီး နှစ်ခြင်းခံသောသူ (၆) သိန်းခန့်ရှိပြီဖြစ်သည်။ကယ်ရီသည် သူ၏ဘာသာပြန်ခြင်းလုပ်ငန်းနှင့် ဧဝံဂေလိ လုပ်ငန်း
များတွင် အလွန်အလုပ်များသော်လည်း အခြားသော အလုပ်ကိုလည်းထပ်မံပြီး လုပ်ဆောင်ဖို့ရန် သူ၏အချိန်ကို အမြဲ ဖန်တီးနိုင်ခဲ့သည်။ သူ၏လုပ်ဆောင်မှုများတွင် အကြီးမားဆုံးသော အောင်မြင်မှုတစ်ခုသည်ဆာရာမ်ပူး ကောလိပ် (Serampore College) ကို အေဒီ ၁၈၁၉ ခုနှစ်
တွင် တည်ထောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင်သူသည် ကလကတ္တားတွင်ရှိသော ဝီလျံ၊ ကောလိပ် (Willian College) တွင် ပါမောက္ခတစ်ဦးအနေဖြင့်လည်း အမှုထမ်းဆောင်ခဲ့သည်။ ကယ်ရီသည် ထိုသို့ သာသနာ့အမှုတွင်အလုပ်များလွန်းပြီး သူ၏သားသမီးတို့သည် သူတို့အလွန် တောင့်တခဲ့ကြ
သောဖခင်၏ ကြင်နာပြုစုယုယမှု မရရှိခြင်းကြောင့် သူတို့သည် ကြိုက်သလိုအသက်ရှင် နေထိုင်ခဲ့ကြသည်။
အေဒီ၁၈၀၇ ခုနှစ်တွင် သူ၏ဇနီး ဒိုရိုသီသည် သူမ၏ အသက်(၅၁) ခုနှစ်တွင် ဆုံးပါးသွားခဲ့သည်။ ကယ်ရီသည် ဆာရာမ်ပူးရ်တွင်နေခဲ့သော နှစ်များတွင် မင်းမျိုးမင်းနွယ်မှ မွေးဖွားပြီး ဂုဏ်အသရေရှိသောအမျိုးသမီး ချာလိုတီ ရိုမာရာ (Charlotte Rumohr) နှင့် မိတ်ဆွေဖြစ်
လာခဲ့သည်။ သူမသည်လည်း ယုံကြည်သူတစ်ဦးဖြစ်လာခဲ့ပြီး အေဒီခုနှစ်တွင် ကယ်ရီသည် သူမအားနှစ်ခြင်းမင်္ဂလာပေးခဲ့သည်။ ဒိုရိုသီသေဆုံးပြီး လအနည်းငယ်ကြာသော် ဝီလျံကယ်ရီသည် ချာလိုတီနှင့် စေ့စပ်လမ်းကြောင်းခဲ့သည်။ ထိုသို့ဖြင့် ဝီလျံကယ်ရီနှင့် ချာလိုတီ တို့သည် ဒိုရိုသီး
သေဆုံးပြီး (၆) လအကြာတွင်ထိမ်းမြားလက်ထပ်ခဲ့ကြသည်။ ချာလိုတီနှင့်အိမ်ထောင်ပြုပြီး အိမ်ထောင်သက်တမ်း အနှစ် (၁၃) နှစ်အတွင်း ကယ်ရီအတွက် အလွန်ပျော်ရွှင်ဖွယ်သော အိမ်ထောင်ဖြစ်ခဲ့သည်။ချာလိုတီသည် အလွန်ထက်မြက်သောသူဖြစ်ပြီး ဘာသာစကား
နှင့် ပတ်သက်ပြီး ကျွမ်းကျင်မှုရှိသောကြောင့် ကယ်ရီ၏ ဘာသာပြန်ခြင်းအမှုတွင်ကောင်းမွန်စွာ ကူညီထောက်ပံ့နိုင်ခဲ့သည်။ ထို့အပြင် ချာလိုတီသည် ကယ်ရီ၏ သားများနှင့် လည်းရင်းနှီးစွာ နေထိုင်ခြင်းဖြင့် သူတို့ဆုံးရှုံးသွားခဲ့သော မိခင်ကိုယ်စား နွေးထွေးမှုကို အစားထိုးပေးနိုင်ခဲ့သည်။
ချာလိုတီသည် အေဒီ ၁၈၂၁ ခုနှစ်တွင် သေဆုံးခဲ့သည်။ သူမသေဆုံးခဲ့
သောအချိန်တွင် ကယ်ရီသည် အောက်ပါအတိုင်းမှတ် ချက်ချခဲ့သည်။“ငါတို့ နှစ်ဦးဟာ အပျော်ရွင် ဆုံးသော အကြင်လင်မယားဘဝကိုတစ်ဦးနှင့်တစ်ဦး မျှဝေခဲ့ကြတယ်။” ထို့နောက် ချာလိုတီဆုံးပြီး (၂)နှစ်အကြာ၊ ကယ်ရီ၏အသက် (၆၂) နှစ်တွင် သူထက်အသက် (၁၇) နှစ်ငယ်သော မုဆိုးမ ဂရေးစ် ဟီးရိုးစ် (Grace Hughes) နှင့် ပြန်ပြီး အိမ်ထောင်ပြုခဲ့သည်။ ဂရေးစ်သည် ချာလိုတီလို မထက်မြက်ခဲ့သော်လည်းကယ်ရီသည် အကြိမ်ကြိမ်ဖျားနာ သောအချိန်တွင် မလစ်မဟင်း မနားမနေ
ပြုစုပေးခဲ့သောကြောင့် ကယ်ရီသည် ဂရေးစ်အား ချီးကျူးခဲ့သည်။ကယ်ရီသည် အေဒီ ၁၈၃၄ ခုနှစ်တွင် သေဆုံးသွားခဲ့သည်။သူသည် “မျက်မှောက်ခေတ်၏ သာသနာ့ ဖခင်ကြီး ” (Father of Moderm Missions) ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်း ခံခဲ့သည်။
“ဘုရားသခင်ထံမှ ကြီးမားသော အရာကို မျှော်လင့်ပါ….ဘုရားသခင်အတွက် ကြီးသောအမှုကိုဆောင်ရွက်ဖို့ကြိုးစားပါ။ “
ဝီလျံကယ်ရီ
ဒေးဗစ်လီးဗင်းစတုန်း
( အေဒီ ၁၈၁၃ – ၁၈၇၃ )
ဒေးဗစ်လီဗင်းစတုန်းသည် အေဒီ ၁၈၁၃ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့တွင် စကော့တလန်၌ မွေးဖွားခဲ့သည်။ လီးဗင်းစတုန်းသည်ဘာသာရေး ကိုင်းရှိုင်းသော မိသားစုမှ ကြီးပြင်လာခဲ့သည်။ သူသည် (၁၀)နှစ်သား အရွယ်မှစပြီး အဝတ်ချည်ထည် စက်ရုံတွင် မနက် ၆ နာရီမှ
ညနေ ၈ နာရီ အထိ ပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ရသော်လည်း ထိုအရာကသူ၏ ပညာသင်ယူခြင်းကို မူမတားဆီး နိုင်ခဲ့ပေ။ သူသည် ညပိုင်းတွင်ဖွင့်သောကျောင်းတွင် တက်ရောက်ခဲ့သည်။ လီးဗင်းစတုန်းသည် ချည်ထည်စက်ရုံ၌ အလုပ်လုပ်ခြင်းသည် ငြီးငွေ့ဖွယ်ကောင်းသော အလုပ်ဖြစ်သည်ဟုယူဆခဲ့သော်လည်း ထိုသို့ ခက်ခဲပင်ပန်းစွာ အလုပ်လုပ်ခြင်းအားဖြင့် ဇွဲရှိ
ခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ သူနှင့် အတူ အလုပ်လုပ်သော သူများနှင့် မျှဝေခံစားတတ်ခြင်း စသည့်ဖြင့် ဘဝသင်ခန်းစာများစွာ ကိုရရှိခဲ့သည်။
သူသည် ဆယ်ကျော်သက်အရွယ်တွင် ပြောင်းလဲခဲ့ပြီးနောက်လီဗင်းစတုန်းသည် တရုတ်ပြည်တွင် ဆေးဆရာဝန်အနေဖြင့် သာသာနာပြုဖို့ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် သူသည် ၁၈၃၆ ခုနှစ်၊ သူ၏အသက် (၂၃) နှစ်တိုင်အောင် မိသားစု အရေးအတွက် အလုပ်လုပ်ရသော
ကြောင့် သူ၏ ပညာသင်ခြင်းကို နှောင့်နှေးစေခဲ့ပါသည်။လီးဗင်းစတုန်းသည် ကောလိပ်တက်နိုင်ဖို့ရန် ငွေကိုစတင်စုဆောင်းခဲ့ပြီး သူသည် ဆောင်းရာသီ အချိန်အခါတွင် ဂါလားစ်ကော
(Glasgow) ရှိသော အဲန်ဒါဆန်း ကောလိပ် ( Anderson’s College ) တွင် သိပ္ပံနှင့် နည်းပညာကို သင်ယူခဲ့ပြီး၊ နွေရာသီအချိန်တွင်မူချည်ထည်စက်ရုံတွင် ဆက်ပြီး အလုပ်လုပ်ခဲ့သည်။ လီးဗင်းစတုန်းသည်ဂရိဘာသာစကားနှင့် ဓမ္မအတွေးအခေါ် ပို့ချချက်များကိုလည်း သိပ္ပံ
ကျောင်းတွင် တက်ရောက်ခဲ့သည်။ ထို့အပြင် ဆေးကျောင်းကို တက်ရောက်နိုင်ဖို့ရန်အတွက် လက်တင်စာပေကို သတ်မှတ်ထားသော အဆင့်တစ်ခုအထိ တတ်မြောက်ဖို့ရန် လိုအပ်သောကြောင့် ဒေနီယားလ် ဂါလာဂါဟာ(Daniel Gallagher) ထံ၌သင်ယူခဲ့ပြီးနောက်ဆေးသင်တန်းကျောင်းကို
လည်းတက်ရောက်ခဲ့သည်။ ထိုသို့ဖြင့် လီးဗင်းစတုန်းသည် သူ၏အသက်(၂၇) နှစ်တွင် သာသနာပြုခြင်း အမှုကို စတင်လုပ်ဆောင် နိုင်ဖို့ရန်အတွက်အဆင်သင့် ဖြစ်ခဲ့ပြီဖြစ်သည်။
ထို့နောက် အေဒီ ၁၈၃၉ ခုနှစ်တွင် လီဗင်းစတုန်းသည် လန်ဒန်သာသနာအဖွဲ့အစည်း (London Missionary Society) ၌သူ၏လျှောက်ထားချက်ကို လက်ခံခဲ့ကြသောကြောင့် တရုတ်ပြည်တွင်
သာသနာပြု ဖို့ရန် စတင်စီစဉ်တော့သည်။ သို့သော် ၁၈၃၉ ခုနှစ်၊ စက်တင်ဘာလတွင် တရုတ်နှင့် ဗြိတိသျှ နှစ်နိုင်ငံကြား နိုင်ငံရေးမသင့်မြတ်မှု ဖြစ်ပွားခဲ့ပြီး ပထမအိုပီးရာမ်စစ် (First Opium War) ဖြစ်ပွားသောကြောင့်(LMS) အဖွဲ့က လီးဗင်းစတုန်းအား တရုတ်ပြည်သို့ သွားမည့်အစား
အန္ဒိယ အနောက်ဖက်ပိုင်းတွင် သာသာနာပြုဖို့ရန် တိုက်တွန်းခဲ့ကြသည်။ထိုအချိန်အတောအတွင်းတွင် (LMS) အဖွဲ့အစည်းမှ တောင်အာဖရိကသို့ သာသနာပြုဖို့ရန် စေလွှတ်ခြင်းခံရသော သာသနာပြုဆရာ မိုဇာတ်(Moffat) သည် သူသာသနာပြုသော ကူရိုးမားန် (Kuruman) ဒေသမှ
ခွင့်ယူပြီး အင်္ဂလန်တွင် ခဏပြန်လာသော အချိန်ဖြစ်၍ လီးဗင်းစတုန်းသည်လည်း သူနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ မိုဖာတ်သည် စကော့တလန်လူမျိုးဖြစ်ပြီး အတွေ့အကြုံရင့်ကျက်သော သာသနာပြုဆရာတပါး ဖြစ်ပါသည်။မိုဖာတ်သည် လီဗင်းစတုန်းအား သူသည် အာဖရိကတွင် မည်ကဲ့သို့သာသနာပြုနေကြောင်းနှင့် မြောက်ဖက်ပိုင်းတွင် ဆက်လက်ပြီး ချဲ့ထွင်
နေကြောင်း၊ ထိုနေရာဒေသတွင်လည်း ရွာပေါင်း မြောက်များစွာရှိပြီးသာသနာပြုသူ မည်သူမျှ မရောက်ရှိသေးကြောင်း စသည်ဖြင့် လီဗင်းစတုန်းအား ပြောပြသောအခါ ထိုနေရာကို သွားချင်သော စိတ်တဖွားဖွားဖြစ်ပေါ်ခဲ့သည်။
ထိုသို့ဖြင့် လီးဗင်းစတုန်းသည် ကြီးမားသော မျှော်လင့်ချက်နှင့်အတူ သာသနာပြုဖို့ရန် အေဒီ ၁၈၄၀ ခုနှစ် ဒီဇင်ဘာလတွင် အာဖရိကသို့သင်္ဘောဖြင့် ရွက်လွင့်ပြီး စတင်ခရီးပြုခဲ့သည်။ သင်္ဘောပေါ်၌ အာဖရိကန်ဘာသာစကားကို (၁၃) ပတ်ခန့် လေ့လာခဲ့ပြီး ၁၈၄၁ ခုနှစ်၊ မတ်လ
(၁၄) ရက်နေ့တွင် ရော့ပ် (Cape) တွင် ရောက်ရှိခဲ့သည်။ လီးဗင်းစတုန်းသည် ကော့ပ်တွင် တစ်လခန့် နေပြီးနောက် မိုဖာတ်သည် အင်္ဂလန်နိုင်ငံမှပြန်ပြီး မရောက်မီတိုင်တောင် သူ၏ သာသနာ့အမှုကို ကူညီဆောင်ရွက်ပေးဖို့ရန်အတွက် ကူရိုးမားန်တွင် ခရီးဆက်ခဲ့သည်။ ထိုသို့ ကူရိုးမားန်တွင်
သွားရောက်ခဲ့သော ခရီးတစ်လျှောက်တွင် လီဗင်းစတုန်းသည် အလွန်ပျော်ခဲ့ပြီး အာဖရိကကိုလည်း အလွန်နှစ်ခြိုက်မိခဲ့သည်။ သို့သော် လီဗင်းစတုန်းသည် ထိုနေရာ၌ သာသနာပြုသူများ၏ သာသနာ့ပြုခြင်း အမှုကိုမူအလိုမကျခဲ့ပေ။ ကေ့ပ်မြို့ (Capetown) တွင် သာသနာပြု အမြောက်
အများ စုပုံကြပြီး ကျဉ်းမြောင်းသော နေရာဒေသကိုသာ အာရုံစူးစိုက်သာသနာပြုခြင်းအမှုကို လီးဗင်းစတုန်း ပြစ်တင်ဝေဖန်ခဲ့သည်။ လီးဗင်းစတုန်းသည် ၁၈၄၁ ခုနှစ်၊ ဇူလိုင် (၃၁) ရက်နေ့တွင် ကူရိုးမားန် တွင်ရောက်ရှိလာသောအခါ အလွန်စိတ်ပျက်ခဲ့ရသည်။ အဘယ်ကြောင့်
ဆိုသော် ထိုဒေသတဝိုက်တွင် မြောက်များစွာသော ကျေးရွာများတွေ့လိမ့်
မည်ဟု ထင်မှတ်ခဲ့သော်လည်း ထိုသို့ မတွေ့ရသည့်အပြင် လူဦးရေပင်အလွန်ကြဲနေကြောင်း တွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။ ထို့အပြင် ထိုဒေသ၌ရှိသော သာသနာပြုသူများ အချင်းချင်းကြား၌လည်း စိတ်ဝမ်းကွဲမှုများကိုတွေ့ရသောကြောင့် ပိုပြီး ထိတ်လန့်ခဲ့သည်။
လီးဗင်းစတုန်းသည် မိုဖာတ် အားစောင့်နေယင်း သူသည် မြောက်ဘက်ပိုင်းတွင် စူးစမ်းလေ့လာရေး ခရီးရှည်များစွာ သွားခဲ့ပြီး နယ်သစ်ကိုရှာဖွေခဲ့သည်။ ထို့ကြောင့် သူသည် (၂) နှစ် ခွဲခန့် ကူရိုးမာန်တွင် သာသနာ့အတွေ့အကြုံကိုများ ရယူရင်း သာသနာပြုနေခဲ့ရာ တွင် (၁) နှစ် ကျော်ခန့်
