သမ္မာကျမ်းကိုအခြေခံ၍ ဣသရေလပြည်၏ သမိုင်းအကျဉ်း- ISRAEL

၁။ နိဒန်း

အာဗြဟံံအားဖြင့် တိုင််းနိုင်ငံကြီးတစ်နိုင််ငံပေါ်ထွန်းစေမည်။ ခါနာန်ပြည််ကိုလည်း ထိုတိုင််းနိုင််ငံ၏မြေနေရာ အဖြစ််ပေးတော််မူမည်။ ထိုနို်င်ငံအားဖြင့် ကမ္ဘာတစ်ဝန်လုံးရှိ လူတို့အား ကောင်းချီးမင်္ဂင်္လာသက််ရောက်စေမည်ဟု ဘုရားသခင်ကတိတော််ရှိ၏ (က၊ ၁၂း၁-၃၊  ၁၃း၁၄-၁၇၊ ၁၅း၁၈-၂၁၊ ၂၂း၁၇-၁၈)။ ထိုတိုင််းနိုင််ငံသည်် ဣသရေလဟု လူသိများပြီး အာဗြဟံ၏မြေး (မူလက ယာကုပ််ဟု အမည််တွင်သူ) “ဣသရေလ”၏ အအမည်နာမဖြင့်် မှည့််ခေါ်ခဲ့သည်။။ ယာကုပ််၏ သားတစ်ဆယ့်နှစ်ယောက််တို့ပက ဣသရေ

လူမျိုးတစ်ဆယ့့်နှစ််မျိုး၏ ဖခင််များဖြစ််ကြသည် (က-၃၂း၂၈၊ ၃၅း၂၂-၂၆၊ ၄၉း၁၊ ၂၈။ ၅ရာ-၁း၃၄၊ ၂း၁-၂။

၂။ ဣသရေလတို့၏ အမျိုးသားရေးအစပြုခြင်း

ခါနာန်ပြည််ထကက်် အဲဂုတ္တုပြည်၌အခြေအနေများ ကောင််းမွန်သောအခါ ယာကုပ််နှင့််သူ၏မိသားစု (လူခုနှစ််ဆယ်ခန့်) သည် အဲဂုတ္တုပြည််သို့ပြောင််းရွှေ့နေထိုင််ကြသည်် (ဘီစီ ၁၈ ရာစုနှစ််၊ က-၄၆း၂၆-၂၇)။ အဲဂုတ္တုပြည််တွင်် နှစ််ပေါင်းလေလးရာကျော််နေထိုင််ပြီးနောက်် လူဦးရေတိုးပွားလာရာ နိုင််ငံတစ်နိုင််ငံတည််ထောင််နိုင််မည့် အနေအထားဖြစ််လာ၏။ အဲဂုတ္တုပြည််မှ ခါနာန်ပြည််သို့ခေါ်ထုတ်ရာတွွင် ဦးဆောင်သူအဖြစ် မောရှေကို အသုံးပြုရန် ရည််ရွယ််သည်် (ထွက််-၁၂း၄၀-၄၁)။ အဲဂုတ္တုပြည််မှထွွက်ခွာလာပြီး သုံးလအကြာတွင်် သိနာတောင်သို့ ရောက်ကြသည််။ ထိုနေရာတွင် နောက််တစ်နှစ််ခန့်နေထိုင်ခဲ့ကြသည််။ ထိုအချိန်ကာလအတွင်း အမျိုးသားရေး လူစုလူဝေးအဖြစ်် ဖွဲ့စည်းကာ ဘုရားသခင်၏နည််းလမ်းတော်များ သင််ကြားပေးပြီး ဘုရားသခင်၏ လူများအဖြစ်် ပဋ္ဋိညာဉ််ဖွွဲဲ့သည့်် အခမ်းအနားကို မောရှေက တရားဝင််ပြုလုပ််ခဲ့သည်် (ထွက်-၁၉း၁-၆၊ ၂၄း၃-၈၊ တော-၁ဝး၁၁-၁၂)။

ဘုရားသခင်အား နာခံပါမည်ဟု ကတိထားခဲ့သော််လည်း ဘုရားသခင်အား ပုန်ကန်ကြသောကြောင့့်် ခါနာန်ပြည််သို့ဝင််ရန် နှစ််ပေါင်း (၄၀) ခန့် ကြန့်ကြာခဲ့ရပါသည််။ ထိုနှစ််များအတွင်း အသက်ကြီးသူများ သေဆုံးသွားကြပြီး မျိုးဆက်သစ်များက ယောရှု၏ခေါင်းဆောင်မှုဖြင့် ခါနာန်ပြည််ထဲသို့ ဝင်ကြသည် (တော-၁၄း၃၂-၃၄၊ ယောရှု-၁း၁-၅၊ ဟေဗြဲဲ၊၃း၁၆-၁၇)

