သီဪလော်ဂျီဆိုင်ရာ စကားလုံးများ၏ အဘိဓာန်

ပုံနှိပ်မှတ်တမ်း – ထုတ်ဝေသူ – ဦးကျင်ခန့်တွောင် (02503) – Grace Literature Network

အမှတ် ၂၀/၂၈ ရပ်ကွက်၊ အောင်ရိပ်သာ(၄)လမ်း၊ ဒဂုံမြောက်၊ ရန်

ကုန်။ ၀၉ ၅၀၈၉၀၄၂

ပုံနှိပ်သူ

ဒေါ်ညောင်ရှင်းလွင် (00003) Grace Printing House အမှတ် ၁၆၆၊ ၃၇ လမ်း၊ ရန်ကုန်မြို့။

ဖြန့်ချိရေး

Grace Literature Network အမှတ် ၂၀/၂၈ ရပ်ကွက်၊

အောင်ရိပ်သာ(၄)လမ်း၊ ဒဂုံမြောက်၊ ရန်ကုန်။

စာတိုက်သေတ္တာအမှတ် (၁၁၀၇)

ဗဟိုစာတိုက်ကြီး ရန်ကုန်မြို့။

အကြိမ်

တတိယအကြိမ်၊ နိုဝင်ဘာလ၊ ၂ဝ၂ဝ

A DICTIONARY OF THEOLOGICAL TERMS

Written in easier English

MEMANTON B.A.,B.D.,A.L.B.C., Dip.Ed.

General Editor H J Apple by

GRACE BAPTIST MISSION

12 Abbey Close ABIDING

Oxen OX 14 3JD U.K. 1990

Acknowledgements

First of all, I do like to express my grateful thanks to the Lord. Grace Baptist Church, and Grace Publication Trust. Dictionary of Theological Term is part of their ministries. Also, my heartfelt thanks to Rev.Mike Taylor, Director of Christian Books Worldwide for their financial Support

In Christ Tuang, Grace Literature Network, Yangon/Myanmar, +95 9589042

အမှာစကား

ဤလက်စွဲစာအုပ်ငယ်လေး၏ အရေးပါမှုနှင့် အသုံးဝင်မှုတို့ကို စကား စမြည် အနည်းငယ်ဖြင့် အလေးအနက်ပြု ရေးသားဖော်ပြခွင့် ရသောကြောင့် ကျွန်ုပ် ပီတိဖြစ်မိပါသည်။

မည်သည့် အသိပညာ၏ စည်းဘောင်အတွင်း၌မဆို၊ သူ့ကိုယ်ပိုင်သုံး နည်းပညာစကားလုံးများဟူသည် ရှိစမြဲ။ ယင်းစကားလုံးများကို နားလည်ထားခြင်း မရှိက၊ ထိုဘာသာရပ်မျိုး အမိအရဆုပ်ကိုင်ရန် ကြိုးပမ်းမှုတွင် အနှောင့်အယှက် အထိ အပါးကြီးလေးတတ်သည်။ အခြားသိ ဘာသာရပ်များ၌၊ သူ့အထာနှင့်သူ စကားလုံးများ (ဥပမာ- ကွန်ပျူတာနည်းပညာနှင့် ၎င်း၏အသုံးအနှုန်းများ) သုံးနှုန်းသလောက်ပင် ဤစာအုပ်ငယ်ကလည်း သီသော်လော်ဂျီ (ဘုရားသခင်ကို လေ့လာဆည်းပူးသောဗေဒ) ဆိုင်ရာ စကားလုံးအထွေထွေကို သုံးနှုန်းထားသည်။ ”

စာအုပ်အမည်ခေါင်းစီးက ဖော်ပြပြီးသည့်အတိုင်း၊ ဤစာအုပ်ငယ်လေး သည် အဘိဓာန်ပင်ဖြစ်သည်။ သီသော်လော်ဂျီဆိုင်ရာ စကားလုံး၊ အသုံးအနှုန်း များကို ရှင်းပြပြီး၊ အက္ခရာအစီစဉ်လိုက် စာရင်းကွက်ဇယားကိုက်စီမံထားကာ လိုအပ်ပါက အပြန်အလှန် ကန့်လန့်ဖြတ် ရန်းသောစနစ်ဖြင့် ဖော်ပြလျက်ရှိ သည်။ ဤစာအုပ်၌ စာရင်းပြုစုဖော်ပြထားသော စကားလုံးများသည် ကျမ်းစာပေ။ သမိုင်းစာပေနှင့် ဩဝါဒစာပေများတွင် အတွေ့ရနည်းသော စကားလုံးများဖြစ် သောကြောင့် ဤနေရာ၌ ချယ်ရှင်းပြရခြင်းဖြစ်သည်။ ဤကဲ့သို့သော စကား လုံးမျိုး၏ ဆိုလိုရင်းကို အတိုရှင်း အဓိပါယ်ဖွင့်ဆိုပြီးသားအား ရရှိပိုင်ဆိုင်ထား ခြင်းသည် သီဟ်လော်ဂျီ စတင် လေ့လာဖတ် သူအဖို့ ကောင်းကျိုးခွင့်ရေး အမှန်ကန်ပင်။

ယင်းကဲ့သို့သော စကားလုံးများကို မေးမြန်းရှာဖွေကြရာတွင်လည်း ကောင်းကျိုး အနဂ္ဃ ဖြစ်လာပြန်သည်။ အကြောင်းမှာ- ဤစကားလုံးအစီအရီမိုး ကို အင်္ဂလိပ်စကား၌ဖြစ်စေ၊ အဘိဓာန်များ၌ဖြစ်စေ၊ အင်္ဂလိပ်စာကို ဒုတီး ဘာသာစကားအဖြစ် လေ့လာသင်ကြားသော သင်တန်းများ၌ဖြစ်စေ၊ သုံးနှုန်း၊ မရှင်းလင်းထားခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤလက်ကာအုပ်သည် ဥရောပ သားမဟုတ်သော အခြားသီကြော်လာဂျီကောင်းသားအတွက် တန်ဖိုးမဟာ ရှိပေသည်။ ထို့ပြင်၊ ဤစာအုပ်ပါ စကားလုံးများ၏အဓိပယ်သည် အခြားတရှိ သဆိုးကျအဓိပ္ပါယ်ကို မဆောင်တော့ဘဲ၊ သီးခြားထူးကဲ နေသာမက လင် ဘာသာနှင့် ဂရိဘာသာများပါဝင်နေသောကြောင့်၊ ထိုဘာသာများကို တွဲဘက် သင်ကြားမှုမရှိတော့သော အင်္ဂလန်နိုင်ငံသား လေ့လာဆည်းပူးသူ ကျောင်းသူ သားများအတွက်ပင် တန်ဖိုးရှိလာပေမည်ဖြစ်သည်။ စကားလုံးအတော်များများ သည် ရှေးဟောင်းလက်တင်နှင့် ဂရိဘာသာများမှ အင်္ဂလိပ်စာအဖြစ် မွေးစားသုံး နှုန်းခဲ့ကြသော စကားလုံးများဖြစ်ကြသည်။ ထိုသို့ မွေးစားမှုပြုသော နေရာတိုင်း (ဝါ) စကားလုံးတိုင်းတွင် မူရင်းဘာသာစကားလုံးကို တပါတည်း ဖော်ပြပြီး ရှင်းလင်းမှုကိုလည်း ပြုပေးထားသည်။

မာဂရက်မန်တန် (Margaret Manton) သည် သီသော်လော်ဂျီလေ့ လာသင်ယူမှုနှင့် သင်ကြားပေးမှု၌ သူမအသက်တာ၏ အစိတ်အပိုင်းများစွာကို မြ ပ်နှံပြီးဖြစ်သည်။ ခေတ်သစ်သုံး ဘာသာစကားများ ဆည်းပူး ရယူသောဘွဲ့ သည် သူမ၏ပထမဆုံး ဘွဲ့ ဂုဏ်ထူးဖြစ်ခဲ့ပြီး၊ ၎င်းနောက် သူမသည် သီဪလော်ဂျီဘွဲ့ထူးကိုလည်း ဆက်လက်ရယူအောင်မြင်သည်သာမက၊ သင်ကြားပေးမှု ၌ အရည်အချင်း ထူးချွန်ပြည့်မှီခြင်းဂုဏ်ထူးကိုလည်း ရယူနိုင်ခဲ့သည်။ လန်ဒန် ဓမ္မကျမ်းစာကောလိပ် (London Bible College) ၌ သင်ကြားပို့ချပေးမှု ထမ်းရွက်ခဲ့သည့်အပြင် ရိဂျာ်လန်စ်ဓမ္မကျမ်းစာကောလိပ် (Ridgelands Bible College) ၌ သင်ကြားပေးခဲ့ကာ စင်္ကာပူ၏ ဓမ္မကျမ်းစာကောလိပ်၌လည်း တစ်ဆယ့်တစ်နှစ်ကြာ ပို့ချပေးသည်။ ဤစာအုပ်ကဲ့သို့သော စာအုပ်မျိုးကို ပြုစုရန်စွမ်းဆောင်နိုင်သည့် သူမ၏အရည်အချင်းသည် အပြစ်ဆိုဖွယ်မရှိခဲ့သည့်အပြင်၊ ပထမဦးဆုံး မြင်ထားသည့်ထက်ပို ကျယ်ပြန့်သော လည်ပတ်မှုကိုလည်း ဖြစ်စေနိုင် သည်။ လိုအပ်နေသည့်အချိန်၌ ဤစာအုပ်မျိုးလက်ဝယ်တွင်ရှိနှင့်ပြီး အစေခံမျိုးစဉ်ဆက် များအား ပညာအလိမ္မာပေးကမ်းရာ၌၊ ဤစာအုပ်ကို သမ္မာတရားအရှင်သခင်အသုံး ပြုပါစေသော်။

ဟိုင်ဝါလ်အာရ်ဂျုံးစ် (Hywel R Jones)

London Theological Seminary

ABSOLUTION အပြစ်လွတ်ငြိမ်းခွင့်ပေးခြင်း

(လက်တင်ဘာသာ၊ absolvo – လွတ်မြောက်စေသည်)

အပြစ်များကို ခွင့်လွတ်ခြင်းဖြစ်သည်။ ရောမကာသိုလစ်အသင်းတော် (Roman Catholic Church)က ယင်းစကားလုံးကို ယဇ်ပုရောဟိတ် တစ်ပါးပါး ထံ သွားရောက် အပြစ်ဝန်ခံခြင်းအားဖြင့် ခံစားရရှိလာသော ဝန်ခံသူ လူ၊ ပုဂ္ဂိုလ်တစ်စုံတစ်ဦး၏ အပြစ်လွတ်ငြိမ်းခြင်းအခွင့်အား ဖော်ပြပြောဆိုရာတွင် အသုံး ပြုသည်။

ကျမ်းစာကမူ၊ ဘုရားသခင်တစ်ပါးတည်းသာလျှင် အပြစ်ခွင့်လွတ်ပိုင် ကြောင်း သွန်သင်သည်။ အတိုက်အခံ ဧဝံဂေလိနည်းကျကျ အသင်းတော်များ(Protestant Evangelical Churches) ၌၊တရားဟောဆရာက၊နောင်တရ‌သော အပြစ်သားတစ်ဦးသည် ဘုရားသခင်တစ်ပါးတည်းထံ အပြစ်ဝန်ခံပြီး၊ အပြစ်သားများအတွက် ကားတိုင်တွင် ပြုတော်မူခဲ့သော ခရစ်တော်၏အမှုကို ကိုးစားခိုလှုံပါက ထိုသူအတွက် ဘုရားသခင်သည် အပြစ်လွတ်ပိုင်သူဖြစ်မက အပြစ်လွတ်ပေးရန် ဆန္ဒရှိ လိုလားသူလည်းဖြစ်သည်ဟူ ဟောပြောလျက် ရှိသည်။

ACTIVE OBEDIENCE OF CHRIST

ခရစ်တော်၏လက်တွေ့ကျသော နာခံခြင်း ၊

ယေရှုခရစ်သည် ဤလောက၌ အသင်ရှင်စဉ်တွင် ခမည်းတော်၏ အလိုတော်ကို မည်သည့်နည်းမျိုးဖြင့်မဆို နာခံလိုက်လျှောက်ရင်း ဘဝတစ်ခုကို ဖြတ်သန်း အသက်ရှင်တော်မူခဲ့သည်။ ထိုကဲ့သို့သော လက်တွေ့ကျကျ နာခံခြင်း ကုသိုလ်မျိုးကို မိမိတာဝန် အဖြစ်ထားရှိ အသက်ရှင်ကြရန်၊ ယုံကြည်သူများအား ဘုရားသခင် တာဝန်ပေးအပ်သည်။

(Passive Obedience of Christ ကိုကြည့်ပါ) (Imputation ကိုလည်း ကြည့်ပါ)

ADIAPHORA မခြားနားသော

(ဂရိဘာသာ၊ “adiaphoros’ – “ကွဲပြားခြားနားမှုမရှိသော ́၊ ထိုသို့ မခြားနားသောကြောင့် အရေးကြီးသောအရာမဟုတ်ဟု ထင်မှတ်ထားကြသည့် အရာများ)

မှတ်ရန်။ ။ ဂရိစာနှင့်အင်္ဂလိပ်စာ စကားလုံးများရှေ့၌ ထားသိုလေ့ရှိသော“a” အက္ခရာသည် ၎င်းနောက်ပါစကားလုံးကို အငြင်းစကားလုံး ဖြစ်စေသည်။ ဥပမာ – a-gnostic, a-dia-phora (မခြားနား သော)၊ a-moral (ကိုယ်ကျင့်တရားမရှိသော)။

အသစ်ပြန်လည်ပြုပြင်ခြင်း (Reformation) နောက်ပိုင်း၊ အတိုက်အခံ များ (Protestants) အသုံးပြုခဲ့ကြသော စကားလုံးဖြစ်သည်။ ကျမ်းစာက စေခိုင်း မိန့်ဆိုမှုလည်းမပြု၊ တားမြစ် လည်းမထားသော အကျိုးပြုသည်ဟု ထင်ထား သည့် အမှုတစ်စုံတစ်ရာ (ဝါ) ကိုးကွယ်ခြင်း၌လည်းမထားသော ပြုလေ့ပြုထရှိသာ တစ်စုံတစ်ရာ (ဥပမာ- အခမ်းအနားသဘင်များ၊ ဝတ်များ၊ ပန်းပုပ်များ၊ ကားတိုင်အမှတ်တံဆိပ်စသည့်) ကို ဖော်ပြပြောဆိုရာတွင်၊ ယင်းစကားလုံးကို သုံးနှုန်းခဲ့ကြသည်။ မရှိမဖြစ်လိုအပ်သော သမ္မာတရားတစ်ခုသည် ကယ်တင်ခြင်း အတွက် ခရစ်တော်ကို ယုံကြည်ခြင်းဟူသော အချက်တစ်ခုသာဖြစ်သည်ဟု ယုံကြည်ထင်မြင်ခဲ့ကြသည်။

အခြားအတိုက်အခံများ (ဝါ) သီးခြားနေစင်ကြယ်သူများ (Protestant or Puritans)ကလည်း နှုတ်ကပတ်ကျမ်းစာက အမှန်တကယ် မိန့်ဆိုစေခိုင်းသောအရာများကိုသာ အသင်းတော်ကိုးကွယ်ခြင်း၌ ကျင့်သုံးသင့်သည်ဟု ခံယူကြ သည်။ ကျမ်းတစ်ခုလုံး၏သွန်သင်ချက်အနှစ်ဖြစ်သော ခရစ်တော်၏ သခင်ဖြစ်ခြင်း ကိုသာ အူတိုင်အဖြစ် ထားရှိနာခံရမည်ဖြစ်ပြီး၊ အခြားကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရ၊ “မခြားနားသော” (Permissible adiaphora) အရာမျိုးကိုမူ၊ ကျမ်းစာသွန်သင်ချက်နှင့် ဘုရားသခင်၏ဘုန်းတော်ကို မဖီလာဆန့်ကျင်မိအောင် သတိပြုထောက်ထားပြီး၊ ကိုယ်ပိုင်ကန့်သတ် ကျင့်ဆောင်ရမည်ဟု ဆိုကြသည်။ ထိုသို့ ကိုယ်ပိုင်သတ်မှတ် ဆုံးဖြတ်ပြီးကျင့်ဆောင်ရမည့် အရာအချို့မှာ- ဥပမာအားဖြင့်အသင်းတော်အဆောက်အဦး၌ အသုံးပြုသော ဝတ္ထုပစ ည်းများ၊ (ဝတ်ပြု) အစည်း အဝေးများ၏ အချိန်နာရီနှင့် နေရာစီမံခန့်ခွဲမှု စသည့် အရာများဖြစ်ပြီး ထိုအရာ မျိုးကို အများစု၏ဆန္ဒ၊ သဘောတူညီမှု ဆုံးဖြတ်ကျင့်သုံးရမည်ဖြစ်သည်။ (Regulative Princeple ကိုကြည့်ပါ)

ADOPTION မွေးစားခြင်း

ယုံကြည်သူများ၏ ကယ်တင်ခြင်း၌ ဘုရားသခင်ပြုတော်မူခဲ့သော အမှုများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ *ခေါ်ထားခြင်း၊ *အသစ်မွေးဖွားစေခြင်း၊ *ဖြောင့်မတ်စေခြင်း စသည့်အရာများဖြင့် မွေးဖွားခြင်းအား ဘုရားသခင်ပြုသော် လည်း ၎င်းစကားလုံးများနှင့်မူ အဓိပါယ်ချင်း ခြားနားသည် (ယော၊ ၁း၁၂)။

Bible Dictionary ကိုကြည့်ပါ။

ADOPTIONISM မွေးစားခြင်းဝါဒ

ကနဦး*အသင်းတော်ကာလတွင် ပေါ်ထွန်းခဲ့သော မိစ္ဆာဒိဋ္ဌိ၊ မှားယွင်း သော ဩဝါဒဖြစ်သည်။ ခရစ်တော်သည် သာမာန်လူသားတစ်ဦးသာဖြစ်သော် လည်း သူ၏နာခံခြင်းအသက်တာအားဖြင့် ဘုရားသခင်၏ “မွေးစား သား အရိုက်အရာကို ရရှိခဲ့သည်ဟု ၎င်းဝါဒက ဆိုခဲ့သည်။ ထိုဝါဒအရဆိုလျှင် ခရစ်တော်သည် ဘုရားဖြစ်လာသော လူသားတစ်ဦးသားဖြစ်ပေတော့မည်။

ADVENT (လက်တင်ဘာသာ ‘adventus’ = ကြွလာခြင်း) ၊

ဤစကားလုံးသည် ခရစ်တော်၏ ကြွလာခြင်းနှစ်ကြိမ်နှစ်ခါစလုံးတည်း ဟူသော ပထမကြွလာခြင်း (လူ့ဇာတိယူခြင်း*)နှင့် ဒုတိယကြွလာမည့် အဖြစ်အပျက်အား ဖော်ပြရာတွင် အသုံးပြုသော စကားလုံးဖြစ်သည်။

အင်္ဂလန်အသင်းတော်ပြက္ခဒိန်၊ ဒီဇင်ဘာလဆန်းမှ ခရစ်စမတ်နေ့အထိကို Advent လ ဟူ ခေါ်ဝေါ်အသုံးပြုထားကြောင်း တွေ့ရသည်။ (ဥပမာ- Advent လ ပထမ(ဝါ)ဒုတိယပတ် တနင်္ဂနွေ)။

AGNOSTICISM /အာနုတ်စ်တီစီဇမ် ၊

(ဂရိဘာသာ ‘a-ginosko’ = မသိ၊ နားမည်)

ဤဝါဒီများက ဘုရားသခင်တည်ရှိသည်။ မရှိသည်ကို သူတို့ မသိကြ ဟု ဆိုကြသည်။ ကနဦး*အသင်းတော်(ကာလ)၌ ၎င်းဝါဒီများက လျှို့ဝှက်ပညာ ကို သူတို့ ပိုင်ဆိုင်ထားကြောင်း ဖော်ထုတ်ခဲ့ကြသည်။ (ဂရိဘာသာ ‘ginostic’ သိသည်၊ ‘gnoses’ အသိပညာ)။ သောမတ်စ်ဟာစ်ကလေက ‘agnostic” ဆိုသော စကားလုံးကို ၁၈၀၉ ခုနှစ်၌ တီထွင်ခဲ့ခြင်းဖြစ်သည်။ (Atheism ကိုကြည့်ပါ။)

ALEXANDRIAN SCHOOL (အာလက်ဇနြီုယံကျောင်း) ၊

အေဒီဒုတိယရာစုနှစ်နှောင်းပိုင်း၌ အီဂျစ်နိုင်ငံ အာလက်ဇယာမြို့တွင် ပေါ်ထွင်း ကြီးပြင်းလာခဲ့သော သီသော်လော်ဂျီဓမ္မစာသင်ကျောင်းဖြစ်သည်။

တတိယရာစုနှစ်ရောက်လာသောအခါ၌ ကလေမင်(ထ်)နှင့် *သော်ရီဂင် ဆိုသူ နှစ်ဦးက ဂရိဒ နိကဗေဒအား ကျမ်းစာနှင့်ညှိ နှိုင်းမှုပြုရန် ကြံဆောင်လုံ့လ ပြုရင်း ထိုကျောင်းတွင် သင်ကြားပေးမှုပြုခဲ့ကြသည်။ ဆော်ရီဂင်က Hexapla ခေါ် ဓမ္မဟောင်း ဘာသာပြန်ခြောက်အုပ်တွဲနှင့် ကျမ်းစာ၏နောက်ကွယ်အနက် (*allegorical meaning) အားဗဟိုပြုရေးသားဖော်ပြသောအဖွင့် ဋီကာကျမ်း များကို ရေးသားဖြန့်ချီခဲ့သည်။

စတုတ္ထရာစု၌မူ၊ အာလက်ဇနြီုယာမြို့မှ အာသာနေစီးယပ်စ်ဆိုသူက အိုင်ယပ်စ်(*Arius)*ကို ဆန့်ကျင်ပြီး ယေရှုခရစ်သည် ဘုရားသခင်ဖြစ်ကြောင်း၊ သူ၌ ခမည်းတော်ဘုရားနှင့် ညီမျှသော အရည်အသွေး (homoousios)* ရှိကြောင်း အခိုင်အမာ ဖော်ပြခဲ့သည်။ (Antiochene အင်တီအိုင်ကျောင်းနှင့် Arianism အိုင်ယန်နီဇမ်ကို ကြည့်ပါ)

ALLEGORY (နောက်ကွယ်အဓိပ္ပါယ်) ၊

ပထမဦးဆုံး ဖတ် ချိန်၌ နားလည်ဟန်ရှိသည့် အရာများ၏ နောက်ကွယ် တွင် သာ နက်နဲစွာ အဓိပါယ်ရှိတတ်သော ကျမ်းစာ(ဝါ)အခြား စာပေများ)၏ အစိတ်အပိုင်းတစ်ခုကို ဆိုလိုသည်။

(ဂလာတိ၊ ၄း၂၁-၃၁)သည် အာလေဂိုရီ(ALLEGORY)ဖြစ်သည်။ ရှင်ပေါလုက ဤစာကိုယ်၏ အသေးစိတ် အပိုင်းငယ်တစ်ခုစီ၌ ဝိညာဉ်ရေးရာ အဓိပါယ်များရှိကြောင်း အပိုင်ငယ်၊ ၂၄၌ ရှင်းပြသည်။

ဂျွန်ဘန်ယန်ရေးသားခဲ့သော “လောကခရီးသည်”စာအုပ်သည် ALLEGORY ဆန်လှသော စာအုပ်ဖြစ်သည်။ အခြေအနေတစ်ရပ်လုံးနှင့် အပြုအမူ ခပ်သိမ်း၌ ဝိညာဉ်ရေးအဓိပါယ်သက်ရောက်မှု ရှိသည်။ (Parables(ပုံဥပမာများ) ကိုကြည့်ပါ)

A-MILLENNIALISM) အာမီလန်နီးလ်လီဇင် (Millennium ကိုကြည့်ပါ)

ANABAPTIST (ဂရိဘာသာမှ ဗတ္တိဇံတဖန်ခံယူခြင်း) ၊

ကလေးသူငယ်အရွယ်၌ ရေနှစ်ခြင်းခံပြီးသူများအား သူတို့ယုံကြည်သူ ဖြစ်လာပြီးနောက်ပိုင်းတွင် ရေ၌ နှစ်မြုပ်စေခြင်းဖြင့် အေနာဗတိ (AnaBaptists) များက ဗတိဇံ တစ်ဖန် ခံစေကြသည်။

ပြုပြင်ပြောင်းလဲမှုကြီး(Reformation)နောက်ပိုင်းတွင် ဂျာမနီနှင့် တခြား ဥရောပနိုင်ငံများမှ ပေါ်ထွန်းလာခဲ့သူများဖြစ်ကြသည်။ သူတို့၏ သီ‌ဪလော်ဂျီ ပိုင်း အမှားတချို့နှင့် စာရိတ ကျင့်စဉ်အမှားများကြောင့် ပထမတွင် လူသိနည်းခဲ့သော်လည်း ၁၆ ရာစုအလယ်ပိုင်းတွင် ဧဝံဂေလိပိုင်းဆိုင်ရာ(Evangelical) ယုံကြည်ချက်များနှင့် ကျင့်ထုံးများအား ပို အလေးထားသောစနစ်ဖြင့် အေနာ ဗတီခေါင်းဆောင် မေနိုးဆီးမွန်ခ်က သူတို့ကို ဦးဆောင်ခဲ့သည်။ ယနေ့ အမေရိကန် လူမျိုး မေနိုနိုက်စ်(Mennonites)များက သူတို့သည် မေနိုဆီးမွန်စ်၏ သီဪလော်ဂျီပိုင်းအမြင်နှင့် ထပ်တူညီသော အတွေးအမြင်ကို ဆုပ်ကိုင်ထားကြကြောင်း ဖွင့်ဟပြောဆိုကြသည်။ (Baptist ကိုကြည့်ပါ)

ANIMISM / အေနီမီဇမ်/(သက်မဲ့အား သက်ရှိသဖွယ် ကိုးကွယ်ခြင်း)

သစ်ပင်များ၊ မြစ်ချင်းများနှင့် ကျောက်တုံးများစသော သဘာဝတ္ထုများ၌ ဝိညာဉ်များ ကိန်းဝပ်ကြသောကြောင့် ထိုအရာများကို ကိုးကွယ်ရမည်ဟု အေနီ မီဇမ်က သွန်သင်သည်။ စစ်မှန်သော ဘုရားတစ်ဆူရှိကြောင်းအား မယုံကြည်ခဲ့သော ရှေးဟောင်း ဘာသာတရားများ၌ ဤယုံကြည်ချက်မျိုးကို တွေ့ရသည်။ ဤအေစီမီဇမ်သည် Monotheism ခေါ် ဘုရားသခင်တစ်ဆူတည်းဝါဒကို ဆုပ်ကိုင်ခြင်းမတိုင်မီ ဟေဗြဲလူမျိုးများ၏ ဘာသာဖြစ်သည်ဟု Liberalism က ၁၉ ရာစုနှင့် ၂၀ ရာစု ဦးပိုင်းတွင် ယုံကြည်လာခဲ့ကြသည်။

ANNIHILATIONISM/အင်နီလီလေရှန်နီဇမ်/လုံးဝဥသုံပျောက်ကွယ်ခြင်း၊

(လက်တင်- ‘nihil’ ဘာမျှမရှိခြင်း) ၊

ဘုရားကို မယုံကြည်သော ယင်းဝါဒီများက လူသားသေဆုံးသည့် နောက်ပိုင်းတွင် နောက်ဆက်တွဲဟူ ပြောစရာမရှိ၊ လုံးဝပျောက်ကွယ်သွားသည် ဟု ပြောကြသည်။ ဘုရားကို ယုံကြည်သော ၎င်းဝါဒီသားများကမူ သေခြင်း တစ်ဘက်ကမ်း၌ မပြောင်းလဲသူများသည် လုံးဝပျောက်ကွယ်ပြီး ပြောင်းလဲမှုများ သည် ကိုယ့်ကိုကိုယ်သိသော ဩတပ စိတ်ဖြင့် ဆက်လက်ရှင်သန်ရကြမည်ဟု ဆိုကြသည်။ (Conditional Immortality ကိုကြည့်ပါ)

ANTHROPOMORPHISM/ အင်တာပိုမိုးရ်ဖီဇမ်

(ဂရိဘာသာ-‘anthropos=လူသား/လူနှင့် ‘morphe’ = ပုံစံ/ပုံသဏ္ဌာန်) ၊

ဘုရားသခင်အား လူသားတစ်ဦးသဖွယ် တင်စားပြောဆိုခြင်းကို Anthropomorphic ဟုခေါ်သည်။ ယင်းဘာသာစကားသည် ဘုရားသခင် (အကြောင်း)အား လူများ ပိုမိုနားလည်လာစေရန် အကူစာလုံးအဖြစ် သုံးနှုန်းထားသော ကျမ်းစာပါ နှိုင်းယှဉ်ပုံဆောင်ချက်စကားလုံးများဖြစ်သည်။ ဥပမာအားဖြင့် ဘုရားသခင်၏လက်တော် (ယော၊၄း၂၄)နှင့် နှုတ်တော်(ပါးစပ်)(ဟေရှာယ၊၅း၈-၁၄)စသည်မျိုးနှင့် ကြွလာတော်မူသည်(ကမ္ဘာ၊ ၃း၈)ဟူသည့် ပြုမူပုံများ၌ တွေ့ရသည်။

 

ANTICHRIST – အန္တိခရစ်

ခရစ်တော်အား ဆန့်ကျင်ပုန်ကန်သူဖြစ်သည်။ ရှင်ယောဟန်ဩဝါဒ စာစောင်များ၌သာ ‘Antichrist’ ဆိုသည့် စကားလုံးအမှန်ကို တွေ့ရသည်။

ယေရှု သည် ခရစ်တော်မဟုတ်ဟုဆိုပြီး ခမည်းတော်နှင့် သားတော်နှစ်ပါးလုံး အား ငြင်းပယ်ကြသော အန္တိခရစ်အများ ရောက်ရှိလာကြပြီဟု ရှင်ယောဟန် ဆိုထားသည် (၁ယော၊ ၂း၁၈၊ ၂၂ ၊၄း၃)။

“အန္တီခရစ်”ဆိုသည့် စကားလုံးအား အခြားကျမ်းစာပါစာအုပ်များ၌ မတွေ့ရသော်လည်း ဓမ္မသစ်ကျမ်းအချို့နေရာများကမူ ကိုယ့်ကိုကိုယ် ခရစ်တော် ဟုပင် ခေါ်ဝေါ်ကြသော ခရစ်တော်၏ရန်သူ(များ)ဟူ ပြောဆိုလေ့ရှိကြသည်။ ခရစ်တော်ကိုယ်တော်တိုင် ဤ“မှားယွင်းသောခရစ်များ”ကို ရှောင်ကြဉ်ရန် သတိ ပေးထားသည်(မ)၊ ၂၄း၄၊ မာကု၊ ၁၃း၂၂)။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၊ ၅း၄၃ ၌၊ ကိုယ်ပိုင်နာမဖြင့် ရောက်လာသူ အခြားတစ်ဦးအကြောင်းကိုလည်း ယေ ပြောဆိုခဲ့သည်။ ယေ ခရစ်သည် လူ့အသွေးအသား၊ ခန္ဓာဇာတိအား ဆောင်ခဲ့ သည်ဟူသည့်အချက်အား မျက်မှောက်မပြုလိုဘဲ ငြင်းဆန်သော“လှည့်ဖြားသူ အများ”၏အကြောင်းကိုလည်း သူပြောထားသည်။ ထိုလှည့်ဖြားသူ(များ)သည် အန္တိခရစ်(များ)ပင်ဖြစ်ကြသည်(၂ယော၊၇)။

သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်အခန်းကြီး၊ ၂ ၌ ခရစ်၏ရန်သူ အကြောင်းအား ရှင်ပေါလုက အကျယ်တဝင့် ရှင်းပြထားသည်။ ရှင်ပေါလုက အန္တီခရစ်အား “အဓမ္မလူ”(AV ကျမ်း၌ “ဒုစိုက်လူ”) သို့မဟုတ် “ပျက်စီးခြင်း ၏သား”သည် စာတန်၏ အခွင့်အားဖြင့်ရောက်လာမည်ဟု ရည် န်းပြောဆိုခဲ့ သည်(၂သက်၊ ၂း၃၊၈-၉)။ သူသည် ကိုယ့်ကိုကိုယ် ဘုရားသို့ ချီးမြောက်မည်ဖြစ် ပြီး လူအများကို လှည့်ဖြားကာ နောက်ဆုံး၌ ခရစ်တော်၏ ဖျက်ဆီးပစ်ခြင်းခံရမည် ဟု ဖော်ပြထားသည်(ငယ်၊ ၄၊၈-၁၀)။ “ပျက်စီးခြင်၏သား”ဟူ လည်း ခေါ်ဝေါ် ခံရသောကြောင့် သူ၏နောက်ဆုံးပျက်စီးခြင်း ပေါ်လွင်ပြီးသားဖြစ်သည်(ငယ်၊ 3AV)။ ယေရှုက ယုဒရှကာ ရုတ်အား “ပျက်စီးခြင်း၏သား” ဟူ ရည်ညွှန်းခေါ်ဆို ခဲ့ဖူးသည်(ယော၊ ၁၇း၁၂)။

၂သက်၊ ၂း၇ ၌ “လျှို့ဝှက်ထားသော ထိုအဓမ္မအရာ”ဟု ဆိုထားသော ကြောင့် ရှင်ပေါလုမှ ထိုပေးစာအား ရေးနေခဲ့ချိန်မှာပင် မကောင်းဆိုးဝါး၏ကိုယ်ကျင့်တရား စတင် အလုပ်လုပ်ပြီဖြစ်ကြောင်း နားလည် ရသည်။ ထို မကောင်းဆိုးဝါး ကိုယ်ကျင့်တရားများသည် ““အဓမ္မလူ” ၏ ကိုယ်ပိုင်ကိုယ်ရေး အကျင့်များ ဖြစ်လာမည်။

ဗျာဒိတ်ကျမ်း၌၊ စာတန်ကို ဖော်ဆောင်သောနဂါးကို ကျွန်ုပ်တို့တွေ့ရ သည် (၁၂း၇)။ ထိုနဂါး၏တမန်များအဖြစ် သူ့အမှုထမ်းဆောင်ကြသော သားရဲ များကိုလည်း တွေ့ရသည်(၁၁း၇၊ ၁၃း၁၊ ၁၁)။ ထိုနဂါးနှင့် ပင်လယ်မှပေါ်လာသော သားရဲတို့သည် ကိုးကွယ်ခြင်းကို ခံရကြသည်(၁၃း၄)။ မြေကြီးပေါ်က သားရဲ တစ်ကောင်မှာမူ ကြီးမားသော နိမိတ်အံ့ဩဖွယ်များကို ပြုလုပ်ပြသနေသည် (၁၃း၁၅)။ ဤအချက်များသည် ရှင်ပေါလု၏အဓမ္မလူနှင့် ရှင်ယောဟန်၏ အန္တိခရစ်အကြောင်း သွန်သင်ချက်များနှင့် ဆင်တူနေသည်။ ဗျာဒိတ်ကျွမ်းမှ ဤဖြစ်ရပ်များဖြစ်ပျက်မည့် အချိန်နှင့်သားရဲများ၏ ပုံဆောင်ချက်၊ သင်္ကေတ များအား ဖွင့်ဆိုကြရာတွင် မျိုးစုံလင်စွာ ကွဲပြားကြသည်။ သို့စေကာ၊ စာတန်သည် လူသားများနှင့် လူနေမှုအဖွဲ့အစည်းကို အသုံးပြုပြီး ခရစ်တော်အား ဆန့်ကျင် မည်ဖြစ်ကြောင်း၊ အရင်ဘာသာများအပေါ် အခြေမခံသော ကိုးကွယ်မှု ဘာသာ တရားအသစ်တည်ထောင်မည်ဖြစ်ကြောင်းနှင့် ကမ္ဘာကြီးအမြင်များအား ပြောင်းလဲ စေမည်ဖြစ်ကြောင်းကိုမူ ဤအချက်ကရည်ညွှန်းပါသည်ဟု အားလုံးထောက်ခံ ကြသည်။

မှတ်ရန်။ ။ Anti Christ မှ anti ဟူသောစာလုံးသည် ဂရိသဒ္ဒါ၏ဝိဘတ်စည်းကမ်းအရ“ဆန့်ကျင်သော”ဟူ လည်းကောင်း၊ “အစားထိုးသော” ဟူ လည်းကောင်း ကောက်ယူ ရ၏။ သူ၏နာမကို အယောင်ဆောင် ရောက်လာကြမည့် မိစ္ဆာခရစ်များ အကြောင်း ခရစ်တော်ပြောဆိုရာတွင်“အစားထိုးသော” ဟူသည့် အနက်အားဖြင့် ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်အဓမ္မလူက ကိုယ့်ကိုကိုယ် ဘုရားသဖွယ်ပြောဆို အစားထိုး ခြင်းဖြစ်သည်(၂သက်၊ ၂း၄)။

ANTINOMIANISM /အန္တိနိုမြားနီဇမ်

(ဂရိဘာသာ – ‘anti’ ဆန့်ကျင် နှင့် ‘nomos’ ပညတ်)

အချို့လူများက ယုံကြည်သူများသည် *ယုံကြည်ခြင်းဖြင့် *ဖြောင့်မတ် ခြင်း ရရှိပြီးသူများဖြစ်သောကြောင့် ဘုရားသခင်၏ ပညတ်တော်များ ဆက်လက်စောင့်ထိန်းရန်မလိုတော့ဟု ဆိုကြသည်။ ထိုယုံကြည်ချက်ကို အန္တီနိုမြားနီဇမ် ဟုခေါ်သည်။ ထိုသို့ ယုံကြည်ခံယူသူများသည် ဘုရားသခင်၏ “ပညတ်တော်နှင့် ဆန့်ကျင် အသက်ရှင်ကြသည်။

ဤမှားယွင်းသော သွန်သင်ချက်အား ရှင်ပေါလုအတိုက်အခံလုပ်ခဲ့သည်။ *ကျေးဇူးတော်ပွားများစေခြင်းငှာ အပြစ်တရားကို ကျင့် နေရမည်လော။ ထိုသို့ မနေရ”ဟူ ပြောဆိုခဲ့သည်(ရောမ၊ ၆း၁၊၆း၁၅ ကိုလည်းကြည့်ပါ)။ ရှင်ယုဒဩဝါဒစာ ၄ ကလည်း ကျေးဇူးတော်ကို ကိလေသာ၏ညစ်ညူးခြင်း အလိုငှါ မှောက်လှန် .” သူများအကြောင်းကို ပြောဆိုထားသည်။

ဤစကားလုံး၊ အန္တီနိုမြားနီဇမ်အား ပထမဦးဆုံးသုံးနှုန်းသူသည် မာတင်လူသာ ဖြစ်ဟန်တူသည်။

ANTIOCHENE SCHOOL – အန္တိအိုကင်ကျောင်း

ခရစ်ယာန်အသင်းတော်၏ အဦးပိုင်းရာစုများတွင် ဆီးရီးယားနိုင်ငံ အန္တိအုတ်မြို့၌တည်ရှိသော သီသော်လော်ဂျီဓမ္မစာသင်ကျောင်းဖြစ်သည်။ အာလက်ဇန္ဒြီယာမြို့ယာမြို့ရှိ စာသင်ကျောင်းကနောက်ကွယ် (allegorical) အဓိပ္ပါယ်ကိုကောက်ယူနေကြချိန်တွင် လည်းကောင်း အန္တီအိုကင်ကျောင်း၏သီဩော်လော်ဂျီ ပညာရှင်များကမူ ကျမ်းစာ၏ သာမာန်ဆိုလိုရင်းကိုသာ လုံးစေ့ပတ်စေ့ကောက်ယူ ကြသည်။ ထိုပြင် အာလက်နြီုယား ကျောင်းက ယေရှုခရစ်၏ ဘုရားသခင်ဖြစ်ခြင်း ကို ဗဟိုပြုနေချိန်တွင် အန္တီအိုကင်ကျောင်းကမူ ယေရှု ခရစ်၏လူသားဖြစ်ခြင်းအား ဗဟိုပြုကြသည်။

 

APOCALYPIC (ဂရိဘာသာ ‘apokalupto’ – ဖွင့်ပြခြင်း)

ဗျာဒိတ်ကျမ်း ၁ တွင် ဤဂရိသဒ္ဒါနာမ် ‘apokalupsis’ ကိုတွေ့ရသည်။ ဘုရားသခင်၏ နောက်ဆုံးအောင်ပွဲနှင့် ကပ်ကမ္ဘာကုန်ဆုံးချိန်၊ အဆိုးအား အကောင်း နိုင်နင်းမည့်ပုံကို အဓိကထား ရေးသားသော ဂျူးဟောကိန်းထုတ် (ပရောဖက်ပြု)စာပေများ၌ ဤစာလုံးကို သုံးနှုန်းကြသည်။ ထိုစာပေမျိုး၌ ပါများ၊ ကိန်းဂဏန်းများနှင့် တိရစ္ဆာန်များ ပါဝင်လေ့ရှိသည်။

ဓမ္မဟောင်းမှ ဒံယေလအနာဂတကျမ်းနှင့် ဓမ္မသစ်မှဗျာဒိတ်ကျမ်းနှစ်ခု သည် ဤဖွင့်ပြခြင်း (Apocalytic) ကျမ်းများဖြစ်ကြသည်။ အခြားကျမ်းစာပါ စာအုပ်များ၌လည်း ဖွင့်ပြခြင်း၊ စာကိုယ်စာမျက်နှာများရှိတတ်သည်။ (ဥပမာယောလအနာဂတိကျမ်း ၂း၃၀-၃၁၊ ရှင်မာကု၊ ၁၃း၂၄-၂၇)။

ဘီစီ(၂)ရာစုနှင့် အေဒီ(၁)ရာစုအကြားကာလများတွင် ကျမ်းစာ၊ ပြင်ပ စာပေလောက၌ အလားတူ အရေးအသားစာပေကျမ်းဂန်များစွာ ထုတ်ဝေခဲ့ကြ သည်။ ထိုစာပေ ကလောင်ရှင်များသည် ကျမ်းစာ၏ဝိသေသများအား အထူး နားလည်သူများသဖွယ် ရေးသားခဲ့ကြသည်(ဥပမာ-မောရှေ၏ခံယူချက်)။ ဤပရိယာယ်ကျမ်းဂန်များကို Pseudepigraphy အယောင်အမှား ကျမ်းဂန်များ ဟုခေါ်သည်။

APOCRYPHA/ အပိုခရီဖာ

(ဂရိဘာသာ၊ ‘ta apocrupha’ ဝှက်ထားသောအရာများ)

မူရင်းဟေဗြဲဘာသာဖြစ်သော ဓမ္မဟောင်းကျမ်းရေးသားပြီးနောက်တွင် ပေါ်ထွန်းလာသော တစ်ဆယ့်သုံးအုပ်တွဲပေါင်းချုပ်ကို အပိုခရီဖာဟုခေါ်သည်။ ဤစာအုပ်များသည် (Septuagint) ဆပ်ကျွဲဂျင့်၌ ဓမ္မဟောင်းကျမ်းများ၏ကြားညပ်စာအဖြစ် နေရာတကာ ပြန့်ကျဲကာပါဝင်သော ထိုအပိုခရီဖာ (ဆယ့်သုံးအုပ်အနက်) ဆယ့်တစ်အုပ်မှာ ၁၆၀၉ ၌ ပုံနှိပ်ခဲ့ကြသော ရောမကာသိုလစ်ဒိုအိုင်ဘာသာပြန်ကျမ်း (The Roman Catholic Douai Version) အထိ ပါလာခဲ့ကြသည်။

သို့သော်၊ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း၏ ကြားကာလများ၌ နေကြသော ဂျူးလူမျိုးများ၏ ဘုရားသခင်နှင့်အနာဂတ်အပေါ် တွေးထင်ယူဆ ချက်အား လေ့လာရာတွင် ဤအပိုခရီဖာစာအုပ် အတော်များများသည် တန်ဖိုးရှိ အသုံးဝင်လှသည်။ မက ဘီးစ်ပထမစောင်နှင့်ဒုတိယစောင်(1 and 2 Maccabees) က ထိုကာလ၏သမိုင်းကိုပင် ကျွန်ုပ်တို့အား ပြသထားသည်။

အပိုခရီဖာစာအုပ်စာရင်း

(၁) အက်စ်ဒြစ် ၁ နှင့် ၂ (1 and 2 Esdras)

(၂) တိုဘိ(ထ်) (Tobit)

(၃) ဂျူဒိ(ဒ်) (Judith)

(၄) ဧသတာဇာတ်တွဲ (Sequel to Esther)

(၅)ရှောလမုန်၏အလိမ္မာ (Wisdom of Solomon)

(၆) အကလီဇီအစ တီကပ်စ် (Ecclesiasticus(The Wisdom of Jesus,

(ယေရှု၏ ပညာအလိမ္မာ၊ The Son of Sirach)ဆီရပ်ချ်၏သား)

(၇) ဗာရုတ် (Baruch)

(၈) ယေရမိပေးစာ (The Letter of Jeremiah)

(၉) ဒံယေလကျမ်းဖြည့်စွတ်စာများ (The Additions of Daniel)

(၁၀) မနာရှေ၏ပဌနာ (The Prayer of Manasses)

(၁၁) မက ဘီးစ် ၁ နှင့် ၂ (1 and 2 Maccabees)

APOCRYPHALGOSPELS (အပိုခရီဖာလ် ခရစ်ဝင်ကျမ်းများ)

စိစစ်တိုင်းတာခြင်းအောင်မြင်ပြီး*စာရင်းဝင်အတည်ပြုခြင်းခံရသော ခရစ်ဝင်ကျမ်းများဖြစ်သည့် မ၊ မာကု၊ လုကာနှင့် ယောဟန်တို့အပြင် ကိုယ့်ကိုယ်ကို ခရစ်ဝင်ကျမ်းများဟုခေါ်ဆိုကြသော်လည်း ဓမ္မသစ်ကျမ်းစာ စာစုဆောင်းပေါင်းချုပသူများ၏ ကျမ်းဝင်စာအုပ်အဖြစ် အတည်ပြုခြင်းမခံရသော စာအုပ်အများအပြားရှိသည်။ ထိုအယောင်အမှားခရစ်ဝင်ကျမ်းများအား စာရင်းမသွင်း၊ လက်သင့်မခံကြခြင်းအကြောင်းမှာ- ထိုစာအုပ်များပါ အကြောင်းအရာ များသည် သမ္မာကျမ်းစာဝင် ခရစ်ဝင်ကျမ်းလေးကျမ်းပါ အကြောင်းအရာများနှင့် မညီမထွေ၊ သဘောမတိုက်ဆိုင်ဖြစ်သည့်အပြင် ဘုရားသခင်မှုတ်သွင်းသော စာများ မဟုတ်ကြောင်း ထင်ရှားနေကြသောကြောင့်ပင်ဖြစ်သည်။ ဥပမာအားဖြင့် ရှင်ပေတ ခရစ်ဝင်ကျမ်းနှင့်ရှင်သောမခရစ်ဝင်ကျမ်းကဲ့သို့သော စာအုပ်များသည် ကျမ်းစာဝင်ပုဂ္ဂိုလ်များ၏ လက်ရာသဖွယ်ပြထားခဲ့ကြသော်လည်း ခရစ်ဝင်ကျမ်း အား အမှန်တကယ် ရေးသားသူများ မရှိတော့သည့်နောက်ပိုင်း၊ နောက်တစ်ခေတ် သားများလက်ရာဖြစ်ကြောင်း ပေါ်လွင်နေသည်။

APOLOGETICS အပိုလိုဂျီးတိတ်စ်

(ဂရိဘာသာ၊ ‘apologia’ – ခုခံကာကွယ်ခြင်း) တိမောသေသြဝါဒစာ ဒုတိယစောင်၊ ၄၆ ၌ ရှင်ပေါလုက ဤစာလုံးကို သုံးနှုန်း ခဲ့သည်။ “ပဌမအချိန်၌ အပြစ်တင်ခွင့်ကို (ခုခံကာကွယ် )ငါသည် အစီအရင်ခံ ရသောအခါ၊ ငါ့ဘက်၌ အဘယ်သူမျှမနေ။”

အပိုလိုဂျီးတိတ်စ်ဟူသည် ခရစ်ယာန်ယုံကြည်ချက်အား ခုခံကာကွယ်ခြင်း ဖြစ်သည်။ ဂျက်စတင်နှင့် တာတူလ်လျံ စသောအစောပိုင်းခံစစ်သူရဲ (Apologists) များက သူတို့ခေတ် သူတို့ခါ ဒ အတွေးအခေါ်၏ ယုံကြည်ခြင်းအပေါ် တိုက်ခိုက်မှုများအား ခုခံကာကွယ်ခဲ့ကြသည့်အပြင် ယုံကြည်ခြင်းနှင့် ဒ နိက ဗေဒသည် မည်သို့အားဖြင့်သာ ညှိ နှိုင်း ရကြောင်းကိုလည်း ပြသခဲ့ကြသည်။

ယနေ့ အပိုလိုဂျီးတိတ်ကမူ ဘုရားသခင်အပေါ် ခရစ်ယာန်များ၏ ယုံကြည်မှုသည် အဘယ်အပေါ်၌ အခြေခံသည်ကိုလည်းကောင်း၊ ဘုရားသခင် အား အဘယ်သို့သာ ချဉ်းကပ်သိရှိနိုင်သည်ကိုလည်းကောင်း ပြသနိုင်ရန်သာ လုံ့လပြုလာသည်။ ဖွင့်ပြခြင်းဟူသည် အဘယ်နည်း၊ ယုံကြည်ခြင်းဟူသည် အဘယ်နည်း၊ ဘုရားသခင်တည်ရှိခြင်း သက်သေများသည် အဘယ်အရာများ နည်း၊ နိမိတ်လက္ခဏာဟူသည် အဘယ်နည်း၊ ဘာသာတရားနှင့် သိ ပညာ အကြား ဆက်နွယ်မှုဟူသည် အဘယ်နည်းစသော မေးခွန်းများကိုထုတ်ပြီး သူကပင် ပြန်ဖြေပေးထားသည်။

APOLLINARIANISM အပိုလီနေရီယံနီဇမ်

အပိုလီနေရီယပ်စ်ဆိုသူက (အေဒီ ၃၁၀-၃၉၀)က ခရစ်သည် ရာနှုန်း ပြည့်ဘုရားဖြစ်သော်လည်း ရာနှုန်းပြည့်လူသား မဟုတ်ခဲ့ပေဟူ သွန်သင် ခဲ့သည်။

APOSTASY)အပိုစ တဆီ/(ဂရိ’apostasia’ =(တစ်စုံတစ်ခု)မှလဲကျသွားခြင်း)

တာဝန်ကျရာအရပ်မှ (ဝါ) ပုန်ကန်မှုကြောင့် ထုတ်ပစ်စွန့်ပယ်ခံရခြင်း အပေါ် အရင်းအဖျားခံပြီး ဤစကားလုံးအား စတင်သုံးနှုန်းကြခြင်းဖြစ်သည်။ ကျမ်းစာ၌မူ ဤစကားလုံးသည် စစ်မှန်သော ယုံကြည်ခြင်းမှ စွန့်ပြေးထွက်ခွာ ခြင်းကို ရည်ညွှန်းသည်။

Bible Dictionary ကိုကြည့်ပါ။

ARIANISM-ARIUS အာရီယမ်းနီဇမ်- အာရီယပ်စ်

အာလက်ဇယားမြို့ ဘုန်းတော်ကြီးတစ်ပါးဖြစ်သော အာရီယပ်စ်က ခရစ်တော်သည် လူသားထက်သာလွန်သော်လည်း ဘုရားသခင်အောက်သာ နိမ့်ကျ သည်ဟု သွန်သင်ပေးခဲ့သည်။ သားတော်သည် နိစ တည်သောပုဂ္ဂိုလ် မဟုတ်ဟုဆိုခဲ့သည်။ အာသနေစီးယပ်စ် (Athanasius, Alexandrianaus ကျောင်းကိုကြည့်ပါ)က အာရီယာပ်စ်၏ (သွန်သင်ချက်)ကို အတိုက်အခံပြုခဲ့သည်။ အေဒီ ၃၂၅ ၌ ကျင်းပသော နိုင်ဆီယာ (Nicaea) ကောင်စီ၌ သူသည် ပယ်ချခြင်းခံခဲ့ရသည်။

သို့သော် “သရများဆက်ခြင်းတိုက်ပွဲ” ကို ဆင်နွှဲရန် သူပြင်းထန်ဆဲဖြစ် သည်။ သို့စေကာမူ အာသနေစီးယပ်စ်နှင့် သူ့နောက်လိုက်များက ခရစ်တော်နှင့် ခမည်းတော်သည် အနှစ်တစ်ခု၊ ဒြပ်တစ်ခု (homoousion) ဖြစ်ကြကြောင်းအခိုင်အမာငြင်းဆိုခဲ့သည်။ သူတို့သည် အာရီယပ်စ်အား ကိုယ်ချင်းစာနာမိသော်လည်း သားတော်နှင့်ခမည်းတော်သည် အနှစ်ဆင်တူ၊ ဒြပ်ဆင်တူသော ဖြစ်သည်ဟူသည့် ယုံကြည်ချက်ကို လိုက်လျောခြင်းဖြင့် ခရစ်တော်၏ဘုရားကြီး အား မငြင်းပယ်လိုကြပေ။

ARMINIANISM/ အာရ်မီနီယမ်နီဖမ်

ဒတ်ချ်လူမျိုး သီသော်လော်ဂျီပညာရှင် အာမီးနီယပ်စ်(၁၅၆၀-၁၆၀၉) အား အစွဲပြုခေါ်ဆိုကြခြင်းဖြစ်သည်။ ကယ်တင်ခြင်းအပေါ် ဘုရားသခင်၏ *အချုပ်အခြာ အာဏာရှင်ဖြစ်ခြင်းကို စွဲကိုင်ထားသော ဂျွန်ကလ်ဗင်၏သွန်သင် ချက်နှင့် အလားတူ သွန်သင်ချက်အား သူတုံ့ပြန်တိုက်ခိုက်သည်။ အမှန်ဆိုလျှင် ထိုသွန်သင်ချက်သည် သမ္မာကျမ်းစာ၏သွန်သင်ချက်ကို *နည်းစနစ်တကျဖွဲ့စည်း ခြင်းကို ပြုခဲ့သည်။ ကလ်ဗင်တစ်ဦးတည်း၏ သွန်သင်ချက်သာဖြစ်သည်။ အာမီး နီယပ်စ်၏နောက်လိုက်များသည် (၁၆၁၀) ခုနှစ်၌ “ကန့်ကွက်ခြင်း ́(ချေပခြင်း) အဆိုကို ရေးဆွဲခဲ့ကြသည်။ ထိုအဆိုနှင့်အတူ သူတို့၏ ယုံကြည်ချက်များဖြစ်ကြသော- ဘုရားသခင်သည် သူ့အား ယုံကြည်လာမည့်သူကို ကြိုတင်သိနှင့်ထား သောကြောင့်သာ ထိုသူအား *ချယ်ခွဲခန့်ခြင်း ဖြစ်သည်ဆိုသည့်အချက်နှင့် ခရစ်တော်၏အသေခံခြင်းသည် လူသားတိုင်းအတွက်ဖြစ်သောကြောင့် ကယ်တင် ခြင်းသည် လူသားတိုင်းရရှိရန်ဖြစ်နိုင်သောအရာဖြစ်သည်ဆို သည့်အချက်များကို တဆက်တည်းတင်ပြခဲ့ကြသည်။ သူတို့ဆိုလိုသည်မှာ လူတစ်ဦးတစ်ယောက်၏ ကယ်တင်ခြင်းရောက်၊ မရောက် ကိစ ကို ဆုံးဖြတ်ပေးသောအရာသည် ဘုရား သခင်၏ဆမဟုတ်ဘဲ လူ့၏ဆသာဖြစ်သည်ဟူ ပင်။ ထို့ကြောင့် ရံဖန်ရံခါ ၎င်းဝါဒီများကို ကန့်ကွက်ချေပသူများဟု ခေါ်တွင်တတ်ကြသည်။

ASCENSION ( အဆဲန်ရှင်း ) ကောင်းကင်ဘုံသို့တက်ကြွခြင်း

ဒုတိယအကြိမ်ပြန်လာနေ့မတိုင်ခင်အထိ ကောင်းကင်ဘုံဘုရား၏ လက်ယာ တော်ဘက်၌ ထိုင်နေရန် လောကအားကျောခိုင်းခဲ့သော ခရစ်တော်၏ တက်ကြွတော်မူခြင်းကို ပြောဆိုရာတွင် ဤစာလုံးကို အသုံးပြုကြသည်။ ယေရှုကသူ့တက်ကြွတော်မူခြင်းအား(ယောဟန်၊ ၆း၆)နှင့်(၂၀း၁၇)တို့တွင် ကြိုတင် ပြောဆိုခဲ့ပြီး (လုကာ၊ ၂၄း၅၁)နှင့်(တမန်၊ ၁း၉)တို့က တကယ့်တက်ကြွခြင်း အဖြစ်အပျက်ကို ဖော်ပြထားကြသည်။ အဖြစ်အပျက်အပြီးတွင် ကောင်းကင်တမန် နှစ်ပါး(တမန်တော်၊ ၁း၁၁)၌ ထိုအဖြစ် အပျက်ကို ရည်ညွှန်းပြောဆိုခဲ့ကြသည်။ (ဧဖက်၊ ၄း၁၀၊ ၁တိ၊ ၃း၁၆၊ ဟေဗြဲ၊ ၄း၁၄ နှင့် ၁ပေ၊ ၃း၂၂)စသော ဩဝါဒစာများ၌ လည်း ထိုအဖြစ်အပျက်ကို ဆက်လက် မှတ်တမ်းတင်ကြသည်။ ခရစ်တော်၏ ခမည်းတော်ဘုရား လက်ယာတော်ဘက် ထိုင်နေတော်မူခြင်း (ကောလော၊ ၃း၁၊ဟေဗြဲ၊ ၁း၃)နှင့် အနာဂတ်၌ မြေကြီးသို့ ပြန်ဆင်းကြွလာမည့် အစီအစဉ်ကို န်းဆိုထားသောကျမ်းပိုဒ် ဒုနှင့်ဒေးရှိနေသောကြောင့် တက်ကြွတော်မူခြင်း သည် အမှန်ဖြစ်ပျက်ခဲ့ကြောင်း ပေါ်လွင်နေသည်။

ASCETICISM / အဆက်တီဇမ်

(ဂရိဘာသာ၊ askesis’-လေ့ကျင့်ခြင်း၊ စည်းကမ်းသတ်မှတ်၊ သင်တန်းပေးခြင်း)

အဆက်တိတ်စ်(Ascetics)ဟူသည်၊ ဝိညာဉ်ပိုင်း ပိုမိုသန့်ရှင်းလာစေရန် မိမိခန္တာအား ပြစ်ဒဏ်ပေးပြီး ကျင့်စဉ်အားထုတ်နေသူများပင်ဖြစ်သည်။

ကျမ်းစာ၌ ယင်းဝါဒ၏ဥပမာများရှိသည်။ ဓမ္မဟောင်းကျမ်းမှ နာဇရိ လူများ (Nazarites) (နာဒိုက်စ် Nazirites ဟူ လည်း လွှဲပြောင်းခေါ် ရသည် [NIV နှင့် RAV]အကြောင်းမှာ ဟေဗြဲစာ၌ Nazirites ဟူသည် သီးသန့်ဖယ်ထားခြင်းကို ဆိုလိုသောကြောင့် ပိုမိုမှန်ကန်သော စာလုံးပေါင်းဖြစ်သည်။ (တော်လည်ရာကျမ်း၊ ၆း၂-၈)သည် အဆက်တိတ်စ်များဖြစ်ကြသည်။ ဗတ္တိဇံဆရာယောဟန်သည်လည်း အဆက်တိတ်စ်ဖြစ်သည်(မ၊၃၄)နည်းတူ ယေရှုပင် လျှင် လက်ထပ်ထိမ်းမြားခြင်း မပြုခဲ့ခြင်း (ဝါ)ဆက်နွယ်လိုသည့် လူ့ဓမ္မတာအလို မလိုက်ခြင်းကဲ့သို့သော အချို့အတိုင်းအတာ အထိအဆက်တိတ်စ်ဖြစ်ခဲ့သည် (ရှင်မာကု၊ ၃း၃၁-၃၅)။

အစာရှောင်ခြင်းသည်လည်း ကျမ်းစာနည်းကျ အဆက်တီဇမ်ဖြစ်သည်။ ဓမ္မသစ်ကျမ်း၌ အစာရှောင်ရန် မိန့်ဆိုချက်မရှိသော်လည်း ယေရှုက သူ့တပည့် တော်များ အစာရှောင်လာမည်ဟု မျှော်လင့်ခဲ့သည်(မ၊၆း၁၆၊ ၉း၁၅)။

ဝမ်းနည်းစရာကောင်းလှသည်မှာ- မှားယွင်းသော ရည်ယ်ချက်ဖြင့် ၎င်းဝါဒအား အသုံးချသည်အရာပင်။ အစားအသောက်၊ လူ့ဓမ္မတာအပျော်အပါး များအား ရှောင်ကြဉ်ခြင်းတည်းဟူသော ယင်းဝါဒအား ကျင့်သုံးခြင်းအားဖြင့် ကယ်တင်ခြင်းရရှိနိုင်သည်ဟု လူအများထင်မြင်လာကြသည်။ အထူးသဖြင့် ရောမကာသိုလစ်သီကြော်လော်ဂျီ၌ ထိုအတွေးအမြင်မျိုးအား တွေ့ရသည်။

ASSURANCE OF SALVATION ကယ်တင်ခြင်းစိတ်ချမှု

ယုံကြည်သူများက မိမိသည် ယုံကြည်ကိုးစားသူ၊ ဘုရားသခင်၏သား သမီး၊ ဒုတိယမွေးခြင်းခံပေးသူ၊ ထာဝရအသက်ပိုင်ဆိုင်ပြီးသူများဖြစ်ကြောင်း သိနိုင်ကြသည်။

ဤစိတ်ချမှုဆိုသည့်စကားလုံး၏ မူရင်းဂရိဘာသာစကားလုံးမှာ ‘plerophoria’ ဖြစ်ပြီး “လုံးလုံးနားလည်ခြင်း (ဝါ) သိမြင်ခြင်း”ဟူ ဆိုလိုသည်။

ထိုစကားလုံးများကို (ကောလော၊ ၂း၂၊ ၁သက်၊ ၁း၅ နှင့် ဟေဗြဲ၊၆း၁၁၊ ၁၀း၂၂) စသည်တို့၌ တွေ့နိုင်သည်။

ယုံကြည်သူများသည် သူတို့၏ စိတ်ချမှုအား အမျိုးမျိုးအပေါ် အခြေခံကြ သည်။ ၎င်းတို့မှာ

(၁) ဘုရားသခင်၏ ကတိတော်များ။ ဥပမာ-“ငါ့ထံသို့လာသောသူကို ငါသည် အလျှင်းမပယ်””ဟူ ယေရှု၏ကတိစကား(ယောဟန်၊၆း၃၇)။

(၂) ဘုရားသခင်ဝိညာဉ်တော်အတွင်းသက်သေ(ရောမ၊၈း၁၆)။ (၃) ကယ်တင်ခြင်းကို ပေါ်လွင်စေသော အကျင့်စာရိတ အထောက်အထား။ “(သူ)တို့၏အကျင့် (သီး)ကို ထောက်သော် သူတို့၏ သဘောကိုသိရကြလိမ့်မည်”(မ၊၇း၂၀)။

ဘုရားသခင်၏ သားသမီးများ ကယ်တင်ခြင်းစိတ်ချမှု အမှန်တကယ် ရှိ၊ မရှိ စစ်ဆေးရာတွင် ရှင်ယောဟန်သြဝါဒပထမစောင်က စစ်ဆေးရမည့်အရာ သုံးခုကို ပေးထားသည်။

(၁) ယေရှုခရစ်အပေါ် ယုံကြည်မှုမှန် မမှန်စစ်ဆေးခြင်း(၃း၂၃၊ ၄း၂၊ ၅း၅၊ ၁၀၊၁၃၊ ၂ယောဟန်၊ ကိုလည်းကြည့်ပါ)။

(၂) အပြုအမှု၊ အကျင့်စာရိတ စစ်ဆေးခြင်း (၁း၅၊၆၊ ၂း၃၊ ၃း၆၊၉)။

(၃) မေတ္တာရှိမရှိစစ်ဆေးခြင်း (၄း၇၊၈)။

ဤစစ်ဆေးခြင်းသုံးခုစလုံးသည်(သီးသန့်မဟုတ်ကြဘဲ) ဆက်နွယ်၊ သဘောတူညီကြသည်။ ခရစ်တော်၌ သမ္မာကျမ်းနည်းကျကျ ယုံကြည်ခြင်း တည်စေသောသူသည် ဘုရားသခင်၏ ပညတ်တော်များကိုလည်း စောင့်ထိန်းမည် ဖြစ်ပြီး ခရစ်ယာန်သားချင်းများအပေါ်၌လည်း ချစ်ခြင်းမောထားမည်ဖြစ်သည်။

သို့သော် ယုံကြည်သူ၏စိတ်ချမှုဟုဆိုရာတွင် အောက်ပါအရာမျိုးကို မဆိုလိုပေ။

(၁) ယုံကြည်သူတိုင်း ထိုစိတ်ချမှုရှိသည်။ အချို့၌မရှိ လစ်ဟင်းနိုင်သော်လည်းယုံကြည်သူမှန် ဖြစ်နေဆဲဖြစ်သည်။ မသေချာမရေရာဘဲ ဆက်လက်မကျန်ရစ်သင့်ပေ။

(၂) ယုံကြည်သူ၏ စိတ်ချမှုသည် ပုံမှန်ဖြစ်သည်။ စိတ်ချမှုပိုမိုသည့်အချိန်နှင့်လျော့နည်းသည့်အချိန် ရှိသည်။ အပြစ်၊ အေးစက်လျော့သော နှလုံးသား၊ ဝိညာဉ်အစာလစ်လင်းမှု၊ မှားယွင်းသောသွန်သင်ချက်စသည့် အရာများက သခင်ဘုရား၏ ပိုင်ဆိုင်မှုဖြစ်ခြင်းအပေါ် စိတ်ချမှုအားလျော့ ́ နည်းစေနိုင်သည်။ သို့သော် အစကတည်းကပင် ထိုစိတ်ချမှုကို ပေးစွမ်းသူသခင်ဘုရားသည် လေလွင့်သော စိတ်ချမှုမျိုးအား မူလနေရာတည် မြဲတည်စေခြင်းငှာ တတ်စွမ်းနိုင်သူပင်ဖြစ်သည်။

ATHEISM/ အတီဇမ် (ဂရိဘာသာ၊ ‘a’= အငြင်းဝါကျသုံး စကားလုံး၊ ‘theos’ ဘုရားသခင်)

ဘုရားသခင်တည်ရှိခြင်းအား ငြင်းပယ်သောဝါဒပင်။ ထိုသို့ ဘုရားသခင် တည်ရှိခြင်းအား မယုံကြည်၊ သံသယထားသောပုဂ္ဂိုလ်ကို အဲစ်ထ် (Atheist) ဟုခေါ်သည်။

Agnostiusm ကိုကြည့်ပါ။

ATONEMENT / အထုံးအနီးမင့်ထ်/(ပေးချေခြင်း(ဝါ)ယတြာချေခြင်း)

လူများအား ကယ်တင်ခြင်းကိုပေးဆပ်ပြီး ဘုရာသခင်ပညတ်တော်၏ တောင်း ဆိုချက်များကို ဖြည့်ဆည်းပေးချေမှုပြုခဲ့သော လက်ဝါးကပ်တိုင်ထက် ခရစ်တော်၏ အသေခံခြင်းကို ဆိုလိုသည်။ ပေးချေခြင်း (Atonement) ဟူသည် ခရစ်တော်၏ အသေခံခြင်းဖြင့် ဘုရားသခင်ဘက်၊ လူ့ဘက်၊ ထိုနှစ်ဘက်စလုံး အတွက် ပြီးစီးလုပ်ဆောင်ခဲ့သော အမှုအားလုံးကို ခြုံငုံဖော်ပြသော စကားလုံးဖြစ် သည်။ လူသားများအပြစ်၏ပြစ်ဒဏ်အား သူ့အပေါ် ယူတင်ခြင်းအားဖြင့် ဘုရား သခင်၏အမျက်တော်အား ခရစ်တော်ဖြန်ဖြေ၊ ကျေအေးစေ(ဖုံးအုပ်)သည်။ ခရစ်တော်၏ပေးချေခဲ့ခြင်းအမှုသည် သူလူများ၏ အသစ်မွေးဖွားခြင်း၊ ခွင့်လွှတ် ခြင်းတရား၊ ပြန်လည်သင့်မြတ်ခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်လက်ခံရရှိခြင်း၊ အမွေခံသားအဖြစ် မွေးစားခံရခြင်းနှင့် နောက်ဆုံး ကယ်တင်ခြင်းတို့၏ အခြေခံ ပင်ဖြစ်သည်။

ခရစ်တော်၏ အသေခံခြင်းသည် အပြစ်သား၏နေရာ၌ ကိုယ်စားခံ (vicarious/ ဗီခေရီးယ်စ်/ခေါ် အစားထိုးဝင်ရောက်ခြင်း Substitutionary) စတေးခဲ့ခြင်းဖြစ်သည် (၁ပေ၊ ၃း၁၈)။ ထို့ပြင် ဘုရားသခင်၏ ဖြောင့်မတ်တရားမျှတ ခြင်းကို ကျေနပ်စေပြီး ဘုရားသခင်၏ပညတ်ဥပဒေသများကိုလည်း ဖြည့်စွမ်း ပြည့်စုံသော ဥပဒေပိုင်းဆိုင်ရာ (Juridical၊ လက်တင်ဘာသာမှလာပြီး ‘jus, juris’-ပညတ်၊ ဥပဒေဟူ ) အမှုပြီးစီးခြင်းလည်း ဖြစ်သည်(ရောမ၊ ၁၀း၄)။ ခရစ်တော်သည် သူ၏သက်တော်စဉ်တစ်လျှောက် ဘုရားသခင်၏ ပညတ်ဥပဒေ အား လိုက်လျှောက်စောင့်ထိန်းခဲ့ပြီး သူ၏သေခြင်းအားဖြင့် အပြစ်သားများအပေါ် တင်ထားလျှက်ရှိသော ဘုရားသခင်ပညတ်ဥပဒေ၏ တောင်းဆိုချက်များကို ဖြည့်စွမ်းကျေနပ်စေသည်(ရောမ၊ ၃း၂၆)။

အထက်ပါ စာပိုဒ်ပါရှင်းလင်းချက်များအပြင် ပေးချေခြင်းအား တခြား နည်းအားဖြင့် ရှင်းပြရန် ကြိုးစားမှုများပြုကြသည်။ ထိုကြိုးစားမှုဖြင့် အောက်ပါ သီအိုရီတချို့ရရှိလာကြောင်း အကျဉ်းအားဖြင့် ဖော်ပြမည်။

၁။ ဘုရားသခင်ဘက်သို့ ရှုထောင့်ထားသူများ

(က)အင်ဆဲလ်မ်(Anselm)၏ ကျေနပ်အားရစေခြင်း သီအိုရီ

(Satisfaction Theory)

ဘုရားသခင်စံထိုက်သော အရိုအသေအား မပေးကြသောကြောင့် ပုထုဇဉ်လူသားများအဖြစ် သင့်လာခဲ့ကြသည်။ ခရစ်တော်၏သေခြင်းက ဘုရား သခင်အား ထိုအရိုအသေကိုပေးခဲ့သောကြောင့် ဘုရားသခင်ကလည်း ထိုအမှုကို ဆုအဖြစ် ချီးမြောက်ခဲ့သည်။ ခရစ်တော်သည် ထိုဆုအားမလိုအပ်သောကြောင့် ထိုဆုအား ကယ်တင်ခြင်းအသွင်ဖြင့် လူသားများထံ လက်ဆက်ကမ်းခဲ့သည်။ (ရံဖန်ရံခါ၌ ၎င်းအားကုန်သွယ်ခြင်း (commercial)သီအိုရီဟုခေါ်ကြသည်)။

(ခ)ဂရုရှားစ် (Grotins)၏ အစိုးရစနစ်နှင့်ဆိုင်သော သီအိုရီ

(Governmental-Theory)

ခရစ်တော်၏အသေခံခြင်းသည် အပြစ်အပေါ်ထွက်ခဲ့သော ဘုရားသခင် ၏အမျက်ဒေါသကို ပြသသည်။ ပြလိုခြင်းမှာ ဘုရားသခင်အား လောကစာရိတ အကျင့်များ၏ အစိုးရတရားမင်းအဖြစ် မြင်လာကြစေရန်ပင်။

(ဂ)မက်ခ်လီယိုဒ်ကမ်းဘဲလ် (Mcleod Campbel)၏ ကိုယ်စား

နောင်တရပေးခြင်း (Vicariaus Repentance Theory)

လူသားများ၌ လုံလောက်သော နောင်တတရားရရန် အစွမ်းအစရှိကြပါ က သူတို့အပြစ်အတွက် သူတို့ပေးချေ၊ ယတြာချေနိုင်မည်ဖြစ်သည်။ ထိုအစွမ်း အစ သူတို့၌ မရှိသောကြောင့် ခရစ်တော်က ကိုယ်စားနောင်တရပေးခဲ့ခြင်းဖြစ်ပြီး ထိုနေရာအစားဝင် နောင်တအား ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၂။ လူသားဘက်သို့ ထောင်ထားသူများ

(က)အရေးနီယပ်စ်၏ သိမ်းကျုံးယူခြင်း သီအိုရီ The Recapitulation Theory of Irenaeus ခရစ်တော်သည် လူသားများ၏ ဘဝအဆစ်တိုင်းအား သူ့အပေါ်၌ သိမ်းကျုံးယူ (စုစည်းယူဆောင်)ပြီး သူတို့၏ စာရိတ အပြုအမူ (ပျက်ယွင်းမှုများကို အသွင်ပြောင်းလဲ စေခဲ့သည်။

(ခ)ပီတာဘိုင်လာဒ်၏ စာရိတ လွှမ်းမိုးခြင်း

The Moral Influence Theory of Peter Abailard

ခရစ်တော်၏ အသေခံခြင်းကပြသခဲ့သော ဘုရားသခင်၏ မေတ ာတော် သည် လူသားများ၏စာရိတ အကျင့်အပေါ် လွှမ်းမိုးမှုရှိရမည်ဖြစ်ပြီး သို့မှသာ နောင်တတရားသို့လည်း ပို့ဆောင်ပေးဆပ်မည်ဖြစ်သည်။

(ဂ)ဆိုစီနီယမ်းစ်ခေါ်ဆိုစီနပ်စ်တပည့်များ၏ စံနမူနာ သီအိုရီ

The Example Theory of Socinians Followers of Socinus

သူ၏ခြေတော်ရာအား စံနမူနာအဖြစ် လိုက်လျှောက်ကြစေရန် ခရစ်တော်က လူသားများအား မည်သို့မည်ပုံ နာခံခြင်းရှိရမည်ဟူသည့်အချက် ကို သူ၏အသက်တာနှင့် အသေခံခြင်းအားဖြင့် ပြသခဲ့သည်။

(ဃ)စလေယာမာချာ၏ နက်နဲသော သီအိုရီ

The Mystical Theory (Schleiermacher)

ခရစ်တော်၏အသေခံခြင်းသည် လူသားများအပေါ် ပြောင်းလဲမှု ယူဆောင်လာသည်ဟူသည့်အချက်၌ ဤသီအိုရီသည် စာရိတ လွှမ်းမိုးခြင်း သီအိုရီ(Moral Influence Theory)နှင့် ဆင်တူသည်။ ဤသီအိုရီသည် (ခရစ်တော်၏ လူ့ဇာတိခံယူခြင်းအပေါ်၌ အထူးအလေးအနက်ပြုပြီး ခရစ်တော် လူသားအဖြစ် လာစဉ်တုန်းအခါ၌ လူသားများ၏ ဘဝအသက်တာထဲသို့ ဝင်ရောက် သူတို့အား သူ၏ဘုရားဇီဝအသက်ဖြင့် အသက်ရှင်နိုးကြားစေကာ အသက်တာများကိုလည်း ပြောင်းလဲစေခဲ့သည်ဟု ဆိုထားသည်။

(ဤသီအိုရီနှင့် သိမ်းကျုံးခြင်းသီအိုရီ (Recapitulation Theory)သည် ကရာနီနှင့် အသေခံခြင်း၌မဟုတ်ဘဲ ဗက်လင်နှင့် မွေးဖွားခြင်း၌သာ အလေး အနက်ပြုသော သီပျော်လော်ဂျီ အသွင်ဆောင်ကြသည်။ ထို့ကြောင့် ၎င်းအား လူ့ဇာတိခံယူခြင်း (Incarnation) သီအိုရီဟူ လည်း ခေါ်တွင်ကြသည်။ ဤ သီအိုရီသည် ခရစ်တော်၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် လူသား များအတွက် ပြုပေးခဲ့သောအမှုများထက် ခရစ်တော်၏ လူ့ဇာတိဆောင်ယူခြင်းဖြင့် လူသားတစ်မျိုးနွယ်လုံးအတွက် ပြုပေးခဲ့သောအမှုများကို သာ ဦးစားပေးသည်)။

၃။ စာတန်ဘက်သို့ ရှုထောင့်ထားသူများ

(a)စာတန်အား အဖိုးအခပေးချေခြင်း (Ranson to Satan)

အာဒံ၏အပြစ်ကြောင့် လူသားများသည် စာတန်၏ သုံ့ပန်းများ ဖြစ်လာ ခဲ့ကြသည်။ စာတန်လက်ခုပ်ထဲမှ လူသားများအား (အဖိုးအခဖြင့်) ပြန်လည် ဝယ်ယူရန် ခရစ်တော် အသေခံခဲ့သည်။ (Origen)*သော်ရီဂင်၏ သွန်သင် ချက်ဖြစ်သည်။

(b)စာတန်အလှည့်ဖြားခံရခြင်း (Satan deceived)