အဝေးကို ခရီးသွားနေရပါသည်။ ထိုသို့ဖြင့် လီးဗင်းစတုန်းသည် ကျန်ရှိသော သူ၏အသက်တာတစ်လျှောက် ဆက်လက်ပြီး နယ်သစ်များကိုစူးစမ်းရှာဖွေလေ့လာရေး ခရီးထွက်ခဲ့သည်။ အေဒီ ၁၈၄၂ ခုနှစ် ခန့်တွင်မူလီဗင်းစတုန်းသည် ဥရောပသားများတွင် မည်သူမှ မရောက်ရှိနိုင်သေးသောနေရာ ကာလာဟာရီး (Kalahari) နယ်မြေတွင် ရောက်ရှိခဲ့ပြီး ထို
သို့ဖြင့် ထိုနယ်မြေဒေသ၏ ဘာသာစကားနှင့် ထုံးတမ်းဓလေ့များနှင့် လည်းရင်းနှီးမှုရခဲ့ပါသည်။ လီးဗင်းစတုန်းသည် အေဒီ ၁၈၄၃ ခုနှစ်တွင် တောထူပြီး ရေကောင်းသော နေရာဒေသဖြစ်သော မာဘော့စ်သာ (Mabosta)တွင် သွားရောက်နေထိုင်ခဲ့သည်။ ကူရိုးမာန်း၌ (၁၀) နှစ်ခန့် လက်မှုပညာ
ဖြင့် အာဖရိက၌ (၁၀) နှစ်ခန့် သာသနာပြုအစေခံခဲ့သော လူလတ်အရွယ်ရော်ဂျာ အဲဒ်ဝါ့ဒ် (Roger Edward) နှင့် သူဇနီးသည်လည်း လီးဗင်းစတုန်းနှင့် အတူလိုက်ပါခဲ့ကြသည်။ သို့သော်လီဗင်းစတုန်းအတွက်အာဖရိကသည် နယ်မြေသစ်ဖြစ်ခြင်း၊ အဲဒ်ဝါ့ဒ်ထက် အသက် (၁၈) နှစ်
ကြီးပြီး အသက်ကွာဟခြင်း စသည်တို့ကြောင့် အဲဒ်ဝါ့ဒ်သည် လီဗင်းစတုန်း၏ကြီးကြပ်ဦးဆောင်မှု အောက်၌ မနေလိုခဲ့ပေ။ ထိုသို့ဖြင့် သာသနာအစ၌ပင် လီဗင်းစတုန်းသည် အဆင်မပြေမှုများနှင့် တွေ့ကြုံခဲ့ရသည်။မာဘော့စ်သာ ဒေသသည် အာဖရိကတွင် လီးဗင်းစတုန်း၏
ပထမဆုံး နေထိုင်ရာ အိမ်ဖြစ်လာခဲ့သည်။ သူသည် အလျား (၅၀) ပေရှိပြီး၊ အနံ(၁၈) ပေရှိသော ခိုင်ခန့်သောတဲလေးကို တည်ဆောက်ခဲ့ပြီးကူရိုးမားန်မှ ယူလာခဲ့သော မှန်များဖြင့် မှန်ပြတင်းပေါက်များကိုလည်းတပ်ဆင်ခဲ့သည်။ လီးဗင်းစတုန်းသည် အာဖရိကတောထဲ၌ ရွာသူရွာသား
များအား ဒုက္ခပေးသော ခြင်္သေ့ကိုသတ်ဖို့ရန် အမဲလိုက်အဖွဲ့နှင့် လိုက်ခဲ့ရာခြင်္သေ့တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ပြီး အလွန်ပြင်း ထန်သောဒဏ်ရာကို ရရှိခဲ့သည်။ သူနှင့် အတူပါလာသော အာဖရိက သူငယ်ချင်းများ၏ ရဲရင့်ခြင်းနှင့် သူဝတ်ဆင်ထားသော အပေါ်အင်္ကျီသည် ထူထပ်ခြင်း
ကြောင့်သာ အသက်ရှင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏လက်မောင်း၌ရရှိသော ဒဏ်ရာမှာမူ အမာရွတ်အဖြစ် ကျန်ရစ်ခဲ့သည် သာမက သူ၏လက်မောင်းသည်လည်း မသန်မစွမ်း ဖြစ်သွားခဲ့သည်။
အေဒီ ၁၈၄၅ ခုနှစ်၊ ဇန်နဝါရီလတွင် လီဗင်းစတုန်းသည် မိုဖာတ်၏ အကြီးဆုံးသမီး မေရီ (Mary) နှင့် လက်ထပ်ခဲ့သည်။ သို့သော်အေ့ဒ်ဝါဒ်နှင့် ဆက်လက်ပြီး အဆင်မပြေမှုများ တိုးပွားလာပြီး သူတို့မိသားစုနှင့် ဆက်လက်ပြီး အတူအလုပ်လုပ်ဖို့ရန် မဖြစ်နိုင်သောအခြေ
အနေသို့ရောက်သောကြောင့် လီဗင်းစတုန်းသည် သူ၏ ပထမကလေးမွေးဖွားပြီးနောက် (၄၀) ဝေးသော မြောက်ဘက်ဒေသရှိ ခေါန်ဝိန်း(Chonwane) တွင်ပြောင်းရွေ့နေထိုင်ခဲ့သည်။ ထိုနေရာသည် လီဗင်းစတုန်းနှင့်မိသားစုတို့အတွက် အလွန်ပျော်ရွှင် ဖွယ်ကောင်းသော နေရာ
ဖြစ်ခဲ့ပါသည်။ သို့သော် ထိုသို့ပျော်ရွှင်သောမိသားစုဘဝအဖြင့် (၁၈) လခန့်သာ နေထိုင်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာဒေသတွင်အလွန်ပြင်းထန်စွာ မိုးခေါင်ခြင်းကြောင့် လူတစ်စုနှင့် အတူ အရှေ့မြောက်ကူလိုဘဲန်းမြစ် (Kilobeng River) ဘက်တွင် ပြောင်းရွှေ့ နေထိုင်ခဲ့ရသည်။
အေဒီ၁၈၄၇ ခုနှစ် နွေရာသီအချိန်တွင် ဒုတိယကလေး မွေးဖွားပြီးနောက် လီးဗင်းစတုန်းနှင့် မိသားစုတို့သည် တတိယအကြိမ် ပြောင်းရွေ့ခဲ့ရပြန်သည်။ ထိုသို့ဖြင့် လီးဗင်းစတုန်းနှင့် မိသားစုတို့သည် (၇) နှစ်ခန့်အိမ်ခြေ၊ ယာခြေ အတည်တကျမရှိပဲ လှည့်လည်သွားလာနေခဲ့ရပါသည်။
မေရီသည် လီးဗင်းစတုန်းနှင့်အတူ စူးစမ်းရှာဖွေလေ့လာရေး ခရီးမှပြန်လာပြီးနောက် သူမသည် အေဒီ ၁၈၅၀ ခုနှစ်တွင် စတုတ္ထ မြောက်ကလေးမွေးဖွားခဲ့သော်လည်း မကြာမှီ ထိုကလေး သေဆုံးသွားခဲ့ပြီး မေရီသည်လည်း အခိုက်အတန့် ကိုယ်လက်အင်္ဂါ သေသောရောဂါ စွဲကပ်ခဲ့သည်။
မေရီသည်နောက်ထပ် ကိုယ်ဝန်ဆောင်သောအချိန်၌ပင် လီးမင်းစတုန်းသည် မေရီအပါအဝင်၊ သူ၏ကလေး (၃) ယောက်နှင့်အတူ တောခရီးကြမ်းသွားခဲ့ပြီး အေဒီ၁၈၅၁ စက်တင်ဘာလ (၁၅) ရက်နေ့တွင်မေရီသည် ပဉ္စမကလေးကို ဒူဝါဂါ (Zouga River) မြစ်၌ ရေလမ်းခရီး
သွားစဉ် မွေးဖွားခဲ့သည်။ လီးဗင်းစတုန်းသည် သူ၏ကလေးများကို အလွန်နှစ်သက် မြတ်နိုးခဲ့သော်လည်း နောက်ပိုင်းတွင် သူတို့အတွက် အချိန်များများ မပေးနိုင်သောကြောင့် သူ၏ကလေးများသည် အလွန်ဝမ်းနည်းခဲ့ကြရသည်။
အေဒီ ၁၈၅၂ ခုနှစ်တွင် လီဗင်းစတုန်းသည် နယ်မြေသစ်များကိုစူးစမ်းရှာဖွေ လေ့လာရေးခရီး သွားလာနေရခြင်းကြောင့် သူ၏ဇနီးနှင့်သားသမီးများအတွက် အာဖရိကတွင် ဆက်လက်ပြီး နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း သဘောပေါက်လာခဲ့သည်။ ထို့ကြောင့် အေဒီ ၁၈၅၂ ခုနှစ်၊
မတ်လတွင် သူ၏ဇနီး မေရီ နှင့် ကလေးများသည် ကွေမြို့မှ အင်္ဂလန်သို့ထွက်ခွါခဲ့ကြရသည်။ သို့သော် နောင်လာမည့် (၅) နှစ်ချိန်ကာလ သည်မေရီအတွက် စိတ်ညစ်စရာများနှင့် ကြုံတွေ့ခဲ့ရသော အချိန်များပင် ဖြစ်တော့သည်။ မေရီနှင့် သူ၏ကလေးများသည် အင်္ဂလန်နိုင်ငံ၌ မိတ်ဆွေ
အပေါင်းအသင်းများမရှိခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ခြင်း စသည်တို့နှင့် ကြုံတွေ့ခဲ့ရသည်သာမက အလွန်ဈေးပေါသော အဖွားအိမ်တွင် ဆင်းရဲစွာ နေထိုင်ခဲ့ကြရသည်။
သို့သော် အာဖရိက၌ ရှိနေသော လီးဗင်းစတုန်းအတွက်မူ ပျော်ရွှင်သောအချိန်၊ အောင်မြင်သောအချိန်နှင့် အရင်ထက်ပိုပြီး စိတ်လှုပ် ရှားဖွယ်ကောင်းသောအချိန်ဖြစ်ခဲ့သည်။ သူသည် အာဖရိကတွင် ရောက်ရှိပြီး(၁၁) နှစ်အတွင်း ခရစ်ယာန် ယုံကြည်ခြင်း၌ ပြောင်းလဲပြီး ခိုင်မာသော
သူ တစ်ဦးတစ်ယောက်မျှ မရရှိခဲ့သေးပေ။ သာသနာဖွံ့ဖြိုးရာ တည်နေရာ(သို့) အသင်းတော်ကိုလည်း မတည်ဆောက် နိုင်ခဲ့သေးပေ။ သူ၏ နယ်သစ်များကို စူးစမ်းရှာဖွေခြင်းသည်လည်း အလဟဿ ဖြစ်နေ သယောင်ရှိနေခဲ့သည်။ ထို့အပြင် လီဗင်စတုန်းသည် ပတ်ဝန်းကျင်၏ သရော်ခြင်း
ကိုခံခဲ့ရခြင်း၊ မိသားစု အခက်အခဲများ၏ ချည်နှောင်ခြင်းများလည်း ခံခဲ့ရပါသည်။ ထို့ကြောင့် လီဗင်းစတုန်းသည် သူ၏သာသနာ့ခရီး (၁၁) နှစ်အတွင်း သူလုပ်ဆောင်ခဲ့သောအရာများမှ ရရှိလာသော အသီးအပွင့်ကိုပြမည်ဆိုလျှင် မရှိသလောက်ပင်ဖြစ်ခဲ့သည်။ သို့သော် လီးဗင်းစတုန်းသည်
ဘုရားသခင်က သူ့အား နယ်မြေသစ်များကို ရှာဖွေတွေ့ရှိပြီး အာဖရိက၏ဗဟိုအချက်အချာ ဒေသများ၏ မြေပုံကို ရေးဆွဲခြင်း အားဖြင့် ထိုနေရာဒေများတွင် ဧဝံဂေလိတရား ရောက်ရှိနိုင်ဖို့ရန်နှင့် အာရပ် လူတို့၏ ကျွန်ကူးခန်းရောင်းဝယ်ရေးစနစ် ပပျောက်ဖို့ရန် စေခိုင်းခြင်းဖြစ်သည်ဟု သူ
ယုံကြည်ခဲ့သည်။ ထို့အပြင် အာဖရိကတွင် “ဘုရားသခင်၏ လမ်းမကြီးပွင့်သွားလိမ့်မည် ဟူ၍လည်း လီးဗင်းစတုန်း ယုံကြည်ခဲ့သည်။
လီဗင်းစတုန်းသည် သူ၏မိသားစု အင်္ဂလန်တွင် ထွက်ခွါသွားပြီးနောက် သူသည် ပိုပြီးလွတ်လပ်စွာ ခရီးသွားလာခွင့် ရခဲ့သည်။ သူ၏ပထမဆုံးနှင့် အကြီးမားဆုံးသော စူးစမ်းရှာဖွေ လေ့လာရေးခရီးသည်ဇာမ်ဗေဇီ (Zambezi) မြစ်တလျှောက်သွားပြီး အာဖရိကတိုက်ကို ဖြတ်
ကျော်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ သူသည် မြောက်ဘက်ကို ဦးတည်သွားခဲ့ပြီးကူရိုးမားန်တွင် ခရီးတစ် ခေါက်နားခဲ့ပြီး သူအကြိုက်နှစ်သက်ဆုံး လူမျိုးနွယ်စုဖြစ်သော မာကိုလိုလိုးစ် (Makololos) တွင် သွားခဲ့ပြီး သူနှင့်အတူလေ့လာရေးခရီး ထွက်ဖို့ရန် လူများကိုစုစည်းခဲ့သည်။ ထိုခရီးသည်
အလွန်အန္တရာယ်များပြီး ကြမ်းတမ်းသောခရီးဖြစ်သည့် အားလျော်စွာလီဗင်းစတုန်းနှင့် အဖွဲ့သားများသည် အာဖရိကဒေသတွင် ရှိသောကြောက်လန့်ဖွယ်ကောင်းပြီး သေစေနိုင်သော အဖျားရောဂါစွဲကပ်ခြင်း၊ ရန်လိုသောလူမျိုးနွယ်စုများ၏ ခြိမ်းခြောက်ခံရခြင်းများနှင့် မကြာခဏ တွေ့ကြုံခဲ့ကြရသည်။
လီးဗင်းစတုန်းသည် နယ်သစ်များ စူးစမ်းရှာဖွေရေးကို ဦးစားပေးလုပ်ဆောင်ခဲ့သော်လည်း ဧဝံဂေလိ လုပ်ဆောင်ခြင်းကို မူမမေ့ခဲ့ပေ။သင်္ဘော ကပ္ပတိန် တစ်ဦးသည် လီဗင်းစတုန်းအား အင်္ဂလန် သို့ပြန်သွားဖို့ကမ်းလှမ်းခဲ့သော်လည်း လီးဗင်းစတုန်းသည် မာကိုလိုလို လူမျိုးနွယ်စုအား
သူတို့နေထိုင်သော နေရာသို့ ပြန်လာမည့်အကြောင်းကတိပေးထားခဲ့သောကြောင့်သူသည် သူ၏ အဖွဲ့သားများနှင့် ဇာမ်ဗာဇီမြစ် အောက်ဖက်တွင်ခရီးပြန်လှည့်ခဲ့ကြပြီး အရှေ့ဖက်မြစ်ဝန်း ဒေသဖက်တွင် ဦးတည်သွားခဲ့ကြသည်။ သို့သော် အာဖရိကတွင်ရှိသော ဖျားနာရောဂါများကြောင့် အဖွဲ့သူအဖွဲ့သားများ၏ ခရီးကို နှောင့်နှေးစေခဲ့သည်။ ထို့နောက် သူတို့ စတင်ခရီး
ထွက်ခဲ့သော နေရာဒေသဖြစ်သော လင်ရန်သီ (Linyanti) တွင်ပြန်ရောက်ရှိခဲ့ပြီး ထိုမှတဆင့် ခရီးဆက်ခဲ့ကြရာ ကြီးမားသော ရေတံခွန်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ထိုရေတံခွန်အား ဝိတိုရိယ (Victoria) ဟူ၍ ဝိတိုရိယဘုရင်မအား ဂုဏ်ယူလေးစားသောအားဖြင့် အမည်ပေးခဲ့ကြသည်။
ထိုသို့ စူးစမ်းရှာဖွေ လေ့လာရေးခရီးတွင် လီဗင်းစတုန်း၏ အဓိကရည်ရွယ်ချက်မှာ ဇာမ်ဗာဇီမြစ်သည် အရှေ့ဖက်မှ ခရီးသွားနိုင်ဖို့ရန်ခရီးလမ်းကြောင်း ဖြစ်နိုင်ချေရှိမရှိ လေ့လာဖို့ရန်ဖြစ်သည်။ လီးဗင်းစတုန်းသည် ပေါ်တူဂီနှင့် အာရပ်လူတို့၏ အာဖရိက၌ ကျွန်ကူးသန်းရောင်း