၃။ ခါနန်ပြည််နိုင်ငံသစ််ထူထောင််ခြင်း

ခါနန်ပြည််ကိုသာ ဣသရေလလူတို့ အောင််မြင်ခဲ့သည်မဟုတ်ဘဲ (ထိုပြည်သည် ယော်ဒန်မြစ်နှင့် မြေထဲပင််လယ်် အကြားတွင်ရှိသည်) ယော်ဒန်မြစ်အရှေ့ဘက််နယ်မြေလည်း ပါဝင််သည်။ ဤပေါင်းစည်းနယ်မြေကို မျိုူးနွယ်စု တစ်ဆယ့်နှစ်စုအကြား ခွဲဝေခဲ့ရာ မျိုးနွယ်စုကိုးစုနှင့်် တစ်ဝက််က ခါနာန်ပြည်တွင်် အခြေချပြီး ကျန်မျိုးနွယ််စုနှစ််စုနှင့် တစ်ဝက််က အရှေ့ယော်ဒန်နယ်မြေတွင် အခြေချနေထိုင်သည်် (ယောရှု-၁၃းရ-၈)။

ခါနာန်ပြည််သားမများကို မောင်းထုတ်ပြီး သူတို့၏ဘာသာရေးနှင့််ဆိုင်သော အရာအားလုံးဖယ််ရှားရန် ဣသရေလလူတို့အား ဘုရားသခင်ညွှန််ကြားသော််လည်း သူတို့ပျက်ကွက်ခဲ့သည်။ ရလဒ််ကား နယ်မြေတွင်် ကျန်ကြွင်းသော ခါနန််များအားဖြင့် ဣသရေလတို့အတွကက်် ပြဿနာအရင််းအမြစ်ဖြစ်ပြီး သူတို့၏ ဘုရားများကလည်း ဣသရေလလူတိုပပအား ရုပ်တုဆင်းတုကို ကိုးကွွယ််စေခဲ့သည် (သူကြီး-၂း၁-၃)။ ဘုရားသခင်အား ဣသရေလလူတို့ ကျောခိုင်းကြသောအခါ သူတို့့အား ပြစ်ဒဏ်ခတ်ရန်၊ ရန်သူများကိို ဘုရားသခင်အသုံးပြုတော်မူသည််။ ဘုရားသခင်ထံ ပြန်လာပြီး သနားဂရုဏာပြရန် တောင်းပန်သောအအခါ သူတို့့အထဲမှ ကယ််နှုတ်မည့်သူများ (တရားသူကြီး) ကို ဘုရားသခင်က ပေါ်ထွက်လာစေ၍ ရန်သူများကို တွန်းလှန်ပြီး ဘုရားသခင်ထံံသို့ ပြန်လာရန်နှင့် ဦးဆောင်ခေါ်ယူစေခဲ့သည်် (သူကြီး-၂း၁၁-၁၉)။

ဤအချိန်ကာလအတွင်း ဣသရေလလူတို့အထဲတွင် စည်းလုံးမှုအနည်းငယ်သာရှိသည််။ မိမိတို့၏ ကိုယ််ပိုင်အရေး ကိစ္စများကိုသာ မျိုးနွယ်စုတစ်စုစီကက အာရုံစိုက််ပြီး အခြားသူများအပေါ် အရေးယူမှုနည်းပါးကြသသည် (သူကြီး-၂း၁-၂၅)။

ဣသရေလလူမျိုးတို့အကြား စည််းလုံးစေရန်ဆောင််ကြဉ်းပေးသည့်် တစ််ဦးတည််းသော ခေါင်းဆောင််မှာ ရှမွေလ ဖြစ်သည််။ ရှမွေလအစား ဘုရင််ခန့်အပ်ရန်လူတို့က တောင််းဆိုကြသည််။ ဤနည်းအားဖြင့်် တိုင််းပြည််တည််ငြိမ်လိမ့်မည်ဟု လူတို့ယုံံကြည်ကြသည််။ ရှမွေလက ဆန့်ကျင်ခဲ့သည််။ ဘုရားသခင်အား ကိုးကွယ်ခိုလှုံံခြင်းသာလျှင် တိုင်းပြည်် တည််ငြိမ်မှု၏ အရင်းခံဖြစ်ကြောင််း ညွှန်ပြခဲ့သည််။ သူ၏စကားကိုလူတို့နားမထောင်သောအခါ ရှမွေလ ခွင့််ပြုခဲ့သည် (၁၀၅၀ ဘီစီ။ ၁ရာ-၈း၄-၉)

