Dr.Thomas Hwang
ကျေးဇူးတင်လွှာ
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောကြားဝေငှ ခွင့်၊ သင်ကြား ပို့ချ ခွင့် ပေးသည့် အပြင် စာပေ အားဖြင့် ရေးသား ဖြန့်ဝေခွင့် ပေးသော ဘုရားသခင်၏ ကျေးဇူးတော် ကို ဦးစွာ ချီးမွမ်း ပါသည်။
အထူးသဖြင့် ဤစာအုပ် ဖြစ်မြောက်ရေးအတွက် ဘုရားသခင်
အသုံးတော် ခံသော – ။
– သင်ကြားပို့ချပေးသူ ဒေါက်တာ သောမတ်စ်ဝေါင်
– စကားပြန် ဆရာ ဦးအေးမင်း ” – ရှင်မဿဲနှင့် ဧဖက်သြဝါဒစာ ပို့ချချက်များကို အင်္ဂလိပ်လို ပြုစုသူ
ဆရာ သောမတ်(စ်)ပေါင် နှင့် ဆရာ ရွှေကြီး၊
– တည်းဖြတ်ပေးသူ Rev. Dr. Kam Khua Thang
– ရှင်မဿဲခရစ်ဝင်ကျမ်း ပို့ချချက်ကို ဘာသာပြန်သူ ဆရာမ မာန်နူးနှင့်
မှတ်စု ယူပေးသူ ဆရာမ မိငယ်၊
– ဧဖက်သြဝါဒစာ ပို့ချချက်ကို ဘာသာပြန်သူ ဆရာမ ရီရီလှိုင်
– အသံသွင်းပေးသည့် ဆရာ မုန်နိုး
– ဆုတောင်းခြင်းဖြင့် ထောက်မသည့် ယုံကြည်သူများ
– အလှူငွေအားဖြင့်ပါဝင် ထောက်ပံ့သူ ဓမ္မမိတ်ဆွေများ
– လိုအပ်သည့် နေရာတိုင်းတွင် ကူညီသည့် ဆရာကိုလေး၊ ဆရာဗရန်ရှောင်
– စီစဉ်ညွှန်ကြားပေးသူ ဆရာ စတီဗင်စော တို့အပေါ်တွင် အထူးကျေးဇူးတင် ရှိကြောင်း မှတ်တမ်းတင် အပ်ပါသည်။
ဤကဲ့သို့ အမှုတော်မြတ်၌ ပါဝင်လုပ်ဆောင်ခြင်းကြောင့် ဓမ္မမိတ်ဆွေများ အပေါ် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သက်ရောက်ပါ စေသောဝ်။
ခမ်စွမ်းဟောက်
အမှာစာ
ကျွန်ုပ်တို့ ကိုးကွယ်သော ထာဝရဘုရားသခင်တွင် မြန်မာပြည်အတွက် အထူးအစီအစဉ် ရှိကြောင်း နားလည် ရသဖြင့် ကျေးဇူးတော်ကို ချီးမွမ်းပါသည်။
အကြောင်းမှာ မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများတွင် ခရစ်ယာန် ကြီးထွား တိုးတက်မှု နှုန်း အမြန်ဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ဤသို့ ဖြစ်ရခြင်းမှာ အသင်းတော်တိုင်းနှင့် ဂိုဏ်းဂဏတိုင်း တွင် မိမိလူမျိုးနွယ်စု အတွက် သာမက အခြားလူမျိုးနွယ်စုများ အတွက်ပါ သာသနာပြုလုပ်ငန်းတွင် ဆက်ကပ်ထားသော ခရစ်ယာန်များ ရှိသောကြောင့်ပင် ဖြစ်သည်။
သို့ဖြစ်စေကာမူ မြန်မာနိုင်ငံသည် လူမျိုးနွယ်စုများစွာ နေထိုင်သည့် နိုင်ငံဖြစ်သည့် အားလျော်စွာ ဧဝံဂေလိသတင်း မကြားရသေးသည့် လူမျိုးနွယ်စု များလည်း ရှိနေသေးကြောင်း တွေ့ရှိရသည်။ သို့ဖြစ်ရာ ဤမပြီးပြတ်သေးသော အမှုတော်မြတ် အတွက် ဆောင်ရွက်ဖို့ တာဝန်သည် မြန်မာ့ ခရစ်ယာန်များ၏ မဟာတာဝန် တစ်ရပ်ပင် ဖြစ်သည်။
ဖော်ပြပါ သခင်ယေရှု၏ မဟာစေခိုင်းချက်ကို လူမျိုးနွယ်စုတိုင်း အပေါ်တွင် ပြည့်စုံစေနိုင်ရန် မြန်မာ ခရစ်ယာန်များအား နှုတ်ကပတ်တော် လက်နက် တပ်ဆင်ပေးရန် အထူးလိုအပ်လှ ပါသည်။ သို့မှသာလျှင် မိမိတို့၏ နေ့စဉ် အသက်တာ၌ ၎င်း၊ အမှုတော်မြတ်နှင့် သာသနာကွင်းများ၌ ၎င်း၊ သမ္မာတရားအတိုင်း ကျင့်လျှောက်နိုင်ကြမည် ဖြစ်သည်။
သို့ဖြစ်ရာ ဖော်ပြပါ ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်ရန် ဤစာအုပ်သည် စာရှုသူအတွက် အထောက်အကူ ဖြစ်နိုင်ပါစေဟု ဆုတောင်းမိ ပါသည်။ ထို့အပြင် ဤစာအုပ်ကို ဖတ်ရှုဆင်ခြင် သောအခါ ဘုရားသခင်၏ အလိုတော်ကို ပိုမို
သိရှိရုံ သာမက လေးနက်၍ ဆန်းကျယ်သော အကြံအစည်တော်ကိုလည်း နားလည်နိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်က အရာရာတိုင်းတွင် ရှင်းလင်း ဖော်ပြနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ် ပါသည်။
ဒေါက်တာ သောမတ်(စ်)ဝေါင် (Ph. D)
မာတိကာ
၁။ ပေးစာများနှင့် ပတ်သက်သည့် ဇယားပုံ ဖော်ပြခြင်း …… ။
(က) သြဝါဒစာများ ရေးသားခြင်း ၊
(ခ) စာစောင်များ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်း
၂။ ဧဖက်မြို့၏ နောက်ခံသမိုင်း
(က) အာတေမိ နတ်သမီး၏ ဗိမာန်တော် ၊
(ခ) မယ်တော်မာရိ အပေါ် ယုံကြည်ချက်
၃။ အာရှပြည်မှ အသင်းတော် ၇-ပါး
(က) အသင်းတော် ၇-ပါးနှင့် ဆိုင်သော သီအိုလော်ဂျီ……………
(ခ) စစ်မှန်သော ကြီးထွားမှု ဆိုသည်မှာ ……………….
(ဂ) အသင်းတော် ၇-ပါးနှင့် ၎င်းတို့၏ စရိုက်လက္ခာများ –
(ဃ) ယနေ့ ခရစ်ယာန်များ၏ ရုပ်တု
(င) ကနဦး မေတ္တာလျော့ပြီ………..၊
၄။ ကယ်တင်ခြင်းကို ချေဖျက်ခြင်းဆိုင်ရာ သြဝါဒ……………..
(က) ဓမ္မဟောင်းမှ ကယ်တင်ခြင်း ဆုံးရှုံးသူများ ………..
(ခ) ကယ်တင်ခြင်း စိတ်ချမှု …………
၅။ ဖက်သြဝါဒစာ ဖွဲ့စည်းတည်ဆောက်ပုံ
၆။ အစေခံကျွန် နှစ်မျိုး …………………..၊
(က) သခင်နှင့် ကျွန် ဆက်ဆံရေး..
(ခ) ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း
(ဂ) ကျေးဇူးတော် ဆိုသည်မှာ အဘယ်နည်း။ …
၇။ဧဖက် အခန်းကြီး ၁
(က) ခရစ်တော်၌ ရရှိခံစားသော ဓမ္မမင်္ဂလာများ ………………
(ခ) ဓမ္မဟောင်းကျမ်း ထဲမှ ယေရှု၏ အမည်နာမများ ………………
(ဂ) ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် ဆုတောင်းခြင်း…………………..
၈။ ဧဖက် အခန်းကြီး ၂
(က) ခရစ်တော် သေခြင်းနှင့် အသက်ရှင်ခြင်း ၊
(ခ) ခရစ်တော်၌ ရှိသော ဂျူးနှင့် တပါးအမျိုးသားများ ………..
၉။ ဧဖက် အခန်းကြီး
(က) တပါးသော အမျိုးသားများအတွက်
သာသနာပြုဆရာ ရှင်ပေါလု
(ခ) ဧဖက် ယုံကြည်သူများအတွက်
ရှင်ပေါလု ဆုတောင်းချက် ၊
၁၀။ ဧဖက် အခန်းကြီး
(က) ခရစ်တော်၏ ကိုယ်ခန္ဓာ၌ စည်းလုံးခြင်း
(ခ) ဝိညာဉ်ရေးရာ ကြီးထွားမှု့အဆင့် ၆-ဆင့်
(ဂ) သရဖူ ၇-မျိုး
၁၁။ အခန်းကြီး ၅
(က) ဘုရားသခင်နည်းတူ အသက်ရှင်ရန်
(ခ) သစ္စာနှင့် ဒွန်တွဲသော မေတ္တာ
(ဂ) လူနှစ်မျိုး နှစ်စား …………..
(ဃ) စာတန်၏ အကျင့်ဆိုးများ ဖယ်ရှားနည်း။
၁၂။ ဧဖက် အခန်းကြီး ၆
(က) လူမှုဆက်ဆံရေးနှင့် စိတ်နှလုံးစင်ကြယ်ရေး ………………………….
(ခ) မေးခွန်းနှင့် အဖြေများ ……..
(ဂ) မြန်မာ ယုံကြည်သူများအတွက်
ဧဖက်သြဝါဒစာကို အနက်ဖွင့်လေ့လာခြင်း ၊
(The Exposition of Ephesians)
နိဒါန်း
ဧဖက်သြဝါဒစာတွင် အခန်းကြီး ၆-ခန်း ပါရှိပြီး၊ ဖွဲ့စည်းတည် ဆောက်ပုံအရ အဆင့် ၅-ဆင့်ဖြင့် ဖွဲ့စည်းတည်ဆောက်ထား ပါသည်။ ဤဧဖက်သြဝါဒစာစောင် ကို မလေ့လာမီ စာရေးသူ တမန်တော်ကြီး ရှင်ပေါလု၏ အသက်တာနှင့် နောက်ခံမိုင်းကို ကြိုတင်လေ့လာရန် လိုအပ်ပါသည်။ ။
ဘုရားသခင်သည် ရှင်ပေါလုကို အမိဝမ်းထဲမှပင် ရွေးကောက်ထား သော်လည်း ပထမ နှစ် ၃၀-လုံးလုံး အသင်းတော် ပြင်ပတွင် သွန်သင် ခဲ့သည်။ တမန်တော် ရှင်ပေါလုသည် အာရှတိုက်သား တစ်ဦး ဖြစ်သော်လည်း၊ ဘုရား သခင်၏ အကြံအစည်သည် ဥရောပသို့ သွား၍ ဧဝံဂေလိတရားကို တစ်ပါးအမျိုး သားများထံသို့ ဟောပြောစေသည်။ သာသနာပြုခရီး လေးကြိမ် ထွက်ခဲ့ပြီး၊ အသင်းတော်များစွာ တည်ထောင်ခဲ့သည်။ ထိုအသင်းတော်များအတွင်း ရင်ဆိုင် ကြုံတွေ့ရသည့် ပြဿနာရပ်များနှင့် အခက်အခဲများကို သြဝါဒစာများဖြင့် သွန်သင်ခဲ့သည်။ ရှင်ပေါလု၏ ခရစ်ယာန် သက်တမ်း ၃၃-နှစ်၊ အမှု့တော်ဆောင် ကာလ ၂၃-နှစ် အတွင်း ရေးသားပြုစုခဲ့သော ဩဝါဒစာများ ၁၄-စောင် (ဟေဗြဲ အပါအဝင်)ရှိရာ၊ ၎င်းတို့ အထဲမှ ဧဖက်သြဝါဒစာ အကြောင်းကို လေ့လာသွားမည် ဖြစ်သည်။
ဤစာအုပ်ကို ဖတ်ရှု ခြင်းအားဖြင့်၊ တမန်တော်ကြီး ရှင်ပေါလုကဲ့သို့ ဧဝံဂေလိ စိတ်ဓာတ် ပြင်းထန်စွာဖြင့်၊ သာသနာပြုလိုသူများ ပေါ်ပေါက်လာပြီး၊ သာသနာ့ အကျိုးကို ဆထက်ထမ်းပိုး တိုး၍ လုပ်ဆောင် နိုင်ပါစေဟု ဆန္ဒပြု၊ ပါသည်။ ခရစ်တော်အတွက် တမန်တော် ရှင်ပေါလုကဲ့သို့ အသေခံရဲသော မာတုရများစွာ ပေါ်ပေါက် နိုင်ပါစေ။
ရှင်ပေါလု၏ အသက်တာ
ဘီစီ-၄ တွင် သခင်ယေရှု ဖွားမြင်သည်။ ယေရှု မွေးဖွားခြင်းနှင့် ပတ်သက်ပြီး ဘီစီ-၆၊ ဘီစီ-၄၊ ဘီစီ-၂ ဟူ၍ သီအိုရီ (၃)မျိုး ရှိသည်။ ကျွန်ုပ်တို့ အနေဖြင့် သခင်ယေရှု မွေးဖွားခြင်းကို ဘီစီ-၄ ဟု ခံယူပါသည်။ ယေရှု မွေးဖွား၍ ၉-နှစ်ကြာ အေဒီ-၅တွင် ပေါလု မွေးဖွားခဲ့သည်။ အေဒီ၃၅တွင် ဒမသက်မြို့သို့ သွားသည်။ လမ်းမပေါ်၌ ရှင်ပေါလု ပြောင်းလဲခဲ့သည်။ ရှင်ပေါလုသည် သခင်ယေရှု နှင့် တွေ့ဆုံ၍ ပြောင်းလဲပြီးနောက် သိနတောင် ၊ အာရေဗျတောသို့ သွားခဲ့သည်။
မောရှေသည် ပညတ်တော် ၁၀-ပါးကို လက်ခံရန် သိနတောင်သို့ သွားသကဲ့သို့ ဟာဂရလည်း သိနတောသို့ ဖြတ်သွားခဲ့သည်။ ရှင်ပေါလုလည်း သိနတောသို့ သွား၍ ၃-နှစ်ကြာ ဆုတောင်းရင်း အချိန်ယူ ခဲ့သည်။ နံပါတ် ၃-ဂဏန်းသည် ဘုရားသခင်၏ နံပါတ် ဖြစ်သည်။ သုံးပါး တစ်ဆူကို ၊ ရည်ညွှန်းသည်။ ပထမ ၃-နှစ် ပြီးနောက် ဒမသက်မြို့သို့ ၎င်း၊ ဒမသက်မြို့မှ ယေရုဆလင်မြို့သို့ ၎င်း သွားခဲ့သည်။ သူ့အပေါ် ယုံကြည်သူများ၏ ရန်ငြိုး
ကြောင့် ယေရုဆလင်မြို့တွင် ကြာရှည်စွာ နေခွင့် မရဘဲ၊ ကဲသရိမြို့ သို့ ထွက်ပြေး ခဲ့ရသည်။ ထို့မှတဆင့် တာရှုသို့ လှေဖြင့် ထွက်ပြေးခဲ့သည်။ ထို့မှ ဇာတိမြို့ ဖြစ်သည့် တာရှုမြို့သို့ သွားရာ ၇-နှစ်ကြာ နေထိုင်သည်။ သိနတောတွင် နေသည့် ကာလနှင့် ပေါင်း ၁၀-နှစ် ကြာသည်။
အေဒီ ၄၁-တွင် ဇာတိမြို့၌ နေစဉ် ရှင်ပေါလု တတိယကောင်းကင်ဘုံသို့ ရောက်ရှိခဲ့သည်။ (
၂ကော ၁၂း၂၅) “တစ်ဆယ်လေးနှစ် အထက်က၊ ခရစ်တော်၏ တပည့် ဖြစ်သော လူတစ်ယောက်ကို တတိယကောင်းကင်သို့ တိုင်အောင် ချီဆောင်သည့် အကြောင်းကို ငါသိ၏။” (၂ကော ၁၂း၂) တတိယ
ကောင်းကင်သို့ ရောက်ရှိသည့် အချိန်မှာ အေဒီ ၄၁ ဟု ပြောဆိုနိုင်ခြင်းမှာကောရိဩဝါဒစာ ဒုတိယစောင်ကို ရေးသားသည့် အချိန်မှာ အေဒီ ၅၅ ဖြစ်ပြီး၊ ငယ် ၂ တွင် ဖော်ပြထားသည့် ၁၄-နှစ် အထက်ဟု ဆိုသည့်အတွက် အေဒီ ၅၅-၁၄=အေဒီ ၄၁ ဟုတွက်ချက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် တမန်တော်ကြီး ရှင်ပေါလုသည် အေဒီ ၄၁ တွင် တတိယကောင်းကင်ဘုံသို့ ရောက်ရှိခဲ့သည်ဟု ဆိုနိုင်သည်။
ထို့နောက် ၄-နှစ် အကြာကာလ ၄-ဂဏန်းသည် သမ္မာကျမ်းစာထဲတွင် သွန်သင်ခြင်း၊ သင်တန်းနှင့် ခက်ခဲမှုများ ကာလဖြစ်ကြောင်း တွေ့ရှိရသည်။ ဥပမာအားဖြင့် သမ္မာကျမ်းစာထဲတွင် နံပါတ် ၄-ဂဏန်းနှင့် ပတ်သက်၍ လေ့လာ ကြည့်လျှင် – ၁။ နောဧ လက်ထက် ရက်ပေါင်း ၄ဝ ရေလွှမ်းမိုးခြင်း၊ ၂။ မောရှေ ကာလနှစ်ပေါင်း ၄ဝ ခရီးလှည့်လည်ခြင်း၊ ၃။ သခင်ယေရှု ရက်ပေါင်း ၄၀ အစာရှောင်ခြင်း နှင့် ရှင်ပြန်ထမြောက် ပြီးနောက် ရက်ပေါင်း ၄၀ ကိုယ်ထင်ရှားပြီး၊ မဟာစေခိုင်းချက်ကို ၅-ကြိမ် တိုင်တိုင် မိန့်မှာခဲ့သည်။ )
ထို ၄-နှစ် အပြီး၊ အေဒီ ၄၅ တွင် ရှင်ပေါလုသည် အန္တိအုတ် အသင်းတော်၏ လက်ထောက် သင်းအုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုအချိန်တွင် အသက် ၄၀-အရွယ်ရှိပြီး ဖြစ်သည်။ ဇာတိမြေတွင် ၇-နှစ် အချိန်ယူခဲ့သည်။
သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ သူကို အမိဝမ်းထဲကပင် တစ်ပါး သော အမျိုးသားများအား သာသနာပြုဖို့ရန်အတွက် ရွေးကောက်ခြင်း ဖြစ်သည်။ ငါ့ကို အမိဝမ်းထဲကပင် ရွေးချယ်ထား၍၊ ကျေးဇူးတော်အားဖြင့် ခေါ်တော်မူသော ဘုရားသခင်သည် (ဂလာတိ ၁း၁၅)၊ (တမန် ၉၁၅)၊ ပေါလုကို အမိဝမ်းထဲမှပင် ရွေးကောက်ထားသော်လည်း ပထမနှစ် ၃၀-ကို အသင်းတော် ပြင်ပတွင် သွန်သင်ခဲ့သည်။ နောက်ထပ် ၁၀-နှစ်ကြာ ကာလအတွင်း ပေါလုကို သင်တန်း ထပ်မံ ပို့ချသည်။ နံပါတ် ၁၀-ဂဏန်းသည်လည်း ဘုရား နံပါတ် ၊ ဖြစ်သည်။ ၇+၃=၁၀ ဖြစ်သည်။ ပေါလု၏ အသက်တာသည် ဘုရားသခင်၏ ကြိုတင် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။ ။
အေဒီ ၄၆-၄၈ တွင် ပထမ သာသနာပြု ခရီးစဉ်သွားပြီးနောက်၊ ဒုတိယ သာသနာပြု ခရီးစဉ်ကို စတင်ခဲ့သည်။ ၆-လ အကြာတွင် အန္တိအုတ်မြို့၌ ဂလာတိသြဝါဒစာစောင် ကို ရေးသားခဲ့ပြီး ရှင်ပေါလု ရေးသားသည့် စာစောင်တွင် ပထမဆုံး ဩဝါဒစာစောင် ဖြစ်သည်။ ဂလတိဩဝါဒစာ ရေးသားခြင်းနှင့် ပတ်သက်၍ သီအိုရီ (၂)မျိုး ရှိသည်။ အချို့ ပညာရှင်များက အေဒီ ၅၂-တွင် ရေးသားသည် ဟု ၎င်း၊ အချို့က အေဒီ ၄၉ ဟူ၍ ၎င်း၊ ပြောဆို ရေးသားကြသည်။
ထို့နောက် အန္တိအုတ်မြို့မှ လုတ္တရမြို့သို့ သွား၍ တိမောသေကို သွား ခေါ်သည်။ လုတ္တရမြို့ သည် တိမောသေ၏ မွေးရာဇာတိမြေ ဖြစ်သည်။ လုတ္တရမြို့မှ အာရှိပြည် (အာရှမိုင်းနား)သို့ သွား၍၊ အသင်းတော် ၇-ပါးကို တည်ထောင် ခဲ့သည်။ အမှန်စင်စစ် အသင်းတော်မှာ ၈-ပါး ဖြစ်သည်။ ထိုအသင်းတော်
များမှာ –
၁။ ဧဖက်အသင်းတော် (ဗျာ ၂၁) ၂။ စမုရန အသင်းတော် (ဗျာ ၂၈) ၊ ၃။ ပေရဂံ အသင်းတော် (ဗျာ ၂၁၂) ၄။ သွားတိရ အသင်းတော် (ဗျာ ၂း၁၈) ၅။ သာဒိ အသင်းတော် (ဗျာ ၃၁) ၆။ ဖိလဒေလဖိ အသင်းတော် (ဗျာ ၃၁၇) – ၇။ လောဒိကိ အသင်းတော် (ဗျာ ၃၁၄) တို့ကို တည်ထောင် ခဲ့သည်။
လောဒိကိသည် အမွှာမြို့ တစ်မြို့ ဖြစ်သည်။ ထို့မြို့မှာ ကောလောသဲမြို့ ဖြစ်သည်။ ကောလောသဲ အသင်းတော်သို့ စာရေးသည့်အခါ၊ လောဒိကမြို့သူ မြို့သားများကိုပါ ဖတ်ခိုင်းပါဟု မှာထားခဲ့သည်။
ထို့နောက် ဧဖက်မြို့မှ ကီလိုမီတာ ၁၀၀ ခန့် သွားသည့်အခါ ပတ်မှတ် ကျွန်း ရှိသည်။ ရှင်ယောဟန်သည် ပတ်မုတ်ကျွန်းမှ ဗျာဒိတ်ကို ခံရသည်။ ဗျာဒိတ်ကျမ်းကို ရေးသားခဲ့ပြီးမှ ထိုကျွန်း၌ပင် သေဆုံးခဲ့သည်။ ယောဟန်သည် မယ်တော်မာရိကို စောင့်ရှောက်ရင်း ဧဖက်မြို့တွင် ကြာမြင့်စွာ နေထိုင်ခဲ့သည်။ ဖက်မြို့၏ သာသနာပြု တစ်ဦးလည်း ဖြစ်သည်။ မယ်တော်မာရိသည်လည်း ဧဖက်မြို့၌ သေဆုံးခဲ့သည်။
ရှင်ပေါလုသည် အာရှတိုက်သား ဖြစ်သော်လည်း ဘုရားသခင်၏ အကြံအစည်တော်အရ ဥရောပသို့ သွားပြီး ဧဝံဂေလိကို သွားရောက် ဟောပြော ခဲ့သည်။ ညအိမ်မက်တွင် မာကေဒေါနိ ခေါ်သံကို ကြားပြီး၊ မာကေဒေါနပြည်သို့ ရူပါရုံ ရရှိထားသည့်အတိုင်း ဧဝံဂေလိလုပ်ငန်း လုပ်ဆောင်ခဲ့သည်။ မာကေဒေါနိ ပြည်တွင် ထင်ရှားသောမြို့ နှစ်မြို့ ရှိသည်။ ၎င်းမြို့များမှာ ဖိလိပ္ပံမြို့နှင့် ဧဖက်မြို့ တို့ဖြစ်သည်။ ပထမဦးဆုံး ဖိလိပ္ပံမြို့သို့ သွားပြီးမှ ဆက်လက်၍ သက်သာလောနိတ်မြို့သို့ သွားသည်။ သက်သာလောနိတ်မြို့သို့ ရောက်သောအခါ ထိုမှ ဆက်လက်၍ ဗေရီမြို့၊ အာသင်မြို့မှ တဆင့် ကာရိမြို့ထိ သွားရောက် ပြီးမှ လာလမ်းအတိုင်း ပြန်သွားသည်။ ။
(က) ဩဝါဒစာများ ရေးသားခြင်း
ရှင်ပေါလု ကောရိန္တမြို့ ရောက်သည့် အခါ သက်သာလောနိတ် အသင်းသူ အသင်းသားများသည် တမန်တော်ကြီး ရှင်ပေါလု၏ သွန်သင်ခြင်းနှင့် ပတ်သက်ပြီး၊ သတင်းစကားများ၊ ညည်းတွားသံများကို ကြားခဲ့ရသည်။ အထူးသဖြင့် နောက်ဆုံးသော ကာလနှင့် ပတ်သက်၍ ရှင်ပေါလု၏ သင်ကြား ခြင်းသည် မှားယွင်းကြောင်း ငြင်းဆိုကြသည်။ ထိုသို့ ငြင်းဆိုသော သူများနှင့် ပတ်သက်၍ ကျမ်းစာထဲတွင် သက်သာလောနိတ်ဩဝါဒစာ ပထမစာစောင်နှင့် ဒုတိယစာစောင်တွင် ၎င်း၊ ကောရိဩဝါဒစာစောင် နှင့် ဒုတိယစာစောင်တို့တွင် ၎င်း တွေ့ရှိရသည်။ ထိုစာစောင်များကို ရေးသားရခြင်းသည်လည်း ဆိုးသော ခရစ်ယာန်များကြောင့် ဖြစ်သည်။ ပထမသက်သာလောနိတ် ဩဝါဒစာတွင် အခန်းကြီး ၅ ခန်း၊ ဒုတိယတွင် အခန်းကြီး ၃ ခန်း စာရေးသားသည်။
ကောရိန္တပဋ္ဌမစာစောင်ကို ရေးသားသည့်အခါ ပြဿနာ တက်၍၊ ကောရိန္တ ဩဝါဒစာ ဒုတိယစာစောင်ကို ထပ်မံ၍ ရေးသားရပြန်သည်။ သက်သာလောနိတ် ဩဝါဒစာ ပဋ္ဌမစာစောင်နှင့် ဒုတိယစာစောင်တို့ကို ရေးသားပြီးနောက် ဧဖက်မြို့ သို့ ရောက်သည့်အခါ ကောရိဩဝါဒစာ ပဌမစာစောင်နှင့် ဒုတိယစာစောင်ကို ရေးသား ပြန်ခဲ့သည်။ ၁ကော တွင် အခန်းကြီး ၁၆ ခန်းနှင့် ၂ကော တွင် အခန်းကြီး ၁၃ ခန်း ရှိသည်။ ထိုသို့သော အခြေအနေများကို နှိုင်းယှဉ်ကြည့် သည့်အခါ ကာရိမြို့ အသင်းသူ အသင်းသားများ၏ ပြဿနာသည် သက်သာလောနိတ် တို့၏ ပြဿနာထက် ပိုမိုများပြားကြောင်း တွေ့ရှိရသည်။ တမန်တော်ကြီး ရှင်ပေါလု ပထမ ရေးသားသည့် ဂလာတိဩဝါဒစာစောင်၊ ဒုတိယရေးသားခဲ့သည့် သက်သာလောနိတ်ဩဝါဒစာ ပဌမစာစောင်နှင့် တတိယ အကြိမ် ရေးသည့် ဒုတိယစာစောင်များကို နားလည်သဘောပေါက်မှ သာလျှင် ဧဖက်သြဝါဒစာစောင်ကို နားလည်နိုင်မည် ဖြစ်သည်။
တမန်တော်ကြီး ရှင်ပေါလုသည် အာသင်မြို့မှ ကောရိန္ဒူမြို့သို့ ရောက်ရှိ ၌ ရောမဧကရာဇ်မင်း ကလောဒီက ဂျူးလူမျိုးများ အားလုံး၊ ရောမမြို့မှ သွားရန် အမိန့် ထုတ်ပြန်သည်။ ရောမဧကရာဇ်မင်း၏ အမိန့်ထုတ်ပြန်
တဲရှင်ချုပ်သည့် လုပ်ငန်းဖြင့် အသက်မွေးနေသည့် အာကုလနှင့် ၊ လ ဇနီးမောင်နှံ နှစ်ဦးတို့သည်လည်း ကောရိမြို့သို့ ပြောင်းလာပြီး၊ ပေါလုနှင့် တွေ့ဆုံခဲ့ရသည်။ ရှင်ပေါလု၏ တရားဒေသနာကို နားထောင်ရင်း
မောင်နှံ နှစ်ဦးလည်း ပြောင်းလဲ သွားကြသည်။ ထိုသို့ တွေ့ဆုံခြင်း သည်လည်း ဘုရားသခင်၏ အကြံအစည်တော် ဖြစ်သည်။ ထို့နောက် ရှင်ပေါလု သည် အာသင်မြို့မှ ထွက်သွား၍ ကောရိန္ဒုမြို့သို့ ရောက်သည်။ ထိုအခါ ယုဒလူ အပေါင်းတို့သည် ရောမမြို့မှ ထွက်သွားရမည့် အကြောင်း၊ ကလောဒိမင်း အမိန့်တော် ရှိသည်ဖြစ်၍ ပုရှူပြည်သား အာကုလ အမည်ရှိသော ယုဒလူ တစ်ယောက်သည် ဣတလိပြည်မှ လာ၍ မိမိမယား ပြစ်ကိလ နှင့်တကွ မကြာမြင့်မီ ရောက်လာသည်ကို ပေါလုတွေ့လျှင် သူတို့ ဆီသို့ ဝင်၍ (တမန် ၁၈း၁-၃) အလုပ်ချင်း တူသောကြောင့် သူတို့ နှင့်အတူ အလုပ်လုပ်သည်။ ၎င်းတို့သည် တဲရှင်ကို ချုပ်တတ်သော၊ အပ်ချုပ်သမားများ ဖြစ်ကြကြောင်း တမန်တော်ဝတ္ထုတွင် ဖော်ပြထားသည်။
ထိုဇနီးမောင်နှံ နှစ်ဦးက အကျင့်ပျက် အသင်းသားများ ရှိသော ကောရိန္ဒူ မြို့ကို သာသနာပြုရာ ဗဟိုဌာနအဖြစ် ထားရန် အကြံပေးသည်။ ရှင်ပေါလုကမူ သာသနာပြုရန် ဌာနချုပ်အတွက် ရောမမြို့ကို ထားလိုသည်။ သို့ရာတွင် အမာခံထားရမည့် သူ မရှိပါ။ အန္တိအုတ်မြို့လည်း အသင်းတော်များနှင့် ဝေးကွာလွန်း လှသည့် အတွက် ကောရိန္ဒူမြို့ကို ယာယီသာသနာပြုရာ ဗဟိုဌာနအဖြစ် ရွေးချယ်ခဲ့သည်။
ရှင်ပေါလု ခေတ်တွင် ရထား၊ ကား၊ လေယာဉ် မရှိသေးပါ။ ရှင်ပေါလု သည် အမှုတော်ဆောင်များ ခေါ်ပြီး နှုတ်ကပတ်တော်ကို သင်ကြားပေးရန် ရူပါရုံ ရှိသည်။ သို့ရာတွင် ရှင်ပေါလု၌ စီးပွားရေး မရှိ၊ အိမ် မရှိ၊ ယာ မရှိ၊ မှန် ဝင်ငွေလည်း မရှိပါ။ ထို့ကြောင့် ရှင်ပေါလုကို ထောက်ပံ့ ပေးဖို့ ရန် စီးပွားရေးသမား နှစ်ဦးကို ဘုရားသခင်က စေလွှတ်ပေးခြင်း ဖြစ်သည်။
ပေါလုနှင့် တွေ့စေလိုသည့် အတွက် ရောမဧကရာဇ်မင်းကို ဘုရားသခင် ကားပြော ခဲ့သည်။ ရောမမြို့၌ ရှိသည့် ဂျူးလူမျိုးများကို နှင်ထုတ်လိုက်ရန်
ရောမဧကရာဇ်မင်းအား ဘုရားသခင်က စေ့ဆော်သည်။ ဂျူးလူမျိုးများ စီးပွားရှာသည့် အခါ တော်သလောက်၊ တကိုယ်ကောင်း ဆန် ကြသ သူတပါးကို ပေးကမ်းဝေငှခြင်း မရှိကြပေ။ ဂျူးလူမျိုးများ အားလုံးက ပြေးရမည် နေရာကို ရှာကြသည်။ အာကုလနှင့် ပြစ်ကိလသည် ရှင်ပေါလုနှင့် တွေ့ဖို့ရန် အတွက် ဖြစ်သည်။ ထိုအချိန်က သမိုင်း၏ အဓိက ပုဂ္ဂိုလ်သည် ရှင်ပေါလှ ဖြစ်သည်။ ။
ရုပ်ရှင်ဇာတ်ကား တစ်ခု တွင် အဓိက ဇာတ်ကောင် ရုပ်ရှင်မင်းသား မင်းသမီးရှိ သကဲ့သို့ ပထမရာစု နှစ်၏ အဓိက ဇာတ်ကောင်သည် တမန်တော် ရှင်ပေါလု ဖြစ်သည်။ ရှင်ပေါလုတွင် အိမ်ပိုင် မရှိခဲ့ပါ။ အသင်းတော်ကြီးကြီး မားမားလည်း မရှိခဲ့ပါ။ တစ်နေရာတွင် လ အနည်းငယ်စီသာ နေထိုင်ခဲ့သည်။ တမန်တော် ရှင်ပေါလုကဲ့သို့ သူများစွာ လိုအပ်သည်။ တမန်တော်ရှင် ပေါလုကဲ့သို့ နေရာအနှံ့အပြားတွင် အသင်းတော်လေးများ ပွားများလာအောင် လုပ်ဆောင်ကြ ရအောင်၊ ဘုရားဘုန်းတော် ထင်ရှားဖို့ရန် အတွက် ပျောက်ဆုံး ဝိညာဉ်များစွာကို ဖမ်းကြရအောင်။
ထို့နောက်တွင် ရှင်ပေါလုသည် အန္တိအုတ်မြို့သို့ ပြန်သွားပြီးနောက်၊ အာကုလနှင့် ပြစ်ကိလအား အဆောက်အဦးကို ရှာရန် မှာထားခဲ့သည်။ သမိုင်းတွင် ပထမဦးဆုံး ကျမ်းစာကျောင်း ဖြစ်သည့် “တုရ” ကို အေဒီ ၅၄ တွင် တည်ထောင်ခဲ့ပြီး၊ ထိုကျောင်းတွင် ၂-နှစ် ပို့ချ သင်ကြားခဲ့သည်။ အေဒီ ၅၅ ခုနှစ်တွင် ဧဖက်မြို့၌ ရှိနေစဉ် ကာရိဩဝါဒစာ ပထမနှင့် ဒုတိယစာစောင် အပြင် ဧဖက်သြဝါဒ စာစောင်ကိုလည်း ရေးသားခဲ့သည်။ အေဒီ ၅၇ တွင် ရောမဩဝါဒ စာစောင် ကို ကောရိမြို့တွင် ရေးသားခဲ့သည် ။
ရှင်ပေါလုသည် ကျမ်းစာကို ဧဖက်မြို့ရှိ စာသင်ဇရပ်တွင် သင်ကြား ပို့ချပြီး၊ ထိုသူတို့ အထဲမှ သဘောပေါက်သည့် တပည့်တော် ၃၅-ယောက်ကို ရွေးချယ်ကာ ဧဝံဂေလိတရား ဝေငှဖို့ စေလွှတ်ခဲ့သည်။ အဝေးမှလည်း စာနှင့် ရေး၍ သွန်သင်ခဲ့သည်။ (ရောမ အခန်း ၁၆ )သည် သူ၏ တပည့်များအတွက အထူး ရေးသားထားသော စာ ဖြစ်သည်။ ငယ် ၁ တွင် ငါတို့ နှမ ၆ ဆိုသည့် အမျိုးသမီး တစ်ဦး၏ အကြောင်း ရေးသားထားသည်ကို တွေ့ရသည်။ ထိုအမျိုးသ္မီးသည် ရဲရင့်သော အမျိုးသ္မီး တစ်ဦးလည်း ဖြစ်ပြီး၊ ထိုစာစော ယူသွားသော သူလည်း ဖြစ်သည်။
(မာကု ၁၅း၂၁) အာလေဇဖြိုနှင့် ရုဖု၏ အဘရှိမုန် အမည်ရှိသော နေ ပြည်သား တစ်ယောက်သည် တောရွာမှ လာ၍ လမ်း၌ သွားသည်ကို သည် တွေ့လျှင်၊ အနိုင်အထက်ပြု၍ လက်ဝါးကားတိုင်တော်ကို ထမ်းစေ ၏။ ရှိမုန်သည် လက်ဝါးကားတိုင်ကို ထမ်းသည့် သူတစ်ဦး ဖြစ်ပြီး၊ က်ပိုင်းတွင် ဂျေရုရှလင် အသင်းတော်၏ အားထားရသော သူတစ်ဦးလည်း သည်။ သူတွင် အာလေဇန္တု နှင့် ရုဖု ဟူသော သားနှစ်ယောက် ရှိသည်။ မြနဗသည် သင်းအုပ်ဆရာ ဖြစ်ပြီး၊ ရှိမုန်သည် လက်ထောက် သင်းအုပ်ဆရာ တစ်ပါး ဖြစ်သည်။ ရှင်ပေါလု သာသနာပြု ခရီးသွားသည့် အခါတိုင်းတွင် ရှိမှန်က အစဉ်အမြဲ ပါရှိသည်။ ရှိမုန်၏ အမျိုးသ္မီးသည်လည်း အဝတ်လျှော်ခြင်း၊ ချက်ပြုတ်ခြင်း အမှုတွင် ပါဝင်ခဲ့သည်။
ရှင်ပေါလု၏ တတိယသာသနာပြု ခရီးစဉ်သည် ဂျေရုရှလင်မြို့၌ အေဒီ ၅၇-တွင် ဖမ်းဆီးချုပ်နှောင် ခံရပြီးနောက် အဆုံးသတ် ခဲ့သည်။ ရောမ စစ်သား များက ဂျေရုရှလင်မြို့မှ ကဲသရိမြို့သို့ ဖမ်းဆီးခေါ်ဆောင် သွားရသည်။ စစ်သင်္ဘောထဲတွင် စစ်သားများ၏ ဖမ်းဆီးခြင်း ခံရပြီး၊ ရောမမြို့သို့ နှစ်နှစ်ခွဲ သုံးနှစ်ခန့် အကြာ အေဒီ ၆၀-တွင် ရောက်ရှိသည်။ ရောမမြို့တွင် အကျယ်ချုပ် ထားခြင်း ဖြစ်သည်။ ရှင်ပေါလု မကြာခဏ အချုပ်ခံရသော်လည်း နှစ်နှင့် မကြာပါ။ (တမန်တော်အခန်းကြီး ၂၈)။ တမန်တော် ရှင်ပေါလု ခံရသော ညှင်းပန်းနှိပ်စက်ခြင်းများကို (၂ကော ၁၁း၂၃-၂၆)တွင် တွေ့ရသည်။ အကြိမ်ကြိမ် ညှင်းပန်းနှိပ်စက်ခြင်း ခံရကြောင်း ဖော်ပြထားသည်။ ငယ် ၂၃ ကိုရေးသည့် အချိန်ကာလသည် အေဒီ-၅၅ အချိန်ကာလ ဖြစ်သည်။ ငယ် ၂၃ တွင် သူတို့သည် ခရစ်တော်၏ ဓမ္မဆရာ ဖြစ်ကြသလော။ ငါသည် အထူးသဖြင့် ဖြစ်၏ ဟု သူရူးကဲ့သို့ ဆိုရ၏ ။ ပင်ပန်းစွာ အမှုကို အထူးသဖြင့် ဆေးဝင်ရွက် သူ၊ ရိုက်ပုတ်ခြင်း၊ ထောင်ထဲ၌ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသော သူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူ ဖြစ်၏။ ငါးကြိမ်မြောက်
အောင် ယုဒလူတို့ လက်တွင် ဒဏ်ချက် လေးဆယ်တခုယုတ် ငါခံခဲ့ရပြီ။ သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့် ရိုက်ခြင်းကို ၎င်း၊ တစ်ကြိမ်ခဲနှင့် ပစ်ခြင်းကို ၎င်း ငါခံရပြီ။ သုံးကြိမ်မြောက်အောင် သင်္ဘောပျက်ခြင်းကို
ခံရပြီ။ တနေ့နှင့် တညဉ့်ပတ်လုံး ပင်လယ်ထဲမှာ နေရပြီ။ အကြိမ်ကြိမ် ဒေသစာရီ လှည့်လည်ပြီး မြစ်ကို ကူးသော ဘေး၊ ထားပြတိုက်သောဘေး၊ အမျိုးသားချင်း ပြုသော ဘေး၊ တပါးအမျိုးသား ပြုသော ဘေး မြို့၌ ရောက်သော ဘေး၊ တော၌ ရောက်သော ဘေး၊ ပင်လယ် ဘေး၊ ညီအစ်ကိုဖြစ် ယောင်ဆောင်သော သူတို့ ပြုသော ဘေး၊ ဤဘေးများကိုတွေ့ခဲ့ပြီ။” ထိုသို့သော ဘေးဒုက္ခများသည် ရောမမြို့သို့ မရောက်မီ ခံခဲ့ရသော ဒုက္ခဆင်းရဲများ ဖြစ်သည်။
(၈) စာစောင်များဖြစ်ပေါ်လာပုံ နောက်ခံသမိုင်း အကျဉ်း
အေဒီ ၆၀-တွင် တမန်တော်ကြီး ရှင်ပေါလုသည် ရောမမြို့၌ ပထမ အကြိမ် ထောင်ကျခံရစဉ် ဩဝါဒစာစောင် ၄-စောင်ကို ရေးသားခဲ့သည်။ ထိုစာများကို အကျဉ်းထောင်မှ ရေးသားသော ဩဝါဒစာများ ( Prison Epistles) ဟုခေါ်သည်။ ၎င်းစာစောင် များမှာ – (၁) ဧဖက်သြဝါဒစာ (၂) ဖိလိပ္ပိသြဝါဒစာ (၃) ကောလောသဲသြဝါဒစာနှင့် (၄) ဖိလေမုန်ဩဝါဒစာတို့ ဖြစ်သည်။
ရှင်ပေါလုသည် ရောမမြို့တွင် အကျဉ်းချ ခံရနေစဉ်၊ ကောလောသဲမြို့ ၊ ဧဖက်မြို့တို့မှ သတင်းစကားများ သိရသည်။ ထိုသတင်းစကားကို ယူဆောင်လာ သူမှာ တုဓိတ် ဖြစ်ပြီး၊ သူက ရှင်ပေါလု၏ စာစောင်များကို အသင်းများသို့ ပြန်လည် ယူဆောင် ပေးသည်။ အသင်းတော် အတွင်းရှိ ပြဿနာများ၊ မည်ကဲ့သို့ ဖြေရှင်းရမည်နည်း ဆိုသည့် လမ်းညွှန်ချက်များနှင့် ခရစ်ယာန်တို့၏ အသက်ရှင် ခြင်းအတွက် လက်တွေ့ လုပ်ဆောင်ရန် အကြံဉာဏ် ပေးထားသည့် စာစောင်များ ဖြစ်သည်။
(၅) ဖိလိပ္ပိသြဝါဒစာ ဖြစ်sပါလာပုံ
ဖိလိပ္ပံမြို့တွင် ရှိသည့် အသင်းတော်မှ ယုံကြည်သူများသည် ရှင်ပေါလုကို ချစ်ခင်လေးစားသည့် အသင်းသားများ ဖြစ်ကြသည်။ ၎င်းတို့သည် ရှင်ပေါလု၏ ချစ်ခင်မြတ်နိုးခြင်း ခံရသည့် အသင်းသားများလည်း ဖြစ်သည်။ ရှင်ပေါလု၏ သာသနာပြုလုပ်ငန်းကို ငွေကြေးအားဖြင့် သော်လည်းကောင်း၊ ဆုတောင်းခြင်းဖြင့် သော်လည်းကောင်း၊ ထောက်ပံ့ပေးသော တခုတည်းသော အသင်းတော်လည်း ဖြစ်သည်။ ကောရိန္ဒူအသင်းတော်မှာမူ ရှင်ပေါလု၏ ငွေကြေး ကိုင်တွယ် သုံးစွဲပုံနှင့် ပတ်သက်၍ ဝေဖန်၊ ပြစ်တင်ခြင်း၊ ညဉ်းတွာ မြည်တမ်းခြင်း ပြုသည့် အသင်းတော် ဖြစ်သည်။
ရှင်ပေါလု ထောင်ကျစဉ် ဖိလိပ္ပိ အသင်းသူ အသင်းသားများက ဆုတောင်းရုံ သာမက အလှူငွေများ ကောက်ခံပြီး၊ ရောမမြို့ရှိ ရှင်ပေါလု ထံသို့ ပို့ဆောင် ပေးကြသည်။ ထိုသို့ ကောက်ခံရရှိသော ငွေများကို ဧပါတ်က သိုဝှက်ပြီးမှ သယ်ဆောင်သွားခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုခေတ်၊ ထိုအချိန် အခါက ထားပြများ အလွန်များပြားသောကြောင့် ဖြစ်သည်။ ဖိလိပ္ပံမြို့မှ ဆယ်ရက် ခရီးဖြင့် ရောက်ရှိလာသော ဧပဖြာဒိတ်သည် ရောမမြို့ရှိ ရှင်ပေါလုနှင့် တွေ့ဆုံ၍ လက်ဆွဲနှုတ်ဆက်စဉ် အခိုက်အတန့်မှာပင် ကြမ်းပြင်ပေါ် ခွေလဲ သွားတော့သည်။ လူတိုင်းက သေပြီဟု ထင်မှတ်ကြသည်။ ထိုသတင်းကို ဖိလိပ္ပံမြို့ အသင်းသူ အသင်းသားများက ကြားသိသောအခါ၊ သူတို့၏ သင်းအုပ် ဆရာကြီးအတွက် စိုးရိမ်ပြီး၊ ဆုတောင်းပေး ကြသည်။ ထို့ ကြောင့် သူတို့၏ စိုးရိမ်ပူပန်မှုများကို တမန်တော် ရှင်ပေါလုက ကြားရ၍ စိုးရိမ်ပူပန်မှု မရှိဘဲ ခရစ်တော်၏ စံနမူနာ အတိုင်း၊ အသက်ရှင်ရန် အားပေးသည့် အနေဖြင့် ဖိလိပ္ပံ ဩဝါဒစာကို ရေးသားခြင်း ဖြစ်သည်။
(၂) ဖက်လှပါလာမောင် ဖြစ်ပေါ်လာပုံ
ဧဖက်သြဝါဒစာစောင် ရေးရခြင်းသည် ၊ ဖိလိပ္ပံစာစောင် ရေးခြင်းနှင့် မတူပါ။ တမန်တော် ရှင်ပေါလုအတွက် ဧဖက်မြို့ အသင်းတော်သည် အထူး အသင်းတော် ဖြစ်သည်။ ဧဖက်မြို့တွင် အနေကြာခဲ့ပြီး၊ တပည့်များလည်း ရှိ၍ စာသင်ကျောင်းလည်း ရှိသော်ငြားလည်း အချင်းချင်းရန် ဖြစ်ပြီး၊ ကွဲပြားမှုများ ရှိကြောင်း ရှင်ပေါလု ကြားသိခဲ့ရသည်။ ထို့ကြောင့် ခရစ်တော်၏ ရှင်ပြန်ထ
မြောက်ခြင်း တန်ခိုးတော်သည် အသင်းတော်နှင့် ခရစ်ယာန် တစ်ဦးချင်းစီအတွင်း အလုပ်လုပ်နေကြောင်း ရှင်းလင်း ရေးသားရာမှ ဧဖက်သြဝါဒစာစောင် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။
(၃) ကောလောသဲစာစောင် ဖြစ်ပေါ်လာပုံ
ကောလောသဲမြို့ ယုံကြည်သူများသည် သခင်ယေရှု လူ့ဇာတိ ခံယူ ခြင်းနှင့် ပတ်သက်ပြီး၊ အငြင်းပွား ကြသည်။ ယေရှုသည် ဘုရား မဟုတ် လူစင်စစ်သာ ဖြစ်ကြောင်း လွဲမှားစွာ ယုံကြည် ကြသည်။ ကောလာသဲ ယုံကြည်သူ အချို့က ဓမ္မဟောင်းအတိုင်း၊ လိုက်လျှောက် ကြသည်။ ကောင်းကင်တမန်များ ၊ ကိုလည်း ကိုးကွယ် ကြသည်။ ထို့ကြောင့် ရှင်ပေါလုက ယေရှုသည် ဘုရား ဖြစ်ကြောင်း ကောင်းကင်တမန် တို့ကို ကိုးကွယ်စရာ မလိုကြောင်း ဖြေရှင်းပေးသည့် ဩဝါဒစာစောင် ဖြစ်သည်။
(၄) လေမုန်ဩဝါဒစာစောင် ဖြစ်ပေါ်လာပုံ