သော်ရီဂင် (Origen)ကပင် ခရစ်တော်၏ အသေခံခြင်းကြောင့် စာတန် အလှည့်ဖြားခံရသည်ဟု သွန်သင်ခဲ့သည်။ ၄ ရာစု၊ ကာပါဒိုရှမ်း (Cappadocian) ဘုန်းကြီးတစ်ပါးက မျှော်ရီဂင်သွန်သင်သော ဤအချက်ကလေးကို ဆက်လက် စာတန်သည် ကြွက်ထောင်ချောက်မှ ဒိန်ခဲသေးသေးလေးဖြင့် လှည့်ကွက်ထဲ တိုးမိသော ကြွက်တစ်ကောင်ပမာ အလှည့်ဖြားခံရသည်ဟု ထပ်သွန်သင်ခဲ့သည်။ ၎င်းကြံဖန် သပ်ဖော်ဥပမာကြောင့် လူများက ထိုသွန်သင်ချက်ကို ယုံကြည်ချင် စိတ်မရှိတော့ဘဲ ထိုသွန်သင်ချက် မှေးမှိန်သွားခဲ့သည်။ Bible Dictionary ကိုကြည့်ပါ။

ATTRIBUTES OF GOD (ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ)

ဂုဏ်အင်္ဂါ (Attributes)များဟု ဆိုရာ၌၊ ဝိသေသလက္ခဏာကို ဆိုလို ခြင်းပင်။ အချို့ဂုဏ်အင်္ဂါများကို ဘုရားသခင်သာ ပိုင်ဆိုင်ပြီး လူသားများအား မျှဝေခြင်းမပြုခဲ့ပေ။ ၎င်းတို့ကို မျှဝေ မရသော ဂုဏ်အင်္ဂါများ (Incommunicable Attributes)ဟုခေါ်သည်။ အချို့ဂုဏ်အင်္ဂါများကိုမူ လူသားများအား အတိုင်းအတာ သတ်မှတ်ပြီးပေးထားသည်။ ၎င်းတို့ကို မျှဝေ ရသော ဂုဏ် အင်္ဂါများ (communicable Attributes) ဟုခေါ်သည်။

ဘုရားသခင်၏ မျှဝေ မရသော ဂုဏ်အင်္ဂါများ

၁။ နိစ ထာဝရဖြစ်ခြင်း(Eternity) – ဘုရားသခင်၌ အစမရှိ၊ အဆုံးမရှိ။

၂။ ကိန်းဝပ်တော်မူခြင်း(ဝါ)အတူနေခြင်း(Immanence) – လက်တင်ဘာသာ in manere ဟူသည့် အထဲ၌ ကျန်ရစ်တည်ရှိခြင်း ဘုရားသခင်သည် ဤလောက၌ တည်ရှိသော်လည်း လောက(ကိုမှီခိုသော) အစိတ်အပိုင်း မဟုတ်ချေ။ ထိုကဲ့သို့သော တည်ရှိခြင်းကို ကိန်းဝပ်ခြင်း (Immanence) ဟုခေါ်သည်။ သန့်ရှင်းထူးကဲသောကြောင့် သီးသန့်နေခြင်း (transcendence)၏ ဆန့်ကျင်ဘက် စကားလုံးပင်။

ဟေရှာယ၊ ၅၇း၁၅ ၌မူ ဤကိန်းဝပ်တော်မူခြင်း (Immanence) နှင့် သန့်ရှင်းထူးကဲသောကြောင့် သီးသန့်နေခြင်း (transcendence) နှစ်မျိုးလုံးကို တွေ့နိုင်သည်။

၃။ တည်မြဲတည်နေခြင်း(ဝါ)မပြောင်းမလဲတည်ရှိခြင်း(Immutability or Unchange- ability) ဘုရားသခင်တိုးတက် ပိုကောင်းလာသည်ဟူ မရှိပေ။ သူသည် (တိုးတက်ရန်လိုအောင်) မစုံလင်သေးဟု ဆိုလိုခြင်း၊ မဟုတ်ပေ။ ဘုရားသခင် ဆုတ်ယုတ် ပိုဆိုးလာသည်ဟူ လည်း မရှိ ကြောင်း အထင်သားကြီးဖြစ်သည်။

၄။ အပြုခံမဖြစ်ခြင်း (Impassibility) – ဒုက္ခဆင်းရဲများသည် ဘုရားသခင်အားမဖြတ်သန်းနိုင်ကြပေ။

၅။ အမှီခိုမဲ့နေနိုင်ခြင်း (Independence) – သူ၏တည်ရှိခြင်းနှင့် ဆက်လက်တည်နေခြင်းအတွက် ဘုရားသခင်သည် အဘယ်သူ့ကိုမျှ အမှီသဟဲမပြုပေ။

၆။ အနန္တဖြစ်ခြင်း (Infinity) – ဘုရားသခင်အား မည်သည့်နည်း၊ မည်သည့်အရာနှင့်မျှ ကန့်သတ် မရပါ။

၇။ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်း (Omnipotence) – ဘုရားသခင်သည်အနန္တတန်ခိုးရှင်ဖြစ်ပြီး ခပ်သိမ်းသောအရာကို တတ်စွမ်းနိုင်သည်။

၈။ နေရာတိုင်း၌ တစ်ချိန်တည်းရှိနိုင်ခြင်း(Omnipresence)- ဘုရားသခင်သည် နေရာအရပ်တိုင်းတွင် တည်ရှိနိုင်စွမ်းရှိသည်။

၉။ အရာတိုင်းကို သိမြင်ခြင်း (Omniscience) – ဘုရားသခင် အလုံးစုံကိုသိမြင်သည်။

၁၀။ သန့်ရှင်းထူးကဲသောကြောင့် သီးသန့်နေခြင်း(Transcendence) – ဘုရားသခင်သည် မြေကြီးအထက်၌ ခွာ သီးသန့်နေပြီး မြေကြီးအစိတ်အပိုင်း မဟုတ်ချေ။ (အပေါ်က Immanence နှင့် နှိုင်းယှဉ်ပါ။)

(Number 7,8,9 are sometimes called the three O’s)

ဘုရားသခင်၏ မျှဝေ ရသော ဂုဏ်အင်္ဂါများ

၁။ အသိ ဉာဏ်ပညာ ဂုဏ်အင်္ဂါများ – အသိပညာ၊ နားလည်နိုင်စွမ်း၊ အတတ် ဉာဏ်ပညာ၊ သမ္မာတရား ဤဂုဏ်အင်္ဂါများသည် ဘုရားသခင်ထံမှလာသော အရာများဖြစ်ကြောင်း မသိကြသော်လည်း သူသားတိုင်း၌ ထိုဂုဏ်အဂ်ါများမှ အနည်းဆုံးတစ်ခုကိုမူ ပိုင်ဆိုင်ထားကြသည်။

၂။ စာရိတ ဂုဏ်အင်္ဂါများ- ကောင်းမြတ်ခြင်း၊ ချစ်ခြင်း၊ ဂဏာ၊ ကျေးဇူးပြုခြင်း)၊ စိတ်ရှည်ခြင်း၊ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း။ ဤဂုဏ်အင်္ဂါများသည် ဘုရား သခင် ပေးအပ်ထားသောအရာများပင်။ ဧဝံဂေလိသတင်းကောင်း၏ အချက် အချာမှာ- ဘုရားသခင်သည် ယုံကြည်သူများအား သူ၏ ဖြောင့်မတ်ခြင်းကို ပေးအပ်သည်ဆိုသည့်အချက်ဖြစ်သည်။ (ရောမ၊ ၃း၂၂၊ ဖိလိပိ ၊၃း၉)၊ ထို့ပြင် သန့်ရှင်းခြင်းနှင့်ပတ်သက်ပြီး သူကိုယ်တိုင် သန့်ရှင်းသည်နည်းတူ သန့်ရှင်း ကြရန် မိန့်ဆိုထားသည်(၁ပေ၊ ၁း၆၊ ဝတ်၊ ၁၁း၄၄ နှင့် ယှဉ်တွဲကြည့်ပါ)။

AUGUSTINIANISM / ဩဂတ်စတီနီယမ်းနီဇမ်

ဩဂတ်စတင်း (Augustine)သည် ၄ ရာစု၌ မြောက်အာဖရိကရှိ ဟီပို (Hippo) ဂိုဏ်းအုပ် ဘုန်းကြီးဖြစ်သည်။ သူသည် ကျမ်းစာ၏မဟာဩဝါဒ များဖြစ်သော- ဘုရားသခင်၏အချုပ်အခြာ အာဏာရှိခြင်း၊ မိမိကိုယ်မိမိ ကယ်တင်ရန် (ဝါ) ကယ်တင်ခြင်းအတွက် လူသားများ၏ လုံးဝဥမစွမ်းဆောင် နိုင်ခြင်း၊ ဘုရားသခင်၏ချယ်ခန့်ခွဲခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း ကျေးဇူးတော်၊ ယေရှု ခရစ်အပေါ်၌သာ ယုံကြည်မှုပုံအပ်ရန်လိုအပ်ခြင်း – စသည်များကို သွန်သင်ခဲ့သည်။ သူ၏ကျမ်းစာနည်းကျ သီသော်လော်ဂျီကို ကာလ်ဗင်(Calvin)၊ လုသာ(Luther)နှင့် အခြားပြန်လည်ပြုပြင်သူများ (Reformers)က ယုံကြည် ချက်ရှေ့ပြေးအဖြစ် (၁၆)ရာစု၌ အသုံးပြုလာကြသည်။ (Pelagianism ကိုကြည့်ပါ)

AUTHORITY OF SCRIPTURE (နှုတ်ကပတ်တော်၏တန်ခိုးအာဏာ)

နှုတ်ကပတ်တော်ကျမ်းစာ၏ တန်ခိုးအာဏာသည် “မှုတ်သွင်းခံခြင်းမှ ပေါ်ထွက် လာသည်။ ကျမ်းစာသည် ဘုရားသခင်ကိုယ်တော်တိုင်၏ နှုတ်ထွက် စကား၊ လူသားများထံ သူ့ကို ဖွင့်ပြပြောဆိုသော ဗျာဒိတ်ဖြစ်သောကြောင့် တန်ခိုးအာဏာရှိလှသည်။ ဘုရားသခင်ထံမှလာသောကြောင့်၊ ကျမ်းစာသည် *အသင်းတော်ယုံကြည်ချက်နှင့် ကျင့်ထုံးများ၏စံဖြစ်သည်။ ရောမင်ကက်သိုလစ် (Roman Catholics)များသည် အသင်းထက်အစဉ်အလာ၏ တန်ခိုးအာဏာကို ယုံကြည်ကျင့်သုံးကြသည်။ သို့သော် ထိုအစဉ်အလာသည် နှုတ်ကပတ်တော်နှင့် လိုက်လျောညီထွေမှုမရှိပါက တန်ခိုးမရှိ အာဏာဗလာဖြစ်မည်။

AUTHORISED VERSION (အမိန့်ရစကားပြန်စာ) ၊

၎င်းသည် ၁၆၁၁ ၌ ပုံနှိပ်ထုတ်ဝေခဲ့သော အင်္ဂလိပ်ဘာသာပြန်သမ္မာကျမ်းစာအုပ် ဖြစ်သည်။ ထိုကျမ်းစာသည် ပထမဂျိမ်းဘုရင် (King James I) ၏ အမိန့်တော်ရဖြစ်သည့်အပြင် သူ့အား ရည်စူးသောကျမ်းစာအုပ်လည်းဖြစ် သည်။ ထို့ကြောင့် ဂျိမ်းဘုရင် စကားပြန်စာ (King James Version)ဟူ လည်း ရံဖန်ရံခါ ခေါ်တတ်ကြသည်။

BACKSLIDING (နောက်သို့ယိုင်လဲခြင်း)

အမိန့်ရစကားပြန်ကျမ်းစာ (Authorised Version)၌ ဤနောက် ယိုင်လဲခြင်းစကားလုံးကို ဖော်ပြသောကျမ်း ညွှန်း(၁၅)ခု(ယေရမိ၌ ၁၃ ခု၊ ဟောရှေ့၌ ၃ ခုနှင့် သုတ္တံကျမ်း၌ ၁ ခုရှိသည်။ ဟေဗြဲဘာသာစကားမှ ဘာသာပြန်လာသော ဤ ‘backslide’ ဆိုသည့်စာလုံးသည် “ပြန်လှည့်လာသည်၊ နောက်ပြန်လှည့် သည်”ဟူ ဆိုလိုသည်။ ထို့ကြောင့် နောက်ယိုင်လဲခြင်းဆိုသည်မှာ-လူတစ်ယောက်၊ သူအရင် ယုံကြည်ရာ၊ ချစ်မြတ်နိုးရာ ဘုရားသခင်ထံမှ နောက်သို့ ပြန်လှည့်ခြင်းကို ဆိုလိုသည်။ သို့သော် နောက်ယိုင်လဲခြင်းသည် ယုံကြည်ခြင်းကို စွန့်ပြေးကျောခိုင်းခြင်း (Apostasy) လောက် အစွန်းမရောက်သေးပေ။ ယုံကြည် ခြင်း စွန့်ပစ်ကျောခိုင်းသူ (Apostate) အတွက် မူလနေရာပြန်လာခွင့် မျှော်လင့် ချက်မရှိသော်လည်း ယေရမိ၊ ၃း၁၂၊၁၄ ၌ ဘုရားသခင်က နောက်ယိုင်လဲသူ ဣသရေလလူများကိုမူ သူ့ထံပြန်လာရန် ခေါ်ခဲ့ကြောင်းနှင့် ၃း၂၂ ၌ “ဖောက်ပြန် ရာများကို ငါပြုပြင်မည်”ဟူ လည်းကောင်း၊ ဟောရှေ၊ ၁၄း၄ နှင့် ယှဉ်တွဲကြည့် ပါက သူတို့ဖောက်ပြန်ခြင်းကို ပြုပြင်မည်။ ကိုယ်အလိုအလျောက် စုံမက် မည်”ဟူ လည်းကောင်း ကတိတော်ပင်ပေးခဲ့ကြောင်း တွေ့နိုင်သည်။

BAPTISM (ဂရိဘာသာ၊ ‘Baptism’ – ဗတ္တိဇံ(ဝါ)နှစ်ခြင်း)

ခရစ်ယာန်အသင်းတော်သို့ ဝိညာဉ်နည်းကျကျ အသင်းဝင်ပြီးဖြစ်ကြောင်း လူသိရှင်ကြား ပြသခြင်းအနေဖြင့် ရေ၌နစ်မြုပ်ခံခြင်းကို ဆိုလိုသည်။ အကြောင်းမှာ- ဘုရားသခင်၏လူ ဖြစ်လာစေရန်နှင့် ခရစ်အား ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လာစေရန် ဘုရားသခင်ပို့ဆောင်ဖေးမခဲ့သောကြောင့်ပင်။ သူ၏လူများနှင့် တစ်လုံးတစ်ဝတည်းဖြစ်ကြောင်းပြသရန် ခရစ်တော်ကိုယ်တိုင် ဗတ ဇီခံယူခဲ့ပြီး (မ၊၃း၁၃-၁၅)သူ့လူများကိုလည်း ဧဝံဂေလိသတင်းကောင်း ယုံကြည်လာသည့် အချိန်တွင် ဗတံ ခံယူကြရန် မိန့်ဆိုခဲ့သည်။ (တမန်၊ ၁၉း၅) ၌ သခင်ယေရှု၏ နာမတည်းဖြင့် ဗတဇံခံယူကြရန် ပြောဆိုခဲ့သော်လည်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ခံယူရမည်ဖြစ်သည်(မ၊၂၈း၁၉)။

The Manner of baptism / ဗတ္တိဇံပြုမူပုံ

အသင်းတော်၏ကနဦး ကာလများကတည်းကပင် ရေ၌ လုံးဝနှစ်မြစ် ခြင်းအားဖြင့် ဗတ္တိဇံကို ခံယူကျင့်သုံးခဲ့ကြသည်။ တမန်၊၈း၃၈၊ ရောမ၊ ၆း၃-၆ ၏ပုံဆောင်ချက် (သရုပ်ပြဘာသာ)နှင့် ကောလော၊ ၂း၁၂ တို့က၊ ရေ၌နစ်မြုပ် ခြင်းကိုသာ ဆိုကြသည်။ ယောဟန်၊ ၃း၂၃ ၌ ဖော်ပြသော “ရေများသောနေရာ” ဆိုသည့်အချက်ကလည်း ရေထဲသို့ လုံးဝနစ်မြုပ်ခံခဲ့ကြကြောင်း သဲလွန်စပေးနေ သည်။ “နစ်မြုပ်သည်၊ ဝှက်သည်” ဟု အဓိပ္ပါယ်ရသော ‘baptizo’ (ငါနစ်ပေး သည်) စကားလုံးနှင့်လည်း သဘောချင်းတိုက်ဆိုင်သည်။ ဘာသာရေးပြင်ပသုံး ဂရိစကားကပင် ဤစကားလုံးကို အဝတ်အစား အရောင်ဆိုးခြင်း၊ သင်္ဘောနှစ်မြစ် ခြင်းတို့၌ သုံးကြောင်းတွေ့ရသည်။ ထို့ကြောင့် လောင်းခြင်း၊ ဖျန်းခြင်းတို့ကို မဆိုလိုပေ။

 

The recipients of baptism / ဗတ္တိဇံခံယူရမည့်သူများ

ဗတ္တိဇံသည် သတင်းကောင်းအသွင်လက္ခဏာအမျိုးမျိုး၏ “သပ်ပြ) ဖြစ်သည်။

၁။ ဆေးကြောခြင်း၊ သန့်စင်ခြင်း၊ (တိတု၊ ၃း၅၊ ၁ပေ၃း၂၀-၂၂၊ ၁ယော၊၅း ၆၊၈)။

၂။ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ခြင်း (ယောဟန်၊ ၃ရ)။ ၃။ ဘဝဟောင်း၌သေပြီး ဘဝသစ်အသက်တာသစ်၌ ထမြောက်ရှင်ပြန်ခြင်း(ရောမ၊ ၆း၃-၆)။

Infant Baptism နို့စို့သူငယ် ဗတ္တိဇံ

(Paedobaptism၊ ဂရိဘာသာ ‘paidion)

ဤနို့စို့သူငယ်ဗတ္တိဇံကို ကျင့်သုံးသောသူများသည် ဓမ္မဟောင်းမှ ပဋိညာဉ် ၏လက္ခဏာသက်သေဖြစ်သော အရေဖျားလှီးခြင်းကို ဓမ္မသစ်၌ အလားတူ ကျင့်ဆောင်ကြခြင်းဖြစ်ကြောင်း သူတို့၏ကျင့်ထုံးအား ထိုသို့မြင်ကြသည်။ ဂျူး လူမျိုးယောကျာ်း သူငယ်များသည် ဘုရားသခင်ပိုင်ဆိုင်သော လူများဖြစ်ကြောင်း အမှတ်အသားလက္ခာပြုရန် မွေးပြီး(၈)ရက်မြောက်နေ့၌ အရေဖျားလှီးခြင်းကို ခံရကြသည်။ ထိုကြောင့်၊ ခရစ်ယာန်အသိုင်းအဝိုင်း၌ပါဝင်ကြောင်း ပြသရန် နို့စို့အရွယ်ကပင် ဗတ္တိဇံရေနှစ်ခြင်းကို ခံရမည်ဟု သူတို့ဆိုကြသည်။ နှစ်၊ လကြာသောအခါ ထိုကလေးများကိုယ်တိုင် ၎င်းအချက်အား အတည်ပြုခြင်းအားဖြင့် ပုဂ္ဂိုလ်ချင်းဆိုင်ရာ တုံ့ပြန်မှုပေးကြမည်ဟု မျှော်လင့်တတ်ကြသည်။ သို့သော်၊ ဧဝံဂေလိနည်းကျကျရပ်တည်သူ (evangelicals) အများစုကမူ ဓမ္မဟောင်း၏ အရေဖျားလှီးခြင်းသည် ဓမ္မသစ်ကယ်တင်ခြင်း၏အတွင်း အတွေ့အကြုံအား ရည် န်းပုံဆောင်ခြင်းသာဖြစ်ကြောင်း သွန်သင်ကြသည်(ရောမ၊ ၂း၂၉)။

နို့စို့သူငယ်များအား ဗတိ ဇံပေးရမည်ဟု ဓမ္မသစ်ကျမ်းက အမိန့်မပေးထား သလို မပေးရဟူ လည်း တားမြစ်ထားခြင်းမရှိပါ။ ယုံကြည်သူမှလွဲ အခြားတပါး ဗတိ ခံယူမည့်သူကို ဓမ္မသစ်ကျမ်းကမသိသောကြောင့် ဖြစ်သည်။ မိသားစုလိုက် ဗတိ ဇံခံယူကြခြင်းမျိုးရှိခဲ့သော်လည်း အငယ်ပိုင်းလူများ၏ အသက်အရွယ်နှင့် ဝိညာဉ်ရေးအခြေအနေကို သိနိုင်ရန် ကျွန်ုပ်တို့၌ နည်းလမ်းမရှိပေ။ ထိုကဲ့သို့သော ဗတ္တိဇံခံယူခြင်းမျိုး ဖြစ်ရပ်သည်လည်း ဧဝံဂေလိတရားဝေငှသွန်သင်ခြင်း၊ အပြီး(နောက်ပိုင်း)တွင် လိုက်လာသောဖြစ်ရပ်ဖြစ်သောကြောင့် ဗတ္တိဇံခံယူသော သူများသည်၊ နို့စို့သူငယ်(ဝါ)ကလေး အန္တရာယ်မဟုတ်ဘဲ၊ တရားဟောချက်ကို နားလည်နိုင်သောအယ်ဖြစ်နိုင်ကြောင်း မှန်းဆ ရသည်။

BAPTISMAL REGENERATION (ဗတ္တိဇံဆိုင်ရာ အသစ်မွေးဖွားခြင်း)

အချို့လူများက လူတစ်ဦး(လူကြီး/နို့စို့သူငယ်မဆို)သည် ရေနှစ်ခြင်းခံယူ ခြင်းအားဖြင့် ဘုရားသခင်၏မိသားစုထဲသို့(မိသားစုဝင်အဖြစ်)မွေးဖွားလာသည်။ထိုသို့ သွန်သင်သောဆရာများသည် အတွင်း၌ ဖြစ်ပျက်သော အသစ်မွေးဖွားခြင်း နှင့် အပြင်ပန်း အပြုအမူဖြစ်သော ရေနှစ်ခြင်းဗတိ ဇံတို့၏ ကွဲခြားချက်ကြီးကို သကွဲစွာ မမြင်သောသူများဖြစ်ကြသည်။ ကျမ်းစာက လူတစ်ဦးသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အတွင်းပိုင်းအသစ်မွေးဖွားခြင်းကို ခံရပြီး(ယော၊ ၃၅၈)၊ ဗတ္တိဇံသည် ထိုအတွင်းပိုင်း အဖြစ်အပျက်၏ ပြင်ပအမှတ်လက္ခဏာသာ ဖြစ်ကြောင်း(မာကု၊ ၁၆း၁၆)သွန်သင်ထားသည်။ (Regeneration ကိုကြည့်ပါ)

BAPTIST (နှစ်ခြင်းယုံကြည်ချက်ခံယူသူ)

နှစ်ခြင်း၏ ယုံကြည်ခံယူချက်များမှာ

၁။ အသစ်မွေးဖွားခြင်းခံပြီးသောသူသာ အသင်းဝင်ဖြစ်ရမည်။

၂။ အသင်းတော်ဟူသည် မမြင်ရသောအရာနှင့် ဒေသန္တရနှစ်ခုလုံးကို ဆိုလိုသည်။ကောင်းကင်ဘုံနှင့် မြေကြီးပေါ်ရှိ ယုံကြည်သူအားလုံးသည် မမြင်ရသော အသင်းတော်ဖြစ်ပြီး ဒေသန္တရအသင်းတော်သည် ခရစ်တော်ကို မျက်မှောက် ပြုရန် တစ်စုံတစ်ခုသောနေရာ၌ စည်းဝေးကြသော ယုံကြည်သူ အစုအဝေးဖြစ် သည်။ တစ်ဦးချင်း၏ ဆုကျေးဇူးမတူသော်လည်း အသင်းဝင်အားလုံး အဆင့် အတန်း တူညီကြသည်။

၃။ ယုံကြည်သူတိုင်း၏ နှလုံးသားထဲ၌ နှုတ်ကပတ်တော်အားဖြင့် သန့်ရှင်းသော ဝိညာဉ်တော်လွှမ်းမိုးခြင်းသည် ဒေသန္တရအသင်းတော်ကို အုပ်ချုပ်သောအရာ ပင်ဖြစ်သည်။ နှစ်ခြင်းအသင်းတော်များကို မည်သည့်နည်းအားဖြင့်မျှ တိုင်းပြည် က လွှမ်းမိုးချုပ်ကိုင်ထားခြင်းမျိုးမရှိပေ။ သို့သော် တူညီသော သမ္မာတရားကို ယုံကြည်သည့် အခြားနှစ်ခြင်းအသင်းတော်များနှင့် မိတ်ဖွဲ့ပေါင်းဖော်ခြင်းကိုမူ ကြိုဆိုလျက်ရှိသည်။

၄။ ခရစ်ယာန်အများသိကြသော မင်္ဂလာနှစ်ပါးကို ဒေသန္တရအသင်းတော်ကကျင့်သုံးသည်။ ၎င်းမင်္ဂလာနှစ်ပါးတို့မှာ-ရေနှစ်ခြင်းမင်္ဂလာနှင့် ပွဲတော်မင်္ဂလာ တို့ဖြစ်ကြသည်။ နှစ်ခြင်းအသင်းတော်များသည် အောက်ပါအချက်များ၌ တမူထူးခြားကြသည်။ (က) ထိုမင်္ဂလာနှစ်ပါးအား ခေါ်ဆိုရာတွင်၊ ဘာသာရေးအခမ်းအနား (Sacrament) ဟုခေါ်ဝေါ်ခြင်းထက်ပြဌာန်းချက် (ordinances) ဟုခေါ်ဝေါ်ခြင်းကို ပိုနှစ်သက်ကြသည်။ အကြောင်းမှာ-ဘာသာရေးအခမ်းအနား (Sacrament)ဟုဆိုရာ၌ ယဇ်ပုရောဟိတ်များ(ဘုန်းတော်ကြီးများနှင့် ပတ်သက်နေပြီး ပြဋ္ဌာန်းချက်ဟုခေါ်ရာတွင် ခရစ်တော်က ခွဲခန့်ခဲ့သည်။ ပြဋ္ဌာန်းမိန့်ဆိုခဲ့သည်ဟု အဓိပ္ပါယ်သက်ရောက်သောကြောင့်ဖြစ်သည်။

(ခ) ဗတ္တိဇံမင်္ဂလာကို ခံယူရာတွင် ရေ၌နစ်မြုပ်စေသောနည်းဖြင့်ပြုမူရမည်ဖြစ်ပြီး ယုံကြည်သူအတွက်သာဖြစ်သည်ဟု သူတို့ယုံကြည်သည်။

(ဂ) ပွဲတော်မင်္ဂလာသုံးဆောင်ခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်သည်ယုံကြည်သူများ၌ “ကြောက် သေခြင်း၊ ချစ်ခြင်းနှင့် ဆုတောင်းလိုခြင်း စသည့် ခံစားချက်များ နိုးကြားစေသောကြောင့် ၎င်းမင်္ဂလာအား “ကျေးဇူးတော်ခံစားစေသောနည်း” အဖြစ်ယုံကြည်ကြသည်။

(ဃ) ခရစ်တော်၏အမိန့်တော် ထမ်းဆောင်ခြင်းတည်းဟူသော တရားဟောခြင်းကို မင်္ဂလာတပါးအဖြစ်ရှိရင်းစွဲ မင်္ဂလာနှစ်ပါး၌ ပေါင်း ထည့်ကြသည်။

၅။ အသင်းတော်၏မိတ်သဟာယကျယ်ပြန့်သည်နှင့်အမျှ အမှုတော်လုပ်ငန်း (ဂရိဘာသာ ‘diakonia’- စေခိုင်းမှုအား ထမ်းရွက်ခြင်း) ကျယ်ပြန့်လာသည်။ သို့သော် နှစ်ခြင်းအမှုတော်ဆောင်တစ်ဦးသည် နှုတ်ကပတ်တော်ဟောပြောရန် ဘုရားသခင်ထံမှဆုကျေးဇူးများနှင့် တန်ခိုးအာဏာလက်ခံရရှိသူဖြစ်ကြောင်း အများရိပ်မိခြင်းခံသူဖြစ်ရမည်ဟု သဘောထားကျဉ်းစွာ‌ ရွေးချယ်ကြသည်။

၆။ ဧဝံဂေလိ၏သမ္မာတရားကို ယုံကြည်ခြင်း၌ မည်သည့်ဂိုဏ်းဂဏ၏ ယုံကြည်သူ မဆို စုစည်းပေါင်းဖော်နိုင်သည်။ သို့သော် နှစ်ခြင်းများသည် ပွဲတော်မင်္ဂလာဗတ္တိဇံမင်္ဂလာနှင့် အသင်းတော်အုပ်ချုပ်မှုတို့တွင် ခြားနားသော ထောင့်ရှိကြသော အခြားအသင်းတော်များနှင့် တရားဝင်ပေါင်းဖော် မိတ်ဖွဲ့ခြင်း မပြုနိုင်ပါ။

အထွေထွေနှစ်ခြင်း – စိတ်ကြိုက်ရွေးချယ်သောနှစ်ခြင်း (General Baptist – Free Will Baptist)

၎င်းသည် နှစ်ခြင်းအသင်းဝင်တစ်ဦးဖြစ်ပြီး ယုံကြည်သူ၏ရေ၌နစ်မြုပ်ခြင်း အားဖြင့် ခံယူသော ဗတ္တိဇံမင်္ဂလာကို ယုံကြည်ခံယူသော်လည်း သီဪလော်ဂျီ ပိုင်း၌ ကလ်ဗင်ခံယူချက် (Calvinirtic) ထက် အာရ်မီးနီးယပ်စ်ခံယူချက် (Arminian)ကို အသာပေးစွဲကိုင်သူဖြစ်သည်။

အထူးသီးသန့်နှစ်ခြင်း (Particular Baptist)

အထူးသီးသန့်နှစ်ခြင်းတစ်ဦးသည် အထူးသီးသန့်လူများကယ်တင်ရန် ခရစ်တော် အသေခံခဲ့ခြင်းဖြစ်သည်ဟူသော အထူးသီးသန့်ရွေးနုတ်ခြင်းအား ယုံကြည်ခံယူသူဖြစ်သည်။ (Limited Atonement ကိုကြည့်ပါ)

စည်းကမ်းကြီး၊ တင်းကြပ်သောနှစ်ခြင်း (Striet Baptist)

တင်းကြပ်သော နှစ်ခြင်းအသင်းတော်များသည် သာမာန်များဖြင့် ရေ၌ နစ်မြုပ်ခြင်းဖြင့် ဗတ္တိဇံခံယူပြီးသော ယုံကြည်သူများနှင့် တင်းကြပ်သောမိတ်ဖွဲ့ခြင်း၊ အစည်းအဝေး တည်းဟူသော ပွဲတော်မင်္ဂလာအား သူတို့နှင့်အတူ သုံးဆောင် သည့် ဒေသန္တရအသင်းတော်များ၏ အသင်းဝင်များကိုသာ ဖိတ်ခေါ်လေ့ရှိကြ သည်။ (Anabaptist ကိုကြည့်ပါ)

BENTIFIC VISION / ပီတိဖြစ်ဖွယ် စက္ခုမြင်ကွင်း

(လက်တင်ဘာသာ၊ ‘beatus’ ပျော်ရွှင်သော)

မ၊၃း-၁၁ ၏ “ပျော်ရွှင်သော”လူ ဖော်ပြချက်မှ ပျော်ရွှင်ပီတိဖြစ် ခြင်း (Beatitudes)”ကို ကြိမ်ဖန်များစွာ ဖော်ပြခံထားသော “မင်္ဂလာရှိသူ” (blesseds)နှင့် ယှဉ်ကြည့်ပါ)

ပီတိဖြစ်ဖွယ် စက္ခုမြင်ကွင်းဟူသည် ဘုရားသခင်အားမြင်ခြင်းကို ဆိုလို ခြင်းဖြစ်သည်။ မဲ၊၈ က စိတ်နှလုံးဖြူစင်သော သူများသည် ဘုရားသခင်ကို မြင်ရကြမည်ဟု ဆိုထားသည်။ “သူ့ကိုမြင်” ရသည်။ ဆိုလိုသည်မှာ- သူနှင့် တရင်းတနှီးပေါင်းဖော်ခြင်း၊ ဝိညာဏစက္ခုအားဖြင့် မြင်ခြင်းပင်။ နောက်ဆုံး၌

ကောင်းကင်ဘုံတွင် ဘုရားသခင်ကို မြင်တွေ့ကြသောအခါ၊ ထိုပီတိဖြစ်ဖွယ် စက္ခုအမြင်ရသအား ယုံကြည်သူများ ခံစားကြရမည်ဖြစ်သည်(ယုဒ၊၂၄၊ ဗျာဒိတ်၊ ၂၂း၄)။

BENEDICTION ကောင်းကြီးပေးခြင်း

(လက်တင်ဘာသာ၊ ‘bene-dicere’ – မင်္ဂလာ စကားပြောဆိုခြင်း)

ကောင်းချီးပေးခြင်း (benediction)ဟူသည် မင်္ဂလာစကားပို့သခြင်း (ဝါ) ဆုမွန်ကောင်းတောင်းပေးခြင်းဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ဆောင်က ဘုရားသခင်၏လူထုထံ ဘုရားသခင်၏ ကောင်းချီးစကားအား သပြောဆိုခြင်းဖြစ် သည်။ ကျမ်းစာပါ ၎င်း၏ဥပမာနှစ်ခုကို-တော၊၆း၂၂-၂ရ (ဣသရေလလူများ အား အာန်နှင့် သူ့သားများက ကောင်းချီးပေးပို့ရကြသည်) နှင့် ၂ကော၊ ၁၃း၁၄ (ကောရိအသင်းတော်ထံ သူပေးပို့ခဲ့သော ဒုတိယစာစောင်အား ကောင်းချီးပေး ခြင်းဖြင့် ရှင်ပေါလု အဆုံးသတ်ခဲ့သည်)တို့၌ တွေ့ရသည်။

၎င်း၏ဆန့်ကျင်ဖက်စကားလုံးဖြစ်သော မင်္ဂလာပို့သခြင်း (Male-diction= ကျိန်ခြင်း)သည် လက်တင်ဘာသာ ‘male-dicere’မှလာပြီး ကျိန်ဆဲခြင်း၊ မကောင်း သောစကားဝစီပစ်ခြင်း ́ဟုဆိုလိုသည်။

BIBLE / သမ္မာကျမ်းစာ

(ဂရိဘာသာ၊ ‘biblion’-စာအုပ်(ဝါ)ပုရပိုက်၊ စာပေလိပ်)

ဤဂရိစာလုံးနောက်ဆုံး ‘ion’ သည် သေးမွှားမှုကို ဖော်ပြရာတွင်သုံး သော စကားလုံးနောက်ဆက်ဝေါဟာရ(diminutive=သေးငယ်သောပုံစံ၊ ပုံစံငယ်)ဖြစ်သည်။ ထို့ကြောင် ဘီဘလီအွန်း (biblion) ဆိုရာ၌ သေးငယ်သော စာအုပ်ကို ဆိုလိုခြင်းပင်။ (“ဘီဘလိုစ်” Biblos သည် ဓမ္မသစ်ကျမ်း၏ ပထမဦးဆုံး စကားလုံးဖြစ်ပြီး မမဲ၊၁း၁ တွင် တွေ့နိုင်သည်)။ ဓမ္မသစ်များ၌ ဂရိစာလုံးနောက်ဆုံးသုံးဝေါဟာရ ‘ion’ အထင် သားကြီးမှေးမှိန်သွားသောကြောင့်သေးငယ်ခြင်း အဓိပ္ပါယ်သက်ရောက်မှု(diminutive meaning)လည်း ပျောက် ကွယ်သွားသည်။

ဘီဘလိုစ် (Biblos) နှင့် ဘီဘလီအွန်း (Biblion) နှစ်ခုစလုံးသည် ဘိုင်းဘလပ်စ် (byblus) ဆိုသည့်စကားလုံးမှ ဆင်းသက်လာကြပြီး စာရေးသား ရသော ကျူပင်ပေစာမျိုး (reed) ဖြစ်သည်။ ၎င်းကို ပေပရက်စ် (papyrus)ဟု လည်းခေါ်ပြီး အင်္ဂလိပ်စကားလုံးပေးပါး (paper) ဆင်းသက်လာရာ စကားလုံး ဖြစ်သည်။ ဘီဘလိုစ်နှင့် ဘီဘလီအွန်းစကားလုံးနှစ်ခုစလုံးသည် စာအုပ်တိုင်းကို ရည် န်းနေသော်လည်း “Bible” ဆိုသည့် စကားလုံးကိုမူ ဓမ္မဟောင်းနှင့် ဓမ္မသစ်ပါဝင်သော နှုတ်ကပတ်တော်စာအုပ်တစ်ခုတည်း၌သာ အသုံးပြုကြသည်။

BIBLICAL THEOLOGY / ကျမ်းစာနည်းကျသီသြလျော်ဂျီ(ဝါ)ကျမ်းစာနည်းကျ ဘုရားသခင်ကို လေ့လာသည့်ဗေဒ)

၎င်းသည် ဘုရားသခင်၏သဘာဝ(ဇစ်မြစ်)၊ သေခြင်းတစ်ဘက်တမလွန် စသည့် ဘာသာရပ်များကို ဓမ္မဟောင်း၊ ဓမ္မသစ်တည်းဟူသော ကျမ်းစာသွန်သင် ချက်တစ်ခုလုံးကို ဖော်ပြရန်သာ ကြံဆောင်လုံ့လပြုသော ပညာရပ်များ၏ ကိုင်းခွဲ တစ်ခုဖြစ်သည်။ ဓမ္မဟောင်း၏ ယဇ်ပူဇော်ခြင်းမှ ဓမ္မသစ်ခရစ်တော်၏ ပူဇော် ပသခြင်းအမှုအထိစသည့် ဘာသာရပ်မျိုးအပေါ် ကျမ်းစာ၏ဖော်ပြသွန်သင်ချက် တစ်ဆင့်ပြီးတစ်ဆင့် ဖွံ့ဖြိုးတိုးတက်လာခြင်းကို ဤဗေဒက ခြေရာခံလေ့လာရှာ ဖွေသည်။ ဤကဲ့သို့ ကြီးမားသော လေ့လာမှု ဘောင်ကျယ်ကြီးထဲ၌လည်းအနည်းငယ် ကျဉ်းမြောင်းသော လေ့လာမှုဆောင်းပါးများ(ဥပမာ-ရှင်ပေါလု(တစ် ဦးတည်း)၏သီသော်လော်ဂျီ)အံဝင်ဂွင်ကျ ည ပ်ပါလာတတ်ကြသည်။

၎င်းနှင့်ခြားစွာ စနစ်ကျသီဩလော်ဂျီ (Systematic Theology) သည် ခေါင်းစဉ်ကြီးများ ချယ်ပြီး ၎င်းခေါင်းစဉ်များအောက်၌ စာကိုယ်စာမူ ကလေးများ စနစ်တကျ စုဆောင်းစီတန်းသော နည်းပညာရပ်ဖြစ်သည်။ စနစ်ကျ သီသော်လော်ဂျီသည် ဩဝါဒ(သွန်သင်ချက်)တစ်ခု၏ ကျမ်းစာကာလများ တစ်လျှောက် ဆင့်ကဲဆင့်ကဲ တိုးတက်လာခြင်းကို အလေးမထားပေ။

BIBLIOLATRY /ဘီဘလီယိုးလတြီ ၊

(ဂရိဘာသာ ‘biblion’ စာအုပ်နှင့် ‘Latreia’ ကိုးကွယ်ခြင်း) စာအုပ်ကို ကိုးကွယ်ခြင်းဖြစ်သည်။ (idolatry-ရုပ်တုဆင်းတုကိုးကွယ် ခြင်း၊ mariolatry- (မယ်တော်)မာရီကို ကိုးကွယ်ခြင်းတို့နှင့် ယှဉ်တွဲကြည့်ပါ)

အချို့လူများကဧဝံဂေလိနည်းကျခရစ်ယာန်များ (evangelical Christian) ကို ဘီဘီလီယိုးလတြီ(များ)-ကျမ်းစာကိုးကွယ်သူ(များ)-ဟု အပြစ်တင် ရှုတ်ချကြသည်။ သို့သော် ခရစ်ယာန်များသည် ကျမ်းစာကို မကိုးကွယ်ကြပေ။ ကျမ်းစာဖော်ပြပြောဆိုသော သခင်ယေ ခရစ်ကိုသာ ကိုးကွယ်ကြသည်။ ကျမ်းစာ သည် လူသားများထံပေးအပ်ခံရသော ဘုရားသခင်၏နှုတ်ထွက်စကားဖြစ်သော ၊ ကြောင့် ကျမ်းစာကို အလွန်အမင်း တန်ဖိုးထားကြခြင်းသာဖြစ်သည်။

BONDAGE OF THE WILL (အလိုဆန္ဒ၏ကျေးကျွန်) ၊

ဘုရားသခင်က အာဒံအား လွတ်လပ်ခြင်းအခွင့်အရေးနှင့် သူ့အမိန့်တော် စကား နာခံနိုင်သော အစွမ်းအစကိုပေးခဲ့သည်။ အာဒံ နာမခံ၊ ငြင်းဆန်သောအခါ၊ ဘုရားသခင်အား ကျေနပ်ပီတိဖြစ်စေခြင်းတည်းဟူသော ကောင်းသောအမှု လုပ်ဆောင်နိုင်သည့် အစွမ်းအစ သူဆုံးရှုံးခဲ့သည်။ ထိုမစွမ်းဆောင်နိုင်တော့ခြင်းကို သူ၏သားစဉ်မြေးဆက်မှစ၊ လူသားတစ်မျိုးနွယ်လုံး လက်ဆင့်ကမ်း ဆက်ခံလာ ကြသည်။ လူသားများ၏အလိုဆန္ဒများကို ဗီဇအပြစ်က ချုပ်နှောင်ကန့်သတ် ထားသောကြောင့် လူသတ ဝါမည်သည် ဘုရားသခင်အား ကျေနပ်စေရန် မစွမ်းဆောင်နိုင်တော့ခြင်းဖြစ်သည်။ ၎င်းကို အလိုဆန္ဒ၏ကျေးကျွန် (Bondage of the will) ဟုခေါ်သည်။ “ကျေးကျွန် ́ စကားလုံးသည် နာမ်ဖြစ်ပြီး ၎င်းကြိယာ ပုံစံမှာ “ချုပ်နှောင်သည် ́ဟု ဖြစ်သည်။

ဘုရားသခင်က သူ၏ဝိညာဉ်တော်အား အသစ်မွေးဖွားခြင်းပေးရန် လူများ၏အထဲသို့ ထည့်သွင်းလိုက်သောအချိန်၌၊ ဝိညာဉ်တော်သည် အသစ် မွေးဖွားခြင်းကိုပေးပြီး၊ အပြစ်၏ကျေးကျွန်ဖြစ်ခြင်းကို ဖယ်ရှားကာ၊ ဘုရားသခင် စိတ်တော်တွေ့၊ကျေနပ်စေရန် ဆန္ဒရှိသူနှင့် စွမ်းဆောင်နိုင်သူများ ဖြစ်စေသည်။

CALL-GENERAL AND EFFECTUAL (ခေါ်ခြင်း- ယေဘုယျနှင့်ထိရောက်မှုရှိသော)

ကယ်တင်ခြင်း အတွေ့အကြုံခံစားခြင်းကို ပို့ဆောင်ရန် ယောကျာ်း၊ မိန်းမ မည်သူမဆို၏ အသက်တာများအား တို့ထိသော ဘုရားသခင်၏တန်ခိုးတော်ကို ကျမ်းစာနည်းကျကျ ဖော်ပြရာတွင် ဤစကားလုံးကို အသုံးပြုသည်။ ကျမ်းစာ၏သွန်သင်ချက်၌ ခေါ်ခြင်းသည် နှစ်မျိုးနှစ်စားကွဲပြားသည်။

(၁) ယေဘုယျခေါ်ခြင်း- မည်သူမည်ဝါထံမှ တုံ့ပြန်မှုရရှိမည်ဟုမျှော်လင့်၊

စိုက်မှုမရှိဘဲ အများပြည်သူ့ရှေ့၌ ဧဝံဂေလိသတင်းစကားအား ဟောပြော ရုံသာပြုခြင်းကို ဆိုလိုသည်။

(၂) ထိရောက်သောခေါ်ခြင်း- ကျမ်းစာနည်းကျ ဧဝံဂေလိသတင်းစကား ဝိညာဉ်တော်အသုံးပြုသောအားဖြင့် အသက်တာပြောင်းလဲခြင်းရလာဒ်ကို ဖြစ်စေသည့် ကိုယ့်အဖြစ်(အပြစ်သားအခြေအနေ)ကို၊ ကိုယ်အတွင်းကျကျ သိမြင်ခြင်းကို ဆိုလိုသည်။

ယေရှု ၏စကားတော်များထဲ၌လည်း ဤခေါ်ခြင်းနှစ်မျိုးကွဲပြားကြကြောင်း တွေ့ ရသည်(မ၊၂၂း၁၄)။ Bible Dictionary ကိုကြည့်ပါ။

CALVINISM/CALVINIST/ကလ်ဗင်နိဇမ်၊ကလ်ဗင်နစ်ထ်

ဂျွန်ကယ်ဗင်သည် ပြင်သစ်နိုင်ငံတွင် ၁၅၀၉ ၌ မွေးဖွားခဲ့သည်။ သူသည် အဦးဆုံး၊ အထင်ရှားဆုံး ပြန်လည်ပြုပြင်သူများ (Reformers)ထဲ၌ တစ်ဦးအပါ အဝင် ဖြစ်သည်။ ကလ်ဗင်သည် ဩဝါဒအသစ်များကို သွန်သင်မပေးခဲ့ချေ။ ကျမ်းစာ၏ဩဝါဒ အစုအပြုံကြီးအား စနစ်တကျပုံစံ (Systematic Form)ဖြင့် ပြန်စီ၊ ပြန်ဆင်ခြင်းအလုပ်ကိုသာ သူလုပ်ခဲ့သည်။ (ဥပမာ-“The Institutes of the Christian Religion- aqbussossosuppq8 sagsaopš:op3″ ဟူသော စာအုပ်မျိုး၌ ၎င်းကိုတွေ့ရသည်။

ကလ်ဗင် ယုံကြည်ချက်ခံယူသူ(Calvinist)သည် ဘုရားသခင်နှင့် လူသားမျိုးနွယ်စုကြီးအကြောင်းအား သွန်သင်သော သမ္မာကျမ်းစာတစ်ခုလုံးကို ယုံကြည်စွဲကိုင်သည်။ ကလ်ဗင်ယုံကြည်ချက်သည် ဘုရားသခင်၏ အချုပ်အခြာ အာဏာရှင်ဖြစ်ခြင်းနှင့်လူသားများ၏ ဗီဇအပြစ်(သဘာဝ)ကို အလေးအနက်ပြု သည့်အကြောင်းကို ထိုဩဝါဒ (သွန်သင်ချက်)များကို ကျမ်းစာမှ သွန်သင်ပေးခြင်း ဖြစ်သည်။

အစွန်းရောက် ကလ်ဗင်နီဇမ် (Hyper-calvinism) သည် ဘိ ရှိသော ဝါဒဖြစ်သော်လည်း သမ္မာမကျ၊ အကြောင်းမလှသော ကလ်ဗင်နီဇမ်၏နိဂုံးဖြစ် သည်။ ၎င်းဝါဒက ဘုရားသခင်သည် လူများကို သူ့ဟန်နှင့်သူ ရွေးချယ်နေသောကြောင့် မပြောင်းလဲသူများထံ သတင်းကောင်းဟောပြောရန် မလိုအပ်ဟု သွန်သင် သည်။ သို့သော်၊ ကျမ်းစာကမူ ဘုရားသခင်၏လူများသည် ဧဝံဂေလိသတင်းကောင်းကို ရေမြေတောတောင်မနေရာအနှံ့ ဟောပြောရမည်ဟု သွန်သင် ထားပြီး ကလ်ဗင်ကိုယ်တိုင်ကလည်း ထိုအချက်ကို အလေးအနက်ပြု သွန်သင်ခဲ့ သည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ယုံကြည်နိုင်ခြင်း အစွမ်းအစကို ပေးကမ်းသည်မှန်သော်လည်း ယေ ခရစ်အား ယုံကြည်နိုင်ခြင်း အစွမ်းအစကို ပေးကမ်းသည်မှန်သော်လည်း ယေ ခရစ်အား ယုံကြည်ရမည့်တာဝန်သည် လူသားများအပေါ် တင်ထားလျက်ရှိသည်ဟု ကလ်ဗင်က သွန်သင်ခဲ့သည်။

CANON ကေနုန် (ဂရိဘာသာ ‘Kanon’ – စည်းမျဉ်း(ဝါ) အဆင့်သတ်မှတ်(ဝါ) အဆင့်အတန်း(အရည်အသွေး) တိုင်းတာခံသည့် ဝတ္ထု) ၊

ကျမ်းစာသည် စမ်းသပ်တိုင်တာခြင်း (Canon) အောင်မြင်သော စာအုပ်ခြောက် ဆယ့်ခြောက်အုပ်အားဖြင့် ဖွဲ့စည်းထားသော စာအုပ်ဖြစ်သည်။

ဓမ္မဟောင်းကေနုန်။ ဘီစီ ၅ ရာစု၌ ဓမ္မဟောင်းကျမ်းကို ဇရ (Ezra) က အစီအစဉ်တကျထားခဲ့သည်ဟု ဂျူးလူမျိုးများက ယုံကြည်ကြသည်။ အေဒီ(၁၀၀) တွင်၊ ဂရိဘာသာပြန်ဆပ်တူဂျင့် (Septuagint) ၃၉ အုပ်နှင့်ညီမျှသောဟေဗြဲကျမ်းစာ (Hebrew Bible) (၂၄)အုပ်ကို နှုတ်ကပတ်တော်အဖြစ် သိမှတ် အတည်ပြုခဲ့ကြသည်။ (ရှာမွေလ၊ ၁ နှင့် ၂ ဓမ္မရာဇဝင်၊ ရှင်ဘုရင်များ၊ ၃ နှင့် ၄ ဓမ္မရာဇဝင်၊ ရာဇဝင်ချုပ်များ နှင့် ဧဇရ-နေဟမိများကို တစ်အုပ်စီ သီးသန့် အဖြစ်ရေတွက်ကြသော်လည်း စာမူငယ်ပရောဖက်ကျမ်း(၁၂)ကျမ်း (The twelve Minor Prophets)ကိုမူ တစ်အုပ်တည်းအဖြစ် သတ်မှတ်ကြသည်။)

ဓမ္မသစ်ကေနုန်။ ဓမ္မသစ်ကျမ်းပါ စာအုပ်များကို အသုံးပြုခဲ့ကြ၊ ဝတ်ပြုအစည်း အဝေး၌ ဖတ်ခဲ့ကြသော်လည်း နှုတ်ကပတ်တော်၌ ပါဝင်သင့်သည့်စာအုပ်၊ ထုတ်ပယ်သင့်သည့် စာအုပ်များကို သီးသန့်ခွဲခြားဆုံးဖြတ်ခြင်းကာလသည် ကြာရှည်ခဲ့ပြီး ဓမ္မသစ်ကေဖုန်၏ နောက်ဆုံးပုံစံ (Final form)ကို အေဒီ ၃၉ရ ရောက်မှသာ ကာရ် ဂျ်ကောင်စီ (Council of Carthage) ၌ ရရှိခဲ့ကြသည်။ (Canonicity ကိုကြည့်ပါ)

CANONICITY/ ကေနုနီစီတီ

(ဂရိဘာသာ’Kanon’- စည်းမျဉ်း၊ အဆင့်သတ်မှတ်ချက်) (ကျမ်းစာ၏)ကေနုန်ကို ဆုံးဖြတ်သူများသည် အမျိုးမျိုးသော သတ်မှတ် ချက်၊ စည်းမျဉ်းများကို အသုံးပြုခဲ့ကြသည်။ ပင်မစည်းမျဉ်းမှာ- တမန်တော်များ နှင့်သက်ဆိုင်ခြင်း (Apostolicity)ဖြစ်သည်။ ဆိုလိုသည်မှာ- တမန်တော်များ ရေးသားသောစာအုပ် ဟုတ်မဟုတ်(ဥပမာ-ရှင်ပေါလု၏ ဩဝါဒစာများ) သို့မဟုတ်ပါကလည်း တမန်တော်များ ၏ အနီးကပ်လုပ်ဖော်ဆောင်ဖက်များ ရေးသားခဲ့ သော စာအုပ်ဟုတ်မဟုတ်(ဥပမာ- လုကာခရစ်ဝင်နှင့် တမန်တော်ဝတ္ထု)နှင့် စာအုပ်ပါအကြောင်းအရာများသည် တမန်တော်များ၏ တရားဟောချက်နှင့် ပေါ်လွင်တူညီမှု ရှိ၊မရှိ စီရင်ဆုံးဖြတ်ခြင်းဖြစ်သည်။ ထို့ကြောင့်ပင် တမန်တော် ဆိုင်ရာ စစ်မှန်မှု(ဝါ)တမန်တော်များလက်ရာမှန် အမှတ်အသားများ (The Marks of Apostolic Authenticity)မရှိသော အ ယောင်အမှားခရစ်ဝင်ကျမ်း (ကျမ်းပယ်) (Apocryphal Gospels) များထုတ်ပယ်ခဲ့ရကြခြင်းဖြစ်သည်။

မှတ်ရန်။၁၆ ရာစု၌ မာတင်လူသာ (Martin Luther)ကယာကုပ်ဩဝါဒစာကိုအသိအမှတ်ပြုရန် ငြင်းပယ်ခဲ့၊ ၎င်းအား ‘einrecht stroherner Brief ‘[(အများဆန္ဒသိလို ) အစမ်းရေးသားပေစာမှန်] ဟုခေါ်ဝေါ်ခဲ့သည်။ မှန်ကန်စွာ အသေအချာဖတ်ပါက၊ လုသာထင်ခဲ့သကဲ့သို့ ရှင်ပေါလု၏ ဩဝါဒများနှင့်သဘောထားကွဲလွဲမနေကြောင်းတွေ့ရသည်။ ရှင်ပေါလုနှင့် ရှင်ယာကုပ်နှစ်ဦးစလုံးက ယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သောသူများသည် ၎င်း ယုံကြည်ခြင်းအားဖြင့် ကောင်းသောအကျင့်များအားဖြင့် ပြသရမည်ဟု ဆိုခဲ့ကြသည်။

CANON LAW / ကေနုန်ဥပဒေ

(ဂရိဘာသာ ‘Kanon’- စည်းမျဉ်း၊ အဆင့်အသတ်မှတ်ချက်) အသင်းတော်ကိုအုပ်ချုပ်ရန် ရေးဆွဲသောစည်းမျဉ်းနှင့် ဥပဒေသများကို ဆိုလိုသည်။ (အင်္ဂလီကန်နှင့် ရောမကာသိုလစ်အသင်းတော်များ၌ သီးသန့် သုံးသော စကားလုံးဖြစ်သည်)

မှတ်ရန်။ ။ ကေနုန်ဟူသည် အင်္ဂလီဂန်အသင်းတော်က အစိုးရအရာရှိတစ်ဦး၏ဂုဏ်ထူးဆောင်ဘွဲ့နာမလည်းဖြစ်သည်။ သူသည် ဂိုဏ်းအုပ်ကျောင်းကြီး (Cathedral) နှင့် ဆက်နွယ်ထားသူဖြစ်ပြီး အလယ် ခေတ်များ(Middle Ages) ၌ (အရာရှိကြီးဖြစ်သော်လည်း) စည်းမျဉ်းတချို့အောက်၌ ဘုန်းတော်ကြီး ကလာရ်ဂျီ(Clergyအသင်းတော်ဝန်ထမ်း)အဖြစ် နေထိုင်ခဲ့သည်။ ထိုသူကိုအစွဲပြုပြီး “ကေနုန်’အား ရုံးသုံးဘွဲ့နာမအဖြစ် အသုံးပြုကြသည်။

CAPTIVITY EPISTLES (ဖမ်းဆီးခံရ(သူ)ခြင်းပေးစာများ)

၎င်းသည် ရောမအကျဉ်းထောင်ထဲမှ ရှင်ပေါလုရေးသားခဲ့သော ဩဝါဒစာများ ဖြစ်သည်။ ၎င်းစာများမှာ-ဖိလိပိ ဩဝါဒစာ၊ ကောလောသဲ ဩဝါဒစာ၊ ဧဖက်သြဝါဒစာ နှင့် ဖိလိမုန်ဩဝါဒစာတို့ ဖြစ်ကြသည်။

CATECHISM/ ခါတဲခီးဇမ် (သင်ကြားပေးခြင်း)

ခရစ်ယာန်ယုံကြည်ချက်ကို သင်ကြားပေးသည့်အနေဖြင့် မေးဖြေ ကဏ္ဍအစီ အရီထုတ်ဝေခြင်းဖြစ်သည်။ (ဥပမာ-သက်ကြီးအုပ်ချုပ်မှုဂိုဏ်းသား များလာလေလေ၊ သင်ကြားခြင်း တိုးလေလေဟူသောအချက်မျိုး)

‘Catechize’ ခါတဲခီးဇ်

(ဂရိဘာသာကြိယာ ‘Katechein’- အကုန်အစင် သင်ပေးခြင်း)

ခါတဲဦးဇ်လုပ်ခြင်းဆိုသည်မှာ ခရစ်ယာန်ယုံကြည်ချက်အား အမေး၊ အဖြေနည်းစနစ်ဖြင့် သင်ကြားပေးခြင်းဖြစ်သည်။ မေးခွန်းများ မေးလာသောအခါ၊ ကျောင်းသား/သူများက အဖြေများကို ထပ်ထပ်ဆိုခြင်းဖြင့် သင်ယူကြသည်။

Catechit (ခါတဲခီးဇ်ကျင့်သုံးသူ(ဝါ)ဆရာ)

၎င်းသည်အမေး၊ အဖြေနည်းစနစ်တည်းဟူသော ခါတဲမီးဇ်ဆိုင်ရာ သင်ကြားပေးခြင်းအား ဦးဆောင်သူပြုမူသူ၊ သင်ကြားပေးသူဖြစ်သည်။

Catechumen (ခါတဲခီးစ်ကျောင်းသူ/သား) ၊

၎င်းသည် အမေး၊ အဖြေနည်းဗျူဟာဖြင့် ခရစ်ယာန်ယုံကြည်ချက်ကို သင်ယူသော ပြောင်းလဲခါစ ကျောင်းသူ/သားဖြစ်သည်။

CATENA /ခါတေနာ/လက်တင်ဘာသာ၊ ‘Catena’ – ကွင်းဆက်)

ဓမ္မသစ်ကျမ်းရှိ ဓမ္မဟောင်းကျမ်းမှ မှီငြမ်းကိုးကားချက် အစီအရီများကို ဆိုလိုသည်။ (ဥပမာ-ရောမ၊ ၃၁ဝ-၁၈)။ ထို့ပြင်၊ ရှေးဦးကျမ်းစာ-နောက်ပိုင်း စာရေးဆရာ (Early Post-biblical writers) များ၏သမ္မာနည်းကျစအုပ်များ နှင့် ဘာသာရပ်များမှ ကိုးကားချက်များအတွက်လည်း(ခါတေနာကိုအသုံးပြုသည်။ ထိုကိုးကားချက် ရှည်လာသည်နှင့်အမျှ အလွန်များပြားလာပြီး အစီအရီများ(ဝါ) ကွင်းဆက်ချိန်းကြိုးများ ပုံစံပေါက်လာသည်အထိ ဖြစ်လာသည်။ (ဥပမာ“အသင်းတော်အစီအစဉ်ကျမှုနှင့် စည်းကမ်းမှ Ignatiues, Irenaeus, Justin Martyr, Tertullian ဟူသည့်ပုံစံမျိုးပင်)။

CATHOLICကက်သိုလစ် (ဂရိဘာသာ၊ ‘Katholikos’ စကားလုံးနှစ်လုံးပေါင်းစပ် ထားခြင်းဖြစ်ပြီး “တစ်ခုလုံးအရ(ဝါ)စကြဝဠာဆိုင်ရာ” ဟုဆိုလိုသည်။) ကက်သိုလစ်အသင်းတော်ဆိုသည်မှာ- အပြည်ပြည်ဆိုင်ရာ၊ ကမ္ဘာ တစ်ဝန်းလုံး အသင်းတော်- တိုင်းနိုင်ငံအားလုံးမှ ယုံကြည်သူများ၏ ခန္ဓာကိုယ ဟူ ဖြစ်သည်။ တိကျစွာပြောရလျှင်၊ “ရောမင်ကက်သိုလစ် ́ဟူသည် ရောမ (Rome)၌ အစပြုခဲ့ပြီး ကမ္ဘာတစ်ဝန်းလုံးပြန့်နှံ့သော အသင်းတော်ကို ရည်ညွှန်း သည်။

CATHOLIC EPISTLES (စကြဝဠာဆိုင်ရာပေးစာ) ၊

အသင်းတော်တစ်ပါးအား သီးသန့်ပေးလိုက်ခြင်းမဟုတ်ဘဲ နေရာအရှိ ယုံကြည်သူတိုင်းဆီသို့ ရေးသားပေးပို့သောစာကို ဆိုလိုသည်။ (ဥပမာ-ယာကုပ် သြဝါဒ စာ၊ ၁ နှင့် ၂ပေ၊၁၊၂ နှင့် ၃ယော၊ ယုဒဩဝါဒစာ)။

CEREMONIAL LAW (ဝတ်ပြုခြင်းဆိုင်ရာပညတ်ချက်)

ဟေဗြဲ ‘torah’ ဂရိ ‘nomos’

၎င်းသည် နှုတ်ကပတ်ကျမ်းစာကို ဘုရားသခင်၏ ပညတ်ဥပဒေအားလုံး ကို ခြုံငုံဖော်ပြသော စကားလုံးဖြစ်သည်။

The moral Law (စာရိတ ပိုင်းဆိုင်ရာပညတ်ချက်) သည် ခေတ်အဆက်ဆက်၌ရှိသော ဘုရားသခင့်လူများ၏ ယုံကြည်ချက်နှင့် ပြုမူနေထိုင်ပုံအား လမ်းပြသွန်သင် သော ရှေ့ဆောင်ပညတ်ဥပဒေဖြစ်သည်။

The ceremonial Law (ဝတ်ပြုခြင်းဆိုင်ရာပညတ်ချက်၌ ဓမ္မဟောင်းယုံကြည်သူများ စောင့်ထိန်းရသော ယဇ်ပူဇော်ခြင်းများ၊ အပြင်ပွဲလမ်းသဘင်များနှင့် ပတ်သက် သည့် ပညတ်ဥပဒေအားလုံး ပါဝင်သည်။ ထိုအခမ်းအနားသည် ယဇ်ပုရောဟိတ် အစစ်အမှန်နှင့် ယဇ်ကောင်အစစ်အမှန်ဖြစ်သော ခရစ်တော်၏ ပုံရိပ်များသာ ဖြစ်ခဲ့ကြသည်။ ခရစ်တော်ကပင် သူသည် “ယုကျမ်းပြည့်စုံစေခြင်းငှါ” လာကြောင်းပြောခဲ့သည်။ (မ၊၅း၁၇)။ ပွဲလမ်းသဘင်အခမ်းအနားပိုင်းဆိုင်ရာ ပညတ်ဥပဒေအားလုံးကို ခရစ်တော်က သူပြုသောအမှုအားဖြင့် အဆုံးသတ်စေ သည်ဟူသည့်အချက်သည် ဟေဗြဲသြဝါဒစာ၏အနှစ်ဖြစ်သည်။

Civil Law ကိုကြည့်ပါ

CHARISMATIC/ခရစ်မေးတစ်/(ဂရိဘာသာ၊ ‘Charisma’ – အများသုံး၊’Charismata’ – ဝိညာဉ်ဆုကျေးဇူးများ)

ဝိညာဉ်ဆုကျေးဇူးများ (Charismata) သည် ဘုရားသခင်၏ကျေးဇူး တော် (Charis) အားဖြင့်ရရှိသော အရာများဖြစ်သည်။ ရောမ၊ ၅း၁၅ ၆း၂၃ ၌ ကယ်တင်ခြင်းသည် ကျေးဇူးတော် (Charisma) အားဖြင့်ဖြစ်ကြောင်း တွေ့ရ သည်။ ၁ကော၊၇း၇ ၌ အိမ်ထောင်ရှိသောသူသည် အိမ်ထောင်ရှိခြင်း၌ ကျေးဇူးတော် (Charisma) ရှိသည့်နည်းတူ အိမ်ထောင်မရှိသောသူသည် အိမ်ထောင် မရှိခြင်း၌ကျေးဇူးတော် (Charisma) ရှိကြောင်း ရေးသားထားသည်။ အထူး ဝိညာဉ်ဆုကျေးဇူးများအကြောင်း မပြောရခင်မှာပင်လျှင် ခရစ်ယာန်များသည်

ခရစ်ယာန်ဖြစ်ခြင်းအကြောင်းကလေးများကြောင့် ကျေးဇူးတော်နှင့် သက်ဆိုင်သူ (Charismatic) များဖြစ်ကြသည်။ ဝိညာဉ်ဆုကျေးဇူးများ (Charismata) အကြောင်းကိုမူ ၁ကော၊၁၂ ၌ တွေ့ရသည်။ ဤအခန်းက အသင်းတော် ထပ်ဆင့် တည်ဆောက်ရန် ရည် ယ်ချက်ဖြင့် ယုံကြည်သူများအား ဘုရားသခင်ပေးထားသော ဝိညာဉ်ဆုကျေးဇူးအမျိုးမျိုးကို ဖော်ပြထားသည်။ ယုံကြည်သူတိုင်း၌ ဝိညာဉ်ဆု ကျေးဇူးတစ်ခု(ဝါ)တစ်ခုမကရှိသည်(၁ပေ၊ ၄း၁၀ ကိုလည်းကြည့်ပါ။)

‘charisma’ စကားလုံးအား ဓမ္မသစ်၌အကျယ်တဝင့် သုံးနှုန်းမှုနှင့် ယုံကြည်သူအားလုံး ကျေးဇူးတော်နှင့်သက်ဆိုင်သူများ (Charismatic) ဖြစ်သည့် အကြောင်းများ တစ်စေ့တစ်စောင်းကြည့်ရာတွင်၊ ယနေ့ ခရစ်မေးတစ်လှုပ်ရှားမှု (Charismatic movement) ဟူသည့်အမည်ခံယူသူများက ၁ကော၊၁၂မှအထူး သဖြင့် ကျန်းမာစေခြင်း၊ အမျိုးမျိုးသော ဘာသာစကားနှင့် ပရောဖက်ပြုခြင်းတို့ အားဖြင့် ‘charismata’ ကို ကန့်သတ်နေကြသည်မှာ ဝမ်းနည်းစရာပင်။ နှုတ်ကပတ်ကျမ်းစာတော်ကမူ ၎င်းတို့အပြင် ဆုကျေးဇူးအများအပြားရှိကြောင်း သွန်သင်ထားသည်။

CHIASMUS ခီးယစ မာစ် ( ဂရိဘာသာ ‘chiasmus’ – ဂရိမူရင်း ‘chi’ မှလာပြီး ကန့်လန့်ဖြတ်မျဉ်း (ပါ ပုစ္ဆာ) နေထားတကျစီစဉ်ခြင်းဟု ဆိုလိုသည်) တစ်ခါတစ်ရံ ဟေဗြဲအရေးအသား၌၊ အတွေးအခေါ် အမျိုးမျိုးအား စာမူအဖြစ် အစဉ်လိုက် ပုံစံနေထားတကျစီစဉ်ပြီး ၎င်းအတွေးအခေါ်အား နောက်အစဉ်လိုက်ပုံစံဖြင့် ပထမပုံစံ ပြောင်းပြန်ပုံစံထားကာ ပထမပုံစံနှင့် ခေါင်းပြန်ဖင်ပြန် ဆက်စပ်မှုရှိအောင် နေထားတကျစီစဉ်ထားလေ့ရှိကြသည်။

ဥပမာ- ရှင်မဲခရစ်ဝင်၊ ၁၃း၁၃-၁၇၌

ထိုကြောင့်၊ ငါသည် ပုံဥပမာကိုသုံး ဟောပြောရ၏။

(၁) သူတို့သည် မြင်လျက်ပင်မမြင်၊ ကြားလျက်ပင်မကြား အနက်ကိုနားမလည်

(၂) ထိုကြောင့် ဟေရှာယဟောဘူးသော အနာဂတ်စကား (ပရောဖက်ပြုခြင်း)ပြည့်စုံ၏။ ထိုစကားဟူမူကား၊

(၃) သင်တို့သည် ကြားလျက်ပင် အနက်ကို နားမလည်ဘဲ ကြားရကြလိမ့်မည်။

(၄) မြင်လျက်ပင် အာမပြုဘဲ မြင်ကြလိမ့်မည်။

(၅) အကြောင်းမူကား၊ ဤလူမျိုး၏ စိတ်နှလုံးသည် မိုက်လျက်

(၆) နားသည်ထိုင်းလျက် ၊

(၇) ကိုယ်မျက်စိကို ပိတ်လျက်ရှိကြ၏။

(၇) သူတို့မျက်စိမမြင် ၊

*(၆) သူတို့နားသည်မကြား ၊

*(၅) စိတ်နှလုံးမသိ၊ မပြောင်းလဲ၊ သူတို့အနာကို ငါမငြိမ်းစေရ။

*(၄) သင်တို့မျက်စိသည် မြင်သောကြောင့် မင်္ဂလာရှိ၏

*(၃) သင်တို့သည်လည်း ကြားသောကြောင့် မင်္ဂလာရှိ၏၊

*(၂) ငါအမှန်ဆိုသည်ကား၊ ပရောဖက်များနှင့် ဖြောင့်မတ်သောသူများတို့သည်

*(၁) သင်တို့မြင်ရသောအရာကို မြင်ခြင်းငှါ အလိုရှိသော်လည်း မမြင်ရကြ။

သင်တို့ကြားရသောအရာတို့ကို ကြားခြင်းငှါ အလိုရှိသော်လည်း မကြားရကြ

CHILIASM/စီလီအဇမ်/ (Millennium Xmasol)

CHRISTOLOGY/ခရစ်တိုလော်ဂျီ/ခရစ်တော်နှင့်ဆိုင်သောဩဝါဒ

ခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့် သူ၏အလုပ်ကိုလေ့လာသောပညာရပ် ဖြစ်သည်။

CHURCH (အသင်းတော်)

၎င်းအင်္ဂလိပ်စာ၊ စကားလုံးသည် ဂရိနာမဝိသေသန ‘Kuriakos’ မှ ဆင်းသက်လာပြီး ထိုစကားလုံးအား သခင်ဘုရား၏အိမ်တော်နှင့် ဘုရားသခင် ၏လူမျိုးတော်တို့ကို ဖော်ပြရာတွင် ပထမဦးစွာ အသုံးပြုကြသည်။

စစ်တိုက်ပွဲဝင်လိုစိတ်ပြင်းပြသော(Church Militant)အသင်းတော် ယနေ့ကမ္ဘာတစ်ဝန်းလုံးရှိ ခရစ်ယာန်များအားလုံး သုံးလျက်ရှိသောစကားလုံးပင်။

ဘုန်းကြီးတင့်တယ်သော (Churcg Glorious) အသင်းတော်

ကွယ်လွန်ခဲ့ပြီး ကောင်းကင်ဘုံ စံမြန်းနေသော ခရစ်ယာန်အားလုံးကို ရသ န်းပြောဆိုရာတွင် အသုံးပြုသော စကားလုံးဖြစ်သည်။ (ကျမ်းစာအဘိဓာန်ကိုကြည့်ပါ။)

CHURCH COUNCILS (အသင်းတော်ကောင်စီများ)

ခရစ်ယာန်အသင်းတော်များ၏ ကိုယ်စားလှယ်များ တွေ့ဆုံကြရာ အစဉ်အလာ အစည်းအဝေးကြီးဖြစ်ပြီး ဩဝါဒပိုင်းဘာသာရပ်အပေါ် ခရစ်ယာန် ယူဆချက်အမြင် တစ်စိတ်တစ်ဝမ်းတည်း ရှိမည့်အရာအား ဖော်ထုတ်ဆုံးဖြတ်ကြ ရန် ထိုအစည်းအဝေးသို့ အတူတကွ ယူဆောင်ဆွေးနွေးကြသည်။ ကြီးမားသော ကနဦးခရစ်ယာန်ကောင်စီများမှာ အောက်ပါအတိုင်းဖြစ်သည်။

ကနဦးအသင်းတော် ကောင်စီများ၏ဇယား

နေရာ/အချိန်/ဘာသာရပ်

ယေရုရှလင် ( Jerusalem ) တမန်တော် ၁၅/ ရက်စွဲ / ယုဒဘာသာဝင် ( Judaism )

နိုင်းစီယာ ၁ ( Nicea 1 ) / အေဒီ၃၂၅ / အရီယမ်းနီဇမ် ( Arianism )

ကွန်စတင်တီနိုပါလ်၁ ( Constantinople 1 )/ အေဒီ ၃၈၁ / အပိုလီနေးရီယမ်းနိဇမ် ( Apollinarianism )

ဧဖီဆက်စ် ( Ephesus )/ အေဒီ၄၃၁ / နေစတိုရီယမ်းနီဇမ် ( Nestorianism )

ချာလ်ဆီဒွန် ( Chalcedon ) / အေဒီ၄၅၁ / ယူတီစီယမ်းနီဇမ် ( Eutychianism )

ကွန်စတင်တီနိုပါလ်၂ ( Constantinople 2 ) / အေဒီ၅၅၃ / အခန်းကြီး (၃)ခန်း ( Three Chapters )

ကွန်စတင်တီနိုပါလ်၃ ( Constantinople 3 ) / အေဒီ ၆၈၀ / မိုနိုတေလီတီဇမ် ( Monothelitism )

နှိုင်းစီယာ ၂ ( Nicea 2 ) / အေဒီ ၇၅၈ / အိုင်ကိုနိုလတြီ ( Iconolatry )

ယင်းနောက်ဆုံးအချိန်ရက်စွဲမှ ခေတ်သစ်ဂိုဏ်းဂဏပေါင်းစုံလှုပ်ရှားမှု (Modern Ecumenical movement) စတင်ခြင်းမရှိခင် ကြားကာလပတ်လုံး၌ ကြီးမားသောကောင်စီအားလုံးကို ရောမင်ကက်သလစ် အသင်းတော်အတွင်း၌သာ ကျင်းပခဲ့ကြသည်။

CIRCUMCISON (အရေဖျားလှီးခြင်း)

(လက်တင်ဘာသာ၊ circumcido- ပတ်လည်ဖြတ်ခြင်း) ပုလ္လိင်အင်္ဂါအရေပြားကို ဖယ်ရှားခြင်းဖြစ်သည်။ တိုင်းပြည်အများ နိုင်ငံ အများက ကျင့်သုံးကြသော်လည်း၊ က္ကသရေလလူမျိုးများအတွက်မှာမူ အာဗြဟံ ပဋိညာဉ်၏အမှတ်လက္ခဏာဖြစ်သည်(ကမ္ဘာ၊ ၁၇း၁၁)။

ဂလာတိ၊ ၂း၇-၁၂ ၌ “အရေဖျားလှီးခံခြင်း”နှင့် “မခံခြင်း”ကိုတွေ့ရ သည်။ AV နှင့် NIV ကျမ်း(စာမျက်နှာဘေးရှင်းလင်းချက်)က ယုဒ(ဂျူး)နှင့် တပါးအမျိုးသားများ(Gentiles)သီးခြားထားခြင်းဖြစ်ကြောင်း အနက်ဖွင့်ဆိုသည်။

အရေဖျားလှီးခြင်းသည် ယုံကြည်ခြင်းမှလာသော ဖြောင့်မတ်ခြင်း၏ အမှတ်လက္ခဏာဖြစ်သည်(ရောမ၊ ၄း၉-၁၂)။ ထို့ကြောင့် ယုံကြည်ခြင်းအားဖြင့် ထိုဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်ပြီးသောသူအတွက် ၎င်းအရေဖျားလှီးခြင်း မလိုအပ်ချေ(ဂလာတိ၊ ၅း၆)။ ယခု၊ ခရစ်တော်ကြွခဲ့ပြီဖြစ်သောကြောင့်၊ “အရေဖျားလှီးခြင်း ခံရသူများ ́ သည် ဘုရားသခင်အား ဝိညာဉ်အားဖြင့် ကိုးကွယ်ပြီး ယေ ခရစ်၌ ဝမ်းမြောက်ခြင်းရှိသော (ဖိလိပိ ၊၃း၃) ယုဒ၊ တပါးအမျိုးသား မည်သူမဆို စစ်မှန် သည့် ယုံကြည်သူအားလုံးဖြစ်သည်။

(Bible Dictionary ကိုကြည့်ပါ)

CIVIL LAW (နိုင်ငံရေးပညတ်ဥပဒေ (ဝါ) တရားမဥပဒေ) ၊

၎င်းသည် နိုင်ငံသားပီပီပြုမူနေထိုင်တတ်ရန် ယုံကြည်သူတစ်ဦး၏ အသက်တာအား ရှေ့ဆောင်လမ်းပြသော ကျမ်းစာပါ ဘုရားသခင်၏ ပညတ် ဥပဒေများဖြစ်သည်။

ဓမ္မဟောင်းကျမ်း၌၊ ဘုရားသခင်၏ လူများအနေဖြင့် ကတိတော်ပြည် တွင် မည်သို့မည်ပုံ နေထိုင်ရမည်ဖြစ်ကြောင်း တရားဟော၊၅-၃ဝ က က္ကသရေလ လူများအား ပြသခဲ့သည်။ ယနေ့တွင် ဘုရားသခင်၏လူမျိုးသည် တိုင်းနိုင်ငံ တစ်နိုင်ငံတည်း၌ နေထိုင်နိုင်ခြင်းမရှိတော့သောကြောင့် ယုဒ(ဂျူး)နိုင်ငံနှင့်သာ ဆက်နွယ်သော ပညတ်ချက်များကို မစောင့်ထိန်းကြတော့ချေ။

ဓမ္မသစ်ကျမ်း၌၊ မိမိတိုင်းနိုင်ငံကိုယ်စီ၏ နိုင်ငံသားများအနေဖြင့် ယုံကြည် သများ မည်သို့ နေထိုင် အသက်ရှင်သင့်ကြောင်း သွန်သင်ချက်များကို ရောမဩ ဝါဒစာ၊ ၁၃၁-၁ဝ နှင့် ရှင်ပေတ ဩဝါဒစာပထမစောင်၊ ၂း၁၁-၂၁ တို့က ပေးထားသည်။

