အမြင့်ဆုံးသော နာမတော်

The NAME Above All Names (The Uniqueness of Jesus Christ)by Dr. Alvin A. Low

Copyright © 2007 by Dr. Alvin A. Low.

(E-mail: AlvinLow98@yahoo.com) All rights reserved.

Published by ACTS International

2715 Clapton Drive, Colorado Springs, Colorado 80920 USA

www.actsinternational.net

No part of this publication may be reproduced, stored in a retrieval system or transmitted in any way by any means, electronic, mechanical,

photocopy, recording or otherwise without the prior permission of the author except as provided by USA copyright law.

Scripture quotations, otherwise marked, are taken from the “N/V – The Holy Bible, New International Version, Copyright © 1973, 1978, 1984 by International Bible Society. Used by permission of Zondervan Publishing

House. All rights reserved.

Scripture quotations marked “NASB” are taken from the New American

Standard Bible, Copyright © 1960, 1962, 1963, 1968, 1971, 1972, 1973, 1975, 1977, 1995 by The Lockman Foundation. Used by permission. All rights reserved.

မာတိကာ

စကားချီး

နိဒါန်း – အချိန်ကာလစေ့သောအခါ

၁။ ယေရှုနှင့် ယောဟန်တို့၏ ဖွားမြင်ခြင်း

၂။ ရှင်ဘုရင်အား စတင်မိတ်ဆက်ခြင်း

၃။ လူများရှေ့၌ ယေရှု၏အမှုတော်လုပ်ငန်း

(ပထမအကြိမ်ပဿခါပွဲမှ ဒုတိယအကြိမ်ထိ)

၄။ လူများရှေ့၌ ယေရှု၏ အမှုတော်လုပ်ငန်း

(ဒုတိယအကြိမ် ပဿခါပွဲမှ တတိယအကြိမ်ထိ)

၅။ လူများရှေ့၌ ယေရှု၏ အမှုတော်လုပ်ငန်း(တတိယအကြိမ် ပဿခါပွဲမှ နောက်ဆုံး ပဿခါပွဲ အပတ် စသည့်အချိန်ထိ)

၆။ ယေရှု၏ လူအများရှေ့ သာသနာတော်(နောက်ဆုံး ပဿခါပွဲ မှစကာ လက်ဝါးကားတိုင်ပေါ်တွင် အဆုံးသတ်သည်)

၇။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း၊ ရက်လေးဆယ် မိမိကိုယ်ကိုဖော်ပြကာ ကောင်းကင်ဘုံသို့ တက်ကြွခင်း

၈။ အနှိုင်းမဲ့သော ခရစ်တော်

ဖြည့်စွက်ချက်များ

ကိုးကားစာအုပ်များ

စကားချီး

The Susanne Covenant ခရစ်တော်၏ အနှိုင်းမဲ့ခြင်းကို အောက်ပါတိုင်း အတည်ပြုခဲ့သည် –

၃။ ခရစ်တော်၏ အနှိုင်းမဲ့ခြင်း နှင့် ခပ်သိမ်းသောအရာနှင့် သက်ဆိုင်တော်မူခြင်းဧဝံဂေလိတရားချဉ်းကပ်မှု အမျိုးမျိုးရှိသော်လည်း ကယ်တင်ရှင်တစ်ဦး၊ ဧဝံဂေလိတရားတစ်ခုတည်းသာရှိကြောင်း ကျွန်ုပ်တို့အတည် ပြုသည်။ လူတိုင်းသည် သဘာဝတရား၌ အထွေထွေဖွင့်ပြချက်အား ဖြင့်ဘုရားသခင် နှင့်ပတ်သက်၍ အချို့သောအသိပညာရှိကြောင်း ကျွန်ုပ်တို့ အသိအမှတ်ပြုသည်။ သို့သော် လူများသည် သမ္မာတရားကို သူတို့၏မတရားမှုဖြင့် ဖိနှိပ်သောကြောင့် ၄သည် ကယ်တင်ခြင်းသို့ ရောက်စေနိုင်သည်ကို ကျွန်ုပ်တို့ငြင်းဆိုသည်။ ယေရှုခရစ်သည် ဘုရား-လူ စင်စစ်ဖြစ်လျက် မိမိကိုယ်ကို အပြစ်သားများအတွက် ရွေးနုတ်ကယ်တင်ခြင်းအဖြစ်ဘုရားသခင်ထံပါး ပေးအပ်သောသူဖြစ်ပြီး ဘုရားသခင်နှင့် လူတို့အကြား တစ်ခုတည်းသော ကြားနေဖျန်ဖြေသူဖြစ်သည်။ ကျွန်ုပ်တို့ကို ကယ်တင်နိုင်သည် အခြားသောနာမ မရှိတော့ပေ။ လူသားအားလုံးသည် အပြစ်ကြောင့် ပျက်ဆီးနေကြရသော်လည်း ဘုရားသခင်သည် လူသားတိုင်းကို ချစ်တော်မူသည့်အတွက်ကြောင့်အဘယ်သူမှ ပျက်ဆီးခြင်းသို့မရောက် နောင်တရစေချင်သည်။ သို့သော် ခရစ်တော်ကို ငြင်းပယ်သောသူသည် ကယ်တင်ခြင်း၏ ဝမ်းမြောက်ခြင်းကို ပယ်သောသူဖြစ်သကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်နှင့် ထာဝရခွဲခွါခြင်းဆီသို့ စီရင်ချက်ချ ပြီးသားဖြစ်သွားပါသည်။ သခင်ယေရှုအား “လောက၏ ကယ်တင် ရှင်” ဟု အတည် ပြုခြင်းလူသားအားလုံးသည် အလိုလို ကယ်တင်ခြင်းရမည်ဟု မဆိုလိုပါ။ သို့သော်လူတိုင်းကို အပြစ်သားအတွက် ဘုရား သခင်၏ မေတ္တာတော်ကို ကြွေးကြော်ဝေငှကာ ယေရှုရှင်အား ကယ်တင်ပိုင်ရှင် အသက်သခင်အဖြစ် စိတ်နှလုံး အကြွင်းမဲ့နောင်တရကာ ယုံကြည်ဖို့ရန်အတွက် လူတိုင်းကို ဖိတ်ခေါ်ရပါမည်။ ယေရှုခရစ်သည်အခြားသောနာမတော်များ အားလုံးထက် မြင့်မြတ်သည်။ လူအပေါင်းတို့သည်ဒူးထောက်လျှက် ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ပြပ်ဝပ်ကာ ကိုယ်တော်အားသခင်ဟု ဝန်ခံကြရမည့်နေ့အား မျှော်လင့်တောင့်တနေမိပါ သည်။ (ဂလာတိ ၁၆-၉၊

ရောမ၊ ၁:၁၈-၃၂၊ ၁တိ၊ ၂:၅-၆၊ တမန်၊ ၄:၁၂၊ ယော၊ ၃း ၁၄-၁၉၊ ၂၀၊ ၁၉၊ သက်၊၁၇-၉၊ ယော ၄:၄၂၊ မဿဲ ၁၁:၂၈၊ ဧဖက် ၁:၂၀-၂၁၊ ၆ လီ၊ ၂၉-၁၁)

ခရစ်ယာန်ဘာသာ၏ အဓိကအချက်သည် သခင်ယေရှုခရစ်တော်၏ ပုဂ္ဂိုလနှင့်သူ၏ အမှုပြုတော်မူခြင်း ဖြစ်သည်။ ကိုယ်တော်သည် စကြဝဠာတင်းလုံး၌ဖြစ်ပျက်မှု မှန်သမျှ၏ လည်ပတ်ရာ ဗဟိုချက်မ ဖြစ်သည်။ ကိုယ်တော် မရှိလျှင်ခရစ်ယာန်ဘာသာမရှိ၊ ကယ်တင်ခြင်း မရှိ။ ကျွန်ုပ်တို့သည် ထာဝရအပြင်စီရင်ခြင်းခံရန် စောင့်မျှော်လျက် အမှောင်ထုထဲတွင် ဆက်လက်ရှင်သန် နေလိမ့်မည်။ကိုယ်တော် ကြွလာတော်မူ ပြီးကတည်းက လူ့သမိုင်းသည်လည်း ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အကယ်စင်စစ် သမိုင်းဆိုသည်မှာ သခင့်သမိုင်းပင် မဟုတ်ပါလား။

ယေရှုခရစ်၏ ဘဝအသက်တာနှင့် အမှုဆောင်ခြင်းကို ခရစ်ဝင်ကျမ်းလေးစောင် (မဿဲ၊ မာကု၊ လုကာ၊ ယောဟန်) တွင် မှတ်တမ်းတင်ထားသည်။သူတို့တစ်ဦးစီတိုင်းက မြေကြီးပေါ်အသက်ရှင်စဉ် ယေရှု၏ ဘဝနှင့် အမှုဆောင်ခဲ့ခြင်းအပေါ် ရှုထောင့် တစ်ခုစီကို တင်ပြပေးပါသည်။ ခရစ်ဝင်ကျမ်းများအပြင် အမ္မသစ်ကျမ်းရှိ အခြားစာအုပ်များသည်လည်း ကိုယ်တော်၏ ဘဝအသက်တာ နှင့် ဓမ္မအမှုဆောင်ခြင်း၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း၊ ဒုတိယအကြိမ် ပြန်လည် ကြွလာခြင်း နှင့် ထာဝရစိုးစံခြင်း စသည်ဖြင့် ကိုယ် တော်နှင့်ပတ်သက်၍ အခြား အကြောင်းအရာများစွာကို ဖော်ပြပေးထားပါသည်။

လူအမျိုးမျိုး၊ တစ်ဦးနှင့်တစ်ဦး ယှဉ်ပြိုင်နေကြသည့် အခြားသော ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေးများနှင့် ပြည့်နေသည့် နေရာဒေသတွင် ကျွန်ုပ် အခြေချနေထိုင်ခဲ့ဖူးပါသည်။ ထို့ကြောင့် ဤစာအုပ်ကို ရေးသည့်အခါတွင် ဓမ္မသစ်ကျမ်းတွင်ဖော်ပြထားသည့် ခရစ်တော်၏ သက်တော်စဉ်ကို ပြန်လည် တင်ပြရုံတင် မဟုတ်ပဲခရစ်တော်၏ အနှိုင်းမဲ့ ထူးမြတ်ခြင်းကို ဖော်ပြရန်အတွက် ဆန္ဒရြှိခင်း ဖြစ်ပါသည်။ယုံကြည်မှု အမျိုးမျိုး ထားရှိသည့် လူမှုပတ်ဝန်းကျင်တွင် ခရစ်တော်၏ အနှိုင်းမဲ့ထူးမြတ် ခြင်းသည် အလွန်အရေးကြီးပါသည်။ လောကသားများအနေဖြင့် ကိုယ်တော်သည် အခြားသောအရာ များအားလုံးထက် အနှိုင်းမှ ထူးမြတ်တော်မူကြောင်းကို သိရှိနားလည်ရန် အလွန်အရေးကြီးပါသည်။ ခရစ်တော်နှင့် နှိုင်းယှဉ်ကြည့် လိုက်သည့်အခါ အခြားအရာများအားလုံးသည် မှေးမှိန်ကုန်ပါသည်။ အခြားသော ဘာသာရေး၊နိုင်ငံရေး နှင့် လူမှုရေးတို့ကို မထီမဲ့မြင် ပြုခြင်းများမပြုဘဲ ယေရှုခရစ်တော်၏

အနှိုင်းမဲ့ဖြစ်တော်မူခြင်း၊ စွဲမက်ဖွယ်ကောင်းခြင်း နှင့် အထွဋ်အမြတ်ဖြစ် ခြင်းတို့ကိုကျွန်ုပ် တင်ပြလိုသည်။ လောကကြီးအား ကိုယ်တော်ကို သိကာ ကိုယ်တော်သည်သခင်ခရစ်တော် ဖြစ်တော်မူကြောင်း ဝန်ခံစေလိုပါသည်။ ခရစ်တော်၏ အနှိုင်းမဲ့ဖြစ်တော်မူခြင်းက သင့်ကိုအံ့ဩစေလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်သကဲ့သို့၊ ယုံကြည်ခံယူချက်မျိုးစုံ ရှိနေသည့် လူ့အသိုင်းဝိုင်းကြား ထိုသခင်၏ သတင်းစကားကို သစ္စာရှိစွာ ဆက်လက် ဟောပြောပါဟု ကျွန်ုပ် တိုက်တွန်းလိုပါသည်။

အနှိုင်းမဲ့ ထူးမြတ်တော်မူခြင်း ဆိုသည့် စကားလုံးကို ကျွန်ုပ် အသုံးပြုခဲ့ရခြင်းမှာ ကျိုးကြောင်းဆက်နွယ် ထူးမြတ်ခြင်း (derivative uniqueness) နှင့် မတူညီခြင်းကို ဖော်ပြလိုသောကြောင့် ဖြစ်သည်။ ကျိုးကြောင်းဆက်နွယ်ထူးမြတ်ခြင်းကဘုရားသခင် တစ်ပါးတည်းသာ ထူးမြတ်တော်မူပြီး ခရစ်တော်၏ ထူးမြတ်ခြင်းသည်ဘုရားသခင်ထံမှ စပ်ဆက် ဖြစ်လာသည်ဟု ယုံကြည်ကြသည်။ ဤခံယူချက် ကခရစ်တော်၏ အနှိုင်းမဲ့ ထူးမြတ်တော်မူခြင်းကို လျော့ပေါ့စေသကဲ့သို့ သမ္မာကျမ်းစာ၏ ရှင်းလင်းသော သွန်သင်ချက်နှင့်လည်း ကိုက်ညီခြင်း မရှိပါပေ။ ရာမတစ်ရစ်ချက်ဆိုသူက “ကျိုးကြောင်းဆက်နွယ် ထူးမြတ်ခြင်း” ကို အောက်ပါအတိုင်း ငြင်းဆိုထားသည် –

ကျိုးကြောင်းဆက်နွယ် ထူးမြတ်ခြင်းသည် ခရစ် တော်ကိုသာ လျော့ပေါ့စေသောသွန်သင်ချက်မဟုတ်၊ သမ္မာကျမ်းစာပါ အချက်အလက်များကို လျော့ပေါ့စေခြင်းဖြစ်သည်။ ကျိုးကြောင်းဆက်နွယ် (ဆင်းသက်လာခြင်း) ဆိုသည့် စကားလုံးကခရစ်တော်၏ ဖြစ်တည်ခြင်းကို ဒုတိယနေရာသာ ဖြစ်စေသည်။ အကယ်စင်စစ်ခရစ်တော်၏ အနှိုင်းမဲ့သော ထူးမြတ်ခြင်း အရင်းအမြစ်သည် မြင့်မြတ်သော၊ အဓိကကျသော၊ အမှီအခိုကင်းသော အရာဖြစ်သည် – နာမတော်အားဖြင့်ဆိုရလျှင်သမ္မာကျမ်းစာ၏ ဘုရားသခင် ဖြစ်ပေသည်။ အနှိုင်းမဲ့ ထူးမြတ်တော်မူခြင်းသည်သမ္မာကျမ်းစာ၏ ဘုရားသခင်နှင့်သာ ဆိုင်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ဆွဲကိုင်

ထားပါသဖြင့် ယေရှုခရစ်တော်သည် ဘုရားစင်စစ်၊ လုံးဝအဆင့်မနိမ့်ပဲ ဘုရားဖြစ်ခြင်းတွင် တန်းတူ တစ်လုံးတစ်ဝ ဖြစ်တော်မူသည် (ယောဟန် ၁၀:၃၁)။”

ဤစာအုပ်သည် ခရစ်ဝင်ကျမ်း လေးအုပ်အား အနက်ဖွင့် ပေးထားသောစာအုပ် မဟုတ်သလို အနက်ဖွင့်ခြင်းဆိုင်ရာ ပြဿနာများအားလုံးကို ဖြေရှင်းပေးထားခြင်း မရှိပေ။ အခြားအနက်ဖွင့် ကျမ်းများကိုလည်း သင့်အနေနှင့် ကိုးကားပေးပါ။ ဤစာအုပ်သည် ယေရှု၏ ဘဝဇာတ်ကြောင်းကို ပြန်ပြောကာ သူ၏ အနှိုင်းမဲ့ခြင်းကို တင်ပြရန် ဖြစ်ပါသည်။

Charles Ryrie ၏ Study-Bible တွင် တင်ပြထားသည့် ယေရှု၏ သက်တော်စဉ်အကြောင်းအရာအတွက် ကျွန်ုပ် ကျေးဇူးတင်သည်။ ပြောင်းလဲချက် အနည်းငယ်ရှိပါသော်လည်း အဓိက သက်တော်စဉ်သမိုင်းကြောင်းကိုမူ သူ၏တင်ပြချက်အတိုင်းဖြစ်သည်ဟု ညွှန်းရပါမည်။

နိုင်ငံတကာက သင်းအုပ်ဆရာများ နှင့်ခေါင်းဆောင်များနှင့်အတူ အမှုတော်မြတ်တွင် ပါဝင်ခွင့်ရသည့်အတွက် ကျွန်ုပ် အလွန်ဂုဏ်ယူရသလို ၄တို့၏ အကြံပြုတိုက်တွန်းစကားများမှာလည်း တန်ဖိုးကြီးလှပါသည်။ အယောက်စီတိုင်းကို ကျေးဇူးတင်လျှက် …

ထီးတည်း ဘဝ

သူဟာ မထင်ရှားတဲ့ရွာ တစ်ရွာမှာ တောင်သူ လယ်သမားအမျိုးသမီး ထံကနေ ဖွားမြင်ခဲ့တယ်။ အခြားရွာမှာကြီးပြင်းခဲ့ပြီး အသက် ၃၀ မပြည့်မီအထိ လက်သမားဆိုင်တစ်ဆိုင်မှာ အလုပ် လုပ်ခဲ့တယ်။ သုံးနှစ်တိုင်တိုင်သူဟာ တရားဟောဆရာ ဖြစ်ခဲ့တယ်။ စာအုပ်တစ်အုပ်မှသူ မရေးခဲ့ဘူး။ သူ့မှာ ရုံးမရှိဘူး။ သူ့မှာ မိသားစု မရှိဘူး၊အိမ်လည်း မရှိဘူး။ ကောလိပ် ကျောင်းလည်း မတက်ခဲ့ပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ မြို့ တစ်မြို့ တွေဆီလည်းသူ ဘယ်တုန်းကမှ အလည်အပတ် မသွားခဲ့ဖူးပါဘူး။ သူမွေးဖွားရာ အရပ်ကနေ မိုင် ၂၀၀ ကျော်တဲ့ ခရီးကိုဘယ်တော့မှ မသွားခဲ့ပါဘူး။ များသောအားဖြင့် သူဟာ

ကြီးမြတ်မှုတွေနဲ့ အတူ တွေ့မြင်ရလေ့ မရှိပါဘူး။ သူမှာမိမိ ကိုယ့်ကိုမှတပါး အခြားအားပေး ထောက်ခံမယ့်အရာ ဘာမှ မရှိခဲ့ဘူး။လူအများစုရဲ့ ဆွဲချက်တွေကြောင့် သူ့ကို ဆန့်ကျင်ကြတဲ့အခါ သူဟာ အသက် ၃၃ နှစ်သာ ရှိပါသေးတယ်။သူ့မိတ်ဆွေတွေက သူ့ကို စွန့်ပစ်ခဲ့ကြတယ်။ မိတ်ဆွေများအနက် တစ်ဦးက သူ့ကို ငြင်းပယ်ခဲ့တယ်။ ရန်သူတွေလက်မှာ အပ်နှင်းခံခဲ့တယ်။ လှောင်ပြောင်သရော်မှုတွေ ခံခဲ့ရတယ်။ သူ့ကို သူခိုးနှစ်ယောက်ကြား ရက်ရက်စက်စက် လက်ဝါးကပ် တိုင်မှာ ရိုက် ဆွဲခဲ့ကြတယ်။သူ သေဆုံးတဲ့အချိန်မှာ လောကမှာ သူ့ရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်ဖြစ်တဲ့ ဝတ်လုံကို သတ်ဖြတ်သူတွေကအလောင်းအစားပြု ယူခဲ့ ကြတယ်။ သူ သေသွားတော့မိတ်ဆွေတစ်ဦးရဲ့ သနားခြင်း ကရုဏာကြောင့် သူများရဲ့သင်္ချိုင်းတွင်းမှာ မြှုပ်နှံခံခဲ့ရတယ်။ ရာစုနှစ်တွေ ပြောင်းလဲကုန်လွန်ခဲ့ပြီ ဆိုပေမဲ့လည်း ယနေ့ လူသားမျိုးနွယ်ရဲ့အဓိက ပုဂ္ဂိုလ် ဖြစ် လာခဲ့ပါတယ်။

သမိုင်းတလျှောက် စစ်ချီခဲ့တဲ့ စစ်တပ်အားလုံး၊ ရွက်လွှင့်ခဲ့ဖူးသမျှ ရေတပ်အားလုံး၊ ထိုင်ခဲ့တဲ့ ပါလီမန် အမတ်အားလုံး၊ ဘုရင်များအားလုံးကို အတူတကွ ပေါင်းထားမယ်ဆိုရင်တောင်မှ ကမ္ဘာပေါ်ရှိ လူသားတို့ရဲ့ ဘဝအသက်တာအပေါ်မှာ အခု ပြောနေတဲ့ လူတစ်ယောက်ရဲ့ထီးတည်း ဘဝလောက် သက်ရောက်မှု မရှိစေနိုင်ပါဘူးလေ။

 

နိဒါန်း

 

အချိန်ကာလစေ့သောအခါ

အချိန်ကာလစေ့သောအခါ………သားတော်ကိုဘုရားသခင်သည်စေလွှတ်တော်တော်မှု၏။ (ဂလာ၎း၄ )

ဘုရားသခင်သည် ယေရှုခရစ်တော်ကြွခင်းအတွက် ကမ္ဘာကြီးကို ပြင်ဆင်ပေးခဲ့သည်။ ဘုရားသခင်က တော်ကို အချိန်ကာလစေ့သောအခါ ဤလောကသို့စေလွှတ်တော်မူသည်ဟု ကျမ်းက ဆိုသည်။ Gerard A. Solamierot ကယေရှုခရစ်တော် မွေးဖွားလသည့် အချိန်တွင် အောက်ပါများ ရှိနေနှင့်သည်ဟူ၍ ပြော ထားပါသည် –

၁။ နိုင်ငံရေးစည်းလုံးမှု – ပါလက်စတိုင်းသည် ရောမအင်ပါယာ လက်အောက်တွင်ရှိခဲ့သည်။ ရောမအစိုးရသည် အရှေ့နှင့်အနောက်ကို စည်းလုံးစေခဲ့သည်။ ရောမအင်ပါယာသည် တရားဥပဒေစိုးမိုးရေးအပေါ် တောင်းဆိုမူကြောင့် နာမည်ကြီးခဲ့သည်။ ရောမ၏သမိုင်းတွင် အရှည်ကြာဆုံး၊ သွေးချောင်းအစီးဆုံး ပြည်တွင်းစစ်သည် နောက်ဆုံးတွင် ဩဂတ်စ်ကဲသာဘုရင်၏အုပ်စိုးမှုနှင့် အဆုံးသတ်ခဲ့သည်။ ရလဒ်အနေဖြင့် နှစ်ပေါင်း ၁၀၀ ကျော်ပြည်တွင်းစစ်ကြီး ဖြစ်ပွားပြီးနောက် ရောမအစိုးရသည် သူမ၏ နယ်နိမိတ်ကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ နိုင်ခဲ့သည်။

၂။ ယဉ်ကျေးမှုစည်းလုံးမှု – ဂရိပေါင်းစပ်ထားသော ဂရိယဉ်ကျေးမှု (ဂရိယဉ်ကျေးမှုသည် အခြားယဉ်ကျေးမှုများနှင့် ရောနှောနေသည်) ရှိသည်။

၃။ ဘာသာစကားတညီတညွတ်တည်းဖြစ်ခြင်း – ဂရိဘာသာစကားသည် ကမ္ဘာလုံးဆိုင်ရာ ဘာသာစကား (ingua franca) ဖြစ်လာသည်။ ထိုဘာသာစကားသည် အစိုးရ၊ ကုန်သွယ်ရေးနှင့် နေ့စဉ်ဘ၀လှုပ်ရှား မှုတို့၏ အဓိကဘာသာစကား ဖြစ်ခဲ့သည်။

၄။ ခရီးသွားလာရေးလုံခြုံမှု မြေထဲပင်လယ်သည် … ရောမအင်ပါယာ၏ပင်လယ်ပိုင်နက်ဖြစ်ပြီး လုံခြုံစိတ်ချရသော ခရီးသွားလာခြင်းနှင့် ကုန်သွယ်ရေးအတွက် ဖြစ်လာသည်။ ရောမအစိုးရသည် ကုန်သွယ်ရေးလမ်းကြောင်းများကို ကာကွယ်ပေးပြီး ရောမအင်ပါယာ တစ်လျှောက် လမ်းပေါင်းများ

စွာကို ဖောက်လုပ် ထိန်းသိမ်းခဲ့သည်။ ကုန်းလမ်းခရီး လုံခြုံမှု သည်လည်းလမ်းတစ်လျှောက် ရောမစစ်စခန်းများ ရှိနေခြင်းက ပို၍ စိတ်ချမှုကို ပေးခဲ့သည်။ အဓိကကျသော မြို့ကြီးတိုင်းတွင် ရောမမြို့ သို့ မည်မျှ ခရီးဝေးသေးကြောင်း ဖော်ပြပေးသည့် ဆိုင်းဘုတ်များ ထားရှိခဲ့ကြသည် – “စပိန် မှရောမ သို့ ၄ ရက်ကြာ” စသည်ဖြင့်။ မှန်ပါသည် “လမ်းများအား လုံးသည်ရောမမြို့ဆီသို့ ဦးတည်နေကြပေသည်။ ဤကဲ့သို့ လုံခြုံမှုရှိစေရန် ဘုရားသခင် ပြင်ဆင်ခဲ့ရခြင်းမှာ ဧဝံဂေလိတရား မြန်မြန်ဆန်ဆန် ပျံ့နှံ့စေရန်အတွက် ဖြစ်သည်။

၅။ ကမ္ဘာ့လုံခြုံရေး – သြဂတ်ရှင်ဘုရင်သည် အုပ်စိုးရှင်အဖြစ် ခရမ်းရောင်ဝတ်လုံ နှင့် သရဖူကို ဝတ်ဆင်သော ပထမဆုံးရောမ အင်ပါယာမင်း တစ်ဦးဖြစ်သည်။ သူသည် ခေတ်မီသော၊ ပညာရှိသော၊ မိမိလူမျိုးကို ထောက်ထားစာနာမှုရှိသဖြင့် ငြိမ်သက်မှုနှင့် ကြွယ်ဝချမ်းသာမှုများစွာကို ယူဆောင်ပေးခဲ့ပြီး ရောမမြို့ကို နေထိုင်ရန်နှင့်ခရီးသွားလာရန် လုံခြုံသောနေရာဖြစ်စေခဲ့သည်။ ထိုအရာက “Pax Romana” ဟု ခေါ်သည့် ရောမ၏ ငြိမ်းချမ်းရေး (27B.C.- A.D.180)ကာလကို မိတ်ဆက်ပေးခဲ့သည်။ ဤကမ္ဘာငြိမ်းချမ်းရေးသည် ဧဝံဂေလိတရားကို ကမ္ဘာအနှံ့ ပျံ့နှံ့စေရန် အခွင့်အလမ်းတံခါး ဖွင့်ပေးခဲ့သည်။

၆။ ကိုယ်ကျင့်တရားယိုယွင်းမှု – ထိုခေတ်က ယဉ်ကျေးမှုသည် ညစ်ညူး၊ညစ်ညမ်းနေသကဲ့သို့ ကျင့်ဝတ်များသည်လည်း ယိုယွင်းနေခဲ့သည်။ လိင်ပိုင်းဆိုင်ရာအရှုပ်အထွေးများကလည်း နေရာတကာ ပျံ့နှံ့နေခဲ့သည်။ ကိုယ်ကျင့်တရားဆိုင်ရာများကို သတိပြုမှုမရှိ လျစ်လျူရှုထားကြသည်။ အခွန်တောင်းခံသည့် အဖွဲ့အစည်းများက မလိုအပ်သော ကလေးငယ်များကို ပျက်ဆီးခြင်းသို့ ရောက်ရှိစေကြသည်။ လူတို့အကြား ငြိမ်းချမ်းမှု ရှိစေရန်အတွက်ဖျော်ဖြေပွဲ နှင့် စားသောက်ပွဲများကို အစဉ် ကျင်းပပေးခဲ့ကြသည်။ ဥပမာ

ရက်ပေါင်း ၁၂၀ ပွဲကျင်းပရန်အတွက် တိရစ္ဆာန်ပေါင်း ၁၂၀၀၀ နှင့် ၁၀၀၀၀လောက် အသက်စတေးရသည်အထိ ဖြစ်ခဲ့သည်။

၇။ ဘာသာရေးမလုံလောက်ခြင်း – ထိုခေတ်ရှိ ဘာသာတရား အားလုံးသည်လူများ၏ ဝိညာဉ်ရေးရာ လိုအပ်ချက်များကို ဖြည့်ဆည်းရာတွင် မလုံလောက်၊ ယိုယွင်းပျက်စီး နေခဲ့ကြသည်။ ဂျူးတို့၏ ယုံကြည်ခြင်းသည်လည်းပညတ်တရားသဘောဆန် လာခဲ့သည်။ ဘာသာရေး အခြေအနေသည်ဟန် ဆောင်မှုများနှင့် အရေခြုံသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ ဂရိအတွေးအခေါ်သည် စိတ်ဝိညာဉ်၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ခြင်းမရှိသကဲ့သို့ ဂရိနှင့်ရောမ နတ်ဘုရားများက လူတို့ကဲ့သို့ပင် အပြစ်များနှင့်ကိုယ်ကျင့်တရား အားနည်းကြသည်။ ထို့ကြောင့် ထိုဘုရားများသည် လူတို့အတွက် မည်သည့်အကူအညီမျှ မပေးနိုင်ကြပေ။

ဝိညာဉ်ရေးရာတွင် လစ်ဟင်း နေခဲ့သည်။ သို့တိုင် မကြုံစဖူးသော ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးတည်ငြိမ်မှု ရှိနေခဲ့သည်။ သခင်ယေရှုခရစ်တော် ကြွလာတော်မူခြင်းနှင့်ပထမရာစုတွင် သူ၏သတင်းတရားပျံ့နှံ့စေရန် ဤအခြေအနေများကို သခင်ဘုရားပြင်ဆင်ပေးခဲ့သည်။ အချိန်ကာလ စေ့သောအခါ ခရစ်တော်သည် အမှန်တကယ်ကြွလာတော်မူခဲ့သည်။ သူ၏သတင်းစကားသည် ထိုအချိန်က ဘာသာရေး ညစ်ညမ်းမှုကို လန်းဆန်းစေခဲ့သည်။

ယေရှုနှင့် ယောဟန်တို့၏ ဖွားမြင်ခြင်း

နိဒါန်း

ယေရှုရှင် မွေးဖွားလာပုံနှင့် ကလေးဘဝအချိန်အခါကို အလေးအနက်ထားရိုးရှင်းစွာ ဖော်ပြထားပါသည်။ သို့သော် ဘုရားသခင်၏ အံ့ဩဖွယ်အမှု ဖြစ်သောယေရှုရှင်၏ ဖွားမြင်ခြင်း နှင့် မာရိ၊ ဇာခရိ၊ ရှုမောင်၊ အနူတို့၏ ထိုယေရှုအား ချီးမွမ်းကိုးကွယ်ခဲ့ကြသည်အား ရိုသေခြင်း၊ နှိမ့်ခြင်းမရှိဘဲ မည်သူတစ်ဦးတစ်ယောက်မျှလေးနက်လှသော ယေရှုရှင်၏ မွေးဖွားခြင်းအကြောင်းကို နားလည်နိုင်မည် မဟုတ်ပေ။ အသက် ၁၂ နှစ်အရွယ် ဗိမ္မာန်တော်၌ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ကျမ်းစာဆွေးနွေးသည့် အချိန်မှလွဲ၍ ယေရှု၏ ကလေးဘဝ အချိန်များကို သမ္မာကျမ်းစာ၌ဖော်ပြထားခြင်း မရှိပေ။

ယေရှု၏ ဆွေစဉ်မျိုးဆက် (မဿဲ ၁း၁–၁၇၊ လုကာ ၃း၂၃-၃၈)

အနှိုင်းမဲ့တော်မူသော ခရစ်တော်

နောက်ကြောင်းသမိုင်း

ခရစ်ယာန်ဘာသာသည် သမိုင်းတွင် အမြစ်တွယ်သည်။ ယေရှုသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ ဖရန့်ဝလိန်းက အောက်ပါအတိုင်း ပြောပါသည် –

ရှေးအချိန်က ဟိန္ဒူဘာသာသည် သမိုင်းကို စိတ်ဝင်စားမှု မရှိခဲ့ပါ။ အိန္ဒိယ၏အစောပိုင်းစာပေများသည် များစွာသော ရှုထောင့်အမြင်များရှိပါသည်။ သို့သော်အားနည်းချက်တစ်ခု ရှိနေပါသည်။ ထိုအရာမှာ သမိုင်းကို အတိအကျ ကိုးကားညွှန်းဆိုမှု နည်းပါးခြင်း ဖြစ်သည်။ အကယ် စင်စစ် “သမိုင်းဆိုင်ရာ လုံးလုံးလစ်ဟင်းမှုကို Sanskrit စာပေတွင် သမိုင်းကြောင်းတစ်ခုလုံးကို ဖော်ပြထားမှုမရြှိခင်း၌ ရှင်းလင်းစွာတွေ့ နိုင်ပါသည်။” သမိုင်းသည် သမရိုးကျ ဖြစ်စဉ်၏အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပြီး၊ ဗြဟ္မာတွင် အရင်းအမြစ် နှင့် အဓိပ္ပာယ်ရှိသည့်အတွက် သမိုင်းသည် အဓိပ္ပာယ်မရှိပါ။ ဤအမြင်အရ သမိုင်းတွင် မည်သည့်ပြောင်းလဲတိုးတက်မှုမျှ မရှိ၊ ထိုကြောင့် သမိုင်းသည် လွတ်လပ်စွာရှိနေပြီး

မည်သည့် အရေးပါမှုမျှ မရှိပေ။ ယနေ့ခေတ်သစ်ဘက်သို့ ရောက်လာသောအခါသမိုင်းပညာရှင်များ ဖြစ်ကြသည့် K. M. Panikkar, J, Sircar နှင့် အခြားသူများက ပြန်လည်ပြီး ပြုပြင်မွန်းမံလာကြသည်။ အကြောင်းအရာ တစ်စုံတစ်ခုသို့မဟုတ် တွေးခေါ်မှု တစ်စုံတစ်ခု၏ အရေးပါမှုကို ပြောပြရန် ထိုအရာကို

အချိန်ကာလတစ်ခုတွင် ထားရှိရမည် သို့မဟုတ် အချိန်ကာလ သမိုင်းတစ်ခုခုနှင့်ချိတ်ဆက်ရမည်ကို ၄တို့ သိမြင်လာကြသည်။ သို့သော် သမိုင်းအချက်အလက်မရှိခဲ့သည့် ကျမ်းဂန်တွင်အချက် အလက်များပြန်ထည့် ပေးရန်မှာ မဖြစ်နိုင်တော့ပေ။ Rarna နှင့် Krishna တို့၏ ဘဝအစစ်အမှန်သည်လည်း အမှန် ရှိခဲ့သည် ဆိုအုံးတော့အထောက် အထား ခိုင်လုံသည့် သမိုင်းသက်သေများ မရှိသည့်

အတွက် မရှင်းမလင်း ဖြစ်နေရတော့သည်။ ၄တို့ ကျမ်းစာ၏ သဘော သဘာဝကြောင့်ဟိန္ဒူဘာသာသည် သမိုင်းကြောင်း ကိုစတေးကာ တွေးခေါ်မှု ဒဿနများနှင့် ဒဏ္ဍာရီများကိုသာ အလေးနက်ထားနေရတော့ သည်။ပေါ်ဒီလိုင်က အောက်ပါအတိုင်း ဆက်လက်ဖော်ပြထားပါသည် –

Vedic စာပေအရ သမိုင်းတွင် ဘုရားသခင် ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။သမိုင်းသည် အဓိပ္ပါယ်မရှိ။ ကမ္ဘာမြေကြီးသည် အတိအကျမရှိရည်ရွယ် ချက်မဲ့သွားနေသည်။ အိန္ဒိယလူတို့အတွက် ကယ်တင်ခြင်းသည် ဘီးကရွေ့လျားနေစဉ်ဘီး၏ ဗဟိုတွင် ရပ်နေရခြင်းနှင့် တူသည်။ အိန္ဒိယဘာသာတရားများ၌ သမိုင်းဆိုင်ရာ ဖွင့်ဟချက်မရှိ၊ ဖန်ဆင်းခြင်းအား ရွေးနှုတ်ကယ်တင်ခြင်း မရှိ၊ ဖန်ဆင်းခြင်း ပျက်သုဉ်းခြင်းသာ ရှိသည်။ ၄သည် လောကကြီး၏ အဖြစ်မှန်ကို ငြင်းပယ်သည်။ ၄၏တည်ရှိမှုသည် လိမ်ညာမှုဖြစ်ပြီး ၄၏ ပုံစံမှာ ရည်ရွယ်ချက်မဲ့နေသည်။ ထို့ကြောင့် သမိုင်းအခိုင်အမာရှိပြီး အစပ်ဆက်ရှိနေသော ဧဝံဂေလိတရားသည် အိန္ဒိယ ဘာသာတရားများအတွက် လုံးဝအသစ် အဆန်းဖြစ်နေပြီးလက်ခံနိုင်ဖွယ် မရှိ ဖြစ်နေသည်။

အနောက်တိုင်းသား မဟုတ်သော သူအများစုသည် လူတစ်ဦး၏ ဆွေစဉ်မျိုးဆက်ကို အလေးအနက် ထားကြသည်။ ယခုလက်ရှိ မိဘများ၏ အချိန်နှင့် အတိတ်ကာလကအချိန်တို့ကို ဆက်စပ်ကာ အခြားသူများ မပြောနိုင်သော အမျိုးဂုဏ်ကိုဝင့်ကြွားစွာ ပြောနိုင်ရန် မျှော်လင့်လျှက် လူတစ်ဦး ဆင်းသက်လာသည့် ဆွေးစဉ်မျိုးဆက်ကို ကျွန်ုပ်တို့ အရှေ့တိုင်းသားများသည် သိလိုစိတ် ရှိကြ သည်။ယုဒအမျိုးသားများ သည်လည်း မိမိတို့၏ ဆွေစဉ်မျိုး ဆက်၊ ဘိုးဘွားများ၊အမွေအနှစ်များ၊ သမိုင်းကြောင်းများ နှင့် ဆင်းသက်လာပုံ စသည်တို့ကို အလေးအနက်ထားကြပါသည်။ ရှင်မဿဲ နှင့် ရှင်လုကာတို့က ယေရှု၏ ဆွေစဉ်မျိုးဆက်အကြောင်းကို ရှုထောင့်တစ်မျိုးစီမှ တင်ပြခဲ့ကြသည်။ ရှင်မဿဲ၏ ရည်ရွယ်ချက်မှာယေရှုကို ယုဒလူမျိုးများ၏ မေရှိယအဖြစ် ဖော်ပြရန်ဖြစ်သည်။ ထို့ကြောင့် “အာဗြဟံနှင့် ဒါဝိဒ်တို့မှ ဆင်းသက်တော်မူသော ယေရှုခရစ်၏ ဆွေတော်စဉ်မျိုးတော်ဆက်စာရင်းဟူမူကား” ဟု စတင်ရေးသားခဲ့သည် (မဿဲ ၁း၁)။ သမိုင်းစဉ် အရဆိုလျှင်အာဗြဟံသည် ဒါဝိဒ်ထက်ပိုစောခဲ့ပါသော်လည်း ဒါဝိဒ်၏ အမည်ကို အရင်ဖော်ပြခဲ့သည်။ ဒါဝိဒ်နှင့် ဆိုင်သော ပဋိညာဉ်၌ ဒါဝိဒ်၏နိုင်ငံကို ထာဝရတည် တံ့စေမည်ဟုဘုရားသခင်ပေးခဲ့သည့် ကတိတော်အတိုင်း ဒါဝိဒ်၏ မျိုးရိုးမှ ယေရှု ဆင်းသက်လာသည်ကို ရှင်မဿဲသည် ကြိုးစားဖော်ပြခြင်း ဖြစ်သည် (၂ ရာ ၇း၁၆၊ ဆာလံ၈၉:၁-၄)။ သို့သော် အာဗြဟံနှင့်ဆိုင်သော ပဋိညာဉ်၌ အာဗြဟံအားဖြင့် သူ၏မိသားစုများကို ကောင်းကြီးပေးမည်ဟု ဘုရားသခင်သည် အာဗြဟံအား ကတိပေးခဲ့သည်(ကမ္ဘာ ၁၂:၁-၃)။ အာဗြိဟံနှင့် ဒါဝိဒ်ကို အတူတကွ ဖော်ပြထားခြင်း အားဖြင့်ဒါဝိဒ်နှင့်ဆိုင်သော ပဋိညာဉ်ပြည့်စုံခြင်းသည် အာဗြဟံနှင့်ဆိုင်သော ပဋိညာဉ် ပြည့်စုံရန်လိုအပ်ကြောင်း ရှင်မဿဲ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ကိုယ်တော်သည် ဒါဝိဒ်၏နိုင်ငံတော်ကို ထာဝရတည်ထောင်မည့် ရှင်ဘုရင်ဖြစ်၍ လောကီလူသား အားလုံးကိုကောင်းကြီးပေးမည့်သူ ဖြစ်သည်။ရှင်လုကာသည် ဂရိလူမျိုးများထံသို့ ယေရှုသည် လူသားအဖြစ် ဤလောကဲ့သို့ ဆင်းကြွလာကြောင်း ဖော်ပြခဲ့သည်။ ထို့ကြောင့် ယေရှု၏ ဆွေစဉ်မျိုး ဆက်ကိုလူသားမျိုးနွယ်၏ အစဖြစ်သည့် အာဒံမှ စတင်ခဲ့သည်။ ဒံယေလအချိန် ကတည်းက “လူသား” (on of Man) ဟူသည့် အမည်နာမကို မေရှိယအဖြစ် မှတ်ယူထားပြီးဖြစ်သည်။ ရှင်မဿဲသည် ယေရှုကို မရွေးချယ်ခြင်းခံရသော ယုဒလူမျိုးများ၏ မေရှိယဖော်ပြခဲ့သည်။အဖြစ် ဖော်ပြတာ ရှင်လုကာသည် လူသားတစ်ရပ်လုံး၏ မေရှိယ အဖြစ် ယေရှုကိုယောဟန် ဖွားမြင်မည့်အကြောင်းကောင်းကင်တမန်၏ ကြေငြာခြင်း(လုကာ ၁:၅ -၂၅)

ဘုရားသခင်သည် … လောကကြီးအတွက် ကယ် တင်ရှင်တစ်ဦး ပြင်ဆင်ပေးမည့် သူ၏ ပဋိညာဉ်ကို အမြဲအမှတ်ရပေသည်။ ထိုပဋိညာဉ်ကို မှတ်မိကြောင်းဇာခရိနှင့် ဧလိရှဗက် ဇနီးမောင်နှံ နှစ်ဦး၏ နာမည်များအားဖြင့် သွယ်ဝိုက် ညွန်းဆိုခဲ့သည်။ ဇာခရိ နာမည်၏ အဓိပ္ပါယ်မှာ “ဘုရားသခင် သတိယသည်”၊ ဧလိရှဗက်နာမည်၏ အဓိပ္ပါယ်မှာ “ဘုရားသခင်၏ပဋိညာဉ်” ဖြစ်သည်။ ဇာခရိနှင့် ဧလိရှဗက်တို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူများဖြစ်သည်။ သို့သော် ဧလိရှဗက်သည် မြုံသောကြောင့် သူတို့၌ သားသမီးမရှိပေ။ နှစ်ဦးစလုံးသည် အသက်အရွယ် အိုမင်းနေပြီ ဖြစ်သည်။ အရာခပ်သိမ်းကို အစိုးရသော ဘုရားသခင်သည်အသက် ၉၀ ရှိသော စာရာ (အာဗြဟံ၏ ဇနီး) ၏ ဝမ်းကို ပွင့်စေ သကဲ့သို့ ဧလိရှဗက်၏ဝမ်းကို ပွင့်စေခဲ့သည်။

ဇာခရိသည် ယဇ်ပုရောဟိတ် တစ်ဦး ဖြစ်သည်။ ဗိမ္မာန်တော်အတွင်း၌ဘုရားသခင်၏ အစေကို ခံနေစဉ် ကောင်းကင်တမန် ဂါဗြေလသည် ပေါ်လာ၍ဧလိရှဗက်၌ သား (ယောဟန်)ရှိမည့်အကြောင်း ကြားပြောခဲ့သည်။ ဇာခရိသည်အလွန် အံ့အားသင့်၍ “ထိုသို့ ဖြစ်လိမ့်မည်ကို အကျွန်ုပ်သည် အဘယ်သို့ သိရပါမည်နည်း။ အကျွန်ုပ်သည် လူအို ဖြစ်ပါ၏။ အကျွန်ုပ် မယားသည်လည်း အသက်အရွယ် ကြီးရင့်ပါပြီ” ဟု တုန့်ပြန်ခဲ့သည်။ ဇာခရိသည် မယုံကြည်သောကြောင့်ကလေး မွေးဖွားသည်အထိ စကားမပြောနိုင်ဘဲ အ လျက်နေခဲ့ရသည်။ ဇာခရိသည်ဆင်းကြွလာမည့် မေရှိယအကြောင်း ပထမဦးဆုံး ကြားပြောသူ မဟုတ်ခဲ့ပေ။ ဘုရားသခင်၏ သိုးသူငယ်တော်အကြောင်း ကြေငြာရန်အခွင့်အရေးကို ဘုရားသခင်သည်ဇာခရိ၏ သားအတွက် သီးသန့်ဖယ်ထားခြင်း ဖြစ်သည်။ ဇာခရိနှင့် ဧလိရှဗက်သည်ယောဟန်၏ မိဘအဖြစ် အခွင့်အရေးရခဲ့ကြပြီး ယောဟန်မှာမူ မေရှိယ၏ ရှေ့တော်ပြေး ကြွေးကျော်သူတစ်ဦး ဖြစ်ခွင့်ရရှိခဲ့သည်။

ဇာခရိသည် ဗိမ္မာန်တော်ထဲမှ ထွက်လာသည့်အခါ စကားအလျက်နေခဲ့၍လူများအား အရိပ်အမှတ် ပေးခဲ့သည်။ ထို့ကြောင့် ဗိမ္မာန်တော်အတွင်း၌ ဇာခရိသည်ဗျာဒိတ်ရူပါရုံမြင်ရပြီဟု လူအများ ရိပ်မိခဲ့ကြသည်။

ဧလိရှဗက်သည် ပဋိသန္ဓေစွဲ၍ ငါးလပတ်လုံး အိမ်ထဲ၌သာ နေခဲ့သည်။သို့သော် လူအများကဲ့ရဲ့ခြင်းအ ကြောင်းကို သူမထံမှ ဘုရားသခင် ဖယ်ရှားတော်မူပြီဟု ဆိုလျက် ဝမ်းမြောက်ခဲ့သည်။

ဓမ္မဟောင်းကာလပြီးနောက် နှစ်လေးရာပတ်လုံး ဘုရားသခင် . တိတ်ဆိတ်နေခဲ့သည်။ သို့သော် ထို တိတ်ဆိတ်ခြင်း သည် ဘုရားသခင် မရှိတော့ခြင်း မဟုတ်ခဲ့ပေ။ ဘုရားသခင်သည် မိမိ၏ ရည်ရွယ် ချက်ကို ဆက်လက်ဆောင် ရွက်သည်။မိမိ၏ ပဋိညာဉ်ကို ဘယ်သောအခါမှ မမေ့ခဲ့ပေ။ မဖြစ်နိုင်သော အရာများကို အမှန်တကယ် ဖြစ်စေနိုင်သော ဘုရားသခင် ဖြစ်သည်။ ကြီးမားလှသော ကျေးဇူး၊ မေတ္တာတော်နှင့်အညီ သတင်းကောင်း ကြားပြောမည့်သူကို ခန့်အပ် တော်မူခဲ့သည်။

ယေရှုဖွားမြင်မည့်အကြောင်း ကောင်းကင်တမန်၏ ကြေငြာခြင်း (လုကာ ၁:၂၆-၃၈၊မဿဲ ၁:၁၈-၂၄)ခြောက်လကြာပြီးနောက် ဂါလိလဲပြည် နာဇရက်မြို့ သို့ ဘုရားသခင်သည်အပျိုကညာ မာရိအားသား ယောက်ျား (ယေရှု) မွေးဖွားမည်ကို အသေးစိတ် ပြောရန်ကောင်းကင်တမန် ဂါဗြေလကို စေလွတ်ခဲ့သည်။ မာရိ၏ မေးခွန်းသည် ဇာခရိကဲ့သို့သံသယ နှင့်မေးသော မေးခွန်းမဟုတ်ဘဲ ရှင်းရှင်းလင်းလင်း သိလို၍ မေးခဲ့သည့်ပုံစံမျိုး ဖြစ်သည်။ “သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာ သက် ရောက်တော်မူ၍၊ အမြင့်ဆုံးသော ဘုရား၏ တန် ခိုးအာနုဘော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် . ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်” ဟု ကောင်းကင်တမန်သည်မာရိအား တုန့်ပြန်ခဲ့သည်။ မာရိသည် သခင်ဘုရားထံ .. သူမ၏ အသက်တာကိုဝမ်းမြောက်စွာ ဆက်ကပ်အပ်နှံခဲ့သည်။မာရိအား တိတ်တဆိတ်စွန့်ခွာမည့် (မဿဲ၊ ၁း၁၉) ယောသပ်၏ အကြံအစည်ကို အိမ်မက် ရူပါရုံအားဖြင့် … ကောင်းကင်တမန်သည် ပေါ်လာ၍ “ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် … သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ဖြစ်၏။ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကို အပြစ်မှ ကယ်ချွတ်မည့်သူ ဖြစ်သောကြောင့်၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်” ဟု ပြောကာ ကြားဝင် ဖြန်ဖြေပေးခဲ့သည်။ ယောသပ်သည် ထာဝရဘုရား၏ ကောင်းကင်တမန် မိန့်တော်မူသည့်

အတိုင်း မာရိအား မိမိဇနီးသည်အဖြစ် သိမ်းယူခဲ့သည်။ သို့သော် ယေရှု မဖွားမြင်မှီသံဝါသ မပြုဘဲ နေကြ၏။ ယေရှု၏ သန့်ရှင်းစင်ကြယ်ခြင်းသည် ယောသပ်၏စောင့်ထိန်းခြင်းကြောင့် မပျက်စီးခဲ့ရပေ။

ဇလီရှဗက်ထံ မာရီအလည်သွားခြင်း (လုကာ ၁း၃၉ – ၅၆)

မာရိသည် ယုဒတောင်ကြားအရပ်၌ရှိသော ဇာခရိနှင့် ဧလိရှဗက် တို့ထံသို့အလျှင်အမြန် သွားရောက် လည်ပတ်ခဲ့သည်။ မာရိ၏ နှုတ်ဆက်သံကို ဧလိရှဗက်ကြားသည့်အခါ သူမ၏ ဝမ်းထဲ၌ ကလေးသည်ခုန်၍ သူမသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျှက် မာရိသည် ကောင်းကြီးမင်္ဂလာခံရသူ ဖြစ်ကြောင်းပြောခဲ့သည်။ မာရိသည်လည်း သခင်ဘုရားအား ချီးမွမ်းခဲ့သည်။ ဧလိရှဗက် နှင့် အတူသုံးလခန့်နေပြီးမှ သူမ၏အိမ်သို့ ပြန်သွားခဲ့သည်။

နှင်းခြင်းဆရာယောဟန် ဖွားမြင်ခြင်း (လုကာ ၁:၅၇-၈၀)ဇာခရိနှင့် ဧလိရှဗက်တို့ မွေးဖွားသော သူငယ်ကို ယောဟန်ဟု အမည် ပေးခဲ့သည်။ ယောဟန် မွေးဖွားပြီးနောက် ဇာခရိသည် လျှာလွတ်ခြင်းရှိ၍ နှုတ်ဖွင့်ကာဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခဲ့သည်။ ယောဟန်သည် ကြီးထွားကာဝိညာဉ်ရေးရာတွင် အားကြီးလာသည်အထိ တောထဲတွင် နေထိုင်ခဲ့ပြီးခါမှ ဣသရေလလူတို့ရှေ့၌ အမှုတော်လုပ်ငန်းကို စတင်ခဲ့သည်။

ယေရှုဖွားမြင်ခြင်း (လုကာ၊ ၂း၁၂၀)

 

ကဲသာဘုရင် ဩဂုတ္တုသည် ရောမအင်ပါယာ တစ်ခုလုံး၏ သန်းခေါင်စာရင်းကို ကောက်ခံရန် အမိန့်ပေးသောကြောင့် လူအသီးသီးတို့သည် စာရင်းဝင်ရန်မိမိတို့ မြို့ရွာသို့ ပြန်သွားကြသည်။ ယောသပ်သည် ဒါဝိဒ်၏ အမျိုးအနွယ်ဖြစ်သောကြောင့် ယောသပ်နှင့်မာရိတို့သည် ယုဒပြည် ဗက်လင်မြို့ ဟုအမည် တွင်သောဒါဝိဒ်၏ မြို့သို့ နာဇရက်မြို့မှ တက်သွားခဲ့ရသည်။ မာရိသည် ယေရှုကို ကိုးလကိုယ်ဝန်လွယ်ထားရသော အချိန်ဖြစ်သောကြောင့် ဗက်လင်မြို့ သို့ ရောက်ချိန်တွင်အလွန်ပင် ပန်းနွမ်းနယ်နေ၏။ မိုင်ကိုးဆယ်ကျော် ခရီးနှင်လာခဲ့ပြီးသည့်နောက်တည်းခိုခန်း၌ နေရာမရှိသည့်အတွက် နွားများတင်းကုပ် အနီးတဝိုက်တွင် တည်းခိုခဲ့ရသည်။ ဘုရားသခင်သည် ကယ်တင်ရှင်ဖွားမြင်မည့် နေရာအတွက် နိမ့် ကျသောတိရစ္ဆာန်များနေသည့် နေရာကို ပြင်ဆင်ပေးခဲ့သည်။ ယေရှုသည် ထိုနေ့ ညတွင်ပင်ဖွားမြင်ခြင်းခံရသည်။ မာရိသည်လည်း သူငယ်ကို အဝတ်နှင့် ပတ်ရစ်ပြီး နွားစားခွက်၌ သိပ်ထားခဲ့လေသည်။

အနီးအနား၌ရှိသော လယ်ကွင်းတွင် သိုးစုများကို ထိန်းကျောင်း စောင့်နေကြသော သိုးထိန်းများထံ ကောင်းကင်တမန်များသည် ယေရှုဖွားမြင်ခြင်း သတင်းကိုကြားပြောရန်သွားခဲ့ကြသည်။ သိုးထိန်းများသည် အလျင်အမြန်သွား၍ နွားစား ခွက်၌သိပ်ထားသော သူငယ်ကို တွေ့ခဲ့လေသည်။ ထို့နောက် သူတို့မြင်ခဲ့၊ ကြားခဲ့သောအရာများအတွက် ဘုရားသခင်ကို ချီးမွမ်းကာ ပြန်သွားခဲ့ကြသည်။

ယေရှု ဗိမ္မာန်တော်၌ ရှိနေခဲ့ခြင်း (လုကာ ၂း၂၁၃၈)

 

ရှစ်ရက်မြောက်သောနေ့၌ မာရိနှင့် ယောသပ်သည် ပညတ်တော်အတိုင်းယဇ်ပူဇော်ရန် _ သူငယ်ယေရှုကို ဗိမ္မာန်တော်သို့ ခေါ်ဆောင်သွားစဉ်တွင် ယေရုရှလင်မြို့၌ ဖြောင့်မတ်၍ တရားကိုရိုသေသော ရှုမောင်သည် သူတို့အား နှုတ်ဆက်ခဲ့သည်။ ဘုရားသခင်သည် ရှုမောင်အား ခရစ်တော်ကို မမြင်မီ မသေရဟု ဗျာဒိတ်ပေးခဲ့သည်။ ရှုမောင်သည် သူငယ်ယေရှုကို လက်နှင့် ချီပိုက်ကာဘုရားသ ခင်၏ကျေးဇူးတော်ကို ချီးမွမ်းခဲ့သည်။ ထို့နောက် အနူ အမည်ရှိသော ပရောဖက်မ တစ်ဦးသည် ယောသပ်နှင့်မာရိတို့အား နှုတ်ဆက်စကားဆိုကာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် သူငယ်တော်သည် ယေရုရှလင်မြို့ ၏ ရွေးနှုတ်တော်မူခြင်းအကြောင်း ဖြစ်သည်ဟု ကြားပြောခဲ့သည်။မာဂုပညာရှိများ၏ ဖူးမြော်ခြင်းနှင့် အဲဂုတ္တုပြည်သို့ ထွက်ပြေးတိမ်းရှောင်ခြင်း(မဿဲ ၂:၁-၁၂)

ဗက်လင်မြို့၌ ယေရှု ဖွားမြင်ပြီးနောက် အရှေ့ပြည်မှ … ပညာရှိများသည်သူငယ်တော်အား ဖူးမြော်ရန် ယေရုရှလင်မြို့ သို့ ရောက်ရှိလာခဲ့ကြသည်။ သူငယ်တော်ယေရှုကို ပထမဦးဆုံး ကိုးကွယ်သူများမှာ သိုးထိန်းများ နှင့် မာဂုပညာရှိများဖြစ်သည်။ တိုင်းတစ်ပါးမှ ပထမဦးဆုံး ယေရှုကို ရှာဖွေသူများမှာ ပညာရှိများဖြစ်ကြသည်။ ဟေရုဒ်မင်းသည် ထိုအကြောင်းအရာကို သိသည့်အခါ မာဂပညာရှိများကိုခေါ်၍ ကြယ်ပေါ်ထွန်းသည့် အချိန်ကို သေချာမေးမြန်းပြီးမှ သူငယ်ယေရှုကို ဖူးတွေ့ပြီးနောက် သူ့ထံပြန်လာ၍ သတင်းပေးရန် အမိန့်ပေးခဲ့သည်။ ပညာရှိများသည်

ယေရှုကို တွေ့သည့်အခါ လောဗန်၊ မုရန်နှင့် ရွှေကို ဆက်ကပ်ပူဇော်ခဲ့ကြသည်။သို့သော် သူတို့သည် ဟေရုဒ်မင်းထံသို့ မပြန်ရန် ဗျာဒိတ်တော်ကို ရသောကြောင့်မိမိတို့ တိုင်းပြည်ကို အခြားလမ်းဖြင့် ပြန်သွားခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ဘုရားသခင်သည် အိပ်မက်အားဖြင့် ယောသပ်အားမာရိနှင့်သူငယ်ကို အဲဂုတ္တုပြည်သို့ အလျှင်အမြန် ခေါ်ဆောင်သွားရန်ပြော၍ ယေရှုကိုကာကွယ်ခဲ့ပြန်သည်။ မာဂုပညာရှိများ၏ လက်ဆောင်သည် အဲဂုတ္တုပြည်သို့ သွားရန်ဘုရားသခင်ထံမှ အံ့ဩဖွယ် ထောက်ပံ့မှု ဖြစ်ခဲ့သည်။ဟေရုဒ်မင်းသည် မာဂုပညာရှိများအား အလွန်အမျက်ထွက်ကာ နှစ်နှစ်အရွယ်မှစ၍ နှစ်နှစ်အောက်ငယ်သော သူငယ်ယောက်ျားအားလုံးကို သတ်ရန် အမိန့်ပေးခဲ့သည်။ သို့သော်ဘုရားသခင်၏ လက်တော်သည် သူငယ်ယေရှုကို ကာကွယ်ခဲ့သည်။ အကယ်၍ ထိုအချိန်တွင် ဟေရုဒ်မင်းသည် သူငယ်ယေရှုကို သတ်ဖြတ်နိုင်ခဲ့ပါက ရွေးနှုတ်တော်မူခြင်း အစီအစဉ်သည် ဖြစ်လာတော့မည် မဟုတ်ပေ။ သို့သော်လည်း ဘုရားသခင်သည် လူ့သမိုင်းကို အစိုးရ၍ မိမိ၏ ရည်ရွယ်ချက်အတိုင်း အစဉ်

အမြဲဆောင်ရွက်တော်မူသည်။နာဇရက်မြို့ သို့ ပြန်လာခြင်း (မဿဲ ၂း၁၉ – ၂၃၊ လုကာ ၂:၃၉-၄ဝ)

ဟေရုဒ်မင်း အနိစ္စရောက်ပြီးနောက် ထာဝရ ဘုရား ၏  ကောင်းကင်တမန်သည် ယောသပ်အား အိပ်မက်ဖြင့် ထင်ရှားကာ မိမိတိုင်းပြည်သို့ မိသားစုနှင့်အတူပြန်သွားရန် အမိန့်ပေးခဲ့သည်။ ယောသပ်နှင့်မာရိသည်လည်း ဘုရားသခင်၏ အမိန့်တော်အတိုင်း နာဇရက်မြို့၌ အခြေချ နေထိုင်ခဲ့သည်။

 

ဗိမ္မာန်တော်၌ လူငယ်လေး ယေရှု (လုကာ :၄၁၅၂)

ယောသပ်နှင့် မာရိသည် နှစ်စဉ်နှစ်တိုင်း ပဿခါပွဲအချိန်ရောက်သောအခါယေရုရှလင်မြို့သို့ သွားလေ့ရှိသည်။ ယေရှုသည် တစ်ဆယ့်နှစ်နှစ် ရှိသောအခါယေရရှလင်မြို့သို့ တက်လာကြသည်။ ယေရှုသည် ဗိမ္မာန်တော်၌ ကျန်နေခဲ့သည်။ယောသပ်နှင့်မာရိတို့သည် မိမိတို့နှင့်အတူ ယေရှု ပါမလာသည်ကို သတိမထားမိခဲ့ကြပေ။ (အမျိုးသားများသည် အမျိုးသမီးများနှင့် သီးခြား ခရီးသွားရသည့် ဓလေ့ရှိခဲ့သည်။ ထို့ကြောင့် မိဘနှစ်ပါးလုံးသည် သူငယ်ကို တစ်ယောက်ယောက်နှင့် ရှိနေမည်ဟု ထင်မှတ်ခဲ့ကြဟန်ရှိသည်။) ယေရုရှလင်မြို့သို့ ပြန်ရောက်သည့်အခါ သူငယ်သည် ဗိမ္မာန်တော်၌ ဆရာများနှင့်အတူ ထိုင်၍ဆွေးနွေးမေးမြန်း နေသည်ကို တွေ့ခဲ့ကြသည်။ ယေရှုသည် မိဘတို့အား “အဘယ်ကြောင့် အကျွန်ုပ်ကို ရှာပါသနည်း။အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလော” ဟု ပြန်ပြောခဲ့သည်။ဤစကားလုံးများသည် ဘုရားသခင်နှင့်ဆိုင်သည့် အရေးကြီးသော ယေရှု၏ ဘဝနှင့်အမှုတော်မြတ်ဖြစ်ကြောင်း ဝန်ခံခဲ့သည်။ ယောသပ်နှင့် မာရိသည် သူငယ်ကို

နာဇရက်မြို့သို့ ပြန်ခေါ်သွားခဲ့၍ ထိုနေရာ၌ပင် ယေရှုသည် အစဉ်အတိုင်း ကြီးထွား၍ပညာ တိုးပွားလျှက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရ၏။ယေရှု၏ အတုမရှိ ထူးမြတ်တော်မူသော ဖွားမြင်ခြင်းရည်ရွယ်ချက်

ယေရှု၏ အတုမရှိ ထူးမြတ်တော်မူသော ဖွားမြင်ခြင်းကို သိရှိနားလည်၍ရှင်းရှင်း လင်းလင်း ပြောနိုင်ရန်။

နိဒါန်း

ဤလောက၌ ကျွန်ုပ်တို့အားလုံး မွေးဖွားလာပုံမှာ တူညီကြသည်။ ကျွန်ုပ်တို့၏ မိဘများလက်ထပ် ထိမ်းမြား၍ သူတို့၏ ချစ်ခြင်းနှင့် ပေါင်းသင်း ဆက်ဆံမှုကြောင့် ကျွန်ုပ်တို့ မွေးဖွားလာကြသည်။ ကျွန်ုပ်တို့ တစ်ဦးချင်း၌ ကွဲပြားသော နေရာဒေသများနှင့် နောက်ကြောင်းများ ရှိနေသော်လည်း မွေးဖွားခြင်းခံရပုံမှာ တူညီကြသည်။ သို့သော် ယေရှု၏ ဖွားမြင်ခြင်းသည် ကျွန်ုပ်တို့နှင့် ကွဲပြားသည်။ အတု မရှိ၊ထူးမြတ်တော်မူသော ဖွားမြင်ခြင်း ဖြစ်သည်။ယေရှုဖွားမြင်ခြင်း၌ မည်သည့်အရာသည် ထူးခြားသောလက္ခဏာ ဖြစ်သနည်း။ ယေရှဖွားမြင်သည့် အကြောင်းအရာများနှင့် သူ၏ ရှေ့တော်ပြေး ဖြစ်သောနှစ်ခြင်းဆရာယောဟန်အကြောင်းတို့ကို ခရစ်ဝင်ကျမ်း များ၌ မှတ်တမ်းတင်ရေးသားထား သည်။ ယေရှဖွားမြင်သည့် အဖြစ်အပျက်များအား အသေးစိတ် ကြည့်ပါကအခြားသူများနှင့် မတူဘဲ ထူးခြားသည့်လက္ခဏာ မြောက်များစွာရှိသည့် အပြင်၊သမိုင်းတွင် ထိုနည်းတူမရှိသော အနှိုင်းမဲ့ ဖြစ်ပါသည်။ အောက်ပါတို့သည် ယေရှုဖွားမြင်ခြင်း၌ ထူးခြားသည့် လက္ခဏာများ ဖြစ်သည်။

ကောင်းကင်တမန်များ ကြေငြာခဲ့ခြင်း

ယေရှုဖွားမြင်မည့်အကြောင်း ကောင်းကင်တမန်များက ရှေ့ပြေးကြေငြာခဲ့ကြသည်။ ဘုရားသခင်သည် ကောင်းကင်တမန် ဂါဗြေလအား နာဇရက်မြို့ သို့စေလွှတ်ကာ အပျိုကညာမာရိထံ အောက်ပါအရာများ ပြောစေခဲ့သည် – (၁) ဘုရားသခင်ထံမှ ပဋိသန္ဓေတည်ခြင်း (လုကာ ၁:၂၆-၂၈)။ “ဤအမူအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျားနှင့် မဆက်ဆံပါ။” ဟူသော မာရိ၏မေးခွန်းကို “သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက် ရောက်တော်

မူ၍၊ အမြင့်ဆုံးသော ဘုရား၏တန်ခိုး အာနုဘော်တော်သည် သင့်ကို လွှမ်းမိုးလိမ့်မည်” ဟု ပြန်ဖြေခဲ့သည် (လုကာ၊ ၁:၃၅)။ (၂) ဘုရားသခင်ထံမှ ဖွားမြင်ခြင်း၊ကောင်းကင်တမန်သည် မာရိအား “သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်” ဟု ပြောခဲ့သည် (လုကာ၊ ၁:၃၁)။ (၃) ဘုရား၏ နာမ “အမြင့်ဆုံးသော ဘုရား၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်” ဟု ပြောခဲ့သည် (လုကာ၊ ၁:၃၂)။ (၄) ဘုရား၏ အရိုက်အရာ “သူ့အဘ ဒါဝိဒ်၏ ရာဇပလ္လင်ကိုထာဝရအရှင်သခင်သည် သူ့အားပေးတော်မူမည်။ ထိုသူသည်လည်း ယာကုပ်အမျိုးအနွယ်ကို အစဉ်မပြတ် အုပ်စိုးလိမ့်မည်” ဟုကောင်းကင်တမန် ပြောခဲ့သည် (လုကာ၊၁:၃၂ – ၃၃)။

ဘုရားသခင်၏ မစထောက်ပံ့မှုကြောင့် ကဲသာဘုရင် ဩဂုတ္တုသည် တစ်နိုင်ငံလုံး၌ ရှိသောသူများကို သန်းခေါင်စာရင်း ဝင်ရန်အတွက် မိမိတို့မြို့ရွာသို့ ပြန်ကာစာရင်းသွင်းရန် အမိန့်ပေးခဲ့သည်။ ယောသပ်သည် နာဇရက်မှ ဗက်လင် အမည်ရှိသော ဒါဝိဒ်မြို့ သို့ ပြန်သွားခဲ့သည်။ ယောသပ်သည် မိမိနှင့် လက်ထပ်ရန် ကတိပြုထား၍ ကိုယ်ဝန်အရင့်အမာရှိနှင့်ပြီး သားဖွားခါနီးဖြစ်သော မာရိနှင့် အတူ သန်းခေါင်စာရင်းဝင်ရန် ဗက်လင်မြို့သို့ သွားခဲ့ရသည်။ ဗက်လင်မြို့၌ ရှိနေစဉ်မှာ ပင် မာရိသည်သားဦးကို မွေးဖွားရန် အချိန်ကျခဲ့သည်။ သူမသည် တည်းခိုခန်း၌ နေရာမရှိသည့်အတွက် သားဦးကို အဝတ်နှင့် ပတ်ရစ်ကာ နွားစာခွက်၌ သိပ်ထား၏ (လု၊ ၂:၁-၇)။

တောအရပ်၌ သိုးစုကို စောင့်နေသော သိုးထိန်းများထံ ကယ်တင်ရှင် မွေးဖွားသည့် သတင်းကြားပြောရန် ကောင်းကင်တမန် တစ်ပါးပေါ်လာခဲ့သည်။ “ယနေ့တွင်ဒါဝိဒ်မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလိုငှါ ဘွားမြင်ခြင်းကို ခံတော်မူပြီ” (လုကာ၊ ၂:၁၁)။ ထိုသို့ ကြား ပြောပြီးနောကကောင်းကင်ဗိုလ်ခြေအများတို့သည် ချက်ချင်းထင်ရှားကာ ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။ ကောင်းကင်ပင်လယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။မြေကြီးပေါ်၌ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်း” ဟု ဘုရားသခင်ကို ချီးမွမ်းမြွက်ဆို ခဲ့ကြသည် (လုကာ ၂:၁၄)။

ဤကမ္ဘာပေါ်၌ ယေရမှလွဲ၍ အခြားမည်သူတစ်ဦး တစ်ယောက်၏ မွေးဖွားခြင်းကို ကောင်းကင်တမန်တော်များ ပြောဆိုကြေညာခဲ့ခြင်းမရှိပေ။ ကျွန်တော့်ကိုမွေးဖွားစဉ်က ကျွန်တော့် အမေသည် ဆေးရုံမှ ခရစ်စမတ် လက်ဆောင် ရရှိသည်မှလွဲ၍ အခြားကြီးကျယ်ခမ်းနားသောဂုဏ်ပြုပွဲ ကျင်းပခြင်းမျိုး မရှိခဲ့ပေ။ ထိုလက်ဆောင်ရရှိခြင်းမှာလဲ ခရစ်စမတ်ပြီးနောက် နှစ်ရက်အကြာတွင် ကျွန်တော့်ကို မွေးခဲ့သည့်အတွက် ဖြစ်သည်။ ကောင်းကင်တမန်များ၏ စကားပြောသံ၊ ကြွေးကြော်သံလုံးဝ မရှိခဲ့ပေ။

အပျိုကညာမာရိမှ ဖွားမြင်ခြင်း

အပျိုကညာမာရိသည် ယေရှုကို မွေးဖွားခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် မာရိအပေါ်တွင် လွှမ်းမိုးခဲ့ကာ ပဋိသန္ဓေစွဲခဲ့သည်။ ယောသပ်သည်သားဦးကို မဖွားမြင်မီ တိုင်အောင် မာရီနှင့် ပေါင်းသင်းဆက်ဆံခြင်း မပြုဘဲနေ၏(မဿဲ ၁၂၅)။ ခရစ်တော်သည် အပျိုကညာမှ မွေးဖွားလာသည်မှာ အစစ်အမှန်ဖြစ်သည်။ အပျိုကညာမှ မွေးဖွားခြင်းသည် ခရစ်တော်၏ အပြစ်ကင်းခြင်း၊ ဘုရားဖြစ်ခြင်းနှင့် တိုက်ရိုက်ပတ်သက် ဆက်နွယ်ပါသည်။ အကယ်၍ ခရစ်တော်သည်အပျိုကညာလမ်းမှ ဖွားမြင်လာခြင်း (သို့) အပြစ်ကို အမွေရရှိထားသော အာဒံ၏မျိုးစေ့နှင့် ကင်းလွတ်ခြင်း မရှိပါက အပြစ်ကင်းစင်သောသူ မဖြစ်နိုင်ဘဲ ကျွန်ုပ်တို့အား အပြစ်မှ ကယ်လွှတ်မည့် လုပ်ငန်းကို ဆောင်ရွက်နိုင်မည် မဟုတ်ပေ (မဿဲ၁း၂၁)  ရောမ ၅:၁၂)။ အပြစ်ကင်းသော ဘုရားသခင်၏ သိုးသူငယ်ဖြစ်ရန် အတွက်မာရှာသည် အပြစ်၏ ကျိန်ခြင်းကို ဖြတ်ကျော် လွတ်မြောက်ခဲ့သည်။

ပရောဖက်များ၏ အတည်ပြုထွက်ဆိုခဲ့ခြင်းများ

အပျိုကညာမှ ဖွားမြင်ခြင်းသည် ဟေရှာယ၏ ပရောဖက်ပြုချက် ပြည့်စုံခြင်းဖြစ်သည်။ “ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကိုအင်းတို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေဟူ၍ ယောကျာ်းကိုဘွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင်မှည့်ရလတံ (ဟေရှား၁၄)။

ယေရှုဖွားမြင်မည့် နေရာသည် ဗက်လင်မြို့ဖြစ် ကြောင်း ပရောဖက် မိက္ခာသည် ကြိုတင်ဟောပြောခဲ့သည်။ “ထိုဗက်လင်းရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလ အမျိုးကို အုပ်စိုးသောသခင်သည် ငါ့အဘို့ သင်၏ အထဲမှာ ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏” (မိက္ခာ၊ ၅:၂)။ ယောသပ် နှင့် မာရိတို့ ဗက်လင်မြို့သို့သွားရန် ဘုရားသခင်သည် ကဲသာဘုရင်ဩဂုတ္တုကို အသုံးပြုခဲ့သည်။ အရာခပ်သိမ်းကို အစိုးရသော ဘုရားသခင်၏ လက်တော်သည် ပရောဖက် ပြုထားခြင်းများကို ပြီးပြည့်စုံရန် ဆောင်ရွက်ခဲ့သည်။ ယေရှုဖွားမြင် မည့်နေရာအား ရှင်မဿဲ၏ဖော်ပြချက်ကို မိက္ခာ၏ ပရောဖက်ပြုချက်အားဖြင့် အတည်ပြုခဲ့သည် (မဿဲ ၂၆)။

ဘုရားအဖြစ်မှ လူ့ဇာတိခံယူခြင်း

 

ယေရှု၏ဖြစ်တည်ခြင်းသည် သူ၏ဖွားမြင်ခြင်းမှ စတင်ခြင်းမဟုတ်။ သူသည်လောကသို့ ကြွလာကာ လူ့ဇာတိကို ခံယူခဲ့သော်လည်း အစကနဦး ကတည်းကရှိနှင့်သော ပုဂ္ဂိုလ်ဖြစ်သည်။ ကျွန်ုပ်တို့၏ တည်ရှိခြင်းသည် သန္ဓေတည်ခြင်းမှစသည်။ သို့သော် ယေရှု၏ တည်ရှိခြင်းသည် ပဋိသန္ဓေ မတည်ခင် ကမ္ဘာကို မဖန်ဆင်းခင်ကတည်းကဖြစ်သည်။ သားတော်သည် မျက်မြင်မ ရသော ဘုရားသခင် ၏ပုံသဏ္ဍာန်တော်ဖြစ်၏။ ဝေနေယျ သတ္တဝါ အပေါင်းတို့ တွင်လည်း သားဦး ဖြစ်တော်မူ၏။ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ် မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသောအရာ မဖြစ်မှီဖြစ်တော်မူ၍ ခပ်သိမ်းသော အရာတို့သည် တန်ခိုးတော်အားဖြင့် သာတည်ကြ၏”(ကော၊၁း၁၅-၁၇)။ ယောဟန်ကလည်း “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစဦး၌ ဘုရားသခင်နှင့် အတူရှိ၏” ဟုရေးသားခဲ့သည် (ယော၊ ၁း၁ -၂)၊ ပရောဖက်မိက္ခာသည် ဗက်လင်မြို့၌ ဖွားမြင်မည့်သူတစ်ဦးအကြောင်း ပရောဖက်ပြုခဲ့သည်… “ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ပေါ်ထွန်းသော သခင်ဖြစ်၏” ဟု ပြောခဲ့သည် (မိက္ခာ ၅:၂)။ ဖွားမြင်ခြင်းသည်ယေရှု၏ အစပြုတည်ရှိခြင်း မဟုတ်ပေ။ ယေရှုသည် ထာဝရ အဆုံးမရှိ တည်ရှိနေသူဖြစ်သည်။ ဤသည်မှာ အံ့ဖွယ်ဖြစ် ပါသည်။

ရှေးဟောင်း လက်တင် ကဗျည်းစာတမ်းတစ်ခု၌ ယေရှုရှင်အကြောင်း စကျင်ကျောက်ပေါ်တွင် အောက်ပါအတိုင်း ရေးထိုးထားပါသည်

ငါဖြစ်ခဲ့သည့်အတိုင်း ငါဖြစ်သည်။-ဘုရား

ငါဖြစ်သည်အတိုင်း ငါမဖြစ်ခဲ့ပေ။-လူ

ယခုငါသည် နှစ်မျိုးလုံး ဖြစ်သည်။ -ဘုရား၊ လူဘုရားသခင်သည် လူ့ဇာတိကို ခံယူခြင်း ဖြစ်သည်။’ လူ့ဇာတိကို ခံယူခြင်းဖြစ်သည် လူဝင်စားခြင်း လုံးဝမဟုတ်ပေ။ လူဝင်စားခြင်းက သံသရာလည်စရာ အရင်ဘာများစွာ ရှိသည်ဟု ထင်မှတ်ယုံကြည်ထားသည်။ သို့သော် လူ့ဇာတိ ခံယူခြင်းသည် ကောင်းကင်မှ လောကီကမ္ဘာမြေပေါ်သို့ ဒေါင်လိုက် ဆင်းသက်လာခြင်းဖြစ်သည်။ ဘာဝရကာလကတည်းက တည်ရှိနှင့်ပြီး လူ့ဇာတိကို ခံယူကာ လူများနှင့်အတူ နေထိုင်ခဲ့သည်။ နွားစားခွက်ထဲရှိ ကလေးငယ်တစ်ယောက်အဖြစ် လောကသို့ဆင်းကြွရန် ကောင်းကင် တံခါးကို ချိုးဖျက်ခဲ့သည်။

ယေရှုရှင်သည် ထာဝရကာလမှ အချိန်ထဲသို့ ဝင်လာခဲ့သည်။ ဘုရားသခင်သည် နေရာ နှင့် အချိန်ထဲသို့ စီးနှင်းလာခဲ့သည်။ ဖွားမြင်ခြင်းနှင့်စပ်လျဉ်း၍ ဧဝံဂေလိသတင်းကောင်းသည် သူငယ်တစ်ဦးဖွားမြင်သည့် ပုံပြင်သက်သက်သာ မဟုတ်ဘဲဘုရားစင်စစ်မှ မည်သို့သူငယ်တစ်ဦး ဖြစ်လာခြင်း ဖြစ်သည်။ ယေရှု ဖွားမြင်ခြင်းသည် ဘုရားသခင်၏ ပြက္ခဒိန်၌ သမိုင်းဆိုင်ရာ အဖြစ်အပျက်တစ်ခု ဖြစ်သည်။အရစ်စမတ်သည် စိတ်လှုပ်ရှားဖွယ် သက်သက်မဟုတ်ဘဲ မော်ကွန်း တင်အပ်သောအဖြစ်အပျက်ဖြစ်သည်။ သမိုင်းတစ် လျှောက်တွင် လူသားတို့သည်တိုးတက်မှု များကို ကြွေးကျော်ခဲ့ကြသည်။ နေးအမ်းစထရောင်းသည် လကမ္ဘာပေါ် တက်ရောက်နိုင်သော အခါဤသို့ရောက်ရှိလာခြင်းသည် လူသားများအတွက် ကြီးမား ခြေလှမ်း တစ်လှမ်းဖြစ်ကြောင်း ကြွေး ကြော်ခဲ့သည်။ ယေရှုရှင်၏ ဤလောကသို့ ဆင်းကြွ လာခြင်းသည်လူသားတစ်မျိုးနွယ်လုံး၏ သမိုင်းတလျှောက် မော်ကွန်းတင်စရာ ခြေလှမ်း ဖြစ်ခဲ့

ပါသည်။

ထာဝရကာလမှ စီစဉ်ထားခြင်း

ဘုရားသခင်သည် ရည်ရွယ်ချက်မရှိဘဲ ယေရှုခရစ်တော်ကို ဖွားမြင်စေမည်မဟုတ်ပေ။ ယေရှုဖွားမြင်ခြင်း သည် မတော်တဆဖြစ်ရပ် မဟုတ်သကဲ့သို့ မရည်ရွယ်ဘဲ အမှုမဲ့အမှတ်မဲ့ ဖြစ်လာခြင်း လည်း မဟုတ်ပေ။ ယေရှုဖွားမြင်ခြင်းသည် ဘုရားသခင်၏ အစီအစဉ်၌ အဓိက အချက်အချာ ဖြစ် သည်။ ယေရှု ဖွားမြင်ခြင်းသည်တစ်လောကလုံး၏ အပြစ်များအတွက် အသေခံခြင်းဟူ သည့် အကြီး မြတ်ဆုံး သောအစီအစဉ်ကို ပြီးပြည့်စုံစေခဲ့သည်။ ကျွန်ုပ်တို့၏ အပြစ်များမှ ကျွန်ုပ်တို့ကို ကယ်တင်ရန် ယေရှုဆင်းကြွလာခြင်း ဖြစ်သည်။ မဿဲ ၂:၂၁တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ရှေ့မဆွက အစီအစဉ် ဆွဲပြီးသား ဖြစ်သည်။ “ရှေးကပ်ကာလ မတိုင်မီ ကတိထားတော်မူ၍” (တိတု၊ ၁:၂)။ တိတုသည် ကယ်တင် တော်မူခြင်း ကျေးဇူးကို ပြောပြသောအခါ ယေရှုဖွားမြင်ခြင်းနှင့် အမှုတော်မြတ် လုပ်ငန်းတို့သည် ဘုရားသခင်၏ထာဝရအစီအစဉ်ကို ဖော်ပြနေခြင်းဖြစ်သည် နားလည်ထားခဲ့သည်။ “ကမ္ဘာဦးကပင်.……..ကွပ်မျက်ခံရသော သိုးသူငယ်” ဟု ရှင်ယောဟန်က ရေးသားထားသည် (ဗျာ၊၁၃:၈)။ အသေခံရန်အလို့ငှါ ဖွားမြင်ခြင်း လိုအပ်သည်။ ဘုရားသခင်သည် အစီအစဉ်တကျ၊ သေသေချာချာ လောကသို့ ယေရှုကိုစေလွှတ်ကာ မိမိ၏ ထာဝရ အစီအစဉ်ကိုအကောင်အထည် ဖော်ခဲ့သည်။ ကမ္ဘာမတိုင်မီကတည်းက သမိုင်းကို ထိန်းချုပ်သောဘုရားသခင်သည် မိမိသားတော်ကြွလာရန် ဗက်လင်မြို့ တွင် သမိုင်းဆိုင်ရာ နေ့တစ်

နေ့ကို ဖြစ်စေ၍ နောက်ဆုံးတွင် ယေရုရှလင်မြို့ပြင် တောင်ကုန်းဆီသို့ ကားတိုင်ထမ်းကာ အသေခံစေခဲ့ခြင်းကို နားမလည်ဘဲ နှုတ်ကပတ် သမ္မာကျမ်းစာကို သဘောပေါက်နားလည်နိုင်မည် မဟုတ်ပေ။

ယောဟန် ၁:၁-၅ မှ တာအို

ယောဟန် ၁:၁-၅ အား တရုတ်ကျမ်းစာတွင် အောက်ပါအတိုင်း တွေ့ရသည် -အစဦး၌ တာအို (the Tao) ရှိ၏။ တာအိုသည် ဘုရားသခင်နှင့်အတူရှိ၏။ တာအိုသည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုတာအိုသည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ တာအို သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက် ဖြစ်သောအရာ တစုံတခုမျှ မရှိ။ ထိုတာအို၌အသက် ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်း ဖြစ်၏။ (၅ အမှောင်သည်အလင်းကို မအောင်နိုင်ပါ) ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ။

တာအို သည် လာအိုဇီ၏ ဒါအိုဂျင်ကျမ်း (Laozi’s Daodejing) ၌ အဓိက သွန်သင်ချက်ဖြစ်သည်။” ဒါအိုဂျင် (Daodejing) ကျမ်းအရ

၁။ တာအို သည် အစဉ်စီးဆင်း၊ ပြောင်းလဲနေသည်။ ၎င်းကို စနစ်တစ်ခု သို့မဟုတ် စကားများဖြင့်ပင် ပုံဖော်၍ မရပေ။ Daodejing ကျမ်း၏ ပထမ အခန်း

တွင် ဤသို့ ဖော်ပြထားပါသည် –

ပြော၍ ရသော လမ်းဖြစ်သည်

၎င်းသည် တတစ်မတ်နည်း ရှိသော လမ်းမဟုတ် (I)

၂။ တာအို သည် နာမည်မဲ့ ဖြစ်သည်။ တာအိုဘာသာတရားက တာအို ကိုအတိအကျ မရှင်းပြနိုင်ကြပေ။ လာအိုစီ (Laozi) ၏ အဆိုအရ စကားလုံးများက တာအို ကို မဖော်ပြနိုင်ပေ ဟု ဆိုပါသည်။ ဖွင့်ပြပြော ဆိုနိုင်သော တာအိုသည် ထာဝရမဟုတ်နာမည်ပေးနိုင်သော အရာသည်ထာဝရ အမည်မဟုတ်

ထိုလမ်းသည် မိမိကိုယ်ကိုအမည်မဲ့ဖြင့် ဖုံးကွယ်ထားသည် (XI. 92)

ကမ္ဘာပေါ်ရှိ များပြား လှသည့် သတ္တဝါများသည် တစ်စုံတစ်ခုမှမွေးဖွားလာပြီး၊ ထိုတစ်စုံတစ်ခုသည် အဘယ်အရာမျှ မရှိခြင်းမှမွေးဖွားလာကြသည်။(XL, 89)

လိုအမည်မဲသည် ကောင်းကင်၊ မြေကြီး၏ အစဖြစ်သည်။

ထိုအမည်မဲ့သည် များပြားလှသည့် သတ္တဝါများ၏ မိခင်ဖြစ်သည်။

ထိုလမ်းသည် ထာဝရ အမည်မဲ့ ဖြစ်သည်။ (XXXII, 72)

၃။ တာအို သည် လူပုဂ္ဂိုလ်ဟုတ်၊ ကိုယ်ကျင့်တရား မရှိ။ တာအိုဘာသာကအကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်နေရာတွင် အမြင့်ဆုံးသော အဆင့် နှင့် အစားထိုးထားသည်။

ထိုဖော်ပြချက်သည် ယောဟန် ၁း၁-၅ တွင် ဖော်ပြထားသော ဘာသာပြန် ထားသည့်တာအို နှင့် လုံးလုံး ဆန့်ကျင်ဘက် ဖြစ်သည်(တာအို ဆိုသည်မှာ တရုတ်ဘာသာစကားဖြစ်သည် – မြန်မာကျမ်းစာတွင် နှုတ်ကပတ်တော်ဟု ဘာသာပြန်ထားသည်)။ထိုနှုတ်ကပတ်တော် (တာအို) သည် ယေရှုခရစ် ဖြစ်သည်၊ လူပုဂ္ဂိုလ် ဖြစ်သည်၊ခမည်းတော် ဘုရားသခင်နှင့် ထာဝရကာလကတည်းက အတူရှိပြီး၊ ဖန်ဆင်းရှင်သခင် ဖြစ်တော်မူသကဲ့သို့ ကယ်တင်ပိုင်ရှင်လည်း ဖြစ်တော်မူသည်။ ယောဟန် ၁:၁-၁၅ တွင် တွေ့ရသည့် တာအိုသည် တာအို ဘာသာတွင် တွေ့ရသည့် တာအို နှင့် လုံးဝကွဲပြားပါသည် –

၁။ တာအို သည် ထာဝရ တည်ရှိသည်။ ထာဝရကာလ၏ အစတွင် မည်သည့်အရာမျှမရှိ တာအို(နှုတ်ကပတ် တော်)သာ ရှိတော်မူ၏။

၂။ တာအိုသည် ဘုရားနှင့်သီးခြားသူ ဖြစ်သော် လည်း ၊  သူကိုယ်၌က ရာနှုန်းပြည့်ဘုရား ဖြစ် သည်။ သူသည် သုံးပါးတစ်ဆူဘုရား၏ ဒုတိယပုဂ္ဂိုလ်ဖြစ်ပြီးခမည်းတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့ ပုဂ္ဂိုလ်ဖြစ်ခြင်းတွင် ကွဲပြားသည်။ သို့သော် ယောဟန်က ယောရှုသည်လည်း ရာနှုန်းပြည့် ဘုရားဖြစ်တော်မူခြင်းကို ဂရုတစိုက် ဖော်ပြထားသည်။ ကိုယ်တော်သည် ခမည်းတော်ဘုရား (သို့) ဝိညာဉ်တော်ဘုရားထက် ဘုရားဖြစ်ခြင်းတွင် အနည်းငယ်နှိမ့်ကျနေခြင်းမျိုး လုံးဝမရှိ။ ထို့ကြောင့် သုံးပါးတစ်ဆူဘုရား ဖြစ်ခြင်းနှင့်ပတ်သက်၍ အကြီးမားဆုံး တင်ပြချက်ကို ဤကျမ်းချက်တွင် ယောဟန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဘုရားဖြစ်ခြင်းတွင် တူညီသော်လည်း ပုဂ္ဂိုလ်ဖြစ်ခြင်းတွင် ခမည်းတော်ဘုရား နှင့် သားတော်ဘုရား တို့သည် မတူညီကြပေ။ အစအဦး၌ နှုတ်ကပတ်တော် တစ်ခုတည်း ရှိခဲ့သည်မဟုတ် (အငယ်၁)၊ ဘုရားသခင်နှင့်အတူ ရှိခဲ့ခြင်းဖြစ်သည်(၁၊ ၁၄)။ ယော ဟန် ၁:၂ ကယေရှုသည် ဘုရားသခင် ဖြစ်ကြောင်းကို ရှင်းလင်းစွာ ဆက်လက် ဖော်ပြထားပါသည်။ ယေရှုသည် ဘုရားသခင်၏ ဖွင့်ပြတော်မူခြင်း ဖြစ်ပါသည်

(ဟေဗြဲ ၁:၁-၂)။

၃။ တာအို – ယေရှုသည် ဘုရားရှင်တစ်ပါး (agod) သက်သက် မဟုတ်၊သို့မဟုတ် အမြဲတမ်း ပြောင်းလဲနေသော အမည်မဲ့တရားမဟုတ်။ သူသည်မပြောင်းလဲသော ဘုရားသခင် (God) ဖြစ်သည်။

၄။ တာအို- ယေရှုသည် အသက်၏ အရင်းအမြစ်ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းထားသော အရာများကို အသက်ပေးနိုင်ငံသည်။ သက်ရှိသမျှသော အရာတို့သည် ဖန်ဆင်းရှင် ယေရှုအားဖြင့် ဖြစ်သည်။ လူသားတို့အတွက် ထိုအသက်သည် အလင်းကို ပေးသည်။ အသက်ရှိသောနေရာတွင် အလင်း

အလင်း ရှိသည်။ယေရှုသည် ဝိညာဉ်ရေးရာ အသက် နှင့် အလင်း ဖြစ်သကဲ့သို့ ခန္ဓာကိုယ်အတွက်လည်း အသက်နှင့်အလင်း ဖြစ်သည်ဟု ဆက်လက် ဖော်ပြ ထားပါသည် (၅:၂၆၊ ၆:၅၇၊ ၈:၁၂၊ ၉:၅၊ ၁၀:၁၀၊ ၁၁:၂၅၊ ၁၄:၆၊ ၁၇:၃၊ ၂၀:၃၁)။

ဥပမာအနေဖြင့် ပြောရလျှင် ဘုရားသခင်၏ မျောက်မှောက်တော်က ဖွင့်ပြတော်မူခြင်း နှင့် ကယ်တင်ခြင်းအားဖြင့် လျစ်လျူရှု ခြင်းနှင့် ဆိုင်သောအမှောင်ထု နှင့် အပြစ်ကို ဖယ်ရှားပေးသည် (ဟေရှာ ၉:၂)။ ယေရှုသည်လူ့ဇာတိကို ခံယူခြင်းအားဖြင့် ဤအမှုကို ပြုခဲ့သည်။

၅။ တာအိုက အမှောင်ထုကို အနိုင်ယူသည်။ ယေရှုသည် ဤလောက၏ အလင်းဖြစ်သည်။ အလင်းသည် အမှောင်ကို အစိုးရသည်။ အမှောင်သည် အလင်းကို အနိုင်ယူခြင်း မရှိ (Gr, Katelaben, “lay hold of,” cf, ၆:၁၇, ၈:၃-၄၊၁၂:၃၅၊ မာကု ၉:၁၈)၊ အလင်းကို မလွှမ်းမိုးနိုင်၊ သို့သော် အလင်းကအမှောင်အား အနိုင်ယူပါသည်။တာအိုဘာသာသည် နှစ်မျိုးနှစ်သွယ်ဖြစ်တည်ခြင်း(Balancing Dualism)ကို ယုံကြည်ထားသည်။ ၎င်းက စကြာဝဠာသည် တူညီသည့် စွမ်းအင် နှစ်ခုတို့၏ ယှဉ်ပြိုင်မှုအကြား တူညီစွာ ပိုင်းခြားထားသည်ဟု .. ဆိုပါသည်။

ထိုစွမ်းအား နှစ်ခုလုံးသည် တူညီသောအရည်အ သွေး နှင့် တန်ခိုးရှိကြသည်။ရင်း-ယန် (the foces of Yin-Yang) စွမ်းအားများသည် တာအိုဘာသာ၏ တူညီသော သဘောနှစ်ခုရှိနေသည်ဟူသည့် ခံယူချက်မှ လာသည်။ ရင်းယန်၏ခံယူချက်အရ အရာခပ်သိမ်းသည် ကောင်းမှုနှင့် မကောင်းမှုတို့ ပါဝင်

သည်။ ထို့ပြင် ကောင်းမှုသည် မကောင်းမှုကို လိုအပ်သည်ဟု ဆိုပါသည်။၎င်းတို့ နှစ်ခုလုံးသည် လုံးဝ ခွဲထုတ်မရနိုင်အောင် ဆက်နွယ်နေကြသည်။ထိုသဘောတရားနှစ်ခုသည် အဆုံးမရှိ အတူတကွ လည်ပတ်နေသည်မွေးဖွားခြင်း နှင့် သေဆုံးခြင်း၊ နေ့ နှင့် ည၊ အလင်း နှင့် အမှောင်၊ ကုသိုလ်ကောင်း မှု နှင့် အကုသိုလ်၊ ယောက်ျား နှင့် မိန်းမ၊ ပြည့်စုံခြင်း နှင့် လစ်ဟင်းခြင်း စသည်ဖြင့် အတူယှဉ်တွဲနေမည် ဖြစ်သည်။ ထိုင့်ကြောင့် ယန် (Yang)မရှိဘဲ ရင်း (Yin) မရှိနိုင်သကဲ့သို့ ရင်း (Yin) မရှိဘဲ ယန် (Yang) မရှိနိုင်ဟုဆိုလိုခြင်းဖြစ်သည်။ ထိုတရား နှစ်ပါးက ဖြစ်တည်ခြင်း အလုံးစုံကို ဖြစ်လာစေကြသည်။

ခရစ်ယာန်ဘာသာတွင် ဆန့်ကျင်ဘက် ပြဿနာကို မတူညီသည့် နည်း ဖြင့်ဖော်ပြထားသည်။ ကောင်းမှု နှင့် မကောင်းမှုတို့သည် တစ်ခုပေါ်တစ်ခု မှီခိုကြ ခြင်း မရှိပေ။ အလင်းသည် အမှောင်အပေါ် မှီခိုခြင်းမရှိ။ လောက၏အလင်းဖြစ်တော်မူသော ယေရှုသည် အမှောင်ကို အောင်နိုင်တော်မူသည်။ကမ္ဘာမြေကြီးသည် တူညီသည့် စွမ်းအားနှစ်ခုတို့ စီးချင်းထိုးသည့် နေရာအဖြစ် ရှင်ယောဟန် ရှုမြင်ခဲ့ခြင်း မရှိ။ သူသည် နှစ်မျိုးနှစ် သွယ် သဘောကိုလက်ခံသော ဒဿနတွေးခေါ်မှုကို ဆွဲကိုင်သောသူ မဟုတ်။ ယေရှုသည်အမှောင်ထု၏ စွမ်းအင်များထက် တန်ခိုးကြီးသော သူအဖြစ် ယောဟန်ရှုမြင်သည်။ အမှောင်ထုသည် … ကိုယ်တော့်ကို အနိုင်ယူရန် ကြိုးစားပါသော်လည်း မအောင်မြင်ပေ။ ယောဟန်က နောက်ပိုင်းတွင် သူဆက်ပြောမည့် ကရာနီတောင်ပေါ်မှ ဖြစ်ရပ်ကို ကြိုတင်ကြွေး ကြော်နေခြင်း ဖြစ်သည်။အမှောင်ထုသည် ဆက်လက်၍ အောင်နိုင်ရန် ကြိုးစားနေသော်လည်းအလင်းကသာ သူ့ကို အနိုင်ယူသွားနိုင်ပါသည်။