ထိုစာစောင်သည် အတိုဆုံး စာစောင် ဖြစ်သည်။ အခန်း တစ်ခန်း တည်းသာ ရှိသည်။ ရှင်ပေါလု ရောမမြို့၌ အကျဉ်းချထား ခံရစဉ်တွင်၊ သစ္စာရှိသော သူတော်ကောင်း တစ်ယောက်နှင့် ဆုံတွေ့ ခဲ့သည်။ ထိုသူမှာ ၊ ညနသိမ် ဖြစ်သည်။ သူ၏ စကားသံမှာ အီတလီ လူမျိုး၏ အသံနှင့် မတူ၊ သူသည် ကောလောသဲမြို့မှ လာသည်ဟု ပြောသောအခါ ရှင်ပေါလုက “အေခ၁၁ သဲ မြို့က၁ လာ တာ ဆိုရင် ချ မ်း သ ယ်ဝတဲ့ သူတစ်ဦး ဖြစ်ပြီး၊ ခရစ်သော်၌ ပြောင်းလဲသည့်သူ ဖိလေမုန်ကို သိပါသလား” ဟု မေးသည့်အခါ၊ “ဟုတ်ခဲ့၊ သိပါတယ်၊ သူ့အိမ်မှာ ကျွန်ခံဖူး ပါတယ်၊ သူ့အိမ်မှ ကျွန်ဘဝဖြင့် ထွက်ပြေး လာခြင်း ဖြစ်ပါတယ်”ဟုပြန်လည် ဖြေကြားခဲ့သည်။ “သခင့်ဆီ ပြန်ပါ” ဟု ပေါလုက အကြံပေးသော်လည်း ပြန်သွားပါက အသတ် ခံရမည်ကို စိုးသောကြောင့်၊ မပြန်နိုင်ကြောင်း ငြင်းဆိုသည်။ ထိုအခါ ရှင်ပေါလုက မစိုးရိမ်ပါနဲ့ သူ့ဆီ စာရေးပေးလိုက် ပါမည်ဟု ဆိုပြီးမှ “ချစ်သော ဖိလေမုန်” ဟု အစချီ၍ ချီးမွမ်းခန်း ဖွင့်ပြီးမှ ယခု ငါ့သား ဩနေသိမ်ကို ညှဉ်းဆဲခြင်း၊ မပြုဘဲ၊ ပြန်၍ လက်ခံပါဟု တောင်းပန်ပါသည်။ ဖိလေမုန်သည် ပေါလုအားဖြင့်
ပြောင်းလဲသူ ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလု အပေါ် ဖိလေမုန်က ကျေးဇူးကြွေး ရှိနေသည်။ ဖိလေမုန်က ငါ့ အပေါ် အကြွေးတင်သည့် နည်းတူ ဩနေသိမ်၌ အကြွေးများ ရှိခဲ့လျှင်၊ ငါ့အကြွေး မှတ်ပါ၊ သူ့ ရဲ့ အကြွေးများကို ငါ့ရဲ့ အကြွေး များဖြင့် ချေလိုက်ပါဟု ရေးသားခြင်းဖြင့် ဖိလေမုန်ဩဝါဒစာစောင် ပေါ်လာသည်။
သမ္မကျမ်းစာထဲတွင် ရှင်ပေါလု အကျဉ်းထောင်မှ လွတ်လာပြီး၊ မည်သို့ ဆက်လက်လှုပ်ရှားသည်ကို ဖော်ပြထားခြင်း မရှိပေ။ အသင်းတော်၏ ထုံးတမ်း စဉ်လာ မှတ်တမ်းအရ စတုတ္ထမြောက် သာသနာပြု ခရီးစဉ်ကို သွားခဲ့သေးသည်ဟု
ဖော်ပြထားသည်။ ရောမသြဝါဒစာစောင်ကို ရေးသားသည့် အချိန်တွင် ရောမမြို့မှ စပိန်သို့ သွားလိုသည်ဟု ရေးသားထားသောကြောင့် စပိန်သို့ သွားသည်ဟု ယူဆရသည်။ (ရောမ ၁၅:၂၄) “စပါနိပြည်သို့ ငါသွားသော အခါ၊” ဟု ဖော်ပြထားသည်။ ထိုစပါနိပြည်သည် ယခုခေတ် စပိန်ပြည် ဖြစ်သည်။
(၅) တိမောသေသြဝါဒစာစောင် ပေါ်ပေါက်လာပုံ
ရှင်ပေါလုသည် ရူပါရုံ ကြီးမားပြီး၊ ရဲစွမ်းသတ္တိ ရှိသောသူ ဖြစ်သည်။ ပထမ အကြိမ် အကျဉ်းထောင်မှ လွတ်ပြီးနောက်၊ သူ တည်ထောင်ခဲ့သော အသင်းတော်များသို့ သွားရောက် အားပေး သွန်သင်ခဲ့သည်။ ရှင်ပေါလုသည် ဘယ်တော့မှ အရှုံးပေးခြင်း မရှိ။ သူတစ်ပါးအား တိုက်တွန်း နှိုးဆော်ခြင်း၊ နှစ်သိမ့်ခြင်း၊ သင်ကြားခြင်းတို့ကို ဆက်လက် ပြုလုပ်ခဲ့သည်။ နှိုးဆော်ခြင်း ဆိုရာတွင် “ငါလိုက်ပြီး ၊ ၁ သန၁ပြုပါ”ဟု နှိုးဆော်ခြင်း ဖြစ်သည်။
ရှင်ပေါလု ဖိလိပ္ပံမြို့သို့ ရောက်သည့်အခါ တိမောသေထံသို့ အထူး စာရေး ပေးသည်။ ထိုအချိန်တွင် တိမောသေသည် ဧဖက်မြို့ အသင်းတော်၏ သင်းအုပ် ဆရာတစ်ပါး ဖြစ်သည်။ ထို့ကြောင့် သင်းအုပ်ဆရာ တစ်ပါးက အသင်းသားများကို မည်ကဲ့သို့ ဦးဆောင်ရမည်ဆိုသည့် အကြောင်းကို ရေးသား ထားခြင်း ဖြစ်သည်။ အေဒီ ၆၄ တွင် ရေးသားခဲ့သော ထိုတိမောသေသြဝါဒစာ ပထမစာစောင်ကို သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင် ( Pastoral Epistles ) ဟုလည်း ခေါ်သည်။
(၆) တိတုသြဝါဒစာစောင် ဖြစ်ပေါ်လာပုံ
ထို့နောက် အေဒီ ၆၆-တွင် ကောရိန္တမြို့မှ တိတု ထံသို့ စာရေးသား ပေးပို့ခဲ့သည်။ တိတုမှာ မွေးရာ ဇာတိမြေ ကရေတေကျွန်းတွင် ရှိနေချိန် ဖြစ်သည်။ တိတုသြဝါဒသည်လည်း သင်းအုပ်ဆိုင်ရာ သြဝါဒစာစောင် ဖြစ်သည်။ တိမောသေ ပထမစာစောင် နှင့် ဒုတိယစာစောင်၊ တိတုသြဝါဒစာနှင့် သက်သာ
လောနိတ် ဩဝါဒစာစောင်များသည် သင်းအုပ်ဆရာ များအတွက် သြဝါဒ စာစောင်များ ဖြစ်သည်။ အသင်းတော်ကို မည်ကဲ့သို့ ကိုင်တွယ်ရမည်၊ မည်ကဲ့သို့ အုပ်ချုပ်ရမည် ဆိုသည့် အကြောင်းအရာများကို ရေးသားထားသောကြောင့် ဖြစ်သည်။
(၇) တိမောသေသြဝါဒစာ ဒုတိယစောင်
တိတုသြဝါဒစာစောင်ကို ရေးသားပြီးနောက် ကောရိန္ဒူမြို့ အနီးတဝိုက်သို့ လှည့်လည်ပြီး၊ အေဒီ ၆၈ တွင် ဒုတိယအကြိမ် ဖမ်းဆီးခြင်း ခံရ၍၊ ရောမမြို့သို့ ခေါ်ဆောင်ပြီး အကျဉ်းချခြင်း ခံခဲ့ရပြန်သည်။ သူမသေမီ ဧဖက်မြို့တွင် သင်းအုပ် ဆရာအဖြစ် အမှုတော်ထမ်းဆောင်နေသည့် တိမောသေထံသို့ ဒုတိယ စာစောင်ကို ရေးသားခဲ့သည်။
ရောမမြို့မှ တုဓိတ်ကို ခေါ်၍ “တိမောသေကို ပြောပေးပါ၊ သူမသေခင် လတွေ့ပါဟု” စာရေးပေးလိုက်သည့် တိမောသေ ဒုတိယစာစောင် ဖြစ်ပေါ် လာသည်။ အသင်းတော်အတွင်း ပြဿနာ လုပ်သူများမှာ မည်သူများ ဖြစ်သည်ကို နာမည် နှင့်တကွ ဖော်ပြထားသည်။ မည်သို့ ကိုင်တွယ် ဖြေရှင်းမည်နည်း ဆိုသည့် အရာကိုလည်း ပညာ ပေးထားသည်။ တိမောသေ ဒုတိယစာစောင်တွင် တန်ဖိုးရှိသည့် သင်ခန်းစာများကို အောက်ပါအတိုင်း တွေ့ရှိနိုင် ပါသည်။ ၁။ ၂တိ ၁ ၁၁ – ထိုတရားကို ဟောပြောသော အရာ၌ ၎င်း၊ တမန်တော်
အရာ၌ ၎င်း၊ တစ်ပါးအမျိုးသားတို့ ၏ ဆရာအရာ၌
၎င်း၊ ငါ့ကို ခန့်ထားတော်မူပြီ။ ရှင်ပေါလု၏ နောက်ဆုံးသော အချိန် ဖြစ်သည်။ သူ့ကိုယ်သူ ဟောပြောသောသူ၊ တမန်တော်၊ ဆရာအရာ၌ ခန့်ထားတော်မူခြင်း ခံရသူ ဟုသာ မိမိအကြောင်းကို အမှုတော်ဆောင် သက်သက်သာ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အသင်းတော် တပါး၏ သင်းအုပ်ဆရာကြီး တစ်ပါးဟု ၎င်း၊ ဂိုဏ်းဂဏ တခု၏ ဂိုဏ်းချုပ် ဆရာတော်ကြီး ဟူ၍ ၎င်း မိမိဂုဏ်ကို မဖေါ် ခဲ့ပါ။ အထူးသတိပြု စရာပင်။
၂။ ၂တိ ၁း ၁၂ – ကို အကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။
သို့သော်လည်း ရှက်ကြောက်ခြင်း မရှိ၊ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ ငါအပ်ထားသော အရာ ကိုလည်း ထိုနေ့ရက်တိုင်အောင် စောင့် နိုင်တော် မူသည် ဟု ငါသဘော ကျ၏ ။
“ထို အကြောင်းကြောင့် ” ဟု ဆိုရာတွင် တမန်တော်ဖြစ်ခြင်း၊ ဆရာ ဖြစ်ခြင်းနှင့် ဟောပြောသူ ဖြစ်ခြင်းကို ဆိုလိုပြီး၊ ထိုအဖြစ်ကြောင့် ဒုက္ခဆင်း ခံရသည်။ သို့သော်လည်း ထိုဒုက္ခဆင်းရဲများကြောင့် ရှက်ကြောက်ခြင်း မရှိ ဟု ရှင်ပေါလုက ရေးသား ခဲ့သည်။ ၃။ ၂တိ ၁း ၁၅ – ရှိပြည်၌ နေသော သူအပေါင်းတို့သည် ငါ့ကို မသိကြ
ပြီဟု သင်သည် ကြားသိ၏။ အာရှိပြည်တခွင်တွင် ရှိသည့် လူများအားလုံးက ပစ်ပယ် ကြသည်။ ရှင်ပေါလု၏ သြဝါဒစာကို နားထောင်သည့်သူမှာ အနည်းစုသာ ဖြစ်သည်။ အများစုက ရှင်ပေါလုကို စွန့်သွား ကြသည်။ သစ္စာရှိစွာဖြင့် ဘုရားသခင်ကို အစေခံလာသည့်အခါ၊ လူတို့က စွန့်ခွာသွားလိမ့်မည်။ ကျွန်ုပ်တို့အနားမှာ ရှိသော သူများက စွန့်ခွာသွားသည့် အခြေအနေမျိုးအတွက် မိတ်ဆွေ ပြင်ဆင်ထား ပြီးပြီလား။
ရှင်ပေါလု၏ သစ္စာရှိသော လုပ်ဖော်ဆောင်ဖက် များနှင့် သစ္စာမဲ့ သူများ
၁။ ဩနေသိဖော် (၂တိ ၄: ၁၉) သစ္စာရှိသောသူ ဖြစ်သည်။
၂။ ကရဏ္ဏ ( ၂တိ ၄: ၁၀) ဂလာတိပြည်သို့ သွားပြီး၊
၃။ တိတု ၊ (၂တိ ၄:၁၀) ဒါလမာတိပြည်သို့ သွားပြီး၊
၄။ လုကာ (၂တိ ၄း၁၁)
ရှင်လုကာနှင့် ဒုတိယသာသနာပြု ခရီးစဉ်
အပြီးတွင် လက်တွဲခဲ့သည်။ ရှင်လုကာသည် ရှင်လုကာ ခရစ်ဝင်ကျမ်းနှင့် တမန်တော်ဝတ္ထုကို ရေးသားခဲ့သည်။ တမန်တော် အခန်းကြီး ၁ မှ ၁၆ ထိ (သူတို့ … သူတို့) ဟု လုကာ ရေးသားခဲ့ခြင်းမှာ လုကာ မပါဝင်သောကြောင့် ဖြစ်ပြီး၊ နောက်ပိုင်းတွင် ရှင်ပေါလု ကမာကေဒေါနိခေါ်သံ ကြားပြီး နောက် “ငါတို့ ” ဟု ရေးသားဖော်ပြထားသည်။ (တမန်တော် ၁၆း ၁၀) မာကေဒေါ်နီပြည်၌ ဧဝံဂေလိ တရားကို ဟောစေခြင်း၊ သခင်ဘုရားသည် ငါတို့ကို
ခေါ်တော်မူသည် ဟု ငါတို့ သဘောကျသဖြင့်၊ ထိုပြည်သို့
သွားခြင်း ချက်ခြင်း ရှာကြံကြ၏။
၅။ မာကု (တမန် ၁၆း ၃) ထိုသူကို ခေါ်ခြင်းငှာအလိုရှိ၏။ ထိုသူမှာ မာကုဖြစ်သည်။ (၂တိ ၄း၁၁) မာကုကို သင်နှင့်အတူခေါ်ခဲ့လော့။
၆။ တိမောသေ (၂တိ ၄း၁၁-၁၂) တိမောသေနှင့် ပေါလု (၁၈)နှစ်၊
လက်တွဲလုပ်ဆောင် ခဲ့သည်။ (၂တိ ၄း၁၉-၂၁)တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ သည် ရှင်ပေါလုနှင့် လက်တွဲလုပ်ဆောင်သော သူများ ဖြစ်ကြသည်။ သို့သော်လည်း ရှင်ပေါလု အပေါ် သစ္စာမဲ့ လျက် ပေါလုကို ထားရစ်ခဲ့သော သူ အများအပြား ရှိသည်။
အဘယ်ကြောင့်နည်း။
၇။ တုခိတ် (၂တိ ၄:၁၂) ဧဖက်မြို့သို့ ငါစေလွှတ်ပြီ၊
၈။ ပြစ်ကိလ (၂တိ ၄း၁၉) အာကုလ နှင့်
၉။ ဩနေသိဖော် (၂တိ ၄း၁၉) တို့အား နှုတ်ဆက်လော့၊
၁၀။ ဧရတ္တု (၂တိ ၄:၂ဝ) ကောရိန္တမြို့နေ၊
၁၁။ တရောဖိမ် (၂တိ ၄:၂၀) နာ၍ မိလက်မြို့မှာ ကျန်ခဲ့ရ။
ရှင်ပေါလုကို စွန့်ခွာသွားခဲ့ရသည့် အကြောင်းအရင်းများ
၁။ မိမိ၏ အကျိုးစီးပွား ရရန်အတွက် ရှင်ပေါလု၏ နောက်သို့ လိုက်သောကြောင့်
လည်းကောင်း၊
၂။ ရှင်ပေါလုသည် ဘုရားသခင် ရွေးကောက်ထားသော၊ ထူးခြားသည့် တမန်တော်ကြီး
ဖြစ်သည်ဟု အပြည့်အဝ မယုံကြည်သောကြောင့် လည်းကောင်း၊
၃။ ရှင်ပေါလုအပေါ်တွင် စိတ်ချမှု မရှိသောကြောင့် လည်းကောင်း၊
၄။ ရှင်ပေါလှတွင် အာဏာမရှိ၊ ငွေမရှိသောကြောင့် လည်းကောင်း၊ ရိုက်နှက်ခြင်း၊ ခံရသည့်အတွက်၊ ရှက်စရာဟု ထင်မှတ်ပြီး ပေါလုကို စွန့်ခွာ သွားကြသည် ။
ရှင်ပေါလု မသေခင်၊ ဆိုးသွမ်းသော သူများ၏ အမည် စာရင်းကို တိမောသေအား သတိထားနိုင်ရေးအတွက် ဒုတိယစာစောင်တွင် ရေးသားဖော်ပြထားသည်။ ပထမပိုင်းတွင် ထိုသူများသည် ကောင်းသော လုပ်ဖော်ဆောင် ဖက်များ ဖြစ်ကြသော်လည်း၊ နောက်ပိုင်းတွင် သစ္စာဖောက် ကြသောကြောင့် ရှင်ပေါလုက သူတို့ကို ဆိုးသောသူ၊ သတိထားရမည့် သူများအဖြစ် မှတ်တမ်းတင် ဖော်ပြထားသည်။ ထိုဆိုးသော သူများမှ (၂တိ ၁း ၁၅)တွင် ရှိသည့် “ဖုလှနှင့် ဟေရမောဂင်” သူတို့ နှစ်ဦးသည် အာရှိပြည်မှ ဖြစ်သည်။ ထိုသူနှစ်ဦး စလုံးမှာလည်း ခေါင်းဆောင်များ ဖြစ်ကြသည်။
တိမောသေ ဒုတိယစာစောင်သည် ရှင်ပေါလု မသေခင် ရေးသားထားသည့် တန်ဖိုးရှိသည့် စာစောင်ဖြစ်သည်။ အာရှိပြည်သား အားလုံးက ငါ့ကို ပယ်ပြီး၊ ထိုသူတို့ အထဲတွင် “
ဖုလု” နှင့် “ဟေရမောဂင်” တို့လည်း ပါသည်။ ထိုသူ နှစ်ယောက်သည် သာသနာတွင် အားထားရသောသူ ဖြစ်သော်လည်း မထင် မှတ်ဘဲ ဖောက်ပြန်သွားကြ သောကြောင့် အမည်နှင့် ဖော်ပြခြင်း ဖြစ်သည်။ “ဟုမေနဲ”နှင့် “ဖိလက်” တို့ကလည်း ရှင်ပေါလု၏ မကောင်းကြောင်းကို ပြောကြားပြီး၊ မှားယွင်းသော ဩဝါဒများကို ပို့ချကြောင်း စွပ်စွဲပြောဆိုကြသည်။ ထိုသူနှစ်ဦးမှာ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို ဆန့်ကျင်ပြီး ပြောဆို သူများ ဖြစ်သည်။ ငယ် ၁ဝ တွင် ဖော်ပြသော “ဒေမ” သည် ရှင်ပေါလု ပထမအကြိမ် အကျဉ်းချထားသည့် အချိန်အထိ၊ နောက်လိုက်ခဲ့သော်လည်း
နောက်ပိုင်းတွင် စွန့်ပယ် ခဲ့သည်။ မိမိယုံကြည် စိတ်ချရသော သူများက မကောင်းပြောသည့် အခါ၌ ၎င်း၊ စွန့်ပစ်သွားသည့် အခါ၌ ၎င်း၊ စိတ် အနာဆုံး ဖြစ်သည်။ ဤအဖြစ်မျိုးကို ယေရှုက ကြုံသကဲ့သို့ ရှင်ပေါလုကလည်း ကြုံခဲ့ ရသည်။
(၂တိ ၁း၁၆)တွင် ထူးခြားသော လူတစ်ယောက်ဖြစ်သည့် ဩနေသိဖော်၏ အကြောင်းကို ရေးသားဖော်ပြ ထားသည်။ ဩနေသိဖော်သည် ရှင်ပေါလု
ထောင်ကျနေစဉ်အတွင်း အကြိမ်ကြိမ် တွေ့ဖို့ ကြိုးစားသည်။ ဩနေသိဖော်သည် အကြိမ်ကြိမ် သက်သာစေခဲ့သည်၊ ခွန်အားဖြစ်စေသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ထိုသူကို သတိရပါဟု ပြောကြားခဲ့သည်။ သူ၏ အိမ်သူ အိမ်သားများ ဘုရား ကောင်းကြီးပေးပါစေ ဟု ဆုတောင်းပေးသည်။ ရှင်ပေါလု၏ ချီးမွမ်းခြင်း၊ အခံရဆုံး ဖြစ်သကဲ့သို့ ကောင်းကြီးပေး ခံရသူလည်း ဖြစ်သည် ။
တိမောသေ ဒုတိယစာစောင်ကို ရေးသားပြီးနောက် ရှင်ပေါလု ခေါင်းဖြတ်ခြင်း မယ်။ အသင်းတော်၏ မှတ်တမ်းအရ တချိန်တည်းမှာပင် ပေတရုက ၅.ကားတိုင်တွင် ဇောက်ထိုးကျ အသေသတ်ခြင်း ခံရသည်။ နှစ်-နှစ်ခန့် သည့်အခါ ယေရုရှလင် ဗိမာန်တော် ဖျက်ဆီးခြင်း ခံရပြီး အေဒီ ၇၀ တွင် သရေလနိုင်ငံ ပျက်စီးခဲ့ရသည်။
သခင်ယေရှု ရှင်ပြန်ထမြောက်ချိန် အေဒီ ၃၀ မှ ၇၀ ထိ ယေရုရှလင် အသင်းတော် စတင်ပေါ်ပေါက်လာပြီး နှစ်ပေါင်း လေးဆယ် ကာလတွင် ယေရုရှလင် မှစ၍ အန္တိအုတ်မြို့ထိ ဧဝံဂေလိတရား ပြန့်နှံ့သွားသည်။ အန္တိအုတ်မှ တဆင့် အာရှတိုက်၊ ဥရောပတိုက်များသို့ ဧဝံဂေလိတရားကို ရှင်ပေါလုအားဖြင့် ပြန့်နှံ့ ခဲ့သည်။ ထိုနောက်တွင် ဣသရေလနိုင်ငံနှင့် ယေရုရှလင် ဗိမာန်တော် ပျက်စီးသွား ခဲ့ရသည်။ ရှင်ပေါလုအားဖြင့် တပါးအမျိုးသားများက ဧဝံဂေလိတရား လက်ခံ လျက် ဘုရားသခင်၏ အကြံအစည်တော်သည် ပထမပိုင်း ပြည့်စုံ ခဲ့သည်။
အေဒီ ၃၀-တွင် သခင်ယေရှုသည် သင်္ဘောသဖန်းပင် ဥပမာနှင့် တပည့်တော်များအား ရှင်းပြခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး ၂၄ တွင် သင်္ဘောသဖန်းပင်ကို ကျိန်ဆိုသည့် အခါတွင် သင်္ဘောသဖန်းပင် ခြောက် သွေ့သွားသည်။ ထိုသဖန်းပင်သည် ခြောက်သွေ့ပြီးမှ၊ အရွက်နုများ ပြန်တွေ့ ရသည်။ ၁၉၄၈ ခုနှစ် အစ္စရေးနိုင်ငံ လွတ်လပ်ရေး ရမည့်အချိန်ကို သင်္ဘော သဖန်းပင် ရွက်နုများ ပြန်လည် ရှင်သန်လာမည့် ဥပမာနှင့် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ နောက်ခံသမိုင်းကို နားလည်သဘောပေါက်မှ သာလျှင် ဧဖက် သြဝါဒကို နားလည်နိုင်မည် ဖြစ်သည်။ ဆက်လက်၍ ဧဖက်မြို့ အကြောင်းကို လေ့လာကြပါစို့။
၂။ ဧဖက်မြို့၏ နောက်ခံသမိုင်း ၊
ဧဖက်မြို့သည် အရှေ့နိုင်ငံများနှင့် အနောက်နိုင်ငံများ အတွက် ကူးသန်း ရောင်းဝယ်ရေးတွင် အချက်အခြာကျသော မြို့တစ်မြို့ ဖြစ်သည်။ ထိုအချိန်တွင် လူဦးရေ နှစ်သိန်းခွဲ ခန့် နေထိုင်သည့် မြို့ ဖြစ်သည်။ လူဦးရေ ထူထပ်ပြီး အရေးပါသော မြို့ တစ်မြို့ဖြစ်သည့် အားလျော်စွာ တမန်တော်ကြီး ရှင်ပေါလုက သာသနာပြု နယ်မြေ ဗဟိုဌာနချုပ်အဖြစ် ရွေးချယ်ခြင်း ဖြစ်သည်။
ထိုခေတ်တွင် အာသင်မြို့ ပြီးလျှင် ဧဖက်မြို့သည် ဂရိ ယဉ်ကျေးမှု အထွန်းကားဆုံး မြို့ တစ်မြို့ ဖြစ်သည်။ ဟေလနိ(စ်)ခေါမ ယဉ်ကျေးမှု ထွန်းကား သည့်မြို့ ဖြစ်သည်။ ထို့အပြင် ဗာဗုလုန် ဘာသာတရား အထွန်းကားဆုံး နေရာလည်း ဖြစ်သည်။ ဗာဗုလုန် ဘာသာတရားအရ နိရောဓကို (ဗာလ) (NIMROD-BAAR, BAAL)ဟူ၍၎င်းခေါ်သည်။မိဘုရားကို (SEMIRAMIS-BAARTI) ဟူ၍၎င်း၊ သားတော်ကို (TAMMUZ)ဟူ၍ ၎င်း ခေါ်သည်။ နိရောဓ မှာ နေဘုရား ဟု အဓိပ္ပာယ် ရသည်။ နိရောဓ၏ ဇနီးမှာ ရှေ့မိရာမိ(စ်) ဖြစ်ပြီး၊ လဘုရား ဟူ၍လည်း ခေါ်သည်။ သူတို့ နှစ်ဦး၏ သားမှာ တာမို့ခေါ် ကြယ်ဘုရား ဖြစ်သည်။ ဗာဗုလုန် ဘာသာတရားအရ နေကို မြင်သည့်အခါတွင် နိရောဓ ဟု မြင်ပြီး၊ နေဘုရား အဖြစ် ကိုးကွယ် ကြသည်။ ရှေမိရာမိ(စ်)ကို လဘုရား အဖြစ်၎င်း၊ သားတာမို့ကို ကြယ်ဘုရား အဖြစ် ၎င်း ကိုးကွယ် ကြသည်။ ဣသရေလ လူမျိုးများသည် ထာဝရဘုရားကို ကိုးကွယ်ရင်း ဗာလကိုလည်း ကိုးကွယ်ခဲ့ ကြသည်။
“ထာဝရဘုရား၏ အိမ်တော်အတွင်း တန်တိုင်းထဲသို့ ဆောင်သွား၍၊ ဗိမာန်တော် တံခါးဝ၊ ဗိမာန်တော်ဦးနှင့် ယဇ်ပလ္လင်ကြားမှာ လူနှစ်ကျိပ် ငါးယောက် တို့သည် ဗိမာန်တော်ကို ကျောခိုင်းလျှက်၊ အရှေ့သို့ မျက်နှာပြုလျက်၊ အရှေ့ မျက်နှာ၌ နေကို ကိုးကွယ် ကြ၏ ။” (ယေဇကျေလ ၈၁၆)၊ (ယေရ ၁၁း၁၇)။
ဗာဗုလုန် ဘာသာတရားအရ နိရောဓကို ဗာလ ဟု ၎င်း၊ ရှေမိရာမိ(စ်)ကို ဗာအာတိ ဟု ၎င်း ခေါ်ဝေါ် ကြသည်။ ဗာအာတိသည် ။ ဗာဗုလုန် ဘာသာစကား ဖြစ်သည်။ သူတို့ ၃-ဦးအနက် ရှေမိရာမိ(စ်)ကို
ပို၍ ကိုးကွယ် ကြသည်။ ရှေမိရာမိ(စ်)သည် ချမ်းသာကြွယ်ဝစေသော ဘုရားမ ဖြစ်သည်ဟု ယုံကြည် ကြသည်။ ကောင်းကြီးမင်္ဂလာကို ပုံဆောင်သည်။ ဥရောပ တခွင်လုံးနှင့် အာရှ၊ အာဖရိက ဒေသများမှာပါ ရေမိရာမိ(စ်)ကို ဘုရားမ အဖြစ် ကိုးကွယ် ကြသည်။
ဥရောပတိုက် တခွင်သို့ ခရစ်ယာန် ဘာသာ ရောက်ရှိသည့် အချိန်သည် ဥရောပတိုက်သားများ၊ ဗာအာတိကို ကိုးကွယ်နေသည့် အချိန် ဖြစ်သည်။ ထိုသူ တို့သည် ဗာအာတိ ဘုရားမက သားတာမို့ ချီထားသည့် ပုံကို ထုလုပ် ကိုးကွယ် ကြသည်။ ထိုပုံသဏ္ဍာန်ကို ရောမ အင်ပါယာ ခေတ်တွင် ခရစ်ယာန် ပုံသဏ္ဍာန် အသွင်ပြောင်း၍ ကိုးကွယ် ကြသည်။ ကျမ်းစာထဲမှာလည်း ဗာအာတိ ရှိသည်ဟု ဆိုပြီး၊ ရိုမန်ကက်သလစ်က မယ်တော်မာရိကို ကိုးကွယ်လာ ကြသည်။ ယနေ့ထိ မယ်တော်မာရိကို ဘုရား ကဲ့သို့ ခံယူနေကြဆဲ ဖြစ်သည်။ ဘုရားတစ်ပါးတည်း ဖြစ်သော်လည်း တိုင်းနိုင်ငံ အလိုက် အခေါ်အဝေါ် ကွဲပြား သွားသည်။
ထို ဗာအာတိ ဘုရားမကို
Scand တွင် Disa – ဒီစာ
ဂျာမဏီတွင် Hertha – ဟာသား
ဂရိ (ခေါမ)တွင် Artemis – အာတေမိ
ရောမတွင် Diana – ဒိုင်ယာနာ
အီဂျစ်တွင် Isis – အိုင်းစိ
အိန္ဒိယတွင် Indrani- အင်ဒရာနီ
အီတလီတွင် Madonna (Horus) – မာဒိုနာ
အင်္ဂလန်တွင် My Lady – မယ်တော် ဟူ၍ နိုင်ငံအလိုက် အခေါ်အဝေါ် ပြောင်းလဲ သွားသည်။
ဗာအာတိဘုရားသည် တစ်ပါးတည်း ဖြစ်သော်လည်း၊ နေရာဒေသကို လိုက်၍ နာမည် ပြောင်းလဲသွားသည်။ ဂျာမန်သို့ ရောက်သည့်အခါ Hertha ဟာတာ၊ အိန္ဒိယ ရောက်သည့်အခါ Indrani(အင်ဒရာနီ)၊ ရောမသို့ ရောက်သည့် အခါ ဒိုင်ယာနာ၊ ဂရိလူမျိုးများက အာတေမိ၊ အီဂျစ်ပြည်သို့ ရောက်သည့်အခါ အီးဆစ် ဟူ၍၎င်း၊ ထိုပြင် ဟောရပ် ဟု၎င်း ခေါ်တွင် ကြသည်။ အီတလီလူမျိုး များက မာဒိုးနား ဟုခေါ်သည်။ မာဒိုးနားသည် လက်တင် ဘာသာစကား ဖြစ်ပြီး၊ အီတလီ လူမျိုးများ အသုံးပြုသည်။ မာဒိုးနားကို အင်္ဂလိပ်လို My Lady သခင်မ၊ မယ်တော် ဟုခေါ်သည်။ အရှေ့အလယ်ပိုင်းဒေသ နှင့် ဥရောပကို နတ်ဘုရားမက လွှမ်းမိုးသည်။ ရိုမန်ကက်သလစ် များက မာဒိုးနားကို မာရီယား ဟုခေါ်ကြသည်။ ထို့ကြောင့် မာရီယားကို ချီးမွမ်းသည့် သီချင်းများစွာ စပ်ဆိုကြသည်။ မက်ဒေါနား ဆိုသည်မှာ မာရီယားကို ပြောခြင်း ဖြစ်သည်။
ဧဖက်မြို့သည် ဂရိယဉ်ကျေးမှု လွှမ်းမိုးသည့်အတွက် ကြီးကျယ်ခမ်းနားသည့် အာတေမိနတ် ဘုရား ဗိမာန်တော်ကို တည်ဆောက် ထားသည်။ သိပ္ပံပညာရှင် များက ထိုအာတိမိနတ် ဘုရား ဗိမာန်တော်သည် ကမ္ဘာ့အံ့ဩဖွယ် ၇-ခုထဲတွင် တစ်ခု အပါအဝင်အဖြစ် သတ်မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ဗိမာန် တော်ကို တည်ဆောက်ထားသည့် လက်ရာသည် အလွန်ပြောင်မြောက်သော
ကြောင့် ဖြစ်သည်။ ၎င်းကို စွယ်စုံ ကျမ်းထဲတွင် တွေ့မြင်နိုင်သည်။ တရုတ်ပြည်ရှိ မဟာတံတိုင်းကြီးလည်း ကမ္ဘာ့အံ့ဖွယ် ၇-ပါးတွင် တစ်ခု အပါအဝင် ဖြစ်သည်။
အာတေမိ ပင် မကြောက်သော ရှင်ပေါလု
တမန်တော်ကြီး ရှင်ပေါလု ဧဖက်မြို့တွင် ဧဝံဂေလိတရား ဟောသည့် အခါ အာတေမိဘုရား ရှေ့တွင် အာတေမိ ဘုရားသည် ဘုရားစစ် ဘုရား မှန် မဟုတ်ကြောင်း ရဲဝံ့စွာ ဟောပြောသည်။ ထိုအခါ ထိုဗိမာန်တော် အနီးအ နားတွင် ရှိသည့် လူများမှာ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရသည်။
(တမန် ၁၉း၂၃-၂၉) “ထိုအခါ ဘာသာတရားကြောင့် ရောက်သော ကြီး ဟူမူကား၊ ဒေမေတရိ အမည်ရှိသော ပန်းထိမ်သမား တစ်ယောက်သည်
မိနတ်သမီး၏ ငွေဗိမာန်ငယ်တို့ကို လုပ်သဖြင့် ၊ ပန်းထိမ်သမားတို့အား မားများကို ပြုတတ်၏။ ထို သူ သည် ပန်းထိမ်သမားတို့နှင့် ထိုသို့သော
က်သမားများကို စုရုံးစေ ပြီးလျှင် အချင်းလူတို့၊ ဤအတတ်ကို အမှီပြု၍ ဝါတို့၌ အကျိုးစီးပွား ဖြစ်သည်ကို သင်တို့ သိကြ၏။”
ထိုအဖြစ်အပျက်သည် ရှင်ပေါလု၏ တတိယသာသနာပြု ခရီးစဉ်အတွင်း ဧဖက်မြို့သို့ ရောက်သည့်အခါ အာတေမိနတ် ဘုရား၏ ဗိမာန်ကို ဖြတ်သွားချိန် ဖြစ်သည်။ ငယ် ၂၄ တွင် ဒေမေတရိ အမည်ရှိသော ငွေပန်းထိမ် ထုသည့် အာတေမိနတ် ဘုရား၏ ရုပ်တုတွေ ထုလုပ်သော သူအား ပေါလုက “လူလက်ဖြင့် လုပ်သော အရာတို့သည်ဘုရား မဟုတ်”ဟု ရဲရင့်စွာ ဟောပြောသည်။ ထို့ကြောင့် ရှင်ပေါလုကို စိတ်ဆိုး ကြသည်။ မခံချိ မခံသာ ဖြစ်ကြသည်။ လူထုကြီးမှာ အံ့ကြွမှုတခု ဖြစ်လာပြီး၊ “ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏” ဟူ၍ ကြွေးကြော် ကြသည်။ ဆန္ဒပြမှုကြီးတခု ဖြစ်ပေါ်လာသည်။ မြန်မာပြည်တွင် ရှင်ပေါလု လို လူများစွာ လိုအပ်သည်။
ရှင်ပေါလုကဲ့သို့သော ရဲရင့်သူလိုအပ်
ကျွန်ုပ်သည် လူဖြူ မဟုတ်သော အမေရိကန် နိုင်ငံသား များအား သာသနာပြုရန် မိတ်ဆွေတစ်ဦးကို အမေရိကန်နိုင်ငံသို့ ခေါ်သွားခဲ့ဘူးသည်။ ထိုသူသည် ဧဝံဂလိတရားကို ဘာသာ ၅-မျိုးဖြင့်၊ စာအုပ်များကို ပုံနှိပ်ထုတ်ဝေပြီး၊ သူ၌ ပါလာသော ဝေစာများကို လေယာဉ်ကွင်း၌ ရှိသော လူများအားလိုက်၍ ရဲရင့်စွာ ဝေငှ ခဲ့သည်။ ကိုးရီးယားတွင်လည်း ရှင်ပေါလုကဲ့ သို့ သော သူများ မကြာခဏ တွေ့ရသည်။ ကိုးရီးယား လူမျိုးများက ယေရှုကို မယုံလျှင် ငရဲကျမည် ဆိုသည့် စာတမ်းများ ရေးသားပြီး ကြွေးကြော် တတ်ကြသည်။ (၁၉၆၀-၇၀) ခုနှစ်များ အတွင်း ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ ဘတ်စ်ကားပေါ်တွင် “ ယေရှု – ယေရှု ပါရိသိသုဘုံ၊ယေရှု – ယေ ရှု မရှိရင် င ရဲ – ငရဲ” ဟု ကားများပေါ်တွင် ဟစ်အော် ကြသည်။ လမ်းမပေါ်တွင် တမျိုး၊ ရထားနှင့် ကားပေါ်တွင် တဖုံ
အော်ဟစ် ကြသည်။ ကိုးရီးယားပြည်တွင်း၌ သာမဟုတ် ရုရှားနိုင်ငံ၊ မော်စကို သို့လည်း အလားတူ သွားရောက် ဧဝံဂေလိဝေငှ ကြသည်။ ထိုအချိန်သည် ကွန်မြူနစ် ဝါဒကြီးစိုးသည့် အချိန်ကာလလည်း ဖြစ်သောကြောင့် အလွန်အန္တရာယ် များသည့် အချိန်ကာလ ဖြစ်သည်။ ခွင့်ပြုချက် မရှိသော်လည်း၊ သတ္တိရှိရှိ လုပ်ဆောင် ကြသည်။ ၁၉၉၀ တွင် မော်စကိုသို့ ကိုးရီးယား သာသနာပြုဆရာ အပါး ၁ဝဝ စေလွှတ် ခဲ့သည်။ ထိုသူတို့မှာ ရုရှား ဘာသာစကားကိုပင် တတ်မြောက် သူများ မဟုတ်ပါ။ ကိုးရီးယား လူမျိုးများသည် ကြောက်ရမှန်း မသိဘဲ သခင်ယေရှု အတွက် မိုက်ရူးရဲ လုပ်ဆောင်တတ် ကြသည်။ ခရစ်ယာန် အများစုက စည်းစိမ် ခံလိုကြသည်၊ အဆင်ပြေမှုကို စောင့်ဆိုင်း ကြသည်။ ယေရှုအတွက် အသက် ရှင်ရဲသူ များပြီး သေရဲသူက နည်းလှသည်။ ယခုခေတ်တွင် ကိုးရီးယားနိုင်ငံ အပါအဝင် အမေရိက၊ ဥရောပများတွင် လူနေမှု အဆင့်အတန်း မြင့်မားလာသည် နှင့်အမျှ ယေရှုအတွက် အဆင်းရဲ မခံလိုကြတော့ပေ။ ကျန်းမာဘို့၊ အသက် ရှည်ဘို့၊ အဆင်ပြေဘို့ သာ ကြိုးစားကြသည်။ ကောင်းကင်ပင် သတိမရ ကြတော့ချေ။ ကောင်းကင်သို့ တက်လည်း မတက်လို ကြတော့ချေ။ မြန်မာနိုင်ငံ သည် ဝိညာဉ်ရေးတွင် ဘင်္ဂလားဒေရှ်၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှားနိုင်ငံတို့ထက် သာလွန်နေသည်။ ထို့ကြောင့် ဤနိုင်ငံသည် ဝိညာဉ် ရေးရာ ဆက်လက်တိုးတက်နိုင်ဘို့ ရုပ်ပိုင်းဆိုင်ရာ ကောင်းကြီး မခံစားပါစေနှင့်ဟု ကျွန်ုပ် ဆုတောင်း နေမိသည်။
ကျွန်ုပ် တစ်ခုလောက်မေးပါရစေမိတ်ဆွေရော သခင်ယေရှု အတွက် အသေခံဖို့ အဆင်သင့် ရှိပါသလား ?
တရုတ်ပြည်တွင် လူတိုင်းနီးပါး အသေခံရဲသည်။ ထိုင်းနိုင်ငံတွင် ၄-၅ ယောက်ခန့် ရှိနိုင်သည်။ အိန္ဒိယနိုင်ငံတွင်လည်း လူအနည်းငယ် ခန့်သာ ရှိသည်။ တဖြည်းဖြည်းနှင့် ခရစ်တော်အတွက် အသေခံရဲသော သူများ နည်းပါး လာသည်။ အဘယ်ကြောင့်ဆိုသော် လူနေမှု အဆင့်အတန်း မြင့်မားလာသည့် အခါ၊ လောကတွင်သာ စည်းစိမ်ခံလို ကြသည်။ အမေရိကန်၊ ဥရောပရှိ ခရစ်ယာန်တို့လည်း ထိုနည်းတူပင် ခရစ်တော်အတွက် သေရဲသူ အနည်းငယ်သာ
ရှိသည်။ ကောင်းကင်သို့ ပင် မသွားလိုကြ တော့ပါ။ ထိုသို့သော အခြေအနေ ပြီး ကြည့်လျှင် မြန်မာပြည်သည် သခင်အတွက် သေရဲလို့ လက်မြှောက်သူ ယောက် သုံးရာ ကျော်အားဖြင့် ကောင်းကြီးမင်္ဂလာ ခံစားရမှာ ဖြစ်သည်။
ပြည်တွင် ခရစ်တော်အတွက် အသက် ပေးရဲသောသူများစွာ ရှိနေခြင်းသည် အံ့သြစရာပင် ဖြစ်သည်။ မိတ်ဆွေတို့သည် ဘုရားသခင် ရွေးကောက်ထားသော အထူးပုဂ္ဂိုလ်များပင် ဖြစ်သည်။ တနေ့လျှင် သုံးကြိမ် ပုံမှန် စားရသည်။ ချမ်းသာ သောသူနှင့် ဆင်းရဲသောသူ ကွာခြားမှု တစ်ခုသာ ရှိသည်။ ချမ်းသာသော ပုဂ္ဂိုလ်များတွင် တိုက်ရှိသည်။ ကားရှိသည်။ သို့သော်လည်း ထိုအရာများအတွက် အမြဲတမ်း စိုးရိမ်ပူပန် နေရသည်။ ဆင်းရဲသော ပုဂ္ဂိုလ်များသည် စိုးရိမ်ပူပန်စရာ မရှိ လွတ်လပ် ပျော်ရွှင်သည်။ ရုပ်ပိုင်းဆိုင်ရာ ကောင်းကြီး ချို့တဲ့လေလေ ဝိညာဉ်ပိုင်းဆိုင်ရာ ကောင်းကြီးရဘို့ လမ်းပွင့်လေလေ ဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ နိယာမ တခုလည်း ဖြစ်သည်။
(က) အာဇာ နတ်သမီး ၏ ဗိမာန်တော်
– (The Temple Of Artemis)
ခရစ်တော် မပေါ်မှီ ၁ဝ-စုနှစ်၊ ဘီစီ ၁ဝ ခန့်က အာသင် မင်းကြီး၏ သားတော်တစ်ပါးက ဧဖက်မြို့ကို စတင်တည်ထောင် ခဲ့သည်။ ဘီစီ ၅၆၄ မှ ၅၄၆ အတွင်း၌ အာတေမိနတ်သမီး ဗိမာန်တော်ကို တည်ဆောက် ခဲ့ကြသည်။ ဘီစီ ၃၅၆ တွင် ထိုဗိမာန်တော် မီးလောင်ကျွမ်းပြီး၊ ပျက်ဆီးသွား ခဲ့ရသည်။ ဘီစီ ၃၃၄ တွင် နာမည်ကျော်ကြားသော ဘုရင်မကြီး၊ အလဇ္ဇန္ဒာက ထိုဗိမာန်
တော်ကို အသစ်တဖန် ပြန်လည် တည်ဆောက် ခဲ့သည်။ ထို ခေတ်တွင် တည်ဆောက်ခဲ့သော အာတေမိ ဗိမာန်တော်သည် ကမ္ဘာအံ့ဖွယ် တစ်ပါး အပါအဝင် ဖြစ်ခဲ့ရသည်။ အေဒီ ၂၆၃ တွင် ဂေါ့သ် (Gothic) လူမျိုးများက ဖျက်ဆီးခဲ့ ပြန်သည်။ ။
ခရစ်ယာန်များက ဧဖက်မြို့သည် သန့်ရှင်းမြင့်မြတ်သော မြို့ တစ်မြို့ ဖြစ်သည်ဟု ယုံကြည် ကြသည်။ အကြောင်းမှာ တမန်တော် ရှင်ပေါလု အကြာဆုံး နေထိုင်၍ သာသနာပြုခဲ့သော မြို့ဖြစ်သည်။ ရှင်ပေါလုက ယုံကြည်သူများအား
သင်တန်းပေးသည့် ကျမ်းစာကျောင်း စတင်သည့် နေရာလည်း ဖြစ်သည်။ ခရစ်ယာန် များထဲမှ ခရစ်တော်နှင့် ပတ်သက်ပြီး၊ ဩဝါဒအမျိုးမျိုး ပေါ်ပေါက် ခဲ့သဖြင့် ဥရောပနှင့် အရှေ့အလယ်ပိုင်းမှ ခေါင်းဆောင်များသည် ဩဝါဒနှင့် ပတ်သက်သည့် ဓမ္မစည်းဝေးပွဲကို ဧဖက်မြို့တွင် ကျင်းပကြသည်။ ထိုကဲ့သို့ ဓမ္မညီလာခံများ၊ စည်းဝေးပွဲများ ပြုလုပ်ရာ နေရာဖြစ်သည့် အတွက်လည်း ထင်ရှားသော မြို့ တစ်မြို့ ဖြစ်သည်။
ရိုမန်ကက်သလစ်မှ မယ်တော်မာရိကို ကိုးကွယ်သည့် အယူဝါဒနှင့် ပတ်သက်၍ ဧဖက်မြို့တွင် ပထမအကြီးမားဆုံး အစည်းအဝေးကြီးကို အေဒီ ၄၃၁ တွင် ပြုလုပ်ခဲ့သည်။ ထိုစည်းဝေးကြီးမှ မာရိ ချီးမွမ်းသည့် (Mariology) အယူဝါဒ အသစ် စတင်ခဲ့သည်။ ထို့ကြောင့် ဗာတီကန်တွင် ရှိသည့် ရိုမန်ကက်သ လစ်များက ဧဖက်မြို့ကို သန့်ရှင်းသည့် မြို့ဟု သတ်မှတ် ထားကြသည်။ အဘယ်ကြောင့်ဆိုသော် ဧဖက်မြို့တွင် မာရိသည် နေထိုင်ခဲ့ပြီး၊ ထိုမြို့တွင်
သေဆုံးခဲ့ရသည်။ မကြာမီက ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်သည်လည်း ဧဖက်မြို့ရှိ မယ်တော်မာရိ၏ အုတ်ဂူသို့ သွားရောက်ခဲ့သည်။ သို့သော် မာရိ၏ သင်္ချိုင်း မည်သည့်နေရာတွင် ရှိသည်ကို အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။ ယျ ပုပ်ရဟန်းကြီးကလည်း မာရိ ခေါင်းချရာ ဧဖက်မြို့ သို့ သွားရောက် လည်ပတ် ခဲ့သည်။ အချို့သော သီသော်လော်ဂျီ ပညာရှင်များကလည်း သ ခင်ယေရှု မှာသည့်အတိုင်း မာရိကို စောင့်ရှောက် ကြည့်ရှုသော တမန်တော် ယောဟန်သည် လည်း ဧဖက်မြို့တွင် သေဆုံးခဲ့သည်ဟု ယူဆကြသည်။ သို့သော် ရှင်ယောဟန် သည် ပတ်မုတ်ကျွန်းတွင် သေဆုံးသည်။ ယေရှု သေဆုံးပြီးနောက် ယောဟန်က မယ်တော်အား ဧဖက်မြို့သို့ အမှုတော်ဆောင်ရင်း ခေါ်ဆောင်သွားသည်။
ရိုမန်ကက်သလစ်များက တမန်တော် ယောဟန်သည်လည်း ပတ်မုတ် ကျွန်းတွင် သေဆုံးခဲ့သည်ဟု ယူဆကြပြီး အေဒီ ၅၁၇ တွင် တမန်တော် ယောဟန်၏ အုတ်ဂူကို ပတ်မုတ်ကျွန်းတွင် တည်ဆောက် ခဲ့ကြသည်။
ဗာတီကန် အစည်းဝေးမှ မာရိ ကိုးကွယ်ခြင်းနှင့် ပတ်သက်၍ အစည်း အဝေးကြီးကို ဧဖက်မြို့တွင် ပြုလုပ်ကြရာ ထိုစည်းဝေးကြီးမှ မာရိ နှင့် ဆိုင်သော ဩဝါဒများ ထုတ်ဖော်ခဲ့ ကြသည်။
(ခ) မယ်တော်မာရီ အပေါ် ယုံကြည်ချက်
(၁) မာရိသည် ထာဝရ အပျိုကညာ ဖြစ်သည်ဟူသော အယူဝါဒ။
ထိုအယူဝါဒ၏ မှားယွင်းခြင်းကို (မဿဲ ၁၃း၅၅-၅၆)တွင် ကျမ်းစာထဲ၌ တွေ့ရှိရသည်။
“သူ သည် လက်သမားသား မဟုတ်လော။ သူ့အမိကား မာရိ အမည် ရှိသည် မဟုတ်လော။ သူ့ညီကား၊ ယာကုပ်၊ ယောသေ၊ ရှိမှန်၊ ယုဒဟု ဆိုကြသည် မဟုတ်လော။ သူ့နှမများ တို့သည်လည်း ငါတို့နှင့် အနီးအပါး နေကြသည် မဟုတ်လော။ သို့ဖြစ်လျှင် ဤသူသည် ဤအရာများကို အဘယ်မှာ ရသနည်းဟု ပြောဆိုလျက်။” ၊