(Ceremonial Law ကိုကြည့်ပါ)

CLINICAL BAPTISM (သေလူကုတင်ဗတိ ဇံ) (ဂရိဘာသာ။ ‘Kline’ – အိပ်ရာ၊ အင်္ဂလိပ်ဘာသာ ‘Clinic – ဆေး)

ဖျားနာသောသူနှင့် သေလုဆဲပုဂ္ဂိုလ်မျိုးကို နေအိမ်စသည်တို့၌ ဗတိ ဇံ ပေးခြင်းကို သေလူကုတင်ဗတိ ဇံ (Clinical Baptism) ဟုခေါ်သည်။

CLINICAL THEOLOGY – ဆေးကုသမှုနှင့်ဆိုင်သော ဓမ္မပညာ

သင်းအုပ်နှင့်ဆိုင်သော ဓမ္မပညာ၏ ဘာသာရပ်အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ပုဂ္ဂိုလ်တစ်ဦး၏ အစိတ်အပိုင်းအမျိုးမျိုးဖြစ်သော-ဝိညာဉ်ရေးဆိုင်ရာ၊ ကိုယ်ကာယပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာတို့သည် အဘယ်သို့ရှိသည်ကို ရှာဖွေလေ့လာ ကာ- ထိုအရာအားလုံးကို အတူတကွ အံဝင်ဂွင်ကျဖြစ်စေလျက်၊ လူသားတို့၏ သဘာဝအပေါ်၌ သမ္မာကျမ်းနှင့်ဆိုင်ရာ ဖော်ပြချက်များထဲသို့ အံဝင်ဂွင်ကျ ဖြစ်စေခြင်းပင် ဖြစ်ပါသည်။ (Pastoral/ သင်းအုပ်ဆရာဆိုင်ရာကို ကြည့်ပါ)

CODEX (စာပုရပိုက်)

၎င်း၌ပေစာ၊ ပုရပိုက်စာအယ်များစွာပါဝင်ပြီး ယနေ့ခေတ်စာအုပ်၏ ရှေ့ပြေးဖြစ်သည်။ ၎င်းသည် ရှေးကျသောစာလိမ့်များကို အစားထိုးခဲ့သည်။ ဓမ္မသစ်ကျမ်းနောက်ကျော်မှ လက်ရေးစာမူများ (manuscripts) အပါအဝင် သိနာတောင်ပေစာ (Codex Sinaiticus) အလက်ဇန္ဒြယားပေစာ (Codex Alexandrinus) စသည်တို့ကို ဤစာပုရပိုက်ပုံစံ (Codex Form) ၌ရေးသား ခဲ့ကြသည်။

COMMON GRACE (ဘုံကျေးဇူး) ၊

၎င်းသည် သူကယ်တင်ရန် မရည်ယ်သောသူများအပါအဝင် လူသား အားလုံးထံ ဘုရားသခင်ပေးသော သူ့မျက်နှာသာဖြစ်သည်။ သူသည် “ကောင်း သောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုယ်ကိုစေတော်မူ ၏(မ၊ ၅း၄၅)။ တမန်၊၁၇း၂၅၊ ၂၆၊ ၂၈-၂၉ ကလည်း လူတိုင်းအပေါ်ဘုရားသခင်၏ကျေးဇူးတော်အကြောင်းကို ဖော်ပြဆိုထားသည်။ ထိုဘုံကျေးဇူးကြောင့် လူသတ္တဝါ၌ ကောင်းမှုတစ်စုံတစ်ခုရှိသည်။ သို့သော် ထိုကောင်းမှုသည် သူတို့ကို မကယ်တင်နိုင်ပေ( မဿဲ၊၅း၄၆-၄၇၊၇း၉-၁၁)။ မပြောင်းလဲသောသူများ သည်လည်း ဘုရားသခင်ဖန်ဆင်းသောအရာများ၏ ကောင်းကျိုးကို ဝမ်းပန်း တသာ ခံစားကြသည့်အပြင် ဘုရားသခင်ပေးသော ပါရမီများကိုလည်း အနုပညာ ဂီတ၊ စာပေ၊ တီထွင်ခြင်းစသည့် ပညာရပ်များ၌ အသုံးပြုကြသည်။ ၂သက်၊ ၂း၆-၈ ၌ ဘုရားသခင်သည် မကောင်းဆိုးဝါး(ကောင်)ကိုလည်း သူလွတ်မြောက် လာမည့် သတ်မှတ်ချိန်မရောက်မီ ဆီးတားချုပ်နှောင်ထားကြောင်းတွေ့ရသည်။ ထိုမကောင်းမှု ဖယ်ရှားပေးခြင်းအမှုသည်လည်း ဘုရားသခင်၏ဘုံကျေးဇူးပင်။ (Grace-Saving Grace ကိုကြည့်ပါ)

COMMUNION (ညီတူမျှဝေခံစားခြင်း)

(ဂရိဘာသာနာမ် ‘Koinonia’ သည် အများသူငါမျှဝေခံစားကြသော ပြည်သူပိုင်ဖြစ်ပြီး၊ နာမဝိသေသန ‘Koinos’ သည် `ဘုံဖြစ်သော၊ မျှဝေခံစားသော” ဟူ ဆိုလိုကာ ကြိယာ၊ ‘Koinonein’- မျှဝေရန်ဟုဆိုလိုသည်။ ဂရိနာမ် တစ်ခု၌ ‘Koinons’ ဟူ လည်း ရှိပြီး ၎င်းသည် “အေးအတူပူအမျှခံစားသူများ၊ ကြင်ဖော်”ကိုဆိုလိုသည်။ ၎င်းစကားလုံး များမှ အင်္ဂလိပ်စကား ‘coin’‘ဒင်္ဂါပြားမှ လာခြင်းဖြစ်ပြီး မည်သူမဆို လူတိုင်းသုံးသောအရာပင်။)

ဓမ္မသစ်ကျမ်း ဘုရားသခင်နှင့် ယုံကြည်သူအကြား ညီတူမျှဝေခံစားခြင်း ကို ဖော်ပြပြီး (၁ကော၊ ၁း၉၊ ‘Koinomia’ AV, NIV ဘာသာပြန် “မိတ်သဟာယ(fellowship) ခရစ်တော်၏ရာတော်တည်းဟူသော အသင်းတော်အတွင်း နယ်လူ အချင်းချင်းကြား ညီတူမျှဝေခံစားခြင်းကိုလည်း ပြောဆိုထားသည်။

( ၁ကော၊၁၀း၁၆၊ ၂ကော ၊ ၈း၄ ၌ “မိတ်သဟာယ)[AV- ဒုတိယအခန်း၌)။ မျှဝေခံစားခြင်းသည် မည်သူနှင့်မည်သူကြား လုပ်သင့်ကြောင်း တိကျရှင်းလင်း သောကြောင့်၊ ယုံကြည်သူများသည် ပ်တုကိုးကွယ်ခြင်း၌ ပူးပေါင်းပါဝင်ခြင်း အားဖြင့် နတ်ဆိုးနှင့်မိတ်သဟာယဖွဲ့ရပါ(၁ကော၊ ၁၀း၂၀-၂၁)။

၎င်း‘မျှဝေခံစားခြင်း စကားလုံးအား ပွဲတော်မင်္ဂလာကို ခေါ်ဝေါ်ရာ၌ အသုံးပြုလာကြပြီး ထိုနေရာ၌ပင်လျှင် “မျှဝေခံစားခြင်း” ဆိုသည့် အဓိပါယ် မပျောက်ကြောင်း ကာလ ၌ တွေ့ရသည်။ ခရစ်တော်၏ကိုယ်နှာတော်နှင့် အသွေးတော်ကို ပုံဆောင်သော မုန့်နှင့်စပျစ်ရည် ဝေမျှသုံးဆောင်ကြခြင်း၌ ယုံကြည်သူများ၏ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို ဤစကားလုံးက အလေး အနက်ပြု သရုပ်ဖော်ထားသည်။

COMPARATIVE RELIGION ( ယှဉ်တွဲခိုင်းနှိုင်းဘာသာတရားများ )

ဗုဒ္ဓဘာသာ(Buddhism)၊ မွတ်စလင်ဘာသာ(Islam)၊ ကွန်ဖြူးရှပ် (Confucianism) ဟိန္ဒူ (Hinduism) ရှင်းတို (Shintoism) ယုဒဘာသာ (Judaism)နှင့် ခရစ်ယာန်(Christianity) စသည့် လောကဘာသာတရားကြီး များကို (တူညီချက်) ယှဉ်တွဲပြီး၊ (ကွာခြားချက်)ခိုင်နှိုင်းခြင်းဖြင့် လေ့လာသော ဘာသာရပ်ဖြစ်သည်။ ထိုသို့ လေ့လာခြင်းသည် အကျိုးရှိလှသော်လည်း ခရစ်ယာန်အား အခြားသောဘာသာတရားများနှင့် မည်သည့်အခါ၌မျှ တန်းတူ မထားရပါ။ ယေ ခရစ်ဘုရားသားတော်ဖြစ်ခြင်းနှင့် သူသာ ဘုရားသခင်ထံ ပို့ဆောင်သည့် တစ်ခုတည်းသော လမ်းခရီးဖြစ်ခြင်းအကြောင်း တရားမှန်ကိုမြဲမြဲစွဲကိုင်ထားပြီးမှသာလျှင် အခြားဘာသာများ လေ့လာရာ၌ အခြေခိုင်ခိုင်၊ အန္တရာယ်ကင်းကင်းရှိမည်ဖြစ်သည်။

CONDITIONAL IMMORTALITY (အခြေအနေပေါ်မူတည်သော နိစ အသက်ရှင်ခြင်း)

အချို့လူများက မယုံကြည်သူများ၏ ထာဝရပြစ်ဒဏ်ခံရမည့်အကြောင်း ကို မယုံကြည်ကြပေ။ သူတို့က နိစ အသက်ရှင်ခြင်း(သေဆုံးနိုင်ခြင်း၏ ဆန့်ကျင် ဘက်- မသေဆုံးနိုင်ခြင်း)သည် ဘုရားပေးဆုလဒ်ဖြစ်ပြီး ယေ ခရစ်၌ ကိုးစား ခြင်း အခြေအနေရှိသူများကိုသာ ဘုရားသခင် ပေးကမ်းဟု ဆိုကြသည်။ မယုံ ကြည်သူများမှာမူ တည်ရှိမှု ရပ်တန့်ရပ်ခြင်းတည်းဟူသော လုံးဝပျောက် ပစ်ခြင်း(Annihilation) ခံရကြမည်ဟု သွန်သင်ကြသည်။ အခြေအနေပေါ် မူတည်သော နိစ အသက်ရှင်ခြင်းသည်၊ မယုံကြည်သူများ ထာဝရပြစ်ဒဏ်ခံရ မည်ဟု သွန်သင်သော နှုတ်ကပတ်တော်ကျမ်းစာနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

CONFESSION OF FAITH (ယုံကြည်ချက်ကို ဖော်ထုတ်ဝန်ခံခြင်း) ၊

ပြန်လည်ပြုပြင်ခြင်း (Reformation) ကာလမှစ အတိုက်အခံအသင်း တော်များ (Protestant)သည် သူတို့၏ယုံကြည်ချက်များအား စနစ်တကျနည်း (Systematic way)ဖြင့် ရေးဆွဲခဲ့ကြသည်။ ၎င်းရေးဆွဲဖော်ပြချက်များကို အသင်းတော်၏ယုံကြည်ဝန်ခံချက်များ (The Confessions of the Church) ဟု ခေါ်သည်။ ၎င်း၏အဓိကပင်မများမှာ- ဩစဘတ်၏ ယုံကြည်ဝန်ခံချက် (Confession of Augsburg) (၁၅၃၀)၊ ဟဲလ်ဗဲတစ်ယုံကြည်ဝန်ခံချက် (၁၅၃၆Helvetic Confession)၊ ဟီဒလ် ဘတ်ယုံကြည်ဝန်ခံချက် (၁၅၆၃-Heidelberg Confession)၊ ဒုတ်လွတ်တော်၏ စီစစ်တိုင်းတာချက်များ (၁၆၁၈Canons of Synod of Dort)၊ ဝဲစ်တ်မင်စတာယုံကြည် ဝန်ခံချက် (၁၆၄၂Westminster Confession) (၎င်းသည် ဝဲစ်တ်မင်စတားအဖွဲ့ အစည်း (Westminster Assembly) ၏ ရေးဆွဲချက်ဖြစ်ပြီး သက်ကြီးများအုပ်ချုပ်သော အသင်းတော် (Presbyterian Church)၏ ယုံကြည်ချက်ကို ဖော်ပြခြင်း ဖြစ်သည်။) နှစ်ခြင်းယုံကြည်ချက်ဝန်ခံခြင်း (၁၆၈၉- Baptist Confession of Faith)၊ တို့ဖြစ်ကြသည်။ Bible Dictionary ကိုကြည့်ပါ။ Creed ကိုလည်း ကြည့်ပါ။

CONSERVATIVE ကွန်ဆာဗဲတိဗ်

(ကျမ်းဆိုချက် ထိန်းသိမ်းသောဂိုဏ်း (ဝါ) သူ)

ကွန်ဆာဗဲတီဗ်ဆိုသည်မှာ ကျမ်းစာသည် အမှားအယွင်းမရှိသော ဘုရား ဖင်ပြစကားတော်ဖြစ်သည်ဟူသည့် ယုံကြည်ချက်အား ထိန်းသိမ်းကာကွယ်လိုသူ ဖြစ်သည်။ ကျမ်းစာသည် လူထုတ်လုပ်သော သာမာန်စာအုပ်သာဖြစ်သောကြောင့် အမှားအယွင်းပါသည်ဟု ယုံကြည်သော လီဘရယ်လ်ဝါဒီ (Liberal)ကို ဤ ကွန်ဆာဗဲတီဗ်က ငြင်းဆန် ဆန့်ကျင်သည်။

“ကွန်ဆာဗဲတီဗ်ဗင်ဂျလီကာလ်” (Conservative evangelicial) ဟုဆိုရာ၌၊ ယေ ခရစ်၏ဧဝံဂေလိသတင်းစကား (evangel)ကို ယုံကြည်ပြီး ထိုယုံကြည်ချက်ကို ထိန်းသိမ်းရန် သွန်ချသူကို ဆိုလိုသည်။

CONSTITUTION OF MAN ( လူ့အဖွဲ့အစည်းပုံ )

လူပုဂ္ဂိုလ်၏ဖွဲ့စည်းပုံ၌-အပိုင်းနှစ်ပိုင်း (ခန္ဓာကိုယ်နှင့်စိတ်(ဝိညာဉ်)သာ ပါဝင်သလော။ သို့မဟုတ်က သုံးပိုင်း(ခန္တာ၊စိတ်၊ဝိညာဉ်)ပါဝင်သလော။

Dichotomy/ ဒိုင်ခေါ်တိုမိ

(ဂရိဘာသာ ‘dicha’ နှစ်ပိုင်းနှင့် ‘temno” “ငါ” ပိုင်းဖြတ်သည်)

၎င်းသည် လူ၌နှစ်ပိုင်းထိတွေ့ ရသောအပိုင်း(ခန္ဓာ)နှင့် ထိတွေ့ မရသောအပိုင်း (စိတ်ဝိညာဉ်)သာ ရှိသည်ဟူသော တင်ဆိုချက်ဖြစ်သည်။ ထိတွေ့ မရသောအပိုင်းကို ထပ်မံခွဲခြမ်းခြင်းမပြုပေ။ ‘ဝိညာဉ်”ကို အသစ် ပြောင်းလဲခြင်းခံသော စိတ်၏လှုပ်ရှားမှုအဖြစ် မြင်ထားသည်။

Trichotomy/ထိုင်ခေါ်တိုမီ

(ဂရိဘာသာ ‘tricha’ သုံးပိုင်းနှင့် ‘temno’ = ငါပိုင်းဖြတ်သည်)

၎င်းကလူ၌ခန္ဒာ၊ စိတ်၊ ဝိညာဉ်ဟူ သုံးပိုင်းရှိသည်ဟုဆိုသည်။ နှုတ်ကပတ် ကျမ်းစာနှစ်ချက်က ဤယုံကြည်ချက်ကို ထောက်ခံဟန်တူသည်။

“သင်တို့၏ခန္ဒာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို စောင့်မတော်မူပါစေသော” (၁သက်၊ ၅း၂၃၊ သို့သော် ဤကျမ်းပိုဒ်တစ်ခုထဲမှ “အပေါင်း/အကုန်အစင်သည် မတူညီသော ပုံစံနှစ်မျိုးဖြင့် ဖော်ပြကြောင်း သတိထားပါ)၊ “အသက်(စိတ်)နှင့် စိတ်ဝိညာဉ်(ဝိညာဉ်) အပိုင်းအခြားကို”” (ဟေဗြဲ၊ ၄း၁၂)။ဤထောင့်၌လည်း၊ ပြင်ပလူများထက် ခရစ်ယာန်များသည် တစ်ပိုင်းပိုင်ဆိုင်ထားသည့်ပမာ၊ နားလည် ခက်သော ပြ နာရှိသည်။ အာဒံ၌ ခန္ဓာနှင့် စိတ်(ဝိညာဉ်) ကို ဖန်ဆင်းခဲ့သည်။

ထိုအတွင်းကျဆုံးအပိုင်း “စိတ်” နှင့် “ဝိညာဉ်” စကားလုံးနှစ်လုံးသည် အပြန်အလှန် ဖလှယ်သုံး ရသော စကားလုံးဖြစ်ကြသည်။ မာရိ၏ပဌနာစကား နှင့် ယှဉ်တွဲကြည့်ပါက “ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်း၏။ ငါ့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်ကို အမှီပြု ငါ့ဝိညာဉ်သည် ရွှင်လန်း ခြင်းရှိ၏”(လု၊ ၁း၄၆၊၄၇။ ဟေဗြဲလူများက ခန္ဓာနှင့်စိတ်ဝိညာဉ်သည် တစ်လုံး တစ်ဝတည်းဖြစ်သည်ဟု သွန်သင်ခဲ့ကြသည်(ကမ္ဘာ၊ ၂း၇)။

ဂရိလူများကမူ ခန္ဓာသည် စိတ်ဝိညာဉ်ထည့်စရာအဖို့ သေတ္တာတစ်ခုသာ ဖြစ်သည်ဟု သွန်သင်ခဲ့ကြသည်။ သူတို့သည် ‘soma sema’ (ခန္ဓာကိုယ်ဟူသည် အကျဉ်းထောင်)ဟူ ပင် ပြောစမှတ်ပြုကြသည်။ သေသည့်အချိန်မှစ ခန္ဓာ ပျက်စီးပြီး၊ စိတ်ဝိညာဉ် ကျန်ရစ်တည်ရှိသည်ဟု ထင်ကြသည်။ ထို့ကြောင် ရှင်ပေါလု အလေးအနက်ပြု ရေးသားသော ၁ကော၊၁၅ မှ စိတ်ဝိညာဉ် ကျန်ရစ် တည်ရှိခြင်းသာမဟုတ်ဘဲ ခန္ဓာထမြောက်ခြင်းဟု ပြောဆိုသည့်အချက်အား ဂရိ လူများက မတော်တဆ အဖြစ်အပျက်ဆန်းဟုပင် မထင်မှတ်၊ မထိတ်လန့်ကြပေ။

ယနေ့ခေတ်၊ သီသော်လော်ဂျီလောကတွင် ဤအချက်သည် သင်ခန်းစာ ဆွေးနွေး ချက်အောက် လိုင်းပမာသာမဟုတ်ဘဲ အလွန်ဌာပနာကျ အရေးပါလှသည်။

CONSUBSTANTIATION / ကွန်ဆပ်စတင်စီအဲရှန်း (လက်တင်ဘာသာ

‘cum’- နှင့်အတူ ‘sub’ = အောက်၌, ‘sto,stare’ – ရပ်သည်) လူသာ (Luther) ပွဲတော်မင်္ဂလာ၏ စပျစ်ရည်နှင့်မုန့်၌ ခရစ်တော်၏ အသွေးတော်နှင့် ခန္ဓာတော်တည်သည်ဟု သွန်သင်ခဲ့သည်။ (ခန္ဓာတော်နှင့်အသွေးတော်သည် မုန့်နှင့်စပျစ်ရည်ကဲ့သို့သော ဝတ္ထုပစ ည်း တကယ့်အမှန်အောက်၌ အတူအကွ တည်(ရပ်) နေကြသည်)။

(Transubstantiation ကိုကြည့်ပါ)

CONVERSION ပြောင်းလဲခြင်း

(လက်တင်ဘာသာ၊ ‘convertere’- ပြန်လှည့်သည်)

ဟေဗြဲစကားလုံး ‘sub’ နှင့် ဂရိစကားလုံး ‘epistrepho’ နှစ်ခုစလုံးကို “ပြောင်းလဲသည်”ဟု ဘာသာပြန်ကြပြီး “လှည့်လာသည်၊ ပြောင်းလဲသည်ဟူသော အပြစ်တရားမှ ဘုရားသခင်ထံ ပြန်လှည့်လာခြင်းကို ဆိုလိုသည်။

ပြောင်းလဲခြင်းသည် အသစ်မွေးဖွားခြင်းပြီးပြီးခြင်း၌ဖြစ်သော ပြန်လှည့် လာသည့် အပြုအမူဖြစ်သည်။ ၎င်း၏ ကြိယာပုံစံ ‘convert’ သည် ကြိယာ သက်သက်မဟုတ်ဘဲ ပြောင်းလဲလာသူကို ဆိုလိုခြင်းဖြစ်သည်။

CONVICTION OF SIN (အပြစ်ရှိကြောင်း ဩတ ပ စိတ်ကြည်လင်ခြင်း)

လူသားများသည် ဘုရားသခင်ရှေ့တော်၌ အပြစ်သားများဖြစ်ကြောင်း၊ အပြစ်သယ်ဆောင်ပေးမည့်သူ သခင်ယေ ခရစ်လိုအပ်ကြောင်း အသက်တာ၌ နားလည်လာအောင် လူများထံပြသသော သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ် ဖြစ်သည်။

ဂရိစကားလုံး ‘elegcho’ သည်- “ဆုံးမသည်၊ ပဲ့ပြင်သည်’ဟု အဓိပ္ပါယ် ရှိပြီး ဆပ်ကျွဲဂျင့် (Septuagint)၌ အကြိမ် ၅ဝ နှင့် ဓမ္မသစ်၌ ၁၅ ကြိမ်တွေ့နိုင် သည်။ အချို့ဥပမာများမှာ- ယောဟန်၊ ၃း၂ဝ၊ ၁ကော၊၁၄း၂၄၊ ဧဖက်၊ ၅း၁၁၊ တိတု၊ ၁း၉၊ ဗျာဒိတ်၊ ၃း၁၉ တို့ဖြစ်ကြသည်။

ယောဟန်၊ ၁၆း၇-၁၁ ကလည်း လောက၌ သန့်ရှင်းသောဝိညာဉ်တော် လုပ်ရမည့်အလုပ်ကို ဖော်ပြထားသည်။ အပြစ်၌တည်နေသော လောက၊ဖြောင့်မတ်ခြင်း လောကနှင့် တရားစီရင်ခြင်းဝင်မည့်လောကကို သန့်ရှင်းသော ဝိညာဉ်တော်သည် ထင်ရှားစွာ ဖော်ပြမည်ဖြစ်ကြောင်း ပြောထားသည်။

လုဒီ (Lydiaက) ၏ ပုံပြင်၌ elegcho’ ဆိုသည့် စာလုံးကို အတိအကျ မတွေ့ရသော်လည်း သန့်ရှင်းသောဝိညာဉ်တော် ဖော်ပြခြင်းအလုပ်အလှပ၊ ရှင်းလင်းသောဥပမာကို တွေ့နိုင်သည်။ တမန်၊ ၁၆း၁၄ က ရှင်ပေါလု၏တရား စကားကို နားထောင်စေခြင်းငှါ သခင်ဘုရားသည် “သူမ၏စိတ်နှလုံးကိုဖွင့်” ခဲ့ကြောင်း ဖော်ပြထားသည်။

COVENANT THEOLOGY ( ပဋိညာဉ်သီဩလော်ဂျီ )

၎င်းသည် အကျင့်ပဋိညာဉ်နှင့် ကျေးဇူးတော်ပဋိညာဉ်တည်းဟူသော ကျမ်းစာတစ်လျှောက် တွေ့ရသည့် ပဋိညာဉ်အတွေးအခေါ်ချည်းကို မြင်လျက်ရှိ သည်။ ပဋိညာဉ်ဟောင်း(ဓမ္မဟောင်း)သည် အကျင့်ပဋိညာဉ်ဟူ လည်းကောင်း၊ ပဋိညာဉ်သစ်(ဓမ္မသစ်)သည် ကျေးဇူးတော်ပဋိညာဉ်ဟူ လည်းကောင်း မဆိုလို ကြောင်း နားလည်ရန် အရေးကြီးပေသည်။

ဘုရားသခင်က သူ၏အကျင့်ပဋိညာဉ်ကို အာဒံနှင့်အတူပြုကြသည်။ “ဤကောင်း၊ မကောင်း သိကျွမ်းရာအပင်၏အသီးကိုမစားရ။ စားသောနေ့၌ ဧကန်အမှန်သေရမည်”(ကမ္ဘာ၊ ၂း၁၇)။ အာဒံ နာမခံပါက သူသေရမည်ဖြစ်သည်။ သူနာခံပါက၊ ဘုရားသခင်၏မျက်မှောက်တော်၌ ဝမ်းမြောက်လျက် နေထိုင်ရမည် ဟူ ဘုရားသခင် ရည် ယ်ပြောဆိုခဲ့သည်။

အာဒံ နာမခံခဲ့သောကြောင့် ဘုရား သခင်၏မျက်မှောက်တော်ကို မခံစားရတော့ဘဲ သေခဲ့ရသည်။ ထို့ပြင် နောက်ဆုံး၌ သူ့ ပ်ခန္ဓာလည်း သေခဲ့သည်။ သူ၏ အပြုအမူက ဝိညာဉ်ရေးသေခြင်း (ဘုရား သခင်ထံမှခွဲခွာ၊ ဖယ်ထုတ်ခံရခြင်)နှင့် ကာယသေခြင်းကို လောကလူမျိုးနွယ်စုထံ ယူဆောင်လာခဲ့သည်(ရောမ၊ ၅း၁၂)။

ထိုအချိန်မှစ ဘုရားသခင်သည် သူ့လူမျိုးများအား ကျေးဇူးတော် (ကျေးဇူးတော်ပဋိညာဉ်)ကိုသာ အခြေခံပြီး ပတ်သက်မှုပြုသည်။ လောကသို့ အပြစ်ဝင်လာပြီးချင်း ဘုရားသခင်က အပြစ်မှကယ်ချွတ်သူအရှင်ကြွလာမည့် ကတိကို ပေးခဲ့သည် (က၊၃း၁၅)။ ထို ကတိတော်ကို ရံဖန်ရံခါ၌၊ ‘protevangelium’/ ပိုထံဧဗင်ဂျလီယမ်) ခေါ် ဧဝံဂေလိသတင်း ပထမဦးဆုံး ကြေညာခြင်းဟုခေါ်ကြသည်။

ဘုရားသခင်သည် ပဋိညာဉ်များအား နော၊ အာဗြဟံ၊ ဣသရေလ လူမျိုး၊ ဒါဝိဒ်စသည်တို့နှင့်အတူ ပြုခဲ့ပြီး ယေရမိက ပဋိညာဉ်သစ်ကို ဟောကိန်း ထုတ်ခဲ့သည်။ ထွက်မြောက်ရာကျမ်းအခန်းကြီး၊၁၉-၂၄ ၌ ပညတ်တော်(၁၀)ပါး အပါအဝင် မောရှေအားဖြင့် ဘုရားသခင်၊ ဣသရေလလူများနှင့်အတူပြုသော ပဋိညာဉ်များသည် အများဆုံး ပဋိညာဉ်အဖြစ် စာရင်းဝင်လျက်ရှိသည်။ ထိုအချိန် အခါက အလားတူပြုလေ့ရှိကြသော သူတို့ပတ်ဝန်းကျင် တိုင်းနိုင်ငံ၏ ပဋိညာဉ်များ နှင့်ပုံစံအားဖြင့်၊ အလွန်ဆင်တူခဲ့သည်။ ပဋိညာဉ်စတင်သူ၏နာမကို ကင်ပွန်း တပ်ကြသည်(၂၀း၁၊ ၂(က)၊ နှစ်ဦးနှစ်ဖက်၏ အတိတ်ဆက်နွယ်မှုများကို ဖော်ပြ ထားကြသည်(၂၀း၂(ခ)၊ ပဋိညာဉ်လက်ခံသူများ လိုက်နာရမည့် ပဋိညာဉ်စတင်သူ ၏ ပညတ်ဥပဒေသများကို ရေးဆွဲကြသည်(၂၀း၃-၁၇)၊ ထိုပဋိညာဉ်နှင့်အတူ လိုက်နာခြင်း၏ရလာဒ်၊ ကောင်းကြီးနှင့်ဖောက်ဖျက်ခြင်၏ ရလာဒ်ကျိန်ခြင်းကို လည်း ကတိပြုရေးဆွဲကြသည်။

ယေရမိ၊ ၃၁း၃၁-၃၄ သည် လာမည့် ပဋိညာဉ်သစ်အကြောင်းကို ဖော်ပြ သော အရေးကြီးလှသည့်စာကိုယ်၊ စာပိုဒ်ဖြစ်သည်။ ဟေဗြဲ ၈း၈-၁၂ က ထိုစာပိုဒ် ကို မှီငြမ်းကိုးကားခဲ့သည့်အပြင်၊ ၎င်းသြဝါဒစာတစ်ခုလုံးက ခရစ်တော်သည် “သာ ကောင်းသော” ပဋိညာဉ်ကို ယူဆောင်လာကြောင်း ကြေညာသည်(၈း၆)။ ပဋိညာဉ်သစ်၏ ပင်မအချက်ကြီးမှာ- ၎င်းသည် အပြင်ပန်းပွဲလမ်းအခမ်းအနား၊ ဝတ်ပြုခြင်းနှင့်စပ်ဆိုင်မှု မရှိတော့ဘဲ အတွင်းသဏ္ဌာန်(လူများ၏ နှလုံးသားပေါ်၌ ရေးသားပညတ်စာ)ကိုသာ ဆောင်သည်ဟူသည့် အချက်ပင်။

နို့စို့သူငယ်ဗတိ ဇံ (Infant Baptism)ကို ယုံကြည်ခံယူသောသူများက ယုံကြည် သူမိဘလူကြီးများအပါအဝင် ကလေးသူငယ်များသည် ကျေးဇူးတော် ပဋိညာဉ်အောက်၌ ရှိကြပြီး ဘုရားပိုင်ဆိုင်သော လူစုဝင်များဖြစ်ကြသောကြောင့် သူငယ်များကိုလည်း ဗတိ ဇံ၊ ရေနှစ်ခြင်းပေးသင့်သည်ဟု ဆိုကြသည်။

(Federal ကိုကြည့်ပါ) (ကျမ်းစာအဘိဓာန်ကိုကြည့်ပါ)

CREATIONISM

(Origin of Soul ကိုကြည့်ပါ)

CREED အယူဝါဒ(လက်တင်ဘာသာ ‘credo’ =ငါယုံကြည်သည်) ၊

အယူဝါဒဟူသည် နှုတ်ကပတ်ကျမ်းစာကိုအခြေခံပြီး ယုံကြည်သူများ ယုံကြည်ခံယူသည့်အရာကို ဖော်ပြသော ကြေညာချက်ဖြစ်သည်။ ထိုကဲ့သို့သော ယုံကြည်ခံယူမှု ကြေညာချက်မျိုးသည် ဓမ္မသစ်ကနဦးကတည်းကပင် ရှိဟန်တူ သည်။ ဥပမာအားဖြင့် ဖိလိပက အဲသယောပိအမတ်ကြီးကို ရေနှစ်ခြင်းပေးရာ၌၊ ထိုအမတ်ကြီးက၊ “ဟေ့ ခရစ်သည် ဘုရားသခင်၏သားတော်ဖြစ်တော်မူကြောင်း ကို အကျွန်ုပ်ယုံကြည်ပါသည်”ဟု ဝန်ခံကြေညာခဲ့သည်(တမန်တော်၊၈း၃၇)။

ရောမ၊၁၀း၉၊ ၁ကော၊၁၂း၃ မှ “ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏”ဟူသော ဝန်ခံချက်ကို ကြည့်ပါ။ ထို့အပြင် ၊၂၈း၁၉ က ဗတိ ဇံနှင့်ဆိုင်သော ပြဋ္ဌာန်း စကား (သုံးပါးတစ်ဆူ၏ နာမအသီးသီး)နှင့် တမန်တော်၊ ၁၉း၅ က ဗတိ ဇံနှင့် ဆိုင်သော ပြဋ္ဌာန်းစကား (သခင်ယေ၏ နာမတစ်ခုတည်း)များကို လည်းကြည့်ပါ။

(Confession of Faith ကိုကြည့်ပါ)

CRUXCRUX INTERPRETUM (ခုဇ်/ခုဇ်အင်တာပရီတမ်) ၊

(လက်တင်ဘာသာ- ကားတိုင် (ဝါ)အရေးကြီးဆုံးအရာ)

၎င်းသည် အထူးခက်ခဲ၊ နက်နဲပြီး ကွဲပြားသော အယူအဆများဖြင့် လူများ ကိုင်တွယ်ကြသော နှုတ်ကပတ်တော်ကျမ်းပိုဒ်စာကိုယ်ဖြစ်သည်(ဥပမာ၁ပေ၊ ၃း၁၉)။

ခုဇ် (crux) ဆိုသည့် စကားလုံး၏အဓိပ္ပါယ်မှာ- ကားတိုင် (cross) ဖြစ်သည်။ ကားတိုင်(cross)သည် သမိုင်း၌ အရေးကြီးဆုံးဖြစ်ရပ်ဖြစ်သကဲ့သို့ ခဇ်သည်လည်း အရေးကြီးလှသော စာကိုယ်ဖြစ်သည်။ အင်္ဂလိပ်စကားစု “The Crux of the matter’ (ကိစ္စ ၏ အရေးကြီးဆုံးအချက်)နှင့် ၎င်း၏ နာမဝိသေသနပုံစံ ‘crucial’ (ဗဟိုကျသော၊ အလွန်တရာ အရေးကြီးဌာပနာကျသော) ဟူသည့် စာလုံးများနှင့် ယှဉ်တွဲကြည့်ပါ။

CULT ဘာသာရေးအစွဲ(လက်တင်ဘာသာ၊ ‘cultus) ၊

ဘာသာတရားတစ်ခုခုမှယူဆောင်သော ဝတ်ပြုခြင်းဆိုင်ရာ ကျင့်ထုံးဖြစ် သည်။ ၎င်းစကားလုံးကို သမိုင်းထဲက ခရစ်ယာန်ယုံကြည်ချက်မှ သွေဖယ်လွဲမှား သူခြင်းကို ဖော်ပြရာတွင်လည်း တစ်ခါတစ်ရံ အသုံးပြုသည်။ (Sect ကိုကြည့်ပါ)

CULTURAL MANDATE ယဉ်ကျေးမှုဆိုင်ရာ အမိန့်အာဏာ

( လက်တင်ဘာသာ၊ ‘mandare’ =မိန့်ဆိုသည်။ သဒ္ဒါ) past participle ဆိုလျှင် မိန့်ဆိုခဲ့ပြီးသောအရာ )

ယဉ်ကျေးမှုဆိုင်ရာ အမိန့်အာဏာသည် မြေကြီးပေါ်၌ လူနေမှုအဖွဲ့ အစည်းကို ကိုယ်ပိုင်အုပ်ချုပ်မှုပြုကြရန် လူသားမျိုးနွယ်စုအား ဘုရားသခင်မိန့်ဆို ဖန်ကြားသော အမိန့်အာဏာများဖြစ်သည်။ ၎င်း၏အခြေခံပုံစံအား ကမ္ဘာဦး ကျမ်း၌ ပေးခဲ့သည်မှန်သော်လည်း နှုတ်ကပတ်ကျမ်း၏နီတိပိုင်းကဏ္ဍတစ် လျှောက် တောက်လျှောက် ပျံ့နှံ့သွားကြောင်း တွေ့ရသည်။ ဥပမာ –

( Environment ) ပတ်ဝန်းကျင်

အပြစ်၌ ကျဆင်းခြင်းမတိုင်မီ၌ သတ ဝါသည် မြေကြီးကို နိုင်နင်းရန်နှင့် သက်ရှိ ဖန်ဆင်းခံသတ ဝါအားလုံးအပေါ် အုပ်ချုပ်ကွပ်ကဲရန် အမိန့်ပေးခံရသည်။ ထို့အပြင်၊ ဧဒင်ဥယျဉ်ကိုလည်း ထိန်းသိမ်းပြုစုရကြသည်(ကမ္ဘာဦး၊ ၁း၂၈၊ ၂း၁၅)။

(Descendants)သားစဉ်မြေးဆက်

များပြားစွာ မွေးဖွားပေးခြင်းဖြင့် ပွားများပြီး မြေကြီးပြည့်လာရန်လည်း လူသားမျိုးနွယ်၌ တာဝန်ရှိသည်(ကမ္ဘာ၊ ၁း၂၈)။

(Man-woman relationship)လင်မယားဆက်နွယ်မှု

လူမိန်းမသည် လူယောကျာ်း၏ သင့်လျော်သော ကြင်ဖော်အဖြစ် ဖန်ဆင်းခံခဲ့ရသည်။ (ကမ္ဘာ၊ ၂း၁၈)ကျဆင်းခြင်းရလာဒ်အဖြစ် ခင်ပွန်းသည် ဇနီးသည်အား အုပ်စိုးရန် ဖြစ်လာသည်(ကမ္ဘာ၊ ၃း၁၆)။ ၁ကော၊ ၁၁း၃၊ ၈-၁၀ ကလည်း ကမ္ဘာဦးကျမ်းကိုပင် ပြန်လည်ရည်မွန်းခဲ့သည်။

(Agricultural and cultural pursuits)

စိုက်ပျိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း ၊

၎င်းကိစ္စ နှင့်ပတ်သက်ပြီး အထူးတလည် မိန့်ဆိုချက်မျိုးမရှိသော်လည်း ကမ္ဘာ၊ ၄း၁၉-၂၂ က ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်းပြုခြင်းသည် မြေကြီးပေါ် ဝင်ရောက်လာကြောင်း ပြောဆိုထားသည်။ ( ယဗလသည် )တဲ၌ နေသောသူ၊ သိုးနွားစသည်တို့ကို မွေးသောသူတို့၏အဘဆရာဖြစ်လေသနည်း။ ယုလေအမည် ရှိသောညီမူကား စောင်းမျိုး၊ နှဲစရာမျိုးတို့ကို တီးမှုတ်တတ်သောသူအပေါင်းတို့ ၏အဘဆရာ ဖြစ်လေသတည်း။”

CUNEIFORM (လက်တင်ဘာသာ၊ ‘cuneus’-သပ်၊ တြိဂံပုံသဏ္ဌာန်ရှိသောသပ်)

ပထမ၌၊ ရုပ်ပုံများ ရေးဆွဲခြင်းဖြင့် စာရေးသားမှုကိုပြုသည့် ပ်ပုံစာ (Pictographic script) ဖြင့် အစပြုခဲ့ပြီး၊ နောက်ပိုင်းတွင် တြိဂံပုံသုံးထောင့်ချွန် ထိုးတံကလေးဖြင့် ပြားပေါ်ရေးသားခြင်းအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ဓမ္မသစ်ကာလ ၌ ဤသို့စာရေးခြင်းသည် မေဆိုပိုတေမြား (Mesopotamia) ဒေသတွင် အသုံး များခဲ့သည်။ ရားစ်ရှမ်ရာ၏ မူရင်းစာများ (Ras Shamra texts) ကိုလည်း ဤသုံးထောင့်ချွန်စာပေ (cuneiform script) အားဖြင့် ရေးသားခြင်းပြုခဲ့ကြခြင်း၊ ဖြစ်သည်။

CURSIVE လက်ရေးဖြင့် သွက်သွက်ကူးသောစာ

(လက်တင် ‘currere’ – ပြေးသည်)

အေဒီ ၉ ရာစုက ပုံမနှိပ်ရသေးသော သမ္မာလက်ရေးစာများ ( Bible Manuscripts ) ကူးယူရာ စာမူအဆက်ဖြစ်သည်။(Uncial ကိုကြည့်ပါ)

DECALOGUE /ဒေကာလော့ခ်/ပညတ်တော်ဆယ်ပါး

(ဂရိဘာသာ ‘deka’ တစ်ဆယ် နှင့် ‘logos’- စကား) ၊

သိနာတောင်၌၊ မောရှေအားဖြင့် က္ကသရေလလူများအား ဘုရားသခင် ပေးခဲ့သော ပညတ်တော်(၁၀)ပါးကို ဒေကာလော့ခ်ဟု အမည်မှည့်ပေးခြင်းဖြစ် သည်(ထွက်၊ ၂၀း၁-၁၇)။ ၎င်းဆယ်ပါးအနက်၊ ပထမ(၄)ပါးသည် ဘုရားသခင် ဘက်၌ မည်သို့မည်ပုံ ပြုမူအသက်ရှင်ရမည်ဟူသောအရာ ပြသထားပြီး ကျန်(၆) ပါးသည် လူလူချင်း၌ မည်သို့မည်ပုံ ဆက်ဆံရမည်ဟူသောအရာ ပြသထားသည်။ ထို့ကြောင့် ယေ က ထိုအပိုင်းကြီးနှစ်ပိုင်းကို မဲ၊ ၂၂း၃၆-၄ဝ ၌ “ပညတ်တော် (၂)ပါးအဖြစ် ချုံပြီး ပြောဆိုခဲ့သည်။ “ပညတ်ဥပဒေအချပ်(၂)ချပ်”ဟု ပြောဆိုရ သည်မှာ ထုံးတမ်းတစ်ခုပမာပင် ဖြစ်ချေပြီ။ ထိုနှစ်ချပ်၏ဆိုလိုရင်းမှာ- အပိုင်းကြီး နှစ်ပိုင်းပင်ဖြစ်သည်။ သို့သော် အချပ်ဟုဆိုရာ၌ ပညတ်တော်များ ရေးသားမှုပြုရာ တွင် ဘုရားသခင်အသုံးပြုသော ကျောက်ပြားနှစ်ချပ်ကို ရည် န်းထားခြင်းပင်

(တရားဟော၊ ၄း၁၃ ခုနောက်ပိုင်း)။

ဒေကာလော့ခ်ဟူသည့်စကားလုံးသည် ကျမ်းစာ၌မရှိသော်လည်း “ပညတ်တော်(၁၀)ပါးဟူသည့် စကားစုကိုမူ ထွက်၊ ၃၄း၂၈၊ တရားဟော၊၁၀၄ မှ နောက်ပိုင်းတို့၌ တွေ့ရသည်။

DECISIONISM /ဒီစီးဇနီဇန် / ဆုံးဖြတ်ချက် အလေးအနက်ပြုသောဝါဒ

ဆုံးဖြတ်ချက်ချလိုက်မျှဖြင့် လူပုဂ္ဂိုလ်တစ်ဦးသည် ခရစ်ယာန်ဖြစ်လာနိုင် သည်ဟူသည့် သီအိုရီဖြစ်သည်။ ခရစ်ယာန်တစ်ဦးဖြစ်လာရန် ချလိုက်သောဆုံးဖြတ်ချက်သည် လူပုဂ္ဂိုလ်၏ ကိုယ်ပိုင်အသိစိတ်မှလာသော ဆုံးဖြတ်ချက်ဖြစ်ပြီး အခြားကိစ များအတွက် ချသော ဆုံးဖြတ်ချက်နှင့် ကွာဟမှုမရှိဟု ၎င်းဝါဒက ဆိုထားသည်။ ထိုဝါဒကို ဆန့်ကျင်ပြီး၊ ကျမ်းစာက အဘယ်သူမျှ ပုဂ္ဂိုလ်ချင်းဆိုင် ရာ ဆုံးဖြတ်မှုကလေးဖြင့် ခရစ်ယာန်မဖြစ်လာနိုင်ကြောင်း သွန်သင်ထားသည်။ ယုံကြည်သူများသည် အသွေးအသား၏အလိုဆနှင့် လူ၏အလိုဆန္ဒမပါဘဲ ဘုရားသခင်၏ အလိုတော်ကြောင့်သာ ဒုတိယမွေးဖွားခြင်း ခံရကြသည် (ယော၊ ၁း၁၃)။ ဘုရားသခင်က ပထမဦးစွာ ရွေးချယ်ခွဲခန့်မှုကိုပြုပြီး ဝိညာဉ်ရေး အသိတရားအား ပေးကမ်းရန် သူ၏သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်ပြီး ခါမှာသာ ခရစ်တော်အပေါ် ယုံကြည်ခြင်းကို လူများပြုနိုင်မည်ဖြစ်သည် (သခင် ဘုရား၏ နှလုံးသားတံခါးဖွင့်ခြင်းကို ခံရသော လုဒိ-တမန်၊ ၁၆း၁၄ နှင့် ယှဉ်တွဲလေ့လာပါ)။

DEISM/ ဒေးဇမ်/တာဝန်မယူသော ဘုရားဝါဒ

(လက်တင်ဘာသာ၊ ‘deus’ – ဘုရား)

(၁၇)ရာစုနှင့်(၁၈)ရာစုများမှ လူအချို့ ပုဂ္ဂိုလ်ချင်းနှင့်ဆိုင်သော ဖန်ဆင်းရှင် ဘုရားသခင်သည် ရှိနေသော်လည်း သူ့သားဆီသို့ ကိုယ်ကိုယ်ကို ဖွင့်ပြသော ဘုရားသခင် မဟုတ်သည့်အပြင် သူတို့၏သမိုင်း၌လည်း ဝင်ရောက်စွက်ဖက်သူ လည်း မဟုတ်ဟု ဆိုခဲ့ကြသည်။ ကမ္ဘာမြေကြီးအား ဖန်ဆင်းပြီးနောက်ပိုင်း၊ ဘုရားသခင်သည် ၎င်းမြေကြီးအား ကြိုတင်သတ်မှတ်ပြီးသော သဘာဝတရား အတိုင်း ဆက်လက်တည်ရှိရန် ချန်ရစ်ထားခဲ့သောကြောင့် ကမ္ဘာမြေကြီးသည် သူ့ဟန်နှင့်သူ လည်ပတ်ပြီး နောက်ဆုံး၌ ရပ်တန့်သွားသော စားပွဲတင်နာရီတစ်လုံး ပမာသာဖြစ်ချေသည်ဟု ဆိုခဲ့ကြသည်။ ၎င်းသွန်သင်ချက်၏ အကျိုးဆက်အနေ ဖြင့်၊ ဒေးစ်ထ် ( Deists )(ဝါ) ဒေးဇမ် ယုံကြည်ခံယူသူများသည်(ခရစ်တော်၏) လူ့ ဇာတိခံယူခြင်းနှင့် နိမိတ်လက္ခဏာများ၏ ဖြစ်နိုင်စွမ်းအား ငြင်းပယ်လာခဲ့ကြသည်။

DEMYTHOLOGISATION

(Myth ကိုကြည့်ပါ)

 

DEPRAVITY/ဒီပရေဗီတီ/ပျက်စီးခြင်း ၊

ဒီပရေဗီတီစကားလုံးအား လူသိ၊ လူကြိုက်များသော အသုံးအနှုန်းနှင့် သီသော်လော်ဂျီဆိုင်ရာ အသုံးအနှုန်းဟူ ခွဲခြားနိုင်သည်။

လူသိ၊ လူကြိုက်များသော အသုံးအနှုန်း၌ “အချို့လူများ-အနည်းစုသာ ပျက်စီးကြသည်” ပျက်စီးသည်ဆိုရာ၌၊ “စာရိတ ပျက်ယွင်းခြင်း၊ ဒုစရိုက်နှင့် အကြမ်းဖက် ရက်စက်မှုများဖြင့် ပြည့်နှက်ခြင်း” ကိုဆိုလိုသည်။

သီသော်လော်ဂျီအသုံးအနှုန်း၌မူ “လူသားတိုင်း ပျက်စီးကြသည်” ဆိုလို သည်မှာ “ဘုရားသခင်၏ စက္ခုအမြင်၌ လူသားအားလုံးအပြစ်ရှိသည်”ဟူ ၊ လူတိုင်းသည် အာဒံထံမှ ဗီဇအပြစ်ကို အမွေခံလာခဲ့ကြသည်။ သမ္မာကျမ်းစာ ဘာသာစကားအားဖြင့် ပြောရလျှင် လူသားတိုင်းသည် “ဒုစရိုက်အပြစ်၌သေ လျက်ရှိ”ကြသည်(ဧဖက်၊ ၂း၁)။ ကိုယ့်ဟန်နှင့်ကိုယ်ကို ဝိညာဉ်ပိုင်းသေနေသည့် အနေအထားမှ မကယ်ထုတ်နိုင်ကြသည့်အပြင် ဘုရားသခင်၏ မျက်နှာသာ ရရှိလာနိုင်ရန် အဘယ်အမှုကိုမျှ မတတ်စွမ်းနိုင်ကြပေ။

“လုံးဝဥသုံ ပျက်စီးခြင်း” (Total Depravity)ဟူသော စကားစုသည် လူသား၌ ကောင်းကွက်တစ်စက်မျှမရှိဟု မဆိုလိုပေ။ ထို့ပြင်၊ မပြောင်းလဲမှုများ သည် အမှားနှင့်အမှန် ခွဲခြားတတ်သည့် အသိတရားပင်မရှိဘဲ ဒုက်ကိုသာ ပြုမြဲပြုနေကြသည်ဟူ လည်း မဆိုလိုပေ။ လုံးဝဥ ပျက်စီးခြင်း၏ဆိုရင်ရင်းမှာထိုအမွေခံရသော ဗီဇအပြစ် သည် လူ၏အပြင်ပန်း(ခန္ဓာ)နှင့် အတွင်းပိုင်း (စိတ်၊ ဆန္ဒ၊ အတွေးနှင့် ချစ်ခြင်းတရားများ) တည်းဟူသော လူ့ဖွဲ့စည်းမှုအပိုင်းတစ်ခု စီအား ထိခိုက်ယိုယွင်းစေသည် ဟူ ဖြစ်သည်။

DIASPORA / ဒိုင်အက်စ်ပိုရာ/ပြန့်ကျဲသောဂျူးများ

ဤစကားလုံးက ဂျူးတိုင်းနိုင်ငံ၏ တစ်ခြားကမ္ဘာများ၌ ပြန့်ကျဲနေထိုင်ကြ ကုန်သော ဂျူးလူမျိုး (ဝါ) ယုဒလူမျိုးများကို ဆိုလိုသည်(ယောဟန်၊၇း၃၅၊ ၁ပေ၊ ၁း၁) သာမကဘဲ သူတို့အတည်တကျ၊ တိုင်စိုက်နေထိုင်ရာနေရာ အရပ်များ ကိုလည်း ဆိုလိုသည်(ယာကုပ်၊ ၁း၁)။

DICHOTOMY

(Constitution of Man ကိုကြည့်ပါ)

DISPENSATION / ဒီစ ပန်ဆိုင်းရန်/စီမံခန့်ခွဲခြင်း

(ဂရိဘာသာ ‘oikonomia’ စကားလုံး ပေါင်းစပ်ခြင်း ဖြစ်ပြီး-အိမ်နှင့်စီမံသည်-ဟူ ဖြစ်သည်)

ဂရိသဒ္ဒါနာမ်ပုံစံ ‘oikonomos’ သည် ပစ္စည်းထိန်းသိမ်းခန့်ခွဲသူ(ဝါ) ဘဏ္ဍာစိုး ဖြစ်သည်။ ဥပမာ-၁ကော၊ ၄း၁။

သခင်တစ်ဦးသည် သူ၏အိမ်ယာခြံမြေပိုဆိုင်မှုများနှင့် ကိစ ဝစ အဝဝကို သူ့ဘဏ္ဍာစိုးထံ အပ်နှံသကဲ့သို့ ရှင်ပေါလုထံ ဘုရားသခင်အပ်ပေးခဲ့သော သတင်း ကောင်း ဧဝံဂေလိအားဖော်ပြရာတွင် ဤစကားလုံးကို အသုံးပြုသည်(၁ကော၊ ၉း၇၊ ဧဖက်၊ ၃း၂၊ကောလော၊ ၁း၂၅)။ ခရစ်တော်အပေါ် ဘုရားသခင်ထားရှိသော ရည်ယ်ချက်များ ချိန်းချက်နေ့ရက်စေ့ချိန်၌ အတိအကျ ပြည့်စုံနိုင်ရန် ကမ္ဘာ့သမိုင်း ကြီးအား နေသားတကျ စီစဉ်ခြင်းကို ဖော်ပြရာတွင်လည်း ဤစကားလုံးကို အသုံးပြုရသည်(ဧဖက်၊ ၁း၁၀)။

သီ‌ဪလော်ဂျီ၌မူ ဒိစ ပန်ဆိုင်းရှန်ဟူသည် အဟောင်းနှင့်အသစ်တည်း ဟူသော ပဋိညာဉ်နှစ်ခုအပေါ် ဘုရားသခင်၏ ခြားခြားနားနားစီမံခန့်ခွဲမှုဖြစ်သည်။

ပဋိညာဉ်ဟောင်းအောက်၌၊ ဘုရားသခင်သည် ဗိမာန်တော်၊ လောက ယဇ်ပုရောဟိတ်များနှင့် ယဇ်ပူဇော်ခြင်းစနစ်များကို “အစစ်အမှန်၏ပုံရိပ်” အဖြစ် အသုံးပြုခဲ့သည် (ဟေဗြဲ၊ ၉း၂၄)။ သူတို့ ကြွလာမည့်သူ၏ အရိပ်များသာ ဖြစ်ခဲ့ကြ သည်။ ခရစ်တော်အမှန် ကြွလာခဲ့သောအခါ၌မူ၊ ဘုရားသခင်သည် “ဒုတိယကို တည်ဆောက်ရန် ပထမကို” ဖယ်ရှားခဲ့သည်(ဟေဗြဲ၊ ၁ဝး၉)။

ပဋိညာဉ်သစ်အောက်၌မူ၊ ယဇ်ပုရောဟိတ်မင်းတစ်ပါးသာရှိပြီး ခရစ်တော် ကိုယ်တိုင်ပင်ဖြစ်သည်။ အရင်အခမ်းအနား အစီအစဉ်ဟောင်းများကို သူ၏ယဇ် ပူဇော်ခြင်းအားဖြင့် ပပျောက်စေခဲ့ပြီ။ ယခုမှာ- ယုံကြည်သူများအပေါ် ဘုရားသခင် ၏ကျေးဇူးတော်အား စီမံခန့်ခွဲခြင်းတည်းဟူသော နည်းလမ်းသစ်၊ ဒီစ ပန်ဆိုင်းရှန် သစ်ရှိထားပြီဖြစ်သည်။

DISPENSATIONALISM/ဒိစ ပန်ဆိုင်းရှနာလိမ်/ကာလပိုင်းခြားခြင်းဝါဒ

၎င်းသည် ဧဒင်ဥယျာဉ်လူသားအပြစ်ကင်းစင်ကာလမှ နောက်ဆုံး ဘုရား သခင်၏ နိုင်ငံတော်တည်ထောင်သည့်ကာလအထိ ခြားနားသည့်ကာလပိုင်းခြား စီမံမှု အမျိုးမျိုး ကျမ်းစာ၌ စီတန်းလျက်ရှိကြသည်ဟူသော တင်ဆိုချက်ဖြစ်သည်။ စကိုဖီးလ် အမွှန်းပါသောကျမ်းစာ (Schofield Reference Bible)က ၎င်းဝါဒ ၏ ထောင့်ကို မှတ်ချက်များ၌ ရေးသားထားကြောင်း တွေ့ရသည်။ သို့သော်၊ ဒိစ ပန်ဆိုင်းရှန်ဆိုသည့် စကားလုံးသည် ခေတ်ကာလဟူသော အဓိပါယ်မရှိကြောင်းကို မှတ်သားရပါမည်။ ဤဝါဒက ထိုစကားလုံးကို သုံးမှားခြင်းဖြစ်သည်။

(ကျမ်းစာအဘိဓာန်ကိုကြည့်ပါ) (Bible Dictionary ကိုကြည့်ပါ)

DISPERSION

(Diaspora ကိုကြည့်ပါ)

DOCTRINE ဩဝါဒ

(လက်တင်ဘာသာ၊ docere’-သင်ကြားသည်။ အင်္ဂလိပ်‘ဒေါက်တာ)

ဤစကားလုံးကို အင်္ဂလိပ်ဘာသာပြန်ကျမ်းစာများ၌ တွေ့နိုင်သည်။ (ဟေရှာယ၊ ၂၈း၁၉-AV ကျမ်း၏ စာမျက်နှာဘေးမှတ်ချက်၌၊ ယောဟန်၊၇း၁၆၊ AV ဓမ္မဟောင်း၊ ဓမ္မသစ်မှ ဥပမာတစ်ခုစီပေးခြင်းသာဖြစ်သည်)။ ဤစကားလုံး၏ အဓိပါယ်မှာ ကျမ်းစာ၏ သွန်သင်ချက်များဟူ ဖြစ်သည်။ ၎င်းသည် ခရစ်ယာန် ယုံကြည်ချက်တစ်ခုလုံးတည်းဟူသော ယေဘုယျသွန်သင်ချက်ကို ရန်းထား သည့်အပြင် (၁တိ၊၄း၁၆)၊ ခရစ်ယာန်သွန်သင်ချက်ကြီးကို အပိုင်းပိုင်းဖြင့် လေ့လာ ခြင်းတည်းဟူသော အထူးသွန်သက်ချက်ကိုလည်း ရည်ညွှန်းထားသည်။ ဥပမာအားဖြင့်၊ ဘုရားသခင်နှင့်ဆိုင်သောဩဝါဒ၊ လူသား အပြစ်နှင့်ဆိုင်သော ဩဝါဒစသည့် ဘာသာရပ်များအဖြစ် ဓမ္မကျမ်းနှစ်ခုလုံး၏ သွန်သင်ချက်ကို လေ့လာခြင်းဖြစ်သည်။

စစ်မှန်သော ခရစ်ယာန်တစ်ဦး၏ဆက်ကပ်မှု၊ အတွေ့အကြုံခံစားမှုများ အား (ကျမ်းစာတော်)သွန်သင်ချက် ဩဝါဒမှ ခွဲခြားသီးသန့်ဖယ်ရှားရန်မှာ လိုလား အပ်သောအရာ မဟုတ်သည့်အပြင် မဖြစ်နိုင်သောအရာပင်ဖြစ်သည်။ ဘုရား သခင်ကို အမှန်တွေ့ကြုံခံစားခြင်းသည် ထိုဘုရားသခင်နှင့် ပတ်သက်သော အကြောင်းအရာကို ပြည့်စုံစွာ ဖော်ပြသည့် သမ္မာကျမ်း၏သွန်သင်ချက်နှင့် သဘောတူညီမှုရှိသည်။

DOCUMENTARY THEORY အထောက်အထားစာတမ်း သီအိုရီ

(၁၉)ရာစု ဂျာမန်ပညာရှင်နှစ်ဦးဖြစ်သော ဂရေဖ် (Graf) နှင့် ဝါလ်ဟောင်စန် (Wellhausen)ကာ မောသည် ပညတိ ကျမ်း(ဝါ)ငါးအုပ်ပေါင်း ချုပ် (Pentateuch- ကမ္ဘာဦးကျမ်းမှ တရားဟောကျမ်းအထိ)ကို ရေးသားခြင်း မပြုခဲ့ဟု ငြင်းဆိုကြသည်။ ဤဓမ္မဟောင်း၏ ပထမကျမ်း(၅)ကျမ်းသည် အခြား စာမူစာတမ်း(ဝါ)အရင်းအမြစ်များမှ ကောက်ယူကြပြီးတည်းဖြတ်သူ(အရင်းအမြစ် အမြောက်အမြားမှ စာမူများကို ကောက်ယူစုဆောင်းပြီး စာပေတစ်ခုပုံစံအဖြစ် ထုတ်လုပ်သူ၊ အယ်ဒီတာ)က စုပေါင်းတွဲချုပ်ထား ခြင်းဖြစ်ကြောင်း သူတို့ သိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

သူတို့ယူဆသော စာမူအရင်းအမြစ်များမှာ

၁။ စာမူစာတမ်း (J document) – ဘုရားသခင်ကို Jahweh(Yahweh ယာဝေ့) (အင်္ဂလိပ်ဘာသာပြန် “LORD”) ဟုခေါ်ဆိုသည့်ပညတ်တိကျမ်း၏အစိတ်အပိုင်းများ

၂။ E စာမူစာတမ်း (E document) – ဘုရားသခင်ကို သူ၏နာမဖြစ်သော Elohim က အီလောဟီးမ်(အင်္ဂလိပ် ဘာသာပြန် “GOD”)ဟုခေါ်ဆိုသည့် အစိတ်အပိုင်းများ

၃။ D စာမူစာတမ်း (D document) – Deuteronomy( တရားဟောရာကျမ်း )

၄။ P စာမူစာတမ်း (D document) – ယဇ်ပုရောဟိတ်ဆိုင်ရာ ကိစ္စ ဝိစ္စ များ(Priestly matters) နှင့်ပတ်‌သတ်သော၊ အထူးသဖြင့် ထွက်မြောက်ရာ ကျမ်း နှင့်ဝတ်ပြုရာကျမ်းအစိတ်အပိုင်း များ၊ ၎င်း အပိုင်းကို ဗာဗုလုန်ကျွန်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် တွင် ပေါင်းထည့်ခြင်းဖြစ်ကြောင်း ဆိုခဲ့ကြသည်။ ၎င်းသီအိုရီအား စတင်တီထွင်သူနှစ်ဦး၏အမည်ကို စွဲပြုပြီး ဂရေဖ် ဝါလ်ဟောင် စန်သီအိုရီ(Graf-Wellhausen Theory)ဟူ လည်း ခေါ်တတ်လေ့ ရှိသည်။ ဧဝံဂေလိ နည်းခံယူသော ပညာရှင် (evangelical scholars)များက ၎င်းသီအိုရီအား ငြင်းပယ်ကြပြီး ယခုအခါ၊ ခိုင်ခိုင်မာမာကိုင်စွဲသူဟူ ဧဝံဂေလိ နည်းကျ ခံယူသူမဟုတ်သောလူများ၌ပင် မရှိသလောက် ရှားလာပြီဖြစ်သည်။ သို့သော် ၎င်းအား အနည်းငယ်ဝိသေသပြုချဲ့ထွင်၊ ပြောင်းလဲသည့်ပုံစံအဖြစ်မူကား ယနေ့ထိပင် တွေ့ရှိနိုင်သည်။

DOGMA/DOGMATIC /ဒုတ်မာ-ဒုတ်မေးတစ်/ တရားသေ

(ဂရိဘာသာ၊ ‘dokeo’-တွေးတောထင်မှတ်သည်။ဟန်တူသည်၊ ကောင်းဟန်ရှိသည်) ၊

ဒုတ်မာစကားလုံးကို ကျမ်းစာ၌လောကအာဏာရှင်များက တရားသေ လိုက်နာမည့် အမိန့်ထုတ်ပြန်ရာတွင်လည်းကောင်း(ဥပမာ-ဒံယေလ၊ ၂း၁၃၊ ၆း၈၊ လုကာ၊ ၂း၁)၊ ဘုရားသခင်၏(တရားသေလိုက်လျှောက်ရမည့်) ပညတ်တော် ထုတ်ပြန်ခြင်းတွင်လည်းကောင်း(ဧဖက် ၂း၁၅၊ ကောလော၊ ၂း၁၄) အသုံးပြုသည်။ နောက်ပိုင်းတွင် ခရစ်ယာန်အသင်းတော် ဘာသာရပ် အစိတ်အပိုင်းတစ်ခုအပေါ် ယုံကြည်ချက်ကို ဖော်ပြရာတွင် အသုံးပြုလာကြသည်။ (ဥပမာ-ပုပ်ရဟန်းမင်း၏ အမှားအယွင်းကင်းခြင်း (Papal Infallibility)ဟူသော ရောမင်ကက်သလစ်၏ ဒုတ်မာ)။

၎င်းစကားလုံး၏ နာမဝိသေသနပုံစံ ဒုတ်မေးတစ် (Dogmatic) ကိုမူ ခရစ်ယာန် သွန်သင်ချက်အား ဖော်ပြရာတွင် အသုံးပြုသည်။ ဒုတ်မေးတစ် သီ‌ ဩော်လော်ဂျီ (Dogmatic Theology) နှင့် စနစ်ကျကျသီသော်လော်ဂျီ (Systematic Theology)သည် အနက်တူ အသံကွဲများဖြစ်ကြသည်။ လူသိများသော အသုံးအနှုန်း၌ ၎င်းဒုတ်မေးတစ်သည် အငြင်းဝါကျ၊ အဆိုပိုင်းသုံးစကားလုံး ဖြစ်ပြီး၊ “သူသည် အလွန် ဒုတ်မေးတစ်ဖြစ်သည် ́ဟုဆိုရာ၌၊ ထိုသူသည် သူ့ခံယူ ချက်ကိုသာ တယူတန်၊ ခေါင်းမာမာဖြင့် ကိုင်စွဲကာ အခြားခံယူချက်၊ ထောင်မျိုး ရှိနိုင်ကြောင်းကိုလည်း အသိအမှတ်မပြုလိုဟူ လည်း ဆိုလိုခြင်းဖြစ်သည်။

DOMAIVERSION ဒိုဝိုင်ဘာသာပြန်ကျမ်းစာ

ဇွဲ(Douai)သည် ပြင်သစ်နိုင်ငံ မြို့တစ်မြို့ဖြစ်သည်။ ၁၆၀၉ တွင် ထိုမြို့၏ ရောမင်ကက်သိုလစ်ကောလိပ်၌ ကျမ်းစာကို လက်တင်ဘာသာစကား ဗူလ်ဂိတ် ဘာသာပြန်(Vulgate)အား အခြေခံပြီး အင်္ဂလိပ်ကျမ်းစာအဖြစ် ဘာသာပြန်ခဲ့ကြ သည်။ ထိုဒိုဝိုင်ဘာသာပြန်အား ခေတ်သစ်ပိုဆန်သောဘာသာပြန်များ (နုခ်စ် (Knox) ၁၉၄၉ နှင့် ယေ လင်ကျမ်းစာ (The Jerusalem Bible) ၁၉၆၆) မပေါ်ထွန်းမီကာလလုံး ရောမင်ကက်သိုလစ်၏ကျမ်းစာအဖြစ် လက်ခံခဲ့ကြသည်။

DOUBLET / ဒါဘလိထ်/နှစ်ခါပြန်ပြောဆိုခြင်း

‘နှစ်ကြိမ်နှစ်ခါထပ်ပြောဆိုခြင်း” (ဝါ) “ပုံပြင်နှစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံ ကျမ်းစာ၏ ပြောဆိုချက်(ဝါ)ပုံပြင်သည် မတူညီသော အခါသမယနှစ်ခု၌ ရှိတတ် သည်။ တချို့လူများက ၎င်းတို့နှစ်ခုမှတစ်ခုသည် အသေးစိတ်ပိုင်း၌ နည်းနည်း ကွဲပြားသော အခြားတစ်ခု၏မိတသာဖြစ်သည်ဟု ဆိုကြသည်။ မာကု၊၈ မှ လူလေးထောင် ကျွေးမွေးတော်မူခြင်းသည် အများပိုရင်းနှီးသော မာကု၊၆ မှ လူငါးထောင်ကျွေးမွေးတော်မူခြင်းကို ထပ်ပြောဆိုသော အဖြစ်အပျက်စကားသာ ဖြစ်သည်ဟုဆိုကြသည်။ သို့သော်၊ ကျမ်းစကားကို ထိန်းသိမ်းကာကွယ်သူပညာရှင်များ (Conservative scholars)က ၎င်းတို့ကို ခြားနားသော အဖြစ် အပျက်နှစ်ခုဟု မြင်ကြသည်။ ယေရှုကလည်း နှစ်ခုဖြစ်ကြောင်း ရည် သုံးခဲ့ သည်(မာကု၊ ၈း၁၉၊၂၀)။

DOUBT (ကြိယာ၊ နာမ်) သံသယရှိသည်၊ သံသယ

အကြောင်းအရာတစ်ခုအား မယုံကြည်လို ယုံကြည်ရန် ဆိုင်းနေခြင်း ကို ဆိုလိုသည်။

ဘာသာရေးသုံး(ဝါ)ခရစ်ယာန်သုံး ရှေ့နောက်အဆက်အစပ်စကား (Christian Context) ၌၊ သံသယအဆင့်ဆင့်ရှိသည်။

၁။ မယုံကြည်သူများ၏ အသိာဏ်ပိုင်းသံသယ၊ ကျမ်းစာအပေါ် မယုံ သံသယဖြစ်ခြင်းဖြစ်သည်။

၂။ မယုံကြည်သူများ၏ လက်တွေ့ပိုင်းသံသယ။ ကျမ်းစာမှန်ကန်သည်ဟုယုံကြည်သော်လည်း အသက်တာတွင် လက်တွေ့လိုက်နာကျင့်သုံးရန်မလိုဟုမြင်ကြသည်။

၃။ အခါပေါင်းများစွာ၌၊ ယုံကြည်သူများသည် ဘုရားသခင်၏ကတိတော်များကိုလက်တွေ့အသုံးချရန် မဝံမရဲ သံသယထားတတ်ကြသည်။ သူတို့ ကျမ်းစာကို ပြန်ဖတ်လာသည်နှင့်အမျှ ဘုရားသခင် ပြန်ကယ်ထုတ်နိုင်သော အသိစိတ် အခြေအနေဖြစ်သည်။

၄။ အခါပေါင်းများစွာ၌၊ ယုံကြည်သူများသည် သူတို့၏ ကယ်တင်ခြင်းကိုပင်သံသယထားတတ်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်က စိတ်ချမှု ယူဆောင်လာပေးခြင်းဖြင့် ပြန်ကယ်ထုတ်နိုင်သော အသိစိတ်အခြေအနေ ပင်ဖြစ်သည်။

 

DUALISM /ခွာလီဇမ်/တူညီသောအရာနှစ်ခု (ဝါ) ပေါင်းစည်းသောအရာနှစ်ခုဝါဒ

ဤစကားလုံးကို ဘာသာရပ်အထွေထွေ၌ အသုံးပြုနိုင်သည်။ ဥပမာစိတ်ပညာ အသုံးအနှုန်း၌၊ ဇာလီဇမ်သည် မတူညီသော အရှိတရားနှစ်ခု စိတ်နှင့် ရုပ်ဝတ္ထု ကို ရည်ညွန်းသည်။

သီသော်လော်ဂျီ၌မူ၊ ဇာလီဇမ်သည် ဘုရားသခင်နှင့်စာတန်(ဝါ) အကောင်းဆုံးနှင့် အဆိုးတို့သည် ပူးတွဲညီမျှသော သက်ရှိများ(ဝါ)အခြေခံတရား များ အသီးသီးဖြစ်ကြသည်ဟူသော ယုံကြည်ခံယူချက်ကို ရည် သုံးသည်။ သမ္မာကျမ်းနည်းကျ ခရစ်ယာန် ယုံကြည်ခြင်းက ၎င်းဝါဒကို လုံးဝငြင်းပယ်သည်။ ဖန်ဆင်းခံသတ ဝါသာဖြစ်သော စာတန်နှင့်သူယူဆောင်လာသော မကောင်းမှု သည် ဘုရားသခင်၊ ကောင်းမှုတို့နှင့် ပူးတွဲညီမျှခြင်းမရှိနိုင်ပေ။

(Monism ကိုကြည့်ပါ)

ECCLESIOLOGY အသင်းတော်နှင့်ဆိုင်သောဩဝါဒ/ အဂ္ဂလီရှီယိုလော်ဂျီ

(ဂရိဘာသာ၊ ‘ekklesia’- အစုအဝေး)

အသင်းတော်ဇစ်မြစ်သဘာဝ၊ ကျင့်ဝတ်တရား၊ အုပ်ချုပ်ပုံ စသည်တို့ကို လေ့လာသည့် ဘာသာရပ်ဖြစ်သည်။

ECLETIC/ အစ်ဂလက်တစ်ဘက်စုံနည်းနာ‌ရွေးချယ်ရေးသားခြင်း၊

(ဂရိဘာသာ၊ ‘ek-legein’- နေထိုင်ရာကမ္ဘာမြေကြီး)

ဓမ္မသစ်ဘာသာပြန်များ ပြန်ဆိုရေးသားရာတွင် အသုံးပြုသော စကားလုံးဖြစ်ပြီး ကနဦးဂရိလက်ရေးစာမူစာအုပ်ထက်များကို စာအုပ်များကို ပေါင်းစု ၎င်းစုပေါင်းစာအား အရင်းအမြစ်ပြုကာ ဘာသာပြန်ဆိုခြင်းပြုကြသည် ဟု ဆိုလိုသည်။

ECUMENICAL/ အီခူးမီနီကာလ်/တစ်ခုလုံးတစ်ရပ်လုံး

(ဂရိဘာသာ၊ ‘oikoumene’ နေထိုင်ရာကမ္ဘာမြေကြီး)

အင်္ဂလိပ်စာ၌ ‘oecumenical’ ဟူ လည်း စာလုံးပေါင်းတတ်ကြသည်။ ‘oikoumene’ ဟူသော စကားလုံးကို ဓမ္မသစ်ကျမ်း၌ ၁၅ ကြိမ်တွေ့နိုင်သည်။ (ဥပမာ- မ၊၂၄း၁၄၊ တမန်၊ ၁၇း၃၁၊ ပြီးလျှင် လုကာ၊ ၂း၁၊ တမန်၊ ၁၁း၂၈ နှင့် နောက်ပိုင်းသည် ရောမအင်ပါယာ(ဝါ)ကမ္ဘာတစ်ခုလုံး၏ အကျဉ်းချုံ့ဖြစ်သည်)

ကနဦးအသင်းတော်၌ သူတို့၏ကောင်စီများကို အဲခယူးမီနီကာလ် အသင်းတော်ကောင်စီဟု စတင်ခေါ်ဝေါ်ကြပြီး ထိုခေတ်ထိုကာလ၌ရှိသော အသင်းတော်တစ်ခုလုံး တစ်ရပ်လုံးကို ဆိုလိုခြင်းဖြစ်သည်။ ရောမင်ကက်သိုလစ် အသင်းတော်ကလည်း ၎င်း၏ကောင်စီများကို အဲခယူမီနီကာလ်ဟု ခေါ်ဝေါ်ခဲ့သော်လည်း အသင်းတော်တစ်ရပ်လုံး မဟုတ်ဘဲ ရောမင်ဘက်သိုလစ် အသင်းတော်တစ်ခုလုံးကိုသာ ဖော်ဆောင်သည်။

(၂၀)ရာစု၌ ခဲခယူမီနီကာလ်ခေါ် ဂိုဏ်းပေါင်းစုံလှုပ်ရှားမှု (ecumenical movement) တစ်ရပ် ပေါ်ပေါက်ခဲ့ပြီး ၎င်းလှုပ်ရှားမှုသည် ဂိုဏ်းဂဏပေါင်းစုံမှ အသင်းတော်များ မိတ်ဖွဲ့စုစည်းခြင်းဖြစ်သည်။ ၁၉၄၈ ၌ ကမ္ဘာ့အသင်းတော်များကောင်စီ (The World Council of Churches)ကို ဖွဲ့စည်းခဲ့ကြသည်။ စာပေ ထွန်းကားလာချိန် (၁၉၈၈)၌ ၎င်းဂိုဏ်းပေါင်းစုံလှုပ်ရှားမှုသည် အင်္ဂလီကန် အသင်းတော် (Anglican Church)အား ရောမင်ကက်သိုလစ်အသင်းတော်နှင့် ပိုမိုနီးစပ်သောမိတ်ဖွဲ့၊ ပေါင်းဖော်မှုဆီသို့ ခေါ်သွင်းနိုင်ရန် ကြံဆောင်လှုံ့လပြုခဲ့ သည်။ အင်္ဂလီကန်-ရောမင်ကက်သလစ်အပြည်ပြည်ဆိုင်ရာ ကော်မရှင် (The Anglican// Roman Catholic International Commission (ARCIC)) ဆိုသည်မှာ- ထိုနီးစပ်သော ပေါင်းစည်းမှုကိုရရှိရန် ကြိုးစားနေကြသည့် နှစ်ဘက်အသင်းတော်များမှ ကိုယ်စားလှယ်များအဖွဲ့ဖြစ်သည်။

EFFECTUAL CALLING ထိရောက်သောခေါ်ခြင်း

သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်အားဖြင့်၊ ဘုရားသခင်သည် အပြစ်သား အချို့ (သီးသန့်)ကို ခရစ်တော်အား မိမိအပြစ်သယ်ဆောင်သူအဖြစ် ယုံကြည်လာစေရန် ခရစ်တော်၌ ယုံကြည်ခဲ့ပြီးသော အခြားအပြစ်သားများအား ခေါ်ဖိတ်သည့်နည်းတူ ခေါ်ဖိတ်နေသည်။ ထို “ခေါ်ဖိတ်ခြင်း” သည် “ထိရောက်မှု ရှိသောကြောင့် “ထိရောက်သောခေါ်ခြင်း ဖြစ်သည်။ အပြစ်သားများသည် ဘုရားခေါ်သံအား နှလုံးသားဖြင့်ကြား တုံ့ပြန်ကြသည်။

ကျမ်းစာတစ်ချက်က “ခေါ်တော်မူသောသူအများ ရှိသော်လည်း၊ ရွေးကောက်တော်မူသောသူ နည်းသည်”(မ၊၂၂း၁၄)ဟု ဆိုထားသည်။

ဧဝံဂေလိသတင်း ဟောပြောခြင်းဖြင့် လူအများ နားထောင်ကြားယောင်နေသော အပြင်ပန်းခေါ်ခြင်း(ဝါ)ခေါ်သံရှိကြောင်း ဤနေရာက ပြသထားသည်။ ထိုသို့ ကြားရသူများက အတွင်းကျကျ တုံ့ပြန်သည်ဟူ မရှိပေ။ အခြားတဘက်၌မူ၊ “ကောက်တော်မူသောသူ” အနည်းငယ်သည်သာ အတွင်းကျကျ ခေါ်ခြင်း ခံရပြီး ကယ်တင်ခြင်းခံရသူများဖြစ်ကြသည်။