တာအိုဘာသာနှင့်ခရစ်ယာန်ဘာသာ

တာအို ဘာသာ-

တာအို မှာ အမည်မဲ့ ဖြစ်သည်

တာအိုသည် လူပုဂ္ဂိုလ်မဟုတ်

တာအိုသည် အချိန်တိုင်း ပြောင်းလဲနေသည်

တာအိုသည် အသက်လမ်းစဉ်တစ်ခုသာ ဖြစ်သည်

လောကကြီး၏ စီးဆင်းမှုတည်းဟူသော တာအို၏ စီးဆင်းမှုအတိုင်းအသက်ရှင်ခြင်းအားဖြင့်ဝမ်း မြောက် ခြင်းကို ရရှိနိုင်ပါသည်။

တာအိုသည် အမြင့်ဆုံးသော အဆင့်ဖြစ်သည်။

တွေးခေါ်မှုတစ်ခု

ခရစ်ယာန်ဘာသာ

တာအိုကို ယေရှုခရစ်တော် ဟုအမည်တွင်သည်

တာအိုသည် လူပုဂ္ဂိုလ် ဖြစ်သည်

တာအိုသည် ပြောင်းလဲခြင်း မရှိ

တာအိုသည် လမ်းခရီး၊ သမ္မာတရ-နှင့် အသက်ဖြစ်သည်

ထိုသခင်ကို သိကျွမ်းခြင်းကကောင်းကြီးမင်္ဂလာ ဖြစ်သည်။

ဘုရားသခင်သည် အမြင့်ဆုံးသောဖန်ဆင်းရှင် ပုဂ္ဂိုလ်ဖြစ်သည်

လူပုဂ္ဂိုလ်တစ်ဦး

ယေရှုခရစ်တော်ဖွားမြင်ခြင်း၌ အခြားသိရမည့်အချက်များ

၁။ ယေရှုသည် အနိမ့်ကျဆုံးသော လူများအတွက် အနှိမ့်ကျဆုံးသော နေရာသို့ဆင်းကြွလာခဲ့သည်။ သို့သော် သူ၏မွေးဖွားတော်မူခြင်းအတွက် အမြင့်ဆုံးသော ကြေငြာချက်ရှိခဲ့သည်။

(က) တည်းခိုခန်း၌ နေရာ မရှိတော့သောကြောင့် တိရိစ္ဆာန်ကို ထားရှိသည့်အနိမ့်ကျဆုံးနေရာ၌ ဖွားမြင်ခြင်း ခံခဲ့သည်။ သူ၏ပထမဆုံး နေရာသည် တိရိစ္ဆာန်များကြား နွားစားခွက်ထဲ၌ ဖြစ်ပါသည်။

(ခ) အနိမ့်ကျဆုံးသော သိုးထိန်းများထံ ကြွလာခဲ့သည်။ သိုးထိန်းများသည်ပညတ်တော်ကို ရိုသေလေးစားခြင်းမရှိ၊ မသန့်ရှင်းသူများ ဖြစ်သည့် အတွက် လူ့အဖွဲ့အစည်း၌ အနိမ့်ကျဆုံးသော လူတန်းစားအဖြစ်အထင်သေးခြင်း ခံရကြသည်။ သို့သော် ဘုရားသခင်၏ ကျေးဇူးတော်

နှင့်ဘုန်းတော်သည် သူတို့အပေါ် သက်ရောက်ခဲ့သည်။ သိုးထိန်းကြီးသခင်ယေရှုခရစ်တော်ကိုယ်တိုင် သူတို့ထံ လည်ပတ်ခဲ့သည်။ သိုးထိန်းများသည် သတင်းကောင်းကို ပထမဦးဆုံး ကြားခဲ့ရသူများ ဖြစ်ပါသည်။ သူတို့၏ ဘဝသည် အရင်အတိုင်း ဖြစ်နေတော့မည် မဟုတ်။သိုးလေးတစ်ကောင်ကို ပွေ့ချီတိုင်း ဘုရားသခင်၏ သိုးသူငယ်ကိုသတိရတော့မည် ဖြစ်သည်။ ထိုသိုးသူငယ်သည် သူတို့အတွက် ပူဇော်ခြင်းခံခဲ့သည့်အခါ ဖွားမြင်ခြင်းခံသည့်နေ့၌ သူတို့ ဖူးတွေ့ခဲ့သူ ဖြစ်ကြောင်းကို တွေးနေမိကြမည်။

ယောသပ်နှင့်မာရိအား တည်းစရာနေရာ မရှိကြောင်း … ပြောသောတည်းခိုခန်း ပိုင်ရှင်ထံ ယေရှုဖွားမြင်မည့် သတင်းကို မကြားပြောခဲ့ပေ။ အခြားဧည့်သည်များ၏အသံနှင့် ထိုသူများအား ဝန်ဆောင်မှုပေးကာ အလုပ်ရှုပ်နေသော တည်းခိုခန်းပိုင်ရှင်သည် ကောင်းကင်မှကြေငြာသံကို မကြားနိုင်ခဲ့ပေ။ သို့သော် တောအရပ် အထီးကျန်စရာကောင်းသော နေရာ၌ သိုးအုပ်တို့ကို စောင့်နေသော သိုးထိန်းများထံ သို့ကောင်းကင်တမန်များသည် ဝမ်းမြောက်ဖွယ်သတင်းကို ယူဆောင်လာခဲ့သည်။

(ဂ) ယေရှုအား အမြင့်မြတ်ဆုံးသော ကြေငြာချက်ဖြင့် ကြိုဆိုခဲ့ကြသည်။ကောင်းကင် တမန်များသည် ယေရှုဖွားမြင်ခြင်းကြောင်း နှင့် သူသည်ကင်တင်ရှင်ခရစ်တော် ဖြစ်ကြောင်း လူအများသိအောင် . ကြေငြာခဲ့သည်။ ကောင်းကင်တမန်နှင့်အတူ ကောင်းကင် ဗိုလ်ခြေအများတို့သည် ဘုရားသခင်ကို ချီးမွမ်းခဲ့ကြသည်။ “ကောင်းကင် ဘဝဂ်ဝယ်ဘုရားသခင်သည် ဘုန်းကြီးတော်မူစေ သတည်း။ မြေကြီးပေါ်၌ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍ မြွက်ဆိုကြ၏။” (လုကာ ၂း၁၄)။အံ့ဖွယ်မေတ္တာ၊ အဂ္ဂါပယ်မေတ္တာ။ အနိမ့်ကျဆုံးသောနေရာ (နွားစားခွက်) ၌ အနိမ့်ကျဆုံးသောသူ (သိုးထိန်းများ) ထံ ဆင်းကြွလာခဲ့သော်လည်း ယေရှု၌ အမြင့်ဆုံးသောကြွေးကြော်ခြင်း ကောင်း ကင်တမန်များအားဖြင့် သိရသည်။ ဟာလေလုယာ

မေးခွန်းများ

 

၁။ခရစ်စမတ်ကို ကျွန်ုပ်တို့ ကျင်းပသင့်ပါသလား။ အဘယ့်ကြောင့် ကျင်းပသင့်သနည်း/အဘယ့်ကြောင့် မကျင်းပသင့်သနည်း။

၂။ယေရှု ဖွားမြင်တော်မူခြင်း၏ ထူးခြားချက်များမှာ မည်သည့်အရာများ

ဖြစ်သနည်း။

တစ်ဖက်စာမျက်နှာတွင် “ထပ်မံဖြည့်စွက်ထားသော ဇယား” ကို ဖော်ပြပေးထားပါသည် –

ရှင်ဘုရင်အား စတင်မိတ်ဆက်ခြင်း

နှစ်ခြင်းဆရာယောဟန်အားဖြင့် မိတ်ဆက်ခြင်း

(မဿဲ ၃:၁-၁၂၊ မာကု ၁:၁၂-၈၊ လုကာ ၃:၁-၂၀)

နှစ်ခြင်းဆရာယောဟန်သည် ယေရှုကို မိတ်ဆက်ခဲ့သည်။ ယောဟန်၏ အဓိကအခန်းကဏ္ဍသည် လူများနောင်တရရန် ဟောပြော၍ ယေရှုထံညွှန်ပြရန် ဖြစ်သည်။

(ကျွန်ုပ်တို့၏ အဓိကအခန်း ကဏ္ဍသည်လည်း ဟောဟန်နှင့်ထပ်တူ ဖြစ်ပါသည်။)

ယောဟန် ဟောပြောသည်ကို ယုံကြည်သောသူများသည် ဗတ္တိဇံ ခံကြသည်။ ထိုသို့ယုံကြည်၍ နှစ်ခြင်းခံသောသူများသည် နောင်တရရုံသာမက မေရှိယ ကြွလာမည်ကိုမျှော်လင့်နေခဲ့ ကြသည်။ ၎င်းတို့၏ နောင်တတရားနှင့်အတူ အသီးအပွင့်များကိုလည်း မြင်တွေ့ခဲ့ရသည်။

ယောဟန်၏ အမှုတော်လုပ်ငန်းသည် ဓမ္မဟောင်း၌ ပရောဖက်ပြုထားသည့်အရာများကို ပြီးပြည့်စုံစေခဲ့သည် (ဟေရှာယ ၄၀း၃-၅)။ သူ၏ အမှုတော်လုပ်ငန်းသည် တိုက်ဆိုင်မှုကြောင့်ဖြစ်လာသော အခွင့်အရေး မဟုတ်ခဲ့ပေ။ အရာခပ်သိမ်းကိုသိမြင်သောဘုရားသခင်၏ အစီအစဉ်အရ ကြွလာမည့် ရှင်ဘုရင် အကြောင်း ကြိုတင်ပြောကြားရန် ဘုရားသခင်ကိုယ်တိုင် သံသမန်အဖြစ် ယောဟန်ကို စေခိုင်းခဲ့ခြင်းဖြစ်သည်။

ယေရှုဗတ္တိဇံခံနေစဉ် ဘုရားသခင်ကိုယ်တိုင် မိတ်ဆက်ခြင်း(မဿဲ ၃း၁၃-၁၇၊ မာကု ၁:၉-၁၁၊ လုကာ ၃း၂၁-၂၃)

လူအုပ်ကြီးနှင့်အတူ ယေရှုသည် ဂါလိလဲပြည် ယော်ဒန်မြစ်သို့ ယောဟန်အားဖြင့် နှစ်ခြင်းခံရန် ကြွတော်မူခဲ့သည်။ ယေရှုသည် မေရှိယဖြစ်ကြောင်း သိသောကြောင့် မိမိကိုယ်တိုင် ယေရှုပေးသည့် ဗတ္တိဇံကိုခံရန် လိုအပ်ကြောင်း ယောဟန်သည် ချက်ချင်းတုန့်ပြန်ခဲ့သည်။ သို့သော် ယေရှု၏တောင်းဆိုမှုကြောင့် ယောဟန်သည် ဝန်ခံကာ ယေရှုကို ဗတ္တိဇံပေးခဲ့သည်။

အဘယ်ကြောင့် အပြစ်ကိုပင် မသိသော ပုဂ္ဂိုလ်တစ်ဦးသည် ယောဟန်အားဖြင့် နှစ်ခြင်းခံခဲ့ သနည်း။ အကြောင်းမှာ ယေရှု၏ဗတ္တိဇံသည် အပြစ်၌ ကျရှုံးခဲ့ပြီးသော လူသားများနှင့်အတူ သက်သေခံရန် ဆောင်ရွက်မှုတစ်ခု ဖြစ်သည်။ အပြစ်မရှိသောသူသည် တစ်လောကလုံး၏ အပြစ်များကို မိမိအပေါ်သို့ ယူတင်ခဲ့သည်။လောက၏ အပြစ်များအတွက် အနာဂတ်တွင် အသေခံရမည့် အကြောင်း ပုံဆောင်

ချက်တစ်ခု ဖြစ်ခဲ့သည်။ ထိုကဲ့သို့ အမှုတော်မြတ်ကို ဆောင်ရွက်ရာတွင် ကောင်းကင်မှ ဘုရားသခင်၏ အသံတော်နှင့်ဝိညာဉ်တော် ဆင်းသက်ခြင်း လိုအပ်သည်။ လောကလူသားများကို ကယ်တင်ခြင်းအမှု၌ ခမည်းတော်ဘုရား၊ သားတော်ဘုရားနှင့် ဝိညာဉ်

တော်ဘုရား သုံးပါးစလုံး ပါဝင်သည်။

အနှိုင်းမဲ့ခရစ်တော်

သူ၏ ဗတ္တိဇံခံခြင်း

ဗတ္တိဇံခံရာတွင် ယေရှုကြုံရသောအဖြစ်အပျက်မျိုး လောကတွင် မည်သူတစ်ဦးတစ်ယောက်မျှ ကြုံရမည် မဟုတ်ပေ။

၁။ ကောင်းကင် ဖွင့်လှစ်ခဲ့သည်။ ပရောဖက်ယေဇကျေလ နောက်ပိုင်း အချိန်ကတည်းက ကောင်းကင်ဖွင့်သည့် အဖြစ်မျိုး မရှိခဲ့ပေ။ သို့သော် ယေရှု ဗတ္တိဇံခံရာတွင် ကောင်းကင် ဖွင့်လှစ်သည်မှာ အနှိုင်းမဲ့ ဖြစ်ရပ်တစ်ခု ဖြစ် သည်။

၂။ ယေရှု၏အမှုတော်သည် ဘုရားသခင်ထံမှ ပေးအပ်ထားခြင်းခံရ၍ ယေရှုသည်အခွင့်အာဏာအပြည့်အဝ ရရှိထားကြောင်း ရည်ရွယ်လျက် ဘုရားသခင်၏ဝိညာဉ်တော်သည် ယေရှုအပေါ် ချိုးငှက်ကဲ့သို့ ဆင်းသက်လာခဲ့သည်။လောကတွင် မည်သူတစ်ဦးတစ်ယောက် အပေါ်သို့မှ ဘုရားသခင် ၏ ဝိညာဉ်တော်ဘုရားသည် ချိုးငှက်ကဲ့သို့ ဆင်းသက်လာသည်ဟူ၍ မရှိပါ။

၃။ “ဤသူသည် ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟု ကောင်းကင်မှအသံတော်ကို ကြားခဲ့ရသည်။ ထိုကဲ့သို့ အသံတော်မျိုး ယေရှုရှင် အတွက်မှအပအခြားသူများအတွက်မျှ မရှိခဲ့ပေ။ယေရှု၏အမှုတော်လုပ်ငန်းသည် ဗတ္တိဇံခံနေစဉ် ကောင်းကင် ဖွင့်လှစ်ခြင်းနှင့်အစပြု၍ ဗိမ္မာန်တော်အတွင်း ကုလားကာ နှစ်ခြမ်းကွဲခြင်းနှင့် အဆုံးသတ်သည်။

ယေရှုစုံစမ်းခံရခြင်း (မဿဲ ၄း၁-၁၁၊ မာကု ၁း၁၂-၁၃၊ လုကာ ၄း၁-၃)

ဘုရားသခင်သည် ယေရှုကို အောင်မြင်သော ဘုရားသခင်၏ သားတော်အဖြစ် မိတ်ဆက်ရန်စာတန်အား အသုံးပြုခဲ့သည်။ ဝိညာဉ်တော်သည် ယေရှုကို တောအရပ်သို့ ပို့ဆောင်ကာ ထိုနေရာ၌စာတန်၏ စုံစမ်းခြင်းကို ရက်လေးဆယ် ပတ်လုံးခံခဲ့ရသည်။ စာတန်၏ စုံစမ်းခြင်း သုံးမျိုးလုံးသည် တစ်ဦးချင်း (ကျောက်ခဲကို မုန့်ဖြစ်

စေခြင်း) မှ လူမျိုးတစ်မျိုး (ဗိမ္မာန်တော်အမြင့်ဆုံးအထပ်မှ အောက်သို့ ခုန်ချစေခြင်း)၊မှ တလောကလုံး (လောကအတွက် စာတန်မာရ်နတ်ကို ကိုးကွယ်ကာ အလဲအလှယ်လုပ်စေခြင်း) စသည်ဖြင့် အဆင့်ဆင့် ဖြစ်သည်။ ယေရှုသည် စာတန်ကို နှုတ်ကပတ်တော်နှင့် ပြန်လည် ချေပခဲ့သည်။ သို့သော် စာတန်သည် ယေရှုကို ဆက်လက်

တိုက်ခိုက်၍ ကရာနီကုန်း၌ ယေရှုအား အသေခံစေမည့် ဘုရားသခင်၏ အစီအစဉပျက်သွားရန် နောက်ထပ် အခွင့်အရေးကို အမှောင်ထဲမှ စောင့်နေ ခဲ့သည်။ အသီးခူးလွယ်ကူစေရန် အသီးမှည့်သည်အထိ သူစောင့်နေခဲ့သည်။ ယေရှု ကားတိုင်ပေါ်ရောက်သည်အထိ စာတန်နှင့် တိုက်ခိုက်မှုများ ဆက်လက်ရှိ နေခဲ့သည်။ စာတန်သည် ရောမ စစ်သားများ၏ ဒေါသစိတ်၊ ဓါးပြများ၏ လှောင်ပြောင်ကဲ့ရဲ့သော စကားများဖြင့် နောက်ဆုံးအချိန်ထိ ယေရှုကို ကြိုးစားအားထုတ်ကာ တိုက်ခိုက်ခဲ့သည်။စာတန်သည် အောင်မြင်ရန် အမျိုးမျိုး ကြိုးစားအားထုတ်ခဲ့သော်လည်း ယေရှုသည်လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခဲ့သည်။ ထိုသို့အားဖြင့် မာရ်နတ်အား အလဲထိုးနိုင်ခဲ့သည်။ သေခြင်းကို နောက်ဆုံး စာရင်းရှင်းရမည့် အရာသည် ပြီးမြောက်ခဲ့ပြီဖြစ်သည်။ယောဟန်နှင့် ယေရှု၏ဘဝ အမှုတော်လုပ်ငန်းကြား ကွဲပြားမှုများ(ယောဟန် ၁း၁၅-၃၄)နှစ်ခြင်းဆရာယောဟန်သည် မိမိကိုယ်ကို ခရစ် တော် (သို့) ဧလိယ (သို့)ရောဖက် တစ်ပါးပါး မဟုတ်ကြောင်း ငြင်းဆို၍ လူများအား ခရစ်တော်ထံ ညွှန်ပြခြင်းအမှုကို သစ္စာရှိရှိ ဆက်လက်လုပ်ဆောင် ခဲ့သည်။ မိမိသည် ဘုရားသခင်၏သိုးသူငယ်ကို ညွှန်ပြနေသော သက်သေခံတစ်ဦးသာဖြစ် ကြောင်း   . . ပြောခဲ့သည်။ကွဲပြားမှုများမှာ အောက်ပါအတိုင်း ဖြစ်သည်။

ယေရှ

ဘုရား

အလင်း

ထာဝရတည်ရှိသူ

ဘုရားသခင်၏သိုးသူငယ်

သန့်ရှင်းသောဝိညာဉ်တော်နှင့်

ဗတ္တိဇံပေးသည်

ယောဟန်

ဘုရားသခင်ထံမှ စေလွှတ်ခြင်းခံရသူ

အလင်းအကြောင်းသက်သေခံသူ

ယောဟန်သည် “ဖွားမြင်သူ”

ဘုရားသခင်၏သိုး

– ရေနှင့် ဗတ္တိဇံပေးသည်

ယောဟန်၏တပည့်တော်များနှင့်မိတ်ဆက်ခြင်း (ယောဟန် ၁:၃၅ -၄၂)

နှစ်ခြင်းဆရာ ယောဟန်သည် မိမိနောက်လိုက်လူထုကို ဆုံးရှုံးရသောဒေသနာဆရာအဖြစ် မှတ်ယူခံရသည်။ ယေရှုကို ညွှန်ပြ၍ “ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်ပါ” ဟုပြောသောအခါ သူ၏တပည့်နှစ်ယောက်သည် သူ့ကို ချန်ထားကာ ယေရှုနောက်သို့ လိုက်သွားကြသည်။ ယေရှုသည် သူတို့အား “လာ၍ ကြည့်ကြလော့” ဟု မိန့်တော်မူခဲ့သည်။ ထိုသူတို့သည်သွား၍ ယေရှုကို ကြည့်ပြီး နောက်

အခြားသူများကို ဝေငှရန်သွားခဲ့သည်။ ယေရှု၏ “လာ၍ ကြည့်ကြလော့” ဟူသည့်စကားသည် … တပည့်တော်များအတွက် “သွား၍ပြောပါ”ဟူ၍ … ပြောင်းလဲခဲ့သည်။ယေရှုနောက်လိုက်သွားသည့် ယောဟန်တပည့် နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် အခြွေသည် ပထမဦးဆုံး ဧဝံဂေလိဝေငှသူ ဖြစ်လာခဲ့သည်။ အခြွေသည်သွား၍ မိမိညီ ရှိမုန်ပေတရုကို ယေရှုထံ ခေါ်ဆောင်ခဲ့သည်။

ဖိလိ၊ နာသနေလတို့နှင့် မိတ်ဆက်ခြင်း (ယောဟန် ၁း၄၃ -၅၁ )

ယေရှုသည် ဖိလိပ္ပုကို သူ့နောက်လိုက်ရန်ခေါ်ခဲ့သည်။ ၎င်းမှာ ဓမ္မဟောင်းကျမ်းစာများ၌ မောရှေနှင့် ပရောဖက်များ ရေးသားထားသည့် ငြင်းဆန်၍ မရသောဘုရားသခင်၏ ခေါ်ဆိုခြင်း ဖြစ်ပါသည်။ အကယ်၍ ကျွန်ုပ်သည် သင့်ကို ခေါ်မည်ဆိုလျှင် ကျွန်ုပ်ကဲ့သို့သော သာမန်လူအား သင် တုန့်ပြန်ချင်မှ တုန့်ပြန်လိမ့်မည်။သို့သော် ကနေဦး တပည့်တော်များသည် ယေရှု၏ခေါ်သံကို ကြားပြီးနောက် ယေရှုနောက်သို့ ချက်ချင်း လိုက်ခဲ့ကြသည်။အဘယ်ကြောင့်ဆိုသော် သူတို့ကို ခေါ်သောပုဂ္ဂိုလ်ရှင်မှာ ဣသရေလရှင်ဘုရင်၊ ဘုရားသခင်၏သားတော် ယေရှု ဖြစ်သောကြောင့်ဖြစ်သည်။ နာသနေလကို ဖိလိပ္ပုသွားခေါ်ခဲ့စဉ်က သူသည် သံသယရှိခဲ့ သော်လည်းသူ၏သံသယသည် ယုံကြည်ခြင်းအဖြစ်သို့ လျှင်မြန်စွာ ပြောင်းလဲသွားသည်။ ယေရှုသည် ဖိလိပ္ပုနှင့် နာသနေလအား စတင်မိတ်ဆက်ချိန်တွင် မိမိကိုယ်ကို မည်သူဖြစ်ကြောင်း တိုက်ရိုက်မပြောခဲ့သော်လည်း သူတို့သည် ယေရှု နောက်သို့ လိုက်ခဲ့ကြသည်။ ထိုကဲ့သို့ အခွင့်အာဏာနှင့် ဆွဲဆောင် နိုင်စွမ်းသည် လူတစ်ဦးအတွက် ဖြစ်တောင့် ဖြစ်ခဲသည်။ ယေရှုသည် ဣသရေလ ရှင်ဘုရင်၊ ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း နောက်ဆုံးတွင် တပည့်တော်များ နားလည် သွားခဲ့သည်။

မင်္ဂလာဆောင်ပွဲ၌ မိတ်ဆက်ခြင်း (ယောဟန် ၂း၁ -၁၂)

ဂါလိလဲပြည် ကာနမြို့၌ ကျင်းပသော မင်္ဂလာ ဆောင်ပွဲ၏ ပျော်ရွှင်စရာအခမ်းအနားသည် စပျစ်ရည်ကုန်သောကြောင့် . အရှက်ရမည့် အခြေအနေဖြစ်ခဲ့သည်။ယေရှုသည် အစေခံများအား … ကျောက်အိုးခြောက်လုံးကို ရေဖြည့်၍ ပွဲအုပ်ထံသို့ယူသွားရန် စေခိုင်းခဲ့သည်။ ပွဲအုပ်သည် ရေမှစပျစ်ရည် ဖြစ်သွားခဲ့သည့် စပျစ်ရည်ကိုမြည်းစမ်းခဲ့သော်လည်း ယေရှု၏ပထမဦးဆုံး နိမိတ်လက္ခဏာကို သတိ မမူမိခဲ့ချေ။တစ်ခါတစ်ရံ မတွေ့မမြင်၊ သတိမထား မိလိုက်သော အရာများသည် အ  ကြောင်းအရာကို နားမလည်ဘဲ ဆုံးရှုံးမှု ဖြစ်သွားတတ်သည်။ အစေခံများသည် ရေမှ စပျစ်ရည်အဖြစ်သို့ ပြောင်းသွားသည်ကို သိခွင့်ရခဲ့၍ တပည့် တော်များမှာမူ ယေရှု၏ နိမိတ်လက္ခဏာကို ယုံကြည်ခဲ့သည်။

တုနိုင်းမဲ့သော ခရစ်တော်၏ မိတ်ဆက်ခြင်း

နိဒါန်း

အမှုတော်မြတ်ကို လူအများရှေ့၌ ယေရှု စတင်ချိန်တွင် ဘွဲ့ နာမ အမျိုးမျိုးဖြင့် ယေရှုကို မိတ်ဆက်ခဲ့ကြသည်။ ထိုဘွဲ့နာမ၊ဂုဏ်ပုဒ်များသည် တုနှိုင်းမဲ့ ဖြစ်သည်။ တမန်တော် ယောဟန်က ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူ၍လည်းကောင်း၊ နှစ်ခြင်းဆရာယောဟန်က ဘုရားသခင်၏ သိုးသူငယ်တော်ဟူ၍ လည်းကောင်း၊ ခမည်းတော်ကိုယ်တိုင်ကဘုရား သခင်၏သားတော် ဟူ၍လည်းကောင်း၊ ကနဦး တပည့်တော်များက မေရှိယ အဖြစ်လည်း ကောင်း ကိုယ်တော်ကို မိတ်ဆက်ခဲ့ကြ ပါသည်၊

ဘုရားသခင်၏ နှုတ်ကပတ်တော်

ရှင်ယောဟန် ခရစ်ဝင်ကျမ်း၌ ယေရှုကို “အစဦး၌ နှုတ်ကပတ်တော်ရှိ၏။နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်းဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ် တော်သည် အစဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာတစုံတခုမျှ မရှိ။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်း ဖြစ်၏။ထိုအလင်းသည် မှောင်မိုက်၌ လင်း၍ မှောင်မိုက်သည် မခံမယူ” ဟု မိတ်ဆက်ခဲ့သည် (ယောဟန် ၁း၁- ၅)။

ရှင်ယောဟန် ခရစ်ဝင်ကျမ်း၏ ပထမဦးဆုံး အခန်းငယ်နှစ်ခုတွင် ယေရှုအားအောက်ပါ ဆက်နွယ်မှု နှစ်ခုနှင့် နှိုင်းယှဉ်ကာ မိတ်ဆက်ထားပါသည် -ပေ။၊ အချိန် – “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏” ထိုအစအဦး၌ ဆိုသည့် စကားလုံးသည် အချိန်မစတင်မီ ထာဝရကာလကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထို “အစအဦး”ဆိုသည့် စကားလုံးသည် အရာခပ်သိမ်းကို မဖန်ဆင်းခင်က ဖြစ်သည် (အခန်းငယ်၃)။ ထိုအစအဦးပြောပြီးခါမှ အရာခပ်သိမ်းဖန်ဆင်း ခြင်း၏အစ၊ အချိန်၏အစ တို့ဖြစ်တည်လာခြင်း ဖြစ်သည်။ ထို့ကြောင့် “နှုတ်ကပတ်တော်” သည် အရာခပ်သိမ်းတို့ထက် အရင်ဖြစ်သည်။ သူသည် အစဦးအချိန်မှ မဟုတ်ဘဲ အစအဦး၌ ဖြစ်တည်

နေခြင်းဖြစ်သည်။ ထို့ကြောင့် ကိုယ်တော်ကိုယ်တိုင်သည် အစမရှိပေ။ ဆိုလိုသည်မှာကိုယ်တော်သည် ထာဝရ ဖြစ်သည်။ ထိုကြောင့် ယေရှု၏ ဘုရားဖြစ်ခြင်းသည်ဤကျမ်းချက်အားဖြင့် ရှင်းလင်းစွာ ဖော်ပြထားပါသည်။

ယေရှုရှင်သည် “နှုတ်ကပတ်တော် ဖြစ်တော်မူသည်။” သခင်ယေရှုကို နှုတ်ကပတ်တော်အဖြစ် အဘယ်ကြောင့် ဖော်ပြသနည်း။ မည်သည့်အရာသည် ဤဘွဲ့နာမ၏တွန်းအားနှင့် ထူးခြားထင်ရှားမှုများ ဖြစ်သနည်း။ ဤမေးခွန်းကို ဖြေရန်အတွက် ကျွန်ုပ်တို့၏ စိတ်ထဲသို့ပထမဦးဆုံး ရောက်လာသော ကျမ်းပိုဒ်မှာ ဟေဗြဲဩဝါဒစာ၏ အဖွင့်စာကြောင်း ဖြစ်သည် “ရှေးလွန်လေပြီးသောအခါ ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်း ဗျာဒိတ်ပေးတော်မူသော ဘုရားသခင်သည်၊ ဤနောက်ဆုံး ကာလအခါ မိမိသားတော်အားဖြင့် ငါတို့အား ဗျာဒိတ်ပေးတော်မူပြီး(ဟေဗြဲ ၁:၁)။ ဟေဗြဲကျမ်းအရဆိုလျှင် ယေရှုသည် ဘုရား သခင်၏နောက်ဆုံးကိုယ်စား စကားပြောပိုင်ခွင့်ရှိသူ ဖြစ်သည်။ ဗျာဒိတ် ၁:၈ တွင် တွေ့ရသောကယ် တင်ရှင်၏ ဘွဲ့နာမနှင့် ဤကျမ်းချက်သည် အနီးစပ်ဆုံး ဆက်နွယ်မှုရှိသည်။ငါသည် အလဖြစ်၏။ ဩမေဃလည်း ဖြစ်၏” ဟူသည့် ဘွဲ့နာမအားဖြင့် ယေရှုသည် ဘုရားသခင်၏ အက္ခရာဖြစ်ပြီး ဘုရားဖြစ်ခြင်းကို နှုတ်ထွက် ပြောဆိုသူ၊ ဘုရားသခင် . ပြောရန်ရှိသည့် အရာမှန် သမျှကို ကြားပြောသူဟု နားလည်ရပါသည်။ယောဟန်၏ သက်သေခံချက်သည် ပို၍ ရှင်းလင်းပါသည် – “ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်းတော်၏ ရင်ခွင်၌ရှိသော တပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ” (ယောဟန် ၁း၁၈)။ ယေရှုသည် အဖခမည်းတော်ကို ထင်ရှားစေတော်မူခဲ့သည်။ ဤကျမ်းပိုဒ် သုံးပိုဒ်ကို အတူတကွလေ့လာဆင်ခြင် ကြည့်ပါက ခရစ်တော်သည် ဘုရားသခင်၏ ပြောဆိုပိုင်ခွင့်ရှိသူ၊ သူကိုယ်တိုင် ဘုရားဖြစ်၍ အဖခမည်းတော်ကို ထင်ရှားစေသူ ဖြစ်ကြောင်းကျွန်ုပ်တို့ သင်ယူရသည်။

ထို့နောက် ဘုရားသခင်၏နှုတ်ကပတ်တော်ဟု ဆိုရာတွင် ကြားနိုင်သောအသုံးအနှုန်းဖြင့် မိမိကိုယ်ကို ဘုရားဖြစ်ကြောင်း ဖော်ပြခြင်း ဖြစ်သည်။ အမှန်မှာယေရှုခရစ်တော်သည် မမြင်နိုင်သောဘုရား သခင် ၏ ပုံရိပ်ဖြစ်ပေသည် (ကော၊ ၁း၁၅)။

၂။ ဘုရားသခင် – “နှုတ်ကပတ်တော်သည် ဘုရားသ ခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏” နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ အစအဦး၌ ရှိနေခဲ့သည်။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိခဲ့သည်။ “နှင့်အတူ.. ဟူသည့် ရှေ့ဆောင်ပုဒ် စကား လုံးသည် ဘုရားသခင်၏ မျက်မှောက်တော်၌ နှုတ်ကပတ်တော်ရှိကြောင်း ဖော်ပြသည်။ “ဧနောက်သည် ဘုရားသခင်နှင့်” ဟူသော အဓိပ္ပါယ်မှာ ဧနောက်သည် ဘုရားသခင်နှင့် မိတ်သဟာဖွဲ့ကာနေသည်ဟု အဓိပ္ပါယ်ရသည်။ “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏” ဟုဆိုရာတွင် ယေရှုခရစ်တော်နှင့် အဖခမည်းတော်သည် ပုဂ္ဂိုလ်တစ်ဦးတည်း မဟုတ်ကြောင်း သိရသည်။ ယေရှုသည် ဘုရားသခင်၌ မဟုတ်ဘဲ ဘုရားသခင်နှင့်အတူရှိနေခြင်း ဖြစ်သည်။ “ဘုရားသခင်” ဟူသည့် အမည်နာမသည် သုံးပါးတစ်ဆူ ဘုရားသခင်၏ ယေဘုယျသုံး စကားလုံး ဖြစ်သည်။ အကယ်၍ “နှုတ်ကပတ်တော် သည်အဖခမည်း တော်နှင့်အတူရှိ၏” ဟု ရေးသား ခဲ့မည်ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်အား ချန်လှပ်ထားသကဲ့သို့ ဖြစ်သွား ပေမည်။ ထို့ကြောင့် “နှုတ်ကပတ်တော်သည် ဘုရားသခင် နှင့်အတူရှိ၏” ဟု ရေးသားထားသည်။ ခမည်းတော်သည် ပထမပုဂ္ဂိုလ်၏ အထူးနာမ ဖြစ်သည်။ သို့သော် “ဘုရားသခင်နှင့်အတူ” ဟု ဆိုသောကြောင့်ဝိညာဉ်တော်၊ ခမည်းတော် နှစ်ပါးလုံးနှင့်အတူ ထာဝရ မိတ်သဟာယဖွဲ့၍ အတူရှိနေသော နှုတ်ကပတ်တော်သည် သုံးပါးတစ်ဆူတည်း ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ “ဘုရားသခင်သည် ဘုရားသခင်နှင့် အတူရှိ၏” ဟု ဖော်ပြမထားသည်ကိုဆက်လက် သတိပြုပါ။ အကြောင်းမှာ ပုဂ္ဂိုလ်သုံးပါး ဖြစ်သော်လည်း တစ်ဆူတည်းသောဘုရား ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် တိကျမှန်ကန်ဆုံးမှာ “နှုတ်ကပတ်တော် သည် ဘုရားသခင်နှင့် အတူရှိ၏” ဖြစ်သည်။

“နှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်၏” (သို့) “ဘုရားသခင်သည် နှုတ်ကပတ်တော်ဖြစ်၏” “နှုတ်ကပတ်တော်” ဟု ဖော်ပြရာတွင် ခရစ်တော်၏ ဘုရားဖြစ်ခြင်းဘုန်းအသရေကို နားမလည်မည်ကို စိုးသောကြောင့် “နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏” ဟူသော ယေရှု၏ တစ်ဆူတည်းသော ဘုရားနှင့် မရှိမဖြစ်ပတ်သက်ဆက်နွယ်မှုကို ဖော်ပြ၍ ယေရှုသည် သုံးပါးတစ်ဆူတည်းမှ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်သည် ဆက်လက် ဖော်ပြခဲ့ ခြင်းဖြစ်သည်။ထို့ပြင် သန့်ရှင်းသော ဝိညာဉ်တော်သည် “ဘုရား သခင်သည် နှုတ်ကပတ်တော်ဖြစ်၏ ” ဟု ရှင်းလင်းစွာထပ်မံ ဖော်ပြထားသည်။ဘုရားသခင်ကိုယ်တိုင် မဟုတ်ဘဲ သူ၏အကြောင်းကို မည်သူတစ်ဦးတစ်ယောက်သည် ဖော်ပြနိုင်သနည်း။ နှုတ်ကပတ်တော်သည် ဘုရားသခင်ထံမှ ဖြစ်လာခြင်း မဟုတ်ဘဲ ဘုရားသခင်ကိုယ်တိုင် ထင်ရှားခြင်း ဖြစ်သည်။ နှုတ်ကပတ်တော်သည် ဘုရားသခင်အား ထင်ရှားစေသောအရာ မဟုတ်ဘဲ ဘုရားသခင် ကိုယ်တိုင်ထင်ရှားခြင်း ဖြစ်သည်။ သခင်ယေရှုခရစ်တော်၏ ရာနှုန်းပြည့် ဘုရားဖြစ်ခြင်းအကြောင်းကို ပိုမိုရှင်းလင်းစေသော အခြားဖော်ပြချက်မျိုး မရှိနိုင်တော့ပေ။

“သူသည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိတော်မူ၏။” နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ အချိန်မစတင်မီကတည်းက ရှိနေခဲ့သည်။ ခရစ်တော်သည် ဘုရားသခင်၏ စိတ်ထဲ၌ရှိသော စိတ်ကူးအယူအဆသာ ဖြစ်၍ အချိန်ကာလတစ်ခု၌ ထင်ရှားပြခဲ့သည်ဟူသော Gnostic ၏ မှားယွင်းသော အယူဝါဒကို ပစ်ပယ်ရန် ခရစ်တော်သည် ဘုရားသခင်နှင့် အတူရှိနေခဲ့သည်ဟူသည့် သမ္မာတရားသည်ရည်ရွယ်ခဲ့သည်ဟုပင် ထင်မှတ်ရသည်။ ဤကြောက်မက်ဖွယ်ကောင်းသော မှားယွင်းသည့် အယူဝါဒသည် ယနေ့ကျွန်ုပ်တို့ ခေတ်တွင်လည်း တစ်ကြော့ပြန် ရှိနေသည်။

သမ္မာကျမ်းစာတွင် နှုတ်ကပတ်တော်သည် ဘုရားသခင်၌ ရှိနေခဲ့သည်ဟု မရေးထားဘဲ ဘုရားသခင်နှင့်အတူ (ထာဝရ) ရှိနေခဲ့ကြောင်း ဖော်ပြထားသည်။

ခရစ်တော်သည် ဘုရားသခင်အား ထင်ရှားစေသူ ဖြစ်ရုံသာမက သူကိုယ်တိုင်သည်လည်း ဘုရားအဖြစ် အစဉ်တည်ရှိခဲ့ပြီး ဆက်လက် ထာဝရ ရှိနေဦးမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်ရုံသာမက သူကိုယ်တိုင် ဘုရားဖြစ်သည်ကိုကြားနိုင်သော အသုံးအနှုန်းဖြင့် ဖော်ပြခဲ့သည်။ ယေရှုသည် အဖခမည်းတော်၊သန့်ရှင်းသော ဝိညာဉ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူသည်။

ဖန်ဆင်းရှင်

“နှုတ်ကပတ်တော်သည် ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။” (ယေ၁:၃)။ ယေရှုသည် ဖန်ဆင်းရှင် ဖြစ်သည်။ ဘုရားသခင် . တစ်ပါးတည်းသာလျှင်ဖန်ဆင်း နိုင်သောကြောင့် ယေရှုသည် ဘုရားသခင် ဖြစ်တော်မူသည်။ သူသည် အရာခပ်သိမ်း မတိုင်မီ ရှိနှင့်သောကြောင့် ထာဝရဘုရား ဖြစ်သကဲ့သို့ အရာခပ်သိမ်း၏ဖန် ဆင်းရှင်ဖြစ်သောကြောင့် အရာအားလုံးတတ်စွမ်းနိုင်သူ ဖြစ်သည်။ လူသားမျိုးနွယ်၏အလင်းနှင့်အသက်

၁။“နှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏ အလင်းဖြစ်၏။” ယေရှုသည် လူတို့၏ အသက်နှင့် အလင်းဖြစ်သည်။ ခရစ်တော်သည်အရာခပ်သိမ်းကို ဖန်ဆင်းသောကြောင့် သူသည် အသက် ၏အရင်းအမြစ်ဖြစ်မည်။သူသည် အသက်ပေးသူ ဖြစ်သည်။ ဤနေရာတွင် “အသက်” ကို ကျယ်ပြန့်စွာ အသုံးပြုထားကြောင်း ကျွန်ုပ်တို့ နားလည်ရသည်။ ဖန်ဆင်းခံရသော အသက်သည် ဘုရားသခင်၌ ဖြစ်တည်သည်။ “ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျှက်၊ လှုပ်ရှားလျှက်၊ ဖြစ်လျှက်ရှိကြ၏။ ဝိညာဉ်အသက် (သို့) ထာဝရ အသက် နှင့် ထမြောက်ခြင်းအသက်သည် ယေရှု၌ ရှိတော်မူသည်။

၂။ “ထိုအသက်သည် လူတို့၏ အလင်း ဖြစ်သည်။” ဤနေရာတွင် ဖော်ပြထားသည့်“အသက်” သည် ယေရှုခရစ်တော်၏ ဘုရားနာမ ဖြစ်သည်။ ထို့ကြောင့် “ဘုရားသည်လူတို့၏ အလင်းဖြစ်သည်” ဟု ဆိုနိုင်သည်။ ဤအရာသည် ခရစ်တော်နှင့် လူတို့ကြားဆက်နွယ်မှုကို ဖော်ပြထားသည်။ . ယေရှုသည်အလင်းဖြစ်၍ လူတို့အား တာဝန်ရှိသော ဖန်ဆင်းခံများ ဖြစ်စေသည်။ လူတိုင်းတွင် ကျိုးကြောင်းဆက်စပ် တွေးတောနိုင်သော စိတ်ရှိကြသည်။ “မိမိတို့စိတ်နှလုံးထဲ၌ မှတ်သား သောတရား ၏အကျိုးကိုထင်ရှားစွာပြကြ၏” (ရောမ ၂:၁၅)။ ဤအလင်းသည် လောက၌ ရှိသောအရာအားလုံးကို အလင်းပေးသည်။ ထိုအလင်းသည် လူတို့အား တာဝန် ဝတ္တရားရှိသောလူသားများအဖြစ် ခန့်အပ်ခဲ့သည်။ သို့သော် လူသားတိုင်း၏ အတွင်း၌ ဘုရားသခင်၏ မီးစ၊ မီးပွားများရှိ၍ မီးတောက်လောင်ရန် လေလွှတ်ပေးရ မည်ဟူသော သမ္မာကျမ်းစာနှင့် မညီသောခံယူချက်ကို ကျွန်ုပ်တို့ မယုံကြည်ပေ။ လူသားမျိုးနွယ်အားလုံးသည် ပင်ကိုဗီဇအရ ဝိညာဉ်ရေးရာတွင် အပြစ်၌ သေနေကြသည်။ သို့သော် ဗီဇလူတို့သည်လည်း ဘုရားသခင် ၏ရှေ့တွင် တာဝန်ဝတ္တရားများရှိ၍ တစ်ဦးချင်းသည် မိမိလုပ်ဆောင်သည့်အတိုင်း အကျိုးအပြစ်များကို ခံရမည်။ အဘယ်ကြောင့်ဆိုသော်ယုံကြည်သူ၏ နှလုံးသားပေါ်တွင်လည်း ကောင်း၊ လူတိုင်း၏ ဩတ္တပစိတ်တွင်လည်းကောင်း ဘုရားသခင်၏ ပညတ်တော်ကို ရေးသားထားသောကြောင့် ဖြစ်သည်။လူတစ်ဦးချင်းစီ၏ အသိဉာဏ်သည် ကောင်း၊မကောင်းကို ခွဲခြားနိုင်စွမ်း ရှိသည်။ယောဟန် ၁:၄၊ ၉ တွင် ရည်ညွှန်းသည့် “အ လင်း”ကြောင့် ဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်သည်။ယေရှုသည် အလင်း ဖြစ်သည်။ ၁ ယော၊ ၁:၅ “ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။” ထို့ကြောင့် နိဂုံးချုပ်အနေနှင့် ယေရှုခရစ်တော်သည် သုံးပါးတစ်ဆူဘုရား၌ ဒုတိယပုဂ္ဂိုလ် ဖြစ်သည်မှာ သက်သေအထောက်အထားများ ပြီးပြည့်စုံ၍ငြင်းဆန်၍မရသော သမ္မာတရား ဖြစ်သည်။

ဘုရားသခင်၏သိုးသူငယ်

ခရစ်တော်၏ ရှေ့ပြေးဖြစ်သည့် နှစ်ခြင်းဆရာ ယောဟန်သည် ယေရှုကိုခရစ်တော်ဘုရား (သို့) ဘုရားသခင်၏ နှုတ်ကပတ်တော်ဟု မကြေငြာဘဲ “ဘုရားသခင်၏ သိုးသူငယ်” ဟု ကြေငြာခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ဣသရေလလူတို့၏ အလိုအပ်ဆုံးအရာကို ဖော်ပြခဲ့သည်။ “သူတို့သည် ပလ္လင်ပေါ်၌ ထိုင်နေသော ယေရှုကို မကြိုဆိုခင် ယဇ်ပလ္လင်ပေါ်၌ရှိသော သူကို အရင်ဆုံး လက်ခံယုံကြည်ရမည်” ဟု A.W Pink ရေးသားခဲ့သည်။ ယနေ့ခေတ်တွင်လည်း ခြားနားမှုရှိပါသလား။ “ဤလောကြီး၏ အဓိကနှင့်ပထမဦးဆုံး လိုအပ်မှုမှာ ဘုရားသခင်၏နေရာ ကားတိုင်ပေါ်မှ ခရစ်တော်ဖြစ်သည်။”သိုးသူငယ်သည် အပြစ်အတွက် ယဇ်ကောင် အဖြစ် မိမိကိုယ်ကို ဆက်ကပ်ခဲ့သည့်နေရာ ကားတိုင်ပေါ်မှခရစ်တော်ဖြစ်သည်။

“ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်ပါ။” ယောဟန်မတိုင်မီ ဓမ္မဟောင်းခေတ်ကာလ၏ ယဇ်ပူဇော်ခြင်းများအားလုံးသည် သိုးသူငယ်ကို နိမိတ်ဖက် ပြောခဲ့ပြီးဖြစ်သည်။ ကမ္ဘာ ၄ တွင် အာဗေလ ယဇ်ပူဇော်ခြင်းကြောင့် ပထမဦးဆုံး အသတ်ခံရသော သိုးသူငယ်သည် ပုံဆောင်ချက်ဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့ နိုင်သည်။ ကမ္ဘာ၂၂.၈ တွင် အာဗြဟံသည် ဣဇက်အား “သိုးသူငယ်ကို ဘုရားသခင်သည် ပြင်ဆင်လိမ့်မည်” ဟု ပြောသောအခါ ပရောဖက်ပြုခဲ့ကြောင်း  ကျွန်ုပ်တို့ တွေ့ နိုင်သည်။ ဟေ၊၅၃:၇ တွင် သိုးသူငယ်ကို လူပုဂ္ဂိုလ်အဖြစ် တင်စားသုံးနှုန်း ထားသည်။ ဤနေရာတွင်ပထမဦးဆုံးအနေနှင့် သိုးသူငယ်သည် လူပုဂ္ဂိုလ် ဖြစ်ကြောင်း လေ့လာသိရှိရသည်။ယောဟန် ၁း၉ တွင် သိုးသူငယ် မည်သူဖြစ်ကြောင်း ဖော်ထုတ်ခဲ့သည်။ ဗျာဒိတ်ကျမ်း၅ တွင် ကောင်းကင်ဗိုလ်ခြေများသည် သိုးသူငယ်ကို ချီးမြှောက်ခဲ့ကြောင်း ကျွန်ုပ်တို့သိရသည်။ သမ္မာကျမ်းစာ၏ နောက် ဆုံးအခန်းတွင် ဘုရား သခင်၏ သိုးသူငယ်သည်ချီးမြှောက်ခြင်းခံရ၍ ဘုရားသခင်၏ ပလ္လင်ပေါ်တွင် ထာဝရစိုးစံမည်ကို ကျွန်ုပ်တို့သိရသည်။

ကမ္ဘာဦးကျမ်း ၄ တွင် တွေ့ရသော ယဇ်ပူဇော်ခြင်းသည် အာဗေလ တစ်ဦးတစ်ယောက်တည်း အတွက်ဖြစ်သည်။ ထွက်မြောက်ရာကျမ်း ၁၂ တွင် ယဇ်ပူဇော်ခြင်းသည် တစ်မိသားစုလုံး အတွက်ဖြစ်သည်။ ဝတ်ပြုရာ ၁၆ တွင် နှစ်စဉ် နှစ်တိုင်းပသခါပွဲ ကျင်းပချိန်ရောက်သောအခါ ယဇ်ပူဇော်ခြင်းသည် .. လူမျိုးတစ်မျိုးလုံးအတွက် ဖြစ်သည်။ သို့သော် ယောဟန် ၁:၂၉ တွင် “ဤလောက၏ အပြစ်ကို ဆောင်သွားသောဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော့” ဟု ရေးသား ထားခဲ့သည်။ယုဒ အမျိုးသားများအတွက် ဖြစ်သကဲ့သို့ တစ်ပါးအမျိုးသားအားလုံး အတွက်လည်းဖြစ်ပါသည်။“ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်ပါ။” ဟုဆိုရာတွင် ခရစ်တော်၏အပြစ်ကင်းစင်ခြင်းနှင့် ပြီးပြည့်စုံခြင်းကို ညွှန်ပြသည်။ ယေရှုသည် “အဘယ် အပြစ်မျှမရှိ၊ အညစ်အကြေးနှင်းကင်းစင်သောသိုးသူငယ်” ဖြစ်သည် (၁ ပေ၊ ၁း၁၉)။ ယေရှုသည် ကျွန်ုပ်တို့၏ကိုယ်စား ဘုရားသခင်ထံ မိမိကိုယ်ကို လိုလိုလားလား ဆက်ကပ်ပူဇော်မှုနှင့် နူးညံ့သိမ်မွေ့မှုကို ဖော်ပြသည်။ အတင်းအကျပ် မောင်းနှင်စရာမလိုဘဲ“အသတ်ခံခြင်းငှာ ဆောင်သွားသော သိုးသူငယ်” ကဲ့သို့ ဆောင်ယူ ခြင်းခံရသည်။ကျွန်ုပ်တို့ သခင်၏ဘွဲ့နာမသည် “ယဇ်ကောင်” ဖြစ်သည်။ “လောက၏အပြစ်ကိုဆောင်ယူသွားသောဘုရား သခင်၏ သိုးသူငယ်” ဟု ဆိုသောကြောင့် အသေခံခြင်း အားဖြင့်သာ ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် “အသွေး မသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ” သောကြောင့် ဖြစ်သည်။ အပြစ်များကို ဆောင် ယူသွားနိုင်သည့်တစ်ခုတည်းသော နည်းလမ်းမှာ အသေခံခြင်း ဖြစ်သည်။

ဘုရားသခင်၏သားတော်

ကောင်းကင်တမန် ဂါဗြေလသည် အပျိုကညာမာရိအား သူမ၏သားကို“ဘုရားသခင်၏သားတော်” ဟု ခေါ်ရမည့်အကြောင်း မိန့်မှာခဲ့သည်(လုကာ ၁:၃၂၊၃၅)။ ကောင်းကင်မှ အသံတော်သည် “ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း” ဟု ကြေငြာခဲ့သည် (မဿဲ ၃း၁၇)။ နှစ်ခြင်းဆရာ ယောဟန်သည်လည်း ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း သက်သေခံခဲ့သည်(ယောဟန် ၁:၃၄)။ နာသနေလသည်လည်း .“အရှင်ဘုရား ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်တော်မူ၏” ဟု ဟစ်အော်ခဲ့သည် (ယော၊ ၁း၄၉)။ စာတန်ပင်လျှင် ယေရှုအား “ကိုယ်တော်သည် ဘုရားသခင်၏ သားတော်မှန်လျှင်.” ဟု ပြောခဲ့သည်(မဿဲ၊ ၄:၃)။သမ္မာကျမ်းစာတွင် “သား” ဟူသော အသုံးအနှုန်းကို တစ်စုံတစ်ယောက်(သို့) တစ်စုံတစ်ခုနှင့်ရင်းနှီးကျွမ်းဝင်သော ဆက်နွယ်မှုကို ဖော်ပြရာတွင် သုံးသည် ။မူလအရင်းအမြစ်ကို ဖော်ပြခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံ လူပုဂ္ဂိုလ်များ (သို့)အရာဝတ္ထုများနှင့် နီးစပ်သော ပတ်သက်မှုကို ဖော်ပြရာတွင်လည်း သုံးလေ့ရှိသည်။ကျွန်ုပ်သည် မိမိကိုယ်ကို မလေးနိုင်ငံသားဟု ပြောချင်ပြောနိုင်သည်။ သို့သော်မလေးရှားနိုင်ငံသည် ကျွန်ုပ်ကို မွေးဖွားပေးခဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ဘဲ ကျွန်ုပ်၏အမိနိုင်ငံတော်နှင့် ပတ်သက်ဆက်နွယ်မှုကို ဆိုလိုသည်။

ထို့ပြင် “သား” ဟူသောအသုံးအနှုန်းသည် လူတစ်ဦးကို အဖေတစ်ဦး၊ အမေတစ်ဦးဟူ၍ ကန့်သတ်လိုက်ခြင်း မဟုတ်ပေ။ ဤအသုံးအနှုန်းကို ကျယ်ပြန့်စွာ အသုံးပြုနိုင်သည်။တစ်နည်းအား ဖြင့် .. ကုန်သွယ်ရောင်း ဝယ်ဖောက်ကားမှု အဖွဲ့သားများကဲ့သို့ အဖွဲ့များကို ကိုယ်စားပြုရာတွင်လည်း အသုံးပြုနိုင်သည်။ တစ်ခါတစ်ရံ အကျင့်အသုံး အနှုန်းကို ကိုယ်စားပြုသုံး ကြသည်။စရိုက် (သို့) အရည်အချင်းတူသော သူများကို အတူတကွထား၍ “သား” ဟူသော“ဘုရားသခင်၏သားတော်” ဟု ဆိုရာတွင် ဘုရားသခင်သည် မာရိကို ဇနီးတစ်ဦးအဖြစ် သိမ်းပိုက်ခဲ့ခြင်း မဟုတ်ဘဲ ယေရှုသည် သန့်ရှင်းစွာဖြင့် မာရိ ဝမ်းမှမွေးဖွားလာသည့် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဆိုလိုသည်။ ဘုရားသခင်သည် ယောက်ျားဘုရား မဟုတ်သကဲ့သို့ ဘုရားသ ခင်၏သားတော်ဟု ဆိုရာတွင်အခြားဘုရားသည် ဘုရားသခင်နှင့်အတူ ပေါင်းဖော်ရှိနေခြင်း မဟုတ်ပေ။ တစ်နည်းအားဖြင့် ဘုရားသခင်၏သားတော်အဖြစ် ယေရှုသည် သုံးပါးတစ်ဆူ၌ ဒုတိယ ဘုရား

(သို့) တတိယဘုရားလည်း မဟုတ်ပေ။ ယေရှုသည် အစေခံ၊ လူသားနေရာမှ ဘုရားသခင်၏ သားတော်အဖြစ် ရာထူးတိုးသွားခြင်းလည်း မဟုတ်ပါ။ ထိုကဲ့သို့သောဘုရားများစွာ ယုံကြည်သည့် သွန်သင်ချက်များနှင့် သမ္မာကျမ်းစာသည် လုံးဝကိုက်ညီခြင်းမရှိပေ။ ဘုရားသခင်သည် တစ်ဆူတည်း ရှိတော်မူ၏။

ယေရှုသည် အပျိုကညာမာရိမှ မွေးဖွားလာသည့်အတွက် ဘုရားသခင်၏သားမဟုတ် သကဲ့သို့ သားဖြစ်ခြင်းသည် ထိုအရာပေါ်တွင် မမှီခိုပေ။ အပျိုကညာမှဖွားမြင်ခြင်းသည် သူ၏သားဖြစ်ခြင်းကြောင့်သာ ဖြစ်ရပါသည်။ မာရိ မရှိခင် ကတည်းက ဘုရားသခင်၏သားတော် ရှိနေခဲ့သည်။ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်လာခြင်း မဟုတ်ဘဲ ဘုရားသခင်၏သားတော် ယေရှုဖြစ်လာခြင်း ဖြစ်သည်။ထို့ကြောင့် သားတော်အနေဖြင့် ယေရှုသည် အဖခမည်းတော်အား “ဤကမ္ဘာမတည်မရှိမှီ အထံတော်၌ အကျွန်ုပ်ခံစားသော ဘုန်းသရေ” ဟု ပြောခဲ့သည် (ယောဟန်၊၁၇:၅၊ ကောလော၊ ၁:၁၃-၂၀)။ လောက၌ မာရိမရှိခင် ကတည်းက ဖြစ်သည်။ ဘုရားသခင်၏ ထာဝရသားတော်သည် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အချိန်နှင့်နေရာ အကန့်အသတ်ရှိသော လောကသို့ ကလေးငယ်တစ်ဦးအဖြစ် အပျိုကညာမာရိအားဖြင့် မွေးဖွားခြင်းကိုခံကာ ကြီးထွား၍ ယေရှုဟု အမည်ပေး ခေါ်ခံခဲ့ရသည်။

ယေရှုသည် သူ၏အံ့ဘွယ် စကားတော်များ နှင့် တန်ခိုးကြီးသော အလုပ်တို့ကြောင့် ဘုရား သခင်၏သားတော်ဖြစ်ခြင်း မဟုတ်ဘဲ ဘုရား သခင်၏ သားတော်ဖြစ်သောကြောင့် အံ့ဘွယ်သောစကားများနှင့် နိမိတ်လက္ခဏာများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အကယ်စင်စစ်၊ ယေရှု၏ဖွားမြင်လာပုံနှင့် လုပ်ဆောင်မှုများသည် သူ၏ဘုရားသားတော်ဖြစ်ခြင်းအတွက် သက်သေများ ဖြစ်သည်။ ထိုအရာမှ တစ်ခု (သို့)နှစ်ခုလုံးသည် သားဖြစ်ခြင်းအတွက် အရင်းအမြစ်ကို ကူညီပံ့ပိုးပေးခြင်း မဟုတ်ပေ။ကွဲပြားမှုကို နားလည်ရန် အင်မတန်အရေးကြီးသည်။

အမှန်မှာ၊ သူ၏အလုပ်သည် သူ၏သားဖြစ်ခြင်းကို သက်သေခံသည်။ “သားတော်” သည် ခမည်းတော်၏ အလိုတော်နှင့်အညီ အလုပ်ကိုဆောင်ရွက်ကာ “ခမည်းတော်ကို နာခံရမည် (ယောဟန် ၈း၃၇-၄၇)။ ယေရှုက မိမိသည် ဘုရားသခင်၏သားဖြစ်ကြောင်း အလုပ်များဖြင့် သက်သေပြခဲ့သည်။ “ငါသည် ငါ့ခမည်းတော်၏အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြနှင့်။ ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း ယုံ၍ သိမှတ်ကြလိမ့်ဟု မိန့်တော်မူ၏” (ယောဟန် ၁၀:၃၇-၃၈)။ ယေရှုသည် ခမည်းတော်ဘုရား၏ ဘုရားသခင်ကဲ့သို့ လုပ်ငန်းများကိုဆောင်ရွက် ခဲ့သည်။

၃လူများရှေ့၌ ယေရှု၏အမှုတော်လုပ်ငန်း

(ပထမအကြိမ်ပဿခါပွဲမှ ဒုတိယအကြိမ်ထိ)ကုန်ပစ္စည်းများ အရောင်းအဝယ်ပြုသူများကို ဗိမာန်တော်မှ မောင်းထုတ်ခြင်း(ယောဟန် ၂း၁၃-၂၅)

ယုဒလူမျိုးများ၏ ပဿခါပွဲအချိန် ရောက်ခါနီးတွင် ယေရှုသည် ယေရုရှလင်မြို့ သို့သွားခဲ့သည်။ ပဿခါပွဲသည် ယုဒမိသားစုဝင်တိုင်းအတွက် အလုပ်ရှုပ်သောအချိန်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပွဲတော်ကို ညစ်ညမ်းစေမည့် တဆေးများကိုဖယ်ရှားရန် တင်းကျပ်သော စစ်ဆေးမှုကြောင့်ဖြစ်သည်။ ဣသရေလလူမျိုး၏ ပွဲလမ်းသဘင်နှင့် ပတ်သက်၍ အဓိကအသန့်ရှင်းဆုံး နေရာသည် ဗိမာန်တော် (အဖ၏အိမ်တော်) ဖြစ်သည်။ အခြားလူမျိုးများနှင့်ကွဲပြား၍ ဘုရားသခင်၏ မျက်နှာသာပေးမှုကို ခံရသောလူမျိုးအဖြစ် ဗိမာန်တော်ထဲ၌ ဂုဏ်၊ အသရေရခဲ့သည်။ ဤသို့သန့်ရှင်းရာအရပ်တွင် လူ့ဇာတိကိုခံယူသော ယဟောဝါ ဘုရားသည် တဆေးကိုတွေ့ခဲ့သည်။ ဆုတောင်းရာအိမ်သည် ကူးသန်းရောင်းဝယ်မှုပြုရာ အိမ် ဖြစ်ခဲ့သည်။ဝတ်ပြုကိုးကွယ်ရန် သန့်ရှင်းသောနေရာသည် ယခုတွင် ဓါးပြတွင်း ဖြစ်ခဲ့သည်။သိုးဆိတ်များ ရောင်းသူနှင့် ပွဲစားများသည် လောဘကြီး၍ ဗိမာန်တော်၌ အကြမ်းဖက်မှုများ ရှိခဲ့သည်။ ကိုးကွယ်ခြင်းကို ရုပ်တုကိုးကွယ်ခြင်းနှင့် ဆိုင်သော စီးပွားရေးအဖြစ်သို့ ပြောင်းလဲခဲ့သည်။ ဗိမာန်တော်၌ တဆေးရှိခြင်းသည် အဘယ်မျှလောက်ကြောက်မက်ဖွယ်ကောင်း၍ ယုတ်ညံ့နှိမ့်ကျမှု ဖြစ်ပါသနည်း။

သို့သော် သခင်ယေရှုခရစ်တော်သည် မိမိအဖအိမ်တော်၌ ဤနည်းဖြင့် ဆူပူသောင်းကျန်းမှုများ ဖြစ်နေသည်ကို ခွင့်မပြုနိုင်ခဲ့ပေ။ ဘုရားသခင်အတွက် စိတ်အားကြီးခြင်းကြောင့် နှောင့်နှေးမနေဘဲ ဗိမာန်တော်ကို ညစ်ညမ်းစေသူများအား မောင်းထုတ်ခဲ့သည်။ ယေရှုသည် ဗိမ္မာန်တော်ကို “ငါ့အဖ၏ အိမ်တော်” ဟု သက်သေခံခဲ့သည်။ထိုသို့ပြောခြင်းဖြင့် ဘုရားသားဖြစ်ခြင်းကို အခိုင်အမာ အတည်ပြုခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်မျှ ဤသို့ပြောရန် အိမ်မက် မက်ခဲ့မည် မဟုတ်။ မောရှေ၊ ရှောလမုန်၊ဧ ဇရစသည့် ဘုရားသခင်၏လူ တစ်ဦးတစ် ယောက်ကမျှ တဲတော်/ ဗိမ္မာန်တော်ကို “ငါ့အဖ၏အိမ်တော်” ဟု မခေါ်ခဲ့ပေ။ ခရစ်တော် တစ်ပါး တည်းသာ ဤကဲ့သို့ ပြောခဲ့သည်။ပုဂ္ဂိုလ်တစ်ဦး၏ လက်တစ်စုံဖြင့် ဖြောင့်မက်ခြင်း ကြာပွတ်ကို ဝှေ့ယမ်းခဲ့သည်တွင်လူအုပ်ကြီးသည်လည်း ကြောက်ရွံ့ကာ ထွက်ပြေးခဲ့ကြသည်။ ထိုသူသည် သာမန်လူမဟုတ်ခဲ့ပေ။ ဘုရားသခင်၏ အမျက်တော်သည် ထိုသူတို့အပေါ် ကျရောက်ခဲ့ခြင်းဖြစ်သည်။ သခင်ဘုရားသည် ဝိညာဉ်ရေးကို ရိုသေလေးစားမှု၊ ဦးစားပေးမှု မရှိသောမသန့်ရှင်းသည့် ရောနှောမှု များကို ခွင့်မပြုပေ။

ထို့နောက် ယုဒလူတို့သည် ယေရှု၌ အခွင့်အာဏာရှိသည်ကို သက်သေ ပြရန်နိမိတ်လက္ခဏာ တောင်းဆိုခဲ့ သည်။ ယေရှုက “ဤဗိမ္မာန်တော်ကို ဖြိုဖျက် ကြလော့။သုံးရက်အတွင်းတွင် ငါတည်ဆောက် မည်” ဟု မိန့်ခဲ့သည်။ သူတို့၏ တောင်းဆိုမှုကိုယေရှုသည် အနာဂတ်အသေခံခြင်း နှင့်ထမြောက်ခြင်းဖြင့် ဖော်ပြခဲ့ သည်။ ဤသို့ဖော်ပြမှုသည် ညစ်ညမ်းနေသော ဗိမ္မာန်တော်ကို သန့်ရှင်းရန်မိမိ၌ အခွင့်အာဏာ အပြည့် အဝရှိကြောင်း ထင်ရှားသော၊ ယုံမှားဖွယ်မရှိသော သက်သေ ဖြစ်သော်လည်းလူများသည် ယေရှုကို နားမလည်ခဲ့ပေ။

ယောဟန် ၂:၁ −၁၁ ရေမှ စပျစ်ရည်သို့ ပြောင်းခြင်း

နေရာ – ဂါလိလဲပြည်ကာနမြို့

ဝမ်းမြောက်ခြင်း

မင်္ဂလာပွဲသို့ ဖိတ်ကြားခံရခြင်း

အခြားလူများကိုစေခိုင်းခဲ့သည်။

ရေအိုးများပြည့်ခဲ့သည်။

နိမိတ်လက္ခဏာကို ချီးမွမ်းခဲ့သည်။

သူ၏ဘုန်းတော်ကို ဖော်ပြခဲ့သည်။

ယောဟန် ၂:၁၂ -၂၅ ဗိမာန်တော်ကိုသန့်ရှင်းခြင်း

နေရာ – ယေရုရှလင်မြို့

အပြစ်စီရင်ခြင်း

ဗိမ္မာန်တော်သို့ဝင်ရောက်ခြင်း

တစ်ဦးတည်းဆောင်ရွက်ခဲ့သည်။

ဗိမာန်တော်အတွင်း၌ ဘာမှ

မရှိအောင် လုပ်ခဲ့သည်။

သန့်ရှင်းခြင်းကို စိန်ခေါ်ခဲ့သည်။

သူ၏စိတ်အားထက်သန်မှုကို ဖော်ပြခဲ့သည်။

နိကောဒင်နှင့် တွေ့ဆုံမေးမြန်းခြင်း (ယောဟန် ၃း၁ -၂၁)ဘုရားဝတ်၌ မွေ့လျော်၍ ခေါင်းဆောင် တစ်ဦးဖြစ်သည့် နိကာဒင်သည်မေရှိယ၊ ရှင်ဘုရင်နှင့်ဘုရား သခင်၏ နိုင်ငံတော်အကြောင်းတစ်စွန်းတစ်စ ပြောခဲ့သည်။ မိမိကြားခဲ့သည့်အရာကို သေချာအောင်စုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။ ယုဒအမျိုးသားဖြစ်ခြင်း၏ အခွင့်အရေးအရ နိကာဒင်သည်တည် ထောင် မည့် နိုင်ငံတော်၏ အထူးအခွင့်အရေး၊ ဂတိများနှင့် အကျိုးကျေးဇူးများရရှိရန် အတွေးများနှင့် အတူယေရှုထံလာခဲ့သည်။ နိကာဒင်သည် အုပ်ချုပ်သူ၊ ခေါင်းဆောင်တစ်ဦးအနေနှင့်ထိုနိုင်ငံတော်၌ မိမိအတွက် .. ရာထူးတစ်နေရာရှိနိုင်သည့်အတွက် အထူးစိတ်ဝင်စားခြင်း ဖြစ်သည်။

ယေရှုနှင့် နိကာဒင်တို့ အပြန်အလှန် စကားပြောခြင်းသည် ရုတ်တရက်ဖြစ်သော်လည်း နိကာဒင်၏စိတ်ထဲ၌ရှိသောအကြောင်းအရာကို ပြောမည်မှာ သေချာသည်။ ယေရှုသည် နိကာဒင်၏အတွေးကို သိသောကြောင့် “ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ထိုဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏”ဟု ရှင်းပြခဲ့သည်။ အမှန်မှာ ယေရှုက “နိကာဒင် အကယ်၍ ရောက်ရှိလာမည့်နိုင်ငံတော်သည် ဣသရေလလူမျိုးနှင့်ဆိုင်သောတိုင်းနိုင်ငံကို ပြန်လည်ထူထောင်ခြင်းဖြစ်ပါက သင်သည် ထိုနိုင်ငံသားဖြစ်မည်မှာ သေချာသည်။ သို့သော် ငါသည် ဝိညာဉ်ရေးရာနှင့်ဆိုင်သော နိုင်ငံတော်အကြောင်း ပြောနေခြင်း ဖြစ်သည်။ သင်သည် ဝိညာဉ်နှင့်ဆိုင်သော တည်ထောင်မည့် နိုင်ငံတော်သို့ ဝင်စားရန် မျှော်လင့်ပါက ရှေးအယူဝါဒများနှင့် ယုဒလူမျိုး ဖြစ်ခြင်းကို စွန့်လွှတ်ရမည်။ ဝိညာဉ်နှင့်ဆိုင်သော ဘုရားသခင်၏အုပ်ချုပ်မှုအောက်တွင် လူများရှေ့၌ ဆက်ကပ်မှုပြုခြင်း၊ မိမိပြောင်းလဲမှု လူများအားသိစေ၍ စစ်မှန်သော နှစ်ခြင်းမင်္ဂလာကို ခံရမည်။ တည်ထောင်မည့် နိုင်ငံတော်၏ နိုင်ငံသားဖြစ်ရန်အတွက် အသစ်ဖွားမြင်ခြင်းကဲ့သို့ ပြီးပြည့်စုံသော ပြောင်းလဲမှုကို တောင်းဆို သည်။ သင့်အထဲ၌လည်းဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်၍ အမှန်တကယ် ပြောင်းလဲသော အရာကို သက်သေပြရန်အတွက် ဗတ္တိဇံခံကာ သက်သေထူရပါမည်။ သင်၏ ယုဒလူဖြစ်ခြင်းသည်လည်း မည်သည့်အရာမျှ အကျုံးမဝင်တော့သကဲ့သို့ ယုဒလူမျိုးဖြစ်ခြင်းကြောင့် အထူးအခွင့်အရေးများ ခံစားရမည်ဟု မမှတ်တော့ပေ။ ယုဒလူမျိုး၏ ခေါင်းဆောင်ဖြစ်သောကြောင့် ဘုရားသခင်၏ နိုင်ငံတော်၌အထူးအခွင့်အရေးကို ရမည် မဟုတ်” ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။

ဣသရေလ အမျိုးသားယောက်ျားလေးတစ်ဦး ဖွားမြင်လာပါက မျက်စိဖြင့်မြင်နိုင်သော အရာဖြစ်သကဲ့သို့ ဣသရေလ လူမျိုးဖြစ်ကြောင်း အသွေး အသား အရေပြားလှီးခြင်းဖြင့် သက်သေထူကြသည်။ သို့သော် ဝိညာဉ်ဖွားမြင်ခြင်းကို လေကဲ့သို့ပင်မမြင်နိုင်ပေ။ လေ၏သက်ရောက်မှု ရှိသကဲ့သို့ ဝိညာဉ်ဖွားမြင်ခြင်း၌လည်း အကျိုးသက်ရောက်မှုများစွာ ရှိသည်။ ဝိညာဉ်အသီးများကို မြင်ရ၍ စမ်းသပ်စစ်ဆေး ခံနိုင်ပါသည်။ ဤအရာသည် နှလုံးသားအရေပြားလှီးခြင်းဖြစ်သည်။ယောဟန် ၃း၁၆

ဘုရားသခင်၏သားတော်ကို-အကြီးမားဆုံးပုဂ္ဂိုလ်

ယုံကြည်သော-အကြီးမားဆုံးရိုးရှင်းမှု

သူအပေါင်းတို့သည်-အကြီးမားဆုံးဖိတ်ခေါ်မှု

ပျက်စီးခြင်းသို့မရောက်-အကြီးမားဆုံးရွေးချယ်မှု

ထာဝရအသက်ကို-အကြီးမားဆုံးပိုင်ဆိုင်မှု

ရစေခြင်းငှာ-အကြီးမားဆုံးသေချာမှု

ဘုရားသခင်သည်-အကြီးမားဆုံးမေတ္တာရှင်

မိမိ၌တစ်ပါးတည်းသောသားတော်ကို-အကြီးမားဆုံးလက်ဆောင်

စွန့်တော်မူသည့်တိုင်အောင်-အကြီးမားဆုံးဆောင်ရွက်မှု

လောကီသားတို့ကို-အကြီးမားဆုံးအရေအတွက်ချစ်တော်မူ၏-အကြီးမားဆုံးခံစားမှု

ယောဟန် :၁၆ အကြီးမားဆုံး ကတိတော်

ဘုရားသခင်သည် လောကကို အလွန်ချစ်သည်။ အရောင်အသွေး၊ အဆင့်အတန်း၊ခံယူချက် (သို့) အပြုအမူများကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ ဘုရားသခင်သည်လောကကို အလွန်ချစ်တော်မူသည် ဟူသည့် သတင်းစကားသည် လူတို့အတွက်အံ့ဖွယ်ဖြစ်ပါသည်။ လူသားအားလုံးကို ချစ်တော်မူ၍ လူအားလုံး၏ ဝိညာဉ်သည်တန်းတူဖြစ်သောကြောင့် ယေရှုရှင်အား လောကသားအားလုံးအတွက် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ “ဤသည်မှာ ဗြဟ္မဏလူ့အဖွဲ့အစည်း (Brahminical society)အတွက် ကျိန်ခြင်းတရား ဖြစ်ဖြစ်သည်၊ဘုရားသခင်သည် ဗြဟ္မဏလူ့အဖွဲ့အစည်းမြင့်သောသူများကဲ့သို့ အောက်တန်းစား လူများကို ချစ်သည်ဟု ယုံကြည်ခြင်းသည်၎င်းတို့အတွက် ရွံရှာဖွယ်ဖြစ်သည်။” သို့သော် ဧဝံဂေလိသတင်းစကားသည် အလွန်ရိုးရှင်းပါသည်…”ဘုရားသခင်သည် လောကီသားတို့ကို ချစ်တော်မူ၏” ဟူ၍ဖြစ်သည်။

ယုဒပြည်၌ ယေရှု (ယောဟန် ၃:၂၂၊ ၄:၂)

ပြောင်းလဲလာသူများကို တပည့်တော်များ နှစ်ခြင်းပေးခဲ့သော ယုဒပြည်ကျေးလက်ဒေသသို့ ယေရှုနှင့်တပည့်တော်များ ပြန်လာခဲ့ကြသည်။

အဲနုန်အရပ်၌ ယောဟန်၏သက်သေခံချက် (ယောဟန် ၃း၂၃ -၃၆)

ယောဟန် ၃:၂၃-၃၆ တွင် သခင်ယေရှုခရစ်တော်အကြောင်း နှစ်ခြင်းဆရာယောဟန်၏ . နောက်ဆုံးသက်သေခံချက် ပါရှိသည်။ ယေရှု၏ သန့်ရှင်းစင်ကြယ်ခြင်းနှင့် နှစ်ခြင်းဆရာဟောဟန်၏ မနာလိုသော စိတ်သဘောထား မရှိခြင်းသည်ယေရှုခရစ် တော်နှင့် နှစ်ခြင်းဆရာယောဟန်ကြား နှိုင်းယှဉ်မှုကို ဖြစ်စေသည်။

နှစ်ခြင်းဆရာယောဟန်

*ယောဟန်သည် ကောင်းကင်ဘုံမှပေးသော အရာကိုသာလက်ခံရရှိသည်။ (၃း၂၇)

*ယောဟန်သည် ခရစ်တော်ရှေ့၌စေလွှတ်ခြင်း ခံရသည်။( ၃း၂၈)

*ယောဟန်သည် မင်္ဂလာဆောင်လုလင်၏ အဆွေ ခင်ပွန်းဖြစ်သည်။(၃:၂၉)

*ယောဟန်သည် ဆုတ်ယုတ် ခြင်းရှိရမည်။ (၃း၃၀)

ယောဟန်သည် မြေကြီးမှဖြစ်သောသူ ဖြစ်သည်။ (၃း၃၁)

*ယောဟန်၌ အကန့်အသတ် ရှိသောဝိညာဉ်ရှိသည်။

ယောဟန်သည် အစေခံတစ်ဦးဖြစ်သည်။

ယေရှုခရစ်တော်

*ခမည်းတော်သည်ခပ်သိမ်းသောအရာကို သားတော် လက်သို့အပ်ပေးသည်။(၃း၃၅)

*ယေရှုသည် ခရစ်တော်ဖြစ်သည်။(၃:၂၈)

*ယေရှုသည် မင်္ဂလာဆောင်လုလင်ဖြစ်သည်။ (၃:၂၉)

*ယေရှုကား တိုးပွားမှု ရှိရမည်။ (၃:၃၀)

*ယေရှုသည် အထက်မှလာသူ ဖြစ်သည်။ (၃း၃၁)

*ယေရှု၌အတိုင်း အရှည်မရှိသောဝိညာဉ်ရှိသည်။ (၃:၃၄)

*ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်သည်။ (၃း၃၅)

ယောဟန်သည် အမျိုးသားများနှင့် အမျိုးသမီးများကို ခရစ်တော်ထံ ညွှန်ပြသော အမှုတော်လုပ်ငန်းကို ကျွမ်းကျင်ပိုင်နိုင်စွာ အကောင်းဆုံးဆောင်ရွက်ခဲ့သည်။

သူသည် ခရစ်တော်၏ အစေခံ ဖြစ်သည်။ တစ်စုံတစ် ယောက်သည် သခင်ခရစ်တော်ထက် မိမိကို ချီးမြှောက်မည်ကို စိုးရိမ်ခဲ့သည်။

ယောဟန်၏ ထောင်သားဘဝ (လုကာ ၃း၁၉၊ ၂၀)

ယောဟန်သည် ဟေရုဒ်မင်း၏ မကောင်းသော လုပ်ငန်းများကို ရင်ဆိုင်ရာတွင် ကြောက်ရွံ့မှု မရှိသော သူတစ်ဦး ဖြစ်သည်။ ဟေရုဒ်သည် မိမိညီ ဟေရောဒိ၏ဇနီးကို လက်ထပ်ထိမ်းမြားခဲ့သည်။ ထိုကိစ္စ အတွက် ပြန်ပေးဆပ်ရမည်ဟု ယောဟန်သည် ဟေရုဒ်မင်းကို ပြစ်တင်ရှုတ်ချခဲ့သည်။ ဟေရုဒ်မင်းသည် ယောဟန်အား မိမိလက်ထပ်သည်ကိုကန့် ကွက် သောအမှုနှင့် မိမိ၏နိုင်ငံရေးအခွင့် အာဏာကို အန္တရာယ်ဖြစ်စေမည့် သဘောထားကွဲလွဲမှုများကို အဆုံးသတ် စေလိုသော ကြောင့် ထောင်ချခဲ့သည်။ စာတန်၏ နိုင်ငံရေးနှင့်ဆိုင် သော ရည်ရွယ်ချက်၊ အစီအစဉ်များသည် ယေရှုခရစ်တော်၏ နောက်ဆုံးနေ့ရက်တိုင်အောင် ဆက်လက်၍ ပြင်းထန် နေဦးမည်ဖြစ်သည်။

ယုဒပြည်ကို ချန်ထား၍ ဂါလိလဲပြည်သို့ ယေရှုကြွတော်မူခြင်း (မဿဲ ၄း၁၂၊ မာကု၁:၁၄၊ လုကာ ၄:၁၄၊၁၅၊ ယောဟန် ၄း၁-၃)

ဖာရိရှဲများသည် မနာလိုစိတ်နှင့်ပြည့်နေသော်လည်း ခရစ်တော်သည် ဝိညာဉ်တော်နှင့်ပြည့်နေခဲ့သည်။ ယေရှုကို ငြင်းပယ်ရန် ဖာရိုရှဲများ အပါအဝင်၊ စာတန်အပေါင်းအပါများသည် နိုင်ငံရေးခေါင်းဆောင်များနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။ ဤသို့ ငြင်းပယ်မှုများသည်ခရစ်တော် ၏နောက်ဆုံး . နေ့ရက်တိုင် အောင်ရှိနေဦးမည် ဖြစ်သည်။ ဖာရိုရှဲများကြောင့် မိမိ၏တပည့်တော်များနှင့် ယောဟန်၏တပည့်များကြား စတင်ဖြစ်လာမည့် မလိုအပ်သော အငြင်းပွားမှုများကို ရှောင်ရန်ယေရှုသည် ယုဒပြည်မှထွက်ခွာ၍ ဂါလိလဲပြည်၌ အမှုတော်ကို တိုးချဲ့ဆောင်ရွက်မှုစတင်ခဲ့သည်။ ယောဟန်ထောင်ကျခြင်းသည် ခရစ်တော်၏ ဒေသနာကို သွယ်ဝိုက်ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယော ၄ တွင် အနာဂတ်အကြောင်း ကြိုတင်ပြောဆိုမှုများ ရှိခဲ့သည်။ ယောဟန် ၃:၃၂ ပါ အကြောင်းအရာတွင် ယောဟန်၏သက်သေခံချက်သည် ငြင်းပယ်ခံရ၍ ဣသရေလတစ်မျိုးသားလုံးသည် နောက်ဆုံးတွင် ခရစ်တော်ကို ငြင်းပယ်မည် ဖြစ်ကြောင်း သိစေခဲ့သည်။ ယခုခရစ်တော်သည်တစ်ပါးအမျိုးသားများထံသို့ ဦးလှည့်သွားခဲ့သည်။ ထို့ကြောင့် ယေရှုသည်ယုဒပြည်ကို ချန်ထားကာ ဂါလိလဲပြည်သို့ သွားခဲ့သည်။ ယောဟန်အခန်းကြီး ၄ ၏ နောက်ပိုင်းအခန်းငယ်များတွင် ယေရှုကို ယုဒလူများနှင့် မဟုတ်ဘဲ ရှမာရိ အမျိုးသားများနှင့်အတူရှိခဲ့ သည်ဟု ဖော်ပြထားပါသည်။ ရှမာရိလူတို့နှင့်အတူ နှစ်ရက်တာ အတူနေခဲ့သည် (ယောဟန် ၄း၄၀)။ ယုဒပြည်မှ ယေရှုသည် အလောတကြီး ထွက်ခွာ၍ရှမာရိပြည်၌ ခေတ္တနေထိုင်ခဲ့သည်။ယေရှုသည် ရှမာရိနယ်သို့သွားစဉ် ရှုခါအရပ်၌ အမျိုးသမီးတစ်ဦး ပြောင်းလဲခဲ့သည်(ယောဟန် ၄း၄-၄၂)

ယေရှုသည် ရှမာရိပြည်ကို “မဖြစ်မနေ” ဖြတ်သွားရမည်။ “မဖြစ်မနေ” ဟုဆိုရခြင်းမှာ ဘုရားသခင်၏ အကြံအစည်အရ လိုအပ်သောကြောင့် . ဖြစ်သည်။ယေရှု၏ ရှမာရိခရီးစဉ်သည် ဘုရားသခင်၏ အစီအစဉ် ဖြစ်သည်။ ယေရှုသည် ဘုရားသခင် ၏ အလိုတော်ကို ပြည့်စုံစေရန် လောကသို့လာခြင်း ဖြစ်သည်။ ဓမ္မသစ် အချိန်ကာလတွင် ယေရှုနှင့် ရှမာရိအမျိုးသမီးတို့ အပြန်အလှန် စကားပြောဆိုခြင်းသည်ယုဒအမျိုးသားတို့၏ လူမှုရေးခံယူချက်သုံးခုကို ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။ (၁)ယုဒအမျိုးသားတစ်ဦးသည် မိမိမသိသောအမျိုးသမီးတစ်ဦးနှင့် ပြောဆိုဆက်ဆံခြင်းမပြုရ၊ (၂) ယုဒအမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးနှင့် လူများရှေ့၌စကားပြောခြင်းမပြုရ၊ (၃) ယုဒအမျိုးသား တစ်ဦးသည် ရှမာရိလူမျိုးများနှင့် အဘယ်အကြောင်းအရာကိုမျှ . ဆွေးနွေးခြင်းမပြုရ။ ယေရှု၏ ထင်ရှား၍ အတုယူဖွယ်ကောင်းသော ပုံသက်သေသည် ရှမာရိလူမျိုး (သို့) အမျိုးသမီးများနှင့် ပြောဆိုဆက်ဆံခြင်းကို တားမြစ်ထားရန် မလိုကြောင်း ဖော်ပြခဲ့သည်။

ရှမာရိအမျိုးသမီး၏ အိမ်ထောင်ရေး အခြေအနေနှင့်ပတ်သက်၍ စကားပြောရာတွင် ယေရှုက သူမ၏ခင်ပွန်းကိုသွားခေါ်ရန် စေခိုင်းခဲ့သည်။ ရှမာရိ အမျိုးသမီးသည် ခင်ပွန်း မရှိကြောင်းတုန့်ပြန်ခဲ့သည် (၄း၁၆-၁၇)။ “သင်၌ ယခုခင်ပွန်းမရှိသည်မှာ မှန်၏။ သို့သော် သင်၌ ယောက်ျား ငါးယောက်ရှိဖူး၏” ဟု ယေရှု ဖော်ထုတ်ခဲ့သည်(၄း၁၇-၁၈)။ ယေရှုက သူမဘဝအကြောင်း သူမကို ပြောသည့်အခါယေရှုကို ပရောဖက် အဖြစ် သတ်မှတ်ခဲ့သည် (၄း၁၉)။ ယေရှုပြုခဲ့သော အမှုအရာများထက် မပြုခဲ့သော အမှုအရာများသည် ပို၍ အရေးကြီးသည်။ ယေရှုသည် သူမကိုဖောက်ပြန်သောသူ၊ သစ္စာမဲ့သောသူဟု မခေါ်ခဲ့ရုံမက လူ့ကျင့်ဝတ်အတိုင်း စီရင်ခြင်းလည်း မပြုခဲ့ပေ။ ယောက်ျား ငါးယောက်နှင့်အတူ နေခဲ့၍ ယခုလည်း သူမ၏ယောက်ျား မဟုတ်သူနှင့် အတူနေသော်လည်း ယေရှုသည် သူမကို ပြစ်တင်ရှုတ်ချခြင်း မပြုခဲ့ပေ (၄း၁၈)။ ထိုအရာထက်ယေရှုက မိမိသည် အသက်ရေဖြစ်ကြောင်း

မိတ်ဆက်ခဲ့သည်။ သူမနှင့် ဆက်ပြောရာမှ သူမတို့တွင်လည်း ဝတ်ပြုကိုးကွယ်သည့်

နေရာများရှိကြောင်း ပြောလာသောအခါ ယေရှုက သူသည် အသက်ရေဖြစ်၍ လက်ခံ

ရရှိနိုင်ရုံသာမက နာမ်ဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း၊ ကိုးကွယ်ရန် ထိုက်တန်သူဟု

ပြောခဲ့သည်။ဤအဖြစ်အပျက်၌ ယေရှုနှင့်ပတ်သက်၍ အမျိုးသမီး၏ သက်သေခံချက်ကို

လက်ခံရန် ရှမာရိမြို့သူ၊သားများ ဆန္ဒရှိခြင်းမှာ အခြားသတိထားရမည့် ထင်ရှားသော

အချက်တစ်ချက် ဖြစ်သည် (၄:၂၉)။ ယေရှုသည် မေရှိယဖြစ်သည် ဟူသော သူမ၏

သက်သေခံချက်ကို ကြားသော ရှမာရိ မြို့သူမြို့သားတို့သည် ယေရှုကို ကြည့်ရန်

မြို့ထဲမှ ထွက်လာခဲ့ကြသည် (၄:၃၀)။ အမျိုးသမီးတစ်ဦး၏ သက်သေခံချက်ကို

ယုံကြည်စိတ်ချနိုင်သောအရာအဖြစ် လက်ခံရန် မဖြစ်နိုင်သော် လည်း မြို့ထဲ၌ရှိသော

ရှမာရိလူများသည် သူမ၏စကားကို ယုံကြည်ခဲ့သည် “ရှမာရိမိန်းမက၊ အကျွန်ုပ်

ပြုဘူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဘော်ပြီဟု သက်သေခံသော စကား

ကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှု ကိုယုံကြည်ကြ၏”(၄း၃၉)။

နိကောဒင် (ယောဟန် ) အမျိုးသား

ဘာသာတရားကိုင်းရှိုင်းသောဂျူးလူမျိုး ဖြစ်သည် ထင်ရှားသောခေါင်းဆောင်တစ်ဦးဖြစ်သောကြောင့် လူသိများသည်။ ညအချိန်တွင်တွေ့ဆုံခဲ့သည်။ ယေရှုနှင့်တွေ့ဆုံဆွေးနွေးရန်သွားခဲ့ရသည်။

ချက်ချင်းမပြောင်းလဲခဲ့ပေ။ ပြောင်းလဲပြီးနောက် သူ၏မိတ်ဆွေများအပေါ် လွှမ်းမိုးသက်ရောက်မှု မရှိခဲ့ပေ။

ရှမာရိအမျိုးသမီး (ယောဟန် ) အမျိုးသမီး

အပျော်အပျက် ရှမာရိအမျိုးဖြစ်သည် ယောက်ျား ငါးယောက်ရှိဖူးသောကြောင့်လူသိများသည်။

နေ့လည်အချိန်တွင် တွေ့ဆုံခဲ့သည်။ “မမျှော်လင့်ပဲ” တွေ့ခဲ့သည်

ချက်ချင်းပြောင်းလဲခဲ့သည်။ သူမ၏သက်သေခံချက်ကြောင့်ရှမာရိလူများ ယေရှုကို ယုံကြည်ခဲ့သည်။

ဂါလိလဲပြည်၌ အမှုတော်လုပ်ငန်းကိုလူများရှေ့တွင် ယေရှုအစပြုခြင်း(မာကု ၁း၁၄-၁၅၊ ယောဟန် ၄:၄၃-၄၅)

ယေရှုသည် ဂါလိလဲပြည်သို့ မသွားမီ ရှမာရိပြည်၌ နှစ်ရက်ကြာနေခဲ့သည်။ဂါလိလဲပြည်ကို ရောက်သောအခါ ဂါလိလဲလူတို့သည် ယေရှုကို ကြိုဆိုခဲ့ကြသည်။ယေရုရှလင်မြို့ ပသခါပွဲ၌ ယေရှု၏ နိမိတ်လက္ခဏာများကို ဂါလိလဲလူ အများစုကတွေ့မြင်ပြီး ဖြစ်သည်။ ယခုသူတို့၏နယ်မြေ၌ ယေရှုကို ပြန်တွေ့ရသောကြော င့် ဝမ်းမြောက်ကြသည်။ ယေရုရှလင်မြို့သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အချက်အချာကျသောမြို့ ဖြစ်သောကြောင့် ထိုနေရာ၌ ယေရှုနေမည်ဟု မှတ်ယူခဲ့ကြသည်။ယေရုရှလင်မြို့သည် မေရှိယအဖို့ တန်ခိုးနိမိတ်လက္ခဏာပြရန် ပို၍ ကောင်းမွန်သင့်လျော်သည်။ သို့သော် ယေရှုသည် ဂါလိလဲပြည်သို့ သွားရန် လူများ နှစ်သက်မြတ်နိုး၍ အထွဋ်အမြတ်ထားသောနေရာ ယုဒပြည်ကို ချန်ထားရစ်ခဲ့သည်။ ဂါလိလဲပြည်၌ မိမိကို ကြိုဆိုလက်ခံကြသည့်အခါ ယေရှုက ပရောဖက်သည် မိမိနေရပ်၌အသရေမရှိကြောင်း ကိုယ်တိုင် တွေ့ကြုံခဲ့ရသည်ကို သက်သေခံခဲ့သည်။ ယေရှုသည်ငြင်းပယ်ခြင်းနှင့် ကြိုဆိုလက်ခံခြင်း နှစ်မျိုးလုံး တွေ့ကြုံခဲ့ရသည်။ ကားတိုင်ကိုဦးတည်ကာ ဆောင်ရွက်သော အမှုတော်လုပ်ငန်းတစ်လျှောက် နိကောဒင်၊ ရှမာရိအမျိုးသမီး၊ ရှုခါမြို့သူ မြို့သားများကဲ့သို့ ယုံကြည်လက်ခံခြင်းနှင့် . ဖာရိရှဲများ၏ငြင်းပယ် ခြင်းကို ကြုံရသည်။

ကပေရနောင်မြို့၌ အမတ်တစ်ဦး၏ ဖျားနေသောသားကို ကျန်းမာစေခြင်း(ယောဟန် ၄း၄၆-၅၄)

ယေရှုသည် ဂါလိလဲပြည် ကာနမြို့ (မင်္ဂလာဆောင်ပွဲ၌ ရေမှစပျစ်ရည် အဖြစ်ပြောင်းလဲပေးခဲ့သည့်နေရာ) သို့ ရောက်ဖူးပြီး ဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ အမတ်တစ်ဦး၏ သားသည်ကပေရနောင်မြို့၌ ဖျားနာလျှက်ရှိနေသည်။ ထို့ကြောင့် အမတ်သည် သေခါနီးဖြစ်သော မိမိသားကို အနာငြိမ်းစေရန် တောင်းဆိုခဲ့သည်။ ကပေရနောင်မြို့ သည် ဂါလိလဲပြည် ကာနမြို့မှ ၂၀-၂၅ မိုင်ခန့်ဝေးသည်။ သို့သော် ယေရှုသည် ထိုနေရာသို့ မသွားဘဲ ကာနမြို့ မှ သင်၏သားသည် အသက်ချမ်းသာပြီဟုစကားတော်အားဖြင့် မိန့်ခဲ့သည်။ အမတ်သည်အစိုးရ ၏အမှုကိစ္စများကို ဆောင်ရွက်ရသောကြောင့် အမိန့်ပေးခြင်းနှင့် အမိန့်လက်ခံရရှိခြင်းကို ကောင်းစွာ သဘောပေါက်သည်။ ထို့ကြောင့်အမတ်သည် ယေ ရှု၏အမိန့်ကို ယုံကြည်ကာ မိမိ အိမ်သို့ ပြန်သွားခဲ့ သည်။ ကပေရနောင်မြို့သို့ ရောက်သောအခါသူ၏ သားသည် အနာငြိမ်းနှင့်ပြီးဖြစ်သည်။ ယေရှုသည် အမတ်၏သားကို အဝေးမှ ကျန်းမာစေခဲ့သည်။ ယေရှုအတွက်အကွာအဝေးသည် အတားအဆီး မဟုတ်ပါ။ အမတ်၏သားသည် အသက်ချမ်းသာရ၍ တစ်မိသားစုလုံး ယေရှုကို ယုံကြည်ခဲ့ကြသည်။ ယေရှုသည် မိမိ၏ တန်ခိုးတော်ကို ဖော်ပြခဲ့သည်။ ယေရှု၏ နိမိတ်လက္ခဏာသည် မိမိ၏ဘုရားဖြစ်ခြင်းကို စစ်မှန်ကြောင်း သက်သေပြခဲ့သည်။ တစ်ပါးအမျိုးသားများ (အမတ်) သည် ဣသရေလနှင့်ဖွဲ့သော ဘုရားသခင်၏ ပဋိညာဉ်၌ မပါသော် လည်း သခင်ဘုရား၏ လက်တော်သည် ထိုသူတို့ကို ကွယ်ကာစောင်မရန် အမြဲအ သင့်ရှိသည်။

ယောဟန် ၂:၁ -၁၁ ရေမှစပျစ်ရည်သို့ပြောင်းခြင်း

ယေရှုသည် ဂါလိလဲပြည် ကာနမြို့၌ရှိနေသည်။

သုံးရက်မြောက်သောနေ့ ( ၂း၁)

ဝမ်းမြောက်ခြင်း (မင်္ဂလာဆောင်ပွဲ)

ယေရှုသည်မာရိကို ဆုံးမခဲ့သည်။(၂း၄)

နာခံ၍တုန့်ပြန်ခြင်း (၂း၇)

အမိန့်တော်ဖြင့်နိမိတ်လက္ခဏာပြခဲ့သည်။(၂း၈)

အစေခံများသိခဲ့သည်။(၂:၉)

တပည့်တော်များ ယေရှုကို ယုံကြည်ကြသည်။ (၂း၁၁)

ယောဟန် ၄:၄၆-၅၄ အမတ်၏သားကိုကျန်းမာစေခြင်း

ယေရှုသည် ကာနမြို့၌ ရှိနေသော်လည်းအမတ်၏ သားသည် ကပေရနောင်မြို့၌ရှိနေသည်။

သုံးရက်မြောက်သောနေ့ (၄:၄၃၊ ၄၆)

ဝမ်းနည်းခြင်း (ဖျားနာမှု)

ယေရှုသည်အမတ်ကို ဆုံးမသည်။ (၄း၄၈)

နာခံ၍တုန့်ပြန်ခြင်း (၄:၅၀)

အမိန့်တော်ဖြင့်နိမိတ်လက္ခဏာပြခဲ့သည်။(၄း၅၀)

အစေခံများသိခဲ့သည်။ (၄း၅၁)

အမတ်နှင့်တစ်မိသားစုလုံး ယေရှုကိုယုံကြည် ကြသည်။ (၄း၅၃)

အမတ်၏သားကို ကျန်းမာစေခြင်း

(ယောဟန် ၄:၄၆-၅၄)

ကပေရနောင်မြို့ (၄း၄၆)

တစ်ပါးအမျိုးသား

 တပ်မှုး၏ငယ်သားကို ကျန်းမာစေခြင်း

(မဿဲ ၈:၅-၁၃၊ လုကာ ၇:၁ – ၁၀)

ကပေရနောင်မြို့ (မဿဲ ၈:၅၊ လုကာ၇း၁)

တစ်ပါးအမျိုးသား

ရာထူးအဆင့်အတန်းရှိသူ (အစိုးရ

ဝန်ထမ်း ၄:၄၆)

ဖျားနေသောသားရှိသည်။ (၄:၄၇)

ယေရှုသည် လိုက်မသွားဘဲ အမတ်ကိုအိမ်ပြန် စေခဲ့သည်။(၄၅၀)

အမတ်သည် မိမိအိမ်သို့ ယေရှုကိုလိုက်စေချင်သည်။ (၄း၄၉)

ဆုံးမခြင်းခံရသည်။(၄း၄၈)

ယေရှု၏အမိန့်တော်(စကားတော်)ကိုမတောင်းဆိုခဲ့ပါ။

အမတ်သည် ယေရှု၏စကားတော်ကိုယူဆောင်ကာ အိမ်ပြန်ခဲ့သည်။(၄:၅၀)

ယေရှုမိန့်တော်မူသော အချိန်၌ အမတ်၏သား ကျန်း မာခဲ့သည်၊ (၄:၅၃)

ရာထူးအဆင့်အတန်းရှိသူ (တပ်မှူးမ ၈:၅၊ လုကာ ၇:၂)

ဖျားနေသော ငယ်သားရှိသည်။ (မဿဲ၆:၈၊ လုကာ ၇:၆ )

ယေရှုသည်သွား၍ ကျန်းမာစေခဲ့သည်။

(မဿဲ ၈း၇၊ လုကာ ၇း၆)

တပ်မှူးသည် မိမိအိမ်သို့ယေရှုကိုမလိုက် စေချင်ပါ။ (မဿဲ ၈:၈၊ လုကာ၇:၆)

ချီးမွမ်းခြင်းခံရသည်။ (မဿဲ ၈း၁၀-၁၂၊ လုကာ ၇:၉)

ယေရှု၏အမိန့်တော် (စကားတော်) ကိုတောင်း ဆို ခဲ့သည်။ (မဿဲ ၈း၈၊လုကာ ၇)

တပ်မှူးသည် ယေရှုစကားတော်ကိုယုံကြည်ခဲ့သည်။ (မဿဲ ၈း၁၃)

ယေရှုမိန့်တော်မူသောအချိန်၌တပ်မှူး၏ငယ်သားကျန်းမာခဲ့သည်။(မဿဲ ၈:၁၃)

တုနှိုင်းမဲ့သော ယေရှု

ယေရှု၏ မူလနေရပ်

ကောင်းကင်

ယေရှုသည် နိကာဒင်အား “ကောင်းကင်ဘုံကဆင်းသက်၍ ကောင်းကင်ဘုံ၌ ရှိနေသော လူသားမှတပါးအဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ” ဟု မိန့်တော်မူခဲ့သည် (ယောဟန် ၃:၁၃)။ ယေရှုက မိမိ၏နေရပ်သည် ကောင်းကင်ဘုံဖြစ်ကြောင်အခိုင် အမာပြောခဲ့သည်။

သူ၏ အရိုက်အရာ

သူသည် လူသားဖြစ်သည်။

သူသည် ဘုရားသားဖြစ်သည်။

သူသည် လောက၏ကယ်တင်ရှင်ဖြစ်သည်။

သူသည် မေရှိယဖြစ်သည်။

ယေရှုက မိမိသည် လူသား (ယောဟန် ၃:၁၃၊၁၄) နှင့် ဘုရားသခင်၏သား (ယောဟန် ၃း၁၆-၁၇) ဖြစ် သည်ဟု အခိုင်အမာ ပြောခဲ့သည်။ သူသည်လောက၏ ကယ်တင်ရှင်လည်းဖြစ်သည် (ယောဟန် ၃း၁၇)။ ရှမာရိအမျိုးသမီးသည် ယေရှုအား“မေရှိ ကြွတော်မူသည်ဟု အကျွန်ုပ် သိပါသည်ရောက်လာ တော်မူသောအခါအကျွန်ုပ်တို့အား အလုံးစုံတို့ကို ဖော်ပြတော်မူမည်” ဟု လျှောက်ခဲ့သည်။ ယေရှုကလည်း “သင်နှင့်စကားပြောသော ငါသည် မေရှိပင်ဖြစ်သည်” ဟု မိန့်ခဲ့သည်။ မေရှိဖြစ်ကြောင်း အခိုင် အမာပြောခဲ့သည်။

သူ၏ အခိုင်အမာကြွေးကြော်မှုများ

သူသည် အလင်းဖြစ်သည်။

သူသည် အသက်ရေဖြစ်သည်။

သူသည် အသက်ဖြစ်သည်။

ယေရှုသည် နိကာဒင်အား မိမိသည် အလင်းဖြစ် ကြောင်း “အပြစ်စီရင်ခြင်းကို ခံရကြောင်းကား အလင်းသည် ဤလောကသို့ဝင်၍ဟု အခိုင်အမာ ပြောခဲ့သည်(ယောဟန် ၃း၁၉)။

ယေရှုသည် ရှမာရိအမျိုးသမီးအား မိမိသည်အသက် ရေဖြစ်ကြောင်း … “ယေရှုကလည်း၊ ဘုရားသခင်ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဘို့ရေပေးပါဟု ဆိုသော သူ ကားအဘယ်သူဖြစ်သည်ကို၎င်း သင်သည်သိလျှင် ထိုသူကို တောင်းလိမ့် မည်။  ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်” ဟု ပြောခဲ့သည် (ယောဟန် ၄း ၁၀)။

တစ်ပါးတည်းသားလျှင် ဆာငတ်နေသောဝိညာဉ်ကို ငတ်မွတ်ခြင်းနှင့် အစဉ်ကင်းဝေးစေသည်။ အခြားမည်သူ တစ်ဦးတစ်ယောက် (သို့) မည်သည့်အရာမျှ ဝိညာဉ်ကိုငတ်မွတ်ခြင်းနှင့် အစဉ်ကင်းလွတ်အောင် မလုပ်ဆောင်နိုင်ပေ။

ယေရှုသည် နိကာဒင်အား မိမိသည် အသက်ဖြစ်ကြောင်း “အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည် သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကို ရမည်အကြောင်းတည်း။ ထာဝရ အသက်ကိုရစေခြင်းငှါ၊ဘုရားသ ခင်သည်မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူ သည်တိုင်အောင် လောကီသားကိုချစ်တော်မူ၏” ဟုပြောခဲ့သည် (ယောဟန် ၃:၁၅ – ၁၆)။ ထို့ပြင် ရှမာရိ အမျိုးသမီးအား “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့်အစဉ်မ ပြတ်ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက် ရှင်ခြင်းအလိုငှါထွက် သောစမ်းရေဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏” ဟုပြောခဲ့သည် (ယောဟန် ၄:၁၄)။ သူ၏ကြိုတင်သိမြင်နိုင်စွမ်းသိတော်မူခြင်း

ယေရှုသည် ရှမာရိအမျိုးသမီးနှင့် စကားပြောချိန်အခါ သူ၏ကြိုတင်သိမြင်နိုင်စွမ်းကိုဖော်ပြခဲ့သည်။ ကိုယ်တော်က သူမကို “မိန်းမကလည်း။ အကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသော စကားသည်မှန်၏။ အကြောင်းမူကား၊ သင်၌လင်ငါးယောက်ရှိဘူးပြီ။ ယခုသင်နှင့်နေသောသူသည် သင်၏လင် မဟုတ်။ ဤအရာ၌ သင်သည်မှန်သော စကားကိုပြောပြီဟု မိန့်တော်မူ၏” ဟု ဆိုခဲ့သည် (ယောဟန်၄:၁၇-၁၈)။ သူမဘာမှမပြောဘဲ သူမအကြောင်းကို ယေရှုသိတော်မူ ခဲ့သည်။ ယေရှု၌ကြိုတင်သိမြင်နိုင်စွမ်းရှိသည်။

ယေရှုသည် နာသနေလနှင့် တွေ့သည့်အခါ “လှည့် စား ခြင်း အပြစ်နှင့်ကင်းလွတ်သော ဣသရေလလူစစ်ကို ကြည့်လော့” ဟု နာသနေလကို ရည်ရွယ်၍ ပြောခဲ့သည်။

ယေရှု၏ ကြိုတင်သိမြင်နိုင်စွမ်းကို နာသနေလ အံ့အားသင့်ခဲ့သည်။ “ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်း” ဟု အံ့ဩစွာတုန့်ပြန်ခဲ့သည်။

အမှန်တွင် ယေရှုသည် အရာအားလုံးကို သိသောဉာဏ်ရှိသည်။ ယောဟန် ၂:၂၄ တွင်“ယေရှုသည်ခပ် သိမ်းသောသူတို့ကို သိတော်မူ၏။ လူ၏အထဲ၌ ရှိသမျှကို သိတော်မူသောကြောင့်” ဟု ရေးသား ဖော်ပြထားသည်။

သူ၏ တန်ခိုးတော်

အနာငြိမ်းခြင်း

ယေရှုသည်အကွာအဝေးနှင့်မဆိုင်ဘဲအမတ်၏သားကိုကျန်းမာစေခဲ့သောနိမိတ်လက္ခဏာအားဖြင့်မိမိ၏တန်ခိုးတော်ကိုဖော်ပြခဲ့သည်။အနာငြိမ်းခြင်းတန်ခိုးသည်ဘယ်သောအခါမှအကွာအဝေးကြောင့်အကန့်အသတ်မရှိပေ။

သူ၏ရည်ရွယ်ချက်

ကယ်တင်ခြင်း

ယေရှုလောကသို့ ကြွလာခြင်း၏ရည်ရွယ်ချက်သည် အပြစ်စီရင်ခြင်းမှ လူများကိုကယ်တင်ရန်ဖြစ်သည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့ရောက်၊  ..” (ယောဟန် ၃း၁၆)။ “လောကီသားတို့အားအပြစ်စီရင်ခြင်းငှါ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏” (ယောဟန် ၃း၁၇-၁၈)။ ယေရှုသည် ကယ်တင်ရန် လောကသို့ ဆင်းကြွခဲ့သည်။

 

သူ၏ကြိုတင်ပြောဆိုမှုယေရှုပြန်လည် ထမြောက်မည်

ယေရှုက မိမိသည် အသေသတ်ခြင်းကိုခံရ၍ ပြန်လည် ထမြောက်မည်ဟု ကြိုတင်ပြောခဲ့သည်။ “ယေရှုကလည်း၊ ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။သုံးရက်အတွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။” (ယောဟန် ၂း၁၉)။ “မောရှေသည် တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။” (ယောဟန် ၃း၁၄)။ မိမိ၏သေဆုံးခြင်း၊ ထမြောက်ခြင်း အကြောင်းကို ကြိုတင်ပြောခဲ့သည်။ အဘယ်သူမျှ မိမိသေဆုံးခြင်းကို ကြိုတင် မပြောနိုင်သကဲ့သို့ပြန်လည်ထ မြောက်မည်ဟုလည်း အခိုင်အမာ မပြောနိုင်ပေ။ ခရစ်တော်တစ်ပါးတည်းသာလျှင် ဤအမှုကို ပြုနိုင်သည်။

လူများရှေ့၌ ယေရှု၏အမှုတော်လုပ်ငန်း

(ဒုတိယအကြိမ် ပဿခါပွဲမှ တတိယအကြိမ်အထိ)

ယေရှုသည် ယေရုရှလင်မြို့သို့ပြန်၍ ဗေသေသဒရေအိုင်နား၌ တုံးလုံးလဲနေသူကိုကျန်းမာစေခြင်း (ယောဟန် ၅း၁-၄၇)

ယေရှုသည် ယုဒအမျိုးသားတို့ ပွဲကျင်းပရာ အချိန်ဖြစ်သောကြောင့် ယေရုရှလင်မြို့သို့ ပြန်သွားခဲ့သည်။ ဗေသေသဒရေအိုင်နား ရောက်သောအခါ မျက်စိကန်းသူ၊နားမကြားသူ၊ ခြေလက်သေသောသူများထဲမှ သုံးဆယ့်ရှစ်နှစ်ပတ်လုံး ဖျားနာကာတုံးလုံးနေသောသူ တစ်ဦးကို တွေ့ခဲ့သည်။ ထိုသူကိုကြည့်၍ ယေရှုက “သင်သည်ကျန်းမာခြင်းသို့ ရောက်လိုသလော” ဟု မေးခဲ့သည်။ ထိုသူကလည်း “သခင် ရေလှုပ်ရှားသောအခါ ရေကန်ထဲသို့ အကျွန်ုပ်ကို သွင်းထားမည့်သူ မရှိပါ” ဟု တုန့်ပြန်ခဲ့သည်။ ထိုအခါ ယေရှုက “ထလော့၊ ကိုယ်အိပ်ယာကိုဆောင်၍ လှမ်းသွားလော့” ဟုမိန့်တော်မူခဲ့သည်။ ထိုအချိန်မှာပင် သူသည် ချက်ချင်းထ၍ လမ်း လျှောက်  နိုင်ခဲ့သည်။ ယေရှုသည် ဥပုသ်နေ့၌ အနာငြိမ်းခြင်းအမှုကို ပြုရုံသာမက မိမိကိုယ်ကို ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ကြောင်း အခိုင်အမာ ပြောသောကြောင့်ယုဒလူတို့သည် ယေရှုကို သတ်ရန် ကြိုးစားခဲ့ကြသည်။

မျက်စိကန်းသူ၊ နားမကြားသူ၊ ခြေလက်သေသောသူတို့သည် ယုဒလူတို့၏ဝိညာဉ်ရေးအခြေအနေကို ဖော်ပြရန် အထူးပင် သင့်လျော်သည်။ ယေရှုသည် ယေရုရှလင်မြို့၌ နိမိတ်လက္ခဏာများ ပြုခဲ့သည်။ ယုဒလူတို့သည် သမ္မာတရား၌ မျက်စိကန်း၍ ဘာသာရေးကျင့်ဝတ်များကြောင့် ခြေလက်သေသောသူများကဲ့သို့ ဖြစ်သည်။ခရစ်တော် တစ်ပါးတည်းသာလျှင် သူတို့၏သေနေသော ဝိညာဉ်ရေး အခြေအနေမှရွေးနှုတ်ကယ်တင်နိုင်သူ ဖြစ်သည်။ ခရစ်တော်သည် သူတို့ကြားထဲ၌ အကြီးမြတ်ဆုံးဆေးသမား (ဆရာဝန်) ဖြစ်သည်ကို အသိအမှတ် မပြုခဲ့ပေ။ ယေရှုသည် ထိုအချိန်ထိုနေရာ၌ ဖျားနာသူအားလုံးကို ကျန်းမာစေနိုင်သော်လည်း .. ကျန်းမာခြင်းအခွင့်ကိုမပေးခဲ့ပေ။ ကျေးဇူးတော်အားဖြင့် . ထိုသူတစ်ယောက်တည်းကိုသာ .. ကျန်းမာစေခဲ့သည်။ ထိုသူသည် ယေရှုအား မိမိကို ကျန်းမာခွင့်ပေးရန် မတောင်းလျှောက်ခဲ့ပေ။ထို့ပြင် “ကျန်းမာ ခြင်းသို့ရောက်လိုသလော” ဟု သူ့အား မေးသည့်အခါ “ဟုတ်ကဲ့”ဟု မဖြေဘဲ “ရေကန်ထဲသို့အကျွန်ုပ်ကို သွင်းထားမည့် သူမရှိပါ” ဟု မကျေမနပ်တုန့်ပြန်ခဲ့သည်။ ထိုလူသည်ဘုရားသ ခင်၏ ကျေးဇူးတော်ကြောင့်သာ ကျန်းမာခွင့်ရခဲ့သည်။ ယုဒလူတို့သည် ထိုသူကိုကျန်းမာခြင်း အခွင့်ပေးခဲ့သည့် ယေရှုကို ကျေးဇူးတင်မည့်အစား သတ်ဖို့ရန်အတွက်သာ အော်ဟစ်ခဲ့ကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို မချီးမွမ်းခဲ့ပေ။ သူတို့၏ နှလုံးသားများသည် အလွန်မာကြော၍ ယေရှုကိုဆက်လက်ငြင်းပယ်ခဲ့သည်။

ဂါလိလဲပြည်သို့ ယေရှုရောက်လာခြင်း (လုကာ ၄:၁၄ -၃၀)

ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ဂါလိလဲပြည် နာဇရက်မြို့ သို့ ပြန်သွားခဲ့သည်။ ထိုနေရာတွင် ဥပုသ်နေ့တိုင်း တရားဇရပ်သို့သွား၍ ကျမ်းစာကို ဖတ်ကာလူများကို ဆုံးမသြဝါဒ ပေးခဲ့သည်။ နာဇရက်မြို့သည် ယေရှု၏ မွေးရပ်မြေဖြစ်သောကြောင့် လူများသည် အာရုံစိုက်လျှက်ယေရှု ၏စကားတော်ကို နားထောင်ကြသည်။အဘယ် ကြောင့်ဆိုသော် အခြားသောမြို့ရွာများ၌ ယေရှုပြုသော နိမိတ်လက္ခဏာများအကြောင်းကိုကြား၍ မိမိမြို့၌လည်း မည်သည့် နိမိတ်လက္ခဏာ ပြုမည်ကို စိတ်ဝင်စားသောကြောင့် ဖြစ်သည်။

ယေရှုက မည်သည့် ပရောဖက် (သို့) မည်သည့် ဘုရားသခင်၏အစေခံမှမိမိနေရင်းမြို့၌နေသော သူများထံမှ ဂုဏ်အသရေကို မရဟုဆိုခြင်းဖြင့် ယုဒလူများတုန်လှုပ်ချောက်ချား စေခဲ့သည်။ တစ်ပါးအမျိုးသားတို့သည် ရွေးချယ်ခံရသောဣသရေလလူမျိုးထက် ဘုရားသခင်ကို ပို၍ ယုံကြည်အားကိုးသည်ကို မြင်သော အခါသူတို့အပေါ် ယေရှုရှင် အမျက်ထွက်ခဲ့သည်။ ယုဒလူတို့သည် တစ်ပါးအမျိုးသားတို့အား “ငရဲမီးအ တွက် လောင်စာများ” အဖြစ် ဆက်ဆံကြသည်။ တစ်ပါးအမျိုးသားကို ချီးမွမ်းပြောဆိုခြင်းသည် သူတို့အား စော်ကားသကဲ့သို့ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယုဒလူတို့သည် ဘုရားသခင်၏ ဂရုဏာတော် နှင့် လူသားအားလုံးအတွက် ရွေးနှုတ်ခြင်းအစီအစဉ်ကို နားမလည်သောကြောင့် ဖြစ်သည်။ “ဧဝံဂေလိ”ဟူ သော စကားလုံး၏ အဓိပ္ပါယ်မှာ”သတင်း ကောင်း” ဖြစ်သည်။ ပရောဖက် ဟေရှာယသည် အပြစ်ဒု စရိုက်အောက်၌ ကျရောက်နေသူများကို လွှတ်မြောက်စေရန်သန့်ရှင်းသော ဝိညာဉ်တော်တန်ခိုးဖြင့် မေရှိယ ကြွလာမည်ဟု ပရောဖက်ပြုခဲ့သည်(ဟေရှာယ ၆း၁-၂ ကို ကြည့်ပါ)။ ယေရှုသည် လူတို့အား အဆိုးရွားဆုံးအပြစ်၏

ကျွန်ဘဝ၊ ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရားနှင့် ခန္ဓာ၊ဝိညာဉ်နှစ်မျိုးလုံးပျက်စီးခြင်းမှ လွတ်မြောက်ရန် ဆင်းကြွခဲ့ခြင်း ဖြစ် သည်။

ယောဟန် ၄:၁၄-၃၀ တွင် ယုဒလူတို့၏ စိတ်ပျက်စရာကောင်းသော အခြေအနေကို ဖော်ပြထားသည်။ ထို့ပြင် အနာဂတ်နှင့် ပတ်သက်၍ ကြိုတင် ပရောဖက်ပြုချက်များလည်း ပါဝင်သည်။ ယောဟန် ၃:၂၆ တွင် ယေရှုသည် သူတစ်ပါး၏အထင်သေးခြင်းခံရ၍ ယောဟန် ၃း၃၂ တွင် သူ၏ သက်သေခံချက်သည် ငြင်းပယ်ခံရသည်ကို တွေ့ရပြန်သည်။ ထို့ပြင် ယေရှုကို ခဲဖြင့်ပစ်ခြင်းငှာ မြို့ပြင်သို့ ဆွဲခေါ်

သွားကြသည်။ ထိုသူတို့၏ တုန့်ပြန်မှုသည် တစ်မျိုးသားလုံး ယေရှုအား နောက်ဆုံးငြင်းပယ်မှု မတိုင်မီ ကြိုတင် အစပြုလိုက်ခြင်း ဖြစ်သည်။

ကပေရနောင်မြို့၌ ယေရှုနေထိုင်ခြင်း (မဿဲ ၄း၁၃-၁၇၊ မာကု ၁း၂၁-၂၂၊ လုကာ၄း၃၁-၃၂)

ယေရှုသည် ဂါလိလဲပြည်မှ ထွက်ခွာပြီးနောက် ကပေရနောင်မြို့ သို့ သွားခဲ့သည်။ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟု ထိုနေရာတွင်တွင် စတင်ဟောပြောခဲ့သည်။

အံ့ဩဖွယ်ကောင်းလောက်အောင် ငါးများဖမ်း၍ တပည့်တော်များအား ပထမ အကြိမ်ခေါ်ခြင်း (

(မဿဲ၊ ၄:၁၈-၂၂၊ မာကု ၁း၁၆-၂၀၊ လုကာ ၅:၁ – ၁၁)

ရှိမုန်နှင့် အိန္ဒြေညီအစ်ကို နှစ်ယောက်သည် ယေရှုနှင့်အရင်က ဆုံဖူးသည်(ယောဟန် ၁:၃၅-၄၅)။ သို့သော် ထိုအချိန်တွင် ယေရှုသည် တပည့်တော်များအဖြစ်သူတို့ကို မခေါ်ခဲ့ပေ။ တပည့်တော်များအဖြစ် မခေါ်မီ အံ့သြဖွယ်ကောင်းလောက်အောင် ငါးများဖမ်းခြင်းဖြင့် မိမိကိုယ်ကို မေရှိယအဖြစ် အခိုင်အမာ သက်သေပြခဲ့သည်။ ဤနိမိတ်လက္ခဏာနှင့် ပတ်သက်၍ အကြောင်းအရာ အပြည့်အစုံကို ရှင်လုကာခရစ်ဝင်ကျမ်းတွင် ဖော်ပြထားသည်။

ယေရှုသည် လူများကိုလှေထဲမှ ဆုံးမဩဝါဒပေးရန် ရှိမုန်၏လှေထဲသို့ဝင်ခဲ့သည်။ ရှိမုန်သည် ယေရှု၏ သွန်သင်ခြင်း ကို ကြားခဲ့ရသည်။ ယခုအချိန်တွင်ယေရှု၏ နိမိတ်လက္ခဏာကိုသက်သေခံမည့်သူ တစ်ဦးဖြစ်လာခဲ့သည်။ ယေရှုသည်ဆုံးမ ဩဝါဒပေးပြီးနောက် ရေနက်ရာသို့ ပိုက်ကွန်ကိုချရန် အမိန့်ပေးခဲ့သည်။ ရှိမုန်သည် တစ်ညလုံး ခက်ခဲစွာ ကြိုးစားခဲ့ပြီး ငါးတစ်ကောင်မျှ မရသောကြောင့် ပင်ပန်းနွမ်းနယ်နေသော်လည်း ယေရှု၏ အမိန့်တော်အတိုင်း ဆောင်ရွက်ခဲ့သည်။ “အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်” ဟု ဝန်ခံခဲ့သောကြောင့် ငါးမြောက်များစွာကိုဖမ်းမိ၍ ပိုက်ကွန်သည် စုတ်ပျက်စ ပြုလာသည်အထိ နိမိတ်လက္ခဏာကို မြင်တွေ့ခဲ့ရသည်။ ရှိမုန်ပေတရုသည် မိမိ၏ အပြစ်များအကြောင်း၊ ယေရှုသည် မည်သူဖြစ်ကြောင်း သဘောပေါက်သွား၍ မိမိထံမှယေရှုကို ထွက်သွားရန် တောင်းပန်ခဲ့သည်။ ထို့နောက် ယေရှုသည် ရှိမုန်နှင့် သူ့အစ်ကို အိဖြေတို့ကို တပည့်တော်အဖြစ်ခေါ်ခဲ့သည်။ ယေရှုသည် ပိုက်ကွန်များကို ပြင်နေသော ရှိမုန်၏ အပေါင်းအဖော်ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်ကိုလည်း မိမိနောက် လိုက်ရန် ခေါ်ခဲ့သည်(မဿဲ ၄း၂၁)။ ထိုသူတို့သည်လည်း ပိုက်ကွန်ကို ကမ်းပေါ်သို့ ဆွဲတင်ပြီးနောက် အရာအားလုံးကို ချန်ထား၍ ယေရှုနောက်သို့ လိုက်ခဲ့သည်။ ထိုသူတို့သည် အရင်က တံငါသည်များ ဖြစ်ခဲ့သော်လည်း ထိုအချိန်မှစ၍ လူကို မျှားသော တံငါသည်များ ဖြစ်လာခဲ့ကြသည်။

နတ်ဆိုး နှင်ထုတ်ခြင်း (မာကု ၁:၂၃-၂၈၊ လုကာ ၄း၃၃-၃၇)

နတ်ဆိုးစွဲနေသော သူတစ်ယောက်သည် ကြီးသောအသံနှင့် နာဇရက်မြို့သားယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ်တို့ကို ဖျက်ဆီးခြင်းငှာလာသလော” ဟု အော်ဟစ်ခဲ့သည်။ ယေရှုသည် နတ်ဆိုးကိုထိုလူထဲမှ ထွက်ရန် အမိန့်ပေးခဲ့သည်။ သို့သော် နတ်ဆိုးသည် အလွယ်တကူလက်မလျှော့ခဲ့ပေ။ ထိုလူကို တောင့်မာစေပြီးမှ ထွက်သွား၏။ ယေရှုသည် နတ်ဆိုးများ

အပေါ်တွင် အခွင့်အာဏာရှိသည်။

ပေတရု၏ ယောက္ခမကို ကျန်းမာစေခြင်း (မာကု ၁း၂၃-၂၈၊ လုကာ ၄:၃၃-၃၇)

ယေရှုသည် ပေတရုအိမ်သို့ ရောက်သောအခါ ပေတရု၏ ယောက္ခမသည်ဖျားနာ၍ အိပ်ယာပေါ်၌ လဲလျှောင်းနေသည်ကို တွေ့ခဲ့သည်။ ယေရှုသည် ထိုအမျိုးသမီး၏ လက်ကို တို့သောအခါ သူမသည် အဖျားပျောက်၍ ဧည့်သည်ဝတ်ကို ပြုခဲ့သည်။ ယေရှုသည် ဖျားနာသူများနှင့်နတ်ဆိုးစွဲသူများအား ကူညီမစရန် ကုသမှုများဆက်လက်ပြုခဲ့သည်။

ဂါလိလဲပြည်၌ တပည့်တော်များနှင့်အတူ (မဿဲ ၄း၂၃-၂၅၊ မာကု ၁း၃၅-၃၉၊ လုကာ၄:၄၂-၄၄)

နံနက်စောစော၊ မိုးမလင်းမီ ယေရှုသည် ထ၍ တောအရပ်၌ ဆုတောင်းသည်ဟု ရှင်မာကုသည် ရေးသားဖော်ပြခဲ့သည်။ ယေရှုသည် ဂါလိလဲပြည်တလျှောက်အမှုတော်လုပ်ငန်းများ ဆောင်ရွက်ရန် ဆုတောင်းခြင်း လိုအပ်ခဲ့သည်။ အမှုတော်လုပ်ငန်းများမှာ ၁) တရားစရပ်၌ ဆုံးမဩဝါဒပေးခြင်း၊ ၂) သတင်းကောင်းကိုဝေငှခြင်း၊ (၃) ရောဂါဝေဒနာ ခံစားနေရသူများအား ကုသပေးခြင်း စသည်တို့ဖြစ်သည်။ ယေရှု၏သတင်းသည် ရှုရိပြည် တစ်လျှောက်လုံး ပျံ့နှံ့သွားသည်။ ရောဂါအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးစွဲသူများ၊ ခြေလက်သေသောသူများကို ယေရှုထံခေါ်ဆောင်ခဲ့သည်။ ယေရှုသည် ထိုသူများကို ကျန်းမာစေခဲ့သည်။ ဂါလိလဲပြည်၊ဒေကပေါလိပြည်၊ ယေရုရှလင်မြို့ ၊ ယုဒပြည်နှင့် ယော်ဒန် မြစ်တစ်ဖက်မှ လာသောလူမြောက်များစွာသည် ယေရှုနောက် လိုက်ခဲ့ကြသည်။

နူနာစွဲသူ တစ်ဦးအား ကျန်းမာစေခြင်း (မဿဲ ၈း၁-၄၊ မာကု ၁း၄၀-၄၅၊ လုကာ ၅း၁၂- ၁၆)

မတွေးဝံ့သောအမှုကို ယေရှု ပြုခဲ့သည်။ မထိတွေ့သင့်သောအရာကို ထိခဲ့သည်။ နူနာသည် ကြောက်စရာအကောင်းဆုံး ရောဂါဖြစ်သည်။အဘယ်ကြောင့်ဆိုသော် ထိုရောဂါသည် ခန္ဓာနှင့်ဆိုင်သော ဒုက္ခခံရ၍ အပယ်ခံဘဝသို့ ရောက်ရုံမျှစိတ်ပိုင်းဆိုင်ရာလည်း သိမ်ငယ်မှုများနှင့် ပြည့်နှက်နေသည်။ ယေရှု ခေတ်ကာလ၌ နူနာစွဲသည်မှာ အလွန် _ ရှက်ဖွယ်ကောင်းသည်။ အထင်သေးခြင်းလည်းခံရသည်။ ထို့ပြင် ထိုသူတို့အား မထိတွေ့သင့်သော သူများအဖြစ် ဆက်ဆံကြ သည်။နူနာသည် အလွန်ကြောက်စရာ ကောင်းသည်။ အဘယ်ကြောင့်ဆိုသော် ထိုရောဂါခံစားနေရသူများသည် ခြေ၊လက်စသည့် ခန္ဓာကိုယ် အစိတ်အပိုင်းများကို တဖြည်းဖြည်းဆုံးရှုံးရသည်။ အခြားသူများ၏ ရှောင်ကြဉ်ခြင်းကို ခံရရုံ သာမက သူတို့၏ဆွေမျိုးများပင်လျှင် သူတို့အား သေသူအဖြစ် သတ်မှတ်ပြီးသား ဖြစ်သည်။ ယုဒလူတို့၏ ပညတ်တွင် နူနာစွဲသူများထံသွား၍ တို့ထိခြင်းမပြုရန် တားမြစ်ထားသည်။အကြောင်းမှာ ထိုသူတို့ကို တို့ထိမိပါက မိမိတို့ထံ နူနာကူးစက်မည်ကို စိုးရိမ်ကြသောကြောင့် ဖြစ်သည်။

သို့သော် ဤအဖြစ်အပျက်တွင် နူနာစွဲသူသည် တစ်စုံတစ်ခုကို တိတ်တဆိတ်ပြုခဲ့သည်။ ယေရှုထံ နှိမ့်ချခြင်းနှင့်အတူ ယုံကြည်မှုအပြည့်နှင့် မိမိအား ကျန်းမာစေရန် မျှော်လင့်ချက်နှင့်ချဉ်းကပ်ခဲ့သည်။ ပုံမှန်အားဖြင့် နူနာစွဲသူသည် ထိုသို့ ပြုလျှင်ကျောက်ခဲနှင့် ပစ်ခံရမည် (သို့) ယေရှုအနီးသို့ ချဉ်းကပ်ရန် ကြိုးစား ခဲ့သောကြောင့်ထိုသူကို အနည်းဆုံးတော့ မောင်းထုတ်ရမည်။ သို့သော် ယေရှုသည် ထိုသူ၏တောင်းဆိုမှုကို လိုက်လျောခဲ့ရုံသာမက ထိုသူကို တို့ထိကာ မိမိ၏ ချစ်ခြင်းမေတ္တာ၊ ဂရုဏာ၊ဘုရားသခင်၏ နူးညံ့ခြင်း စသည်တို့ကို ပြခဲ့သည်။ နူနာစွဲသူကို တို့ထိခြင်းသည်ဆေးပညာအရ ဆိုးဆိုးရွားရွား ထိခိုက်မှု ရှိနိုင်၍ စွန်းစားမှုကြီး တစ်ခုအဖြစ်လေ့လာသိရှိပြီး ဖြစ်သည်။ သို့သော် ယေရှုသည် ထိုသူ၏ ဆင်းရဲဒုက္ခအပေါ် ကရုဏာထားခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်း၊ ကရုဏာကို ပြသခဲ့သည်။ ယေရှုသည်ထိုသူကို တို့ထိကာ ခန္ဓာကိုယ်ကိုသာမက ဝိညာဉ်ရေးကိုပါ သန့်ရှင်းစေခဲ့သည်။ယေရှုသည် ထိုသူကို သန့်ရှင်းစေပြီးနောက် အဘယ် သူမျှ မပြောဘဲ မောရှေပညတ်အတိုင်း ယဇ်ပုရော ဟိတ်ထံ မိမိကိုယ်ကို သွားပြန်ရန် အမိန့်ပေးခဲ့သည်။ သို့သော်ထိုလူသည်ထွက်သွား၍ အခြားသူများအား ပြောကြားသောကြောင့် သိတင်းသည်ပျံ့နှံ့သွား သည်။ ထို့ကြောင့်ယေရှုသည် နောက်တစ်ဖန် မြို့ထဲသို့ လွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာ၍ မရတော့ဘဲ တောအရပ်သို့ သွား၍ နေထိုင်ရန် ရွေးချယ်ခဲ့သည်။သို့သော် နေရာဒေသ အသီးသီးမှ လူများ သည်ယေရှုထံဆက်လက်၍ လာနေဆဲဖြစ်သည်။

တုနှိုင်းမဲ့သောခရစ်တော်

 

ယေရှု နှင့် မထိတွေ့သင့်သောသူများ

 

ယေရှုသည် မထိတွေ့သင့်သောသူများအကြားတွင် အမှုတော်ဆောင်ခဲ့သည်သာမကထိုသူတို့ကို ထိတွေ့ခဲ့သည်။ ယုဒအဖွဲ့အစည်းတွင် မထိတွေ့ သင့်သော သူများအဖြစ်အပယ်ခံရသူတို့သည် ရှက်ဖွယ်ကောင်းသောနေရာ၌ အမြဲနေရသည်။ ယနေ့ခေတ်တွင် ဒလိစ် (Dalts)% လူမျိုးစု ကဲ့သို့ ဖြစ်ပေလိမ့် မည်။  အဘယ်ကြောင့်ဆိုသော်ယေရှုခေတ်အခါ၌ ထိုသူတို့သည် . မထိမတွေ့သင့်သော … အပယ်ခံ၊ အနှိမ်ခံများဖြစ်သောကြောင့် ဖြစ်သည်။ လူ့ပတ်ဝန်းကျင်နှင့်ဆိုင်သော မျှော်လင့်ချက်များ မရှိတော့ သည့်အတွက် မသန့်ရှင်းသူများအဖြစ်သို့ ထိုသူတို့ကို သတ်မှတ် ကြသည်။ထိုကဲ့သို့ အပယ်ခံများနှင့် စကားပြော ဆိုခြင်းကို ကိုယ်ကျင့်တရား ညစ်ညူးခြင်းအဖြစ် သတ်မှတ်ကြသည်။ ယေရှုသည် မိမိ ခေတ်အခါတွင် ဖိနှိပ်ခံရသူ၊ နိုင်ငံရေးအခွင့်အရေးမရသူ၊ နူနာစွဲသူ၊ မထိတွေ့သင့်သောသူ၊ အပယ်ခံရသူနှင့် မသန့်ရှင်းသူများအား တို့ထိကာယုဒလူတို့၏ ထုံးတမ်း စဉ်လာစည်းမျဉ်းများကို ချိုးဖောက်ခဲ့သည်။

၁။ မဿဲ ၉:၃၆ တွင် ယေရှုသည် လူအစုအဝေးတို့ကို သနားသောစိတ် ရှိကြောင်းဖော်ပြထားသည်။ လူများသည် ပင်ပန်း၍ အကူအညီကင်းမဲ့ နေကြသည်။သူတို့သည် လောက၏ အနှိမ်ခံ၊ အပယ်ခံများဖြစ် သည်။ ထိုသူတို့သည် နိုင်ငံ ရေး၊စီးပွားရေး ကိစ္စရပ်များကို နားမလည်သောကြောင့် အထင်သေးခြင်း ခံရ သည်။အချို့ဆရာများသည် ထိုသူတို့အား ပညတ်ချက်များကို မသိသော လူညံ့ အုပ်စုအဖြစ် သတ်မှတ်ကြသည်။ ထို့ပြင် သူတို့ကြားတွင် သတ်မှတ် ချက်တစ်ခုရှိခဲ့သည်။ ထိုအရာမှာ “သင်ယူနေသော တပည့်များသည် သင်ပေး သောဆရာနှင့်အတူ စားပွဲတစ်ခုတည်းတွင် မစားသောက်ရ” ဟူသော ဘာသာရေးထုံးတမ်းစဉ်လာအရ တားမြစ်ချက် ဖြစ်သည်။“နှစ်ခြင်းဆရာ ယောဟန်ကို ဖမ်းဆီး၍ ထောင်ထဲ၌ ထည့်ထားကြောင်း သိတင်းကြားသောအခါ ယေရှုသည် လှေနှင့်ဆိတ်ကွယ်ရာအရပ်သို့ ထွက်ကြွသော်လည်း

လူအစုအဝေးသည် ယေရှုနောက်သို့ ဆက်လက် လိုက်ကြသည်။ ယေရှုသည်မျှော်ကြည့်သောအခါ လူအစုအဝေးကြီးကိုမြင်၍ “သနားခြင်း စိတ်တော် ရှိ၍လူနာရှိသမျှတို့ကို ချမ်းသာပေးတော်မူ၏” မဿဲ ၁၄:၁၄၊ မာကု ၆:၃၄)။ လူငါးထောင်ကိုလည်း ကျွေးမွေးခဲ့သည် (မဿဲ ၁၄:၁၃၊ မာကု ၆:၃၀-၄၄၊ လုကာ၉:၁၀-၁၇၊ ယောဟန် ၆:၁-၁၅)။ ဟေရုဒ်မင်းကြီး ကျင်းပသော မွေးနေ့ပွဲပြီးနောက် လူငါးထောင်ကို ကျွေးမွေးခဲ့ခြင်းဖြစ်သည် (မဿဲ ၁၄:၁-၁၂၊ မာကု၆:၁၄-၃၂၊ လုကာ ၇:၇-၉)။ ဟေရုဒ်မင်းကြီး၏ မွေးနေ့ပွဲနှင့် လူငါးထောင်ကိုကျွေးမွေးခြင်းနှစ်ခုကြားတွင် ကြီးကြီးမားမား ကွဲပြားမှု တစ်ခုရှိသည်။ ဟေရုဒ်မင်း၏ပွဲတွင် အဆင့်အတန်းရှိသော သူများကိုသာ ရွေးချယ်၍ ဖိတ်ထား၍လူအစုအဝေးတွင်မူ အပယ်ခံများ၊ ဟေရုဒ်မင်း၏ မွေးနေ့ပွဲသို့ တက်ရောက်အရည်အချင်း မပြည့်ဝသူများနှင့်ပြည့်နေသည်။

မဿဲ၁၅:၃၂-၃၉ နှင့် မာကု ၈:၁-၁၀ တွင် လူအစုဝေး (လူလေးထောင်) ကိုဒုတိယအကြိမ် ကျွေးမွေးခဲ့ကြောင်း ဖော်ပြထားသည်။ လူလေးထောင်ကိုကျွေးမွေးခြင်းသည် ဒေကပေါလိပြည်၌ ဖြစ်ခဲ့သောကြောင့် ထိုအစုအဝေးတွင် တစ်ပါးအမျိုးသားအများစု ပါဝင်သည်ဟု ခန့်မှန်းနိုင်သည်။ အကြွင်းအကျန်များကိုကောက်သိမ်းသောတောင်း သည် ယုဒလူတို့ အစားအသောက် သယ်ယူရာ တွင်အသုံးပြုသောခြင်းတောင်း မဟုတ်ဘဲ တစ်ပါးအမျိုးသားများ အသုံးပြုသည့်ကြီးမားသော တောင်းဖြစ်၍ ထိုတောင်း ခုနှစ်တောင်း အပြည့်ရသည်။ ယေရှုသည် ဘုရားကိုမသိ၊ သစ္စာမရှိ၊ မသန့်ရှင်းသော၊ မထိတွေ့သင့်သော၊ အပယ်ခံဖြစ်သော တစ်ပါးအမျိုးသားများကို ဝလင်စွာ ကျွေးမွေးခဲ့ သည်။

၄။ ယေရှုသည် မိမိလက်ကိုဆန့်ကာ နူနာစွဲသူကို တို့ထိခဲ့သည် (မဿဲ ၈-၃၊ မာကု၁:၄၁၊ လု၊ ၅:၁၃)။ ထိုကဲ့သို့ တို့ထိခြင်းသည် မိမိအား ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်သည့် ကြီးမားသော စွန့်စားမှုတစ်ခု ဖြစ်သည်။ မိမိအား အော်ဟစ်ကာအကူညီတောင်းသော လူနူဆယ်ဦးကို သန့်ရှင်းစေခဲ့သည် (လု ၁၇:၁၂-၁၄)။ ယုဒအသိုင်းအဝိုင်းတွင် နူနာစွဲခြင်းသည် တစ်ဘဝလုံး အရှက်ရစရာ ဖြစ်ပေသည်။မောရှေ၏ ပညတ်အရ နူနာစွဲသူများသည် မသန့်ရှင်းသဖြင့် အခြား သူများအားကူးစက်စေမည်စိုးသောကြောင့် နူနာစွဲသူရှိပါက တစ်ဦးတည်း တပ်ပြင်တွင်သီးသန့် ထားရသည် (ဝတ်ပြုရာ ၁၃:၁-၄၆၊ ၁၄:၁-၃၁၊ တော ၁၂:၁၀-၁၆)။နူနာစွဲသူသည် ညစ်သောအဝတ်ကို ဝတ်၍ ခေါင်းကို မဖုံးဘဲ အထက် နှုတ်ခမ်းကိုဖုံးလျှက် “မစင်ကြယ်” ဟု ဟစ်အော်ရမည်။ ယေရှုခေတ် အခါတွင် ယုဒခေါင်းဆောင်များသည် နူနာသည်များအား လူမှုရေးကိစ္စများတွင် ပါဝင်လှုပ် ရှားခြင်း၊တရားစရပ်(သို့) ဗိမာန်တော်၌ ဝတ်ပြုခြင်းများ မပြုရန် တားမြစ်ထားသည်။နူနာစွဲသူသည် အခွင့်အရေးအားလုံးဆုံးရှုံး၍ ရွံရှာမုန်းတီး ခြင်းခံရသည်။ နူနာစွဲသူသည် စင်ကြယ်ပြီးနောက်ပိုင်းမှာပင်ရှက် ကြောက် စရာအမှုကို လွယ်လွယဖျောက်ဖျက် ၍ မရပေ။ ရှိမုန်သည် အရင်က နူနာစွဲခဲ့ပြီး ယခုတွင် စင်ကြယ်သော်လည်း သူ့အား “ရှိမုန်အမည်ရှိသော လူနူ” ဟု ခေါ်နေဆဲ ဖြစ်သည် (မဿဲ၂၆:၂-၁၆၊ မာကု ၁၄:၃-၁၁၊ ယောဟန် ၁၂:၁-၈)။ သို့သော် ယေရှုသည် နူနာစွဲသူနှင့် လွတ်လွတ်လပ်လပ် အစာသုံးဆောင်ခဲ့သည်။

၅။ ယေရှုသည် ရှမာရိ အမျိုးသမီးနှင့် စကားပြော၍ (ယောဟန် ၄:၁-၄)၊ ရှမာရိလူမျိုးများနှင့်နှစ်ရက်တာ အတူနေခဲ့သည် (ယောဟန် ၄:၄၀၊၃၄)။ ရှမာရိလူများသည် အမျိုးမစစ်သောကြောင့် မထိတွေ့ သင့်သော သူများအဖြစ် ယုဒအမျိုးသားများက သတ် မှတ်ခဲ့ကြသည်။ ယေရှုသည် ရှမာရိလူမျိုး (အမျိုးသမီး) နှင့်စကားပြော၍ မထိတွေ့သင့်သော သူများနှင့်အတူ နှစ်ရက်နေ ခဲ့သည်။

၆။ ယေရှုသည် အခွန်ခံမဿဲအား မိမိတပည့်အဖြစ် ခေါ်ခဲ့သည် (မဿဲ ၉:၉)။အခွန်ခံများ၊ ဆိုးသောသူများနှင့်အတူ ယေရှုသည် ညစာ စားခဲ့သည် (မဿဲ ၉:၁၀)။ဤသို့ အတူတကွ စားသုံးခြင်းကို ဖာရိရှဲများအလွန် ထိတ်လန့်သွား သည်မှာအံ့ဩစရာ မဟုတ်ပေ (မဿဲ ၉:၁၁) အခွန်ခံခေါင်းဆောင် ဇကွဲအိမ် သို့လည်းသွားရောက်လည်ပတ်ခဲ့သည် (လုကာ ၁၉:၁-၁၀)။ “ဆိုးသော သူ၏အိမ်သို့ ဝင်၍လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကား” ဟု လူများသည် ယေရှုအား ပြစ်တင်ကဲ့ရဲ့ခဲ့ကြသည် (လုကာ ၁၉း၇)။ အခွန်ခံများသည် လူများ၏ ရွံရှာမုန်းတီးခြင်းကိုခံရသည်။ ရွံစရာကောင်းသော အကျင့်စရိုက် နှင့်လူများအဖြစ် ဆက်ဆံကြသည်။အဘယ်ကြောင့်ဆိုသော် တာဝန်ထမ်း ဆောင်ရာတွင် စာနထောက်ထားမှုမရှိဘဲ အာဏာသုံးသောကြောင့် ဖြစ်သည်။ အထူးသဖြင့် ယုဒပြည်တွင် ဖိနှိပ်ချုပ်ချယ်သော အစိုးရအဖွဲ့နှင့် ဘုရား မသိသောသူများကိုယ်စား အာဏာဖြင့်အခွန်ကောက်ခံရန် သစ္စာဖောက်များ၊ ပူးပေါင်းဆောင်ရွက်သူများအဖြစ် အခွန်ခံများကို တံဆိပ်ခတ်ထားပြီး ဖြစ်သည်။ ထို့ပြင် တစ်ပါးအမျိုးသားများနှင့်အတူလုပ်ငန်းများ ဆောင်ရွက်သောကြောင့် ပညတ်တော် ချိုးဖောက်သူများအဖြစ်သူတို့ကို ခွဲခြားသတ်မှတ် ထားသည်။ သို့သော် ယေရှုသည် လူ့အဖွဲ့အစည်း၌အမှိုက်ကဲ့သို့ ရွံ့စရာကောင်းသော အပယ်ခံများကို ကယ်တင်ရန် ဆန္ဒရှိခဲ့သည်။အထူးသဖြင့် ဇက္ခသည် မိမိအား လူများ ရွံ့မုန်းစရာ ကောင်းလောက်အောင်ဖျောက်ဖျက်၍ မရသော အရှက်ရမည့် အလုပ်ကိုလုပ်ခဲ့သည်။ ထို့ပြင် အရပ်ပု၍ခန္ဓာကိုယ် သေးသော လူ ဖြစ်သည်။ မိမိ၏ကိုယ်ခန္ဓာသည် သူတပါးနှင့် တန်းတူမဟုတ်သည့်အ တွက် နှစ်ဆပို၍ သူတစ်ပါး၏ ကဲ့ရဲ့ခြင်းကို ခံရမည်ဖြစ်သည်။သို့သော် ယေရှုသည် ဇကွဲ၏လူများနှင့် အဆင်မပြေမှု၊ လိုအပ်မှုများကို မကြည့်ဘဲ လူအစုအ ဝေးထဲမှ ဇကွဲကိုရွေးချယ်၍ တည်းခိုရန် ပြောခဲ့သည်။ ဖာရိရှဲနှင့်ကျမ်းတတ်ပုဂ္ဂိုလ်များ၏ အံ့ဩထိတ်လန့်မှုနှင့် လူအစုအဝေး၏ အပြစ်တင်ပြောဆိုမှုများ ရှိနေသော်လည်း ဇကွဲနှင့်အတူ ထမင်းဝိုင်း၌ မိတ်သဟာယဖွဲ့ရန်နှစ်သက် ရွေးချယ်ခဲ့သည်။

၇။ ယေရှုသည် ဆိုးသောအမျိုးသမီးတစ်ဦးအား မိမိခြေတော်ပေါ်သို့ မျက်ရည်ကျ ၍ခြေတော်ကိုနမ်းပြီး ဆီမွှေးလိမ်းပေးခဲ့သည်ကို ခွင့်ပြုခဲ့သည် (လုကာ ၇း ၃၇)။ယေရှုအား ညစာစားရန် ခေါ်ဖိတ်ခဲ့သော ဖာရိရှဲသည် “ဤသူသည် ပရောဖက်မှန်လျှင် ခြေတော်ကို ကိုင်သော ဤမိန်းမသည် အဘယ်သို့သော သူ ဖြစ်သည်ကို

သိလိမ့်မည်။ ဤမိန်းမသည် ဆိုးသောသူဖြစ်၏ဟု ထင်မှတ်၏” ဟု ပြောခဲ့သည်(လုကာ ၇:၃၉)။

၈။ တစ်ဆယ့် နှစ်နှစ်ပတ်လုံး သွေးသွန်နာစွဲသော အမျိုးသမီးသည် ယေရှု၏ ဝတ်လုံတော်ကို တို့ခဲ့သည်။ ယေရှုသည် သူမအား အပြစ်မတင်ဘဲ သူမ၏ ယုံကြည်ခြင်းကို ချီးကျူး၍ သူမကို ကျန်းမာစေခဲ့သည် (မဿဲ ၉:၂၀ -၂၂)။

၉။ ယေရှုသည် မျက်ကန်းတစ်ယောက်၏ မျက်စိကို တို့ထိကာ ကျန်းမာစေခဲ့သည်(မဿဲ ၉:၂၈-၃ဝ)။

ယေရှုသည် မထိတွေ့ သင့်သော အပယ်ခံများ၏ မိတ်ဆွေဖြစ်သည်။ ထိုသို့ မိတ်ဆွေဖွဲ့ခြင်းသည် ထိုအချိန်၌ လူ့ကျင့်ဝတ်ကို ချိုးဖောက်ခြင်းဖြစ်သည်။ သို့သော် ယေရှုသည် ထိုကျင့်ဝတ်၊ သတ်မှတ်ချက်များကို ဆန့်ကျင်ရန် ဆန္ဒရှိခဲ့သည်။ Vinoth  Ramachandra ဆိုသူက “ပါလစ်စတိုင်းဒေသတွင် လူအများက စွန့်ပယ်ထားသောလူများကိုပေါင်း သင်း မိတ်ဆွေဖွဲ့ခြင်းအားဖြင့် ယေရှုသည် ထိုခေတ်က လူ့ကျင့်ဝတ်အတားအဆီးများကို ဖြိုချပစ်ခဲ့သည်။ ဂျူးဘာသာဝင် ခေါင်းဆောင်များဖြစ်သောဖာရိရှဲများက ပညတ်တရားချိုးဖောက်ခြင်း ဖြစ်သည်ဟု ရှုမြင်ကြစဉ် ယေရှုရှင်ကပဋိညာဉ်တရားသစ်ကို အစပြုခြင်းဟု ရှုမြင်ခဲ့သည်။ တပည့်တော်များနှင့် စားပွဲတွင်ဝိုင်းထိုင်ကာ မိတ်ဿဟာယဖွဲ့ကြသည်တွင် ကဲ့ရဲ့ပစ်ပယ်ခံလူများ နှင့် လူဆိုးများကိုအကန့်အသတ်မရှိ ပါဝင်ရန် ယေရှုရှင် အခွင့်ပေးခဲ့သည်။ ၎င်းသည် မေရှိယ၏ အတူစားသောက်ပွဲကို ပုံဖော်နေခြင်း ဖြစ်ပေသည် – “ငါဆိုပြန်သည်ကား၊ လူများတို့သည်၊အရှေ့အရပ်၊ အနောက်အရပ်မှ လာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ယာကုပ်တို့နှင့်တကွ လျောင်းရ ကြလတံ့” (မဿဲ ၈:၁၁၊ လုကာ ၁၃:၂၉)။ခရစ်ယာန်များ မေတ္တာ၊ စေတနာထား၍ ဆောင်ရွက်သော အမှုတော်လုပ်ငန်းများသည် လူတို့၏နှလုံးသားကို အနက်ရှိုင်းဆုံး တို့ထိခဲ့သည်။ နူနာစွဲသူများထံ အမှုတော်ဆောင်ခဲ့သော မာသာထရီဇာ၊ ဂရေဟမ်စတိန်းတို့ကဲ့သို့ အမှုတော်ဆောင်များ၊ ၁၉၉၉ခုနှစ် ဇန်နဝါရီလတွင် မိမိသားနှစ်ယောက်နှင့်အတူ မီးရှို့ခံရသော အမှုတော်ဆောင်များ ရှိခဲ့သည်။ ထိုသူတို့၏ဆောင်ရွက်မှုများသည် လူတို့၏ နှလုံးသားများကို နှိုးထမှုဖြစ်စေခဲ့သည်။ ခရစ်ယာန်များ၏ စစ်မှန်သော အစေခံခြင်း သည် . အမုန်းခံရမည်

ဖြစ်ကြောင်း သတိပေးထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၏ အစေခံခြင်းသည် လူ့ကျင့်ဝတ်နှင့်ဆိုင်သော အမိန့်၊ ပညတ်ချက်များကို ဆန့်ကျင်သောကြောင့်ဖြစ်သည်။ သို့သော် ယေရှုကဲ့သို့ မထိတွေ့သင့်သော အပယ်ခံများကို ဂရုစိုက်စောင့်ရှောက်ရမည့် ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားကို ဘယ်သောအခါမှ နောက်မတွန့်ဘဲဆောင်ရွက်ရမည်။

ကပေရနောင်မြို့၌ရှိသော လက်၊ ခြေ သေသောသူကို ကျန်းမာစေခြင်း (မဿဲ ၉း၂-၈၊မာကု ၂:၁-၁၂၊ လုကာ ၅း၁၇-၂၆)။

ကပေရနောင်မြို့ သို့ တစ်ဖန် ပြန်ရောက်သောအခါ ယေရှု၏ ဒေသ နာကိုနားထောင်ရန် လူများစုဝေးခဲ့ကြသည်။ လူလေးယောက်သည် ယေရှုထံသို့ လက်၊ခြေသေသောသူကို သယ်ဆောင်ခဲ့ကြသည်။ သို့သော် လူများအလွန်များသောကြောင့်ယေရှုနားရောက်အောင် မသွားနိုင်ခဲ့ပေ။ ထို့ကြောင့် အစီအ စဉ်ပြောင်းကာ ခေါင်မိုးကိုဖောက်၍ လူနာကို အိပ်ယာနှင့်တကွ လျော့ချခဲ့သည်။ ယေရှုသည် ထိုသူတို့၏ယုံကြည်ခြင်းကို မြင်သောအခါ ခြေလက်သေသောသူအား “ငါ့သား၊ သင်၏အပြစ်ကိုလွှတ်စေပြီ” ဟု မိန့်ခဲ့သည်။ သို့သော်လည်း ထိုအရပ်၌ ထိုင်နေသော ကျမ်းပြု ဆရာတို့က ယေရှုသည် ဘုရားကို လွန်ကျူး၍ အဘယ်ကြောင့် ဤသို့ ပြောသနည်းဟုစိတ်ထဲ၌တွေးခဲ့ကြသည်။ “အပြစ်ကို လွှတ်စေပြီ” ပြောလိုက်ခြင်းသည် မိမိကိုယ်ကိုဘုရားဖြစ်ကြောင်း အခိုင်အမာပြော သက်သေခံ ခြင်းဖြစ်သည်။ ကျမ်းတတ်ဆရာတို့၏စိတ်ထဲ၌ ရှိနေသောအရာကို သူ သိတော်မူခဲ့သည်။ ထို့ကြောင့် “သင်တို့ စိတ်ထဲမှာ အဘယ် ကြောင့် ဤသို့ ထင်မှတ်ကြသနည်း။ လက်ခြေသေ သောသူအားအဘယ်စကားကို .. သာ၍ ပြောလွယ်သနည်း။ သင်၏ အပြစ်ကို လွှတ်စေပြီဟုပြောလွယ် သလော။ သင် ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ လှမ်းသွား လော့ဟုပြောလွယ် သလော။ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့ သိစေခြင်းငှာ…..” ဟု ဆို၍ လက်ခြေသေသောသူအား “ထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ ကိုယ် အိမ်သို့သွားလော့” ဟုမိန့်တော်မူခဲ့သည်။ လက်ခြေသေသောသူသည်လည်း ချက်ချင်းထ၍ အိပ်ယာကိုကိုင်ဆောင်ကာ ထွက်သွားလေသည်။

တုနှိုင်းမဲ့သော ခရစ်တော်

အပြစ်ခွင့်လွှတ်ခြင်း

လက်ခြေသေသောသူ၏ အပြစ်များကို ယေရှုခွင့်လွှတ်ပေးခဲ့သည် (မာကု ၂:၁ -၁၂)။ဘုရားသခင် တစ်ပါးတည်းသာ အပြစ်ခွင့်လွှတ်နိုင်သောကြောင့် ယေရှုက အပြစ်လွှတ်ပိုင်သည်ဟု အခိုင်အမာ ပြောခြင်းက သူသည် ဘုရားဖြစ်ကြောင်း အခိုင်အမာသက်သေခံခြင်းဖြစ်သည် (ကော ၃:၁၃၊ ယော ၁း၉)။အပြစ်များကို ခွင့်လွတ်ပေးခြင်းသည် ခရစ်ယာန်ဘာသာ၏ အထွဋ်အမြတ် တစ်ခုဖြစ်ပါသည်။ တစ်ဘက်တွင် Frank Whaling က ဟိန္ဒူဘာသာတွင် တွေ့ရသည့်ခွင့်လွတ်ခြင်း ဟူသည့်အရာမှာ အာပတ်ဖြေခြင်း (မိမိကိုယ်ကို လျော့ပေါ့ပေးခြင်း)ပုံစံမျိုးဖြစ်သည်ဟု မှတ်ချက်ပြုထားပါသည်။ ၎င်းသည် ..“နာကျင်ခံစားရမည်ကိုသနားသောကြောင့် ထိုကျူးလွန်သူ၏ အပြစ်ကို လျစ်လျူရှုပေးလိုက်ခြင်း” မျိုး ဖြစ်သည်။ ဟိန္ဒူဘာသာ၏ အကောင်းဆုံးသော avatars များအတွက် လက်ဝါး ကပ်တိုင်မရှိ၊ ဂေါလဂေါသမရှိ၊ အပြစ်အတွက် ဒဏ်ပေးခြင်း စသည်တို့ မရှိပေ။ လူသားအတွက် ဆင်းရဲဒုက္ခခံစားရခြင်း သို့မဟုတ် သေဆုံးခြင်း သို့မဟုတ် ပြင်းစွာနာကျင်ခံစားရခြင်းနှင့် ပတ်သက်သည့် စဉ်းစားခြင်းမရှိ။ ထို့ပြင် လူသားအား စုံလင်သောကယ်တင်ခြင်းကို မဖော်ပြပေးသကဲ့သို့ ဘုရားသခင်ကိုလည်း စုံလင်စွာ ဖော် ပြခြင်းမရှိပေ။ အတွင်းနှလုံးသားထဲတွင် လစ်ဟာနေသည့်အရာကို အခြားနည်းလမ်း များရှာကာ ဖြည့်ဆည်းရမည် ဟူသည့်ရည်ရွယ် ချက်ဖြင့်သာ သူတို့ နိုးထလာရခြင်းဖြစ်သည်။ ဟိန္ဒူ avatars များသည် ဘုရားသခင့်ဘက်မှ လူသားများ၏ အရေးကိစ္စများတွင် ယာယီဝင်ရောက်စွက်ဖက်မှု တစ်ခုဖြစ်သည်။ ၎င်းသည် လိုအပ်လာသောအခါ ကွဲပြားသောပုံစံများဖြင့် ထပ်ခါတလဲလဲ ပြုလုပ်နိုင်သည်။ အကယ်စင်စစ် ခရစ်ယာန်တို့၏ သွန်သင်ချက်နှင့် ခြားနားလှပါသည်။

Vinoth Ramachandra အောက်ပါအတိုင်း မှတ်ချက်ပြုခဲ့ပါသည် -“ယုဒထုံးတမ်းအစဉ်လာအရ မေရှိယသည် အပြစ်ခွင့်လွှတ်ရန် အခွင့်အရေး မရှိပေ။မေရှိယသည် ယုဒလူမျိုး၌ ဘုရားမရှိခြင်းကို ဖျောက်ဖျက်ရန်၊ နတ်ဆိုး၊ ဝိညာဉ် ဆိုး၏တန်ခိုးများကို ချေဖျက်ရန်၊ မိမိလူများကို အပြစ်လွှမ်းမိုးမှုကနေ ကာကွယ်ရန်အတွက်ဖြစ်၍ အပြစ်ခွင့်လွတ်ခြင်းအတွက် ယေရှုရှင်ကို မည်သည့်အခါမျှ ညွှန်းဆိုလေ့မရှိပေ။ အကယ်စင်စစ် ယေရှုသည်ယဇ်ပုရောဟိတ်တစ်ဦးကဲ့သို့ နောက်ဆုံးတရားစီရင်ရာနေ့၌ ဘုရားသခင်၏ ခွင့်လွှတ်မှုကို ရှိမည်ဖြစ်ကြောင်း၊ အထက်ရုံးတော်တွင် စီရင်ချက်များကို စစ်ဆေးပြီးသည့် နောက်မှသာ ထိုက်သည့်သည့်ခွင့်လွတ်ခြင်းမျိုး ရှိမည်ဖြစ်ကြောင်း မသေချာ မရေရာဘဲ ပြောကြားခဲ့ခြင်း မရှိပေ။ယေရှုသည် မည်သူတစ်ဦး တစ်ယောက်ထံ၌မျှ အခွင့်အာဏာ တောင်းခံစရာ မလိုဘဲလွတ်လွတ် လပ်လပ်၊ ရဲရင့်စွာ၊ သိက္ခာရှိရှိ အပြစ်ကို ချက်ချင်း ခွင့်လွှတ်ခဲ့သည်။

လူများအား အပြစ် ခွင့်လွှတ်ကြောင်း ကြေငြာရာတွင် ယေရှုသည် ယဇ်ပူဇော်ခြင်းစနစ်များနှင့် ဗိမာန်တော်၌ ယဇ်ပုရောဟိတ်များကို ကိုယ်စားဆောင်ရွက်ရသောအမှုများကို ကျော်ကလုပ်ဆောင် ခဲ့သည်။ ဣသရေလလူမျိုးများအတွက် ဗိမာန်တော်သည် ၎င်းတို့လူမျိုးနိုင်ငံ၏ ကိုယ်စားပြုရာ (နိုင်ငံရေး၊ လူမှုရေး နှင့် ဘာသာရေးတို့ အရင်းတည်ရာ) ဖြစ်သည်ဟု ခံယူထားသဖြင့် ထိုကဲ့သို့ လုပ်ဆောင်ခြင်း သည်ပြိုင်ဘက်ကင်းသော အခွင့်အာဏာတော်ကို ညွှန်းဆိုနေပါသည်။”20မအား တပည့်တော်အဖြစ်ခေါ်ခြင်း (မဿဲ ၉း၉-၁၃၊ မာကု ၂:၁၃-၁၇၊ လုကာ၅:၂၇-၃၂)ပါလက်စတိုင်း၌ ရှိသောသူများကို ပညတ်တော်များနှင့် စည်းမျဉ်းစည်းကမ်းများအားလုံးကို တစ်သွေမတိမ်းလိုက်နာသော ယုဒလူများနှင့် မလိုက်နာသောသူများဟူ၍ နှစ်မျိုးခွဲထားသည်။အများက လက်ခံထားသည့် ပညတ်တော်များကို လိုက်နာသောအခြားသူများသည် အခြားသူများကို တန်ဖိုးမရှိသောသူများအဖြစ် ဆက်ဆံကြသည်။ ထိုသူတို့နှင့် ပေါင်းဖော်ခြင်းကို လုံးဝရှောင်တတ် ကြသည်။ လူတို့နှင့်အလုပ်တွဲလုပ်ရမည်ကို ငြင်းပယ်သည်။ ထိုသူတို့ထံမှ တစ်စုံ တစ်ခုရရန် (သို့) ပေးရန်ရှောင်းရှား ကြသည်။ ထိုသူတို့နှင့် လက်ထပ်ထိမ်းမြားခြင်းကိုငြင်း ဆန်သည်။ ထိုသူတို့နှင့်အတူ တစ်ဝိုင်းတည်းအတူတကွ စားသုံးခြင်း အပါအဝင် ဖျော်ဖြေတင်ဆက်မှုများကို ရှောင်ကြဉ်သည်။ ထိုသို့အနှိမ်ခံဘဝနှင့် နေထိုင်ရသူများ အထူးသဖြင့် အခွန်ခံအပြစ်သားများနှင့် ယေရှုသည် အပေါင်းအဖော်ဖွဲ့သည့်အခါ ယုဒအမျိုးသားများ၏သိမြင်နားလည်နိုင်စွမ်းကို ထိတ်လန့် စေခဲ့သည်။ ယေရှုသည် မိမိ၏တပည့်တော်တစ်ဦးအဖြစ် ယုဒလူများ အထင်သေးသော အလုပ်ကိုလုပ်ကိုင်၍ လူများမနှစ်သက်ဆုံးသော သူများအနက် တစ်ဦးဖြစ်သည့် အခွန်ခံ မဿဲကို ရွေးချယ်ခဲ့သည်။ အခွန်

ခံများ၊ ဆိုးသောသူများနှင့်အတူ ယေရှုစားသောက် သည်ကို ဖာရိရှဲများက ပြစ်တင်၊ပြောဆိုခဲ့သည်။ ထိုသို့ ပြောဆိုမှုများကို ယေရှုသည် ရိုးရှင်းစွာ တုန့်ပြန်ခဲ့သည်။ဆရာဝန်သည် ကျန်းမာသောသူများထံ သွားစရာမလိုဘဲ ဖျားနာသော သူများထံသွားသကဲ့သို့ ယေရှုသည် မိမိအား အလိုအပ်ဆုံးသောသူများကို ရှာဖွေခဲ့ခြင်း ဖြစ်သည်။မိမိလူများကို ဂရုစိုက်ရန်၊ ထာဝရအသက် ရရှိခံစားနိုင်ရန် ဝိညာဉ်ရေးကို ကုသပေးသော ဆရာဝန်၊ ကောင်းကင်သိုးထိန်းအဖြစ် ဆင်းကြွခဲ့ခြင်းဖြစ်သည်။ အများကလက်ခံထားသော ယုဒလူများသည် အကြီးမားဆုံးဂရုစိုက်မှု လိုအပ်နေသော လူများ ကိုကူညီဖေးမရန် လျစ်လျူရှုကာ ဘာသာရေး ထုံးတမ်းအစဉ် အလာများနှင့် အလုပ်ရှုပ်ခဲ့သည်။ ဘာသာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း … တစ် ကိုယ်ကောင်းဆန်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်အတန်း နိမ့်ကျသောသူများနှင့်အတူ အဘယ်အရာမျှ လုပ်ဆောင်ရန် ဆန္ဒမရှိပေ။ ယေရှုသည် မိမိ၏အမှုတော်မြတ်ကို ရှင်းလင်းပြတ်သားသော အသုံးအနှုန်းဖြင့် ဖော်ပြခဲ့သည်။ “ဖြောင့်မတ်သော သူတို့ကို နောင်တသို့ခေါ်ခြင်းငှာ၊ ငါလာသည်မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာ သတည်းဟု မိန့်တော်မူ၏” ပညတ်တော်များကို တစ်သွေမတိမ်း လိုက်လျှောက်သော ယုဒလူများသည် သူတို့ အထင်သေးသော သူများကဲ့သို့ပင် နောင်တရရန် လိုအပ်သည်။

“လူအပေါင်းတို့သည် ဘုရားသခင် ရှေ့တော်၌ အသရေ ပျက်ကြပြီ။”

အစာရှောင်ခြင်းနှင့် စပ်လျဉ်း၍ ဖြေကြားခြင်း (မဿဲ ၉း၁၄ ၁၇၊ မာကု ၂:၁၈-၂၂၊လုကာ ၅:၃၃-၃၉)

အစာရှောင်ခြင်း (သို့) ပွဲကျင်းပခြင်း နှစ်ခုအနက် မည်သည့်အရာသည် အရေးကြီးသနည်း။ ယေရှု၏တပည့်များ အစာမရှောင်သောကြောင့် နှစ်ခြင်းဆရာ ယောဟန်၏တပည့်များ အလွန်အံ့ဩခဲ့ရသည်။ ပေးကမ်းခြင်း၊ ဆုတောင်းခြင်းနှင့် အစာ ရှောင်ခြင်းသည် သာသာရေးကျင့်ထုံးများအနက် အရေးကြီးသော တာဝန်များ ဖြစ်သည်။ယေရှုသည် ရိုးရှင်းစွာ ရှင်းလင်း ဖော်ပြခဲ့သည်။ အစာရှောင်ရမည့်အချိန် ရှိသကဲ့သို့

စားသောက်ပွဲ ကျင်းပရမည့် အချိန်လည်း ရှိသည်။ ယေရှု၏တပည့်တော် တစ်ယောက်အဖြစ် အသက်ရှင်ခြင်းသည် သတို့သားနှင့် သတို့သမီးမင်္ဂလာ ဆောင်ပွဲကို တက်ရောက်၍ ဝမ်းမြောက်မှုကို ခံစားရသကဲ့သို့ ကားတိုင်၏ နာကျင်ခက်ခဲမှု များနှင့် တွေ့ကြုံရမည့်အချိန်လည်း ရောက်ရှိလာဦးမည်ဖြစ်သည်။ သို့သော် ယခုအချိန်သည် တပည့်တော်

များက သခင်ဘုရားနှင့်အတူရှိ၍ ဝမ်းမြောက်စွာ နေရမည့် အချိန် ဖြစ်သည်။ နောက်ပိုင်းတွင် နှိမ့်ချခြင်းနှင့် အစာရှောင်ရမည့်အချိန်၊ အပြစ် အတွက် ပူဆွေး သောကရောက်၍သခင်ဘုရားကို ရှာဖွေရမည့်အချိန် ရောက်လာ ဦးမည် ဖြစ်သည်။

ယေရှုသည် မိမိတပည့်များအား အသစ်သောအရာများကို သင်ရန် စိတ်နှလုံးမာကြောမှု ပြဿနာကို သတိပေးခဲ့သည်။ ယေရှုသည် မိမိဒေသနာကို နား ထောင်နေသူများအား သားရေဘူးအသစ်နှင့် သားရေဘူးအဟောင်း ပုံဥပမာကို ပေးခဲ့သည်။ယေရှုခေတ်အခါတွင် စပျစ်ကို ပုလင်းထဲ၌ မဟုတ်ဘဲ သားရေဘူး၌ ထည့်လေ့ရှိကြသည်။ စပျစ်ရည်အသစ်များကို သားရေဘူးထဲသို့ ထည့်လိုက်လျှင် အချဉ်ပေါက်သည်။ ထိုစပျစ်ရည် အငွေ့ များ၏ တွန်းကန်အားကို သားရေဘူး အသစ်သည် ဆွဲဆန့်

နိုင်သည်။ သို့သော် သားရေဘူးအဟောင်းသည် အလွယ်တကူ ပေါက်သွားနိုင်သည်။အကြောင်းရင်းမှာ ဘူးဟောင်းသည် မာကြောသောကြောင့် ဖြစ်သည်။ ဤအကြောင်းအရာနှင့် နှိုင်းယှဉ်ကာ ယေရှုသည် အဟောင်းနှင့်အသစ်အတွက် မှန်ကန်သောနေရာရှိသကဲ့သို့ အစာရှောင်ခြင်း၊ အစားအသောက်ပွဲများ ပြုလုပ်ခြင်းအတွက် မှန်ကန်သောအချိန်နှင့် နေရာရှိကြောင်း ရှင်းပြခဲ့သည်။ ယေရှုက “ကိုယ်တော်ကလည်း၊ သို့ဖြစ်၍ ကောင်း ကင်နိုင်ငံတော်၏ အကြောင်းအရာကို သင်ပြီးသော ကျမ်းဆရာ မည်သည်ကား ၊မိမိဘဏ္ဍာထဲက အထူးထူး အပြားပြားသော အသစ်အဟောင်းတို့ကို ထုတ်တော်သောအိမ်ရှင်နှင့် တူသည်” ဟု ပြောခဲ့သည် (မဿဲ ၁၃:၅၂)။ ကျွန်ုပ်တို့၌ ဓမ္မသစ်(သို့)ဓမ္မဟောင်းကျမ်း တစ်ခုသာ ရှိပါက ကျွန်ုပ်တို့အား အဘယ်မျှလောက် အားလျော့စေမည်နည်း။

ဂါလိလဲပြည်သို့ ပြန်လာသည့်လမ်းတွင် ဥပုသ်နေ့၌ တပည့်တော်များ စပါးအသီးအနှံများကို ဆွတ်ဆူးခြင်း (မဿဲ ၁၂း၁ -၈၊ မာကု ၂:၂၃-၂၈ ၊ လုကာ ၆:၁-၅)

“ဥပုသ်နေ့ကို သန့်ရှင်းစေကြလော့” ဟူသောပညတ်သည် ကျွန်ုပ်တို့အတွက်လိုအပ်ပါသလား၊ သို့မဟုတ် ဤပညတ်ချက်၏ နောက်၌ အဓိက ရည်ရွယ်ချက်သည်အဘယ်အရာ ဖြစ်သနည်း။ ဘာသာရေးခေါင်းဆောင်များသည် ဤအမှုကိစ္စနှင့် ယေရှုကို ဆန့်ကျင်တိုက်ခိုက်သည်။ “ဥပုသ်နေ့၌ အနားယူခြင်း” ဆိုသည်မှာ ဖန်ဆင်းခြင်းနှင့် ရွေးနှုတ်ခြင်း၌ ဘုရားသခင်၏ ကောင်းမြတ်ကြောင်းကို အောက်မေ့ သတိယချီးမွမ်းကိုးကွယ်ရန် .. ဖြစ်သည်။ . ကျွန်ုပ်တို့ကိုယ်စားဘုရားသ ခင်၏ ရွေးနှုတ်ကယ်တင်ခြင်းအမှုနှင့် ဖန်ဆင်းခြင်း လက်ရာများကို ချီးမွမ်းရန်အတွက် ဥပုသ်နေ့ကိုသီးသန့်ဖယ်ထားခြင်း ဖြစ်သည်။ နေ့စဉ် လုပ် ဆောင် နေသော မိမိ၏ အလုပ်များကိုခေတ္တရပ်နားကာ အနားယူ၍ အင်အားများ ဖြည့်ရန် ဖြစ်သည်။ ကျမ်းတက်ဆရာများနှင့် ဖာရိရှဲများသည် တပည့်တော်များအား စပါးသီးနှံများကို ဆွတ်ခူးစားသည့်အတွက် ပြစ်တင်ဆုံးမခြင်း မဟုတ်ဘဲ ဥပုသ်နေ့၌ ဆွတ်ခူးသောကြောင့် ဖြစ်သည်။

လူသည် ဘာသာရေး ထုံးတမ်းအစဉ်အလာများထက် ပို၍ အရေးကြီးကြောင်း သမ္မာကျမ်းစာမှ ပြန်လည်ချေပ၍ မိမိတပည့်တော်များအား ကာကွယ်ပေးခဲ့သည်။ ဒါဝိဒ်နှင့်သူ၏ငယ်သားများသည်လည်း အလွန်မွတ်သိပ်သောအခါ ဗိမ္မာန်တော်၌ သန့်ရှင်းသောမုန့်ကို ယူစားခဲ့သည်။ ဥပုသ်နေ့၌ ဗိမ္မာန်တော်တွင် … ဝတ်ပြုကိုးကွယ်ရာ၌အလုပ်များ လုပ်ရသည်ဟု ယေရှု ကိုးကား ဖော်ပြခဲ့သည်။

လက်တစ်ဖက်သေသောသူကို ဥပုသ်နေ့တွင် ကျန်းမာစေခြင်း (မဿဲ ၁၂:၉-၁၄၊မာကု ၃း၁-၆၊ လုကာ ၆း၆ -၁၁)

ယေရှုသည် တရားဇရပ်တစ်ခုသို့သွားရာ လက်တစ်ဖက် သေသောသူကိုတွေ့ခဲ့သည်။ ဖာရိရှဲများသည် ထိုသူကို ရည်ရွယ်ချက်ရှိရှိ တရားဇရပ်၌ ထားခြင်းဖြစ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ဥပုသ်နေ့၌ ယေရှု အနာငြိမ်းခြင်း အမှုပြုမည်ကို စောင့်ကြည့်၍ ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ခြင်းအတွက် ပြစ်တင်ကဲ့ရဲ့လိုသောကြောင့် ဖြစ်သည်။ ယေရှုသည် လက်တစ်ဖက်သေသောသူကိုကျမ်းမာစေခဲ့သည်။ ထိုသူတို့၏ စိတ်နှလုံးကို ယေရှုသိသည်ဟု ရှင်လုကာ ဖော်ပြခဲ့သည်။ သူတို့သည် ယေရှုအပေါ် ရွံရှာမုန်းတီးကာ အထင် သေး၍ ဒေါသစိတ်နှင့်ပြည့်နေခဲ့ကြသည်။ ဘုရားသခင်ထက် မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်ကို နေရာပေးကာအမှန်နှင့်အမှားကို ဆုံးဖြတ်ကြသည်။ စောင့်ထိန်းရမည့် ပညတ်ချက်၊ ကျင့်ဝတ်များ၌ထောင်ချောက်မိနေပြီး ဘုရားသခင်၏ ရည်ရွယ်ချက်ကို မမြင်နိုင်၊ နားမလည်နိုင်ဘဲဖြစ်နေသည်။ ဥပုသ်နေ့အတွက် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ လူတို့အား ဖျက်ဆီးခြင်း (သို့) မကောင်းမှုပြုခြင်းထက် လူတို့အား ကယ်တင်၍ ကောင်းသောအမှုများကိုပြုရန်ဖြစ်ကြောင်း သူတို့၏ အမှားကို မြင်နိုင်အောင် ထောက်ပြခဲ့သည်။

အိုင်နားသို့ ပြန်လည်ဆုတ်ခွာခြင်း (မဿဲ၁၂:၁၅-၂၁ ၊ မာကု ၃း၇-၁၂)

ယေရှုနှင့်တပည့်တော်တို့သည် အိုင်နားသို့ ပြန်လည်ရွှေ့ခဲ့ကြ ပါသော်လည်းလူများစွာသည် ယေရှုနောက်သို့ ဆက်လိုက်ကြသည်။ ယေရှုသည်လည်း လူနာများကို ကျန်းမာစေ၍ မိမိအကြောင်း မပြောရန် သတိပေးသည်။ နတ်ဆိုးများသည်ယေရှုကို မြင်သောအခါ “ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်” ဟု ဟစ်ကြွေးခဲ့သည်။တပည့်တော် တစ်ဆယ့်နှစ်ဦး ရွေးချယ်ခြင်း (မဿဲ ၁၀:၁-၄၂၊ မာကု၊ ၃း၁၃-၁၉၊ လုကာ၊ ၆း၁၂-၁၉)ယေရှု၏ တပည့်တော် တစ်ဆယ့်နှစ်ယောက်၏ အမည်များမှာ –

၁။ရှိမုန် (ပေတရု)

၂။အိန္ဒြေ (ရှိမုန်၏အကို)

၃။ဇေဗေဒေ၏သား ယာကုပ်

၄။ယာကုပ်၏ညီ ယောဟန်

၅။ဖိလိပ္ပု

၆။ဗာသောလမဲ

၇။သောမတ်

၈။မခွန်ခံမ

၉။အာလဖဲ၏သား ယာကုပ်

၁၀။သဒ္ဒ(ယာကုပ်၏ညီ ယုဒ)

၁၁။ဇေလုပ်ဟုခေါ်သော ရှိမုန်

၁၂။ ယုဒရှကာရုတ်

ယေရှုသည် သာမန်လူတန်းစားများကို မိမိနောက် လိုက်အဖြစ် ရွေးချယ်ခဲ့သည် – စည်းစိမ်ကြွယ်ဝသော (သို့) ရာထူးအဆင့်အတန်းရှိသော လူများခေါ်ဆိုခဲ့ခြင်းမဟုတ်ပေ။ သာမန်လုပ်ငန်းများလုပ်ကိုင်၍ ပညာမထူးချွန်သော၊ လူမှုရေးနယ်ပယ် ၌ပါဝင်လုပ်ဆောင်ခြင်း မရှိသော သူများကို ရွေးချယ်ခဲ့သည်။ ယေရှုသည် သာမန်လူများကို  သဘာဝထက်လွန်ကဲသောအရာများကို ကောင်းစွာ လုပ်ဆောင်စေရန် အလိုရှိခဲ့သည်။ ထိုသူတို့ကို မည်သူ၊မည်ဝါ ဖြစ်သောကြောင့် ရွေးချယ်ခြင်း မဟုတ်ဘဲ မိမိ၏လမ်းညွှန်မှု နှင့် တန်ခိုးတော်အောက်၌ လုပ်ဆောင်နိုင်စွမ်းရှိ သည့်သူများ ဖြစ်လာရန်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

တောင်ပေါ်ဒေသနာ (မဿဲ ၅း၁ – ၈း၁၊ လုကာ ၆:၂၀-၄၉)

တောင်ပေါ်ဒေသနာသည် ခရစ်ယာန်အသက်တာအတွက် မရှိမဖြစ် သမ္မာတရား ဖြစ်သည်။ ပထမဆုံးအနေနှင့် ဘုရားသခင်၏ ကျေးဇူးတော်တရား မရှိဘဲခရစ်ယာန်အသက်တာ မရှိနိုင်ပေ။ တောင်းဆိုမှုများ အလွန်များသည်။ ခရစ်ယာန်အသက်တာသည် သဘာဝထက် လွန်ကဲသောအသက်တာ ဖြစ်သည်။ ဘုရားသခင်၏ ကျေးဇူးတော်မရှိဘဲ ရှင်သန်၍မရပေ။ ဒုတိယအနေနှင့် တောင်ပေါ် ဒေသနာသည်အတွင်းစိတ်သဘောထား နှင့်ဆိုင်သော ဒေသနာ ဖြစ်သည်။ ယေရှုသည် နှလုံးသား၊အတွင်းစိတ်သဘောကို အထူးဂရုစိုက်ရန် ဆက်လက် ဟောပြောခဲ့သည်။ တတိယအနေနှင့် လောကအရာများမှ သီးသန့်ခွဲထားခြင်း မဟုတ်ဘဲကာ ကွယ်ရန်ဖြစ်သည်။ခရစ်ယာန်များသည် လောကတွင် အသက်ရှင်ရသော်လည်း လူ့အသက်သတ်ခြင်း၊ဖောက်ပြန် ပျက်စီးခြင်းစသည့် မကောင်းသောဒုစရိုက်များ၏ လွှမ်းမိုးမှုများမှ မိမိကိုယ်ကို ကာကွယ်ရန် ဖြစ်သည်။

မဿဲ ၅:၁ဝ-၁၂ တွင် တွေ့ရသော ယေရှုခရစ်တော် ၏ ကြီးမြတ်ခြင်း အကြောင်းဖွင့်ပြချက် သုံးမျိုး´

၁။ အကယ်၍ ယေရှု၏တပည့်တစ်ဦး ဖြစ်ရုံနှင့် ညှင်းပန်းနှိပ်စက်ခြင်း ခံရပါကလောက၏အမြင်၌ ယေရှုသည် ကြီးမြတ်ကြောင်း ခိုင်မာသော သက် သေပြမည်။

၂။ အကယ်၍ ယေရှု၏ နာမကြောင့် ဖြောင့်မတ်သောသူများသည် ညှင်းပန်းနှိပ်စက်ခြင်းကို သည်းခံလျှင် ကောင်းကင်ဘုံ၌ သရဖူရမည်ဆိုပါက ဘုရားသခင်၏အမြင်၌ ယေရှု၏ကြီးမြတ်ကြောင်းကို အလေးအနက်ထားခြင်း ဖြစ်သည်။

၃။ ဘုရားသခင်ကိုယ်စား စကားပြောသော ပရောဖက်များသည် နှိပ်စက်ခံရသည်။ယေရှုကိုယ်စား အမှုတော်ဆောင်သော တပည့်တော်များသည် ဝေဒနာခံစားရသည်။ ဤသို့ နှိုင်းယှဉ်ခြင်းဖြင့် ယေရှုသည် မိမိကိုယ်ကို ဘုရား ဖြစ်ကြောင်းသက်သေပြခဲ့သည်။

ယနေ့ခေတ်အတွေးအမြင်နှင့် တောင်ပေါ်ဒေသနာ

ယေရှုသည် တောင်ပေါ်ဒေသနာကို ဟောရာတွင် “စိတ်မသာညည်းတွားသော သူတို့သည် မင်္ဂလာရှိကြ၏” ဟူသော စာကြောင်းနှင့်အစပြုခဲ့သည် (မဿဲ ၅း၃)။ ယေရှုသည် ယနေ့ခေတ်လောက၏ အတွေးအမြင်နှင့် ရှေးခေတ်အတွေးအမြင်များကို လျစ်လျူရှုခဲ့သည်။ ရှေးခေတ်လူသားတို့၏ အတွေးအခေါ်အရ ခွန်အားကြီးသူ၊ ချောမောလှပသူ၊ ဉာဏ်ပညာရှိသူ၊ ကြွယ်ဝချမ်းသာသူများသည် ဆင်းရဲသားများ၊ အားနည်းသောသူများ၊ အနှိမ်ခံဘဝများထက်ပို၍ ကိုယ်ကျင့်တရား ကောင်းသည်။ အနောက်တိုင်း အတွေးအခေါ်သာမက အရှေ့တိုင်း အတွေးအခေါ်သည်လည်း ထိုနည်းတူ ဖြစ်သည်။ အရှေ့တိုင်းတွင် ရာထူးရာခံရှိမှသာ လူရာဝင်သည်။ မြင့်မြတ်သောလူတန်းစားများကို နှိမ့်ကျသာ လူတန်းစားများထက်ပို၍ တန်ဖိုးထား လေးစားကြသည်။ ရာထူးအဆင့်အတန်းအရ Dalit တို့သည် လူသားအဖြစ် အသိအမှတ်ပြု မခံရပေ။ ဆင်းရဲသားများသည် လူ့အဖွဲ့အစည်း၌ နေရာမရသကဲ့သို့ ပညာ သင်ကြားခွင့်လည်း မရပေ။ပလိပ်ရောဂါသည်များကဲ့သို့ ရှောင်ကြဉ်ခံရသည်။ တောင်ပေါ်ဒေသနာကို လက်တွေ့ကျင့်သုံးသော အသင်းတော်များသည် ဖိနှိပ်ခြင်း ခံရသည်။ “ခရစ်ယာန်ဘာသာ၌အသင်းတော်များအား ပြန်သုံးသပ်သည့်အခါ တောင်ပေါ်ဒေသနာကို ဆန့်ကျင်ကာလက်တွေ့ဆောင်ရွက်ခြင်း မရှိ” ဟု Gandhi ပြောခဲ့သည်။

 ဝမ်းနည်းစရာ ကောင်းသောအဆိုအမိန့်ဖြစ်သော်လည်း ထိုအရာမှာ အမှန်တရားဖြစ် နေသည်။“စိတ်မသာညည်းတွားသော သူတို့သည် မင်္ဂလာရှိကြ၏” ယေရှု၏ သွန်သင်ခြင်းသည် ယနေ့ခေတ် အတွေးအခေါ်များနှင့် ဆန့်ကျင်နေသည်။ ယေရှုသည် ညည်းတွားငိုကြွေးသူများကို တန်ဖိုးထားသည်။ ထိုသူတို့၏ စိတ်ဝိညာဉ်သည် နာကျင်မှုများကိုခံစားရသည်။ သူတို့၏ မျက်ဝန်းတွင် နာကျင်မှုများနှင့် … မျက်ရည်များကို ယေရှုတွေ့မြင်သည်။

ဂန္တဝင်အတွေးအခေါ်များသည် ခရစ်တော်၏တောင် ပေါ်  ဒေသနာနှင့် မတူကွဲပြားနေသည်။ ၎င်းတို့က သနားခြင်းကရုဏာကို အားနည်းခြင်းနှင့် နိမိတ်အမှတ်လက္ခ ဏာအဖြစ် ရှုမြင်ကြသည်။ အရစ္စတိုတယ်၏ အဆိုအရ “သီလ” အရှိဆုံးသူမှာ“အလွန်ကြီးမြတ်သောစိတ်ဝိညာဉ်” ရှိသူဖြစ်ပြီး သူသည်ကြီးမြတ်သော အရာများကိုအမှန်တကယ် ထိုက်တန်သောသူ ဖြစ်သည်ဟူ၍ ဖြစ်သည်။ ထိုက်သည်ဟု ထင်ပြီးသူတို့အပေါ် အမှန်တကယ် ထိုက်တန်သည်ဟု သူကဆိုသည်။ (သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ခရစ်ယာန်များ အပါအဝင် လူများစွာတို့သည် ထိုနည်းလမ်းကိုး

မှန်သည်ဟု ထင်မှတ်နေကြသည်။) သို့သော် ထိုတွေးခေါ်မှုများ၏ အခြေအမြစ်ကိုကြည့်မည်ဆိုပါက “မာန်မာန” ဖြစ်နေသည်။ယေရှုသည် တောင်ပေါ်ဒေသနာကို အောက်ပါအချက်နှင့် အစပြုခဲ့သည်“စိတ်နှလုံး နွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏” (မဿဲ ၅:၃)။ ကိုယ်တော်သည်ဤဂန္တဝင် အမြင်ရှုထောင့်များ နှင့် ယနေ့ခေတ် အမြင်ရှုထောင်များ အပေါ် ပျံသန်းနေသည်။ ရှေးဂန္တ၀င် ခံယူချက်တွင် အားကြီးသော၊ လှပသော၊ အသိဉာဏ်ရှိသော၊ကြွယ်ဝသောချမ်းသာ သူများသည် အားနည်းသူများ၊ ဆင်းရဲသားများ၊ စိတ်နှလုံးနွမ်းပါးသောသူများထက် စိတ်ပိုင်းဆိုင်ရာ ပိုကောင်းသောသူများ ဖြစ်သည် ဟု ခံယူထားကြသည်။

အနောက်တိုင်း တွေးခေါ်မှုများ၏ အထက်တွင် တောင်ပေါ်ဒေသနာသည်ပျံသန်းနေရုံသာမက အရှေ့တိုင်းသားတို့၏ တွေးခေါ်မှုအပေါ်တွင်လည်း ပျံသန်းနေပါသည်။ အရှေ့တိုင်းတွင် လူတစ်ယောက်၏ “ထိုက်တန်မှု” သည် အဆင့်ဆင့်ရှိသည်။ မြင့်မားသောဇာတ် (ရှိသူများသည် နိမ့်ကျဇာတ်ထက် ပိုမိုတန်ဖိုးရှိသည်။ဤဆင့်သတ်မှတ်ချက်အရ ဒလစ် (Dalit) လူတန်းစားများသည် လူဟုပင် မသတ်မှတ်ကြပေ။ မရှိဆင်းရဲသားများကို လူ့အသိုင်းအဝိုင်းမှ ဘေးချိတ်ထားသည်။ ဆင်းရဲ

သားများသည် ပညာသင်ခွင့် မရှိ။ ၎င်းတို့ကို ကပ်ဆိုးတစ်ခုကဲ့သို့ ရှောင်ဖယ် တတ်ကြသည်။ အကယ်၍ အသင်းတော်သည် တောင်ပေါ်ဒေသနာကို လက်တွေ့ ကျင့်သုံးမည်ဆိုလျှင် အလွန်အကျိုးဖြစ်သော အသင်းတော် ဖြစ်နေပါလိမ့်မည်။ ဂန္ဒီက “ခရစ်ယာန်များအတွက် ချန်ထားခဲ့သည့်အရာမှာ တောင်ပေါ်ဒေသနာ ဖြစ်သည်” ဟု ဆိုခဲ့ဖူးသည်။ ၎င်းသည် အသင်းတော်နှင့် ပတ်သက်၍ မှန်ကန်သောလည်း အလွန်ဝမ်းနည်း စရာကောင်းသည့် အမှန်တရားပင် ဖြစ်ပါသည်။

“စိတ်နှလုံး ဆင်းရဲနွမ်းပါးသောသူတို့သည် မင်္ဂလာရှိကြ၏” ဆိုသည့် ယေရှု၏သွန်သင်ချက်သည် ယနေ့ခေတ် တွေးခေါ်ပညာရှင်များ၏ သွန်သင်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ပါသည်။ စိတ်နှလုံးဆင်းရဲ နွမ်း ပါးသောသူတို့အပေါ် တန်ဖိုးထားကြောင်းပြောခဲ့သည်။ သူတို့၏ စိတ်နှလုံးသည် နာကျင်ဝေဒနာများ ခံစားနေကြရသည်။ ထိုဝေဒနာများကို ၎င်းတို့၏ မျက်ဝန်းတွင် သင် တွေ့မြင်နိုင်ပါသည်။ ယေရှုသည်လည်း ထိုမျက်ရည်များကို တွေ့မြင်ပါသည်။

ယေရှုသည် အခွင့်အာဏာနှင့် သွန်သင်ခဲ့သည် (မဿဲ ၇း၂၉)။ ဓမ္မသစ်ကျမ်းတွင် “အခွင့်အာ ဏာ” (evxousi,a) ဟူသော စကားလုံးကို မဿဲ ၇း၂၉ တွင်ပထမဦးဆုံးအကြိမ် တွေ့ရသည်။ နောက်ဆုံး အကြိမ်အဖြစ် ဗျာဒိတ် ၂၀၆ “ပဌမထမြောက်ခြင်းကို ဝင်စားသောသူသည်မင်္ဂလာရှိ သောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွတ်လျက်(evousi,a)၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်ဖြစ်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။” ဟူသော စကားလုံးကို အသုံးပြုထား သည်။ သေဆုံးခြင်းအပေါ်၌ ခရစ်တော်၏ အခွင့်အာဏာနှင့် တန်ခိုးကြောင့်ကျွန်ုပ်တို့အပေါ်၌ ဒုတိယသေခြင်းသည် တန်ခိုး မရှိတော့ပေ။တုနှိုင်းမဲ့သော ယေရှု၏ အခွင့်အာဏာဓမ္မသစ်ကျမ်းတွင် evxousi,a ဟူသော စကားလုံးသည် ယေရှု၏ အခွင့်အာဏာကိုရည်ညွှန်းသည်။ ယေရှုကောင်းကင်တမန်၊ စစ်အစိုးရအဖွဲ့၊ နတ်ဆိုး (သို့) အန္တိခရစ်စသည်တို့၏ အခွင့်အာဏာကို ဖော်ပြရာတွင် အသုံးပြုနိုင်သော်လည်း ယေရှုနှင့်ပတ်သက်၍ အသုံးပြုရာတွင် တစ်လောကလုံး၌ မည်သူမျှ ယှဉ်ပြိုင်၍ မရသည့်ယေရှု၏ ပြိုင်ဘက်ကင်းသော အခွင့်အာဏာကို ဖော်ပြသည်။

၁၊ တစ်လောကလုံးနှင့်ဆိုင်သော အခွင့်အာဏာ – ယေရှုသည် တစ်လောကလုံးနှင့်ဆိုင်သော အခွင့် အာဏာကို ပိုင်ဆိုင်ထားသည်။ ကောင်းကင်ဘုံနှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာ အားလုံးကို ခံရပြီးဖြစ်သည် (မဿဲ ၂၈:၁၈)။ယေရှုသည် အဖခမည်းတော်ထံမှ အခွင့်အာဏာကို ရရှိသည် (ဗျာ ၂:၂၇)။ ယေရှုသည် အခွင့်အာဏာအားလုံးကို ပိုင်ဆိုင်ထားသည့်အတွက် စာတန်၊ ကောင်းကင် တမန်များနှင့် အခြားဘာသာရေးတို့ကို စတင်တည် ထောင်ခဲ့သူတို့၌ မည်သည့်အခွင့်အာဏာမျှ မရှိနိုင်တော့ပေ။

၂။ အပြစ်များအား ခွင့်လွှတ်နိုင်သော အခွင့်အာဏာ – ယေရှုသည် အပြစ်များကိုခွင့်လွှတ်ရန်အခွင့်အာ ဏာရှိသည် (မဿဲ ၉:၆၊ မာကု ၂:၁၀၊ လုကာ ၅:၂၄)။ဘုရားသခင် တစ်ပါးတည်းကသာလျှင် အပြစ်ခွင့်လွှတ်နိုင်သည်။ ဖာရိရှဲများက “ဘုရား သခင် မှတစ်ပါး၊ အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်း” ဟု မေးခဲ့သည် (မာကု ၂း၇)။ ယေရှု၌ အပြစ်လွှတ်ရန် အခွင့်အာဏာရှိတော်မူသောကြောင့်ယေရှုသည် ဘုရား ဖြစ်သည်။

၃။ နတ်ဆိုးများအား နှင့်ထုတ်နိုင်သော အခွင့်အာ ဏာ – မြင်နိုင်သော အရာ၌သာမက မမြင်နိုင်သော နတ်ဆိုး၊ ဝိညာဉ်ဆိုးများအပေါ်၌လည်းအခွင့် အာ ဏာရှိသည်(မာကု ၁:၂၇၊ လုကာ ၄:၃၆)။

၄။ ထာဝရ အသက်ပေးနိုင်သော အခွင့်အာဏာ – “ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ ကြည့်မျှော်၍၊ အိုအဘ၊ အကျွန်ုပ်အချိန် ရောက်ပါပြီ။ ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသော သူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသော အခွင့်တန်ခိုးကိုသားတော်အား ပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ ဘုန်းထင်ရှား စေတော်မူပါ”(ယောဟန် ၁၇:၁-၂)။ လူအားလုံးအပေါ်တွင်သာမက ထာဝရအသက် ပေးရန်လည်း အခွင့်အာဏာရှိသည်။ လူတစ်ဦးသည် မိမိ၌ မရှိသောအရာကို သူတစ်ပါးအားပေးရန် မဖြစ်နိုင်ပေ။ ဘုရားသခင်သာလျှင် ထာဝရ ဖြစ်သည်။ ထာဝရဘုရားသာလျှင် ထာဝရအသက်ကို မပေးနိုင်သည်။ ယေရှုသည် ထာဝရအသက် ကိုပေးနိုင်သည့်အတွက် ထာဝရအသက်ရှင်သော ဘုရား ဖြစ်သည်။

၅။ မိမိ၏ အနာဂတ်ကို ပြောနိုင်သော အခွင့်အာဏာ – မိမိအသက်ကို ကိုယ်တိုင်စွန့်၍ နောက်တစ်ဖန်ပြန်ယူရသော အခွင့်အာဏာ ယေရှု၌ ရှိသည် (ယောဟန်၁၀:၁၈)။ ဤသည် ဖြစ်လေ့ဖြစ်ထမရှိသော အနှိုင်းမဲ့ ဖြစ်ရပ်တစ်ခု ဖြစ်သည်။မိမိ၏ ကိုယ်ပိုင်ဘဝနှင့် အနာဂတ်အပေါ် အခွင့်အာဏာ ရှိသည်ဟု ပြောနိုင်သူလောကတွင် တစ်စုံတစ်ယောက်မျှ မရှိပေ။ အကယ်၍ ယေရှုသည် မိမိအသက်ကို စွန့်ပြီးမှ နောက်တစ်ဖန် ပြန်ယူနိုင်လျှင် သေခြင်းတရားအပေါ်၌ ယေရှုသည်အခွင့်အာဏာရှိ၍ ဘုရားစင်စစ် ဖြစ်သည်။

၆။ ဆုံးမသြဝါဒပေးခြင်းနှင့်ဆိုင်သော အခွင့် အာဏာ – ကျမ်းတတ်ဆရာများနှင့်မတူဘဲ အခွင့်အာဏာရှိသော သူတစ်ယောက်အနေနှင့် ယေရှုသည် ဆုံးမဩဝါဒပေးခဲ့သည် (မဿဲ ၇:၂၉၊ မာကု ၁:၂၂၊ လုကာ ၄:၃၂)။

၇။ မိမိတပည့်တော်များထံ အခွင့်အာဏာ လွှဲပြောင်းပေးခဲ့သည် – ယေရှုသည်မိမိတပည့်များအား နတ်ဆိုးများကို နှင်ထုတ်ရန်၊ နူနာစွဲသူများကို . စင်ကြယ်စေရန်၊ သေသူများကို ပြန်လည်ရှင်စေရန်၊ ဖျားနာသူများကို ကျမ်းမာစေရန်အခွင့်အာဏာပေးခဲ့သည် (မဿဲ ၁၀:၁-၁၈၊ မာကု ၃:၁၅၊ ၆:၇၊ လုကာ ၉:၁၀)။တပည့်တော်များသည် နိမိတ်လက္ခဏာများ လုပ်ဆောင်နိုင်ခြင်းမှာ လွှဲပြောင်းခြင်းခံရသော အခွင့်အာဏာကြောင့်ဖြစ်၍ ယေရှု၏ အနှိုင်းမဲ့သော ကြီးမြတ်မှုကိုဖော်ပြသည်။ သမိုင်းအစဉ်အဆက်၌ ဤအဖြစ်အပျက်မျိုး မရှိခဲ့ပေ။ မောရှေနှင့်ဧလိယသည် မိမိတို့၏ တပည့်များအား တန်ခိုးမပေးခဲ့ပေ။ ယေရှုကဲ့သို့ တန်ခိုးမရှိသည်သာမက အသက်ရှင်နေစဉ် ရှိသောတန်ခိုးကို မိမိ၏ တပည့်ရင်းများ အားလွှဲပြောင်းပေးခဲ့သည့် ဘာသာတရား အစပြုတည်ထောင်သူ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။

၈။ တရားစီရင်နိုင်သောအခွင့်အာဏာ – ယေရှု၌ တရားစီရင်ပိုင်သော အခွင့်အာဏာရှိသည် (ယောဟန် ၅:၅၇)။ နောက်ဆုံးသော အချိန်တွင် ယေရှုသည် လောကကိုတရားစီရင်မည်။

တပ်မှူး၏ငယ်သားကို ကျန်းမာစေခြင်း (မဿဲ ၈း၅ -၁၃၊ လုကာ ၇း၁-၁၀)ယေရှုသည် ကပေရနောင်မြို့ သို့ ရောက်သောအခါ တပ်မှူးသည် ဖျားနာ၍သေခါနီးဖြစ်သည့် လက်ခြေသေသော မိမိငယ်သားကို ကျန်းမာစေရန် ယေရှုအားတောင်းပန်ရန်အလို့ငှါ လူအချို့ကို စေလွှတ်ခဲ့သည်။ ယေရှုသည် တပ်မှူးအိမ်သို့ဝင်ခါနီးတွင် ယေရှုကိုလက်ခံရန် မထိုက်တန်သောကြောင့် မိမိအိမ်သို့ မဝင်ဘဲ အမိန့်တော်ဖြင့်သာ ငယ်သားကို ကျန်းမာခြင်းပေးရန် မိမိအပေါင်းအဖော်များအား စေလွှတ်၍ ပြောစေခဲ့သည်။ ယေရှုသည် တပ်မှူး၏ ယုံကြည်ခြင်းကို ချီးကျူး၍ တပ်မှူးတောင်းဆိုသည့်အတိုင်း အမိန့်တော်ဖြင့် ငယ်သားကို ကျန်းမာစေခဲ့သည်။ ထိုသို့မိန့်တော်မူစဉ် အချိန်တွင်းမှာပင် တပ်မှူး၏ ငယ်သားသည်လည်း ကျန်းမာခြင်းရရှိခဲ့သည်။

ယေရှုခေတ်အခါ၌ ယုဒအမျိုးသားများသည် ရောမလူများကို မုန်းတီးခဲ့ သည်။အဘယ်ကြောင့်ဆိုသော် ဘုရားမဲ့ဝါဒီများ၏ ယုံကြည်မှုများ၊ လက်တွေ့ ကျင့်သုံး မှုများ၊နိုင်ငံခြားရေး လွှမ်းမိုးမှုအပါအဝင် ယုဒအမျိုးသားများ ဆန့်ကျင် သည့် အရာမှန်သမျှကိုရောမလူများက ကျင့်သုံးကြသည်။ ဤသို့ဆိုလျှင် ယေရှုသည် အဘယ်ကြောင့် ရောမတပ်မှူးတစ်ယောက်အား နွေးထွေးစွာ လက်ခံကာ ဘုရားသခင်၌ ယုံကြည်စိတ်ချမှုရှိသောကြောင့် စံနမူနာ ထားသင့်သောသူ တစ်ဦးအဖြစ် တပ်မှုးအား ချီးမွမ်းခဲ့ပါ

သနည်း။ ရောမအဖွဲ့အစည်း၌ “တပ်မှူး” ရာထူးသည် အလွန်အရေးပါသည်။ စစ်သားတစ်ရာ၏ တာဝန်ကို ယူရသော စစ်သားခေါင်းဆောင် ဖြစ်သည်။ ရောမစစ်တပ်၏ကျောရိုးဖြစ်၍ စစ်တပ်အင်အားကို စုစည်းပေးသည်။

ရှေးခေတ်စာရေးဆရာတစ် ဦးဖြစ်သူ ပိုလီဘီယပ်စ်က တပ်မှူးတစ်ဦးကိုဤသို့ဖော်ပြသည် – “သူတို့က တိုက်ပွဲအတွင်း အမြန်ဆုံးသွားရန် မလိုပါဘဲ၊ ရှိသည့်နေရာမှ အမိန့်ပေးနိုင်စွမ်းရှိကာ တည်ငြိမ်နေပြီး ယုံကြည်စိတ်ချရသူ၊ သို့သော် ဖိအားပေးခံရသောအခါ အလွန်စိုးရိမ်တတ်သောသူ မဖြစ်ရ။ ရန်သူတို့က သူတို့၏ မြေနေရာကို သိမ်းပိုက်ရန် အတင်းဝင်ရောက်လာသည့်အခါ မိမိ၏ နယ်မြေတွင် အသက်စတေးရန် အသင့်ရှိနေသောသူ ဖြစ်သည်”ယေရှုထံ ချဉ်းကပ်ခဲ့သော တပ်မှူးသည် သတ္တိရှိရုံသာမက ယုံကြည်မှု အပြည့်အဝရှိသည်။ ဂါလိလဲပြည်တစ်လျှောက် လှည့်လည်သွားလာနေသည့် ဆရာတစ်ပါးထံ အကူအညီတောင်းခြင်းဖြင့် မိမိ၏ လုပ်ဖော်ဆောင်ဖက်များ သာမက ယုဒလူတို့၏လှောင်ရယ်ကာ ကဲ့ရဲ့ဒဏ်များကိုလည်း ခံရမည်ဖြစ်သည်။ သို့သော် ယေရှုထံနှိမ့်ချကာယုံကြည်မှုနှင့် ချဉ်းကပ်ခဲ့သည်။ သားငယ်ကို ချစ်သော ကြောင့် တပ်မှူးသည် ထူးခြားသောသူတစ်ဦး ဖြစ်သည်။ ရောမခေတ်အခါ၌ … ကျွန်များကို တိရစ္ဆာန်များနည်းတူဆက်ဆံကြသည်။ တပ်မှူးသည် ယုံကြည်ခြင်းရှိ၍ ထူးခြား သောသူတစ်ဦး ဖြစ်သည်။မိမိချစ်ရသော ငယ်သားကို ကျန်းမာစေရန် ယေရှုကို အလိုရှိခဲ့သည်။ ယေရှုသည် သူ၏ယုံကြည်ခြင်းကို ချီးမွမ်းကာသူ၏ တောင်းဆိုမှုကို ချက်ချင်းသဘောတူ ဆောင်ရွက်ပေးခဲ့သည်။

နာဣနမြို့၌ မုဆိုးမ၏သားကို ပြန်ရှင်စေခြင်း (လုကာ ၇း၁၁၁၇)

 

ယေရှုသည် နာဣနမြို့ သို့ ရောက်သောအခါ မုဆိုးမတစ်ယောက်၏ သေဆုံးသွားသည့် တစ်ဦးတည်းသော သားလေးကို အခေါင်းဖြင့် မြို့ပြင်သို့ သယ်ဆောင်သွားနေခိုက် ဖြစ်သည်။ ယေရှုသည် သွား၍ အခါင်းကို လက်နှင့်ထိကာ သေသူကိုပြန်ရှင်ရန် အမိန့်ပေးခဲ့သည်။ သေနေသော သူငယ်လေးသည် ထထိုင်၍ စကားပြောခဲ့သည်။ ယေရှုသည် မိခင်မုဆိုးမထံ ထိုလူငယ်လေးကို ပြန်ပေးခဲ့သည်။

ယေရှုသည် လူငယ်လေးသေဆုံးမှုကို ဝမ်းနည်းသည်သာမက ခင်ပွန်းသည်နှင့် တစ်ဦးတည်းသော သားကို ဆုံးရှုံးရသော အမျိုးသမီးတစ်ဦးအား စာနာ သနားမှုကို ပြသခဲ့သည်။ မည်သူတစ်ဦးတစ်ယောက်၏ သေဆုံးမှုကိုမျှ ယေရှု မနှစ်သက်ပေ။သေဆုံးမှု မဟုတ်ဘဲ အသက်ရှင်ခြင်းကို အလိုရှိသည် (ယေဇ ၃၃း ၁၁)။ ယေရှု၌သနားခြင်း ဂရုဏာနှင့် တန်ခိုးရှိသည်။ သေသူ၏ အသက်ကို ပြန်သွင်းနိုင်စွမ်းရှိသည်။ အလောင်းစင်ကို ယေရှု ထိလိုက်ခြင်းသည် ကြီးမားသော စွန့်စားမှုတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သေဆုံးသူ၏ ခန္ဓာကိုယ်ကို ထိတွေ့ခြင်းသည်အစဉ်အလာအရ မသန့်ရှင်းမှုတစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။ ထိုလူသေသည်ယေရှု တို့ထိလိုက်ခြင်းကြောင့် အသက်ပြန်ရှင်လာရုံမက ခန္ဓာနှင့် ဝိညာဉ်အတွက် ကျန်းမာလွှတ်မြောက်မှု ရရှိစေခဲ့သည်။ ဤအဖြစ်အပျက်သည် အခြား အမျိုးသမီးတစ်ဦး၏သားကို ပရောဖက် ဧလိရှဲ အသက်ပြန်ရှင်စေခဲ့သော နေရာအနီးတွင် ဖြစ် သည် (၄ ရာ ၄း၁၈-၃၇)။

သေဆုံးခြင်းတရား၏ သားကောင်အဖြစ် ဖမ်းချုပ်ခေါ်သွားခြင်း ခံရသူကိုယေရှုသည် သူ၏ပိုင်ဆိုင်မှုအဖြစ် အခိုင်အမာ ပြောခဲ့သည်။ သေသွားသော လူငယ်လေးအား မိမိ၏အမိန့်တော်၊ တန်ခိုးတော်ဖြင့် အသက်သွင်းပေးခဲ့သည်။ ယေရှု သည်အသက်ရှင်သောသူများ၏ သခင်ဖြစ်ရုံမက၊ သေဆုံးသူများ၏ သခင်လည်း ဖြစ်သည်။ယေရှုသည် သေခြင်းကို အနိုင်ယူခဲ့ပြီး သူသည် အသက်ရှင်တော်မူ သောကြောင့်ကျွန်ုပ်တို့လည်း သူနှင့်အတူ.အသက်ရှင်ရမည်ဟု ကတိပေးခဲ့သည် (ယောဟန်၁၄-၁၉)။

နှစ်ခြင်းဆရာ ယောဟန်ထံမှ မေးခွန်း (မဿဲ ၁၁:၂-၁၉၊ လုကာ ၇း၁၈-၃၅)

ယေရှုသည် နိမိတ်လက္ခဏာများ ပြုသည်ကို ယောဟန်သည် ထောင်ထဲမှသတင်းကြားခဲ့သည်။ “ကိုယ်တော်သည် ကြွလာသောသူ မှန်သလော” ဟု တပည့်တော်များကို စေလွှတ်၍ မေးမြန်းခဲ့သည်။ ယောဟန်၏ တပည့်များအား ယေရှုက“သင်တို့သည် ကြားရသမျှ မြင်ရသမျှ တို့ကို သွား၍ယောဟန်အား ကြားလျှောက်ကြလော့” ဟု မိန့်မှာခဲ့သည်။ ယေရှုသည် ယောဟန်အား ရည်ညွှန်း၍ “မိန်းမမွေးသော သူတို့တွင် ဗတ္တိဇံဆရာ ဟောဟန်ထက် ကြီးမြတ်သောသူ တစ်ယောက်မျှမပေါ်ထွန်းသေး” ဟု မိန့်ခဲ့သည်။

ယေရှုသည် ဘုရားသခင်ထံမှ ဘိသိတ်ခံရသော မေရှိယဖြစ်ကြောင်း အတည်ပြုရန် ယောဟန်သည် မိမိတပည့်များကို စေလွှတ်ခဲ့သည်။ ယောဟန်သည် ယေရှု၏ဘုရားဖြစ်ခြင်းကို သံသယ ရှိခဲ့ပါသလား။ ယော်ဒန်မြစ်၌ ယေရှု၏ အမှုတော်လုပ်ငန်းကို “ဤလောက၏အပြစ်ကို ဆောင်သွားသောဘုရားသခင် ၏ သိုးသငယ်ကိုကြည့်လော့” ဟု ယောဟန် ဖော်ပြခဲ့သည် (ယောဟန် ၁:၂၉)။ ယေရှုသည် ကားတိုင်ပေါ်တွင် အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့အား အနာဂတ်တွင် ကောင်းကင်နိုင်ငံတော်၏နိုင်ငံသားများ၊ဘုရားသခင်၏ သားသမီးများအဖြစ် အမွေခံရ၍ အင်နှင့်သေဆုံးခြင်း၏ ကျေးကျွန်မှ ရွေးနှုတ်ခြင်းမှုတို့ကို ပြီးမြောက် စေမည်ဖြစ်ကြောင်းယောဟန်သည် အဝေးမှ သိမြင်ခဲ့သည်။ ယောဟန်သည် မိမိတပည့်များအား ရိက၏ နိမိတ်များနှင့် သက်သေ ခံချက်များကို ကိုယ်တိုင်ခြင်စေချင် ကြားချင်သော ကြောင့်သာ ယေရှုထံ စေလွှတ်ခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ် ယေရှုခရစ်တော်သည်မေရိယအနေနှင့် ဆင်းကြပြီး ဖြစ်သည်။ယေရှုပြုခဲ့သော အံ့ဖွယ် နိမိတ်လက္ခဏာများနှင့် သုသခင်၏ နိုင်ငံတော်တိုက်ရိုက် ပြည့်စုံစေခဲ့သည်။ ဟေရှာယ ၂၉း၁၈-၁၉၊ ၃၅း၅ ၆၊၆၁း၁)အပြစ်ဒုစရိုက်အောက် ကျရောက် လျှက်ရှိသောသူများကို လွှတ်မြောက်စေရန် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် ရိယ ဆင်းကြွလာမည်ဟု ရား ဆား၌ ပြခဲ့သည်ယေရှုသည် ခန္ဓာနှင့် ဝိညာဉ်နှစ်ခုလုံး ပျက်စီးခြင်း သေခြင်းတရားကို ကြောက်ခြင်းအပြစ်တရား၏ ကျွန်စေသည့် အဆိုးရွားဆုံး လွှမ်းမိုးခြင်းများက သူတို့ကိုလွှတ် မြောက်ခွင့်ပေးရန် ဆင်းကြခဲ့သည်။ ဘုရားသခင်၏ တန်ခိုးတော် တစ်ခုတည်အလျှင် ကျွန်ုပ်တို့အား မျှော်လင့်ချက်ကင်းမဲ့မှုနှင့် သေခြင်းရာကိုကြောရှုပ်ထွေးမှုများ ဝိညာဉ်ရေးရာဆင်းရဲမှု စသည်တို့မှ ကျွန်ုပ်တို့အားကယ်တင်သည်

ခေါရာဇိန်မြို့၊ ဗက်ဇာမြို့ နှင့် ကပေရနောင်မြို့အား ရှုတ်ချခြင်း(မဿဲ၁၁း၂၀-၃၀)

ယေရှု၏နိမိတ်လက္ခဏာများကို မြင်ပြီးနောက် ယင်းနေသည့်ယေရှုသည် ခေါ်ရာစိန်မြို့ ဖက်နဲမြို့ နှင့် ကရနောင်မြို့ တိုက်ရွတ်ရခဲ့သည်။

ခြေတော်ကို နံ့သာဆီမွှေးနှင့်လိမ်းခြင်း(ရှေးသော ၃၆=o)

ရှိမန်အမည်ရှိသော ဖာရိရဲ့ တစ်ယောက်သည် မိမိနှင့်သူ ညစာစားရန်ယေရှုကို ဖိတ်ခေါ်ခဲ့သည်။ ယေရှုသည် စားပွဲ၌ လဲလျောင်းတော်မူစဉ်အခါ ဆိုးသောမိန်းမတစ်ယောက်သည် ဆီးခွေး ကျောက်ဖြူနက်တစ်လုံးကို ယူခဲ့သည်။ သူမသည်ယေရှု၏ခြေတော်ရင်းနာ၌ ရပ်ကာ ငိုကြွေး၍ ခြေထောက်ပေါ်သို့ မျက်ရည်သူ သေသည်။ ထို့နောက် သူမ၏ ဆံပင်နှင့်သူ၏ ခြေတော်ကို နမ်းရွက် ဆီးနှင့်သိမ်းခဲ့သည်။ ယေရှု၏ ခြေတော်ကို ဆီးနှင့် လိမ်းခြင်းသည် ချစ်ခြင်းမေတ္တာခွင့်လွှတ်ခြင်းစသည့် တန်ဖိုးမဖြတ်နိုင်သောသင်ခန်းစာကို သွန်သင်ရန် အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့သည်။

ယေရှုကို တွေ့ပြီးနောက် မည်သူ တစ်ဦးတစ်ယောက်မျှ မပြောင်းဘဲမနေနိုင်ပေ။ သူတို့သည် ယေရှု၏ ဆွဲခေါ်မှုကို ခံရင်ခံ(သို့) ငြင်းပယ်ခံရသူများဖြစ်တတ်ကြသည်။ ကျမ်းတတ်ဆရာသည် ယေရှုကို ညစာစားရန် ဖိတ်ခေါ်၍ ပြုလုပ်နေကျဖြစ်သော လေးစားမှုကို ယေရှုအားပေးရန် လျစ်လျူရှုကာအဘယ် ကြောင့်ရိုင်းပြစွာ ဆက်ဆံခဲ့သနည်း။ ရှိမုန်သည် လူသိများသောသူ၊ ထင်ရှားကျော်ကြားသောသူတစ်ယောက်ဖြစ်သည်။ လူအစုအဝေးထဲတွင် ထင်ရှားသူ ဖြစ်သောကြောင့် ရှကို အထက်စီးလေသံဖြင့် ပြောခဲ့သည်။ အမျိုးသမီး တစ်ဦးအား ယေရှုက မေတ္တာ၊ဂရုဏာကြီးမားစွာ ဆက်ဆံသည်ကို အဘယ်ကြောင့် ကဲ့ရဲ့ပြစ်တင်ခဲ့သနည်း။ ဖာဓိရှိများသည် ဆိုးသောသူများနှင့် ပေါင်းဖော်ခြင်းကို ရှောင်ကြဉ်ကြသည်။ ထိုသူများလိုအပ်သည့် အကူအညီကို ပေးရန် လျစ်လှူရှု ကြသည်။

သူများ၏ လှောင်ပြောင်ကဲ့ရဲ့ခြင်းကို ဂရုမစိုက်ဘဲ ယေရှုတံပါး ချဉ်းကပ်၍အမျိုးသမီးသည်အဘယ် ကြောင့် ဆီးမွှေးနှင့် လိမ်းခဲ့သနည်း။ ဤသို့ ပြုရခြင်းမှာယေရှု၏မေတ္တာနှင့် ခွင့်လွှတ်မှုအတွက် သူမ၏ ကျေးဇူးသိတတ်ခြင်း ဖြစ်သည်။ယုဒအမျိုးသမီးများသည် ဘယ်သောအခါမှ လူများရှေ့ အဘယ်အမှုမျှ မပြုကြမည့်အရာကို သူမ ပြုခဲ့သည်။ သူမ၏ ဆံပင်ကို ဖြေလျော့၍ သူမ၏ မျက်ရည်နှင့် ယေရှုကို ဘိသိတ်ပေးခဲ့သည်။ အမျိုးသမီးတစ်ဦးအနေနှင့် လက်ထပ်ထိမ်းမြားသည့်နေ့တွင်လူများရှေ့၌ မိမိဆံပင်ကို ကြိုးဖြင့် စည်းထားရခြင်းသည် အစဉ်အလာ တစ်ခုဖြစ်သည်။ လက်ထပ်ပြီးသား အမျိုးသမီးတစ်ဦး အနေနှင့် မိမိဆံပင်ကို လူများရှေ့တွင် မစည်းဘဲ ဖြေလျော့ထားခြင်းသည် ဣန္ဒြေမဲ့သော လုပ်ရပ် တစ်ခုဖြစ်သည်။သို့သော် မာရိသည် ယေရှုမှလွဲ၍ သူမဘေး၌ ရှိသော သူများကို မေ့ထားခဲ့သည်။

မာရိသည် ချစ်ခြင်းမေတ္တာဖြင့်သာ ပြုနိုင်သည့်အမှုကို ပြုခဲ့သည်။ သူမ၌ရှိသည့် တန်ဖိုးအကြီးဆုံးအရာကို ယူဆောင်ကာ ယေရှုထံ အားလုံး သွန်းလောင်း

ခဲ့သည်။ သူမ၏ ချစ်ခြင်းမေတ္တာကို နှိုင်းဆ၍ မရပေ။ နှိမ့်ချသည့်စိတ်၊ နောင်တနှင့်ပြည့်နေသော နှလုံးသားဖြင့် မိမိအား ဘုရားသခင်၏ ကြင်နာမှု၊ ဂရုဏာတော်ကိုပြသခဲ့သည့် ယေရှုကို အကောင်းဆုံး အစေခံခဲ့သည်။ ယေရှုသည် ပြုနေကျအတိုင်း

ထိုအဖြစ် အပျက်မှ သင်ခန်းစာပေးရန် အခွင့်အရေးကို လက်မလွှတ်ခဲ့ပေ။ လူများအား သွန်သင်ပေးသောဆရာ၊ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦး၏ရှေ့တွင် အဘယ်ကြောင့်အကြွေးပေးရန်ရှိသော သူနှစ်ဦး၏ ပုံဥပမာကို ပြောခဲ့သနည်း။ ဤပုံဥပမာသည်အ ကြွေးရှိသော ငယ်သားကို ခွင့်မလွှတ်သော အရာ ရှိ၏ ပုံဥပမာနှင့် အလွန်ဆင်သည်

(မဿဲ ၁၈:၂၃-၃၅)။ ထိုဥပမာတွင် ခွင့်လွှတ်မှု ရရှိသည့် အရာရှိသည် အခြား အကြွေးရှိသူအပေါ် ခွင့်လွှတ်မှု၊ ဂရုဏာကို မပြခဲ့ပေ။ ထိုဥပမာထဲတွင်ရှိသော အရာရှိကဲ့သို့ရှိမုန်သည် နှလုံးသားမရှိသောသူ ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ချစ်ခြင်းမေတ္တာ ကို မယုံကြည်နိုင်၊ မလက်ခံနိုင်၊ မဝေငှနိုင်သောကြောင့် ဖြစ်သည်။

အဘယ်သူသည် သနားစရာအကောင်းဆုံး ဖြစ်သနည်း။ ချစ်ခြင်းမေတ္တာကိုမရရှိသောသူ (သို့) ချစ်ခြင်းမေတ္တာကို သူတပါးအား မပေးနိုင်သူ ဖြစ်ပါသလား။ခွင့်လွှတ်မှုရရှိ၍ စင်ကြယ်သော နှလုံးသားမှကြီးမားသော ချစ်ခြင်းမေတ္တာ ဖြစ်လာသည်ဟု ယေရှု ရှင်းပြခဲ့သည်။ “ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကိုဖုံးအုပ်တတ်၏” (၁ ပေ ၄း၈)။ “ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင်၏”

(၁ယော ၄း၇)။ ထိုအမျိုးသမီး၏ ချစ်ခြင်းမေတ္တာကို ရက်ရက်ရောရော ဖော်ပြခြင်းသည် ဘုရားသခင်၏ မျက်နှာသာပေးခြင်းနှင့် အပြစ်ခွင့်လွှတ်ခြင်းကို ခံရပြီဖြစ်ကြောင်း သက်သေပြသည်။ သူမနှင့် ရှိမုန်ကြား လုံးဝကွဲပြားသော စိတ်နေသဘောထားသည် ဘုရားသခင်၏ဂရုဏာကို အဘယ်ကဲ့သို့ ကျွန်ုပ်တို့ လက်ခံရမည် (သို့)အဘယ်ကဲ့သို့ ငြင်းပယ်ရမည်ကို ဖော်ပြထားသည်။ မိမိကိုယ်ကို မြောင့်မတ်သောဖာရိရှဲဟု မှတ်ယူသောရှိမုန်သည် မေတ္တာ၊ ဂရုဏာမလိုအပ်ဟု ခံစားခဲ့သည်။ မိမိသည်အရာအားလုံး ပြည့်စုံလုံလောက်သည်ဟူသော သဘောထားကြောင့် ဘုရားသခင်၏ကျေးဇူးတော်သည် မိမိအတွက် လိုအပ်ကြောင်း မဝန် ခံနိုင်ခဲ့ပေ။ဂါလိလဲပြည်တစ်လျှောက် နှစ်ရက်တာ ဝေငှခြင်း (လုကာ ၈း၁-၃)

ယေရှုသည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်း သတင်းကောင်းကို မြို့၊ရွာများတွင်လှည့်လည်၍ ကြေငြာခဲ့သည်။ တပည့်တော် တစ်ဆယ့်နှစ်ယောက် နှင့်အတူနတ်ဆိုးဘေး၊ အနာရောဂါဘေးမှ ကျန်းမာခြင်းခွင့်ရခဲ့သော အမျိုးသမီးအချို့လည်းယေရှုနှင့်အတူ လိုက်ပါခဲ့ကြသည်။

ယေရှုသည် အမှုတော်ဆောင်သော ကာလသုံးနှစ်အတွင်း နေရာတော်တော်များများသို့ ခရီးသွားခဲ့သည်။ အမျိုးသမီးအဖွဲ့တွင် ဆိုးသောသူများနှင့် ချမ်းသာ၍ထင်ရှားသောသူများ ပါဝင်သည်။ မာဂဒလမာရိသည် နတ်ဆိုးများ၏ နှိပ်စက်ခြင်းဒဏ်ကို ခံခဲ့ရသည်။ ယေရှုသည် သူမအထဲမှ နတ်ဆိုး ခုနှစ်ကောင်ကို နှင်ထုတ်ခဲ့သည်။ ရှင်ဘုရင်၏ စားတော်ကဲ ခုဇ၏ ဇနီးယောဟနူသည် လူမှုရေး လုပ်ငန်းများ၌ထင်ရှားပေါ်လွင်သောသူ ဖြစ်သည်။ အဘယ်အရာသည် ထိုအမျိုး သမီးအား ယေရှု၏ မိတ်ဆွေဖြစ်စေကာ အစေတော်ခံရန် ဖြစ်စေခဲ့သ နည်း။ ယေရှုသည် ဘုရားသခင်၏

နိုင်ငံတော်အကြောင်းနှင့် မိမိအကြောင်းကိုသက် သေ ခံဝေငှခြင်းဖြင့် မတူညီသည့် လူအမျိုးမျိုး ပြောင်းလဲကာ နောက်လိုက်များ ဖြစ်လာကြသည်။ တစ်ဦးစီတိုင်း ယေရှုထံမိမိတို့၏ လက်ဆောင် များ ယူဆောင်ခဲ့ကြသည်။

ကပေရနောင်မြို့၌ နတ်ဆိုးစွဲ၍ မျက်မမြင်၊ နားမကြားသောသူကို ကျန်းမာစေခြင်း(မဿဲ ၁၂:၂၂-၃၇၊ မာကု ၃:၂၂-၃ဝ၊ လုကာ ၁၁း၁၄-၁၅၊ ၁၇-၂၃)နတ်ဆိုးစွဲ၍ မျက်စိမမြင်၊ နားမကြားသော သူတစ်ယောက်ကို ယေရှုထံခေါ်ဆောင်ခဲ့သောကြောင့် ယေရှုသည် ကျန်းမာစေခဲ့သည်။ သို့သော် ယေရှုသည်နတ်ဆိုးမင်း ဗေလဇေဗုလအားဖြင့် နိမိတ်လက္ခဏာပြသည်ဟု ဖာရိရှဲများက စွပ်စွဲပြောဆိုကြသည်။ ဤဆန့်ကျင်မှုသည် သူ့အား ဆန့်ကျင်သမျှသော အရာများအနက်အဆိုးရွားဆုံးဖြစ်သည်။ ထိုအချိန်မှစ၍ ယေရှုသည် ပုံဥပမာများကို စတင်ပြောခဲ့၍ကားတိုင်ပေါ်တွင် အသေခံရမည့်အတွက် တပည့်တော်များအား ပြင်ဆင်ရန် သူ၏အာရုံစူးစိုက်မှုကို ပြောင်းလဲခဲ့သည်။

နတ်ဆိုးများစွာကို ယေရှု နှင်ထုတ်ခြင်းသည် နတ်ဆိုးများ၏ နှိပ်စက်မှုကိုခံရသောသူများကို လွှတ်မြောက် စေခဲ့သည်။ ယေရှုကိုယ်တိုင် စာတန်၏ ဆန့်ကျင်တိုက်ခိုက်မှုကို တစ်ဦးချင်း တွေ့ကြုံခဲ့ရသည်။ အမှုတော်လုပ်ငန်းမစမီ စာတန်၏သွေးဆောင်ခြင်းကို သဲကန္တာရတွင် ခံခဲ့ရသည်။ အဖခမည်းတော်၏ အလိုကို နာခံခြင်းဖြင့် စာတန်ကို အောင်နိုင်ခဲ့သည်။

ယုဒခေါင်းဆောင်အချို့သည် ယေရှု၏ အနာငြိမ်းခြင်းနှင့် နတ်ဆိုးနှင်ထုတ်ခြင်းကို ပြင်းပြင်းထန်ထန် ဖိအားပေးတုန့်ပြန်ခဲ့၍ ယေရှုအား မနာလို မုန်းတီးသောစကားများဖြင့် ဂုဏ်သိက္ခာထိပါးအောင် ပြောဆိုခဲ့သည်။ လူတစ်ဦးစီတိုင်း စာတန်၏တန်ခိုးမှ လွှတ်မြောက်ရန် အခွင့်အာဏာ၊ တန်ခိုးကို အဘယ်ကဲ့သို့ ရနိုင်သနည်း။ဖာရိရှဲများက ယေရှုနှင့် စာတန်တစ်ဖွဲ့တည်း ဖြစ်သည်ဟု မှတ်ယူခဲ့သည်။ ထိုသူတို့၏စွပ်စွဲချက်ကို အကြောင်းအရာနှစ်ခုဖြင့် အကျိုးသင့် အကြောင်းသင့် ဆွေးနွေးခဲ့သည်။

ယေရှုခေတ်အခါ၌ ပါလက်စတိုင်းဒေသတွင် နတ်ဆိုးနှင်ထုတ်မှုများစွာ ရှိခဲ့သည်။ သူတို့၏ အမျိုးသားချင်းများထဲမှ နတ်ဆိုးနှင်ထုတ်သူမျာရှိသောကြောင့် သူ့ကိုစွပ်စွဲခြင်းသည် ၎င်းတို့၏ အမျိုးသားချင်းကို စွပ်စွဲပြောဆိုရာ ရောက်သည်ဟု ယေရှုတုန့်ပြန်ခဲ့သည်။ ဒုတိယအနေဖြင့် ယေရှုသည် ကွဲပြားသော နိုင်ငံသည် ရေရှည်မတည်တံ့နိုင်ဟု ရဲရဲဝင့်ဝင့် ပြောခဲ့သည်။ အကယ်၍ စာတန်သည် မိမိ၏ တန်ခိုးအားမိမိကို ဆန့်ကျင်သူအားပေးလျှင် အရာအားလုံး အဆုံးသတ်သွားမည် ဖြစ်သည်။အားကြီးသော သူတစ်ဦးကို အနိုင်ရရန် သူထက် ပို၍ အားကြီးသော သူကသာလျှင်စွမ်းဆောင်နိုင်မည်။ ယေရှုက နတ်ဆိုးများကို နှင်ထုတ်ရန် မိမိ၏ တန်ခိုးနှင့် အခွင့်အာဏာသည် ဘုရားသခင်၏ အခွင့်အားဖြင့်ဖြစ်ကြောင်း ရှင်းလင်းသော ဖော်ပြချက်တစ်ခုအဖြစ် ရဲရဲဝင့်ဝင့် ပြောဆိုခဲ့သည်။ အမှောင်နိုင်ငံဖြစ်သော စာတန်ကို ကိုယ်စားပြုသည့် ဖာရောဘုရင်၊ ဝိဇ္ဇာဆရာတို့နှင့် မောရှေ ရင်ဆိုင်တိုက်ခိုက်မှုသည် ဘုရားသခင်၏ တန်ခိုးတော်ကို ရည်ရွယ်ညွှန်ပြခဲ့သည် (ထွက် ၈း၁၉)။ ဘုရားသခင်၏တန်ခိုးလက်တော် အားဖြင့် ကျွန်ဘဝရောက်ခဲ့သော ဣသရေလ လူများလွှတ်မြောက်ခဲ့သည့် နိမိတ်လက္ခဏာကို ပြုခဲ့သော မောရှေ၏လုပ်စဉ်ကို ဆက်လက် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ ယေရှု၏ နတ်ဆိုးများကို နှင်ထုတ်ခြင်းသည်ဘုရားသခင်၏ တန်ခိုးတော်အလုပ် လုပ်ခြင်းဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော် တည်ထောင်ချိန်ရောက်ကြောင်း သက်သေထူပါသည်သည်။

နိမိတ်လက္ခဏာတစ်ခု၄၅၊တောင်းဆိုခြင်းနှင့် ပြန်လည်ဖြေကြားခြင်း (လုကာ ၁၁:၁၆၊ ၂၄-၃၆)

မဿဲ ၁၂း၃၈-၄၅)

ယေရှု၏နိမိတ်လက္ခဏာများသည် … စာတန်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းကျမ်းပြုဆရာနှင့်ဖာရိရှဲတို့ကကောက်ချက်ချခဲ့သည်(မဿဲ၁၂း၂၄)။ထို့ကြောင့်သူတို့သည်ချက်ချင်းဖြစ်လာမည့်အဖြစ်အပျက်တစ်ခုအကြောင်းပရောဖက်ပြုသည့်နိမိတ်လက္ခဏာကိုတောင်းဆိုခဲ့သည်။ယေရှုသည်နိမိတ်လက္ခဏာပြမည့်အစားယောနသည်ငါး၏ဝမ်းဗိုက်၌သုံးရက်နေရခြင်းသည်မိမိဂူထဲ၌သုံးရက်နေရမည့်အဖြစ်ကိုပုံဆောင်ခြင်းဖြစ်ကြောင်း  ရည်ညွှန်းဖော်ပြခဲ့သည်။

ဖာရိရှဲနှင့် ကျမ်းတတ် ပုဂ္ဂိုလ်များသည် နိုနေဝေမြို့သားများထက် ပို၍ စီရင်ခြင်းခံရမည်။ အကြောင်းမှာ ယောနဝေငှသည့်အခါ နိနေဝေမြို့သားများအားလုံးနောင်တရခဲ့သည်။ သို့သော် ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် ယေရှု၏ ဝေငှသက်သေခံခြင်းကို နောင်တမရခဲ့ပေ။ ထို့နည်းတူ တောင်ပြည်ကို အစိုးရသော မိဖုရားရှေဘသည် ရှောလမုန်၏ ဉာဏ်ပညာနှင့် ကြီးမြတ်မှုအကြောင်း ကြားပြီးနောက်ရှောလမုန်နှင့်တွေ့ရန် ရှာဖွေခဲ့သည်။ နိနေဝေမြို့သူ၊ မြို့သားများနှင့် မိဖုရားကြီးသည် မိမိတို့ကြားသည့်အရာကို

တုန့်ပြန်ခဲ့သည်။ ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် ရှောလမုန်ထက် ကြီးမြတ်သော ယေရှု၏ ဖွင့်ပြပြောဆိုခြင်းကို ငြင်းပယ်ခဲ့သည်။ တစ်ပါးအမျိုးသားများဖြစ်သည့် နိနေဝေမြို့သူ၊ မြို့သားများနှင့် မိဖုရားကြီး(သူတို့အားလုံးသည် တစ်ပါးအမျိုးသားများ ဖြစ်ကြသည်ကို မှတ်ပါ) သည် တရားစီရင်ခြင်းခံရန်အတွက် ဘုရားသခင်ရှေ့၌ ပေါ်လာသော မယုံကြည်သူ ယုဒလူမျိုးတစ်ဖက်တွင် သက်သေခံမည်ဖြစ်သည်။

ရှောလမုန်ထက်ပို၍ ကြီးမြတ်သော ယေရှုကို မယုံကြည်ခြင်းသည် အနာဂတ်တွင် ပို၍ကြီးမားသော စီရင်ခြင်းကို ခံရမည်ဖြစ်သကဲ့သို့ လက်ရှိအသက်တာကိုလည်း ပျက်ဆီးခြင်းဆီသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ ခရစ်တော်နှင့် ဝေးကွာ၍မာကြောခက်ထန်သော နှလုံးသားသည် နတ်ဆိုးများ၏ နှောင့်ယှက်လုယူခြင်းကိုခံရမည်။

ယေရှု၏ မိသားစုဝင်များသည် ယေရှုကိုတွေ့ ရန် ကြိုးစားခဲ့သည် (မဿဲ ၁၂:၄၆-၅၀၊မာကု ၃:၂၀-၂၁၊ ၃၁-၃၅၊ လုကာ ၈:၁၉ -၂၁)မိခင်နှင့် ညီအစ်ကိုများ ရောက်နေသည်ဟု ကြားသောအခါ ယေရှုသည်

“ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်း” ဟု မေးမြန်းခဲ့သည်။ လောကီမိသားစုထက်ယုံကြည်ခြင်း၏ အိမ်သူ၊အိမ်သားများသည် ပို၍အရေးကြီးကြောင်း လူများကို သိစေလိုသောကြောင့် မေးမြန်းခဲ့ ခြင်းဖြစ်သည်။ ဤသို့မေးမြန်းခြင်းသည် မိမိ၏ မိခင်နှင့်ညီအစ်ကိုများအား နှိမ်ပြောခြင်းမဟုတ်ဘဲ ယေရှုကို ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏စစ်မှန်သောမိသားစုဝင် ဖြစ်လာမည့် အရေးကြီးမှုကို အလေးအနက်ထားရန် ဖြစ်ပါသည်။ ဘာသာရေး ခေါင်းဆောင်များသည် ယေရှုအား နတ်ဆိုးဗေလဇေဗုလ စွဲနေသည်ဟု စွပ်စွဲခဲ့ကြသည်။ ထို့ပြင် ယေရှုကို ခရစ်တော်အဖြစ် လက်မခံဘဲ ငြင်းပယ်ခဲ့သည်။

မျိုးစေကြသောသူ ပုံဥပမာနှင့် အစပြု၍ ပုံဥပမာ ခုနှစ်မျိုးကို တစ်ခုပြီးတစ်ခု ငါးဖမ်းသည့်အိုင်နားတွင် ပြောခဲ့သည် (မဿဲ ၁၃း၁-၅၃၊ မာကု ၄:၁-၃၄၊ လုကာ ၈:၄-၁၈)

နိုင်ငံ၏ ဘာသာရေးခေါင်းဆောင်များအားဖြင့် … ငြင်းပယ်ခံနေရစဉ်တွင်ယေရှုသည် မိမိတပည့်များအား ပြင်ဆင်ရန် သွန်သင်မှုများ ပြုခဲ့သည်။ ထိုအချိန်မှစ၍ မာကြောသော နှလုံးသားများမှ သမ္မာတရားကို ကွယ်ဝှက်ထား၍ ရွေးချယ်ခံရသော တပည့်တော်များကိုမူ နိုင်ငံတော်နှင့်ဆိုင်သော သမ္မာတရားကို ပုံဥပမာများဖြင့် ပြောခဲ့သည်။မိဘ၊ ပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ ယေရှု၏တောင်းဆိုမှု (မဿဲ ၈း၁၈-၂၂)

ကျမ်းပြုဆရာတစ်ဦးသည် ယေရှုနောက်တော်သို့လိုက်ရန် ဆန္ဒရှိကြောင်းထုတ်ဖော်ပြောခဲ့သည်။ သို့သော် ယေရှုသည် မိမိနောက်လိုက်လျှင် ပေးဆပ်ရမည့်အဖိုးအခများနှင့် သက်တောင့်သက်သာ နေထိုင်ရမည် မဟုတ်ကြောင်း ရှင်းပြခဲ့သည်။ အခြားတစ်ယောက်သည်လည်း မိမိအဘကို အရင်သင်္ဂြိုလ်ပြီးလျှင် ယေရှုနောက်လိုက်မည်ဟု ပြောခဲ့သည်။ ယေရှုသည် ထိုသူအားလူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုလ်ပါလေစေဟု မိန့်ခဲ့သည်။

ပထမတပည့်တော်သည် လျှင်လျှင်မြန်မြန် စိတ်နှလုံးအကြွင်းမဲ့ သစ္စာခံကာကတိပေးခဲ့၍ ဒုတိယတပည့်တော်မှာမူ နှောင့်နှေးခဲ့သည်။ ယေရှုသည် လူတစ်ဦးတစ်ယောက်အနေဖြင့် ဦးစားပေးမှု မှန်ကန်ရမည်ဟု သွန်သင်ခဲ့သည်။ ယေရှုနောက် လိုက်ရန် ဆက်ကပ်ခြင်းသည် မိသားစုကိစ္စအပါအဝင် အခြားအရာ အားလုံးထက် အရေးကြီးသည်။ အခြားကိစ္စများအတွက် သီးသန့်နေရာမထားဘဲ ဆက်ကပ်အပ်နှံခြင်း ဖြစ်ရမည်။ ယေရှုနောက်လိုက်သူသည် မြင့်မြတ်သော အမှုတော်လုပ်ငန်းဆောင်ရွက်ရသောကြောင့် အဘယ်အရာမျှ သူ့ကို မနှောင့်ယှက် သင့်ပေ။

ယေရှုသည် မိမိတပည့်တော်များနှင့် အိုင်တစ်ဖက်သို့ကူး၍ မုန်တိုင်းကို ငြိမ်းစေခဲ့ခြင်း (မဿဲ ၈း၁၈-၂၂၊ မာ၊ ၄:၃၅-၄၁၊ လု၊ ၈:၂၂-၂၅) )*

တပည့်တော်များနှင့်အတူ ယေရှုသည် အိုင်တစ်ဖက်သို့ ကူးနေစဉ် မုန်တိုင်းတိုက်ခတ်ခဲ့သည်။ လှိုင်းများကြီး၍ လှေထဲသို့ ရေများဝင်လာသည်။ ထိုအချိန်တွင်ယေရှု အိပ်ပျော်နေခဲ့သည်။ တပည့်တော်များသည် လှေကို ကြိုးစား၍လှော်ခတ်သော်လည်း မတတ်နိုင်တော့သည့်အခါ သူတို့အား ကယ်တင်ရန် ယေရှုကို နှိုးကာအကူအညီ တောင်းခဲ့ကြသည်။ ယုံကြည်ခြင်းအားနည်းသောကြောင့် .. ဖြစ်သည်ဟု တပည့်တော်များအား ဆုံးမ၍ မုန်းတိုင်းနှင့် လေကို ငြိမ်းစေခဲ့သည်။ အရာအားလုံးတိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

လေနှင့်ရေကို အမိန့်တစ်ခွန်းတည်းနှင့် ငြိမ်းစေသော ယေရှု၏ တန်ခိုးသည်အရင်ကတပည့်တော်များ သက်သေခံခဲ့သည်ထက်ပို၍ ကြီးမြတ်ကြောင်း သက်သေပြခဲ့သည်။” ယေရှုသည် သဘာဝတရားများပေါ်တွင်လည်း တန်ခိုးရှိ သည်။

ဂါဒရပြည်၌နတ်ဆိုးစွဲသူ နှစ်ဦးကို ကုသပေးခြင်း (မဿဲ ၈:၂၈-၃၄၊ မာကု ၅း၁-၂၀၊လုကာ ၈:၂၆-၄၀)

ရှင်မဿဲသည် ဂါဒရပြည်၌ နတ်ဆိုးစွဲနေသော သူနှစ်ယောက်အကြောင်းသက်သေခံခဲ့သည်။ သို့သော် မာကုနှင့် လုကာသည် တစ်ယောက်အကြောင်းကိုသာဖော်ပြထားသည် (မာကု ၅း၂၊ လုကာ ၈:၂၇)။’* နတ်ဆိုးစွဲသူများအကြောင်းကို ဤသို့ဖော်ပြထားသည်။ (၁) သင်္ချိုင်းတွင်နေသောကြောင့် ယုဒဘာသာ၌ မသန့်ရှင်းသူအဖြစ် သတ်မှတ်ခံထားရသည်။ (၂) အလွန်ကြမ်းတမ်းသည်။ ယေရှုကို တွေ့သော အခါအလွန်ကြောက်ရွံ့၍ (၁) ဘုရားသခင်၏ သားတော်အဖြစ် အသိအမှတ်ပြု ခဲ့သည်။ (၂)မိမိတို့အား တရားစီရင်မည့် မေရှိယအဖြစ် ဝန်ခံခဲ့သည်။

နတ်ဆိုးစွဲသောသူများ

*မဿဲ ၈:၂၈-၃၄၊ မာကု ၅:၁-၂၀၊ လုကာ၈:၂၆-၄၀

*အလွန်ကြမ်းတမ်းသောသူများ

*ဘုရားသခင်၏သားတော်အဖြစ် ယေရှု

ကိုအသိအမှတ်ပြုသည်။ (မဿဲ ၈း၂၉)

*စာတန်၏အုပ်စိုးမှုအောက်မှနတ်ဆိုးစွဲသူများကို ကယ်တင်ခဲ့သည်။

*နတ်ဆိုးများအပေါ်၌ ယေရှု၏ တန်ခိုးတော်

တပည့်တော်များ

*မ ၈:၂၃-၂၇၊ မာကု ၄:၃၅-၄၁၊လုကာ ၈:၂၂-၂၅

*အလွန်ကြမ်းတမ်းသော မုန်တိုင်း

*ဘုရားသခင်၏သားတော်အဖြစ်ယေရှုကို မသိမှတ်ခဲ့။(မဿဲ ၈း၂၇)

*မုန်တိုင်းထဲမှ တပည့်တော်များကိုကယ်တင်ခဲ့သည်။

* သဘာဝတရားများ အပေါ်၌ ယေရှု၏တန်ခိုးတော်

နတ်ဆိုးများသည်ယေရှုအားမိမိတို့ကိုဝက်အုပ်စုထဲသို့ဝင်ခွင့်ပေးရန်တောင်းပန်ခဲ့သည်။အဘယ်ကြောင့်ယေရှုသည်နတ်ဆိုးများအားဝက်အုပ်စုအထဲသို့ဝင်ကာဝက်အုပ်စုကိုသေစေ၍ဝက်ပိုင်ရှင်အားကြီးမားသောဆုံးရှုံးမှုဖြစ်စေခဲ့သည်ကိုကျမ်းစာ၌မဖော်ပြထားပေ။ယေရှုသည်အားလုံးကိုပိုင်သအုပ်စိုးသည်ဟုဖော်ပြရုံမှလွဲ၍ယေရှု၏စိတ်သဘောထား၊ရည်ရွယ်ချက်နှင့်ပတ်သက်၍ထင်မြင်ချက်များပြောခြင်းကိုရှောင်ကြည်သင့်သည်။

လူတို့၏တုန့်ပြန်မှုသည် သူတို့၏ ဦးစားပေးမှု လွဲမှားသည်ကို ဖော်ပြထားသည်။ နတ်ဆိုးစွဲသူများကို ကယ်တင်ခဲ့သည့်အတွက် ဝမ်းမြောက်မည့်အစား သူတို့၏ပိုင်ဆိုင်မှု ဆုံးရှုံးခဲ့သောကြောင့် ဝမ်းနည်းပူဆွေးခဲ့သည်။ ထိုသူတို့သည် ယေရှုကိုရွံရှာမုန်းတီး၍ ဝက်များအပေါ် မေတ္တာထားခဲ့သည်။ ဝိညာဉ်ရေးထက် လောကီပိုင်ဆိုင်မှုကို ပို၍ တန်ဖိုးထားခဲ့သည်။

ဤအဖြစ်အပျက်က နတ်ဆိုးများအပေါ်၌ ယေရှုအခွင့်အာဏာ ရှိကြောင်းဖော်ပြခဲ့သည်။ ဒံယေလ ၇:၂၅-၂၇၊ ၈း၂၃-၂၅၊ ၁၁:၃၆၊ ၁၂:၃ နှင့် ဇာခရိ ၃း၁-၂ တွင်ဖော်ပြထားသကဲ့သို့ နိုင်ငံတော်နှင့်ဆိုင်သော ပရောဖက်ပြုထားသည်များကို ယေရှု

သည် ပြီးပြည့်စုံရန် ဆောင်ရွက်နေကြောင်း ဤအဖြစ်အပျက်က ဖော်ပြထားသည်။ယေရှုသည် မေရှိယအနေနှင့် လူသားမျိုးနွယ်နှင့် ဝိညာဉ်လောက နှစ်မျိုးလုံးကိုစီရင်မည်။ နတ်ဆိုးနှင့် သဘာဝတရားအပေါ်၌ တန်ခိုးအခွင့်အာဏာအားလုံး ယေရှု၌ရှိသည်။

ယေရှုသည် အနောက်ဘက်ကမ်းသို့ ပြန်လာကာ ယာကုရု၏သမီးအား ပြန်ရှင်စေ၍သွေးသွန်နာ စွဲနေသော အမျိုးသမီးအား ကျန်းမာစေခြင်း (မဿဲ ၉း၁၊ ၁၈-၂၆၊ မာကု၅:၂၁-၄၃၊ လုကာ ၈:၄၀-၅၆)

ယေရှုနှင့် တပည့်တော်များသည် အိုင်၏ အနောက် မြောက်ဘက်နှင့် ဂါလိလဲပြည်သို့ ပြန်လာခဲ့သည်။ တရားစရပ်မှူး ယာဣရုအပါအဝင် လူအစုအဝေးသည်သူတို့ပတ်လည်တွင် ဝိုင်းအုံစုရုံးနေကြသည်။ ယာဣရုသည် သူ၏ သမီးငယ်အားကျန်းမာစေရန် ယေရှုကို တောင်းပန်ခဲ့သည်။ယာဣရု သမီးအား ကျန်းမာစေရန်သွားစဉ်တွင် လမ်းပေါ်တွင် သွေးသွန်နာစွဲသည့် မသန့်ရှင်းသောအမျိုးသမီး တစ်ဦးသည် ယေရှုကို တွေ့ကာ တို့ခဲ့သည်(ဝတ်ပြု ၁၅:၂၅-၂၇)။ ထိုသို့ တို့ပြီးသည်နှင့် တစ်ပြိုင်နက် သူမသည် ချက်ချင်းကျန်းမာ သွားသည်။ ထို့ပြင် ယေရှု၌ သူမ၏ ယုံကြည်ခြင်းသည် သူမအား ဘုရားသခင်၏ မိသား စုဝင်တစ်ဦး ဖြစ်စေခဲ့သည်။ ယေရှုသည် သူမကို “သမီး” ဟု ခေါ်ခဲ့သည်။ ယေရှုသည် အနာရောဂါ များပေါ်တွင် တန်ခိုးရှိသည်။ ယေရှုအား တို့ထိလိုက်ရုံနှင့် ပကတိ ချက်ချင်း ကျန်းမာ သွားသည်။

ယာဣရု၏ … သမီးငယ်လေးသည် ယေရှုမရောက်မီ သေဆုံးသွားခဲ့သည်။တစ်ဆယ့်နှစ်နှစ် သွေးသွန်နာစွဲနေသော အမျိုးသမီးသည် ယေရှု၌ ယုံကြည်စိတ်ချမှုရှိသော်လည်း သမီးငယ်လေး သေဆုံးသည့်သတင်းကို ကြားပြောသူများသည်ယေရှုကူညီနိုင်သည်ကို မယုံကြည်ခဲ့ပေ။ သမီးငယ်လေးအပေါ် သူတို့၏ မျှော်လင့်ချက်ကို လက်လွှတ်ခဲ့သည်။ သို့သော် ယေရှုသည် ယာဣရုအား မိမိကို ဆက်လက်ယုံကြည်ရန် အားပေးခဲ့သည်။ အိမ်သို့ရောက်သောအခါ ယေရှုသည် မိန်းမငယ်၏မိဘနှစ်ပါးနှင့် တပည့်တော်များကိုသာ အခန်းတွင်းသို့ ဝင်ခွင့်ပြုခဲ့သည်။ သမီးငယ်လေးမသေဟု ပြောသောအခါ လှောင်ရယ်ခဲ့သော သူများအား နိမိတ်လက္ခဏာကိုသက်သေခံခွင့် မပေးခဲ့ပေ။ ယေရှုသည် သမီးငယ်လေး၏လက်ကို စွဲကိုင်ကာသေခြင်းမှ ထမြောက်စေခဲ့သည်။ သေသူ၏ ကိုယ်ခန္ဓာကို ထိခြင်းသည် ပညတ်အရညစ်ညမ်းမှုဖြစ်သော်လည်း ယေရှုသည် ထိုအရာကို မိမိတန်ခိုးနှင့် အနိုင်ယူခဲ့သည်။ယေရှုသည် သမီးငယ်လေးအား ချက်ချင်းအသက်ပြန်သွင်းပေးခဲ့သည်။

ယေရှုသည် လူပုဂ္ဂိုလ်တစ်ဦး (သို့) ပရောဖက်တစ်ဦးထက်ပို၍ ကြီးမြတ်ကြောင်းဤနိမိတ်လက္ခဏာနှစ်ခုက ဖော်ပြသည်။ ယေရှုသည် အနာရောဂါ နှင့် သေခြင်းအပေါ်တန်ခိုးရှိသည်။ အနာရောဂါ ငြိမ်းစေနိုင်သူ၊ အသက်ပြန်ရှင်စေနိုင်သူ ဖြစ်သည်။ မေရှိယလည်း ဖြစ်သည်။

မျက်စိကန်းသောသူ နှစ်ယောက်ကို မြင်စေခြင်း (မဿဲ ၉:၂၇ – ၃၁)

မျက်စိကန်းသောသူနှစ်ဦးသည် မေရှိယနှင့်ဆိုင်သော ဘွဲ့နာမ ဖြစ်သည့်ဒါဝိဒ်၏သားတော်အဖြစ် ယေရှုကို အသိအမှတ် ပြုခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းသည် ယေရှု၏ မေရှိယဖြစ်ခြင်းကို ယုဒလူတို့အားဖော်ပြရန် ရေးသားထားခြင်းဖြစ်သည်။ မျက်မမြင်နှစ်ယောက်သည် ယေရှုအား ဒါဝိဒ်၏ သား တော်ဟု ခေါ်လိုက်ခြင်းသည် ယေရှု၏ အရေးကြီးသော အမှုတော်နှင့် ပုဂ္ဂိုလ်ဖြစ်ခြင်းကို အစစ်အမှန်ဖြစ်ကြောင်း သက်သေပြခြင်း ဖြစ်သည်။ ယေရှုသည် ထိုသူနှစ်ဦး၏ မျက်စိကိုမြင်စေခဲ့သည်။ ယေရှုသည် မြင်နိုင်စွမ်းကို ပေးပိုင်သည့် ဘုရားဖြစ်သည်။ မှောင်မိုက်တန်ခိုး အပေါ်တွင် ယေရှု၌ အခွင့်အာဏာ ရှိသည်။

ရူးအစေသော နတ်ဆိုးအား နှင်ထုတ်ခြင်း (မဿဲ ၉း၃၂၃၄)

စကားမပြောနိုင်ရခြင်းမှာ နတ်ဆိုးများကြောင့် ဖြစ်သည်။ဒ ယေရှုသည်ထိုသူထဲမှ နတ်ဆိုးကို နှင်ထုတ်လိုက်သောအခါ စကားပြန် ပြောနိုင်ခဲ့သည်။ လူအစုအဝေးသည်အလွန် အံ့ဩခဲ့သည်။ သို့သော် ဖာရိရှဲများက ယေရှုသည် နတ်ဆိုးခေါင်းဆောင်ကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ကောက်ချက်ချသည်။နတ်ဆိုးများက ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း သိမှတ်ခဲ့သော်လည်း ဖာရိရှဲများမှာမူ လက်မခံခဲ့ပေ။ တစ်နည်းအားဖြင့်ဆိုရသော် ဖာရိရှဲတို့သည် နတ်ဆိုးများထက်ပို၍ မိုက်မဲခဲ့ကြသည်။ ယေရှုခရစ်တော်အား ဆက်လက် ငြင်းပယ်ကာ နောက်ဆုံးတွင် ကားစင်တင်သည်အထိ ဖြစ်ခဲ့ရသည်။

ယေရှုသည် မိမိကို မယုံကြည်သောနေရပ်မြို့ သို့ လည်ပတ်ခဲ့သည် (မဿဲ ၁၃၅၄-၅၈၊မာကု ၆:၁ – ၆)

ဆန့်ကျင်မှုများကြောင့် ယေရှုသည် မိမိမြို့သူ၊ မြို့သားများ (မဿဲ ၁၃း ၅၄-၅၈) နှင့် ရောမခေါင်း ဆောင် များ (မဿဲ ၁၄:၁ -၁၂) ထံမှ ဆုတ်ခွာခဲ့ သည်။

သာမန်လူတန်းစားများ၊ ဘာသာရေး၊ နိုင်ငံရေး ခေါင်းဆောင်များသည် ယေရှုအားတိုး၍ ရန်လိုမုန်းထား ခဲ့သည်။ မိမိနေရပ်မြို့တွင်ပင် ဆန့်ကျင်ခြင်းကို ခံခဲ့ရသည်။မိမိနှင့်အနီးစပ်ဆုံးသောသူများသည် ဝေငှဟောပြောရန် အခက်ခဲဆုံးသူများ ဖြစ်ခဲ့ကြသည်။ တရားစရပ်၌ လူအစုအဝေးသည် ယေရှု ၏ အခွင့်အာဏာ အရင်းမြစ်နှင့်ပတ်သက်၍ မယုံကြည်သောကြာင့် ထိုနေရာတွင် နိမိတ်လက္ခဏာများ မပြုခဲ့ပေ။

ဂါလိလဲပြည်တစ်လျှောက် ခရစ်တော် ဆုံးမဩဝါဒပေးခြင်း (မ ၉:၃၅-၃၈၊ မာကု ၆း၆)

ဆန့်ကျင်မှုများစွာ ဆက်လက်ရှိနေသော်လည်း အမှုတော်ကို လုပ်ဆောင်ရန်နောက်လိုက်များ တိုးပွားလာခဲ့သည်။ လယ်ကွင်း၌ လုပ်ဆောင်သူများ၏ အရေအတွက်ကို နှိုင်းယှဉ်ကြည့်ပါမှ လယ်ကွင်းများဝင်းမှည့်နေပြီး လုပ်ဆောင်စရာ များလှသည်ကို နားလည်သဘောပေါက်နိုင်သည်။ ဝင်းမှည့်သော လယ်ထဲသို့ လုပ်ဆောင်သူများ ပို၍ စေလွှတ်ရန် ဆုတောင်းကြဖို့ ကျွန်ုပ်တို့အား ယေရှု မိန့် မှာခဲ့သည်။

၁။ အတွင်းအရပ်မှ ဂရုဏာ – ထိုသူတို့အပေါ် သနားဂရုဏာထားခဲ့သည်။ (မဿဲ ၉း၃၆)

၂။ အောက်အရပ်၏ အခြေအနေ – သူတို့သည် ပင်ပန်း၍အကူအညီကင်းမဲ့နေခဲ့သည်။ (မဿဲ ၉း၃၆)

၃။ အထက်အရပ်မှ ပေးအပ်သော တာဝန် ဝတ္တရားလုပ်ဆောင် သောသူတို့ကို စပါးရိတ် စေခြင်းငှာစေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကိုဆု တောင်းကြလော့။(မဿဲ ၉:၃၇-၃၈)

တပည့်တော် တစ်ဆယ့်နှစ်ယောက်ကို စေလွှတ်ခြင်း (မဿဲ ၁၀:၁-၁၁၊ မာကု ၆း၇ -၁၃၊ လုကာ ၉း၁ – ၆)

ယခုချိန်မှ စတင်ကာ တပည့်တော်တစ်ဆယ့်နှစ်ယောက်ကို “တမန်တော်များ”” ဟု ခေါ်ခဲ့သည်။ တမန်တော်တစ်ဆယ့်နှစ်ပါး၏ အမည်များကို မဿဲ ၁၀:၂-၄၊မာကု ၃း၁၆-၁၉၊ လုကာ ၆:၁၃-၁၆ နှင့် တမန်တော် ၁:၁၃” တွင် တွေ့ရသည်။

ရှင်မဿဲခရစ်ဝင်ကျမ်းတွင် မဿဲသည် ယေရှု၏ ဒုတိယမြောက် အဓိက ဝေငှချက်ကိုမှတ်တမ်းတင်ခဲ့သည်။ အမှုတော်နှင့် ဆိုင်သောဟောပြောမှုများ သည် တပည့်တော်များ၏ အမှုတော်လုပ်ငန်းအ တွက် လမ်းညွှန်ဖြစ်ခဲ့သည်။

သူတို့၏ သာသနာပြုရသောနယ်မြေ – ဣသရေလအမျိုး၌ ပျောက်လွှင့်သောသိုးများ (မဿဲ ၁၀:၆)။

သူတို့၏ အဓိက ဝေငှရမည့်ဒေသနာ – ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ(မဿဲ ၁၀:၇)။

သူတို့၏ဒေသနာ မှန်ကန်ကြောင်းသက်သေ – နိမိတ်လက္ခဏာများ (မဿဲ၁၀:၈)။

သတင်းစကား ကြားပြောသူ၏ရိက္ခာ – ပေါ့ပါးစွာ သွားရသည်(မဿဲ ၁၀၉-၁၅)။

သတင်းစကားကြားပြောသူ၏ ဝေဒနာ (မဿဲ ၁၀း၆-၂၅)။

သခင်၏ စီစဉ်ညွှန်ကြားမှု (မဿဲ ၁၀:၂၆-၃၉)။

ဧည့်သည်ဝတ်ပြုကာ အစေခံခြင်း (မဿဲ ၁၀:၄၀-၄၂)။

နှစ်ခြင်းဆရာ ယောဟန်ကို ကွက်မျက်ခဲ့သော ဟေရုဒ်မင်းသည် သေခြင်းမှ ယောဟန် ပြန်ရှင်လာသည်ဟု ထင်ကာ ကြောက်ရွံ့ခဲ့သည်။ (မဿဲ ၁၄:၁-၁၂၊ မာကု၆:၁၄-၂၉၊ လုကာ ၉:၇-၉)

ယောဟန်သည် ဟေရုဒ်မင်း၏ ဖောက်ပြန်မှုကို ပြစ်တင်ဝေဖန်သော ကြောင့်ခေါင်းဖြတ်ခံခဲ့ရသည်။ ယေရှု၏ လုပ်ဆောင်မှုများကို ကြားသောအခါ ယောဟန်သည်အသက်ပြန်ရှင်၍ နိမိတ်များပြုသည်ဟု ဟေရုဒ်မင်းက ထင်မှတ်ခဲ့သည်။ နှစ်ခြင်းဆရာ ဟောဟန်အား မတရားသတ်ခံခဲ့ရခြင်းသည် ယေရှု၏ ရှေ့ဆက်ကြုံရမည့်အရာများကို ကြိုတင်ဖော်ပြသည်။တပည့်တော် တစ်ဆယ့်နှစ်ယောက်သည် ယေရှုထံပြန်လာ၍ မိမိတို့ပြုခဲ့၊ သွန်သင်ခဲ့သောအရာများကို ကြားပြောခဲ့သည်။ ယေရှုသည် သူတို့နှင့်အတူ ဂါလိလဲအိုင်တစ်ဖက် သဲကန္တာရသို့ ထွက်ခွာ၍ လူငါးထောင်ကို ကျွေးမွေးခဲ့သည်။ (မဿဲ ၁၄း၁၃-၂၁၊ မာကု ၆း၃၀-၄၄၊ လုကာ ၉း၁၀-၁၇၊ ယောဟန် ၆း၁-၁၄)

လူ ၅၀၀၀ ကို ကျွေးမွေးသော နိမိတ်လက္ခဏာ တစ်ခုတည်းသာလျှင် ခရစ်ဝင်ကျမ်းလေးကျမ်းလုံးတွင် မှတ်တမ်းတင်ခြင်းခံရသည်။ ဤနိမိတ်လက္ခဏာတွင်ထူးခြားမှုများစွာ ရှိခဲ့သည်။ (၁) လူများစွာရှေ့တွင် ပြုသော နိမိတ်လက္ခဏာ၊ (၂)အနည်းငယ်သောအရာနှင့် လူများစွာ၏လိုအပ်မှုကို ထောက်ပံ့ပေးခြင်း၊ (၃) အရင်ကမရှိဖူးသော စားစရာများဖြစ်လာခြင်း။

တပည့်တော်များတွင် အဆိုးမြင်သော စိတ်သဘောရှိခဲ့ကြသည်။ သို့သော်သူတို့သည် လူအစုအဝေးနှင့်အတူ မြက်ခင်းပေါ်တွင် ထိုင်၍ အကြွင်းအကျန်များစုသိမ်းခဲ့သည်ကို ကြည့်ခြင်းဖြင့် ဘုရား၏စကားတော်ကို နာခံကြောင်း သိရသည်။နိမိတ်လက္ခဏာသည် ယေရှု၏ ဖန်ဆင်းခြင်းတန်ခိုးအားဖြင့် ဖြစ်သည်။တပည့် တော်များအတွက်မူ ဝိညာဉ်ဆာလောင်မွတ်သိပ်နေသူများအား ဝိညာဉ်အစာပေးရန် အမှုတော်လုပ်ငန်းလုပ်ဆောင်ကြရာတွင် ယေရှု၌ ယုံကြည်စိတ်ချမှု ရှိရမည်ဟူသည့် သင်ခန်းစာတစ်ခု ရရှိသွားခဲ့ကြသည်။

ယေရှုသည် တပည့်တော်များအား ဗက်ဇဲဒမြို့ သို့သွားရန် ကမ်းတစ်ဖက်သို့ အရင်ကူးစေ၍ ညအ ချိန်၌ရေပေါ်တွင် လမ်းလျှောက်နေခဲ့သည်။ (မဿဲ ၁၄:၂၂-၃၃၊ မာကု၆:၄၅-၅၆၊ ယောဟန် ၆း၁၅-၂၁)

ယေရှုသည် တစ်ယောက်တည်း ဆုတောင်းရန် တောင်ပေါ်သို့ သွားသည့်အခိုက် တပည့်တော်များကို လွှတ်လိုက် ခြင်း ဖြစ်သည်။ တပည့်တော်များသည်လှေထဲသို့ဝင်၍ ကုန်းမှ ခွာသောအခါ လေပြင်းတိုက်ခတ်၍ လှိုင်းများသည် လှေကိုရိုက်ခတ်ခဲ့သည်။ ယေရှုသည် ရေပေါ်တွင် လမ်း လျှောက်လာသည်ကို ညအချိန်ဖြစ် သော် လည်း တပည့်တော်များ တွေ့မြင်ခဲ့သည်။ ရေပေါ်တွင် တစ္ဆေလမ်းလျှောက်သည်ဟု ထင်မှတ်ခဲ့သည်ကို အံ့သြစရာမရှိပေ။ သို့သော် ယေရှုက မိမိပင် ဖြစ်ကြောင်းနောက်တစ်ကြိမ် သေချာပြော ခဲ့သည်။ ထို့နောက် ပေတရုသည် ရေပေါ်တွင် လမ်းလျှောက်ရန် တောင်းဆိုခဲ့သည်။ တောင်းဆို သည့်အတိုင်း ရေပေါ်တွင် လမ်းလျှောက်နိုင်ခဲ့သည်။ သို့သော် မိမိ၏ အကြည့်ကို ယေရှုထံမှလွှဲကာ ပတ်ဝန်းကျင်၌ ပြင်းထန်သောလှိုင်းများကို ကြည့်သောအခါ သူ နှစ်မြုပ်သွားခဲ့သည်။ သို့သော် ယေရှုသည်ပေတရု၏လက်ကို ဆွဲကိုင်ခဲ့သည်။ ယေရှု လှေထဲသို့ဝင်သောအခါ လှိုင်းလုံးများ ငြိမ်သက်သွားခဲ့ပြီး တပည့်တော်များသည် ယေရှုကို ကိုးကွယ်ခဲ့ကြသည်။ ယေရှုကိုကိုးကွယ်ကွယ်ခဲ့ကြသည်မှာ အဓိကအချက် ဖြစ်ပါ သည်။

တုနှိုင်းမဲ့ခရစ်တော်

မကြောက်လန့်ကြနှင့်”

ကြောက်ရွံ့ခြင်းသည် အကြီးမားဆုံး စိတ်ခံစားမှုများထဲမှ တစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် အမှောင်နှင့်မသိသော အရာများကို ကြောက်ရွံ့ကြသည်။ အာရှတိုက်ရှိ လူများသည် လူသေများ၊ တစ္ဆေ၊ သရဲများနှင့် မမြင်နိုင်သောဝိညာဉ်များကို ကြောက်ရွံ့ကြသည်။

ယေရှုသည် “မကြောက်လန့်ကြနှင့်” ဟု မိန့်တော်မူချက်သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအတွက် အရေးပါလှပါသည်။ ယေရှုသည် အောက်ပါစကားများကို ပြောခဲ့သည် -မဿဲ ၁၀:၃၁ – “ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက်သာ၍မြတ်ကြ၏။”

မဿဲ ၁၄:၂၇ – “တည်ကြည်သော စိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။”မဿဲ ၁၇း၁၇ – “ယေရှုသည်လာ၍ သူတို့ကို လက်နှင့်တို့တော်မူလျက်၊ ထကြ၊မကြောက်ကြနှင့်ဟု မိန့်တော်မူသော်၊မာကု၊ ၅:၃၆ “ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ်တခုသာရှိစေလော့ဟု တရားစရပ်မှူးအား ချက်ခြင်းမိန့်တော်မူ၏။”

မာကု ၆:၅၀ … ………. ကိုယ်တော်သည် ချက်ချင်းနှုတ်ဆက်၍ တည်ကြည်သော စိတ်ရှိကြလော့။ ငါပင်ဖြစ်သည်၊ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏။”လုကာ ၅:၁၀ “ယေရှုကလည်း၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည်ယခုမှစ၍ လူတို့ ကိုဘမ်းမိသောသူ ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။”

လုကာ ၈:၅၀ “ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်းစိတ် တခုသာရှိစေလာ့။ ထိုသို့ရှိလျှင် သူသည် ဘေးနှင့်လွတ်လိမ့်မည်ဟု .. တရားစရပ်မှူးအားမိန့်တော်မူ၏။”

လု ၁၂:၇ – သင်တို့ ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့်မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြ၏။ယော ၆း၂၀ – ကိုယ်တော်ကလည်း၊ ငါပင်ဖြစ်သည်၊ မကြောင့်လန့်ကြနှင့် ဟု မိန့်တော်မူလျှင်၊ လှေထဲသို့ ကိုယ်တော် တိုင် ဝမ်းမြောက်စွာခံယူကြ၏။

အခြားဘာသာရေး ခေါင်းဆောင်များသည် “မကြောက်လန့်ကြနှင့်” ဟု ပြောနိုင်ကြမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၌ ကြောက်ရွံ့စေသည့်အရာကိုလျော့သွားအောင် စွမ်းဆောင်နိုင်သည့် တန်ခိုး၊ အစွမ်းမရှိသောကြောင့် ဖြစ်သည်။

ယနေ့ဘာသာရေးကိုးကွယ်မှု အတော်များများတွင် လွမ်းမိုးနေသော အရာမှာကြောက်ရွံ့မှု ဖြစ်သည်။ သို့သော် ခရစ်တော်သည် မိမိနောက်လိုက်များအား မိမိကိုကိုးကွယ်ရန် .. တွန်းအားတစ်ခုအဖြစ် ကြောက်ရွံ့မှုကို မသုံးမချခဲ့ပေ။ ထိုအစား“ကြောက် လန့်ကြနှင့်” ဟု ပြောခဲ့သည်။

နိမိတ်လက္ခဏာအားဖြင့် အစာစားခဲ့ရသော လူအစုအဝေးသည် ကပေရနောင်မြို့၌ယေရှုကို ရှာတွေ့ခဲ့သည်။ တရားစရပ်၌ ဆုံးမဩဝါဒပေးခြင်းနှင့် ပေတရုဝန်ခံခြင်း(ယောဟန် ၆း၂၂-၇၁)။

လူအစုအဝေးသည် ခရစ်တော်ထံမှ အစာကို လိုချင်သောကြောင့် ခရစ်တော်ကို ကပေရနောင်မြို့၌ ရှာဖွေခဲ့ကြသည်။ ယေရှုသည် ဝိညာဉ်နှင့်ဆိုင်သောအစားအစာဖြစ်သည့် ဘုရားသခင်ထံမှ စေလွှတ်ခြင်းခံရသော အသက်မုန့်ကို ယုံကြည်ရန် ဝေငှနေစဉ် ထိုသူတို့သည် ခန္ဓာအစာကိုသာ ရှာဖွေခဲ့ကြသည်။ တပည့်တော်တစ်ဆယ့်နှစ်ယောက်မှလွဲ၍ ကျန်နောက်လိုက်သူများစွာတို့သည် . ယေရှုကို

ချန်ထားခဲ့ကြသည်။ ယေရှု၏ တပည့်တော် တစ်ဆယ့်နှစ်ပါးတို့သည်ပင် တစ်ခါတစ်ရံသံသယများရှိခဲ့သည်။

တုနှိုင်းမဲ့သော ယေရှုခရစ်တော်၏ တန်ခိုး

ယေရှုခရစ်တော်၏ အနှိုင်းမဲ့သော တန်ခိုးတော်ကို ဖော်ပြရန် ဖြစ်ရပ်များစွာ ရှိသည်။ကမ္ဘာမတည် မရှိမီကတည်းက ထိုကဲ့သို့ တန်ခိုး အဘယ်သူ၌မျှမရှိပေ။တုနှိုင်းခဲ့သော ယေရှုခရစ်တော်၏ တန်ခိုးအနှိုင်းမဲ့သော ယေရှု၏ တန်ခိုးတော်သည် သူ၏ အသက်တာ နှင့် ပြုခဲ့သော နိမိတ်များအားဖြင့် ဖော်ပြလျှက်ရှိသည်။ ယေရှုသည် ဤလောကတွင် ကျင်လည် အသက်ရှင်ခဲ့စဉ်က အောက်ပါဖြစ်ရပ်များကို လုပ်ဆောင်နိုင်ခဲ့သည် –

၁။ ငါးမြောက်များစွာကို စုစည်းခေါ်သည်( မဿဲ ၄:၁၈-၂၂၊ မာကု ၁:၁၆-၂၀၊ လု ကာ၅:၁-၁၁)။

၂။ ညအချိန်၌ ရေပေါ်တွင် လမ်းလျှောက်သည် ( မဿဲ ၁၄:၂၂-၃၃၊ မာကု ၆:၄၅-၅၆၊ယောဟန် ၆:၁၅-၂၁)။

၃။ပင်လယ်ကို ငြိမ်သက်စေသည်။ ယေရှုဆုံးမပြီးနောက် ပင်လယ်ငြိမ်သက်သွားသည် ( မဿဲ ၈:၂၃-၂၇၊ မာကု ၄:၃၅-၄၁၊ လုကာ ၈:၂၂-၂၅)။

၄။ နတ်ဆိုးများကို နှင်ထုတ်သည် (မာကု ၁:၂၃ – ၂၈၊ လုကာ ၄:၃၃-၃၇၊ မဿဲ ၈း၂၈-၃၄၊ မာကု ၅:၁-၂၀၊ လုကာ ၈:၂၆-၄၀၊ မဿဲ ၉:၃၂-၃၄)။

၅။ အနာရောဂါများကို ချက်ချင်း ပကတိပျောက် ကင်း စေသည် (မဿဲ ၈:၁၄-၁၇၊မာကု ၁:၂၉-၃၄၊ လုကာ ၄:၃၈-၄၁ မဿဲ ၈:၁-၄၊ မာကု ၁:၄၀-၄၅၊ လုကာ

၅:၁၂-၁၆ ၊ မဿဲ ၉:၂ -၈၊ မာကု ၂:၁-၁၂၊ လုကာ ၅:၁၇-၂၆၊ မဿဲ ၁၂:၉-၁၄၊မာကု ၃:၁- လုကာ ၆:၆-၁၁၊ မ ၈:၅- ၁၃၊ လုကာ ၇:၁-၁၀၊ မဿဲ၁၂: ၂၂-၃၇၊ မာကု ၃:၂၂-၃၀၊ လုကာ ၁၁:၁၄-၁၊ ၁၇-၂၃၊ မဿဲ ၉:၁၊ ၁၈-၂၆၊ မာကု၅:၂၁-၄၃၊ လုကာ ၈:၄၀-၅၆၊ မဿဲ ၉:၂၇-၃၁)။

၆။ သေသောသူများကို ပြန်ရှင်စေသည် (လုကာ ၇:၁၁-၁၇၊ မဿဲ ၉:၁၊ ၁၈-၂၆၊မာကု ၅:၂၁-၄၃၊ လုကာ ၈:၄၀-၅၆)။

၇။ အသစ်သောအရာများကို ဖန်ဆင်းသည် (မဿဲ ၁၄:၁၃-၂၁၊ မာကု ၆:၃၀-၄၄၊လုကာ ၉:၁၀-၁၇၊ ယောဟန် ၆:၁-၁၄)။ လူငါးထောင်ကို ကျွေးရန် အစား

အစာများ ဖန်တီးပေးခဲ့သည်။

နိမိတ်လက္ခဏာအားဖြင့် အနှိုင်းမဲ့သောတန်ခိုး

ယေရှုပြုခဲ့သော နိမိတ်လက္ခဏာများသည် ဤလောက၌ မည်သူကမျှ မတတ်နိုင်သည့် အနှိုင်းမဲ့သော တန်ခိုးတော်ကို ဖော်ပြခဲ့သည် –

လူများရှေ့၌ယေရှု၏အမှုတော်လုပ်ငန်း

(တတိယအကြိမ် ပဿခါပွဲမှ နောက်ဆုံး ပဿခါပွဲ အပတ်စသည့်အချိန်ထိ)

နေ့အတန်ကြာ ဂန္ဒီသရက်နယ်တွင် ကျန်းမာစေခြင်း ၊ (မဿဲ ၁၄:၃၄-၃၆၊ မာကု၊၆:၅၅-၅၆)

ဤအပိုင်းက ယေရှု၏ လူအများရှေ့ အမှုတော်လုပ်ငန်းကို အကျဉ်းချုပ်ပေးသည်။ ကျန်းမာခြင်းအတွက် သူ၏ တို့ထိမှုကို လိုအပ်နေသေးသောသူများအားမပစ်ပယ်ထားဘဲ ယေရှုသည် လူထုအကြား အမှုတော်ဆောင်ခြင်းမှ သူ၏ တပည့်တော်များကို အနီးကပ် သွန်သင်ပေးနိုင်ရန်အတွက် အာရုံစူးစိုက်ခဲ့သည်။

ယေရုရှလင်မြို့မှဖာရိရှဲများက လက်မဆေးခြင်းအပေါ် လျစ်လျူရှုတော်မူခြင်းအားပြစ်တင်တားမြစ်ကြသည် (မဿဲ ၁၅:၁-၂၀၊ မာကု၊ ၇:၁-၂၃)ထုံးတမ်းစဉ်လာများကို စောင့်ထိန်းနေခြင်းထက် လူသားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းအပေါ် ယေရှုရှင် စိတ်ဝင်စားသည်။ အထူးသဖြင့် အစာမစားမီ လက်ဆေးခြင်း မရှိသည့် တပည့်တော်များ၏ အပြုအမူနှင့်ပတ်သက်၍ တပည့်တော်များသည် အဘယ်ကြောင့် ရှေးလူကြီးများ၏ ထုံးတမ်းစဉ် လာများကိုမလိုက်နာကြရသနည်းဟု ယေရှုရှင်အား ဖာရိရှဲ များ နှင့် ပညတ်တော် သွန်သင်ပေးသောကျမ်းတက်ပုဂ္ဂိုလ်များက မေးခဲ့သည်။ နှလုံးသားမှလာသော အရာများသည်ပါးစပ်ပေါက်မှ ဝင်လာသောအရာများထက် ပို၍ ညစ်ပတ်သည်ဟု လူထုထံ ယေရှုပြော ခဲ့သည်။ အပြင်ပန်းအရာများထက် အတွင်းပိုင်းအရာက ပိုမို အရေးပါသည်။ဖာရိရှဲများ နှင့် ကျမ်းတက် ပုဂ္ဂိုလ်များသည် အပြင်ပန်းအရာများကိုသာ အာရုံရောက်နေကြသောကြောင့် အတွင်းနှလုံးသားအပိုင်းကို လျစ် လျူရှုခဲ့ ကြသည်။

ယေရှုသည် တုရုမြို့ နှင့် ဇိဒုန်မြို့ ၏ ကျေးလက်သို့ ကြွတော်မူသည်၊ ခါနာန် အမျိုးသမီး၏ ယုံကြည်ခြင်းကြောင့် သူမ၏ သမီးနေပြန်ကောင်းခဲ့သည့် အကျိုးကို ရရှိခဲ့သည် (မဿဲ ၁၅:၂၁-၂၈၊ မာကု၊ ၇:၂၄-၃၀)

ထိုအမျိုးသမီးသည် ဣသရေလလူမျိုးတို့၏ ရန်သူဖြစ်ခဲ့သည့် ခါနာန်အမျိုးမှဆင်းသက်လာသောသူ ဖြစ်သည်။ နတ်ဆိုးစွဲနေသည့် သမီးငယ်ကို ကျန်းမာစေရန်သူမ တောင်းခံသည့်အခါ ယေရှုက ဣသရေလ သိုးပျောက်များကိုသာ ရှာရန် သူ့ကိုစေလွတ်ခြင်း ဖြစ်သည်ဟုဆိုကာ ငြင်းပယ်ခဲ့သည်။ သူမ၏ နှိမ့်ချသော၊ ဇွဲကြီးသောတောင်းဆိုမှုတို့ကြောင့် ယေရှုရှင် အံ့ဩခဲ့သည်။ သူမ၏ ယုံကြည်ခြင်းအပေါ် ယေရှုမှတ်ချက်ပေးလိုက်သည့်အခါ သူမ၏ သမီးငယ်လေးသည်လည်း ချက်ချင်း ကျန်းမာခဲ့သည်။

ထိုနိမိတ်လက္ခဏာက .. ကိုယ်တော်၏ တန်ခိုးတော်ကို ဖော်ပြရုံတင်မက နိုင်ငံတော်တွင် တစ်ပါးအမျိုးသားများကိုလည်း ထည့်သွင်းတော်မူသည်ကို မျက်ဝါး ထင်ထင်တွေ့မြင်စေခြင်းလည်း ဖြစ်သည်။ နှိမ့်ချသော မှီခိုအားကိုးခြင်းနှင့်အတူ သခင့်ထံတိုးဝင်သော တစ်ပါးအမျိုးသားတိုင်းကို နိုင်ငံတော်ဝင်ခွင့် ပေးတော်မူသည်။

ယေရှုသည် ပြန်လာ၍ ဂါလိလဲအိုင်အနီးရှိ တောင်ပေါ်သို့ တက်ခဲ့သည်။ ထိုနေရာတွင် များစွာသော သူများကို ကျန်းမာစေခဲ့သည်။ (မ ၅:၂၉-၃၁၊ မ၁ ၇: ၃၁-၃၇)

ယေရှုရှင်သည် . များစွာသောသူများကို ဆက်လက် ကျန်းမာစေခဲ့သည်။”ဣသရေလအမျိုး၏ ဘုရားသ ခင်ဂုဏ်တော်” ကို ချီးမွမ်းကြသည် ဆိုသည့် စကားစုက ထိုအရပ်ရှိ လူအများစုသည် တစ်ပါအမျိုးသားများ ဖြစ်သည်မှာ ထင်ရှားသည်။ခါနာန်အမျိုးသမီးအား ကျန်းမာခြင်းကိုပေးရန် အဘယ်ကြောင့် ယေရှု ဆိုင်းငံ့ခဲ့ပြီးယခု ဤအရပ်ရှိ တစ်ပါးအမျိုးသားများကို ကျန်းမာစေခဲ့ရသနည်း။ နိမိတ်လက္ခဏာများကို တပည့်တော်များအကျိုးအတွက် အများအားဖြင့် ယေရှု ပြု တော်မူခဲ့သည်။ထို့ပြင် ထိုအမျိုးသမီး၏ ယုံကြည်ခြင်းအားကြီးသည်ကို ဖော်ပြခွင့်ပေးခြင်းလည်းဖြစ်သည်။ တစ်ပါးအမျိုးသားများကိုကျန်းမာ စေခြင်းအကြောင်းက . ထိုသူတို့ကိုလည်း ဘုရားသ ခင်၏ နိုင်ငံတော်တွင် တိုးဝင်ခွင့်ပေးသည်ကိုထင် ရှား စေကြောင်းထပ်မံပြောလိုပါလူပေါင်း လေးထောင်ကို ကျွေးမွေးခြင်း (မဿဲ ၁၅:၃၂-၃၉၊ မာကု၊ ၈:၁-၁၀)လူပေါင်း ၄၀၀၀ ကို ကျွေးမွေးခြင်းအားဖြင့် တစ်ပါးအမျိုးသားများ အပေါ်ယေရှု၏ သနားကြင်နာခြင်းသည် ဆက်လက် စီးဆင်းနေခဲ့သည်။ ဂါလိလဲအိုင်၏အနောက်မြောက်ဘက် တစ်နေရာတွင် ဣသရေလလူမျိုး ၅၀၀၀ ကျော်ကို အရင်တစ်ခေါက်က ကျွေးမွေးခဲ့ပြီး ဖြစ်သည် (မဿဲ၊ ၁၄:၁၃-၂၁)။ ယခုအခါ တစ်ပါး အမျိုးသားများ အများစုနေထိုင်ကြသည့် ဂါလိအိုင်၏ အရှေ့ဘက်ကမ်းတွင် လူပေါင်း၄၀၀၀ ကို ကျွေးမွေးခဲ့ပြန်သည်။

လူပေါင်း ၅၀၀၀ ကို အံ့ဖွယ် ကျွေးမွေးခဲ့သည်ကို မြင်တွေ့ခဲ့ပါသော်လည်းယခုအချိန်ထိ တပည့်တော်များသည် ယုံကြည်ခြင်း အားနည်းနေသေးသည်။ သူတို့၏ယုံကြည်ခြင်းသည် ကြီးထွားရင့်ကျက်ရန် လိုအပ်နေသေးသည်။ ယေရှုက မုန့် ၇လုံး နှင့် ငါးကို တိုးပွားစေ၍ လူပေါင်း ၄၀၀၀ ကို ဤတစ်ကြိမ်တွင် ကျွေးမွေးခဲ့ခြင်းဖြစ်သည်။

ဤနိမိတ်လက္ခဏာသည်လည်း ဘုရားသခင်၏ နိုင်ငံတောသို့ တစ်ပါး အမျိုးသားများအားလည်း . ဝင်ခွင့်ပေးသည်ကို . ထင်ရှားစေခဲ့ပြန်သည်။ . ထိုသို့အားဖြင့်တပည့်တော်များ၏ အမှုတော်မြတ်သည် ဣသရေလများ အပါအဝင် တစ်ပါးအမျိုးသားများအတွက်လည်း ဖြစ်လာခဲ့သည်။ ထိုအရာများကို သမ္မာကျမ်းစာပါ တမန်တော်ဝတ္တုတွင် ရှင်းလင်းစွာ တွေ့မြင်လာရပါသည်။

ယေရှုသည် အိုင်ကို ဖြတ်ကာ မာဂဒါလသို့ သွားခဲ့သည် (မဿဲ၊ ၁၅:၃၉၊ မာကု၊ ၈:၁၀)မာဂဒါလ ၏ တည်နေရာကို အတိအကျ မသိရပါ။

ဖာရိရှဲနှင့် ဇဗ္ဗူကဲတို့က စုံစမ်းနှောက်ယှက်ခြင်းငှါ နမိတ်လက္ခဏာ ပြုတော်မူရန်တောင်းဆိုခဲ့ကြသည် (မဿဲ ၁၆:၁-၄၊ မာကု၊ ၈:၁၁-၁၂)

ဖာရိရှဲနှင့်ဇဗ္ဗူကဲတို့က နိမိတ်လက္ခဏာ ပြုတော်မူရန် အရင်ကတည်းကတောင်းဆိုခဲ့ကြသည် (မဿဲ ၁၂:၃၈)။ ကောင်းကင်မှလာသော နိမိတ်လက္ခဏာကိုပြသရန် နောက်ထပ်တစ်ကြိမ် ပြန်လာကြသည်။ သူ၏ ရှင်ပြန်ထမြောက်ခြင်းကိုညွှန်းသော ယောန၏ အကြောင်းကို ထောက်ပြကာ သူတို့၏ တောင်းဆို ချက်ကိုငြင်းပယ်ခဲ့သည် (မဿဲ ၁၂:၃၈-၄၂)။ ကိုယ်တော်၏ မေရှိယ ဖြစ်တော်မူခြင်းကိုသက်သေတူသည့် … အံ့ဖွယ်နိမိတ်လက္ခဏာများစွာ.. ပြုခဲ့ပြီးဖြစ်သည်။ သူတို့သည်အသိပညာတွင် အားကြီးလွန်းလှပါသော်လည်း ဝိညာဉ်ရေးရာကို လက်ခံနိုင်ရန်အတွက် အားနည်းလွန်း ခဲ့ကြသည်။ ထိုနေရာ၌ သူတို့ကို ချန်ထားကာ အဝေးသို့ယေရှု ထွက်သွားခဲ့သည်။ သူတို့၏ ငြင်းပယ်ခြင်းကြောင့် ကိုယ်တော်သည် သူတို့ကို“စွန့်ပစ်” ခဲ့သည်ဟု ဆိုရပါမည်။ ၎င်းသည် ယေရုရှလင်မြို့ နှင့် ယုဒပြည် တောင်ပိုင်းအရပ်သို့ ခရီးမဆက်မီ ဂါလိလဲအိုင်မှ အရေးကြီးဆုံး ဆုတ်ခွါသွားခြင်း ဖြစ်သည်(မဿဲ၊ ၁၉:၁)။

လှေစီးကာ ဗက်ဇဲဒမြို့ သို့ ယေရှုသွားခဲ့သည်။ တဆေးပါသော ဩဝါဒများကို သတိပြုကြရန် ယေရှု သွန်သင်ပေးခဲ့သည်။ (မဿဲ ၁၆:၄-၁၂၊ မာကု၊ ၈:၁၃-၂၁)

ဖာရိရှဲနှင့် ဇဗ္ဗူကဲတို့၏ တဆေးရောသော ဩဝါဒများကို သတိထားရန်ယေရှုက သူ၏တပည့်တော်များကို သတိပေးခဲ့သည်။ သို့သော် တပည့်တော်များသည်နားလည်ရန် အလွန်နှေးကွေးသူများ ဖြစ်သည်။ ဖာရိရှဲနှင့် ဇဗ္ဗူကဲတို့၏ တဆေး၊ မယုံကြည်ခြင်း နှင့် မေရှိယကို ငြင်းပယ်ကြခြင်းတို့ကို သတိပေးကာ တပည့်တော်များ၏သဘောမပေါက်ကြခြင်းအပေါ် သွန်သင်ဆုံးမခဲ့သည်။

မျက်ကန်း တစ်ဦးကို ကျန်းမာစေခြင်း (မာကု၊ :၂၂၂၆)

ဤနိမိတ်လက္ခဏာကို ရှင်မာကု ခရစ်ဝင်ကျမ်းတွင်သာ တွေ့မြင်ရပါသည်။ဤနိမိတ်လက္ခဏာသည် ချက်ချင်းမဟုတ်ဘဲ ဖြည်းဖြည်းချင်း ဖြစ်ခဲ့သည့်တစ်ခုတည်းသောအမှု ဖြစ်သည်။ ထိုသို့ပြုရခြင်း အကြောင်းမှာ တဆင့်ပြီးတစ်ဆင့် နောက်ဆုံးတွင် စုံလင်သော ကျန်းမာခြင်းကို မျက်မမြင် တစ်ဦးအနေနှင့် တန်ဖိုးထားတတ်စေရန် ယေရှုအလိုရှိခဲ့၍ ဖြစ်ကောင်းဖြစ်နိုင်သည်။ မျက်စိမမြင်သောသူအား ကျန်းမာစေခြင်းသည် ယေရှုပြောသောအရာများကို နားမလည်နိုင်သော တပည့်တော်များအတွက်လည်း သင်ခန်းစာ ဖြစ်ပါသည်။ ပို၍လေးနက်သည့်အရာမှာ မျက်မမြင်သောသူများကို မြင်စေမည် ဟူသည့် မေရှိယဆိုင်ရာ ပရောဖက်ပြခြင်းကို ယေရှု ပြည့်စုံစေခဲ့သည် (ဟေရှာ၊ ၃၅:၅-၆)။

ဖိလိပ္ပု ကဲသရိမြို့ ၏ ကျေးလက်သို့ ခရီးသွားခြင်း” ပေတရု၏ ဝန်ခံခြင်း (မဿဲ ၁၆:၃-၂ဝ၊ မာကု ၈:၂၇-၃၀၊ လုကာ ၉:၁၈-၂၁)

သူသည် မည်သူမည်ဝါဖြစ်သည့်အပေါ် သူ၏တ ပည့်တော်များ၏ အမြင်ကိုယေရှု သိချင်ခဲ့သည်။ ပေတရု၏ ဝန်ခံချက်မှာ “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသည့် ဘုရား သခင်၏ သားတော်ဖြစ်တော်မူသည်” ဟူ၍ဖြစ် သည်။ ဤနေရာတွင် ကိုယ်တော်ကို မေရှိယအဖြစ်လည်းကောင်း၊ ဘုရားအဖြစ်လည်းကောင်း ထပ်တူဖြစ်ကြောင်း ဖော်ပြထားသည်။ ခရစ်တော် မည်သူမည်ဝါဖြစ်သည်အပေါ် ၎င်းတို့၏ ခံယူချက်များသည်လည်း ကြီးရင့်ခဲ့ပြီ ဖြစ်သည်။ ပေတရု၏ဝန်ခံခြင်းက ၎င်းတို့၏ ဝိညာဉ်အသက်တာ ခရီးတစ်ခုသို့ ရောက်နေကြောင်းကိုဖော်ပြပေးပါသည်။ ပေတရု၏အမြင်သည် ဘုရား၏ ဖွင့်ပြတော်မူချက် ဖြစ်သည်။

အသင်းတော်ကို သူ မည်သို့ တည်ထောင်မည် ဆိုသည့်အကြောင်းကို ယေရှုဆက်လက်ပြောကြားခဲ့သည်။ ထိုအသင်းတော်ကို မည်သည့်နည်းလမ်းနှင့်မျှ မရဏာနိုင်ငံသည် အောင်နိုင်စရာ အကြောင်းမရှိဟု ပြောခဲ့သည်။“ (ငါ တည်ထောင်မည်)ဟူသည့် အနာဂါတ်ပြ ပုဒ်ကြောင့် အသင်းတော်အစပြုခြင်းအမှုသည် အနာဂတ်တွင်ဖြစ်မည်ဟု ထင်ရသည်။ ယခုအချိန်ထိ ယေရှုရှင်သည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကိုသာ ပြောနေခဲ့သည်။ အသင်းတော်သည် နိုင်ငံတော်မဟုတ်ပါ။ သို့သော် လည်း နိုင်ငံတော်၏ ရှုထောင့်အချို့ကို အသင်းတော်အားဖြင့် ဖော်ပြနိုင်ပါသည်။အသင်းတော် သည် သူကိုယ်တိုင် ရွေးကောက်ထားစု ဝေးထားသောသူများဖြစ်သည်။

ကောင်းကင်နိုင်ငံ တံခါးသော့များကို ပေတရုထံ၌ ပေးအပ်ခဲ့သည်။ ဥပမာကောင်းကင်နိုင်ငံတော် တည်ထောင်သည့်အခါတွင် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပတ်သက်၍ ဆုံးဖြတ်ပိုင်ခွင့်ကို ပေတရုအား ပေးအပ်ထားမည် ဖြစ်သည်။

အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကြိုတင် ပြောကြားထားခြင်း။

ပေတရု၏ တားမြစ်ချက် (မဿ ၁၆:၂၁-၂၈၊ မာကု၊ ၉:၁၊ လုကာ၊ ၉:၂၂-၂၇)

သူ၏အသေခံပေးခြင်းအတွက် တပည့်တော်များ အဆင်သင့် ဖြစ်စေရန်ယေရှုရှင် စတင် ပြင်ဆင်ခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍ အရိပ်အမြွတ်ပြောခဲ့ပြီး ဖြစ်သည် (မဿဲ၊ ၉:၁၅၊ ၁၂:၄၀။ ၁၆:၄)။ ယေရုရှလင်မြို့သို့ သွားကိုသွားရမည် (ဘုရားသခင်၏ အစီစဉ်) ကို သိထားသည်။ ထိုအရာသည် ဘုရားသခင်၏အကြံအစည်ဖြစ်သည်။ ကျမ်းတက်ပုဂ္ဂိုလ်များ၊ ဖာရိရှဲများ နှင့်ခေါင်းဆောင် များ၏ညင်းပန်းနှိပ်စက်ခြင်းကို ခံကာ အသေခံရမည်။ ကိုယ်တော်သည် အသတ်ခံရမည်ဖြစ်သော်လည်း ရှင်ပြန်ထမြောက်လာမည်။ ယေရှု၏ ကြိုတင်ပြောကြားချက်ကိုပေတရု လက်မခံနိုင်ခဲ့ပေ။ ပေတရု၏ ဝန်ခံခြင်းတွင် ကယ်တင်ရှင် သေသည်ဟူသည့်အချက်မပါပေ။ ပေတရု၏ ပြော စကားကို ယေရှုက အပြင်းအထန် ဆုံးမခဲ့ပြီးထိုအရာသည် စာတန်ထံမှ ဖြစ်သည်ဟု ပြောခဲ့သည်။ ကိုယ်တော်ရှင် အသေမခံ ပါကလောကအတွက် ကယ်တင်ခြင်းဟူ၍ ရှိနိုင်မည် မဟုတ်ပေ။ စာတန်၏ လှည့်စားတတ်သော သဘော သည် အမြဲလို အလုပ်လုပ်နေ တတ်ပါသည်။ ယေရှုက ပေတရုကိုကျောက်ဟု ခေါ်ခဲ့သော်လည်း ယခုတွင် ယေရှုအတွက် ထိမိ၍လဲစရာ ကျောက်ဖြစ်ခဲ့သည်။

လက်ဝါးကပ်တိုင် ရှိမည် ဖြစ်သလို၊ သရဖူလည်း ရှိမည် ဖြစ်သည်။ နာကျင်ခံစားပြီးသည့်နောက်တွင် ဘုန်းတော်ခံစားခြင်း လာသည်။ ထိုနည်းသည် ယေရှုသွန်သင်ခဲ့သော တပည့်တော်ဖြစ် နည်းလမ်း ဖြစ်ပါသည်။ ဆုရရှိရန်အတွက်နည်းလမ်းမှာ အဖိုးအခပေးရမည်။ ယေရှုအား အစေခံရန် အမြဲ ပေးဆပ်ရပါသည်။အကျိုးကျေးဇူးက နောက်မှ လာပါလိမ့်မည်။

“လူသားသည် နိုင်ငံတော်တည်လျက်ကြွလာတော်မူသည်ကို၊ ဤအရပ်၌ရှိသော သူအချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြ” (မဿဲ ၁၆:၂၈) ဟုနိုင်ငံတော် တည်ထောင်ခြင်းအကြောင်း နှင့် သဏ္ဍာန်တော်ပြောင်းလဲခြင်းအပြီး

ပေတရု၊ ယာကုပ် နှင့် ယောဟန်တို့အား ရှင်းပြခဲ့သည့် အကြောင်းများကို ရည်ညွှန်းတပည့်တော်တို့အား မိန့်တော်မူခဲ့သည် (မဿဲ ၁၇:၁-၈)။”

ခြောက်ရက်ကြာသည့်နောက် ဟာမုန်တောင်ပေါ်တွင် သဏ္ဍာန်တော် ပြောင်းလဲခြင်း

(မဿဲ ၁၇:၁-၁၃၊ မာကု၊ ၉:၂၀-၁၃၊ လုကာ၊ ၉:၂၈-၃၆)

ယေရှုသည် သူ၏တပည့်တော်များအနက် ပေတရု၊ ယာကုပ် နှင့် ယောဟန်တို့ကိုခေါ်ကာ တောင်ပေါ်တစ်နေရာသို့ တက်ရောက်ကာ သဏ္ဍာန်တော် ပြောင်းလဲခြင်း ရှိခဲ့သည်။ ဤသဏ္ဍာန်တော်ပြောင်းလဲခြင်းက အောက်ပါအချက်များကိုအတည်ပြုပေးပါသည် – (၁) ယေရှု၏ ဘုရားသားတော်ဖြစ်ခြင်း (မဿဲ ၁၇:၅၊ မာကု၉:၇၊ လုကာ၊ ၉:၃၅)၊ (၂) သူအသေခံမည့်အကြောင်း (မဿဲ၊ ၁၇:၁၂၊ မာကု၊ ၉:၁၂၊

လုကာ၊ ၉:၃၀) နှင့် (၃) သူ၏ ရှင်ပြန်ထမြောက်မည့်အကြောင်း (မသဲ ၁၇:၉၊ မာကု၉း၉၊ ၁၀)။ သို့သော် သူ၏ အသေခံတော်မူခြင်းသည် အဆုံးသတ် မဟုတ်ပေ။ သင်္ချိုင်းတွင်းသည် အောင်နိုင်ခြင်းကို မွေးဖွားပေးမည့် ဝမ်း ဖြစ်လာ ပါလိမ့်မည်။မောရှေ (သေလွန်သောသူ)၊ ဧလိယ (ပြောင်းလဲသွားသောသူ) နှင့် တပည့်တော်များ (အသက်ရှင်နေသောသူ) တို့အားလုံးက ယေရှုရှင် နောက်တဖန် လောကသို့ ပြန်လည်ကြွလာသည့်အခါ သေလွန်သောသူများသည် ပြောင်းလဲ၍ အသက်ရှင်ကြမည့်အဖြစ်ကို ပုံဆောင်နေပါသည်။ ယေရှုရှင်အား မောရှေ၊ ဧလိယတို့နှင့် တန်းတူဖြစ်သည်ဟု သက်မှတ်သည့် သဘောရောက်သွားသည့် အတွက်ကြောင့် မောရှေ၊ဧလိယ နှင့် ယေရှုအတွက် တဲတော် သုံးလုံးဆောက်ရန် ပေတရု၏ တောင်းဆိုမှုသည်လုံးဝ မသင့်တော်ပေ။ ထိုမသင့်တော်သော တောင်းဆိုမှုကို ချက်ချင်းဆိုသလို ယေရှုအား သူ၏သားတော်ဖြစ်တော်မူကြောင်း အတည်ပြုခြင်းဖြင့် ဘုရားသခင် ပြင်ဆင်ပေးခဲ့သည်။ မောရှေ နှင့် ဧလိယတို့သည် ဘုရား သခင်၏ သားတော်မဟုတ်၊ ဘုရားသခင်၏ အစေခံများ ဖြစ်သည်။ ယေရှုရှင်သည် သူတို့ထက် ပိုသာနေရုံမဟုတ်၊ အစဖြစ်တည်ရာသည်ပင် မတူခြားနား နေပါသည်။

ဗတ္တိဇံဆရာ ယောဟန်သည် ယေရှုရှင်၏ ရှေ့ပြေးဖြစ်သည်။ သူ၏ သာသနာလုပ်ငန်းသည် အရာခပ်သိမ်းကို ပြန်လည်ထူထောင်ရန် ဖြစ်သော်လည်း အဆုံးမသတ်ဖြစ်ခဲ့ဘဲ သေသွားခဲ့သည်။ စုံလင်သော ပြီးမြောက်ခြင်းအတွက် အနာဂတ်ကိုစောင့်နေရပါသည်။ ထိုနည်းတူစွာပင် ခရစ်တော်၏ နိုင်ငံတော် တည်ထောင်ခြင်းအမှုသည် ယခုအချိန်တွင် မပြည့်စုံသေးပေ။ ဗတ္တိဇံဆရာ ယောဟန်ကဲ့သို့ပင် အခက်အခဲများကို ခံစားရင်း အသေခံရအုံးမည် ဖြစ်သည်။ အနာဂတ် တစ်ချိန်ချိန်တွင်ပြန်လည်တည်ထောင်ခြင်း ရှိအုံးမည်ဖြစ်သည်။

နောက်တစ်နေ့တွင် တောင်ပေါ်မှ ပြန်ဆင်းလာပြီး ကိုယ်တော်သည် နတ်ဆိုးကိုနှင်ထုတ်ကာတပည့် တော်များမှာမူ နတ်ဆိုးကို နှင်ထုတ်နိုင်စွမ်း မရှိ (မဿဲ ၁၇: ၁၄-၂၁၊ မာကု ၉:၁၄-၂၁၊ လုကာ ၉:၃၇-၄၃)တောင်ပေါ်၌ ရှိခဲ့သည့် အတွေ့အကြုံက လျှိုမြောင်ရှိ ဝမ်းနည်းပူဆွေးခြင်းအောက် လျင်လျင်မြန်မြန်ပင် ပျောက်ကွယ်သွားခဲ့သည်။ ယေရှုရှင်က တပည့်တော်များကို ကျန်းမာစေနိုင်သည့် တန်ခိုးကို ပေးထားပါသော်လည်း တပည့်တော်များသည် နတ်ဆိုးကို မနှင်ထုတ်နိုင်ခဲ့ကြပေ။ မည်သည့်အကြောင်းကြောင့်ပါနည်း။တန်ခိုးတော်သည် တန်ခိုးတော်ရှင်အား ယုံကြည်ခြင်း မရှိပါက အလုပ်မလုပ်နိုင်ပါပေ။ ဆုကျေးဇူးများသည်လည်း ပေးသနားတော်မူသော ဘုရားသခင်ကိုယ်တိုင်မပါရှိပါက အလုပ် မလုပ်နိုင်ပေ။

ယေရှုရှင်၏ နိမိတ်လက္ခဏာများသည် သူ့ကို ယုံကြည်ကိုးစားလာစေရန်အတွက် ရည်ရွယ်သည်။ ယေရှုရှင်သည် တပည့်တော်များကို သူ၏ အသေခံခြင်းအတွက် ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ထို့နောက် သူမပါဘဲ သူ၏တပည့်တော်များကိုသာသနာပြုစေရန် စေလွှတ်ခဲ့သည်။ ကိုယ်တော်၌ ထားရှိသည့် မယိုင်လဲသောယုံကြည်ခြင်းကသာ လျှိုမြောင်ထဲရှိ အခက်အခဲများကို ရင်ဆိုင်ကျော်လွှားစေနိုင်ပါ

သည်။ တောင်ပေါ်၌ သဏ္ဍာန်တော်ပြောင်းလဲခြင်းကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရသည့်အတွက် ဂုဏ်ယူနေသော တမန်တော်တို့အတွက် ထိုအခြေအနေက နှိမ့်ချတတ်လာရန် ဖြစ်စေခဲ့၍ ၎င်းတို့၏ အသက်တာကို ပြန်လည် ဆန်းစစ်စေခဲ့သည်။

သူ၏ အသေခံတော်မူခြင်း နှင့် ရှင်ပြန်ထမြောက်တော်မူခြင်း အကြောင်းကို ယေရှုရှင် နောက်ထပ် ပြောလာခဲ့သည် (မဿဲ ၁၇:၂၂-၂၃၊ မာကု၊ ၉:၃၀-၃၂၊ လု ၉:၄၄-၄၅)

တပည့်တော်များအနေဖြင့် ကနဦးက ပြောကြားခဲ့သည့်အရာအား သေချာနားမထောင်ခဲ့မည်ကို စိုးရိမ်သဖြင့် ယေရှုရှင်က နောက်ထပ်တစ်ကြိမ် ပြောပြန်သည်။ ကိုယ်တော်သည် သစ္စာဖောက်ခြင်းကိုခံကာ၊ အသေသတ်ခြင်းကို ခံရမည်ဖြစ်သော်လည်း ပြန်လည်ရှင်ပြန်ထမြောက်အုံးမည် ဖြစ်သည်။ ထိုအရာကို သိကြသည့်အခါ တပည့်တော်တို့သည် အသေအချာ မသိကြသဖြင့် ဝမ်းနည်းကြပြန်သည်။

ဗိမာန်တော်အခွန်ကို အံ့ဖွယ်ရာ ငါးတစ်ကောင်မှ ရယူကာ ပေးဆောင်ခဲ့သည် (မဿဲ၁၇:၂၄-၂၇)

ယေရှုရှင်သည် ဗိမာန်တော်၏ အရှင်သခင်ဖြစ်သည့်အတွက်ကြောင့် အခွန်ပေးဆောင်ရန် မလိုအပ်ပေ (မာလခိ ၃း၁)။ ဤနေရာတွင် သူ၏ ဘုရားဖြစ်ခြင်းမှာထင်ရှားလှပါသည်။ အခွန်ပေးဆောင်ရာတွင် အစိုးရနှင့် နည်းဥပဒေ တူညီပါသည်။

မလိုအပ်ဘဲ အစိုးရကို ပုန်ကန်သည့်သဘော မရောက်စေရန် အခွန်ပေး ဆောင်သင့်ပါသည်။ အစိုးရနှင့် ပတ်သက်၍ သာမန်ကိစ္စများကြောင့် သာသနာ လုပ်ငန်းအတွက်အတားအဆီး မဖြစ်သင့်ပါပေ။

ပေတရုအား မေးသည့် မေးခွန်းနှင့် ငါးအထဲ၌ ငွေပြားကို ယူစေခြင်းတို့ကယေရှု၏ အလုံးစုံသိတော်မူသော ဉာဏ်တော်ကို ထင်ရှားစေပါသည် – (၁) ပေတရုကသူ့ကို မပြောခင်ကတည်းက ယေရှုသည် ပေတရု၏ နှလုံးသားထဲ၌ ရှိသောအရာကိုကြိုသိနေခဲ့သည် (၂) မည်သည့်ငါးက ငွေပြားကို မြိုထားသည်ကို ယေရှုရှင် သိတော်မူသည်။ သူ့အပေါ်ထားရှိသည့် ပေတရု၏ ယုံကြည်ခြင်း အားကြီးလာစေရန်အတွက်ကိုယ်တော်ရှင် ပြင်ဆင်နေခြင်းဖြစ်သည်။ ကိုယ်တော်သည် မေရှိယအမှန် ဖြစ်သည်။

တပည့်တော်များက ၎င်းတို့အနက် မည်သူသည် အကြီးဆုံးဖြစ်မည်ကို ငြင်းခုံနေကြသည်။ ယေရှုက ကလေးကဲ့သို့ ခွင့်လွတ်ခြင်း စိတ်သဘောရှိရန် သွန်သင်ပေးခဲ့သည်။ ယေရှုနာမတော်အားဖြင့် နတ်ဆိုးမောင်းထုတ်နေသော တပည့်တော်တစ်ဦးအကြောင်းကို ယောဟန်ပြောခဲ့သည် (မဿဲ ၁၈:၁-၃၅၊ မာကု ၉:၃၃-၅၀၊ လုကာ၉:၄၆-၅၀)

ယေရှုရှင်သည် ကားတိုင်သို့ ဦးတည်သွားနေသည်၊ သို့သော် တပည့်တော်များမှာမူ မည်သူက အကြီးဆုံးဖြစ်ရမည်ကို ငြင်းခုံနေကြသည်။ ကလေးသူငယ်တစ်ဦးကို ပွေ့ချီကာ ယေရှုက နှိမ့်ချခြင်းရှိရမည်ဟု တပည့်တော်များအား သွန်သင်ပေးခဲ့သည်။ ထိုသို့ သွန်သင်သည့်အခါတွင် တပည့်တော်ဖြစ်ခြင်းနှင့် ပတ်သက်၍အောက်ပါ အရေးကြီးသော အချက်များကို သွန်သင်ပေးခဲ့သည် –

၁။ တပည့်တော်သည် နှိမ့်ချသောသူ ဖြစ်သည်။ တပည့်တော်တစ်ဦးသည်မြင့်မြတ်သော အရပ်ဆီသို့ ဆင်းသက် သောသူဖြစ်သည်။ မာန်မာန သည်

နှိမ့်ချခြင်း ၏ဆန့်ကျင်ဘက် ဖြစ်သည်။ “အကြင်သူသည် ဤသူငယ်ကဲ့သို့မိမိကိုမိမိ နှိမ့်ချအံ့၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ သာ၍ကြီးမြတ်လိမ့်မည်” (မဿဲ ၁၈:၂-၄)

၂။ တပည့်တော်သည် ဧည့်ဝတ်ကျေပွန်သောသူ ဖြစ်သည်။ နှိမ့်ချခြင်းကဧည့်ဝတ် ကျေပွန်သည်။ “အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောသူငယ်တစုံတယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။”နှိမ့်ချသော တပည့်တော်ကို လက်ခံသောသူသည် ခရစ်တော်ကို လက်ခံသောသူ ဖြစ်သည်။ မာန်မာနကြီးသူများသည် ယေဘုယျအားဖြင့် ဧည့်ဝတ်မကျေတတ်ကြပေ။ ဧည့်ဝတ်ကျေမှုက နှိမ့်ချခြင်းကိုတောင်းဆိုပါသည်။ တစ်ပါးသူကို အစေခံခြင်းက နှိမ့်ချမှုကိုတောင်းဆို ပါသည် (မဿဲ ၁၈:၅-၆)။

၃။ တပည့်တော်သည် အခြားသူများ၏ ဝိညာဉ်ရေးရာ လမ်းခရီးတွင် ထိမိလဲစရာကျောက် မဖြစ်ကြပေ (မဿဲ ၁၈:၇-၉)။ နှိမ့်ချခြင်းက သူတစ်ပါး၏ဝိညာဉ်ရေးရာ လမ်းခရီးတွင် အတားအဆီး မဖြစ်စေပါသည့်အပြင် သူတစ်ပါးကို ရင့်ကျက်သောသူများ ဖြစ်လာစေရန် ကူညီပေးပါသည်။ နှိမ့်ချခြင်းကသူတစ်ပါးကို ဘုရားသခင်အတွက် ပွင့်လန်းစေသကဲ့သို့ ၎င်းတို့၏ ဝိညာဉ်ရေးရာ ကြီးထွားမှု၌လည်း ဝမ်းမြောက်စေပါသည်။

၄။ တပည့်တော်သည် သူတစ်ပါးကို အထင်မသေးတတ်ပေ (မဿဲ ၁၈:၁၀း၁၄)။ နှိမ့်ချခြင်းက သူတစ် ပါးကို အထင်သေးခြင်း မရှိပေ။

၅။ တပည့်တော်သည် သူတစ်ပါးကို ပြန်လည်ထူ ထောင်ရန်အတွက် ညီအစ်ကိုချင်း၏ အပြစ်ကို ထောက်ပြသွန်သင်ပေးသည် (မဿဲ ၁၈:၁၅-၁၉)။ နှိမ့်ချခြင်းက ဖျက်ဆီးနေသော ဆက်နွယ်မှုကို ပြန်လည် သင့်မြတ်စေသည်။

၆။ တပည့်တော်သည် မိမိအပေါ် ကျူးလွန်သည့် ညီအစ်ကိုချင်း၏ အပြစ်ကိုခွင့်လွတ်သည် (မဿဲ၁ ၈:၂၁-၃၅)။ နှိမ့်ချခြင်း က ခွင့်လွတ်တတ်သည်။

မဿဲ ၁၈:၁၅-၃၅

အပြစ်ကျူးလွန်သော ညီအစ်ကိုချင်းကို သင် မည်သို့ ရင်ဆိုင်ဖြေရှင်းပါမည်နည်း။

၁။ ပြန်လည်တည်ဆောက်ရန်အတွက် ဂရုတစိုက် အပြစ်ကို ရင်ဆိုင်ဖြေရှင်းခြင်း (မဿဲ ၁၈:၁၅-၂၀)

၂။ နောက်တရသည့်အခါ ခွင့်လွတ်ပေးရပါမည် (မဿဲ ၁၈:၂၁-၃၅)

နိဂုံးအနေဖြင့်ဆိုရပါလျှင်၊ စစ်မှန်သော တပည့်တော်တစ်ဦး၏ အမှတ်လက္ခဏာမှာ နှိမ့်ချခြင်းနှင့်အတူ သူတစ်ပါးအပေါ် မေတ္တာထား ဂရုဏာပွားသောသူ ဖြစ်သည်။

သကေနေပွဲခံရန် စောင့်နေသည့် အချိန်အတွင်း ယေရှုသည် ဂါလိလဲအိုင်ပတ်ဝန်းကျင်တွင် ကျင်လည်ခဲ့သည်။ ယေရှုရှင်၏ ညီတော်များက ကိုယ်တော်ကိုလှောင်ပြောင်ခဲ့ကြသည့်အနေဖြင့် နောက်လိုက်များစွာ ရရှိရန်အတွက် အံ့ဖွယ်အရာများ ပြုလုပ်ရန် တောင်းဆိုခဲ့ကြသည်။ သို့သော် ယေရှုရှင်က သူ၏ညီအစ်ကိုများကိုပွဲတော်သို့သွားရန် တိုက်တွန်းခဲ့ပြီး ယေရှလင်မြို့ဘက်သို့ ကိုယ်တော်သည် ခရီးဆက်ခဲ့သည်။

ဗိမာန်တော်တွင် ယေရှုသည် လူအများရှေ့ ဟော ပြောသွန်သင်ခြင်းကိုပြုခဲ့သည်။ ဘုရားသခင်ထံမှ တိုက်ရိုက်လာသော သူ၏ သင်ကြားပေးခြင်းအပေါ်သူ၏လူများကိုယ်တိုင် အံ့ဩခဲ့ကြရသည်။ တစ်ချို့က ကိုယ်တော်သည် နတ်ဆိုးနဲ့နေသောသူ ဖြစ်သည်ဟု ဆိုကာ ဖမ်းဆီးရန် ကြိုးစားခဲ့ကြသော်လည်း ကိုယ်တော်၏အချိန်မရောက်သေးသည့်အတွက်ကြောင့် မဖမ်းနိုင်ခဲ့ကြပေ။

ပွဲနောက်ဆုံးနေ့တွင် ယေရှုအပေါ်ထားရှိသည့် အမြင်သည် လူအုပ် အကြားနှစ်မျိုးကွဲပြားခဲ့သည်။ နိကောဒင်က ကိုယ်တော်ကို မဖမ်းဆီးပဲ သွန်သင်ချက်များကိုအရင်နားထောင်ရန် အကြံပြုခဲ့သည်။

ဖောက်ပြန်သော အမျိုးသမီးပေါ် ထားရှိသည့် မေတ္တာ နှင့် သစ္စာတော် (ယောဟန်၈း၁-၁၁)

ကျမ်းတတ်ဆရာများ နှင့် ဖာရိရှဲတို့က ဖောက်ပြန်နေစဉ်တွင် အဖမ်းခံရသည့်အမျိုးသမီးအား ယေရှုထံသို့ ခေါ်ဆောင်ခဲ့ကြသည်။ ထို့နောက် သူမအပေါ် တရားစီရင်ရန် ယေရှုအား တောင်းဆိုကြသည်။ မောရှေ၏ ပညတ်ချက်အရ သူမကိုသေသည်အထိ ကျောက်ခဲနှင့် ပစ်သတ်ရမည်။ သို့သော် သူတို့၏ အဓိက ရည်ရွယ်ချက်မှာ သူမကို သတ်ရန်မဟုတ်ခဲ့ပေ။ သူတို့၏ ရည်ရွယ်ချက်မှာ ယေရှုကို သတ်ရန်

ဖြစ်သည်။ ထိုသူတို့ဘက်သို့ လှည့်ကာ “မိမိကိုယ်ကို အပြစ်မရှိဟု ဆိုသောသူကသူမကို အရင်ဆုံး ကျောက်ခဲဖြင့် ပေါက်ပါစေ” ဟု ယေရှု မိန့်တော်မူခဲ့သည်။ အသက်ကြီးသူများသည် အရင် ထွက်သွားခဲ့ကြပြီး၊ နောက်ဆုံးတွင် အကုန်လုံး ထွက်သွားခဲ့ကြသည်။ ယေရှုသည် ထိုအမျိုးသမီးအပေါ် ဂရုဏာထားကာ သူမအား စွပ်စွဲသောသူ မရှိတော့သည့် အတွက် သူမ၏ အမှုမှ လွတ်ခြင်း အခွင့်ကို ပေးခဲ့သည်။ယေရှုရှင်သည် လူသားတို့၏ နှလုံးသားကို သိတော်မူသည်။ ယေရှုရှင်ကိုတောင် ချောက်ဆင် ဖမ်းကာ သတ်ဖို့ရန်အလို့ငှါ သက်သေခိုင်လုံရအောင် ထိုအမျိုးသမီးကို ၎င်းတို့ အသုံးပြုချင်ခဲ့ကြသည်။ သို့သော်လည်း ယေရှု၏ မေးခွန်းကြောင့်သူတို့အားလုံး ထောင်ချောက်မိခဲ့သည်။ သူတို့သည် တလောကလုံး၏ တရားသူကြီးဖြစ်သော ပေးရှ၏ သာလွန်မြင့်မြတ်သော ဉာဏ်ပညာကို မျှော်လင့် မထားခဲ့ကြပါ။

သူသည် လောက၏ အလင်းဖြစ်သည်ဟု ဗိမာန်တော်ထဲတွင် ယေရှု ကြွေးကြော်ခဲ့သည်။ သူသည် အာဗြဟံ မတိုင်ခင်ကတည်းက ရှိသည့်အကြောင်း ပြောခဲ့သည်။ယုဒလူမျိုးများက ကိုယ်တော်ကို ကျောက်ခဲဖြင့် ပေါက်ရန် ကြံရွယ်ခဲ့ကြသည် (ယောဟန် ၈:၁၂-၅၉)

ယေရှုက သူသည် “အသက်မုန့်” ဖြစ်သည်ဟု မိန့်တော်မူခဲ့သည် (ယောဟန်၆:၃၅)။ ယခုတွင် သူသည် လောက၏ အလင်းဖြစ်သည်ဟု မိန့်တော်မူပြန်သည်

(ယောဟန် ၈:၁၂)။ တဲတော်ပွဲတွင် ထွန်းထားသော မီးတိုင်များသည် ပွဲ၏အဆုံးပိုင်းသို့ ရောက်လာသည်နှင့်အမျှ မှေးမှိန်လာကြသည်။ အမှောင်ကျလာသည့် အခြေအနေကို နောက်ခံယူက ယေရှုက ဤစကားကို မိန့်တော်မူခဲ့ခြင်း ဖြစ်သည်။ လောကတွင် မြင်တွေ့နေရသည့် အလင်းများသည် မှေးမှိန်သွားမည် ဖြစ်သော်လည်း ယေရှုခရစ်တော်၏ အလင်းတော်သည် ဘယ်သောအခါမျှ မှေးမှိန်သွားမည် မဟုတ်ပေ။

ယေရှု၏ သက်သေခံချက်ကို ဖာရိရှဲများ စွဲချက်တင် စိန်ခေါ်ခဲ့ကြသည်။ယေရှုက သူ၏သက်သေခံချက်သည် ခမည်းတော်ဘုရားကြောင့် မှန်ကန်သည်ဟုကြွေးကြော်ခဲ့သည်။ ခမည်းတော် ဘုရားသခင်ကိုယ်တိုင်က ယေရှု၏ သက်သေဖြစ်တော်မူသည်။ ယေရှု၏စကားကို နားမလည်ခြင်းမှ ဝေဖန်သူများအား တားဆီးသော ဝိညာဉ်ရေး အမှောင်ထုသည် သူတို့၏ မယုံသင်္ကာဖြစ်မှုနှင့် ကိုယ်တော်ကိုငြင်းပယ်ခြင်းကို ကိုယ်စားပြုသည်။ သူတို့သည် သူ၏ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းဆိုင်ရာ ပရောဖက်ပြုချက်များကို နားမလည်နိုင်ပါ။ သူတို့သည် မယုံလျှင်သူတို့အပြစ်၌ သေကြလိမ့်မည်။

ငြင်းပယ်မှုများစွာရှိသည့်ကြားက လူများစွာက ယေရှုကို ယုံကြည်ခဲ့ကြသည်။ထို ယုံကြည်သူ အသစ်များအကြောင်းကို ယောဟန် ၈:၃၁-၄၁ တွင် ဖော်ပြထားပါ သည်။သမ္မာတရားက ထိုသူတို့ကို အမှောင်ထဲမှလည်းကောင်း၊ အပြစ်၏ ကျွန်မှ လည်းကောင်းလွတ်မြောက်စေပါမည်။ ဂျူးဖြစ်နေခြင်းက ထိုအရာကို အာမခံချက် မပေးပေ။ သူတို့သည် အပြစ်၌ ကျွန်ခံနေကြရသည်။ ယေရှုသာလျှင် သူတို့ကို လွတ်မြောက် စေနိုင်သည်။စစ်မှန်သော လွတ်မြောက်ခြင်းကို မျိုးရိုးမှ ရရှိခြင်း မဟုတ်ပါ။ သို့သော်ယေရှု၏ လွတ်မြောက်စေနိုင်သော တန်ခိုးတော်မှသာလာသည်။ . အာဗြဟံကို အဘဟုခေါ်လျှင်၊ထိုသူသည် နတ်ဆိုးစွဲသောသူ ဖြစ်၏။ အာဗြဟံကို အဘဟု အတင်းခေါ်နေသောသူများသည် ကိုယ်တော်ရှင်ကို နားမလည်ကြ။ သူတို့သည် နတ်ဆိုး၏ အမျိုးဖြစ်ကြသည်။

ယေရှုရှင်သည် သူတို့ကို နတ်ဆိုး၏ အမျိုးများဟု ပြောဆိုခဲ့သည့်အတွက်ယေရှုကို နတ်ဆိုးစွဲသောသူဟု ပြန်လည် စွပ်စွဲခဲ့ကြသည်။ ယေရှုက သူတို့၏ စွပ်စွဲချက်များကို ငြင်းပယ်ခဲ့ပြီး၊ ဘုရားသခင်၏ ဘုန်းတော်ကို သာ၍ ထင်ရှားစေကာ“ငါ့စကားကို နားထောင်သောသူသည် သေခြင်းကို မမြင်ရ” ဟု မိန့်တော်မူခဲ့ သည်။ဤသည်က ယုဒလူများကို ပို၍ ဒေါသထွက်စေခဲ့ပြီး ကိုယ်တော်ကို နတ်ဆိုးစွဲနေသည်ဟု စွပ်စွဲခဲ့ကြသည်။

“ငါ အမှန်အကန်ဆိုသည်ကား” ယေရှုသည် ဤစကားလုံးကို ယောဟန်၈:၃၄၊ ၅၁ နှင့် ၅၈ တို့တွင် သုံးကြိမ် အသုံးပြုခဲ့သည်။ ဤနောက်ဆုံး အခိုင်အမာပြောဆိုချက်က သူ၏ ကနဦကတည်းက တည်ရှိမှုနှင့် သူ၏ဘုရား ဖြစ်ခြင်းကိုညွှန်ပြနေပါသည်။ ယေရှုသည် အာဗြဟံ မတိုင်ခင်ကတည်း က ရှိတော်မူသော် လည်းယုဒ လူများက ထိုသို့ပြောဆိုမှုသည် ဘုရားသခင်ကို ပြစ်မှားခြင်း ဖြစ်သည်ဟုထင်မှတ်ခဲ့ကြသည်။ ထို့ကြောင့် ကိုယ်တော်ကို သတ်ရန်အတွက် ကြံစည်ခဲ့ကြသည်။

မွေးကတည်းက မျက်ကန်းနေသော သူတောင်းစာကို ကျန်းမာစေခြင်း (ယော၊ ၉)

ဤအဖြစ်အပျက်သည် ပုံမှန်မဟုတ်ပါ၊ အကြောင်းမှာ ၎င်းသည် မွေးကတည်းက ချို့တဲ့သူကို ယေရှုက အံ့ဖွယ်အမှုပြုသည့် တစ်ခုတည်းသော မှတ်တမ်းဖြစ်သည်။ မျက်စိကန်းသောသူ၏ အခြေအနေသည် သူ၏ တစ်သက်ဖြစ်သည်။

ယုံကြည်ခြင်းနှင့် မယုံခြင်းတို့၏ အကျိုးဆက်များကို ဤအံ့ဖွယ် အမှုပြုခြင်းက ရှင်းလင်းစွာပြသသည်။ စွဲမြဲစွာယုံကြည်ခြင်းသည် ကျန်းမာခြင်းနှင့် တိုးတက်သောအလင်းကို မြင်တွေ့စေပါသည်။ မျက်စိကန်း သောသူသည် ယေရှု၏ ရိုးရှင်းသောစေခိုင်းချက်များကို တစ်ဆင့်ခြင်း နာခံမှ နောက်ဆုံးတွင် လုံးလုံး ပြန်မြင်ရသောအခွင့်ကို ရရှိခဲ့သည်။

ဖာရိရှဲများ၏ မယုံကြည်မှုသည် ပညတ်တရားနှင့် ယေရှုမည်သူမည်ဝါ ဖြစ်သည့်အပေါ် နားလည်မှု လွဲနေသည့်နေရာမှ အစပြုသည်။ သူတို့အတွက် ပညတ်တရားသည်စောင့်ထိန်းရမည့် ထုံးတမ်း စဉ်လာ တစ်ခုသာ ဖြစ်သည်။ ထိုအရာသည် အသက်ရှင်သောအသံတစ်ခုမဟုတ်ခဲ့ပေ။ ၎င်းတို့၏ သ ဘောထားရလဒ်မှာ ၎င်းတို့သည် သူတို့၏ ကိုယ် ပိုင် ကြိုတင်ထင်မြင်ယူဆချက်များမှလွဲ၍ မည်သည့်အရာကို မဆို မမြင်နိုင်တော့ဘဲ မျက်စိကွယ်သွားစေကာ သမ္မာတရားကို အပြည့်အဝ မသိဘဲ ဖြစ်စေသည်။

 

ယေရှုခရစ်တော်၏ အနှိုင်းမဲ့တော်မူခြင်း

ယေရှုခရစ်တော် နှင့် ကံ ကံ၏အကျိုး

(ယော ၉)

ယောဟန် ၉ အရ ယေရှု လျှောက်သွားစဉ်တွင် မွေးကတည်းက မျက်မမြင်သောသူတစ်ဦးကို လမ်းတွင် တွေ့မြင်ခဲ့သည်။ တပည့်တော်များက “ဤသူသည် အဘယ်သူ၏ အပြစ်ကြောင့် ကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလော” ဟု မေးလျှောက်ကြသည်။ ဤမေးခွန်းသည် လူတစ်ဦးတစ်ယောက်၏ နောက်ဘဝ ကောင်းခြင်းဆိုးခြင်းသည် ထိုသူ၏ ကံ ကံ၏ အကျိုးပေါ်တွင်မူတည်သည်ဟု ယုံကြည်သော အာရှတိုက်ရှိ လူများအတွက် ကိုက်ညီပါသည်။တပည့်တော်များက ထိုသူမျက်စိကန်းနေရသည့် အကြောင်းအရင်းမှာ သူကြောင့်သို့မဟုတ် သူ၏ မိဘများကြောင့် ဖြစ်မည်ဟု ထင်ကြေးပေးခဲ့ကြသည်။ သူ၏ ကံအကျိုးမပေးခြင်းက သူ့ကို မျက်စိကန်းစေသည်။

ထို့နောက် ယေရှုသည် မျက်မမြင်သောသူကို ကျန်းမာစေခဲ့သည်။ ထိုသို့ပြုခြင်းအားဖြင့် ကိုယ်တော်သည် ကံ ကံ၏အကျိုး ထက် ပို၍ တန်ခိုးကြီးမားသည်ကို ထင်ရှားစွာ ပြသခဲ့သည်။ သူသည် ကံ ကံ၏အကျိုး အောက်တွင် မရှိပေ။ သူသည်ထို ကံ ကံ၏အကျိုးဆိုသည့် တရားအမှန် ရှိခဲ့မည်ဆိုလျှင် ကိုယ်တော်သည် ထိုရားကို ကျော်လွှားခဲ့သည်။ ဤအရာက ကျွန်ုပ်တို့ကို မေးခွန်းထုတ်စေပါသည် – “မည်သူနောက်ကို ကျွန်ုပ် လိုက်ပါမည်နည်း။” ထိုတရားသဘော အောက်တွင် ရှိသောသူနောက်လား သို့မဟုတ် ထိုတရားသဘော၏ အထက်တွင် ရှိသောသူ နောက်ကိုလား။ယေရှုသည် ပို၍ တန်ခိုးရှိသောသူဖြစ်ရာ သူ၏နောက်သို့ လိုက်ရ ပါမည်။

ကံ ကံ၏အကျိုးတရားက လူသားတစ်ဦးသည် သူ၏ ကုသိုလ်ကံ၏ သားကောင် ဖြစ်သည်ဟု သွန်သင်ထားပါသည်။ ထိုကံတရားမှ သူသည် မည်သို့မျှပြေးမလွတ်နိုင်ပေ။ ကံကြွေးကို တသက်လုံး ဆပ်နေရသည်။ ယေရှုရှင်၏ ကျန်းမာစေခြင်းက လူတစ်ယောက်သည် ကံတရား၏ အောက်တွင် အမြဲပေးဆပ်နေစရာ မလိုကြောင်းကို ဖော်ပြသည်။ အတိတ်ကာလမှ ချည်နှောင်မှုများအားလုံးမှ လူတိုင်းကိုယေရှုရှင်သည် လွတ်မြောက်ခြင်း အခွင့်ကို ပေးနိုင်သည်။ ကျန်းမာခြင်းရရှိသွား သည့်မျက် မမြင်သောသူသည် ကံ ကံ၏အကျိုးမှ လွတ်မြောက်ခြင်းကို ရရှိခဲ့သည်။ အရင်ကကံတရား၏ သားကောင် ဖြစ်ခဲ့ရသော်လည်း ယခုတွင် ကံတရား အပေါ် အောင်နိုင်သောသူ ဖြစ်ခဲ့သည်။ ကံတရား၏ ချည်နှောင်မှုမှ လွတ်မြောက်ခဲ့ပြီ ဖြစ်သည်။ခရစ်တော်သည် သူ၏ လွတ်မြောက်စေသူဖြစ်သည်။ သူသည် ကျွန်ုပ်တို့ အတွက်လည်း လွတ်မြောက်စေသူ ဖြစ်သည်။

အာရှအတွေးအခေါ်ပညာရှင်များက လူတစ်ဦးအား သူ၏ ကံ ကံ၏အကျိုးမှလွတ်မြောက်ရန် မရှာသင့်ကြောင်း

 ကျွန်ုပ်တို့ကို သင်ကြားပေးသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် အရင်ဘဝက အပြစ်များ၏ အကျိုးဆက်ကို သယ်ဆောင်ပေးသော ထိုဥပဒေကို အနှောင့်အယှက် ဖြစ်စေသကဲ့သို့ ဖြစ်သွားနိုင်သောကြောင့်ဖြစ်သည်။ “ဘယ်တတ်နိုင်မလဲ သူ့ကံနဲ့သူပေါ့” ဟု ဆိုကာ သနားသည့် ပုံစံဖြင့် ပြောကာ မိမိကိုယ်ကို ကာကွယ်ပြောဆိုတတ် ကြသည်။အကျိုး ဆက်အနေဖြင့် ထိုသူကိုကူညီရန် ကျွန်ုပ်တို့ မကြိုးစားတော့ပေ။ လက်ရှိ လူတစ်ဦး၏ အခြေအနေ အရပ်ရပ်ကို အတိတ်က သူ၏ကံအကျိုးကြောင့် ဖြစ်သည်ဟု သတ်မှတ် ပြောဆို တွေးခေါ်တတ်ကြသည်။ ထို့ကြောင့် ကံ ကံ၏အကျိုး နှင့် မေတ္တာပြခြင်း တို့သည် လုံးလုံးဆန့်ကျင်ဘက် ဖြစ်ကြပါသည်။ သို့သော် ယေရှုက မျက်မြင်သော သူအား မေတ္တာပြခဲ့သည်။ ထိုသူသည် အမှောင်ထုထဲတွင် ထောင်ချောက်မိနေရန် မထိုက် တန်ဟုကိုယ်တော် တွေးပါလိမ့်မည်။ ခရစ်တော်၏ မေတ္တာတော်သည် ကံ ကံ၏ အကျိုး၌ချုပ်နှောင်ခံနေရခြင်းထက် ပို၍ တန်ခိုးကြီးမားခဲ့သည်။

ကိုယ်တော်၏ အနှိုင်းမဲ့သော သနားကြင်နာခြင်း

 

နိဒါန်း

 

ယေရှုခရစ်တော်၏ သနားကြင်နာခြင်းသည် လောကရှိ အခြားသော ဘာသာတရားများအကြား အနှိုင်းမဲ့ ရပ်တည်နေသည်။ ယေရှုသည် သနားကြင်နာတော်မူသောသူ ဖြစ်သည်။ ဆင်းရဲသူများ၊ လိုအပ်သောသူများ၊ ဖျားနာသူများ နှင့် နတ်ဆိုး ဆွဲသူများကို ကူညီလက်ကမ်းခဲ့သည်။

ယော၊ ၉

၁။ ယောဟန် ၉ တွင် တွေ့မြင်ရသည့် မျက်မမြင်သောသူအပေါ် ထားရှိသည့်ယေရှု၏ သနားကြင်နာခြင်းသည် ချစ်ခြင်းမေတ္တာ၏ ပုံရိပ်ဖြစ်သည် – သီဩလိုဂျီပိုင်းဆိုင်ရာ ဆွေးနွေးရန် မဟုတ်ပေ။ သနားကြင်နာခြင်းဆိုသည်မှာ အခြားသူများအပေါ်ကောင်း မွန်သည့်အရာများ လုပ်ဆောင်ကူညီပေးခြင်းဖြစ်သည်။

မည်သူမည်ဝါက ဘာပြောမည်ကို ဂရုစိုက်မနေဘဲ ယေရှုသည် တစ်ဦး ချင်းစီ၏လိုအပ်ချက်များကို အစေခံကူညီခဲ့သည်။ သနားကြင်နာခြင်းက “ငါ ဘယ်လိုကူညီရမလဲ” (အနာဂတ်ကို လှမ်းမျှော်ခြင်း) ဟု မေးသည်။ “သူ အဲဒါကို ဘယ်လိုရသွားတာလဲ” ဆိုသည့် မေးခွန်းမျိုးကို မမေးပေ။

၂။သနားကြင်နာခြင်းဟူသည် လူသားကို မေတ္တာထး၍ အရာဝတ္ထုများကို အသုံးပြုခြင်း ဖြစ်သည်။ လူများကို အသုံးပြု၍ အရာဝတ္ထုကို စွဲလမ်းခြင်း မဟုတ်။ဖာရိရှဲတို့သည် မျက်မမြင်သောသူကို အသုံးပြုကာ ဥပုသ်နေ့တွင် ကျန်းမာစေခဲ့သော ယေရှုကို စွပ်စွဲရန် ကြံစည်ခဲ့ကြသည်။ ဖာရိရှဲများအတွက် မျက်မမြင်သောသူသည် ၎င်းတို့၏ ရည်ရွယ်ချက်ပြည့်စုံရန် အသုံးပြုသည့် တန် ဆာပလာသက်သက်သာ ဖြစ်ခဲ့သည်။

၃။ ခရစ်တော်၏ သနားကြင်နာခြင်းက လူတစ်ယောက်သည် ကံတရား၏ ကျေးကျွန်မဟုတ်ဟု ပြောပါသည်။

၄။ ခရစ်တော်သည် အခြေအနေများ၏ အထက်တွင် ရှိသည်။ ထိုနိမိတ်လက္ခဏာကိုလုပ်ဆောင်ခြင်းကြောင့် အနည်းငယ်သောအကျိုးကိုသာ ယေရှု ရရှိသည်။ ဥပုသ်နေ့တွင် ကျန်းမာစေခဲ့ခြင်းကြောင့် အတိုက်အခံများစွာကို ရင်ဆိုင်ရမည်ကို သိပါသော်လည်း လူနာကို သနားတော်မူသည့်တွက် အမှုပြုခဲ့ခြင်း ဖြစ်သည်။

သူသည် ကောင်းသောသိုးထိန်း နှင့် တံခါးဝဖြစ်သည်သည့်အကြောင်း ခရစ်တော်ကိုယ်တိုင် ပြောကြားခြင်း (ယော ၁၀:၁-၂၁)

ယေရှုရှင်က “ငါ အမှန်အကန် ဆိုသည်ကား” ဟု ဆိုကာ သူခိုးနှင့် စစ်မှန်သော- သိုးထိန်းတို့အကြား ခြားနားချက်ကို စတင်နှိုင်းယှဉ်ပြခဲ့သည် (၈:၃၄၊ ၅၁၊ ၅၈၊၁၀:၇)။

အတုအယောင် သိုးထိန်း

တံခါးမှ မဝင်၊ ခြံကျော်ပြီး ဝင်သည်

သိုးများက သူ၏ အသံကို မသိ

သိုးများ၏ နာမည်ကို မသိ

သိုးများသည် သူ၏ နောက်သို့မလိုက်

ခိုးယူရန်၊ သတ်ရန် နှင့် ဖျက်ဆီးရန်လာသည်

သိုးများကို မကယ်၊ မိမိကိုယ်ကိုကယ်သည်

စစ်မှန်သော သိုးထိန်း

တံခါးမှ ဝင်သည်

သိုးများသည် သူ၏ အသံကို သိသည်

သူ၏ သိုးများကို နာမည်နှင့်အတူခေါ်သည်

သူ့နောက်သို့ သိုးများ လိုက်သည်

ကျွေးမွေးကာကွယ်ရန် လာသည်

မိမိအသက်ကို ရင်းကာ သိုးများကိုကယ်တင်သည်

ထိုခေတ်အခါက ဘာသာရေးခေါင်းဆောင်များအား မှားယွင်းသည့် သိုးထိန်းများကဲ့သို့ ပမာနှိုင်းကာ သူသည် ဘုရားသခင်က ဘိသိတ်ပေးထားသော မေရှိယဖြစ်သည်ဟု ကြွေးကြော်ခဲ့သည်။ သူသည် ထာဝရအသက် နှင့် ကြွယ်ဝသော အသက်တာကို ပေးခဲ့သည်။လူထုတို့အကြား ယေရှု၏ ကြွေးကြော်မှုနှင့်ပတ်သက်၍ နှစ်ဖွဲ့ကွဲခဲ့ကြသည်။

တစ်ချို့က သူသည် နတ်ဆိုးစွဲသောသူ ဖြစ်သည်ဟု ပြောဆိုကြသည်။ အချို့ကလည်းမျက်မမြင်သောသူများကို မြင်တွေ့စေနိုင်သည့်အတွက် … ထိုသို့ထင်မှတ်ကြသည်မှာမဟုတ်ကြောင်း ပြောဆို ကြသည်။

ရှမာရိပြည်ကို ဖြတ်လျှောက်ကာ ဂါလိလဲနယ်မှ ယေရုရှလင်သို့ နောက်ဆုံး ခရီးဆက်တော်မူခြင်း (လုကာ ၉:၅၁-၅၆)

လုကာ ၉:၅၁ သည် အဖြစ်အပျက်များစွာကို အစဉ်တိုင်း ဖော်ပြသွားပြီးယေရုရှလင်မြို့ သို့ ယေရှုအောင်မြင်စွာ ဝင်သွားတော်မူသည်အထိ ဖော်ပြထားသည်။ကိုယ်တော်သည် သူ၏အချိန် ရောက်လာပြီကို သိမှတ်သဖြင့် ယေရုရှလင် မြို့ဆီသို့စိတ်ဆုံးဖြတ်ချက်ချကာ သွားရောက်ခဲ့သည်။ ရှမာရိရွာတစ်ရွာကို ဖြတ် လျှောက်ရန်တပည့်တော်များ အလိုရှိခဲ့ကြသော်လည်း၊ ထိုရွာက သူတို့ကို လက်မခံခဲ့ပေ။ထိုအချက်ကို ယာကုပ် နှင့် ယောဟန်တို့ အလွန် ဒေါသထွက်ခဲ့ကြသည်။ ယေရှုကသူတို့ကို ဆုံးမပြီးနောက် အခြားရွာဘက်ဆီသို့ သွားခဲ့ကြသည်။

နောက်တော်သို့ လိုက်ချင်သောသူများအတွက် သတိပေးချက် (လုကာ ၉:၅၇-၆၂)

ရှင်လုကာက ရှမာရိလူမျိုးများ၏ ငြင်းပယ်ခြင်း နှင့် ဆက်ကပ်မှုမရှိဘဲ ယေရှုနောက်ကို လိုက်ချင်သည့် လူပုဂ္ဂိုလ် သုံးဦးအကြောင်းအား တင်ပြထားပါ သည်။

တပည့်တော် အယောက် ၇ဝ ကို စေလွှတ်ခြင်း (လုကာ ၁၀:၁-၁၆)

ရှင်လုကာ ၉:၅၇-၆၂ တွင် ယေရှုသည် တပည့်တော် ၁၂ ဦးကို စေလွှတ်ခဲ့ပြီးဖြစ်သည်။ ယခုတွင် ၇၂’ ယောက်ကို အောက်ပါ မိန့်မှာချက်များနှင့်အတူ စေလွှတ်ခဲ့သည် – လုပ်ဆောင်သောသူများအတွက် ဆုတောင်းရန် (၁၀:၂)၊ တော ခွေးစုထဲသို့သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏ဟု ဆိုကာ သတိပေးခဲ့သည် (၁၀:၃)၊ သူ့ကိုသာ ကိုးစားရန်နှင့် လုပ်ဆောင်ရမည့် အရာကိုသာ အာရုံစိုက်

ရန် (၁၀:၄)၊ ယုံကြည်သူများကို ကောင်းကြီးပေးရန် (၁၀:၅-၆)၊ ဧည့်ဝတ်ကျေပွန်သောသူများအပေါ် မှီခိုရန် (၁၀:၇-၈)၊ မကျန်းမာသော သူများကို ကျန်းမာစေရန်(၁၀:၉)၊ ဘုရားသခင်ကို ငြင်းပယ်သူများအပေါ် တရားစီရင်ခြင်းရှိမည့် အကြောင်းကိုကြွေးကြော်စေခဲ့သည် (၁၀:၁၀-၁၆)။

တပည့်တော် အယောက် ၇၀ ပြန်လာကြပြီးအောင် မြင်သော သာသနာအကြောင်းကို ပြန် ပြောခဲ့ကြသည် (လုကာ ၁၀:၁၇-၂၄)။

တပည့်တော် ၇၂ ဦးတို့သည့် ဝမ်းမြောက်စွာ ပြန်လာခဲ့သည်။ နတ်ဆိုးများပင်လျှင် ယေရှု၏ နာမတော်၌ သူတို့ကို ဝန်ခံခဲ့ရသည်။ တပည့်တော်များကို တန်ခိုးစွမ်းအားပေးလျက် ယေရှုရှင်က ဆက်လက် ခွန်အားပေးခဲ့သလို၊ ၎င်းတို့၏ နာမည်များကို ကောင်းကင်စာရင်းတွင် ရေးမှတ်ထားပြီ ဖြစ်ကြောင်းနှင့် ၎င်းတို့အား သမ္မာတရားကို ဖွင့်ပြပေးသည့် ခမည်းတော်ဘုရားအား ချီးမွမ်းကြစေရန် ပြန်လည် သတိပေး ခဲ့သည်။ပညတ်တရားကို ကျွမ်းကျင်သော လူငယ်လေး၏ ပညတ်တော်နှင့် ပတ်သက်၍မေးခွန်းကို ဖြေကြားသည့်အခါတွင် ခရစ်တော်သည် ရှမာရိလူကောင်း ပုံဥပမာကိုပြောကြားခဲ့သည် (လုကာ ၁၀:၂၅-၃၇)

ပညတ်တရားကို ကျွမ်းကျင်သောလူတစ်ယောက်က ယေရှုကို စမ်းသည့်သဘောဖြင့် “ထာဝရအသက်ရစေရန် ကျွန်ုပ် ဘာလုပ်ရမည်နည်း” ဟု မေးခဲ့သည်။ကယ်တင်ခြင်းကို လက်ခံရမည့် လက်ဆောင်အဖြစ် မမြင်ဘဲ လုပ်ဆောင်ရမည့်ပန်းတိုင်တစ်ခု ဖြစ်သည်ဟု ရှုမြင်ခဲ့သည်။ ယေရှုက သူ့ကို အခြားမေးခွန်း တစ်ခုမေးခြင်းအားဖြင့် အဖြေပေးခဲ့သည်။ ထိုကျမ်းတတ်ပုဂ္ဂိုလ်အား ယေရှုက စိန်ခေါ်မှုတစ်ခုပြုပေးခဲ့သည်။ သို့သော် ၏တာဝန်ဝတ္တရားကို ကန့်သတ်ထားခဲ့သည်။ ကိုယ်နှင့်သက်ဆိုင်သောသူအပေါ် သဘောပေါက်မှု လွဲမှားနေသည့် သူ၏

အမြင်ကို ယေရှုက ရှမာရိလူကောင်း ပုံဥပမာကို ပြောကာ အမြင်မှန်ရလာ အောင်သွန်သင်ပေးခဲ့သည်။ ထို့နောက် ယေရှုက ထိုသူကို “သူသုံးယောက်တို့တွင် အဘယ်သူသည် ထားပြလက်သို့ရောက်သော သူနှင့် စပ်ဆိုင်သောသူဖြစ် သနည်း” ဟု မေးခဲ့

သည်။ အဖြေက ရှင်းပါသည်။ ထိုနည်းတူပြုရန် ယေရှုရှင်က ထိုသူကို မိန့်တော်မူခဲ့သည်။ ထိုပုံဥပမာက ထိုလူငယ် နှင့် တပည့်တော်များကို သနားကြင်နာခြင်းသဘောက လူမျိုးရေး စည်းကို ကျော်လွှားနိုင်ကြောင်း မြင်တွေ့စေခဲ့သည်။ ပိုင်းခြားစည်းမျဉ်းများကို ယေရှု ချိုးဖောက်ခဲ့သည်။ သူ၏ တပည့် တော်များကိုယေရှုက စည်းခြားထားသည့် အတား အဆီးများကို ဖြတ်ကာ ဆက်သွယ် ပေးသည့်လမ်းတံတားများ ဖောက်ရမည်ဟု သွန်သင်ပေးခဲ့သည်။

ဗေသနိရွာတွင် ရှိစဉ်တွင် ယေရှုသည် မာရိ နှင့် မာသတို့ဆီ အလည်သွားခဲ့သည်(လုကာ ၁၀:၃၈-၄၂)

ယေရှုသည် မာရိနှင့် မာသ အိမ်ဆီသို့ သွားရောက်ခဲ့သည်။ မာရိမှာ ယေရှု၏ခြေတော်ရင်းတွင် ထိုင်ကာ ယေရှု၏ သွန်သင်ချက်များကို နားထောင်ခဲ့စဉ်တွင်မာသမှာမူ စားသောက်ပြင်ဆင်ရန်အတွက် အလုပ်ရှုပ်နေခဲ့သည်။ မာရိက မကူညီဟုဆိုကာ မာသ ညည်းညူခဲ့သည်။ အခြားအရာများစွာ၌ အလုပ်ရှုပ်နေခြင်းထက်သူ၏ သင်ကြားပေးမှုကို ကြားနာသော မာရိအပေါ် ယေရှု ထောက်ခံပြောကြားခဲ့သည်။ ခရစ်တော် နှင့်အတူ ရှိနေရန် အသက်တာမှာ စိတ်အားကြီး လွှမ်းမိုးခြင်းသည်

ခရစ်တော် အတွက် လုပ်ဆောင်ရန် အသက်တာမှာ စိတ်အားကြီးထက် ပို၍ နေရာယူသင့်ပါသည်။

မည်သို့ ဆုတောင်းရမည်ကို တပည့်တော်များအား နောက်တဖန် သင်ကြားပေးတော်မူခြင်း (လုကာ ၁၁:၁-၁၃)

ယေရှုရှင်က တပည့်တော်များကို ဆုတောင်းခြင်းအကြောင်း သင်ပေးခဲ့ သည်။ဆုတောင်းခြင်း ပုံစံကို သူတို့အား ပေးခဲ့သည် (၁၁:၂-၄)။ ဇွဲထား၍ ဆုတောင်းရမည့်အကြောင်း ပုံဥပမာ (၁၁:၅-၈)၊ ကတိတော် (၁၁:၉-၁၃)။

လုကာ ၁၁:၁-၁၃

ပဌာနာတော် (၁၁:၂-၄)

ဆုတောင်းရာတွင် စိတ်နေသဘောထား (၁၁:၂-၄)

ဆုတောင်းခြင်းအတွက် အဖြေ (၁၁း၉-၁၃)

စကားအသော နတ်ဆိုးကို နှင်ထုတ်ခြင်း၊ ဖာရိရှဲများက နတ်ဆိုးမင်း ဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု စွပ်စွဲခြင်း၊ ဖာရိရှဲတစ်ဦးနှင့်အတူညစာအတူ စားခြင်း၊ လျှို့ဝှက်သော ကျမ်း တတ်ဆရာများအပေါ်၌ ကျိန်ခြင်း၊ လူမျိုးတော်၌ အမင်္ဂလာ ရှိခြင်း (လုကာ ၁၁:၁၄-၅၄)

လူများသည် သူ၏အံ့ဖွယ်အမှုအား နတ်ဆိုးမင်း . ဗေလဇေဗလအားဖြင့်ဖြစ်သည်ဟု ပြောဆိုကြသည်တွင် ယေရှုအား အထွတ်အထိပ် ငြင်းပယ်ကြသည်ကိုထင်ရှားစေပါသည်။ သခင်ယေရှုသည် သူတို့၏ သုံးသပ်ချက်ကို ငြင်းပယ်ခဲ့ပြီး၊စာတန်သည် မိမိနှင့် မသင်မတင့်ကွဲပြားလျှင် သူ၏နိုင်ငံသည် အဘယ်သို့ တည်နိုင်မည်နည်းဟု မေးခွန်းထုတ် ငြင်းဆိုခဲ့သည်။ သူသည် စာတန်ထက် တန်ခိုးကြီးသူဖြစ်သော်လည်း သူတို့သည် ကိုယ်တော်ကို ဘေးရောက်ရန်အတွက် ငြင်းပယ် သည်။ကိုယ်တော်ကို လက်ခံသူများသည် ကောင်းကြီးခံစားခဲ့ရသည်။

လူအစုအဝေးတို့သည် နိမိတ်လက္ခဏာကို တောင်းခဲ့သော်လည်း ယေရှုကယောန၏ နိမိတ်လက္ခဏာမှတစ်ပါး အခြားအရာများကို ငြင်းဆိုခဲ့သည်။ သူတို့ကိုဝိညာဉ်ရေးရာ အလင်းရနိုင်ရန်အတွက်လုံ လောက် သည့် နိမိတ်လက္ခဏာ အလုံအလောက် ရှိသည်။

သူတို့၏ ဆက်လက်ငြင်းပယ်မှုသည် ပြင်းထန်သော ပြစ်တင်ရှုတ်ချမှုကိုဖြစ်စေခဲ့သည်။ သခင်ယေရှုသည် ပြစ်တင်ရှုတ်ချမှုကို ဖာရိရှဲများအပေါ် အမင်္ဂလာသုံးပါးနှင့်လည်းကောင်း ကျမ်းတတ်ဆရာများအပေါ် အမင်္ဂလာ သုံးပါးဖြင့်လည်းကောင်း ချမှတ်ခဲ့သည်။ သခင်ယေရှု၏ပြစ်တင်ရှုတ်ချမှုက ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများကို ဆန့်ကျင်ကန့်ကွက်ကြရန် ဖြစ်စေခဲ့သည်။

တပည့်တော်များအား တိုက်တွန်းခွန်အားပေးခြင်း (လုကာ ၁၂:၁၂)

ယေရှုက တပည့်တော်များကို အောက်ပါအချက်များအား သတိပြုရန် ပြောကြားခဲ့သည် (က) ဖာရိရှဲများ၏ လျှို့ဝှက်ဟန်ဆောင်မှု (၁၂:၁-၃) နှင့် (ခ) သက်သေခံဟောပြောကြသည့်အခါ အတိုက်အခံများကြောင့် ရှိလာနိုင်သည့် ကြောက်ရွံ့မှု (၁၂:၄-၁၂)။ ယေရုရှလင်မြို့သို့ဦးတည် ခရီးဆက်ကြသည်တွင် သက်သေခံကြရာတွင်လုံးဝကြောက်ရွံ့ခြင်းမရှိဘဲ နေကြရန် တိုက်တွန်းခဲ့သည်။

အမွေကိစ္စနှင့်ပတ်သက်၍ ယေရှုအား တရားစီရင်စေခြင်း – ပညာမဲ့သော သူဌေးပုံဥပမာ (လုကာ ၁၂:၁၃-၂၁)

လူအစုအဝေးထဲမှ တစ်စုံတစ်ယောက်က မေးလာသည့် တောင်းဆိုမှုကိုအသုံးပြုကာ လောဘကြီးခြင်း အကြောင်းအရာကို ပညာမဲ့သောသူဌေး ပုံဥပမာပြောကာ သတိပေးခဲ့သည်။ လောဘကြောင့် ပညာမဲ့သော သူဌေးသည် ယာယီဥစ္စာများအတွက် ထာဝရအရာများနှင့် လဲခဲ့သည်။ ယာယီဥစ္စာများကို ရရှိရန်အတွက်ထာဝရအရာများကို သူရင်းနှီးခဲ့သည်။

ဟောပြောချက်များ (လုကာ ၁၂:၂၂-၅၉)

ဘရားသခင်က သူတို့ကို စောင့်ရှောက်တော်မူမည့်အကြောင်း အရင်ကယေရှု ပြောကြားခဲ့ပြီး ဖြစ်သည် (လုကာ ၁၂:၆-၇)။ ဘုရားသခင်သည် သူတို့၏လိုအပ်ချက်များကို လေ၌ပျံဝဲသော ငှက်များနှင့် တောနှင်းပန်းများကို ထောက်ပံ့ပေးသည့်နည်းတူ ထောက်ပံ့ပေးမည် ဖြစ်သောကြောင့် စိုးရိမ်စရာ မရှိပေ။ စိုးရိမ်ပူပန်မှုက သူ့အား ယုံကြည်ခြင်းနှင့်ဆန့်ကျင်ဘက် ဖြစ်သည်။

ယေရှုသည် စိုးရိမ်ပူပန်မှုနှင့်ပတ်သက်၍ သင်ကြားပေးခြင်းမှသည် သူကြွလာခြင်းအတွက် နိုးနိုး ကြားကြား ရှိနေရန် သွန်သင်ပေးခဲ့သည်။ ထိုအယူအဆ နှစ်ခုစလုံးသည် သခင်ယေရှုနောက်သို့ လုံးလုံးလိုက်ခြင်းနှင့်သက်ဆိုင်ပြီး၊ မလိုအပ်သောအချက်များကြောင့် အာရုံမပျံ့လွင့်ခြင်းနှင့်လည်း ဆိုင်ပါသည်။

ရင်ဆိုင်ကြုံတွေ့ရမည့် ညှင်းပန်းနှိပ်စက်မှုများ ကြားထဲမှာပင် သစ္စာရှိရန်အတွက်တပည့်တော်များကို ယေရှု တိုက်တွန်းတော်မူခဲ့သည် (၁၂:၄၉-၅၃)။ ယေရှုကိုယ်တိုင်ဤလောကကို တရားစီရင်အုံးမည် ဖြစ်သော်လည်း သူကိုယ်တိုင်က လက်ဝါးကပ်တိုင်ပေါ်တွင် တရားစီရင်ခြင်းကို ခံရအုံးမည်ဖြစ်သည်။ ကိုယ်တော်နှင့် ပတ်သက်၍ ကွဲပြားမှုများ၊ အခက်အခဲ များကြုံတွေ့ရအုံးမည့် အခြေအနေကို တပည့်တော်များ မည်သည့်နည်းလမ်းနှင့်မှ ရှောင်လွဲနိုင်ကြမည် မဟုတ်ပေ။ လူအုပ်ကြီးဘက်သို့လှည့်ကာ ဘုရားက သူတို့ကို အပယ်ငရဲသို့မပို့ခင် သူနှင့်မှန်ကန်သော ဆက်နွယ်မှုရှိရန် သတိပေး တောင်းဆိုခဲ့သည်။

ဘုရားသခင်၏ တရားစီရင်ခြင်းများ၊ နောင်တရရန်အတွက် စိတ်နေသဘောထား(လုကာ ၁၃:၁-၅)

လူအချို့တို့သည်လာ၍၊ ပိလတ်မင်းသည် ဂါလိလဲလူအချို့တို့၏အသွေးကိုမိမိတို့ ပူဇော်သော ယဇ်ကောင်တို့နှင့် ရောနှောကြောင်းကို လျှောက်ကြ၍ ဝမ်းနည်းကြောင်း ပြောလာခဲ့ကြသည်။ ယေရှုက၊ ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့်၊အခြားသော ဂါလိလဲလူအပေါင်းတို့ထက် သာ၍ အပြစ်ရှိသည်ဟု ထင်ကြ သလောဟုမေးကာ သူတို့သည်လည်း နောင်တမရပါက ပျက်စီးခြင်းသို့ ရောက်ကြ လိမ့်မည်ဟုသွန်သင်ပေးခဲ့သည်။

ခြောက်သွေ့ သော သင်္ဘောသဖန်းပင် ပုံဥပမာ (လုကာ ၁၃:၆-၉)

အသီးမသီးသော ပုံဥပမာက ဘုရားသခင်၏ ကျေးဇူးတော်ကာလအတွင်းနောင်တရရန် လိုအပ်မှုကို ဖော်ပြပေးပါသည်။

တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ရောဂါနှိပ်စက်ခြင်းခံရသော အမျိုးသမီးကို ကျန်းမာစေခြင်း (လုကာ ၁၃:၁၀-၁၇)

တဆယ်ရှစ်နှစ်ပတ်လုံး နတ်စွဲ၍ရောဂါနှိပ်စက်ခြင်းကို ခံရသော အမျိုးသမီး ကိုကျန်းမာစေခြင်းက ယေရှု၏ ကျန်းမာစေနိုင်သည့်တန်ခိုးကို ဖော်ပြပေးခဲ့သည်။ အချိန်ကြာမြင့်စွာ ကျွန်ခံပြီးနောက်၌ပင် ကုသနိုင်သည်။ ဣသရေလ လူမျိုးသည် ကြာမြင့်စွာချုပ်နှောင်ခံထားရသော်လည်း ယေရှု၌ထို အနှောင် အဖွဲ့ကို ချိုးဖျက်နိုင်သည့် တန်ခိုးရှိသည်။ ခရစ်တော်သည် မေရှိယဖြစ်သည်၊ ဣသရေလလူမျိုး တို့သည် ကျန်းမာခြင်းကိုလိုအပ်ကြသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ဥပုသ်နေ့၌ ယေရှုသည် အနာ ရောဂါကိုငြိမ်းစေတော်မူသော ကြောင့် … တရားစရပ်မှူးသည် … အမျက်ထွက်ခဲ့သည်။ ထိုအမျိုးသမီးထက် ဥပုသ်နေ့ကို သူတို့ပို၍ တန်ဖိုးထားခဲ့ ကြသည်။ သို့သော် ယေရှုက ထိုအမျိုးသမီးကို ပိုတန်ဖိုးထားခဲ့သည်။ သူ၏ အနာရောဂါငြိမ်းစေသော စကားတော်က လူအုပ်ကြားတွင် ကွဲပြားခြင်းကို ဖြစ်ပေါ်စေသည်။ သူ၏ရန်သူများမှာ အရှက်ကွဲခဲ့ကြသော်လည်းလူများသည် အလွန်ဝမ်း မြောက်ခဲ့ကြသည်။

ယေရှုသည် အင်္ကနိပွဲကို* ယေရုရှလင်မြို့၌ သုံးတော်မူသည်၊ သူသည် ဘုရားသခင်နှင့်တစ် လုံးတစ်ဝတည်းဖြစ်ကြောင်း ကြွေးကြော်ခဲ့ပြန်သည်။ ယုဒလူမျိုးတို့က ယေရှုကိုတတိယအကြိမ် သတ်ရန်အတွက် ကြိုးစားခဲ့ကြပြန်သည်။ ထို့နောက် ယောရှုသည်ပေရယပြည်သို့ ထွက်သွားခဲ့သည်။ (ယောဟန် ၁၀:၂၂-၄၂)

အင်္ကနိပွဲ ကျင်းပနေစဉ်အတွင်း သူ၏သိုးစုများကို ထာဝရအသက်ကို ပေးသည်ဟု ကြွေးကြော်ခဲ့သည်။ ယုံကြည်သူများသည် ထာဝရ စိတ်ချမှု ရှိပါသည်။ ထို့ပြင် သူနှင့်ခမည်းတော်တို့သည် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ဆက်လက် ဖော်ပြခဲ့သည်..ယေရှုသည် ဘုရားဖြစ်သည်ဟု ကြွေးကြော်နေခြင်း ဖြစ်ကြောင်း ယုဒလူများ နားလည်ကြသည်။ ထို့ကြောင့် ကိုယ်တော်ကို ကျောက်ခဲဖြင့် ပေါက်သတ် လိုကြသည်။ ယေရှုသည် သူတို့၏ အတိုက်အခံပြုခြင်းကို ဓမ္မဟောင်းကျမ်းအား ထောက်ပြကာ ရင်ဆိုင်ခဲ့သည်။ သူပြုခဲ့သော နိမိတ်လက္ခဏာများကို ပြန်လည် သတိပြုရန် ပြောကြားခဲ့သည်။ ယုဒလူတို့သည် သူ့ကိုဖမ်းဆီးရန် ကြိုးစားခဲ့ကြသော်လည်း ယေရှုရှင် ထွက်ပြေးခဲ့သည်။ယေရှုသည် ယေရုရှလင်မြို့မှ သူ့ကို လူပေါင်းများစွာ ယုံကြည်လက်ခံကြသည့် ယောဒန်မြစ်အရှေ့ဘက်ခြမ်းသို့ ခရီးသွားတော်မူခဲ့သည်။

လာဇရု နာမကျန်းဖြစ်ခြင်းကို ကြားပြီးနောက် ဗေသနိရွာဆီသို့ ဒုတိယခရီးသွားခဲ့သည်။ (လုကာ ၁၃:၂၂၊ ယောဟန် ၁၁:၁-၁၆)

ယေရှု ချစ်သော လာဇရုသည် ဗေသနိရွာ၌ ဖျားနာနေသည်။ သို့သော် သခင်ယေရှုသည် . လာဇရုအိမ်သို့မသွားမီ နောက်ထပ်နှစ်ရက် … အဝေးတွင် နေခဲ့သည်။အကြောင်းမှာ သူသည် ဤဖြစ်ရပ်များက သူ၏အခွင့်အာဏာကို ပြသပေးလိမ့် မည်ကိုသိနှင့်နေသည်။ သူနှင့်သူ၏တပည့်များ ရောက်ရှိချိန်၌ လာဇရု သေဆုံးခဲ့ပြီ ဖြစ်သည်။

ဖာရိရှဲများက ပေရယပြည်မှ အလျင်အမြန်ထွက်သွားရန် ဟေရုဒ်မင်းကြီးက ကိုယ်တော်အား သတ်လိမ့်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။ ကိုယ်တော်၏ တုန့်ပြန်မှု (လုကာ ၁၃:၃၁-၃၅)

ဖာရိရှဲများသည် ကိုယ်တော်ကို ဟေရုဒ်မင်းက သတ်ရန် အလိုရှိနေသည် ဟုလိမ်ညာလျှက် ပေရယနယ်မှ ထွက်ခွာရန် ယေရှုအား တိုက်တွန်းခဲ့ကြသည်။ ယေရှုသည် သူတို့၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့ခြင်း မရှိခဲ့ဘဲ သူအသေခံရမည့် ယေရုရှလင်မြို့ဆီသို့ ဆက်သွားရအုံးမည်ဖြစ်ကြောင်း ဆက်ရှင်းပြခဲ့သည်။

ရေဖျဉ်းနာစွဲသော သူတယောက်ကို ကျန်းမာစေခြင်း (လုကာ ၁၄း၁-၆)

ဥပုသ်နေ့တွင် ယေရှုသည် ထင်ရှားသော ဖာရိရှဲတစ်ဦး၏ အိမ်သို့လိုက်ကာစားသုံးခဲ့သည်။ ကိုယ်တော်အား ဂရုတစိုက် ပြုစုခဲ့သည်။ ထိုနေရာတွင် ရေဖျဉ်းနာစွဲနေသော လူတယောက်သည်လည်း ရောက်ရှိနေသည်။ ထိုအရာသည် ယေရှုကိုစွပ်စွဲရန်အတွက် ဖာရိရှဲနှင့် ကျမ်းတတ်ဆရာများက ထောင်ချောက် ဆင်ထားခဲ့ခြင်းဖြစ်သည်။ ယေရှုက သူတို့၏ ရည်ရွယ်ချက်ကို သိနှင့်သော်လည်း ထိုသူကို ကျန်းမာစေကာ ထိုသူတို့၏ လှည့်စားတတ်သော စိတ်သဘောကို ပြစ်တင်ဆုံးမခဲ့သည်။ ယေရှုကသူတို့အား ဥပုသ်နေ့တွင် သူတို့၏ သား သို့မဟုတ် နွားများကို တွင်းထဲမှ ကယ်တင်မည်မဟုတ်လားဟု ပြောခဲ့သည်။ သို့သော် ဥပုသ်နေ့တွင် ကျန်းမာစေခြင်း မပြုရန် အလိုရှိခဲ့ကြသည်။

ကြီးစွာသော ညစာစားပွဲ ပုံဥပမာ (လုကာ ၁၄:၇-၂၄)

ထင်ရှားသော ဖာရိရှဲအိမ်၌ လာရောက်ကြသော ဧည့်သည်များအား ယေရှုကနှိမ့်ချခြင်းကို သင်ကြားပေးခဲ့သည်။ ဧည့်သည်များသည် ဂုဏ်ရှိမည့်နေရာ များကိုသာရွေးချယ်ထိုင်နေကြသည်။ နေရာထိုင်ခင်းပုံစံသည် အင်္ဂလိပ်စာလုံး ယူ (U) ပုံစံဖြင့်ရာထူးနေရာများကို ပြသရန် စီစဉ်လေ့ရှိသည်။ အိမ်ရှင်က အလယ်တွင် ထိုင်ရသည်။တစ်စုံတစ်ဦးသည် မိမိကိုယ်ကို ဂုဏ်ရှိသည့်နေရာသို့ မထားသင့်ပါ – မိမိကိုယ်ကိုချီးမြောက်ခြင်းက ကျရှုံးခြင်းကို ဖြစ်စေတတ်သည်ဟု မိန့်တော်မူခဲ့သည်။ ဤသင်ခန်းစာသည် ဖာရိရှဲများနှင့် တပည့်တော်များအတွက် ဖြစ်ပေသည်။ နိုင်ငံတော်ဝင်ရန်အတွက် နှိမ့်ချစွာဖြင့် ယေရှု၏ နောက်လိုက်ရပါမည်။

ထို့နောက် ယေရှုသည် အိမ်ရှင်ဘက်သို့ လှည့်ကာ သူ၏ကျေးဇူးကို ပြန်မဆပ်နိုင်တော့မည့်သူများကို ပွဲသို့ဖိတ်ကြား စားသုံးစေရန် တိုက်တွန်းခဲ့သည်။ ဧည့်သည်များကို ဖိတ်ကြားရာတွင် မည်သည့်အရာမျှ မျှော်လင့်ခြင်းမရှိဘဲ ဖိတ်ကြား ရပါမည်။ထို့အတွက် ဘုရားက ရှင်ပြန်ထမြောက်ရာနေ့တွင် ပြန်ဆပ်ပေးတော် မူ လိမ့်မည်။ယေရှုက ထိုဖာရိရှဲအိမ်က စားသောက်ပွဲကို ဥပမာယူ၍ နိုင်ငံတော်တွင် မေရှိ ယ၏ ညစာပွဲအကြောင်းကို ဆက်လက် ပြောကြားခဲ့သည်။ ဤညစာစားပွဲ ပုံဥပမာတွင် ယေရှုကကြားနာ နေသူများကို နှိမ့်ချစွာဖြင့် သူ၏ နိုင်ငံတော်၌ ပါဝင်ရန်နှင့်ငြင်းပယ်သောသူများ၏ ကြောက်မတ်ဖွယ်အနာဂတ်ကို သတိပေးခဲ့သည်။

တပည့်တော်ဖြစ်ခြင်းအတွက် အဖိုးအခများစွာရှိကြောင်း လူအစုအဝေးအားသတိပေးခဲ့သည် (လုကာ ၁၄:၂၅-၃၅)

ယေရုရှလင်မြို့သို့ကြွတော်မူစဉ် လူအစုအဝေးကြီးက နောက်တော်သို့လိုက်ကြ၏။ လူအုပ်ကို ဆွဲဆောင် နေမည့်အစား တပည့်တော်ဖြစ်ခြင်း၏ အဖိုးအခပေးဆပ်ရမည့်အကြောင်း စိန်ခေါ်ရင်း အရေအတွက်ကို လျှော့နိုင်သမျှ လျှော့ခဲ့သည်။ တပည့်တော်ဖြစ်ခြင်းက အသက်သေဆုံးသည်ထိ မယိုင်သော ဆက်ကပ်ခြင်းပါရှိသည်။

လောကကို အကျိုးသက်ရောက်မှုရှိစေရန် သခင်ယေရှုကို အကြွင်းမဲ့သစ္စာခံရန် လိုအပ်သည်။ သို့မဟုတ်ပါက အငန်ကင်းသော ဆားကဲ့သို့ ယေရှု၏နောက်လိုက်ခြင်းသည် အချည်းနှီးဖြစ်သည်။

အခွန်ခံများစွာသည် ကိုယ်တော်ထံ စုဝေးလာကြသည်၊ ဖာရိရှဲများ ဝေဖန်လာကြသည့်အခါ ပျောက်သောသိုး၊ ပျောက်သောအကြွေစေ့ နှင့် ပျောက်သောသား ပုံဥပမာများကို သူပြောပြခဲ့သည်။ (လုကာ ၁၅:၁-၃၂)

အခွန်ခံများ နှင့် “အပြစ်သားများ” အားလုံးသည် ယေရှုအား ကြားနာရန်စုရုံးနေကြသော်လည်း ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများသည် ယေရှုနှင့်ပေါင်းသင်းခြင်းကို မနှစ်သက်ကြပါ။ ပုံဥပမာများက သခင်ယေရှုသည် အပြစ်သားများကို ချစ်မြတ်နိုးပြီး အပြစ်သားများသည် ဘုရားသခင်ထံ ပြန်လှည့်လာကြသောအခါ ဝမ်းမြောက်ကြောင်းပြောကြားခဲ့သည်။

ပျောက်သောသိုးကို ရှာရန် သိုးထိန်းသည် အစပြုလုပ်ဆောင်ခဲ့သည်။ ယေရှုသည် အပြစ်သားများကို ရှာရန် အစပြုလုပ်ဆောင်ခဲ့သည်။ ပျောက်ဆုံးသော ဝိညာဉ်တစ်ဦး ကယ်တင်ခြင်းရသည့်အပေါ် ကောင်းကင်တခွင်လုံး ဝမ်းမြောက်သည်။ ပိုင်ရှင်

အမျိုးသမီးသည် ပျောက်သွားသော အကြွေစေ့ကို အလွန်နာကျင်စွာ ရှာဖွေခဲ့ရသည်။ယေရှုသည်လည်း ထိုနည်းတူဖြစ်သည်။ အပြစ်သားတစ်ယောက် နောင်တရသည့်အခါ ဝမ်းမြောက်ခြင်း ပြည့်လျှံလျက် ရှိပါသည်။ ပျောက်သောသား၏ ပုံဥပမာတွင်သားအပေါ်ထားရှိသည့် ဖခင်၏မေတ္တာကို ထင်ရှားစွာ မြင်ရသည်။ သားဖြစ်သူကသူ၏အပြစ်များကို ဝန်ချတောင်းပန်ခြင်း မပြုမီပင် ဖခင်ဖြစ်သူက ပြန်လည်သင့်မြတ်ရန်အတွက် စတင်နှင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် ဖာရိရှဲများသည် အစ်ကိုနှင့်တူပြီး အပြစ်သားတစ်ဦး ပြန်လှည့်လာသည့်အပေါ် ထိုအပြစ်သားအား နာကျင်ခံစား စေကြ သည်။ဘုရားသခင်၏ ကျေးဇူးတော်နှင့် အပြစ်သားများအပေါ်ထားရှိသော ယေရှု၏ မေတ္တာကိုဘယ်သော အခါမျှ တန်ဖိုး မ ထားခဲ့ကြပါ။

အနှိုင်းမဲ့သော ခရစ်တော်

ပျောက်သောသား ပုံဥပမာ

 

“သခင်ဘုရား၏ ပုံဥပမာနှင့် အလွန်စိတ်ဝင်စားဖွယ် ကွဲပြားခြားနားသောဗုဒ္ဓဘာသာ ဇာတ်တစ်ပုဒ် ရှိပါသည်။ ထိုဇာတ်တွင် အိမ်မှထွက်သွား၍ ဘဝပျက်သွားသော သားတစ်ယောက်အကြောင်းကို ပြောထားပါသည်။ သူ၏ယုတ်ညံ့မှုကြောင့် ဖခင်ကိုပင် မသိတော့သည့် အထိ ဖြစ်ခဲ့သည်။ သို့ရာတွင် အဘဖြစ်သူက သူ့ကို သိနေခဲ့ရာ သူ၏အစေခံကျွန်များအား သူ၏ သားကို အိမ်သို့ခေါ်ပြီး သန့်ရှင်းစေခဲ့သည်။ ဖခင်ဖြစ်သူက သူ၏ ဝိသေသလက္ခဏာကို ထုတ်ဖော်ပြခြင်း မရှိသေးဘဲ သူ့သားရဲ့ တုံ့ပြန်မှုကို အရင်စောင့်ကြည့် နေခဲ့သည်။ဖြည်းဖြည်းချင်း၊ အချိန်များ ပြောင်းလဲလာသည်နှင့်အမျှ သူ၏ သားငယ်လေးသည် . တာဝန်သိတတ်လာပြီး၊ အကျင့် စာရိတ္တများ ပြန်ကောင်းလာခဲ့သည်။ဖခင်ဖြစ်သူက ကျေနပ်မှုရှိသည့်နောက်မှ သူ၏သားကို သူသည် သူ၏ဖခင်ရင်းဖြစ်ကြောင်း ပြောပြကာ အမွေခံအဖြစ် လက်ခံခဲ့သည်။

“ဖာရိရှဲများက ထိုကဲ့သို့သော ပုံဥပမာကိုသဘော ပေါက် ထောက်ခံကြပါလိမ့်မည်။ သားတစ်ယောက်အနေနှင့် ထိုက်တန်မှု တစ်နေရာစာအတွက်အချိန် တစ်ခု စောင့်ရသည်မှာ အဓိပ္ပါယ်ရှိပါသည်။ နောင်တရသော သူတစ်ယောက်ကို သူနှင့်ထိုက်သင့်သည့်အလျှောက် ကိုက်ညီသည့် ဆက်ဆံမှုဖြင့်

ပေါင်းသင်းဆက်ဆံ သင့်သည်မဟုတ်ပါလား။ သို့သော် ကျွန်ုပ်တို့၏ သခင်ပြောတော်မူသော ဖခင်သည် ထိုကဲ့သို့မဟုတ်ပေ။ ဤပုံပမာသည် ထိုက်တန်မှုကို ဖော်ပြသော ပုံဥပမာ မဟုတ်၊ ကျေးဇူးတော်ကို ဖော်ပြသော ပုံဥပမာဖြစ်ပေသည်။”56

သူ၏တပည့်တော်များအား ဘဏ္ဍာစိုး၊ လာဇရု နှင့် သူဌေးကြီးတို့၏ ပုံဥမာများကို ပြောပြသွန်သင်ခဲ့သည် (လုကာ ၁၆:၁-၃၁)

ဤပညာရှိသော ဘဏ္ဍာစိုး ပုံဥပမာထဲတွင် ပညာရှိသော ဘဏ္ဍာစိုး၏ မရိုးသားမှုကို ယေရှု ထောက်ခံနေခြင်းမဟုတ်၊ အနာဂတ်အတွက် ပြင်ဆင်တတ်သည့်အရာကို ပြောပြသွန်သင်လိုခြင်း ဖြစ်သည်။ ထိုပုံဥပမာကို ကြားသိကာ တပည့်တော်များသည် အနာဂတ်အတွင်း ပျောက်ဆုံးသော ဝိညာဉ်များကို ကယ်တင်ရန် နှင့်ကောင်းကင်အရပ်သို့ ဖိတ်ခေါ်ကြိုဆိုခြင်းများအတွက် မည်သို့ ပြင် ဆင်ထား ရမည်ကိုသင်ယူတတ်စေရန် ဖြစ်သည်။ သူတို့သည် သစ္စာရှိလျက် ခရစ်တော်၏ အစေကိုစိတ်သဘောထား မယိုင်ဘဲနှင့် ထမ်းဆောင်ရပါမည်။

မိမိတို့၏ ငွေကိုသာ နှစ်သက်သော ဖာရိရှဲများသည် ယေရှု၏ သင်ကြားပေးခြင်းများကို ငြင်းပယ်ခဲ့ကြသည်။ ငွေက မိမိကိုယ်ကို လုံလောက်သည်ဟူသည့် စိတ်ရှိလာစေရန် လှည့်ဖြားတတ်ပါသည်။ သူတို့ကို ကယ်တင်ရန် မည်သူတစ်ဦး တစ်ယောက်ကိုမျှ မလိုဟု ထင်မှတ်စေသည်။ အကျင့်စာရိတ္တ ကျဆင်းစေသည့် အပြင်၊ ၎င်းတို့၏များပြားလှသော အိမ်ထောင်ကွဲခြင်းများက သက်သေထူပါသည်။ အာဏာ၊ ငွေ နှင့် လိင်တို့ ပေါင်းစည်းမိသွားသည်နှင့် အကျင့်စာရိတ္တပိုင်း ကျဆင်း ခြင်းဖြစ်လာပါတော့သည်။

သူဌေးကြီး နှင့် လာဇရုတို့၏ ပုံဥပမာတွင်မူ မတူညီသည့် နောင်ဘဝခရီးသွားရမည့်အကြောင်းအရာကို တင်ပြထားပါသည် – ယေရှုကို . ယုံကြည်သောသူသည်ကောင်းကင်နိုင်ငံဝင်စားရမည် ဖြစ်ပြီး၊ မယုံကြည်သောသူ (သူဌေးကြီး နှင့် သူ၏ညီအကိုများ) သည် ငရဲသို့ သွားရမည် ဖြစ်သည်။အပြစ်ကျူးလွန်သူများအား ပြောဆိုခြင်း၊ တစ်ဦးကိုတစ်ဦး ခွင့်လွတ်ခြင်းနှင့် အကျိုးအမြတ်သည် တာဝန်ယူမှုထက် မကျော်လွန်နိုင် (လုကာ ၁၇:၁-၁၀)

ယုံကြည်သူတစ်ဦး၏ ဝိညာဉ်ရေးရာတိုးတက်မှုကို အဟန့်အတားဖြစ်စေခြင်းသည် ကြီးလေးသည့်အကြောင်းကို တပည့်တော်များအား သခင်ယေရှု သွန်သင်ခဲ့သည်။ တပည့်တော်များသည် အပြစ်သားကို အပြစ်တင်ရန်သာမက နောင်တတရားများကို လျင်မြန်စွာ ခွင့်လွှတ်ရန် လည်း လိုသည်။ တပည့်တော်များက ကိုယ်တော်ပြောသည့်အတိုင်း လုပ်ဆောင်နိုင်လာရန် သူတို့၏ယုံကြည်ခြင်း တိုးပွားစေပါဟု ရှအား တောင်းဆိုခဲ့ကြသည်။ ယေရှုက သူတို့၏ ယုံကြည်ခြင်းသည် လက်ရှိ မည်မျှသေးငယ်နေပါစေ အသုံးပြုရန် ပြောခဲ့သည်။ နောင်တရသူများအား ခွင့်လွှတ်ရန်နှင့် အပြစ်သားများကို သတိပေးရန်မှာ သူတို့၏ တာဝန်ဖြစ်သည်ကို အလေးနက် ပြောရန် ယေရှုက အခြားသော ပုံဥပမာတစ်ခုကို ထပ်ပြောခဲ့သည်။

ဗေသနိရွာသို့ ရောက်ရှိခြင်း၊ လာဇရုကို ပြန်ရှင်စေခဲ့သည် (ယော ၁၁:၁၇-၄၆)

ဗေသနိရွာသို့ ရောက်သောအခါ လာဇရု သေလွန်ခဲ့သည်မှာ ၄ ရက်ကြာ ခဲ့ပြီဖြစ်သည်။ ယေရှုက သူသည် ရှင်ပြန်ထမြောက်ခြင်း နှင့် အသက်ရှင်ခြင်း ဖြစ်သည်ဟုကြွေးကြော်ခဲ့သည်။ လာဇရုကို ပြန်ရှင်စေခြင်းအမှုက သေခြင်းအပေါ် အခွင့်အာဏာရှိခြင်း နှင့် သူသည် အသက်၏ အရင်းအမြစ်ဖြစ်သည်ကို ယေရှုရှင် ထင်ရှားစေခဲ့သည်။ ဤနိမိတ်လက္ခဏာတွင် ယေရှုသည် သူ၏ ဇာတိနှစ်မျိုးကို ဖော်ပြခဲ့သည်။သေခြင်းကို ရှင်ပြန်ထမြောက်စေခြင်းအားဖြင့် သူ၏ ဘုရားဖြစ်ခြင်းကို ဖော်ပြပေးသကဲ့သို့ ဝမ်းနည်းခဲ့ရသည်ဟူသည့်အချက်က သူ၏ ရာနှုန်း ပြည့် လူသားဖြစ်ခြင်းကိုထောက်ပြခဲ့သည်။

ယေရှု၏ အမိန့်တော်အတိုင်း လာဇရု အသက်ပြန်ရှင်ခဲ့သည်။ ကိုယ်တော်၏စကားတော်သည် ဖန်ဆင်းခြင်းတန်ခိုးတော်နှင့်လည်းကောင်း ပြန်လည် ရှင်စေခြင်းတန်ခိုးနှင့်လည်းကောင်း ပြည့်စုံတော်မူသည်။ ဘုရားသခင် မိန့်တော်မူသည့်အခါကမ္ဘာမြေကြီးသည် ဖြစ်လာသကဲ့သို့ ယေရှု မိန့်တော်မူသည့်အခါ အသက်ရှင်လာခဲ့သည်။ သူ၏နှုတ်တော်ထွက်စကားတွင် တန်ခိုး ရှိပေသည်။ ထိုနိမိတ်လက္ခဏာသည် … နောက်တွင် … ပိုမိုကြီးမားသည့် နိမိတ်လက္ခဏာဖြစ်တော်မူသော ယေရှုရှင်၏ ရှင်ပြန်ထမြောက်ခြင်း ရှေ့ပြေးဖြစ်သည်။ သို့သော် လာဇရု၏ ရှင်ပြန်ထမြောက်ခြင်း နှင့် ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းတို့တွင် ခြားနား ချက်ရှိပါသည်။ လာဇရုသည် အသက်ပြန်ရှင်လာသော်လည်း နောက်တစ်ဖန် သေရအုံးမည်၊သို့သော် ယေရှုအသက်ပြန်ရှင်သည့်အခါ ဘယ်သောအခါမျှ သေဆုံး ခြင်းမရှိတော့ပေ။

လာဇရု ရှင်ပြန်ထမြောက်သည့်အခါ လူခန္ဓာအား ဖြင့် ဖြစ်သည်။ ယေရှု ရှင်ပြန်ထမြောက်သည့် အခါ အသစ်သော ခန္ဓာအားဖြင့် ဖြစ်သည်။

အနှိုင်းမဲ့သော ခရစ်တော်

ရှင်ယောဟန်ခရစ်ဝင်ကျမ်းရှိ နိမိတ်လက္ခဏာ ၇ ခု

ယောဟန်က နိမိတ်လက္ခဏာ “၇” ခုကို ဖော်ပြထား ပါသော်လည်း၊ ၎င်းတို့အနက် ၅ ခုကို အခြားခရစ်ဝင်ကျမ်း များ၌ မတွေ့ရပေ (” ဟူသည့် အမှတ်

အသားဖြင့် ဖော်ပြ ပေးထားပါသည်) –

၁။ ရေမှ စပျစ်ရည် ပြောင်းလဲစေခြင်း *(၂:၁-၁၁)။ အရည်အသွေးအပေါ်အစိုးရသည်။

၂။ အမတ်တစ်ဦး၏ သားကို ကျန်းမာစေခြင်း* (၄:၄၆-၅၄)။ အကွာအဝေးအပေါ် အစိုးရသည်။

၃။ ခြေမသန်သောသူကို ကျန်းမာစေခြင်း* (၅:၁-၁၈)။ အချိန်အပေါ် အစိုးရသည်။

၄။ လူပေါင်း ငါးထောင်ကို ကျွေးမွေးခြင်း (၆:၁-၁၅)။ အရေအတွက်အ ပေါ်အစိုးရသည်။

၅။ ရေပေါ်တွင် လမ်းလျှောက်တော်မူခြင်း (၆:၁၆-၂၁)။ သဘာဝတရားအပေါ် အစိုးရသည်။

၆။ မျက်ကန်းကို ပြန်မြင်စေတော်မူခြင်း” (၉:၁-၄၂)။ ကံတရားအပေါ်အစိုးရသည်။

၇။ လာဇရုအား အသက်ပြန်ရှင်စေခြင်း” (၁၁:၁-၅၇)။ သေခြင်းအပေါ်အစိုးရသည်။

(ရှစ်ခုမြောက်နိမိတ်လက္ခဏာသည် ယော ၂၁:၁-၁၃ တွင် တွေ့ရသော အံ့ဖွယ်ငါးများကို ဖမ်းခြင်းဖြစ်သည်။ သို့သော် အထက်ဖော်ပြပါ နိမိတ်လက္ခဏာခုနှစ်ခုတို့သည် ရှင်ပြန်ထမြောက်ခြင်း မတိုင်မီ ဖြစ်စေခဲ့သောအရာများ ဖြစ်ကာကိုယ်တော်သည် ဘုရားသခင်၏ သားတော် အစစ်အမှန် ဖြစ်သည်ကို ထင်ရှားစေခဲ့သည်။ နိမိတ်လက္ခဏာ အားလုံးအနက် အကြီးမြတ်ဆုံးမှာ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း ဖြစ်ပေသည်။)

ကယာဖနှင့် ယဇ်ပရောဟိတ်မင်းများက ယေရှုအား သတ်ဖြတ်ရန် ဆုံးဖြတ်ချက်ချခဲ့ကြသည် – သတိမပြုမိသော ပရောဖက်ပြုချက် (ယောဟန်၁၁:၄၇-၅၃)

