ခရစ်တော်၏ဝိရောဓိစကားတော်များ

မာတိကာ

အယ်ဒီတာ၏အမှာစာ

၁။        နိဒါန်း

၂။         ပဟေဠိများ၏အဖြေကိုရှာခြင်း

၃။        ချီပင့်ပေးနိုင်သော ထမ်းပိုး

၄။        ငြိမ်သက်ခြင်းအတွက်ဓါး

၅။        မနက်ဖြန်နှင့်ပတ်သက်သည့်ဝိရောဓိစကားတော်နှစ်မျိုး

၆။        ချုပ်နှောင်ခြင်းခံရမှ လွတ်လပ်မည်

၇။        ယုံကြည်ကိုးစားလျက်နှင့် ကြောက်စိတ်ရှိနေရမည်

၈။        နောက်ကျသောသူသည် အရင်ကျလိမ့်မည်

၉။        သည်းခံစိတ်ရှိသော တန်ခိုးတော်ရှင်

၁၀။      ပေးအပ်မှသာလျှင် ပြန်၍ ရလိမ့်မည် (၁)

၁၁။      ပေးအပ်မှသာလျှင် ပြန်၍ရလိမ့်မည် (၂)

၁၂။       အရှုံးခံမှသာလျှင် အောင်မြင်လိမ့်မည်

 

အယ်ဒီတာ၏အမှာစာ

စာအုပ်ကောင်းတစ်အုပ် ရေးသားထုတ်ဝေနိုင်ရန် အချက်အလက်များကို ရှာဖွေစုဆောင်းနိုင် ရမည်။ ရှာဖွေစုဆောင်းထားသော အချက် အလက်များကို ထိထိမိမိအသုံးပြုပြီး ရေးသားနိုင်ရန်လည်း လိုအပ်လှပါသည်။ မြန်မာနိုင်ငံခရစ်ယာန်စာပေလောကတွင် အချက်အလက်ကောင်းများ ရှာဖွေစု ဆောင်းနိုင်ပြီးထိရောက်စွာရေးသားတင်ပြနိုင်သော ခရစ်ယာန်စာရေးဆရာကြီးမှာ ဆရာကြီးသန်လျင်ဖေသွင်ပင် ဖြစ်ပါသည်။

ယခုအကြိမ်တွင်လည်းဆရာကြီး၏ စာပေအရည်အသွေး၊အတွေးအခေါ် ထက်မြက်မှုကို ဖော်ပြသော စာအုပ်ကောင်းတစ်အုပ် ထွက်ရှိလာပါပြီ။ ဤ “ခရစ်တော်၏ဝိရောဓိစကားတော်များ” စာအုပ်သည် ခရစ်ယာန်စာပေလေ့လာသောသူများ၊ ကျမ်းစာ ကျောင်းသူ/သားများ၊ အသင်းတော်ကို ပြုစုလုပ်ကျွေးနေသောတရားဟော ဆရာမကြီးများ၊ လက်သုံးတည့်၍ အထောက်အကူပြုသော စာအုပ်တစ်အုပ်ပင် ဖြစ်ပါသည်။

ဤစာအုပ်တွင် ခရစ်တော်၏သွန်သင်ချက်များထဲ၌ နားလည်ရန်ခက်ခဲသောသွန်သင်ချက်များ၊ ဆန့်ကျင်ဘက်သဘောဆောင်သော်လည်း အနက်ဖွင့်ခြင်းဖြင့် ဆန့်ကျင်ဘက်မဟုတ်ဘဲ၊ တစ်သဘောတည်းဖြစ်သော သွန်သင်ချက်များကို ရိုးစင်းလွယ်ကူစွာ နားလည်သဘောပေါက်နိုင်အောင် အနက်ဖွင့်ကျမ်းသဖွယ်ဖွင့်ဆိုရေးသားထားသောကြောင့် ခရစ်ယာန်များ အသက်ရှင်ခြင်း၌မရှိမဖြစ် လက်ဝယ်ပိုက်ထားရမည့် စာအုပ်ကောင်း ဖြစ်ပါသည်။

ထုတ်ဝေဖြန့်ချိအယ်ဒီတာ

 

အခန်း(၁)

နိဒါန်း

ဤစာအုပ်အတွက် ခေါင်းစဉ်ရွေးခဲ့ရာတွင် ကျွန်တော့်အဖိုHအခက်အခဲ ရှိခဲ့ပါသည်။

ခရစ်တော်ဟောပြောသွန်သင်ခဲ့ရာတွင် အချိုသော သြဝါဒများသည် နားလည်ရန် အလွန်ခက်ခဲသောစကားများ ပါရှိတတ်သောကြောင့် ကျွန်တော်၏စာဖတ်ပရိသတ်ထံမှ စာများအား ဖြင့်သော်လည်းကောင်း၊ ကျမ်းစာသင်တန်းများတွင်သော်လည်းကောင်း၊ ဤအချက်များကို မေးမြန်းဖြေရှင်းခိုင်းလေ့ရှိပါသည်။ စာအုပ်ရေး၍အနက်ဖွင့်ဝေလိုကြောင်း ပြောခဲ့ကြပါသည်။

ဤစာအုပ်၏အမည်ကို ပထမတွင် “ခရစ်တော်၏ခက်ခဲနက်နဲသော စကားတော်များ”ဟူ၍ ပေးရန်ဆုံးဖြတ်ခဲ့ပါသည်။ ထိုသို့ဆိုရာ၌ ခရစ်တော်သွန်သင်ခဲ့ရာတွင် အသုံးပြုခဲ့သော (Paradox)များကို ဆိုလိုပါသည်။

Paradox ဟူသော အင်္ဂလိပ်စကားကို အင်္ဂလိပ်အဘိဓါန်တွင် လေ့လာကြည့်သောအခါ “သာမန်အားဖြင့် ကြည့်သော ယုတ္တိမရှိ၊ စိစစ်ကြည့်သောအခါ အခြေအမြစ်ရှိသော အကြောင်း အရာများဟူ၍ တွေ့ရပါလိမ့်မည်။ အင်္ဂလိပ် “ဝက်(ဘ်)စတာ အဘိဓါန်”ကို ကြည့်ပြန်လျှင် “ဆန့်ကျင်ဖက်ဖြစ်နေ၍ လွဲမှားဟန်ရှိသော်လည်း သေချာစွာ ဝေဖန်သုံးသပ်ကြည့်သောအခါ မှန်သောစကားများ”ဟူ၍ အဖြေပေးထားပါသည်။

အမည်မှာ ရှည်လွန်းနေ၍ ဆရာဦးကြီးမောင် (ငွေဥဒေါင်း)အား အကြံဉာဏ်တောင်းခဲ့ရာ “ဝိရောဓိစကားတော်များ”ဟူ၍သုံးရန်အကြံပေးခဲ့ပါသည်။ ထို “ဝိရောဓိ’ဟူသောစကားကို အသုံးပြုလျှင်လည်း စဉ်းစားစရာအကြောင်း အချက်နှစ်ချက်ရှိနေပြန်ပါ၏။

ပထမ အချက်မှာ ထိုစကားသည် ပါဠိသက်စကားဖြစ်နေပြီး ကျွန်တော်၏စာဖတ်ပရိသတ် အများစုမှာ မြန်မာလူမျိုးများသာမက တိုင်းရင်းသား လူမျိုးစုများလည်း ပါရှိနေရာ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုများအနေဖြင့် ပါဠိသက်စကားမျိုးကို မကျွမ်း ကျင်၍ နားရှုပ်သွားဖွယ်ရာ ရှိနေသောကြောင့် ယင်းစကားကို ရှောင်ရှာလိုခဲ့ပါသည်။

ဒုတိယ အချက်မှာ “ဝိရောဓိ’ဟူသောစကားကို မြန်မာအဘိဓါန်အတွဲ(၄)၊ စာမျက်နှာ(၁၅၃)တွင် အပြန်အလှန်ဆန့်ကျင်နေသော သဘောတရားများ၊ ရှေ့နောက်မညီသောစကားများဟူ၍ အနက် ဖွင့်ထားသည်ကို တွေ့ရသောအခါ Paradox ဟူသောအင်္ဂလိပ်စကားနှင့်မညီဘဲ ဖြစ်နေပြန်ပါသည်။

သို့သော် ဝိရောဓိ’ဟူသောစကားသည် အတိအကျမမှန်စေကာမူ တိုတောင်းသည်။ ထို့ပြင် ကျွန်တော်၏ အမှာစကားတွင်ရှင်းပြလိုက်ပါက စာဖတ်ပရိသတ် သဘောပေါက်သွားလိမ့်မည်ဟု ဆုံးဖြတ်ပြီး ဤစကားကိုပင် ရွေးချယ်လိုက်ခြင်းဖြစ်ပါ၏။

“ခရစ်တော် သွန်သင်ခဲ့သောဩဝါဒများသည် ရှင်းလင်းလွယ်ကူသော တရားတော်များ ဖြစ်သော်လည်း သီဩလော်ဂျီမ္မပညာရှင်များကြောင့် ရှပ်ထွေးကုန်ပါပြီ’ဟူ၍ တပည့်တော်အချို့က ပြောလေ့ပြောထရှိကြပါသည်။

မှန်သင့်သလောက်လည်း မှန်ပါ၏။

ကိုယ်တော်၏တရားနာပရိသတ်အများစုမှာ ပညာမဲ့လူတန်းစားများ၊ သာမန်ပုဂ္ဂိုလ်များသာ ဖြစ်၍ ကျမ်းတတ်ဆရာများ၊ ပညာရှင်များ နည်းပါးလှပါသည်။ “ရှင်းလင်းလွယ်ကူသော တရား တော်ဟုဆိုရာ၌ သာမန်လူပြိန်းတစ်ဦးနားလည်သဘော ပေါက်လွယ်သောစကားဟူ၍ ယေဘုယျအားဖြင့်ဆိုရပါလိမ့်မည်။

သို့သော် ခရစ်တော်၏ ဩဝါဒအချိုမှာ အကယ်ပင်ရှင်းလင်းလွယ်ကူပါရဲ့လား။ ကိုယ်တော်၏ဩဝါဒများကို သေချာစွာဖတ် ရှုလေ့လာကြည့်ပါ။ အချိုသော နေရာများ၌ ပဟေဠိဆန်သောစကားအများအပြားကို တွေ့ရပါလိမ့်မည်။

သာဓကများ ပြပါမည်။

ကိုယ်တော်က“မိမိအသက်ကို ကယ်ဆယ်နေသောသူသည် ဆုံးရှုံးလိမ့်မည်။ မိမိအသက်ကို အရှုးခံသောသူမှသာလျှင် အသက်ရလိမ့်မည်”(မဿဲ၊ ၁၀း၃၉၊ ၁၆:၂၅။ မာကု၊ ၈း၃၅)။ “အကြင်သူသည် ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်။ အကြင် သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကို ပင်မှုတ်လိမ့်မည်(မဿဲ ၁၃း၁၂၊၂၅:၂၉။ မာကု၊ ၄း၂၅။ လုကာ၊ ၈း၁၈၊ ၁၉း၂၆)။ “နောက်ကျသော သူများတို့သည် အရင်ကျကြလိမ့်မည်”ဟူ၍ နားလည်ရန်မလွယ်သောစကားမျိုးတို့ကို မြွက်ကြားခဲ့ပါ၏(မဿဲ၊ ၁၉း၃၀၊ ၂၀း၁၆။ မာကု၊၁၀း၃၁။ လုကာ၊ ၁၃း၃၀)။

ထိုမျှသာမက တရားတော်၏သဘောအားဖြင့် ဆိုရလျှင်“မသိနားမလည်မှသာလျှင် ပညာကို ရနိုင်မည်” “အရှုးခံမှသာလျှင်အနိုင်ရလိမ့်မည်” “ချပ်နှောင်ခံမှ လွတ်မြောက်မှုကို ခံစားရမည်”“အသေ ခံမှသာလျှင် အသက်ရှင်လိမ့်မည်” “ပေးမှသာလျှင် ပြန်ရလိမ့်မည်”ဟူသော စကားတော်မျိုးကို လိုက်လံဟောပြောနေပြန်ပါသေးသည်။ ထိုကြောင့် ခရစ်တော်ကို ဓမ္မပညာရှင်များက ခက်ခဲနက်နဲ၍ ပဟေဠိဆန်သော စကားတော်များကို အများဆုံးပြောခဲ့သူ (Supreme Maker of Paradoxes)ဟူ၍ ခေါ်ခဲ့ခြင်းဖြစ်သည်။

ခရစ်ဝင်ကျမ်းများကို ဆက်လက်လေ့လာကြည့်ပါဦး။

“ပညတ္တိကျမ်းရှိ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ်လုံးကိုမျှမဖျက်’ဟူ၍ ပြောခဲ့သောအရှင်က “ရှေးပညတ်စကားတိုကို သင်တို့ကြားရပြီ။ သို့သော် ယခု ငါပညတ်သည်ကား’ဟူ၍ ထိုပညတ္တိကျမ်း များကို ဖြည့်စွက်ရုံမက အချိုနေရာများတွင် လုံးဝပြုပြင်ပြောင်းလဲဟောပြောနေခဲ့သောကြောင့် ရှေးလူဟောင်းတို၏ ပညတ်တို့ကိုအသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်နေသူများ၏ မုန်းတီးခြင်းကို ခံခဲ့ရပါ၏။

ကိုယ်တော်သည် သမားတော်ကြီးအဖြစ်ကြွလာပြီး လူများ၏ရောဂါဝေဒနာများကို ပျောက်စေ လျက် နာကျင်မှုမှန်သမျှကို ဖယ်ရှားပစ်နေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် စွန့်လှူပူဇော်ပြီး အနာ ခံကြရန်၊ မိမိကိုယ်ကို ငြင်းပယ်ရုံမက ညှဉ်းပန်းနှိပ်စက်အသေခံကြ ရန်ပင် မိန့်တော်မူနေပြန်ပါ သေးသည်။

လူအများကို သနားကြင်နာသောစိတ်ထားဖြင့် ဝန်ထုပ်များကို ဖယ်ရှားပေးနေစေကာမူ “ကားတိုင်ထမ်းခိုင်းပြီး “ထမ်းပိုးကိုထပ်မံတင်ပေးနေပြန်ပါ၏။

ဂေသရှေမန်ဥယျာဉ်ထဲ၌ ရှင်ပေတရုက လူတစ်ဦးအား ဓါးဖြင့် ခုတ်၍ခုခံသောအခါ “ဓါးကို ကိုင်သောသူတိုသည် ဓါးဖြင့်ဆုံးခြင်းသို ရောက်ကြလိမ့်မည်ဟု တားမြစ်ဆုံးမခဲ့သော်လည်း(မဿဲ။ ၂၆:၅၂) ကိုယ်တော်တိုင်က နောက်ဆုံးသော ညစာစားပြီးသည့်နောက် တမန်တော်တို အား “ဓါးမရှိ သောသူသည် အဝတ်ကိုရောင်း၍ ဓါးကိုဝယ်စေဟု စေခိုင်းခဲ့ပြန်၏(လုကာ၊ ၂၂း၃၆)၊

ထိုမျှသာမက “မြေပေါ်သိုငြိမ်သက်ခြင်းကိုစေလွှတ်ခြင်းငှာငါလာသည်ဟု မထင်ကြနှင့်၊ ဓါးကိုလွှတ်အံ့သောငှာ ငါလာသတည်း”ဟု မိန့်တော်မူပြန်သောအခါ ပို၍စိတ်ရှုပ်ထွေးစရာ ဖြစ်လာ ပြန်သည်(မဿဲ၊ ၁၀း၃၄)။

နာဇရက်မြိုသားယေရှုသည် စိတ်အားတက်ကြွထက်သန်စွာ လုပ်ကိုင်၍ နောက်တော်သို လိုက်လိုသူများကို ငြင်းပယ်ခဲ့ပြီး တက်တက်ကြွကြွ လုပ်ကိုင်နေသော “မာသ”ကို ပြစ်တင်ရှုတ်ချကာ အေးဆေးငြိမ်သက်စွာ ထိုင်နေသမာရိကို ချီးကျူးခဲ့ပြန်၏ (လုကာ၊ ၁၀း၄၂)။

တောင်ပေါ်ဒေသနှာ၌ ကိုယ်တော်က’နက်ဖြန်အတွက် မစိုးရိမ်ကြနှင့်”ဟု ဆုံးမခဲ့သော်လည်း “တိုက်ကိုတည်ဆောက်သောအခါ ရှေးဦးစွာထိုင်၍ ငွေလောက်မည်၊ မလောက်မည်ကို ကြိုတင်တွက် ချက်ရမည်။ စစ်ပြိုင်မည်ဟု အကြံရှိလျှင် လူမည်မျှနှင့်ခံနိုင်မည်။ မခံနိုင်မည်ကို ဆင်ခြင်စေပြီး နက်ဖြန်အတွက် ကြိုတင်စဉ်းစားခိုင်း နေခဲ့ပြန်ပါသေးသည်(မဿဲ၊ ၆း၃၄။ လုကာ၊ ၁၄:၂၈-၃၂)။

“နှောင့်ယှက်သောသူကို မတားဆီးကြနှင့်”ဟူ၍ သွန်သင်ခဲ့သော ဆရာကိုယ်တော်တိုင်က ဗိမာန်တော်ထဲ၌ ငွေလဲလှယ်ပြီး ဆင်းရဲသားတို့အား နှောင့်ယှက်နေသောသူများကို ရိုက်နှက်၍ စားပွဲခုံများကို တွန်းလှန်ခဲ့သည်(မဿဲ၊ ၅း၃၉၊ ၂၁း၁၂-၁၃။ မာကု၊ ၁၁း၁၅-၁၇။ လုကာ၊ ၁၉း၄၅-၄၆။ ယော၊ ၂း၁၃-၁၆)။

ကိုယ်တော်တိုင်က “သူတစ်ပါးတိုအား စစ်ကြောစီရင်ဆုံးဖြတ်ခြင်းကို မပြုကြနှင့်”ဟု မိန့်တော်မူခဲ့ပြီး မှားယွင်းခြင်းအမှုကို ပြုသော အမျိုးသမီးအား စစ်ကြောစီရင်ခြင်း မပြုစေကာမူ ဖာရိရဲ့ တို့၏ ပြုမူနေထိုင်ကျင့်သုံးပုံကို ပြတ်သားစွာ စစ်ကြောစီရင်ဆုံးဖြတ်ပြီး“သင်တို့ သည် အမင်္ဂလာ ရှိကြ၏”ဟု အတည့်အလင်းမိန့်တော်မူခဲ့၏။

ဤအချက်များကို သေချာစွာသုံးသပ်ကြည့်လျှင် ခရစ်တော် ၏တရားတော်ကို လွယ်ကူရှင်း လင်းသော ဩဝါဒများ’ဟူ၍ ဆိုနိုင်ပါ့မည်လောဟူ၍ စောဒက တက်လာနိုင်ပါ၏။ သိုကြောင့်လည်း ကိုယ်တော်၏မိတ်ဆွေများ၊ မိသားစုနှင့်ဆွေမျိုးများက “သူသည်အရူံးဖြစ်၏(တစ်နည်း) ကိုယ်တော် သည် ရူးနေပြီ’ဟူ၍ ဝေဖန်ပြောဆိုခဲ့ကြခြင်းဖြစ်ပါ၏(မာကု၊ ၃း၂၁)။

သို့ဖြစ်စေကာမူ ခရစ်တော်၏ဩဝါဒများသည် အလွန်ပင်ထူးခြားလှပါ၏။ ဥပမာအားဖြင့် ရှင်းပြလိုပါသည်။

စုံထောက်ဝတ္ထုတစ်ပုဒ်ကို ကျွန်တော်တို ဖတ်ကြပါလျှင်ပဟေဠိပေါင်းများစွာကို တွေ့ရပါလိမ့် မည်။ ဇာတ်လမ်းကိုဆက်လက်ဖတ်ရှလေလေ ရှပ်ထွေးဖွယ်ရာပေါင်းများစွာကို တွေ့ရလေလေဖြစ်လာ ပြီး လူသတ်သမားမှာ ဤသူ သိုမဟုတ် ထိုသူဖြစ်ရမည်ဟု ကျွန်တော်တို့ခန့်မှန်းလေ့ ရှိတတ်ကြသည်။ သို့သော် ဇာတ်လမ်းဆုံးသောအခါမှ သံသယဖြစ်စရာအကောင်းဆုံးသောသူသည် လူသတ်ကောင်မ ဟုတ်ဘဲ အလွန်ပင်ရိုးသားဖြောင့်မတ်၊ အပြစ်ကင်းမဲ့ပုံရသူသည်နောက်ဆုံး၌ မထင်မမှတ်ဘဲ လူသတ်သမားဖြစ်နေသည်ကို တွေ့ရတတ်ပါသည်။

အတိုဆုံးနှင့်အလွယ်ဆုံးနည်းဖြင့် ပြောရသော် စုံထောက်ဝတ္ထု သိုမဟုတ် လျှိဝှက်သည်းဖို ဝတ္ထုကိုဖတ်လျှင် အရိုးသားဆုံးအဖြောင့်မတ်ဆုံး၊ လူသတ်သမားမဖြစ်နိုင်ဆုံးဟူ၍ စာရေးဆရာ သရုပ်ဖော်ထားသော ဇာတ်ကောင်တစ်ဦးကို “လူသတ်သမား’ဟူ၍ ကြိုတင်သတ်မှတ်ထားလျှင် ဇာတ်လမ်းအဆုံး၌ အများအားဖြင့် မှန်နေသည်ကို တွေ့ရလေ့ရှိပါ၏။ တစ်နည်းဆိုရပြန်သော် မိမိ၏အတွေးအခေါ်ကို ပြောင်းပြန်တွေးခေါ်လိုက်လျှင် မှန်ကန်နေသည်က များတတ်ပါ၏။

ခက်သည်က ခရစ်တော်ဟောပြောနေသော ပဟေဠိ သို့မဟုတ် ပုစ္ဆာများကို ပြောင်းပြန်တွေးခေါ်လိုက်လျှင် အဖြေထွက်ပေါ်လာလိမ့်မည်မဟုတ်ပါ။ ခရစ်တော်ဟောပြောနေသော ပဟေဠိများကို ပြောင်းပြန်တွေးခေါ်လိုက်ရုံမျှနှင့် ရှင်းမသွားပါ။ အဓိပ္ပာယ်ပေါ်လွင်၍ မသွားပါ။

ကိုယ်တော်၏ဟောပြောသွန်သင်ချက်များကို သာမန်ပညာမဲ့လူပြိန်းတို့ အများစု ဝိုင်းရံနား ထောင်လေ့ရှိသည်ကို ကျွန်တော်တင်ပြပြီးပါပြီ။ ထူးခြားသည့်အချက်တစ်ရပ်မှာလည်း ထိုလူပြိန်း ပေါင်းများစွာက ဩဝါဒများကို နှစ်ထောင်အားရ နာယူပြီး ခေါင်းညိတ်လက်ခံနေခြင်းပင်ဖြစ်ပါ၏။ အကြောင်းရင်းမှာ ကိုယ်တော်ဟောပြောနေခဲ့သမျှသည် လက်တွေ့သဘောအရ လက်ခံနိုင်သော ကြောင့်သာမက ဆင်ခြင်တုံ တရားနှင့်လည်း ကိုက်ညီနေသောကြောင့် လူပေါင်းများစွာက ရင်သပ်ရှုမောမိန်းမောတွေဝေပြီး “ကိုယ်တော့်ကဲ့သို တစ်စုံတစ်ဦးကမျှ မဟောပြောဖူးပါဟူ၍ပင် ဝန်ခံရသည်အထိ ဖြစ်ခဲ့ပါ၏။

လူနည်းစုကသာ “သူသည်ရူံးနေပြီ” ဟု ပြောခဲ့ခြင်းဖြစ်ပါသည်။

အကြီးကျယ်ဆုံး၊ အထူးခြားဆုံးသော ပ‌ဟေဠိမှာကားသခင်ခရစ်တော်ပေတည်း။

စဉ်းစားကြည့်ပါ။

သခင်ယေရှု၏သက်တော်စဉ်ကို လေ့လာကြည့်လျှင် ကိုယ်တော်သည် ပိုက်ဆံ၊ အာဏာမဲ့ လက်သမားတစ်ဦးဖြစ်လင့်ကစားအခက်အခဲပေါင်းမျိုးစုံကို ကျော်လွှားအောင်မြင်ကာ နောက်ဆုံး၌ ကြွယ်ဝချမ်းသာခြင်းအဖြစ်သို ရောက်သွားသူမဟုတ်ပါ။ သို့သော်“ကျွန်တော်တို့ စည်းစိမ်ချမ်း သာခြင်းခံရရေးအတွက် မိမိကိုယ်တိုင်ဆင်းရဲခြင်းကို ခံတော်မူသော ပုဂ္ဂိုလ်တော်တစ်ဦး ဖြစ်ပါ၏(၂ကော၊၈း၉)။

ဖိနှိပ်ချုပ်ချယ်ခံနေခဲ့ရသော ဆင်းရဲသားလက်သမားတစ်ဦးက သူ့အားညှဉ်းပန်းနှိပ်စက် သူများ၏ စားပွဲခုံများတွန်းလှန်မှောက်လှဲကာ အနိုင်ယူခဲ့သောအဖြစ်ကို ခရစ်ဝင်ကျမ်းအားလုံးက ဖော်ပြခြင်း မရှိခဲ့ပါ။ သို့သော် သူ့အား ကားတိုင်၌ အောင်မြင်စွာ အသေသတ်လိုက်သော လူ့ဘောင်လောကကြီးကိုပင်လျှင် လက်ညှိးထိုးပြပြီး-ငါသည် လောကကိုအောင်ပြီဟု ကြွေးကြော်နိုင်ခဲ့သော အရှင်ကိုသာ ထိုကျမ်းများက ဖော်ပြခဲ့ပါ၏။

အလွန်ထူးခြားသော ကြွေးကြော်သံပင် ဖြစ်နေသည်။

 ထိုထက်ထူးခြားသည်က စုံထောက် ဝတ္ထုများ၊ လျှိဝှက် သည်းဖိုဝတ္ထုများရှိ ဇာတ်ဆောင်များနှင့် သမိုင်းရှိ အခြားကြီးမြတ်သော ပုဂ္ဂိုလ်များ သည် နောက်ဆုံးမှအောင်မြင်မှုဖြင့် အဆုံးသတ်လေ့ရှိသော်လည်း သခင်ယေရှ၏အတ္ထုပ္ပတ္တိမှာကား ယနေ့တိုင်အောင်အဆုံး မသတ်’နိုင်ခြင်း၊ အဆုံးသတ်၍ “မရခြင်းပင်ဖြစ်၏။

ဂါလိလဲနယ်မှ ခေါင်းဆောင်လက်သမားတစ်ဦးသည် ယုဒပသခါပွဲနေ့တွင် လူပေါင်းများစွာ ရှေ့မှောက်၌ မျက်ဝါးထင်ထင်အသေသတ်ခြင်းကို ခံခဲ့သော်လည်း ယနေ့တိုင် သက်ဝင်လှုပ်ရှား နေရုံမက လောကီအသက်တာရှင်စဉ်က ‘ထက်ပင်ပို၍ စွမ်းအားကြီးမားနေခြင်းဖြစ်ပါ၏။

ထိုမျှသာမက သခင်ယေရှ၏အတ္ထုပ္ပတ္တိမှာ ယနေ့တိုင်အောင်မပြီးဆုံးသေးပါ။

အနာရောဂါပျောက်ကင်းသော ခန္ဓာကိုယ်များ၊ လူသစ်စိတ်သစ်ဖြင့် ပြောင်းလဲလာနေသူများကို ဖော်ထုတ်ပေးနေခြင်းအားဖြင့်ယနေ့တိုင်အောင် သူ၏တရားတော်ကို သက်သေထူနေဆဲ၊ နေဆဲပင်ဖြစ်သည်။

ထိုဂါလိလဲနယ်သား လက်သမား၏အကြီးကျယ်ဆုံးသောထူးဆန်းအံ့သြဖွယ်၊ ရင်သပ်ရမော ဖွယ်ရာဖြစ်ရပ်မှာလည်း သူ့အားလူများက အသေသတ်လိုက်ကြစေကာမူ သေဆုံးသွားခြင်း မရှိပေ တည်း။

* * * * *

 

အခန်း(၂)

ပဟေဠိများ၏ အဖြေကိုရှာခြင်း

သခင်ယေရှု၏ ထူးဆန်းအံ့သြဖွယ်ရာ ပဟေဠိအတွက် အဖြေရှာရာတွင် စဉ်းစားရမည့် အချက်ပေါင်းများစွာ ရှိပါ၏။

(က) ပထမမှာ သခင်ခရစ်တော်၏ စကားတော်များကို ရေးသားအံ့သြစရာတွင် အချို့့နေရာ များ၌ လွှဲမှားစွာ မှတ်တမ်းတင်ခဲ့ကြောင့် ဖြစ်သည်ဟု ဆိုနေကြခြင်းဖြစ်၏။ ခရစ်ဝင်ကျမ်းများသည် တိကျမှန်ကန်သော ဖြစ်ရပ်မှတ်တမ်းများ ပါသင့်သလောက် ပါသော်လည်း “ဝိညာဉ်ရေးသင်ခန်းစာများ လည်း ရောနှောပါဝင်နေသည်ဟု အချိုက လွယ်လင့်တကူ မှတ်ချက်ချနေကြပါသည်။

ဓမ္မပညာရှင်တစ်ဦးဖြစ်သူ “ဘန်ဒီက “ခရစ်ဝင်ကျမ်းများ၌ မှတ်တမ်းတင်ထားသော ဖြစ်ရပ်များနှင့် စကားတော်များသည် ခရစ်ယာန်တို့က ကိုယ်တော့်အား လူများက ရိုသေကိုင်း ရှိင်းလာစေလိုသော သဘောထားဖြင့်သာ ရေးသားပြုစုခဲ့ခြင်းဖြစ်သည်ဟု တစ်ခါ ကပြောခဲ့ဖူးပါ၏။ (W.E. Bundy ၏ on Discovery of Jesus) (စာ-၉၅)။

တစ်နည်းဆိုရလျှင် ခရစ်ဝင်ကျမ်းတွင် မှတ်တမ်းတင်ထားသောဖြစ်ရပ်များသည် အကယ်ဖြစ်ပျက်သည့်ကိစ္စများထက် ဘာသာရေးရှုထောင့်နှင့် ဝိညာဉ်ရေးသင်ခန်းစာများကိုသာ ဦးစားပေးရေးသားခဲ့ခြင်းဖြစ်သည်ဟု အချို့က ယူဆနေကြသည်။

ကိုယ်တော်၏နောက်တော်လိုက်များက ဝိညာဉ်ရေးသင်ခန်းစာများ ပိုမိုရုပ်လုံးကြွလာရေး အတွက် တီထွင်စရာများရှိလျှင် တီထွင်၊ချဲ့ထွင်စရာများရှိလျှင် ချဲ့ထွင်ခဲ့ခြင်းတို့ကြောင့် ဤသိုဖြစ် နေသည်ဟုဆိုကြသည်။

ကျွန်တော့်အနေဖြင့် လုံးဝသဘောမတူပါ။

နောက်တော်လိုက်တပည့်တော်များက တီထွင်ခြင်း၊ ချဲ့ထွင်ခြင်းရှိပါက ဖတ်ရှုကြသည့် တပည့်တော်များ၏အသက်တာများတွက် လက်တွေ့ အသုံးချဖိုသာလျှင် ဖြစ်ရပါမည်။ လက်တွေ့အသုံး ချနိုင်ရေးအတွက်ဆိုလျှင် သခင်ဘုရား၏ ခက်ခဲနက်နဲအဓိပ္ပာယ်ကောင်းစွာ မဖွင့်နိုင်လောက်အောင် ခေါင်းရှပ်စရာ ဝိရောဓိစကားတော်များကို မှတ်တမ်းမှ ပယ်ဖျက်လိုက်မည်သာဖြစ်ပါ၏။ သို့မဟုတ် အဆိုပါခက်ခဲသော စကားတော်များကို ရှင်းလင်းလွယ်ကူစွာ နားလည်စေရန် ဖန်တီးကြမည်မှာ လူ့သဘာဝဖြစ်သည်။ ထိုကြောင့် ဤသိုသော် အနက်ဖွင့်ဆိုချက်မျိုးသည် မဖြစ်နိုင်ပါ။

ဤခက်ခဲသောစကားများသည် အထူးအရေးကြီး လှသောကြောင့် မပယ်ဖျက်ရုံမက သူတို့ သည် ကြားနာခဲ့ရသည့်အတိုင်းအတိအကျပင် မှတ်တမ်းတင်ခဲ့ကြပါ၏။

 

(ခ)       ဒုတိယအချက်မှာ ယခုခေတ်တွင် ထိုခက်ခဲသော စကားတော်များကို မိမိသဘောပေါက်သ လောက် ရှုထောင့် တစ်မျိုးတည်း သို့မဟုတ် တစ်စိတ်တစ်ဒေသတည်းကိုသာ အနက် ဖွင့်နေတတ် သည်ကို တွေ့နေရခြင်းဖြစ်၏။ အနက်ဖွင့်နေကြသော ဓမ္မဆရာများ၊ တပည့်တော်များသည် ရှင်းလင်းစွာသဘောပေါက် နားလည်ခြင်း မရှိခြင်းကြောင့်သော်လည်းကောင်း၊ မိမိသဘောထားနှင့် ကိုက်ညီစေရန်သော်လည်းကောင်း၊ အနက်ဖွင့်နေကြသည်ကို တွေ့ရတတ်ပါ၏။

 ဓမ္မသစ်ကျမ်းအား ဖတ်ရှုသူအများစုကို လေ့လာကြည့်ပါ။

သူတို့သည် တစ်ခါတစ်ရံ ကျမ်းချက်တစ်ပိုဒ်တည်းကိုသာကွင်း၍ အနက်ဖွင့်ပြီး ကျမ်းပြိုင်များ၊ မူရင်းဘာသာစကားဖြစ်သောဂရိစကားများကိုပါ လေ့လာခြင်း မရှိတတ်ကြောင်းကို တွေ့ရလေ့ရှိတတ်သည်။

ထိုပြင် ခရစ်ဝင်ကျမ်းအားလုံးကို ဖြစ်ရပ်အလုံးစုံတို့နှင့်ကွင်းဆက်ပမာ ဆက်စပ်မှုရှိနေသမျှကို ဥပေက္ခာပြုရုံမ(Context) ဟုခေါ်သည့် ရှေ့နောက်ပါ ကျမ်းစကားများ၊ ထိုကျမ်းပိုဒ်ကို ဝန်းရံလျက်မရှိပါ။ ရှိသော အခြေအနေအရပ်ရပ်များ၊ ဂျူးလူမျိုးတို၏ ဓလေ့ထုံးစံ၊ နောက်ခံသမိုင်း၊ ထိုကျမ်းပိုဒ်ကို သခင်ဘုရားမိန့်တော်မူစဉ်က ပေါ်ပေါက်နေသော ဖြစ်ရပ်များကိုပါ ထည့်သွင်းစဉ်းစားပြီး အနက်ဖွင့်လေ့

အများအားဖြင့် ထိုကျမ်းပိုဒ်တစ်ပိုဒ်တည်းကိုသာ ဆင်ခြင်ပြီး တစ်စိတ်တစ်ဒေသမျှကိုသာ သုံးသပ် လျက် အနက်ဖွင့်နေတတ်ကြ၏။

သခင်ယေရှု၏သက်တော်စဉ်ကိုလည်း အစမှအဆုံး အတိအကျ နက်နက်နဲနဲသေချာစွာ မလေ့လာ၊ အဆိုပါ ကျမ်းပိုဒ်နှင့်ဆက်နွယ်နေသော အခြင်းအရာများ(Relationship) တိုကို သတိမမူဘဲ နေတတ်ကြသောကြောင့် အနက်ဖွင့်ရာတွင် မပြည့်စုံ၊ မမှန်ကန်ဘဲဖြစ်နေတတ်ပါ၏။

 

(ဂ)       တတိယအချက်မှာ မိမိသဘောနှင့်ကိုက်ညီမည့်အရာများကို သာလက်ခံ၍ လက်ခံလိုသော ကိစ္စများကို ဖယ်ရှားပြီး အနက်ဖွင့် နေကြပါသေး၏။

ဥပမာတစ်ခု ပြပါမည်။

“ဝန်လေး၍ ပင်ပန်းသော သူအပေါင်းတို ငါ့ထံသို လာကြလော့။ ငါသည်ချမ်းသာပေးမည် ဟူသော ကျမ်းစကားသည် နှစ်သိမ့်မှုအလွန်ရသော ကျမ်းစကားတစ်ပိုဒ်ဖြစ်ပါ၏(မဿဲ၊ ၁၁း၂၈-၃ဝ)။ သို့သော် ထမ်းပိုးကိုတင်၍ ထမ်းကြလော့’ဟူသော ကျမ်းစကားကို ဆက်၍မဖတ်ကြပါ။ မဖတ်လိုကြပါ။

ထမ်းပိုးတင်ရန်၊ ထမ်းရန်ဆိုသည်မှာ ဝန်လေးပင်ပန်းနေသူများအနေဖြင့် မလိုလားပါ။ သခင်ယေရှုက အနာရောဂါပျောက်စေခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းကိုပေးမည်ဟူသော ကျမ်းစကားမျိုးကို နှစ်သက်ကြသော်လည်း ကိုယ်တော်၏ခေတ်က တပည့်တော်များနည်းတူ ကျွန်တော်တို့ကိုလည်း မိမိကိုယ်ကိုငြင်းပယ်ရန်၊ စွန့်လှူပူဇော်ရန်၊ ကားတိုင်ထမ်းရန်ဟူ၍ မိန့်ကြားနေခြင်းကို ကျောခိုင်းနေလိုကြပြန်ပါသည်။

သခင်ယေရှုကို အနာရောဂါပျောက်စေသော သမားတော်အဖြစ်နှင့်သာ လိုလားသော်လည်း ကိုယ်တော်တိုင် အနာဒဏ်ရာဒဏ်ချက်ခံစား၊ ဝေဒနာခံစားသော “ဘုရားသခင်၏ကျွန်ရင်း”အဖြစ် မမြင်နိုင်ကြပါ။ မမြင်လိုကြပါ။

တမန်တော်ကြီးရှင်ပေတရုသည်ပင်လျှင် ဝေဒနာခံစားပြီး အသေသတ်ခြင်းခံရမည့် မေရှိယမျိုးကို မလိုလားခဲ့ပါ။

ကိုယ်တော်က စိတ်၏ငြိမ်သက်ခြင်းအကြောင်းကို ပြောသောအခါ လက်ခံသော်လည်း လူသားအချင်းချင်း ငြိမ်သက်ခြင်းခံစားရရေးအတွက် မိမိ၏ပါးတစ်ဘက်ကို ရိုက်လျှင် ကျန်တစ်ဘက် ကို ပေးမှ၊ တစ်မိုင်သွားခိုင်းလျှင် နှစ်မိုင်သွားပြမှသာ ထိုသို့သောငြိမ်သက်ခြင်းမျိုး ရမည့်ကိစ္စကို နားမလည်နိုင်ကြပါ။ နားမလည်နိုင်သေးပါ။

လူတိုင်းနှင့်ဝင်ဆံ့ပြီး ခင်မင်ရင်းနှီးမှု၊ ကြည်ညိုလေးစားမှုရနေသော သခင်ယေရှုသည် “မထီမဲ့မြင်ပြုခြင်းကိုခံ၍ လူတို့တွင်အယုတ်ဆုံးသောသူ၊ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်၍ သူတစ်ပါး၏မျက်နှာလွှဲခြင်းခံရသောသူ ဖြစ်သည်ကို နားမလည်နိုင်ရုံမက “ခေါင်းချစရာ နေရာပင်မရှိသောသူဖြစ်ခြင်းကို ကိုပင် မေ့နေတတ်ပါ၏(ဟေရှာ၊ ၅၃း၃။ မဿဲ၊ ၈း၂၁။ လုကာ၊ ၉း၅၈)။

ကျွန်တော်တို့ သည် ပျော်ရွှင်စရာကောင်းသော မင်္ဂလာဆောင်ပွဲသို့ကြွလာသည့် သခင်ယေရှုကို ကြည့်နိုင်သလို ဝမ်းနည်းစရာကောင်းပြီး “နောက်ဆုံးသော ညစာစားပွဲ၌ ထိုင်ကာတမန်တော် များ၏ခြေကို ဆေးသော ခရစ်တော်ကို မြင်တတ်ဖို လိုသည်။

ထိုကြောင့် သခင်ခရစ်တော်၏ ခက်ခဲနက်နဲသော ဝိရောစကားတော်များကို တစ်ပိုဒ်စီခွဲ၍ အနက်ဖွင့်ကြည့်ကြပါစို။

* *

 

အခန်း(၃)

ချီပင့်ပေးနိုင်သော ထမ်းပိုး

ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်(မဿဲ ၁၁:၂၈)

ဤကျမ်းချက်ကို ခရစ်ယာန်တိုင်းကသိပြီး ကြားပြီးနားလည်ပြီး ဖြစ်ရုံမက ကလေးမှအစ လူကြီးအထိ အလွတ်ပင်ရနေကြသည်။ ထိုပြင် ဤကျမ်းချက်အားဖြင့်လည်း ဝန်လေး၍ ပင်ပန်းနေ ကြသူပေါင်းများစွာသည် ဝိညာဉ်ခွန်အားရပြီး စိတ်ချမ်းသာမှုကို ရနေကြသည်မှာ အမှန်ပင်ဖြစ်၏။

ကျွန်တော်တို့ သည် ဤလောကီအသက်တာကို ရှင်သန်နေစဉ်ပင် ဝန်ထုပ်ပေါင်းမျိုးစုံကို ထမ်းနေရ၍ စိတ်ပင်ပန်း၊ လူပင်ပန်းနေကြသည်။ ဤနေရာ၌ လောကီရေးရာဆိုင်ရာ ဝန်ထုပ်များသာ မက ဝိညာဉ်ရေးရာ ဝန်ထုပ်များလည်း အကျုံးဝင်နေပါသည်။

ထိုသို့ ဝန်လေးပင်ပန်းနေသူများကို “ငါ့ထံသို လာကြ၊ ငါသည် ချမ်းသာပေးမည်။ သင်တို့၏လေးလံသော ဝန်ထုပ်များကိုချပေးမည်ဟု ဖိတ်ခေါ်လိုက်ခြင်းအားဖြင့် ကြားရသူတိုင်း ကိုယ်စိတ်နှစ်ဖြာ ပေါ့ပါးလန်းဆန်းလာနိုင်ကြပါ၏။

စိတ်ကူးကြည့်ပါ။

ရှေးခေတ် ပါလက်စတိုင်းနိုင်ငံကို စိတ်ထဲ၌ မြင်လာစေလိုသည်။ နေသည် ပူပြင်းလှသဖြင့် မီးခဲရဲရဲကို ခေါင်းပေါ်၌ရွက်ထား သကဲ့သို ပူလောင်ကျိန်းစပ်နေရုံမက လည်ပင်း၊ ဇက်ပိုးနှင့် ကျော ပြင်တို့သည်လည်း နေ၏အပူရှိန်ကို မရှုမလှ ခံနေကြရသည်။ ခရီးသွားကြရာတွင်လည်း ဖုံများ တထောင်းထောင်းထနေပြီး အသက်ရှရန်ပင် ကျပ်နေသည်။ တစ်ခါတစ်ရံ သဲမုန်တိုင်းများ တိုက်ခတ်လာလျှင် ပို၍ပင်ပန်းနွမ်းနယ်စရာ ကောင်းလှပါ၏။

ကုလားအုပ်များကိုဆွဲကာခေါင်းငုံ၍ ကန္တာရသဲပြင်ပေါ်၌တစ်လှမ်းချင်း လျှောက်သွားနေ ရသူများ မောဟိုက်နွမ်းနယ်နေသကဲ့သို ကုလားအုပ်များသည်ပင်လျှင် နေရာ၌ဘုံဘုံလဲကျတော့ မယောင်ဖြစ်နေသည်။

ကုလားအုပ်ဘေး၌ ခေါင်း၍ လမ်းလျှောက်နေရသူများ၊ အထုပ်အပိုး၊ သိုမဟုတ် ရေအိုးများကို ခေါင်းပေါ်၌ ရွက်ထားရသော အမျိုးသမီးများ၊ ဖြူဖွေးနေသော မုတ်ဆိတ်မွေးများပေါ်တွင် ကပ်ငြိ နေသော သဲမှုန်များကို မဖယ်ရှားနိုင်ဘဲ တောင်ဝှေးတစ်ချောင်းဖြင့် တုန်ချည့်လမ်းလျှောက် နေရသူများကို စိတ်ကူးဖြင့် ဆင်ခြင်ကြည့်ပါ။

ထိုမြင်ကွင်းတစ်ရပ်လုံးကို ဝါကျတစ်ပိုဒ်တည်းဖြင့် ဖော်ပြနိုင်သည်။ ထိုဝါကျမှာ “ဝန်လေး၍ပင် ပန်းနွမ်းနယ် ပန်းလျမောဟိုက်နေခြင်းပေတည်း။”

သခင်ခရစ်တော်အနေဖြင့် ထိုဖြစ်ရပ်ကို နေ့စဉ်နှင့်အမျှမြင်တွေ့နေရသောအခါ စိတ်ထဲ၌ ကရုဏာသက်ရောက်ပြီး ကြောင်းသနားလှသောစိတ်များ တဖွားဖွားပေါ်လာမည်မှာ မလွဲပင်ဖြစ်သည်။

ထိုပြင် ၄င်းခေတ်က လူတစ်ဦးချင်း၏ပျမ်းဝင်ငွေမှာ တစ်နေ့လျှင် ပြား(၈၀)ခန့်သာဖြစ်သည်။ တစ်ပတ်လျှင် တစ်ကြိမ်မျှပင်လျှင် အသား၊ ငါးစားနိုင်သူ ရှားလှ၏။ ရာသီဥတုဒဏ်သာမက အဟာရ ချိုတဲ့မှု၊ ရောဂါပေါင်းမျိုးစုံကို ခံစားရလေ့ရှိ၏။

ထိုလူများကို ကိုယ်တော်မြင်လျှင် ရင်၌ တင်းကျပ်ပြီး လည်ချောင်းထဲ၌ ဆိုနင့်လာမည်မှာ အမှန်ပင်ဖြစ်ပါ၏။

ထိုအခါ ကိုယ်တော်က ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသိုလာကြလော့။ ငါသည် ချမ်းသာပေးမည်”ဟု မိန့်တော်မူလိုက်သည့်အခါ ကြားနာရသူအပေါင်းတိုသည် မည်မျှစိတ်အေးချမ်း သာဖွယ်ရာ ရသွားလိမ့်မည်နည်း။ သို့သော် ဤစကားတော်ကို ပြောပြီး မရပ်တန့်သေးဘဲ“ငါ့ထမ်းပိုးကို တင်၍ထမ်းကြလော့ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်းပေါ့၏”ဟု ဆက်လက်ပြောလိုက်၏။ အလွန်မျှ ထူးခြားလှသော စကားပေတည်း။

ဝန်ထုပ်လေးလံနေသော သူများကို ဖိတ်ခေါ်ပြီး သူတို၏ဝန်ထုပ်များကို ချပေးမည်ဟူသောစ ကား သည် စိတ်ချမ်းမြေ့ဖွယ်ရာကောင်းသော်လည်း “ငါ့ထမ်းပိုးကိုထမ်းကြလော့”ဟူသော စကား သည် ဝိရောဓိစကား၊ ဆန့်ကျင်ဘက်စကား၊ အဓိပ္ပာယ်မရှိသယောင်ဖြစ်နေပါပြီ

“ထမ်းပိုး”ဆိုသည်မှာ အနည်းနှင့်အများ လေးလံမည်ဖြစ်ရံလွတ်လပ်မှုကိုပင်လျှင် ချုပ်နှောင် လိုက်သောအရာ တစ်ခုပင်ဖြစ်သည်။ စဉ်းစားကြည့်ပါ။ လွယ်ကူပေါ့ပါးသော ထမ်းပိုးဟူ၍ ရှိပါသလား၊ ထမ်းပိုးမဆိုထားနှင့် ဝါးပိုးလုံးတစ်လုံးကိုပင်လျှင် ထမ်းကြည့်ပါ။ အထိုက်အလျောက် လေးလံဦး မည်သာဖြစ်သည်။ ဝန်ထုပ်ကိုချပေးခြင်းအားဖြင့် လွတ်လပ်ပေါ့ပါးသွားသူ တစ်ဦးအား ထမ်းပိုး တည်းဟူသော ချုပ်နှောင်မျှအသစ်တစ်ခုကို အဘယ်ကြောင့် ထပ်မံပေးနေရပါသနည်း။

ဤကျမ်းစကားသည် PARADOX တည်းဟူသော နားလည်ခက်ခဲဆန့်ကျင်ဘက်ဖြစ်သော စကားတော်ပင် ဖြစ်နေပါ၏။ မသဲခရစ်ဝင်ကျမ်းကို သေသေချာချာ လေ့လာကြည့်လျှင်လည်း ကိုယ်တော်သည် ဤစကားကို မိန့်တော်မူနေသောချိန်ခါက ကိုယ်တော်သည်ဆန့်ကျင်ဘက်မျိုးစုံနှင့် ရင်ဆိုင်နေရချိန်ဖြစ်ကြောင်း သိသာနေသည်။ တရားနာပရိသတ်နောက်တော်လိုက် တပည့်တော်များ သည် ကိုယ်တော့်အပေါ် အားမလိုအားမရ ဖြစ်လာကြပြီး တဖြည်းဖြည်း စွန့်ခွာနေကြသည်။ ဗတ္တိဇံ(နှစ်ခြင်း) ဆရာယောဟန်ကပင်လျှင် ကိုယ်တော့်အပေါ် သံသယရှိလာသည်။ ဂါလိလဲနယ်သား များကလည်းကိုယ်တော်ကို ဆန့်ကျင်ဘက်ပြုစုဖြစ်နေပေပြီ။

ဤသို့သော အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်နေရချိန်မျိုး၌ သခင်ခရစ်တော်ကိုယ်တိုင်ကပင်လျှင် ငါ့ထမ်းပိုးသည် ထမ်းလွယ်၍ ငါ့ဝန်လည်းပေါ့”ဟူ၍ အဘယ်ကြောင့်ပြောဆိုနိုင်ပါသနည်း။

မိမိ၏အမှုတော်လုပ်ငန်းသည်ပင်လျှင် အရှုးနှင့်ရင်ဆိုင်တော့မယောင် ဖြစ်နေချိန်နှင့် ကိုယ်တော် ထမ်းနေရသော ဝန်ထုပ် သို့မဟုတ် ထမ်းပိုးသည် လေးလံလျက် နေချိန်၌ပင်လျှင် ဤစကားမျိုးကို မိန့်တော်မူခဲ့ပါ၏။

ဤစကားကိုပြောစဉ်က ကိုယ်တော်သည် နာကြည်းသောစိတ်ထား၊ ပြယ်ရယ်ပြုသော သဘောနှင့် ပြောလိုက်ခြင်းပေလား။

ဥပမာ-ဝန်ထုပ်လေးလံနေသူများ၏ ညည်းညူသံကို ကိုယ်တော်သည် နေ့စဉ်နှင့်အမျှ ကြားနေရပေလိမ့်မည်။ ထိုအခါ ကိုယ်တော်က “မင်းတို့ ထမ်းနေရတဲ့ဝန်ထုပ်ကသာ လေးတယ်လိုထင် နေသလား။ ငါထမ်းနေရတဲ့ ဝန်ထုပ်တွေက အဆမတန် လေးတယ်ဟေ့။ ဒါပေမယ့် ငါမညည်းဘူး ကွ”ဟူ၍များ ဆိုလိုပါသလား”။

မဟုတ်ပါ။ လုံးဝမဟုတ်ပါ။ ကိုယ်တော်သည် စိတ်နာကြည်းစွာ ပြောလိုက်သောစကားမျိုး မဟုတ်ပါ။

တစ်ချိန်တည်းမှာပင် သူထမ်းနေရသော ဝန်ထုပ်သည် လူအများထမ်းနေရသော ဝန်ထုပ်ထက် လေးလံလှသည်ဟူ၍ ပြောလိုသောကြောင့်လည်း မဟုတ်ပါ။ ကိုယ်တော်သည် ဆန့်ကျင်ဘက်ဖြစ် သယောင် စကားတော်တစ်ခွန်းကိုပြောလိုက်ခြင်းသာ ဖြစ်သည်။

ထိုစကားမှာကား “လူတိုင်းအပေါ် ထမ်းပိုးတင်ပေးခြင်းအားဖြင့် သက်သာခြင်း၊ ပေါ့ပါးခြင်း၊ အနားပေးခြင်းကို ပြုတော်မူမည်”ဟူသော ဝိရောဓိစကားတော်ပေတည်း။

ကျွန်တော်တို့သည် ကားတိုင်ပေါ်၌ ပြင်းပြစွာ ဝေဒနာခံစားနေရသော သခင်ခရစ်တော်အား မြင်လေ့ရှိသဖြင့် ကိုယ်တော့်အပေါ်သနားကြင်နာစိတ် တဖွားဖွားပေါ်ပေါက်လာရုံမက ဝမ်းနည်းကြေကွဲ မျက်ရည်ဝဲလာလေ့ရှိသည်။ ထိုသိုသော စိတ်ထားမျိုးကသာ လွှမ်းမိုးနေတတ်သဖြင့် ကိုယ်တော်သည် လောကီအသက်တာကို ရှင်သန်ချိန်က ရယ်မောပျော်ပါးရွှင်ပျနေပုံတို့ကို သတိမေ့တတ်ကြသည်။

ခရစ်တော်ကိုယ်တော်တိုင်က လေးလံသော ဝန်ထုပ်ကိုထမ်းနေချိန်၌ပင်လျှင် လူပေါင်းများ စွာသည် နှစ်သိမ့်မှုနှင့်အားပေးမှုကိုခံစားလို၍ ထံတော်သိုချဉ်းကပ်လေ့ရှိကြသည်ကို မေ့နေတတ်သည်။  ကိုယ်တော်၏မျက်နှာတော်က ပြုံးချိုရွှင်ပျနေရုံမက ပြောပုံဆိုပုံ၊ ပြုမူတို့မှာ ကြည်နူးဖွယ်ရာ ကောင်းလှသဖြင့် ကလေးသူငယ်များပင်လျှင်ကိုယ်တော်ထံတော်သို ချဉ်းကပ်ခဲ့ကြသည်။ ဝိုင်းရံခဲ့ကြ သည်။ ကိုယ်တော်၏ပေါင်ပေါ်၌ ထိုင်ခဲ့ကြသည်။ သူတို သည် အနီးပတ်ဝန်းကျင်

၌ ပျော်ပါးစွာ ဆော့ကစားနေကြစေကာမူ ထံတော်သို ချဉ်းကပ်လာသည်အထိ ဆွဲဆောင်နိုင်ခဲ့ပါသည်။

ကိုယ်တော်တိုင်ကပင်လျှင် တင်းမာတည်ကြည်သော မျက်နှာထားမျိုးမရှိဘဲ ရွှင်ရွှင်ပျပျ နေတတ်သောကြောင့်လည်း မင်္ဂလာဆောင်များ၊ ထမင်းစားပွဲများသို ကိုယ်တော့်အား လူပေါင်းများစွာ က ဖိတ်ကြားခဲ့ကြသည်။

ဝမ်းနည်းကြေကွဲနေသောသူများ၊ ဒုစရိုက်ပြုမိပြီး ထိတ်လန့်ကြောက်ရွံ နေသော မာဂဒလ မာရိကဲ့သို အမျိုးသမီးများ၊ ဆင်းရဲနွမ်းပါးသော မုဆိုးများ၊ သူဌေးသူကြွယ်၊ သြဇာအာဏာရှိ ပုဂ္ဂိုလ်များ ကပင်လျှင် ကိုယ်တော့်ထံချဉ်းကပ်ပြီး အကြံဉာဏ်တောင်းခံရန် ခွန်အားရရန် ရောက်လာတတ်သည်ကို သတိရစေလိုပါသည်။ သခင်ခရစ်တော်ကိုယ်တော်တိုင်က ဆန့်ကျင်ဘက်ပြုနေသူများ၊ အမှုတော်ကို ဖျက်လိုဖျက်ဆီး လုပ်နေသူများ၊ လာရောက်နှောင့်ယှက်သူများ၊ စကားနာထိုးသူများ၊ စကားအမှားကို စောင့်ဆိုင်းနေသောသူများကို နေ့စဉ်နေ့တိုင်း ရင်ဆိုင်၊ ဝန်ထုပ်ကိုထမ်းနေရစဉ်ပင် ကိုယ်တော်က ဝမ်းသာရွှင်မြူးစွာ အမှုတော်ကို ဆောင်ရွက်နိုင်ရုံမက သူတစ်ပါး၏ ဝန်ထုပ်များကို ချပေးမည်ဟု မိန့်တော်မူခဲ့ပါသည်။ “ငါ့ထံ၌ နည်းခံကြလော့”ဟူသော စကားသည် “ငါ၏လျှိဝှက်ချက်ကို လာရောက် သင်ယူကြလော့”ဟူ၍ ပြောနေခြင်းပင် ဖြစ်ပါ၏။

ကိုယ်တော်သည် လွယ်ကူသောထမ်းပိုး၊ ပေါ့ပါးသော ဝန်ထုပ်ကို ထမ်းနေရသော လူထူးလူဆန်းဖြစ်နေသည်ကို အံ့သြစွာ တွေ့ရသည်။

ထိုကြောင့် “မိမိကိုယ်တိုင်က ထမ်းပိုးထမ်းနေစဉ်ပင် ချမ်းသာပေးနိုင်သောအရှင်၏ လျှိဝှက်ချက်ကို လေ့လာကြည့်ကြပါဦး

 

(၁)       လူဆိုသည်မှာထမ်းပိုးတစ်ခုခုကို အမြဲထမ်းဆောင်နေရမည်ဟူသော နိယာမတရားတစ်ရပ်ကို ဖော်ထုတ်လိုက်ခြင်းဖြစ်၏။ ကိုယ်တော်သည် လူတိုင်းအတွက် အလွန်တရာမှပင် အရေးကြီးလှသော သစ္စာတရားတစ်ရပ်ကို ဖော်ထုတ် ပြနေခြင်းဖြစ်၏။

လူ့သဘာဝကြောင့် ထမ်းပိုးဆိုသည်မှာ အမြဲရှိရမည်။ လူသည်ထမ်းပိုးတစ်ခုမဟုတ် တစ်ခုမရှိလျှင် လက်လွတ်စပယ်ဖြစ်တတ်သည်။ လူ့စိတ်သဘောအရ ထမ်းပိုးတည်းဟူသော ချည်နှောင်မှု တစ်ခုကိုမျှ မလိုချင်း၊ ထိုအရာကို ဖယ်ရှားလိုက်မှ လွတ်လပ်သွားမည်။ ပျော်စရာကောင်း သွားမည် ထမ်းနေရသော ဝန်ထုပ်ကြီးတစ်ရပ်ရပ်ကို ဖယ်ရှားလိုက်ပါမှ ရွှင်မြူးပေါ့ပါးသွားလိမ့်မည်ဟု ထင်တတ်ပါ၏။

သို့သော် လူ့ သဘာဝဆိုသည်မှာ “ထမ်းပိုး”တည်းဟူသောစည်းကမ်း၊ အောင်၊ အတားအဆီးနှင့် အဟန့်အတားဆိုသည်ကို အမြဲလိုပါ၏။

ဆိုလိုသည်မှာ မိခင်၏ဝမ်းထဲ၌ နေစဉ်ပင် ထောင်ကလေးထဲ၌ နေခဲ့ရသည်။ ထိုအချိန်မျိုး၌ ကျဉ်းကျပ်သည်ဟု ထင်ကောင်းထင်မည်မှန်သော်လည်း မေတ္တာနှင့်ပြည့်ဝသော မိခင်၏ထောင်ထဲ၌ နေရသောကြောင့် အန္တရာယ်ကင်းရှင်းပါသည်။

လူ့လော့ကထဲသို မွေးဖွားသန့်စင်လာသောအခါသူသည် လွတ်လပ်သော လေဟာပြင်ကျယ် ထဲသို ရောက်လာသည်နှင့် ငိုပါ၏။ သို့သော် မိခင်က ရင်ခွင်ထဲ၌ တိုက်ခိုက်သည်နှင့်တစ်ပြိုင်နက် အငိုတိတ်သွားသည်။

အဘယ်ကြောင့်နည်း ? လူ့သဘာတကို ဖော်ပြနေသောကြောင့်တည်း။

မွေးခါစ ကလေးသည် လွတ်လပ်သော လေဟာလောကပြင်ကျယ်ကြီးထဲသို ရောက်လာသည် နှင့် အားကိုးရာမဲ့ဖြစ်ပြီးဟူသောစိတ်ကြောင့် ငိုသော်လည်း မိခင်၏ဖက်ခြင်း၊ နွေးထွေး သည့်ရင်ခွင်ထဲ၌ မရောက်သွားသောအခါမှ အကာအကွယ် ရသွားသောကြောင့် ကောင်းမြတ်လုံခြုံသော ချုပ်နှောင်ခြင်းတစ်မျိုး မဟုတ်ဘူးလား။

သို့သော် လူ့ဗီဇက ဤသို့သော ချုပ်နှောင်မှုမရှိလျှင် အန္တရာယ် အသွယ်သွယ်နှင့် ရင်ဆိုင်ရမည်ကို မသိမသာ ဖော်ပြနေပါပါ။

လူလားမြောက်လာသောအခါ လူငယ်အများအပြားသည် ထိုစည်းကမ်းနှင့် ဘောင်ကို အာခံလိုတတ်သည်။ မေတ္တာနှင့်တည်ဆောက်ထားသော ခြံစည်းရိုးကို သူတို့အား ချုပ်နှောင်တားဆီးနေ သော အကျဉ်းထောင်ဟူ၍ မြင်လာတတ်ကြသည်။ အချုပ်အချယ် ဟူ၍ ထင်လာတတ်ကြသည်။ ၄င်းတို့ကို ဖြိုဖျက်ပြီး အဆိုပါ အကျဉ်းမထောင် အပြင်ဘက်သို ထွက်ခွာလာလိုကြ၏။

မိခင်၊ ဖခင်၊ လူကြီးသူမတိုက ခတ်ထားသော မေတ္တာစည်းထဲမှ ထွက်လာသောအခါ မိမိကိုယ်ကို လွတ်လပ်သွားပြီဟု ထင်တတ်၏။ လွတ်လပ်မှုကို ခံစားရသောအခါ ပထမတွင် အားရရွှင် မြူးသွားသကဲ့သို ဖြစ်လာတတ်သည်။

သို့သော် မိမိသည် အပြန့်ကျယ်သော သဲသောင်ပြင်ထဲ၌လျှောက်သွားနေရသောအခါ လွတ်လပ်နေပြီဟု ထင်နေချိန် စည်းကမ်းနှင့်ဘောင်မရှိတော့ပြီ ဖြစ်သောကြောင့် လူ့ဘောင်လောကထဲ ၌ ရှိနေသော အန္တရာယ်အသွယ်သွယ်၊ ရန်စွယ်ပေါင်းစုံတို့ကလည်းအဆီးအတားမရှိ ဝင်လာသည်ကို တွေ့ရပါလိမ့်မည်။

လူဆိုသည်မှာ စည်းကမ်းရှိရမည်။ အောင်နှင့်နေရမည်။ ပျော်ရွှင်မှု၊ ပျော်ပါးမှုများသည်ပင်လျှင် စည်းနှင့်အောင်နှင့် ရှိရပါမည်။

ထမ်းပိုးမရှိ၊ ဘောင်မရှိ၊ အဆီးအတားမရှိ၊ စည်းမရှိတော့လျှင် လွတ်လပ်မျှမဟုတ်၊ အန္တာရာယ် ကြိုးဝိုင်းထဲသို ဝင်ရောက်သွားခြင်းနှင့် တူလာပါလိမ့်မည်။

အထူးသဖြင့် လူငယ်လူရွယ်များသည် အုပ်ချုပ်သူများ၊ မိဘ၊ ဆရာသမား၊ အုပ်ထိန်းသူများ၏ ထိန်းချုပ်နေမှုကို မကြိုက်ဘဲ သူတို့အား ကျဉ်းကျပ်စေသော ချုပ်နှောင်မှုဟူ၍ ထင်တတ်သည်။ သူတို၏ လွတ်လပ်မှုကို ပိတ်ပင်တားဆီးနေကြသည်ဟု ထင်ကာ အဆိုပါ“ထမ်းပိုး”ကို တော်လှန် တတ်ကြပါ၏။

ထိုသို တော်လှန်ခဲ့သူတိုင်းသည် လမ်းမှား တိမ်းစောင်းသွား တတ်ပြီး နောက်ဆုံး၌ မျက်ရည်ဖြင့်သာ ဇာတ်သိမ်းကြရသည်ချည်းဖြစ်၏။

လေပြင်ထဲတွင် ပျံဝဲနေသော စွန်တစ်ခုကို ကြည့်ပါ။ ထိုစွန်၏ ခါးလယ်၌ ကြိုးတစ်ချောင်း ချည်ထားပြီး မြေပြင်ပေါ်ရှိ တစ်စုံတစ်ဦးက ရစ်လုံးဖြင့် ထိန်းထားပေးရပါသည်။ စွန်အနေဖြင့် ထင်ကောင်းထင်မည်။ ငါ့အား ခါးလည်၌ ဆွဲထားသော ကြိုးကြောင့် အထက်သို ပို၍ပျံတက် လိုသော်လည်းမတတ်နိုင်၊ သွားချင်ရာ မသွားနိုင်၊ လွင့်ချင်ရာ မလွင့်နိုင်ဟု ထင်လာနိုင်၏။ ရစ်လုံးရှိ ကြိုးကိုကတ်ကြေးဖြင့် ဖြတ်ကြည့်ပါ။ စွန်သည်အပေါ်သို မတက်နိုင်တော့သည့်အပြင် မြေပြင်အောက်သို့ ရစ်ကာ၊ သီကာ၊ ဝဲကာ၊ ငင်ကာ ကျဆင်းလာမည်မှာ သေချာပါ၏။

စွန်ကိုအပေါ်သို တက်စေလိုလျှင် ရစ်လုံးကိုရစ်ပြီး ဆောင့်ဆွဲရပါသည်။ စွန်၏ခါးလယ်၌ ကြိုးချည်ထားခြင်းနှင့် ရစ်လုံးကိုရစ်ပြီး ဆောင့်ဆွဲမှသာလျှင် အထက်သို မြောက်တက်သွားနိုင်မည်ကို စွန်လွှတ်သူတိုင်း သိကြပါသည်။

သို့ သော် လူ့ဘောင်လောကကြီးရှိ လူများ(အထူးသဖြင့်လူငယ်များ)သည် မိမိတို့ အား ကြိုးဖြင့်ချိတ်ဆွဲထားခြင်း၊ ရစ်လုံးဖြင့်ဆောင့်ဆွဲခြင်းကို မနှစ်သက်ကြပါ။ သိုသော် ထိုစွန်ကို အထက်သို တက်စေလို၍ သာ လူကြီးများက ဤသို ပြုသည်ကို သတိရစေလိုသည်။

လူတို့ကို အထိန်းအကွပ်၊ စည်းကမ်း၊ ဥပဒေ၊ ဓမ္မသတ်၏လက်အောက်မှလွှတ်ပစ်လိုက်လျှင် လက်လွတ်စပယ် ပရမ်းပတာဖြစ်သွား တတ်ပါ၏။

လူဆိုသည်မှာ အတွင်း၌ ပိုးစားခြင်းခံနေရသော ပန်းသီးနှင့်တူသည်။ အပြင်ပန်းကကြည့်လျှင် ပန်းနုရောင်သွေးပြီး စားချင့်စဖွယ် ဖြစ်သော်ငြားလည်း အတွင်း၌ အပြစ်ဒုစရိုက်တည်းဟူသော ပိုးလောက်လန်း စားနေခြင်း ခံနေရသူများနှင့် တူသည်။

ခရစ်တော်သည် လူ့သဘာဝကို နားလည်ပါ၏။

လူသည် ဝန်ထုပ်များမရှိစေကာမူ ထမ်းပိုးတစ်ခုမဟုတ်တစ်ခုလိုကြောင်း သိနေသော ကြောင့်လည်း “ငါ့ထမ်းပိုးကိုတင်၍ထမ်းကြလော့”ဟူ၍ မိန့်တော်မူခဲ့ခြင်းဖြစ်၏။

အထူးသတိချပ်စေလိုသည့်အချက်မှာ “လောကီထမ်းပိုးမဟုတ်ပါ။ “ခရစ်တော်၏တမ်းကိုတင် ၍ ထမ်းခိုင်းနေခြင်းဖြစ်ပါ၏။ ခရစ်တော်၏ “ထမ်းပိုး ဆိုသည် ကိုယ်တော်သြဝါဒ၊ သွန်သင် ချက်စကားတော်နှင့် ပညတ်တော်တိုကို ဆို၏။

လူသည် ထမ်းပိုးမတင်ထားဘဲ မနေသင့်ပါ။ လက်လွတ်စပယ်ဖြစ်သွားလိမ့်မည်။

ပျောက်သော သား ဥပမာတော်ကို ကြည့်ပါ။

သူသည် ဖခင်ထံမှတွက်ခွာသွား၍ တမ်းမဲ့နေသည်။ ထမ်းပိုးမရှိတော့သဖြင့် ပျက်စီးသွားခဲ့သောကြောင့် နောက်တတရားနှင့် သံဝေဂရကာ ဖခင်၏မောတ္တာထမ်းပိုး အောက်သို့ပြန်လည်ဝင်ရောက်လာခဲ့ပါ၏။

မှန်၏။

ကိုယ်တော်သည် ထမ်းပိုးကို ထမ်းနေရ၍ ပင်းပန်းနှမ်းနယ်နေသော တပည့်တော်များကို လူသူကင်းရာအရပ်သိုခေါ်ဆောင်သွားပြီးလျှင် “တော၌ ဆိတ်ကွယ်ရာအရပ်သို လာကြ၊ အားဖြည့်၍ နေကြ”ဟု မိန့်တော်မူခဲ့သော်လည်း ထိုသို အနားယူနေရန် ကြာကြာမထားပါ။ ပြန်လည်၍ သူတစ်ပါးကိုအစေခံသည့် ထမ်းပိုးကို ပြန်လည်တင်ဆောင်ပေးမှသာလျှင် ဖြစ်မည်ကို သိရှိပြီး“ငါ့ထမ်းပိုးကိုတင်၍ ထမ်းကြလော့. (ထိုအခါမှ)သင်တို့သည် စိတ်နှလုံးသက်သာခြင်းကို ရလိမ့်မည်”ဟု ဆိုကာ သူတစ်ပါးကို စေစားခြင်းမဟုတ်၊ သူတစ်ပါးကို အစေခံခြင်း၊ လုပ်ကျွေးခြင်းတည်းဟူသော ထမ်းပိုးကို ပြန်လည်တင်ပေးခဲ့ပါ၏(မာကု၊ ၆း၃၁။ မဿဲ၊ ၁၁း၂၁)။

 

(၂) ငါ၏ထမ်းပိုးသည် ထမ်းလွယ်၏။ ထမ်းပိုးဆိုသည်မှာ အနည်းနှင့်အများ ချုပ်နှောင်မှု ရှိစမြဲပင်ဖြစ်သည်။ သိုသော် ခရစ်တော်၏ထမ်းပိုးသည် အဘယ်ကြောင့် ထမ်းရန် လွယ်ကူပါသနည်း? ကိုယ်တော်၏ ထမ်းပိုးသည် လူ့သဘာဝနှင့်လိုက်လျောညီထွေ ရှိရုံမက လမ်းမှန်ကိုရောက်ရန် ထိန်းပေး၊ တည်ငြိမ်စွာ လမ်းပြပေးနေသောကြောင့်တည်း။

လူအချို့သည် တောရိုင်းတိရစ္ဆာန်ဖြစ်သော ဆင်များ၊ မြင်းများကို တောထဲမှ ဖမ်းဆီးပြီး ယဉ်ပါးအောင် လုပ်ပေးကြသည်။ ထိုသိုပြုရာတွင် ထိုတိရစ္ဆာန်များ၏ အလယ်၌ယဉ်ပါးပြီးဖြစ်သော တိရစ္ဆာန်ကို အလျင်ထည့်ထားပြီးမှ ထိုတိရစ္ဆာန်ရိုင်းများကို ယဉ်ပါးအောင် လေ့ကျင့်ပေးလေ့ရှိပါ၏။

“ငါထမ်းပိုးသည် ထမ်းလွယ်၏”ဟူသော ကျမ်းစကားထဲမှ“လွယ်၏”ဟူသောနောက်ခံ ဂရိစကားကို ပြန်လေ့လာလျှင် Chrestos“ကရိ(စ်)တော့စ်”ဟူသော စကားကို တွေ့ရပါလိမ့်မည်။ အနက်မှာ“အံကိုက်ဖြစ်သော၊ တော်ညီသော ထမ်းပိုးကို ဆိုလိုသည်။ လူတစ်ဦး၏သဘာဝနှင့်အညီ ထိုသူနှင့်ထိုက်တန်လျော်ညီမည့် ထမ်းပိုးကို ကိုယ်တော်က ပေးမည်ဖြစ်သောကြောင့်တည်း။

လူတစ်ဦးစီနှင့် တော်မည့်၊ တန်မည့် ထမ်းပိုးမျိုးကို ကိုယ်တော်က သိပြီးဖြစ်ပါ၏။ ထိုက်တန် လျော်ညီသော ထမ်းပိုးဖြစ်လျှင်ထမ်းရသည့်အခါ လည်ပင်းပွန်းပဲ့ခြင်းမရှိဘဲ လွယ်ကူလှပါလိမ့်မည်။ အင်္ကျီ၊ ဘောင်းဘီ၊ အဝတ်အထည်ကို ချုပ်လုပ်သောအခါ ထိုပုဂ္ဂိုလ်မတော်လျှင် မတန်လျှင် လှုပ်ရှားသွားလာရန် ခက်ခဲနေပါလိမ့်မည်။

ကိုယ်တော်က လူတိုင်းနှင့်သင့်တော်မည့် ထမ်းပိုးကိုပြုလုပ်ပေးမည်ဖြစ်သောကြောင့် သူ့အားပဲ့ပြင်၊ ထိန်းကျောင်းပေးနိုင်ရုံမကတည်တည်ငြိမ်ငြိမ် လွယ်လင့်တကူ လှုပ်ရှားသွားလာ နိုင်စေပါလိမ့်မည်။

ထိုနည်းတူ လူတို့ကို လေ့ကျင့်ပေးရာတွင် အလားတူပင်ဖြစ်သည်။ ခရစ်တော်သည် မိမိ၏ထမ်းပိုးကို ပေးသောအခါ ထိုထမ်းပိုးကို ထမ်းနိုင်သော “ခွန်အား”ကိုလည်း တစ်ပါတည်းပေးလေ့ ရှိကြောင်းကိုပါ သတိပြုစေလိုပါသည်။

 

(၃)       ခရစ်တော် ကိုယ်တော်တိုင်ကလည်း ဝင်ရောက်ကူညီထမ်းပေးမည် ဖြစ်သောကြောင့် လွယ်ကူခြင်းဖြစ်၏။ လမ်းလျှောက်သင်ခါစ ကလေးတစ်ဦးကို မိခင်ကောင်းတစ်ဦးက လမ်း လျှောက်သင်ပေးသောအခါ ဘယ်သောအခါမျှ “အမေ့နောက်ကိုသာလိုက်ခဲ့”ဟူ၍ မပြောပါ။ မိခင်က လက်ကိုကမ်းလှမ်း၍ ကလေး၏လက်ကလေးကို ဆုပ်ကိုင်ပြီးမှ အနီးရပ်ကာ တဖြည်းဖြည်းချင်း လမ်း လျှောက်သင်ပေးသည်။

ကလေးသည် ရှေ့သို သိပ်ရောက်နေလွန်းလျှင် အသာတကြည်ဆွဲ၍ ဖေးမထိန်းပေးသည်။ နောက်ကျကျန်နေပါလျှင် ညင်သာစွာ ဆွဲယူပေးသည်။ ကလေးက မိခင်၏ခြေလှမ်းနှင့်ညီညာစွာ လျှောက်သွားရန် ကြိုးစားရုံမျှသာ ဖြစ်ပါ၏။

မိခင်ကဘယ်သောအခါမျှ ကလေးအား တစ်ဦးတည်းလွှတ် ၍ မပေးတတ်ပါ။ သူ၏ကလေး သည် လဲကျခါနီးဆိုလျှင် ထိန်းပေးပြီး လမ်းမှားနေလျှင် ပြန်လည်တည့်မတ်ပေးတတ်ပါ၏။

သာယာပျော်ရွှင်သော အိမ်ထောင်တစ်ခုဆိုသည်မှာလည်းအတွေ့အကြုံရှိသော လူကြီးမိဘ များနှင့် ဗဟုသုတနည်းနေသေးသော သားသမီးများသည် လက်တွဲကာ လျှောက်လှမ်းကြသော အိမ် ထောင်မျိုးကို ဆိုလိုသည်။

စာသင်ကြားသည့် စနစ်ကိုလည်း လေ့လာကြည့်ပါဦး။

တက္ကသိုလ်များ၌ စာသင်ကြားရာတွင် “ကျူတိုရီယယ်” သင်တန်းခေါ်(Tutorial classes) များရှိပါ၏။ ထိုသိုသော သင်တန်း၌ ဆရာသည် တပည့်များကို တစ်ဦးချင်းလွှတ်မထားဘဲ အနီးကပ် ကိုယ်တိုင်တိတိကျကျပဲ့ပြင်၍ သင်ကြားပေးလေ့ရှိသည်။ ဆရာကိုယ်တိုင်က အနား၌ထိုင်နေ၍ အမှားအမှန်ကို ညွှန်ပြနေသောကြောင့်ကျောင်းသားများအဖို့ ပို၍ နားလည်သဘောပေါက် လွယ်ပါသည်။

ခရစ်တော်သည် မိမိ၏ထမ်းပိုးကိုပေးပြီး ကျွန်တော်တိုတစ်ဦးတည်းကိုသာ ဘဝ၌ မရုန်းကန်ခိုင်းပါ။ အနီး၌ အမြဲရှိနေပြီး ကိုယ်တော်တိုင်က အနီးကပ် ဝင်ရောက်ကာ မိမိ၏ သားသမီးများနှင့်အတူဝန်ထုပ်များကို ထမ်းရွက်ရုန်းကန်ပေးနေသောကြောင့် လွယ်ကူခြင်းဖြစ်ပါ၏။ ကျွန်တော်တို့ သည် ရှေ့သို ရောက်လွန်းအားကြီးနေလျှင်ပြန်၍ ထိန်းပေးသည်။ နောက်ကျကျန်နေလျှင် ကိုယ်တော်တိုင်က တွန်းအားပေး ရှေ့သို တင်ပေးပါသည်။

တစ်ခါက တပည့်တော်တစ်ဦးသည် မိမိ၏ပြဿနာများကြောင့် ဝန်ထုပ်လေးလံနေသည်။ ဝန်ထုပ်လေးလံသောသူအပေါင်းတို့ အား ဖိတ်ခေါ်သံကို နားထောင်၍ ထိုဝန်ထုပ်များကို ခြေတော် ရင်း၌ ချထားရုံမက ကိုယ်တော်တင်ပေးသော ထမ်းပိုးကို တင်ဆောင်ပါမည်ဟု ဆုတောင်းခဲ့၏။

ထိုည၌ သူသည် အိပ်မက် မက်၏။

ပင်လယ်ကမ်းခြေတစ်ခု၌ သူသည် ခရစ်တော်နှင့်အတူလမ်းလျှောက်နေသည်။ မိမိ၏ပြဿနာ အမျိုးစုံကိုရင်ဖွင့်ပြသည်။ ကိုယ်တော်က နှစ်သိမ့်မှုပေး၏။ လာလမ်းအတိုင်း ပြန်လျှောက်လာ ကြသောအခါ ထိုတပည့်တော်က ခြေရာနှစ်မျိုးကို သဲပြင်ပေါ်၌ တွေ့ရသည်။ ခြေရာတစ်မျိုးမှာ သူ၏ခြေရာဖြစ်ပြီး နောက်တစ်မျိုးမှာ ခရစ်တော်၏ခြေတော်ရာများဖြစ်ကြောင်းကို တွေ့ရ၏။

ဤသို့ လျှောက်လာရင်း အချို့သောနေရာများ၌ ခြေရာတစ်မျိုးတည်းကိုသာ တွေ့ရပြီး၊ အချိုနေရာများ၌ ခြေရာနှစ်မျိုးကိုထပ်မံ တွေ့ရပြန်သောအခါ ခေါင်းရှုပ်ထွေးပြီး ခရစ်တော် လျှောက်ထား မေးမြန်းကြည့်၏။

ကိုယ်တော်က “ဟုတ်တယ် ငါ့သား။ တစ်ချိုနေရာတွေမှာမင်းနဲ့ ငါအတူလျှောက်ကြပေမယ့် မင်းကမောပန်းနွမ်းနယ်ပြီး လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်တဲ့အခါ မင်းကို ငါကိုယ်တိုင် ပွေ့ချီ သွားရတဲ့ အခါမျိုးတွေ ရှိတယ်ကွယ်။ အဲဒီနေရာမျိုးတွေမှာတော့ငါ့ရဲ့ ခြေတော်ရာ တစ်မျိုးတည်းကိုသာ မင်းတွေ့နေရတာပေါ့ငါ့သား”ဟု ဖြေတော်မူ၏။

လောကီဝန်ထုပ်မျိုးမဟုတ်ဘဲ ခရစ်တော်၏ ထမ်းပိုးကိုတင်ဆောင်သောအခါ၌ ဤသို ဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံ ကျွန်တော်တို့သည် ခြေမသယ်နိုင်၊ လက်မသယ်နိုင် ပင်ပန်းနွမ်းနယ် ဖြစ်လာသောအခါ ကိုယ်တော်က ဘဝခရီး၌ ပွေ့ချီပေးသွားလေ့ ရှိတတ်ပါ၏။ ခရစ်တော်၏ ထမ်းပိုးကိုတင်၍ ထမ်းသောအခါ တစ်ခါတစ်ရံ ကိုယ်တော်တစ်ဦးတည်းကသာ လှည်းကိုဆွဲသွားပြီး ကျွန်တော်တိုကို သက်သာမှု ပေးတော်မူသည်။ ထိုကြောင့်လည်း “ငါ့ထမ်းပိုးကို သင်တို့တင်၍ လမ်းလျှင်လွယ်လိမ့်မည်။ သင်တို၏စိတ်နှလုံးသည်လည်းသက်သာခြင်းသို ရောက်လိမ့်မည်”ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်ပါ၏။

 

(၄)       ခရစ်တော်၏ ထမ်းပိုးကိုတင်၍ ထမ်းသာသူ့တိုင်းသည် “အချိန်အခါ”နှင့် လျော်ညီစွာ လမ်းပြခြင်းကို ခံရပါလိမ့်မည်။ လောကီနှင့်ဆိုင်သော ဝန်ထုပ်များကို ဖယ်ရှားပြီး ခရစ်တော်၏ထမ်း ပိုးကိုထမ်းလျှင် ကိုယ်တော်၏လမ်းပြမှုကို ခံရကြောင်း အသက်ကတင်ပြပြီး ဖြစ်ပါသည်။ သို့သော်လည်း ယခုဆိုရလျှင် “အချိန်အခါ နှင့်လျော်ညီစွာ ဟူသော စကားလုံးအား ထပ်ဆင့်ဖြည့် စွက်လိုက်သည်ကို တွေ့ရပါလိမ့်မည်။

အကြောင်းရင်းရှိပါသည်။ လမ်းပြခြင်း၊ ကူညီဖေးမခြင်း၊ ချီပင့်ခြင်းကို ခံရမည်မှာ မလွဲပင်ဖြစ်သည်။ သိုသော် ကိုယ်တော်သည် အချိန်အခါနှင့်လျော်ညီသောအခါမှသာလျှင် လမ်းပြပဲ့ပြင်တတ်ပါ၏။

 အချိန်နှင့်ပတ်သက်၍ ဂရိစကားနှစ်လုံးရှိ၏။

တစ်လုံးမှာ Chronos (ကရော့ရော့စ်)ဖြစ်ပြီး ထိုစကားလုံးမှာ နာရီလက်တံက ညွှန်ပြနေသော သာမန်အချိန်နာရီကိုသာ ဆိုလိုသည်။

သို့သော် Kairos (ကိုင်းရော့စ်)ဆိုသော စကားလုံးမှာကားအဓိပ္ပာယ်ကြွယ်ဝလှပါ၏။

အခြေအနေ အရပ်ရပ်တိုနှင့် လျော်ကန် သင့်မြတ်သော“အချိန်”ကို ဆိုလို၏။ ဥပမာ-ဂလာတိ၊ ၄း၄-၅ တွင် “အချိန်ကာလစေ့သောအခါ .. သားတော်ကို ဘုရားသခင်စေလွှတ်တော်မူ၏”ဟုသော ကျမ်းပိုဒ်၏မူရင်းတွင် “ကိုင်းရော”ဟူသော စကားကို သုံးထားပါ၏။

အနက်ဖွင့်ပြရလျှင် အားလုံးအဆင်ပြေ၍ အချိန်အခါသင့်မြတ်လျော်ကန်သောအခါမှ ဘုရားသခင်သည်သားတော်အား စေလွှတ်ခြင်းကို ဆိုလိုပါ၏။

ဧဖက်၊ ၅း၁၆ တွင် “ကာလအချိန်ကို ရွေးနှုတ်ကြလော့”ဟူသော ကျမ်းပိုဒ်တွင်လည်း “ကိုင်းရော့စ်’ဟူသော ဂရိစကားကိုအသုံးပြုထားပြန်သည်။ ထိုကျမ်းပိုဒ်၏ အနက်ကိုဖွင့်ပြန်လျှ င်အချိန်အခါကပေးနေသော အခွင့်အရေး ပါ အကျုံးဝင်နေပါ၏။

ဘုရားသခင်၌ သတ်မှတ်ပြီးသာအချိန် “ကိုင်းရော့စ်များပါသည်။

ခရစ်တော်၏ ထမ်းပိုးကိုတင်၍ ထမ်းသောသူများအတွက်ကိုယ်တော်သည် “ကိုင်းရော့စ်အချိန် နှင့်အညီ ကူညီဖေးမလေ့ရှိသည်။

ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ဖတ်ကြည့်လျှင် ခရစ်တော်မကြာခဏပင် အချိန်မရောက်သေး၊ ငါ့အချိန်မရောက်သေးဟူ၍ မိန့်တော်မူတတ်သည်ကို ထပ်တလဲလဲတွေ့ရပါလိမ့်မည်။

ဂေသရှေမန်ဥယျာဉ်ထဲ၌ကား “လူသားကို ဆိုးသောသူတို့လက်သိုအပ်နှံရသော အချိန်ရောက် ပြီဟု မိန့်တော်မူခဲ့ပါ၏။ (မဿဲ။၂၆း၄၅။ မာကု၊ ၁၄း၄၁။ လုကာ၊ ၂၂း၅၃)။

ခက်သည်က ကျွန်တော်တို သည် စိတ်မရှည်တတ်ပါ။ ကိုယ်တော်၏ထမ်းပိုးကိုတင်၍ ထမ်းလိုက်သည်နှင့် တစ်ပြိုင်နက်အားလုံးအဆင်ပြေသွားစေရန် လိုလားကြသည်။ သိုသော် ကိုယ်တော်ကအချိန်ကို စောင့်ဆိုင်းစေတတ်ပါ၏။

ခရစ်တော်၏လက်ထက်ကပင် ဘုရားသခင်သည်နိုင်ငံတော်တည်ထောင်ရန် ကြာမြင့်လှ သည်ဟု ညည်းတွားကြသဖြင့် ကိုယ်တော်အပင်စိုက်တိုင်း ချက်ချင်း မမပွင့်တတ်၊ အချိန်စောင့်ရသည် ကို သွန်သင်လိုသဖြင့် ရှေးဦးစွာ အညှောက်၊ ထိုနောက်မှ အနှံ၊ ထိုနောက် အနှံထဲမှတောင့်မာသော အဆံကို ဖြစ်စေတတ်သောကြောင့်“စိတ်ရှည်သည်းခံကြရန် ဆုံးမ ခဲ့ရဖူးပါသည်။

“ဘုရားသခင်၏နိုင်ငံတော်သည် ယခုတိုင်အောင် ရောက်မလာသေးပါတကားဟူ၍ ညည်းတွားကြပြီး အလျင်စလိုဖြစ်လာကြသောအခါ ကိုယ်တော်က လယ်ထဲ၌ကြဲထားသော အသီးအနှံကြားထဲ၌ ပေါက်နေသော တောပင်များကို ချက်ချင်း နှုတ်ပစ်လိုသော ကျွန်အကြောင်းနှင့် ပတ်သက်သည် ဥပမာတော်အားဖြင့် တားမြစ်ခဲ့ရသည်။

“ထိုသို ငါအလိုမရှိ။ တောပင်တိုကို ရွေးနှုတ်လျှင် စပါးပင်တို့ကိုပါ ရောနှော၍ နှုတ်ပစ်မိမည် ကို စိုးရိမ်စရာရှိကြောင်း”ပြောတားမြစ်တော်မူသည်(မဿဲ၊ ၁၃:၂၉-၃၀)။

ဘုရားသခင်သည် တပည့်တော်တို၏အကျိုးကို အရာခပ်သိမ်းတို့က ပြုရမည်မှန်သော်လည်း အချိန်ကိုစောင့်ရမည်ကို အမြဲဆုံးမနေခဲ့ပါ၏။ လူတို၏စိတ်မရှည်မှု၊ အပင်နှင့်အသီးတိုကို အမြန် ဆုံးပေါက်လာသည်ကို တွေ့လိုမှု၊ အမြင်ကျဉ်းမြောင်းမှူး၊ အလျင်လို မှုတို့ကြောင့် ပူပင်သောက ဝင်ရောက်လာပြီး စိတ်၏ငြိမ်သက်ခြင်း၊ စိတ်သက်သာခြင်းကို ဖျက်ဆီးတတ်ကြောင်းကို သိသဖြင့် တစ်ခါက“အဘယ်သူတည်း စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တစ်ထောင်ခန့်မျှ တိုးပွားစေ နိုင်သနည်းဟူ၍ပင် ဆုံးမခဲ့ရ၏(မဿဲ၊ ၆း၂၇)။

တစ်နည်းဆိုရလျှင် “ငါ၏ထမ်းပိုးကိုတင်၍ ထမ်းကြလော့။ အချိန်ကျလျှင် အောင်မြင်လိမ့်မည်။ ထိုအချိန်ကို ဘုရားသခင်က သာသိသည်။ ထိုကြောင့် စိုးရိမ်၍ မနေကြနှင့်’ဟူ၍ ပြောသကဲ့သိုဖြစ်ပါ၏။

ပြိုင်မြင်းများကို လေ့ကျင့်ပေးသူများက ဤကိစ္စကို အသိဆုံးဖြစ်၏။

မြင်းများကို လေ့ကျင့်ပေးပြီးသည်နောက် သူတို သည်မြင်းဇောင်းထဲ၌ ဂနာမငြိမ်၊ လှုပ်လှုပ်ရွရွ ဖြစ်ကာ ထိန်းမနိုင် သိမ်းမရဖြစ်နေတတ်သည်။ သူတိုမှာ ပြိုင်ပွဲဝင်လိုလှသည်။ မြင်းပြိုင်ကွင်း ရောက်နေသည့်တိုင်အောင် ဇက်ကြိုးကို မနည်းကြီးဆွဲထားရလေ့ရှိပါ၏။

လေ့ကျင့်သူများက ထိုပြဿနာအတွက် နောက်ဆုံး၌ အဖြေကို ရခဲ့၏။

ထိုမြင်းဇောင်းထဲ၌ ဆိတ်တစ်ကောင်ကို ထားပေးလိုက်၏။ ထိုဆိတ်သည် ပိန္နဲရွက်စသော အခြားအရွက်မျိုးစုံများကို အေးဆေးတည်ငြိမ်စွာ စားနေသည်ကို တွေ့မြင်ရသောအခါ မြင်းတို့ သည် လည်း ငြိမ်သက်အေးဆေးလာတတ်သည်ကို အံ့သြစွာ တွေ့လာရပါတော့၏။

ဤအပိုင်းကို အချုပ်အားဖြင့် ရှင်းပြရသော် ခရစ်တော်၏ထမ်းပိုးကိုတင်၍ ထမ်းသောသူ တိုင်းသည် အေးဆေးတည်ငြိမ်မှုနှင့်စိတ်ပူပင်မှု ကင်းမဲ့မှုကို ခံစားရမည်ဟု ဖော်ပြနေခြင်းဖြစ်ပါ၏။

အိမ်ထောင်တစ်ခုတွင် မိခင်ဖြစ်သူသည် ခရီးသွားရန်ကြောင်း ပေါ်လာ၏။ ထိုကြောင့် အကြီးဆုံးသော သမီးကိုခေါ်ကာအိမ်မှုကိစ္စအဝဝကို ဆောင်ရွက်ရန် တာဝန်ပေး၏။

မိခင်ခရီးထွက်သွားသောအခါ သမီးကြီးက ဈေးသွားရသည်။ ထမင်းဟင်း ချက်ပြုတ်ရသည်။ ဖခင်အလုပ်ဆင်းရန်အတွက် ထမင်းဘူးထည့်ပေးရုံမက မောင်ငယ်၊ ညီမငယ်တို အား ရေမိုးချိုး၊ အဝတ်အစားလဲပေးရသည်။ ထမင်းကျွေးရသည်။ ထမင်းဘူးများ ထည့်ပေးကာ ကျောင်းသို အချိန်မီစေလွှတ်ရသည်။ ထိုနောက် အိမ်တွင် တံမြက်စည်းလှဲ၊ အဝတ်လျှော်၊ မီးပူတိုက်၊ သန့်ရှင်းရေးလုပ်၊ ညနေစာချက်ပြုတ်ရ၏။ အချိန်အနည်းငယ်ကြာသောအခါ ဝန်လေး၍ ပင်ပန်းလာသဖြင့် မိခင်ဖြစ်သူ မည်သည့်အချိန်တွင် ပြန်ရောက်မည်နည်းဟူ၍ လည်ပင်းတမော့မော့ စောင့်မျှော်လာရ၏။

မိခင်ပြန်ရောက်လာသောအခါမှ သက်ပြင်းချပြီ စိတ်ပေါ့ပါး လန်းဆန်းရွှင်ပျသွားသည်။ သို့ သော ထူးခြားသည့်အချက်မှာကား မိခင်ဖြစ်သူသည် အိမ်သိုပြန်ရောက်လာသောအခါ သမီးကြီး ဖြစ်သူမှာ အလားတူပင် ဈေးဝယ်ရသည်။ ထမင်းဟင်းချက်ပြုတ်ရသည်။ အဝတ်လျှော်ရသည်။ အဆိုပါ အိမ်မှုကိစ္စအဝဝကိုလုပ်ကိုင် နေရစေကာမူ ယခင်ကဲ့သို ပူပင်သောက မရောက်တော့ပါ။

အကြောင်းရင်းမှာကာ မိခင်သည် အနီး၌ရှိနေရုံမက သူနှင့်လက်တွဲလုပ်ဆောင်နေပြီ ဖြစ်သောကြောင့်တည်း။

ခရစ်တော်၏ထမ်းပိုးတင်၍ ထမ်းသောသူကား ထိုသမီးကြီးနှင့်တူ၏။ ထမ်းပိုးဖြင့် လောကီကိစ္စအဝဝကို ရုန်းကန်ရစေကာမူယခုဆိုလျှင် မိခင်နှင့်တူသော ခရစ်တော်သည် အနီး၌ရှိနေပြီဖြစ်သောကြောင့် ပူပင်မျှ ကင်းသွားနိုင်ပါပြီ။

ထိုကြောင့်လည်း ကိုယ်တော်က “ငါ့ထမ်းပိုးကိုတင်၍ ထမ်းသောသူသည် စိတ်နှလုံးသက် သာခြင်းကို ရမည့်အကြောင်းမိန့်တော်မူခဲ့ခြင်းဖြစ်ပါ၏။

ယခုဆိုလျှင် သူသည်တစ်ဦးတည်းမဟုတ်တော့ပါ။ ခရစ်တော်သည်လည်း ထမ်းပိုးကိုဝင် ရောက် ကူညီထမ်းပေးနေသောကြောင့်တည်း။

၅။        ခရစ်တော်၏ထမ်းပိုးသည် လွယ်ကူရုံမက ဝန်လည်းပေါ့၏။အကြောင်းရင်းမှာ မေတ္တာဖြင့်ထမ်းသော ထမ်းပိုးနှင့်ဝန်ထုပ်ခံသောကြောင့်တည်း။

အသင်းတော်၏ ဖခင်ကြီးသာမက ပညာရှင်ကြီးတစ်ဦးလည်းဖြစ်သူ ရှင်ဩဂတ်စတင်းက ခရစ်တော်၏ထမ်းပိုးသည် လွယ်၍ ဝန်ထုပ်သည် ပေါ့သောကြောင့် လူတစ်ဦးအား ဝေဟင်ထဲ၌ပင် ပျံဝဲစေနိုင်သဖြင့် ငှက်များ၏အတောင်ပံ၊ သိုမဟုတ် ငှက်မွေးကဲ့သို့ပင်ဖြစ်သည်ဟု ဆိုခဲ့ဖူးသည်။

ဤစကားသည် နားမလည်သယောင် ဖြစ်နေနိုင်ပါ၏။

ထမ်းပိုးနှင့် ဝန်ထုပ်တို့ဆိုသည်မှာ လူတစ်ဦးအား ချီပင့်မြှောက်တင်ပေးဖို မဆိုထားနှင့် ဖိနှိပ်ထားသော အလေးနှင့်တူသည်ဟု ယေဘုယျအားဖြင့် မှတ်ယူထားနိုင်ပါသည်။

သို သော် သေသေချာချာ စဉ်းစားကြည့်ကြပါစို။ သာဓကများအားဖြင့် တင်ပြမှသာလျှင် ရှင်းပါလိမ့်မည်။

ခင်ပွန်းဖြစ်သူတစ်ဦးသည် အပြစ်ပြုရန် စုံစမ်းသွေးဆောင် ခြင်းကို ခံနေရသည်။ သို့မဟုတ် ခဲယဉ်းသောပြဿနာနှင့်ဒုက္ခကို ရင်ဆိုင်နေရသည်။

ထိုအချိန်တွင် သူ့ကိုအားကိုးအားထား မော်ကြည့်နေသောမိသားစုကိုလှည့်ကြည့်၏။ သူသည် စုံစမ်းသွေးဆောင်ခြင်း၏နောက်သိုလိုက်သွားပါက သူ့အပေါ်၌ အားကိုးတကြီးဖြင့် မော်ကြည့်နေ သော မိသားစုသည် အရှက်တကွဲ အကျိုးနည်းဖြစ်သွားမည်ကို စဉ်းစားမိသည့်တစ်ပြိုင်နက် ပထမဦးဆုံးသော ခံစားချက်မှာ သူ၏ပခုံးပေါ်၌ လေးလံသောဝန်ထုပ် သိုမဟုတ် ထမ်းပိုးကို ရုတ်တရက်တင် လိုက်သကဲ့သို ဖြစ်သွားပါလိမ့်မည်။

မိသားစု ဒုက္ခမရောက်သွားစေလိုပါ။

ထိုမေတ္တာတည်းဟူသော ဝန်က ထိုစုံစမ်းနှောင့်ယှက်ခြင်းကို ကျော်လွှားအောင်မြင်သွားစေရန် တွန်းအား ပေးလိုက်ခြင်းကြောင့် သူကိုတစ်နည်းအားဖြင့်ဆိုရလျှင် မကောင်းမှုကို ခေါင်းခါ လိုက်နိုင်လောက်အောင် ခွန်အားပေးပြီး မြင့်မြတ်သောအဆင့်သို့ချီပင့် မြှင့်တင်ပေးလိုက်နိုင် ပါလိမ့်မည်။

မိမိ၏မိသားစု တစ်စုလုံးက သူ့ကိုအားကိုးအားထားပြုနေကြောင်းကို သတိရလာသည့် ဖခင်တစ်ဦးသည် မိသားစုတစ်စုလုံးကတင်ပေးနေသော ဝန်ထုပ်အားဖြင့်ပင်လျှင် မွန်မြတ်သော လုပ်ငန်းတစ်ခု၊ စွန့်လှူပူဇော်မှုတစ်ခုကို လုပ်ဆောင်နိုင်ရန် ချီပင့်မြှင့်တင်ပေးခြင်း ခံရကြောင်း သာဓကပေါင်းများစွာ ရှိနေပါသည်။

အရင်းခံအကြောင်းကြီးမှာကား မိမိ၏မိသားစုအပေါ်၌ထားသော မေတ္တာပင်တည်း။

ရှင်ပေတရုကိုကြည့်ပါ။

သူသည် စိတ်မြန်လက်မြန်ရုံမက မကြာခဏစိတ်ပြောင်းလဲတတ်ပါ၏။ သို့သော် ကိုယ်တော်က “ရှိမုန်ဗာယောန၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို တည်ဆောက် မည်”ဟု ဆိုလိုက်သည်နှင့်တစ်ပြိုင်နက်နှင့် ပေတရုသည် စိတ်လှုပ်ရှားသွားမည်မှာ အမှန်ပင်ဖြစ်၏(မဿဲ၊ ၁၆း၁၈)

တစ်နည်းဆိုရလျှင် ခရစ်တော်က သူ့အပေါ်၌ ဝန်ထုပ်ကိုတင်ပေးလိုက်သည်နှင့်တူ၏။

သို့သော် ထိုသိုတင်ပေးလိုက်သော ဝန်ထုပ်နှင့် ခရစ်တော်အပေါ်၌ထားသော မေတ္တာအားဖြင့် ရှင်ပေတရုသည် ပြောင်းလဲသွားပြီး အသင်းတော်၏မယိမ်းယိုင်သော ကျောက်ဖြစ်လာပါတော့၏။

လွယ်ကူနားလည်လွယ်သော သာဓက တစ်ခုအားဖြင့် ထပ်မံ ရှင်းပြလိုပါသေးသည်။

တစ်ခါက ကျွန်တော်သည် နွေရာသီ လူငယ်ကျမ်းစာသင်တန်းကို တက်ရောက်ပြီး ကျမ်းစာသင် ကြားပိုချနေခဲ့ပါသည်။ လူငယ်များကို အုပ်စုဖွဲ့၍ လူငယ်တစ်ဦးစီကို အုပ်စုခေါင်းဆောင်အဖြစ် ခန့်အပ်ထားပါ၏။

အုပ်စုတစ်စု၏ ခေါင်းဆောင်တစ်ဦးမှာ အရက်သေစာသောက်စားတတ်သူဖြစ်၏။

ထိုလူငယ်သင်တန်းကို ရွာကြီးတစ်ရွာ၌ ကျင်းပ၍ထိုရွာ၌ထန်းပင်များ ပေါလှသည်။

တစ်နေ့လယ်တွင် ကျွန်တော်သည် ထိုအုပ်စုကို သစ်ပင်များအောက်၌ ကျမ်းစာသင်ကြားပြီး ခေတ္တအနားယူခိုင်းထားခဲ့သည်။ ကျွန်တော်သည် သစ်ပင်ရိပ်တစ်ခု၌ အနားယူလဲလျောင်းနေစဉ် လူ ငယ်အချင်းချင်း ပြောဆိုဆွေးနွေးနေသည်ကို မျက်စိမှိတ်ရင်း နားထောင်နေမိပါ၏။

ထိုအုပ်စုခေါင်းဆောင်က သူ၏အဖွဲ သားအား ပြောဆိုနေသံကို ကျွန်တော်ကိုယ်တိုင်ကြား ခဲ့ရပါသည်။ “ဟိုထန်းပင်တွေက ထန်းရည်ကို သွားပြီး သောက်ချင်လိုက်တာကွာ။ ဒါပေမယ့် ဆရာကငါ့ ကို အုပ်စုခေါင်းဆောင် ခန့်ထားတယ်။ ဒါကြောင့် သောက်လို လုံးဝမဖြစ်တော့ပါဘူးလေ” ဆိုခဲ့ပါတော့ ၏။ ထန်းရည်မသောက်ဘဲ ကောင်းသောစံနမူနာ ပြစေရန် သူ့အားချီးပင့်ပေးသောအကြောင်းရင်းမှာ ဆရာက သူ့အပေါ်၌တင်ပေးသော တာဝန်ကြောင့် ဖြစ်ပါ၏။

မိခင်တစ်ဦးကို စဉ်းစားကြည့်ပါ။

ထိုမိခင်၏သား (သို့မဟုတ်)သမီးကို ပခုံးလက်နှစ်သစ် အသက်အရွက်ကတည်းက ပြုစုကျွေးမွေးသုတ်သင်ရသည်။ ထို ကလေးအား နို့ချိုတိုက် သို့မဟုတ် အစာကျွေး၊ နာမကျန်းဖြစ်လျှင် စောင့်ရှောက်၊ ကိုယ်ဖိရင်ဖိပြုစု၊ အချိန်မှန်သိပ်၊ အိပ်ရာမှနိုးလာလျှင် ပြုလုပ်ဖွယ်ရာ ကိစ္စအဝဝတိုမှာ အလွန်ပင်လေးလံသော ဝန်ထုပ်ဖြစ်ပါ၏။

အထူးသဖြင့် ကလေသူငယ်အပူတပြင်းဖျားနာ၊ ဝက်သက်ပေါက် စသည့်အခါမျိုး၌ ပြုစုစောင့်ရှောက်ရသည်မှာ သူ့အဖို ဝန်ထုပ်ကြီးသဖွယ်ဟူ၍ မထင်တတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုမိခင်က မိမိ၏သား သိုမဟုတ် သမီးကိုပြုစုသုတ်သင်ကျွေးမွေးစောင့်ရှောက်သည့် ထိုဝန်ထုပ်ကို “ဝန်ထုပ်ဟူ၍ပင် မထင်ခြင်းကြောင့်ဖြစ်ပါ၏။

အကြောင်းရင်းတစ်ခုတည်းမှာ သားသမီးအပေါ်၌ ထားသောသူ၏မေတ္တာကြောင့်ပင် ဖြစ်ပါ၏။

ရှေး ခရစ်ယာန်သူတော်စင် မာတုရများကို ကြည့်ပါ။

သူတို့ သည် ညှဉ်းပန်းနှိပ်စက် အသေသတ်ခြင်းကိုခံရစေကာမူ ခရစ်တော်ကိုချစ်၍ ကိုယ်တော့်အပေါ်၌ထားသော မေတ္တာသည် သူတိုကို သာမန်ခရစ်ယာန်တစ်ဦးအဖြစ်မှ သူတော်စင်နှင့် မာတုရအဖြစ် ချီးပင့်ပေးနိုင်သော စွမ်းအားကြီးဖြစ်လာခဲ့ပါ၏။

ခရစ်တော်က ကမ်းလှမ်းပေးနေသော ထမ်းပိုးနှင့် ဝန်ထုပ်သည်လည်း အလားတူဖြစ်၏။

ကျွန်တော်တို့သည် ကိုယ်တော်က မေတ္တာဖြင့်ပေးနေသော ထိုထမ်းပိုးနှင့်ဝန်ကို ‌မေတ္တာ ဖြင့် တုံ့ပြန်လျှင် ထိုဝန်ထုပ်သည် ထမ်းလွယ်ရုံမက ပေါ့ပါးနေသည်ကို အံ့သြစွာ တွေ့ရပါလိမ့်မည်။ ကျွန်တော်ဖော်ပြနေသောအချက်ကို ဓမ္မသီချင်းတစ်ပုဒ်၌ ဤကိစ္စကို ရှင်းလင်းပီပြင်စွာ တွေ့နိုင်ပါ လိမ့်မည်။

ကျွန်ုပ်ကို “ယုံ “သောသူများကြောင့် `ဖြောင့်မတ်မည်။ “ဂရုစိုက် ‘သောသူများကြောင့် “သန့်ရှင်းမည် ၊ `ဆောင်ရွက်ရန်များ သောကြောင့် ခွန်အားနှင့်ပြည့်မည်။ “ပင်ပန်းခံရန် များသောကြောင့် “ရဲရင့်မည်’ဟူသော ဓမ္မသီချင်းကို သေချာစွာ လေ့လာကြည့်ပါ။

 

ကျွန်တော်တို အား ယုံခြင်း၊ ဂရုစိုက်နေခြင်း၊ ဆောင်ရွက်ရန် အလုပ်များစွာပေးခြင်း၊ ပင်ပန်းခံရန်များခြင်း မှန်သမျှသည်အမှန်ဆိုရလျှင် “ထမ်းပိုး” နှင့် “ဝန်ထုပ်” များပင်ဖြစ်ပါ၏။

သိုသော် “ဪ “… လူအများက ငါ့ကိုယုံနေကြသည်။ ဂရုစိုက်နေကြသည်။ ပင်ပန်းခံစေပြီး ဆောင်ရွက်ရန် အလုပ်များကို ပေးနေပါကလား”ဟု ဆင်ခြင်ပြီး မေတ္တာဖြင့် တုံပြန်ပါက သာမန် လူတစ်ဦးထက် မွန်မြတ်သော ပုဂ္ဂိုလ်များ ဖြစ်လာစေမည့် ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ခွန်အားနှင့်ပြည့်ခြင်း၊ ရဲရင့်ခြင်းတို ပေါ်ပေါက်လာနိုင်ခြင်းကြောင့် သူသည် ထိုဝန်ထုပ်များနှင့် ထမ်းပိုးများအားဖြင့် ချီပင့်မြှင့်တင်ခြင်းကို ခံရမည်သာ ဖြစ်ပါ၏။

အကောင်းဆုံးသော သာဓကတစ်ခုဖြင့် ဤအခန်းကို နိဂုံးချုပ်လိုပါသည်။

လူငယ်တစ်ဦးသည် ကလေးတစ်ဦးအား ကျောပိုးထား၏။ ကြာမြင့်စွာ ကျောပိုးထား သောကြောင့် လူကြီးတစ်ဦးက မေး၏။“ဒီကလေးကို ကျောပိုးထားရတာ မပင်ပန်းဘူးလားဟု မေးရာ “မပင်ပန်းပါဘူး”ဟု ဖြေသည်။

“ဘာဖြစ်လိုလဲ”ဟု ထပ်မံစုံစမ်းပြန်ရာ “သော်-ဒီကျောမှာ ပိုးထားရတဲ့ကလေးဟာ ကျွန်တော့်နဲ့ ညီလေးဖြစ်နေလိုပါ’ဟု ဖြေလိုက်ပါတော့၏။

ထိုလူငယ်သည် သူ၏ညီငယ်လေးအပေါ်၌ ထားသော“မေတ္တာကြောင့် မောရမှန်းမသိ၊ လေးလံသောဝန်ထုပ်ဟူ၍ပင်မထင်ခြင်းကြောင့် ဖြစ်ပါ၏။

လောကီ၏ဝန်ထုပ်များကို ဖယ်ရှားပစ်လိုက်ပါ။ ခရစ်တော်ကမေတ္တာဖြင့် ကမ်းလှမ်းပေးနေ သော ထမ်းပိုးနှင့် ဝန်ထုပ်ကို မေတ္တာဖြင့် လက်ခံပါ။

ကိုယ်တော်၏ထမ်းပိုးသည် ထမ်းလွယ်ပြီး ဝန်သည်လည်းပေါ့ပါးနေကြောင်းကို အံ့သြစွာ တွေ့ရလိမ့်မည်တည်း။

 

အခန်း(၄)

ငြိမ်သက်ခြင်းအတွက်ဓါး

မြေပေါ်၌ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်ဟု မထင်ကြနှင့်၊ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်မဟုတ်၊ ဓါးကိုစေလွှတ်သောငှာ ငါလာသတည်း(မဿဲ၊ ၁၀:၃၄)၊

နှစ်စဉ်နှစ်တိုင်း ကျွန်တော်တို သည် ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲကြသည့်အခါ “ငြိမ်သက် ခြင်းအရှင်” တည်းဟူသော သခင်ခရစ်တော်၏ကြွလာခြင်းကို ကြိုဆိုကြခြင်း ဖြစ်သည်ဟု ဟောပြော လေ့ရှိသည်။

“ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်းရှိစေသတည်း လူတို့ အား မေတ္တာကရုဏာ ရှိစေသတည်း”ဟူသော ကောင်းကင် တမန်များ၏ ကြွေးကြော်သံသည် ခရစ်စမတ်တွင် အသုံးပြုစမြဲဖြစ်သော ကျမ်းစကားပင်ဖြစ် ၏(လုကာ၊ ၂း၁၄)။

ဟေရှာ၊ ၉၆ တွင်လည်း (ထိုသူငယ်တော်သည်)’ငြိမ်သက်ခြင်းအရှင်’ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်’ဟူ၍ ကြိုတင် နိမိတ်ဖတ်ထားသကဲ့သို ခရစ်စမတ်ဓမ္မသီချင်းများ၊ တရား ဟောချက် များတွင် ငြိမ်သက်ခြင်းဟူသော စကားသည်မပါလျှင်မပြီးပါ။

ကမ္ဘာစစ်ကြီးများ ဖြစ်ပွားချိန်၌ တစ်ဦးနှင့်တစ်ဦးကို သေနတ်များ၊ အမြောက်များ၊ စိန်ပြောင်းများသာမက လက်နက်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်နေကြလင့်ကစား “ခရစ်စမတ်နေ့ရက်ရောက်လာသောအခါ အပစ်အခတ် ရပ်စဲပြီး၊ ရန်သူအချင်းချင်းပင်လျှင် ခရစ်စမတ်သီချင်းများကို အတူတကွသီဆိုကြခြင်း၊ မေတ္တာကရုဏာပြုခြင်းအားဖြင့် ထိုငြိမ်သက်ခြင်း အရှင်ကို ဂုဏ်ပြုလေ့ရှိကြသည်။

တစ်ခါက ဓမ္မပညာရှင်ကြီးတစ်ဦးကပင်လျှင် ဤကျမ်းချက်ကိုဖတ်ပြီး “ကိုယ်တော်သည် လောကီအမှုတော်ကို စတင်ဆောင်ရွက် စဉ်အခါက ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းရေး၊ တစ်ဦးအပေါ် တစ်ဦး မေတ္တာထားရေး၊ ရန်သူကိုပင် ချစ်ရေးစသည်တို ပြောစေခဲ့ကာမူ အမှုတော်ဆောင်ရွက်ကာလ၏ နောက်ပိုင်းသို ရောက်လာသောအခါ ထိုငြိမ်သက်ခြင်းသဘောကို စွန့်လွှတ်ခဲ့သည်။ ဆန့်ကျင်ဘက် ပြုသူများက များပြားလာခြင်းကြောင့် ဓါးလက်နက်ကို ကိုင်စွဲရန် နှိးဆော်ခဲ့ဟန်တူ သည်”ဟုအနက်ဖွင့်ပြခဲ့ ပြန်ပါသေးသည်။

ခရစ်ယာန်မဟုတ်သူများ အများအပြားကပင်လျှင် ဤကျမ်းချက်ကိုထောက်ပြီး မေတ္တာနိုင်ငံကို တည်ဆောက်ရန် ကြွလာခဲ့သောသခင်ယေရှုသည် အဘယ်ကြောင့် ဓါးတည်းဟူသော လက်နက်အ ကြောင်း အတည့်အလင်း ကြေညာနေရပါသနည်း? ဟူ၍ ကျွန်တော့်ကို မေးခွန်းထုတ်ခဲ့ဖူးပါ၏။

(က)     ခရစ်တော်သည် “ဓား’ဟူသောစကားကို သုံးကြိမ်မျှပြောခဲ့ပါ၏။

ဂေသရှေမန်ဥယျာဉ်ထဲ၌ ရှင်ပေတရုက ဓါးဖြင့် ခုခံတိုက်ခိုက်သဖြင့် ယဇ်ပုရောဟိတ် မင်း၏ကျွန် “မာလခု သည် နားရွက်ပြတ်သွားခဲ့သည်။ ကိုယ်တော်သည် ထိုပြတ်သွားသော နားရွက်ကိုကုသပေးရုံမက “ဓါးကိုကိုင်သူရှိသမျှတို သည် ဓါးဖြင့် ဆုံးခြင်းသို ရောက်လိမ့်မည်”ဟူသော စကားကို ပြောခဲ့၍လည်း ထိုစကားသည် ယနေ့တိုင် ဥဒါန်းတွင်ကျန်ခဲ့ပါ၏။ (မဿဲ၊ ၂၆း၅၂။ လုကာ၊ ၂၂း၅၀။ ယော၊ ၁၈း၁၁)

(ခ)       ဒုတိယအကြိမ်တွင် အထက်ဖော်ပြပါ မသဲ၊ ၁၀း၃၄တွင် အတည့်အလင်း မိန့်တော်မူခဲ့သည်။ တတိယအကြိမ်၌ကား နောက်ဆုံးသော ညစာကို စားသောက်ပြီးသောအခါ၌ တမန်တော်တို အား ငွေအိတ်ကို ယူစေရုံမက ဓါးမရှိသောသူသည် အဝတ်ကိုရောင်း၍ ဓါးကိုဝယ်စေ”ဟူ၍ပင် အမိန့်ပေးခဲ့ပြန်ပါ၏။

ကိုယ်တော်၏စကားတော်များသည် ဆန့်ကျင်ဘက်သဘောများ ပါနေသောကြောင့် လူများကို စိတ်ရှုပ်ထွေးစေခဲ့သည်မှာ အမှန်ပင်ဖြစ်၏။

ထိုအချိန်၌ တမန်တော်များက သူတို ၌ “ဓါးနှစ်စင်းရှိ၏” ဟုလျှောက်သောအခါ “တန်ပြီ၊ လုံလောက်ပြီ’ဟူ၍ပင် ပြောခဲ့ပါသေးသည်(လုကာ၊ ၂၂း၃၈)

ရန်သူများကို ခုခံရန် ဓါးနှစ်စင်းဖြင့်သာ လုံလောက်စရာ အကြောင်း လုံးဝမရှိပါ။ ကိုယ်တော့် အား ဖမ်းဆီးကြသော လူအုပ်ကြီးမှာ များပြားလှရုံမက လက်နက်ကိုယ်စီဖြင့် အင်အားတောင့်တင်း လှပါ၏။

ဓါးနှစ်စင်းဖြင့်သာ ခရစ်ယာန်ဘာသာ ပြန့်ပွားရေးအတွက် စစ်ပွဲကြီးဆင်နွှရန်၊ လှုဆော်ရန် ဆိုသည်မှာလည်း လုံးဝမဖြစ်နိုင်ပါ။

ခရစ်တော်သည် လောက၌ ငြိမ်သက်ခြင်းနှင့် မေတ္တာနိုင်ငံတည်ဆောက်ရန် ကြွလာခဲ့ခြင်းကို ဓမ္မသစ်ကျမ်းတစ်စောင်လုံးကအတိအကျဖော်ပြထားရုံမက ကိုယ်တော်တိုင်ကလည်း အကြမ်းဖက်မှုကို တားမြစ်ခဲ့ကြောင်း ထင်ရှားနေပါ၏။

သိုဖြစ်လျှင် “ဓါး အကြောင်း အဘယ်ကြောင့် လူသူရှေ့မှောက်တွင် မိန့်တော်မူခဲ့ပါသနည်း ကိုယ်တော်သည် အကြမ်းဖက်မှုကို လုံးဝအားမပေးခဲ့ကြောင်း ရှင်ပေတရုအား ဆုံးမခဲ့ပုံကို ကြည့်ပါ။ ရှင်လုကာ၊ ၉:၅၁-၅၅ ကိုကြည့်ပြန်လျှင်လည်း ကိုယ်တော့်ကို လက်မခံသော ရှမာရိရွာအပေါ်သို့ ကောင်းကင်မှမီးကျ၍ လောင်ကျွမ်းဖျက်စီးပါရန် လျှောက်ထားသောအခါ ချက်ခြင်း ငြင်းဆန်ခဲ့သည်။

“လူသားသည် လူတို အသက်ကို သတ်အံ့သောငှာ ကြွလာသည်မဟုတ်၊ ကယ်တင်အံ့သောငှာ ကြွလာသည်’ဟူ၍ ဆုံးမခဲ့ပါသေး၏။

“သင်တို့၏ပါးတစ်ဘက်ကိုရိုက်လျှင် နောက်ပါးတစ်ဘက်ကိုလှည့်ပေးဦးလော့။ ရန်သူကိုချစ် ကြလော့။ သင်တိုကို ကျိန်ဆဲသော သူတို အား မေတ္တာပိုကြလော့။ သင်တို အား မုန်းသောသူတို အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသော သူတို့အဖို့ဆုတောင်းပေးကြလော့”ဟူ၍ လူပေါင်းများစွာအား သွန်သင်ခဲ့သောအရှင်သည် အကြမ်းဖက်မှုကို လုံးဝမလိုလားကြောင်း ထင်ရှားနေ၏ (မဿဲ၊ ၅း၃၉၊ ၄၃-၄၄)။

ထိုကြောင့် ဤကျမ်းချက်ကို အနက်ဖွင့်ကြည့်ကြပါစို။

၁။        ကိုယ်တော်က မိမိသည် ဂျူးလူမျိုးတို စောင့်ဆိုင်း နေသော မေရှိယမြစ်ကြောင်းကို သွယ်ဝိုက်သောနည်းဖြင့် ဖော်ပြခဲ့ခြင်းသာ ဖြစ်သည်။

ဤအချက်ကို မဿဲ၊ ၁၀း၃၅ အားဖြင့် ပေါ်လွင်ထင်ရှားလာသည်။ ကိုယ်တော်သည် ဓါးအကြောင်းကို ပြောပြီးသည့်တစ်ပြိုင်နက် “အဖနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့်ချွေးမ အချင်းချင်းကွဲပြားခြင်းငှာ ငါလာသတည်း။ ကိုယ်အိမ်သူအိမ်သားတိုသည်လည်း ကိုယ့်ရန်သူ ဖြစ်ကြလိမ့်မည်”ဟူ၍ ဆက်လက်၍ မိန့်တော်မူသည်ကို အထူးသတိပြုပါ။

ဤကိစ္စကို သဘောပေါက်ထားဖို့ အရေးကြီးပါသည်။

ဂျူးလူမျိုးတို၌လည်း အခြားလူမျိုးများနည်းတူ အတိတ်၊ တဘောင်၊ ရှေးလူကြီးသူမတို့၏ ဆိုရိုးစကား စသည်တို့ ရှိပါ၏။

သူတို့ စောင့်မျှော်နေသော မေရှိယကြွလာလျှင် အိမ်သူအိမ်သား မိသားစုအချင်းချင်းပင်လျှင် စိတ်ဝမ်းကွဲပြားကြမည်ကို ပြောလေ့ပြောထ ရှိကြသည်။

မိက္ခာ၊ ၇း၆ ကိုပြန်၍ ဖတ်ကြည့်ပါ။

ကိုယ်တော်သည် ပရောဖက်မိက္ခာ၏ အနာဂတ္တိကျမ်းစကားကို ရည်ညွှန်း၍ ပြောခဲ့ခြင်းအားဖြင့် သင်တိုမျှော်မှန်းနေသောမေရှိယ၊ သင်တို၏အတိတ်တဘောင်သည် ငါအားဖြင့် ပြည့်စုံပြီ”ဟူ ၍ ပြောလိုက်ခြင်းသာ ဖြစ်ပါ၏။

အနာဂတ်၌ ပေါ်ထွန်းလာမည့် ကြီးမြတ်သော ပုဂ္ဂိုလ် အကြောင်းကို ရည်ညွှန်းလေ့ရှိသော အတိတ်တဘောင်ကဲ့သို ဂျူးလူမျိုးတို့၌လည်း အလားတူ ရှိပါသည်။ ထိုကြောင့် ဂျူးလူမျိုးတို၏ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ အတိတ်တဘောင်စကားကို အသုံးပြုခြင်းအားဖြင့်မိမိကိုယ်ကို မေရှိယဖြစ် ကြောင်း သွယ်ဝိုက်သောနည်းဖြင့် ဖော်ထုတ်လိုက်ခြင်းဖြစ်၏။

 

၂။         ဓါးဆိုသည်မှာ တရားစီရင်ဆုံးဖြတ်ခြင်းအကြောင်းကို တင်စား၍ ပြောသောစကား ဖြစ်၏။ ဂျူးလူမျိုးတိုက မေရှိယကြွလာသည့်အခါ မကောင်းမှုဒုစရိုက်သားတို အား အပြစ်ပေးပြီး၊ တရားမျှတ ဖြောင့်မတ်သူတို အား ဘုန်းအသရေတော်ဖြင့် ချီးမြှောက်မည်။ သိုးနှင့်ဆိတ် ခွဲခြားမည် စသည်တို့ကို ယုံကြည်နေကြပါ၏။

ကိုယ်တော်က မိမိသည် မေရှိယ ဖြစ်ခြင်းကြောင့် မတရားသောသူတို့အား တရားစီရင်ဆုံး ဖြတ်မည့်သူဟူ၍လည်း ပြောနေခြင်းဖြစ်သည်။ တရားဟောရာကျမ်း၊ ၃၂၄၁ တွင် “ငါသည် ပြောင်လက်သော ဓါးကိုသွေး၍ တရားစီရင်စပြုလျက် အပြစ်တရားကို စီရင်မည်”ဟူ၍ ဘုရားသခင်က မိန့်တော်မူခဲ့သလို ငယ်(၂၅)တွင်လည်း “အိမ်ပြင်၌ ဓါးဘေး၊ အိမ်အတွင်း၌ ကြောက်မက်ဖွယ်သော ဘေးဖြင့်(တရားစီရင်မည်)”ဟု ဘုရားသခင်က မိန့်တော်မူခဲ့သည်။

ဟေဗြဲ၊ ၄း၁၂ တွင်လည်း ဓားအစား “သန်လျက်”ဟူသောစကားကိုသုံးပြီး “ဘုရားသခင်၏နှုတ် ကပတ်တော်တရားသည် အသက်ရှင်ခြင်းတန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို ထက် ထက်ခြင်း နှင့် ပြည့်စုံသည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကို ပိုင်းခြားထုတ်ချင်းခွင်းတတ်၏”ဟု ဆိုထားပါသည်။

ရှင်လုကာ၊ ၁၂း၄၉-၅၃ ကိုလည်း လေ့လာကြည့်စေလိုပါသေးသည်။

“မြေပေါ်၌ မီးလောင်စေခြင်းငှာ ငါလာသတည်း”ဟု ဆိုခဲ့၏။ “မီး”ဆိုသည်မှာ တရားစီရင်ခြင်း ကို ဆိုလိုသည်။ (သောဒုံနှင့် ဂေါမောရမြို့များကို မီးဖြင့် တရားစီရင်ခဲ့သည်ကို ထောက်ရှုပါ။) ထို့ နောက်မှ အထက်တွင် ဖော်ပြခဲ့သော အတိတ်၊ တဘောင်ကိုဆက်လက်မိန့်ကြားခဲ့၏။

ဂျူးလူမျိုးတို၏ အတိတ်တဘောင်ကိုပါ ဖော်ပြပြီး၊ ကိုယ်တော်သည် မေရှိယဖြစ်ကြောင်းနှင့် တရားစီရင်ခြင်းပြုမည့်အကြောင်းဂျူးလူမျိုးတို နားလည်သော’ဓါးဖြင့် တင်စား၍ မိန့်တော်မူလိုက် ခြင်းသာ ဖြစ်ပါသည်။

ဓမ္မဟောင်းခေတ်က ဆိုးယုတ်သောသူ၊ မတရားသောသူတိုကို တရားစီရင်မည့်အကြောင်း ဖော်ပြလိုလျှင် “ဓါးဖြင့် တင်စား၍ ပြောဆိုလေ့ရှိကြောင်း ဆာလံ၊ ၄၅း၃။ ဟေရှာ၊ ၃၄း၄-၆ စသည် တိုကို လေ့လာကြည့်ပါ။

 

၃။        ဓါးဟူ၍ မိန့်တော်မူခြင်းအားဖြင့် မေတ္တာနိုင်ငံတည်ဆောက်ရေးစစ်ပွဲ ဆင်နွှဲခိုင်းနေ ခြင်းကို ဆိုလိုသည်။ ကိုယ်တော်သည် Principles of war ဟုခေါ်သည့်စစ်အခြေခံ သဘောတရားကို ကောင်းစွာ နားလည်ကျွမ်းကျင်သောအရှင် ဖြစ်ပါ၏။

မေတ္တာနိုင်ငံ သို့ မဟုတ် ဘုရားသခင်၏နိုင်ငံတော်ကို တည်ဆောက်ရေးအတွက် လက်ပိုက် ထိုင်နေ၍ မရပါ။

“စစ်အောင်နိုင်ရေးအတွက် အခြေခံ သဘောတရား ထဲမှအရေးကြီးတစ်ချက်မှာ “ခံစစ်” ဖြင့်သာ ဘယ်သောအခါမျှ စစ်မအောင်နိုင်ပါ။ “တိုက်စစ် ဆင်နွှဲခြင်းအားဖြင့်သာလျှင် စစ်ပွဲကို အောင်မည်ဟူသော သဘောကို တပ်မတော်သားတိုင်း သိပါ၏။

သို့သော် ခရစ်တော်က အကြမ်းဖက်ဓားကို မဆိုလိုပါ။ မေတ္တာ၊ စေတနာ၊ ကရုဏာ၏ဓါးကို ဆိုလိုပါသည်။

လူ့ဘောင်လောကကြီး၌ မေတ္တာ၊ ကရုဏာ၊ စေတနာတရားထွန်းကားရန် ထိုင်နေ၍ မရပါ။ လက်ပိုက်ကြည့်နေ၍ မရပါ။ တောင်ပေါ်ဒေသနာ၌ ကိုယ်တော်က ဤကိစ္စကို ရှင်းပြပြီးဖြစ်သည်။

ပါးတစ်ဘက်ကိုရိုက်လျှင် ခေါင်းငုံခံပြီး ဘာမျှမလုပ်ခြင်းသည် ခံစစ် ”သာလျှင် ဖြစ်သည်။ သူရဲဘောကြောင်ခြင်းသာလျှင်ဖြစ်သည်။ သို့သော် ပါးနောက်တစ်ဘက်ကို ပြန်လှည့်ပေးရန် သတ္တိကိုလိုသည်။ မေတ္တာဖြင့် တိုက်စစ်ပြန်လည်ဆင်နွှခြင်းလည်းဖြစ်၏။

ရောမစစ်သားတစ်ဦးက မိမိ၏အထုပ်အပိုး ဝန်စည်စလယ်ကို အဓမ္မသဘောဖြင့် တစ်မိုင်ထမ်းခိုင်းသောအခါ “တစ်မိုင်မကနှစ်မိုင်ထမ်းပေးလိုက်လော့”ဟု မိန့်မှာခြင်းသည်လည်း မေတ္တာ၏ တိုက်စစ်ဆင်ခြင်းသာလျှင် ဖြစ်သည်။ တစ်မိုင်ထမ်းခိုင်း၍ တစ်မိုင် သာထမ်းပေးလျှင် ကြောက်၍သော်လည်းကောင်း၊ ပြန်မပြောရဲ၍ သော်လည်းကောင်း၊ ခေါင်းငုံ အရှုးပေးခြင်းသော်လည်း ကောင်းဖြစ်နေပါလိမ့်မည်။

သို့သော် တစ်မိုင်မက နှစ်မိုင်အထိပင် ထမ်းပေးလိုက်ခြင်းအားဖြင့် မိမိ၏သတ္တိကို ဖော်ပြ လိုက်ခြင်းသာမက “မေတ္တာစေတနာကိုပါ ဖော်ပြခြင်းဖြစ်သည်။ ရောမစစ်သားပင်လျှင် အံ့သြသွားစေ မည့် “မေတ္တာ၏တိုက်စစ်ဖြစ်ပါ၏။

အက်ျီကိုလာတောင်းလျှင် ယူသွားပါဟူ၍ ပြောခြင်းသည်ကြောက်၍ ဖြစ်ကောင်းဖြစ်မည်။ အက်ျီကိုသာမက လုံချည်ပါပေးလိုက် ပါက မေတ္တာနှင့်စေတနာ၏ တိုက်စစ်ဆင်နွှဲလိုက်ခြင်းဖြစ်ပါ၏။ ထိုအချက်ကို ကျွန်တော်ရေးသားခဲ့သော “မြတ်ဝတ်ရုံဝတ္ထုရှည်ထဲတွင်ဖော်ပြခဲ့ပြီး ဖြစ်ပါ၏။

စီဇာဘုရင် တိုင်ဗေးရီးယပ်စ်သည် “ဒိုင်ယာနာ နှင့် အပြန်အလှန် စကားပြောနေသည်။

“ဒီ ခရစ်ယာန်တွေဟာ ထူးခြားတယ်၊ အလျင်တုန်းကဆိုရင် သူတို့ ကို ငါတို့ က ညှဉ်းပန်းနှိပ် စက်၊ မတရားလုပ်သမျှ ခေါင်းငုံခံနေခဲ့တယ်။ အခုသူတိုတတွေဟာ ခရစ်ယာန်ဖြစ်လာတော့ ဒီလို မဟုတ်တော့ဘူးပေါ့။ ငါတိုက ညှဉ်းပန်းနှိပ်စက်လေလေ သူတိုက ငါတို့အတွက် မေတ္တာပို့ဆုတောင်းပေးလေလေ ဖြစ်နေပြီ။ အလျင်တုန်းက အထုပ်ထမ်းပြီး တစ်မိုင်သွားခိုင်းရင် တစ်မိုင်မကဘူး၊ နှစ်မိုင် သွားပြနေပြီကွ၊ ပြီးတော့ ငါတိုက သူတို အပေါ် မတရားလုပ်လေလေ။ သူတို့က ငါတို့ကိုပြန်ပြီး ဆုတောင်းမေတ္တာပို့ သလေလေဖြစ်နေပြီကွ။ အဲဒါကို ငါမကြိုက်ဘူး။ မကြိုက်တော့ဘူးကွ” ဟူ၍ တုန်လှုပ်ချောက်များစွာ ပြောပုံကို ဖတ်ရှုကြည့်ပါ။

ဤကိစ္စသည် မေတ္တာ၏တိုက်စစ်ပေတည်း။

အပြစ်ဒုစရိုက်ဆိုသည်ကို ခေါင်းငုံမခံရပါ။ ကြံ့ကြံ့ခံနေ၍မရပါ။ အပြစ်ဒုစရိုက်ကို ရဲရဲရင်ဆိုင်ပြီး ထွေးလုံးတိုက်မှသာလျှင်အောင်မြင်ပါလိမ့်မည်။

When love stands still it loses ground was စကားကို ကျွန်တော် အလွန်ကြိုက်ပါ၏။ “မေတ္တာဆိုသည်မှာ ရပ်နေလျှင်၊ တန့်နေလျှင် ထိုမေတ္တာသည် အသေကဲ့သိုဖြစ်လာပါလိမ့်မည်။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ပါ၏။ မေတ္တာဆိုသည်မှာ လက်တွေ့အားဖြင့် ဖော်ပြနေရမည်ဖြစ်သောကြောင့် ခရစ်ယာန်တို့ ကိုးကွယ်သော ဘုရားသခင်သည် သက်မဲ့အရုပ်ကြီးမဟုတ်ပါ။ လူသားတို့၏ခံစားနေရသော ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ဒုက္ခရောက်ခြင်း၊ သုခခံစားရခြင်း စသည်တို့တွင် ကိုယ်တော်တိုင် လူတို့နှင့်အကူ အမြဲပါဝင်လှုပ်ရှားနေသောဘုရားဖြစ်ပါ၏။

သာဓက အားဖြင့် ကြည့်ကြပါစို။

ဣသရေလလူမျိုးတို အဲဂုတ္တု နိုင်ငံ၌ ကျွန်ခံနေရစဉ် ဘုရားသခင်က မောရှေအား “အဲဂုတ္တု၌ရှိသော ငါ၏လူတိုခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့ ‘မြင်ခဲ့ပြီ။ သူတို ကို စေခိုင်းသော သခင်တိုကြောင့် သူတိုမြည်တမ်းသော အသံကိုလည်း ငါကြားခဲ့ပြီ။ သူတိုနာကြည်းခြင်းဝေဒနာကို ငါသိ၏။ သူတိုကို (ကယ်ဖို့ရန်) “ငါဆင်းလာပြီ’ ဟု မိန့်တော်မူခဲ့ခြင်းကို ဆင်ခြင်ကြည့်ပါ(ထွက်၊ ၃း၇)။

ကိုယ်တော်သည် မေတ္တာတော်ရှင် ဖြစ်သောကြောင့် ဣသရေလလူမျိုးတို ခံစားနေရသော ဒုက္ခဝေဒနာကို “မြင်သည်။ အော်သံကို `ကြား သည်။ နာကြည်းမှုဝေဒနာကို “သိ”သောကြောင့် မလှုပ်မယှက်ထိုင်မနေဘဲ “ဆင်းလာပြီ’ ဟူသော စကားအားဖြင့် မေတ္တာ၏ သက်ဝင်လှုပ်ရှားမှုကို ဖော်ပြနေပါ၏။

ယနေ့ လူ့ဘောင်လောကကြီးထဲ၌ ထွေးလုံးတိုက်ပွဲ အမြဲဖြစ်နေသည်။

အပြစ်ဒုစရိုက်နှင့် ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ အဝိဇ္ဇာအမှောင်နှင့်သမ္မာတရား၏အလင်း၊ တရားမျှတမှုနှင့် မတရားတမျှ၊ သစ္စာရှိမှုနှင့် သစ္စာမဲ့မျှစသည်တို စပ်ကြားတွင် ခရစ်ယာန်တိုသည် ပွဲကြည့်ပရိသတ်ကဲ့သို လက်ပိုက်ထိုင်ကြည့်နေ မရပါ။

မေတ္တာ၏ “ဓါး”ကို ကိုင်ဆောင်ပြီး တိုက်ပွဲဆင်နွှရပါမည်။ “ဝိညာဉ်တော်၏ဓါးကိုယူကြလော့’ဟု ရှင်ပေါလုလည်း တိုက်တွန်းနှိးဆော်ခဲ့ပါ၏(ဧဖ၊ ၆း၁၇)။

ခရစ်ယာန်တို့ ခံယူရမည့် အရေးကြီးလှသော အခြေခံသဘောတရားမှာကား အပြစ်သားတို့ကို ချစ်ပြီး၊ အပြစ်ဒုစရိုက်သို့တွန်းလှန်တိုက်ဖျက် စစ်ပွဲဆင်ရခြင်းပေတည်း။

ခရစ်ယာန်တို အနေဖြင့် ငါတို သည် သူတစ်ပါးအပေါ်မတရားမပြု၊ မစော်ကား၊ မကောင်းမ ပြော၊ ဒုက္ခမပေး၊ မဟုတ်တာမလုပ်၊ မတရားမှုကို မပြုဟူသော ‘မ’အက္ခရာပါသည့် မလုပ်ခြင်းမပြုခြင်း၊ မကျင့်ခြင်းအားဖြင့် အသက်ရှင်နေလျှင် ခရစ်တော်၏ဩဝါဒနှင့် ညီလိမ့် မည်မဟုတ်ပါ။

ခရစ်ယာန်များသည် မတရားမှုကို မပြုသောသူမဟုတ် ရပါ။ တရားသောအမှုကို ပြုသောသူ ဖြစ်ရပါမည်။ သူတစ်ပါး၏ မကောင်းကို မပြောခြင်း မဖြစ်ရပါ။ ကောင်းကြောင်းကို ပြောခြင်း ဖြစ်ရပါမည်။ ဒုက္ခမပေးသောသူများ ဖြစ်နေရုံမျှသာ မဟုတ်ရပါ။ သုခကို ပေးသောသူ ဖြစ်ရမည်။ မဟုတ်တာကို မလုပ် သောသူမဟုတ်ဘဲ ဟုတ်မှန်သောအရာကို “လုပ်”သောသူဖြစ်ရမည်။ မကောင်းသော စကားကိုမပြောသောသူမဖြစ်ရပါ။ ကောင်းမြတ်သောစကားကို ပြောနေသောသူ ဖြစ်ရပါမည်။

အင်္ဂလန်နိုင်ငံရှိ အယ်လီဇဘက်၊ ဖရွိင်းဆိုသည့် အမျိုးသမီးသည် အကျဉ်းထောင်ထဲရှိ ရာဇဝတ်သားများကို မြင်ရပြီး စိတ်မချမ်းမသာ ဖြစ်ခဲ့သည်။ သူသည် သမ္မာကျမ်းစာကိုမှန်မှန် ဖတ်သောသူဖြစ်၍လည်း သူတစ်ဦးတည်း ဖတ်နေသည်ထက် အကျဉ်းသားများ၊ ရာဇဝတ်သား များ၏ရှေ့တွင် ဖတ်ပြခြင်းက ပို၍ သင့်တော်မည်ဟု ယူဆပြီး အကျဉ်းထောင်များကို လှည့်လည်၍ ကျမ်းစာဖတ်ခြင်းအားဖြင့် အမှုတော်ကို စတင်ဆောင်ရွက်ခဲ့သည်။

သူ၏ခင်ပွန်းမှာလည်း ကျမ်းစာဖတ်သောသူ ဖြစ်စေကာမူ၊ အိမ်ထဲ၌သာ ဖတ်ပြီး ထိုင်နေလေ့ ရှိသည်။ သူ၏ခင်ပွန်းသည် ကျမ်းစာကို သူ၏ညီဝီလျံနှင့် မိတ်ဆွေတစ်ဦးအား ဖတ်ပြနိုင်ရေးအတွက် သမ္မာကျမ်းစာကို အယ်လီဇဘက်က ရှာဖွေပေးခဲ့ပြီး နေအိမ်၌ ထားပစ်ခဲ့ရသည်။

အယ်လီဇဘက်ကမူကား နောက်ပိုင်း၌ အကျဉ်းထောင်များတွင် ကျမ်းစာဖတ်ပြနေရုံသာမက ဘဲ၊ အကျဉ်းထောင်ပြုပြင်ရေး၊ ရာဇဝတ်သားများ၏ ကိုယ်ကျင့်တရား ပြန်လည်ကောင်းမွန်လာရေး အတွက် အားကြိုးမာန်တက် ကြိုးစားခဲ့သောကြောင့် သူ၏အမည်သည် သမိုင်းတွင် ဥဒါန်းတင် ကျန်ခဲ့သည်။

အကျဉ်းထောင်ပြုပြင်ရေးသာမက အကျဉ်းသမားများကိုယ်ကျင့်တရား ပြန်လည်ကောင်း မွန်လာရေးအတွက် အမှုတော်လုပ်ငန်းကြီးကို အစပြုတီထွင်ပေးခဲ့သူဖြစ်ပြီး ယနေ့တိုင် ထိုလုပ်ငန်း သည် အနောက်နိုင်ငံများ၌ ရှိနေဆဲ၊ ပြုနေဆဲပင် ဖြစ်နေပါပြီ။

ဘုရားသခင်သည် လူ့ဇာတိကိုခံပြီး လူ့ဘောင်လောကထဲသို့ ကြွလာခြင်းကိုက မေတ္တာတော်၏လက်တွေ့ သက်ဝင်လှုပ်ရှားရေး၊ လက်တွေ့လုပ်ဆောင်ရေးနှင့် နတ်ဆိုးများတည်း ဟူသော နိုင်ငံတော်၏ ရန်သူများကို နှင်ထုတ်ရေးအတွက် “ဓါးကိုကိုင်လျက် တိုက်ပွဲဆင်ရန် ကြွလာခဲ့ခြင်းဟု ဆိုနိုင်ပါ၏။

အင်္ဂလန်ပြည်ရှိ ‘လော့ဒ်၊ ရှာဖ်စ်ဘယ်ရီ’ဆိုသူကို ကြည့်ပါ။ သူသည် လော့ဒ်ဟူသော ရတောင့်ရခဲသည့်ဘွဲ့ကို အင်္ဂလန်ပြည့်ရှင် ဘုရင်မင်းမြတ်ကိုယ်တိုင်က သူကောင်းပြုအပ်နှင်းခြင်းခံရပြီး ချမ်းသာကြွယ်ဝသော သူဌေးတစ်ဦးလည်း ဖြစ်ပါ၏။ ဉာဏ်ပညာ လည်း ထက်မြက်ရုံမက အထက်လွှတ်တော်၌ နာမည်ကြီးအမတ်လည်း ဖြစ်နေသည်။ မိမိဘာသာ အေးအေးထိုင်နေနိုင်သည်။

တစ်နေ့တွင် အင်္ဂလန်၌ ပလိပ်ရောဂါ ဖြစ်ပွားသည်။ ကူးစက်တတ်သောရောဂါဖြစ်၍ လူတိုင်းက ရှောင်ခွာထွက်ပြေးကြ၏။ ဆင်းရဲသားများ၏ အလောင်းများကို မြှုပ်နှံပေးမည့်သူ မရှိ။ ထိုကြောင့်ပိုက်ဆံပေး၍ သင်္ဂြိုဟ်ခိုင်းသည်။

ရပ်ကွက်ရှိလူထုက အရက်သမားများ၊ အလုပ်လက်မဲ့ လူဆိုးများကို သူတို့သည် တွင်းနက်ကြီးကိုတူးကာ အလောင်းများကို လက်တွန်းလှည်းတွင်ထည့်၊ အရက်များမူးယစ်၊ သီချင်းများအော်ဆိုကာ တွင်းနက်ထဲသို ပစ်ချ၍ သင်္ဂြိုဟ်ပေးနေကြသည်ကို တွေ့ရ၏။

တစ်နေ့တွင် အရက်မူးယစ်နေသော လူနှစ်ဦးသည် အလောင်း တစ်လောင်းကို လက်တွန်းလှည်းဖြင့် တင်လာသည်ကို သူသည်ကြည့်နေ၏။ လက်တွန်းလှည်းကို တွန်းနေ ရင်း ရှေ့ဘီးသည် ကျောက်တုံးတစ်တုံးဖြင့် ထိကာ တိမ်းစောင်း မှောက်လဲသွား၏။

အလောင်းသည်လည်း မြေကြီးပေါ်သို ဒလိမ့်ခေါက်ကွေးကျသွားသည်ကို မြင်ရသောအခါ ရင်ထဲ၌ဆိုနှင့်ကာ အလွန်ဝမ်းနည်းကြေကွဲ မျက်ရည်ဝဲသွားခဲ့၏။

သူသည် ထိုဖြစ်ရပ်များကိုမြင်ပြီး၊ လက်ပိုက်၍ နေပါသလား။

သူသည် နေအိမ်ထဲသိုပြန်ဝင်ပြီး သမ္မာကျမ်းစာကို ထိုင်၍ဖတ်နေပါသလား။

ဆင်းရဲသူဆင်းရဲသားများအတွက် မေတ္တာပို ဆုတောင်းပေးနေရုံမျှနှင့် ကျေနပ်နေပါသလား။

မဟုတ်ပါ။

သူကိုယ်တိုင်ပင် အထက်လွှတ်တော်သို သွားပြီး အမတ်အဖြစ်မှ နှုတ်ထွက်လိုက်သည်။ ဆင်းရဲသူဆင်းရဲသားများ၏ ရပ်ကွက်တွင်းသို သွားသည်။ သူတိုကို ကူညီမစရန် ဆုံးဖြတ်လိုက်၏။ ဆင်းရဲသူဆင်းရဲသားများသည် အများအားဖြင့် သူတို၏စားဝတ်နေရေး မဖူလုံ၍ ခိုးဝှက်လုယက် နေသူများ ဖြစ်ပါ၏။ မည်

 သို့ပင်ဖြစ်စေ ယခုကဲ့သို သော လူကုံထံ၊ သူဌေးသူကြွယ်တစ်ဦးသာမက လော့ဒ်ဘွဲရအထက်လွှတ်တော် အမတ်ကြီးကိုယ်တိုင်က သူတိုထံ ဤသို လာရောက်၍ “မင်းတိုကို ငါကူညီမယ်’ဟူသော စကားကို နည်းနည်းလေးမျှ မယုံကြည်။

စေတနာမှန်ပါ၏လော ? ။ဤသို စွန့်လှူပူဇော်သောသူမျိုး တစ်စုံတစ်ဦးမျှ မရှိစဖူး။ ဥပါယ်တံမျဉ်ဖြင့် သူတိုအား ဖမ်းဆီးရန်လော? ရဲများကို သတင်းပေးရန်လော? ဟူ၍ သို့လော သို့လောစိတ်ထားများပင် ရှိလာကြသည်။ သို့ ကြောင့် တစ်နေ့တွင် “သူခိုးများညီလာခံ Thieves’Conference ဟူ၍ နောင်တွင်သမိုင်းတွင်မည့် စည်းဝေးတစ်ရပ်ကိုခေါ်ကြသည်။ ထိုညီလာခံကို သူခိုးများသာလျှင် တက်ရောက်နိုင်၏။ လူဆိုးစာရင်းဝင် အကယ်ပင်သူခိုးတစ်ဦးဖြစ်မှသာလျှင် စည်းဝေးတက်နိုင်သည်။ မိမိသည် အမှန်ပင်သူခိုးဖြစ်ကြောင်း၊ ထောင်ကျဖူး ကြောင်း၊ ရာဇဝတ် လူဆိုးဖြစ်ကြောင်း စသည့်အထောက်အထားကိုနိုင်မှသာလျှင် ထိုညီလာခံကို တက်ခွင့်ပြု၏။

အချီအချ ဆွေးနွေးတိုင်ပင် ဆွေးနွေးပြီးနောက် သူတို ကလော့ဒ်၊ ရှာဖ်(စ်)ဘယ်ရီအား ကြွရောက်ပါရန် ဖိတ်ကြားလိုက်တော့၏။ လော့ဒ်၊ ရှာဖ်စ်ဘယ်ရီက သူ၏စေတနာနှင့်မေတ္တာအစစ် အမှန်ကို အချိန်ကြာမြင့်စွာ ရှင်းပြရ၏။

သူခိုးများကလည်း သူတို၏စားဝတ်နေရေး မဖူလုံ၍ဘဝသို ရောက်နေကြောင်းကို ရှင်းပြသောအခါ သူတို၏စားဝတ်နေရေး၊ လူမှုရေး၊ အလုပ်အကိုင်ရရှိရေး စသည့်တိုကို အစွမ်းကုန်ကူညီမည်ဖြစ်ကြောင်း အာမခံခဲ့ရာ သူခိုးများ၊ လူဆိုးများက အစသဘောဖြင့် လက်ခံလိုက်ကြ၏။ အတိုးတင်ပြရပါလျှင် လော့(ခ်)၊ရှာဖ်စ်ဘယ်ရီ၏ စေတနာ၊ မေတ္တာမှန်၊ စွန့်လွှတ်ပူဇော်မှုကြောင့်သူခိုးလူဆိုးပေါင်းများစွာ အလုပ်အကိုင်ရလာကြသည်။ စိတ်ပြောင်းလဲလာကြသည်။ လူကောင်းဖြစ်လာကြသည်။ ခရစ်တော်ကိုပင် လက်ခံလာကြသည်အထိ ဖြစ်လာကြသည်။ ခရစ်တော်၏မေတ္တာကို ခံစားလာကြ၏။

လော့ဒ်၊ ရှာဖ်စ်ဘယ်ရီ ကွယ်လွန်သွားသောအခါ သူ၏အသုဘသည် အင်္ဂလန်ပြည့်ရှင် ဘုရားတစ်ပါး၏ ဈာပနထက်ပင် စည်ကားလှပါသည်ဟု သမိုင်းမှတ်တမ်းရှင်များက ဝန်ခံရကြသည်။ ရှာဖ်စ်ဘယ်ရီအား မင်းညီမင်းသား၊ အာဇာနည် သူရဲကောင်းများသဂြိုဟ်ရာ ‘ဝက်စ်မင်စတာ အက်ဘီခေါ် အာဇာနည်ဗိမာန်၌ သဂြိုဟ်ရာလူပေါင်းသန်းနှင့်ချီ၍ လိုက်လံပိုဆောင်ခဲ့ကြသည်။

ထူးခြားသည့် အချက်တစ်ချက်မှာကား ရှာဖ်စစ်ဘယ်ရီ၏ အခေါင်းနောက်ပိုင်း အနီးကပ်ဆုံးနေရာတွင် တစ်ချိန်တစ်ခါကသူခိုး၊ လူဆိုး၊ လမ်းသရဲ၊ ကိုယ်ကျင့်တရား ပျက်ပြားနေ သောလည်းယခုဆိုလျှင် လူကောင်းသူကောင်းများ ဖြစ်နေသူများ လိုက်ပါလာကြခြင်းပေတည်း။

သူတို့သည် စကားတစ်ခွန်းမျှမပြော။ မျက်ရည်များ ယိုစီးလျက် ကတ်ပြားထူများကို ထုတ်တံ များဖြင့်မြှောက်၍ ကိုင်လာကြသည်။ ထိုကတ်ပြားပေါ်၌ကား “ငါတို့ သည် မွတ်သိပ်နေသောအခါ သင်သည် ရောက်လာ၍ ကျွေးမွေး၏။ ငါတို့ သည် အနာရောဂါစွဲသောအခါ သင်သည် ကြည့်ရှူပြုစုခဲ့၏။ ငါတို သည် ထောင်ထဲမှာနေရသောအခါ သင်သည် ငါတိုထံ လာခဲ့၏။ ငါတို့ သည် ဧည့်သည် (သူစိမ်းတစ်ရံဆံ)ဖြစ်နေစဉ်က သင်သည် ငါတိုထံရောက်လာ၍ ဧည့်ဝတ်ကိုပြုခဲ့၏”ဟူသော ရှင်မဿဲ၊ အခန်း ၂၅ ပါ ကျမ်းစကားများကို ရေးသား၍ ကတ်ပြားများကို ကိုင်ဆောင်ပြီး အသုဘ လိုက်ပိုကြခြင်းပင် ဖြစ်၏။

အင်္ဂလန်နိုင်ငံ၌ ထိုသိုသော အသုဘမျိုး တစ်ချိန်တစ်ခါမျှ မတွေ့စဖူး။ အပြစ်ဒုစရိုက်များ လွှမ်းနေသော လူ့ဘောင်လောကကြီးထဲ တွင် အနစ်နာမျိုးစုံခံကာ မေတ္တာစစ်ပွဲ ဆင်နွှခဲ့သူများသည် “ဓား” ကိုကိုင်ဆောင်ပြီး ခရစ်တော်၏ မေတ္တာနိုင်ငံတော်ကို တည်ထောင်ပေးခဲ့သည်ဟု ကျွန်တော် ဆိုချင်ပါ၏။

ခရစ်တော် မိန့်တော်မူခဲ့သော “ဓါးမှာ အပြစ်ဒုစရိုက်လွှမ်း မိုးနေသာ လောကထဲ၌ ကိုယ်တော်၏ အတုမရှိ မေတ္တာတော် “ဓါး”ကို ကိုင်ဆောင်ပြီး စစ်ပွဲဝင်ရေးအတွက် ဖြစ်ကြောင်းကို ကျွန်တော် ရှင်းပြပြီး ဖြစ်ပါသည်။

“ဓါးကိုစေလွှတ်ခြင်းဆိုသည်မှာ မေတ္တာ၏သတ္တိဖြင့် ဓါးကိုကိုင်ဆောင်ကာ ထိုစစ်ပွဲကို ကျွန်တော်တိုက ဆင်နွှဲစေရေးအတွက် ခရစ်တော်က စေလွှတ်နေခြင်းဖြစ်သည်ဟူ၍လည်း ကျွန်တော် အနက်ဖွင့်ချင်ပါသည်။

အပြစ်ဒုစရိုက်ပပျောက်ရေး၊ ကိုယ်ကျင့်တရားပျက်ပြားနေမှုကို ဖယ်ရှားရေးအတွက် မေတ္တာ၏’ဓါး’ဖြင့် စစ်ပွဲ ဆင်နွှဲခဲ့သူများသည်သာလျှင် ကမ္ဘာ့သမိုင်း၊ လူ့သမိုင်းတွင် ဥဒါန်းတင်ကျန်ရစ်ခဲ့ သည်ချည်း ဖြစ်ပါ၏။

(က) ရောမမြို့ အားကစားကွင်းထဲ၌ “အားကစား’ ဟုသော စကားလုံးကိုသာ ဗန်းပြပြီး “ဂလေးဒီရေး၊ လူသတ်သမားများသည် လူထုရှေ့မှောက်၌ တစ်ဦးကိုတစ်ဦး ခုတ်ထစ်သတ်ဖြတ် နေသည်ကို ဝင်ရောက်တားမြစ်ခဲ့ခြင်းကြောင့် အသတ်ခံခဲ့ရသော တယ်လီမာကပ်စ်အမည်ရှိ ခရစ်ယာန်ဘုန်းတော်ကြီး အသက်ရှင်စဉ်တွင် ထိုအချိန်၌ ရောမအင်ပိုင်ယာကြီးကို အုပ်ချုပ်မင်း လုပ်နေခဲ့သော ဇာဘုရင်ကြီးမှာ မည်သူဖြစ်ပါသနည်း? ကျွန်တော်မမှတ်မိတော့ပါ။

(ခ) အီတလီနိုင်ငံ အစီစီမြိုက ရှင်ဖရန်စစ်ဆိုသည့်သူတော်စင်ကြီးသည် ရှိသမျှပစ္စည်းကို စွန့်ကာ အနူရောဂါသည်များကို ပြုစုစောင့်ရှောက်နေစဉ်က အသင်းတော်က အုပ်ချုပ်နေခဲ့သည့် ပုပ်ရဟန်းမင်းကြီးသည် မည်သိုဖြစ်ပါသနည်း? ကျွန်တော်တို့သတိမရတော့ပါ။

(ဂ) အယ်လီဇဘက်ဖရွိင်းအမည်ရှိ ရဲရဲတောက်စွန့်စားခဲ့သည့် အမျိုးသမီးအာဇာနည်ကြီးသည် အင်္ဂလန်နိုင်ငံရှိ အကျဉ်းထောင်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်တွင် အင်္ဂလန်ပြည့်ရှင် ဘုရင်မင်းမြတ်နှင့် လန်ဒန်မြိုတော်ဝန်ကာ မည်သူဖြစ်ပါသနည်း? မည်သူကမျှ မမှတ်မိတော့ပါ။

(ဃ) လော့(ဒ်)ရှာဖ်စ်ဘယ်ရီသည် လူဆိုးသူခိုး၊ အကျင့်ပျက်နေသော လူမိုက်များကို မေတ္တာပြပြီး ပြုပြင်ပြောင်းလဲနေစဉ်က အင်္ဂလန်နိုင်ငံ၏ ဝန်ကြီးချုပ်ကား မည်သူဖြစ်ပါသနည်း? ကျွန်

တော်တို မသိကြတော့ပါ။

“ဓါး’ ဆိုသည်မှာ စစ်ပွဲဆင်နွှရန်ဖြစ်သော်လည်း ခရစ်တော်နှင့်အတူ အပြစ်ဒုစရိုက်၊ လောဘ၊ ဒေါသ၊ တစ်ကိုယ်ကောင်း စိတ်ထား၊ ရက်စက်မှု၊ မတရားမျှတမျှ၊ ဖိနှိပ်ချုပ်ချယ်မှုတိုကို စစ်ပွဲဆင် နွှဲရန် မေတ္တာ၏ဓားကို ကိုင်ဆွဲပြီး အနစ်နာခံ၊ ဒုက္ခခံကြရန် ခရစ်တော်က ကျွန်တော်တိုအား စိန်ခေါ်လျက် နေပါသတည်း။

 

၄။        ခရစ်တော်မိန့်တော်မူခဲ့သော ဓါး ဆိုသည်မှာ ကိုယ်တော်ယူဆောင်လာသော သမ္မာတရားကိုလည်း ဆိုလိုပါသေး၏။

“ငါသည် ဓါးကိုစေလွှတ်အံ့သောငှာ ငါလာသတည်း။ အဖနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမနှင့် ချွေးမ၊ အချင်းချင်း ကွဲပြားခြင်းငှာ ငါလာသတည်း’ဟူသော စကားသည် အပေါ်ယံကြောက ဖတ်ရှု လိုက်လျှင် နားမလည်နိုင်ရုံမက အနက်ဖွင့် မှားသွားနိုင်ပါသည်။

ကိုယ်တော်သည် အချင်းချင်း ရန်ဖြစ်စေခြင်းငှာကြွလာသယောင်ဖြစ်နေ၏။ သိုသော် ဤစကားမှာ ထိုခေတ်ထိုအခါက ရေပန်းစားနေသော ဂျူးလူမျိုးတို၏အတိတ်တဘောင်ဖြစ်ကြောင်းကို ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါသည်။ မေရှိယကြွလာလျှင် ထိုသို ဖြစ်လိမ့်မည်ဟုသော မိက္ခာ၏အနာဂတ္တိ ကျမ်းစကားကို ကိုယ်တော်က ပြန်လည်အသုံးပြုခဲ့ခြင်းဖြစ်၏။

ထို အနာဂတ္တိကျမ်းစကားကို ဖတ်ကြည့်ပါ။

“သားသည် အဖ၏ဂုဏ်သရေကို ဖျက်လိမ့်မည်။ သမီးသည် အမိကိုလည်းကောင်း၊ ချွေးမသည် ယောက္ခမကိုလည်းကောင်း ရန်ဘက်ပြုကြလိမ့်မည်။ ကိုယ့်အိမ်သူအိမ်သားတိုသည်လည်း ကိုယ့်ရန် သူဖြစ်ကြလိမ့်မည်”ဟူသော စကားကို ကိုယ်တော်က ရည်ညွှန်းခဲ့ခြင်းဖြစ်ပါ၏(မိက္ခာ၊ ၇း၆)။

ရှင်လုကာကလည်း “မြေပေါ်၌ ငြိမ်သက်ခြင်းပေးအံ့သောငှာ ငါလာသည်ဟု ထင်ကြသလော့” ထိုသို အလိုငှာ ငါလာသည်မဟုတ်။ “အချင်းချင်းကွဲပြားခြင်းမှာ ငါလာသည်ဟု ဆို၏’ဟု ထပ်ဆင့်မှတ်တမ်းတင်ထားပါသေး၏(လုကာ၊ ၁၂း၅၁)။

(က) မေတ္တာတရား၊ သမ္မာတရားအတွက် စစ်ပွဲဆင်နွှဲပါလျှင် ပထမဦးဆုံး ကျွန်တော်တို ကို မုန်းတီးကြမည့်သူများမှာ ဒုစရိုက်၌ မွေ့လျော်နေသူများ ဖြစ်ပါလိမ့်မည်။ ဥပမာ- အရက်သေစာ၊ မူးယစ်ဆေးဝါးရောင်း သို့မဟုတ် ဒုစရိုက်ပြုပြီး စီးပွားရှာနေသူများဖြစ်ကြပါလိမ့်မည်။

ငြိမ်သက်ခြင်း သိုမဟုတ် ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့က မေတ္တာ၏ဓားကိုကိုင်ပြီး သမ္မာတရားကို အခြေပြုအနစ်နာမျိုးစုံခံပြီး တိုက်ဖျက်ရာ၌ ပုတ်သင်ညိုကဲ့သို လူတိုင်းကို ခေါင်းညိတ် အရှုံးပေးနေ၍ မရပါ။ လူတိုင်း၏သဘောနှင့်တူညီစေရန် ကြိုးစားနေ၍လည်း မဖြစ်ပါ။

မှန်ကန်သော သမ္မာတရားအတွက် ယေရှဖို ရပ်လျက် တိုက်ပွဲဝင်သူတိုင်းသည် စိတ်ဝမ်းကွဲပြား မှုကို ရင်ဆိုင်ရမည်ချည်းဖြစ်ပါသည်။

ခရစ်တော်၏တရားတော်သည် ငြိမ်သက်ခြင်းနှင့်ယှဉ်သောတရားတော်ဖြစ်စေကာမူ ကိုယ်တော်၏ငြိမ်သက်ခြင်းကို မလိုလားသူများရှိနေမည်မှာ မလွဲပင်ဖြစ်သည်။ ထိုပြင် ကိုယ်တော်၏ငြိမ်သက်ခြင်းအတွက် လုပ်ဆောင်ကြသည့်အခါ ကျွန်တော်တို သည် ဥပေက္ခာပြုခြင်း၊ ခေါင်းရှောင်ခြင်း၊ တာဝန်ကိုကျောခိုင်းခြင်းအားဖြင့် မရနိုင်ပါ။

နေအိမ်၊ ရုံး၊ အလုပ်ခွင့်၊ စက်ရုံအလုပ်ရုံများ၌ တရားမျှတနှင့် ငြိမ်းချမ်းသာယာမှုရှိ လာရေးအတွက်ဆိုလျှင် ရှိသမျှသောလူတိုင်းနှင့်သဘောတူနေ၍ လုံးဝမဖြစ်နိုင်ပါ။

မှန်သည်။ တရားသည်။ မျှတသည်ဟူသော သစ္စာတရားအတွက် ရဲရဲရပ်ပြီး ရင်တော့ ရင်ဆိုင်မှဖြစ်ပါလိမ့်မည်။ ထိုသို ပြုပါအနည်းနှင့်အများ ဆန့်ကျင်ဘက်ပြုသူများကို ရင်ဆိုင်ရမည်မှာ မလွဲပင်ဖြစ်၏။ ဆန့်ကျင်ဘက်ပြုသူများ ပေါ်ပေါက်လာပါက စိတ်ဝမ်းကွဲပြားမှု ရှိစမြဲပေတည်း။

ခရစ်တော်သည် မေတ္တာတော်ရှင်၊ ငြိမ်သက်ခြင်း အရှင်ဖြစ်မှန်း ကမ္ဘာတစ်ဝန်းလုံးက အသိအမှတ်ပြုရုံမက သမ္မာကျမ်းတစ်ကျမ်းလုံးကလည်း သက်သေထူထားသည်ကို မည်သူကမျှ မငြင်းနိုင်ပါ။

သို့သော် ခရစ်တော်ကဲ့သိုသော မေတ္တာတော်ရှင် ငြိမ်သက်ခြင်းမျိုးရှင်သည်ပင်လျှင် ဆန့်ကျင်ဘက်ပြုသူ၊ ရန်ဘက်ပြုသူ၊ ရန်ငြိုးထားသူတို မရှိဘဲ မေတ္တာတော်လုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပါသလား?

မည်သူကိုမျှ ဒုက္ခမပေး၊ လူတိုင်းကိုကျေးဇူးပြု၊ မေတ္တာပြခဲ့သော အရှင်ကိုပင်လျှင် ကားတိုင်၌ ရက်စက်စွာ အသေသတ်လိုက်ကြသည်ကို သတိရကြပါ။

(ခ) သမ္မာတရား၊ သစ္စာတရားတစ်ရပ်ကို တင်ပြလျှင်လူတို့က ရွေးချယ်ကြရပါတော့မည်။ ထိုသမ္မာတရားကို ငြင်းဆန် သို့မဟုတ် လက်ခံရန် တစ်ခုမဟုတ်တစ်ခုကို ပြုရပါလိမ့်မည်။ သမ္မာ တရားကစိန်ခေါ်သည့်အခါတိုင်း စိတ်ဝမ်းကွဲပြားသူ၊ သဘောထားချင်းမတိုက်ဆိုင်မှု၊ ဆန့်ကျင်ဘက်ပြုမှုဆိုသည်မှာ ရှိလာပါလိမ့်မည်။

သမ္မာတရားသည် ထိုသို အမြဲစိန်ခေါ်လေ့ရှိပါ၏။

နေ့စဉ်အသက်ရှင်ရာ၌ပင်လျှင် မေတ္တာကိုအခြေခံပြီး အမှန်အတိုင်း ပြောရန်ကိုပင် မလွယ်ပါ။ သမ္မာတရားကိုအတ္တ ပဓါနစိတ်ထား၊ တစ်ကိုယ်ကောင်းစိတ်သဘောရှိသူတိုင်းက ကြိုက်နှစ်သက်ကြ လိမ့်မည်လည်း မဟုတ်ပါ။

တစ်ခါက သက်ရွယ်ကြီး အတွေ့အကြုံရင့်ကျက်သော ဓမ္မဆရာကြီးတစ်ပါးသည် သူ၏တပည့် ဖြစ်ခဲ့ဖူးသည့် ဓမ္မဆရာတစ်ဦး၏အသင်းတော်သို အလည်ရောက်လာ၏။

“မင်းရဲ့ တရားဟောချက်တွေကို အသင်းသူ၊ အသင်းသားတွေက သဘောကျကြ ပါရဲ့လား”မေးရာ လူငယ်ဓမ္မဆရာက “ဟာ၊လူတိုင်းက ကြိုက်တယ်ဆရာကြီး၊ လူတိုင်းက ကျေနပ်အား ရကြပါတယ်”ဟု ဖြေ၏။

“ဒါပေမယ့် မင်းဟောလိုက်တဲ့တရားကြောင့် တစ်ယောက်ယောက်ကများ စိတ်မဆိုးသွား ပေဘူးလား”

“တစ်ယောက်ကမှ စိတ်မဆိုးခဲ့ဘူး ဆရာကြီး”

“ဒီလိုဆို မင်းဟာ အများကြီးလိုနေသေးတာပဲ။ ခရစ်တော်ရဲ့ သမ္မာတရားကိုသာ လိုက်ဟောနေ ပြီး လူတွေရဲ့ အမှား၊ ချွတ်ယွင်းချက်၊ အားနည်းချက်၊ လိုနေသေးတဲ့ အချက်တွေကို လက်ညှိးထိုး ထောက်မပြသေးလို ဖြစ်မှာပေါ့”ဟု ဆုံးမခဲ့ဖူးပါ၏။

အမှန်တရားကိုပြောလျှင် တစ်ခါတစ်ရံ အနာပေါ်တုတ်ကျသကဲ့သို နာတတ်ပါသည်။

ရှေးပရောဖက်များသာမက ခရစ်တော်၏တရားတော်များကိုကြည့်ပါ။ အရှိကိုအရှိ၊ အမှန်ကိုအမှန်အတိုင်း ဟောပြောခဲ့၍ မခံမရပ်ဖြစ်သူ၊ ဒေါသထွက်သူပေါင်း များစွာ ရှိခဲ့ပါ၏။

ခရစ်တော်သည် အကောင်းဆုံးသော ဥပမာပေတည်း။ ခရစ်တော် ဟောပြောခဲ့သော သမ္မာတရားကြောင့် ကိုယ်တော်အား သေဒဏ်မှလွဲ၍ တစ်ပြားသားမလျှော့ဟု ဆိုခဲ့ကြသော ပုဂ္ဂိုလ်ပေါင်းများစွာ ပေါ်ပေါက်လာခဲ့သည်မဟုတ်ပါလော?

ကျွန်တော်ရှင်းပြနေသည့်အချက်ကို အထင်မမှားစေလိုပါ။

အမှန်တရားကို ဟောပြောပြီး ၄င်းကိုထောက်ပြနေစေကာမူ မနှစ်သက်သူများရှိတတ်သည်မှာ လူ့သဘာဝပင်ဖြစ်ခြင်းကို တင်ပြနေခြင်းသာ ဖြစ်ပါ၏။ သမ္မာတရားတစ်ခုကို တင်ပြလိုက်လျှင် ကြားနာရသူတစ်ဦးအား ရွေးချယ်မှု တစ်ခုခုကို ခိုင်းခြင်းလည်း ဖြစ်ပါ၏။ ခရစ်တော်အပေါ်၌ သစ္စာရှိမည် သို့မဟုတ် လောက၏သဘော၊ လူသားတို့၏ဆန္ဒတို့အပေါ်၌ သစ္စာရှိမည် ဟူ၍ ရွေးချယ်ရပါလိမ့်မည်။ ကိုယ်တော်က “အအေးမဟုတ်၊ အပူမဟုတ်၊ မပူနွေးကြားနေသဘောဖြင့် အေးအေးသက်တောင့်သက်သာနေခြင်းကို လုံးဝမလိုလားကြောင်း အတိအလင်းဖော်ပြခဲ့ပါ၏(ဗျာ၊ ၃း၁၅-၁၆)။ ဗျာဒိတ်၊ ၁း၁၆ ကိုဖတ်ကြည့်ပါဦး။

(ခရစ်တော်၏)ခံတွင်းတော်ထဲကလည်း ထက်သန်လျက်ထွက်၏’ဟု ဆိုထားသည်။ သန်လျက်ဆိုသည်မှာ နှစ်ဘက်စလုံးအက်နေသော ‘ဓါး’မျိုးဖြစ်၏။ ခရစ်တော်၏စကားတော်များသည် မှန်သည် သို့မဟုတ် မှားသည်ဟူ၍ နှစ်မျိုးသာ ရှိနိုင်သည်။

မရေမရာ၊ ဝိုးတိုးဝါးတား စကားများမဟုတ်။ ထက်မြက်၏။ ပြတ်သား၏။ ရှင်းလင်း၏။ တိကျ၏။ ထိုစကားများကို လူတို့ကရွေးချယ်ရပါလိမ့်မည်။

စုံစမ်းမေးမြန်းသောသူ တစ်ဦးကို တစ်ခါက ကျွန်တော်သည်အောက်ပါအတိုင်း ဖြေကြာခဲ့ဖူးပါ၏။

ခရစ်တော်က “ငါသည် လမ်းခရီး၊ သမ္မာတရား၊ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ”ဟူ၍ ပြောခဲ့ဖူးပါသည်(ယော၊ ၁၄း၆)။ “ငါသည် ထ မြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်၍ အသက်ရှင်သော သူရှိသမျှတို့သည်လည်း သေခြင်းနှင့်အစဉ်ကင်းလွတ်ကြလိမ့်မည်။

ငါ့စကားကို ယုံသလော ဟူသောမေးခွန်းကို ခရစ်တော်က“ယုံပါ၏သခင်” သိုမဟုတ် “မယုံပါ’ဟူ၍သာဖြေစေလိုသည်။ “ဖြစ်ချင်ဖြစ်လိမ့်မှာပေါ့’ဟူသော မတင်မကျစကားမျိုးကို မလိုချင်ပါ(ယော၊ ၁၁း ၂၅-၂၇)။

“ငါပေးသောရေကို သောက်သောသူမူကား ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထာဝရအသက်ရှင်ခြင်းအလိုငှာ ထွက်သောစမ်းရေ ဖြစ်လိမ့်မည်(ယော၊၄း၁၃-၁၄)စသော စကားတော်များကို ခရစ်တော်က ပြတ်ပြတ်သားသား မိန့်ကြားတော်မူခဲ့ပါသည်။

ကိုယ်တော်၏စကားတော်များကို ချင့်ချိန်ကြည့်လျှင်အောက်ပါနှစ်ခုထဲမှ တစ်ခုခုသာလျှင် ဖြစ်နိုင်ပါ၏။ ကိုယ်တော်သည် ကြွားဝါနေသူလား၊ သို့မဟုတ် အကယ်ပင်ပြတ်သားစွာ ပြောဆိုနေသူလား? ဟူ၍ စဉ်းစားရပါလိမ့်မည်။

ကြွားဝါနေသောသူဟုထင်လျှင် ဥပေက္ခာပြုလိုက်ရုံသာ ရှိသည်။ အကယ်ပင် ပြောနေသည် ဟုယုံလျှင် ကိုယ်တော့်ကို လက်ခံရန်သာ ဖြစ်ရပါသည်။ လက်ခံလျှင် လက်ခံပါ။ လက်မခံလျှင်နေပါ။ အတင်းအဓမ္မ မတိုက်တွန်းပါ။ တစ်ခုခုကိုသာ ဆုံးဖြတ်ပါဟူ၍ အဆိုပါ စုံစမ်းသောသူအား ဆက်လက် ရှင်းပြခဲ့ဖူးပါသည်။ ကိုယ်တော်၏ကားတိုင်သည် ရာဇဝတ်သား တစ်ဦး၏ကားတိုင် သို့မဟုတ် ကယ်တင်ခြင်းအတွက် ကားတိုင်ဟူ၍ နှစ်မျိုးထဲမှ “တစ်မျိုးသာ ဖြစ်နိုင်ပါ၏။

ထိုကြောင့် “ယုံလျှင်ယုံ၊ မယုံလိုလျှင်နေပါ”ဟု စိန်ခေါ်ကြည့်ပါက ယုံကြည်သူများရှိသကဲ့သို မယုံကြည်သူများလည်း ရှိမည်မှာအမှန်ပင်ဖြစ်၏။ ထိုကြောင့် ယုံကြည်သူနှင့် မယုံကြည်သူများဟူ အုပ်စုနှစ်စုဖြစ်လာပြီး “အချင်းချင်း ကွဲပြားမှုကို ဖန်တီးပေးနေမည်မှာ မလွဲပင်ဖြစ်ပါ၏။ ခရစ်တော်၏ကယ်တင်ခြင်းတရားတော်သည် လူတို့ အား စိန်ခေါ်ချက်တစ်ရပ်ဖြစ်နေ၍ တစ်နည်းအား ဖြင့်ဆိုရလျှင် ကွဲပြားမှုကို ဖြစ်စေမည်မှာ မလွဲပင်ဖြစ်ပါ၏။

 

ခရစ်တော်၏ လက်ထက်၌ပင်လျှင် ကွဲပြားမှုများ ရှိခဲ့သည်ကို သတိပြုပါ။

ကိုယ်တော်၏မိသားစု၊ ညီအစ်ကိုမောင်နှမ၊ နာဇရက်မြို့သူမြို့သားတို့ကပင်လျှင် ကိုယ်တော့်ကို ပြက်ရယ်ပြုနေခဲ့ဖူးပါ၏။ ဇဒ္ဒုကဲနှင့် ကျမ်းတတ်ဆရာတို မူကား ပြောဖွယ်ရာ မရှိပြီ။

“ခရစ်တော်သည် မိမိဒေသအရပ်သို ကြွလာသော်လည်း မိမိလူမျိုးတို သည် သူ့ကိုလက်မခံဘဲ နေခဲ့ကြပါ၏။ သို့သော် လက်ခံသောသူတည်းဟူသော ကိုယ်တော့်ကို ယုံကြည်သောသူအား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူပါ၏”(ယော၊ ၁၁း၁၂)။ ထိုနည်းတူ “ကိုယ်တော်၏အလင်းသည် မှောင်မိုက်၌ လင်းနေသော်လည်း မှောက်မိုက်သည် မခံမယူပါ(ယော၊ ၁း၅)။ ထိုကြောင့်စိတ်ဝမ်းကွဲပြားမှုကို ဖြစ်စေမည်မှာ အမှန်ပင်ဖြစ်၏။

အလင်းနှင့်အမှောင်ဟူ၍ ကျွန်တော်ပြောဆိုနေစဉ်တစ်ခုကို သတိရလာမိသည်။

တစ်ခါက ကျွန်တော်သည် လမ်းလျှောက်သွားရင်း ကွင်းပြင်တစ်ခု၌ရပ်ကာ လေညင်းခံနေ သည်။ ကျွန်တော်၏ခြေရင်း၌ကျောက်ပြားတစ်ပြား တွေ့ရပါ၏။ ထိုကျောက်ပြားကို လက်ဖြင့် လှည့်ကြည့်လိုက်သောအခါ ပုရွက်ဆိတ်နှင့် အခြားပိုးကောင်ပေါင်းများစွာတိုကို ကျောက်ပြားအောက်၌ တွေ့ရ၏။ ကျောက်ပြားကို လှန်လိုက်သည် နှင့် ထိုပုရွက်ဆိတ်နှင့် ပိုးကောင်များသည် မနေတတ် မထိုင်တတ်၊ဆောက်တည်ရာမရပြေးလွှား ပုန်းအောင်းကြကုန်၏။

အဘယ်ကြောင့်နည်း?

ကျောက်ပြားကို လှန်လိုက်သောအခါ ထိုပိုးကောင်များသည်အလင်းရောင်ကို ရုတ်တရက် တွေ့လိုက်ရသောကြောင့် ဖြစ်ပါ၏။ အဆိုပါ ကျောက်ပြားကို ယခင်မူလအတိုင်း ပြန်ထားလိုက် သောအခါထိုပုရွက်ဆိတ်နှင့် ပိုးကောင်များသည် ကျောက်ပြားအောက်သို ပြန်လည်ပြေးဝင် ခိုအောင်းကြသည်ကို တွေ့ရပြန်သည်။

တစ်ချိန်တည်းမှာပင် ခြေငါးလှမ်းခန့်ရှိသောအရပ်၌ တောင်ပူစာလေးတစ်ခုရှိ၏။ ထိုနေရာ၌ အလားတူ ပုရွက်ဆိတ်နှင့် ပိုးကောင်များကိုတွေ့ရသည်။ သူတို မူကား အလင်းထဲ၌နေသားတကျဖြစ်နေ သော်လည်း ကျောက်ပြားအောက်ရှိ ပုရွက်ဆိတ်များမှာကား အမှောင်ထဲ၌ နေခဲ့သည်မှာ ကြာမြင့်ပြီဖြစ်၍ အလင်းရောင်၏ဒဏ်ကို ရုတ်တရက်မခံမရပ်နိုင်ပါ။

ပုရွက်ဆိတ်ခြင်း၊ ပိုးကောင်ချင်းတူပါလျက် အလင်းရောင်ကို တုံပြန်ပုံချင်းကွဲပြား ခြားနားနေကြသည်ကို တွေ့ခဲ့ရ၏။ထိုအချိန်မှစပြီး ခရစ်တော် ဆိုလိုခဲ့သော အချင်းချင်းကွဲပြားခြားနားမှုဆိုသည့် စကားတော်ကို ကျွန်တော်နားလည်သွားပါပြီ။

သမ္မာတရားဆိုသည်မှာ အုပ်စုနှစ်စု ဖြစ်စေမည်မှာ အမှန်ပါကလားဟူ၍ ကျွန်တော်၏စိတ်ထဲ၌ ရှင်းလင်းစွာ ဆင်ခြင်မိပါ၏။ ကိုယ်တော်၏ စိန်ခေါ်ချက်သည် ကွဲပြားမှုကို ဖြစ်စေမည်မှာ အမှန်ပေတည်း။

 

၅။        ခရစ်တော်မိန့်တော်မူခဲ့သော “ဓါးသည် စွန့်လှူပူဇော်ခြင်း၊ အနစ်နာခံခြင်း၊ ဆင်းရဲဒုက္ခခံစားခြင်းကိုလည်း ဆိုလိုသည်။ ဤအဓိပ္ပာယ်သည် ရှင်လုကာခရစ်ဝင်ကျမ်းကို ဖတ်ခြင်းအားဖြင့် ပေါ်လွင်ထင်ရှားလာ၏။

ရှင်လုကာ၊ ၂၂း၃၅-၃၈ ကို လေ့လာကြည့်ပါ။

ကိုယ်တော်သည် နောက်ဆုံးသော ညစာကိုစားပြီးနောက်၊ ဂေသရှေမန်ဥယျာဉ်ထဲသို သွားပြီး အဖမ်းခံရန်နှင့် အသေသတ်ခြင်း ခံရန် အသင့်ပြင်ဆင်နေချိန်ဖြစ်၏။

ခရစ်တော်နှင့် တမန်တော်အပေါင်းတိုသည် အထက်ခန်းမှထွက်ခွာပြီး ညအမှောင်ထဲသို မသွားမီ ကိုယ်တော်က“ယခုမူကားငွေအိတ်ရှိသော သူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ “ဓါးမရှိသောသူသည် အဝတ်ကိုရောင်း၍ “ဓါး”ကိုဝယ်စေ”ဟူ၍ ထူးခြားစွာ မိန့်တော်မူလိုက်ပါ၏။

ကိုယ်တော်သည် ကားတိုင်၏ဝေဒနာနှင့် အသေသတ်ခြင်းကို ခံရချိန်နီးနေပါပြီ။ ကိုယ်တော့်အား ရန်သူများက သုတ်သင်ဖယ်ရှင်းပြီးလျှင် တပည့်တော်တိုကို ညှဉ်းပန်းနှိပ်စက်ကြတော့မည်ကို ကြိုတင်သိပြီးဖြစ်သည်။ ငွေအိတ်နှင့် လွယ်အိတ်ကိုယူခိုင်းခြင်းမှာ တပည့်တော်အပေါင်းတို့ သည် ကွဲပြားသွားကြပြီး၊ လောကီအရပ်ရပ်သို “ခရီးထွက်ကြရတော့မည်ကို သတိပေးလိုက်ခြင်းဖြစ်၏။

တစ်နည်းဆိုရလျှင် တမန်တော်များအား လောကီအရပ်ရပ်သို့ စေလွှတ်နေခြင်းလည်း ဖြစ်သည်။

“စေလွှတ်ခြင်းဆိုသော မြန်မာစကားမှာ လက်တင်စကားအားဖြင့် Mitto(မစ်တို)ဖြစ်၏။ ထိုစကားမှတစ်ဆင့် Mission ဟူသော အင်္ဂလိပ်စကားဖြစ်လာပြီး အမှုတော်ဆောင်ခြင်း၊ သာသနာပြု ခြင်းကို ဆိုလို၏။ သူတိုကို လောကီအရပ်ရပ်သို သွား၍ အမှုတော် ဆောင်ရန်၊ သာသနာပြုရန် စေလွှတ်တော့မည်ဟူသော အဓိပ္ပာယ် ပင် ဖြစ်သည်။

သိုသော် အဝတ်ကိုရောင်းပြီး ဓားကိုဝယ်ခိုင်းသည့် အဓိပ္ပာယ်မှာနက်ရိုင်းလှပါ၏။

အဝတ်ဆိုသည်မှာ အလှတန်ဆာတစ်ခု၊ မိမိကိုယ်ကို တန်ဆာဆင်သော ရုပ်ပိုင်းပစ္စည်း တစ်ခုဖြစ်သကဲ့သို၊ အအေးဒဏ်၊ အပူဒဏ်၊ ရာသီဥတုဒဏ်ကို ခံနိုင်ရန် လူတိုက ဝတ်လေ့ရှိသော အရာ ဖြစ်သည်။

ဥပမာ- နူးညံ့သိမ်မွေ့သော ဖဲ၊ ကတ္တီပါ၊ ပိုးစသည့် အဝတ်အထည်များမှာ အလှတန်ဆာဆင် ရန်သာမက စည်းစိမ်ရှိရှိ အေးချမ်းသာယာစွာ နေထိုင်သည့် အခါမျိုးမှ ဝတ်စားဆင်ယင်လေ့ရှိသည့် ပစ္စည်းဖြစ်၏။

အနက်မှာကား ယခုအချိန်မှစ၍ တပည့်တော်အပေါင်းတို့သည် စည်းစိမ်ရှိရှိ နေထိုင်ခြင်း၊ အလှတန်ဆာဆင်ယင်နေခြင်းနှင့်တူသော စိတ်အေးချမ်းသာစွာ နေထိုင်ခြင်းတိုကို စတင်စွန့်လွှတ်ရ တော့မည်ဖြစ်ကြောင်း သတိပေးလိုက်ခြင်းဖြစ်သည်။

ထိုအဝတ်မျိုးကို ရောင်းပြီး သို့မဟုတ် ဖယ်ရှားပစ်လိုက်ပြီး ဓါးတည်းဟူသော စွန့်လှူပူဇော်မှုကို စတင်ခံစားရတော့မည့်အကြောင်း သတိပေးလိုက်ခြင်းဖြစ်ပါ၏။ စည်းစိမ်ခံ၊ အေးဆေးသက်သာစွာ နေထိုင်ခြင်း၊ ကိုယ်တော်၏အနီး၌ ဝိုင်း၍ခြံရံနေခြင်းကို စွန့်လွှတ်ပြီး ညှဉ်းပန်းနှိပ်စက်ခံခြင်း တည်းဟူသော “ဓါးကို ကိုင်ဆောင်စေခြင်းဖြစ်သည်။

ခရစ်ယာန်များဆိုသည်မှာ ခရစ်တော်အတွက် စွန့်လှူပူဇော်၊ အနစ်နာခံရန် အသင့်ရှိရမည့်သူများ ဖြစ်ရပါမည်။ မိမိကိုယ် ကို ငြင်းပယ်ပြီး၊ မိမိအလိုကိုပင်လျှင် စွန့်၍ ခရစ်တော်၏အလိုတော် ကို ဆောင်ရမည့်သူများဖြစ်၏။

ကျွန်တော်တို့သည် မိမိတိုလုပ်ကိုင်လိုသည်ထက် ခရစ်တော်လုပ်ကိုင်စေလိုသည့်အရာများကို ဆောင်ရွက်ရပါမည်။

ခရစ်ယာန်ဘာသာသည် ကားတိုင်ကြောင့် စတင်ပေါ်ပေါက်လာသည့် ဘာသာဖြစ်၏။

ဒုက္ခခွက်ဖလားနှင့် ကားတိုင်ကို ရှောင်တိမ်း၍မရပါ။ ကျွန်တော်တို့၏အသက်တာ၌ ကားတိုင် တစ်ခုမဟုတ် တစ်ခုကိုထမ်း ရပါမည်။

“ကွေကာ(Quaker)ဂိုဏ်းကို တည်ထောင်ခဲ့သူ ဂျော့၊ဖောက်(စ်)ဆိုသူအား အာဏာပိုင်တို့ က ဖမ်းချုပ်ထားစဉ် သူ၏ ဒိုင်ယာရီထဲ၌ “အာဏာပိုင်များသည် ငါ့အားကြိုးပေးမည်ဟူ၍ အမြဲ ခြိမ်းခြောက်နေကြသည်။ သူတိုက ငါ့အားသေဒဏ်ပေးလိုက ငါသည်အမြဲအသင့်ရှိကြောင်းကို ပြန်လည်ပြောကြားခဲ့ပါ၏”ဟု ရေးသားထားခဲ့သည်။

ခရစ်ယာန်သူတော်စင်ကြီး ဂျွန်၊ဘန်ယွန်အား ကြာမြင့်စွာချုပ်နှောင်ထားပြီးနောက် တရားစီရင် နေသည့်အခါ တရားသူကြီးအား “တရားသူကြီးမင်းခင်ဗျား၊ ကျွန်တော်တို ခရစ်ယာန်တွေဟာ ခရစ်တော်ရဲ့ တရားတော်ကိုနာခံရန် နည်းလမ်းနှစ်မျိုးတည်းရှိပါတယ်။ တစ်မျိုးက ကိုယ်တော်ပြုစေ လိုတာကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်လုပ်ဖိုနဲ့ နောက်တစ်မျိုးက၊ အဲဒီလိုမလုပ်ရဘူးဆိုရင် ကျွန်တော်ဟာ တရားသူကြီးလုပ်ချင်သလိုလုပ်ဖို အခွင့်ပေးခြင်းပါပဲ’ဟူ၍ ရဲရဲတောက်ပြောဆိုခဲ့ပါ၏။

ရှေးဦးတမန်တော်များ၊ တပည့်တော်များမှအစ ယနေ့တိုင်အောင် ခရစ်ယာန်သူတော် စင်များသည် ခရစ်တော်ကမ်းလှမ်းပေးခဲ့သော ကမ်းလှမ်းပေးနေသော “စွန့်လှူပူဇော်ခြင်း၏ဓါးကို ကိုင် ဆောင်ထားနေကြစမြဲ ဖြစ်ပါ၏။

ခရစ်ယာန်တိုင်းက “ငါတို့သည် အသွေးအသားရှိသော ရန်သူတိုနှင့် ဆိုင်ပြိုင်တိုက်လှန် ကြရသည်မဟုတ်။ အထွတ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတိုနှင့်လည်းကောင်း၊ မိုးကောင်းကင်နေသော နတ်ဆိုးတိုနှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏” ဟူသော ရှင်ပေါလု၏စကားကိုလည်း အမြဲသတိပြုနေစေလိုသည် (ဧဖက်၊ ၆း၁၂)။

ကာယဝေဒနာကိုသာ မဟုတ်၊ မကြာခဏဆိုသလို စိတ်၊ ဝိညာဉ်၏ဝေဒနာနှင့် ဆင်းရဲဒုက္ခကိုပါ ခံစားနိုင်ရန် အမြဲအသင့်ရှိနေကြရပါမည်။

ကိုယ်တော်က “အဝတ်ကိုရောင်း၍ ဓါးကိုဝယ်စေ”ဟုဆိုရာ၌ အေးချမ်းသာယာမှုအစား ဆင်းရဲဒုက္ခနှင့်ဝေဒနာမျိုးစုံကို ခံရန်အသင့်ပြင်ခိုင်းလိုက်ခြင်းဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်း(၂၀၀)ခန့်က အမေရိကန်နိုင်ငံ၌ရိုမန်ကက်သလိပ် အသင်းတော်သည် အလွန်လူအင်အားနည်းရုံမက ဘုန်းတော်ကြီးများပင် အလွန်ရှားပါးနေခဲ့၏။ ထိုစဉ်က လမ်း ပန်းဆက်သွယ်ရေးမှာလည်း မကောင်းသေးသဖြင့် ဘုန်းတော်ကြီးများမှာ မြင်းစီးပြီး ဝေးလံသော ဒေသရှိ အသင်းတော်များသို ပင်ပန်းကြီးစွာ သွားရောက်၍ တရားဒေသနာဟော၊ ဓမ္မဝတ်မင်္ဂလာများ စီရင်ပေးနေခဲ့ရရှာသည်။

တနင်္ဂနွေနေ့များ၌ ဝတ်ပြုစည်းဝေးကျင်းပရန် ပွဲတော်မင်္ဂလာနှင့် အခြားသော ဓမ္မဝတ်မင်္ဂလာများကို စီရင်ပေးရန် ခြေကျင်လျှောက်၍လည်းကောင်း၊ မြင်းစီး၍လည်းကောင်း သွားလာနေ ကြရသည်။ ဘုန်းတော်ကြီးတစ်ပါးတည်းကသာ နယူးယောက်မြိုမှ မိုင်ပေါင်းများစွာ ဝေးလံသော “ဖီလေးဖီးယားပြည်နယ်ရှိ အသင်း တော်များဆီသို မြင်းစီး၍ သွားနေရရှာသည်။ ဤအခက်အခဲ ကိုသိရှိသဖြင့် ပြင်သစ်နိုင်ငံ၌ ကြော်ငြာတစ်စောင်ကို သတင်းစာထဲ၌ ထည့်ခဲ့၏။

အမေရိကန်နိုင်ငံသို သွားရောက်၍ အမှုတော်ဆောင်ရန် ရိုမန်ကက်သလိပ် ဘုန်းတော်ကြီးများ အလိုရှိသည်။

လစာမပေးနိုင်။ မတော်တဆ ထိခိုက်ဒဏ်ရာရ သို့မဟုတ် သေဆုံးသွားလျှင် လျော်ကြေးလည်းမပေးနိုင်။ အနားယူရန် ခွင့်လည်း ပေးနိုင်မည် မဟုတ်ရုံမက အငြိမ်းစာ လစာငွေလည်း မျှော်လင့်စရာမရှိပါ။

အသင်းတော်များရှိရာ ခရီးသွားစဉ် အိန္ဒိယန်းလူနီနှင့် သူခိုး ဒမြများက တိုက်ခိုက်လုယက် ခြင်းသာမက သတ်ဖြတ်ခြင်းကိုပင် ခံစရာအကြောင်းရှိသည်။

နေအိမ်သည် ညံ့ဖျင်းလိမ့်မည်။ သက်သာချောင်ချိရေးနှင့် ပတ်သက်၍လည်း အာမခံချက်များ ပေးနိုင်မည်မဟုတ်။ ဖျားနာရောဂါရလျှင်လည်း ဆေးဝါးကုသရန် အကူအညီရနိုင်မည်မဟုတ်ပါ။ သေဆုံးခဲ့လျှင်လည်း ကောင်းစွာမြှုပ်နှံပေးမည့်သူ ရှိချင်မှရှိမည်။ သိုသော် ဤအခြေအနေမျိုး၌ပင် အမှုတော်ဆောင်လိုသော ဘုန်းတော်ကြီးများရှိပါက လျှောက်လွှာတင်ကြပါဟူ၍ ကြော်ငြာတွင် ရေးသားခဲ့ပါ၏။

မယုံနိုင်လောက်အောင် လျှောက်လွှာပေါင်းများစွာ လက်ခံရရှိခဲ့ပါ၏။

ထိုဘုန်းတော်ကြီးများက ဤကဲ့သို စွန့်လှူပူဇော်ခဲ့ပြီး အပြည့် အဝဆက်ကပ်၍ အမှုတော်ဆောင်ခဲ့ရာ ယခုဆိုလျှင် အမေရိကန် နိုင်ငံတွင် အသင်းသူအသင်းသား အများဆုံး၊ အင်းအားအတောင့် တင်းဆုံးနှင့် အကြီးမားဆုံးသော အသင်းတော်မှာ ရိုမန်ကက်သလိပ် ၊အသင်းတော် ပင် ဖြစ်နေပါပြီ။

ရှေးတမန်တော်များ တပည့်တော်များ၊ သွေး၊ ချွေး၊ မျက်ရည်တိုဖြင့် ခရစ်ယာန်အသင်းတော်ကို တပ်ဆင့်တည်ဆောက်ခဲ့ သောကြောင့် ယနေ့ဆိုလျှင် ခရစ်ယာန်ဘာသာသည် ကမ္ဘာပေါ်တွင် လူအများ ဆုံး ကိုးကွယ်ဆည်းကပ်နေသော ဘာသာကြီးဖြစ်နေပါပြီ။

“သားတော်တည်ဆောက်ခဲ့သမျှကို တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ ကျွန်တော်တို့သည်လည်း ထပ်ဆင့်၍ တည်ဆောက်ကြရမည့်အကြောင်း” ရှင်ပေါလုကဆုံးမခဲ့ပါသတည်း(ဧဖက်၊ ၂း၂၀)။

 

အခန်း(၅)

မနက်ဖြန်နှင့် ပတ်သက်သည့် ဝိရောဓိစကားတော်နှစ်မျိုး

ခရစ်တော်သည် တောင်ပေါ်ဒေသနာဟောပြောစဉ်က “အဘယ်သို့ စားသောက်ရမည်ကို မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ကို မစိုးရိမ်ကြနှင့်… မိုးကောင်းကင်၌ ကျင်လည်သော ငှက် များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တိုသည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တိုအဖသည် သူတိုကိုကျွေးမွေး တော်မူ၏’ဟုမိန့်တော်မူခဲ့သည်(မဿဲ၊ ၆း၂၅-၂၆)။ ထိုမျှသာမက “ထိုကြောင့် နက်ဖြန်အဖို မစိုးရိမ်ကြ နှင့်။ နက်ဖြန်နေ့ သည် မိမိအဖို့ စိုးရိမ်လိမ့်မည်’ဟူ၍လည်း ဆက်၍မိန့်တော်မူခဲ့ပါသေး၏(မဿဲ၊ ၆း၃၄)။

ထိုသို့သော အာမခံချက်စကားတော်များကြောင့် ကိုယ်တော်ကိုယုံကြည်သော ကျွန်တော်တို အဖို စိတ်ချမ်းသာမှု၊ စိတ်သက်သာအေချမ်းမှုကို ခံစားရလေ့ရှိပါသည်။ ထိုပြင် ခရစ်တော်သည် အမှုတော်စတင်ဆောင်ရွက်စဉ်ကတပည့်တော်များကို အရပ်ရပ်သို့စေလွှတ်၍ နာသောသူ၊ နူသော သူတို၏ရောဂါများကို ပျောက်စေရန်၊ သေသောသူတို ကို ထမြောက် စေပြီး နတ်ဆိုးတို ကိုလည်း နှင်ထုတ်ကြရန် စေလွှတ်ခဲ့ပြန်သည်။

ထိုသို ခရီးသွားကြသည့်အခါတွင်လည်း “ရွှေ၊ ငွေ၊ ကြေးတို့ကို ခါးပန်းထဲ၌ မသိုမှီးကြနှင့်။ လမ်းခရီးဖို့ လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကို မသိုမှီးကြနှင့်’ဟူ၍လည်းကောင်း (မဿဲ၊ ၁၀း၉-၁၀)။ “သင်တို့ကို (မြိုဝန်မင်း၊ ရှင်ဘုရင်ထံသို)အပ်နှံသောအခါ အဘယ်သို ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏချင်းတွင် သင်တိုသည် ရကြလိမ့်မည်’ဟူ၍လည်းကောင်း မိန့်တော်မူခဲ့ပါသေး၏(မဿဲ၊ ၁၀း၁၈-၁၉)။

ထိုစကားတော်များကို ခြုံ၍ အနက်ဖွင့်ရသော် မနက်ဖြန်တည်းဟူသော နောင်ရေးအတွက် အဘယ်သိုမျှ စိုးရိမ်ကြောင့်ကြ မရှိရန်နှင့် စားဝတ်နေရေး၊ သွားရေးလာရေးအတွက် လိုအပ်သော ငွေကြေးသာမက အဖမ်းခံရပါလေစေ၊ အဘယ်ကဲ့သို ဖြေရှင်း ထုချေပြောဆိုရန်ကိုပင် စိုးရိမ်ပူပန်ခြင်း၊ ကြောင့်ကြခြင်း၊ ကြိုတင်တွေးဆပြင်ဆင် တွက်ချက်နေစရာပင်မလို။ အနာဂတ်သည် ဘုရားသခင်၏ လက်တော်၌ ရှိနေသည်။ ထိုကြောင့် ကိုယ်တော်က အားလုံးစီမံခန့်ခွဲလမ်းပြလိမ့်မည်ဟူသော သဘောကို ရှင်းရှင်းလင်းလင်း၊ ပြတ်ပြတ်သားသား သတိပေးခဲ့ကြောင်း တွေ့ရပါလိမ့်မည်။ ခရစ်တော်သည် နောက်ပိုင်း၌ နာမည်ကျော်ကြား လူကြိုက်များလာပြီး၊ နောက်တော် လိုက်တပည့် တော်များမှာလည်း တစ်စတစ်စ များပြားလာသည်။

ထိုစဉ် ကိုယ်တော်က ရုတ်တရက် “သင်တိုတွင် တစ်ယောက်သောသူသည် တိုက်ကိုတည် မည်ဟု အကြံရလျှင် ထိုတိုက်ကို ပြီးအောင် ငွေလောက်မည်၊ မလောက်မည်ကို သိခြင်းငှာ ရှေးဦးစွာ ထိုင်၍ ကုန်ကျစရိတ်ကို မချင့်တွက်ဘဲ နေမည်လော”ဟူ၍ ရုတ်တရက် မိန့်တော်မူလိုက်ပြန်ပါ၏ (လုကာ၊ ၁၄း၂၈)။

ထိုနည်းတူ “တစ်စုံတစ်ယောက်သော ရှင်ဘုရင်သည်အရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟု အကြံရှိလျှင် လူနှစ်သောင်းနှင့်ချီတက်လာသော ရှင်ဘုရင်ကို လူတစ်သောင်းနှင့် ခံနိုင်မည် မခံနိုင်မည်ကို ရှေးဦးစွာထိုင်၍ မဆင်ခြင်ဘဲ နေမည်လော”ဟု ဆိုပြန်ရာမနက်ဖြန်အတွက် ကြိုတင်ကြံဆဆင်ခြင်၊ တွေးဆ၍ အကြံဉာဏ်များထုတ်နေရမည်ဟူသော သဘောသည်ပေါ်လွင်လာပါတော့၏(လုကာ၊ ၁၄း၃၁)။

အနာဂတ်အတွက် ကြိုတင်စိုးရိမ်မနေပါနှင့်၊ စဉ်စားမနေပါနှင့်။ အချိန်ကျလျှင် ဘုရားသခင် စီမံထားသည့်အတိုင်း ဖြစ်လာလိမ့်မည်ဟု ပြောသည့်နည်းတူ အနာဂတ်အတွက် (မစိုးရိမ်ရစေကာမူ) စဉ်းစားဆင်ခြင်ပြီး မိမိကိုယ်တိုင်က ကြိုတင်စီမံခန့်ခွဲမှုများ၊ ပြင်ဆင်များကို မဖြစ်မနေလုပ်ကို လုပ်နေရမည်ဟု မိန့်တော်မူနေပြန် သဖြင့် ခရစ်တော်က ဘာကိုဆိုလိုနေပါသနည်း? ဟူ၍ စဉ်းစားစရာ ဖြစ်လာပါပြီ။

အနာဂတ်ကိုဘုရားသခင်၏လက်တော်ထဲသို စိတ်အေးချမ်းသာစွာ လွှဲအပ်ထားရမည်လား? သို့မဟုတ် ကြိုတင်စဉ်းစားဆင်ခြင်ပြင်ဆင်နေရမည်လား? ဟူ၍ ဝိဝါဒကွဲပြားစရာ ဖြစ်လာနေပါပြီ။

ရှင်လုကာ၊ ၁၆း၁-၈ ရှိ ဥပမာတော်ကို လေ့လာကြည့်ပါဦး။

ဘဏ္ဍာစိုးတစ်ဦးသည် မိမိ၏ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရစေကာမူ ရှေ့ရေးအတွက် ကြိုတင်စီမံခန့်ခွဲ၍ ပြုလုပ်နေသည်ကို ချီးမွမ်းပြီး ရှေ့ရေးအတွက် ဘာမျှမလုပ်ဘဲ လက်တော်ထဲသို အပ်နှံထားနေကြသည့် “အလင်းသိုရောက်သောသူများကိုပင်လျှင်ပြစ်တင်ရုတ်ချလိုက်ပါတော့၏။ ခရစ်ယာန်တပည့်တော်အချို့သည် ဤကျမ်းချက်များကို ဖတ်ပြီး မိမိတိုနှစ်သက်ရာကို အာသီသထားကာ ကြိုက်သလို အနက်ဖွင့်နေကြသည်ကို ကျွန်တော်တွေ့မိပါ၏။

ကျမ်းစာကို “ကွင်း၍ အနက်ဖွင့်ကြပြီး ဘုရားသခင်ကမနက်ဖြန်အတွက် မစိုးရိမ်ကြနှင့်၊ စာငှက်ကလေးတစ်ကောင်ကိုမျှ အငတ်မထား” ဟူသော စကားမျိုးကို ပြောဆိုကာ မိမိတို ရှေ့ရေး အတွက် ကြိုတင်ကြံဆ၊ နောင်ရေးတွင် ပေါ်ပေါက်လာမည့် စားဝတ်နေရေးအတွက် မပူပင်၊ ကြောင့်ကြမှုမရှိ၊ ပြင်ဆင်ထားမျှမရှိ၊စုဆောင်းထားမျှမရှိ၊ ရရစားစားနေထိုင်ကြသဖြင့် အနာဂတ် အတွက်ရည်မှန်းချက်ပန်းတိုင် မရှိသကဲ့သို ပေါ့ပေါ့ဆဆ ဖြစ်နေတတ်ကြသည်။

ထိုပြင် ချွေချွေတာတာ သုံးစွဲပြီး ရှေ့ရေးအတွက် ငွေကိုစုဆောင်း၊ မိမိတို အိမ်လေးများကို ပြင်ဆင်၊ ခြံဝင်းကလေးများကိုတိုးချဲ့ဆောက်၊ အချိန်အခါသင့်တုန်း မြေကွက်သစ်ကလေးများ ဝယ် သူများကိုလျှင် သူတို သည် ယုံကြည်ခြင်းမရှိသူများ၊ ရှေ့ရေးအတွက်လက်ထဲသို မအပ်သူများ “နက်ဖြန်အတွက် မစိုးရိမ်ကြနှင့်ဟုစကားတော်ကို မလိုက်နာကြသူများ ဟူ၍ မကြာခဏ ပြစ်တင် ရှတ်ချလေ့ရှိပါသေး၏။

ကျွန်တော့်အနေဖြင့်တပည့်တော်များ၏ သာရေး၊ နာရေး ပဋိပက္ခရေးတိုကို ကူညီဖြေရှင်း ပေးရာတွင် ရှေ့ရေးအတွက် ပူပင်စရာမလို၊ ဘုရားသခင်က စာငှက်ကလေးတစ်ကောင်ကိုမျှ အငတ် မထားဟူ၍ ခံယူနေကြသော အိမ်ထောင်များသည် အကြွေးများ ပတ်လည်ဝိုင်း၊ ပြဿနာများဆုံးတွေ့၊ အိမ်ထောင်တွင်း မိသားစုတွင်မသင့်မတင့် အများဆုံး ရှိနေတတ်သည်ကို တွေ့ရလေ့ရှိပါ၏။

သူတို့၏ဆင်ခြေများမှာ “ခရစ်တော် ကိုယ်တော်တိုင်ကမနက်ဖြန်အတွက် မစိုးရိမ်ကြနဲ့လို ပြောထားတယ်မဟုတ်လား၊ ကျမ်းစာထဲမှာ ပါတယ်မဟုတ်လား၊ ကျွန်တော်တိုမှာ ယုံကြည်ခြင်း ရှိရင် ပြီးရောမဟုတ်လား’ဟူ၍ပင် ပြန်လည်ပြောဆိုတတ်ကြပါသေး၏။

ထိုကြောင့် ရှေ့ရေးအတွက် ပူပင်ပြင်ဆင်နေမှုမရှိ၊ ယုံကြည် ခြင်းကိုသာ လက်ကိုင်ထားပြီး အသက်ရှင်နေထိုင်ကြသူများက တစ်မျိုး၊ ရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်တွက်ချက်ထားပြီး အသက်ရှင်နေသူများကတစ်ဖုံ ဖြစ်နေကြပါပြီ။

အချို့က ကျမ်းစာတစ်ပိုဒ်တည်းကိုသာ မူတည်ပြီး အနက်ဖွင့်ကာ “နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း တရားကိုသာ ရှေးဦးစွာ ရှာကြလော့။ နောက်မှသင်တို့ လိုသောအရာများကို ပေးသနားတော်မူ လတံ့”ဟူသော ကျမ်းစကားကို လက်ကိုင်ထားပြီး၊ ကြိုတင်ပြင်ဆင် တွက်နေရမည့် ကိစ္စများမှာ ဝိညာဉ်ရေးကိုသာ ဆိုလိုသည်။ ရုပ်ပိုင်းပစ္စည်းတည်းဟူသော လောက၌ အသုံးလိုမည့်ပစ္စည်းများကို ကိုယ်တော်နောက်မှပေးပါလိမ့်မည်ဟူ၍ ခွဲခြားနေတတ်ကြပြန်ပါသေး၏ (မဿဲ၊ ၆း၃၃၊ ၁၄း၁၅-၂၁)။

ခရစ်တော်သည် ဘဝကိုနှစ်ပိုင်းခွဲခြားနေလေ့မရှိကြောင်း အထူးသတိပြုဖို လိုသည်။

“လူသည် မုန့်အားဖြင့်သာ “အသက်မရှင်ရဟု မိန့်တော်မူခဲ့သလို လူသည် မုန့်မရှိလျှင်လည်း အသက်မရှင်နိုင်ကြောင်း ကိုယ်တော်သိပြီး ဖြစ်ပါ၏(မဿဲ၊ ၄း၄၊ ၁၄း၁၅-၂၁)။

ကိုယ်တော်တိုင်က မွတ်သိပ်နေသူများကို ရုပ်ပိုင်းပစ္စည်းတည်းဟူသောမုန့် ကို ကျွေးမွေး ခဲ့သည်။ ရုပ်ပိုင်းပစ္စည်း ဖူလုံရေးအတွက်လည်း ဂရုစိုက်ခဲ့ပါသေးသည်။

မှန်၏။

လူသည် စားဝတ်နေရေး အတွက်သာ လုံလစိုက်မနေရစေကာမူ လူတစ်ဦး၏အသက် ရှင်ရေးတွင် “စားဝတ်နေရေး’ဟူသောကိစ္စသည် အရေးကြီးသောကဏ္ဍတွင် ပါဝင်နေ၏။ ပိုက်ဆံကြေး ငွေ အားဖြင့် ” အသက်မရှင်ရစေကာမူ သက်ရှင်နေထိုင်သွားလာရေးတွင် ပိုက်ဆံကြေးငွေ မရှိလျှင် လုံးဝမဖြစ်ပါ။

လူသည် မိမိနေထိုင်ရေးအတွက် အိမ်၊ ငွေ၊ အလုပ်အကိုင်၊ အဝတ်အစားစသည့် လောကီပစ္စည်း များကိုသာ ဦးစားပေး၍အသက်မရှင်သင့်စေကာမူ သက်ရှင်နေထိုင်၊ လှုပ်ရှား သွားလာရေးအတွက် အဆိုပါပစ္စည်းများကို လိုပါ၏။

သို့ဖြစ်၍ ခရစ်တော်က “မနက်ဖြန်အတွက် မပူကြနှင့်၊ စာငှက်ကလေးတစ်ကောင်မျှကိုပင် အငတ်မထား’ဟူ၍ တစ်ချိန်တွင် ပြောခဲ့ပြီး၊ နောက်တစ်ချိန်တွင် ‘မနက်ဖြန်ကို ဥပေက္ခာပြုနေ၍မရ ကြိုတင်ကြံဆ၊ စီမံခန့် ခွဲ၊ ပြင်ဆင်ထားရန်လိုသည်’ဟုပြောခဲ့ပြန်သဖြင့် ကိုယ်တော်၏နှုတ်တော်ထွက် စကားနှစ်မျိုးစလုံးက ဝိရောဓိ(တစ်နည်း)ဆန့်ကျင်ဘက်ဖြစ်နေပါသောကြောင့် “ကိုယ်တော်သည် အဘယ်အရာကို သွန်သင်ဆုံးမနေပါသနည်း? မည်သည့်အရာကို ဆိုလိုပါသနည်း? ဟူ၍ပင် ပြန်လည်မေးမြန်းလျှောက်ထားရတော့မယောင်ဖြစ်နေပါပြီ။

ခရစ်တော်က “ဝိညာဉ်ရေးနှင့်ပတ်သက်လာလျှင် ကြိုတင်စဉ်းစားဆင်ခြင်း၊ ပြင်ဆင်ရန် သွန်သင်ခဲ့သော်လည်း ရုပ်ပိုင်းပစ္စည်းနှင့် “လောက၌အသုံးလိုသောပစ္စည်းများအတွက် ကြိုတင်ပြင်ဆင် စုဆောင်းသိုမှီးနေရန်လို၊ ဘုရားသခင်အနေဖြင့် အချိန်တန်ကျလျှင်ပေးသနားတော်မူလိမ့်မည်။ ထိုကြောင့် ကိုယ်တော်သည် “ဝိညာဉ်ရေးကိုသာ ဦးစားပေး၍ ပြောနေခြင်းဖြစ်သည်။ လောကီရုပ်ပိုင်း ပစ္စည်းများကို ဦးစားပေးရန်မလိုဟူ၍ အချို့က လွယ်လင့်တကူနက်ဖွင့်လေ့ရှိလာတတ်ပါ၏။

ဤသို အနက်ဖွင့်လေ့ရှိသူ အများစုသည် ပေါ့ဆစွာ အသက်ရင် သူများ ဖြစ်တတ် ပါ၏။ ငွေပိုငွေလျှံကလေးများရှိခဲ့လျှင် စုဆောင်းထားရန်စိတ်မကူး၊ ရှိသမျှ သုံးဖြုန်းနေထိုင်စားသောက်သူ များ ဖြစ်နေတတ်သည်။

ဤသို့အနက်ဖွင့်ချက်မျိုးကို ကျွန်တော်သဘောမတူပါ။

ခရစ်တော်သည် ဝိညာဉ်ရေးနှင့်လောကီရေးဟူ၍ နှစ်ပိုင်းခွဲခြား မနေတတ်ပါ။ ကိုယ်တော်တိုင် က ဆာငတ်မွတ်သိပ်နေသူများကို ကျွေးမွေးခဲ့သည်။ နောက်တော်လိုက် တပည့်တော်တို၏ ရုပ်ပိုင်း ပစ္စည်းဆိုင်ရာ စားဝတ်နေရေးကို မျက်နှာလွှနေခဲ့ခြင်း မရှိခဲ့ပါ။

သို့ ကြောင့် အနက်ဖွင့်ကြည့်ကြပါစို။

ခရစ်တော်၏ သက်တော်စဉ်ကို လေ့လာကြည့်လျှင် ကိုယ်တော်သည် မိမိဧရှေ့ရေးအတွက် အမြဲကြိုတင်ပြင်ဆင်လေ့ရှိခဲ့ကြောင်း တွေ့ရပါလိမ့်မည်း ကိုယ်တော်သည် ကြိုတင်ပြင်ဆင်ပြီးမှ လုပ်ဆောင်လေ့ရှိရုံမက လိုအပ်လာလျှင် မိမိပြင်ဆင်ထား ခဲ့သမျှကိုပင် အခြေအနေအရ ပြုပြင် ပြောင်းလဲလိုက်လေ့ရှိတတ်သည်။

ဗတ္တိဇံ(နှစ်ခြင်း)ဆရာယောဟန်ပေါ်ပေါက်လာပြီး လိုက်လံဟောပြောနေသောအခါ လူထုကြီး၏စိတ်ထားမှာ အုံကြွလှုပ်ရှားလာကြသည်ကို မြင်ရ၏။ ထိုအချိန်တွင် ကိုယ်တော်က မိမိ၏အမှုတော်လုပ်ငန်းအစပြုရန် အချိန်အခါ အသင့်လျော်ဆုံး၊ အကောင်းဆုံးဟူ၍ ဆင်ခြင်သုံးသပ် တော်မူခဲ့သည်။ အမှုတော် စတင်မဆောင်ရွက်မီလည်း တောအရပ်သို သွားပြီး မည်သည့်နည်းဟန်ကို ရွေးချယ်ရမည်နည်း? ဟူ၍ရက်ပေါင်း(၄၀)တိုင်တိုင် အစာရှောင်ဆုတောင်း၍အမှုတော်လမ်းကို ရွေးချယ်ခဲ့သည်။ ပြင်ဆင်ခဲ့သည်။

အမှုတော်စတင်ဆောင်ရွက်ရန် ဂါလိလဲနယ်ကို အလျင်ဆုံးရွေးချယ်ခဲ့ပြန်သည်။ တောပိုင်းရှိလူ ထုကြီးကို အုံကြွလှုပ်ရှားလာစေပြီးမှသာလျှင် မြိုပြင်ပိုင်းနှင့် မြိုတွင်းပိုင်းသို ဝင်သည်။ ကိုယ်တော် တိုင်က သေချာစွာ ကြိုတင်ပြင်ဆင်ထားခဲ့မှုမှာ ထင်ရှားနေ၏။

ပသခါပွဲနေ့၏ အစပိုင်းဖြစ်သော တနင်္ဂနွေနေ့၌ ယေရုရှလင် မြိုတွင်းသို မြည်းကလေးကိုစီးပြီး ဝင်ရန်ကိုပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ အထင်ရှားဆုံးပင် ဖြစ်နေပါ၏။

ပသခါပွဲတော်နေ့ဆိုသည်မှာ ယေရုရှလင်မြို၌ လူအစည်ကားဆုံး၊ လူများကြိတ်ကြိတ်တိုး၊ ကြက်ပျံမကျ ဖြစ်နေမည်ကို ကြိုတင်တွက်ချက်ခဲ့ပြီးမှ ထိုမြိုတွင်းသို ဝင်တော်မူခဲ့သည်။

ဒေသစာရီကြွ၊ လှည့်လည်တရားတော် ဟောပြောခဲ့သည့် ခရီးစဉ်ကိုပင်လျှင် အမှုမဲ့အမှတ်မဲ့ မဟုတ်ပါ။ ကြိုတင်စီမံပြီးမှ သွားရောက်ခဲ့သည်ဟုဆိုလျှင် မှားမည်မထင်ပါ။

ကိုယ်တော်တိုင်က “ငါ့အချိန်မရောက်သေး ဟူ၍ မကြာခဏပြောခဲ့သည်ကို ထောက်ရှုခြင်း အားဖြင့် သင့်လျော်မည့်အချိန်အခါကို ကိုယ်တော်သည် အမြဲဆင်ခြင် ချိန်ဆနေလေ့ရှိကြောင်း သိသာ ထင်ရှားနေ၏။

ကာနမြို၌ ရေကိုစပျစ်ရည်အဖြစ်သို ပြောင်းလဲစေခဲ့သည့်အမှု၌ပင်လျှင် “ငါ့အချိန်မရောက်သေး ဟု မိန့်တော်မူခဲ့သည်(ယော၊ ၂း၄)။ ညီတော်တိုက “ကိုယ်တော့်အနေဖြင့် ထင်ပေါ်ကျော်ကြားမှု၊ ကျော်စောကိတ္တိကို လိုချင်ပါလျှင် အဘယ်ကြောင့် တောရွာဇနပုဒ် များ၌သာ လှည့်လည်နေပါသနည်း? သာသနာရေးကိစ္စမှန်သမျှ၏ အချက်အခြားလူများစည်ကားရာ ယေရုရှလင်မြို့သို့သွားပါ” တိုက် တွန်းကြသောအခါ ကိုယ်တော်က“ငါ့အချိန်မရောက်သေး”ဟု ပြန် လည် ဖြေကြားခဲ့ပြန်ပါသေး ၏(ယော၊ ၇း၆)။

ယေရုရှလင်မြို့တွင်းသို့ မြည်းကလေးကိုစီးလျက် ဝင်ခဲ့သည့်ဖြစ်ရပ်ကိုလည်း လေ့လာကြည့်ပါ။ ကိုယ်တော်တိုင်က ကြိုတင်ပြင်ဆင်ခဲ့ကြောင်း သိသာနေပါ၏(မဿဲ၊ ၂၁း၁-၉။ မာကု၊ ၁၁း၁-၁ဝ။လုကာ၊ ၁၉း၂၉-၃၈)။

ယေရုရှလင်မြို၌ ပသခါပွဲတော် စားသောက်ရေးအတွက်ပြင်ဆင်ချိန်၌ သခင်ယေရှုက “ငါ့အချိန် နှီးပြီ’ဟူ၍ မိန့်တော်မူ သကဲ့သို့(မ ၂၆း၁၈)၊ ရန်သူတို့၏လက်သို အပ်နှံခြင်းခံရခါနီးတွင်“လူသားကို ဆိုးသောသူတို၏ အပ်နှံရသောအချိန်ရောက်လာပြီ’ဟု၍ မိန့်တော်မူခဲ့ပါ၏(မ၊ ၂၆း၄၅)။

ထိုကြောင့် သခင်ယေရှုကိုယ်တော်တိုင်က မိမိ၏သက်တော်စဉ်၏“မနက်ဖြန်များတည်းဟူသော အနာဂတ်ကို မျက်စိမှိတ်၍ ဇွတ်တိုးဝင်ရောက် ရင်ဆိုင်ခဲ့သည်မဟုတ်။ မိမိ၏ ပညာဉာဏ်တော်ဖြင့် ဆင်ခြင်သုံးသပ်ပြီး ကြိုတင်ပြင်ဆင်မှုပေါင်းများစွာကို လုပ်ခဲ့သည်မှာ ထင်ရှားနေပါ၏။

 

၂။         သခင်ရစ်တော်ကိုယ်တိုင်ကလည်း တပည့်တော်များအား မိမိတို၏ရှေ့အတွက် အမြဲတမ်းကြိုတင်တွက်ဆပြီး ပြင်ဆင်ရုံမက အသင့်ရှိနေကြရန် သွန်သင်ဆုံးမတော်မူခဲ့ပါသေး၏။ တပည့်တော်များအနေဖြင့် အမြော်အမြင်ရှိရေး၊ သတိရှိရေး၊ ကြိုတင်ပြင်ဆင်မှု ရှိရေးအတွက် အမြဲသွန်သင်လေ့ရှိကြောင်း သာဓကများစွာ ရှိပါ၏။

မင်္ဂလာဆောင်လုလင်ကို စောင့်မျှော်ကြသော ဆီမီးခွက်ကိုင် သတိုသမီး(၁၀)ဦးနှင့်ပတ်သက်၍ ဥပမာတော်ကို ကြည့်ပါ(မဿဲ၊ ၂၅း၁-၁၃)

ထိုဥပမာတော်က သွန်သင်ပေးနေသော အဓိကသင်ခန်းစာမှာလည်း တပည့်တော်တိုင်းက ပညာသတိရှိရေး၊ အနာဂတ်အတွက်အမြဲအသင့်ပြင် နေကြရေးအတွက် ဖြစ်ပါ၏။မသဲ ၂၄း၄၅-၅၁ ကိုလေ့လာကြည့်ပါဦး။

သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း၊ ပြည့်စုံသော ကျွန်သည်သာလျှင် မင်္ဂလာရှိသည်ဟု ဆိုရုံသာမက သူ၏အရင်သည် မိမိဥစ္စာရှိသမျှတိုကို ကျွန်၌အပ်လိမ့်မည်ဟု သွန်သင်ခဲ့၏။

“သင်တိုသည် အသင့်ပြင်ဆင်လျက်နေကြလော့” (မဿဲ၊ ၂၄း၄၄)။ (အသင့်ပြင်၍)စောင့်နေကြ လော့ဟု သင်တို အား ငါဆိုသည်အတိုင်း ခပ်သိမ်းသော သူတိုအား ငါဆိုသည်’ဟူ၍လည်း မိန့် တော်မူခဲ့ပါသေး၏(မာကု၊ ၁၃း၃၇)။

ကိုယ်တော်က “ကြိုတင်အသင့်ပြင်ဆင်ပြီး စောင့်နေကြ’ဟု တပည့်တော်တိုင်းအား ထပ်တလဲ လဲ မိန့်တော်မူခဲ့ပုံတို့ကိုထောက်ရှုလျှင် ကျွန်တော်တိုသည်လည်း အနာဂတ်အတွက် ဘုရားသခင်၏ လက်တော်ထဲသို အပ်ပြီး မျက်စိမှိတ်လက်ပိုက်ပြီးအေးဆေးစွာ မနေသင့်ကြောင်း သွန်သင်နေပါ၏။

စောဒက တက်စရာအကြောင်း ရှိပါသေးသည်။

ကိုယ်တော်သည် တစ်ခါက တမန်တော်များအား “ရွှေ၊ ငွေ၊ ကြေးတိုကို ခါးပန်းထဲ၌ မထည့်နှင့်။ လမ်းခရီးဖို့လွယ်အိတ်၊ အင်္ကျီနှစ်ထည်၊ ခြေနင်းတောင်ဝှေးကိုပင် မသိုမှီကြနှင့်’ဟု မိန့်တော်မူပြီး စေလွှတ်ခဲ့ကြောင်း တွေ့ရပါလိမ့်မည်။ တစ်နည်းဆိုရလျှင် “ခရီးထွက်ကြလော့။ ရှေ့ရေးအတွက် သော်လည်းကောင်း၊ လမ်းခရီးအတွက်သော်လည်းကောင်း၊ စားသောက်နေထိုင်ရေး အစရှိသည့်ကိစ္စများအတွက်သော်လည်းကောင်း ကြိုတင်ပြင်ဆင်မှု မရှိကြနှင့်။ ပူပန်မှုလုံးဝမရှိ ကြနှင့်”ဟု ပြောခဲ့သည်နှင့်အတူတူပင် ဖြစ်သည်ဟု ထင်ပါသလား(မဿဲ၊ ၁၀း၉-၁၀။ မာကု၊ ၆း၈-၁၁။ လုကာ၊ ၉း၃-၅ ကိုကြည့်ပါ။)

သို့ သော် ဤသို ထင်လျှင် မှားပါလိမ့်မည်။

ကိုယ်တော်သည် ယင်းသို မိန့်ဆိုပြီးသည့် တစ်ပြိုင်နက်တည်းမှာပင် “တောခွေးစုထဲသို သိုးတို ကို စေလွှတ်သကဲ့သို သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တိုသည် မြွေကဲ့သို လိမ္မာလျက် ချိုးငှက်ကဲ့သို အဆိပ်ကင်းကြလော့”ဟူ၍လည်းဆက်လက်သတိပေးခဲ့သည်ကို ထောက်ရှဆင်ခြင် ကြည့်ပါ(မဿဲ၊ ၁း၁၆။ လုကာ၊ ၁၀း၃)။

ကိုယ်တော်က ဘာကိုဆိုလိုပါသနည်း

တပည့်တော်များကို ဤကဲ့သို စေလွှတ်ခဲ့စေကာမူ၊ ပညာသတိ’အမြဲရှိနေကြရုံမက သွားလာလှုပ်ရှား လုပ်ကိုင်ကြရာတွင် “အကင်းပါးမျှ၊ လိမ္မာပါးနပ်မှုရှိကြဖို လိုမည်အကြောင်းကိုလည်း မိန့်တော်မူခဲ့ပါသေး၏။ တစ်နည်းဆိုရလျှင် သင်တိုသည် ခရီးလှည့်လည်နေချိန်၌ အမြော်အမြင်ရှိပြီး၊ သတိဝိရိယအမြဲရှိနေကြရန်လည်း မမေ့ကြနှင့်”ဟု မိန့်တော်မူခဲ့သည်နှင့်အတူတူပင် ဖြစ်ပါ၏။

ရှင်ပြန်ထမြောက်ပြီးသည့် နောက်ပိုင်း၌ပင်လျှင် ယုံကြည်သူ တပည့်တော်များသည် အမှုတော်လုပ်ငန်းကိုကြိုတင်ပြင်ဆင်မှုမရှိ ဘဲ၊ ချက်ချင်းမလုပ်ဆောင်ခိုင်းခဲ့ပါ။ “သင်တိုသည် ကောင်းကင်မှ တန်ခိုးကိုမခံမီတိုင်အောင် ယေရုရှလင်မြို၌စောင့်နေကြဦးလော့’ဟူ၍ သတိပေးပြီး စောင့်ဆိုင်းစေခဲ့ပါသေး၏(လုကာ၊ ၂၄း၄-၉)။

မည်သည့်လုပ်ငန်းကိုမဆို ကြိုတင်ပြင်ဆင်မှု၊ ချိန်ဆမျှ၊ တွက်ချက်မှု၊ စီမံခန့်ခွဲထားမှု ရှိစေရုံမက ပညာဉာဏ်နှင့်သတိ ရှိနေရေးကို အမြဲဦးစားပေးရန် ခရစ်တော်က သွန်သင်ဆုံးမခဲ့သည်ကို တွေ့ရပါလိမ့်မည်။

၁၆၃၇ ခုနှစ်တွင် “အယ်မလီယာ၊ အဲဟတ်သည် အတ္တလန်တိတ် သမုဒ္ဒရာကို လေယာဉ်ဖြင့် ပထမဦးဆုံးအကြိမ်၊ တစ်ဦးတည်းပျံသန်းဖြတ်သန်းခဲ့သည့် အမျိုးသမီးဖြစ်ပါ၏။

သို့သော် သူ၏လေယာဉ်သည် နယူးဂီနီကျွန်းနှင့် ဟောင်လန်ကျွန်း ပတ်ဝန်းကျင်တွင် ပျောက်ဆုံးသွားခဲ့ရာ၊ ယနေ့တိုင်ရာ၍မတွေ့ရတော့ပါ။ လေယာဉ်ပျံသန်းမောင်းနှင်နေစဉ် သူ၏ဦးတည် လမ်းကြောင်းကို ရှာဖွေရေးအဖွဲက သိနေကြစေရန်အတွက် မီးခိုးရောင်စုံထွက်စေသည့် အချက်ပြမှတ်သားဘွိင်ယာများကို လေယာဉ်မှပစ်ချသွားရန် ထိုအဖွဲ့က ညွှန်ကြားထားပါ၏။ ထိုဘွိင်ယာများကိုသာ ပစ်ချသွားပါက မီးခိုးများကြောင့် လေယာဉ်ပျံသန်းသွားသည့် လမ်းကြောင်းကို သိရှိနိုင်ပါလိမ့်မည်။

ကယ်ဆယ်ရေးအဖွဲက သူနှင့်ဝိုင်ယာလက်ဆက်သွယ်ရေးပြတ်သွားသည့်တစ်ပြိုင်နက် လေယာဉ်များဖြင့် လိုက်လံရှာဖွေခဲ့ရာ အဆိုပါဘွိင်ယာများကို လုံးဝရှာမတွေ့ခဲ့ပါ.

ထိုကြောင့် “အယ်မလီယာ၊ အဲဟတ်’အသက်သေဆုံးခဲ့ခြင်းမှာ ပေါ့ဆခြင်း၊ ပညာသတိ မရှိခြင်းတိုကြောင့် ဖြစ်ပါ၏။

တောခွေးစုထဲသို ထိုးကဲ့သို သွားနေကြရသော ကျွန်တော်တို့သည်လည်း မိမိတို့ ဘဝလမ်းခရီးအတွက် ကြိုတင်ပြင်ဆင်မျှသာမက ပညာသတိ ရှိကြရပါလိမ့်မည်။

 

၃။        သာမန်ဖြစ်သော မနက်ဖြန်မျှသာမဟုတ်၊ ဝေးလံသော အနာဂတံမိုးကုတ်စက်ဝိုင်းသို မျှော်ကြည့်ခဲ့ရပုံကိုလည်းကိုယ်တော်က သွန်သင်ခဲ့ပါ၏။

လူ့သဘာဝအတိုင်း ဆိုရလျှင် ကျွန်တော်တိုသည် တဒင်္ဂ၏ခဏသာဖြစ်သော “မနက်ဖြန် မျှလောက်သာ ကြည့်နေတတ်ပါ၏။လူပြိန်းစကားဖြင့် ပြောရပါလျှင် ကျွန်တော်တိုသည် ရှေ့ကို တစ်ထွာလောက်သာ ကြည့်နေတတ်သည်။ တစ်လံကိုပင် မမြင်တတ်ပါ။

သာဓက ပြပါမည်။

ကားမောင်းတတ်သူနှင့် မမောင်းတတ်သူတို၏ခြားနားမှုကို ကြည့်ရုံမျှနှင့် ကျွန်တော် ဆိုလိုသည့်သဘောကို ပေါက်နိုင်ပါသည်။ ကားမမောင်းတတ်သူသည် ကားရှေ့ အနီးကပ်ဆုံးအရာ ဝတ္ထုများကိုသာ အာရုံစိုက်နေလေ့ရှိရာ စိုးရိမ်ကြောင့်ကြမှုများလာ သောကြောင့် စတီယာရင်ကို ကောင်းစွာမကိုင်နိုင်တော့ဘဲ ကားသည်ယိမ်းထိုးနေတတ်ပါ၏။

ကားမောင်းတတ်သူမှာကား ကားရှေ့ရှိ အနီးကပ်အရာဝတ္ထုပစ္စည်းများထက် ခပ်လှမ်းလှမ်းကို ကြည့်နေတတ်သောကြောင့် စိတ်တင်းမာမှုလျော့ပါးပြီး ကားကိုဖြောင့်ဖြောင့်တန်းတန်းမောင်းနှင်နိုင် ပါ၏။

သိုးတို့အစာစားပုံကို ဂရုပြုလေ့လာကြည့်ပါ။

သိုးတို့သည် အစာစားသည့်အခါ ရှေ့၌ရှိသော အနီးကပ် ဆုံးမြက်ပင်တို့ကိုသာ ကြည့်ပြီး ဆက်တိုက်စားသွားတတ်ပါသည်။ ရုတ်တရက် အသံကျယ်ကျယ်လောင်လောင်ကြားလိုက်ရလျှင် လန့် ဖျပ်ပြီး အရမ်းကာရော ရှေ့ကိုသာ တိုးတတ်သဖြင့် ချောက်ထဲ ကျသွားလေ့ရှိပါ၏။

သို့သော် လင်းယုန်ငှက်တိုကို လေ့လာကြည့်ပါ။

သူတို့ သည် မိမိတို အစာကို အဝေးကမြင်နိုင်ရုံမက၊ အစာနားရှိ အန္တရာယ်တိုကိုပါ လေ့လာကြည့်ပြီးမှသာလျှင် အနိမ့်သိုငဲ့၍ဆင်းလာလေ့ရှိပါ၏။

“မနက်ဖြန်အတွက် မပူကြနှင့်”ဟူ၍ ခရစ်တော်က မိန့်တော်မူသောအခါ ကျွန်တော်တို အား အနာဂတ်၌ ရှိသမျှကို မျက်စိမှိတ်မိုး ဆင်ကန်းတောတိုးသကဲ့သို ကိုယ်တော်က စေခိုင်းနေသည်မဟုတ် ပါ။ မနက်ဖြန်ထက်သာသော၊ ဝေးလံသော၊ ရှေ့ရေးကို သတိဝီရိယနှင့် အမြော်အမြင်ရှိရေးကိုပါ သတိပေးနေကြောင်း သတိပြုစေလိုသည်။

အမြင်ကျဉ်းပြီး သာမန်မနက်ဖြန်မျှကိုသာ ကြည့်နေတတ်သော သာဓကတစ်ခုကို ပြပါဦးမည်။သူသည် အနာဂတ်အတွက် ပြင်ဆင်ခဲ့သည်ကား မှန်၏။သို့သော် သူသည်မိမိ၏စပါးကျီထက် သာလွန်၍ မမြင်ခဲ့ပါ။

ရှင်လုကာ၊ ၁၂း၁၆-၂၁ အထိ ဖတ်ကြည့်ပါ။

လယ်ပိုင်ရှင်သူဌေးတစ်ဦးရှိ၏။ မြေကောင်း၍ အသီးအနှံ ပေါများနေသောကြောင့် အဘယ်သိုပြုရမည်နည်းဟု သူစဉ်းစားသည်။ သူ၏လက်ရှိစပါးကျီများကိုဖျက်၍ သာ၍ကြီးသော၊ ကျယ်သောစပါးကျီတိုကို တည်ဆောက်ကာ သိုထားပြီးမှ “အို၊ ငါ့ဝိညာဉ် သင်သည် နှစ်ပေါင်းများစွာ သုံးဆောင်နိုင်သော ဥစ္စာများကို သိုထားပြီးပြီဖြစ်၍ ငြိမ်ဝပ်စွာ နေလော့။ စားသောက်ခြင်း၊ ပျော်မွေ ခြင်းကို ပြုလော့ ဟု အကြံရှိခဲ့သည့်တစ်ပြိုင်နက် ဘုရားသခင်က သူ့အား “အချင်းလူမိုက်”ဟူ၍ ခေါ်ခဲ့သည်ကို သတိပြုပါ။

ဤဥပမာကို ဝိညာဉ်ရေးသဘောဖြင့် အနက်ဖွင့်လျှင် ရမည်ကို ကျွန်တော်သိပါ၏။ သိုသော် ဤနေရာ၌ ထိုသူဌေး၏အမြင်ကျဉ်းမှုကို အာသီသထား၍ ပြောလိုပါသည်။

သူသည် မိမိ၏စပါးကျီထက် ကျော်လွန်၍မမြင်ပါ။ မိမိ၏ဘဝ၊ မိသားစု၊ ဆွေမျိုး၊ မိသင်္ဂဟ တည်းဟူသော စက်ဝိုင်းထက် ပိုပြီမမြင်ခဲ့ပါ။ ကျမ်းစကားများကို အသေအချာ လေ့လာကြည့်ပါ။

သူက “ငါသည် ငါ့တိုက်၊ ငါ၏အသီးအနှံ၊ ငါ၏ဥစ္စာ၊ ငါသည်”ဟူ၍ “ငါချင်းထပ်နေအောင် ပြောခဲ့သည်ကို သတိပြုပါ။ သူသည် “ငါ”တည်းဟူသော “အတ္တ၏စက်ဝိုင်းထဲ၌သာလျှင် နစ်မွန်း သူတစ်ဦးဖြစ်ပါ၏။

ခရစ်တော်က ကျွန်တော်တို၏ ကျဉ်းမြောင်းသော မြင်ကွင်းကို ချဲ့ထွင်ပြီး သာ၍ ကြီးမြတ်သော မိုးကုပ်စက်ဝိုင်းအထိ မြင်နိုင်စေရေးအတွက် လက်ညှိးထိုးပြခဲ့ပါ၏။

 

၄။        “မနက်ဖြန်အဖို မစိုးရိမ်ကြနှင့်’ဟူသော စကားတော်အားဖြင့် စိုးရိမ်ပူပင်သောက မရှိကြရေးအတွက် သတိပေးခြင်းဖြစ်၏။ မနက်ဖြန်အတွက် “စိုးရိမ်ပူပင်က မရောက်စေရဆိုသည်မှာ ပြင်ဆင် လုံးဝမရှိရဟူ၍ မဆိုလိုပါ။ စိုးရိမ်ခြင်း၊ ပူပန်သောကရောက်ခြင်းသည် ဘုရားသခင်အပေါ်၌ ယုံကြည်ခြင်းမရှိကြောင်းကို ဖော်ပြနေသည်ကား မှန်၏။

တစ်ချိန်တည်းမှာပင် “မနက်ဖြန်အတွက် မစိုးရိမ်နှင့်” ဟုခရစ်တော်ကိုယ်တိုင်က သွန်သင်ခဲ့သည်ကို အကြောင်းပြုပြီး အနာဂတ်ရေးအတွက် ပြင်ဆင်မှုမရှိ၊ ရည်မှန်းချက်မရှိ၊ ကြိုးစားမှုမရှိဘဲဖြစ်သလိုနေ။ ဖြစ်သလိုစား။ ပေါ့ပေါ့ဆဆ သက်ရှင်လျှပ်ရှားသွားလာနေကြရန် သခင်ဘုရားက လုံးဝလိုလားတော်မမူပါ။

(က)     စိုးရိမ်ပူပင်သောက ရောက်ခြင်းသည် ဘုရားသခင်အပေါ်၌ ယုံကြည်ခြင်း နည်းပါးသောကြောင့် ဖြစ်သည်ကားမှန်၏။ ဘုရားသခင်အား ယုံကြည်ကိုးစားပါသည်ဟု ပြောပြီး စိုးရိမ် ကြောင့်ကြမှု ရှိနေတတ်သောသူသည် ကိုယ်တော့်အပေါ်၌ ယုံကြည် ခြင်းနည်းပါးနေသူဖြစ်ပါ၏။ တစ်ချိန်တည်းမှာပင် ဘုရားသခင်အား ခြွင်းချက်မရှိ ယုံကြည်ကိုးစားပါသည်ဟု ဆိုပြီး လက်ပိုက်ထိုင်နေ၍ လည်း မဖြစ်ပါ။

တစ်ခါက မုဆိုးမတစ်ဦးရှိ၏။ သူ့၌ သားသမီးခြောက်ဦးရှိပြီး မုဆိုးမဘဝဖြင့် နှစ်ပေါင်း များစွာ ရုန်းကန်ခဲ့ရရှာ၏။ ထူးခြားသည့်အချက်မှာကား ထိုသားသမီး ခြောက်ဦးအပြင် မိဘမဲ့(၁၂)ဦးကိုပင်လျှင် မွေးစားထားကာ ကျွေးကြရသည်။ မွေးသုတ်သင်နေသည်ကို တွေ့ရသဖြင့် လူတိုင်းက လက်ဖျားခါနေ ၏။

ထိုကြောင့် တစ်နေ့သောအခါ လူတစ်စုက သူ့အားအဘယ် သို့ သောနည်းဖြင့် ယခုကဲ့သိုသက် ရှင်နေထိုင်နိုင်ကြောင်း မေးမြန်း “ဪ.. လွယ်ပါတယ်။ ကျွန်မတစ်ဦးတည်းမှ မဟုတ်ဘဲ။ နောက်တစ်ဦးနဲ့ ဖက်စပ်လုပ်နေလို ပါဟု ဖြေသောအခါ မေးမြန်း သူများက အံ့ဩသွားကြသည်။

“ကျွန်တော်တို နားမလည်ဘူးခင်ဗျား၊ ဘယ်သူနဲ့တွဲပြီးလုပ်နေလိုလဲ”

“ဘုရားသခင်နဲ့ပါ။ ဘုရားသခင်နဲ့ ကျွန်မဟာ လက်တွဲပြီးလုပ်နေတာကိုပြောတာပါ။ တစ်ခါတုန်းက ဘုရားသခင်နဲ့ ကျွန်မဟာသဘောတူ ပဋိညာဉ်ပြုခဲ့ကြပါတယ်။ ကျွန်မရဲ့ တာဝန်က အလုပ်ကိုဖိလုပ်မယ်။ အလုပ်တာဝန်ပိုင်းက ကျွန်မရဲ့ တာဝန်။ ကိုယ်တော်ရဲ့ တာဝန်က အနာဂတ်အတွက် စိတ်ပူပေးဖိုပါ။ အဲဒီအချိန်ကတည်းကစပြီး ကျွန်မဟာ ပူပင်စိုးရိမ်မျှဆိုလို လုံးဝမရှိ တော့ပါဘူးရှင်”ဟုဖြေခဲ့ပါ၏။

သခင်ခရစ်တော်က မနက်ဖြန်တည်းဟူသော အနာဂတ်အတွက် ပြင်ဆင်မှုမရှိရဟု မဆိုခဲ့ပါ။ ပူပင်သောက ရောက်ခြင်းကိုသာ တားမြစ်နေခြင်းဖြစ်၏။ စိုးရိမ်ပူပန်ခြင်းနှင့် စိတ်၏ငြိမ်သက်ခြင်းတို့ သည် ဆန့်ကျင်ဘက်ဖြစ်ပါ၏။

စိုးရိမ်ပူပန်နေသူ၏စိတ်နှလုံးထဲ၌ ငြိမ်သက်အေးဆေးလုံးဝရှိမည် မဟုတ်ပါ။

 

(ခ)       စိုးရိမ်ပူပင်သောကရောက်ခြင်းသည် စိတ်နှင့်ကာယရောဂါများကို ရလာစေတတ်၏။

လူတို မည်သည် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မောပန်းခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ မောပန်းခြင်းတို ခံရလေ့ရှိတတ်သည်။ သိပ္ပံပညာရှင်များ၏ သုတေသနပြု စမ်းသပ်၍တွေ့ရှိချက်တစ်ခုကို တင် ပြလိုပါ၏။

ဒေါက်တာ မောဆို’အမည်ရှိ သိပ္ပံပညာရှင်တစ်ဦးက စမ်းသပ်တွေ့ရှိချက်ဖြစ်သောကြောင့် ထိုစမ်းသပ်ချက်ကို မောဆိုစမ်းသပ်ချက်” (Mosso experiment) ဟုခေါ်ဆိုထားပါ၏။

ထိုပညာရှင်က လူ၏လက်မောင်းကို အားနည်းလှသောလျှပ်စစ်ဓါတ်အားဖြင့် တိုကြည့်၏။ လက်မောင်းတစ်ခုလုံးကျုံသွားသည်ကိုတွေ့ရသည်။

လူ၏ခန္ဓာကိုယ်၌ ကြွက်သားနှင့်အာရုံကြောများ ပေါင်းစပ်ထားသည်ဖြစ်ရာ၊ ကြွက်သားကို သာလျှင် တို ကြည့်ပြန်သောအခါကျုံသွားသကဲ့သို အာရုံကြောကို တို ကြည့်ပြန်လျှင်လည်း ကျုံသွား သည်ကို ထိုပညာရှင်ကြီးက တွေ့၏။

သို့သော် ထူးခြားချက်တစ်ရပ်ကို တွေ့ရှိရသည်။ ကြွက်သားသည် လျှပ်စစ်ဓါတ်အား တိုခြင်းခံရတိုင်း ကျုံသွားလေ့ရှိသည်မှန်သော်လည်း အချိန်ကြာမြင့်စွာ လျှပ်စစ်ဓါတ်အား ၏ဒဏ်ကိုခံနိုင်ကြောင်း တွေ့ရှိရသည်။

အာရုံကြောတို့မူကား လျှပ်စစ်ဓါတ်အား တို့ချိန်များလာ သောအခါ ကြာရှည်မခံနိုင်တော့ဘဲ ကျုံသွားခြင်းမရှိ၊ လှုပ်ရှားမှုပင် မရှိတော့ရုံမက ငြိမ်သွားသည်ကို တွေ့ရ၏။ အဘယ်ကြောင့်ဆိုသော် အာရုံကြောတို့ သည် ခံနိုင်ရည်မရှိတော့ဘဲ “ပင်ပန်းနွမ်းနယ်သွားသောကြောင့် ဖြစ်ပါ၏။

ကြွက်သားသည် (Fatigue) ဟုခေါ်သော နွမ်းနယ်ပန်းလျ သွားမှုကို အချိန်ကြာမြင့်စွာ ခံနိုင်စွမ်းရှိသော်လည်း၊ အာရုံကြောတို့မူကား ကြာရှည်မခံနိုင်ကြောင်းကို တွေ့ရခြင်းဖြစ်သည်။

တစ်နည်းဆိုရသော် လူအပါအဝင် သတ္တဝါအားလုံးသည်ကာယခန္ဓာနွမ်းနယ်မှုကို များစွာခံနိုင် စွမ်းရှိသော်လည်း စိတ်အာရုံ သည် ခံနိုင်ရည်များစွာ မရှိသည်မှာ ထင်ရှားနေပါ၏။

လူပြိန်စကားဖြင့် ပြောရလျှင်“ကိုယ်’ မောခြင်း၊ “စိတ်မောခြင်းဖြစ်၏။ လူနှင့်သတ္တဝါအားလုံး တို့အဖို့ ကိုယ်မောခြင်းထက် စိတ်မောခြင်းကို ပို၍မခံနိုင်ကြောင်း တွေ့ရခြင်းဖြစ်သည်။ ပူပင်သောက ရောက်ခြင်းသည် စိတ်မောခြင်းဖြစ်၏။ စိတ်မောသည့်ဒဏ်ကို လူတိုကများစွာ ခံနိုင်စွမ်းမရှိပါ။

ပူပင်သောက ရှိလာလေလေ၊ စိတ်တင်းမာမှု (Stress) ရှိလာလေလေဖြစ်၏။ စိတ်တင်းမာမှု ရှိလေလေ၊ လူ၏အာရုံကြောများ နွမ်းနယ် လာတတ်၏။ ကာယခန္ဓာမောလျှင် မကြာသောအချိန်တွင်း ပြန်လည် ၍ အားပြည့်လာနိုင်သော်လည်း စိတ်မောလျှင်မူကား ပြန်လည်အားပြည့်ရန် အလွန်ကြာမြင့်တတ်ပါ၏။ စိတ်တင်းမာမှုကြောင့် စိတ်ရောဂါသာမက ကာယဆိုင်ရာရောဂါများစွာ ရလာနိုင်သည်။

လက်သီးတစ်ခုကို တင်းတင်းကျပ်ကျပ် ဆုပ်ထားကြည့်ပါ။ ကြာမြင့်စွာဆုပ်ထားပါက လက်ချောင်းများပင် နာကျင်ကိုက်ခဲလာပါ လိမ့်မည်။ တင်းကျပ်မျှ၊ တင်းမာမှုကို ကြာကြာမခံနိုင်ပါ။ ပူပင်သောက ရောက်ခြင်းကြောင့် စိတ်တင်းမာမှုဖြစ်လာပြီး စိတ်တင်းမာမှုကြောင့် ကာယရောဂါရလာတတ်ပါ၏။ ပူပင်သောက ရောက်သူတို အများဆုံး ခံစားရသောရောဂါများမှာ သွေးတိုးရောဂါ၊ အစာအိမ်ရောဂါ၊ အာ(လ်)ဆာ (Ulcer) ခေါ် အူတွင်းအနာရလာခြင်း ဖြစ်၏။ စိတ်တင်းမာမှုကြောင့် အူများသည် ကျုံဖန်များလာလျှင် အနာရလာသကဲ့သို နာဗ်သွေးကြောတို သည်လည်း ကြုံရဖန်များ လာသောအခါ ကျဉ်းလာပြီး သွေးတိုးရောဂါ၊ သွေးကြောပိတ်ရောဂါ၊ နှလုံးရောဂါသာမက သွေးကြောပြတ်ရောဂါများပင် ရလာတတ်ပါ၏။

ထိုသို့သော ပုဂ္ဂိုလ်များသည် ရောဂါကျွမ်းလာပါက နှလုံးသွေးပြန်ကြော၊ သွေးလွှတ်ကြော ပိတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းတို ခံရပြီး အသက်ပင်သေဆုံးနိုင်ပါသည်။ စိတ်တင်းမာမှုနှင့် သောကဖီးစီးမှုဒဏ်တိုကြောင့် ကာယရောဂါများ ရလာခြင်းဖြစ်၏။

လူနှင့်သတ္တဝါတိုင်း၌ ဂလင်းအကျိတ်များ(Gland’s) ရှိပါ ၏။ ထိုဂလင်း အကျိတ်များမှာ အဒြီးနာဂလင်း(Adrenal Glands) နှင့်သိုက်ရွိက်ဂလင်း(Thyroid Glands) စသည်တို ဖြစ်၏။ ထိုဂလင်း အကျိတ်များမှ လူတို အတွက် အကျိုးဖြစ်စေသော “ဟိုမုန်းများ ထုတ် ပေးရလေ့ရှိသည်။ လိုအပ်သောအခါမှ ထုတ်ပေးရသော်လည်း၊ ဖိစီးမှုကို ခံနေရသူများ၊ စိုးရိမ်ကြောင့်ကြမှုကို ခံနေရဖန်များလာ လျှင် ထိုဂလင်းများမှ ဟိုမုန်းဓါတ်အမြဲထုတ်ပေးနေရသောကြောင့် အသက်တိုနိုင်ပါ၏။

သာဓက ပြလိုပါသည်။

တိရစ္ဆာန်ရုံထဲရှိ ခြင်္သေ့ သို့မဟုတ် ကျား၊ သို့မဟုတ် ကျား သစ်တိုကကို လေ့လာကြည့်ပါ။ သူတိုသည် လှောင်အိမ်ထဲ၌ ခေါက် တုံခေါက်ပြန် လျှောက်နေတတ်သည်ကို တွေ့ရပါလိမ့်မည်။ လူ သို မဟုတ် အခြားသတ္တဝါတို ကပ်လာလျှင် ပထမတွင် မျက်မှောင်ကြုတ်ကြည့်သည်။ အမွေးများထောင်လာသည်။ နဖူးရည်တွန့်လာသည်။ ရင်ခုန်မှု မြန်မာသည်။ သူတို၏ဂလင်းများမှ ဟိုမုန်းဓါတ်များ ထုတ်ပေးနေသောကြောင့်ဖြစ်၏။

ထိုနောက် မာန်ဖီလာသည်။ ဟိန်းဟောက်လာသည်။ လက်သည်းများ ထွက်လာသည်။ အမြဲတမ်း စိတ်ဆိုးမာန်ဖီနေတတ်သော ကြောင့် ခြင်္သေ့ကား၊ ကျားသစ်စသည်တို့မှာ အသက်တို တတ်ပါ၏။ ခြင်္သေ့၊ ကျားနှင့်ကျားသစ်တိုမှာ အသက်(၂၀) သိုမဟုတ် (၂၂ သို့မဟုတ် (၂၅)နှစ်မျှသာ သက်တမ်းရှိတတ်ပါ၏။

ရေထဲ၌ မိမိကိုယ်ကိုစိမ်ပြီး မျက်စိမှိတ်ကာ အိပ်နေတတ်သောမိချောင်းများကိုလည်း တွေ့ရပါလိမ့်မည်။ သူတို ၏အနီးသို့ရောက်လာသူများအား များစွာအလေးမထား၊ ဂရုမပြုဘဲ တစ်ခါတစ်ရံ မျက်လုံးများပင် ဖွင့်မကြည့်ပါ။ လာရောက်နှောက်ယှက်ပါလျှင်လည်း ရွှံံ့ပေါ်မှတစ်ဆင့် လျှောဆင်းသွားပြီး၊ အခြားဘက်သို ကူးခတ်သွားကြပါလိမ့်မည်။

မိချောင်းတို့သည် ကျား၊ ခြင်္သေ့တိုထက် အသက် နှစ်ဆရှည်ကြောင်း တွေ့ရပါ၏။ ဆရာဝန်ကြီး တစ်ဦးဖြစ်သူ ဒေါက်တာ ဂျေ၊ ကရိုင်းလ်၏ရေးသားချက်တစ်ခုတွင် ကျား၊ ခြင်္သေ့၊ ကျားသစ် တိုနှင့်မိချောင်းတို၏ ဂလင်းတိုမှာ မတူကြောင်းကို ကျွန်တော်ဖတ်၍ ခဲ့ဖူးပါ၏။

ခြင်္သေ့၊ ကျားတိုသည် အမြဲတမ်းမာန်ဖီ၊ စိတ်တင်းမာမှုများနေသောကြောင့် ဂလင်းတိုမှာ ဟိုမုန်းဓါတ်ကိုများစွာ ထုတ်ပေးနေရသည်။ ထိုကြောင့် ဂလင်းအကျိတ်များမှာ ကြီးမားနေပြီး သက်တမ်းတိုခြင်းဖြစ်သည်။

မိချောင်းတို့၏ဂလင်းတို့မှာကား များစွာ အလုပ်မလုပ်။ ဟိုမုန်းဓါတ်များစွာ ထုတ်မပေးရသဖြင့် ငယ်နေခြင်းကြောင့် သက်တမ်းရှည်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ခရစ်တော်က ကျွန်တော်တို အား ကြွယ်ဝသော အသက်တာ၊ဝမ်းမြောက်ပျော်ရွှင်သော အသက်တာမျိုးကို ရှင်စေလိုပါ၏။ အမြဲတမ်းစိတ်တင်းမာမှု ခံစားရပြီး စိုးရိမ်ကြောင့်ကြမှုနှင့် သောကဖိစီးခံနေရရန် အလိုတော်မရှိပါ။

၅။        ထိုကြောင့် အနာဂတ်ကို ဘုရားသခင်နှင့်လက်တွဲ ရင်ဆိုင်ခြင်းသည်သာလျှင် မှန်ကန်သောနည်း လမ်းဖြစ်ပါ၏။ မနက်ဖြန်တည်းဟူသော အနာဂတ်အတွက် စိုးရိမ်ပူပင်နေခြင်းမပြုရစေ ကာမူ ပညာဉာဏ်အမြော်အမြင်၊ သတိဝိရိယနှင့် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းကို ရှင်းပြပြီးဖြစ်ပါသည်။ ထိုကြောင့် အမှန်ကန် ဆုံးနည်းလမ်းမှာကား အနာဂတ်ကိုပိုင်သသော ဘုရားသခင်နှင့်လူတို့ လက်တွဲ၍ ရင်ဆိုင်ခြင်းပေတည်း။

ကျွန်တော်တို ကိုးကွယ်သော ဘုရားသည် လူသားနှင့်ပဋိညာဉ်ပြုသော ဘုရားဖြစ်ပါ၏။ လူသည် မိမိ၏တာဝန်ပိုင်းကို ကျေပွန်စွာ ဆောင်ရွက်လျှင်ဘုရားသခင်ကလည်း စောင်မကြည့်ရှု လမ်းပြပဲ့ပြင်သည့်အပိုင်းကိုဆောင်ရွက်ပါလိမ့်မည်။ လူသည်ဆုတောင်းပြီးလက်ပိုက်ထိုင်နေ၍ မရသကဲ့သို ဆုမတောင်း၊ ဘုရားသခင်ကိုအားမကိုးဘဲ မိမိတစ်ဦး တည်းဘဝခရီးကို လျှောက်မသွားသင့်ပါ။

ထိုလျှိဝှက်ချက်ကို မြင်တွေ့ခဲ့သော ရှင်ပေါလုက ထူးခြားသာစကားတစ်ခွန်းကို ဆိုခဲ့ဖူးပါ၏။ ဖိလိပ္ပံအသင်းတော်အား သူက“ကြောက်ရွံတုန်လှုပ်သောစိတ်နှင့် ကိုယ်ကိုကယ်တင်ခြင်းငှာ ကိုယ် တိုင်ကြိုးစားအားထုတ်လော့။ အကြောင်းမူကား သင်တိုသည် အလို ရှိစေခြင်းငှာလည်းကောင်း၊ သင်တို အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသော သူကား ဘုရားသခင်ပေတည်း”ဟု ဆုံးမခဲ့ဖူးပါသည်(ဖိလိပ္ပိ၊ ၂း၁၂-၁၃)။

ရုတ်တရက် ဖတ်လိုက်လျှင် ဤကျမ်းပိုဒ်က တပည့်တော်များအား ခေါင်းချုပ်သွားစေနိုင်ပါ၏။ ရုတ်တရက်ဖတ်လိုက်လျှင် ကျွန်တော်တိုသည် မိမိတို့၏ ကယ်တင်ခြင်းအတွက် မိမိတိုကိုယ်တော်က ကြောက်ရွံတုန်လှုပ် သော စိတ်ဖြင့် ကြိုးစားအားထုတ်ရန် ပြောကြားနေသယောင်ဖြစ်၏။

ခရစ်ယာန်တို့သည် မိမိတို၏“ကယ်တင်ခြင်းအတွက် မိမိတို ကိုယ်တိုင်ကြိုးစားနေ ကြရမည်လား? ကျေးဇူးတော်အားဖြင့်သာ ဖြောင့်မတ်ခြင်းသို ရောက်သည်ဟု ကျမ်းစာကဆိုထား သည်မဟုတ်ပါလား?