ELECTION ကြိုတင်ခွဲခန့်‌ရွေးချယ်တော်မူခြင်း

ရွေးချယ်ခြင်းအမှုဖြစ်သည်။

ဣသရေလတိုင်းနိုင်ငံတစ်ခုလုံး ချယ်ခံခဲ့ကြသည်(ဟေရှာယ၊ ၄‌၅း၄)။ မေရှိယသည် ရွေးချယ်ခံရသူဖြစ်သည်(ဟေရှာယ၊ ၄၂း၁)။ ခရစ်ယာန်ယုံကြည်သူ များသည် ခရစ်တော်၌ သန့်ရှင်းသူများ(ခရစ်တော်အတွက် သီးသန့်ဖယ်ထားခြင်း ခံရသူများ ဖြစ်နိုင်ရန် ဘုရားသခင် ချယ်သောလူမျိုးစုဖြစ်သည်။ ထိုချယ် ခြင်းကို ကပ်ကမ္ဘာမတည်မရှိမီကပင် ဘုရားသခင်ပြုခဲ့သည်(ဧဖက်၊ ၁း၄ ၂သက် ၂း၁၃)။

(Foreknowledge ကိုကြည့်ပါ)

(Bible Dictionary ကိုကြည့်ပါ)

ESCHATOLOGY/ အက်စ်ခါတိုလော်ဂျီ/အနာဂတ်၊ ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်ဆိုင်သောဩဝါဒ(ဂရိ- ‘eschatos’ နောက်ဆုံး)

နောက်ဆုံးဖြစ်ပျက်မည့်အရာကို လေ့လာသည့် ဗေဒဖြစ်သည်။ ပုဂ္ဂိုလ် ချင်းနှင့်ဆိုင်သော အက်စ်ခါတလော်ဂျီသည် ယုံကြည်သူ၊ မယုံကြည်သူမည်သူမဆို တစ်ဦးတစ်ယောက်၏ နောက်ဆုံးအချိန်-သေခြင်းနှင့် ဘဝကံကြမ္မာကုန်ဆုံးခြင်း နှင့်ပတ်သတ်သည်။ အထွေထွေအက်စ်ခါတိုလော်ဂျီ (General Eschatology) ဆိုသည်မှာ-ဒုတိယအကြိမ် ကြွလာတော်မူခြင်း၊ ကာလအချိန်ကုန်ဆုံးခြင်း၊ ထမြောက်ခြင်းအထွေထွေ၊ အပြစ်တရားစီရင်သည့်နေ့ရက်၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်စသည့် အနာဂတ်များကို လေ့လာခြင်းဖြစ်သည်။

(Realised Eschatology) မှန်းသိနိုင်သော အက်စ်ခါတိုလော်ဂျီ

မှန်းသိနိုင်သော အက်စ်ခါတိုလော်ဂျီဟူသည့်စကားစုကို စီ၊ အိတ်ချ်။ ဒုတ်ဒ်(C.H.Dodd)က ၁၉၃၅ တွင် အစအဦးဆုံး သုံးနှုန်းခဲ့သည်။ သူက ဘုရားသခင်၏နိုင်ငံတော်နှင့်အတူ ခရစ်တော်၏ကြွလာခြင်းသည် ယနေ့ပင် လူ့သမိုင်းထဲသို့ ဝင်ရောက်ခဲ့ပြီ၊ ထိုသို့ ဝင်ရောက်နေပြီဖြစ်ကြောင်းနှင့် ဖြစ်ပျက်နေ ပြီဖြစ်ကြောင်းကို သိနိုင်ပါသည်ဟု ဆိုခဲ့သည်။

“ဘုရားသခင်၏နိုင်ငံတော်မှာ သင်တို့၏ အထဲ၌ရှိသည်”ဟု ယေ ပြောဆိုခဲ့သည်(လုကာ၊ ၁၇း၂၁)။ ထို့ကြောင့် ဘုရားသခင်၏နိုင်ငံတော်သည် ယခုပင် မြေကြီးပေါ်၌ တည်နေကြောင်း ယုံကြည်ရန် အခက်အခဲမရှိပါ။ သို့သော် မှန်းသိနိုင်သော အက်စ်ခါသိုလော်ဂျီ (Realised Eschatology) ကို ကိုင်စွဲပြီး ဘုရားသခင်၏နိုင်ငံတော်ပြည့်စုံခြင်းအား မြေကမ္ဘာပြည်သူပြည်သားရှေ့နောက်ဆုံး (‘eschaton’) ပြသခြင်း ရှိတော့မည်မဟုတ်ဟု အနက်ဖွင့်မိပါက ကြီးမားသော အန္တရာယ်ပင်။

ETERNITY (Attributes of God ကိုကြည့်ပါ)

Attributes of God ကိုကြည့်ပါ)

EUTYCHIANISM ယူတီချီယမ်းနီဇမ်) ၊

ယူတီခီစ် (Eutychesကွယ်လွန်၊ အေဒီ ၄၅၄)က သခင်ယေ ခရစ်၌ ဘုရားဇာတိပုဂ္ဂိုလ်တစ်စုတည်းသာ ရှိသည်ဟု သွန်သင်ခဲ့သည်။

EVANGELICAL/ ဧဗင်ဂျလီကာလ်/ဧဝံဂေလိနည်းကျကျခံယူသူ

(ဂရိဘာသာ ‘euangelion’ နာမ်သတင်းကောင်း) ဧဝံဂေလိနည်းကျကျခံယူသူ ခရစ်ယာန်များက နှုတ်ကပတ်ကျမ်းစာ ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိသည် လူသားမျိုးနွယ်စုအား ဘုရားသခင် ဖွင့်ပြသော နှုတ်တော်ထွက်စကားဖြစ်သောကြောင့် ယုံကြည်ချက်နှင့် ကျင့်ဝတ်တရားများကို ပြသသည့်အရာဖြစ်ကြောင်း ယုံကြည်ကြသည်။ ထိုသို့ ကျမ်းစာကို ယုံကြည်ထားကြသောကြောင့်၊ ၎င်းတို့က ဘုရားသခင်၏သားတော် ယေရှု ခရစ် သည် သူ၏လူများအတွက် ကိုယ်စားခံ စတေးခဲ့ကြောင်းနှင့် သူတို့ဖြောင့်မတ်ခြင်း ရရှိနိုင်ရန် ပြန်လည်ထမြောက်ခဲ့ကြောင်းကို ယုံကြည်ကြသည်။ အခြားခရစ်ယာန် ယုံကြည်ချက်ဩဝါဒအားလုံးကိုလည်း သူတို့ ယုံကြည်ကြသည်။ ကျမ်းစာအပေါ် ဤသို့မြင်သော အချက်ကလေးက ဧဝံဂေလိနည်းကျကျ ခံယူသူများ (evangelicals) ကိုလွတ်လပ်စွာတွေးခေါ်သောဝါဒီများ (Liberals) နှင့် ကွာခြားစေသည်။

ဧဗင်ဂျလီကာလ်ဟူသော စကားလုံးသည် နာမ်ပုံစံသာ မကဘဲ နာမ ဝိသေသနပုံစံလည်းဆောင်သည်။ ပုဂ္ဂိုလ်ဆိုလျှင် ဇဗင်ဂျလီကာလ်ဟု ခေါ်ဆိုရပြီး၊ အသင်းတော်ဖြစ်ပါက ဇဗင်ဂျလီကာလ်အသင်းတော် (Evangelical Church) ဟုခေါ်ရသည်။

အခြားနာမဝိသေသနပုံစံ ‘evangelistic’ သည်နာမ်ပုံစံ ‘evangelism’ နှင့် ကြိယာပုံစံ ‘evangelise’ များကဲ့သို့ပင် အသင်းတော်နှင့် “ယုံကြည်သူ လူများ၏(ဝိညာဉ် ဖမ်းခြင်း) လှုပ်ရှားမှုကို ဖော် န်းသည်။ ဧဝံဂေလိပိုင်းဆိုင်ရာ အစည်းအဝေး(ဝါ)အစီအစဉ် (Evangelistic Meeting) ဆိုသည်မှာ-ဧဝံဂေလိ သတင်းကို ဟောပြောရသော အစည်းအဝေးဖြစ်သည်။

EVOLUTION ဆင့်ကဲသီအိုရီ

(လက်တင်ဘာသာ၊ ‘evolution’ – စာလိပ်ဖြန့်ထားခြင်း) တိရစ္ဆာန်နှင့်လူသား၏အသက်သည် ရှေးကျသော သမိုင်းဦးပုံစံလေး များမှ ဖွံ့ဖြိုးလာခြင်းဖြစ်သည်ဟုဆိုသော သီအိုရီဖြစ်သည်။ ၎င်းသီအိုရီသည် အသက်၏အစကိုမူ မပြသနိုင်ချေ။

ကျမ်းစာက(ကမ္ဘာ၊၁-၂ နောက်ပိုင်း) ဘုရားသခင်သည် ဖန်ဆင်းခြင်း၊ နှင့်ကင်းလွတ်ပြီး အသက်အားလုံး၏ ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့် လူသည် အဖန်ဆင်းခံ အရာအားလုံး၏သရဖူ၊ ဘုရား၏ပုံသဏ္ဌာန်ဖြင့် ဖန်ဆင်းခံရသူ ဖြစ်ကြောင်း သွန်သင်ထားသည် (ကမ္ဘာ၊ ၁း၂၆-၂၇)။

ဘုရားရှိကြောင်း ယုံကြည်သော ဆင့်ကဲသီအိုရီ (The Theory of Theistic Evolution)က ဘုရားသခင်သည် သတ ဝါအားလုံးကို အချိန်ကာလ ကြာမြင့်စွာ ဆင့်ကဲဆင့်ကဲ ဖွံ့ဖြိုးစေသောနည်းဖြင့် ဖန်ဆင်းခဲ့သည်ဟု သွန်သင်သည်။

EXCOMMUNICATION မိတ်ဖြတ်ခြင်း၊ အသင်းတော်မှ နှင်ထုတ်ခြင်း

စည်းကမ်းစောင့်ထိန်းသည့်အနေဖြင့်၊ (စည်းကမ်းဖောက်ဖျက်သူ) အသင်းဝင်အား အသင်းတော်၏မိတ်သဟာယဖွဲ့ခြင်းမှ နှင်ထုတ်သည့် ကျင့်စဉ် ဖြစ်သည်။ ဓမ္မဟောင်းစာကိုယ်များ၌လည်း ၎င်းကျင့်စဉ်မျိုးပါဝင်သည် (ထွက်၊ ၃၀း၃၃၊ ဝတ်၊ ၁၃း၄၆၊ ၁၇း၁၄)။

ဓမ္မသစ်ကျမ်း၌ အရေးတကြီးဖော်ပြသည့်စာကိုယ်၊ ကျမ်းပိုဒ်တစ်ခုမှာ၁ကော၊ ၅း၁-၈ ဖြစ်သည်။ တစ်ဖန်၊ ၁တိ၊ ၁း၂၀ ၌လည်း ရှင်ပေါလုက “စာတန် လက်သို့အပ်’ခြင်းအကြောင်းကို ပြောဆိုထားသည်။ ၂ကော၊ ၂း၅-၁၁ ၌မူ၊ အသင်းတော်၏စည်းကမ်းကို သက်ညာစွာ ကိုင်တွယ်ကြရန် ကောရိန္တု အသင်းတော်အား ရှင်ပေါလု စေခိုင်းခဲ့သည်။

မည်သည့်အခြေအနေမျိုး၌ အသင်းတော်မှ နှင်ထုတ်ခြင်းကို ပြုသင့် ကြောင်း သွင်ပြင်လက္ခဏာတချို့ကို မဲ၊ ၁၈း၁၅-၁၅ တွင် ဖော်ပြထားသည်။ ဓမ္မသစ်ကာလ နောက်ပိုင်း၌ ဤကျင့်စဉ်ကျယ်ပြန့်လာခဲ့သည်။

EXEGESIS / အဂ်ဇိဂျီးဆစ်/ကျမ်းစကားအနက်ကို ဆွဲထုတ်ရှင်းပြခြင်း၊

(ဂရိဘာသာ၊ ‘exegeomai’- အပြင်သို့ ခေါင်းဆောင်သည်၊ဆွဲနုတ်သည်)

အဂ်ဇီဂျီးဆစ်ဟူသည် ကျမ်းပိုဒ်၏အဓိပါယ်အား ဖော်ထုတ်ရှင်းလင်းခြင်း နှင့် နားလည်အောင်လုပ်ခြင်းဖြစ်သည်။ တိကျမှန်ကန်သော အဂ်ဇီဂျီးဆစ်လုပ်နိုင် ရန် သမ္မာကျမ်းစာ ဘာသာများဖြစ်သော ဟေဗြဲဘာသာနှင့် ဂရိဘာသာ တတ် ကျွမ်းမှုလိုအပ်သည်။ ထို့အပြင်၊ ထိုးချယ်ထားသောအပိုင်း၏ နှုတ်ကပတ်ကျမ်း အတွင်း ရပ်တည်ချက်၊ ကျမ်းစာသွန်သင်ချက်တစ်ခုလုံး၌ ၎င်း၏ကဏ္ဍ၊ ၎င်း၏အမျိုးအစား(အမျိုးအစားဆိုသည်မှာ-ကဗျာအလင်္ကာမျိုး၊ ပုံဥပမာမျိုး၊ ဖြစ်ရပ် ပုံပြင်မျိုး၊ ဩဝါဒမျိုးတို့ဖြစ်သည်) သမိုင်း (ဝါ)ပထဝီများနှင့် ၎င်း၏ဆက်နွယ်မှု စသည်ကျမ်းပိုဒ်တစ်ပိုဒ်၏ အကြောင်းအရာကိုလည်း သိကျွမ်းရန် လိုအပ်သည်။

တရားဟောဆရာတစ်ယောက်က နှုတ်အားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ် စေ ကျမ်းပိုဒ်တစ်ခုကို ဖွင့်ဆိုဝေငှခြင်း (Exposition)ပြုရာတွင် သူ၏ဖွင့်ဆိုဝေငှမှု သည် သူလုပ်ပြီးခဲ့သော အင်္ဂဇီဂျီဆစ်အပေါ် အခြေခံရမည်ဖြစ်သည်။ အခြား တရားဟောဆရာတစ်ဦး၏ကျမ်းစာမှ တိုက်က်ဖော်ထုတ်ချက်ကိုဖြစ်စေ၊ အဖွင့်ဋီကာကျမ်း၏ဖွင့်ဆိုချက်ကိုဖြစ်စေ ကောက်ယူရမည်ဖြစ်သည်။

EXISTENTIAL/အက်ဇစ တင်းရှားလ်/ဘဝကံကြမ္မာကို ဖန်တီးပြုပြင်ခြင်း

ယင်းစကားလုံး၌ လူသိများသော သီသော်လော်ဂျီအသုံးအနှုန်း (popular-theological use) နှင့်နည်းစနစ်ဆန်သော သီဪလော်ဂျီအသုံးအနှုန်း (technical-theological use)ဟူ အသုံးအနှုန်းနှစ်မျိုးရှိသည်။

ယုံကြည်ခြင်းသည် ဘဝကိုပြုပြင်သူဖြစ်သည်ဟု ကျွန်ုပ်ပြောဆိုပါက ဆိုလိုရင်းသည် ကျွန်ုပ်၏တည်ရှိခြင်းတည်းဟူသော ကျွန်ုပ်၏ဘဝနှင့် ကျွန်ုပ်၏ အတွေးအခေါ်အပေါ် ထိုယုံကြည်ခြင်း၏ အကျိုးသက်ရောက်မှုရှိကိုရှိသည်ဟူ ဖြစ်သည်။ ထိုအချက်သည် ပုဂ္ဂိုလ်ချင်းနှင့်ဆိုင်သော အရေးကြီးလှသည့် ယုံကြည် ခြင်းဖြစ်ပြီး ဘုရားသခင်နှင့် ဆက်နွယ်မှုလည်းဖြစ်သည်။ ၎င်းသည် လူသိများသော သီသော်လော်ဂျီ၏ဆိုလိုရင်းဖြစ်ပြီး သမ္မာကျမ်းနည်းကျသော အဓိပါယ် ဆိုလိုရင်းလည်းဖြစ်သည်။ ဝိညာဉ်ရေးအတွေ့အကြုံများကို စိတ်နှလုံးအရှိအတိုင်း ခံစားရေးစပ်သော ဓမ္မသီချင်းများ (Subjective hymns) သည်လည်း ဤ ထောင့်ကို ရောင်ပြန်ဟပ်လျက်ရှိကြသည်။

များများမကြာသောနှစ်များ၌၊ နယူ-အုရ်သိုဒုဇီ (neo-orthodoxy)၏ အစချီခြင်းနှင့်အတူ၊ အက်ဇစ ထင်ရှားလ်၏ နည်းစနစ်ဆန်သောအဓိပ္ပါယ် (technical meaning) ကို ဆည်းပူးရယူခဲ့ကြပြီး ၎င်းရယူချက်အရ (ကျမ်းစာတော်) အခွင့်တန်ခိုး အာဏာကို ငြင်းပယ်ခဲ့ကြသည်။ ၎င်းဝါဒသစ်က တည်ရှိခြင်းဘဝ၊ အတွေ့အကြုံခံစားမှု၊ သဘာဝထက်လွန်ကဲသောအရာများအား အမှတ်တမဲ့ရင်ဆိုင်တွေ့ကြုံရခြင်းများသည် အရေးကြီးသောအရာများဖြစ်ကြသည် မှန်သော် လည်း နှုတ်ကပတ် သမ္မာတရား၏ရယ်ချက် ယုံကြည်မှု မပါဝင်ခဲ့လျှင်လည်း တွေ့ကြုံနိုင်ပါသည်ဟု ဆိုလာခဲ့သည်။ ကေဂက် (Kierkegaard)၏ စကားစု ဖြစ်သော “မှောင်ထဲသို့ ခုန်သည်” ဟူသည့် အချက်ကလည်း အသိတရားနှင့် ဆက်နွယ်မှုမရှိသော အတွေ့အကြုံသမား ထိုဝါဒီများ၏ ခံယူချက်ကို ခြုံငုံမိသော စကားဖြစ်သည်။

EX NIHILO ဗလာနတ္ထိဖန်ဆင်းခြင်း ၊

(လက်တင်ဘာသာ-ဘာမျှမရှိသောအရာမှ) ဖန်ဆင်းခြင်း အဖြစ်အပျက်၌ အသုံးပြုသော စကားစုဖြစ်သည်။ ဘုရားသခင်သည် ဗလာနတ္တိမှ မြေကြီးကို ဖန်ဆင်းခဲ့သည်။ ဆိုလိုသည်မှာရှိပြီးသား ဝတ္ထုပစ ည်းတစ်ခုခုအားဖြင့် ပြုလုပ်ခြင်း မဟုတ်ဟူ ဖြစ်သည်။

EX OPERE OPERATO

(OPUS/Operatum ကိုကြည့်ပါ)

EXPERIENTIAL/EXPERIMENTAL/အဂ်စပီးရီးယမ်းရှားလ်/ရီဗင်တာလ် ခံစားတွေ့ကြုံမှု ဖြင့် စစ်ဆေးခြင်း(လက်တင်ဘာသာ၊ စမ်းစစ်သည်) ၊

အဂ်စပီးရီယမ်းရှားလ်သည် ‘experience’ (အတွေ့အကြုံ)၏ နာမ ဝိသေသန ပုံစံဖြစ်ပြီး ကြိယာ ‘to experiment'(စမ်းသပ်၊ ဓါတ်ခွဲရန်/သည်)မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ဤနေရာ၏ဆိုလိုချက်မှာ “တစ်ဦးတစ်ယောက်အား အမှန်ယုံကြည်ထိုက်သူ ဟုတ်၊ မဟုတ်စမ်းစစ်၊ ရှာဖွေခြင်း ဖြစ်သည်။ ထို့ကြောင့် အထက်ပါစကားလုံးများသည် သံကွဲ၊ ကြောင်းကွဲများဖြစ်သော်လည်း လိုရင်း အဓိပါယ်တူညီကြသည်။ ဘုရားသခင်ကို သိခြင်း၊ ခရစ်တော်ကိုသိခြင်း၊ နှုတ်ကပတ်ကျမ်းစာ၏ ကတိတော်များကိုသိခြင်း၊ ဝိညာဉ်ရေးသမ္မာတရားကိုသိခြင်း စသည့်အရာများကို ဦးနှောက် အသိသက်သက်ဖြင့်မဟုတ်ဘဲ ပုဂ္ဂိုလ်ချင်း ခံစား တွေ့ကြုံမှုဖြင့် မြည်းစမ်းစစ်ဆေးခြင်းကို ဤစကားလုံးများက ဆိုလိုခြင်းဖြစ်သည်။

မှတ်သားရန်တစ်ခုမှာ- ၎င်းစကားလုံးများကို ဤနေရာမျိုးတွင် အသုံးပြု ရာ၌ “တစ်စုံတစ်ရာအား အကျိုးပေး၊ မပေးစစ်ဆေးနေခြင်း” မျိုးမဟုတ်ကြောင်းပင် ဖြစ်သည်။ ခရစ်ယာန်၏ဘုရားကို အာရုံစူးစိုက်မြပ်နှံမှုရပ်ဝန်းတွင်-အဂ်စပီး ရီမင်တာလ် (Experimental)သည် “ငါ့ခံစားမှု အတွေ့အကြုံနှင့် ဘုရားသခင်ကို မြည်းစမ်း၊ စစ်ဆေးတဲ့အခါမှာ သူရဲ့စစ်မှန်မှုကို တွေ့ရတယ်”ဟူသည့် အချက်ကို ဆိုလိုသည်။

FAITH ယုံကြည်ခြင်း

သီသော်လော်ဂျီပညာရှင်များက ယုံကြည်ခြင်းကို အောက်ပါအချက် များဖြင့် ခွဲခြားထားကြသည်။

၁။ (Notitia) “နိုတီရှား” – အကြောင်းအရာမှန်ကို သိခြင်း (လက်တင်ဘာသာ- ‘notitial အတွေးအခေါ်၊ အသိပညာ၊ အင်္ဂလိပ်ဘာသာ ‘notion’ အတွေးအမြင်၊ အယူအဆ)။

၂။ အက်စ်စန်ဆက်စ် (Assensus) – အကြောင်းအရာဖြစ်ရပ်များမှန်ကန်ကြောင်းအသိအမှတ် ပြုခြင်း(လက်တင်ဘာသာ၊ ‘assensus’- အပြင်ပန်းအားလုံး မှန်ကန်သည်၊ အင်္ဂလိပ်ဘာသာ ‘assent’ – သဘောတူသည်)။

၃။ “ဖီးဒူးရှား ́ (Fiducia) – အကြောင်းအရာ၊ ဖြစ်ရပ်မှန်အပေါ် ပုဂ္ဂိုလ်ချင်းဆိုင်ရာကိုးစား၊ ပုံအပ်မှုပြုပြီး မှန်ကန်ကြောင်း ယုံ ကြည်ခြင်း (လက်တင်ဘာသာ –’fducia’- စိတ်ချမှုအခြေအမြစ်)

ထို့ကြောင့် ။ ။ (၁) ယေ ခရစ်နှင့် ပတ်သက်သောအကြောင်းအရာမှန်အားလုံးကို “နိုတီရှား ́ ရှိသည်။ (ကျွန်ုပ်မယုံနိုင်သေးပါ) (၂) ဖြစ်ရပ်အားလုံးမှန်ကန်ကြောင်း ကျွန်ုပ် “အက်စန်ဆက်စ်” ပေးနိုင်သည်။ (မှန်ကန်ကြောင်းကို ကျွန်ုပ်အသိအမှတ်ပြုသော် လည်း၊ ၎င်းဖြစ်ရပ်က ကျွန်ုပ်ကို မကယ်တင်ပါ) (၃) ဖြစ်ရပ်အားလုံးမှန်ကန်ကြောင့် ကျွန်ုပ် “ဖီဒူးရှား’ ကျင့်သုံးပါ သည်(ကျွန်ုပ်သည် ဖြစ်ရပ်များအပေါ် မှီခိုပြီး ယေ ခရစ်ပုဂ္ဂိုလ်၌ ကိုယ့်ကိုကိုယ် ပုံအပ်ပါသည်)

FAITH, THE တစ်ခုတည်းသော ယုံကြည်ခြင်း

တိကျမှုကိုပြသော နာမ်ဂုဏ်ဆောင် (definite article-‘the)နှင့် (ယုံကြည်ခြင်း) အတူ ယှဉ်တွဲအသုံးပြုသည့်အခါ၊ ယုံကြည်ခြင်းဟူသည့် စကားလုံး သည် ခရစ်ယာန် ယုံကြည်ချက်၏သမိုင်းဝင်ဩဝါဒများ (Historic Doctrines of Christianity)ကို ရည်ညွှန်းနေခြင်းဖြစ်သည်။

FATALISM ကံကြမ္မာကိုသာ ယုံကြည်သောဝါဒ/ ဖဲတာလီဇမ်/

ဖြစ်ပျက်နေသည့် အရာခပ်သိမ်းသည် မူလနဂိုမှ ချမှတ်စီမံထားပြီးသော အရာများဖြစ်ပြီး အထူးရည် ယ်ထားခြင်းမရှိသော၊ ရှောင်လွဲ လည်းမရသော အရာများဖြစ်ကြသည်ဟု ယုံကြည်ခံယူခြင်းဖြစ်သည်။ ဖဲတာလီဇမ်က ဘုရား သခင်ကို နေရာမပေးလိုသောကြောင့် ခရစ်ယာန်များ၏ ယုံကြည်ချက်ဖြစ်သော အမြော်အမြင်ကြီးသည့် ဘုရားသခင်သည် “မိမိစေတနာ၏ အလိုတော်သို့လိုက်အလုံးစုံတို့ကို ပြုပြင်တော်မူ”သည် (ဧဖက်၊ ၁း၁၁)ဟူသော ခံယူချက်နှင့် အကွာ ခြားကြီးကွာခြားနေကြသည်။ ကံကြမ္မာကိုသာ ယုံသူများက “ဖြစ်ပျက်လာမည့် အရာအားလုံးသာ၊ဖြစ်ပျက်လာမည်” (Whatever will be, will be) ဟူ ဖော်ထုတ်ပြောဆိုကြသည်။

FEDERAL ခွဲထုတ်သီးသန့်ဖြစ်ခြင်းနှင့်ဆိုင်သော

(လက်တင်ဘာသာ ‘foedus’- ပဋိညာဉ်)

ခွဲထုတ်ခြင်းမျှော်လော်ဂျီ (Federal Theology)က ဘုရားသခင် နှင့်အာဒံ အကြား၌ အကျင့်ပဋိညာဉ်ရှိခဲ့သည်ဟု သင်ပေးသည်။ အာဒံသည် ထိုပဋိညာဉ်ကို ချိုးဖောက်ခဲ့သည်။ သို့သော် သူသည် ပုဂ္ဂလိကတစ်ဦးတစ်ယောက် သာ မဟုတ်ဘဲ လူသားမျိုးနွယ်စုသည် ထိုခွဲထွက်ခြင်း၌ ဆက်နွယ်လိုက်ပါလာ ကြသည်။ အာဒံသည် ထိုအကျင့်ပဋိညာဉ်ကို မချိုးဖောက်ခဲ့ပါက သူနှင့်သူ၏ သားစဉ်မြေးဆက်သည် ဘုရားသခင်ထံမှ ထွက်စရာမလိုဘဲ မိတ်သဟာယ ဆက်လက်ဖွဲ့နေနိုင်မည်ဖြစ်သည်။ ထိုအကျင့် ပဋိညာဉ်ကို မလိုက်နာ၊ နာမခံ ခြင်းက သူတစ်ဦးတည်းသာမကဘဲ သူ၏နောက်လာ နောက်သားအားလုံးကို လည်း ဘုရားသခင်နှင့်ခွဲခွာစေ၊ သီးသန့်ဖြစ်စေခဲ့သည်။ နောက်ဆုံး အာဒံတည်း ဟူသော ခရစ်တော်သည် ဘုရားသခင်တောင်းဆိုခဲ့သော နာခံခြင်းကို ပေးအပ်ရန် နှင့် ယခင် “အာဒံ” ရှိခဲ့ပြီး ယခု “ခရစ်တော်၌” ရှိသူအားလုံးအတွက် ဘုရားသခင် ၏မိတ်ဖွဲ့ခြင်းကို ပြန်လည်ရယူရန် ကြွလာခဲ့သည်။

ခွဲထွက်ခြင်းသီကြော်လာဂျီအတွက် အရေးကြီးသော ကျမ်းပိုဒ်များမှာရောမ ၅း၁၂-၂၁၊ ၁ကော၊ ၁၅း၂၂ တို့ဖြစ်သည်။

FESTSCHRIFT ဖေးစ်ထ်ရှရိဖ်ထ်တိုက်ဆိုင်သောစာစီကုံးမှု

(ဂျာမန်-ပွဲလမ်းသဘင်စာပေ)

သီသော်လော်ဂျီပညာရှင်တစ်ဦး၏ မွေးနေ့ (ဝါ) အငြိမ်းစားယူသည့်နေ့ (ဝါ) အောက်မေ့ထိုက်သောသူ၏ အခြားနေ့တစ်နေ့ အခါသမယမျိုး၌၊ သူ၏ လုပ်ဖော်ဆောင်ဖက်များက သူ့ကိုပေးရန် သူတို့ကိုယ်တိုင် ရေးဖွဲ့စီကုံးသော စာတမ်း၊ စာစီစာကုံးလက်ဆောင်သည် သူကိုယ်တိုင် ပြုစုခဲ့ပြီးသောစာတမ်း၊စာစီစာကုံးနှင့်တိုက်ဆိုင်၊ တူညီခဲ့ပါက ၎င်းကို တိုက်ဆိုင်သောစာစီကုံးမှု

(Festschrift) /ဖိလုခ်/သားတော်ယေရှုခရစ်ထံမှလာသည်(လက်တင်ဘာသာ၊ သားတော်ထံမှလည်း)

နိုင်ဆင်အယူဝါဒ(သို့)ယုံကြည်ချက် ဝန်ခံခြင်း (Nicene Creed) ၌ သန့်ရှင်းသောဝိညာဉ်တော်သည် “ခမည်းတော်ထံမှ လာသည်ဟု ဖော်ပြထား သည်။ (၆)ရာစုနှစ်၌ အနောက်ပိုင်း အသင်းတော်သည် ယောဟန်၊ ၁၅း၂၆ ကို အခြေခံပြီး “ဖီလုခ်” (သားတော်ထံမှလာသည်) ဟု ပေါင်းထည့်ခဲ့ကြသည်။ အရှေ့ပိုင်းအသင်းတော်ကမူ ၎င်းစကားစုနှင့် ပတ်သက်ပြီး စိုးစဉ်းမျှ ထည့်သွင်း တင်ဆိုခြင်း မပြုခဲ့ပေ။

(FINAL PERSEVERANCE အဆုံးတိုင်တည်တံ့ခြင်း ၊စစ်မှန်သော ယုံကြည်သူအားလုံး နောက်ဆုံး၌ ကောင်းကင်ဘုံ အမှန် ရောက်မည်ဖြစ်သည်။ တစ်ကြိမ်တစ်ခါ ကယ်တင်ခြင်းရရှိပြီးနောက် ၎င်းကို မဆုံးနိုင်တော့ချေ။

ကယ်တင်ခြင်းနှင့်ဆိုင်သော ကြီးမားသည့်ဩဝါဒများ၌ အဆုံးတိုင် တည်တံ့ခြင်း ပါဝင်သည်။ ဘုရားသခင်က သူ၏လူများကို ရွေးချယ်သည်။ ခေါ်ဖိတ်သည်၊ ဖြောင့်မတ်စေသည်၊ နောက်ဆုံး၌ ချီးမြောက်သည်(ရောမ၊၈း၃၀) ဘုရားသခင်က သူ၏ကျေးဇူးတော်အားဖြင့် ထိန်းသိမ်းစောင့်ရှောက်သောကြောင့် သာ၊ သူတို့သည် အဆုံးတိုင် တည်တံ့နိုင်ခြင်းဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင် သူတို့၌အစပြုခဲ့သော အမှုဖြစ်သောကြောင့် အဆုံးသတ်ခြင်း၌ သူ မပျက်မကွက် နိုင်ပေ(ဖိလိပ္ပိ ၊၁း၆)။

သန့်ရှင်းသူများ၏ အဆုံးတိုင်တည်တံ့ခြင်းသည် ကျမ်းစာ၏ဩဝါဒ တစ်ခုလုံးအား ကယ်တင်ခြင်း၌ ချုံခဲ့သော မနေမိနိစ်တူးလိပ် ( mnemonic TU-LIP-Limited Atonement ကိုကြည့်ပါ ) ၏နောက်ဆုံးအချက်၌ပါဝင် သည်။ တည်တံ့ခိုင်မြဲခြင်းသည် အခြေအနေအပေါ် မမူတည်သောချယ်ခြင်း၏ သမ္မာနည်းကျရလဒ် အကျိုးဆက်ဖြစ်သည်။

(Preservation of the saints ကိုကြည့်ပါ)

FOREKNOWLEDGE ကြိုတင်သိမြင်သော သဗညဏ်တော်

ဖြစ်ရပ်များ မဖြစ်ပေါ်ခင် ကြိုတင်သိနိုင်စွမ်းရှိသော ဘုရားသခင်၏ အစွမ်းအစ ဖြစ်သည်။ သူကိုယ်တိုင်၏ ကြိုတင်ခွဲခန့်စီမံခြင်းဖြစ်သောကြောင့် ထိုသို့ ကြိုတင်သိမြင်ခြင်းဖြစ်သည်။

ဘုရားသခင်သည် သူသိပြီးနှင့်သော သူများကို ရွေးချယ်မှုပြုလိုက်ခြင်း သာဖြစ်သည်ဟု တစ်ခါတစ်ရံ မှားယွင်းစွာ ဟောပြောတတ်သည်။ သို့သော် အမှန်တကယ်၌ ဘုရားသခင်သည် သခင်ယေ အား ယုံကြည်လာမည့်သူများအား ကြိုတင်မြင်သောကြောင့် ထိုသူများကို ရွေးချယ်ခြင်းဖြစ်သည်။ ကျမ်းစာက “သိသည်” ဟုဆိုရာ၌၊ “ဆက်နွယ်မှုအထဲသို့ ဝင်ရောက်သည် ́ဟူ ဆိုလိုသည် (ကမ္ဘာ၊၄း၁၊ အာမုတ်၊၃း၂၊ လု၊ ၁း၃၄)။ ထို့ကြောင့် “ကြိုတင်သိမြင်သည်” ဟုဆိုခြင်း သည် “ဆက်နွယ်မှုအထဲသို့ ကြိုတင်ဝင်ရောက်သည်”ဟူသည်ကို ဆိုလိုသည်။ ဘုရားသခင်သည် သူ့လူများနှင့်အတူ ကျေးဇူးတော်၏ဆက်နွယ်မှုအထဲသို့ ကြိုတင်ဝင်ရောက်ခဲ့သည်။ ထိုသို့အားဖြင့် “ထာဝရအသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသောသူရှိသမျှတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ” ခြင်းဖြစ်သည် (တမန်တော်၊၁၄း၄၈)။

FORM CRETICISM ပုံစံဝေဖန်ရေးဝါဒ

ကျမ်းစာ(အထူးသဖြင့်၊ ခရစ်ဝင်ကျမ်းများ ရေးသားရန် မှီငြမ်းကိုးကား ထားသော စာမူပုံစံဟု ထင်မှတ်ခေါ်တွင်ကြသောအရာကို ရှာဖွေခြင်းဖြင့် ကျမ်းစာကို အဆုံးဖြတ်ပြုရန် ကြိုးစားသော ခေတ်သစ်ကျမ်းစာ လေ့လာနည်း စနစ်ဖြစ်သည်။ ခရစ်ဝင်ကျမ်းများ၏ မှီငြမ်းကိုးကားရာဟု ထင်ထားကြသော နှုတ်တိုက်စာမူများကို အကြမ်းအားဖြင့် အောက်ပါအတိုင်း ပိုင်းခြားထားကြသည်။

၁။ ဖြစ်ရပ်ပုံပြင်များ (Narratives)

– ကြေညာချက်တစ်ခုပြုလာအောင် အခြေအနေဖန်တီးပေးသောအထူးအချိန်အခါ၊ ပတ်ဝန်းကျင် စသည်တို့ ပါဝင်သည့် ပုံပြင်များ။ ဥပမာမာကု၊ ၂၁-၁၂ က (အခြေအနေသည် ခရစ်တော်အား “လူသားသည် မြေကြီး ပေါ်မှာ အပြစ်လွတ်ပိုင်/ အပြစ်လွတ်နိုင်စွမ်းရှိသည်”ဟု ကြေညာချက်ပြုအောင် ဖန်တီးပေးသည်။

– နိမိတ်လက္ခဏာပုံပြင်များ။ သဘာဝရပ်ဝန်းအထိပင်ဖြစ်လာသော နိမိတ်လက္ခဏာ(ပင်လယ်မုန်တိုင်း လှိုင်းတံပိုးကို ရပ်စေခြင်း)၊ ကျန်းမာစေခြင်း၊ နိမိတ်လက္ခဏာ၊ သေသောသူကို ထမြောက်စေခြင်း နိမိတ်လက္ခဏာ။

– ယေ အကြောင်း ပုံပြင်များ။ (ဗတိ ခံယူခြင်း၊ ပ်ဆင်း သွင်ပြင် ပြောင်းလဲတော်မူခြင်း၊ ထမြောက်ပြီး ခန္တာဖြင့်ကိုယ်ထင်ပြတော်မူခြင်းများ)။ ၎င်း ဖြစ်ရပ်များကို တစ်ခါတစ်ရံ “စိတ်ကူးယုံတမ်းစကားနှင့် ဒဏ္ဍာရီများ ́ (Myths and Legends)ဟုပင် ခေါ်တတ်ကြသည်။

၂။ ဖွင့်ဆိုချက်များ Savings (ပညာဖွင့်ဆိုချက်၊ ပရောဖက်ပြုဖွင့်ဆိုချက် (ဝါ) အနာဂတ် ဟောကိန်းထုတ်ဖွင့်ဆိုချက်)

ပုံစံဝေဖန်ရေးဝါဒနှင့်ညီ သော ဖွင့်ဆိုချက်စကားအချို့မှာ

ဂျီမိန်ဒီ-သီဪလောဂျီ (Gemeinde-theologie)၊ ဂျာမန်ဘာသာ “အဖွဲ့ အစည်းသီသော်လော်ဂျီ’ အဖွဲ့အစည်းဆိုရာ၌၊ ရှင်ပြန်ထမြောက်တော် မူခြင်း နောက်ပိုင်းတွင် တည်ရှိသော ကနဦးအသင်းတော်ကို ဆိုလိုသည်။ ထိုအဖွဲ့ အစည်းဝေးက ဓမ္မဟောင်းမှယေ နှင့်ပတ်သက်သော ပရောဖက်ပြုချက်များကို သတိရကြပြီး (ဥပမာ- ဆာလံကျမ်း၊ ၁၁၀း၁) ယေရှု ၏ နှုတ်ခွန်းစကားအဖြစ် ဓမ္မသစ်၌ ထည့်သွင်းရေးသားခဲ့ကြသည်(မာကု၊ ၁၂း၃၆)ဟူ တွေးခေါ်ထင်မြင် ကြသည်။

စထ်ဇ်အိမ်လေဘင်(Sitz im Leben) ဂျာမန်ဘာသာ “အသက်ဝင်လာ အောင် သီကုံးဖွဲ့နွဲ့ခြင်း” (Lefe- setting)။ ခရစ်ဝင်ကျမ်း၏ ဖြစ်ရပ်ပုံပြင်များသည် ၎င်းတို့၏နှုတ်တိုက်ပုံစံ၌-တစ်ယောက်စကား တစ်ယောက်နားယောင်ပြီး စကား လက်ဆင့်ကမ်းကြခြင်းသာဖြစ်သည်ဟု တွေးတောကြသည်။

ပုံဥပမာ (paradigm)။ ခရစ်ဝင်ကျမ်း၏ ဖြစ်ရပ်များကို အမည်မှည့် ပေးကြခြင်း ဖြစ်သည်။ အကြောင်းမှာ ကနဦးတရားဟောဆရာများက ၎င်းဖြစ်ရပ် များကိုဖြစ်ရပ်မှန်အနေဖြင့် မဟုတ်ဘဲ) သ ပ်ဖော်ဥပမာအနေဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။

ပုံစံဝေဖန်ရေးဝါဒ၏တန်ဖိုးသည် မည်မျှပင် မိုးထိအောင် မြင့်စေကာမူ ဘုရားသခင်၏မှုတ်သွင်းမှုအောက်၌ ရေးသားခြင်းပြုကြသော မူရင်းနှုတ်ကပတ် ကျမ်းစာ၏ အကြောင်းအရာမှန်ကို သံသယပွားနေမည်ဆိုပါက မည်သည့် အချိန် အခါမျှ မှန်ကန်သောဝါဒ မဖြစ်လာနိုင်ပေ။

FREE CHURCH လွတ်လပ်သော အသင်းတော်။

ဤနေရာ၌ “လွတ်လပ် ́ဟူသည့် စကားလုံးသည် “တိုင်းပြည်၏ စွတ်ဖက်မှုနှင့်ကင်းသော” ဟု ဆိုလိုသည်။ လွတ်လပ်သောအသင်းတော်သည် ၎င်း၏ ဝန်ထမ်းခန့်ထားခြင်းကိစ နှင့် ၎င်း၏အတိုင်းအတာအားလုံးကို လွတ်လပ် စွာ ကိုယ်ပိုင်ဆောက်သည်။ အခြားတစ်ဘက်၌၊ အင်္ဂလီကန်အသင်းတော် (Anglican Church) (ဝါ) တိုင်းပြည်နှင့် ဆက်စပ်မှုရှိသော အသင်းတော်အချို့၌ မူ နောက်ဆုံးအာဏာသည် ဘုန်းကြီးများ (bishops)၊ ဘုန်းတော်ကြီး အကြီး အကဲများ (archbishops)နှင့် တိုင်းပြည် (state)တို့ အပေါ်၌သာ ရှိသည်။

FREE OFFER အခမဲ့ပေးကမ်းခြင်း ၊

(လက်တင်- ‘offero’- ပေးဆပ်သည်၊ ယူဆောင် လာသည်) ဧဝံဂေလိသတင်းကောင်းကို အခမဲ့ဝေငှပေးကမ်းခြင်းဖြစ်သည်။ ဘုရား သခင်သည် ကယ်တင်ခြင်းရရှိရန် စစ်မှန်သော အခွင့်အရေးအားလူတိုင်း(ဝါ) အနည်းဆုံး၊ ဧဝံဂေလိသတင်းကို ကြားနာရသူတိုင်းကို ပေးကမ်းထားသည် ဟူသည့် ယုံကြည်ချက်မှလာသော ထောင့်ဖြစ်သည်။ ဧဝံဂေလိနှင့်စပ်လျဉ်း “ပေးကမ်း” ဆိုသည့် စကားလုံး ကျမ်းစာ၌မူ မရှိပေ။

ဘုရားသခင်သည် သူ့အလိုအတိုင်း လူများကိုရွေးချယ်ပြီး ထိုချယ်ခံ လူများကသာ တုံ့ပြန်မှုကို ပြန်လည်ပြုကြသောကြောင့် လူတိုင်းဧဝံဂေလိပေးကမ်းရာ၌ အထူးတလည် ကြိုးစားရန်မလိုဟု တစ်ခါတစ်ရံ တွေးထင်လေ့ရှိတတ်ကြ သည်။ သို့သော် ကျမ်းစာကမူ “ဝေနေယျသတ ဝါအပေါင်းတို့ထံ ဟောပြောရမည်” (မာကု၊ ၁၆း၁၅)ဟု ရှင်းလင်းပြတ်သားစွာ မိန့်ဆိုထားသည့်အပြင် ‘ထာဝရဘုရားကို ပဌနာပြု(ခေါ်)သော သူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့”ဟု ရှင်းလင်းစွာ ထပ်ပြောထားသောကြောင့်၊ ယုံခြင်း၊ မယုံခြင်းသည် သူတို့တာဝန်ဖြစ်ပြီး မယုံကြည်ခဲ့ပါက သူတို့သည် ဆုံးသူများသာဖြစ်သည်။

FREE WILL

(Arminius, Decisionism, General Redemption နှင့် Pelagianism ကိုကြည့်ပါ)

FUNDAMENTALISM သမ္မာတရားအခြေခံဝါဒ/ဖန်ဒါမင်တဲလီဇမ်/

၁၉၂၀ နှစ်များတွင် ခရစ်ယာန်ယုံကြည်ချက်၏ အခြေခံတရားများ (Fundamentals or Foundation Truths of Christian Faith) ဆရးဆွဲကြရာ ၌၊ အမေရိကန် ခရစ်ယာန်အချို့ အတိုက်အခတ်များခံခဲ့ကြသည်။ သမ္မာတရား အခြေခံဝါဒီဟု ဆိုရာ၌၊ ကျမ်းစကားထိန်းသိမ်းသော ဧဝံဂေလိနည်းကျကျခံယူ (Conservative evangelical) နှင့်အနက်တူ၊ ကြောင်းကွဲသံကွဲစကားလုံးများ သာဖြစ်ပြီး သမ္မာတရားအခြေခံဝါဒဟု ဆိုရာ၌၊ ကျမ်းဆိုချက်ထိန်းသိမ်းသောဝါဒ၏ ကျမ်းစာအပေါ်အမြင် (Conservative view of Scripture)ကို ဆိုလိုသည်။ ဗြိတိန်သီသော်လော်ဂျီ၌မူ၊ ယနေ့တွင် အသုံးမများသော စကားလုံးဖြစ်လာသည်။

GEMEINDE-THEOLOGIE (Form Criticism ကိုကြည့်ပါ) FORM CRITIUSM ကိုကြည့်ပါ။

GENERAL BAPTIST

(Baptist ကိုကြည့်ပါ)

GENERAL REDEMPTION ယေဘုယျ‌ ရွေးနုတ်ခြင်း ၊

လူတိုင်းသည် ကယ်တင်ခြင်းသို့ရောက်မည် မဟုတ်သော်လည်း ခရစ်တော်သည် ကမ္ဘာပေါ်ရှိ ပုဂ္ဂိုလ်တိုင်းအတွက် ကယ်တင်ခြင်းအဖိုးအခကို ပေးခဲ့ပြီဟူသော ခံယူချက်ဖြစ်သည်။ လူတစ်ဦး၏ ကယ်တင်ခြင်းသည် ထိုလူ၏ ဆဆုံးဖြတ်ခက်အပေါ် မူတည်သည်ဟုဆိုသည်။ ယင်း ထောင့်သည် သမ္မာ ကျမ်းစာနှင့် လိုက်လျောညီထွေမှု မရှိသော ထောင့်ဖြစ်သည်။

(Limited Atonement ကိုကြည့်ပါ)

(Particular Redemption ကိုကြည့်ပါ)

GENERAL REVELATION ယေဘုယျဖွင့်ပြမှု

(Revelation ကိုကြည့်ပါ)

GESCHICHTE အဓိပါယ်ရှိသောသမိုင်း/ ဂက်စ်ချိတ်ချ

(ဂျာမန်ဘာသာ၊ သမိုင်း) ၊

အခြားဂျာမန်စကားလုံးတစ်ခု ‘Historie’ လည်းရှိသေးသည်။ Historie ဟူသည် သမိုင်းသက်သက် အတိတ်အဖြစ်အပျက်များကို ဓမ္မဓိဌါန်ကျကျရေးသား မှတ်တမ်းတင်ခြင်းသာဖြစ်သည်။ ဂက်စ်ချိန်ချ်သည် ၎င်းထက်ပိုသည်။ အတိတ် ဖြစ်ရပ်များထက် ၎င်းဖြစ်ရပ်များ၏ အဓိပါယ်ကိုရှာသည်။ ထိုသို့စကားလုံးနှစ်လုံး ဖြင့် ခွဲခြားသူများက၊ မေးခွန်းထုတ်စရာ (သံသယပွားစရာ)ရှိသော မှတ်တမ်းဝင် အဖြစ်အပျက်များသည် သမိုင်းဝင်မဖြစ်နိုင်ဟု ဆိုလေ့ရှိကြသည်။ ထိုကဲ့သို့ မဖြစ်ပျက်ခဲ့ဟူ သာ ဆိုတတ်ကြသည်။

ဧဝံဂေလိနည်းကျကျခံယူသူများ (evangelicals)က ကမ္ဘာဦးကျမ်း၊၁၃၊ ခရစ်ဝင်ကျမ်း၏ဖြစ်ရပ်ပုံပြင်များနှင့် ကျမ်းစာ၏အခြားသမိုင်းဝင် ကဏ္ဍအပိုင်း များကို သမိုင်းသက်သက်အမျိုးအစား (category of Historic)၌ ထားမည်ဖြစ်သော်လည်း အခြားလူများကမူ ၎င်းအပိုင်းများကို အဓိပါယ်ရှိသောသမိုင်း (category of Geschichte)၌ ထားကြမည်ဖြစ်သည်။ ဥပမာအားဖြင့် ဘုလ်မန်း (Bultmann)က ခရစ်တော်သေခြင်းမှ ခန္ဒာအားဖြင့် ထမြောက်သည်ဟူသောအဖြစ်အပျက်(သမိုင်း)သည် အရေးမကြီးလှသည့်အပြင် သံသယပွားစရာပင် ဖြစ်နေဟုဆိုပြီး တစ်ဖန်၊ ၎င်းအဖြစ်အပျက်ပုံပြင်၏ အရေးကြီးသည့်အချက်မှာ ၎င်း၏ အဓိပါယ်သာဖြစ်သည်ဟုဆိုသည်။ သို့သော်၊ ဧဝံဂေလိနည်းကျကျ ခံယူ ယုံကြည်သောသူများအတွက်မူ ကျမ်းစာသမိုင်း၏ သမိုင်းဝင်အဖြစ်အပျက် တိုင်းသည် အရေးကြီးပေသည်။

GLORIFY/GLORIFICATION ဘုန်းတော်ခံစားခြင်း၊ ချီးမြှောက်ခံရခြင်း

ဘုန်းတော်ခံစားခြင်းသည် ထမြောက်ခြင်း ဝိညာဏခန္ဒာအားဖြင့် ကောင်းကင်ဘုံကို စံစားမည့် ယုံကြည်သူများ၏ နောက်ဆုံးရပ်တည်ချက်ပင်ဖြစ် သည်။ ထိုအချိန်၌မူ အပြစ်နှင့်လောကအထုံးအဖွဲ့အကန့်အသတ်ဟူ မရှိတော့ဘဲ ဘုရားသခင်ကို မျက်နှာချင်းဆိုင် မြင်တွေ့ကြရမည်ဖြစ်သည်။

GLOSSOLALIA အမျိုးမျိုးသောဘာသာစကား/ဂလိုဆိုလားလီယား)

(ဂရိဘာသာ ‘glossa’- ဘာသာစကား၊ ‘laleo’ ပြောသည်) တမန်၊ ၂း၄ ၌ ဖြစ်ပျက်ခဲ့သော နိမိတ်လက္ခဏာတစ်ခု၊ အမျိုးမျိုးသော ဘာသာစကားပြောဆိုခြင်းဖြစ်သည်။

(Bible Dictionary ကိုကြည့်ပါ။)

GNOSTICISM /နုတ်စတီစီဇမ် (ဂရိဘာသာ ‘gnosis’- အသိပညာ)

ကနဦးတမန်တော်ကြီးများကာလမှာပင်၊ စောစောစီးစီးအသင်းတော်ကို တိုက် ခိုက်သော ကြောက်မက်ဖွယ်ကောင်းသည့် မိစ္ဆာဝါဒဖြစ်သည်။ အချို့ ကျမ်းပိုဒ်အတော်များများ၌ နုတ်စတီစီဇမ်ကို ထောက် ရေးသားမှုများရှိသည်။

၎င်းဝါဒီ (Gnostics)များက အများပြည်သူ အထွေထွေပိုင်ဆိုင်ခွင့်မရှိ သော၊ ဝိညာဉ်လူများ(ဝါ)နယူးမေးတစ်များ (Pneumatic ဂရိဘာသာ Pneuma’- ဝိညာဉ်) သာ ပိုင်ဆိုင်ခွင့်ရှိသည့် လျှို့ဝှက်အသိပညာ သူတို့၌ရှိသည် ဟု ဆိုခဲ့ကြသည်။ ၎င်းဝါဒကို အခြားသွန်သင်ချက်နည်းစနစ်အားဖြင့် ပြောင်းလဲလျော့ချရန် မဖြစ်နိုင်သောအရာပင် ဖြစ်သည်။ အမျိုးမျိုးအဖုံဖုံသော ဒ နိုက အတွေးအခေါ်များနှင့် ရောနှောသောဘာသာရေးတရားများပါဝင်သည့် အချက် များကြောင့် ၎င်းဝါဒီများမှာ ကျပ်မပြည့်သူများအလား ထင်ရသည်။

အောက်ပါအချက်များသည် အထူးသဖြင့် ဓမ္မသစ်ကျမ်းနှင့် ဆက်စပ်မှု ရှိသောသူတို့၏ အဓိကသွန်သင်ချက်အချို့ဖြစ်သည်။

၁။ ကျမ်းစာမှ ဘုရားသခင်မဟုတ်ဘဲ ကြီးမားမြင့်မြတ်လှသော သက်ရှိပုဂ္ဂိုလ်တပါး(Supremebeing)ရှိသည်။ ထိုပုဂ္ဂိုလ်မှ အခြားသက်ရှိအမြောက်အမြား (ဂရိဘာသာ၊ aeons-အတိုင်းမသိ)ထွက်ပေါ်လာခဲ့ကြသည်။ ထိုသက်ရှိများ အနက်တပါးသည် ဒီမီအရ်(Demiurge- ဂရိဘာသာ၊ ကျွမ်းကျင်သော လက်မှုပညာသည်)ဖြစ်ပြီး ဓမ္မဟောင်းဖန်ဆင်းရှင်ဘုရားဖြစ်သည်။ ထို့နောက်၊ ၎င်းနောက်ပိုင်းကာလကြာသောအခါ အာဏာအဆင့်ဆင့်ခံယူသူ (hierarchy) သည် ၎င်း၏မျိုးစဉ်မှပင် ဆင်းသက်လာပြီး ထိုသူသည် ခရစ်တော်ဖြစ် သည်။ ကောလောသဲသြဝါဒစာ၌ ရှင်ပေါလုက ခရစ်တော်၏ ဘုရားဇာတိကို အကျယ်တဝင့် ရေးသားခဲ့သည်။ ထိုဩဝါဒ၌ “ဘုရားသခင်၏ ဇာတိတော် ကိုအဖြစ်တော်၏ ပြည့်စုံစေခြင်းအပေါင်း ခရစ်တော်၌ ကိုယ် ထင်ရှား ၊ ကျန်းဝပ်တော်မူ၏”(၂း၉)ဟူ လည်း ပြောဆိုထားသည်။ တဖန်၊ “ခပ်သိမ်း သော ပြည့်စုံခြင်းကို သားတော်၌ ကျန်းဝပ်စေခြင်းငှါ .”(၁း၁၉)ဟူ တွေ့ရသည်။ ဤနေရာများ၌ “ပြည်စုံခြင်း”ဟူသောစကားလုံးသည် ဂရိ ဘာသာ ‘pleroma’ မှ ဘာသာပြန်စကားလုံးဖြစ်ပြီး ခရစ်တော်၌ ဘုရား သခင်၏ သဘာဝဇစ်မြစ်တစ်ခုလုံးရှိသည်ဟု ဆိုလိုသည်။ ဤနေရာ၌ ရှင်ပေါလုက ခရစ်တော်၏ဘုရားဇာတိ၊ ဖန်ဆင်းခြင်းတန်ခိုးတော်၊ စကြဝဠာ မရှိခင် တည်ရှိနှင့်ခြင်း၊ ဖန်ဆင်းထားသည့် အရာခပ်သိမ်းကို နေသားတကျ ထိန်းသိမ်းနိုင်သည့် တန်ခိုးရှိခြင်း စသည့်အချက်များကို အကုန်အစင်ဖော်ပြထားသည်(၁း၁၅-၁၇)။

၂။ အချို့နုတ်ခ်တစ် (Gnostics)များက ယေ ဟူသော လူသားတစ်ဦးအထဲ၌ခရစ်တော်(ဘုရား)ပူးကပ်နေခြင်းဖြစ်သည်ဟု ဆိုခဲ့ကြသည်။ ဤအချက်ကလူ့ဇာတိခံယူတော်မူခြင်း အဖြစ်မှန်ကို ငြင်းပယ်ထားခဲ့သည်(တတိယအချက် ကိုကြည့်ပါ)။ အခြားနုတ်ခ်တစ်များကမူ၊ ယေ ခရစ်၌ လူ့ခန္တာအစစ်အမှန် မရှိသောကြောင့် အမှန်တကယ် နာကျင်၊ ဆင်းရဲခြင်းဝေဒနာ မခံစားခဲ့ချေဟု ဆိုကြသည်။ သူ၌ လူ့ဇာတိအမှန်ရှိ ရှိဟန်တူခြင်းသာဖြစ်သည်ဟုလည်း ဆိုကြသည်။

ထိုအချက်များကို ဒိုစီတစ်ထိ (Docetists ဂရိဘာသာ ‘dokeo’ -ဖြစ်ဟန်တူသည်)အဖြစ် သိလာကြသည်။

၃။ နုတ်စ်တစ်များက ထိတွေ့စမ်းသပ် ရသောအရာသည် မကောင်းသောအရာ ဖြစ်သောကြောင့် ဘုရားသခင်က လူ့သဏ္ဌာန်ကိုယူဆောင်ပြီး လူ့ဇာတိခံယူ လာခြင်းသည် မရှိနိုင်သောအကြောင်းအရာဖြစ်သည်ဟု သင်ကြားပေးခဲ့ကြ သည်။ ၁ယော၊ ၂း၂၂ က ယေရှု သည် ခရစ်တော်ဖြစ်ကြောင်းနှင့် ၄း၂၊၃ က “လူ့ဇာတိခံယူ” ကြောင်းအတည်ပြုသည်။ ထို့ပြင်၊ ၁ယော၊ ၁း၁-၃ကယောဒန်နှင့်အခြားသူများသည် လူ့ဇာတိခံယူသော နှုတ်ကပတ်တော်ကို နားဖြင့် ကြား၊ မျက်စိဖြင့် မြင်ပြီး စမ်းသပ်ကိုင်တွယ်ခဲ့ကြကြောင်း အခိုင်အမာပြောဆိုထားသည်။

၄။ ထိတွေ့စမ်းသပ် ရသောအရာသည် မကောင်းသောအရာဖြစ်သည်ဟူသည့်ယုံကြည်ချက်က စာရိတ ရပ်ဝန်းအပေါ် တွေးခေါ်မှုနှစ်ခုဖြစ်စေပြီး ဒုတ်စ်တစ် နှစ်ခြမ်း ကွဲခဲ့သည်။ အချို့ဒုတ်စ်တစ်များသည် ကြိုက်သလိုနေပြီး အကျင့် ပျက်သောသူများ(Licentious) ဖြစ်သည်။ (သူတို့ခန္ဓာနှင့်ဝတ္ထုပစည်းတိုင်း မကောင်းသောအရာဖြစ်ပြီး ဝိညာဉ်သာလျှင် ကောင်းသောအရာမှန်လျှင် လုပ်သမျှအရာတွင်အကျိုးမရှိ၊ အပြစ်မရှိဟုယူဆကြသည်။) ကျန်အဖွဲ့မှာသီလစောင့်ထိန်းပြီး ခြိုးခြံစွာကျင့်သောသူများ (ascetic)ဖြစ်ကြသည်။ (သူတို့ခန္ဒာ၊ ဝတ္ထုသည်မကောင်းသောအရာဖြစ်သောကြောင့် ၎င်းကို ထိန်းနိုင် သလောက် တင်းကြပ်စွာ ထိန်းရမည်ဟု ခံယူကြသည်) ၎င်းကို ဆန့်ကျင် ပြီး ကောလောသဲ၊ ၂း၂ဝ-၂၃ ၌ ရှင်ပေါလုစာရေးခဲ့သည်။

ခရစ်ယာန်ယုံကြည်ချက်ခုခံကာကွယ်သူများ (Christian Apologists) ဖြစ်သော အိုင်ရေနီယမ် (Irenaeus) နှင့်တာတူးလ်လျန် (Tertullian) ကလည်း ၎င်းဝါဒကို အပြစ်တင်ကာ ငြင်းပယ်ခဲ့ကြသည်။

GRACE-SAVINGGRACE (ကျေးဇူးတော်ကယ်တင်သောကျေးဇူးတော်)

ခရစ်တော်အားဖြင့် သူ့လူများအား ကယ်တင်ခြင်းကိုပေးသော ဘုရား သခင်၏မျက်နှာသာဖြစ်သည်။ ကျေးဇူးတော်နှင့်ဆက်နွယ်မှုရှိသော အခြားစကား လုံးများမှာအခမဲ့လုံးက ယုံကြည်အားဖြင့်သာ ကျမ်းပိုဒ်တစ်ခုမှာ တင်ခြင်းသို့

အခမဲ့ကျေးဇူးတော် (Free Grace)

ဤစာလုံးက ယုံကြည်သူ၏လုပ်ဆောင်ချက်တစ်ခုမျှမပါဘဲ ဘုရား သခင်၏ကျေးဇူးတော်သက်သက်အားဖြင့်သာ ကယ်တင်ခြင်းရောက်ကြောင်း အလေးအနက်ပြုထားသည်။ အရေးကြီးသောကျမ်းပိုဒ်တစ်ခုမှာ ဖက်၊ ၂၈ ဖြစ်သည်။ “ယုံကြည်သောအားဖြင့်၊ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရကြ၏။ ကိုယ့်အလိုအလျောက်ရောက်သည်မဟုတ်။ ဘုရားသခင်သနား တော်မူရာ(ဆုလက်ဆောင်)ဖြစ်သတည်း။” (‘သနားတော်မူရာဆုသည့်အရာသည် ယုံကြည်ခြင်းကိုသာ ရ န်းခြင်းမဟုတ်ဘဲ၊ “ယုံကြည်သောအားဖြင့် ကျေးဇူး တော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏” ဆိုသည့် အချက်တစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်သည်။ အရင်အဦးဖြစ်သော ကျေးဇူးတော်(Prevenient Grace၊ လက်တင်ဘာသာ’praevenire’ – ရှေ့၌သွားသည်၊ အရင်သွားသည်)

အရင်သွားသောကျေးဇူးတော်ပင် ကယ်တင်ခြင်းကို ဘုရားသခင်ကပင် အစပြု သည်။ သူ၏လူများကို ရွေးချယ်ပြီး သူတို့အား ခရစ်တော်ထံဆွဲယူရန် သူ၏ဝိညာဉ်ကို စေလွှတ်ခဲ့သည်။ သူ့ကျေးဇူးတော်သည် အရင်အသီးဖြစ်သော အရာဖြစ်သည်။ ယုံကြည်သူများ၏ ယုံကြည်ကိုးစားခြင်းသည် ဘုရားသခင်၏ ကျေးဇူးတော်ကို တုံ့ပြန်ခြင်းသာ ဖြစ်သည်။

 

တွန်းလှန် မရသော ကျေးဇူးတော် (Irresistible grace) (ဝါ)

ချေမှုန်းမရသောကျေးဇူးတော် (Invincible grace)

ကယ်တင်ရန် ဘုရားသခင် ချယ်ခြင်းခံရသောသူများသည် အချိန် ကာလ အတိုင်းအတာတစ်ခုမျှ ကျေးဇူးတော်ကို တွန်းလှန်နိုင်မည်ဖြစ်သော်လည်းနောက်ဆုံး၌မူ မတွန်းလှန်နိုင်ဘဲ တိုးဝင်လာမည်ဖြစ်သည်။ အံ့သြဖွယ်ကောင်းလှ သည်မှာ ပြောင်းလဲခြင်း အမှန်ရောက်လာသောအခါ၌၊ တွန်းလှန်သူဟူ မရှိ ခြင်းပင်။ သူတို့လိုလားလာအောင် ဘုရားသခင်ပြုခြင်းဖြစ်သည် (ဆာ၊ ၁၁၀း၃)။

ကျေးဇူးတော်ဩဝါဒများ (Doctrines of Grace)

ဘုရားသခင်သည် လူများကို သူ့အတွက် ထာဝရကာလမှချယ်ခဲ့ သည်။ သူတို့၏အပြစ်များကို ဖော်ပြရန် သူ၏ဝိညာဉ်တော်ကို စေလွတ်သည်။ ထို့ပြင် ထိုဝိညာဉ်တော်သည် အသစ်မွေးဖွားခြင်းကိုပေးသည်။ သူတို့အထဲ၌ ယုံကြည်ခြင်းကိုလည်း ဖန်ဆင်းသည်၊ ခရစ်တော်ထံ ချဉ်းကပ်လာရန် ထိရောက်သောခေါ်ခြင်းဖြင့်ခေါ်သည်။ သူတို့အား ဖြောင်မတ်စေသည်၊ သန့်ရှင်းစေသည်။ ဘုရားသခင်သည် သူတို့၏ဘုရားသခင်အဖြစ် တည်ရှိပြီး သူတို့အား ကောင်းကင် | ဘုံသို့ ခေါ်ဆောင်သည်-စသည့် ကျမ်းစာ သွန်သင်ချက်များကို အလေးအနက် ပြုသော ဩဝါဒများဖြစ်သည်။

(Limited Atonement- TULIP ကိုကြည့်ပါ)

HAGIOGRAPHA

(Writings ကိုကြည့်ပါ)

HARMONY OF THE GOSPELS (ခရစ်ဝင်ကျမ်း၏လိုက်လျောညီထွေမှု)

မြောက်များစွာသောလူများက ခရစ်ဝင်ကျမ်းလေးကျမ်းရှိ ဖြစ်ရပ်ပုံပြင်များ ကို အစီအစဉ်လိုက်ဖြစ်သော ပုံပြင်တစ်ခုအဖြစ် ဟာမိုနီ(ရောနှောခြင်း (ဝါ) ပေါင်းစပ်ခြင်းဟူသော ဂီတဆိုင်ရာစကားလုံး)ကျကျ အတူတကွ ပေါင်းချုပ်ရန် ကြိုးစားခဲ့ကြသည်။

ဒုတိယရာစုနှစ်တွင် ဆီးရီးယားလူမျိုး (Syrian) တာရှန် (Tatian)က ဟာမိုနီတစ်ခုကို ရေးစပ်ခဲ့သည်။ ၎င်းဟာမိုနီကို ဒိုင်ယာတစုန်(Diatessaronဂရိဘာသာ၊ လေးခုအားဖြင့်)ဟု ခေါ်တွင်ကြသည်။

HEBRAISM ဟေဗြောဇမ်

၎င်းသည် ဓမ္မသစ်ကျမ်း၏ ဂရိဘာသာစကားလုံးအသုံးအနှုန်း၌ တွေ့ရှိရသော ဟေဗြဲသဒ္ဒါနှင့် အသုံးအနှုန်းတချို့ကို ဆိုလိုသည်။ ၎င်းဘာသာစကား နှစ်ခုလုံး၌ စီမီတီဇမ် (Semitism)ဟူသော စကားလုံးကို အဓိပါယ်တူအသုံးပြု ကြသည်။ ဥပမာ- ဂရိဘာသာ၌ ‘kai'(နှင့်)ဆိုသော စကားလုံးသည်(ဝါ)ကျပေါင်း များစွာကို ဆက်စပ်ပေးသည်နည်းတူ ဟေဗြဲန်လည် ‘waw’ (နှင့်)ဆိုသော စကားလုံးက ဝါကျများစွာကို ဆက်သွယ်ပေးသည်။

HEILSGESCHICHTE ဟာလ်စ်ဂက်စ်ချိချ်ထ်

(ဂျာမန်ဘာသာ၊ ကယ်တင်ခြင်းသမိုင်း)

အချို့ သီသော်လော်ဂျီပညာရှင်များက ကျမ်းစာသည် လူများကို ကယ်တင်ရန် ကြံဆောင်ရည် ယ်သော ဘုရားသခင်အကြံအစည်၏သမိုင်း ဖြစ် သည်ဟု ဆိုကြသည်။ သမိုင်းဟူသော စကားလုံးအပေါ် အလေးအနက်ပြုခြင်းနှင့် အတူ “ကယ်တင်ခြင်းသမိုင်း” သာဖြစ်သည်ဟု ဆိုကြသည်။ ထိုစကားလုံးကို သုံးနှုန်းသူများက ဘုရားသခင်သည် သူ့အကြောင်းကို ဖွင့်ပြခြင်းပြုရာ၌၊ လူများ အား ကယ်တင်ရန် ရည် ယ်သောသမိုင်းမှ သူ့လုပ်ဆောင်ချက်အားခြင့်သာလျှင် ဖွင့်ပြခြင်းကိုပြုခဲ့သည်။ သြဝါဒပိုင်းဆိုင်ရာ ဖော်ပြရေးသားချက်နှင့် ဘုရားသခင်၏ ဇစ်မြစ်သဘာဝနှင့်ပတ်သက်သော တင်ဆိုချက်များအားဖြင့် မဟုတ်ပေဟုဆိုကြ သည်။ သို့သော် ကျွန်ုပ်တို့သည် နှုတ်ကပတ်ကျမ်းစာတစ်ခုလုံးအား သူ့အကြောင်း ဖော်ပြသော ဘုရားသခင်၏ဖွင့်ပြခြင်းဟု ယုံကြည်သည်မှန်ပါက သမ္မာနည်းကျကျ တင်ဆိုချက်များကိုလည်းဘုရားသခင်၏လုပ်ဆောင်ချက်များကဲ့သို့ပင် ဘုရား သခင်၏ ဖွင့်ပြခြင်းတစ်စိတ်တစ်ပိုင်းဖြစ်ကြကြောင်း ယုံကြည်ရမည်ဖြစ်သည်။ အမှန်ပင်၊ လုပ်ဆောင်ချက်များကို တင်ဆိုချက်များကပင် ရှင်းလင်းဖော်ပြသည်။ ဩဝါဒစာများ၏ ဖော်ပြရှင်းလင်းချက်များမရှိခဲ့ပါက၊ ကားတိုင်တင်သတ်ခံတော် မူခြင်း၏ မှတ်တမ်းကို ကျွန်ုပ်တို့ အဘယ်သို့ နားလည်နိုင်မည်နည်း။

HELLENISM ဂရိယဉ်ကျေးမှု/ဟေလင်နီဇမ်/

မဟာအလက်ဇများ (Lexander the Great ဘီစီစတုတ္ထရာစု)သည် ဂရိယဉ်ကျေးမှုနှင့် ဘာသာစကားအား သူသိမ်းပိုက်ရရှိခဲ့သောတိုင်းပြည်များကမွေးစား လာကြစေရန် ဆန္ဒပြင်းပြသည်။ ဂရိစကားလုံး ‘Hellen’ ၏ အပေါ်မှာ “ဂ” ဖြစ်သည်။ ထို့ကြောင့်၊ ၎င်းဓလေ့ယဉ်ကျေးမှုအသစ်ကို “ဟင်လင်နီဇမ်’ဟု ခေါ်ခြင်းဖြစ်သည်။ ဘုရားသခင်၏ မစခြင်းအားဖြင့် ဓမ္မဟောင်းကျမ်းကို ဂရိ ဘာသာဆပ်ကျွဲကျ-septuagint)ဖြင့် ဘာသာပြန်နိုင်ခဲ့ကြသည်။ ကျေးဇူးတင် ပါသည် ဟေလင်နီဇယ်။ ပါလက်စတိုင်းနိုင်ငံ (Palestine)ရှိ ယုဒလူမျိုးများသည် ဟေလင်နီမ်၏ လွှမ်းမိုးမှုခံရခဲ့ကြသည်။ ဂရိယဉ်ကျေးမှုလိုက်စားသူ ဟေလင်နှစ် (Hellenists)အကြောင်းကို တမန်၊ ၆း၁ ၌ အထူးကျမ်းန်းအဖြစ် တွေ့ရသည်။

HENOTHEISM/ဟေနိုဇမ်/ ဘုရားသခင်တစ်ဆူတည်းကိုးကွယ်ခြင်းဝါဒ

(ဂရိဘာသာ၊ ‘henos’တစ်ခုတစ်ယောက်နှင့် ‘theos’ ဘုရားသခင်)

ဤဝေါဟာရကို ဘုရားတဆူတည်းဝါဒ (Monotheism)နှင့် မရောနှော သင့်ပေ။ ဘုရားတဆူတည်းကိုးကွယ်သူ (Henotheist)သည် ဘုရားသခင် တဆူတည်းကိုသာ ကိုးကွယ်သော်လည်း အခြားဘုရားများလည်း ရှိသည်ဟု ခံသူဖြစ်သည်။ “မိုနိုလတြီ” (Monolatry-ဂရိဘာသာ၊ ‘monos’-တစ်ခုတည်း၊ နှင့် Latreia’-ကိုးကွယ်ခြင်း)နှင့် အဓိပ္ပါယ်တူခါနီးလေးဖြစ်သည်။

HERESY/ဟေရေစီ/မိစ္ဆာဝါဒ(ဂရိဘာသာ၊ ‘haeresis’- ရွေးချယ်မှု)

ပုဂ္ဂိုလ်တစ်ဦး ကိုင်စွဲရန်ချယ်ထားသော ယုံကြည်ချက်(ဝါ)အတွေး အခေါ် ယူဆချက်ဖြစ်ပြီး သမ္မာကျမ်းနည်းကျသော သွန်သင်ချက်နှင့် မကိုက်ညီ သောအရာကိုသာ ဆိုလိုသည်။

ဟေရေတစ် (Heretic) သည် ယင်းဝါဒ(ဝါ)သွန်သင်ချက်ကို ကိုင်စွဲသူ ဖြစ်ပြီး ဟေရှာအရ်ျ (Heresiarch)သည် ယင်ဝါဒကို စတင်သူ (ဝါ) အစဝါဒ ဖြန့်သူဖြစ်သည်။

( Bible Dictionary for biblical usages of the word ကိုကြည့်ပါ )

HERMENEUTICS အဓိပ္ပါယ်ဖွင့်ဆိုသည့်ပညာရပ်/ဟာရ်မေနယူးတစ်

(ဂရိဘာသာ ‘hermeneuo’ အနက်ဖွင့်ဆိုသည်)

၎င်းသည် ကျမ်းစာအနက်ဖွင့်ခြင်း၏ အခြေခံတရားများအားလေ့လာ သည့် ပညာရပ်ဖြစ်သည်။ ကျမ်းပိုဒ်တစ်ပိုဒ်သည် မည်သည့်ပုံစံမျိုး -သမိုင်း၊ အလင်္ကာ၊ ဩဝါဒဖြစ်ကြောင်းနားလည်နိုင်ရန် အရေးကြီးလှသည့် အပြင်ပြောစကားများဖြစ်ပါက၊ မည်သူက မည်သူထံ မည်သည့်အခြေအနေမျိုး၌ ပြောခဲ့ သနည်းဟူသည့်အချက်များသည်လည်း နားလည်ရန် လိုအပ်လှသောအရာဖြစ် သည်။ ထိုအထဲ၌၊ စကားလုံးတလုံးချင်းနှင့်သဒ အထားအသိုလေ့လာခြင်းသည် အရေးကြီးဖြစ်သည်။ ဤပညာရပ်၌၊ သမိုင်း-သဒ္ဒါ ယှဉ်တွဲလေ့လာခြင်း (Historico-grammatical approach)ဆိုသည်-ကျမ်းပိုဒ်စာကိုယ် တစ်ပိုဒ်ကို ၎င်း၏သမိုင်းနှင့် သဒါပုံစံအရ အနက်ဖွင့်ခြင်းဖြစ်သည်။ ဥပမာ- ယုံကြည်သူများကို ဖော်န်းပြီး ရှင်ပေါလုက “ဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိကြလော့”(ဧဖက်၊ ၅း၁၈) ဟု ဆိုမိန့်ခဲ့သည်။ ၎င်း၌ ကြိယာသည် အမိန့်ပေးသည့်ပုံစံ (စေခိုင်းဝါကျ) ဖြစ်ပြီး၊ အပြုခံရသူပုံစံ (ကံကြိယာ) ဖြစ်ကာ၊ အများသုံးကြိယာလည်းဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်တော်ထိန်းချုပ်မှုအောက်၌ အစဉ်မပြတ်ရှိရမည်ဟု ယုံကြည်သူ များအား ရှင်ပေါလု စေခိုင်းခြင်းဖြစ်သည်။

မှန်ကန်သောအနက်ဆွဲထုတ်ခြင်း (accurate exegesis) နောက်ကွယ်၌ မှန်ကန်သော အနက်ဖွင့်ခြင်းရှိသည်။

HETERODOX

( Orthodoxy ကိုကြည့်ပါ )

HEXAPLA (Alexandrian School ကိုကြည့်ပါ)

HISTORICAL THEOLOGY သမိုင်းဝင်သီသော်လော်ဂျီ

အသင်းတော်သမိုင်းနှင့် အနီးကပ်ဆက်စပ်မှုရှိပြီး ၎င်းအသင်းတော်သမိုင်း ၏ ကာလတစ်ခုစီရှိ ပုဂ္ဂိုလ်များက ခရစ်တော်၏ပုဂ္ဂိုလ်ဖြစ်ကြောင်း၊ သန့်ရှင်းသော

ဝိညာဉ်တော်၊ အနာဂတ်ကာလအဖြစ်အပျက် စသည့် အထူးဩဝါဒကြီးများအပေါ် မည်သို့ နားလည်စွဲကိုင်ခဲ့ကြကြောင်း လေ့လာသောဗေဒကို သမိုင်းဝင်သီသော် လော်ဂျီဟု ခေါ်သည်။

၎င်းဘာသာရပ်ကို ဩဝါဒ၏သမိုင်း (History of Doctrine)ဟူ လည်း ခေါ်ဝေါ်ကြသည်။

HISTORY OF RELIGION SCHOOL ဘာသာရေးအစု

အသင်းတော်သမိုင်း ( ဂျာမန်-religions- geschichtliche Schule)