မယ်တော်မာရိသည် ယေရှုကို မွေးပြီးနောက် သား (၄)ယောက်နှင့် သမီးများ မွေးဖွား သေးသည်။ ထို့ကြောင့် ထာဝရ အပျိုကညာ မဖြစ်နိုင်။
(၂) မာရိသည် အပြစ်မရှိ သန့်ရှင်းသော မယ်တော် ဖြစ်သည်ဟူသော အယူဝါဒ
ထိုမှားယွင်းသော ဩဝါဒ နှစ်ခုကို ကာကွယ်နိုင်ရန် မှားယွင်းသော ဩဝါဒများကို ထပ်မံထုတ်ပြန်ရင်း မှားယွင်းသော ဩဝါဒ အသစ်များ ထွက်ပေါ် လာပြန်ခြင်း ဖြစ်သည်။ ဥပမာ။ ။ ထိပ်ဆုံးကြယ်သီး တလုံးကို မှားယွင်းစွာ တပ်ထားမိ သောကြောင့် နောက်ထပ် ကြယ်သီးများပါ မှားယွင်းစွာ တပ်မိသည့် အဖြစ်အပျက်နှင့် တူသည်။ အေဒီ ၄၅၁ တွင် ချောဆီတန် ကောင်စီအစည်းအဝေးမှ မာရိနှင့် ပတ်သက်သည့် သြဝါဒသစ်များကို တရားဝင် ကြေငြာခဲ့သည်။ နှစ်ပေါင်း ၁၄၀၀ ကြာပြီးနောက် အေဒီ ၁၈၅၄ တွင် န၀မမြောက် ပုပ်ရဟန်း ၊ မင်းကြီး ဗီအို (Vio- IX) လက်ထက်တွင် မှားယွင်းသော မာရိ သြဝါဒ အသစ် ၊ ၂-ရပ် ထပ်ပြီး၊ ကြေငြာခဲ့သည်။ ဧဖက်တွင် ပြုလုပ်သည့် အစည်းဝေးမှ မာရိနှင့် ပတ်သက်သည့် ဩဝါဒကို ခိုင်မာအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ ၎င်းတို့မှာ[၁] မာရိ၏ အပြစ်ကင်းသော ပဋိသန္ဓေယူခြင်း၊ အယူဝါဒ၊ (ကိုယ်ဝန်ဆောင် စဉ်မှာပင် အပြစ်ကင်းသည်ဟု ခံယူခြင်း)နှင့် ထိုအယူဝါဒ ပေါ်တွင် အခြေခံပြီးမှ
(၂) မယ်တော်မာရိသည် မွေးကတည်းက အပြစ်ကင်းသည် သာမက၊ ဘ လျှောက် အပြစ်ကင်းသောသူ ဖြစ်သည်ဟု ကြေငြာခဲ့သည်။
(၁၉၅၀)တွင် Pope Vio XII က မာရိသည် ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့ တက်ခြင်း အယူဝါဒကို ကြေငြာခဲ့ ပြန်သည်။
(၁၉၆၂-၆၅) ဒုတိယအကြိမ် ဗာတီကန် အစည်းအဝေးကြီးမှ ခရစ်ယာန် ဘာသာအပြင် အခြား ဘာသာတရားအားဖြင့်လည်း ကယ်တင်ခြင်း ရနိုင်သည် ) ဟူသော ယုံကြည်ချက်ကို ထုတ်ပြန်ကြသည်။ ဘာသာတရားအားလုံး ကောင်း ပါသည်၊ အတူတူဖြစ်သည် ဟူသော ဘာသာအများ အယူဝါဒ Religious Pluralism ကို ကြေငြာခဲ့သည်။ ဘာသာတရားတိုင်း ကယ်တင်ခြင်း ရရှိသည်။ ဟူသော အယူဝါဒ ဖြစ်သည်။
ထိုပြင် ထိတ်လန့်စရာကောင်းသည့် အယူဝါဒတခု ပေါ်ပေါက်လာသည်။ ထိုအယူဝါဒမှာ မယ်တော်မာရိသည် ခမည်းတော်ဘုရား၏ ဇနီးဖြစ်သည် ဟူသော အယူဝါဒပင် ဖြစ်သည်။ ထို အကြောင်းအရာများ ပေါ်ပေါက်လာသည့် နေရာသည် ဧဖက်မြို့ပင် ဖြစ်သည်။ ၇-ရာစုတွင် ဧဖက်မြို့သည် မွတ်စလင်တို့၏ ဖျက်ဆီး ခြင်းကို ခံခဲ့ရသည်။
၁၈၇၀-ခုနှစ်၊ ရှေးဟောင်း တူးဖော်ရေး ပညာရှင်များက အတေမိ နတ်သမီး၏ ဗိမာန်တော်နေရာကို တူးဖော် ရရှိခဲ့သည်။ အံ့သြစရာကောင်း ၊ သည်မှာ ထိုနေရာသည် အာသင်မြို့တွင် တည်ဆောက်ထားသော ပန်သေညွှန် (Pantheon) ဗိမာန်တော်ထက် (၄)ဆ ကြီးကြောင်းကို တွေ့ရှိရသည်။ ဧဖက်မြို့ရှိ အာတေမိဘုရားကို အရှေ့အလယ်ပိုင်းဒေသမှ လူများ၊ ဥရောပမှ လူများလာရောက် ဖူးမြော် ကြသည်။ အချက်အခြာကျသည့် နေရာဖြစ်ကြောင်းကို သိရှိရသည်။ ဧဖက်မြို့သည် အာတေမိနတ်သမီး ဗိမာန်တော်၏ တည်ထားသည့် နေရာ၊ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် အချက်အခြာကျသည့် နေရာ ဖြစ်သည်။
ဧဖက်မြို့သည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အချက်အခြာကျသော မြို့ဖြစ်သည့် အားလျော်စွာ ရှင်ပေါလုက သာသနာပြု ဗဟိုဌာနချုပ် နယ်မြေအဖြစ် ရွေးချယ်ရုံ သာမက တုရ န္ဒြုကျမ်းစာ ကျောင်းတော်ကြီးကို တည်ထောင်ခဲ့သည်။ ထိုသို့ ယဉ်ကျေးမှု အမျိုးမျိုးရောယှက်နေရုံ သာမက၊ ထိုယဉ်ကျေးမှု၏ လွှမ်းမိုး
မှုကြောင့် ဧဖက်မြို့ရှိ ယုံကြည်သူများသည် ဝိညာဉ်အသီး မသီးနိုင်ဘဲ၊ ပတ်ဝန်း ၊ တင်၏ လွှမ်းမိုးမှုကို ခံနေရသည်။ အသင်းတော်၏ အရေးကြီးဆုံး လိုအပ်ချက်မှာ ဝိညာဉ်ရေးရာ ပုံသဏ္ဍာန် ပြောင်းလဲဖို့ရန် လိုအပ်သောကြောင့် ရှင်ပေါလုက ဧဖက်မြို့ရှိ ယုံကြည်သူတို့အား စာရေးသား ပေးပို့ခြင်းအားဖြင့် ဧဖက်သြဝါဒ စာစောင် ဖြစ်ပေါ်လာရသည်။ ဧဖက်မြို့၏ အခြေအနေသည် ခရစ်တော်၏ သာဘောထားများရှိသည့် ဝိညာဉ်အသီးများ သီးရန် အလွန်ခက်ခဲသည့် အချိန် ဖြစ်သည်။ အထူးသဖြင့် လင်မယား ပြဿနာ၊ မိသားစု ပြဿနာ၊ သခင်နှင့် ကျွန် ဆက်ဆံရေး ပြဿနာ စသည့် ပြဿနာ ပေါင်းစုံ ရှိနေသည့် အတွက်
ကြောင့် တမန်တော် ရှင်ပေါလုက ဆုံးမသြဝါဒ ပေးပြီးမှ နိဂုံးတွင် “သင်တို့သည် ဘုရား သခင်၏ လက်နက်စုံကို ဝတ်ဖို့ရန် လိုအပ်သည်” ဟု နိဂုံးချုပ်ထား သည်ကို တွေ့ရသည်။ ဧဖက်မြို့ကို လွှမ်းမိုးသည့် အမှောင်ထု အင်အား ကြီးမားသည့်အတွက် ဧဖက်အသင်းတော် အနေဖြင့် ခုခံရန် လိုအပ်သည်။
အာတေမိနတ်သမီး၏ လွှမ်းမိုးမှုကြောင့် ဧဖက်အသင်းတော်သည် ဝိညာဉ်အသီးများ မသုံးနိုင်သကဲ့သို့ မြန်မာပြည်သည်လည်း အမှောင်ထု ကြီးမားသည့် နေရာဒေသ ဖြစ်သောကြောင့် ယုံကြည်သူများမှာ ဝိညာဉ်အသီးများ သီးနိုင်ရန် ခက်ခဲပေလိမ့်မည်။ ။
ဘုရားသခင်သည် ရှင်ပေါလုအားဖြင့် ကြီးမားသော အသင်းတော်များ တည်ထောင်လိုသော်လည်း အသင်းတော်အားဖြင့် ဝိညာဉ် အသီးများ မသီးလာ နိုင်ပေ။ ထိုအသင်းတော်များကို ရှင်ပေါလုက ဒုတိယသာသနာပြု ခရီးစဉ်အပြီး အေဒီ ၅၀တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အသင်းတော် သက်တမ်း (၁၀)နှစ် အကြာ၊ ရှင်ပေါလု ရောမမြို့တွင် ထောင်ကျစဉ် ဧဖက်သြဝါဒစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။
အေဒီ ၅၀ တွင် စတင်တည်ထောင်ခဲ့သော အသင်းတော်သည် (၁၀)နှစ် တာ ကာလအတွင်း ပြဿနာအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ဧဖက်သြဝါဒစာစောင် အခန်းကြီး ၄၊ ၅၊ ၆ တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။ ထိုပြဿနာများသည် ယနေ့ အသင်းတော်များ ကြုံတွေ့ရသည့် ပြဿနာများနှင့် အလားတူပင် ဖြစ်သည်။ ယဉ်ကျေးမှု လွှမ်းမိုးမှုနှင့် မြို့ခေတ်ဆန်မှုကို အခြေခံပြီး ဖြစ်ပေါ်လာသည့် ပြဿနာများ ဖြစ်သည်။ ဘုရား မပါသည့် ယဉ်ကျေးမှု၊ လောက ယဉ်ကျေးမှုများကြောင့် စာရိတ္တပျက်ပြား၍ ပေါ်ပေါက်လာသော
ပြဿနာများ ဖြစ်သည်။ ထိုအသင်းတော်မှ ယုံကြည်သူများကလည်း ရှင်ပေါလု၏ သွန်သင်မှုကို လက်ခံနိုင်ခြင်း မရှိကြပေ။ စာကို လက်ခံကြသော်လည်း နားခံခြင်း၊ မရှိကြပါ။ ။
ထို့ကြောင့် အေဒီ ၉၅ တွင် ယောဟန်သည် ပတ်မုတ်ကျွန်းတွင် ရောက်ရှိသွားသည်။ ထိုစဉ် ရှင်ပေါလု တည်ထောင်ခဲ့သော အသင်းတော် ခုနစ်ပါး၏ ဝိညာဉ်ရေးရာ အခြေအနေများကို သခင်ယေရှုက ယောဟန်အား ဖွင့်ပြခဲ့သည်။ ထိုအသင်းတော်မှာ ဧဖက်အသင်းတော် အပါအဝင် အသင်းတော် ခုနစ်ပါးဖြစ်ပြီး၊ သူတို့၏ ပြဿနာများကြောင့် အပြစ်တင်ထားသည့် ဗျာဒိတ် ကျမ်းတွင် ဖော်ပြထားချိန်တွင် အသင်းတော်၏ သက်တမ်းမှာ ၄၅-နှစ်ရှိပြီ ဖြစ်သည်။ ထိုအသင်းတော် ခုနစ်ပါး၏ အခြေအနေသည့် ယနေ့ အသင်းတော် များ၏ အခြေအနေကိုလည်း ဖေါ်ပြနေရုံ သာမက၊ ကိုယ်စားပြုသည်။ ကျွန်ုပ်တို့ အသင်းတော်ထဲတွင်လည်း မည်သည့် ပြဿနာရပ်များ ရှိကြောင်း ဆက်လက် လေ့လာသွား ကြပါစို့ ။
၃။ အာရုံပြည် မှ အသင်းတော် (၉) ပါး (ဗျာဒိတ် ၂-၃)
ဗျာဒိတ်ကျမ်းတွင် ရှင်ယောဟန် ဖော်ပြသော အာရှပြည်မှ အသင်းတော် ၇-ပါးမှာ – [၁] ဧဖက် အသင်းတော် ၂] စမုရန အသင်းတော် ၊ [၃) ပေရဂံ အသင်းတော် ၊ ၄) သွားတိရ အသင်းတော်
– ၅] သာဒိ အသင်းတော် [၆] ဖိလဒေလဖိ အသင်းတော် နှင့် (၇) လောဒိကိ အသင်းတော် တို့ဖြစ်သည်။
ရှင်ပေါလု စတင်တည်ထောင်ခဲ့သည့် အသင်းတော်များသည် ၄၅-နှစ် ကြာသည့်အခါ အသင်းတော်၏ ဝိညာဉ်ရေးရာ အခြေအနေကို ဘုရားသခင်က ယောဟန်အား ဖွင့်ပြခဲ့သည်။ နှစ် ၄၀ သက်တမ်း ဆိုသည်မှာ မျိုးဆက်တစ်ခုစာ ကာလ ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသည့် အချက်မှာ ထိုအသင်းတော် များသည် အနှစ် လေးဆယ် အကြာတွင် ပြောင်းလဲသွားသကဲ့သို့ ကျွန်ုပ်တို့၏ အသင်းတော်များလည်း နှစ် လေးဆယ် ကြာသည့်အခါ ပြောင်းလဲ သွားတတ် သည်ကို နားလည်ပြီး သင်ခန်းစာ ယူရန် ဖြစ်သည်။ ။
ထိုအသင်းတော် ခုနစ်ပါးမှ ရရှိသော သင်ခန်းစာမှာ “လူတို့သည် ဘာသာရေးကို လိုက်စား ကြသော်လည်း မြင်နိုင်သည့် အရာကိုသာ အားကိုးပြီး၊ မမြင်နိုင်သည့် ဘုရားကို အားမကိုးသည့်အခါ ဝိညာဉ်ရေးရာ ကျဆင်းသွားနိုင် သည့် အခြေအနေကို မှတ်သားဖို့ရန် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းသည် လူသား၏ အကန့်အသတ်ရှိမှုနှင့် အားနည်းချက်ကြောင့်ပင် ဖြစ်သည်။ အစပထမတွင် သခင်ယေရှု၏ နာမဖြင့် စသော်လည်း၊ နောက်ပိုင်းတွင် မိမိ၏ ရည်ရွယ်ချက်၊ မိမိ၏ အလိုဆန္ဒကိုသာ အစားထိုး ဦးစားပေးလျှင် အသင်းတော် အခြေအနေရော၊ မိတ်ဆွေ၏ အခြေအနေပါ ပြောင်းလဲ သွားနိုင်သည်။
(က) အသင်းတော် ၇-ပါးနှင့် သက်ဆိုင်သော သီအိုရီ
၁။ ပထမသီအိုရီအရ ဧဖက်မြို့ အသင်းတော်သည် ပထမရာစုနှစ် အသင်းတော်များကို ကိုယ်စားပြုသည်။ စမုရန အသင်းတော်သည် ဒုတိယ ရာစုနှစ်ကို ကိုယ်စားပြုသည်။ ပေရဂံ အသင်းတော်သည် တတိယရာစုနှစ်၊
လောဒိကိ အသင်းတော်သည် စတုတ္ထ ရာစုနှစ်ကို ကိုယ်စားပြုသည့် သီအိုရီ ဖြစ်သည်။ ထို့ ကြောင့် ယခုခေတ် အသင်းတော်များသည် လောဒိကို အသင်းတော်မှာ ရှိသည့် အခြေအနေဟု ထိုသီအိုရီအရ ယူဆနိုင်သော်လည်း၊ ကျွန်ုပ်အနေဖြင့် ထိုအရာကို လက်ခံသဘော မတူနိုင်ပါ။
၂။ ဒုတိယသီအိုရီမှာ မည်သည့် အချိန်ကာလနှင့် မဆို၊ အသင်းတော် မည်မျှပင် များပါစေ။ အသင်းတော် အမျိုးအစား ၇-မျိုးသာ ရှိသည်။ ၇နံပါတ်သည် ပြည့်စုံသော နံပါတ် ဖြစ်သည်။ အသင်းတော်မည်မျှ များပြားပါစေ။ အသင်းတော်များသည် အသင်းတော် ခုနစ်ပါး အနက်မှ တခုခုနှင့် အခြေအနေတူ နေဦးမည် ဖြစ်သည်။ ထိုအသင်းတော် ခုနစ်ပါးသည် ခေတ်တစ်ခေတ်တွင် ရှိသော ခရစ်ယာန် အားလုံးကို ကိုယ်စားပြုသည်။ မြန်မာပြည်တွင်လည်း ထိုအသင်းတော် ခုနစ်ပါး ကဲ့သို့သော အခြေအနေများ၊ ပုံသဏ္ဍာန်များကို တွေ့မြင်နိုင်မည် ဖြစ်သည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ သခင်ယေရှုသည် အသင်းတော် ငါးပါးကို အပြစ်တင်ပြီး၊ အသင်းတော် နှစ်ပါးကို ချီးမွမ်းသည်။ ချီးမွမ်းခံရသည့် အသင်းတော် နှစ်ပါးမှာ စမုရန အသင်းတော် နှင့် ဖိလလဖိ အသင်းတော်တို့ပင် ဖြစ်သည်။ ထိုအသင်းတော် နှစ်ပါးကို ကြည့်သည့်အခါ တူညီသော စရိုက် လက္ခဏာ များကို တွေ့ရသည်။ ၎င်းတို့မှာ – (က) အသင်းတော် နှစ်ပါးစလုံးသည် သေးငယ်သော အသင်းတော်များ
ဖြစ်ခြင်း။ (ခ) တန်ခိုးကြီးသော၊ ထင်ပေါ်ကျော်ကြားသော အသင်းတော်များ မဟုတ်ခြင်း။ (ဂ) ထိုအသင်းတော်များသည် ခရစ်တော်ကို ဗဟိုပြုသည့် အသင်းတော်များ
ဖြစ်ခြင်း။
(ဃ)မှားယွင်းသော မိစ္ဆာအယူဝါဒများကို တွန်းလှန်ရဲသည့် ရဲရင့်သော
အသင်းတော်များ ဖြစ်ခြင်း။
(င)ညင်းပန်းနှိပ်စက်ခြင်း ခံရသော အသင်းတော်များ ဖြစ်ခြင်းနှင့်
(စ) အသက်သရဖူ ရမည်ဟု ဂတိပေးခြင်း ခံရသော အသင်းတော်များ ဖြစ်ခြင်း။
စသည့် တူညီသော စရိုက်လက္ခဏာ များကို တွေ့ရသည်။ သရဖူဆို သည်မှာ ကောင်းကင်တွင် အဆင့်မြင့်မြင့် ရရှိမည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ယခုခေတ် ခရစ်ယာန်များသည် ညှင်းပန်းနှိပ်စက်သော အသင်းတော်များတွင် မပါဝင်လိုကြပေ။ ထိုအခြေအနေများမှ ထွက်ပြေး လွတ်မြောက်လို ကြသည်။
သခင်ယေရှုက တန်ခိုးသြဇာနည်းသည့် အချိန်၊ ခက်ခဲသည့် အချိန်နှင့် အားနည်းသည့် အချိန်တွင် ပို၍ နှစ်သက်သည်။ အချို့သော ယုံကြည်သူများ၊ သင်းအုပ်ဆရာများက အသင်းတော် ကြီးထွားနိုင်ဖို့၊ နာမည်ကြီးဖို့၊ အလှူငွေ များများ ရရေးကိုသာ ဦးစားပေး လုပ်ဆောင်ကြသည်။ ထိုအရာများသည် စုံစမ်းသွေးဆောင်ခြင်းများသာ ဖြစ်သည်။ ကြီးထွားတိုင်း ကောင်းကြီးမင်္ဂလာများ မဟုတ်ပါ။ အမင်္ဂလာလည်း ဖြစ်နိုင်သည်။ အသင်းတော် ငါးပါးထဲတွင် ပါလိုလျှင် ကျိန်ခြင်းခံရဘို့ ရာနှုန်း များနေသည်ကို သတိထား သင့်ပေသည်။
(၁) စစ်မှန်သော ကြီးထွားမှု ဆိုသည်မှာ –
ယခုလက်ရှိ ဤဗိမာန်တော်ကို ယခင်အနှစ် နှစ်ရာ ခန့်က အင်္ဂလီကန် များက တည်ဆောက်ခဲ့ပြီး၊ ယခု လက်ရှိတွင် ဆီးယင်း ချင်းနှစ်ခြင်းက နေရာ ယူထားသည်။ ထိုအချိန်က ကြီးမားသော အသင်းတော် ဖြစ်သော်လည်း ရွှေ ထိုသူတို့ မရှိကြတော့ပါ၊ သူတို့ အမျိုးအနွယ်များလည်း မတွေ့ရတော့ပါ။ ဆီးယင်း ချင်းနှစ်ခြင်းကလည်း ဧဝံဂေလိ မလုပ်ပါက ယခင် အင်္ဂလီကန်များကဲ့သို့ ပျောက်သွားနိုင်သည်ကို သတိပြု စေလိုသည်။ လောကီအနေဖြင့် များလေကောင်းလေ၊ နာမည်ကြီးလေကောင်းလေ ဖြစ်သော်လည်း၊ ယေရှုက ထိုကဲ့သို့ မဟုတ်ပါ။ ကြီးမားထည်ဝါခြင်းသည် လောကအတွက် ကောင်းသော်လည်း ဝိညာဉ်အတွက် မကောင်းပါ။
စစ်မှန်စွာ ကြီးထွားသော အသင်းတော်သည် ကြီးမားသော အသင်းတော် မဟုတ်ပါ။ ရှင်ပေါလု တစ်ပါးတည်းကသာ အသင်းတော် ကြီးထွားရေးတွင် ပညာရှင် ဖြစ်သည်။ ရှင်ပေါလုသည် ဧဖက်မြို့တွင် နေရသည့်တိုင် ကိုယ်ပိုင် အသင်းတော် မရှိပါ။ အသင်းတော်တစ်ပါး၏ သင်းအုပ်ဆရာ တစ်ပါးလည်း မဟုတ်ပါ။ ရှင်ပေါလုတွင် ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်တိုက်ခန်း ဟူ၍ မရှိပါ။ ဧဖက်မြို့ တွင် သုံးနှစ် နေထိုင်ရင်း ကျမ်းစာ သင်ပေးသည်။ နောက်တနေရာသို့ ဧဝံဂေလိ ထွက်သွားသည်။ သွန်သင် ပို့ချသည်။ တပည့်တော်များ မွေးထုတ် ပြီးလျှင် ထားခဲ့သည်။ ရှင်ပေါလု၏ ရည်ရွယ်ချက်မှာ အသင်းတော်များ အလျားလိုက်၊ မြေကြီးအနှံ့ တိုးပွားနိုင်ရန်သာ ဖြစ်သည်။ ယေရုရှလင်မှ မြေကြီးစွန်းတိုင်အောင် တိုးပွားရန် ဆန္ဒပြင်းပြသည်။
ယခုခေတ် သင်းအုပ်ဆရာ တော်တော်များသည် ရှင်ပေါလုကဲ့သို့ မဖြစ်လိုကြပေ။ ယေရုရှလင်မြို့မှ မထွက်လာ ချင်ကြပေ။ အဘယ်ကြောင့်ဆိုသော် အသင်းတော်တွင် လူဦးရေ နည်းလျှင်၊ အလှူငွေ နည်းမည်။ အသင်းတော် ကြီးမားမှ အလှူငွေ တောင့်တင်းမည်။ မိမိတွင် တန်ခိုးသြဇာအာဏာလည်း ၊ ကြီးလာမည်ဟု ယုံကြည်ကြ သောကြောင့် ဖြစ်သည်။ စစ်မှန်သော အသင်းတော် ကြီးထွားမှုကို လိုချင်လျှင် ငွေ၊ တန်ခိုး၊ အာဏာ နောက်သို့ မလိုက်ပါနှင့်။ သေးငယ်သော အသင်းတော်လေးများ တိုင်းပြည်တခုလုံး ပြန့်နှံ့ပါစေ။ သို့မှ သာလျှင် ပင်မ အသင်းတော်သည် အောင်မြင်သော အသင်းတော် ဖြစ်လိမ့်မည်။
ကျွန်ုပ်တွင် အသင်းသား တစ်ရာ ခန့်သာ ရှိပါသည်။ သာသနာပြု စိတ်ထက်သန်သူများသာ ပါဝင်ကြသည်။ အသင်းတော်၏ သာသနာ့ လုပ်ငန်းနှင့် ရည်ရွယ်ချက်များကို မလိုက်နာပါက အသင်းတော်မှ ထွက်ပါဟု ပြောထားသည်။ ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ အသင်းသား ဦးရေ များလာဖို့ မဟုတ်ပါ။ ထိုအသင်းသား အားလုံးသည် သာသနာပြုလို စိတ်ရှိရန်သာ အရေးကြီးသည်။ ကမ္ဘာနှင့်အဝှမ်း အသင်းတော်လေးများ ပြန့်နှံဖို့ရန်သာ ဖြစ်သည်။ ကျွန်ုပ်တို့၏ အမှုတော်ဆောင် များသည်လည်း လစာ/ ဝင်ငွေ နည်းသည့် အမှုတော်ဆောင်များ ဖြစ်သည်။
ကောက်ခံရရှိသည့် အလှူငွေများ အားလုံးကို သာသနာအတွက် အသုံးပြုရသည်။ ကျွန်ုပ်၏ အမည်ဖြင့် ပိုင်ဆိုင်သော အသင်းတော်၏ အဆောက်အဦးလည်း
မရှိပါ။ ကျွန်ုပ်တွင် ဇိမ်ခံကားလည်း မရှိပါ။ လစဉ် ပုံမှန်လစာ ငွေလည်း မရှိပါ။ အသင်းသားများ၏ ကားကို အချိန်မရွေး သုံးခွင့် ရသောကြောင့် ၎င်းတို့အားလုံး၏ ကားသည် ကျွန်ုပ်၏ ကားကဲ့သို့ ဖြစ်သည်။ ငွေကြေး လိုအပ်လျှင် သခင်ယေရှု ပေးလိမ့်မည်။ ထို့ကြောင့် ငွေနှင့် လွတ်ကင်းပါစေ။ ငွေမည်မျှလို သည်ကို သခင်ယေရှုက သိပါသည်။ အချို့သော သင်းအုပ်ဆရာများသည် ငွေ၏ အစေခံများ ဖြစ်နေကြသည်။ ဆုတောင်းလျှင် ငွေ၊ တရားဟောလျှင် ငွေ၊ မျှော်လင့်ခြင်းနှင့် ယုံကြည်ခြင်းလည်း ငွေပင် ဖြစ်သည်။ သခင်ယေရှု၏ အစေခံကျွန်များသာ ဖြစ်ကြရအောင်။ သခင် ယေရှုအား ကျွန်ခံလျှင် ငွေကလည်း မိမိကို ကျွန်ခံပေလိမ့်မည်။
(၁) အသင်းတော် ခုနစ်ပါးနှင့် ၎င်းတို့၏ စရိုက်လက္ခဏာများ
ဧဖက် အသင်းတော်နှင့် ဆက်နွယ်နေသည့် အောက်ပါ အသင်းတော် များ၏ အကြောင်းကို ဆက်လက်လေ့လာ ကြပါစို့။
အာရှိပြည်တွင်ရှိသော အသင်းတော်များမှာ –
(၁) ဧဖက် အသင်းတော်၊
(၂) စမုရန အသင်းတော်၊
(၃) ပေရဂံ အသင်းတော်
(၄) သွားတိရ အသင်းတော်၊
(၅) သာ အသင်းတော်၊
(၆) ဖိလဒေလ အသင်းတော်နှင့် ၊
(၇) လောဒိကို အသင်းတော် တို့ဖြစ်သည်။
အသင်းတော် ခုနစ်ပါးတွင် စမုရန အသင်းတော်နှင့် ဖိလဒေလ အသင်းတော်သည် ထူးခြားသော အသင်းတော် နှစ်ပါး ဖြစ်သည်။
အသင်းတော် တစ်ပါးခြင်းစီတွင် တူညီသော ဝိသေသလက္ခဏာ ၄ရပ်ကို တွေ့ရသည်။ ၎င်းတို့မှာ – ၁။ သခင်ယေရှုနှင့် ပတ်သက်သည့် ဖော်ပြချက် ၂။ အသင်းတော်ကို နှိုးဆော်ခြင်း ၃။ အသင်းတော်ကို အပြစ်တင်ခြင်း ၊ ၄။ သခင်ယေရှု၏ ကတိတော်။
အသင်းတော်များသို့ စာရေးသည့် စာစောင်တိုင်းတွင် စာစောင်၏ ဖွဲ့စည်းပုံ အင်္ဂါ ၄-ရပ် ပါရှိကြောင်း တွေ့ရှိရသည်။ စာစောင်များကို လေ့လာသည့်အခါ၊ သခင်ယေရှုနှင့် ပတ်သက်သည့် ဖော်ပြချက်များတွင် ဘွဲ့နာမ အမျိုးမျိုးဖော်ပြ ထားကြောင်း တွေ့ရသည်။ ဆုတောင်းသည့် အခါတိုင်းတွင် ထိုဘွဲ့နာမများဖြင့် ဆုတောင်းပါဟု သခင်ယေရှုက ‘ဖော်ပြထားသည်။ သခင်ယေရှု ကိုယ်တိုင်က သူမည်သူဖြစ်ကြောင်းကို ဗျာဒိတ်အခန်းကြီး ၂ တွင် ရှင်ယောဟန်အား ဖွင့်ပြ ထားသည်။ ထိုဘွဲ့ နာမများကို ဆင်ခြင်ကြရအောင် –
၁။ ဧဖက် အသင်းတော်
ဧဖက်မြို့၌ ရှိသော အသင်းတော်အား သခင်ယေရှု၏ ဘွဲ့နာမနှင့် ပတ်သက်၍“တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့၊ လက်ျာလက်၌ ကြယ်ခုနှစ်လုံးကို ကိုင်၍၊ ရွှေမီးခွက် ခုနစ်လုံး အလယ်၌၊ သွားလာသူ” ဟု (ဗျာဒိတ် ၂၁)တွင် ဖော်ပြထားသည်။ ထိုအရာမှာ ယေရှု၏ ဘွဲ့နာမ ဖြစ်သည်။ လကျဲလက်၌ ကြယ်ခုနစ်လုံးကို ကိုင်၍၊ ရွှေမီးခွက် ခုနစ်လုံး အလယ်၌ သွားလာသောသူ ဆိုသည့် အကြောင်းအရာကို မျက်စိထဲတွင် မြင်ကြည့်ရအောင်။ ။
ကြယ်ခုနှစ်လုံး ဆိုသည်မှာ အဘယ်နည်း? ၊ အဖြေကို (ဗျာဒိတ် ၁၂ဝ)တွင် တွေ့ရသည်။ “ငါ လက်ျာလက်၌ ထင်ရှားသော ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက် ခုနစ်လုံး၏ နက်နဲခြင်း အရာဟူမူကား၊” မီးခွက် ခုနစ်လုံးသည် အသင်းတော် ခုနစ်ပါး ဖြစ်၏။ ကြယ်ခုနစ်လုံးသည်လည်း
ထိုခုနစ်ပါးသော အသင်းတော်ကို အုပ်သော တမန် ဖြစ်ကြ၏။ မီးခွက်သည် အလင်းကို လင်းရန် ဖြစ်သည်။ အသင်းတော်သည် အလင်း လင်းရမည်။ ထိုနေရာတွင် မီးခွက်ကိုသာ ဖော်ပြပြီး၊ မီးနှင့် ဆီကို ဖော်ပြထားခြင်း မရှိပါ။ သာဖက်တွင် ကြယ်ခုနစ်လုံးကို ကိုင်သည်ဟု ဆိုသည့်အတွက် ကောင်းကင်တမန် အားလုံးသည် သခင်ယေရှု လက်၌ ရှိကြောင်း ထင်ရှားသည်။ ကောင်းကင်တမန် အားလုံးသည် သခင်ယေရှု လက်ထဲမှာ ရှိ၍ ယေရှုသည် အသင်းတော် ခုနစ်ပါး အလယ်တွင် သွားလာလှုပ်ရှား နေသည်ကို ဆင်ခြင်ကြပါစို့။
၂။ စမုရန အသင်းတော် ။
စမှရန အသင်းတော်အား သခင်ယေရှု၏ ဘွဲ့နာမနှင့် ပတ်သက်၍ (ဗျာဒိတ် ၂၈)တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ “စမုရနမြို့၌ ရှိသော အသင်းတော်၏ တမန်ကို ဤသို့ ရေး၍၊ မှာလိုက်လော့၊ အဦးဆုံး သောသူ၊ နောက်ဆုံးသော သူတည်းဟူသော” ဟု ဖော်ပြထားရှိရာ၊ သခင်ယေရှုသည် အစလည်း ဖြစ်၍၊ အဆုံးလည်း ဖြစ်သည်။ သေပြီးမှ၊ ရှင်ပြန်ထမြောက်သောသူ ဖြစ်သည်ဟု ဆင်ခြင်ကြရမည် ဖြစ်သည်။ ။
၃။ ပေရဂံ အသင်းတော်
ပေရဂုံ အသင်းတော်အား သခင်ယေရှု၏ ဘွဲ့နာမနှင့် ပတ်သက်၍ (ဗျာဒိတ် ၂း၁၂)တွင် ဖော်ပြထားသည်မှာ “ထက်သော သန်လျက်ရှိသော သူ၏ အမိန့်တော်ကား” သံလျက်ဆိုသည်မှာ အသွားနှစ်ဖက်ပါရှိသည့် နည်းတူ၊ သခင်ယေရှု၏ နှုတ်ကပတ်တော်သည် ထက်သော ဓားနှင့် တူကြောင်း ဆင်ခြင် အောက်မေ့ရမည် ဖြစ်သည်။
၄။ ချာတိရ အသင်းတော်
သွားတိရ အသင်းတော်အား (ဗျာဒိတ် ၂၁း၈-၂၈)တွင် ဖော်ပြထား သည်မှာ “မီးလျှံကဲ့သို့သော မျက်စိနှင့် ၎င်း၊ ကြေးဝါ စစ်နှင့် တူသော ခြေနှင့် ၎င်း၊ ပြည့် စုံ သော ဘုရားသခင့် သားတော်” ဟု ဖွင့်ပြထားသည့် အတွက် သခင်ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်ခြင်းနှင့် သခင်ယေရှုသည် မီးလျှံကဲ့သို့ ရှိပြီး၊ ခြေထောက်သည် ကြေးဝါ စစ်နှင့် တူပြီး ခိုင်ခန့်မှုရှိကြောင်း ဖော်ပြထားခြင်းကို ဆင်ခြင်အောက်မေ့ ရမည်ဖြစ်သည်။
၅။ သာဒိ အသင်းတော်
သာဒိ အသင်းတော်အား “ဘုရားသခင်၏ ဝိညာဉ် ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံး ရှိသောသူဟု” (ဗျာဒိတ် ၃၁)တွင် ဖော်ပြထားသည်။ ကြယ်ခုနစ်လုံးကို ရှင်းပြထားပြီး ဖြစ်သည်။ ဝိညာဉ်တော် ခုနှစ်ပါး ဆိုသည်မှာ အဘယ်နည်း ၇-နံပါတ်သည် ပြည့်စုံသော ဘုရား၏ ဝိညာဉ်တော်ကို ဆိုလိုခြင်း ဖြစ်သည်။ သန့်ရှင်းခြင်း၊ Holy သည် မြန်မာလို သန့်ရှင်းသော ဟု အဓိပ္ပာယ် ရှိသော်လည်း၊ မူရင်းစကားလုံးသည် “သီးခြား ခွဲထားခြင်း” ဟု အဓိပ္ပာယ် ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်ဆိုသည်မှာ သီးခြားခွဲခြားထားခြင်းဟု အဓိပ္ပာယ် ရှိသည်။ သန့်ရှင်း
သောဝိညာဉ်တော်၏ သန့်ရှင်းခြင်းသည် ဖန်ဆင်းခံရသော အရာများနှင့် နှိုင်း၍ မရ လုံးဝဥဿုံ သီးခြားဖြစ်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သန့်ရှင်းသော ဘုရား ဟုဆိုရာတွင် မြင်ရသော အရာများနှင့် နှိုင်းယှဉ်၍ မရ၊ အရာရာအားလုံးနှင့် သီးခြားဖြစ်ခြင်းကို ဖွင့်ပြထားသည်။ ထိုသန့်ရှင်းသော ဝိညာဉ် ဘုရားကို ဆင်ခြင်ကြရမည် ဖြစ်သည်။
၆။ ဖိလဒေလဖိ အသင်းတော်
ဖိလဒေလဖိ အသင်းတော်အား (ဗျာဒိတ် ၃၇)တွင် ဖွင့်ပြထားသည့် “သန့်ရှင်းသော သူ၊ ဟုတ်မှန်သော သူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကို ကိုင်သော သူ ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သော သူ” ဟု ဖော်ပြထားရာ သခင်ယေရှုသည် စစ်မှန်သောသူ၊ သန့်ရှင်းသောသူ ဖြစ်သည့် အပြင် ဒါဝိဒ်မင်း၏ သော့ကို ကိုင်သောသူ ဖြစ်သည်ဟု ဖော်ပြ ထားသည်။ ကောင်းကင် တံခါးသော့၊ ငရဲ တံခါးသော့ကို ကိုင်ထားသည်။ သခင်ယေရှုသည် ကောင်းကင်တံခါးကို ဝင်မည့်သူများအား တံခါးဖွင့်ပေးသူ၊ ဝင်ခွင့်ပြုသူ ဖြစ်သကဲ့သို့၊ ငရဲ သွားမည့်သူများ အားလည်း စီရင်သောသူ ဖြစ်သည်။ သခင်ယေရှု ကိုယ်တိုင်က ငါသည် အစလည်းဖြစ်၍ အဆုံးလည်း ဖြစ်သည်။ သန့်ရှင်းသော သူလည်း ဖြစ်သည်။ ကောင်းကင် တံခါးသော့ကို ကိုင်သော သူလည်း ဖြစ်သည်ဟု ယောဟန်အား ဖွင့်ပြထားသည်။ ဘယ်ဘုရား ကမှ သခင်ယေရှုကဲ့သို့ မိမိသည် ဘုရား ဖြစ်ကြောင်း၊ အခိုင်အမာပြောဆိုခြင်း ၊ မရှိခဲ့ကြပါ။
၇။ လောဒိကိ အသင်းတော်
လောဒိကိ အသင်းတော်အား ဖွင့်ပြထားသည်မှာ “ဘုရားသခင်၏ ၊ နယျသတ္တဝါတို့ အထွဋ်၊ သစ္စာရှိ၍ ဟုတ်မှန်သော သက်သေခံ၊ အာမင်၏ အမိန့်တော်ကား” ဟု ဖော်ပြထားရာ သခင်ယေရှု၏ အမည်နာမမှာ အာမင်၊ ဟုတ်မှန်သော၊ သစ္စာရှိသော အရှင်ဖြစ်သည်။ ယေရှုခရစ်တော်သည် ဖန်ဆင်းခြင်း ၊ အားလုံး၏ အစလည်း ဖြစ်သည်၊ ဝေနေယျသတ္တဝါတို့၏ အထွဋ်လည်း ဖြစ်သည်။ သစ္စာရှိသော ဘုရား၊ သန့်ရှင်းသော ဘုရား၊ ကောင်းကင် တံခါး ဝင်ခွင့်၊ ငရဲ ဝင်ခွင့် အာဏာရှိသော ဘုရား ဖြစ်သည်။ ဆုတောင်း သည့်အခါ သခင်ယေရှု၏ နာမများ လုပ်ဆောင်ချက်များကို ဦးစွာ အောက်မေ့ သတိရ သင့်ပေသည်။ သခင်ယေရှုသည် ချီးမွမ်းထိုက်သော ဘုရား ဖြစ်ပြီး ချီးမွမ်းခြင်းကို နှစ်သက်သော ဘုရားလည်း ဖြစ်သည်။ ။
သခင်ယေရှုကိုယ်တိုင် သူ၏ ဘွဲ့နာမများကို ဖော်ပြပြီး သည့်အခါ အပြစ်ဖော်ပြခြင်း မပြုသေးဘဲ အားပေးချီးမြောက်သည်။ ချီးမွမ်းခြင်းသည် ဘုရားသခင်၏ သဘောသဘာဝပင် ဖြစ်သည်။ စာစောင်များကို လေ့လာသည့် အခါ၊ သခင်ယေရှုက ငါသည် အာလဖဖြစ်၍ ဩမေဃလည်း ဖြစ်သည်။
နောင်တရပါဟု မပြောပေ။ ငါဘယ်သူလဲ ဆိုတာ မိမိကိုယ်ကို မိတ်ဆက်ပြီးမှ ချီးမွမ်းပေးသည်။ သူတစ်ပါးကို အပြစ် မဖော်ပြမီ မည်ကဲ့သို့ ချီးမွမ်းရမည်နည်း၊ ဆိုသည့်အရာကို လေ့လာသင့်သည်။ ရှင်ပေါလု၏ သြဝါဒစာတိုင်းတွင် ထိုအရာ များကို တွေ့ရသည်။ ဥပမာအားဖြင့် ရှင်ပေါလုသည် ဧဖက်သြဝါဒစာစောင်ကို ရေးသည့်အခါ၊ အပြစ်တင်သည့် သဘော ဖြစ်သော်လည်း၊ အစပိုင်းတွင်
ယေရှုခရစ်၏ တမန်ဖြစ်သော ငါပေါလုသည် စာရေးလိုက်ပါသည်ဟု မိမိကိုယ်ကို မိတ်ဆက်ပြီးမှ၊ ဧဖက်မြို့သူ မြို့သားများ၏ ကောင်းကွက်များကိုသာ အခန်း ၁,၂,၃ တွင် ချီးမွမ်း ရေးသား ထားသည်။ အခန်းကြီး လေးက အပြစ်ကို ဖော်ပြသည်။ ထိုအရာသည် ခရစ်ယာန် အသက်ရှင်မှု ပုံစံ ဖြစ်သည်။ မိဘများလည်း ထိုသို့ ဖြစ်ရမည်။ မိဘများသည် မိမိ၏ သားသမီးများကို ကောင်းသည့်အရာ များအတွက် ချီးမွမ်းပြီးမှ “ဒါပေမဲ့ ဒီလိုလုပ်တာ မှားတယ်ဆိုပြီးမှ” အပြစ်ကို ဖော်ပြ သင့်သည်။
နှိုးဆော်ခြင်း၊ ချီးမွမ်းခြင်း ပြီးသည့်အခါ အပြစ်တင်သည်။ အပြစ်တင် ခြင်းပြီးသည့်အခါမှ ဂတိပေးသည်။ နောင်တရပြီးလျှင် ဂတိပေးသည်။ ကလေး များကို ဆုံးမလျှင်လည်း ထိုသို့ပင်၊ ရိုက်၍ ဆုံးမပြီးလျှင် ပြန်ချော့ ရမည်။
နောက်ကို မလုပ်နဲ့နော် ဆိုပြီး ပြန်လည် ထွေးပွေ့ဖို့ ဖြစ်သည်။ တဖက်တွင် ပြစ်တင်ခြင်း၊ ဆုံးမခြင်း ပြုသကဲ့သို့ တဖက်တွင် ချီးမွမ်းခြင်း၊ ချော့မော့ခြင်း ပြုရမည်။ ချိန်ခွင် လျှောညီပါစေ၊ တဖက် စောင်းနင်း မဖြစ်စေနှင့်။
ကောင်းသော အသင်းတော်နှစ်ပါး ဖြစ်သည့် စမုရန အသင်းတော်နှင့် ဖိလဒေလဖိ အသင်းတော် နှစ်ပါးတို့မှာ အပြစ်တင်ခံရခြင်း မရှိပါ။ ချီးမွမ်းခြင်း သာ ခံရသည်။ မိတ်ဆွေ၏ အသင်းတော် သည်လည်း ချီးမွမ်းခြင်း ခံရသော အသင်းတော် နှစ်ပါးကဲ့သို့ ဖြစ်ပါစေ။
ဆက်လက်၍ ဧဖက်အသင်းတော်ကို လေ့လာကြည့်ကြပါစို့ –
သခင်ယေရှု ဖော်ပြထားသည်မှာ “သင့်အကျင့် ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းကို ငါသိ၏။ သင်သည် မတရားသော သူတို့ကို လက်မခံ နိုင်ကြောင်းကို ၎င်း၊ တမန်တော် မဟုတ်ဘဲ၊ တမန်တော် ယောင်ဆောင် သူတို့ကို စစ်ဆေး၍ လှည့်ဖြားသောသူ ဖြစ်သည်ဟု သိကြောင်းကို ၎င်း၊ ခန္တီနှင့် ပြည့်စုံ၍၊ ငါ၏ နာမကြောင့် ဆင်းရဲခံ၍ အားမလျော့ကြောင်းကို ၎င်း ငါသိ၏။ (ဗျာဒိတ် ၂၂-၃)ထို ကျမ်းပိုဒ်တွင် ချီးမွမ်းခြင်းကို တွေ့ရသည်။ “ငါသိ၏” ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်းခံခြင်းသည် နံပါတ်တစ် သိခြင်း ဖြစ်သည်။ နံပါတ်နှစ် သိခြင်းသည် မတရားသော သူတို့၏ လှည့်ဖြားသော ဩဝါဒကို လက်မခံခြင်းကို သိခြင်းပင် ဖြစ်သည်။ ထိုအရာများကို ချီးမွမ်းပြီးမှ ငယ် ၄ တွင် အပြစ်တင်ခြင်းဖြင့် ဖော်ပြထားသည်။ ငယ် ၄ တွင် ရှေ့ဦးစွာသော ချစ်ခြင်းမေတ္တာ လျော့ပြီဟု အပြစ်ဆိုထားပြီးမှ ငယ် ၆တွင် ချီးမွမ်းခြင်းကို တွေ့ရသည်။ “ငါမုန်းသော နိကာလ တပည့်တို့၏ အကျင့်ကို သင်လည်း မှန်းသည်ဟု” (ဗျာဒိတ် ၂၆) ဖော်ပြထားရာတွင် နိကာလ၏ အကျင့် ဆိုသည်မှာ၊ နိကာလနှင့် တပည့်တို့သည် ဘာသာအများ ၊ အယူဝါဒကဲ့သို့ ရောယှက်သည့် အယူဝါဒ ဖြစ်သည်။ ထိုနေရာတွင် ပြဿနာမှာ ကနဦး မေတ္တာလျော့သွားခြင်း ဖြစ်သည်။ အသင်းတော် တစ်ခုလုံးကို ခြုံငုံကြည့် လျှင် ကနဦးမေတ္တာ လျော့နည်းခြင်း ဖြစ်သည်။
ကနဦးမေတ္တာဆိုသည်မှာ အဘယ်နည်း ?
(မဿဲ ၂၂း၃၇-၃၉)တွင် “ယေရှုက၊ သင်၏ ဘုရားသခင် ထာဝရ ဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့၊- ဟူသော ပညတ်သည် ပဌမ ပညတ် ဖြစ်၏။ ကြီးမြတ်သော ပညတ်လည်း ဖြစ်၏။ ထိုမှတပါး ကိုယ်နှင့် စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှ ချစ်လော့ဟူသော ဒုတိယ ပညတ်သည် ပဌမ ပညတ်နှင့် သဘောတူ၏။” သခင်ယေရှုသည် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ ဖွင့်ပြ ထားသည်။ ပညတ်တော် ၁၀-ပါးတွင် ပထမ ၄-ပါးသည် ဒေါင်လိုက် ၊ ဆက်ဆံရေး ဖြစ်ပြီး လူနှင့် ဘုရားနှင့် သက်ဆိုင်သည်။ ရုပ်တု ကိုးကွယ်ခြင်းကို တားမြစ်သည်။ ဝိညာဉ်သဘောနှင့် ကြည့်သည့်အခါ ရုပ်တုများ၊ အများကြီး ရှိနေသည်။
ဣသရေလလူမျိုးများ ဘာကြောင့် ရုပ်တုကိုးကွယ်ကြသနည်း?