သိုဖြစ်၍ ဤကျမ်းပိုဒ်ကို အနက်ဖွင့်ပြပါရစေ

 

(က)     ကြိုးစားအားထုတ်လော့ ။ အခန်းငယ်(၁၂)၏ ပထမအပိုဒ်တွင် ဤစကားသည် အဓိကအကျဆုံးဖြစ်ပါ၏။ ရှင်ပေါလုက “ကြိုးစားအားထုတ်ရန် ဆုံးမနေသည့်စကား၏မူရင်း ဂရိစကားမှာ ကော်ဇက်စသိုင်း” (Katergazesthai) ဖြစ်၏။

အနက်မှာ လုပ်ငန်းတစ်ခုခုကို ပြီးဆုံးသည့်တိုင်အောင် မနားမနေ လုံလဝီရိယစိုက်ပြီး လုပ်ဆောင်ခြင်း၊ အောင်မြင်သည် အထိ ဆောင်ရွက်ခြင်းကို ဆိုလိုပါ၏။

တစ်နည်းဆိုရသော်’လုပ်ငန်းတစ်ခုကို ပေါ့ပေါ့ဆဆစိတ်မပါ့ တပါလုပ်ကိုင်ခြင်း၊ လုပ်ငန်းမပြီးဆုံးမီ တစ်ဝက်တစ်ပျက်တွင် ရပ်ဆိုင်းလိုက်ရခြင်းမျိုး မဖြစ်စေနှင့်။ သေချာတိကျစွာ ကြိုတင်၍ကြံ စည်၊ အမြော်အမြင်ရှိရှိ၊ ချင့်ချိန်တွက်ချက်ပြီးမှ နောက်ဆုံး၌ အောင်ပန်း ဆွတ်ခူးရ သည့်အထိ လုပ်ဆောင်ကြလော့’ဟူ၍ ပြောနေခြင်းဖြစ်ပါ၏။

တိုတိုနှင့် လိုရင်းကိုပြောရလျှင် ကျွန်တော်တိုက “သေသေ ချာချာ စဉ်းစားချင့်ချိန်ပြီး ကြိုးစားအားထုတ်ကြပါ”ဟု ပြောနေခြင်းသာ ဖြစ်သည်။

ဤကျမ်းပိုဒ်အားဖြင့် ရှင်ပေါလုက ကျွန်တော်တို ၏“ကယ်တင်ခြင်းအတွက် ပြောနေသည်ကား မှန်၏။ သိုသော် ရှေ့ကိုဆက်ဖတ်စေလိုပါသေးသည်။

 

(ခ) ထိုသို ကြိုးစားအားထုတ်ရန် တိုက်တွန်းနေသူမှာဘုရားသခင်ဖြစ်၏။

ဘုရားသခင်ကလည်း တစ်ဖက်တစ်လမ်းက ခွန်အားပေးနေပါ၏။ ကျမ်းပိုဒ်၏ဒုတိယပိုင်းက ကျမ်းတစ်ပုဒ်လုံး၏ အဓိပ္ပာယ်ကို ပြည့်စုံသွားစေပါပြီ။

“အကျင့်ကျင့်နေခြင်း နှင့် “ပြုပြင်ပေးနေခြင်း”ဟူသောစကား နှစ်လုံး၏ မူရင်းဂရိမှာ “အင်နာဂိန်း” (Energein)ဖြစ်၏။ ဤကြိယာသည် ထူးခြားသည်။ အဘယ်ကြောင့် ဆိုသော် “ဘုရားသခင်ကိုယ်တော်တိုင်က လုပ်ဆောင်နေသောကိစ္စနှင့် “ထိရောက်သောဆောင်ရွက်မှု တစ်ခုခုကို ပေါ်လွင်စေလိုလျှင် ဤဂရိစကားကို သုံးတတ်သောကြောင့် ဖြစ်၏။

ထိုကြောင့် ဤကျမ်းပိုဒ်တစ်ခုလုံးကို ခြုံ၍အနက်ဖွင့်ရပါလျှင်

(က) ကယ်တင်ခြင်းဆိုသည်မှာ ဘုရားသခင်၏ လုပ်ဆောင်မှုဖြင့်သာ ရနိုင်သည်။ ကိုယ်တော်သည် လူတို၏စိတ်နှလုံးထဲ၌ ကယ်တင် ခြင်းရ စေခြင်းအလိုငှာ လုပ်ဆောင်နေ၏။ ကယ်တင်ခြင်းကို ရချင်သည့် အလိုဆန္ဒ ကျင့်လိုသော စိတ်ထားရှိစေခြင်းငှာ ဘုရားသခင်က တိုက်တွန်းနှိးဆော်နေသည်။

ကျွန်တော်တိုက ကောင်းမြတ်ခြင်းကို လိုလားရန်၊ ငြိမ်သက်ခြင်းကို ဆောင်ရွက်ရန် ဘုရားသခင်က အမြဲတွန်းအား ပေးနေသည်။ ထို ကြောင့် လူတို၏အလိုဆန္ဒအားဖြင့်သာ မပြည့်စုံနိုင်၊ မဖြစ်နိုင်သော အရာကို ဘုရားသခင် ကိုယ်တော်တိုင်က အစပြု လုပ်ဆောင်ပေးနေပါ၏။

(ခ) ထိုသို ဆက်လက်ကြိုးစား လုပ်ဆောင်နေကြစေရန်လည်း ဘုရားသခင်က အမြဲလမ်းပိုဆောင်ပေးနေ၏။ ဘုရားသခင်၏ ကူညီစောင်မမျှသာ မပါခဲ့လျှင် ကျွန်တော်တိုသည် ကောင်းမြတ်သော တစ်စုံတစ်ခုကို ပြီး ပြည့်စုံသွားစေရန် မတတ်စွမ်းနိုင်ပါ။ ဘုရားသခင်၏ကူညီ မျှမပါလျှင် အပြစ်ဒုစရိုက်ကို မတွန်းလှန်နိုင်၊ ကောင်းမြတ်သော အကျင့်ကိုထိရောက်စွာ မကျင့်နိုင်ပါ။ကိုယ်တော်၏ကူညီစောင့်မမှ “ပါမှသာလျှင်အောင်ပန်းကို ဆွတ်ခူးနိုင်ပါလိမ့်မည်။

(ဂ) တစ်ချိန်းတည်းမှာပင် လူကလည်း အားကြိုးမာန်တက် လုပ်ဆောင်နေရပေလိမ့်မည်။ ရှင်ပေါလုက “ကြောက်ရွံတုန်လှုပ်သောစိတ်ဖြင့် ကြိုးစားပါဟုဆိုရာ၌ ကပျက်ကချော်၊ ပေါ့ပေါ့ဆဆ၊ လုံလ ဝီရိယမရှိဘဲ လုပ်စေရန် မဟုတ်ရုံမက လက်ပိုက်ထိုင်နေ၍မရ၊ မိမိကိုယ်တိုင်လည်း ဆထက်ထမ်းပိုး ကြိုးစားနေရမည် ဆိုလိုသည်။ “လူနှင့်ဘုရားတို လက်တွဲလုပ်ဆောင်ခြင်းကို ထောက်ပြနေခြင်းသာ ဖြစ်၏။”

သာဓက ပြပါမည်။

လူတစ်ဦး ဖျားနာနေကြသည်ဆိုကြပါစို။ ဆရာဝန်က ထို လူနာအား ကုသနိုင်ပါသည်။ လိုအပ်သော ဆေးဝါးများရှိရုံမက အတတ်ပညာလည်းရှိသည်။ သို သော် လူနာကလည်း ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာရပေလိမ့်ဦးမည်။ ပေးသောဆေးကို သောက်ရမည်။ ဆရာဝန်ပေးသော ဆေးကိုမသောက်၊ ညွှန်ကြားသည့်အတိုင်း မလိုက်နာလျှင် လူနာသည် ရောဂါပျောက်ကင်းမည် မဟုတ်ပါ။ လူနာဆရာဝန်နှင့်ပူးပေါင်းဆောင်ရွက်ရပါလိမ့်မည်။

ကျောင်းသားတစ်ဦးသည် သွန်သင်ပြသပေးသော ဆရာ မပါဘဲ အတတ်ပညာ တစ်ခုခုကိုတတ်မြောက်မည်မဟုတ်ပါ။ ဆရာသွန်သင်နေမှုကို ကျောင်းသားကလည်း လိုက်နာ ဆောင်ရွက်နေရပါလိမ့်မည်။ ကျောင်းသားက သူ၏သင်ခန်းစာများကို မလုပ်ဆောင်၊ ပေးနေသော စည်းကမ်းကိုမလိုက်နာ၊ လေ့ကျင့်နေမှုမရှိလျှင် ပညာ ကိုအဘယ်နည်းနှင့်မျှ ရလိမ့်မည်မဟုတ်ပါ။ ဆရာက အတတ်ပညာကို ပေးနေသော်လည်း ကျောင်းသားက လိုလိုချင်ချင် လက်ခံမယူနေလျှင် အချည်းနှီးပင် ဖြစ်ပါလိမ့်မည်။

ဘုရားသခင်သည် ကျွန်တော်တို အား ကူညီလိုပါ၏။ တိုးတက်ကြီးပွားစေခြင်းငှာလည်း အလိုတော်ရှိပါ၏။ ထိုသို ဖြစ်ရန် အမြဲတိုက်တွန်းနေစေကာမူ လူကတုတ်တုတ်မျှ မလုပ်၊ တုဏှိဘာဝေ၊ ဆိတ်ဆိတ်နေပြီး လက်ပိုက်နေ၍ မရပါ။

“စာငှက်ကလေးတစ်ကောင်ကိုမျှ အငတ်မထား”ဟူသောစကားမျိုးဖြင့် ဆင်ခြေပေးပြီး အနာဂတ်အတွက် အမြော်အမြင်မရှိ ရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်မှမလုပ်၊ စီမံထားရ မည်ကိုမစဉ်းစား အားကြိုးမာန်တက်ဆောင်ရွက်နေရန် စိတ်မကူး၊ ရည်မှန်းချက်ပန်း မရပါ။

ပန်းတိုင်မထား၊ ဖြစ်သလိုနေ၊ ဖြစ်သလိုစား၊ ဖြစ်သလိုအသက်ရှင်နေ၍ဖန်ဆင်းထားသော သတ္တဝါထဲတွင် လူကို ဘုရားသခင်က ဉာဏ်ပညာ၊ ဆင်ခြင်တုံတရားနှင့် စဉ်းစားတတ်သော ဦးနှောက်ပေး ထားပါသည်။ ထိုကြောင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ စားဝတ်နေရေး အစရှိသော ကိစ္စများအတွက် ချင့်ချိန်ကြိုတင်စီစဉ် ၍ အမြော်အမြင်ရှိရှိ သက်ရှင်နေထိုင်ရပါမည်။

ဘုရားသခင်က “မနက်ဖြန်အတွက် မပူနှင့်’ဟူ၍ ပြောထားသည်မဟုတ်ပါလား? ထိုကြောင့် ရရစားစား၊ ပေါ့ပေါ့ဆဆ၊ မစုမဆောင်း၊ ကြိုတင်စီမံခန့်ခွဲမှု မရှိသော ခရစ်ယာန်အိမ်ထောင်များ၊ တပည့်တော်များသည် ပဋိပက္ခအများဆုံး ရင်ဆိုင်ရရုံမက ပြဿနာ အများဆုံး တွေ့နေကြသူများ ဖြစ်တတ်သည်မှာ ကျွန်တော်၏ ကိုယ်တွေ့ဖြစ်ပါ၏။

“မနက်ဖြန်အတွက် စိုးရိမ်ခြင်းမရှိနှင့်၊ စာငှက်ကလေးတစ်ကောင်ကိုပင် အငတ်မထား’ဟူသော ကျမ်းစကားကို သေချာစွာ မချင့်ချိန်၊ မစဉ်းစား၊ မိမိလိုရာကိုဆွဲပြီး အနက်ဖွင့်နေသူများဖြစ်၏။

စိတ်ပညာရှင်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာဝီလျံ၊ မာဆတန် ဆိုသူသည် တစ်ခါက လူပေါင်း (၃၀၀၀)ကို တွေ့ဆုံပြီး စစ်ဆေးမေးမြန်း သုတေသနလုပ်ခဲ့ဖူးသည်။ ထိုလူပေါင်း(၃၀၀၀)ထဲမှ (၉၄)ရာ ခိုင်နှုန်းသည် ရှေ့ရေးအတွက် ပြင်ဆင်မှုမရှိ၊ ပစ္စုပ္ပန်၌သာ ပေါ့ပေါ့နေထိုင်ကြသူများဖြစ်ကြောင်း တွေ့ရသဖြင့် တုန်လှုပ်ချောက်များသွားသော ဟူ၏။ ထိုသူတို သည် “နောင်ခါနောင်ဈေး၊ ဖြစ်လာမှ ဖြေရှင်းမည်’ဟူသော အတိတ်ဆိုသည်မှာ ပြီးခဲ့သော အရာ၊ အနာဂတ် ဆိုသည်မှာ မဖြစ်သေးအရာဟု ဆိုပြီး ရှေ့ရေးကိုပေါ့ဆစွာ ထားနေ ကြကြောင်း တွေ့ရသည်။ သူတိုသည် “စောင့်ဆိုင်းနေ ကြသူများသာဖြစ်သည်”ဟု ထိုစိတ်ပညာပါရဂူကြီးက ကင်ပွန်းတပ်လိုက်ပါ၏။

မနက်ဖြန်ရောက်လာရန် စောင့်ဆိုင်းနေကြသည်။ “တစ်စုံတစ်ခု ဖြစ်လာရန် စောင့်ဆိုင်းနေ ကြသည်။ နောက်နှစ်အတွက် စောင့်ဆိုင်းနေကြသည်။ မနက်ဖြန် သို မဟုတ် နောက်လ သိုမဟုတ်၊ နောင်နှစ်ကိုစောင့်ဆိုင်းနေပြီး ထိုအချိန်ထိုအခါ ရောက်လာမှဖြေရှင်းမည်ဟု ဆိုကြ၏။

သူတို သည် သတိုသားလုလင်ကို စောင့်ဆိုင်းရင်း မိမိ၏ဆီးမီးခွက်၌ ဆီကုန်တော့မည်ကိုပင် ဂရုမစိုက်၊ ဥပေက္ခာပြုနေကြသောသတိုသမီးများနှင့် တူကြသည်ဟု ရှင်းပြခဲ့ဖူးပါ၏။ ကြုံကြိုက်၍ တင်ပြပါရစေ။ အင်းစိန်ရှိ ဓမ္မတက္ကသိုလ်(ဘီအိုင်တီ)၌ ကျွန်တော်ပညာသင်ကြားပိုချနေကြောင်း လူတိုင်းသိပါ၏။

တစ်ခါက ကျမ်းစာကျောင်းသားများနှင့် ကျွန်တော်ဆွေးနွေးဖူးသည်။ “မနေ့၊ ယနေ့နှင့်မနက် ဖြန်တည်းဟူသော ကာလသုံးပါးထဲ ၌ မည်သည့်ကာလသည် အရေးကြီးဆုံးဖြစ်ပါသနည်းဟု မေးခဲ့ဖူးပါသည်။ ကျောင်းသားအများစုက “မနေ့ ဆိုသည်မှာ ပြီးခဲ့သောကာလ၊ “မနက်ဖြန်ဆိုသည်မှာ မလာမရောက်သေးသောအချိန်၊ သိုကြောင့် “ယနေ့တည်းဟူသော “ပစ္စုပ္ပန်´သည် သာလျှင် အရေးကြီးဆုံးဟုကြ၏။

ကျွန်တော်က သဘောမတူခဲ့ပါ။

မနေ့ သည် ပြီးခဲ့ပါပြီး၊ ပြန်၍မရသောအချိန်ဖြစ်စေကာမူ အတိတ်ကို ပြန်ကြည့်ပြီး သင်ခန်းစာယူနိုင်ပါသေးသည်။ သိုသော် ယနေ့နှင့်မနက်ဖြန်ကို စဉ်းစားလျှင် “ယနေ့ ထက် “မနက်ဖြန်က ပို၍အရေးကြီးသည်။

“မနက်ဖြန် တည်းဟူသော “အနာဂတ် ‘တွင် မျှော်လင့်ချက်ရှိနေပါလျှင် ယနေ့တည်းဟူသော ပစ္စုပ္ပန်သည် အဓိပ္ပာယ်နှင့်ပြည့်စုံကြွယ်ဝလာနိုင်သည်။ “မနက်ဖြန်အတွက် ဘာမျှမျှော်လင့်ချက်မရှိ သော သူ၏“ယနေ့ သည် အဓိပ္ပာယ်မရှိ၊ အလဟဿပင်ဖြစ်လာနိုင်သည်။ မနက်ဖြန်အတွက် မျှော်လင့်ချက်ရှိနေလျှင် ယနေ့သည်ကြွယ်ဝရုံမက အဓိပ္ပာယ်ရှိလာသည်။ မနက်ဖြန် အတွက် ယနေ့ ခံစားရသော ဒုက္ခအပေါင်းကို ခံနိုင်ရန် ဇွဲ၊ သတ္တိခံနိုင်ရည်ရှိမည်။ အပင်ပန်းခံနိုင်မည်။

ခရစ်ယာန်တို၏ မျှော်လင့်ခြင်းသည် မနက်ဖြန်အတွက်ဖြစ်၏။ ထိုကြောင့် ရှင်ပေါလုက “နောင်ကာလ၌ ပေါ်ပေါက်လာမည့် ဘုန်းကိုထောက်ရှုလျှင် (တစ်နည်း) မနက်ဖြန်အတွက် မျှော် လင့်ခြင်း ရှိနေလျှင် ယခုမျက်မှောက်ကာလ (ဝါ) ယနေ့ခံနေရသောဆင်းရဲဒုက္ခကို ငါတိုသည် ပမာဏမပြုထိုက်”ဟု ဆိုခဲ့ခြင်းဖြစ်ပါ၏(ရော၊ ၈း၁၈)။

မျှော်လင့်ခြင်းသည် ယနေ့တည်းဟူသော ပစ္စုပ္ပန်ကို တွန်းအားပေး၏။ ခွန်အားပေး၏။ ယနေ့ကို ကြွယ်ဝလာစေနိုင်ပါ၏။ မနက်ဖြန်အတွက် မျှော်ကိုးစရာ ရှိနေသောသူ၏ ယနေ့ သည် လုပ်စရာ၊ ကိုင်စရာ၊ ပင်ပန်းခံစရာများနှင့် ပြည့်နေပါလိမ့်မည်။

ဤအခန်းကို ဖြစ်ရပ်မှန် သာဓကတစ်ခုဖြင့် နိဂုံးချုပ်လိုပါသည်။

တစ်ခါက ဘရာဇီး(လ်)နိုင်ငံ၌ နာမည်ကြီး ဆင်ဖိုနီတီးဝိုင်းကြီးတစ်ခုရှိ၏။ ထိုတီးဝိုင်းကြီးသည် ‘ဂီတဆည်းဆာကျင်းပရန် ကြော်ငြာထားပြီးဖြစ်ရာ လူပေါင်းများစွာက လက်မှတ်များ တိုးဝှေ့ဝယ်ယူ နေကြသည်။ လက်မှတ်များ ရောင်းမလောက်အောင်ပင် ဖြစ်နေ၏။ ဂီတာဆည်းဆာ ဖွင့်မည့် ပထမဦးဆုံးသော ညအတွက် လူတိုင်းက ငံ့လင့်မျှော်ကိုး နေကြသည်။ ထိုတီးဝိုင်းကြီးကလည်း နေ့ ရောညပါ မနားမနေ လေ့ကျင့်နေ၏။ ဂီတဆည်းဆာပွဲကြီးဖွင့်မည့် မနက်ပိုင်းတွင် တီးဝိုင်းခေါင်းဆောင် သည် လေဖြတ်သွားပါတော့၏။

ညနေဆိုလျှင် တီးမှုတ်ရပေတော့မည်။ လက်မှတ်များကလည်း ရောင်း၍ကုန်နေပါပြီ။ ထိုတီးဝိုင်းကို တာဝန်ယူနေကြသော ပုဂ္ဂိုလ်များသည်အခက်ကြုံနေလေပြီ။ တာဝန်ခံ ပုဂ္ဂိုလ်များ ကလည်း တီးဝိုင်းထဲမှ သင့်တော်မည့်ပုဂ္ဂိုလ်တစ်ဦးအား ရွေးချယ်ပြီး ခေါင်းဆောင်ခိုင်းသည်။ ထိုပုဂ္ဂိုလ် သည် တီးဝိုင်းခေါင်းဆောင်အဖြစ် ကြိုးစားသော်လည်း ပထမသီချင်း ကြီး တစ်ပုဒ်ကိုပင် ခေါင်းဆောင် မျှမပေးနိုင်၊ အလွဲလွဲအချော်ချော်ဖြစ်နေတော့၏။ တာဝန်ခံပုဂ္ဂိုလ်များသာမက တီးဝိုင်းရှိ ဂီတပညာရှင်များသည်ပင်လျှင် ထိတ်လန့်တုန်လှုပ်လာပြီး လက်လျှော့ရတော့မည့်ဆဲဆဲ ဖြစ်နေ၏။

“ဂီတဆည်းဆာ ပွဲကြီး အစပြုရမည့်အချိန်ပင် နီးကပ်လာလေပြီ၊ ပွဲကြည့်ပရိသတ်လည်း ကြိတ်ကြိတ်တိုးနေ၏။ အားလုံးအရှက်ကွဲရရုံမက၊ ရုန်းရင်းဆန်ခတ် ဖြစ်လုဆဲဆဲတွင် တီးဝိုင်းထဲမှ “ဆယ်လို” ခေါ် တယောကြီးကိုသာ တီးရသော လူငယ်တစ်ဦး ထွက်လာ၏။

ထိုလူငယ်သည် (၁၉)နှစ်မျှသာ ရှိသေးသည်။ သူ၏ဖခင်မှာ အပ်ချုပ်သည်ဖြစ်ပြီး မိခင်မှာ ဈေးထဲ၌အထည်ရောင်းသူသာဖြစ်၏။ ထိုလူငယ်က ဤတီးဝိုင်းကို သူခေါင်းဆောင်ပါရစေဟု ခွင့် တောင်း၏။ တီးဝိုင်းရှေ့သို ထွက်ပြီး သီချင်းကြီးများထဲတွင် အခက်ဆုံးဖြစ်သော “ကွန်ရဲတိုး'(Concerto)တစ်ပုဒ်ကို ခေါင်းဆောင် တီးမှုတ်စေပါတော့၏။

သူ၏ခေါင်းဆောင်မှုကြောင့် တီးဝိုင်းကြီးမှာ စည်းချက်ညီညီ၊ မှန်မှန်ကန်ကန်၊ ညီညီညာညာ၊ ငြိမ့်ငြိမ့်ညောင်းညောင်း တီးမှုတ်နိုင်သဖြင့် လူတိုင်းက အံ့ဩနေကြ၏။ အဘယ်မျှလောက် ကျွမ်း ကျင်သနည်းဟူမူ ထိုလူငယ်သည် မိမိရှေ့၌ရှိသော ဂီတသင်္ကေတစာရွက်များကိုပင် ငေးမကြည့်ဘဲ သီချင်းကြီးကို အစမှအဆုံးတိုင်အောင်ခေါင်းဆောင်သွားခဲ့သဖြင့် လူတိုင်းက လက်ဖျားခါခဲ့ရတော့၏။ တာဝန်ခံများနှင့် တီးဝိုင်းကြီးတစ်ခုလုံးကို အရှက်တကွဲအကျိုးနည်းမဖြစ်စေရုံမက ထိုလူငယ်သည် နာမည်ကျော်ကြားသွားပါတော့၏။

အဘယ်ကြောင့် ဤကဲ့သို ခေါင်းဆောင်နိုင်ပါသနည်းဟု ထိုလူငယ်အား မေးမြန်းကြသောအခါ တီးဝိုင်းသူတီးဝိုင်းသားများ ပေါ့ပေါ့ဆဆနေချိန်၌ ထိုလူငယ်သည် ဂီတပညာကို လေ့လာဆည်း ပူးနေခဲ့သည်။

လေဖြတ်ခြင်းခံခဲ့ရသော သူ၏ဆရာထံမှနည်းခံသည်။ တပည့်ခံသည်။ သင်ယူလေ့လာသည်။ နောင်ရေးအတွက် ကြိုတင် ပြင်ဆင်မှု လုပ်နေသည်။ အနာဂတ်အတွက် မအိပ်မနေ ချွေးဒီဒီ ကျသည်အထိ ကြိုတင်ပြင်ဆင်မှုများ လုပ်နေခဲ့သည်။ သူများအိပ်နေချိန်တွင် သူသည် နိုးနိုးကြားကြား၊ ထထကြွကြွ၊ ကြိုးစားနေခဲ့သောကြောင့် အရေးကြုံလာသောအခါ အသင့်ရှိ နေခြင်းဖြစ်ပါ၏။

ထိုလူငယ်ကား အခြားမဟုတ်။ ယခုဆိုလျှင် ကမ္ဘာကျော် ဂီတပညာရှင်ကြီးတစ်ဦးဟူ၍ တစ်ကမ္ဘာလုံးကအသိအမှတ်ပြုနေရသော “တော်စကာနီနီ’ (Toscanini)ဆိုသူ ဖြစ်ပါသတည်း။

* * * * *

အခန်း(၆)

ချုပ်နှောင်းခြင်းခံရမှ လွတ်လပ်မည်

 

ကြေမွသောသူတို၏ အနာကိုပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွား ချုပ်ထားလျက်ရှိ သောသူတိုအား လွတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတိုအား မြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ညှဉ်းဆဲခံသော သူတိုhကိုကယ်မစခြင်းငှာလည်းကောင်း ငါ့ကိုစေလွှတ်တော်မူပြီ။(လု၊ ၄း၁၉)

ဟေရှာယအနာဂတ္တိကျမ်း၊ ၆၁း၁-၃ တွင် ရေးသားထားသော အဆိုပါကျမ်းစကားများကို သခင်ယေရှုသည် နာဇရက်မြို့ရှိတရားဇရပ်ထဲ၌ ဖတ်တော်မူခဲ့ကြောင်း ခရစ်ယာန်တိုင်းသိရှိပြီး ဖြစ်ပါသည်။

ဤကျမ်းစကားအားဖြင့် ကိုယ်တော်သည် အမှုတော်ကိုစတင်ဆောင်ရွက်ခါနီးမှာပင် မိမိပြုလုပ်တော့မည့် လုပ်ငန်းကို လူသိရှင်ကြား ကြေညာလိုက်သကဲ့သို ဖြစ်ပါ၏။

အဆိုပါကျမ်းပိုဒ်သည် ခရစ်ယာန်တိုအတွက် “လွတ်မြောက်ရေးကြေညာစာတမ်း”ဟူ၍ပင် ကျွန်တော်ခေါ်ဆိုချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တော်သည် ၊

(က) အနာရောဂါ ဝေဒနာတို၏’ချုပ်နှောင်မှုခံနေရသူအားလုံးကို အနာရောဂါပျောက်ကင်းစေခြင်းအားဖြင့် သူတို အား “လွတ်မြောက်လာစေတော့မည်။

(ခ) အပြစ်ဒုစရိုက်၊ ကြောက်စိတ်၊ ပူပင်သောက စသည်တို့၏ ‘ချုပ်နှောင်မှု ခံနေရသူအားလုံးကို လွတ်မြောက် လာစေတော့မည်။

(ဂ) အဝိဇ္ဇာအမှောင်ဖုံးလွှမ်းခြင်း ခံနေရခြင်းကြောင့်ဘာမျှ မမြင်မတွေ့ရဘဲ မျက်စိကန်းနေသူတို၏ မျက်စိမြင်မြန်စေခြင်း(တစ်နည်း) အဝိဇ္ဇာအမှောင် ၏ချုပ်နှောင်မှုခံနေရသူ အားလုံးကို “လွတ်မြောက်လာစေတော့မည်။

(ဃ) ဖိနှိပ်ချုပ်ချယ်မှုမျိုးစုံ၊ ညှဉ်းပန်းနှိပ်စက်ခံနေရသူ တိုကို ကယ်မခြင်းအားဖြင့် အဆိုပါဖိနှိပ်ချုပ်နှောင်မှုများအောက်မှ လူမျိုးခပ်သိမ်းကို”လွတ်မြောက်”စေတော့မည်ဟူ၍ လူပုံအလယ်တွင် အတည့်အလင်းကြေညာလိုက်သောကြောင့်တည်း။

ထိုအမှုတော်မျိုးကို ဆောင်ရွက်ရန်“ငါ့ကိုစေလွှတ်တော်မူပြီ။ ယနေ့တွင်ပင် ကျမ်းစကားသည် ငါ့အားဖြင့် ပြည့်စုံခြင်းသိုရောက်ပြီ” ဟု ပြတ်သားစွာ မိန့်တော်မူခဲ့ပါ၏။

သခင်ခရစ်တော်အမှုတော်ဆောင်ရွက်နေစဉ်က ပါလက်စတိုင်းနိုင်ငံရှိ ယုဒဘာသာဝင်တိုကို လေ့လာကြည့်ပါ။

သူတို သည် ဖာရိရှဲများ၊ ကျမ်းတတ်ဆရာများ၏ ပညတ်များနှင့် နည်းဥပဒေမျိုးစုံအောက်၌ ပြားပြားဝပ်ချုပ်နှောင်ခြင်း ခံနေရသည်မှာ အမှန်ပင်ဖြစ်၏။

ထိုစဉ် ကိုယ်တော်က “မေတ္တာကို အခြေခံသည့်ပညတ္တိကျမ်းတို့၏အချုပ်အခြာဖြစ်ရာ “ဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၊ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှချစ်ကြလော”ဟူသော ပညတ်(၂)မျိုးကိုပေးပြီး လူအပေါင်းတို့ အား ဖာရိရှဲတို့၏ဝန်ထုပ်ကြီးအောက်မှ အကယ်ပင် လွတ်မြောက်စေခဲ့ပါ၏။

ဥပုသ်နေ့နှင့်ပတ်သက်သည့် ပညတ်မျိုးစုံကြောင့် သူတိုမှာမလှုပ်သာ မယှက်သာဖြစ်နေစဉ် ကိုယ်တော်က ဥပုသ်နေ့ သည် လူအဖို့ ဖြစ်၏။ လူသည် ဥပုသ်နေ့အဖို မဖြစ်စေရဟူ၍ မိန့်တော်မူခဲ့ ပါ၏(မာကု၊ ၂း၂၇)။ (ဤကျမ်းပိုဒ်၏အဓိပ္ပာယ်ကို ကျွန်တော်သည် “ပညတ်တော်ဆယ်ပါး အနက်ကျမ်းတွင် အကျယ်တဝင့်အနက်ဖွင့်ပြပြီး ဖြစ်ပါ၏။)

အကြမ်းဖျင်းအားဖြင့် ပြန်၍ အနက်ဖွင့်ပြရပါလျှင် ဖာရိရှဲတို့က ဥပုသ်နေ့ ကို ပညတ်ပေါင်းများ ဖြင့် ချုပ်နှောင်ပြီးမတို ရ၊ မထိရ၊ မလုပ်ရ၊ မသွားရ၊ မလာရ စသည့်ဖြင့် တားဆီးပိတ်ပင်နေ သည့် ‘ချုပ်နှောင်မှုများဖြင့် ကန့်သတ်နေသောကြောင့် ကိုယ်တော်ကို ဥပုသ်နေ့၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်ခြင်း ဖြစ်သည်။

ဥပုသ်နေ့ ဆိုသည်မှာ ချုပ်နှောင်နေသော မဖြစ်စေရ။ လူတို၏ကာယ၊ ဉာဏ၊ စိတ်၊ ဝိညာဉ်ရေး တိုးတက် ဖွံဖြိုး၊ မွန်မြတ်လာစေရေးအတွက် လွတ်လပ်၊ ပျော်ရွှင်ဝမ်းမြောက်စွာ ဘုရားကို ဝတ်ပြုကိုးကွယ်ခြင်း၊ မိတ်သဟာယဖွဲ၊ နှုတ်ကပတ်တရားတော်ကို နာယူစေရန် ဘုရားသခင်က သတ်မှတ်ပေးထားခြင်း ဖြစ်သည်။

လူသည် ဥပုသ်နေ့၏ပညတ်များအောက်တွင် ပြားပြားဝပ်နေရသော အကျဉ်းသားဖြစ်မ နေစေရဟု ဆိုလိုခြင်းဖြစ်သည်။ ထိုနေ့သည် လူတို၏ကောင်းကျိုးအတွက် ဖြစ်စေရန် သတ်မှတ်ထား ခြင်းဖြစ်ကြောင်း ကျွန်တော်ရှင်းပြခဲ့ပြီဖြစ်ပါ၏။

ကိုယ်တော်၏ သက်တော်စဉ်ကို ပြန်လည်၍ လေ့လာကြည့်ပါဦး။

ကိုယ်တော်သည် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် သွားလာလှုပ်ရှား အမှုတော်ဆောင် ရွက်နေရသည်။ မဿဲ၊ ၈း၂၀ တွင်မြေခွေး၌ တွင်းရှိ၏။ ငှက်တို သည် အသိုက်ရှိကြ၏။ လူသားမူကား ခေါင်းချစရာမျှပင် မရှိဟု မိန့်တော်မူခဲ့ပါ၏။ ပိုက်ဆံမဲ့၊ အာဏာမဲ့ ဖြစ်နေရုံမက အနှောင့်အယှက်မျိုးစုံကို ခံနေရသေးသည်။

ကိုယ်တော် လုပ်ဆောင်လိုက်လေသမျှကို ရန်သူများ၊ အာဏာပိုင်များက လိုက်လံဝေဖန်၊ ပြစ်တင်၊ ရှတ်ချ၊ ကဲ့ရဲ့ခြင်း ခံနေခဲ့ရသည်။ နည်းမျိုးစုံဖြင့် နှောင့်ယှက်ခြင်း၊ ချုပ်နှောင်ခြင်း ခံနေရစေ ကာမူ ကိုယ်တော်သည် လုံးဝမမျှ။ ချုပ်နှောင်မှု လုံးဝမရှိဘဲလွတ်လွတ်လပ်လပ် အမှုတော်ဆောင်ရွက် နေနိုင်ခဲ့သည်မှာ အံ့သြစရာပင်ဖြစ်ပါ၏။

ပိုက်ဆံတစ်ပြားတစ်ချပ်မျှပင် မရှိသော ဆင်းရဲသားအညတရ လက်သမားတစ်ဦးက ကြွယ်ဝချမ်းသာသော အခွန်ခံမသဲ၊ ဇကွဲ တိုကို လွတ်မြောက်လာစေနိုင်ခဲ့ပါ၏။

ဆင်းရဲနွမ်းပါးစေကာမူ ငွေရတတ်သော လူငယ်လေးအားကြွယ်ဝချမ်းသာလွတ်လပ်သော အသက်တာကိုလည်း လက်ညှိးထိုးညွှန်ပြခဲ့သည်။

ငွေမရှိ၊ နေအိမ်မရှိ၊ ခေါင်းချစရာနေစရာပင်မရှိ၊ ခြေသလုံးအိမ်တိုင် လှည့်လည်တရားဟော နေပြီး နောက်ဆုံး၌ နောက်တော်လိုက်များ တဖြည်းဖြည်း လျော့ပါးလာခဲ့စေကာမူ ကြွယ်ဝချမ်းသာ၊ အာဏာရှိအရိမဿမြိုသား ယောသပ်နှင့်နိကောဒင်တို့ ကပင် နှစ်ခြိုက်သဘောကျလာပြီး ကိုယ်တော်၏လျှိဝှက်ချက်ကို လာရောက်မေးမြန်းခဲ့ရသည်အထိ ဖြစ်ခဲ့ပါ၏။

ကားတိုင်၌ အသေသတ်ရန် နည်းမျိုးစုံဖြင့် စွပ်စွဲ၊ ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရစဉ် ထိုတရားစီ ရင်သူများ စပ်ကြား၌ အတည်ငြိမ်ဆုံး၊ အိနြေအရှိဆုံး၊ ငြိမ်သက်အေးဆေးမှု အရှိဆုံးဖြစ်နေခြင်း အားဖြင့် လွတ်လပ်မှုအရှိဆုံးမှာ ကိုယ်တော်ပင်ဖြစ်ပြီး တရားစီရင်နေသူမှာ ကိုယ်တော်ပင်ဖြစ်ပြီး တရားစီရင်နေသူ၊ စွပ်စွဲနေသူများမှာ အငမ်းမရ၊ ပျာယာခတ်နေခဲ့ကြသည်။

နောက်ဆုံး၌ ကားတိုင်ပေါ်တွင် မလှုပ်မယှက် ချုပ်နှောင်ခြင်း ခံနေရစဉ်ပင် နံဘေးရှိ သူခိုးဓါးပြကြီးအား လွတ်မြောက်စေခဲ့ပြန်ပါ၏။

အမှုတော်လုပ်ငန်း အစမှအဆုံး သခင်ခရစ်တော်သည်လွတ်လပ်စွာ လုပ်ဆောင်နိုင်ကြောင်း သိသာလှသည်။ သို့သော် ထူးခြားလှသော အချက်တစ်ချက်မှာကား ကိုယ်တော်သည် လွတ်လပ် လိုသူတိုင်း အပေါ်သို ထမ်းပိုးကိုတင်သည်။ ဖမ်းသွားချုပ်နှောင်ခံနေရသူများ လွတ်လပ် လိုလျှင် ကားတိုင်ကိုထမ်းရမည်။ မိမိကိုယ်ကို ငြင်းပယ်ရမည်ဟု စေခိုင်းလိုက်ပြန်ခြင်း ပေတည်း။

ပညတ်မျိုးစုံအောက်၌ ပြားပြားဝပ်နေကြသူ အားလုံးကို ပညတ်(၂)ပါးတည်းသာ ပေးခဲ့သည်ကား မှန်၏။ သိုသော် ထိုပညတ် (၂)ပါး ကို သေသေချာချာ၊ နက်နက်နဲနဲ သုံးသပ်လိုက်လျှင် ဖာရိရှဲနှင့် ကျမ်းတတ်ဆရာတို့ ပေးနေသော ပညတ်များထက်ပင် ခက်ခဲနေကြောင်း တွေ့ရပါလိမ့်မည်။

“သူတစ်ပါးမယားကို မပြစ်မှားနှင့်’ဟူသော ပညတ်တွင် “လေသာစိတ်ဖြင့် သူတစ်ပါးမယားကို ကြည့်ရှုခြင်းကိုပင် မပြုရန်ဖြည့်စွက်မိန့်တော်မူခဲ့သည်။ “လူ့အသက်ကိုမသတ်ရဟူသော ပညတ် ကိုထောက်ပြပြီး၊ အသက်ကိုသတ်ဖို မဆိုနှင့်အမျက်ထွက်၍ ညီအစ်ကို ချင်း ကဲ့ရဲ့သူကိုပင် ရှတ်ချခဲ့ပြန်သည်။

“ပူဇော်သက္ကာ လာရောက်တင်သောသူအား ပြန်သွားခိုင်းပြီး ညီအစ်ကိုချင်း သင့်တင့်အောင် လုပ်ပြီးမှပြန်လာပြီး ပူဇော်သက္ကာတင်လော့”ဟု မိန့်တော်မူခဲ့ပါ၏။ ကိုယ်တော်ဖြည့်စွက်ပေးနေသော ပညတ်များကို ဆင်ခြင်ကြည့်လျှင် ၄င်းတို သည် လူတိုကိုသာ၍ပင် ချုပ်နှောင်နေသကဲ့သိုဖြစ်ပါ၏။

“လွတ်လပ်မှု၊ လွတ်မြောက်မှုကို ပေးမည်ဟု မိန့်တော်မူခဲ့သော အရှင်က ထမ်းပိုးတည်းဟူသော ဝန်ထုပ်၊ ကားတိုင်တည်းချုပ်နှောင်မှုကို ပြန်၍ပေးနေပြန်ပါသည်။ လွတ်လပ်စွာ မိမိအလိုအတိုင်း အသက်ရှင်ရမည့်အစားမိမိအလိုကိုငြင်းပယ်ရမည်ဟု တောင်းဆိုခဲ့၏။ လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်မည့်‘ကျယ်သောလမ်း”အစား ဆူးငြောင့်ခလုတ်၊ ရွံဗွက်၊ အခက်အခဲများနှင့် ပြည့်သိပ်နေသည့် “ကျဉ်းသောလမ်းကို လျှောက်ခိုင်းနေပြန်ပါသည်။

အမှန်ဆိုရလျှင် ကျဉ်းသောလမ်းကို လူများမဝင်လို မလျှောက်လို၊ မရွေးချယ်လိုသည့် အကြောင်းရင်းမှာ ထိုလမ်း၌ချုပ်နှောင်များနှင့် ပြည့်ဝနေသောကြောင့် ဖြစ်ပါ၏။

 လူအပေါင်းတို့ အား’လွတ်လပ်စေတော့မည်၊ လွတ်မြောက် စေတော့မည်’ဟု လူသိရှင်ကြား ကြေညာခဲ့သော အရှင်သည်ချုပ် နှောင်မှုများနှင့် ပြည့်ဝနေသောကြောင့် ဖြစ်ပါ၏။

အဘယ့်ကြောင့်နည်း? ကိုယ်တော်က ဘာကိုဆိုလိုပါသနည်း?  အဖြေရှာကြည့်ကြပါစို။

အဖြေကို တွေ့လိုလျှင် မေးခွန်းဖြင့် အစပြုရပါမည်။

ထိုမေးခွန်းမှာကား စစ်မှန်သောလွတ်လပ်မှု၊ လွတ်မြောက်မှုဆိုသည်မှာ အဘယ်နည်း? ဟူသော မေးခွန်းပေတည်း။

 

၁။        စစ်မှန်သော လွတ်လပ်မှုကို အလိုရှိလျှင် ချုပ်နှောင်မှုကို စံရပေလိမ့်မည်။

လွတ်လပ်မှုဆိုသည်မှာ အဘယ်နည်းဟူ၍ ဆရာက လူငယ်တစ်ဦးကို မေးဖူးသည်။ လူငယ်က“လွတ်လပ်မှုဆိုတာဟာ ကိုယ်လုပ် ချင်တိုင်း လုပ်လို ရတာကို ဆိုလိုတာပေါ့”ဟု ဖြေလိုက်ပါ၏။

မှားပါသည်။ အလွန်မှားပါသည်။

စစ်မှန်သော လွတ်လပ်မှုဆိုသည်မှာ လွတ်လွပ်လပ်လပ်၊ လက်လွတ်စပယ်၊ ထင်တိုင်းကြဲခြင်း မဟုတ်ပါ။ ထိုသိုသော လွတ်လပ် မျှသည် မှားယွင်းသော လွတ်လပ်မျှပေတည်း။

ဂီတပညာရှင်တစ်ဦးကို ကြည့်ပါ။ လေ့လာပါ။

စန္ဒယား သိုမဟုတ် အော်ဂင် သို့မဟုတ် တယော သို့မဟုတ် တူရိယာတစ်ခုခုကို လွတ်လွတ်လပ်လပ်၊ ကျင်ကျင်လည်လည် တီးနေသူတစ်ဦးကို ကြည့်ပါ။ ကျွမ်းကျင်စွာ တီးမှုတ်နိုင်သူ ဆိုလျှင် ထိုသူသည် နံဘေး၌ မည်မျှအနှောင့်အယှက်ရှိပါလေစေ သူသည် ဂရုမပြု၊ တီးလုံးပျက်သွားလိမ့်မည် မဟုတ်ပါ။ မျက်လုံးများကို ပိတ်စ သို့ မဟုတ် အဝတ်စဖြင့် ပတ်စည်း လိုက်ပါဦး။ သူ၏တီးကွက် တစ်ချက်မျှပျက်မည်မဟုတ်။ မှားမည် မဟုတ်ပါ။ တယောထိုးသူဖြစ်ပါက လက်ချောင်းကလေးများကို လွတ်လွတ်လပ်လပ် လှုပ်ရှားနေပါလိမ့်မည်။ စန္ဒရားတီးသူဖြစ်ပါကလည်း သူ၏လက်နှစ်ဘက်သည် တီးကွက်တစ်ချက်မျှ ပျက်သွားလိမ့်မည်မဟုတ်ပါ။

လျှိဝှက်ချက်ကား အဘယ်နည်း?

သူသည် ယခင်က နေ့ရောညပါ လေ့ကျင့်မျှဟူသော စည်းကမ်း၊ ဂီတသင်္ကေတနှင့်ဆိုင်သော စနစ်၊ သက်ဆိုင်ရာတူရိယာကို စနစ်တကျတီးမှတ်ရမည့် ဥပဒေတည်းဟူသော ချုပ်နှောင်မှုကို နှစ် ရှည်လများ ခံခဲ့သောသူ ဖြစ်သောကြောင့်တည်း။

ဂီတနှင့်ဆိုင်သော စနစ်၊ နည်းဥပဒေသ၊ ခါးအကိုက်ခံညောင်းခံ၊ ချွေးကျခံပြီး စည်းကမ်းရှိရှိ လေ့ကျင့်မှု၏နှောင်ဖွဲမှူးကို ခံခဲ့သောကြောင့် သူသည်ယခုဆိုလျှင် လွတ်လပ်၊ ဖျတ်လတ် ကျင်လည်စွာ တီးမှုတ်နေနိုင်ခြင်း ဖြစ်ပါ၏။

စစ်မှန်သော လွတ်လပ်မှုကို လိုချင်လျှင် စည်းကမ်း၊ လေ့ကျင့်မှု၊ ပင်ပန်းမှူး၊ ဒုက္ခခံခြင်းတည်းဟူ သော ချုပ်နှောင်မှုကို အလျင်ဆုံးခံရမည်ဖြစ်ပါ၏။

တစ်နည်းဆိုရလျှင် လွတ်လပ်မှုရရှိလာရေးအတွက် လျှိဝှက် ချက်ကား ချုပ်နှောင်ခြင်းတည်း ဟူသော စည်းကမ်းပေတည်း။

ကျွန်တော်ငယ်စဉ်ကတည်းက ဂစ်တာတီးခဲ့သူဖြစ်ပါ၏။ သို့သော် ယခုဆိုလျှင် ဂစ်တာမတီးသည်မှာ ကြာမြင့်လှပါပြီ။ လေ့ ကျင့်မျှလည်း လုံးဝမရှိတော့ပါ။ ယခုအချိန်မျိုး၌ ကျွန်တော့်အား ဂစ်တာတစ်လက်ပေးပြီး စင်မြင့်ပေါ်တင်ကြည့်ပါ။ ကျင်လည်စွာမတီးနိုင်ရုံမက၊ မိမိ၏လက်ချောင်းများက နှိပ်နေသော တီးကွက်သည်မှန်, မမှန်ကို မကြာခဏ ကြည့်နေရပါလိမ့်မည်။ အနှောင့်အယှက်များ ရှိလာပါက မှားယွင်းချွတ်ချော်သွားမည်မှာ သေချာသည်။

လေ့ကျင့်မှုတည်းဟူသော ချုပ်နှောင်မှုကို မခံခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် ကျွန်တော် သည် လွတ်လွတ်လပ်လပ်ကျင်ကျင်လည်လည် တီးနိုင်တော့မည်မဟုတ်ပါ။

အားကစားသမားတစ်ဦးကို လေ့လာကြည့်ပါဦး။

ဘောလုံးကန်သူတစ်ဦးသည် လွတ်လပ်စွာ ပြေးလွှားကျင်လည်စွာ ကွေ့ပတ်ရှောင်တိမ်း၍ ဂိုးသွင်းနိုင်ခြင်းမှာ သူသည် နာရီပေါင်းများစွာ စည်းကမ်းတကျလေ့ကျင်၊ အအိပ်မှန်၊ အစားမှန်၊ အနေအထိုင်မှန်ကန်စွာ ကြိုးစားလေ့ကျင့်နေခဲ့သောကြောင့် ဖြစ်ပါ၏။ ထိုသို့ သော ချုပ်နှောင်မှုကို ခံခဲ့သောကြောင့် ယခုဆိုလျှင်လွတ်လပ်၊ ကျင်လည်၊ ဖျတ်လတ်နေခြင်းသာဖြစ်ပါ၏။

ဓမ္မဆရာတစ်ဦး တရားဟောပုံကို လေ့လာကြည့်ပါဦး။

ထိုဆရာသည် တရားဟောချက်ကို အိပ်ပျက်ခံ၊ အပင်ပန်းခံ၊ ကျမ်းပေါင်းများစွာ ရှာဖွေပြင်ဆင်ပြီး အထပ်ထပ်အခါခါလေ့ကျင့် မှတ်ကျုံးခဲ့သူဖြစ်ပါက တရားပလ္လင်ပေါ်၌ စိတ်ချ၊ လက်ချလွတ်လွတ် လပ်လပ်ဟောပြောနိုင်သူဖြစ်ပါလိမ့်မည်။ ကျောင်းဆရာတစ်ဦးသည် လည်း ထိုနည်းတူဖြစ်ပါ၏။ ခွဲစိတ်ကုသသည့် ဆရာဝန်သည်လည်း လွတ်လပ်ကျင်လည်စွာ ခွဲစိတ်ရန် ယခင်က များစွာအပင်းပန်းခံ လေ့လာသင်ယူခြင်း ခံခဲ့ရပါလိမ့်မည်။

ကျွန်တော်တို့နှင့် အနီးကပ်ဆုံး ဥပမာတစ်ခု ပေးပါရန်စေဦး။

ရန်ကုန်မြို့သာမက မြို့တိုင်းလိုလိုတွင် မကြာခဏ ယာဉ်စည်းကမ်း ထိန်းသိမ်းမှုများ လုပ်လေ့ရှိ ပါသည်။ ယာဉ်မောင်းသူများ ကို စည်းကမ်းသတ်မှတ်ပေးသကဲ့သို လမ်းဖြတ်ကူးသူများကို မျဉ်း ကြားမှသာဖြတ်ရန် မကြာခဏ ပညာပေးလေ့ရှိသည်။ ပညာပေးပြီးနောက် ဒဏ်လည်းခတ်ပါသည်။

အကယ်၍ ယာဉ်မောင်းသူများက မိမိတို့ အား သတ်မှတ်ထားသော စည်းကမ်းကို လိုက်နာ ရုံမက လမ်းဖြတ်ကူးသူများကလည်း မိမိတိုနှင့်သက်ဆိုင်သော စည်းကမ်းကို လိုက်နာနေကြပါလျှင် ယာဉ်မောင်းသူများနှင့် လမ်းသွားလမ်းလာ လုပ်သားပြည်သူများကပါ ဘေးကင်းရန်ကင်း လွှတ်လပ်စွာ သွားလာလှုပ်ရှားနိုင်ကြပါလိမ့်မည်။

စစ်မှန်သော လွတ်လပ်မှုကို ခံစားလိုလျှင် စည်းကမ်းတည်းဟူသော ချုပ်နှောင်မှုကို ခံရပါလိမ့်မည်။ စစ်မှန်သော လွတ်လပ်မှု၊ လွတ်မြောက်မှု၏ လျှိဝှက်ချက်ကား စည်းကမ်း၏ ချုပ်နှောင်မှု အောက်တွင် အမြဲနေရခြင်းပေတည်း။

စည်းကမ်းဥပဒေတည်းဟူသော ချုပ်နှောင်မှုကို ဖယ်ရှားလိုက်လျှင် လွတ်လပ်မှုသည် ဆုံးရှုးသွားပါလိမ့်မည်။ လွတ်လပ်မှုနှင့် စည်းကမ်း သို့မဟုတ် ဥပဒေတို့ သည်လက်တွဲနေမှသာလျှင် လွတ်လပ်ပါလိမ့်မည်။ အားကစားတစ်ခုခုကိုသာ စဉ်းစားကြည့်ပါ။ ဘောလုံးပွဲတစ်ပွဲကို စနစ်တကျကစားစေချင် လျှင် ဒိုင်လူကြီး ရှိရမည်။ ဘော်ဘီဘောပွဲတွင်လည်း ဒိုင်လူကြီးလိုသည်။ မည်သည့် အားကစားပွဲ၌မဆို ဒိုင်လူကြီးလိုပါ၏။

ဒိုင်လူကြီး၏ အဓိတာဝန်ကား စည်းကမ်းထိန်းသိမ်းရေးနှင့် စည်းကမ်းဖောက်ဖျက်သူကို တွေ့ပါက ဒဏ်ပေးရေးအတွက် ဖြစ်ပါ၏။ အားစကားပွဲရှိသမျှကို ဒိုင်လူကြီးမပါဘဲ မကစားနိုင်ပါ။ အားလုံးလက်လွတ်စပယ် ဖြစ်သွားမည်မှာ သေချာပါ၏။

လူတို့၏အသက်ရှင်နေထိုင်မှုသည်လည်း အလားတူပင်ဖြစ်၏။ ကမ္ဘာပေါ်ရှိ လူတိုင်းသည် သူတော်စင်များသာ ဖြစ်နေပါက ဒိုင်လူကြီးလိုတော့မည်မဟုတ်ပါ။ သို့သော် ထိုအဆင့်သို မည် သည့်နည်းနှင့်မျှ ရောက်နိုင်သေးမည်မဟုတ်ပါ။

သာဓကတစ်ခုပြလိုပါသေးသည်။ အဆိုပါ သာဓကမှာ စိတ်ကူးယဉ်မဟုတ်၊ တကယ့်အဖြစ် အပျက်ပေတည်း။

၁၉၇၀ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ရီးဒါးဒိုင်ဂျက်(စ်) (Readers’ Digest) တွင် ပါလာသော မွန်ထရီယယ်မြို့ရှိ ပြည်သူ့ရဲ့များ သပိတ်မှောက်ခဲ့သောနေ့တစ်နေ့ အမည်ပါဆောင်းပါးကို ဖတ် ကြည့်ပါ။

တစ်နေ့နှင့်တစ်ညမျှသာ ရဲများက သပိတ်မှောက်လိုက်ခြင်းကြောင့် တရားဥပဒေတည်းဟူသော ချုပ်နှောင်မှုကို ဖယ်ရှားပစ်လိုက်ပြီး လွတ်လပ် သွားပြီဟု သိရသည့်တစ်ပြိုင်နက် မြို့နေလူထု ကြီးသည် လက်လွတ်စပယ်ဖြစ်သွားခဲ့ပါ၏။

ကမ္ဘာပေါ်တွင် ဖွံဖြိုးသောနိုင်ငံ၊ ပညာတတ်ပြီး ယဉ်ကျေးသောလူများ နေထိုင်သည့်မြို တော်ကြီးသာမက “ခရစ်ယာန်နိုင်ငံ”ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်း ခံထားရသောမြိုကြီး၌ “ချုပ်အနှောင် မှုကောင်း မဲ့သော လွတ်လပ်မှုကို ပေးလိုက်သည့်တစ်ပြိုင်နက် မည်သို ဖြစ်သွား ပါသနည်း ?

လက်လွတ်စပယ်၊ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားခဲ့ပါ၏။ ချုပ်နှောင်မှုကင်းမဲ့လျှင် စစ်မှန်သော လွတ်လပ်မျှဆိုသည်မှာ မရှိနိုင်ပါ။ ရှေးဣသရေလလူမျိုး ပညာရှိသုခမိန်များ၏ ဆုံးမစကား တစ်ခုကို လေ့လာကြည့်ပါ။

“ကြိမ်လုံးကို မသုံးသူသည် မိမိ၏သားကို မုန်းရာရောက်၏”ဟူ၍ သတိပေးထားခဲ့ပါသည်(သု၊ ၁၃း၂၄)။ ထိုသားသည် ဆိုးတေမိုက်မဲနေသောကြောင့် မဟုတ်ပါ။ ကြိမ်လုံးသည် အဆိုပါကလေးအရွယ် ရောက်လာသည့်အခါ မိမိ၏လွတ်လပ်မှုကို မှန်ကန်စွာ အသုံးချနိုင်ရေးအတွက် လေ့ကျင့်ပေးခြင်း မျှသာဖြစ်၏။

ကလေးသူငယ်အရွယ်တွင် သူသည်အတွေ့အကြုံမရင့်ကျက် သေး၊ ရေရှည်အတွက် မတွေးတတ်သေး၊ မိမိပြုမည့်အလုပ်တစ်ခု၌ ကွင်းစက်ပမာနောက်ဆက်တွဲပါလာမည့် ဖြစ်ရပ်များကို မမျှော်မှန်းတတ်သေးပါ။ ကလေးသူငယ်တစ်ဦးအား ရာနှုန်းပြည့်လွတ်လပ် ပေးလိုက်လျှင် ပျက်စီးသွားနိုင်သည်။

ထိုကြောင့် ကလေးသူငယ်ဖြစ်စဉ်ကတည်းက စည်းကမ်းစနစ်၊ ပညတ်၊ ဥပဒေများဖြင့် ချုပ်နှောင်ထားပါမှ သူသည်မှန်ကန် စွာ ရွေးချယ်လာတတ်ပါလိမ့်မည်။

ဂရိအတွေးအခေါ် ပညာရှင်ကြီး’ဆိုကရေးတီးစ်”က (Doctrine of habituation) “အကျင့်ဓလေ့ကောင်းများရရန် သွန်သင်လမ်းပြပေးသည့်စနစ်´ဟု ခေါ်ထားပါသည်။

အရွယ်ရောက်လာလျှင် မှန်ကန်သော လွတ်လပ်မှုကိုအသုံး ပြုနိုင်ရေးအတွက် ကြိမ်လုံးတည်းဟူသော ချုပ်နှောင်မှုဖြင့် လေ့ကျင့်ပေးခြင်းဟု ကျွန်တော်ဆိုချင်ပါသည်။

 

(ဂ) ခရစ်ယာန်တို၏လွတ်လပ်မှုကို သူတစ်ပါးအား အစေခံခြင်းအားဖြင့် ချုပ်ထိန်းထားရမည်။

ရှင်ပေါလုက စစ်မှန်သော လွတ်လပ်မှု၏ လျှိဝှက်ချက်ကိုသိ၏။ ထိုကြောင့် ဂလာတိ၊ ၅း၁၃တွင် ညီအစ်ကိုတို သင်တို့သည်လွတ်ခြင်းအခွင့်ကို ရသာဖြစ်ကြ၏။

သင်တို့သည် ပညတ္တိကျမ်းများ၏ချုပ်နှောင်မှုမှ လွတ်မြောက် လာကြသောသူ ဖြစ်ကြ၏ဟူ၍ ပြောနေခြင်းဖြစ်ပါသည်။

‘သိုသော်လည်း ဇာတိပကတိအား အခွင့်ကိုပေး၍ ထိုလွတ်ခြင်းကို အသုံးမပြုကြနှင့် အချင်းချင်းချစ်၍ အမှုချင်းကိုဆောင်ရွက်ကြလော့’ဟု ဆုံးမခဲ့ပါ၏။

ခရစ်ယာန်တိုသည် ပညတ္တိကျမ်းမျိုးစုံ၏ လက်အောက်မှလွတ်မြောက်လာကြပြီး “ကျေးဇူးတော်တရား၏ လက်အောက်သို့ရောက်နေလေပြီ။

မိမိတို့ အား ချုပ်နှောင်နေသည့် ပညတ်များမရှိတော့လျှင် ကိုယ့်သဘောအတိုင်း လုပ်ကိုင်နိုင်ပြီဟု မထင်ကြစေရန် ရှင်ပေါလု တားမြစ်လိုက်ခြင်းဖြစ်သည်။ ခရစ်ယာန်တို၏ လွတ်လပ်မျှအား သူတစ်ပါးကိုအစေခံခြင်းတည်းဟူသော “မေတ္တာဖြင့် ချုပ်နှောင်မှု ပြန်လည်ခံခိုင်းခြင်းဖြစ်ပါ၏။

ထိုကြောင့်လည်း အကြောင်းမူကား ကိုယ်နှင့်စပ်ဆိုင်သောသူ့ကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ပညတ်တစ်ပါးကိုကျင့်လျှင် ပညတ်တရားရှိသမျှကို အကြွင်းမဲ့ကျင့်ရာရောက်၏”ဟု ရှင်ပေါလုက ဆက်လက်ရေးသားလိုက်ခြင်းဖြစ်၏(ငယ်၊ ၁၄)။

သူတစ်ပါးအပေါ်၌ မေတ္တာဖြင့် အစေခံခြင်းအားဖြင့်သာလျှင် မိမိ၏လွတ်လပ်မှုကို မှန်ကန်စွာ အသုံးပြုရာရောက်၏။ လွတ်လပ်မှုဆိုသည်မှာ ပိုက်ဆံပြားနှင့်တူ၏။

တစ်ဖက်တွင် လွတ်လပ်မှု’ဟူ၍ ထွင်းထားသော်လည်း နောက်တစ်ဖက်တွင် “မေတ္တာ၊ အချင်းချင်းကိုမေတ္တာဖြင့် အစေခံရမည့် “ဝတ္တရား ဟူ၍ ရေးသားထားရပါလိမ့်မည်။

 ရှင်ပေါလုက အထက်ဖော်ပြပါ ကျမ်းပိုဒ်ကိုရေးရာတွင် အလွန်ပင် သတိထားပြီး ရေးခဲ့ဟန်တူသည်။

သူက “သင်တိုသည် ပညတ္တိကျမ်းများ၏ ချုပ်နှောင်မှုမှလွတ်မြောက်လေပြီ´ဟု ရေးလိုက်လျှင် ခရစ်ယာန်များက “ငါတို၌ပညတ်များမရှိတော့၊ ထိုကြောင့် ငါတို၏သဘောအတိုင်း နေထိုင်သွားလာလှုပ်ရှား၊ လုပ်ကိုင်နိုင်ပြီ´ဟု ချက်ချင်းပြန်လည် ပြောဆိုကြပါလိမ့်မည်။

“ပညတ်များ မရှိတော့ပြီ။ ဘုရားသခင်၏ကျေးဇူးတော်လက်အောက်သို ရောက်ရှိသွားပြီဖြစ်၍၊ ငါတို အဘယ်အရာကိုပြုပြု ကိုယ်တော်က အပြစ်လွှတ်လိမ့်မည်’ဟူသော တစ်ဖက်စွန်း ရောက်အ ယူဝါဒကိုစတင် ပြောဆိုလာကြပါလိမ့်မည်။ သိုသော် ရှင်ပေါလုက “တာဝန်ကြီးနှစ်ရပ်’ ဖြင့် သူတို၏“လွတ်လပ်မှုကို “ထိန်းချုပ်လိုက်ပါ၏။

(က) ဘုရားသခင်အပေါ်၌ ပြုရမည့်တာဝန်။ ဘုရားသခင်က ကျွန်တော်တို အားချစ်ပြီး ကားတိုင်ပေါ်ရှိ “ခရစ်တော်၏မေတ္တာက ကျွန်တော်တို အား အနိုင်အထက်သွေး ဆောင်နေ သည်မှန်လျှင် ခရစ်တော်အားဖြင့် ဖော်ပြနေသော ဘုရားသခင်၏မေတ္တာတော်ကို ဘယ်သောအခါမျှ ကျောမခိုင်းသင့်ပါ(၂ကော၊၅း၁၅)။

(ခ) ကိုယ်နှင့်စပ်ဆိုင်သော သူတိုအပေါ် ပြုရမည့်တာဝန်။ ပညတ္တိကျမ်းလက်အောက်မှ လွတ်မြောက်လာသည် မှန်စေဦး၊ ကိုယ်နှင့်စပ်ဆိုင်သူတို အပေါ် ကိုယ်နှင့်အမျှ ချစ်ရပေလိမ့်မည်။ ထိုသိုပြုလျှင် ပညတ္တိကျမ်းမှန်သမျှကို လိုက်နာရာရောက်သည်ဟု တမန်တော်ကြီးက ထောက်ပြခဲ့ပါ၏(ဂလာ၊ ၅း၁၄)။

တာဝန်နှင့်မေတ္တာကို အခြေခံလိုက်ခြင်းအားဖြင့် ခရစ်ယာန်တို့၏ လွတ်လပ်မှုဆိုသည်မှာ “အပြစ်ပြုရန်လွတ်လပ်’မဟုတ်ပါ။ “အပြစ်မပြုရန်အတွက် လွတ်လပ်မှု ဖြစ်လာပါတော့၏။

 

နိဂုံးအနေဖြင့် “ပျောက်သောသား ဥပမာကို ပေးလိုပါသည်။

ပျောက်သောသားသည် မိမိနှင့်ဆိုင်သော အမွေယူပြီး နေ အိမ်မှထွက်ခွာသွား၍ တ်တ်လပ်လပ် ပြောနိုင်ပါးနိုင် လုပ်ချင်တိုင်းလုပ်သော လွတ်လပ်မှုကို ခဲ့အော်လည်း ထင်တိုင်းလုပ်ရန်အခွင့်ပေးခဲ့သော လွတ်လပ်မှုသည် သူ၏ချုပ်နှောင်မှုတစ်ရပ်ပင် ဖြစ်လာခဲ့ပါ၏။

နောက်ဆုံး၌ နေအိမ်ရှိရာသို ပြန်လာပြီး မိဘမေတ္တာ၏ ချုပ်နှောင်မှုကိုပြန်လည် ခံလိုက်ခြင်း အားဖြင့်သာလျှင် သူသည် စစ်မှန်စွာ လွတ်လပ်သောသူ ဖြစ်သွားခဲ့ပါသတည်း။

 

အခန်း(၇)

ယုံကြည်ကိုးစားလျက်နှင့် ကြောက်စိတ်ရှိနေရမည်။

“ကိုယ်ခန္ဓာကိုသာသတ်၍ စိတ်ဝိညာဥ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဥ်ကို ငရဲ၌ ဖျက်ဆီးနိုင်သောသူကိုသာ ကြောက်ကြလော့။ (မဿဲ ၁၀း ၂၈)

ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ဖော်ပြထားသော အထက်ပါကျမ်းပိုဒ်ကို ဖတ်ကြည့်လျှင် ရှင်းနေသယောင် ဖြစ်သည်။

မှန်ပါသည်။

ဆိုးသွမ်းသောသူများနှင့် စာတန်မာရ်နတ်သည် လူတစ်ဦး၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် စုံမ်းနှောင့်ယှက်နိုင်သည်ကို ဝန်ခံရပါမည်။

သို့သော် ငရဲသို ချပစ်ရန်စစ်ကြော၊ စီရင်ဆုံးဖြတ်နိုင်သူကဘုရားပင်ဖြစ်၏။

လူဆိုးများက သွေးဆောင်ဖျက်ဆီး၊ စာတန်က စုံစမ်းနှောင့် ယှက်နိုင်စေကာမူ လူတစ်ဦး၏ဝိညာဉ်ကို “ကောင်းကင်နိုင်ငံသို့သွားစေ သို့ မဟုတ် ငရဲသိုဆင်းစေ”ဟူ၍ နောက်ဆုံး၌ တရားစီရင်ပြီး အမိန့်ချမှတ်နိုင်သူကား ဘုရားပင်ဖြစ်၏။ ဂရိမူရင်းစကားများကို လေ့လာပြီး ဓမ္မပညာရှင်တိုင်းက ခရစ်တော်သည် ဘုရားသခင်ကိုကြောက်ရွံစရန် မိန့်ဆိုနေခြင်းဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်းအနက်ဖွင့်ဆိုထားသည်ကို တွေ့ရပါ၏။

ကျမ်းပယ်တစ်ကျမ်းဖြစ်သော ရှောလမုန်မင်းကြီး၏ ဆာလံ ၁၆း၁၃ တွင် “အို ဘုရားသခင်၊ ကိုယ်တော်၏လက်တော်ထဲ၌သာလျှင် အသက်ရှင်ခြင်းနှင့်သေခြင်းကို ဆုံးဖြတ်နိုင်သော တန်ခိုးရှိပါ၏။ ကိုယ်တော်သည်သာလျှင် မရဏာနိုင်ငံ(ငရဲ)သို ပိုဆောင်နိုင်ပါ၏။ လူတို့ က ခန္ဓာကိုသတ်နိုင်သော်လည်း ငရဲ သို့မဟုတ် ကောင်းကင်နိုင်ငံသို့ ကိုယ်တော်သည်သာလျှင် လူတို၏ဝိညာဉ်ကို ပိုဆောင်နိုင်ပါ၏”ဟု ရေးသားထားပါသည်။

`မကွီဗီယင်ပုန်ကန်မှုကြီး’ဟု သမိုင်းတွင်ခဲ့သော ရောမအစိုးရကို တော်လှန်ပုန်ကန်နေသည့် ဂျူးလူမျိုးတိုက “လူကိုသတ်ပစ်နိုင် သည်ဟု မိမိကိုယ်ကို ထင်နေကြသော ရန်သူတို ကိုမကြောက်ကြနှင့်။ ဘုရားသခင်ကသာလျှင် ရုန်းကန်ရခြင်းနှင့်နာကျင်ရခြင်းအတိ ရှိနေသော ငရဲသို ဝိညာဉ်ကိုပို ဆောင်နိုင်၏” ဟု ရေးသား၍ အချင်းချင်းအားပေးခဲ့ကြသည်(၄ မက္ကားဗီး၊ ၁၃း၁၄-၁၅)။

သို့ကြောင့် ခရစ်တော်က ဤကျမ်းပိုဒ်အားဖြင့် “ဘုရားသခင်ကို ကြောက်ကြလေ့’ဟု သွန်သင်ဆုံးမနေခြင်းဖြစ်သည်။စကော့တလန်နိုင်ငံ၏ ခရစ်ယာန်ခေါင်းဆောင်ကြီး ကျွန် နောကံ့စ်ကို သင်္ဂြိုဟ်ခဲ့ကြစဉ်’ဤဆရာသည် ဘုရားသခင်မှလွဲ၍ မည် သူ့ကိုမျှ ကြောက်သောသူမဟုတ်”ဟူ၍ ဂုဏ်ပြုစကားပြောခဲ့ကြ၏။ ဘုရားသခင်ကို ကြောက်ရွံစေခြင်းငှာ သွန်သင်နေခြင်းမှာ ဘာမျှ မဆန်းပါ။

သို့သော် ကျမ်းပြိုင်တစ်ခုဖြစ်သော ရှင်လုကာ၊ ၁၂း၅ ကိုဖတ်ကြည့်ပါ။

“ဘယ်သူ့ကိုကြောက်ရမည်နည်းဟူမူကား ကိုယ်ခန္ဓာကိုသတ်ပြီးမှ ငရဲထဲသိုချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်အကန်ဆိုသည်ကား ထိုသူ(ဘုရားသခင်)ကို ကြောက်ကြလော့”ဟု မိန့်တော်မူခဲ့သည့် မှတ်တမ်းတင်ထားပါ၏။

သို့သော် ရှင်လုကာခရစ်ဝင်ကျမ်းကိုပင် ဆက်၍ ဖတ်ကြည့်ပါ။

ခရစ်တော်ကစာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ ထိုစာငှက်တစ်ကောင်ကို ဘုရားသခင်မေ့ လျော့တော်မမူ။ သင်တိုဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏’ဟု ဆက်လက်၍ မိန့်တော်မူသည်ကို တွေ့ရပါလိမ့်မည်။ အဓိပ္ပာယ်မှာလည်း ရှင်းနေသည်။

ဘုရားသခင်သည် ကျွန်တော်တို့အားလုံးကို တန်ဖိုးထားသည်။ ချစ်သည်။ စေတနာ၊ မေတ္တာ၊ ကရုဏာထားသည်။ ထိုကြောင့်ဘုရားသခင်ကို ယုံကြည်ကိုးစားပါ။ အားကိုးပါ။ စိတ်ချယုံကြည်ပါ။

စာရွက်များထက်ပင် တန်ဖိုးထားနေသည်ဟုပြောပြီး “ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့ သည် စာငှက်များထက် သာ၍မြတ်ကြ၏”ဟု ဆက်လက်၍ မိန့်တော်မူလိုက်ပြန်ပါတော့၏။

ကျမ်းတစ်ပိုဒ်ထဲ၌ပင်လျှင် ခရစ်တော်က ဘုရားသခင်ကို ကြောက်ကြလော့’ဟုဆိုပြီးသည့် တစ်ပြိုင်နက် “မကြောက်ကြနှင့်’ဟု မိန့်တော်နေပါပြီ။

ဝိရောဓိတည်းဟူသော ဆန့်ကျင်ဘက်စကားကို တစ်ဆက်တည်းမှာပဲ ပြောနေပါပြီ။

အဘယ်သို အနက်ဖွင့်ရပါမည်နည်း။

ခပ်စောစောကပင်လျှင် “ဘုရားသခင်ကိုကြောက်ကြလော့” ဟုဆိုပြီးမှ သင်တိုကို ဘုရားသခင်က သနားကြင်နာသည်။ မေတ္တာ၊ကရုဏာ စေတနာထားရုံမက တန်ဖိုးထားနေတော်မူသည်။ “ထိုကြောင့် မကြောက်ကြနှင့်’ဟူ၍ အဘယ်ကြောင့်ဆိုနေရပါသနည်း ?

အဓိပ္ပာယ်ကား အဘယ်နည်း? ကိုယ်တော်က ဘာကိုဆိုလိုနေပါသနည်း?

ယုံကြည်ကိုးစားခြင်း၊ ယုံကြည်စိတ်ချရခြင်းနှင့် ကြောက်စိတ်ဆိုသည်မှာ ဆန့်ကျင်ဘက် ဖြစ်ပါ၏။ ယုံကြည်ကိုးစား ချစ်ခင်မြတ်နိုးနေလျှင် ကြောက်စရာ လိုပါဦးမည်လား?

သာဓကပြပါမည်။

ကျွန်တော်သည် လူတစ်ဦးကို ယုံကြည်စိတ်ချသည်။ ယုံ ကြည်ကိုးစားသည်။ သူကလည်း ကျွန်တော့် အပေါ် စေတနာ၊ မေတ္တာ၊ကရုဏာထားနေသည်။ ကျွန်တော်ကလည်း ယုံကြည်ကိုးစား စိတ်ချ နေသည်။

တစ်နေ့တွင် ထိုသူအား ငွေငါးသောင်းပေးပြီး မန္တလေး သို့ မဟုတ် မေမြို့သို့ စေလွှတ်လိုက်သည်။ တစ်စုံတစ်ခုကိုဝယ်ခိုင်းလိုက်သည်။ သူ့ကို ကျွန်တော်သည် ယုံကြည်ကိုးစား၊ စိတ်ချနေရုံ မက သူကလည်း ကျွန်တော့်အပေါ် မေတ္တာထားနေပါလျှင် ထိုသူသည် အဆိုပါငွေ ငါးသောင်းကို ခိုးယူထွက်ပြေးသွားမည်ကိုကြောက်နေစရာ လိုပါဦးမည်လား?

ယုံကြည်စိတ်ချနေလျှင် ကြောက်နေမည်မဟုတ်၊ ကြောက်နေစရာမလိုပါ။ သိုဖြစ်လျှင် ဘုရားသခင်ကို ယုံကြည်ကိုးစားနေပါ က အဘယ်ကြောင့် ကြောက်နေဖို လိုနေပါသေးသနည်း?

သာဓက တစ်ခုအားဖြင့် ဤကိစ္စကိုထပ်မံ ရှင်းပြလိုပါသေးသည်။

ရှင်ယောဟန်၊ ၄၃-၄၂ တွင် ဖော်ပြထားသော ရှမာရိ အမျိုးသမီးကို လေ့လာကြည့်ပါ။ သူသည်ကြောက်စိတ်လွှမ်းနေသော အမျိုးသမီးတစ်ဦးဖြစ်နေပါ၏။ တောရွာများရှိ အမျိုးသမီးတို သည် အများအားဖြင့် နံနက် စောစော သို့မဟုတ် ညနေ၊ နေဝင်ရီတရော အချိန်ကျမှ ရေခပ် လေ့ရှိကြသည်။ သိုသော် ထိုအမျိုးသမီးသည် မွန်းတည့်အချိန်ကြီး၌ သူတစ်ဦးတည်း ရေခပ်ရန် လာခဲ့ပါ၏။ (ငယ် ၆ တွင်ဖော်ပြထား သော ခြောက်နာရီဆိုသည်မှာ ကျွန်တော်တိုခေတ် မွန်းတည့်အချိန် ကို ဆိုလိုသည်။)

အဘယ်ကြောင့် အဖော်မပါဘဲ မွန်းတည့်အချိန်ကြီးမှရေခပ်ရန် လာခဲ့ပါသနည်း?

သူသည် ရွာသူရွာသားများကို ကြောက်နေသောကြောင့်ဖြစ်ပါ၏။ သူသည် အကျင့်ပျက် အမျိုးသမီးတစ်ဦးဖြစ်နေသောကြောင့် ရွာသူရွာသားများ၏ ဝိုင်းပယ်ခြင်း၊ စောင်းမြောင်းပြောဆိုခြင်း၊ ကဲ့ရဲ့ ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းတိုကြောင့် ရေတွင်း၌ လူမရှိသော အခါမှ ရေခပ်ရန် လာခဲ့ခြင်းဖြစ်သည်။

ထိုအခါ ခရစ်တော်နှင့်တွေ့သည်။ စကားပြောဆို ဆွေးနွေးရသည်။ ထိုသို ဆွေးနွေးပြီးသော အခါမှ သခင်ယေရှုသည် မေရှိယ တည်း။ ခရစ်တော်ဖြစ်မှန်း “ယုံကြည်စိတ်ချသွားခဲ့၏။

ထိုအခါ သူသည်ဘာဖြစ်သွားခဲ့ပါသနည်း။

ယုံကြည်သောစိတ်၊ အားကိုးသောစိတ်၊ ယုံကြည်စိတ်ချသော သဘောကြောင့် သူ၏ရင်တွင်းရှိ ကြောက်စိတ်မှန်သမျှသည် ပျောက် ကွယ်သွားပါတော့၏။ သူကိုယ်တိုင်က ကြောက်ရွံ ထိတ်လန့် ရှောင်ရှားနေခဲ့သော ရွာသူရွာသားများထံသိုပင် ပြေးသွား၍ “ငါတို တစ်ချိန်လုံးစောင့်မျှော် နေကြသော မေရှိယကိုတွေ့ပြီ´လိုက်ခံပြောဆို သက်သေခံနိုင်သည်အထိ ဖြစ်သွားခဲ့၏။

ခရစ်တော်ကို ယုံကြည်စိတ်ချသွားသောကြောင့် သူ၏စိတ်နှလုံးတွင်းရှိ ကြောက်စိတ်သည် ပျောက်လွှင့်သွားခဲ့ပြီး သူကိုယ်တိုင်က “ကြောက်နေသော ရွာသူရွာသားများကို ရင်ဆိုင်နိုင်ခဲ့ပါသည်။

ရွာသူရွာသားများကလည်း ထိုအမျိုးသမီးကို မယုံကြည်သင်္ကာမကင်းစိတ်ထားရှိနေကြောင်း ငယ် ၄၂တွင် တွေ့နိုင်သည်။ သူတိုက “ငါတို့သည် သခင်၏စကားကိုယုံကြည်သည်မဟုတ်ဟု ပြတ်သားစွာ ဆိုခဲ့သည်။ “ယေရှု၏ စကားတော်ကို ငါတို ကိုယ်တိုင် ကြားနာရ၍၊ ဆွေးနွေးရ၍ သူသည်လောကီသားတို ကို ကယ်တင် တော်မူသော သခင်တည်းဟူသော ခရစ်တော်အမှန် စင်စစ်ဖြစ်တော်မူကြောင်းကို သိပြီ’ဟု ပြောခဲ့ကြပါ၏(ယော၊ ၄း၄၂)။

ယုံကြည်သောစိတ်သည် ကြောက်စိတ်ကိုသာမက မုန်းတီးစိတ်၊ မသင်္ကာစိတ်၊ သံသယစိတ်တို့ ကိုပင် ပျောက်လွင့်သွားစေနိုင်ပါ၏။“ကြောက်စိတ်နှင့် ချစ်ခြင်းမေတ္တာသည်လည်း ဆန့်ကျင်ဘက် ဖြစ်ပါသည်” ၁ယော၊ ၄း၁၈ တွင် ချစ်ခြင်းမေတ္တာသည်ကြောက်ခြင်း သံဝေဂ နှင့်မပေါင်းနိုင်။ စုံလင် သောမေတ္တာသည်ကြောက်ခြင်းကို ပယ်ရှား၏” ဟု ရှင်ယောဟန်က သွန်သင်ခဲ့သည်။

ကျွန်တော်တို့ အား ကားတိုင်ပေါ်၌ အသက်ပေးခဲ့သည့် အရှင်၊ ကားတိုင်အားဖြင့် မေတ္တာတော် ကို ဖော်ပြခဲ့သောအရှင်၊ တစ်ပါးတည်းသော သားတော်ကိုစွန့်တော်မူသည့်တိုင်အောင် ကျွန်တော် တို့ကိုချစ်တော်မူသော ဘုရားရှင်ကို အဘယ်ကြောင့် ကြောက်နေဖို လိုပါသနည်း?

ဖခင်ကဲ့သို ချစ်သောဘုရားကို အဘယ်ကြောင့် ကြောက်စရာလိုပါသနည်း?

သို့ဖြစ်လျှင် ခရစ်တော်သည် ဘာကိုသွန်သင်ပေးနေပါသ သနည်း?

အနက်ဖွင့်ကြည့်ကြပါစို –

(က) ဓမ္မဟောင်းခေတ် ဂျူးလူမျိုးများ၊ ဓမ္မဟောင်းကိုရေးသား ပြုစုခဲ့သူတို၏အယူအဆ၊ နားလည်သဘော၊ ထင်မြင်ချက် အတိုင်းပြောရလျှင် “ရာဝေ တည်းဟူသော ထာဝရဘုရား သည် အလွန်ကြောက်စရာကောင်းသောဘုရားပင်ဖြစ်၏။

ဂျူးလူမျိုးတို့အဖို့ ဘုရားသခင်ဆိုသည်မှာ “အလွန်သန့်ရှင်းမြင့်မြတ်သောအရှင်’ဟူ၍ အတိအကျခံယူထားသည်။

“ဘုရားသခင်ကို သန့်ရှင်းမြင့်မြတ်သောဘုရား´ဟူ၍ ထပ်တစ်လဲလဲဖော်ပြရေးသားခဲ့ကြ၏ (၄ရာ၊ ၁၉:၂၂၊ ဆာလံ၊ ၈၉း၁၈။ ဟေရှာ၊ ၁း၄၊ ၅း၂၄၊ ၁၀:၂၀၊ ၃၀း၁၁၊ ၄၇း၄၊ ၆း၉။ ယေရမိ၊ ၅၀း၂၉။ ဟောရှေ၊ ၁၁း၉)။

ဟေရှာယအနာဂတ္တိကျမ်း တစ်ကျမ်းထဲ၌ပင်လျှင် ထာဝရဘုရားကို “သန့်ရှင်းသောဘုရား ဟူ၍ (၂၉)ကြိမ်ထက်မနည်း ခေါ်ဆိုထားခဲ့သည်။

“သန့်ရှင်းမြင့်မြတ်သည်ဟူသော ဟေဗြဲစကားမှာ Quadosh (ကွာဒေ့ရှ်)ဖြစ်ပြီး၊ အလွန်သန့်ရှင်းမြင့်မြတ်လှသောကြောင့် မည်သည့်လူမျိုး၊ ပုဂ္ဂိုလ်တော်နှင့်မျှမတူ၊ `ထူးခြားသည်၊ သီးသန့် ခွဲခြားထားသည် သန့်ရှင်းလွန်းသဖြင့် “သီးသန့်ဖယ်ရှားထားခြင်း ခံသင့်သော အရှင်မြတ် ဖြစ်သည်ဟူသော အနက်လည်းရှိ၏။ ထိုကြောင့်

(၁)       ဘုရားသခင်၏အနီးသို မည်သူမျှ မချဉ်းကပ်နိုင်၊ ဘုရား နှင့်လူစပ် အုတ်တံတိုင်း ကြီးကွာခြားနေသည်။ အနီးကပ် မိတ်သဟာယဖွဲနိုင်ခြင်းမရှိ။ ထိုမျှသာမက ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်လွန်းလှသဖြင့် ကျမ်းစာဖတ်လျှင် သို့မဟုတ် ထာဝရဘုရားဟု နှုတ်မြွက်ဆိုချင်လျှင် ဟေဗြဲ စကားဖြစ်သော ရာဝေဟူ၍ပင် မဖတ်ရဲ မခေါ်ရဲ။ “အေဒိုနိုင်” (Adonai)ဟူ၍ ဖတ်ရှုပြော ဆိုကြရသည်။

(၂) ဘုရားသခင်၏အနီးသို ချဉ်းကပ်လိုက်သည်နှင့် လူသည်သေဆုံးသွားနိုင်သည်။ “ငါ့မျက်နှာကိုမြင်လျှင် အသက်ရှင်ရသော လူတစ်စုံတစ်ယောက်မျှမရှိ၊ ကျောကိုသာမြင်ရမည်”ဟူ၍ မောရှေအားမိန့်တော်မူ ခဲ့ကြောင်း မှတ်တမ်းတင်ခဲ့၏(ထွက်၊ ၃၃း၂၀-၂၃)။

“ပေညေလ’အရပ်၌ “ယာကုပ်သည်ကောင်းကင်တမန်နှင့်နပန်းလုံးပြီးနောက် “ငါသည် ဘုရားသခင်ကို မျက်နှာဆိုင်၍ ဖူးမြင်ရသော်လည်း အသက်ချမ်းသာပြီ (ဝါ) မသေပါ တကားဟူ၍ အံ့သြစွာမြွက်ဆိုခဲ့၏(ကမ္ဘာ၊ ၃၂း၃၀)။

ဂိဒေါင် သည် ထာဝရဘုရား၏ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင်မြင်ရသဖြင့် အလွန်ထိတ်လန့်ကြောက်ရွံနေစဉ် ကိုယ်တော်က ‘မစိုးရိမ်နှင့်။ သင်သည်သေဘေးနှင့်လွတ် လျက်ရှိ သည်´ဟု အားပေးအားမြှောက်ပြုခဲ့ရသည်(သူကြီး၊ ၆း၂၂-၂၃)။

မာနော်သည် ထာဝရဘုရား၏ကောင်းကင်တမန်ကိုမြင်ပြီးသည့်နောက် သူ၏ဇနီးအား “ငါတို့သည် ထာဝရဘုရားသခင်ကို မြင်သောကြောင့် ဆက်ဆက်သေရတော့မည်´ဟူ၍ တုန်လှုပ်ချောက်ချားစွာ ပြောခဲ့သည်(သူကြီး၊ ၁၃း၂၂)။

ရာစုနှစ်ပေါင်း ကြာမြင့်လာစေကာမူ ဣသရေလလူမျိုးတို့ အဖို့ ထိုအယူအဆသည် လျော့ပါးသွားသည့်အပြင် စိတ်ထဲ၌ စွဲမြဲနေခဲ့၏။

(၃) အခြေခံဒုစရိုက် ပြုသူမှန်သမျှကို ခံဝိညက်ညက်ချေဖျက်မည့်ဘုရားဟူ၍သာ မြင်ခဲ့ကြသည်။

အပြစ်သား မှန်သမျှကို ဖျက်ဆီးမည့်ဘုရား၊ သောဒုံနှင့် ဂေါမရမြိုများကို မီးလောင်ကျွမ်းစေခဲ့သည့်ဘုရားသခင် (ကမ္ဘာ၊ ၁၉း၂၄)။

အဖတို့၏ အပြစ်ကိုသားစဉ်မြေးဆက် လေးဆက်တိုင်အောင်ဆပ်ပေး စီရင်မည်ဖြစ်သော ဘုရားသခင်(ထွက်၊ ၂၀:၅၊ ၃၄း၇)ဟူ၍ အလွန်ကြောက်ရွံဖွယ်ရာကောင်းသော ဘုရားသခင်ကဲ့သို ခံယူခဲ့၏။

ထိုကြောင့် မ္မဟောင်းခေတ်ရှိ ဣသရေလလူမျိုးတိုသည်ထာဝရဘုရားကို ကြောက်စိတ်ဖြင့်သာ သက်ရှင်နေထိုင်ခဲ့ကြပါ၏။

သို့သော် ခရစ်တော်ကြွလာတော်မူသောအခါ ဘုရားသခင်ကို ကြောက်ရွံရိုသေစေရန် ဟောပြောပြီးသည့်တစ်ပြိုက်နက် ကိုယ်တော်ကို ယုံကြည်ကိုးစားရန်ကိုလည်း တစ်ဆက်တည်းမိန့်တော်မူလေ့ရှိကြောင်း ခရစ်ဝင်ကျမ်းတိုင်း၌ တွေ့လာရသည်ကို ထူးခြားစွာ တွေ့လာရသည်။

အထက်တွင်ဖော်ပြထားသော ရှင်မဿဲနှင့်ရှင်လုကာကျမ်းတို့၌ အထင်ရှားဆုံး ဖြစ်ပါ၏။

ရှင်မဿဲ၊ ၁၀း၂၉-၃၁ ကိုလေ့လာဖတ်ရှုလိုက်သည်နှင့်ဘုရားသခင်ကို “အဖ” (ဝါ) ဖခင်ဟူ၍ ခေါ်ဆိုခိုင်းရုံမက စာငှက်ကလေးတစ်ကောင်ကိုပင်လျှင် ကြင်နာ၊ ကရုဏာ ထားသော ဘုရားသခင်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်လာစေ၏။

ဖခင်ကဲ့သိုချစ်ပြီး စာငှက်ကလေးကိုပင်လျှင် တန်ဖိုးထား ဘုရားမျိုးသည် ကြောက်ရွံထိတ်လန့် တုန်လှုပ်စရာ မလိုသော ဘုရားသခင်ဖြစ်ကြောင်း မြင်တွေ့လာနိုင်သည်။

ထိုကြောင့် ခရစ်တော် ဖော်ထုတ်သွန်သင်နေသော အဓိက အချက်မှာ“ဘုရားသခင်ကို ယုံကြည်ကိုးစား၊ မှီခိုအားထား ချစ်ကြောက်ရိုသေသောစိတ်ထား (Reverence) စိတ်ထားကို ဖော်ထုတ်ပေးနေခြင်းပေတည်း။

(ခ) ခရစ်တော်ဩဝါဒတစ်စုလုံးကို သေသေချာချာ သုံးသပ်ဆင်ခြင်ကြည့်လျှင် ကိုယ်တော်ကဲ့သို “ကြောက်စိတ်” (Fear)ကိုပယ်ရှားသုတ်သင်ပစ်‌ေနသော အရှင်ဟူ၍ မရှိကြောင်းကို တွေ့ရပါလိမ့်မည်။

ကိုယ်တော်က လူအပေါင်းကိုလေ့လာကြည့်သောအခါ သူတို့ သည် ကြောက်စိတ်လွှမ်းမိုးခြင်း ခံနေရသည်ကို တွေ့မြင်ခဲ့၏။

ကြောက်စိတ်ကြောင့် လူပေါင်းများစွာသည် မိမိတို၌ရှိနေသောစွမ်းရည်များကို အသုံးမပြုနိုင် ခြင်း၊ စိတ်လှုပ်ရှားနေတတ်ခြင်း၊ စိတ်ပျက်အားလျော့ရုံမက အားအင်ကုန်ခန်း ချည့်နဲ့နေ ကြောင်းကို တွေ့ရသည်။

ထိုကြောင့်လည်း ကိုယ်တော်က “မကြောက်ကြနှင့်” “ကြောက် ရွံခြင်း မရှိကြနှင့်” “မစိုးရိမ်ကြနှင့်” ဟူ၍ ထပ်တလဲလဲ အားပေးနေလေ့ရှိသည်ကို ခရစ်ဝင်ကျမ်းများတွင် တွေ့ရပါလိမ့်မည်။

ဂါလိလဲအိုင်ထဲ၌ မုန်တိုင်းဒဏ် ခံနေရသော တမန်တော်တို့ထံ စက်တော်ဖြန့်လျက် “ငါပင်ဖြစ်သည်၊ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူခဲ့သည်(မဿဲ၊ ၁၄း၂၇။ မာကု၊ ၆း၅၀။ ယော၊ ၆း၂၀)။

တရားဇရပ်မှူး၏ သမီးငယ်ကွယ်လွန်ပြီဟု သိရသည်နှင့်တစ်ပြိုက်နက် “မကြောက်ကြနှင့်၊ ယုံကြည်ခြင်း စိတ်တစ်ခုသာရှိစေလော့’ဟု ဆိုခဲ့သည်(မာကု၊ ၅:၃၆)။

နောက်ဆုံးသော ညစာစားပွဲတွင် ကြောက်ရွံတုန်လှုပ်နေကြသော တမန်တော်တို အား “ငြိမ်သက်ခြင်းကို သင်တို၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တိုအား ငါပေး၏။ သင်တိုစိတ်နှလုံး ပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်”ဟု မိန့်မှာပြီး နှစ်သိမ့်မှု ပေးခဲ့သည်(ယော၊ ၁၄း၂၇)။

မိမိ၏တပည့်တော်များကိုသာမက ခရစ်တော်၏သက်တော် စဉ်ကိုကြည့်လျှင်လည်း ကိုယ်တော်သည်ပင်လျှင် ကြောက်စိတ်ကင်းမဲ့နေပုံကို အရှင်းသား တွေ့နိုင်သည်။ ကားတိုင်ကို ရဲရဲရင်ဆိုင်ပြီး အဖမ်းခံ၊ ကားတိုင်၌ အသေသတ်ခြင်းခံရခါနီးတိုင်အောင် ကိုယ်တော်သည် ကြောက်ရွံ ထိတ်လန့်နေခြင်းကို လုံးဝမတွေ့ရပါ။ တရားစီရင်နေသော ပိလတ်မင်းသည်သာလျှင် ကြောက်ရွံထိတ် လန့် ယောက်ယက်ခတ်နေပြီး ကိုယ်တော်သည် တရားခုံရုံးတွင် အတည်ငြိမ်ဆုံး၊ အေးဆေးအ တည်ကြည်ဆုံး ဖြစ်နေကြောင်း ခရစ်ဝင်ကျမ်းများတွင်တွေ့ရပါလိမ့်မည်။

ပိလတ်မင်းကိုယ်တိုင်ကလည်း ခရစ်တော်ကိုကြည့်ပြီး သူရဲဘောကြောင်သူဟူ၍ လုံးဝမထင် မှတ်ခဲ့ပါ။ ရှင်ပေါလုက “ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို အားပေးတော် မူသည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်း သောစိတ်သဘောကို ပေးတော်မူ၏’ဟူ၍ ဝန်ခံခဲ့သည်(၂တိ၊ ၁း၇)။

တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သည် ကြောက်စိတ်နှင့်ဆန့် ကျင်ဘက်ဖြစ်သည်ကို မည်သူကမျှမငြင်းနိုင်ပါ။

ကြောက်စိတ်သည် အလွန်ပင်ကြောက်စရာကောင်းကြောင်းကိုယ်တော်ရှင်သိပါ၏။

ကြောက်စိတ်သည် လူကိုလွှမ်းမိုးလာလျှင် နှစ်မျိုးဖြစ်လာနိုင်သည်။

ထိုသူသည် ထိန်းမနိုင်သိမ်းမရ၊ ကယောက်ချောက်ချားဖြစ်၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်လာနိုင်သည်။ သိုမဟုတ် တုဏှိဘာဝေ၊ ခြေသေ၊ လက်သေ၊ ကိုယ်လက်အေးစက်ပြီး မလှုပ်မယှက်၊ ဘာမျှမလုပ်တတ်မကိုင်တတ်ဖြစ်လာတတ်ပါ၏။

စာအုပ်တစ်အုပ်ထဲ၌ သာဓကကောင်းတစ်ခုကို ဖတ်ရှုခဲ့ဘူးပါသည်။

မြို့ကြီးတစ်မြို့တွင် ဝမ်းရောဂါကြောင့် လူများသေကြေပျက်စီးစေခဲ့သော ဝမ်းရောဂါပိုးနှင့် လူတစ်ဦးသည် ဆုံတွေ့မိသဖြင့်မေးကြည့်သည်ဟု ဆို၏။

“မင်းနှောင့်ယှက်လိုက်လို့ အဲဒီမြိုမှာ လူဘယ်နှစ်ဦးသေခဲ့သလဲကွ”

“လူရှစ်သောင်းသေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က လူလေးသောင်းနဲ့သာ ထိတွေ့ခဲ့ ပါတယ်ဗျာ”

“ဟင်.. ဒီလိုဆို ကျန်တဲ့လေးသောင်းက ဘယ်လိုကြောင့်သေသွားကြတာလဲ”

“အဲဒီလူတွေက ကြောက်စိတ်ကြောင့် သေကြတာပါ”ဟု ဖြေခဲ့သောဟူ၏။

လူသည်ကြောက်စိတ်မျိုးစုံကို ခံစားတတ်သည်။ အိုရမည် ကိုကြောက်သည်။ နာရမည်ကို ကြောက်သည်။ သေရမည်ကိုကြောက်သည်။ တမလွန်ဘဝကို ကြောက်သည်။ ပစ္စုပ္ပန်ကို ကြောက်သည်။ ရှုံးနိမ့်သွားမည်ကို ကြောက်တတ်သေး၏။

ရှင်မဿဲ၊ ၂၅း၁၄-၃ဝ တွင် ခရစ်တော်မိန့်တော်မူခဲ့သော ဥပမာတော်ကို စဉ်းစားကြည့်ပါ။

သူဌေးကြီးတစ်ဦးသည် သူ၏တပည့်သုံးဦးကိုခေါ်၍ တစ်ဦးကို ငွေအခွက်ငါးဆယ်၊ တစ်ဦးကို အခွက်နှစ်ဆယ်နှင့် ကျန်တစ်ဦးကို အခွက်တစ်ဆယ်ပေးပြီး အခြားပြည်သို ထွက်သွားခဲ့၏။

အခွက်ငါးဆယ်ကိုရသောသူက ကုန်သွယ်ခြင်းကို ပြုသဖြင့်နောက်ထပ် အခွက်ငါးဆယ်မြတ် ခဲ့သည်။ အခွက်နှစ်ဆယ်ကို ရသော သူကလည်း အလားတူပြုသဖြင့် အခွက်နှစ်ဆယ်ကို မြတ်ပြန်၏။ အခွက်တစ်ဆယ်ကိုရသောသူမှာကား မြေ၌တွင်းတူးပြီးမြှုပ်ထားခဲ့၏။

သူဌေးကြီးပြန်လာသောအခါ အခွက်ငါးဆယ်အမြတ်ရသူ နှင့် အခွက်နှစ်ဆယ် အမြတ်ရသူကို ချီးမွမ်းသောလည်း မြေတွင်း တူး၍ မြှုပ်ထားသောသူကိုကား ဒဏ်ခတ်ခဲ့၏။ ထိုသူသည် အဘယ့် ကြောင့် မြေတွင်းတူး၍ မြှုပ်ထားသူအား ဒဏ်ခတ်ရပါသနည်း?

အခန်းငယ်၊ ၂၄ မှ ၃ဝ ကိုဖတ်ကြည့်ပါ။ သူသည် ထိုငွေ ဆုံးရှုံးသွားမည်ကို ကြောက်သော ကြောင့်ဖြစ်ကြောင်း ရှင်းပြခဲ့သည်ကို တွေ့ရပါလိမ့်မည်။ ကြောက်စိတ်ကြောင့် ငွေကိုမြှုပ်နှံသိုဝှက်၍ လက်ပိုက်ထိုင်နေခဲ့သောကြောင့် ဖြစ်ပါ၏။

ရှုံးနိမ့်မည်ကို ကြောက်နေခြင်းကြောင့်ပင်လျှင် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။ အရှုံးပေါ်မည် ဟူသော ကြောက်စိတ်ကြောင့်ပင်လျှင် အရှုံးပေါ်သွားခဲ့ခြင်းဖြစ်ပါ၏။

ကြောက်စိတ်ရှိတတ်သော လူများကို ခရစ်တော်ကနည်းလမ်း သုံးမျိုးဖြင့် ပြုပြင်ပေးခဲ့သည်။

(က) အတိတ်၌ ပြုခဲ့သောအရာများကြောင့် ပေါက်ပေါက်လာသော  ကြောက်စိတ်ကိုပယ်ဖျက် ပေးခဲ့သည်။

အတိတ်၌ ပြုလုပ်ခဲ့သော ဒုစရိုက်များ၏ တန်ပြန်မှုကို ာကြောက်နေသော သူများအား ပြစ်လွှတ်လိုက်ခြင်းအားဖြင့် ကိုကြောက်စိတ်ကိုပပျောက်သွားလေသည်။

အတိတ်ကို စိတ်စွဲလမ်းနေခြင်းကြောင့် ဝမ်းနည်းကြေကွဲခြင်း၊ ကြောက်နေခြင်းကို ပပျောက်စေသည်။ အတိတ်၌ပြုခဲ့သောအရာများကို သတိရနေခြင်းကြောင်း ဝမ်းနည်းကြေ ကွဲလာတတ်သည်။ ဝမ်းနည်းကြေကွဲနေရုံနှင့် မပြီးဆုံးသေးပါ။ ဝမ်းနည်းကြေကွဲခြင်းသည် အတိတ်ကို ပြန်လှည့်ကြည့်နေစေတတ်သည်။

နောင်တရခြင်းသည်သာလျှင် အတိတ်ကိုကျောခိုင်းလိုက်စေတတ်၏။

ဝမ်းနည်းကြေကွဲနေခြင်းကြောင့် ပြုခဲ့သမျှ၏ ရလဒ်ကိုကြောက်လာစေတတ်သည်။ ကြောက်စိတ်ဖြစ်ပေါ် စေတတ်၏။ နောင်တရခြင်းမူကား အပြစ်လွှတ်နိုင်သော ဘုရားသခင်၏တန်ခိုး တော်ကို မှီခိုအားထားလာပြီး ကြောက်စိတ်မှလွတ်မြောက်လာစေနိုင်ပါ၏။

သို့ကြောင့် ကိုယ်တော်က“ထွန်ကိုင်းကိုကိုင်လျက် နောက်သို့ လှည့်၍ကြည့် သောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်နှင့်မထိုက်မတန်’ဟု မိန့်တော်မူခဲ့ပါ၏။

(ခ) ကောင်းကင်ကို မျှော်ကြည့်စေပြီး ပစ္စုပန်အတွက် ကြောက်စိတ်ကိုဖြေဖျောက်ခိုင်းပါ၏။

အဘယ်သို့ စားသောက်ရမည်၊ အဘယ်သို့ ဝတ်ရမည်ကို စိုးရိမ်မနေကြနှင့်။ မိုးကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့’ ဟု ကောင်းကင်ကို လက်ညှိးထိုးပြခဲ့သည် (မဿဲ၊ ၆း၂၅-၂၆၀)။

ထိုခေတ်က ကိုယ်တော်၏တရားတော်ကိုနာနေကြသူ လူထုကြီးမှာ ဆင်းရဲနွမ်းပါးလှ၍ ပစ္စုပ္ပန်အတွက် စိုးရိမ်စိတ်၊ ကြောက်စိတ်များနှင့် ရင်ထဲပြည့်သိပ်နေသည်ကို ကိုယ်တော်သိပါ၏။

“ကောင်းကင်ဘုံ၌ရှိသော သင်တို၏အဖသည် သင်တို့ကိုပစ်ထားတော်မူလိမ့်မည်မဟုတ်’ဟူ၍ အားပေးစကားပြောခြင်းအားဖြင့် ထိုကြောက်စိတ်နှင့် စိုးရိမ်စိတ်ကို ဖျောက်ဖျက်ခိုင်းပါသည်။

ဘုရားသခင်ကို ချစ်ခင်၊ မှီခို၊ အားကိုး၊ ယုံကြည်စေခြင်းအားဖြင့် ထိုသို့ သော ကြောက်စိတ်ကို ပယ်ဖျက်ခိုင်းခဲ့ပါ၏။

ထိုကြောင့် မကြောက်ကြနှင့် သင်တို့သည် စာငှက်များထက်ပို၍ မြတ်ကြ၏(လုကာ၊ ၁၂း၇)။

(ဂ) ဘုရားသခင်၏လမ်းပြခြင်း၊ ကြည့်ရှုစောင်မခြင်းကို သွန်သင်ပြီး အနာဂတ်အတွက် ကြောက်စိတ်ကိုပျောက်စေပြန်၏။

ဖြစ်ပေါ်လာမည့် အနာဂတ်သည်လူတစ်ဦး၏ဘဝအတွက်အရိပ်ကြီးသဖွယ်ဖြစ်ပြီး ကြောက်နေစေတတ်သည်။

ထိုကြောင့် ကိုယ်တော်က “နက်ဖြန်အတွက် မစိုးရိမ်ကြနှင့်။ နက်ဖြန်နေ့သည် မိမိအဖို့ စိုးရိမ်လိမ့်မည်။ ယခုနေ့ ရက်၌ ရှိသော မကောင်းမသင့်သော အရာသည် ယခုနေ့ဖို့လောက်ပေ၏’ဟု ဆုံးမလိုက်ပါ၏(မဿဲ၊ ၆း၃၄)။

လူသည် အနာဂတ်အတွက် စိုးရိမ်ကြောင့်ကြ၊ ပူပင်ရုံမက ကြောက်လည်းကြောက် နေတတ်ပါ၏။ သို့သော် အနာဂတ်တွင်ဖြစ်ပေါ်လာမည်ဟု စိုးရိမ်နေသောအရာ၊ ပူပင်နေသောကိစ္စ၊ ကြောက်နေသော ဖြစ်ရပ်အများစုသည် ထင်နေသကဲ့သိုပေါ်ပေါက်လာတတ်ပါ။

ထိုကြောင့်လည်း ဓမ္မဆရာကြီး ဒေါက်တာဝဲသားဟဲဒ်က “မနက်ဖြန်အတွက် ယနေ့ကတည်းက မောမနေပါနှင့်”ဟူ၍ ဆောင်းပါးတစ်စောင် ရေးသားခဲ့ဖူးပါသည်။

ထိုနောက် ကိုယ်တော်သည် လူအပေါင်းတို အပေါ်၌ ဘုရားသခင်ထားရှိနေသော မေတ္တာတော် အကြောင်းကို အတိအလင်းသွန် သင်သည်။

ပျောက်သောသား၊ ပျောက်သောသိုး စသည့် ဥပမာတော်တို့ အားဖြင့်လည်း ဖြည့်စွက်သည်။ ဘုရားသခင်ကို“ကောင်းကင်ဘုံ အရှင်အဖ”ဟူ၍လည်း ဖခင်အရင်းကဲ့သို ဖြစ်ကြောင်း ထပ်တလဲ လဲဟောကြားခဲ့သည်။

“သင်တို့သည် ကိုယ်သားတို့ အား ကောင်းသောအရာကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံရှင်အဖသည် သာ၍ပေးမည်မဟုတ်လော” ဟူ၍လည်း ဖခင်ကဲ့သို သဘောထားပြီး ဆုတောင်းခိုင်းသည်(မဿဲ၊ ၇း၁၁)။

ဓမ္မဟောင်းခေတ်ရှိ လူတို့ သည် ဘုရားသခင်ကိုကြောက်ရွံထိတ်လန့်သကဲ့သို မဖြစ်စေရ။ ဘုရားသခင်အား ကြောက်ရွံထိတ် လန့်နေခြင်း၊ တုန်လှုပ်ချောက်ချားခြင်းအဆင့်မှ ဖခင်တစ်ဦးကဲ့သို ချစ်ကြောက်ရိုသေခြင်း၊ ရိုသေခန့်ညားခြင်း၊ ရိုသေလေးစားခြင်းအဆင့်သို့ မြှင့်တင်ပေးနေ ခြင်းသာဖြစ်၏။

ကြောက်စိတ်ကို ချစ်ခြင်းမေတ္တာစိတ်အဆင့်ရောက်သည်အထိ မြှောက်တင်ချီပင့်ပေး နေခြင်းဖြစ်ပါ၏။ သို့ဖြစ်လျှင် ကိုယ်တော်က “ကိုယ်ခန္ဓာကိုသတ်ပြီး ငရဲထဲသို့ ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား ထိုသူ(ဘုရားသခင်)ကိုကြောက်ကြလော့ ဟူ၍ အဘယ်ကြောင့်မိန့်တော် မူခဲ့ရပါသနည်းဟူ၍ မေးစရာပေါ်လာပါပြီ။

အထက်ဖော်ပြပါ လုကာ၊ ၁း၂၅ ကိုဆက်ဖတ်ပါ။ အခန်းငယ် (၁၀)ရောက်လာသောအခါမှ အဖြေကို တွေ့ရပါလိမ့်မည်။

အခန်း(၁ဝ)တွင် “လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ မည်သည်ကား အပြစ်နှင့်လွတ်စေခြင်း အခွင့်ကို ရနိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို ကဲ့ရဲ့သောသူမည်သည်ကား အပြစ်နှင့်လွတ်စေခြင်း အခွင့်ကို မရနိုင်ရာ´ဟူသော ကျမ်းစကားကို တွေ့ရလိမ့်မည်။

ဤကျမ်းပိုဒ်သည် အခန်းငယ်(၅)နှင့် သီးသန့်ဖြစ်နေပုံရ သည်။ မဆီမဆိုင်သကဲ့သို ဖြစ်နေသည်။ ဤစကားကို မိန့်တော်မူရ သည့် ဖြစ်ရပ်နှင့်ကင်းကွာပြီး ‘Out of Context’ ဖြစ်နေပုံရသည်။

သို့သော် သေသေချာချာ ဆက်၍ ဖတ်ပါက အခန်းငယ်(၁၂) နှင့်ဆက်စပ်နေသည်။ ကိုယ်တော် အတွက် သက်သေခံသော သန့်ရှင်းသော ဝိညာဉ်တော်က အကူအညီပေးမည်ဟု သတိပေးခါနီးတွင် ထိုဝိညာဉ်တော်ကို မပြစ်မှားမည်အကြောင်း သတိပေးနေခြင်းသာဖြစ်ပါ၏။

သန့်ရှင်းသော ဝိညာဉ်တော်ကို ဂရိစကားအားဖြင့် “ပါရာကလီတော့စ် (Parakletos) ဟူ၍ သုံးထားသည်။ အနက်ရင်းမှာ “ကူညီရန် အမြဲအသင့်ရှိနေသူ ဖြစ်၏။ ဒုက္ခရောက်သောအခါ ကြောက် စရာမလို၊ သန့်ရှင်းသောဝိ ညာဉ်တော်ကို ကူညီရန် အမြဲအသင့်ရှိနေခြင်းကို ဆိုလိုသည်။

ဤအခန်းငယ်(၁၀)နှင့်ပတ်သက်သည့်ဖြစ်ရပ်ကို ရှင်မဿဲနှင့် ရှင်မာကုတိုက မှတ်တမ်းတင်ထား ပြီးဖြစ်၍ ရှင်လုကာက ချန်ရစ်ထားခြင်းသာ ဖြစ်သည်။

မဿဲ၊ ၁၂း၂၂-၃၃ နှင့် မာကု၊ ၃း၂၂-၃ဝ ကို ဖတ်ကြည့်မှသာ အနက်ကို ရှင်းရှင်းလင်းလင်း ပေါ်လာစေပါလိမ့်မည်။

ကျွန်တော် ရေးသားပြုစုခဲ့ပြီးသော “ခရစ်တော်၏သက်တော်စဉ်နှင့် ဩဝါဒများ (ပထမတွဲ စာမျက်နှာ ၃၄၃-၃၅ဝ တွင် ဤကျမ်းပိုဒ်ကို အနက်ဖွင့်ပြပြီးဖြစ်သော်လည်း ဤကျမ်း၌ အကျဉ်းချုံး၍ ထပ်မံရှင်းပြပါမည်။

ခရစ်တော်သည် နတ်ဆိုးစွဲသော လူကန်း လူတစ်ဦးအား မျက်စိမြင်၍ စကားပြောလာနိုင်စေရန် ကုသခဲ့ပြီးသည့်တစ်ပြိုင်နက် အနီးရှိ ဖာရိရှဲတို့က ကိုယ်တော့်ကို ဟေဗြဲစကားအားဖြင့် “နတ်ဆိုး တို့တွင် အကြီးဆုံး’ဟု ခေါ်သောဗေလဇေဗလကို အမှီပြု၍ ထိုရောဂါရှင်တွင်ရှိနေသော နတ်ဆိုးကို နှင်ထုတ်ခဲ့သည်ဟု အရမ်းကာရောမျက်စိမှိတ်စွပ်စွဲခဲ့သည်။

ဖာရိရှဲတိုသည် ခရစ်တော်က ဖော်ပြနေသော ဘုရားသခင်၏တန်ခိုးတော်နှင့်ကျေးဇူးတော်ကို မြင်ရပါလျက် နတ်ဆိုးမင်း၏ တန်ခိုးကိုမြင်နေကြသည်။ သူတို၏အမြင်သည် တက်တက်စင်မှား နေကြ၏။

ဘုရားသခင်၏ဝိညာဉ်တော်သည်လုပ်ငန်းနှစ်မျိုးကို ဆောင်ရွက်ပေးပါသည်။

(က) ဘုရားသခင်၏အမှန်တရား၊ သစ္စာတရားကို လူတို့ထံ ယူဆောင်လာပေးသည်။

(ခ) ယူဆောင်လာပေးရုံမက ထိုသစ္စာတရားကို နားလည်လာစေရန် စိတ်နှလုံးတွင်း၌ လှုံဆော်ကူညီအားပေးပါသည်။

ဖာရိရှဲတိုသည် ဘုရားသခင်ဝိညာဉ်တော်၏ကောင်းမြတ်လုပ်ရပ်ကို ရှင်းရှင်းမြင်နေရပါလျက် နတ်ဆိုးကြီး၏လုပ်ရပ်ဟူ၍ မြင်နေသည်။ ဘုရားသခင်၏ဝိညာဉ်တော်ကို နတ်ဆိုးဟူ၍ မြင်လာစေသည်အထိ ဖာရိရှဲတို ၏စိတ်နှလုံးသည် ခိုင်မာလျက်နေချေပြီ။

ဝိညာဉ်တော်၏ တန်ခိုးအာနိသင်ကို မျက်ဝါးထင်ထင်မြင် တွေ့နေရပါလျက် ခေါင်းခါငြင်း ပယ်ရုံမက ဝိညာဉ်တော်ကို နတ်ဆိုး မင်းအဖြစ် စော်ကားပြစ်မှားခဲ့ကြသည်။ သူတိုသည် “အကောင်းကို “အဆိုး”ဟူ၍မြင်နေသည်။ “အဆိုး”ကို “အကောင်း’ဟူ၍ ထင်နေသည်။ သုစရိုက်ကိုမြင်ပြီး ဒုစရိုက်ဟူ၍ပြောနေပြီး အမှန်ကိုအမှား၊ အမှားကိုအမှန်အဖြစ် မြင်လာရသည်အထိ မျက်စိကန်း နားမကြားဘဲ ဖြစ်နေကြပါပြီ။

လူတစ်ဦးသည် ကောင်းမြတ်သောအမျှပြုခဲ့သည်ကို မြင်ရပါလျက် ဆိုးယုတ်မှုဟူ၍ မြင်နေလျှင်လည်းကောင်း၊ သုစရိုက်ကိုဒုစရိုက်ဟူ၍ မြင်နေလျှင်လည်းကောင်း၊ ဒုစရိုက်ကို သုစရိုက်ဟူ၍ မြင်နေလျှင်လည်းကောင်း၊ အမှားကိုသူတိုကိုယ်တိုင်ပြုနေပါလျက် မှားမှန်းမသိ၊ အတင်းအဓမ္မခံငြင်းနေသည့်အဖြစ်သို့ လည်းကောင်း ရောက်နေလျှင် သူ၏စိတ်နှလုံးသည် မာကျောနေပါပြီ။

ကောင်းမြတ်မှုကို ထိတွေ့ခံစားနိုင်မည် မဟုတ်ရုံမက ကောင်းကိုပြုလုပ်စိတ်၊ ပြုပြင်နိုင်စွမ်းပင် ရှိတော့မည်မဟုတ်ပါ။

“အပြစ်နှင့်လွတ်စေခြင်းအခွင့်ကို မရနိုင်’ဟူသော စကားသည် ပြင်းထန်ပုံရသော်လည်း ထိုအခွင့်ကို ဘုရားသခင်က ပိတ်ပင်ခြင်းမဟုတ်။ သူတို၏ခိုင်မာအေးစက်နေသော သဘောထားကြောင့် သူတို့ကိုယ်တိုင်ကပင် အလိုအလျောက် ပိတ်ပင်တားဆီးနေခြင်း ဖြစ်ပါ၏။

ထိုသို့ စိတ်ခိုင်မာသောလူမျိုး၌ “နောင်တရရန် အရည်အချင်း၊ စိတ်သဘောထား၊ နောင်တနှင့် ဆိုင်သော စိတ်ထား လုံးဝရှိတော့မည်မဟုတ်သဖြင့် အပြစ်လွှတ်ခြင်းအခွင့်ကို မခြင်းသာလျှင်ဖြစ်၏။

စစ်မှန်သော နောင်တရခြင်း၊ ဝမ်းနည်းကြေကွဲခြင်းဆိုသည်မှာ လုံးဝဖြစ်နိုင်တော့မည်မဟုတ်ပါ။ ထိုသူတို၏ဝိညာဉ်သည် ငရဲနှင့်မလွဲပြီဖြစ်၍ ထိုအဖြစ်သို ရောက်မည့်အရေးကို ကြောက်ကြရန် ကိုယ်တော်က သတိပေးနေခြင်းသာ ဖြစ်ပါ၏။

အရေးကြီးဆုံးသော အချက်မှာကား ဘုရားသခင်ကို ကြောက်ရွံရိုသေ ကိုင်းရိုင်းစေရနံ မိန့်တော်မူနေခြင်းမှာ ဘုရားသင်သည်ကြောက်စရာကောင်းသောကြောင့်မဟုတ်၊ အပြစ်ဒဏ်ကို မတရားစီရင်နေသောကြောင့် မဟုတ်ပါ။

“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်နေသောကြောင့်တည်း(၁ယော၊ ၄း၁၆)။

သာဓကများဖြင့် ရှင်းပြပါမည်။

သားဆိုးတစ်ဦးသည် မိမိဖခင်ကို ကြောက်သည်။ ဖခင်ကအပြစ်ဒဏ်ပေးမည်ကို ကြောက်သောကြောင့် ဖြစ်၏။ ဖခင်ထက် အပြစ်ဒဏ်ကို ကြောက်နေခြင်းသာဖြစ်သည်။ သားလိမ္မာသည် ဖခင်ကိုကြောက်သည်။ အပြစ်ဒဏ်ကိုကြောက်၍မဟုတ်ပါ။ သူသည်မကောင်း မှုကိုပြုပါက ဖခင်သည် ဝမ်းနေကြေကွဲ၊ စိတ်ထိခိုက်နာကျင်ပြီး ဖခင်ဖြစ်သူ၏ဂုဏ်သိက္ခာညှိးနွမ်း သွားမည်ကို စိုး၍ကြောက်ခြင်းဖြစ်ပါ၏။

သူ၏ကြောက်စိတ်သည် ဖခင်အပေါ်၌ သူထားသောမေတ္တာ နှင့် ဖခင်ကလည်း သူ့အပေါ် ၌ထားသော မေတ္တာအပေါ်မူတည်၏။ ခရစ်တော်သည် ကြောက်စိတ်ကို ချစ်ခြင်းမေတ္တာ အဆင့်သို့မြှင့်တင်ပေးနေပါ၏။

ဆိုးသွမ်းသော ခင်ပွန်းသည် သူ၏ဇနီးကိုကြောက်ခြင်းမှာ ဇနီး၏အမျက်ဒေါသကိုကြောက်ခြင်း၊ ဇနီး၏ဒေါသအရှိန် တဟုန်းဟုန်တောက်လာမည်ကိုသာ ကြောက်နေခြင်းဖြစ်သည်။

ခင်ပွန်းကောင်းမူကား သူ၏မှားယွင်းသော လုပ်ရပ်ကြောင့်ဇနီးဖြစ်သူသည် ရင်ကွဲပက်လက်ဖြစ်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ မျက်ရည်ကျမည်ကို မလိုလားခြင်းတိုကြောင့် ဖြစ်ပါ၏။

တစ်နည်းဆိုရလျှင် မိမိ၏ဇနီးက သူ့အပေါ်ထားနေသောမေတ္တာကို တန်ဖိုးထား နေသောကြောင့်ပင် ဖြစ်၏။ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကို စွန့် တော်မူ သည့်တိုင်အောင် ကျွန် တော်တိုအား ချစ်ပါသည်။

ဘုရားသခင်က ကျွန်တော်တိုအား အပြစ်ဒဏ်ခတ်မည်ကို ကြောက်၍မဟုတ်ဘဲ ကိုယ်တော်သည် ဝမ်းနည်းကြေကွဲ၊ စိတ်ထိခိုက် နာကျင်မည်ကို ကျွန်တော်တို့က ကြောက်စေလိုပါ၏။

အပြစ်ဒုစရိုက်ပြုလျှင် ကျွန်တော်တိုခံစားရမည့် နာကျင်မှုနှင့် ဒဏ်ခတ်မှုကို မြင်တွေ့လာစေရန် ကားတိုင်သည် သတိပေးနေခြင်း မဟုတ်ပါ။

မိမိ၏သားသမီးများ ပြုလုပ်နေသောအပြစ်ကို ဒုစရိုက်ကိုကောင်းကင်ဘုံရှင် အဖကိုယ်တိုင်က လူ့ဇာတိခံပြီး ဝင်ရောက်ခံစားခဲ့ခြင်းကို ဖော်ပြနေသည့် အမှတ်လက္ခဏာပေတည်း။

ထိုကြောင့် “ခန္ဓာကိုသတ်၍ ဝိညာဉ်ကိုငရဲသိုချနိုင်သောဘုရားသခင်ကို ကြောက်လော့´ဟူ၍ မိန့်တော်မူခြင်းမှာ ချစ်ကြောက် ရိုသေ၊ ရိုသေခန့်ညားခြင်း၊ ရိုသေလေးစားခြင်းကို ဆိုလိုပြီး ချစ်ခြင်း မေတ္တာပေါ်၌ မူတည်ပါ၏။

အနက်ရင်းမှာ ခရစ်တော်က ဖော်ပြနေသော ကြောက်စိတ်ဆိုသည်မှာကား ချစ်ခြင်းမေတ္တာနှင့် ယှဉ်သောကြောက်စိတ်၊ ချစ်ခြင်းမေတ္တာအပေါ်၌ တည်သော ကြောက်စိတ်သာလျှင် ဖြစ်ပါ၏။

ဘုရားသခင်ကို အကယ်ပင်ချစ်သောသူသည် ကိုယ်တော်ကိုအကယ်ပင် ချစ်ကြောက်ရိုသေပြီး မိမိ၏အပြစ်ဒုစရိုက်ကြောင့် ဘုရားသခင်အား ဝမ်းနည်းကြေကွဲစေလိုသော စိတ်ထားမရှိခြင်း၊ ထိခိုက် နာကျင်၊ ရင်ကွဲပက်လက် မဖြစ်စေလိုသောကြောင့်ဖြစ်၏။

ပျောက်သောသိုးကို မရမနေ၊ ဒုက္ခခံပြီး လိုက်လံရှာဖွေနေတတ်သော ဘုရားသခင်၏ မေတ္တာတော်ကို ထောက်ထား၍ ချစ်ကြောက်ရိုသေခြင်း၊ ကားတိုင်ကိုမျှော်ကြည့်ပြီး ထိုမေတ္တာတော်ကို ရှုကြည့်လျက် ကြောက်ရွံရိုသေ၊ ကိုင်းရှိင်းဝပ်တွားကြရန် သွန်သင်ပေးနေခြင်းပေတည်း။

 

အခန်း(၈)

နောက်ကျသော သူအများတို့သည် အလျင်ကျလိမ့်မည် အလျင်ကျ သူအများတို့သည် နောက်ကျ လိမ့်မည်” (မဿဲ၊ ၁၉း၃၀၊ ၂၀း၁၆)။

ဤဝိရောဓိစကားတော်သည် ခရစ်ယာန်အများစုအဖို စိတ်အရှုပ်ထွေးဆုံးဆိုလျှင် မှားမည်မထင်ပါ။

နောက်ကျမှ ခရစ်တော်ကို ယုံကြည်လာကြသော တစ်ပါးအမျိုးသားတို့သည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလျင်ဝင်ကြရမည်ဖြစ်ပြီး၊ အလျင်ဆုံး ဦးစားပေးခေါ်တော်မူခြင်း ခံရသော ဣသရေလ လူမျိုးတိုသည် နိုင်ငံတော်အတွင်းသို နောက်ကျမှဝင်ရကြလိမ့်မည်ဟုဆိုလိုကြောင်း အနက်ဖွင့်နေ သူများ ပိုတတ်သည်။

အချို့ကလည်း တရားစီရင်ခြင်းနှင့်ပတ်သက်သည်ဟု ထင်ကြသည်။

အစောဆုံး၊ အလျင်ဆုံး ခရစ်တော်ကို ယုံကြည်ခဲ့စေကာမူ ကိုယ်တော်အတွက် လက်တွေ့ကျကျ ဘာမျှမလုပ်ဘဲ လက်ပိုက်ထိုင် နေကြသူတို့သည် နောက်ကျမှ နိုင်ငံတော်သို ဝင်ရကြမည်။ နောက်ကျမှ ယုံကြည်သက်ဝင် အားကြိုးမာန်တက်လုပ် ဆောင်နေကြသူများသည် နိုင်ငံတော်တွင်းသို အလျင်ဝင်ကြရမည်ဟု ထင်ကြ၏။

ဓမ္မဆရာအချို့သည်လည်း ဤကျမ်းချက်ကို အခြေပြုပြီး တရားဟောလေ့ မရှိတတ်ပါ။

ခရစ်ယာန်အများစုသည်လည်း ဤကျမ်းချက်ကို ဖတ်ပြီး သို့လောသို့လော ဖြစ်နေကြသည်ဟု ဆိုနိုင်ပါလိမ့်မည်။

အမှန်ဆိုရလျှင် ဤကျမ်းချက်သည် ဆုလာဘ်နှင့်ဆိုင်ပါ၏။ ခရစ်တော်ကိုယ်တော်တိုင်က ဆုလာဘ်ကို မျှော်ကိုးခြင်း မရှိစေဘဲ အစေခံရမည်။ မေတ္တာပြရမည်ဟု သွန်သင်ခဲ့သည်။

“သင်တိုကို ချစ်သောသူတိုအားသာ ချစ်တုံပြန်လျှင် အဘယ်ကျေးဇူးတင်သနည်း။

အခွန်ခံသူတိုပင် ဤမျှလောက် ပြုကြသည်မဟုတ်လောဟု မဿဲ၊ ၅း၄၆ တွင် ဖော်ပြထားပြီး၊ လုကာ၊ ၆း၃၂ တွင် “ဆိုးသောသူတိုသည်ပင်လျှင် ကိုယ်ကိုချစ်သော သူတိုအား ချစ်တုံပြန်ကြသည် မဟုတ်လော”ဟူ၍ ဆိုခဲ့သည်။

ရမည့်ဆုလာဘ်ကို ကြိုတင်တွက်ချက်ပြီး မေတ္တာပြခြင်းမရှိ စေရန် သွန်သင်ခဲ့သည်မှာ အမှန်ပင်ဖြစ်၏။

ထိုပြင် “သူတစ်ပါးအား ချေးငှားသောအခါ ဆပ်ပေးလိမ့်မည်ဟု မျှော်လင့်လျက် ချေးလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကို ခံလို၍ ချေးငှား တတ်သည်မဟုတ်လား။

သင်တို့အား ရန်သူတိုကို ချခံကြလော့။ ကျေးဇူးပြုကြလော့။ တစ်စုံတစ်ခုကို ရမည်ဟုမျှော် လင့်ခြင်းမရှိဘဲ ချေးငှားကြလော့ဟု လုကာ၊ ၆း၃၄-၃၅ တွင် တိကျစွာ ဆုံးမခဲ့ပြန်ပါ၏။

သေချာစေ့စပ်စွာ စဉ်းစားလျှင် အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း တစ်စုံတစ်ခုကို ပြန်၍ရမည်ကို မျှော်ကိုးပြီး ကောင်းမှုကုသိုလ်ကို ပြုနေခြင်းမရှိရန် သွန်သင်နေသည်မှာ မှန်သော်လည်း လက်တွေ့အားဖြင့် ကျင့်သုံးရန် ခက်မည်မှာအမှန်ပင်ဖြစ်သည်။

လာရောက်ချေးငှားသူတိုင်းအား ပြန်လည်ပေးဆပ်ရန် မစဉ်းစားဘဲ ချေးငှားလျှင် လက်တွေ့ အနေဖြင့် လုပ်နိုင်ပါ့မည်လား?

လုပ်လျှင်လည်း သင့်တော်မည်လား?

သို့သော် ခရစ်တော်သည် ဤသို့ သွန်သင်ဆုံးမနေသည့်အကြောင်းရင်း ရှိပါသည်။

ခရစ်ယာန်များ၏ မေတ္တာပြမှု၊ စာနာထောက်ထားမှု၊ သနားကြင်နာမျှသည် မေတ္တာစေတနာရင်း သက်သက်ဖြင့်သာ ပြုလုပ်ရမည်။

ဆုလာဘ်အကျိုးကျေးဇူးကို ပြန်လည်ခံစားလို၍ ပြုနေခြင်းမရှိစေရန်သာ ဖြစ်၏။

သို့သော် တစ်ချိန်တည်းမှာပင် ကိုယ်တော်က ထိုသိုပြုလျှင်ဆုလာဘ်ခံစားရမည့်အကြောင်း ကြိမ်ဖန်များစွာ ပြောနေခဲ့ပြန်ပါသည်။

ယခုကိုးကားထားသော လုကာ၊ ၆း၃၄-၃၅ ကိုပင် ဆက်၍ဖတ်ကြည့်ပါ။

“ထိုသိုပြုလျှင် သင်တိုအကျိုးကြီးလိမ့်မည်ဟူသောကို တွေ့ရပါလိမ့်မည်။

မေတ္တာစစ်ဖြင့် သူတစ်ပါးအား ကျေးဇူးပြုလျှင် ပြန်လည်၍ ခံစားရမည်ဖြစ်သော ဆုလာဘ်၊ အကျိုးကျေးဇူး၊ ထိုက်သင့်သောတန်ဖိုးနှင့် အဖိုးအခ သို့မဟုတ် အခငွေကြေးကို လုံးဝ မမျှော်ကိုးဘဲ ပြုရမည်မှာ ကိုယ်တော်၏ဩဝါဒအရင်းခံ အကြောင်းကြီးဖြစ်ပါ၏။

သို့သော် အခြားသော ကျမ်းပိုဒ်များကို ဖတ်ကြည့်ပါဦး။

မသဲ၊ ၅း၁၂ တွင် ကိုယ်တော်က ကျွန်တော်တို အား ရန်သူ၏ကဲ့ရဲ့ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံကြ၊ ထိုသိုပြုလျှင် မင်္ဂလာရှိ၏။ “ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏”ဟု ဆိုခဲ့ပြန်ပါသည်။

ငွေရတတ်သော လူငယ်လေးကိုလည်း သူ၏ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့ အား ပေးလော့။

ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဏာကိုရလိမ့်မည်ဟု မိန့်တော်မူခဲ့ပြန်ပါ၏(မာကု၊ ၁၀း၂၁)။

အဘယ်ကဲ့သို အနက်ဖွင့်ရပါမည်နည်း?

ဆုလာဘ်ကို မမျှော်ကိုးဘဲ ကျေးဇူးပြုကြလော့။ မေတ္တာပြကြလော့ဟူ၍ သွန်သင်နေသော ကိုယ်တော်ကပင်လျှင် ဆုလာဘ်အကြောင်း အမြဲပြောလေ့ရှိနေ၏။

ကိုယ်တော်၏ စကားတော်များသည် “ဝိရောဓိဖြစ်နေသည်။

ဤကျမ်းပိုဒ်များကို လွယ်လင့်တကူ အနက်ဖွင့်လျှင် ဤဘဝ၌ ဒုက္ခခံကြလော့၊ ကျေးဇူးပြု ကြလော့၊ အပင်ပန်းခံပြီး မေတ္တာပြကြလော့။ ယခုဘဝတွင် ဒုက္ခခံစားရမည်ဖြစ်သော်လည်း သေလွန် သောအခါ ကောင်းကင်ဘုံ၌ဆုလာဘ်ကိုခံစားရမည်ဟု အနက်ဖွင့်လျှင်မှန်လိမ့်မည်မဟုတ်သေးပါ။

လူအချို့က အနာဂတ်ကာလ သို့မဟုတ် တမလွန်ဘဝ ကျမှခံစားရမည့် ဆုလာဘ်ကိုသာ လက်ညှိးထိုးပြနေခြင်းအားဖြင့် ယုံကြည်သူတပည့်တော်များအား ဘိန်းကျွေးနေခြင်း ဖြစ်သည်ဟူ၍ ပင် ဆိုကြပါလိမ့်ဦးမည်။

ဤနေရာ၌ အရေးကြီးလှသော သတိပေးချက်တစ်ချက်ကို ကျွန်တော့်အနေဖြင့် ဖော်ပြမှ ဖြစ်ပါတော့မည်။ ခရစ်တော်သည် ကောင်းကင်ဘုံမှ ပေးမည့်ဆုလာဘ်များကို ပြောသည့်အခါတိုင်း လက်ရှိကမ္ဘာကြီး၏မတရားမျှတမှုကို ခေါင်းကြိတ်မှိတ်ခံစေလို၍ မဟုတ်ပါ။

ကောင်းကင်ဘုံတွင် နောင်အနာဂတ်ကာလမှ ခံစားရမည့် ဆုလာဘ်ကြောင့် ကျွန်တော်တို့ သက်ရှင်နေထိုင်ကြသော ကမ္ဘာ၏နာကျင်မှုဒုက္ခဝေဒနာမျိုးစုံကို မျက်စိမှိတ်၍ အံကြိတ်ခံစေလို၍ မဟုတ်ပါ။

ကိုယ်တော်၏ရည်ရွယ်ချက်မှာ ဘုရားသခင်၏အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံ သကဲ့သိုမြေကြီးပေါ်မှာ ပြည့်စုံစေခြင်းအားဖြင့် ဤလောက၌ ဘုရားသခင်၏နိုင်ငံ တော်တည် ထောင်စေရန်တွန်းအားပေး၊ စိတ်ထားပြောင်းလဲရန်နှင့် အားသစ်လောင်းပေးနေခြင်းသာဖြစ်ကြောင်း သတိချပ်စေလိုပါသည် (မဿဲ၊ ၆း၁၀)။

သာဓက ပြပါဦးမည်။

သေလွန်သောအခါမှ ဆုလာဘ် ခံစားရမည်ကိုလည်း ကိုယ်တော်က မိန့်ဆိုခဲ့ပါသေး၏။

ငွေရတတ်သော လူငယ်လေးအား ကိုယ်တော်က“ကောင်းကင်ဘုံ၏ဘဏ္ဍာ အကြောင်း ပြောလိုက်သည်ကို ရှင်ပေတရုက ကြားသဖြင့် ချက်ချင်းမေးမြန်းခဲ့၏။

ရှင်လုကာ၊ ၁၈း၂၈-၃ဝ ကို ဖတ်ကြည့်ပါ။

ထိုအခါ ပေတရုက အကျွန်ုပ်တို သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်၏ နောက်သို့လိုက် ကြပါပြီဟု လျှောက်လေသော်၊ ကိုယ်တော်က ငါအမှန်အကန်ဆိုသည်ကား အကြင်သူသည် ဘုရားသခင်၏နိုင်ငံတော်ကြောင့် အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တစ်ပါးပါး ကိုစွန့်၏။ ထိုသူသည် ယခုကာလ၌ အဆများစွာသော အကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်း ခံရလတံ့ဟု မိန့်တော်မူခဲ့ပါ၏။(မာကု ၁၀း၂၈-၃ဝ နှင့် ရှင်မဿဲ၊ ၁၉း၂၉ တို ကိုလည်း ဖတ်ကြည့်ပါ။)

ထိုကြောင့် ခရစ်တော်၏ ဝိရောဓိစကားတော်ကို ပို၍ ထင်ရှားစွာ မြင်လာရပါပြီ။ ကိုယ်တော် သည် ဆုလာဘ်ကို မမျှော်ကိုးသော မေတ္တာပြခြင်းနှင့် အစေခံခြင်းကို သွန်သင်နေစဉ်ပင် ဤဘဝနှင့် နောင်ဘဝ၌ပင်လျှင် ဆုလာဘ်ခံစားရမည့်အကြောင်း မိန့်ဆိုနေပြန်သဖြင့် အဘယ်သို အနက်ဖွင့် သင့်ပါနည်း?

ဆုလာဘ်ကိုသာ ကိုးပြီး ပြုလေ့ရှိသော ကောင်းမှု

အလုပ်တစ်ခု၊ လုပ်ငန်းဆောင် တာဝန်တစ် ရပ်ကို မပြုလုပ်မီ “ဤလုပ်ငန်းသည် အကျိုးရှိမည်လား” “မည်သိုသောရလဒ်ကို ပေါ်ပေါက်လာ စေမည်နည်းဟူ၍ မေးခြင်းသည် မှန်ကန်ပါသည်။

လူတစ်ဦးသည် အကျိုးကျေးဇူးနှင့် ရလဒ်ရှိမည်မဟုတ်သောလုပ်ငန်းတစ်ခုကိုသိပါလျက် ဆက်လက်လုပ်ကိုင်နေလျှင် အချည်းနှီးပင် ဖြစ်ပါလိမ့်မည်။

အာဖရိကနိုင်ငံ၌ အမှုတော်ထမ်းဆောင်နေကြသော လစ်ဗင်းစတုန်း၊ အယ်လ်ဘတ်၊ ဘွိက်ဇာ သိုမဟုတ် ပန်းချီဆရာ၊ ကဗျာ ဆရာ၊ စာရေးဆရာတို သည်လည်း သက်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေစဉ်ပင် မိမိတိုကိုပြန်လည်မေးခွန်းထုတ် ဝေဖန်သုံးသပ်ကြပါလိမ့်မည်။

ဝေဖန်ဆင်ခြင်သုံးသပ်ရန်လည်း သင့်ပါသည်။ ကျွန်တော်သည်လည်း စာအုပ်တစ်အုပ်ကို ရေးသားပြုစုနေစဉ် ထိုသို့မေးခွန်းထုတ်လေ့ရှိပါသည်။

ဥပမာ- ယခု ဤကျမ်းကို ပြုစုရသည်မှာ အလွန်ပင်ပန်းပါသည်။ အနက်ဖွင့် ကျမ်းပေါင်းများစွာ ကို ဖတ်ရသည်။ ရည်ညွှန်းစာအုပ်များစွာကို လေ့လာရသည်။ ထိုနောက်ဖတ်ရှသူ ပရိသတ်နားလည် သဘောပေါက်ရန် အနက်ဖွင့်ပြရသည်မှာလည်း အထူးပင် ကြိုးစားရပါသည်။

သို့ကြောင့် ဤကျမ်းကိုပြုစုရေးသားပြီးသည့်အခါ ဖတ်ရှုသူခရစ်ယာန်တပည့်တော်များအတွက် အကျိုးကျေးဇူးရှိပါ့မည်လားဟူ၍ မေးကြည့်မိပါသေးသည်။

တရားဟောချက် တစ်ပုဒ်ကို ပြင်ဆင်ပြုစုပြီး၍ ထိုတရားဒေသနာသည် တရားနာပရိသတ် အတွက် အကျိုးကျေးဇူးရှိပါမည်လား?

ဝိညာဉ်ခွန်အား ဖြည့်စွမ်းပေးနိုင်ပါမည်လား? ဟူ၍ သုံးသပ်လေ့ရှိပါသည်။ ဤသို မိမိကိုယ်ကို မေးခွန်းထုတ်ကြည့်ခြင်းမှာလည်း သဘာဝကျပါသည်။

သို့သော် လူတစ်ဦးသည် အလုပ်တစ်ခုကို မလုပ်မီ “ဤအလုပ်ကိုလုပ်လျှင် ငါ့အတွက် အဘယ်အကျိုးကျေးဇူးရှိမည်နည်း?

ငါသည် မည်သိုသော ဆုလာဘ်ကို ခံစားရမည်နည်း? ငါ့အတွက် မည်သည့်ရလဒ်ကို ဖြစ်စေမည်နည်း? . ငါ့ဖို မည်သို အကျိုးအမြတ်ရှိမည်နည်း? ဟုမေးလာလျှင် တစ်ကိုယ်ကောင်းဆန် လာပါလိမ့်မည်။ အတ္တဆန်လာပါလိမ့်မည်။ ကိုယ်ကျိုးကို ကြည့်သူဖြစ်လာပါလိမ့်မည်။

ခရစ်တော်သည် ကိုယ်ကျိုးကြည့်တတ်သော သဘောမျိုးကို တပည့်တော်များ၏စိတ်နှလုံးထဲမှ ဖယ်ရှားပစ်တော်မူသည်။ တပည့် တော်တိုင်းသည် ကတိတည်သောဘုရား၊ ကောင်းမှုပြုသော တပည့် တော်တိုင်းကို အချိန်တန်လျှင် ဆုလာဘ်ပေး၊ ကောင်းချီးပေးတော် မူမည်ကို ယုံကြည်စေလိုသည်။ ဆုလာဘ်နှင့်အကျိုးကျေးဇူးကိုသာ မျှော်ကိုးပြီး ပညတ်တော်များကို လိုက်နာ၍ ကောင်းမှုများ ပြုမနေစေလိုပါ။

သို့သော်လည်း ထိုသိုသော သူများကို ဘုရားသခင်သည် ဥပေက္ခာပြုတော်မူမည်မဟုတ်။ ကောင်းချီးပေးသနားတော်မူမည်ဖြစ်ကြောင်း စိတ်ချစေလိုသည်။

လောကီဖခင်ထက်ပင် ကောင်းကင်ဘုံရှင် အဖအနေဖြင့် ကောင်းသောအရာကို သာ၍ပေး သနားလိုကြောင်း သတိပေးခဲ့ပါ၏(မဿဲ – ၇း၁၁)။

ဆုလာဘ်ကိုမျှော်ကိုးပြီး စကားတော်ကို နားထောင်ကောင်းမှုကိုပြု၊ အမှုတော်ကို ဆောင် နေသော သူတို၏စိတ်နှလုံးထဲ၌ မှားယွင်းသော သဘောထားတစ်မျိုး ဝင်လာတတ်သည်။

သူတို့ သည် စကားတော်ကို နားထောင်ပြီး ကောင်းမှုကိုပြုနေသောကြောင့် ဘုရားသခင်က သူတို ကို ဆုချီးမြှင့် ရမည်။ကောင်းချီးမင်္ဂလာပေါင်းများစွာ သွန်းလောင်းပေးရမည်ဟု ထင်လာတတ်ပါ၏။

ထိုသို့ ကောင်းချီးမင်္ဂလာများပေးတော်မမူလျှင် ကောင်းမှုကို ပြုရသည်မှာ မည်သိုအရှိဦး မည်နည်း? ဟု တပည့်တော်များက ထင်တတ်သည်။ ယူဆတတ်သည်။

အမှန်ဆိုရလျှင် ရှိဆရာများ သွန်သင်နေကြသော ယုဒဘာသာ၌ ဤစိတ်ထားမျိုး ရှိနေပါ၏။ ခရစ်တော်၏ခေတ်ရှိ ဂျူးလူမျိုးတိုက မိမိတိုသည် တာဝန်ရှိသည့်အတိုင်း ယဇ်ပူဇော်ပသမှုများ ပြုလုပ်ကြသည်။ ပညတ်တော်များကို လိုက်နာကြသည်။

လဆန်းရက်၊ ပွဲနေ့များကို စောင့်ရှောက်ကြသည်။ ထိုကြောင့်ဘုရားသခင်က ဆုလာဘ်တော် များ ချီးမြှင့်ရမည်ဟု ထင်နေတတ်ကြသည်။

ဤသို့ ဆုလာဘ်မျှော်ကိုးသော သဘောထားမျိုး ပပျောက်သွားရန် အလွန်ပင် ပြင်းထန်လှ သည်ဟူ၍ ထင်စရာကောင်းသော ဥပမာတော်တစ်ရပ်ဖြင့် ကိုယ်တော်က ဆုံးမခဲ့ဖူးပါ၏။ ရှင်လုကာ၊ ၁၇း၇-၁၀ ကို ဖတ်ကြည့်ပါ။

လယ်သမားတစ်ဦး၌ အစေခံတစ်ဦးရှိ၏။ ထိုအစေခံသည် တစ်နေ့လုံးလယ်ထွန်ရ၏။ နွားကျောင်းရ၏။ တစ်နေ့လုံးပင်ပန်းကြီးစွာ လုပ်ကိုင်ပြီးမှ အိမ်သို့ပြန်လာသည်။ မောပန်းနွယ်နယ် ခြေကုန်လက်ပန်းကျနေစေပင် ထိုလယ်သမားသည် သူ၏အစေခံကို အနားမပေး၊ ထမင်းမစား ခိုင်းသေးဘဲသူ့အတွက် ထမင်းပွဲကို အမြန်ဆုံး ပြင်ပေးရန် အမိန့်ပေးပြန်သည်။

သူ၏ခါးကိုစည်း၍ “ငါ့အားလုပ်ကျွေးလော့’ဟု ဆို၏။ ငါသည် ညစာစားပြီးမှ သင်သည် စားရမည်ဟု အမိန့်ပေး၏။ပင်ပန်းမောဟိုက်နေသော အစေခံသည် သူ၏သခင်အတွက် ညစာကို ပြင်ဆင်ပေး၍ စားသောက်ပြီးစီးသွားသည့်တိုင်အောင်သခင်ဖြစ်သူ လယ်သမားကို ကျေးဇူး တင်ကြောင်း ပြောသည်ဟု ထင်သလော။

ကျေးဇူးမတင်သည့်အပြင် သင်သည် ငတ်ပြေရုံမျှသာ ရှိသေးသည်” တစ်နည်း “တာဝန်ကျေ ရုံမျှသာ ရှိသေးသည်”ဟု မိန့်တော်မူခဲ့ပါ၏။

ဤဥပမာတော်သည် အဓိပ္ပာယ်ကြွယ်ဝလှပါသည်။

တာဝန်ကျေပွန်ပြီဖြစ်၍ ဘုရားသခင်က ကောင်းချီးပေးကိုပေးရမည်။ ဆုလာဘ်တော်ကို ပေးကိုပေးရမည်ဟုထင်နေသော ပုဂ္ဂိုလ်များသည် ဤဥပမာတော်ကို ဆင်ခြင်လိုက်သည့် တစ်ပြိုင်နက် လန့်ဖျပ်သွားမည်မှာ သေချာ၏။

ကျွန်တော်တို့ သည် တာဝန်ကျေသောကြောင့် သိုမဟုတ် ကောင်းမှုများကို ပြုနေသောကြောင့် ဘုရားသခင်ထံတော်မှ ရစရာရှိနေသည်။ ကိုယ်တော်က ကောင်းချီးပေးကိုပေးရမည်။ မပေးလျှင် မဖြစ်၊ ရကိုရသင့်သည်ဟု ယူဆနေသူများကို ဤဥပမာတော်က သတိပေးနေခြင်းမျှသာ ဖြစ်၏။

ဘုရားသခင်၏သားသမီးများအနေဖြင့် ကျွန်တော်တို သည် အဖခမည်းတော်ကို အစေခံရမည်။ ကိုယ်နှင့်စပ်ဆိုင်သူကို ကိုယ်နှင့်အမျှ ချစ်ရမည်။ ကျေးဇူးပြုရမည်။

ကောင်းမှုကိုပြုပြီးမှ “ငါသည် တာဝန်ကျေပြီ။ ဘုရားသခင် ဆုလာဘ်ပေးဖို သာ ကျန်တော့ သည်”ဟု ပြော၍မရပါ။

ဤဥပမာတော်၏အနက်အဓိပ္ပာယ်ကို ရှင်ပေါလုက ကောင်းစွာ သဘောပေါက်ပုံရသည်။

ထိုကြောင့် သူက ၁ကော၊ ၁း၆ တွင် သူက’ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်းအကြောင်းမရှိသေး။ မဟောဘဲမနေနိုင်၊ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏”ဟု ဆိုခဲ့၏။

ကျွန်တော်တို အားလုံးသိကြသည့်အတိုင်း ရှင်ပေါလုသည် ဧဝံဂေလိတရားကို ဟောပြောရုံ မဟုတ်၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊စွန့်လွှတ်ပူဇော်ရခြင်း အမျိုးမျိုးသာမက အလွန်ပင် နိမ့်ကျသော အဖြစ်မျိုးကို ခံခဲ့ပါသည်။

သို့သော် “ငါသည် တာဝန်ကျေပြီ၊ လုပ်စရာရှိသမျှကို လုပ် ဆောင်ခဲ့၍ လုံလောက်ပြီ´ဟူ၍ မပြောခဲ့ပါ။ သူသည် “ပန်းတုံးတိုင်ရှိရာသို့ ဆက်လက်၍ ပြေးနေဆဲပင်ဖြစ်သည်”ဟူ၍ သာ ပြောခဲ့၏ (ဖိလိပ္ပိ၊ ၃း၁၃-၁၄)။

ဤ ဥပမာတော်အားဖြင့် ကျွန်တော်တို၏မာန်မာနကို ၊ ပျောက်စေသည်။

ကျွန်တော်တို့ သည် အခြားသော ခရစ်ယာန်များထက်သာသည်။ သူများထက်ပို၍ အမှုတော် ဆောင်ခဲ့သည်။ အလှူဒါနကို ပြုခဲ့သည်။

ပိုမိုသက်ဝင်လှုပ်ရှားခဲ့သည်ဟူသော သဘောသက်ဝင်လာစေခြင်းကို တားမြစ်ပေးနေသည်။ ကိုယ်တော်က “သခင်က သင်တို့ကို ကျေးဇူးတင်သည်ဟုပြောမည်ထင်သလော၊ ကျေးဇူးမတင်၊ ဝတ်ပြေရုံသာ ရှိသေးသည်”ဟုဆိုမည်ဟု မိန့်တော်မူခြင်းအားဖြင့် ဆုလာဘ်ကိုပေးရတော့မည်။ ပေးရလိမ့်မည်။ ပေးကိုပေးရမည်ဟူ၍ မထင်စေမည့်အကြောင်းမွန်သင်ခဲ့ပါ၏။

အထူးသတိပြုစေလိုသည့် အချက်မှာ ဘုရားသခင်ထံတော်ပါးမှ ကျွန်တော်တိုသည် ကျေးဇူးတော်၊ သနားကြင်နာမှု၊ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာအပေါင်းကို ဘုရားသခင်စေတနာ၊ မေတ္တာတော်၊ ကျေးဇူးတော်အားဖြင့်သာ ခံစားနေရခြင်းဖြစ်ပါသည်။

ဆုလာဘ်အဖြစ် ခံစားနေရသည် မဟုတ်ကြောင်း သတိပေးနေပါ၏။

ကယ်တင်ခြင်း၊ ဆုကျေးဇူးဆိုသည်မှာလည်း ခံစားထိုက်၍မဟုတ်။ ကျေးဇူးတော်ကြောင့်သာ ခံစားရကြောင်းကို ရှင်ပေါလုက “ငါတို့သည် ကျေးဇူးတော်ကြောင့်သာ ကယ်တင်ခြင်းသို ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်၊ ဘုရားသခင်သနားတော် မူရာ ဖြစ်သတည်း” ဟု ဆိုခဲ့ခြင်းဖြစ်၏(ဧဖက်၊ ၂း၈)။

ကျွန်တော်တို့ကို ပေးနေသော ကယ်တင်ခြင်း ဆုကျေးဇူးသည်ပင်လျှင် မိမိတို က ကြိုးစား၍ လုပ်ဆောင်နေသောကြောင့်ပေးခြင်းဖြစ်သည်ဟု ရှင်းပြနေခြင်းသာ ဖြစ်၏။ဘုရားသခင်၏ကျေးဇူးတော်နှင့် သနားတော်မူသောကြောင့်ပေးခြင်းဖြစ်သည်ဟု ရှင်းပြနေခြင်းသာ ဖြစ်၏။

သို့ဖြစ်လျှင် ကောင်းမှုပြုခြင်း၊ သစ္စာစောင့်ခြင်း၊ တည်ကြည်ခိုင်ခံ့သော ယုံကြည်ခြင်း၊ ဇွဲ၊ လုံလ၊ ဝိရိယာရှိလာရေးအတွက် “တွန်းအား ဘယ်ရှိတော့မည်နည်းဟု မေးစရာပေါ်လာပါပြီ။

ပျောက်သော သား ဥပမာတော်ရှိ ဖခင်၊ ပျောက်သောသိုးကိုရှာသော သိုးထိန်းကြီးနှင့် ဤလယ်သမား၏သခင်သည် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟူ၍ပင် မေးလာနိုင်ပြန်ပါပြီ။

ကျွန်တော်တို့အနေဖြင့် ဘုရားသခင်သည် သနားကြင်နာပြီး စေတနာမေတ္တာထားသောဘုရား၊ စောင့်ရှောက်ပြုစုလျက် ဂရုစိုက်နေသော ဘုရားဟူ၍ ယုံကြည်နေကြသည်။ မှန်လည်း မှန်ပါသည်။

ရှင်လုကာ၊ ၁၂း၃၅-၃၇ ကို ဖတ်ကြည့်ပါဦး။

သစ္စာတည်ကြည်၍ ကြိုးစားဆောင်ရွက်သော အစေခံတိုကို ဆုလာဘ်ချီးမြှင့်သော သခင်အကြောင်း တွေ့ရပါလိမ့်မည်။

“သင်တိုသည် ခါးပန်းကိုစည်းလျက်၊ ဆီမီးထွန်းလျက်နေသဖြင့် သခင်သည် မင်္ဂလာဆောင်ပွဲမှ ပြန်လာ၍ တံခါးကိုခေါက်သောအခါ ချက်ချင်းဖွင့်ခြင်းငှာ မျှော်လင့်၍ နေလော့။ ထိုသို သော ကျွန်သည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူထားသည်ကို သတိပြုပါ။

ကျွန်တော်တိုကြိုးစားဆောင်ရွက်လုပ်ဆောင်နေကြ ရမည်။ သစ္စာရှိနေကြရမည်။ ဆုလာဘ်ကို မျှော်ကိုး၍မဟုတ်၊ သခင်ကိုချစ်၍ သစ္စာရှိသောကြောင့် ဤသို ပြုနေခြင်းအားဖြင့် သခင်သည် မမျှော်လင့်သောဆုလာဘ်တော်ကို ပေးပါလိမ့်မည်။

“ငါအမှန်ဆိုသည်ကား သခင်သည် ခါးပန်းကိုစည်းလျက် ကျွန်တို့ကို စားပွဲလျောင်းစေပြီးမှ ကိုယ်တိုင်လာ၍ သူတိုအားလုပ်ကျွေးလိမ့်မည်”ဟူသော အံ့ဖွယ်ရာ စကားတော်ကို တွေ့ရပါလိမ့်မည် (လုကာ၊ ၁၂း၃၇)။

သစ္စာရှိစွာ လုပ်ဆောင်နေသော ကျွန်တိုကို ထမင်းစားပွဲ၌ ထိုင်စေပြီး သခင်ကိုယ်တိုင်က အစေခံကဲ့သို ပင် ခါးပန်းကိုစည်းပြီးလျှင် သူတို့ကို ထမင်းဟင်း ခူးခပ်ကျွေးမွေးသုတ်သင်တော်မူမည်ဟု မိန့်တော်မူထားပါ၏။

ထိုကြောင့် ဆုလာဘ်ကိုမျှော်ကိုး၍သာ လုပ်ဆောင်မနေကြပါနှင့်။ သစ္စာရှိစွာ ကြိုးစားလုပ် ဆောင်နေပါ။ ဘုရားသခင်သည်မေတ္တာကရုဏာတော်ရှင်ဖြစ်၍ ဆုလာဘ်တော် ချီးမြှင့်မည်မှ မလွဲ ဟူသော အချက်သည် ပို၍ထင်ရှားလာပါပြီ။

ဆုလာဘ်ကို မျှော်ကိုး၍မဟုတ်၊ ဘုရားသခင်၏မေတ္တာတော်နှင့် ကျေးဇူးတော်ကို ထောက်၍ ခရစ်ယာန်တိုင်းက လုပ်ဆောင်နေကြရမည်ကို ထောက်ပြနေပါ၏။

ဤဝိရောဓိဖြစ်နေသော စကားတော်နှစ်မျိုးကို ဓမ္မပညာရှင်ကြီးနေသန်ဆိုဒါဘလွန်း၏ အဆိုအမိန့်တစ်ခုက ဟန်ချက်ညီညီအနက်ဖွင့်ပြီး ရှင်ပြထားပါ၏။

`ဘုရားသခင်၏ ကောင်းမြတ်သော လက်ရာတော်နှင့် တင်းကျပ်သော ဇာတ်ကြိုးအား ဖြင့်သာလျှင် ကျွန်တော်တိုထံမှ အမွန်မြတ်ဆုံး အကောင်းဆုံး၊ တန်ခိုးအရှိဆုံးသော ပါရမီများ ထွက်ပေါ်လာစေနိုင်ပါလိမ့်မည်ဟု ဆိုထားပါ၏။

ဘုရားသစင်၏ဧကောင်းမြတ်သော လက်ရာတော်အားဖြင့်ဆုကျေးဇူးတော်နှင့် ကောင်းချီးမင်္ဂလာများ၊ လမ်းပြခြင်း၊ စောင့်ရှောက်ခြင်း၊ အခက်အခဲများကို ကျော်လွှားအောင် မြင်နိုင်သော ခွန်အား၊ ဘဝခရီးလမ်းတစ်လျှောက်လုံး၌ ထောက်မအားပေးခြင်းတိုအားဖြင့် ကူညီစောင်မနေသည်။

ထိုသို့ ကောင်းမြတ်လှသော ဘုရားသခင်မျိုးအတွက်ကျေးဇူးတော် ချီးမွမ်းပြီး လက်ပိုက်နေ၍ မရပါ။ ကိုယ်တော်၏ တင်းကျပ်သော ဇက်ကြီုးတည်းဟူသောပညတ်တော်များ၊ တာဝန်များ၊ စေခိုင်း နေမှုများနှင့် အလိုတော်ကိုလည်း လိုက်နာစောင့်ရှောက်၊ ကျေပွန်စွာဆောင်ရွက်နေရပါလိမ့်ဦးမည်။

သို့မှသာလျှင် မွန်မြတ်၍ ခရစ်ယာန်ပီသသော တပည့်တော်များ ဖြစ်လာပါလိမ့်မည်။

ဇက်ကြိုးနှင့်တူသော စည်းကမ်းနှင့် ဘောင်မရှိလျှင်ကျွန်တော်တိုသည် လက်လွှတ်စပယ် ဖြစ်သွားပါလိမ့်မည်။ ပျင်းရိဖင့်နွဲသော ခရစ်ယာန်များ ဖြစ်နေပါလိမ့်မည်။

ဇက်ကြိုးအားဖြင့်သာလျှင် ရှင်ပေါလုကဲ့သို ပန်းတုံးတိုင်ရှိရာသို အမြဲပြေးနေပါလိမ့်မည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ သားသမီးများအနေဖြင့် ကျွန်တော်တိုသည်လည်း မေတ္တာ၊ စေတနာ၊ ကရုဏာသာမကစည်းကမ်းကိုပါ လိုက်နာနေရလိမ့်မည်ကို သတိရသင့်ပါ၏။

သာဓကအားဖြင့် ထပ်မံရှင်းပြလိုပါသေးသည်။

ကျွန်တော်၏ဖခင်သည် နေအိမ်၌ မော်တော်ယာဉ်ပြင် အလုပ်ရုံ (ဝပ်ရှော့)တစ်ခု တည်ထောင် ထားသည် ဆိုကြပါစို့။ ထိုအလုပ်ရုံ ၌ အလုပ်သမားများကို ငှားထားသည်။ အလုပ်သမားများက သူတိုကို အလုပ်မခန့်မီ လစာမည်မျှရမည်နည်း?

အလုပ်ချိန် မည်သိုသတ်မှတ်ပါသနည်း?

အချိန်ပိုလုပ်လျှင် မည်မျှပေးမည်နည်း?

တစ်လလျှင် လစာရသောအခွင့်၊ လစာမဲ့ခွင့်မည်မျှရမည်နည်း? ဟူ၍မေးကြပါလိမ့်မည်။

အကယ်၍ ဖခင်က လုပ်သားတစ်ဦးအား မကျေနပ်၍အလုပ်မှထုတ်ပယ်လိုက်လျှင် အပိုလစာ မည်မျှပေးမည်နည်းစသောစည်းကမ်းချက်များကို မေးမြန်းပြီးမှ လုပ်ကိုင်ကြသည်။ ထိခိုက်ဒဏ် ရာရလျှင် လျော်ကြေး၊ ဆေးဝါး စသည်တို့ကိုလည်း တောင်းခံတတ်သည်။

ကျွန်တော်သည်လည်း ဖခင်၏အလုပ်ရုံ၌ ဝင်ရောက်လုပ်ကိုင်သည်။ သို့သော် မိမိ၏ဖခင်အပေါ် ၌ထားသော မေတ္တာကြောင့်လည်းကောင်း၊ ဖခင်ပိုင်သော အလုပ်ရုံဖြစ်သောကြောင့်လည်း ကောင်း၊ တိုးတက်ကြီးပွားလိုသော စိတ်ဖြင့် ဝင်ရောက်ကူညီလုပ်ကိုင်နေခြင်း ဖြစ်ပါ၏။

အချိန်ပိုလစာ၊ ခွင့်ရက်တို၊ ခွင့်ရက်ရှည်၊ လျော်ကြေးစသည်တို့ကို မမေး၊ ဖခင်ပိုင် အလုပ်ရုံကြီး ပွားတိုးတက်စေလိုသော စေတနာဖြင့် အစွမ်းကုန် ကြိုးစားသည်။

အခြားလုပ်သားများက လကုန်၍ လစာတောင်းလျှင် ကျွန်တော်မတောင်း၊ ဖခင်ကလစာမ ပေးလျှင်လည်း မညည်းမညု။ အခြားလုပ်သားများ အလုပ်ချိန်ပြီး၍ ပြန်သွားစေကာမူ ကျွန်တော် သည် ဆက်လက်လုပ်ကိုင်စရာ ရှိနေသေးလျှင် အလုပ်လုပ်နေပါလိမ့်ဦးမည်။

ထိခိုက်ဒဏ်ရာရလျှင် လျော်ကြေးမည်၍မည်မျှ ပေးရမည်ဟူ၍လည်း မတောင်းခံ။ မကျေနပ် လျှင် ဈေးဆစ်ခြင်း၊ လစာပိုတောင်းခြင်းလည်း မပြု၊ အလုပ်သမားဆိုင်ရာ အာဏာပိုင်များကို တိုင်တန်းခြင်းမရှိအလုပ်လည်း ခိုကပ်ခြင်းမပြုရုံမက အားကြိုးမာန်တက်ပင်လုပ်ဆောင်သည်။ ဖခင်ကချီးမွမ်းစကား မပြောလျှင်လည်း အားမလျော့ပါ။

ထိုအလုပ်သမားများနှင့် ကျွန်တော်သည် ဘာခြားနားပါသနည်း?

ထိုအလုပ်သမားများသည် လခစား၊ ကြေးတန်းစားအလုပ်သမားများသာဖြစ်ပြီး ကျွန်တော် သည် အလုပ်ရုံပိုင်ရှင်ဖြစ်သောဖခင်၏သားရင်းဖြစ်ပါ၏။

ဖခင်အပေါ်၌ ထားသောမေတ္တာကြောင့်လည်းကောင်း၊ မိဘကျေးဇူးဆပ်သောအား ဖြင့်လည်းကောင်း လုပ်ကိုင်နေသူဖြစ်သည်။ဆုလာဘ်ကိုမျှော်ကိုး၍မဟုတ်၊ ဖခင်ကိုချစ်သောကြောင့် ဝင်ရောက်ကူညီနေခြင်း ဖြစ်ပါ၏။

နောက်ဆုံးသော အချိန်၌ ဖခင်သည် အလုပ်ရုံဝပ်ရှော့သာမက ရှိသမျှသော ဥစ္စာပစ္စည်းများကို အမွေအဖြစ် ပေးခြင်းကိုခံရပါ၏။

အဘယ်ကြောင့်နည်း?

ကျွန်တော်သည် ဖခင်၏သားသမီးဖြစ်သောကြောင့် ထိုကျေးဇူးကို ခံစားရခြင်းဖြစ်ပါ၏။

ခရစ်ယာန်တိုင်းသည် ဘုရားသခင်၏စပျစ်ဥယျာဉ်တည်းဟူသော ဤလောကထဲ၌ လစာနှင့် တူသော ဆုလာဘ်ကိုမျှော်ကိုး၍ အလုပ်လုပ်၊ အမှုတော်ဆောင်နေသူများ မဖြစ်သင့်ပါ။ ကျွန်တော်တို့ သည် ဘုရားသခင်၏သားသမီးများဖြစ်ပါ၏ (ယော၊ ၁း၁၂)။

ထိုစပျစ်ဥယျာဉ်တိုးတက်ကြီးပွား ကျယ်ဝန်းလာစေရန် စေတနာထား၍လည်းကောင်း၊ ဘုရားသခင်အပေါ် ထားသောမေတ္တာကြောင့်လည်းကောင်း၊ အလုပ်လုပ်နေကြသော သားသမီး များဖြစ်ရပါမည်။

အချိန်တန်လျှင် ဘုရားသခင်သည် ကောင်းချီးမင်္ဂလာများသာမက နိုင်ငံတော်ကို အမွေအဖြစ်ပေးပါလိမ့်မည်။

ခရစ်တော် ဟောပြောတော်မူခဲ့သော ဥပမာတော် နောက်တစ်ခုကို ထပ်မံလေ့လာကြည့်ပါဦးစို့။ ရှင်လုကာ၊ ၁၄း၁၆-၂၄ ကိုဖတ်ကြည့်ပါ။

လူတစ်ဦးသည် ကြီးစွာသော ညစာစားပွဲကြီးကို စီရင်၍လူများကို လိုက်လံခေါ်ဖိတ်ထားသည်။ ညစားစာပွဲကြီး အချိန်နီးသောအခါ အစေခံတိုကို စေလွှတ်ပြီး ဖိတ်ထားသော သူတိုအား လိုက်လံခေါ်စေ၏။

တစ်ဦးက“သူသည်မြေဝယ်ထားပြီဖြစ်၍ ထိုမြေကွက်ကိုသွား၍ကြည့်ရပါသည်။ ထို ကြောင့် မလာနိုင်ပါ”ဟု ဆို၏။ နောက်တစ်ဦးက သူသည်နွားများကို ဝယ်ထားပြီးပါပြီး၊ ထို နွားတို့ကို သွား၍ စမ်းသပ်ရမည်ဖြစ်သောကြောင့် မလာနိုင်ပါဟု ဆိုပြန်၏။နောက်တစ်ဦးက“သူသည် ယခုမင်္ဂလာ ဆောင်ပြီးခါစဖြစ်၍မလာနိုင်ပါ’ဟု ဆင်ခြေပေး ပြန်ပါ၏။

ထိုအခါ အိမ်ရှင်သည် အလွန်စိတ်ဆိုး၍ မြိုတွင်းလမ်းမ၊ လမ်းကြားများရှိ ဆင်းရဲသောသူ၊ ကိုယ်အင်္ဂါချိုတဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများရှိသမျှကို သွားရောက်ခေါ်ငင်စေ ရန် အစေခံများကို လွှတ်လေ၏။

အစေခံတို့သည်လည်း မြိုပြင်၊ လမ်းမ၊ ခြံနားသို့သွားပြီး ထိုသို့သော ပုဂ္ဂိုလ်များထံသိုသွား၍ ညစာ စားပွဲကြီးသို ခေါ်လာခဲ့ ဤနေရာ၌ ခေတ္တရပ်ပြီး ထူးခြားသော ကျမ်းပိုဒ်တစ်ပိုဒ်ကို ထောက် ပြလိုပါသည်။

ထိုအိမ်ရှင်သည် အစေခံတို့ကို စေလွှတ်ပြီး ခေါ်ခိုင်းသောအခါ သူတို “မလာနိုင်ပါဟူ၍ ငြင်းဆန်လိုသည်နှင့် ဒေါသထွက်ပြီး “ထိုသို ခေါ်ဖိတ်ခြင်းခံခဲ့ရသူ တစ်ယောက်မျှ ငါ၏ပွဲသို့မလာရ၊ မဝင်ရ။ ငါကျွေးမွေးမည့် စားကောင်းသောက်ဖွယ်တို့ကိုမစားရဟု ငါအမိန့်ရှိပြီ’ဟု ဆိုလိုက် ခြင်းပင်ဖြစ်၏(ငယ်၊ ၂၄)။

အိမ်ရှင်က အဘယ်ကြောင့် ထိုသိုပြောရပါသနည်း’ဟု ကျွန်တော်သည် မကြာခဏတွေး ဆနေမိပါသည်။ ဖိတ်ကြားခြင်း ခံရသူတို့တည်ခင်းဧည့်ခံကျွေးမွေးနေသော ညစာ စားပွဲကြီးသို ‘မလာပါ” လာမည်လည်းမဟုတ်ပါဟု ရှင်းရှင်းဖြေကြားလိုက်ပြီး ဖြစ်ကြောင်း အိမ်ရှင်သည် သိပါလျက်”ထိုသူ တစ်ဦးတစ်ယောက်မျှ ငါကျွေးမွေးမည့်အစာကို မစားရဟူ၍ ပြောနေစရာ လိုပါသေးသလား?

“လာရောက်ပြီး စားသောက်မည်မဟုတ်”ဟု ဖြေကြားလိုက် သူတို့ကို “အဘယ်ကြောင့် ငါကျွေးမွေးဧည့်ခံနေသည့် ဒံပေါက် သို့မဟုတ် အုန်းထမင်း သို့မဟုတ် အုန်းနိုခေါက်ဆွဲ စသည်တို့ကို သင်တိုတစ်ဦးတစ်ယောက်မျှ မစားရဟု ဆိုဖို့ လိုပါသေးသလား? သူတို့သည် မစားလို၍ မလာ ကြခြင်းသာ ဖြစ်၏။

မစားလိုသောသူတိုကို “သင်တိုသည် လုံးဝစားရမည်မဟုတ်”ဟူ၍ ပြောနေစရာ လိုပါသေး သလား?” ဟု ကျွန်တော်သည် ဆင်ခြင်စဉ်းစားပြီး အဖြေရှာမိသည်။

ထိုနောက်မှ ကျွန်တော်တို အရှေ့တိုင်းရင်းသားတို၏ ထုံးတမ်းဓလေ့ကို စဉ်းစားမိ၍ အဖြေပေါ်လာပါသည်။ ခိုင်လုံသောအကြောင်းပြချက် သိုမဟုတ် မလွဲမရှောင်သာသော အကြောင်း အမျိုးမျိုးကြောင့် မလာမရောက်နိုင်သော ခင်မင်ရင်းနှီးမိတ်ဆွေများ၊ အထူးသဖြင့် အနီးစပ်ဆုံးသော ဆွေမျိုးများထံသို ကျွန်တော်သည် စားစရာ သောက်စရာများကို ထမင်းချိုင့်ဖြင့် ပိုပေးတတ်ပါသည်။

အရေးတကြီးကိစ္စ ရှောင်တခင်ဖြစ်ရပ်များကြောင့် မလာမရောက်နိုင်သော မိတ်ဆွေများထံသို နေအိမ်တွင် ချက်ပြုတ်ထားသော စားသောက်သောက်ဖွယ်များကို ပိုခိုင်းလိုက်တတ်ပါသည်။

ထိုနည်းတူ သခင်ခရစ်တော်က ခေါ်ဖိတ်နေသော်လည်း ကျွန်တော်တိုသည် မလာမရောက်၊ မတုံပြန်၊ လက်ပိုက်ပြီး စေခိုင်းနေသမျှကို မလုပ်ဆောင်စေကာမူ အချိန်တန်လျှင် သခင်ဘုရားက ကောင်းချီးမင်္ဂလာနှင့်ဆုလာဘ်တိုကို ပိုပေးစေလိုပါသည်။ မျှော်လင့်နေတတ်ကြပါသေးသည် မိမိတိုအနေဖြင့် အလိုတော်ကိုမလိုက်လျှောက်လိုသော်လည်း၊ ကောင်းချီးမင်္ဂလာများဖြင့် ခံစားလိုကြပါသေးသည်။

ဤကျမ်းပိုဒ်ငယ်ကိုပင် နောက်တစ်မျိုး အနက်ဖွင့်ကြည့်မိပြန်ပါသေးသည်။

ကျွန်တော်တိုကို ခရစ်တော်က ခေါ်ဖိတ်ပြီးဖြစ်သော်လည်းလာရောက်ရန်၊ အလိုတော် ဆောင်ရွက်ရန် မိမိတို၏အချိန်ကို မပေးနိုင်၊ မိမိတို၏ကိုယ်ရေးကိုယ်တာကိစ္စများကိုသာ ဦးစားပေး နေသည်။

မြေဝယ်ထားသဖြင့် ထိုမြေကွက်တွင် အဆောက်အအုံတစ်ခု ဆောက်လုပ်ရပါဦးမည်။ သိုကြောင့် ကိုယ်တော်၏အမှုတော်အတွက် အချိန်မပေးနိုင်။ နွားများကိုဝယ်ပြီး မစမ်းသပ်ရသေးသဖြင့် ကိုယ်တော်စေခိုင်းနေခြင်း၊ ခေါ်ဖိတ်နေခြင်းကို ဥပေက္ခာပြုနေတတ်သည်။ မင်္ဂလာဆောင်ပြီးခါစဖြစ်၍ အိမ်တွင်းရေးကိစ္စများဖြင့်သာအလုပ်ရှုပ်နေသည်။ သိုကြောင့် အသင်းတော်အတွက် အချိန်မပေးနိုင်။

ကျွန်တော်တို၏အချိန်ဇယား၊ ကျွန်တော်တို၏ လိုအင်ဆန္ဒကျွန်တော်တို၏စိတ်ဝင်စားမှုတို၌သာ အချိန်ဖြုန်းနေပြီး မေတ္တာဖြင့်ခေါ်ဖိတ်နေသော ခရစ်တော်၊ အမျှတော်ကိုစေခိုင်းနေသော ကိုယ် တော့်အတွက် အချိန်မပေးနိုင်စေကာမူ၊ ကောင်းချီးမင်္ဂလာကိုဖြင့်ခံစားလိုကြသည်။ မခံစားရလျှင် ကိုယ်တော့်ကို အပြစ်တင်တတ်ကြပါသည်။

ခေါ်ဖိတ်၍ စေခိုင်းနေခြင်းကိုဖြင့် မလုပ်ကိုင်လို၊ သို့သော်ကိုယ်တော်ကျွေးမွေးသော စားသောက်ဖွယ်ရာတိုနှင့်တူသည့် ကောင်းချီးမင်္ဂလာတို့ကို အချိန်တန်လျှင် ခံစားလိုတတ်ကြသည့် ခရစ်ယာန်အများအပြားရှိနေသည်ကို ငြင်းနိုင်မည်မထင်ပါ။

ဤနေရာ၌ ကမ္ဘာကျော် ဓမ္မဆရာကြီး ဒေါက်တာနော်မန်၊ ဗင်းဆင့်ပီလ် ပြောခဲ့သော သာဓကတစ်ခုကို သတိရလာသည်။ သူသည် ဓမ္မဆရာတစ်ဦး၏ သားဖြစ်ပါ၏။ ဖခင်ဖြစ်သူက ဆေးလိပ်မသောက်ရဟူ၍ တားမြစ်ထားသည်။ တစ်နေ့တွင် သူငယ်ချင်းများနှင့်အတူ လမ်းလျှောက် ဆေးလိပ်သောက်နေစဉ် ရှေ့တည့်တည့်မှ လျှောက်လာသော ဖခင်ကိုရုတ်တရက်တွေ့လိုက်ရ၏။

ချက်ချင်းပင် သူသည်စီးကရက်ကိုင်ထားသော လက်ယာလက်ကို နောက်ကျော၌ ဝှက်လိုက်ပြီး လက်ဝဲလက်ဖြင့် “ဖေဖေ၊ ဟိုမှာဆပ်ကပ်ပွဲတစ်ပွဲပြနေပါတယ်။ မုန့်ဖိုးပေးပါ”ဟု ဆို၏။ ထိုအခါ သူ၏ဖခင်က “ငါ့သား၊ လက်တစ်ဖက်က ငါ့စကားကိုနားမထောင်ဘဲ၊ နောက်တစ်ဖက်နဲ့ မုန့်ဖိုးပေးပါ၊ ကောင်းချီးပေးပါလို တောင်းမနေသင့်ပါဘူး” ဟု ပြောသွားသည်ကို သူသည်သတိရမိကြောင်း ရေး သားဝန်ခံခဲ့ပါ၏။

အချို့သော တပည့်တော်တို့သည် ဤသို့ ဖြစ်နေသည်ကိုသတိရမိသောအခါမှ ဤကျမ်းပိုဒ်ငယ် ၂၄ ကို နားလည်လာခဲ့သည်။

ရှင်လုကာက ဘုရားသခင်၏နိုင်ငံတော်တွင်းသို ဂျူးလူမျိုးများသာမက တစ်ပါးအမျိုးသား၊ လူမျိုးခပ်သိမ်း ဝင်နိုင်ကြောင်းကို ထောက်ပြလို၍ ဥပမာတော်ကို ဤနေရာတွင် ပစ်လိုက်ပါသည်။

သို့သော် ရှင်မဿဲက ဤဥပမာတော်ကို သူ၏ကျမ်း ၂း၂၁-၁၀ အထိ ဖော်ပြခဲ့ပါသည်။ ခြားနားချက် နှစ်ခုသာရှိသည်။

ရှင်လုကာက “လူတစ်ဦး´ဟုဆိုသော်လည်း ရှင်မဿဲက “မင်းကြီးဟု ဆိုထားသည်။ ရှင်လုကာက “ညစာ စားပွဲဟု ဆိုထားသော် လည်း ရှင်မသဲက “မင်္ဂလာဆောင်ပွဲ ” ဟု ဆိုထားခြင်းသာ ဖြစ်ပါ၏။

ထိုသို ကွဲလွဲနေသောကြောင့် ရှင်မဿဲတွင် ဥပမာတော်တွင်အနက်အဓိပ္ပာယ် ပိုရှိလာသည်။ ထိုပြင်ရှင်မဿဲက ဥပမာတော်ကိုရှင်လုကာကဲ့သို ရပ်မထားဘဲ ဆက်၍ဖော်ပြထားကြောင်းကို ၂၂း၁၁-၁၄ တွင် တွေ့ရပါလိမ့်မည်။

ပွဲ၌လူပြည့်သွားသောအခါ စားသောက်နေသူများကို မင်းကြီး လိုက်လံစစ်ဆေးကြည့်ရှသည်။ ထိုစဉ် “မင်္ဂလာဆောင်ပွဲ၏ အဝတ်ကို မဝတ်ထားသောသူတစ်ယောက်ကို တွေ့လေ၏။ ဂျူးလူမျိုးထုံးစံ အတိုင်းဆိုရလျှင် မင်္ဂလာဆောင်ပွဲသို လာသူတိုင်းသည် ဝတ်ရုံဖြူစင်ကို ဝတ်ရလေ့ရှိ၏။ ပြောင်လက် သော ပိတ်ချောဖြင့် ရက်လုပ်ထားသော ဝတ်ရုံမျိုးကို ဆိုလိုသည်(ဗျာဒိတ်၊ ၁၉း၈-၉ ကို လေ့လာကြည့်ပါ။

ဝိညာဉ်ရေးသဘောအရ အနက်ဖွင့်ရလျှင် နောင်တနှင့်ဆိုင်ဝတ်ရုံမျိုးကို ဆိုလိုပါသည်။ လူတိုင်း နားလည်သဘောပေါက်စေရန် ကျွန်တော်၏သဘောဖြင့် ဆက်လက်အနက်ဖွင့်ခွင့်ပြပါ။

မင်းကြီးသည် လိုက်လံစစ်ဆေးသောအခါ လူတစ်ဦးကိုတွေ့၏။ ထိုသူသည် ဆံပင်ကိုသပ်ရပ်စွာ ဖီးမထား၊ ဆုတ်ဖွာလျက်နေသည်။ မျက်နှာလည်း သစ်မထား၊ လက်ကိုလည်း မဆေးကြော၊ ရေလည်း မချိုးထားသဖြင့် နံစော်နေသည်။ အင်္ကျီကလည်း ညစ်ပတ်ပေရေနေရုံမက တိုက်ပုံအင်္ကျီပင် ဝတ်မထား၊ လက်များကလည်းဝဲများ၊ ချေးများဖြင့် အထပ်ထပ်ဖြစ်နေသည်ကို မြင်သဖြင့် ဒေါသထွက်ကာ ထိုသူကို အပြင်သို နှင်ထုတ်လိုက်ရန် အစေခံများအားအမိန့်ပေးလိုက်တော့၏။

ဝိညာဉ်ရေးအားဖြင့် ဤဥပမာတော်ကို အနက်ဖွင့်ပြပါလျှင် ကျွန်တော်တိုသည် ကယ်တင်ခြင်း ဆုကျေးဇူးတော်နှင့်တူသောမင်္ဂလာဆောင်ပွဲသို မထိုက်မတန်ဘဲ ခေါ်ဖိတ်ခြင်းခံရသူများ ဖြစ်သည်။ အလိုအလျောက် ရသည်မဟုတ်၊ ခံစားထိုက်၍မဟုတ်၊ ကျေးဇူးတော်နှင့် ကရုဏာတော်ကြောင့် ခံစားခြင်းဖြစ်သည်။

ယနေ့တိုင် ခံစားနေရသော ကောင်းချီးမင်္ဂလာများသည်ကိုယ်တော်၏ ကျေးဇူးတော်နှင့် သနားခြင်း ကုဏာတော်ကြောင့်သာဖြစ်ပါ၏။ ယုံကြည်လျှင် ပြီးသည်။ ကျေးဇူးတော်ကြောင့်သာ ခံစားရသည်ဟု သဘောမထားသင့်ပါ။ ထိုကျေးဇူးတော်သည် အလွန်တန်ဖိုး ကြီးလှပါ၏။ သားတော် ကိုပင် ကားတိုင်၌ စွန့်ရသည့်တိုင်အောင်အဖိုးတန်လှပါသည်။

အခမဲ့ရသည် မှန်သော်လည်း ထိုကျေးဇူးတော်သည် အပေါ်မဟုတ်ပါ။ သားတော်ကိုယ်တိုင် ကားတိုင်ထက်၌ သက်တော်ကိုစွန့်ရသည့်တိုင်အောင် တန်ဖိုးကြီးအဖို ထိုက်တန်လှပါ၏။ ထိုကြောင့် ကျေးဇူးတော်ကို သင့်တင့်လျောက်ပတ်စွာ၊ ရိုသေကျိုးနွံစွာ လက်ခံဖို့လိုသည်။

ကျွန်တော်တို့သည် ကျေးဇူးတော်ကို ယုံကြည်ခြင်းဖြင့် တုံ့ပြန်နေကြသည်။ သိုသော် ထိုယုံကြည်ခြင်းတွင် ကျေးဇူးတင်စိတ်၊ ကျေးဇူးသိစိတ် တိုပါရောယှက်နေရပါမည်။ အကယ်ပင် ကျေးဇူးတင်စွာ လက်ခံနေကြောင်း ဟန်အမူအရာ၊ လက္ခဏာနည်းဟန်ဖြင့်ဖော်ပြရပါမည်။

ကျေးဇူးတော်ကြောင့်သာလျှင် ဖြစ်သည်။ အခမဲ့ရသောဆုကျေးဇူးသာလျှင် ဖြစ်သည်ဟုဆိုပြီး ပေါ့ပေါ့ဆဆ၊ ကပျက်ကချော်၊ မလေးမစား မခံယူသင့်ပါ။ ကျေးဇူးသိသောစိတ်ဖြင့် ပြန်လည်တုံပြန် မှသာလျှင် ကိုယ်တော့်ထံမှ ရသောကျေးဇူးတော်နှင့်ကောင်းချီးမင်္ဂလာ တို့ကို ခေါင်းငုံထောက်၍ ခံယူရပါမည်။ သိုမှသာလျှင် အကယ်ပင်တန်ဖိုးထားလေးစားကြောင်း ဖော်ပြရာရောက်ပါလိမ့်မည်။

ကျေးဇူးတော်ကို အလွန်ကြီးမားသော မေတ္တာတော်ကြောင့်ခံစားရသည်ကို သတိရ၍ ထိုဆုလာဘ်တော်နှင့်ထိုက်တန်အောင် သင့်တင့်လျောက်ပတ်စွာ (တင့်တယ်သန့်ရှင်းသော အဝတ်အစား ဆင်ယင်ပြလျက်)ခံယူသင့်ပါသည်။ ကိုယ်တော်၏မေတ္တာတော်နှင့်ထိုက်တန်သော ကိုယ်ကျင့်တရား နှင့်အသက်ရှင်ပြရပါမည်။

အခမဲ့ရသော ကျေးဇူးတော်ဟုဆိုပြီး ဆံပင်ဖရိုဖရဲ၊ ညစ်ပတ်ပေရေနေသော အဝတ်အစား များနှင့် အလားတူသည့် လူဟောင်းလက်မခံသင့်ပါ။

ဒုစရိုက်နှင့် ပြည့်နေသော အသက်တာဟောင်း၊ ဘဝဟောင်းဖြင့်ဆုလာဘ်တော်ကို မျှော်ကိုးပြီး ကောင်းသောအကျင့်ကိုကျင့်ရသည်မဟုတ်ပါ။ ကောင်းသောအကျင့်ကို ကျင့်ခြင်းမှာ အခမဲ့ရသော ကျေးဇူးတော်ကို အလွန်ရိုသေ ကျိုးနွံလေးစားသောသဘော၊ ကျေးဇူးသိစိတ်ဖြင့် လက်ခံရမည့်အ ကြောင်း ဤဥပမာတော်က သွန်သင်နေသည်။

ဆုလာဘ်ကိုမျှော်ကိုးပြီး ကောင်းသောအကျင့်နှင့်ကောင်းမှုကုသိုလ်ကို မပြုရမည့် အကြောင်း၊ ကျေးဇူးသိသောစိတ်၊ ကျေးဇူးတော်မေတ္တာတော်ကို ရိုသေကျိုးနွံ၊ ကျေးဇူးတင်သောစိတ်မျိုးနှင့်လက် ခံရမည့်အကြောင်း ရှင်းပြနေသဖြင့် “နောက်ကျသောသူများသည်အလျင်ကျလိမ့်မည်။ အလျင်ကျသောသူများသည် နောက်ကျလိမ့် မည်ဟူသော စကားတော်နှင့် မည်သိုသက်ဆိုင် ပါသနည်းဟု မေးစရာအချိန် ရောက်လာပါပြီ။

ရှင်းပြပါမည်။

တပည့်တော်များသည် ခံစားရမည့်ဆုလာဘ်၊ အကျိုးကျေးဇူးကောင်းချီးမင်္ဂလာနှင့် ပတ်သက်သည့်မေးခွန်းများကို မေးသည့်အခါတိုင်း ကိုယ်တော်က ဖြေကြားရာတွင် ဤစကားတော်ကို အသုံးပြုခဲ့ကြောင်း သတိပြုစေလိုပါသည်(မဿဲ၊ ၁၉း၂၇-၃၀၊ ၂၀း၁-၁၆။ မာကု၊ ၁၀း၂၈-၃၁ နှင့် လုကာ၊ ၁၃း၃၀ တိုကိုကြည့်ပါ။)

ရှင်မဿဲ၊ ၁၉း၃ဝ နှင့် မာကု၊ ၃၀း၃၁ တွင် ရှင်ပေတရုက “အကျွန်ုပ်တိုသည် ရှိသမျှကိုစွန့်၍ နောက်တော်သို လိုက်ခဲ့ပါပြီ။ အဘယ်အကျိုးကျေးဇူးကို ခံရပါမည်နည်းဟူ၍ မေးသောအခါ ပြန် လည်ဖြေကြားပြီးလျှင် ထိုစကားတော်ကို သုံးခဲ့ပါ၏။ ရှင်မဿဲကမူကား ထိုသိုဖြေကြားပြီးသည့်နောက် ဥပမာ တော်အားဖြင့် ထပ်မံ ရှင်းပြသည်ကို မှတ်တမ်းတင်ခဲ့ပါသည်။

ကောင်းကင်နိုင်ငံတော်ကို စပျစ်ဥယျာဉ်နှင့်နှိင်းပြီး ထိုဥယျာဉ်ပိုင်ရှင်သည် နံနက်စောစော ထွက်လာကာ လုပ်သားများကိုဒေနာရိတစ်ပြားစီ ပေးမည်ဟူ၍ ငှားရမ်းပြီး စေခိုင်းခဲ့၏။ ထိုနောက် နံနက်(၉)နာရီ၊ (၁၂)နာရီ၊ မွန်းလွဲ(၃)နာရီနှင့် (၅)နာရီတွင်လည်း အလားတူ ငှားရမ်းပြီး လုပ်သားများကို စပျစ်ဥယျာဉ်သို ဆက်လက် စေလွှတ်နေပြန်သည်။

နေဝင်သွားသောအခါ လုပ်အားခ ပေးချိန်တွင် နံနက်စောစောကတည်းက ငှားရမ်းခဲ့သော လုပ်သားကို ‌ဒေနာရိတစ်ပြားပေးသကဲ့သို ညနေငါးနာရီမှ အလုပ်လုပ်သောလုပ်သားတိုကိုလည်း ‌ဒေနာရီတစ်ပြားစီ ပေးခဲ့၏။

ထိုအခါ နံနက်စောစောကတည်းက အလုပ်လုပ်ခဲ့ရတာလုပ်သားများသည် ညနေငါးနာရီမှ အလုပ်ဝင်သူတိုကိုလည်း ဒေနာရီတစ်ပြားပေးသည်ကို မကျေနပ်ဖြစ်ကာ ကဲ့ရဲ့ပြစ်တင်ကြ၏။

ထိုအခါ ဥယျာဉ်ပိုင်ရှင်က မိတ်ဆွေ သင့်ကိုငါသည် မတရားပြုသည်မဟုတ်။ သင့်ကို ဒေနာရိတစ်ပြား ပေးမည်ဟူ၍ ကတိသကဲ့သို ငါပေး၏။ နောက်မှအလုပ်ဝင်သော သူတိုကိုလည်း အလားတူ ပေးခြင်းငှာ ငါအလိုရှိ၏။ ငါပိုင်သော ဥစ္စာကို ငါ၏အလိုအတိုင်း လုပ်အားခပေးသည်ကို သင်သည်အဘယ်ကြောင့် စိတ်ဆိုးနေသနည်းစသည်ဖြင့် ပြောပြီးလျှင် “ထိုနည်းတူ နောက်ကျ သောသူတိုသည် အလျင်ကျလိမ့်မည် အင်ကျသောသူတိုသည် နောက်ကျလိမ့်မည် ဟု ပြောပြီး ဥပမာတော်ကို အဆုံးသတ်ခဲ့၏။

ဤဥပမာတော်သည် အဓိပ္ပာယ်ကြွယ်ဝလှသဖြင့် မွန်တီဖီရောရီဆိုသည့် ဓမ္မသစ်ကျမ်း ပညာရှင်က“အလွန်ပင်ကြီးကျယ်၊ မွန်မြတ်လှသော ဥပမာတော်တစ်ပါး’ဟူ၍ ခေါ်ဆိုခဲ့၏။

အပေါ်ယံကြောက ဖတ်ရှုလေ့လာလျှင် ကောင်းစွာသဘောပေါက်မည်မဟုတ်သော်လည်း နက်နက်နဲနဲ တွေးခေါ်လျှင် အဓိပ္ပာယ်များစွာ ရှိနေကြောင်း တွေ့ရပါလိမ့်မည်။ ဤဥပမာတော် ပထမ ဦးဆုံး အကြိမ်ကြားသော ခရစ်ယာန်တိုင်းကပင်လျှင် စိတ်ရှုပ်ထွေးသွားဖွယ်ရာ ရှိပါသည်။

သို့သော် အနက်ဖွင့်ကြည့်ကြပါစို ။

(က) တမန်တော်တို့အား သတိပေးနေခြင်းဖြစ်သည်။ ရှင်မဿဲနှင့် ရှင်မာကုခရစ်ဝင်ကိုဖတ်လျှင် ရှင်ပေတရုက အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ နောက်တော်သိုလိုက်ကြပြီး အဘယ်အကျိုးကို ရကြပါမည်နည်းဟု မေးသောအခါ ကိုယ်တော်က ဖြေကြားခဲ့ပြီး “နောက်ကျသောသူတို့သည် အရင်ကျလိမ့်မည်။ အလျင်သော သူသည်နောက်ကျလိမ့်မည်” ဟူသော စကားဖြင့် အဆုံးသတ်ခဲ့ကြောင်း တွေ့ရပါလိမ့်မည် (မဿဲ၊ ၁၉း၂၇-၃၀။ မာကု၊ ၁၀း၂၈-၃၁)။

တစ်နည်းဆိုရလျှင် “သင်တိုသည် ခရစ်ယာန်အသင်းတော်ထဲသိုအလျင်ဆုံး ဝင်ရောက်ပြီး ငါနှင့်မိတ်သဟာယဖွဲ သောအခွင့်ကို ရကြပြီ။ အမှန်ဆိုရလျှင် အလျင်ကျဆုံး၊ အစောဆုံး၊ ပထမဆုံး သော ငါ၏တပည့်တော်များဖြစ်လာကြသည်မှန်သော်လည်း နောက်ပိုင်းတွင်လည်း ငါ့ကိုယုံကြည်ပြီး ဝင်ရောက်သောသူများ လာကြလိမ့်ဦးမည်။

ထိုကြောင့် အဦးဆုံး၊ ရှေးအကျဆုံး၊ အလျင်ဆုံးဖြစ်သောကြောင့် သင်တို့သည် နောက်မှ ခရစ်ယာန်ဖြစ်လာသူတိုထက် သာသည်ဟု ထင်မနေကြနှင့်။ မည်သည့်အချိန်၊ မည်သည့်အခါမှ ပြောင်း လဲလာပါလေစေ၊ ဘုရားသခင်၏ ရှေ့တော်မှောက်၌ တန်ဖိုးထားခြင်း မှာ အတူတူပင်ဖြစ်သည်ဟု သတိပေးလိုက်ခြင်းဖြစ်ပါ၏။

ယခုခေတ်တွင်လည်း အသင်းတော်သိုအစောဆုံးဝင်ရောက် သူတို့က နောက်မှဝင်လာသူတိုကို မထီမဲ့မြင်ပြုပြီး သူတိုသည်သာလျှင် ဤအသင်းတော်ကို စတင်ခဲ့သူ၊ အလျင်ဆုံးဝင်ရောက်ခဲ့သည် ဖြစ်၍ နောက်မှဝင်ရောက်သူတို့က သူတို၏စကားကို နားထောင်သင့်သည်။

ထိုမျှမက လူသစ်များ အထူးသဖြင့် လူငယ်များဝင်ရောက်လာပြီး အသင်းတော်၌ အကြံဉာဏ် များ ပေးကြသောအခါ အသက်အရွယ်ကြီးသူ၊ အလျင်ကျသူ၊ ရှေးမဆွကပင် အသင်းတော်ထဲ၌ လုပ် ဆောင်နေခဲ့သူတိုက တစ်ခါတစ်ရံ မနှစ်မြိုတတ်ကြပါ။ ခရစ်ယာန်အသင်းတော်၌ အလျင်ကျသော သူတိုသည်သာလျှင် ပို၍ အရေးကြီးသည်ဟူ၍ မယူဆသင့်ပါ။

(ခ) ဂျူးလူမျိုးတိုကိုလည်း ကိုယ်က သတိပေးနေခြင်းဖြစ်သည်။ ထိုစဉ်က ဂျူးလူမျိုးတိုသည် မိမိတိုလူမျိုးကိုဘုရားသခင်က ရွေးချယ်ခဲ့သဖြင့် တစ်ပါးအမျိုးသားတိုအပေါ် အလွန်အထင်သေးနေချိန်ဖြစ်၏။ ဘုရားသခင်ကိုယ်တော်တိုင်က သူတိုကို ရွေးချယ်ပြီး ကတိတော်နယ်မြေသို ပို့ဆောင်ခဲ့သည်။ သူတိုက မမေ့နိုင်ကြပါ။

ထိုကြောင့်လည်း တစ်ပါးအမျိုးသားတိုကို မတူမတန်ဟုထင်နေခဲ့ကြ၏။ တစ်ပါးအမျိုးသားတိုကို မုန်းတီးပြီး သူတိုကို ဖျက်ဆီးပစ်လိုစိတ် ရှိနေသည်မှာ အမှန်ပင်ဖြစ်သည်။

အကယ်၍ တစ်ပါးအမျိုးသားတို ခရစ်ယာန်ဖြစ်လာကြပါက သူတိုထက် အဆင့်နိမ့်ရမည်ဟု ယူဆနေခဲ့ဖူး၏။ ထိုသဘောထားမျိုးကို ကိုယ်တော်က ပယ်ဖျက်ခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့တော် မှောက်၌ “ကြီးမြတ်သောလူမျိုး “သေးသိမ်သောလူမျိုးဟူ၍ မရှိပါ။

(ဂ) ဘုရားသခင်၏နိုင်ငံတော်၌ အဆင့်အတန်း ခွဲခြားပါး နိုင်ငံတော်တွင်းသို့ ဝင်နိုင်ရေးမှာ ကျေးဇူးတော်သက်သက်ပင်ဖြစ်၏။ အစောဆုံး ဝင်ရောက်သူလည်း ဒေနာရီတစ်ပြားပင် ရမည်ဖြစ်၏။

နောက်မှ ဝင်လာသော သူတိုကိုလည်း “သင်နှင့်အညီအမျှပေးခြင်းငှာ ငါအလိုရှိ၏”ဟူ၍ မိန့်တော်မူခြင်းကြောင့် ကိုယ်တော်၏ကျေးဇူးတော်ကို ဝမ်းမြောက်ဝမ်းသာစွာ လက်ခံယူသင့်၏။

“ငါသည် ကိုယ်ဥစ္စာကို ပြုလိုသမျှ မပြုရာသလော”ဟုဆိုရာ၌ ဘုရားသခင်သည် မိမိစိတ်ထင်တိုင်း ပြုနေသည်ဟူ၍ မထင်သင့်ပါ။ ကိုယ်တော်၏ မေတ္တာတော်နှင့် ကရုဏာတော်ကို ဖော်ပြနေခြင်းသာ ဖြစ်ပါ၏။ ကိုယ်တော်သည် လူတိုင်းအပေါ် မေတ္တာတော်ကိုအညီအမျှ ထားနေခြင်း ကို ပြောနေသည်။ အလျင်ကျသော သူတိုကို ကိုယ်တော်ချစ်သကဲ့သို နောက်မှဝင်လာသော သူတိုကိုလည်း ကိုယ်တော်ချစ်ပါ၏။ အလျင်အကျဆုံး ခေါ်တော်မူခြင်းခံရသော ရှင်ပေတခု အပေါ်ထားသော မေတ္တာတော်နှင့် ကားတိုင်ပေါ်ရှိ သေအံ့ဆဲဆဲမှနောင်တရပြီး နိုင်ငံတော်သို ဝင်ခွင့်တောင်းခဲ့သည့် သူခိုးဓါးပြကြီးအပေါ်၌လည်း ညီတူညီမျှ ဖြစ်ပါသည်။

အထက်ဖော်ပြပါ အနက်ဖွင့်ချက်တိုမှာ ဥပမာတော်ကိုဟောတော်မူစဉ်က ဖော်ပြလိုသော သင်ခန်းစာများဖြစ်သော်လည်းထပ်မံနက်နဲစွာ တွေးခေါ်ပါလျှင် အောက်ပါအတိုင်း ဆက်လက်အနက်ဖွင့်နိုင်ပါသေးသည်။

(ဃ) ဘုရားသခင်၏ “နှစ်သိမ့်ခြင်းကို ဖော်ပြနေသည်။ နိုင်ငံတော် တွင်းသို နောက်ကျမှ ဝင်သည်ဖြစ်စေ၊ အစောကြီးဝင်သည်ဖြစ်စေ၊ အသက်ငယ်ရွယ် နုပျိုသန်မာလန်း ဆန်းသည့်အရွယ်၌ဖြစ်စေ၊ ဘဝ၏နေဝင်ချိန်၌ဖြစ်စေ၊ ဘုရားသခင်က လက်ခံကြိုဆိုနေကြောင်း နှစ်သိမ့်မှုပေးနေသည်။

“နိုင်ငံတော်တွင်းသို အချိုက တစ်နာရီအတွင်း ဝင်ကြသည်။ အချို့က ဘဝတစ်လျှောက်လုံး ၌ပင်လျှင် ဝင်နိုင်ခြင်းမရှိဟူ၍ ရဗ္ဗိဆရာတို့၏သွန်သင်ဆုံးမချက် တစ်ရပ်ရှိပါသည်။

ဗျာဒိတ်ကျမ်း၌ ဖော်ပြထားသည့် သန့်ရှင်းသော ယေရုရှလင်မြို့၌ မြို့တံခါးဝ တစ်ဆယ် နှစ်ပေါက်ရှိ၏(ဗျာ၊ ၂၁း၁၀-၁၃)။ အချို့သော တံခါးပေါက်များသည် အရုဏ်တက်ရာ အရှေ့ဘက်၌ တည်ရှိသကဲ့သို အချို့မှာ နေဝင်ရာအနောက်ဘက်၌လည်း ရှိ၏။ အချိန်ကာလမရွေး ဝင်ရောက် နိုင်ကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။

လူတစ်ဦးသည် အမှုတော်ကိုဆောင်၊ လောကီတာဝန်များကို ကျေပွန်စွာလုပ်ဆောင်ပြီးမှ သက်ရွယ်ကြီးချိန်၌ ကွယ်လွန်ရသည်။ အချို့မှာ အသက်ငယ်ရွယ်ချိန်၌ပင် ကွယ်လွန်သွားတတ်သည်။ နှစ်ဦးစလုံးကို ဘုရားသခင်သည် ညီတူညီမျှ လက်ခံကြိုဆိုပါ၏။

ခရစ်တော်အနေဖြင့် အလျင်ကျသည်၊ စောသည်၊ နောက်ကျသည်ဟူ၍ အချိန်ကာလ သတ်မှတ်နေခြင်းမရှိကြောင်း နှစ်သိမ့်နေသည်။

(င) ဘုရားသခင် “ကရုဏာတော်ကိုလည်း မြင်တွေ့နိုင်သည်။ ဤဥပမာတော်ထဲ၌ လူသားချင်းစာနာထောက်ထားမှုကိုလည်း မြင်နိုင်သည်။ အသက်အရွယ်နုပျိုသန်မာ ပညာတတ်ပြီး လုပ်ရည်ကိုင်ရည် ရှိနေပါလျက်၊ ဘာမျှမလုပ်ရ မကိုင်ရ၊ အလုပ်လက်မဲ့ ဖြစ်နေရခြင်းထက် သနားစရာကောင်းသည့်အရာရှိမည် မထင်ပါ။

ပါလက်စတိုင်း နိုင်ငံ၏မြိုတိုင်းတွင် ဈေးများ၌ အလုပ်လက်မဲ့များ ထိုင်ပြီး ငှားရမ်းမည့်သူ၊ အလုပ်ပေးမည့်သူကို စောင့်ဆိုင်းနေရပုံကို စဉ်းစားကြည့်ပါ။ သူတိုကို အလုပ်ပေးမည့်သူအား စောင့်ဆိုင်းရင်း တမျှော်မျှော်ဖြစ်နေရပုံကို စဉ်းစားကြည့်လျှင် သနားစရာပင် ကောင်းလှပါသည်။

ဒေနာရိတစ်ပြားဆိုသည်မှာ ထိုခေတ်က ထုံးစံအတိုင်း ပေးနေကျ တစ်နေ့တာ၏လုပ်အားခ ဖြစ်ပါ၏။ အကြမ်းဖျင်းအားဖြင့် (ပြား ၈၀)နှင့် ညီမျှပါသည်။ ထိုလုပ်သားများ၏ဇနီး၊ သားသမီးများ သိုမဟုတ် မိသားစုတိုသည် ထိုဝင်ငွေကလေးကိုသာ အားကိုးနေသည်။ ထိုလုပ်အားခမျိုးဖြင့် တစ်ပတ်လျှင် တစ်ခါမျှသာ အသားငါးစားနိုင်ရှာသည်။

ထိုဈေးများ၌ နေ့စဉ်အလုပ်လက်မဲ့များသည် မိမိတိုကျွမ်းကျင်ရာ ကိရိယာတန်ဆာပလာ များဖြင့် ထိုင်စောင့်ရင်းနေအိမ်၌ စားစရာမဲ့ ငတ်မွတ်လု နီးနီးဖြစ်နေကြမည့် မိသားစုကို သတိရနေ ကြမည်မှာ မလွဲပင်ဖြစ်ပါ၏။

ဥပမာတော်ကို ဖတ်ကြည့်လျှင် ညနေ(၅)နာရီအထိ အလုပ်စောင့်ဆိုင်းနေသူများ ရှိနေသည်ကို ထောက်ရှုခြင်းအားဖြင့် မည်မျှအလုပ်လိုချင်နေမှန်း သိသာနေသည်။ သူတိုသည် ယခုခေတ်အခေါ် “နေ့စားလုပ်သားများဖြစ်၍ လုပ်သားများထဲတွင် အနိမ့်ဆုံးအဆင့်ရှိနေသူများဟု ဆိုနိုင်ပါ၏။ “လက်လုပ်လက်စား”“တစ်နေ့ရမှ တစ်နေ့စားရသူများ ဖြစ်ကြသည်။

ညနေငါးနာရီထိုးနေပြီ ဖြစ်သော်လည်း အလုပ်မရပ်မသေးသဖြင့် မည်မျှစိုးရိမ်ကြောင့်ကြ၍ နေလိမ့်မည်နည်း? ထိုပြင် ညနေငါးနာရီထိုးနေပြီဖြစ်၍ အလုပ်လုပ်ရန် တစ်နာရီသာ ကျန်တော့သည်။ ထိုကြောင့် တစ်နာရီမျှလုပ်ရုံဖြင့် ဒေနာရိတစ်ပြားရတော့မည်မဟုတ်။ သိုဖြစ်စေကာမူ ရသမျှ ၁၀ပြား၊ ၁၅ပြား၊ ၂၅ပြား ရပါလေစေ၊ လုံးဝမရသည်နှင့်စာလျှင် သက်သာလိမ့်ဦးမည်ဟုဆိုပြီး ဈေးထဲ၌ထိုင်၍ စောင့်ဆိုင်းနေရရှာသူများလည်း ဖြစ်၏။

သို့သော စပျစ်ဥယျာဉ်ပိုင်ရှင်သည် သူတိုကိုသနားပြီး ငှားရမ်းခဲ့ခြင်းဖြင့် ကရုဏာထား ကြောင်းကို ပေါ်လွင်လာစေသည်။

(စ) ဘုရားသခင်၏”ရက်‌ရောမူကို တွေ့နိုင်သည်။ ညနေပိုင်းမှ ငှားရမ်းခြင်းခံရသူများသည် အချိန်အနည်းငယ်မျှသာ လုပ်ရစေကာမူ ဥယျာဉ်ပိုင်ရှင်က အများနည်းတူ နာရီတစ်ပြားပေး၏။ ပိုင်ရှင်၏ ကရုဏာ၊ စေတနာကို ဤနေရာ၌ တွေ့နိုင်သည်။

ဝိညာဉ်ရေး သင်ခန်းစာအရဆိုလျှင် “အစေခံခြင်း မှန်သမျှသည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ ကြီးသည်။ငယ်သည်၊ မွန်မြတ်သည်၊ ညံ့ဖျင်းသည်၊ ကြီးမြတ်သည်၊ သေးဖွဲ့သည်ဟူ၍မရှိပါ။ ကိုယ်တော်သည် အစေခံသူ၊ လုပ်ကိုင်ဆောင်ရွက်သူတို လုပ်အားပေးခဲ့သည့် အချိန် ကိုမကြည့်၊ အတွင်းစိတ်သဘောထားကိုသာ ကြည့်ပါ၏။

သူဌေးတစ်ဦးက ငွေတစ်ထောင်၊ ငွေတစ်သောင်းလှူ သကဲ့သို့ ဆင်းနွမ်းပါးသူတစ်ဦးမှာ မရှိမဲ့ ရှိမဲ့ စုဆောင်းထားသော ငွေ၅ကျပ် သို့မဟုတ် ၁၀ ကျပ်ကို သာ၍ပင်တန်ဖိုးထားရှာသည်။

ဤစာမူရေးနေစဉ် ကျွန်တော်၏မွေးနေ့လွန်မြောက်ခါစဖြစ်ပါသည်။ အလုပ်အကိုင်ရှိကြသော သားသမီးများက အဖိုးတန်မွေးနေ့လက်ဆောင်များပေးပြီးစဉ် ကျွန်တော်၏(၅)နှစ်အရွယ်နှင့် (၃)နှစ် အရွယ်မြေးကလေးနှစ်ဦးက သူတို၏မုန့်ဖိုးထဲက စုဆောင်းထားသောငွေဖြင့် ဝယ်ခဲ့သော သကြား လုံးကလေးများကို သေချာလှပစွာ ထုတ်၍လာပေးသည်ကို ကျေးဇူးတင်မဆုံး၊ ဝမ်းသာအားရ၍ မဆုံးဖြစ်ခဲ့ရပါသည်။

(ဆ) ဘုရားသခင်၏ ကျေးဇူးတော်ကို ရှင်းရှင်းပေါ်လွင်ထင်ရှားလာစေသည်။ တစ်နာရီခန့်မျှ အလုပ်လုပ်စေကာမူ အခြားလုပ်သားများနည်းတူ ဒေနာရိတစ်ပြားပေးခြင်းသည် မထိုက်မတန်ပဲ ပေးခြင်းဖြစ်သည်။

ကျေးဇူးတော်ဆိုသည်မှာ ကျွန်တော်တို မခံစားသင့်၊ မခံစားထိုက်၊ လုံးဝမထိုက်တန် စေကာမူ ဘုရားသခင်က ပေးအပ်နေတော်မူသော ဆုလာဘ်ဖြစ်၍ ကျေးဇူးတော်ဟု ခရစ်ယာန်တိုက ဆိုနေခြင်းဖြစ်၏။

ယခုဆိုလျှင် ဤဥပမာတော်၏ အရေးကြီးဆုံးဖြစ်ရုံမကကျွန်တော်အဓိကထားပြီး အနက်ဖွင့် နေသောအချက် ရောက်လာပါပြီး

(ဇ) ဆုလာဘ်ကို မျှော်ကိုးခြင်းမပြုဘဲ ကျေးဇူးတော်ကို တုန့်ပြနုသည့် သဘောထားဖြင့် အစေခံရန် ကိုယ်တော်က အလိုရှိနေကြောင်း ဖော်ပြနေပါပြီ။ ဥပမာအော်ထဲတွင် အချိန်များကို ဖော်ပြထားသည်။

အလျဉ်းသင့်သဖြင့် ဤနေရာ၌ ရှင်းပြပါရစေ။ ထိုခေတ်ကဂျူးလူမျိုးတိုအနေဖြင့် တစ်နေ့တာကို နေဝင်ချိန်မှစပြီး နောက် တစ်နေ့နေဝင်ချိန်အထိ သတ်မှတ်ကြပါသည်။ ကမ္ဘာ၊ ၁း၅ ကို အမှီပြုခဲ့ခြင်းဖြစ်၏။ (ဝတ်ပြု၊ ၂၃း၃၂ ကိုလည်း ကြည့်ပါ။) မြန်မာသမ္မာကျမ်းကို ကြည့်လျှင် နံနက်စောစော ဆိုသည်မှာ ယခုခေတ် ကျွန်တော်တို့၏နံနက်(၆)နာရီခန့်ကို ဆိုလိုသည်။ နံနက်တစ်ချက်တီးဆိုသည်မှာ နံနက်(၉)နာရီ၊ နှစ်ချက်တီးဆိုသည်မှာ မွန်းတည့်(၁၂)နာရီ၊ သုံးချက်တီးဆိုသည်မှာ မွန်းလွဲ(၃)နာရီနှင့် ဆယ်တစ်နာရီဆိုသည်မှာညနေ(၅)နာရီကို ဆိုလိုပါ၏။

လုပ်သား နှစ်မျိုးနှစ်စားကို ခွဲခြားပြထားသည်။

နံနက်စောစောပိုင်းတွင် ငှားရမ်းခြင်းခံရသော လုပ်သားများသည် ပိုင်ရှင်နှင့်တွေ့ဆုံသောအခါ လုပ်အားခကို ပြောဆိုညှိနှိင်းခဲ့ကြသည်။

“လုပ်အားခ မည်၍ မည်မျှပေးရမည် သိုမဟုတ် ထိုခေတ်က တစ်နေ့တာ လုပ်အားခဖြစ်သော ဒေနာရိတစ်ပြားမှ လုပ်မည်ဟု၍ သဘောတူညီချက် ယူပြီးမှ အလုပ်ခွင်သို ဝင်ခဲ့ခြင်းဖြစ်၏။ သူ တို၏သဘောထားမှာ ပိုင်ရှင်၏စပျစ်ဥယျဉ်တွင်းမှ လုပ်ငန်းဆောင်တာပြီးစီးစေရန် စိတ်စေတနာထက် လုပ်အားခ သို့မဟုတ် မေးမြန်းစုံစမ်းပြီးမှ လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်(ငယ်၂ကို ကြည့်ပါ)။

သဘောထားမမှန်သောကြောင့်လည်း ညနေပိုင်းမှ အလုပ်ဝင်ပြီး သူတိုနည်းတူ ဒေနာရိတစ်ပြားပေးသောကြောင့် ဥယျာဉ်ပိုင် ရှင်ကို ကဲ့ရဲ့ပြစ်တင်ခဲ့ကြခြင်းဖြစ်၏(ငယ်၊ ၁၁-၁၂ ကို ကြည့်ပါ။)

မွန်းလွဲ (၃)နာရီ၊ ညနေ(၅)နာရီမှ ငှားရမ်းခြင်းခံရသောလုပ်သားများမူကား အလွန်ကျေးဇူး တင်သောစိတ်ဖြင့် ဝမ်းသာအားရစွာ အလုပ်ခွင်ထဲသို ဝင်သွားကြ၏။ ဥယျာဉ်ပိုင်ရှင်က “သင်တိုသည် ဈေးထဲ၌ အဘယ်ကြောင့် ရပ်နေကြသနည်း” ဟုမေးသောအခါ “ကျွန်တော်တိုကို အဘယ်သူကမျှ မငှားသောကြောင့် ဖြစ်ပါသည်” ဟူ၍ ဝမ်းနည်းစွာ ဖြေကြားကြ၏။

မွန်းတည့်ချိန် ရောက်နေပြီဖြစ်၍ လုပ်အားခမည်မျှတော့ ပေးသင့်သည် မွန်းလွဲ(၃)နာရီ၊ ညနေ(၅)နာရီ ရှိနေပြီဖြစ်၍ လုပ်အား ည်မျှပေးမည်နည်း”၍ပင် မမေးမြန်းပြီး ဥယျာဉ်ပိုင်ရှင်ကို ကျေးဇူးတင်သောစိတ် ပြင်းပြနေ၍ လုပ်အားခကိုပင်မမေး၊ ဈေးဆစ်နေခြင်းကိုမပြု၊ လုပ်အားခ အကြောင်း တစ်ခွန်းမျှပင် မပြောဘဲ အားဝမ်းသာစွာ ချက်ချင်းအလုပ်ခွင်ထဲသို ဝင်သွားခဲ့ကြ၏။

သူတိုသည် ရရန်ရှိသော လုပ်အားခ၊ အခွင့်အရေး၊ အကျိုးကျေးဇူး သို့မဟုတ် ဆုလာဘ်ကို ပိုင်ရှင်နှင့် လွှဲထားသည်။ ပိုင်ရှင်၏သဘောအတိုင်း ပေးပါစေဟူသော စိတ်ထားဖြင့် စိတ်ပါကိုယ် ရောက် ချက်ချင်းအလုပ်ခွင်ထဲသို ဝင်သွားကြခြင်းဖြစ်ပါ၏။

ညနေ(၆)နာရီထိုး၍ လုပ်အားခများရှင်းပေးသည့်ဖြစ်ရပ်များကို လေ့လာကြည့်ပါ။

ငယ်(၈)ကို ဖတ်ကြည့်ပါ။

စပျစ်ဥယျာဉ်ပိုင်ရှင်က ထူးခြားသောစကားကို ဆိုခဲ့ကြောင်းသတိပြုပါ။ ပိုင်ရှင်အနေဖြင့် သူ၏လုပ်သားများ၏ အတွင်းစိတ်ဘောထားများကို ရိပ်မိဟန်တူ၏။ ထိုကြောင့် နောက်မှအလုပ်ဝင် သော သူတိုကို လုပ်အားခပေးပြီးမှ အလျင်အဦးဝင်သော သူတို့ကို အခ ပေးလော့ ဟု သူ၏စာရေးအား မှာကြားလိုက်ပုံမှာ အဓိပ္ပာယ်နက်နဲလှ၏။

နောက်ကျသောသူများသည် အလျင်ကျနေပါပြီး၊ စိတ်ရင်းစေတနာအလိုက် လုပ်အားကို ပေးခိုင်းနေခြင်း ဖြစ်ပါ၏။

ငယ်(၁ဝ)ကို ဖတ်ကြည့်ပါဦး။

‘အလျင်ဝင်ဧသောသူတိုသည် လာသောအခါ ငါတိုသည် သာ၍ ရမည်ဟု စိတ်ထင်ကြ၏ဟု တွေ့ရပါလိမ့်မည်။ နောက်ကျမှဝင်သော လုပ်သားများသည် ဒေနာရိတစ်ပြားရသည်ကို မြင်ပြီး၊ သူတို့သည် ထိုသူတို့ထက် လုပ်အားခ ပို၍ရမည်ဟု ထင်မှတ်ခဲ့ကြ၏။ သိုသော် ထိုသူတိုနည်းတူ ဒေနာရိတစ်ပြားသာရသဖြင့် ဒေါသထွက်ပြီး ပိုင်ရှင်အား “ကဲ့ရဲ့ပြစ်တင်ကြ၏။ ထိုနောက် တစ်နာရီခန့်သာ အလုပ်လုပ်ခဲ့သော သူတိုနှင့် အဘယ်ကြောင့် အညီအမျှခံရပါနည်း’ဟူ၍ ဆူပူကြ တော့၏(ငယ်-၁၂)။

ထိုသို့ဖြစ်ရခြင်း၏ အရင်းခံကာ အလျင်ကျသော ဆုတို့သည် လုပ်အား သိုမဟုတ် ဆုလာဘ်နှင့် အကျိုးကျေးဇူးကိုသာလျှင်မျှော်ကိုး၍ လုပ်ဆောင်ခဲ့ကြသောကြောင့် ဖြစ်၏။ ပိုင်ရှင်ကလည်း သိနေ၏။ သူတို၏စိတ်ထားကို မကြိုက်။ ထိုကြောင့် အလျင်ကျသော သူတိုကို နောက်ကျမှ လုပ်အားခပေးရန် အမိန့်ပေးခဲ့ခြင်း ဖြစ်ပါသည်။ အလျင်ကျသော သူတိုသည် နောက်ကျကြလေပြီး အရင်းအချက်ကား အတွင်းစိတ်နှလုံးထဲရှိ သဘောထား ပေတည်း။

“ကိုယ်တော်၏ အမှုတော်ကိုဆောင်ပါမည်။ ထိုသိုပြုလျှင် အဘယ်အကျိုးကို ခံရပါမည်နည်း? အဘယ်သိုသော ဆုလာဘ်ကိုပေးမည်နည်း? ဟူ၍မေးသောသူသည် ခရစ်ယာန်မပီသပါ။ ရှင်ပေတရုက “အဘယ်အကျိုးကို ရမည်နည်း´ဟူ၍ မေးခဲ့၏(မဿဲ၊ ၁၉း၂၇၊မာကု၊ ၁၀း၂၈)။ ခရစ်တော်က အကျိုးကျေးဇူး မရဘဲမနေပါဟူ၍ ဖြေကြားခဲ့စေကာမူ ချက်ချင်းပင် နောက်ကျသောသူသည် အလျင် ကျလိမ့်မည်။ အလျင်ကျသောသည် နောက်ကျလိမ့်မည် ဟူသောဆုံးမစကားဖြင့် အဆုံးသတ်ပစ် လိုက်သည်။ ထိုနောက် ရှင်မဿဲခရစ်ဝင်မှတ်တမ်း ကြည့်ပြန်လျှင်လည်း ဤဥပမာတော်ကို ပြော ပြီးနောက် ဤစကားတော်ဖြင့် အဆုံးသတ်ပစ်လိုက်ပြန်ပါ၏။

ကိုယ်တော်က ဤအချက်ကို ထပ်တလဲလဲ သတိပေးနေကြောင်း ထင်ရှားနေသည်။

ထိုစကားတော်ကြောင့် အရေးကြီးသော သင်ခန်းစာ သို မဟုတ်အသစ်သော ဝိရောဓိစကားတစ်ခွန်း ပေါ်ပေါက်လာနိုင်သည်။

“ခရစ်တော်အသက်တာ၌ ဆုလာဘ်ကိုသာမျှော်ကိုးပြီး လုပ်ဆောင်သက်ရှင်နေကြပါလျှင် ဆုလာဘ်ကိုပင် ဆုံးရှုးသွားနိုင်သည်။ ဆုလာဘ်အတွက် ဘုရားသခင်၏လက်တော်ထဲသို လွှထားလိုက်လျှင် ဆုလာဘ်ကိုခံစားရလိမ့်မည်”ဟူ၍ ကျွန်တော်ဆိုချင်ပါ၏။

ဥပမာတော်ကို ပြန်လည်ဆင်ခြင်ကြည့်ကြပါဦးစို့။

အလုပ်ခွင်သို အလျင်ဝင်ခဲ့သော လုပ်သားများသည် စိတ်စေတနာကောင်းမရှိ၊ ဆုလာဘ် ကိုမျှော်ကိုးပြီး လုပ်ဆောင်ခဲ့ကြကြောင်း၊ ဤဥပမာတော်အား လေးလေးနက်နက် သုံးသပ်ကြည့်မှ သာလျှင် ပေါ်လွင်ထင်ရှားလာကြောင်း တွေ့ရပါလိမ့်မည်။

မွန်းတည့် သိုမဟုတ် ညနေငါးနာရီမှ အလုပ်ခွင်သို ဝင်သောလုပ်သားများသည် မမျှော်လင့်ဘဲ ဒေနာရီတစ်ပြားရခဲ့ကြသည်။ ထိုအခါ အလုပ်ခွင်ကို အလျင်ဝင်သော သူတိုကဥယျာဉ်ပိုင်ရှင်ကို ဘယ်ကြောင့် ကဲ့ရဲ့ပြစ်တင်ကြပါသနည်း?

နောက်ကျမှ အလုပ်ခွင်သို ဝင်သူတိုသည် တစ်နေ့လုံးအလုပ်လက်မဲ့ ဖြစ်နေခဲ့ကြသည်။ မိသားစု စားဝတ်နေရေးအတွက် စိတ်ပူပင်နေကြပါလိမ့်မည်။ အလုပ်ပြီး၍ လုပ်အားခ ရှင်းသည့်အခါ ထိုခေတ် က တစ်နေ့တာ ဝင်ငွေဖြစ်သော ဒေနာရိတစ်ပြား (ယခုခေတ်ပြား ရှစ်ဆယ်ခန့်)ကို ရကြသောအခါ မွတ်သိပ်နေသော သူတို့မိသားစုအတွက် စားဝတ်နေရေး အဆင်ပြေသွားသဖြင့် နံနက်စော၊ အလုပ် ဝင်ခဲ့သူတိုက ကိုယ်ချင်းစာနာထောက်ထားပြီး ဝမ်းသာသင့် ကြပါ၏။

သိုသော် သူတိုသည် အမှန်ဆိုရလျှင် စပျစ်ဥယျာဉ်၏လုပ်ငန်းဆောင်တာများကို ပြီးစီးစေလို သောစိတ်စေတနာထက် လုပ်အားခကိုသာ အာရုံစိုက်၊ အလေးထား၊ မျှော်ကိုးနေခဲ့သောကြောင့် ပိုင်ရှင် လည် ‘မတရား၊ ဤသိုမပြုထိုက်” ဟူ၍ ကဲ့ရဲ့ပြစ်တင်ခဲ့ကြခြင်း ဖြစ်၏။

ထိုကြောင့် ဆုလာဒ်၊ အကျိုးကျေးဇူး ကိုသာမျှော်ကိုးပြီး ကောင်းမှုကုသိုလ်ပြုနေသော ခရစ်ယာန်တို့သည် ခရစ်ယာန်မပီသရုံမက သူတစ်ပါး မမျှော်လင့်ဘဲ ကောင်းစားသွားသည်ကို မရှုဆိတ်ဖြစ်ခဲ့သောကြောင့် “အလျင်ကျသော်လည်း နောက်ကျသွားမည်”ကို သတိပြုသင့်ပါ၏။

ပျောက်သောသားသည် နောင်တရပြီး ဖခင်ထံသို ပြန်လာကာ “အဖ၊ ကျွန်တော်သည် အမှားကို ပြုခဲ့ပါပြီ။ ‘သား’ ဟူ၍ပင်မခေါ်လိုက်တော့ပါဟုဆိုကာ သား အရာကိုပင် မမျှော်ကိုးတော့ဘဲ ဖခင်၏ အိမ်၌အစေခံကျွန် ဖြစ်ပါလေစေ၊ လုပ်ရန်အသင့်ရှိခဲ့သည်။

ညီငယ်သည် ထိုသို့သော နောင်တစိတ်ဖြင့် ပြန်လာသောအခါ အစ်ကိုဖြစ်သူက အဘယ်ကြောင့် ဝမ်းသာအားရမဖြစ်ခဲ့ပါသနည်း? (လုကာ၊ ၁၅:၂၅-၃၂)။ အစ်ကို၏အတွင်းစိတ်သည် မမှန်သောကြောင့်ဖြစ်၏။

သူသည် ဖခင်၏အမွေနှင့်တူသည့် ဆုလာဘ်ကိုသာ စိတ်အာရုံစိုက်နေသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့သည်လည်း ဘုရားသခင်၏မေတ္တာတော်ကို တကယ်ပင် သိရှိနားလည်နေကြပါလျှင် ပျောက်သောသိုးကိုရှာပြီး သိုးခြံထဲသို ပြန်လည်ခေါ်ဆောင်လာသောအခါ ကောင်းကင်သားတိုနှင့် အတူ ဝမ်းမြောက်ဝမ်းသာ မဖြစ်သင့်ကြပေဘူးလား?(လု၊ ၁၅း၁-၇)။

ပျောက်သောသား၏ ဖခင်နှင့်ပျောက်သောသိုး၏ သိုးထိန်းကဲ့သိုသော ဘုရားသခင်၏အကြွင်းမဲ့ မေတ္တာတော်၊ စေတနာရက်ရောမျှ၊ ကရုဏာတော်ကို အဘယ့်ကြောင့် ကဲ့ရဲ့ပြစ်တင်နေကြပါသနည်း?

သို့သော် ကျွန်တော်တို့သည် ပုထုဇဉ်သားများဖြစ်သောကြောင့်လည်းကောင်း၊ အားနည်းချက် များ ရှိနေသောကြောင့်လည်းကြောင်း အနေဖြင့် ကောင်းမှုကုသိုလ်ပြုတိုင်းဆုလာဘ်ကို မျှော် ကြီးတတ်ကြသည့် စိတ်ထားကို ဖျောက်ဖျက်ရန် ခဲယဉ်းသည်ကို ဝန်ခံကြလိမ့်မည်။

ထိုမျှသာမက လုပ်ဆောင်ခဲ့သော ကောင်းမှုအတွက်ပင်တစ်တင်ကြွားဝါတတ်ကြသေးသည်။ လူအများက ဦးစေချင်သည့်စိတ်အား မသိမသာ ကိန်းအောင်းနေတတ်ကြပါ၏။ ကိုယ်ကို မြင့်မြတ်သောသူဟူ၍ ထင်လာပါလျှင် ကိုယ့်ကိုယ်ကိုချီးမြှောက်သောသူမည်ကား၊ နှိမ့်ချသော သူမည်သည်ကား ချီးမြှောက်ခြင်းသို ရောက်လတံ့’ဟူသော ဆုံးမစကားကိုသတိရသင့်၏( ၁၄း၁၁)။

ရှင်ပေါလုကလည်း ထပ်ဆင့်၍ “ကျေးဇူးတော်ကြောင့် ရခြင်းဖြစ်၏။ ကိုယ်အလိုအလျောက် ရသည်မဟုတ်။ ဘုရားသခင်သနားတော်မူရာ ဖြစ်သတည်း ကိုယ်ကုသိုလ်ကြောင့် ကယ်တင်ခြင်း သို့ ရောက်သည်မဟုတ် သိုကြောင့် အဘယ်သူမျှ ဝါကြွားစရာကြောင်းမဟု သတိပေးခဲ့ခြင်းလည်း ဖြစ်ပါ၏(ဧဖက်၊ ၂း၈-၉)။

(ဈ) ဆုလာဘ်ကိုသာ မျှော်ကိုးနေလျှင် မေတ္တာစစ်ဆိုသည်ကို မသိ၊ နားလည်သကဲ့သို ဖြစ်နိုင်ပါသည်။ ဆုလာဘ်ကိုမျှော်ကိုးပြီး လုပ်ဆောင်နေသောသူ ဖြစ်လျှင် မေတ္တာစစ်၏သဘောထားကို ဥပေက္ခာပြုရာရောက်ရုံမက၊ ကိုယ်တော့်အပေါ်မေတ္တာထားပြီး ကျေးဇူးသိသောစိတ်၊ ဝမ်းမြောက်သောစိတ်သက်သက်ဖြင့် အခြေခံ လုပ်ဆောင်နေသူဖြစ်မည် မဟုတ်ပါ။

မိခင်တစ်ဦးသည် မိမိ၏သားသမီးတိုက တစ်နေ့ကျလျှင် မိမိပြန်၍ ကျေးဇူးဆပ်စေလိုသော စိတ်ဖြင့်သုတ်သင်၊ ကျွေးမွေးပြုစု နေခြင်းမဟုတ်ပါ။ အမှန်ဆိုရလျှင် မိခင်သည် မိမိကိုဘာမျှ ပြန်၍ မပေးဆပ်နိုင်၊ ကျေးဇူးတုံပြန်နိုင်မည် မဟုတ်သည့် ကိုယ်လက်အင်္ဂါ ချွတ်ယွင်း၊ မစွမ်းမသန်သော သားသမီးတိုကိုပင်လျှင် ပို၍ကြင်နာ ယုယနေတတ်ပါ၏။

သားသမီးတို့သည် အမွေရလိုသောကြောင့် မိဘကိုလုပ်ကျွေးနေလျှင် သားသမီးကောင်း မပီသ၊ မေတ္တာစစ်ဖြင့် မိဘကို ပြုစုနေသူ ဖြစ်မည်မဟုတ်ပါ။ မေတ္တာစစ်ရှိသောသူသည် မိမိပြန်ရမည်ကို မမျှော်ကိုးဘဲ မိမိကသာလျှင် ပေးအပ်နေသူဖြစ်ပါ၏။

ဘုရားသခင်၏မေတ္တာတော်၊ ကျေးဇူးတော်၏လက်ထဲသို့သာ မိမိကိုယ်ကို လွဲအပ်ပြီး ဆုလာဘ်အကြောင်းကို မစဉ်းစားဘဲ ကိုယ်တော့်ကို အစေခံသင့်ကြပါသည်။ ကိုယ်တော်သည် စပျစ်ဥယျာဉ် လုပ်သားများ၏ အတွင်းစိတ်စေတနာကို ကြည့်နေသကဲ့သို ကျွန်တော် တို့ကို ကြည့်နေပါ၏။ ထိုလုပ်သားများ၏ အတွင်းစိတ်နှလုံးနှင့် သဘော ထားကို သိနေသောကြောင့်လည်း နောက်မှ အလုပ်ဝင်သောသူတိုကို နောက်မှပေးခဲ့သည်။ ဆုလာဘ်ကိုမျှော်ကိုးပြီး အစေခံနေသောသူတို သည် ဘုရားသခင်၏ရှေ့တော်မှောက်၌ ဆင်းရဲသောသူ၊ နိမ့်ကျသော သူ ဖြစ်သွားနိုင်သည်။

သို့သော် အစေခံရသည့် အခွင့်အရေးအတွက်ကိုပင်လျှင်ဝမ်းသာအားရဖြစ်နေသူများအား ဘုရားသခင်က ကြီးမြတ်သောသူ၊ ကြွယ်ဝသောသူဟူ၍ မှတ်ယူပါလိမ့်မည်။

နိဂုံးအားဖြင့်ဆိုရလျှင် ဆုကျေးဇူးကိုသာ မျှော်ကိုးပြီး ဘုရား သခင်အတွက် လုပ်ဆောင်နေပါက အလျင်ကျလျှင်လည်း နောက်ကျနေပါလိမ့်မည်။ ဘုရားသခင်ကို မေတ္တာစစ်ဖြင့် တုံပြန်အစေခံ နေသူတို့မူကား နောက်ကျလျှင်လည်း အရင်ကျလိမ့်မည်တည်း

* * *

 

 

 

 

 

အခန်း(၉)

သည်းခံစိတ်ရှိသော တန်ခိုးတော်ရှင်

 

သင်တို၏ ရန်သူဘက်၌ မရှိသောသူသည် သင်တို့ဘက်၌ ရှိကြ၏( မာ ၉း၄၀ ၊ လု ၉း၅၀)

အထက်ပါကျမ်းချက်သည် ခရစ်တော်က တမန်တော်တို့အား သည်းခံစိတ်ရှိရန် ဆုံးမလိုက်သော စကားဖြစ်ပါ၏။

ဤကျမ်းစကားကို ရုတ်တရက်ဖတ်လိုက်လျှင် ခရစ်တော်ကို ယုံကြည်ခြင်းမရှိ၊ နောက်တော် သို့မလိုက်၊ တစ်ချိန်တည်းမှာပင်ဖာရိရှဲ၊ ဇဒ္ဒူကဲ၊ ကျမ်းတတ်ဆရာများကဲ့သို ကိုယ်တော်အား ရန်မူ ခြင်းမရှိ၊ ထိုသူတိုနှင့် အပေါင်းသင်းဘဲ မိမိဘာသာအေးအေးလူလူ နေသောသူသည် တမန်တော်တိုဘက်၌ ရှိနေသကဲ့သို မှတ်ယူစေလိုပြီး၊ သည်းခံခွင့်လွှတ်ရမည့် အကြောင်း မိန့်တော်မူခဲ့သည့် အဓိပ္ပာယ်ပေါက်နေပါ၏။

သို့သော် နောက်တစ်ချိန်၌ ခရစ်တော်ကပင်လျှင် “ငါ့ဘက်၌ မနေသောသူသည် ငါ့ရန်သူဖြစ်၏’ဟု ပြတ်သားစွာ မိန့်ဆို စိန် ခေါ်နေသော စကားတော်ကို တွေ့ရပါလိမ့်ဦးမည်(မဿဲ၊ ၁၂:၃၀။ လု၊ ၁၁:၂၃)။

ဤသို့သော ဝိရောဓိစကားတော် နှစ်ခွန်းသည် ခရစ်တော်၏နှုတ်တော်မှ ထွက်လာနိုင်ပါ့မည် လားဟူ၍ပင် သံသယဖြစ်လာနိုင်သည်။

ဆရာတစ်ပါးတည်းက ဝိရောဓိစကားနှစ်မျိုးကို ပြောနေပုံရသည်။

ဒုတိယစကားမှာ ပြင်းထန်နေ၏။

ခရစ်တော်၏ နောက်တော်သို မလိုက်၊ ကိုယ်တော့်ဘက်၌ မနေသောသူ ဟူသမျှကို လုံးဝသည်း မခံနိုင်၊ ရန်သူကဲ့သို မှတ်ယူပြီး ဆုံးမဒဏ်ခတ်တော့မည့် အာဏာတန်ခိုးရှင် တစ်ဦးကဲ့သို ပြတ်သားစွာ စိန်ခေါ်နေသော စကားဖြစ်နေပါပြီ။

မည်သို အနက်ဖွင့်သင့်ပါသနည်း။

အမှန်ဆိုရလျှင် ဤဝိရောဓိစကားတော် နှစ်ခွန်းကိုပြောရသည့်အချိန်အခါ၊ နောက်ခံဖြစ်ရပ်၊ ရှေ့နောက် ကျမ်းစကားကို လေ့လာပြီးမှ အနက်ဖွင့်သင့်ပါ၏။

 

သည်းခံခွင့်လွှတ်စိတ်ရှိရန် သွန်သင်ခြင်း

တမန်တော်(၁၂)ပါးအား ကိုယ်တော်က လိုက်ခံဟောပြောသွန်သင်ရန်၊ အနာရောဂါပျောက်စေ ရန် နတ်ဆိုးတိုကို နှင်ထုတ်ရန် နှစ်ဦးစီစေလွှတ်ခဲ့ပြီးလျှင် သူတိုပြန်ရောက်လာသောအချိန် ဖြစ်သည်။ (မာကု၊ ၆း၇-၁၃) သူတို ပြန်လာချိန်၌ ကိုယ်တော်သည် ကပေရနောင်မြို၌ ရှိနေတော်မူသည်။

ထိုအခါ ယောဟန်က ကိုယ်တော့်အား တိုင်တန်း၏။ သူတို ခရီးလှည့်စဉ် သူတိုနှင့်အတူ မလိုက်စေကာမူ၊ သခင်ယေရှ၏နာမတော်ကို အမှီပြုပြီး နတ်ဆိုးတိုကို နှင်ထုတ်သောသူ တစ်ယောက်ကို တွေ့ပါ၏။ “သူသည် အကျွန်ုပ်တိုနှင့်အတူ မလိုက် သောကြောင့် အကျွန်ုပ်တိုသည် မြစ်တားကြပါသည်ဟု လျှောက်လျှင်ကိုယ်တော်က “မမြစ်တားကြနှင့်။ ငါ့နာမကို အမှီပြုလျက် တန်ခိုးကိုပြလျှင် ငါ့ကိုအလွယ်တကူ ကဲ့ရဲ့ နိုင်သောသူတစ်ယောက်မျှမရှိဟု မိန့်တော်မူကား၊ ထိုသူသည် ရန်သူတိုဘက်၌ မရှိသောကြောင့် တမန်တော်တိုဘက်၌ ရှိနေကြောင်း မှတ်ယူရမည်။ သည်းခံစိတ်ဖြင့် ခွင့်ပြုလော့’ဟူ၍ ဆုံးမခဲ့၏(မာကု၊ ၉း၃၈-၄၀။ လုကာ၊ ၉း၄၉-၅၀)။

ယောဟန်က တိုင်တန်းစရာလည်း ကောင်းပါသည်။ ထိုပုဂ္ဂိုလ်သည် ယုံကြည်သူ မဟုတ်၊ နောက်တော်လိုက်မဟုတ်စေကာမူ သခင်ယေရှု၏နာမတော်ကို အသုံးပြုပြီး နတ်ဆိုးများကို နှင်ထုတ် ခဲ့သည့်အတွက် ဘဝင်မကျနေပုံရသည်။

ဤကိစ္စသည် အဆန်းမဟုတ်ပါ။ တမန်၊ ၁၉း၁၃-၁၈ ကိုလေ့လာကြည့်ပါ။

ယုဒလူ အချိုနှင့်သကေဝ အမည်ရှိသော ယဇ်ပုရောဟိတ် မင်း၏သားခုနစ်ယောက်တို့သည် ခရစ်တော်ကို ယုံကြည်သူများ မဟုတ်စေကာမူ နာမတော်ကို သုံးပြီး နတ်ဆိုးတိုကို နှင်ထုတ်နေ ကြောင်း ပေါလုကိုယ်တိုင်ကြားသိခဲ့ရသည်။

လွန်ခဲ့သော နှစ်ပေါင်း(၄ဝဝဝ)ခန့်က လူအပေါင်းတို့သည် နတ်ဆိုးတိုကို ယုံကြည်ကြခြင်းမှာ မထူးဆန်းပါ။

 ဓမ္မဟောင်းခေတ်ကဆိုလျှင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့ကဲ့သိုသော ဘာသာရေး ခေါင်းဆောင်ကြီးများ၏ အမည်နာမကို အမှီပြုပြီး ထိုသို့ပြုခဲ့သည်။

ပြတိုက်၌ ယနေ့တိုင်ပြသထားသော ပါပီရပ်စ် စာလိပ်တွင် ရုပ်တုကိုးကွယ်ပြီး၊ ခရစ်တော်ကို မယုံကြည်သူများက “အချင်း နတ်ဆိုး၊ ဟေဗြဲတို့၏ဘုရားဖြစ်တော်မူထသော သခင်ယေရှု၏နာမ တော်ကို အမှီပြုလျက် ထွက်ခွာသွားလော့’ဟူသော “နတ်ဆိုးနှင်စကား”ကို ရေးသားထားကြောင်း တွေ့နိုင်ပါသည်။

ယောဟန်က တိုင်တန်းရာ၌ “ထိုသူသည် အကျွန်ုပ်တိုနှင့်မလိုက်ပါ။ ကျွန်ုပ်တိုဘက်တော်သား မဖြစ်၍ မြစ်တားခဲ့ပါသည်’ဟုလျှောက်ထားပုံကို သတိပြုပါ။

“ထိုသူသည် ငါတိုအဖွဲ ၊ ငါတိုအပေါင်းအသင်း၊ ငါတိုအုပ်စုထဲက မဟုတ်၍ လက်မခံလို၊ ထိုကြောင့် တားမြစ်ခဲ့သည်ဟု ဆို၏။ ကိုယ်တော်က မတားမြစ်ရန် ဆုံးမပြီး၊ ငါတိုဘက်တော်သား၊ ငါတိုအုပ်စု၊ အဖွဲထဲက မဟုတ်စေကာမူ၊ ရန်မူခြင်းမရှိ၊ ငါတိုရန်သူ၏ ဘက်တော်သားလည်းမဟုတ်၊ နတ်ဆိုးများသို နှင်ထုတ်နေသောအားဖြင့် ငါတိုဘက်၌ ရှိနေသည်ဟု မိန့်တော်မူလိုက်ပါ၏။

ရှင်ယောဟန်သည် သည်းခံစိတ်မရှိဘဲ ခရစ်တော်ကို လက်မခံသော ရှမာရိရွာအချို့ကို ကောင်းကင်မှ မီးကျစေပြီး လောင်ကျွမ်းဒဏ်ခတ်စေရန် တောင်းလျှောက်ခဲ့ဖူးသူ ဖြစ်ပါ၏။

ဓမ္မဟောင်းကျမ်းထဲ၌ အလားတူဖြစ်ရပ်ကို တွေ့ရပါသည်။ တောလည်၊ ၁၁း၁၆-၃၀ ကို ဖတ်ရှုလေ့လာကြည့်ပါ။

မောရှေသည် အလုပ်များလွန်းသဖြင့် သူ့ကိုကူညီရန် လူပေါင်း(၇၀)ကို ရွေးချယ်ခဲ့သည်။ ပရိသတ်စည်းဝေးရာ တဲတော် ၌ ရပ်နေခိုင်းပါ။ ဝိညာဉ်တော်အရှိန်တန်ခိုး အချို့ကိုပေးမည်ဟု ဘုရားသခင်က မိန့်တော်မူသဖြင့် မောရှေက မှာကြားတော်မူသည့်အတိုင်း ဆောင်ရွက်ခဲ့သည်။ ဘုရားသခင်၏ဝိညာဉ်တော်ဆင်းသက် လာသောအခါ ထိုသူတိုသည် “ ပရောဖက်ပြု၍ မပြတ်မစဲဟောကြား၏(တောလည်၊ ၁၁း၂၅)။

သို့သော် လူ(၇၀)ကို စုဝေးစေခဲ့စဉ် ဧလာဒ်နှင့်မေဒ်ဆိုသူနှစ်ဦးသည် ထိုစည်းဝေးကို မတက်ဘဲ နေရစ်၏။ သိုဖြစ်စေကာမူ သူတို့အပေါ် ဝိညာဉ်တော်ဆင်းသက်ပြီး၊ ပရောဖက်ပြု၍ ဟောနေ သည်ကို တွေ့ရသဖြင့် လုလင်တစ်ဦးနှင့်ယောရှုတို့က မကျေမနပ်ဖြစ်ကာ မောရှေထံ ပြေး၍တိုင်တန်း၏။ မောရှေသည် သူတို့အား ငြူစူစိတ်မရှိရန်နှင့် ဖြစ်နိုင်လျှင် ဘုရားသခင်၏လူအားလုံးတိုသည် ဤကဲ့သို ဝိညာဉ်တော်ခံစားရပြီး၊ ပရောဖက်ပြုလျှင် မကောင်းပေဘူးလားဟူ၍ သည်းခံကြရန် သွန်သင်ဆုံးမခဲ့ရ ဖူး၏(တောလည်။၁၁း၂၇-၃၀)။

ကိုယ်တော်၏နောက်တော်သို မလိုက်စေကာမူ နတ်ဆိုးများကို နာမတော်အားဖြင့် နှင်ထုတ်နေသူအပေါ် ခရစ်တော်က သည်းခံစိတ်ပြတော်မူပါ၏။

ဤစကားတော်အားဖြင့် အောက်ပါအတိုင်း အနက်ဖွင့်နိုင်ပါသည်။

(က) သဘောထားကြီးဖို သွန်သင်ဆုံးမတော်မူသည်။ ကိုယ်တော်၏ နာမတော်အားဖြင့် နတ်ဆိုးတိုကို နှင်ထုတ်နေသူသည် နောက်တော်သို မလိုက်စေကာမူ လူပေါင်းများစွာကို အနာရောဂါပျောက်ကင်းစေသောကြောင့် ရလဒ်ကိုကြည့်ပြီးသည်းခံရန် သွန်သင်ခဲ့ခြင်း ဖြစ်သည်။ ထိုသူ၏လုပ်ဆောင်ချက်များကြောင့် လူအများသည် ချမ်းသာရာရနေကြသည်။

ယခုခေတ်စကားဖြင့် ပြောရလျှင် ကိုယ်တော်သည် ကိုအား အဖွဲဝင်တံဆိပ်ကို တပ်ပေးရန် စိတ်မကူး၊ သူ၏အဖွဲထဲသိုပင် ရန်လည်း ဆွယ်တရားမဟောခဲ့ပါ။

လူအများကို ကျန်းမာခြင်း၊ သန့်ရှင်းခြင်း၊ ပြည့်စုံခြင်းအဖြစ်သို့ ရောက်စေရန် လိုက်လံကြိုး စားနေသူသည် ဘုရားသခင်၏နိုင်ငံတော်ကို တည်ထောင်ရန် သွယ်ဝိုက်သောနည်းဖြင့် လုပ်ဆောင် နေကြောင်း အသိအမှတ်ပြုလိုက်ခြင်းသာ ဖြစ်ပါ၏။ ကိုယ်တော်တိုင်သူတစ်ပါးကိုစစ်ကြောစီရင်ရန် မလိုလားရုံမက တပည့်တော်များကိုလည်း အလားတူမပြုရန် သွန်သင်တော်မူခဲ့သည်။ “သူတစ်ပါးကို စစ်ကြောစီရင်ခြင်းမပြုကြနှင့်(မဿဲ၊ ၇း၁)၊ “ကိုယ်မျက်စိ၌ရှိသောတံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိရှိသော ဗြောင့်ငယ်ကို အဘယ်ကြောင့်ကြည့်ရှုသနည်း (မဿဲ၊ ၇း၃)။

ကိုယ်တော်တိုင်ကလည်း သဘောထားကြီးကြောင်း အတိအလင်း သက်ရှင်ပြခဲ့သည်။

သဘောထားကြီးခြင်းကြောင့်လည်း လူတိုင်းရွံရှာမုန်းတီးသော ဖာရိရှဲ၊ အခွန်ခံတိုနှင့်အတူ အစာ စားသောက်တော်မူသည်။ ကိုယ်တော်၏ဥပမာတော်ထဲတွင် ယုဒလူတိုက ရွံရှာမုန်းတီးနေသော ရှာမရိလူများကို သူရဲကောင်းများ၊ အမြတ်ဆုံးသော ဇာတ်ဆောင် များအဖြစ် ဟောပြောခဲ့သည်။ ဝံသာနုစိတ်ဓါတ်ပြင်းထန်သော သူများရှေ့တွင်ပင် ရောမစစ်ဗိုလ်ကြီးများကို ဂုဏ်ပြုခဲ့သည်။ “ငါအမှန် ဆိုသည်ကား ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး ၌ ငါမတွေ့ဖူးသေး’ဟု ဆိုလိုက်သော် လူတိုင်းတွေဝေငေးမောသွားကြ(မဿဲ၊ ၈း၁၀)။

တောပင်တို့ကို ရွေးနုတ်လျှင် စပါးပင်တို့ပါ ရောနှောနေ၍ နုတ်မိမည်ကိုစိုးရိမ်ပြီး သည်းခံတား မြစ်တော်မူသည်(မဿဲ၊ ၁၃း၂၉- ၃၀)၊ ကိုယ်တော်သည် မည်မျှသဘောထားကြီးသနည်းဟုဆိုရလျှင် ‘ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တိုအဖသည် ကောင်းသောသူ၊ မကောင်းသောသူတိုအပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတိုအပေါ်၌ မိုးကိုရွာ စေတော်မူ၏”ဟူ၍ပင် မြွက်ကြားတော်မူခဲ့သည်(မဿဲ၊ ၅:၄၅)။

 

(ခ) လူတိုင်း၏ကိုယ်ပိုင်ခံယူချက်၊ လွတ်လပ်စွာ တွေးခေါ် ယုံကြည်ချက်ကို ချုပ်ချယ်ခြင်းမပြုရန် သွန်သင်တော်မူသည်။ လူတိုင်းသည် မိမိကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားဆင်ခြင် ရွေးချယ်ရန် အခွင့်ပေးတော်မူ၏။ ဤကိစ္စကို လူတစ်ဦး၏ ရပိုင်ခွင့် သိုမဟုတ် အခွင့်အရေးဟူ၍ သတ်မှတ်တော်မူသည်။

ဝီလျံပင်း ဆိုသူက’သင်နားမလည်သေးသော အရာတစ်ခုကိုအရမ်းကာရော ပြစ်တင်ကဲ့ရဲ့ခြင်း၊ ရှုတ်ချခြင်း၊ ကန့်ကွက်ခြင်းမပြုပါနှင့်”ဟု ပြောဆိုခဲ့ဖူးသည်။

ယခုခေတ်၌ဆိုလျှင် ခရစ်ယာန်ဘာသာ၌ ကွဲပြားသောဂိုဏ်းဂဏများ ရှိနေသည်။ တစ်ပါး တည်းသော ဘုရားကို ကိုးကွယ်နေပါလျက် ယုံကြည်ချက်အားဖြင့် အချိုသောနေရာများ၌ ကွဲပြားမှုရှိနေသည်။ သို့သော် သဘောမတူတိုင်း ပြစ်တင်ရှတ်ချခြင်း မပြုသင့်ပါ။

အသင်းတော်သမိုင်းကို ပြန်ကြည့်ပါ။

ကွေကာဂိုဏ်းဝင်များကို အခြားဂိုဏ်းဂဏများက ဥပေက္ခပြုခဲ့ဖူးသည်။ မက်သဒစ်အ သင်းတော်က ပလိုင်းမောက်ညီအစ်ကို မောင်နှမများ (Piymouth Brethren) နှင့် ကယ်တင်ခြင်းတပ်ကို မနှစ်သက်ခဲ့ဖူးပါ။

ဂိုဏ်းဂဏကွဲပြားခြင်းသည် ကောင်းသည်ဟု မဆိုလိုပါ။ သိုသော် သဘောထားကြီးကြီးထားပြီး သူတို၏လွတ်လပ်စွာ တွေးခေါ်ယူဆက်ချက်၊ ခံယူချက်တိုကို လေးစားသင့်သည်ဟု ကျွန်တော်ထင်ပါ။

 

(ဂ) ချက်နှင့် ယုံကြည်ချက်ကို ထွက်သော အကျိုးကျေးဇူးနှင့် ရလဒ်တို့ဖြင့် ဆုံးဖြတ်ခြင်းသည် ထိုအသင်းတော်၏ ယုံကြည်ချက်သည် မည်သိုနည်း´ဟူ၍ မေးသည်ထက် ထိုအသင်းတော်သည် မည်သိုသော လူမျိုးကိုဖော်ထုတ်ပေးနေသနည်း? မည်သိုသော ကောင်းမြတ်မှုကိုပြုလုပ်နေပါသနည်း ဟူ၍ မေးပြီးမှ ဆင်ခြင်သုံးသပ်သင့်ပါ၏။

အရှေ့တိုင်းနိုင်ငံ ဒဏ္ဍာရီတစ်ခု ရှိပါသည်။

တစ်ခါက လူတစ်ဦး၌ သက်တံ့ရောင်စုံ လက်နေသော ကရုကမာလက်စွပ်တစ်ကွင်းရှိ၏။ ထိုလက်စွပ်ကို ဆင်မြန်းလိုက်သူတိုင်းသည် စိတ်ထားချိုသာ အေးမြလာပြီး လူတိုင်းက ချစ်ခင်မြတ်နိုးလာတတ်ကြသည်။ မြန်မာဆန်ဆန် ပြောရလျှင် ပီယသိဒ္ဓီပြီးသည်ဟုဆိုနိုင်ပါသည်။ ထိုလက်စွပ်သည် ဘိုးစဉ်ဘောင်ဆက်က လက်ဆင့်ကမ်းလာပြီး အာနိသင်ထက်မြက်သည်ဟု ဆို၏။

လက်စွပ်ပိုင်ရှင်ဖခင်၌ သားသုံးဦးရှိနေသည်။ သုံးဦးစလုံးကို ညီတူညီမျှချစ်၏။ ကွယ်လွန်ခါ နီးတွင် မည်သည့်သားအား ဤလက်စွပ်ကိုပေးခဲ့ရပါမည်နည်းဟူ၍ စဉ်းစား၍မရဖြစ်လာသည်။

ထိုကြောင့် ဖခင်သည် ထိုလက်စွပ်နှင့် တစ်သဝေမတိမ်းတူသည့် လက်စွပ်နှစ်ကွင်းကို ထပ်မံလုပ်ခိုင်း၏။ ကွဲပြားခြားနားမှုကိုမည်သူကမျှ မပြောနိုင်ပါ။

ကွယ်လွန်ခါနီးတွင် ဖခင်သည် သားတစ်ဦးချင်းကို မိမိအိပ်သည့် ခုတင်အနီးသိုခေါ်ပြီး မေတ္တာအကြောင်း ရှင်းလင်းပြောပြသည်။ ထိုနောက် လက်စွပ်ကိုပေး၏။ သားတစ်ဦးအား ပြောဆိုဆုံးမသောစကားကို နောက်တစ်ဦးကပင် မသိရပါ။

ဖခင်ကွယ်လွန်သွားသောအခါ သားသုံးဦးစလုံးကို လက်စွပ်တစ်ကွင်းစီ ရှိနေကြလေပြီး မည်သည့်လက်စွပ်က အစစ်အမှန်ဟူ၍မခွဲခြားနိုင်ပါ။ ထိုကြောင့် အငြင်းပွားကြတော့၏။

နောက်ဆုံး၌ ဉာဏ်ပညာ အမြော်အမြင်ရှိသော တရားသူကြီးထံသို သားသုံးဦးစလုံးကသွားပြီး အဆုံးအဖြတ်ပေးပါရန်လျှောက်ထားကြ၏။ တရားသူကြီးသည် လက်စွပ်သုံးကွင်းစလုံးကိုစစ်ဆေးပြီး အတန်ကြာဆိတ်ငြိမ်နေသည်။ ထိုနောက် ‘ငါကိုယ်တိုင်ကလည်း လက်စွပ်အစစ်နဲ့အတု မခွဲခြားနိုင် ပါဘူး။ ဒါပေမယ့် မင်းတို့ကိုယ်တိုင်ကသာ ဘယ်လက်စွပ်က အစစ်ဖြစ်ကြောင်း သက်သေထူ နိုင်မှာပဲကွယ်”ဟု အမိန့်ချမှတ်လိုက်လေ၏။

“ကျွန်တော်တိုမရှင်းပါ’ဟု ပြန်ပြောသောအခါ ဆက်လက်ပြောပြ၏။ “လက်စွပ်အစစ်ကို ဝတ်ထားသူဟာ မွန်မြတ်တဲ့အသက်တာ ရှင်ပြရလိမ့်မယ်။ စိတ်ရင်းစိတ်ထားကောင်းမြတ်ရလိမ့်မယ်။ ဒါကြောင့် သွားကြပေတော့။ သူတစ်ပါးအပေါ် ကြင်နာသနားပါ။ စာနာထောက်ထားပါ။ ရဲရင့်ပါ။ တရားမျှတစွာ ဆက်ဆံပါ။ အဲဒီလို အသက်ရှင်ပြနိုင်တဲ့လူမှ လက်စွပ်အစစ်ပိုင်ရှင်ပဲ” ဟု ရှင်းပြလိုက်၏။

ကောင်းမြတ်ခြင်း၊ မွန်မြတ်ခြင်း၊ အကျင့်စာရိတ္တကောင်း ခြင်းဆိုသည်တိုကို နှုတ်မှပြောနေ ၍မပြီး၊ လက်တွေ့ ဖော်ပြမှဖြစ်ပါလိမ့်မည်။

ထိုကြောင့် ယုံကြည်ချက်တစ်ခုခုက ကောင်းသော၊ မွန်မြတ်သော၊ ကြီးမြတ်သော အသက်တာမျိုး၊ သူတော်စင်များကို ပေါ်ထွက်လာနေစေပါသလား ဟူ၍ ကြည့်ပြီးမှ ဆုံးဖြတ်ပါ။ ယုံကြည်ချက်ရှိနေရုံနှင့်မပြီးပါ။ ထိုယုံကြည်ချက်သည် လူတစ်ဦးကို ထူးခြားမွန်မြတ်သော ပုဂ္ဂိုလ်ဖြစ် လာစေပါသလားဟူသော ပေတံဖြင့် တိုင်းထွာသင့်ပါ၏။

သိုသော် ဤသဘောထားကြီးရန်၊ ခွင့်လွှတ်ရန် သွန်သင်ဆုံးမခဲ့သော ကိုယ်တော်သည် နောင်တစ်ချိန်၌ “ငါ့ဘက်၌မနေသောသူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူ မစုမသိမ်းသော သူသည် ကြဲဖြန့်သောသူဖြစ်၏။ ”ဟူ၍ ဝိရောဓိစကားကို အဘယ်ကြောင့် ပြောနိုင်ပါသနည်း?

တစ်ချိန်က ငါ့ဘက်၌ မနေချင်လျှင် ရှိပါလေစေ၊ မဆီးတားပါနှင့် ငါ၏ရန်သူတိုနှင့် မပေါင်းလျှင် ငါတိုဘက်၌ ရှိနေသူဖြစ်သည်ဟု ပြောခဲ့သော်လည်း ယခုဆိုလျှင် “ငါနှင့်ပေါင်းလျှင်ပေါင်း မပေါင်းလျှင် ငါ့ရန်သူဟူ၍ သတ်မှတ်မည်ဟု ပြောဆိုလိုက်ပါတော့၏။

ဤဝိရောဓိစကားတော်ကို နောက်ခံဖြစ်ရပ်ကို လေ့လာပြီး မှ အနက်ဖွင့်ရပါလိမ့်မည်။

ဒုတိယစကားတော်ကို ပြောစဉ်က ကိုယ်တော်သည် စကားအသော နတ်ဆိုးစွဲသူကို နှင်ထုတ်ပြီးခါစ ဖြစ်သည်။

နတ်ဆိုးထွက်သွားပြီးနောက် ကြည့်ရှုနေသော ဖာရိရှဲနှင့်အပေါင်းပါ လူတစ်စုက ကိုယ်တော်သည် နတ်ဆိုးတိုထဲတွင် အကြီးဆုံးသော “ဗေလေပုလနတ်ဆိုးကို အမှီပြု၍ နှင်ထုတ် ခဲ့သည်ဟုမတရားစွပ်စွဲနေကြ၏။

ဝိညာဉ်တော်ကို ပြစ်မှားလျှင် အပြစ်လွတ်ခြင်း အခွင့်မရနိုင်’ဟူသော စကားတော်ကို အနက် ဖွင့်ပြစဉ်က ကျွန်တော်တင်ပြပြီးဖြစ်ပါသည်(မ၊ ၁၂း၂၂-၃၀။ မာကု၊ ၃-၂၂-၃၀။ လုကာ၊ ၁၁း၁၄-၂၃)။

ကိုယ်တော်က နတ်ဆိုးသည် အဘယ်ကြောင့် နတ်ဆိုးကိုနှင်ထုတ်မည်နည်း။ စာတန်သည် အဘယ်ကြောင့် စာတန်ကို နှင်ထုတ်ပါမည်နည်း။ စာတန်သည် သူ၏အပေါင်းအဖော်ဖြစ်သော တပည့်များကို အဘယ့်ကြောင့် နှင်ထုတ်ပါမည်နည်း။ အချင်းချင်း မသင့်တင့် ဖြစ်ကြကုန်မည်မဟုတ် လား။ ထိုသို့ ဖြစ်လျှင် စာတန်နှင့် နတ်ဆိုးတို၏နိုင်ငံသည် တကွဲတပြားဖြစ်၍ အဘယ်သို့ရပ်တည် နိုင်မည်ဟု၍ ဖြေရှင်းပြလိုက်လေ၏။

လူအပေါင်းတိုသည် ရပ်လျက်ကြည့်နေကြသည်။ ကိုယ်တော်၏ပြန်လည်ဖြေကြားချက်ကို သဘောတူသူများရှိသလို သဘောမတူသူများလည်း ရှိပါလိမ့်မည်။ အချိုက တုဏှိဘာဝေဖြစ်၊ မလှုပ်မယှက်ရပ်၍ ဘာမျှမဖြေကြားဘဲ နေသူများလည်းရှိနေသည်။

ထိုအခါမှ ဤစကားတော်ကို မြွက်ဆိုလိုက်ခြင်း ဖြစ်၏။

 

(က) ဤဖြစ်ရပ်ကိုကြည့်ပြီး ကိုယ်တော်ဘက်မှရပ်တည်ခြင်းရှိမရှိယတိပြတ် ဆုံးဖြတ်ခိုင်းနေခြင်းဖြစ်၏။

အနီးပတ်ဝန်းကျင်ရှိနေသူများကိုကြည့်၍ “သင်တို့သည် မတရားစွပ်စွဲနေကြသော ဖာရိရှဲတိုဘက်က ဖြစ်သလား?

ငါ့ဘက်က ဖြစ်သလော့?

ယခုပင် ဆုံးဖြတ်ပါ။ မတုန်မလှုပ်ရပ်၍ ငေးကြည့်မနေကြနှင့်။ အကယ်၍ ငါ့ဘက်၌မနေလျှင် ဖာရိရှဲတို့ဘက်မှဖြစ်၍ ငါ၏ရန်သူဟု သတ်မှတ်ခြင်းခံရလိမ့်မည်။ လက်ပိုက်၍ တုတ်တုတ်မျှ မလှုပ်ဘဲ မနေကြနှင့်။ ယခုပင်ဆုံးဖြတ်ပါ’ဟု ရဲရဲစိန်ခေါ်လိုက်ခြင်း ဖြစ်၏။

ဖာရိရှဲတိုဘက်ကလည်း မပါ။ ကိုယ်တော့်ဘက်မှလည်းမဟုတ် မယုံသင်္ကာဖြစ်ကောင်း ဖြစ်နေပါလိမ့်မည်။ အချိုကမူ ကိုယ်တော့်ကို ယုံကြည်ကောင်း ယုံကြည်နေပါလိမ့်မည်။ သိုသော် သူတိုက တစ်ခွန်း မျှမပြော။ ကိုယ်တော်လုပ်ဆောင်နေသမျှကို ရပ်၍ ကြည့်နေသူများသာ ဖြစ်နေသည်။

ထိုသူများဘက်သိုလှည့်၍ ကိုယ်တော်က “ယခုပင်လျှင် ပြတ်ပြတ်သားသား ဆုံးဖြတ်ရမည့် အချိန်ရောက်ပြီ။ ငါနှင့်သဘောတူသလော?

သို့မဟုတ် မတူသဘော? ဟူ၍မေးနေခြင်းဖြစ်ပါ၏။

“ကိုယ်တော်နှင့် သဘောတူလျှင် တူကြောင်းကိုပြောပါ။ မတူလျှင် မတူကြောင်းကိုပြောပါး၊ မလှုပ်မယှက်ရပ်ပြီး ဖာရိရှဲတို့ဘက် ကလိုလို၊ ကိုယ်တော်ဘက်ကလိုလိုနေရမည့် အချိန်မဟုတ်တော့။ ငါ၏ရန်သူတိုဖြစ်သော ဖာရိရှဲတို့ဘက်က ဖြစ်လိမ့်မည်”ဟု ဤစကားတော်ဖြင့် ရင်ဆိုင်လိုက် ခြင်းဖြစ်၏။

ကောင်းမြတ်သော အမှုတစ်ခုကို တွေ့နေရပါလျက်သဘောတူကြောင်း မဖော်ပြလျှင် မကောင်းမြတ်သောသူများဘက်က ပါသကဲ့သို ဖြစ်သွားမည်ကို စိန်ခေါ်လိုက်သောစကား ဖြစ်ပါ၏။

 

(ခ) မပူမအေး၊ နွေးရုံမျှသာ ဖြစ်နေသူများကို ကိုယ်တော်က အလိုမရှိကြကြောင်း ဤစကားတော်အားဖြင့် ပြတ်သား၍ စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်၏။

လောဒိကိအသင်းတော်ကို ကိုယ်တော်က “သင်သည် အအေးလည်းမဟုတ်၊ အပူလည်းမဟုတ် နွေးရုံမျှသာဖြစ်၍ ငါ၏ခံတွင်းထဲမှ သင့်ကိုထွေးထုတ်လုပြီး”ဟု မိန့်တော်မူခဲ့ဖူး၏(ဗျာ၊ ၃း၁၅-၁၆)။

ကျွန်တော်တို့သည် ခရစ်တော်ကို ယုံကြည်သည်ဟု ဆိုသော်လည်း ကိုယ်တော့်ဘက်မှ သက်သေခံခြင်းမရှိ၊ ကိုယ်တော့်ကိုလည်း ဆန့်ကျင်ဘက်မပြု၊ အေးအေးလူလူနေပြီး၊ အမှန်တရားဘက်မှ ရပ်တည်ခြင်းလည်းမပြု၊ အမှားဘက်မှရပ်တည်ခြင်းလည်း မရှိသည်ကို ဆုံးမနေပါ၏။

ထိုနည်းတူ ပရိသတ်ထဲရှိ လူအချိုကို ငါနှင့်သဘောတူသလား၊ သဘောမတူဘဲ နေသလား? ယခုပင် ပြောပါ။ မပူအအေး၊ နွေးရုံမျှသာနေပြီး “ကြားနေ၍ မဖြစ်ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။ ယုံကြည်သူတိုင်းသည် ခရစ်တော်ဘက်က ရဲရဲရပ်တည်ရမည်ကို သတိပေးနေပါ၏။

 

(ဂ) သန့်ရှင်းခြင့်မြတ်နှင့် ဆိုးယုတ်တို၏ ရုန်းကန်နေရချိန်တွင် မိမိနှင့်မဆိုင်သလို ကြားနေ၍ မဖြစ်ကြောင်း သတိပေးနေခြင်းဖြစ်၏။

သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့်ဒုက္ခခံ၊ ရောဂါရနေသူအား မျက်စိရှေ့တွင်ပင် ပျောက်ကင်းစေလိုက်သည်ကို လူတိုင်းတွေ့နေရသည်။

သိုသော် သန့်ရှင်းမြင့်မြတ်သော အမှုကို ဖာရိရှဲတို့က ဆိုးယုတ်၊ နတ်ဆိုး၏လုပ်ရပ်ဟူ၍ မျက်စိမှိတ်လက်ညှိးထိုးစွပ်စဲနေသည်။ အကောင်းကို အဆိုးဟူ၍ မတရားသက်သက် ပြောနေခြင်းမျိုး၌ တစ်ဖက်ဖက်၌ ပါရမည်။ ထိုကြောင့်လည်း ကိုယ်တော်က “ငါ့ဘက်၌ မနေလျှင် ငါ၏ရန်သူပင်ဖြစ်သည်”ဟု ရဲဝံ့ပြတ်သားစွာ ပြောခဲ့ခြင်းဖြစ်ပါ၏။

 

(ဃ) လွတ်လပ်စွာ ဆန္ဒပြုဆုံးဖြတ်ချက် ချခိုင်းခြင်းလည်း ဖြစ်၏။ ကိုယ်တော်က “ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ့်လက်ဝါးကားတိုင်ကိုထမ်း၍ ငါ့နောက် သိုလိုက်ရမည်”ဟူစကားကို သတိပြုပါ(မဿဲ၊ ၁၆း၂၄။ မာကု၊ ၈း၃၄။

ကိုယ်တော်သည် မည်သူ့ကိုမျှ အတင်းအကျပ်ပြုပြီး နောက်တော်သို့ မလိုက်ခိုင်းပါ။

အင်္ဂလိပ်ကျမ်းမူ၌ (If)ဟူသောစကားကို သတိပြုပါ။

“လိုက်လိုလျှင် လိုက်ပါ။ “မလိုက်လိုလျှင်’နေပါ။ “မိမိဘာသာဆုံးဖြတ်ပါဟူ၍ ထိုစကားတော်အားဖြင့် မိန့်တော်မူနေခြင်း ဖြစ်၏။

ဖာရိရှဲတိုသည် ယခုဆိုလျှင် ကိုယ်တော့်ကို မတရားစွပ်စွဲနေကြသည်။ လူအုပ်ထဲရှိ အချိုက မည်သူ့ဘက်မှလည်း မနေ။ ငြိမ်၍သာ ရပ်ကြည့်နေသည်။

ဖာရိရှဲတိုက ထိုသူတိုကဲ့သို လူမျိုးကိုနှစ်သက်ပါ၏။ဘာမျှမပြောဘဲ ရပ်ကြည့်နေခြင်းအားဖြင့် သူတိုဘက်ကပါသကဲ့သိုဖြစ်နေပေပြီ။

ဤဖြစ်ရပ်တွင် ခရစ်တော်သည် ဝိညာဉ်တော်ကိုပြစ်မှားသော သူများနှင့်ထိပ်တိုက် ရင်ဆိုင်နေရချိန်ဖြစ်သည်။ ထိုပြစ်မှားသူများသည်လည်း အားကြီးသောသူများဖြစ်နေသည်။ ထိုကြောင့် ဤကဲ့သို အချိန်အခါမျိုး၌ “ကြားနေ၍ မဖြစ်တော့ကြောင်း ရှင်းပြလိုက်ခြင်းသာ ဖြစ်သည်။

သူရဲဘောကြောင်ခြင်း၊ မပြောရဲဘဲ ဖြစ်နေခြင်း၊ မဆီမဆိုင်သကဲ့သို ရပ်နေခြင်းသည် ကိုယ်တော့်ဘက်က မပါကြောင်း သွယ်ဝိုက်စွာ ပြောနေပုံရသဖြင့် စိန်ခေါ်လိုက်ခြင်းသာတည်း။

(င) ငါနှင့်အတူ မစုမသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏။ ထိုအချိန်၊ ထိုအခါက ခရစ်တော်သည် နိုင်ငံတော်အတွက် လိုက်လံစုသိမ်း စည်းရုံးနေသူဖြစ်ရာ၊ ယုံကြည်သူများသည် နိုင်ငံတော်ကို တည်ထောင်ရန် တညီတညွတ်၊တစုတရုံး တည်းဖြစ်ရမည့်အခါမျိုးဖြစ်၏။

ကိုယ်တော်သည် သိုးများကို လိုက်လံစုရုံးပြီး မေတ္တာနိုင်ငံတော်ကို တည်ထောင် နေချိန်ဖြစ်သည်။ ယခုအခါသည်ကိုယ်တော်နှင့်လက်တွဲရမည့်အချိန် ဖြစ်သည်။ ကိုယ်တောနှင့်လက်တွဲသူသည် စုသိမ်းသောသူ၊ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ၍ အချင်းချင်းနှင့်လည်း မိတ်သဟာယဖွဲ့သောသူ၊ ဘုရားသခင်နှင့်သာမက လူသားအချင်းချင်း အပြစ်လွှတ်၍ ရန်ကိုငြိမ်းစေသောသူ၊ စည်းလုံးညီညွှတ်စေရန်ဖန်တီးနေသောသူ၊ ငြိမ်းချမ်းရေးကို တည်ဆောက်နေသောသူ၊ ကောင်းမြတ်ကို ဖန်တီးသောသူ၊ လူအပေါင်းတို၏အနာရောဂါကိုငြိမ်းစေပြီး မကောင်းမှုဒုစရိုက် နတ်ဆိုးတိုကို နှင်ထုတ်နေသောသူသာ ဖြစ်လာပါလိမ့်မည်။

“ငါ့ဘက်၌ မနေဘဲ လက်တွဲခြင်းကိုမပြုလျှင် သုံးတိုကစဉ့်ကရဲကွဲလွင့်သွားစေရန် လုပ်ဆောင်နေသူဖြစ်သွားပါလိမ့်မည်။ ဤအချိန်မျိုး၌ ခရစ်တော်သည် နှုတ်ဆိတ်၍နေရန်မဖြစ်တော့သဖြင့် ရဲဝံ့စွာ မေးမြန်းလိုက်ခြင်း ဖြစ်ပါ၏။ကိုယ်တော့်ဘက်၌ မနေသောသူများသည် မေတ္တာနိုင်ငံကို တည်ဆောက်နေခြင်း၌ အဟန့်အတား၊ မုန်းတီးမှုကိုပြန့်ပွားစေရုံမက ညီညွတ်မှုကို ပျက်ပြားစေပြီး၊ တစ်လောကလုံးတွင် ထိုအရာများ ပျံ့နှံသွားစေပါလိမ့်မည်။ “ဗေလဇေဗလ’နတ်ဆိုးကဲ့သို နိုင်ငံတော်ကို ဖျက်ဆီးသူ ဖြစ်သွားပါလိမ့်မည်(လုကာ၊ ၁၂း၅၄-၅၆ ကိုပါ ယှဉ်တွဲလေ့လာပါ။)

ရှင်ပေါလုကလည်း “ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့ အလိုငှာလည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် တည်ကြ၏။ (တစ်နည်းဆိုရလျှင်) တညီတညွတ်တည်း ဖြစ်လာကြကုန်၏’ဟု ဆိုခဲ့၏(ကော၊ ၁း၁၆-၁၇)။

ဓါတ်ပြားတစ်ချပ်၏ အလယ်ဗဟို၌ အပေါက်တစ်ပေါက်ဖောက်ထားသည်ကို တွေ့ရပါလိမ့်မည်။ ထိုအပေါက်ကိုသုံးပြီး ဓါတ်ပြားကို တီးကြည့်ပါ။ ငြိမ့်ညောင်းသော ဂီတသံများ ထွက်ပေါ်လာပါလိမ့်မည်။

ထိုအပေါက်၏နံဘေး၌ အခြားအပေါက်တစ်ပေါက်ကိုဖောက်ကာ ဓါတ်ပြားကိုတီး ကြည့်ပါ။ သီချင်းသံမထွက်ဘဲ ခံကြောသံကြား၊ ဆူညံ သံမျိုးစုံ ထွက်ပေါ်လာပါလိမ့်မည်။ ငြိမ့်ညောင်းသော ဂီတသံထွက်ပေါ်လာရေးအတွက် အပေါက်သည် အလယ်ဗဟို နှင့်မဏ္ဍိုင်ဖြစ်နေပါ၏။

ခရစ်တော်သည် မဏ္ဍိုင်ဖြစ်၍ အားလုံးကိုပေါင်းစည်းညီ ညာ(ငြိမ့်ညောင်း) လာစေတော်မူသည်။

လူသားတို့၏ အကျိုးပြုလုပ်ငန်းကို လုပ်ဆောင်ခဲ့သူ ဟင်နရီဂျော့ဆိုသူက ကာဒီနယ်ရ ဟန်းကြီး’မင်းနင်း နှင့် စကားပြောနေသည်။ ဟင်နရီဂျော့က “ကျွန်တော်ဟာ လူ့ကိုချစ်တယ်။ လူတွေအပေါ်မှာထားတဲ့ မေတ္တာကြောင့် လူတွေရဲ့ အကောင်းဆုံးမိတ်ဆွေနဲ့နိဿာရည်ဖြစ်တဲ့ ခရစ်တော်ကို ချစ်လာတာပဲ”ဟု ဆို၏။ ရဟန်းကြီးကမူ “ကျွန်တော်ကတော့ တော်ကိုချစ်တယ် လူတွေအတွက် အသေခံခဲ့တဲ့ ခရစ်တော်ကြောင့် လူတွေကိုချစ်လာတာပါပဲ”ဟု ဆို၏။

တစ်ဦးက လူအပေါင်းကိုချစ်ပြီး ခရစ်တော်ကို ချစ်လာသကဲ့သို့ တစ်ဦးက ခရစ်တော်ကို ချစ်သောကြောင့် လူအပေါင်းကိုချစ်လာခြင်းဖြစ်၏။ လူနှင့်ခရစ်တော်၊ ခရစ်တော်နှင့်လူကိုခွဲခြားနေ၍ မရပါ။

ခရစ်တော်သည် သံလိုက်ကဲ့သို လူအပေါင်းကိုဆွဲငင်စုသိမ်း၊ စည်းလုံးညီညွတ်စေတော်မူသော အရှင်ဖြစ်၏။ သိုဖြစ်လျှင် မာကု၊ ၉း၄ဝ နှင့် လုကာ၊ ၉:၅ဝ တွင် ဖော်ပြထားသောသူကို ကိုယ်တော် က အဘယ်ကြောင့် သည်းခံရပါသနည်းဟု မေးစရာရှိလာပါပြီ။ ထိုသူသည် ကိုယ်တော်နှင့်လက်တွဲပြီး ကိုယ်တော်၏နိုင်ငံတော်အတွက်စုသိမ်းပေးနေသူ ဖြစ်သောကြောင့်တည်း။

 

 

အခန်း(၁၀)

 

သူတစ်ပါးအားပေးကြလော့၊ ပေးလျှင် သူတစ်ပါးသည် သင်တို့ကိုပေးကြလိမ့်မည်။ အမှန် ခြင်ရုံမက သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တိုရင်ခွင်၌ ပေးကြလိမ့်မည်။ အ ကြောင်းမူကား အကြင်ချိန်၊ တင်းပမာဏနှင့် သင်တိုသည် သူတစ်ပါးအားပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြလိမ့်မည်။ (လုကာ၊ ၆း၃၈၊ မာကု၊ ၄း၂၄)

 

အထက်ပါကျမ်းစကားကို ကျွန်တော့်အနေဖြင့် “ဝိရောဓိစကားတော်’ဟူ၍ မဆိုချင်ပါ။ လူတိုင်း လိုက်နာသင့်သည့်နိယာမတရားဟူ၍သာ ပြောချင်ပါသည်။

သိုသော် လူ့သဘာဝအတိုင်းဆိုရလျှင် လူသည် သူတစ်ပါးကိုပေးအပ်ခြင်းထက် သူတစ်ပါးထံမှ ရယူလိုစိတ်က များနေသဖြင့်သဘာဝနှင့် ဝိရောဓိဖြစ်နေသည်ဟုဆိုလျှင် မှားမည်မထင်ပါ။ ထက် ရယူလိုစိတ်က များနေတတ်ပါသည်။

မရှိ၍ မလှူ၊ မလှူ၍ မရှိ’ဟူသော တရားစကားကိုလည်းကြားဖူးကြပါလိမ့်မည်။ မပေးကမ်း၊ မလှူဒါန်းခြင်းမှာ မိမိ၌လှူဒါန်းစရာ မရှိ၍ ဖြစ်သည်။ မိမိကိုယ်တိုင် စားသုံးရန်မလုံမလောက်၍ ဖြစ်သည်ဟု ဆင်ခြေပေးကြသော်လည်း မိမိမလှူခြင်းကြောင့် မရှိခြင်းကို သတိမူလေ့မရှိပါ။

ဝိသမလောဘဆိုသော စကားကိုလည်း လူတိုင်းကြားဖူးပြီးဖြစ်ပါသည်။ အမှန်ဆိုရလျှင် ဤစကားသည်လည်း ပါဠိမှဆင်းသက်လာသောကြောင့် ပါဠိသက်စကားဟု ခေါ်ကြပါသည်။

ဝိသမဆိုသည်မှာ မညီညွတ်ခြင်း၊ မမျှတခြင်း၊ မတူညီခြင်း၊ညီညာမျှမရှိခြင်းကို ဆိုလိုသည်။ ဥပမာ သမသည် ဆိုသည်မှာ ညီညွတ်၊ မျှတ၊ တူညီသည်ဖြစ်၍ သမစိတ္တဆိုသည်မှာ စိတ်ထားချင်း တူညီခြင်း၊ သဘောချင်း တိုက်ဆိုင်ခြင်း၊ သမဆန္ဒဆိုသည်မှာ လိုအင်ဆန္ဒချင်းတူညီခြင်း၊ သမဝါယမ ဆိုသည်မှာညီညီညွတ်ညွတ်၊ တူတူညီညီ၊ မျှမျှတတအားထုတ်ခြင်း၊ ကြိုးပမ်းခြင်းကို ဖော်ပြသည်။

လောဘဆိုသည်မှာ တပ်မက်မောခြင်း၊ ရယူလိုခြင်း၊ လိုချင်မက်မောသောစိတ်ထားဟူသော အနက်ရှိသဖြင့် ဝိသမလောဘသည်မှာ မတရား၊ မမျှတသော တပ်မက်ခြင်း၊ လိုချင်ခြင်း၊ ရယူလိုခြင်း၊ မက်မောခြင်းကို ဆိုလိုပါ၏။

လူ့သဘာဝအတိုင်းဆိုရလျှင် နည်းနည်းသာပေးပြီး များများပြန်ယူလိုလေ့ ရှိတတ်သည်။ သူတစ်ပါးကို ပေးရလျှင် နည်းနည်းသာပေးလိုပြီး များများပြန်၍ရချင်၊ လိုချင်သော စိတ်မျိုး ရှိတတ်ကြပါ၏။

ခရစ်တော်က အမြဲပေးအပ်နေရန် သွန်သင်ဆုံးမခဲ့သည်။‘တောင်းသောသူအား ပေးလော့၊ ချေးငှားလိုသော သူကိုလည်း မငြင်းပယ်နှင့်”ဟု မိန့်တော်မူခဲ့သည်(မဿဲ၊ ၅:၄၂)။ “သင်တိုသည် အဖိုး မပေးဘဲ ကျေးဇူးတော်ကို ခံရကြပြီဖြစ်၍ အဖိုးမခံဘဲ ပေးကမ်းကြလော့ (မဿဲ၊ ၁၀း၈)။

ခရစ်တော်သည် မင်္ဂလာတရားတော်ကို ဟောကြားစဉ်ကမှတ်တမ်းမတင်ဘဲ မေ့ကျန်ရစ်ခဲ့သည့် မင်္ဂလာတစ်ပါး(The Forgotten Beatitude) ဟူ၍ ဓမ္မပညာရှင်များက ဆိုလေ့ရှိသည့် ကျမ်းချက်မှာ “အစွန့်အကြေခြင်းထက် စွန့်ကြဲခြင်းသည် သာ၍မင်္ဂလာရှိ၏’ဟူ၍ ဖြစ်ပြီး ရှင်ပေါလုက ထိုမင်္ဂလာတရားသည် သခင်ယေရှု မိန့်တော် မူခဲ့သည်ဟု အတိအလင်းပြော၍ ဧဖက်မြို့ရှိ တပည့်တော်တို့အားဆုံးမခဲ့ပါ၏(တမန်၊ ၂၀း၃၅)။

ဝိသမလောဘနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

စစ်မှန်သော ခရစ်ယာန်အသက်တာသည် ရယူနေခြင်းထက်သူတစ်ပါးအား အမြဲပေးအပ်နေ ရသော အသက်တာဖြစ်ရပါလိမ့်မည်။ ခရစ်တော်က ကျွန်တော်တိုအား လိုက်နာစေရန်သာမက အ သက်တာ၌ လိုက်လျှောက်နေကြရမည့် ဘဝနိယာမတရားကို ပေးနေ

ရယူလိုချင်လျှင် အလျင်ဆုံး ပေးရပါလိမ့်မည်။

 

(က) သင်ကြားခြင်းနှင့် ပတ်သက်၍ မှန်သည်။ စာသင်ကြားနေကြသော ကျောင်းသူကျောင်း သားများသည် ဤအချက်ကို သတိပြုသင့်သည်။ မိမိသည် ပညာကိုရယူလိုလျှင် အလျင်ဆုံး မိမိ၏အချိန်၊ လုံလ၊ ဝီရိယ၊ လေ့ကျက်သင်အံမှုကိုပေးရပါလိမ့်မည်။ များများပေးနိုင်သူမှ များများပြန်၍ ရပါလိမ့်မည်။

ရှေးဟောင်းလူမျိုးတစ်မျိုးဖြစ်သော “ပါသီယန်လူမျိုးတိုသည် သူတို့၏လူငယ်များ ချွေးထွက်ရန် အလုပ်မလုပ်ဘဲ အစာကျွေးလေ့မရှိပါ။ ထမင်းမစားမီ အလျင်ဆုံး ပင်ပန်းကြီးစွာ အလုပ်လုပ်ကြရသည်။ ကျပြီးမှသာလျှင် ထမင်းစားကြရပါ၏။

မည်သည့်ပညာမျိုးဖြစ်ပါလေစေ ရှေးဦးစွာ မိမိ၏ဝီရိယနှင့် အပင်ပန်းခံကို အလျင်ဆုံးပေးမှသာလျှင် ပညာကိုပြန်ရကြပါလိမ့်မည်။ ရယူလိုလျှင် အလျင်ဆုံးပေးအပ်ကြရပါမည်။

သမ္မာကျမ်းကိုလေ့လာပြန်လျှင် အချို့သောကျမ်းများကို ကျွန်တော်တို့များစွာ စိတ်ဝင်စားမှုမရှိရုံမက ဖတ်ရှုလေ့လာရန် မနှစ်ခြိုက်တတ်ပါ။ ထိုကြောင့် ကျော်လွှားဖက်ရှုသွားတတ် ကြ၏။ စိတ်ဝင်စားမှုမရှိသော နှစ်ခြိုက်မှုမရှိသော ထိုကျမ်းများကို နက်နဲစွာ လေ့လာခြင်း၊ သင်ကြားခြင်း၊ လမ်းညွှန်ပြသခြင်းခံရသောအခါမှ စိတ်ဝင်စားမှုမရှိဆုံးဟု ထင်ရသော ကျမ်းများကို အလွန်ကောင်းမွန်လှသော သင်ခန်းစာများ ရလေ့ရှိပါ၏။ အပေါ်ယံကြောက ဝတ်ကျေဝတ်ကုံ လေ့လာရုံမျှနှင့် သင်ခန်းစာများ မရနိုင်ပါ။

များများ ဝီရိယစိုက်လေလေ၊ အကျိုးများစွာ ခံစားရဖြစ်ပါလိမ့်မည်။ ထိုနည်းတူ မည်သည့် ပညာကိုမဆို ၀တ်ကျေပတ်ကုံလေ့လာရုံမျှနှင့် ဘာမျှအကျိုးအမြတ်ရရှိမည်မဟုတ်ပါ။

 

(၁) အားကစားဘက်၌လည်း မှန်ကန်သည့် ချန်ပီယံဆုကို ရယူလိုချင်သူတစ်ဦးသည် စနစ်တကျလေ့ကျင့်မျှ၊ အပင်ပန်းခံနိုင်မှု၊ ချွေးခံနိုင်ရည် စသည်တိုကို အလျင်ဆုံးပေးရပါ မည်။ အချိန်မှန်စားခြင်း၊ သောက်ခြင်း၊ အချိန်မှန်အိပ်ခြင်း၊လေ့ကျင့်ခြင်း စသည်တိုကိုမပေးအပ်ဘဲ တိုးတက်မှုရှိလာမည် မဟုတ်ပါ။

“လေ့ကျင့်နေမှ တော်လာမည် ( PRACTICEMAKES PERFECT) ဆိုသော စကားသည် တင်းပြည့်ကျပ်ပြည့်မမှန်ပါ။ မှန်ကန်သော နည်းစနစ်ဖြစ်ရရုံမက အချိန်မှန်မှန်ပြုလုပ်နေမှသာလျှင် ထူးချွန်လာပါလိမ့်မည်။နည်းစနစ်ကျနမျှမရှိဘဲ မည်မျှလေ့ကျင့်နေပါလေစေ တော်လာလိမ့်မည်။ ထူးချွန်လာလိမ့်မည်မဟုတ်ပါ။

ထိုသို့သော ထူးချွန်မှုကို ရယူလိုချင်လျှင် အလျင်ဆုံး ပေးနေရပါမည်။

 

(ဂ)       ဘုရားဝတ်ပြုရာ၌လည်း မှန်ကန်သည်။ ဘုရားရှိခိုးကျောင်းသို့လာပြီး ဝတ်ပြုခြင်းသည် ဝိညာဉ်ခွန်အားရယူဖို့ဟူ၍ အကြမ်းဖျင်းအားဖြင့်ဆိုလျှင် မမှားပါ။ တစ်စုံတစ်ခုကိုရယူဖို တရားဒေသနာများထဲမှ သင်ခန်းစာများရဖို့၊ သီဆိုနေကြသော ဓမ္မသီချင်းများကြောင့် စိတ်လှုံဆော်မှု ရဖို့သက်သက် ဝတ်ပြုကြရာတွင် အမှားသုံးမျိုးရှိနိုင်သည်။

(၁)       ရယူဖိုချည်း သက်သက်သာဆိုလျှင် မှားပါလိမ့်မည်။ ရယူရန်သာမက မိမိကလည်း ပေးအပ်လိုသော စိတ်ထားဖြင့် လာသင့်သည်။ ခရစ်ယာန်တိုအနေဖြင့် တစ်ဦးချင်း ဘုရားဝတ်ပြုရသလိုစုပေါင်း၍ ဝတ်ပြုကြရပါမည်။ ယုံကြည်သူ ညီအစ်ကို မောင်နှမတိုနှင့်အတူ လက်တွဲ၍ ဂုဏ်တော်ချီးမွမ်းခြင်း၊ အတူတကွ ဆုတောင်းမေတ္တာပိုသခြင်း၊ စုပေါင်း၍ လှူဒါန်းခြင်း၊ အတူတကွတရားနာ၍ မိတ်သဟာယဖွဲခြင်းလည်း လိုအပ်ပါ၏။

ရယူဖိုချည်း သက်သက်ဟူသော စိတ်ထားဖြင့်လာလျှင် အန္တရာယ်ရှိလာနိုင်သည်။ စန္ဒရား သို့ မဟုတ် အော်ဂင်တီးသူက တစ်ခါတစ်ရံ မှာယွင်းသွားလျှင် စိတ်ပျက်လာနိုင်သည်။ ဓမ္မသံစုံသီဆိုနေသူများအပေါ် မကျေမနပ်ဖြစ်လာနိုင်သည်။ တရားဒေသနာထဲမှ သင်ခန်းစာရမသွားလျှင် အားမလိုအားမရ ဖြစ်လာခြင်း၊ စိတ်ပျက်ခြင်း စသည် တိုကို ခံစားလာပါလိမ့်မည်။

အရင်းခံအကြောင်းရင်းမှာ မိမိက’ဘာများရမည်နည်း ဟူသော စိတ်ထားသက်သက်ဖြင့် ဝတ်ပြုစည်းဝေးကိုလာသောကြောင့် ဖြစ်ပါ၏။

အမှန်ဆိုရလျှင် ခရစ်ယာန်တို ဝတ်ပြုစည်း ဝေးကိုလာကြခြင်းမှာ မိမိကလည်း ပါဝင်ပူးပေါင်းပေးအပ်ရန်ဖြစ်သင့်သည်။ စုပေါင်းဝတ်ပြု ကိုးကွယ်ခြင်းအားဖြင့် ဝတ်ပြုသူများ တစ်ဦးစီကလည်းကူညီပေးအပ်နေကြောင်း သတိရသင့်သည်။

“ဤအသင်းတော်၊ ဤဝတ်ပြုစည်းဝေးကငါ့ကို ဘာပေးမည်နည်း” ထက် “ဤအသင်းတော်၊ ဤဝတ်ပြုစည်းဝေးကို ငါကလည်း ဘာပေးနိုင်မည် ဟူသော စိတ်ထားဖြင့် လာကြပါက ပိုမို၍ အကျိုးကျေးဇူးရရှိ သွားပါလိမ့်မည်။

 

(၂)        ဘာကိုမျှ မမျှော်လင့်ဘဲ လာလျှင်လည်း မှားပါလိမ့်သည် ထိုသိုဖြစ်လျှင် ဝတ်ကျေဝတ်တုံသဘောနှင့် လုပ်ရိုးလုပ်စဉ်ကြောင့်သာ ဝတ်ပြုနေခြင်းဖြစ်ရာ မိမိကလည်း စုပေါင်းပေးအပ်နေခြင်းဟု မမြင်ရုံမက ဘာမျှပြန်လည်ရရှိသွားလိမ့်မည် မဟုတ်ပါ။

ဝတ်ပြုရန်လာခြင်းသည် ဘုရားနှင့်မိတ်သဟာယဖွဲရန်၊ အချင်းချင်းနှင့် မိတ်သဟာယရန်ဖြစ်သည်။ ဘုရားနှင့် ဆုံတွေ့ရန်လာပြီး ဘုရားသခင်ကခေါ်သောအခါ ဟေရှာယကဲ့သို အကျွန်ုပ်အသင့်ရှိပါ၏”ဟူ၍ ပြောနိုင်ပါက ထူးခြားမှုရှိသွားနိုင်ပါ လိမ့်မည်(ဟေရှာယ၊ ၆း၈)။ ဘုရားနှင့်ဆုံတွေ့လိုက်ရသူတိုင်းသည် တစ်စုံတစ်ခု ထူးခြားသွားသည်ချည်း ဖြစ်ပါ၏။

 

(၃)       ပြင်ဆင်မှုမရှိဘဲလာခြင်းသည်လည်း မှားပါလိမ့်မည်။ ပြင်ဆင်မှုမရှိဘဲ သာမန်သဘောဖြင့် ဝတ်ပြုစည်းဝေးတက်ရန် လာကြသူများလည်း ရှိတတ်သည်။ ကပျာကယာ လာသူများသည် ထိုသိုဖြစ်တတ်ပါသည်။ စိတ်နှလုံးနှင့် ဝိညာဉ်တွင် ကြိုတင်ပြင်ဆင်မှုမရှိဘဲလာခဲ့လျှင် အများအားဖြင့် ဝတ်ပြုစည်းဝေးမှ အကျိုးကျေးဇူး ခံစားရလေ့မရှိပါ။

အကောင်းဆုံးမှာ မိမိတစ်ဦးတည်းဆိတ်ငြိမ်စွာနေ၍ ဆုတောင်းပြီးမှ စိတ်ဝိညာဉ်ကိုကြိုတင်ပြင်ဆင်ပြီးမှ ဝတ်ပြုစည်းဝေးသိုလာလျှင်လွန်ပင် အကျိုးအမြတ်ခံစားရပါလိမ့်မည်။

 

(ဃ)     လူလူချင်း ဆက်ဆံရေးတွင်လည်း ဤကျမ်းစကားသည်မှန်နေကြောင်း တွေ့ရပါလိမ့်မည်။ “သူတစ်ပါးကိုကြည့်လိုက်လျှင် မိမိ၏ပုံသဏ္ဍာန် ထင်ဟပ်နေသည်ကို တွေ့ရပါလိမ့် မည်”ဟူသော စကားပုံတစ်ခု ရှိပါသည်။

ရုတ်တရက်စဉ်းစားကြည့်လျှင် နားလည်လိမ့်မည်။

သို့သော် ဤစကားသည် မှန်ပါ၏။

တစ်ခါတစ်ရံ ကျွန်တော်တိုသည် စိတ်တို၊ စိတ်သက်၊ စိတ်ထဲ၌မကျေမနပ်၊ မခံမရပ်ဖြစ် နေသည့်အခါမျိုးတွင် သူတစ်ပါးတိုလုပ်နေသမျှ၊ ပြုနေသမျှ စိတ်တိုင်းကျလေ့မရှိတတ်ပါ။ စိတ်တို၊ ဒေါသထွက်၊ အားမလို အားမရဖြစ်နေတတ်သည်။ ကြည့်၍ပင်မရဖြစ်နေလေ့ ရှိသည်။

ကျွန်တော်တိုသည် သူတစ်ပါးအပေါ် အမြဲဝေဖန်ရှုတ်ချ၊ အပြစ်ရှာနေတတ်လျှင် သူတစ်ပါးကလည်း ကျွန်တော်တို့ကို ပြန်၍ အပြစ်ရှာနေသကဲ့သို ထင်လာတတ်သည်။ မိမိကို စိုက်ကြည့်နေသူတစ်ဦးကိုပင်လျှင် မိမိကိုအပြစ်ရှာနေသည်ဟုထင်ပြီး ဒေါသထွက်လာပါလိမ့်မည်။

တစ်ခါတစ်ရံ စိတ်ကြည်လင်အေးမြနေလျှင် မြင်တွေ့သမျှသည် ကျေနပ်စရာ၊ အားရစရာ၊ ကြည်နူးစရာများ တွေ့လာရပါလိမ့်မည်။ သူတစ်ပါးအပေါ် မယုံသင်္ကာဖြစ်။ သံသယစိတ်ရှိ၊ အမှားရှာနေလျှင် သူတစ်ပါးကလည်းမိမိကိုယ်ကို မယုံသာဖြစ်ပြီး အမှားရှာနေသကဲ့သို ထင် လာပါလိမ့်မည်။

ကျွန်တော်တိုကို သူတစ်ပါးတိုက ချစ်စေလိုလျှင်ရှေးဦးစွာ ကျွန်တော်တိုက ချစ်ပြရပါမည်။ မေတ္တာပြရပါမည်။ မိတ်ဆွေများများ ရလိုလျှင် မိမိကိုယ်၌က မိတ်ဆွေဖြစ်လိုသာ စိတ်များ ရှိနေရပါမည်။

တောင်ကြီးများစပ်ကြားရှိ ချိုင့်ဝှမ်းတစ်ခုထဲသို့သွားပါ။ အော်လိုက်လျှင် ပဲ့တင်သံ ပြန်ထွက်လာသော အရပ်တစ်ခုသို သွားပါ။ ထိုအရပ်သိုရောက်လျှင် မင်းကိုငါမုန်း၊ပါလိမ့်မည်။ “မင်းကို ငါချစ်တယ်၊ မင်းအပေါ်မှာ ငါမေတ္တာတယ်’ဟု အော်ကြည့်ပါ။ ထိုအတိုင်းပင် ပဲ့တင်သံက ပြန်လာ ထားတယ်’ဟူ၍ အော်ကြည့်ပါ။ ထိုအတိုင်းပင် ပဲ့တင်သံပြန်လာပါလိမ့်မည်။

ကျောင်းသားသစ်နှစ်ဦးသည် ကျောင်းအုပ်ကြီးရှေ့တွင် ရပ်နေကြသည်။ သူတိုနှစ်ဦးစလုံးသည် အခြားကျောင်းမှပြောင်းလာခါစဖြစ်သည်။ ကျောင်းသားသစ်တစ်ဦးက “ဒီကျောင်းမှာရှိတဲ့ ကျောင်သားတွေဟာ ဘယ်လို အမူအကျင့်တွေရှိပါသလဲ’ဟု မေးရာ ပညာဉာဏ်အမြော်အမြင်ရှိသော ကျောင်းအုပ်ကြီးက ထိုမေးခွန်းကို မဖြေသေးဘဲ“မင်းနေခဲ့တဲ့ ကျောင်းက ကျောင်းသားတွေကကော´ဟု မေးလိုက်၏။ ထိုအခါပထမကျောင်းသားက “အလျင်ကျောင်းက ကျောင်းသူ ကျောင်းသားတွေ လား။ တစ်ယောက်မှ အသုံးမကျဘူး။ မနာလို ဝန်တိုစိတ်တွေ ရှိတယ်။ အပြစ်ရှာတတ်တယ်။ သူတစ်ပါးအပေါ် အထင်သေးတယ်”ဟူ၍ ယခင်ကျောင်းရှိ ကျောင်းသူ ကျောင်းသားအားလုံး၏ မကောင်းကြောင်းကိုသာ ပြောပြနေ၏။

ပြီးသွားသောအခါမှ ကျောင်းအုပ်ကြီးက “မင်းရဲ့စိတ်ထဲမှာ ဒီလိုဖြစ်နေရင် ဒီကျောင်းမှာရှိတဲ့ ကျောင်းသူ ကျောင်းသားတွေဟာလည်း ဒီအတိုင်းဖြစ်နေမှာပဲ”ဟုဖြေ၏။

ဒုတိယကျောင်းသားအား အလားတူ မေးမြန်းရာ ထိုကျောင်းသားက ယခင်ကျောင်းရှိ ကျောင်းသားများသည် သဘောကောင်းကြောင်း၊ စိတ်ရင်းစေတနာ မှန်ကန်ကြောင်း၊ ကြင်နာသနား ကူညီမစတတ်ကြောင်း ပြောရာ “အေး၊ ဒီကျောင်းမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေကိုလည်း ဒီအတိုင်းတွေ့ရမှာပါ” ဟု ဖြေလိုက်သောဟူ၏။

မိမိအတွင်းစိတ်ထဲ၌ ဖြစ်ပေါ် ခံစားနေသမျှအတိုင်းသူတစ်ပါးကို အလားတူမြင် တွေ့နေပါလိမ့်မည်။

စိတ်တို၊ ဒေါသထွက်နေပြီး မခံမရပ်ဖြစ်၊ စိတ်နာကြည်းနေချိန်၌ မြင်ကွင်းတစ်ခုကို လှမ်းကြည့်ပါ။ တင့်တယ်မှု တစ်စုံတစ်ခုမျှ မတွေ့ရဘဲ နေပါလိမ့်မည်။

စိတ်ထားကြည်လင်အေးမြ ရွှင်ပျနေချိန်၌ ထိုရှခင်းကို ပြန်ကြည့်ပါ။ သစ်ရွက်ကလေးများ စိမ်းလန်းနေပြီး ပန်းမန်များဝေဆာလှပစွာ ပွင့်လန်းနေသည်ကို ထိုအခါမှ သတိပြုမိပါလိမ့်မည်။ မြူခြေများဆိုင်းနေပြီး ငှက်ကလေးများတေးကျူးသံကိုပင် ကြားလာရပါလိမ့်မည်။ တိမ်လိပ်များကို ဖြူဖွေးနေသော ဂွမ်းဆိုင်များကဲ့သို မြင်ရရုံမက၊ ကောင်းကင်သည် ပို၍ ပြာနေသည်ကို မြင်ရပါလိမ့်မည်။

စိတ်ထဲ၌ မချင်းမရဲဖြစ်နေချိန်၌ ငှက်ကလေးများတေးကျုသံသည် နားငြီးစရာဖြစ်ရုံမက ရော်ရွယ်ကလေးများ ကြွေနေပုံကိုပင် အမှိက်များအဖြစ် မြင်နေပါလိမ့်မည်။ မယုံလျှင် စမ်းကြည့်ပါ။

လူတစ်ဦးမကောင်းကြောင်းကို စတင်ပြောကြည့်ပါ။ ထိုမကောင်းကြောင်း သတင်းသည် ထိုပုဂ္ဂိုလ်ထံသိုရောက်သွားလျှင် ချက်ချင်းထိုသူက ဒေါသထွက်ပြီး “သူကကော ဘာမိုလိုလဲ။ သူ့ထက်ငါက အများကြီးသာတယ်ကွ။ သူကများ ပြောရတယ်ရှိသေး စသည်ဖြင့် သင်၏မကောင်း ကြောင်းကို ပြန်၍ ပြောပါလိမ့်မည်။

လူတစ်ဦး၏ကောင်းကြောင်း၊ စိတ်ထားမွန်မြတ်ကြောင်း စသည်တိုကို လိုက်လံပြောကြည့်ပါ။ ထိုပုဂ္ဂိုလ်ကသင်၏ကောင်းကြောင်းကို ပြန်၍ပြောလာပါလိမ့်မည်။ သင်က ပေးနေသမျှ သင်သည်သာလျှင် ပြန်ရနေပါလိမ့်မည်။

“ပြုမူချက်နှင့် တန်ပြန်ပြုမူချက်တိုသည် တူညီနေလိမ့်မည်” ‘Every Action has Equal and Opposite Reaction” ဟူသော ရူပဗေဒနိယာမ တရားကို သတိရကြပါ။

ရှင်မာကု၊ ၄း၂၄ က ပေးထားသည့် ပမာဏ အတိုင်းပြန်ရကြလိမ့်မည်ဟု ဆိုထားသည်။ ရှင်လုကာ။ ၆း၃၀ ကမူကား ပိုမိုပြည့်စုံစွာ ရေးသားထားပါ၏။ “အမှန်ခြင်ရုံမျှမက” ဆိုသည့်စကားကို ခေတ်ပေါ်အင်္ဂလိပ်ကျမ်းမူ TEVက “You will receive back a full measure’ ဟုဆိုထားသည်။ ပေးသည့်အတိုင်း အပြည့်အစုံပြန်၍ ရရှိရုံမကစပါးကို တောင်းထဲသာမန်ထည့်ရုံမက သိပ်ထည့်လိမ့်မည်။ နောက်တစ်ဖန် ခြင်းတောင်းကို လှုပ်ခါလိုက်၍ အံဝင်ခွင် ကျသွားပြီး နေရာလပ်သွားသည်ကိုပင် ပြန်၍ပြန်၍ ပေးကြ လိမ့်မည်ဟူသော အဓိပ္ပာယ်ရှိ၏။ ထိုကြောင့်လည်း အင်္ဂလိပ် ကျမ်းမှု TLV က ‘A Generous Helping’ဟူ၍ပင် ဆက်လက်ဖော်ပြပြီး ပြည့်နှက်၍ လှုသွားသည့်တိုင်အောင် ၍ပေးလိမ့်မည်ဟု ဘာသာပြန်ထားခြင်း ဖြစ်၏။

“ရင်ခွင်၌ ပေးကြလိမ့်မည်ဟူသော ကျမ်းစကားကို နားလည်လိုလျှင် ထိုခေတ် ဂျူးလူမျိုးတို ဝတ်စားဆင်ယင်ပုံကို သတိရဖိုလိုသည်။

သူတို့သည် ခြေမျက်စေ့နားအထိ ရှည်သောသောဝတ်ရုံကို ဆင်မြန်းတတ်သည်။ ခါး၌ခါးပန်း ချည်ထားလေ့ရှိသည်။ ခါးပန်းပတ်အားလျက် ဝတ်ရုံကိုဆွဲတင်လိုက်လျှင်ဟိုက်သွားပြီး နေရာလပ် သွားသမျှကိုပင် ပြည့်စေရန် ထည့်သွင်းပေးမည်ကို ဆိုလိုပါ၏။

ခေတ်ပေါ်စကားအတိုင်းဆိုရလျှင် ကျွန်တော်တို၏အိတ်ကို ပြည့်နှက်၍ လျှံထွက်သွားသည့် တိုင်အောင်ပြန်၍ပေးကြလိမ့်မည်ဟုဆိုလိုပါ၏။

ဤကျမ်းစကား မှန်သည်မှန်သည်ကို လက်တွေ့ဖြစ်ရပ်များ၌ အဖြေရှာကြည့်ကြပါစို။

“ရော့ကဖဲလား ဆိုလျှင် ဤအမည်ကို လူတိုင်းလိုလို ကြားပါလိမ့်မည်။ အမေရိကန်နိုင်ငံရှိ သူဌေးကြီးဖြစ်ရုံမက သူ၏မိသားစုထဲမှ နှဲလ်ဆင်၊ ရော့ကဒဲလား ဆိုသူသည် အမေရိကန်နိုင်ငံ နယူး ယောက်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးလုပ်ခဲ့ပြီးမှ သမ္မတနစ်ကဆင်လက်ထက်၌ ဒုတိယသမ္မတ လုပ်ခဲ့သေးသည်။

နိုင်ငံခြားရေးဝန်ကြီး လုပ်ခဲ့သူ ဟင်နရီကစ်ဆင်ဂျား၏မိတ်ဆွေတစ်ဦးဖြစ်သောကြောင့် ထိုဝန်ကြီးရာထူး၌ ကစ်ဆင်ဂျားကိုခန့်ရန် သမ္မတအား ထောက်ခံခဲ့သူဖြစ်ပါ၏။

သူ၏ဖခင်သည် ဂျွန်၊ ဒီရော့ကဖဲလား ဖြစ်၏။ သူသည် ငယ်စဉ်က လယ်တောထဲ၌ ဆင်းရဲသား လူငယ် ဖြစ်ခဲ့စေကာမူ ကုန်သည်လုပ်ရာမှ ကြီးပွားချမ်းသာလာသည်။ အသက်(၃၃)နှစ်တွင် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာသည်။ အသက်(၄၃)နှစ်တွင် ကမ္ဘာပေါ်၌ရယူနေခဲ့သူဖြစ်၏။

အကြီးကျယ်ဆုံးသော ကုန်သွယ်ရေးလုပ်ငန်း၊ စက်ရုံအလုပ်ရုံ၊ ရေနံတွင်းများ ပိုင်ဆိုင်သူဖြစ်လာသည်။ အသက်(၅၃)နှစ်တွင် သန်းကြွယ်သူဌေးမှ ကမ္ဘာပေါ်တွင် ပထမဆုံးသော ကုဋေကြွယ်သူဌေးကြီးဖြစ်လာရုံမက အချမ်းသာဆုံး၊ အကြွယ်ဝဆုံးသောသူဖြစ်လာ၏။ သူသည် ထိုဘဝသိုရောက်ရအောင် ပေးခြင်းထက် ရယူခြင်းစနစ်ကို ကျင့်သုံးလာခဲ့သည်။ မနားမနေ သူဌေးကြီးဖြစ်လာစဉ် “အယ်လိုပီဇီယား’ Alopecia) ဆိုသည့် ထူးဆန်းသောရောဂါ ရလာသည်။ ခေါင်းပေါ်ရှိ ဆံပင်များတစ်ပင်မျှမကျန် ကျွတ်သွားရုံမက မျက်ခုံးမွေး၊ မျက်တော် ပင်မရှိတော့ပါ။

သူ၏အတ္ထုပ္ပတ္တိကို ရေးသူတစ်ဦးက ထိုသူဌေးကြီးသည် “အီဂျစ်နိုင်ငံမှ ဆေးရည်စိမ်ထားသည့် အလောင်းကောင်နှင့်တူနေသည်”ဟု ရေးခဲ့၏။

တစ်ပတ်လျှင် ဝင်ငွေဒေါ်လာတစ်သန်း၊ မြန်မာငွေ(၇)သန်းခန့်၊ တစ်လလျှင် မြန်မာငွေ သန်း(၂၀)ကျော် ရရှိနေသော်လည်း စိတ်ချမ်းမြေ့မှုမရှိ၊ မိတ်ဆွေစစ်မရှိ၊ အထီးကျန်ဘဝ အသက်ရှင် နေခဲ့ရသည်။

ဝိသမလောဘသမား ဓနရှင်အရင်းရှင်တို့၏ထုံးစံအတိုင်းသူနှင့်အပြိုင်အဆိုင် ဖြစ်လာသူများကို ငွေနှင့်ပေါက်ပြီး စိစိညက်ညက်ချေမှုန်း ဖျက်ဆီးလေ့ရှိသည်။ သူ့၌ မေတ္တာစေတနာဟူ၍မရှိ၊ ရန်သူဟူသမျှကို ရှင်းပစ်နေတတ်၏။

ဘုရားတရားကိုင်းရှိင်းမှုမရှိ၊ ဝတ်ပြုစည်းလည်း တက်လေ့မရှိပါ။ ကမ္ဘာကျော် သူဌေးကြီးဖြစ် စေကာမူ လူတိုင်းက မုန်းနေကြသည်။

“ပင်စဗေးနီးယားပြည်နယ်ရှိ သူပိုင်ဆိုင်သော ရေနံတွင်းလုပ်သားများက တစ်နေ့တွင် သူ၏ပုံတူ အရုပ်ကောင်ကို ကြိုးဖြင့်သစ်ပင်၌ချိတ်ဆွဲထားပြီးမှ မီးတင်ရှို့လိုက်ကြသည်။

ရန်သူများ တစ်စတစ်စများလွန်းလာသဖြင့် နေ့ရောညပါ (၂၄)နာရီ သက်တော်စောင့်များ ထားနေရသည်။ တစ်ခါက ငါ့ကိုသူတစ်ပါးချစ်စေချင်လိုက်တာ”ဟု ညည်းတွားခဲ့ရှာဖူး၏။

စာရေးဆရာမ အိုင်ဒါ၊ တာဘဲလ် (Ida Tarbell) ဆိုသူက “အသက်(၅၃)နှစ် ရှိသေးသော်လည်း ထိုသူဌေးကြီးသည် ကျွန်မတွေ့ရဖူးသော သက်ရွယ်အိုကြီးများထက်ပင် အိုစနာကျလွန်းနေသည် ဟု ရေးသားဖော်ပြခဲ့ဖူး၏။

ကမ္ဘာပေါ်တွင် ချမ်းသာကြွယ်ဝဆုံးဖြစ်သော သူဌေးကြီး ရော့ကဖဲလားသည် အကောင်းဆုံးသော စားကောင်းသောက်ဖွယ်များကို မသုံးဆောင်နိုင်တော့ဘဲ အစာအိမ်ရောဂါ၊ အူတွင်း အနာများကြောင့် နွားနို့ဘီစကွတ်သာ စားသုံးနေရသည်။

အသက်(၅၃)နှစ်ထက်ပို၍ အသက်ရှင်နိုင်မည်မဟုတ်ဟူ၍ဆရာဝန်များက ပြောပြချက်အရ ကွယ်လွန်အနိစ္စရောက်လျှင် နာရေးသတင်းကို ချက်ချင်းရေးသား ဖော်ပြနိုင်ရေးအတွက် သတင်း စာကြီးများက သူ၏ဓါတ်ပုံ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိစသည်တို့ကို စာစီထားပြီး အသင့်စောင့်နေကြသည်။

တစ်နေ့တွင် လူတစ်ဦး၏တိုက်တွန်းချက်ကြောင့် ဝတ်ပြုစည်းဝေးသွားတက်ရာ သင်းအုပ်ဆရာ က အထက်ဖော်ပြပါ ရှင်လုကာကျမ်းကို အခြေပြုပြီး တရားဟောသွားသည်ကိုကြားနာလိုက်ရသည်။

ထိုအခါမှ မိမိဘဝကိုပြန်လည်ဆင်ခြင်သုံးသပ်ကာ စိတ်ထားပြောင်းလဲသွားတော့၏။ ရယူခြင်းထက် ပေးကမ်းခြင်းက ပို၍မွန်မြတ်ကြောင်း ၊ သဘောပေါက်လာကာ စတင်လှူဒါန်းတော့၏။

“ရော့ကဒဲလား ဖောင်ဒေးရှင်း” ဟူသော အမည်ဖြင့်ဌာနကြီး တစ်ခုဖွင့်ကာ တက္ကသိုလ်များ၊ ဆေးရုံများဆောက်သည်။ သာသနာပြု လုပ်ငန်းအတွက် ငွေများရက်ရောစွာ လှူဒါန်းသည်။ ထိုဖောင်ဒေးရှင်း၏ အကူအညီဖြင့် ပြည်တွင်းပြည်ပမှ လူငယ်များအတွက် ပညာတော်သင်စ ရိတ်များထောက်ပံ့သည်။

ထိုအချိန်၌ တောင်အမေရိက၌ Hookworm ခေါ် သန်ကောင်များကြောင့် လူပေါင်းများစွာ ရောဂါရသေကြေပျက်စီး နေကြရာ သူကပင်ငွေလှူပြီး ဆေးသုတေသနဌာနဖွင့်လှစ်ကာ နှိမ်နင်း လိုက်နိုင်ခဲ့၏။ သူ၏အလှူဒါနနှင့် ပေးအပ်ခြင်းမှာ ရက်ရောလှသဖြင့် လူများက လက်ဖျားခါလာရ၏။ သူ၏သားသမီးများကိုလည်း ထိုကျမ်းစကားအတိုင်း အသက်ရှင်ရန် သွန်သင်ပေး၏။

၁၉၇၄ ခုနှစ်၊ သြဂုတ်လထုတ် ရီးဒါးဒ်၊ ဒိုင်ဂျက်စ်ကို ဖတ်ကြည့်ပါ။

ဒေါက်တာဖလော်ရီဆိုသူက “ပင်နင်စလင်’ဆေးရှာတွေ့ခဲ့ပုံအကြောင်း အကျယ်တဝင့်ဖတ်ရှုရ ပါလိမ့်မည်။ တန်ခိုးအာနိသင်ထက်မြက်လှသော ထိုပင်နင်စလင်ကို ရှာတွေ့စပြုနေပြီဖြစ်သော်လည်း ဆက်လက်၍ ဆေးသုတေသနပြုရန် ငွေမရှိဘဲ ဖြစ်နေသည်။

ဒေါက်တာဖလော်ရီက အင်္ဂလန်ရှိ ဆေးသုတေသနကောင်စီထံ စာရေး၍ ငွေအကူအညီ တောင်းခဲ့ရာ မဖြစ်မလောက်စတာလင်ပေါင်၂၅ပေါင်(မြန်မာငွေ ၃၀ဝိ/-)ခန့်သာ ရခဲ့၍ အလွန်စိတ်ပျက် အားလျော့နေစဉ် ရော့ကဖဲလားက ချက်ချင်းပင် အလှူငွေပုံပေးလိုက် ပင်နင်စလင် ပေါ်ပေါက်လာသည် နှင့် လူပေါင်းများစွာ၏အသက်ကို ကယ်ဆယ်နိုင်ခဲ့၏။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်တွင် ပင်နင်စလင်ထွက်ပေါ်လာပြီဖြစ်၍ ဒဏ်ရာရ စစ်သည်ပေါင်းများစွာ အသက်မဆုံးရှုံးတော့ပါ။

ထိုမျှမက သူ၏အလှူဌာနဖောင်ဒေးရှင်း၏အကူအညီဖြင့် ယခုဆိုလျှင် ငှက်ဖျားရောဂါ၊ အဆုတ်နာ၊ ဆုံဆိုနာ စသောရောဂါပေါင်းများစွာကို နှိမ်နင်းနိုင်သည့်ဆေးများပေါ်ထွက်လာတော့၏။ (ကင်ဆာရောဂါအတွက်ပင် သုတေသနလုပ်နေပါပြီ။)

ရယူခြင်းထက် ပေးကမ်းခြင်းအကြောင်း သွန်သင်ခဲ့သော ခရစ်တော်၏စကားတော်ကို လက်တွေ့ကျင့်သုံးလိုက်သည့်တစ်ပြိုင်နက် အသက်(၅၃)နှစ်ထက်ပိုပြီး အသက်မရှင်ဟု ဆရာဝန်များက ဟောကိန်းထုတ်ခဲ့သော ဂျွန်၊ ဒီ၊ ရော့ကဖဲလားသည် အသက်(၉၈)နှစ် အထိ ဝမ်းမြောက်ပျော်ရွှင်စွာ အသက်ရှင်ခဲ့၏။

နာရေးသတင်းကို သူများထက်အလျင်ဦးစွာ ရေးသားပုံနှိပ်လို၍ စာစီထားကြသော သတင်းစာကြီးများသည် အချည်းနှီးဖြစ်သွားလေပြီ။ ခရစ်တော်၏စကားတော်ကို နာယူလိုက်သော ရော့ကဒဲလား၏အမည်သည် သမိုင်းတွင်ကျန်ရစ်နေပါပြီ။

ဤဖြစ်ရပ်မှန်အားဖြင့် သင်ခန်းစာယူကြပါစို။

ကျွန်တော်တိုသည် ထိုသူဌေးကြီးကဲ့သို ငွေကြေးဥစ္စာများမပေးကမ်း၊ မစွန့်ကြဲနိုင်စေကာမူ မေတ္တာ၊ စေတနာ၊ ကရုဏာ၊ ကြင်နာယုယမှု၊ စာနာထောက်ထားမှု၊ မိမိတို ၌ရှိသော စွမ်းရည်တိုကို လူ့အကျိုးပြု လုပ်ငန်းအတွက် ပေးကမ်းနိုင်ပါသည်။ ကျမ်းစကားအရ ပေးသောအခါ ပြန် ၍ ရသော အရာများမှာ ရုပ်ပိုင်းပစ္စည်းများ၊မဖြစ်စေကာမူ ဘုရားသခင်၏ကောင်းချီးမင်္ဂလာ၊ ဝမ်းမြောက်ခြင်း စိတ်ငြိမ်သက်ခြင်း၊ ကျေနပ်နှစ်သိမ့်ခြင်း၊ စိတ္တသုခနှင့် ပီတိဖြစ်ခြင်းကို ကိုယ်တော်က ကျွန်တော်တို ၏“ရင်ခွင်၌ပြန်၍ပေးပါလိမ့်မည်။”

ယနေ့မှစ၍ ကျွန်တော်တိုသည် ရယူခြင်းထက် ပေးကမ်းခြင်း၊ ပေးအပ်ခြင်းတိုကို ကျင့်သုံးကြစေလိုပါသည်။ ပေးခြင်းအားဖြင့်သာလျှင် ဘုရားသခင်ထံတော်မှကြွယ်ဝသော ကောင်းချီးမင်္ဂလာများကို ပြန်၍ ရနိုင်ပါလိမ့်မည်။

လူ့သဘာဝအရ သူတစ်ပါးကိုပေးရန် တုံနှေးတတ်သော်လည်း ပေးအပ်နိုင်သော တွန်းအားမှာ ဘုရားသခင်ထံမှရနိုင်သည်။ ကျွန်တော်တို ခရစ်ယာန်များအဖို ပန်းကလေးတစ်ပွင့်၊ မိုး ရေလေးတစ်စက်၊ အသက်ရှင်နေကြရသော တစ်မိနစ်၊ တစ်နာရီ၊ တစ်ရက်တာသည်ပင်လျှင် ဘုရားသခင်ကပေးနေသော ဆုကျေးဇူး များအနေဖြင့် ခံယူနေသည်။ ယုံကြည်နေသည်။

ကမ္ဘာတွင် တန်ဖိုးအရှိဆုံးသော အရာများကို ဘုရားသခင် ကျွန်တော်တို့အား အခမဲ့ ပေးနေသည်ကို သတိရဖို့လိုသည်။ ထိုမျှသာမက အဖိုးတန်ဆုံး၊ အမွန်မြတ်ဆုံး၊ မည်သည့်အရာနှင့်မျှ မလဲနိုင်သော ထာဝရ အသက်အတွက် အာမခံချက်ကို ဘုရားသခင်ကကျွန်တော်တိုအား ပေးထားပါပြီ။

ထိုများစွာသော ဆုကျေးဇူးများကို တုံပြန်သောအားဖြင့်ကျွန်တော်တိုသည် ပြန်လည်ပေးအပ် နေကြဖို့လိုသည်။

ခရစ်ယာန် သူတော်စင်ကြီးဖြစ်သူ အစီစီမြိုက ရှင်ဖရန်စစ်၏ဆုတောင်းသည် ကမ္ဘာကျော်ပြီး ခရစ်ယာန်တိုင်းက သိနေကြပါသည်။ ခွန်အားရနေကြပါကည်။

သူ၏ဆုတောင်းကို သေသေချာချာ လေ့လာကြည့်လျှင် သူတစ်ပါးအပေါ် ပေးအပ်နိုင်ရေး အတွက် အာသီသထားနေကြောင်းတွေ့ရပါလိမ့်မည်။

သူ၏ဆုတောင်းထဲတွင် “ဘုရားသခင် မုန်းတီးမှုရှိနေသည့်နေရာများ၌ ကျွန်တော်မျိုးသည် မေတ္တာကို ပေးအပ်နိုင်ရန် ကူမတော်မူပါ ရက်စက်ကြမ်းကြုတ်မျှ ရှိနေသည့်နေရာများ၌ ကြင်နာမှုကရုဏာကိုပြည့်စွမ်းပေးနိုင်ရန် မစတော်မူပါး ခိုက်ရန်ဖြစ်ပွားနေသည့်အရပ်၌ ငြိမ်းချမ်းရေးကို ပေးနိုင်စေပါ။ စိတ်ပျက်အားလျော့နေကြသည့် နေရာများ၌ မျှော်လင့်ခြင်းကို ပေးအပ်နိုင်စေပါ စသဖြင့်ဆုတောင်းလာခဲ့ရာမှ ကျွန်တော်မျိုးကို သူတစ်ပါးနားလည်သဘောပေါက်ရန် ကြိုးစားနေသည်ထက် ကျွန်တော်မျိုးကသာလျှင် သူတိုကိုနားလည်လာစေနိုင်ရန် ကူမတော်မူပါ။ ကျွန်တော်မျိုးကို သူတစ်ပါး ချစ်လာရန် ကြိုးပမ်းနေသည်ထက် ကျွန်တော်မျိုးက သူတစ်ပါးကို ချစ်လာနိုင်ရန် ခွန်အားပေးတော်မူပါဟု ဆိုပြီးမှ FOR အဘယ်ကြောင့်ဆိုသော် It is in giving ထိုသို့ပေးအပ်မှသာလျှင် That we receive ကျွန်တော်မျိုးတိုသည် ပြန်လည်ရနိုင်သောကြောင့် တည်း ဟူ၍ ဆုတောင်းခဲ့ပါ၏။

ဤကမ္ဘာကြီးတွင် ချစ်ခြင်းမေတ္တာ၊ ကရုဏာစာနာထောက်ထားမှုနှင့် သနားကြင်နာမှုကို ဆာငတ်နေကြပါ၏။ ထိုပါရမီကောင်းများကို ခရစ်ယာန်တိုင်း ပေးအပ်နိုင်ရန် ကြိုးစားကြပါစို။

 ကျွန်တော်တိုတစ်ဦးတည်း၏ စွမ်းအားဖြင့်သာ မတတ်နိုင်ပါ။ ဘုရားရှင်ကိုယ်တော်မြတ်ထံမှ ခွန်အားကိုတောင်းခဲ့ကြပါစို။

ပေးအပ်နေသည့် အသက်တာမျိုးကို ရှင်းပြခြင်းအားဖြင့် အထက်ဖော်ပြပါ ခရစ်တော်၏တရားတော်ကို လက်ခံ၊ နာယူကျင့်သုံးကြပါစို့။

 

 

 

အခန်း(၁၁)

ပေးအပ်မှသာလျှင်ပြန်၍ ရရှိလိမ့်မည် – (၂)

 

အစွန့်ကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာရှိ၏။ (တမန်၊ ၂၀:၃၅)

 

အထက်ပါ ကျမ်းစကားသည် သခင်ခရစ်တော်ကိုယ်တော်တိုင် မိန့်ကြားတော်မူခဲ့သည်ဟု ရှင်ပေါလု ကိုယ်တိုင်က ဧဖက်မြို့ရှိတပည့်တော်များအား ဆုံးမခဲ့သော်လည်း ခရစ်ဝင်ကျမ်းတိုကို ကိုယ်တော်၏မင်္ဂလာတရားတော်ထဲတွင် မှတ်တမ်းတင်ခြင်း မခံခဲ့ရကြောင်းပြောခဲ့ပြီးပါပြီ။

ထိုစကားတော်သည် မှန်ကန်ကြောင်း အခန်း(၁ဝ)တွင် ကျွန်တော်သည် “ဂျွန်၊ ဒီ၊ ရော့ကဒဲလား၏သာဓကဖြင့် အထောက်အထားပြခဲ့ပြီး၊ ယခုဆိုလျှင် သမ္မာကျမ်း၌ ထင်ရှားကျော် ကြားသောပုဂ္ဂိုလ်နှစ်ဦးကို နှိင်းယှဉ်၍ ထပ်မံဖြည့်စွက်လိုပါသည်။

၁။        ပထမပုဂ္ဂိုလ်မှာ ရှောလမုန်မင်းကြီးဖြစ်၏။ ရှောလမုန်မင်းကြီးရေးခဲ့သည်ဟု ထင်မှတ်ရသော ဒေသနာကျမ်းကို အမှီပြု၍ ရှင်းပြလိုပါသည်။ သိုသော် ကျမ်းကိုအနက်ဖွင့်သူတိုင်းသည် မှန်ကန်တိကျစွာ အနက်ဖွင့်ပြရန် တာဝန်ရှိနေပါသည်။

ဒေသနာကျမ်းကို ရှောလမုန်မင်းကြီးကိုယ်တိုင်ရေးသားခဲ့သည်ဟု အတိအကျမပြောနိုင်ပါ။ သို့သော် ကျမ်းကိုတရားဟောခြင်းဖြင့် အစပြုပြီး တရားဟောခြင်းဖြင့် အဆုံးသတ်ထားသောကြောင့် ရှောလမုန်မင်းကြီးရေးခဲ့သည်ဟု ဆုံးဖြတ်ပြီးသမ္မာကျမ်းဝင်အဖြစ်အသိ အမှတ်ပြုခဲ့ခြင်း ဖြစ်ပါသည်။

ထိုကျမ်းကို ဟေဗြဲစကားအားဖြင့် “ကိုဟိုလက်သ်” (Qoholeth)ဟုခေါ်ပြီး လူများ စုရုံးစေခြင်း” “စည်းဝေးစေခြင်းကို ပြုသည်ဟုအနက်ရှိ၏။ လူများကို စုရုံးစေပြီးမှ တရားဟော ခဲ့သောကြောင့် ထိုကျမ်းကိုရေးသူအား “တရားဟောဆရာ” ဟူ၍လည်း အများအားဖြင့်ခေါ်နေကြပါ၏

သို့သော် ဤကျမ်းသည် ဘုရားတရားကိုင်းရှင်းပြီး ပညာရှိသူများ ဟောကြားခဲ့သမျှကို စုပေါင်းပြုစု မှတ်တမ်းတင်ထားသောကျမ်းဖြစ်ပါသည်။

အသုံးပြုထားသော ဝေါဟာရအသုံးအနှုန်းများမှာလည်း အာကေး ဒီယန်း၊ ဟေဗြဲ၊ အာရေမိနှင့် အရှေ့အလယ်ပိုင်းတွင် သုံးနေကျစကားများသာမက အီဂျစ်နိုင်ငံရှိ ပညာရှိသုခမိန်စကားများနှင့်လည်း ဆင်တူရိုးမှားဖြစ်နေကြောင်း တွေ့ရပါ၏။

အစဉ်အလာအရ ဤကျမ်းကို ရှောလမုန်မင်းကြီး ရေးခဲ့သည်ဟု ဆိုနိုင်သောအကြောင်းရင်းမှာ အခန်းကြီး ၁၁ တွင် ဒါဝိဒ်၏သားတော် ဟူ၍လည်းကောင်း၊ ၁း၁၂ တွင် “ငါသည် ဣသရေလ ရှင်ဘုရင်ဖြစ်စဉ်တွင် ဟူသော စကားများကြောင့် ရှောလမုန်မင်းကြီးရေးသားပြုစုခဲ့သည်ဟု အကြမ်းဖျင်းအားဖြင့် ဆိုထားခြင်းဖြစ်ပါသည်။

မည်သိုဖြစ်စေ၊ ကျွန်တော်သည် ကျမ်းစာပို့ချနေသည် မဟုတ်ပါ။ အထက်ပါ ကျမ်းစကားသည် မှန်ကန်ကြောင်း အထောက်အထားပြ၊ သင်ခန်းစာ ယူနေကြသောကြောင့် ဤအတိုင်းပင် မှတ်ယူထား စေလိုပါသည်။

ရှောလမုန်မင်းကြီးသည် မိမိအသက်တာကို ပြန်လည်ဆန်းစစ်သုံးသပ်ခဲ့ပြီးနောက် စိတ်ပျက် အားလျော့ ညည်းတွားနေပုံရသည်။ကျမ်းကို စလျှင်စချင်း ဤလောက၌အသက်ရှင်ရခြင်းသည် အချည်းနှီးပါကလား၊ အချည်းနှီးသက်သက်ပင် ဖြစ်နေပါသည်တကား’ ဟုဆိုခဲ့၏။ “နေအောက်မှာ ကြိုးစားအားထုတ်နေသမျှသည်အကျိုးမရှိ၊ အလဟဿ၊ အချည်းအနှီးသက်သက် ဖြစ်ပါတကားဟူ၍ ညည်းခြင်းဖြင့် အစပြုခဲ့သည်။

ရှောလမုန်မင်းကြီးသည် ဉာဏ်ပညာ ထက်မြက်သူဖြစ်ကြောင်း လူတိုင်းသိရှိပါသည်။

၃ရာ၊ ၄း၂၉-၃၄ အထိ ဖတ်ရှုကြည့်လျှင် မင်းကြီးသည် သုခမိန်ပညာစကားပေါင်း ၃ဝဝဝ နှင့် သီချင်း ၁ဝဝ၅ ပုဒ်ရေးစပ်ခဲ့ကြောင်း တွေ့ရပါလိမ့်မည်။ ငယ် ၃၄ တွင်လည်း “ရှောလမုန်မင်း၏ ပညာသတင်းကို ကြားသောရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတိုသည် ပညာစကားကို နားထောင်ခြင်းငှာ လာကြ၏”ဟူ၍ မှတ်တမ်းတင်ထားသည်ကို တွေ့ရပါလိမ့်မည်။ ပညာဉာဏ်ကြွယ်ဝရုံမက ဆက်လက်ရှာဖွေခဲ့၏။

ဒေသနာ၊ ၁း၁၆ တွင် “ငါသည် ငါအလျင် ယေရုရှလင်မြို့ဖြစ်ဖူးသော သူအပေါင်းတိုထက် ကြီးမြင့်၍ ပညာရှိ၏။ ငါ့စိတ်လုံးသည် ပညာအတတ်များကို အထူးသဖြင့် လေ့ကျက်၏ ဆိုလျက် မနားမနေဆက်လက်ဆည်းပူးနေခဲ့၏။

သို့သော် အံ့သြစရာကောင်းသောအချက်မှာ ထိုကျမ်း၏ ၁း၁၇-၁၈ ကိုဖတ်ကြည့်လျှင် ပညာဉာဏ်ကြွယ်ဝနေခြင်းသည်လည်း လေ၌ကျက်စားသောအမှုဖြစ်သည်ကို ရိပ်မိ၏။ အကြောင်းမူကား ပညာများလျှင် ငြိုငြင်စရာအကြောင်းများ၏။ သိပ္ပံအတတ်တိုးပွား သောသူသည် ဝမ်းနည်းခြင်း တိုးပွားတတ်၏”ဟု ညည်းတွားထားသည်ကို တွေ့ရပါလိမ့်မည်။

တစ်နည်းဆိုရလျှင် ပညာထူးချွန်နေခြင်းသည်လည်းအချည်းနှီးပင်ဖြစ်ပါတကားဟု ဆိုနေခြင်းဖြစ်သည်။

မှန်၏။

ရှောလမုန်မင်းကြီးသည် နန်းတက်ခါစက ဘုရားတရားကြည်ညို ကိုင်းရှိင်း၊ ဗိမာန်တော်ကို တည်ဆောက်၊ ဘုရားသခင်ထံတော်မှရသော ပညာဉာဏ်ကို အသုံးချခဲ့ကြောင်း တွေ့ရှိရသည်။ နောက် ပိုင်းတွင် ဘုရားတရားကိုင်းရှိင်းမှု ကျဆင်းလာသည်။ ထိုကြောင့်အပျော်အပါး လိုက်စားလာ၏။

ဒေသနာ၊ ၂း၁ တွင် “တစ်ဖန် ငါသည် ကိုယ်စိတ်နှလုံးထဲမှာပြောသည်ကား လာပါ၊ ရွှင်လန်းခြင်းအားဖြင့် ကာမဂုဏ်၌ပျော်မွေ့လော့ဟူ၍မိမိကိုယ်ကိုဆိုထားကြောင်း ရေးထား၏။ အကယ်ပင် ကာမဂုဏ်လိုက်စားခဲ့ကြောင်းကိုလည်း ၃ရာ၊ ၁၁:၂-၃ တွင် သမိုင်းရေးသူ “ရှောလမုန် မင်းကြီးသည် တစ်ပါးအမျိုးသားမိန်းမတိုကို တပ်မက်သောစိတ်ရှိ၏။ မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမမိဿသုံးရာရှိ၍ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေကြ၏ဟူ၍ မှတ်တမ်း တင်ခဲ့ပြန်သည်။

တရားဝင်ဇနီးပေါင်း(၁၀)ယူထား၏။ တရားမဝင်မဟုတ်သော မိန်းမများလည်း ရှိသေး၏။ ကာမဂုဏ်အာရုံခံစားခြင်းဘက်သို့လှည့်လာရုံမက စက္ခုအာရုံအတွက် အစစအရာရာ လှပတင့်တယ် အောင် ပြုပြင်တော်မူသည်။ သောတအာရုံအတွက် သူ၏ရှေ့တော်၌စောင်း၊ ညှင်း၊ ပတ်စသည်တိုကို တီးမှုတ်စေသည်။

အဝတ်အစားဆိုလျှင်လည်း ပိုး၊ ပဲ၊ ကပါ အကောင်းဆုံး ဝတ်စားဆင်ယင်မှုကိုပြုသဖြင့် ခရစ်တော်ကိုယ်တော်တိုင်ကပင်လျှင် တောနှင်းပင်တို့ကို လက်ညှိးထိုးပြကာ ဘုန်းကြီးသော ရှောလ မုန်မင်းကြီး၏အဝတ်သည် ထိုအပင်တစ်ပင်၏ အဝတ်ကိုမမီဟုငါဆို၏”ဟူ၍ပင် မိန့်တော်မူခံရ၏(မသဲ၊ ၆း၂၉)။

ကောင်းပေ့ဆိုသော အစားအစာ၊ ကောင်းပေ့ဆိုသော စပျစ်ရည်ကို သောက်သုံးသည်။ ထိုစပျစ်ရည်တို အေးမြနေစေရန် တောင်ပေါ်မှ ဆီးနှင်းခဲတို့ကို အမြန်အပြေးသမားဖြင့် ယူငင်ခိုင်း တတ်သည်ဟူ၍ပင် ပြောစမှတ်ပြု၏။ ရှောလမုန်မင်းကြီး၏နန်းတော်တွင် တစ် နေ့တစ်နေ့ စားသုံး သောရိက္ခာမှာ ဂျုံမုန့်ညက် ပိသာ(၈၀၀)ခန့်၊ မုယောမုန့်ညက် ပီသာ(၂၀၀)ခန့်၊ ဆူဖြိုးသော နွား(၁၀)ကောင်၊ သာမန်နွား(၂၀)၊ သိုးအကောင်(၁၀၀)တို့အပြင် တစ်ခါတစ်ရံ ဆတ် သမင် ဒရယ်နှင့် ဆူဖြိုးသော ငှက်များမပါသေးကြောင်း ၃၊ ၄း၂၂-၂၃ တွင် တွေ့ရပါလိမ့်မည်။

နံဘေးတွင် မိန်းမချော၊ မိန်းမလှများနှင့် ဝိုင်းရံပြီး စားကောင်း သောက်ဖွယ်၊ အေးမြသော စပျစ်ရည်ကို သောက်၍သာယာညင်းပြောင်း သော ဂီတသံတိုကို နားသောတဆင်နေခဲ့သည်။ သူ၏စည်းစိမ်ဥစ္စာ အကြောင်းကိုလည်း ၃ရာ၊ ၁း၁၄- ၂၉ တွင် ဖတ်ရှုကြည့်ပါ။

လှပတင့်တယ်သော နန်းတော်၊ အပန်းဖြေဥယျာဉ်၌ နေထိုင်ကာ သစ်သီးဝလံစား သုံး၍ အစေခံကျွန်တိုမှာလည်း အနီး၌မပြတ်ရှိနေခဲ့သူဖြစ်၏။ နွေရာသီအပန်းဖြေစခန်းများ ဆောက်လုပ်၊ စိန်၊ ရွှေ၊ ရတနာကျောက်သံပတ္တမြားတိုကို ဆင်မြန်းသည်။ သူကိုယ်တိုင်ကလည်းဒေသနာ၊ ၂း၉-၁ဝ တွင် “ငါ့အလျင် ယေရုရှလင်မြို၌ ဖြစ်ဖူးသော သူအပေါင်းတိုထက် ငါသည် တိုးပွား၍ ကြီးမြင့်ခြင်းသို ရောက်၏။မျက်စိ တပ်မက်လိုချင်သောအရာ တစ်စုံတစ်ခုကိုမျှ မငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစ်စုံတစ်ခုကိုမျှ မပယ်’ဟူ၍ ဝန်ခံထားခဲ့၏: ခေတ်ပေါ် အဂ်လိပ်ကျမ်းမူ TEV က Every thing I wanted I got. ‘I did not deny myself any pleasure ဟု ဘာသာပြန် ထားပါသည်။

သို့သော်လည်း ၂၁၀ ကို ဖတ်ကြည့်ပါ။

“ငါကြိုးစား အားထုတ်ခဲ့သမျှတိုကို ငါကြည့်၍ အလုံးစုံတိုသည် အချည်းနှီး၊ လေကိုကျက်စားသောအမျှ ဖြစ်ကြ၏။ နေအောက်မှာ ကောင်းသောအကျိုးတစ်စုံတစ်ခုမျှ မရှိဟု ဝန်ခံထားသည်ကိုအံ့သြစွာ တွေ့ရပါလိမ့်မည်။

လူ၏စိတ်သည် ဘယ်သောအခါမျှ အာသာမပြေနိုင်ကြောင်း အင်္ဂလိပ်အဆိုအမိန့်တစ်ခုကို ဖတ်ဖူးပါသည်။

“လူတိုသည် ထိုနေရာ၊ ထိုရာထူး၊ ထိုပစ္စည်း၊ ထိုစည်းစိမ်ကိုရလျှင် ပျော်လိမ့်မည်ဟု ထင်တတ်၏။ သိုသော် ၄င်းတို့ကို ရသောအခါ ထိုထက်မြင့်သော ၊ မြတ်သော ၊ ကြီးမားလွန်ကဲသော အရာကိုလိုချင်လာတတ်ကြပြန်၏”ဟု ဆိုထားသည်။

ယခင်ကလည်း ဤကိစ္စကို ကျွန်တော်၏စာအုပ်များတွင်ရေးသားရှင်းပြခဲ့ဖူးပါပြီ။ ယခုလည်း ထပ်မံပြောပြလိုသည်။ ဝမ်းမြောက်ပျော်ရွှင်ခြင်းဆိုသည်မှာ “လိုချင်သမျှကို ရနေခြင်းမဟုတ်၊ ရသမျှကို လိုချင်နေခြင်း (ဝါ) တင်းတိမ်ရောင့်ရဲခြင်းပင်ဖြစ်၏’ဟူသော စကားပေတည်း။

 

၂။         ဒုတိယပုဂ္ဂိုလ်မှာ ရှင်ပေါလုဖြစ်၍ သူ၏ဘဝကို လေ့လာကြည့်ပါ။ သူသည် အလွန်ပညာ ရှိကြောင်း မည်သူကမျှမငြင်းနိုင်ပါ။ ရှေးဦးအသင်းတော်၏ ဓမ္မအတွေးအခေါ်ကို သူကသာလျှင် ပုံသွင်းအစပျိုးခဲ့သူဖြစ်ပါ၏။ ထိုကြောင့် ရှင်ပေါလုကို “ဓမ္မသစ်ကျမ်း၏ ဦးနှောက် (The brain of The New Testament)ဟူ၍ ခေါ်လျှင် မှားမည်မဟုတ်ပါ။

ပထမဦးဆုံးအနေဖြင့် သူသည် မိမိပညာဉာဏ်ကိုအသုံးပြုခဲ့ပြီး အသင်းတော်ကို ဖျက်ဆီးခဲ့သည်။ ဒမာသက်မြိုသိုသွားရာလမ်း၌ ခရစ်တော်နှင့်ဆုံတွေ့ပြီးနောက် သူ၏ဘဝသည် ပြောင်းလဲသွားခဲ့၏။

ရှောလမုန်မင်းကြီးသည် ပညာရှာခဲ့သလို သူသည်လည်းရှာခဲ့သည်။ သိုသော် သူရှာသောပညာကား ခရစ်တော်ကို ပို၍ သိကျွမ်း ခြင်းပညာ ဖြစ်နေ၏။ ၁ကော၊ ၂း၂ တွင် “သခင်ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတပါး အဘယ်အရာကိုမျှ ငါမသိမမှတ်လိုဟူ၍ စိတ်ပြဌာန်းပြီး ထိုအကြောင်းကို ဆက်လက်လေ့လာ ဆည်းပူးခဲ့၏။

ရှင်ပေါလု သည် ရှောလမုန်မင်းကြီးကဲ့သို့ စည်းစိမ်မခံရစားကောင်းသောက်ဖွယ် မစားရ၊ အဝတ်အစား ကောင်းကောင်းမွန်မွန်မဝတ်ရဘဲ အဝတ်ချည်းစည်းဖြစ်၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း ခံစားခဲ့ရ၏။

ရှောလမုန်မင်းကြီးကဲ့သိုသွားလိုရာ၊ ကြွမြန်းလိုရာသို မြင်းရထား၊ စသဖြင့် မစီးရဘဲ အပြည်ပြည်၊ အနယ်နယ် အရပ်ရပ်သို့ပင်ပန်းတကြီး ခြေကျင် လျှောက်ခဲ့ရရှာသည်။ ရှောလမုန်မင်းကြီးကဲ့သို စောင်းညင်းပတ်သာစသည့် ဂီတသံမကြားရပါ။ လူအများ၏ဆဲ ရေးတိုင်းထွာ၊ ကဲ့ရဲ့ပြစ်တင်ရှပ်ချသံ၊ ကြိမ်းမောင်းအော်ဟစ်သံ၊ သူ့ ကို ရိုက်ပုတ်ရန် ဝိုင်းလာသော ဆူညံသံတိုကိုသာ ကြားနေခဲ့ရရှာ၏။

ရှောလမုန်မင်းကြီးကဲ့သို ပိုးဖဲကတ္တီပါမဝတ်ရပါ။ ဖဲမွေ့ရာ၌မအိပ်စက်ရပါ။ ထောင်ထဲ၌သမံ တလင်း၊ ကောက်ရိုးပုံပေါ်မှာ အိပ်ရပြီး ထောင်ထဲရှိပိုးကောင်၊ ကြွက်များအကိုက်ခံခဲ့ရ၏။

ရှောလမုန် မင်းကြီးကဲ့သို ရေမွှေးနံ့သာ ရေကောင်းရေသန့်ဖြင့် ရေမချိုးရ၊ ကျောပြင်၌ ကြာပွတ်အရိုးဒဏ်ရာ ကြီးများကြောင့်ပင် ရေမချိုးရဘဲ အဝတ်စုတ်ဖြင့် ရေပတ်တိုက်နေခဲ့ရ၏။

ရှောလမုန်မင်းကြီးကဲ့သို နန်းတော်အခြံအရံ၊ သက်တော် စောင့်များဖြင့် မနေထိုင်ရ၊ ထောင် တွင်းရှိ အစောင့်အကြပ်များကသာခြံရံပြီး အော်ဟစ်ငေါက်ငမ်းခြင်း ခံနေရ၏။

ရှောလမုန်မင်းကြီးကဲ့သို မှန်စီရွှေချ၊ ရာဇပလ္လင်ပေါ်တွင်မထိုင်ရ။ ဘေးမသီရန်မခဘဲ မနေရ။ တောတွင်းရှိ သားရဲတိရစ္ဆာန်တို့နှင့် နပန်းလုံးရပြီး သင်္ဘောပျက်ခဲ့ရုံမက အသက်ဘေးအန္တရာယ် အကြိမ်ကြိမ် ကြုံခဲ့ရ၏။

ရှောလမုန်မင်းကြီးကဲ့သို အနားယူချိန်မရ၊ ခရီးလှည့်လည်စဉ် တရားဟောရ၊ ထောင်ထဲနေရစဉ် ဩဝါဒစာပေါင်းများစွာကိုကြမ်းပြင်ပေါ်၌ ထိုင်ပြီး၊ တကုပ်ကုပ်ရေးသားပြုစုခဲ့ရရှာ၏။

ရှောလမုန်မင်းကြီးကဲ့သို ဇနီးပေါင်း (၁၀၀၀)၏ပြုစုယုယခြင်းကို မခံရပါ။ ဇနီးတစ်ဦးမျှမရှိ။ ဒေမ အာခိပ္ပု၊ လုကာ စသည့်တပည့်တော်တိုကသာ အလှည့်ကျ ပြုစုစောင့်ရှောက်ခြင်း ခံခဲ့ရပါ

ရှင်ပေါလု ခံစားခဲ့ရသော ဒုက္ခပေါင်းစုံကို ၂ကော၊ ၁၁း၂၂-၃၁ တွင် ဖတ်ကြည့်ပါ။

တစ်ခါတစ်ရံ ထောင်ထဲ၌ ခိုက်ခိုက်တုန်အောင် ချမ်းအေးလာသဖြင့် “တရောမြို့တွင် ကာပု၏လက်ထဲ၌ ငါထားခဲ့သောဝတ်ရုံကိုယူလာပေးပါ’ဟု တိမောသေထံ စာရေး၍ တောင်းခဲ့ရရှာ၏(၂တိ၊ ၄း၁၃)။

သို့သော် ရှောလမုန်မင်းကြီးကဲ့သို အရာခပ်သိမ်းသည် အချည်းနှီး၊ လေ၌ကျက်စားသောအရာ ဟူ၍ မပြောရုံမျှမက ထောင်ထဲနေရစဉ်ပင် ဝမ်းမြောက်ခြင်းရှိကြလော့ တစ်ဖန် ငါဆိုသည်ကား ဝမ်းမြောက်ခြေလော့ဟူ၍ပင် ကြွေးကြော်နိုင်ခဲ့သည်မှာ အံ့ဖွယ်ရာဖြစ်၏(ဖိလိပ္ ၄း၄)။ ရှောလမုန်မင်း ကြီးကဲ့သို “နေအောက်မှာ ကြိုးစားအားထုတ်သော အမျှအလုံးစုံကို ငါငြီးငွေ့၏’ဟူ၍မပြော(ဒေ၊ ၂၀း၁၈)။ “အရာရာ၌ ကျေးဇူးတော်ချီးမွမ်းကြလော့ဟု ဆိုခဲ့၏(ဖိလိ ၄း၆)။

နောက်ဆုံး၌ သေဆုံးရခါနီးတွင်ပင် “ငါသည် ကောင်းစွာတိုက်လှန်ခြင်းကိုပြုပြီး ပြေးရသော လမ်းကို အဆုံးတိုင်အောင် ငါပြေးပြီ။ ယုံကြည်ခြင်းတရားကို စောင့်ရှောက်ပြီး ယခုမှစ၍ ဓမ္မသရဖူ သည် ငါ့အဖို သိထားလျက်ရှိပြီ’ဟူ၍ အလွန်မွန်မြတ်သောစကားကိုဟစ်ကြွေးနိုင်ခဲ့ပါ၏(၂တိ၊ ၄း၇-၈)။

အဘယ့်ကြောင့် ဤသိုသော ခြားနားချက်များရှိနေပါသနည်း? ရှောလမုန်မင်းကြီးသည် တစ်ပါးအမျိုးသားတို၏မိန်းမများကို ယူခဲ့သောကြောင့် ထိုမိဖုရားများ၏ရုပ်တုများကို လိုက် လံကိုးကွယ်နေရသဖြင့် “ယုံကြည်ခြင်းလမ်းခရီးကို အဆုံးတိုင်အောင်မပြေးနိုင်ခဲ့ပါ။ ယုံကြည်ခြင်းတရားကို အဆုံးတိုင်အောင် မစောင့်ရှောက်နိုင်ခဲ့ပါ။”

ရှောလမုန်မင်းကြီး၏ လိုအပ်သောဆန္ဒကိုဖြည့်ရန်၊ အလုပ်အကျွေးပြုရန်၊ စေခိုင်းသမျှကို ဆောင်ရွက်ရန် လူပေါင်း(၇)သောင်းမှ (၈)သောင်းနီးပါးကို စေခိုင်းနေခဲ့၏။ အလုပ်ကြမ်းကို အဓမ္မစေ ခိုင်းဖန်များလာရုံမက သူ၏အသုံးစရိတ်တိုးလာသည်နှင့်အမျှ အခွန်အကောက်များကို တိုး၍ကောက်ခံလာသောသောကြောင့် လူအပေါင်းတို့က “အကျွန်ုပ်တိုအပေါ် အလွန်လေးသော ထမ်းပိုးကိုပေါ့စေတော်မူပါ”ဟု လျှောက်ကြသောအခါ မင်းကြီးက“ငါသည် ထမ်းပိုးကိုထပ် ၍တင်ဦးမည်။ သင်တို့ကို ကြိမ်လုံး သို့မဟုတ် ကင်မြီးကောက်နှင့်ရိုက်ဦးမည်´ဟု ဖြေကြားခဲ့၏(၃ရာ၊ ၁၂း၁၁)။

နောက်ဆုံး၌ ရောဗောင်က ဦးဆောင်၍ ပုန်ကန်ခြားနားခဲ့သောကြောင့် ဣသရေလနိုင်ငံသည် နှစ်ခြမ်းကွဲပြီး၊ မြောက်ဘက်၌ဣသရေလနိုင်ငံ၊ တောင်ဘက်၌ ယုဒနိုင်ငံဟူ၍ ဖြစ်လာခဲ့ရတော့၏il

ရှင်ပေါလုက မူကား ခရစ်တော်၏ စကားတော်အတိုင်းအသက်ရှင်ခဲ့သည်။ “လူသားသည် သူတစ်ပါးကိုစေစားခြင်းငှာ မလာ။ သူတစ်ပါးအစေကို ခံခြင်းငှာလာ၏”ဟူ၍ မိန့်တော်မူသကဲ့သို့ သူတစ်ပါးအတွက် အသက်ရှင်ခဲ့၏။

အဖြေမှာ ရှင်းနေပါပြီ။

ရှောလမုန်မင်းကြီးသည် သူတစ်ပါးကို ပေးအပ်ဖို ထက်သူတစ်ပါးထံမှ ရယူလိုသော အသက်တာမျိုးကို ရှင်ခဲ့၏။ ရှင်ပေါလုက မူကား ရယူဖိုထက် မိမိကိုယ်ကို သူတစ်ပါး အတွက် ပေးအပ်သော အသက်တာမျိုး ရှင်ခဲ့သောကြောင့်တည်း။

ရှောလမုန်မင်းကြီး၏ အသက်တာသည် “အတ္တဆန်၍ ရှင်ပေါလု၏အသက်တာသည် “ပရ ဆန်သည် သို့မဟုတ် သူတစ်ပါးအတွက် ရှိရှိသမျှကို ပေးအပ်ဖို အသက်ရှင်ခဲ့သောကြောင့် ဝမ်းမြောက်ပျော်ရွှင်နေရုံမက အောင်မြင်သော အသက်တာကို ရှင်နိုင်ခဲ့ပါ၏။

စားတော်ဆက်တစ်စုသည် အလွန်အောင်မြင်ကြီးပွားနေသဖြင့် စုံစမ်းကြည့်ရာ ဆိုင်ရှင်က သူ၏ဆိုင်သို လာရောက်စားသုံးသူများအား အမဲသားကြော်တစ်ပန်းကန် အခမဲ့ပေးရုံမက၊ စားသောက် ပြီးသောအခါ သူ၏ဆိုင်အမှတ်အသားပါသော ဖန်ခွက်တစ်လုံးနှင့် လက်သုတ်ပုဝါတစ်ထည်စီ လက်ဆောင်ပေးနေကြောင်း ပြောပြ၏။

“ကျွန်တော်က အလျင်ဆုံးပေးနေတဲ့အတွက် ကျွန်တော့်မှာဖောက်သည်တွေ၊ စားသုံးသူတွေ တစ်နေ့ထက်တစ်နေ့ များပြားလာတာပါ’ဟူ၍ ရှင်းပြခဲ့၏။

ရှောလမုန်မင်းကြီးသည် မိမိအတွက် ရယူဖိုအတွက်သာအသက်ရှင်ခဲ့ပြီး ရှင်ပေါလုကမူကား သူ၏အသက်တာ တစ်လျှောက်လုံး၌ မိမိကိုယ်ကိုပေးအပ်နေသော အသက်တာရှင်ခဲ့ပါ၏။ ပေးအပ်သည့်အခါတိုင်း ပြန်၍ ရနေသည်ကို ကျွန်တော်တိုသတိပြုမိချင်မှ ပြုမိပါလိမ့်မည်။ လောကီပစ္စည်း၊ ပြန်လည်ရသော ရုပ်ဝတ္ထုပစ္စည်းကိုသာ ကျွန်တော်မဆိုလိုပါ။

မိခင်တစ်ဦးသည် မိမိ၏သားသမီးများကို အသစ်၊ လုံချည်သစ်ကလေးများ ချုပ်ပေးလိုက် သောအခါ သားသမီးများ ဝမ်းသာအားရဖြစ်သွားပြီး ဝတ်စားဆင်ယင်လိုက်သည်ကိုမြင်ရလျှင် ရင် ထဲ၌ ကြည်နူးစိတ်ကို ပြန်၍ရနေပါသည်။

ဒုက္ခရောက်၍ ဝမ်းနည်းကြေကွဲနေသူကို သွားရောက်ကူညီလိုက်သောအခါ ထိုသူ့ထံမှပြန် ရသော အပြုံး၊ စိတ်သက်သာရာရသွားသော မျက်နှာထားသည် တန်ဖိုးအရှိဆုံး အမွန်မြတ်ဆုံးဖြစ်ပါ။

ကျွန်တော်၏မြေးကလေးများကို ချော့ကလက်ကလေး၊ သကြားလုံးကလေး သိုမဟုတ် စာအုပ်၊ ခဲတံကလေးများ ပေးလိုက်သောအခါ သူတိုထံမှ ရုပ်ပိုင်းပစ္စည်းများ ဘာမျှပြန်မရစေကာမူ သူတို့သည် အားရဝမ်းသာစွာ ခုန်ပေါက်ပြီး ကျွန်တော့်အား နမ်းရှုပ်ကာ “ကျေးဇူးတင်လိုက်တာ ဖိုးဖိုး”ဟု ပြောလိုက်သံသည် ကျွန်တော်ရင်ထဲ၌ ပီတိသောမနဿဖြစ်ရခြင်းကို ပြန်၍ရနေပါ၏။

ထိုကြောင့်လည်း ဒေါက်တာပေါလ်တိုးနီးယားက (The meaning of gifts) အမည်ရှိ သူ၏စာအုပ်ထဲ၌ “ကျွန်တော်ဟာသူတစ်ပါးကို တစ်စုံတစ်ခုပေးလိုက်တိုင်း ကျွန်တော့်ကိုယ်ကို ပြန်ပြီး လက်ဆောင်ပေးနေသလိုပါပဲ”ဟု ရေးသားခဲ့ဖူးပါသည်။ ကောင်းချီးမင်္ဂလာများစွာ ခံစားရရုံမက ဝမ်းမြောက်ပျော်ရွှင်စွာ အသက်ရှင်နေသော ပုဂ္ဂိုလ်တစ်ဦးကို လူအများက မေးကြည့်ကြ၏။

“ကျွန်တော်ကတော့ ခံစားရတဲ့ ကောင်းချီးမင်္ဂလာတွေကိုသူတစ်ပါးနဲ့ဝေမျှနေခဲ့ပါတယ်။ ဂေါ်ပြားနဲ့ပေးနေသလို ဘုရားသခင်ကလည်း ဂေါ်ပြားနဲ့ ပြန်ပေးနေတာပဲ”ဟု ဖြေခဲ့၏။ ခေတ္တမျှ ငြိမ်နေပြီးမှ ဆက်၍ “ဒါပေမယ့် ကျွန်တော့်ရဲ့ ဂေါ်ပြားထက် ဘုရားသခင်ရဲ့ ဂေါ်ပြားဟာ ပိုပြီးကြီးနေတာကို တွေ့ရပါတယ်ဗျာ’ဟု ပြောလိုက်သောဟူ၏။

ရယူခြင်းထက် ပေးအပ်သော အသက်တာမျိုး ရှင်ကြပါစို့။

 

 

 

အခန်း(၁၂)

အရှုးခံမှသာလျှင် အောင်မြင်လိမ့်မည်

 

အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရုံး၏။ ထိုသူသည် အသက်ကို ရလိမ့်မည်။(မဿဲ၊ ၁၆း ၂၅၊၁၀း၃၉။ လုကာ၊ ၉:၂၄၊ ၁၇း၃၃၊ ယော၊ ၁၂း၂၅။ မာကု၊ ၈း၃၅)

ဤကျမ်းစကားကို ခရစ်တော်ကထပ်တလဲလဲပြောနေခဲ့ပါသည်။ စကားအသုံးအနှုန်း အနည်းငယ်မျှသာ ကွဲပြားစေကာမူ၊ ခရစ်ဝင်ကျမ်းများတွင် (၆)ကြိမ်ပါရှိပြီး ခရစ်ဝင်ကျမ်း လေးကျမ်းစလုံးကလည်း မှတ်တမ်းတင် ဖော်ပြထားသည်ကို တွေ့ရပါလိမ့်မည်။

ခရစ်တော်ကလည်း ထပ်တလဲလဲ မိန့်တော်မူနေပုံရသောကြောင့် ခရစ်ယာန်အသက်တာအဖို အလွန်အရေးကြီးလှသော ကျမ်းတစ်ပိုဒ်၊ ဆုံးမစကားတစ်ရပ်ဖြစ်နေကြောင်း ထင်ရှားနေသည်။ ရှေးဦးစွာ ကျမ်းပိုဒ်ကို လွယ်လင့်တကူ အပေါ်ယံကြောမှရုပ်ပြီး အနက်ဖွင့်နိုင်ပါသည်။

ယုံကြည်သူ ခရစ်ယာန်တိုင်းသည် ညှဉ်းပန်းနှိပ်စက်ခြင်း၊ မကြာမီခံစားရတော့မည်ကို ခရစ်တော်က သိနေ၍ကြိုတင်ပြောနေခြင်းဖြစ်သည်။ အထူးသဖြင့် “ငါ့ကြောင့် ဆိုသောစကားနှင့် ရှင်မာကုတွင် `ငါ့ကြောင့်’ နှင့် ‘ဧဝံဂေလိတရားကြောင့် ဟူသော စကားတို့ကိုကြည့်ခြင်းအားဖြင့် ဤသိုထင်မှတ်ဖွယ်ရာ ဖြစ်နေသည်။

ခရစ်တော်ကို ယုံကြည်သောကြောင့် ညှဉ်းပန်းနှိပ်စက်ခြင်းသာမက အသေသတ်ခြင်း အန္တရာယ်ကို ရင်ဆိုင်ရသည့်တိုင်အောင်ယုံကြည်ခြင်းကို မပစ်ပယ်နှင့်။ အသေသတ်ခြင်းခံရ သည့်တိုင်အောင်သစ္စာတည်ကြည်ပါ။ အသက်သေဆုံးသွားရလျှင် မပူပါနှင့်။ တမလွန်ဘဝ၌ ထာဝရအသက်ကိုရလိမ့်မည်ဟု ပြောနေခြင်းကြောင်း အနက်ဖွင့်နိုင်သည်။

မှန်ပါသည်။

ရှေးဦးခရစ်ယာန်များသည် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသော်လည်း ယုံကြည်ခြင်းကို ရဲရဲဆုပ်ကိုင်ခဲ့သဖြင့် လောကီအသက်တာဆုံးရှုးခဲ့သော်လည်း သာသနာ့အာဇာနည် မာတုရများဖြစ်ပြီး ကောင်းကင်နိုင်ငံ၌ သရဖူကိုဆောင်းခဲ့ရပါသည်။

အနက်ဖွင့်နိုင်သည့်နောက်တစ်နည်းမှာ ပထမဦးဆုံးသောယုံကြည်သူများသည် ဆင်းရဲနွမ်းပါးသူများ ဖြစ်ပါ၏။ ဆင်းရဲဒုက္ခပေါင်းမျိုးစုံကို ခံစားရပြီး သေဆုံးသွားစေကာမူ မပူပါနှင့်။ နောင်ဘဝ၌ ဆုလာဘ်ကို ခံစားရမည့်အကြောင်း ပြောခဲ့ခြင်းဖြစ်သည်ဟုအနက်ဖွင့်နိုင်သည်။

နောက်ပိုင်းခေတ်အဆက်ဆက်၌ ဓနရှင်၊ အရင်းရှင်များကသူတိုလက်အောက်ခံ ဆင်းရဲနွမ်းပါးသူများကို ခရစ်ယာန်ဖြစ်လာစေပြီး ဤကဲ့သို ချိုတဲ့နွမ်းပါးဒုက္ခရောက်နေသည်ကို မပူနှင့် ဒုက္ခမှန်သမျှကို ကြိတ်မှိတ်ခံပါ။ ဘုရားသခင်အလိုတော်ကြောင့် ဤသိုဖြစ်နေသည်။ ဆင်းရဲမှုဒဏ်ကို ရဲရဲကြီးခံခိုင်းပြီး တမလွန်ဘဝရှိ ကောင်းကင်နိုင်ငံကို လက်ညှိးထိုးပြနေနိုင်ပါ၏။ ဆင်းရဲသူ လူတန်းစားကိုခရစ်ယာန်များဖြစ်လာစေပြီး ဤကျမ်းပိုဒ်မျိုးကို အသုံးပြုကာ ခေါင်း ပုံဖြတ်အမြတ်ထုတ်နေနိုင်သည်။

ထိုကြောင့်လည်း အချိုသော ပုဂ္ဂိုလ်များက ဘာသာရေးဆိုသည်မှာ လူတိုကို ဘိန်းကျွေးနေခြင်း၊ ထိုင်းမှိင်းစေရန် ဝါဒမှိုင်းတိုက်ပြီး အသုံးချနေသည်ဟု ပြောခဲ့ခြင်းလည်း ဖြစ်ပါ၏။

သိုသော် မဿဲ၊ ၁၉း၂၇-၂၉။ လုကာ၊ ၁၈း၂၈-၃ဝ။ မာကု၊၁၀ ၂၈-၃၀ တိုကို ဖတ်ကြည့်ပါ။

ရှင်ပေတရုက ဤကိစ္စကို ခရစ်တော်အားပြောင်ပြောင်ဖူးသည်။ ကိုယ်တော့်ကို ယုံကြည်၍ နောက်တော်လိုက်ခဲ့ကြသည်။ ရှိသမျှကိုစွန့်ခဲ့သဖြင့် ဆင်းရဲနွမ်းပါးနေကြပါပြီ။ အဘယ်အကျိုးကျေးဇူး ကို ခံစားရပါမည်နည်းဟု မေးသောကြောင့် ယခုဘဝသာမက နောင် ဘဝတွင်လည်း အကျိုးကျေးဇူးခံ စားရမည့်အကြောင်း ကိုယ်တော်ကဖြေကြားခဲ့ပါ၏။

ခရစ်တော်က တမလွန်ကိုသာ ညွှန်ပြပြီး လက်ရှိဘဝဆင်းရဲပင်ပန်း ဒုက္ခခံခိုင်းနေခြင်းမဟုတ်ပါ။ ကိုယ်တော်သည် ကြွယ်ဝသောအသက်တာကို ပေးဖိုရန် ကြွလာခဲ့ခြင်းဖြစ်မည်မဟုတ်။ တမလွန်ဘ ဝမှသာလျှင် ပေးမည်ဟူ၍ တစ်ခါမျှ မဆိုခဲ့ပါ။

ကြွယ်ဝသောအသက်တာဆိုသည်မှာလည်း လောကီပစ္စည်း၊စည်းစိမ်ဥစ္စာနှင့်တိုင်းထွာ၍မရပါ။ ကိုယ်တော့်ကို ယုံကြည်လျှင်အကျိုးကျေးဇူးကို သေသောအခါကျမှသာမဟုတ် ဤဘဝ၊ ဤနေရာ၊ ယခုပင်လျှင် ခံစားရမည့်အကြောင်း ပွင့်ပွင့်လင်းလင်း ဖြေဆိုခဲ့ပြီးဖြစ်ပါ၏

ထိုကြောင့် ကိုယ်တော်က ဤကျမ်းစကားတော်အားဖြင့်ခရစ်ယာန်တိုင်း၏အသက်တာအတွက် အလွန်လေးနက်သော နိယာမတရားကို ပေးခဲ့ခြင်းသာဖြစ်သည်။

ရှုံးမှသာလျှင် အောင်မြင်လိမ့်မည်။

(က)     မိမိတို့အတ္တဆန်သောစိတ်ကို ပျောက်ခိုင်းနေခြင်းဖြစ်သည်။ သစ္စာရှိစွာ မှန်မှန်ကန်ကန် ရဲရဲဝံ့ဝံ့ဆိုကြပါက လူ့ဇာတိ၊ လူ့သဘာဝအရ လူတိုင်းသည် အတ္တဆန်တတ်ပါသည်။

အပြစ်ဆိုနေခြင်းမဟုတ်ပါ။ လူ့ဗီဇ၊ လူ့သဘာဝကိုက ဤအတိုင်းပင်ဖြစ်ပါသည်။

လူအများစုနှင့်စုပေါင်းပြီး အမှတ်တရရိုက်ထားသောဓါတ်ပုံကို တွေ့ရသည်နှင့်လူတစ်ဦးသည် အဘယ်အရာကို အလျင်ဆုံးကြည့်တတ်ပါသနည်း? ထိုလူအုပ်ထဲရှိ မိမိ၏မျက်နှာကိုအလျင်ဆုံးရှာဖွေ တတ်သည်။ ထိုနောက်မှ အခြားသူများ၏မျက်နှာများကို လိုက်လံကြည့်ရှတတ်ကြောင်း သတိပြုမိပါသလား။

မိမိကိုယ်ကို ပြန်မေးကြည့်ပါ။ ဤလောက၌ မည်သူ့ကို တန်ဖိုးအထားဆုံး၊ အမြတ်နိုးဆုံး၊ အတွယ်တာဆုံး၊ အမွန်မြတ်ဆုံး၊ အချစ်ဆုံးဖြစ်ပါသနည်းဟူ၍ မေးပြီး ရဲရဲဝံ့ဝံ့သစ္စာရှိစွာ ပြန်၍ဖြေကြည့်ပါ။ မိမိကိုယ်သာလျှင် အချစ်ဆုံး၊ အတွယ်တာဆုံးဖြစ်ကြောင်း အဖြေရပါလိမ့်မည်။ လူသည် မိမိ၏အသားနာမည်ကို အကြောက်ဆုံးလည်းဖြစ်ပါသည်။

 

(ခ)       မိမိကိုယ်ကိုသာလျှင် ခုခံကာကွယ်လိုစိတ်ရှိခြင်းကို ဖယ်ရှားနေခြင်းလည်း ဖြစ်သည် လူသည် အရေးကြုံလာလျှင် မိမိကိုယ်ကိုသာလျှင် ဦးစားပေးပြီး ခုခံကာကွယ်လိုစိတ်မှာ လူ့ဗီဇထဲ၌ ပါလာသည်ကို မငြင်းနိုင်ပါ။ လူတစ်ဦးသည် သေရေးရှင်ရေးကိစ္စတစ်ရပ်ကို ရင်ဆိုင်လာရလျှင် မိမိအသက်ရှင်ရေးအတွက် ရုန်းကန်လိုစိတ်ပေါ်ပေါက်လာတတ်သည်မှာ အမှန်ပင်ဖြစ်ပါ၏။

ထိုကြောင့် စိတ်ပညာရှင်များက လူ့သဘာဝနှင့်ဗီဇ၏အလိုအရ လူသည်ချောင်ပိတ်မိလာလျှင် ကိုယ်လွတ်ရုန်းတတ်သည့်ဗီဇရှိသည်ဟု ဆိုကြ၏။ ထိုဗီဇစိတ်ထားကို စိတ်ပညာရှင်များက မိမိ ကိုယ်ကိုသာလျှင် အလျင်ဆုံးခုခံကာကွယ်လိုစိတ်(Self-Presservation) ဟုခေါ်ထားပါသည်။ (ရန်ကုန်တက္ကသိုလ်စိတ်ပညာရှင်ဌာနက ထိုအင်္ဂလိပ်စကားကို “မိမိအသက်စောင့်ထိန်းခြင်းဟု ဘာသာပြန်ထားပါသည်။)

လူ၏စိတ်အာရုံသည် အတ္တကို ဦးတည်နေတတ်သဖြင့ရေးရှင်ရေးအန္တရာယ်ပေါ်ပေါက်လာပါက လူတစ်ဦး၏စိတ်ထဲ၌ ၊ ဦးဆုံး ပေါ်ထွက်လာသော စိတ်ထားမှာ မိမိ၏အသက်ဘေးအန္တရာယ်ကို ခုခံကာကွယ်လိုစိတ်ပင် ဖြစ်ပါ၏။

ကျွန်တော်တို ငယ်စဉ်တောင်ကျေး ကလေးဘဝက တစ်စုံတစ်ခုအမှားပြုမိ၍ မိဘ သိုမဟုတ် လူကြီးတစ်ဦးက အပြစ်ပေးဒဏ်ပေးခါနီးတွင် “သူ့ကြောင့် “ဟိုလူပြောလို” “သူက မြူဆွယ်လို သူက တိုက်တွန်းလို” ဤသိုလုပ်ရပါသည်ဟူ၍ သူတစ်ပါးကို အပြစ်ပုံချတတ်ပါ၏။

ကမ္ဘာဦးကျမ်းကလည်း ထိုဗီဇစိတ်ကို ဖော်ပြထားခဲ့သည်။

“အာဒံ”သည် တားမြစ်ထားသော ပန်းသီးစားမိသောကြောင့်ဘုရားသခင်က မေးမြန်းသောအခါ “ဧဝ”ပေး၍စားမိပါသည်ဟု မိန်းမအပေါ် အပြစ်ပုံချသည်။ ဧဝကလည်း မြွေကလာရောက်မြူဆွယ် သောကြောင့် ဖြစ်ပါသည်ဟု ပြန်၍လျှောက်ခဲ့သည်။ ဤဖြစ်ရပ်သည်ရှေးမဆွကတည်းက ရှိနေသော လူ့ဗီဇနှင့် လူ့သဘာဝကို ပေါ်လွင်လာစေရန် ဖော်ပြထားသော ကျမ်းပိုဒ်ဖြစ်ပါ၏(ကမ္ဘာ၊ ၃း၁၀-၁၃)။ ခရစ်တော်က လူ့သဘာဝကိုသိ၍ ဤစကားကို မိန့်ဆိုခဲ့ခြင်းဖြစ်ပါ၏။

သိုဖြစ် အရေးကြုံလာချိန်မျိုး၌ ကိုယ်ကျိုးစွန့်ပြီး သူတစ်ပါးကိုကယ်တတ်သော သူများရှိ သည်မဟုတ်လောဟူ၍ စောဒကတက်စရာ ပေါ်လာပါပြီ။ မိခင်တစ်ဦးသည် မိမိ၏သားသမီးအတွက် အသေခံသည်။ ခင်ပွန်းဖြစ်သူသည် ဇနီးအတွက် အနစ်နာခံသည်။ တာဝန်ကို ကျေပွန်သော စစ်သည် တော်တစ်ဦးသည် မိမိတိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးလှူသည်။ ထိုသူများသည် မိမိ၏အတ္တ စိတ်ကိုအောင်မြင်၊ကျော်လွန်၊ ကျောခိုင်းလိုက်နိုင်သောကြောင့် သူရဲကောင်းများဟု ခေါ်ဆိုနိုင်ပါသည်။ ကိုယ်တော်သည် ဤအချက်ကို ဦးတည်ပြီး သွန်သငနေခြင်းဖြစ်ပါ၏။

မိမိကိုယ်ကိုကာကွယ်နေခြင်းထက် မွန်မြတ်သောအရာတစ်ခု ရှိကြောင်း ကိုယ်တော်က ထောက်ပြနေခြင်းသာ ဖြစ်၏။ ကင်းစောင့်နေရင်း အသေခံခဲ့သောစစ်သည်၊ သားသမီးအတွက် အစာငတ်ခံအသက်ပေးခဲ့သောမိခင်၊ မိမိယုံကြည်ခြင်းအတွက် ကျောက်ခဲနှင့်ပစ်သတ်ခြင်းကိုခံခဲ့သော သတေဖန်ကဲ့သို သူရဲကောင်းများကိုကြည့်လျှင် လူ၌ မိမိကိုယ်ကိုသာ ခုခံကာကွယ်လိုစိတ်ထက် မွန်မြတ်သောသဘော ကြီးမြတ်သော စိတ်ထားရှိသေးကြောင်းကို ထောက်ပြပြီး ထိုစိတ်ကို ဖော်ထုတ်ပေးနေခြင်း ဖြစ်ပါ၏။

သို့သော် ခြွင်းချက်တစ်ခုရှိပါ၏။ ရုတ်တရက်ပေါ်ပေါက်လာသော ကိုယ်ကျိုးစွန့်စိတ်ထားမျိုး ထက် မိမိကိုယ်ကိုမေ့ပြီး သူတစ်ပါးကိုအမြဲဦးစားပေးနေတတ်သော စိတ်ထားမျိုးရှိရန် ကိုယ်တော်က လိုလားကြောင်း မိန့်မှာနေခြင်းဖြစ်ပါ၏။

ဥပမာ ကားတိုက်ခံရလုနီးနီးဖြစ်နေသော ကလေးတစ်ဦးကို လူတစ်ဦးသည် ကာကွယ်ရန်ပြေး၍ ဆွဲယူရာတွင် ကားကြိတ်ခံရသည်။ မီးလောင်နေသော အိမ်ထဲရှိသားသမီးတစ်ဦးကို ရုတ်တရက်ဝင်ပြီး ကယ်ဆယ်သည်။ ထိုသိုဖြစ်ရပ်ပေါင်းများစွာ ကမ္ဘာပေါ်တွင် ရှိပါ၏။

သို့သော် ရုတ်တရက် သို့မဟုတ် ဗြုန်းစားကြီးပေါ်ပေါက်လာသော ကိုယ်ကျိုးစွန့်စိတ်ထားထက် အမြဲတစေ ကိုယ်ကျိုးစွန့်၊ မွန်မြတ်သောစိတ်ထားရှိစေရန် ခရစ်တော်က အလိုရှိပါ၏။

လူတစ်ဦး၌ ဗီဇစိတ်ထားနှစ်မျိုး အမြဲဒွန်တွဲလျက် ကိန်းအောင်းနေသည်။ ပထမ စိတ်ထားမှာ မိမိကိုယ်ကိုသာ ဦးစားပေးလိုသော အတ္တစိတ်ထားဖြစ်ပြီး နောက်တစ်မျိုးမှာ သူတစ်ပါး ကောင်းစား ရေးအတွက် မိမိကိုယ်ကိုစတေးခံ၊ အရှုးခံ၊ အနစ်နာခံတတ်သော “ပရစိတ်ထား ဖြစ်ပါ၏။

ထိုကြောင့်လည်း လူ့သမိုင်းစဉ်ကြီးကို ပြန်ကြည့်လျှင် သမိုင်းတွင် ကျန်ရစ်ခဲ့သော သူရဲကောင်းကြီးများကို တွေ့နိုင်သည်။ ငှက်ဖျားရောဂါ၊ အဆုတ်နာရောဂါ၊ ကျောက်ကပ်ရောဂါ စသည့်ရောဂါဆိုးကြီးများကို ကာကွယ်နိုင်ရေးအတွက် မိမိကိုယ်ကိုစွန့်စားပြီး ဆေးသုတေသန လုပ်ခဲ့သူများရှိခဲ့သည်။

တိုင်းပြည်နှင့်လူမျိုး လွတ်လပ်ရေး သိုမဟုတ် ကောင်းစားရေးအတွက် အသေခံရမည်သိလျက် နှင့်ပင် စွန့်စားခဲ့သူများစွာ ရှိခဲ့သည်။သားသမီးများအတွက် “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို လျှောက်သွားခဲ့သော မိခင်များ ရှိခဲ့၍လည်း ကျွန်တော်တိုလူဖြစ်လာကြသည်။

ထိုပုဂ္ဂိုလ်များသည် ရုတ်တရက်ပေါ်ပေါက်လာသော စွန့်စားစိတ်ကြောင့် မဟုတ်ပါ။ သူတစ်ပါး ကောင်းစားရေးအတွက် အမြဲရှေ့ရှနေသောစိတ်ရှိသောကြောင့် ဖြစ်၏။ ထိုသိုသော စိတ်ထားမျိုး ရှိလာစေရန် ခရစ်တော်က လမ်းညွှန်ပြနေခြင်းဖြစ်ပါ၏။

ထိုသို့သော မွန်မြတ်စိတ်ထား အမြဲကိန်းအောင်းနေစေရန်အဘယ်သိုပြုရမည်နည်း?

 

(ဂ)       လူ၏စိတ်အာရုံကို လွဲမှသာလျှင် ဖြစ်နိုင်ကြောင်း သွန်သင်နေခြင်းဖြစ်သည်။

ခရစ်တော်သည် ပညတ္တိကျမ်းတို၏အချုပ်အခြာဟု ခေါ်ဆိုပြီး ပညတ်နှစ်ပါးကို ပေးခဲ့သည်။ ၄င်းတို့မှာ

(၁) သင်၏ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် အစွမ်းသတ္တိ ရှိသမျှနှင့်ချစ်လော့။ ဤကား ပထမပညတ်ဖြစ်၏(မာကု၊ ၁၂း၃၀။ မဿဲ၊ ၂၂:၃၇။ တရား၊ ၆း၅)

(၂) ထိုမှတစ်ပါး ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့် သဘောတူ၏။ ဤပညတ်တိုထက်သာ၍ ကြီးမြတ်သောပညတ်မရှိ။(မသဲ၊ ၂၂:၃၉။ မာကု၊ ၁၂း၃၀)ဟု ဆိုခဲ့ရုံမက ရှင်မဿဲက “ဤပညတ် နှစ်ပါးတိုကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းရှိသမျှတို၏ အချုပ်အခြာပင် ဖြစ်သတည်း”ဟူ၍ပင်မှတ်တမ်းတင်ထားခဲ့ပါ၏။

ဤပညတ်နှစ်ပါးကို ပေးလိုက်ခြင်းအားဖြင့် ကိုယ်တော်သည်အဘယ်အရာကို ပြုခဲ့ပါသနည်း? မိမိကိုယ်ကို အာရုံစိုက်နေခြင်းမှ အာရုံလွှ၍ ရှေးဦးစွာဘုရားသခင်နှင့်၊ ထိုနောက် ကိုယ်နှင့်စပ်ဆိုင် သောသူ (ဝါ) သူတစ်ပါးအပေါ် အာရုံလွှခိုင်းလိုက်ခြင်းဖြစ်၏။

လူသည် မိမိကိုယ်ကိုသာလျှင် မီးမောင်းထိုးပြနေချင်စိတ်ရှိတတ်သည်။သိုသော် မိမိကိုယ်ကိုမေ့ လိုက်ပြီး ဘုရားသခင်နှင့်သူတစ်ပါးအပေါ် အာရုံလွှဲမီးမောင်းထိုးပြခြင်းအားဖြင့် မိမိကိုယ်ကို မေ့ခိုင်း လိုက်ခြင်းဖြစ်ပါ၏။

အင်္ဂလိပ်ကျမ်းမှုများကို ဖတ်ကြည့်ပါ။

“He who loses himself” ဟူသော စကားများကို တွေ့ရပါလိမ့်မည်။

မိမိကိုယ်ကိုသာ အာရုံစိုက်နေခြင်း၊ ဦးစားပေးနေခြင်း၊ အလျင်ဆုံးထားနေခြင်းကို မေ့ခိုင်း၊ ဖျက်ခိုင်း၊ အရှုးခံခိုင်း၊ စွန့်လွှတ်ခိုင်းနေခြင်းဖြစ်သည်။ မိမိ၏နေရာ၌ ဘုရားသခင်နှင့်သူတစ်ပါး ကို အစားထိုးနေခြင်းဖြစ်သည်။

ဤနေရာ၌ ငါ့အတွက်ကြောင့် “ငါ့ကြောင့် ဟူသော စကားတော်၏ အနက်သည် ပေါ်လွင်လာပါပြီး။

ခရစ်တော်ကို မော်ကြည့်လိုက်လျှင် မိမိကိုယ်ကိုမေ့ပြီး ဘုရားသခင်နှင့် ဘုရင်တစ်ပါးတို့ အတွက် အသက်ရှင်ခဲ့သော ပုဂ္ဂိုလ်တော်ကို မြင်လာပါလိမ့်မည်။ ထိုအခါမှ “ငါ၏နာမတော်ကိုထောက် ၍” “ငါ့၏စံနမူနာတော်ကိုလိုက်၍ ဟူသောစကားဖြင့် အနက်ဖွင့်လာနိုင်ပါလိမ့်မည်။

ကိုယ်တော့်ကိုသာ အာရုံစိုက်လိုက်လျှင် လူ၏စိတ်ထားနှစ်မျိုးထဲမှ မွန်မြတ်၊ မြင့်မားသော စိတ်ထားကို ဖော်ထုတ်လာနိုင်ပါလိမ့်မည်။

မိခင်တစ်ဦး၏ သာမကအားဖြင့် ကြည့်ကြပါစို။ ထိုမိခင်ခမျာမှာ တစ်နေ့လုံး အိမ်ထောင်ကိစ္စအဝဝကို လုပ်နေရသည်။ ထမင်းဟင်းချက်ပြုတ်ရသည်။ အဝတ်လျှော်ဖွတ်ရသည်။ ခင်ပွန်းအလုပ်သားရေးအတွက် ပြင်ဆင်ပေးရသည်။ သားသမီးများကို ရေမိုးချိုး၊ အဝတ်အစားလဲ၊ ထမင်းဘူးပြင်ပေးပြီး ကျောင်းသို့စေလွှတ်ရသည်။ အိမ်၌ကျန်ရစ်သော ကလေးငယ်များကို ပြုစုနေရ ပြန်သည်။

ညနေပိုင်းရောက်လာသောအခါ အလွန်မောပန်း၊ ခြေကုန် လက်ပန်းကျနေသည်။ မောဟိုက်၊ ပန်းလျ၊ နွမ်းနယ်နေသည်။ ယနေ့ညပိုင်း၌ ငါသည် လက်ပင်မမြှောက်နိုင်။ ခြေပင် မလှမ်းနိုင်လောက် အောင် ပင်ပန်းနေပါပြီဟု ထင်နေခဲ့၏။

ထိုစဉ် သားသမီးတစ်ဦး ကောက်ကာငင်ကာ ဖျားလာတော့၏။ အပြင်းဖျားသည် သို့မဟုတ် လက်သည်ဟု ဆိုကြပါစို့။ ထိုအခါလက်ကိုပင်မမြှောက်နိုင်၊ လမ်းကိုပင်လှမ်း၍ လျှောက်နိုင်တော့မည် မဟုတ်ဟု ထင်နေသည့်မိခင်သည် ထိုသားငယ် သိုမဟုတ် သမီးငယ်ကို ကိုယ်ဖိရင်ဖိ ပြုစု၏။

ဆေးခန်းသို ပြေးသည်။ ဆေးတိုက်သည်။ တစ်ချိန်လုံးပြုစုယုယရုံမက တစ်ညလုံး မအိပ်စက် အနားမယူဘဲ အပြင်းဖျားနေသော သားငယ်၊ သမီးငယ်အား ပြုစုစောင့်ရှောက်နေနိုင်သည်ကို အံ့သြစွာ တွေ့ရပါလိမ့်မည်။

ထိုမိခင်သည် အဆိုပါစွမ်းရည်များ အဘယ်ကဲ့သို ရရှိလာပါသနည်း?

စောစောပိုင်းက မိမိ၌မရှိတော့ပါဟု ထင်နေသည့် ဇွဲ၊ သတ္တိ၊ခံနိုင်ရည်သည် မည်သည့်နေရာမှ ပေါ်ထွက်လာပါသနည်း။ သူသည် မိမိကိုယ်ကို အာရုံစိုက်နေခြင်းမှ အပြင်းဖျားနေသော သားငယ်၊ သမီးငယ်အပေါ် အာရုံလွှလိုက်နိုင်သောကြောင့်ဖြစ်ပါ၏။

မိမိကိုယ်ကို ပြန်ကြည့်နေရာမှ သူတစ်ပါးတည်းဟူသောသားငယ်၊ သမီးငယ်ကို အာရုံလွှနိုင် သောကြောင့် ဖြစ်သည်။ သားသမီးကိုချစ်သော “မေတ္တာ စိတ်ထားကြောင့် ယခင်က မိမိ၌မရှိတော့ဟု ထင်နေသော စွမ်းအားများကို ပြန်၍ရရှိလာခြင်းဖြစ်သည်။

အရင်းခံအကြောင်းရင်းမှာ သားငယ်သမီးငယ်အပေါ် အာရုံလွှဲလိုက်ခြင်း၊ ထိုသားသမီး အပေါ်ထားသော မေတ္တာကြောင့် မထင်မမှတ်သော စွမ်းပကားများ ရရှိလာခြင်းဖြစ်ပါ၏။

ထိုမျှသာမက နောက်နေ့ရက်များတွင် အပြင်းဖျားနေသောသားသမီးကို ပြုစု၊ ယုယ၊ ဂရုစိုက်နိုင်လာသည်အထိ ခွန်အားအစွမ်းရရှိလာခြင်းဖြစ်၏။

တိမ်မြုပ်နေသော စွမ်းအားနှင့်ရှိသေးသည်ဟုမထင်သောခွန်အား၊ ယခင်က မသိမမြင်ခဲ့သော ဇွဲနှင့်ခံနိုင်ရည်စသည်တို ပေါ်ထွက်လာခြင်းဖြစ်၏။ ဒေါက်တာဂက်စလီ၊ ဝဲသားဟဲဒ် ရေးသားပြုစု ထားသော စာအုပ်တစ်အုပ်ထဲတွင် ထူးခြားသောဖြစ်ရပ်တစ်ခုကို

(ကျွန်တော်တစ်ခါက ဖတ်ဖူးပါသည်။ အမျိုးသမီးတစ်ဦးသည် ခြေနှစ်ဖက်စလုံး သေသွားသဖြင့် ဆေးရုံတက်နေရသည်။ ထိုစဉ်မြိုတွင်းရှိ စက်ရုံတစ်ရုံ မီးလောင်သည်။ ထိုအမျိုးသမီး၏ခင်ပွန်းသည် ထိုစက်ရုံ၌အလုပ်လုပ်နေသည်။ မီးလောင်သည့်သတင်းကိုကြားရသည်နှင့် ထိုအမျိုးသမီးသည် ဆေးရုံပေါ်မှ အလုပ်ရုံရှိရာသို ပြေးသွားတော့သည်။ သူသည်ခြေနှစ်ဖက်စလုံးသေနေသော်လည်း ခင်ပွန်းကို စိုးရိမ်ကြောင့်ကြသောစိတ်ထား၊ ချစ်သည့်မေတ္တာ ရုတ်တရက် လွှမ်းမိုးသွားခြင်းကြောင့် သေနေသည့် ခြေထောက်များတွင် ခွန်အားပြည့်ဝလာသဖြင့် ခြေကျင်ပြေးသွားလေတော့၏။ သူ့၌ ယခင်ကမရှိခဲ့သော စွမ်းအားတိုသည် ခင်ပွန်းအပေါ်၌ထားသော မေတ္တာစိတ်ထားကြောင့် ပြန်လည်ရရှိခဲ့ခြင်းဖြစ်ပါ၏။

ထိုကြောင့်လည်း ရှင်ပေါလုက “ငါတိုကြံစည်သမျှထက် ပို၍ပင် အလွန်ထူးခြားစွာ ပြုပြင်ခြင်းငှာ တတ်နိုင်သော ဘုရားသခင်”ဟူ၍ စွမ်းအားကိုထူးခြားစွာ ပေးသနားနိုင်သော ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းခဲ့ပါ၏(ဧဖက်၊ ၃:၂၀)။

မိမိကိုယ်ကို မေ့လိုက်ပြီး သူတစ်ပါးကို အာရုံစိုက်ခြင်းဖြင့်သာလျှင် တိမ်မြုပ်နေသော မိမိ၏စွမ်းရည်သည် ပေါ်ထွက်လာပါလိမ့်မည်။

ဘောလုံးကစားသမားတစ်ဦးသည် မိမိနာမည်ရရေး၊ပေါ်ကျော်ကြားလာရေး၊ မိမိအတွက်သာ ကစားနေလျှင် ထိုအသင်းသည် ပျက်ပါလိမ့်မည်။

အိမ်ထောင်တစ်ခုတွင် ခင်ပွန်းဖြစ်သူသည် မိသားစုအတွက် မဟုတ်ဘဲ မိမိတစ်ဦးတည်း၏ ကိုယ်ကျိုးအတွက်သာ အသက်ရှင်နေလျှင် ထိုအိမ်ထောင်သည် မကြာမီပြိုကွဲပါလိမ့်မည်။

အသင်းတစ်သင်းရှိ ပုဂ္ဂိုလ်တစ်ဦးသည် အသင်းအဖွဲ၏ကောင်းကျိုးကို မကြည့်ဘဲ မိမိတစ်ဦး တည်းအတွက်သာ ကြည့်နေပါလျှင် ထိုအသင်းသည် မကြာခင်ကျဆင်း ပျက်စီးပါလိမ့်မည်။

လူတစ်ဦးသည် မိမိ၏ကိုယ်ကျိုး၊ မိမိတစ်ဦးတည်း ရပ်တည်နိုင်ရေးအတွက်သာ အသက် ရှင်နေပါလျှင် များမကြာမီ အရှုံးနှင့်ရင်ဆိုင်ရပါလိမ့်မည်။

အတ္တဆန်သော အသက်တာတိုင်းသည် မည်ကိုမြင်သောကြောင့် ခရစ်တော်က ဤစကားကို မိန့်ဆိုခဲ့ခြင်းဖြစ်၏။ “အတ္တနေရာ၌ “ပရတည်းဟူသော သူတစ်ပါးကို အစားထိုးရန် သတိပေးနေ ခြင်းလည်း ဖြစ်ပါ၏။

 

(ဃ)     ခရစ်တော်ကိုယ်တိုင်က ထိုသက်တာမျိုးကို ရှင်ပြခဲ့သည်။ ခရစ်တော်၏ သက်တော်စဉ်တစ်ခုလုံးကိုကြည့်လျှင် ကိုယ်တော်သည် သူတစ်ပါးအတွက် အသက်ရှင်ခဲ့ကြောင်း ထင်ရှားစွာ မြင်တွေ့ရပါသည်။ ထိုကြောင့်လည်း ကိုယ်တော့်ကို လူအများက(The man for others) “သူတစ်ပါးအတွက်အသက်ရှင်ခဲ့သော ပုဂ္ဂိုလ်တော် ‘ဟူ၍ ခေါ်ဆိုခဲ့ခြင်းဖြစ်၏။

မြေခွေးသည် မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည် သောငှက်တို့အတွက် နားနေစရာ အသိုက်ရှိသော်လည်း လူသားအတွက် ခေါင်းချစရာပင် နေရာမရှိဟူ၍ ပြောနိုင်လောက်အောင် အပင်ပန်းခံကာ သူတစ်ပါးအတွက်သာ လှည့်လည်အသက်ရှင်ခဲ့သည် (မဿဲ၊ ၈း၂၀။ လုကာ၊ ၉:၅၈)။

ကားတိုင်ထက်၌ ပြင်းပြစွာ ဝေဒနာခံစားနေရစဉ် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာနှင့် လူအကြီးအကဲသာမက လမ်းပေါ်ရှိ လူများက ဤသူသည် သူတစ်ပါးကိုကယ်တင်တတ်၏။ ယခု မိမိကိုယ်ကို မကယ်နိုင်ပါတကား”ဟု ကဲ့ရဲ့ပြစ်တင်၊ ပြက်ရယ်ပြုကြ၏(မဿဲ၊ ၂၇း၄၁-၄၂။ မာကု၊ ၁၅း၃၀-၃၁)။

အနီးရှိ ကားတိုင်ပေါ်မှ သူခိုးဓါးပြတစ်ဦးကလည်း အလားတူ ပြောခဲ့သည်။ လူအများက ပြက်ရယ်ပြုနေခဲ့သော ထိုစကားသည် ကိုယ် တော့်ကို ရုတ်ချနေခြင်းမဟုတ်၊ ဂုဏ်ပြုနေခြင်း ဖြစ်နေသည်ကို သူတို့မရိပ်မိကြပါ။

မိမိကိုယ်ကိုသာ ကြိုးစားကယ်တင်နေသူသည် သူတစ်ပါးကိုမကယ်နိုင်ပါ။ သူတစ်ပါးကို ကယ်နေသောသူသည် မိမိကိုယ်ကိုမကယ်နိုင်ပါ။ ခရစ်တော်သည် လူအပေါင်းတိုကို ကယ်တင်ရန် ကြွ လာသောသူဖြစ်ကြောင်း အမှုတော်စတင်ဆောင်ရွက်စဉ်ကတည်းကြေညာခဲ့ပြီး မိမိကိုယ်ကို ကယ်တင် ရန်လည်း လုံးဝဂရုမစိုက်ခဲ့ပါ။

ရေနစ်နေသောသူသည် မိမိကိုယ်ကို ကယ်နေရန်သာ ကြိုးစားနေပါက သူတစ်ပါးကို ကယ်ရန်လုံးဝဖြစ်နိုင်မည်မဟုတ်ပါ။ သူတစ်ပါးကိုကယ်ရန် ကြိုးစားနေပါက မိမိကိုယ်ကိုကယ်ရန် လုံးဝသတိရလိမ့်မည်မဟုတ်ပါ။

တစ်ခါက တိဗက်နိုင်ငံတွင် ဆာဒူးဆန်ဒါဆင်းနှင့်မိတ်ဆွေတစ်ဦးသည် ဆီးနှင်းခဲများ ထူထပ်စွာကျနေသော တောင်ပေါ်၌ခရီးသွားနေကြသည်။ အနီးဆုံးတည်းခိုရိပ်သာသို မြန်မြန် ရောက်နိုင်ပါမှ သူတို၏အသက်ရှင် တော့မည်ကို သိနေသည်။

ထိုစဉ် ဆီးနှင်းခဲပေါ်၌ လဲကျနေသော လူတစ်ဦးကို တွေ့ရ၏။ ထိုသူက “ကယ်ပါ”ဟု ပြောဆိုတောင်းပန်နေရှာသည်။ ထိုအခါဆန်ဒါဆင်းက ဒုက္ခရောက်နေသောသူကို တွဲခေါ်သွား ရန်ပြောစဉ် ကျန်တစ်ဦးက ထိုဒုက္ခသည်ကိုကယ်နေလျှင် သူတိုပင်လျှင် အသက် သေစရာအကြောင်း ရှိမည်ဟုဆိုပြီး ဆက်လက်ထွက်ခွာသွား၏။

ဆာဒူးဆန်ဒါဆင်းသည် လဲကျနေသောဒုက္ခသည်ကို ကျောပေါ်၌ ထမ်း၍ပို၍လာနေစဉ် မောပန်းလာရုံမက သွေးလည်ပတ်နှုန်းမြန်လာသောကြောင့် ကိုယ်မှာနွေးထွေးလာ၏။ များမကြာမီ တည်းခိုရိပ်သာသိုရောက်ကာ မီးလှူရသောကြောင့် နှစ်ဦးစလုံးအသက်ရှင်ခဲ့သည်။

ဒုက္ခသည်ကို ဥပက္ခာပြုကာ တစ်ဦးတည်းထွက်ခွာလာသူကို တစ်ညလုံးစောင့်နေသော်လည်း ရောက်မလာ။ မနက်မိုးလင်း၍ သူတိုနှစ်ဦးထွက်ရှာသောအခါ တစ်ယောက်တည်းထွက်လာသော ထို ပုဂ္ဂိုလ်သည် သွေးခဲပြီး ဆီးနှင်းပြင်ပေါ်၌ လဲကျကာ သေဆုံးနေသည်ကို တွေ့ခဲ့ရပါ၏။

တစ်ဦးတည်း ကိုယ်လွတ်ရုန်းပြီး ထွက်ခွာလာသော ပုဂ္ဂိုလ်ကို ခရစ်တော်က “အကြင်သူသည် မိမိကိုယ်ကိုသာ ကယ်တင်ခြင်းငှာသာ ကြိုးပမ်းနေ၏။ အာရုံစိုက်နေ၏။ ဒုက္ခရောက်နေသူအား ဥပက္ခာ ပြု၏။ ထိုသိုသော သူမျိုးသည် အသက်ရှုးလိမ့်မည်။ အကြင်သူသည်ငါ၏နာမတော်ကိုထောက်၍ မိမိကိုယ်ကိုမေ့ဖျောက်ပြီး သူတစ်ပါးကို ကယ်တင်၏။ ထိုသူသည်အသက်ကိုရလိမ့်မည်´ဟု မိန့်တော်မူနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။

 

(င)       အသက်တာအတွက် လိုက်လျှောက်ရန် အကောင်းဆုံးသော နိယာမလည်း ဖြစ်သည်။ အားကစားသမားတစ်ဦးသည်မိမိကိုယ်ကို မေ့ပျောက်ပြီး လေ့ကျင့်မှုကိစ္စများထဲ၌ နစ်မြှုပ်ထားနိုင်ပါမှ ထူးချွန်လာပါလိမ့်မည်။

ပညာကိုသင်ယူနေသော ကျောင်းသားတစ်ဦးသည် ကျောင်းသင်ခန်းစာ၊ ပညာဗဟုသုတ၊ စာအုပ်များ၊ လေ့ကျင့်ခန်းများ၊ စာကြည့်တိုက်ထဲ၌ မိမိကိုယ်နစ်မြုပ်ထားသောအခါမှ ပညာရှင်တစ်ဦး အနေဖြင့် ပြောင်းလဲလာပါလိမ့်မည်။

ဂီတပညာကို လေ့လာဆည်းပူးနေသူတစ်ဦးသည် ဂီတသင်္ကေတသံပုံစာအုပ်များ၊ လေ့ကျင့် မျှတိုထဲ၌ မိမိကိုယ်ကိုမြှုပ်နှံနိုင်လောက်အောင် ကြိုးစားနေပါမှ ပြောင်မြောက်သော ဂီတပညာရှင် တစ်ဦးဖြစ်လာပါလိမ့်မည်။

စာရေးသူတစ်ဦးသည် စာပေရေးသား၊ ဖတ်ရှုလေ့လာပြီး အမြဲတစေ စာပေပင်လယ်ထဲ၌ မိမိကိုယ်ကို နစ်မြှုပ်ထားနိုင်သည့် ဇွဲနှင့်ခံနိုင်ရည်ရှိပါမှ ပြောင်မြောက်ထူးချွန်သော စာရေးဆရာတစ်ဦး ဖြစ်လာပါလိမ့်မည်။

မိမိကိုယ်ကိုသာလျှင် သနားကြင်နာယုယနေသော(Selfpity) စိတ်သဘောမျိုး ရှိနေသောသူသည် သူတစ်ပါးကို ကယ်တင်ဖို၊ ကူညီဖို့မဆိုနှင့် သူကိုယ်တိုင်ပင် အရှုးနှင့်ရင်ဆိုင်ရပါလိမ့်မည်။

ထိုကြောင့်လည်း “အောင်မြင်ကြွယ်ဝသော အသက်တာကို ရှင်လိုပါက မိမိကိုယ်ကိုသာလျှင် ပြန်၍ကြည့်နေပြီး အတ္တဆန်နေပါထိုသူသည် ဆုံးရှုးလိမ့်မည်။ အကြင်သူသည် မိမိကိုယ်ကိုပြန်၍ မကြည့်ဘဲ၊ အတ္တစိတ်ကိုဖျောက်နိုင်သောအခါမှ ကြွယ်ဝ၊ အောင်မြင်၊ ထူးချွန်သောအသက်တာကို ရလိမ့်မည်’ဟု ခရစ်တော်က မိန့်တော်မူခဲ့ခြင်းဖြစ်ပါ၏။

 

အသုံးပြုနေမှသာလျှင် တိုးပွားလာလိမ့်မည်။

လူသည် အရေးအကြောင်းကြုံလာလျှင် မိမိကိုယ်ကိုသာကာကွယ်လိုစိတ် ရှိနေကြောင်း ကိုယ်တော်သိရှိနားလည်ပြီးဖြစ်သည်။ထိုသိုသော လူ့ဗီဇနှင့်လူ့သဘာဝရှိ (Self-Preservation)ခေါ် စိတ် နိယာမတရားနှင့် ဆက်နွယ်နေသည့် ဒုတိယအချက်ကို သတိရလာပြန်သည်။

ထိုအချက်မှာ အခြားမဟုတ်ပါ။

လူသည် မိမိကိုယ်ကို ခုခံ၊ ကာကွယ်၊ စောင့်ရှောက်လိုစိတ်လွှမ်းမိုးနေသောကြောင့်လည်း မိမိ၌ရှိနေသမျှကို သူတစ်ပါးအားပေးရန် နှမြောတွန့်တိုနေတတ်သည်။ သူတစ်ပါးအတွက် အသုံးပြုလိုက်လျှင် ကုန်သွားမည်ကို စိုးရိမ်ကြောင့်ကြ နေတတ်သည်။

ထိုကြောင့် “အကြင်သူသည် ရတတ်၏။ ထိုသူအား ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်ယူလိမ့်မည်’ဟု မိန့်တော်မူလိုက်ပြန်ပါ၏(မာကု၊ ၄း၂၅။ လုကာ၊ ၁၉း၂၆)။

ရှင်မသဲက “အကြင်သူသည် ရတတ်၏။ ထိုသူ၌ကြွယ်ဝပြည့်စုံစေခြင်းငှာ ပေးဦးမည်´ဟူ၍ ဖြည့်စွက် မှတ်တမ်းတင်ခဲ့ပါ၏(မဿဲ၊ ၁၃း၁၂၊ ၂၅:၂၉)။

ဤဝိရောဓိစကားတော်ကို ရုတ်တရက်ဖတ်လိုက်လျှင် နားလည်နိုင်ရန် ခက်နေပါလိမ့်မည်။ ကြွယ်ဝချမ်းသာသောသူတို့ကို ဘုရားသခင်က ထပ်ပေးပြီး ဆင်းရဲ၊ ချိုတဲ့၊ နွမ်းပါးသောသူတိုထံမှ ရှိသမျှကိုပင် ပြန်၍ယူလိမ့်မည် ဟူသောအချက်သည် ထူးခြားနေပါ၏။

သို့သော်လည်း သေသေချာချာ လေ့လာသုံးသပ်ကြည့်လိုက်လျှင် ကိုယ်တော်၏စကား တော်သည် မှန်ရုံမက ကျွန်တော်တိုသည် အထက်ဖော်ပြပါ အခြေပြုကျမ်းချက်နည်းတူ လိုက်နာရမည့် နိယာမတရားကို ပေးနေကြောင်း တွေ့ရပါလိမ့်ဦးမည်။

 

(က)     မိမိ၌ရှိနေသော အစွမ်းအစတိုကို များများ သုံးနေမှသာလျှင် တိုးပွားလာပါလိမ့်မည်။ လူသည် မိမိ၏အစွမ်းအစ၊ ဉာဏ်ပညာ၊ စွမ်းရည်၊ ဂုဏ်အင်္ဂါ၊ အထုံဝါသနာ စသည်တိုကို နှမြောနေပြီး သိုဝှက်ထားလျှင် သိုမဟုတ် အသုံးမပြု ဘဲထားလျှင် ရှိနေသမျှတိုကိုပင်လျှင် ဆုံးရှုံးသွားလိမ့်မည်။ ခြိုးခြံတွန့်တိုနေလျှင် ကုန်သွားပါလိမ့်မည်။

သို့သော် သူတစ်ပါးအတွက် များများ အသုံးပြုနေပါက “တိုးတက်၊ များပြား၊ ကြီးထွား၊ ရင့်သန်လာသည်ကို တွေ့ရပါလိမ့်မည်။

တစ်ခါက အသင်းတော်တစ်ပါး၌ ဝတ္တရားမပျက်၊ သစ္စာရှိရှိဝတ်ပြုစည်းဝေးတိုင်း၌ အော်ဂင်တီးနေသူတစ်ဦးရှိ၏။ ထိုသူ၏လက်ယာမျက်လုံးသည် လက်ဝဲမျက်လုံးထက် မှုန်ဝါးလာသည်ကို သတိပြုမိသည်။

သို့သော် ထိုပုဂ္ဂိုလ်မှာ မျက်စိပါရဂူ၊ သမားတော်ကြီးများထံသွား၍ ဆေးကုသံမျှခံရန် ငွေမရှိသဖြင့် စက္ကူကတ်ပြားအမည်းကို ကပ်ကြေးဖြင့်ညှပ်၊ နဖူးတွင် ကြိုးဖြင့် ချည်ပြီး လက်ယာမျက်လုံးပေါ် ၌ ဖုံးအုပ်ထားကာ အော်ဂင်ကို ဆက်တီးနေသည်။ ထိုသိုနေခဲ့သည် မှာ ကြာမြင့်လာ၏။

တစ်နေ့တွင် အသင်းသူအသင်းသားများက အလှူငွေများကောက်ခံကာ မျက်စီသမားတော် ကြီးထံသွား၍ ကုသရန် သူ့ကိုစေလွှတ်လိုက်တော့၏။ ထိုအခါ သမားတော်ကြီးက အားနည်းလာသော မျက်လုံးကို မသုံးဘဲထားခဲ့သည်မှာ ကြာမြင့်သွားပြီဖြစ်၍ လုံးဝကန်း သွားပြီဖြစ်ကြောင်း ဝမ်းနည်းစွာ ပြောပြလိုက်လေတော့၏။

 

(ခ)       ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးနှင့် ပတ်သက်၍ ထိုစကားတော်သည် မှန်သည်။ အလေးမသူတစ်ဦးကိုကြည့်ပါ။ သူသည်လေးလံလှသော သံပြားကြီးများနှင့်သူ၏ကြွက်သား များကို များများလှုပ်ရှားပေးနေသောကြောင့် ကြံခိုင်၊ သန်မာ၊ ထွားကျိုင်းလာခြင်းဖြစ်သည်။ ထိုကြွက်သားများကို အသုံးမပြုဘဲထားနေပါက ပျော့အိ၊အားနည်းသေးငယ်သွားပါလိမ့်မည်။ ကြာကြာအသုံးမပြုဘဲထားပါက ထိုအင်္ဂါအစိတ်အပိုင်းသည်သေ၍ပင် သွားနိုင်ပါသည်။

“မသုံးဘဲထားလျှင် တုံးသွားလိမ့်မည်”ဟူသော စကားကိုအထောက်အကူပြုနေပါ၏။ ကျွန်တော်သည် ၁၉၈၈ ခုနှစ်၊ ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းပိုင်းတွင် အကြီးအကျယ် ခြားနားခဲ့ပါသည်။

အဖျားဒီဂရီ ၁၀၃ မှ ၁၀၄ အထိ တက်နေသဖြင့် ပြင်းပြစွာဝေဒနာခံစားခဲ့ရသည်။ ပထမတွင် ဆရာဝန်က အူရောင်ငန်းဖျား တိုက်ဖွိက်ရောဂါထင်၍ ဆေးကုသနေခဲ့သော်လည်း အဖျားမကျပါ။ ဓါတ်မှန်ရိုက်ကြည့်သောအခါမှ လက်ယာအဆုတ်၌ အနာဖြစ်နေကြောင်းတွေ့ရ၏။

ဆေးဝါးများကုသပေးပြီး နေ့စဉ်လေကိုပြင်းပြင်းရှူရသည့် လေ့ကျင့်ခန်းများကို လုပ်ခိုင်းသည်။ ထိုစဉ်အဆုတ်နှင့်ပတ်သက်သည့် စာအုပ်စာတမ်းများကို ဖတ်ကြည့်၏။ လူတစ်ဦး၏လက်ယာအဆုတ် သည် လက်ဝဲအဆုတ်ထက်ကြီးကြောင်း သိရုံမက ကျွန်တော်တိုသည် အေးအေးလူလူ၊ နေထိုင်၊ အိပ်နေပါက အဆုတ်ကိုအပြည့်အဝ မသုံးဘဲထားကြောင်း တွေ့လာရသည်။ သိလာသည်။

လေကိုတ၀ကြီး ရှုရှိုက်သည့်လေ့ကျင့်ခန်း (Deep Breathing) ကို ပြုလုပ်သောအခါမှ အသုံးမပြုဘဲထားနေသော အဆုတ်၏ဆဲလ်များကိုပါ လှုပ်ရှားစေသဖြင့် ရောဂါပျောက်ကင်းမှု မြန်ဆန်ပြီးစောလျင်စွာ နာလန်ထလာနိုင်ခဲ့ပါ၏။

ပြေးခုန်၊ လှုပ်ရှား၊ မြန်မြန်လမ်းလျှောက်သောအခါ အဆုတ်မှာ များများလေရှူရသည်။ များများအလုပ်လုပ်ရသည်။ ထိုအခါမှအဆုတ်သည် ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရ၏။ ကာယနှင့်ဆိုင်သမျှ အားလုံးသည်လည်း ထိုနိယာမအတိုင်းဖြစ်နေကြောင်းကိုထိုအခါမှ ရိပ်မိလာပါတော့၏။

 

(ဂ)       စွမ်းရည်နှင့်ပတ်သက်၍လည်း ထိုစကားတော်သည် မှန်သည်။ ရှင်မသဲနှင့် ရှင်လုကာတိုက ထိုစကားတော်ကို ငွေအခွက် ၅ဝ၊ ၂ဝ၊ ၁ဝ ကို မိမိငယ်သားတို့အား ပေးအပ်ခဲ့သော သူဌေးကြီး ဥပမာတော်နှင့်ဆက်နွယ်၍ ဖော်ပြထား၏။ (မဿဲ၊ ၂၅း၁၄-၃ဝ။ လုကာ၊ ၁၉း၁၁-၂၇)

ရှင်မာကုကမူကား သူတစ်ပါးကိုပေးအပ်ရန် ဆုံးမစကားနှင့် ဆက်နွယ်ထားပါ၏(မာကု၊ ၄း၂၄-၂၅)။

ဘုရားသခင်သည် ကျွန်တော်တိုအား စွမ်းရည်ကိုယ်စီပေးထားသည်မှာ သူတစ်ပါးအတွက် အသုံးပြုရန်ပင်ဖြစ်၏။ သိုသော်မသုံးပဲထားလျှင် သိုမဟုတ် မိမိကိုယ်ကျိုးအတွက်သာ အသုံးပြုနေ လျှင် ပြန်၍ ရုပ်သိမ်းသွားပါလိမ့်မည်။ များများသုံးသောသူကို များများပေး၍ မသုံးဘဲထားသူထံမှ ထိုစွမ်းရည်ကိုပြန်၍ နှုတ်ယူသွားပါလိမ့်မည်။

ဥပမာ- လူတစ်ဦးသည် စန္ဒယားတီးတတ်သည်။ သိုသော် သူသည် အဆိုပါစန္ဒယားကိုမတီးဘဲ ကြာမြင့်စွာ ထားပါက စွမ်းရည် လျော့ပါသွားရုံမက တစ်နေ့တွင် လုံးဝတီးခတ်နိုင်တော့မည်မဟုတ်ပါ။ ကိုယ်တော်ပေးသော စွမ်းရည်တိုမှာ သူတစ်ပါး၏ကောင်းကျိုးအတွက် ဘုရားသခင်၏ဘုန်းတော် အတွက် ဖြစ်ပါ၏။ အစွမ်းအစ၊ အရည်အသွေး၊ လုပ်ရည်ကိုင်ရည်တိုကို များများအသုံးပြုနေမှ သာလျှင် များစွာတိုးတက်လာပါလိမ့်မည်။ နှမြောတွန့်တိုပြီး မသုံးဘဲ ထားပါက မိမိ၌ရှိနေသ မျှကလေးပင် ဆုံးရှုးသွားပါလိမ့်မည်။

သိပ္ပံပညာရှင်ကြီး ဒါဝင်သည် တစ်ခါက စာပေနှင့်ဂီတ ပညာရှင်ဖြစ်ခဲ့ဖူးပါ၏။ သိုသော် သူ၏အစွမ်းအစကို သိပ္ပံပညာသုတေသနထဲ၌ အာရုံစိုက်လွန်းလာသဖြင့် နောက်ပိုင်း၌ စာပေအနုပညာ နှင့်ဂီတကို မခံစားတတ်လာရုံမက အရသာခံစားလိုစိတ်ပင် မရှိတော့ဟု ဝန်ခံခဲ့ဖူးပါ၏။

 

(ဃ)     ဉာဏ်ပညာနှင့်ပတ်သက်၍လည်း ထိုစကားတော်သည် မှန်၏။ “ကျွန်တော့်ရဲ့ ဦးနှောက်ဟာ နည်းနည်းသံချေးတက်လာနေပါပြီ ဆိုသည့်စကားကို ပြောလေ့ရှိပါ၏။ (အင်္ဂလိပ်စကား Rusty ကို တိုက်ရိုက်ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။) အမှန်ဆိုရလျှင် သံချေးထက်သော ဦးနှောက်ဟူ၍ ရှိကိုမရှိပါ။ မသုံးဘဲထားသောကြောင့် ထုံလာခြင်းဖြစ်ပါ၏။

ဦးနှောက်ကို ပြန်လေ့လာပါလျှင် ကျွန်တော်တိုမသုံးဘဲထားသော ဦးနှောက်ဆဲလ်ပေါင်းများစွာ ရှိသေးသည်ကို သတိရစေလိုပါသည်။ အမေရိကန်နိုင်ငံ ဟားဟာ့ဒ်တက္ကသိုလ်မှ ပါမောက္ခဝီလျံ၊ ဂျိမ်းစ် သာမန်လူတစ်ယောက်သည် သူ၏ဦးနှောက်၏ဆယ်ပုံတစ်ပုံမျှသာ အသုံးပြုနေကြောင်း ရှင်းပြခဲ့ပါ၏။

ဦးနှောက်သည် ဓါးနှင့်တူ၏။ များများသွေးလေလေ၊ ထက်မြက်လာသလို ဦးနှောက်ကို များများသုံးနေပါမှ ထက်မြက်၊ ကြီးထွား ရင့်သန်လာပါလိမ့်မည်။

ကျွန်တော်သည် မိမိ၏အနည်းငယ်မျှသာ ရှိနေသော ဓမ္မ ပညာကို သူတစ်ပါးအား အမြဲဝေ မျှပေးနေလေ့ ရှိပါသည်။ ဥပမာ- အင်းစိန်ရှိ ဘီအိုင်တီ ဓမ္မတက္ကသိုလ်၌ စာသင် ကြားပိုချပေးနေသည် မှာ အနှစ်(၂ဝ)ရှိပါပြီ။ သန်လျင်၌လည်း အဆက်မပြတ်ကျမ်းစာသင်ပေးနေသည်။

စာသင်ကြားပို့ချရေးအတွက် စာများများဖတ်ရှုလေ့လာ ဆည်းပူးနေရသည်။ ဤသို ပြုလေလေ၊ မသိသောအရာများစွာကိုသိရှိနားလည်ပြီး ဉာဏ်ပညာပို၍ ကြွယ်ဝလာပါသည်။ ကျွန်တော်သည် စာရေးသူတစ်ဦးလည်းဖြစ်ပါ၏။ အထူးသဖြင့် အနက်ဖွင့်ကျမ်းများကို ရေးသောအခါ ကျမ်းပေါင်းများစွာကို လေ့လာဖတ်ရှုရသည်။ ယခုရေးနေသောကျမ်း ဖြစ်မြောက်လာ စေရေးအတွက် ကျမ်းအကိုးအကား ပေါင်းများစွာကို ဖတ်ရှုလေ့လာ မှတ်စုထုတ်၊ စာအုပ်များတွင် ပင်အပ်ဖြင့် အလံကလေးများတပ်ကာမှတ်သားထားရသည်။

အမှန်ဆိုရလျှင် ကျွန်တော်သည် မိမိတတ်မြောက်သည့် အနည်းငယ်မျှသောပညာကို သူတစ် ပါးနှင့်ဝေမျှပေးကမ်းနေခြင်းသာလျှင်ဖြစ်သည်။ ထိုသိုပေးနေခြင်းအားဖြင့် အသိဉာဏ်ပိုမိုတိုးပွား လာသည့် အကျိုးကျေးဇူးကို ခံစားနေရပါ၏။

 

(c)        ဘာဝန်ယူခြင်းနှင့်ပတ်သက်၍လည်း ဤစကားတော်သည်မှန်သည်။ လူတစ်ဦးသည် တာဝန်ကိုနည်းနည်းမျှသာ ယူရပါက မိမိ၏တာဝန်ကျသည့်အပိုင်း၌သာ ဆုံးဖြတ်ချက်ချရခြင်း၊ တာဝန်ခံရခြင်းကို အနည်းငယ်မျှသာ ပြုလုပ်နေရပါလိမ့်မည်။ ပြဿနာပေါ်ပေါက်လာသမျှ သူတစ်ပါးကိုပင်လွှဲနေပါလိမ့်မည်။ အရေးအကြောင်း ကြုံလာသောအခါဆုံးဖြတ်ချက်ချရန် တုံနှေး၊ ထုံထိုင်းလာပါလိမ့်မည်။

အသင်းတော်များ၌ တာဝန်ယူရန် တုံဆိုင်းလေ့ရှိသူများကို တွေ့ရတတ်ပါသည်။ တာဝန်မယူဘဲ ရှောင်ရှားနေသူသည် ဖျတ်လတ်၊ သွက်လက်စွာ ဆုံးဖြတ်ချက်ချနိုင်သူမဟုတ်ဘဲ ဖြစ်သွားပါလိမ့်မည်။

သိုသော် တာဝန်များများ ယူရလေလေ၊ ဆင်ခြင်တုံတရားဖြတ်ထိုးဉာဏ်၊ အတွေ့အကြုံ ဗဟုသုတပိုင်း၌ ပို၍ကျင်လည်လာပြီးထိုသူသည် ပို၍ကြီးမားသောတာဝန်ကို ယူလာနိုင်ကြောင်း တွေ့ရပါလိမ့်မည်။

ခရစ်တော်သည် ဥပမာတော်ပေါင်းများဖြင့် ဤသဘောတရားကို သွန်သင်ဆုံးမခဲ့၏။

ကိုယ်တော်က စွမ်းရည်ထက်မြက်သောသူကို ပို၍ကြီးမားသော တာဝန်ပေးမည့်အကြောင်း သွန်သင်ပြီး၊ တာဝန်ကိုရှောင်ရှားနေသူများထံမှ ရှိသမျှကိုပင် နုတ်ယူဖယ်ရှားမည့်အကြောင်း ကြိမ် ဖန်များစွာ သွန်သင်ခဲ့ပါ၏။

အလုပ်များများ လုပ်နေသူကို အလုပ်များစွာပေး၍ အလုပ်ကိုရှောင်ရှား၊ ဝတ်ကျေဝတ်ကုံ လုပ်သူကို အလုပ်များစွာ မပေးတော့ခြင်းကြောင့် သူသည်ကျဆင်းဆုံးရှုးသွား ပါလိမ့်မည်။

 

 

(ခ)       များစွာပေးနေသူမှသာလျှင် များခွာပြန်ရရှိနေပါလိမ့်မည်။

ပေးအပ်ခြင်းနှင့်ပတ်သက်၍ ဤကျမ်း၏အခန်း(၁၀) နှင့် (၁၁)တွင် ကျွန်တော်သည် အကျယ်တဝင့်ဖော်ပြပြီး ဖြစ်ပါသည်။

သို့သော် ဤနေရာ၌ ကျွန်တော်တင်ပြလိုသည့်အချက်မှာကျွန်တော်တို၏အစွမ်းအစ၊ မေတ္တာ၊ ကရုဏာ၊ ကြင်နာယုယမှု၊ စိတ်ကောင်းစေတနာတိုဆိုသည်မှာ သုံးလိုက်လျှင် ကုန်သွားတတ်သော အရာမဟုတ်ရုံမက ပို၍ပင် မေတ္တာ၊ ကရုဏာစေတနာတို ကြွယ်၊ ကြီးပွား၊ ရင့်သန်လာသည်ကို တွေ့ရမည့်အကြောင်း ဖော်ပြလို၍ ဤခေါင်းစဉ်တပ်လိုက်ခြင်း ဖြစ်ပါသည်။

အထူးသဖြင့် ၁၉၇၀ ပြည့်နှစ်၊ စက်တင်ဘာလထုတ် ရီးဒါးစ် ဒိုင်ဂျက်စ် စာမျက်နှာ(၁၅ဝ)ကို ရည်ညွှန်းလိုပါသည်။ ထိုဆောင်းပါးအမည်မှာ (Try giving yourself away) “ကြိုးစား၍ မိမိကိုယ်ကို ပေးအပ်ကြည့်ပါ” ဖြစ်ပါသည်။

ထိုဆောင်းပါးကို အကျဉ်းချုံး၍ ဖော်ပြလိုပါသည်။

ထိုဆောင်းပါးရေးသူသည် ကြွယ်ဝချမ်းသာသူမဟုတ်။ ထူးခြားကောင်းမွန်သော စွမ်းရည်များ ရှိနေသူလည်းမဟုတ်ပါ။ လူများနည်းတူ သူသည်လည်း ပေးအပ်လိုစိတ်ထက် ရယူလိုစိတ်များ နေခဲ့ပါသည်။

သိုသော် တစ်နေ့သ၌ မီးရထားစီးနေစဉ် အကြံဉာဏ်ကောင်းတစ်ခု ရလာသည်။ ထိုအကြံ ဉာဏ်သည် မီးရထားကုမ္ပဏီတစ်ခုအတွက် များစွာအသုံးကျမည်ဟုထင်ပြီး နောက်တစ်နေ့ ထိုအကြံဉာဏ်ကို စာရေး၍ပေးလိုက်၏။ “ထိုအကြံဉာဏ်ကောင်းအတွက် ဘာမျှပြန်၍ မရလိုပါ’ဟူ၍ပင် ရေးသားလိုက်သေး၏။

ထိုကုမ္ပဏီကများစွာ သဘောကျသွားပြီး သူ၏အကြံဉာဏ်ကို ကြော်ငြာများတွင် သုံးခဲ့သဖြင့် သူသည်များစွာ ပီတိဖြစ်သွားခဲ့၏။ ထိုအချိန်မှစပြီး သူသည် သူတစ်ပါးကိုများစွာပေးအပ်လိုစိတ် ဖြစ်လာ သူ၏အကြံဉာဏ်ကောင်းများကို သူတစ်ပါးအား ဆက်လက်ပေးလာခဲ့၏။

သူက ပေးအပ်ခြင်းဆိုသည်မှာ ပန်းခူးခြင်းနှင့်တူသည်။ ပန်းကို များများခူးလေလေ ပို၍ပွင့်လာလေလေဖြစ်ကြောင်း နှိင်းယှဉ်ရေးသားလိုက်ပါ၏။

ထိုပြင် ကျွန်တော်တို၌ အချိန်၊ စွမ်းရည်၊ ခွန်အား၊ အကြံဉာဏ်ကောင်းများကို သူတစ်ပါးအား ပေးအပ်စေလိုကြောင်း အကြံပေးသည်။ လူတိုင်းသည် ကျေးဇူးတင်စကား တစ်ခွန်း၊ စိတ်ဝင်စားမှုနှင့် အားပေးစကား လိုအပ်နေကြောင်း ဆောင်းပါးရေးသူက ထူးခြားစွာ တွေ့မြင်လာ၏။ ထိုကြောင့် ဆောင်းပါးရှင်သည် သူ၏မိတ်ဆွေများသာမက သူမသိသူများကိုပင် အားပေးစကားပြောကြားခြင်း၊ စာကလေးတစ်စောင် ရေးသားခြင်း၊ တယ်လီဖုန်းဖြင့် ချီးကျူးစကားပြောခြင်းတိုကို ပြုလာ၏။

ထိုသိုပြုလေလေ၊ သူ့၌မိတ်ဆွေနှင့်ချစ်ခင်သူများ ပေါများလာရုံမက သူ့ကိုကူညီမည့်သူတိုပင် ပေါများလာသည်ကို အံ့သြစွာတွေ့လာရကြောင်း ဝန်ခံ၏။

ဤနေရာ၌ သူကဒေသနာကျမ်း၊ ၁၁၁ တွင် ဖော်ပြထားသော ကျမ်းစကားကို ဆောင်းပါးရှင်က ညွှန်းလိုက်၏။ “သင်၏အစာကို ရေပေါ်မှာပစ်ချလော့။ ကာလကြာမြင့်မှ တစ်ဖန်ပြန်တွေ့လေ ဦးမည်’ဟူသော ကျမ်းစကားအတိုင်း သူကူညီခဲ့သူများသည် ကာလကြာမြင့်သောအခါ ပြန်လည်အ ကူအညီပေးလာကြောင်းကို ရေးသားတင်ပြထားပါ၏။

သူ့၌ထူးခြားသော စွမ်းရည်မရှိစေကာမူ ရှိသမျှသောအကြံဉာဏ်ကောင်းကလေးများ၊ အားပေးစကား၊ ကျေးဇူးတင်စကားမျှသာ ပေးဝေနေသဖြင့် အကျိုးကျေးဇူး ခံစားရသလို သူ့ထက်စွမ်းရည်ထက်မြက်သူများက သူတစ်ပါးကို မိမိတိုစွမ်းရည်များပေးနေကြရန် တိုက်တွန်းထားပါ၏။

ဤနေရာ၌ ကျွန်တော့်အနေဖြင့် ဖြစ်ရပ်မှန်သာဓကတစ်ခုဖြင့် ထပ်မံဖြည့်စွက်လိုပါသည်။

အမေရိကန်နိုင်ငံ၌ “အမည်မဖော်လိုသော အရက်ဖြတ်သူများအဖွဲ့” “Alcoholie Anonymous” ကိုတည်ထောင်သူ၏ ဖြစ်ရပ်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ထိုအဖွဲကို “အမည် မဖော်လိုသူ´ဟု ဆိုထားသဖြင့် ထိုအဖွဲ့တည်ထောင်သူ၏အမည် စာရင်းကို မသိရပါ။ လူတိုင်းက သူ့ကို“အစ်ကိုကြီးရောဘတ်” (BrotherRobert) ဟူ၍ သာ ခေါ်နေကြပါ၏။

ထိုပုဂ္ဂိုလ်သည် အရက်သမားယစ်ထုတ်ကြီးဖြစ်ရုံမက ဆရာဝန်များ၊ ဆွေမျိုးမိတ်ဆွေ သင်္ဂဟများက လက်လျှော့ထားရသူဖြစ်ပါ၏။ သူသည် မကြာခဏဆိုသလို ဆရာဝန်တစ်ဦးထံလာပြီး အရက်ဖိုးတောင်းလေ့ရှိ၏။

တစ်နေ့တွင် ထုံးစံအတိုင်း နီနုံချာချာ၊ ညစ်ပတ်ပေရေစွာဝတ်စားပြီး အရက်စော်နံ၊ ချွေးစော်နံ၊ ဆံပင်ညှင်းသိုးသိုးဖြင့် ဆရာဝန်ထံရောက်လာကာ အရက်ဖိုးတောင်း၏။

ဆရာဝန်သည် အတော်လေးပင် စိတ်ဆိုး၍ မောင်းထုတ်တော့မည်အပြု တစ်စုံတစ်ခုကို သတိရလာသဖြင့် သူ့အားမေတ္တာ ရပ်ခံလိုက်သည်။ “ကောင်းပြီး၊ ခင်ဗျားကို အရက်ဖိုးပေးမယ်၊ ဒါပေမယ့် ဒီ တစ်ခါ သူတစ်ပါးကောင်းကျိုးအတွက် တစ်ခုကိုလုပ်ပေးပါ။ ဟိုဘက် အခန်းထဲမှ လူငယ်လေးတစ်ဦးရှိနေတယ်။ သူဟာ အင်မတန်ဉာဏ် ပညာထက်မြက်ပြီး တိုးတက်ကြီးပွားဖို အလားအလာ ရှိနေပါတယ်။

ဒါပေမယ့် အရက်သမားယစ်ထုပ် ဖြစ်နေပါပြီ။ နှမြောစရာပါပဲဗျာ။ သူ့ကိုကယ်ချင်ပါတယ်။ အဲဒီတော့ ခင်ဗျားဟာ အဲဒီလူငယ်လေးဆီသွားပါ။ ခင်ဗျားရဲ့ ရုပ်ကိုပြပါ။ ခင်ဗျားယစ်ထုပ် ကြီးဖြစ်လာရလို ဘယ်မှာ ဘယ်လိုဆုံးရှုးခဲ့ရတာကို ပြောပြပါဟု စေခိုင်းလိုက်တော့၏။

အရက်ဖိုးရမည်ဆိုလျှင် သူသည်ဘာမဆို လုပ်မည်ဖြစ်သောကြောင့် ထိုလူငယ်ထံသွား၏။ သူ့နေနှင့် ဤသိုလူများ၏ အစွန့်ပယ်ခံအဖြစ်၊ အလုပ်လက်မဲ့အဖြစ်၊ လောကတွင် ဘာမျှတန်ဖိုး မရှိသူအဖြစ်သို ရောက်ခဲ့ရပုံကိုပြောပြနေရင်း စိတ်ပါလက်ပါ နှစ်နာရီကျော်မျှရှင်းပြ၊ ပြောပြဆုံးမ နေခဲ့၏။

ခရစ်ယာန်တိုပြောလေ့ရှိသည့်စကားမျိုးဖြင့် ပြောရလျှင် ထိုတစ်ချိန်လုံး၌ အစ်ကိုကြီးရောဘတ် သည် မိမိဘဝ၏ဖြစ်ရပ်မှန်ကိုသက်သေခံနေခြင်းဖြစ်သည်ဟု ဆိုနိုင်ပါ၏။

သူသည် မိမိ၏အရက်သမားဘဝ အတွေ့အကြုံများကို ထိုလူငယ်အား ပြောဆိုဆုံးမနေရင်း တစ်သက်လုံးတစ်ခါမျှ မဖြစ်ခဲ့ဖူးသော ခံစားချက်တစ်ရပ်ကို လှိက်လှဲရင်နှင့်စွာ ခံစားလာခဲ့ရကြောင်း ထူးခြားစွာ တွေ့ရပါတော့၏။

သူသည် အရက်သေစာ၏မကောင်းကြောင်းကို ပြောနေရာမှ မိမိအတွက်ပင် သင်ခန်းစာ ရလာကာ ထိုအချိန်မှစပြီး အရက်သောက်ချင်စိတ် လုံးဝပျောက်ကွယ်သွားသော အကျိုးကျေးဇူးကို ခံစားလာရပါတော့၏။

ထိုလူငယ်အား အစ်ကိုကြီးရောဘတ်သည် ဆုံးမပြောခဲ့ချိန်မှစပြီး အရက်လုံးဝပြတ်သွားကာ ဘဝတူယစ်ထုပ်ကြီးများကို ကယ်ဆယ်မည်ဟူသော စိတ်ရင်းကောင်းစေတနာဖြင့် ထိုအရက်ဖြတ် အသင်းကို တည်ထောင်လိုက်သဖြင့် ယခုဆိုလျှင် ထိုအသင်းသည် ကမ္ဘာတစ်ဝန်းလုံး ပျံ့နှံသွားပါပြီ။

ကျွန်တော်သည်လည်း တစ်ချိန်တစ်ခါက အရက်သမားယစ်ထုပ်ကြီးဖြစ်ခဲ့ကြောင်း စာဖတ်ပရိသတ်သိပြီးဖြာပါလိမ့်မည်။ ကျွန်တော်ကဲ့သို ဘဝတူအရက်သမား ယစ်ထုပ်ကြီးများကို လိုက်လံကယ်ဆယ်နေရင်း စိတ်ရောဂါ အထူးကုဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်း၏ မေတ္တာရပ်ခံချက်အရ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော အရက်ဖြတ်သူများအသင်းကို တည်ထောင်ကာ ဥက္ကဌအဖြစ် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပါသည်။

သူတစ်ပါးကိုကယ်တင်လေ၊ မိမိကိုယ်ကိုပင် ကယ်တင်ခြင်းခံရသည်။ သူတစ်ပါးကို ပေးလေလေ၊ အကျိုးကျေးဇူးကို ပြန်၍ခံစားရပါ၏။

ထို ကြောင့် ဤအပိုင်းကို ကျွန်တော်၏သဘောထားအားဖြင့် တိုက်တွန်းစကားတစ်ပုဒ်ကို ရေးသားပြီး နိဂုံးချုပ်ပါရစေ။

“အကြင်သူသည် ဘုရားသခင်ထံတော်မှ ခံစားရသော ဆုကျေးဇူးကို သူတစ်ပါးနှင့်ဝေမျှ၏။ ပေးကမ်း၏။ စွန့်ကြဲ၏။ သူတစ်ပါး၏ အကျိုးအတွက်အသုံးပြု၏။ ထိုသူသည် ဆုကျေးဇူးပေါင်းများစွာ ကို ထပ်မံခံစားရပါလိမ့်မည်။ သို သော် အကြင်သူသည် ထိုဆုကျေးဇူးကို မိမိကိုယ်ကျိုးအတွက်သာ သုံး၏။ သူတစ်ပါးနှင့်မမျှဘဲ သိုဝှက်ထား၏။ ထိုသူ၌ ပေးထားသမျှသော ဆုကျေးဇူးကိုပင်လျှင် ဘုရားသခင်က ပြန်၍ ရုပ်သိမ်းသွားလိမ့်မည်ဟု ဆိုချင်ပါသည်။

 

 

အသေခံမှသာလျှင် အသက်ရှင်လိမ့်မည်

ခရစ်ယာန်အသက်တာဆိုသည်မှာ အသက်တာဟောင်းသေပြီး အသက်တာသစ်ကို ရှင်ခြင်းအကြောင်း ယုံကြည်သူတပည့်တော်တိုင်း သိရှိပြီးဖြစ်ပါ၏။

ဗတ္တိဇံ သို့မဟုတ် နှစ်ခြင်းမင်္ဂလာအားဖြင့် ကျွန်တော်တို့သည် မိမိဘဝဟောင်းသေခြင်းကို ပုံပမာ ပြခဲ့ကြပါ၏။ သို့သော် ခရစ်တော်က အသက်ရှင်သွားလာလှုပ်ရှား လုပ် ကိုင်လျက်နေ သူများကိုကြည့်ပြီး လူသဟူ၍ မကြာမခဏပြောခဲ့ဖူးသည်။

လူငယ်တစ်ဦးသည် တစ်ခါက ကိုယ်တော့်ထံသို ရောက်လာပြီး နောက်တော်သိုလိုက်လိုပါ၏။ သိုသော် မိမိဖခင်ကိုသွားပြီး သင်္ဂြိုဟ်ပါရစေဦးဟု ခွင့်တောင်းသောအခါ “လူသေတိုသည် မိမိလူသေတို့ကိုသဂြိုလ်ပါလေစေ”ဟု မိန့်တော်မူခဲ့ပါ၏(လု၊ ၉း၆၀)။

အဓိပ္ပာယ်နားမလည်လျှင် အတော်ပင်ရက်စက်သော စကားဟူ၍ ထင်မှတ်ဖွယ်ရာ ဖြစ်နေပါသည်။ နောက်တော်သိုမလိုက်ခင် မိမိဖခင်ကိုပင်လျှင် သွား၍ သဂြိုဟ်ခွင့်မပေးဟု ယူဆရတော့မလိုဖြစ်နေသည်။ သို့သော် ပျောက်သောသား၏ ဥပမာတော်ကိုကြည့်လျှင် ပျောက်သောသား ပြန်ရောက်လာသောအ ဖခင်ဖြစ်သူက ဝမ်းမြောက်ဝမ်းသာစွာ “ငါ၏သားသည် အထက်ကသေ၏။ ယခုရှင်ပြီ’ဟု ဆိုခြင်းကို ထောက်ရှကြည့်ပါ(လုကာ၊ ၁၅:၂၄)။

ပျောက်သောသားသည် ကာယခန္ဓာအားဖြင့် မသေခဲ့ပါ။ အခြားတစ်နိုင်ငံ၊ ရပ်ဝေးတစ်နေရာ၌ အပျော်အပါးလိုက်စား၍ အပြစ်ဒုစရိုက်၌ နစ်မွန်းနေခဲ့၏။

ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် သက်ရှင်လှုပ်ရှားသွားလာနေပါလျက် ခရစ်တော်၏မျက်စိ တော်ထဲ၌ “လူသေဟူ၍ မြင်နေခဲ့ပါ၏။သေနေသောသူတိုသည် လုံးဝမကြီးပွား၊ အသီးမသီးပါ။ အသက်ရှင်ခြင်း၏သာဓကမှာ အသီးသီးခြင်း၊ အခက်အလက်တိုနှင့် ပြည့်စုံခြင်း၊ မောပန်းနွမ်းနယ်နေသူတို နားခိုစေနိုင်ရန် အရိပ်အာဝါသကိုပေးခြင်း၊ ဝေဆာပွင့်လန်းနေခြင်း၊ သူတစ်ပါးအတွက် အကျိုးဖြစ်ထွန်းစေနိုင်သော သူမျိုးကိုမှကိုယ်တော်၏မျက်စိတော်၌ “အသက် ရှင်နေသူဟူ၍ မြင်နေပါလိမ့်မည်။

ကျွန်တော်တို အသက်ရှင်ရေးအတွက် “အတ္တတည်းဟူသော “ငါ”သည်သေမှသာလျှင် အသက်ရှင်သောသူများဟူ၍ ကိုယ်တော် ယူဆပါလိမ့်မည်။ ခရစ်တော်၌’သေပြီး ခရစ်တော်အားဖြင့် အသက်ရှင်နေရေးသည် အလွန်ပင်အရေးကြီးပါ၏။

ထိုကြောင့်လည်း ကိုယ်တော်က “ငါအမှန်အကန်ဆိုသည်ကား မြေ၌ကျသော စပါးစေ့သည် မပျက်လျှင် (မသေလျှင်)တစ်ခုတည်းနေ၏။ ပျက်လျှင် (သေလျှင်)မူကား များစွာသောအသီးကို သီးတတ်၏”ဟု မိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်(ယော၊ ၁၂း၂၄)။

ကျွန်တော်တို၏အသက်ရှင်နေခြင်းကို ‘အသီးသီးခြင်းအားဖြင့်ဖော်ပြရပါလိမ့်မည်။ ထိုသို အသီး သီးနိုင်ရန် ရှေးဦးစွာ မိမိ၏အတ္တသည် အလျင်ဆုံးသေရပါလိမ့်မည်။ မိမိတို၏ဘဝဟောင်း အလျင်ဆုံးအသေခံရပါလိမ့်မည်။

ဥပမာ တစ်ခုကိုကြည့်ပါ။

ကိုယ်တော်က “အချင်းရှိမုန်ဗာယောန၊ ငါဆိုသည်ကား သင်သည်ပေတရုဖြစ်၏။ ဤကျောက် ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မည်။ ထိုအသင်းတော်ကို မရဏာနိုင်ငံ၏တံခါးတိုသည် မနိုင်ရာဟု မိန့်တော်မူလိုက်သောအခါ ရှင်ပေတရု အပါအဝင် တမန်တော်များအားလုံး အံ့ဩသွားပါ လိမ့်မည်(မဿဲ၊ ၁း၁၇-၁၈)။

ရှိမုန်ကဲ့သို စိတ်မြန်ကိုယ်မြန်၊ စိတ်ပြောင်းလဲမှု မြန်ဆန်ပြီးစိတ်သဘောထား မတည်ကြည်သော လူမျိုးအတွင်းစိတ်ထဲ၌ “ကျောက်” ရှိနေသည်ကို ခရစ်တော်မြင်တွေ့ခဲ့၏။ “ရှိမုန်၏အနက်မှာ “သဲ”ဖြစ်ပြီး၊ “ပေတရု၏အနက်မှာ ကျောက်ဖြစ်ပါ၏။ တစ်နည်းအားဖြင့်ဆိုရလျှင် ကိုယ်တော်က “အချင်းရှိမုန်၊ သင်၏စိတ်အတွင်း၌ ကျောက်ရှိနေသည်ကို ငါမြင်၏။ သိုသော် ရှိမုန် ကဲ့သိုသော မတည်ကြည်မှု၊ စိတ်အပြောင်းအလဲမြန်မှု၊ စိတ်မြန်လက် မြန်ဖြစ်မှု၊ မတည်မငြိမ်ဖြစ်နေမှုတိုကို အသေခံပါ။ သိုမှသာလျှင် သင်သည် အသင်းတော်၏ ကျောက်အဖြစ်နှင့် အသစ်တစ်ဖန်ပြန် လည်မွေးဖွားခြင်းကို ခံရလိမ့်မည်’ဟု ဆိုနေခြင်းဖြစ်ပါ၏။

ရှိမုန်၏အားနည်းချက်မှန်သမျှသည် သေမှသာလျှင် ပေတရု တည်းဟူသော ခိုင်ခံ့မြဲမြံခြင်း အုတ်မြစ်သည် မွေးဖွားလာပါလိမ့်မည်။

ကျွန်တော်တိုကိုလည်း ကိုယ်တော်က အသေခံခိုင်းနေသည်။ ကျွန်တော်တို၏ အားနည်းချက်၊ အတ္တဆန်မျှ၊ ထင်ပေါ် ကျော်ကြားလိုမှု၊ မနာလိုဝန်တိုစိတ်ရှိနေမျှတို အသေခံမှသာလျှင် အသက်ရှင်ပြီး အသီးသီးလာပါလိမ့်မည်။

ကျွန်တော်တို၏အတ္တမာန်စွယ် အာသာရမက်၊ လောဘ၊ ဒေါသအစရှိသည်တို အသေခံမှ သာလျှင် ကိုယ်တော်၏ရှေ့တော်မှောက်၌ အကျိုးပြုနေသောသူများအဖြစ် ပြန်လည်အသက်ရှင်လာ ပါလိမ့်မည်။

ထိုကြောင့်လည်း ယော၊ ၁၂:၂၄ တွင် ကိုယ်တော်က စပါးစေ့သည် မပျက်လျှင် တစ်ခုတည်း ဖြစ်နေလိမ့်မည်ဟု မိန့်တော်မူပြီးမှဆက်လက်၍ “မိမိအသက်ကို နှမြောနေသောသူသည် အသက်ဆုံး လိမ့်မည်။ လောက၌ မိမိအသက်ကိုမုန်းသောသူ (ဝါ) မနှမြောဘဲ အသေခံရဲသောသူမှသာလျှင် ထာဝရအသက်ကိုရပြီး အသက်ရှင်လိမ့်မည်”ဟု မိန့်တော်မူခဲ့ခြင်းဖြစ်ပါ၏။

လောကီနှင့်ဆိုင်သော အရာတိုကို နှမြော၍ မစွန့်လွှတ်နိုင်သရွေ့ ကိုယ်တော်၏ရှေ့တော် မှောက်၌ လူသေ ဖြစ်နေပါလိမ့်မည်။ ရှိမုန်သည် အသေခံလိုက်သောအခါမှ “ပေတရု သည် သက်ရှင်မွေး ဖွားလာခဲ့ခြင်း ဖြစ်ပါ၏။ ရှိမုန်သည် ယခင်ရှိမုန်၏ဘဝအတိုင်း အသက်ရှင်နေပါက အသင်းတော်၏ကျောက်တည်းဟူသော ပေတရုဖြစ်မလာနိုင်ပါ။

“ထာဝရအသက်ဆိုသည်မှာ ဘုရားသခင်နှင့်အတူ အသက်ရှင်ရသောအသက်တာ၊ ကြွယ်ဝသောအသက်တာ၊ ကိုယ်တော်နှင့်လက်တွဲပြီး “လောကကို “အောင်”သောအသက်တာ မျိုးဖြစ်ပါ၏။ ကျွန်တော်တို့သည် တမလွန်ဘဝမှရမည်ဖြစ်သော အသက်တာမျိုးကိုမှ ‘ထာဝရအသက်ဟူ၍သာ ထင်မနေသင့်ပါ။ ဘုရားသခင်နှင့်အတူ အသက်ရှင်ရခြင်းသည်ပင် ထာဝရအသက်မည်၏။ “ထာဝရအသက်တာဆိုသည်မှာ ကာလအချိန်အားဖြင့် မဆုံးနိုင်သော အသက် တာ၊ အဆုံးမရှိသောအသက်တာ ‘အရှည်အလျား” (Quantity) မျိုးထက် အရည်အသွေးမြင့်မား၊ မွန်မြတ်ပြီး ဘုရားသခင်နှင့်လက်တွဲ၍ရှင်နေသော အသက်တာ “အမျိုးအစား (Quality) ကို ဆိုလိုပါ၏။

ထိုအသက်တာမျိုးကို ယခုမှပင် အစပျိုးနိုင်ပါသည်။

 

သာဓကတစ်ခုဖြင့် ရှင်းပြလိုပါသေးသည်။

လူတစ်ဦးသည် အနောက်နိုင်ငံတစ်နိုင်ငံသို အပြီးအပိုင်ထွက်ခွာသွားတော့မည်ဆိုကြပါစို။ ထိုသူသည် ဆေးပေါ့လိပ်သောက်တတ်သည်။ နှစ်သက်သည်။ ကြိုက်သည်။ သိုသော် သူနေထိုင်တော့ မည့် အနောက်နိုင်ငံ၌ ဆေးပေါ့လိပ် ဝယ်၍ မရ။

ထိုအခါ မိမိကိုယ်ကို ချင့်ချိန်တွက်ဆပြီး သူသည်နောက်ထပ် အနှစ်(၂၀)ခန့်မျှ ဤလောက၌ အသက်ရှင်နိုင်စရာ အကြောင်းရှိသည်။ ထိုကြောင့် အနှစ်(၂၀)စာ၊ သောက်နိုင်ဖိုဆေးပေါ့လိပ်များကို ထိုနိုင်ငံသို့ ကြိုတင်ပို့ထားမည်။ သို့မဟုတ် မြန်မာနိုင်ငံမှ အနှစ်(၂၀)လုံးလုံး ဆေးပေါ့လိပ် တင်ပိုနေရန် ကြိုးစားနေလျှင် မိုက်မဲရာရောက်ပါလိမ့်မည်။

သို့ကြောင့် ဆေးပေါ့လိပ် ကြိုက်တတ်သော စိတ်ထားကိုယခုကတည်းက အသေခံလိုက်ခြင်း အားဖြင့်သာလျှင် အသင့်တော်ဆုံးဖြစ်ပါလိမ့်မည်။

ထာဝရအသက်အတွက် ယခုကတည်းက စတင်ပြင်ဆင်သက်ရှင်နေခြင်းလည်း ထိုအတိုင်း ပင်ဖြစ်၏။

တစ်ခါက အလွန်ပင်တစ်ကိုယ်ကောင်းဆန်၊ ကပ်စေးနည်းသော လူကြီးတစ်ဦးရှိသည်။ သူသည် အတ္တဆန်လွန်းသဖြင့် သူ၏ဘဝသည် အလွန်ကျဉ်းမြောင်းနေ၏။ အတ္တထဲ၌သာလျှင် နစ်မွန်းပြီး အထီးကျန်ဘဝမျိုး အသက်ရှင်နေခဲ့သည်။ အပြင်လောကနှင့်အဆတ်ပြတ်သကဲ့သို ဖြစ်နေသည်။

တစ်နေ့တွင် အလွန်ချစ်စရာကောင်းသော ကလေးမလေးတစ်ဦးကိုတွေ့ပြီး မွေးစားလိုက် လေ၏။ ထိုကလေးမသည် အလွန်ချစ်စရာကောင်းလှသဖြင့် သူ၏ မြေးကလေးကဲ့သို ချစ်မြတ်နိုးသော ထိုကလေးမလေးပျော်ရွှင်စေရေး အလိုငှာ အလုံးစုံကို ပြုလုပ်ပေး၏။ ဝယ်ပေး၏။ ကစားဖော်ကစား ဖက်များရှာဖွေပေးရာ အပြင်လောကနှင့်ပြန်လည်ဆက်သွယ်ပြီး မိတ်ကောင်းဆွေကောင်းများ ပြန်လည်ရရှိလာ၏။

သူ၏မှောင်မည်းပိတ်လှောင်နေသော အသက်တာတွင်းသို့ ယခုဆိုလျှင် အလင်းဝင်ရောက် လာသည်။ ခြောက်သွေ့နေသောအသက်တာသည် သာယာစိုပြည် လန်းဆန်းလာသည်။ အဘိုးအို၏ အသက်တာသည် ပြောင်းလဲသွား၍ ထိုကလေးမအတွက် ရည်စူးကာ ရက်ရောစွာ လှူဒါန်းပေးကမ်း လာတော့သည်။

ဤအဖြစ်မျိုးကိုကြည့်လျှင် ထိုအဘိုးအို၏ အသက်တာမှာသေနေရာမှရှင်လာပြီး အသစ်တစ် ဖန်မွေးဖွားလာပြီဟု ဆိုနိုင်ပါ၏။

လျှိဝှက်ချက်ကား အဘယ်နည်း?

ထို ကလေးမလေးအပေါ်၌ထားသော ချစ်ခြင်းမေတ္တာကြောင့် ထိုသူ၏အသက်တာသည် လင်းထင်းလာခြင်း၊ သာယာဝေဆာလာခြင်းဖြစ်ပါ၏။

ခရစ်တော်ကို ကျွန်တော်တို အမှန်တကယ်ချစ်လျှင် လောကီ၏ အသက်တာ၌ သေပြီး အသစ်တစ်ဖန်မွေးဖွားလာကာ အသက်ရှင် လာနိုင်ပါ၏။

“ခရစ်ယာန်ပီသသော အသက်တာမျိုးဆိုသည်မှာ “သေ”နေသော ပတ်ဝန်းကျင်၌ အသက်ရှင်’ ပြပြီး “အသက်ရှင်” နေသောပတ်ဝန်းကျင်၌ “သေပြပါလိမ့်မည်” ရှင်ပေါလုက လောက၌သေပြပြီး ခရစ်တော်အားဖြင့်အသက်ရှင်ခဲ့ခြင်းကို ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ ဆိုသော် ငါသည် ကိုယ်တိုင်အသက်မရှင်၊ ခရစ်တော်သည် ငါ၌ အသက်ရှင်တော်မူ၏”ဟု ဆိုခဲ့ပါ၏(ဂလာတိ၊ ၂း၂၀)။

ရှင်ပေါလုသည် သူ၏အတ္တမာန်စွယ်ကို လက်ဝါးကပ်တိုင်မှာ အသေခံခဲ့သည်။ သိုသော်လည်း ယခုအသက်ရှင်ရာတွင် ခရစ်တော်သည် သူ၏အသက်တာတွင်း၌ စိတ်နှလုံးတွင်း၌ ရှင်နေခြင်း အားဖြင့် အသစ်တစ်ဖန်ပြန်လည် အသက်ရှင်လာခြင်းကို ပြောပြနေခြင်းသာဖြစ်သည်။

ထိုသိုအသေခံမှသာလျှင် အသက်ရှင်ခြင်းမည်၏။ အထက်ဖော်ပြပါ အချက်သုံးချက်စလုံးကို ထိုးထွင်းသိမြင်ခဲ့သော ခရစ်ယာန်သူတော်စင်ကြီးဖြစ်ခဲ့သူ “အစီစီမြိုမှ ရှင်ဖရန်စစ်”၏ ဆုတောင်း အားဖြင့် ဤကျမ်းကို နိဂုံးချုပ်လိုပါ၏။

“အရှင်ဘုရား၊ ကျွန်တော်မျိုးကို ကိုယ်တော်၏ငြိမ်သက်ခြင်း၏ တန်ဆာပလာအဖြစ် အသုံးပြုတော်မူပါ။ မုန်းတီးမှုရှိနေသောအရပ်၌ ကျွန်တော်မျိုးသည် မေတ္တာကိုယူဆောင်လာသူဖြစ် စေတော်မူပါ။ အပြစ်ပြုသူများကို အပြစ်လွှတ်နိုင်စေပါ။ မသင့်မတင့် ဖြစ်ပွားနေရာအရပ်၌ ရန်ငြိမ်းခြင်း မိတ်သဟာယကို ယူဆောင်လာသူဖြစ်စေပါ။ မှားယွင်းနေသောအရပ်၌ သမ္မာတရားကို ယူဆောင်လာစေပါ။

သံသယရှိရာအရပ်၌ ယုံကြည်ခြင်း၊ စိတ်ပျက်နေသူများ စပ်ကြား၌ မျှော်လင့်ခြင်း၊ အမှောင်ရှိ ရာ၌ အလင်း၊ ဝမ်းနည်းကြေကွဲနေရာအရပ်၌ ဝမ်းမြောက်ခြင်းကို ယူဆောင်ပေးနေသူဖြစ်စေတော် မူပါဟူ၍ ဆုတောင်းနေပြီးမှ အဘယ်ကြောင့်ဆိုသော် ပေးအပ်ခြင်းမှသာလျှင် ကျွန်တော်မျိုးသည် ပြန်လည်ရရှိမည်ဖြစ်ပြီး မိမိကိုယ်ကိုမေ့လိုက်ခြင်းဖြင့်သာလျှင် မိမိကိုယ်ကို ပြန်လည်တွေ့ရှိမည် ဖြစ်ပါသည်။  “In Forgetting Myself That I Find Myself” ဟု ဆက်လက်ဆုတောင်းခဲ့၏။

သူ၏ဆုတောင်းနောက်ဆုံး စာကြောင်းတွင် “In dying” ကျွန်တော်မျိုးသည် အသေခံခြင်း အားဖြင့်သာလျှင် “I am born again to the life eternal” ကျွန်တော်မျိုးသည် ထာဝရအသက်ရှင် ခြင်းသို့ ပြန်လည်မွေးဖွားလာမည်ဖြစ်သောကြောင့်တည်းဟူ၍ အဆုံးသတ်ခဲ့ပါ၏။

ထိုကြောင့် မိမိကိုယ်ကို အရှုံးခံ၊ အသုံးခံ၊ အသေခံခြင်းအားဖြင့် ခရစ်တော်အလိုရှိသော အသက်တာမျိုးကို ရှင်ကြပါစို့။

မေတ္တာမွန်ဖြင့်

သန်လျင်ဖေသွင်

၁၉၈၉ ခုနှစ်၊ သြဂုတ်လ(၉)ရက်။

Leave a Reply

Your email address will not be published. Required fields are marked *