အချို့သီဩော်လော်ဂျီပညာရှင်များက ခရစ်ယာန်ယုံကြည်ချက်သည် အမျိုးအစားပိုင်းခြားရလျှင် ဘာသာရေးတရမဟုတ်ဘဲ သမိုင်းတစ်လျှောက်လုံး၏ ဘာသာရေး အစိတ်အပိုင်းသာဖြစ်သည်ဟု ဆိုကြသည်။ ထိုသို့ဆိုပါက ခရစ်ယာန် ယုံကြည်ချက်ဟူသည် ၎င်း၏ အရင်၌ရှိနှင့်သော ဘာသာတရားများနှင့် ၎င်း၏ ခေတ်ပြိုင် မိစ္ဆာဒိဋ္ဌိဘာသာများမှ အခြေခံမူများ၊ ဝိသေသလက္ခဏာများကို ဆွဲယူ ကျင့်သုံးသော တရားဖြစ်ချေတော့မည်။ ဇာစ်မြစ်သဘာဝကို စူးစမ်းရှာဖွေသော်၊ အမှန်ပင်၊ ခရစ်ယာန်ယုံကြည်ချက်သည် ယုဒဘာသာ (Judaism)မှ ပေါ်ထွန်း ဖွံ့ဖြိုးခဲ့ခြင်းဖြစ်သည်။ ဓမ္မဟောင်းသည် ဓမ္မသစ်၏ ပြင်ဆင်မှုဖြစ်သည်။ သို့သော်၊ ဧဝံဂေလိနည်းကျကျခံယူသူများ (evangelicals) ကမူ၊ ခရစ်ယာန်ယုံကြည်ချက် သည် အခြားဘာသာများ၏ အဆင့်ဆင့်တိုးတက်လာသော အစိတ်အပိုင်းတစ်ခု မဟုတ်ကြောင်းနှင့် မိစ္ဆာဒိဋ္ဌိဝါဒမှ ဆွဲယူခြင်းမပြုကြောင်း ငြင်းဆိုကြသည်။

HOMILETICS ပြောနည်းဟောနည်းပညာရပ်

(ဂရိဘာသာ၊ ‘homileo’ – စကားပြောဆိုသည်) တရားဟောခြင်းတည်းဟူသော ပြောနည်းဟောနည်း အခြေခံတရားများ ကို လေ့လာသော ဗေဒဖြစ်သည်။

HUMANISM လူသာပဓာနဝါဒ/ဟီယူမေးနီဇမ်/

(လက်တင်ဘာသာ၊ ‘homo’- လူသား)

၎င်းသည် ဘုရားသခင်မဟုတ်ဘဲ၊ လူသာလျှင်သက်ရှိ၊ သမိုင်းတို့၏ အချက်အချာဗဟိုဟု မြင်သော ဒသနိကဗေဒဖြစ်သည်။ (၎င်း၏ နာမဝိသေသန ပုံစံ- ဟီယမေးနီစတစ်h(umanistic) ၊

၎င်းသည် ဘုရားသခင်အား ငြင်းပယ်သောစကားလုံး ဖြစ်သောကြောင့် ခရစ်ယာန်များအတွက် အဓိပါယ်ဆိုးသက်ရောက်နေသည်။ သို့သော် ၎င်း စကားလုံး ဆင်းသက်လာရာ အရင်းခံစာလုံးများနှင့် ဆင်တူယိုးမှား၊ မရောနှော ရန် သတိပြုရပါမည်။

(က)လူသား(humanက၏) – ပေါင်းစပ်လိင်သုံးစကားလုံးဖြစ်ပြီး လူသားသက်သက်ကိုဖော်ပြသည်။ ဥပမာအားဖြင့်-လူသား မျိုးနွယ် (human race)၊ သက်ရှိလူသား (human being)

(ခ)လူ့သဘာဝ၊ ရိုက်နှင့်လူသားဖြစ်ဝတ္ထုများ (the humanities) – သက်ရှိလူသားများ (ဝါ) ၎င်းသက်ရှိလူသားများမှဖြစ်ပေါ်လာသောအရာများ (ဥပမာ-စာပေ၊ အနုပညာ-ပန်းချီ၊ဂီတ)ကိုအထူးပြုလေ့လာ သော ဘာသာရပ်များဖြစ်သည်။

(ဂ)(လူသား၏)သနားတာတတ်သောစိတ်(humane)- အကြင်နာစိတ်ထားဖြစ်ပြီး ဥပမာ- တိရစ္ဆာန်အား သနားသောကြောင့် မနာကျင်သောနည်း (humane methods) များဖြင့်သတ်ခြင်းဖြစ်သည်။

HUMAN RESPONSIBILITY လူ့ဝတ္တရား

ဘုရားသခင်၏ဖန်ဆင်းခံ၊ အသိဉာဏ်ပညာရှိသော သတ္တဝါများဖြစ်သည့် လူသားများအနေဖြင့် ဘုရားသခင်ကိုနာခံရန် တာဝန်ဝတ ရားရှိကြသည်။ ကျဆင်း ခြင်း မတိုင်မီ(ကမ္ဘာ၊ ၃) အချိန်၌၊ ထိုနာခံခြင်းကို သူတို့ပြုနိုင်စွမ်းရှိသည့်အပြင် ဆလည်း ရှိခဲ့ကြသည်။ သို့သော် သူတို့၏ လွတ်လပ်ခြင်းအခွင့်အရေးသည် နာခံခြင်း၊ နာမခံခြင်းနှစ်ခုမှ ကြိုက်ရာနိုင်သော၊ ပြောင်းလဲတတ်သည့် (mutable) အရာဖြစ်ခဲ့သည်။ ကျဆင်းခြင်း၌၊ ဘုရားသခင်ကို နာမခံရန် သူတို့ ရွေးချယ်ခဲ့ကြသည်။

ထိုကျဆင်းခြင်း အချိန်ကာလမှစ အာဒံ၏သားစဉ်မြေးဆက်အားလုံး သည် ဘုရားသခင်၏ ပညတ်ဥပဒေများအတိုင်း အသက်ရှင်ကြရန် အစွမ်းအစနှင့် ဆလိုလားမှုမရှိကြတော့ချေ။ ဘုရားသခင်သာလျှင် ထိုအစွမ်းအစနှင့်ဆန္ဒကိုပေးနိုင်စွမ်းသူဖြစ်သည်။ သို့သော် လူသားများ၏ နာခံရမည့်ဝတ ရားကြီးသည် မပြောင်းမလဲ ဆက်လက်တည်နေဆဲပင်။

HYPER- CALVINISM

(Calvinism ကိုကြည့်ပါ)

HYPOSTATIC UNION ပေါင်းစည်းထားသောအောက် (မြေကြီးအသင်းတော်) ရပ်တည်မှု/ဟိုင်ပိုစတေ တစ်ခ်ယူနီယန်/(ဂရိဘာသာ၊’hypostatic” – အောက် အခြေအနေ) ၊

ဘုရားဇာတိတော်နှင့်လူ့ဇာတိ၊ သဘောသဘာဝနှစ်ခုပေါင်းစည်းပြီး ခရစ်တော်၌ တည်ရှိနေခြင်းကို ပေါင်းစည်းသော အောက်မြေကြီးအသင်းတော် ရပ်တည်မှု (hypostatic Union)ဟုခေါ်သည်။ သီသော်လော်ဂျီ၌၊ တစ်လုံးတစ်ဝ တည်းဖြစ်သော ဘုရားသခင်မှ ပုဂ္ဂိုလ်တပါးပါးကို ရန်းရာတွင်လည်း ဟိုင်ပို စတေတစ်ခ်ကို အသုံးပြုသည်။ ချာလ် ဆီဒွန်(အေဒီ ၄၅၁)က “သုံးပါးတစ်ဆူတည်း၊ ဘုရားသခင်” (Godhead)ကို “အနှစ်တစ်ခုအောက်က သီးခြားရပ်တည်မှုသုံးခု (one essence in three hypostases) ဟု အဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။

ခရစ်တော်ကိုသာ ရည် န်းရာ၌မူ၊ ဟိုင်စတေတစ်ယူနီယန်ဟူသည် ခရစ်တော်၏ ပုဂ္ဂိုလ်တပါးတည်း၌ ဘုရားဇာတိတော်နှင့် လူ့ဇာတိသဘောသဘာဝ နှစ်ခု ပေါင်းစည်းထားခြင်းဖြစ်သည်။

အလက်ဇန္ဒြီုယား (Alexandria) ဘုန်းတော်ကြီးဆီရီလ် (Cyril) က ဟိုင်ပိုစတေတစ််ယူနီယမ်အပေါ် ကွန်စတင်တီနိုပါလ် (Constantinople) ဘုန်းတော်ကြီး နစ တိုရီယပ်စ (Nestorius)၏ အတိုက်အခံပြုမှုအား ခုခံကာကွယ် ခဲ့ရသည်။ ၎င်းနစ တိုရီယပ်စ်က ခရစ်တော်သည် ယေ ဟူသော လူသားတစ်ဦး သာဖြစ်ပြီး နှုတ်ကပတ်တော်ဖြစ်သော ဘုရားသခင် သူ့အထဲ၌ ကျိန်းဝပ်လာခြင်း သာဖြစ်သည်ဟု ဆိုခဲ့သည်။ ထို့ပြင် ခရစ်တော်သည် ပုဂ္ဂိုလ်နှစ်ခွ(dual personality) ရှိသောသူသာ ဖြစ်သည်ဟုလည်း ဆိုခဲ့သည်။ မာရိသည် ဘုရားသခင် သယ်ဆောင်သူ(ဝါ)ကိုယ်ဝန်ဆောင်မွေးဖွားပေးသူ (The bearer of God၊ ဂရိ ဘာသာ ‘heo-tokos)မဟုတ်ဟုလည်း ငြင်းပယ်ခဲ့သည်။ ၎င်းနစ တိုရီယပ်စ်သည် အေဒီ ၄၃၁၊ ဧဖီဆက်စ်ကောင်စီ(The Council of Ephesus)၌ ရာထူးမှ ထုတ်ပယ်ခြင်းခံရခဲ့သည်။

ICONOCLASM, ICONOCLAST , သရုပ်ပုံ, ရုပ်တုဖျက်စီးခြင်း

သူအိုက်ကွန်ကာလာဇမ်-ကလစ်ထိ/

သရုပ်ပုံ၊ ဆင်းတုများဖြစ်သော(သစ်သားကားချပ်ပေါ်များ၌ သခင်ယေ နှင့် သန့်ရှင်းသူအချို့တို့၏ ပ်ပုံများကို မှန်းဆရေးဆွဲ၊ ဆေးခြယ်လေ့ရှိသော ပန်းချီကား) ဝတ္ထုပစ္စည်းများကို ကိုးကွယ်မှုပြုရာ၌ ကြည်ညိုမှုပေးခြင်း၊ ဂါဝရပြုခြင်း၊ ကို ဆိုလိုသည်။ ၎င်းကျင့်သုံးမှုကို အေဒီ(၇၂၆)၌ ပယ်ချခဲ့ကြသော်လည်း အေဒီ(၇၈၇)၌ ပြန်လည်တည်ဆောက်ကျင့်သုံးလာပြီး ဂရိနိုင်ငံနှင့် အရှေ့တိုင်း အာရိ ဒုတ် (Orthodox) အသင်းတော်များ၌ ယနေ့အထိ ဆက်လက်ကျသုံး နေကြောင်း တွေ့ရသည်။

IMAGE OF GOD ဘုရားသခင်၏ပုံသဏ္ဌာန်တော်

(လက်တင်ဘာသာ၊ ‘Imago Dei)

လူသားမျိုးနွယ်စုသည် ဘုရားသခင်၏ပုံသဏာန်နှင့်အညီ ဖန်ဆင်းခံရ သူများ ဖြစ်သည်(ကမ္ဘာ၊ ၁း၂၆၊ ၂၇)။ အပိုဒ်ငယ် ၂၆၌ “ငါတို့၏ပုံသဏ္ဌာန်နှင့် တညီတပုံသဏ္ဌာန်တည်း” ဟူသည့် စကားစုကို သုံးနှုန်းထားသည်။ ၎င်းသည်ဟေဗြဲဘာသာ၏ တူညီမှု နှိုင်းယှဉ်ပြဥပမာဖြစ်သောကြောင့် “ငါတို့ပုံသဏ္ဌာန် နှင့် “တညီတပုံသဏ္ဌာန်’သည် အဓိပါယ်တူများ ဖြစ်သည်။ သီသော်လော်ဂျီ ပညာရှင်အချို့က ထိုစကားစုနှစ်ခုကို ပိုင်းခြားရန် ကြိုးစားကြသည်။ သူတို့က “တညီတသဏ္ဌာန်’ (ဘုရားသခင်နှင့် မိတ်ဖွဲ့ပေါင်းဖော်နိုင်သော အစွမ်းအစ)သည် အာဒံ၏အပြစ်အားဖြင့် ပျောက်ဆုံးခဲ့ပြီဖြစ်ပြီး “ငါတို့၏ ပုံသဏ္ဌာန်’ (တွေးတော သိမြင်နိုင်သော လူ့အစွမ်းအစ)သည် ပုံစံပျက်ယွင်းသော်လည်း ကျန်ရစ်ဆဲဖြစ် သည်ဟု ဆိုကြသည်။

ခရစ်တော်သည် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သည် (ကောလော၊ ၁း၁၅၊ ဟေဗြဲ၊ ၁း၃)။ သူသည် ဘုရားသခင်၏ သဘာဝစိုက်တိတိကျကျရောင်ပြန်ဟပ်စေခဲ့ ယုံသာမကဘဲ သူ့လူများထံ ဘုရားသခင်၏ပုံသဏ္ဌာန်တော် ပြန်လည်ထည့်သွင်းခြင်းသည် သူ့အမှု၏ အပိုင်းတစ်ခုဖြစ်သည်။ ဧဖက်၊ ၄း၂၄ ၌ ခရစ်တော်၏ ဖြောင့်မတ်ခြင်းနှင့် စစ်မှန်သော သန့်ရှင်းခြင်းကို ဖော်ပြပြီး ကောလောသဲ၊ ၃း၁ဝ ၌ သူ့အသိညာဏ်တော်ကို ဖော်ပြထားသည်။

IMMANENCE

(Attributes of God ကိုကြည့်ပါ)

IMMUTABILITY

(Attributes of God ကိုကြည့်ပါ)

IMPASSIBILITY

(Attributes of God ကိုကြည့်ပါ)

IMPUTATION စာရင်းဝင်ခြင်း

(ဂရိဘာသာ၊ ‘Logizomai’ စစ်တမ်းစာရင်း သွင်းသည်) ဘဏ်စီးပွားရေးလောကတွင် အသုံးများသော ကုန်သွယ်ခြင်းဆိုင်ရာ စကားလုံး ဖြစ်သည်။ (၎င်းနှင့်ဆက်နွယ်မှုရှိသော စကားလုံး ‘ellogeo'(ဂရိ)မှတ်ယူ၊ မှတ်ချက်ချ စာရင်းသွင်းသည်။ ရောမ၊ ၅း၁၃ [AV] ၌ တွေ့ရပြီး ဖိလေမှန်၊ ၁၈ ၌ ရှင်ပေါလုက ဩနေသိမ်၏ အကြွေးများအား သူ့အတွက်တာ (အကြွေး)အဖြစ် မှတ်ယူစာရင်းသွင်းရန် ဖိလေမှန်ကို တောင်းဆို။ )

အာဒံ၏အပြစ်ကြောင့် လူသားမျိုးနွယ်စုကြီး အပြစ်သားစာရင်းဝင်ခြင်း အကြောင်းကို ဖော်ပြသော အရေးကြီးလှသည့်ကျမ်းပိုဒ်မှာ-ရောမ၊ ၅၁၂-၂၁ ဖြစ်သည်။ ထိုကျမ်းပိုဒ်၌ စာရင်းဝင်မှတ်ယူမှုစကားလုံးအစစ်အမှန်ကို တစ်ကြိမ်သာတွေ့ရသော်လည်း စာကိုယ်တစ်ခုလုံး ၎င်း၏အဓိပါယ်ဆောင်နေသည်။ စာရင်း ဝင်မှတ်ယူခံရခြင်းကိုမူ အပိုင်ငယ် ၁၂ ၌ “လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့်”ဟူ တွေ့ရသည်။ သဒကာလအားဖြင့်ကြည့်သော်၊ အတိတ်သုံးကြိယာ (Aorist- (ဂရိ) အတိတ်ကာလက တဒင်္ဂဖြစ်ပျက်မှုကို ပြသောကြိယာ)ဖြစ်ပြီး အာဒံ၊ အပြစ်ကျူးလွန်ခြင်းကြောင့် လူသားအားလုံး အပြစ်ရှိလာကြောင်း အထူး ဖော်ပြထားသည်။ အာဒံ၏အပြစ်သည် လူသားများ၏ အပြစ်ဖြစ်သည်။

လူသားများ၏အပြစ်အား ခရစ်တော်၏အပြစ်အဖြစ် မှန်ယူစာရင်းသွင်း ခြင်းအကြောင်းကို ရှင်းလင်းစွာ ဖော်ပြသောကျမ်းချက်များမှာ-ဟေရှာယ၊ ၅၃း၄-၆၊ ၂ကော၊ ၅း၂၁၊ ဂလာ၊ ၃း၁၃၊ ၁ပေ၊ ၂း၂၄ တို့ဖြစ်ကြသည်။ ၎င်းကျမ်းချက်များ၌ လည်း စကားလုံး အတိအကျမရှိပေ။ (၂ကော၊ ၅း၂၁(အင်္ဂလိပ်ကျမ်းစာသာ)မှ ဆက်နွယ်မှုပြနာမ်စား ‘who’ သည် ‘US’ ကိုမဟုတ်ဘဲ ‘him’ ကိုပြန်လည် ရည့် န်းခြင်းဖြစ်ကြောင်း မှတ်သားစေလိုသည်။ ဂရိဘာသာ၌မူ၊ ၎င်းဆက်နွယ်မှု ပြနာမ်စားကို ဤသို့ဖွဲ့စည်းထားကြောင်း တွေ့ရသည်။ “the-one-not-having-known-sin-for us he made sin, that we might become..”)

ဘုရားသခင်သည် သူ၏လူများအား သူတို့၏ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်စေကြောင်းကို ဖော်ပြသော အရေးကြီးလှသည့် ကျမ်းပိုဒ်မှာ ရောမ၊ ၃း ၂၁-၅း၂၁ ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဖြောင့်မတ်ခြင်းကို ယုံကြည်သောအပြစ်သားများ၏ ဖြောင့်မတ်ခြင်းအဖြစ် မှတ်ယူစာရင်းသွင်းခဲ့သည်။ ထိုနည်းအား ဖြင့်သာ ယုံကြည်သူများအား ဖြောင့်မတ်သူများအဖြစ် မှတ်ယူခြင်းဖြစ်သည် (ရောမ၊ ၄း၃၊၅၊၆၊၉-၁၁၊ ၂၂-၂၄)။ (ဂလာ၊ ၃း၆၊ ယာကုပ်၊ ၂း၂၃)တို့ကို ကြည့်ပါ။ ပြောင်းပြန်ဆိုရသော်၊ ဘုရားသခင်သည် ယုံကြည်သူများကို အပြစ်မတင် တော့ချေ(ဆာလံကျမ်း၊ ၃၂း၃၊ ရောမ၊ ၄း၈၊ ၂ကော၊ ၅း၁၉)။

INCARTION လူ့ဇာတိခံယူတော်မူခြင်း

(လက်တင်ဘာသာ၊ ‘in’- အထဲ၌၊ ‘cars, carnis’ အသွေးအသားခန္ဓာ)

ဘုရားသခင်၏သားတော် လူ့ဇာတိကိုခံယူပြီး မြေကြီးပေါ်ကြွလာတော် မူခြင်းကို ဆိုလိုသည်။ ယော၊ ၁း၁၄ က၊ “နှုတ်ကပတ်တော်သည် လူ့ဇာတိ(လူ့ အသွေး အသားခန္ဓာ)ကို ခံယူ”ဟု ပြောထားသည်။ ၁ယော၊ ၄း၂ နှင့် ၂ယော၊၇ တို့ကလည်း “လူ့ဇာတိခန္ဓာ” ဖြင့် ကြွလာခြင်းကို ဖော်ပြကြသည်။ ရောမ၊ ၈း၃၊ ၁တိ၊ ၃း၁၆ မှ နောက်ပိုင်းကိုလည်း ကြည့်ပါ။

တစ်ခါတစ်ရံ ဤစကားလုံးသည် ယေ ၏ မြေကြီးသက်တော်စဉ်တစ်ခု လုံးကိုလည်း ရည် န်းသည်။ ဥပမာ-လူ့ဇာတိခံယူတော်မူခြင်းကာလ = မြေကြီး ပေါ်ရှိ နေတော်မူသည့်ကာလ။

လူ့ဇာတိခံယူတော်မူခြင်းကိုသီဩလော်ဂျီ (Incarnation Theology) က ခရစ်တော်၏ ကိုယ်စားဝင်အသေခံခြင်းထက် ခရစ်တော်၏ လူ့သဘာဝ ရိုက်ယူဆောင်ခြင်းအား တမူထူးကဲစွာ ဖော်ပြထားသည်။ နှုတ်ကပတ်ကျမ်းစာ ကမူ၊ လူ့ဇာတိခံယူတော်မူခြင်းသည် ကိုယ်စားဝင်အသေခံတော်မူခြင်းအတွက် မရှိမဖြစ်လိုအပ်သော ပြင်ဆင်မှုဟူ မြင်ထားသည်။

INDEPENDENCE

(Attributes of God ကိုကြည့်ပါ)

INDIFFERENT THINGS

(Adiaphora ကိုကြည့်ပါ)

INDULGENCE အလိုလိုက်လျောခြင်း

(လက်တင်ဘာသာ၊ ‘indulgentia’- ကြင်နာမှု)

ရောမင်ကတ်သိုလစ်အသင်းတော်က အသင်းဝင်များ၏ အပြစ်တချို့ကို၊ သူတို့ အာပတ်ဖြေစရာမလိုအောင် လိုက်လျောပေးရာ၌ အသုံးပြုသော စကားလုံးဖြစ်သည်။

အလယ်ခေတ်ကြီးများ၌ ၎င်းကျင့်ထုံးကို လွန်စွာအလွဲသုံးလာကြပြီး အသင်း တော်ကို ငွေကြေးများမပေးဆောင်ပါက(သေဆုံးသူ၏)ဝိညာဉ်သည် အကုသိုလ် ဆေးကြောသည့်နေရာ၊ ဒုက္ခဘုံ (Purgatory)မှ မလွတ်မြောက်နိုင်ဟု ဖော်ထုတ်လာသည့် အထိဖြစ်လာခဲ့သည်။ အမှန်ပင်၊ ၎င်းငွေကြေးများသည် ထိုအသင်းတော်ကို ချမ်းသာကြွယ်ဝစေသောအရာပင်ဖြစ်သည်။ ၎င်းကျင့်ထုံးသည် အသစ်ပြန်လည်ပြုပြင်ပြောင်းလဲမှု(Reformation)ကို ပေါ်ပေါက်စေသော ထိုးစစ် ကြီးအားဆင်ရန် မာတင်လုသာ (Martin Luther)ကို ခြေလှမ်းစလှမ်းစေသောကျင့်ထုံးဖြစ်သည်။

INERRANCY အမှားအယွင်းကင်းခြင်း/အင်နာရင်စီ/

(လက်တင်ဘာသာ၊ ‘in’ အငြင်းဝါကျသုံး၊ ‘errare’မှားယွင်းသည်။ အင်္ဂလိပ် ‘err’ အမှားလုပ်သည်)

အမှားအယွင်းလုပ်ရန်ဖြစ်နိုင်စွမ်းမရှိခြင်းဖြစ်သည်။ ကျမ်းစာအမှားအယွင်း မရှိဟု ဆိုခြင်းသည် မှုတ်သွင်းတော်မူခြင်းခံသောမူရင်း (inspired original)၌ အမှားအယွင်းမရှိဟု ဆိုခြင်းဖြစ်သည်။ ၎င်း၏သိပါ၊ သမိုင်း၊ ပထဝီ၊ ဩဝါဒဖော်ပြ ချက်အားလုံး၌ပင် အမှားအယွင်း လုံးဝမရှိပေ။

INFALLIBILITY အလိမ်အညာကင်းခြင်း၊ မုသာမပါဝင်ခြင်း ၊အင်ဖော်လီဘီလီတီ/ (လက်တင်ဘာသာ၊ ‘in’အငြင်းဝါကျသုံး၊ ‘fallere’ – လိမ်ညာသည်) မုသားပြောဆိုရန် ဖြစ်နိုင်စွမ်းမရှိခြင်းဖြစ်သည်။

ကျမ်းစာ၌ မုသာမပါဟုဆိုရာ၌၊ မှုတ်သွင်းတော်မူခြင်းခံသောမူရင်း (inspired orginal)သည် လုံးဝယုံကြည်ထိုက်သော၊ မုသာမပါသောကျမ်းဖြစ်ကြောင်းဆိုခြင်း ဖြစ်သည်။ ၎င်းကျမ်းပြောဆိုသော ဘုရားသခင်၊ ခရစ်တော်၊ လူသား၊ ကယ်တင်ခြင်းနှင့်အတူ ဩဝါဒတိုင်းသည် လုံးဝစိတ်ချယုံကြည် အားကိုး ထိုက်ကြောင်း ဆိုလိုခြင်းလည်း ဖြစ်သည်။

အမှားအယွင်းကင်းခြင်းနှင့် အလိမ်အညာကင်းခြင်းနှစ်ခုလုံးသည် ကျမ်းစာ၏ ဘုရားမှုတ်သွင်းခံယူရင်းမှ စီးထွက်လာကြခြင်းဖြစ်သည်။

INFINITY

(Attributes of God ကိုကြည့်ပါ)

INFRALAPSARIANISM

(Sublapsarianism ကိုကြည့်ပါ)

INSPIRATION OF SCRIPTURE ကျမ်းစာမှုတ်သွင်းတော်မူခြင်း

“ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်”(၂တိ၊ ၃း၁၆၊ AV)ဟူသော စကား စုသည် ဂရိပေါင်းစပ်စကားလုံးတစ်လုံးတည်းမှ ထုတ်နုတ်ဘာသာပြန် ကြခြင်းဖြစ်ပြီး (ဂရိစကားလုံး theopheustos) ဘုရားသခင်ဇီဝသွင်းပေးခြင်းဟူ အဓိပါယ်ရသည်။

နှုတ်ကပတ်ကျမ်းစာ၌၊ ဘုရားသခင်၏ဇီဝအသက်ဟူသည် သူဖန်ဆင်း ခြင်း တန်ခိုး၏ပုံဆောင်ချက်၊ စကားအလင်္ကာအဖြစ် မကြာခဏတွေ့ရသည် (ယောဘ၊ ၃၃း၄၊ ဆာလံ၊ ၃၃း၆)။

Plenary Inspiration အကုန်အစင်မှုတ်သွင်းခြင်း (လက်တင်ဘာသာ၊ ‘plenus’ ပြည့်စုံသော) နှုတ်ကပတ်ကျမ်းစာတစ်ခုလုံး(အကုန်အစင်)သည် ဘုရားသခင်မှ အရင်း အမြစ်အဖျားခံသော၊ ဘုရားသခင်၏ ဇီဝအသက်မှုတ်သွင်းခြင်းကို အကြွင်းမဲ့ခံရသည့်စာဖြစ်သည်ဟု ဆိုလိုသည်။

Verbal Inspiration တစ်လုံးချင်းလုံးစေ့ပတ်စေ့မှုတ်သွင်းခြင်း

(လက်တင်ဘာသာ၊ ‘verbum’ စကားလုံးတစ်လုံး) ၊

ကျမ်းစကားလုံးအားလုံးကို ဘုရားသခင် ဇီဝအသက်မှုတ်သွင်း ပေးထားသည်။

မှုတ်သွင်းတော်မူခြင်းကို ယုံကြည်လိုက်ခြင်းက ကျမ်းရေးသူများသည် ဘုရား သခင်ရှေ့မှ နှုတ်တိုက်ချပေးခြင်းကိုသာ လိုက်ရေးနေကြသည်ဟူသည့် ယုံကြည်ချက်သို့ ကျွန်ုပ်တို့အား ပုံအပ်မထားပေ။ တွေ့ကြုံခံစားမှုများနှင့် သူတို့ ရပ်တည်နေရသော အခြေအနေများကိုလည်း အသုံးပြုခဲ့သည်။ အမှန်ပင်။ ကျမ်းစာ၌ အလိုတော်ရှိရာအားလုံးကို ရေးသားခြင်းပြုနိုင်ရန် ရေးသားခြင်း၊ ဝတ္တရားပေးအပ် အသုံးပြုခံမည့်လူများ၊ သူတို့၏ပင်ကိုယ်စရိုက်များနှင့် အခြေ အနေ ပတ်ဝန်းကျင်များကို သူကိုယ်တိုင်ဖန်တီး၊ ဖန်ဆင်းခဲ့သည်။ ဘုရားသခင် သည် ဤနှုတ်ကပတ်ကျမ်းစာ ထွက်ပေါ်လာရန် နည်းမျိုးစုံ အသုံးပြုခဲ့သည် (ဟေဗြဲ၊ ၁း၁)။ သူသည် အိပ်မက်များအားဖြင့် ပါများအားဖြင့် တိုက်တွေ့ဆုံ မှုများအားဖြင့် စသည်တို့အပြင် စစ်ခုံရုံတင် သမိုင်းမှတ်တမ်းစာများအဖြစ်လည်း (ဥပမာ- ဓမ္မရာဇဝင်၊ ၁၊ ၂၊ ၃၊ ၄၊ နှင့် ရာဇဝင်ချုပ်၊ ၁၊ ၂)တို့ ရေးသားမှုကို ကြီးကြပ်ကွပ်ကဲခဲ့သည်။

‘Theopneustos’ ဟူသည့် စကားလုံးကကျွန်ုပ်တို့ကို မှုတ်သွင်းခြင်းဖြင့် သီအိုရီမည်သည်မျှ ချည်နှောင်မထားပေ။

INTER-TESTAMENT PERIOD ဓမ္မကျမ်းနှစ်ခု၏ကြားကာလ

ဓမ္မဟောင်းအပိတ်နှင့် ဓမ္မသစ်အဖွင့်တို့အကြား၊ ကာလများ၏ သမိုင်းဖြစ် သည်။ မာလိနှင့် ဗတိ ဇံဆရာယောဟန်အကြား မည်သည့် ပရောဖက်စကားမျှ မကြားရကြပေ။ ၎င်းကာလများကို လေ့လာသိရှိထားခြင်းသည် ဓမ္မသစ်၏နောက်ခံသမိုင်းကို ခြေရာခံရာ၌ အသုံးဝင်လှသည်။ ဥပမာအားဖြင့်- ရောမကို အာဏာရရှိစေသော အာဏာလွှဲအပြောင်းဖြစ်ရပ်နှင့် ဖာရိ၊ ဇကဲစသော အုပ်စုကလေးများ သမိုင်းထဲသို့ ဝင်ရောက်လာခြင်းတို့ဖြစ်သည်။

IRRESISTIBLE GRACE

(Grace ကိုကြည့်ပါ)

JERUSALEM BIBLE ယေရုရှလင်ကျမ်းစာ

ယေရုရှလင်ရှိ ရောမင်ကက်သိုလစ် ဓမ္မကျမ်းစာသင်ကျောင်း(Roman Catholic School of Biblical Studies) က၁၉၅၆တွင် La Bible de Jerusalem အမည်ရှိ ကျမ်းစာကို ထုတ်ဝေနိုင်ခဲ့သည်။ ရောမင်ကက်သိုလစ်သား များ လေ့လာသင်ကြားမှုအတွက် (လွယ်ကူအောင်) အသင့်လုပ်ထားသည့် သင်္ကေတ၊ မှတ်ချက်လေးများပါဝင်သော ပညာရှိလက်ရာမြောက် ကျမ်းစာဖြစ် သည်။ ၎င်းကို အင်္ဂလိပ်ဘာသာ စကားဖြင့် ၁၉၆၆ တွင် ပုံနှိပ်ထုတ်ဝေခဲ့ကြသည်။

JOHANNINE ရှင်ယောဟန်နှင့်ဆိုင်သော

ယင်းစကားလုံးသည် “ယောဟန်’ ဆိုသည့် အမည်၏ နာမဝိသေသနပုံစံ ဖြစ်ပြီး “ယောဟန်၏”ဟု အဓိပါယ်ရှိသည်။ ဥပမာ- ယောဟန်၏သီသော်လော်ဂျီ (Johannine Litetature)၊ (Pauline, Petrine တို့နှင့် ယှဉ်တွဲလေ့လာပါ)။

JUDAISERS ယုဒဝါဒဝင်သူများ

(ဧသတာ၊ ၈း၁၇) ၌၊ ယုဒလူများသည် သူတို့ရန်သူများအား ပြန်လည် လက်စားချေခွင့် အမိန့်စာရရှိခဲ့သောကြောင့် တပါးအမျိုးသားများသည် ကြောက် ပြီး ယုဒဘာသာဝင်ခဲ့ကြကြောင်းတွေ့ရသည်။ ဆပ်ကျွဲဂျင့်(Septuagint)က “ယုဒဘာသာဝင်သည်” ဟူ ဤနေရာ၌ရေးသားထားသည်။ (ဂလာ၊ ၂း၁၄)တွင် ရှင်ပေါလု၏ ခရီးစဉ်များ၌ လိုက်ပါကြသော ယုဒဘာသာဝင်များ တစ်စုနည်းတူ ကယ်တင်ခြင်းရောက်နိုင်ရန် ယုဒထုံးတမ်းစဉ်လာတချို့အား စောင့်ထိန်းဖို့အလို့ငှါ လှုံ့ဆော်အနိုင်အထက်ပြုရန် ကြိုးစားနေသော ရှင်ပေတရု ကို ရှင်ပေါလု ဆုံးမ ခဲ့သည်။

ရှင်ပါလုဟောပြောသော ယေရှုခရစ်၏ကျေးဇူးတော် သတင်းကောင်း သည် ယုဒဘာသာဝင်သူများ၏ ထုံးတမ်းစဉ်လာကို လုံးလုံးဆန့်ကျင်ခဲ့သည်။၎င်းကျင့်စဉ်ထုံးတမ်းများက ယေ ခရစ်ပြုခဲ့သော အမှုတော်၌ တစ်စုံတစ်ခု ထပ်ပေါင်းထည့်ရန် လိုအပ်သည်ဟု တင်ဆိုချက်ပြုခဲ့ကြသည်။ ထိုယုဒဘာသာ အကြောင်းကို သီးသန့်ဆွေးနွေးရန်သာ ယေ, လင်ကောင်စီ (The Council of Jerusalem)ကို ဆင့်ခေါ်ကြခြင်းဖြစ်သည်(တမန်တော်၊ ၁၅)။

JUDAISM ယုဒဘာသာ

ဣသရေလနိုင်ငံ၏တောင်ဘက်ပိုင်း တိုင်းပြည်ဖြစ်သော “ဃ” ဟူသည့် စကားလုံးမှ ဆင်းသက်လာသည်။ (ဣသရေလသက်သက်ဆိုလျှင် မြောက်ဘက် ပိုင်း တိုင်းပြည်ဖြစ်သည်)။ ထိုမှတဆင့် “ဂျူး (Jew) ဆိုသည့် စကားလုံးလည်း ပေါ်ထွက်လာ သည်။

ကျယ်ပြန့်မှုကို ကြည့်ပါက ယုဒဘာသာ (Judaism)ဟူသည့် စကားလုံး သည် ယုဒလူမျိုးနှင့် သက်ဆိုင်သမျှအားလုံးဖြစ်ပြီး၊ ကျစ်လစ်တိကျမှုကို ကြည့်ပါ က ၎င်းစကားလုံးသည် ယုဒဆိုင်ရာ သီဪလော်ဂျီ (Jewish Theology), ကိုးကွယ်ခြင်းနှင့် ကျွန်မှလွတ်မြောက်သည့် နောက်ပိုင်းတွင် အစပြုသော သူတို့ ဘဝဖြစ်သည်။

JUSTIFY/JUSTIFICATION ဖြောင့်မတ်စေသည်/ခြင်း

ပုဂ္ဂိုတစ်ဦးအား ဖြောင့်မတ်စေသည်ဟု ဆိုခြင်းသည် ထိုပုဂ္ဂိုလ်အား ဖြောင့်မတ်သူအဖြစ် ဖွင့်ဟကြေညာခြင်းဖြစ်သည်။ ၎င်းသည် တရားနှင့်ဆက်စပ် မှုရှိသော ဥပဒေ၊ တရားသုံး စကားလုံးဖြစ်သည်။ တရားသူကြီးက ပုဂ္ဂိုလ်တစ်ဦး ကို ဖြောင့်ချက်ပေးသောအခါ၊ ထိုပုဂ္ဂိုသည် အမှန်တရားဘက်၌ ရှိကြောင်းကို ကြေညာရသည်။

ယေရှုခရစ်၏ ဆောင်ရွက်ပြီးစီးခဲ့သော အမှုတော်ကို အခြေခံပြီး ဘုရား၊ သခင်သည် ယုံကြည်သူများကို ဖြောင့်မတ်စေသည်။ ခရစ်တော်က ဘုရားသခင် ၏ပညတ်ဥပဒေကို စောင့်ထိန်းခဲ့ပြီး၊ အပြစ်၏ပြစ်ဒဏ်အားလုံးကိုလည်း ဆောင်ယူ သွားခဲ့ပြီ။ ခရစ်တော်၏အသက်တာနှင့် အသေခံခြင်း၌ မိမိယုံကြည်ခြင်းကို တည်စေသောသူများကို ဘုရားသခင်က ဖြောင့်မတ်သူများအဖြစ် မှတ်ယူသည်။

ဘုရားသခင်သည် “ယေရှုကို ယုံကြည်သော သူတို့၏အပြစ်ကို လွတ်တော်မူ”သောသူဖြစ်သည်(ရောမ၊ ၃း၂၆)။ ခရစ်တော်၏ဖြောင့်မတ်ခြင်းအား ယုံကြည်သူ ၏ဖြောင့်မတ်ခြင်းအဖြစ် မှတ်ယူစာရင်း သွင်းခဲ့သည်(ရောမ၊ ၄း၁၊ ၅း၁။

KENOSIS ဘုန်းအသရေစွန့်တော်မူခြင်း/ကေအိုးစစ်/

(ဂရိဘာသာ၊ ‘Kenoo’- ဗလာ ဖြစ်စေသည်) ၊

ဖိလိပိ ၊ ၂း၇က ခရစ်တော် မြေကြီးပေါ်ကြွလာစအချိန်၌ “မိမိအသရေ ကို စွန့်” ကြွလာကြောင်း ဖော်ပြထားသည် (AV နှင့် RAV ကျမ်းများက “သူ့ကိုယ်သူ မရေရာသောသူ(မကျော်ကြားသူ) ကဲ့သို့လုပ်သည်”၊ NIV ကျမ်း ကမူ “ကိုယ့်ကိုကိုယ် ဗလာနတ္ထိလုပ်သည်)။

၎င်းကျမ်းပိုဒ်၏ ရှေ့နောက်ကြောင်းဆက်များလည်း အသရေစွန့်ပြီး ဘာမျှမဟုတ်သူ၊ သာမာန်လူသားအဖြစ် ယူဆောင်တော်မူခြင်းကို ရှင်းပြထားကြ သည်။ ခရစ်တော်သည် ဘုရားသခင်နှင့်တူညီသော အဖြစ်တော်၌ လူ့ဇာတိခံယူ ခြင်းအား ငြင်းပယ်ခြင်းဖြင့် ချပ်ချပ်ကပ်မနေခဲ့ပေ(အပိုဒ်ငယ်၊၆)။ အစေခံကျွန်၏ သဏ္ဌာန်ကို ယူတင်ဝတ်ဆောင်လျက် လူသားအဖြစ်ကြွလာခဲ့သည်(အပိုဒ်ငယ်)။ သူသည် လူ၏ဂုဏ်အင်္ဂါလက္ခဏာများနှင့် ပြည့်စုံလျက်၊ မိမိကိုယ်ကို နှိမ့်ချပြီး လက်ဝါးကပ်တိုင်၌ အသေခံသည့်တိုင်အောင် နာခံခဲ့သည်(အပိုငယ်၊၈)။

ထို့ပြင်၊ ယောဟန်၊ ၁၅ ကလည်း ထိုအကြောင်းအရာကိုပင် ရှင်းပြ ထားသည်။ ခရစ်တော်သည် မိမိဘုန်းအသရေအား ဖယ်ရှားစွန့်လွတ်ပြီး လူသား အဖြစ် မြေကြီးသို့ ကြွလာခဲ့သည်။

သို့သော် လူသားအဖြစ် ကြွလာတော်မူခြင်း၌ သူ၏ဘုရားသခင်ဖြစ်ခြင်း ရပ်တန့်သည်(ဝါ) သူ၏ဘုရားဇာတိကို ဖယ်ရှားစွန့်လွှတ်ခဲ့သည်ဟု မည်သည့်အခါ ၌မျှ ကျွန်ုပ်တို့ မပြောမဆိုရပါ။

KERYGMA ဧဝံဂေလိဟောကြားခြင်း/ကေရိုက်မှာ/(ဂရိဘာသာ၊ ‘Kerugma’ ဟောပြောရသည့်အရာ၊ ‘Kerusso’ မှလာခြင်းဖြစ်ပြီး-ဟောပြောသည်။ အသံတော်ဆင့်အလုပ် လုပ်သည်)။

တမန်တော်ကြီးများ ဟောပြောသော ယေ ခရစ်၊ သူ၏သက်တော်စဉ်၊ အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်း၊ ပြန်ကြွလာတော်မူမည်အကြောင်းအရာ စသည်တို့ပါဝင်သော တရားကို စောက်မာဟုခေါ်သည်။

 

KOINE ဘုံဘာသာစကား/ကွိုင်နေး/

(ဂရိစာလုံး ‘Koine dialektos’ ၏ အတိုကောက်ဖြစ်ပြီး၊ ရုံးသုံး၊ အများသုံး ဘာသာစကားဟု အနက်ရှိသည်) ၊

မဟာအလက်ဇန္ဒြာများက သူသိမ်းပိုက်ရရှိသော တိုင်းနိုင်ငံများတွင် ဂရိ ဘာသာစကားနှင့် ယဉ်ကျေးမှုပြန့်နှံ့စေခြင်း (Hellenising) ကို ကြိုးစား လုပ်ဆောင်စဉ်ခါကာလ၌ ဂရိယဉ်ကျေးမှုဆိုင်ရာဘာသာစကားသည် ထိုကိုလိုနီ နိုင်ငံများ၏ ဘုံဘာသာစကား ဖြစ်လာနိုင်ခဲ့သည်။ ၎င်းဘာသာစကားကို ကွိုင်နေ (Koine) (ဝါ) ဘုံသုံးဂရိစကားဟုခေါ်ပြီး ဂရိနိုင်ငံရှိ ရှေးဟောင်းဂရိဘာသာစကား အစစ်အမှန်နှင့် အပြိုင်ဖွံ့ဖြိုးလာနိုင်ခဲ့သည်။ ဓမ္မဟောင်း ဂရိဘာသာပြန်ဖြစ်သော ဆပ်ကျွဲဂျင့် (Septuagint) နှင့် နောက်ပိုင်း၌ ဘာသာပြန်လာကြသော ဓမ္မသစ် ကျမ်း၊ နှစ်ကျမ်းစလုံးကို ဤကွိုင်နေး ဂရိဘာသာစကားဖြင့် ဘာသာပြန် ရေးသားခြင်းပြုခဲ့ကြသည်။

LAST RITES အပိတ်သဘင်

ရောမင်ကက်သိုလစ် ယဇ်ပုရောဟိတ်က ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် မသေဆုံးမီ နောက်ဆုံး ဘာသာရေးလှုပ်ရှားမှုအနေဖြင့် ပွဲလမ်းသဘင် တစ်စုံ တစ်ရာ လုပ်ဆောင်ပေးခြင်းကို အပိတ်သဘင် (Last rites) ဟုခေါ်သည်။

LAITY သာမာန်လူလိုင်တီး(ဂရိဘာသာ ‘Laos’ – လူထု) ၊

တင်းတင်းကြပ်ကြပ် အမှန်ကိုလေ့လာပါ၊ လိုင်တီး (Laity) ဟူသည် သခင်ဘုရား၏လူများဖြစ်သော်လည်း၊ ကံကြောင်းမလှစွာ၊ အင်္ဂလီဂန်နှင့် ရောမ ကက်သိုလစ် အသင်းတော်များတွင် လိုင်တီးဟူသည့် စကားလုံးသည် ရာထူးရာခံ မရှိသူ၊ ဘာသာရေး ဝန်ထမ်းအရာ ခန့်အပ်ခြင်း မခံရသူ၊ သာမာန်ပြည်သူများကိုရည်ညွှန်းသည်၊ သာမာန် (မတတ်ကျွမ်းသော) တရားဟောဆရာ (Lay Preacher က) ဆိုသည်မှာ- အထက်ပါ အသင်းတော်များ၏ ဘုန်းတော်ကြီး များထံမှ တရားဟောခြင်း အလုပ်အတွက် ခန့်အပ်ခြင်း မခံယူဘဲ တရားဟော ပြောနေသူ ဖြစ်သည်။

 

LEGALISM ပညတ်ဥပဒေစောင့်ထိန်းခြင်း၊ တရားမျှတခြင်း/ လီဂေါလ်လီစဉ် (ဂရိဘာသာ၊ ‘Lex, Legis’-ပညတ်၊ ဥပဒေ) ၊

ဖြောင့်မတ်၊ တရားမျှတသော ပညတ်ဥပဒေပေးပိုင်ရှင်(ဘုရားသခင်) သည် အပြစ်ကို မလွဲမသွေ ဒဏ်ခတ်စီရင်မည်၊ ယုံကြည်သူများ၏ အပြစ်ကိုမူ သူ့သားတော်၏ အသေခံခြင်း၌ စီရင်ခဲ့ပြီဟု အတိအလင်းပြသခြင်းဖြင့် ဧဝံဂေလိ သတင်းကောင်းသည် ဘုရားသခင်၏ပညတ်၊ ဥပဒေတော်ကို ထောက်ခံအားပေး သည် (ရောမ၊ ၃း ၃၁)။

သို့သော် လီဂါလ်လိဇမ်၌ မကောင်းသောအဓိပ္ပါယ် သက်ရောက်မှုလည်း ရှိသည်။ ပညတ်ဥပဒေစောင့်ထိန်းခြင်းဖြင့် ဘုရားသခင်၏ မျက်နှာသာပေးခြင်းကို ရှာဖွေ ကြိုးစားသူများအား အပြင်ပန်းစောင့်ဟန်သူ(ဝါ)ကြောင်သူတော် (Legalistic) ဟုခေါ်သည် (ဥပမာ-ဖာရိရှဲများကဲ့သို့ပြုခြင်း)။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခံရပြီးသော ခရစ်ယာန်များအတွက်၊ လီဂါလ်လစ တစ် (Legalistic) ဟူသည် ခရစ်ယာန်အသက်တာ ကြီးထွားရန် ကြိုးစားမှုသက်သက်ဖြင့် ပညတ်ဥပဒေ၏တောင်းဆိုချက်များကို စောင့်ထိန်းခြင်းဖြစ်သည်။ ကောလော၊ ၂း၁၆-၂၃ သည် ၎င်းကိစ နှင့်ပတ်သက်သော အရေးကြီးသည့် ကျမ်းပိုဒ်စာကိုယ် ဖြစ်သည်။ ရှင်ပေါလုက စားသောက်ခြင်း၊ ပွဲလုပ်ခြင်းများကို ဤနေရာ၌ အထူးပြု ရေးသားခဲ့သည်(၂း၁၆)။ ဂလာ၊ ၄း၁ဝ နှင့် အရေဖျားလှီးခြင်းအကြောင်းကို ဖော်ပြ သော ဂလာ၊ ၅း၁-၁၅ မှ ရှင်ပေါလု၏သွန်သင်ချက်ကိုလည်း ကြည့်ပါ။ ဝိညာဉ် တော်၌ကျင်လည်ခြင်း၊ ဝိညာဉ်တော်၏ အထိန်းအချုပ်ခံယူခြင်းနှင့် ဝိညာဉ်တော်၌ အသက်ရှင်ခြင်းအားဖြင့် ပညတ်တော်၏အထုံးအဖွဲ့(Legalism) မှ ကျွန်ုပ်တို့လွတ်မြောက်နိုင်သည်(ဂလာ၊ ၅း၁၆၊ ၁၈၊ ၂၅)။ ဘုရားသခင်၏ စာရိတ ပိုင်းဆိုင်ရာ ပညတ်ဥပဒေ (Moral Law of God)နှင့် ညီ တ်သော ဝိညာဉ်အသီးကို ကျွန်ုပ်တို့အထဲ၌ ဝိညာဉ်တော်သီးပွင့်စေမည်ဖြစ်သည်။

LIBERALISM လွတ်လပ်စွာ တွေးခေါ်သည့်ဝါဒ/ လစ်ဘရယ်လီဇမ်/

(လက်တင် ဘာသာ၊ ‘liber’ – လွတ်လပ်သော)

သီ‌ဪလော်ဂျီအရကြည့်လျှင်၊ လစ်ဘရယ်လီဇမ် (Liberalism) သည် ကျမ်းစာအား လူများထံ ဘုရားသခင်ဖွင့်ပြသော စာအဖြစ် ယုံကြည်ရန် လိုအပ်မှုရှိ၊ မရှိကို လွတ်လပ်စွာ တွေးဆယုံကြည်သည့်ဝါဒ ဖြစ်သည်။ ၎င်း ယုံကြည်ရန် လိုအပ်မှုရှိ မရှိကို လွတ်လပ်စွာ တွေးဆယုံကြည်သည့်ဝါဒ ဖြစ်သည်။ ၎င်းယုံကြည်ရန် လိုအပ်မှုမှ လူများ “လွတ်လပ်လာသည်နှင့် တစ်ပြိုင်တည်းမှာပင်၊ ခရစ်ယာန်ယုံကြည်ချက်၏ အချက်အချာဩဝါဒများဖြစ်သော-ဘုရားသခင်၏ စာရိတ ပိုင်း(ပညတ်)တောင်းဆိုမှုများ၊ လူသား၏ဗီဇအဖြစ်၊ ခရစ်တော်၏ ဘုရားဇာတိ၊ ခရစ်တော်၏ကိုယ်စားဝင် အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်း၊ ယုံကြည်သူများအထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်တော် မူခြင်း စသည့်အချက်များကို “လွတ်လပ် ́စွာ ငြင်းပယ်လာကြသည်။

ဤလစ်ဘရယ်ဝါဒသည် (၁၉)ရာစုတွင် ဂျာမဏီနိုင်ငံ၌ စတင်ပေါ်ပေါက် ခဲ့ပြီး၊ နောက်ပိုင်းတွင် အင်္ဂလန်နိုင်ငံသို့ ပျံ့နှံ့ခဲ့သည်။ လူ၏ကာယပိုင်း တိုးတက် ဖွံ့ဖြိုးလာသောအခါ၊ ထိုတိုးတက်မှုက စာရိတ ပိုင်းကိုလည်း ခေါ်ဆောင် တိုးတက် စေသည်ဟူသည့် သူတို့၏ခံယူချက်ကြောင့် ဆင့်ကဲသီအိုရီကပင် (Theory of Evolution) လစ်ဘရယ်ဝါဒကို ထောက်ခံအားပေးခဲ့သည်။ ထို့ပြင် စာရိတ ပိုင်း “အပေါ်တက်လာမှု’ ကို ကူညီနိုင်ရန်အတွက်ဆိုလျှင်၊ အပြင်ပိုင်း ပတ်ဝန်းကျင်များ ကို တိုးတက်အောင်လုပ်ရန်သာ လိုအပ် သည်ဟုလည်း ဆိုခဲ့ကြသည်။ ထိုနည်း အားဖြင့်သာ၊ “လူမှုရေးဧဝံဂေလိ” (Social gospel) အသက်ဝင်လာခဲ့ခြင်းဖြစ် သည်။ သို့သော် လူသားကို အကောင်းချည်းသာ မြင်သော အကောင်းမြင်ဝါဒကို ပထမကမ္ဘာစစ်ကြီး (၁၉၁၄-၁၉၁၈)က အကြီးအကျယ် ဖျက်ဆီးခဲ့သည်။

LIBERATION THEOLOGY လွတ်မြောက်ခြင်း သီ

ဪလော်ဂျီ

လူသားများ လွတ်မြောက်ခြင်းရရန် ကြွေးကြော်ပြီး ခရစ်တော်နှင့် ရှင်ပေါလု ပြောခဲ့သော လွတ်မြောက်ခြင်း (ယောဟန်၊၈း၃၆၊ ဂလာတိ၊ ၅း၁ကိုမူ မဟောမပြောဘဲနေသော သီဪလော်ဂျီဖြစ်သည်။

၁၉၅၃ ခုနှစ်၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သော ကမ္ဘာ့အသင်းတော် များ ညီလာခံကောင်စီ (World Council of Churches Conference)၏ ဦးတည်ချက်မှာ- “ယနေ့ကယ်တင်ခြင်း””ဟူ ဖြစ်သည်။ ၎င်းညီလာခံက ကယ်တင်ခြင်းအား “လူသား၏ သက်ဝင်ထက်မြတ်သော အရည်အသွေး အပြည့် အစုံကိုနားလည်လာခြင်း” (Realising one’s full human potential) ဟူ အဓိပ္ပါယ်ဖွင့်ဆိုခဲ့သည်။ တတိယကမ္ဘာရှိ တိုင်းနိုင်ငံများ၌(လူများ၏ “ပုဂ္ဂိုလ်ဖြစ် ခြင်း အပြည့်အစုံ” (personal wholeness)ကို လူမှုစီးပွားရေး အခြေအနေ အရပ်ရပ်က ဟန့်တားမှုပြုသောကြောင့် ၎င်းအဟန့်အတားများမှ လူများ “လွတ်မြောက်ရမည်ဟု ဆိုခဲ့ကြသည်။ ထို့ကြောင့် ၎င်းသီသော်လော်ဂျီ ပညာရှင် များက လွတ်မြောက်ခြင်း သီသော်လော်ဂျီ၏ အငန်းအတာသည် အဖိနှိပ်ခံ လူတန်းစားများအတွက် စီးပွားရေး၊ တရားမျှတမှုနှင့် နိုင်ငံရေးလွတ်လပ်မှု ယူဆောင်ရန် ဖြစ်သည်ဟု မြင်လာခဲ့ကြသည်။

၎င်းသည် အဘယ်သို့အားဖြင့် ဖြစ်ပျက်လာသနည်း။ လွတ်မြောက်ခြင်း သီသော်လော်ဂျီက အောက်ပါအတိုင်း သွန်သင်နေကြဟန်ရှိသည်။ ဘုရားသခင် က လူသားအားလုံးကို ကယ်တင်ဖို့ရန် ကြံစည်ရည် ရွယ်သည်။ လူအားလုံးသည် “ခရစ်တော်၌” တည်ရှိနေပြီးဖြစ်သော်လည်း ခရစ်တော်သည် လူအားလုံး၌ တည်ရှိမနေပေ။ ထို့ကြောင့် ခရစ်ယာန်ဖြစ်သူ၊ မဖြစ်သူမည်သူမဆို ဘုရားသခင် နှင့် အခြားလူများအတွက် “မိမိကိုယ်ကိုဖွင့်ဟ ́ ရမည်။ အကြောင်းမှာ အခြား လူများအားဖြင့် ဘုရားသခင်ကို တွေ့ဆုံနိုင်သောကြောင့်ဖြစ်သည်။ ထိုသို့ပြုသော အားဖြင့် သူတို့သည် “ပြောင်းလဲ”လာကြပြီး လူများကို ဖိနှိပ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့၏ အကြောင်းအရာ အရပ်ရပ်မှ ထိုအဖိအနှိပ်ခံလူများ လွတ်မြောက်ရန် ကြိုးပမ်းသော ရုန်းကန်လှုပ်ရှားမှုထဲသို့ ပါဝင်လာကြသည်။

၎င်းအဖိနှိပ်ခံ လူများအတွက် ဝိသေသပြုလုပ်ဆောင်ခြင်းတွင် လွတ်မြောက်ခြင်း သီဟ်လော်ဂျီသည် ပေါင်းစုမျှဝေခြင်းဝါဒ(Communism) နှင့်ပင် ဆင်တူလာသည်။ ကျမ်းစာဘာသာစကားကို အသုံးပြုခြင်းတွင်မူ၊ ခရစ်ယာန်ယုံကြည်မှုကြီး၏ လှုပ်ရှားမှုနှင့်လည်း တူပြန်သည်။ ထို့ကြောင့် ၎င်းသီသော်လော်ဂျီသည် “ခရစ်ယာန်မျက်နှာတပ် ကွန်မြူနစ်” (Communism with Christian face) ဟုပင် ဖော်ပြလေ့ရှိကြသည်။ လွတ်မြောက်ခြင်း သီဪလော်ဂျီသည် လူသားများ၏ မြေကြီးဆိုင်ရာဒုက္ခ၊ ပြ နာများကို သိမြင် နားလည်ပေးခြင်းနှင့် ဖြေရှင်းပေးရန် လုံ့လပြုခြင်းတို့တွင် လေးစားမှုအချို့ကို ခံထိုက်သော်လည်း အပြစ်ခွင့်လွတ်မှု ခံရခြင်းတည်းဟူသော သူတို့၏ အလေးနက် ဆုံး လိုအပ်ချက်ကိုမူ သူတို့မသိ၊ ဦးတည်မှုမပြုကြပေ။

LIMBO စံရာဘုံ/လင်မ်ဘို (လက်တင်ဘာသာ ‘Limbus’- နယ်နိမိတ်)

ရောမင်ကက်သိုလစ်များက(ခန္ဓာသေဆုံး ) ထွက်ခွာသွားသော ဝိညာဉ်အချို့သည် ကောင်းကင်မဟုတ်၊ ငရဲလည်းမဟုတ်သောအရပ်၊ လင်မ်ဘို ခေါ် စံရာဘုံလေးသို့ ရောက်ရှိကြသည်ဟု သင်ကြားပေးကြသည်။

၎င်းဘုံကိုဓမ္မဟောင်းသန့်ရှင်းသူများသွားရာဘုံ ‘Limbus Partrum’ (the Limbus of the fathers- ဘိုးဘေးများစံရာဘုံ ) နှင့်ရေနှစ်ခြင်းမခံယူသေးသောကလေးများသွားရာဘုံ ‘Limbus infantum'(the limbus of infants- နို့စို့သူငယ် အရွယ်များစံရာဘုံ)ဟူ နှစ်မျိုးနှစ်စားခွဲခြားကြသည်။

၎င်းလင်မ်ဘိုဟူသော စကားလုံးကို (in) “အထဲ၌ ဟူသည့် (သ) ဝိဘတ်၏နောက်တွင် သုံးရသည်။ (ဥပမာ- in limbo (လင်မ်ဘိုအထဲ၌) ဆိုသည်မှာ- နယ်နိမိတ်အတွင်း၌ (ဝါ) ငရဲ၏နယ်နိမိတ်အတွင်း၌ဟူ )။

LIMITED ATONEMENT အကန့်အသတ်ရှိသော ပေးချေတော်မူခြင်း

ခရစ်တော်သည် သူရွေးချယ်သော လူများ၏ ကယ်တင်ခြင်းသေချာမှု အတွက် အသေခံခဲ့သည်။ ထိုနောက် ဘုရားသခင်က ခရစ်တော်၌ သူရွေးချယ် ခွဲခန့်ပြီးသောသူများကိုခေါ်ပြီး ဖြောင့်မတ်စေသည်။ သခင်ယေရှုခရစ်၌ ယုံကြည်မှုကို သူတို့ပြုရသည် မှန်သော်လည်း၊ သူတို့၏ကယ်တင်ခြင်းသည် သူတို့၌ အလိုဆန္ဒ၌မဟုတ်ဘဲ ဘုရားသခင်၏အလိုတော်၌ မူတည်သည်။

၎င်းသည် အာရ်မီးနီးယမ်းနီဇမ် (Arminianism)၏ သွန်သင်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ အာမီးနီယမ်းနီဇမ်ကမူ ခရစ်တော်သည် လူသား အားလုံး၏ ကယ်တင်ခြင်းဖြစ်နိုင်စွမ်းရှိရေးအတွက် အသေခံခဲ့သည်ဟု ဆိုသည်။ ထို့ပြင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏အလိုတော်အားဖြင့် မဟုတ်ဘဲ ပုဂ္ဂိုလ်တစ်ဦးစီ၏ အလိုဆအားဖြင့် ဖြစ်ပြီး ၎င်းဆန္ဒက ထိုလူကယ်တင်ခြင်း ရောက်၊ မရောက်ကို ဆုံးဖြတ်ပေးသည်ဟု ဆိုထားသည်။

ခရစ်တော်ပြုခဲ့သော ပေးချေခြင်းဆိုင်ရာ အသေခံတော်မူခြင်း၏ ပုံစံနှင့် ၎င်း၏ထိရောက်မှု၌ အကန့်အသတ်ရှိကြောင်းကို ဝိသေသပြုသည့် စကားစု “အကန့်အသတ်ရှိသော ပေးချေတော်မူခြင်း (Limited Atonement)သည် အနုတ်လက္ခဏာဆန်လွန်းသောကြောင့် ခရစ်တော်၏အထူးချစ်ခြင်းကို ခံရသူများ သည် နုတ်ခြင်းကို အမှန်အကန် ခံရမည်ဟူ အပေါင်းလက္ခဏာဆန်ဆန် ဝိသေသပြုသော “အထူးသီးသန့် နုတ်ခြင်း (Particular Redemption) ဟူသည့် စကားစုကို အများက ပိုနှစ်သက်ကြသည်။

မှတ်ရန်။ ။ လူသား၏ ရပ်တည်ချက်နှင့် ကယ်တင်ခြင်းအကြံအစည်တော်ကိုဖော်ပြသော ကျမ်းစာ၏ သွန်သင်ချက်အား အဆင်ပြေလွယ်ကူစွာ ချဲ့ထားသည့် စကားလုံး TULIP ဟူသည့် မှတ်သားလွယ်စာလုံး၌ “အကန့်အသတ်ရှိသော ပေးချေခြင်းသည် တတိယမြောက်အချက် ဖြစ်သည်။

Total depravity လုံးဝဥသုံ ပျက်စီးခြင်း

Unconditional election အခြေအနေ၌ မမူတည်သော ရွေးချယ်မှု

Limited Atonement အကန့်အသတ်ရှိသော ပေးချေခြင်း၊

Irresistible grace တွန်းလှန်မရသော ကျေးဇူးတော်

Perseverance of the Saints သန့်ရှင်းသူများ၏(အဆုံးတိုင်)တည်တံ့မှု (ဤစကားလုံးများ၏ အခြေခံစာမူများကို ဤအဘိဓာန်မှာပင် ရှာဖွေကြည့်ပါ)

LITURGY ကိုးကွယ်ခြင်းအစီအစဉ်/လီတာရ်ဂျီး/

၎င်း၏နာမ်နှင့် နာမဝိသေသနပုံစံ(Liturgical)နှစ်ခုစလုံးသည် ပုံစံတကျ စီစဉ်ထားသော ကိုးကွယ်ခြင်းအစီအစဉ်ကို ရည် န်းကြသည်။ ဥပမာ- အင်္ဂလန် အသင်းတော်၏ ဆုတောင်းစာအုပ် အစီအစဉ်။

၎င်းစကားလုံးသည် ဂရိစကားလုံးနှစ်လုံးမှ ဆင်းသက်လာခြင်းဖြစ်ပြီး “လူများ၏ အလုပ်” ဟူ အဓိပ္ပါယ်ရသည်။ ၎င်းသည် ခရစ်ယာန်ပြင်ပစကားလုံး ဖြစ်ပြီး တစ်တိုင်းပြည်လုံးနှင့်ဆိုင်သော ပြည်သူ့အစီအစဉ်မျိုး၌ သုံးနှုန်းကြသည်။ ထို့နောက်ပိုင်းမှ ဘာသာရေးဘောင်အတွင်း “ဘုရားများကို ရည်စူးသော အစီ အစဉ်” အဖြစ် သုံးနှုန်းလာကြပြီး နောက်ဆုံး၌ ခရစ်ယာန်နှင့်ဆိုင်သော အဓိပ္ပါယ် တစ်ခုရရှိလာကြသည်။

လီတာဂျိုလော်ဂျီ (Liturgiology) ဆိုသည်မှာ- ပွဲလမ်းအခမ်းအနား များကို လေ့လာသည့် ဘာသာရပ်ဖြစ်သည်။

မှတ်ရန်။ ။ဂရိစာလုံး ‘leitourgia’ သည် ကိုးကွယ်ခြင်းနှင့် အစီအစဉ်နှစ်ခုစလုံးကို ဆိုလိုသည်။ ထို့ကြောင့် ဘုရားသခင်ကို ကျွန်ုပ် တို့ ကိုးကွယ်သည်ဆိုရာ၌ နှုတ်အားဖြင့် ချီးမွမ်း သက်သက် မဟုတ်ဘဲ၊ သူ့အတွက် အစီအစဉ် စနစ်တကျ ကျင်းပပြီး ကိုးကွယ်ရမည်ဖြစ်သည်။

LOCUS CLASSICUS ရိုးရှင်းသော ကျမ်းတည်နေရာလိုကပ်စ်ကလာစ ကပ်စ် (လက်တင်ဘာသာ၊ရှင်းသောမူလနေရာ)

ဘာသာရပ်တစ်ခုကိုသာ အထူးသီးသန့်ပုံစံဖြင့် ဖော်ပြသော ကျမ်းပိုဒ် စာကိုယ်ကို ရှင်းသော ကျမ်းတည်နေရာ (Locus Classicus)ဟုခေါ်သည်။ ဥပမာ-၁ကော၊ ၁၅ သည် “ရှင်ပြန်ထမြောက်ခြင်း’ ဘာသာရပ်၏ ရိုးရှင်းသော တည်နေရာ (Locus Classicus) ဖြစ်သည်။ အင်္ဂလိပ်စကားဖြင့် ‘A classical passage’ရှင်းသော(ဝါ) နဂိုကတည်းကရှိသော ကျမ်းပိုဒ်ဟု မကြာခဏ ဆိုသလို ဘာသာပြန်သုံးနှုန်းကြသည်။

LORD’S SUPPER

(Communion ကိုကြည့်ပါ)

LUTHERANISM လုသာဝါဒ/လုသာရင်နီဇမ်) ၊

မာတင်လူသာ (Martin Luther)သည် ၁၄၈၃ တွင် ဂျာမနီနိုင်ငံ၌ မွေးဖွားခဲ့သည်။ ရောမင်ကက်သိုလစ် ဘန်းကြီးတပါးအဖြစ်နေစဉ်၌၊ “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်၊ အသက်ရှင်လိမ့်မည်”(ရောမ၊ ၁း၁‌၇) ဟူသည့် ကျမ်းချက်ကို သူဖတ်ခဲ့သည်။ ၎င်းစကားလေးများသည် ရောမ ကက်သိုလစ်၏ သွန်သင်ချက်ဖြစ်သော လူတစ်ဦးသည် သူ၏ကုသိုလ်၊ အကျင့် ကောင်းများအားဖြင့် ဖြောင့်မတ်သူဖြစ်လာသည်-ဟူသည့်အချက်ကို ဆန့်ကျင် သော အသစ်ပြန်လည်ပြုခြင်း (Reformation)၏ အရင်းခံအုတ်မြစ် သမ္မာတရား ဖြစ်ခဲ့သည်။

လုသာဝါဒကို အချက်သုံးချက်(နည်းသုံးနည်း)အားဖြင့် အကျဉ်းချုပ် ရသည်။

၁။ “ဆိုလာစီခရိပ်ကျူးရာ’ Sola Scriptura (လက်တင်ဘာသာ၊ sola = ‘solus’- တစ်ခုသာ)

“နှုတ်ကပတ်ကျမ်းစာ တစ်ခုသာ’ဟူ အဓိပါယ်ရသည်။ ခရစ်ယာန် ယုံကြည်ချက်နှင့် ကျင့်ဝတ်၏ အရင်းအမြစ်နှင့် အချုပ်အခြာအာဏာသည် နှုတ်ကပတ်ကျမ်းစာ တစ်ခုတည်းသာဖြစ်သည်။

၂။ “ဆိုလာဂရေရှား’ (Sola gratia) ကျေးဇူးတော်ကြောင့်သာ

ဘုရားသခင်၏ ကျေးဇူးတော်သည် ကယ်တင်ခြင်း၏ အရင်းအမြစ်ဖြစ်သည်။ ကယ်တင်ခြင်းရရှိနိုင်ရန် အခြားနည်းလမ်းမရှိပေ။

၃။ “ဆိုလာဖီဒီ’ (Sola fide) ယုံကြည်ခြင်းအားဖြင့်သာ

ခရစ်တော်အားဖြင့် ဘုရားသခင်ထံရောက်နိုင်ရန် ယုံကြည်ခြင်းသည် လူသားများ၏ တစ်ခုတည်းသော တန်ဆာပလာဖြစ်သည်။

ပွဲတော်မင်္ဂလာနှင့်ပတ်သက် ၊ လုသာသည် စပျစ်ရည်နှင့်မုန့်၌ ခရစ်တော်၏အသွေးတော်နှင့် ခန္ဓာတော်ပါဝင်သည်(Consubstantiation) ဟူသော ဩဝါဒကိုသွန်သင်ခဲ့သည်။

 

LXX ဘာသာပြန်သူခုနှစ်ဆယ်

ရောမရေတွက်ပုံဂဏန်း ခုနှစ်ဆယ်ဖြစ်ပြီး ဆပ်ကျွဲဂျင်(Septuagint)၏ အမှတ်လက္ခဏာဖြစ်သည်။

MASORETIC TEXT မေဆိုရေတစ်ခ်မူရင်းကျမ်း

ဟေဗြဲဘာသာဖြစ်သော ဓမ္မဟောင်းကျမ်းကို အစအဦးပြုစုရေးသားသူ၊ စာရေး ဆရာများသည် ၎င်းကျမ်းတစ်အုပ်လုံးကို (သရမပါ) ဗျည်းချည်းဖြင့်သာ ရေးသားခဲ့ ကြသည်။ စာဖတ်သူများကိုယ်တိုင် ကသရတည့် ရွတ်ဆိုရသည်။

ခရစ်ယာန်ခေတ်ဦးကာလပိုင်းတွင် မဆိုရေတစ် (Masoretes)ဟု အများ သိလာသော ကျမ်းပြုဆရာအချို့သည် ၎င်းဟေဗြဲဓမ္မဟောင်းကျမ်းစာ၌ သရများ ထည့်ရေးခဲ့ကြသည်။ ယနေ့ ကျွန်ုပ်တို့အသုံးပြုသော ဟေဗြဲနှုတ်ကပတ်ကျမ်းစာ သည် သရများ ပါဝင်သော မဆိုရေတစ်ခ်မူရင်းကျမ်း (Masoretic Text)ပင်ဖြစ် သည်။ “မဆိုရာ” (Masora) ဟူသော စကားလုံး၏အဓိပ္ပါယ်မှာ မိုးဖလာဓလေ့ ထုံးတမ်းဖြစ်ပြီးမဆို ရေတစ်များသည် မိုးဖလာ(ဘာသာစကား)အသံထွက် လေယူလေသိမ်းကို ထိန်းသိမ်းထားသူများဖြစ်သည်။ The Symbol MT stands for Masoretic text.