ဂျူးများစွာက ယေရှုကို ယုံကြည်ကြသော်လည်း ယဇ်ပရောဟိတ်မင်းများနှင့် ဖာရိရှဲတို့သည် ကိုယ်တော်ကို ငြင်းပယ်ဆဲဖြစ်သည်။ ကိုယ်တော်ကို လုံးလုံးဖယ်ထုတ်ရန် ကြိုးစားခဲ့ကြသည်။ ယေရှုကို သတ်ရန် အဆုံးစွန်ထိ ဆုံးဖြတ်ချက်ချခဲ့ကြသည်။ ယောဟန် ၁၁:၅၀ တွင် တွေ့မြင်ရသည့် ကယာဖ စကားသည် ယေရှု၏အသေခံတော်မူခြင်းကို သူကိုယ်တိုင် သတိမထားမိဘဲ ပရောဖက်ပြုခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည် ကယာဖ၏ စိတ်သဘောကို အစိုးရကာ ဣသရေလလူမျိုးနှင့် တလောကလုံးအတွက် သူ၏ အလိုတော်ကို ပြည့်စုံစေခဲ့သည်။

ယေရှုသည် ထိုအရပ်မှထွက်၍ ရှမာရိတောနှင့်အနီး ဖရိမ်အမည်ရှိသော မြို့သို့ကြွသွားတော်မူ၏။ (ယောဟန် ၁၁:၅၄)

ယေရှုသည် နောက်တဖန်ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး ဧဖရိမ် အမည်ရှိသောမြို့သို့ကြွ၍ တပည့်တော်တို့နှင့် အတူနေတော်မူ၏။

ရှမာရိပြည်နားရှိ နူနာစွဲသူ ဆယ်ဦးကို ယေရှု ကျန်းမာစေခဲ့သည် (လုကာ ၁၇:၁၁-၁၉)

နူနာစွဲသူ ဆယ်ဦးတို့ကို ကျန်းမာစေခြင်းက အောက်ပါအချက်များကို ဖော်ပြပေးပါသည် (၁) နာမကျန်းမှုများ နှင့် အကွာအဝေးတို့အပေါ်တွင် ယေရှု၏ တန်ခိုးတော်သည် အစိုးရတော်မူခြင်း (၂) ထိုကျန်းမာစေခြင်းသည် ၎င်းတို့၏ ထိုက်တန်ခြင်းကြောင့် လုံးဝမဟုတ်ဘဲ ဘုရားသခင်၏ ဂရုဏာသက်သက်ကြောင့် ဖြစ်သည် (၃)ဘုရားသခင်၏ ကျေးဇူးတော်သည် ဂျူးလူမျိုးများအတွက်သာ မဟုတ်ပေ။ ဘုရားသခင်၏ ကျေးဇူးတော်သည် ရှမာရိလူမျိုးများ – စွန့်ပစ်ခံ လူသားများအပေါ်တွင်ပင်သက်ရောက်မှု ရှိပေသည် (၄) ဘုရားသခင်၏ စကားတော်ကို ယုံကြည်ခြင်း၏ အရေးပါမှု၊ နူနာစွဲသော သူများသည် ယေရှု၏စကားကို ကြားသိခဲ့ကြပြီး ထိုအရာကိုယုံကြည်ကြသဖြင့် သန့်ရှင်းသွားခဲ့ကြသည် (၅) ကျေးဇူးသိတတ်ခြင်း၏ အရေးပါမှု၊

ဆယ်ယောက်ထဲမှ တစ်ယောက် ပြန်လာကာ ယေရှုကို ကျေးဇူးတင်ကြောင်း ပြောခဲ့သည် (၆) မှန်ကန်သော အမြင်ရှိခြင်း၏ အရေးပါမှု၊ အမှုတော်မြတ်၌ ၁၀ ရာခိုင်နှုန်းကျေးဇူးတင်ကြောင်း ပြသတတ်ကြသည်၊ တပည့်တော်များသည် အားငယ်ရာ မရှိပေ (၇) ဘုရားသခင်အား ဘုန်းပေးခြင်း၏ အရေးပါမှု – ရှမာရိ နူနာစွဲသောသူသည် ကျန်းမာခြင်းအတွက် ဘုရားသခင်ကို ချီးမွမ်းခဲ့သည် (၈) ယုဒလူတို့သည်

ရှမာရိလူများနှင့်ယှဉ်မည်ဆိုလျှင် ယေရှု၏ နိမိတ်လက္ခဏာများကို ပို၍ တွေ့မြင်ရသောသူများ ဖြစ်ခဲ့ကြသော်လည်း ထိုအရာအပေါ် တုန့်ပြန်မှု ပိုနည်းသူများ ဖြစ်ကြသည်။ သာသနာတွင် အမြဲလို အံ့ဩစရာများကို တွေ့မြင်ရလေ့ ရှိပါသည်။ မည်သူမည်ဝါက ဘုရားသခင်ကို ယုံကြည်ကြမည်ဟူ၍ ကြိုတင် ခန့်မှန်းမှုများ မလုပ်မိပါစေနှင့်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့်မထိုက်တန်၊ ကြားရသည့် ဒေသနာကိုလည်းနောက်ဆုံးမှ တုန့်ပြန်လိမ့်မည်ဟု တပည့်တော်များ ထင်ထားသည့်သူက အရင်ဆုံးတုန့်ပြန်လာ ခဲ့သည်ကို တွေ့မြင်ရပါသည်။

ဖာရိရှဲများက ဘုရားသခင်၏နိုင်ငံတော် မည်သည့်အချိန်တွင် တည်မည်နည်းဟုမေးခဲ့ကြသည်။ ကိုယ်တော်ရှင်က ထိုအရာနှင့် ဆက်နွယ်သော အကြောင်းအရာများကိုကြိုတင် ပြောခဲ့သည်။ (လုကာ ၁၇:၂၀-၃၇)

နိုင်ငံတော် တည်ထောင်မည့်အကြောင်းနှင့်ပတ်သက်၍ ယေရှုကို ဖာရိရှဲများမေးမြန်းခဲ့ကြသည်။ သူတို့သည် အနာဂတ် နိုင်ငံတော်အကြောင်းကိုသာ စဉ်းစားနေကြဆဲ ဖြစ်သည်။ ယေရှုက နိုင်ငံတော်သည် ၎င်းတို့အထဲ၌ရှိကြောင်း (ကိုယ်တော်သည် သူတို့အလယ်၌ ရှိနေသည့်အကြောင်း) ပြောခဲ့သည်။ မည်သို့ပင်ဖြစ်စေ အနာဂတ်တွင် ရောက်လာအုံးမည့် နိုင်ငံတော် ရှိနေသေးသည် (လက်ရှိ ရှင်ဘုရင်ကို သူတို့ငြင်းပယ်ကြသောကြောင့်)။ ထိုကြားကာလအတွင်း မှားယွင်းသော မေရှိယများစွာ ရှိနေအုံးမည်ဖြစ်သည်။ နိုင်ငံတော်သည် မမျှော်လင့်သည့် အချိန်တွင် မထင်မှတ်ပဲရောက်လာအုံးမည် ဖြစ်သည်။ ရောက်ရှိလာမည့် တရားစီရင် ခြင်းနှင့်ပတ်သက်၍ သတိ ပေးချက်များကို တုန့်ပြန်ခြင်း မရှိကြပေ။ ကိုယ်တော် ပြန်လည်ကြွလာသည့်အချိန်တွင် အချို့တို့သည် နိုင်ငံတော်ကို ဝင်စားရမည်ဖြစ်ပြီး အချို့မှာ သေခြင်းကိုရင်ဆိုင်ကြရပါမည်။

ဂါလိလဲပြည်ဘက်မှ ဂျော်ဒန်မြစ်တဘက်သို့ ခရီးဆက်ခြင်း (မဿဲ ၁၉:၁-၂၊ မာကု၁၀:၁)

ယေရှုသည် ဂါလိလဲပြည်မှ ထွက်လာကာ ဂျော်ဒန်မြစ်တစ်ဘက် ယုဒလူတို့၏ အရပ်ထဲသို့ ဝင်လာခဲ့သည်။ လူများစွာက နောက်တော်သို့ လိုက်ခဲ့ကြသည်။ကိုယ်တော်သည်လည်း သွန်သင်ပေးခြင်းများ နှင့် ကျန်းမာစေခြင်းများကို ပြုလုပ်ပေးခဲ့သည်။

အိမ်ထောင်ကွဲခြင်းနှင့်ပတ်သက်၍ ဖာရိရှဲများက ယေရှုကို မေးခွန်းထုတ်ခဲ့ကြသည်(မဿဲ ၁၉:၃-၁၂၊ မာကု ၁၀:၂-၁၂)

အိမ်ထောင်ရေးအကြောင်း .. သင်ကြားခြင်းအားဖြင့် တပည့်တော်များအားယေရှုသည် သာသနာ၌ ထိရောက်သောသူများ ဖြစ်လာစေရန် ဆက်လက် သင်ကြားပေးခဲ့သည်။ ထိုကဲ့သို့ သင်ကြားရန် အကြောင်းဖန်လာရခြင်းမှာ ဖာရိရှဲများကယောက်ျားဖြစ်သူသည် သူ၏ဇနီးကို မည်သည့်အကြောင်းအားဖြင့် ကွဲနိုင်ပါသနည်းဆိုသည့် မေးခွန်းမေးလာရာမှ ဖြစ်သည်။ လက်ထပ်ထိမ်းမြားခြင်းသည် ဖောက်ပြန်ခြင်း အကြောင်းမှလွဲ၍ အစဉ်တည်ရမည်ဟု ယေရှုသင် ကြားပေးခဲ့သည်။ အကယ်၍လူယောက်ျားတစ်ယောက်သည် . လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်မှု မရှိဘဲနှင့် သူ၏ဇနီးသည်ကိုကွဲ၍ အခြားသော အမျိုးသမီးနှင့် လက်ထပ်သည်ဆိုပါက ထိုသူသည်အိမ်ထောင်ရေး ဖောက်ပြန်သောသူ ဖြစ်ပါသည်။ တပည့်တော်များအား အိမ်ထောင်မကွဲစေရန် တိုက်တွန်းသကဲ့သို့ အိမ်ထောင်ကွဲပြီးသော သူ များကိုလည်း နောက်ထပ်အိမ်ထောင် မပြုတော့ရန် တိုက်တွန်းခဲ့သည်။ ထိုအခြေအနေသည် အချို့လူတို့ အတွက်မဖြစ်နိုင်တော့သည်ကို ကျွန်ုပ် နားလည်ပါသည်။

ယေရှုထံသို့ ၎င်းတို့၏သားသမီးများကို မိဘများ ဆောင်ယူလာကြသည် (မဿဲ၁၉:၁၃-၁၅၊ မာကု ၁၀:၁၃-၁၆၊ လုကာ ၁၈:၁၅-၁၇)

ယေရှုရှင်သည် ကလေးများကို လက်ခံကာ တစ်ခါတစ်ရံတွင် ကလေးများအပေါ် မေတ္တာထား တတ်ရန်အတွက် တပည့်တော်များကို သွန်သင်ပေးသည်။ တပည့်တော်များ ၏စိတ်နေသဘောထားများသည် သနားကြင်နာခြင်းနှင့် မပြည့်ဝတတ် ကြပေ။ကလေးများကို ချစ်တတ်စေရန် သွန်သင်ပေးသည့်အပြင် လူကြီးများ အနေဖြင့် သူ့ထံသို့လာလျှင် ကလေးသူငယ်များကဲ့သို့ လာရမည်ကိုလည်း သွန်သင် ပေးခဲ့သည်။

ချမ်းသာသော လူငယ်လေးက တပည့်တော်ဖြစ်ရန်အတွက် ငြင်းပယ်ခဲ့သည်။ တပည့်များ၏ ကိုယ်ကျိုးစွန့် မှုကို ပေတရု နှိုင်းယှဉ်ပြခဲ့သည် (မဿဲ ၁၉:၁၆-၃၀၊ မာကု၁၀:၁၇-၃၁၊ လုကာ ၁၈:၁၈-၃၀)

ချမ်းသာသောလူငယ်တစ်ဦးသည် ရောက်လာပြီးနောက် ထာဝရအသက် ရရှိရန်မည်သည့်အရာ လုပ်ရမည်ကို မေးမြန်းခဲ့သည်။ ကောင်းမှုကုသိုလ်က သူ့ကို ကယ်တင်ခြင်းပေးနိုင်မည်ဟု ထင်မှတ်ခဲ့သည်။ သူ့မှာရှိသမျှတို့ကို ရောင်းကာ မရှိ ဆင်းရဲသားများကိုပေးရန် ယေရှု ပြောခဲ့သည်။ ကောင်းမှုကုသိုလ်အားဖြင့် ကယ်တင်ခြင်း ရောက်ရန်ကြိုးစားနေသည့် စိတ်သဘောကို ယေရှုထောက်ပြချင်ခဲ့သည်။ ကိုယ်တော်က ထိုလူငယ်လေးကို နောက်တော်သို့ လိုက်ရန် အကြံပြုခဲ့သည်။ ထိုသူသည် သူ၏ ဥစ္စာများကိုဆုံးရှုံးမည်စိုးသောကြောင့် ယေရှုနောက်သို့ မလိုက်ချင်ခဲ့ပေ။ သူ၏ ချမ်းသာ ကြွယ်ဝခြင်းက ဝိညာဉ်ရေးရာကြွယ်ဝခြင်းအတွက် အတားဆီး ဖြစ်လာခဲ့သည်။”

ချမ်းသာသောသူများက ဘုရားသခင်၏ နိုင်ငံတော်ကို ဝင်ရမည့်အခွင့်အရေးသည် ကုလားအုပ်တစ်ကောင် အပ်ခေါင်းပေါက်ထဲ ဝင်သည်ထက် ပိုခက်ခဲ မည်ဟုယေရှု ပြောခဲ့သည်။ သူ၏ချမ်းသာကြွယ်ဝခြင်းမှာ ခရစ်တော် နောက်လိုက်ရန် သူ့ကိုအလွန်ခက်ခဲစေသည့် အချက်ဖြစ်ကြောင်း ယေရှု ဖော်ပြခြင်း ဖြစ်ပါသည်။ သို့သော်ယေရှု နောက်သို့ အမှန်တကယ် လိုက်သောသူများအတွက် ဆုလက်ဆောင်များ ရှိနေပါသည်။

စပျစ်ဥယျာဉ်၌ အလုပ်လုပ်ဆောင်သောသူများ ပုံဥပမာများ နှင့် လောဘကြီးခြင်းအပေါ် သတိပေးခြင်း (မဿဲ ၂၀:၁-၁၆)

ယေရှုက အရင်တစ်ခေါက်တွင် အောက်ပါအတိုင်း . ပြောခဲ့သည် “နောက်ကျသောသူအများတို့သည် . အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည်နောက်ကျ ကြလိမ့်မည်” (မဿဲ ၁၉:၃၀)။ ပုံဥပမာက မဿဲ ၁၉:၃၀ ကို အဖြေပေးပါသည်။ ဤပုံဥပမာသည် လစာပေးရသည့်စနစ် စံသတ်မှတ်ချက်အတွက် ပြောပြထားခြင်း မဟုတ်ပေ။ ဤပုံဥပမာ၏ အဓိက ရည်ရွယ်ချက်မှာ သူ့အတွက် အလုပ်လုပ်ပေး သောသူများအပေါ် ဘုရားသခင်၏ ကျေးဇူးတော်၊ ဖြောင့်မတ်တော်မူခြင်း နှင့်အစိုးရတော်မူသည့်အတိုင်း ပေးတော်မူသည်ကို ဖော်ပြရန် ဖြစ်သည်။

ယေရှုရှင် ယေရုရှလင်မြို့ သို့ ဆက်လက် ခရီးဆက်ခဲ့ပြီး၊ သူ၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို တတိယအကြိမ် ပြောကြားခဲ့ပြန်သည် (မဿဲ ၂၀၁၇-၁၉၊ မာကု ၁၀:၃၂-၃၄၊ လုကာ ၁၈:၃၁-၃၄)

သူရင်ဆိုင်ရမည့် သေခြင်းအတွက် သူ၏ တပည့် တော်များကို နောက်ထပ်တစ်ကြိမ် ယေရှု ပြင်ဆင်ခဲ့ပြန်သည်။ တဖက်တွင်လည်း ရှင်ပြန်ထမြောက်မည့်အကြောင်းအရာနှင့် နှစ်သိမ့်ပေးခဲ့သည်။ သေခြင်းတရားက ကိုယ်တော်ကို သင်္ချိုင်းတွင်းထဲတွင် မချုပ်ထားနိုင်ခဲ့ပေ။ ကိုယ်တော်သည် အောင်နိုင်ခြင်းကို ရရှိသွားပါလိမ့်မည်။

အသေခံတော်မူခြင်း အကြောင်းကို ကြိုတင်ပြောနိုင်ခြင်းသည် အနှိုင်းမဲ့ ဖြစ်ပါသည်။ သူ့ကို သစ္စာဖောက်မည့်အကြောင်း၊ သူ့ကို စွဲချက်တင်မည့်သူများ၊ တစ်ပါးအမျိုးသားများ၏ လှောင်ပြောင်ခြင်း နှင့် အသေခံရမည့်ပုံစံ၊ ကားစင်တင် သတ်ခံရခြင်းစသည်ဖြင့် အသေးစိတ်ကို ကြိုတင်ပြောကြားထားခဲ့သည်။

ယာကုပ် နှင့် ယောဟန်တို့က ဘုရားသခင်၏ ယာယီနိုင်ငံတော်တွင် အမြင့်ဆုံး နေရာလိုချင်ကြသည် (မဿဲ ၂၀:၂၀-၂၈၊ မာကု ၁၀:၃၅-၄၅)

ယေရှုရှင်က သူ၏အသေခံတော်မူခြင်း အကြောင်းကို ပြောနေသည့်ကြားကတပည့်တော်နှစ်ဦး၏ မိခင်တို့သည် သူတို့သားနှစ်ဦး၏ ရာထူးနေရာအတွက် စဉ်းစားနေကြဆဲ ဖြစ်သည်။ အထက် အရပ်သို့သွားရသော လမ်းစဉ်မှာ နှိမ့်ချခြင်းအားဖြင့်ဖြစ်သည်ကို မစဉ်းစားမိကြပေ။ သူတို့၏ တောင်းဆိုခြင်းက အခြားတပည့်တော် များကိုဒေါသထွက်စေခဲ့သည်။ အကြောင်းမှာ သူတို့ကိုယ်တိုင်က ထိုအကြောင်း အရာကိုပင်တွေးနေခဲ့ကြ၍ ဖြစ်သည်။ ထို့ကြောင့် ယေရှုရှင်က အစေခံဖြစ်ခြင်း အကြောင်းကိုသွန် သင်ပေးခဲ့သည်။ ကြီးမြတ်သောသူဖြစ်ရန်အတွက် အစေခံတစ်ဦး အရင်ဖြစ်ရမည်ဟုသွန်သင်ခဲ့သည်။

ယေရိခေါ်အနီးရှိ မျက်မမြင်နှစ်ဦးကို ယေရှုရှင် ကျန်းမာစေခဲ့သည် (မဿဲ ၂၀:၂၉-၃၄၊မာကု ၁၀:၄၆-၅၂၊ လုကာ၊ ၁၈:၃၅-၁၉:၁)

ယေရှုရှင်သည် လက်ဝါးကပ်တိုင်ဘက်သို့ ဦးတည်၍ ခရီးဆက်နေရပါ သော်လည်း လိုအပ်နေသောသူများကို ဆက်လက်အစေခံဆဲ ဖြစ်သည်။ လူအုပ်ကြီးကတားမြစ်နေသည့်ကြားမှ မျက်မမြင်နှစ်ဦးတို့က ကျန်းမာခြင်းရရှိရန် ယေရှုထံပါးအသနားခံခဲ့ကြသည်။ ယေရှုက သူတို့ကို သနားတော်မူသဖြင့် ကျန်းမာစေခဲ့သည်။ထိုမျက်မမြင် နှစ်ဦးလုံးသည် ဝိညာဉ်ရေးရာတွင် ကန်းနေသော ဣသရေလ လူမျိုးကိုကိုယ်စားပြုပါသည်။ လူမျိုးတော်တို့သည် ကျန်းမာစေရန်အတွက် ယေရှုကို အသနား

ခံခဲ့မည်ဆိုလျှင် ဝမ်းမြောက်စွာ ကျန်းမာစေခဲ့ပြီး ဖြစ်ပေလိမ့်မည်။ သို့သော်လည်းနောက်ဆုံးအချိန်ထိပင် လူမျိုးတော်တို့သည် ကိုယ်တော်ကို မေရှိယအဖြစ် အသိအမှတ် မပြုခဲ့ကြပေ။

ဇကွဲသည် သင်္ဘောသဖန်းပင်ပေါ်သို့ တက်ခဲ့သည်။ ယေရှုက သူ့ကို ခေါ်ခဲ့ပြီး သူ၏အိမ်၌ ကယ်တင်ခြင်းရောက်ရှိခဲ့သည် (လုကာ ၁၉:၂-၁၀)ဇကွဲ၏ ပြောင်းလဲခြင်းတွင် အောက်ပါအချက်များကို တွေ့မြင်နိုင်သည် –

၁။ပတ်ဝန်းကျင်က စွန့်ပစ်ထားသောသူများဆီသို့ ယေရှု ရောက်ရှိခဲ့သည်။ ဇကွဲသည် အခွန်ကောက်သူတစ်ဦး ဖြစ်သည်။ လူများက သူ့ကို အထင်သေး ခဲ့ကြသည်။

၂။ ဧဝံဂေလိသတင်းကောင်းသည် လူတန်းစားအားလုံးဆီသို့ ရောက်ရှိသည်။

၃။ မျက်ကန်းများကဲ့သို့ပင် ဇကွဲသည် ယေရှုနောက် လိုက်ချင်သည်။ ယေရှုကိုတွေ့မြင်ရန်အတွက် သင်္ဘောသဖန်းပင်ပေါ်သို့ တက်ကာ စောင့်နေ ခဲ့သည်။ထိုလမ်းမှ ယေရှုရှင် ဖြတ်သွားမည်ကို သိထားသည်။ ယေရှုကို သူ၏အိမ်၌ကောင်းမွန်စွာ ဖိတ်ခေါ်ခဲ့သည်။

၄။ ဇကွဲသည် ချမ်းသာသော သူဌေးကဲ့သို့မဟုတ်ဘဲ သူ၏စည်းစိမ်များကို ယေရှုနောက်လိုက်ရန် အတားအဆီး မဖြစ်စေခဲ့ပေ။

၅။ ဇကွဲသည် သူ၏ဥစ္စာပစ္စည်းများကို ပညာရှိစွာ အသုံးပြုခဲ့သည်။

၆။ ဧကွဲသည် အမှန်ပြောင်းလဲကြောင်း သက်သေပြခဲ့သည်။ မရှိဆင်းရဲသားများအားသူ၏ပိုင်ဆိုင်မှု တစ်ဝက်အားပေးရန် ဆန္ဒရှိသကဲ့သို့ နောင်တွင် လိမ်ညာမှုများရှိပါက လေးဆအား ပြန်ပေးမည်ဟု ပြောခဲ့သည်။ နောင်တနှင့်ကိုက်ညီသောအသီးအပွင့်များကို သူ့အသက်တာတွင် တွေ့မြင်ခဲ့ရ သည်။

ထို့ကြောင့် ဇကွဲ၏ ပြောင်းလဲခြင်းသည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အုံသောငှါဆိုသည့် ယေရှု၏ သာသနာတော်ကို ခြုံငုံပေးခဲ့သည်။

အနှိုင်းမဲ့သော ယေရှု၏ သာသနာတော်

ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါခရစ်တော်သည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါ ဆင်းကြွလာသောသူဖြစ်သည်။ သူသည် အစပြုသောသူ ဖြစ်သည်။ ဤလောကရှိ ဘာသာတရားများသည် ဘုရားသခင်ကို ရှာဖွေရန် လူသားတို့၏ ကြိုးစားခြင်း ဖြစ်သည်။သို့သော် ခရစ်ယာန်ဘာသာမှာ ထူးခြားနေသည်။ ဘုရားက လူသားကို ရှာဖွေခြင်းဖြစ်သည်။ ခရစ်ယာန်တို့၏ ယုံကြည်ခြင်းမှာ ဘုရားသခင်ထံသို့ ကျွန်ုပ်တို့ သွားခြင်းမဟုတ်၊ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ထံ ဆင်းကြွလာခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ရှာဖွေနေခြင်းမဟုတ်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ရှာဖွေခြင်းဖြစ်သည်။ ဘုရားသခင်အား ကျွန်ုပ်တို့ တောင်းဆိုခြင်းမဟုတ်၊ ဘုရားသခင်က ကျွန်ုပ်တို့အား ပေးသနားတော်မူခြင်းသာ ဖြစ်သည်။

ဟိန္ဒူအယူဝါဒတွင် လူတို့အား ဘုရားသခင်ကို ရှာရန် ဖိအားပေးခြင်းမရှိပါ။၎င်းတို့၏ ကျမ်းစာ (Gita) အရ မှန်ကန်သော စိတ်နေသဘောထားဖြင့် ချဉ်းကပ်သူအားလုံးကို ဘုရားသခင်က လက်ခံလိမ့်မည်။ သို့သော် ဘုရားသခင်ဘက်ကနေလူသားကို ရှာဖွေသည်ဟူသည့် အချက်မျိုး လုံးဝ မရှိပေ။ဟိန္ဒူကျမ်းစာ Gita က “အဆိုးရွားဆုံးအပြစ်သားက ငါ့ကို သစ္စာရှိစွာ ဝတ်ပြုကိုးကွယ်နေရင်.. မှန်ကန်တဲ့ဆုံးဖြတ်ချက်ကြောင့် သူဟာ sadhu လို့ သတ်မှတ်ခံရပါမယ်။ သူသည် အလျင်အမြန် သီလနှင့် ပြည့်စုံလာပြီး ရေရှည်တည် တံ့သောငြိမ်းချမ်းရေးကို ရရှိပါလိမ့်မည်” (၉:၃၀-၃၁)။ ခရစ်ယာန်တို့၏ ဩဝါဒ တစ်ခုသည်ဘုရားသခင်က အပြစ်သားများကို လက်ခံပေးရုံသာမက ထိုအပြစ်သားများကို ရှာရန်အတွက် အစပြုခဲ့သည် ဟူသည့်အချက်ဖြစ်သည်။”

အကယ်၍ ဘုရားသခင်ကို ရှာရန်မှာ လူသား၏ တာဝန်ဖြစ်မည် ဆိုလျှင်ကျွန်ုပ်တို့သည် စည်းမျဉ်းစည်းကမ်းများ နှင့် လမ်းစဉ်များကို လိုက်လျှောက်ရပါတော့မည်။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့ကို ရှာဖွေနေသည်ဆိုပါက ကျွန်ုပ်တို့၏အလုပ်၊ ၄င်းသည် စည်းမျဉ်းစည်းကမ်းများအပေါ်တွင် မူတည်ခြင်း မရှိတော့ဘဲသူ၏ကျေးဇူးတော် သက်သက်တွင်သာ မူတည်သွားပါသည်။ ယေရှုသည် အပြစ်ရှိ

သောသူ နှင့် ဘုရားသခင်၏ ရန်သူများကို ရှာဖွေကာ ကယ်တင်ရန် ဆင်းကြွလာခြင်းဖြစ်သည်။ ဘုရားသခင်၏ကျေးဖူဇူးတော်သည် ကျွန်ုပ်တို့အပေါ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

အနှိုင်းမဲ့သော ကိုယ်တော်၏ သာသနာတော်

ကယ်တင်ခြင်းရရှိပြီး၊ အမှုတော်မြတ်ထဲတွင် နှစ်အတန်ကြာပါဝင်အစေခံခဲ့ပြီးသည့်အချိန်ထိ ကျွန်တော်၏ ကိုယ်ပိုင် သာသနာကို မသိခဲ့ပေ။ သို့သော် နောက်ဆုံးတွင်ကမ္ဘာတစ်ဝှမ်းရှိ အမှုတော်ဆောင် ခေါင်းဆောင်များတိုးပွားစေရန်ဘုရားသခင်ကကျွန်ုပ်အား ရွေးချယ်ပေးအပ်ထားသည်ကို သိရှိခဲ့ရသည်။ ယနေ့ခေတ် သာသနာတွင်ရှိနေကြသည့် အမှုတော်ဆောင် ဆရာ/မ တို့သည်လည်း ကျွန်ုပ် နည်းတူ ဖြစ်မည်ဟုထင်ပါသည်။ ကျွန်တော်တို့ အများစုဟာ အသက်အရွယ် ရလာသည့်အချိန်ထိကိုဘုရားသခင် လုပ်စေချင်သောအရာကို သတိမပြုမိတတ်ကြပေ။ အတွေ့အကြုံများစွာရရှိလာသည့်နောက်၊ ရင့်ကျက်လာကြသည့်နောက်၊ ကျွန်ုပ်တို့ လက်ခံရရှိထားသောဆုကျေးဇူးများကို သုံးသပ်နားလည်လာကြသည့်အခါမှ ကျွန်ုပ်တို့ဘဝအတွက် သာသနာကို နားလည်ခွဲခြားတတ်လာကြသည်။ ထိုနည်းတူ ယနေ့ခေတ်တွင် တွေ့မြင်ရသည့် ဘာသာရေး ခေါင်းဆောင်များသည် အသက်အရွယ်ရလာပြီးမှသာ ၎င်းတို့၏ဘာသာရေး အငန်းအတာများတကွက် ဖွဲ့စည်းပုံများလုပ်ဆောင် ကြရသည်။ သူတို့သည် ဤလောကသို့ မွေးဖွားစဉ်က မည်သည့်အရာကို လုပ်ရမည်ကို မသိခဲ့ ကြပေ။၎င်းတို့၏ ဘဝတွင် ဝမ်းနည်းစရာများ သို့မဟုတ် တစ်ခုခု ဖြစ်ပျက်လာသည့်အခါမှလောကတွင် သူတို့ အသက်ရှင် နေရသည့်အကြောင်းကို စဉ်းစားလာကြသည်။ဝမ်းနည်းစရာ ကောင်းစွာပင်၊ ကမ္ဘာပေါ်တွင် အဘယ်အတွက်ကြောင့် မွေးဖွားလာသည်ကိုပင် မသိဘဲ သေဆုံးသောသူများစွာ ရှိနေပါသည်။

ထိုကဲ့သို့သော အခြေအနေမျိုး ယေရှု၌ မရှိခဲ့ပေ။ ကနဦးကတည်းက၊မွေးဖွားသည့်အချိန်မှစ၍ – ပြောရမည်ဆိုလျှင် မမွေးဖွားခင် ကတည်းက သူ လုပ်ရမည့် အရာကိုသိထားနှင့်သည်။ သူ၏ သာသနာတော်နှင့်ပတ်သက်၍ ဓမ္မဟောင်းကျမ်း ပရောဖက်

များစွာက ကြိုတင်ဟောကြားထားခဲ့ကြသည်။ ရှိမှန်နှင့် အဖွဲ့တို့ကလည်း ထိုအရာကိုအသိအမှတ် ပြုခဲ့ကြသည်။ ကနဦးကတည်းက သူလုပ် ဆောင်ရမည့် အရာကို သိနေခြင်းမှာ ယေရှုရှင်၏ အများနှင့်မတူသော ထူးခြားချက် ဖြစ်သည်။ သူလုပ်ဆောင်ရမည့်အရာကို သိထားသည့်အတွက် ငယ်စဉ်ကတည်းက “အဘယ် ကြောင့် အကျွန်ုပ်ကိုရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလော”ဟု ပြောနိုင်ခဲ့သည် (လုကာ ၂:၄၉)၊ သာသနာပြုသည့် အစပိုင်းတွင်လည်း ယေရှုက “ငါကိုစေလွှတ်တော်မူသောသူ၏ အလိုတော်ကိုဆောင်ခြင်း၊ သူ၏ အမှုတော်ကို ပြီးစီးခြင်း

အမှုသည် ငါ့စားစရာ ဖြစ်၏” ဟု မိန့်တော်မူခဲ့သည် (ယော ဟန် ၄:၃၄)။ သူ၏ သာသနာတော်ကို အစဦးကတည်းက ယေရှု သိခဲ့သည်။

ကိုယ်တော်သည် သူ၏သာသနာတော်ကို အစကတည်းက . ကောင်းမွန်စွာသိထားသည့်အပြင် အသက်ရှင်စဉ်တလျှောက်လုံး ထိုသာသနာအတိုင်း.အသက်ရှင်လျှောက်လှမ်းခဲ့သည်။ ယိုင်သွားသည်ဟူ၍ မရှိခဲ့ပေ။ “ပျောက်သောသူများကို ရှာဖွေကယ်တင်ရန်” ဟူသည့် သူ၏ သာသနာအတွက်သာ အာရုံစိုက် အသက်ရှင်ကာလက်ဝါးကပ်တိုင်တွင် “အမှုပြီးပြီ” ဟု ဆိုကာ အဆုံးသတ်နိုင်ခဲ့သည်။ ကိုယ်တော်၌လုပ်ဆောင်ရမည့် သာသနာ တစ်ခုတည်းသာ ရှိသည်။ ယနေ့လူသားများသည် ၎င်းတို့၏အသက်ရှင်နေရခြင်းအကြောင်းကို သက်အလတ်ပိုင်း ရောက်လာသည့် အခါ တစ်စုံတစ်ခု ရင်ဆိုင်ကြုံတွေ့ရာမှ ရှာဖွေတွေ့ ရှိတတ်ကြသည်။ ထို့ပြင် အချို့ လူတို့မှာအသက်ရှင်နေရသည့်အကြောင်းရင်းကိုပင် မသိဘဲ အသက်ဆုံးသည်အထိ ဝမ်းနည်းစွာဘ၀ကို ဖြတ်သန်းသွားနေကြရသည်။ ကျွန်ုပ်တို့သည် ရည်ရွယ်ချက်မဲ့ သည့်ဘဝကိုရှင်သန်နေချိန် ယေရှုသည် သာသနာအတွက် အသက်ရှင်နေခဲ့သည်။ ထိုသာသနာကိုအစကတည်းက သူ သိနေနှင့်သည်မှာ အနှိုင်းမဲ့ အံ့ဖွယ် ဖြစ်ပေသည်။

ယေရုရှလင်မြို့ နားတစ်နေရာတွင် လူများက ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပေါ်လာမည်ဟု ထင်ခဲ့ကြသည့် အရာကြောင့် ယေရှုက ငွေတစ်ပိဿာ ဥပမာကိုပြောပြကာ ရှင်းပြခဲ့သည်(လုကာ ၁၉:၁၁-၁၇)

ယေရုရှလင်မြို့ကို ပင်လာသည့် အခါ လူများက ယေရှုသည် နိုင်ငံရေးဆိုင်ရာနိုင်ငံတော်ကို တည်ထောင် အပြုတော့မည်ဟု ထင်မှတ်ခဲ့ကြသည်။ ထိုထင်မှားချက်ကို ပုံဥပမာတစ်ခုပေးကာ ရှင်းပြသွန်သင်တော်မူခဲ့သည်။ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းရောက်လာမည်မဟုတ်၊ သို့သော် ရှင်ဘုရင် အဝေးသို့ ရောက်နေစဉ်တွင် တာဝန်ဝတ္တရားများကို ပေးအပ်ခြင်းခံရမည်ဟု မိန့်တော်မူခဲ့သည်။ ရှင်ဘုရင်ပြန်လာသည့်အခါ တပည့်တော်များအား ပေးအပ်ထားသည့် ဆုကျေးဇူးများ အသုံးပြုသည့်အပေါ် အသိမှတ်ပြုခြင်း ရှိမည်ဖြစ်သည်။ပဿခါပွဲမတိုင်မီ ခြောက်ရက်အလိုတွင် ဗေသနိရွာသို့ ယေရှု ရောက်ခဲ့သည်(ယောဟန် ၁၂:၁)

ယေရှု၏ လူအများရှေ့ သာသနာတော်

(နောက်ဆုံး ပဿခါပွဲ မှစကာ လက်ဝါးကပ်တိုင်ပေါ်တွင် အဆုံးသတ်သည်)

တစ်ပတ်တာ၏ ပထမနေ့ –

နေ့  =တနင်္ဂနွေနေ့

အဖြစ်အပျက်များ

ကျမ်းညွှန်းများ

၁။ ယေရုရှလင်မြို့သို့ အောင်မြင်စွာဝင်တော်မူခြင်း။

 မဿဲ ၂၁:၁-၁၁၊ ၁၄-၁၇၊

မာကု၊ ၁၁–၁၁၊ လုကာ

၁၉:၂၉-၄၄၊ ယော

၁၂:၁၂-၁၉

၂။ မြို့တော်အတွက် ယေရှု ငိုကြွေးခဲ့ သည်

လုကာ ၁၉:၄၁-၄၄

၃။ ယေရှုသည် ဗိမာန်တော်သို့သွားကာ လှည့်ပတ်ကြည့်ခဲ့သည်။မာကု၁၁း၁၁ က

၄။ နောက်ကျနေပြီ ဖြစ်သည့်အတွက်ကြောင့် ယေရုရှလင်မြို့မှပြန်ကာ ဗေသနိရွာတွင် အိပ်ခဲ့သည်။

မာကု၊ ၁၁:၁၁

ယေရုရှလင်အနီးသို့ ရောက်ရှိလာကြသောအခါ သံလွင်တောင် အနီးတွင်ယေရှုသည် တပည့်တော် နှစ်ဦးတို့ကို ရွာတစ်ရွာသို့ သွားစေ၍ မြည်းတစ်ကောင်ပြင်ဆင်စေခြင်းငှါ စေလွှတ်ခဲ့သည်။ ယေရှု၏ ခပ်သိမ်းသောအရာကို သိတော်မူခြင်းတန်ခိုးတော်သည် အောက်ပါအချက်များဖြင့် ထင်ရှားလှပါသည် – (၁) မြည်း ရှိသည့်နေရာကို သူသိထားသကဲ့သို့ ပိုင်ရှင်မည်သို့ ပြောမည်ကိုလည်း သိတော်မူ ခဲ့သည် (၂)။ယေရုရှလင်မြို အပေါ် ကျရောက်မည့် အနာဂတ် တရားစီရင်ခြင်းကိုလည်း သိတော်မူခဲ့သည် (လုကာ ၁၉:၄၁-၄၄)

ယေရုရှလင်မြို့ သို့ ဝင်တော်မူခြင်းအတွက် သေချာ ပြင်ဆင်ထားခြင်းသည်ပရောဖက်တို့၏ ကြိုတင်ဟောကြားချက်များကို ပြည့်စုံစေရန် ဖြစ်သည် (ဟေရှာ ၆၂.၁၁၊ ဇာခရိ ၉း၉)။ ယေရုရှလင်မြို့ သို့ မြည်းစီးကာ ယေရှု ဝင်သွားတော်မူခြင်းသည်တိုက်ဆိုင်မှု မဟုတ်ပေ။ ထိုအရာသည်အတိတ် ကာလကတည်းက ဘုရားသခင်၏အကြံအစည် ဖြစ်ပေသည်။

မြည်းလေး၏ အေးဆေးတည်ငြိမ်မှုကို လူတိုင်းက အံ့ဩရပါလိမ့်မည် (မြည်းလားလေး ဖြစ်သည်)။ ယေဘုယျအားဖြင့် မြည်းဆိုသည့် တိရိစ္ဆာန်မျိုးသည် လူထူထပ်ကာ ဆူညံသည့်နေရာများတွင် ငြိမ်ငြိမ်နေတတ်သော သတ္တဝါ မဟုတ်။ ထို့ပြင်ယေရှုကို ၎င်း၏ ကျောပေါ်၌ လိုလိုချင်ချင် တင်ဆောင်သွားခဲ့သည်။ ယေရှုသည်တိရိစ္ဆာန်များအပေါ်တွင်ပင် ထိန်းချုပ်နိုင်စွမ်း ရှိပေသည်။

ယေရုရှလင်မြို့ သို့ ဝင်ရန်အတွက် သူရဲကောင်းတစ်ဦးကဲ့သို့ မြင်းကိုစီးရန်ယေရှုရွေးချယ်နိုင်ခဲ့ပါသော်လည်း ငြိမ်သက်ခြင်းကို ပုံဆောင်သော မြည်းကိုစီးကာမြို့ထဲသို့ ဝင်လာခဲ့သည်။ နောက်ဆုံးထွက်သက်ထိပင် ယေရှုသည် ငြိမ်သက်ခြင်းကိုမျှဝေခဲ့သည်။ ယေရုရှလင်မြို့သူမြို့သားများက ၎င်းတို့၏အဝတ်အစားများ၊ သစ်ခက်များကို လမ်းတွင်ခင်းပေးကြကာ ရှင်ဘုရင် အသိအမှတ်ပြု ခဲ့ကြသည်ကို ယေရှုလက်ခံခဲ့သည်။ ဤသည်မှာ ဣသရေလ လူမျိုးတို့၏ ရှင်ဘုရင် မေရှိယအဖြစ်နောက်ဆုံးအကြိမ် တရားဝင် ဖော်ပြတော်မူခြင်း ဖြစ်သည်။ သို့သော် ၎င်းတို့၏ရှင်ဘုရင်သည် သိုးတံခါးမှ ဝင်လာသည်ကိုမူ သူတို့ နားမလည်ခဲ့ကြပေ။ သိုးတံခါးမှတဆင့် ယဇ်ပူဇော်ရန်အတွက် ခေါ်ဆောင်သွားခြင်းခံရသည့် သိုးသူငယ်ကဲ့သို့ ယေရှုသည်လည်း တလောကလုံး၏ အပြစ်အတွက် ယဇ်ပူဇော်ခြင်းကို ခံရမည့် သိုးသူငယ်ဖြစ်ပါသည်။

ယေရုရှလင်မြို့မှ ညနေပိုင်းတွင် ယေရှုပြန်လာပြီးနောက် ဗေသနိရွာတွင်တည်းခိုခဲ့သည်။

ဒုတိယနေ့

 

အဖြစ်အပျက်များ

၁။ ဗေသနိသို့ သွားသည့် လမ်းတွင်ဖြစ်သည်။ သင်္ဘောသဖန်းပင်ကိုကျိန်ခဲ့သည်။

၂။ ဗိမာန်တော်ရှိ ဈေးသည်များကိုမောင်းထုတ်ခဲ့သည်။

၃။ ဗိမာန်တော်၌ရှိသော မျက်မမြင်သူနှင့် ခြေမသန်းစွမ်းသူတို့ကို ကျန်းမာစေခဲ့သည်။

၄။ ဗေသနိရွာသို့ ယေရှု ပြန်ခဲ့သည်။

အင်္ဂါနေ့ မနက်ပိုင်း (မဿဲ ၂၁:၁၈) တပည့်တော်များနှင့်အတူ ဗေသနိရွာမှယေရုရှလင် မြို့ဆီသို့အသွား လမ်းတွင် အသီးမသီးသော သင်္ဘောသဖန်းပင် တစ်ပင်အား တွေ့ခဲ့သည်။ ထိုအသီးမသီးသော အပင်ကို ပုံဥပမာယူကာ ဣသရေလလူမျိုးတို့၏ ဝိညာဉ်ရေးရာ အခြေအနေကို သွန်သင်ပေးခဲ့သည်။ ဣသရေလူတို့သည် အပြင်ပိုင်းဆိုင်ရာ ဘာသာရေး လုပ်ဆောင်ချက်များရှိပါသော်လည်း အတွင်းပိုင်း ပြောင်းလဲခြင်းမရှိ၊ သြဝါဒသတ်မှတ်ချက်များ ရှိပါသော်လည်း ပြောင်းလဲခြင်းမရှိ၊ ထုံးတမ်းစဉ်လာများ ရှိနေကြသော်လည်း မေရှိယနှင့် ဆက်နွယ်ခြင်းမရှိကြပေ။ ၎င်းတို့သည်အသီးမရှိသော ပင်ရံပေါ်က အရွက်များကဲ့သို့ပင် ဖြစ်သည်။

ယေရှုသည် ဗိမာန်တော်သို့ ဝင်ရောက်ကာ ရောင်းဝယနေသူ များအားလုံးကိုမောင်းထုတ်ခဲ့သည်။ ဗိမာန်တော်ကို သန့်ရှင်းစေခြင်းအားဖြင့် မေရှိယ ဖြစ်ခြင်းကိုကြေငြာနေခြင်း ဖြစ်သည် (မာလခိ ၃:၁-၄)။ သို့သော်လည်း ဣသရေလလူမျိုးများအတွက်မှာ မေရှိယကို ငြင်းပယ်ခဲ့ကြသည့် အတွက်ကြောင့် သန့်ရှင်းစေပြီးသည့်နောက် ကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ ဒုတိယအကြိမ် ဆင်းကြွလာသည့်အချိန်မှသာ ပြည့်စုံမည်ဖြစ်သည်။ ကိုယ်တော်၏ မေရှိယ ဖြစ်ခြင်းသည် မျက်မမြင်သောသူနှင့် ခြေမသန်စွမ်းသောသူတို့ကို ကျန်းမာစေခြင်းအားဖြင့် ထပ်မံထင်ရှားခဲ့သည်။ ကိုယ်တော်သည် နေရာ နှင့် လူများ ကို သန့်ရှင်းခဲ့သည်။

ယဇ်ပရောဟိတ်များ နှင့် ကျမ်းတတ်ပုဂ္ဂိုလ်များက ပြုတော်မူသော အံ့ဖွယ်အရာများကြောင့် ဒေါသထွက်ကြသော်လည်း ကလေးများက ကိုယ်တော်ကို ချီးမွမ်းကိုးကွယ်ကြသည်။ ဘာသာရေးခေါင်းဆောင်က မေရှိယပြုတော်မူသော အရာများကိုချီးမွမ်းကြရန် မေ့လျော့နေကြသော်လည်း ကလေးများက သိမှတ်ခဲ့ ကြသည်။ “ဒါဝိဒ်၏သားတော်အား ဟောရှဏ္ဏ” ဟု ကြွေးကြော် ခဲ့ကြသည်။ ယေရှု၏ ဘုရင်ဖြစ်ခြင်းကိုသိမှတ်ခဲ့ကြသည်။ဗေသနိရွာသို့ ယေရှု ထိုညနေတွင် ပြန်သွားခဲ့သည်။

တတိယနေ့ –

အဖြစ်အပျက်

၁။ ယေရုရှလင်မြို့သို့ သွားသော လမ်းတွင်သင်္ဘော သဖန်းပင် ခြောက်သွေ့နေသည်ကို တွေ့မြင် ခဲ့ရသည်။

၂။ ယေရှုရှင်သည် ဗိမာန်တော်၌ သင်ကြားပေးခဲ့ သည်၊ ဂျူးဘာသာ ခုံရုံးကကိုယ်တော်၏ အခွင့် အာဏာကိုစိန်ခေါ်ခဲ့ ကြသည်။

၃။ သားနှစ်ယောက် ပုံဥပမာ

၄။ ဥယျာဉ်ငှါး ပုံဥပမာ

၅။ မင်္ဂလာဆောင်ပွဲ ပုံဥပမာ

၆။ ယေရှုက ကဲသာဘုရင်အား အခွန်ပေးဆောင်ရမည့်အကြောင်းကိုဖာရိရှဲတို့အား ဖြေကြားခဲ့သည်။

၇။ ယေရှုက ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဇဗ္ဗူကဲတို့အား ဖြေကြားခဲ့သည်။

၈။ အကြီးမြတ်ဆုံးသော ပညတ်တော်နှင့်ပတ်သက် ၍ ယေရှုက ကျမ်းတက်ဆရာကို အဖြေပေးခဲ့သည်။

၉။ ယေရှုက ဖာရိရှဲများကို “သင်တို့သည်ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း” ဟု မေးခွန်း ထုတ်ခဲ့သည်။

၁၀။ ဖာရိရှဲများ နှင့် ကျမ်းတတ် ပုဂ္ဂိုလ်များကို ယေရှု သတိပေးခဲ့သည်။ယေရုရှလင်မြို့ အပေါ်သို့ ကျိန်ခြင်းအမင်္ဂလာ သက်ရောက်ခြင်း။

၁၁။ ယေရှုသည် မုဆိုးမ၏ အလှူငွေကိုချီးမွမ်းခဲ့သည်။

၁၂။ တချို့သော ဂရိလူမျိုးများက ယေရှုကိုတွေ့မြင်လိုကြသည်။

၁၃။ အသေခံတော်မူခြင်း အကြောင်းကိုယေရှုကြို တင်ပြောခဲ့သည်။

၁၄။ ဗိမာန်တော်မှ ထွက်လာခြင်း။သံလွင်တောင် ဒေသနာ။

ယေရှုရှင်က ဣသရေလလူမျိုးများထံ မေရှိယ ဖြစ်သည်ဟု ပြောနေသော်လည်းဆက်လက် ငြင်းပယ်ခဲ့ကြသည် –

၁။ ညိုးနွမ်းသွားသော သင်္ဘောသဖန်းပင်က မေရှိယကို ငြင်းပယ်သည့် ဣသရေလလူတို့ကို ပုံဆောင်ပါသည်။ ထိုအပင်ကို ကျိန်လိုက်ခြင်းက ဣသရေလလူမျိုးများအပေါ် ကျရောက်မှု ဘုရားသခင်၏ တရားစီရင်ခြင်းကို ကြိုတင်သတိပေးထားခြင်း ဖြစ်သည်။ “လျင်လျင်မြန်မြန်” ညိုးနွမ်းသွားသည့် အပေါ်တပည့်တော်များ မေးမြန်းခဲ့ကြရာမှ ယေရှုသည် ဆုတောင်းခြင်း၌ တန်ခိုးနှင့်ဆုတောင်းခြင်းအပေါ် ယုံကြည်မှု ရှိရမည့်အကြောင်း သင်ကြား ပေးခဲ့သည်။သေးငယ်သည့် ယုံကြည်ခြင်းက များစွာသောအမှုကို ပြုနိုင် ပါသည်။ အကယ်၍လူမျိုးတော်တို့သည် မေရှိယအပေါ် ယုံကြည်မှုအနည်းငယ် ပြမည်ဆိုလျှင်ရောက်လာမည့် တရားစီရင်ခြင်းမှ ကယ်တင်ခြင်းခံရမည် ဖြစ်သည်။

၂။ ယဇ်ပုရောဟိတ်အကြီးနှင့် အကြီးအကဲများက ဗိမာန်တော် သန့်ရှင်းခြင်းအနာရောဂါကို ငြိမ်းစေခြင်း၊ လူတို့ကို သင်ကြားပေးခြင်း စသည်တို့နှင့်ပတ်သက်၍ ယေရှု၏အခွင့်အာဏာကို စိန်ခေါ်ခဲ့သည်။ သူတို့၏ မေးခွန်းသည် ရှင်းလင်းချက်ကို ရှာဖွေရန်ကြိုးပမ်းခြင်း မဟုတ်ပါ။ ကိုယ်တော်အားမေရှိယအဖြစ် ငြင်းပယ်ခြင်းကို အတည်ပြုခြင်းဖြစ်သည်။ ယေရှု၏ မေးခွန်းများကို ဖြေဆိုရန် ငြင်းပယ်ခဲ့ခြင်းက ၎င်းတို့၏ ယေရှုအားလက်ခံခြင်း မရှိသည့် အဖြစ်ကို ဆက်လက် အတည်ပြုပေးပါသည်။

၃။ ငြင်းပယ်မှုများ ရှိနေသည့် ကြားက ဘာသာရေး ခေါင်းဆောင်များကို နိုင်ငံတော်ဝင်ခွင့် ရရှိစေရန်အတွက် ယေရှုက သားနှစ်ယောက်၏ ပုံဥပမာကို ပြောပြခဲ့သည်။ သို့သော် သူတို့သည် မယုံကြည်ဘဲ ဆက်လက်ငြင်းပယ် ခဲ့ကြသည်။ယုံကြည်လက်ခံသော အနှိမ်ခံလူများမှာ ဘုရားသခင်၏ လက်ခံခြင်းကို ခံခဲ့ကြရသည်။

၄။ ဥယျာဉ်ငှါးပုံဥပမာသည် ဣသရေလူမျိုးတို့ (စပျစ်ခက်များ) အပေါ် ဘုရားသခင်ဂရုစိုက်သည့် အကြောင်းအား ဖော်ပြပေးသည်။ ခြံစည်းရိုးများ ခတ်ကာအကာအကွယ် ပေးခဲ့သည်။ လိုအပ်သည်များကို ထောက်ပံ့ပေး ခဲ့သည်။ သို့သော်ဣသရေလလူမျိုးတို့သည် ဘုရားရှင် (မြေပိုင်ရှင်)၏ ပရောဖက်များ (အစေခံကျွန်များ) ကို သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးမှာ မေရှိယ (မြေပိုင်ရှင်၏သား)ကိုပင် သတ်ခဲ့ကြသည်။ ဘုရားသခင်သည် သူ၏နိုင်ငံ တော်ကို ရုပ်သိမ်းကာအသီးသီးစေမည့် အခြားသူများအား ပေးမည်။

၅။ မင်္ဂလာပွဲ ပုံဥပမာသည် ကယ်တင်ရှင်ကို မထီ မဲ့မြင်ပြုခြင်းကြောင့် တိုင်းပြည်ကို အပြစ်တင် ရှုတ်ချခြင်းဖြစ်သည်။ ခမည်းတော်ဘုရား (ရှင်ဘုရင်) သည်သူ၏သားတော် (သတို့သား) အတွက် ကြီးမားသည့် မင်္ဂလာပွဲကို ပြင်ဆင်ထားကာ ယုဒလူတို့ကို ဖိတ်ခေါ်ခဲ့သည်။ သို့သော် သူတို့က ဖိတ်ခေါ်ခြင်းကိုငြင်းပယ်ခဲ့ကြသည်။ နောက်တစ်ကြိမ် ထပ်မံဖိတ်သည် (ဘုရား၏ ကျေးဇူးတော်)၊ သို့သော် မည်သူမျှ မတုန့်ပြန်ခဲ့ကြ။ ဖိတ်ကြားခြင်းကို လက်မခံသည့်အပြင် ရှင်ဘုရင်၏ အစေခံများကိုသတ် ဖြတ်ခဲ့ကြသည်။ ဘုရားသခင်ကသူတို့ကို တရား စီရင်မည်။ ပွဲကိုတက်ရောက်ဖို့ရန် အခြားသူမျာအား ဘုရားသခင် ဖိတ်ခေါ်ခဲ့သည်။ ဘုရားသခင်၏ နိုင် ငံတော်နှင့် မသက်ဆိုင်သောသူများသည် ဖယ်ရှားခြင်းခံရပါမည်။ဤပုံဥပမာက ကယ်တင်ခြင်းသည် ဖိတ်ခေါ်ခြင်းကို လက်ခံပါမှ ဖြစ်နိုင်သည်ကိုလည်း သင်ပြပေးပါသည်။ ဖိတ်ခေါ်ခြင်းက တလောကလုံး ကယ်တင်ခြင်းရမည်ဟု အာမခံချက်မပေးပေ။ ယုံကြည်ခြင်းဖြင့် လက်ခံသော သူသည်သာ

ကယ်တင်ခြင်း ရရှိပါသည်။

အထက်ဖော်ပြပါ ပုံဥပမာ သုံးခုက ယေရှုကို မေရှိယအဖြစ် ငြင်းပယ်ခဲ့ကြခြင်းကြောင့် ဣသရေလလူမျိုးများအနေနှင့် အနာဂတ်တွင် မည်သို့ တရားစီရင်ခြင်း ခံရမည်အကြောင်းနှင့် နိုင်ငံတော်ဝင်ခွင့်သည် အခြားလူများ အတွကလည်း ဖြစ်လာသည်ကို ဖော်ပြပေးပါသည်။၆။ ဖာရိရဲတို့သည် ကဲသာဘုရင်အား အခွန်ပေးဆောင်ခြင်းနှင့်ပတ်သက်၍ ယေရှုကိုထောင်ချောက်ဆင်စေလို ကြသည်။ အကယ်၍ ယေရှုသည် ပေးရ မည်ဟုထောက်ခံသည့် သဘောဆောင်သော တုန့်ပြန်မှုဖြင့် ဖြေဆိုပါက လူအုပ်သည်သူ့ကို စွန့်ပစ်သွားလိမ့်မည်။ အကယ်၍ သူက မပေးရဘူးဟု သဘောဆောင်သည့် အဖြေကိုပေးပါက သစ္စာဖောက်မှုဖြင့် တရားစွဲခံရ လိမ့်မည်။ ယေရှုသည်သူတို့၏မေးခွန်းများကို အဖြေမပေးခဲ့ပါ။ ထိုအစား ကိုယ်တော်က သူတို့၏ဒင်္ဂါးပြားပေါ်က ရုပ်ပုံနဲ့ ပတ်သက်ပြီး သူတို့ကို မေးခွန်း ပြန်ထုတ်ခဲ့သည်။

ကဲသာဘုရင်ဆီမှ လာသည့်အတွက် ကဲသာဘုရင် ဆီသို့ ပြန်သွားရမည်၊ ဘုရားသခင်ဆီမှ လာသောအရာသည် ဘုရားသခင် ဆီသို့ ပြန်သွားရမည်ဟု ပြန်ပြောခဲ့သည်။ ကိုယ်တော်၏ ဉာဏ်တော်သည် ပြိုင်ဘက်များ၏ မကောင်းသောအကြံအစည်များထက် သာလွန်သည်။ ကိုယ်တော်ကို လူအစုအဝေးမှ ကင်းကွာစေရန် သို့မဟုတ် နိုင်ငံတော်အား ပုန်ကန်မှုဖြင့် စွပ်စွဲရန် သူတို့၏ ကြံစည်မှုသည် မအောင်မြင်ခဲ့ပါ။ ကိုယ်တော်သည် လူတို့၏ဆိုးယုတ်မှုကို အောင်ခဲ့သည်။

၇။ ဇဗ္ဗူကဲများသည် အမျိုးသမီးတစ်ဦး၏ အဆင့်ဆင့် လက်ထပ်ထိမ်းမြားမှုနှင့်ပတ်သက်၍ ဘာသာရေးဆိုင်ရာ ဆွေးနွေးငြင်းခုံမှုများပြုလုပ်ကာ ယေရှုကိုအပြစ်ရှာရန် ကြိုးစားခဲ့ကြသည်။ သခင်ယေရှုက သူတို့၏ မှားယွင်းသောအရာအား သမ္မာကျမ်းစာနှင့် ဘုရားသခင်၏ တန်ခိုးတော်ကို မသိခြင်း၊ကောင်းကင်ဘုံရှိ . အသက်တာသည် မြေကြီးပေါ်တွင် အသက်ရှင်ခြင်းနှင့်တူညီသည်ဟု မှတ်ယူခြင်းကြောင့် ဖြစ်သည်ကို ထောက်ပြခဲ့သည်။ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်တမန်များ တည်ရှိခြင်းကို သခင်ယေရှုကအတည်ပြုသည်။ ဇဗ္ဗူကဲများ၏ ဤအယူဝါဒနှစ်ခုလုံးကို ငြင်းပယ်ခဲ့သည်။

၈။ ကျမ်းတတ်တစ်ဦးက ပညတ်တရားတွင် အကြီးမြတ်ဆုံး ပညတ်နှင့် ယေရှုကို စုံစမ်းခဲ့သည်။ ယေရှုသည် တရားဟောရာ ၆:၅ နှင့် ဝတ်ပြုရာ ၁၉:၁၈တို့ကို ကိုးကား၍ သူတို့၏ဟန်ဆောင်မှုကို အရှက်ရစေခဲ့သည်။ သူတို့သည်ပညတ္တိကျမ်းပါ စကားလုံးများအပေါ် ပိုမိုအာရုံစိုက်ခဲ့ကြသော်လည်း ပညတ္တိ

ကျမ်း၏ သခင်ကို ငြင်းပယ်ခဲ့ကြသည်။

၉။ ယခုအချိန်သည် ယေရှုဘက်မှ မေးခွန်းများမေးရမည့် အချိန်ဖြစ်လာသည်။အရင်က သူ၏ရန်သူများ မေးခဲ့သည့်မေးခွန်းမှာ ယေရှုသည် မည်သူမည်ဝါဖြစ်ခြင်းနှင့်ပတ်သက်ဆက်နွယ်နေသည်။ ယေရှုက မေးခွန်းများ၏ သော့ချက်ကို သိ၍ သူတို့အား “ခရစ်တော်နှင့်ပတ်သက်၍ သင်တို့ မည်သို့ ထင်ပါ သနည်း။သူသည် မည်သူ၏ သားဖြစ်သနည်း” ဟု မေးခဲ့သည်။ ဖာရိရဲများက “ဒါဝိဒ်၏

သားတော်” ဟု ပြန်ဖြေကြသည်။ သူတို့၏ အဖြေတွင် ပြဿနာ ရှိကြောင်းယေရှုက ထောက်ပြကာ “သန့်ရှင်းသော ဝိညာဉ်တော်၏ ဖွင့်ပြချက် နှင့်အညီဒါဝိဒ်က သူ့ကို “ကိုယ်တော်” ဟု အဘယ်ကြောင့် ခေါ်ရသနည်း” ဟု ပြောခဲ့သည်။ ယေရှု၏ ဆိုလိုရင်းမှာ မေရှိယသည် ဒါဝိဒ်၏ သားတော်သက်သက်မဟုတ် ဘုရားသခင်၏သားတော်ဖြစ်၍ ဒါဝိဒ်မတိုင်ခင် ကတည်းက ရှိနှင့်တော်မူသည့် အကြောင်းဖြစ်သည်။

၁၀။ ဘာသာရေး ခေါင်းဆောင်များသည် ယေရှုကို စီရင်ချက်ချခဲ့သည်။ အခြားမည်သည့်အရာကမှ သူတို့ကို ရွေ့စေနိုင်တော့မည် မဟုတ်။ သူတို့သည် သူ၏ကျေးဇူးတော်ကို တွန်းလှန်နင်းခြေခဲ့ကြသည်။ . ယုံကြည်ခြင်း မရှိသည့်ဣသရေလလူမျိုးအပေါ်တွင် တရားစီရင်ခြင်း ရှိလိမ့်မည်။ ၎င်းတို့၏ ဆိုးရွားလွန်းလှသည့် အပြစ် နှင့် အကျိုးဆက်များကို ဖော်ပြရန်အတွက် ယေရှုသည်လေးနက်သော စကားလုံးများကို အသုံးပြုခဲ့သည်။ အားနည်းသောသူဟုသူတို့ ထင်မှတ်ထားသောသူက သူတို့ကို ပြန်လည် အနိုင်ယူမည်ဖြစ်ကြောင်းယေရှုက အသိပေးခဲ့သည်။ သူတို့အပေါ် တရားစီရင်ခြင်းကို ယူဆောင်လာအုံးမည် ဖြစ်သည်။

၁၁။ ကျမ်းတတ်ဆရာများသည် ဝတ်လုံရှည်ကြီးများကို ဝတ်ဆင်ကာ လမ်းတကာဝင်လျှက် ဈေးတွင် နှုတ်ဆက်စကားဆိုခြင်းများကို နှစ်သက်ကြသည်ဟုယေရှု ဖော်ပြခဲ့သည်။ ပွဲသဘင် တရားစရပ်တို့၌လည်း အမြင့်ဆုံးသောနေရာကိုသာ တပ်မက်ကြသည်။ လူထုအသိအမှတ်ပြုခြင်းကို နှစ်သက်ကြ

သော်လည်း မုဆိုးမများ၏အိမ်ကို ဖျက်ဆီးလုယူ တတ်ကြသည် (မာကု ၁၁:၃၈–၄ဝ)။ ယခုတွင်ယေရှုသည် ကျမ်းတတ်ဆရာများနှင့် ဆင်းရဲသော မုဆိုးမတို့၏ခြားနားမှုကို ပြသခဲ့သည်။ သူမ ပေးလှူသော ငွေပမာဏမှာ အလုပ်သမားတစ်ဦး၏ နေ့စဉ်လုပ်အားခ ဖြစ်သည်။ ထိုငွေပမာဏသည် နည်းလှသော်လည်းသူမက အကုန်ပေးခဲ့သည်။ ဘာမှချန်ထားခဲ့ခြင်း မရှိ။

၁၂။ စစ်မှန်သော စေတနာတရားကို မည်မျှပေးကမ်းသနည်းဟူသည့် အချက်နှင့်တိုင်းတာခြင်းမဟုတ်၊ မိမိအတွက် မည်မျှချန်ထားသနည်းဟူသည့် အချက်ဖြင့်တိုင်းသည်။ ပေးကမ်းသူ၏ စိတ်သဘောထား သည်  ပေးကမ်းမှု ပမာဏထက် ပို၍အရေးကြီးသည်။ လူသိထင်ရှားခြင်း မရှိသည့် အကြွင်းမဲ့ဆက်ကပ်ဝတ်ပြုခြင်းသည် ဘုရားရှေ့တွင် သာ၍တန်ဖိုးရှိ သည်။

၁၃။ ဂျူးခေါင်းဆောင်များသည် သခင်ယေရှုကို ဖယ်ရှားရန်ကြိုးစားသော်လည်းအချို့သောဂရိများက ကိုယ်တော်နှင့်တွေ့ဆုံရန် ကြိုးစားခဲ့ကြသည်။ တပည့်တော်တို့သည် သူတို့ကို ယေရှုထံတော်သို့ ဆောင်ခဲ့ကြ၏။ လူများကို အထံတော်သို့ ခေါ်ဆောင်လာခြင်းသည် တပည့်တော်များ၏ အမှုတော်မြတ် ဖြစ်သည် (ယော ၁၂:၂၀-၂၂)။

၁၄။ ယောဟန် ၁၂:၂၃-၃၈ တွင် လက်ဝါးကပ်တိုင်နှင့် ပတ်သက်၍ အရေးကြီးသည့်သမ္မာ တရားအချက် များစွာကို ဖော်ပြထားပါသည် (က) လက်ဝါးကပ်တိုင်သည် လူတို့အား သူ့အား ယုံကြည်လာစေလိမ့်မည်။ (ခ) သရဖူ မလာခင်လက်ဝါး ကပ်တိုင် လာသည်။ အရှက်ခွဲပြီးမှ ချီးမြှောက်ခြင်းသို့ ရောက်ရလိမ့်မည်။ (ဂ) လက်ဝါးကပ်တိုင်က တလောကလုံးအပေါ် တရားစီရင်ခြင်းတစ်ခုကို ဖြစ်တည်စေမည်။ (ဃ) ထို့အပြင် လက်ဝါးကပ်တိုင်သည် စာတန်ကို အနိုင်ယူလိမ့်မည်။

၁၅။ သံလွင်တောင် ဒေသနာ (မဿဲ ၂၄) – ချက်ချင်း တရားစီရင်ခြင်းသည် ဗိမာန်တော်ကို ဖျက်ဆီးခြင်းဖြစ်သည် (အေဒီ ၇၀ တွင် ပြည့်စုံခဲ့သည်)။ ၎င်းသည်အနာဂတ်တရားစီရင်ခြင်းအတွက် ရှေ့ပြေးဖြစ်သည်။ ကိုယ်တော် ပြန်လည်ကြွလာတော်မူခြင်း၏ ပုပ္ပနိမိတ်များမှာ (က) မှားယွင်းသော မေရှိ ယဟုဆိုသောသူများစွာ ပေါ်လာခြင်း (ခ) စစ်ပွဲ နှင့် စစ်ဘက်ဆိုင်ရာ သတင်းစကားများ ကြားရခြင်း (ဂ) တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်ဖြစ်ခြင်း (ဃ)အစာခေါင်းပါးခြင်း (င) ငလျင်လှုပ်ခြင်း (စ) ယေရှုနောက် လိုက်သူများ အပေါ်ညှင်းပန်းနှိပ်စက်မှုများ ပေါများလာခြင်း (ဆ) မှားယွင်းသော ဩဝါဒများ

လာခြင်း (ဇ) ချစ်ခြင်းမေတ္တာခေါင်းပါးလာခြင်း (ဈ) နိုင်ငံတော်နှင့် ယှဉ်သောဧဝံဂေလိတရားကို ကမ္ဘာတစ်ဝှမ်း ဟောပြောခြင်း (ည) ရွံရှာဖွယ်သောအရာသည် ဗိမာန်တော်၌တည်ခြင်းနှင့် သမိုင်းတွင် အကြီးမားဆုံးသော ပူဆွေးဝမ်းနည်းခြင်းများ ကျရောက်ခြင်း (ဘေးဒဏ်ကြီး ကာလ) စသည်တို့ ဖြစ်သည်။ပြန် လည်ကြွလာတော်မူခြင်းနှင့် .. ပတ်သက်၍ ယေရှုက ဆက်လက်ရှင်းပြခဲ့သည် – (က) ပြန်လည်ကြွလာ တော်မူခြင်းကို လူများ မြင်တွေ့ ကြရမည်(မဿဲ ၂၄:၂၇၊ ၃၀)၊ (ခ) လူသိရှင်ကြား ဖြစ်မည် (မဿဲ ၂၄:၂၉)။ (ဂ) ပြန်ကြွလာသည့်အချိန်တွင် ဘေးရောက်လိမ့်မည် (မဿဲ ၂၄:၂၉)။ (ဃ) လောကရှိရွေးကောက် ထားတော်မူသောသူများကို သိမ်းဆည်းမည်။ (င) အလျင်အမြန်ပြန်လာမည် (မဿဲ ၂၄:၃၂-၃၄)။ (စ) ပြန်လာမည်မှာ သေချာသည် (မဿဲ၂၄:၃၅)။ (ဆ) ရုတ်တရက် ပြန်လာမည် (မဿဲ ၂၄:၃၉-၄၁)။

ကိုယ်တော် ကြွလာတော်မူမည့်မှာ သေချာပါသော်လည်း၊ မည်သည့်အချိန်တွင် ဖြစ်မည်ကို မသိရပေ။ ထို့ကြောင့် တပည့်တော်များသည် သတိရှိကာ(မဿဲ ၂၄:၃၆-၃၈၊ ၄၂-၄၄) အမှုတော်မြတ်၌ သစ္စာရှိ နေရပါမည် (မဿဲ၂၄:၄၅-၂၅:၃၀)။ ကိုယ်တော် ပြန်ကြွလာသည့် အချိန်တွင် သစ္စာရှိသူများကိုဆုလက်ဆောင်များ ပေးတော်မူလိမ့်မည် (မဿဲ ၂၅:၃၁-၄၆)။

လေးရက်မြောက်နေ့

နေဝင်သည့်အချိန်မှစပြုသည် – ပဿခါပွဲ မတိုင်မီ နှစ်ရက်အလိုက တည်းကသစ္စာဖောက်မည့်သူ နှင့် အသေခံတော်မူခြင်းအကြောင်းကို ကြိုတင် ပြောထားနှင့် သည်။ယုဒလူမျိုး ခေါင်းဆောင်များက ယေရှုကို သတ်ရန် ကြံစည်ခဲ့ ကြသည်။ ရှိမှန်၏ အိမ်တွင်မာရိက ယေရှုခြေတော်ကို ဆီမွှေးဖြင့်သုတ် လိမ်းခဲ့သည် (မဿဲ ၂၆:၆-၁၃၊ မာကု ၁၄:၃-၉၊ ယောဟန် ၁၁:၅၅-၅၇၊ ၁၂:၂-၈)။ ယုဒက ယေရှုအားသစ္စာ ဖောက်ရန် သဘောတူညီမှုယူခဲ့သည်။ များစွာက မယုံကြည်ကြ။ အချို့သော ခေါင်းဆောင်များက ယုံကြည်ကြ သည်။ချီးမွမ်းကြသော်လည်း လက်ခံခြင်း မရှိ ကြပေ။ ယေရှု၏ တရားစီရင်ခြင်း (မဿဲ ၂၆:၁-၅၊၁၄-၁၆၊ မာကု ၁၄:၁-၂၊ ၁၀-၁၁၊ လုကာ ၂၂:၁-၆၊ ယောဟန် ၁၂:၃၆-၅၀)။ ဗေသနိရွာသို့ယုဒလူများ လာကြသည် (ယောဟန် ၁၂:၉-၁၁)

ယေရှု၏ လောကခရီးစဉ်သည် မကြာမီ အဆုံးသို့ ရောက်ရှိပါတော့မည်။သူသည် တလောကလုံး၏ အပြစ်အတွက် ပဿခါသိုးသူငယ်အဖြစ် .. ကြိုတင်ပြောထားခဲ့သည့်အတိုင်း ယဇ်ပူဇော်ခြင်းကို ခံရတော့မည် ဖြစ်သည် (မဿဲ ၁၆:၂၁၊ ၁၇: ၂၂-

၂၃၊ ၂၀:၁၈-၁၉)။ မိမိ၏ သေရမည့်အကြောင်းအရာကို … ကြိုတင်ပြောနိုင်သောအရည်အချင်းသည် ယေရှု၏ အနှိုင်းမဲ့သော အသက်တာဖြစ်သည်။ သူသည် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံရမည် ဖြစ်သော်လည်း ထာဝရကတည်းက အစီစဉ်ဆွဲထားတော်မူသော ခမည်းတော်ဘုရား၏ အလိုတော်ကို အစဉ်အမြဲ သတိပြု နာခံခဲ့သည်။သူသည် သမိုင်း ၏သခင် ဖြစ်ပါသော်လည်း လက်ဝါးကပ်တိုင်ဆီသို့ ဆက်လျှောက်ခဲ့သည်။ ယဇ်ပရောဟိတ်မင်းများ၊ ခေါင်းဆောင်များ နှင့် … ယုဒရှကာရုတ်တို့သည်ဘုရားသခင်၏ ရွေးနှုတ်ကယ် တင်တော်မူခြင်း သမိုင်းတွင် ဇာတ်ကောင်များ ဖြစ်ခဲ့ကြသည်။ ပရောဖက်များ ဟောပြောထား သည့်အတိုင်း ပြည့်စုံလာစေရန် … လူတစ်ယောက်စီတိုင်း နှင့် အကြံအစည်တစ်ခုစီတိုင်းတို့သည် ဘုရားသခင်၏ စနစ်တကျ

စီစဉ်ထိန်းချုပ်နေခဲ့သည်။

မာရိ၏ ယေရှုအား ဆီနှင့် လိမ်းတော်မူသော အဖြစ်အပျက်က ယေရှုကိုသတ်ရန် ကြံစည်ခြင်း (မဿဲ ၂၆:၁-၃၊ မာကု ၁၄:၁-၂၊ ယောဟန် ၁၁: ၅၅-၅၇) နှင့်ကိုယ်တော်ကို သစ္စာဖောက်ရန် ယုဒ ကြံစည်ခြင်း (မဿဲ ၂၆:၁၄-၁၆၊ မာကု ၁၄:၁၀-၁၁)တို့အကြား ချိုမြိန်သော အချိန်အခါ ဖြစ်သည်။ လူအုပ်ကြီးက သူမကို မည်သို့ ထင်မလဲဆိုတာ သူမ ဂရုမစိုက်ပဲ သတ္တိရှိရှိ လုပ်ဆောင်ခဲ့သည် (သူမ၏ ဆံပင်နှင့် ခြေတော်ကိုသုတ်ခဲ့သည် – ယောဟန် ၁၂:၃)။ ထိုအမွှေးနံ့သာသည် အလွန် ဈေးကြီး ပေသည်။သို့သော် ထိုနံ့သာ၏ တန်ဖိုးကို ထည့်တွက်ခြင်းမရှိ။ သူမ၏ သခင်သည် သူမ၏မေတ္တာနှင့် ထိုက်တန်သည်။ တပည့်တော်များသည် ထိုအရာကို နားမလည် ကြပေ။သူမ၏ ဆီလိမ်းခြင်းသည် မကြာမီ ကြုံရမည့် အသေခံတော်မူခြင်းနှင့် သင့်တော်သောအရာ ဖြစ်ပေသည်။ သူမသည် ယေရှုကို မှန်သောအချိန်၌ ဆီလိမ်းခဲ့ခြင်း ဖြစ်သည်။ထိုအချိန်၌ သူမ မလုပ်ပါက သူမ၏ မေတ္တာကို ပြသရန် နောက်ကျသွားလိမ့်မည်။သခင့်အပေါ်ထားရှိသည့် သူမ၏ မေတ္တာသည် စွန့်လွတ်ခြင်း ဖြစ်သ ကဲ့သို့ အချိန်ကိုက်ဖြစ်ပေသည်။

လူများစွာ ရောက်လာကြသော် ယေရှုအတွက် ရောက်လာကြခြင်း မဟုတ်။ရှင်ပြန်ထမြောက်စေခဲ့သော လာဇရုအားတွေ့ရန် ရောက်ကြခြင်း ဖြစ်သည်။ ယုဒလူများစွာ ယေရှုကို ယုံကြည်ကြသည့်အခါ ယဇ်ပရောဟိတ်များက အမျက်ထွက်သဖြင့်လာဇရုကို သတ်ရန် ကြံစည်ခဲ့ကြသည်။ ၎င်းတို့သည် ကိုယ်တော်ကို သာမက သတင်းစကား ကို သယ်ဆောင်လာသောသူကိုပင် အဆုံးစီရင်လိုကြသည်။

ငါးရက်မြောက်နေ့

ပဿခါပွဲကို ပြင်ဆင်ရန်အတွက် ယေရှုရှင်သည် တပည့်တော် နှစ်ဦးကို မြို့ထဲသို့စေလွှတ်ခဲ့သည်။ (မဿဲ ၂၆:၁၇-၁၉၊ မာကု၊ ၁၄:၁၂-၁၆၊ လုကာ ၂၂:၇-၁၃)

၁။ နေဝင်သည့်အခါ – ယေရှုသည် ပဿခါပွဲကို ပြင်ဆင်ခဲ့သည် (မဿဲ ၂၆:၂၀၊ မာကု၁၄:၁၇၊ လုကာ ၂၂:၁၄)

၂။ တပည့်တော်များ၏ ရည်ရွယ်ချက်ကို ယေရှု ဆုံးမခဲ့သည်။ (လုကာ၂၂:၂၄-၃၀)ခရစ်ယာန် တပည့်တော်ဖြစ်ခြင်းဆိုသည့် စကားလုံးကို အနှစ်ချုပ်ပါလျှင် “နှိမ့်ချခြင်း” ဖြစ်ပေမည်။ မာန်မာနတရားက အမြဲတမ်း ပေါ်လာတတ်သည်။ တပည့်တော်များအထဲတွင် မည်သူသည် အကြီးမြတ်ဆုံး ဖြစ်ခွင့်ရမည်ကို အငြင်းပွားခဲ့ကြသည်။ ဤအငြင်းပွားမှုသည် ယေရှုက မကြာခင်သေတော့မည့် အကြောင်းကိုပြောနေစဉ် ဖြစ်ပျက်ခဲသည်မှာ … အလွန်အကျည်းတန်ပါသည်။ တပည့်တော်များသူတပါးကို အစေခံခြင်းအားဖြင့်မြင့်မြတ်သော အရပ်ဆီသို့ တက်ရမည် အကြောင်းယေရှုက ပြန်လည် သတိပေးခဲ့သည်။ ကြီးမြတ်တော်မူခြင်းသည် ရာထူးနေရာအားဖြင့် မဟုတ် သူတပါးကို အစေခံခြင်းအားဖြင့် ဖြစ်သည်။ ထိုပုံဥပမာကို ယေရှုကိုယ်တိုင်က ပုံသက်သေပြခဲ့သည်။ ယုံကြည်သူတို့၏ တွေးခေါ်မှုများက ခရစ်ယာန်တို့၏ တွေးခေါ်မှုကို မလွမ်းမိုးသင့်ပါပေ။သစ္စာရှိစွာဖြင့် နှိမ့်ချသော အစေခံခြင်းအတွက် အနာဂတ်တွင် ဆုလာဒ်များ ရှိပါသည်။ ယေရှု၏ ဆင်းရဲဒုက္ခများကြားတွင် ယေရှုနှင့်အတူ တပည့်တော်များရှိနေခြင်းအားဖြင့် သူတို့သည် ကိုယ်တော်အပေါ် သစ္စာရှိကြောင်း ပြခဲ့ကြသည်။

ယေရှုက သူ၏နိုင်ငံတော်နှင့် ပတ်သက်၍ တာဝန်ဝတ္တရားများ နှင့် ဝမ်းမြောက်ဖွယ်ရာ ပွဲခံစားသောက်ကြခြင်းကို ပြောခဲ့သည်။

၃။ ယောရှုသည် တပည့်တော်များ၏ခြေကို ဆေးကြောပေးခဲ့သည်။ (ယောဟန် ၁၃း -၁-၂၀)

တပည့်တော်များ၏ ခြေကို ဆေးပေးခြင်းက အစေခံခြင်း၌ နှိမ့်ချခြင်း၏ ပုံဥပမာဖြစ်ပေသည်။ ယေရှုသည် သူ၏ ကနဦးနေရပ်ကို သိတော်မူသည် (သူသည် ဘုရားသခင်ထံမှ လာသောသူဖြစ်သည် – ယောဟန် ၁၃:၃)။ သူ သွားရမည့် နေရာကိုလည်း

သိတော်မူသည် (ခမည်းတော်ထံ ပြန်သွားမည် – ယောဟန် ၁၃:၁၊၃)။ သူ၏ရာထူးကြောင့် သူတပါးကို အစေခံခိုင်းခြင်းမျိုး မပြုခဲ့သည့် အပြင် သူကိုယ်တိုင်ကတပည့်တော်များကို အစေခံခဲ့သည်။ လူတို့၏ ဆိုးသွမ်းမှုများ (ယုဒသည် ယေရှုကိုသစ္စာဖောက်ခါနီးအချိန် ဖြစ်သည် ယော ၁၃:၂) နှင့် ရာထူးနေရာများ လုပ်နေကြသည့် ကြားထဲက ထိုနှိမ့်ချသော အစေခံခြင်းသည် သူ၏ မေတ္တာမှ စီးဆင်းလာခြင်း ဖြစ်သည် (ယော ၁၃:၁)။ ချစ်ခြင်းမေတ္တာ နှင့် နှိမ့်ချခြင်းတို့အားဖြင့်အစေခံခြင်းသည် လူတို့၏ မကောင်းမှုကြောင့် ရပ်တန့်သွားခြင်းမရှိခဲ့ဘဲ လူသားတို့၏ အပြစ်ကို ဆေးကြောပေးခြင်းငှါ ရှာဖွေခဲ့သည်။ ကျွန်ုပ်တို့ ကောင်းမြတ်သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့ကို အစေခံခြင်း မဟုတ်ပေ။

၄။ သူ့အပေါ် သစ္စာဖောက်မည့်သူအား ယေရှု ဖော်ပြတော်မူခဲ့သည် (မဿဲ ၂၆:၂၁-၂၅၊ မာကု၁၄:၁၈-၂၁၊ လုကာ ၂၂:၂၁-၂၃၊ ယောဟန် ၁၃:၂၁-၃၅) သစ္စာဖောက်မည့်သူသည် တပည့်တော် ဆယ့်နှစ်ပါးထဲမှ ဖြစ်သည်မှာ ယေရှုအတွက် အလွန်နာကျင်စရာ ဖြစ်သည်။ မည်သူမည်ဝါက သူ့ကို သစ္စာဖောက်မည်ဖြစ်ကြောင်း ပြောနိုင်ခြင်းက ယေရှု၏ အနှိုင်းမဲ့ခြင်းပင် ဖြစ်ပေသည်။ ထိုအချက်က ယေရှု၏ ဘုရားဖြစ်ခြင်းကို ဖော်ပြ ပေးပါသည်။

ဆယ့်တစ်နာရီ ထိုးသည့် အချိန်ထိ ယေရှုက သစ္စာဖောက်သောသူ ယုဒကို

နောင်တရရန် အခွင့်ပေးခဲ့သေးသည်။ သို့သော် သူ၏ နှလုံးသားသည် ခိုင်မာနေခဲ့သည်။ အခွင့်အရေးပေးခဲ့ရာတွင် ကျေးဇူးတော်နှင့်အညီ ဖြစ်သော်လည်းတုန့်ပြန်ခြင်းက ကောက်ကျစ်ယုတ်မာ လွန်းလှသည်။ မည်သို့ပင်ဖြစ်စေကာမူ

ဘုရားသခင်သည် ခပ်သိမ်းသော အစိုးရရှင် ဖြစ်သည်။ သူ၏ အစီအစဉ်ကိုကျမ်းစာ၌ ရေးသားထားသည့်အတိုင်း ချမှတ်ထားပြီး ဖြစ်သည် (မဿဲ ၂၆:၂၄)။

၅။ စာတန်က ပေတရုကို လှည့်ဖြားမည့်အကြောင်း ယေရှု ကြိုတင်ပြောခဲ့သည်။ကိုယ်တော်၏ ကိုယ်စားပြုဆုတောင်းပေးခြင်း နှင့် တပည့်တော် ဆယ့်နှစ်ဦးတို့ကွဲပြားခြင်း (မ ၂၆:၃၁–၃၅၊ မာ ၁၄:၂၇-၃၁၊ လု ၂၂:၃၁-၃၈၊ ယော ၁၃:၃၆-၃၈)။ယေရှုကို ဘယ်သောအခါမျှ မစွန့်ပစ်ဘူးဟု သစ္စာဆိုကြသည့်အခါတွင် မာန၏အကျည်းတန်သော ဦးခေါင်းသည် နောက်တဖန် ပြန်ပေါ်လာခဲ့သည်။ ပေတရုက

သူသည် သစ္စာရှိနေမည်ဟု ဝံ့ကြွားနေခဲ့သည်။ သူတို့သည် နှိမ့်ချခြင်း သင်ခန်းစာကို လျင်လျင်မြန်မြန်ပင် မေ့ပျောက်ခဲ့ကြသည်။ယေရှုက သူတို့၏ ရှေ့ရေးအားလုံးကို သိနေခဲ့သည်။ တပည့်တော်တို့ စွန့်ခွါကြမည်ကို သိသည့်အပြင် ဘယ်အချိန်တွင် ထိုသို့ပြုမည်ကိုလည်း သိထားတော် မူသည်

(မဿဲ ၂၆:၃၁)။ သမ္မာကျမ်းစာ၌ တပည့်တော်များ၏ စွန့်ပစ်ခြင်း အကြောင်းကိုကြိုတင် ပရောဖက်ပြုထားပြန်သည်။ တပည့်တော်များက သူ့ကို စွန့်ပစ်ကြပါသော်လည်း ယေရှုသည် သူတို့ကို ဘယ်သောအခါမျှ စွန့်ပစ်မည် မဟုတ်ပေ။ ဂါလိလ

နယ်၌ ပြန်တွေ့ရန် သူတို့ကို ကတိပေးခဲ့သည်။

၆။ ပွဲတော်မင်္ဂလာကို ယေရှု ချမှတ်ခဲ့သည် (မဿဲ ၂၆:၂၆-၂၉၊ မာကု ၁၄:၂၂-၂၅၊လုကာ ၂၂:၁၅-၂၀)

ယေရှုက ပွဲတော်မင်္ဂလာကို သူ့အား အမှတ်ရစေရန် ချမှတ်ခဲ့သည်။ ပွဲတော်မင်္ဂလာက အတိတ်ကို ကြည့်သည် (အသွေးတော် ပဋိညာဉ်)၊ ပစ္စုပ္ပန်ကို ကြည့်သည် (အပြစ်များ ခွင့်လွတ်ခြင်း) နှင့် အနာဂတ်ကို ကြည့်သည် (ဖမည်းတော်ဘုရား၏ အိမ်တော်တွင် အတူ စားသောက်သည့် နေ့အထိ)။

၇။ နောက်ဆုံးနှုတ်ဆက်စကား နှင့် ကိုယ်စားပြု ဆုတောင်းပေးခြင်း (ယောဟန်၁၄-၁၇:၂၆)

အနှိုင်းမဲ့သော ခရစ်တော်

ယော ၁၄:

ဘုရားသခင်ထံပါး ရောက်ရှိရန် နည်းလမ်းများစွာ မရှိပေ။ ယေရှုရှင်က “ယေရှု က၊ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။” (ယောဟန် ၁၄:၆)

ဘာသာရေးခေါင်းဆောင်များစွာက ဘုရားသခင်ထံ ပို့ဆောင်မည့် လမ်းကိုပြပေးရန်အတွက် ကြွေးကြော်ခဲ့ကြသော်လည်း ယေရှုရှင်က သူသည် လမ်းခရီးဖြစ်ကြောင်း မိန့်တော်မူခဲ့သည်။ အချို့က သမ္မာတရားကို သိသည်ဟု ကြွေးကြော်ကြသည်၊ သို့သော် ယေရှုရှင်က သူသည် သမ္မာတရား ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။ အချို့က အသက်လမ်းကို သိသည်ဟု ပြောကြစဉ်တွင် ယေရှုက သူကိုယ်၌က အသက်လမ်း ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

ပေတရုက “ထိုသခင်၏ နာမတော်မှတပါး ငါတို့ကို ကယ်တင်နိုင်သောနာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိ” ဟု ဟောပြောခဲ့သည်(တမန် ၄:၁၂)။ ပေါလုက “အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက် စေ တော်မူပြီဟုစိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” (ရောမ ၁၀:၉)။

ဓမ္မသစ်ကျမ်းစာက ခရစ်တော်တစ်ပါးတည်းအားဖြင့်သာ တလောကလုံးအတွက် ကယ်တင်ခြင်းကို ဘုရားသခင် ကျေးဇူးပြုထားကြောင်း အတည်ပြုပါသည်။ ဘုရားသခင်ထံသို့ အခြားနည်းလမ်း မရှိပေ။ ခရစ်တော်သည်သာ တစ်ခုတည်းသော လမ်းခရီး ဖြစ်ပါသည်။ အများနှင့်ဆိုင်သော ဘာသာတရား ဟူ၍ မရှိ။ခရစ်တော်၏ တစ်ခုတည်းသော လမ်းစဉ် သို့မဟုတ် “အခြားအရာ များနှင့်ပေါင်း၍မရသော” သွန်သင်ချက်သာ ရှိပါသည်။ သူနှင့်ပတ်သက်၍ တစ်လမ်းတည်းသာလက်ခံသော ခရစ်တော်၏ အတည်ပြု ကြွေးကြော်မှုများသည် သူ၏ ဖြစ်ခြင်းမှစီးထွက်လာသောအရာများ ဖြစ်၏။ ကျွန်ုပ်တို့၏ လျစ်လျူရှုမှု သို့မဟုတ် မဆင်ခြင်မှုများမှ မဟုတ်ပေ။ အကယ်၍ ခရစ်ယာန်များသည် အခြားအရာများကို လေ့လာခြင်းမရှိပဲ ခရစ်တော်တစ်ပါးတည်းသာ ဟူ၍ ကြွေးကျော်နေ မည်ဆိုပါက ထိုအရာသည် မှားယွင်းသောအရာ ဖြစ်ပါလိမ့်မည်။

ခရစ်တော်၏အနှိုင်းမဲ့ပြောဆိုချက်များသည်မာနထောင်လွှားသော (သို့)အစွန်းရောက်တစ်ဖက်ပိတ်ဝါဒဖြစ်သည်ဟူသောစွပ်စွဲချက်သည်မကြာခဏနေရာလွဲနေသည်။ခရစ်တော်၏အခိုင်အမာပြောဆိုချက်များကိုဆန့်ကျင်သောသူများသည်ယေဘုယျအားဖြင့်ခရစ်ယာန်များကိုရွံမုန်းသည့်အတွက်ကြောင့်သာဖြစ်လေ့ရှိသည်။အလားတူစွာယုံကြည်မှုအမျိုးမျိုးစွဲကိုင်ထားသည့်သူများသည်လည်း၎င်းတို့၏ခံယူချက်ကိုသာတစ်ဖက်ပိတ်စွဲကိုင်နိုင်ပြီးမာနထောင်လွှားသောသို့မဟုတ်အစွန်းရောက်သောသဘောကိုစွဲကိုင်အသက်ရှင်နိုင်သည်။ကျွန်ုပ်တို့၏သတင်းစကားနှင့်

ကျွန်ုပ်တို့၏ အပြုအမူ လုပ်ထုံးများသည် ဆက်စပ်ကိုက်ညီခြင်းမရှိသော အန္တရာယ်သည် ခံယူချက် နှစ်ဘက်လုံးတွင် ရှိနေနိုင်ပါသည်။သို့သော်ခရစ် တော် ၏ အခိုင်အမာ ပြောဆိုချက်များသည် အစွန်း ရောက်၊ တစ်ဖက်ပိတ်ဝါဒဖြစ်သည်။ ခရစ်တော်သည် ပြောသည့်အတိုင်းမဟုတ်ဟု ထောက်ပြပြောဆိုရန်အတွက် ပြိုင်ဘက်က သူ၏ ဘာသာရေးယုံကြည်ချက် အမြင်ဘက်မှ မှန်ကန်ကိုက်ညီကြောင်း သက်သေပြ ရပါလိမ့်မည်။ ခရစ်တော်၏ အနှိုင်းမဲ့တော်မူချက်ကို| အတည်ပြုခြင်းသည် မာနထောင်လွှားခြင်း မဟုတ်ပါ။ အဆိုပါ နည်းလမ်းသည်၎င်း၏ ကိုယ်ပိုင်ခံယူချက်စည်းမျဉ်းများကို ဆုံးဖြတ်တတ်သည့် ယဉ်ကျေးမှု၏မောက်မာမှုကို တားဆီးရန် အကောင်းဆုံးကိရိယာ ဖြစ်သည်။

ယေရှုက “ငါသည် သမ္မာတရား ဖြစ်၏” ဟု မိန့်တော်မူသည်။ သမ္မာတရားသည် ပြောင်းလဲခြင်း မရှိပေ။ အခြေအနေပေါ် ပြောင်းလဲခြင်း မရှိ။ ယနေ့ခေတ်အတွေးခေါ်ပညာရှင် အချို့က သမ္မာတရားသည် နေရာဒေသအလိုက် ပြောင်းလဲမှုရှိသည်ဟု ဆိုကြသည်။ အကယ်၍ သမ္မာတရားသည် အခြေအနေ လိုက်ဖြစ်သည်| ဟုဆိုလျှင် “သမ္မာတရားသည် အခြေအနေလိုက် ဖြစ်သည်” ဟူသည့် အချက်သည်ပင် အခြေနေအလိုက်ဖြစ်ကာ မိမိကိုယ်ကို ဆန့်ကျင်နေသည်။

ယေရှုခရစ်တော်က သူသည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲသောသူဖြစ်သည့်အတွက်ကြောင့် (ဟေဗြဲ ၁၃:၈)၊ သမ္မာတရားသည်လည်း ကိုယ်တော် သည်မပြောင်းလဲသကဲ့သို့ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ သမ္မာ တရားသည်မပြောင်းလဲသည့်အတွက်ကြောင့် လူသားတို့၏ ကျင့်ဝတ်အတွက် ဘုရားသခင်သတ်မှတ်ထားသော စံနှုန်းသည်လည်း ပြောင်းလဲသွားမည် မဟုတ်ပေ။ အစဉ်တည်သောကျင့်ဝတ်ဟူ၍ ရှိပါသည်။ ၎င်းင်းတို့သည် လုံးဝ မပြောင်းလဲ ကြပေ။ ၎င်းတို့ကိုလူသားတို့သည် လျစ်လျူရှုနိုင်ပါသော်လည်း ၎င်းတို့၏ ကိုယ်ပိုင် ပျက်ဆီးမှုနှင့်အတူ

ရင်ဆိုင်သွားကြရပါလိမ့်မည်။

ယေရှုက သူသည် သမ္မာတရား ဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။ သမ္မာတရားနှင့်ပတ်သက်၍ ရှုထောင့်အမြင်တစ်ခု စဉ်းစားစရာ ရှိပါသည်။ ယေရှုသည် သမ္မာတရားဖြစ်သည်ဆိုလျှင် ကျွန်ုပ်တို့သည် ကိုယ်ပိုင် သမ္မာတရားကို တီထွင်၍ မရနိုင်။ကျွန်ုပ်တို့၏ တွေးခေါ်မှု၊ စံနှုန်းများ၊ ခံယူချက်များ နှင့် သုံးသပ်ချက်များသည်အစဉ်တိုင်း ပြောင်းလဲနေပါသည်။ ပြောင်းလဲနေသော လူသားတစ်ဦး အနေနှင့်ပြောင်းလဲနေသော သူ၏နှလုံးသားထဲတွင် မပြောင်းလဲသော သမ္မာတရားကို ရှာဖွေ၍မရနိုင်ပေ။ ပြောင်းလဲနေသော လူသားတစ်ဦး မပြောင်းလဲသော သမ္မာ တရားကိုရှာဖွေရန်အတွက် မပြောင်းလဲသော ယေရှုခရစ်တော် ဘုရားထံတော်ပါး၌ ရှာဖွေရပါလိမ့်မည်။

နောက်ဆုံး နှုတ်ဆက်သည့်အနေဖြင့် ပြောခဲ့သည့် အကြောင်းအရာတွင် ထူးခြားချက်များစွာ တွေ့မြင်ရပါသည် –

က။ အခြားသော ဘာသာရေး ခေါင်းဆောင်များက ၎င်းတို့၏ နောက်လိုက်တပည့်များကို သူတို့သေလွန်ပြီးသည့်နောက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် နည်းလမ်းများ ရှာဖွေကြရန် မှာထားတတ်ကြသော်လည်း ယေရှုမှာ ခမည်းတော်ဘုရားနှင့်အတူရှိရန် ကောင်းကင်သို့ သွားစဉ်ခဏအတွင်း ကျွန်ုပ်တို့နှင့်အတူအမြဲရှိနေပေးမည့် တိုင်ပင်ဖက်၊ သမ္မာတရား၏ ဝိညာဉ်တော်ကို စေလွတ်ပေးခဲ့သည်။ ဝိညာဉ်တော် ဆင်းကြွလာခြင်းသည် ပင်တေကုတ္တေ ပွဲနေ့တွင်ပြည့်စုံခဲ့သည် (တမန် ၂)။

ခ။သန့်ရှင်းသော ဝိညာဉ်တော်သည် တန်ခိုးသက်သက်မဟုတ်၊ ယေရှုသင်ကြားပို့ချခဲ့သမျှကို ပြန်လည်၍ အမှတ်ရရှိစေရန် ကူညီပေးနိုင်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည် (ယောဟန် ၁၅:၂၆)၊ အပြစ်ကို ဖော်ပြပြီး ဖြောင့်မတ်ခြင်းနှင့်တရားစီရင်ခြင်းတို့ကို ဖော်ပြတော်မူကဲ့သို့ (ယောဟန် ၁၆:၈) ယုံကြည်သူများကို သမ္မာတရားလမ်းသို့ သွေးဆောင်လမ်းပြတော်မူပြီး ယေရှုရှင်၏ဘုန်းတော်ကို ထင်ရှားစေသော သူ ဖြစ်သည် (ယောဟန် ၁၆:၁၃-၁၄)။

ဂ။ သူပြန်လာမည့် အကြောင်းကိုလည်း ယေရှု ကတိပေးထားခဲ့သည်။ (ယောဟန် ၁၄:၂၈)

သို့သော် လောကကြီးက ကိုယ်တော်၏ နောက် လိုက် များကို မုန်းတီးကြသည်။

ယေရှုက သူတို့၏ တပည့်တော်များကို သူ၌တည်နေရန် နှင့် တစ်ဦးကိုတစ်ဦးမေတ္တာထားရန် တိုက်တွန်းခဲ့သည် (ယော ၁၅:၁-၁၆:၄)။ ထိုကဲ့သို့ ပေါင်းစည်း

မေတ္တာထားခြင်းကသာလျှင် ညှင်းပန်းနှိပ်စက်ခြင်းကို ခံနိုင်စွမ်းအားပေးကာ၊ဘုရားသခင်ထံမှ ကွယ်ကာမှုကို ရရှိမည်ဖြစ်သည် (ယော ၁၆၊ ၁၇)။ ထိုအရာသည် အခက်အခဲများကြားတွင် သူတို့အတွက် စွမ်းအားအရင်းတည်ရာ ဖြစ်ပါသည်။

ယောဟန် ၁၇ တွင် တွေ့ရသော ယေရှုရှင်၏ ကိုယ်စားပြု ဆုတောင်းပေးပေးရာတွင် –

က။ သူ၏နာမတော် ဘုန်းထင်ရှားစေရန် (၁၇:၁-၅)

ခ။ သူ၏ နောက်လိုက်များအား ကွယ်ကာပေးရန် (၁၇:၆-၁၆)

ဂ။ သမ္မာတရားအားဖြင့် သန့်ရှင်းစေရန် (၁၇:၁၇-၁)

ဃ။ သူ့အား ယုံကြည်သူများ စည်းလုံးစေရန် (၁၇:၂၀-၂၆)

အနှိုင်းမဲ့သော ခရစ်တော်

ခရစ်တော်၏ “ဖြစ်တည်ခြင်း” နှင့်ဆက်ဆိုင်သော ပြောဆိုချက်များ

မဿဲ ၂၈:၂၀ …“ငါသည် လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူအစဉ်မပြတ် ရှိသည်”

မာကု ၁၄:၆၁-၆၂ – တဖန်ယဇ်ပုရောဟိတ်မင်းက၊ “သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလော” ဟု မေးပြန်လျှင်၊ယေရှုက၊ “မှန်၏”။

ယောဟန် ၆:၃၅ – ငါသည် အသက်မုန့်ဖြစ်၏။

ယောဟန် ၈:၁၂ – ငါသည် ဤလောက၏ အလင်းဖြစ်၏။

ယောဟန် ၁၀:၇ – ငါသည် သိုးဝင်သော တံခါးဝ ဖြစ်၏။

ယောဟန် ၁၁:၂၅ – ငါသည် ထမြောက်ခြင်းအ ကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။

ယောဟန် ၁၄:၆ – ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်းဖြစ်၏။

ယောဟန် ၁၅:၁ – ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။

ယောဟန် ၈:၂၃ – ငါမူကား အထက်သားဖြစ်ကြ၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။

ယောဟန် ၁၀:၃၆ – ငါသည် ဘုရားသခင်၏ သားတော်ဖြစ်သည်။

ယောဟန် ၁၄:၁၀ – ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်။

ယောဟန် ၁၄:၁၁ – ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်။

ယောဟန် ၁၄:၂၀ – ငါသည် ခမည်းတော်၌ရှိသည်ကို၎င်း၊ သင်တို့သည်ငါ၌ ရှိသည်ကို၎င်း။ ငါသည် သင်တို့၌ရှိသည်ကို၎င်း၊ ..

ယောဟန် ၁၈:၃၇ – ယေရှုက၊ မင်းကြီး မေးသည်အတိုင်း “ငါသည် ရှင်ဘုရင်မှန်၏။”

ယေရှုက “အာဗြဟံ မမွေးခင်ကတည်းက ငါ ဖြစ်၏” ဟု ပြောခဲ့သည်။ ဤသည်မှာသူ၏ဘုရားဖြစ်ခြင်းအား အတိအကျ ကြွေးကြော်ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် တစ်ပါးတည်းသာ ထာဝရ ဖြစ်သည်။

၁။ ဂေသရှေမန်တွင် ယေရှု၏ ဝမ်းနည်းပူဆွေးခြင်းဝေဒနာ (မဿဲ ၂၆:၃၀၊ ၃၆-၄၆၊မာကု ၁၄:၂၆၊ ၃၂-၄၂၊ လုကာ ၂၂:၃၉-၄၆၊ ယောဟန် ၁၈:၁၊ ၄)။ယေရှု နှင့် သူ၏ တပည့်တော်တို့သည် အိမ်အထက်ခန်းမှ ထွက်ခွါကာ ဂေသရှေမန်အရပ်သို့ သွားခဲ့ကြသည်။ ယေရှုက ပေတရု၊ ယာကုပ် နှင့် ယောဟန်တို့ကို သီးသန့်တစ်နေရာသို့ ခေါ်သွားခဲ့သည်။ တလောကလုံး၏ အပြစ်ကိုသယ်ဆောင်၍ အသေခံရမည့် အခြေအနေကြောင့် ကိုယ်တော်သည် ပူပန်နေခဲ့သည်။

“သန့်ရှင်းတော်မူ၍ အပြစ်ကို နည်းနည်းလေးမျှ မကျူးလွန်ဖူးသည့်ယေရှုရှင်၏ အပြစ်အတွက် ကိုယ်စားပြု အသေခံရမည့် အခြေအနေပေါ် မည်မျှလောက်ခံစားနေရမည်ကို အပြစ်ရှိသော လူတစ်ယောက်အနေနှင့် နည်းနည်းလေးမှ နားလည်နိုင်မည် မဟုတ်ပေ။”66

လောကသားတို့၏ အပြစ်အားလုံးသည်လက်ဝါး ကပ်တိုင်၌ ယေရှုအပေါ် သွန်းလောင်းခါနီး အချိန်ဖြစ်သည်။ နာကျင်ခံစားမှုများသည် လူသား တစ်ယောက်၏နားလည်နိုင်စွမ်း၏ အလွန်တွင် ရှိပေသည်။ သခင်ယေရှုသည် အသေခံခြင်း၏နာကျင်မည့် ပြင်းထန်လှသော ဝေဒနာကို သိနှင့်တော်မူသည့်အတွက် အမျက်တော်ခွက်ကို ဖယ်ရှားရန် ဖြစ်နိုင်ပါက ဖယ်ရှားပေးရန် ခမည်းတော်ထံ တောင်းလျှောက်ခဲ့သည်။ သို့သော်လည်း ဘုရားသခင်၏ ရည်ရွယ်တော်မူသည့် အတိုင်းပြီးမြောက်စေရန်အတွက် ဘုရားသခင်၏ အလိုတော်အတိုင်း ဝန်ခံခဲ့သည်။ကိုယ်တော်သည် လောကသားတို့ကို ရွေးနှုတ်ကယ်တင်ရန် ဆင်းကြွလာခြင်းဖြစ်သည့် အတွက်ကြောင့် ထိုအရာကို မည်သည့်နည်းနှင့်မျှ ရှောင်လွဲသွားမည်မဟုတ်ပေ။

ယေရှု ဆုတောင်းနေစဉ်တွင် သူ၏ တပည့်တော်များ အိပ်စက်နေခဲ့ကြသည်။ဆန့်ကျင်ဘက် ဖြစ်သည်။ သို့သော်လည်း သူတို့အား စုံစမ်းနှောက်ယှက်ခြင်းမှကင်းလွတ်ရန် ဆုတောင်းကြပါဟု ယေရှု တိုက်တွန်း ခဲ့သည်။ အိပ်နေကြသည်ကိုနောက်ထပ်တစ်ကြိမ် မြင်သောအခါ ယေရှုသည် သူတို့ကို ချန်ထားပြီး တတိယအကြိမ် ဆုတောင်းရန်အတွက် ထွက်သွားခဲ့ ပြန်သည်။

လူသားကို အပ်နှံရသည့် အချိန်သည်လည်း ရောက်ရှိလာခဲ့ပြီ။ သူ၏ တပည့်တော်များကို ခေါ်ကာ သစ္စာဖောက်သောသူကို တွေ့ရန်အတွက် ထွက်လာ ခဲ့ကြသည်။သစ္စာဖောက်သောသူကို လွဲရှောင် နေမည့်အစား ရင်ဆိုင်ရန် ယေရှု ထွက်လာခဲ့သည်။

၂။ ယုဒက ယေရှုကို သစ္စာဖောက်ခဲ့သည်။ ပေတရုသည် မာလခု၏ နားကို ဓား ဖြင့်ဖြတ်ခဲ့သည်။ ယေရှုက ထိုနားကို အကောင်းပကတိ ပြန်ဖြစ်စေခဲ့သည်။ (မဿဲ၂၆:၄၇-၅၆၊ မာကု ၁၄:၄၃-၅၂၊ လုကာ ၂၂:၄၇-၅၃၊ ယောဟန် ၁၈:၂-၁၂)

ယုဒက ယေရှုကို အနမ်းတစ်ပွင့်ဖြင့် သစ္စာဖောက်ခဲ့သည်။ မိတ်ဆွေ ဖြစ်သည့်သဘောအား ပုံဖော်ပေးသည့် အရာက သစ္စာဖောက်ခြင်း၏ လက္ခဏာ ဖြစ်လာခဲ့သည်။ စစ်သားများသည်လည်း ယေရှုကို ဝိုင်းထားကြသည်။ သို့သော် ကျမ်းစာပြည့်စုံရန်အတွက် ယေရှုသည် မည်သည့် တွန်းလှန်တိုက်ခိုက်မှု မျှ မပြုခဲ့ပေ။သို့သော် ပေတရုက လောကနည်းလမ်းကို အသုံးပြုကာ ယေရှုကို ကာကွယ်ဖို့ကြိုးစားခဲ့သည်။ ပေတရုသည် မာလခု၏ နားကို ဓားဖြင့် ဖြတ်ခဲ့သည်။ ထိုကဲ့သို့ပြုခဲ့သော ပေတရုကို ယေရှု ဆုံးမခဲ့သည်။ ထိုကဲ့သို့သော အပြုအမူမျိုးကိုလုံးဝ မလိုအပ်ပေ။ လိုအပ်ပါက ကိုယ်တော်၌ အမိန့်နာခံရန် အသင့်ရှိနေသောကောင်းကင်တမန် ထောင်ပေါင်းများစွာ ရှိပါသည်။ ကောင်းကင်တမန်များအပေါ် သူ၏အစိုးရခြင်းကို ဖော်ပြခဲ့သည်။ ကောင်းကင်တမန်များကို အမိန့်ပေးနိုင်သော်လည်းပဲ ပရောဖက် ပြုခြင်းများ နှင့် ခမည်းတော်ဘုရား၏ အလိုတော်ပြည့်စုံပါမည်အကြောင်း ဆင့်ဆိုခြင်း မပြုခဲ့ပေ။ နေ့အချိန်တွင် ဖမ်းဆီးနိုင်ပါသော်လည်း ညအချိန်မှလာရောက် ဖမ်းဆီးကြသည့် သူများကို ယေရှု အပြစ်တင်ခဲ့သည်။ အဖမ်းခံရသည့် အချိန်မှာပင်လျှင် ယေရှုသည် သူ၏တပည့်တော်များ ၊ကောင်းကင်တမန်တော်များ နှင့် သူ၏ ရန်သူများအပေါ် အစိုးရဆဲပင် ဖြစ်သည်။

၃။ အနူမင်းထံသို့ ညအချိန်တွင် ယေရှုကို ဖမ်းဆီးသွားကြသည် (ယောဟန် ၁၈: ၁၂-၁၄၊ ၁၉-၂၃)။

ယောဟန် တစ်ဦးတည်းကသာလျှင် အနူ (တရားမဝင်သော ယဇ်ပရောဟိတ်)ရှေ့တော်မှောက်တွင် ယေရှုရှင် ပထမဦးဆုံး အစစ်ဆေးခံရသည့်အကြောင်းအားရေးသားတင်ပြထားသည်။ စစ်သားများက ယေရှုကို အနူမင်း၏ အိမ်တော်သို့ခေါ်ဆောင်သွားကြပြီး သူ၏ တပည့်တော်များ နှင့် သင်ကြားချက် များအပေါ်စစ် ဆေးမေးမြန်းခြင်း ခံခဲ့ရသည်။ လျှို့ဝှက်ထားခြင်းမျိုး မရှိဘဲ ပွင့်လင်းစွာ သင်ကြားပေးခဲ့သည်ဟု ယေရှု ပြောကြားခဲ့သည်။ မည်သည့်အခါမျှ လျှို့ဝှက်ခဲ့ခြင်း မရှိပေ။ အာဏာရှင်တစ်ဦးက သူ့ကို ရိုက်နှက်ပြီးသည့်တိုင်အောင် ယေရှုသည် အနူမင်းကို လေးစားမှု ပြသခဲ့သည်။ အနူမင်းက ယေရှုကို စွဲချက်တင်ရန်မည်သည့် ပြစ်မှုမှ ရှာမတွေ့ ခဲ့သဖြင့် ကယာဖမင်းထံသို့ ပို့ ဆောင်ခဲ့သည်။

၄။ ကယာဖမင်းရှေ့တော်၌ ယေရှုအား စစ်ဆေးခြင်း (မဿဲ ၂၆:၅၇၊ ၅၉-၆၈၊ မာကု၁၄:၅၃၊ ၅၅-၆၅၊ လုကာ ၂၂:၅၄၊ ၆၃-၆၅၊ ယော ၁၈:၂၄)

ကယာဖမင်းသည် တရားဝင် ယဇ်ပရောဟိတ်မင်း ဖြစ်သည်။ ယဇ်ပရောဟိတ်မင်းကြီးများ နှင့် ယုဒလူခေါင်းဆောင်များသည် ယေရှုနှင့်ပတ်သက်၍ ပြစ်ချက်များကို ရှာဖွေနေကြသည်။ မှားယွင်းစွာ စွပ်စွဲကြသည့်အခါ ယေရှု တိတ်ဆိတ်စွာနေခဲ့သည်။ သူသည် အသတ်ခံရမည့် သိုးသူငယ်ကဲ့သို့ တိတ်ဆိတ်စွာနေခဲ့သည်(ဟေရှာ ၅၃:၇)။

ကိုယ်တော်သည် ဘုရားသား ဟုတ်မဟုတ် ယဇ်ပရောဟိတ်မင်းက ယေရှုကိုမေးခဲ့သည်။ ယေရှုက ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည့်အပြင် အနာဂတ်၌ပြန်လည်ကြွလာအုံးမည်။ သို့သော် ၎င်းတို့ ထင်မှတ်ထားသည့် နိုင်ငံရေး မေရှိယမဟုတ်ကြောင်း ဆာလံ ၁၁၀:၁ နှင့် ဒံယေလ ၇:၁၃ အရ ဆက်လက် ရှင်းပြခဲ့သည်။ ဒုတိယအကြိမ်မြောက် ပြန်လည်ကြွလာမည့် အကြောင်းကို ဖော်ပြခြင်းက သူ၏အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ကြိုတင်ပြောပြနေသကဲ့သို့ ဖြစ် သည်။ယဇ်ပရောဟိတ်မင်း ကြီးသည် ယေရှု၏ မေရှိယဖြစ်ကြောင်း ပြောဆိုချက်ကိုနားလည်သော ကြောင့် သူ၏ဝတ်လုံကို စုတ်ဖြဲကာ ဘုရားသခင်အား ပြစ်မှားပြီဟုသာ နားလည်ခဲ့သည်။ ယေရှု၏ ပြောဆိုမှုကို ဂရုမစိုက်ဘဲ ကိုယ်တော် ကိုစွပ်စွဲသူများက ကိုယ်တော်ကို တံတွေးထွေး၊ ရိုက်ပုတ်ကာ၊မျက် စိ ကို အုပ်ကာအရူးလုပ်ခဲ့ကြသည်။

၅။ ပေတရု၏ ငြင်းပယ်ခြင်း (မဿဲ ၂၆:၅၈၊ ၆၈-၇၅၊ မာကု ၁၄:၅၄၊ ၆၆-၇၂၊ လုကာ၂၂:၅၄-၆၂၊ ယော ၁၈:၁၅-၁၈၊ ၂၅-၂၇)ပေတရုက ယေရှုကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သည်။ နောက်ဆုံးအကြိမ် တွင်ကျိန်ဆိုသည်အထိ ဖြစ်လာခဲ့သည် –

ပေတရု၏ သုံးကြိမ်တိုင်အောင် ငြင်းဆိုခဲ့ခြင်းက ယေရှု စစ်ဆေးခြင်းခံစဉ်တွင်သူသည် မေရှိယဖြစ်ကြောင်း သုံးကြိမ်တိုင် အတည်ပြုခြင်းနှင့် တိုက်ရိုက် ဆန့်ကျင်ဘက် ပြုနေသည် –

၁။ ဂျူးတရားခုံရုံးရှေ့တွင် စစ်ဆေးခံရခြင်း (၃ ကြိမ်မြောက် စစ်ဆေးခြင်း – မ၂၇:၁၊ မာကု ၁၅:၁၊ လုကာ ၂၂:၆၆-၇၁)

ဂျူးတရားခုံရုံးရှေ့တွင် စစ်ဆေးခြင်းသည် အနှုတ်မင်း နှင့် ကယာဖတို့၏ကိုယ်တော်အား ခရစ်တော် ဟုတ်မဟုတ် စစ်ဆေးပြီး … နောက်မနက်ဖြန်အစောပိုင်းတွင် ဖြစ်သည်။ ယဇ်ပရောဟိတ်မင်းကြီးတို့က ယေရှုကို ခရစ်တော်ဟုတ်ပါသလားဟု စစ်မေးခဲ့ကြသည်။ သူတို့သည် မယုံကြည်ကြသည့်အတွက်အဖြေပေးလျှင်လည်း မည်သည့်အရာမျှ ထူးမည်မဟုတ်ဟု ယေရှုက ပြန်လည်တုန့်ပြန်ခဲ့သည်။ သို့သော်လည်း သူသည် လူသား ဖြစ်သကဲ့သို့ ဘုရား သခင်၏သားတော်ဖြစ်ကြောင်းကိုလည်း ယေရှု ကြွေးကြော်ခဲ့သည်။ “လူသား” ဟူသည့်နာမသည် လောကသို့ ဆင်းကြွကာ အုပ်စိုးမည့် မေရှိယကို ရည်ညွှန်းရာတွင်ဒံယေလက အသုံးပြုထားပါသည် (ဒံယေ၊ ၇:၁၃-၁၄)။ ယဇ်ပရောဟိတ်မင်းများကကိုယ်တော်  ၏ ဘုရားဖြစ်ခြင်းနှင့် ပတ်သက်သည့် ကြွေးကြော်မှု ကိုကောင်းစွာနားလည်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို အကြောင်းပြု၍ သူတို့သည် ကိုယ်တော်ကို သေမိန့်ပေးခဲ့ကြသည် မဟုတ်ပါလား။

၂။ ယုဒ သေဆုံးခြင်း (မဿဲ ၂၇:၃-၁၀)

ယေရှုကို .. သစ္စာဖောက်ပြီးသည့်နောက်တွင် ယုဒသည် ပူဆွေးသောက ရောက်ခဲ့သည်။ အပြစ်ကင်းသောသူကို သစ္စာဖောက်ခဲ့ပြီး ဘာသာရေးခေါင်း ဆောင် များထံအပ်နှံခဲ့သည်။ အပြစ်က သူ့ကို လွမ်းမိုးဝါးမြိုသောအခါ ဗိမ္မာန်တော်ထဲ၌ ငွေအသပြာ

၃၀ ကို စွန့်ပစ်ကာ ထွက်ပြေးသွားခဲ့သည်။ ဤနေရာတွင် ဝမ်းနည်းစရာ ကောင်းသော ဝိရောဓိတစ်ခုမှာ ယဇ်ပရောဟိတ်တို့သည် အသပြာအား မည်သို့ အသုံးပြုရမည်ကို အလွန် သတိထားကြသော်လည်းဘဲ ခရစ်တော်၏ သွန်သင်ပြောဆိုချက်များကိုမူ ဂရုတစိုက် ဆင်ခြင်ခြင်း မရှိခဲ့ကြပေ။

၃။ ပိလတ်ရှေ့မှောက်တွင် စစ်ဆေးခံ ရသော ယေရှု (၄ ကြိမ်မြောက် – မဿဲ ၂၇: ၂၊၁၁-၁၄၊ မာကု ၁၅:၂-၅၊ လုကာ ၂၃:၁-၅၊ ယောဟန် ၁၈:၂၈-၃၈)

ယေရှုက သူသည် မေရှိယဖြစ်ကြောင်း ပိလတ်မင်းအား အတည်ပြုပေးခဲ့သော်လည်းစွပ်စွဲ ချက်များအပေါ်တွင်မူ တိတ်ဆိတ်နေခဲ့သည်။ ရှင်လုကာ တစ်ဦး တည်းကသာပိလတ်မင်းက ဟေရုဒ်မင်းထံသို့ ယေရှုအား ပြန်ပို့သည်ကို ဖော်ပြ ထားပါသည်(လုကာ ၂၃း၆-၁၂)။ ဟေရုဒ်က ယေရှုကို ပိလတ်မင်း ထံသို့ ပြန်ပို့ခဲ့သည်။

၄။ ပိလတ်မင်းက ယေရှုကို ဟေရုဒ်မင်းထံ ပို့ခဲ့သည် (၅ ကြိမ်မြောက် စစ်ဆေးခြင်း -လုကာ ၂၃:၆-၁၂)

ယေရှုကို တွေ့မြင်ရသည့်အတွက် ဟေရုဒ်မင်း အလွန်ကျေနပ်ခဲ့သည်။ သို့သော်လည်း မေးသမျှမေးခွန်းများ ကို ပြန်လည် ဖြေကြားခြင်းမရှိခဲ့သဖြင့် ယေရှုကိုလှောင်ပြောင်ကဲ့ရဲ့ကြသည်။ ယေရှုကို နီရဲသော ဝတ်လုံအား ဝတ်ဆင်စေကာပိလတ် မင်းထံသို့ ပြန်ပို့ခဲ့ကြသည်။ ဟေရုဒ်မင်းက ယေရှု၌ သေထိုက်သော ပြစ်မှုကိုရှာ မတွေ့ခဲ့ပေ (လုကာ ၂၃:၁၅)။ ယေရှုသည် အပြစ်ကင်းသောသူ ဖြစ်သည်။

၅။ ပိလတ်မင်းရှေ့တွင် စစ်ဆေးခံရခြင်း (၆ ကြိမ်မြောက် စစ်ဆေးခြင်း – မဿဲ၁၅-၂၆၊ မာကု ၁၅:၆-၁၅၊ လုကာ ၂၃:၁၃-၂၅၊ ယောဟန် ၁၈:၃၉-၁၉:၁၊ ၄-၁၆)ပိလတ်၊ ဟေရုဒ် နှင့် ပိလတ် ဇနီးသည်တို့သည် ယေရှု၏ အပြစ်ကင်းခြင်းအပေါ်ထောက်ပြချက်များ ရှိနေပါလျှက်နှင့် ယေရှုကို သတ်ဖို့ရန် ဆက်တိုက် တောင်းဆိုခဲ့ကြသည်။ ဒုစရိုက်သမား ဗာရဗ္ဗကို လွှတ်ကာ ယေရှုကို သတ်ရန် တောင်းဆိုခဲ့ကြသည်။ ပိလတ်မင်းက သူတို့ကို ဆုံးဖြတ်ခွင့် ပေးခဲ့သည်။ သူတို့သည် လူများကို သတ်ဖြတ်၊ ခိုးယူလုယက်မှုများ ကျူးလွန်သော ဒုစရိုက်သမားကို လွှတ်ကာအပြစ်ကင်းသော၊ ဒုစရိုက်ကို မကျူးလွန်ခဲ့ဖူး သောသူကိုမှ ကားစင်တင်သတ်ရန်ရွေးချယ်ခဲ့ကြသည်။ ဗာရဗ္ဗအတွက် ယေရှုသည် အစားထိုးခံသောသူ ဖြစ်ခဲ့သည်။ယေရှုသည် သူ့အပြစ်အတွက် ပေးဆပ်ခံသောကြောင့် သူသည် လွတ်မြောက်ခွင့်ရှိသည်။ ရောမ အာဏာပိုင်များက ယေရှုကို လွှတ်ပေးချင်သော်လည်း ယုဒအာဏာပိုင်များက ယေရှုကို အသေသတ် ချင်ခဲ့ကြသည်။ ပိလတ်မင်းက ယေရှု၏အသွေးနှင့် ပတ်သက်၍ အပြစ်ကင်းကြောင်းကို ပြရန်အတွက် သူ၏လက်ကိုဆေးကာ ကိုယ်တော်ကို ကားစင် တင်သတ်ရန် ခွင့်ပြုခဲ့သည်။

၆။ ရောမစစ်သားများ၏ လှောင်ပြောင်ခြင်းကို ယေရှုခံခဲ့ရသည် (မဿဲ ၂၇:၂၇-၃၀၊မာကု ၁၅:၁၆-၁၉၊ ယောဟန် ၁၉:၂-၃)

စစ်သားတစ်စုက ယေရှုကို ဖမ်းဆီးခေါ်ဆောင်သွားကာ ရိုက်နှက်ခဲ့ကြပြီး နီရဲသောဝတ်လုံကို ဝတ်ဆင်စေကာ ဆူးရစ်သရဖူကို ဆောင်းစေခဲ့ကြသည်။ ဥပဒေနှင့် စည်းမျဉ်းများကို စောင့်ထိန်းရမည့် စစ်သားပေါင်း ၆ဝဝ လောက်က ယေရှုကိုဖိနှိပ်ညှင်းဆဲခဲ့ကြသည်။ လူမဆန်သော လုပ်ရပ်များကို ယေရှု ခံစားခဲ့ရသည်။ လှောင်ပြောင်ကဲ့ရဲ့မှုသည် အလွန် ဆိုးရွားခဲ့ပါသော်လည်း နီရဲသော ဝတ်လုံ နှင့်သရဖူ ( ဆူးဖြင့်လုပ်ထားသော) တို့က ကိုယ်တော်၏ ရှင်ဘုရင် ဖြစ်ခြင်းကိုဝိရောဓိ ဖော်ပြပေးနေပါသည်။

၇။ ယေရှုလက်ဝါးကပ်တိုင် ထမ်းသွားခြင်း (မဿဲ ၂၇:၃၁-၃၄၊ မာကု ၁၅:၂၀-၂၃၊လုကာ ၂၃:၂၆-၃၂၊ ယောဟန် ၁၉:၁၆၊ ၁၇)ကရာနီတောင်ဆီသို့ သွားသော လမ်းတလျှောက် လူမဆန်စွာ ပြုခြင်း၊ လှောင်

ပြောင်ခြင်း၊ ကဲ့ရဲ့ခြင်း နှင့် ငြင်းပယ်ခြင်းတို့ကို ယေရှု ရင်ဆိုင်ခဲ့ရသည်။ ပထမဦးစွာ ယေရှုကို ကားစင်တင်သတ်မည့် မြို့ပြင်သို့ ခေါ်ထုတ်ခဲ့ကြသည်။ ရှိမုန်အမည်ရှိသော ကုရေနေပြည်သား တယောက်က လက်ဝါးကပ်တိုင်ကို ကိုယ်စားဝင်ထမ်းစဉ်မျှလောက်သာ ခဏတာ သက်သာခွင့် ရခဲ့သည်။” ဒုတိယ အနေနှင့်စစ်သားများက ယေရှုကို မည်သို့မျှ သောက်သုံး၍မရနိုင်သော ပုံးရည်(ဝိုင်ချဉ်)ကိုပေးခဲ့ကြသည်။ ထိုအဖြစ်အပျက်သည် သူတို့အတွက် သာမာန် ပြုသောအရာဟုထင်ခဲ့ကြမည်ဖြစ်သော်လည်း ဆာလံ ၆၉:၂၀-၂၁ တွင် တွေ့ရသည့် ပရောဖက်ပြည့်စုံရန်အကြောင်း ဖြစ်လာခဲ့သည်။

၈။ကားစင်တင်သတ်ခြင်း (မဿဲ ၂၇:၃၅-၆၁၊ မာကု ၁၅:၂၄-၄၇၊ လုကာ ၂၃:၃၃-၅၆၊ ယော ၁၉:၁၈-၄၂)

ယေရှု၏ လက်နှင့်ခြေတို့ကို သံမှိုဖြင့် ရိုက်ရမည့် နေရာသို့ ရောက်လာကြသည်။သံမှိုရိုက်လိုက်သည်မှ ထွက်လာသော အသံများက ကိုယ်တော်၏ မိခင်နားတွင်အလွန်ခံရခက်ပါလိမ့်မည်။ မိမိ၏ သားခံစားနေရသည်ကို ကြည့်နေနိုင်မည့် မိခင်ဘယ်သူ ရှိမည်နည်း။ လက်တော် နှင့် ခြေတော်တို့တွင် ဆူးနစ်ဝင်သွားသည့် သံမှိုများက သူ့အပေါ် နှလုံးသားခိုင်မာနေသည့် လူမျိုးတော်အတွက် ဖြစ်သည်။ ကိုယ်တော်သည် တလောကလုံး၏ အပြစ်ကို သယ်ဆောင်ကာ၊ ဘုရားသခင်၏ အမျက်တော်သယ်ရင်း … ဘုရားသခင်၏ ကျိန်ခြင်းအောက် အသေခံတော့မည့် ဆဲဆဲဖြစ်သည် (တရားဟော ၂၁:၂၃)။ သို့သော် ဤသည်မှာ ဘုရားသခင် နှင့် လူသားအကြား စည်းခြားနေသည့် အရာကို ပြန်လည် ဆက်သွယ်နိုင်ရန် အပြစ်အားဒဏ်ပေးရသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ကယ်တင်ရှင်၏ ငိုကြွေးသံ၊မျက်ရည်များနှင့် လက်တော်မှသွေးများက သူ့ကိုကားတိုင်တင်ရန်ဆုံးဖြတ် ချက်ကိုမတားဆီး နိုင်ခဲ့ပါ။

ယေရှု၏ တစ်ခုတည်းသော ပိုင်ဆိုင်မှုဖြစ်သည့် အဝတ်ကို စစ်သားများ ခွဲဝေခဲ့ကြသည်။ လောကကြီးကို ပိုင်သသောသခင်သည် အဝတ်အချည်း စည်းနှင့် ဖြစ်ခဲ့သည်။ သူသည် အရာခပ်သိမ်းကို ပိုင်သပါသော်လည်း မည်သည့် အရာမျှ သူ့တွင်မရှိ။ “ဂျူးလူတို့၏ ရှင်ဘုရင်” ဆိုသည့် ဆိုင်းဘုတ်ကလည်း သူ၏ ခေါင်းပေါ်တစ်နေရာတွင် ကဲ့ရဲ့သည့်အနေဖြင့် ချိတ်ဆွဲထား ကြပြန်သည်။အကယ်စင်စစ်

ထိုအရာသည် ယေရှု၏ ရှင်ဘုရင်ဖြစ်ခြင်း အမှန်ကို ထင်ရှားစေခဲ့ပေသည် မဟုတ်ပါလား။

ခရစ်တော်၏ လက်ဝါးကပ်တိုင်မှ ဘုရားသခင်၏ ကျေးဇူးတော် နှင့် ခွင့်လွတ်တော်မူခြင်းတို့သည် စီးဆင်းလာခဲ့သည်။ ယေရှုက “အို အဖ၊ သူတို့ပြုနေကြသောအရာကို မသိသည့်အတွက် သူတို့ကို ခွင့်လွတ်တော်မူပါ” ဟု ဆုတောင်းခဲ့သည်။ ကျေးဇူးတော်က ခွင့်လွတ်ပေးသည်။ ထိုနေရာ၌ ရှိနေကြသောသူတစ်ယောက်မျှ ဘုရားသခင်၏ ကျေးဇူးတော် နှင့် ခွင့်လွတ်ခြင်းကို မခံထိုက်ကြပါ။ ကိုယ်တော်ကို သူတို့ ငြင်းပယ်ခဲ့ကြသည်။ ထိုနေရာ၌ပင် သူတို့ကို ကလဲ့စားချေနိုင်ပါသော်လည်း ထိုသို့ မပြုခဲ့ပေ။ သူတို့အားလုံး အတွက် အသက်ကိုပေးရန် ယေရှု အလိုတော်ရှိခဲ့သည်။လက်ဝါး ကပ်တိုင်မှ သူ၏ အသွေးတော် စီးဆင်းလာသည်နှင့်အညီ ကျေးဇူးတော်သည်လည်း စီးဆင်းလာခဲ့ လေသည် ။ရာဇဝတ်သားနှစ်ဦးသည်လည်း ယေရှု၏ ဘေးနှစ်ဘက်တွင် အသတ်ခံခဲ့ရသည်။ အပြစ်ကင်းစင်တော်မူသော သူသည် အပြစ်ရှိသောသူနှစ်ဦးကြား အသတ်ခံခဲ့ရသည်။ ရာဇဝတ်သားနှစ်ဦးစလုံးကို နောင်တရရန် တူညီသော အခွင့်အရေးများပေးထားခဲ့ပါသော်လည်း တစ်ဦးတည်းကသာ “သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါ” ဟုတောင်းဆိုခဲ့သည်။ ယေရှုကလည်း “ငါ အမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည်

ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်” ဟု ကတိပေးခဲ့သည်။ မည်သည့် ကောင်းမှုကုသိုလ်မှ မပါ ပါ။ ထာဝရစီရင်ခြင်း မှ လွတ်မြောက်ဖို့ရန် ထိုရာဇဝတ်သားသည်မည်သည့်အရာမျှ လုပ်ရန် မလိုအပ်ခဲ့ပေ။ ကုသိုလ်ကောင်းမှုများ လုပ်ဆောင်ရန်အချိန်လည်း မရှိတော့ပေ။ သူအားလည်း လက်ဝါးကပ်တိုင် ပေါ်တွင် ချိတ်ဆွဲထားသည် မဟုတ်ပါလား။ သို့သော် ယေရှုရှင်တစ်ပါးတည်းကိုသာ ယုံကြည် ကိုးစားခဲ့လေသည်။

လက်ဝါးကပ်တိုင်၏ … တိုင်ခြေရင်းတွင် မာရ်နတ်မြွေကြီး၏ တရူးရူးအသံကိုကြားနေရပါလိမ့်မည်။ ဤနေရာသည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို ဖျက်ဆီးရန်အတွက် နတ်ဆိုးမင်း၏ နောက်ဆုံး အခွင့်အရေး ဖြစ်သည်။ “သင်သည်ဘုရားသား မှန်သည် ဆိုလျှင် လက်ဝါးကပ်တိုင်ပေါ်မှ ဆင်းခဲ့ပါ။” အကယ်၍ယေရှုသည် မာရ်နတ်၏ နောက်ဆုံးသော သွေးဆောင်မှုအောက် ကျရှုံးသွားခဲ့မည်ဆိုလျှင် ဘုရားနှင့် ပြန်လည်သင့်မြတ်နိုင်မည့် ကယ်တင်ခြင်းသည် ကျွန်ုပ်တို့အတွက် ဖြစ်လာတော့မည် မဟုတ်ပေ။ ကားတိုင်ပေါ်မှ ဆင်းလာပြီး မိမိ၏ရန်သူများကို နှိမ်နှင်းနိုင်သော တန်ခိုးရှိခဲ့ပါသော်လည်း အသုံးမပြုခဲ့ပေ။ တလောကလုံး၏ အပြစ်အတွက် ကိုယ်တော်သည် အ သေခံရမည်ဖြစ်သည်။ကိုယ်တော်သည် လက်ဝါးကပ်တိုင်ပေါ်တွင် လုံးလုံး ငြင်းပယ်ခံကာ အကူအညီမဲ့ချိတ်ဆွဲထားခြင်း ခံခဲ့ရသည်။ သူ၏ တပည့်တော်များကလည်း သူ့ကို စွန့်ပစ်ခဲ့ကြသည်။ လူအုပ်ကြီးကလည်း လှောင်ပြောင် နေခဲ့ကြသည်။ နာကျင်စရာအကောင်းဆုံးမှာ ခမည်းတော်ဘုရားကိုယ်တိုင် ကိုယ်တော်ကို စွန့်ပစ်ခဲ့သည်။

“အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကိုစွန့် ပစ်တော်မူသနည်း” ဟု အော်ဟစ် ငိုကြွေးခဲ့သည်။ ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်တွင်၆ နာရီကြာ ချိတ်ဆွဲခံခဲ့ရသည်။ မိနစ်တိုင်းက ကိုယ်တော်အတွက် နာကျင်စရာပင် ဖြစ်ပါသည်။ နောက်ဆုံးတွင် ကိုယ်တော် အသက်ထွက်သွားခဲ့ သည်။အမှုပြီးပြီ ဖြစ်သောကြောင့် သူ၏ဝိညာဉ်ကို ခမည်းတော်ဘုရား လက်တော်ထဲသို့ပေးအပ်ခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို အဆုံးတိုင် လုပ်ဆောင်ခဲ့ပြီး“သူ၏ အလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်” (ယောဟန် ၄:၃၄)။

ထိုအချိန်တွင်းမှာပင် ဗိမာန်တော်ရှိ သန့်ရှင်းရာအဆောင် နှင့် အသန့်ရှင်းဆုံးအဆောင်တို့ကို ခြားထားသည့် ကုလားကာသည်လည်း နှစ်ခြမ်းကွဲခဲ့သည်။ ကုလားကာ၏ ထိပ်မှ အောက်ဆုံး ထိကို ဘုရားသခင်က ထပ်ခြမ်းခွဲခဲ့သည်။ အကယ်၍ထိုကုလားကာကို လူက ဖြတ်မည်ဆိုလျှင် အောက်မှထိပ်ဘက်ကို ညှပ်ထုတ်ရမည်ဖြစ်သည်။ လက်ဝါးကပ်တိုင်ပေါ် ယေရှု၏ အသေခံခြင်း အား ဖြင့် ဘုရားသခင် ထံသို့လူသားတိုင်း တိုးဝင်ခွင့်ကို ရရှိခဲ့ပြီ ဖြစ်သည်။ မောရှေ၏ ပဋိညာဉ်တရားသည်အဆုံးသတ်၍ ပဋိညာဉ်သစ်သည် အစပြုခဲ့သည်။

စစ်ဗိုလ်နှင့် အစောင့်စစ်သားများသည် ယေရှု အသေခံသည့်အခါတွင် မြေကြီးလှုပ်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ကြရသဖြင့် ယေရှုသည် ဘုရားသားဖြစ်တော်မူသည်ဟု သိမှတ်ခဲ့ကြသည်။ ကိုယ်တော်၏ အသေခံတော်မူခြင်းသည်သာမန်ကိစ္စမဟုတ်ပေ။ မြေကြီးသည် လှုပ်တော်မူ၍ ကျောက် တောင်များသည်လည်း ကွဲအက်ကုန်သည်။

ယောဟန်မှလွဲ၍ ကျန်တပည့်တော်များအားလုံး ယေရှုကို စွန့်ခွာသွားသည့် အခါတွင် အချို့သော အမျိုးသမီးများသည် နာကျင်စွာခံစားနေရသည့် ယေရှု၏ လက်ဝါးကပ်တိုင်ပေါ်က ဝေဒနာကို အဝေးတစ်နေရာမှ နာကျင်စွာ ကြည့်ရှုခဲ့ကြသည်။သူတို့သည် လက်ဝန်းကပ်တိုင် နှင့် သင်္ချိုင်းဂူကို နောက်ဆုံးမှ ထားခဲ့သူများ ဖြစ်သော်လည်း တ နင်္ဂနွေနေ့တွင် သင်္ချိုင်းဂူသို့ အရင်ဆုံး ရောက်ရှိလာ သူများ ဖြစ်ကြသည်။

ယေရှု နောက်ဆုံးပြောခဲ့သော စကား () ချက်

၁။ “ယေရှုကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကိုလွှတ်တော်မူပါ။ သူတို့သည်ကိုယ်ပြုသောအမှုကို မသိကြ” (လုကာ ၂၃:၃၄)

၂။ “ယနေ့တွင် သင်သည် ငါနှင့်အတူ ပရဒိသုဘုံ၌ရှိလိမ့်မည်” (လုကာ ၂၃:၄၃)

၃။ “အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါ သင်၏အမိကိုကြည့်ပါ” (ယောဟန် ၁၉:၂၆-၂၇)

၄။ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊အဘယ် ကြောင့် အကျွန်ုပ်ကိုစွန့်ပစ်တော်မူသနည်း” (မဿဲ ၂၇:၄၆၊ မာကု ၁၅:၃၄)

၅။ “ရေငတ်သည်” (ယောဟန် ၁၉:၂၈)

၆။ “အမှုပြီးပြီ” (ယောဟန် ၁၉:၃၀)

၇။ “အိုအဘ၊ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ်အပ်ပါ၏”(လုကာ ၂၃:၄၆)

အမျိုးသမီးများက ယေရှုအပေါ် ထားရှိသည့် ၎င်းတို့၏ မေတ္တာကို ပြသခဲ့သည်။သို့သော် ယေရှု၏ လျှို့ဝှက်တပည့်တော် တစ်ဦးဖြစ်သည့် အရိမသဲမြို့သားယောသပ်က ကိုယ်တော်၏ အလောင်းကို သင်္ဂြိုလ်ဖို့ရန်အတွက် တောင်းဆိုခဲ့သည်။ သင်္ချိုင်းဂူရှေ့တွင် ကြီးမားလေးလံသည့် ကျောက်တုံးဖြင့် ပိတ်ထားခဲသည်။ ထိုကျောက်တုံးကိုအတွင်းထဲမှ မည်သူမျှ ဖွင့်နိုင်မည် မဟုတ်ပေ။ သို့သော်ရှင်ပြန်ထမြောက်သည့်နေ့တွင် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ထိုကျောက်တုံးကြီးသည်လည်း ပွင့်ဟလျက်ရှိနေခဲ့သည်။

အပျိုစင်ဝမ်းနှင့်ပတ်သက်၍ ရှင်မဿဲက ရှင်လုကာနှင့်အတူကွ ဖော်ပြထားသည်။ ရှင်မာကုက ရှင်လုကာနှင့်အတူ မြည်းလားအကြောင်းကို အတူကွဖော်ပြထားပြီး ယောဟန်က ရှင်လုကာနှင့်အတူ သင်္ချိုင်းအကြောင်းကို ဖော်ပြထားသည်။

ထို့ကြောင့် ရှင်မဿဲက ကနဦးအချိန်ကတည်းက ယေရှု၏ အံ့ဖွယ် ပဋိသန္ဓေစွဲယူခြင်းဖြင့် အစပြုထားသည်။ အစဦးကတည်းက ဘုရားသခင်သည် အနှိုင်းမဲ့သော အမှုကို ပြုတော်မူခဲ့သည်။ ယေရှုသည် ပဋိသန္ဓေ စွဲယူချိန်မှ စတင်ကာအတားအဆီးများများကို ဖျက်ကျော်ကာ အံ့ဖွယ်ရာများ ပြုလုပ် ခဲ့သည်။ရှင်ယောဟန်အတွက် ထိုကဲ့သို့ မဟုတ်ပေ။ နှုတ်ကပတ်တော်သည် အစအဦး၌ဘုရားသခင်နှင့်အတူ ရှိနေခဲ့သည့် အတွက်ကြောင့် ယေရှု၏ ပဋိသ န္ဓေစွဲယူခြင်းသည် အသစ်အဆန်းမဟုတ်ခဲ့ပေ။ အသစ်အဆန်းဟူ၍ နှုတ်က တပတ်တော်သည်လူ့ဇာတိကို ခံယူကာ အသေခံပြီး မည်သူ၏ အလောင်း ကိုမျှ မသင်္ဂြိုလ်ရသေးသည့် ဂူတွင် နေရာချခြင်း ခံခဲ့ရသည့် အဖြစ်အပျက် ဖြစ်သည်။ သေဆုံးရမည့် နေရာများစွာ ရှိပါသော်လည်း ဤနေရာသည် သေခြင်းတရားကို အောင်နိုင်မည့် နေရာသစ် တစ်ခု ဖြစ်လာခဲ့ကာ သေလွန်သောသူများကို အသက်ပေးရာလမ်း ဖြစ်လာခဲ့သည်။

ရှင်မာကုတွင် အဆုံးအဖြတ်ပေးရမည့် … အချိန်နာရီတွင် မည်သူတစ်ဦးကမျှမစီးရသေးသည့် မြည်းလားလေးကို မိတ်ဆက်ပေးထားသည်။ အချို့လူတို့မြင်းကောင်းမြင်းသန့်များကို စီးနင်းကာ ဝံ့ကြွားစွာ နေထိုင်တတ်ကြ ပေသည်။သူတို့သည် အသက်ရှင်စဉ်တွင် အခွင့်အာဏာများကို ၎င်းတို့၏ စစ်အင်အားများနှင့်အတူ ပြသ၍ ဂုဏ်ယူလျှက် သေဆုံးကြရသည်။ ၎င်းတို့ကို သူရဲကောင်းများ သို့မဟုတ် အာဇာနည်များအဖြစ် အမှတ်ရလေ့ရှိ ကြသည်။ သို့သောထိုသူတို့သည် ၎င်းင်းတို့ ရရှိထားသော အာဏာများ အပေါ် ယစ်မူးခဲ့ကြကာဒါ8ဒ်မင်းကြီး၏ နိုင်ငံတော်အား ပြန်လည်တည် တောင်ရန် ရဲစွမ်းသတ္တိကင်းမဲ့ခဲ့ကြသည်။ ယေရှု တစ်ပါးတည်းက သာလျှင် ချစ်ခြင်းမေတ္တာဖြင့် အာဏာရှင်

များကို . ရင်ဆိုင်ခဲ့သည်။ ယေရှုတစ်ပါးတည်း ကသာ သူ၏ ရန်သူများကိုအရှက်ရစေရန်၊ ဖျက်ဆီးရန် သို့မဟုတ် အံ့ဩ သွားစေရန် လုံးတ မရည်ရွယ်ဘဲမြည်းလေ စီးကာ လာခဲ့သည်။ ဤနေရာတွင် အမှုများစွာကို ယေရှု ပြုတော်မူခဲ့သည်။ သူတစ်ပါးနှင့်မတူ လုပ်ဆောင် မှုများကို ပြုခြင်းအားဖြင့် ယေရှုသည်ပရောဖက်ပြုချက်များကို .. ပြည့်စုံစေ ခဲ့သည်။ မြင်းစီးကာ ဝင်ရောက်လာလေ့ရှိသည့် … ရှင်ဘုရင်များ၏ ပုံရိပ်ကို မြည်းလေးစီးခြင်းအားဖြင့် … ယေရှုပြောင်းလဲစေခဲ့သည်။ ထို့ပြင် သူ၏ အခွင့်အာဏာကို သိမှတ်ပေး၊ ကျန်းမာ

စေခြင်း နှင့် ခွင့်လွတ်ခြင်းအမှုတို့ကို တန်ဖိုးထားကြသည့် အရပ်ဆီမှသည်သူ့ကို ငြင်းပယ်မည့်သူများ၊ သူ့ကို တပည့်တော်များ သစ္စာဖောက်မည့် မြို့ဆီသို့ယေရှု ခရီးဆက်ခဲ့ခြင်း ဖြစ်သည်။”

ခုနှစ်ရက်မြောက်

ပိလတ်မင်းက အစောင့်တို့ကို ချမှတ်ပြီး သင်္ချိုင်းကို တံဆိပ်ရိုက်ထား စေခဲ့သည်(မဿဲ ၂၇:၆၂-၆၆)

ယဇ်ပရောဟိတ်မင်းကြီးများသည် ပိလတ်မင်းထံမှ ခွင့်ပြုချက်ကို ရရှိပြီးသည့်နောက်တွင်ယေရှု၏ အလောင်းတော်အား တပည့်တော်များ ခိုးယူခြင်း မပြုနိုင်ရန် တရားဝင် ဖယောင်းတံဆိပ်ကို သင်္ချိုင်းဂူဝတွင် ရိုက်နှိပ်ခဲ့ကြသည်။ သို့သော်သူတို့၏ ကြိုးစားအားထုတ်မှုသည် အသုံးမဝင်ခဲ့ပေ။ ဘုရားသခင့် . သားတော်၏တန်ခိုးကို အထင်သေးခဲ့ကြသည်။ ၎င်းတို့၏ လှည့်ဖြားခြင်းက ၎င်းတို့၏ မျက်စိကိုကွယ်စေခဲ့သည့်အပြင် စိတ်သဘော ခိုင်မာစေခဲ့သည်။

ယေရှုခရစ်တော်၏ အနှိုင်းမဲ့သော သေခံခြင်း

နိဒါန်း

ယေရှုခရစ်တော်၏ အသေခံခြင်းသည် အနှိုင်းမဲ့ ဖြစ်ပြီး အခြားသူများနှင့် လုံးဝ တူညီခြင်းမရှိပေ။ သူ၏အသေခံခြင်းက မည်သူမျှ မလုပ်နိုင်မည့်အရာကို လုပ်ဆောင် ပေးခဲ့သည်။အချို့လူတို့က သေလွန်သောအခါ သူတို့၏ နာမည်ကိုသာ ချန်ထားပေး နိုင်ခဲ့ကြသည် -ဥပမာ – အာဗြဟံလင်ကွန်း နှင့် ဂျွန် အေဖ် ကနေဒီ။ သို့သော် သင်သည် သူတို့၏ သေဆုံးမှုများမှတဆင့် သူတို့အောင်မြင်ခဲ့သည်များကို ထပ်မံစုံစမ်း လိုပါက အဖြေ ကောင်းရရှိရန် သင့်အတွက် ခက်ခဲပါလိမ့်မည်။ လူ့အဖွဲ့အစည်းအတွက် ၎င်းတို့၏ ပံ့ပိုးမှုများစွာကြောင့် ကမ္ဘာကြီးသည် ကွဲပြားတိုးတက်မှုများ ရှိလာသည့်အပေါ် ကျွန်ုပ်တို့ လုံးဝသံသယမရှိကြပေ။ သို့သော် သူတို့သည် သေဆုံး သွားသောအခါ သေသွားကြသည်

ဆိုသည်ထက် မည်သည့်အရာမျှ မပိုပေ။ သူတို့၏ နှလုံးခုန်သံသည် ရပ်တန့်သွားခဲ့ပြီး၊ထာဝရ ခရီးဆက်ကြရသည်သာ။ သို့သော် ယေရှု၏ အသေခံတော်မူခြင်းကို ဆင်ခြင်ကြသည့်အခါလက်ဝါး ကပ်တိုင် ပေါ်တွင် ပြုခဲ့သည့် ထင်ရှားသော အမှုများစွာ ရှိပါသည်။ကိုယ်တော် ပြုတော်မူသောအမှု တို့သည် မည်သည့်အရာများ ဖြစ်ကြသနည်း။

ကိုယ်တော်၏ အသေခံတော်မူခြင်းက ပြုပေးတော်မူသောအရာများ

၁။ အပြစ်များ ကျေအေးစေခြင်း အသေခံပေးခြင်းအားဖြင့် ယေရှုရှင်သည်ကျွန်ုပ်တို့၏ အပြစ်များ ဖြေရာ ယဇ်ပူဇော်ခြင်းအဖြစ် ခံယူခဲ့သည်။ သူသည် ကျွန်ုပ်တို့၏ အပြစ်ဖြေရာ ဖြစ်ပေသည် (၁ယော။ ၂:၂ နှင့် ၄:၁ဝ)။ ဆိုလိုရင်းမှာ လူသားတို့အပေါ် သက်ရောက်လျှက်ရှိသော ဘုရားသခင်၏ အမျက်တော်ကို ယေရှုရှင်၏ကိုယ်စားပြု အသေခံခြင်းအားဖြင့် ကျေအေးစေခဲ့ပြီ ဖြစ်သည်။ အပြစ်၌ ကျရှုံးခဲ့ သောလူသားတို့အပေါ်ရှိ ဘုရားသခင်၏ အမျက်တော်သည် သက်ရောက်ခဲ့ပါသော်လည်း၊ ယေရှုရှင်၏ အသေခံခြင်းက အပြစ်ရှိသောယောက်ျား/မိန်းမတို့ကို ကယ်တင်နိုင်ရန် အကြောင်း ဖြစ်စေလာခဲ့သည်။

၂။ အပြစ်သားများအတွက် ရွေးနှုတ်ကယ်တင်ခြင်း – လက်ဝါးကပ်တိုင်ပေါ်တွင် ယေရှုရှင် အသေခံ ပေးခြင်းအားဖြင့် ယေရှုရှင်သည် အပြစ်ကြွေးအား ပေးဆပ်ခဲ့ကာ လူသားများကိုကယ်တင်ခဲ့သည်။ အပြစ်သားများအတွက် ရွေးနှုတ်ကယ်တင်ခြင်း အမှုကို လက်ဝါးကပ်တိုင်ပေါ် အသေခံခြင်းအားဖြင့် အမှုပြုခဲ့သည်။ ကိုယ်တော်သည် ဗျားတိုင်းအတွက် ရွေးနှုတ်ကယ်တင်သောသူ ဖြစ်ရန်အတွက် မိမိကိုယ်ကို အာဆက်ပေးခဲ့သည်(မဿဲ ၂၀:၂၈၊ ၁တိ၊ ၂:၆)။ ကိုယ်တော်၏ အသေခံပေးခြင်းကြောင့် ယခုတွင် တစ်ကကလုံးသည် ရွေးနှုတ်ကယ်တင်ခွင့် ရရှိခဲ့ပြီ ဖြစ်သည်။ ထိုသို့ဆိုရာတွင် လူတိုင်းကယ်တင်ခြင်းရသည်ဟု မဆိုလိုပေ။ ယေရှု၏ နာမတော်ကို ယုံကြည်လက်ခံသောသူတိုင်းက အပြစ်မှ ကယ်တင်ခြင်းခံရကာ ထာဝရအသက်ကို ရရှိမည် ဖြစ်သည်။

၃။ ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေခြင်း – ယေရှုရှင်၏ အသေခံခြင်းကတစ်လောကလုံးကို ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခွင့် ပေးခဲ့သည်။ – ဥပမာလက်ရှိတွင် လောကကြီး၏ အခြေအနေသည် ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ လူသားအားလုံး ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်နိုင်ပါသည် (၂ကော ၅:၁၈-၁၉)။

၄။ အပြစ်သားများအတွက် ကိုယ်စားပြုအသေခံခြင်း – အပြစ်သားများ ကိုယ်စားယေရှုရှင် အသေခံခဲ့သည် (၂ကော၊ ၅:၂၁)။ အပြစ်တရား၏ အခမှာ သေခြင်းဖြစ်ရာ၊ဘုရားသခင်နှင့် ထာဝရ ကင်းကွာရမည် ဖြစ်သည်။ သို့သော် ယေရှုရှင်သည် ကျွန်ုပ်တို့နေရာတွင် အစားထိုးခဲ့ကာ အပြစ်ဒဏ်ကိုခံရင်း ထာဝရစီရင်ခြင်းမှ လွတ်မြောက်ခွင့်ပေးခဲ့သည်။ ကယ်တင်ခြင်း ဆုကျေးဇူးသည် လူတိုင်းအတွက် ယခုတွင် ဖြစ်ပါသည်။

နိဂုံး

ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အပြစ်အတွက် ကျေအေးစေခြင်း၊ ရွေးနှုတ်ကယ်တင်ခြင်း၊ ပြန်လည်သင့်မြတ်စေခြင်း နှင့် အစားထိုးအသေခံခြင်းတို့ကို အမှုပြုပြီး ဖြစ်သည်။ ခရစ်တော်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ထိုအမှုများကို မပြုမူပေ၊ ကိုယ်တော်၏ အသေခံတော်မူခြင်းသည် အနှိုင်းမဲ့ ဖြစ်ပေသည်။

လက်ဝါးကပ်တိုင်ပေါ်မှ ခရစ်တော်၏ နာကျင်ခြင်းဝေဒနာဟိန္ဒူဘာသာအရ ကျွန်ုပ်တို့၏ ဆင်းရဲဒုက္ခများသည် အတိတ်နှင့် ဆက်နွယ်နေသောကြောင့် လက်ရှိ ကျွန်ုပ်တို့ခံစားနေရသည့် ဆင်းရဲဒုက္ခသည် မခံစားထိုက်သောဆင်းရဲဒုက္ခများဟူ၍ မရှိပါ။ ယေရှု၏ လက်ဝါးကပ်တိုင်တွင် ခံစားရခြင်းသည်

အတိတ်က သူ၏ ကံ ကံ၏အကျိုးကြောင့် ဟုတ်ပါမည်လား။ ဂန္ဒီ၏ အသတ်ခံရခြင်းသည်လည်း သူ၏ အတိတ်ကံကြောင့် ဟုတ်ပါမည်လား။ ဟိန္ဒူဘာ သာ၏ ကံ ကံ၏အကျိုး ဩဝါဒက တစ်စုံတစ်ယောက်သည် သူထိုက်၍ သူခံစားရသည် ဟူသည့်သင်ကြားပေးခြင်း ဖြစ်သည့်အတွက်ကြောင့် ပြဿနာများစွာကို ဖြစ်စေပါသည်။

လူတိုင်းသည် မိမိပြုကျင့်သည့်အတိုင်း မိမိ၏ဘဝကို ခံစား အသက်ရှင်နေရသည်ဟုဆိုလျှင် ဒဿနိကဗေဒအရ မှန်ကန်မှုရှိပါသော်လည်း ထိုအရာသည် ဘဝတွင်တွေ့ကြုံရသော အရာများ၌ အမှန်တကယ် မှန်ကန်မှုရှိပါသလား။”“

လက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်၏ နာကျင်ခံစားမှုသည် သူနှင့် မထိုက်တန်သောအရာ ဖြစ်သည်။ ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။ ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည် (ရောမ ၅:၆၊ ၈)။

ကိုယ်တော်သည် လူသားများအတွက် နာကျင်စွာ ခံစားခဲ့ရသည်။ လက်ရှိကမ္ဘာပေါ်တွင် ၎င်းတို့နှင့် မထိုက်တန်သော်လည်း ခံစားနေရသူ များစွာ ရှိပါသည်။ E. Ahmad-Shah က အောက်ပါအတိုင်း တင်ပြထားသည် – “မိခင်ဖြစ်သူက သူမ၏ မွေးကင်းစကလေးအတွက် နာကျင်မှုအားလုံးကို ခံစားရသည်။ မိတ်ဆွေတစ် ယောက်အတွက်အခြားမိတ်ဆွေက ဝင်ခံပေးလိုက်သည်။ တစ်ခါတစ်ရံ ရန်သူအတွက်ပင် ကိုယ်စားခံလိုက်ရသည့် အခြေအနေမျိုးပင် ရှိသည်။ ကံ၏အကျိုးကို အစားထိုး ပေးခြင်းတရားက ကံ ကံ၏အကျိုး ဟူသည့် တရားကို အကျုံးမဝင်ပဲ ဖြစ်စေခဲ့သည် (Vedan-ta Sutras 4i1, 16, 11, 18)။ ထို့ကြောင့် ယေရှု ခရစ်တော်၏ နာကျင်ခံစားခြင်း နှင့်အသေခံတော်မူခြင်းသည် ကျင့်ဝတ်နှင့် ကိုက်ညီသည်ဟု ကျွန်ုပ်တို့ ခံယူထားပါသည်။အပြစ်များကို သူ၏ အခွင့်အာဏာ တော်အားဖြင့် ဘုရားသခင်သည် ဖြေနိုင်ခဲ့ပါသည်။သို့သော်လည်း သူ၏သန့်ရှင်းသော ချစ်ခြင်းမေတ္တာ နှင့် ဖြောင့်မတ်ခြင်းကို သူကိုယ်

တိုင် လူသားတို့၏ အပြစ် များကို လူ့ဇာ တိကို ခံယူကာ ယူဆောင်သွားခြင်းအားဖြင့်ပြည့်စုံစေခဲ့သည်။ ခရစ်တော်၏ ကိုယ်စားပြု အသေခံပေးခြင်းက ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို နာခံသည့်နည်းတူ တစ်ချိန်တည်းမှာပင် လူသားတို့ကို ရွေးနှုတ်ကယ် တင်ကာ ဘုရား သခင်နှင့်ပြန်လည် သင့်မြတ်စေခဲ့သည်။”

ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်း၊ရက်လေးဆယ်မိမိကိုယ်ကိုဖော်ပြကာကောာင်းကင်ဘုံသို့တက်ကြွခြင်း

၁။အာရုဏ်တက်ချိန်၌ ထမြောက်ခြင်း (မဿဲ ၂၈း၂)

အမျိုးသမီးများသည် ဥပုသ်နေ့ကို သည်းခံစောင့်ဆိုင်းကာ ယေရှု၏ သင်္ချိုင်းသို့မနက်စောစော အလျင်အမြန် ပြန်လာခဲ့သည်။ ချစ်ရသောသူတစ်ဦး သေဆုံးမှုကြောင့် သူတို့၏ နူးညံ့သော နှလုံးသားများသည် သောကြာနေ့တွင် စုတ်ပြတ်ကြေမွသွားခဲ့ပြီ ဖြစ်သည်။ ရက်ရက်စက်စက် ကားစင်တင်သတ် သည့်အမှုကိုသူတို့နားမလည် နိုင်ခဲ့ပေ။ အာရုဏ် မတက်ခင် ယေရှု၏ အလောင်းတော်ကိုဆီမွှေးနှင့်လိမ်းရန် အမွှေးအကြိုင်များ ပြင်ဆင်ခဲ့သည်။ သင်္ချိုင်းသို့သွားသည့်အကြောင်းအရင်းမှာ ယေရှုကို နောက်ဆုံးအကြိမ်တွေ့ ရန် မျှော်လင့်ချက်နှင့်အတူသူတို့၏ ဝမ်းနည်းပူဆွေးခြင်း မျက်ရည်များ သွန်ချရန် နောက်ဆုံးအကြိမ် အခွင့်အရေးရလိုသော ကြောင့် ဖြစ်သည်။ဘုရားသခင်သည် သူတို့၏ နှလုံး သားကို ကိုင်လှုပ်ခဲ့သည်။ ယခု ယေရှုသည်ရှင်ပြန်ထမြောက်ရာနေ့သစ် တစ်ခုကို လောကကြီးအား သဘောပေါက်စေရန်ကိုင်လှုပ်နေသည်။ ကောင်းကင်တမန်များသည် သင်္ချိုင်းအဝအား ပိတ်ထားသည့်ကျောက်တုံးကို အဝေးသို့လိမ့်စေခဲ့သည်။ ယေရှု အပြင်ထွက်နိုင်အောင် လိမ့်ပေးခဲ့ခြင်း မဟုတ်ဘဲ သက်သေပြရန် ဖြစ်သည်။ အစောင့်များသည် ကြောက်ရွံ့၍အသေကောင်များကဲ့သို့ ဖြစ်နေခဲ့သည်။

၂။ အမျိုးသမီးများသည် သင်္ချိုင်း၌ မတွေ့ခဲ့ပေ။ မာဂဒလမာရိသည် ပြန်သွား၍ ယေရှုနှင့် ယောဟန်အား ကြားပြောခဲ့သည်။ (မဿဲ ၂၈း၁၊ မာကု ၁၆း၁-၄၊ လုကာ၂၄:၁-၃၊ ယောဟန် ၂၀း၁-၂)

သင်္ချိုင်းကို ပိတ်ထားသော ကျောက်တုံးကြီးကို မည်သူလိမ့်ပေးမည်နည်းဟုသင်္ချိုင်းသို့ သွားသည့်လမ်းတွင် အမျိုးသမီးများ အချင်းချင်း ဆွေးနွေးတိုင်ပင်ခဲ့သည်။ သင်္ချိုင်းသို့ ရောက်သောအခါ ကျောက်တုံးကြီးကို လိမ့်နှင့်ပြီးသား ဖြစ်သော ကြောင့် အံ့ဩမှင်သက်ခဲ့ရသည်။ သူတို့သည် သင်္ချိုင်းသို့ဝင်ကြည့်ခဲ့သည်။သို့သော် ယေရှုကို မတွေ့ခဲ့ပေ။ မာဂဒမာရိသည် ရှိမုန်ပေတရုနှင့် ယောဟန်အားယေရှု မရှိတော့သည်ကို အကြောင်းကြားရန် အလျှင်အမြန် ပြေးသွားခဲ့သည်။

၃။ ကျန်နေရစ်သော အမျိုးသမီးများသည် ကောင်းကင်တမန် နှစ်ပါးကို တွေ့ခဲ့သည်။ (မဿဲ ၂၈:၅-၇၊ မာကု ၁၆:၅-၇၊ လုကာ ၂၄:၄-၈)ကောင်းကင်တမန် နှစ်ပါးသည် ကျန်နေရစ်သောအမျိုးသမီးများကို နှုတ်ဆက် ခဲ့၍ယေရှုသည် သေခြင်းမှ ထမြောက်ကြောင်း၊ သေခြင်းကို အောင်မြင်ခဲ့ပြီ ဖြစ်ကြောင်းကြားပြောခဲ့သည်။ ယေရှုသည် အသက်၏ ရန်သူဖြစ်သော သေခြင်းကို အောင်နိုင်ခဲ့သည်။ ကောင်းကင်တမန်များသည် အမျိုးသမီးများအား ယေရှု မိန့်ခဲ့သောစကားကို သတိပေး၍ ယေရှုသည် တပည့်တော်များအား ဂါလိလဲပြည်၌ တွေ့ရန်သွားနှင့်ပြီဖြစ်ကြောင်း ကြားပြောရန် မှာခဲ့သည်။အမျိုးသမီးများသည် ပထမဦးဆုံး ဧဝံဂေလိတရားဝေငှသူများ ဖြစ်ခဲ့သည်။ သူတို့သည် သင်္ချိုင်းတွင် ပထမဦးဆုံးရှိနေခဲ့၍ ရှင်ပြန်ထမြောက်သော ခရစ်တော်ကိုပထမဦးဆုံးတွေ့နိုင်သော အခွင့်အရေးကိုလည်း ရခဲ့သည်။

အနှိုင်းမဲ့သော ခရစ်တော်

ကောင်းကင်တမန်များကြေငြာခြင်း

ကောင်းကင်တမန်များသည် ယေရှု၏ ကိုယ်ခန္ဓာကို ဆီမွှေးလိမ်းရန် ရောက်ရှိလာသော အမျိုးသမီးများအားထိုသူသည် ထမြောက်တော်မူပြီ။ဤအရပ်၌မရှိ။ အလောင်းတော် ထားရာအရပ် ကိုကြည့်ကြလော့။ သင်တို့ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြလော့။ အထက်က မိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်” ဟု ကြားပြောခဲ့သည်။ (မာကု ၁၆:၆-၇) ရှင်ပြနထမြောက်ခြင်းအကြောင်း ကောင်းကင်တမန် ကြားပြောရာတွင် အချက် (၃) ချက်ပါဝင်သည်။

၁။ ထမြောက်တော်မူပြီ – ဤအချက်သည် အတိတ်ကို ဖော်ပြသည်။ ထမြောက်တော်မူပြီ။ ယေရှုသည် ယနေ့အချိန်ထိ အသက်ရှင်သည်။ သေခြင်းသည် ယေရှုကိုသင်္ချိုင်း၌ မဆွဲထားနိုင်ခဲ့ပေ။

၂။ သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ ဤအချက်သည် ပစ္စုပ္ပန်ကိုဖော်ပြသည်။ ယေရှုသည် သင့်အတွက် လမ်းခရီးကို ပြင်ဆင်ရန်၊ သင့်အတွက်ကောင်းကင်နှင့်ဆိုင်သော အမှုတော်ကို ပြင်ဆင်ရန် အမြဲတမ်း သင့်ရှေ့ကသွားနေသည်။ အကယ်၍ ယေရှုသည် အကျွန်ုပ် ရှေ့ကသွားနေပါက ကျွန်ုပ်၏ လမ်းခရီးကိုလမ်းပြပေးနေလိမ့်မည်။ ထိုလမ်းကို ယေရှု အရင်လျှောက်ပြီး ဖြစ်သောကြောင့် ကျွန်ုပ်ကြောက်စရာ မလိုတော့ပေ။

၃။ ကိုယ်တော်ကို တွေ့မြင်ရကြ လိမ့်မည်။ ဤအချက်သည် အနာဂတ်ကို ဖော်ပြသည်။ တပည့်တော်များသည် ယေရှုသတ်မှတ်ထားသော နေရာ၌ ယေရှု နှင့် တွေ့မည်ဖြစ်သကဲ့သို့ ကျွန်ုပ်တို့လည်း . အနာဂတ်တွင် ကောင်းကင်နိုင်ငံ၌ ကျွန်ုပ် တို့ကိုတွေ့မည်ဟု ပေးထားသော ကတိကို ပြည့်စုံစေနိုင်သော ယေရှုအား ယုံကြည် ကြရမည်။ ဤအရာသည် ကျွန်ုပ်တို့၏ မျှော်လင့်ချက် ဖြစ်သည်။

ကောင်းကင်တမန် ကြေငြာသည့်အချက်များသည် ကျွန်ုပ်တို့အား (ထမြောက်တော်မူပြီ) အတိတ်အား ယုံကြည်ခြင်း၊ (သင်တို့ရှေ့ ဂါလိလဲပြည်သို့ ကြွတော်မူမည်)ပစ္စုပ္ပန်၌ ရဲရင့်ခြင်း၊ (ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်) အနာဂတ် မျှော်လင့်ခြင်းကို ပေးသည်။

၄။ မာဂဒလမာရိသည် သင်္ချိုင်းသို့ ပြန်လာခဲ့သည်။ ယေရှုသည် သူမအား ကိုယ်ထင်ပြခဲ့သည်။ (မာကု ၁၆:၉ -၁၁၊ ယောဟန် ၂၀း၁၁- ၁၈)မာဂဒလမာရိသည် ယေရှုကို မတွေ့သောကြောင့် ငိုကြွေးလျက် သင်္ချိုင်းသို့ပြန်လာခဲ့သည်။ သူမအား နှုတ်ဆက်သော ကောင်းကင်တမန်များသည် သူ မ၏ဝမ်းနည်းမှုကို မနှစ်သိမ့်နိုင်ခဲ့ပေ။ အလွန် ဝမ်း နည်းသောကြောင့်ကြောင့် ကောင်းကင်တမန်များ ရှိနေသည်ကိုပင် မအံ့ဩခဲ့ပေ။ သူမ၏ မျက်ဝန်းတွင် မျက်ရည်များနှင့်ပြည့်နေသောကြောင့် ယေရှုကို မြင်သော်လည်း ဥယျာဉ်စောင့်ဟု ထင်မှတ်ခဲ့သည်။ ယေရှုသည် သူမအား “မာရိ” ဟု ခေါ်လိုက်သော အခါမှသာ ယေရှုဖြစ်ကြောင်း နားလည်သွားခဲ့သည်။ သူမ၏ မျှော်လင့်ချက် ပြန်လည် ရှင်သန်

လာကာ ဝမ်းမြောက်ခဲ့ရသည်။ မာဂဒလမာရိသည် တပည့်တော်များထံ ပြန်သွား၍ “မိမိသည် ကိုယ်တော်ကို မြင်ရပြီ” ဟု ကြားပြော ခဲ့သည်။ ယေရှုနှင့်တဖန်ပြန်လည် တွေ့ဆုံရခြင်းသည် သူမအား မျှော်လင့်ချက်နှင့် ဘဝကို ပေးခဲ့သည်။

၅။ ယေရှုသည် အမျိုးသမီးများ မြို့ထဲသို့ပြန်လည့်လမ်းတွင် ကြိုဆိုခဲ့သည်။ (မဿဲ၂၈၈-၁၀၊ မာကု ၁၆:၈၊ ၊လုကာ ၂၄း၉-၁၁)အမျိုးသမီးများသည် ယေရှုကို မတွေ့တော့ကြောင်း တပည့်တော်များအား ကြားပြောရန် ပြေးကြစဉ် ယေရှုသည် ရုတ်တရက် သူတို့၏ ရှေ့တွင်ပေါ်လာခဲ့သည်။သူတို့သည် အလွန်ဝမ်းမြောက်၍ ခြေတော်ကို ဘက်ယမ်းလျက် ပြပ်ဝပ်ကိုးကွယ်ခဲ့ကြသည်။ ယေရှုက ဂါလိလဲပြည်၌ သူ့ကို တွေ့ရန်အလိုငှါ တပည့်တော်များအားကြားပြောရန် အမျိုးသမီးများကို မိန့်မှာတော်မူခဲ့သည်။ အမျိုးသမီးများသည် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို တပည့်တော်များအား ကြားပြော သောအခါမယုံကြည်ဘဲ အဓိပ္ပါယ်မဲ့သော စကားကဲ့သို့ မှတ်ယူ ခဲ့ကြသည်။

၆။ ပေတရုနှင့် ယောဟန်သည် သင်္ချိုင်းတွင် ယေရှုကို မတွေ့ ခဲ့ပေ။ (လုကာ ၂၄:၁၂၊ယောဟန် ၂၀:၃-၁၀)

ပေတရုနှင့် ယောဟန်သည် သင်္ချိုင်း၌ ယေရှု မရှိတော့သည်ကို သွားရောက်ကြည့်ရှုရန် သင်္ချိုင်းသို့ ပြေးသွားခဲ့ကြသည်။ တပည့်တော်များကယေရှု၏ကိုယ်ခန္ဓာကို မတွေ့ခဲ့ပေ။ သူတို့သည် ယေရှု၏ ခန္ဓာကိုယ်ကို .. ရစ်ပတ်ထားသောပိတ်ပုဆိုးနှင့် မျက်နှာကို ဖုံးအုပ်ထားသော ပုဝါကိုသာ တွေ့ခဲ့သည်။ အကယ်၍အလောင်းခိုးသူများသည် ယေရှု၏ ခန္ဓာကိုယ်ကို ယူသွားမည်ဆိုလျှင် သဂြိုလ်ရန်အတွက် ယောသပ်နှင့် နိကာဒင်ပြင်ဆင်ထားခဲ့သော တန်ဖိုးကြီးသည့် အဝတ်အစားကို ယူသွားမည်မှာ အသေအချာပင် ဖြစ်သည်။ သူခိုးများသည် ဦးခေါင်းတော်ကိုအုပ်ထားသည့် ပုဝါကို အသေအချာခေါက်ရန် အချိန်ယူခဲ့မည် မဟုတ်ပေ။ အထက်ပါသက်သေများအရ ယေ ရှု၏ခန္ဓာကိုယ်သည် ခိုးယူခံရခြင်း မဟုတ်ကြောင်း သက်သေပြနိုင်သည်။

၇။အစောင့်တို့သည် ယဇ်ပုရောဟိတ်ကြီတို့အား သတင်းပို့ခဲ့သည်။ (မဿဲ ၂၈း ၁၁-၁၅)

သင်္ချိုင်း၌ ယေရှုမရှိတော့ကြောင်း … အစောင့်တို့သည် .. ယဇ်ပုရောဟိတ်မင်းကြီးတို့အား .. ကြားပြောခဲ့သည်။ ယဇ်ပုရောဟိတ်မင်းကြီးတို့သည် အစောင့်များပြောသည်ကို ယုံကြည်မည့်အစား အစောင့်အိပ်ပျော်နေစဉ်.. တပည့်တော်များသည်ယေရှု၏ ခန္ဓာကိုယ်ကို ခိုးယူသွားကြောင်း လိမ်ပြောစေခဲ့သည်။ အကယ်၍ အစောင့်အိပ်ပျော်နေပါက တပည့်တော်များ ခိုးသွားသည်ကို မည်သို့ သိနိုင် မည်နည်း။ဤအရာသည် မှားယွင်းသော စေခိုင်းမှု ဖြစ်သည်။

၈။ပေတရုသည် ယေရှုကို တွေ့ခဲ့သည်။ (လုကာ ၂၄:၃၄)

၉။တပည့်တော်နှစ်ယောက်သည် ဧမောက်ရွာသို့ သွားရာလမ်းတွင် ယေရှုနှင့် တွေ့ခဲ့သည် (မာကု ၁၆း၁၂-၁၃၊ လုကာ ၂၄:၁၃-၃၅)

ယေရှုသေဆုံးသည့် သတင်းသည် တပည့်တော်နှစ်ယောက်အား သိသိသာသာဝမ်းနည်းစေခဲ့သည်။ တဖန် ယေရှုရှင်၏ ရှင်ပြန်ထမြောက်သည့် သတင်းသည်ထိုသူနှစ်ဦးအား ရှုပ်ထွေးစေခဲ့သည်။ ဧမောက်ရွာသို့ သွားရာလမ်းတွင် ထိုသူနှစ်ဦးသည် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာများကို ဆွေးနွေးနေခဲ့ကြ သည်။ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ လမ်းလျှောက်သောအခါ ယေရှုကိုမမှတ်မိ ခဲ့ကြပေ။ ယေရှု၏ မေးခွန်းသည် ထိုတပည့်နှစ်ယောက်၏ ဆွေးနွေးမှုကိုရပ်တန့်စေခဲ့သည်။ ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာတို့ကို ယေရှု မသိသလောဟုဆိုကာ အံ့ဩခဲ့ကြသည်။ ယေရှုသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့တွင် နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ် ကြောင်းထိုသူနှစ်ဦးသည် သက်သေခံခဲ့သည်။ တပည့်တော်အချို့သည် ယေရှုအကြောင်းအပြည့်အစုံ နားမလည်နိုင်သော်လည်း ယေရှုကို ထူးခြားသောပုဂ္ဂိုလ် တစ်ဦးအဖြစ် အသိအမှတ်ပြုသည့် အချက်ကို သမ္မာကျမ်းစာ ရေးသားသူများက ဖော်ပြလေ့ရှိသည်။ ယေရှုသည် ပရောဖက် တစ်ပါးပါး ဖြစ်သည်ဟု သူတို့သည် သိမှတ်ကြသည်။ ယေရှုနှင့်ပတ်သက်၍ သူသည် မည်သူမည်ဝါဖြစ်သည်ကို တပည့်တော်

များသည် သေသေချာချာ မသိခဲ့ကြသော်လည်း သာမန် ထက်ပိုသော လူပုဂ္ဂိုလ်တော်မြတ် ဖြစ်သည်ကို လက်ခံထားကြသည်။ နောက်ဆုံးတွင် မိမိတို့နှင့် စကားပြောသောသူသည် ယေရှုဖြစ်ကြောင်း တပည့်တော် နှစ်ဦးနားလည်သွားသည်။သူတို့သည် ရှင်ပြန်ထမြောက်သော ခရစ်တော်ကို ထိတွေ့၍ရသော ထင်ရှားသည့်လက္ခဏာ တစ်ခုကိုသူတို့ မြင်ချင်ခဲ့သည်။ အမျိုးသမီးများနှင့် ကောင်းကင်တမန်များ၏ တစ်ဆင့်သက်သေခံခြင်းသည် သူတို့၏ ဝိညာဉ်ကို မထိတွေ့ပေ။ သူတို့သည် မျက်မြင်ကိုယ်တွေ့ ကြားသိလို ကြသည်။ သူတို့၏ဆန္ဒ ပြည့်စုံခဲ့ရသည်။ယေရှုသည် မိမိကို ရည်ရွယ်၍ ရေးထားသော သမ္မာကျမ်းစာကို သူတို့အား စတင်ရှင်းပြခဲ့သည်။ တပည့်တော် နှစ်ယောက်သည် မိမိတို့နှင့်အတူနေရန် တောင်းဆိုသည်ကို အခွင့်အရေးယူကာ စားပွဲ၌ သူတို့နှင့်အတူရှိစဉ် မုန့်ကို ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍ သူတို့အား ပေးတော်မူသည်။ ထို့နောက် သူတို့ သည်မျက်စိပွင်းလင်း၍ ယေရှုကို သိမှတ်ခဲ့သည်။ သို့သော် ယေရှုသည် သူတို့ထံမှထွက်ကြွ သွားသည်။ “လမ်းခရီး၌ ငါတို့နှင့် ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြ

တော်မူသောအခါ၊ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတက် ဖြစ်သည် မဟုတ်လောဟုအချင်းချင်းပြောဆိုကြ၏။”

သူတို့သည် ယေရှုနှင့် အသစ်တစ်ဖန် တွေ့ဆုံခဲ့သည်။ တစ်ဆင့်ကြားရသောသတင်းစကား မဟုတ်ဘဲ ကိုယ်တိုင်တွေ့မြင်ခဲ့သည်။ ခရစ်တော်၏ အတူပါရှိခြင်းက သူတို့၏နှလုံးသားကို နွေးထွေးစေခဲ့သည်။ သူတို့၏ စိတ်ပျက်အားငယ်မှုများ ပျောက်လွင့်သွားသည်။ သူတို့၏ သံသယနှင့်ရှုပ်ထွေးမှုများအတွက် အဖြေရခဲ့သည်။ သူတို့၏ မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခဲ့သည်။ သူတို့၏အိမ်ထောင် မိသားစုသည် ကောင်းကြီးခံစားရသည်။ ထို့ကြောင့် သူတို့သည်ဆက်၍ ထိုင်မနေနိုင်တော့ပေ။ သူတို့သည် ခရစ်တော်အတွက် သက်သေခံများဖြစ်ခဲ့သည်။ သူတို့သည် ချက်ချင်းထကာ တပည့်တော်များအား “သခင်ဘုရားသည် အမှန်ထမြောက် တော်မူပြီ” ဟု ကြားပြောရန် ခုနှစ်မိုင် ဝေးသော ယေရုရှလင်မြို့သို့ ပြန်သွားခဲ့သည်။ ယေရှုသည် သူတို့၏ အသက်တာကို ပြောင်းလဲစေခဲ့သည်။ ထိုသခင်သည် သင်တို့၏ အသက်တာကိုလည်း ပြောင်းလဲစေနိုင်သောတန်ခိုး ရှိသည်။

၁၀။ယေရှုသည် တပည့်တော်များအား ကိုယ်ထင်ရှားပြခဲ့သည်။ (မာကု ၁၆:၁၄၊လုကာ ၂၄:၃၆-၄၉၊ ယောဟန် ၂၀း၁၉ – ၂၃)

တပည့်တော် ဆယ်ယောက်သည် ယုဒအာဏာပိုင်များ မိမိတို့ နောက်လိုက်၍ဖမ်းဆီးမည်ကို စိုးရိမ်ခဲ့ကြသည်။ ထိုအချိန်၌ သောမ မရှိခဲ့ပေ။ သူတို့သည်တံခါးကို ပိတ်၍ အခန်းတွင်း၌ စုရုံးနေခဲ့ကြသည်။ သို့သော် ယေရှုသည် အံ့ဩစရာကောင်းစွာ သူတို့ကြားတွင် ပေါ်လာခဲ့သည်။ ယေရှု၏ ခန္ဓာကိုယ် အသစ်သည် နံရံကို ကျော်နိုင်သည်။ ယေရှု၌ တုနှိုင်းမဲ့သော ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော ခန္ဓာကိုယ်ရှိသည်။

ယေရှုသည် တပည့်တော်များအား အမျက်ထွက်မည့်အစား ငြိမ်သက်ခြင်းကိုပေးဝေခဲ့သည်။ တပည့်တော်များသည် ယေရှုအတွက် ရဲရင့်သော သက်သေခံများ ဖြစ်လာရန် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သော ငြိမ်သက်ခြင်းကို သိရန်လိုအပ်ခဲ့သည်။ ကားတိုင်ပေါ်တွင် ယေရှု ရိုက်ထားခြင်း ခံရသောအခါ သူတို့သည်ယေရှုကို စွန့်ပစ်ခဲ့ကြသည်။ ပေတရုသည် သုံးကြိမ်တိုင်အောင် ငြင်းပယ် ခဲ့သည်။ယေရှုသည် သူတို့အား အဆိုးရွားဆုံး အပြစ်ပေးလိမ့်မည်ဟု ထင်မှတ်ခဲ့ကြပါသော်လည်း “ငြိမ်သက်ခြင်း ဖြစ်စေသတည်း” ဟု ယေရှု မိန့်ခဲ့သည်။ သူတို့၌အပြစ်ရှိသော်ငြားလည်း သူတို့အပေါ် ခွင့်လွှတ်မှုနှင့် ကျေးဇူးတော် ရှိကြောင်းခိုင်မာစေရန် “ငြိမ်သက်ခြင်း ဖြစ်စေသတည်း” ဟု နှစ်ကြိမ် တိုင်တိုင် မိန့်မြွတ်ခဲ့သည်။

ငြိမ်သက်ခြင်းပေးနိုင်သော သူတစ်ဦးဖြစ်ကြောင်း သက်သေပြရန် ယေရှုသည်သူတို့အား မိမိခန္ဓာကိုယ်၌ ထိတွေ့၍ ရသော သက်သေများကို ပြသခဲ့သည်။ကားတိုင်ပေါ်တွင် သူတို့၏ အပြစ်များကို ယေရှုနှင့်အတူ ချေဖျက်ခဲ့ပြီးဖြစ် သည်။

တပည့်တော်များသည် မိမိတို့၏သခင်ကို သိမှတ်ကာ ကြောက်ရွံ့ခြင်းမှ ယုံကြည်ခြင်းသို့ ပြောင်းလဲသွားသည်။ အပြစ်နှင့်ပြည့်နေသော အသိစိတ်များကို သန့်စင်ခဲ့သည်။ ယေရှုသည် မိမိစကားတော်အတိုင်း ဧကန်အမှန် ထမြောက်ခဲ့သည်။သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း တပည့်တော်များထံ ပြောနှင့်ပြီးသား ဖြစ်သည်။ ထိုစကားတော်များသည် သူတို့အား စတင်၍ နားလည်သဘောပေါက်စေခဲ့သည်။

တပည့်တော်များသည် ယေရှု၏ငြိမ်သက်ခြင်းကို ခံစားရပြီးနောက် ယေရှုသည်သူတို့အား တာဝန်ပေးအပ်ခဲ့သည်။ ယေရှု၏ ငြိမ်သက်ခြင်းကို ရှေးဦးစွာ မသိဘဲယေရှုပေးအပ်သော တာဝန်ကို ထမ်းဆောင်ရန် မဖြစ်နိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်ကို မစေလွှတ်မီ ယေရှုသည် သူတို့အား “သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့” ဟု မိန့်မှာခဲ့သည်။ ခရစ်တော်ကဲ့သို့ အသက်ရှင်၍ သူတို့၏အသက်တာကို ပြောင်းလဲရန် ခရစ်တော်ကိုအခွင့်ပေးလိုက်ခြင်းသည် သူတို့အားအ ပြစ်ခွင့်လွှတ်ခြင်းအကြောင်း ကြားပြောရန် ဖြစ်နိုင်စေခဲ့ သည်။ ခရစ်တော်နှင့် သဏ္ဍာန်တူသောကြောင့် သူတို့၏ စစ်မှန်ခြင်းကို လူများက အသိအမှတ် ပြုလာကြသည်။ တပည့်တော်များသည် ခွင့်လွှတ်ခြင်းဒေသနာကို အခိုင်အမာ ပြောနိုင်သည့် အကြောင်းအရင်းမှာ ယေရှု၏ ခွင့်လွှတ်မှုကို သူတို့ ကိုယ်တိုင် ခံစားခဲ့ရသောကြောင့်ဖြစ်သည်။ အမှန်စင်စစ်သူတို့ ကိုယ်တိုင် ဒေသနာ ဖြစ်ခဲ့ သည်။

၁။ ရှင်ပြန်ထမြောက်ရာနေ့ပြီးနောက်၊ နောက်တစ်ပတ်တနင်္ဂနွေနေ့ ညနေပိုင်းတွင်ယေရှုသည်သူတို့အား တစ်ဖန်ကိုယ်ထင်ပြခဲ့သည်။ ထိုအချိန်တွင် သောမ ရှိနေခဲ့သည်။ (ယောဟန် ၂၀:၂၄-၂၉) တပည့်တော်များအားလုံးသည် ခရစ်တော်အတွက် ရဲရင့်သော သက်သေခံများမဖြစ်မီ ရှင်ပြန်ထမြောက်သော ခရစ်တော်နှင့် တစ်ဦးချင်း တွေ့ဆုံရန် လိုအပ်ခဲ့သည်။ သောမသည် ယေရှုကို မတွေ့ရသေးပေ။ တစ်ဆင့်ကြားရသော စကားကို သူ မယုံကြည်ခဲ့ပေ။ ယေရှုလက်တော်၌ သံချက်ရာနှင့် နံဘေးကို ကိုယ်တိုင်မြင်၍ စမ်းသပ်လိုခဲ့သည်။ သို့မှသာ သူယုံကြည်နိုင်မည်။ ယေရှုနှင့် တွေ့ဆုံရန် လူသားများ အပေါ်ကြွယ်ဝပြည့်လျှံခဲ့သည်။

လိုအပ်ခဲ့သည်။ ဘုရားသခင်နှင့် ယေရှုခရစ်၏ ကျေးဇူးတော်သည် မပြည့်စုံသောတပည့်တော်များသည် တံခါးများကို ပိတ်လျှက် တစ်ဖန်စုဝေးကြ ပြန်သည်။ယေရှုကို ပထမအကြိမ် တွေ့ပြီးနောက် တစ်ပတ်ကြာသော်လည်း ယုဒ အာဏာပိုင်များကို ကြောက်ရွံ့နေကြဆဲဖြစ်သည်။ တပည့်တော် ဆယ်ယောက်တို့သည်ကြုံနေရသည့် အခြေအနေကို ကြည့်ခြင်းအားဖြင့် သောမ၏ သံယယအပေါ်ကျွန်ုပ်တို့၏ ဝေဖန်မှုကို လျော့ချသင့်ပါသည်။

အခြားတပည့်တော်များသည် ကြောက်ရွံ့နေခဲ့သောကြောင့် သောမ၏ သံသယကို တစ်ယောက်မှ အပြစ် မပြောခဲ့ပေ။ သောမသည် ယေရှုအား “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကား”ဟု ပြန်၍လျှောက်ခဲ့သည်။ ယေရှုသည် ထိုဘွဲ့နာမကို လက်ခံခဲ့သည်။ သူသည် အရှင်သခင်ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်သည်။ ယေရှုသည် သူတို့အလယ်သို့ကြွလာ၍ငြိမ်သက်ခြင်းရှိရန် မိန့်ခဲ့သည်။ သူသည် အရာခပ်သိမ်းကို သိသည်။ သောမပြောခဲ့သည့်အကြောင်းအရာကို သိခဲ့သည်။ ထို့ကြောင့် သောမအား မိမိလက်၌သံချက်ရာကို ကြည့်၍ မိမိနံဖေးကို စမ်းသပ်ရန် မိန့်ခဲ့သည်။ သောမ၌ သံသယရှိသည်ကို သိသော ဉာဏ်တော်သည် ယေရှု၏ ဘုရားဖြစ်ခြင်းကို သက်သေပြခဲ့သည်။ ရုတ်တရက် ယေရှုပေါ်လာခြင်းသည် သေခြင်းမှ အမှန် ထမြောက်ကြောင်း ၊သောမအား နားလည်စေခဲ့သည်။ သောမ ယုံကြည်ခဲ့သည်။ ယေရှုသည်သူ၏ သံသယကို ရှင်းလင်းပေးခဲ့သည်။ သောမ၏ သံသယသည် ယုံကြည်ခြင်းသို့ကူး ပြောင်းသွားသည်။“ အကျွန်ုပ်၏ အရှင်၊ အကျွန်ုပ်၏ သခင်” ဟု သောမ ဝန်ခံခဲ့သည်။ ထိုသို့ဝန်ခံခြင်းသည် ယေရှု၏ ဘုရားဖြစ်ခြင်းကို ခိုင်မာစေခဲ့သည်။တစ်ဦးတစ်ယောက်မှ ယေရှုအား ထိုသို့ မခေါ်ခဲ့ဖူးပေ။ ဤဝန်ခံခြင်းသညသောမ၏ ဝိညာဉ်အသက်တာသည် ကြီးထွားရင့် ကျက်လာ ခဲ့သည်။ မည်သူခရစ်ဝင်ကျမ်းလေးကျမ်းတွင် အရေးကြီးဆုံး ဝန်ခံမှု ဖြစ်လာခဲ့သည်။ ဤအဖြစ်

အပျက်သည် ယေရှုကို မမြင်ဘဲ ယုံကြည်သောသူတို့အပေါ် ယေရှု၏ ဝမ်းမြောက်ခြင်းနှင့်အတူ အဆုံးသတ်ကောင်း ဖြစ်စေခဲ့သည်။ ယခု ယေရှုကို မမြင်ဘဲယုံကြည်သူများသည် ကောင်းကြီး ခံစားကြရသည်။

၂။ ယေရှုသည် တိဗေရိအိုင်နားတွင် ကိုယ်ထင်ပြခဲ့သည်” (ယောဟန် ၂၁:၁ – ၂၄)အထူးသဖြင့် ပေတရုနှင့် အခြားယေရှု၏ တပည့်တော်များတွင် မပြီးသေးသောလုပ်ငန်းများ ရှိနေဆဲဖြစ်သည်။ ယေရှုသည် မိမိအား ငြင်းပယ်ခဲ့သော ပေတရုအား ရင်ဆိုင်၍ ပြန်လည်တည့်မတ်ပေးရမည့် အခြေအနေကို စောင့်ဆိုင်းခဲ့သည်။ ဤအကြိမ် ကိုယ်ထင်ပြခြင်းမှာ သုံးဆယ့်နှစ်ရက်မြောက်တွင် ဖြစ်သည်။

သောမ၏ဝန်ခံခြင်း (ယောဟန် ၂၀း၂၈)နှင့် ယေရှု ကောင်းကင်ပေါ် ပြန်လည်တက်ကြွခြင်း (တမန်တော် ၁း၉) ကြားတွင် ဖြစ်သည်။ယေရှုထမြောက်ပြီးနောက် ပေတရုသည် ယေရှုကို အကြိမ်ကြိမ် တွေ့ခဲ့သည်။ရှင်ပြန်ထမြောက်ရာနေ့မနက် (၁ကော ၁၅:၅)၊ ရှင်ပြန်ထမြောက်ရာနေ့ ညနေ(ယောဟန် ၂၀း၁၉-၂၃၊ မာကု ၁၆း၁၄)နှင့် နောက်တစ်ပတ် တနင်္ဂနွေ တပည့်တော်များနှင့်အတူ သောမရှိနေစဉ် (ယောဟန်၂၀း၂၆-၂၉)။ ငါးဖမ်းသွားလိုသည့်ပေတရု၏ ဆန္ဒမှာ မိမိကိုယ်ကို ကြိုတင်ပြင်ဆင်ရန် ဖြစ်သည်။ သို့သော်လည်းဘုရားသခင်သည် ပေတရုကို ပြန်လည်တည့်မတ်စေရန် အဖြစ်အပျက်များကိုကြိုတင်စီစဉ်နှင့် ပြီးသားဖြစ်သည်။

တပည့်တော်အများစုသည် တံငါသည်များ ဖြစ်ကြသည်။ တစ်ညလုံး ကြိုးစား၍ငါးဖမ်းသော်လည်း တစ်ကောင်မျှ မရခဲ့ပေ။ သို့သော် အာရုဏ်တက်အချိန်တွင်သူတို့၏ ဘဝ၌ အသစ်သောအခန်းကဏ္ဍကို အစပြုခါနီး ဖြစ်သည်။ ယေရှုသည်သူတို့အား ချစ်ချစ်ခင်ခင် နှုတ်ဆက်ခဲ့သော်လည်း သူတို့၏ တုန့်ပြန်မှုသည်စိတ်ပျက်အားငယ်မှုကို ဖော်ပြခဲ့သည်။ ယေရှုသည် တပည့်တော်များအား မိမိတို့၏ မပြည့်စုံမှုကို နားလည်စေခဲ့သည်။ သို့မှသာ တပည့်တော်များအား မိမိအပေါ် မှီခိုအားကိုတတ်ရန် သင်ပေးနိုင်မည်ဖြစ်သည်။ ထိုနည်းဖြင့်တပည့်တော်များသည် လူကိုမျှားသောတံငါသည်များ ဖြစ်ခဲ့ကြသည်။ယေရှုအမိန့်အတိုင်း တပည့်တော်များသည် ပိုက်ကွန်ကို လှေ၏လက်ျာဘက်တွင်ချခဲ့သော ကြောင့် ငါးများစွာ ဖမ်းမိကြသည်။ ငါးများရှိနေသော နေရာကို သိသည့်ယေရှု၏ ဉာဏ်တော်နှင့် အံ့ ဩဖွယ်ငါးများ ဖမ်းမိခြင်းသည် ယေရှု၏ ဘုရားဖြစ်ခြင်းကို သက်သေပြခဲ့သည်။ ယေရှုသည် ဖန်ဆင်းခြင်းလက်ရာများ အထက်၌အခွင့်အာဏာရှိသကဲ့သို့ တပည့်တော်များ အပေါ်၌လည်းအခွင့်အာ ဏာရှိသည်။တမန်တော်ယောဟန်သည် ယေရှုဖြစ်ကြောင်း သိခဲ့၍ တမန်တော် ပေတရုသည်