ဝယ်ခြင်းများကို တွေ့မြင်ကြုံတွေ့နေရခြင်းကြောင့် ထိုအရာကို ဖျက်သိမ်းနိုင်ဖို့ရန် လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်ခြင်းသည် အလွန်အရေးကြီးသည်ဟု ယုံကြည်ခဲ့သည်။ ထိုသို့လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှသာလျှင် တရားဝင် ကုန်ကူးသန်းရောင်းဝယ်မှုများဖြစ်ထွန်းလာနိုင်ပြီး
ခရစ်ယာန်သာသနာလည်း ထွန်းကား လာနိုင်မှာဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ ထိုသို့ တရားဝင် ကုန်ကူးသန်း ရောင်းဝယ်ခြင်းနှင့် ခရစ်ယာန်သာသနာ ထွန်းကားခြင်း နှစ်မျိုး ပူးပေါင်းဆောင်ရွက်မှသာလျှင် ထိုကျွန်ရောင်းဝယ်ရေးစနစ်ကို ဖျက်သိမ်းနိုင်မှာဖြစ်ကြောင်း ယုံကြည်ခဲ့သောကြောင့်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာဖရိကတွင်ရှိသော ဒေသခံ
လူတို့၏ ပူးပေါင်းပါဝင်မှု မရှိလျှင် နိုင်ငံခြားသားများ၏ ကျွန်ကူးသန်းရောင်းဝယ်ရေးသည် မဖြစ်မြောက်နိုင်ကြောင်း လီဗင်းစတုန်း ကောင်းမွန်စွာ သိမြင်ခဲ့သည်။ ထို့ကြောင့် ထိုသို့ အာဖရိကတွင် တရားဝင် ရောင်းဝယ်ဖောက်ကား နိုင်ရေးအတွက် သော်လည်းကောင်း၊ ခရစ်ယာန် သာသနာပြု
များ ထိုးဖောက်လာနိုင်ဖို့ရန် အတွက်သော်လည်းကောင်း ရေလမ်းကြောင်းကို အသစ်ရှာဖွေတွေ့ရှိနိုင် ဖို့ရန်အတွက် အလွန်ပင်အရေးကြီးသည်ဟုလီးဗင်းစတုန်း ယူဆခဲ့သည်။
လီဗင်းစတုန်းသည် သူ၏ ခရီးတလျှောက်လုံး ဇမ်ဗာဇီမြစ်အတိုင်းမသွားခဲ့သော်လည်း ဇာမ်ဗာဇီမြစ်သည် ရေကြောင်းခရီး သွားလာရေးအတွက် ဖြစ်နိုင်ကြောင်း ကြေငြာခဲ့သည်။ သူသည် အာဖရိက တွင်(၁၅) နှစ်ကျော်နေထိုင်ခဲ့ပြီးနောက် အေဒီ ၁၈၅၆ ခုနှစ် တွင် အင်္ဂလန်သို့ပြန်
သွားသောခဲ့ရာ လီးဗင်းစတုန်းသည် တိုင်းပြည်၏ အမြင့်ဆုံးသော ဂုဏ်ပြုဆုကို လက်ခံရရှိခဲ့သည်။ သူသည် အင်္ဂလန်တွင် နေသောအချိန်အတောအတွင်း (Missionary Travels and Researches in South)စာအုပ်ကို ပထဦးဆုံးအကြိမ် ရေးသားခဲ့သည်။ လီးဗင်းစတုန်းသည်
အာဖရိက၌ နေစဉ် စူးစမ်းလေ့လာရေး ခရီးသွားလာနေရခြင်းနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုကြောင့် သူသည် အာဖရိကကို ပြန်ပြီးမသွားမီ အေဒီ ၁၈၅၈ ခုနှစ်တွင် LMS မှနှုတ်ထွက်ခဲ့သည်။ ထို့နောက်လီးဗင်းစတုန်းသည် ဗြိတိသျှ အစိုးရက အာဖရိကတွင် နေမြေသစ်များနှင့်သယံဇာတများကို စူးစမ်းရှာဖွေလေ့လာဖို့ရန်အတွက် တာဝန်ပေးအပ်ခြင်း
ကို လက်ခံခဲ့ပြီး၊ ထိုသို့လုပ်ဆောင်နိုင်ဖို့ရန်အတွက် ရံပုံငွေနှင့် ပစ္စည်းရာများကိုလည်း အရင်ထက်ပိုပြီး ပြည့်စုံစွာ ရရှိခဲ့သည်။ ထို့ကြောင့် လီးဗင်းစတုန်းသည် သူ၏ဒုတိယအကြိမ် စူးစမ်းရှာဖွေ လေ့လာရေးခရီးစဉ်အတွက် အာဖရိကသို့ တရားဝင်အခြွေအရံများနှင့် ပြန်သွားခဲ့ရာ ဇာမ်
ဗာဇီမြစ်သည် ရေကြောင်းခရီးအတွက် မသင့်တော်ကြောင်း ပြန်ပြီး တွေ့ရှိခဲ့သောကြောင့် အလွန်စိတ်ပျက်ခဲ့ရသည်။ ထို့နောက် သူသည် မြောက်ဘက်(အရှေ့ကမ်းရိုးတန်းအနီး) သို့ ဦးတည်ခဲ့ရာ ရှားမြစ် (Shire) နှင့်နရာဆာအိုင် (Lake Nyasa) တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ သို့သော်
ကျွန်ရောင်းဝယ် ဖောက်ကားသောသူတို့သည် လီဗင်းစတုန်းအား နောက်ယောင်ခံပြီး လိုက်လာခဲ့ကြသောကြောင့် သူရှာဖွေတွေ့ရှိသော နယ်မြေသစ်များသည် သာသနာပြုသူများအတွက်မဟုတ်ပဲ၊ ကျွန်ကူးသန်း ရောင်းဝယ်သောသူများအတွက် အချိန်ကာလတစ်ခုအထိ ပိုပြီး ထွင်ကျယ်စေသောအရာသာ ဖြစ်စေခဲ့သည်။
ထိုသို့ဖြင့် လီးဗင်းစတုန်းသည် ဗြိတိန်အစိုးရ အတွက် (၅) နှစ်ခန့်မျှ အလုပ်လုပ်ခဲ့သည်။ အေဒီ ၁၈၆၁ ခုနှစ်တွင် ဇနီးဖြစ်သူ မေရီသည်သားသမီးများကို အင်္ဂလန်တွင် အသိမိတ်ဆွေနှင့် ထားခဲ့ပြီး လီဗင်းစတုန်းသော အာဖရိကတွင် ပြန်လာခဲ့သည်။ သို့သော် မေရီသည် လီဗင်းစတုန်းနှင့် သူ၏အဖွဲ့သားများနှင့် အတူ စူးစမ်းရှာဖွေ လေ့လာရေး ခရီးသွားစဉ်တွင် သူမသည် ငှက်ဖျားရောဂါဖြင့် အေဒီ ၁၈၆၂ ခုနှစ်တွင်သေဆုံးခဲ့သည်။
လီဗင်းစတုန်းသည် သူ၏ ဒုတိယခရီးစဉ်တွင် အာဖရိကအတွင်းပိုင်းကို သွားရောက်နိုင်သော ရေကြောင်းလမ်းကို ရှာမတွေ့နိုင်ခြင်းကြောင့်သော်လည်းကောင်း၊ ထိုသို့လေ့လာရေးခရီးတွင် ကုန်ကျစရိတ်မြင့်မားလာခြင်းကြောင့် သော်လည်းကောင်း၊ အင်္ဂလန်အစိုးရသည် သူ့အား
ဆက်လက်ပြီး မထောက်ပံ့နိုင်တော့ပေ။ ထို့ကြောင့် သူသည် အေဒီ ၁၈၆၄ခုနှစ် တွင် အင်္ဂလန်တွင် ပြန်သွားခဲ့သည်။ လီဗင်းစတုန်းသည် သူ၏အာဖရိက ဒုတိယခရီးစဉ်တွင် သူထင်ခဲ့လို မအောင်မြင်ခဲ့သောကြောင့်နောက်တစ်ကြိမ် အာဖရိကတွင် စူးစမ်းရှာဖွေ လေ့လာရေးခရီး သွားနိုင်
ဖို့ရန်အတွက် ရန်ပုံငွေရှာရေးတွင် ပိုမိုပြီး အခက်နှင့် ကြုံတွေ့ခဲ့ရသည်။အေဒီ ၁၈၆၅ ခုနှစ်တွင် လီဗင်းစတုန်းသည် တတိယအကြိမ်နှင့်နောက်ဆုံးအကြိမ် သူ၏ စူးစမ်းရှာဖွေ လေ့လာရေးခရီးစဉ်ကို စတင်နိုင်ဖို့ရန်အတွက် အာဖရိကကို ပြန်သွားခဲ့သည်။ ဤခရီးတွင်မူနိုင်းမြစ် (Nile
river) ၏ မြစ်ဖျားခံရာ မူလအစကို ရှာဖွေဖို့ရန်ဖြစ်သည်။ ထိုခရီးတွင်လီဗင်းစတုန်းသည် အဟာရချို့တဲ့ခြင်း၊ ဖျားနာခြင်း၊ ဒူလာလိပ်ခေါင်းရောဂါခံစားရခြင်းနှင့် သူ၏ စားနပ်ရိက္ခာများကို ကျွန်ကူးသန်းရောင်းဝယ်သော အာရပ်လူတို့၏ မကြာခဏ ခိုးယူခြင်းကို ခံရခြင်း စသည်ဖြင့်
အခက်အခဲပေါင်းများစွာနှင့် တွေ့ကြုံခဲ့ရသည်။ လီဗင်းစတုန်းသည် အေဒီ၁၈၇၁ ခုနှစ် လိုဝါလဘာ (Laalaba) မြစ်ကမ်း နားတွင်ရှိသော ငြားငွေ(Nyangwe) တွင် သွားရောက်လည်ပတ်ခိုက် ကျွန်ကူးသန်းရောင်းဝယ်သူများက အာဖရိကကျွန် (၄၀၀) ခန့် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့
နေရာကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ လီးဗင်းစတုန်းသည် နိုင်းမြစ်၏ မြစ်ဖျားခံရာကို မတွေ့ခဲ့သော်လည်း အိုင်ပေါင်းများစွာကို သော်လည်းကောင်း၊ အခြားသော မြစ်များ၏ မြစ်ဖျားခံရာများကို သော်လည်းကောင်းရှာဖွေတွေ့ရှိခဲ့သည်။
လီဗင်းစတုန်းသည် ထိုသို့ တော၌ လှည့်လည်သွားလာရင်း (၂)နှစ်ကြာခန့် သူ့ထံမှ သတင်းတစ်စုံတစ်ခုမှ မကြားရသောအခါ နယူးယော့ခ် စေတမန်စာစောင်အယ်ဒီတာ၏ တပည့်ဖြစ်သော သတင်းစာဆရာ ဟင်နရီစတင်းလီ (Henry Stanley) သည် လီဗင်းစတုန်း အသက်
ရှင်လျက်ရှိမရှိ သိလိုသောကြောင့် သူ့အား စတင်ရှာဖွေခဲ့သည်။ ထိုသို့ဖြင့်စတင်းလီသည် လီးဗင်းစတုန်းအား လပေါင်းများစွာ ရှာဖွေခဲ့ပြီးနောက်အေဒီ၁၈၇၁ ခုနှစ်၊ တန်းဂျန်ရီကာ (Tanganyika) အိုင်များရှိ အိုဂျီဂျီ(Ujiji) တွင် သူ့အားတွေ့ရှိခဲ့သည်။ စတင်းလီသည် လီဗင်းစတုန်း အလွန်
လိုအပ်နေသော ဆေးဝါးများ၊ အစားအစာများနှင့် အခြားသောများကို ယူဆောင်ပေးခဲ့သည်။ စကင်းလီသည် လီဗင်းစတုန်းနှင့် (၃) ခန့်နီးကပ်စွာ သူနှင့်နေထိုင်ခဲ့သည်။
စတင်းလီ ပြန်သွားခဲ့ပြီးနောက် လီဗင်းစတုန်းသည် တစ်နှစ်ကျော်ခန့်အသက်ရှင်ခဲ့ပြီး အေဒီ ၁၈၇၃ ခုနှစ်၊ မေလ (၁) ရက်နေ့ တွင် အားကလူမျိုးဖြစ်သော သူ၏အစေခံတစ်ဦးက ဘူ၏တဲနားတွင် အောက်လက်သေဆုံးသော လီးဗင်းစတုန်းအား တွေ့ရှိခဲ့သည်။ အာဖရိကတို့သည်
လီးဗင်းစတုန်းအား အလွန်ချစ်မြတ်နိုးကြသောကြောင့် သူ၏နှလုံးကိုထုတ်ပြီး ပွန်ဒို (Mpundu) သစ်ပင်အောက်တွင် မြှုပ်နှံခဲ့ကြသည်။ သူ၏အလောင်းကိုမူ အာဖရိက၏ အလွန်ပူပြင်းသောနေတွင် လှမ်းပြီး မပုပ်သိုးအောင် ဆေးရည်ဖြင့် အခြောက်ခံကာ အင်္ဂလန်တွင် ယူဆောင်ခဲ့ကြပြီး
သူ့အားဂုဏ်ပြုသောအနေဖြင့် (Westminster Abbey) တွင်မြှုပ်နှံသည်။
လီဗင်းစတုန်းသည် ခရစ်ယာန်သမိုင်းတွင်စေခဲ့သော သာသနာပြုဆရာကြီးတပါးဖြစ်ပါသည်။ ထိုအချိန်အခါတွင်ရှိသော နယ်ချဲ့ကိုလိုနီများ၏ စိတ်ဓါတ်ကဲ့သို့မဟုတ်ပဲ လီးဗင်းစတုန်းသည် အာဖရိကနိုင်ငံအတွက်စီးပွားရေးနှင့် ဝိညာဉ်ရေး နှစ်ခုစလုံး ကောင်းမွန်တိုးတက်လာနိုင်ဖို့ရန်
အိပ်မက် ရူပါရုံရှိခဲ့သလို အစွမ်းကုန် ကြိုးပမ်းအားထုတ်ခဲ့သောသူဖြစ်ပါသည်။ အကယ်စင်စစ် လီးဗင်းစတုန်း၏ အသက်တာတစ်ခုလုံးပေးဆပ်ပြီးလုပ်ဆောင်ခဲ့သောအရာများသည် နောင်တချိန်၌ ခရစ်ယာန်သာသနာတွန်းကား လာနိုင်ဖို့ရန် လမ်းခင်းပေးခဲ့သော သူဖြစ်ခဲ့ပါသည်။ ထိုသို့
လမ်းခင်းပေးမှုကြောင့် လီးဗင်းစတုန်း သေဆုံးပြီး နှစ်ရာစုခန့်တွင် ခရစ်ယာန် အသင်းတော်များသည် အာဖရိက နေရာအနှံ့တွင် အရှိန်အဟုန်ဖြင့်တိုးပွားလာခဲ့သည်။
“ဘုရားသခင်၏ကောင်းကင်နိုင်ငံတော်နှင့် ဆက်စပ်မှုရှိသော အရာမှတပါး ငါပိုင်ဆိုင်သောအရာ(သို့)ပိုင်ဆိုင်မည့်အရာမှန်သမျှတို့ကို ငါတန်ဖို့းထားမည်မဟုတ်ပေ။ “
ဒေးဗစ်လီးဗင်းစတုန်း
ဟတ်ဆန်းတေလာ ( Hudson Taylor )
(အေဒီ ၁၈၃၂ – ၁၉၀၅ )
ဟတ်ဆန်းတေလာသည် အေဒီ ၁၈၃၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံရှိယောက်ရှား (Yorkshire) ၌ မွေးဖွားခဲ့သည်။ သူ၏ ဖခင်သည် ပရဆေးဖော်စပ်သူဖြစ်သည်သာမက မက်သဒစ်သာမန် တရားဟောဆရာ တစ်ဦးလည်းဖြစ်ပြီး ဟတ်ဆန်းတေးလားအား သာသနာ့ စိတ်ဓါတ်နှင့် သာသနာ့
နှလုံးသား ရှိလာစေရန် အမြဲသွန်ခဲ့သည်။ ထိုသို့ဖြင့် တေလာသည် သူ၏အသက် (၅) နှစ် မွေးနေ့မရောက်မီ၌ပင် ဧည့်သည်များအား သူသည်တစ်နေ့သောအခါ တရုတ်ပြည်၌ သာသနာပြုသူ ဖြစ်ချင်ကြောင်း ပြောပြတတ်သည်။
တေလာသည် သမ္မာကျမ်းစာ ဖတ်ခြင်းနှင့် ဆုတောင်းဝတ်ကိုအမြဲလုပ်သော မိသားစုတွင် ကြီးပြင်းလာခဲ့သော်လည်း သူအသက် (၁၅)နှစ်တိုင်အောင် သူသည် မပြောင်းလဲခဲ့ပေ။ အေဒီ ၁၈၄၉ ခုနှစ်တွင် တစ်နေ့သောအချိန်၌ တေလာသည် သူ၏ ဖခင်စာကြည့်တိုက်တွင် ရှိသော