MENNONITE (Anabaptist ကိုကြည့်ပါ)

သောစကား၊ Mile’ – တင်/ မီလန်နီယပ်

MILLENNIUM အနှစ်(၁ဝဝဝ)အုပ်စိုးတော်မူခြင်းကာလ မီလန်နီယမ်

(လက်တင်ဘာသာ၊ ‘Mile’ – တစ်ထောင်)

မီလန်စီယမ်ဟူသောစကားလုံးသည် ဗျာဒိတ်၊ ၂၀း၁-၁၀ မှ အနှစ် တစ်ထောင်ကို ရည်ညွှန်းသော ကျမ်းပိုဒ်များမှ ဆင်းသက်လာသည်။ မီလန်နီ ယာလ်လီဇမ် (Millennialism)ဆိုသည်မှာ-အနှစ်တစ်ထောင်ကာလနှင့် ပတ်သက်သော သွန်သင်ချက်ဖြစ်သည်။ ၎င်းဘာသာရပ်အပေါ်ရှုထောင့်၊ အမျိုးမျိုးဖြင့် မြင်ကြသည်။

Pre-Millennialism ( နှစ်တစ်ထောင်ကာလမတိုင်မီကြွလာတော်မူမည် ဟူသောဝါဒ)။ ။ ခရစ်တော်သည် အနှစ်တစ်ထောင်ကာလမတိုင်မီ ပြန်ကြွလာတော်မူမည်ဖြစ်ပြီး မြေကြီးပေါ်၌ သူ၏ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်း နိုင်ငံတော် အား အနှစ်တစ်ထောင်ကြော တည်ထောင်မည်ဖြစ်သည်။

Post-Millennialism( Moscosspass ဟူသောဝါဒ)။ ။ခရစ်တော်သည် အနှစ်တစ်ထောင်ကာလပြီးမှသာ ကြွလာလိမ့် မည်။ ဧဝံဂေလိသတင်းဟောပြောခြင်းအားဖြင့် ကမ္ဘာမြေကြီးသည် အကောင်း ဘက်သို့ တစ်ဆင့်ပြီးတစ်ဆင့် ဦးတည်ခြေလှမ်းနေမည်ဖြစ်ပြီး အနှစ်တစ်ထောင် ကာလသည် ခေတ်ကာလကြီး ဖြစ်လာသည်။

A-Millennialism(အနှစ်တစ်ထောင်ကာလဟူ သီးသန့်မရှိဆိုသော ဝါဒ)။ အငြင်းဝါကျသုံးစကားလုံး ‘A’သည် ရှေ့၌ပါနေခြင်းက အနှစ်တစ်ထောင်ကာလ မရှိဟု ပြောဆိုနေဟန်တူသည်။ သို့သော်၊ ဤဝါဒက ထိုသို့ မပြောပေ။ ၎င်းက အနှစ်တစ် ထောင်ကာလသည် အမှန်တကယ်၊ လက်တွေ့မဟုတ်ဟု ဆိုသည်။

ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းနောက်ပိုင်းတွင် နောက်ဆုံးတရား စီရင်ခြင်းနှင့် နိစ ထာဝရကာလတို့ ချက်ချင်းလိုက်လာမည်ဟု ဆိုသော Pre Millennialism ကို ၎င်းဝါဒက ငြင်းပယ်သည်(မ၊၂၄း၃၀၊ ၂၅း၄၆၊ ၂သက်၊ ၁း၆-၁၀)။

ထို့ပြင် Post-Millennialism ကိုလည်း ယင်းဝါဒက ငြင်းပယ်ထား သည်။ အကြောင်းမှာ-ကျမ်းစာက၊ ခရစ်တော်ကြွမလာခင်၊ ကမ္ဘာမြေကြီးသည် အကောင်းဘက်သို့ ဦးတည်မည်ဟု မသင်ပေးထားသောကြောင့် ဖြစ်သည် (လုကာ၊၁၈း၈)။

(A-Millennialist) ယင်းဝါဒီက ဗျာဒိတ်ကျမ်းမှ အခြားကိန်းဂဏာန်းများ သည် ပုံဆောင်ချက်သာ ဖြစ်သကဲ့သို့ ဤဗျာဒိတ်ကျမ်း၊ ၂၀း၁-၁ဝ မှ အနှစ် တစ်ထောင်သည်လည်း သရုပ်ဖော်၊ ပုံဆောင်ချက်သာဖြစ်သည်ဟု သွန်သင် သည်။ ကိန်းဂဏန်းတစ်ထောင်ဟူသည် ပြည့်စုံခြင်းကို ပုံဆောင်ပြီး ခရစ်တော်၏ပထမအကြိမ်ကြွလာတော်မူခြင်းနှင့် ဒုတိယအကြိမ်ကြွလာတော်မူခြင်းအကြား၊ ကာလတစ်ခုလုံးကို ဆိုလိုသည်။ ထို့ကြောင့်

(က) အနှစ်တစ်တောင်ကြာ စာတန်သည် ချုပ်နှောင်ခြင်းခံရသည်ဟုဆိုရာ၌ဘုရားသခင်၏လူများအား ဘေးမပြုနိုင်စေရန် ထိုနည်းအားဖြင့် ချုပ်နှောင်ထားခြင်ကိုသာ ဆိုလိုသည်။

(ခ) သန့်ရှင်းသူများ အနှစ်တစ်ထောင်ကြော စိုးစံရကြမည်ဟုဆိုရာ၌ ယခုခရစ်တော်နှင့်အတူ သူတို့ စိုးစံနေခြင်းကိုဆိုလိုသည်။ သူတို့သည် ခရစ်တော်နှင့်အတူ “ကောင်းကင်ဘုံနေရာများ၌ ထိုင်နေပြီဖြစ်သည်(ဧ၊၂း၆) ဟူ သွန်သင်သည်။

တစ်ခါတစ်ရံ၌၊ မီလန်နီယမ်အစား “မီလီယာဇမ်(Chiliasm) စကားလုံး ကို အသုံးပြုတတ်ကြသည်။ ဂရိဘာသာစကား’Chilias’မှ ဆင်းသက်လာပြီး တစ်ထောင်ဟု ဆိုလိုသည်။

MODERNISM ခေတ်သစ်ဝါဒ/ မော်ဒန်နီဇယ်)

ကျမ်းစာ၏ ဇာစ်မြစ်သဘာဝနှင့် ယုံကြည်ထိုက်ခြင်းအပေါ် မှားယွင်းစွာ မြင်သောဝါဒဖြစ်သည်။ ခေတ်သစ်ဝါဒဟု ခေါ်ဝေါ်ကြခြင်းမှာ ၎င်း၏ အတွေး အခေါ်သည် ခေတ်အထိုက်အလျောက် လက်တလောဖွံ့ဖြိုးမှုဖြစ်သောကြောင့် ပင်ဖြစ်သည်။ အရင်ကျသောကျမ်းစကားထိန်းသိမ်ူသူများ (Conservative) ၏ ကျမ်းစာအပေါ် သွန်သင်ချက်ကို ပြန်လည်တုံ့ပြန်တိုက်ခိုက်သော ဝါဒလည်း ဖြစ်သည်။

အဓိပါယ်တစ်မျိုးကောက်ရလျှင်၊ ခေတ်သစ်ဝါဒသည် ခေတ်သစ်မှ ဖြစ်ပေါ်သော ဝါဒမဟုတ်ပေ။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို ဆန့်ကျင်သော လူသား၏အပြစ်ကြီးသော ဆန္ဒနှင့်အရွယ်တူ(အကြိုက်တူ)ဖြစ်သည်။ (Liberalism ကိုကြည့်ပါ)

MONISM တစ်ခုတည်းဝါဒ/မိုနီဇမ်

(ဂရိဘာသာ၊ ‘monos’ – တစ်ခုတည်းသာ၊ မျှသာ)

အတွေးအခေါ် (ဒဿနိကပညာရပ်)၏ စနစ်၊ ဗျူဟာအားလုံးကို ခြုံငုံမိ သော စကားလုံးဖြစ်ပြီး ၎င်းက အမှန်တရား တစ်ခုတည်းသာရှိ ထိုအမှန်တရား သည်သာ ဖြစ်တည်သမျှ အလုံးစုံ၏ အခြေခံရာဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ထိုဖြစ်တည်သမျှ အရာအားလုံးသည် ၎င်းအခြေခံ၏ထင်ရှားခြင်းလက္ခဏာ များသာ ဖြစ်ကြသည်။

ဘုရားသခင်သည်သာ အရာအားလုံး၏ မူလအရင်းအမြစ်ဟု သွန်သင် ခြင်း၌ ခရစ်ယာန်ယုံကြည်ချက်သည်လည်း တစ်ခုတည်းဝါဒ (monistic) ဖြစ်နေ သည့်တိုင် အရာခပ်သိမ်းသည် ဘုရားသခင်၏ ထင်ရှားဖော်ပြခြင်း လက္ခဏာဖြစ် သည်ဆိုသည့်နေရာ၌မူ သဘောမတူချေ။ ထိုသွန်သင်ချက်က အရာအားလုံးသည် ဘုရားဟူသောဝါဒ (Pantheism)၏ သွန်သင်ချက်ပင်ဖြစ်သည်။

နှုတ်ကပတ်ကျမ်းစာက၊ ဘုရားသခင်သည် မြေကြီးအထက်၌ ထူးကဲ သီးသန့်နေကြောင်း (transcendent)နှင့် ဖန်ဆင်းခံအရာများအထဲ၌ ရောနှောခြင်း မရှိဘဲ ခွဲခြား သီးသန့် ရပ်တည်ကြောင်း သင်ပေးထားသည်။ (Dualism ကိုကြည့်ပါ)

MONOPHYSITISM

(Eutychianism ကိုကြည့်ပါ)

MONOTHEISM ဘုရားတစ်ဆူတည်းဝါဒ/မိုနို`ဇမ်/

(ဂရိဘာသာ ‘monos’- တစ်ခုတည်း/တဆူတည်း/’theos’- ဘုရားသခင်)

ဘုရားသခင်တစ်ဆူတည်းကိုသာ ယုံကြည်ပြီး ကိုးကွယ်သောဝါဒ ဖြစ်သည်။ ယုဒဘာသာ မွတ်စလင်ဘာသာ (Islam) နှင့် ခရစ်ယာန်ဘာသာများ သည် ဘုရားတဆူတည်းဝါဒကို သက်ဝင်ယုံကြည်သူများ (monotheistic) ဖြစ်သည်။

Polytheism/henotheism တို့နှင့် နှိုင်းယှဉ်လေ့လာပါ။

 

MONOTHELITISM မိုနို`လိတစ်ဝါဒ

သခင်ယေရှု ခရစ်၌၊ ဇာတိတော်နှစ်ခုရှိသော်လည်း ဆအလိုတစ်ခုတည်း သာ ရှိသည်ဟုဆိုသော မိစ္ဆာဝါဒဖြစ်သည်။ ယင်းဝါဒသည် ခရစ်တော်၌ ဘုရား ဇာတိသာ ရှိသည်ဆိုသော ဝါဒ (Monophysite)နှင့် ခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်း အပေါ် ကျမ်းစကားကိုသာ ယုံသောဝါဒ (Orthodox)၊ ထိုဝါဒနှစ်ခုကို သင့်မြတ် ပြေလည်စေရန် ကြိုးစားနေခြင်းသာဖြစ်သည်။

MORAL LAW စာရိတ ပိုင်းဆိုင်ရာ ပညတ်ဥပဒေ

လူသားများ မည်သို့ နေထိုင်ပြုမူသင့်သည်ကို လမ်းပြသွန်သင်သော ဓမ္မဟောင်းကျမ်းမှ ပညတ်တော်ဆယ်ပါးနှင့် အခြားပညတ်ဥပဒေအားလုံးကို ဆိုလိုသည်။ နိုင်ငံရေးဆိုင်ရာနှင့် ဝတ်ပြုခြင်းဆိုင်ရာ ပညတ်ဥပဒေများ (Civil and Ceremonial Laws)ကို ခရစ်တော်က အဆုံးသတ်စေခဲ့သော်လည်း ဤ စာရိတ ပိုင်းဆိုင်ရာ ပညတ်ဥပဒေများကိုမူ လိုက်လျှောက်ရန် ဆက်လက်လှုံ့ဆော်မှု ပြုခဲ့သည်(မ၊၅)။ ခရစ်တော်သည် သူ၏လူများအတွက် ပညတ်ဥပဒေ၏တောင်းဆိုချက်များကို ပြည့်စုံစေပြီဖြစ်သည်။ ထို့ကြောင့်၊ ၎င်းဥပဒေများက စွဲချက်မတင်နိုင်တော့ချေ။ သို့စေကာမူ၊ သန့်ရှင်းသောဝိညာဉ်တော်ထံမှ တန်ခိုးတောင်းခံပြီး(ရောမ၊၈း၄) ဤစာရိတ ပိုင်းဆိုင်ရာ ပညတ်ဥပဒေကို ဆက်လက် စောင့်ထိန်းရန် ဝတ ရားရှိကြပါသည်။

(Ceremonial ကိုကြည့်ပါ)

(Civil Law ကိုလည်းကြည့်ပါ)

MORAL THEOLOGY စာရိတ္တ သီဪလော်ဂျီ

ဘုရားသခင်မျက်မှောက်တော်၌ လူများ မည်သို့မည်ပုံ ပြုမူနေထိုင်သင့် သည့်အကြောင်းကို လေ့လာသော ဗေဒဖြစ်သည်။ ရောမင်ကက်သိုလစ်လေ့လာ သင်ယူမှု (ကျောင်း)များတွင် ဤစကားလုံးကို မကြာခဏ သုံးတတ်ကြသည်။ သို့သော် (ကက်သိုလစ်) အတိုက်အခံများ (Protestant) ကမူ ခရစ်ယာန်နီတိ (Christian Ethics) ဟူခေါ်ဝေါ်ပြောဆိုကြသည်။

MURATORIAN FRAGMINT/MURATORIAN CANON မိုရာတိုရီယန်၊ ကျမ်းစာအပိုင်းအစ

အီတလီလူမျိုး မိုရာတိုရီ (Muratori)ဆိုသူက ၁၈ ရာစုတွင် ဓမ္မသစ် ကျမ်းပါ စာအုပ်အပိုင်းအစကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းအပိုင်းအစ၏ သက်တမ်း မှာ ဒုတိယရာစုနှစ်မှ ဖြစ်ဟန်ရှိပြီး ၎င်းတွင် ဓမ္မသစ်ကျမ်းပါ ငါးအုပ်မှလွဲ အခြားအားလုံး စုံလင်စွာ ပါဝင်သည်။

MUTABLE

(Attributes of God မှ Immutability ကိုကြည့်ပါ)

(Human Responsibility ကိုလည်းကြည့်ပါ)

MYSTERY RELIGIONS လျှို့ဝှက်ဆန်းကြယ်သောဘာသာများ

ဤစကားစုကို တစ်ခါတစ်ရံ “လျှို့ဝှက်ဆန်းကြယ်မှုများ (The Mysteries) ဟူ လည်း ရိုးရှင်းရှင်းကြီး အသုံးပြုကြပြီး ၎င်းသည် ခရစ်ယာန်ကာလ အစအဦးပိုင်းတွင် ပေါ်ပေါက်ကြီးပွားလာကြသည်။ အထူးအထူးအပြားပြားသော ဘာသာများကို ရည်ညွှန်းသည်။ သူတို့၏ ယုံကြည်ချက်နှင့် ဝတ်ပြုပုံနည်းစနစ် များသည် ထိုဘာသာများ၌ ပါဝင်သူများမှလွဲ အခြားသူအားလုံးအတွက် လျှို့ဝှက်ဆန်းကြယ်လှသည်။ သူတို့သည် တစ်စုံတစ်ရာသော ကယ်တင်ခြင်း (မကောင်းမှုနှင့် စာရိတ ပျက်ပြားမှုမှ လွတ်မြောက်ခြင်း) ပေးကမ်းခဲ့ကြသော်လည်း၊ နှုတ်ကပတ်ကျမ်းစာနှင့် စစ်မှန်သော ဘုရားသခင် တစ်ဆူတည်း၌ အုတ်မြစ် ချမထားသူများ ဖြစ်ခဲ့ကြသည်။

MYSTICISM မှော်ပညာကို ယုံစားသည့်ဝါဒ/မစ တီစီဇမ်/

အောက်စဖို့ဒ်အဘိဓာန်(Oxford Dictionary) ကမစ တစ်(Mystic) ကို ““အမှန်တရားများအပေါ် သာမာန်နားလည်မှုထက် လွန်ကဲသော ဝိညာဉ် အကြားအမြင်ရရှိခြင်းကို ယုံကြည်ထားသူ”ဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရဆိုလျှင်၊ စစ်မှန်သော ယုံကြည်သူတိုင်းသည် မစ တစ်(Mystic) များပင်ဖြစ်ကြသည်။ သို့သော်၊ ယုံကြည်သူများ၌မူ၊ သူတို့သိမြင်ထားသော အမှန် တရားများသည် ကျမ်းစာရှိ သမ္မာတရားများ ဖြစ်ရမည်ဟူသည်နှင့် ထိုဝိညာဉ် အထူးသိခြင်းမျိုးကို သန့်ရှင်းသောဝိညာဉ်တော်မသာပေးခြင်း(ဧဖက်၊ ၁း၁၈)ဖြစ် ကြောင်း ယုံကြည်ရမည်ဟူသည့် အတိုင်းအတာရှိသည်။

ကံကြောင်းမလှစွာ၊ မစ တီစီဇမ်က နှုတ်ကပတ်ကျမ်းစာကို မသိကျိုး ကျွန်ပြု လေ့ရှိသည်။ အုတ်စ်ဖုဒ်အဘိဓာန်၏ အခြားအဓိပါယ်ဖွင့်ဆိုချက်တစ်ခုမှာ “စိတ်တွင်း မှန်းဆတွေးတောခြင်းနှင့် မိမိကိုယ်ကို မေ့ပျောက်၊ လက်လျှော့ခြင်း အားဖြင့် ဘုရား၏ ပူးကပ်ပေါင်းဖော်လာခြင်း (ဝါ) ဘုရားအထဲသို့ စိတ်အာနစ်မြပ် ခြင်းရရှိရန် လုံ့လပြုသူ”ဟူ ဖြစ်သည်။ ၎င်းသည် ကျမ်းစာနည်းမကျသော မစ တီစီဇမ်၏ မူလသွင်ပြင်လက္ခဏာပင်ဖြစ်သည်။

မြောက်မြားစွာသော မှားယွင်းသည့်ဘာသာများ(ဥပမာ- ဘာသာ၊ ဗုဒ္ဓ ဘာသာ)သည် မစ တစ်ဘာသာများ (Mystic Religions)ဖြစ်ကြသည်။ ခရစ်ယာန် အသိုင်းအဝိုင်း၌လည်း-အင်္ဂကာရ်(Eckhart)၊ ကားတိုင်၏စိန့်ဂျွန် (St.John of the Cross)၊ မာဒမ်ဂူယွင်(Madame Guyon)၊ အဲဗလင်း အန်ဒါအီးလ်(Evelyn Underhill) အစရှိသူများကဲ့သို့ ခရစ်ယာန်မစ တစ်များ ရှိခဲ့ပြီး ယခုလည်း ရှိဆဲရှိနေကြသည်။ သူတို့၏ စာပေကျမ်းဂန်များ၌ အမှန်တရား နှင့် ကျေနပ်မှုပေးသောအရာများ ရှိကြသော်လည်း ဧဝံဂေလိကျကျခံယူသူ ခရစ်ယာန်အနေဖြင့် အခြားလမ်းလွဲသွေဖယ်သူများကဲ့သို့ပင် ၎င်းတို့အား သတိလက်မလွတ်တမ်း ကိုင်တွယ်ရမည်ဖြစ်သည်။

MYSTIC UNION လျှို့ဝှက်ဆန်းကြယ်သောပေါင်းစည်းမှု

ကျမ်းစာအလင်္ကာဆန်ဆန်ဖော်ပြမှုဖြစ်သော စပျစ်နွယ်ပင်နှင့် စပျစ် ကိုင်းခက်များ၊ သတို့သားနှင့်သတို့သမီး၊ ဦးခေါင်းနှင့်ခန္ဓာကိုယ်ဟူသည့်အရာများ က သပ်ဖော်ထားသော ခရစ်တော်နှင့်သူ၏ လူများအကြားရှိ ဆက်နွယ် ပေါင်းစည်းမှုကို ဖော်ပြရာတွင် လျှို့ဝှက်ဆန်းကြယ်သော ပေါင်းစည်းမှု (Mystic Union)ကို အသုံးပြုသည်။ ဤနေရာ၌ `မစ တစ် (Mystic) ဟူသော စကားလုံးသည် “အသိ ဉာဏ်ပိုင်းဆိုင်ရာ နည်းဗျူဟာများဖြင့်၊ နားမလည်နိုင်သောအရာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ ပေါင်းစည်းခြင်း၊ ယုံကြည်သူများအပေါ် အမှန် တကယ် ဖြစ်ပျက်စေခြင်းအလုပ်”ကို ဆိုလိုသည်။

မစ တီစီဝမ် (Mysticism) ၌ ဖော်ပြပြီးခဲ့သောအရာကို ကြည့်ပါက၊ မစ တစ် (Mystic) စကားလုံးသုံးနှုန်းပုံသည် ဝမ်းနည်းစရာပင်ဖြစ်သည်။

MYTH ဒဏ္ဍာရီ

၁။ စိတ်ကူးဖြင့် လုပ်ကြံဖန်တီးထားသော ပုံပြင်ဟူ လူအသိများသော အသုံးအနှုန်းဖြစ်သည်။ ယင်းစကားလုံး ၎င်းအဓိပါယ်မျိုးဖြင့် ၁တိ၊ ၁း၄၊ ၄း၇၊တိတု၊ ၁း၁၄၊ ၂ပေ၊ ၁း၁၆ တို့တွင် တွေ့နိုင်သည်။

၂။ သီဪလော်ဂျီဆိုင်ရာ အသုံးအနှုန်း။ ။ ဘုလ််မန်း(Bultmann)ကဓမ္မသစ်ကျမ်းသည် သမ္မာတရား၏အူတိုင်(ဗဟိုမဏ္ဍိုင်)ကို ဝန်းရံရစ်ပတ်သော ဒဏ္ဍာရီနှင့် ယုံတမ်းစကားများဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။ သူ့တွက် မူ၊ ကောင်းကင်ဘုံနှင့်ငရဲဘုံ၊ ခရစ်တော်၏ အရာခပ်သိမ်းမရှိမီ တည်ရှိခြင်း၊ အပျိုကညာသားဖွားခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်း၊ ကောင်းကင်သို့တက် ကြွတော်မူခြင်းနှင့် အနာဂတ်ပြန်ကြွလာတော်မူခြင်း စသည့်အရာများသည် ဒဏ္ဍာရီ(စာရင်း)၌ ပါဝင်ကြသည်။ ဘုလ််မန်းက ဒီမစ်သိုလိုဂျိုင်း ဇေရှန် (Demythologisationm) ဟူသော ဓမ္မသစ်မှဒဏ္ဍာရီခေါ်၎င်းအကြောင်း အရာများကို ဖယ်ရှားခြင်း-အဆိုကို အခိုင်အမာ တင်ပြခဲ့သည်။ ထိုမှသာ၊ တကယ့် တကယ်ဟောပြောရမည့် ခရစ်ယာန်သမ္မာတရား အနှစ်ဖြစ်သော ကေက်မာ(Kerygma) ကျန်ရှိမည်ဖြစ်သည်ဟု ဆိုခဲ့သည်။ လူအတော် များများက ကမ္ဘာ၊၁-၃ မှ ဖန်ဆင်းခြင်းနှင့် အပြစ်ကျဆင်းခြင်း ပုံပြင်သည် ယုံတမ်းစကား ဒဏ္ဍာရီသက်သက်ဖြစ်သည်ဟု ဆိုကြပြီး ဥယျာဉ်၊ သစ်ပင်၊ မြွေစသည်တို့လည်း အမှန်တကယ် မရှိခဲ့ကြောင်း၊ ဖြစ်ရပ်များလည်း အမှန် တကယ် မဖြစ်ပျက်ခဲ့ကြောင်း ပြောဆိုကြသည်။ သူတို့က ထိုအရာအားလုံး သည် လောကအထဲသို့ အပြစ်ဝင်ရောက်ကြောင်းကို သပ်ပြရှင်းပြရှင်းလင်း သော နည်းဗျူဟာမျှသာဖြစ်သည်ဟု ဆိုကြသည်။

NATURAL သဘာဝတရားနှင့်ဆိုင်သော

Natural Revelation သဘာဝဆိုင်ရာဖွင့်ပြခြင်း

(Revelation ကိုကြည့်ပါ)

Natural Religion သဘာဝဆိုင်ရာဘာသာရေးတရား

မိမိကိုယ်ကို ဖွင့်ပြတော်မူသော ဘုရားသခင်၏ ဖွင့်ပြခြင်းလိုအပ်ဘဲ။ လူသားများသည် ဘုရားသခင်အား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ရှာဖွေတွေ့ရှိနိုင်သည် ဟုဆိုသည့် ဘာသာတရားမျိုးဖြစ်သည်။

Natural Theology သဘာဝဆိုင်ရာသီဪလော်ဂျီ

ဘုရားသခင် တည်ရှိတော်မူခြင်း၊ သူ၏ဇာစ်မြတ်သဘာဝကို၊ ဘုရား သခင်၏ဖွင့်ပြခြင်းမရှိဘဲ၊ လူသား၏ တွေးဆကြံစည်တတ်သော အညာဏ် သက်သက်ဖြင့် သိရှိနိုင်၊ ဖော်ပြမှုပြုနိုင်သည်ဟု ပြောဆိုသော သီ လော်ဂျီ ဖြစ်သည်။ ဘုရားသခင်ကို “ဒ နိကကျကျသက်သေပြခြင်း”(Philosophical proofs of God) ဟု ခေါ်တွင်ကြသော အာကွီနပ်စ် (Aquinas) ၏ ‘နည်းလမ်း ငါးသွယ်”သည် သဘာဝဆိုင်ရာ သီဪလော်ဂျီဖြစ်သည်။

Natural Ethics သဘာဝဆိုင်ရာနီတိ

ဘုရားသခင်၏ ဘုံကျေးဇူးတော်ကြောင့် လူသားများ၌ ကောင်းကွက် တချို့ရှိသည်။ လူသားများ၌ သနားကြင်နာသက်ညှာတတ်ခြင်း၊ လူ့အကျိုးကို ဆောက်ရန် စွမ်းဆောင်နိုင်ခြင်း စသည်ဖြင့် ကောင်းကွက်များရှိသည်။ ဘုရား သခင်ဘက်၊ သူ၏သဘောသဘာဝနှင့် စေခိုင်းမိန့်ဆိုချက်ဘက်ကို ဥပေက္ခာပြုပြီး ဤသဘာဝဆိုင်ရာနီတိက ယင်းစွမ်းဆောင်နိုင်မှု ကောင်းကွက်များကို အလိုလို ဖြစ်တည်သော စနစ်တစ်ခုအဖြစ် သတ်မှတ်ဖွံ့ဖြိုးစေသည်။ ဆိုလိုသည်မှာ ခရစ်ယာန်နီတိက အသစ်မွေးဖွားခြင်းခံရသူ စွမ်းဆောင်နိုင်သော ကောင်းကွက်ကို လေးထားနေသည့်အချိန်တွင် သဘာဝဆိုင်ရာနီတိမှာမူ “သဘာဝ” ပုဂ္ဂိုလ်တစ်ဦး စွမ်းဆောင်နိုင်သော ကောင်းကွက်ကို ပို အလေးထားသည်။

NEO အသစ် (ဂရိဘာသာ- ‘neos’ -အသစ်ဖြစ်သော)

ဤစကားလုံးကို အခြားစကားလုံး တစ်စုံတစ်ခုရှေ့၌ ပေါင်းစပ်ထားသို သောအခါ၊ ထိုအပေါင်းစပ် အဖြည့်စွက်ခံ စကားလုံးသည် အသစ်ဖြစ်လာသည်။ အသက်ဝင်လာသည်ဟူသော သဘောဆောင်ပြီး၊ အဟောင်း၏အတွေးအခေါ် သဏ္ဌာန်နှင့်ခြားနားသော သီးသန့်ကဏှာသစ် တစ်ခုပေါ်လာသည်ဟု အဓိပ္ပါယ် ရှိလာသည်။ ဥပမာ

Neo-classicism ရှေးဟောင်းဝါဒအသစ်

ရှေးဟောင်းစာပေများကို ပြန်လည်အသက်ဝင် နိုးကြားစေခြင်းဖြစ်သည်။ Neo-orthodoxy ကျမ်းစကားယုံကြည်သောဝါဒအသစ်

ကျမ်းစကားယုံကြည်သောဝါဒ (Orthodoxy) ကို ပြန်လည်အသက် သွင်းခြင်းဖြစ်ပြီး ယင်းဝါဒအသစ်သည် ဝါဒဟောင်းနှင့် အချို့အတော်များများ၌ ကွဲပြားသည်။ ယင်းဝါဒကို ဘာသစ် (Barth)နှင့် ဘရွန်းနာ (Brunner) (၂၀ ရာစု)တို့၏ သွန်သင်ချက်များအား ဖော်ပြရာတွင် အသုံးပြုကြသည်။ ထိုဝါဒသစ်က ဘုရားသခင်၏ မိမိအဖြစ်တော် ဖွင့်ပြခြင်းကို အလေးအနက်ပြုသော်လည်း၊ ထိုဖွင့်ပြခြင်းနှင့် နှုတ်ကပတ်ကျမ်းစာသည် တစ်ထေရာတည်းမဟုတ်ဟု ငြင်းဆို ထားသည်။ နှုတ်ကပတ်ကျမ်းစကားသည် လူသားများထံ ဘုရားသခင် စကားပြောရန် အသုံးခံရသည့်အချိန်၌သာ ဘုရားသခင်၏ နှုတ်တော်ထွက်စကားဖြစ် သည်ဟု ဆိုထားသည်။ ကျမ်းစကား ယုံကြည်သောဝါဒ (orthodox)၏ သွန်သင် ချက်ကမူ၊ နှုတ်ကပတ်တော်သည် လူများအသက်တာ၌ ပြုလုပ်သူ အဖြစ် စကားပြောဆိုမှုရှိ၊ မရှိအပေါ် မမူတည်ဘဲ၊ ဘုရားသခင်ဖွင့်ပြထားသော အပြုခံ နှုတ်တော်ထွက်စကား ဖြစ်မြဲဖြစ်ကြောင်း ဝါဒသစ်ကို ဆန့်ကျင်ဖီလာပြု ပြောဆိုသည်။

Neo-evangelicalism ဧဝံဂေလိနည်းကျကျဝါဒအသစ်

ဧဝံဂေလိနည်းကျကျဝါဒ၏ ပုံသဏ္ဌာန်သစ်ဖြစ်ပြီး ၎င်းဝါဒသစ်က ကျမ်းစာ ၏ လုံးလုံးအမှားအယွင်းကင်းခြင်း (Absolute Inernancy) နှင့် မှားယွင်းနိုင်စွမ်းမရှိခြင်း (Infallibility)အပေါ် ယုံကြည်မှုမရှိပေ။ ထို့ကြောင့် “ဧဝံဂေလိနည်း ကျကျ (evangelical) ဟူသော ခေါင်းစဉ်ကိုပင် မဆွဲမယူသင့်ချေ။

NESTORIANISM/ နစ တိုရီယာန်းနီဇမ်

နစ တိုရီယပ်စ်(ကွယ်လွန်၊ အေဒီ ၄၅၁)က သခင်ယေ ခရစ်သည် လူပုဂ္ဂိုလ်နှင့် ဘုရားပုဂ္ဂိုလ်ဟူသည် သီးခြားကွေကွင်းသော ပုဂ္ဂိုလ်နှစ်ပါး (Two Separate Persons) ကို ပိုင်ဆိုင်ထားသည်ဟု သွန်သင်ခဲ့သည်။

NON-CONFORMIST သဏ္ဌာန်မယူ၊ အတုမခိုးသူ ၊

သွန်သင်ချက် တစ်စုံတစ်ခုကို သဏ္ဌာန်မယူ (ဝါ) သဘောမတူ သူဖြစ် သည်။

( သီဪလော်ဂျီ ထောင့်အားဖြင့်ကြည့်လျှင်၊ ဤစကားလုံးသည် အင်္ဂလီကန် အသင်းတော် (Anglican Church)ကို သဏ္ဌာန်မတူ၊ အတုမခိုးသော အတိုက်အခံသမား (Protestant)ကို ဟဲန်းဆိုလိုသည်။ ဤစကားလုံး ၏ ပို ရှေးကျသော (၁၈)ရာစုအသုံးအနှုန်းမှာ- “အတုမယူ၊ သဘောခြားနားသူ” (dissenter) ဖြစ်သည်။ သဘောမတူ၊ မနောကွဲပြားသော ပုဂ္ဂိုလ်ကို ဆိုလိုခြင်း ဖြစ်သည်။

ရှေ့ဆောင်ပုဒ်စကားဆက် ‘non’ သည် လက်တင်ဘာသာဖြစ်ပြီး “မဟုတ်၊ မဖြစ်” (မတူ) ဟု အဓိပါယ်ရှိသည်။

NUMINOUS ကြောက်စိတ်၊ စိတ်ဝင်စားမှုတပြိုင်တည်းဖြစ်သောခံစားချက်/

နူမီနပ်စ်

(လက်တင်ဘာသာ၊ ‘numen’- ဘုရားများ၏အလိုဆ4) ၂၀ ရာစု၌ ဂျာမန်သီသော်လော်ဂျီ ပညာရှင် အုတ်တို(Oto) ဆိုသူက “မြင့်မြတ်သန့်ရှင်းသူ၏ အတွေးအခေါ်” (The idea of the Holy) အမည်ရှိ စာအုပ်တစ်အုပ်ကို ရေးသားပြုစုခဲ့ပြီး ၎င်းစာအုပ်အထဲ၌ ဤ “နူမီနပ်စ” (numinous) စကားလုံးကိုတွေ့ရသည်။ ၎င်းစကားလုံးသည် သဘာဝထက်လွန်ကဲသည့်အရာကို လူများကြုံတွေ့ ရင်ဆိုင်သောအခါ၌ တစ်ပြိုင်တည်းဖြစ်ကြသော ကြောက်စိုးထိတ်မှုနှင့် စိတ်ဝင်စား၊ စွဲမက်မှုခံစားချက်ကို ရည် န်းထားသည်။

NUNC DIMITTIS ယခု၊ သွားခွင့်ပြုပါ/နုန်းခ်ဒီမစ်တီးစ်)

(လက်တင်ဘာသာ-ယခု၊ တန်းဖြုတ်ပါ/သွားခွင့်ပြုပါ) လုကာ၊ ၂း၂၉-၃၂ ရှိ ရှိမောင်၏ ဆုတောင်းချက် ပထမစကားလုံးများ (ဝါကျ)မှ ကောက်နုတ်ထားသည်။

အင်္ဂလိပ်ဘာသာပြန်ကျမ်းစာ၌၊ “Lord, now lettest thou thy servant depart in peace” (ကိုယ်တော်၊ ကိုယ်တော်၏ ကျွန်ငြိမ်ဝပ်စွာ စုတေ့ ရသောအခွင့်ကို ယခုတွင် ပေးသနားမူပါ)ဟူဖြစ်ပြီး အင်္ဂလီကန်အသင်းတော်၏ အစီအစဉ်တွင် သီဆိုလေ့ရှိကြသော ဓမ္မတေးသီချင်းတိုများအနက် တစ်ခုအပါ အဝင်ဖြစ်သည်။

 

OFFICES ရာထူးများ(ဝါ)ငှါနန္တရ

Of Christ (ခရစ်တော်၏ဌနန္တရ)

သီသော်လော်ဂျီပညာရှင်များက ခရစ်တော်၏ အမှုတော်များဖြစ်သောပရောဖက်အနေဖြင့် ဘုရားသခင်အတွက် ဟောပြောရခြင်း၊ ယဇ်ပုရောဟိတ် အနေဖြင့် ဘုရားသခင်ထံ ပူဇော်ပသရခြင်း၊ ရှင်ဘုရင်အနေဖြင့် အုပ်စိုးခြင်း စသည့်အရာများကို ခရစ်တော်၏ ရာထူးသုံးခုဟု ခေါ်ဝေါ်ကြသည်။ အခြားသူ၏ အမှုအားလုံးသည်လည်း ဤခေါင်းစဉ်ကြီးအောက်တွင် တစ်နေရာမဟုတ်၊ အခြားတစ်နေရာ၌ ပါဝင်ကြသည်။

Ecclesiastical Offices (အသင်းတော်ပိုင်းဆိုင်ရာ ရာထူးများ)

အင်္ဂလီကန်နှင့် ရောမင်ကက်သိုလစ်အသင်းတော်များတွင် ဌါနဆိုင်ရာ ဝန်ထမ်းများ၏ ရာထူးများနှင့် လုပ်ငန်းများ(အဆင့်ဆင့်)အတွက် ဤစကားလုံးကိုသုံးနှုန်း ကြသည်။ (ဥပမာ-ဘုန်းတော်ကြီး အကြီးအကဲ၏ ရာထူး/လုပ်ငန်း (The office of archbishop) ဘုန်းတော်ကြီး၏ရာထူး/လုပ်ငန်း (The office of bishop) သင်းအုပ်၏ရာထူး/အလုပ် (The office of vicar)

Liturgical Offices ဝတ်ပြုခြင်းဆိုင်ရာလုပ်ငန်းများ

အင်္ဂလီကန်နှင့် ရောမင်ကက်သိုလစ်အသင်းတော်များ ကြီးစိုးဦးဆောင် သော ဝတ်ပြုခြင်း(ဝါ)ဆုတောင်းခြင်း ပုံစံဖြစ်သည်။ ဥပမာ- မနက်နှင့်ညနေ လုပ်ငန်း (Morning and evening offices)ဆိုရာ၌ မနက်ပိုင်းနှင့် ညနေပိုင်း ဆုတောင်းခြင်း (Morning and evening prayer)ကို ဆိုလိုသည်။

Ceremonial Offices (ပွဲလမ်းသဘင် အခမ်းအနားဆိုင်ရာ လှုပ်ရှားမှုများ)

ဝတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်သော ဝတ္တ ရားတစ်ခုကို ဆောက်ခြင်းဖြစ်သည်။ (ဥပမာ-နောက်ဆုံးလုပ်ငန်း/လှုပ်ရှားမှုကို ဆောင်ရွက် ခြင်းဆိုသည်မှာ သေလူတစ်ဦးအတွက် အပိတ်သဘင် (Last rites) လုပ်ဆောင် ပေးခြင်း ဖြစ်သည်။

OMNIPOTENCE (Attributes of God ကိုကြည့်ပါ)

OMNIPRESENCE (Attributes of God ကိုကြည့်ပါ)

OMNISCIENCE (Attributes of God ကိုကြည့်ပါ)

OPUS OPERATUM (လက်တင်ဘာသာ-အမှုဆောင် ရွက် ပြီးစီးခြင်း)

၎င်းစကားစုကို အခြားပုံစံ ‘ex opere operato’ (လက်တင်ဘာသာအမှု ဆောင်က်ပြီးစီးခြင်းအားဖြင့်)ကို အသုံးပြုသောအခါ၊ ထိုစကားစုသည် ပြုလုပ်ပြီးစီးသော ဘာသာရေး အခမ်းအနား (ဥပမာ-ဗတိ ဇီမင်္ဂလာ)၏ ထိရောက်မှုနှင့် ၎င်းအခမ်းအနားမှ ထိရောက်မှုရှိကြောင်း ဖော်ပြသည်။ (ဥပမာ-ထိုဗတိ ဇံ မင်္ဂလာ အခမ်းအနားမှ အသစ်မွေးဖွားခြင်းပေးသည်ဟု ဆိုလိုခြင်းဖြစ်သည်)။ ထို့ကြောင့် ပုဂ္ဂိုလ်တစ်ဦး ရေနှစ်ခြင်းဗတိ ဇံ ခံယူသောအခါ၊ “အမှုဆောက်ပြီးစီး ခြင်း၏ မြင့်မြတ်သော တရားအားဖြင့်” အသစ်မွေးဖွားခြင်းခံရကြောင်း ထိုပုဂ္ဂိုလ်ကို ပြောလေ့ရှိကြသည်။ ၎င်းစကားစုကို ရောမင် ကက်သိုလစ်သီသော်လော်ဂျီတွင် အသုံးပြုကြပြီး ဗတိ ဇံမင်္ဂလာ၊ ပွဲတော်မင်္ဂလာ (Eucharist) နှင့် အပြစ်ဖော်ထုတ် ဝန်ခံခြင်းများကို ရည်ညွှန်းသည်။

၎င်းသွန်သင်ချက်သည်၊ အပြင်ပန်းသဘင်များအားဖြင့် မဟုတ်၊ ပုဂ္ဂိုလ် တစ်ဦး၏အတွင်းသို့ ဘုရားသခင်၏ကျေးဇူးတော် ဝင်ရောက်လာခြင်းအားဖြင့် ဖြစ်သည်ဟု သွန်သင်ပေးသော ကျမ်းစာနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ ORAL TRADITION ( Tradition ကိုကြည့်ပါ )

ORDAIN ခန့်အပ်ခြင်း

အများပြည်သူဆိုင်ရာ အမှုတော်လုပ်ငန်းအတွက် ယုံကြည်သူအချို့အား သီးသန့်ချယ်၊ ဖယ်ထားခြင်း ပြုလုပ်သည့် အခမ်းအနားကို ရည်ညွှန်းရာ၌ ဤစကားလုံးကို ယနေ့တွင် မကြာခဏ သုံးလာကြသည်။

မတူညီသော ဂရိသဒကြိယာများကို အင်္ဂလိပ်ကျမ်းစာက ‘ordain’ (ခန့်အပ်ခြင်း) ဟူ ဘာသာပြန်ပြီး အဓိပ္ပါယ်မှာမူ-စေခိုင်းမိန့်ဆိုသည်၊ အမိန့်ချ သည်၊ သီးသန့်ဖယ်ထားသည်။ ကြိုတင်ခွဲခန့်သည်ဟု အမျိုးမျိုးသက်ရောက်သည် (ဥပမာ-တမန်၊ ၁၃း၄၈)။ သို့ရာတွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၏ ခရစ်ယာန် အမှုတော်လုပ်ငန်း ထမ်းဆောင်ရန် ဝင်ရောက်ခြင်းကို ပြောဆိုရာ၌၊ ဓမ္မသစ်ကျမ်း စာ၌ ဤစကားလုံးကို မသုံးနှုန်းခဲ့ပေ။

တမန်၊၆ တွင်၊ တမန်တော်ကြီးများ၏ ဆုတောင်းပေးခြင်းနှင့် လက်များ တင်ခြင်း(အပိုဒ်ငယ်၊၆)အပြီး၌၊ လူယောကျာ်းခုနှစ်ယောက်သည် သီးသန့် ဖယ်ထားခြင်းခံရပြီး အမှုတော်လုပ်ငန်း စတင်ထမ်းက်ကြသည်။ လက်များတင် ခြင်းကို တိမောသေ၏အမှုတော် စတင်ဝင်ရောက်ထမ်းဆောင်ခြင်း၌လည်း ဖော်ပြထားသည်(၁တိ၊ ၄း၁၄၊ ၂တိ၊ ၁း၆)။

ORDINANCE ပြဌန်းချက်၊ စေခိုင်းချက်အမိန့်

ဤစကားလုံးသည် “ပညတ်” ဟူသည့် အဓိပ္ပါယ်ကိုဆောင်သော ဟေဗြဲ စကားလုံးသုံးလုံးကို ဘာသာပြန်ခြင်းဖြစ်သည် သာမကဘဲ အထူးထူးအပြားပြားသော ဂရိစကားလုံးများကို ဘာသာပြန်ထားခြင်းလည်းဖြစ်သည်။ ၎င်းဂရိ စာလုံးများ၏ အဓိပါယ်များမှာ-“ခန့်အပ်ထားသောအရာ၊ သွန်သင်ထားသော အရာ၊ ဖြောင့်မတ်မှန်ကန်သည်ဟု ကြေညာထားသောအရာ”တို့ဖြစ်သည် (ဥပမာ လုကာ၊ ၁၆ ‘dikaioma’- ဖြောင့်မတ် မှန်ကန်သည့်အရာ၊ ရောမ၊ ၁၃၂ ‘diatege’- နေထားတကျစီစဉ်ခြင်း၊ ကောလော ၊ ၂း၁၄- ‘dogma’ – ထုတ်ဆင့် ထားသည့် အမိန့်တော်၊ ၂သက်၊၂း၁၅- ‘paradosis’- မိုးဖလာထုံးတမ်းစဉ်လာ၊ ၁ပေ၊၂း၁၃- ‘ktisis’ – သင်ကြားပေးခြင်း)။

ထို့ပြင် ဤစကားလုံးကို ပွဲတော်မင်္ဂလာ၏ အဓိပါယ်တူစကားလုံး အဖြစ် လည်း အသုံးပြုကြသည်။ ပွဲတော်မင်္ဂလာ(ဝါ)ပေါင်းစုတူညီမျှဝေခြင်း (communion) သည် သခင်ဘုရားမိန့်မှာထားခဲ့သောအရာ ဖြစ်သောကြောင့် ဤစကားလုံး သုံးနှုန်းရခြင်းဖြစ်သည်။

ORDOSALUTIS ကယ်တင်ခြင်း၏ အဆင့်များ/အူရီဒို ဆာလူတစ်

(လက်တင်ဘာသာ၊ ကယ်တင်ခြင်း၏အစဉ်လိုက်

အနေအထား) ၊ ပုဂ္ဂိုလ်တစ်ဦး၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်ပြုသော အစဉ်လိုက် ဖြစ်ရပ်များဖြစ်သည်။ ရောမ၊ ၈း၃ဝ က အခြေခံဘောင်ကို ပေးထားသည်။ “ဘုရား သခင် ကြိုတင်စီမံခန့်ခွဲသည်၊ ဘုရားသခင်ဖိတ်သည်၊ ဘုရားသခင် ဖြောင့်မတ်စေ သည်၊ ဘုရားသခင် ချီးမြောက်သည်” ဟူ ဖြစ်သည်။

ခေါ်ဖိတ်တော်မူခြင်း၌ ဘုရားသခင်၏ အသစ်မွေးဖွားမှုပေးခြင်း၊ နောင်တ တရားရစေခြင်းနှင့် ကယ်တင်သော ယုံကြည်ခြင်းရှိစေခြင်းတို့ ပါဝင်သည်။

သန့်ရှင်းစင်ကြယ်ခြင်း(သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်၌ နေထိုင်ကျင်လည်သော အသက်တာ)သည် ဖြောင့်မတ်စေတော်မူခြင်းနှင့် ချီးမြှောက်တော်မူခြင်းတို့အကြားတွင် နေရာယူတည်ရှိသည်။

ORIGEN ဪရိဂင်

အာလက်ဇန္ဒီယားမြို့မှ ခရစ်ယာန်အစအဦးပိုင်း သီသော်လော်ဂျီပညာရှင် (အေဒီ ၁၈၅-၂၅၄)ဖြစ်သည်။ သူသည် အဖွင့်ဋီကာကျမ်း (Commentaries) နှင့် အခြားသီသော်လော်ဂျီစာပေများစွာကို ရေးသားခဲ့သည်။ အများစုသည်ပျောက်ဆုံးလျက်ရှိပြီ။ သူသည် ခြောက်အုပ်ပေါင်းများ (Hexapla) ကိုလည်း ပြုစုခဲ့သည်။ သူက နှုတ်ကပတ်ကျမ်းစာ၌ အနက်အတိအကျ၊ စာရိတ ပိုင်းအနက် နှင့် ပုံဆောင်ချက်နောက် ကွယ်အနက်ဟူ အနက်အဓိပါယ်သုံးမျိုး (literal, moral and allegorical) ရှိသည်ဟု သွန်သင်ပေးခဲ့ပြီး သူကိုယ်တိုင်ကမူ၊ ပုံဆောင်ချက်နောက်ကွယ်အနက်ကို နှစ်သက်ခဲ့သည်။ သုံးပါးတစ်ဆူ ဘုရားသခင်၏ပုဂ္ဂိုလ်တစ်ပါးချင်းအပေါ် သူ၏သွန်သင်ချက်သည် ကျမ်းစကားယုံများ (Orthodox)၏ အမြင်နှင့်ကွာခြားသည်။

ORIGIN OF SOUL ဝိညာဉ်၏မူလ

ပုဂ္ဂိုလ်အထဲရှိဝိညာဉ်၏ မူလအစနှင့်စပ်လျဉ်း သီအိုရီအမျိုးမျိုးရှိသည်။ (၁)ဖန်ဆင်းခြင်းဝါဒ (Creationism)

ဘုရားသခင်သည် တစ်ဦးတစ်ယောက်စီ၏ ဝိညာဉ်ကိုဖန်ဆင်းပြီး မွေးဖွားခံသည့်အချိန်၌ ခန္ဓာနှင့်ပေါင်းစည်းစေသည်ဟူသော တွေးခေါ်ယူဆချက် ဖြစ်သည်။

(၂) Traducianism မရိုးဖလာဆက်ဆံခြင်းဝါဒ

(လက်တင်ဘာသာ-‘trans- ducere’- ဖြတ်သန်းကျော်လွှားသည်) ခန္ဓာနှင့်အတူ ဝိညာဉ်ကိုလည်း မိဘထံမှရရှိသည်ဟူသော တွေးခေါ် ယူဆချက် ဖြစ်သည်။

ORIGINAL SIN မူလအပြစ်

ကျမ်းစာက “မူလအပြစ်” ဟူသည့် စကားစုကို မသုံးထားသော်လည်း ၎င်း၏အဖြစ်မှန်၊ အကြောင်းအရာကိုမူ ရှင်းလင်းစွာ သင်ပေးထားသည်။ လူသား အားလုံးသည် ဗီဇအပြစ်နှင့်အတူ ကမ္ဘာမြေကြီး၌ မွေးဖွားလာကြသည်။

၎င်းအပြစ်၏ မူလအစသည် ကျဆင်းခြင်းအချိန်က အာဒံ၏ နာမခံခြင်းမှလာ သည်(ကမ္ဘာ၊ ၃)။ တစ်ယောက်သောသူအားဖြင့် ကမ္ဘာလောကထဲသို့ အပြစ် ဝင်ရောက်လာခဲ့သည်(ရောမ၊ ၅း၁၂)။ မူလအပြစ်၏အကြောင်းကို ကောင်းစွာ နားလည်ထားခြင်းမရှိဘဲ၊ ခရစ်တော်၏လူ့ဇာတိခံယူခြင်းနှင့် အသေခံခြင်း (ဝါ) ကျေးဇူးတော်ဩဝါဒကို နားလည်ရန် မဖြစ်နိုင်ချေ။

ORTHODOXY ကျမ်းစကားခံယူ ယုံကြည်ခြင်း/အာရ်သိုတုတ်/

(ဂရိဘာသာ၊ ‘orthos’ – ဖြောင့်တန်းသော၊’doxa’ – ခံယူချက်) လုံးစေ့ပတ်စေ့ဘာသာပြန်ရမည်ဆိုလျှင်၊ ဖြောင့်တန်းသော သွန်သင် ချက်ဖြစ်သည်။

အာရ်သိုတုဇ် (orthodox) ဖြစ်သည်ဆိုသည်မှာ- ကျမ်းစာ၏သွန်သင် ချက်ကို လက်ခံသည်ဟူ ဖြစ်သည်။ ဟေတေတုဇ် (Heterodox)ဟုဆိုရာ တွင်မူ (ဂရိဘာသာ၊ ‘heteros’ – ခြားနားသော) ကျမ်းစာ၏သွန်သင်ချက်ကို လက်မခံခြင်းဖြစ်သည်။

အာရ်သိတုဇ်ဆိုသည့် စကားလုံးကို တိုင်းပြည်ဆိုင်ရာ အသင်းတော်အချို့ ကို ဖော်ပြရာတွင်လည်း အသုံးပြုသည်။ (ဥပမာ- အာရ်သိုတုဇ်အသင်းတော် (Russian Orthodox Church) ဂရိအာရ်သိုတုဇ်အသင်းတော် (Greek Orthodox Church)။ သို့သော် ကျမ်းစာနည်းကျကျ အဆင့်အတန်း သတ်မှတ် တိုင်းတာမှု၌၊ ၎င်းအသင်းတော်များသည် အာရညိုတုဇ်အစစ်အမှန် မဟုတ်ကြချေ။

PAEDOBAPTISM နို့စို့ကလေးသူငယ်ဗတ္တိဇံ

(ဂရိဘာသာ၊ ‘paidion’- ကလေး သူငယ်) နို့စို့ကလေးသူငယ်ကို ရေနှစ်ခြင်းဗတိ ဇံပေးခြင်းဖြစ်သည်။

(Baptism ကိုကြည့်ပါ)

PALIMPSEST ပွတ်တိုက် ပြန်သုံးသည့်ပေစာ/ပါလီမ်ဆက်စ်ထိ/

(ဂရိဘာသာ၊ palin’ – တစ်ဖန်၊ ပြန် ၊ ‘psao’ – ငါပွတ်တိုက်သည်/ဖျက်သည်)

နဂိုရေးသားထားခဲ့သော စာများကို ပွတ်တိုက်၊ ဖျက်ပစ်ပြီး အသစ် ရေးသားမှု ပြန် ပြုထားသော ပေ၊ ပုရပိုက် စာက်ဖြစ်သည်။ ကျမ်းစာမူရင်း လက်ရေးစာမူ အမြောက်အမြားကို ဤသို့ ပွတ်တိုက် ပြန်သုံးသည့်ပေ။ ပုရပိုက်စာ (PALIMPSESTS) များ၌ ရေးသားခြင်းပြုခဲ့ကြသည်။

PANTHEISM အရာခပ်သိမ်းသည် ဘုရားဟူသော ဝါဒ/ပန်`ဇမ်

(ဂရိဘာသာ၊ ‘pan’ – အားလုံးဖြစ်သော၊

 

‘theos’ – ဘုရား၊ ဘုရားသခင်)

“အရာခပ်သိမ်းသည် ဘုရားဖြစ်သည်” ဟူသည့် ယုံကြည်ခံယူချက်သည် ဘုရားသည် သူဖန်ဆင်းသောအရာများနှင့် မခွဲမခွာဘဲ ကိန်းဝပ်လွန်းနေသည်ဟု ဆိုကြသည်။ ၎င်းဝါဒနှင့် တာဝန်မယူထားရစ်သော ဘုရားဝါဒ (Deism) သည် ဆန့်ကျင်ဘက်များ ဖြစ်ကြသည်။

| ခရစ်ယာန်သီသော်လော်ဂျီက ဘုရားသခင်၏ ကိန်းဝပ်တော်မူခြင်း (Immanence of God) ကို သွန်သင်ပေးထားပါသည်။ သို့သော် ဘုရားသခင်သည် သူ ဖန်ဆင်းသောအရာများမှ (မရောမနှော) သီးသန့် ခွဲနေတော်မူပြီး ထိုအရာ အားလုံးအပေါ်၌ အချက်အချာ အာဏာအပြည့်ဖြင့် အုပ်စိုးနေသည်။ သူသည် ဖန်ဆင်းခံအရာများနှင့် တထေရာတည်း မဖြစ်နိုင်ပေ။

အရှေ့တိုင်းဘာသာတရားများ၊ အထူးသဖြင့် ဟိဘာသာကို နားလည် လိုပါကဤပန် `ဇမ် (Pantheism) ကို နားလည်ထားခြင်းသည် အကျိုးရှိလှ မည်ဖြစ်သည်။

PARABLE ဥပမာ

(ဂရိဘာသာစကားလုံး နှစ်လုံးပေါင်းစပ်ထားခြင်းဖြစ်ပြီး ‘para’ဘေး၌နှင့် ‘ballo- ငါထားသည်ဟူ ) ၊

ပုံဥပမာဟူသည် “ဘေး၌ထားသည်” အဓိပါယ်ရှိသော ပုံပြင်ဖြစ်သည်။ ဆိုလိုသည်မှာ စာဖတ်သူ(ဝါ)ကြားနာသူအတွက် အခြားသမ္မာတရား အချို့နှင့် ယှဉ်တွဲကြည့်နိုင်ရန် ထိုသမ္မာတရားဘေး၌ထားသော ပုံပြင်ဖြစ်သည်။ ဟေဗြဲ ဘာသာ ‘mashal’ ကိုဂရိဘာသာပြန်ကျမ်း (LXX) က ‘parabole’ ဟု ဘာသာပြန်ဆိုပြီး အဓိပါယ်မှာ- အရေးကြီးသော ဘိုးစကား (ဝါ) သုတံ စကား (သု၊ ၁း၁၊ ၁ဝး၁) ဖြစ်သည်။ ဆာလံ၊ ၄၉း၄ နှင့် ယေဇ ၁၇း၂ မှ စကားထာ မျိုးနှင့်လည်း အပ်စပ်မှုရှိသည်။ ရှည်သောပုံစကားမျိုးလည်းဖြစ်သည် (တော၊၂၄း ၂ဝ-၂၄)။ ၂ရာ၊၁၂း၁-၄ ၌ “ပုံဥပမာ” ဟူ တကယ့်စကားလုံးကို မသုံးထားသော် လည်း၊ ဒါဝိဒ်မင်းထံ နာသန်ပြောပြသော ပုံပြင်သည် ပညာသားပါ၊ အဓိပ္ပါယ် ဆောင်ပုံပြင်ဖြစ်သည်။

ယုဒဘာသာ ကျမ်းဂန်တတ်ဆရာရဗများ (Rabbis)က မကြာခဏ ဆိုသလို ပုံဥပမာများအားဖြင့် သင်ကြားမှုကို ပြုလေ့ရှိကြသောကြောင့် ယေ ကလည်း ကြားနာသူများ ရင်းနှီး၊ နားယဉ်ပြီးသော နည်းဗျူဟာကို ဆက်လက်သုံး ခဲ့သည်။ သူသည် သဘာဝတရား၊ နေ့စဉ်ဘဝနှင့် ခေတ်ပြိုင်အဖြစ်အပျက်များမှ ပုံဥပမာကို ဆွဲယူသည်။ လိုရင်းဖြင့် သင်ခန်းစာကို တိုတိုတုတ်တုတ် ရှင်းပြသော ပုံပြင်များ (မာကု၊ ၇း၁၇)၊ သန့်စင်သော အကျင့်စာရိတ ပြသည့် ပုံပြင်များ (မ၊၂၀း၁-၁၆၊ ၂၁း၃၃-၄၄) လည်းပါဝင်ပြီး နောက်ကွယ်အဓိပါယ်ရှိသော ပုံပြင်မျိုး-မျိုးစေကြဲသူ(မ၊၁၃း၃-၉)လည်း ပါဝင်သည်။ ၎င်းနောက်ကွယ် အဓိပါယ်ရှိသော (allegory) ပုံပြင်များကို နောက်ပိုင်း၌ နောက်ကွယ် အနက် (allegorical meaning) ပြန်ဖွင့်သော ပုံပြင်များဟူ လည်း ခေါ်သည်(အပိုဒ် ငယ်၊ ၁၉-၂၃) ၊

မ၊၁၃း၁ဝ ၌၊ ယေ အား တပည့်တော်များက အဘယ်ကြောင့် ပုံဥပမာဖြင့် သွန်သင်သည်ကို မေးလာသောအခါ၊ သူတို့သည် ကောင်းကင်နိုင်ငံ တော်၏ နက်နဲသောအရာကို သိခွင့်ရထားသူများဖြစ်ကြောင်း ယေရှု ပြန်ဖြေခဲ့

သည်။ သူတို့သည် ပုံဥပမာများ၏ဝှက်ထားလျက်ရှိသော အဓိပါယ်များကို နားလည်ရန် အစွမ်းအစ ပေးအပ်ခြင်း ခံရသူများ ဖြစ်ပေမည်။ သို့သော်၊ ပုံဥပမာ များအားဖြင့် သင်ကြားပေးခြင်း၏သည့်ထက်ပိုသော ရည် ယ်ချက်မှာ-ဝိညာဉ် ရေး၊ သမ္မာတရား သိလိုမှုမရှိသော သူများမှ ၎င်းသမ္မာတရား ကွယ်ဝှက်ထားရန် ဖြစ်သည်။ သူတို့သည် ပုံပြင်ကို ကြားနာပြီး နားလည်သော်လည်း ပိုမိုနက်နဲသော အဓိပါယ်ကိုမူ နားမလည်ကြချေ။ ထိုကြောင့်၊ ယေရှု က ဟေရှာ၊၆း၉-၁၀ ကို ကိုးကားပြောဆိုခဲ့သည်။

PARADOX မှန်ဟန်မတူဘဲ မှန်သော စကားရပ်/ပါရာတုတ်ဇ်

(ဂရိဘာသာ၊ ‘para’ – ဘေး၌ ‘doxa’ – အတွေးအခေါ်ယူဆချက်) လုံးစေ့ပတ်စေ့ဆိုရပါက၊ ဘေးချင်းကပ်လျက်ရှိသော ယူဆချက်နှစ်မျိုး ဟူ ဖြစ်သည်။

ပါရာတုတ်ဇ်သည် ဆန့်ကျင်ကြဟန်ရှိသော်လည်း နှစ်ဘက်နှစ်စလုံး မှန်ကန်သော သွန်သင်ချက်ဖြစ်သည်။ ဥပမာအားဖြင့်၊ ခရစ်တော်ကို ကိုးစားသောသူသည် “ဆာငတ်ခြင်းနှင့် ကင်းလွတ်လိမ့်မည်(ယောဟန်၊ ၄း၁၄)။ ဆိုလို သည်မှာ- ယုံကြည်သူသည် ဘုရားသခင်မှလွဲ အဘယ်သူ၊ အဘယ်ဘုရားကိုမျှဆာငတ်မည်မဟုတ်ဟူ ။ သို့သော်၊ ယုံကြည်သူသည် ဘုရားသခင်ကို “ဆာ ငတ်” သည်(ဆာလံ၊၆၃း၁) ဆိုလိုသည်မှာ-ယုံကြည်သူသည် ဘုရားသခင်ကို ပိုမို ချစ်ခင်စွဲမက်လာသည်ဟူ ပင်။

PARADIGM (Form Criticism ကိုကြည့်ပါ)

PARALLELISM နှိုင်းယှဉ်ခြင်းဝါဒပါရာလ်လေးလီဇမ်/

ဟေဗြဲကဗျာအလင်္ကာ၏ အသုံးများသော သွင်ပြင်လက္ခဏာဖြစ်သည်။ ဥပမာ သုံးခုမှာ

(က) Synonymous Parallelism (အနက်တူ ကြောင်းကွဲ နှိုင်းယှဉ်ချက်)

နှစ်ကြောင်းကွဲကာရန်တူ ကဗျာမှ ဒုတိယစာကြောင်းသည် ပထမ စာကြောင်း ဖော်ပြုပြီးသောအရာကို ထပ် ဖော်ပြသည်။ ဥပမာ-အိုဘုရားသခင်၊ အကျွန်ုပ်၏ရန်သူတို့လက်မှ ကယ်နုတ်တော်မူပါ။ အကျွန်ုပ် တစ်ဖက်၌ ထသောသူများလက်မှ ကာကွယ်တော်မူပါ(ဆာ၊ ၅၉း၁)။ (*အထက်ပါကျမ်းပိုဒ်ကို အင်္ဂလိပ်ကျမ်းစာနှင့်ဆီလျော်အောင် ဘာသာပြန်ခြင်း၊ ဖြစ်သည်)။

(ə)Synthetic Parallelism ( ပေါင်းစည်းဖွဲ့စည်းခြင်းဆိုင်ရာ နှိုင်းယှဉ်ချက် )

ဒုတိယစာကြောင်းက ပထမစာကြောင်းကို ဖြည့်စွက်ပေး (ဝါ) ပြည်စုံ စေသည်။

ဥပမာ – ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကိုရပါစေသော။ထိုသို့ရလျှင်၊ အခြားသို့ပျံသွား ငြိမ်ဝပ်လျက်နေလိမ့်မည်(ဆာ၊၅း၆)။

(ဂ)Antithetical Parallelism (ဆန့်ကျင်ဘက်နှစ်ခုကို နှိုင်းယှဉ်ချက်)

ဒုတိယစာကြောင်းက ပထမစာကြောင်းကို ဆန့်ကျင်ဖီလာပြုသည်။

ဥပမာ- ဖြောင့်မတ်သောသူတို့၏လမ်းကို ထာဝရဘုရား သိကျွမ်းတော်မူ၏။မတရားသောသူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်ရလိမ့်မည် (ဆာ၊ ၁း၆)။

အခြားသုံးကြောင်းကွဲ ကာရန်တူကဗျာ အလင်္ကာအမျိုးအစားများစွာ ရှိသေးသည်။

PARANOMASIA နာမည်တူနှစ်ခုအတူတူထားခြင်း/ပါရာဒိုမာရှား

(ဂရိ ‘para’ – ဘေး၌၊ ‘onoma’ – အမည်၊ နာမ)

ဘေးတစ်ဘက်တစ်ချက်ထားသော နာမည်နှစ်ခု(ဝါ)စကားလုံးနှစ်လုံး ဖြစ်သည်။ ၎င်းတို့သည် သာမန်စကားလုံးများ မဟုတ်ဘဲ၊ စကားလုံးကစားရာတွင် သုံးလေ့ရှိကြသည့် အသံထွက်တူ၊ အဓိပ္ပါယ်ကွဲ(ဝါ)အဓိပ္ပါယ်တူ၊ အသံထွက်ကွဲ စကားလုံးများပင် ဖြစ်သည်။

မ)၊၁၆း၁၈ သည် ၎င်းအတွက် ဥပမာကောင်းတစ်ခုပင်။ ပေတရု အား ယေရှုက “သင်သည် ပေတ (ဂရိစကား၊ ‘petros) ဖြစ်၏။ ဤကျောက် (ဂရိစကား၊ ‘petra’) ပေါ်မှာ ငါအသင်းကို ငါတည်ဆောက်မည်။”

မိက္ခာ၊၁၆း၁၈ ၌ မြို့နာမည်စာရင်းရှိသည်။ မြို့တစ်မြို့စီအတွက်ပေးသော သွန်သင်ချက်သည် ၎င်းမြို့တစ်မြို့စီနာမည်များ၏ အဓိပါယ်နှင့်ဆက်စပ်နေပြီး အဓိပါယ် တူ၊ အသံထွက်ကွဲများဖြစ်ကြောင်း တွေ့ရသည်။ ဥပမာအားဖြင့်၊ အပိုဒ်ငယ် ၁၀ ၌၊ “ဂါသ” ဆိုသည့် မြို့နာမည်သည် ဟေဗြဲစကားအားဖြင့် “ပြောသည်” ဟု အဓိပါယ်ရသည်။ ထို့ကြောင့် “ဂါသမြို့၌ သိတင်းမပြောကြနှင့် ဟူသည့်ဝါကျကို စကားပြေပြန်ဆိုရသော်၊ “ပြော-မြို့၌ သိတင်းမပြောကြနှင့်”ဟူ ဖြစ်လာမည်။

အပိုဒ်ငယ် ၁၀ မှာပင်၊ “ဗေသောဖရာ” ၏ အဓိပါယ်သည် “မြေမှုန့်” ဖြစ်ပြီး၊ “ဗေသောဖရာမြို့မှာ မြေမှုန့်၌ လူးလဲလျက်နေကြလော့”ဟူသည့် ဝါကျ ကို စကားပြေ ပြန်ဆိုရသော်၊ “အရှက်တရားကြောင့် မြေမှုန့်၌ လူးလဲလျက် နေကြလော့”ဟူ ဖြစ်သည်။

PARTICULAR BAPTIST

(Baptist ကိုကြည့်ပါ)

PARTICULAR REDEMPTION

(Limited Atonement ကိုကြည့်ပါ)

PASCHAL ပ ခါပွဲ/ပါစ ကာလ်/

(ဟေဗြဲဘာသာ၊ ‘pasakh’ – ကျော်သွားသည်၊ ၎င်းကြိယာက နာမ်ကိုထင်ရှားသိသာ စေသည်၊ နာမ် ‘pesakh’ ကျော်လွန်ခြင်း(ပွဲ) ) ၊

၎င်း၏ နာမဝိသေသနပုံစံသည် ဆင်းရဲဝေဒနာခံရခြင်းဟု အဓိပယ်ရ သည်။ ဟေဗြဲမှ ဂရိစာလုံး ‘pascho’ သို့ ဘာသာပြန်ကြပြီး အနက်မှာ- “ဆင်းရဲဝေဒနာခံရသည်” ဟူ ဖြစ်သည်။ ပဿခါ(ကျော်လွန်ခြင်း)ကာလသည် ယဇ် ကောင်၊ သိုးသငယ် ဆင်းရဲဝေဒနာခံရသည့်ကာလဖြစ်သည်။

အင်္ဂလိပ်ကလည်း ‘paschal’ ဟူ နာမဝိသေသနပုံစံအဖြစ် မွေးစားခဲ့ ကြပြီး “ဆင်းရဲခြင်းဝေဒနာကို ဆိုလိုသည်။ ထို့ကြောင်၊ ဆင်းရဲခံတော်မူခြင်း (နေ့)အငြင်းအခုံ (Paschal Controversy)သည် အက်စတာခေါ် ရှင်ပြန် ထမြောက်ရာနေ့၏ ရက်စွဲနှင့် ပတ်သက်သည်။ ဆင်းရဲခံရသော သိုးသငယ် (Paschal Lamb)သည် ယုဒလူများ၏ တကယ့် သိုးသငယ်ကို ဆိုလိုသည် သာမကဘဲ ခရစ်တော်ကိုလည်း ရည် န်းဆိုလိုသည်။

PASSION ဆင်းရဲဝေဒနာခံတော်မူခြင်း/ဖေးရှန်း

(လက်တင်ဘာသာ၊ ‘Passio’ – ဆင်းရဲခြင်းဝေဒနာ၊ ဂရိဘာသာ၊ ‘Pascho’ – ဝေဒနာခံရသည်) ၊

ခရစ်တော်၏ ဖေးရှန်း (Passion) ဆိုရာ၌- ခရစ်တော်၏ ဆင်းရဲ ဝေဒနာခံစားခြင်းကို ဆိုလိုသည်။ တေးသီချင်း၌ သီဆိုကြသည့်အတိုင်းပင်။ ဥပမာ၊ စိန့်မ`၏ ဆင်းရဲဝေဒနာ (St.Matthew’s Passion)ဆိုသည်မှာမဲခရစ်ဝင်ကျမ်း၌ ပုံဖော်ထားသော ခရစ်တော်၏ဆင်းရဲဝေဒနာကို ဂီတ သံပုံတပ်၊ သီချင်းစပ်ဆိုကြခြင်းဖြစ်သည်။

(Paschal ကိုကြည့်ပါ)

PASSIVE OBEDIENCE OF CHRIST

ခရစ်တော်၏ အနစ်နာခံတတ်သော နာခံခြင်း

(ဂရိဘာသာ၊ ‘pascho’- ဝေဒနာခံရသည်)

ခရစ်တော်၏ အနစ်နာခံတတ်သော နာခံခြင်းဆိုသည်မှာ လူများ၏ အပြစ်ဒဏ်ကို ချေပေးခဲ့သော သူ၏ဆင်းရဲဝေဒနာ ခံတော်မူခြင်းနှင့် အသေခံတော် မူခြင်းဖြစ်သည်။ ခရစ်တော်သည် ထိုဆင်းရဲဝေဒနာများအောက်၌ မခုမခံဘဲ၊ အနစ်နာခံမှု(အညံ့ခံမှု)ဖြင့်သော ဝေဒနာကို သယ်ဆောင်ကာ ဆိုးယုတ်သောသူများ ကိုပင် သူ့အပေါ် အပြစ်ပုံချကြရန်နှင့် သူ့ကို ရိုက်နှက်ကြရန် ခွင့်ပြုခဲ့သည်။

အဓိကအကြောင်းရင်းမှန်မှာ- ဘုရားသခင်က လူများ၏ အပြစ်ဒဏ်အားလုံးကို ခရစ်တော်အပေါ် ပုံချခဲ့သောကြောင့်ဖြစ်သည်(တမန်၊ ၂း၂၃)။

ဤနေရာ၌၊ ခရစ်တော်၏မလှုပ်မရှား တစ်ဖက်သတ် အပြုခံမှုနှင့် သူကိုယ်တိုင် လက်တွေ့လှုပ်ရှားပါဝင်မှုနှစ်စု (the active and the passive)ကို ခွဲခြားသိမြင်ရမည် ဖြစ်သော်လည်း ၎င်းနှစ်ခုကို လုံးလုံးခွဲခြားရန် မဖြစ်နိုင်ပေ။ သူတဘက်သတ် အပြုခံနေစဉ် တစ်ပြိုင်တည်းမှာပင်၊ သူကိုယ်တိုင်လည်း လက်တွေ့လှုပ်ရှား ပါဝင်ခဲ့သည်။ “ငါ့အသက်ကို အဘယ်သူမျှမလုမယူ၊ ကိုယ် အလိုအလျောက် ငါစွန့်၏။ ကိုယ့်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကို ပြန်ယူရသောအခွင့်သည် ငါ၌ ရှိ၏” (ယောဟန်၊ ၁၀း၁၈)။ ဤဆင်းရဲဝေဒနာအားလုံးနှင့် အတူစုံစမ်းနှောင့်ယှက်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်း များကို သူ့အသက်တော် သုံးဆယ်သုံးနှစ်ကာလများ၊ ဘုရားသခင်၏ ပညတ် တော်ကို လက်တွေ့ကျင့်သုံး နာခံနေစဉ်ကာလများ၌ ခံရခြင်းဖြစ်သည်။

PASTORAL သင်းအုပ်ဆိုင်ရာ (လက်တင်ဘာသာ၊ “pastor’ – သိုးထိန်းရှင်)

Pastoral Epistles (သင်းအုပ်ဆိုင်ရာဩဝါဒစာများ)

လူထုကို ထိန်းကျောင်းသော သိုးထိန်းများအနေဖြင့် မည်သို့ ပြုမူနေထိုင် ရမည်ဖြစ်ကြောင်းကို သွန်သင်ရင်း၊ တိမောသေနှင့်တိတုထံ ရှင်ပေါလု ရေးသား ပေးပို့သည့် ပေးစာများဖြစ်သည်။

Pastoral Theology (သင်းအုပ်ဆိုင်ရာသီသော်လော်ဂျီ)

သင်းအုပ်၏ အလုပ်တာဝန်ကို ရှုထောင့်အမျိုးမျိုးမှ လေ့လာသည့် ဘာသာရပ်ဖြစ်သည်။ ၎င်းဘာသာရပ်ကို ပါစတိုရာလီယာ (Pastoralia) ဟူ လလည်းခေါ်သည်။

PATRIARCHS ဘိုးဘေးဘီဘင်

(ဂရိဘာသာ၊ ‘puter’ ဖခင်၊ ‘archo’ အုပ်ချုပ်သည်)

ကျမ်းစာပါ ဘိုးဘေးဘီဘင်များ (ဝါ) ဖခင်ကြီးများမှာ-အာဗြဟံ၊ ဣဇာက်၊ ယာကုပ်သည် ဣသရေလလူမျိုး၏ ဖခင်ကြီးများနှင့်အတူ ယာကုပ်၏ လားတစ်ဆယ့် နှစ်ယောက်တို့ဖြစ်ကြသည်(တမန်၊ ၂း၂၉ က ဒါဝိဒ်ကိုလည်း ဖခင်ကြီးအဖြစ် ရည်မှန်းထားသည်)။

ကနဦး ခရစ်ယာန်အသင်းတော်ကာလများ၌မူ၊ အာလက်ဇဒြီယား (Alexandria) အန္တီအုတ် (Antioc) ကွန်စတန်တင်နိုပါလ် (Constantinople) ယေရုရှလင် (Jerusalen)နှင့် ရောမ(Rome) စသည့် မြို့များရှိ ဘုန်းတော်ကြီး များ(Bishops)ကို ဖခင်ကြီးများဟု ခေါ်ခဲ့ကြသည်။

PATRISTICS/PATRISTIC PERIOD ဖခင်ကြီးများကာလ၊ စာပေကိုလေ့လာခြင်း

စာပေကိုလေ့လာခြင်း ကနဦးအသင်းတော်တွင်(တမန်တော်ကြီးများနောက်ပိုင်း) ဦးစီးဦးဆောင်မှု ကို တာဝန်ယူသောသူများကို “ဖခင်ကြီးများ ဟုခေါ်ဝေါ်လာခဲ့ကြသည်။

(ဥပမာ အာနာစီးယပ်စ် (Athanasius) ဂျေရောမ်(Jerome).