၄။ ဣသရေလနိုင််ငံံတော် အစဦးပိုင််း

ဣသရေလပြည််၏ ပထမဆုံး ဘုရင််ရှောလုမှာ စစ််သည််ကောင််းတစ်ဦးဖြစ်သော််လည်း အမျိုးသားရေးနှင့်် ၀ိညာဉ်ရေးဆိုင်ရာ ခေါင်းဆောင်အဖြစ် မအောင်မြင်ခဲ့ပေ။ သူ့နေရာဆက်ခံသူမှာ ဒါ၀ိဒ််ဖြစ််ပြီး ဣသရေလပြည််၏ အကြီးမြတ်ဆုံံးသော ဘုရင်တစ််ပါးဖြစ််သည််။ ယေရှုရှလင်မြို့ကို ဒါ၀ိဒ်တိုက််ခိုက််အောင််မြင်ခဲ့ပြီး (ထိုအချိန်အထိ ယေရှုရှလင်မြို့မှာ ခါနာန်လူတို့လက်ထဲတွင်ရှိသည််) တိုင်းပြည််၏ နိုင််ငံရေးနှင့် ဘာသာရေးဆိုုင်ရာဗဟိုဌာနဖြစ််လာ စေရန် စတင်ဆောင််ရွက်သည်် (၁၀၀၃ ဘီစီ၊ ၂ရာ-၅း၁-၁၀)။ ဣသရေလ၏ အုပ််ချုပ််မှုကို မြောက်ဘက် ဥဖရတ်မြစ်အထိ လည််းကောင််း၊ အရှေ့ဘက် မောဘနှင့်အာမောရိနယ်မြေအထိလည်းကောင်း၊ တောင််ဘက််တွင်် ပင်လယ််နီနှင့်် အဲဂုတ္တုပြည်် တိုင််အောင်လည်းကောင်း ဒါ၀ိဒ်် ချဲ့ထွင်ခဲ့သည်် (၂ရာ-၈း၁-၄၊ ၁၁-၁၄)။

ဒါ၀ိဒ််မင်း၏ထီးနန််းဆက်ခံသူ ရှောလမုန်မင်းက နိုင််ငံ၏ မြို့တော် ယေရှုှုရှှလင််အား နှိုင််းဆ၍မမှီနိုင််လောက်အောင် ကြီးကျယ်ခမ်းနားသာယာလှပစေရန် ကိုယ််တိုင််အားစိုက််တည်ဆောက်သည််။ သို့သော် သူသည်် ခက်ထန်ကြမ်းကြုတ်သည့်် ဘုရင််ဖြစ်သည်။ လုပ််အားအတင််းအကြပ််စေခိုုင််းခြင်းနှင့်် အခွန်အတုတ်ကောက််ခံ မှုများကြောင့် လူထုက မုန်််းတီးကြသည််။ ထိုမင်းနတ်ရွာစံံသည််နှင့် အခွင့်အရေးရယူကာ ပုန််ကန်ခဲ့ကြသည််။ ဘုရင်၏ မျိုးနွယ်စုဖြစ််သော ယုဒနှင့် အိမ်နီးချင််း ဗင်္ယာမိန်မျိုးနွယ်စုသာ ဒါ၀ိဒ််မင်းမျိုးကကို ထောက််ခံအားပေးသည််။ အခြားသော မျိုးနွယ််စုများ ခွဲထွက််ကြပြီး၊ ဧဖရိမ်မျိုးနွယ်စုမှ ခေါင်းဆောင််တစ်ဦးဖြစ်သူ ယေရောဗောင််အား မင််းမြှောကက််ကြသည်် (၉၃၀ ဘီစီ၊ ၃ရာ-၁၁း၁၁-၁၃၊ ၂၉-၃၂၊ ၁၂း၂၀)။

ထိုအချိန်မှစ၍ တောင််ပိုင််းနိုင််ငံနှင့် မြောက််ပိုင််းနိုင််ငံအဖြစ်နှစ်ခြမ်းကွဲခဲ့သည််။ မြောက််ပိုင််းနိုင််ငံတွင် မျိုးနွယ်စု ဆယ်စုပါဝင်ပြီး ဣသရေလနိုင်ငံံဟုခေါ်ကြသည်် (တစ်ခါတစ််ရံ ခေါင်းဆောင််မျိုးနွယ််စုအမည် ဧဖရိမ်ဟုလည်း ခေါ်သည််)။ တောင််ပိုင််းနိုင်ငံတွင် မျိုးနွယ်စု နှစ််စုပါဝင််ပြီး ယုဒနိုင်ငံဟုခေါ်တွင်သည််။