ဣသရေလအမျိုးများသည် ယေဟောဝါဘုရားကို ကိုးကွယ်သည့် အချိန်မှာပင် ရုပ်တုကိုလည်း ကိုးကွယ်ကြသည်။ အကြောင်းမှာ ရိုးရိုးလေးပင် ဖြစ်သည်။ ဣသရေလလူမျိုးများက ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားတို့သည် “အဝေးမှာ ရှိပြီး ငါတို့နှင့် မရှိ” ဟု ခံစားကြသည်။ ထို့ကြောင့် နေ့စဉ် လိုအပ်ချက်များကို မ မစနိုင်ဟု ယူဆကြသည်။ ဝမ်းနည်းသည့် အခါတွင် မနှစ်သိမ့်နိုင်၊ ထာဝရဘုရားသည် ရှိသည်ဟု ယုံကြည်သော်လည်း၊ လတ်တလော လိုအပ်သည့်အခါ အားကိုး၍ မရ၊ မှီတွယ်၍ မရဟု ယူဆကာ အခြားမှီတွယ်၍ ရသည့်အရာများကို ရှာဖွေကြခြင်း ဖြစ်သည်။
ဣသရေလ လူမျိုးများသည် အဲဂုတ္တုပြည်မှ ထွက်လာ၍ တောထဲရောက် ချိန်တွင် ရွှေဖြင့်၊ နွား ရုပ်တုကြီး ထုလုပ်ပြီး ကိုးကွယ်ခဲ့သည်။ ထိုသို့ ရုပ်တု ကိုးကွယ်ခြင်းကို မှားယွင်းသည်ဟု မထင်ခဲ့ကြ။ မမြင်နိုင်သည့် ဘုရားကို မြင်နိုင်သော ရုပ်ထုဖြင့် အစားထိုး ကိုးကွယ်ကြသည်။ မောရှေ၏ ညီအစ်ကို အာရှန်ပင်လျှင် ထိုကဲ့သို့ ယုံကြည်ခဲ့သည်။ ထိုအချက်သည် လူသားတို့ ၏ အားနည်းချက် ဖြစ်သည်။ ဖန်ဆင်းခြင်းခံသော သူတို့သည် မှီတွယ်စရာကို ရှာဖွေတတ် ကြသည်။ ယုဒလူတို့၏ ပြဿနာမှာ မမြင်ရသည့် ဘုရားကိုလည်း
ယုံကြည် သကဲ့သို့ ရုပ်တုကိုလည်း မမြင်ရသည့် ဘုရား၏ တစိတ်တဒေသ ဖြစ်သည်ဟု ခံယူပြီးမှ ကိုးကွယ်ကြသည်။ မမြင်ရသည့် ဘုရားကို ခေါ်ခြင်းထက်၊ မြင်ရသည့် နွားရုပ်တုကြီးကို ကိုးကွယ်ခြင်းသည် လက်တွေ့ကျသည်ဟု ခံစားသောကြောင့် ကိုးကွယ်ကြခြင်း ဖြစ်သည်။ ။
ရုပ်တု ကိုးကွယ်ခြင်းသည် အလိုဆန္ဒပြည့်ဝ လို၍၊ သက်သာမှု ရလို၍၊ ကျေနပ်မှု ရလို၍၊ ကိုးကွယ်ကြခြင်း ဖြစ်သည်။ ထိုသို့ ကူညီမှု၊ မစမှု၊ သက်သာမှုတို့သည် အဝေးမှာရှိသော ဘုရားထံမှ မရရှိနိုင်ဟု ယူဆကြသည်။
(ဃ) လနေ့ ခရစ်ယာန်များ၏ ရုပ်ထု
ယနေ့ ခရစ်ယာန်များ၏ အကြီးဆုံး ရုပ်တုမှာ ငွေပင်ဖြစ်သည်။ ငွေရှိလျှင် ပျော်မည်ထင်၍ ငွေရအောင် ယေရှု နာမကို အသုံးချသည်။ ဣသရေလတို့က မမြင်ရသည့် ဘုရား နေရာတွင် နွားရုပ်က ကိုယ်စားပြုပြီး၊ ငါတို့၏ ဘုရားဟု ပြောသကဲ့သို့ ယုံကြည်သူ အများစုကလည်း မမြင်ရသည့် ဘုရား နေရာတွင် ငွေကို သုံးထားကြသည်။ ငွေရှိလျှင် အဆင်ပြေမယ်၊ ကောင်းကြီး ခံစားမယ်ဆိုပြီး၊ ငွေကိုသာ မက်မောနေကြသည်။ ငွေရရှိရေးသာ စဉ်းစားနေကြသည်။ ရွှေ၊ ငွေကိုပေးသည့် သခင်ယေရှုနဲ့ ပျော်ရမည့်အစား၊ ငွေနှင့်သာ ပျော်မွေ့ကြသည်။ ငွေကို အားကိုးကြသည်။ ငွေရသည့်အခါ ကျေနပ်ပြီး ဘုရားနှင့် မိတ်သဟာယဖွဲ့မှု နည်းပါးလာကာ ငွေသည် ရုပ်တု ဖြစ်လာသည်။
အချို့သော နိုင်ငံမှ သင်းအုပ်ဆရာများက ထောက်ပံ့ပေးသော သူများကို ရှာကြသည်။ နိုင်ငံက ဆင်းရဲသည့် နိုင်ငံ ဖြစ်သော်လည်း ထိုသင်းအုပ် ဆရာများ၏ အသက်ရှင်ပုံမှာ အဆင့်မြင့် မြင့်နေထိုင်နိုင်ကြသည်။ သားသမီး များအား နိုင်ငံကြီးများတွင် ကျောင်းထား ကြသည်။ ဇိမ်ခံကား စီးကြသည်။ အသင်းတော်ထဲတွင် အသင်းသားများနှင့် သင်းအုပ်ဆရာ၏ ဝင်ငွေသည် အလွန်ကွာဟမှု ရှိသည်။ ကိုးရီးယား၊ အမေရိကမှ အသင်းအုပ်ဆရာများလည်း ထိုနည်းတူပင်။ ထိုသူတို့သည် ရုပ်တု ကိုးကွယ် ကြသည်။ ဘုရားနှင့် ဒေါင်လိုက် ဆက်သွယ်ရာတွင် ကနဦးမေတ္တာ လျော့သွားပြီ ဖြစ်သောကြောင့် ဒုတိယ ပညတ်ချက် ဖြစ်သော အချင်းချင်းချစ်ဖို့ အရေးသည်လည်း လျော့နည်း သွားသည်။
(င) ကနဦး မေတ္တာလျော့ပြီ
အချို့သော ခရစ်ယာန်များသည် အချင်းချင်း ချစ်ရာတွင် ကောင်းသည်။ သို့ရာတွင် ဘုရား မပါပါက မိမိ၏ အင်ပါယာ တည်ထောင်ဖို့သာ ဖြစ်လိမ့်မည်။ ဧဖက် အသင်းတော်သည် အေဒီ-၅၀ မှ စတင်ခဲ့ပြီး ၄၅ နှစ်အကြာ အေဒီ ၉၅ တွင် အခြေအနေ ပြောင်းလဲ သွားသည်။ အသင်းတော် အစပိုင်းတွင် ရှင်ပေါလု၏ စိတ်နေသဘောထားနှင့် ၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ၎င်း၊ ပြည့်ဝခြင်းများ ရှိသည်။ ဧဖက်မြို့တွင် ရှင်ပေါလု သုံးနှစ် နေရင်း၊ ခရစ်ယာန် အသက်တာနှင့် အသင်းတော် ကိုင်တွယ်နည်းကို သင်ပေးသည်။ လူနှင့် ဘုရား အထက်အောက် ချစ်တတ်ရန်၊ ဒေါင်လိုက် ချစ်တတ်ရန်၊ အလျားလိုက် ချစ်တတ်ရန် အချင်းချင်း ချစ်တတ်ရန် သွန်သင်ပေးသည်။ – အကြီးမြတ်ဆုံး ပညတ်ချက်သည် ဘုရားကို ချစ်ခြင်းဖြစ်ပြီး၊ ဝေနေယျ သတ္တဝါ အပေါင်းတို့အား ဧဝံဂေလိတရား ဝေငှဖို့ မိန့်မှာခြင်းသည် အချင်းချင်း ချစ်ဖို့ တည်းဟူသော ဒုတိယ ပညတ်ချက် ဖြစ်သည်။ ၄၅ နှစ် ကြာသည့်အခါ အသင်းတော် ခေါင်းဆောင်များ ပြောင်းလဲ သွားသည်။ ချီးမွမ်းသည့် အပိုင်းကို ကြည့်လျှင် သိနိုင်သည်။ တစ်လ နှင့်
ကျွန်ုပ်တို့ ခေတ်တွင်လည်း ဧဖက် အသင်းတော်ကဲ့သို့ အသင်းတော်များ ရှိသည်။ ထိုအသင်းတော်များသည် ပညတ်တော်ကို ထိန်းသိမ်းစောင့်ရှောက်မှု အပိုင်းတွင် စံထားလောက်သည်။ အခြားသော ဂိုဏ်းဂဏ၊ အခြားသော အသင်းတော်နှင့် အမှုတော်ဆောင်များကို ဝေဖန်သည့် အသင်းတော်များလည်း ရှိသည်။ ဂိုဏ်းဂဏ အမည်များက လှသည်၊ အသရေရှိသည်၊ နာမည်လည်း ကြီးသည်၊ အစဉ်အလာ ထိန်းသိမ်းနိုင်သည့် အသင်းတော်လည်း ဖြစ်သည်။ ငွေလည်း ရှိသည်၊ ပိုင်ဆိုင်မှု၊ အဆောက်အအုံ၊ ဩဝါဒပိုင်းဆိုင်ရာ ကောင်းသည်။ ရာဇဝင်တွင် မှတ်ကျောက်တင်လောက်အောင် ကောင်းသည့် အသင်းတော်များ ရှိသည်။ သို့သော်လည်း ငါက “သင်း တေ၊ လမ်း ၈၁၅ဝင်း” က ငါတို့ဆီက ပထမဆုံး စခဲ့တာ၊ ပထမဆုံး၊ ပထမဆုံးဆိုပြီး အားလုံး ဘုရား နေရာတွင် အစားထိုးလာသည့်အခါ သူတို့ ပြောသည့် အသင်းတော်၊ ကျမ်းစာကျောင်း များသည် ရုပ်တု ဖြစ်သွားသည်။ အဓိက စိတ်ဝင်စားမည့်အရာမှာ ထိုအရာများကို ပြင်ဆင်ပေးသည့် ယေရှု ဖြစ်ရမည်။ ထို့ကြောင့် သခင်ယေရှုက “ကနဦး မေတ္တာလျော့ပြီ” ဟု ပြောခြင်းဖြစ်သည်။
ဥရောပတိုက်မှ အသင်းတော်များ၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန် အသင်းတော်များ ကမ္ဘာတဝှမ်းလုံးရှိ အသင်းတော် အတော်များများမှာ ဧဖက် အသင်းတော်ကဲ့သို့ပင် ဖြစ်နေကြောင်း တွေ့မြင်နိုင်သည်။ ထိုသို့ ဖြစ်ရခြင်းသည် ၊ လူ့သဘောသဘာဝကြောင့် ဖြစ်သည်။ ထိုသို့ ဖြစ်မည်ကို သခင်ယေရှုက ကြိုသိ၍ ပြောခြင်း ဖြစ်သည်။
သို့ဖြစ်လျင်ဒင်တ ရဖို့ အချက်များ သည် ဘယ် အ ရာ တွေ ဖြစ် သနည်း ။ ဗျာဒိတ် ၂:၂၆ “အကြင်သူသည် အောင်မြင်၍ အဆုံးတိုင်အောင် ငါ့ အကျင့်ကို ကျင့်၏” ဟုဆိုရာ၌ အောင်မြင်ခြင်းသည် တိုက်ပွဲ ရှိ၍ ဖြစ်သည်။ ထို့ကြောင့် တိုက်ရမည်။ ဘာကို တိုက်မည်နည်း? မှားယွင်းမှုများကို တိုက်လှန် ရမည်။ မှားယွင်းမှုများ နောက်သို့ မလိုက်ဘဲ အောင်မြင်လျှင် ပါရဿိသုဘုံကို ဝင်ခွင့် ရပေလိမ့်မည်။ အောင်မြင်မှု မရှိသောသူများ ပါရဿိသုဘုံသို့ ဝင်ခွင့်ရမည် မဟုတ်ဟု သခင်ယေရှု ကိုယ်တိုင် ပြောဆိုထားသည်။
ခရစ်ယာန်တိုင်း ပါရဿိသုဘုံသို့ မရောက်နိုင်၊ “မရဏာနိုင်ငံတွင် ခရစ်ယာန် အများအပြား တွေ့ရှိခဲ့သည်” ဟု အမေရိကန်နေ၊ ကိုးရီးယား ၊ လူငယ်တစ်ဦးက ရေးသားခဲ့သော စာအုပ် တစ်အုပ်တွင် ပါရှိသည်။ အဘယ်
ကြောင့်နည်း? ဆယ်ဖို့တစ်ဖို့ မပေးလျှင် ရုပ်တု ကိုးကွယ်သောသူ ဖြစ်သည်။ ငွေနှင့် ကင်းလွတ်သော သူသည် ယေရှုကို ချစ်သောသူ ဖြစ်သည်။
ဗျာဒိတ် ၃၁ တွင် သာဒိ အသင်းတော်ကို ချီးမွမ်းသည့်အရာမှာ ၊ အဘယ်နည်း။ သင်တို့ အသင်းတော်သည် အသက်ရှင်ဟန် ရှိသည်။ သို့သော် သေနေသည်။ ခရစ်ယာန် သမိုင်းကို ကြည့်သည့်အခါ နှစ်ပေါင်း နှစ်ထောင် ၊ လုံးလုံး သာဒိ အသင်းတော်ကဲ့သို့သော အသင်းတော်မျိုးကို တွေ့ရသည်။ ငယ် ၂ တွင် မအိပ်နဲ့ ဟု ပြောခြင်းမှာ အိပ်နေသောကြောင့် ဖြစ်သည်။ ပြန်လည်၍ တည်ဆောက်ပါ။ အောက်ဆီဂျင် သွင်းပါ။ ငယ် ၃ တွင် ၊ မအိပ်ဘဲ စောင့်နေပါ။ သူကဲ့သို့ လာမည်။ “အောက်မေ့ပါ”” ဘာကို အောက်မေ့ ရမည်နည်း။ ယခင်က သွန်သင်သည့်အရာကို အောက်မေ့ပါဟု ဆိုလိုသည်။ အသင်းတော်၏ အုတ်မြစ်သည် ယေရှု ဖြစ်ပြီး၊ တည်ထောင်သူမှာ ရှင်ပေါလု ဖြစ်သည်။ ရှင်ပေါလုက အထက်အောက် ဆက်ဆံရေး ကောင်းသည်၊ ဧဝံဂေလိ
သတင်းစကားလည်း ဟောပြောသည်။ သို့သော် သူတို့ အားလုံးက မေ့သွားသည်။ ငယ် ၄-၅ တွင် သာဒိ အသင်းတော်ထဲတွင် မညစ်ညူးသည့်သူ အနည်းငယ် ရှိသေးသည်။ အသက်စာစောင်ထဲတွင် စာရင်းဝင်သောသူ အနည်းငယ်ရှိသေးသည်။ သို့သော် အောင်မြင်ခြင်း မရှိလျှင်၊ နောင်တမရလျှင် အမည်စာရင်းမှ ပယ်ဖျက်မည်။ ငယ် ၄ အဆုံးပိုင်းတွင် အောင်မြင်သော သူ၏ အမည်ကို အသက်စာစောင်မှ လုံးဝမဟု ဆိုသည်။ အသက်စာစောင်မှ ချေလိုက်သည့်အခါ ပျောက်ပျက် သွားမည် ဖြစ်သည်။ အင်္ဂလိပ်လို (blot out )ဆိုလိုသည်မှာ ရှိသည့်အရာကို ချေဖျက်လိုက်ခြင်း ဖြစ်သည်။
ခရစ်ယာန်များအတွက် ဘုရား၊ တရားကို တကယ်ကြည်ညိုသည့် အသင်းတော်မျိုးကို ရွေးချယ်တတ်ဖို့ အရေးကြီးသည်။ မှားယွင်းသော ခေါင်းဆောင်များ၏ နောက်သို့ လိုက်ခဲ့လျှင် အသက်စာစောင်မှ နာမည်ပါ ပျောက်မည်ဟု စိုးရိမ်စရာ ရှိသည်။ အသက်စာစောင်မှ ချေမည်ဆိုသည့် သခင်ယေရှု ကိုယ်တိုင် ပြောသည့် ကျမ်းချက်များကို တွေ့ရသည်။
၄။ ကယ်တင်ခြင်းကို ချေဖျက်ခြင်းဆိုင်ရာ သြဝါဒ
ဟေဗြဲ ၆း၄-၆
“အလင်းသို့ တစ်ခါရောက်၍ ကောင်းကင် ဆုကျေးဇူးကို မြည်းစမ်းခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူခြင်း၊ ဘုရားသခင်၏ ကောင်းမြတ်သော တရားစကားကို ၎င်း၊ နောင်ကပ်ကာလ၏ တန်ခိုးများကို ၎င်း၊ မြည်းစမ်းခြင်း ရှိပြီးမှ ရွေ့လျားဖောက်ပြန်သော သူ တို့သည် မိမိတို့တွင် ဘုရားသခင်၏ သားတော်ကို လက်ဝါးကပ်တိုင်မှာ ကွက်မျက်၍၊ အသရေတော်ကို ရှုတ်ချသောသူ ဖြစ်သောကြောင့် နောက်တဖန် နောင်တ ရအံ့သောငှာ အသစ်ပြုပြင်ခြင်းသို့ မရောက်နိုင်ကြ။”
ပထမ ရာစုနှစ် ယုံကြည်သူ အချို့နှင့် ပတ်သက်၍ ပြောခြင်း ဖြစ်သည်။ ငယ် ၆ တွင် ကနဦး ဟေဗြဲ ခရစ်ယာန်များထဲမှ၊ သန့်ရှင်းသောဝိညာဉ်တော် ဆုကျေးဇူးနှင့်လည်း အသက်ရှင်ပြီး၊ ကောင်းကင်ရနံ့ကိုလည်း ခံစားပြီးမှ မည်ကဲ့သို့ ရွှေ့လျော့ ဖောက်ပြန်သွားသနည်း? ရွေ့ လျော့ဖောက်ပြန်သော အပြစ်သည် ကြီးမားသော အပြစ် ဖြစ်သည်။ ထာဝရကယ်တင်ခြင်းအတွက် သခင်ယေရှု လက်ဝါးကားတိုင်တွင် အသေခံခြင်းကို ငြင်းဆိုခြင်း ဖြစ်သည်။ အပြစ်သားများအတွက် ယေရှုခရစ်တော်သည် လက်ဝါးကပ်တိုင်မှာ အသက် ပေးခဲ့ပြီး ဖြစ်သည်။ ရွေးနှုတ်ခဲ့ပြီ ဆိုသည့်အရာကို ငြင်းပယ်ခဲ့လျှင် သခင်ယေရှုက “Sorry – ဝမ်း န ည် ပါ တယ် ။ နောက်တစ်ခါ ငါမသေ မခံပေး ရိုင်ဖူး” ဟု ပြောခြင်းနှင့် အတူတူဖြစ်သည်။
ယနေ့ လစ်ဘရယ် အသင်းတော်များက ယေရှုသည် ခရစ်ယာန် ဘာသာ မှသာ မဟုတ်၊ အခြားဘာသာ အသီး သီးတွင်လည်း၊ သဏ္ဍာန် အမျိုးမျိုးနှင့် ၊ ရှိနေသည်။ ဘာသာအားလုံး အတူတူဖြစ်သည်ဟု ယုံကြည်သည်။ ထိုသို့ ယူဆခြင်းသည် သခင်ယေရှု ၏ အသွေးတော်ကို မထီမဲ့မြင် ပြုခြင်းနှင့် အသွေးတော်ကို တန်ဖိုး မထားခြင်း ဖြစ်သည်။ ကယ်တင်ခြင်းကို ပေါ့ပေါ့လေး ၊ တွက်ထားသည်။ ကယ်တင်ခြင်းသည် အခမဲ့ ရထားသည့်အတွက် တန်ဖိုး ၊ မရှိဟု ထင်မှတ်တတ် ကြသည်။
ကျွန်ုပ်တို့ ကယ်တင်ခြင်း ရဖို့ရန်အတွက် ဘုရားသခင်သည် သားတော်၏ သွေးဖြင့် ပေးဆပ်ခဲ့ရသည်။ ထိုအသွေးသည် တန်ဖိုးဖြတ်၍ မရနိုင်ပေ။ ကယ်တင်ခြင်းသည် ကစားစရာ မဟုတ်ပေ။ သခင်ယေရှု ပြောသည်မှာ “တန်ဖိုး မဖြတ်နိုင်လောက်အောင် ကြီး မား သည့် ဆုကျေး ဇူး ကို မသိမမြင်ပြုလျင် စိတ်ပြောင်းလဲသွားမည်”ဟူ၍ ဖြစ်သည်။
(က) ဓမ္မဟောင်းမှ ကယ်တင်ခြင်း ဆုံးရှုံးသူများ
. ထွက်မြောက်ရာကျမ်း အခန်းကြီး ၃၂
ဣသရေလလူများ တောထဲ လည်နေသည့် အဖြစ်အပျက်သည် ယနေ့ ကယ်တင်ခြင်း ရသူများ၏ သဏ္ဍာန်ကို ဆောင်သည်။ အဲဂုတ္တုမှ လွတ်မြောက် ခြင်းသည် ပသခါ သွေးကြောင့် လွတ်မြောက်ခြင်း ဖြစ်သကဲ့သို့ ယနေ့ ယုံကြည်သူများတွင် ခရစ်တော်၏ အသွေးကြောင့် အပြစ်မှ လွတ်မြောက် လာကြသည်။ သို့ဖြစ်၍ အဲဂုတ္တုပြည် ကျွန်ခံဘဝမှ လွတ်မြောက်လာသော ဣသရေလ လူမျိုးများသည် ယေရှု၏ အသွေးတော်ကြောင့် စာတန်၏ ကျွန်ဘဝမှ လွတ်မြောက်လာသော ယုံကြည်သူများနှင့် အလားတူသည်။ ဘုရားသခင်က မောရှေအားဖြင့် ရုပ်တု ကိုးကွယ်သူများကို ဖျက်ဆီးပစ်လိုက်မည် ဖြစ်ကြောင်း၊ သတိပေးသည်။ ဘုရားသခင် ဒဏ်ခတ်၍ သေသွားသည့် လူတို့၏ အမည်များကို အသက်စာစောင်မှ ချေပစ်လိုက်သည်။
ထွက်မြောက်ရာကျမ်း ၃၂း၂၈
မောရှေ စီရင်သည့် အတိုင်း၊ လေဝိ အမျိုးသားတို့သည် ပြု၍၊ ထိုနေ့၌ လူ သုံးထောင် လောက်သေကြ၏ ။ ။
နောက်တစ်နေ့တွင် မောရှေသည် သူ့ လူများ၏ အပြစ်ကို လွတ်ဖို့ရန် အထံတော်သို့ တောင်းပန်သည်။ (ထွက် ၃၂း၃၂) သူတို့ အပြစ်လွတ်ခြင်းငှာ အလိုတော်ရှိလျှင် လွတ်တော်မူပါ၊ သို့မဟုတ် ကိုယ်တော် စီရင်သော စာရင်း၌
ကျွန်ုပ်နာမည်ကို ချေတော်မူပါ၊ ကျွန်ုပ် တောင်းပန်ပါ၏ ဟု လျှောက်လျှင် (:၃၃) ထာဝရဘုရားက အကြင်သူသည် ငါ့ကို ပြစ်မှား၏။ ထိုသူ၏ နာမကို ငါ့စာရင်း၌ ငါချေမည် ဟူ၍ အချေအတင် ပြောဆို ကြသည်။
ကျမ်းစာကျောင်း တက်၍ ဘွဲ့ရပြီးလျှင် သင်းအုပ်ဆရာ တစ်ယောက် ဖြစ်လာနိုင်သည်။ သင်းအုပ်ဆရာဖြစ်ရန် လွယ်ကူသော်လည်း ကောင်းကင်နှင့် ဆိုင်သော သင်းအုပ်ဆရာ စစ်စစ်ဖြစ်ဖို့ မလွယ်ကူပါ။ ယခုခေတ်တွင် သင်းအုပ် ဆရာ လူဦးရေ တိုးတက်လာသကဲ့သို့ အမည်ခံ သင်းအုပ်ဆရာများနှင့် ဆိုးသွမ်း
သော သင်းအုပ်ဆရာများ၏ အရေအတွက်သည်လည်း တိုးတက်လာသည်။ ထို့ကြောင့် ယခုခေတ် သင်းအုပ်ဆရာများအပေါ် လူတို့၏ ကြည်ညိုလေးစား ခြင်းမှာ ယခင်ကလောက် မရှိကြတော့ချေ။
(၁) ကယ်တင်ခြင်း စိတ်ချမှု ၊
ကယ်တင်ခြင်း မဆုံးရှုံးနိုင်ဟု ခံယူသူများက (ယော ၁၁း၂၈-၂၉)မှာ “ထာဝရ အသက်ကို လည်း ငါပေး၏။ ထို သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်ကင်းလွတ် ကြလိမ့် မည်။ အဘယ် သူ မျှ ထို သို့ တို့ ကို ငါ့ လက်မှ မနတ်မယူရာ – ထိုသိုးတို့ကို ငါ၌ အပ်ပေးတော်မူသော ငါ့ ခမည်းတော်သည် ခပ်သိမ်းသော သူတို့ထက် ကြီးမြတ်တော်မူသည် ဖြစ်၍ အဘယ်သူမျှ ခမည်းတော်၏ လက်မှ မနတ် မယူနိုင်ရာ။” ဟူသော ကျမ်းပိုဒ်အပေါ်တွင် အခြေခံ ကြသည်။ ထိုကျမ်းပိုဒ်သည် ဘုရားသခင်၏ စိတ်သဘောကို ဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်က သူ့သားသမီး မှန်လျှင် မည်သူ့ကိုမျှ မစွန့်ပစ်လိုပါ။ ဤအကြောင်းကို ယော ၆း၃၉-၄၀ တွင် “ငါ့ ကို စေလွတ်တော်မူသော ခမည်းတော်၏ အလို တော်ကား၊ ငါ အား ပေးသော သူ တို့တွင် တစ်စုံ တစ်
ယောက်ကိုမျှ ငါ မပျောက်စေရဘဲ နောက်ဆုံးသော နေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှာ ၎င်း၊ သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူ ရှိသမျှ တို့သည် ထာဝရအသက်ကို ရစေခြင်းငှါ၎င်း အလိုတော်ရှိ၏” ဟု ဖော်ပြထားသည်။
ဘုရားသခင်က လူကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ ( live will ) ပေးထားသည်။ သို့ဖြစ်၍ အလိုတော်ကို လိုက်နိုင်သကဲ့သို့ အလိုတော်ကို ဆန့်ကျင်နိုင်သည်။ အကယ်၍ ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင် အဖြစ် လက်ခံ ယုံကြည်ပြီး ဖြစ်သော်လည်း မိမိ၏ မူလ ယုံကြည်ခြင်း၊ မူလမေတ္တာ ရွေ့လျား ဖောက်ပြန်သဖြင့် ဘုရားသခင်ကို ဆန့်ကျင်ပါက ရှေးမဆွက ဘုရားသခင်၏ ရွေးချယ်ခွဲခန့်ခြင်းကို ဆုံးရှုံးနိုင်သည် ဟူသော အချက်ကို အောက်မေ့ သတိရသင့်ပေသည်။
၅။ ဧဖက်သြဝါဒစာ ဖွဲ့စည်း တည်ဆောက်ပုံ ၊
၁။ နှုတ်ခွန်းဆက်သခြင်း ၊
(၁း၁-၂) ၂။ သြဝါဒသွန်သင်ချက်များ
(၁၃, ၃း၂၁) ၃။ ခရစ်ယာန် အသက်တာ လမ်းညွှန်ချက်များ (၄၁, ၆း၂၀) ၄။ နောက်ဆုံး နှုတ်ခွန်းဆက်သခြင်း (၆း၂၁-၂၂) ၊ ၅။ ကောင်းကြီးပေးခြင်း၊
(၆း၂၃-၂၄)
ဧဖက်သြဝါဒစာစောင်၏ တည်ဆောက်ပုံသည် အခြားဩဝါဒစာစောင် များတွင် ရှင်ပေါလု ရေးသားနေကျ ပုံစံမျိုးပင် ဖြစ်သည်။ ဤအပိုင်း ငါးပိုင်းကို သိရှိထားပါက အခြားစာစောင်များကို လေ့လာရာ၌လည်း လွယ်ကူပေလိမ့်မည်။ အပိုင်း သုံး ဖြစ်သော ခရစ်ယာန် အသက်တာ လမ်းညွှန်ချက်သည် အဓိက အရေးကြီးဆုံး အချက်ဖြစ်သည်။ ခရစ်ယာန်များ လက်တွေ့လုပ်ဆောင်ရမည့် အပိုင်းလည်း ဖြစ်သည်။ “ဤကဲ့သို့ လုပ်ဆောင်ပါ” ဟု တိုက်တွန်းနှိုးဆော်ပြီး ကောင်းကြီးပေးခြင်းဖြင့် နိဂုံးချုပ် လေ့ရှိသည်။
အသင်းတော် ခုနစ်ပါး အကြောင်းကို လေ့လာကြည့်လျှင်လည်း၊ သခင်ယေရှု ကိုယ်တိုင်ကပင် ထိုကဲ့သို့ ပြောဆိုထားကြောင်း တွေ့ရှိရသည်။ သခင်ဘုရားက “ဤကဲ့သို့ လုပ်ပါ”ဟု တိုက်ရိုက် မပြောသေးဘဲ၊ ဩဝါဒပိုင်းကို အုတ်မြစ်အနေဖြင့် အရင်ဖော်ပြထားသည်။
ထို့ကြောင့် ယုံကြည်သူတိုင်းအတွက် ခရစ်ယာန် အုတ်မြစ်ဖြစ်သည့် ဩဝါဒစာများကို သေသေချာချာ စနစ်တကျ လေ့လာကျက်မှတ်ဖို့ လိုအပ်ပါသည်။ ဩဝါဒပိုင်းဆိုင်ရာများကို နားလည် သဘောပေါက်ခြင်း မရှိပါက၊ ခရစ်ယာန် အသက်တာ အသက်ရှင်ပုံကို နားလည်သဘောပေါက်နိုင်မည် မဟုတ်ပေ။ ခရစ်ယာန် သြဝါဒများသည် အသက်တာ တည်ဆောက်နိုင်ဖို့ အလိုတော်အတိုင်း ၊ အသက်ရှင်နိုင်ဖို့ အခြေခံအုတ်မြစ်လည်း ဖြစ်ပြီး တွန်းအားပေးသော နှိုးဆော် မှုလည်း ဖြစ်သည်။
ကျမ်းစာကျောင်းတွင် ဘွဲ့ရသော်လည်း၊ ခရစ်ယာန် အက်ရှင်မှု အပိုင်းတွင် မှားယွင်းစွာ အသက်ရှင်သော သူများ ရှိသည်။ အနည်း ယနေ့ ကမ္ဘာနှင့် တဝှမ်းရှိ ကျမ်းစာကျောင်းများတွင် ရင်ဆိုင် နေ ပြဿနာရပ်ပင် ဖြစ်သည်။
ဆန့်ကျင်ဖက်အနေဖြင့် အချို့သော ခရစ်ယာန်များသည်၊ ခက်တာ ပိုင်းတွင် မှန်ကန်သော်လည်း၊ ပညာရေးပိုင်း အားနည်း၍ ဝါဒပိုင်း သည် ခရစ်ယာန်များလည်း ရှိပြန်သည်။ ထို့ကြောင့် နှစ်ခုစလုံး ဘက်မျှ အသည်။ ဩဝါဒပိုင်းနှင့် လက်တွေ့ အသက်ရှင်မှု အပိုင်းမှာပါ ညီမျှသည့် ခရစ်ယာန်များကို ဘက်ညီသည့် ခရစ်ယာန်၊ မျှတစွာ အသက်ရှင်တတ်သည့် ခရစ်ယာန် (သို့မဟုတ်) စုံလင်သော ခရစ်ယာန်ဟု ခေါ်ဆိုနိုင်သည်။
ဦးနှောက်နှင့် သိရုံသိပြီး လက်တွေ့ အသက် မရှင်သည် ခရစ်ယာန်ကို စုံလင်သည့် ခရစ်ယာန် ဟူ၍ မဆိုနိုင်။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်နှင့် ပထမ သိပြီး ဦးနှောက်နှင့်သာ ဆုံးဖြတ်သောကြောင့် ဖြစ်သည်။ အကယ်၍ ဦးနှောက်နှင့်သာ သိသော ခရစ်ယာန် ဖြစ်ခဲ့လျှင် ခရစ်တော်အတွက် အသေခံရဲမည် မဟုတ်ပေ။ ဦးနှောက်နှင့် သိထားသည့် နှုတ်ကပတ်တရားတော်များကို စိတ်နှလုံး သွင်းပြီး၊ စိတ်နှလုံးမှ တဆင့် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးသို့ အင်အား အဖြစ် ကူးပြောင်းသွားရမည်။ )
ခရစ်တော်အတွက် အသေခံရဲသော သူများသည် သိထားသည့် နှုတ်ကပတ် တရားများကို နှလုံးသွင်းပြီးမှ ယုံကြည်သည့်အတိုင်း လက်တွေ့ လုပ်ဆောင်ခြင်း အားဖြင့်သာ အသေခံရခြင်း ဖြစ်သည်။ နှုတ်ကပတ်တော် ကြားနာခြင်း ၊ နားလည် သဘောပေါက်ခြင်း၊ ယုံကြည်ခြင်း၊ ခံယူချက် လက်တွေ့ လုပ်ဆောင်ခြင်း၊ ဘုန်းတော် ထင်ရှားခြင်း အဆင့်ဆင့် ကူးပြောင်းရသည်။
နှုတ်ကပတ်တော်ကို ကြားနာခြင်းအားဖြင့် ၎င်း၊ ဖတ်ရှုလေ့လာခြင်းဖြင့် ၎င်း၊ နားလည်သဘောပေါက် ရသည်။ ထိုသို့ ကြားနာ ဖတ်ရှုရာတွင် ဝိညာဉ်အရာ ဖြစ်သော တရားတော်ကို နားလည်နိုင်ရန် ဝိညာဉ်တော်၏ ကူညီမစမှု လိုအပ် သည်။ ဝိညာဉ်တော်က ဖွင့်ပြမှ ဉာဏ်မျက်စိ ပွင့်ပြီး ဝိညာဉ်သဘောဖြင့် သိရှိနားလည် နိုင်ပေမည်။ နားလည်သဘောပေါက်မှသာ ယုံကြည်နိုင်သည်။ လက်ခံယုံကြည်သည့်အခါ ရိုးရိုး ယုံကြည်ခြင်းနှင့် နှလုံးသားပါပါ ယုံကြည်ခြင်း ဟူ၍ နှစ်ဆင့် ရှိသည်။ စစ်မှန်သော ယုံကြည်ခြင်း ဆိုသည်မှာ ယုံကြည်သည့် အတိုင်း လိုက်လျှောက်ခြင်း၊ လက်တွေ့ လုပ်ဆောင်ခြင်း ဖြစ်သည်။ (ဦးနှောက် အသိဉာဏ်အားဖြင့်သာ လက်ခံယုံကြည်ခြင်း၊ သဘောတူခြင်း အဆင့်လောက် မဟုတ်ပေ။) စစ်မှန်သော ယုံကြည်မှုသည် အသက်ရှင်ပြီး လက်တွေ့ မလုပ်ဆောင်ဘဲ မနေနိုင်ချေ။ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်၏။ (ယာကုပ် ၂း၂၆)
နှုတ်ခွန်းဆက်သခြင်း
နှုတ်ခွန်းဆက်သခြင်း အပိုင်းတွင်လည်း သွန်သင်ချက်များ ပါဝင်သည်။ ရှင်ပေါလုသည် စာရေးသူဖြစ်ကြောင်း သက်သေ သာဓကများ တွေ့ရှိနိုင်သည်။
၁။ ကိုယ်တိုင်ဖွင့်ဟ ဝန်ခံခြင်း။
“ဘုရားသခင်၏ အလိုတော်အားဖြင့်၊ ယေရှုခရစ်၏ တမန်တော်ဖြစ်သော
ထိုသို့ ရေးသားခြင်းသည် ရှင်ပေါလု၏ ရေးနေကျ ပုံစံဖြစ်သည်။
ငါသည် တမန်တော်ဖြစ်သည် ဟူ၍၎င်း၊ ငါသည် ယေရှု၏ အစေခံ ကျွန်ဖြစ်သည် ဟူ၍၎င်း၊ ပြောဆို ရေးသားထားကြောင်း တွေ့ရသည်။ ထိုအချက် (၂)ချက်သည် ရှင်ပေါလု၏ စာစောင်တိုင်းတွင် ပါရှိကြောင်း တွေ့ရှိရသည်။ တမန်တော်အဖြစ် ခန့်အပ်ထားခြင်းမှာ ဘုရားသခင်၏ အလိုတော်အားဖြင့် ဖြစ်သည်။ လူ၏ အလိုအားဖြင့် မဟုတ်ပေ။ (က) တမန်တော်ဖြစ်ခြင်း၊ (ခ) အစေခံကျွန်ဖြစ်ခြင်း၊ (ဂ) ဘုရားသခင် အလိုတော်အားဖြင့် ဖြစ်ခြင်း၊ ထိုအချက် ၃-ချက်သည် အရေးကြီးသည်။
တမန်တော်ဖြစ်ခြင်းသည် ခရစ်တော်အားဖြင့် စေလွှတ်ခြင်း ခံရသူဖြစ်၊ သည်ဟု အဓိပ္ပာယ် ရသည်။ ယေရှုခရစ် အထူးရွေးချယ် ခွဲခန့်၍ အထူးစေလွှတ် ခြင်းခံရသည့် ကိုယ်စားလှယ် ဖြစ်သည်ဟု အဓိပ္ပာယ် ရသည်။ တပည့်တော် တစ်ဆယ့်နှစ်ပါး အပြင် ဗာနဗလည်း ကမန်တော် ဖြစ်သည်။ တမန်တော်ဟု ခေါ်ဝေါ်ခြင်း ခံရသောသူ အနည်းငယ်သာ ရှိသည်။
ထိုကဲ့သို့သော အလားတူ နှုတ်ခွန်းဆက်သခြင်းကို ရှင်ပေါလု၏ အခြားသြဝါဒ စာစောင်များတွင်လည်း တွေ့ရှိရသည်။ (ဧဖက် ၁း၁၊ ကော ၁း၁၊ ဂလာ ၁း၁၊ ၂ကော ၁း၁)
၂။ စာရေးသူဖြစ်ခြင်း
ရှင်ပေါလု၏ အမည်ကို တွေ့ရသည်။ (၁း၁) (၃း၁)
၃။ စာအရေးအသားပုံစံ ၊
စာရေးပုံ အရေးအသားသည် ရှင်ပေါလု ရေးသားထားကြောင်း ကောက်ချက်ချ နိုင်သည်။
၄။ တည်စောက် ၊
ဧဖက်သြဝါဒစာ တည်ဆောက်ပုံသည် ရှင်ပေါလု ရေးနေကျ အရေး အသားနှင့် တူသည်။
၅။ ဝေါဟာရ
အခြားသော ဩဝါဒစာများတွင် ရေးသားထားသော ဝေါဟာရများ၊ စကားလုံး အသုံးအနှုန်းများကို သုံးထားကြောင်း တွေ့ရသည်။
ရှင်ပေါလု၏ ဩဝါဒစာစောင် (၁၃)အုပ်လုံးတွင် စကား အသုံးအနှုန်း (၂၁၇၇)လုံး ရှိသည်။ မတူညီသော စကား အသုံးအနှုန်းကို ရေတွက်ခြင်း ဖြစ်သည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ ဝေါဟာရ စကားလုံးများ (၂၁၇၇) သုံးနိုင်သည့် အစွမ်းရှိသည်။ နာမ်၊ ကြိယာ၊ နာမဝိသေသန၊ ကြိယာဝိသေသနတို့ ပါဝင်သည့် ဝေါဟာရ (၂၁၇၇)လုံးထဲမှ ဧဖက်သြဝါဒ စာစောင်ကို ရေးသည့်အခါ (၁၂၀၃)လုံးကို အသုံးပြုသည်။ ရှင်ပေါလု၏ မူပိုင် စာလုံး (၁၂၀၃)လုံးတွင် တဝက်ကျော်သည် ပေါလု၏ ကိုယ်ပိုင် ဖြစ်သောကြောင့် ထိုစာစောင်သည် ရှင်ပေါလု ရေးသားထားခြင်း ဖြစ်ကို ဖြစ်ရမည်ဟု ဆိုနိုင်ခြင်း ဖြစ်သည်။ ရှင်ပေါလု ရေးသားထားသော ဩဝါဒစာ ၁၃- စောင်တွင် သုံးနေကျ မူပိုင် ၊ စာလုံး (၆၁၈)လုံး ရှိသည်။ ၎င်းတို့ထဲမှ (၅၅၀)သော စကားလုံးကို ဧဖက်သြဝါဒစာတွင် တွေ့ရသည့်အတွက် ဧဖက်သြဝါဒစာသည် ရှင်ပေါလု ရေးသားထားသော စာစောင်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုနိုင်ခြင်း ဖြစ်သည်။
၆။ Theology ပိုင်း ၊
ရှင်ပေါလု၏ သြဝါဒစာစောင် (၁၃)စောင်လုံးတွင် တူညီသော ၊ Theology: အဓိကဆိုင်ရာ အချက်များ ရှိသည်။ ထိုအချက်များကို ဧဖက်သြဝါဒ စာစောင်ထဲတွင် တွေ့ရှိရသည်။ သီသော်လော်ဂျီ ရှုဒေါင့်မှလည်း သက်သေထူနိုင် ပါသည်။ Theology ပိုင်းတွင်လည်း အခြားစာစောင်များနှင့် တစ်သဘောတည်း ၊ ရှိသည်။
အခြားစာစောင်များနှင့် တူညီသည့် အချက်များမှာ – (က) ရှင်ပေါလု၏ စာစောင်တိုင်းတွင် ကျေးဇူးဂရုဏာနှင့် ပြည့်ဝသည့် ဘုရားသခင်၏ အစိုးရခြင်းကို ဖော်ပြထားသကဲ့သို့ ဧဖက်သြဝါဒစာတွင်လည်း
ဖော်ပြထားသည်။ (၁း၁,၃,၉,၁၁,၁၂)၊ (၂း၄-၅,၇) ၊ (ခ) ခရစ်တော်ကို ဗဟိုပြုခြင်း (၁၇, ၂း၁၃-၁၈) (ဂ) ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းနှင့် အထက်သို့ တက်ကြွခြင်း
(၁း၂ဝ-၂၂) ၊ (ဃ) သန့်ရှင်းသော ဝိညာဉ်တော်၏ ဆောင်ရွက်ချက်များကို အထူးပြု ဖော်ပြရေး၊
သားခြင်း (၂း၁၈,၂၂၊ ၃း၅,၁၆၊ ၄း၁-၄, ၁၃၊ ၅း၁၈၊ ၆း၁၈) တို့ဖြစ်သည်။
၇။ အစေခံကျွန် နှစ်မျိုး
သမ္မာကျမ်းစာထဲတွင် အစေခံကျွန် နှစ်မျိုး ရှိသည်။ အစေခံကျွန် ဆိုသည်မှာ ကျွန်ဟူ၍ ပြောခြင်း ဖြစ်သည်။ ထိုအချိန်က လူနေမှု အဆင့်အတန်း ကြည့်သည့်အခါ သခင်နှင့် ကျွန်ဟူ၍ ရှိသည်။ မောရှေ ခေတ်တွင်လည်း ကျွန်စံနစ် ထွန်းကားသည့် အချိန်ကာလဖြစ်ပြီး၊ သခင်နှင့် ကျွန်ဟူ၍ တွေ့ရသည်။ (တရား ၁၅း၁၂-၁၈) ထို့ကြောင့် ယေဟောဝါဘုရားက မောရှေအား ကျွန်များကို မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို သွန်သင်ထားသည်။ အစေခံ နှစ်မျိုးမှာ အောက်ပါ အတိုင်း ဖြစ်သည်။ ၁။ ခြောက်နှစ် အစေခံခြင်း (ငယ် ၁၈) ၂။ တသက်လုံး အစေခံခြင်း (နားဖောက်ထားသော အစေခံ) (ငယ် ၁၇)ဟူ၍ ဖြစ်သည်။
ရှင်ပေါလုသည် သူကိုယ်သူ မိတ်ဆက်သည့်အခါ၊ ထာဝရအစေခံ ကျွန်ဟု မိတ်ဆက်သည်။ အစေခံ နှစ်မျိုးနှင့် ပတ်သက်ပြီး (တရား ၁၅း၁၂-၁၈)တွင် တွေ့ရှိရသည်။ ဣသရေလနိုင်ငံ သမိုင်းတွင် ကျွန်စံနစ်နှင့် ပတ်သက်ပြီး၊ ကျွန်များကို ခုနစ်နှစ် ပြည့်လျှင် ပြန်လွှတ်ရသည်။ သခင်နှင့် အိမ်သူအိမ်သားများ၏ အကျိုးအတွက် ကျွန်က သစ္စာရှိရှိ ကြိုးစားပြီး လုပ်ဆောင် ပေးရသည်။ ထိုကဲ့သို့ ခြောက်နှစ် စေ့သည့်အခါ၊ ကျွန်ကို ပြန်လွှတ်လျှင် လက်ချည်းသက်သက် မလွှတ်ရ။ အနာဂါတ်တွင် သူတို့၏ အသက်မွေးဝမ်း ၊
ကျောင်းအတွက် လိုအပ်သမျှ ပေးရသည်။ ထိုသို့ ပြုလုပ်ခြင်းသည် သခင်နှင့် ကျွန်အကြား လုပ်နေကျ အစဉ်အလာ တစ်ခု ဖြစ်သည်။ သမ္မာကျမ်းစာ အရ ချမှတ်ထားသော ကျွန်စံနစ် အရ ထိုသို့ လုပ်ဆောင်ရခြင်း ဖြစ်သည်။
ယနေ့ ကျမ်းစာ ကျောင်းသား အများစုသည် ခြောက်နှစ် ကျွန် အမျိုးအစားထဲတွင် ပါဝင်လို ကြသည်။ ကျမ်းစာကျောင်း ပြီးသွားလျှင်၊ လုပ်ချင်သည် ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ၊ အမှုတော်ဆောင် ဖြစ်လာကြ ရသည်။ အချို့မှာ မိသားစု အခြေအနေကြောင့် သော်လည်းကောင်း၊ ငွေကြေး အခြေအနေကြောင့် သော်လည်းကောင်း၊ ကျမ်းစာကျောင်းသို့ ရောက်ရှိလာ ကြသည်။ ကျောင်းပြီး၍ ဘွဲ့ ရသောအခါ အချို့က သင်းအုပ်ဆရာ၊ တချို့က ဧဝံဂေလိဆရာ လုပ်ဆောင် ကြသည်။ ထိုသို့သော အစေခံကျွန်များကို ခြောက်နှစ် ၊ အစေခံကျွန်များ ဟု ခေါ်သည်။
ဘုရားသခင်သည် မောရှေအား ထူးခြားသော အစေခံကျွန်များလည်း တတ်ကြောင်း ဖွင့်ပြသည်။ ထိုသို့ ထူးခြားသော အစေခံကျွန်များက ခြောက်နှစ် မည့်သည့်အခါ “သခင်ကိုလည်း ချစ်တယ်၊ သခင်ရဲ့ အိမ်သူအိမ်သားများ ကိုလည်း အလွန်ချစ်တယ်” ဟု ပြောတတ်ကြသည်။ ထိုသို့ ချစ်သည်ဟု ပြောသည့်အခါ ကျွန်နှင့် သခင် လူနှင့် ဘုရား တို့၏ ဒေါင်လိုက် ချစ်ခြင်း ဖြစ်၍ ရုပ်တု ကိုးကွယ်ခြင်း မဟုတ်တော့ပေ။ သခင့်ကိုလည်း ချစ်၊ အိမ်သူ အိမ်သားများကိုလည်း ချစ်သောကြောင့် အိမ်မှ ထွက်၍ မသွားလို၊ တစ်သက်လုံး ကျွန်ခံ လိုသည်။ သခင်ထံမှာ အမြဲတမ်း ကျွန်ခံပါရစေဟု လိုလိုလားလားနှင့် တောင်းဆို ကြသည်။ ထိုအခါ သခင်က ကျွန်ကို တံခါးနားမှာ ဆွဲခေါ်ပြီး တံခါးတိုင်တွင် စူးနှင့် နားကို ဖောက်ပေးသည်။ တရားဝင် သဘောတူ စာချုပ် ချုပ်ဆိုကြခြင်း ဖြစ်သည်။ အစေခံကျွန်၏ နားတွင် နားဖောက်ခြင်း ပြီးသွားသည့်အခါ သခင်က “သင် ဟာ ငါရဲ့ အမြဲတမ်း ကျွန်ဖြစ်ပြီ” ဟု ကြေညာသည်။ ထိုကျွန်နှင့် သူ၏ မိသားစု တွင် နားပေါက် ပါရှိသောကြောင့် ယာယီကျွန် မဟုတ်ဘဲ၊ အမြဲတမ်းကျွန် ဖြစ်ကြောင်း သိသာထင်ရှားသော အမှတ်အသား ပါသည်။ ထူးခြားသည့် အထူးအစေခံ ကျွန်များ ဖြစ်လာကြသည်။
ရှင်ပေါလုက ဧဖက် အသင်းတော်သို့ မိတ်ဆက်သည့်အခါ “ငါ ပေါလှသည် နားဖောက်ထားသည့် အစေခံကျွန်ဟု” မိတ်ဆက်သည်။ ခြောက်နှစ် အစေခံနှင့် ထာဝရအစေခံ ကျွန်၏ ကွာခြားမှုမှာ “မေတ္တာ” ပင်ဖြစ်သည်။ ခြောက်နှစ် ကျွန်သည် သက်တမ်းပြည့်ဘို့သာ မျှော်ရင်း အလုပ် လုပ်သည်၊ လွတ်မြောက်တို့၊ ယာယီအဆင်ပြေဘို့သာ ကြည့်သည်။ သခင်လည်း မချစ်တတ်ပါ။ သခင်ရှေ့တွင် တစ်မျိုး၊ ကွယ်ရာတွင် တစ်မျိုး၊ နေတတ်လုပ်တတ် ကြသည်။
တချို့မှာ သင်းအုပ်ဆရာများ ဖြစ်ကြသော်လည်း၊ ယေရှုကို မချစ်ကြပါ။ အမှုတော်ထဲ၌ ပါဝင်လုပ်ဆောင် နေရသော်လည်း၊ အမှုတော်မြတ်ကို စီးပွားရေး လုပ်ငန်း တစ်ခုကဲ့သို့ သဘောထား ကြသည်။ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုသဖွယ် သဘောထား ကြသည်။ ယေရှုကို ချစ်ရမည့်အစား၊ လောကကို ချစ်ကြသည်။ ငွေကို ချစ်သည်။ ရာထူးကို ခုံမင်သည်။ မိမိတို့၏ နာမည် ကျော်ကြားဖို့ရန် အတွက် ယေရှုကို အသုံးပြုကြသည်။
နားဖောက်သည့် အစေခံကျွန်များသည် ရုပ်တု မကိုးကွယ်၊ ယေရှု တစ်ပါးတည်းကိုသာ ကိုးကွယ်သည်။ တမန်တော် ရှင်ပေါလုသည် ထိုသို့သော အစေခံ ကျွန်မျိုးတွင် ပါဝင်သည်။ ကိုယ်တော့်အတွက် အသေခံ ရဲသောသူ ဖြစ်သည်။ ကိုယ်ကျိုးစီးပွား၊ ပညာရေး၊ လောကနှင့် စပ်ဆိုင်သည့် ခပ်သိမ်း သောအရာများကို မစင်ကဲ့သို့ မှတ်ထင်ထားသည်။
သခင်ယေရှုသည် နားဖောက်ပြီး၊ အစေခံမည့် ကျွန်များကို ရှာဖွေ နေသည်။ ဧဝံဂေလိတရားကို ဟောပြောမည့် သူများမှာ နားဖောက်ထားသော စေခံကျွန်များသာ ဖြစ်သည်။ ခြောက်နှစ် ကျွန်များနှင့် တူသည့် အခြေအနေအရ အမှုတော်ဆောင်များ၊ ကိုယ်ကျိုးဖက် အမှုတော်ဆောင်များကြောင့် အသင်းတော် များတွင် ပြဿနာ ပေါ်ပေါက်ရသည်။ သခင်ယေရှု လိုလားသည့် အစေခံမျိုးသည် နားပေါက်ပါသည့် အစေခံ ကျွန်မျိုးသာ ဖြစ်သည်။
ဓမ္မဟောင်းကာလတွင် ကျွန်နှစ်မျိုးရှိကြောင်း ဖော်ပြထားသည်။ ဓမ္မဟောင်းတွင် ဖော်ပြထားသည့် အဖြစ်အပျက်များသည် ဓမ္မသစ်၏ ပုံရိပ် ဖြစ်သည်။ သာမန် သဘောတရားအားဖြင့် အစေခံခြင်းကို ရှောလုရှင် ဘုရင်၏ အသက်တာအားဖြင့် ၎င်း၊ နားပေါက်ပါသည့် အစေခံကျွန်မျိုးကို ဒါဝိဒ် ဘုရင်၏ အသက်တာအားဖြင့် ၎င်း၊ ပုံဆောင်၍ ဖော်ပြထားသည်။ ဒါဝိဒ်နှင့် ရှောလုတွင် တူညီသော အချက် အချို့ရှိသည်။ နှစ်ဦးစလုံး ရှင်ဘုရင်ဖြစ်ခြင်း၊ ဘုရား၏ ဘိတ်သိတ်ပေးခြင်း ခံရခြင်းနှင့် ဘုရား၏ အစေခံကျွန်များ ဖြစ်ခြင်းသည် တူညီသော အချက်များ ဖြစ်သော်လည်း၊ တစ်ဦးနှင့် တစ်ဦး စရိုက်ချင်း မတူညီကြပေ။ ဆန့်ကျင်ဖက်များ ဖြစ်ကြသည်။ သူတို့ နှစ်ဦး၏ ဘဝပန်းတိုင် သည်လည်း ဆန့်ကျင်ဖက် ဖြစ်သည်။ ရှောလုအတွက် ရှင်ဘုရင် ရာထူးသည် ရုပ်တု ဖြစ်သည်။ ထိုရာထူးကို ထိန်းသိမ်းဖို့ရန်အတွက် လူကို သတ်သည်။ ဘုရား နာမ၌ သတ်သည်။ သူ့ထက်သာ၍ အောင်မြင်ကျော်ကြားလျှင် မနာလို စိတ် ရှိလာသည်။ သမီးကို ဒါဝိဒ်နှင့် ပေးစားခြင်းသည် ကောင်းစားစေလို၍ မဟုတ်ပါ။ အလွယ်တကူ သတ်လို၍ ဖြစ်သည်။ သူ၏ စာရတ္တိက ကောက်ကျစ် စဉ်းလဲသည်။ အခြေအနေ ပေါ်မူတည်ပြီး၊ ပြောင်းလဲသော အသက်တာမျိုး ၊ ဖြစ်သည်။ ရှင်ဘုရင် ရာထူးမှ ပြုတ် မကျသွားရန် အမြဲတမ်း လှည့်ဖြား တတ်သည်။ ပရိယာယ်များသည်။ ပြဿနာကြုံလျှင် ဘုရား တ သည်။ ဒုက္ခရောက်သည့် အချိန်မှာပင် သူတစ်ပါးကို ဒုက္ခပေးသည်။ ဘုရားနှင့် ဒေါင်လိုက် ဆက်ဆံပုံခြင်း ခြားနားသည်။
မနာလိုစိတ် ရှိခြင်း၊ ပြိုင်ဆိုင်တတ်သည့် စိတ် ရှိခြင်း၊ သူတစ်ပါး ကြောင်း မကောင်းပြော၍၊ သူတစ်ပါး၏ အသေရေကို ရှုတ်ချသော သူများသည် အလှ အသက်တာ ကဲ့သို့သော သူများ ဖြစ်သည်။ ရှောလှသည် တိုက်ပွဲတွင် အောင်မြင်သည်။ နယ်ချဲ့၍ ရသည်။ အောင်မြင်ခြင်း နောက်ပိုင်းတွင် အောင်မြင် ခြင်း၏ ကျောက်တိုင်ကို သူ့အတွက် ထူသည်။ မိမိအောင်မြင်မှုကြောင့် မိမိကိုယ်ကို ချီးမြောက်သည်။
အချို့သော သင်းအုပ်ဆရာများက လူများအား ခေါ်ယူ စည်းရုံး သည်။ အသင်းတော် ကြီးလာအောင်၊ လူတကာ သိအောင် ဆောင်ရွက်သည်။ ထိုအရာ သည် သူ၏ အောင်မြင်မှုအတွက် မှတ်ကျောက်တင် နေခြင်း ဖြစ်သည်။
ဒါဝိဒ်၏ အသက်တာ
ဒါဝိဒ်တွင် သခင်ယေရှု၏ စိတ်သဘောမျိုး ရှိသည်။ သူ၏ နာမည် အတွက်၊ ကိုယ်ကျိုးအတွက် ရာထူးကို အသုံး မချပါ။ သူသည် အပြစ်ပြုမိ
သော်လည်း၊ ဘုရားသခင် ရှေ့တွင် နှိမ့်ချသည်။ ရှင်ဘုရင် ဒါဝိဒ်၏ အသက်တာ သည် အသားထဲတွင် ဆူးဝင်နေသည့် အသက်တာမျိုး ဖြစ်သည်။ ရှင်ဘုရင် ရှောလုက၊ ဒါဝိဒ်ကို အမြဲဒုက္ခပေးသည့် ဆူးကဲ့သို့ ဖြစ်သည်။ ။
ရှင်ဘုရင် ဒါဝိဒ်သည် ဗေသရှေဘ အပေါ် ပြုခဲ့မိသော အပြစ်အတွက်၊ ဘုရားသခင်ထံမှ ခွင့်လွတ်ခြင်းကို တောင်းခံရသည်။ ထို့အတွက် သူတစ်ပါးကို ခွင့်လွတ်တတ်ဖို့ရန် ဖြစ်သည်။ သားတော် ရှောလမုန်ကို မြင်တိုင်း နှိမ့်ချဘို့ ဖြစ်လာသည်။
တမန်တော် ရှင်ပေါလုသည်လည်း၊ ကျမ်းစာနှင့် မကိုက်ညီသည့် အသက်တာ၊ လူကို သတ်သည့် အပြစ်များကို ကျူးလွန်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ခံရသည့်နာစေခံကျွန် တစ်ဦး ဖြစ်ခဲ့ရသည်။ ထို့ကြောင့် တမန်တော် ရှင်ပေါလုက “ကျွန်တော်သည် အငယ်ဆုံး တမန်တော် ဖြစ်သည်၊ အပြစ် ကြီးဆုံးသော တမန်တော် ဖြစ်သည်” ဟု အမြဲတမ်း ဝန်ခံ ပြောဆိုသည်။ သူ၏ မကျန်းမာမှုသည်လည်း သူ၏ ဆူးဖြစ်သည်။ ထိုဆူးသည်သခင်ဘုရား ရှေ့တွင် နှိမ့်ချဖို့ ဖြစ်သည်။ သူတစ်ပါးကို အပြစ်တင်ဖို့ ခွန်အား မရှိသည့် ခေါင်းဆောင် တစ်ဦးဖြစ်ပြီး၊ သခင်ထံမှ ကြွယ်ဝသော ကျေးဇူး ခံရသော အစေခံကျွန် ဖြစ်သည်။
ဒါဝိဒ်သည် မိမိအား၊ သတ်ဖို့ရန် လေးကြိမ်တိုင်တိုင် ကြိုးစားခဲ့သော ရှောလုကိုတောင် အပြစ်တင်သည့် ခွန်အား မရှိ၊ ခွင့်လွတ် နိုင်ခဲ့သည်။ အကြောင်းမှာ ဒါဝိဒ်သည် မိမိအပြစ်နှင့် အားနည်းချက်ကို နားလည်ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သာ စီရင်ပါစေ၊ ဘုရား အလိုတော်အတိုင်း ဖြစ်ပါစေ ဆိုသည့် စိတ်ထားမျိုး ရှိခဲ့သည်။ ဒါဝိဒ်က ရှောလုအား လေးကြိမ်တိုင်တိုင် သတ်ဖို့ရန် အခွင့်အရေး ရရှိခဲ့သော်လည်း ထိုအခွင့်အရေးကို အသုံး မချခဲ့ပေ။
မြန်မာပြည်ရှိ ယုံကြည်သူ အသိုင်းအဝိုင်းထဲမှ နားဖောက်သော အစေခံကျွန်များ များစွာ ပေါ်ထွက်ပါစေ။ ဤတိုင်းနိုင်ငံသည် နားဖောက်ထားသော ၁ဝ ရာခိုင်နှုန်းသော အစေခံကျွန်များအားဖြင့် ပြောင်းလဲရလိမ့်မည်။ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် မလေးရှား၊ တရုတ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံများပင်လျင် မြန်မာပြည်မှ ၁၀ ရာခိုင်နှုန်းသော နားပေါက်ပါသည့် ခရစ်ယာန် များအားဖြင့် ကောင်းကြီးမင်္ဂလာ ခံစားရဦးမည် ဖြစ်သည်။
(က) သခင်နှင့် ကျွန် ဆက်ဆံရေး
၁။ သခင်၏တာဝန်ဝတ္တရား
မြေရှင်ပဒေသရာဇ် ခေတ်တွင် လူတန်းစား နှစ်မျိုးရှိရာ ၎င်းတို့မှာ သခင်နှင့် ကျွန်ဟူ၍ ဖြစ်သည်။ သခင်များက မြေ၊ အိမ်နှင့် ကျွန်များကို ပိုင်ဆိုင် ကြသည်။ ကျွန်တို့အပေါ်မှာ သခင်က ကြီးမားသော တာဝန် ရှိသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်များကို ဈေးမှ ငွေဖြင့် ဝယ်ယူခြင်း ဖြစ်သည့်အတွက် ကျွန်များကို ငွေသားကဲ့သို့ ထိန်းသိမ်းရန် တာဝန် ရှိသည်။ ထိုကျွန်များသည် သခင်၏ အလိုကို အရာရာတိုင်း၌ ဆောင်ရွက်ပေးရသည်။ လယ်စိုက်ရသည်။ အလုပ်ရုံမှာ လုပ်ရသည်။ ကျွဲ၊ နွား၊ သိုးစသည့် အိမ်မွေး တိရစ္ဆာန်များကို ထိန်းကျော် ပေးရသည်။ သခင်၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက် ပေးရသည်။
သခင်၏ အိမ်တွင် ကျွန်အမျိုးမျိုး ရှိသည်။ အကယ်၍ ကျွန်တစ်ဦး၊ တစ်ယောက် မကောင်း၊ ဖျားနာလျှင် သခင့်အတွက် သူ၏လုပ်အား ဆုံးရှုံးသည်။ ထို့ကြောင့် ကျွန်တစ်ယောက် ကျန်းမာစေဖို့ သခင်က ဂရုစိုက်ရသည်။ အစေခံကျွန်များသည် လုပ်အားခ မရကြ။ အခမဲ့ လုပ်ရသည်။ ကျွန်များ၏ ကျန်းမာရေး ကောင်းမွန် စေရန်အတွက်လည်း သခင်က အစားအစာကောင်းများ ပြင်ဆင်ပေးသည်။ သခင်က ကျွန်များကို လူဆိုးနှင့် သူခိုးလက်ထဲပါ မသွားအောင်၊ ကာကွယ် ပေးရသည်။ ကျွန်၊ ယောကျာ်း၏ မိန်းမကိုလည်း ကလေးများများ မွေးနိုင်အောင်၊ ကျန်းမာရေး ကောင်းမွန်အောင် ပြုစုပေးရသည်။ ကလေးများများ မွေးနိုင်လျှင် သခင်အတွက် အကျိုးအမြတ်များများ ရနိုင်သည်။ ခြောက်နှစ် အစေခံကျွန်နှင့် ထာဝရအစေခံကျွန် (နားဖောက်ထားသောကျွန်) အပေါ်တွင် သခင်၏ ဆက်ဆံရေး မတူပါ။ နားဖောက်ထားသော ကျွန်ကို ကောင်းစွာသွန်သင် ပေးသည်။ အခွင့်အဏာကိုလည်း ပိုပေးသည်။ ။
၂။ ကျွန်၏တာဝန်ဝတ္တရား
(က) ခြောက်နှစ် အစေခံကျွန်များ
(ခ) နားဖောက်ထားသော အစေခံကျွန်များ
သူတို့၏ တာဝန်ဝတ္တရားများမှာ သခင်အတွက် အလုပ်ကို လုပ်ဘို့သာ ဖြစ်သည်။ မည်သည့် ကျွန် မဆို၊ အစားအစာအတွက် မစိုးရိမ်ရ။ သခင်က လုံးဝ တာဝန်ယူ ပေးရသည်။ နေ့တိုင်း မည်သို့ စားရမည်နည်းဟု စိုးရိမ် နေလျှင် သခင်ယေရှု၏ အစေခံကျွန်များ မဟုတ် အချို့သင်းအုပ်ဆရာများ စိုးရိမ်ကြသည်။ သခင်ယေရှု၏ အစေခံကျွန် မှန်လျှင် လူဆီမှာ မတောင်းရပါ၊ သခင်ယေရှုထံမှာသာ တောင်းရသည်။ သခင်က လူကို စေလွှတ်ပြီး လိုအပ်တာကို ဖြည့်ဆည်း ပေးလိမ့်မည်။ လိုအပ်လျှင် ကျီးကန်းကိုပင် အသုံးပြုတတ်သော သခင် ဖြစ်သည်။
သင်းအုပ်ဆရာများသည် အချိန်ပိုင်း အမှုတော်ဆောင်များ၊ သင်းထောက် လူကြီးများ၊ သာမန် ယုံကြည်သူများနှင့် မတူပါ။ ယနေ့ ယေရှုခရစ် အထဲ၌ နားဖောက်ထားသော အစေခံကျွန်များ လိုအပ်သည်။ ခြောက်နှစ် အစေခံကျွန်
များသည် အမြဲတမ်း အစေခံကျွန်၊ နားဖောက်ထားသော အစေခံကျွန်ကဲ့သို့ မဟုတ်ပေ။ နားဖောက်ထားသော ကျွန်များက သခင်ကိုသာ ၁၀၀-လျှင် ၁၀၀- ရာခိုင်နှုန်းပြည့် အားကိုးတတ်သည်။ သခင့်၏ အိမ်တွင် ရာသက်ပန် နေထိုင်ဖို့ ပဋိညာဉ် ပြုထားသည်။ သခင်ကလည်း ကျွန်အပေါ်တွင်သာ တာဝန်ယူ ရုံမျှမက၊ သူ့၏ ဇနီး၊ သားသမီးအားလုံးအတွက် တာဝန်ယူသည်။ ထိုကဲ့သို့ ၁၀၀-ရာခိုင်နှုန်းပြည့် သခင်၏ ကြည့်ရှုခြင်းကို လိုချင်လျှင် သခင့်အတွက် ၁၀၀-ရာခိုင်နှုန်းအပြည့် ဆက်ကပ်ဖို့ရန် လိုအပ်သည်။ ကျွန်ဖက်မှလည်း အပြည့် အဝ ဆက်ကပ်ဖို့အတွက် သခင် တစ်ဦး တည်းသာ ရှိရမည်။ ၁၀၀-ရာခိုင်နှုန်းပြည့် မကိုးစားလျှင်၊ သခင်ကလည်း အပြည့်အဝ ပေးမည် မဟုတ်။ အိမ်နီးချင်းကို အားကိုးခဲ့လျှင် ဖြစ်စေ၊ တခြားတစ်ဦး ဦးကို အားကိုးလျှင် ဖြစ်စေ၊ ထိုအကြောင်း အရာ အခြေအနေမှန်ကို သခင် သဘောပေါက်သည့်အခါ ထိုကျွန်ကို ကောင်းကြီး မပေးနိုင်။ ။
ခြောက်နှစ် အစေခံကျွန်များမှာ၊ အချိန်ပြည့်သည့်အခါ၊ အခြား သခင်ထံ ရောင်းချဖို့ ဖြစ်သည်။ ထိုကျွန်များက အခြားအခွင့်အရေးကိုသာ ရှာတတ် ကြသည်။ ထို့ကြောင့် သခင်ယေရှုက “အဘယ်သူမျှ သခင် နှစ်ဦး၏ အစေကို မခံနိုင်” ဟု တပည့်တော်များကို ပြောခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် သခင် နှစ်ဦး၏ အစေကို ခံ၍ မရပေ။ ငွေသည် တန်ခိုးကြီးသော သခင် ဖြစ်သည်ကို ယေရှု သိသည်။ ငွေသည် လူသား အားလုံးအတွက် တန်ခိုးကြီးသည် ဟု ယေရှု သိသည်။ လွန်ခဲ့သော နှစ် နှစ်ထောင် ယေရှု အချိန်ကာလ ကလည်း၊ ငွေသည် တန်ခိုးကြီး ခဲ့သည်။ ယနေ့ အရင်းရှင်စနစ် ထွန်းကားသည့် ကာလတွင် ငွေသည် ယခင်က ထက်ပို၍ တန်ခိုးကြီးမားလျက် ရှိသည်။ ဘုရားသခင်၏ အစေခံကျွန်များထဲတွင် ရှိသော ကြီးမားသော ရုပ်တုမှာ ငွေ ဖြစ်တတ်သည်။ အကယ်၍ မိတ်ဆွေသည် ငွေနှင့် ကင်းလွတ်လျှင် နားဖောက်ထားသော ကျွန်ဖြစ်သည်။ အမှုတော်ဆောင် တစ်ဦးသည် တနေ့လျှင် ငွေ အကြောင်းကို ၂၃-နာရီ စဉ်းစားပြီး၊ သခင်ယေရှု၏ ကောင်းမြတ်ခြင်း၊ ကျေးဇူးပြုခြင်းကို ၁-နာရီသာ စဉ်းစားခဲ့လျှင်၊ နားဖောက်ထားသော အစေခံကျွန် ဖြစ်လာနိုင်မည် မဟုတ်ပါ။
နားဖောက်သည့် ကျွန်များဖြစ်လျှင် စားဖို့သောက်ဖို့၊ သားသမီးများ အတွက် လိုအပ်သည့် အရာများကို သခင်က တာဝန်ယူထားသည်။ တစ်ခုတော့ ရှိသည်။ ဘု ရား ပြင်ဆင်ပေးသော အချိန်ကို စောင့်မျှော်တတ်သော သူဖြစ်ဖို့ လိုအပ်သည်။ တချိန်လုံး ငွေ အကြောင်းကိုသာ စဉ်းစားနေလျှင်၊ ငွေကိုဘဲ
တောင်းခံပြီး၊ ငွေရလျှင် အိပ်ကပ် ထဲ၌ သိမ်းပေမည်။ ဘုရားအတွက် မသုံးလိုဘဲ။ အိမ်တွင် လုံခြုံမှုပေးသည့် ရုပ်တုသဖွယ် သတ်မှတ်၍၊ ကျေနပ် အားရပြီး ပျော်မိမည်။ ငွေရှိသည့် အချိန်တွင် ပျော်တတ်ပြီး၊ ငွေ မရှိသည့်အခါ စိတ်ညစ်တတ် သူများသည် ငွေကို ရုပ်တုအဖြစ် ကိုးကွယ်သော သူများဖြစ်သည်။
ဤသို့ ဆိုသဖြင့် ငွေတိုင်းသည် ရုပ်တုဖြစ်သည် ဟု မဆိုလိုပါ။ လူက ငွေကို ထိန်းနိုင်လျှင် ငွေသည် ရုပ်တု မဟုတ်ပါ။ ငွေက လူကို နိုင်သည့်အခါ၊ လူ့ အတွေး၊ လူ့ နှလုံးထဲမှာ ငွေပြည့်လာသည့် အခါမှသာ ငွေသည် ရုပ်တု သဖွယ်ဖြစ်သွားသောကြောင့် သတိပြုရန် လိုကြောင်း ရှင်းပြခြင်းသာ ဖြစ်သည်။
သို့ဖြစ်ရာ မိမိသည် ဘုရားအတွက် အမှုတော်ဆောင်သော နားဖောက် အစေခံကျွန်လော “သို့မဟုတ်” ငွေရရှိရေးအတွက် ဘုရား အမှုတော်ဆောင် သူလော၊ ဘုရားအတွက် ငွေကို အသုံးပြုသူလော၊ “သို့ မဟုတ်” ငွေအတွက် ဘုရားကို အသုံးပြုသူလော ဟု စစ်ဆေး သင့်ပေသည်။
ယေရှုကို ချစ်သော သူနှင့် ငွေကို ချစ်သော သူတို့၏ ငွေကြေး အသုံးပြု ပုံဖြင့် တိုင်းတာ စစ်ဆေး၍ ရသည်။ ငွေကို ချစ်သော သူသည် ပေးလှူသည့်အခါ
ပျော်ရွှင်မှု မခံစားရပါ။ မပေးလျှင် မကောင်းတတ်လို့ ပေးချင် မပေးချင်နှင့် ပေးလေ့ရှိသည်။ ပေးကမ်းခြင်းသည် ဆုံးရှုံးမှု တခုဟု ခံစားသည်။ အလှူကောက် ခံဘို့ စီစဉ်သူများအားလည်း အပြစ်ပြောတတ်သည်။ ဝေဖန် တတ်သည်။ ပေးဘို့ကမ်းဘို့ ကူညီဘို့ လိုအပ်သည့် နေရာများတွင် မပျော် နိုင်ပါ။ ရလမ်းရှိသည့် နေရာများတွင် ပျော်လေ့ရှိသည်။ ပေးရန်ငွေ မရှိဟု မကြာခဏ ညည်းတွားပြီး မိမိကိုယ်ကျိုး အတွက်ဆိုလျှင် ချေးငှား၍ပင် ပယ်တတ်သည်။
သခင်ယေရှု ကို ချစ်သောသူ ဟူမူကား ၊
သခင့်အတွက်ဆိုလျှင် ဘယ်အရာမဆို ပေးပျော်သည်။ ပေးလှူခွင့် ရခြင်းသည် အခွင့်အရေး တစ်ရပ်ဟု ယူဆသည်။ ပေးလှူရန် လမ်းဖွင့်ပေး သူများ အပေါ်၊ ကျေးဇူးပင် တင်တတ်သည်။ ပေးပြီးလျှင် ပျော်ရွင်မှု ခံစား ရသည်။ ပေးခွင့်ရတာ ဂုဏ်ယူသည်။ မိမိ ပေးခြင်းသည် များသည်ဟု မထင်တတ်၊ နည်းတောင် နည်းသေးသည်ဟု ထင်တတ်သည်။ ပေး၍
နောင်တရလေ့ မရှိပါ။ ပေးလှူခြင်းသည် ရင်းနှီးမြှပ်နှံမှု တစ်ခုဖြစ်သည် ဟု ယူဆတတ်သည်။ ကျေနပ် အားရသည်။ မပေးဖြစ်သောအခါ ဝမ်းနည်းမှု ခံစားရသည်။ ငွေကို ရုပ်တုအဖြစ် ကိုးကွယ်သူ ဟုတ် မဟုတ် အထက်ပါနည်းဖြင့် စစ်ဆေးနိုင်သည်။
ဘုရားပြင်ဆင်ပေး၍ ငွေတစ်သိန်း ရမည်ဆိုလျှင်၊ ထိုငွေ တစ်သိန်းကို အခြားလိုအပ်သော သူကို ပေးလိုက်ပါဟု သခင်ယေရှုက ပြောလာလျှင်၊ ပေးလိုက်ပါ။ “ဃကျွန်ုပ်မှာ ၈၃န် သွားပြီ၊ ဒီထက် ပိုပေး ပါအုံး ဖေ၇” ဟု တောင်း၍ ရသည်။ ရသည့်အခါတွင်လည်း မိမိထက် လိုအပ်နေသော သူကို ပေးလိုက်လို့ ကုန်သွား ပြန်သည့်အခါ၊ သခင်ယေရှု သိပါသည်။ ထိုအခါ ငွေက ကျွန်ုပ်တို့ကို ထိန်း၍ မရ တော့ပါ။ ကျွန်ုပ်တို့က ငွေကိုတော့ ထိန်း၍ ရသည်။
နားဖောက်ထားသော ကျွန်များသည် နိုင်ငံခြားကိုသာ အားမကိုးပါ၊ ငွေနှင့် မကင်းလွတ်လျှင် မျိုးရိုးစဉ်ဆက် တောင်းရမ်းသောသူ ဖြစ်လိမ့်မည်။ ဘုရားအတွက် ငွေကုန်ကြေးကျ မခံဖူးဆိုလျှင် ယေရှုကို ဦးနှောက်နှင့် သိသည့် ခရစ်ယာန်များသာ ဖြစ်လိမ့်မည်။ ။
ကျွန်ုပ်၏ မိဘများလက်ထက်တွင် ရံဖန်ရံခါ အလှူငွေ ထည့်စရာ မရှိပါ။ သို့သော်လည်း လိုအပ်သည့်အခါ သူတို့မှာ ရှိသည့် နားကပ်ဆွဲကြိုးများ ဖြုတ်၍ လှူကြသည်။ ဝက်၊ ကြက် စသည်တို့ကို လှူဒါန်းသည်။ နှစ် (၂၀-၃၀)ကြာ သည့်အခါ ကောင်းကြီးမင်္ဂလာ ခံစားကြရသည်။ ယခင်က ကိုးရီးယားနိုင်ငံသည် မြန်မာနိုင်ငံထက် သာ၍ ဆင်းရဲသည်။ ထိုသို့ ဘုရားအတွက် ပေးကမ်းလှူဒါန်း သောကြောင့် အမေရိကန် သာသနာပြု ဆရာများကို ပြန်လွှတ်နိုင်ခဲ့သည်။ ကိုယ်ထူကိုယ်ထ စံနစ်ဖြင့် ဘုရားကျောင်းကို တည်ဆောက်ကြသည်။ ထို့ကြောင့်
ယခုအခါ ကိုးရီးယားနိုင်ငံသည် ကမ္ဘာတွင် ၁၀-နိုင်ငံမြောက် ချမ်းသာသော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာသည်။ ကိုးရီးယားကို ဘုရားသခင် ကောင်းချီး ပေးရခြင်း၏ အကြောင်းရင်းမှာ ကြီးမားသည့် ရုပ်တု ဖြစ်သည့် ငွေကို ဖယ်ရှားပြီး ယေရှုကိုသာ ကိုးကွယ်ကြသောကြောင့် ဖြစ်သည်။
မြန်မာပြည်သည် ကိုးရီးယားထက် သာ၍ ချမ်းသာသော နိုင်ငံ တစ်နိုင်ငံ ဖြစ်လာနိုင်သည်။ နောင် ဆယ်နှစ်ကြာလျှင်၊ သာသနာပြု ဆရာများ စေလွတ်စရာ မလိုတော့ဘဲ၊ မြန်မာပြည်မှ သာသနာပြုဆရာများကို ပြန်လွှတ်ပြီး မိမိတို့ ကိုယ်တိုင် သာသနာပြုလာသောအခါ ကျွန်ုပ်သည် အောင်မြင်သော သာသနာပြုဆရာ တစ်ယောက် ဖြစ်လိမ့်မည်။ ထိုသို့ မဟုတ်ဘဲ ဆယ်နှစ်ကြာသည်အထိ နိုင်ငံခြားမှ ငွေကြေးများ၊ သင်တန်းပြုလုပ်ရန် တောင်းခံနေအုံး မည်ဆိုလျှင် ကျွန်ုပ်သည် ရှုံးနိမ့်သောသူ ဖြစ်လိမ့်မည်။ ထိုအခါ ကျွန်ုပ်သည်လည်း မြန်မာနိုင်ငံအပေါ်
မျှော်လင့်ချက် ကုန်ဆုံးပြီး၊ ကျွန်ုပ်၏ အသက်တာနှင့် အရင်းမြစ်များကို အခြား နိုင်ငံများတွင် ရင်းနှီးမြှပ်နှံဖို့ရန်သာ ဖြစ်လိမ့်မည်။
သင်းအုပ်ဆရာများက မိမိ၏ အစွမ်းအစ၊ အရင်းအမြစ်များကို တန်ဖိုးရှိရှိ အသုံးချဖို့ ဖြစ်သည်။ ပြည်ပကို အားမကိုးဘဲ၊ ဘုရားကိုသာ အားကိုးတတ်ဖို့ လိုအပ်သည်။ မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများအပေါ် ဘုရားကိုသာ အားကိုးတတ်ဖို့ သင်ပေးရန် ဖြစ်သည်။ မြန်မာပြည် အားဖြင့်၊ အိမ်နီးချင်းနိုင်ငံများကောင်းချီးမင်္ဂလာ ခံစားနိုင်ရန် သားသမီးများအား ပေးကမ်းတတ်လာအောင် ယခုကတည်းက လေ့ကျင့် သင်ကြားပေးစေလိုပါသည်။ ။
(ခ)ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း
ရှင်ပေါလု၏ ကောင်းကြီးပေးခြင်း၊
ရှင်ပေါလု၏ သြဝါဒစာအားလုံးသည် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း ဆိုသည့် စကားလုံး နှစ်လုံးကို နှုတ်ခွန်းဆက်အနေဖြင့် အသုံးပြုကြောင်း တွေ့ရသည်။
ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို အမြဲတမ်းယှဉ်တွဲ ဖော်ပြထားသည်။ ငြိမ်သက် ခြင်းနှင့် ကျေးဇူးတော်ဟု မပြော။ ရှင်ပေါလုက ကျေးဇူးတော်ကို အစဖော်ပြပြီးမှ
ငြိမ်သက်ခြင်းကို ဖော်ပြသည်။ ထိုကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် အဖခမည်း
တော်နှင့် သားတော် ယေရှုခရစ်တော်ထံမှ လာခြင်း ဖြစ်သည်။ အရင်းအမြစ်က ခမည်းတော် ဖြစ်သည်။ သို့သော် ထိုကျေးဇူးတော်သည် ယေရှုခရစ်အားဖြင့် ခံစားရသည်။ ကျွန်ုပ်တို့ ခရစ်ယာန်များ ပြောပြောနေသည့် ထိုကျေးဇူးတော်သည် ယေရှုအားဖြင့်သာ ဖြစ်သည်။ ထုံးတမ်းစဉ်လာ အသင်းတော်များက ကောင်းကြီး ပေးသည့်အခါ (၂ကော ၁၃း၁၄) “သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် ၎င်း၊ ဘုရားသခင်၏ မေတ္တာတော်သည် ၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်ဿဟာယဖွဲ့ခြင်းသည် ၎င်း၊ သင်တို့ အပေါင်း၌ ရှိစေသတည်း။” ဟု ပေးလေ့ရှိသည်။ ကျေးဇူးတော်ဟု သုံးသည့်အခါတွင် သခင်ယေရှုနှင့် တွဲထားပြီး၊ မေတ္တာဟု သုံးသည့်အခါ အဖခမည်းတော်နှင့် တွဲသုံးထားသည်။ မိတ်သာဟာယ ဟု ပြောသည့်အခါ သန့်ရှင်းသောဝိညာဉ်တော်နှင့် ယှဉ်တွဲထားကြောင်း တွေ့ရှိ ရသည်။
ရှင်ပေါလု၏ စာစောင်များ အစတွင် ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို အသုံးပြုသကဲ့သို့ နိဂုံးချုပ်သည့်အခါ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းရှိပါစေဟု ချုပ်လေ့ရှိသည်။ စာစောင် ၁၃-စောင်လုံးတွင် တွေ့ရှိနိုင်သည်။ ချွင်းချက်အားဖြင့် တိမောသေသြဝါဒစာ ပ/ဒုစာစောင်တို့တွင် ကျေးဇူးတော်၊ ဂရုဏာတော်နှင့် ငြိမ်သက်ခြင်းဟူ၍ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း၏ ကြားတွင် ဂရုဏာတော်ကို တွေ့ရသည်။ တိမောသေ ပထမနှင့် ဒုတိယစာစောင်များသည် ရှင်ပေါလု နောက်ဆုံး ရေးသည့် စာစောင်များ ဖြစ်သည်။ ။
ဖော်ပြချက်များကို ကြည့်ခြင်းအားဖြင့် ကျေးဇူးတော်၊ ဂရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် ရှင်ပေါလု၏ အဓိက Theology ဖြစ်ကြောင်း တွေ့ရှိရသည်။ ရှင်ပေါလု စာစောင်များ ရေးသားရခြင်း၏ အဆုံးစွန်သော ရည်ရွယ်ချက်မှာ စာဖတ်သူအား ကျေးဇူးတော် အကြောင်းနှင့် ငြိမ်သက်ခြင်း သဘောကို သိစေလို၍ ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလု၏ စာစောင် အားလုံးကို အနှစ်ချုပ်လျှင် ကျေးဇူးတော်၊ ဂရုဏာတော်၊ ငြိမ်သက်ခြင်း ဖြစ်သည်ဟု ပြောနိုင်သည်။
ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကျမ်းညွှန်းများ ၊
၁ကော ၁း၂၃၊ “ယေရှုခရစ်အားဖြင့် အပြစ်နှင့် ကင်းစင်၍ သန့်ရှင်းသူ အရာ၌
ခန့်ထားခံ ရသူ တည်းဟူသော၊ ကာရိန္တမြို့၌ရှိသော ဘုရားသခင်၏ အသင်းတော်မှ စ၍ ခပ်သိမ်းသော အရပ်၌ ငါတို့ သခင်ယေရှုခရစ်ကို ပဌနာပြု သူအပေါင်းတို့ကို ကြားလိုက် ပါ၏။ သခင်လည်း ဖြစ်တော်မူ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘ ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့်
ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။”
၂ကော ၁၃း၁၄၊ “သခင်ယေရှုခရစ်၏ ကျေးဇူးတော် ၎င်း၊ ဘုရားသခင်၏
မေတ္တာသော် ၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ မိတ်ဿဟာယ
သော် ၎င်း၊ သင်တို့ အပေါင်း၌ ရှိစေသတည်း။”
ဂလာ ၁း၃၊ “သခင်ယေရှုခရစ်နှင့် ခမည်းတော်ဘုရား အထံတော်က ကျေးဇူးတော်နှင့်
ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။”
ဂလာ ၆း၁၈၊ “ညီအစ်ကိုတို့၊ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည်
သင်တို့၏ စိတ်နှလုံး၌ ရှိစေသတည်း။”
ဧဖက် ၁း၂၊ “သခင်ယေရှုခရစ်နှင့် ငါတို့အဘ ဘုရားသခင့် အထံတော်က
ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။”
ဧဖက် ၆း၂၄၊ “ငါတို့ သခင်ယေရှုခရစ်ကို အမှန်ချစ်သော သူအပေါင်းတို့၌
ကျေးဇူးတော် ရှိစေသတည်း။” (ကျေးဇူးတော်)
ဧဖက် ၆း၂၃၊ “ညီအစ်ကို တို့၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ခမည်းတော်
ဘုရားနှင့် သခင်ယေရှုခရစ် ပေးတော်မူသော ယုံကြည်ခြင်းနှင့်
ချစ်ခြင်း မေတ္တာ ရှိပါစေသော။” (ငြိမ်သက်ခြင်း)
ဖိလ္လိပိ ၁း၂၊ “သခင်ယေရှုခရစ်နှင့် ငါတို့ အဘ ဘုရားသခင့် အထံတော်က
ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။”
ဖိလ္လိ ၄:၂၃၊ “ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့ အပေါင်း၌
ရှိစေသတည်း။”
ကောလောသဲ ၁း၂၊ “ကောလောသဲမြို့၌ နေသော သန့်ရှင်းသူ တည်းဟူသော၊
ခရစ်တော်ကို ယုံကြည်သော ညီအစ်ကိုတို့ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ် နှင့် ငါတို့အဘ တည်းဟူသော ဘုရားသခင် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌
ရှိပါစေသော” ၊ ကောလောသဲ ၄း၁၈၊ “ငါ ပေါလုလက်ဖြင့် သင်တို့အား နှုတ်ဆက်စကားကို
ရေးထား၏။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြ
လော့။ သင်တို့၌ ကျေးဇူးတော် ရှိစေသတည်း။”
၁သက် ၁း၁၊ “ပေါလု၊ သိလ္လာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့်
သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့ အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘ ဘုရားသခင့် အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း
သည် သင်တို့၌ ရှိပါစေသော။”
၁တိ ၁း၂၊ “ယုံကြည်ခြင်း အားဖြင့် ငါ့သား စစ်ဖြစ်သော တိမောသေကို
ကြားလိုက်ပါ၏။ ငါတို့ သခင်ယေရှုခရစ် နှင့် ငါတို့ အဘ တည်းဟူသော ဘုရားသခင့် အထံတော်က ကျေးဇူး၊ ဂရုဏာ၊ငြိမ်သက်ခြင်း ရှိပါစေသော။” ၂တိ ၁း၂၊ “ငါတို့သခင် ယေရှုခရစ်နှင့် ခမည်းတော် ဘုရားသခင့် အထံတော်ကကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း ရှိပါစေသော။”
၂သက် ၃း၁၈၊ “ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့ အပေါင်း၌
ရှိစေသတည်း။” တိတု ၁း၄၊ “ဆက်ဆံသော ယုံကြည်ခြင်းအားဖြင့် ငါ့သားစစ်ဖြစ်သော
တိတုကို ကြားလိုက်ပါ၏။ ငါတို့ကို ကယ်တင်တော်မူသော အရှင် သခင် ယေရှုခရစ်နှင့် ခမည်းတော်ဘုရားသခင် အလံတော်ကကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်း ရှိပါစေသော။”
တိတု ၃း၁၅၊ “ငါ့ထံမှာ ရှိသောသူ အပေါင်းတို့သည် သင့်ကို နှုတ်ဆက်ကြ၏။
ယုံကြည်ခြင်း နှင့်တကွ ငါတို့ကို ချစ်သော သူများကို နှုတ်ဆက် ၊ လော့။ သင်တို့ အပေါင်း၌ ကျေးဇူးတော် ရှိစေသတည်း။”ဖိလိပ္ပိ ၁း၂၊ “သခင်ယေရှုခရစ် နှင့် ငါတို့ အဘ တည်းဟူသော ဘုရားသခင့်
အလံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌
ရှိပါစေ။ ” ၊ ၁ပေ ၅း၁၄၊ “အချင်းချင်း တစ်ယောက်ကို တစ်ယောက် မေတ္တာနမ်းခြင်းနှင့်
နှုတ်ဆက်ကြလော့။ ခရစ်တော်နှင့် ဆိုင်သော သင်တို့ အပေါင်း၌
ငြိမ်သက်ခြင်း ရှိစေသတည်း။”
ဟေဗြဲ ၁၃း၂၅၊ “သင်တို့ အပေါင်း၌ ကျေးဇူးတော် ရှိစေသတည်း။”
ယုဒ ၁း၂၊ “သင်တို့၌ ကရုဏာ ရှိပါစေသော။ ငြိမ်သက်ခြင်းနှင့် ချစ်ခြင်း
များပြား ပါစေသော။”
ရှင်ပေါလု၏ Theology သည် ကျေးဇူးတော်၊ ဂရုဏာတော်နှင့် ငြိမ်သက်ခြင်း ဖြစ်၍ ခရစ်ယာန်များ၏ အသက်တာအတွက် အဆုံးစွန်သော ရည်မှန်းချက်လည်း
ဖြစ်သည်။
တမန်တော်ကြီး ရှင်ပေါလုသည် သခင်ယေရှုနှင့် မတွေ့မှီ ပညတ် တရားကို လိုက်လျောက် အားကြီးသော ပုဂ္ဂိုလ် ဖြစ်သည်။ ကျေးဇူးတော်အောက်မှာ နေလာသည့်အခါ၊ သူကဲ့သို့ပင် ကျေးဇူးတော်ကို မြည်းစမ်း စေလိုသည်။ ခမည်းတော်ဘုရားနှင့် သားတော်သခင် ယေရှုထံမှ ကျေးဇူးတော်ကို မြည်းစမ်း စေလိုသည်။
ရှင်ပေါလုက ဩဝါဒစာများ၊ အဆုံးသတ်သည့် အခါတွင် အခြားအရာ များကို မေ့ချင် မေ့ပါ။ ကျေးဇူးတော်ကို မမေ့ပါနှင့် ဟု သတိပေးထားသည်။ ခရစ်ယာန် အမှုတော်ဆောင်များက ကျေးဇူးတော်ကို ကိုယ်တိုင် ခံစားမှသာ ကိုယ့်အနီး အနားတွင် ရှိသည့် သူများကို ပြန်လည်၍ ကျေးဇူးပြုနိုင် ပေလိမ့်မည်။
ဘုရားသခင်ထံမှ ခွင့်လွှတ်ခြင်း ခံရသည့်အတွက် သူတစ်ပါးကို အမြဲတမ်း ခွင့်လွှတ်နိုင်မည်။ ကိုယ်အခမဲ့ ရရှိသည့်အရာများကို သူတစ်ပါးအား အခမဲ့ ပြန်ပေးရန် ဖြစ်သည်။ ခွင့်လွတ်ခြင်းအားဖြင့် ကျေးဇူးတော် ထင်ရှား လာမည်။ ဂရုဏာ ပေါ်လာမည်။ ထိုအခါ ငြိမ်သက်ခြင်း ခံစားရမည်။ ကျေးဇူးတော် ပြည့်ဝသည့် အသက်တာနှင့် လုပ်ဆောင်မည် ဆိုလျှင်၊ မိမိ ပတ်ဝန်းကျင်ရှိ
လူများသည် ကျေးဇူးတော်ခံစားရင်း၊ ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် သင်တို့ အထဲ၌ ရှိလိမ့်မည်။ ထို့ကြောင့် ရှင်ပေါလုက ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း အမြဲဒွန်တွဲ၍ သုံးခြင်း ဖြစ်သည်။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း ဟု အမြဲတမ်း ပြောကြည့်ပါ မိတ်ဆွေ။
(ဂ) ကျေးဇူးတော်ဆိုသည်မှာ အဘယ်နည်း။
ကျေးဇူးတော်ဆိုသည်မှာ ဘုရားသခင်က အခမဲ့ ပေးသည့် လက်ဆောင် ဖြစ်သည်ဟု အဘိဓာန်ထဲတွင် ဖော်ပြထားသည်။ သားတော်သည် ဘုရားသခင်၏ အခမဲ့ လက်ဆောင် ဖြစ်သည်။ အခမဲ့ လက်ဆောင် ဘာကြောင့် ပေးရသနည်း။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အတွင်းသဘောကို
ဖော်ပြလိုသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်၍ သူ၏ မေတ္တာကို ဖော်ပြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ အသက်ရှင် နေထိုင်ဖို့ အဓိက လိုအပ်ချက် ဖြစ်သည့် ရေ၊ လေ၊ အလင်းရောင် စသည်တို့ကိုလည်း အခမဲ့ ပေးသည်။ ဤအရာများကို ငွေနှင့် ဝယ်၍ သုံးမည်ဆိုပါက လူတိုင်း ဝယ်နိုင်မည် မဟုတ်သောကြောင့် အခမဲ့ ပေးခြင်း ဖြစ်သည်။ ထိုနည်းတူ ဝိညာဉ် အသက် ထာဝရ ရှင်နိုင်ရန် ယေရှုကို အခမဲ့ ပေးသည်။ တနည်းဆိုသော် ထာဝရအသက်ကို အခမဲ့ ပေးသည့် သခင်ယေရှုခရစ်အားဖြင့် ကျွန်ုပ်တို့၏ ဗီဇ အပြစ်ကို ဖယ်ရှား ပေးသည်။ ဗီဇ အပြစ်ကြောင့် နေ့စဉ် အသက်တာတွင် ပြုလုပ်မိသော အပြစ်များကို သန့်ရှင်းသောဝိညာဉ်တော်က အခမဲ့ ဖယ်ရှား ပေးသည်။ ထို့ကြောင့် နေ့တိုင်း
ကျေးဇူးတော် ခံစားရသည်။ ကျွန်ုပ်တို့၏ ဖြောင့်မတ်သည့် အကျင့်ကြောင့် မဟုတ်ဘဲ၊ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်သည်။ သို့ဖြစ်ရာ ကျေးဇူးတော်သည် အခြေအနေပေါ် မတည်သော၊ ဘုရားသခင်၏ မေတ္တာတော် ကြောင့် အခမဲ့ ပေးသော လက်ဆောင် ဖြစ်သည်။
ထို့ကြောင့် နေ့တိုင်း ဆင်ခြင် နှလုံးသွင်းမည့် အရာမှာ ဘုရားသခင်၏ မေတ္တာနှင့် သားတော် သခင်ယေရှု၏ ကျေးဇူးတော်ကို ဆင်ခြင်အောက်မေ့ပြီး ချီးမွမ်းရန်သာ ဖြစ်သည်။ အပြစ်မှ လွတ်ခြင်း အခွင့်ကို ရသည့်အတွက်၊ သခင်ယေရှုကို
ကျေးဇူးတင်ကြောင်း နေ့တိုင်း ပြောဆို၊ ဝန်ခံဘို့ လိုအပ်သည်။ ကျေးဇူးတော် ခံစားဘို့ ငွေပေးစရာ မလိုပါ၊ ဝယ်စရာ၊ အဖိုးအခ ပေးစရာ မလိုပါ၊ အပြစ်ကို ဝန်ခံတိုင်း ခွင့်လွတ်ခြင်း ခံရသည်။ မိမိအပြစ်ကို မြင်ပြီး၊ ဝန်ချတောင်းပန် ဖန်များသည့်အခါ သခင်ယေရှု၏ ကျေးဇူးတော်နှင့် ပြည့်လာပါလိမ့်မည်။
၅။ ဧဖက် အခန်းကြီး ၁
(က) ခရစ်တော်၌ ရရှိခံစားနိုင်သော ဓမ္မမင်္ဂလာများ (၁း၃-၁၄)
သမ္မာကျမ်းစာကို ဖတ်သည့်အခါ၊ ဖတ်ရုံတင် မကဘဲ ခရစ်တော်ထဲ၌ မည်သို့သော ကောင်းကြီးမင်္ဂလာများ၊ မည်သို့သော ဓမ္မမင်္ဂလာများရှိကြောင်း ၊ ခွဲခြမ်းစိတ်ဖြာနည်းကိုပါ လေ့လာသွားမည် ဖြစ်သည်။ “ငါတို့သည် ဘုရားသခင် ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်း လွတ်လျက်ဖြစ်မည် အကြောင်း၊ ဤကမ္ဘာ မတည် မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့် အညီ၊
ကောင်းကင်ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့သခင် ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိစေတော်မူသတည်း …. ပိုင်တိုက်တော်မူသော သူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်း အကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီ ကာလပတ်လုံး၊ ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏ စားရန် ဖြစ်တော်မူ၏ ။”
အငယ် (၃) ငါတို့သည် ဘုရားသခင် ရှေ့တော်၌ … ချီးမွမ်းသည်ဟု ဆိုရာတွင် မည်သူကို ချီးမွမ်းခြင်း ဖြစ်သနည်း ? ခမည်းတော်ကို ချီးမွမ်းခြင်း ဖြစ်သည်။ အဘယ်ကြောင့် ချီးမွမ်းရသနည်း? ကျွန်တော်ကျွန်မတို့ အားလုံးကို
ဓမ္မမင်္ဂလာများနှင့် ကောင်းကင်ဘုံနှင့် ဆိုင်သော ကောင်းကြီးမင်္ဂလာများကို ပေးသောကြောင့် ဖြစ်သည်။
ခမည်းတော်ဘုရားက ကောင်းကင်ဘုံနှင့် ဆိုင်သောကောင်းကြီးမင်္ဂလာများကို သူကိုယ်တိုင် မပေးဘဲ ခရစ်တော်အားဖြင့်သာ ပေးသည်။ ထိုကောင်းကြီးမင်္ဂလာများကို သခင်ယေရှုက သယ်ဆောင်လာသည်။ ထို့ကြောင့် သခင်ယေရှုက တပည့်တော်များအား ကောင်းကြီးမင်္ဂလာများကို ခမည်းတော်ထံ တောင်းဖို့ သင်ပေးသည်။ သို့ဖြစ်ရာ ခမည်းတော် ဘုရားသည်ကောင်းကြီးမင်္ဂလာ၏ အရင်းအမြစ် ဖြစ်သည်။ ထိုအရာသည် ကောင်းကင်၏ စံနစ် ဖြစ်သည်။ ထိုသို့ ပြောဆိုသည့်အခါ ခမည်းတော်ဘုရားသည် ကြီးသည်။ သားတော်ဘုရားသည် ငယ်သည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ၊ တန်းတူ လုပ်ဆောင် သည်ဟု ဖော်ပြခြင်း ဖြစ်သည်။ တစ်ပါးနှင့် တစ်ပါး တာဝန်ယူသည့် အခန်းကဏ္ဍ မတူခြင်းကို ပြောလိုခြင်း ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ကမူ တန်ခိုးပေးသည့် ကဏ္ဍမှ ပါဝင်သည်။ သခင်ယေရှုခရစ်တော် ပြောသော စကားထဲတွင် သန့်ရှင်သောဝိညာဉ်တော် ပါရှိပြီးသား ဖြစ်သည်။ ဆုံးဖြတ်ချက် ချသည့်အခါ သုံးပါးစလုံး သဘောတူညီ ပြီးမှ ဆုံးဖြတ်ချက် ချကြသည်။ ။
ဘုရားသခင်၏ သတင်းစကားကို ခံယူသူ ယေရှုထံမှ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား နှိုးဆော်ပြီးမှ၊ ကောင်းကြီးမင်္ဂလာ ခံယူရန် ဖြစ်သည်။ ခမည်းတော်ဘုရား၊ သားတော်ဘုရားသည် သန့်ရှင်းသော ဝိညာဉ်တော်ဘုရား အကူအညီ မပါဘဲ လုပ်ဆောင်၍ မရပါ။ ထို့ကြောင့်
ယေရှုက လူ့ဇာတိကို ခံယူပြီးသည့်အခါ သန့်ရှင်းသောဝိညာဉ်တော် မပါဘဲ၊ အဘယ်အမှုကိုမျှ မပြုနိုင်ဟု ဝန်ခံ ခဲ့သည်။ သခင်ယေရှု ကိုယ်တိုင်က ခမည်းတော်ဘုရားထံ ဆုတောင်း ခဲ့သည်။
ခမည်းတော်ဘုရားသည် အစီအစဉ် ရေးဆွဲ သောသူ ဖြစ်သည်။ သားတော် ဘုရားသည် အကောင်အထည်ဖော် လုပ်ဆောင်သူဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် တန်ခိုးအစွမ်းသတ္တိကို ပေးသောသူ ဖြစ်သည်။ ထိုပုဂ္ဂိုလ် သုံးပါးသည် ဘုရားတစ်ဆူတည်းသာ ဖြစ်သည်။ ဆောင်ရွက်ချက် မတူညီခြင်းသာ ဖြစ်သည်။ မည်သည့် အချိန်တွင်မဆို သုံးပါးကော်မတီ ဆုံးဖြတ်ချက်ချပြီးမှ
လုပ်ဆောင်လေ့ ရှိသည်။ ကော်မတီ၏ လုပ်ဆောင်ချက် မပါဘဲ အလုပ် လုပ်လေ့ ကြပါ။ ဥပမာ – အာဒံ ကျဆင်းပြီးနောက် သုံးပါးတစ်ဆူ ဘုရားတို့ အစည်းအဝေး ၊ င်ကြသည်။ ထိုအစည်းအဝေးကို ကောင်းကင်ဘုံ အစည်းအဝေးဟု ခေါ်သည်။ ခမည်းတော်ဘုရားသည် ဥက္ကဌဖြစ်ပြီး၊ ထိုဥက္ကဌ၏ ဆုံးဖြတ်ချက်မှာ သားတော် ဘုရားကို လောကသို့ စေလွှတ်ရန် ဖြစ်သည်။ သားတော်သည် လက်ဝါးကပ်တိုင် တွင် အသေခံဖို့ ရန် နှင့် လူတို့၏ အပြစ်များကို ကယ်လွှတ်ရန် ဆုံးဖြတ်ချက် ချပြီးနောက်၊ ခမည်းတော်ဘုရား၏ မောင်းထု ကြေငြာသည့် အစီအစဉ်ကို (ကမ္ဘာ ၃း၁၅)တွင် တွေ့ရှိရသည်။ ၃-၄
ကြေငြာပြီး နောက်ပိုင်းတွင် သားတော် ယေရှုသည် လောကသို့ ကြွဆင်း လာခဲ့သည်။ ထိုကြေငြာချက် ဖြစ်သည့် ကျမ်းပိုဒ် (ကမ္ဘာ ၃း၁၅)ကို အတည်ပြု ပေးသော ကျမ်းချက်မှာ (ယော ၃း၁၆) ဖြစ်သည်။ ရှင်ယောဟန် အခန်းကြီး ၃ အငယ် ၁၆ ကို ဖတ်သည့်အခါ၊ ခမည်းတော်ဘုရားသည် သားတော်ကို စွန့်သည်အထိ လောကသားများကို ချစ်ကြောင်း တွေ့ရှိရသည်။ “ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘု ရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင်၊ လောကီသားတို့ ကို ချစ်တော်မူ၏။”
ထို သုံးပါးစလုံး၌ တန်ခိုးအာဏာ တူညီကြသော်လည်း၊ တာဝန်နှင့် လုပ်ငန်းခြင်း မတူညီကြပါ။ ခမည်းတော်ဘုရားသည် ဖန်ဆင်းခံ သတ္တဝါများနှင့် တိုက်ရိုက် ထိတွေ့မှု မရှိပါ။ ဖန်ဆင်းခံသတ္တဝါ အားလုံးတို့သည် ဖန်ဆင်းရှင် ၊ ခမည်းတော်ဘုရားကို မမြင်တွေ့နိုင်ပါ။ ကောင်းကင်နိုင်ငံ ရောက်ခဲ့လျှင်တောင် ခမည်းတော်ဘုရားကို မြင်နိုင်ကြမည် မဟုတ်ပါ။ ခမည်းတော်ဘုရားသည် ဘုန်းအရှိန်အဝါ ကြီးမားသောကြောင့် ကျွန်ုပ်တို့ မြင်နိုင်စွမ်း မရှိပါ။ (ယော ၁း၁၈) “ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း” ဟုပါရှိသည်။
သားတော်ဘုရားသာလျှင် ဖန်ဆင်းခံ သတ္တဝါများက မြင်တွေ့နိုင်သည်။ ထိုကဲ့သို့ မြင်တွေ့နိုင်ရန် သားတော်ဘုရားသည် လူ့ဇာတိကို ခံယူပြီး လူ့အသွင်ကို
ဆောင်ခဲ့ရသည်။ ထို့ကြောင့် ဖိလိပ္က သခင်ယေရှုအား ခမည်းတော်ကို ပြပါဟူ၍ ပြောသည့်အခါ သခင်ယေရှု ပြန်ပြောခဲ့သည်မှာ “ငါ့ ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။” (ယော ၁၄း၈-၉) ဟု ပြောကြားခဲ့သည်။
သုံးပါးတစ်ဆူ၏ ပူးပေါင်းဆောင်ရွက်မှု
စကြာဝဠာ တစ်ခုလုံးကို ဖန်ဆင်းသောအခါ၊ သုံးပါးတစ်ဆူဘုရားသ အတူတကွ ဖန်ဆင်းခဲ့ကြသည်။ ထို့ကြောင့် ဖန်ဆင်းခြင်း၌ ပုဂ္ဂိုလ်သုံးပါးစလုံး ပါဝင်ခဲ့သည်။ ခမည်းတော်ဘုရားက ဥက္ကဌအဖြစ် ပါဝင်ပြီး အမိန့်တော် ထုတ်ပြန်
ကြာသည်။ သားတော်ဘုရားက လက်တွေ့ ဖန်ဆင်းသည်။ တကယ် လုပ်ဆောင်သည့်သူမှာ သားတော်ဘုရား ဖြစ်သည်။ စကြာဝဠာ တစ်ခုလုံးတွင် ရှိသည့် အရာအားလုံးသည် သားတော် ယေရှုခရစ်အားဖြင့် ဖန်ဆင်းထားသော အရာများဖြစ်သည်။ လက်တွေ့လုပ်ဆောင်သူ ယေရှုက ဖန်ဆင်းသည့်အခါ ဖန်ဆင်းသည့်အရာများ ဖြစ်ပေါ်လာစေဖို့ တန်ခိုး လိုအပ်သည်။ ထို့ကြောင့် သခင်ယေရှုက “ငါ တစ်ဦးတည်း အဘယ်အမူ့ကိုမျှ မပြုနိုင်”ဟု ပြောခြင်း ဖြစ်သည်။ ယေရှုက ဖန်းဆင်းရာတွင် ခမည်းတော်ဘုရား၏ အမိန့်တော် လိုအပ်သကဲ့သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးလည်း လိုအပ်သည်။
ဥပမာ – အဆောက်အဦး တစ်ခုကို တော်ဝင်ကုမ္ပဏီက တည်ဆောက် မည်ဆိုပါစို့၊ ထိုအဆောက်အဦး၏ နောက်ကွယ်တွင် မည်သူမည်ဝါ ပါဝင် သည်ကို မသိနိုင်။ တော်ဝင်ကုမ္ပဏီ ဆောက်သည် ဆိုသော်ငြားလည်း၊ ဆောက် လုပ်ဖို့ ကော်မတီမှ ဆုံးဖြတ်ချက် ချရသည်။ ထိုကော်မတီ၏ ဆုံးဖြတ်ချက်နှင့် အညီ လုပ်ဆောင်နိုင်ရန် ငွေကြေး ထောက်ပံ့မှုလည်း လိုအပ်သည်။ ထိုဥပမာ ကဲ့သို့ပင် (ကမ္ဘာ ၁း၁) အစအဦး၌ ကောင်းကင်နှင့် မြေကြီးကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။” ဖော်ပြထားသည်။ ကန်ထရိုက်တာက မည်သို့ သော အဆောက်အဦးမျိုး ဆောက်လုပ်လိုကြောင်း ထုတ်ပြောသည်။ အင်ဂျင်နီယာက ဒီဇိုင်း ရေးဆွဲပြီး ကုန်ကျမည့်စရိတ် တွက်ချက်သည် ။ အလုပ်သမားအဖွဲ့က
ဆောက်လုပ်သည်။ အဆောက်အဦးတစ်ခု ဖြစ်လာဖို့ ဆုံးဖြတ်ချက်နှင့် အစီအစဉ်။ လုပ်အား၊ ငွေအား လိုအပ်သည်။ ထို့ကြောင့် အင်ဂျင်နီယာ၊ ကန်ထရိုက်။
လက်သမားအဖွဲ့တို့ ပေါင်းပြီး လုပ်ဆောင် ကြရသည်။ ကမ္ဘာ ၁၁ “အစအဦး
ကောင်းကင်နှင့် မြေကြီးကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။” ဟု ပါရှိသည်။ ဘုရားသခင်၊ (God) မူရင်း စကားလုံးမှာ ELOHIM ဖြစ်ပြီး ELO = God ,
M = s ဖြစ်သည်။ IM သည် ဟေဗြဲဘာသာ စကားအရ၊ အများကိန်းပြ ဖြစ်၍ အင်္ဂလိပ်လို “S” နှင့် တူသည်။ မြန်မာလို “များ” ဟု အဓိပ္ပာယ် ရသည်။ ဥပမာ Cherub = အနည်းကိန်း၊ Seraphim=အများကိန်း ELOHIM သည်အများကိန်းဖြစ်သော ကြောင့်၊ “အစအဦး၌ ကောင်းကင်နှင့် မြေကြီးကို ဘုရားသခင် ဖန်ဆင်းတော်မူ၏။” ဟုပြောသည့်အခါ၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် သုံးပါးစလုံး ပါဝင်သည်။
(ယော ၁း၁) “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။” နှုတ်ကပတ်တော် သည် သခင်ယေရှုကို ပြောခြင်း ဖြစ်သည်။ အင်္ဂလိပ်လို Word သည် ဂရိဘာသာသာ အားဖြင့် Logos ဖြစ်သည်။ “Logos” သည် ယေရှုဘုရား ဖြစ်သည်။ ထို့ကြောင့် “L” အကြီးနှင့် ရေးရသည်။ ယေဟောဝါ သက်သေခံများက Logos (1)ကို စာလုံးအသေးဖြင့် ရေးသားပြီး၊ ယေရှုသည် ဘုရား မဟုတ်ဟု ငြင်းဆိုသည်။
(ယော ၁း၂) “ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။” ဘုရားသခင်နှင့် အတူရှိသည်ဟု ဆိုရာတွင် ELOHIM ထဲတွင် တစ်ပါးအပါအဝင် ဖြစ်သည်ဟူ၍ ၎င်း၊ ယေရှုသည် ဘုရား ဖြစ်သည်ဟူ၍ ၎င်း၊ ပြောခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုသည် ခမည်းတော်ဘုရား၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားနှင့် အတူရှိသည်ဟု အဓိပ္ပာယ်ရသည်။
(ယော ၁၃) “ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။” ထိုကျမ်းပိုဒ်ထဲတွင် နှုတ်ကပတ်တော်ဟု ပြောသည်။
ယေရှုဟု မပြော၊ ထို့ကြောင့် ဖန်ဆင်းခြင်း အရာထဲတွင် ယေရှုသည် အကောင် အထည်ဖော် ဆောင်ရွက်သူ ဖြစ်သည်။ ယေရှု လက်ရာနှင့် ကင်းလွတ်သောအရာ တစ်စုံတခုကိုမျှ မရှိ။ အရာခပ်သိမ်းသည် ယေရှုခရစ်အားဖြင့် ဖြစ်သကဲ့သို့၊ ယေရှုခရစ်သည် အရာခပ်သိမ်း၏ အရှင် ဖြစ်သည်။ အရာခပ်သိမ်းကို ဖန်ဆင်းသော ယေရှုသည် အသက်၏ အရင်းအမြစ်လည်း ဖြစ်သည်။ ထာဝရအသက်ကို ရယူလိုလျှင် ကျွန်ုပ်တို့သည် ယေရှုခရစ်ထဲ၌ ရှိရမည်။ ယေရှုအထဲ၌ ကျွန်ုပ်တို့ရှိလျှင် ထာဝရ အသက်ကို ရမည်။ လူသားများနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံသော သူသည် သားတော်ဘုရား ဖြစ်သည်။ ခမည်းတော်ဘုရားသည် လူသားများနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံခြင်း မရှိပါ။
ယေရှုဘုရားသည် လူသားများနှင့် တိုက်ရိုက်ဆက်ဆံရန် လူ့ဇာတိကို ခံယူခဲ့သည်။ ထို့ ကြောင့် ယေရှုကို သခင် ဟုခေါ်သည်။ ဓမ္မဟောင်းကာလ၌ လည်း ခမည်းတော်ဘုရားသည် ဣသရေလ အမျိုးသားထဲ၌ ထင်ရှားခြင်း မရှိ။ ဓမ္မဟောင်းကာလတွင် YAHWEH ကို JEHOVAH ယေဟောဝါဟု အနက်၊ အဓိပ္ပာယ် ပြန်ထားသည်။ ထိုဘုရားသည် ယေရှုကို ပြောခြင်း ဖြစ်သည်။ ယေရှုသည် ဓမ္မဟောင်းကာလတွင် YAHWEH အနေဖြင့် ထင်ရှားသည်။ တခါတရံ ကောင်းကင်တမန် အနေဖြင့် ထင်ရှားသည်။ တခါတရံ လူသားအနေ ဖြင့်လည်း ထင်ရှားသည်။ မောရှေနှင့် အာဗြဟံတို့ နှင့်လည်း တွေ့ဆုံခဲ့သည်။ ယေရှုခရစ် သည် ယေဟောဝါ အမည်ဖြင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ဤအကြောင်းကို ဓမ္မသစ် ခေတ်တွင် ယေရှု ကိုယ်တိုင် ရှင်းပြထားသည်။ (ယော ၈း၅၁-၅၈)
အသက် သုံးဆယ် အရွယ် သခင်ယေရှုသည် အာဗြဟံနှင့် သူငယ်ချင်း။ မိတ်ဆွေဖြစ်သည်ကို မည်သို့ ယုံနိုင်မည်နည်း ? “အာဗြဟ” မဖြစ်မီ ငါရှိ၏ ဟု ပြောသည့် အခါ ပို၍ စိတ်ရှုပ်ထွေး ကြသည်။ (ယော ၈း၅၅-၅၈) ကတိပေးသည့် အတိုင်း ယေရှု ချပေးသော ဆုကို မောရှေက မျှော်လင့်သည်။ (ဟေဗြဲ ၁၁း၂၄-၂၆) ထိုအချိန် မောရှေ့ထံတွင် ထင်ရှားသည့် ဘုရားမှာ ယေဟောဝါဘုရား ဖြစ်သည်။ ဓမ္မဟောင်းခေတ် ယေဟောဝါဘုရားကို ဓမ္မသစ် ခေတ်တွင် ခရစ်တော် ဟု အမည်တွင်သည်။
ပရောဖက် အချိန်ကာလ တွင်လည်း ရုပ်တုများကို ကိုးကွယ်ကြခြင်း၊ ကြောင့် “ပရောဖက်များကို ငါစေလွတ်သည်” ဟု ယေရှုက ပြောသည်။
( မဿဲ ၂၃း၃၇) ကြက်မကြီးသည် ကြက်ကလေးများကို ဝှက်ထားသကဲ့သို့ ဣသရေလ လူမျိုးများအား ဝှက်ထားသည်ဟု ပြောသည်။ သို့သော်လည်း ဓမ္မဟောင်းထဲမှ ပရောဖက်ကျမ်း များထဲတွင် ယေရှု၏ နာမည်ကို မတွေ့ရဘဲ၊ ယဟောဝါဘုရား ဟူ၍သာ တွေ့ရသည်။ သို့သော် အငယ် ၃၄ ငါစေလွှတ်သည်။ ငါကြည့်ရှု သည်ဟု ဆိုရာတွင် “ငါ” သည် ဓမ္မဟောင်းထဲမှ ယေဟောဝါ ဖြစ်ပြီး၊ ဓမ္မသစ်ထဲမှ ယေရှုဘုရား ဖြစ်သည်။
အေဒီ ၉၅-တွင် ပတ်မုတ်ကျွန်း၌ ယောဟန် အပေါ်တွင်လည်း ယေရှု ထင်ရှားသည်။ သခင်ယေရှုက ယောဟန်အား မိမိသည် အာလဖ ဖြစ်၍၊ ဩမေဃလည်း ဖြစ်ကြောင်း ဖွင့်ပြသည်။ “ငါသည် အာလဖဖြစ်၏။ သြမေဃ လည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလ အစဉ်ရှိတော် မူသော၊ ထာဝရ အရှင်ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ် ၁း၈-၁၃၊ ၂၂:၁၃) ယေရှု၏ အမည်သည် “အာလဖ” အစဖြစ်၍ “သြမေဃ” အဆုံးဖြစ်သည်။ တနည်းအားဖြင့် လူ့သမိုင်း အစလည်းဖြစ်၍၊ အဆုံးလည်း ဖြစ်သည်။ ဓမ္မဟောင်းကာလ ယေဟောဝါဘု ရားသည်၊ ဟေရှာယထံ ရောက်ရှိလာပြီး၊ “ငါသည် အဦးဆုံးသော သူ၊ နောက်ဆုံးသော သူ ဖြစ်၏” ဟု (ဟေရှာယ ၄၄း၆)တွင် ဖော်ပြထားသည်။ ပရောဖက် ဟေရှာယကို ပြောသော သူမှာ ယေရှုဖြစ်ပြီး၊ ဓမ္မဟောင်းမှ ယေဟောဝါဘုရားလည်း ဖြစ်သည်။
(a) ဓမ္မဟောင်းကျမ်းစာ ထဲမှ ယေရှု ၏ အမည်နာမများ
ဓမ္မဟောင်းကျမ်းစာထဲတွင် အမည်နာမ အမျိုးမျိုးကို တွေ့ရသည်။ (၁) ဖန်ဆင်းသည့် ဘုရားသခင် (ELOHIM)ဟူ၍၎င်း၊ (၂) ပဋိညာဉ်တရားနှင့် ပတ်သက်သည့် (Yahweh) ဟူ၍ ၎င်း တွေ့ရှိရသည်။ ပဋိညာဉ်ဟု ဆိုရာတွင် အသွေးတော်အားဖြင့် အပြစ်လွတ်ခြင်း အကြောင်း ဖြစ်သည်။ ပဋိညာဉ်ကို ဆက်လက် စောင့်ထိန်း ဖို့ရန်အတွက် သွေးအားဖြင့်ယဇ်ပူဇော်ခြင်း ပြုရသည်။ ထို့ကြောင့် ယေဟောဝါဟုခေါ်သော – ယေဟောဝါဘု ရားသည် (JEHOVA) ယေရှု၏ အသွေး၊ အနံ့ရှိသည်။ ယေဟောဝါယီရဲ့ (JIRE) ဘုရားသည် လိုအပ်သမျှ ထောက်ပံ့ ပေးသော ဘုရား ကမ္ဘာ ၂၂း၁၄။ (လုပ်ဆောင်ချက်ဖြင့် ယှဉ်တွဲ ဖော်ပြသည်) ဖြစ်သည်။ ယေဟောဝါယီရဲ့ (JRE) လိုအပ်သမျှ မစသော ဘုရား၊ က ၂၂း၁၄။ ယေဟောဝါနီးဆီး (Niss) အောင်မြင်ခြင်းကို ပေးသော ဘုရား၊ ထွက် ၁၇း၁၅။ ။ ယေဟောဝါရာဖာ၊ (ROPHE) ကျန်းမာခြင်းကို ပေးသော ဘုရား၊ ထွက် ၁၅:၂၆ ယေဟောဝါ ရှာလမ်း (JEHOVAH SHALLOM) ငြိမ်သက်ခြင်းကိုပေးသော ဘုရား။ ။ ယေဟောဝါစီကေနူး (JEHOVAH TSIDKENU) ဖြောင့်မတ်ခြင်း ပေးသော ဘုရား။ ယေဟောဝါ ရှမွား (SHAMMAH) အတူပါရှိသော ဘုရား၊ ယေဇ ၄၈း၃၅။ ယေဟောဝါရာအ (JEHOVAHRA-AH) တရားလမ်းထဲ၌ သွေးဆောင်သော ဘုရား၊
စသည်ဖြင့် ဓမ္မဟောင်းထဲတွင် အမည်နာမ ပေါင်း (၂၀)ခန့် ရှိသည်။
ဧမာနွေလ (EMMANUEL) ဟူသည်မှာ ကျွန်ုပ်တို့ နှင့်အတူ ရှိတော်မူသော ယေဟောဝါဘုရား ဟူ၍ အဓိပ္ပာယ် ရှိသည်။ ဣသရေလ လူမျိုးများသည် ဘုရား၏ နာမည်၊ အမည်နာမကို အလွန်တန်ဖိုးထား၍၊ သန့်ရှင်း မြင့်မြတ်သောကြောင့် နှုတ်မှ မထွက်ဆိုရဲ ကြပေ။ ထို့ကြောင့် ယာဝေ (YAHWEH) ဟု မခေါ်ရဲဘဲ “သရ” အက္ခရာများကို ထုတ်၍၊ ဗျည်းအက္ခရာများကိုသာ ချန်ထားကာ (YHWH) ဟု ရေးသားသည်။ ကျမ်းစာ ဖတ်သည့်အခါ ဘုရား၏ အမည်ကို အသံထွက်၍ မရဘဲ ခေါင်းငုံ၊ ဦးညွတ်ပြီးမှ ဆက်၍ ဖတ်ကြသည်။ ရိုသေကြောင်း အမူအရာနှင့် ပြသည်။
ယေဟောဝါဘုရား၏ အမည်ကို ADONAT ဟူ၍၎င်း၊ ADONAY ဟူ၍ ၎င်း၊ ပြောင်း၍ ခေါ်ကြသည်။ အင်္ဂလိပ်ဘာသာအားဖြင့် The LORD၊ သခင် ဟူ၍ အဓိပ္ပာယ် ရသည်။ ဟေဗြဲလို AIDONAT ကို ဂရိလို KYRIOS ဟု ပြန်သည်။ အဓိပ္ပာယ်မှာလည်း အရှင်သခင် ဟု အဓိပ္ပာယ် ရသည်။ သခင် ဟု ပြောသည့် အခါ ခမည်းတော်ဘုရားလည်း မဟုတ်၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားလည်း မဟုတ်၊ ယေရှုကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။ သခင်ယေရှုသည် ယောသပ်နှင့် ၊ မာရိအား ကောင်းကင်တမန်အားဖြင့် စကားပြောခဲ့သည်။ ဤသားငယ်ကိုနာမည် အသစ် ပေးသည့်အခါ “JESUS” ယေရှုဟု အမည် မှည့်ရမည်။ အဓိပ္ပာယ် ကား “မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်သောသူ” (မသဲ ၁း၂၁)ဟူ၍ ဖြစ်သည်။ ယုံကြည်သူတို့ကို ကယ်တင်သူဟု အဓိပ္ပာယ် ရသည်။ ယုံကြည်သူတို့သည် သူ့လူ ဖြစ်သည်။
ထိုကျမ်းပိုဒ်တွင် ဖော်ပြထားသည့် “မိလူတို့” ဟု ဆိုရာတွင် ကန့်သတ်သည့် ၊ အရေအတွက် ရှိပြီးသား ဖြစ်သည်။ ဘုရားသခင်၏ သားတော်ကို ယုံကြည်သော သူ အပေါင်းတို့ သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရ အသက်ကို ရစေခြင်းငှါ၊ ဘု ရားသခင်သည် မိမိ၌တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင် လောကီသားတို့ ကို ချစ်တော်မူ၏။” (ယော ၃း၁၆)
ဓမ္မသစ်ထဲတွင် ယေရှု ဟူသော အမည်ကို မှည့်ပြီးနောက်၊ ဓမ္မဟောင်း ၊ ထဲမှ အမည်ကို မသုံးတော့ပေ။ ထို့ကြောင့် ခရစ်ယာန်များသည် ယေရှု၏ အမည်နာမကို ဓမ္မဟောင်းမှ အမည်နာမများနှင့် ဘာမျှ မသက်ဆိုင်သကဲ့သို့ ထင်မှတ်ကြသည်။ ကျမ်းတတ် ပုဂ္ဂိုလ်များ၊ ကျမ်းစာ ကျောင်းသား များပင်လျှင် ဓမ္မဟောင်းမှ ယေရှုကို နားမလည်ခဲ့ကြပေ။ ထိုသို့ဖြစ်ရခြင်းမှာ စာတန်၏ လှည့်စားမှုကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် မျက်ကန်းကို မျက်ကန်းက လက်တွဲ ခေါ်ဆောင်သကဲ့သို့ ဖြစ်သည်။ ကျွန်ုပ်တို့ ယုံကြည်သူတိုင်းသည် ဝိညာဉ်မျက်စိ ပွင့်လင်းဘို့ လိုသည်။ မျက်ကန်းကဲ့သို့ အသက် မရှင်ဘဲ။ ဝိညာဉ်ရေးရာ အကင်းပါးသော သူများဖြစ်ရန် လိုအပ်သည်။ သခင်ယေရှုက ဖျားနာသည့် လူများရှိလျှင်၊ ငါ့နာမဖြင့် ဆုတောင်းပါ၊ ငြိမ်သက်ခြင်း လိုလျှင် ငါ့ကို ခေါ်ပါဟု ပြောသည်။ ကယ်တင်ခြင်း၊ ကျန်းမာခြင်း၊ ဝမ်းမြောက်ခြင်း၊ ကြွယ်ဝခြင်းတို့သည် ယေရှုထဲတွင် ရှိသည်။ ကောင်းကြီးမင်္ဂလာ အားလုံးသည် ယေရှုအထဲ၌ ရှိသည်။ ထို့ကြောင့် ယေရှုခရစ်တော်ကို ယုံကြည်သော သူတို့အား ခရစ်ယာန် ဟုခေါ်သည်။ CHRISTIAN တွင် LAN သည် ယေရှုထဲ၌ ရှိသည့် ခရစ်တော်လေးများ ဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်များက ယေရှုကို ချီးမွမ်း ကြခြင်း ဖြစ်သည်။ ထိုနည်းတူ ခမည်းတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော် ဘုရားကို ချီးမွမ်းခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ယေရှုသည် ခမည်းတော်ဘုရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို ကိုယ်စားပြုသည်။
ဧဖက် ၁း၃-၄ “ငါတို့သည် ဘုရားသခင့် ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည် အကြောင်း၊ ဤကမ္ဘာ မတည် မရှိမှီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည် နှင့်အညီ၊ ကောင်းကင်ဘုံ နှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်းသော ဓမ္မမင်္ဂလာတို့ကို ခရစ်တော်အားဖြင့် ငါတို့အား ပေးသနားတော်မူသော ငါတို့ သခင်ယေရှုခရစ် ၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။” ထိုကျမ်းပိုဒ်ကို ကြည့်လျှင်
(၁) ကောင်းကြီးမင်္ဂလာသည် ဘုရားသခင်ထံမှ လာပြီး သခင်ယေရှု အားဖြင့် ခံစားရခြင်း ဖြစ်သည်။ ခပ်သိမ်းသော ဓမ္မမင်္ဂလာ ဟု ပြောထားသည်။ ဘုရားသခင်သည် ချီးမွမ်းခြင်း ခံထိုက်သူ ဖြစ်သည်။ အဘယ်ကြောင့် ချီးမွမ်းခြင်း ခံထိုက်သနည်း။ သခင်ယေရှုအားဖြင့် ကောင်းကင်ဘုံနှင့် ဆိုင်သော ကောင်းကြီး မင်္ဂလာများကို သွန်းလောင်းခြင်းကြောင့် ဖြစ်သည်။
(၂) သခင်ယေရှုအားဖြင့် ရွေးကောက်ခြင်းကို ခံရသည်။ ကမ္ဘာ မတည် မရှိမှီကပင် ရွေးကောက်ခြင်း ဖြစ်သည်။ အံ့သြစရာပင် ဖြစ်တော့သည်။
(၃) ကမ္ဘာကြီး မဖြစ်မရှိမှီကပင် ယေရှုခရစ်တော်အားဖြင့် ငယ် ၅ “ရှေးမဆွ ခွဲခန့် မှတ်သားထားသည်” မှာ ဘာအတွက် ဖြစ်မည်နည်း? သား အရာကို ရရှိဖို့ရန်အတွက် ဖြစ်သည်။
(၄) ခမည်းတော်ဘုရား၏ မွေးစားသား အရာကို ရရှိဖို့ရန် ဖြစ်သည်။ သခင်ယေရှုသည် ဇီဝ သဘောအရ မွေးဖွားခြင်းဖြစ်ပြီး၊ ကျွန်ုပ်တို့သည် သား အရာကို ခံရသည်။ သားဖြစ်ပြီးမှ သား၏ တာဝန်ဝတ္တရားများကို မစောင့် ထိန်းလျှင် ခမည်းတော်ဘုရားက ပယ်ဖျက်၍ ရသည်။ သားအရာကို ယေရှုအားဖြင့် ရမှာ ဖြစ်သည်။ ထို့ကြောင့် ယေရှုကို ချီးမွမ်းကြခြင်း ဖြစ်သည်။ ယေရှုကို ဂုဏ်ပြုကြခြင်း ဖြစ်သည်။ ယေရှုကြောင့် ယေရှုကို ယုံကြည်သောသူ အားလုံး တစ်ဦးနှင့် တစ်ဦး ညီအစ်ကို တော်စပ်ရသည်။
(ဂ) ကျေးဇူးတော် ချီးမွမ်းခြင်း နှင့် ဆုတောင်းခြင်း (၁း၁၅-၂၅)
ခရစ်တော်သည် ဝိညာဉ်ပိုင်းဆိုင်ရာ ကောင်းကြီးမင်္ဂလာများကို ကျွန်ုပ် တို့အား ပေးထားပြီး ဖြစ်သည်။ ထို့ကြောင့် ရှင်ပေါလုက ဧဖက်မြို့ ယုံကြည်သူများ ကိုယ်စား၊ ဘုရားသခင်၏ ကျေးဇူးကို ချီးမွမ်းကြောင်း ဖော်ပြထားသည်။ ရှင်ပေါလုသည် ဧဖက် အသင်းတော်အတွက် ဆုတောင်း ပေးခဲ့သည်။ ခမည်းတော်ကို သိရန်၊ ယေရှုကို ပိုမိုသိကျွမ်းရန်နှင့် ဝိညာဉ်မျက်စိ ပွင့်လင်းစေရန် ဆုတောင်း ပေးသည်။ ဝိညာဉ်မျက်စိပွင့်မှသာ အနာဂတ်တွင် ကောင်းကင်ဆိုင်ရာ အမွေ
ကောင်းကြီးမင်္ဂလာများ မြင်တွေ့နိုင်မည် ဖြစ်သည်။ ထို့အပြင် ယေရှုသည် စကြာဝဠာ တခုလုံးအပေါ်၌ တန်ခိုးမည်မျှ ကြီးကြောင်း သိရှိနားလည်ရန်နှင့် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း တန်ခိုးတော်ကို သိရှိဖို့ရန် ဆုတောင်းသည်။
သခင်ယေရှုသည် ခမည်းတော်၏ လက်ျာဖက်၌ စံပယ် တော်မူသည်။ ထို့ပြင် ကောင်းကင်တန်ခိုး၊ အထွဋ်အမြတ် အားလုံးကို အစိုးရသည်။ စကြာဝဠာ တခုလုံးနှင့် ထိုအထဲ ရှိသမျှတို့သည် ယေရှု၏ လက်အောက်၌ ရှိသည်။ အသင်းတော် အားလုံးသည်လည်း သခင်ယေရှု၏ လက်အောက်၌ ရှိသည်ကို နားလည်ရန် သခင်ယေရှု ဆုတောင်း ပေးသည်။ ဧဖက်အခန်းကြီး ၁ ၌ ရှင်ပေါလုသည် သခင်ယေရှု ဘုရားအပေါ် မြင်သော အမြင်ကို ဖော်ပြထားခြင်း ဖြစ်သည်။ ရှင်ပေါလု၏ Theology သည် ခရစ်တော်ကို ဗဟိုပြုသည်။ ခရစ်တော်အားဖြင့်၊ ခရစ်တော်အထဲ၌၊ ခရစ်တော်အဖို့ အလိုငှါ၊ ကျွန်ုပ်တို့ကို ရှေးမဆွက ခွဲခန့် မှတ်သားထားသည်ဟု ပေါလု၏ Theology က ဖော်ပြထားသည်။
ရှင်ပေါလုသည် ခရစ်တော်ကို ဗဟိုပြုသော အကြောင်းအရာများကို ဖော်ပြသကဲ့သို့ ဧဖက်ရှိ ယုံကြည်သူများ၏ ဝိညာဉ်မျက်စိပွင့်၍ ယေရှုသည်။ ဤစကြာဝဠာ တစ်ခုလုံးကို ၎င်း၊ အသင်းတော်အားလုံးကို အစိုးရသော သခင် ဖြစ်ကြောင်း၊ ပိုမိုမြင်တွေ့စေရန် ဆုတောင်းခြင်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆုတောင်းသည့်အခါ မိမိတို့၏ လိုအပ်ချက်များကို ဆုတောင်းခြင်းထက်၊ သခင်ယေရှုကို ချီးမွမ်း၊ ဂုဏ်ပြုဖို့ ဖြစ်သည်။ “ယေရှု ကိုယ်တော်ဟာ ဘုရား ဖြစ်တယ်၊ ဖန်ဆင်းရှင် လည်း ဖြစ်တယ်၊ ကိုယ်တော် ကြောင့် ကျွန်ုပ်နှင့်
ကျွန်ုပ်၏ မိသားစုတို့သည် သားအရာကို ရတယ်။ သားအရာကို ရရန် ကမ္ဘာ မတည် ရှိ မှီ ကပင် ရွေးကောက်တော် မူသောကြောင့် ကျေးဇူးတင်ပါတယ်။ ဒါကြောင့် ကျွန်ုပ်ရဲ့ ဝိညာဉ်မျက်စိကို ဖွင့်ပေးပါ။ အရာအားလုံးသည် ယေရှ၏
ခြေဖဝါးအောက်မှာ ရှိပါတယ်။ ကိုယ်တော်၏ ရှေ့မှာ နှိမ့်ချစွာ ဒူးထောက်လျက် ရှိပါတယ်၊ ကိုယ်တော်ရဲ့ ကျေးဇူးတော်ကို ကျွန်ုပ်အပေါ် ချပေးတော်မူပါ” ဟု ဆုတောင်း ရပါမည်။ ထို့နောက်မှ မိမိ၏ ပြဿနာ၊ သူတစ်ပါး၏ ပြဿနာ၊ ကိုယ်နှင့် စပ်ဆိုင်သော သူများ၏ ပြဿနာများကို ယေရှုအား တင်ပြပြီး၊ ယေရှု၏ ကူညီမစမှုကို တောင်းခံရမည် ဖြစ်သည်။
ယေရှုကို ကျေးဇူးတင် စကားပြောခြင်း၊ ချီးမွမ်းခြင်း၊ မိမိအားနည်း ချက်ကို ပြောပြခြင်း၊ အပြစ်ကို ဝန်ချတောင်းပန်ခြင်း၊ နောက်ဆုံးတွင် အကူအညီ အတွက် ဆုတောင်းခြင်းသည် တမန်တော် ရှင်ပေါလု၏ နည်းပင် ဖြစ်သည်။
၈။ ဧဖက် အခန်းကြီး ၂
(က) ခရစ်တော်၌ အသေခံခြင်းနှင့် အသစ်သော အသက်တာ (၂း၁-၁၀)
ဧဖက် အသင်းတော်ထဲတွင် ဘုရားသခင်ကို အစေခံသည့် လူနှစ်မျိုး၊ နှစ်စား ရှိကြောင်း တွေ့ရသည်။ ပထမ တစ်မျိုးမှာ တစ်ပါးအမျိုးသား ဧဖက် အသင်းသားများဖြစ်၍ ဒုတိယ အမျိုးအစားမှာ ဧဖက်မြို့ရှိ ယုဒလူမျိုး ယုံကြည် သူများ ဖြစ်သည်။ ရှင်ပေါလုသည် ဧဖက်မြို့သို့ သာသနာပြု အနေနှင့် ရောက်ရှိ လာသည့်အခါတိုင်း အသင်းတော်ထဲ၌ ထိုကဲ့သို့ ယုံကြည်သူ နှစ်မျိုးနှစ်စား ရှိကြောင်း လေ့လာမိသည်။
ရှင်ပေါလုက ဧဖက်မြို့ အသင်းသူ အသင်းသားများအား သူတို့ ယုံကြည်သူ မဖြစ်မီ ဘဝကို ပြန်လည် ပြောပြသည်။ အငယ် ၂ မှ “အာကာသ
ကောင်းကင်တွင် အစိုးရသောမင်း” ဟူသော အမည်မှာ နတ်ဆိုး၏ အမည် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင် နတ်ဆိုးနှင့် ပတ်သက်၍ အဓိပ္ပာယ် ဖွင့်ပြချက် (၃)မျိုး တွေ့ရသည်။
(၁) အာကာသကောင်းကင်ကို အစိုးရသောမင်း (ဧဖက် ၂း၂)၊ (၂) ဤလောကကို အစိုးရသောဘုရား (၂ကော ၄:၄)၊ ၊ (၃) ဤလောကကို အစိုးရသောမင်း (ယော ၁၂း၃၁) ဟူ၍ ဖော်ပြထားသည်။
ရှင်ပေါလုက ယခင် အတိတ်ကာလက သင်တို့သည် ဤလောကကို အစိုးရသောမင်း၏ အလိုသို့ လိုက်၍ အသက်ရှင် ကြသော်လည်း ယခုအချိန် တွင်မူ တစ်ပါးအမျိုးသား ဧဖက် ယုံကြည်သူများနှင့် ယုဒအမျိုး ယုံကြည်သူများ သည် ယေရှုခရစ်ကို ယုံကြည်သူများ ဖြစ်နေပြီဟု ငယ် ၈-၉တွင် “ယုံကြည်
သော အားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျောက် ရောက်သည် မဟုတ်၊ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည် မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ။” ဟု ဖော်ပြထားသည်။ ကျေးဇူးတော်
သက်သက်ကြောင့် ကယ်တင်ခြင်း ခံရသူဖြစ်ကြောင်း ပြန်လည်၍ သတိပေး ထားသည်။ အငယ် ၁ဝ တွင် “ငါတို့” ဟု သုံးနှုန်းထားသည်။ ယခင်က သင်တို့ ဟူသော အသုံးအနှုန်းကို သုံးထားသော်လည်း အထက်ပါ အငယ် ၁၀ တွင် “ငါတို့” ဟုပြောခြင်းမှာ ယုဒ အမျိုးသားများနှင့်၊ တစ်ပါးအမျိုးသား ၊ ယုံကြည်သူများကို ပြောခြင်း ဖြစ်သည်။ ယေရှုခရစ်၌ အသစ် ပြုပြင်ခြင်း၊ ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်သည် ကောင်းသော အကျင့် ကျင့်ရန် ဖြစ်သည်။
ကောင်းသော အကျင့် ဆိုရာတွင် မဟာ အမိန့်တော်ကို နာခံခြင်းနှင့်၊ မဟာစေခိုင်း ချက်ကို နာခံခြင်း ဖြစ်သည်။ မဟာအမိန့်တော်သည် ပညတ်တော် ဆယ်ပါး လိုက်လျှောက်ရန် ဖြစ်ပြီး၊ ယခင်က နတ်ဆိုး၏ သားသမီးများ ဖြစ်ခဲ့စဉ်က ဆိုးချင်သလောက် ဆိုးခဲ့ကြသော်လည်း ယခုတွင် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြသောကြောင့် မဟာမိန့်မှာချက်နှင့် မဟာစေခိုင်းချက်ကို လိုက်နာရန် ဖြစ်သည်။ ယေရှုခရစ်တော် စေခိုင်းသော အချက် နှစ်ချက်ကို ကပ်ကမ္ဘာကုန် သည်တိုင်အောင် လူတို့အား သက်သေထူခြင်းနှင့် သက်သေခံခြင်းသည်
ကောင်းသော အကျင့်တို့ကို ကျင့်ခြင်း၊ ထိုအကျင့်တို့၌ ကျင်လည်ခြင်းပင် ဖြစ်သည်။ မိမိသည် ခရစ်ယာန် ဖြစ်ကြောင်း အသက်တာအားဖြင့် သက်သေထူ ခြင်းသည် မဟာအမိန့်တော်ကို နာခံခြင်း ဖြစ်သည်။ ထိုအသက်တာနှင့် “ယေရှုသည် ကယ်တင်သော ဘုရားဖြစ်ကြောင်း” သတင်းတော် ကြေငြာခြင်း ၊ သည် မဟာစေခိုင်းချက်ကို နာခံခြင်း ဖြစ်သည်။
ရှင်ပေါလု ကိုယ်တိုင် အတိတ်က နတ်ဆိုး၏ စေခိုင်းသည့် အတိုင်း အသက်ရှင်ခဲ့သော်လည်း ယခုအခါ ယေရှုခရစ်၌ ပြုပြင်ပြီး၊ ဘုရားသား ဖြစ်၍ ဘုရား၏ မဟာအမိန့်တော်နှင့် မဟာစေခိုင်းချက်ကို နာခံလုပ်ဆောင်သော ဘုရား၏ အစေခံကျွန် ဖြစ်သည်။ မဟာအမိန့်တော်သည် ပညတ်တော် ဆယ်ပါး ဖြစ်ပြီး၊ မဟာစေခိုင်းချက်သည် ဧဝံဂေလိသတင်း ဟောကြားဘို့ ဖြစ်သည်။
(ခ) ခရစ်တော်၌ ရှိသော ဂျူးနှင့် တစ်ပါးအမျိုးသားများ (၂း၁၀-၁၂)
ဧဖက်အသင်းတော်တွင် လူမျိုးရေး ပြဿနာများ ရှိခဲ့သည်။ ထိုပြဿနာမှာ ယုဒအမျိုးနှင့် တစ်ပါးအမျိုးသားများ စပ်ကြားတွင် ရှိသည့် ပြဿနာ ဖြစ်သည်။ သူတို့သည် တလုံးတဝတည်း မဖြစ်နိုင်ကြပါ။ စည်းလုံးမှု မရှိကြပါ။ ထို့ကြောင့် ရှင်ပေါလုက ထိုလူနှစ်မျိုး နှစ်စုသည် ယေရှုခရစ်တော်၌ တစ်စုတည်း ဖြစ်သည်ဟု ဆုံးမခြင်း ဖြစ်သည်။ ယေရှုခရစ်တော်က ယုဒ အမျိုးသားများနှင့် တစ်ပါးသော အမျိုးသားများ စပ်ကြားရှိ အုတ်နံရံ တံတိုင်းကို ဖြိုဖျက်လိုက်ပြီး ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၌ တစ်ပါးသောအမျိုးသား မရှိ၊ ဘုရားသခင်၏ မိသားစုဝင် များသာ ဖြစ်သည်။ ဧည့်သည်၊ သူစိမ်း ဟူ၍ မရှိတော့ပြီ၊ ဘုရားသခင်၏ အိမ်တော်ထဲမှာပင် လူမျိုးနွယ်စုများစွာ ပါဝင်သော်လည်း ယေရှုခရစ်အားဖြင့် တစ်မိသားစုတည်း ဖြစ်သည်။
အတိတ်က ယုဒနှင့် တပါးအမျိုးသားများ၊ ပရောဖက်နှင့် တမန်တော် များတည်း ဟူသော အခန်း ၂-ခန်း ကြားတွင် အုတ်တံတိုင်းကြီး ရှိခဲ့သည်။ ထိုသို့ ကွဲပြားနေသော အခန်း ၂-ခန်းကို၊ ၁-ခန်းထဲဖြစ်အောင် မည်ကဲ့သို့ လုပ်သနည်း? တမန်တော်နှင့် ပရောဖက်များကြားတွင် ယေရှု ချခဲ့သော အုတ်မြစ်များဖြင့် သူတို့ အခန်းထဲသို့ ဝင်နိုင်သော အပေါက်ရှိသည်။ သခင်ယေရှုသည် ယုဒအခန်းနှင့် တပါးအမျိုးသားများ အခန်းသို့ ဝင်ချင်သလို ဝင်လို့ရသည်။ သင်တို့သည် လူမျိုးနွယ်စု အလိုက် ဖွဲ့စည်းထားသော်လည်း၊ ခရစ်တော်၌ တစ်ခုတည်း ဖြစ်သည်ဟု ပြောခြင်း ဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူမျိုးနွယ်စု ၁၂,ဝဝဝ တွင် အခန်း အသီးသီး ရှိကြသော်လည်း ယေရှုအားဖြင့် အသီးသီး ဆက်နွယ်မှု ရှိကြသည်။ ထို့ကြောင့် ကွဲပြားခြင်း မရှိဟု ရှင်ပေါလုက ပြောခြင်း ဖြစ်သည်။ တစ်လုံးတစ်ဝတည်းဖြစ်ရန် ပြောလေ့ရှိသည်။ မြန်မာပြည် တစ်ခုတည်းတွင် အခန်း (၁၃၅)ခန်း ရှိသည်။ မည်သို့ပင် ကွဲစေ အခန်းအားလုံးသည် ယေရှု တည်းဟူသော နှုတ်ကပတ်တော် အပေါ်တွင် အမြစ်တွယ်ထားသည်။ လူမျိုး နွယ်စုအားလုံး အခန်းအသီးသီး ပြင်ဆင်တည်ဆောက်ပြီးလျှင် သခင်ယေရှု ဒုတိယအကြိမ် ကြွလာမည်ဟု မသဲ ၂၄း၁၄ တွင် ဖော်ပြထားသည်။
၉။ ဧဖက် အစန်းကြီး ၃ (က) တစ်ပါးသော အမျိုးသားများအတွက် သာသနာပြု ဆရာ ရှင်ပေါလု
(၃း၁-၁၃) ၊
ရှင်ပေါလုက ငါသည် ယုဒလူဖြစ်သော်လည်း၊ တစ်ပါးသော အမျိုးသား များအား ဧဝံဂေလိဝေငှရန် ရှေးမဆွကပင် ခွဲခန့်မှတ်သားပြီးပြီဟု ပြောကြား ခဲ့သည်။ ထို့ကြောင့် ငါသည် ယေရုရှလင်မြို့၌ မနေဘဲ တစ်ပါးသော အမျိုး ၊ သားများ နေရာသို့ သွားရခြင်း ဖြစ်သည်။ ဘုရားသခင်၏ အကြံအစည်အတိုင်း တစ်ပါးသော အမျိုးသားများအတွက် မွေးဖွားစေခဲ့ခြင်း ဖြစ်သည်ဟု ရှင်ပေါလုက ဧဖက်ယုံကြည် သူများထံ ပြောကြားသည်။ အာရှမိုင်းနားတွင် ဧဖက် အသင်းတော် အပါအဝင်၊ အသင်းတော် ရှစ်ပါး တည်ထောင်ခဲ့သည်။ အဘယ်ကြောင့်နည်း။
ရှင်ပေါလုသည် တစ်ပါးအမျိုးသားများအတွက် ခွဲခန့်ထားခြင်း ဖြစ်သည်။ မိမိနေရင်း ဒေသတွင် မနေဘဲ အာရှမှ ဥရောပသို့၊ မာကေဒေါနိပြည်ကို ဖြတ်၍ ဖိလိပ္ပိ အသင်းတော် နှင့် သက်သာလောနိတ် အသင်းတော်ကို တည်ထောင် ခဲ့သည်။ ဗေရိ အသင်းတော်၊ အေသင် အသင်းတော်နှင့် ကောရိ အသင်းတော် တို့ကိုလည်း တည်ထောင်ခဲ့သည်။
ချစ်သော ဧဖက် အသင်းသားများ၊ ငါပေါလုသည် တိုင်းတပါး၌ အသင်းတော် တည်ထောင်ရန် ဘုရားက ငါ့ကို စေခိုင်းသည်။ ငါဟာ ရောမ ထောင်ထဲထိ ရောက်ခဲ့ရပါပြီ။ ဒါ့ကြောင့် ထိုသြဝါဒစာစောင်များကို ရောမ ထောင်ထဲမှ ရေး၍ ပို့လိုက်ခြင်း ဖြစ်တယ်။ ယနေ့တိုင်အောင် စိတ်ထဲမှာ အံ့သြနေမိတာက ဘာကြောင့် ငါက တိုင်းတပါးမှာ သာသနာပြု နေရတာလဲ ဆိုတာဘဲ။ တိုင်းတစ်ပါး အမျိုးသားများကို ဧဝံဂေလိဝေငှရာမှာ သက်တောင့် သက်သာ မရှိလှ။ အထူးသဖြင့် တိုင်းတစ်ပါးရောက် ဂျူးလူမျိုးများထံ ဧဝံဂေလိ တရားကို ဝေငှတဲ့အခါ နှောက်ယှက်ကြသဖြင့် ငါဝမ်းနည်း ရပါတယ်။ ဧဝံဂေလိ တရားကို ယုဒတွေက မယုံကြည်တဲ့အပြင် ငါ့ကို ဘာကြောင့် ညှင်းဆဲ ရသလဲဆိုတာ ငါ့အတွက် အံ့ဩစရာ ဖြစ်မိတယ်။ နောက်တစ်ပါး အမျိုးသား
များက ယေရှုကို လက်ခံပြီး၊ ခရစ်တော်ထံ ပြောင်းလဲလာကြတာကိုလ. ငါအံ့သြ မိပါတယ် ဟုပြောသည့်အခါ ယေရှုခရစ်က ပေါလုအပေါ် ထင်ရှား၍ ဤအကြောင်းအရာသည် ယေရှုခရစ်၏ နက်နဲသော အကြောင်းအရာ ဖြစ်သည်။ ဖော်ပြသည်။ (၃း၄-၅,၉) “အလုံးစုံကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ ရှေးကာလပတ်လုံး ဝှက်ထားလျက်ရှိသည့် ဤနက်နဲသောအရာ၏ အမှုအရေးကို လူတိုင်းအား ရှင်းလင်းစေမည်။”
အနည်းငယ်သော ယုဒယုံကြည်သူများအားဖြင့် များစွာသော တစ်ပါး အမျိုးသားများက၊ ဧဝံဂေလိတရားကို ကြား၍၊ ဤနည်းဖြင့် များစွာသော တပါးအမျိုးသားများ ယေရှုခရစ်ကို လက်ခံလာရန်အတွက် ဖြစ်သည်။ တချိန် တည်း၌ ယုဒလူမျိုး အများစုသည် ယေရှုခရစ်ကို ကယ်တင်ရှင်အဖြစ် လက်မခံ နိုင်လောက်အောင် ပျက်စီးကုန် လိမ့်မည်။ ၃း၃ – ဘုရားသခင်သည် ဗျာဒိတ်တော် အားဖြင့် နက်နဲသောအရာကို ငါ့အား
ဖေါ်ပြတော်မူ၏။ ၃း၄ – ခရစ်တော်၏ နက်နဲသောအရာ၌ ငါ့ ကို လေ့ကျက်သည်။ ၃း၅ – ထိုနက်နဲသောအရာ သန့်ရှင်းသူတို့အား ဝိညာဉ်တော်အားဖြင့် ယခု
ကာလ ဖွင့်ပြတော်မူ၏။ ၃း၆ – ထိုနက်နဲသောအရာ ဟူမူကား တစ်ပါးအမျိုးသားတို့သည် ဧဝံဂေလိ
တရားအားဖြင့် ယုဒအမျိုးသားတို့နှင့် အတူ အမွေခံ၍ တလုံးတဝ တကိုယ် တည်းဖြစ်လျက် ခရစ်တော်နှင့် ဆိုင်သော ဂတိတော်ကို ၊
ဆက်ဆံရ ကြသတည်း။ ။ ၃း၉ – ရှေးကပ်ကာလပတ်လုံး ဝှက်ထားသော ထို နက်နဲသောအရာကို ငါ့ အား ယေရှုခရစ်တော် ရှင်ပေါလုထံ ထင်ရှားသည့် အခါ ယုဒလူတို့က
ကို ကျေးဇူးတော်ကို ပေးတော်မူသည်။
ဧဝံဂေလိကို လက်ခံမည်၊ သို့သော်လည်း အနည်းငယ်ကသာ လက်ခံမည်။ ထိုလူနည်းစုဖြစ်သော ယုဒ ယုံကြည်သူများအားဖြင့် များစွာသော တပါးအမျိုး သားများက ဧဝံဂေလိကို လက်ခံကြမည်။ ထိုအခါ ယုဒလူတို့သည် ဝိညာဉ် မျက်စိကန်းပြီး ယေရှုကို လက်ခံနိုင်ကြမည် မဟုတ်ဟု ဖွင့်ပြသည်။
ထိုအကြောင်းအရာကို ရောမ ၁၁း၂၅-၂၆ ၌ ဖော်ပြပြီး ဖြစ်သည်။ “ညီအစ်ကိုတို့၊ သင်တို့သည် ဤနက်နဲသောအရာကို မသိဘဲ နေစေခြင်းငှါ ငါအလို မရှိ။ မိမိကိုယ်ကို အထင်ကြီးစိတ် မရှိစေမည် အကြောင်း တပါးအမျိုးသား တို့၏ အချိန် မပြည့်စုံမှီ တိုင်အောင်၊ ဣသရေလ လူအပေါင်းတို့၌ မှောင်မိုက် အချို့ ဖုံးလွမ်းခြင်း ဖြစ်သည်။ ထိုသို့ ကျမ်းစာနှင့် အညီ၊ ဣသရေလ လူအပေါင်း တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့် မည်။ ကျမ်းစာချက် ဟူမူကား၊ ကယ်လွှတ်သော သခင်သည် ဇိအုန်ကောင်၌ ပေါ်ထွန်း၍၊ မတရားသော အမှုကို ယာကုပ်အမျိုးတို့မှ လွှဲတော်မူလတံ့။”
ထိုအထက်ပါ အကြောင်းအရာကို ခရစ်တော်၏ နက်နဲသောအရာ ဟု ပေါလုက ဧဖက် ကျမ်းစာ၌ ဖော်ပြခြင်း ဖြစ်ပါသည်။ နက်နဲသောအရာ ဟု ဆိုရာတွင် လူ့ဉာဏ်အားဖြင့် စဉ်းစား၍ မရသော အရာတို့ကို ဆိုလိုသည်။ အထက်ပါ အချက်သည် နက်နဲသောအရာ ဖြစ်သောကြောင့် လူများ နားလည်အောင် ရှင်းပြနိုင်ခြင်း မရှိ၊ ဘုရားသခင်ကသာ ရှင်းပြ နိုင်ပါသည်။
ယေရှုခရစ်က ဤနက်နဲသော အကြောင်းအရာသည် ကမ္ဘာဦးမှ စ၍ ဝှက်ထားခဲ့သော်လည်း “သင့်အား ဤနက်နဲသောအရာကို ငါဖွင့်ပြပြီ” ဟု ပေါလုအား
ပြောပါသည်။ ရှင်ပေါလုက “ငါကိုယ်တိုင်လည်း ဤနက်နဲသောအရာမှာ ဇာတ်ကောင် ဖြစ်နေရတယ်။ ထောင်ထဲထိ ရောက်သည့် တိုင်၊ တစ်ပါးအမျိုးသား များကို ခရစ်တော်၏ နက်နဲသောအရာ ပြည့်စုံစေဖို့ရန် ဖြစ်တယ်” ဟု ရှင်းပြ သည်။ တစ်ပါးအမျိုးသား များထံတွင် ဧဝံဂေလိတရား ပြန့်နှံ့သွားပြီးလျှင်
ကောင်းကင်မှာ ငါ့ကို ဆုလာဘ် သရဖူများက စောင့်နေကြပြီး ဖြစ်သည်။ ထို့ကြောင့် ငါဟာ ဂျူးလူမျိုး တွေဆီမှာ သာသနာပြုဖို့ မဟုတ်၊ တစ်ပါးအမျိုးသား များထံမှာ သာသနာပြုရန် ဖြစ်သည်။ ထို့ကြောင့် တစ်ပါးသောအမျိုးသား များသည် ငါ့ အတွက် ကောင်းကြီးမင်္ဂလာ ဖြစ်သည်။ ၃း၁၃ ၌ “ထို့ကြောင့် သင်တို့၏ ဘုန်းအသရေကို ပြုစု၍ သင်တို့ အတွက်ကြောင့် ငါခံရသော ဒုက္ခ ဆင်းရဲခြင်းကို မြင်လျှင် ရွေ့ လျော့သော စိတ် မရှိကြပါစေနှင့် ။” ရှင်ပေါလုက ဧဖက်ယုံကြည်သူများအား “သင်တို့သည် ငါ၏ သရဖူများ ဖြစ်သည်” ဟု ရှင်းပြ ထားသည်။ “ယခု ငါခံရသော ဆင်းရဲဒုက္ခသည် တစ်ပါးအမျိုးသား ဖြစ်သော
ဧဖက်ယုံကြည် သူ များတွက် ဖြစ်သောကြောင့်၊ ငါ့ အတွက် ဆုတောင်းကြပါ။ ဒီအတွက် ဝမ်း မနည်းကြပါနှင့် ကောင်းကင်၌ သရဖူ ရသည့် အခါ သင်တို့လည်း အပါအဝင် ဖြစ်ပါတယ်” ဟု ရှင်ပေါလုက အားပေးခဲ့သည်။
(ခ) ဇက်လုံကြည်သူများအတွက် ရှင်ပေါလု၏ ဆုတောင်းချက် (၃း၁၄-၂၁)
Scolunca
ရှင်ပေါလုသည် ဧဖက်ယုံကြည်သူများအတွက် (၃း၁၄-၂၁)ထိ ဆုတောင်း ပေးခဲ့သည်။ အထူး ဆုတောင်းသော အရာမှာ၊ သူတို့၏ စိတ်နှလုံး ဖြူစင်သန့်ရှင်းခြင်း ရှိဖို့ရန်အတွက် ဖြစ်သည်။ ဧဖက်ယုံကြည်သူများသည် ဖြူစင်သော နှလုံးသား မရှိကြ။ သူတို့၏ နှလုံးသားများသည် နတ်ဆိုး၏ မကောင်းသော အကျင့်ဆိုးများ ရှိခြင်းကြောင့် အချင်းချင်း တိုက်ခိုက်ကြသည်။ သူတို့သည် ခရစ်တော်၏ နက်နဲသောအရာများကို မေ့လျော့ နေကြသည်။ အထူးသဖြင့် မဟာစေခိုင်းချက်ဖြစ်သည့် တစ်ပါးသောအမျိုးသားများအား ဧဝံဂေလိတရား ဝေငှရမည့် အချက်ကို လျစ်လျူရှု ကြသည်။ ရှင်ပေါလုက ဤအသင်းတော်တွင် ရှိသော ယုံကြည်သူများသည် တစ်ယောက်နှင့် တစ်
ယောက် ခိုက်ရန်ဖြစ်ကြပြီး၊ ဝိညာဉ်ရေးရာတွင် သူငယ်အရွယ်သာ ရှိသောကြောင့် ဘုရားသခင်၏ မဟာစေခိုင်းချက်ကို မဆောင်ရွက်နိုင်ကြောင်း တွေ့ရသောကြောင့် သူတို့၏ နှလုံးစင်ကြယ်ဖို့၊ ရင့်ကျက်လာဖို့၊ ဆုတောင်း ပေးခြင်း ဖြစ်သည်။ အသင်းတော် ကြီးမားပြီး၊ လူဦးရေ များပြားပါစေ။ သူငယ်အရွယ် ဖြစ်ပါက မဟာစေခိုင်းချက်ကို ဖေါ်ဆောင်နိုင်မည် မဟုတ်ပါ။
။ သူငယ်အရွယ်ရှိသော ယုံကြည်သူများသာ ဖြစ်ပါက ဧဝံဂေလိတရားကို ၊ မဝေငှနိုင်။ ထိုအသင်းတော်မျိုးကို သူငယ် အသင်းတော်ဟု ဆိုရပါမည်။ နုနယ်သော ခရစ်ယာန်များသည် အသင်းတော်၏ ဘောင်ထဲ၌သာ အသက်ရှင်ကြပြီး၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာများကိုသာ ဦးစားပေးကြသည်။ ထို့ကြောင့် တစ်ဦးနှင့် ၊ တစ်ဦး မကြာခဏ မသင့်မမြတ် ဖြစ်ကြရသည်။ ထိုသူတို့၏ ဝိညာဉ်ရေးရာ ၊ မျက်စိများ ကန်းလျှက် ရှိသည်။ (မဿဲ ၅း၈) “စိတ်နှလုံးဖြူစင်သော သူသည် ၊
မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြ လတံ့။” ထို့ကြောင့် သူတို့၏ နှလုံးသား သန့်ရှင်းရန် ဆုတောင်းပေးခြင်း ဖြစ်သည်။ စိတ်နှလုံး ကြည်လင်သဖြင့် ဘုရားသခင်ကို မြင်သည်နှင့် တပြိုင်နက်၊ ခရစ်တော်၏ နက်နဲသော အရာတို့ကိုလည်း နားလည်နိုင်မည် ဖြစ်သည်။
ဘုရားသခင်၏ မေတ္တာတော်သည် မည်မျှကြီးမား၊ နက်နဲကြောင်းကို မြင်နိုင်ဖို့ရန် ဆုတောင်း ပေးသည်။ ထိုကဲ့သို့ ဘုရားသခင်၏ မေတ္တာတော်ကို မြင်လာမှ ရှင်ပေါလုကဲ့သို့ ဝိညာဉ်မျက်စိ ပွင့်လာပြီး၊ ဧဝံဂေလိတရားကို တစ်ပါး အမျိုးသားများထံ ဝေငှလာနိုင်မည် ဖြစ်သည်။ ထိုအခါ ခရစ်တော်၏ အလိုသည်လည်း ပြည့်စုံလာလိမ့်မည်။ စိတ်နောက်ကျိသော ခရစ်ယာန်များနှင့် သူငယ် ခရစ်ယာန်များသည် ခရစ်တော်၏ နက်နဲသော အကြံအစည်ကို နားမလည်နိုင် ကြပေ။ သို့ဖြစ်ရာ နှလုံးသား ဖြူစင်ဖို့ရန်အတွက် ဆုတောင်း ရမည်။ ထိုသို့ ဆုတောင်းလျှင် ဝိညာဉ်မျက်စိ ပွင့်လာပြီး၊ ဘုရားသခင်၏ နက်နဲသော အကြံအစည်ကို နားလည်လာမည်။ ခရစ်တော်၏ နက်နဲသော အရာကို မြင်လာသည်နှင့် အမျှ ခရစ်တော်၏ မဟာစေခိုင်းချက်ကို ပြည်စုံအောင် ဆောင်ရွက်လာမည် ဖြစ်သည်။
နှလုံးသားများ ညစ်ည္းလျှင်၊ ငါ့အသင်းတော်၊ ငါ့မိသားစု၊ ငါ့လူမျိုး အတွက်ဆိုပြီး မိမိနှင့် စပ်ဆိုင်သလောက်သာ မြင်မှာ ဖြစ်သည်။ မိမိ၏ မိသားစုနှင့် အမျိုးလောက်သာ မြင်နိုင်ပြီး၊ မိမိနှင့် တော်စပ်မှု၊ နီးစပ်မှုရှိသော သူများ၏ အကျိုးကို မြင်နိုင်သော ခရစ်ယာန်များသည် အဝေးမှုန် ခရစ်ယာန်များ ဖြစ်ကြသည်။ ဝိညာဉ်မျက်စိ ပွင့်လာလျှင်မူ ဘုရားသခင်၏ မေတ္တာမည်မျှ ကြီးမားကျယ်ပြန့်ကြောင်း သိလာမှာ ဖြစ်သည်။ ထိုအခါ မြန်မာနိုင်ငံရှိ မျိုးနွယ် (၁၃၅)မျိုးသော မျိုးနွယ်စုများကို မိမိရင်ခွင်ထဲသို့ ထည့်ထားနိုင်ပြီး၊ အခြားနိုင်ငံ များထိ ကျယ်ပြန့်စွာ သာသနာ့ အကျိုးကို လုပ်ဆောင်ပေးနိုင်မည် ဖြစ်သည်။
၁၀။ ဧဖက် အခန်းကြီး ၄
(က) ခရစ်တော်၏ ခန္ဓာကိုယ်၌ စည်းလုံးခြင်း၊ (၄း၁-၁၆)
ရှင်ပေါလု၏ စာစောင်ကို အပိုင်း (၂)ပိုင်း ခွဲခြားထား ပါသည်။ ပထမပိုင်းမှာ ဩဝါဒပိုင်း ဖြစ်၍၊ ဒုတိယပိုင်းမှာ အသက်တာပိုင်း ဖြစ်သည်။ ထို့ကြောင့် ဧဖက်သြဝါဒစာတွင်လည်း အခန်းကြီး ၁ မှ ၃ သည် ဩဝါဒပိုင်း ဖြစ်၍၊ အခန်းကြီး ၄ မှ ၆ သည် လက်တွေ့ အသက်ရှင်မှု အပိုင်း ဖြစ်သည်။ ရှင်ပေါလုက ဩဝါဒပိုင်းနှင့် စပြီးမှ ခရစ်ယာန် အသက်တာပိုင်းကို ပြောလေ့ ရှိသည်။
အခန်းကြီး ၂ နှင့် ၃ တွင် အောက်ဖော်ပြပါ အကြောင်းအရာများကို ဖော်ပြထားသည်။ ရှင်ပေါလုသည် ဧဖက်ယုံကြည်သူများအား သူတို့၏ ယခင်ဘဝကို ပြန်လည် သတိပေးထားသည်။ ယေရှုကို မသိမီ ဧဖက်ယုံကြည်သူ များသည် အာကာသကို အစိုးရသည့် ဝိညာဉ်ဆိုး၊ နတ်ဆိုး အောက်တွင် အသက်ရှင် ခဲ့ကြသည်။ ထိုသို့ ငြင်းဆိုတတ်သည့် ဝိညာဉ်ဆိုး၊ နတ်ဆိုးတို့၏ အောက်တွင် အသက်ရှင်ခဲ့ရာမှ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့်၊ ဘုရား ၊ သားသမီးများ ဖြစ်ခဲ့ကြပြီး၊ ကယ်တင်ခြင်း ရရှိခဲ့ကြသည်။ ထို့ကြောင့် ဧဖက်မြို့ရှိ တစ်ပါးအမျိုးသားမှ ပြောင်းလဲလာသည့် ဧဖက်ယုံကြည်သူများသည် ဂျူးလူမျိုး များနှင့် တန်းတူ ဖြစ်သည်။ ဂျူးလူမျိုးများနှင့် တစ်ပါးသော အမျိုးသားများသည်
ကောင်းကင်တွင် အတူတူ ခံစားမည့် သူများဖြစ်ကြ၍ ခြားနားမှု မရှိတော့ပေ။ ဂျူးနှင့် တစ်ပါးအမျိုးသားများပါ ယေရှုခရစ်တော်တည်းဟူသော အသက် ကျောက်မြတ်ပေါ်တွင် တစ်ပါးသော အမျိုးသားများအတွက် နေရာကို တည်ဆောက် ၊ သွားရန် ဖြစ်သည်။ ဂျူးလူမျိုးများသည် ထိုကျောက်ပေါ်တွင် အိမ်ဆောက်သည့် အလုပ်ကို ယာယီရပ်ဆိုင်းထားပြီ ဖြစ်သည်။
ယေရှုခရစ် တောင်းဆိုချက်မှာလည်း တစ်ပါးသော အမျိုးသားများ အတွက် နေရာ အိမ်ကို တည်ဆောက်ဖို့ရန် ဖြစ်သည်။ ထိုသို့ တစ်ပါးအမျိုး ၊ သားများအတွက် တည်ဆောက်ပြီးမှ၊ ဂျူးလူမျိုးများအတွက် ပြန်လည် တည် ဆောက်သည့်အချိန် ရောက်လာ လိမ့်မည်။ ။
ထိုအစီအစဉ်သည် ဘုရားသခင်၏ ကယ်တင်ခြင်း အကြံအစည်ဖြစ်ပြီး ၊ နားလည်ရ ခက်သည့် နက်နဲသောအရာ ဖြစ်သည်ဟု ရှင်ပေါလုက ဖော်ပြ ထားသည်။ ဧဖက်မြို့တွင် ရှိသော ယုံကြည်သူများအား ခရစ်တော်၏ နက်နဲသော အရာများ နားလည်နိုင်ရန် ရှင်ပေါလုက ရှင်းပြထားခြင်း ဖြစ်သည်။ ရှင်ပေါလု၏ ဆုတောင်းချက်ကို ကြည့်သည့်အခါ ဘုရားသခင်၏ မေတ္တာတော်သည် မည်မျှ ကြီးမား၊ ကျယ်ပြန့်၍ နက်ရှိုင်းကြောင်း နားလည်နိုင်ရန် ဆုတောင်း ပေးကြောင်း တွေ့ရသည်။
ထိုကြီးမားကျယ်ပြန့် နက်ရှိုင်းသည့် ဘုရားသခင်၏ မေတ္တာကို သာမန်အားဖြင့် လုံးဝသိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ မေတ္တာကို သိနိုင်ရန်အတွက် စိတ်နှလုံး ရှင်းလင်း၊ ဖြူစင်ရန် လိုအပ်သည်။ စိတ်နှလုံး အတွင်း၌ မနာလိုမှု၊ ငြူစူမှု၊ ဒေါသစိတ်များ ရှိနေလျှင် ခရစ်တော်၏ နက်နဲသော မေတ္တာကို မြင်တွေ့နိုင်မည် မဟုတ်ပေ။
အထက်ဖော်ပြပါ အကြောင်းအရာများသည် အခန်းကြီး ၃ ၏ အဆုံးပိုင်း ၊ ဖြစ်၍၊ ဩဝါဒပိုင်းဆိုင်ရာ၏ အဆုံးလည်း ဖြစ်သည်။ ယခုအခါ အခန်းကြီး ၄ ကို ဆက်လက်လေ့လာ ကြပါစို့။
အခန်းကြီး ၄ အငယ် ၁ တွင် ပြောသည့် အကြောင်းအရာများသည် အခန်းကြီး ၃ တစ်ခုလုံးကို ရည်ညွှန်းသည်။ “ထို့ကြောင့်” ဟူသော စကားနှင့် ဆက်ထားသည်။ ရှင်ပေါလုက ဧဖက် ယုံကြည်သူများကို တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်သည်။ ကျွန်တော် တောင်းပန်သည်ဟု မပြောဘဲ၊ တိုက်တွန်းနှိုးဆော်သည်ဟု ပြောသည်။ တိုက်တွန်းနှိုးဆော်သည်ဟု ဆိုရာတွင် မဖြစ်မနေ အသင်းအကျပ် လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် ရှင်ပေါလုက မည်သည့်အရာကို တိုက်တွန်းနှိုးဆော် သနည်း?
အငယ် ၁ တွင် “ခေါ်တော်မူခြင်း ကျေးဇူးတော်ကို သင်တို့သည် ၊ ခံရသည်နှင့် အထိုက်အလျောက် ကျင့်ဆောင်မည့် အကြောင်း” ဟု တိုက်တွန်းသည်။ ဆိုလိုသည်မှာ၊ ကျေးဇူးတော်နှင့် ထိုက်တန်အောင် အသက်ရှင်မည်ဟု ဆိုလို သည်။ ခရစ်တော်၏ နက်နဲသောအရာများကို နားထောင်မှုနှင့် လိုက်လျှောက် ဖို့ရန် ဖြစ်သည်။
မြန်မာပြည်ရှိ ခရစ်ယာန်များကို ခေါ်ထားခြင်းသည် ခရစ်တော်၏ နက်နဲသော အရာများကို နာခံလိုက်လျှောက်ရန် ဖြစ်သည်။ မြန်မာပြည် အတွင်းရှိ ဧဝံဂေလိသတင်းစကားကို မကြားရသေးသော သူများထံသို့ သွားရောက် ဟောပြောရန် ဖြစ်သည်။
ရှင်ပေါလုသည်လည်း တစ်ပါးအမျိုးသားများထံ ဧဝံဂေလိတရားကို သွားရောက် ဟောပြောသကဲ့သို့ မြန်မာပြည့်အနှံ့ သွားရောက်ဟောပြောဖို့ရန် တိုက်တွန်းနှိုးဆော်ထားခြင်း ဖြစ်သည်။ ထိုအရာသည် ခရစ်တော်၏ ရည်ရွယ် ချက်ပင် ဖြစ်သည်။ ။
ထိုအခန်းကြီး ၄ တွင် ဧဖက် အသင်းတော်၏ ပြဿနာကို ရှင်းရှင်း ၊ လင်းလင်း တွေ့မြင်နိုင်သည်။ ဧဖက် အသင်းသူ အသင်းသား များသည် ခရစ်တော်၏ ရည်ရွယ်ချက်ကို မေ့သွားကြသည်။ ခရစ်တော်၏ နက်နဲသော အရာကို လိုက်နာဖို့ ပျက်ကွက်သွားသည်။ အထူးသဖြင့် ဧဖက်မြို့ အသင်းတော် တွင် ကြုံတွေ့ရသည့် အဓိက ပြဿနာမှာ အသင်းတော်အတွင်း ကွဲပြားမှုပင် ၊ ဖြစ်သည်။ ငယ် ၁၂ တွင် အသင်းတော် ခေါင်းဆောင်များ အဖွဲ့ငါးဖွဲ့ ကွဲပြီး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ တိုက်ခိုက် နေကြသည်။ အချို့ တမန်တော်အဖွဲ့၊ အချို့က ပရောဖက်အဖွဲ့၊ အချို့က သင်းအုပ်အဖွဲ့၊ အချို့က ဧဝံဂေလိအဖွဲ့၊ အချို့က သင်ကြားသည့် ဆရာအဖွဲ့ ဟူ၍ အချင်းချင်း အငြင်းပွား၍၊ ကွဲပြားတိုက်ခိုက် ၊ ကြသည်။ ခရစ်ယာန် အချင်းချင်း အငြင်းပွား၍ တိုက်ခိုက်သည့်အခါ ဝိညာဉ် ရေးရာ ကျဆင်းပြီး ခရစ်တော်၏ နက်နဲသောအရာများကို အသင်းတော် ပြင်ပတွင် လုပ်ဆောင်နိုင်သည့် ခွန်အား မရှိတော့ပေ။
အသင်းတော်အတွင်း၊ ခေါင်းဆောင်များ အချင်းချင်း တိုက်ခိုက်နေလျှင် ကြာလာသည့်အခါ သေသော အသင်းတော် ဖြစ်ပေလိမ့်မည်။ အေဒီ ၅၀ မှ ၆၀ အတွင်း ထိုကဲ့သို့သော အခြေအနေများနှင့် ရင်ဆိုင်ရသည်။ ဆယ်နှစ်သာ ကာလအတွင်း ဖြစ်သည်။ နှစ်ပေါင်း ၃၅ နှစ်ကြာသည့်အခါ အသင်းတော်၏ အခြေအနေမှာ လုံးဝ မကောင်းပဲ။ အသင်းတော်၏ ရှေးဦး မေတ္တာလုံးဝ ပျောက်ကွယ် သွားသည်။ အသင်းတော် ခေါင်းဆောင်များ အချင်းချင်း တိုက်ခိုက် ခြင်းသည် ကနဦးမေတ္တာ ပျောက်ရန် စာတန်၏ နည်းဗျူဟာ ဖြစ်သည်။
တမန်တော် ရှင်ပေါလုက အသင်းတော် ခေါင်းဆောင်များကို စိတ်ပြောင်း လဲဖို့ နှိုးဆော်ထားသည်။ ငယ် ၂-၃ တွင် “အရာရာ၌ စိတ်နှိမ့်ချခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ရှည် ခြင်းနှင့် ပြည့် စုံ သဖြင့် ၊ မေတ္တာစိတ်နှင့် တစ်ယောက်ကို တစ်ယောက် သည်းခံခြင်း ရှိ၍ အသင့်အတင့် ပေါင်းဘော်ခြင်း အဖွဲ့ အစည်းအားဖြင့်၊ သင်တို့သည် အချင်းချင်း စိတ်သဘော မခြားမနား၊ တလုံး တဝတည်း ဖြစ်အံ့သောငှါ ကြိုးစား အားထုတ်ကြလော့။”
တမန်တော်ကြီး ရှင်ပေါလုက ထိုခြေအနေမျိုး တွင်ရှိသော သူတို့သည် ဝိညာဉ် သူငယ်များ ဖြစ်သည်ဟု ဆိုသည်။ သူငယ်၏ သဘောမှာ ကိုယ့်အတွက်
သာ ကြည့်တတ်ပြီး၊ တစ်ပါးသော သူအတွက် မကြည့်တတ်ချေ။ အတ္တကို ဗဟိုပြုပြီး သူတစ်ပါးကို စိတ်မဝင်စားသော သူများလည်း ဖြစ်သည်။ မိမိ လုပ်ချင်သည့် အရာကို ဇွတ်လုပ်တတ်သည်၊ မိဘကို မလေးစားတတ်။ ဖျက်ဆီး တတ်သည့် သဘောသာရှိပြီး၊ မတည်ဆောက် တတ်ပေ။ မနာလိုသော သဘောနှင့် ပြည့်လျက် ရှိသည်။ အခြားကလေး တစ်ဦးက သူ၏ မိခင် နို့ကို လာစို့ သည့် အခါ ငိုတတ်သည်။ သူတို့ကိုယ် သူတို့ မထိန်းချုပ်တတ်။ အလေးအပေါ့ ပါချင်တိုင်း ပါသည်။ အိမ်ခန်းကို နံစော်စေသည်။ အိမ်တစ် အိမ်တွင် သူငယ်တစ်ယောက် ရှိလျှင် ပြဿနာ ရှိသကဲ့သို့၊ အသင်းတော် ထဲတွင်လည်း ထိုဝိညာဉ် ကလေးမျိုး ရှိပါက ပြဿနာများစွာ ရှိနိုင်သည်။ ထိုကလေးကို ရိုက်၍ ဆုံးမလျှင် ပြဿနာ တက်တတ်ပြီး၊ မဆုံးမလျှင်လည်း ပြဿနာ ပိုလုပ်တတ်သည်။ ထိုကလေးကို ရိုက်ပြီး ဆုံးမပါက ပိုကဲလာသည်။ ပြဿနာ ပိုတက်သည်။ မဆုံးမဘဲ နေပြန်တလည်း ပိုးဆိုးလာသည်။
ဧဖက် အသင်းတော် ခေါင်းဆောင်များပင် ဝိညာဉ်ရေးတွင် သူငယ် ၊ စာရင်းဝင်များ ဖြစ်ကြသည်။ အသင်းတော် အတွင်းရှိ ယုံကြည်သူများသည် နို့ဗူးနှင့် ထိုင်နေသော ဝိညာဉ် ကလေးငယ်များ ဖြစ်ကြသည်။ သင်းအပ် ဆရာများပင် ဝိညာဉ် သူငယ်ဖြစ်လျှင်မူ အသင်းသူအသင်းသားများမှာ လသား၊ အရွယ်၊ ရက်သား အရွယ် လူငယ်များဖြစ်ကြ ပေလိမ့်မည်။ သူငယ် သင်းအုပ် ဆရာက တနင်္ဂနွေနေ့တွင် ဝိညာဉ်သူငယ် အစာဖြစ်သော တရားနို့ ကို တိုက်သည် ။ အခါ တချို့အသင်းသူ အသင်းသားများက အိပ်ငိုက် သွားကြသည်။ အချို့သော သူငယ်များက ဆော့ ကြသည်။ တချို့မှာ နို့စို့ရင်း အိပ်ပျော် သွားကြသည်။ ဝတ်ပြုကိုးကွယ်ခြင်း အစည်းအဝေး ပြီးသည့်အခါ၊ အသင်းသားထဲမှ နို့ဗူးဖို့ သူငယ်တစ်ချို့က “ငါ့ အကြောင်း ပြောတာ၊ ငါ့ကို စောင်းပြီး တရား ဟောတယ်။ မကျေနပ်ဖူး” ဟု ပြောဆို လေ့ရှိသည်။ ဧဖက် အသင်းတော်၏ အခြေအနေ မှာလည်း ထိုသို့ပင် ဖြစ်သည်။ ဝိညာဉ် ကလေးများသော အသင်းတော်၊ ဇာတိများသော အသင်းတော် ဖြစ်သည်။
(ခ) ဝိညာဉ်ရေးရာ ကြီးထွားမှု့အဆင့် ၆- ဆင့်
သမ္မာကျမ်းစာထဲ၌၊ ဘုရားသခင်၏ သားသမီးများ၏ အရွယ်ကို ခြောက်မျိုး ပိုင်းခြား ထားသည်။ သို့သော်လည်း ကျမ်းစာ ဘာသာပြန်သည့်အခါ အဆင့် ခြောက်ဆင့်ကို ကွဲကွဲပြားပြား မတွေ့ရအောင်၊ ကျမ်းစာ ဘာသာပြန်သူများ မမြင်ရအောင်၊ စာတန်မာရ်နတ်က ဝိညာဉ်မျက်စိ ပိတ်ထားသည်။ မူရင်း ကျမ်းစာကို လေ့လာသည့်အခါမှာ အဆင့် ခြောက်ဆင့်ရှိကြောင်း တွေ့ရသည်။
၁။ သူငယ် (ရက်သား/ လအရွယ်မှ) ၃နှစ် အရွယ်အထိ Infant ( NEPIos ) ၊
မဿဲ ၅း၁၃ *သင်တို့သည် ဤလောက၏ သားဖြစ်ကြ၏။ ဆားမူကား၊ အငန်ကင်း ပျောက်လျှင် ငန်သော အရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင်သို့ ပစ်လိုက်၍ ကျော်နင်းခြင်းမှတပါး အဘယ်အသုံးမျှ မဝင်။”
ဂလာတိ ၄း၁ “တဖန်တုံ၊ အမွေခံ မည်သည်ကား၊ ဥစ္စာ ရှိသမျှကို ပိုင်ထိုက်သောသူ ဖြစ်သော်လည်း၊ အရွယ် မရောက်မှီ ကာလပတ်လုံး အစေအပါ ကျွန်နှင့် တူ၏။”
၁ကော ၁၃း၁၁ “ငါသည် သူငယ်ဖြစ်စဉ် အခါ၊ သူငယ်လေးလို စကား ပြော၏။ သူငယ်လို စိတ်ထင်၏။ သူငယ်လို ကြံစည်၏။ အသက်ကြီးသောအခါ မူကား၊ သူငယ်၏ အရာများကို ငါပယ်ရှား၏ ။”
ဧဖက် ၄:၁၄ “အကြောင်းမူကား၊ သူတပါးတို့သည် လူပရိယာယ်နှင့် အပြစ်သို့ သွေးဆောင်ခြင်းငှါ လှည့်ဖြား ပြောဆိုသဖြင့် ၊ ငါတို့သည် နောက်တဖန် ခမ်သိမ်းသော သြဝါဒ လေတိုက်၍ ဖရိုဖရဲ လွင့်သွားသော သူငယ် မဖြစ်ဘဲလျက်။”
၁ကာ ၃း၁ “ညီအစ်ကိုတို့ အထက်က ငါသည် ဝိညာဉ် လူတို့အား ဟောပြောသကဲ့သို့ သင်တို့အား ဟောပြောရသော အခွင့် မရှိဘဲ၊ ဇာတိပကတိ လူတို့အား ၎င်း၊ ခရစ်တော်၌ သူငယ် ကလေးတို့ အား ၎င်း၊ ဟောပြောသကဲ့သို့ ဟောပြောရ၏။”
၂။ ကလေးသူငယ် (၄-၁၁)နှစ် အရွယ်၊ Child ( PAIDION )
ရှင်မသဲ ၁၈း၁-၃။ ။“ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင်
နိုင်ငံတော်၌ အဘယ်သူသည် သာ၍ ကြီးမြတ် ပါအံ့နည်းဟု မေးလျှောက်ကြသော်၊ သူငယ်တယောက်ကို ခေါ်တော်မူ၍၊ တပည့်တော်တို့ အလယ်၌ ထားပြီးမှ၊ ငါအမှန်အကန် ဆိုသည် ကား သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့ သို့ မဖြစ်လျှင်
ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။”
လုကာ ၁၁း၁၁။ ။“သင်တို့တွင် အဖဖြစ်သော သူ၌ သားသည် မုန့်ကို
တောင်းလျှင် အဖသည် ကျောက်ကို ပေးမည်လော။ ငါးကို
တောင်းလျှင် ငါးအစား၌ မြွေကို ပေးမည်လော။”
လုကာ ၁၈း၁၇။ ။“ငါအမှန်ဆိုသည်ကား အကြင်သူသည် ဘုရားသခင်၏
နိုင်ငံတော်ကို သူငယ်ကဲ့သို့ မခံ မယူ။ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရဟု မိန့်တော်မူ၏။”
၁ယော ၂း၁၈။ ။“ချစ်သားတို့၊ သင်တို့အား ငါရေးထားသော ပညတ်
သည် ပညတ်သစ် မဟုတ်။ ရှေ့ဦးစွာကပင် သင်တို့၌ ရှိသော ပညတ်ဟောင်း ဖြစ်၏။ ပညတ် ဟောင်းကား၊ ရှေ့ဦးစွာကပင်
သင်တို့ ကြားရသော ဒေသနာတော် ဖြစ်၏။” ယေရှု၏ အမှုတော်ဆောင် သုံးနှစ်တာ ကာလ၏ အလယ်အချိန် ဖြစ်သည်။ ရှင်ပေတရုက “ကောင်းကင်ဘုံမှာ ဘယ်သူက အကြီးမြတ်ဆုံး ဖြစ်သနည်း” ဟု မေးသည့်အခါ၊ သခင်ယေရှုက သင်သည် မိမိကိုယ်ကို အကြီးမြတ်ဆုံးဟု ထင်မှတ်နေခြင်းသည်ပင် ကလေး ဖြစ်သည်ဟု ပြန်ပြော သည်။ ပေတရုသည် ပင်တေကုတ္တေပွဲပြီး ရာထူးတိုးမြင့် လာသည်။ ဝိညာဉ်ရေးရာ အဆင့်အတန်း ရင်ကျက်ကြီးထွားလာသည်။ ထိုအခါ ရန်မဖြစ်တော့၊ အမြင်ကျယ် လာပြီး၊ လူများကို ခွင့်လွတ်တတ်လာသည်။ လက်ခံ တတ်လာသည်။ သူတပါးအား ယုယတတ် လာသည်။ အဖွားက မြေးများကို ချစ်ခြင်းမေတ္တာနှင့် နွေးထွေးစွာ ပြုစုသည့်အခါ၊ မြေးများသည် အဖွားနှင့် အတူနေချင် ကြသည်။ သို့သော် သူငယ်ကဲ့သို့သော အဖွားများလည်း ရှိသည်။ ထိုအဖွားမျိုးက အသက်ကြီး သော်လည်း မြေးများကို ဆူသည်၊ ကြိမ်းမောင်း တတ်သည်။
၃။ လူပျိုပေါက် (၁၂-၁၇)နှစ် အရွယ်၊ Adolence ( TEKKION )
ယော ၁း၁၂ “ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသော အခွင့်ကို ပေးတော်မူ၏။
ယော ၁၃၃၃ “ချစ်သားတို့၊ ငါသည် သင်တို့နှင့် အတူ ခဏသာ နေရ၏။ သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့ မရောက်နိုင်၊ ကြဟု ယုဒလူတို့အား ပြောသကဲ့သို့ ယခု သင်တို့အား ငါပြော၏”
၁ယော ၂း၁၂ “ချစ်သားတို့၊ သင်တို့သည် ထိုသခင်၏ နာမတော်အားဖြင့် အပြစ်များနှင့် ကင်းလွတ်သောကြောင့် ၊ သင်တို့အား ငါရေး၍ ပေးလိုက်၏။”
ယော ၂၁၈ “ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးကာလ ဖြစ်၏” ၊
ယော ၁၃း၃၃ သည် နောက်ဆုံးသော ညစာ စားပွဲ မစားမီ၊ ပဋိညာဉ်သစ် ပေးနေသည့် အချိန်ဖြစ်၍ သခင်ယေရှုက “ချစ်သားတို့” ဟု တပည့်တော်များကို ခေါ်ခြင်း ဖြစ်သည်။ တပည့်တော်များ၏ ဝိညာဉ်ရေးရာ အရွယ်သည် (TEKNION) အရွယ် မင်္ဂလာ မဆောင်ရသေးသော အရွယ်၊ အရွယ်မျိုး ဖြစ်သည်။
သူတစ်ပါးကို တိုက်ခိုက်လိုသော ဆန္ဒရှိသည့် အရွယ်လည်း ဖြစ်သည်။ ဂျူးလူမျိုးတို့၏ ယဉ်ကျေးမှုအရ အသက် ၁၃-နှစ် အရွယ်ရှိသူကို လူကြီးကဲ့သို့ တရားဝင်သတ်မှတ်ခြင်း ခံရသည်။ ထို့ကြောင့် မိသားစုတွင် လူကြီးဖြစ်သည့် ပွဲကျင်းပ ကြရသည်။ ထိုပွဲသည် BARMIZBA ပွဲဟု ခေါ်သည်။ ယနေ့ထိတိုင် ဂျူးလူမျိုးများ၏ ယောကျာ်းလေး၊ မိန်းကလေးများအတွက် အရေးပါသော ပွဲ တစ်ခုလည်း ဖြစ်သည်။
ခရစ်ယာန်တိုင်း၌ မေးလေ့ မေးထရှိသော မေးခွန်းတစ်ခုမှာ “ကလေး များ သေလျင်၊ကယ်တင်ခြင်း ရမရ” ဆိုသည့် မေးခွန်း ဖြစ်သည်။ BARMIZBA ပွဲနှင့် ပတ်သက်၍ ရှင်းပြရလျှင် အသက် ၁၃-နှစ် မတိုင်မှီ မှီခိုသူဟု သတ်မှတ်ပြီး၊ ၁၃-နှစ် မှစ၍ လူကြီးစာရင်း ဝင်သည်။ ၁၃-နှစ် မတိုင်မှီ သေဆုံးသွားခဲ့လျှင် ထိုကလေး၏ နောင်ဘဝ အားလုံးသည် မိဘများအပေါ်တွင် မူတည်သည်။ အဘယ်ကြောင့် ဆိုသော် အစစအရာရာ မိဘများ၏ ယုံကြည်မှု အပေါ် မှီခိုနေသောကြောင့် ဖြစ်သည်။ ၁၃-နှစ် ကျော်လျှင် ထိုကလေး၏ ယုံကြည်ခြင်း နှင့် ဆုံးဖြတ်ချက်အပေါ် မူတည်။
၄။ လူငယ်အရွယ် (၁၈-၂၄)နှစ် အရွယ် Youth ( NEANISKOs )
တမန် ၂း၁၇ “ယခုလည်း ညီအစ်ကိုတို့၊ သင်တို့ မှစ၍ အစိုးရသော သူတို့သည်
မသိဘဲလျက် ထိုသို့ ပြုကြသည်ကို ငါသိ၏။” ၂ယော ၁း၁၃ “သင့် ၏ မြတ်သော ညီမ၏ သားသမီးတို့သည် သင့်ကို နှုတ်ဆက်
ကြ၏။” “သားသမီး၊ အသက်ငယ်သောသူ” သည် လူငယ်အရွယ်၊ လူပျိုအရွယ်ကို ရည်ညွှန်းသည်။
၅။ သားအရွယ် (၂၅-၃၃)နှစ် အရွယ် Son (Hulos)
ဟေဗြဲ ၅း၁၄ “ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရော
ဟိတ်မင်း အကြီးတည်း ဟူသော ဘုရားသခင်၏ သားတော် ယေရှုသည် ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသော
ကြောင့် ၊ ငါတို့သည် ဝန်ခံခဲ့ပြီးသော အရာ၌ တည်ကြည်
ကြကုန်အံ့ ။”
၁ကော ၁၄း၂၀ “ဉာဏ်အရာ၌ အရွယ်ရောက်လာသူ ဖြစ်ကြလော့” “In your
thinking be adult”
၆။ ဖခင်အရွယ် (၃၃)နှစ် အထက်ပိုင်း Father ( PATER )
အခြားသော ဘာသာစကား ပြောနိုင်သည့် အရွယ်သည် ဝိညာဉ်၌ ဖခင်အရွယ် ဖြစ်၏။ ။ ၁ကော ၄:၁၄-၁၆ “သင်တို့သည် ရှက်စေခြင်းငှါ ဤသို့ ငါရေးသည် မဟုတ်။
သင်တို့ကို ချစ်သားကဲ့သို့ မှတ်၍ သတိပေး၏။ သင်တို့တွင် ခရစ်တော်၏ အကြောင်းကို သင်ပေးသော ဆရာတသောင်း ရှိငြားသော်လည်း၊ အဘ အများ မရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်သွားစေပြီ။ သို့ဖြစ်၍၊ ငါကျင့် သည် နည်းတူ သင်တို့သည် ကျင့်ကြမည် အကြောင်း
ငါနှိုးဆော် တောင်းပန်၏။” ၁ယော ၂း၁၃ “အဘတို့ သင်တို့သည် ရှေးဦးစွာကပင် ရှိတော်မူသော သူကို
သိသောကြောင့် သင်တို့အား ငါရေး၍ ပေးလိုက်၏။” အဆင့် ခြောက်ဆင့်တိုင်းတွင် အဆင့် ခွဲလေးများ ရှိသည်။ ဥပမာ နို့စို့ သူငယ် အရွယ်တွင် ရက်သား၊ လသား မှစ၍ ၁ နှစ်၊ ၂ နှစ်၊ ၃ နှစ် စသည်ဖြင့် အဆင့်ဆင့် ရှိသကဲ့သို့ ကလေးအရွယ်တွင်လည်း ၄ နှစ်၊ ၅ နှစ်၊ ၆ နှစ် စသဖြင့် အဆင့်ခွဲများ ရှိသည်။ ခရစ်ယာန်တိုင်း၏ အသက်တာသည် ၊ အဆင့်တခုခုတွင် ပါဝင်သည်။ အသင်းတော်၏ အခြေအနေတွင် မူမတည်ပါ။ ဥပမာ သင်းအုပ်ဆရာသည် သူငယ်အရွယ် ဖြစ်နိုင်သကဲ့သို့ အသင်းတော် လူကြီး များမှာ သားအရွယ် ဖြစ်နိုင်သည်။ ဝိညာဉ် ရင့်ကျက်မှုသည် ရာထူး၊ တာဝန် ၊
အဆင့်အတန်းနှင့် မဆိုင်ပါ။ ထိုသို့ဆိုလျှင် ဝိညာရေးရာ ရင့်ကျက်မှုကို မည်သို့ ခွဲခြား နိုင်သနည်း။ ဝိညာဉ်ရေးရာ ရင့်ကျက်မှုကို စိတ်နှလုံး အခြေအနေပေါ်တွင် ဆုံးဖြတ်နိုင်သည်။ တိုင်းတာရေး ကိရိယာမှာ သခင်ယေရှု၏ စိတ်သဘောထားပင် ဖြစ်သည်။ သခင်ယေရှု၏ စိတ်သဘောထား မည်မျှရှိသနည်း ဆိုသည့်အပေါ်တွင် မူတည်သည်။ ။
(ဂလာ ၅း၂၂-၂၃၊ ၁ကော ၁၃)အားဖြင့် ဝိညာဉ်အသီး အပွင့်ကို သိရှိနိုင်သည်။ “ဝိညာဉ်ပကတိ အကျိုးမူကား၊ ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း ပေတည်း” ဟု (ဂလာ ၅း၂၂-၂၃)တွင် ဖော်ပြထားသည်။ ထို့အပြင် ဧဖက်အခန်း ၄၊ ၅၊ ၆ ပါ အချက်များဖြင့်လည်း တိုင်းတာနိုင်သည်။
ဘုရားသခင် နိုင်ငံတော်သို့ ဝင်သောအခါ၊ နိုင်ငံတော်တွင် အဆင့် ၊ အတန်း ခွဲခြားထားကြောင်း တွေ့ရလိမ့်မည်။ ကောင်းကင်နိုင်ငံတွင် ကျွန်ုပ် တို့သည် မည်သို့သော အလွှာ၊ မည်သည့် အဆင့်အတန်းတွင် နေရမည် ဆိုသည်မှာ၊ ယခုလက်ရှိ ဝိညာဉ်ရေးရာ အခြေအနေပေါ်တွင် မူတည်သည်။ မိတ်ဆွေ၏ စိတ်နှလုံး သန့်ရှင်းမှုအပေါ်တွင် မူတည်သည်။ မည်မျှဘုန်းအသေရေ ရှိမည်နည်း ဆိုသည့်အချက်ကို သိလိုလျှင် စိတ်နှလုံး မည်မျှလောက် သန့်ရှင်း သနည်း ဆိုသည့်အပေါ်မှာ တိုင်းတာရသည်။
သန့်ရှင်းမှုအခြေအနေ မြင့်မားလေလေ၊ ဘုန်းအသေရေ ထင်ရှား လေလေဖြစ်သည်။ ကောင်းကင်နိုင်ငံတွင် အဆင့်အတန်း ခွဲခြားထားပုံကို ဖော်ပြပါ ကျမ်းချက်များတွင် လေ့လာတွေ့ရှိရပါသည်။ ။
မဿဲ ၁၅း၁၉-၂၀ တွင် “မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကို သတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလိုက်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သော သက်သေကို ခံခြင်း၊ သူ့အသရေကို ဖျက်ခြင်း အရာတို့သည် နှလုံးထဲက ထွက်လာ၍၊ လူကို ညစ်ညူးစေသော အရာဖြစ်ကြ၏။ လက် မဆေး ဘဲလျက် အစာကို စားခြင်းမူကား၊ လူကို ညစ်ည္စသည် မဟုတ်ဟု မိန့်တော်မူ၏။”
မသဲ ၁၈း၁-၅ “ထိုအခါ တပည့်တော်တို့သည် ချဉ်းကပ်၍ ကောင်းကင် နိုင်ငံတော်၌ အဘယ်သူသည် သာ၍ ကြီးမြတ်ပါအံ့နည်းဟု မေးလျှောက် ကြသော်၊ သူငယ်တယောက်ကို ခေါ်တော်မူ၍၊ တပည့် တော်တို့ အလယ်၌
ထားပြီးမှ၊ ငါအမှန်ဆို သည်ကား၊ သင်တို့သည် ပြောင်းလဲ၍ သူငယ်ကဲ့သို့ မဖြစ်လျှင် ကောင်းကင်နိုင်ငံတော်သို့ မရောက်ရကြ။ ထိုကြောင့် အကြင်သူသည် ဤသူငယ်ကဲ့ သို့ မိမိကို မိမိ နှိမ့် ချအံ့ ၊ ထို သူ သည် ကောင်းကင်နိုင်ငံတော်၌ သာ၍ ကြီးမြတ်လိမ့် မည်။ အကြင်သူသည် ငါ့ မျက်နှာကို ထောက်၍ ဤကဲ့ သို့သော သူငယ် တစုံတယောက်ကို လက်ခံ၏။ ထိုသူသည် ငါ့ကိုပင် လက်ခံ၏။”
မဿဲ ၂၃း၁၁ “ဥပဇ္ဈာယ်ဆရာဟု ခေါ်ဝေါ်ခြင်းကို မခံကြနှင့်။ ခရစ်တော် တည်းဟူသော သင်တို့ ဥပဇ္ဈာယ်ဆရာ တစ်ပါးတည်း ရှိ၏။” ၁ပေ ၂း၉ “သင်တို့မူကား၊ မှောင်မိုက်ထဲမှ အံ့ဖွယ်သော အလင်းတော်သို့ ခေါ်သွင်း
တော်မူသော သူ၏ ဂုဏ်ကျေးဇူးများကို ဖော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသော လူမျိုး၊ ဘုရားသခင် ပိုင်ဆိုင်တော်မူသော လူမျိုး ဖြစ်ကြ၏။”
၂ကော ၅း၂ဝ “ထို့ကြောင့် ငါတို့သည် ခရစ်တော်၏ သံတမန် ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် ပြန်လည် သင့်မြတ် ကြလော့ဟု ဘုရားသခင်သည် ငါတို့ အားဖြင့် နှိုးဆော် သွေးဆောင်တော်မူ သကဲ့ သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။”
ဗျာ ၂၁း၂၄-၂၆ “လူအမျိုးမျိုးတို့သည် ထိုမြို့၏ အလင်းကို အမှီပြု၍ သွားလာကြ လိမ့်မည်။ လောကီ ရှင်ဘုရင်တို့သည်လည်း မိမိတို့ ဘုန်းအသ ရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။ မြို့ဝင်ပေါက် တံခါးတို့ကို အချိန်၌ အလျင်း မပိတ်တတ်။ ညဉ့်ဟူ၍ မရှိ။ လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသ ရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည် ။”
ဟေရှာ ၆၀း၂၁-၂၂ “သင် ၏ လူအပေါင်းတို့သည် ဖြောင့် မတ်၍၊ ပြည်တော်ကို အစဉ်အမြဲ အမွေခံသဖြင့် ငါ၏ ဘုန်းပွင့် စေခြင်းငှါ၊ ငါကိုယ်တိုင် စိုက်၍ ပြုစုသော ပျိုးပင် ဖြစ်ရကြလိမ့်မည်။ သူငယ်တစ်ယောက်သည် လူတစ်ထောင် ဖြစ်ရလိမ့်မည်။ အားနည်းသော သူတစ်ယောက်သည် အားကြီးသော လူမျိုးဖြစ်ရ လိမ့်မည်။ ငါထာဝရဘုရားသည် အချိန်ရောက်လျှင် ထိုအမှုကို နှိုးဆော်မည်။
အမွေ ခံ ရ သော သူများ
ကောင်းကင်ဘုံ၌ ခံစားရမည့် အမွေဆိုသည်မှာ အုပ်စိုးရမည့် နယ်မြေ၊ ရမည့် အဆင့်အတန်း၊ ရရှိမည့် ရာထူးကို ရည်ညွှန်းသည်။ သားအရွယ်နှင့် ၊ ဖခင်အရွယ်ရှိ ယုံကြည်သူများသာ ကောင်းကင်တွင် အုပ်ချုပ်သူများ ဖြစ်လိမ့်မည်။ ဝိညာဉ်ရေးတွင် နို့စို့ သူငယ်အရွယ်၊ ကလေးအရွယ်နှင့် ကောင်းကင်သို့
ရောက်လာသူများမှာ အုပ်ချုပ်သူ အလွှာတွင် ပါဝင်မည် မဟုတ်ပါ။ ကြယ် ကမ္ဘာတွင် ယုံကြည်သူများ နေရလိမ့်မည်။ အဆင့်မြင့်သည့် သူများအား အုပ်ချုပ်ရသည့် အခွင့်ကို ပေးလိမ့်မည်။ အချို့ သော ယုံကြည်သူများက သန်းပေါင်းများစွာသော ကြယ်စုများကို အုပ်ချုပ်ရသော အခွင့်ရှိလိမ့်မည်။ တချို့မှာ ကြယ်တလုံးထဲကိုသာ အုပ်ချုပ် ရလိမ့်မည်။ မြောက်များစွာသော ခရစ်ယာန်များမှာ ကြယ်တလုံးတောင်မှ ပိုင်ဆိုင်ခြင်း မရှိသောသူများတွင် ပါဝင်ရလိမ့်မည်။
ဤစာအုပ် ရေးသားရခြင်း၏ ရည်ရွယ်ချက်မှာ ဝိညာဉ်ရေးရာတွင် သားအရွယ်ရောက်ပြီး၊ အသက်တာများကို ပြုပြင်ပြောင်းလဲရန်၊ အကျင့်စရိုက် များကို ခရစ်တော်၏ ပုံသဏ္ဍာန်နှင့် အညီ ပြောင်းလဲရန် ဖြစ်သည်။ ထိုသို့
ပြောင်းလဲနိုင်ရန် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ထိတွေ့ ပြည့်ဝဘို့ လိုသည်။ အသက်စမ်းရေ ယိုစီးသော အသက်တာ ရရှိခံစားနိုင်ရန် နှုတ်ကပတ်တော် ရေကို များများသောက်ဖို့ လိုအပ်သည်။ ကောင်းကင်နိုင်ငံတွင် အမွေခံရမည့် သူများကို အောက်ပါကျမ်းချက်များတွင် တွေ့ရပါသည်။
၁။ ဂလာ ၅း၂၂-၂၃ ဝိညာဉ်ပကတိ၏ အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း ပေတည်း။ ထိုသို့သော အကျင့်ကို အဘယ်တရားမျှ မမြစ်တား။ ”
၂။ မဿဲ ၅း၅ “စိတ်နူးညံ့သိမ်မွေ့သော သူတို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။ ”
၃။ မဿဲ ၁၉း၂၈-၂၉ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသော အရာတို့ကို အသစ်ပြုပြင်သော ကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသော အခါ, ငါ့နောက်သို့ လိုက်ကြသော သင်တို့သည် တစ်ဆယ့်နှစ်ခု၊
သော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူ တစ်ဆယ့်နှစ်မျိုးကို စစ်ကြောစီရင် ရကြလတံ့။ အကြင်သူသည် ငါ၏ နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ မိဘ၊ သားမယား တည်းဟူသော တစ်ပါးပါးကို စွန့်၍၊ ထိုသူသည် အဆတစ်ရာ သော အကျိုးကို ရ၍ ထာဝရအသက်ကို အမွေခံရလတံ့။”
၄။ မဿဲ ၂၅း၃၄ “ထိုအခါ လကျော်တော်ဘက်၌ ရှိသော သူတို့အား မင်းကြီးက၊ ငါ့ခမည်းတော်ထံ ကောင်းချီးမင်္ဂလာကို ခံသောသူတို့၊ ကမ္ဘာဦးကပင် သင်တို့အဖို့ ပြင်ဆင်သော နိုင်ငံကို လာ၍ အမွေခံကြလော့၏။”
၅။ လုကာ ၁၄:၂၅-၃၅ “လူအစုအဝေး အပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသည်ကို ယေရှုသည် လှည့်၍ ကြည့်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ့ထံသို့ လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို ၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့် မဖြစ်နိုင်ရာ။ ……. …. ထိုနည်းတူ သင်တို့တွင် အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ မလိုက်၊ ထိုသူသည် ငါ့တပည့် မဖြစ်နိုင်ရာ။ ထိုနည်းတူ၊
သင်တို့တွင် အကြင်သူသည် မိမိ၌ ရှိသမျှကို မစွန့်ဘဲ နေ၏၊ ထိုသူသည် ၊ ငါ့တပည့် မဖြစ်နိုင်ရာ။ ဆားမူကား ကောင်း၏။ သို့သော်လည်း အငန်ကင်း
ပျောက်လျှင် ငန်သော အရသာကို အဘယ်သို့ ရပြန်မည်နည်း။ မြေဖို့ မကောင်း၊ အမှိုက်ပုံဖို့ မကောင်း၊ ထိုကားကို ပြင်သို့ ပစ်လိုက်တတ်၏။ ကြားစရာ နားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။”
၆။ တမန် ၂၀း၃၂-၃၅ “ညီအစ်ကိုတို့၊ ယခု သင်တို့ကို တည်ဆောက် ခြင်းငှာ ၎င်း၊ သန့်ရှင်းသောသူ အပေါင်းတို့ နှင့်အတူ သင်တို့ အား အမွေပေးခြင်းငှါ၊ ၄င်း၊ တတ်နိုင်သော ဘုရားသခင်၌ ၎င်း၊ ဘုရားသခင်၏ ကျေးဇူးတရား၌ ၎င်း၊ သင်တို့ကို ငါ အပ်နှံ၏။ အဘယ်သူ၏ ရွှေ၊ ငွေ၊ အဝတ်တန်ဆာတို့ကိုမျှ
ငါသည် တပ်မက်ခြင်း မရှိ။ ဤလက်တို့သည် ငါ့ကို ၎င်း၊ ငါ့အပေါင်း အဖော်တို့ကို ၎င်း လုပ်ကျွေးပြီဟု သင်တို့ ကိုယ်တိုင် သိကြ၏။ ထိုသို့ သင်တို့လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကို ၎င်း၊ အစွန့်အကြံခံခြင်း ၊ အရာထက် စွန့်ကြဲခြင်းအရာသည် သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှု မိန့်တော်မူသော စကားကို အောက်မေ့ရမည်ကို ၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီ။”
၇။ တမန် ၂၆း၁၅-၁၈ “သခင်၊ ကိုယ်တော်သည် အဘယ်သူနည်း ဟု အကျွန်ုပ် မေးလျှောက်သော်၊ ငါကား၊ သင်ညှင်းဆဲသော နာဇရက်မြို့သား ယေရှု ဖြစ်သတည်း။ သို့သော်လည်း၊ ထ၍၊ စာတန်၏ အာဏာထဲမှ ဘုရားသခင့် အထံတော်သို့ ပြောင်းလဲသောအားဖြင့် အပြစ်လွှတ်ခြင်း ကျေးဇူးကို ခံရမည် အကြောင်းနှင့်၊ ငါ့ကို ယုံကြည်သောအားဖြင့် သန့်ရှင်းခြင်းသို့ ရောက်သော သူတို့နှင့် ဆက်ဆံ၍ အမွေခံရမည်အကြောင်း၊ သူတို့၏ မျက်စိကို ဖွင့်စေခြင်းငှါ သူတို့ ဆီသို့ သင့်ကို ငါစေလွှတ်မည်ဟု မိန့်တော်မူ၏။”
၈။ ကောလော ၁း၉-၁၂ “ထို့ကြောင့် ငါတို့သည် ကြားရသည် နေ့မှ စ၍ သင်တို့အဖို့ အလို့ငှါ အစဉ်အပြတ် ဆုတောင်းပဌနာပြုလျက် နေကြ၏။ ဆုတောင်းသော အချက် ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့် အမျိုးမျိုး တည်းဟူသော အသီးကို သီးခြင်း၊ ဘုရားသခင်ကို သိသောဉာဏ် တိုးပွားခြင်း ရှိသဖြင့် ၎င်း၊ ဝမ်းမြောက်သော စိတ်နှင့် အရာရာ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်း အလို့ငှါ၊ ဘုန်းကြီးသော တန်ခိုးတော်အတိုင်း ခွန်အားနှင့် ပြည့်စုံသဖြင့် ၎င်း၊ ခမည်းတော်ဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ သခင်ဘုရားနှင့် ထိုက်လျှောက်စွာ ကျင့်၍ အရာရာ၌ နှစ်သက်တော်မူစေခြင်းငှါ၊ ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်းပဌနာ ပြု၏။ အလင်း၌ နေသော သန့်ရှင်းသူတို့၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက် မည်အကြောင်း ကျေးဇူးပြုတော်မူ၏။ ”
၉။ ကောလာ ၃း၂၃-၂၄ “လူ၏ အမှုကိုသာ ဆောင်ရွက်သကဲ့သို့ မဟုတ် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်သကဲ့သို့၊ ပြုလေသမျှတို့၌ စေတနာ စိတ်နှင့် ပြုကြလော့။ သင်တို့သည် သခင်ခရစ်တော်၏ အစေကို ခံကြသည်ဖြစ်၍ အမွေတော်၏ အကျိုးကို၊ ထိုသခင်ဘုရား၏ လက်တော်မှ သင်ခံရလိမ့်မည် ဟု သိမှတ်ကြလေ။”
၁၀။ မဿဲ ၅း၁၁-၁၂ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ ညှင်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာ ရှိကြ၏။ ဝမ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ။”
၁၁။ ၁ပေ ၁း၃-၇ “အသက်ရှင်ခြင်းနှင့် စပ်ဆိုင်သော မျှော်လင့်ခြင်း အကြောင်း ရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ပြန်ရှင်စေတော်မူသော အားဖြင့်၊ ကြီးစွာသော ကရုဏာတော် နှင့်အညီ ငါတို့ကို တစ်ဖန်ဖြစ်ဖွား စေတော်မူသော၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူ စေသတည်း။ မည်သည့်အခါမျှ မှေးမှိန်ခြင်း၊ ပျက်စီးခြင်း၊ ပျောက်ပျက်ခြင်း မဖြစ်နိုင်သော အမွေတော်ကို သင့်အဖို့ ကောင်းကင် ဘုံ၌ သိုထားလျက် ရှိ၏။ နောက်ဆုံးကာလ၌ ဖွင့်ပြခြင်းငှါ အဆင်သင့် ဖြစ်နေသော ကယ်တင်ခြင်း ရောက်လာသည့်တိုင် ယုံကြည်ခြင်း အားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ထိန်းတော်မူ၏။ အထူးထူး အပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကို ယခု ခဏ သင်ဒုက္ခခံရ၍ ဝမ်းနည်းသော်လည်း၊ ဤခံစားရခြင်း၌ သင်ကြီးမားစွာ ဝမ်းမြောက်၏။ မီးဖြင့် အရည်ကျိုသန့်စင် စစ်ဆေးပြီး၊ ခံနိုင်ရည် ရှိသော်လည်း ပျောက်တတ်သော ရွှေထက် သင်၏ ယုံကြည်ခြင်းကို စုံစမ်းစစ်ကြောခြင်း အရာသည် သာ၍ မြတ်သဖြင့် ယေရှုခရစ ပေါ်ထွန်းသောအခါ ဂုဏ်အသရေ၊ ဘုန်းတန်ခိုး၊ ချီးမွမ်းခြင်း အကျိုးရလဒ် ခံစားရမည်။”
၁၂။ မဿဲ ၆း၁-၁၈ “လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလ အကျင့်ကို သူ့ ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘထံမှ အကျိုးကို မခံရကြ။ ထို့ကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ ဟန်ဆောင်တတ်သော သူတို့သည် လူအများ၏ ချီးမွမ်းခြင်းကို ခံလို၍ ပွဲသဘင် လမ်းခရီး၌ မိမိတို့ ရှေ့မှာ တံပိုးခရာ မှုတ် စေသည် နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့ အကျိုးကို ရကြပြီ။ သင်သည် အလှူဒါနကို ပေးသောအခါ ပေးကြောင်းကို မထင်ရှား စေခြင်းငှါ၊ လကျော်လက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်၊ မထင်ရှား
သောအရာကို မြင်တော်မူသော သင်၏ အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။ သင်သည် ဆုတောင်ပဌနာပြု သောအခါ ဟန်ဆောင် တတ်သော သူတို့နည်းတူ မပြုနှင့်။ ထိုသူတို့သည် လူများတို့ ရှေ့မှာ ထင်ရှား စေခြင်းငှါ၊ ပွဲသဘင် လမ်းဆုံး လမ်းဝတို့၌ ရပ်လျက် ဆုတောင်းခြင်းငှါ အလိုတော် ရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့ အကျိုးကို ခံရကြ၏။ သင်သည် အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ ရှေ့မှာ မထင် ရှားစေဘဲ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်တို့ အဘ ရှေ့တော်၌သာ ထင်ရှားစေခြင်းငှါ၊ ခေါင်းကို လိမ်းကျံလော့။ မျက်နှာကိုလည်း သစ်လော့။ မထင်ရှားသော အရာကို မြင်တော်မူသော သင်တို့ အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။”
၁၃။ မဿဲ ၁၀း၄၀-၄၂ “သင်တို့ကို လက်ခံသော သူသည် ငါ့ကို လက်ခံ၏။ ငါ့ကို လက်ခံသော သူသည် ငါ့ကို စေလွှတ်တော်မူသော သူကို လက်ခံ၏။ ပရောဖက်၏ မျက်နှာကို ထောက်၍၊ ပရောဖက်ကို လက်ခံသော သူသည် ပရောဖက်၏ အကျိုးကို ခံရလတံ့၊ ဖြောင့်မတ်သော သူ၏ မျက်နှာကို ထောက်၍
ဖြောင့်မတ်သော သူကို လက်ခံသော သူသည် ဖြောင့်မတ်သော သူ၏ အကျိုးကို ခံရလတံ့။ အကြင်သူသည် တပည့်တော်၏ မျက်နှာကို ထောက်၍ ဤသူငယ် တစ်စုံတစ်ယောက်အား ရေတစ်ခွက်ကိုမျှ ပေး၏။ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆိုသည်ဟု မှာထားတော် မူ၏ ။”
၁၄။ မဿဲ ၅၄း၃-၄၈ “ကိုယ်နှင့် စပ်ဆိုင်သော သူကို ချစ်လော့။ ရန်သူကို မုန်းလော့ ဟူသော ပညတ်စကားကို သင်တို့ ကြားရပြီ။ ငါပညတ်သည်ကား၊ သင်တို့သည် ကောင်းကင်ဘုံ၍ ရှိတော်မူသော သင်တို့ အဘ၏ သားဖြစ်လို့ ၊ သောငှါ၊ သင်တို့၏ ရန်သူကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသော သူတို့အား မေတ္တာပို့ ကြလော့။ သင်တို့ကို မုန်းသော သူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို
နှောင့်ယှက်ညှဉ်းဆဲသော သူတို့အဖို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် ၊
ကောင်းသောသူ၊ မကောင်းသောသူတို့ အပေါ်၌ ကိုယ်တော်၏ နေကို ထွက်စေ တော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သော သူတို့အပေါ်၌ မိုးကို ရွာ စေတော်မူ၏။ သင်တို့ကို ချစ်သော သူတို့အားသာ ချစ်တုံ့ပြုလျှင် အဘယ်
ကျေးဇူးတင်သနည်း။ အခွန်ခံ သူတို့ပင် ဤမျှလောက် ပြုကြသည် မဟုတ်လော။ အဆွေအမျိုးတို့ အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ ထူးမြတ်သနည်း။ သာသနာပ လူတို့ပင် ထိုအတူပြုကြသည် မဟုတ်လော။ ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် စုံလင်တော်မူသည် နည်းတူ သင်တို့ သည်လည်း စုံလင်ခြင်း ရှိကြလော့။”
၁၅။ ယော ၁၂း၂၄-၂၆ “ငါအမှန်အကန် ဆိုသည်ကား၊ မြေ၌ ကျသော စပါးစေ့သည် မပျက်လျှင် တစ်ခုတည်း နေ၏။ ပျက်လျှင်မူကား များစွာသော အသီးကို သီးတတ်၏။ မိမိအသက်ကို နှမြောသော သူသည် အသက် ဆုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကို မုန်းသော သူမူကား၊ ထာဝရ အသက်ကို စောင့်ရှောက် လျက်နေ၏။ ငါ၏ အမှုကို ဆောင်ရွက်သောသူ ဖြစ်လျှင် ငါ့နောက်သို့ လိုက်ရမည်။ ငါ၏ အမှုဆောင်သည်လည်း ငါရှိရာ အရပ်၌ ရှိလိမ့်မည်။ ငါ၏ အမှုကို
ဆောင်ရွက်သော သူဖြစ်လျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူ လတံ့။”
၁၆။ ၁ကော ၃း၆-၈ “ငါသည် စိုက်ပျိုးသော သူဖြစ်၏။ အာပေါလုသည် ရေလောင်းသော သူဖြစ်၏။ အပင်ကို ကြီးပွားစေသော သူကား၊ ဘုရားသခင် ပေတည်း။ စိုက်ပျိုးသောသူ မတတ်နိုင်။ ကြီးပွားစေတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏။ သို့သော်လည်း စိုက်ပျိုးသော သူနှင့် ရေလောင်း ၊
သောသူသည် တစ်လုံးတစ်ဝတည်း ဖြစ်၍၊ အသီးအသီး မိမိလုပ်သည်အတိုင်း မိမိအကျိုးကို ခံရလိမ့်မည်။ ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူချင်း ဖြစ်ကြ၏။ သင်တို့သည် ဘုရားသခင်၏ ဥယျာဉ်တော် ဖြစ်ကြ၏။ ဘုရားသခင်၏ ကျောင်းတော်တိုက်လည်း ဖြစ်ကြ၏။ ”
၁၇။ ၁ကော ၉း၁၇-၁၈ “သို့ဖြစ်၍ အမှုတော်ကို ကိုယ့် အလိုဆန္ဒနှင့် ၊
ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ့်အလိုကို ငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသော သူဖြစ်၏။ သို့ဖြစ်၍ ငါ၏ အကျိုး အဘယ်သို့ နည်းဟူမူကား၊ ဧဝံဂေလိတရားဟောခြင်းကို ရပိုင်ခွင့်အဖြစ် မသုံးဘဲ၊ ခရစ်တော်၏ ဧဝံဂေလိတရားကို နာသူတို့အား အဘယ်စရိတ်မျှ မကုန်စေလျှင် ငါ၌ အကျိုး
ရှိ၏။”
၁၈။ ဟေဗြဲ ၁၀း၃၂-၃၅ “သင်တို့သည် အလင်းသို့ ရောက်ပြီးသည်နောက်၊ လူများ ရှေ့မှာ ကဲ့ရဲ့ ညှဉ်းဆဲခြင်းကို ခံရသဖြင့် ၎င်း၊ ထိုသို့ ခံရသော သူတို့နှင့် ဆက်ဆံသော အပေါင်းအဖော်ဖြစ်သဖြင့် ၎င်း၊ ကြီးစွာသော ဆင်းရဲဒုက္ခ ဝေဒနာ များကို ဆိုင်ပြိုင် တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက် ကာလ အချိန်ကို အောက်မေ့ကြလော့။ ထိုအခါ သင်တို့သည် အကျဉ်းခံရသော သူတို့အတွက်
ကြောင့် ကြင်နာသောစိတ် ရှိရသည်သာမက၊ ကိုယ်ပစ္စည်း ဥစ္စာများကို သူတစ်ပါး လုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဖို့ ကောင်းကင်ဘုံ၌ သာ၍ မြတ်သော၊ အမြဲတည်သောဘဏ္ဍာ ရှိသည်ကို သိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သော စိတ်နှင့် ဝန်ခံကြ၏။ ထို့ကြောင့် ကြီးစွာသော အကျိုးနှင့် ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။”
၁၉။ ဟေဗြဲ ၁၁း၆ “ယုံကြည်ခြင်း မရှိလျှင်၊ ဘုရားသခင်၏ စိတ်ဓာတ်နှင့် မတွေ့ နိုင် အကြောင်းမူကား၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ်သော သူသည်၊ ဘုရားသခင် ရှိတော်မူသည်ကို ၎င်း၊ ကိုယ်တော်ကို ရှာသေသူအား အကျိုးပေးတော်မူသည်ကို ၎င်း၊ ယုံကြည်ရမည်။”
၂၀။ ဗျာဒိတ် ၁၁း၁၇-၁၈ “အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံတော်မူသော ကျေးဇူးတော်ကို ကျွန်ုပ်တို့
ကျေးဇူးတင် ချီးမွမ်းပါ၏။ လူမျိုးတို့ သည် အမျက်ထွက်ကြသည် ဖြစ်၍၊ အမျက်တော်သည်လည်း ရောက်ပါပြီ၊ သေလွန်သော သူတို့ကို တရားစီရင် ဆုံးဖြတ်တော်မူချိန် ရောက်၍၊ ကိုယ်တော်၏ ကျွန်တည်းဟူသော ပရောဖက် တို့အား ၎င်း၊ သန့်ရှင်းသူတို့အား ၎င်း၊ ကိုယ်တော်ကို ကြောက်ရွံ့ ရိုသေသောသူ အကြီးအငယ်တို့အား ၎င်း၊ ဆုလာဘ်ကို ပေးသနားတော်မူ၍၊ မြေကြီးဖျက်ဆီး သူတို့ကို ဖျက်ဆီးတော်မူသောအချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။ ”
သရဖူ ၇-မျိုး
ကောင်းကင်နိုင်ငံသည် အဆင့်အတန်း ရှိသည့်အတွက်၊ ထိပ်တန်း ခေါင်းဆောင်များကသာ သရဖူဆောင်း ရလိမ့်မည်။ သမ္မာကျမ်းစာထဲတွင် သရဖူဆောင်းရမည့် အကြောင်းကို အထူးသဖြင့် ရှင်ပေါလုနှင့် ရှင်ပေတရု တို့က မြင်တွေ့ကြသည်။ လောက၌ အသက်ရှင်ခြင်းသည် ကောင်းကင်၌ သရဖူရရန် ဖြစ်ကြောင်း ဖော်ပြကြသည်။ ဝိညာဉ်ရေးရာ၌ သစ္စာရှိပြီး၊ စိတ်နှလုံးဖြူစင်စွာနှင့် မဟာစေခိုင်းချက်ကို ကောင်းစွာ လုပ်ဆောင်သူများ အတွက်ဖြစ်ကြောင်း ဖော်ပြထားသည်။ အချို့သော ခရစ်ယာန်များက မဟာ စေခိုင်းချက်ကို ဆောင်ရွက်ကြသော်လည်း စိတ်နှလုံး မဖြူစင်ကြပါ။ ထိုသူတို့ကမူ သရဖူရမည် မဟုတ်ပါ။ မဿဲ ၇၁၅-၂၁ တွင် ထိုသို့သော လူမျိုးကို ယေရှုက သင်တို့ကို ငါမလျဉ်းမသိဟု ပြောသည်။ သို့ဖြစ်ရာ ကျမ်းစာသင်ခြင်း၊ ဧဝံဂေလိ တရားဟောခြင်း၊ ပရောဖက် ပြုခြင်း၊ နိမိတ်လက္ခဏာများ ပြခြင်းစသည်တို့ ပြုသော်လည်း ငါအသိအမှတ် မပြုနိုင်ဟု ပြောပေလိမ့်မည်။ –
အသင်းတော် ခေါင်းဆောင် အတော်များများက၊ ထိုကဲ့သို့ သော လူမျိုးလူစားထဲတွင် ပါဝင်လိမ့်မည်။ အကြောင်းမှာ အမှုတော်ဆောင် ကြသော်လည်း၊ မိမိအကျိုး စီးပွားအတွက်သာ ယေရှု၏ နာမကို သုံး၍ လုပ်ဆောင်နေခြင်းဖြစ်သည်။ ယေရှုနာမ၌ ကျမ်းစာ သင်သော်လည်း၊ ယေရှုအတွက် မဟုတ်၊ မိမိ နာမည်ကြီးရန်အတွက် ဖြစ်သည်။ ထိုအခါ ယေရှုက သင့်ကို ငါမသိဟု
ပြောလိမ့်မည်။ ကျမ်းစာသင်ကြား လေ့လာခြင်းသည်လည်း မိမိကိုယ်ကျိုး အတွက်သာ ဖြစ်ပါက ဘုရားက အသိအမှတ်ပြုမည်၊ နှစ်သက်မည် မဟုတ်ပါ။
ကျွန်ုပ်တို့၏ အစေခံခြင်းသည် လူအများ လက်ခံရန်၊ နာမည်ကြီး ရန်အတွက် မဟုတ်ဘဲ၊ ယေရှု၏ မေတ္တာတရား၊ ကျေးဇူးတရားများကို လူများ သိနားလည်စေဖို့ရန်သာ ဖြစ်သည်။ ဤစာအုပ်ကို ဖတ်ခြင်းအားဖြင့် သခင်ယေရှုကို ပိုချစ်တတ်ပါစေ။ ဘုရားသခင် ဘုန်းတော်သာ၍ ထင်ရှားပါစေ။ ။
သမ္မာကျမ်းစာမှ ဖော်ပြသော သရဖူ (၇)မျိုးမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ဝမ်းမြောက်ခြင်း သရဖူ
၁သက် ၂၁၉ “ငါတို့ မျှော်လင့်ခြင်း အကြောင်း၊ ဝမ်းမြောက်ခြင်း အကြောင်း ဂုဏ်ယူခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သော အကြောင်း အရာနည်း။ ငါတို့ သခင် ယေရှု ရစ် ကြွလာတော် မူသောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်းအရာ ဖြစ်ကြသည် မဟုတ်လော။”
၂။ အသက်သရဖူ
ယာကုပ် ၁၁၂ စုံ စမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံ စမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။”
၃။ ထာဝရသရဖူ
၁ကော ၉း၂၅-၂၇ “ပွဲ၌ ပြိုင်၍ အချင်းချင်း တိုက်သောသူ မည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။ ထိုသူတို့သည် ညှိုးနွမ်းပျက်စီး တတ်သော ပန်းဦးရစ်ကို ရခြင်းအလို့ငှါ ပြုကြ၏။ ငါတို့မူကား၊ မညှိုးနွမ်း မပျက်စီးနိုင်သော ပန်းဦးရစ်ကို ရခြင်းအလို့ငှါ ပြုကြ၏။ ထို့ကြောင့် ငါပြေး သောအခါ အမှတ်တမဲ့ ပြေးသည် မဟုတ်၊ လက်ဝှေ့သတ်သောအခါ အာကာသ
ကောင်းကင်ကိုသာ ထိုးသတ်သည် မဟုတ်။ သူတစ်ပါးကို ဆုံးမပြီးမှ ကိုယ်တိုင် ရှုံးသော သူမဖြစ်ရမည့် အကြောင်း၊ ကိုယ်ကို ထိုး၍ နှိပ်စက်လေ့ရှိ၏။”
၄။ ဘုန်းကြီးသရဖူ
– ၁ပေ ၅း၂-၄ “သင်တို့နှင့် အတူရှိသော ဘုရားသခင်၏ သိုးတော်စg ထိန်းခြင်း အမှုမှာ၊ အနိုင်ထိန်းရသောကြောင့် မဟုတ်။ မစင်ကြယ်သော စီးပွားကို၊ တပ်မက်သောကြောင့် မဟုတ်ဘဲ၊ အလိုလို စေတနာစိတ်ရှိ၍ ကြည့်ရှု အုပ်ထိန်း ကြလော့။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား၍ အစိုးရ ပြုသည် မဟုတ်ဘဲ၊ တော်စု ရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြလော့။ သို့ဖြစ်လျှင်၊ သိုးထိန်း အကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြ လိမ့်မည်။”
၅။ ဧဖြောင့်မတ်ခြင်းသရဖူ
၂တိ ၄း၈ “ယခုမှစ၍ ဓမ္မသရဖူသည် ငါ့ အဖို့ သိထားလျက် ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင် သော၊ သခင်ဘုရားသည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက၊ ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူ အပေါင်းတို့၌လည်း အပ်ပေးတော်မူမည်။”
၆။ ရွှေသရဖူ
ဗျာဒိတ် ၄:၄ “ထို ပလ္လင်၏ ပတ်ဝန်းကျင်၌ အခြားသော ပလ္လင် နှစ်ဆယ့်လေး ပလ္လင် ရှိ၏။ ထို ပလ္လင်တို့ အပေါ်၌ အသက်ကြီးသူ နှစ်ဆယ့်၊ လေးပါးတို့သည် ဖြူသော အဝတ်ကို ဝတ်ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ၏ ။” ။
ဗျာဒိတ် ၁၄း၁၄ “တစ်ဖန် ငါကြည့် လျှင်၊ ဖြူသော မိုးတိမ်ရှိ၏။ လူသားတော်နှင့် တူသောသူသည် ဦးခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက်၊ ထက်သော တံစဉ်ကို ကိုင်လျက်၊ မိုးတိမ်ပေါ်မှာ ထိုင်တော်မူ၏။”
၇။ ကြယ် ၁၂လုံးသရဖူ
– ဗျာ ၁၂၁ “ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား၊ မိန်းမတစ်ဦးသည် နေကို ၀တ်လျက်၊ လကို မြေဖြင့် နင်းလျက်၊ မိမိခေါင်းပေါ်၌ ကြယ် ဆယ့်နှစ်လုံးဖြင့် ပြီးသော သရဖူကို ဆောင်းလျက် ပေါ်လာ၏။”
အခြေအနေတခုခုကြောင့် ချွင်းချက်အနေဖြင့် ကယ်တင်ခြင်း ဆုံးရှုံးသွား နိုင်သကဲ့သို့ ကျွန်ုပ်တို့၏ ဆုလာဒ်လည်း ဆုံးရှုံးနိုင်သည်။ ပျောက်ပျက်လျော့ပါး သွားနိုင်သည်။ ။
ဗျာဒိတ် ၃၁၁ “ငါသည် အလျင်အမြန် လာမည်။ သင်၏ သရဖူကို အဘယ်သူမျှ မယူစေခြင်းငှါ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့။”
မဿဲ ၁၃း၄၁-၄၂ “လူ သားသည် မိမိ ကောင်းကင်တမန်တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသော သူတို့နှင့် မတရားသော အမှုကို ပြုသောသူ ရှိသမျှတို့ကို နိုင်ငံတော်ထဲက ရွေးနှုတ်၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ ချကြလတံ့။”
ဆု (အမွေ) မရနိုင်သောသူများ ၊
၁။ ၁ကော ၆း၇-၁၁ -“ထိုသို့ သင်တို့သည် အချင်းချင်း တရားတွေ့သည် အမှုမှာ အလွန်ကြီးစွာသော အပြစ် ရှိကြ၏ ။ တရားမတွေ့ဘဲ ညှင်းဆဲခြင်းကို ၊ အဘယ်ကြောင့် မခံသနည်း။ ကိုယ်ဥစ္စာ ရှုံးခြင်းကို အဘယ်ကြောင့် မခံသနည်း။ ထိုသို့ သင်တို့သည် မခံဘဲ၊ ညီအစ်ကိုချင်း တစ်ယောက်ကို တစ်ယောက် ညှဉ်း ဆဲ၍၊ ညီအစ်ကို ချင်းတို့၏ ဥစ္စာကို သိမ်းယူကြသည် တကား။ မတရာသော သူ တို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေ မခံရသည် ကို သင်တို့ မသိကြသလော။ အလွဲ မယူကြနှင့်။ မတရားသော မေထုန်၌ မှီဝဲသောသူ၊
ယောက်ျားချင်း မေထုန်ကို ပြုသောသူ၊ ထို အမကိကို ခံသောသူ၊ သူ့ဥစ္စာကို ခိုးသောသူ၊ လာဘလွန်ကျူး သောသူ၊ သေရည် သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေး ကဲ့ရဲ့သောသူ၊ အနိုင်အထက် လုယူသော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေ မခံရကြ။ အထက်က သင်တို့တွင် အချို့သော သူတို့သည် ထိုသို့သောသူ ဖြစ်ကြသော်လည်း၊ ယခုတွင် သခင် ယေရှုခရစ်၏ နာမတော် အားဖြင့် ၎င်း၊ ငါတို့ ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ၎င်း၊ ဆေးကြော သန့်ရှင်း၍ ဖြောင့်မတ်ရာသို့ ရောက်ကြပြီ။”
၂။ ၁ကော ၁၅း၅၀ “ညီအစ်ကိုတို့၊ ငါဆိုသည်ကား၊ လူ့အသွေး အသား သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေ မခံနိုင်။ ပုပ်တတ်သော အရာသည် မလုပ်နိုင်သော အဖြစ်ကို အမွေ မခံနိုင်။”
၃။ ဂလာတိ ၅း၁၉-၂၁ “ဇာတိပကတိ အကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာ ကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်း၊ သူတစ်ပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း။ သူ့အကျိုးကို ငြူစူခြင်း၊ လူအသက်ကို သတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်း မှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေ မခံရကြဟု အထက်က ငါပြော နှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့် ၏။”
၄။ မဿဲ ၆း၁-၁၈ “လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလ အကျင့်ကို သူ့ ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြလော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘထံမှ အကျိုးကို မခံရကြ။ ထို့ကြောင့် သင်သည် ၊ အလှူဒါနကို ပေးသောအခါ ဟန်ဆောင်တတ်သော သူတို့သည် လူအများ၏ ချီးမွမ်းခြင်းကို ခံလို၍ ပွဲသဘင် လမ်းခရီး၌ မိမိတို့ ရှေ့မှာ တံပိုးခရာမှုတ်စေသည် နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့ အကျိုးကို ရကြပြီ။ သင်သည် အလှူဒါနကို ပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်း။ လကျော်လက်ပြုသည် အမှုကို လက်ဝဲလက်မျှ မသိစေနှင့် ။ မထင်ရှားသော အရာကို မြင်တော်မူသော သင်၏ အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။ သင်သည် ဆုတောင်းပဌနာ ပြုသောအခါ ဟန်ဆောင်တတ်သော သူတို့နည်းတူ မပြုနှင့် ။ ထို သူတို့သည် လူများတို့ ရှေ့မှာ ထင်ရှားစေခြင်း၊ ပွဲသဘင် မဆို လမ်းဝတို့၌ ရပ် လျက် ဆုတောင်းခြင်း အလို ရှိကြ၏။ ငါအမှန် ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့ အကျိုးကို ခံရကြ၏။ သင်သည် ဆုတောင်း
သောအခါ ဆိတ်ညံရာ အခန်းသို့ ဝင်၍ တံခါးကို ပိတ်ပြီးမှ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်၏ အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏ အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။ သင်တို့သည် ဆုတောင်း သောအခါ သာသနာပ လူနည်းတူ အချည်းနှီးစကားဖြင့် အထပ်ထပ် မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသော စကားအားဖြင့် မိမိတို့ အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။ ထိုသူတို့ နည်းတူ မပြုကြနှင့်။ အကြောင်း ၊ မူကား၊ သင်တို့ အလိုရှိသမျှတို့ကို သင်တို့ မတောင်းမှီ သင်တို့ အဘ သိတော် မူ၏။ ထို့ကြောင့် သင်တို့ ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့ အဘ၊ ကိုယ်တော်၏ နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေ
သော။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သော အစာကို အကျွန်ုပ်တို့အား ယနေ့ ပေးသနားတော်မူပါ။ သူတစ်ပါးသည် အကျွန်ုပ် တို့ကို ပြစ်မှားသော အပြစ်များကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ် တို့၏ အပြစ်များကို လွှတ်တော် မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်ပါစေဘဲ။ မကောင်းသော အမှုအရာမှလည်း ကယ်နတ်တော်မူပါ။ အစိုးပိုင်သော အခွင့်နှင့် ဘုန်းတန်ခိုး အာနုဘော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိပါ၏။ အာမင် ဟု ဆုတောင်း ကြလော့။ သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကို လွှတ်လျှင်၊
ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကို မလွှတ်လျှင်၊ သင်တို့ အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မ။”
၅။ ဧဖက် ၅း၃-၅ မိဘကို ရိုသေစွာ ပြုလော့။ ဤပညတ်တော်ကား၊ သင်သည် ပြည်တော်၌ ကောင်းစား၍ အသက်တာရှည် မည် အကြောင်း ဟူ၍ ကတိတော်နှင့် ဆိုင်သော ပထမ ပညတ် ဖြစ်၏။ အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်း ၄ မပြုကြနှင့်။ သခင်ဘုရား၏ အလိုတော်နှင့် ညီသော ဆုံးမသွန်သင်ခြင်းကို ပြုလျက် ကျွေးမွေးကြလော့။ စေခံကျွန်တို့၊ ခရစ်တော်၏ စကားကို နားထောင် သကဲ့သို့ ကြောက်ရွံ့ တုန်လှုပ်လျက်၊ စိတ်နှစ်ခွ မရှိဘဲ နေ နားထောင်ကြလော့။”
လူသစ်ကို ယူတင်ဆောင်ပါ (၄း၁၇-၃၁)
“ထို့ ကြောင့် ကြွင်းသော တစ်ပါးအမျိုးသားတို့သည် လျှပ်ပေါ်သော စိတ်နှင့် ကျင့်သည့် နည်းတူ၊ သင်တို့သည် နောက်တဖန် မကျင့် မည့်အကြောင်း သခင်ဘုရား အခွင့် နှင့် ငါ မှာလိုက်၏။ ထိုသူတို့သည် ဉာဏ် အလင်းကွယ်သည့် ဖြစ်၍၊ စိတ်နှလုံး မိုက်မဲသောအားဖြင့် မလျှင်း မသိသောကြောင့် ဘုရားသခင်၏ အသက်နှင့် ကွာရှင်းလျက် ရှိကြ၏။ ………ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ် ငေါက်ငေးခြင်း၊ သူ့အသေရေပျက်အောင် ပြောဆို ခြင်းတို့ကို ၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို ၎င်း၊ သင်တို့မှ ပယ်ရှား ကြလော့။”
မကောင်းသောအကျင့် စရိုက်လက္ခဏာများ ဖယ်ရှားပြီး၊ စိတ်သဘော အသစ်ကို ယူတင်ဝတ်ဆောင်ရန် ရှင်ပေါလု ပြောခြင်း ဖြစ်သည်။ မကောင်း
သော အကျင့်စရိုက်ဖြစ်သည့် မုသာပြောခြင်းကို – ငယ် ၂၅ တွင် ဖော်ပြ ထားသည်။ “မုသာစကားကို ပယ်ရှား၍၊ မှန်သော စကားကိုသာ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ပြောကြလော့။” မုသာစကားကို ပြောလျှင်
ကောင်းကင်အမွေ ရရှိနိုင်မည် မဟုတ်၊ သရဖူရှိမည် မဟုတ်။ သူငယ် သင်းအုပ် ဆရာများ၊ သင်းတော် လူကြီးများ၊ ရိုးသားပါ။ ရိုးသားနိုင်သမျှ ရိုးသားပါ။ မုသာ သုံးခြင်းသည် စာတန်၏ အကျင့် ဖြစ်သည်။
ငယ် ၂၆ – “အမျက်ထွက်ရာတွင် အပြစ် မရှိစေနှင့်” အမျက်ဒေါသ ထွက်ရာတွင် ခါးသီးသော ခံစားမှု ရှိသောကြောင့် အမျက်ထွက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အမျက်မပြေဘဲ နေမဝင်ပါစေနဲ့ဟု ရှင်ပေါလု သင်ကြားပေးသည်။ အဘယ့်ကြောင်းနည်း။ စိတ်ဆိုးရာတွင် စာတန်မာရ်နတ်ကို တံခါးဖွင့်ပေးခြင်း ၊ ဖြစ်သည်။
ထို့ကြောင့် အငယ် ၂၇-၂၈ စာတန်ကို အခွင့် မပေးဖို့ သတိပေးသည်။ အငယ် ၂၈ ဖက် အသင်းတော်၌ အလေးချိန်ကို ခိုးသည့် အရောင်းအဝယ် သမားများ၊ ဆယ်ဖို့တစ်ဖို့ကို မပေးဘဲ ကိုယ်ကျိုးအတွက် ခိုးသုံးသည့် သူခိုးများ ရှိသည်။
နောက်ပြဿနာမှာ ပျင်းရိပြီး အလုပ် မလုပ်လိုကြခြင်း ဖြစ်သည်။ ထို့ကြောင့် ကြိုးစား လုပ်ဆောင်ပါ။ မပျင်းပါနဲ့ ၊ ရသည့် ငွေဖြင့် ဆင်းရဲသား များကို ကူညီပါဟု ပြောခြင်းသည် အလုပ် မလုပ်ဘဲ တောင်းစားသည့် လူများရှိ၍ ပြောခြင်း ဖြစ်သည်။ အလုပ် မလုပ်ဘဲ အချောင် စားချင်သည့်သူ အသင်းတော်မှာ များပါက အသင်းတော်အတွက် ဝန်ထုပ်ဝန်ပိုးကဲ့သို့ ဖြစ်မည်။
အငယ် ၂၉ “ညစ်ညူးသော စကားတစ်ခွန်းကို မျှ သင်တို့ နှုတ်မှ ဗက်စေနှင့်၊” ညစ်ညူးသောစကား လူတို့၏ ဆက်ဆံရေးကို ပျက်ပြားစေ သည့်စကား၊ ကွဲပြားစေသော စကားကို ပြောသည့်အခါ ထိုသူစသော လူမျိုး၏ စကားကြောင့် ရှုပ်ထွေးလာသည်။ ဆက်ဆံရေး ပျက်ပြားလာသည်။ ထိုသို့ ပြောလျှင် သန့်ရှင်းသောဝိညာဉ်တော် စိတ်နာသည်။
အငယ် ၃၂ ရှင်ပေါလုက “အချင်းချင်း ကျေးဇူးပြုပါ၊ ခွင့်လွှတ်ပါ။ ဘုရားသခင်သည် သင်တို့၏ အပြစ်ကို လွှတ်သကဲ့သို့၊ သင်တို့ အချင်းချင်း အပြစ် လွှတ်ကြပါ” ဟု သင်ကြားပေးခဲ့သည်။ ခွင့်မလွှတ်နိုင်ကြလို့ ပြဿနာရှိခြင်း ဖြစ်သည်။ ရှင်ပေါလုသည် (၃)နှစ်တိုင်တိုင် ဧဖက် အသင်းတော်မှ ယုံကြည်သူ များအား သွန်သင်၊ ပို့ချခဲ့သော်လည်း အသိဉာဏ်သာ တိုးလာပြီး ပြဿနာများ ရှိနေဆဲပင် ဖြစ်သည်။ ၄င်း
သင်းအုပ်ဆရာများက ကျမ်းစာကျောင်း ဖွင့်လိုကြသည်။ ပြဿနာမှာ ဦးနှောက်နှင့် သိပြီး၊ စိတ်နှလုံး မပြောင်းလဲနိုင်ကြခြင်းပင် ဖြစ်သည်။ ဧဖက် အသင်းတော်ကဲ့သို့ အချင်းချင်း ပြဿနာဖြစ်မှာ စိုးရိမ်စရာ ရှိသည်။ အသင်းတော် တစ်ပါးနှင့် တစ်ပါး မသင့်မြတ်လျှင် ခရစ်တော်အကြောင်း မည်သို့ သက်သေခံ မည်နည်း။ အသိတရားပိုင်း၊ ဗဟုသုတပိုင်း သက်သက် သင်ကြားပေးလျှင် ရှုံးနိမ့်ပေလိမ့်မည်။ စိတ်ပြောင်းမှ အသက်တာပိုင်းလည်း ပြောင်းလဲမည်။ အသက်တာပိုင်း ပြောင်းလဲမှလည်း အဆင့်အတန်း ပြောင်းလဲမည် ဖြစ်သည်။ ထို့ကြောင့်လည်း “ဘုရားသခင်ကဲ့သို့ ကျင့်ကြံ ပြုမူကြပါ” စိတ်ထားဟောင်းနှင့် အကျင့်ဟောင်းကို ဖယ်ပြီး စိတ်သဘော အသစ်ကို ထည့်ပါဟု တိုက်တွန်းခြင်း ဖြစ်သည်။
၁၁။ ဧဖက် အခန်းကြီး ၅
(က) ဘုရားသခင်နည်းတူ အသက်ရှင်ရန် (၅း၁-၂၁)
ရှင်ပေါလုသည် ဧဖက်အခန်းကြီး (၅)ကို အစပြုသည့်အခါ၊ အခန်း (၄)နည်းတူ အစပြုသည်။ ဧဖက်မြို့ ယုံကြည်သူများကို မည်သို့ ပေးဆပ်ရမည်။ မည်ကဲ့သို့ ဆက်ကပ်အပ်နှံ ရမည်အကြောင်းကို သင်ပေးခြင်း ဖြစ်သည်။ ရှင်ပေါလုက ဧဖက်ယုံကြည်သူများကို ဘုရားသခင် ကျင့်တော်မူသည့် နည်းတူ ကျင့်ကြလော့ဟု သွန်သင်ခဲ့သည်။ “သင်တို့သည် ဘုရားသခင်၏ ချစ်သား ဖြစ်ကြသည်နှင့် အညီ၊ ဘုရားသခင် ကျင့်တော်မူသည် နည်းတူ ကျင့်ကြလော့။”
ငယ် ၁ တွင် ဖော်ပြာထားသည့် ချစ်ခြင်းမေတ္တာသည် အဂွါပယ်မေတ္တာ ဖြစ်သည်။ အဂွါပယ်မေတ္တာသည် တဖက်သတ် မေတ္တာ ဖြစ်သည်။ ဟေလသ ဘာသာတွင် ချစ်ခြင်းမေတ္တာနှင့် ပတ်သက်ပြီး (၄)မျိုး ရှိသည်။
၎င်းတို့မှာ –
၁။ STOLKE, မိသားစုကဲ့သို့ မေတ္တာ၊ တော်စပ်မှု မေတ္တာ၊
၂။ PHILEO, မိတ်ဆွေ၊ သူငယ်ချင်းမေတ္တာ၊ ရင်းနှီးမှုမေတ္တာ၊
၃။ EROS. ယောကျာ်းနှင့် မိန်းမ ချစ်ခြင်းမေတ္တာ၊ ၄။ AGAPE, ဘုရားသခင်၏ မေတ္တာ၊ တဘက်သတ် မေတ္တာ။
အမှတ်စဉ် ၁ မှ ၃ ထိသည် အခြေအနေအပေါ် မူတည်ပြီးမှ ပြောင်းလဲသည့် မေတ္တာ ဖြစ်သည်။ သူက ချစ်လို့ ငါက ချစ်သည် ဆိုသည့် မေတ္တာမျိုး ဖြစ်သည်။ ထိုမေတ္တာမျိုးသည် အမြဲတမ်း ပြောင်းလဲမှု ရှိသည်။ အခြေအနေရ အမြဲတမ်းပြောင်းလဲ နေသည်။
AGAPE သည် ဘုရားသခင်၏ မေတ္တာ ဖြစ်သည်။ ဘုရားသခင်ထံမှ အကြိမ်ကြိမ် ထွက်ပြေးသော်လည်း၊ ဘုရားသခင်က အမြဲတမ်း ခွင့်လွှတ်ပြီး၊ * နေသည့် မေတ္တာ ဖြစ်သည်။ ဘုရားသခင်၏ မေတ္တာသည် အခြေအနေတွေ ပြောင်းလဲသော်လည်း ပြောင်းလဲခြင်း မရှိသော မေတ္တာ ဖြစ်သည်။ သင်တို့သည်
ဘုရားသခင်နည်းတူ ကျင့်ကြံကြလော့ဟု ပေါလုက ဧဖက် အသင်းသူအသင်း သားများကို သွန်သင်သည်။ ထိုကဲ့သို့သော မေတ္တာထားရန် မလွယ်ကူသော်လည်း ၊ တနေ့ ကောင်းကင်၌ သင်၏ ရာထူးမြင့်မားရန်နှင့် ဘုရားက ချစ်၍ ကောင်းကင်၌ ချီးမြောက်ရန် ဖြစ်သည်။ ထိုအခွါပယ် မေတ္တာရှိလျှင်၊ မည်သို့သော အခြေအနေ၌ မဆို ချစ်နိုင်ကြောင်း (၁ကော ၁၃း၁-၁၃)တွင် တွေ့ရသည်။ အဂွါပယ်မေတ္တာ သည် စိတ်ရှည်တတ်၏၊ စိတ်ရှည်ခြင်း မရှိလျှင် အဂွါပယ်မေတ္တာ မရှိခြင်း ၊ ဖြစ်သည်။ အရွဲပယ် မေတ္တာသည် ဂုဏ်ပြိုင်ခြင်း မရှိ၊ ဝါကြွားခြင်း မရှိ၊
လျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်ကျိုးကို မရှာတတ်၊ ကျေးဇူးပြုတတ်သည်။ ထိုအရာများကို အသက်ရှင်စဉ်မှာ လက်တွေ့ လုပ်ဆောင်ရမှာ ဖြစ်သည်။
ထိုသို့ ကျင့်ဆောင်ခြင်းသည် ဘုရားသခင် နည်းတူ ကျင့်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင် ကျင့်သည့်နည်းတူ ကျင့်ကြလော့ဟု ဆိုရာတွင် ထိုအခွါပယ် မေတ္တာဖြင့် ချစ်နိုင်ဖို့ ဖြစ်သည်။ မိတ်ဆွေနှင့် ကျွန်ုပ်သည် အမြဲတမ်း ပြောင်းလဲ သော်လည်း၊ သခင်ယေရှု ပြောင်းလဲခြင်း မရှိပါ။ ထို့ကြောင့် ယေရှုသည် သစ္စာရှိသော ဘုရား ဖြစ်သည်။ ဝိညာဉ် အသီးထဲတွင် ပါရှိသော သစ္စာရှိခြင်း သည်၊ ဘယ်တော့မှ မပြောင်းလဲခြင်း ဖြစ်သည်။
ယခုခေတ် အခြေအနေအရ လူများသည် မိမိအတွက်သာ စဉ်းစားတတ် ကြသည်။ မိမိ၏ လိုအပ်ချက် တစ်ခုကို ရရှိဖို့ ပြောင်းလဲကြသည်။ ခရစ်တော် နည်းတူ အသက်ရှင်သော အသက်တာသည် မပြောင်းလဲတတ်သော စိတ်နှလုံး ရှိခြင်းပင် ဖြစ်သည်။ သင့် မိတ်ဆွေသည် သင့်အပေါ်၌ စိတ်ထား ပြောင်းလဲ သွားနိုင်သော်လည်း၊ သင် မပြောင်းလဲဖို့ အရေးကြီးသည်။ သင်မပြောင်းလဲလျှင် ထိုသူသည် တနေ့နေ့မှာ ခရစ်တော်၏ မေတ္တာကို ရရှိခံစားမည် ဖြစ်သည်။
(ခ) သစ္စာနှင့် ဒွန်တွဲသော မေတ္တာ
သင်းအုပ်ဆရာများကို တိုက်တွန်း ပါရစေ၊ မိမိ၏ အသင်းတော် အတွင်း သင်းထောက် လူကြီးများ၊ အသင်းသူ အသင်းသားများသည် ပြောင်းလဲ ရှိကြသော်လည်း မိတ်ဆွေ မပြောင်းလဲပါနှင့်။ အသင်းသားများ၏ အတင်း
ပြောခြင်း၊ ငြူစူခြင်း၊ မကောင်းပြောခြင်း ကြုံတွေ့လာခဲ့လျှင်လည်း၊ ယေရ မေတ္တာဖြင့် ဆက်၍ ချစ်ပါ။ မပြောင်းလဲသော အသက်တာသည် ခရစ်တော်၏ အသက်တာ ဖြစ်သည်။ အကယ်၍ ထိုစိတ်ထားမျိုး ပိုင်ဆိုင်ထားလျှင် ဘုရားသခင်၏ ကြီးမားသော လက်ဆောင် ဖြစ်သည်။ မပြောင်းလဲသော အဂွါပယ်မေတ္တာ ပိုင်ဆိုင်လျက် အသက်ရှင်နိုင်ဖို့မူ ကြီးမားသော ပေးဆပ်မှု လိုအပ်ပေလိမ့်မည်။ ဘုရားသခင်၏ အဂွါပယ်မေတ္တာသည် ပေါက်လွဲဖောက်ပြန်မှု မရှိသော မေတ္တာ ဖြစ်ရာ ထိုမေတ္တာသည် သစ္စာနှင့် အမြဲဒွန်တွဲလျက် ရှိသည်။
ဆက်ကပ်ပူဇော်သော အသက်တာ (သို့) ပေးဆပ်မှုနှင့် ဒွန်တွဲမေတ္တာ
ဆက်ကပ်ပူဇော်ခြင်း၊ ပေးဆပ်ခြင်းသည်လည်း ဘုရား နည်း ဖြစ်သည်။ မေတ္တာရှိရုံနှင့် မပြီးပါ။ မေတ္တာကို ပေးဆပ်မှုနှင့် ပြရမည်။ ခရစ်တော်သည် လက်ဝါးကပ်တိုင်တွင် အသက်ကို ပေးဆပ်ပူဇော် ခြင်းဖြင့် မေတ္တာကို ပြသ ခဲ့သည်။ ခန္ဓာကိုယ် ပူဇော်ပြီးမှ သူ၏ ရှင်ပြန်ထမြောက် ခြင်းနှင့်အတူ အလင်းရောက် လာသည်။ ထိုနည်းအတူ ဘုရား၏ သားသမီးများသည် ထာဝရ အသက်ကို ရရှိပြီး အဖိုးအခ ပေးရသေးသည်၊ ဆက်ကပ်မှု ပြုရသည်။ ပြီးမှ သူတစ်ပါးအတွက် အလင်း ဖြစ်ရသည်။ တစ်ဦးနှင့်တစ်ဦး ချစ်နေရုံနှင့် မပြီးပါ။ မေတ္တာနောက်မှာ ဆက်ကပ်ပူဇော်ခြင်း ရှိရမည်။ ထို့ကြောင့် ဆက်ကပ်ပူဇော်ခြင်း သည် မွှေးကြိုင်သော အနံ့ကဲ့သို့ ဖြစ်သည်။ သခင်ယေရှုသည် လောကီသား များကို ချစ်သည်ဟု ပြောရုံနှင့် မပြီး၊ လက်ဝါးကပ်တိုင်တွင် အသေခံခြင်းဖြင့် သူ၏ မေတ္တာကို ပြသခဲ့ခြင်း ဖြစ်သည်။ ဆက်ကပ်ပူဇော်ခြင်းသည် ဘုရားသခင်၏ အလင်းကို ပေးသည့် နည်းလမ်း ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် ချစ်နေရုံမျှ မပြီးသေးပါ။ မေတ္တာနောက်မှာ ဆက်ကပ်အပ်နှံခြင်း ရှိသေးသည်။
သခင်ယေရှုက “သင့်ကို ချစ်တယ်” ဟု ပြောပြီးမှ၊ အသေခံခြင်း၊ ဆက်ကပ် အပ်နှံခြင်း မရှိလျှင်၊ ကယ်တင်ရှင် မဖြစ်နိုင်။ မိတ်ဆွေ တစ်ဦးအား ချစ်တယ်ဟု စကားတစ်ခွန်းသာ ပြောပြီး၊ သူ့အတွက် မိမိ၏ အချိန်၊ ငွေကြေး၊ ပစ္စည်းတခုခု ပေးဆပ်မှုမျိုး မရှိလျှင် ထိုသူ၌ အကျိုးခံစားရမည် မဟုတ်ပါ။ ထို့ကြောင့် ပေးဆပ်ခြင်းသည် ခရစ်တော်၏ အသက်တာမျိုးကို ဆိုလိုသည်။ ထိုဆက်ကပ်မှု မျိုးသည် ဘုရားသခင် ရှေ့တော်၌ မွှေးကြိုင်သော နံ့သာပေါင်း ပူဇော်ခြင်းကဲ့သို့ ဖြစ်သည်။ အငယ် ၂ သည် ဘုရားသခင် ရှေ့တွင် အလွန်မွှေးကြိုင်သော ပူဇော်ခြင်းမျိုး ဖြစ်သည်။ ထိုအချက် (၂)ချက်သည် ခရစ်ယာန်များ ရင့်ကျက်လာ စေရန်အတွက်လည်း ဖြစ်သည်။
ဆက်ကပ်ပူဇော်ခြင်းဆိုရာ၌ ကျွန်ုပ်တို့ အထဲ၌ ရှိသမျှ ရုပ်တုကို ဖယ်ရှားခြင်း ဖြစ်သည်။ ရုပ်တုကို ဖယ်ရှားခြင်းဆိုရာတွင် ကျွန်ုပ်တို့၏ ငွေရေး၊ ကြေးရေး တပ်မက်သော စိတ်များကို ဖယ်ရှားပြီး၊ မိမိမှာ ရှိသည့် အရာများကို သူတစ်ပါးအား ပေးဆပ်ခြင်း ဖြစ်သည်။ မိမိကိုယ်ကျိုးကို စွန့်လွှတ်လိုက်ခြင်း ဖြစ်သည်။
ကျွန်ုပ်အား ပုဂ္ဂိုလ် (၃)ဦးက စာအိတ်များ လာပေးကြသည်။ ယောက်ျား (၁)ဦး၊ မိန်းမ (၂)ဦး ဖြစ်ပြီး၊ နောက်တစ်နေ့တွင် အမျိုးသမီး (၁)ဦးက အင်္ကျီတစ်ထည် လာပေးသည်။ ထိုအင်္ကျီတန်ဖိုးက မသေးလှပါ။ အမှန်မှာ ဈေးများသည်၊ နည်းသည်က အဓိက မဟုတ်ပါ၊ ပေးလိုသည့် စိတ်ရှိခြင်းက အဓိက ဖြစ်သည်။
(ဂ) လူနှစ်မျိုး နှစ်စား
လောကတွင် ပေးကမ်းတတ်သည့် လူနှင့် ရယူတတ်သည့် လူဟူ၍ နှစ်မျိုး ရှိသည်။ ပေးကမ်းတတ်သူက ပေးမှ ပျော်သကဲ့သို့ ရယူတတ်သူက ရမှ ပျော်သည်။ သခင်ယေရှုက ရယူခြင်းထက် ပေးကမ်းခြင်းက မင်္ဂလာ ရှိသည် ဟူ၍ ပြောသည်။ ခရစ်တော် နည်းတူ အသက်ရှင်လိုလျှင် ကိုယ်မှာ ဘယ်လောက်ရှိ သည်ဆိုတာ အရေး မကြီးပါ။ ငွေကြေး မလုံလောက်သည့်
အခြေအနေများလည်း ရှိသည်။ သို့သော် ရှိသည့် အရာကို ပေးကြည့်ပါ။ ထိုအခါ သင်၏ ကောင်းကြီးများ ပြည့်လျှံလျှက် ရှိလိမ့်မည်။ လမ်းဘေးက သူတောင်းစားများကို မည်သူကမှ အထင် မကြီးပါ။ ထို့ကြောင့် မိမိသားသမီး များကို တောင်းတတ်ဘို့ သင် မပေးပါနှင့်၊ မိခင်၊ ဖခင်များ အနေဖြင့်လည်း၊ သားသမီးများကို ပေးတတ်ဘို့ သာ သွန်သင်ပြပါ။ ဘုရားသခင်၏ နိုင်ငံတော် အတွက် ပါဝင်ရအောင်ဆိုပြီးမှ ပေးကမ်းကြည့်ပါ။ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်၍၊ စားစရာ မရှိခဲ့လျှင်လည်း ပေးကမ်းကြည့်ပါ။ ရှိသည့်အရာကို ပေးကမ်းလျှင် သင်၏ ခွက်ဖလားသည် ပြည့်လျှံ လာပါလိမ့်မည်။
မည်ကဲ့သို့ ပေးဆပ်ရမည်နည်း ဆိုသည့်အရာကို မိမိ အသက်တာအားဖြင့် သားသမီးများအပေါ် ပြသပါ။ ဘုရားသခင်က သင့်အားဖြင့် ကောင်းကြီးပေး လိမ့်မည်။ အစားအသောက် ဆိုလျှင်လည်း မိမိက ကျွေးမှ ကျေနပ်သူနှင့် သူများကျွေးတာ အလကားစားမှ ကျေနပ်သူ ဟူ၍ နှစ်မျိုး ရှိသည်။ ကျွေးမှ ကျေနပ်သူနည်းပြီး အကျွေးခံရမှ ကျေနပ်သူ များသည်။
လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်တွင် လူတစ်ဦး၏ ပေးဆပ်ခြင်းအားဖြင့် မြစ်ကြီးနားမြို့တွင် သင်တန်း ပြုလုပ်ခဲ့ရပြီး လူ ၄ဝဝ ကောင်းကြီးမင်္ဂလာ ခံစားကြရသည်။ ထိုလူငယ်သည် ချမ်းသာ၍ မဟုတ်ပါ။ ဘုရားသခင်ထံမှ အသံကြားရ၍ လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ ဘုရားသခင်ကို ချစ်သော ထိုပုဂ္ဂိုလ်အတွက် ကျွန်တော် ဂုဏ်ယူပါသည်။ မြန်မာပြည်တွင် ထိုလူငယ်ကဲ့သို့ ဆက်ကပ်ပူဇော်တတ် သူများစွာ လိုအပ်သည် ။ ခရစ်တော်အတွက် အသေခံရဲ ၊
သောသူများ မတ်တပ်ရပ် ထဘို့ ပြောသည့်အခါ လူလေးရာလောက် ထကြသည်။ ထိုသူတို့အတွက် ဂုဏ်ယူပါသည်။ မိတ်ဆွေတို့ သည် အထူးရွေးကောက် ခံသောသူများ ဖြစ်သည်။ မိမိ အသက်တာကို ပူဇော်ခြင်းဖြင့် သင်တို့အထဲမှ အလင်းထွက်ပေါ်လာ ပါလိမ့်မည်။ ဆက်ကပ်ပူဇော်ခြင်းဖြင့် မကောင်းသော
အရာများကို ဖယ်ရှားပြီး ဖြစ်သည်။
(ဃ) စာတန်၏ အကျင့်ဆိုးများ ဖယ်ရှားနည်း။
၁။ ထာဝရမေတ္တာ
၂။ ဆက်ကပ်ပူဇော်ခြင်း ၊
၃။ သန့်ရှင်းသောဝိညာဉ်တော် မိမိအထဲ၌ ကိန်းဝပ်စေခြင်း
၄။ နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ခြင်း (၅း၁၉)
၅။ ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်း ၊
၆။ ဘုရားသခင် ပြင်ဆင်ပေးသော လက်နက်စုံဝတ်ဆင်ခြင်း ၊
၇။ ဥပဇ္ဈာယ်ဆရာ တည်းဟူသော ဝိညာဉ်တော်နှင့် မိတ်သာဟာရဖွဲ့ခြင်း
ခေါ်ဖိတ်ခြင်း ပြုပြီးသည့်အခါ သန့်ရှင်းသောဝိညာဉ်တော်သည် –
(က) မီး ကဲ့သို့၎င်း၊ (ခ) ရေ ကဲ့သို့၎င်း၊ (ဂ) ဆီ ကဲ့သို့၎င်း – ထင်ရှားတတ်သည်။
ရှင်ပေါလုသည် ဧဖက်ယုံကြည်သူများ၏ အထဲ၌၊ မကောင်းသော ညစ်ညူးသော အရာများ၊ စာတန်၏ အကျင့်စရိုက်များ ရှိသောကြောင့် မကြာခဏ အချင်းချင်း မသင့် မမြတ်ဖြစ်ကြလျက် ပြဿနာများစွာ ပေါ်ပေါက်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် ညစ်ညူးသော အရာများ နှလုံးသားထဲမှ ဖယ်ရှားပစ်ရန် ရှင်ပေါလုက နှိုးဆော်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်သူ များသည် အလင်းသားများ ဖြစ်ကြသော်လည်း မှောင်မိုက်၌ ကျင်လည်နေကြ သောကြောင့် ဖြစ်သည်။ စာတန်၏ အကျင့်စရိုက်များ ရှိခြင်းအားဖြင့်၊ အသင်း
တော်ထဲတွင် ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်ရုံသာမက၊ မိသားစုထဲတွင်လည်း ရှုပ်ထွေး မှုများ ဖြစ်ပေါ်စေနိုင်သည်။ ခင်ပွန်းနှင့် ဇနီး (၅း၂၂-၂၃)
“အချင်းမိန်းမတို့ ဘုရားသခင်၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ အကြောင်းမူကား ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့ သို့ ယောကျာ်းသည် မိမိ ခင်ပွန်း၏ အပေါ်မှာ ခေါင်း ဖြစ်၏။ ခရစ်တော်သည်လည်း၊ မိမိကိုယ်ကို ကယ်တင်သော သူဖြစ်တော်၏။” (ဧဖက် ၅း၂၂-၂၃) ၊
ဧဖက် အသင်းတော်မှ အမျိုးသမီးများသည် ခရစ်တော်အားဖြင့် ရရှိသည့်လွတ်ခြင်းကို ရံဖန်ရံခါတလွဲ သုံးတတ်ကြသည်။ ခရစ်တော်၌ ယောကျာ်း၊ မိန်းမ မရှိဟု ဆိုကာ နေရာတကာ၌ ရင်ဘောင်တန်း နေလိုကြသည်။ ဘုရား တရား၌ အားသန်သော သူများက မိမိခင်ပွန်းကို ဂရုမစိုက် လစ်လျူရှု ကြသည်။ ထိုအခါ ယောကျာ်းကို မလေး မခန့်ပြုရာ ရောက်သည်။ ထိုအခြေအနေများကို မြင်တွေ့သော ရှင်ပေါလုက ဘုရားသခင်ကို လေးစားကြည်ညိုသကဲ့သို့ မိမိခင်ပွန်းကိုလည်း လေးစားရန်၊ နာခံရန် ဆုံးမသြဝါဒ ပေးခြင်းဖြစ်သည်။
၁၂။ ဧဖက် အခန်းကြီး ၆
(က) လူမှုဆက်ဆံရေးနှင့် စိတ်နှလုံးစင်ကြယ်ရေး
၁။ သားသမီးများနှင့် မိဘ (၆း၁-၄)
၂။ သခင်နှင့် ကျွန်
(၆း၅-၉) ၊
၃။ ဘုရား ပြင်ဆင်ပေးသော လက်နက်စုံ ဝတ်ဆင်ခြင်း (၆း၁၀-၁၉)
၊ ၄။ နှုတ်ဆက်စကား (၆:၂၁-၂၂)၊
၅။ ကောင်းချီးပေးခြင်း ၊
(၆း၂၃-၂၄)
ကျွန်ုပ်တို့၌ ရှိသော စာတန်၏ အကျင့်ဆိုးများကြောင့် မိမိအတွက် ထိခိုက်နစ်နာရုံသာမက အသင်းတော်အတွင်း၌ ၎င်း၊ လင်နှင့်မယား အကြားတွင် ၎င်း၊ မိဘနှင့် သားသမီးများ အကြားတွင် ၎င်း၊ ထိခိုက်နစ်နာမှုများ ရရှိစေသည်။ ထိုမျှသာမက လုပ်ငန်းခွင်၌ ၎င်း၊ လုပ်ဖော်ဆောင်ဖက် အချင်းချင်းကြား၌ ၎င်း၊ လုပ်ငန်းရှင်နှင့် အလုပ်သမား ကြားထဲ၌ ၎င်း၊ ပြဿနာ ရှိစေသည်။ ထို့ကြောင့် ရှင်ပေါလုက ဧဖက် ယုံကြည်သူများထံသို့ ဤညစ်ညူးသော အရာများကို သင်တို့ အထဲမှ ဖယ်ထုတ်ပစ်ပါဟု နှိုးဆော်ခြင်း ဖြစ်သည်။ ထိုသို့ ပြုမှသာ မိမိ၏ မိသားစုထဲ၌ ၎င်း၊ အသင်းတော်ထဲ၌ ၎င်း နှစ်သက်ဖွယ်ရာ ဖြစ်လာလိမ့်မည်။ ထိုညစ်သွားသော အရာများကို အထဲမှ ဖယ်ရှားသည့် နည်းလမ်း နှစ်မျိုးကိုလည်း သွန်သင်ပေးသည်။ စိတ်နှလုံးထဲမှ ဆိုးညစ်သောအရာများ ဖယ်ရှားနည်း နှစ်နည်းမှာ ချီးမွမ်းခြင်းနှင့် ကိုးကွယ်ခြင်း တို့ဖြစ်သည်။
၁။ ချီးမွမ်း ခြင်း နှင့် ကိုးကွယ် ခြင်း (၅း၁၈-၂၁)
“လွန်ကျူးစေတတ်သော စပျစ် ရည် နှင့် ယစ်မူးခြင်းကို ရှောင်၍ ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့။ ဆာလံသီ ချင်းမှ စသော ဓမ္မသီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆိုဘတ်ရွတ်၍၊ နူးညွတ်သော စိတ်နှလုံးနှင့် ဘုရားသခင်၏ ရှေ့တော်၌ ကျူးဧ၍ သီချင်းဆိုကြလော့။” ဆာလံသီချင်းမှ
စ၍ ချီးမွမ်းကိုးကွယ်ပါ၊ နှလုံးသားပါလျက် ဘုရားသခင်ကို ချီးမွမ်း ကိုးကွယ်ခြင်း ဖြစ်သည်။ စိတ်နှလုံးပါလျက် ချီးမွမ်းကိုးကွယ်လျှင် စိတ်နှလုံးသား ထဲတွင်ရှိသော ဆိုးညစ်သောအရာများ လွှင့်စင်သွားမည် ဖြစ်သည်။ တေးဂီတ သည်လည်း စိတ်နှလုံးနူးညွတ်စေရန် အထောက်အကူ ဖြစ်သည်။ တကယ်ချီးမွမ်း ကိုးကွယ်လျှင် စိတ်ဝိညာဉ်သည် တကယ် သန့်ရှင်းစင်ကြယ်လာလျက် ပျော်ရွှင် ဝမ်းမြောက်မှုလည်း ခံစားနိုင်မည် ဖြစ်သည်။
၂။ ဘုရားပြင်ဆင်ပေးသော လက်နက်စုံကို ဝတ်ဆင်ခြင်း (၆း၁၀-၁၈)
ဆိုးညစ်သောအရာများ ဖယ်ရှားရာတွင် ဒုတိယနည်းမှာ ဘုရား ပြင်ဆင်ပေးသော လက်နက်စုံကို ဝတ်ဆင်ခြင်း ဖြစ်သည်။ “လက်နက်စုံကို ယူဆောင်ကြလော့။ သစ္စာတည်းဟူသော ခါးပန်းကို စည်းလျက်၊ ဖြောင့်မတ်ခြင်း၊ ပါရမီ တည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောပြောသောငှါ ပြင်ဆင်သောအဖြစ် တည်းဟူသော ခြေစွပ်ကို စွပ်လျက် ခံရပ်ကြလော့။”
(က) သစ္စာတည်းဟူသော ခါးပန်း (၆း၁၀-၁၈)
ထိုသစ္စာတရား၊ သမ္မတရားသည် သခင်ယေရှုကို ရည်ညွှန်းသည်။ Theology နည်းအရ သမ္မာကျမ်းစာထဲတွင် ခရစ်တော်နှင့် ဆိုင်သော သမ္မာတရား ၊ ဖြစ်သည် ။
ယေရှုကို နေ့စဉ်နှင့် အမျှ ဆင်ခြင်နှလုံးသွင်းခြင်းသည် စိတ်နှလုံးထဲမှ ဆိုးညစ်သော အရာများ ဖယ်ရှားဖို့ရန် တန်ခိုး ဖြစ်သည်။ ဓမ္မဟောင်းထဲ၌ ရှိသော ယေရှု၏ အကြောင်းအရာ နှင့်၊ ဓမ္မသစ်ထဲတွင် ပါရှိသော ယေရှုခရစ်၏ ၊ အကြောင်းအရာများကို ဆင်ခြင်အောက်မေ့ ရမည်။ ထိုသမ္မာတရားသည် အမြဲ မှန်ကန်သော၊ သစ္စာနှင့် ပြည့်သော တရားတော် ဖြစ်သည်။
ရှင်ပေါလုက ခရစ်တော်၏ တရားတော်ကို ရောမစစ်သားများ အသုံးပြုသည့် ခါးပန်းနှင့် ဥပမာ ပေး၍ ဖော်ပြသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ စစ်သားများ ဖြစ်ကြသည်။ ထို့ကြောင့် ဝတ်စုံဝတ်ဖို့ လိုအပ်သည်။ ဖြောင့်မတ်ခြင်း၊
ယုံကြည်ခြင်း၊ ကယ်တင်ခြင်း၊ နှုတ်ကပတ်တော်များကို လက်နက်စုံနှင့် ၎င်း ဥပမာ ပေးထားသည်။ ပထမ အရေးကြီးဆုံးအရာမှာ သစ္စာတည်းဟူသော
ပန်း ဖြစ်သည်။ ခါးပန်းပါမှ ဝတ်စုံခိုင်ခန့် ပေမည်။ ယုံကြည်သူဖြစ်သော်လည်း ခါးပန်း မပါလျှင် တိုက်ခိုက်ရန် မလွယ်ကူပါ။ တိုက်ခိုက်စွမ်းရည် ပျက်စီးသွားပြီး၊ တန်ခိုး ပျောက်မှာဖြစ်သည်။ (ခ) ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာ
| ခံစစ်အနေဖြင့် အသုံးပြုသည့်အရာ ဖြစ်သည်။ (ဂ) ဧဝံဂေလိအတွက် ပြင်ဆင်သော ခြေစွပ် (ဃ) ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှား (င) ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံး (စ) ဘုရားသခင်၏ နှုတ်ကပတ်တော်တည်းဟူသော ဓား
ရှင်ပေါလုသည် မကောင်းသော အကျင့်များကို ဖယ်ရှားရန် အထက်ပါ အတိုင်း နည်းလမ်း (၂)မျိုးဖြင့် သွန်သင်ခဲ့သည်။ မကောင်းသော အရာများကို ဖယ်ရှားပစ်ဖို့ရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်ကို ခေါ်ဖိတ်ရမည်။ တခါတရံတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် မီး၊ ရေ ကဲ့သို့ ထင်ရှားသည်။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့် အထဲတွင်ရှိသော ညစ်ညမ်းသော အရာများ အပြင်သို့ ထွက်မှာ ဖြစ်သည်။ ဝိညာဉ်တော်က စိတ်နှလုံးထဲတွင် နေရာယူသည့်အခါ အပြစ်ကိုဖော်ပြပြီး ဝမ်းနည်းစေသည်။ အပြစ်ဝန်ချ တောင်းပန် စေသည်။ မျက်ရည်ကျခြင်း၊ ငိုကြွေးခြင်း များလည်း လာတတ်သည်။ ထိုသို့ ဥပဇ္ဈာယ် ဆရာက အလုပ်လုပ်သည့်အခါ ပေါ့ပါးခြင်း၊ ပျော်ရွှင်ခြင်းများ ခံစားရသည်။
ဥပဇ္ဈာယ်ဆရာ ဝင်ရောက် အုပ်စိုးနိုင်ရေးအတွက် ချီးမွမ်းသီချင်း သီဆိုခြင်း၊ သာယာငြိမ်းညောင်းသော တေးဂီတ တီးခြင်းဖြင့် လမ်းသွယ်ပေး ရသည်။
(၁) မေးခွန်းနှင့် အဖြေများ မေးခွန်း (၁) သခင်ယေရှု အမှုတော်ဆောင်သည့်အချိန်မှာ အေဒီ ၂၆ ဖြစ်ပါသလား၊ အေဒီ ၂၅ ဖြစ်သလား?
အဖြေ။
။ အေဒီ ၂၆ အဆုံးပိုင်း (သို့မဟုတ်)၊ အေဒီ ၂၇ အစောပိုင်း ၂
ဖြစ်နိုင်သည်။ ပသခါပွဲကို သခင်ယေရှု (၄)ကြိမ် ပါဝင်ခဲ့ သည်။ ကျမ်းစာထဲတွင် ခုနှစ်သက္ကရာဇ်များကို အတိအကျ
ဖော်ပြထားခြင်း မရှိသော်လည်း သခင်ယေရှု ပါဝင်ဆင်နွှဲခဲ့ သည့် ပသခါအရေအတွက်ပေါ်တွင် မူတည်၍ တွက်ချက်ခြင်း ဖြစ်သည်။ သခင်ယေရှုအမှုတော်ဆောင် ကာလသည် (၃)နှစ် ၊ ဟု ခန့်မှန်းခြင်းဖြစ်သဖြင့်၊ အေဒီ ၃ဝ တွင် အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် တက်ကြွခြင်းတို့ ပြုခဲ့သည်။
မေးခွန်း (၂) သိလနှင့် ပတ်သက်၍ ရှင်းလင်း ဖော်ပြပေးပါရန်။ အဖြေ။ ။ တမန်တော် ရှင်ပေါလု၏ ပထမသာသနာပြု ခရီးစဉ်တွင်
ရှင်ပေါလု၊ ဗာနဗနှင့် မာကု တို့ပါဝင်သည်။ သို့သော်လည်း မာကုသည် လမ်းတဝက်မှ ပြန်သွားခဲ့သည်။ မာကုသည် ဗာနဗ၏ တူဖြစ်သည်။ ဗာနဗ၏ မိခင်သည် မာရိ ဖြစ်သည်။
ထိုမာရိမှာ သခင်ယေရှုရှိစဉ် အထက်ခန်းကို ပိုင်သည့် မာရိ ဖြစ်သည်။ ပေါလုက မာကုကို သဘောမကျပေ။ အဘယ်ကြောင့်ဆိုသော် ဆက်ကပ်မှု အားနည်းသည်၊ သာသနာပြု ခရီးစဉ်အတွင်း ရင့်ကျက်မှု နည်းသည်ဟု မြင်သည်။ သို့သော် လည်း ဗာနဗက ထိုကဲ့သို့ မမြင်၊ ထို့ကြောင့် ဒုတိယသာသ နာပြုခရီးစဉ်ထွက်ရန် စီစဉ်သည့်အခါ ဗာနဗနှင့် ပေါလု သဘောထားခြင်း တိုက်ဆိုင်မှု မရှိတော့ဘဲ၊ ဗာနဗက မာကုကို ခေါ်မယ်၊ ပေါလုက မခေါ်ဖူးဆိုပြီးမှ နောက်ဆုံးတွင် လမ်းခွဲ လိုက်သည်။ ဗာနဗက မာကုကို ခေါ်ပြီး ရှင်ပေါလုက မာကု အစား သီလကို ခေါ်သွားသည်။
(ဂ) မြန်မာ ယုံကြည်သူများအတွက်
မြန်မာနိုင်ငံတွင် ဘုရားသခင်၏ နိုင်ငံတော် ကျယ်ပြန့်နိုင်ရေးအတွက် ရှင်ပေါလု ကဲ့သို့သော တပါးအမျိုးအနွယ်များဆီသို့ သာသနာပြုလိုသူ၊ သာသနာ ပြုရာတွင် ရဲစွမ်းသတ္တိရှိသူ၊ လောကီအရပ်၌ ရှုပ်ထွေးမှု မရှိဘဲ အမှုတော်များ အတွက်သာ ဇောက်ချလုပ်ဆောင်နိုင်သော သူများစွာ လိုအပ်ပါသည်။
ထို့အပြင် တီမောသေ၊ တိတု၊ လုကာ၊ ဩနေသိဖေ တို့ကဲ့သို့သော သခင့် အပေါ် အစမှ အဆုံးတိုင်အောင် သစ္စာရှိ ခရစ်ယာန် ခေါင်းဆောင်များကိုလည်း လိုအပ်လျက်ရှိသည်။ တနည်းဆိုလျှင် မိမိဝမ်းရေးအတွက် အမှုတော်ဆောင်
သော ဓမ္မဟောင်းခေတ်မှ ခြောက်နှစ် ကျွန်များ မဟုတ်ဘဲ၊ ရာသက်ပန် အမှုတော်ဆောင်များ၊ နားဖေါက်ကျွန်များ ဖြစ်ဖို့ အထူးလိုအပ် လှပါသည်။
ဧဖက်မြို့တွင် ယုံကြည်သူ အများစုသည် လောက၏ စုံစမ်းမှု၊ သွေးဆောင်မှုသို့ မျောပါသကဲ့သို့ မြန်မာပြည်ရှိ ယုံကြည်သူများလည်း ရာထူး ဂုဏ်၊ ပကာသန၊ စည်းစိမ် စသည့် လောကအရာများ၏ သွေးဆောင်မှ နောက်သို့ မလိုက်ပါပဲ သခင့် နောက်သို့သာ လိုက်ပါ စေလိုပါသည်။ ။
ဘုရားကျောင်း အဆောက်အအုံ မရှိလျှင်လည်း စိုးရိမ်စရာ၊ စိတ်ညစ် စရာ မဟုတ်ပါ။ “ဘုရားသခင် အလိုတော် မရှိသေးလို့” ဟု ခံယူကြရအောင်။ ဘုရားသခင်က မြေ၊ အဆောက်အအုံများတွင် အလှူငွေများကို ရင်းနှီး အသုံးပြုခြင်းထက် ဧဝံဂေလိလုပ်ငန်းတွင် အသုံးပြု စေလို၍ ဖြစ်ကြောင်း နားလည် ရအောင်။ ကျွန်ုပ်တို့၏ သခင်ယေရှုခရစ်တော်က ဤလောကတွင် သုံးနှစ်တာ ကာလ သာသနာပြုရာ၌ အဆောက်အအုံ တလုံးမှ တည်ဆောက်ခြင်း မပြုခဲ့ပါ။ လူတို့၏ နှလုံးသားတွင် ဗိမာန်တော် တည်ဆောက်ပေးကြောင်းသာ တွေ့ရှိ ရသည်။
အသင်းတော်များ အနေဖြင့်လည်း ကြီးမားသော အသင်းတော်ဖြစ်ဖို့ ထက် တိုးပွားသော အသင်းတော်ဖြစ်ဖို့ ကြိုးစား စေလိုသည်။ အလျားလိုက် တိုးပွားရေးအတွက် ဧဝံဂေလိတရားတော်အားဖြင့် အမှောင်ကို ခွင်း၍ အလင်းရောက်နိုင်ဖို့ ကြိုးစား စေလိုသည်။ သို့မှသာလျှင် လူတို့၏ စိတ်၊ ဝိညာဉ်၊ ခန္ဓာ သုံးပါးစလုံး တပြေးညီစွာ ဖွံ့ဖြိုးတိုးတက်လာပေ လိမ့်မည်။ မိမိတို့၏ အသင်းတော်သည် စမုရန အသင်းတော်နှင့် ဖိလဒေဖိလ အသင်းတော်များကဲ့သို့ ငယ်သော အသင်းတော် ဖြစ်သော်လည်း ထိုးဖောက်သော အသင်းတော်၊ ကနဦး မေတ္တာရှိသော အသင်းတော်၊ သခင်ယေရှု အမှတ်ပေးသော အသင်းတော် ဖြစ်ဖို့သာ ကြိုးစား စေလိုပါသည်။
သို့ဖြစ်ရာ သင်းအုပ်ဆရာများ အနေနှင့် မိမိအသင်းတော်တွင် ဘုရား သခင်၏ နိုင်ငံတော်အတွက် ပါဝင်ဆောင်ရွက်နိုင်သော ယေရှု၏ စစ်သူရဲကောင်းများ မွေးထုတ်ပေးနိုင်ဖို့၊ နှုတ်ကပတ်တော် လက်နက်တပ်ဆင်နိုင်ဖို့ ကြိုးစား သင့်ပေသည်။ ထိုသို့ မွေးထုတ်နိုင်အောင် မိမိကိုယ်တိုင်လည်း နှုတ်ကပတ်တော်ကိုဟောပြောသော သူ၊ နှုတ်ကပတ်တော်၌ ကြီးထွားတိုးတက်သော သူ၊ ဟောပြောသည့် နှုတ်ကပတ်တော်အတိုင်း အသက်ရှင်နိုင်ရန် ကြိုးစားဆက်ကပ် သောသူ ဖြစ်ဖို့ ကြိုးစားကြရန်
ထို့အပြင် မိမိတို့၏ နိုင်ငံနှင့် လူမျိုးအတွင်း ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း ရှိနိုင်ရန် ကျေးဇူးတော်အားဖြင့် ရရှိလာသော မိမိတို့၏ ဆုကျေးဇူးများကို အခမဲ့ ပြန်လည် အသုံးပြုကြရန် —
ဘုရားသခင်၏ နိုင်ငံတော် ကျယ်ပြန့်နိုင်ရန် နှုတ်ကပတ်တော် ကို ဆောင်ပြီး၊ ဝိညာဉ်တော်၏ လမ်းပြမှုကို ခံယူကာ ယုံကြည်ခြင်းနှင့် လျှောက်လှမ်းနိုင်သော အမှုတော်ဆောင်များ ဖြစ်နိုင်ရေးအတွက် ဆက်ကပ်ကြရန် အထူးတိုက်တွန်း နှိုးဆော် အပ်ပါသည်။
ဆက်သွယ်ရန် – ၁၀၄၈ /၂၈ အောင်သိဒ္ဓိ (၁)လမ်း၊ မြောက်ဒဂုံ မြို့သစ်။