ရေထဲသို့ ချက်ချင်းဆင်း၍ ကမ်းသို့ ကူးသွားခဲ့သည်။ အခြားတပည့်တော်များသည် လှေထဲမှငါးများကို ဆွဲတင်၍ကမ်းသို့ လှေစီးလာခဲ့သည်။ ယေရှုသည်အဆင်သင့် ပြင်ဆင်ထားသော မနက်စာနှင့်အတူ သူတို့ကို နှုတ်ဆက်ခဲ့သည်။ပေတရုသည် ယေရှုခရစ်တော်ကို မီးပုံဘေးတွင် ငြင်းပယ်ခဲ့သည် (မာကု ၁၄:၆၇၊လုကာ ၂၂:၅၅)။ ယခု ယေရှုပြင်ဆင်ထားသော မီးပုံသည် ပေတရုကို ပြန်လည်တည့်မတ်စေရန် မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍ ဖြစ်သည်။ယေရှုသည် မီးပုံ၌ရှိသော ငါးကိုပွားများ စေနိုင်သော်လည်း တပည့်တော် များအားမနက်စာအတွက် ငါးယူလာရန် မိန့်ခဲ့သည်။ (မနက်စာအတွက် ငါး မရနိုင်ဟုမည်သူ ပြောနိုင်သနည်း။) ယေရှုသည် သူတို့အား ထောက်ပံ့ပေးသော ပုဂ္ဂိုလ်

ဖြစ်သည်။ တပည့်တော်များသည် သတင်းကောင်းဝေငှရန် အလို့ငှာ ရှေ့ဆက်သွားနိုင်ရန် ယေရှု၏ ထောက်ပံ့ပေးခြင်းအတွက် ဤအကြောင်း အရာသည် အာမခံချက် ဖြစ်ခဲ့သည်။ ဘုရားသခင်သည် တိတိကျကျ ငါးတစ်ရာ့ ငါးဆယ့်သုံးကောင်ကို ထောက်ပံ့ခဲ့သည်။ သို့သော် ပိုက်ကွန်သည် စုတ်ပြတ် မသွားခဲ့ပေ။ငါးများကို ဖမ်းနိုင်ရန် ဘုရားသခင်သည် ပိုက်ကွန်ကို ပြင်ဆင် ထားနှင့်ပြီးသားဖြစ်သည်။ ဘုရားသခင်သည် တပည့်တော်များ၏ လိုအပ်မှုကို ဂရုစိုက်ပေးထားနှင့်ပြီ။ သင်၏ လိုအပ်ချက်များကိုလည်း ဂရုစိုက်ပေးလိမ့်မည်။ ဘုရားသခင်သည်သင့်အား ဝိညာဉ်များဖမ်းနိုင်ရန် ခွန်အားပေးလိမ့်မည်။ ယေရှုသည် တပည့်တော်များအား မိမိနှင့်အတူ ညစာစားရန် ဖိတ်ခေါ်ခဲ့သည်။ အရှေ့တိုင်းယဉ်ကျေးမှုအရတစ်စုံတစ်  ယောက်အား အစားအသောက်နှင့် တည်ခင်းဧည့်ခံခြင်းသည် မိတ်ဆွေဖြစ်ခြင်းနှင့် ဂတိသစ္စာခံခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်။ အရင်က သူတို့သည်ယေရှုအပေါ် အပြစ်ကျူး လွန်ခဲ့သော်လည်း ယေရှုသည် သူတို့အားခွင့်လွှတ်၍မိတ်ဆွေများ အဖြစ် ဂတိသစ္စာပြုခဲ့သည်။ တပည့်တော်များသည် မိမိကိုယ်ကိုယုံကြည်စိတ်ချမှု (အာမခံချက်) ကို ထပ်တလဲလဲ လိုအပ်ခဲ့သည်။ သူတို့သည်ယေရှု၏ ဖိတ်ခေါ်မှုကို လက်ခံခဲ့၍ မိမိတို့ကိုယ်ကို အသစ် တစ်ဖန် ယေရှုခရစ်တော်အား ဆက်ကပ်အပ်နှံခဲ့သည်။

“ယေရှုသည် သေခြင်းမှ ထမြောက်တော်မူသည့်နောက် တပည့်တော်တို့အားကိုယ်ကို သုံးကြိမ်မြောက်သောပြတော်မူခြင်း ဖြစ်သတည်း” ဟု ဆိုကာ ရှင်ယောဟန်သည် ဤအခန်းကို အသုံးသတ်ခဲ့သည်။ “သုံးကြိမ်မြောက်” ဟူသော စကားလုံးကို နောက်အခန်းတွင် ယေရှုသည် ပေတရုအား သင်သည် ငါ့ကို ချစ်သလောဟု သုံးကြိမ်မေး၍ မိမိ၏သိုးတို့ကို ကျွေးမွေးစောင့်ရှောက်ရန် ပေတရုအားသုံးကြိမ် တာဝန်ပေးအပ်သောအခါ၌ ပြန်လည်အသုံးပြုထားပါသည်။ ပေတရုသည် ယေရှုထံ မိမိကိုယ်ကို ဝန်ခံဆက်ကပ်ခဲ့ဖူးသည်။ (မဿဲ ၂၆း၃၃၊ မာကု၁၄:၂၉၊လုကာ ၂၂:၃၃)။ ယခု ယေရှုသည် ပေတရုအား ဆက်ကပ်အပ်နှံမှုကို ပြုရသည့်တစ်ခုတည်းသော အကြောင်းအရင်းမှာ မိမိပေါ် နက်ရှိုင်းသော ချစ်ခြင်းမေတ္တာအားဖြင့်သာ အခြေခံရမည်ဖြစ်ကြောင်း သွန်သင်ခဲ့သည်။ ဆက်ကပ်မှုသည် ချစ်ခြင်းမေတ္တာ၌ အခြေခံရမည်။ ကောင်းသောသိုးထိန်းသည် ပေတရုအားမိမိသိုးတို့ကို အစာကျွေးရန် တာဝန်ပေးအပ်ခဲ့သည်။ သိုးများကို အစာကျွေးရာတွင် သိုးကို သာမက သိုး၏ အနံ့ကိုပင် ချစ်မြတ်နိုးရန် လိုအပ်သည်။ ယေရှုကို

ချစ်ကြောင်း ပေတရု၏ သုံးကြိမ် ဝန်ခံခြင်းသည် ယေရှုကို သုံးကြိမ်တိုင်တိုင်ငြင်းပယ်ခြင်းနှင့် အပြန်အလှန် ကိုက်ညီခဲ့သည်။ ပေတရုသည် လူအများရှေ့တွင်ယေရှုကို သုံးကြိမ် ငြင်းပယ်ခဲ့သည်။ ယခု လူများရှေ့တွင် ယေရှုကို ချစ်ကြောင်းသုံးကြိမ်ဝန်ခံခဲ့သည်။ ပေတရုအား ပြန်လည်တည့်မတ်စေသော အမှုပြီးမြောက်ခဲ့သည်။ သူ၏ ဝန်ခံမှုသည် အစစ်အမှန် ဖြစ်ခဲ့သည်။ ကယ်တင်ရှင်အတွက် သူ၏မေတ္တာကို အတည်ပြုခဲ့သည်။ ရှေ့တွင်ဆောင်ရွက်ရမည့် အမှုများအတွက်ပေတရုသည် အဆင်သင့် ဖြစ်နေခဲ့သည်။ ကယ်တင်ရှင်အတွက် ပေတရု၏မေတ္တာသည် ပေးဆပ်သော မေတ္တာဖြစ်ပေလိမ့်မည်။ ပေတရုသည် ကားစင်တင်သတ်ခြင်း ခံရမည်ဟု ယေရှု ကြို တင်ပြောခဲ့သည်။ ဆယ်စုနှစ်သုံးခုနောက်မှဖြစ်မည့် ပေတရု၏ သေဆုံးခြင်း နှင့် ပတ်သက်၍ ကြိုတင်ပြောခြင်းသည်ယေရှု၏ ဘုရားဖြစ်ခြင်းကို အတည်ပြုခဲ့သည်။ ယေရှုသည် လောကလူသားများအား ချစ်သောကြောင့် ထိုလူသား များအတွက် မိမိအသက်ကို စတေးခဲ့သည်။ ပေတရုသည် ကယ်တင်ရှင် ယေရှုကို ချစ်သော ကြောင့် ထိုကယ်တင်ရှင်အတွက် မိမိအသက်ကို စတေးခဲ့သည်။ ပေးဆပ်သောချစ်ခြင်းနှင့် အသက်ရှင်သွားရန် တစ်ခုတည်းသော နည်းလမ်းမှာ ယေရှုပြန်လာသည့်အထိ နေ့စဉ်ရက်တိုင်း ယေရှု၏ ခြေတော်ရာအတိုင်း လိုက်လျှောက်ခြင်း .. ဖြစ်ပါသည်။ရှင်ယောဟန် ခရစ်ဝင်ကျမ်းသည် ယေရှု ဒုတိယအကြိမ် ပြန်လည်ကြွလာမည်မှာဖြစ်ကြောင်း ဖော်ပြကာ နိဂုံးချုပ်သွားသည်။

၃။တပည့်တော်များသည် ဂါလိလဲအိုင်သို့ သွားခဲ့သည်။ ယေရှုသည် ကိုယ်ထင်ရှား၍ သူတို့အား မဟာစေခိုင်းချက်ကို ပေးခဲ့သည်။(မဿဲ ၂၈း၁၆ – ၂၀၊ မာကု၁၆:၁၄ – တပည့်တော်များသည် ယေရှုမှာထားသော ဂါလိလဲပြည်တောင်ပေါ်သို့ တက်ခဲ့ကြသည်။ ထိုနေရာတွင် ယေရှုနှင့် တွေ့ခဲ့ကြသည်။ သူတို့သည် ယေရှုကို ပြပ်ဝပ်ကိုးကွယ်ကြသည်။ အချို့တို့သည် သံသယရှိခဲ့ကြသည်။ ထို့နောက် ယေရှုသည်အနီးအပါးသို့ ချဉ်းတော်မူပြီးလျှင်၊ “ကောင်းကင်ဘုံ၌၎င်း၊ မြေကြီး ပေါ်၌၎င်း၊စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှတို့ကို ငါခံရပြီ။ သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော

ပညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းငှါဆုံးမဩဝါဒပေးကြလော့။ငါသည်လည်းကပ်ကမ္ဘာကုန်သည်တိုင်အောင်သင်တို့နှင့်အတူအစဉ်မပြတ်ရှိသည်ဟုတပည့်တော်တို့အားမိန့်တော်မူ၏” ဟုမိန့်တော်မူခဲ့သည်။ယေရှုသည်တပည့်တော်များအားမစေလွှတ်မီကောင်းကင်ဘုံ၌၎င်း၊မြေကြီးပေါ်တွင်၎င်း၊စီရင်ပိုင်သောတန်ခိုးကိုမိမိသည်ခံရပြီဖြစ်ကြောင်းပြောကာမိမိ၌တပည့်တော်များအားစေလွှတ်ရန်အခွင့်အာဏာရှိကြောင်းဖော်ပြခဲ့သည်။တပည့်တော်များသည်ထိုအခွင့်အာဏာအောက်တွင်စေလွှတ်ခြင်းခံရသည်။အဓိကကျသောစေခိုင်းမှုမှာ “တပည့်တော်ဖြစ်စေခြင်း” ဖြစ်သည်။တပည့်တော်ဖြစ်ခြင်းကိုအသေးစိတ်အကောင်အထည်ဖော်လုပ်ဆောင်မှုအဆင့်ဆင့်တွင်အထောက်အပံ့ဖြစ်စေသောကြိယာများမှာ “သွားသည်၊ဗတ္တိဇံပေးသည်၊ဆုံးမဩဝါဒပေးသည်” စသည်တို့ဖြစ်သည်။ယေရှုသည်လည်းကပ်ကမ္ဘာကုန်သည်အထိအတူပါရှိမည်ဟုကတိပေးခဲ့သည်။။

၄။ညီအစ်ကို ငါးရာမက ယေရှုကို တစ်ပြိုင်နက် မြင်တွေ့ခဲ့ကြသည်။ (မဿဲ ၂၈း၁၆၊ ၁ကော၁၅:၆)

၅။ ယာကုပ်နှင့် အခြားတမန်တော်များ ယေရှုကို မြင်ခဲ့ရသည်။ (တမန် ၁း၃ကော ၁၅း၇)

ယေရှုသည် သေခြင်းမှ ထမြောက်ခဲ့သည်။ ယေရှု၏ အတူပါရှိခြင်းနှင့် အခြား သက်သေများသည် သေခြင်းမှ ယေရှု အမှန်ထမြောက်ပြီဖြစ်ကြောင်း သက်သေခံသည်။ယေရှု၏ အမှုတော်လုပ်ငန်းသည် သဲကန္တာရ၌ ရက်လေးဆယ်အစာ ရှောင်ခြင်း နှင့်အစပြုခဲ့သည်။ ယခု ယေရှုသည် လောကမှ ဆောင်ယူခြင်းခံရ ခါနီးဖြစ် သည်။ယေရှုသည် တမန်တော်များအား ရက်ပေါင်းလေးဆယ်ပတ်လုံး ကိုယ်ထင် ပြခဲ့သည်ဟု … ရှင်လုကာသည် မှတ်တမ်းတင်ခဲ့သည်။ ထိုရက်လေးဆယ်အတွင်းသခင်ဘုရားသည် တပည့်တော်များအား သတင်း ကောင်းကို ပျံ့နှံ့စေရန် ပြင်ဆင်ခဲ့သည်။ သူတို့၏ နားလည် သဘောပေါက်မှုသည် ယခု အခိုင်အမာ အမြစ်စွဲ ခဲ့သည်။သို့သော် အမှုတော်မြတ်ကို အစပြုရန် သန့်ရှင်းသော ဝိညာဉ်တော် ဆင်းကြွလာခြင်း

ကို စောင့်ဆိုင်းခဲ့ရသည်။ သူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုး၌ အမှုတော်လုပ်ငန်းကို ဆောင်ရွက် ရမည်ဖြစ်သည်။ဣသရေလ နိုင်ငံတော် ပြန်လည်ထူထောင်မည်ကို ယေရှု လက်ခံသည်။ သို့သော်အဖခမည်းတော်တစ်ပါးသာ ပြန်လည်ထူထောင်မည့် အချိန်ကို သိသည်။ တပည့်တော်များသည် ပြန်လည် ထူထောင်မည့် … အနာဂတ်နှင့်ဆိုင်သော အချိန်နာရီအကြောင်း အာရုံစိုက်စရာ မလိုပေ။ သို့သော် သူတို့သည် ယေရုရှလင်မြို့၊ ယုဒပြည်၊ရှမာရိပြည်နှင့် မြေကြီးစွန်းတိုင်အောင် ယေရှု၏ သက်သေဖြစ်လာရန် ပြင်ဆင်ကြရသည်။

၆။ ရှင်ပြန်ထမြောက်ပြီးနောက် ရက်ပေါင်းလေးဆယ် အကြာတွင် ကောင်းကင်သို့ပြန်တက် ကြွသွားခဲ့သည်။ (မာကု ၁၆:၁၉ – ၂၀၊ လုကာ ၂၄:၅၀ – ၅၃၊ တမန် ၁း၉ -၁၁)ဝိညာဉ်တော် မဆင်းကြွမီ ယေရှုသည် အဖခမည်းတော်ထံသို့ ပြန်သွားခဲ့သည် (ယောဟန် ၁၄း၁၆၊ ၂၆၊ ၁၅:၂၆၊ ၁၆:၇၊ တမန် ၂:၃၃ – ၃၆)။ တမန် ၁၁ တွင်ဖော်ပြထားသော အဖြစ် အပျက်မျိုးနှင့် ကောင်းကင်ပေါ်တက်သွားသော သူတစ်ယောက်မှ မရှိပေ။ ဖွားမြင်ခြင်းခံရာတွင် ကောင်းကင်တမန်များ ရှိခဲ့သည်နည်းတူယခု ကောင်းကင်သို့ ပြန်လည်တက်ကြွရာတွင်လည်း ကောင်းကင်တမန်များတက်ရောက်ကြသည်။ ယေရှုသည် ကောင်းကင်သို့ လူအများရှေ့တွင် ခန္ဓာကိုယ်နှင့်တကွ ဘုန်းတန်ခိုးကြီးစွာ တက်ကြွသွားသည်။ ထို့နည်းတူ ထိုနေရာ (သံလွင်တောင်) သို့ တဖန် ပြန်ကြွလာဦးမည် (ဒံယေလ ၇:၁၃၊ မ ၂၄:၃၀၊ မာကု

၁၃:၂၆၊ ၁၄:၆၂၊ လုကာ ၂၄:၅၀-၅၁၊ ဗျာ ၁:၉၊ ဇာခရိ ၁၄:၄)။ ယေရှုသည်ချီးမြောက်ခြင်းခံရသည်။ သူသည်အရှင်သခင်၊ အရှင်ဘုရင်ဖြစ်သည်။ယေရှုသည် ကောင်းကင်ဘုံမှ သူတို့အား သတိနှင့် ကြည့်ရှုနေမည် ဖြစ်သောကြောင့် တပည့်တော်များသည် အလွန် ဝမ်းမြောက်ရွှင်လန်းခဲ့ကြသည် (လုကာ

၂၄:၅၂)။ တပည့်တော်များသည် အမှုတော်လုပ်ငန်းကို အစပြု ရတော့မည်။ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်သည် သူတို့အပေါ်သို့ မကြာမီဆင်း သက် လာတော့မည်။

နိဒါန်း

အနှိုင်းမဲ့သော ခရစ်တော်

ရှင်ပြန်ထမြောက်ခြင်း

နိဒါန်း

ခရစ်ယာန်တို့၏ အဓိကအချက်အချာမှာ သေခြင်းမှထမြောက်သော ယေရှုခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းပင်ဖြစ်သည်။ ရှင်ပေါလုသည် ၁ ကော ၁၅:၁၄-၂၀ တွင်“ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုး မရှိသင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။သေလွန်သောသူတို့သည်ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည်ထမြောက် တော်မမူ။ ခရစ်တော်သည်ထမြောက်တော် မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။ ထိုမှတပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်

သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။ ငါတို့သည် ခရစ်တော်ကို အမှီပြု၍ယခုဘဝ၌သာ မြော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူဖြစ်ကြ၏။ ယခုမူကား၊ ခရစ် တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊အိပ်ပျော်သောသူတို့တွင် အဦးသီးသော အသီးဖြစ်တော် မူပြီ” ဟု ပြောခဲ့သည်။ဤလောကတွင် ယေရှုခရစ်တော်မှ တစ်ပါး သေခြင်းမှ ထမြောက်သူ၊ သေခြင်းကိုအောင်နိုင်သူမရှိပေ။”အိုသေမင်း၊သင်၏ လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အိုမရဏာနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ သေမင်း၏ လက်နက် ကား၊

ဒုစရိုက်အပြစ် ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရား ပေတည်း” (၁ကော ၁၅:၅၅ – ၅၆)။

သခင်၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဆက်နွယ်မှုများအနောက်တိုင်းယဉ်ကျေးမှု မကျင့်သုံးသော နေရာများတွင် လူတစ်ယောက်သေဆုံးပြီးနောက်ဆက် တွဲဖြစ်မည့် အကြောင်းအရာကို သိလိုကြသည်။ ကျွန်ုပ်တို့သည် သေပြီးနောက် ဖြစ်မည့်အရာကို စိတ် ဝင်စားကြသည်။ သေပြီးနောက် ဖြစ်မည့်အရာ ကို ရှာဖွေရန် နည်းလမ်း သုံးခုရှိပါသည် –

၁။ အသက်ရှင်သူကိုမေးပါ – သေပြီးနောက်ဖြစ်မည့်အရာကို ရှာဖွေသိရှိလိုပါက ပထမဦးဆုံးနည်းလမ်းမှာ အသက်ရှင်သူကို မေးခြင်းဖြစ်သည်။ သို့သော် မသေဖူးသေးသော သူတစ်ယောက်ဆီမှ သင်လိုချင်သောအဖြေကို ရနိုင်လိမ့်မည် မဟုတ်ပေ။သူကိုယ်တိုင် သေခြင်းတရားကို မကြုံရသေးသောကြောင့် သင်လို ချင်သောအဖြေကို ပေးနိုင်မည် မဟုတ်ပေ။ အသက်ရှင်သောတွေးခေါ် ပညာ ရှင် တစ်ဦး (သို့)တက္ကသိုလ် ပါမောက္ခတစ်ဦးကို နောင်ဘဝ နှင့်ပတ်သက်၍ သင်မေး နိုင်ပါသည်။

သို့သော် သူတို့သည် ကောင်းမွန်သည့် အဖြေတစ်ခုမျှ ပေးနိုင်မည် မဟုတ်ကြောင်းကျွန်ုပ် အာမခံသည်။ အသက်ရှင်သောသူသည် မသေသေးသည့် အတွက် သေပြီးနောက် ဖြစ်မည့်အရာကို အဘယ်ကဲ့သို့ သိနိုင်ပါမည်နည်း။ ယခုလက်ရှိ ဘဝကိုပင်အဆုံးထိ တိုင်အောင် အသက်မရှင်ရ သေးသည့်အတွက် လက်ရှိဘဝနှင့် ပတ်သက်၍ပင် ကောင်းမွန်သည့် အဖြေများပေးနိုင်ချေ နည်းပါး လှမည် ဖြစ်သည်။

..

၁။သေဆုံးသူကို မေးပါ – ဒုတိယ နည်းလမ်းမှာ သေဆုံးသူကို မေးခြင်းဖြစ်သည်။သေဆုံးသူနှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် သေခြင်းအကြောင်းပို၍ လွယ်လွယ် ကူကူသိနိုင်သော နည်းလမ်းဟု ကျွန်ုပ်တို့အများစု တွေးထင်ပေလိမ့်မည်။ သို့သော်သေသူနှင့် အသက်ရှင်သူကြားတွင် ကြီးမားသော ချိုင့်ကြီးရှိကြောင်း သမ္မာကျမ်းစာမှပြောထားသည် (လုကာ ၁၆:၁၉-၃၁)။ သေဆုံးသူနှင့် တစ်ကြိမ် တွေ့ဆုံဆက်သွယ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ ကျွန်ုပ်တို့ သေသူနှင့် ဆက်သွယ် နိုင်မည်ဆိုပါက ကျွန်ုပ်တို့သည် လူသတ်သမားများကို ဖမ်းဆီးရန် ရဲသား (သို့) စုံထောက်များကိုလိုအပ်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်နည်းဆိုသော် လူသတ်သမားများသည် မည်သူဖြစ်သနည်းဟု အသတ်ခံရသူအား အလွယ်တကူ အနိုင်တို့ဖြစ်ပါသည်။ ဤအရာသည် အလွန်လွယ်ကူ လွန်းလှသည် မဟုတ်ပါလား။

၃။ သေပြီးမှ တဖန် ပြန်ရှင်လာသူကိုမေးပါ – တတိယနည်းလမ်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ သေပြီးနောက် မည်သည့်အရာများဖြစ်ပျက်သည်ကို သေပြီးမှ ပြန်ရှင်လာသူအား သင်မေးနိုင်ပါသည်။ ယေရှတစ်ပါးတည်းသော သေခြင်းမှ ပြန်ရှင်ခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့အား သေပြီးနောက် ဖြစ်မည့်အရာကို ပြောနိုင်သည့်တစ်ဦးတည်းသောသူမှာ ယေရှုခရစ်ပင် ဖြစ်သည်။

နိဂုံး

မည်သူ့နောက် လိုက်သင့်သနည်း။ အသက်ရှင်သော သူလား၊ သေသောသူလား (သို့) သေပြီးမှတစ်ဖန် ပြန်ရှင်သူလား၊ ရွေးချယ်မှုမှာ သိသာ ထင်ရှားလွန်းပါသည်။

အနှိုင်းမဲ့သောခရစ်တော်

ခရစ်တော်၏လူဝင်စားခြင်းမဟုတ်၊ ရှင်ပြန်ထမြောက်ခြင်းတစ်ဖန် လူဝင်စားခြင်းကို လက်ခံသောသူများသည် ကံ၊ ကံ၏အကျိုးကြောင့် အမျိုးသားနှင့်အမျိုးသမီးများသည် သေပြီးနောက် အခြားဘဝ တစ်မျိုးနှင့်တစ်ဖန် ဝင်စားသည် ဟု ယုံကြည်ကြသည်။ထို့ကြောင့် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် လူဝင်စားခြင်းကို လက်ခံသူများအတွက် ပြဿနာတစ်ခု ဖြစ်သည်။ ခရစ်တော်သည် သေပြီးမှ တစ်ဖန် ထမြောက်သည်။ ယေရှုသည် ဘုန်းကြီးသော ကိုယ်ခန္ဓာနှင့် ရှိနေသော်ငြားလည်း တပည့် တော်များက မှတ်မိခဲ့သည်။ ယေရှုသည် အခြားတည်ရှိမှု တစ်မျိုးနှင့် လူပင် စားခြင်း မဟုတ်။

အကယ်၍ ယေရှုသည် လူဝင်စားဖြစ်ပါက ကိုယ် တော် ကို (သို့) ထိုအရာကို မှတ်မိရန်မဖြစ်နိုင်ပေ။

တစ်ဖန် လူဝင်စားခြင်းကို လက်ခံသူတို့၏ ထင်မြင်ယူဆချက်များမှာ တစ်စုံတစ်ယောက်သည် လူဝင်စားခြင်း (သို့) သံသရာလည်ခြင်းအတွက် ထိုသူသည် သေရမည်။ သို့သော် လောက၌ သေခြင်းကို မကြုံခဲ့ရသောသူ အနည်းဆုံး နှစ် ယောက်ရှိသည်မှာ ပြဿနာဖြစ်သည်။ ဧနောက်(ကမ္ဘာ ၅:၂၄) နှင့် ဧလိယ ( ၄ ရာ ၂:၁၁)။ ထိုသူနှစ်ယောက်သည် မသေခဲ့သောကြောင့် သံသရာလည်ခြင်း(သို့) လူ ဝင်စားခြင်းအတွက်အခွင့်အရေးမရနိုင်ခဲ့ပေ။

ခရစ်တော်သည် အနောက်၊ ဧလိယ ကဲ့သို့ပင် ဘယ်သောအခါမျှ လူဝင်စားခဲ့ခြင်း မဟုတ်ပေ။ ခရစ်တော်သည် ရှင်ပြန်ထမြောက်ခဲ့ခြင်း ဖြစ်သည်။ သူသည်သေခြင်းကို အောင်နိုင်ခဲ့ပြီ။ ကံကံ၏ အကျိုး ကို အောင်နိုင်ခဲ့ပြီ (ယေရှုတစ်ပါးတည်းဘာ)။ ယေရှုကို ယုံကြည်လက်ခံကာ ကယ်တင်ခြင်းကို လက်ခံရယူ လိုက်ပါ။

ယေရှု၏ ဘုရားဖြစ်ခြင်း

၁။ ယေရှုကို ဘုရား “Theos” ဟု ခေါ်သည်။

အနှိုင်းမဲ့သောခရစ်တော်

*ဧမာနွေလ (“ငါတို့နှင့်အတူရှိသောဘုရား” မဿဲ ၁:၂၃၊ ဟေရှာယ ၇:၁၄၊၄၀း၃)

*သောမသည် ယေရှုကို “အကျွန်ုပ်၏ အရှင်၊ အ ကျွန်ုပ် ၏ ဘုရားသခင်” ဟုခေါ်ခဲ့သည်။ (ယောဟန် ၂၀း၂၈)

*“ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ ကျေးဇူးတော်သည် ထင်ရှား ပေါ်ထွန်းလျက်ရှိ၏” (တိတု ၂း၁၃)

*“သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သောနိုင်ငံဖြစ်ပါ၏။” (ဟေဗြဲ ၁း၈)

*“ယေရှုခရစ်၏ကျွန်တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရား သခင်ယေရှုခရစ်၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ယုံကြည်သည်နည်းတူ၊ မြတ်စွာသောယုံကြည်ခြင်းကို ရသောသူ တို့အားကြားလိုက်ပါ၏။” (၂ ပေ ၁း၁)

*“အဘယ်ကြောင့် နည်းဟူမူကား၊ ငါတိုဘုရားသ ခင်၏ ကျေးဇူးတော်ကိုကိလေသာ၏ ညစ်ညူးခြင်း အလိုငှါမှောက်လှန်လျက်၊ တပါးတည်း အစိုးရတော်မူသောအရှင်၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက်၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ။” (ယုဒ ၄)

*“ဘုရားသခင်၏ သားတော်သည် ကြွလာ၍၊ မှန်သော ဘုရားသခင်ကိုသိသောဉာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့ သိကြ၏။မှန်သောဘုရားသခင်၌၎င်း၊ သားတော်ယေရှုခရစ်၌ လည်း ကောင်း ငါတို့သည်တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရ

အသက်လည်း ဖြစ်တော်မူ၏။” (၁ ယော ၅:၂၀)

၂။ ယေရှု၌ ဘုရားနှင့် ဆိုင်သော ဘွဲ့နာမများရှိသည်။

*တန်ခိုးကြီးသော ဘုရားသခင် (ဟေရှာယ ၉း၆)

*ဖြောင့်မတ်တော်မူသော အရှင် ( ၁ယော ၂း၁)

*“ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာ ၁း၈)

*ခရစ်တော် (ဒံယေလ ၉:၂၅၊ ဆာလံ ၂:၂၊ တမန် ၄း၂၅)

*အသက်သခင် (တမန် ၃း၁၃)

*တရားစီရင်သောသခင် (တမန် ၁၀:၄၂၊ ဗျာ ၁၉:၁၁)

*မင်းကြီး (ယေရမိ ၂၃:၅၊ မ ၂၅:၃၄၊ ယောဟန် ၁၈:၃၆-၃၇)

*လောကီဘုရင်တို့၏ အထွဋ်(ဗျာဒိတ် ၁း၅)

*ကယ်တင်သောအရှင် (လုကာ ၂း၁၁၊ ယောဟန် ၄:၄၂၊ တမန် ၅:၃၁၊ ၁၃း ၂၃၊ဧဖက် ၅:၂၃၊ ၂ တိ ၁း၁၀၊ တိတု ၂:၁၃၊ ၃း၆၊ ၂ ပေ ၁:၁၁၊ ၃:၁၈၊ ၁ ယော၄:၁၄)

*ထာဝရဘုရား (တမန် ၂း၂၁)

*အလုံးစုံတို့ကို အစိုးရတော်မူသောသခင် (တမန် ၁၀း၃၆)

*ဘုန်းကြီးတော်မူသောသခင် ( ၁ ကော ၂း၈)

*“မင်္ဂလာရှိသော တစ်ပါးတည်းသောအရှင် ဖြစ်တော်မူထသော၊ ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်” ( ၁ တိ ၆:၁၅ – ၁၆)

၃။ ယေရှု၌ ဘုရားနှင့်ဆိုင်သော အရည်အချင်းများရှိသည်။

*ထာဝရဖြစ်တည်ခြင်း (ယောဟန် ၁:၁- ၂၊ ၁၅၊ တမန် ၃း၁၅၊ ကောလော၁:၁၇၊ ဗျာ ၁:၈၊၁၇ -၁၈)

*အရာခပ်သိမ်းအစိုးရခြင်း (၁ တိ ၆:၁၅-၁၆၊ ဖြောင့်မတ်ခြင်း (တမန် ၃း၁၄)

*ကောင်းမြတ်ခြင်း (ယောဟန် ၁၀:၁၁၊ တမန် ၁၀:၃၈၊ ၁ ပေ ၂း၂)

*အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း (မဿဲ ၂၈း၁၈၊ ဟေရှာယ ၉း၆၊ ဖိလိပ္ပိ ၃း၂၁၊ ဗျာ ၁:၈)

*နေရာတိုင်းတွင်ရှိခြင်း (မဿဲ ၁၈:၂၀၊ ၂၈:၂၀၊ ယောဟန် ၃း၁၃၊ ၂ ကော၁၃:၅၊ ဧဖက် ၁:၂၃)

*အရာခပ်သိမ်း သိနားလည်ခြင်း(ယောဟန် ၁:၄၈၊၂:၄-၂၅၊ ၄:၁၆-၁၉၊ ၂၁:၁၇၊ဗျာဒိတ် ၂:၂၃)

*ထာဝရမပြောင်းလဲခြင်း (ဟေဗြဲ ၁:၁၀-၂၁၊ ၁၃:၈)

  • သမ္မာတရားဖြစ်ခြင်း (ယောဟန် ၁၄း၆)

*အချုပ်အားဖြင့် – “အကြောင်းမူကား၊ ) ဘုရားသ ခင်၏ ဇာတိအဖြစ်တော်၏ပြည့်စုံ ခြင်း  အပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။” (ကောလော ၂:၉)

၄။ယေရှုသည် ဘုရားနှင့်ဆိုင်သော အမှုများပြုသည်။

*ဖန်ဆင်းသည်။ (ယောဟန် ၁:၃၊ ၁၀၊ ကောလော ၁း၁၆-၁၇၊ ဟေဗြဲ ၁း၂၊ ၁၀၊ဆာလံ ၁၀၂:၂၅)

*စကြာဝဠာကို ထိန်းသိမ်းသည်။ (ကောလော ၁း၁၇)

*အပြစ်များကို ခွင့်လွှတ်သည်။ (မဿဲ ၉:၂၇၊ ၂၆း၂၈၊ မာကု ၂:၇-၁၀၊ လုကာ၅:၂၀ -၂၄၊ လုကာ ၇:၃၆ – ၅၀၊ ကော ၃း၁၃)

*အသက်ပေးသည်။ (မာကု ၅:၄၁၊ လုကာ ၂၃:၄၂၊ ယောဟန် ၅:၂၁၊ ၆:၃၃၊၁၀း၁၀၊ ၁၁:၂၅၊ ၁၄:၆)

*နိမိတ်လက္ခဏာများပြုသည်။ (မဿဲ ၁၁:၄- ၆၊ ယောဟန် ၅:၃၆၊ ၁၀:၃၇၊၁၅:၂၄)

*နတ်ဆိုးများနှင်ထုတ်သည်။ (မာကု ၁း၂၇၊ လုကာ ၁၁း၁၄ – ၂၀)

*တရားစီရင်သည်။ (ယောဟန် ၅:၁၉ -၂၉၊ ၈:၁၅၊ ၂ တိ ၄း၁၊ ယာကုပ် ၄း၁၁-၁၂)

*ယုံကြည်သူများ (၂ ကော ၅း၁၀၊ ရောမ ၁၄:၁၀-၁၂၊ ၁ ကော ၃း၁၂ – ၁၅၊ ၁ကော ၂:၂၈) နှင့် မယုံကြည်သူများ (ရောမ ၂:၁ – ၁၆၊ ဗျာဒိတ် ၂၀း၁၁-၁၅)ကို စီရင်မည်။

*သန့်ရှင်းသော ဝိညာဉ်တော်ကို စေလွှတ်သည်။ (လုကာ ၂၄:၄၉၊ ယော ဟန်၁၅:၂၆)

*သေသောသူတို့ကို ထမြောက်စေသည်။ (ယောဟန် ၅း၂၇၊ ၂ ကော ၁း၉)

*ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာကို အသစ်ပြောင်းလဲပေးမည် (ဖိလိပ္ပိ ၃း၂၁)

ဆုတောင်းခြင်းများကို လက်ခံသည်။ (ယောဟန် ၁၄:၁၄၊ တမန် :၅၉တိ :၁၂၊ ၂ကော ၁၂၈ = )

၅။ ယေရှုသည် ဘုရားနှင့်ဆိုင်သော ကိုးကွယ်မှုကို လက်ခံသည်။

*နူနာစွဲသူများက ကိုးကွယ်ခဲ့သည်။ (မဿဲ ၈ – ၂)

*မွေးရာပါမျက်စိမမြင်သူက ကိုးကွယ်ခဲ့သည်။(ယောဟန် ၉:၃၅ – ၃၉)

*တပည့်တော်များက ကိုးကွယ်ခဲ့သည်။(မဿဲ ၁၄:၃၃၊ ၂၈ – ၁၇)

*အမျိုးသမီးများ ကိုးကွယ်ခဲ့သည်။(မဿဲ ၂၈၉)

*သောမ က ကိုးကွယ်ခဲ့သည်။ (ယောဟန် ၂၀း၂၈)

*ကောင်းကင်တမန်များက ကိုးကွယ်ခဲ့သည်။(ဟေဗြဲ ၁း၆၊ ဖိလိပ္ပိ၂း၁၀-၁၁)

၆။ ယေရှုသည် အဖခမည်းတော်၊ ဝိညာဉ်တော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်းတွေ့ရသည်။

*အဖခမည်းတော် (ယောဟန် ၁၀:၃၀၊ ၁၄၊ ၁၆)

*အဖခမည်းတော်နှင့် ဝိညာဉ်တော် (မဿဲ ၂၈:၁၉၊ ၂ ကော ၁၃း၁၄)။ ဂရိဘာသာစကားတွင် ပိုမိုလေးနက်သည့် ပုံစံဖြင့် ဖော်ပြထားပါသည်။

၇။ ယေရှုသည် ခမည်းတော်နှင့်တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်း အခိုင်အမာပြောခဲ့သည်။

*“ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူ

သည်ဖြစ်၍၊ ငါသည်လည်း လုပ်၏ဟု ပြန်ပြောတော်မူ၏။ သို့ဖြစ်၍ ဥပုသ်နေ့ကိုဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိကို ဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ . ယုဒလူတို့သည် … ကိုယ်တော်ကိုသတ်ခြင်းငှါ သာ၍ ရှာကြံကြ၏။” (ယောဟန် ၅း၁၇- ၁၈)

*“သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူ ကိုမျှမတရား စီရင်တော်မမူ။ တရားစီရင်ခြင်း အခွင့်ရှိသမျှကို သားတော်အားအပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊ သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူ ဖြစ်၏။ ငါအမှန်အကန် ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ် တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည် ဖြစ်၍ အပြစ် စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ကူး မြောက် သောသူ ဖြစ်၏။”(ယောဟန် ၅:၂၃- ၂၄)

“ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော် သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်ဟုမိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ သင်၏ခ မည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုအသိကြ။”(ယောဟန် ၈း၁၈-၁၉)

*ယေရှုကလည်း၊ “ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မှီ ငါဖြစ်၏”ဟု မိန့်တော်မူ၏။” (ယောဟန် ၈း၅၈)“ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်း ဖြစ်သည်ဟု မိန့်တော်မူ၏။ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏ အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊ ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည် မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။” ယောဟန် ၁၀း၃၀-၃၃

*ယေရှုက၊ “ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူ ရှိပြီးမှသင်သည် ငါ့ကို မသိသေး သလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ ဆိုသနည်း။” (ယောဟန် ၁၄း၉)အပြစ်ကင်းသော ယေရှု

“ထိုအခါ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည် ကိုယ်တော်၌သေပြစ်ကို စီရင်ကြသည်ကို သိမြင်လျှင်၊ နောင်တရ၍ ငွေသုံးဆယ်ကို ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲတို့၌ ပြန်ပေး၍၊ အကျွန်ုပ်ပြစ်မှားပါပြီ။ အပြစ်မရှိသောသူ၏ အသွေးကိုအပ်မိပါပြီဟု ဆို၏။ ထိုသူတို့ကလည်း ငါတို့ နှင့် အဘယ်သို့ဆိုင်သနည်း။ ကိုယ်အမှုကို ကိုယ်ကြည့်လော့” (မဿဲ ၂၇:၃-၄)

*“ယေရှုကလည်း၊ ငါဟောသောဒေသနာသည် ငါ၏ဒေသနာမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ၏ ဒေသနာဖြစ်၏။ ထိုသူ၏အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤဒေသနာသည်ဘုရားသခင်၏ ဒေသနာတော် ဖြစ်သလော၊

ငါသည် .. ကိုယ်အလိုအလျောက် ဟောပြောသလောဟု .. ပိုင်းခြား၍ သိလိမ့်မည်။ကိုယ်အလိုအလျောက် ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။မိမိကို စေလွှတ်တော်မူသောသူ၏ ဘုန်းအသရေကိုရှာသော သူမူကား၊ ယုံလောက်သောသူ ဖြစ်၏။ ထိုသူ၌မုသားမရှိ။” (ယောဟန် ၇:၁၆ – ၁၈)

“ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူ ဘော်ပြသနည်း။ သစ္စာစကားကို ငါပြောသည်မှန်လျှင် အဘယ်ကြောင့်သင်တို့ မယုံကြသနည်း။” (ယော၈:၄၆)

“အဘယ်ကြောင့်နည်း ဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။” (၂ ကော ၅း၂၁)

“ငါတို့ ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့်မကြင်နာနိုင်သောသူ မဟုတ်။ ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။” (ဟေဗြဲ ၄:၁၅)

“ထိုသို့သော ယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းစင်ကြယ်၍ အညစ်အကြေးနှင့် ကင်းလွတ်လျက် အပြစ်ရှိသော သူတို့နှင့်မဆက်ဆံ၊ ကောင်းကင်သား အပေါင်းတို့ထက် မြင့်မြတ်သောသူဖြစ်၍၊ ငါတို့နှင့် တော်သင့်တော်မူ၏။ အခြားသော ယဇ်ပုရောဟိတ်မင်းတို့သည် ကိုယ်အပြစ်ကြောင့်၎င်း၊ လူများအပြစ်ကြောင့်၎င်း၊ နေ့တိုင်းယဇ်ပူဇော်ရသကဲ့သို့၊ ထိုသခင်သည် ယဇ်ပူဇော်စရာ အကြောင်းမရှိ၊အဘယ် ကြောင့်နည်းဟူမူကား၊ မိမိကိုယ်ကိုတခါတည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးတော်မူပြီ။ပညတ်တရားသည် အပြစ်ရှိသောသူတို့ကိုယဇ်ပုရောဟိတ် . အရာ၌ ခန့်ထား၏။

ပညတ်တရားနောက်၌ ကျိန်ဆိုတော်မူသော ဗျာဒိတ်တော်မူကား၊ အစဉ်အမြဲ စုံလင်ခြင်းသို့ ရောက်သော သားတော်ကို ခန့်ထားသတည်း။” (ဟေဗြဲ ၇း ၂၆ -၂၈)

“အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော . သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။ ” (၁ပေ ၁း၁၉)

“ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းချောက်ခြင်းကို မပြု။တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏။”(၁ပေ ၂း၂၂-၂၃)“ကိုယ်တော်သည် ငါတို့၏အပြစ်များကိုဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏။ ကိုယ်တော်၌လည်း အပြစ်မရှိ။” (၁ ယော ၃း၅)

ကောလောသဲ ၁:၁၅-၂၂

၁။ ဖန်ဆင်းရှင် (၁း၁၆) ..ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့ အလိုငှါ၎င်း၊ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ် ကြ၏။”

၂။ အသင်းတော်၏ ဦးခေါင်း (၁း၁၈) “အသင်းတော် တည်းဟူသော ကိုယ်၏ဦးခေါင်း ဖြစ်တော်မူ၏။”

၃။ ရွေးနှုတ်ကယ်တင်သူ (၁း၂၀-၂၂) “လက်ဝါးကပ်တိုင်မှာ သွန်းသော အသွေးတော်အားဖြင့် … ရန်ကိုငြိမ်းစေ၍၊ ကောင်းကင်အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ စေခြင်းငှါ၎င်း အလိုရှိတော်မူ၏။ အထက်က ဘုရားသခင်နှင့်ကွာရှင်း၍၊ ဆိုးညစ်သောအကျင့်ကိုကျင့်သဖြင့် စိတ်နှလုံး၌ ရန်သူဖြစ်သောသင်တို့ကို၊ ကိုယ်ခန္ဓတော်၌ အသေခံတော်မူသောအားဖြင့်၊ ယခု မိဿဟာယဖွဲ့ စေတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင် အောက်၌ ရှိသမျှသောဝေနေယျသတ္တဝါတို့အား ဟောပြောသဖြင့်၊ သင်တို့သည် ကိုယ်တိုင် ကြားရပြီးသော ဧဝံဂေလိတရား၏ မြော်လင့်ခြင်းမှ မရွေ့လျော့ဘဲ…

၄။ မျက်မမြင်ရသော ဘုရားသခင်၏ ပုံသဏ္ဍာန် (၁း၁၅)

၅။ ထိန်းချုပ်သူ (၁း၁၇) “ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာတည်ကြ၏။”

၆။ ဝေနေယျ သတ္တဝါအပေါင်းတို့တွင် သားဦး (၁း၁၅)

ပရောဖက်ပြုချက်များ ပြီးပြည့်စုံခြင်း

ယေရှုခရစ်တော်၏ အမှုတော်နှင့် ဘဝအသက်တာ၏ အနှိုင်းမဲ့သော လက္ခဏာများထဲမှတစ်ခုမှာ ဓမ္မဟောင်းကျမ်းမှ ကြိုင်တင်ပရောဖက်ပြုချက်များ ပြီးပြည့်စုံလာခြင်းဖြစ်သည်။ ယေရှုခရစ်တော်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မှ ထိုကဲ့သို့ ပရောဖက်ပြုချက်များ ပြီးပြည့်စုံသည်ဟု အခိုင်အမာ ပြောနိုင်မည် မဟုတ်ပေ။

ယေရှုအကြောင်းနှင့် ပတ်သက်၍ ဓမ္မဟောင်းပရောဖက် ပြုချက်များအပြင် ယေရှုခရစ်တော်ကိုယ်တိုင် လောက၌ အမှုတော်ဆောင်နေစဉ် အောက်ပါတို့ကို ပရောဖက်ပြုခဲ့သည်။ ထိုပရောဖက်ပြုချက်များလည်း ပြည့်စုံခဲ့သည်။ မိမိကိုယ်တိုင် ပရောဖက်ပြုသည့်အရာများ ပြည့်စုံခြင်းသည် မိမိကိုယ်ကို ပြိုင်ဘက်ကင်းသော ဘုရားအဖြစ် အခိုင်အမာ သက်သေပြုခဲ့ခြင်း ဖြစ်သည်။

ရှင်ပြန်ထမြောက်ခြင်း

၁။ ဓမ္မဟောင်းပရောဖက်ပြုချက်များခရစ်တော်၏ ထမြောက်ခြင်းသည် ဓမ္မဟောင်းပရောဖက်ပြုချက်များ ပြည့်စုံခြင်းဖြစ်သည် –

ငါ့ဝိညာဉ်သည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတပါး၊ ငါ့အသားသည် မြော်လင့်လျက် . ကျိန်းဝပ်လိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း … ပုပ်စပ်ခြင်းကို … ရှိစေတော်မမူဘဲလျက်၊ အသက်ရှင်ခြင်း လမ်းကိုပြညွှန်တော်မူလိမ့်မည်။ အထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့်နှင့်လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။ (ဆာလံ ၁၆း၉-၁၁)ထာဝရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ခြေတင်ရာ၊ ငါမချထား မှီတိုင်အောင်၊ ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူ၏။ ထာဝရဘုရားသည် အရှင်၏ အာဏာတော် လှံတံကို ဇိအုန်မြို့ မှ လွှတ်တော်မူမည်။ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူ လိမ့်မည်။ တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏ လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်လျက်၊ ကြည်ညိုသော စေတနာစိတ်ရှိ၍၊ လူပျိုတော်တို့သည် နံနက်ဝမ်းထဲက ထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။ ထာဝရဘုရားက၊ သင်သည်

မေလခိဇေဒက် နည်းတူ ထာဝရ ယဇ်ပုရောဟိတ် ဖြစ်သည်ဟု ကျိန်ဆို၍၊နောက်တဖန်စိတ်ပြောင်းလဲခြင်း ရှိတော်မမူ။ လက်ျာတော်နားမှာ ရှိသောဘုရားရှင်သည် အမျက်တော် အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ်တော်မူမည်။ငါ၏သခင်သည် တပါးအမျိုးသားတို့တွင် တရား စီရင်လျက်၊အ သေကောင်တို့ကိုအနှံ့အပြားဖြစ်စေ၍၊ ကျယ်သောမြေ၌ သူတို့ ဦးခေါင်းကို နှိပ်စက်တော်မူမည်။လမ်းနားမှာ စီးသောရေကို သောက်၍၊ ခေါင်းတော်ကို ချီးမြှင့်တော်မူမည်။(ဆာလံ ၁၁၀:၁-၇)

ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသာမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူမြေမြှုပ်ခြင်းငှါ စီရင်ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ ရှိ၏။ ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလို တော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်မည်။ ထာဝရဘုရား၏ အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။ မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန်ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသော သူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။သူတို့၏ အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏။ ထိုသို့ မိမိ အသက်ကို သေခြင်း၌သွန်း၍၊ မတရားသော သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သဖြင့်၊ လူများတို့၏အပြစ်ကို ဆောင်ရွက်၍၊ မတရားသော သူတို့အဘို့ တောင်းပန်သောကြောင့်၊လူကြီးတို့ကို သူ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲမည်။ အစွမ်းသတ္တိရှိသော သူတို့ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသော အခွင့် ရှိလိမ့်မည်။ (ဟေရှာယ ၅၃း၉-၁၂)

၂။ ခရစ်တော်ကိုယ်တိုင် ပရောဖက်ပြုချက်များသူ၏ အသေခံတော်မူခြင်း နှင့် ရှင်ပြန်ထမြောက်တော်မူခြင်း အကြောင်းကိုခရစ်တော်ကိုယ်တိုင် ကြိုတင်ဟောပြောခဲ့သည် -ယေရှုကလည်း၊ “ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အတွင်းတွင်ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။ ယုဒလူတို့က၊ … အနှစ်လေးဆယ်ခြောက်နှစ် ပတ်လုံး ဤဗိမာန်တော်ကို တည်ဆောက်ကြ၏။ သင်မူကား၊သုံးရက် တည်းနှင့် တည်ဆောက်မည်လောဟု ဆိုကြ၏။ ထိုသို့မိန့်တော်မူရာ၌မိမိကိုယ် တည်းဟူသော ဗိမာန်ကို အမှတ်ပြု၍ မိန့်တော်မူ၏။ ထိုကြောင့်သေခြင်းမှ ထမြောက်တော်မူသည်နောက်။ ထိုစကားတော်ကို တပည့်တော်တို့သည် မှတ်မိ ကြသဖြင့်၊ ကျမ်းစာကို၎င်း၊ ယေရှု၏ နှုတ်ကပတ်တော်ကို၎င်းယုံကြ၏။” (ယောဟန် ၂း၁၉ – ၂၂)

ထိုအခါ အချို့သောကျမ်းပြုဆရာနှင့် ဖာရိရှဲတို့က၊ “အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်ပြတော် မူသော နိမိတ်လက္ခဏာတစုံတခုကို မြင်ချင်ပါသည်” ဟု လျှောက်ကြလျှင်၊ ကိုယ်တော်က “ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကို တောင်းသည်မှာ၊ ပရောဖက်ယောန၏ နိမိတ်လက္ခဏာမှတပါး အဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာ။ ယောနသည်ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရ လတုံ။” (မဿဲ ၁၂:၃၈ – ၄၀)

ဂါလိလဲပြည်၌ နေကြစဉ်တွင် ယေရှုက “လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီ။ သူတို့သည် သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထ မြောက်လိမ့်မည်” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။ သူတို့သည်လည်း အလွန်ဝမ်းနည်းခြင်း ရှိကြ၏။ (မဿဲ၁၇:၂၂-၂၃)

ယေရှုသည် ယေရုရှလင်မြို့ သို့ တက်ကြွတော်မူစဉ်၊ လမ်းခရီး၌ တကျိပ်နှစ်ပါးသောတပည့်တော်တို့ကို ဆိတ်ကွယ်ရာအရပ်သို့ခေါ်၍၊ “ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ လူသားသည် ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်သို့ ရောက်လိမ့်မည်။ ထိုသူတို့သည် သေပြစ်ကို စီရင်လိမ့်မည်။ လူသားအားပြက်ယယ်ပြုခြင်း၊ ရိုက်ပုတ်ခြင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကို ပြုစေခြင်းငှါ တပါးအမျိုးသားတို့လက်သို့ အပ်နှံလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ထမြောက်လိမ့်မည်” ဟု မိန့်တော်မူ၏။ (မဿဲ ၂၀:၁၇ – ၁၉)

ထိုအခါ ယေရှုကလည်း၊ “ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍သိုးတို့သည် ကွဲလွင့်ရကြ လိမ့်မည်ဟု ရေးထားသည်နှင့်အညီ၊ ယနေ့ညဉ့်တွင်

သင်တို့ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။ သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့ ဂါလိလဲပြည်သို့ သွားမည်” ဟု မိန့်တော်မူသော်၊(မဿဲ ၂၆:၃၁ -၃၂)

“လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့မှစ၍ တပါးအမျိုးသား

တို့အား သက်သေဖြစ်စေခြင်းငှါ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကိုပို့ဆောင်ကြလိမ့်မည်။” (ယောဟန် ၁၀:၁၇ – ၁၈)

၃။ ရှင်ပြန်ထမြောက်ခြင်း၏ သက်သေများ

(က) ပျက်စီးသွားသောရောမတံဆိပ်။ ရောမ အစောင့်တပ်များသည် သင်္ချိုင်းကိုမည်သည့် ကြိုးစားမှုနှင့်မျှ မဖွင့်နိုင်အောင် သင်္ချိုင်းပေါ်တွင် ရောမ တံဆိပ်ကို ခတ်ထားခဲ့သည်။ တံဆိပ်ကိုဖျက်ဆီးသူ (သို့) တာဝန်ကို ကျေပွန်စွာမဆောင်ရွက်သော မည်သူမဆို သေဒဏ်ပေးခံရမည်။ အစောင့် (koust-wdi,an မဿဲ ၂၇:၆၅) တပ်သားတစ်တပ်တွင် ၄ ယောက်မှ ၁၆ ယောက်ထိဖြစ်သည်။ (လေးယောက်တစ်လှည့်စီ စောင့်၍ အလှည့်ကျ အိပ်ရသည်။)ရောမတို့၏တံဆိပ်သည် ရောမအင်ပါယာမင်းကြီး၏ အာဏာကို ကိုယ်စားပြုပါသည်။ ဝမ်းနည်းစရာ ကောင်းသည်မှာ ရောမအင်ပါယာ၏ အာဏာကိုကိုယ်စားပြုသော ရောမတံဆိပ်နှင့် သင်္ချိုင်းကို ခတ်ထားသော်လည်း ထိုအာဏာသည် ယေရှုကို သင်္ချိုင်းထဲ၌ ထိန်းသိမ်းထားရန် မစွမ်းဆောင် နိုင်ခဲ့ပေ။ရောမတံဆိပ်သည် ပို၍ကြီး မားသော ယေရှု၏ တန်ခိုးကြောင့် ပျက်စီးသွားသည်။ သူသည် ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း အခွင့်အာဏာအားလုံးကို ပိုင်ဆိုင်ထားသူ တစ်ဦး ဖြစ်သည်။ မဿဲ ၂၈း၂ တွင် “ထိုအခါမြေကြီးသည် ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှ ဆင်းလာ၍၊ တွင်းဝ၌ ပိတ်သော

ကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏” ဟု ဖော်ပြထားသည်။

ရောမ အစောင့်တပ်သားများသည် အလွန်ကြောက်ရွှံ့ထိတ်လန့်ခဲ့ကြသည်။အဘယ်ကြောင့်ဆိုသော် သူတို့၏တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်သောကြောင့် ရောမခေါင်းဆောင် အာဏာပိုင်များမှ သေဒဏ်ချမှတ်မည်ကို သိနှင့်သောကြောင့် ဖြစ်သည် “လူစောင့်တို့သည် ကောင်းကင်တမန်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်၍ သေမတတ် ဖြစ်ကြ၏” (မဿဲ ၂၈:၄)။အစောင့်များသည် တာဝန်ထမ်းဆောင်နေစဉ် မအိပ်ရပေ (မဿဲ ၂၈း၁၃)။

အကယ်၍ တာဝန်မကျေပွန်ပါက သူတို့၏ခေါင်းကို တုံးပေါ်တွင်တင်၍ခေါင်းဖြတ် သတ်မည်ကို သိကြသည်။ တပည့်တော်များသည် ယေရှု၏ ခန္ဓာကိုယ်ကို မခိုးယူခဲ့ပေ။ သေခြင်းမှ ထမြောက်ခဲ့ခြင်းဖြစ်သည်။ ထမြောက်ခြင်းသည် ငြင်းဆန်၍မရသော အမှန်တရား ဖြစ်သည်။

(ခ) ကျောက်တုံး ရှေ့သွားသည်။ သင်္ချိုင်းကို ပိတ်ထားသော ကျောက်တုံး (လိမ့်သွားသော ကျောက်တုံး၏ အလေးချိန်မှာ နှစ်တန်ခန့် ရှိသည်။ သင်္ချိုင်းအဝကို ပိတ်ရန် ထိုကျောက်တုံးကို ဆင်ခြေလျှောတစ်ခုမှ လိမ့်ထားခဲ့ခြင်းဖြစ်သည်။ ထိုကျောက်တုံးကို သပ်ရိုက်ပြီးမှ သပ်ကိုဖယ်ကာ ပြန်လိမ့်နိုင်မည် ဖြစ်သည်။ သို့သော် အလွန်ကြီးမား လေးလံသော ကျောက်တုံးကြီးကို သင်္ချိုင်းအဝ (ထုထည်ကြီးမားသော သင်္ချိုင်း) မှ အဝေးသို့ ပြန်လိမ့်ထားပြီးသား ဖြစ်သည်။ မိမိတို့၏ သခင်သေဆုံးမှု ကြောင့် ယုဒလူတို့အား အလွန်ကြောက်ရွံ့နေသော တပည့်တော်များသည် ထိုကဲ့သို့ ထူးခြားသောအပြုအမှုမျိုးကို အဘယ်နည်း နှင့်မျှ ပြုနိုင်မည် မဟုတ်ပေ။ ကျောက်တုံးကိုအဝေးသို့လိမ့်ရန် သင်္ချိုင်းဂူအတွင်းမှ တစ်စုံတစ်ယောက်မှ ပြုနိုင်မည်

မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အတွင်းပိုင်းတွင် လက်ကိုင်မရှိ သောကြောင့်ဖြစ်သည်။ အကယ်၍ အတွင်းပိုင်းတွင် လက်ကိုင်ရှိခဲ့မည်ဆိုလျှင်လည်းမတ်စောက်၍ အလေးချိန်များသော ကျောက်တုံးတစ်တုံးကို နေရာမှရွှေ့ရန်မှာ မဖြစ်နိုင်ပေ။ ဤကဲ့သို့ ကြီးမားသော ကျောက်တုံးကို အရာခပ်သိမ်းတတ်စွမ်းနိုင်သော တန်ခိုးတော်အားဖြင့်သာ သင်္ချိုင်းအဝမှ အဝေးသို့ ဖယ်ရှားနိုင်ပါမည်။

(ဂ) လူမရှိသော သင်္ချိုင်း။ ယေရှုကို ထားရှိသော သင်္ချိုင်းမဟုတ်ဘဲ အခြားသင်္ချိုင်းသို့ သွား၍ မှားကြည့်သည်ဟု လူအချို့က အဆိုပြုကြသည်။ ယဇ်ပုရောဟိတ်ကြီးများနှင့် . ရောမအစောင့်များသည် ယေရှုထမြောက်ကြောင်းတပည့်တော်များ၏ အခိုင်အမာပြောဆိုမှုကို ပယ်ဖျက်ခဲ့သည့်အတွက် ယေရှု၏ခန္ဓာကိုယ်ကို သင်္ချိုင်းမှ အလွယ်တကူ ထုတ်ပြနိုင်လိမ့်မည် ဖြစ်သောကြောင့် ဤအယူအဆကို အလွယ်တကူ ပယ်ဖျက်နိုင်ပါသည်။ သို့သော်သူတို့သည် ယေရှု၏ ခန္ဓာကိုယ်ကို မထုတ်ပြနိုင်ခဲ့ပေ။ အမျိုးသမီးများနှင့်တပည့်တော်များသည် မှန်သော သင်္ချိုင်းသို့သွားခဲ့သော်လည်း အဘယ်အရာမှ မတွေ့ခဲ့ပေ။ ခရစ်တော်သည် ထမြောက် တော်မူပြီ။

(ဃ) သင်္ချိုင်းတွင်ကျန်ရစ်သောအဝတ်များ။ ယောဟန်သည် သင်္ချိုင်းတွင်းသို့ငုံ့ကြည့်သောအခါ သင်္ချိုင်းတွင်း၌ ပိတ်ပုဆိုးကို တွေ့ခဲ့သည်။ တစ်ဖက်တွင်လည်း ပေတရုသည် သင်္ချိုင်းထဲသို့ ဝင်၍ ပိတ်ပုဆိုးနှင့် ခေါင်းတော်၌ရှိသော ပုဝါကို တွေ့ခဲ့သည်။ ပုဝါသည် ပုဆိုးနှင့်အတူမရှိဘဲ တစ်ခြားစီလိပ်လျှက်ရှိနေခဲ့သည် (ယောဟန်၂၀:၃-၇)။ အဘယ်ကြောင့် ပိတ်ပုဆိုး နှင့်ပုဝါ အကြောင်း အသေးစိတ် ဖော်ပြသနည်း။ ပေါင်တစ်ရာခန့်ရှိသော အမွေးအကြိုင်များနှင့် လိမ်းကျံထားသည့် စေးကပ်သော အရာဝတ္ထုနှင့် ယေရှု၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည်။ ဤမွေးရနံ့သည် ယေရှု၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်စွာ စွဲကပ်နေမည် ဖြစ်သည်။ သင်္ချိုင်း၌ ယေရှု၏ အဝတ်တော်ကို ချွတ်ရန်မှာ အလွန်ခက်ခဲသည်။ အကယ်၍ ခန္ဓာကိုယ် အခိုးခံရပါကသူခိုးသည် သင်္ချိုင်းအတွင်း၌ ပိတ်ပုဆိုး၊ သင်္ဂြိုလ်ထားသော အဝတ်အစားများနှင့် စေးကပ်သော အရာဝတ္ထုကိုဖယ်ရှားရန် အချိန်ယူမည် မဟုတ်ပေ။

ထို့ပြင် ပုဝါကို သေချာလိပ်၍ သင်္ချိုင်းအတွင်း၌ ပြန်ထားမည် မဟုတ်ပေ။ရောမအစောင့်တပ်သားများ သူ့ကိုမသတ်ခင် ခန္ဓာကိုယ်နှင့်တကွ အားလုံးကိုယူသွားကာ အဝေးသို့ ထွက်ပြေးသွားမည် ဖြစ်သည်။ တမန်တော်ယောဟန်သည်လည်း သင်္ချိုင်းတွင်းသို့ ဝင်သွားခဲ့၍ မြင်သဖြင့် ယုံလေသည် (ယောဟန် ၂၀၈-၉)။ သင်္ဂြိုလ်ထားသော သင်္ချိုင်းမှ အဝတ်အစားများသည်သင်္ချိုင်းမှ အမှန်တကယ် ယေရှု ထမြောက် တော်မူကြောင်း ယောဟန်အားသဘောပေါက်နားလည်စေခဲ့သည်။

(င) ယေရှု၏ ကိုယ်ထင်ပြခြင်း။ ယေရှုသည် တပည့်တော်များအား ကိုယ်ထင်ပြခဲ့သည့်အချိန်တွင် အားနည်းသောသူတစ်ယောက် မဟုတ်ခဲ့ပေ။ အသွေးများစွာ သွန်းခဲ့ရသည့်အတွက် သွေးအား နည်းခြင်း မရှိခဲ့ပေ။ ထောင်မှထွက်လာသော သူတစ်ဦးကဲ့သို့ ဆေးကုသမှုခံယူရန်လည်း မလိုအပ်ခဲ့ပေ။ ယေရှုသည် ကျန်းမာရေးခွန်အား အပြည့်အဝနှင့် ရှင်ပြန်ခဲ့သည်။ ခရစ်တော်၏ကားစင်တင် သတ်ခံရခြင်း၊ အသွေးများဆုံးရှုံးရခြင်း၊ သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည် လူတစ်ဦးအတွက် မှားယွင်းသည်ဟု မပြောနိုင်သောအမှန်တရားဖြစ်သည်။ ယေရှုသည် သဂြိုလ်ခြင်းခံရသောအခါ သတိမေ့မျောခဲ့ခြင်း မဟုတ်ပေ။ ဧကန်အမှန် သေဆုံးပြီးမှ ပြန်ရှင်လာခြင်း ဖြစ်သည်။

အကယ်၍ ယေရှုသည် သတိလစ်နေပါက ကျောက်တုံးကို အတွင်းမှလှိမ့်ရန်၊ သင်္ချိုင်းအပြင်၌ရှိသော အစောင့်များကို အနိုင်ရရန် သွေးများကိုဆုံးရှုံးခဲ့ရသော သူတစ်ဦးအနေနှင့် မဖြစ်နိုင်ပေ။ ထမြောက်ခြင်းသည် အရာခပ်သိမ်းကို တက်စွမ်းနိုင်သော တန်ခိုးတော်အားဖြင့် ဖြစ်သည် (ဧဖက် ၁း၁၉

-၂ဝ)။ ယေရှု၏ရှင်ပြန် ထမြောက်ခြင်းသည် တပည့် တော်များအား ယေရှုကိုသေခြင်းတရား အောင်နိုင်သူ၊ လောက၏ ကယ်တင်ရှင်၊ အမှောင်ကမ္ဘာ၌ တန်ခိုးအဖြစ် ကြေငြာရန် သတ္တိနှင့် အခွင့်အာဏာကို ပေးခဲ့သည်။

(စ) မျက်မြင်သက်သေများ။ ယေရှုသည် ကောင်း ကင်ပေါ် မတက်ကြွမီ ရက်လေးဆယ်အတွင်း မတူညီသောနေရာနှင့် မတူညီသော လူများထံ အနည်းဆုံးသုံးဆယ့်တစ်ကြိမ် ကိုယ်ထင်ပြခဲ့သည်။

ယေရှုသည် သူ၏နောက်လိုက်များ (သို့) သူ့ကို ယုံကြည်သူများထံတွင် သာမကမိမိအပေါ်သံသယ ရှိနေသူများအားလည်း သူ့ကိုယ်ကို ဖော်ပြခဲ့သည်။ သူ့အားယုံကြည်သူများထံမှ သက်သေခံချက်များသည် . ပျောက်ပြယ်သွားနိုင်သော်လည်း

သူ့အား ကိုယ်တိုင် မြင်ရသော သံသယရှိသူများထံမှ . သက်သေခံချက်များသည်အလွယ်တကူ မပျောက်ပြယ် သွားနိုင်ပေ။ ယေရှုခေတ်အခါတွင် ဤမျက်မြင် သက်သေများကို စစ်ဆေးမေးမြန်းနိုင်သည်။ ခရစ်တော် အမှန်ထမြောက်ခြင်း မရှိဟု

သက်သေခံမည့်သူ တစ်ယောက်မျှရှိမည် မဟုတ်ပေ။ ရှင်ပေါလုသည် “ထိုနောက်ညီအစ်ကိုငါးရာမက၊ တပြိုင်နက် မြင်ရကြ၏။ ထိုသူတို့တွင် အများ သောသူတို့ သည်ယခု တိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော် ကြပြီ” ဟု ၁ ကော၁၅း၆ တွင်ရေးသားခဲ့သည်။ အသင်းတော်ကိုညှင်းဆဲသော ပေါလုထံ ခရစ်တော်သည်ကိုယ်ထင်ပြခဲ့သည် (၁ ကော ၁၅း၈)။ယေရှုရှင်ပြန်ထမြောက်သည်ကို တွေ့သောသူများမှာ အာရုံထွေပြားခြင်း (မရှိသည်ကိုအရှိဟုထင်မှတ်မှားနေခြင်း) ဖြစ်သည်ဟု ဆိုသော သီအိုရီ တစ်ခုရှိသည်။ လူငါးရာလုံး တစ်ချိန်တည်းတွင် အထင်မှားသည်မှာ မဖြစ်နိုင်ပေ (၁ ကော ၁၅း၆)။အကယ်၍ ခရစ်တော် အမှန် မထမြောက်ခဲ့ပါက ယေရှု၏ ခန္ဓာကိုယ်ကို ထုတ်ဖော်ပြနိုင်ရမည် (သို့) ယေရှု၏ သင်္ချိုင်းကို ပြနိုင်ရမည်။

အကြိမ်များစွာ ယေရှုအား တွေ့မြင်ရခြင်းမှာ ယေရှုသည် ဝိညာဉ်နှင့်ဆိုင်သောထမြောက်ခြင်း မဟုတ်ဘဲ၊ ခန္ဓာနှင့်ဆိုင်သော ထမြောက်ခြင်း ဖြစ်ကြောင်း သက်သေပြရန် ဖြစ်သည်။ အမျိုးသမီးများသည် ယေရှု၏ ခြေ၊ ခန္ဓာကိုယ်ကို ထိတွေ့ခဲ့သည်(မဿဲ ၂၈:၉)။ သောမအား မိမိ၏ခန္ဓာကိုယ်ကို တို့တိရန် အခွင့်ပေးခဲ့သည် (ယောဟန် ၂၀း၂၇)။ “ငါသည် သင်တို့မြင်သည်အတိုင်း အရိုး၊ အသားနှင့်ပြည့်စုံ၏” (လုကာ၂၄း၃၉ – ၄၀)။ ယေရှုသည် ထမြောက်ပြီးနောက် အစာ စားသည် (လုကာ ၂၄:၄၁ -၄၅)။ ခန္ဓာနှင့်ဆိုင်သော ထမြောက်ခြင်းဖြစ်သည်။ ဝိညာဉ်နှင့်ဆိုင်သော ထမြောက်ခြင်းဖြစ်ပါက မျက်မြင်သက်သေများသည် ယေရှု၏ ခန္ဓာကိုယ်ကို ထိတွေ့နိုင်မည်မဟုတ်သကဲ့သို့ ယေရှုသည်လည်း အစာစားနိုင်မည် မဟုတ်ပေ။ ထို့ပြင် အာဏာပိုင်များသည် ယေရှု၏ သဂြိုလ်ထားသောခန္ဓာကိုယ်ကို လူအများ ထုတ်ဖော်ပြသလိမ့်မည်။ ဤသို့ ထုတ်ဖော်ပြခဲ့ပါက ရှင်ပြန်ထမြောက်ခြင်းနှင့်ဆိုင်သော ကောလဟာလများကို နှုတ်ပိတ်နိုင်ပေလိမ့်မည်။

(ဆ) ပြောင်းလဲသွားသော အသက်တာများ ယေရှုခရစ်တော်၏ ထမြောက်ခြင်း သည်ရှက်ရွံ့သော၊ ကြောက်ရွံ့သော တံငါသည်များကို သတ္တိရှိသော သက်သေခံများအဖြစ် ပြောင်းလဲစေခဲ့သည်။ သူတို့၏ ပြောင်းလဲသွားသော အသက်တာများသည် ယေရှုခရစ်တော်၏ တန်ခိုးနှင့် ထမြောက်ခြင်းကို သက်သေ

ခံသည်။တပည့်တော်များသည် လိမ်ညာပြောမည် မဟုတ်ပေ။ ထို့ပြင် မိုက်မဲသောသူတစ်ဦးအတွက် သူတို့၏ ဘဝကို စတေးခံမည် မဟုတ်ပေ။ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်၍ သေခြင်းမှ ထမြောက်ခဲ့သည်။ ယေရှုသည် ကိုးကွယ်ရန် ထိုက်တန်သော ပုဂ္ဂိုလ်ဖြစ်သည်။

၄။ ရှင်ပြန်ထမြောက်ခြင်း၌ ပါဝင်ပတ်သက်သူများ

(က) ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအုတ်မြစ်။ ရှင်ပေါလုက ၁ ကော ၁၅း၁၄- ၁၇အောက်ပါအတိုင်း ပြောထားပါသည် – “ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ သင်တို့ယုံကြည်ခြင်း၌လည်းအကျိုးမရှိ။ ထိုမျှမက၊ ငါတို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်

သေခံ ဖြစ်ကြ၏။ အကြောင်းမူကား၊ သေလွန်သောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ဘုရားသခင်သည် ခရစ်တော်ကို ထမြောက်စေတော်မမူ၊ယခုမှာ၊ ခရစ်တော်ကို ထမြောက်စေတော်မူပြီဟု ငါတို့သည် ဘုရားသခင်၏အကြောင်းကို သက်သေခံကြ၏။ သေလွန်သောသူတို့ သည် ထမြောက်ခြင်းမရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော် သည် ထမြောက်တော်မမူလျှင်၊ သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။” ရောမ ၄:၂၅ “ထိုသခင် ယေရှုသည် ငါတို့အပြစ်ကြောင့် အပ်နှံခြင်းကို ခံတော်မူ၏။ ငါတို့သည် ဖြောင့်မတ်ရာသို့ရောက်မည်အကြောင်း ထမြောက်တော်မူ၏။”

(ခ) ကျွန်ုပ်တို့၏ မျှော်လင့်ခြင်း အခြေခံအုတ်မြစ်။ ၁ ပေ ၁း၃-၅ “ အသက်ရှင်ခြင်း နှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော် မူသောအားဖြင့်၊ ကြီးစွာသော ကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွား စေတော်မူသော၊ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထိုအမွေတော်သည်ကား၊နောက်ဆုံး သောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင် ဘုံ၌သိုထားလျက်ရှိသော အမွေတည်း။” ၁ သက် ၄း၁၄ “ယေရှုသည် သေပြီးမှတဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌အိပ်ပျော်သော သူတို့ကိုလည်း၊ ထိုသခင်နှင့်အတူဘုရား သခင် ပို့ဆောင်တော်မူလိမ့်မည်။”

(ဂ) ခရစ်တော်၏ ဘုရားဖြစ်ခြင်းသက်သေ။ သူ၏ဘုရားဖြစ်ခြင်းအား စစ်မှန်ကြောင်းသက်သေခံရန် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် အကြီးမြတ်ဆုံးသော နိမိတ်လက္ခာဏာ ဖြစ်သည်။ ၁ ကော ၆း၉ – ၁၀ “မတရားသောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရသည်ကို သင်တို့မသိကြ သလော။ အလွဲမယူကြနှင့်။ မတရားသော မေထုန်၌ မှီဝဲသောသူ၊ရုပ်တုကိုကိုးကွယ်သောသူ၊ သူ့မယားကို ပြစ်မှားသောသူ၊ ယောက်ျားချင်းမေထုန်ကို ပြုသောသူ၊ ထိုအမှုကိုခံသောသူ၊ သူ့ဥစ္စာကို ခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေရည်သေရက်နှင့် ယစ်မူးသောသူ၊ ဆဲရေး ကဲ့ရဲ့သောသူ၊ အနိုင်အထက်လုယူသော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကိုအမွေမခံရကြ။” ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ဘုရား ဖြစ်ခြင်းကို အစစ်အမှန် ဖြစ်ကြောင်းသက်သေပြရန် အခိုင်အမာ ဆုံးသော လက္ခဏာသက်သေဖြစ်သည်။ ယေရှုသည် ထာဝရ အသက်ရရန် သေခြင်းမှ ထမြောက်ခဲ့သည်။ သေခြင်းမှ ပြန်ရှင်သောသူ အချို့ရှိသော်လည်း သူတို့သည် တစ်ဖနသရဦးမည် ဖြစ်သည်။ ယေရှုမှာမူ ရှင်ပြန်ထမြောက်ခဲ့ပြီး ယနေ့အထိအသက်ရှင်သည်။

(ဃ) ယုံကြည်သူများ ပြန်လည်ထမြောက်မည့် အာမခံချက်။ ရောမ ၈:၁၁“ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှထမြောက်စေတော်မူသော ဘုရားသည် သင်တို့အထဲ၌ ကျိန်းဝတ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။”

၁ ကော ၁၅:၂၀ “ယခုမူကား၊ ခရစ်တော်သည် သေခြင်းမှ ထမြောက်တော်မူ၍၊ အိပ်ပျော်သောသူတို့တွင် အဦးသီးသော အသီးဖြစ်တော်မူပြီ။”ဗျာဒိတ် ၁:၅ “သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ် အထံတော်က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ .

(င) သေခြင်းကို အောင်နိုင်ခြင်း – ခရစ်တော်၏ ထမြောက်ခြင်းသည် သေခြင်းတရားကို အနိုင်ယူခဲ့သည်။ ၁ ကော ၁၅:၂၆၊ ၅၄ – ၅၆ “နောက်ဆုံးသောရန်သူတည်းဟူသော သေမင်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလတံ့ ……. ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ်သော အရာသည် မသေနိုင်သော အဖြစ်သို့၎င်း၊ ဝင်စားသောအခါ၊ သေခြင်းသည်အောင်ခြင်း၌ နှစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်။ အိုသေမင်း၊သင်၏လက်နက်သည်၊ အဘယ်မှာ ရှိသနည်း။ အို မရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း။ သေမင်း၏ လက်နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏ တန်ခိုးကား၊ ပညတ်တရားပေတည်း။”

(စ) အပြစ်ခွင့်လွှတ်ခြင်း။ ရောမ ၁၀:၉ “အဘယ်သို့နည်း ဟူမူကား၊ သင်သည်သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှထ မြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်း သို့ရောက်လိမ့်မယ်။ ကော ၁၇ – ၁ “ရစ်တော်သည် ထမြောက်တော်လျှင် သင်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်ဆက်၌ရှိကြ၏။ ထိုတပါ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ

(ဆ) ခရစ်ယာန်အသက်တာ.အသက်ရှင်ခြင်းအတွက် တန်ခိုး။ ခရစ်တော်၏ထမြောက်ခြင်း တန်ခိုးသည် ခရစ်ယာန်အသက်တာ အသက်ရှင်ခြင်းအတွက်တန်ခိုးနှင့် အပြစ်တရားအပေါ် အနိုင်ယူနိုင်ရန် အခွင့်အာဏာ ပေးသည်။ရောမ ၆:၁၀-၁၂ “မကြာမမြင့်မီ ဘုရားသခင် အလိုတော်အားဖြင့် အဆင်သင့်၍၊ သင်တို့ရှိရာသို့ ငါလာရသော အခွင့် တစုံတခု ရှိပါမည်အကြောင်းဆုတောင်းဌာနပြု၏။ သင်တို့သည် မြဲမြံခိုင်ခံ့မည့် အကြောင်း၊ ငါသည်သင်တို့၌ ဝိညာဉ်ဆုကျေးဇူး တစုံတခုကို အပ်ပေးခြင်းငှါ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏။ ထိုသို့ဆိုသော်၊ ငါနှင့်သင်တို့သည် ယုံကြည်သောအားဖြင့်

အချင်းချင်း အားရသက်သာခြင်းသို့ ရောက်ကြမည် အကြောင်းကို ဆိုလိုသတည်း။” ကော ၂:၁၂ “အလင်း၌ နေသော သန့်ရှင်းသူတို့၏ အမွေကိုငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။”ရောမ ၈း၁၁-၁၃ “ထိုမျှမက၊ ယေရှုကိုသေခြင်းမှ ထမြောက်စေတော် မူသော

ဘုရား၏ဝိညာဉ်တော်သည် သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူလျှင်၊ ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရားသည် သင်တို့ အထဲ၌ကျိန်းဝတ်သော မိမိဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို့၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်။ သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ဇာတိပကတိအတိုင်း ကျင့်ရမည်အကြောင်း၊ ဇာတိပကတိ၏ ကျွန်ဖြစ်ကြသည်မဟုတ်။ သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်။”

ဖိလိပ္ပိ ၃း၀၀”ကိုယ်တော်သည် အသေခံတော်မူသည် နည်းတူ၊ ငါသည်လည်းအသေခံ၍ ထိုသခင်ကို၎င်း၊ ထမြောက်တော်မူခြင်း၏ တန်ဖိုးကို ၎င်း၊ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ခံခြင်းကို၎င်း၊ သိကျွမ်းခြင်းငှါ…. “ ဧဖက်၁း၁၉ “ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှ စွာသော တန်ခိုးတော်ကား အဘယ်မျှ လောက်ကြီးသည်ကို၎င်း၊ သင်တို့သည် သိစေခြင်းငှါ၊သင်တို့၏ ဉာဏ်မျက်စိကို လင်းစေပါမည် အကြောင်း”

(ဇ) ဘုရားသားဖြစ်ကြောင်း ကြေငြာခြင်း – ရောမ ၁:၄ …တန်ခိုးနှင့်တကွဘုရားသခင်၏ သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့ သခင်ယေရှုခရစ်တည်းဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးကမိမိ ပရောဖက်များအားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော် မူသောဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊

(ဈ)ယေရှု၏ စကားတော် တည်ကြောင်းသက်သေပြခြင်း – အကယ်၍ ခရစ်တော်သည် မိမိပြောထားသည့်အတိုင်း မထမြောက်ခဲ့ပါက ကျွန်ုပ်တို့သည်သူ၏စကားတော်ကို ယုံကြည်နိုင်စရာ အကြောင်းမရှိပေ။ ယေရှု ပြောခဲ့သမျှအရာအားလုံးသည် အမှန်တကယ် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ယေရှုသည်ယုံကြည်ကိုးစား၍ ရသောပုဂ္ဂိုလ် ဖြစ်သည်။ သူပြောသမျှ အရာအားလုံးပြီးပြည့်စုံလာမည် ဖြစ်သည်။

ဖြည့်စွက်ချက်များ

ခရစ်တော်၏ အံ့ဖွယ် နိမိတ်လက္ခဏာများ

၁။ ရေမှစပျစ်ဝိုင် ပြောင်းခြင်း (ယော ၂:၁-၁၁)။

၂။ အမတ်၏ သားအား ကျန်းမာစေခြင်း (ယော ၄:၄၃-၅၄)။

၃။ ကပေနေရနောင်မြို့ ရှိ နတ်ဆိုးစွဲသူအား ကျန်းမာစေခြင်း (မာ ၁:၂၁-၂၈၊ လု၄:၃၁-၃၇)။

၄။ ပေတရု၏ ယောက္ခမကို ကျန်းမာစေခြင်း (မ ၈:၁၄-၁၇၊ မာ ၁:၂၉-၃၄၊ လု ၄:၃၈-၄၁)။

၅။ ပထမအကြိမ် ငါးများစွာ ဖမ်းခြင်း (မ ၄:၁၈-၂၂၊ မာ ၁း၁၆-၂၀၊ လု ၅:၁-၁၁)။

၆။ နူနာစွဲသူအား ကျန်းမာစေခြင်း (မ ၈း၂-၄၊ မာ ၁း၄၀-၄၅၊ လု၊ ၅း၁၂-၁၆)။

၇။ လက်ခြေသေသောသူအား ကျန်းမာစေခြင်း (မဿဲ ၉:၁-၈၊ မာကု ၂:၁-၁၂၊လုကာ ၅:၁၇-၂၆)။

၈။ လက်သေနေသောသူအား ကျန်းမာစေခြင်း (မ ၁၂း၉-၁၄၊ မာ ၃း၁-၆၊ လု၆း၆-၁၁)။

၉။ တပ်မှူးတစ်ဦီး၏ သမီးကို ကျန်းမာစေခြင်း (မ ၈:၅-၁၃၊ လု ၇:၁-၁၀)။

၁၀။ မုဆိုးမ၏သားကို အသက်ရှင်စေခြင်း (လု ၇:၁၁-၁၇)။

၁၁။၊ မုန်းတိုင်းကို ငြိမ်သက်စေခြင်း (မ ၈:၁၈၊ ၂၃-၂၇၊ မာ ၄:၃၅-၄၁၊ လု ၈:၂၂-၂၅)။

၁၂။ ဂါဒရပြည်ရှိ နတ်ဆိုးဆွဲသူများအား ကျန်းမာစေခြင်း (မဿဲ ၈း၂၈-၃၄၊ မာကု၅:၁-၂၀၊ လုကာ ၈:၂၆-၃၉)။

၁၃။ သွေးသွန်အနာစွဲသော အမျိုးသမီးကို ကျန်းမာစေခြင်း (မ ၉:၂၀-၂၂၊ မာ ၅:၂၅-၃၄၊ လု ၈:၄၃-၄၈)။

၁၄။ယာဣရု၏ သမီးငယ်အား ရှင်ပြန်ထမြောက်စေခြင်း (မ ၉:၁၈-၁၉၊ ၂၃-၂၆၊ မာ၅:၂၂-၂၄၊ လု ၈:၄၁-၄၂၊ ၄၉-၅၆)။

၁၅။မျက်ကန်း နှစ်ဦးအား ကျန်းမာစေခြင်း (မ ၉း၂၇-၃၁)။

၁၆။နတ်ဆိုးစွဲသော လူအကို ကျန်းမာစေခြင်း (မ ၉:၃၂-၃၄)။

၁၇။ ၃၈ နှစ်လုံးလုံး လမ်းမလျှောက်နိုင်သူအား ကျန်းမာစေခြင်း (ယော ၅း၁-၁၆)။

၁၈။လူ ၅၀၀၀ ကို ကျွေးမွေးခြင်း (မ ၁၄:၁၄-၂၁၊ မာ ၆:၃၁-၄၄၊ လု၊ ၉:၁၀-၁၇၊ ယော၆း၁-၁၃)။

၁၉။ရေပေါ်လမ်းလျှောက်ခြင်း (မဿဲ ၁၄:၂၄-၃၃၊ မာ ၆:၄၇-၅၂၊ ယော ၆:၁၆-၂၁)

၂၁။ နတ်ဆိုးစွဲသောအမျိုးသမီးငယ်လေးအား ကျန်းမာစေခြင်း (မ၊ ၁၅:၂၁-၂၈၊ မာ၊၇.၂၄ ၃၀)။

၂၁။ နားပင်း၍စကားအသောသူကို ကျန်းမာစေခြင်း (မာ ၇:၃၁-၃၇)။

၂၂။ လူပေါင်း ၄ဝဝဝ အား ကျွေးမွေးခြင်း (မဿဲ ၁၅:၃၂-၃၈၊ မာကု ၈:၁-၉)

၂၃။ ဗက်ဇဲဒမြို့ရှိ လူကန်းတစ်းကို ကျန်းမာစေခြင်း (မာ ၈:၂၂-၂၆)။

၂၄။ ယေရုရှလင်မြို့၌ မွေးကတည်းက မျက်ကန်းသူကို ကျန်းမာစေခြင်း (ယော၊ ၉:၁-၄၁)။

၂၅။ နတ်ဆိုးစွဲသော ကောင်လေးအား ကျန်းမာစေခြင်း (မ၊ ၁၇:၁၄-၂၁၊ မာ၊ ၉:၁၄-၂၉၊ လု ၉ ၃၇-၄၃)။

၂၆။ အခွန်ငွေ နိမိတ်လက္ခဏာ (မ ၁၇:၂၄-၂၇)။

၂၇။နတ်ဆိုးစွဲ လူကန်းတစ်ဦးကို ကျန်းမာစေခြင် (မ ၁၂:၂၂၊ လု ၁၁:၁၄)။

၂၈။ ၁၈ နှစ်ကြာ ကျောကုန်းမဆန့်နိုင်သော အမျိုးသမီးကို ကျန်းမာစေခြင်း (လု၁၃၁-၁၇)။

၂၉။ ရေဖျဉ်းနာစွဲသော သူတစ်ယောက်ကို ကျန်းမာစေခြင်း (လု ၁၄:၁-၆)။

၃၀။နူနာ ဆယ်းအား ကျန်းမာစေခြင်း (လု၁၇:၁၁-၁၉)။

၃၁။လာဇရုအား ရှင်ပြန်ထမြောက်စေခြင်း (ယော ၁၁:၁-၄၆)။

၃၂။ မျက်ကန်းသူ ဗာတိမဲအား ကျန်းမာစေခြင်း (မ ၂၀:၂၉-၃၄၊ မာ ၁၀:၄၆-၅၂၊ လု၁၈:၃၅-၄၃)။

၃၃။ သင်္ဘောသဖန်းပင်ကို ဖျက်ဆီးခြင်း (မ ၂၁:၁၇-၂၀၊ မာ ၁၁၀း၁၂-၁၄၊ ၂၀-၂၁)။

၃၄။ နားဒါဏ်ရာကို ပျောက်ကင်းစေခြင်း (လု ၂၂:၂၄-၅၁)။

၃၅။ ဒုတိယအကြိမ်မြောက် ငါးများစွာ ဖမ်းခြင်း (ယော ၂၁:၁-၁၄)။

ခရစ်တော်၏ ပုံဥပမာများ

၁။ လေမုန်တိုင်းကြားမှ အိမ်နှစ်လုံး (မဿဲ ၇:၂၄-၂၇၊ လု ၆:၄၈-၄၉)။

၂။ ကြွေးစားနှစ်ဦီးအား ဒေနာရိ ၅၀ နှင့် ၅၀၀ စီပေးခြင်း (လု ၇:၃၆-၅၀)။

၃။ တိုင်းနိုင်ငံ မသင့်မတင့်ကွဲပြားနေခြင်း (မ ၁၂:၂၂-၃၇၊ မာ ၃:၂၂-၃ဝ)။

၄။ မျိုးစေ့ကြဲသောသူ (မ ၁၃:၁-၉၊ ၁၈-၂၃၊ မာ ၄:၁-၉၊ ၁၃-၂၀၊ လု ၈:၄-၁၅)။

၅။ မျိုး၏ လျှို့ဝှက်ချက် (မာ ၄:၂၆-၂၉)။

၆။ ကယ်တင်ရှင် လယ်ကွင်းရှိ စာတန်၏ တောပင်များ (မ ၁၃:၂၄-၃၀)။

၇။ အံ့ဖွယ် မုန်ညှင်းစေ့ (မ ၁၃း၃၁-၃၂၊ မာ ၄:၃၀ ၃၂၊ လု ၁၃:၁၈-၁၉)။

တ နှင့် ကောင်းကင်နိုင်ငံတော် (မ ၁၃:၃၃)။

၉။ လယ်၌ဝှက်ထားသော ဘဏ္ဍာ (မ ၁၃:၄၄)။

၁၀။အဖိုးကြီးသော ပုလဲများ (မ ၁၃:၄၅-၄၆)

၁၁။ ငါး အမျိုးအစားရွေးချယ်ခြင်း (မ ၁၃:၄၇-၅၀)။

၁၂။ သင်ပြီးသော ကျန်းစရာ နှင့် ၎င်း၏ဘဏ္ဍ၁ (မ ၁၃:၅၂)။

၁၃။ မင်္ဂလာဆောင်လုလင် နှင့် မိတ်ဆွေများ (မ ၉:၁၄-၁၅၊ မာ ၂:၁၈-၂၀၊ လုကာ၅:၃၃-၃၅)

၁၄။ အဝတ်ဟောင်း နှင့် အဝတ်သစ် (မ ၉:၁၆၊ မာ ၂:၂၁၊ လု ၅:၃၆)။

၁၅။စပျစ်ရည်အသစ်နှင့် ဗူးဟောင်းများ (မ ၉:၁၇၊ မာ၊ ၂:၂၂၊ လု၊ ၅:၃၇-၃၉)။

၁၆။ ညည်းထွားမြည်တမ်းသော်လည်း မငိုကြွေးသော လူမျိုး (မ ၁၁:၁၊ ၆-၁၉၊ လု၇:၂၉-၃၅)။

၁၇။ ခွင့်လွတ်ခြင်း (မ ၁၈:၂၁-၃၅)

၁၈။ကိုယ်နှင့်စပ်ဆိုင်သောသူကို သင်မည်သို့ သိနိုင်မည်နည်း (လု ၁၀:၃ဝ-၃၇)

၁၉။ နတ်ဆိုးများ နှင့် သုတ်သင်ပြင်ဆင်လျက်ရှိသော အိမ် (မ ၁၂:၄၃-၄၅၊ လု ၁၁:၂၄-၂၆)။

၂၀။ ပညာမဲ့သော သူ (လု ၁၂:၁၃-၂၁)။

၂၁။ အဆင်သင့်ရှိနေခြင်းက ဂရုမစိုက်ခြင်းကို ဆန့်ကျင်သည် (မ ၂၄:၄၂-၅၁၊ လု ၁၂.၃၅-၄၈)။

၂၂။ အသီးမသီးသော သင်္ဘောသဖန်းပင် (လု ၁၃း၆-၉)။

၂၃။ ပွဲများတွင် ဂုဏ်ရှိသောသူတစ်ယောက် ဖြစ်စေရန် (လု ၁၄:၇-၁၄)။

၂၄။ ပွဲဝင်ရန် ဆင်ခြေများ (လု ၁၄:၁၅–၂၄)။

၂၅။ ပျောက်သော သိုး၊ ဒင်္ဂါးပြား နှင့် ပျောက်သောသား (လု ၁၅:၁-၃၂)။

၂၆။ ငွေရတတ်သော ဘဏ္ဍာစိုး (လု ၁၆:၁-၁၃)။

၂၇။ လာဇရု နှင့် သူဌေးကြီး (လု ၁၆:၁၉-၃၁)

၂၈။ ကျွန်ုပ်တို့၏ အကောင်းဆုံးပင် အနည်းဆုံး (လု ၁၇:၇-၁၀)။

၂၉။ မုဆိုးမ နှင့် တရားသူကြီး (လု ၁၈:၁-၈)

၃၀။မာနကြီးသော ဖာရိရှဲ နှင့် နှိင့်ချသော အခွန်ခံ (လု ၁၈း၉-၁၄)။

၃၁။ညစ်ညူးစေသောအရာကို သန့်ရှင်းစေသည့်လမ်းဉ် (မ ၁၅:၁၀-၂၀၊ မာကု ၇:၁၄-၂၃)။

၃၂။ နာရီပိုင်း အလုပ်သမားများ နှင့် တစ်နေ့စာ အဖိုးအခများ (မ ၂၀း၁-၁၆)

၃၃။ ပြောသလိုမဟုတ်သော သားနှစ်ဦီး (မ ၂၁:၂၈-၃၂)။

၃၄။ ဆိုးညစ်သော ဥယျာဥါးများ (မ ၂၁:၃၃-၄၆၊ မာ ၁၂:၁-၁၂၊ လု၊ ၂၀:၉-၁၉)။

၃၅။လက်ထပ်ပွဲသို့ လက်ထပ်ပွဲဆိုင်ရာ ဝတ်ရုံဝတ်မလာသော ဧည့်သည် (မ၊ ၂၂:၁-၁၄)

၃၆။ သင်္ဘောသဖန်းပင် နှင့် အနာဂတ်အကြောင်း (မ ၂၄:၃၂-၃၅၊ မာ၊ ၁၃:၂၈-၃၁၊ လု၂၁:၂၉-၃၃)။

၃၇။ သတို့သမီးများ၊ မီးခွက်များ နှင့် သတိရှခြင်း (မ ၂၅:၁-၁၃)။

၃၈။ အမတ်တစ်ယောက်၊ ငယ်သား ၁၀ ယောက် နှင့် ငွေပိဿာအခွက် ၁ဝ (လု၁၉:၁၁-၂၇)။

၃၉။ ခရီးသည်တစ်ဦး၊ ငယ်သား သုံးဦး နှင့် ငွေခွက် ၁၀ ခွက် (မ ၂၅:၁၄-၃ဝ)။

၄၀။ သိုးနှင့်ဆိတ် ခွဲခြားခြင်း (မဿဲ ၂၅:၃၁-၄၆)။

ခရစ်တော်၏ တရားဒေသနာများ

၁။ နာဇရပ်မြို့၌ ဟေရှာယကျမ်းမှ တရားဒေသနာ (လုကာ ၄:၁၆-၃၀)

၂။ တောင်ပေါ်ဒေသနာ (မဿဲ ၅-၇)

၃။ အသက်၏အရင်းအမြစ် ဒေသနာ (ယော ၅:၁၇-၄၇)

၄။ အသက်မုန့် ဒေသနာ (ယော ၆:၂၂-၇၁)

၅။ အသက်စမ်းရေ ဒေသနာ (ယော ၇:၁-၅၃)

၆။ အသက်၏အလင်း ဒေသနာ (ယော ၈:၁၂-၅၉)

၇။ သိုးထိန်းရှင်၏ အသက်တာ ဒေသနာ (ယော ၁၀:၁-၃၉)

၈။ သံလွင်တောင် ဒေသနာ (မဿဲ ၂၄၊ ၂၅)

၉။ လမ်ခရီး၊ သမ္မာတရား နှင့် အသက် ဒေသနာ (ယော ၁၄:၁-၃၁)

၁၀။ကြွယ်ဝသောအသက်တာ ၊ဒေသနာ (ယော ၁၅၊ ၁၆)

ကိုးကားစာအုပ်များ

Ahmad Shah, E. Theology – Christian and Hindu. Lucknow, India:

Lucknow Publishing House, 1996.

Constable, Thomas L. The Expository Notes of Dr. Thomas L. Constable.

Garland, TX: Sonic Light, 2000. (CD)

Ellsberg, Robert. ed., Gandhi on Christianity. Maryknoll, NY: Orbis, 1991.

Elwell, Walter A. Baker Topical Guide to the Bible. Grand Rapids, MI: Baker

Books, 2000.

Glynn, Patrick. God. The Evidence. The Reconciliation of Faith and Reason

in a Postsecular World. Roseville, CA: Prima Publishing, 1977.

Inrig, Gary. The Parables: Understanding What Jesus Meant. Grand Rapids:

Discovery House Publishers, 1991.

Pillai, Paul, India’s Search for the Unknown Christ. New Delhi: Indian

Inland Mission, 1978.

Pink, Arthur W. Exposition of the Gospel of John. Swengel, Pa.: 1. C.

Herendeen, 1945; 3 vols. in 1 reprint ed., Grand Rapids: Zondervan

Publishing House, 1968.

Pinnock, Clark H. A Widemess in God’s Mercy: The Finality of Jesus Christ

in a World of Religions. Grand Rapids, MI: Zondervan, 1992.

Ramachandra, Vinoth. The Scandal of Jesus. Downers Grove, IL:

InterVarsity Press, 2001.

Rawlinson, A. E. J. The Gospel According to St. Mark. 5th ed. London:

Methuen, 1942.

Richard, Ramesh. The Population of Heaven. Chicago, IL: Moody Press,

1994.

Scolamiero, Gerard A. Teaching Syllab

us Covering a General Introduction

to the New Testament and Survey of the Gospel of Matthew.

Unpublished doctoral dissertation. Springdale, Arkansas: Cambridge

Graduate School, August 31, 1999.

Toussaint, Stanley D. Behold the King. Portland, OR: Multnomah Press,

1980.

Walvoord, John. Matthew: Thy Kingdom Come. Chicago: Moody Press,

1974.

Wells, Samuel. “Who is he kidding?” Christian Century. April 5, 2000: 387.

Whaling, Frank. An Approach to Dialogue with Hinduism. Lucknow, India:

Lucknow Publishing House, 2000.

Yao, Santos. “The Table Fellowship of Jesus with the Marginalized: A

Radical Inclusiveness.” Journal of Asian Mission (3/1, 2001): 27

Leave a Reply

Your email address will not be published. Required fields are marked *