၄။ ခွဲထွက််သွားသော မြောက််ပိုင််းနိုင််ငံ

ယေရောဗောင််သည်် ရှေခင်မြို့ကို မြောက််ပိုင််းနိုင််ငံ၏မြို့တော််အဖြစ် သုံးခဲ့သည် (၃ ရာ-၁၂း၂၅) (ထို့နောက်် မြို့တော်ကို တိရဇမြို့သို့့ ပြောင်းရွှေ့ပြီး၊ နောက််တစ်ဖန်် ရှမာရိမြို့သို့့ ပြောင််းရွှေ့ပြန််ရာ တိုင်းနိုင်ငံဆုံးခန်းတိုင််အထိ ရှမာရိ၌ထားခဲ့သည် (၃ ရာ-၁၅း၂၁၊ ၃၃၊ ၁၆း၂၃-၂၄)။ ယေရှုရှလင််မြို့သည် တောင်ပိုင်းနိုင်ငံ၏မြို့တော်ဖြစ််ပြီး ဒါ၀ိဒ််မင်းဆက််များ ဆက်လက်အုပ််ချုပ််သည်် (၃ရာ-၁၂း၁၇၊၂၁ ၊ ၂၂း-၄၁-၄၂)။ ယေရှုရှလင််မြို့မှာ ဗိမာန််တော် တည်ရာဌာနလည်းဖြစ််သည််။ ထို့ကြောင့်် မြောက််ပိုင််းသားတို့၏ လိုအပ်ချက်ကို ဖြည့်စွက်သည့််အနေဖြင့် ဝတ်ပြုရာအရပ်ကို မြောက််ဘက်နယ်စပ် ဒန်မြို့၌လည်းကောင််း၊ တောင််ဘက်အရပ််တွင်် ဗေသလမြို့၌လည်းကောင်း၊ ယေရောဗောင်တည်ဆောက်ခဲ့ရာ ထိုနေရာတစ််ခုစီအတွက်် ယဇ်ပုရောဟိတ်များ ၊ ယဇ််ပူဇော််ရာများနှင့် ပွဲတော််များ အကုန်အစင် ပါဝင််သည််။ ယေရောဗောင်၏ ဘာသာရေးဆိုင််ရာလုပ််ငန်းလုပ််ထုံးများမှာ ခါနာန်လူမျိးများနှင့် ဣသရေလ လူတို့ကျင့်သုံးသည့်် အစဉ််အလာနှစ််ခုကို ပေါင်းစပ််ထားသည််။ ထိုသို့ဖြင့် ကိုယ််ကျင့််တရားနှင့် ဘာသာရေး ပျက်စီးယိုယွင််းမှုသို့့ ဦးတည််လာသည််။ ထိုရလဒ််များအနေဖြင့် ဣသရေလနိုင်ငံအား ဘုရားသခင်ဖျက််စီးမည့် အခြေအနေသို့ ဆိုက််ရောက််ခဲ့သည်် (၃ရာ-၁၂း၂၆-၃၃၊ ၁၆း၁၉၊ ၂၆၊ ၄ ရာ-၁ရးရ-၁၈)။

တိုတောင််းသောကာလတစ််ခုအတွွင်း ဣသရေလပြည််အား မှားယွင်းသည့််ဘာသာအယူဝါဒတစ်မျိုးက ဒုက္ခပေးခြင်း၌ ကျရှုံးသည််။ ယေရောဗောင်တင်သွင်းလာသော အယူဝါဒနှစ််ခုရောနှောကျင့့်သုံးသည့််ဘာသာရေးထက် ပို၍ဆိုးရွားသော ဘာသာရေးတစ်မျိုးကို တိုင်းပြည်၏ တရားဝင််ဘာသာအဖြစ်ပြုရန် ဘုရင်အာဟပ််မင်းနှင့်် ဖိနိတ်သူ မိဖုရား ယေဇဗေလတို့ ကြိုးစားခဲ့သော ဗာလဘုရားကိုးကွယ််မှုဖြစ်သည်် (၃ ရာ-၁၆း၂၉-၃၄)။ မိဖုရား ယေဇဗေလသည်် တစ်ပါး အမျိုးသားဖြစ်ပြီး မိမိရိုးရာ ယုံံကြည််ကိုးကွယ််မှုဘာသာကို ဣသရေလလူမျိုးများ ကျင့့်သုံးလိုက််နာကြရန် အထက််အာဏာဖြင့်် ကြိုးစားသိမ်းသွင််းခဲ့သည််။ ထိုသို့့ဖြင့် သူမ၏ဗာလဘုရားကိုးကွယ််မှုကို ခုခံံတားဆီးရန် ပရောဖက်် နှစ််ပါးဖြစ််သော ဧလိယနှင့် ဧလိရှဲတို့ကိုပေါ်ပေါက်စေခဲ့သည််။ ဣသရေလပြည််မှ သစ္စာရှိသော ယုံကြည််သူ လူအနည််းစု တို့့အား ပရောဖက််တို့က ကူညီထိန်််းသိမ်းခြင်းဖြင့် ဣသရေလတို့၏ရှေးကျသောဘာသာကို ပျောက််ကွယ််မသွားရန် ကာကွယ််နိုင််ခဲ့သည်။