ထိုပုဂ္ဂိုလ်ကြီးများ၏ အရေးအသား၊ စာပေလေ့လာခြင်းကို “ပါတီစ တစ်” (Patristics)ဟုခေါ်ပြီး သူတို့၏ကာလ (ဒုတိယရာစုမှ ဆဌမရာစုဝန်းကျင်အထိ)လေ့လာ ခြင်းကိုမူ “ပါတီစ တစ်စ်ကာလ”(Patristic period) ဟုခေါ်သည်။

 

PAULINE/PAULINISM ရှင်ပေါလု၏ (စာများ/သွန်သင်ချက်များ)

ပေါလင်း-ပေါလင်နီဇန်

ပေါလင်း(Pauline)သည် နာမဝိသေသနပုံစံဖြစ်ပြီး “ရှင်ပေါလုအားဖြင့်၊ ရှင်ပေါလု၏” ဟု အဓိပါယ်ရှိသည်။ ရှင်ပေါလု၏သြဝါဒစာများ (ပေးစာများ) သည် ပေါလင်းဩဝါစာများ(Pauline Epistles) ဖြစ်သည်။ ရှင်ပေါလု၏ သီညာလောဂျီသည် ပေါလင်းသီသော်လော်ဂျီ(Pauline Theology) ပေါလင် နီဇပ်(Paulinism)သည် နာမ်ပုံစံဖြစ်ပြီး “ရှင်ပေါလု၏ သွန်သင်ချက်နှင့် သီသော်လော်ဂျီ ဟု အဓိပ္ပါယ်ရှိသည်။(Petrine ကိုကြည့်ပါ)

PELAGIANISM ပလေဂီယန်းနီဇပ်(ဝါ)ပလေဂီယပ်စ်၏ဝါဒ ၊

ပလေဂီယပ်စ်(Pelagius)သည် အေဒီပဥ မရာစု အဦးပိုင်းတွင်၊ ရောမမြို့ ၌နေထိုင်သော ဗြိတိန်သာမန်ဘုန်းကြီးတပါးဖြစ်သည်။ သူက လူသားများသည် မူလအပြစ်နှင့် မကောင်းမှုဘက် စောင်းနင်းတိမ်ခြင်း မပါမရှိဘဲ မွေးဖွားလာကြ သည်ဟု ဆိုခဲ့သည်။ သူတို့သည် ကောင်းမှုပြုရန် ချယ်နိုင်သကဲ့သို့ မကောင်းမှု ပြုရန်လည်း ချယ်နိုင်သည်။ သြဂတ်စတင်း(Augustine)က သမ္မာကျမ်းစာမှ သွန်သင်ခဲ့သော ဘုရားသခင်သည် သူ့ကျေးဇူးတော်အားဖြင့် လူများအား ကယ်တင်ပြီး သန့်ရှင်းစေရပါမည်ဟူသော အချက်ကိုလည်း ပလေဂီယပ်စ်က ဘုရားသခင်၏ ကျေးဇူးတော် မလိုအပ်ဟု ငြင်းဆိုခဲ့သည်။ လူများ၌ ခရစ်တော် စံနမူနာကို လိုက်လျှောက်နိုင်သော အစွမ်းအစကိုယ်စီ ရှိကြသည်ဟုလည်း ဆိုခဲ့သည်။

ပလေဂီယပ်စ်သည် အေဒီ ၄၃၁ ၌ ကျင်းပသော ဖီးဆက်စ်ကောင်စီ (The Council of Ephesus) တွင်ပယ်ချခံရခဲ့သည်။

ဆီမီး-ပလေဂီယန်းနီဇမ်(Semi-pelagianism)က လူများကို ကယ်တင်ရန် ဘုရားသခင်၏ ကျေးဇူးတော်လိုအပ်မှုကို ပြန်လည်သွန်သင်သော် လည်း ကယ်တင်ခြင်း ရောက်၊ မရောက်ကိုမူ သူဘာသာ ဆုံးဖြတ်ပိုင်သည်ဟု ဆက်လက်ဆိုခဲ့သည်။ အာမီးနီယမ်းနီဇမ် (Arminianism) သည် ဤပလေကီး ယန်းနီဇမ်နှင့် အေဒီ(၅)ရာစု၊ (၆)ရာစု များ၌ ပေါ်ပေါက်သော ဆီမီး-ပလေဂီယန်း နီဇမ်မှ အမြစ်တွယ် ပေါက်ဖွားလာခြင်းဖြစ်သည်။

(Augustinianism ကိုကြည့်ပါ)

PENAL နာကျင်ခြင်း ၊

(လက်တင်ဘာသာ၊ ‘poena’ – နာကျင်မှု၊ ဝေဒနာ၊ ၎င်းမှအင်္ဂလိပ်နာမ် – penalty ပြစ်ဒဏ်)ဆင်းသက်လာသည်)

ခရစ်တော်၏ ကိုယ်စားခံခြင်းတည်းဟူသော နာကျင်မှုဝေဒနာကို ယူတင်တော်မူခြင်း၊ ပြစ်ဒဏ်ကို ခံယူတော်မူခြင်း၊ အသေသတ်ခံတော်မူခြင်း၊ စသည့် အသေခံတော်မူခြင်း၏ နာကျင်မှုပိုင်းဆိုင်ရာ ရှုထောင့်ဖြစ်သည်။

PENTATEUCH ပညတ္တိကျမ်း

(ဂရိဘာသာ၊ ‘pentateuchos’ – ကျမ်းငါးအုပ်တွဲ)

ဓမ္မဟောင်းကျမ်း၏ ပထမဦးဆုံးငါးအုပ်ဖြစ်သည်။ ဟေဗြဲဘာသာအားဖြင့် ၎င်းငါးအုပ်သည် “ပညတ်” ဖြစ်ကြပြီး ဓမ္မဟောင်းကို အုပ်စုသုံးစုခွဲရာ၌ ၎င်းငါး သည် ပထမဆုံးအုပ်စုဖြစ်သည်။ (ဥပမာ- ပညတိ ကျမ်း၊ (Law)၊ အနာဂတ္တိကျမ်း (ပရောဖတ်) (Prophets) အခြားအရေးအသားများ

(Writtings) (Torah ကိုကြည့်ပါ)

(Documentary theory ကိုလည်းကြည့်ပါ)

PENTECOSTAL ပင်တေကုတေ

ဤနာမဝိသေသနပုံစံစကားလုံးသည် အသင်းတော်အပေါ် သန့်ရှင်း သောဝိညာဉ်တော် ဆင်းသက်/သွန်းလောင်းသောနေ့တည်းဟူသော ပင် ကုတ်စ်(Pentecost)ဆိုသည့် စကားလုံးမှလာသည်(တမန်တော်၊ ၂)။ ယနေ့ ၎င်း စကားလုံးကို ဂိုဏ်းဂဏတစ်ခု၏ ဝိသေသပြုစကားလုံးအဖြစ် အသုံးပြုလာကြပြီး ၎င်းဂိုဏ်းဂဏ၏ အသင်းတော်များသည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတိ ဇံ ခံယူခြင်းအားဖြင့် ပြောင်းလဲခြင်းအတွေ့အကြုံနှင့် သီးခြားကွဲပြားသော အတွေ့ အကြံအဖြစ် အလေးအနက်ပြုသူများဖြစ်သည်။ ၎င်း ပင်တေကုတေ အသင်းတော် အများစုက အမျိုးမျိုးသော ဘာသာစကားပြောခြင်းဆုကျေးဇူးသည် ဝိညာဉ်တော် ၌ ဗတိ ခံယူခြင်း၏ သက်သေအထောက်အထား ဖြစ်သည်ဟုလည်း သွန်သင်ကြ သည်။ ပင်တေကုတေ ဟူသော စကားလုံးကို သူတို့ ယိုးစွပ်မှတ်ယူသော အတွေ့ အကြုံအား ဖော်ပြရာတွင်လည်း အသုံးပြုကြသည်(ဥပမာ-ပင်တေကုတေ ကောင်း ချီး [The Pentecostal Blessing]၊ ပင်တေကုတေ အတွေ့အကြုံ [The Pentecostal Experience]

ပင်တေကုတေ လှုပ်ရှားမှု (Pentecostalism) သည် ၂၀ ရာစုအဦးပိုင်း တွင် အစပြုခဲ့သော ဂိုဏ်းဂဏဖြစ်သည်။ ယနေ့တွင် ၎င်းလှုပ်ရှားမှုသည် လျှင်မြန်စွာ တိုးတက်ပွားများလာသော လူထုပရိသတ်နှင့်အတူ မြေကမ္ဘာတစ်ဝန်း လုံး၊ အထူးသဖြင့် တောင်အမေရိက၌ ပျံ့နှံ့နေကြပြီဖြစ်သည်။

PERICOPE သီးသန့်ရပ်တည်သော ကျမ်းပုံပြင်အစိတ်အပိုင်း/ပေရီကုပ်/(‘ဘေးတစ်ဖက်တစ်ချက်ကိုဖြတ်သည်”ဟူသော ဂရိစကားလုံးနှစ်လုံးမှ ဆင်းသက်လာသည်) ၊ ခရစ်ဝင်ကျမ်းများ၌ သီးသန့် သင်ခန်းစာအဖြစ် ထင်ရှားစွာ ရပ်တည် နေသော အစိတ်အပိုင်း(ဝါ)စာပိုဒ်တို့ကို ပေရီကုပ် (Pericope)ဟုခေါ်သည်။ ဥပမာ အားဖြင့် ယောဟန်၊၈း၁-၁၁ မှ ဖောက်ပြန်ခြင်း အပြစ်ကိုကျူးလွန်သော မိန်းမ၏ပုံပြင်လိုမျိုးကို ပေရီကုပ်ဟုခေါ်ခြင်းဖြစ်သည်။

PERSEVERANCE ( Final Perseverance ကိုကြည့်ပါ )

PERSON ပုဂ္ဂိုလ်

ဘုရားဇာတိဖြစ်သော သုံးပါးတဆူဘုရားသခင်၏ ပုဂ္ဂိုလ်သုံးပါးကို ပြောဆိုရာတွင် လူသားများကဲ့သို့ ခန္ဓာကိုယ်နှင့်နေရသော ပုဂ္ဂိုလ်များဟူ မထင်မှတ်သင့်ချေ။ ပုဂ္ဂိုလ်တစ်ဦးတစ်ပါးဖြစ်ခြင်းအတွက် ကာယပိုင်း သွင်ပြင် လက္ခဏာများသည် မရှိမဖြစ် လိုအပ်သော အရာများမဟုတ်ကြပေ။ ပုဂ္ဂိုလ်တစ်ဦး တစ်ပါး၏ ပုဂ္ဂိုလ်ဖြစ်ခြင်းကို ခန္ဓာကိုယ်နှင့်မဆိုင်သော အသိစိတ်၊ နှလုံးသား၊ အကြင်နာချစ်စိတ် စသည်တို့ဖြင့် ဖွဲ့စည်းထားသည်။ ထိုကဲ့သို့ပင် သုံးပါးတစ်ဆူ ဘုရားသခင်၏ပုဂ္ဂိုလ်သုံးပါးတွင်လည်း ပုဂ္ဂိုလ်၏ဝိသေသလက္ခဏာများဖြစ်သော ချစ်ခြင်းမေတာ၊ ဒေါသ၊ ကောင်းမြတ်ခြင်း၊ ကြင်နာစိတ်ထား၊ တန်ခိုးအစွမ်းအစ စသည့်အရာများကို ပိုင်ဆိုင်ထားကြသည်။ ဒုတိယပုဂ္ဂိုလ်တော်၏ လူသားခန္ဓာ ယူတင်ခြင်းသည် လူသားများ၏ အပြစ်ကြောင့်သာဖြစ်ပြီး ၎င်းယူတင်ခြင်း ပြုတော် မမူမီကပင် ပုဂ္ဂိုလ်တစ်ပါးအဖြစ် တည်ရှိနှင့်ပြီး ဖြစ်သည်။

ပထမ၊ ဒုတိယ၊ တတိယဟူ ပုဂ္ဂိုလ်တော်သုံးပါး၌ သုံးနှုန်းသော စကားလုံးများသည် ပုဂ္ဂိုလ်တစ်ပါးစီ၏ သီးခြားကွဲပြားမှုကို ပြောဆိုရာတွင် အဆင်ပြေ ချောမွေ့မှုရှိစေရန်အတွက် သက်သက်ဖြစ်ကြသည်။ ရာထူးပိုကြီးမြတ် ခြင်း၊ ပိုသိမ်ငယ်ခြင်းများအတွက် သုံးနှုန်းခြင်းမဟုတ်ကြောင်း သတိပြုရမည်။

PERSONIFICATION ပုဂ္ဂိုလ်သဖွယ်တင်စားခြင်းပြောဆိုခြင်း၊

ပုဂ္ဂိုလ်သာလျှင် စကားပြောနိုင်သည်။ သက်မဲ့၊ ဒြပ်မဲ့များ စကားပြော သည်၊ သီချင်းဆိုသည်။ သူတို့ကိုယ်ပိုင်ကိုယ်ထည်များဖြင့် ပေါင်းဖော်မျှဝေခြင်း ပြုကြသည်ဟူ ဖော်ပြသည့် နည်းပရိယာယ်ကို ပုဂ္ဂိုလ်သဖွယ် တင်စားပြောဆို ခြင်း (Personification) ဟုခေါ်သည်။

ဥပမာ-“တောင်ကြီးတောင်ငယ်တို့သည့်သီချင်းဆိုသံနှင့် ကြွေးကြော် ”(ဟေရှာ၊ ၅း၁၂)။ ဝမ်းမြောက်ခြင်းကို ပြောဆိုနေခြင်းဖြစ်သည်။ သုတံ ၊၈၊ ၌ လည်း၊ ပညာသည် သူ့ကိုမူ ပုဂ္ဂိုလ်သဖွယ် တင်စားပြောဆိုသည်။

PERSPICUITY OF SCRIPTURE ကျမ်းစာ၏ ရှင်းလင်းပြတ်သားခြင်း၊

(လက်တင်ဘာသာ၊ ‘perspicuus’ထိုးဖေါက်မြင်နိုင်သော ‘per’ -ဖြတ် သန်း / ဖေါက်လျက်၊ ‘specto’ – ကြည့် ရှုသည်)

“ထိုးဖောက်မြင်နိုင်စွမ်း ဖြစ်သည်။ ဆိုလိုသည့်အရာမှာ- ကျမ်းစာ၏ကယ်တင်ခြင်းနှင့်ပတ်သက် ကျွန်ုပ်တို့ လိုအပ်သော အချက်အလက်အားလုံး သည် ကျမ်းတစ်နေရာရာ၌ ရှိနေကြသည်။ ထို့ကြောင့် ဘုရားသခင်ကို အမှန် တကယ်ရှာတွေ့လိုသောသူသည် ၎င်းအချက်အလက်များကို တွေ့နိုင်သည်။ ယုံကြည်သူများအတွက် နားလည်ရန် ခက်ခဲသော ကျမ်းပိုဒ်အချို့ရှိပါမည်။ မယုံကြည်သူများအတွက် များစွာရှိမည်မှာလည်း သေချာပါသည်။ ကျမ်းစာသည် ရှင်းလင်းပြတ်သားသောကြောင့် ပုဂ္ဂိုလ်တစ်ဦး၏ “ကယ်တင်ခြင်း အလိုဌါ ပညာကို ပေးနိုင်သော ဓမ္မသစ်ကျမ်းစာ ” ဖြစ်သည်(၂တိ၊ ၃း၁၅)။ (Sufficiency of Scripture ကိုကြည့်ပါ)

PETRINE ရှင်ပေတရု၏(ပေးစာများ/သီဪလော်ဂျီ/ပေထရင်/

၎င်းသည် `ပေတရု’ ́ ဟူသည့် စကားလုံး၏ နာမဝိသေသနပုံစံဖြစ်သည်။  (Petrine) ဩဝါဒစာများသည် ရှင်ပေတရု ၏ ဩဝါဒစာများဖြစ်ပြီး ပီထရင် သီဪလော်ဂျီ (Petrine Theology) သည် ရှင်ပေတရု၏ သီဪ‌လော်ဂျီဖြစ်သည်။

(Pauline, Johannine တို့နှင့်ယှဉ်တွဲလေ့လာပါ)

PIETISM ကိုင်းရှိုင်း၊ ကြည်ညိုသောဝါဒ(ပီယတီဇမ်)

ပီယတီဇမ်သည် (၁၇)ရာစု၊ ဂျာမဏီနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော အတိ အကျ သမိုင်းဝင်သည့် လှုပ်ရှားမှုဖြစ်သည်။ ၎င်းလှုပ်ရှားမှုသည် မလှုပ်မခတ် ကြက်သေ သေနေသော ကျမ်းစကားသူများ (Orthodoxy) ၏ အေးစက်မှုကို တုံ့ပြန်တိုက်ခိုက်သည့် လှုပ်ရှားမှုဖြစ်ပြီး အသက်တာသန့်ရှင်းခြင်း (ကိုင်းရှိုင်း ကြည်ညိုမှုကို အလေးအနက် ပြုခဲ့ကြသည်။

ပီယတီဇမ်တစ် (Pietistic)သည် ခရစ်ယာန်ယုံကြည်ချက်ကြီးမှ အမျိုး အစားတစ်ခုဖြစ်သည်။ ၎င်းပီယတစ တစ်သည် တစ်ကိုယ်တစ်ဦးချင်းစီနှင့် စိတ်တွင် ခံစားရသော ခရစ်ယာန်အတွေ့အကြုံကို အလေးအနက်ပြုပြီး သာကျယ်ပြန့်သော အသင်းတော်၏ လှုပ်ရှားမှုရပ်ဝန်းနှင့် လောကီလောကုတ ရာများ၌ ပါဝင်ခြင်းအား မပြောပလောက်သော လိုအပ်မှုလေးအဖြစ်သာ မြင်ထားသည်။

PNEUMATOLOGY သန့်ရှင်းသောဝိညာဉ်တော်နှင့် ဆိုင်သောဩဝါဒ

(ဂရိဘာသာ၊ ‘pneuma’ – ဝိညာဉ်၊ လေ)

သန့်ရှင်းသောဝိညာဉ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့် အလုပ်ကိုလေ့လာသော ဘာသာရပ်ဖြစ်သည်။

POLYTHEISM ဘုရားများစွာရှိသည်ဟူသောဝါဒ

(ဂရိဘာသသာ၊ ‘polus’ – အများ(အများသုံး – များစွာသော)၊ ‘theos’ ဘုရား) ဘုရားတစ်ဆူမက ယုံကြည်သော ယုံကြည်ခံယူချက်ဖြစ်သည်။

(Monotheism နှင့်နှိုင်းယှဉ်လေ့လာပါ)

POST-MILLENNIALISM- ပိုးစ်-မီလင်နီးအာလီးဇင်းမ်

Millennium မီးလဲင်းနီးအမ်းကိုကြည့်ပါ

PREACH ဟောပြောခြင်း

အင်္ဂလိပ်သမ္မာကျမ်းစာထဲ၌ ပုံမှန်အားဖြင့် ‘preach’ ဟောပြောခြင်း” ဟူ ဘာသာပြန်ဆိုထားသော ဂရိဝေါဟာရစကားလုံးမှာ သုံးမျိုးရှိပါသည်။ ‘euangelizesthai -အီမင်ရယ်လ်လိုက်နေထိုင်’၊ “Katangellein – ကသန်ရယ် လိန်း၊ နှင့် `Kerussein- ကေဒူစ်ရှိန်း တို့ဖြစ်ကြပါသည်။ ဤဝေါဟာရစကားလုံး များမှာ “ဧဝံဂေလိတရားကို မကြားရသေးသော လူတို့အား ဧဝံဂေလိတရားကို ဟောပြောရန်’ကို ဆိုလိုသည့် ဂရိဘာသာ ဓမ္မသစ်ကျမ်းထဲ၌ သုံးနှုန်းထားပါသည်။

PREDESTINATION ကြိုတင်ခွဲခန့်မှတ်သားခြင်း ၊

မြေကမ္ဘာပြင်ပေါ်ဖြစ်ပျက်မည့် အရာခပ်သိမ်းကို ဘုရားသခင်ကြိုတင် စီမံပြီးခွဲခန့် မှတ်သားသည်ဟူသော ကျမ်းစကားသွန်သင်ချက်ဖြစ်သည်။ ဘုရား သခင်သည် အပြစ်ကို (စတင်)ဖန်ဆင်းသူ မဟုတ်သလို လူသားများသည်လည်း စက်ရုပ်သက်သက်မဟုတ်ပေ။

ဝဲစ်ထ်မင်စတားယုံကြည်ဝန်ခံချက် (The Westminster Confession) မှာ- “ဘုရားသခင်သည် ဖြစ်မည့်ပျက်မည့် အရာခပ်သိမ်းကို ထာဝရကာလမှ သူ၏သဗ,ညုတာဏ်တော်နှင့် ကိုယ်တော်တိုင် အလိုတော်၏ သန့်ရှင်းသောတိုင်ပင်မှုအားဖြင့်၊ လွတ်လပ်စွာနှင့် အပြောင်းအလဲများစွာ ခွဲခန့်စီမံခဲ့သည်။ ထိုသို့ပြုရာ၌၊ ဘုရားသခင်သည် အပြစ်ကို စတင်ဖန်ဆင်းသူ မဟုတ်သည့်အပြင် ဖန်ဆင်းခံအရာများ၏ ဆထဲသို့ အကြမ်းဖက်ပုန်ကန်လိုမှုကိုလည်း ထည့်သွင်း မပေးခဲ့ချေ။ နောက်ထပ်(ကျဆင်းခြင်း) အကြောင်းရင်းများဖြစ်လာနိုင်သော လွတ်လပ်မှု(ဝါ)ကိုယ်ပိုင်ထိန်းချုပ်မှုကိုလည်း မနုတ်မယူဘဲ ပြုပြင်ထူထောင်ခြင်းကို (သာ) လုပ်ဆောင်တော်မူခဲ့သည်” ဟူ ဖြစ်သည်။ (ဒံယေလ၊ ၄း၃၅၊ တမန်၊ ၂း၂၃၊ ဖက်၊ ၁၁၁ ကိုကြည့်ပါ)

(Election ကိုကြည့်ပါ)

PRE-EXISTENCE OF CHRIST

ခရစ်တော်၏ စကြဝဠာမတည်မီ တည်ရှိတော်မူခြင်း ၊

ကျမ်းစာက ခရစ်တော်သည် ခမည်းတော်နှင့်သန့်ရှင်းသောဝိညာဉ်တော် ကဲ့သို့ပင် ထာဝရတည်ရှိသောဘုရားဖြစ်ကြောင်း သွန်သင်ထားသည်။ သားတော် သည် သုံးပါးတစ်ဆူတည်း ဘုရားသခင်တွင် တစ်ပါးအပါအဝင်ဖြစ်သည်။ သူ၏ အသက်တာတော်သည် လူ့ဇာတိခံယူတော်မူခြင်း၌ အစပြုခဲ့ခြင်းမဟုတ်ချေ။

ဓမ္မဟောင်းအထောက်အထား (Old Testament Evidence)

(၁) သူ၏ နိစ ထာဝရအဖြစ်တော်(သဘာဝ)၊ ဟေရှာ၊ ၉း၆၊ မိက္ခာ၊၅း၂။

(၂) သူ၏ သားတော်ဖြစ်ခြင်း၊ ဆာလံ၊ ၂း၆-၁၂၊ ဟေရှာ၊ ၉း၆။

(၃) ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၊ ဆာလံ၊ ၁၁၀း၁၊ ဒံ၊၇း၁၃၊ဇာ၊ ၁၃း၇။

(၄) ဖန်ဆင်းခြင်း၌တည်ရှိ ပါဝင်တော်မူခြင်း၊ သုတံ ၊၈း၂၂-၃၁

ဓမ္မသစ်အထောက်အထား (New Testament Evidence)

(၁) သူသည် ဘုရားသခင်၏ဖွင့်ပြခြင်း-ထာဝရနှုတ်ကပတ်တော်ဖြစ်သည်။ယာ၊ ၁း၁။

(၂) ဖန်ဆင်းခြင်း၌ ကိုယ်တိုင်လက်တွေ့လုပ်ဆောင်တော်မူခြင်း၊ ယောဟန်၊ ၁း၃၊ကောလော၊ ၁း၁၆၊ ဟေဗြဲ၊ ၁း၂။

(၃) သူ၌ ဘုရားသခင်၏ပုံသဏ္ဌာန်တော် အပြည့်အစုံထင်ရှားခြင်း၊ယောဟန်၊ ၁၁၈။ ဟေဗြဲ၊ ၁း၃။

(၄) ဘုရားသခင်က ခရစ်တော်ကို ဘုရားသခင်ဟု ရည် န်းခဲ့သည်။ ဓမ္မဟောင်းမှ ဘုရား သခင်ကို ရည့် န်းအသုံးပြုသော ကျမ်းကို ကိုးကားပြီး ခရစ်တော်ကိုပြန်လည်ရည်မွန်းသည်၊ ဟေဗြဲ၊ ၁း၅-၁၂။

(၅) သဲကန္တရ၌ သူသည် ဓမ္မကျောက်ဖြစ်ခဲ့သည်၊ ၁ကော၊ ၁၀း၄။

(၆) အာဗြဟံမတိုင်ခင်၌ ရှိနှင့်တော်မူသည်၊ ယောဟန်၊၈း၅၈။

အေဒီ ၄ ရာစုတွင်၊ အာရီယန်အငြင်းအခုံ (Arian controversy)က အသင်းတော်ကို ကွဲစေသည်။ အာလက်ဇန္ဒီယားမြို့မှ အာရီယပ်စ် (Arius of Alexandria) က ခရစ်တော်သည် ဖန်ဆင်းခံပုဂ္ဂိုလ်များတွင် အကြီးဆုံးနှင့် အကြီးမြတ်ဆုံးဖြစ်သော်လည်း၊ ထာဝရ ရပ်တည်နေသူ မဟုတ်ဟုဆိုခဲ့သည်။

ကောလော၊ ၁း၁၅ သည် သူ၏ပင်မ အထောက်အထားများအနက် တစ်ခုဖြစ်ခဲ့ သည်။ (ကောလော၊ ၁း၁၅ က မိသားစု၏သားဦးဖြစ်ခြင်းကို အလေးထားသော လူနေမှုအဖွဲ့အစည်း၌ ခရစ်တော်၏(သားဦးအဖြစ်) သာလွန်ထူးကဲ ကောင်းမွန်ကို ရည် န်းထားသည်)။ အာလက်ဇန္ဒီယားမှ အာ နေ စီးယပ်စ် (AThanasius of Alexandria)က ခရစ်တော်၏ဘုရားဇာတိအပေါ် အာရီယပ်စ်၏ တိုက်ခိုက်မှု ကို ခုခံကာကွယ်ခဲ့သည်။

PRE-MILLENNIALISM (Millennium ကိုကြည့်ပါ)။

PRESERVATION OF THE SAINTS

သန့်ရှင်းသူများ၏(အဆုံးတိုင်)တည်တံ့မှု

ကျမ်းစာက စစ်မှန်သော ယုံကြည်သူများသည် အဆုံးတိုင်တည်တံ့ ခိုင်မြဲမှုရှိမည်ဖြစ်ကြောင်း သွန်သင်သည်။ အကြောင်းမှာ ဘုရားသခင်က အဆုံး တိုင် သူတို့ကို ထိန်းသိမ်းမည်ဖြစ်သည်။ ဤအချက်သည် ဘုရားသခင်က သူ၏ လူများကို ထာဝရကာလမှ ချယ်မှုပြုခဲ့ပြီး သူတို့ကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်ကာ နောက်ဆုံး၌ ချီးမြောက်ခြင်းပြုမည်ဟူသောအချက်နှင့် သဘောချင်း တူညီသည်။ ရှင်းလင်းပြတ်သားသော ကျမ်းချက်မှာ ၁ပေ၊ ၁၅ ဖြစ်သည်။ ယုံကြည်သောသူများအား “နောက်ဆုံးသော ကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ယုံကြည်ခြင်းအားဖြင့် ဘုရား သခင်၏တန်ခိုးတော်သည် စောင့်ရှောက်တော်မူ .” သည်။ (Final Perseverance ကိုကြည့်ပါ)။

PRIESTHOOD OF ALL BELIEVERS ယုံကြည်သူအားလုံး၏ယဇ်ပရောဟိတ်အရိုက်အရာ

ဓမ္မသစ်ကျမ်းစာက ယဇ်ပုရောဟိတ်၏ အသင်းတော်ဆိုင်ရာ လုပ်ငန်း အကြောင်း သွန်သင်မပေးချေ။ ဓမ္မဟောင်း၏ ယဇ်ပုရောဟိတ်အရိုက်အရာကို ခရစ်တော် ပြည့်စုံစေခဲ့ပြီ ယခု သူသာလျှင် တစ်ပါးတည်းရှိသော ယဇ်ပုရောဟိတ် ပင်ဖြစ်သည်။ ဓမ္မသစ်ကျမ်းစာက ယုံကြည်သူအားလုံးသည် ယဇ်ပုရောဟိတ်များဖြစ်ကြောင်းကို အနည်းငယ်နိမ့်သော အဓိပ္ပါယ်ဖြင့် သွန်သင်ထားသည်(၁ပေ ၂း၅၊၉၊ ဗျာ၊ ၁း၅၊၆)။ယုံကြည်သူများသည်ယဇ်ပုရောဟိတ်များကဲ့သို့ ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်နိုင်သည် (ဧဖက်၊ ၂း၁၈၊ ၃း၁၂) ထို့ပြင် သူတို့သည် ချီးမွမ်းခြင်းနှင့်ကောင်းသောအကျင့်တည်းဟူသော ယဇ်များကို ဘုရားသခင်ထံ ပူဇော်ကြသည် (ဟေဗြဲ၊၁၃း၁၅၊ ၁၆)။

ပုံဆောင်ချက်အားဖြင့် သူတို့၏ ဆုတောင်းခြင်းများသည် ဓမ္မဟောင်း ကိုးကွယ်ခြင်း၏ သင်္ကေတများဖြစ်သော ယဇ်ပလ္လင်၊ နံ့သာပေါင်းမီးရာပလ္လင် တို့နှင့် ဆက်နွယ်လျက်ရှိသည်(ဗျာဒိတ်၊၈း၃၊၄)။

PRONOUNCEMENT STORIES (Form Criticism ကိုကြည့်ပါ)

PROPITIATION (Atonement ကိုကြည့်ပါ)

PROVIDENCE ထောက်ပံ့ပေးတော်မူခြင်း

(လက်တင်ဘာသာ၊ ‘providere’ – ကြိုတင်မြင်တွေ့သည်) ဘုရားသခင်၏ ထောက်ပံ့ခြင်းဆိုသည်မှာ-သူဖန်ဆင်းသော အရာ ခပ်သိမ်းအပေါ် သူ၏ဂစိုက်မှုဖြစ်သည်။

ဘုရားသခင်သည် သူ၏ ဘုန်းတော်အဖို့ ဖြစ်ရပ်အားလုံးကို လူ့သမိုင်း အဖြစ် နေထားတကျ ဖန်တီးစီမံသည်(ဧဖက်၊ ၁း၉-၁၂)၊ သက်ရှိအရာအားလုံးကို အသက်ပေးပြီး ဆက်လက်ရှင်သန်စေသည်။ (ဆာလံ၊ ၁၀၄၊ မဲမဲ၊၆း၂၆-၂၉၊ တမန်၊၁၇း၂၅-၂၈)၊ သူ့လူများ၏ ကောင်းကျိုးအတွက် သူတို့ကြုံတွေ့သမျှ ဖြစ်ရပ်များအားဖြင့် ဘုရားသခင် အလုပ်လုပ်သည်(ရောမ၊၈း၂၈)။ သူ၏ ထောက်ပံ့ ပေးခြင်းသည် သူ၏တည်ရှိတော်မူခြင်းနှင့် တန်ခိုးတော်(တမန်တော်၊ ၁၄း၁၇)ကို သာသနာပလူများထံ၌ပင် (ရောမ၊ ၁း၁၈-၂၃) ပြသသော သက်သေဖြစ်သည်။ သူ၏ ထောက်ပံပေးတော်မူခြင်းအားဖြင့်၊ ဘုရားသခင်သည် လူ့သမိုင်းကြီးအား ခရစ်တော်ပြန်ကြွလာချိန်တွင် နိဂုံးချုပ်စေမည်ဖြစ်သည်(၁ကော၊ ၁၅း၂၄)။

PSEUDEPIGRAPHY စာပေကျမ်းဂန်အတု/စီယူဒိပိဂရာဖီ၆

(ဂရိဘာသာ၊ ‘pseudos’- လိမ်ညာမှု၊ အတု၊’graphe’ – စာပေ၊ အရေးအသား)

ကျမ်းရေးဆရာမဟုတ်သော၊ အခြားစာပေကလောင်ရှင်များက သူတို့၏ စာပေများကို ကျမ်းစာပါ အမည်နာမများ တပ်လေ့ရှိခဲ့ကြသည်။ (ဥပမာ-မောရှေ ၏ တာဝန်ယူဆောင်ရွက်မှု (The Assumption of Mosses) သောမခရစ်ဝင် ကျမ်း (Gospel of Thomas)။ ဤစာပေပရိယာယ်သည် ဖတ် ရှုသူများကို လိမ်ညာရန် မရည်ရွယ်ထားဘဲ၊ ဖတ် သူများက အရေးတကြီး၊ အလေးထားလာ ရန်သာ ထိုသို့ ပြုခဲ့ကြခြင်း ဖြစ်ဟန်ရှိသည်။

PURGATORY အကုသိုလ်ဆေးကြောရသည့်နေရာ၊ ဒုက္ခဘုံ (ပါကထိုရီ)

ရောမင်ကက်သိုလစ်အသင်းတော်၏ သွန်သင်ချက်အရ၊ ဤနေရာဘုံ သည် ဗတ္တိ ဇံခံယူပြီးသော်လည်း အပြစ်ကြီးငယ် ဖြေလွတ်ဆေးကြောရန် လိုသေးသောသူများ သွားရာအရပ်ဖြစ်သည်။ သေဆုံးသူ၏ ဆွေမျိုးသားရင်းများနှင့် မိတ်ဆွေများက သူ၏ဝိညာဉ် ထိုနေရာဘုံ၌ ကြာကြာမနေရေးအတွက် ငွေကြေး အစုလိုက် အပြုံလိုက်ပေးခြင်းဖြင့် သူ့ကို ကူညီပေးနိုင်သည်။

ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ကို ကိုးစားသော သူတိုင်းအား ခရစ်တော်က အကြွင်းမဲ့ကယ်တင်သည် ကျမ်းစာ၏သွန်သင်ချက်သည် ၎င်းနေရာ ဘုံဆိုင်ရာ သွန်သင်ချက်၏ဆန့်ကျင်ဘက်ဖြစ်သည်။

PURITAN စင်ကြယ်သူဖြူ ရီတန်/(ဝါ)စာရိတ နှဘာသာရေး၌ စည်းကမ်းကြီးသူ

အသင်းတော်ကို စင်ကြယ်သန့်ရှင်းစွာ ထိန်းသိမ်းရန် ဆလိုလားသူဖြစ် သည်။ ပထမ ဧလိရှဗက်အုပ်စိုးသည့်ကာလ(အေဒီ ၁၅၅၈-၁၆ဝ၃)၌အသင်းတော် အသစ်ပြန်လည်ပြုပြင်ခြင်း၏ မှေးမှိန်လာမှုအပေါ် ကျေနပ်မှု မရှိနိုင်သောသူများ အား သူတို့၏ရန်သူများက “ဖြူရီတန်ဟု အမည်ပြောင်းပေးကြခြင်းမှ ဤနာမည် ကို ရရှိလာခဲ့ခြင်းဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်သည့် ကာလအစပိုင်းတွင် ဖြူ ရီတန်များသည် အင်္ဂလီကန် အသင်းတော်ကြီး (Anglican Church)မှ ခွဲထွက်မနေခဲ့ကြသော်လည်း (၁၇)ရာစု ၌ ၎င်းအသင်းတော်ကြီးမှ လွတ်လပ်သော ဂိုဏ်းကဏ္ဍများ ရပ်တည်ဖွံ့ဖြိုးလာသောအခါတွင်၊ “ဖြူ ရီတန်’ဟူသောအမည်ကို ထိုဂိုဏ်းဂဏများ၏ အသင်းဝင်များ သာမကဘဲ၊ ကယ်တင်ခြင်း၌ ဘုရားသခင်၏အချုပ်အချာအာဏာရှိမှု(The Sovereignty of God in Salvation)ကို ယုံကြည်သောသူဖြစ်ပြီး နေ့စဉ် သန့်ရှင်းစွာ အသက်ရှင်မှုကို ကျင့်သုံးသော အင်္ဂလီကန်အသင်းတော်ကြီး၏ အသင်းဝင်များကိုပါ မှည့်ပေးလာခဲ့ကြသည်။

ဖြူ ရီတန်လှုပ်ရှားမှုက အရည်အချင်း မြင့်မားထက်မြတ်သော သီကြော် လော်ဂျီ ပညာရှင်များစွာကို ပေါ်ထွက်စေသည်(ဥပမာ-ဂျွန်အိုဝင်(John Owen)၊ ရစ်ချတ်ဘက်တာ(Richard Baxter)၊ ရစ်ချက်ဆာဘီးစ်(Richard Sibbes))။ ဖရစ်ဘာရီးယန်းပစ် ထမင်စတား ယုံကြည်ဝန်ခံချက်(၁၆၄၈၊ Presbyterian Westminster Confession)သည်လည်း ဖြူရီတန်သီသော်လော်ဂျီ၏ ဘေးထွက်ဖြစ်သည်။

Q (ဂျာမန်စကားလုံး ‘Quelle’ – အရင်းအမြစ်၏ ပထမအက္ခရာဖြစ်သည်)

ထောင်တူခရစ်ဝင်ကျမ်း (Synoptic Gospel)၌ လေ့ကျက် ကျွမ်းကျင် သူ အချို့က ရှင်မနှင့်ရှင်လုကာခရစ်ဝင်ကျမ်းများတွင် ရှင်မာကုခရစ်ဝင်ကျမ်း၌ မရှိသော စာမူများစွာ ပါဝင်နေကြောင်း မှတ်သားထားကြသည်။ `နှင့်ကာ ခရစ်ဝင်ကျမ်းတို့သည် မာကုခရစ်ဝင်ကျမ်း အသုံးမပြုခဲ့သော အခြားစာမူ မူရင်းမှ ကောက်နုတ်ကြသည်ဟု ထင်ချက်ဆိုကြသည်။ ထို့ကြောင့်၊ ၎င်းပညာရှင်များက ယေ ၏ပြောစကားများ အဓိကအားဖြင့် ပါဝင်သော ထိုအခြားမူ မူရင်းကို သင်္ကေတ ‘Q’ အမည်ပေးကြသည်။

 

QUICKENING အသက်ရှင်စေခြင်း

Quick ဆိုသည့်စကားလုံးသည် ရှေးဟောင်း အင်္ဂလိပ်စာ နာမ ဝိသေသနဖြစ်ပြီး “အသက်ရှင်သော” ဟူ အဓိပါယ်ရှိသည်။ ၎င်း၏ ကြိယာ ‘Quicken ဆိုသည်မှာ- “အသက်ရှင်စေသည်” ဟူ ဖြစ်သည်(ဧဖက်၊ ၂း၁၊၅)။ ထိုကြောင့် အင်္ဂလိပ်စကားစု ‘the quick and the dead’ ဆိုသည်မှာ အသက်ရှင်သော လူများနှင့် သေသောလူများကို ဆိုလိုခြင်းဖြစ်သည်။

QUIETISM တိတ်ဆိတ်ခြင်းဝါဒ/ခွါယပ်တီဇယ်)

ခွါယပ်တီးစ် (Quietists) များက ဘုရားသခင်မျက်မှောက်တော်၌ အပြုခံ (တိတ်ဆိတ်မှု) သဘောကို ယုံကြည်စွဲကိုင်ကြသည်။ ခွါယပ်တီဇမ် (Quietism)ဆိုသည်မှာ လူများ၏ဆန္ဒအတိုင်း လုပ်ဆောင်မှုမပြု-ကောင်းသောအရာကိုပင်မလုပ်၊ တိတ်ဆိတ်စွာနေသော ရပ်တည်မှု အခြေအနေဖြစ်သည်။ အစွန်းရောက်လျှို့ဝှက်ဆန်းကြယ်ခြင်း ဆိုင်ရာ(ဝါ)ကိုင်းမှိုင်းခြင်းဆိုင်ရာ သွန်သင် ချက် (Extreme Mystical or Pietistic teaching) ကခွါယပ်တီဇမ်အလေး အနက်ပြုခြင်းဆီသို့ လမ်းပြခေါ်ဆောင်မှု ပြုခဲ့သည်။ သို့သော်၊ (၁၇)ရာစု၌မူ ခွါယပ်တီဇမ်သည် မိုလီနိုစ် (Molinos)၊ မာဒမ်ဂူယွင် (Madame Guyon)နှင့် ဖေနေလှန်(Fenelon) စသည့် ပုဂ္ဂိုလ်များ၏ သွန်သင်ချက်များ၌ အသုံးပြုသော သီးသန့်စကားလုံးဖြစ်လာခဲ့သည်။

 

QUMRAN ဂွါမ်ရန်

၁၉၄၅ ခုနှစ်တွင်၊ ယုဒဘာသာ အရေးအသား စာပေလိပ် အမြောက် အမြားကို ပင်လယ်သေအနီးရှိ သဲကန္တရ၌ တွေ့ရှိခဲ့ကြသည်။ ၎င်းတို့အား “ပင်လယ်သေစာလိပ်များ” ဟု လူသိများလာခဲ့သည်။ ၎င်းတို့ကို ရှာဖွေတွေ့ရှိကြ သည့်နေရာမှာ ဂွမ်ရန်အရပ် (QUMRAN)ဖြစ်သည်။ ၎င်းအနီးတစ်ဝိုက်တွင် ဘုန်းကြီးကျောင်း အဆောက်အအုံများ ရှာဖွေတူးဖော် သုတေသနပြုခဲ့ကြပြီး ထိုအရပ်၌နေ စာလိပ်များ ထုတ်လုပ်သူများ အား “ဂွါမ်ရန်အစုအဖွဲ့(ဝါ)မိသားစု (Qumran Community)or souscuinapsi so josBiop:3028 ဘီစီပထမ(ဝါ)ဒုတိယရာစုမှ ဓမ္မဟောင်းကျမ်း လက်ရေးကူးစာများဖြစ်ကြပြီး ၎င်းတို့ ၏စာကိုယ်သည် ယနေ့ ကျွန်ုပ်တို့ သမ္မာကျမ်းစာ၏မူရင်းနှင့် ထင်ထင်ရှားရှားကြီး တူညီနေခဲ့ကြသည်။

 

RECEIVED TEXT လက်ခံရရှိ‌ထားသောမူရင်းကျမ်း

(လက်တင်ဘာသာ၊ Textus Receptus:သင်္ကေတအားဖြင့် TR)

အမိန့်တော်ရ ဘာသာပြန်ကျမ်း (Authorised Version) ၏ အခြေခံ ဘာသာပြန်ရာ ဂရိမူရင်းကျမ်းဖြစ်သည်။ ယနေ့လက်ရှိတွင်၊ ဂရိလက်ရေးမူကျမ်းထောင်ပေါင်း များစွာရှိသော်လည်း တစ်အုပ်နှင့်တစ်အုပ် ကြီးမားသော အတိုင်း အတာအထိ လိုက်လျောညီထွေမှု ရှိနေကြကြောင်း တွေ့ရသည်။ အားလုံးပင်၊ အေဒီပဥ မရာစုနှင့် ၎င်းနောက်ပိုင်း လက်ရာများဖြစ်ကြသော်လည်း၊ ၎င်းထက်စောသော စာပေများ၏ အထောက်အကူအား ဖြင့်သာ လေ့လာမှုကို မကြာခဏပြုကြ သည်(ဥပမာ-ရှေးဟောင်းဘာသာစာပေများဖြင့် ဘာသာပြန်ထားသော အရာများ (ဝါ)ကနဦးအသင်းတော်ဖခင်ကြီးများ၏ စာပေကျမ်းဂန်မှ ကိုးကားမှီငြမ်းချက်များ အားဖြင့် လေ့လာမှုပြုကြသည်။ ဤမျှလောက်များပြားသော လက်ရေးမူကျမ်းဂန် များကို ဂရိဘာသာစကားလုံး အသင်းတော်များက ပုံနှိပ်ထားခြင်းမရှိဘဲ၊ ရာစုနှစ် ပေါင်းများစွာ ထိန်းသိမ်း အသုံးပြုကြသည်။ ထိုသို့အားဖြင့် ပြန်လည်ရရှိလာ သောကြောင့် ၎င်းတို့ကို လက်ခံရရှိထားသော ဓမ္မသစ်မူရင်းကျမ်း(The Re ceived Text of New Testament)ဟုခေါ်သည်။ (၁၆)ရာစုတွင် ၎င်းသည် ပုံနှိပ်ထုတ်ဝေမှု အများဆုံး စာအုပ်ဖြစ်လာခဲ့သည်။

၎င်း TR ကျမ်းကို ဘီဇန်တင်းကျမ်း (Byzantine text)ဟူ လည်း တစ်ခါတစ်ရံ ခေါ်လေ့ရှိကြသည်။ အကြောင်းမှာ- ၎င်းကို ဧကရာဇ်ကွန်စတန်တင်း ၏ ကွန်စတန်တင်နိုပါလ်မြို့ (Emperor Constantine’s Constantinople) တည်နေရာဖြစ်လာခဲ့သော ဘီဇန်တီယမ် (Byzantium)၌ စတင်ပုံနှိပ်ထုတ်ဝေ သောကြောင့် ဖြစ်သည်။

REDACTOR/REDACTION (Documentary Theory ကိုကြည့်ပါ)

REFORMED ပြန်လည်ပြုပြင်သော

ကြိယာ “ပြန်လည်ပြုပြင်သည်” (re-form)မှ ဆင်းသက်လာသည်။ ပြန်လည်ပြုပြင်သော အသင်းတော် (Reformed Church)ဆိုသည်မှာ သမ္မာ ကျမ်းစာအတိုင်း မိမိယုံကြည်ချက်များနှင့် ကျင့်ဝတ်တရားများကို အသစ်ပြန်ပြုပြင်ပြောင်းလဲသည့် အသင်းတော်ဖြစ်သည်။ (၁၆)ရာစု၌ ဖြစ်ပျက်ခဲ့သော အသစ် ပြန်လည်ပြုပြင်မှုကြီး (Reformation) ဆိုသည်မှာ-ရောမင်ကက်သိုလစ်အသင်းတော်ကို ချိုးဖောက်ပြီး နှုတ်ကပတ်ကျမ်းစာကိုသာ ယုံကြည်ချက်များနှင့် ကျင့်ဝတ် တရားများ၏စံအဖြစ် ထားလာခဲ့ကြသော ယုံကြည်သူများ၏ သမိုင်းဝင် လှုပ်ရှားမှု ဖြစ်သည်။

ပြန်လည်ပြုပြင်ခြင်း၌ ပါဝင်သော အချက်များမှာ-နှုတ်ကပတ်ကျမ်းစာကို မမှားယွင်းနိုင်သော ဘုရားသခင်၏ နှုတ်တော်ထွက်စကားအဖြစ် ယုံကြည်ခြင်း၊ ဘုရားသခင်သည် လောကမြေကြီးအပေါ်၌ အချုပ်အခြာအာဏာရှိသောကြောင့် သူ၏လူများကို ကယ်တင်ခြင်းအတွက် ရွေးချယ်မှုပြုပြီး စစ်မှန်သော ဧဝံဂေလိ ဟောပြောမှုအားဖြင့် သူ့အချိန်စေ့ချိန်၌ သူတို့အား ထိရောက်စွာ ခေါ်ဖိတ်ကြောင်း ယုံကြည်ခြင်း၊ ဖေါ်ဖိတ်ရခြင်းအကြောင်းသည်ကိုးကွယ်မှုအားလုံး သမ္မာတရားနှင့် ညီတ်လာစေရန်နှင့် ယုံကြည်သူတစ်ဦးချင်းစီ၏ အသက်တာ၊ မိသားစုဝင်များ၊ ပြည်သူပြည်သားများ၊ ခရစ်ယာန်အသင်းတော်၏ အသင်းဝင်များအားလုံးသည်

ဘုရားသခင့် နှုတ်တော်ထွက်စကား၏ အဆင့်အတန်းစံဆီသို့ တိုးတက်ဖွံ့ဖြိုးပြီး ၎င်းထုံးစံအတိုင်း သဏ္ဌာန်ဆောင်အသက်ရှင်ကြရန် ဖြစ်ကြောင်း ယုံကြည်ခြင်းတို့ ဖြစ်ကြသည်။

RIGENERATION အသစ်မွေးဖွား‌ပေးခြင်း

(လက်တင်ဘာသာ၊ ‘re-generare’ – တစ်ဖန်ပြန်ထုတ်လွှင့်သည်) ၊

အသစ်မွေးဖွားခြင်းတို့ကို ဆိုလိုသည်။ ၎င်းသည် ‘အသစ်ဖန်ဆင်းခြင်း ခံရသောသတ ဝါ” ဖြစ်လာသည့် ပုဂ္ဂိုလ်အား(၂ကော၊၅း၁၇) ဝိညာဉ်အသက် ပေးသော ဘုရားသခင်၏အလုပ်ဖြစ်သည်။ ယေက နိကောဒင်အား “သင်သည် ဒုတိယမွေးဖွားခြင်းကို ခံရမည်”(ယောဟန်၊ ၃း၇)ဟု မိန့်ဆိုခဲ့သည်။ ဆိုလိုသည်မှာသဘာဝထက်လွန်ကဲသည့် ဘုရားသခင်၏ အလုပ်တည်းဟူသော “အထက်မှ မွေးဖွားခြင်း” (born from above) ဖြစ်သည်။ အသစ်မွေးဖွားခြင်းခံရသော သူများသာလျှင် ခရစ်တော်ကို လက်ခံသူများ ဘုရားသခင်၏ သားသမီးများနှင့် သူ၏ နာမတော်ကို ကိုးစားယုံကြည်သူများ ဖြစ်ကြသည်(ယောဟန်၊ ၁း၁၂၊၁၃)။

(ကျမ်းစာအဘိဓာန်ကိုကြည့်ပါ)

REGULATIVE PRINCIPLE စနစ်ကျသော အခြေခံမူ

(လက်တင်ဘာသာ၊ ‘regula’ -စည်းမျဉ်းစည်းကမ်း၊ စံနမူနာ)

စနစ်ကျသော အခြေခံမူက စစ်မှန်သော ကိုးကွယ်မှုကို ထိန်းချုပ်သတ် မှတ် ကိုက်ညသည်။ ၎င်းက စစ်မှန်သော ကိုးကွယ်မှု၌ နှုတ်ကပတ်ကျမ်းစာ အားဖြင့် ဘုရားသခင် မိန့်ဆိုခဲ့သောအရာနှင့် သူဖွင့်ပြသော သူ၏အလိုတော်အား ဖြင့် ကန့်သတ်ထားသောအရာတို့ကို ပြုလုပ်ခြင်းသာ ပါဝင်ကြောင်း ဖော်ဆိုထား သည်။

ကိုးကွယ်ခြင်း၏ အခြေအနေအရပ်ရပ်အချိန်၊ နေရာ အသေးစိတ် စသည့်)ကို အများဆန္ဒက အုပ်ချုပ်ရမည်ဖြစ်သော်လည်း ကိုးကွယ်ခြင်း၌ ပါဝင်သော အကြောင်းအရာ၊ ဆိုလိုရင်း အစစ်အမှန်ကိုမူ၊ နှုတ်ကပတ်ကျမ်း အခြေခံမူများနှင့် ညီ တ်မှုရှိရမည်။

(Adiaphora ကိုကြည့်ပါ)

RELIGIONS GESCHICHTLICHE SCHULE (History of Religion School ကိုကြည့်ပါ)

RENEWAL အသစ်ဖြစ်စေခြင်း ၊

အသစ်ဖြစ်စေခြင်း (Renewal) သည အင်္ဂလိပ်စာလုံးကြီး ‘R’ ဖြင့် ဖော်ပြလေ့ရှိကြသော စက်မှုပိုင်းဆိုင်ရာ စကားလုံးဖြစ်သော်လည်း ဤနေရာ၌မူ၊ အမျိုးမျိုးသော ဘာသာစကား၊ ကျန်းမာခြင်း အခွင့်တန်ခိုးနှင့် ပရောဖက်ပြုခြင်း များကို အလေးအနက်ပြုခြင်းဖြင့်ပင် မဂိုဏ်းကြီးများမှ အသင်းတော်များအား “အသစ်ဖြစ်စေ ́ရန် လုံ့လပြုကြသည့် ဆုကျေးဇူးအလေးထားသော လှုပ်ရှားမှု (Charismatic movement) ၏ ကြိုးပမ်းချက်ကို ရန်းသည်။ ၎င်းလှုပ်ရှားမှု သည် ၁၉၆၀ ဝန်းကျင်များမှ စ အင်္ဂလန်နိုင်ငံ (United Kingdom) တွင် ထင်ရှားပေါ်လွင်လှသည်။

အသစ်ဖြစ်စေခြင်း (Renewal) အား ဂိုဏ်းဂဏများ၌ နိုးထမှုလစ်ဟင်း နေသည်ဟု မြင်သော မူလအခြေပြန်ရောက်စေခြင်း (Restoration)ကမူ၊ ဘုရား၊ သခင်၏နိုင်ငံတော် ပြန်လည်တည်ဆောင်ခြင်းဟု ခေါ်ကြသော ယနေ့ ဂိုဏ်းဂဏ များနေရာ၌မူလအခြေပြန်ရောက်သော အသင်းတော်တစ်ပါး (One ‘restored’ Church) အစားထိုး ထူထောင်ခြင်းကို ကြံဆောင်လုံ့လပြုသည်။

(Spiritual gifts ကိုကြည့်ပါ)

REPENTANCE နောင်တတရား

ဓမ္မဟောင်းကျမ်း၌၊ ဟေဗြဲစကားလုံး ‘naham’ သည် လူသားများ၏ အကျင့်၊ လမ်းစဉ်ပြောင်းလဲမှုထက် တိုင်းနိုင်ငံများ၊ လူမျိုးများနှင့်ပတ်သက်သောကောင်းကျိုး၊ ဆိုးကျိုးအပေါ် ဘုရားသခင်၏ပေါ်လွင်သော ပြောင်းလဲမှုကို ဦးစားပေး ရည်ညွှန်းထားသည်။ ။

ဓမ္မသစ်၌မူ၊ ဂရိစကားလုံး ‘metanoia’ သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ မှားယွင်းသော အကျင့်လမ်းစဉ်မှ “လှည့်ပြောင်းပြန်လာခြင်း’ ကို ရ န်းထား သည်။ ၎င်းသည် အတွေးအခေါ် အထင်အမြင်များအတွင်း ကျကျပြောင်းလဲခြင်း၊ မိမိအပြစ်ကို မြင်လာခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် ဘုရားသခင်ကို လွန်ကျူးပြစ်မှား မိခြင်းက ဖြစ်ပေါ်စေသော ဝမ်းနည်းခြင်းမှ နိုးထပြန်လာကာ နောင်တ၏ အကျိုး ဆက်ဖြစ်သော သန့်ရှင်းခြင်းအသက်တာ၌ အားထုတ်အသက်ရှင်ခြင်းဖြစ်သည်။

(Bible Dictionary ကိုကြည့်ပါ)

REPROBATION ပျက်စီးခြင်းအတွက် ကြိုတင်ခွဲခန့်ခြင်း

(လက်တင်ဘာသာ၊ ‘re’ အငြင်းဝါကျသုံးစကားလုံး၊’probare’ – သက်သေပြသည်)

ဘုရားသခင်သည် လူအချို့ကို ကယ်တင်ရန် ခွဲခန့်သကဲ့သို့ လူအချို့ကို လည်း သူတို့၏အပြစ်အတွက် ထာဝရဒဏ်ခတ်ခြင်းခံရန် ခွဲခန့်ထားသည်။ ဒဏ်ခတ်ခြင်းခံရန် ခွဲခန့်ခြင်းကို ပျက်စီးခြင်းအတွက် ကြိုတင်ခွဲခန့်ခြင်း (Reprobation) ဟုခေါ်သည်။ ထိုသို့ ပြုလုပ်ခြင်းအမှု နှစ်ခုစလုံးသည် ဘုရားသခင်၏ ဘုန်းတော်နှင့် ဖြောင့်မတ်ခြင်း သက်တော်အတွက်ဖြစ်သည်။

ပျက်စီးခြင်းအတွက် ကြိုတင်ခွဲခန့်ခြင်း (Reprobation) သည် ကြိုတင် ရွေးချယ်မှတ်သားခြင်း(Election) နှင့် ကျိုးကြောင်းဆီလျော်သော အဆင့်တူများ ဖြစ်ကြသည့်အပြင် သမ္မာနည်းလည်းကျသည်။ ရောမ၊၉း၂၂၊၃၂ သည် ရှင်းလင်းသောကျမ်းချက်ဖြစ်သည်။ ပျက်စီးခြင်းအဘို့ ပြင်ဆင်သော အမျက်ခံရာ အိုးများ .”။ ယုဒ၊၄ ကိုလည်း လေ့လာပါ။

ဩဂတ်စတင်း (Augustine)၊ ကာလ်ဗင် (Calvin) နှင့် အခြား ပြန်လည် ပြုပြင်သူ သီသော်လော်ဂျီပညာရှင်အများစုကလည်း ဤသြဝါဒကို သွန်သင်ပေးခဲ့ကြသည်။

RESTORATIONISM

(Renewal ကိုကြည့်ပါ)

RESTRICTED COMMUNION ကန့်သတ်ထားသောပွဲတော်မင်္ဂလာ

ကျမ်းစာ၌၊ ပွဲတော်မင်္ဂလာခံထိုက်သူကို ကန့်သတ်ထားကြောင်း ဖော်ပြ ထားသည်။ ယုံကြည်သူအားလုံးသည် ပွဲတော်မင်္ဂလာမှ မုန့်နှင့်စပျစ်ရည်ကို ပါဝင် ခံယူရမည် ဖြစ်သော်လည်း (မ၊ ၂၆း၂၇) မယုံကြည်သူများနှင့် ယုံကြသည်သူ၌ ပင်လျှင် မိမိကိုယ်ကို စစ်ဆေးပြီး “

မသောက်မသုံးထိုက်” ဟု တွေ့ရှိသူများသည် မပါဝင်၊ မသုံးဆောင်ရပါ (၁ကော၊ ၁၁း၂၇၊၂၉)။ စကော့တလန်နိုင်ငံရှိ သက်ကြီးသူများအုပ်ချုပ်သော အသင်းတော် (Presbyterian Church)၌ “စားပွဲတော်ကို စည်းခတ် ကာကွယ်ခြင်း” (Fencing the Table) ကို ကျင့်သုံးကြသည်။ ၎င်းအဓိပါယ်မှာ ပွဲတော်မင်္ဂလာ မုန့်နှင့် စပျစ်သုံးဆောင်မည့်သူများ အလားထိုက်တန်မှုရှိ/မရှိ အသေအချာ တတ်နိုင်သလောက် စစ်ဆေးခြင်း ဖြစ်သည်။

ကောရိဩဝါဒစာပထမစောင်၏ ရှေ့နောက် အဆက်အစပ် တစ်ခုလုံး ကို လေ့လာခြင်းဖြင့် “မထိုက်တန်ခြင်း” ဟူသော စကားလုံးကို နားလည်နိုင်မည် ဖြစ်သည်။ ၎င်းသြဝါဒစာက ကောရိန္တ အသင်းတော်၏ အပြစ်အကြောင်း ပြောထားသည်။ ၁ကော၊ ၁၁၂၉ ၌ ရှင်ပေါလုက ၎င်းအပြစ်များကို ဆက်လက် ကျင့်သုံးရင်း ပွဲတော်ဝင် စားသုံးဆောင်သောသူသည် “မထိုက်တန်စွာသုံးဆောင် သည်ဟုဆိုသည်။ ရှင်ပေါလု ထပ်ဖြည့်ရေးသားသည့် “သခင်ဘုရား၏ ကိုယ် (ခန္ဓာ)တော်ကို ပိုင်းခြား မသိ” ဟူသော အကြောင်းအရာမှာ အသင်းတော်သည် ခရစ်တော်၏ခန္ဓာကိုယ်ဖြစ်ကြောင်း မသိနားမလည်ခြင်းကို ဆိုလိုသည်။ အသင်းတော်အတွင်း စိတ်ဝမ်းကွဲမှု (၁ကော၊၁-၄) ကို ဖော်ညွှန်းနေဟန်ရှိပြီး အပြစ်ဖြစ် နေခဲ့သည်။ ရှင်ပေါလု၏ အသိစိတ်ထဲ၌ ၎င်းစိတ်ဝမ်းကွဲမှုအပြစ်သည် ကြီးလေးသောအပြစ်ဖြစ်နေခဲ့သည်။

REVELATION ဖွင့်ပြတော်မူခြင်း

ဘုရားသခင်သည် သူ့အကြောင်းကို ဖွင့်ပြမိတ်ဆက်သည်။ ထိုဖွင့်ပြမှုမရှိ ခဲ့ပါက လူသားသည် ဘုရားသခင်၏ တည်ရှိတော်မူခြင်းနှင့် သူ၏ဇစ်မြစ်သဘော သဘာဝများနှင့်ပတ်သက် တစ်စုံတစ်ခုမျှ သိမည်မဟုတ်ချေ။

ယင်းသို့ ဖွင့်ပြခြင်း၌ သွင်ပြင် (၂) မျိုးရှိသည်။

(၁) ယေဘုယျ(ဝါ)သဘာဝဆိုင်ရာဖွင့်ပြခြင်း-ဖန်ဆင်းထားသောအရာများအားဖြင့်သော်လည်းကောင်း၊ လူသား၏ ဩတ ပ စိတ်အားဖြင့်သော်လည်းကောင်း သူ့အကြောင်းကို ဘုရားသခင်ဖွင့်ပြသည်။

(၂ အထူးဖွင့်ပြခြင်း-နှုတ်ကပတ်ကျမ်းစာအားဖြင့် ဖွင့်ပြခြင်းနှင့် အထူးသဖြင့်ခရစ်တော်အားဖြင့် ဖွင့်ပြခြင်းဖြစ်သည်။

General of natural revelation ယေဘုယျ(ဝါ)သဘာဝဆိုင်ရာဖွင့်ပြခြင်း

၎င်းသည် ကျွန်ုပ်တို့ ဘေးပတ်ဝန်းကျင်၌ရှိကြသော သစ်ပင်များ၊ ပန်းပင် များ၊ နေ၊ လ၊ ကြယ်များ စသည့်အရာများဖြင့် ဖွင့်ပြခြင်းဖြစ်သည်။ ကျမ်းစာ၌၊ ၎င်းနှင့်ပတ်သက် ရှင်းလင်းလှသော ကျမ်းပိုဒ်များရှိသည်။

ဥပမာ – ဆာလံ၊၁၉ ။ “မိုယ်ကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော .”

တမန်၊၁၄း၁၇။ ဝ သန်ကာလ၊ သီးနှံဝေဆာသည့် ရာသီများသည် ဘုရားသခင်၏ သက်သေဖြစ်ကြသည်။

ရောမ၊ ၁း၁၉-၂ဝ။ “ဖန်ဆင်းတော်မူသောအရာများကို ထောက် သဖြင့်၊ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် . ထင်ရှားလျက် ရှိကြ၏”

ယေဘုယျ(ဝါ)သဘာဝဆိုင်ရာ ဖွင့်ပြခြင်းကို လူသား၏ဩတ ပ စိတ် အားဖြင့် သိမြင်နိုင်သည်။ တပါးအမျိုးသားများ (Gentiles) ၌ ယုဒလူမျိုးများကဲ့သို့ ဘုရားသခင် ဖွင့်ပြသော ပညတ်ဥပဒေမရှိသော်လည်း၊ သူတို့၌ နှလုံးသား (ဩတ ပ စိတ်)တွင် ရေးသားထားသော “ပညတ်ဥပဒေ” ရှိကြသည် (ရောမ၊၂၁း၁၄-၁၅)။

သဘာဝပိုင်းဆိုင်ရာ ဖွင့်ပြခြင်းဖြင့် လူများသည် ဘုရားသခင်ကို တစ်စိတ် တစ်ပိုင်း သိမြင်လာနိုင်သည်(ရောမ၊ ၁း၁၉-၂၁)။ အမှန်ပင် “ဆင်ခြေ” ပေးစရာမရှိ သည့် အတိုင်းအတာအထိ သူတို့သိမြင်ကြသောကြောင့် ဘုရားသခင်ကို ငြင်း ပယ်ခြင်း အပြစ်အား သူတို့ဖုံးနိုင်မည်မဟုတ်ချေ(အပိုဒ်ငယ်၊ ၂၀)။ သို့သော်လည်း၊ သန့်ရှင်းတော်မူခြင်း၊ အပြစ်ကို မုန်းတော်မူခြင်းနှင့် ကယ်တင်ခြင်း ပေးကမ်းတော် မူခြင်းကိုမူ နှုတ်ကပတ်ကျမ်းစာ၌ သည့်ထက်မကသော ဖွင့်ပြခြင်းမရှိဘဲ သူတို့ မသိနားမလည်နိုင်ချေ။

Special revelation အထူးဖွင့်ပြခြင်း

တရားဟော၊ ၂၉း၂၉ ၌၊ ဘုရားသခင်သည် အချို့အရာကို သူ၏လျှို့ ဝှက်ချက်အဖြစ် ဝှက်ထားပြီး အခြားအရာများကိုမူ ကျွန်ုပ်တို့၏အကျိုးအဖို့ ဖွင့်ပြ ထားကြောင်းဖော်ပြသည်။ ပထမဦးဆုံး ဖန်ဆင်းခံလူသားဖြစ်သော အာဒံပင်လျှင်၊ ဘုရားသခင်ထံမှလာသော သင်ကြားပေးမှုကို လိုအပ်ခဲ့သည်(ကမ္ဘာ၊ ၂း၁၆-၁၅)။

ဆာလံ၊ ၁၁၉ က ဘုရားသခင်၏ ပညတ်တော်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုထားသည်။ ယော၊ ၁၇း၁၇ က “ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်၏” ဟူ ဆိုထားသည်။ လူ၏ စကားအားဖြင့် လူ၏တိုက်ကို ဖော်သကဲ့သို့ ဘုရားသခင်၏ စကားတော်က ဘုရားသခင်ကို ဖွင့်ပြထားသည်။

ထိုအရာအားလုံးထက် အရေးကြီးဆုံးမှာ-ဘုရားသခင်သည် လူ့ဇာတိ ခံယူတော်မူသော နှုတ်ကပတ်တော်တည်းဟူသော ခရစ်တော်အားဖြင့် မိမိကိုယ်ကို လူများအား ဖွင့်ပြသည်။ ယော၊ ၁း၁ က “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ” (အပိုဒ်ငယ်၊ ၁၈) ဟူ ဆိုထားသည်။

တစ်ဖန်၊ ဟေဗြဲ၊ ၁း၁ က ဘုရားသခင်၏ အစွန်းထိပ်ဆုံး ဖွင့်ပြခြင်းသည် သားတော်ဖြစ်သည်ဟု ဆိုထားသည်။

လွတ်လပ်စွာတွေးခေါ်သော သီပျော်လော်ဂျီ (Liberal Theology) က မလွဲမရှောင်သာ ဖွင့်ပြခြင်းကို ငြင်းပယ်ရသည်။ နူယူ-အာရ်သိုတုတ် (Neo-orthodoxy) က ဘုရားသခင်၏ ကိုယ်ပိုင်အကြောင်း ဖွင့်ပြမှုကို ယုံကြည်သော်လည်း ဖွင့်ပြခြင်းနှင့်ကျမ်းစာကို တန်းတူမထားနိုင်ပေ။ ကာလ်ဘာ (Karl Barth)က လွတ်လပ်စွာ တွေးခေါ်သော ဝါဒ၏ဖွင့်ပြခြင်းကို ငြင်းပယ်မှုမှ ဖွင့်ပြခြင်းမှန်ကန်မှုကို တွေ့ရှိနိုင်မည်ကို စိုးသောကြောင့်၊ ယေဘုယျ(ဝါ)သဘာဝ ဆိုင်ရာ ဖွင့်ပြခြင်းမရှိဟု ငြင်းဆို သွန်သင်ခဲ့သည်။

REVIVAL နိုးကြားတက်ကြွခြင်း ၊

(လက်တင်ဘာသာ၊ ‘re’ – ပြန် ၊တစ်ဖန်၊ ‘vivere’ – အသက်ရှင်သည်) ၊

“နိုးကြားစေသည်” ဆိုသည်မှာ- “ပြန်လည်ရှင်သန်စေသည်” ဟူ ဖြစ် သည်။ထိုကြောင့် ဝိညာဉ်ရေး၌ ရှင်သန်မှုရရှိပြီးသူ၊ ဝိညာဉ်အသက်တာ အသစ် ပြန်ပြုပြင်ခြင်း အတွေ့အကြုံ ခံစားသူသည် တစ်ဦးချင်းစီဖြစ်စေ၊ အစုအဖွဲ့ဖြင့် ဖြစ်စေ၊ မည်သို့ပင်ဖြစ်စေ ဘုရားသခင် လူများသာ ဖြစ်နိုင်သည်။

ခရိုင် (ဝါ) တိုင်းပြည်တစ်ခုရှိ အသင်းတော်မှ ဘုရားသခင်၏လူများသည် အချိန်ကာလတချို့ကြာ အေးစက်သေဆုံးနေသည့်အချိန်တွင်များသောအားဖြင့် ဆုတောင်းသံကို အဖြေပေးသည်အနေဖြင့် ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးဖြင့် ပြန်လာပြီး သူတို့အား အသစ်သောအသက်တာနှင့် သူ၏နှုတ်ကပတ်တော်ကို ဆာငတ်လိုလားသည့် အသစ်သောဆပြန်ပေးကာ ပြောင်းလဲသူများကိုလည်း အနည်းနှင့်အများ အသင်းတော်သို့ ထပ်ဝင်စေသည်။

နိုးကြားခြင်းသည် ဘုရားသခင်၏အမှုသာဖြစ်သည်။ ဖွဲ့စည်းမှု၊ ခံယူမှုများ ကို နိုးကြားခြင်းဟူ မှားယွင်းစွာ မပြောဆိုသင့်ချေ။ ၎င်းက ဧဝံဂေလိလုပ်ငန်းနှင့် နိုးကြားခြင်းကို ရောနှောစေတတ်သည်။(Quickening ကိုကြည့်ပါ)။

RIGHTEOUSNESS ဖြောင့်မတ်ခြင်း

ဖြောင့်မတ်ခြင်းဟု ဘာသာပြန်ထားသော ဟေဗြဲစကားလုံး၏ မူရင်း အဓိပါယ်မှာ “ဖြောင့်တန်းသောဖြစ်သည်။ ၎င်းနှင့်သဘောချင်းတူညီသော ဂရိ စကားလုံးကလည်း၊ ဂရိအသုံးအနှုန်းအရ “ပညတ်တော်နှင့်ညီ တ်သော အရာ အားလုံးကို ရည်ညွှန်းသည်။ ဓမ္မဟောင်းကျမ်း၌၊ ဘုရားသခင်သည် သူ၏အမှု လုပ်ငန်းများနှင့် တရားစီရင်ခြင်းများတွင် ဖြောင့်မတ်တရားမျှတလှသောကြောင့် ဣသရေလလူမျိုး၏ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ဟု ဖော်ပြထားသည်။

လူသားများ၌ သုံးနှုန်းထားသော ဖြောင့်မတ်ခြင်းကိုမူ အမျိုးမျိုး ပိုင်းခြား သည်။

(၁) မူလအစဖြောင့်မတ်ခြင်း။ အာဒံနှင့်ဝေသည် ဖြောင့်မတ်စွာနှင့် စာရိတကောင်းမွန်စွာဖြင့် ဖန်ဆင်းခံသူများ ဖြစ်ခဲ့ကြသည်။

(၂) ခရစ်တော်၏ဖြောင့်မတ်ခြင်း၊ ကမ္ဘာ၊၃ တွင် ဖော်ပြထားသော အဖြစ်အပျက်မှစ ခရစ်တော်မှလွဲပြီး ပုထုဇဉ်လူသား မည်သည်၌ ဖြောင့်မတ်သူ ဟူ မရှိ။ ခရစ်တော်သည် စုံလင်စွာ ဘုရားသခင်သည် ပညတ်တော်ကို ပြည့်စုံစေသူဖြစ်သည်။

(၃) ယိုးစွပ်မှတ်ယူသော ဖြောင့်မတ်ခြင်း (Imputed Righteousness) ။

ခရစ်တော်သည် ဘုရားသခင်ဖြစ်နေသောကြောင့် သူ၏ဖြောင့်မတ်ခြင်းသည် တန်ဖိုးအနန္တရှိပြီး သူ့ကို ယုံကြည်သောသူ၏ ဖြောင့်မတ်ခြင်းအဖြစ် ယိုးစွပ် မှတ်ယူ ရသည်။

(Justification of messa)

(၄) မူလအခြေရောက်ရှိသော ဖြောင့်မတ်ခြင်း(Restored Righteousness)။

အသစ်မွေးဖွားခြင်း ခံယူပြီးနောက်ပိုင်းတွင် ယုံကြည်သူများသည် လက်တွေ အပြုအမှု၏ဖြောင့်မတ်ခြင်းအရာ၌ တိုးတက်ဖွံ့ဖြိုးမှု ရှိလာကြသည်။ (Sanctification ကိုကြည့်ပါ) (ကျမ်းစာအဘိဓာန်ကိုကြည့်ပါ)

SACERDOTAL ယဇ်ပုရောဟိတ်ဆိုင်ရာ

(လက်တင်ဘာသာ၊ ‘sacerdos’ – ယဇ်ပုရောဟိတ်၊’sacerdotium’ – ယဇ်ပုရောဟိတ် အရိုက်အရာ) ၊

ယဇ်ပုရောဟိတ်များနှင့်သက်ဆိုင်သောအလုပ် မည်သည်ကို ဖော်ပြသော နာမဝိသေသန စကားလုံးဖြစ်သည်။ (ဥပမာ-ယဇ်ပုရောဟိတ်ဆိုင်ရာ ကိုးကွယ်မှု ပုံစံ (Sacerdotal form of worship)ဆိုသည်မှာ-အကိုက်အရာ ခန့်အပ်ခံရသော ယဇ်ပုရော့ဟိတ်သာ ဦးစီးလုပ်ဆောင်နိုင်သော အခမ်းအနားများဖြစ်သည်)

SACRAMENT မွန်မြတ်သောမင်္ဂလာဘသာရေးအခမ်းအနား/ဆေးခရီမင်ထံ

(covenant of grace) ၏ လက္ခဏာများနှင့် တံဆိပ်များဖြစ်သည်။ (၂၇ ကြိမ်မြောက် ဝစ်ထ်စင်စတာ ယုံကြည်ဝန်ချက် (Westminster Confession XXVII)

သခင်ယေရှုခရစ်က သူ၏အသင်းတော်အား ဗတိ ဇီမင်္ဂလာနှင့် ပွဲတော် မင်္ဂလာတည်းဟူသော မွန်မြတ်သောမင်္ဂလာနှစ်ပါး (Two Sacraments) ကို စောင့်ထိန်း မိန့်မှာခဲ့သည်။

ဆေးခရီမင််များသည် လက္ခဏာများဖြစ်သည်။ မိမိကိုယ်ကို တစ်ခု တည်းသာမဟုတ်ဘဲ အခြားအရာကိုလည်း ရန်းနေသော လက္ခဏာပင်ဖြစ် သည်။ ထို့ကြောင့် ယုံကြည်သူ၏ဗတိ ဇီမင်္ဂလာက သူသည် ခရစ်တော်နှင့်အတူ သဂြိုလ်ခံခဲ့ရပြီး ခရစ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ကြောင်းကို ရန်းသည်။ ပွဲတော်မင်္ဂလာမှ မုန့်နှင့်စပျစ်ရည်သည် ခရစ်တော်၏ ခန္ဓာတော်နှင့်အသွေးတော်ကို ရည် ညွှန်းလျက်ရှိပြီး ၎င်းတို့ကို သုံးဆောင်ခြင်းသည် ယုံကြည်သူ၏ ခရစ်တော် အပေါ် ကိုးစားခိုလှုံမှု ရည်ညွှန်းသည်။

ဆေးခရီမင်ထ်များသည် တံဆိပ်များလည်းဖြစ်ကြသည်။ တံဆိပ်တစ်ခု သည် တစ်စုံတစ်ခု၏စစ်မှန်မှုကို အတည်ပြု သာမကဘဲ ကြေညာသည်။ ကြက်စာတမ်းပေါ်က တံဆိပ်သည် ၎င်းကြက်စာတမ်းကို ပတ်သက်ကိုင်တွယ်သူ ၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း ဖော်ပြကြေညာသည်။ ထိုကြောင့် ဤဆေးခရီမင်ထံ (မွန်မြတ်သောမင်္ဂလာ) နှစ်ပါးသည် ကယ်တင်ခြင်းအားဖြင့် ယုံကြည်သူများထံ ရောက်ရှိလာသော ဘုရားသခင်၏ကျေးဇူးတော်ကို အတည်ပြုသည်။

ဆေးခရီမင့်ထ်ကို အတွင်းအတွေ့အကြုံ၏ အပြင်လက္ခဏာ” ဟူ အဓိပါယ်ဖွင့်ဆိုချက်ရှိသည်။

ရောမကက်သိုလစ်များ၌ ဆေးခရီမင််ခုနှစ်ခုရှိသည်။ ၎င်းတို့မှာ ဗတိ ဇံ ရေနှစ်ခြင်း၊ ပွဲတော်မင်္ဂလာ၊ အတည်ပြုခြင်း (Confirmation)၊ အာပတ်ဖြေခြင်း (Penance)၊ အလွန်အကျွံဆီမန်းလိမ်းခြင်း (Extreme Unction)၊ ပုပ်ရဟန်းဘောင်ဝင်၊ ဘိသိက်ခံခြင်း (Orders)၊ ထိမ်းမြားမင်္ဂလာ (Marriage) တို့ဖြစ်ကြ သည်။ ကျမ်းစာက နောက်ဆုံးငါးခုအား ဆေးခရီမင်ထံများအဖြစ် သတ်မှတ်ခြင်း မပြုပေ။

ဗတိ ဇံမင်္ဂလာနှင့် ပွဲတော်မင်္ဂလာသည် ပုဂ္ဂိုလ်တစ်ဦးထံသို့ ကျေးဇူးတော် ယူဆောင်မလာပေ။ ထို့ကြောင့် ယုံကြည်ပြီးသူများအတွက် အဓိပါယ်ရှိလှသော် လည်း မယုံကြည်သူများ ကျင့်သုံးပါကမူ အကျိုး၊ အဓိပ္ပါယ်ရှိသော ဆေးခရီမင်ထံ မဟုတ်တော့ချေ။

(Opus Operatum ကိုကြည့်ပါ)

SANCTIFY/SANCTIFICATION သန့်ရှင်းစေသည် / ခြင်း

အခြေခံဆိုလိုရင်းမှာ – “သီးသန့်ဖယ်ထားသည်” ဟူ ။ ဘုရားသခင် သည် သီးသန့်ခွဲခြားနေသည်(ယေဇကျေလ၊ ၃၆း၂၃)။ ခရစ်တော်သည် အမှုတော် လုပ်ငန်းအတွက် သီးသန့်ခွဲခြားနေသည်(ယောဟန်၊ ၁း၁၉)။ ဓမ္မဟောင်းကျမ်း၌၊ လူများ၊ နေရာဒေသများနှင့် သက်မဲ့သတ ဝါပစ ည်းများပင် ဘုရားသခင်အသုံးတော် ခံရန် သီးသန့်ဖယ်ထားခြင်း ခံရခဲ့ကြသည်(ထွက်၊ ၂၈း၄၁၊ ၃၀း၂၉၊ ဝတ်၊ ၂၇း၁၄-၂၂၊ ယောဘ၊ ၁း၅)။

ခမည်းတော်က သူ၏လူများကို သန့်ရှင်းစေဖို့အလိုငှါ ခရစ်တော်မှ ဆုတောင်းခဲ့သည်။

သန့်ရှင်းခြင်းသည် ယုံကြည်သူများ ပို ပို သန့်ရှင်းလာစေရန် သူတို့ အထဲ၌ ပြုပြင်သော ဘုရားသခင်၊ သန့်ရှင်းသောဝိညာဉ်တော်၏ တစ်ဆတစ်ဆင့် တိုးသောအလုပ် ဖြစ်သည်။ “သားတော်၏သဏ္ဌာန်” ဆောင်လာစေရန် ပြုပြင်သော အလုပ်လည်းဖြစ်သည်(ရောမ၊၈း၂၉)။ ဤအလုပ်သည် မြေကမ္ဘာလောက၏ လူသားဘဝတွင် မည်သည့်အခါ၌မျှ မကုန်ဆုံးဘဲကောင်းကင်ဘုံ၌သာ ကုန်ဆုံး မည်ဖြစ်သည်။

ဟေဗြဲသြဝါဒစာက ၎င်းစကားလုံးကို ဖြောင်မတ်စေခြင်း(Justification) နှင့် အဓိပ္ပါယ်တူခါနီးနီးရှိသော အတွေ့အကြုံအဖြစ် ဖော်ပြထားသည် (ဟေဗြဲ၊၁၀း၁ဝ၊ ၁၃း၁၂။ ၎င်းကျမ်းပိုဒ်က ယုံကြည်သူများအား ဘုရားသခင်ဘက်နှင့် သူ့ အမှုတော်အတွက် ပထမဦးဆုံး သီးသန့်ဖယ်ထားခြင်းကို ခရစ်တော်ပြုနေကြောင်း ပြောဆိုထားသော်လည်း၊ ယုံကြည်သူများ၏ သန့်ရှင်းခြင်း၌ ဆက်လက်ကြီးထွားမှု အဓိပါယ်သက်ရောက်နေသည်။

(Bible Dictionary ကိုကြည့်ပါ)

SECOND COMING OF CHRIST

ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း

ဓမ္မသစ်ကျမ်းက သခင်ယေရှု ခရစ် မြေကြီးပေါ်ပြန်ကြွလာမည့်အကြောင်း ကို သွန်သင်ထားသော်လည်း ဤကဲ့သို့သော အင်္ဂလိပ်စကားစုမျိုးကိုမူ ကျမ်းစာ၌ မရှိချေ။

ခရစ်တော်၏ ပြန်ကြွလာတော်မူခြင်းနှင့် ပတ်သက်သော ဂရိစာလုံးအမျိုးမျိုး ရှိသည်။

၁။ ‘parousia’ (ပါရူးရှား)-ရောက်ရှိလာပြီး အတူနေခြင်း(ဖိ၊ ၁း၂၆ မှ နောက်ပိုင်း)

၂။ ‘Epiphaneia’ (အီပီဖါနေယာ)-အများပြည်သူရှေ့ ထင်ရှားလာခြင်း

(၂တိ၊ ၄း၁)

၃။ ‘Apocalypsis’ (အာပိုကာလက်စစ်)-ဖွင့်ပြခြင်း၊ မဖုံးမကွယ်ထားခြင်း (၂သက်၊ ၁း၇)

ရှင်ယောဟန်က ‘phaneroo’ ကြိယာ(ထင်ရှားသည်၊ ကိုယ်ယောင် သည်)ကို အသုံးပြုပြီး (epiphaneia’ ၏ အရင်းခံရာ စကားလုံးဖြစ်သည်။ “သားတော်သည် ပေါ်ထွန်းတော်မူသောအခါ” ဟုဆိုခဲ့သည်။ ဟေဗြဲ ၉း၂၈ ကမူ ရိုးရှင်းသောကြိယာဖြင့် ‘horao’ – မြင်သည်ကို သုံးပြီး ခရစ်တော်သည် အတွေးအမြင်ခံ ပေါ်ထွန်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ခရစ်တော်သည် သေလျက်နေသူ၊ အသက်ရှင်လျက်နေသူ သန့်ရှင်းသူ အပေါင်းတို့ကို သူ့အထံတော်သို့ စုဝေးခေါ်ဆောင်မည်(၁သက်၊ ၄း၁၃-၁၈)။ ပြီးနောက် မယုံကြည် သူများကို တရားစီရင်ပြီး(၂သက် ၂း၈-၁၁)၊ ဖြောင့်မတ်ခြင်း၏ အချုပ်အခြာအာဏာကို ထူထောင်မည်ဖြစ်သည် (၂ပေ၊ ၃း၁၀-၁၃)။

SECT သင်းကွဲအုပ်စု

(လက်တင်ဘာသာ၊ ‘secta’ – ပါတီတွင်းအုပ်စု(ဝါ)နောက်လိုက်)

ခရစ်ယာန်ယုံကြည်သူများ၏ ပင်မယုံကြည်ချက်များနှင့် ခြားနားသော သွန်သင်ချက်(ဝါ)ကျင့်ဝတ်အချို့ကို လိုက်လျှောက်ကြသော လူစုမည်သည်ကို ခေါ်ခြင်းဖြစ်သည်။

၎င်းအုပ်စုအတွင်းမှ အုပ်စုဝင်လူများကမူ သူကို သင်းကွဲအုပ်စု (Sect) ဟု မခေါ်ဝေါ်ကြဘဲ၊ အုပ်စုပြင်ပမှ လူများကသာ သူတို့ကို ရန်းပြီး ၎င်းစကား လုံးကို သုံးကြခြင်းဖြစ်သည်။

သင်းကွဲအုပ်စုဟုဆိုရာတွင် အုပ်စုငယ်လေးကို ဆိုလိုသောကြောင့် ခရစ်ယာန်ယုံကြည်ချက်၏ ပင်မလမ်းစဉ်ပေါ်မှ ကြီးမား ပေါ်လွင်သော အုပ်စု ကြီးများ၊ ဂိုဏ်းဂဏ ကြီးများနှင့် မရောနှောသင့်ချေ။

SEEKING SINNERS ဘုရားသခင်ကို ဖွေရှာနေသော အပြစ်သားများ

ဤစကားစုက၊ ဘုရားသခင်ရှေ့၌ အပြစ်သားဖြစ်ကြောင်း၊ ကိုယ့်နည်း ကိုယ့်ဟန်ဖြင့် ဘုရားသခင်ကို ရှာမတွေ့နိုင်သောကြောင့် စသည့် သန့်ရှင်းသော ဝိညာဉ်တော်၏ဖော်ပြမှုအား ခံရသောလူများကို ဖော်ပြရန်းသည်။ ထို့ပြင် ဝိညာဉ်တော်က ဘုရားသခင်သည် သူတို့အတွက် ကယ်တင်ခြင်းလမ်းကိုဖွင့်ပေးခဲ့ပြီဖြစ်ကြောင်းလည်း ဆက်လက်ဖော်ပြသည်။ ထိုအခါတွင် အပြစ်သားများ သည် ဘုရားသခင်၏ဖွင့်ပြခြင်းကိုခံယူရန်နှင့် ခရစ်တော်ကို ယုံကြည်နိုင်ဖို့အလို့ငှါ ယုံကြည်ခြင်းကို ပေးကမ်းပါရန် ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို ဖွေရှာ လာကြသည်။

(Sensible Sinners ကိုကြည့်ပါ)

SEMI-PELAGIANISM (Pelagianism ကိုကြည့်ပါ)

SEMITISM (Hebraism ကိုကြည့်ပါ)