ဧဝံဂေလိ စာစောင်ငယ်ကို ဖတ်မိရာမှ ခရစ်တော်ကို ယုံကြည်လက်ခံခဲ့သည်။ ထို့နောက် တေလာသည် တရုတ်ပြည်တွင် သာသနာပြုဖို့ရန်ရည်ရွယ်ချက် ထားခဲ့ပြီး ထိုသို့ သာသနာပြုနိုင်ဖို့ရန်အတွက် ပြင်ဆင်မှုများကိုလည်း စတင်လုပ်ဆောင်ခဲ့သည်။ သူ၏ အသက် (၁၈) နှစ်တွင် ဆေး
ပညာကို စတင်လေ့လာခဲ့သည်။ တေလာသည် သူ၏ သာသနလုပ်ငန်းနှင့်အတူ ဧဝံဂေလိသတင်းကောင်းကို ဝေငှခဲ့သော်လည်း တရုတ်လူတို့သည် သူဟာပြောသော သတင်းကောင်းထက် သူ၏ အဝတ်အစားနှင့်သူအပြုအမူကိုသာ စိတ်ဝင်စားကြောင်း တွေ့ရှိခဲ့ရသည်။
ထို့ကြောင့် တေလာသည် သူ၏သသနာပြုခြင်း နည်းဗျူဟာကိုပြောင်းခဲ့ပြီး၊ တရုတ်လူတို့ကဲ့သို့ ဝတ်ဆင်ပြီး၊ တရုတ်လူတို့၏ ထုံးတမ်းဓလေ့ကိုလည်း စတင်ကျင့်သုံးခဲ့သည်။ သူနှင့်အတူ ခရီးသွားသော သူတို့ကိုလည်း တရုတ်အင်္ကျီများကို ဝတ်ဆင်စေခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်း
ကို အခြားသော သာသနာပြုသူများကမူ မလိုလားခဲ့ကြပေ။ ထို့အပြင်တေလာသည် နောက်ပြဿနာတစ်ခုနှင့် ထပ်ပြီး ကြုံတွေ့ခဲ့ရပါသည်။ထိုပြဿနာမှာ တေလာသည် ခရီးသွားရင်း ဆေးကုသမှုများကို လုပ်ဆောင်ခြင်းကြောင့် ဒေသခံဆရာဝန်များက သူ့အား မလိုလားခြင်းပင်
ဖြစ်သည်။ ထို့ကြောင့် တေလာသည် မြို့မှ မကြာခဏ မောင်းထုတ်ခြင်း ခံခဲ့ရပါသည်။
အကယ်စင်စစ် တေလာသည် တရုတ်ပြည်တွင် ရောက်ခါစ နှစ်များတွင် တစ်ဦးချင်းစီ၏ ပေးလှူမှုကြောင့်သာ အသက်ရှင်နေနိုင်ခြင်းဖြစ်သည်။ တေလာသည် တရုတ်လူတို့၏ ထုံးတမ်းဓလေ့ကို ကျင့်သုံးမှုကြောင့် (CES) အဖွဲ့အစည်းမှ သူ့အား ထောက်ပံ့သော ငွေကြေးပမာဏ
သည် လျော့ချခြင်းခံရပြီး တေလာသည် သူ၏ စားဝတ်နေရေး အတွက်ပင်အလုံအလောက် မရရှိတော့ပေ။ ထိုသို့ဖြင့် (CES) အဖွဲ့အစည်းနှင့်အဆင်မပြေမှုများ ဖြစ်ပေါ်ပြီး (၃) နှစ်ခန့်အကြာ၊ အေဒီ ၁၈၅၇ ခုနှစ်တွင်(CES) မှနှုတ်ထွက်ခဲ့သည်။ တေလာသည် တရုတ်ပြည်တွင် နေသားမကျ
သေးခြင်း၊ တရုတ်ပြည်၏ အတွင်းပိုင်းကျသော ဒေသများတွင် လှည့်လည်သွားလာနေခြင်းကြောင့် သူသည် ဦးတည်ရာမဲ့သယောင် ဖြစ်လာခဲ့သည်။ထို့အပြင် တလာသည် သူ၏ အထီးကျန်ဆန်ခြင်းကိုလည်း ဆက်လက်ပြီးခံစားနေခဲ့ရသည်။ သူချစ်ခဲ့သော ဗေားန် ကိုလည်း မေ့ပျောက်၍ မရပဲဖြစ်နေပြီး သူမထံမှ သတင်းထူး ရှိမရှိကိုလည်း အမြဲနားစွင့်နေခဲ့သည်။
နောက်ဆုံးတွင် ဗေားန်သည် သူ့အတွက် မျှော်လင့်ချက် မရှိနိုင်တော့ဟုယုံကြည်သောကြောင့် တေးလားသည် အင်္ဂလန်တွင် သူသိခဲ့သော အဲလီဇဗက် စီးဆန်းစ် (Elizabeth Sissons) ဖက်၌ အာရုံပြန်ပြီးစိုက် လာခဲ့သည်။ အစပထမတွင် တေလာ၏ လက်ထပ်ဖို့ရန် ကမ်းလှမ်းချက်ကို
အဲလီဇဗက် လက်ခံခဲ့သော်လည်း တေလာသည် တရုတ်လို ဝတ်ဆင်ခြင်း၊ကျစ်ဆံမြီးလုပ်ခြင်းနှင့် အခြားသော အကြောင်းများကြောင့် နောက်ပိုင်းတွင် တေလာ ရေးသောစာများကို အဲလီဇဗက်သည် မပြန်တော့ပေ။
ထိုသို့ဖြင့် တေလာသည် သူ၏အသက်တာတွင် ဖိအားများနေသောအချိန်၊ သူ၏ဘ၀သည်လည်း မသေမချာ၊ မရေမရာဖြစ် နေသောအချိန်တွင် သူသည် တရုတ်ပြည်၏ အရေးပါသော ကမ်းခြေမြို့ ဖြစ် သောရှားန်းဟိုင်း တောင်းဖက်ရှိနင်းပို (Ningp၀) တွင် သွားရောက်ခဲ့ပြီး ထိုနေရာ၌ မာရီးယာဒိုင်း (Maria Dyer) နှင့်တွေ့ဆုံခဲ့သည်။ မာရီးယားသည်တရုတ်
ပြည်တွင် မွေးဖွားခဲ့ပြီး၊ လန်ဒန်တွင်ကျောင်းတက်ခဲ့သည်။ ထို့နောက်မာရီးယားသည် မေရီအဲန် အဲလ်ဒါစေး (Miss Mary Ann Aldersey)ဖွင့်ထားသော အမျိုးသမီးကျောင်းဖြစ်သော (Miss Mary Ann Aldersey’s school ) တွင် ဆရာမအလုပ် လုပ်ရန် အတွက် တရုတ်ပြည်ကို ပြန်လာခဲ့ခြင်းဖြစ်သည်။ အကယ်စင်စစ် အဲလ်ဒါစေးသည် တရုတ်ပြည် တွင်
ပထမဆုံးသာသနာပြုသော အမျိုးသမီး တစ်ဦးလည်းဖြစ်သည်။ အစပထမပိုင်းတွင် တေလာနှင့်မာရီးယားဒိုင်း တို့သည် တစ်ယောက်နှင့် တစ်ယောက်စိတ်ဝင်စားမှုမရှိခဲ့ပေ။ နောက်ပိုင်းတွင် တေလာသည်မာရီးယားဒိုင်းအားစိတ်ဝင်စားခဲ့သော်လည်း အဲလီဇဗက်ထံမှ စာကိုလည်း မျှော်နေခြင်းကြောင့်သော်လည်းကောင်း၊ တို့အပြင် သူအရင်ကြိုးစားခဲ့သော အမျိုးသမီးများကဲ့သို့ပင် မာရီးယားဒိုင်းသည်လည်း သူ့အား ပြန်ပြီးငြင်းဆိုခြင်းမှာကို
စိုးရိမ်ခြင်းကြောင့်သော်လည်းကောင်း တေလာသည် မာရီးယားနှင့် ပတ်သက်ပြီး ရှေ့မတိုး ရေးပဲဖြစ်နေသည်။
သို့သော် တေလာနှင့်မာရီးယားဒိုင်းနှစ်ဦးတို့သည် အချိန်ကြာလာသည် နှင့်အမျှရင်းနှီး လာခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး မေတ္တာ မျှလာခဲ့ကြသည်။ သို့သော် တေလာသည်သူတက်ရောက် သင်ယူခဲ့သော ပညာကို ပြီးဆုံးသည့်တိုင်အောင် မတက်ရောက်ခြင်း၊တရုတ်လူတို့ ကဲ့ သို့ဝတ်စား ဆင်ယင်ခြင်း စသည်တို့ကြောင့် မီးစ် အဲလ်ဒါစေးသည် တေလာကို မားရီးယားအတွက် သဘောမတူ
သောကြောင့် သူတို့နှစ်ဦး၊ မစုံဖက်နိုင်ရန် နှောက်ယှက်ခဲ့သည်။ ထိုသို့ဖြင့်တေလာနှင့် မာရီးယားကြား၌ အတားအဆီးများနှင့် အခက်အခဲများ ရှိခဲ့သော်လည်း နောက်ဆုံးတွင် အဒီ ၁၈၅၈ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့၌ လက်ထပ်ခဲ့ကြသည်။ သူတို့နှစ်ဦးတို့သည် အလွန်လိုက်ဖက်သော
ဇနီးမောင်နှံ ဖြစ်ခဲ့ကြသည်။ သူတို့သည် နင်းပိုတွင် (၃) နှစ်ခန့် နေခဲ့ကြပြီးထိုအချိန်အတောအတွင်း တေလာသည် ဒေသဆေးရုံတွင် ကြီးကြပ်ရေးမှူးအဖြစ် မမျှော်လင့်လဲ ခန့်အပ်ခြင်း ခံခဲ့သည်။ ထိုသို့ဖြင့် တေလာသည်ဆေးရုံ၌ အမှုထမ်းဆောင်သော အချိန် အတောအတွင်း ရရှိခဲ့သောအတွေ့အကြုံများ ကြောင့် သူသည် ဆေးပညာကို ဆက်လက်သင်ကြားဖို့ရန် လိုအပ်ကြောင်း သူ့ကိုယ်သူ သိမြင်လာခဲ့သည်။
ထို့ကြောင့် အေဒီ ၁၈၆၀ ခုနှစ်တွင် တေလာနှင့် မာရီးယားတို့သည် အလုပ်အခွင့်နှင့်အတူ အင်္ဂလန်ကို ပြန်သွားခဲ့ကြပြီး တေလာသည်လန်ဒန် ဆေးရုံတွင် ဆေးပညာကို ဆက်လက် သင်ကြားခဲ့သည်။ ထိုအတောအတွင်း တေလာနှင့် မာရီးယားတို့သည် ဘာသာပြန်ခြင်းအမှု
ကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။ တေလာသည် တရုတ်လူတို့အတွက် နင်းပို ဓမ္မသစ်ကျမ်းကိုလည်း တည်းဖြတ်ပေးခဲ့သည်။ ထို့အပြင်တေလာသည် တရုတ်ပြည် ကုန်းတွင်းပိုင်း သာသနာ (China InlandMission) ကိုလည်း စတင်ဖွဲ့စည်းခဲ့သည်။ CIM သည် ကိုယ့်ကိုယ်ကို
ထောက်ပံ့သော အဖွဲ့အစည်းဖြစ်သည့် အားလျော်စွာ ထိုအဖွဲ့တွင် ပါဝင်ဆက်ကပ်သော သာသနာပြုသူများ အတွက်လည်း လစာပေးခြင်းမျိုး မရှိပဲဘုရားကို ယုံကြည်ကိုးစားခြင်း အားဖြင့်သာ ဆက်ကပ်ပြီး လုပ်ဆောင်ခဲ့ကြသည်။ ထိုသို့ဖြင့် အေဒီ ၁၈၆၅ ခုနှစ်တွင် CIM သည် တရားဝင်အဖွဲ့
အစည်းဖြစ်လာခဲ့ပြီး နောက်တစ်နှစ်တွင် တေလာသည် သူ၏ဇနီးမာရီးယာနှင့် သားသမီး (၄) ယောက်တို့နှင့် သော်လည်းကောင်း၊ သာသနာ့အမှုအတွက် ပါဝင်ဆက်ကပ်ကြမည့် အပျို (၇) ဦး အပါအဝင် စုစုပေါင်း(၁၅) ယောက် တို့သည် အင်္ဂလန်မှ တရုတ်ပြည်သို့ ရွက်လွှင့်ခဲ့ကြသည်။
ထိုသို့ဖြင့် တေလာနှင့် အဖွဲ့များသည် ရှားန်းဟိုင်းတွင် ရောက်လာခဲ့ကြပြီး သူနှင့်အတူ ပါလာသောသူတိုင်းအား တရုတ်လို ဝတ်ဆင်စေခဲ့သည်။ ထို့အပြင် ဆံပင်အရောင်ဆိုးစေခြင်းနှင့် ဆံပင်ရိတ်ခြင်းများကိုလည်းပြုလုပ်စေခဲ့ပါသည်။ ထို့ကြောင့် တေလာနှင့် သူ၏ အဖွဲ့သားများအား
ထိုနေရာ၌ သာသနာပြုလျက်ရှိသော အခြားသောသာသနာပြုသူများ၏လှောင်ပြောင်ခြင်း ခံခဲ့ကြခြင်း၊ CIM အဖွဲ့ သားအချင်းချင်း စည်းလုံးမှုသည်လည်း ပျက်ပြားလာခြင်း စသည်တို့ကြောင့် သူတို့၏ သာသနာ့ရည်ရွယ်ချက်သည် ပျက်စီးလုမတတ်ပင် ဖြစ်ခဲ့သည်။
သို့သော် အေဒီ ၁၈၆၇ ခုနှစ်တွင် တေလာနှင့်အတူ အင်္ဂလန်မှသာသနာပြုများသည် တရုတ်ပြည်တွင် ရောက်ရှိခဲ့သော အချိန်မှစပြီးတစ်နှစ်ခွဲခန့်တွင် တေလာ၏ အချစ်ဆုံး ရှစ်နှစ်အရွယ်သမီး ဂရေစီ(Gracie) သည် အပြင်းဖျားနာခဲ့သည်။ တေလာသည် ဂရေစီအား
သူတတ်နိုင်သမျှ အကောင်းဆုံး ဆေးကုသပေးခဲ့သော်လည်း သူမ၏ကျန်းမာရေးသည် တိုးတက်မှု မရှိခဲ့ပေ။ ထို့အပြင် ထိုသို့သော အချိန်၌ပင်တေလာ၏ သာသနာအမှု လုပ်ဆောင်ခြင်းတွင် အပြင်းအထန် ဆန့်ကျင်ခဲ့သော သာသနာပြု ဂျိန်းမဲက်လင်း (Jane Mclean) သည် အသည်းအသန်
ဖျားခဲ့ရာ တေလာအား အကူအညီ တောင်းခံသောကြောင့် တေလာသည်တစ်ရက် ခရီးထွက်ခဲ့ရသည်။ သို့သော် ဂျိန်းမဲက်လင်း၏ ဖျားနာခြင်းသည်သူထင်ခဲ့သလို အသည်းအသန် မဟုတ်ပဲ တေလာ၏ ဆေးကုသမှုကိုခံယူသောအခါ ပြန်ပြီး နေကောင်း ကျန်းမာလာခဲ့သည်။ ထိုသို့ဖြင့် တေလာ
သည် အိမ်ပြန်ဖို့နှောင့်နှေးခဲ့ရာ ဂရေစီ၏ ဖျားနာခြင်းသည် အခြေအနေပိုပြီး ဆိုးရွားလာခဲ့သဖြင့် နောက်ဆုံးတွင် သူ၏ သမီး ဂရေစီသည် သေဆုံးသွားခဲ့သည်။ ထိုသို့ တေလာ၏ အချစ်ဆုံးသမီး သေဆုံးခြင်းသည် အလွန်ဝမ်းနည်း ကြေကွဲဖွယ်ဖြစ်ရပ်ဖြစ်ခဲ့သော်လည်း CIM သာသနာ့အဖွဲ့
အစည်းတွင်ပါဝင်ကြသော သာသနာပြုသူများ (နီကိုးလ်နှင့် သူ၏မိန်းမနှင့် နီကိုးလ်၏ အပျိုညီမနှစ်ယောက်မှအပ) ပြန်ပြီး စည်းလုံးမှုရရှိခဲ့သည်။(နီကိုးလ်၏ ညီမနှစ်ယောက် အနက် တစ်ယောက်မှာ ဂျိန်းမဲက်လင်းဖြစ်သည်)။
CIM သည် ပို၍ ကြီးမားသော ပြဿနာတစ်ခုနှင့် ပြန်ပြီး ကြုံတွေ့ခဲ့ရသည်။ CIM အဖွဲ့မှ သာသနာ့အမှုကို လုပ်ဆောင်နေကြသောသာသနာပြုများသည် ယာန်းချော (Yangchow) ၌ တရုတ်လူမျိုးတစ်စုတို့၏ တိုက်ခိုက်ခြင်းကို ပထမဆုံးအကြိမ် ခံခဲ့ရပါသည်။ ထို့အပြင်
သူတို့၏ သာသနာ့အိမ်များကိုလည်းတိုက်ခိုက်ပြီး မီးရှို့ခဲ့ကြသောကြောင့်မာရီးယားနှင့် သာသနာပြုအဖွဲ့သားများသည်လည်း အသက်လုပြီး ပြေးခဲ့ရပါသည်။ သို့သော် တေလာသည် သူတို့အား ထိုကဲ့သို့ တိုက်ခိုက်ခဲ့သောသူများကို ပြန်ပြီးလက်တုံ့ပြန်ဖို့ရန် မစဉ်းစားခဲ့သည့် အပြင်၊ ဗြိတိသျှအစိုးရထံမှ အကူအညီ တောင်းခံခြင်း မျိုးလည်း မပြုလုပ်ခဲ့ပေ။ထိုကဲ့သို့သော အဖြစ်အပျက်ကြောင့် တရုတ်ပြည်အား နိုင်ငံတကာ၏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရသည် သာမက အင်္ဂလန်နှင့် တရုတ်ပြည်တို့ကြား၌လည်း တနိုင်ငံနှင့် တနိုင်ငံကြား အခြေအနေ တင်းမာသည်အထိ
ဖြစ်ခဲ့သေးသည်။
ထိုအဖြစ်အပျက်ကြောင့် CIM အပေါ်တွင်လည်း လူများ၏ အထင်အမြင်မှားခြင်းကို ခံခဲ့ရပြီး၊ CIM ရရှိသော ငွေရေးကြေးရေး အထောက်အပံ့သည် လျော့နည်းသွားခြင်း၊ သာသနာ ပြုဖို့ရန် လူသစ်များ စုဆောင်းခြင်းတွင်လည်း လူများတို့အား သာသနာပြုခြင်းအမှုတွင် စိတ်ဝင်စားမှု
လျော့နည်းသွားစေခြင်း စသည်ဖြင့် (CIM အဖွဲ့အစည်းသည်လည်း ထိခိုက်နစ်နာခဲ့ရသည်။ ထိုသို့ တိုက်ခိုက်ခံရပြီး မကြာမီ အချိန်၌ပင် (CIM အဖွဲ့အစည်းမှ သာသနာပြုများသည် ယာန်းချောတွင် လျှို့ဝှက်စွာပြန်ပြီးသွားခဲ့ကြပြီး သာသနာ့အမှုကို ဆက်လက်ပြီး ထမ်းဆောင်ခဲ့ကြသည်။
CIM အပေါ်၌ တရုတ်လူမျိုးတစ်စုတို့သည် ရက်စကစိတ်ကြမ်းကြုတ် စွာပြုမူခဲ့သည်ဟု သိမြင်ခဲ့သော ထိုဒေသတွင်ရှိသော တရုတ်လူအချို့တို့၏CIM အပေါ်ထောက်ခံ အားပေးမှုကြောင့် သာသနာပြုများသည် ဧဝံဂေလိတရားကို ထိရောက်စွာ ဟောကြားသက်သေခံ နိုင်ဖို့ရန် တံခါးပွင့်သွား
ခဲ့သည်။
သို့သော် ယာန်းချောတွင် ဖြစ်ပျက်ခဲ့သော အချင်းအရာကြောင့်CIM သည် ပြစ်တင်ရှုတ်ချခြင်းများ ဆက်လက်ပြီး ခံနေရသည် သာမကအငြင်းပွားခြင်းများသည် မပြီးဆုံးနိုင်ပဲ ဖြစ်နေခဲ့သည်။ ထို့အပြင် သတင်းစာအယ်ဒီတာများနှင့် နိုင်ငံသားများ၏ CIM အပေါ်၌ တိုက်ရိုက် ဆန့်ကျင်မှုများသည်လည်း ဆက်လက်ဖြစ်ပွား နေသောကြောင့် တေလာသည်
မခံမရပ်နိုင်သည်အထိ ဖြစ်လာခဲ့ရသည်။တေလာသည် အေဒီ ၁၈၇၀ ခုနှစ်၊ ဇန်နဝါရီလ မှစ၍ သူ၏
ပထမသားသမီး (၄) ယောက်တို့အား အင်္ဂလန်တွင်ပညာသင်ဖို့ရန်စတင်ပြင်ဆင်မှု ကိုလုပ်ခဲ့သည်။ တေလာ၏မိသားစုနှင့် ခင်မင်ရင်းနှီးခဲ့သော အဲမလီး ဗလက်ခ်လေး ( Emily Blatchley) သည် တေလာ၏သားနှင့်သမီးတို့အား သူမနှင့်အတူ အင်္ဂလန်သို့လိုက်ပါပြီး သူတို့အားစောင့်
ရှောက်ပေးဖို့ရန် လက်ခံပေးခဲ့သည်။ သို့သော် နီးနီးကပ်ကပ် နေထိုင်ခဲ့ကြသော တေလာ၏မိသားစုသည် တကွဲတပြား နေထိုင်ကြသောအခါ တစ်ဦး
နှင့်တစ်ဦး အလွန်လွမ်းဆွတ်ကြပြီး ပူဆွေးသောက ရောက်ခဲ့ကြရသည်။အထူးသဖြင့် အလွန်များသော (၅) နှစ်သမီး ဆားမ်မီး (Sanny) မှာမူမခံမရပ်နိုင်တော့ပဲ ဖေဖော်ဝါရီလ အစောပိုင်းတွင် သေဆုံးသွားခဲ့သည်။ထိုသို့ သမီး ဆားမ်မီး သေဆုံးခြင်း ဝမ်းနည်းကြေကွဲ ဖွယ်အဖြစ် အပျက်နှင့်
ကြုံတွေ့ခဲ့ရသော်လည်း တေလာနှင့် မာရီးယားတို့သည် တရုတ်ပြည်၌သူတို့နှင့်အတူရှိနေသော နောက်ထပ်ကျန်ရှိ သောသားသမီး (၃) ယောက်တို့ကိုလည်း အလွန်ဝမ်းနည်းစွာဖြင့် အင်္ဂလန်သို့ထပ်ပြီး ပို့ဆောင်ခဲ့ကြသည်။ ထိုသားသမီးများသည် တရုတ်ပြည်မှ မထွက်ခွာမှီ သူတို့၏ မိခင်ကြီးမာရီးယားနှင့် အချင်းချင်း ပွေ့ဖက်ခြင်းများ၊ နမ်းရှုပ်ခြင်းများသည်ဒီလောက၌ နောက်ဆုံးအကြိမ် ဖြစ်လိမ့်မည်ကိုမူ သားသမီးတို့ မသိခဲ့ကြပေ။
အလွန်ပူအိုက်သော နွေရာသီ အချိန်အခါသမယတွင် မာရီးယားသည် ကိုယ်ဝန်ထပ်ပြီးဆောင်စဉ် အပြင်းဖျားနာခဲ့သည်။ မာရီးယားသည်သားယောက်ျားကို မွေးဖွားခဲ့ပြီး၊ ထိုကလေးငယ်သည် အဟာရချို့တဲ့ခြင်းကြောင့် မွေးဖွားပြီး နှစ်ပတ်မတိုင်မှီ သေဆုံးသွားခဲ့သည်။ ထိုသို့ သားငယ်သေဆုံးပြီး ရက်အနည်းငယ် ကြာသော် မာရီးယားသည်လည်း သူမ
၏အသက် (၃၃) နှစ်တွင် ကာလဝမ်းရောဂါဖြင့် သေဆုံးသွားခဲ့သည်။မာရီးယားသည် တေလာအတွက် အစစအရာရာထောက်မပေးခဲ့သူ ဖြစ်သည့်အားလျော်စွာ သူမသေဆုံးခြင်းသည် တေလာအတွက်
အလွန်ဝမ်းနည်း ပူဆွေးသောက ရောက်စေခဲ့သည်။ ထို့ကြောင့် တေလာ၏ကျန်းမာရေးသည်လည်း စတင်ပျက်စီးယိုယွင်းလာခဲ့သည်။ မာရီးယားသေဆုံးပြီး လပေါင်းများစွာ ကြာပြီးနောက် တေလာသည် ဟန်းချို (Hangchow) ၌ သာသနာပြုနေသော (၂၇) နှစ်အရွယ် ဂျေးနီ ဖော်လ်ဒိန်း(Jennie Faulding) (တေလာနှင့် မာရီးယားတို့နှင့်အတူ တရုတ်ပြည်တွင်သာသနာပြုဖို့ရန် လိုက်လာခဲ့ပြီး ရင်းနှီးသိကျွမ်းခဲ့သူ) နှင့်အတူ အချိန်ကုန်လွန်စေခဲ့သည်။ တေလာနှင့် ဂျေးနီတို့သည် အင်္ဂလန်တွင် ရွက်လွင့်ခဲ့ကြပြီး အေဒီ ၁၈၇၁ ခုနှစ် မာရီးယား သေဆုံးပြီး နောက်တစ်နှစ်တွင်လက်ထပ်ခဲ့ကြသည်။ တေလာသည် အင်္ဂလန်၌ရှိသော သူ၏သားသမီးများနှင့် ပြန်ပြီးတွေ့ဆုံခွင့်ရသောကြောင့် ပျော်မဆုံးဖြစ်ခဲ့သည်။ အေဒီ ၁၈၇၂ခုနှစ်တွင် သူနှင့် ဂျေးနီတို့သည် တရုတ်ပြည်ကို ပြန်လာခဲ့ကြသည်။ CIMသည် တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ တေလာသည် တရုတ်ပြည်တလျှောက်ခရီးသွားလာခဲ့ရပြီး သာသနာပြုများအား နေရာချထားသောနယ်မြေများတွင်ကြီးကြပ်ညွှန်ကြားမှု များကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
တေလာသည် အင်္ဂလန်မှ တရုတ်ပြည်ကို ပြန်လာသည့်အခါတိုင်းသူနှင့်အတူ သာသာပြုများ အမြဲပါလာတတ်သည်။ CIM မှသာသနာပြုသူများသည် လောကပညာဘက်တွင် အားနည်းကြသော်လည်း သာသနာ့အတွက် ပေးဆပ်မှုတွင်မူ အလွန်စိတ်အားထက်သန်ခဲ့ကြသည်။ ထိုသူတို့သည် အန္တရာယ်များကိုပင် ပဓါနမထားပဲ တရုတ်ပြည်ရှိ ကုန်းတွင်းပိုင်းဒေသများတွင် ဝမ်းမြောက်စွာ အမှုတော်ကို ထမ်းဆောင်ခဲ့ကြသည်။ CIMတွင်ရှိသော အပျိုသာသနာပြုဆရာမများသည် သာသနာ့အမှုတွင် အလွန်စိတ်အား ထက်သန်ကြသည် သာမက သူတို့၏ စွမ်းဆောင်နိုင်မှုသည်မှတ်သားဖွယ်ရာဖြစ်ခဲ့သည်။
အေဒီ၁၈၇၇ ခုနှစ်တွင် တေလာနှင့် ဂျေးနီတို့သည် အင်္ဂလန်တွင်ရှိနေခိုက် တရုတ်ပြည်မြောက်ပိုင်းတွင် ကြီးစွာသော အစာရေစာ ၊ခေါင်းပါးခြင်းဖြစ်ပွားပြီး ထိုနေရာတွင် အရေးတကြီး အကူအညီလိုကြောင်း သတင်းရရှိခဲ့ကြသည်။ ထိုသို့သောအချိန်သည် ဧဝံဂေလိအတွက် အထူးအခွင့်အရေး ဖြစ်ပြီး ထိုနေရာသို့သွားရောက်ပြီး ကူညီဖို့ရန် သာသနာပြုဆရာမများ ရှိခဲ့သော်လည်း သူတို့အား ဦးဆောင်မည့်သူ မရှိပဲဖြစ်နေခဲ့သည်။ထိုအချိန်၌ တေလာသည်လည်း နေမကောင်းဖြစ်နေသော အချိန်အခါဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် အမျိုးအမီး သာသနာပြုအဖွဲ့အား ဦးဆောင်နိုင်ဖို့ရန်အတွက် တရုတ်ပြည် အကြောင်းကို ကောင်းစွာ
သိသောသူ၊ တရုတ်စကားကို ကောင်းမွန်စွာပြောတတ်သောသူ လိုအပ်သောကြောင့် ဂျေးနီသည် ထိုအဖွဲ့အား ဦးဆောင်ဖို့ရန် ဆက်ကပ်ခဲ့သည်။အကယ်စင်စစ် ဂျေးနီအတွက် ထိုသို့ဆက်ကပ်ဖို့ရန် ဆုံးဖြတ်ချက်ချရာတွင်လွယ်လွယ်ကူကူဖြင့် ချခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဖျားနာ
နေသော သူမ၏ယောကျာ်း တေလာနှင့်အတူ သားသမီး (၇) ယောက်(သူမ၏ကလေး နှစ်ယောက်၊ မာရီးယားနှင့် ရခဲ့သောကလေး လေးယောက်နှင့် မွေးစားသမီး တစ်ယောက်) တို့အား ထားရစ်ခဲ့ပြီး သွားခြင်းသည် မိခင်မပီသဟု ခံယူထားသောကြောင့်ဖြစ်သည်။ သို့သော် ထိုသို့
သာသနာ့ ကိစ္စနှင့် ပတ်သက်ပြီး အခြေအနေ အလွန်တောင်းဆိုနေသောအချိန်မျိုးတွင်မူ မိသားစုအရေးကို ဦးစားပေး၍ မရတော့ကြောင်း ၊မြင်သောကြောင့် သွားဖို့ရန် ဆုံးဖြတ် ချခဲ့ခြင်းဖြစ်သည်။ တေလာလည်း ဂျေးနီအား သွားရန် အခိုင်အမာ တိုက်တွန်းခဲ့ပါသည်။
တေလာသည် တရုတ်ပြည်တလျှောက် ပိုပြီး ခရီးသွားလေးအတိုင်းမသိများပြားသော တရုတ်လူတို့အတွက် ဧဝံဂေလိ ဟောပြော ဖို့ရန်ပိုပြီး လိုအပ်ကြောင်း သိရှိခံစားလေ ဖြစ်ခဲ့သည်။ အကယ်စင်စစ် တေလာသည် တရုတ်ပြည်တပြည်လုံးတွင် ဧဝံဂေလိ ရောက်ရှိဖို့ရန် စိတ်ဆန္ဒပြင်းပြခဲ့သောသူဖြစ်သည်။ အေဒီ ၁၈၉၅ ခုနှစ်တွင် CIM ၏ လှုပ်ရှားမှုသည်
တရုတ်ပြည်တွင်ရှိသော ကျေးလက် တောရွာဒေသတိုင်းတွင် ရောက်ရှိခဲ့ပြီး
ဖြစ်သည်။ ၁၈၉၅ ခုနှစ်တွင် တေလာ တည်ထောင်ခဲ့သောCIM အနှစ် (၃၀)ပြည့်သောအချိန်တွင် CIMမှသာသနာပြုဆရာ၊ ဆရာမများ(၆၄၀) ကျော်တို့သည် တရုတ်ပြည်တွင် သာသနာပြုနေကြပြီဖြစ်သည်။
အေဒီ ၁၉၀၀ ခုနှစ်တွင် အောက်ပါ ပုန်ကန်ခြင်း (Boxer rebellion) ဖြစ်ပွားခဲ့ပြီး တရုတ်ပြည်၌ရှိသော ခရစ်ယာန်များနှင့် နိုင်ငံခြားသားများတို့သည် အပြင်းအထန်ဆန့်ကျင် ခြင်းခံခဲ့ကြရသည်။ အေဒီ၁၉၀၀ ခုနှစ် ဇွန်လတွင် နိုင်ငံခြားသားအားလုံးကို သတ်ဖြတ်ဖို့ရန်နှင့်
ခရစ်ယာန် ဘာသာကို ဖျက်ဆီးသုတ်သင်ဖို့ရန် အမိန့်ကျလာခဲ့သည်။ထိုသို့ဖြင့် သာသနာပြု (၁၃၅) ယောက်နှင့်သူတို့၏သားသမီး (၅၃) ယောက်တို့မှာ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ကြသည်။ အခြားသောသာသနာ့အဖွဲ့မှ သာသနာပြုများထက် CIM မှ သာသနာပြုသူများသည် အထိ
အနာဆုံး ဖြစ်သည်။ ရှန်စီ (Shansi) ဒေသတစ်ခုတည်း၌ပင် CIM မှသာသနာပြုသူ (၉၁) ယောက် ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ထိုသို့ ဆုံးရှုံးမှုများ အတွက် အစိုးရဖက်မှ လျော်ကြေးပေးခဲ့သော်လည်းတေလာ လက်မခံခဲ့ပေ။ တေလာသည် ထိုသို့ CIM မှ သာသနာပြုများ
အသတ်ခံရခြင်းကြောင့် စိတ်ဒဏ်ရာဒဏ်ချက်များရရှိခဲ့ပြီး ခန္ဓာအင်အားလည်းကုန်ခမ်းလာခြင်း တို့ကြောင့် ခေတ္တအနားယူဖို့ရန် ဆွီဇလန်နိုင်ငံတွင်သွားရောက် နေထိုင်ခဲ့သည်။
၁၉ဝ၂ ခုနှစ်တွင် တေလာသည် သာသနာ့ အထွေထွေ ဒါရိုက်တာမှလည်း နှုတ်ထွက်ခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် သူ၏မိန်းမ ဂျေးနီသည်ကင်ဆာရောဂါဖြင့် ဆုံးပါးသွားခဲ့ပြီး သူသည် ဆွီဇလန်နိုင်ငံတွင် ဆက်လက်နေထိုင်ခဲ့သည်။ ဂျေးနီသေဆုံးပြီး နောက်တစ်နှစ်တွင် တေလာသည်
တရုတ်ပြည်သို့ နောက်ဆုံးအကြိမ် ပြန်သွားခဲ့သည်။ တရုတ်ပြည်တွင်ရောက်ရှိပြီး နောက်တစ်လ အေဒီ ၁၉၀၅ ခုနှစ်တွင် တေလာသည်လည်းသေဆုံးသွားခဲ့သည်။ ထို့နောက် တေလာအား သေဆုံးခဲ့ပြီးဖြစ်သော သူ၏ပထမဇနီး မြှုပ်နှံခဲ့သော ဇိန်ဂျိုင်း (Zhenjiang) တွင်ရှိသော အင်္ဂလိပ်
သင်္ချိုင်း မြေကွက်လပ်ငယ်တွင် မာရီယာနှင့် ဘေးကပ်ရပ်၌ မြှုပ်နှံခဲ့ကြသည်။ တေလာ သေဆုံးသွားသောအချိန်တွင် သူစတင်ခဲ့သော သာသနာ့လုပ်ငန်းတွင် သာသနာကွင်း ၂၅ဝ ခု၊ သာသာနာပြုသူ ၈၄၉ ယောက်နှင့်သူသာသနာပြုခဲ့သော တရုတ်လူမျိုးကြားတွင် ယုံကြည်သူ ခရစ်ယာန်၁၂၅ ၀၀၀ ခန့် ရှိပြီဖြစ်သည်။ CIM သည် ဆက်လက်ကြီးထွားခဲ့ပြီး အေဒီ
၁၉၁၄ ခုနှစ်တွင်မူ ကမ္ဘာ့အကြီးဆုံးတိုင်းတပါး သသာနာ့အဖွဲ့ အစည်းဖြစ်လာခဲ့သည်။ အေဒီ ၁၉၃၄ ခုနှစ်တွင်မူ CIM ၌ သာသနာပြု ၁၃၆၈ယောက် အထိ တိုးပွားလာခဲ့သည်။ အေဒီ ၁၉၆၄ ခုနှစ်တွင် CIM
(China Inland Mission) OMF (Overseas Missionary Fellowship) ဟူ၍အမည် ပြောင်းခဲ့ကြသည်။
ဒီအဲလ်မိုးဒီ ( D.L.Moody )
( အေဒီ ၁၈၃၇ – ၁၈၉၉ )
သူ၏နာမည်ရင်းသည် ဒွိတ်လေးမဲန် မိုးဒီ (Dwight Lyman Moody) ဖြစ်ပြီး ဒီအဲလ်မိုးဒီ (D. L. Moody) ဟူ၍ ခေါ်ကြပါသည်။မိုးဒီသည် အေဒီ ၁၈၃၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၅ ရက်နေ့တွင်၊
မားဆဲချူးဆက် (Massachusetts) ပြည်နယ်တွင်ရှိသော နော့သ်ဖီးဒ်(Northfield) တွင် မွေးဖွားခဲ့သည်။ မိုးဒီသည် သူ၏ အသက် (၄) နှစ်အရွယ်တွင် (၄၁) နှစ်အရွယ်ရှိသော ဖခင်ဖြစ်သူသည် ဆုံးပါးခဲ့သည်။ထို့ကြောင့် မိခင်ဖြစ်သူသည် သား (၆) ယောက်နှင့် သမီးနှစ်ယောက်ကို
ထောက်ပံ့နိုင်ဖို့ရန် ရုန်းကန်ခဲ့ရပါသည်။ ထို့ကြောင့် မိုးဒီသည်လည်းပညာကောင်းမွန်စွာ မသင်ခဲ့ရပေ။
မိုးဒီသည် အသက် (၁၈) အရွယ်ရောက်သောအခါ ဘော့စ်တွန်(Boston) တွင် သွားရောက်ပြီး အလုပ်ရှာခဲ့သော်လည်း တစ်ခုမှမရရှိခဲ့ပေ။ထိုသို့ဖြင့် မိုးဒီသည် ဘော့စ်တွန်တွင်ရှိသော သူ၏ဦးလေး ပိုင်ဆိုင်သောဖိနပ်ဆိုင်တွင် အလုပ်လုပ်ခဲ့သည်။ သူ၏ဦးလေး တောင်းဆိုချက်အရ မိုးဒီ
သည် (Mt. Vernon Congregational) အသင်းတော်တွင် စတင်တက်ရောက်ပြီး ထိုအသင်းတော်၌ သင်းအုပ်ဖြစ်သော အဲ၀့ါဒ် နော်ရီးစ် ကားက်(Edward Norris Kirk) ၏တရားဟောချက်ကို နားထောင်ခဲ့ရာ ထိုတရားဟောချက်သည် သူ့ကိုတိုက်ရိုက် ဟောနေသလို ခံစားမိကြောင်းနှင့် အလွန်
တန်ခိုးကြီးသော တရားဟောချက်ဖြစ်ကြောင်း မိုးဒီ ခံယူခဲ့သည်။ ထို့အပြင်မိုးဒီသည် (YMCA) တွင်လည်း အသင်းဝင်ခဲ့သည်။
မိုးဒီသည် သူ၏ (Sunday School) ဆရာဖြစ်သော အဲဝါးဒ်ကီးမ်ဘောလ် (Edward Kimball) က သူ့အား ဘုရားကျောင်းကို မပျက်မကွက် တက်ရောက် ဖို့ရန် အမြဲအားပေးခဲ့သည်။ ထို့အပြင် မိုးဒီအားဖတ်ဖို့ရန် သမ္မာကျမ်းစာအုပ်ကိုလည်း ပေးခဲ့သည်။ မိုးဒီသည် သမ္မာ
ကျမ်းစာကို ဖတ်ရှုခဲ့သော်လည်း နားမလည်နိုင်ခဲ့ပေ။အေဒီ၁၈၅၅ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့တွင် ကိမ်းဘောလ်သည်မိုးဒီအား ခရစ်တော်ကို ယုံကြည်လက်ခံမှုရှိမရှိ မေးမြန်းဖို့ရန် အချိန်တန်
ပြီဟု ယူဆသောကြောင့် ကိမ်းဘောလ်သည် မိုးဒီအိမ်တွင် သွားရောက်ခဲ့သည်။ ကိမ်းဘောလ်သည် အိမ်၌ ဖိနပ်များကို ထုပ်ပိုးနေသော မိုးဒီနှင့်တွေ့ခဲ့ပြီး ထိုနေ့တွင်ပင် မိုးဒီသည် ခရစ်ယာန်တစ်ယောက်ဖြစ်လာခဲ့သည်။သို့သော် မိုးဒီသည် အသင်းတော်၌ အသင်းဝင်ဖြစ်ဖို့ရန် ဝင်ခွင့်စာမေးပွဲဖြေဆိုရာ၌ ခရစ်တော်သည် သူ့အတွက် ဘာလုပ်ခဲ့ကြောင်း ကောင်းမွန်စွာမရှင်းပြနိုင်သောကြောင့် အသင်းဝင်ခွင့် မရရှိခဲ့သော်လည်း မိုးဒီ၏
စိတ်နှလုံးသားသည် အမှန်တကယ် ပြောင်းလဲလာခဲ့သည်။ ထို့အပြင်သူသည် ခရစ်ယာန်တစ်ယောက်ဖြစ်ခြင်းကို မရှက်မကြောက်ပဲ ခရစ်ယာန်၏ ယုံကြည်ခြင်းကို ဆက်လက်လေ့လာခဲ့သည်။
မိုးဒီသည် ဘော်စ်တွန်တွင် နေထိုင်ခြင်းသည် သူ့အတွက် ငြီးငွေ့လာသောကြောင့် ချီကာဂို (Chicago) အနောက်ဖက်ပိုင်းတွင် ဖိနပ်များရောင်းချခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။ ထို့အပြင် သူသည် ဧဝံဂေလိဟောကြားခြင်းတွင်လည်း စတင်လုပ်ဆောင်လာခဲ့သည်။ တနေ့သောအချိန်၌ သူသည် လှည့်လည်သွားစဉ် (North Wells Street) တွင် ရှိသောသာသနာအဖွဲ့တစ်ခုကို တွေ့သော် သူသည်လည်း (Sunday School)အတန်းတွင် သင်ကြားပေးနိုင်ကြောင်း တောင်းဆိုခဲ့သော်လည်း ထိုသာသနာအဖွဲ့တွင် ဆရာ၊ ဆရာမများစွာရှိကြောင်းနှင့် အကယ်၍အခြားသော
ကလေးများကို သူကိုယ်တိုင် စုစည်းနိုင်လျှင် သင်ကြားခွင့် ရနိုင်ကြောင်းထိုသာသနာအဖွဲ့တွင် ရှိသောသူတို့က ပြောခဲ့ကြသည်။ မိုးဒီသည် ဖိနပ်ရောင်းသောသူဖြစ်သည့်အလျောက် သူ့အတွက် ကလေးများကို စုစည်းဖို့ရန် အခက်အခဲမရှိခဲ့ပေ။ ထို့ကြောင့် မကြာမီသူသည် လေလွင့် နေသော
ကလေးငယ်များကို စုစည်းပြီး သမ္မာကျမ်းစာကို စတင်သင်ကြားပေးခဲ့သည်။ထိုသို့ဖြင့် အေဒီ ၁၈၅၈ ခုနှစ် ( North Market Hall ) တွင်မိုးဒီသည် ကလေး (Sunday school) အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။ အေဒီ ၁၈၆၂ ခုနှစ် တွင် မိုးဒီသည် ( Sunday school) ဆရာမ
တစ်ဦးဖြစ်သော အေမာစီ ရေဘဲလ် (Emma C. Revell) နှင့် လက်ထပ်ခဲ့သည်။ အေဒီ ၁၈၆၁ ခုနှစ်မှစပြီး မိုးဒီသည်အချိန်ပြည့် အမှုတော်ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် (Sunday school) နှင့် (YMCA)နှစ်ခုစလုံးတွင် အမှုတော်ကို ထမ်းဆောင်ခဲ့သည်။ မိုးဒီသည် (YMCA)
၌ ခေါင်းဆောင်မှုကို ပြုသော အချိန်တွင် ဧဝံဂေလိဝေစာများ ဖြန့်ဝေခြင်း၊နေ့စဉ် နေ့လယ်ဆုတောင်းအဖွဲ့ကို ဖွဲ့စည်းခြင်းနှင့် ပြည်တွင်းစစ်အတွင်း(YMCA) အနေဖြင့် စစ်မြေပြင်တွင် ဧဝံဂေလိဟောခြင်းများကို လုပ်ဆောင်ခဲ့သည်။ မိုးဒီအား စီးပွားရေးသမားများဖြစ်သော ဂျွန်ပါးဝေးလ်
(John Farwell) နှင့်ကုရု မက်ခေါ မိခ် (Cyrus McCormick) တို့ကငွေရေးကြေးရေးအားဖြင့် ထောက်ပံ့ပေးခဲ့ကြသည်။
သူစတင်ခဲ့သော (Sunday school) အတန်းတွင် လူဦးရေတိုးပွားလာသောကြောင့် အေဒီ ၁၈၆၄ ခုနှစ်တွင်ထို (Sunday school)အတန်းသည် အသင်းတော်တပါးအဖြစ် အသွင်ပြောင်းသွားခဲ့ပြီး ထိုအသင်းတော်သည် (Moody Memmorial Chruch) ဟူ၍ ယနေ့တိုင်ထင်ပေါ် ကျော်ကြားလျက်ရှိသည်။ မိုးဒီသည် ချီကာဂို၌ ဘုရားအမှုတော်ဆောင်ခဲ့ရာတွင် အေဒီ ၁၈၇၁ ခုနှစ် ရောက်သောအချိန်တွင်မူအလွန်ပင်တိုး တက် အောင်မြင်လာခဲ့သည်။ သို့သော် ချီကာဂိုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ဝိုင်အမ်စီအေ အဆောက်အအုံအပါအဝင် မိုးဒီနေသောအိမ်နှင့်
အသင်းတော် အဆောက်အအုံလည်း အားလုံးပြာကြသွားခဲ့သည်။ ထို့အပြင် ထိုသို့မီးလောင်မှု ဖြစ်ပွားခြင်းကြောင့် သူ့ကိုအကောင်းဆုံး ထောက်ပံ့ပေးနေကြသော သူတို့၏ စီးပွားရေးလည်း ထိခိုက်နစ်နာသောကြောင့်မိုးဒီသည် သူတို့ထံမှ အထောက်အပံ့လည်း မရရှိနိုင်တော့ပေ။ ထို့ကြောင့်
မိုးဒီသည် ချီကာဂို၌ လုပ်ဆောင်ခဲ့သော သာသနာ့ လုပ်ငန်းကို နဂိုအတိုင်းပြန်လည် ထူထောင်ဖို့ရန်အတွက် ရန်ပုံငွေကိုပြန်ပြီး စုဆောင်းရှာဖွေရာတွင်အခက်အခဲများနှင့် တွေ့ကြုံခဲ့ရသည်။ နောက်ဆုံးတွင် မိုးဒီသည် ထိုသို့သာသနာအမှုအတွက် ရန်ပုံငွေများကို စုဆောင်းရှာဖွေခြင်းတွင် အချိန်
များစွာ သုံးဖြုန်းခြင်းထက် ဧဝံဂေလိ သတင်းကောင်းကို ဟောကြားသက်သေခံပြီး ဘုရားသခင်၏ နိုင်ငံတော်ကို တည်ထောင်ဖို့ရန် ဆုံးဖြတ်ခဲ့သည်။အေဒီ၁၈၇၃ ခုနှစ်တွင် မိုးဒီသည် အင်္ဂလန်တွင် သွားခဲ့ပြီး အင်္ဂလန်အပါအဝင် စကော့တလန်နှင့် အိုင်တီလဲန် စသည်တို့တွင် ဧဝံဂေလိသတင်း
ကောင်းကို ဟောကြားခဲ့သည်။ မိုးဒီသည် အင်္ဂလန်တွင် (၂) နှစ်ခန့် နေခဲ့ပြီးနောက် အမေရိကန်နိုင်ငံတွင် ပြန်လာသောအချိန်တွင်မူ သူသည်ဧဝံဂေလိဆရာ ဟူ၍ ထင်ပေါ်ကျော်ကြားခဲ့သည်။ ထို့ကြောင့် မိုးဒီသည်အမေရိကန်တွင် ပြန်ပြီးရောက်ရှိလာသောအခါ သူ့အား တရားဟောဖို့ရန်
နေရာအသီးသီးမှ ဖိတ်ခေါ်ခြင်း ခံခဲ့ရပါသည်။
မိုးဒီသည် ခရူးဆိတ် (Crusade) များကို လုပ်ခြင်းဖြင့် အသင်းတော်များ ပြန်လည်နိုးထမှုကို ဖြစ်ပေါ်စေခဲ့သည်။ မိုးဒီးသည် သူ၏ တရားဟောပွဲများတွင် ဂိုဏ်းဂဏခွဲခြားမှု မရှိသောကြောင့် သူ့ အားထောက်ခံအားပေးသော သူတို့သည် တစ်နေ့ထက်တစ်နေ့ တိုးပွားလာခဲ့သည်။
ထို့အပြင်သူသည် စီးပွားရှင်များနှင့်လည်း ကောင်းမွန်စွာ မိတ်ဖွဲ့ပြီး သူတို့၏ဘဏ္ဍာငွေများကိုလည်း မှန်ကန်စွာ အသုံးပြုတတ်ဖို့ရန်နှင့် ဆင်းရဲသားများအတွက် အသုံးပြုဖို့ရန်လည်း တိုက်တွန်းနှိုးဆော်ခဲ့သည်။ ထို့အပြင် မိုးဒီသည် ဂီတအားဖြင့် သော်လည်းကောင်း၊ နုနယ်သောသူတို့အား ပြုစုပျိုးထောင်ခြင်းအားဖြင့် သော်လည်းကောင်း၊ သူတပါးအား အကြံဥာဏ်
ပေးခြင်းအားဖြင့် သော်လည်းကောင်း စသည်ဖြင့်လည်း သာသနာ့အမှုတွင်ပါဝင်ဆောင်ရွက်ခဲ့သည်။
အေဒီ၁၈၇၉ ခုနှစ်တွင် မိုးသည် သူ၏ သာသနာကို ပညာရေးဖက်တွင် အာရုံစူးစိုက်လာခဲ့ပြီး အမျိုးသမီးကျောင်းဖြစ်သော (NorthfieldSeminary) နှင့် အေဒီ ၁၈၈၁ ခုနှစ်တွင် အမျိုးသားကျောင်းဖြစ်သော(Mount Hermon School) များကို ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ထို့
အပြင် မိုးဒီသည် ကျမ်းစာကျောင်းကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့သည်။(နောက်ပိုင်းတွင် ထိုကျမ်းစာကျောင်းအား (Moody Bible Institute)ဟူ၍ခေါ်ထွင် ခဲ့ကြသည်။ အစပိုင်းတွင် သူသည် ကျမ်းစာကျောင်းတည်ထောင်ရာတွင် အခြားသော ကျမ်းစာကျောင်းများနှင့် အပြိုင်တည်ထောင်
နိုင်ဖို့ရန် စိုးရွံ့ခဲ့သော်လည်း နောက်ပိုင်းတွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရမည့် သူများအတွက် လက်တွေ့ကျသော အရာများကိုသင်ကြားပေးရန် အဓိကလိုအပ်ကြောင်း ပိုပြီး သိမြင်လာခဲ့သည်။
(Moody Bible Institute) သည် သင်းအုပ်များ၊ အသင်းတော်၏အမှုဆောင်များနှင့် သာသနာပြုများစွာကို ယနေ့တိုင် မွေးထုတ်ပေးနေသော ကျောင်းဖြစ်လာပါသည်။ ထို့အပြင် မိုးဒီသည် ခရစ်ယာန်လောက၌ထင်ပေါ်ကျော်ကြားသော ဘီလီ ဆန်းဒေး (Billy Sunday) နှင့် ဘီလီဂရေဟမ် (Billy Graham) တို့၏ ရှေးပြေးလည်း ဖြစ်ခဲ့ပါသည်။ မိုးဒီသည်အေဒီ ၁၈၉၉ ခုနှစ် သူမွေးခဲ့သော မွေးရပ်ဇာတိ နော့သ်ဖီးဒ်တွင် သေဆုံးခဲ့သည်။
ဘီလီဂရေဟမ် ( Billy Graham )
( အေဒီ ၁၉၁၈ )
ဘီလီဂရေဟမ်သည် အေဒီ ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ မြောက်ကာလီဖိုးနီးယားတွင်ရှိသော ချာလိုတီ(Charlotte) တွင် မွေးဖွားခဲ့သည်။ မွေးချင်း (၄) ယောက်တွင် သူသည်အကြီးဆုံးသားလည်းဖြစ်သည်။ အေဒီ ၁၉၃၄ ခုနှစ်တွင် ပြန်လည်နိုးကြား
ရေးကို လှုံ့ဆော်သူ မော်ဒီကားရီ (Mordecai) အားဖြင့် သူ၏ အသက်တာပြောင်းလဲခဲ့သည်။ သူသည် ဘေ့စ်ဘောလ် (Baseball) ကစားခြင်းတွင်စိတ်အားထက်သန်ခြင်းမှ ဝိညာဉ်များကို ကယ်နှုတ်ခြင်းဖက်၌ စိတ်အားထက်သန်လာခဲ့သည်။
အေဒီ၁၉၄၃ ခုနှစ်တွင် ဝိတ်တန် ကောလိပ် (Wheaton College) တွင် မနု ဿဗေဒဘာသာရပ်ဖြင့် ဒီဂရီရရှိခဲ့ပြီး သူနှင့်အတူကျောင်းနေဖက် ဖြစ်သော ရုသ်ဘဲလ် (Ruth Bell) နှင့် လက်ထပ်ခဲ့သည်။ရုသ်ဘဲလ်၏ ဖခင်သည် တရုတ်ပြည်တွင် ဆေးကုသခြင်းဖြင့် သာသာနာပြု
သူတစ်ဦးဖြစ်သည်။ ဂရေဟမ်သည် တောင်ဖက်ပိုင်းတွင်ရှိသော နှစ်ခြင်းအသင်းတော်၌ ဘိသိက်ခံသင်းအုပ်ဆရာအဖြင့် အမှုတော်ထမ်းဆောင်ခဲ့သည်။ ထိုအတောအတွင်း ချီကာဂိုမှ သူ၏ သူငယ်ချင်းဖြစ်သောသင်းအုပ်ဆရာတော် ရေးဂျွန်ဆန် (Torrey Johnson) သည် သူ၏
(Songs in the Night) ရေဒီယို အသံလွှင့် အစီအစဉ် အကြောင်းကိုဂရေဟမ်အား မိတ်ဆက်ပေးခဲ့ပြီး၊ ထိုအစီအစဉ်သည် ငွေရေးကြေးရေးအခက်အခဲကြောင့် ဖျက်သိမ်း ရတော့မည့်ကြောင်းကိုလည်း ပြောပြခဲ့သည်။ ထိုအခါ ဂရေဟမ်သည် သူ၏ အသင်းသူအသင်းသားများနှင့်
ညှိနှိုင်းတိုင်ပင်ပြီး အသင်းတော်၏ အထောက်အပံ့ဖြင့် ဂျွန်ဆန်၏ (Songsin the Night) ရေဒီယို အသံလွှင့် အစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့သည်။ထို့အပြင် ဂရေဟမ်သည် အေဒီ ၁၉၄၇ ခုနှစ်၊ သူ၏အသက် (၃၀) နှစ်တွင်မီနီရေးပိုလီးစ် (Minneapolis) တွင်ရှိသော (Northwestern Bible College) တွင် ဥက္ကဌနေရာ၌လည်း အမှုထမ်းဆောင်ခဲ့သည်။ ထိုအချိန်အခါ အမေရိကန်၌ရှိသော ကောလိပ်နှင့် တက္ကသိုလ် သိပ္ပံကျောင်းများတွင်ထိုကဲ့သို့ ဥက္ကဌနေရာတွင် အမှုထမ်းဆောင်သောသူများအနက် သူသည်အသက်အငယ်ဆုံးသောသူ တစ်ဦးလည်း ဖြစ်ခဲ့သည်။
နောက်ပိုင်းတွင် ဂျွန်ဆန်၏ လူငယ် သာသနာဖြစ်သော (Youth for Christ) သာသနာသစ်တွင် ဂရေဟမ်သည် အချိန်ပြည့်ဧဝံဂေလိ ဆရာအဖြင့် ပါဝင်ဆက်ကပ်ခဲ့သည်။ ဂရေဟမ်သည် သူ၏ ပထမဆုံး ခရူးဆိတ်ကို အေဒီ ၁၉၄၇ ခုနှစ် မီးချီဂန် (Michigan) တွင် ကျင်းပခဲ့ပြီး လူဦးရေ
၆၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်။ ထိုသို့ ခရူးဆိတ်များ လုပ်ဆောင်ရာတွင်လည်း ဂိုဏ်းဂဏ ခွဲခြားခြင်းမရှိပဲ သူနှင့် နီးစပ်ရာခရစ်ယာန် ခေါင်းဆောင်များကို ထိုအစီအစဉ်အတွက် ကူညီဖို့ရန် ခေါ်ဖိတ်လေ့ရှိသည်။သူသည် ခရူးဆိတ်များကို ကျင်းပရာတွင် ဘောလုံးကွင်း၊ ပန်းခြံ၊ နှင့် လမ်းမ
ကြီး စသည့် ကျယ်ဝန်းသောနေရာများတွင် ပြုလုပ်လေ့ရှိသည်။ ဂရေဟမ်သည် နိုင်ငံပေါင်း ၁၈၅ နိုင်ငံများတွင်၊ ခရူးဆိတ်ပေါင်း ၄၀၀ထက်မကပြုလုပ်နိုင်ခဲ့သည်။၁၉၅၀ ခုနှစ်တွင် ဂရေဟမ်သည် “ဘုရားသခင်နှင့် အတူငြိမ်သက်ခြင်း” (Peace with God) စာအုပ်ကို ရေးသားခဲ့ရာ ထိုစာ
အုပ်သည် ရောင်းရအကောင်းဆုံးသော စာအုပ်ဖြစ်လာခဲ့သည်။ ထို့အပြင်အခြားသော စာအုပ်များစွာကိုလည်း ထုတ်ဝေခဲ့သည်။ ထိုနှစ်၌ပင်ဧဝံဂေလိနှင့်ဆိုင်သော (Billy Graham Evangelistic Association)အဖွဲ့အစည်းကိုလည်း စတင်တည်ထောင်ခဲ့သည်။ BGEA အဖွဲ့အစည်း
၏ သာသနာလုပ်ငန်းတွင် အောက်ပါ အစီအစဉ်များပါဝင်ပါသည်။
(၁) အေဒီ ၁၉၅၀ ခုနှစ်တွင် တကမ္ဘာ့လုံးဆိုင်ရာ ရုပ်ရှင် (World Wide Pictures) အစီအစဉ်မှ ဇတ်လမ်းပေါင်းများစွာကို စတင်ထုတ်လုပ်ခြင်း။
(၂) အေဒီ ၁၉၅၄ ခုနှစ်တွင် (Hour of Decision) ဟုခေါ်သောတကမ္ဘာ့လုံးဆိုင်ရာ ရေဒီယိုအသံလွှင့် အစီအစဉ်ကို စတင်ထုတ်လွှင့်ခြင်း။ထိုအစီအစဉ်သည် နှစ်ပေါင်း (၅၀) ထက်မက ဆက်လက်ပြီး ထုတ်လွှင့်ခဲ့သည်။
(၃) အေဒီ ၁၉၅၆ ခုနှစ်တွင် သူ၏ယောက္ခမနှင့် တွဲပြီး (Christianity Today ) မဂ္ဂဇင်း ကို စတင်ထုတ်ဝေခြင်း။
(၄) အေဒီ ၁၉၆၀ ခုနှစ်တွင် (Decision) မဂ္ဂဇင်းကို စတင် ထုတ်ဝေခြင်း။
(၅) အေဒီ ၁၉၇၃ ခုနှစ်တွင် လူသားချင်းစာနာထောက်ထားခြင်းနှင့်ပတ်သက်ပြီး သဘာဝဘေးဒဏ်များနှင့် အရေးပေါ် လိုအပ်ချက်များအတွက် အစာအဟာရများနှင့် ဆေးဝါးများကို ကမ္ဘာ့တဝန်း ထောက်ပံ့နိုင်ဖို့ရန် အတွက် (World mergency fund) ကိုလည်း ဖွဲ့စည်းခြင်း၊
စသည်တို့ဖြစ်ပါသည်။
ထို့အပြင် BGEA အဖွဲ့အစည်းသည် အေဒီ ၁၉၈၇ ခုနှစ် မြောက်
ကာရိုလီးနား (North Carolina) ရှိအားရှီဗီလာ (Asheville) တွင်ရှိသော ကိုးဖ်
(Cove)တွင် (Billy Graham Training Center) ကိုဆောက်လုပ်ဖို့ရန် အတည်ပြုခဲ့ကြသည်။ အေဒီ ၁၉၈၈ ခုနှစ် အီလီနွိုက်စ် (Illinois)တွင်ရှိသော ဝှိတ်တန် ကောလိပ် (Wheaton Kollege) တွင်လည်း (The Billy Graham Center) ကိုတည်ထားခဲ့သည်။ အေဒီ ၂၀၀၇ခုနစ်တွင်ဘီလီဂရေဟမ် စာကြည့်တိုက် (Billy Graham Library) ကိုလည်းဖွင့်လှစ်ခဲ့ပြီး မေလ (၃၁) ရက်နေ့တွင် စာကြည့်တိုက် အက်ကပ်အပ်နှံခြင်းကိုချာလိုတီတွင် တရားဝင် ကျင်းပခဲ့ကြသည်။
ဘီလီဂရေဟမ်သည် သူ၏ အသက်ကာတလျှောက်တွင် အေဒီ၁၉၄၇ ခုနှစ်မှ ၁၉၉၆ ခုနှစ်များ အတွင်း ခရူးဆိတ်များကိုပြုလုပ်ခဲ့ရာတွင်သန်းပေါင်း ၂၁၅ ထက် မကသော ဧဝံဂေလိတရားကို ကြားနာ
ခွင့်ရခဲ့ကြသည်သာမက ရေဒီယို၊ တီဗွီ၊ ရုပ်ရှင် နှင့် အင်တာနက် ကွန်ယက်များအားဖြင့်လည်း သန်းပေါင်းများစွာသောလူတို့သည် ဧဝံဂေလိတရားကိုကြားနာခွင့် ရခဲ့သည်။
အေဒီ ၂၀၀၇ ခုနှစ်တွင် သူ၏ ဇနီးသည်ဖြစ်သော ရုသ်ဘဲလ်သည်ဆုံးပါးသွားခဲ့ပြီး ဂရေဟမ်သည် သမီးငါးယောက်နှင့် သားနှစ်ယောက်တို့နှင့် အတူကျန်ရစ်ခဲ့သည်။ ဂရေဟမ်သည် သူ၏နောက်ဆုံး တရားဟောချက်ဖြစ်သော”My Hope America” (DVD) ထုတ်ဝေခဲ့ပြီး
ပြန်လည်နိုးထမှုဖြစ်စေသော ရည်ရွယ်ချက်ဖြင့် သူ၏ (၉၅) နှစ်မွေးနေ့ဖြစ်သော အေဒီ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက် နေ့မှ (၁၀) ရက်အတွင်း အမေရိကနိုင်ငံတစ်ဝန်း ထို ( DVD ) ကို ပြသခဲ့ကြသည်။
“ခရစ်တော်၏ကယ်တင်ခြင်းတရားကို ယုံကြည်လက်ခံပြီး နောက်ပိုင်းတွင် ယူကြုံးမရ ဖြစ်သောသူ မတွေ့ဖူးပါ “
ဘီလီဂရေဟမ်
ပေါလ်ယွန်ဂီချူး ( Paul Yonggi Cho )
( အေဒီ ၁၉၃၆ )
ပေါလ်ယွန်ဂီချူသည် အေဒီ ၁၉၃၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် ကိုးရီးယားနိုင်ငံ၊ အိုလ်ဂျူဂါးန် (Uljugun) တွင်မွေးဖွားခဲ့သည်။ သူ၏ဖခင်မှာ ချူဒိုချူးန် (Cho Doo Chun) ဖြစ်ပြီး၊
မိခင်မှာ ကီးမ်ဘောက်ဆန်း ( Kim Bok Sun) ဖြစ်ပါသည်။ သူ၏မိဘနှစ်ပါးသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသောကြောင့် ယွန်ဂီချူးသည်လည်း ဗုဒ္ဓဘာသာဝင် မိသားစုတွင် ကြီးပြင်းလာခဲ့သည်။ သူ့၌ မွေးချင်းညီအကို မောင်နှမ (၉) ယောက်ရှိကြပြီး (ယောကျာ်းလေးငါးယောက်နှင့်မိန်းခလေး လေးယောက်) သူသည် အကြီးဆုံးဖြစ်သည်။
ယွန်ဂီးသည် အဆုတ်နာရောဂါရှိပြီး အလွန်ချူချာသော ကြောင့်သူသည် အရွယ်ရောက်သည်အထိ အသက်ရှင်နိုင်လိမ့်မည်မဟုတ်ဟုထင်မှတ်ခဲ့ကြသည်။ ခရစ်ယာန် အမျိုးအမီးတစ်ဦးသည် ယွန်ဂီချူး၏ ကျန်းမာရေးအားနည်းကြောင်း သတိထားမိသောကြောင့် သူ့ထံ၌ စတင်လည်ပတ်ပြီး၊ ခရစ်တော်အကြောင်းကို ဝေငှသက် သေခံခြင်းအားဖြင့် ယွန်ဂီချူး
သည် ခရစ်ယာန်တစ်ဦးဖြစ်လာခဲ့သည်။ သူသည် ယုံကြည်သူ ဖြစ်လာသည်နှင့် တပြိုင်နက် ဘုရားသခင်ကို မည်ကဲ့သို့ အကောင်းဆုံး အစေခံရမည့်အကြောင်း စတင်စဉ်းစားခဲ့သည်။ ထိုသို့ဖြင့် အေဒီ ၁၉၅၆ ခုနှစ်တွင်သူသည် (Assemblies of God) ကျမ်းစာကျောင်းတွင် တက်ရောက်ခဲ့ပြီး၊
အေဒီ ၁၉၅၈ ခုနှစ်တွင် ကျောင်းပြီးဆုံးခဲ့သည်။ အေဒီ ၁၉၅၈ ခုနှစ်၊မေလတွင် ယွန်ဂီချူးသည် ပထမဆုံးအကြိမ် ဝတ်ပြုခြင်း အစီအစဉ်ကိုသူ၏ သူငယ်ချင်း ဆဲလ်ဘွိုင်း (Jashel Choi) ၏ နေအိမ်တွင် စတင်လုပ်ဆောင်ခဲ့သည်။ အစတွင် ချွိုင်းနှင့် သူမ၏ သားသမီး (၃) ယောက်သာ
ဝတ်ပြုခြင်းတွင် ပါဝင်ခဲ့ကြသော်လည်း မကြာမှီ အယောက် (၅၀) ဖြစ်လာခဲ့ကြသည်။ ယွန်ဂီချူးနှင့် အသင်းဝင် သူတို့သည် သူတပါးနေအိမ် တံခါးများကိုခေါက်ပြီး လူများတို့အား အသင်းတော်တွင် လာရောက် ပါဝင်ဖို့ရန်ဖိတ်ခေါ်ခြင်းဖြင့် လှုပ်ရှားမှုတစ်ခုကို စတင်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဖြင့် (၃) နှစ်ကြာလာသောအခါ ယုံကြည်သူပေါင်း အယောက် (၄၀၀)ခန့်အထိ တိုးပွားလာခဲ့သည်။ အေဒီ ၁၉၆၁ ခုနှစ်တွင် အသင်းတော်အတွက် မြေနေရာငယ်လေးကို စတင်ဝယ်ယူခဲ့ကြသည်။ သို့သော် အေဒီ၁၉၆၁ ခုနှစ်တွင် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် ကိုးရီးယားတိုင်းပြည်
အတွက် စစ်မှုထမ်းရန် ယွန်ဂီချူးသည်လည်း ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။သို့သော် သူ၏ကျန်းမာရေး အခြေအနေကြောင့် (၇)လ ခန့်သာ စစ်မှုထမ်းခဲ့ရပြီးနောက် သူသည် သင်းအုပ်လုပ်ငန်းကို ဆက်လက်ပြီး ဆောင်ရွက်ခွင့်ရခဲ့သည်။ ထိုသို့ဖြင့် ယွန်ဂီချူးသည် အသင်းတော် စတင်ခဲ့ပြီး (၆) နှစ်
အတွင်း အသင်းဝင်သူ နှစ်ထောင်ခန့် ရှိပြီဖြစ်သည်။
အေဒီ ၁၉၆၅ မတ်လ (၁) ရက်နေ့တွင် ယွန်ဂီချူးသည်ဂျေဆဲလ်ချွိုင်း၏သမီးနှင့် လက်ထပ်ခဲ့သည်။ သူသည် အမှုတော်မြတ်တွင်ပိုပြီးတိုး၍ လုပ်ဆောင်ရာ သူ၏ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအင်အားကုန်ခမ်းလာခဲ့သည်။ ထို့ကြောင့် အေဒီ ၁၉၆၄ ခုနှစ်တွင် အသင်းတော်၌
ဝတ်ပြုကိုးကွယ် နေသောအချိန်တွင် လဲကျခဲ့သည်။ ထို့ကြောင့် ယွန်ဂီချူးသည် ဤမျှလောက် အသင်းဝင်သူ များပြားသော အသင်းတော်ကို သူတစ်ဦးတည်း ဦးဆောင်ခြင်းသည် မဖြစ်နိုင်ကြောင်းသဘော ပေါက်လာခဲ့သည်။ ယွန်ဂီချူးသည် ထိုသို့ အားနည်းပြီး နလန်ထလာသော အချိန်တွင်ထွက်မြောက်ရာကျမ်း (၁၈း ၁၃-၂၆) တွင် ပါရှိသော မောရှေ၏ယောက္ခမ
ယေသရော၏ မောရှေအား အကြံညဏ်ပေးခြင်း အကြောင်းအားဖြင့်ဘုရားသခင်သည် ယွန်ဂီချူအား စကားပြောခဲ့သည်။ ထိုကျမ်းပိုဒ်အားဖြင့်ယွန်ဂီချူးသည် ပြန်လည်ပြီး အကြံညဏ်သစ်ကို ရရှိသောကြောင့် အသင်းတော်တွင် အဖွဲ့ငယ်များခွဲပြီး ထိုအဖွဲ့တိုင်းတွင် ခေါင်းဆောင်တစ်ဦးစီ
ခွဲခန့်မှတ်သားပြီး ထိုအဖွဲ့ ခေါင်းဆောင်များအား စတင်သင်တန်းပေးခဲ့သည်။ ထိုအဖွဲ့ငယ်များကလည်း သူတို့နှင့်သက်ဆိုင် သောအဖွဲ့များတွင်ခရစ်ယာန်ဘာသာနှင့် ပတ်သက်ပြီး သိရှိနိုင်ဖို့ရန် အတွက် မယုံကြည်သူများ ကိုလည်း ဖိတ်ခေါ်စေခဲ့ပါသည်။ အကယ်၍ အဖွဲ့ငယ်တစ်ဖွဲ့တွင်လူများလာလျှင် နောက်အဖွဲ့ငယ်သစ်ကို ပြန်ပြီး ဖွဲ့စည်းစေခြင်းဖြင့်အဖွဲ့ငယ်များသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာခဲ့သည်။ထိုသို့ဖြင့် အေဒီ ၁၉၆၈ ခုနှစ်တွင် သူ၏ အသင်းတော်၌ အသင်းဝင်
သူပေါင်း (၈၀၀၀) အထိ တိုးပွားလာခဲ့သည်။
သို့သော် သူ၏ အသင်းတော်၌ သင်းဝင်ချင်သောသူတိုင်း အတွက်စည်းမျဉ်းစည်းကမ်း ထားပေးခဲ့သည်။ ခရစ်တော်ကို စတင်ယုံကြည်ပြီးပြောင်းလဲလာသောသူသည် အသင်းဝင်နိုင်ဖို့ရန်အတွက် စစ်မှန်စွာပြောင်းလဲသော ယုံကြည်သူ ဟုတ်မဟုတ် (၃) လစောင့်ကြည့်ရသည်။ထို့အပြင် အသင်းဝင်သူ အသစ်များသည် (၁၂) လ အတွက်သာ အသင်း
တော်၌ သင်းဝင်ခွင့် ရှိသည်။ ထိုနည်း၎င်း နှစ်စဉ် နှစ်တိုင်း အသင်းဝင်သူများအား ပြန်လည်စီစစ်ပြီး၊ နှိုးကြားထကြွမှုမရှိသော အသင်းသူအသင်းသားများအား သူတို့တာဝန်ယူရသော အခန်းကဏ္ဍမှ ရပ်နားခွင့်ပေးခြင်းစသည်ဖြင့်လည်း ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ယွန်ဂီချူးသည် သူ၏ ပင်မ အသင်းတော်ဖြစ်သော FGCC(Full Gospel Central Church) ကြီးထွားလာဖို့ရန်သာ အဓိကထားခြင်းမဟုတ်ပေ။ ယွန်ဂီချူးသည် သာသနာပြုသူများကို အေဒီ ၁၉၇၂ ခုနှစ်တွင်စတင် စေလွှတ်ခဲ့ပြီးနောက်၊ ဆယ်စုနှစ်အတွင်း သင်တန်းတက် ရောက်ခဲ့ပြီး
သော အချိန်ပြည့်သာသနာပြု အယောက် (၁၀၀) ထက်မကသော သူတို့အားတောင်နှင့် မြောက်အမေရိကတိုက်၊ ဥရောပတခွင်နှင့် အာရှနိုင်ငံများတွင် စေလွှတ်ခဲ့သည်။ ထို့အပြင် ထိုနေရာများတွင် ယုံကြည်သူ သစ်များသင်တန်းပေးနိုင်ဖို့ရန်အတွက် ကျမ်းစာကျောင်းများကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။
၁၉၇၇ ခုနှစ်တွင် FGCC အသင်းတော်သည် အသင်းသူအသင်းသားပေါင်း ငါးသောင်းအထိ တိုးပွားလာခဲ့သည်။ နောက်တစ်နှစ်တွင် နှစ်ဆသော အသင်းသူအသင်းသားများ ထပ်တိုးလာခဲ့ပြီး အေဒီ
၁၉၈၁ ခုနှစ်တွင်မူ အသင်းသူအသင်းသားပေါင်း နှစ်သိန်းအထိ တိုးပွားလာခဲ့သည်။ ယွန်ဂီသည် သူ၏ အသင်းသူအသင်းသားများမှ အယောက်( ၅ဝဝဝ) ကို တပြိုင်တည်း စေလွှတ်ခဲ့ပြီး၊ နောက်ထပ်အယောက် (၃၀၀၀)ကိုလည်း အခြားသော အမှုအတွက် စေလွှတ်ခြင်းဖြင့် အသစ်သော
သာသနာ့ အမှုကိုလည်း ဆောင်ရွက်နိုင်ခဲ့သည်။
ယွန်ဂီချူးသည် ဧဝံဂေလိဟောခြင်းနှင့် အသင်းတော် ကြီးထွားလာနိုင် ရေးအတွက် သူအသုံးပြုခဲ့သော နည်းဗျူဟာသည် အလွန်ကောင်းသည်ဟု ယုံကြည်ခဲ့သောကြောင့် ထိုနည်း ဗျူဟာကို အခြားသူတို့အားသင်တန်းပေးနိုင်ဖို့ရန်အတွက် CGI (Church Growth International)
ကို အေဒီ ၁၉၇၆ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထို CGI အဖွဲ့အစည်းအားဖြင့် ဧဝံဂေလိဟောကြားနည်းနှင့် ဓမ္မသင်းအုပ်ဆရာများကို အသင်းတော် ကြီးထွားရေး နည်းလမ်းများကို ကမ္ဘာ့အနှံ့ သင်ကြားပို့ချခဲ့ကြသည်။ယွန်ဂီချူးသည် နှစ်ပေါင်းများစွာ ကမ္ဘာ့အနှံ့ ခရီးသွားခဲ့ပြီး နိုင်ငံပေါင်း(၄၀) မှ ထောင်ပေါင်းများစွာသော သင်းအုပ်ဆရာများအား သူအသုံး
ပြုသော နည်းဗျူဟာကို မိမိတို့နှင့် သက်ဆိုင်သော အသင်းတော် အသီးသီးတွင်လည်း အသုံးပြုဖို့ရန်အတွက် တိုက်တွန်းနှိုးဆော်ခြင်း၊ ညွှန်ကြားခြင်းနှင့်သင်တန်းပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ယွန်ဂီးချူး တည်ထောင်ခဲ့သော FGCC အသင်းတော်သည် ကြီးထွားလာသည်နှင့်အမျှ အခက်အခဲ ပြဿနာများနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။ FGCC အသင်းတော်သည် ကိုးရီးယား ဧဝံဂေလိ အသင်းတော်များ၏ အဖွဲ့ အစည်း (Korean Assemblies of God) တွင် အဖွဲ့ဝင် အသင်း
တော်တပါးဖြစ်ခဲ့ပြီး ထိုအဖွဲ့အစည်းတွင်ရှိသော အသင်းတော်များရှိအသင်းသူအသင်းသားများ၏ သုံးပုံတစ်ပုံသည် FGCC အသင်းတော်မှဖြစ်သည်။ ထို့ကြောင့် KAG အဖွဲ့ အစည်းတွင် FGCC အသင်းတော်၏လွှမ်းမိုးခြင်းခံရသည်ဟု ထင်မှတ်ကြသောကြောင့် တချို့သော သင်းအုပ်
များသည် မကျေမနပ် ဖြစ်လာခဲ့ကြသည်။
၁၉၇၉ ခုနှစ်တွင်သူ၏ အသင်းတော်မှ အသင်းဝင်သူတစ်ယောက်သည် သူ၏ဖခင်သေဆုံးခဲ့ပြီး တစ်နှစ်ပြည့်သောနေ့တွင်သူ့ဖခင်ကို ရည်စူးပြီး ကိုးရီးယား၏ ထုံးတမ်းဓလေ့အတိုင်း လိုက်လျှောက်ခဲ့
ကြောင်းနှင့် သူ၏မိသားစုကိုလည်း ဖခင်ကြီး၏ဓါတ်ပုံ ရှေ့တွင် မီးထွန်းခြင်းနှင့် ခေါင်းကို ဦးညွှတ်ခြင်းလုပ်ဖို့ရန် ထိုသူက ဦးဆောင်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ထို့အပြင် ထိုသို့ သူ၏ လုပ်ရပ်ကို ဝန်ခံခြင်းနှင့်အတူ ထိုသို့လုပ်ခဲ့သောကြောင့် သူ့အား အသင်းသားမှလည်း ရပ်ဆိုင်းပေးဖို့ ယွန်ဂီးချူး
အားတောင်းဆိုခဲ့သည်။ သို့သော် ယွန်ဂီချူးသည်ထိုအသင်းသားအားအသင်းတော်မှ နှုတ်ထွက်ဖို့မလိုအပ်ကြောင်းနှင့် အသင်းတော်သည် ထိုကဲ့သို့သော သူတို့အတွက် ပိုပြီးလိုအပ်ကြောင်း ဖော်ပြခဲ့သည်။ ထိုသို့ဖြစ်ပျက်ခဲ့ပြီး ယွန်ဂီချူသည် နောက်လများတွင် ထိုအဖြစ် အပျက်နှင့်
ပတ်သက်ပြီး သေလွန်ပြီးသောသူတို့အား ရိုသေလေးစားမှုကို ပြုခြင်းသည်ထိုသူတို့အား ကိုးကွယ်ခြင်းမဟုတ်ကြောင်း သူ၏တရား ဟောခြင်းတွင်ဖော်ပြခဲ့သည်။ ထိုအကြောင်းအရာကို ခြေကုပ်ယူပြီး ယွန်ဂီချူအားရန်လိုသောသူများက ပြဿနာမီးကို စတင်ပွားစေခဲ့ကြသည်။ နောက်ပိုင်း
တွင် ယွန်ဂီချူသည် ထိုကဲ့သို့ သူတရားဟောခဲ့သောအရာကို ပြန်ပြီးရုပ်သိမ်းခဲ့သော်လည်း အငြင်းပွားမှုများသည် အခြေအနေ ပို၍ဆိုးရွားလာသောကြောင့် သူ၏ အသင်းတော်သည် KAG အဖွဲ့အစည်းမှ နှုတ်ထွက်ခဲ့သည်။
အေဒီ ၁၉၉၀ ခုနှစ်တွင် ယွန်ဂီချူး တည်ထောင်ခဲ့သော (Full Gospel Central Church) ကို (Yoido Full Gospel Church) ဟူပြီးအမည် ပြောင်းခဲ့ကြသည်။ အေဒီ ၁၉၉၂ ခုနှစ်တွင်မူ FGCC(သို့) YFGCအသင်းတော်၌ အသင်းသူ အသင်းသားပေါင်း ခုနှစ်သိန်းအထိ တိုးပွားလာခဲ့သည်။ ယွန်ဂီချူသည် အသက်ကြီးရင့်လာသောကြောင့် သင်းအုပ်အရာမှ အနားယူခဲ့သော်လည်း ကျန်ရစ်သော် ဓမ္မအမှုတော်ဆောင်များ၏ဦးဆောင်မှုတွင် အဆင်မပြေမှုများကြောင့် ယွန်ဂီချူးသည် သင်းအုပ်အရာ
၌ပြန်ပြီးလုပ်ခဲ့ရသည်။ အေဒီ ၂၀၀၇ ခုနှစ်တွင်မူ ယွန်ဂီချူးသည် သူ၏အသင်းတော်၌ အသင်းသူအသင်းသားပေါင်း ရှစ်သိန်းသုံးသောင်း အထိတိုးပွားလာခဲ့သည်။ ထိုသို့ဖြင့် FGCC (သို့) YFGC သင်းတော်သည်ကမ္ဘာ့ပေါ်တွင် အကြီးဆုံးသော အသင်းတော် ဖြစ်လာခဲ့သည်။
ယွန်ဂီချူးသည် ဆုတောင်းတောင်တွင် ဆုတောင်းခြင်း (သို့)အစာရှောင် ဆုတောင်းခြင်းများ လုပ်ဆောင်နိုင်ဖို့ရန်အတွက် အခန်းငယ်ပေါင်းများစွာကိုလည်း တည်ဆောက်ပေးခဲ့သည်။ ထို့အပြင် ဟဲန်စီးအိုင်း(Hansei University) တက္ကသိုလ်ကျောင်းနှင့်သတင်းစာထုတ်လုပ်ရေးကုမ္ပဏီကိုလည်း တည်ထောင်ခဲ့သည်။
“လူသည် ရူပါရုံကို တည်ဆောက်သောသူ
မဟုတ်ပါ…ရူပါရုံသည် လူကိုတည်ဆောက်သောသူဖြစ်သည်။”
ပေါလ်ယွန်ဂီးချူး