ဣသရေလပြည််အပေါ် ကျရောက််ခဲ့သည့်် ပြစ််ဒဏ််တစ််ခု၏ရလဒ််မှာ ရှုရိလူမျိုးတို့၏ ဝင််ရောက််တိုက််ခိုက််ဖျက်ဆီးမှုကို နှစ််အတန်ကြာအောင်် ခံရခြင်းဖြစ််သည်် (၃ရာ-၁၉း၁၃-၁၈၊ ၄ရာ-၈း၁၂-၁၃ ၊ ၁ဝး၃၂-၃၃ ၊ ၁၃း၃-၈)

ရှုရိတို့၏ ဖိနှိပ််ချုပ််ချယ််မှုအောက််မှ ဣသရေလတို့့ နောက်ဆုံးလွတ်မြောက်လာသောအခါ ဣသရေလပြည်် အသစ်တစ််ဖန် ကြီးပွားတိုးတက်လာသည််။ အထူးသဖြင့် ဒုတိယယေရောဗောင််မင်းလက်ထက််၌ဖြစ်သည်် (၇၉၃-၇၅၂ ဘီစီ၊ ၄ရာ-၁၄း၂၃-၂၅)။ ထိုသို့ ကြီးပွားတိုးတက်လာသည််နှင့််အမျှ ဘုရားတရား၌စောင့််ရန် ပို၍ပျက််ကွက််ခြင်း၊ တရားမျှတမှုမရှိခြင်း၊ မတော််မတရားပြုခြင်း၊ ဘာသာရေးယိုယွင််းပျက််ဆီးမှုရလဒ််များ ဖြစ််ပေါ်လာခဲ့သည််။ ထို့ကြောင့် ပရောဖက််အာမုတ်နှင့် ဟောရှေတို့က အပြစ််များသော နိုင်ငံအပေါ် ဘုရားသခင်၏စီရင််ခြင်းကျရောက်မည်ဟု ကြေငြာသည်် (အာ-ရး၈-၁၁)။ ထိုစီရင်ချက်မှာ မြောက််ပိုင််းနိုင််ငံအား အာရှိရိတို့ ဝင်ရောက််တိုူက်ခိုက််သိမ်းပိုက်ပြီး လူတို့အား အာရှရိပြည််သို့ ချုပ်နှောင်ခေါ်သွားခြင်းဖြစ်သည်် (၇၂၂ ဘီစီ၊ ၄ရာ-၁ရး၅-၆)။ မြောက််ပိုင်းနိုင််ငံ၏ အဆုံးသတ်ခြင်းပင််ဖြစ်သည်။ ဣသရေလဘုရင်် တစ််ဆယ့့်ကိုးဦးသည်် မင်းဆက် ကိုးဆက်ကြာ အုပ်ချုပ်ခဲ့ကြသည််။

ထို့နောက်် အခြားနယ််များမှ လူတို့ကို မြောက််ပိုင််းနို်င်ငံအတွင််း အာရှရိတို့ နေရာချခဲ့ကြသည််။ အထူးသဖြင့် ရှမာရိမြို့ အလယ်ပိုင််းဒေသတွင််ဖြစ်သည််။ ထိုသူတိုု့သည်် ဣသရေလပြည််တွင်် ကျန်ရစ််သူများနှင့်် အိမ်ထောင််ပြုကြပြီး၊ သူတို့၏ဘာသာနှင့်် ဣသရေလဘာသာ ရောစပ််သွားကြသည််။ ထိုလူမျိုးသစ််မှာ သွေးနှော၊ ဘာသာနှော၊ ရှှမာရိလူမျိုးဟု သိရသည််။ စစ််မှန်သော ဣသရေလတို့က သူတို့့အား စက််ဆုပ်ကြသည်် (၄ရာ-၁ရး၂၄-၃၃)။

ထိုအချိန်အတွင်းမှာပင်် မိမိတို့ လွတ်လပ်ရေးကို ထိန်းသိမ်းထားနိုင်ရန် ယုဒနိုင်ငံကက ရုန်းကန်နေကြရသည််။ နောက််ဆုံး ဗာဗုလုန်တို့ လက်အောက််သို့့ ဣသရေလနိုင်ငံကျရောက််ပြီး ယုဒလူတို့အား ဗာဗုလုန်ပြည််သို့့ ဖမ််းဆီးခေါ်ဆောင်သွားခြင်းခံရကကာ ၊ ယေရုရှလင်မြို့လည််း ဖျက််ဆီးခြင်းခံခဲ့ရသည်် (၅၇၈ ဘီစီ၊ ၄ရာ-၂၅း၁-၁၂)။ ဣသရေလများ ဗာဗုလုန်ပြည််၌ ချုပ််နှောင််ခံနေရချိန်အတွင်း သူတို့၏အမျိုးသားရေးရာနှင့်် ဘာသာရေးဆိုင််ရာ သီးခြား ရပ််တည်မှုကို တောင််ပိုင််းသား ဣသရေလလူတို့ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည််။ မြောက််ပိုင််းသားတို့မှာမူ ထိုကဲသို့မဟုတ်ပဲ နေရာအနှံ့အပြားတွင် ကွဲလွှင့််သွားကြပြီး ဒေသခံလူများအတွွင််း ရောနှောကျင့်သုံးနေထိုင််သွားကြတော့သည််။

၅။ ပြန်လည်တည််ဆောက်သောနိုင််ငံ

(၅၉၃) ဘီစီတွင် ဗာဗုလုန်တိ်ု့့အား ပေရသတိတို့က တိုက်ခိုက်အောင််မြင်ပြီးနောက်် ဗာဗုလုန်တို့့၏ ဖမ်းဆီးချုပ််နှောင််ခံနေရသူတို့အား မိမိတို့တိုင််းပြည််သို့ပြန်ခွင့်ပြုခဲ့သည််။ ထိုအချိန််တွင်် ဣသရေလ လူအမြောက်အများလည််း ပါလတိနပြည်် (ဌာနေ) သို့ ပြန်လာကြပြီး ဇေရုဗဗေလနှင့်် ယဇ်ပရောဟိတ်မင်း ယောရှု ဦးဆောင််မှုအောက်တွင် တိုင်းပြည််ကို ပြန််လည်စတင််တည်ထောင််ကြသည််။ (၅၁၅) ဘီစီတွင် ဗိမာန််တော် ပြန်လည် တည််ဆောက််မှုပြီးစီးသည်် (ဧဇ-၁း၁-၄၊ ၅း၁-၂၊ ၆း၁၄-၁၅)။

ဣသရေလလူတို့သည်် မိမိတိုု့တိုင်းပြည််သို့ ပြန်လည်ရောက််ရှိနေကြသော််လည်း ပေရသတို့၏ အုပ်ချုပ််မှုအောက်တွင် ဆက်လက်တည်ရှိနေကြဆဲဖြစ်သည်။ သို့ဖြင့် သူတို့ပေါင်းစည််းညီညွတ်ကြသည််။ မြောက််ပိုင််းသားနှင့်် တောင််ပိုင််းသားဟူ၍ ခွဲခြားမှုမျိုးမထားရှိကြတော့ပေ။ ပြန်လည်တည်ဆောက်သော နိုင်ငံအား ယုဒ (သို့မဟုတ်) ဣသရေလပြည််ဟု ခေါ်နိုင််သည်။ အကြောင််းမှာ ယခင် ဣသရေလပြည််ကြီး၏အဆက််ဖြစ်ခြင်းကြောင့်် ဖြစ််သည််။ လူအများစုမှာ ယုဒလလူမျိုးများဖြစ်ကြသည််။ ထို့ကြောင့်် ဣသရေလလူတို့့အား “ဂျူး” များဟု အများသိကြသည််။ ဂျူးဟူသောအမည်မှာ ယုဒလူအတိုကောက််ဖြစ််သည််။

ဣသရေလပြည်် မြို့ရိုးတည််ဆောက်ရာတွင်် အရှေ့ပိုင်း၌ စိတ်အားထက််သန်မှုများရှိခဲ့သော််လည်း နောက်ပိုင််းတွွင်် ဒေသခံပတ်ဝန််းကျင််တို့၏ ဟန့််တား မနာလိုခြင်းတို့ကြောင့်် စိတ်ဓါတ်များ ယုတ်လျော့့လာသည််။ ထိုနည်းတူ လူတို့၏ ၀ိညာဉ်ရေးအသက််တာ၌လည််း အားနည််းလာကြသည််။ သူတို့၏စိတ်အားငယ််မှု၊ ၀ိညာဉ််အသက််တာ အားနည််းခြင်းများကို ပြုပြင််တိုုက််တွန်း ခွန်အားပေး လှုံ့ဆော်ရန် ၄၅၈ ဘီစီတွင်် ပေရသိတို့၏ အမိန့့်အာဏာဖြင့် ယဇ််ပုရောဟိတ်နှင့်် ဆရာဖြစ််သူ ဧဇရ ယေရှုရှလင််မြို့သို့ ရောက်လာသည် (ဧဇရ-ရး၁-၁၀)။ ဧဇရ၏ အားထုတ်ဦးဆောင််ခြင်းကြောင့်် အောင််မြင်မှုအနည်းငယ််ရခဲ့သည််။ ထို့နောက်် တစ်ဆယ့််သုံးနှစ်အကြာတွင် နေဟမိ လာရောက််ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယေရှုရှလင်မြို့၌ ကြီးမားသော ပြောင််းလဲဲမှု ဖြစ်လာသည်။ နေဟမိအား ယေရှုရှလင််မြို့၏ မြို့တော််ဝန််အဖြစ်် ပေရသိမှ အာဏာပိုင််တို့က ခန့်အပ်၍ ဧဇရနှင့််အတူ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့်် ဣသရေလပြည််အတွွက် ပြောင််းလဲဲမှုများ ရရှိခဲ့သည်် (နေ-၂း၁-၈၊ ၈း၁-၄၊ ၈ ၊ ၉း၁-၃)။

ဧဇရနှင့် နေဟမိတို့၏ ဦးဆောင်ခြင်းဖြင့် ထိုပြုပြင််ပြောင််းလဲမှုများမှ နောင််လာမည့််နှစ််များအတွင်း တိုးတက််ဖြစ််ထွန်းမှုများစွာ ပေါ်ပေါက်လာသည််။ ထိုအထဲတွင် သင်ကြားရန်နှင့်် ဝတ်ပြုကိုးကွယ််ရန် တရားဇရပ််များ၊ ကျမ်းစာရေးသားပြုစုသူ ကျမ်းတတ်ဆရာများ  ဂျူးရေးရာများကို စီရင််ဆုံးဖြတ်သည့်် ဂျူးလွွှတ်တော်ကိုတည််ထောင််သည််။

၆။ ဟေလသနှင့်် ရောမခေတ်များ

ထိုဒေသအတွင်း မိမိ၏တန်ခိုးအာဏာကို ဟေလသအောင်နိုင်သူ မဟာ အလက်ဇန္ဒြားက ဖြန့်ချီလိုက််သောအခါ (၃၃၄-၃၃၁ ဘီစီ) ဟေလသလက်အောက်သို့ ဣသရေလပြည်် ကျရောက််ခဲ့သည််။ မကြာမီ အလက်ဇန္ဒြား၏ အင်ပါယာကြီးမှာ နယ်ပယ််များ ခွဲခြမ်းရရာ၊ ပထမပိုင််းတွင် ဣသရေလပြည်မှာ အဲဂုတ္တုနယ်အတွင်း ကျရောက််ခဲ့ပြီး နောက််ပိုင််းတွင် ရှှုရိအပိုင််းသို့့ ကျရောက််သွားသည်။ (၁၉၈ ဘီစီ) ထိုအချိန်၌ ဂျူးတို့အပေါ် ဟေလသတို့၏ ဓလေ့ထုံးစံနှင့်် အတွေးအခေါ်များက သြဇာညောင်းလာပြီဖြစ််သောကြောင့်် ဂျူးအချင်းချင်းလည်း ကွဲပြားစပြုလေသည််။ ဟေလသတို့၏ လွှမ်းမိုးမှုကို အချို့က အားပေးပြီး အချို့ကမူဆန့်ကျင်ကြသည်။ ဤသို့့ဖြင့် ဂျူးတို့တွင်် ဖာရိရှဲဲနှင့်် ဇဒ္ဒုကဲဟူသော အုပ််စုနှစ််စု စတင််ပေါ်ပေါက်လာသည််။ ယေရှုရှလင််မြို့တွင်် ထိုအုပ််စုနှစ််ခုအကြား ခိုက််ရန််ဖြစ်ပွားလာသည့််အခါ ရှုရိပြည်၌ရှိသော ဟေလသအုပ််ချုပ််သူများက ဂျူးတို့အပေါ် မုန််းတီးသည့်် စိတ်ဖြင့် ဂျူးလူမျိုးနှင့်် ဂျူးဘာသာကို ဖျက််ဆီးပစ််ရန်ကြိုးစားခဲ့ကြသည််။ သို့သော််လည်း ဂျူးတို့က ပြင််းထန်စွာ ပြန်လည်တိုက်ခိုက််၍ (၁၆၅ ဘီစီတွင် ဗိမာန်တော််ကို ပြန်လည်သိမ်းပိုက််နိုင်သည်) (၁၄၃ ဘီစီတွွင်လည််း နိုင်ငံရေးလွှတ်လပ််မှုအပြည့့််အဝ ပြန်ရရှိခဲ့သည်။) ဂျူးလူမျိုးများသည်် ဗာဗုလုန်၊ ပေရသိနှင့် ဟေလသတို့၏လက်အောက်တွင် နှစ််ပေါင်း ၄၆၀ ကြာပြီးနောက် ဂျူးတို့ တစ််ဖန်် လွတ်လပ်ခဲ့ခြင်းဖြစ််သည်။

အခြားတိုင်းတစ််ပါး၏ အုပ််ချုပ််မှုအောက်မှ လွှတ်မြောက််လာကြသော််လည်း ဂျူးအချင်းချင်း ဆက််လက်တိုက််ခိုက််လျက်ရှိကြသသည်။ ထို့ကြောင့် တိုင်းပြည််အင်အား ကြီးထွားသင့့်သည့််အလျောက်် မကြီးထွားပဲ အားအင်လျော့နည်းလာခြင်းကြောင့်် ရောမတို့၏ တန်ခိုးအာဏာကို ခုခံနိုင််စွမ်းမရှိပဲ သူတို့၏ အုပ််ချုပ််မှုအောက််သို့ ကျရောက််ခဲ့သည််။ ထိုသို့ဖြင့် ၆၄ ဘီစီတွင်် ဂျူးတို့၏ လွှတ်လပ်ရေးမှာ ဆုံးခန်းတိုင်ခဲ့သည််။

ထိုဒေသအတွင််း နိုင််ငံရေးအခြေအနေ ဆက်လက်ရှုပ််ထွေးလျက်ရှိရာ ၃၇ ဘီစီတွင် ဂျူးသွေးတစ််ဝက််ပါသူ ဟေရုဒ်အား ဂျူးတို့ကို အုပ်ချုပ််ရန် မင်းမြောက်ခဲ့သော်လည်း ရောမကပင်် အုပ််ချုပ်ဆဲဖြစ်သည်။ ဟေရုဒ််သေဆုံးပြီးနောက်် ရောမဘုရင််ခံများဖြင့်် ရောမ၏ တိုက််ရိုက််အုပ််ချုပ််မှုအောက််သို့့ ယုဒပြည််ကျရောက််ခဲ့ပြန်သည်် (အေဒီ ၆)။

ဂျူးတို့အထဲတွင် ဇေလုပ််ဟုခေါ်သော ရောမကိုဆန့်ကျင်သည့် အစွန််းရောက််ဝါဒီများရှိပြီး ရောမတို့အား တိိုက််ခိုက််ရန် အခွင့််အရေးကို အမြဲတမ်းရှာနေသူများဖြစ််သည်။ အေဒီ (၆၆) ခန့်တွင်် ပုန်ကန်မှုဖြစ်ပွားသည််။ ထိုပုန်ကန်မှု၏ ရလဒ်မှာ ရောမတို့၏ တိုက်ခိုက်အောင်မြင်မှုကိုခံရပြီး အေဒီ (၇၀) တွင် ယေရှုရှလင််မြို့ ဖျက်ဆီးခြင်း ခံရကာ ဣသရေလလူတို့၏ အမျိုးသားရေးအသက််တာရပ််တန့်သွားသည််။ သို့သော်် (အေဒီ ၁၉၄၈) ၌ ဣသရေလပြည်ါ် ပြန်လည်ဖြစ်ပေါ်လာသည််။

သမ္မာကျမ်းစာ၏ အမွေအနှစ်များ

May God Bless You

Leave a Reply

Your email address will not be published. Required fields are marked *