SENSIBLE SINNERS အသိတရားဝင်လာသောအပြစ်သားများ ၊

ဤနေရာ၌ “အသိတရားဝင်လာသော’ (Sensible) ကို ရှေးဟောင်း အင်္ဂလိပ်စာ၏ ဆိုလိုရင်းအားဖြင့် အသုံးပြုထားသောကြောင့် “သိလာသော၊ အသိစိတ်ဝင်လာသော” ဟု အဓိပါယ်ရှိပြီး ယခုခေတ် အဓိပ္ပါယ်ဖြစ်သည့် ဉာဏ်ထက်မြက်သော” ဟူသော အဓိပါယ်မျိုးမဆောင်ပေ။ အသိတရားဝင်လာသော အပြစ်သားများသည် ဘုရားသခင် ရှေ့တော်၌ သူတို့သည် အပြစ်သားများ ဖြစ်ကြောင်း သိလာသူများဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က ထိုအသိ တရားကို ယူဆောင်လာသောကြောင့် သူတို့သည် ဦးခေါင်းအားဖြင့်သာမဟုတ်ဘဲ နှလုံးသားအားဖြင့် သိမြင်လာကြသည်။

SEPTUAGINT ဂရိဘာသာပြန်ကျမ်းစာ/ဆပ်တူဧဂျင့်/

ဓမ္မဟောင်းကျမ်း ဟေဗြဲဘာသာစကားကို ဂရိဘာသာပြန်ထားခဲ့ကြသော ကျမ်းစာဖြစ်သည်။ ၎င်းဘာသာပြန်ခြင်းကို ဘီစီတတိယရာစု၌ အာလက်ဇန္ဒြီးယား မြို့ (အီဂျစ်)တွင် ပြုလုပ်ခဲ့ကြသည်။ ဓမ္မသစ်ကျမ်းစာရေးဆရာများကပင်၊ ဤ ဘာသာပြန်ကျမ်းစာကို ကိုးစားမှီငြမ်းခဲ့ကြသည်။

အစဉ်အလာ မှတ်တမ်းစာရင်းဝင်အရ၊ ဤဘာသာပြန်ခြင်းအလုပ်ကို ယုဒပညာရှင် အယောက်ခုနှစ်ဆယ်က ဆောက်ခဲ့ကြသည်။ ထို့ကြောင့် ဆပ်ကျွဲဂျင့်၏ သင်္ကေတအဖြစ် LXX ကို အသုံးပြုပြီး ၎င်းသည်-ရောမဂဏန်း အရေအတွက် (၇၀) ဖြစ်သည်။ အခြားအစဉ်အလာတစ်ခု၏ မှတ်တမ်းဖြစ်သော ရက်ပေါင်း (၇၀) အတွင်း ဘာသာပြန်ခြင်းအလုပ် ဆောက်ကြသည်ဟူသည် အချက်ကိုမူ ငြင်းပယ်ရပါမည်။

(Hellenism ကိုကြည့်ပါ)

SIMONY

အသင်းတော်အဖွဲ့အစည်းအတွင်းရှိ လုပ်ငန်းရာထူး (ဆုကျေးဇူး များ အရောင်း အဝယ်လုပ်ခြင်းဖြစ်သည်။ ၎င်းစကားလုံးသည် တမန်တော်၊၈း၁၈၊ ၁၉ ၏ ရှိမုန်မာဂတ်စ် (Simon Magus) ပုံပြင်မှ ဆင်းသက်လာသည်။

SITZ IM LEBEN (Form Criticism ကိုကြည့်ပါ)

SOCIAL GOSPEL (Liberalism ကိုကြည့်ပါ)

SOCINIAN ဆူစီနီယန်

မာရီယာဆူဇီနီ (Maria Sozini – အေဒီ ၁၅၂၅-၁၅၆၂) နှင့် ပါအိုလို ဆူဇီနီ (Paolo Sozini – ၁၅၂၉-၁၆ဝ၄) တို့ တူဝရီး၏ သုံးပါးတစ်ဆူ ဘုရား သခင်၏သြဝါဒ (Doctrine of Trinity) ကို ငြင်းပယ်သော သီ‌ဪလော်ဂျီဖြစ် သည်။ ယနေ့ခေတ်တွင်မူ ၎င်းသွန်သင်ချက်ကို တစ်ပါးတဆူဝါဒ (Unitarianism) က ကိုယ်စားပြု ဆောင်ရွက်လာသည်။

SOTERIOLOGY ကယ်တင်ခြင်းနှင့်ဆိုင်သောဩဝါဒ/ဆိုတာရီယိုးလောဂျီ

(ဂရိဘာသာ၊ ‘soter’ – ကယ်တင်ရှင်၊ ‘soteria’ – ကယ်တင်ခြင်း၊ ကြိယာပုံစံ ‘sozo’ – ကယ်တင်သည်)

ဆိုတာရီယိုလော်ဂျီသည် ကယ်တင်ခြင်း၏ ဩဝါဒကိုလေ့လာသည့် ဘာသာရပ် ဖြစ်သည်။

အကျယ်ပြန့်ဆုံး အဓိပါယ်ဖြင့်ဆိုရလျှင်၊ ၎င်းဘာသာရပ်သည် လူမျိုး နွယ်စု၏ ကယ်တင်ခြင်းအတွက် ခရစ်တော်၌ ဘုရားသခင်ပြုတော်မူသော အမှု အားလုံးနှင့် သက်ဆိုင်သည်။ ၎င်းတွင် လူမျိုးနွယ်စု၊ အပြစ်၊ ခရစ်တော်၏ ပုဂ္ဂိုလ်တော်ဖြစ်ခြင်းနှင့် ပြုခဲ့သောလုပ်ငန်းအမှုတော်စသည့် သြဝါဒ(ဝါ)သွန်သင် ချက်များပါဝင်သည်။ အကျဉ်းမြောင်းဆုံး အဓိပါယ်ဖြင့် ဆိုရပြန်လျှင်၊ ၎င်းဘာသာ ရပ်သည် သူ၏လူများကယ်တင်ခြင်း ခံစားနိုင်ရန် ဘုရားသခင်ပြုတော်မူသော အမှုအားလုံးနှင့်သက်ဆိုင်သည်။ ၎င်းတွင် သန့်ရှင်းသောဝိညာဉ်တော်၏ ပုဂ္ဂိုလ်တော်ဖြစ်ခြင်းနှင့် သူ၏လုပ်ငန်းအမှုတော်၊ အသင်းတော်ဆိုင်ရာနှင့် အနာဂတ် ဆိုင်ရာ သြဝါဒများ ပါဝင်သည်။

SOUL SLEEP ဝိညာဉ်အိပ်စက်ခြင်း

အချို့လူများက လူများကွယ်လွန်သောအခါ၊ သူတို့သည် အသိစိတ်မရှိ တော့ဘဲ ရှင်ပြန်ထမြောက်ရာနေ့အထိ အိပ်စက်ကြသည်ဟု သွန်သင်ကြသည်။

ကျမ်းစာအုပ်သေလွန်ခြင်းကို အိပ်စက်ခြင်းဟု (မ၊၂၇း၅၂၊ ယော၊ ၁၁း၁၁၊ တမန်၊ ၁၃း၃၆၊ ၁သက်၊ ၄း၁၃၊ ၁၅) ခေါ်သော်လည်း ခန္ဓာကိုယ် သေခြင်းကိုသာ ရည် ညွှန်းသော အလင်္ကာစကားအဖြစ် သုံးထားသည်။ ရှင်ပေါလု က ခရစ်တော်နှင့် အတူနေခြင်းသည်သာ မြတ်သည်(ဖိလိပိ ၊၁း၂၃)ဟု ဆိုခဲ့ရာ တွင် ယုံကြည်သူများသည် ကောင်းကင်ဘုံ၌ အသိစိတ်ရှိသော ရပ်တည်မှုဖြင့် တည်ရှိနေကြကြောင်းကိုလည်း ဆိုလိုနေခြင်းဖြစ်သည်။

SOVEREIGNTY OF GOD

ဘုရားသခင်၏အချုပ်အခြာအာဏာတော်ရှိခြင်း ၊

အင်္ဂလိပ်ကျမ်းစာ (အမိန့်တော်ရစကားပြန်ကျမ်း-Authorised Version) ၌ sovereign (အချုပ်အခြာအာဏာ)နှင့် ‘sovereignty’ (၎င်းအာဏာ ရှိခြင်း) စကားလုံးများကို မတွေ့ရသော်လည်း ကျမ်းစာတစ်လျှောက်လုံးတွင် ဤသြဝါဒတည်ရှိနေသည်။

ဘုရားသခင်သည် တည်ရှိ သက်ရှင်သမျှသော အရာခပ်သိမ်း၏ အရင်း အမြစ်ဖြစ်သည်။ ထို့ပြင်၊ ဘုရားသခင်သည် သူ၏တည်ရှိတော်မူခြင်း(ဝါ)သူ၏ ဂုဏ်အင်္ဂါ လက္ခဏာများအတွက် အဘယ်အရာ၊ အဘယ်သူကိုမျှ အမှီပြုခြင်း မရှိချေ။ သူကသာလျှင်၊ ကောင်းကင်နှင့်မြေကြီး၌ဖြစ်စေ၊ ဖန်ဆင်းခံဝေနေယျနှင့် သက်မဲ့အားလုံးပေါ်၌ဖြစ်စေ ထောက်မတော်မူခြင်းနှင့် နုတ်တော်မူခြင်း၌ဖြစ်စေ အကြွင်းမဲ့ ထိန်းချုပ်အုပ်စိုးသည်။

SPECIAL REVELATION

(Revelation ကိုကြည့်ပါ)

SPIRITUAL DESERTION ဝိညာဉ်ရေးအထီးကျန်ခြင်း

ဘုရားသခင်၏ ချန်ရစ်ထားခြင်းခံရပြီဟု ယုံကြည်သူများက မကြာခဏ ခံစားတတ်ကြသည်။ ဘုရားသခင်ကို ဆာငတ်လိုလားမှု(ဝါ)ဆုတောင်းချင်သော စိတ်ဆ လျော့နည်းလာပြီး ဆုတောင်းချက်အဖြေလည်း ရရှိမှုနည်းပါးလာသည် ဟု သူတို့စိတ်တွင် ထင်မြင်ယောင်တတ်ကြသည်။

ကျမ်းစာက ဘုရားသခင်သည် သူ၏လူများကို မည်သည့်အခါ၌မျှ မစွန့် ပစ်ကြောင်း ပြောထားသည်။ သို့သော်လည်း၊ သူတို့၏ ဝန်မချသေးသော အပြစ်ကြောင့်ဖြစ်စေ၊ သို့မဟုတ်ပါကလည်း ထိုသို့သော အချိန်မျိုးမှာပင် သူတို့လုံ့လ ပြုရှာဖွေပြီး ကိုးစားစေချင်သော အချိန်မျိုး၌ဖြစ်စေ သူ၏အတူပါရှိတော်မူခြင်းအား ခံစားတတ်သော အသိတရား ဩတ ပ စိတ်၏ခံစားမှုကို နှုတ်ယူလေ့ရှိသည့် အချိန် များစွာရှိသည်။

SPIRITUAL GIFTS ဝိညာဉ်ဆုကျေးဇူးများ

ဝိညာဉ်ဆုကျေးဇူးများအတွက် အရေးပါဆုံးသော ဓမ္မသစ်ကျမ်း ပိုဒ်ကြီးမှာ- ၁ကော၊ ၁၂-၁၄ ဖြစ်သည်။

လွန်ခဲ့သော များမကြာမီကာလနှစ်များတွင် အမျိုးမျိုးသော ဘာသာ စကားပြောခြင်း၊ ကျန်းမာစေခြင်းအခွင့်တန်ခိုး၊ ပရောဖက်ပြုခြင်းစသည့် ဆုကျေးဇူးများသည် အသင်းတော်၏ ခေတ်အဆက်ဆက်တိုင်း၌ အကျုံးဝင်မှုရှိ/မရှိ အငြင်းအခုံများခဲ့ကြသည်။ အကယ် ရှိခဲ့ပါက ယနေ့အသင်းတော်ရပ်ဝန်းတွင် မျှော်လင့်ရမည့်အရာများ ဖြစ်ကြပေမည်။

Cessationism ရပ်တန့်ရပ်သည်ဟူသောဝါဒ

“အုတ်မြစ်ဆုကျေးဇူးများ (တမန်တော်တပါး၏ နိမိတ်လက္ခဏာများ) သည် တမန်တော်ကြီးများနှင့်အတူ ရပ်တန့်ခဲ့ကြပြီဟုဆိုသော အတွေးအခေါ် ၊ မျိုးဖြစ်သည်။

Restorationism ရပ်တန့်ရပ်သည်ဟူသောဝါဒ

အသင်းတော်၏ မယုံသံသယနှင့်အပြစ်ကြောင့် ဆုကျေးဇူး အစီအတန်း တစ်ခုလုံး အသုံးချ မရအောင် အသင်းတော်သမိုင်းတစ်လျှောက်ကြားဝင်ကာလ မှလွဲ ဆီးတားပိတ်ပင်ခံရသည်ဟုဆိုသော အတွေးအခေါ်မျိုးဖြစ်သည်။ သို့သော် ၎င်း(ဆုကျေးဇူးများ)တို့သည် (၂၀)ရာစုတွင် မူလအခြေပြန်ရောက်ကြပြီ၊ ကပ် ကာလကုန်ဆုံးချိန် အလွန်နီးကပ်လာခြင်းကို ပြနေခြင်းဖြစ်နိုင်ပေသည်ဟုဆိုကြသည်။ ထို့ပြင်၊မူလအခြေပြန်ရောက်သောဝါဒီများ (Restorationists) က (၂၀)ရာစု နှောင်းပိုင်းမှစ အသင်းတော်သည် မူလအခြေပြန်ရောက်ပြီဖြစ်ပြီး ပရောဖက်များနှင့် တမန်တော်များလည်း ပြန်ရှိလာပြီဟု ဆိုကြသည်။

(Renewal ကိုကြည့်ပါ)

STRICT BAPTIST

(Baptist ကိုကြည့်ပါ)

SUBLAPSARIANISM ( လက်တင်ဘာသာ ‘sub’ – အောက်၌ ‘lapsus’ ကျရောသည်) လက်အောက်ခံအမိန့်ဒီဂရီ/ဆပ်လပ်/ဆာရီ ယန်းနီဇမ် ၊

၎င်းဝါဒက ဘုရားသခင်၏ ကျဆင်းခြင်းခွင့်ပြုမှု အမိန့်ဒီဂရီသည် သူ၏ လူများ ချယ်ရန် အမိန့်ဒီဂရီထက် အရင်ကျသည်ဟုဆိုသည်။ ထို့ပြင်နောက်ကျသော ဒီဂရီသည် အရင်ကျသော ဒီဂရီ၏ လက်အောက်ခံဖြစ်သည် ဟုလည်း ဆိုထားသည်။

Infralapsarianism (အင်ဖရာလပ်ဆာရီယန်းနီဇမ်) ၊

(လက်တင်ဘာသာ၊ ‘infra’ – ထက်သာ နောက်ကျသော)

Sublapsarianism နှင့်ဆင်တူသည်။

SUPRALAPSARIANISM အထက်ကျသောအမိန့်ဒီဂရီ/စူပါရာလပ်ဆာရီယန်းနီလမ်/

(လက်တင်ဘာသာ၊ ‘supra’ -အင်ကျသော၊ ‘lapsus’ – ကျရောက်သည်)

Supralapsarianism ၎င်းဝါဒက ဘုရားသခင်၏ လူအချို့ရွေးချယ်ခြင်း နှင့် အခြားပြစ်တင်ခြင်း အမိန့်ဒီဂရီသည် ကျဆင်းခြင်းခွင့်ပြုမှုဒီဂရီထက် အရင်ကျသည့်အပြင် ကမ္ဘာမြေကြီးဖန်ဆင်းခြင်းထက်လည်း အရင်ကျသည်ဟု ဆိုထားသည်။

SUFFICIENCY OF SCRIPTURE

နှုတ်ကပတ်ကျမ်းစာ၏ ပြည့်စုံလုံလောက်မှု

နှုတ်ကပတ်ကျမ်းစာသည် ဝိညာဉ်ရေး လိုအပ်ချက်အဝဝအတွက် လုံလောက်ပြည့်စုံသောအရာဖြစ်သည်။ နှုတ်ကပတ်ကျမ်းစာတွင် ဘုရားသခင်၊ အပြစ်၊ ခရစ်တော်၊ ကယ်တင်ခြင်းလမ်းခရီးနှင့် ကံကြမ္မာလမ်းဆုံကာလစသည့် လူများသိရှိ နားလည်ရန် လိုအပ်လှသော အကြောင်းအရာအားလုံးပါဝင်သည်။ ဗျာဒိတ်၊ ၂၂း၁၈၊ ၁၉ က နှုတ်ကပတ်ကျမ်းပါ အကြောင်းအရာများကို ထပ် မထည့်ရန်နှင့် နုတ် မယူရန် သတိပေးထားသည်။

(Perspicuity of Scripture) ကိုကြည့်ပါ။

SUPEREROGATION, WORK OF ဝတ္တရားထက်ပိုသောအလုပ်

ရောမင်ကက်သိုလစ်သီသော်လော်ဂျီ၌ တင်းကြပ်စွာ ဝတ္တရားအဖြစ် စေမိန့်ခြင်းမရှိသော ကောင်းမှုအကျင့် မည်သည်ရှိသည်ဟု တွေ့ရသည်။

SUPRALAPSARIANISM

(Sublapsarianism ကိုကြည့်ပါ)

SYNERGISM ပူးပေါင်းဆောင် က်ခြင်းဝါဒ/စီနာဂီဇမ်/

(ဂရိဘာသာ၊ ‘sun’ – နှင့်အတူ၊ ‘ergon’ – အလုပ်)

စီနာဂီဆိုသည်မှာ-လုပ်ငန်းတစ်ခုကို “အတူတကွလုပ်ဆောင်ခြင်း” ဖြစ်သည်။ ကယ်တင်ခြင်းသည် ဘုရားသခင်နှင့် လူသားများပူးပေါင်းဆောက်သောအရာဖြစ်သည်ဟူသော ထောင့်ကို ရည်ညွှန်းသည်။ ကျမ်းစာကမူ၊ ကယ်တင်ခြင်းကို အကောင်အထည်ဖော် လုပ်ဆောင်ခြင်းအမှု၌ ဘုရားသခင်နှင့် လူသားများ အတူတကွ ပူးပေါင်းဆောက်ခြင်းမရှိကြောင်း သွန်သင်ထား သည်(ဧဖက်၊ ၂း၈၊၉)။ သို့သော်လည်း သန့်ရှင်းခြင်း၌မူ၊ နှုတ်ကပတ်တော် နာခံ လိုက်လျှောက်ခြင်းအားဖြင့် အသက်တာ၌ သန့်ရှင်းသောဝိညာဉ်တော်နှင့် အတူ တကွ လုပ်ဆောင်နိုင်သောကြောင့် ပူးပေါင်းဆောင်ရွက်ခြင်းမျိုး အချို့ရှိပါသည်။

SYNOPTIC ရှုထောင့်တူ

(ဂရိဘာသာ ‘sun-optikos’ – အတူတကွမြင်ခြင်း)

ရှင်မ၊ ရှင်မာကုနှင့် ရှင်လုကာစသော ခရစ်ဝင်ကျမ်းသုံးအုပ်တွင် ဤနာမဝိသေသနကို သုံးရသည်။ အကြောင်းမှာ-၎င်းခရစ်ဝင်ကျမ်းများသည် သခင်ယေ ခရစ်အား တူညီသော ပုံစံနည်းလမ်းဖြင့် ဖော်ပြကြသောကြောင့် ဖြစ်သည်။ ရှင်ယောဟန် ခရစ်ဝင်ကျမ်းသည် ၎င်းကျမ်းသုံးအုပ်အား ဖြည့်စွက်ပေး သည့်အနေဖြင့် သူတို့နှင့် ခြားနားစွာ မြင်နေချိန်တွင် ၎င်းကျမ်းသုံးအုပ်မှာမူ “ယေ ကိုအတူတကွမြင်”နေကြသည်။

SYSTEMATIC THEOLOGY

(Bible Theology ကိုကြည့်ပါ)

TALMUD ဓမ္မဟောင်းဟေဗြဲအဖွင့်ဋီကာကျမ်းတာလ်မွလ်/

(ဟေဗြဲဘာသာ၊ ‘lamad’ – သင်ယူသည်)

ဓမ္မဟောင်းကျမ်းကို အဓိပ္ပါယ်ဖွင့်ဆိုရေးသားမှုပြုသော ယုဒစာပေဆိုင်ရာ အဖွင့် ဋီကာကျမ်း (Jewish Commentary)ဖြစ်သည်။ ဤကျမ်းကို ရာစုနှစ် ပေါင်းများစွာ ပြုစုခဲ့ကြပြီး နောက်ဆုံး အေဒီဆဌမရာစုရောက်မှသာ အပြီးသတ် နိုင်ခဲ့ကြသည်။ ၎င်း၌ ပါဝင်သော အရာများမှာ

မစ်ရှီန (Mishnah – ဟေဗြဲဘာသာ၊ ‘hana’ – ထပ်ဆိုသည်)- ပညတ်တော်ဘေးဝန်းကျင်တစ်လျှောက် ဝန်းရံလျက်နေသော နှုတ်ပြောအစဉ်အလာ ယုံကြည် ချက်စကားလုံး ဖြစ်သည်။

ဟာလာက (Halakah – ဟေဗြဲဘာသာ၊ ‘halak – လမ်းလျှောက်သည်) သတ်မှတ်သော အခြေအနေ အရပ်ရပ်မျိုး၌ ကျင့်ဆောင်ရမည့် နီတိပိုင်းဆိုင်ရာ ကျင့်ဆောင်မှု၏ ကျမ်းစာ အခြေခံတရားများဖြစ်သည်။

ဟာဂါဒါ (Haggada – ဟေဗြဲဘာသာ ‘higgd’ – ကြေညာသည် ‘nagad’မှဆင်းသက်လာပြီး ပေါ်လွင်ထင်ရှားစေသည်”ဟူ လည်း အနက်ရှိသည်။) သုတံ စကားများ၊ ပုံဥပမာများ စသည့် ဟာလာကနှင့် ဟာဂါဒါနှစ်ခုလုံးကို မာရ (Gemara၊ အာရာမိတ်ဘာသာ၊ ‘gemar’- ပြည့်စုံစွာ လေ့လာသည်)ဟူ လည်း ခေါ်သည်။

ဓမ္မဟောင်း ဟေဗြဲအဖွင့်ဋီကာကျမ်းသည် ဓမ္မသစ်၏ နောက်ခံအကြောင်း အရာများအတွက် အသုံးဝင် အရေးကြီးလှသည်။

TARGUM အာရာမိတ်ဘာသာပြန်ကျမ်းစာ/တာရ်ဂါမ်

စကားလုံး၏ ယေဘုယျအဓိပါယ်မှာ-ဘာသာပြန်စာ(မည်သည်မဆို) ဖြစ်သော်လည်း သီးသန့်ပညာရပ်ဆိုင်ရာ အသုံးအနှုန်းမှာ ဟေဗြဲဘာသာမှ ဘာသာပြန်ထားသော အာရာမိတ်ကျမ်းစာကို ဆိုလိုသည်။ ထို့ပြင် မတူညီသော အစိတ်အပိုင်းတစ်ခုကို ခေါ်ဆိုရာတွင်လည်း တာရ်ဂါမ်(Targum)ကို အသုံးပြု သည် (ဥပမာ-ပညတိ ကျမ်းငါးအုပ်တွဲမှ တာရ်ဂါမ်အပိုင်း [The Targum on the Pentateuch) ၎င်းဘာသာ ပြန်စာနှင့်အတူ ရှင်းလင်းချက်များ၊ အဓိပါယ်ဖွင့်ဆိုချက်များလည်း ပါဝင်သည်။

၎င်းအာရာမိတ်ဘာသာပြန်ကျမ်းစာ၏ ရှင်းလင်းချက်များနှင့် အဓိပါယ် ဖွင့်ဆိုမှုများသည် မူလအားဖြင့် အလိုအလျောက် နှုတ်ဖြင့် ဖွင့်ဆိုရှင်းလင်းခြင်း ဖြစ်ခဲ့ပြီး (နေဟမိ၊ ၈း၇)၊ နောက်ပိုင်းတွင်မှာမှ စာအဖြစ်ရေးသားလာခဲ့ကြသည်။

TEXTUAL CRITICISM/TEXTUAL STUDIES

မူရင်းစာကိုယ်နှင့်ဆိုင်သော အကဲခတ်ဝေဖန်ချက်/ မူရင်းစာကိုယ်နှင့်ဆိုင်သော လေ့လာချက်များ

အကဲခတ်ဝေဖန်ချက် criticism ဟူသော ဝေါဟာရစကားလုံးသည် ဤနေရာ၌ တရားစီရင်ခြင်းဟူသော အဓိပ္ပာယ်ဖြင့် အသုံးပြုထားပါသည်။

Textual criticism မူရင်းစာကိုယ်နှင့်ဆိုင်သော အကဲခတ်ဝေဖန်ချက်၏ ရည်ရွယ်ချက်များ သမ္မာကျမ်းစာ၌ ကျမ်းချက်များ၏နဂိုမူရင်းနှင့်ဆိုင်သော မူရင်းစာသို့မဟုတ် စကားလုံးတို့ကို ဖြစ်နိုင်သမျှအတိုင်း ရှာဖွေဖော်ထုတ်ရန်ဖြစ်ပါသည်။ ထိုနည်းစနစ်မှာ လက်ဖြင့်ရေးထားသည့် စာမူတစ်ခုနှင့်တစ်ခုနှိုင်းယှဉ်ရန်၊ တိကျသော ကျမ်းချက်တစ်ခုထဲ၌ ကွဲပြားခြားနားချက်များကို မှတ်သားရန်၊ မည်သည့် ကွဲလွဲသောစာကြောင်း ပုံစံစကားလုံးသည် နဂိုမူရင်းနှင့် အနီးစပ်ဆုံးဖြစ်သည်ကို စည်းကြပ်ရန် စသည်တို့ ဖြစ်ပါသည်။

TEXTUS RECEPTUS

(Received Text ကိုကြည့်ပါ)

THEISM ဘုရားသခင်ကို ယုံကြည်သောဝါဒ) ဇမ်/ (ဂရိဘာသာ၊ ‘theos’ – ဘုရား) ။

လွယ်လင့်တကူဆိုရသော် ၎င်းစကားလုံးသည် ဘုရားသခင်ကို ယုံကြည် ခြင်းဖြစ်သည်။ ထို့ကြောင့် ဂရုမစိုက်ပစ်ထားသော ဘုရားဝါဒ (Deism)၊ အရာ ခပ်သိမ်းသည် ဘုရားဟူသောဝါဒ (pantheism)၊ ဘုရားများစွာရှိသည်ဟူသော (polytheism) များပင် ဤဝါဒ၌ ဝင်ဆံ့နေနိုင်ကြသည်။

တင်းကျပ်စွာဆိုရသော်၊ ၎င်းသည် ဖန်ဆင်းရှင် ဘုရားသခင်တစ်ဆူ တည်းကို ယုံကြည်ခြင်းဖြစ်သည်။ ယုဒဘာသာနှင့် ခရစ်ယာန်ဘာသာ၏ ဘုရား သခင်(ဝါ)သူဖန်ဆင်းသော လောကကြီးနှင့် အစဉ်အမြဲ အဆက်အသွယ်ရှိသည့် ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် ဂမစိုက်သော ဘုရားဝါဒ (deism) မပါနိုင် တော့ချေ။ ဤဝါဒ(Theism)ကို ပေါင်းစပ်နာမ်များဖြင့်လည်း အခြားဝါဒများ ဖော်ပြရာတွင် အသုံးပြုကြသည်။ (ဥပမာ-henotheism(ဟာနို`ဇမ်)၊ monotheism(မိုနို `ဇမ်)၊ polytheism(ပိုလီ `ဇမ်)

THEOCRACY ဘုရားသခင် အုပ်ချုပ်သောစနစ်၊ သီအိုကရေစီစနစ်

(ဂရိဘာသာ၊ ‘theos’ – ဘုရား၊ ‘kratein’ – အုပ်ချုပ်ရန်) ဘုရားသခင်၏ အုပ်ချုပ်မှုဖြစ်သည်။ ဣသရေလနိုင်ငံကဲ့သို့ ဘုရားသခင် ကိုယ်တော်တိုင် အုပ်ချုပ်သော တိုင်းနိုင်ငံဖြစ်သည်။ (ဒီမိုကရေစီ (Democracy)- ပြည်သူလူထုအုပ်ချုပ်သော စနစ်နှင့်ယှဉ်တွဲကြည့်ပါ)

ဤစကားလုံးကို အစအဦး သုံးနှုန်းသူမှာ အေဒီပထမရာစုက ယုဒလူမျိုး သမိုင်းပညာရှင်ကြီး ဂျိုးဆက်ပါစ် (Josephus) ဖြစ်သည်။

THEODICY ဘုရားသခင်၏ ဖြောင့်မတ်တရားမျှတခြင်း/ သီအိုဒိပ်စီ)

လောကကြီး၏အပြစ်၊ ဒုစိုက်မကောင်းမှုများကြားတွင် ဘုရားသခင် ၏ ဖြောင့်မတ်ခြင်းကို ဖော်ပြလိုရာ၌၊ ဒ နိကပညာရှင်များနှင့် သီသော်လော်ဂျီ ပညာရှင်များက သီအိုဒိပ်စီအားဖြင့် ဘုရားရှင်၏ လမ်းစဉ်မှန်ကန်မျှတမှုကိုဖော်ပြကြသည်။ ၎င်းစကားလုံးကို စတင်အသုံးပြုသူမှာ ၁၈ ရာစုက လဲပ်နှစ်ဇ် (Leibnitz) ဖြစ်သည်။

THEOLOGY ဘုရားသခင်ဗေဒ

၎င်း၏ကျဉ်းမြောင်းသော အဓိပ္ပါယ်မှာ-ဘုရားသခင်အကြောင်း လေ့လာ ခြင်းဖြစ်ပြီး၊ သည့်ထက်ပို ကျယ်ပြန့်သောအဓိပ္ပါယ်၌မူ၊ ဘုရားသခင်ဗေဒဆိုင်ရာလေ့လာမှု ဘာသာရပ်တွင် တစေ့တစောင်းပါဝင်သော ဘာသာရပ်အားလုံး ပါဝင်သည်။

THEOPHANY ဘုရားသခင်ကိုယ်ထင်ပြခြင်း

(ဂရိဘာသာ၊ ‘theos’ -ဘုရား၊ ထွက်ပေါ်လာသည်။’phaino’ –ကိုယ်ထင်ပြသည်)

ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်သည် လူ့သဏ္ဌာန်အားဖြင့်ဖြစ်စေ၊ ကောင်းကင်တမန် သဏ္ဌာန်အားဖြင့်ဖြစ်စေ ကြိမ်ဖန်ပေါင်းများစွာ ကိုယ်ထင်ပြခဲ့ သည်(ဥပမာ-ကမ္ဘာ၊ ၁၆း၇-၁၃၊ ယောရှု၊၅း၁၃-၁၅)။ ထိုကဲ့သို့ ကိုယ်ထင်ပြခြင်းကို ဘုရားသခင်၏ ကိုယ်ထင်ပြမှုများ (theophanies) ဟုခေါ်သည်။ ခရစ်တော် မြေကြီးပေါ်တွင် လူ့ဇာတိမခံယူခင် ကိုယ်ထင်ပြတော်မူခြင်းလည်း ဖြစ်နိုင်ချေ အလွန်ရှိသည်။

THREE CHAPTERS အခန်းကြီးသုံးခန်း

နစ တိုရီယပ်စ် (Nestorius) ၏ သွန်သင်ချက်များပါဝင်သော စာပေ အရေးအသား သုံးခုဖြစ်သည်။ ၎င်းအရေးအသားသည် ခရစ်တော်၌ ဘုရားအထိ တစ်ခုသာ ရှိသည်ဟူသော ထောင့် (monophysite view) ကို ကျမ်းစကာယုံသောဩဝါဒ (Orthodox Doctrine) နှင့် သင့်မြတ်ကြစေရန် ကြိုးပမ်းသောစာ ဖြစ်သည်။

TORAH ပညတ်တော်(ဝါ)သွန်သင်ချက်/တောရ)

(ဟေဗြဲဘာသာစကားဖြစ်ပြီး၊ “သွန်သင်ချက်(ဝါ)သင်ကြားပေးမှု’ ဟု အဓိပါယ် ရှိသော်လည်း၊ “ပညတ်” ဟူ သာ ဘာသာပြန်လေ့ရှိကြသည်)

ဤစကားလုံးကို ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ပညတိကျမ်းငါးအုပ်တွဲ (Pentateuch) ကို ခေါ်ဝေါ်ရာ၌ဖြစ်စေ၊ ထွက်၊ ၁၈း၁၅ မှ နှုတ်တိုက် သွန်သင် ပေးခြင်းမျိုး၌ဖြစ်စေ၊ ပညတ်တော်ဆယ်ပါး၌ဖြစ်စေ၊ မောရှေ့ထံပေးအပ်ထားသော ပညတ်အားလုံးကို ဖော်ပြရာ၌ဖြစ်စေ၊ ဘုရားသခင်၏ ပြဌါန်းတောင်းဆိုချက် အားလုံးကို ပြောဆိုရာ၌ဖြစ်စေ၊ တိုရ (Torah) ဟူ အသုံးပြုကြသည်။

TOTAL DEPRAVITY (Depravity ကိုကြည့်ပါ)

TRADITION ဖလာထုံးတမ်းစဉ်လာ

(လက်တင်ဘာသာ၊ ‘trans’ – ကန့်လန့်ဖြတ် ၊’do, datum’ – ပေးသည်)

လက်ဆင့်ကမ်းပေးသည့် အရာဖြစ်သည်။ စကားလက်ဆင့်ကမ်းခြင်း (Oral Tradition) ဆိုသည်မှာ- (ယေ၏) ပုံပြောစကားများနှင့် သွန်သင်ချက် များကို စာပေအဖြစ် ရေးသားခြင်းမပြုခင် ကာလပတ်လုံး၊ စကားအားဖြင့် လက်ဆင့်ကမ်းနေခဲ့ကြခြင်းဖြစ်သည်။ မှတ်တမ်းတင်ပြုစုရမည့် အကြောင်းအရာ အားလုံးကို သန့်ရှင်းသော ဝိညာဉ်တော်က တမန်တော်ဆိုင်ရာ ကလောင်ရှင်များ၏ မှတ်ဉာဏ်အတွင်းသို့ ထည့်သွင်းမည်ဟု ယေ ကတိပေးခဲ့သောကြောင့် (ယော၊ ၁၄း၂၆)၊ ကျမ်းစာပါအကြောင်းအရာများ လက်ဆင့်ကမ်းမှု၌ အမှားအယွင်း ပါရှိမည်ဟု ကျွန်ုပ်တို့ စိုးရိမ်စရာမရှိပေ။

TRADUCIANISM

(Origin of Soul ကိုကြည့်ပါ)။

TRANSCENDENCE

(Attributes of God ကိုကြည့်ပါ)။

TRANSUBSTANTIATION မုန့်နှင့်စပျစ်ရည်၊ခန္ဓာတော်နှင့်အသွေးတော်အဖြစ်ပြောင်းလဲခြင်း/ထရန်ဆပ်စ တန်စီးယဲရှန်း

ရောမင်ကက်သိုလစ်အသင်းတော်က ပွဲတော်မင်္ဂလာမှ စပျစ်ရည်နှင့်မုန့် သည် ခရစ်တော်၏အသွေးတော်နှင့် ခန္ဓာတော်အဖြစ်သို့ အမှတ်တကယ်ပြောင်းလဲသည်ဟု ဆိုသည်။ ၎င်းကို ထရန်ဆပ်စ တန်စီးယဲရှန်း (Transubstantiation) ဟုခေါ်သည်။

ရောမင်ကက်သိုလစ်များက ဝတ္ထုပစ ည်းများဖြစ်သော မုန့်နှင့်စပျစ်ရည် (elements)၏ ဒြပ်စင်မှန်မှု(Substance)ကို ၎င်း၏ အပြင်ပန်းသဏ္ဌာန် (accidents) နှင့် ပိုင်းခြားထားကြသည်။ ထို့ပြင်၊ သူတို့က စပျစ်ရည်နှင့်မုန့်သည် ၎င်းတို့၏နဂိုအတိုင်း အပြင်ပန်းသဏ္ဌာန်မပြောင်းလဲသော်လည်း၊ ၎င်းတို့၏ ဒြပ်စင် မှန်မှုသည် အပြင်ပန်းသဏ္ဌာန်အား “ဖြတ်သန်း”(လက်တင်ဘာသာ၊ ‘trans” – ကန့်လန့်ဖြတ်သန်းလျက်) ပြီး ခရစ်တော်၏အသွေးတော်နှင့် ခန္ဓာတော်အဖြစ်သို့ ဝင်ရောက်ပြောင်းလဲသည်ဟုလည်း သွန်သင်ကြသည်။ ကျမ်းစာက ထိုသို့ သွန်သင်မပေးချေ။

(Consubstantiation ကိုကြည့်ပါ)။

TRICHOTOMY

(Constitution of Man) ကိုကြည့်ပါ။

TRIDENTINE ထိုင်ဒင်တင်း

ထရန့်ကောင်စီ(The Council of Trent၊ ၁၅၄၅-၁၅၆၃)က ရောမင် ကက်သိုလစ်သွန်သင်ချက်သည် ပြန်လည်ပြုပြင်ခြင်း (Reformation)၏ သွန်သင်ချက်အား ဆန့်ကျင်ဘက်ပြုကြောင်း ခင်းကျင်းပြသခဲ့သည်။ ထိုသို့ ခင်းကျင်းပြသမှုခံရသော နှစ်ဘက်မှ သွန်သင်ချက်များကို “ထိုင်ဒင်တင်း” (Tridentine) ဟူ နာမဝိသေသန ပုံစံဖြင့် ဖော်ပြခဲ့သည်။

TRINITY သုံးပါးတစ်ဆူဘုရားသခင်

ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော် ထိုပုဂ္ဂိုလ်သုံးပါး ၏ ဘုရားတစ်ဆူ၌ တစ်လုံးတစ်ဝတည်းဖြစ်ခြင်းကို ဖော်ပြရာတွင် အသုံးပြုသော စကားလုံး ဖြစ်သည်။

ဤဩဝါဒကို ဓမ္မဟောင်းကျမ်း၌ပင် သဲလွန်စတွေ့နိုင်သည်(ဖန်ဆင်းခြင်း၌ ဝိညာဉ်တော်လှုပ်ရှားမှုပြုခဲ့ပြီး၊ အရှင်ထာဝရဘုရားနှင့် သူ၏ဝိညာဉ်တော်မဟုတ်သူ၊ ခြားနားသော ပုဂ္ဂိုတစ်ပါးက (ဟေရှာယ၊ ၄၈း၁၆၊ ၆၁း၁) တို့တွင် စကားပြောဆို ရသည်)။

ဓမ္မသစ်ကျမ်း၌လည်း ‘Trinity’ (သုံးပါးတစ်ဆူ) ဟူသော စကားလုံးကို မတွေ့ရသော်လည်း၊ ဘုရားသခင်တစ်ဆူ၌ ပုဂ္ဂိုလ်တော်သုံးပါးရှိသည့် အကြောင်း တရားကို ထင်ရှားစွာတွေ့ရသည်။ ခမည်းတော်ဘုရားသခင်သည် ကယ်တင်ခြင်း အစီအစဉ်ကို ကြံဆောင်စီမံပြီး သားတော်ဘုရားသခင်က ပခုံးထမ်းက်ကာ၊ ဝိညာဉ်တော်ဘုရားသခင်က လူများ၏ နှလုံးသားထဲသို့ ထည့်သွင်းအသက်ဝင်စေ သည်။ (ယေရှု ၏ ရေနှစ်ခြင်း ဗတ္တိဇံခံယူခြင်းကို ကြည့်ပါ(မ၊၃း၁၆၊၁၇)။ ၂ကော၊ ၁၃း၁၄ ကိုလည်းကြည့်ပါ)။

ဘုရားသုံးဆူ (Tri-theism မတူညီ၊ သီးသန့်ရှိကြသော ဘုရားသုံးဆူ) အကြောင်းကိုမူ ကျမ်းစာ၌ သဲလွန်စကလေးပင် မရှိပေ။ ဘုရားတစ်ဆူမှ ပုဂ္ဂိုလ်သုံးပါးသည် တစ်ပါးနှင့်တစ်ပါး မတူကြသော်လည်း၊ ခွဲခြားသီးသန့် တည်နေကြ ခြင်းမရှိပါ (ဘုရားသခင်တစ်ဆူတည်းသာရှိသည်)။ ၎င်း၊ ပုဂ္ဂိုလ်တော်သုံးပါးလုံး သည် ညီမျှကြပြီး ရာနှုန်းပြည့် ဘုရားသခင်ဖြစ်ကြသည်။ ခမည်းတော်သည် ဘုရားသခင်ဖြစ်သည် (ဖက်၊ ၁း၂၊ သားတော်သည်လည်း ဘုရားသခင်ဖြစ်သည် (ယော၊ ၁း၁၊ ၂၀း၂၈)၊ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ဘုရားသခင်ဖြစ် သည် (၁ကော၊ ၂း၁ဝ-၁၄)။ သို့သော်လည်း၊ ဘုရားသခင်တစ်ဆူတည်းသာရှိသည် (ယာကုပ်၊ ၂း၁၉)။

ကျွန်ုပ်တို့၏သဘောသဘာဝနှင့် အသိ ဉာဏ်အတွေးအခေါ်အားဖြင့် သုံးပါး တစ်ဆူဘုရားသခင်ကို နားလည်ရန် မဖြစ်နိုင်ချေ။ ကျွန်ုပ်တို့ နားလည်နိုင်သော အခြားသြဝါဒများထက် တစ်စုံတစ်ရာ ပိုလွန်နေသည်။ သို့သော် ထိုသြဝါဒ ကို ကျွန်ုပ်တို့ ယုံကြည်သည်။ အကြောင်းမှာ-ကျမ်းစာ၌ ပုဂ္ဂိုလ်သုံးပါးအဖြစ် တည်ရှိနေသည့်အပြင်၊ ကျွန်ုပ်တို့၏ခံစားမှု အတွေ့အကြုံကလည်း သုံးပါး ဖြစ်ကြောင်းသိနေသည်(ယော၊ ၁၄း၁၇၊၂၁၊၂၃)။

(Person ကိုကြည့်ပါ)။

TYPOLOGY ပုံဆောင်ချက်လေ့လာသည့်ဗေဒ၊

ဓမ္မဟောင်းကျမ်းမှ ပုံဆောင်ချက်အရိပ်များ (types) နှင့် ဓမ္မသစ်ကျမ်းမှ ၎င်းတို့၏ ပြည့်စုံခြင်းအကောင်များ (anti-types) ကို လေ့လာသော ဘာသာရပ် ဖြစ်သည်။ ဥပမာအားဖြင့်၊ မ၊၁၂း၄၀ ၌ ယေ က ယောန၏ပုံပြင်သည် သူကိုယ်တိုင်၏ ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်သည်ဟု မြင်ထားသည်။ ထိုပြင်၊ယောဟန်၊ ၃း၁၄ တွင် တော၌ မောရှေ့မြောက်ထားသော မြွေကို သူ၏ကားတိုင် တင်မြှောက်ခံတော်မူခြင်းနှင့် ခိုင်းနှိုင်းထားသည်။ ဤဓမ္မဟောင်းဖြစ်ရပ်များနှင့် အခြားအရာများစွာသည် ဓမ္မသစ် အမှန်တရားများ အရိပ်များ(သဏ္ဌာန်ဆောင်များ၊ သရုပ်ဖော်များ ဖြစ်ကြသည်။

UNCIAL အက္ခရာစာလုံးကြီး

(လက်တင်ဘာသာ၊ ‘uncia’ – တစ်လက်မ)

စာလုံးဝိုင်းများ (အဆွဲအသတ်သွက်သွက်ဖြင့် ဆက်ရေးခြင်း(ဝါ)အက္ခရာ ငယ်များ)ဖြင့် မရေးဘဲ အက္ခရာစာလုံးကြီးများ၊ စာလုံးရှည်များဖြင့် ရေးသားပြုစု ထားသော လက်ရေးမူရင်းကျမ်းကို ဖော်ပြသည့် နာမဝိသေသနစကားလုံး ဖြစ်သည်။

(Cursive ကိုကြည့်ပါ)

UNCONDITIONAL ELECTION အခြေအနေပေါ်မမူတည်သော‌ ရွေးချယ်ခြင်း

ဘုရားသခင်က သူ၏လူများအား ခရစ်တော်၌ ချယ်မှုပြုခဲ့ရာတွင် (ဧ ၁း၄၊ ၁သက်၊ ၁း၄) အခြေအနေအပေါ် မမူတည်သော ရွေးချယ်မှုမျိုးကို ပြုခဲ့ သည်။ ဆိုလိုသည်မှာ-ဘုရားသခင်ချယ်မှု၏ ဆုံးဖြတ်ချက်အားချစေသော အထူးအရည်အသွေးမျိုး သူတို့၌မရှိဘဲ၊ ချယ်မှုတစ်ခုလုံးသည် ဘုရားသခင်၏ လွတ်လပ်သော သဗတညုတာဏ်တော်အပေါ်၌သာ မူတည်ခဲ့သည်။

ဘုရားသခင်၏ ကြိုတင်သိမြင်တတ်သော သဗ,ညုတာဏ်တော် (ရောမ၊၈း၂၉) ကို နားလည်လွဲသူအချို့က ဘုရားသခင်သည် ယုံကြည်လာမည့် လူများအား ကြိုတင်သိထားပြီး ၎င်းကြိုမြင်ထားသော ယုံကြည်ခြင်းကြောင့် သူတို့အား ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ နှုတ်ကပတ်ကျမ်းစာ၌၊ တစ်စုံ တစ်ဦးကို “သိခြင်း’ သည် ထိုပုဂ္ဂိုလ်နှင့် အတူ ဆက်နွယ်မှုအတွင်းသို့ ဝင်ရောက် ခြင်းဖြစ်သည် (ကမ္ဘာ၊ ၄း၁၊ လုကာ၊ ၁း၃၄)။ ထို့ကြောင့် ကြိုတင်သိခြင်းဆိုသည်မှာ ဆက်နွယ်မှုအတွင်းသို့ ကြိုတင်ဝင်ရောက်ခြင်းဖြစ်သည်။ သူ၏ချယ်လိုစိတ်ကို ဖြစ်ပွားစေသောအရာ တစ်စုံတစ်ခုမျှမရှိသည့် ခရစ်တော်၌ရှိသော သူ၏လူများနှင့် အတူ ဘုရားသခင်သည် ဆက်နွယ်မှုအတွင်းသို့ ဝင်ရောက်ခဲ့သည်။ တရား၊ ရ၈ “ထာဝရဘုရားသည် သင့်ကိုချစ် ချယ်သည် အဘယ်ကြောင့်ဆိုသော်၊ သင့်ကို ချစ်သောကြောင့်ဖြစ်သည်”(စကားပြေ ပြန်ဆိုခြင်း)။

အခြေအနေပေါ်မမူတည်သော ရွေးချယ်ခြင်းသည် ကယ်တင်ခြင်းနှင့် ပတ်သက်သော ကျမ်းစာသွန်သင်ချက်ကို ချုံသည့် မှတ်သားလွယ်စကားလုံး TULIP ၏ ဒုတိယအချက်ဖြစ်သည်။

(Limited Atonement ကိုကြည့်ပါ)

UNITARIANISM (Socinian ကိုကြည့်ပါ)

UNIVERSALISM စကြဝဠာဆိုင်ရာ ကယ်တင်ခြင်းဝါဒ၊

နောက်ဆုံးအချိန်၌ လူတိုင်းကယ်တင်ခြင်းရောက်မည်ဟူသည့် သွန်သင် ချက်ဖြစ်သည်။ အချို့ကမူ ၎င်းစာရင်းတွင် မာရ်နတ်ကိုပင်၊ ထည့်တွက်ထားကြ သည်။ ကျမ်းစာ၏ သွန်သင်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်သော သွန်သင်ချက်ဖြစ်သည်။

URMARCUS ရှင်မာကုခရစ်ဝင်ကျမ်း၏မူလ/အာရ်မာရ်ကက်စ်)၊

(ဂျာမန်- ‘Ur’ – မူလအစ၊ အရင်းအမြစ်၊ ‘marcus’ – မာကု) ရှင်)၊ ရှင်မာကု၊ ရှင်လုကာဟူသော ရှုထောင့်တူ ခရစ်ဝင်ကျမ်းများ (Synoptic Gospels, Synoptic ကိုကြည့်ပါ) ကို ကျက်ကျွမ်းကျင်သူများက ရှင်မာကုခရစ်ဝင်ကျမ်းကို ပြုစုသူစာရေးဆရာ၌ သူ့စာမူများ ကောက်နုတ်ယူရာ အရင်း အမြစ်ဖြစ်သော ရှေးဟောင်းကြက်စာတမ်း မူရင်းရှိခဲ့သည်ဟု ဆိုကြသည်။ ၎င်းမူရင်းစာကို ရှင်မာကုခရစ်ဝင်ကျမ်း၏မူလ (Urmarcus) ဟုခေါ်သည်။

VATICINIUM EX ELENTU ဖြစ်ရပ်နောက်ယောင်ခံ၊ ပရောဖက်ပြုစကား/ ဗာတီစီနီယမ် အက်စ် အီဗင်တူ/ (လက်တင်ဘာသာ၊ အဖြစ်အပျက်မှလာသော ပရောဖက်ပြုချက်) ၊

ဤစကားစုကို ၎င်း၏ လက်တင်ဘာသာပုံစံအတိုင်းသာ ပြုထားသည်။ ၎င်း၏ဆိုလိုချက်မှာ ပရောဖက်ပြုချက် ပြည့်စုံခြင်းမရှိခင် ရေးသားထားဟန်တူပြီး စစ်မှန်သော ပရောဖက်ပြုချက်ကဲ့သို့ ရှိသော်လည်း၊ အမှန်တကယ်၌မူ၊ အဖြစ်အပျက် “ပြီးမှ ရေးသားထားသော ပရောဖက်ပြုချက်ကို ဆိုလိုသည်။ ၎င်းက သော ပရောဖက်ပြုချက်များ ကျမ်းစာ၌ရှိသည်ဟု ယုံသူများက ယေ ကိုယ်တိုင် ဟောကိန်းထုတ်ခဲ့သောသူ၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ကောက်နုတ်ကြပြီး၊ ၎င်းဟောကိန်းများသည် ဖြစ်ပျက်မှုနောက်ပိုင်းတွင်ရှိသော ကနဦးအသင်းတော်၏ ဖန်တီးချက်သက်သက် ဖြစ်သည်ဟု ဆိုကြသည်။ ထို့ပြင်၊ သူတို့၏ဖန်တီးချက်များကိုလည်း ယေရှုကိုယ်တိုင် ဟောပြောခဲ့သည့်ပမာကျမ်းစာ ၌ ထည့်သွင်း ရေးသားခဲ့ကြသည်ဟူ လည်း ဝေဖန်ကြသည်။ လွတ်လပ်စွာ တွေးခေါ်သူအချို့ (Liberals)က ဒံယေလ၏တိုင်းနိုင်ငံလေးပါး ပရောဖက်ပြုချက် သည် ၎င်းတိုင်းနိုင်ငံများ၏အတက်၊အကျ ဖြစ်ပျက်မှုနောက်ပိုင်းကြီးတွင်သာ ပြုစုရေးသားခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။

VIA MEDIA အလယ်အလတ်လမ်းစဉ်/ဗီယာ မီဒီယာ

(လက်တင်ဘာသာ၊ အလယ်အလတ်လမ်းစဉ်) (၁၉)ရာစုမှ အင်္ဂလို-ကက်သိုလစ်များ (Anglo- Catholics) က အင်္ဂလီကန်နီဇမ်(Anglicanism – အင်္ဂလန်အသင်းတော်ကြီး၏ ယုံကြည်ချက်များ နှင့် ကျွတ်တရားများ) သည် ဗီယာမီဒီယာ (အလယ်အလတ်လမ်းစဉ် ကြားနေ ဝါဒ) ရောမင်ကက်သိုလစ်ဝါဒနှင့် ညီ ညွတ်သလိုလို၊ မညီ ညွတ်သလိုလို ဖြစ်နေ သည်ဟု ဆိုခဲ့ကြသည်။

VICARIOUS ကိုယ်စားဝင်သော

(လက်တင်ဘာသာ၊ ‘vicarius” – ကိုယ်စား၊ အစားထိုးသူ)

သူ့လူများအတွက် အသေခံတော်မူသော ခရစ်တော်၏သေခြင်းကို ဝိသေသပြုသော နာမဝိသေသန စကားလုံးဖြစ်သည်။ ထိုအသေခံတော်မူခြင်း သည် သူ၏လူများကိုယ်စား ဝင်ခံခြင်းဖြစ်သည်။ ထိုလူများ ခံထိုက်သော ပြစ်ဒဏ်ကို သူ့အပေါ် ယူတင်ပြီး ၎င်းပြစ်ဒဏ်အားလုံး ခံယူခဲ့သည်။

VULGATE လက်တင်ဘာသာပြန်ကျမ်းစာ/ဗာလ်ဂိတ်)

အေဒီ စတုတ္ထရာစုတွင်၊ ဂျရောမ် (Jerome) က ကျမ်းစာကို ထိုစဉ်က လူအများသုံး ဘာသာဖြစ်သော လက်တင်စကားဖြင့် ဘာသာပြန်ခဲ့သည်။ လက်တင် ဘာသာစကား ‘vulgus’ ၏ အဓိပ္ပါယ်မှာ- “လူအများ” ဖြစ်သည်။ ထို့ကြောင့် ၎င်းဘာသာပြန်ကျမ်းစာကို ဗာလ်ဂိတ် (Vulgate) ဟု ခေါ်တွင်ခဲ့ကြ ခြင်း ဖြစ်သည်။

WELTANSCHAUUNG ကမ္ဘာလောကအပေါ် ရှုမြင်သုံးသပ်ပုံ/

ဝါလ်အင်ရှောင်း (ဂျာမန်ဘာသာ – ‘welt’ -ကမ္ဘာ၊ လောက၊ ‘anschauen’ (ကြိယာ) -ကြည့် ရှုသည်၊ ‘anschauung’ – ထောင့်၊ အမြင်)

ဂျာမန်စကားလုံးဖြစ်ပြီး ကမ္ဘာလောကအား မည်သို့မည်ပုံ မြင်ကြောင်း နှင့် ဘဝအပေါ် လူတစ်ဦး၏ ဒ နိကအတွေးအခေါ် မည်သို့ရှိကြောင်း စသည့်လောကနှင့် လောကအရာအပေါ် သုံးသပ်ပုံကို ဆိုလိုသည်။ လူတစ်ဦး၏စိတ်တွင် ဘုရားသခင်ကို ယုံကြည်မှုရှိ၊ မရှိဆိုသည့်အချက်သည် ထိုမြင်သုံးသပ်ပုံ၏ အဓိကအခြေခံ ဖြစ်သည်။ ထို့ကြောင့်၊ ခရစ်ယာန်တစ်ဦးနှင့် လူသားဗဟိုပြုဝါဒီ (humanist) တစ်ဦး၏ လောကအပေါ် မြင်သုံးသပ်ပုံသည် အလွန်ကွာခြားပြီး တစ်ယောက်တစ်ဖက်ကမ်းစီ ဖြစ်ကြသည်။

WESTERN TEXT အနောက်ပိုင်းမူရင်းကျမ်း

ဓမ္မသစ်လက်ခံရရှိထားသော မူရင်းကျမ်း(The Received Text) သည် ဂရိလူမျိုး(ဝါ)အရှေ့တိုင်း အသင်းတော်များထံမှလာပြီး၊ အနောက်တိုင်းမူရင်းကျမ်း မှာမူ လက်တင်လူမျိုး (ဝါ) အနောက်တိုင်း အသင်းတော်များထံမှလာသည်။ ၎င်းလက်ရေးမူ ရင်းကျမ်းနှစ်ကျမ်းမှ ဝဲစိတ်ကော့(Westcott)နှင့် ဟော့ထ်(Hort)တို့နှစ်ယောက်ကအဂ်လိပ်ဘာသာပြန်ကျမ်းစာ “အသက်ပြန်သွင်းသောစကားပြေကျမ်း” (Revised Version) ကို ပူးပေါင်းဘာသာပြန်ခဲ့ကြသည်။

 

WHITSUNDAY ဖြူစင်သောတနင်္ဂနွေ

ပင်တေကုတ နေ့၊ အသင်းတော်အပေါ် သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းသည့်အချိန်ကို နေ့ထူးသတ်မှတ်ကျင်းပခြင်းဖြစ်သည်(တမန်၊ ၂)။ အက်စတာ(ဝါ) ရှင်ပြန်ထမြောက်ရာနေ့မှ ခုနှစ်ပတ်မြောက်နေ့ ဖြစ်သည်။ အကြောင်းမှာ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သည့်အချိန်သည် ကားတိုင် ထက် အသေခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းနေ့မှ ခုနှစ်ပတ်မြောက် နေ့ဖြစ်သောကြောင့် ပင်ဖြစ်သည်။

“Whit” ဆိုသည့် စကားလုံး၏အဓိပါယ်မှာ “ဖြူစင်သော” ဖြစ်သော ကြောင့် ထိုနေ့ရက်မျိုးတွင် ယုံကြည်သူများ အဝတ်အစားအဖြူဝတ်ဆင်ကြပြီး ဗတိ ဇံခံခဲ့ကြသည် ဟု ရည့် န်းမှတ်တမ်းတင်ခြင်းအပေါ် သံသယပွားဖွယ်မရှိပေ။

WISDOM LITERATURE အလိမ္မာစာပေ

(ဟေဗြဲဘာသာ၊ ‘hokma’ – ပညာ၊ အလိမ္မာ)

၎င်းတွင် ယောဘဝတ၊ သုတံ ကျမ်းနှင့်ဒေသနာကျမ်းတို့ ပါဝင်သည်။ ရှောလမုန်သီချင်းနှင့် ဆာလံကျမ်းအချို့အခန်းများသည်လည်း တစ်ခါတစ်ရံ ဤ အမျိုးအစားဝင်အဖြစ် သတ်မှတ်ခံရကြသည်။ “ဟုတ်မာ” (hokma) (ဝါ) ပညာ ဆိုသည့် တကယ့်စကားလုံးကို ဓမ္မဟောင်းကျမ်း၌ အကြိမ်ပေါင်း ၁၅ဝ ကြိမ် တွေ့ရပြီး ၎င်းတို့မှ တစ်ဝက်ကျော်သည် ဤအလိမ္မာစာပေအထဲတွင် ရှိကြသည်။

၎င်းအလိမ္မာစာပေ၏ အဓိကသော့ချက်စကားစုမှာ- “ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်သည်” (သုတ္တံ ကျမ်း၊ ၉း၁၀)။ အမှန်တကယ် ပညာရှိသောပုဂ္ဂိုလ်ဟူသည် ဉာဏ်ရည်ထက်မြက်သောပုဂ္ဂိုလ် မဟုတ်ဘဲ ဘုရားသခင်ကို ကြောက်ရွံ့ခြင်း၊ သူ့ကိုနာခံခြင်းအားဖြင့် အသက်ရှင်သောသူဖြစ်သည်။ ထိုအချက်သည် အလိမ္မာစာပေတစ်ခုလုံး၏ သတင်းစကား ဖြစ်သည်။

Job ယောဘဝတ္ထု

ပညာဟူသည် ဆင်းရဲဒုက္ခကာလ၌ မိမိကိုယ်ကို ဘုရားသခင်ထံ အပ်နှံခြင်း ဖြစ်သည်။

Proverbs သုတ္တံကျမ်း

ပညာဟူသည် နေ့စဉ်အသက်တာများဖြစ်ကြသော-စကားလက်ဆုံ ပြောဆိုခြင်း၊ မိသားစုအပေါ် အပြုအမူ၊ လုပ်ငန်းစီးပွားရေးအပေါ် အပြုအမူနှင့် တိရစ္ဆာန်များအပေါ် ဂစိုက်မှုပင် ပါဝင်သောနေ့တစ်ခု၏ ဘဝအပိုင်းအစအားလုံး အား ဘုရားသခင်ကို ကြောက်ရွံ့ခြင်းဖြင့် ဖြတ်သန်းအသက်ရှင်ခြင်းဖြစ်သည်။

Ecclesiastes ဒေသနာကျမ်း

ပညာဟူသည် ဘောဂဗလ၊ ဂဏဗလနှင့် အပျော်အပါးမည်မျှပင် ကြွယ်ဝစေကာမူ၊ အချည်းနှီး အနတ သက်သက်သာဖြစ်သော မြေကြီးအသက်တာ ခန္ဓာတွင် အသက်ရှင်နေသရွေ့ကာလပတ်လုံး မိမိဖန်ဆင်းရှင်ကို အောက်မေ့ခြင်း ဖြစ်သည်။

ဓမ္မဟောင်းကျမ်း၏ ကျမ်းပယ် (Apocrypha) များတွင်လည်း အလိမ္မာ စာအုပ်များပါဝင်သည်။ ရှောလမုန်၏ပညာအလိမ္မာ (Wisdom of Solomon) အစ္စလီဇီ အစ တီကက်စ် (Ecclesiasticus) နှင့် ဗာရုတ် (Baruch) တို့ဖြစ်ကြ သည်။

WORLDLINESS လောကီဆန်ခြင်း

ဤစကားလုံးကို နားလည်နိုင်ရန်အတွက်၊ ကျမ်းစာ၏ “လောက” (Kosmos) အသုံးအနှုန်းကို ဦးစွာသိမြင်ရန် လိုအပ်ပေမည်။ ကောင်းကင်နှင့် မြေကြီးနှစ်ခုလုံး ဖြစ်စေ (တမန်၊၁၇း၂၄)၊ လူသားများ မြင်နေရသော ဖန်ဆင်းခံ မျက်မှောက်လောကကြီးကို ဖြစ်စေ(ရောမ၊၁း၂၀)၊ လောကီလူသားများကိုဖြစ်စေ (ယော၊ ၃း၁၆)၊ စာတန်အုပ်ချုပ်သော ဘုရားမဲ့ လောကီသားများကိုဖြစ်စေ (၁ယော၊ ၅း၁၉) ဖော်ပြရာတွင် ဤစကားလုံးကို ကျမ်းစာက သုံးနှုန်းထားသည်။ ဘုရားသခင်သည် စာတန်အုပ်ချုပ်မှုအောက်၌ရှိသော ကမ္ဘာလောက၌ပင် အချုပ်အခြာအာဏာရှင်ဖြစ်ဆဲဖြစ်သည်။

စာတန်အုပ်ချုပ်သော လောကကြီးသည် ဘုရားသခင်ကို ဆန့်ကျင်ဘက် ပြုသော အဆင့်အတန်းများ၊ အတွေးအခေါ်များ၊ ကျင့်ထုံးများအားဖြင့် ပြည့်နှက်နေသည်။ ယုံကြည်သူများထံ မချစ်ရဟု ပြောထားသော လောကသည် “ လောကပင်ဖြစ်သည်။ “လောကကိုမချစ်ကြနှင့် (၁ယော၊၂း၁၅-၁၇)။ ယာကုပ် ကလည်း အလားတူ ပြောဆိုထားသည်။

လောကီဆန်ခြင်းဆိုသည်မှာ-ဘုရားသခင်ဘက်မဟုတ်ဘဲ၊ စာတန်ဘက် ၌ရှိသော ထိုအရာအားလုံးကိုချစ်ခြင်း၊ ထိုအရာများနှင့် မဟာမိတ်ဖွဲ့ခြင်းဖြစ်သည်။ ယုံကြည်သူတစ်ဦးသည် “လောကီဆန်သည်” ဟု ပြစ်တင်မှုခံရလောက်သည်အထိ အချို့အပြုအမှုများ၌ စိတ်အလိုကို မလိုက်ဘဲ နေနိုင်သော်လည်း၊ ဘုရားသခင်နှင့် သူ၏နှုတ်ကပတ်တော်ကို လျစ်လျူခြင်းအားဖြင့် လောကီဆန်သောစိတ် မွေး လာတတ်သည်မှာ ဖြစ်နိုင်ချေအလွန်ရှိသော အရာပင်ဖြစ်သည်။

WRITINGS, THE ကေသိုဘင်အရေးအသားများ

ဟေဗြဲကျမ်းစာ၏ တတိယအပိုင်းကြီးဖြစ်သည်။ (ပထမပိုင်းသည် ပညတိ ကျမ်း ငါးအုပ်တွဲဖြစ်ပြီး(Pentateuch)၊ ဒုတိယအပိုင်းသည် ပရောဖက်များ (Prophets ယောရှုမှတ်စာမှ မာလခိအနာဂတိ ကျမ်းအထိ) ဖြစ်သည်။

၎င်းတတိယအပိုင်းတွင် အောက်ပါတို့ပါဝင်သည်။

(က) အလင်္ကာသုံးအုပ်-ယောဘဝတ္ထု ၊ ဆာလံကျမ်း၊ သုတ္တံ ကျမ်း

(ခ) စာလိပ်ငါးလိပ်-(ယုဒလူမျိုးများ၏ နေ့စဉ်ပွဲလမ်းသဘင်များတွင် ထ ဖတ်ရှု လေ့ရှိသည့်စာလိပ်များဖြစ်သည်) ရှောလမုန်သီချင်း၊ ရုသဝတ္ထု၊ယေရမိမြည်းတမ်းစကား၊ ဒေသနာကျမ်း၊ ဧသတာဝတ္ထု။

(ဂ) သမိုင်း/ပရောဖက်ပြုချက်သုံးအုပ်-ရာဇဝင်ချုပ်ပထမ/ဒုတိယ၊ ဧဇရမှတ်စာ၊ ဒံယေလအနာဂတိ ကျမ်းဟေဗြဲကျမ်းစာ၌ ၎င်းအပိုင်းကို ကေသိုဘင်(Kethubim-ရေးသားထား သောအရာများ)ဟုခေါ်ပြီး ဂရိဆပ်ကျွဲဂျင့် (Septuagint)တွင်မူ ၎င်းကို ဟာဂီယိုး ဂရာဖါ (Hagiographa – သန့်ရှင်းသောအရေးအသား၊ ဂရိဘာသာ၊ ‘hagios’ – သန့်ရှင်းသော၊ နှင့် ‘graphe’ – အရေးအသား၊ ရေးသားမှု) ဟု ခေါ်သည်။

YAHWEH ဘုရားသခင် (ဟေဗြဲ – အရှင်သခင်) ၊

ယုဒလူမျိုးများသည် ဘုရားသခင်၏နာမတော်ကို အလွန်တရာ ကြည်ညို ကြသောကြောင့် ထိုနာမကို အသံထွက် ပင် မဆိုဝံ့ကြပေ။ နှုတ်ကပတ်ကျမ်းစာ၌ ဗျည်းအက္ခရာများ “YHWH” (ယာဝှေ့အရှင်ဘုရားသခင်)ကို တွေ့သည့်အချိန်၌ ပင် အဒိုနိုင်း(Adonai- ကျွန်ုပ်၏သခင်) ဟူ သာ တ်ဆိုကြသည်။ တဖြည်းဖြည်း ဖြင့် Adomaiမှ a-o-ai သရများကို YHWH ဗျည်းများနှင့် ဖတ်ဖို့ဖြစ်လာသည့် အချိန်တွင်မူ၊ ၎င်းတို့နှစ်ခုကို ပေါင်းစပ်ပြီး YaHo WaiH ဟုဖတ်ရာမှ ယနေ့ အင်္ဂလိပ်စာ “Jehovah” (ယေဟောဝါ) ရရှိလာခြင်းဖြစ်သည်။ သို့သော်၊ ယနေ့ ခေတ်တွင် Yahweh ဟူသော ပုံစံဖြင့် စာအုပ်အမြောက်အမြားတွင် စာလုံးပေါင်း လာကြသည်။

ဤစကားလုံး၏ဗျည်းအက္ခရာများသည် ထွက်၊ ၃း၁၄ က ဘုရားသခင် သူ့ကိုခေါ်ဝေါ်သော “ငါဖြစ်သည်” (IAm) စကားလုံးမှ အကူကြိယာ ‘to be’ ၏ဗျည်းများနှင့် ဆက်နွယ်မှုရှိသည်။ ၎င်းကျမ်းပိုဒ်သည် ဘုရားသခင်၏ တည်ရှိတော်မူခြင်းကိုသာမကဘဲ သူ၏လူများအတွက်-ထွက်မြောက်ရာလမ်းခရီး၌ ဖြစ်စေ၊ သူတို့၏အနာဂတ်သမိုင်းတစ်လျှောက်၌ဖြစ်စေ၊ အစဉ်မပြတ် ကောင်းကျိုး လုပ်ဆောင်တော်မူခြင်းကိုလည်း ညွှန်းဆိုဖော်ပြသည်။

ADDENDUM ဖြည့်စွက်ချက်

ANGLICANS အင်္ဂလီဂန်များ

အင်္ဂလီဂန်(Anglican)ဟူသော စကားလုံးသည် “အင်္ဂလိပ်(English) ဆိုသော စကားလုံးနှင့် အမြစ်တူ စကားလုံး ဖြစ်သည်။ အင်္ဂလီဂန်နီဇမ် (Anglicanism) သည် အင်္ဂလန်အသင်းတော်ကြီး၏ သြဝါဒနှင့် အသင်းတော် အုပ်ချုပ်ပုံကို ရည်ညွှန်းသည်။ အင်္ဂလီဂန် (Anglican) ဟူသည် အင်္ဂလန် အသင်းတော်ကြီး၏ အသင်းဝင်သစ်ဦးဖြစ်သည်။ စကော့တလန်နှင့် အမေရိကများ ၌ ‘Episcopalian’ ဟူသော စကားလုံးသည် အင်္ဂလီဂန်ဂိုဏ်းဂဏကို ညွှန်းဆို ဖော်ပြရာရောက်သည်။

“Episcopalian” သည်ဂရိစကား ” episkopos “မှဆင်းသက်လာပြီး “လူကို စောင့်ကြပ်ကြည့် သူ” ဟု အဓိပါယ်ရှိသည်။ အမိန့်တော်ရစကားပြင် ကျမ်းစာ (Authorised Version) တွင် ၎င်းစကားလုံးကို “bishop’ (သင်းအပ် ဟု ဘာသာပြန်ထားသည်။ အင်္ဂလီဂန်အဖွဲ့အစည်း၏ ခေါင်းဆောင်နာမည်ခံ သူမှာ-ဂိုဏ်းချုပ်ဘုန်းတော်ကြီး (Primate-အကြီးဆုံးဖြစ်သည်)၊ ဘုန်းတော်ကြီး အကြီးအကဲ (Archbishop) လည်းဖြစ်ပြီး ၎င်းအောက်တွင် မြို့ကြီး၊ မြို့ငယ်များရှိ အင်္ဂလီဂန်ဒေသန္တရလူထုကြီးအပေါ် အာဏာကျင့်သုံးနိုင်သော ဘုန်းတော်ကြီး (bishops) မြောက်များစွာရှိကြသည် (ဥပမာ-လန်ဒန်ဘုန်းတော်ကြီး [The Bishop of London ) သင်းအုပ် (vicar – လက်တင်စကား – ‘vicarius’ – အစားထိုး၊ ကိုယ်စား)သည် အင်္ဂလီဂန်သီးသန့်ဒေသန္တရ အုပ်ချုပ်ရေး ဧရိယာတွင်တာဝန်ထမ်းဆောင်သူဖြစ်သည်။ ပါရစ်ရှန်းနာ (parishioners) များသည် ထိုသီးသန့်ဒေသန္တရအုပ်ချုပ်ရေးဧရိယာတွင် နေထိုင်ကြသောလူထု ဖြစ်သည်။ သင်းထောက် (Curate) သည် ဝိညာဉ်များကို စိုက်(Cure of care) ပေးသည့် သင်းအုပ်အကူဖြစ်သည်။

အင်္ဂလီဂန် အခြားဝန်ထမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) သင်းထောက်အကြီးအကဲ (Archdeacon)-ဘုန်းတော်ကြီးအောက်တွင်အာဏာကြီးကြပ်ကွပ်ကဲနိုင်သူ ဖြစ်သည်။

(ခ) ကေနုန်(Canon) – ဘုရားရှိခိုးကျောင်း ဝန်ထမ်းစာရင်းဝင်ဖြစ်သည်(ဘဏ္ဍာရေးမှူးလည်းဖြစ်သည်)

(ဂ) ဂိုဏ်းအုပ်(Dean)- ဘုရားရှိခိုးကျောင်း၏ ဖခင်ကြီး (ဦးခေါင်း) ဖြစ်ပြီးဘုန်းတော်ကြီးအောက်တစ်ဆင့် ရာထူးဖြစ်သည်။

(ဃ)ကျေးဂိုဏ်းအုပ်(Rural Dean) – သီးသန့်ဒေသန္တရအုပ်ချုပ်ရေး ဧရိယာအုပ်စု၏ဖခင်ကြီးဖြစ်သည်။

သုံးဆယ့်ကိုးချက် အချက်အလက် (39 articles) သည် အင်္ဂလီဂန် အသင်းတော်၏ လုပ်ငန်းဆိုင်ရာဩဝါဒ အဆင့်အတန်း သတ်မှတ်ချက်ဖြစ်သည်။ ကလာဂျီ (Clergy) များအားလုံး – အင်္ဂလီဂန်အသင်းတော်အတွက် ရာထူးခန့်အပ်ခြင်းခံရသူများ ၎င်းသတ်မှတ်ချက်အပေါ် လက်မှတ်ရေးထိုးရန် ပြဋ္ဌာန်းထား သည်။ အင်္ဂလီဂန်အသင်းတော်သည် နို့စို့သူငယ်ဗတိ ဇံကို ကျင့်သုံးကြပြီး ထို ဗတိ စံယူသူ ဆယ်ကျော်သက်အယ်ရောက်သောအခါ၌ သူခံယူသော ဗတ္တိ ဇံကို အတည်ပြုကြောင်း မေးခွန်းကို ဖြေရသည်။

ထိုသို့ အတည်ပြုခြင်းအားဖြင့် ၎င်း(အသင်းဝင်အဖြစ်) ရာထားခြင်းခံရသူ သည် အင်္ဂလီဂန်အသင်းတော်တွင် သင်းဝင်ခွင့်ရပြီး ပွဲတော်မင်္ဂလာမုန့်နှင့် စပျစ်ရည် သုံးဆောင်ခြင်း၌လည်း ပါဝင်ခွင့်ရသည်။

အသစ်ပြန်လည်ပြုပြင်ခြင်း (Reformation) (အဌမမြောက်ဟင်နရီ (Henry VIII) ၏ ရောမအသင်းတော်မှ ခွဲထွက်မှု) နှင့် နောက်ဧလိဇဗက်ဆိုင်ရာ (နန်း) အခြေစိုက်နိုင်မှု (Elizabethan Settlement) တို့၏ ဟန့်တားမှုတို့ကြောင့်အင်္ဂလီဂန်အသင်းတော်သည် တိုင်းနိုင်ငံ၏အုပ်ချုပ်မှုအောက်တွင် နိစ ဓူဝရောက်ရှိခဲ့ သည်။ ၎င်း၏ဘုန်းတော်ကြီး အကြီးအကဲများနှင့် ဘုန်းတော်ကြီးများကို ဘုရင်မက ရာထူး ခန့်ခွဲအပ်နှင်းခြင်း ပြုပေးရသည်။ ထို့ကြောင့် ၎င်းအသင်းတော်၏ အခြား နာမည်မှာ-(ဘုရင်မ) “ရာထူး ခန့်ထားသော အသင်းတော်”(The Established Church) ဖြစ်သည်။

PRESBYTERIANS သက်ကြီးအုပ်ချုပ်သောအသင်းတော်

‘Presbyteros’ဟူသော စကားလုံးကို ဓမ္မသစ်ကျမ်းစာ၌ “အသက်ကြီး သူ” (သင်းအုပ်)ဟူ ဘာသာပြန်ထားသည်။ တမန်၊ ၂၀း၁၇ နှင့် ၂၀း၂၈ ကို ယှဉ်တွဲကြည့်ပါက အပိုဒ်ငယ် ၁ရ မှ အသက်ကြီးသူများကို အပိုဒ်ငယ် ၂၈ တွင် ‘episkopoi’ (အအုပ်အချုပ်များ၊ ကြီးကြပ်သူများ) သို့မဟုတ် အသင်းတော် ကို အုပ်ထိန်းသော သိုးထိန်း၊ သင်းအုပ်အဖြစ် တွေ့နိုင်သည်။ တိတု၊ ၁း၅-၇ ကလည်း အသက်ကြီးသူနှင့် အအုပ်အချုပ် (elder and bishop) ကို တစ်ထေရာ တည်းအဖြစ် သုံးနှုန်းထားသည်။

သက်ကြီးအုပ်ချုပ်သောအသင်းတော် (Presbyterian Church) ကို သက်ကြီးသူများက ရာထူးရာခံ တူညီစွာဖြင့် အုပ်ချုပ်ကြသည်။ သူတို့၌ ‘bishop’ ဟူ မရှိချေ။ ခုံသမာဓိ (Moderator) က အသင်းတော်၏အစည်းအဝေးတွင်သဘာပတိအဖြစ် ဦးဆောင်သည်။ ၎င်းအစည်းအဝေးကို ‘လွတ်တော်” (Synod (ဝါ) ကောင်စီ) သို့မဟုတ် အထွေထွေအစည်းအဝေးဟုလည်း ခေါ်ကြသည်။ အုပ်ချုပ်သူများသည် ရာထူးရာခံ အားလုံး တူညီကြသော်လည်း၊ ခုံသမာဓိသည် ထိုတူညီမှုများမှ ပထမလူ (Primus inter pares) ဖြစ်သည် ၊

ဂျွန်နုတ်စ် (John Knox – ၁၅၁၃-၁၅၇၂)လက်အောက်တွင် ကြီးပြင်း သော ၎င်းအသင်းတော်၏ အသင်းတော်အုပ်ချုပ်ပုံသည် စကော့တလန်နိုင်ငံ အထိပင် ဝင်ရောက်နိုင်ခဲ့သည်။

၁၆၄၈ မှ ဝဲစ်လ်မင်စတာယုံကြည်ဝန်ခံချက် (Westminster Confession) သည် သက်ကြီးများ အုပ်ချုပ်သော အသင်းတော်၏ လုပ်ငန်းဆိုင်ရာ ဩဝါဒ အဆင့်အတန်း သတ်မှတ်ချက်ဖြစ်သည်။ အင်္ဂလီဂန်များကဲ့သို့ပင် သက်ကြီးများအုပ်ချုပ်သော အသင်းတော်သည် နို့စို့သူငယ်ဗတ္တိ ဇံကို ကျင့်သုံးသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *