ဆွီးဆွီးကျော်
A Dictionary of BIBLE KNOWLEDGE – I. STRINGER B.A
Acknowledgements – First of all, I do like to express my grateful
thanks to the Lord, Grace Baptist Mission and Publication Trust. Bible Knowledge is part of their ministry. Also my heartfelt thanks to Ben Helm and Ruth for their financial support
In Christ – Cin Khan Tuang
Grace Literature Network
Yangon, Myanmar
Arron (အာရုန်)
အာရုန်သည် ဣသရေလလူများအား အဲဂုတ္တုပြည်မှ ကတိတော်မြေ နယ်စပ်တိုင်အောင် ဦးဆောင်သော မောရှေ၏ အစ်ကိုဖြစ်သည်။ မောရှေ၏ စကား ပြောရေးဆိုခွင့်ရှိသည်(ထွ ၄း၁၄-၁၆)။ ဘုရားရှင်က သူ့ကို ဣသရေလ တို၏ ပထမဆုံး ယဇ်ပုရောဟိတ်ကြီးအဖြစ် ခန့်အပ်သည်။ သူ့သားများသည် ရှေ့တော်၌ ဣသရေလလူများကိုယ်စား လျှောက်လဲနာယူခွင့်ရှိကြသည်(တော ၃း၁၀၊ ၅ရာ ၆း၄၉)။ ဓမ္မဟောင်းယဇ်ပုရော ဟိတ်များသည် အာရုန်၏ သားစဉ် မြေးဆက်ဖြစ်ကြပြီး ကိုယ်လက်အင်္ဂါ စုံလင်သူဖြစ်ကြသည်(ဝတ် ၂၁း၁၆-၂၃)။
ဣသရေလလူတဦးဦးသည် ယဇ်ပူဇော်စရာရှိလျှင် ယဇ်ပုရောဟိတ်ထံ အကူအညီယူရသည်။ ယဇ်ပုရောဟိတ်က တဲတော်၊ နောက်ပိုင်းတွင် ဗိမာန်တော်ထဲ၌ ယဇ်ပူဇော်ပေးသည်။ အာရုန်နှင့် သူ့နောက်မှ ယဇ်ပုရောဟိတ်ကြီး များသည် အပြစ်ဖြေရာနေ့တွင် အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင် ထဲသို ဝင်ရောက်ပြီး ဣသရေလတမျိုးသားလုံးကိုယ်စား သိုးသငယ်(ယော ၁း၂၉၊ ဟေဗြဲ ၉း ၂၈)သွေးဖြင့် ရှေ့တော်၌ ယဇ်ပူဇော်ရသည်(ဟေဗြဲ ၉း၁၁)။ ယခု အခါတွင်မူ ခရစ်တော်က အာရုန်၏ ယဇ်ပုရောဟိတ်အရေးအရာအား အပြီး အစီး လုပ်ဆောင်ပြီးသောကြောင့် မည်သည့်ယဇ်ပုရောဟိတ်ကြီးမျှ မလိုအပ်တော့သကဲ့သို့ အပြစ်များ ဖုံးအုပ်ရန် ယဇ်ပူဇော်ခြင်းလည်း မလိုအပ်တော့ပါ (ဟေဗြဲ ၁၀း၁၈)။
ယဇ်ပုရောဟိတ်အကြောင်းမှာလည်းကြည့်။
Abba (အဗ္ဗ)
ဓမ္မသစ်ခေတ်ကာလ၌ ပါလက်စတိုင်းအရပ်တွင် နေထိုင်သော ယုဒ လူများသုံးနှုန်းသည့် ဝေါဟာရဖြစ်၍ သခင်ယေရှုကလည်း ထိုအာရမိဘာသာစကားဖြင့် ပြောဆိုခဲ့သည်။ အဗ္ဗဟူသော ဝေါဟာရသည် အာရမိဘာသာ စကား တွင် ဖခင်ဟု အနက်ရ၍ ရင်နှစ်သည်းခြာ ကလေးသူငယ်များက သုံးသော “ပါပါး၊ ဖေဖေ”ဟူသည့် အသုံးအနှုန်းမျိုးဖြစ်သည်။
သို့သော် ယုဒလူများသည် ဘုရားရှင်ထံ ဆုတောင်းသည့်အခါ “ဖေ ဖေ”ဟု ပြောဆိုရိုးမရှိကြ။ ဘုရားရှင် နှင့် ရင်းနှီးခင်မင်လွန်းသည့် သဘောဖြင့် သုံးနှုန်းသည့် စကားလုံးဖြစ်၍ သခင်ယေရှုနှင့် ဘုရားရှင်တော်အကြား နီးစပ်မှုကို ပြသသည်။ အထူးသဖြင့် နှလုံးကြွေပြုန်းမတတ် စိတ်ဆင်းရဲသည့် ဂေသရှေမန်ဥယျာဉ် ဆုတောင်းခန်း ၌ သုံးနှုန်းပုံ တွေ့ ရသည်(မာ ၁၄း၃၆)။
သခင်ဘုရား၏ အသုံးအနှုန်း ထိုစကားလုံးကို ကနဦးတပည့်တော် များကလည်း သုံးစွဲကြသည်(ရော ၈း၁၅၊ ဂလာ ၄:၆)။ အာရမိဘာသာစကား မသုံးနှုန်းသော ဂရိလူများကမူ “အဘ”ဟု သုံးနှုန်းလေ့ရှိသည်။
Abomination of desolation (ယုတ်ညံ့ပျက်စီးခြင်:)
ဒံ ၁၁း၃၁ ပါ ဒံယေလ၏ ပရောဖက်ပြုချက်ကို မှတ်မိကြရန် သခင် ယေရှုက တပည့်တော်များသို့ ပြန်လည်သတိပေးသည်(မာ ၁၃း၁၄)။ ထိုသို့သော ယုတ်ညံ့ပျက်စီးခြင်းကို ဘုရားရှင်က၄င်း၊ ဘုရားရှင်၏ လူများက၄င်း၊ ရွံရှာမုန်းတီးကြသည်။ ဗိမာန်တော်ထဲ၌ ထိုသိုသော ယုတ်ညံ့ခြင်းမရှိစေရန် နေ့စဉ် ယဇ်ပူဇော် ရသည်(ဒံ ၁၁း၃၁)။
ဘီစီ ၁၆၇ ခု၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဂရိဘုရင် စတုတ္ထအန္တိချဒ် မင်းသည် အသန့်ရှင်းဆုံး ဌာနတော် ထဲသို ဝင်ရောက်ပြီး မီးရှိရာယဇ်ပလ္လင် ပေါ်၌ ရုပ်တုဘုရားတု မီးရှိရာယဇ်ပလ္လင် ဆောက်လုပ်သည်။ ထိုသိုဖြင့် ယုဒ လူများအား ဂရိဇာတ်သွင်းသည်။ ထိုအချိန်မှစ၍ မက္ကဘီတော်လှန်ရေး ပေါ် ပေါက်လာသည်။
ခရစ်တော်က တပည့်တော်များသို ထိုသိုသောအချိန်ရောက်မည့် အကြောင်း သတိပေးခဲ့သည်။ ရှင်ပြန် ထမြောက်တော်မူပြီး နှစ်ပေါင်း(၃၀)ကျော်၊ အေဒီ ၆၆ ခုနှစ်တွင် ယုဒလူများက ရောမလူများကို ပုန်ကန်ဆန့်ကျင် ကြသည်။ အေဒီ ၇၀ ခုနှစ်တွင် ရောမစစ်သားများသည် ယေရုရှလင်မြိုအား ဝင်ရောက် စီးနင်းပြီး ယုဒလူ ထောင်ပေါင်းများစွာတိုကို မညှာမတာ ရက်စက်စွာ သတ်ဖြတ် ကြသည့်အပြင် ဗိမာန်တော်ကိုလည်း ဖျက်ဆီး ပစ်ကြသည်။ ထိုကား ရောမ ဧကရာဇ်၏ ရုပ်တုပြုလုပ်ရာ စစ်သားတို၏ အောင်ပွဲ ရောမတို့၏ ယုတ်မှု ဖြစ်သည်။
ခရစ်ယာန်များသည် ခရစ်တော်၏ စကားတော်များကို အောက်မေ့ သတိရကြပြီး ထိုသတ်ဖြတ် မှုဘေးရန်မှ လွတ်မြောက်ခြင်းငှါ အရေးအခ စတင်သည်နှင့် တပြိုင်နက် လွတ်ရာကျွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ကြသည်။
Abraham (အာဗြဟံ)
အာဗြဟံ၏ ဘဝဇာတ်ကြောင်းကို က ၁၁:၂၇-၂၅:၂၁ တွင် တွေ့ရ သည်။ ဘုရားရှင်က လူမျိုးကြီး၏ ဖခင်ဖြစ်စေမည့်အကြောင်း၊ ခါနန်ပြည် ပိုင်ဆိုင်မည့်အကြောင်း(က ၁၅) ပဋိညာဉ်ပြုတော်မူသည်(က ၁၂း၃)။ အာဗြဟံ မျိုးရိုးတွင် လူ့ဇာတိခံယူတော်မူသော ယေရှုခရစ်တော်တော်၌ ထိုကတိတော် ပြည့်စုံလာသည်(ဂလာ ၃း၁၆)။
ဘုရားရှင်က သူ့နာမည်အား “ချီးမြှောက်ခံဖခင်”ဟု အနက်ရသည့် “အာဗြံ”ဟူသော နာမည်မှ “လူတကာတို့၏ ဖခင်”ဟု အနက်ရသော “အာဗြဟံ” ဟု ပြောင်းလဲစေသည်(က ၁၇း၅)။
အာဗြဟံသည် ယုံကြည်ခြင်းသစ္စာအရေးတွင် ထင်ရှားသည်(က ၁၅း၆၊ ဟေဗြဲ ၁၁း၈-၁၉)။ ထိုသို့သော ယုံကြည်ခြင်းကြောင့် အပြည့်အဝ နာခံသည် (ယာ ၂း၂၁-၂၄)။ ယုဒလူများသည် အာဗြဟံ၏သားဖြစ်ရခြင်းကို ဂုဏ်ယူ မဆုံးကြ။ သိုသော် ခရစ်တော်က အာဗြဟံ၏ သားမြေးအစစ်အမှန်သည် ယုဒ မျိုးရိုး၌ မွေးဖွားသော ကြောင့်မဟုတ်ဘဲ အသက်တာပုံစံဖြင့်သာ ဖြစ်ရကြောင်း မိန့်တော်မူသည်။
ထိုနည်းတူ ရှင်ပေါလုက ရော ၄ နှင့် ဂလာ ၃ တို့တွင် အာဗြဟံ၏ သားမြေးအစစ်အမှန်သည် အာဗြဟံ၏ ယုံကြည်ခြင်းမျိုးရှိကြောင်း ဆိုထား သည်။ ဆိုလိုသည်မှာ တပါးအမျိုးသားဖြစ်လျှင်လည်း စစ်မှန်သော ခရစ် ယာန် ပီသလျှင် အာဗြဟံ၏ သားမြေးမှန်ကန်သည်။ ထိုခရစ်ယာန်အစစ်အမှန်များ သည် အာဗြဟံကဲ့သို့ပင် ကောင်းကင်နှင့် မြေကြီး သုခမင်္ဂလာ ခံစားကြသည် (ဂလာ ၃း၂၆-၄၇၊ ဟေဗြဲ ၁၁း၁၆)။
Abraham’s bosom (အာဗြဟံရင်ခွင်)
ဤစကားရပ်ကို လု ၁၆း ၂၂၊ ၂၃ ပါ သခင်ယေရှု၏ သူကြွယ်နှင့် လာဇရုပုံဥပမာ၌ တွေ့ရသည်။ ယုဒပွဲ တော်များတွင် လူများသည် စားပွဲနား၌ လဲလျောင်းကြသည်။ သဘောမှာ မိမိထက်ကြီးမြတ်သူ၏ ရင်ခွင်သို့ လဲလျောင်း မှီကိုးခြင်း အမှတ်လက္ခဏာဖြစ်သည်။ အထူးသဖြင့် ဧည့်သည်တော်သည် အိမ် ရှင်၏ရင်ခွင်၌ လဲ လျောင်းခေါင်းအုံးလေ့ရှိသည်(ယော ၁၃း၂၃ ကိုကြည့်)။
အာဗြဟံ၏ ဘေး၌ လာဇရုရှိနေခြင်းသည် ပရဒိသုဘုံရှိ ပွဲတော်တွင် ဦးစားပေးမြှောက်စားမှု ခံရခြင်း ဖြစ်သည်။ ထိုအပြုအမူသည် လူ့လောက ဘဝနှင့်၄င်း၊ ထိုသူကြွယ်၏ ထာဝရချမ်းသာရေးနှင့်၄င်း ဖီလာဆန့် ကျင်သည် (လု ၁၆း၂၆)။
Abyss (အသူရာတွင်းနက်) ၊
ဂရိဘာသာစကားတွင် အဆုံးမဲ့အဝီစိတွင်းဟု အနက်ရသည်။ ဓမ္မ သစ်ကျမ်းတွင် အလွန်နက်နဲသော နေရာဟုဆိုသည်။ ရော ၁၀း၇ တွင် လူသေ များနေရာ၊ လု ၈း၃၁ နှင့် ဗျာ ၉း၁၊ ၂၀း၁ တို့တွင် နတ်ဆိုးဝိညာဉ် ဆိုးများ ချုပ်နှောင်ရာနေရာဟုခေါ်သည်။
Adam (အာဒံ)
အာဒံသည် ပထမဆုံး လောကလူသားဖြစ်ကြောင်း က ၁-၄ တွင် တွေ့ရသည်။ ဖန်ဆင်းခံရစဉ်တွင် အပြစ်ကင်းစင်သော်လည်း စုံစမ်းခြင်းခံရ သောအခါ အပြစ်လွန်ကျူးသည်(က ၃)။ ထိုသို အပြစ်လွန်ကျူး သောကြောင့် နောင်လာနောက်သားများသည် အပြစ်မျိုးရိုးဖြစ်သွားကြပြီး ထိုအပြစ်၏ အကျိုး ဆက်ကြောင့် သေဆုံးကြရသည်(ရော ၅း၁၂၊ ၁၉)။ ဟေဗြဲဘာသာစကားတွင် အာဒံဟူသောစကားသည် လူသတ္တဝါဟု အနက်ရသည်။
၁ကော ၁၅း၄၅ တွင် ခရစ်တော်ကို နောက်ဆုံးအာဒံဟုဆိုသည်။ ဆိုလိုသည်မှာ အာဒံသည် အဟောင်း၊ အပြစ်ဇာတိ၊ လူ့သဘောသဘာဝ၏ ဦးခေါင်းဖြစ်သကဲ့သို သခင်ယေရှုသည် အသစ်၊ ရွေးနှုတ်ခံလူတို၏ ဦးခေါင်း ဖြစ်သည်။ လူ့ဇာတိအရ ပထမအာဒံ၏ သားမြေးစဉ်ဆက်တို့သည် အပြစ် ဒုစရိုက်နှင့် သေရွာသို့ မွေးဖွားသူများ ဖြစ်ကြသည်။ ခရစ်တော်ထဲ၌ အသစ်မွေး ဖွားသူသည် အပြစ်ကင်းစင်သောကြောင့် ဘုရားရှင်၏ မိသားစု ဝင်ဖြစ်သည်။
Adoption (သားအရာ၊ မွေးစားခြင်း)
ဤစကားလုံးကို ရှင်ပေါလု၏ ဩဝါဒစာများတွင်သာ တွေ့ရသော် လည်း ထိုသဘောနိယာမကို ကျမ်းစာတအုပ်လုံး၌ တွေ့ရသည်(ဥပမာ ထွ ၄း၂၂၊ ၁ယော ၃း၁)။ ခရစ်ယာန်သည် အပြစ်၏ကျေးကျွန်မှ ဘုရားသားသမီးသို့ ပြောင်းလဲရောက်ရှိသည်(ဂလာ ၄:၃-၅)။ ထိုသို ဘုရားသားဖြစ်သွားရခြင်း သည် ခရစ်တော်အားဖြင့် ထာဝရကာလဆိုင်ရာ ဘုရားရှင်၏ အစီအမံတော် ဖြစ်သည်(ဧ ၁း၅)။ ထိုသို့ သားဖြစ်သွားသူသည် ဘုရားသခင်ကို ခမည်းတော် ဟု ခေါ်ဆိုခွင့်ရသည်သာမက(ရော ၈း၁၅) ကောင်းကင်အမွေ ခံစားရသည် (ရော ၈း၁၇)။ ထိုသို သားအရာရရှိသူသည် ယုံကြည်ခြင်းသစ္စာရှင်ဖြစ်သည် နှင့်အညီ ရှင်ပြန်ထ မြောက်သည့်အခါ ဘုန်းတန်ခိုးရှိသော ထမြောက်ခန္ဓာကိုယ် ပိုင်ဆိုင်သည်။
Advocate (အကျိုးဆောင်)
AV ကျမ်းမူတွင်သာ ထိုစကားလုံး တွေ့ရ၍ NIV ကျမ်းမူတွင် “ယုံကြည်သူများဘက်မှ ချေပပြော ဆိုပေးသူ” ဟုဆိုသည်။ ဂရိစကားရပ်တွင် paraclete ဖြစ်သည်။ ပုဒ်ရင်းအနက်မှာ ရပ်တည်ပေးသူဟု အနက်ရသည်။ အကျိုးဆောင်ဆိုသည်မှာ တစုံတဦးက အခြားတစုံတဦးအား အပြစ်တင်ပြော ဆိုသောအခါ ပြောဆိုခံရသူဘက်မှ ပြန်လည်ချေပ ပြောဆိုပေးသူဖြစ်သည်။
၁ယော ၂း၁ တွင် ခရစ်တော်ကို ခရစ်ယာန်များ၏ အကျိုးဆောင် ဟုဆိုသည်။ ဓမ္မသစ်ကျမ်းတွင် တရားရုံး၌ စွပ်စွဲခံရသူဘက်ရှိ ရပ်တည်ပေးသူ မိတ်ကောင်းဆွေသဟာအဖြစ် မကြာခဏ ဆိုထားသည်။ ထိုကဲ့သိုပင် ခမည်း တော်ဘုရားရှေ့၌ ခရစ်တော်က ယုံကြည်သူများအား သူ၏ မိတ်ဆွေများဖြစ် ကြောင်း ရပ်တည်ကွယ်ကာပေးသည်။ သူ၏ အသက်ကိုနှင်း၍ ကွယ်ကာပေး ခြင်းဖြင့် အပြစ်များ ဖြေရှင်းပေး ခဲ့ပြီးကြောင်း ဆိုလိုသည်။
ထိုစကားလုံးကို ယော ၁၄-၁၆ တွင် တိုင်ပင်ဖော် တိုင်ပင်ဘက်ဟု ပြန်ဆိုထားသည်။ ဤနေရာမှ ထိုတိုင်ပင်ဖော် တိုင်ပင်ဘက်သည် သန့်ရှင်း ဝိညာဉ်တော်ဖြစ်၍ ခရစ်ယာန်များကို ကူညီမစသူဖြစ်သည်။ ခရစ်ယာန်များကို သွန်သင်သည်(ယော ၁၄း၂၆)။ တချိန်လုံး ခရစ်တော်အကြောင်း ပြောပြ၍ ခရစ်တော် အကြောင်း သက်သေခံသူများသိုလည်း ခွန်အားပေးသည်(ယော ၁၅း၂၆၊ ၂၇)။ လူ့လောကရှိ အပြစ်တ ရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်း အကြောင်းများကိုလည်း နားလည်စေသည်(ယော ၁၆း၈-၁၁)။
Almighty (အနန္တတန်ခိုး)
ဘုရားသခင်တပါးတည်းသာလျှင် အနန္တတန်ခိုးရှင်ဖြစ်သည်။ ကမ္ဘာ မိုးမြေ စကြာဝဠာတဝှန်းရှိ အစွမ်းတန်ခိုးဟူသမျှကို ဘုရားရှင်က ထိန်းချုပ်၍ အလိုတော်ရှိသည့်အတိုင်း သုံးတော်မူသည်။ လူနှင့် နတ်ဆိုး၊ ဝိညာဉ်ဆိုးတို၏ ပင်ကိုယ်စွမ်းပကားများသည် ဘုရားရှင်က ကျေးဇူးပြုသည့် အပိုင်းအစမျှသာ ဖြစ်သည်။
Alms (အလှူဒါန) ၊
ဘုရားတရားသမားများသည် ကျမ်းစာလာအတိုင်း မရှိဆင်းရဲသား ချိုတဲ့သူများကို သနားကြင်နာကြ၍ လိုအပ်ချက်များ ကူညီပေးသနားလေ့ ရှိကြသည်(တရား ၁၅း၁၁၊ ယာ ၂း၁၅)။ တိရစ္ဆာန်ဖြင့် ယဇ်ပူဇော်ခြင်း ရပ်နား သည့်နောက်ပိုင်းတွင် ယုဒလူများအတွက် အလှူဒါနသည် အရေးကြီးဆုံး ဘာသာရေးအစဉ် အလာ ဖြစ်သည်။ မြိုပြပြည်ရွာတိုင်း၌ အလှူဒါနကောက်ခံပြီး မရှိဆင်းရဲသားများသို ငွေကြေးနှင့် စားစရာပေးလှူသူ အရာရှိများ ခန့်အပ်လေ့ရှိသည်။
ထိုသို့ပေးလှူရာ၌ စေတနာသဒ္ဓါ ကြည်လင်ဖြူစင်ရကြောင်း သခင် ယေရှုက တပည့်တော်များသို့ သွန်သင်သည်(မ ၆း၂-၄)။ ထိုကြောင့် ကနဦး အသင်းတော်ကာလ၌ မရှိဆင်းရဲသားများကို ဂရုစိုက်ကြသည်(တ ၄း၃၄)။ မေတ္တာတော်ခံစားနေရကြောင်း သဘောပေါက်သူတိုင်း မရှိဆင်းရဲသားများ အား စာနာသနားကြ သည်(၁ယော ၃း၁၇)။
Alpha and Omega (အာလဖနှင့် ဩမေဃ)
ထိုဗျည်းများသည် ဂရိသဒ္ဓါတွင် အစနှင့် အဆုံးဗျည်းဖြစ်ကြသည်။ ခမည်းတော်ဘုရား(ဗျာ ၁း၈)နှင့် သားတော်ဘုရား(ဗျာ ၂၁း၆၊ ၂၂း၁၃)တို့က သူတိုကိုယ်သူတိုအား အာလဖနှင့် ဩမေဃဖြစ်ကြောင်း ဝန်ခံကြသည်။ ဆိုလို သည်မှာ အာလဖနှင့် ဩမေဃဟူသော ဗျည်းတို့သည် ဂရိသဒ္ဓါ၌ အစနှင့် အဆုံးစကားလုံးဖြစ်ကြသကဲ့သို့ ဘုရားရှင်တော်သည် အရာခပ်သိမ်း၏ အစ နှင့်အဆုံးဟု ဆိုလိုသည်။
ကျမ်းစာ၌ ထိုစကားလုံးများကို တခါတလေသာတွေ့ရသော်လည်း ဘုရားသခင်အကြောင်း သွန်သင်ရာ တွင် အရေးကြီးစကားဖြစ်သည်။ ဘုရားရှင်တော်သည် အစနှင့် အဆုံးဖြစ်သည်ဟု ဆိုဘိသကဲ့သိုတည်း(ဟေရှာ ၄၄း၆၊ ဗျာ ၂း၈)။
Altar (ယဇ်ပလ္လင်)
မီးရှိရာယဇ်ပလ္လင်သည် ဓမ္မဟောင်းခေတ် ဝတ်ပြုကိုးကွယ်ရာ၌ အူတိုင်တခုဖြစ်သည်။ ဘိုးဘေးများ(က ၈း၂၀၊ ၁၂း၇၊ ၈၊ ၂၆း၂၅၊ ၃၃း၂၀)၊ မောရှေ့(ထွ ၁၇း၁၅)၊ ဂိဒေါင်(သူကြီး ၆:၂၄)၊ ဒါဝိဒ်(၂ရာ ၂၄း၁၈)၊ ဧလိယ (၃ရာ ၁၈း၃၁၊ ၃၂)တို့သည် အခြားလူများအကြား၌ ယဇ်ပလ္လင်တည်သူများ အဖြစ် ထင်ရှားကြသည်။ ထိုသို့ ယဇ်ပလ္လင်ဆောက်လုပ်ရာတွင် ရွှံ့စေး၊ ကျောက် တုံးများဖြင့် ဆောက်လုပ်ကြသည်(ထွ ၂၀း၂၄၊ ၂၅)။
တဲတော်တွင် မီးရှိရာယဇ်ပလ္လင်တခုနှင့် နံ့သာဆီမွေး ယဇ်ပလ္လင်တခု တည်ဆောက်ရသည်။ သစ်သား ဖြင့်ဆောက်လုပ်ပြီး ကြေးဖြင့် အုပ်ပြီးနောက် ရွှေဖြင့် ထပ်မံသွန်းအုပ်ကြသည်။ ထိုနည်းတူ ဗိမာန်တော်တွင် လည်း ယဇ်ပလ္လင် များတည်ဆောက်ရသည်(၆ရာ ၄း၁၊ ၁၉)။
မောရှေက ဣသရေလလူတိုအား ခါနနိလူတို့၏ ယဇ်ပလ္လင်များကို ဖျက်ဆီးခိုင်းသည်(တရား ၁၂း၃)။ သူပြောပြသော ဘုရားရှင်တော်ကိုသာ ကိုးကွယ်ခိုင်းပြီး ရွေးချယ်ထားသော နေရာ၌သာ ဘုရားရှင်ကို ကိုးကွယ် ရသည် (တရား ၁၂း၄-၇)။ ယော်ဒန်မြစ်အရှေ့ဘက်ကမ်း၌ ကျန်ရစ်နေထိုင်ခဲ့ကြသော ဣသရေလလူမျိုးနွယ် များသည် တဆူတည်းသော ဘုရားရှင်ကို ကိုးကွယ်ရကြောင်း သဘောမပေါက်ကြခင်တွင် ရင်တထိတ်ထိတ်ဖြင့် စိတ်နှလုံးထွေပြား ကြသည်။ သူတိုတည်ဆောက်သော ယဇ်ပလ္လင်ဖြင့် ယဇ်ပူဇော်ခြင်းမပြုလုပ်ကြ (ယောရှု ၂၂၊ အထူးသဖြင့် ငယ် ၂၆)။
အာခပ်မင်းသည် ဒမာသက်မြို၌ အာရှုရိဘုရင် တိကလပ်ပိလေသာ အား တွေ့ဆုံသောအခါ အာရှုရိတို၏ ယဇ်ပလ္လင်ကို တွေ့မြင်သည်။ ထိုအခါ သူ့ရှုးနိမ့်မှုအား ဘုရားရှင်က တွေ့မြင်ချီးမြှောက်ရန် ထိုယဇ်ပလ္လင်နည်းတူ အခြားယဇ်ပလ္လင်ဆောက်လုပ်သည်။ ထိုသိုဖြင့် အာရှုရိတို့၏ ယဇ်ပလ္လင်ကို ကြည်ညိုကော်ရော်သည်(၄ရာ ၁၆း၁ဝ-၁၆)။
Analek (အာမလက်)
အာမလက်သည် ယာကုပ်၏အစ်ကို ဧသော၏ မြေးဖြစ်သည် (က ၃၆း၁၂)။ သူ့သားမြေးများသည် သိနာတောင်နှင့် နေဂပ်အရပ်တွင် ခြေသလုံး အိမ်တိုင်သမားများအဖြစ် နေထိုင်ကြသည်။ တရားသူကြီးများ ခေတ်ကာလ၌ ပါလက်စတိုင်း အလယ်ပိုင်းဖြစ်သော ဧဖရိမ်ပြည်၏ မြောက်ပိုင်းတွင် နေထိုင် ကြသည်(သူကြီး ၁၂:၁၅)။
ထိုအာမလက်တို့သည် အဲဂုတ္တုပြည်မှ လွတ်မြောက်လာကြသော ဣသရေလလူတို့အား ရေဖိဒိမ် အရပ်တွင် တိုက်ခိုက်ကြသည်။ ဘုရားရှင်က ဣသရေလတို့အား ထိုသူတိုကို အပြီးအပိုင် ချေမှုန်းသုတ် သင်စေသည်(ထွ၊ ၁၇း၈-၁၆၊ တရား ၂၅း၁၇-၁၉)။ ထိုကြောင့် ရှမွေလက ရှောလုမင်းအား ထိုလူမျိုးကို တိုက်ခိုက်ခိုင်းသည်။
အာမလက်တိုသည် စစ်တိုက်ခြင်း အထုံရှိကြသည်(တော ၁၄း၄၅၊ သူကြီး ၃း၁၃၊ ၆:၃၊ ၁၇၊ ၃၀း၁)။ ထိုကြောင့် လူအင်အားလျော့နည်းနေကြပြီး ဟေဇကိမင်းလက်ထက် ရောက်သောအခါ မပြောပလောက်သာ ကျန်ရှိကြ သည်။ ရှိမုန်လူတိုက လက်စသတ် ချေမှုန်းပစ်ကြသည်(၅ရာ ၄း၄၃)။
Amen (အာမင်)
ဟေဗြဲစကားရပ်ဖြစ်၍ “မှန်ပေစွ၊ သေချာပေစွ၊ သာဓု”ဟု အနက် ရသည်။ စာပေကျမ်းဂန်အရ ဓမ္မသာဝနံစကားလုံးဖြစ်သည်။ တရားဟော ဆရာ၏ ဟောပြောချက်အား တရားနာပရိသတ်က ဘဝင်ခိုက် ကျေနပ်ကြ သည့်အခါ အာမင်ဟု လိုက်ဆိုလေ့ရှိကြောင်း ကျမ်းစာတွင် တွေ့ရသည်(၃ရာ ၁း၃၆)။ ဆုတောင်း ရာတွင်၎င်း၊ ဆုတောင်းသူ၏ ဆုတောင်းချက်အား ပရိသတ် များက သဘောတူထောက်ခံကြသည့်အခါ အာမင်ဟု ကျယ်လောင်စွာ လိုက် ထူးကြသည်(၅ရာ ၁၆း၃၆)။ ဆုတောင်းနေစဉ် အရေးကြီးစကား၊ သမ္မာတရား တူညီချက်၌လည်း အာမင်ဟု လိုက်ဆိုလေ့ရှိကြသည်။ သခင်ယေရှုက စကားတော်စတင်ရာ၌ သုံးနှုန်းလေ့ ရှိသည်။ “ငါအမှန်ဆိုသည်ကား”(AV ကျ မ ၅:၁၈၊ ၆း၂၊ ၅ ကိုကြည့်)ဟူသော စကားမျိုးဖြစ်သည်။
Ammon (အာမ္မုန်)
အာဗြဟံ၏တူ၊ လောတ၏သမီးများက ဖခင်နှင့်အတူ အိပ်ပြီး သား တယောက်စီ မွေးကြသည်။ အငယ်မ၏ သားသည် ဗေနမိုဖြစ်၍ အာမွန်မျိုး နွယ်၏ အစဖြစ်သည်(က ၁၉း၃၈)။ ဘုရားရှင်က ဣသရေလ လူတို့အား ထို မျိုးနွယ်ကို ဂရုစိုက်စာနာစေသည်(တရား ၂း၁၉)။ သိုသော်လည်း ဣသရေလ တို့က ဆွေစဉ် မျိုးဆက် ဆယ်ဆက်တိုင်အောင် ပေါင်းသင်းဆက်ဆံခြင်းမပြု ကြ။ အကြောင်းသော် မောဘလူများနှင့် ပေါင်းဖက်ပြီး ဣသရေလလူတို၏ ပျက်စီးရာပျက်စီးကြောင်း ဖန်တီးကြသည်(တရား ၂၃:၃-၆)။
အာမ္မုန်လူတို့၏ နယ်မြေသည် ယော်ဒန်မြစ်အရှေ့ဘက်ကမ်းတွင် ရှိသည်။ ဓမ္မဟောင်းတလျှောက်လုံး တွင် အာမ္မုန်လူတို့၏ စစ်ပွဲအလီလီ တိုက် ခိုက်ကြပုံ တွေ့ရသည်(၁ရာ ၁၁၊ ၂ရာ ၁ဝ၊ သွေးနှောထိမ်းမြား ခြင်းအကြောင်း ကို ၃ရာ ၁၄:၂၁၊ ဧဇ ၉း၁၊ ၂ တွင်ကြည့်)။
ဘာသာရေးယုံကြည်ချက်ဖြင့် ဣသရေလတို၏ ယုံကြည်ခြင်းကို ဖျက် မှောက်ကြသည်။ မိမိတို့သား သမီးများဖြင့် မာလုပ်နတ်ဘုရားအား ကိုးကွယ် ကြသည်။
Amorites (အာမောရိ)
လူမျိုးစဉ်ဆက်စာရင်းအရ အာမောရိလူမျိုးသည် ခါနန်၏ သားမြေး ဖြစ်ကြသည်(က ၁၀း၁၅)။ ရွှေ့ပြောင်းသွားလာ နေထိုင်လေ့ရှိကြသဖြင့် ယဉ်ကျေးမှုအဆင့်အတန်း နိမ့်ကျသည်။ အာဗြဟံခေတ်ကာလ မတိုင်ခင်လေးတွင် မေသောပေါတာမိဒေသသို နေထိုင်ကြပြီးနောက် ကြာလာသောအခါ ထိုအရပ် ဒေသအား ကြီးစိုးလွှမ်းမိုးကြသည်။ တိုက်ခိုက်သိမ်းပိုက်ကြသော အရပ်ဒေသရှိ လူမျိုးများ၏ ယဉ်ကျေးမှုနှင့် ဘာသာရေး များကို အတုယူကြသည်။ သင်ယူသော ဘာသာတရားသည် ဆိုးရွား၍(က ၁၅း၁၆) နောင်တွင် မင်းဆိုးမင်းညစ် အာခပ်မင်း(၃ရာ ၂၁း၂၆)နှင့် မနာရှေမင်း(၄ရာ ၂၁:၂၂)လက်ထက်၌ ထင်ရှား ပေါ်လွင်လာကြသည်။
သောဒုံမင်းဦးဆောင်သော ဘုရင်လေးပါးအား ပြန်လည်တိုက်ခိုက်ရန် အာဗြဟံက အာမောရိလူများကို မဟာမိတ်ဖွဲခဲ့သည်(က ၁၄း၁၃၊ ၂၄)။ ဣသရေလလူတိုက ခါနန်ပြည်အား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်စဉ်တွင် အာမောရိလူများက ယော်ဒန်မြစ်တဘက်တချက်ရှိ တောင်ကုန်းဒေသများ စိုးမိုးထိန်းချုပ်ကြသည်။ ရှိဟုန်မင်းနှင့် ဩယမင်းတိုက အရှေ့ဘက်ကမ်းကို အုပ်စိုးကြ၍(တော ၂၁း၂၁-၃၅) ယောရှုသည် ယော်ဒန်မြစ်ကို ဖြတ်ကျော်ရန် ထိုလူမျိုးအား ဦးစွာ ရင်ဆိုင်ခဲ့သည်(ယောရှု ၃၁၀)။ ထိုအချိန်မှစ၍ အာမောရိလူတိုသည် အင်အားကျဆင်းပြီး ဒါဝိဒ်မင်းလက်ထက်ရောက်သောအခါ ချိနဲ့ကုန်သည်။ ရှောလမုန်မင်းက အလုပ်သမားများအဖြစ် စေခိုင်း သည်(၃ရာ ၉း၂၀)။
Anak (အာနက)
အာဘ(ယောရှု ၁၅း၁၃)၊ နေဖိလိမ်(တော ၁၃း၃၃)တိုမှတဆင့် ဆင်း သက်သော လူမျိုးဖြစ်သည်။ ယေရှုက ခါနန်ပြည်အား မသိမ်းပိုက်မှီတွင် တောင်ပိုင်း ဟေဗြုန်ဒေသတွင် နေထိုင်ကြသည်(တော ၁၃း၂၂)။ အရပ် အမောင်းကောင်းကြ၍ စစ်တိုက်ခြင်းလည်း ဝါသနာထုံကြသည်(တရား ၉ ၂)။ သို့သော် ယေရှု(ယောရှု ၁၁း၂၁)နှင့် ကာလက်(ယောရှု ၁၅း၁၄)တိုက ယုဒ တောင်ကုန်းဒေသ၌ ရှိနေသူများအား ဖျက်ဆီးပစ်ကြသည်။ ပါလက်စတိုင်း၌ နေထိုင်သူများသာ ကျန်ကြွင်းကြသည်(ယောရှု ၁၁း၂၂)။
Angel-‘Angel of the Lord’ (ကောင်းကင်တမန်- ဘုရားသခင်၏ ကောင်းကင်တမန်)
ပုဒ်ရင်းအနက်သည် “သတင်းစကားသယ်ဆောင်သူ”ဖြစ်သည်။ လူ့ သတင်းသယ်ဆောင်သူနှင့် ကောင်းကင်သတင်းသယ်ဆောင်သူ နှစ်ပါးစလုံး အား ခေါ်ဆိုရာ၌လည်း အသုံးပြုသည်(ဥပမာ က ၃၂း၃၊ ဟဂ္ဂဲ ၁:၁၃၊ မ ၁၁း၁၀)။
ဘုရားရှင်က ထိုကောင်းကင်တမန်များကို ဖန်ဆင်းသည်(ဆာ ၁၄၈း၂၊ ၅)။ အချို့သည် အပြစ်လွန်ကျူးပြီး စာတန်နောက်သို့ လိုက်သွားကြ သည်(၂ပေ ၂း၄)။ သို့သော် ကောင်းကင်တမန်ကုဋေကုဋသည် ဘုရားစစ် ဘုရားမှန်ကို ရှိခိုးကိုးကွယ်ကြသည်(ဗျာ ၅း၁၁)။ ဘုရားထံတော်သို ခစားကြ သည်(မ ၁၈း၁၀)။ ဂုဏ်ကျက်သရေ အထူးတင့်တယ်ကြသည်(မ ၂၈း၃ ကို တ ၆း၁၅ နှင့် ယှဉ်ကြည့်)။ ထိုကောင်းကင်တမန်များသည် ဘုရားရှင်ကို ချီးမွမ်းကြ၍ အစေခံယူခြင်းကို မွေ့လျော်ကြသည်(ယောဘ ၃၈း၇၊ လု ၁၅း၁၀)။
ဘုရားသခင်၏ အလိုတော်အား လူများထံသို ပိုဆောင်ကြသည်(မ ၁:၂၀)။ အနက်ဖွင့်ဆို ပြောပြကြ သည်(ဇာ ၁း၉)။ ဘုရားရှင်၏ လူများအတွက် ကြားဝင်လုပ်ဆောင်ပေးကြသည်(ဇာ ၁း၁၂)။ တဦးချင်းစီ ကို၄င်း(ဆာ ၉၁း၁)၊ လူမျိုးလိုက်၄င်း(ဒံ ၁၂း၁) ကွယ်ကာကြသည်။ လမ်းညွှန်ပြသကြ၍(က ၂၄း၄၀) တရားစီရင် ကြသည်(၂ရာ ၂၄း၁၆)။ ခရစ်ယာန်များကို ကူညီထောက်မကြ သည်(ဟေဗြဲ ၁း၁၄)။ မနုဿလူသားများထက် ဘုံစံနိမ့်ကျ(ဆာ ၈း၅) သော်လည်း ခရစ်ယာန်များ၏ အပြစ်စီရင်ခြင်း ခံကြမည်(၁ကော ၆း၃)။ ကောင်းကင် တမန်များတွင် ကောင်းကင်တမန်မင်း(၁သက် ၄း၁၆) ရှိသကဲ့ သိုပင် အဆင့်အမျိုးမျိုး၊ ဝိညာဉ်ရေးရာ အမိန့် အာဏာအဖုံဖုံရှိကြသည်(ကော ၁း၁၆)။
ဓမ္မဟောင်းတွင် ဘုရားသခင်၏ ကောင်းကင်တမန်ဟူသော စကား လုံးသည် လူ့ဇာတိမခံယူမှီ ယေရှုခရစ်တော်ဟု ဆိုကြသည်။ ထိုသိုသော အကြောင်းအရာကို သူကြီး ၁၃း၂၁၊ ၂၂ တွင် ဥဒါဟာရုဏ်တခု တွေ့ရသည်။ ထိုသို့သော အခြေအနေမှ ခရစ်တော်အဖြစ် မွေးဖွား၍ “ဘုရား – လူ”ဟုဖြစ် လာသည်။ ဒေဝဗေဒ အဘိဓမ္မာကျမ်းတွင် တွေ့မြင်နိုင်သည်။
ဓမ္မသစ်ကျမ်းက ကောင်းကင်တမန်များအား အထူးတလည် အမွှမ်း မတင်ကြရန် သတိပေးသည်။ အကြောင်းသော် အချို့လူများက ကိုးကွယ်စ ပြုသည်။ ထိုကြောင့်လည်း ကောင်းကင်တမန်များထံမှ ကြားသိ ရသော သတင်း စကားထက် ဧဝံဂေလိသတင်းကောင်းသည် ပိုမိုစစ်မှန်ကြောင်း ရှင်ပေါလုက ဂလာတိသားများ ထံသို့ သတိပေးသည်(ဂလာ ၁း၈)။ ဟေဗြဲ ၁ တွင်လည်း ခရစ်တော်သည် ကောင်းကင်တမန်များ၏ အထက်တွင် စိုးစံ၍ ထိုကောင်းကင် တမန်များ၏ ကိုးကွယ်ခြင်းခံယူကြောင်း ဆိုထားသည်။ ကော ၁၁၆ တွင်လည်း ထိုနည်းတူ သွန်သင်ထားသည်။
စိတ်ဆိုးခြင်းအကြောင်းကို – အမျက်ဒေါသအကြောင်းတွင်ကြည့်။
Anoint, Anointing (ဆီလူးခြင်း၊ ဘိသိက်ခြင်း)
ရည်ရွယ်ချက်နှင့် ပြုလုပ်ပုံကို က ၂၈း၁၈ တွင် တွေ့ရသည်။ ထို နည်းတူ လူများကိုလည်း ဆီလူးဘိ သိက်ပေးရကြောင်း ဇာ ၄း၁၄ တွင် တွေ့ ရသည်။ ထိုသို ပြုမူခြင်းသည် အမှုတော်မြတ်၌ အထူးတလည် ပါဝင်သည့် အမှတ်အသားဖြစ်သည်။ ရှင်ဘုရင်(၄ရာ ၉း၆)၊ ယဇ်ပုရောဟိတ်(ထွ ၂၈း၄)၊ တခါတရံ ပရောဖက်များ ကိုလည်း ဆီလူးဘိသိက်ပေးရသည်။ တဲတော်၊ တဲတော်အသုံးအဆောင်များနှင့် ယဇ်ပုရောဟိတ်များသည် အထူးသီးသန့်ဆီဖြင့် ဘိသိက်ပေးရန် ဘုရားရှင်က မောရှေသို မိန့်မှာတော်မူခဲ့သည်။ ထိုဆီကို သာ မန်ကာလျှံ ကာနေရာ၌ မသုံးရ(ထွ ၃၀း၂၂-၃၃)။
ဆီ၏ အမှတ်အသားတခုမှာ ဝမ်းမြောက်ခြင်းဖြစ်သည်(ဆာ ၂၃း၅၊ ဟေရှာ ၆၁း၃)။ အနာရောဂါလည်း ကင်းငြိမ်းစေနိုင်သည်(ဟေရှာ ၁း၆၊ လု ၁၀း၃၄၊ ယာ ၅း၁၄)။ ထိုဝမ်းမြောက်ခြင်းပီတိနှင့် ခွန်အားအမှတ်အသား ဆီသည် သန့်ရှင်းဝိညာဉ်တော်၏ အမှတ်လက္ခဏာလည်းဖြစ်သည်။ ပရော ဖက်၊ ယဇ်ပုရောဟိတ်နှင့် ရှင်ဘုရင် တို့သည် မိမိတိုဝန်တာ ကျေပြွန်နိုင်ရန် သန့်ရှင်းဝိညာဉ်တော်တန်ခိုး လိုအပ်ကြသည်(၁ရာ ၁၆း၁၃၊ ဟေရှာ ၆၁း၁)။
ဓမ္မသစ်ကျမ်းတွင် အမှုတော်ပြုနိုင်စွမ်းရှိရန် ဆီလူးရကြောင်း သွန် သင်ချက်မရှိသော်လည်း သန့်ရှင်း ဝိညာဉ်တော်၏ ဘိသိက်ခြင်းခံယူရသည်(တ ၁၀း၃၈၊ ၁ယော ၂း၂၀၊ ၂၇)။ ထိုကား ဓမ္မဟောင်းကာလ၌ ဘုရား ရှင်က သူ့ အစေခံများအား ဆီလူးဘိသိက်ခြင်းမျိုးဖြစ်သည်(၁ရာ ၁၀း၁)။
မေရှိယ၊ ခရစ်တော်ဟူသော ဝေါဟာရသည် အထူးဆီလူးဘိသိက် ထားသူဟု အနက်ရ၍ ယေရှုခရစ် တော်ကို ရည်ညွှန်းသည်။ ဘုရားရှင်က အထူးတာဝန်အပ်နှင်းထားသူဟု ဆိုလိုသည်။ ခရစ်တော်၊ မေရှိယဟူသော ရှင်းပြချက်များတွင်လည်းကြည့်။
လူများသည် ယောက်ျားမိန်းမမဟူ ရေမိုးချိုးပြီးသည့်အခါ နံ့သာဆီ မွှေး လိမ်းကျံတတ်ကြသည်(ရု ၃း၃၊ ၂ရာ ၁၂:၂၀၊ မ ၆း၁၇)။ သို့သော် ထိုသို့ ပြုလုပ်ခြင်းသည် သမရိုးကျ လုပ်ဆောင်ခြင်းဖြစ်၍ အထူး ဝိသေသအနက် မရှိ။ ထိုနည်းတူ အလောင်းများအား နံ့သာဆီလူးခြင်းသည်လည်း ထိုသို့သော ဘိသိက်ခြင်းအနက်မရှိ(မာ ၁၆း၁)။
Anti-Christ (အန္တိခရစ်)
ဤဝေါဟာရကို ၁ယောနှင့် ၂ယောတွင်သာ တွေ့ရ၍ ရှင်ပေါလုကမူ ဒုစရိုက်လူ(၂သက် ၂း၃)ဟုခေါ်သည်။ ဒံယေလကျမ်းနှင့် ဗျာဒိတ်ကျမ်းတိုတွင် လည်း ထိုနည်းတူ တွေ့ရသည်။
အန္တိဟူသော စကားလုံးသည် ဆန့်ကျင်ခြင်းဟု အနက်ရ၍ ခရစ်တော်၏နေရာအား ဆန့်ကျင်လုယူ ခြင်းဖြစ်သည်။ ထိုကြောင့် အန္တိခရစ်ဟူသော စကားရပ်သည် ခရစ်တော်ကို ဆန့်ကျင်နေရာလုချင်သူဖြစ်သည်။ ထိုအကြောင်း ကို ၂သက် ၂း၄ တွင် ထင်ရှားစွာတွေ့ရသည်။
ရှင်ယောဟန်က(၁ယော ၂း၁၈) အန္တိခရစ်ပေါ်ထွန်းမည်ဟု ဆိုသော အခါ ခရစ်တော်ကို ဆန့်ကျင်ပုန် ကန်သည့် စိတ်ဝိညာဉ်ပေါ်ထွန်းလာမည့် အကြောင်း ဆိုလိုသည်။ ငယ် ၁၈ တွင် အန္တိခရစ်အများအပြား ပေါ်ထွန်းကြ မည်ဟုဆိုသည်။ အသင်းတော်များထဲ၌ အသင်းသားများအဖြစ် ပေါ်ထွန်းလာ ကြပြီး(ငယ် ၁၉) ဧဝံဂေလိသတင်းကောင်းအား ဖျက်လိုဖျက်ဆီး ဟောပြော သွန်သင်ကြမည်(ငယ် ၂၂၊ ၂ယော ၇)ဟုဆိုသည်။ ခရစ်တော်ကို ငြင်းပယ် လျက် ငြင်းပယ်ကြပြီး ခမည်းတော်ကိုလည်း ဆန့်ကျင်ကြမည်(၁ယော ၂း၂၃)။
ဗျာဒိတ်ကျမ်းတွင် စာတန်၏ အမှတ်အသားအဖြစ် နဂါး(ဗျာ ၁၂း၇) အကြောင်းတွေ့ရသည်။ စာတန်နှင့် စာတန်၏ အဖျက်အမှောက်လုပ်ငန်းတွင် သားရဲများ ပေါင်းဖက်ပါဝင်ကြသည်။ ပင်လယ်ယံမှ နဂါးနှင့် သားရဲတို့ က ကိုးကွယ်ကြမည်(ဗျာ ၁၃၄)။ ကမ္ဘာမြေမှ သားရဲက အံ့ဘွယ်နိမိတ်ကြီး ပြသ မည်(ဗျာ ၁၃း၁၅)။ ရှင်ပေါလု၏ တရားမဲ့သူနှင့် ရှင်ယောဟန်၏ အန္တိခရစ် အကြောင်း သွန်သင်ချက်များသည် ထပ်တူနီးပါး တူညီကြသည်။ ဗျာဒိတ်ကျမ်း မှ ဖြစ်မျိုးစုံလင်ဇာတ်ကြောင်းတွင် သားရဲများ၏ အမှတ်လက္ခဏာအမျိုးမျိုး၊ တွေ့ရသည်။ ထို အချက်အလက်များအရ စာတန်သည် လူ၊ အဖွဲအစည်းများ ကိုသုံး၍ ခရစ်တော်ကို ဆန့်ကျင်ခြင်း၊ ဘာသာရေး အတုအယောင် တည် ထောင်ခြင်း၊ အခြားလူ့လောကအမြင် လိုက်စားစေခြင်းများ ပြုလုပ်ကြောင်းသိရသည်။
Apostle (တမန်တော် )
တမန်တော်ဟူသော ဝေါဟာရသည် ဂရိစကားလုံးအား အနက် ကောက်ယူခြင်းဖြစ်၍ ရည်မှန်းချက်တရပ်အတွက် အထူးတာဝန်ပေး စေလွှတ် သူဟု အနက်ရသည်။ စေလွှတ်သူက ဟောပြော ခိုင်းသော သတင်းစကားကို လူများထံသို လိုက်လံဟောပြောသူဖြစ်သည်။ ခရစ်တော်သည် ဘုရားရှင်က လူ့လောကသို ရည်ရွယ်ချက်ဖြင့် စေလွှတ်သူဖြစ်သောကြောင့် ဟေဗြဲ ၃း၁ တွင် တမန်တော်ဟုခေါ်သည်။ ဓမ္မသစ်ကျမ်းများတွင် ဂရိဝေါဟာရဖြင့် တမန် တော်ဟူသော စကားလုံးသုံးနှုန်း၍ အသင်းတော်က သတင်းကောင်းဟောပြော ရန် စေလွှတ်သူကို ရည်ညွှန်းလေ့ရှိသည်(၂ကော ၈း၂၃၊ ဖိ ၂း၂၅ ကိုကြည့်)။ ပေတရုသို့သောသူများ မဟုတ်ကြသော်လည်း ထိုဂရိဝေါဟာရ စကားလုံးကိုပင် သုံးကြသည်။
ယေဘူယျအားဖြင့် ကနဦးအသင်းတော်ကာလ၌ အထူးတာဝန်ပေး အပ်ကြသော လူနည်းစုကို ရည်ညွှန်းသည်။ မာ ၃း၁၄၊ ၁၅ တွင် (၁) ခရစ် တော်က ထိုသူများကို တမန်တော်ဟုခေါ်သည်။ (၂) သခင်ယေရှုနှင့် အတူ တကွ နေထိုင်သွားလာခဲ့ကြသည်။ (၃) သတင်းကောင်းတရားတော် ဟောပြော ကြသည်။ (၄) နတ်ဆိုးဝိ ညာဉ်ဆိုးများအပေါ်သို့ အထူးအမိန့်အာဏာရှိကြ သည်။ တ ၁း၂၁၊ ၂၂ တွင်မူ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို အထူးတလည် သက်သေခံကြသည်ဟုဆိုသည်။
ရှင်ပေါလု၏ တမန်တော်ရာထူးသည်လည်း အခြားတပည့်တော် ၁၂ ပါးကဲ့သို အခြေခိုင်မာသည်။ အထူးသီးသန့် ဆင့်ခေါ်ခြင်းခံရသူ(ရော ၁၁) ဖြစ်၍ ခရစ်တော်ထံမှ ဧဝံဂေလိသတင်းကောင်းအား တိုက်ရိုက် သင်ယူသည် (ဂလာ ၁း၁၂)။ ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းကို သက်သေခံ သည်( ၁ကော ၉း၁၊ ၁၅း၈)။ သတင်းကောင်းလိုက်လံဟောပြောပြီး(ရော ၁း၅) အံ့ဘွယ်နိမိတ်လက္ခဏာများ ပြသသည်( ၂ကော ၁၂း၁၂)။
ဓမ္မသစ်ကျမ်းတွင် မူရင်းတပည့်တော် ၁၂ ပါး၊ ရှင်ပေါလုတိုအပြင် အခြားလူများကိုလည်း တမန်တော်များဟု ခေါ်သည်(ဥပမာ တ ၁၄း၁၄ ကို ကြည့်)။ သို့သော် အသင်းတော်က သတင်းကောင်း ဟောပြောသူအဖြစ် စေ လွှတ်သူများ၊ သာသနာပြုရန် ဦးစီးခေါင်းဆောင်သော ဗာနဗမှလွဲ၍ အခြား လူများကို တမန်တော်ဟု ခေါ်ဆိုခြင်းမပြု။ ထိုစကားသည် မူရင်းတပည့်တော် ၁၂ ပါးနှင့် ရှင်ပေါလုတို့အား ကွယ်ကာခြင်း ဖြစ်သည်။ ထိုကြောင့် တမန်တော် အတုများလည်းရှိကြကြောင်း နားလည်ရသည်( ၂ကော ၁၁း၁၃၊ ဗျာ ၂း၂)။
တမန်တော်များ၏ ဩဇာအာဏာသည် သွန်သင်ခြင်းဖြစ်သည်(တ ၂း၄၂)။ ထိုသို့သွန်သင်ရာတွင် တဦး၏ အမှားကို အခြားတဦးက ပဲ့ပြင်တည့် မတ်နိုင်သည်(ဂလာ ၂း၁၂-၁၄)။ တမန်တော်၏ ဩဇာအာဏာသည် အတည် ဖြစ်သည်။ သိုသော် နားပျင်းကပ်စရာမဖြစ်ရ။ ရှမာရိပြည်တွင် ဖိလိပ္ပံ၏ အမှုတော်ပြုပုံကို လေ့လာစစ်ကြော ကြပြီးသော် မှန်ကန်သေချာသဖြင့် ထိုပရိသတ် များအပေါ်သို တမန်တော်များက လက်တင်ဆုတောင်းပေးသော အခါ ပရိ သတ်များသည် သန့်ရှင်းဝိညာဉ်တော် ခံယူရရှိသွားကြသည်(တ ၈း၁၄-၁၇)။ တ ၁၅ တွင် အရေးကြီး အယူဝါဒရေးရာ၌ သင်းအုပ်များအား အကြံဉာဏ် ပြုကြကြောင်း တွေ့ရသည်(ငယ် ၂၊ ၂၂၊ ၂၃)။
ထိုတမန်တော်များသည် ခရစ်တော်နှင့် အသင်းတော်အကြား တိုက် ရိုက်ရင်ကြားစေ့စေသော ကြယ်သီးများပမာဖြစ်ကြသည်။ ခရစ်တော်က တိုက် ရိုက်ရွေးချယ်တော်မူသောသူများ ဖြစ်ကြသည့်အတိုင်း ခရစ်တော်၏ သွန်သင် ချက်ကို တိုက်ရိုက်ခံယူကြပြီး ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်း သက်သေခံ ကြသည်။ ထိုကြောင့် တမန်တော်တပါးသေဆုံးလျှင် နောက်ထပ်အစားထိုး ခန့်အပ်ခြင်းမရှိ။ တမန်တော်များ သည် အသင်းတော်၏ အုတ်မြစ်ပန္နက်ဖြစ် ကြသည်(ဧ ၂း၂)။ ထိုသူများ၏ သွန်သင်ချက်နှင့် သြဇာအာဏာသည် ယနေ့ ခေတ်ကာလ၌ ဓမ္မသစ်ကျမ်းဖြစ်လာသည်။
Areopagus (အာရေပါကု၊ အာရေ )
အေသင်မြို့ရှိ တောင်ကုန်းနာမည်တခုဖြစ်သည်။ အာရေတောင်ဟု လည်း ခေါ်ကြသည်။ အနက်မှာ “စစ်ပွဲနတ်ဘုရား”ဖြစ်သည်။
ဓမ္မသစ်ကျမ်းမတိုင်မှီ ရှေးကာလ၌ ထိုတောင်ပေါ်တွင် မြိုပြလွှတ် တော်ကောင်စီ စည်းဝေးလေ့ရှိ ကြသည်။ ရှင်ပေါလုရောက်ရှိသောအခါ ထို တောင်၏ ဂုဏ်သိက္ခာ လျော့နည်းကျဆင်းသွားသော်လည်း အချိုက ဆက် လက်ကြည်ညိုကြသည်။ အဓိကအချက်မှာ ကိုယ်ကျင့်တရားသုခုမနှင့် ဘာသာ ရေးအယူအဆများ တည်ရာအရပ်ဖြစ်သည်။
အေသင်မြို့တွင် ရှင်ပေါလုက ယေရှုခရစ်တော်နှင့် ရှင်ပြန်ထမြောက် တော်မူပုံအကြောင်း ဟောပြော သောအခါ(တ ၁၇း၁၈) ထိုလွှတ်တော်ကောင်စီ က သေချာစွာ ရှင်းပြပေးပါရန် တောင်းဆိုကြသည်(ငယ် ၁၉)။ ထိုသိုဖြင့် ခရစ်ယာန်ယုံကြည်ခြင်းသို့ အာရုံရောက်သွားကြသည်။
Ark (သင်္ဘော)
နောဧခေတ်မှ လူ့လောကဆိုးညစ်မှု ဒုစရိုက်ပေါင်းစုံကို ဘုရားသခင် က ရေကြီးလွှမ်းမိုးစေခြင်းဖြင့် ဆေးကြောသုတ်သင်သည်။ သူနှင့် သူ့မိသား စု၏ အသက်ဘေးရန်အပြင် သတ္တဝါမျိုးစုံ အသက်ဘေးရန် ကင်းလွတ်ကြရန် ဘုရားရှင်က နောဧအား သင်္ဘောဆောက်လုပ်ခိုင်းသည်။ ထိုအကြောင်းစုံကို က ၆း၁၄-၁၆ ၌ တွေ့ရသည်။
Ark of the Covenant (ပဋိညာဉ်သေတ္တာ)
ဣသရေလလူတို အဲဂုတ္တုပြည်မှ ထွက်မြောက်ကြပြီး သိနာတောင်တွင် စခန်းချနေထိုင်ကြစဉ် တဲတော်ဆောက်လုပ်ရေးနှင့် ဝတ်ပြုကိုးကွယ်ပုံအသေး စိတ်အား ဘုရားရှင်က မောရှေသို့ မိန့်ကြားတော်မူသည်။ ပဋိညာဉ်သေတ္တာ သည် ၁၁၀၀ x ၁ဝဝ မမရှိ၍ ထုထည် ၇ဝဝ မမ မြင့်သည်။ အကာရှသစ် သားဖြင့် ပြုလုပ်၍ ရွှေဖြင့် ကွပ်ထားသည်။ တဲတော်ထဲရှိ အသန့်ရှင်းဆုံးဌာန ကျက်သရေဆောင်ထဲတွင် ထားရသည်။ ထိုပဋိညာဉ် သေတ္တာကို ခရီးစဉ်တိုင်း၌ လေဝိလူများက တာဝန်ယူသယ်ဆောင်ကြသည်။ သေတ္တာတဘက်တချက်တွင် တပ်ထားသော ကွင်းများထဲ၌ တုတ်လျှိပြီး သယ်ထမ်းကြသည်။ ထိုပဋိညာဉ် သေတ္တာဖုံးကို ကရုဏာတော် ပလ္လင်ဟုလည်းခေါ်၍ ထိုအဖုံးပေါ်တွင် ခေရုဗိမ် ရုပ်နှစ်ခုသည် မျက်နှာချင်းဆိုင် တောင်ပံဖြန့်အုပ်ထားကြ သည်(ထွ ၂၅:၁၀၂၂၊ ၂၆း၃၃၊ ၃၄)။
ထိုပဋိညာဉ်သေတ္တာထဲတွင် ပညတ်တော်ဆယ်ပါး ရေးထွင်းထားသော ကျောက်ပြားနှစ်ချပ်(ထွ ၂၅း၁၆)၊ မန္ဒမုန့်အိုး၊ အာရုန်၏တောင်ဝှေး(ထွ ၁၆း၃၄၊ တော ၁၇း၁ဝ၊ ဟေဗြဲ ၉း၄၊ ၅)များရှိသည်။ ထိုပဋိညာဉ်သေတ္တာ သည် ဘုရား ရှင်နှင့် သူ့ အစေခံတို့ ဆုံစည်းရာဖြစ်သည်(ထွ ၂၅:၂၂)။
Asherah (အာရှရ၊ တောအုပ်)
အာရှရဟူသော နာမည်မှာ ခါနနိလူတို၏ နတ်ဘုရားမကြီးနာမည် ဖြစ်သည်။ ဓမ္မဟောင်းကျမ်းမှ မြေဩဇာကောင်းမွန်စေသော ဗာလနတ်ဘုရား နှင့် ဆက်စပ်သည်။ သစ်ထွင်းနတ်ဘုရားရုပ်များကိုလည်း ထိုနာ မည်ဖြင့် ခေါ် ကြလေ့ရှိသည်။ ဘုရားရှင်က ဣသရေလတိုအား ထိုရုပ်တုဘုရားတုများကို ခုတ်လှဲ(တရား ၇း၅)၊ မီးရှိ(တရား ၁၂း၃) ဖျက်ဆီးခိုင်းသည်။ ထိုနတ်ဘုရား ရုပ်တုများက ဣသရေလလူတို့ကို အမြဲမြူဆွယ်သည်။
Ashtoreth (အာရှုရ)
အာရှုရလူတို့သည် ရှေးမမှ ဆင်းသက်သောမျိုးနွယ်(က ၁၀း၂၁၊ ၂၂ နှင့် ဟေဗြဲသြဝါဒစာကိုကြည့်)ဖြစ်၍ ခါနနိလူများက နတ်ဘုရားမအဖြစ် ကိုး ကွယ်ကြသည်။ မြေဩဇာ၊ ချစ်ခြင်းမေတ္တာနှင့် စစ်ပွဲတို၏ ဘုရားရှင်ဟု သိရှိ ကြသည်။ အာရှုရဟူသော စကားလုံးသည် အာတပ်ဟူသော စကားလုံး၏ ဗဟုကိန်းဖြစ်သည်။ ဟေဗြဲစ ကားလေသံဖြင့် မပီကလာ ပီကလာပြောဆိုလျှင် ရှက်ဘွယ်စကားဖြစ်သွားသည်။
ယောရှုလွန်မြောက်သောအခါ ဣသရေလလူများသည် အာရှုရနတ် ဘုရားကို ကိုးကွယ်လာကြ သည်(သူကြီး ၂း၁၃)။ ရှောလုဆုံးသွားသောအခါ ဖိလိတ္တိမ်းလူတို့က သူ့လက်နက်အား ဗက်ရှန်အရပ်ရှိ ဗိမာန် တော်ထဲ၌ ထားရှိ ကြသည်။ ရှမွေလခေတ်ကာလ၌ ဣသရေလလူတို့က အာရှုရနတ်ဘုရားကို လက်မခံငြင်း ဆန်ကြသော်လည်း(၁ရာ ၇း၃၊ ၄၊ ၁၂း၁ဝ) ရှောလမုန်ဘုရင်က ဣသရေလတို ဝတ်ပြုကိုးကွယ်ရန် ပြန်လည် ပင့်ဆောင်သည်(၃ရာ ၁၁း၅)။
Assistant (ထောက်ကူ)
ဓမ္မဟောင်းကျမ်းရှိ ဟေဗြဲဝေါဟာရတွင် အရေးကြီးပုဂ္ဂိုလ်သို ထောက် မကူညီခြင်းဟု အနက်ရ သည်(က ၃၉း၄၊ ၆ရာ ၂၂း၈)။ သို့မဟုတ် ဝတ်ပြု ကိုးကွယ်ရာ၌ အမှုတော်ပြုသူ၊ ယဇ်ပုရောဟိတ်သို့သော ဝတ်ပြုကိုးကွယ်ရေး၌ အထူးတာဝန်ရှိသူ(တရား ၁၇း၁၂)(သို့) ကောင်းကင်တမန်(ဆာ ၁၀၃း၂၁) ကို ရည်ညွှန်းသည်။ အဆင့်အတန်းမြင့်မားကြောင်း ပြသသည်။ ဘုရားရှင်က မောရှေသို့ နောင်တွင် ဗိမာန်တော် ဟုခေါ်လာသော တဲတော်ထဲ၌ ပြုဘွယ် အငန်းအတာ အသေးစိတ်မိန့်တော်မူခဲ့သည်။ ထိုသို့သော ဓမ္မဟောင်း ကာလ ဝတ်ပြုကိုးကွယ်ရာ၌ ယဇ်ပုရောဟိတ်များနှင့် လေဝိလူတိုသည် တာဝန်ဝတ္တရား အသီးသီး လုပ်ဆောင် ကြခြင်းမျိုးဖြစ်သည်။ ထိုသို့ဖြင့် ဗိမာန်တော်အမှုအရာ သည် ဣသရေလတမျိုးသားလုံး လုပ်ဆောင်ရသည် မဟုတ်ဘဲ သတ်မှတ်ထားသောသူများကသာ အားလုံးကိုယ်စား လုပ်ဆောင်ကြသည်(တော ၈း၂၆)။ အခြားနမူနာမှာ ဣသရေလခေါင်းဆောင် မောရှေ၏ လုပ်ငန်းဆောင်တာ (ထွ ၂၄း၁၃)ကို ကူညီထောက်မပေး သော ယောရှု၏ ထောက်မကူညီမှု(ယော ရှု ၁း၁-၅)မျိုးဖြစ်သည်။ သို့သော် ကျေးကျွန်ခိုင်းဖတ်နှင့် မတူညီပါ(ထွ ၄း၁၀၊ ဟေရှာ ၄၂း၁၊ ယေ ၃၃း၂၁၊ ၂၂)။ ။
ရော ၁၃း၆ ပါ ဂရိမူရင်းစကားလုံးတွင် အများပြည်သူ၏အလုပ်ကို လုပ်ဆောင်သူဟုဆို၍ စီမံခန့်ခွဲရေး တာဝန် လုပ်ဆောင်သူမျိုးဖြစ်သည်။ ထိုကြောင့် ပြည်သူ့အကျိုးသယ်ပိုးသူဟု အနက်ရသည်။ ထိုသဘော အတိုင်းပင် ရော ၁၅း၁၆၊ ဖိ ၂:၂၅၊ ဟေဗြဲ ၁း၇၊ ၈း၂ တို့တွင်လည်း တွေ့ရသည်။ ထိုဂရိ စကားလုံးသည် အထက်ပါ ဓမ္မဟောင်းစကားရပ်နှင့် အနက်တူသည်။
သင်းထောက်အကြောင်းတွင်လည်းကြည့်။
Assurance (အာမခံချက်)
တခါတရံ စိတ်ချသေချာမှုအကြောင်း ရည်ညွှန်းသည်(တ ၁၇း၃၁)။ ဤကျမ်းချက်တွင် ရှင်ပေါလုက အေသင်သားများအား ဘုရားရှင်တော်က သိမှတ်တော်မူပုံ၊ သေခြင်းမှ ယေရှုခရစ်တော် ရှင်ပြန်ထမြောက် တော်မူပုံ အကျိုးအကြောင်း ရှင်းပြချက်၌ သုံးနှုန်းထားသည်။ ထိုဂရိဝေါဟာရကို အများ အားဖြင့် ယုံကြည် စိတ်ချခြင်း၊ သစ္စာတည်ခြင်း၌ သုံးနှုန်းလေ့ရှိသည်။
အာမခံဟူသော စကားရပ်ကို စိတ်ချသေချာမှုသဘောဖြင့် သုံးလေ့ ရှိသည်။ တနည်းအားဖြင့် သဘောပေါက်ခံယူခြင်းဖြစ်သည်။ ဂရိဝေါဟာရတွင် ထိုသဘောအနက်ပြည့်ဝသည်။ ယုံကြည်ခြင်းသစ္စာ(ဟေဗြဲ ၁၀:၂၂)ဟု သုံးနှုန်း သာအခါ အဓိပ္ပါယ်ပိုမိုပေါ်လွင်သည်။ ရှင်ပေါလုက သက်သာလောနိတ်သား များသို့ တရား ဟောပြောစဉ် သူ့ဟောပြောချက်သည် စစ်မှန်သေချာကြောင်း အာမခံသည်(၁သက် ၁း၅)။
ခရစ်ယာန်များက ဘုရားရှင်ကို ယုံကြည်ခြင်းသည် ထိုသိုသော ယုံကြည်စိတ်ချခြင်းဖြစ်၍ ယုံကြည် သည့်အတိုင်း အမှန်တရားလည်းဖြစ်သည်။ ယုံကြည်သည့်အတိုင်းဖြစ်မည်ဟု တွက်ဆခြင်းမဟုတ်။ အပြည့်အဝ စိတ်မနော ပုံအပ်ခြင်းဖြစ်သည်(ရော ၈း၃၈၊ ၃၉၊ ၂တိ ၁း၁၂)။ ထိုသိုသော ယုံကြည်ခြင်း သစ္စာကြောင့် ဘုရားသား သမီးဖြစ်ရကြောင်း အာမခံချက်ရှိသည်။ အကြောင်းသော် ဝိညာဉ်တော်က ထိုသို ပြောပြသည်(ရော ၈း၁၆)။ ဘုရားသခင်က ပိုင်ဆိုင်တန်သည်ဟူသော အယူအဆသည် လွဲမှားသည့် ခံယူချက်ဖြစ်သည်။ လူအချို့သည် အာမခံချက်အတု၊ ကယ်တင်ခြင်းအတုသာ ရရှိကြသည်။ ဘုရားသခင်၏ သားသမီးမှန်ကန်ကြောင်း ရှိမရှိကို ခရစ်ယာန်အသက်တာအား ဆန်းစစ်ခြင်းဖြင့် အာမခံချက်ရရှိနိုသည်(တိ ၁း၆၊ ၁ယော ၂း၃)။
Atonement (အပြစ်ဖြေခြင်း)
ဟေဗြဲစကားတွင် အပြစ်ဖြေခြင်းဟူသော စကားရပ်သည် ရွေးနှုတ် ခြင်းနှင့် ဆင်တူနီးပါးဖြစ်သည်။ ရွေးနှုတ်ခြင်းသည် တစုံတဦး၊ တစုံတရာ အား လွတ်မြောက်စေရန် အဖိုးအခပေးခြင်းဖြစ်သည်။ ဓမ္မဟောင်း ကာလ၌ အပြစ် ဖြေရန် ငွေကြေးပေးဆောင်ရသည်(ထွ ၃၀း၁၆)။ အဓိကအားဖြင့် သတ္တဝါ၏ အသက်ဖြင့် ရွေးယူရလေ့ရှိသည်(ဝတ် ၁း၄)။ အပြစ်သားသည် အမျက်တော် သင့်သူဖြစ်သောကြောင့် သေခြင်းရင်ဆိုင် နေရသည်။ ထိုကြောင့် သူ့အစား အပြစ်ကင်းစင်သော သတ္တဝါကို သေစေရသည်။ ထိုသတ္တဝါ၏ အသက်ပေး ခြင်းကြောင့် ကာယကံရှင်သည် ဆက်လက်အသက်ရှင်သည်။
ဓမ္မသစ်ကျမ်းတွင်မူ ခရစ်တော်က အပြစ်သားများ၏ အပြစ်ဖြေပေး သည်။ လူသည် မိမိအပြစ်ကြောင့် အမျက်တော်သင့်လျက် သေမည့်သူဖြစ်သော်လည်း လူ့ကိုယ်စား ခရစ်တော်က အသက်တော်စွန့်သည်။ ခရစ် တော်သည် အပြစ်မြူတမြုံမထင်။ ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်သော်လည်း လူတို အသက်ရှင်နိုင်ရန် ကြားဖြတ် အသေခံတော်မူသည်။
အပြစ်ဖြေခြင်း ဓမ္မအယူအဆကို အခြားဒေဝဗေဒ အဘိဓါန်ကျမ်း များ၌လည်း ကြည့်ပါ။
Atonement, Day Of (အပြစ်ဖြေရာနေ့ရက်)
အပြစ်ဖြေရာနေ့ရက်သည် ဓမ္မဟောင်းကျမ်းရှိ သန့်ရှင်းရာနေ့ရက် များတွင် ထူးခြားလေးနက်ဆုံး နေ့ရက်ဖြစ်သည်။ သတ္တမလ၊ တိရှရိလ၊ ဆယ်ရက်နေ့မြောက်(စက်တင်ဘာ/အောက်တိုဘာလခန့်)တွင် ကျင်းပလေ့ရှိသည်။ မောရှေ၏ ပညတ်တရားအရ နှစ်စဉ်ကျင်းပရသည်။ ထိုသို ပြုလုပ်ခြင်းမှတပါး အပြစ်ဖြေစရာမရှိ။ ထိုနေ့ရက်တွင် ယဇ်ပုရောဟိတ်ကြီးသည် အသန့်ရှင်းဆုံး ဌာနတော် ကျက်သရေ ဆောင်ထဲသို့ ဝင်ရသည်။ ထိုပွဲတော်အကြောင်းကို ဝတ် ၁၆ တွင် အကျယ်တွေ့နိုင်သည်။
ဝတ် ၁၆း၃၄ တွင် ထိုအပြစ်ဖြေခြင်းသည် တမျိုးသားလုံးက တနှစ် လုံးလွန်ကျူးသော အပြစ်များအား ဖြေလွှတ်ခြင်းဟုဆိုသည်။ ထိုသို နှစ်စဉ် အပြစ်ဖြေရာနေ့ရက် ပြုလုပ်ခြင်းကြောင့် လွန်ခဲ့သော ထိုနှစ်အတွင်း အပြစ် များသာဖြေလွှတ်၍ နောင်နှစ်များအတွက် လုံလောက်ခြင်းမရှိ။
ဟေဗြဲ ၉:၁၃ အရ အပြစ်ဖြေခြင်းသည် ပြင်ပသဏ္ဍာန်သာ ဆေး ကြောသည်။ ဟေဗြဲ ၉၊ ၁ဝ တွင် ဓမ္မဟောင်းအပြစ်ဖြေခြင်းသည် ကားတိုင် ပေါ်၌ ခရစ်တော်၏ လူတိုအတွက် အပြစ်ဖြေခြင်း ရှေ့ပြေးပုံ ရိပ်ဖြစ်ကြောင်း ဆိုထားသည်။ ယုဒယဇ်ပုရောဟိတ်ကြီးသည် ယဇ်သွေးကိုယူဆောင်လျက် ဘုရားရှင်တော် စိုးစံရာ အသန့်ရှင်းဆုံးဌာနတော်ထဲသို နှစ်စဉ်ဝင်ရောက်ရ သည်။ သခင်ယေရှုမူကား ကောင်းကင်ဘုံရှိ အသန့်ရှင်းဆုံးကျက်သရေဆောင် ထဲသို မိမိအသွေးတော်ကို ယူဆောင်သွားသည်။ နှစ်စဉ်နှစ်တိုင်း ဝင်ရောက် စရာမလိုဘဲ တခါတည်းနှင့် ရာသက်ပန် လုံလောက်စေသည်။
ဟေဗြဲ ၁၃း၁၁၊ ၁၂ တွင်လည်း အပြစ်ဖြေရာနေ့ရက်အကြောင်း ရေးထားသည်။ နွားထီး၊ ဆိတ်ထီးကို အပြစ်ဖြေရာယဇ်အဖြစ် တပ်ပြင်၌ မီးရှိ ရသည်(ဝတ် ၁၆း၁၇ ကိုကြည့်)။ ထိုသိုပင် ခရစ်တော်သည်လည်း ယေရုရှလင် မြို့ပြင်ပ၌ အသေခံတော်မူခဲ့သည်။
Authority (အမိန့်အာဏာ)
တစုံတဦးက တစုံတရာအား လုပ်ဆောင်ပိုင်ခွင့်ရှိကြောင်း သိမှတ် ချက်ဖြစ်သည်။ ရန်သူများက သခင် ယေရှုအား ဗိမာန်တော်ထဲ၌ တရားဟော ပြောခွင့် အမိန့်အာဏာရှိသလား(လု ၂၀း၁၊ ၂)ဟု မေးမြန်းခြင်း၌ သုံးနှုန်း ထားသည်။ ထိုကြောင့် အမိန့်အာဏာသည် အခြားသူများအပေါ်သို့ သက် ရောက်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် သခင်ယေရှုက နတ်ဆိုး၊ ဝိညာဉ်ဆိုး များအပေါ်သို အမိန့်အာဏာသက်ရောက်သည်။ အရာရာတွင် တော်ရာ တန်ရာ အမိန့်အာဏာရှိသည်။ ဥပမာအားဖြင့် စာတန်သည်လည်း အတိုင်းအတာ တခုထိ အာဏာရှိသည်။ ။
ကျမ်းစာအရ အမိန့်အာဏာဟူသမျှကို ဘုရားရှင်က ပိုင်ဆိုင်သည်။ ကိုယ်တော်သည် လူ့အထက်မြက်ဆုံး အာဏာအပါအဝင်(ဒံ ၄း၃၄) အရာ ခပ်သိမ်းကို အုပ်စိုးသော ရှင်ဘုရင်ဖြစ်သည်(ဆာ ၉၃)။ ထိုအမိန့်အာဏာဟူ သမျှကို ဘုရားရှင်က ခရစ်တော်ထံသို အပ်နှင်းထားသည်(မာ ၁း၂၂၊ ၂း၁၀၊ မ ၂၈း၁၈)။
မြတ်စွာဘုရားက လူများသို့လည်း အမိန့်အာဏာ အပ်နှင်းထားသည်။ အသင်းတော်(ဟေဗြဲ ၁၃း၁၇)၊ မိသားစု( ၅:၂၂၊ ၆:၁-၃)၊ အုပ်စိုးသူအစိုးရ မင်း(ရော ၁၃း၁-၅)သို ခွဲဝေသည်။ ဘုရားရှင်က အပ်နှင်းခြင်းဖြစ် သောကြောင့် ထိုအမိန့်အာဏာ ရရှိသူသည် သင့်မြတ်လျော်ကန်စွာ ကျင့်သုံးရသကဲ့သို ကြား နာသူများကလည်း တလေးတစား နာခံကြရသည်။ ထိုသိုသော အမိန့်အာဏာ ကို ဖီဆန်ခြင်းသည် ဘုရားရှင်ကို အာခံပုန်ကန်ခြင်း ဖြစ်သည်။ ထိုကဲ့သိုပင် နှုတ်ကပတ်တော် မနာခံမလိုက်နာခြင်းသည် ဘုရားပေးအမိန့်အာဏာကို ငြင်းဆန်ခြင်း ဖြစ်သည်။
Baal (ဗာလ)
ဟေဗြဲစကားတွင် ဗာလဟူသော စကားလုံးသည် သခင်၊ ပိုင်ရှင်၊ ခင်ပွန်းဟုလည်း အနက်ရသည်။ ခါနနိလူများသည် ဗာလအများအပြားရှိကြသည်။ မြေဆိုင်၊ မြေခဲအပိုင်းအစမှစ၍ အရာရာကို ဘုရားရှင်က ပိုင်ဆိုင်သည်။ ထိုခါနနိတို့၏ နတ်ဘုရားအကြီးအကဲကိုလည်း ဗာလဘုရားဟုခေါ်သည်။ ထို ဗာလဘုရားကို ကိုးကွယ်ခြင်းသည် မိစ္ဆာဘုရားတု ကိုးကွယ်ခြင်းဖြစ်သော ကြောင့် လွယ်လင့်တကူ ပျံ့နှံ သည်။
ယေဟောဝါသည် ဣသရေလတမျိုးသားလုံး၏ အရှင်သခင်နှင့် ခင်ပွန်းဖြစ်သကဲ့သို ဗာလသည် မြောက်ပိုင်းဣသရေလသားတို့၏ အရှင်ဖြစ်သည်။ ထိုသဘောထားခံယူချက်ကို ဟောရှေက တိုက်ခိုက် သည်(ဟော ၂း၁၆၊ ဟေဗြဲ စကားရပ်တွင် ဗာလသည် သခင်ဟုလည်း အနက်ရသည်)။
Babylon (ဗာဗုလုန်)
ထိုမြို့သည် ဥဖရတ်မြစ်ပေါ်တွင် တည်၍ ယခုခေတ်ကာလ၌ အီရပ် နိုင်ငံဖြစ်သည်။ အာဗြဟံမတိုင် ခင်တွင် တည်ရှိ၍(က ၁၀း၁၀) ဘုရားသခင် အား ဆန့်ကျင်ရန် ပုန်ကန်ကြသည့် အစောပိုင်းကာလ၌ စတင်ပါ ဝင်သည်။ အာမောရိလူတိုအုပ်စိုးသည့် ကာလသည် ဗာဗုလုန်ဟောင်း အင်ပါယာဟု ထင်ရှား၍ ဟိတ္တိလူတို့ ခေတ်ကာလတိုင်အောင်(ဘီစီ ၁၈၉၄-၁၅၉၈၊ အဲဂုတ္တု ပြည်၌ ဣသရေလတို့ ရှိနေကြချိန်) တည်တံ့ခဲ့သည်။
အာရှုရိတို့လက်ထဲ၌ ရာစုနှစ်ပေါင်းများစွာ ရှိခဲ့သည်။ ဘီစီ ၆၂၆ ခုနှစ်တွင် နာဗိုပိုလီဆာသည် ဗာဗုလုန် မင်းဖြစ်လာ၍ နှစ်ပေါင်းအနည်းငယ် အတွင်းတွင် အာရှုရိတို့ကို ပြန်လည်တိုက်ထုတ်ပြီး ဘီစီ ၆၁၂ ခုနှစ်တွင် အပြီး အပိုင် အောင်နိုင်ခဲ့ကြသည်။ ထိုနောက် ဘီစီ ၆၀၅-၅၆ တွင် နေဗုခပ်နေဇာ မင်းတက်လာပြီး ယုဒပြည်ကို တိုက်ခိုက်သိမ်းပိုက်ကာ ယုဒလူများအား ဗာဗု လုန်ကျေးကျွန်အဖြစ်သို ဖမ်းခေါ်သည်။ ထိုသိုဖြင့် ဘီစီ ၅၈၇ ခုနှစ်တွင် ယေရုရှလင်ကို ဖျက်ဆီးကြသည်။
ဗာဗုလုန်သစ်သည် သက်ဇိုးမရှည်။ ဘီစီ ၅၃၉ ခုနှစ်တွင် မေဒိပါရှန်းတိုလက်ထဲသို့ ကျရောက်သည်။ ဗာဗုလုန်၌ ထိုမေဒိ-ပါရှန်းဘုရင် ကုရု မင်းနန်းစံသောအခါ ယုဒလူတို့အား အမိမြေသို့ ပြန်ခွင့်ပြုသည်။
ဓမ္မဟောင်းပရောဖက်များက ယုဒလူတို့အား ဗာဗုလုန်ပြည်သို့ ဖမ်း ဆီးခံကြရမည့်အကြောင်း ကြိုတင် သတိပေးခဲ့ကြသည်။ ဗာဗုလုန်၏ ကျူးကျော် ခြင်းသည် ဘုရားရှင်၏ အပြစ်တရားစီရင်ခြင်းဖြစ်သည်။ အကြောင်းသော် ယုဒလူတိုသည် မာန်မာနထောင်လွှားကြသည်။ ချမ်းသာကြွယ်ဝကြသည့် ရက်စက်ဆိုးညစ် ကြသည်။ ရုပ်တုဘုရားတုကိုးကွယ်လျက် ဘဝင်မြင့်ကြသည်။ ထိုဗာဗုလုန်သားများသည် ဘုရားရှင်ကို ဆန့်ကျင် သည့် မာန်မာနအမှတ် အသားဖြစ်လာကြသည်။ ရှင်ယောဟန်က ဗျာ ၁၇-၁၉ ၌ ရောမကို ဗာဗုလုန် ဟုတင်စား သည်။ အထူးသဖြင့် တောင်ကုန်း(၇)ခုအပေါ်၌ ရောမမြိုတည်ပုံကို သရုပ်ဖော်သည်။ ဗျာဒိတ်ကျမ်းပါ ဗာဗုလုန်ဟူ သော စကားသည် တကယ့် ဗာဗုလုန်ကို ဆိုလိုသည်မဟုတ်။ အမိန့်အာဏာထွန်းကားလျက် ဘုရားရှင်ကို ဆန့်ကျင်သည့် ရောမအစိုးရကို သွယ်ဝိုက်၍ ရည်ညွှန်းသည်။
၁ပေ ၅း၁၃ မှ ဗာဗုလုန်သည် အဲဂုတ္တုပြည်ရှိ နာမည်တူ ရှေးမြိုတော် (သို့) မြို့ပြဖြစ်သည်။ မည်သို့ ဖြစ်စေ ရောမမြို့၏ အမှတ်အသားအဖြစ် ရည် ညွှန်းသည်။
Baptism (ဗတိဇံ)
ဗတ္တိဇံယောဟန်က ယုဒလူများကို ယော်ဒန်မြစ်ထဲ၌ ဗတ္တိဇံမင်္ဂလာ ပေးသည်(မ ၃း၆)။ ထိုခေတ်ကာလ အစောပိုင်း၌ အသက်တာပြောင်းလဲသော တပါးအမျိုးသားများသည်လည်း ယုဒထုံးစံအတိုင်း ဗတ္တိဇံခံယူကြ သည်။ နောက် ပိုင်းတွင်မှ ဗတ္တိဇံမင်္ဂလာအကြောင်း သဘောပေါက်ကြသည်။
ဗတ္တိဇံယောဟန်နှင့် ခရစ်တော်တို၏ သွန်သင်ချက် ဗတ္တိဇံမင်္ဂလာ အရေးတွင် ဦးစွာ နောင်တရပြီးမှ ဗတ္တိဇံမင်္ဂလာ ခံယူရသည်(မ ၃း၁၈၊ တ ၂း၃၈)။ ဗတ္တိဇံမင်္ဂလာသည် အပြစ်များဆေးကြောသည့် အမှတ်အသား ဖြစ် သည်(တ ၂၂း၁၆)။ ဘုရားရှင်၏ အပြစ်ခွင့်လွှတ်ခြင်းခံရကြောင်း အမှတ် သက်သေဖြစ်သည်(၁ပေ ၃း၂၁)။ ခရစ်တော်ကို ယုံကြည်ခြင်းသစ္စာရှိသည်နှင့် မရှေးမနှောင်းတွင် ဗတ္တိဇံခံရသည်(တ ၁၆း၃၃)။
ဗတ္တိဇံဟူသော စကားလုံးသည် ဂရိစကားမှလာ၍ ရေထဲသိုနှစ်ခြင်း၊ ရေအောက်သိုရောက်ရှိခြင်းဟု အနက်ရသည်။ တကိုယ်လုံး ရေထဲသို၊ ရေ အောက်သို ရောက်ရသည်။ ထိုဗတ္တိဇံမင်္ဂလာသည် ခရစ်တော်၏ အသေခံ တော်မူခြင်း၊ သင်္ဂြိုဟ်ခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း(ရော ၆း၃၊ ၄)တိုကို ပုံဖော် သည်။ ထိုသို ခရစ် တော်နှင့် ပေါင်းစည်းသူသည် အပြစ်များခွင့်လွှတ်ခြင်း၊ ဆေးကြောသန့်စင်ခြင်းခံရသည်။
ဓမ္မသစ်ကျမ်းတွင် ဝိညာဉ်တော်ထဲ၌ ဗတ္တိဇံခံခြင်းဟူသော စကားရပ် ရှိသည်။ ထိုဗတ္တိဇံသည် ဗတ္တိဇံ ယောဟန်ကပေးသော ရေထဲသို နှစ်ခြင်းနှင့် မတူပါ(မ ၃း၁၁)။ ပင်တေကုတ္တေနေ့ရောက်သောအခါ သန့်ရှင်း ဝိညာဉ်တော် သက်ရောက်လာပြီး ထိုနေရာရှိလူများသည် ဝိညာဉ်တော်ခံယူကာ အသစ်မွေးဖွားကြကြောင်း ပေတရု က တ ၁၁း၁၅-၁၇ တွင် ဆိုထားသည်။
Barbarian (လူရိုင်း)
ဂရိတို့က ဂရိစကားမပြောဆိုတတ်သူများကို လူရိုင်းဟုခေါ်ကြသည်။ တနည်းအားဖြင့် လူစိမ်း(တ ၂၈း၂၊ ၄)ဟု အနက်ရ၍ တခါတရံ နောက် သမိုင်းကြောင်း၊ ယဉ်ကျေးမှုအစဉ်အလာ မရှိသူများဟု အနက်ရသည်(ကော ၃း၁၁)။
Bath (ဗတ်)
အရည်သည် အရေအတွက်ပမာဏ ပြော၍မရ။ ဧဖကဲ့သိုဖြစ်သည်။ သာမန်အားဖြင့် ၂၂ လီတာခန့်ရှိ သည်(ဟေရှာ ၅း၁ဝ၊ ယေဇ ၄၅း၁၀)။
Belial (ဗေလျေလ)
အချည်းနှီး၊ ဆိုးညစ်လှသူဟု အနက်ရသည်။ စာတန်ကိုလည်း ထိုသို မှည့်ခေါ်သည်(၂ကော ၆း၁၅)။
Binding and Loosing (ချည်နှောင်ခြင်းနှင့် ခွင့်လွှတ်ခြင်း)
ယုဒရဗ္ဗိဆရာများက သူတိုတပည့်အား သွန်သင်ရာ၌ သုံးနှုန်းလေ့ ရှိသည်။ ချည်နှောင်ခြင်းသည် ရှောင်ရန်ဟုအနက်ရ၍ လွှတ်ခြင်းသည် ဆောင် ရန်ဟု အနက်ရသည်။ ခရစ်တော်က တပည့်တော်များသို့ ထိုသို့သော အမိန့် အာဏာအပ်နှင်းခြင်းသည် အသင်းတော်ထဲရှိ လူများအား ရှောင်ရန်နှင့် ဆောင် ရန် နားလည် ကြရေး သွန်သင်ခိုင်းခြင်းဖြစ်သည်။
ထိုသို့ ရှောင်ရန်နှင့် ဆောင်ရန်ကိစ္စရပ်များအား ပေတရုသို့ ခွဲခြား ဆုံးဖြတ်ပိုင်ခွင့်ပြုခြင်းမဟုတ်။ ခရစ်တော်၏ သွန်သင်ချက်၊ ကျမ်းစာသွန်သင် ချက်နှင့် ကိုက်ညီအောင် သွန်သင်ခိုင်းခြင်းဖြစ်သည်။ ခရစ်တော်က နှုတ်ကပတ်တော်နှင့်မညီသော ဝိထုံးနည်းနာများ သွန်သင်ဟောပြောခြင်းမပြုကြရန် တား မြစ်သည်(မ ၁၅း၁-၂၀)။
ခရစ်တော်က ထိုအမိန့်အာဏာအား တပည့်တော် ၁၂ ပါးတို့ကိုယ်စား ပေတရုသို့ အပ်နှင်း(မ ၁၆း၁၀) သကဲ့သို့ အသင်းတော်တခုလုံးသို့လည်း အကျိုးသက်ရောက်စေသည်(မ ၁၆း၁၈)။ ထိုအမိန့်အာဏာကို သန့်ရှင်း ဝိညာဉ်တော်က ဝိညာဉ်တော်ပြည့်ဝသော အသင်းတော်ထဲရှိ လူများသို ဆက်လက် ထင်ရှားစေသည်(ယော ၂၀း ၂၂၊ ၂၃)။
Blasphemy (ဘုရားရှင်ကို ပြစ်မှားခြင်း)
ဘုရားရှင်၏ နာမတော်ကို ကြည်ညိုလေးစားရသည်။ ထိုသို ကြည် ညိုခြင်းမရှိသမျှသည် ကျိန်စာ တိုက်ခြင်းနှင့် အကုသိုလ်ပြုခြင်းဖြစ်သည်။ ဓမ္မဟောင်းတရားတော်တွင် ထိုအပြစ်သည် ကြီးလေးသော အပြစ်ကြီးဖြစ်သောကြောင့် လူပုံအလယ်တွင် ကျောက်ခဲဖြင့် ဝိုင်းဝန်းပေါက်သတ်ခြင်းခံရသည် (ဝတ် ၂၄း၁ဝ-၂၃)။ ခရစ်ယာန်ဖြစ်ပြီးမှ စိတ်အလိုလိုက်ခြင်း၊ ရုပ်တုနောက်သို လိုက်ခြင်းသည် ဘုရားရှင်ကို ပြစ်မှားရာ ရောက်သည်(ယေဇ ၂၀း ၂၇၊ ၂၈)။
သခင်ယေရှုက ထိုသို့သော ဘုရားပြစ်မှားသူသည် ခွင့်လွှတ်ခြင်း ရနိုင်ဖွယ်ရှိသော်လည်း သန့်ရှင်း ဝိညာဉ်တော်ကို ပြစ်မှားခြင်းသည် ခွင့်လွှတ် ခြင်းမရနိုင်ကြောင်း မိန့်တော်မူသည်။ ဘုရားသခင်၏ ဘုန်းတန်ခိုး တော်သည် ခရစ်တော်ထဲ၌ သိုဝှက်ထားသည်ဖြစ်၍ မသိနားမလည်ဘဲ ပြစ်မှားမှုသည် ခွင့်လွှတ်ခံရနိုင်သည်။ သန့်ရှင်းဝိညာဉ်တော်ကို ပြစ်မှားခြင်းသည် ဘုရားရှင်၏ သက်သေခံချက်အား သိသာထင်ရှားစွာ သိမြင်လျက် စိတ်နှလုံးမာ၊ ခေါင်းမာ စွာ ငြင်းပယ်ခြင်းဖြစ်သောကြောင့် ဂုဏ်တော်အား စော်ကားခြင်းဖြစ်သည်။ ဘုရားပြု တော်မူချက်များကို စာတန်၏ လုပ်ဆောင်ချက်ဟု ပြောဆိုသော အပြစ်မျိုးဖြစ်သည်(မ ၁၂း၂၄-၃၂)။
ခွင့်မလွှတ်နိုင်အောင် ဘုရားရှင်ကို ပြစ်မှားခြင်းသည် ခေါင်းမာခြင်း ဖြစ်သောကြောင့် အမှုတော်တွေ့ မြင်ပါလျက်နှင့် နောင်တရလိုစိတ်မရှိသူ ဖြစ်သည်။ ထိုသိုသော အပြစ်လွန်ကျူးသူသည် မည်သို့သော အပြစ် လွန်ကျူးကြောင်း မိမိကိုယ်ကို မသိရှိသကဲ့သို စိုးရိမ်ရကောင်းမှန်းလည်း နားမလည်။ အသိတရားနှင့် စိတ်နှလုံး ကလည်း လွန်ကျူးခဲ့သော အပြစ်အပေါ်၌ နောင်တရလိုစိတ်မရှိ။ ရှင်ပေါလုက သူ့ အသက်တာမပြောင်းလဲမှီ လွန်ကျူးခဲ့သော အပြစ်သည် အပြစ်အကြောင်း မသိနားမလည်မှီ၊ ယုံကြည်ခြင်းမရှိခင် လွန်ကျူး သောအပြစ် ဖြစ်သောကြောင့် ဘုရားရှင်က ခွင့်လွှတ်တော်မူသည်ဟုဆိုသည် (၁တိ ၁း၁၃)။
Blessed, Blessing 🙁ကောင်းချီးမင်္ဂလာ၊သုခချမ်းသာ)
တစုံတဦးအား “မင်္ဂလာပါ”ဟု နှုတ်ဆက်သည့်အခါ အမြင့်မားဆုံး ပျော်ရွှင်၍ သန့်ရှင်းစင်ကြယ်ပါစေ သော်ဟု ပြောဆိုခြင်းဖြစ်သည်။ ထိုသို ဝမ်းမြောက်ခြင်းသည် ဘုရားပေးလက်ဆောင်ဖြစ်သည်။ ဘုရားတရား သမားများက သနားကြင်နာကြခြင်းသည် စင်စစ်တွင် ပီတိတည်ဆောက်ကြခြင်း ဖြစ်သည်(မ ၅:၃-၁၁)။
ရုပ်ဝတ္တုချမ်းသာခြင်းဖြင့် သုခမင်္ဂလာ(သု ၁၀း၂၂)ခံစားနိုင်သော် လည်း ဧဝံဂေလိသတင်းကောင်းဖြင့် ဘုရားရှင်နှင့် သင့်မြတ်ခြင်းသည် ပိုမို မြင့်မြတ်သော မင်္ဂလာဖြစ်သည်(ရော ၁၅:၂၉)။ နှုတ်စကားဖြင့်လည်း လူများအား သုခမင်္ဂလာပြုနိုင်သည်(က ၂၂:၂၇-၂၉)။
Blood (သွေး)
ကျမ်းစာတွင် သွေးကို အကြမ်းဖက်သေဆုံးခြင်း၊ လူသတ်မှုမျိုး၌ မကြာခဏတွေ့ရသည်(က ၄း၁၀)။ သွေးသည် ဓမ္မဟောင်းကျမ်းလာ ယဇ်ပူ ဇော်ခြင်း၏ အဓိကအသက်လည်းဖြစ်သည်။ ကျမ်းစာက “ခရစ်တော်၏ သွေးတော်”ကို အောက်မေ့ကြရန် အထူးတလည် မိန့်မှာသည်။ ဆိုလိုသည်မှာ လို လားကျေနပ်စွာဖြင့် လူတို့၏ အကြမ်းဖက်မှုကြောင့် ကားတိုင်ပေါ်၌ အသေ ခံတော်မူခြင်းကို သိရှိနေကြရေးဖြစ်သည်။
Body of Christ (ခရစ်တော်၏ ခန္ဓာကိုယ်)
ဓမ္မသစ်ကျမ်းတွင် ခရစ်တော်၏ ခန္ဓာကိုယ်သည် ခန္ဓာကိုယ်အစစ် အမှန်ဟုဆိုသည်(၁ယော ၄း၂)။ တနည်းအားဖြင့် လောကလူသားများအား ကယ်တင်ရန် ခရစ်တော်သည် လူ့ဇာတိ အပြည့်အဝခံယူသည်(ဟေဗြဲ ၂၅ -၁၈၊ ၄း၁၅)။
ပွဲတော်မင်္ဂလာသည် သခင်ယေရှုက မုန့်ဖဲ့စဉ် “ဤကား ငါ့ခန္ဓာကိုယ် ဖြစ်၏”(လု ၂၂း၁၀)ဟု မိန့်တော်မူ ခဲ့သည်။ ရောမကာသိုလိပ်တို့သို့သော အချို့အသင်းတော်များက ပွဲတော်မင်္ဂလာမှ မုန့်နှင့် စပျစ်ရည်သည် သခင် ယေရှု၏ တကယ့်ခန္ဓာကိုယ်နှင့် သွေးအဖြစ်သို ပြောင်းလဲသွားကြောင်း ခံယူကြသည်။ ထိုသိုသော ခံယူချက်သည် ခရစ်တော်၏ စကားတော်အား နားလည် မှုလွဲခြင်းဖြစ်သည်။
သခင်ယေရှုက ထိုပွဲတော်မုန့်သည် သူ့ခန္ဓာကိုယ်အဖြစ် ပြောင်းလဲ သွားမည်ဟု မဆိုခဲ့ပါ။ ထိုပွဲတော် မင်္ဂလာကျင်းပစဉ် အသေခံတော်မူခြင်းလည်း မရှိသေးပါ။ သူကိုယ်တိုင် တပည့်တော်များနှင့်အတူ ငုတ်တုတ် ထိုင်နေပါသည်။ တပည့်တော်များကလည်း နားလည်သဘောပေါက်ကြသည်။ အကြောင်းသော် သခင်ယေရှု သည် လူများနားလည်လွယ်အောင် ဥပမာအမှတ်အသားများဖြင့် ပြောဆိုမိန့်တော်မူလေ့ရှိသည်။ ။
“ခရစ်တော်၏ ခန္ဓာကိုယ်”ဟူသော စကားရပ်သည် အသင်းတော်ကို ဆိုလိုကြောင်း ရှင်ပေါလု၏ ဩဝါဒစာများ၌ တမျိုးသုံးထားသည်။ ရော ၁၂ နှင့် ၁ကော ၁၂ တို့တွင် ခရစ်တော်၏ ခန္ဓာကိုယ်ဟုဆိုပြီး ဒေသန္တရအသင်းတော်သားများအချင်းချင်း ဆက်ဆံရေး၌ သုံးနှုန်းသည်။ အသင်းတော်သား များသည် ခရစ်တော် ထဲသို့ အားလုံးပေါင်းစပ်ကြရသည်။ ကောရိန်သုဩဝါဒစာတွင် အသင်းတော်သားများသည် အပြန်အလှန် ဂရုစိုက်လေးစားရကြောင်း ရေးထားသည်။ ရောမဩဝါဒစာတွင် အသင်းတော်သားတိုင်း ရရှိထားသည့် မတူညီ သော ဝိညာဉ်လက်ဆောင်များအား အသင်းတော်အတွက် အသုံးပြု ကြရန် သွန်သင်သည်။ ။
ဧဖက်နှင့် ကောလောသဲသြဝါဒစာများတွင်လည်း ရှင်ပေါလုက ခရစ် တော်၏ ခန္ဓာကိုယ်အကြောင်း သွန်သင်ထားသည်။ ကောရိန်သုနှင့် ရောမ ဩဝါဒစာတို့တွင်လည်း တွေ့ကြပေမင့် ဧ ၄း၄ တွင်မူ တကမ္ဘာလုံး ဆိုင်ရာ အသင်းတော်နှင့် ခရစ်တော်အကြား ဆက်ဆံရေးကို အလေးထားသွန်သင်သည် (ဧ ၁း၂၃၊ ၅း၂၃၊ ကော ၁း၁၈၊ ၂း၁၉)။ ထိုဩဝါဒစာနှစ်စောင်တွင် ခရစ်တော်သည် အသင်းတော်ဟူသော ခန္ဓာကိုယ်၏ ဦးခေါင်းဖြစ် သည်။ ဦးခေါင်း ဟုဆိုသည်။ ဤနေရာမှ အဓိကဆိုလိုချက်မှာ အသင်းတော်နှင့် ခရစ်တော်၏ ပေါင်းစပ်ပုံ၊ အသင်းတော်အပေါ် သက်တော်ဆက်ကပ်အပ်နှင်းပုံအကြောင်း ဖြစ်သည်(ဦးခေါင်းအကြောင်းမှာလည်းကြည့်)။
ခရစ်တော်၏ ခန္ဓာကိုယ်က အရေးကြီးသစ္စာတရား သွန်သင်သကဲ့သို့ တဘက်တွင် အခြားသင်ခန်း စာများလည်း ပြသသည်(ဥပမာ ဧ ၂း၁၉၊ ၂၀)။ ယနေ့ခေတ်ကာလ၌ တရားဟောဆရာအချိုက ခရစ်တော်၏ ခန္ဓာကိုယ်အကြောင်း ပုံဖော်ခြင်းမရှိကြ။ စင်စစ်တွင်မူ အမှန်တကယ် သွန်သင်စရာ ဖြစ်သည်။ အချိုက ယနေ့လူ့လောကရှိ အသင်းတော်ကို ခရစ်တော်၏ လူ့ ဇာတိခံယူနေခြင်းအဖြစ် ပုံနိုင်းသွန်သင်ကြသည်။ တနည်းအားဖြင့် လူ့လော ကရှိ အသင်းတော်ကို ခရစ်တော်ဟု ဆိုကြသည်။ သိုသော် ရှင်ပေါလုက ထိုသို မသွန်သင်ပါ။ အသင်းတော်သည် ခရစ်တော်နှင့် နီးစပ်ပူးကပ်၍ ခရစ်တော် သည် အသင်းတော်မှတဆင့် အမှုတော်ပြုနေသည်။ သိုသော် ကျမ်းစာက အသင်းတော်နှင့် ခရစ်တော်သည် တူညီသည်ဟု မဆိုပါ။ လူ့လောကရှိ အသင်း တော်သည် ပြည့်စုံကုံလုံခြင်းမရှိ။ ခရစ်တော်သည် အပြစ်ကင်းစင်သည်။
Book of Life (အသက်စာစောင်)
ဤစကားရပ်ကို ထွ ၃၂း၃၂၊ ၃၃ ၌ အစောဆုံးတွေ့ရသည်။ ရှေးဦး နိုင်ငံတော်သားများ၏ စိတ်နှလုံးထဲ၌ ထင်ဟပ်ပေါ်လွင်စေပေမည်။ ထိုအသက် စာစောင်၌ နာမည်ပါရှိသူများသည် ဖြောင့်မတ်သူများဖြစ်ကြသည်(ဆာ ၆၉း ၂၈)။ ဆာလံဆရာကမူ ဘုရားတရားသိသူများအား ဆန့်ကျင်တိုက်ခိုက်သူ များ၏ နာမည်စာရင်းကို ဖြောင့် မတ်သူများနှင့် အတူမရေးဘဲ ပယ်ဖျက်၍ အရေးယူအပြစ်ဒဏ်ပေးရန် ဆုတောင်းသည်။
ထိုအကြောင်းကို ဓမ္မသစ်ကျမ်းတွင်လည်း ယုံကြည်သူများအသက် တာ၌ ဖော်ညွှန်းထားသည်(ဖိ ၄း၃)။ ထိုအသက်စာစောင်၌ နာမည်ပါရှိသူ (တဖန်မွေးဖွားသူ)သည် ထာဝရအသက် ရရှိသူများဖြစ်ကြသည်(ဗျာ ၂၀း၁၅၊ ၂၁:၂၇)။
Booth (တဲ/ကနဖျဉ်း)
သစ်ကိုင်းသစ်ခက်များဖြင့် မိုးထားသော တဲဖြစ်သည်(နေ ၈း၁၄၊ ၁၅)။ နေရောင်ခြည်ကွယ်ကာ၍(ယောန ၄း၅) တိရစ္ဆာန်များနေထိုင်ရန်(က ၃၃း၁၇) ဖြစ်သည်။ တခါတရံ စစ်သားများက ယာယီစခန်းချရာ၌ ဆောက်လုပ် ကြသည် (၃ရာ ၂၀း၁၂)။
ဣသရေလလူများသည် အဲဂုတ္တုပြည်မှ ထွက်မြောက်ကြပြီး ကန္တာရ တောလွင်ပြင်၌ နှစ်ပေါင်း ၄၀ ကြာ သဝေထိုးကြပုံကို အောက်ခြေမလွတ် သတိရကြရန် တဲတော်ပွဲ ပြုလုပ်ကြလေ့ရှိသည်။ ထိုပွဲတော်ရက်သည် (၇)ရက် ကြာ၍ ကောက်ရိတ်ပွဲဖြင့် အဆုံးသတ်ကြသည်(တရား ၁၆း၁၃ -၁၅)။
Bread (ပေါင်မုန့်)
ရှေးအာရှသားများ၏ အဓိကအစားအစာဖြစ်သည်။ တော်ဝင်စားဖို မှူးများသည် အရေးကြီးပုဂ္ဂိုလ် များဖြစ်ကြသည်(က ၄၀း၁)။ ပေါင်မုန့်ကို ဘာလီ မှုန့်အပြင် ဂျုံမှုန့်ဖြင့်လည်း ပြုလုပ်ရသည်။ မုန့်ပွစေရန် တဆေးအနည်းငယ် ရောထည့်ရသည်။ သို့သော် ယဇ်ပူဇော်စရာ(သို့) ပသခါသီတင်းပတ်အတွင်း၌ တဆေးမ သုံးရ(ဝတ် ၂း၁၁၊ ထွ ၁၂း၁၅)။ တခါတရံ အစားအစာကိုလည်း သိမ်းကျုံး၍ ပေါင်မုန့်ဟု ခေါ်ကြသည်။
Bread of the Presence (ရှေ့တော်မုန့်)
ရှေ့တော်မုန့်ကင်စားပွဲအကြောင်းတွင် ကြည့်ပါ။
Brothers and Sisters of Jesus:'(သခင်ယေရှု၏ညီတော်နှမတော်များ)
ခရစ်ဝင်ကျမ်းများတွင် သခင်ယေရှုသည် ပျိုကညာက ဖွားမြင် ကြောင်း ထင်ရှားစွာ တွေ့ရသည်။ မာရိသည် သခင်ယေရှု၏ မယ်တော်ဖြစ်၍ လူသားဖခင်ဟူ၍မရှိ။ သခင်ယေရှုကို ဖွားမြင်ပြီးသော် မယ်တော် မာရိသည် ယောသပ်နှင့် သားသမီးများ ထွန်းကားကြသည်။ သခင်ယေရှု၏ ထိုညီတော်၊ နှမတော်များသည် ယောသပ်နှင့် မာရိတို့ အိမ်ထောင်မပြုမှီ ထွန်းကားသော သားသမီးများမဟုတ်ကြ။ ကျမ်းစာတွင် ထိုသို့သော သွန်သင်ချက်မရှိ။ မာရိနှင့် အိမ်ထောင်မပြုမှီ ညားကြကြောင်း အရိပ်အယောင်မျှပင် မတွေ့။ ။
ညီတော်နှင့် နှမတော်များရှိကြောင်းကို မ ၁၃း၅၅၊ ၅၆ တွင် တွေ့ရ၍ ညီတော်များမှာ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒတို့ဖြစ်သည်။ ယုဒထုံးစံတွင် မိန်းမကို လူရာမသွင်းကြသဖြင့် နှမတော်နာမည်များ မတွေ့ရ။ အမှုတော်ပြုစဉ် သူ့မိသားစုက ကိုယ်တော်အား ဆန့်ကျင်ကြ(မ ၁၂း၄၆၊ ယော ၇း၅)သော် လည်း ရှင်ပြန်ထ မြောက်ပြီးနောက် ညီတော်ယာကုပ်ထံသို့ ကိုယ်ထင်ပြသသည် ( ၁ကော ၁၅း၇)။ ထိုယာကုပ်သည် ယေရုရှလင် အသင်းတော်၏ ခေါင်းဆောင် ဖြစ်လာသည်(ဂလာ ၁း၁၉)။ ရှင်ပြန်ထမြောက်တော်မူသည့်နောက်ပိုင်းတွင် အခြားညီတော်များကလည်း သခင်ယေရှုအား ယုံကြည်ကိုးစားကြသည်(တ ၁း၁၄)။
ယုဒက သူ့ကိုယ်သူအား ယာကုပ်၏ညီ(ယု ၁)ဟု ဝန်ခံသည်။ ဤ နေရာမှ ယာကုပ်သည် သခင်ယေရှု၏ ညီတော် ယာကုပ်ဖြစ်သည်။ ထိုကြောင့် ထိုယုဒသည် မ ၁၃း၅၅ ပါ ညီတော်ယုဒဖြစ်သည်။
Burnt Offering (မီးရှိရာယဇ်)
မီးရှိရာယဇ်သည် ဝတ် ၁-၇ ပါ မီးပါသည့် ယဇ်ပူဇော်ခြင်း(၅)ခုတွင် တခုဖြစ်သည်။ ထိုယဇ်သည် ယဇ်ကောင်အားလုံးကို မီးရှိရသောကြောင့် မီး ရှိရာယဇ်အဖြစ် သိရှိကြသည်။ အခြားယဇ်(အပြစ်ဖြေရာ၊ ဒုစရိုက်ဖြေရာ၊ ဘောဇဉ်ပူဇော်သက္ကာ)တိုတွင် မီးရှိခြင်းပါဝင်သော်လည်း ယဇ်ပုရောဟိတ်က ဝေစုရယူသည်။ မိဿဟာယယဇ်တွင်မူ ယဇ်ပုရောဟိတ်နှင့် ကာယကံရှင် ယဇ် ပူဇော်သူလည်း ပါဝင်ကြသည်။ မီးရှိရာယဇ်ကို နွားထီး၊ ဆိတ်ထီး၊ ချိုးငှက် တိုဖြင့် ပူဇော်ရသည်။ မီးရှိရာယဇ်ကောင်၏ အရေခွံကို ယဇ်ပုရောဟိတ်က နွှာပေးရသည်(ဝတ် ၇း၈)။
မီးရှို့ရာယဇ်ဟူသော စကားလုံးသည် ဟေဗြဲဝေါဟာရတွင် “ထွက် သွား”ဟုလည်း အနက်ရသည်။ မီးရှို့ရာယဇ်မှ အခိုးအငွေ့များသည် ဘုရား ရှင်ထံသို့ ထွက်သွားကြောင်း ဆိုလိုသည်။ မီးရှိရာယဇ်သည် ကိုးကွယ် သူက ဘုရားရှင်ထံသို လက်ဆောင်ဖြင့် ကြည်ညိုပူဇော်ခြင်းဖြစ်သည်။ ထိုသို့ ဘုရား ထံသို့ ရှိခိုးပူဇော်ရာတွင် ယဇ်ပူဇော်သူသည် ယဇ်ကောင်၏ ခေါင်းပေါ်သို့ ဦးစွာ လက်တင်ရသည်။ ထိုသိုဖြင့် ထိုယဇ်အား ဘုရားရှင်က လက်ခံတော် မူပြီး အပြစ်လွှတ်ခြင်း ပြီးမြောက်ပြည့်စုံစေသည်(ဝတ် ၁း၄)။
မီးရှိရာယဇ်ကို ဝမ်းမြောက်သည့်ချိန်ခါ(၁ရာ ၆း၁၄)နှင့် ချို့တဲ့လို အပ်ချိန်၌ ဆုတောင်းခြင်းဖြင့် အကူ အညီယူချိန်တွင်လည်း ပူဇော်ရသည်(၁ရာ ၇း၉၊ ယေ ၁၄း၁၂)။
Caesar (ကဲသာ)
ရောမလူမျိုး ဂျိုလီ၏ မျိုးဆက်မျိုးခက်ဖြစ်သည်။ သူ့ကိုယ်သူ ရှင် ဘုရင်အဖြစ် ချီးမြှောက်မည်စိုးရိမ် ကြသောကြောင့် ဘီစီ ၄၄ ခုနှစ်တွင် အမတ်မင်းများက လုပ်ကြံသတ်ဖြတ်ကြသည့်အချိန်ထိ ကဲသာဆီဇာသည် စစ်ရေး၊ နိုင်ငံရေးခေါင်းဆောင်ဖြစ်သည်။ သူ့တူ ဩတာဘန်က ရောမစစ်တပ်ကို ဆက် လက်ဦးဆောင်သည်။ သူ့နာမည်ကိုလည်း သြဂုတ်စတပ်ဟု ပြောင်းလိုက်သည် (လု ၂း၁ ကိုကြည့်)။
မယားပါသား တိဗရိက ဩဂုတ်စတပ်ကို ဆက်ခံပြီး အေဒီ ၁၄-၃၇ တွင် ဧကရာဇ်ဖြစ်လာသည်။ ခရစ်တော်သည် ထိုဧကရာဇ်မင်းခေတ်ကာလ၌ အမှုပြုတော်မူသည်။ ရက်စက်ကြမ်းကြုတ်သော ဂါယု(အေဒီ ၃၇-၄၁)ကို သူ့ ကိုယ်ရံတော်က လုပ်ကြံသည်။ ကလောဒိ(အေဒီ ၄၁-၅၄)သည် စိတ်မူမမှန်သော်လည်း သူ့တာဝန် ဝတ္တရားများကို ပါးနပ်စွာ လုပ်ဆောင်နိုင်သည်။ ထိုသို ဆိုရခြင်းမှာ သူ့ကို ဆန့်ကျင်ရန် ကြံစည်ကြသော မိဖုရားများ အပေါ်သို့ လက်ဦးမှုရယူနိုင်သည်။ ကလောဒိ၏ အကြောင်းကို တ ၁၁း၂၈၊ ၁၇း၇၊ ၁၈း၂ ၌ ကြည့်ပါ။
သူ့မယားက အဆိပ်ခတ်သတ်သဖြင့် သူ့သားနေရူးသည် ဧကရာဇ် ဖြစ်လာသည်။ ရက်စက်ကြမ်း ကြုတ်ပြီး အတွေးအမြင် ကျဉ်းမြောင်းသည်။ အပျော်အပါး ခုံမင်သည်။ သူ့ကို အကြောင်းပြု၍ ရှင်ပေါလုက အုပ်စိုးသူ အစိုးရမင်းသည် မည်သို့ ရှိစေကာမူ လေးစားကြည်ညိုရမည့်အကြောင်း ခရစ် ယာန်များသို့ ဩဝါဒစာရေးသားသည်(ရော ၁၃း၁-၇)။ ရှင်ပေါလုသည် ထို နေရူးဘုရင်ထံသို အယူခံဝင်ခဲ့သည်(တ ၂၅း၁၁)။
အေဒီ ၆၄ ခုနှစ်တွင် ရောမတမြို့လုံးနီးပါး မီးလောင်ပြာကျသော အခါ မြို့သူမြို့သားများက နေရူးမင်း၏ နောက်ပြောင်ခြင်းဟု သံသယဝင် ကြသည်။ နေရူးကိုယ်တိုင်ကမူ ခရစ်ယာန်များကို စွပ်စွဲပြီး ဖမ်းဆီးအပြစ်တင် သည်။ မီးရှို့သူများအဖြစ် စွပ်စွဲပြီး အပျော်အဖြစ် ခရစ်ယာန်များကို အရှင် လတ်လတ် မီးရှိသတ်သည်။ ၁-ရာစု နှစ် ကုန်ဆုံးခါနီး၌ ကျမ်းစာရေးသားသော ရှင်ပေါလုနှင့် ပေတရုတို့ကိုလည်း နှိပ်စက်သတ်ဖြတ်သည်။
နေရူးသေဆုံးသောအခါ မိသားစုနာမည် ချုပ်ငြိမ်းသွားပြီး ဧကရာဇ် မင်းများ၏ မြစ်ဖျားခံရာ ကဲသာ နာမည်သာလျှင် ထင်းကျန်ရစ်သည်။
Calf, Golden (ရွှေနွားကလေးရုပ်)
ဘုရားရှင်တော်နှင့်အတူ သိနာတောင်ပေါ်၌ မောရှေရှိနေခိုက်တွင် တောင်ခြေရှိ အာရုန်သည် ဣသရေလလူတို၏ တောင်းဆိုချက်အရ ရွှေနွား ကလေးရုပ် ပြုလုပ်သည်။ ထိုသို ပြုလုပ်ကြခြင်းသည် အပြစ်စီရင်ခြင်းအား ဖိတ်ခေါ်ခြင်းဖြစ်သည်(ထွ ၃၂)။ နောက်နှစ်ပေါင်းကြာသောအခါ ယေရော ဗောင်မင်းက ဣသရေလမြောက်ပိုင်းနိုင်ငံ အချက်အခြာဒေသဖြစ်သော ဗေ သွေးလနှင့် ဒန်အရပ်တို၌ ရွှေနွားရုပ်ကလေး ပြုလုပ်ပြန်သည်(၃ရာ ၁၂း၂၈)။ ထိုသိုပြုလုပ်ခြင်းသည် တောင်ပိုင်းယုဒနိုင်ငံ ယေရုရှလင်မြို၌ ဘုရားရှင်အား ဝတ်ပြုကိုးကွယ်ကြသကဲ့သို ကိုးကွယ်ခြင်းဖြစ်သည်။
ထိုသို့ ကိုးကွယ်ရခြင်းသည် သိနာတောင်သို့ မရောက်မှီတွင် အဲဂုတ္တု ပြည်၌ နွားထီးမျိုးစုံ ကိုးကွယ်ခြင်း အကျင့် တွေ့မြင်ခဲ့ကြသောကြောင့်ဖြစ်သည်။ ခါနနိလူတို့ကလည်း ရပ်နေသော နွားသိုးအား ဗာလဘုရား၏ အောက်ခြေတိုင် ပစ္စယံအဖြစ် ပြုလုပ်ကြသည်။ ထိုသို့ပင် ယေရောဗောင်မင်းကလည်း ဣသရေ လတို့၏ မမြင်သာသော ဘုရားသခင်ကိုယ်စား နွားရုပ်များအား ပြုလုပ်ကိုး ကွယ်သည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ မြေဩဇာ ကောင်းမွန်စည်ပင်ဝပြောခြင်း နှင့် ခွန်အားဗလသန်မာခြင်း အမှတ်အသားဟုဆိုကြသည်။
ထိုကြောင့် အာရုန်နှင့် ယေရောဗောင်တိုသည် ပညတ်တော်ဆယ်ပါးမှ ဒုတိယအချက်ကို ချိုးဖောက်ကြသည်(ထွ ၂၀း၄)။ ထိုအပြစ်သည် ကြီးလေး သည်။ အကြောင်းသော် ဘုရားစစ်ဘုရားမှန်၏ သဘောသဘာဝဖြစ်သော ဖြောင့်မတ်ခြင်း၊ စိတ်သဘောတော်နှင့် တရားမျှတခြင်းတိုကို ဆန့်ကျင်သည်။ ဘုရားရှင်ကို ခါနနိလူတို့၏ နတ်သားများသဖွယ် သဘောထားကြသည်။ ဘုရား ရှင်က မုန်းတီးရွံရှာသော ထိုရုပ်တုဘုရားတုများကို ကိုးကွယ်ကြသည်။ အကျင့် ပျက်စီးသော လူ့လောကအလယ်တွင် ဘုရားရှင်၏ အကြံအစည်တော်နောက် သို့ လိုက်လျှောက်မည့်အစား ဣသရေလလူတို့သည် မိမိတိုပျက်စီးရာပျက်စီး ကြောင်း သေတွင်းတူးကြသည်။
Call, Calling (ခေါ်ယူ၊ ဆင့်ခေါ်ခြင်း) ၊
“ခေါ်”ဟူသော စကားလုံးသည် တစုံတရာ(သို့) တစုံတဦးအား နာ မည်ပေးခြင်းဖြစ်သည်။ နာမည်က မည်သို့သောသူဖြစ်ကြောင်း ပြသသည်။ ဟေဗြဲထုံးစံတွင် ပိုမိုလေးနက်သည် (နာမည်ခေါင်းစဉ်အောက် တွင်ကြည့်)။ ပညတ်ချက်ရာ ဓါတ်သက်ပါသည်။ ဒုတိယအချက်တွင် “ခေါ်”ဟူသော စကားလုံးသည် ဖိတ်ခေါ်ခြင်း၊ သိမှတ်ခြင်းဖြစ်သည်။ ဘုရားရှင်က တစုံတဦးအား ဆင့်ခေါ်ခြင်း၊ ခေါ်ယူခြင်းသည် အထူးထင် ရှားသည်။
လူများသည် ဘုရားရှင်၏ နာမတော်ဖြင့် ခေါ်ယူသူများဖြစ်ကြသည် (က ၄း၂၆၊ ဟေရှာ ၅၅း၆)။ ထိုသို့ဆိုရာတွင် ခေါ်ယူသူအား အပြစ်နှင့် ပတ်သက်စေခြင်းမရှိ(ဟော ၁၁း၇)။ ယုံကြည်ခြင်းသစ္စာဖြင့် ခေါ်ယူတော်မူသော သူသည် အထံတော်သို ဆင့်ခေါ်သူဖြစ်သည်(ဆာ ၁၄၅း၁၈)။ အထံတော်သို ရောက်သူသည် ကယ်တင်ခြင်းအကျွတ်တရား ရရှိသည်(ဟေရှာ ၅၅း၆၊ ယောလ ၂း၃၂)။ ထိုသူသည် အခြားသူများကို ကူညီမ စသူဖြစ်သည်(ဆာ ၁၇း၆၊ ၃၄း၆)။ နာမတော်ဖြင့် ခေါ်ယူသူသည် အမှုတော်ပြုနိုင်ရန် ဘုရားရှင်ထံ ဆုတောင်း ရသည်(၃ရာ ၁၈း၂၄၊ ၃၆-၃၈)၊ ကျေးဇူးတော်ချီးမွမ်းရသည်(ဆာ ၁၀၅း၁)၊ ဝတ်ပြုကိုးကွယ်ရသည်(ဆာ ၈၀း၁၈)။
ဘုရားရှင်က လူများကို ခေါ်နေသည်။ ကယ်တင်ခြင်းရရှိရန် သူ့ကို ယုံကြည်စိတ်ချစေချင်သည်(ဟေရှာ ၄၃း၁၊ ရော ၁း၆)။ မ ၂၂း၁၄ တွင် သခင်ယေရှုက လူများအား သတင်းကောင်းဖြင့် ဖိတ်ခေါ်သော်လည်း လူ အများက လက်မခံငြင်းဆန်ကြသည်။ ထိုခေါ်ယူခြင်းနည်းလမ်းမှာ သတင်း ကောင်းဟောပြောခြင်းဖြစ်သည်။ အထူးသဖြင့် ဓမ္မသစ်ကျမ်းဩဝါဒစာများတွင် သတင်းကောင်းကြားသိသူတိုင်းသည် ဖြောင့်မတ်သူများမ ဟုတ်ကြဘဲ ယုံကြည် ခြင်းရှိသူများသာလျှင် ဖြောင့်မတ်ကြပြီး ရှေးမဆွကပင် ကယ်တင်ခြင်းရရှိရန် ဘုရားရှင်က စီမံခွဲခန့်ထားကြောင်း သိရသည်(ရော ၈း၃၀)။ ဘုရားရှင်က မခေါ်ယူသူမရှိ။ မယုံကြည်လက်မခံသူများသာ ရှိသည်။
အထူးတာဝန်၊ အမှုတော်အတွက် ဘုရားရှင်က ခေါ်ယူသူများလည်း ရှိသည်(ဟေရှာ ၄၉း၁၊ ရော ၁း၁)။ ဓမ္မသစ်ကျမ်းမှ တမန်တော်များသည် အမှုတော်ပြုရန် ဘုရားရှင်က တိုက်ရိုက်ဆင့်ခေါ်သူများဖြစ်ကြသည်။ သင်း အုပ်သို့သော အမှုတော်ဆောင်အတွက် ဘုရားပေးလက်ဆောင် ခံယူသူများ လည်းရှိကြသည်(တ ၁၄:၂၃၊ တိ ၁၅-၉)။ ထိုကြောင့် ကယ်တင်ခြင်းရရှိရန် ဘုရားရှင်က ဆင့်ခေါ်သူတိုင်းသည် အမွေခံယူရန် ဖိတ်ခေါ်ခံရသူများဖြစ် ကြသည်( ၁ကော ၇၁၅၊ ၁ပေ ၂၂၀၊ ၂၁)။
AV ကျမ်းမူမှ ၁ကော ၇း၂ဝ တွင် ခရစ်ယာန်များသည် ကယ်တင် ခြင်းအကျွတ်တရားရရှိရန် ခေါ်ယူသူ များဖြစ်ကြ၍ အသက်တာပြောင်းလဲခြင်းဖြင့် ကယ်တင်ခြင်းရရှိကြောင်း ပြသကြသည်ဟုဆိုသည်။ ကယ်တင်ခြင်းရရှိ သည့်အခါ ထိုသူသည် အတွင်းအပြင် စိတ်နှလုံး၊ ပြင်ပလက္ခဏာအားလုံး စင် ကြယ်သည်။ ခရစ်ယာန်များသည် ထိုသို့သော အခြေအနေအား ပြောင်းလဲရန် ကြိုးပမ်း၍မရ။ အိမ်ထောင်ပြုသည့်အခါတွင် လည်း ဘဝကြင်ဖော်အား ပစ်ပယ်စွန့်ခွာခြင်းမပြုရ။ အခြေအနေ၊ အကျိုးအကြောင်း စောဒကတက်စရာ မရှိ။ ကျေးကျွန်များကိုလည်း မခွဲခြားရ(ငယ် ၂၁)။ ကာလဒေသအရ အပြောင်း အလဲရှိနိုင်သော်လည်း ကိုယ်တော် အတွက် လွတ်လပ်စွာ လုပ်ဆောင်လိုစိတ် ရှိရသည်(ငယ် ၂၁)။
Calvary (ကရာနီ)
ဂေါလဂေါသ ခေါင်းစဉ်အောက်မှာကြည့်။
Canaan, Canaanites (ခါနန်၊ ခါနနိလူ)
ခါနန်သည် ဟာမ၏သားဖြစ်၍ ပါလက်စတိုင်းဒေသခံလူများ၏ ဘိုးအေဖြစ်သည်(က ၁၀း၆၊ ၁၅-၁၉)။ ထိုကား အာဗြဟံခေတ်ကာလ မတိုင် မှီက သမိုင်းကြောင်းဖြစ်သည်(က ၁၂း၆)။
ခါနနိလူများသည် ပင်လယ်ကမ်းနားလွင်ပြင်နှင့် ယော်ဒန်မြစ် အနောက်ဘက်ကမ်းခြေတွင် နေထိုင်ကြ၍ အခြားလူမျိုးများသည် တောင်ရိုးတောင်ကုန်းပေါ်၌ နေထိုင်ကြသည်(တော ၁၃း၂၉)။ ဣသရေလလူတို့က ပါလက်စတိုင်းဒေသအား မသိမ်းပိုက်မှီကာလတွင် ခါနနိလူများသည် ဒေသခံ လူများဖြစ်ကြသည့်အတိုင်း ပါလက်စတိုင်းဒေသခံ လူမျိုးနွယ်တခုဖြစ်ခဲ့ကြ သည်။ ခါနနိဟူသော စကားလုံးကို ကျမ်းစာပြင်ပရှိ ရှေးဟောင်း စာပေများ တွင်လည်း ထိုသိုသော စကားနှစ်မျိုးဖြင့် သုံးနှုန်းကြကြောင်း တွေ့ရသည်။ ထိုသိုဖြင့် ခါနနိယဉ်ကျေး မှုနှင့် ဘာသာတရားခံယူချက်သည် ထိုပတ်ဝန်းကျင် လူမျိုးနွယ်များ၊ အထူးသဖြင့် အာမောရိလူများထံသို ပျံ့နှံ သက်ရောက်သည်။
ခါနနိလူများသည် ရှင်ဘုရင်များအုပ်စိုးသည့် မြိုပြနိုင်ငံငယ်များ တည်ထောင်ခဲ့ကြသည်။ သို့သော် နိုင်ငံရေးအရ ပေါင်းစည်းခြင်းမရှိကြ။ အကြီး မားဆုံးထင်ရှားချက်မှာ ဘာသာစကားအမျိုးမျိုးဖြင့် စာပေကျမ်း ဂန်များ ရေးသားကြသည်။ အထူးသဖြင့် ဗျည်းတီထွင်ခဲ့ကြပြီး ယနေ့ကာလ ကမ္ဘာအနှံအပြားရှိ ဗျည်းစာလုံး၏ အစဖြစ်သည်။ သူတိုရိုးရာယဉ်ကျေးမှုတွင် ကူးသန်း ရောင်းဝယ်ရေးသည်လည်း ထင်ရှားသည်။ အထူးသဖြင့် သစ်သားထုတ်လုပ် ရေးနှင့် အထည်အလိပ်လုပ်ငန်းတွင် အောင်မြင်ကျော်ကြားသည်။ သူတိုလူမျိုး သမိုင်း ကြောင်းအစပိုင်း၌ ချမ်းသာကြွယ်ဝခဲ့ကြသည်။
ဘာသာတရားတွင် သမ္မာကျမ်းစာ သိရှိနားလည်ရေးသည် အရေး ကြီးသည်။ ထိုကား ရုပ်တုဘုရားတု ကိုးကွယ်ခြင်းအား မျက်ကွယ်ပြု၍ ကာမ ဆန္ဒနှင့် ရက်စက်ကောက်ကျစ်မှု ဆန့်ကျင်ခြင်းဖြစ်သည်။ ထိုဘာသာ တရား၏ အရေးကြီးအချက်တခုမှာ ဗာလဘုရားသေပြီး ပြန်လည်ထမြောက်ခြင်း ဒဏ္ဍာရီ အကြောင်းဖြစ်သည်။ ထိုဗာလဘုရား၏ သေခြင်း၊ ထမြောက်ခြင်းချိန်ခါသည် ဆောင်းရာသီနှင့် နွေဦးရာသီတွင်ဖြစ်ကြောင်း ခံယူ ကြသည်။
Censer (မီးလင်ဗန်း)
မီးခဲကို သယ်ဆောင်ရန် သတ္တုဖြင့်ပြုလုပ်ထား၍(ဝတ် ၁၆း၁၂) နံ့သာ ပူဇော်ရန်(ယေဇ ၈း၁၁၊ ဗျာ ၈း၃)၌လည်း အသုံးပြုရသည်။
Census (သန်းခေါင်စာရင်း)
ရောမအစိုးရက အခွန်အတုတ် စနစ်တကျကောက်ခံနိုင်ရန် မိမိ လက်အောက် တိုင်းနိုင်ငံများအတွင်းရှိ လူများ၏ အရေအတွက် စာရင်းဇယား ကောက်ယူခြင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် နှစ်ကြိမ်တွေ့ ရသည်။ ပထမ အကြိမ်ကို လု ၂း၁ တွင် တွေ့ရ၍ ထိုသန်းခေါင်းစာရင်း ကောက်ယူသည့် ကာလ၌ ယောသပ်နှင့် မာရိတိုသည် ဗက်လင်သို ခရီးနှင်ကြပြီး ထိုခရီးစဉ်၌ သခင်ယေရှုသည် ဖွားမြင်တော်မူသည်။ ဒုတိယအကြိမ် သည် ယုဒပြည်အား ရောမလက်အောက်ခံအဖြစ် သိမ်းသွင်းသည့် အေဒီ ၆ ခုနှစ်တွင်ဖြစ်သည်။ ထိုသန်းခေါင် စာရင်းကြောင့် ဝံသာနုမျိုးချစ်အဖွဲ့ တည်ထောင်သူ ဂါလိလဲသား ယုဒခေါင်းဆောင်သည့် ပုန်ကန်မှုပေါ်ထွန်းသည်။ ထိုယုဒသည် ဘုရားရှင် ထံသို့သာ အလှူငွေပေးလှူပြီး ရုပ်တုဝါဒီ ရောမများထံသို့ အခွန်အခဆက်သ ရေးကို ဆန့်ကျင်ကန့်ကွက်သည်။ ထိုပုန်ကန်ဆန့်ကျင်မှုကို တ ၅း၃၇ ပါ ယုဒ လူမျိုး ဓမ္မဆရာကြီး ဂါမလျေလ၏ စကားထဲ၌ တွေ့နိုင်သည်။
Centurion (တပ်မှူး)
ရောမကြေးတပ်တွင် သီးသန့်လှုပ်ရှားနိုင်သော အငယ်ဆုံးတပ်မှူး ဖြစ်သည်။ စစ်သားတရာခန့် အုပ်ချုပ်၍ လက်ရှိမြန်မာ့တပ်မတော် ဖွဲစည်း ပုံအရ ဗိုလ်ကြီး(တပ်ခွဲမှူး)အဆင့်မျိုးဖြစ်သည်။ လက်တွေ့တွင်မူ စစ်သားဦးရေ ထိုထက်အနည်းငယ် လျော့နိုင်သည်။ စစ်တပ်အရာရှိကို တပ်မှူးဟု ခေါ်ဝေါ် သုံးနှုန်းသည်။ ရောမ စစ်တပ်မှ အရာရှိမင်းကြီးများသို့သောသူ မဟုတ်ဘဲ အဆင့်ဆင့် ရာထူးတိုးမြှင့်လာသူဖြစ်သည်(လု ၇း၂၊ တ ၁၀း၂၂ တိုကိုကြည့်)။
Chaldaea, Chaldeans (ခါလဒဲ၊ခါလဒဲလူ)
ခါလဒဲပြည်သည် ဗာဗုလုန်တောင်ပိုင်းတွင်ရှိ၍ မျက်မှောက်ကာလ၌ ပါရှန်းပင်လယ်ကွေ့ဒေသ မြောက်ပိုင်းဖြစ်သည်။ အာဗြဟံသည် ထိုအရပ်တွင် မွေးဖွားကြီးပြင်းသည်(က ၁၁း၂၈)။
ဗာဗုလုန်သားများသည် အာရှုရိတို၏ လက်အောက်၌ နှစ်ပေါင်း ကြာရှည် ပြားပြားဝပ်ခဲ့ကြသည်။ ဘီစီ ၇၂၁ ခုနှစ်၌ သာဂုန်မင်းက အာရှုရိ ဘုရင်ဖြစ်လာသောအခါ ခါလဒဲနယ်မြေကို အုပ်စိုးသော မေရာဒက်-ဗာလာ ဒံအား ဗာဗုလုန်ဘုရင်မအဖြစ် တင်မြှောက်သည်။ သူသည် အာရှုရိတိုကို တဖန်ပုန်ကန်သော်လည်း ဘီစီ ၇၁၀ ခုနှစ်၌ သာဂုန်မင်းက နှိမ်နှင်းသည်။ ဘီစီ ၇၀၅ ခုနှစ်၌ သာဂုန်မင်းသေလွန်သောအခါ မေရာဒက်-ဗာလာဒံသည် အနောက်ပိုင်းသားအချိုတို၏ အကူအညီရယူပြီး အာရှုရိတို၏လက်အောက်မှ လွတ်မြောက်ရန် ကြိုးပမ်းပြန် သည်။ နောက်ခံသမိုင်းအဖြစ်အပျက်ကို ဟေရှာ ၂၃း၁၃ နှင့် အခန်း ၃၉ တိုတွင်ကြည့်။
ဘီစီ ၆၂၆ ခုတွင် နာဗိုပိုလီဆာသည် ဗာဗုလုန်ထီးနန်းခံယူပြီး ခါလဒဲ အစိုးရမင်းဖြစ်လာသည်။ အာရှုရိတို့ ကို အောင်နိုင်ပြီး ဗာဗုလုန်အင်ပါယာသစ် ထူထောင်သည်။ ထိုအခါ ဗာဗုလုန်သားများသည် ခါလဒဲလူမျိုးအဖြစ် ထင် ရှားလာကြသည်(ဒံ ၅း၃၀)။ နက္ခတ္တဗေဒပညာရှင်များကို လေးစားကြည်ညိုသော ဗာဗုလုန်သားများကြောင့် ခါလဒဲသားများ၏ နာမည် ထင်ရှားလာသည် (ဒီ ၂း၁၀)။
ဗာဗုလုန်အကြောင်းမှာလည်းကြည့်။
Chariot (ရထား)
အာဗြဟံခေတ်မတိုင်မှီကာလတွင် လေးလံသော ဘီး ၂ ခု(သို့) ၄ ခုရှိ၍ စစ်ချီရာ၌၎င်း၊ ပွဲလမ်းသဘင်သွား ရာ၌၄င်း၊ မြင်းများက ဆွဲပြေးကြသည်။ လေးလံသဖြင့် နောင်တွင် ဘီးနှစ်ခုသာ တပ်ဆင်ကြပြီး အာရှသားများ၏ စစ်ရေးစစ်ရာ၌ အရေးကြီးအသုံးအဆောင်ဖြစ်လာသည်။ ဟိတ္တိလူမျိုးနှင့် အဲဂုတ္တုသားများက တွင်ကျယ်စွာသုံး ကြပြီး ခါနနိလူတို့က စစ်ရေးစစ်ရာကာ လ၌ မြေပြန့်လွင်ပြင်တွင် အသုံးပြုကြသည်။ တိရစ္ဆာန်များက ဆွဲပြေးရ သဖြင့် တောင်ပေါ်ဒေသ၌ သုံးမရဘဲ မြေပြန့်လွင်ပြင်တွင်သာ သုံးရသည်။
ရှမွေလခေတ်ကာလ၌ ရှင်ဘုရင်၏ အသုံးအဆောင်ဖြစ်လာသည် (၁ရာ ၈း၁၁)။ ရှောလမုန်မင်းလက် ထက်တွင် ဣသရေလစစ်တပ်၏ အရေး ပါသော စစ်သုံးတန်ဆာဖြစ်သည်။ ဟိတ္တိလူများကဲ့သို့ပင် ဣသရေလ ရထား တွင်လည်း မောင်းနှင်သူ၊ ပစ်ခတ်သူ၊ ကွယ်ကာသူဟူ၍ စစ်သားသုံးယောက် ဖြင့် ဖွဲစည်းလေ့ရှိသည်။
Cherubim (ခေရုဗိမ်)
ကောင်းကင်သတ္တဝါများဖြစ်ကြ၍ အသက်သစ်ပင်ကို ကွယ်ကာစောင့် ရှောက်ကြသည်(က ၃း၂၄)။ ဘုရားရှင်က မောရှေသို့လည်း လူ့မျက်စိဖြင့် မမြင်နိုင်သော ဘုရားရှင်၏ ပလ္လင်တော်ပုံဆောင်သည့် ပဋိညာဉ် သေတ္တာ ပေါ်တွင် ရွှေခေရုဗိမ်ရုပ်နှစ်ခု ပြုလုပ်ခိုင်းသည်(ထွ ၂၅း၁၈-၂၂၊ ၁ရာ ၄း၄)။ ဘုရားရှင်က ခေရုစီးနင်းပုံကို ၂ရာ ၂၂း၁၁ တွင် ပုံဖော်ထားသည်။
ရှောလမုန်၏ ဗိမာန်တော်ထဲ၌ ခေရုဗိမ်များရှိကြပုံကို ၃ရာ ၆း၂၃ -၂၉ တွင် တွေ့ရသည်။ ယေဇကျေလက သူ့ရူပါရုံထဲ၌ ဘုရားရှင်၏ ဘုန်းတော်ဖူးမြင်ရာတွင် ပလ္လင်တော်အဖြစ် တွေ့မြင်သည်(ယေဇ ၁၀း၁၈)။ ခေရု ဗိမ်သည် ထိုကဲ့သို့ဖြစ်သည်ဟု အတိအကျ မဆိုနိုင်ပါ။ လူသတ္တဝါနှင့် အခြား သတ္တဝါ ရောစပ်ထားသကဲ့သို့ ဖြစ်သည်။ ထိုသတ္တဝါများသည် ဘုရားဘုန်း တန်ခိုးတော်ကို ခိုလှုသည့် ဝိညာဉ်ရေးရာ သတ္တဝါများအား ပုံဖော်ပြ သခြင်း ဖြစ်သည်။
ဟေဗြဲသဒ္ဒါတွင် စကားလုံးအဆုံးသတ်၌ -im သည် ဗဟုကိန်း အထီး သတ္တဝါပြသသည်။ ထိုသို့ဖြင့် ခေရုမှ ဗဟုကိန်းပြ ခေရုဗိမ်ဖြစ်လာသည်။
Christ (ခရစ်တော် )
ဂရိစကားလုံးမှလာ၍ ဘိသိက်ထားသူဟု အနက်ရသည်။ ဟေဗြဲ စကားလုံးမှ မေရှိယနှင့်တူသည်။ နာဇရက်ယေရှုသည် မေရှိယ(သို့) ခရစ်တော် မှန်ကြောင်း ကျမ်းစာက ဆိုထားသည်။ ဘုရားရှင်က သူ့လူများအား ကယ်တင်ရှင်နှင့် ခေါင်းဆောင်အဖြစ် ဘိသိက်ထားသူဖြစ်သည်။
ခရစ်ဝင်ကျမ်းများတွင် ပေတရုကသာ သခင်ယေရှုအား ခရစ်တော် မှန်ကြောင်း ဝန်ခံသည်(မာ ၈း၂၉)။ သခင်ယေရှုက မည်သည့်တပည့်တော် ထံသိုမျှ မပြောပြခဲ့ပါ။ အကြောင်းသော် ယုဒလူများက မေရှိယကို စစ်ရေး စစ်ရာခေါင်းဆောင်၊ ရောမအစိုးရကို အောင်နိုင်သူ၊ လူ့လောကတွင် မရှိ စဘူးသော ဘုရင်မင်းမြတ် အဖြစ် ခံယူယူဆကြသည်။
သံလွင်တနင်္ဂနွေနေ့၌ ယေရုရှလင်မြို့ထဲသို့ သခင်ယေရှု အောင်ပွဲခံ ဝင်ရောက်ခြင်းသည် ခရစ်တော်(သို့) ဣသရေလတို၏ ဘုရင်ဖြစ်ကြောင်း ပြသ ချက်ဖြစ်သည်(မ ၂၁း၅)။ ရန်လိုခြင်းမပြုတတ်သော မြည်းကလေး ကိုစီးခြင်း သည် ငြိမ်သက်ချမ်းမြေ့ခြင်းဘုရင်ဖြစ်ကြောင်း ပြသသည်။ မကြာခင် ယဇ် ပုရောဟိတ်ကြီးက သခင်ယေရှုအား ခရစ်တော်မှန်ပါသလားဟု သံသယစိတ် တဝက်၊ သိမှတ်ခြင်းတဝက်စိတ်ထားဖြင့် မေးမြန်း သည်။ သခင်ယေရှုက ဟုတ် မှန်ကြောင်း ဝန်ခံသောအခါ ယဇ်ပုရောဟိတ်ကြီးနှင့် ယုဒဘာသာရေးကောင် စီက ကိုယ်တော်အား ဘုရားရှင်ကို ပြစ်မှားသူအဖြစ် စွပ်စွဲကြသည်(မာ ၁၄း၆၁ -၆၄)။ ရောမတရားရုံးက သခင်ယေရှု အား မိမိကိုယ်ကို ရှင်ဘုရင်အဖြစ် ကြေညာသူဖြစ်ကြောင်း နိုင်ငံရေးပြစ်မှုဖြင့် စွပ်စွဲကြသည်(မာ ၁၅:၂၊ ၂၆)။ ပင်တေကုတ္တေနောက်ပိုင်းတွင် တမန်တော်များက ယုဒလူများသို သင်တို့ ကားစင်တင်လိုက်သောသူသည် ခရစ်တော်မှန်ကြောင်း ဟောပြောကြသည် (တ ၂း၃၆)။
ဘိသိက်ခြင်းမှာလည်းကြည့်။ မေရှိယမှာလည်းကြည့်။
Christian (ခရစ်ယာန်)
ကျမ်းစာတွင် သုံးကြိမ်သာ ထိုစကားလုံးပါရှိသည်(တ ၁၁:၂၆၊ ၂၆း၂၈၊ ၁ပေ ၄း၁၆)။ ဓမ္မသစ်ကျမ်းခေတ် ကာလ၌ ခရစ်တော်၏ နောက်လိုက်များကိုသရော်သောနာမည်ဖြစ်သည်။ ထိုအပြင် “တပည့်တော်များ၊ လမ်း တာ၊ ယုံကြည် သူ”ဟုလည်း ခေါ်ဆိုပြောဆိုလာကြသည်။ ခရစ်ယာန်ဆိုသည်မှာ ခရစ်တော်၏ လူ၊ ခရစ်တော်၏ နောက်လိုက်၊ တပည့်ဟု အနက်ရသည်(တ ၁၁း ၂၆)။
Church (အသင်းတော် )
ဂရိစကားလုံးတွင် အသင်းတော်ဆိုသည်မှာ အစုအဝေး၊ အစည်းအရုံး၊ သမဂ္ဂဟု အနက်ရသည်။ ရည်ရွယ်ချက်တူညီသူများ စုစည်းခြင်းဖြစ်သည်။ ထိုကြောင့် အသင်းတော်သည် အရပ်ဒေသအလိုက် စုစည်း ကြသော ခရစ်ယာန် များကို ဆိုလိုသည်။ ယုဒလူများကလည်း မွေဟောင်းကျမ်းကာလမှဣသရေလ တို့ကို ထိုသို့ ခေါ်ဆိုကြသည်(တ ၇း၃၈)။
ဓမ္မသစ်ကျမ်းစာမှ အသင်းတော်ဟူသော စကားလုံးသည် အဆောက် အဦ၊ လူအုပ်စုကို ရည်ညွှန်းခြင်း မဟုတ်။ ရှင်ပေါလုက ဂလာတိပြည်ရှိ အသင်းတော်များသို ဩဝါဒစာ ရေးသားသောအခါ ဂလာတိပြည်ရှိ အသင်းတော် (ဂလာ ၁း၂)ဟူ၍ ရေးသားခြင်းမပြု၊ တ ၉း၃၁ ကို ချို့ယွင်းချက်ထား၍ အခြားကျမ်းပိုဒ်များတွင် အသင်းတော်များဟု သုံးလေ့ရှိသည်(KJV ကျမ်းမူ ကိုကြည့်)၊ ထိုစကားလုံးကို လွတ်လပ်စွာ သုံးနိုင်သည်။
အကယ်၍ သဘောမပေါက်လျှင် ဧဖက်မြို့၌ ခရစ်ယာန်များ ဝတ်ပြု စည်းဝေးကြသည့် အာကုလနှင့် ပြစ်ကိလ၏နေအိမ်(၁ကော ၁၆း၁၉)ကို ဧဖက် အသင်းတော်(ငယ် ၁၈)ဟု ခေါ်ဆိုပုံအား ကြည့်ပါ။
ထိုအပြင် ဓမ္မသစ်ကျမ်းတွင် ရွေးနှုတ်ခံလူများဖြင့် စုပေါင်းဖွဲစည်း သည့် ကောင်းကင်ဘုံသားလောင်း ဆိုသူများကိုလည်း အသင်းတော်ဟုခေါ် သည်(ဧ ၅း၅ နှင့် ဗျာ ၂၁း၂ ကိုကြည့်)။
Circumcision (အရေဖျားလှီးခြင်း)
က ၁၇ တွင် ယုဒလူတို အရေဖျားလှီးရခြင်းအကြောင်း တွေ့ရသည်။ ဘုရားရှင်နှင့် အာဗြဟံ၏ သားစဉ်မြေးဆက်တိုအကြား ပဋိညာဉ်ပြုသည့် အမှတ်အသားဖြစ်သည်(ငယ် ၁၁)။ ယောက်ျားသားတိုင်း မွေးပြီး ၈ ရက်နေ့ မြောက်တွင် အရေဖျားလီးကြသည်(ငယ် ၁၂)။ အရေဖျားမပြီးသော ယောက်ျား သားသည် ဘုရားသ ခင်၏ လူစာရင်း၌မဝင်(ငယ် ၁၄)။ ထိုသို့သောသူသည် သိအပ်ရာ သမ္မာကျမ်းဂန်အဘိဓါန် ဣသရေလလူတို့ အဲဂုတ္တုပြည်မှ လွတ်မြောက်ရန် ဘုရားရှင်တော်က ရွေးနှုတ် ခြင်းအထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် ပသခါပွဲ၌ ပါဝင်ဆင်နွှဲခွင့်မရှိ (ထွ ၁၂း၄၃-၄၉)။ ထိုအရေဖျားလှီး၍ သွေးစည်းခြင်းသည် ပဋိညာဉ်ပြုခြင်း အမှတ် အသား ဖြစ်သည်။
ပဋိညာဉ်အကြောင်းမှာလည်းကြည့်။
အရေဖျားလှီးခြင်းသည် ကျေးဇူးတော်ဖြင့် ဘုရားရှင်၏ လူများအဖြစ် ရွေးချယ်ခြင်း ပဋိညာဉ် အမှတ်အသားဖြစ်သည်။ သို့သော် အသက်တာဆက် ကပ်နာခံခြင်းမရှိလျှင် အချည်းနှီးဖြစ်သည်။ ထိုကြောင့် နှလုံးသားအရေဖျား လှီးရသည်(တရား ၁၀:၁၆၊ ယေ ၉:၂၅)။
ဓမ္မသစ်ကျမ်းတွင် ယုဒခရစ်ယာန်အချိုက တပါးအမျိုးသားများအား အရေဖျားလှီးလျှင် ကယ်တင်ခြင်း မရနိုင်ဟု ဆိုကြကြောင်း တွေ့ရသည်(တ ၁၅း၁)။ ထိုသွန်သင်ချက်ကို ပေါလုတို့အဖွဲက အသဲအသန် ငြင်းဆန်ကြရာ ယေရုရှလင်အသင်းတော်ကောင်စီက ရှင်ပေါလု၏စကားကို ထောက်ခံအတည် ပြုကြသည်(တ ၁၅း၁-၂၉)။
ရှင်ပေါလုက ဓမ္မဟောင်းကျမ်းလာ အရေဖျားလှီးခြင်းကို စိတ်နှလုံး အရေဖျားလှီးခြင်းအဖြစ်သို့ အဆင့်မြှင့်တင်သည်။ စင်စစ်တွင် ခရစ်ယာန် များသည် အရေဖျားအသစ်လှီးသူများဖြစ်ကြသည်။ အကြောင်းသော် ဝိညာဉ်တော်မှတဆင့် ခရစ်တော်နှင့် ဆက်ဆံသူများဖြစ်ကြသည်(ဖိ ၃း၃)။ ခရစ်ယာန် များသည် ခရစ်တော်၏ အရေဖျားလှီးခြင်းခံသူများဖြစ်ကြသည်(ကော ၂း၁၁)။ တနည်းအားဖြင့် ခရစ်တော်၏ အသွေး တော်မြတ်က ခရစ်ယာန်များ၏ စိတ်နှလုံးကို ဆေးကြောသန့်စင်လျက် ပဋိညာဉ်သစ် ဖွဲ့နှောင်သည်။
ဓမ္မသစ်ကျမ်းပါ အရေဖျားလှီးခြင်းသည် သန့်ရှင်းဝိညာဉ်တော်က ခရစ်ယာန်များသို ခရစ်တော်၏ ကယ်တင်ခြင်းအမှုတော်ပြုခြင်းဖြစ်သည်။ အပြင်ပန်းလက္ခဏာမျှသာမဟုတ်ဘဲ စိတ်နှလုံး၌ မေတ္တာတရား တည်ခြင်း ဖြစ်သည်။ ဗတ္တိဇံမင်္ဂလာသည် ခရစ်တော်၏ အသေခံခြင်း၊ သင်္ဂြိုဟ်ခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းဖြင့် အပြစ်များ ဆေးကြောသန့်စင်သည့် အမှတ်အသား ဖြစ်သည်။ သို့သော် ဗတ္တိဇံမင်္ဂလာသည် ဓမ္မသစ်အရေဖျားလှီးခြင်းမဟုတ်။
ပြင်ပအရေဖျားလှီးခြင်းသည် သာမန်လူနှင့် ထူးခြားမှုမရှိဟု ရှင် ပေါလုက ဆိုသည်။ ခရစ်တော်ထဲရှိ အသက်တာသစ်သည် အရေးကြီးသည် (ဂလာ ၅၆၊ ၆း၁၅)။ အာဗြဟံ၏ အရေဖျားလှီးခြင်းသည် သူ့ယုံကြည်ခြင်းအား ဘုရားရှင်က အသိအမှတ်ပြုသည့်အကြောင်း အမှတ်သက်သေဖြစ်သည် (ရော ၄း၁၁)။
တပါးအမျိုးသားများသည်လည်း ကယ်တင်ခြင်းရရှိရန် အရေဖျား လှီးရခြင်းအကြောင်းကို ရှင်ပေါလုက ပယ်ချသည်။ အကြောင်းသော် ဧဝံဂေလိ သတင်းကောင်းက အပြီးအစီး ပြောင်းလဲစေသည်(ဂလာ ၁း၆-၉)။ အကယ်၍ တပါးအမျိုးသားများသည် အရေဖျားလှီးခြင်းကြောင့် ယုဒလူမျိုးဖြစ်ရလျှင် ခရစ်တော်၏ အသေခံ တော်မူခြင်းသည် လူများကယ်တင်ခြင်းရရှိရန် မလုံလောက်သည့်သဘောရှိသည်။ မောရှေ၏ ပညတ်တရား စောင့်ထိန်းရန်လည်း လိုအပ်ပေမည်။ ယုံကြည်သူသာလျှင် ကျေးဇူးတော်၏ သတင်းကောင်းကြောင့် ကယ်တင်ခြင်း ရရှိသည်(ဂလာ ၅း၃-၆)။
Claudius (ကလောဒီ)
တ ၁၁း၂၈၊ ၁၇း၇၊ ၁၈း၂ တိုတွင် ကြည့်ပါ။ ကဲသာအကြောင်းမှာလည်းကြည့်။
Clean and Unclean (စင်ကြယ်ခြင်းနှင့် မစင်ကြယ်ခြင်း)
ဓမ္မဟောင်းကျမ်းလူများသည် သမ္မာကျမ်းစာမြေပေါ်၌ နေထိုင်လျှင် ကိုယ်လက်အင်္ဂါ သန့်ရှင်းစင် ကြယ်ရန် အထူးအလေးထားကြသည်။ မစင်ကြယ် လျှင် မည်သူမျှ ဘုရားထံတော်သို မချဉ်းကပ်နိုင်။
ဓမ္မဟောင်းမှ စင်ကြယ်ခြင်းဆိုသည်မှာ ရေမိုးချိုး သန့်စင်ခြင်းမဟုတ် ပါ။ လူသေကိုင်တွယ်ခြင်း(တော ၁၉း၁၁)၊ ကူးစက်တတ်သော အရေပြားရောဂါ စွဲခြင်း(ဝတ် ၁၃း၄၅)နှင့် အခြားအကြောင်းများဖြစ်သည်။ မီးနီ သည်သည် မီးတွင်း၌ မစင်ကြယ်(ဝတ် ၁၂း၂)။ ရောဂါ(သို့) တစုံတရာကြောင့် သေသော သတ္တဝါသည် မစင်ကြယ် သောကြောင့် ဣသရေလလူတို့သည် မစားကြ(ဝတ် ၁၁)။ ထိုသိုသော တိရစ္ဆာန်များ စင်ကြယ်ခြင်း/မစင်ကြယ် ခြင်းသည် နောဧ ခေတ်ကာလမှ အစပြုသည်(က ၇း၂)။
မစင်ကြယ်သူများသည် အခြားဣသရေလလူများအပါအဝင် သန့်ရှင်း သောအရာများကို ဝေးဝေး ရှောင်ကြသည်(၆ရာ ၂၃း၁၉၊ ၁ရာ ၂၀း၂၆)။ သို့သော် ပသခါပွဲကိုမူ ပါဝင်ခွင့်ရှိသည်(တော ၉း၁၀)။ ထိုနောက် ပိုင်းတွင်မှ မစင်ကြယ်မှုများအား စင်ကြယ်စေသည့် ပွဲလမ်းသဘင် ကျင်းပလာကြသည်။
ဓမ္မသစ်ခေတ်ကာလတွင် ယုဒဓမ္မဆရာများက ကျမ်းစာလာ ဥပဒေသ များအား ထပ်ဖြည့်ကြသည်။ သခင်ယေရှုက ဓမ္မဟောင်းမှ သန့်ရှင်းခြင်းအစဉ် အလာသည် ရိုးရာထုံးတမ်းစဉ်လာ စောင့်ထိန်းခြင်းဖြင့် မဟုတ်ဘဲ ကိုယ်ကျင့် တရားစိတ်ထားဖြင့် ဖြူစင်ရကြောင်း သွန်သင်ပါသည်(မာ ၇း၁-၂၃)။ ရှင်မာကု ခရစ်ဝင် ကျမ်းတွင် အစားအသောက်ဟူသမျှသည် ပင်ကိုယ်အားဖြင့် သန့်ရှင်း သည်ဟု ကျမ်းစကားဆိုထားသည်။ ထိုကြောင့် ခရစ်ယာန်များသည် ဓမ္မဟောင်း ထုံးနှလုံးသဘောဖြင့် ညစ်ညမ်းခြင်းမရှိ။ သို့သော် စိတ်မနောဖြူ စင်ကြည်လင် ခြင်းမရှိလျှင် ဘုရားရှင်ထံ မချဉ်းကပ်နိုင်။ စိတ်နှလုံးဖြူစင်လျက် ပြုမူသမျှ သည် အမှားကင်း သည်။
Comforter (နှစ်သိမ့်သူ)
အကျိုးဆောင်သူအကြောင်းတွင်ကြည့်။
Communion (ပေါင်းဖက်ခြင်း)
ပေါင်းဖက်ခြင်း(မိဿဟာယ)သည် မျှဝေခြင်းဟု အနက်ရသည်။ မူရင်းစကားလုံးသည် ဂရိစကားဖြစ်၍ အဖော်အဖက်ပြုခြင်း၊ ငါးဖမ်းရာတွင် ပေါင်းစပ်လုပ်ကိုင်ခြင်း(လု ၅:၁၀)၊ ခရစ်ယာန်များ သန့်ရှင်းဝိညာဉ်တော် ထဲ၌ ပေါင်းဖွဲ့ခြင်း(၂ကော ၁၃း၁၄)ဟု အနက်ရသည်။
အရေးကိစ္စတရပ်၌ လူများ အတူတကွ ပေါင်းဖက်မျှဝေ လုပ်ကိုင်ခြင်း ၊ ဖြစ်သည်။ မင်းကောင်းမင်းမြတ် ယောရှဖတ်သည် မင်းဆိုးမင်းညစ် အဟာဇီ နှင့် ပေါင်းဖွဲ့ မိတ်ဖက်၍ စစ်တိုက်သောကြောင့် ပျက်စီးဆုံးရှုံး သည်(၆ရာ ၂၀း၃၅-၃၇)။ ထိုနည်းတူ ခရစ်ယာန်များသည် မကောင်းသောအသိုင်းအဝိုင်း ၊ များအား ရှောင်ကြဉ်ရ သည်။ ထိုသို့မလုပ်လျှင် အပြစ်ဒုစရိုက် ကူးစက်လာ နိုင်သည်(ဗျာ ၁၈း၄)။ ထိုသိုသောသူများနှင့် ပေါင်းသင်းခြင်း သည် နတ်ဆိုး ဝိညာဉ်ဆိုးနှင့် ပေါင်းဖက်ခြင်းဖြစ်သည်(၁ကော ၁၀:၂၀)။
ခရစ်ယာန်သည် ဘုရားရှင်နှင့် ဘုရားသားတော် ခရစ်တော်တို့အား ဦးစားပေးပေါင်းဖက်ရသည်(၁ယော ၁း၃)။ မိဿဟာယဖွဲ့ရာ၌ ပေးကမ်းခြင်းနှင့် ရယူခြင်းပါဝင်သည်။ ခရစ်တော်ကို ပိုင်ဆိုင်သော ခရစ်ယာန်သည် ဘုရား ရှင်၏ သားသမီးဖြစ်သည်(ယော ၁း၁၂)။ ကားတိုင်ပေါ်တွင် ခရစ်တော်က ပြုတော်မူသည့် ကောင်းချီး မင်္ဂလာ ခံစားရသည်။ နောင်တစိတ်နှင့် ယုံကြည် ခြင်းသစ္စာဖြင့် မိမိကိုယ်ကို ဘုရားရှင်ထံ အပ်နှံရသည်(ရော ၆း၁၃)။ ထိုသို့ ခရစ်တော်ကို ဝန်ခံရာ၌ ကိုယ်တော်၏ သွန်သင်ချက်နှင့် စကားတော်တို့အား ခံယူခြင်း ပါဝင်သည်(မ ၁၁:၂၉၊ ၁ယော ၂း၂ဝ-၂၃)။
ဒုတိယအချက်တွင် ခရစ်ယာန်များသည် အခြားခရစ်ယာန်များနှင့် ပေါင်းဖက်မိဿဟာယဖွဲ့ ရသည်။ အထူးသဖြင့် မိမိပါဝင်သည့် ဒေသန္တရ အသင်းသားများနှင့် ဖက်လှဲတကင်း ဆက်ဆံရသည်။ ယုံကြည်သူခရစ် ယာန် များသည် ခရစ်တော်ထဲ၌ ပေါင်းဖွဲ့သူများဖြစ်သည်(ဂလာ ၃း၂၈)။ ခရစ်တော် အား အတူတကွ ဝတ်ပြုကိုး ကွယ်ကြသည်(၁ကော ၁၀း၁၆-၁၈)။ ခရစ်တော် အကြောင်း သက်သေခံခြင်း( ၁:၂၇)၊ ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံခြင်း (၂ကော ၁း၇)၊ ညှဉ်းပန်းနှိပ်စက်မှုခံခြင်း(ဟေဗြဲ ၁၀း၃၃)၊ အခြားခရစ်ယာန် များ၏ လိုအပ်ချက် များ ကူညီဖြည့်ဆည်းပေးခြင်း(တ ၄း၃၂)၊ ရောက်လာမည့် ခရစ်တော်၏ ဘုန်းတန်ခိုးတော်မျှဝေခြင်း ရှိရသည်။ မိဿဟာယဖွဲ့ရာတွင် အခြားလူအား ရိုသေလေးစားခြင်း၊ အချင်းချင်းကူညီခြင်း၊ အပြန်အလှန် သွန်သင်ခြင်း၊ ပြစ်မှားသောအပြစ်ကို ကာယကံရှင်ထံသို ဝန်ချတောင်းပန် ခြင်းပြုလုပ်ရသည်(ဖိ ၂း၁-၄၊ ကော ၃း၁၂-၁၇၊ ယာ ၅း၁၆)၊ မေတ္တာပွဲတော် နှင့် ပွဲတော်မင်္ဂလာတို့တွင် မျှဝေပါဝင်ရသည်။
Compassion (ကရုဏာ)
ကရုဏာသည် ဘုရားရှင်၏ သွင်ပြင်လက္ခဏာတရပ်ဖြစ်သည်(ထွ ၂၂း၂၇)။ ကရုဏာတော်သည် ဆက်လက် အပြစ်ပြုလုပ်ရန် ခွင့်ပြုခြင်းမဟုတ် ဘဲ ပြီးခဲ့သောအပြစ်များ ခွင့်လွှတ်ခြင်းဖြစ်သည်(ထွ ၃၄း၆၊ ၇)။ ထိုကြောင့် ဘုရားရှင်တော်သည် လူတိုင်းသို ကရုဏာတော်သက်ရောက်သည်မဟုတ်။ ကရုဏာပြုချင်သော သူကိုသာ ကရုဏာပြုသည်(ထွ ၃၃း၁၉)။ ဘုရားရှင်သည် ကရုဏာတော်ရှင်ဖြစ်သောကြောင့် ဘုရားတရား လူများသို့ ကရုဏာပြုတော် မူသည်(တရား ၁၀း၁၈၊ ၁၉၊ ၂၄း၁၉)။
ကရုဏာတော်သည် ခရစ်တော်၏ အမှုတော်အမှတ်အသားတရပ် ဖြစ်သည်(မ ၉း၃၆၊ မာ ၁း၄၁)၊ ချိုတဲ့သူများအား ကူညီဖြည့်ဆည်းပေးကြ ရန်လည်း သွန်သင်သည်(လု ၁၀း၂၉-၃၇)။ ထိုကြောင့် ခရစ်ယာန်များ သည် မိမိတိုအသင်းတော်ထဲ၌ ရှိသမျှလူကို ကရုဏာပြုရသကဲ့သို(ကော ၃း၁၂၊ ၁၃) အခြားသူများကိုလည်း ကရုဏာပြုရသည်။ စာနာသနားမှုမရှိသူသည် သူတို အထဲ၌ မေတ္တာတော်မတည်သူများဖြစ်ကြသည်(၁ယော ၃း၁၇)။
Confess, Confession (ဝန်ခံ၊ ဝန်ချခြင်း)
မူရင်းဂရိစကားတွင် ထပ်တူထပ်မျှဟု အနက်ရသည်။ ထိုကြောင့် အပြစ်ဝန်ချသည်ဟု ဆိုသောအခါ ဘုရားရှင်က ထပ်တူထပ်မျှ ခံစားပေးကြောင်း အနက်ရသည်။ ယုံကြည်ကြောင်း ဝန်ခံသည်ဟုဆိုသောအခါ ထို နည်းတူ အခြားသူများနှင့် ထပ်တူထပ်မျှ ဝန်ခံကြောင်း အနက်ရသည်။
တခြားနည်းဖြင့်လည်း အနက်ဖွင့်ဆိုနိုင်သည်။ တစုံတဦးက သူ့ယုံ ကြည်ခြင်းအား လူသိရှင်ကြား ကြေညာသည့်အခါ ပုဂ္ဂိုလ်ရေးအရ ဘုရားရှင် နှင့် ဆက်ဆံသည့်အကြောင်းဖြစ်သည်။ ထိုကြောင့် ယေရှုခရစ် တော်အား ဝန်ခံသည်ဟုဆိုသောအခါ ဘာသာရေးသဘောမဟုတ်တော့ပါ။ ခရစ်တော်အား ဝန်ခံသောအခါ အဖိုးအခပေးရသည်(ယော ၁၂း၄၂)။ ထိုသို့ ဝန်ခံခြင်းသည် တရားစီရင်ရာနေ့၌ ခမည်းတော်ရှေ့တွင် ခရစ်တော်က ပြန်လည်ဝန်ခံရာ ဖြစ်သည်(မ ၁၀း၃၂)။ ယုံကြည်သူများအား ခရစ်တော်ကိုဝန်ခံကြရန် သန့်ရှင်း ဝိညာဉ်တော်က တိုက်တွန်းသည်( ၁ကော ၁၂း၃)။ သခင်ယေရှုက သူသည် ခရစ်တော်မှန်ကြောင်း ပိလတ်မင်းရှေ့တွင် ဝန်ခံသည်(၁တိ ၆:၁၂၊ ၁၃ လည်း ကြည့်)။
ယုံကြည်သူများသည် ပြုမှားသောအပြစ်များကို အခြားယုံကြည်သူ များရှေ့တွင် အပြစ်ဝန်ချရသည်(တ ၁၉း၁၈၊ ယာ ၅း၁၆)။ အရှက်တကွ အကျိုးနည်းအပြစ်များဖြစ်လျှင်လည်း ထုတ်ဖော်ဝန်ခံရသည်( ဧ ၅း၁၂)။ ရှေ့ တော်၌ မည်သည့်အပြစ်မျှ ဖုံးကွယ်မရသည်ဖြစ်၍ အပြစ်များကို ဘုရားရှင်ထ စောလျင်စွာ ဝန်ခံရသည်။ အသင်းတော်အရာရှိမင်းထံ အပြစ်ဝန်ချတောင်း ပန်လျှင် အပြစ်ခွင့်လွှတ်ခြင်း ခံရနိုင်ကြောင်း မည်သည့်ကျမ်း ချက်တွင်မှ သွန်သင်ချက်မရှိ။
ယုံကြည်ခြင်းသစ္စာ ခံယူခြင်းအကြောင်းကို ဒေဝဗေဒ အဘိဓါန် ကျမ်းတွင်ကြည့်ပါ။
Congregation (အစုအဝေး)
ဓမ္မဟောင်းကျမ်းတွင် တခုတည်းသော ရည်ရွယ်ချက်အတွက် စုစည်း ကြသည့် ဣသရေလ လူစုတသိုက်ကို ဖော်ညွှန်းရာ၌ သုံးနှုန်းသည်။ ဝတ်ပြု ကိုးကွယ်ခြင်း၊ အစေခံယူခြင်း၌ မကြာခဏ ထိုသို့ စုဝေးလေ့ရှိကြသည်(ဥပမာ တော ၁၀း၇ ကိုကြည့်)။
အသင်းတော်အကြောင်းမှာလည်းကြည့်။
Conscience (ဩတ္တပ္ပစိတ်)
ဩတ္တပ္ပစိတ်သဘောထားကို ဓမ္မဟောင်းကျမ်း၌(ဥပမာ ယောဘ ၂၇း၆၊ ၁ရာ ၂၄း၅) တွေ့ရသော်လည်း ဓမ္မသစ်ကျမ်း၌ ပိုမိုပြည့်စုံသည်။ ရင်တွင်းဖြစ် စကားသံဖြစ်သည်။ ကိုယ်ကျင့်တရား ကြိုးစားချက်များအား ပြောဆိုလုပ်ကိုင်ရန် စီရင်ဆုံးဖြတ်ခြင်းဖြစ်သည်။ အမှားလုပ်ဆောင်သည့်အခါ ဒုစရိုက်ပြုမိကြောင်း သတိရ၍ အမှန်ပြုလုပ်ရန် လမ်းပြသွန်သင်ခြင်းဖြစ်သည်။
ရော ၂း၁၂-၁၆ တွင် ဘုရားရှင်က ယုဒလူများသို့ ဓမ္မဟောင်းပညတ် တရားပေးသကဲ့သို့ တပါးအမျိုး သားများသို့လည်း တရားတော်အား အလိုလို သိစိတ်ပေးထားကြောင်း တွေ့ရသည်။ ဩတ္တပ္ပစိတ်သည် စိတ်နှလုံးထဲမှ အလိုလို သိစိတ်နှင့် မတူပါ။ စိတ်နှလုံးသိစိတ်က ပြုမှားမိသည်များကို ပစ်ပယ်၍ မှန် ကန်စွာလုပ်ဆောင်နိုင်ရန် ကွယ်ကာသည်(ရော ၂း၁၅)။
ဩတ္တပ္ပစိတ်သည် အားနည်းချက်ကင်းသည်မဟုတ်။ အားနည်းချက် ရှိသောကြောင့် မလိုလားအပ်သော အမှားများကို အစဉ်ပယ်ဖျက်နိုင်သည် မဟုတ်(၁ကော ၈း၇)။ ဖောက်ပြန်ပျက်စီးပြီး အလွဲအမှားပြုနိုင်သည်(တိ ၁း၁၅)။ အကြွင်းမဲ့မှန်ကန်ကြောင်း မှားယွင်းကြောင်း မဆုံးဖြတ်နိုင်ပါ(၁တိ ၄း၂)။ ထိုကြောင့် စိတ်နှလုံးထဲ၌ သမ္မာ ကျမ်းစာသွန်သင်ချက်ကို အသုံးချနိုင် ရန် ဩတ္တပ္ပစိတ်က သန့်ရှင်းဝိညာဉ်တော်အား လိုလားတောင့်တသည်။
Conversion (ပြောင်းလဲခြင်း)
ပြောင်းလဲခြင်းဟူသောစကားသည် လက်တင်စကား “convertere” မှလာ၍ “နောက်ပြန်လှည့်ခြင်း၊ လမ်းကြောင်းပြောင်းလဲခြင်း”ဟု အနက်၊ သည်။ ပြောင်းလဲခြင်းသည် လမ်းမှားမှ နောက်ပြန်လှည့်ခြင်း၊ လားရာအရပ် ပြောင်းလဲခြင်းဖြစ်သည်။ ထိုသို လားရာအရပ် ပြောင်းလဲသူသည် ပြင်ပ လက္ခဏာ နေထိုင်ဟန်ပန်မျှသာမဟုတ်ဘဲ စိတ်နှလုံးအောက်ကျိုရိုကျိုးလျက် သဘောရိုးဖြင့် ဘုရားရှင်ကို ရှာဖွေသည် (တရား ၄:၂၉၊ ၃၀)။ ဟေဗြဲစကား လုံး “sub” နှင့် ဂရိစကားလုံး “epistrepho”တို့သည်(ထိုနှစ်ခုစလုံးသည် ပြောင်းလဲဟု အနက်ရကြသည်) လားရာအရပ်ပြောင်းလဲခြင်း(ဥပမာ အပြစ် လမ်းမှ ဘုရားရှင်ထံသို့)ဖြစ်သည်။
ဓမ္မဟောင်းကျမ်းတွင် တဦးချင်း(ဆာ ၅၁း၁၃)၊ တမျိုးသားလုံး(၆ရာ ၃၀း၆) ဘုရားရှင်ထံသို့ ပြောင်းလဲ ကြပုံ တွေ့ရသည်။ စင်စစ်တွင် ကမ္ဘာကုန် ကျယ်သရွေ့ မြတ်စွာဘုရားထံသို ပြောင်းလဲရေး ရှေးရှုသည်(ဆာ ၂၂း၂၇)။ ဓမ္မသစ်ကျမ်းပါ ပြောင်းလဲခြင်းသည် အဓိကအားဖြင့် တဦးတယောက်ချင်း ပြောင်းလဲသည့် အကြောင်းဖြစ်သည်။ တခါတရံ တမိသားစုလုံး ပြောင်းလဲခြင်း လည်း တွေ့ရသည်(တ ၁၆း၃၁-၃၄)။
ဓမ္မသစ်ကျမ်းလာ အသက်တာပြောင်းလဲခြင်းသည် တကြိမ်တခါ ပြောင်းလဲသည်နှင့် တပြိုင်နက် တသက်စာဖိုလှုသည်။ လု ၂၂:၃၂ ပေတရု၏ နောင်တသည် ချိုယွင်းချက်ဖြစ်သည်။ အသက်တာပြောင်းလဲခြင်း သည် အပြစ်၊ ရုပ်တုဘုရားတုကိုးကွယ်ခြင်း၊ စာတန်၏အုပ်စိုးခြင်းမှ ဘုရားရှင်ကို ကိုးကွယ် ခြင်းသို့ ရောက်ရှိခြင်းဖြစ်သည်(၁သက် ၁း၉)။ အသက်တာပြောင်းလဲရေးထက် ဖောက်ပြန်သူ၏ နောင်တရရေးသည် ပိုမိုခဲယဉ်းသည်(ဗျာ ၂း၅)။ ။
အသက်တာပြောင်းလဲရေးသည် အပြစ်မှ နောင်တသို့(တ ၃း၁၉)၊ ဘုရားရှင်ကို ယုံကြည်သွားခြင်း(တ ၁၁း၂၁)ဖြစ်သည်။ သိသာထင်ရှားသော အပြုအမူဖြစ်သည်။ ဘုရားရှင်ထံသို ရောက်ရှိရေးသည် လူ့အသက် တာထဲ၌ ဘုရားရှင်၏ ဦးစွာ ပြုတော်မူချက်ဖြစ်ကြောင်း ကျမ်းစာက အတိအလင်း ဆိုထားသည်(မြည် ၅း၁၁၊ တ ၁၆း၁၄)။
နောင်တအကြောင်းတွင်လည်းကြည့်။
Cor (ကောရ)
အခြောက်(သို့) အရည်တိုင်းတာရာဖြစ်၍ ဟိုမားနှင့် ရွယ်တူသည် (၂၂၀ လီတာခန့်ရှိသည်၊ ယေဇ ၄၅း၁၄)။
Cornerstone (တိုက်ထောင့်ကျောက်)
တိုက်ထောင့်ကျောက်သည် အဆောက်အဦး၏ အလေးချိန်ကို ထမ်း ထား၍ နံရံများကိုလည်း ဆက်စပ် ပေါင်းစပ်ရာဖြစ်သည်။ ဓမ္မဟောင်းကျမ်းက တိုက်ထောင့်ကျောက်ကို ကမ္ဘာမြေဖန်ဆင်းခြင်း(ယောဘ ၃၈း၆)၊ ကြွလာ တော်မူမည့်ဘုရင်(သို့) မေရှိယ(ဇာ ၁၀း၄)အဖြစ် ပုံဖော်ထားသည်။
ဓမ္မသစ်ကျမ်းတွင် ယေရှုခရစ်တော်အား တိုက်ထောင့်ကျောက်အဖြစ် ညွှန်းဆိုသည်။ ဟေရှာ ၈း၁၄ နှင့် ၂၈း၁၆ တို့ကို ကိုးကားပြီး ခရစ်တော်သည် မယုံကြည်သူများအတွက် ခလုတ်ကန်သင်းဖြစ်၍ ယုံကြည်သူများ အတွက် ပေါင်းစုံရာဟုဆိုသည်(ရော ၉း၃၃၊ ၁ပေ ၂း၆၊ ၈)။ ဆာ ၁၁၈း၂၂ ကို ကိုး ကားလျက် ထိုငြင်းပယ်ခြင်းခံ သူသည် အရေးကြီးပုဂ္ဂိုလ်ဖြစ်လာသည်ဟု ဆို သည်(မ ၂၁း၄၂၊ ၁ပေ ၂း၇)။
ဆာ ၁၁၈း၂၂ တွင် အဆောက်အဦ ဆောက်လုပ်ပြီးစီး၍ ခေါင်ထိပ် ၌တင်ထားသော အထွဋ်အထိပ် ကျောက်ဟုဆိုထားရာ ဟေရှာ ၂၈း၁၆ ပါတိုက် မြစ်ကျောက်ထက် တမျိုးတမည် လေးနက်သည်။ ထိုကြောင့် ခရစ်တော်သည် အသင်းတော်၏ အုတ်မြစ်ဖြစ်သကဲ့သို့ ဘုန်းတန်ခိုးသရဖူလည်းဖြစ်သည်။
Counsellor (တိုင်ပင်ဖော် တိုင်ပင်ဘက်)
အကျိုးတော်ဆောင်မှာကြည့်။
–
Covenant (ပဋိညာဉ်)
ပဋိညာဉ်ဟူသော စကားလုံးသည် မူရင်းဟေဗြဲစကားတွင် ကြိယာ ဖြင့်သုံးရာ၌ “ဖြတ်တောက်စရာ”ဟု အနက်ရ၍ က ၁၅း၉-၁၈ တွင် အထင် အရှား တွေ့ရသည်။
ဂရိစကားလုံးတွင် diatheke ဟူသော ကြိယာဖြင့် သုံးနှုန်းသည့်အခါ တစုံတဦး၏ ဥစ္စာပစ္စည်းကို ထုခွဲခြင်းဟု အနက်ရသည်။ ဂရိစာပေပညာရပ်တွင် အမွေဟု အနက်ရ၍ ဟေဗြဲ ၉း၁၅-၁၇ တွင်လည်း ထိုသဘောဖြင့် ရေး ထားသည်။
ကျမ်းစာခေတ်ကာလ လူမျိုးတကာတို့၏ ယဉ်ကျေးမှုအရ ပဋိညာ သည် လူနှစ်ဦး(သို့) နှစ်ဖွဲ့အကြား သဘောတူညီချက်ဖြစ်သည်(က ၃၁း၄၄) ထိုသို့သော သဘောတူညီချက်ကို ကျောက်တိုင်စိုက်ထူပြီး အတည် ယူသိမှတ် ကြသည်(က ၃၁း၄၅)။ ထိုသိုမဟုတ်လျှင်လည်း တိရစ္ဆာန်ဖြင့် ယဇ်ပူဇော် နှစ်ခြမ်းခွဲကာ တယောက် တခြမ်းစီ ခွဲယူကြသည်(က ၁၅)။ ။
ဓမ္မဟောင်းသမိုင်းကြောင်းတလျှောက်၌ ဘုရားရှင်က ပြုတော်မူသော ပဋိညာဉ်များသည် ထိုကဲ့သို့ နှစ်ဦးနှစ်ဘက်၏ သဘောတူညီချက်မျိုးမဟုတ်။ အချုပ်အခြာဘုရားရှင်က လူများသို ပဋိညာဉ်ပြုတော်မူပြီးလျှင် ကိုယ်တော် ကိုယ်တိုင် ပြည့်စုံစေသည်။ ထိုသို့ဖြင့် ဘုရားရှင်က နောဧ(က ၆း၁၈၊ ၉း၈-၁၇)၊ အာဗြဟံ(က ၁၅း၁၇၊ ၂၇း၁-၁၄)၊ ဖိနဟပ်(တော ၂၅း၁၂)၊ ဒါဝိဒ် (ဆာ ၈၉း၄၉ ကို ၂ရာ ၇း၁၂-၁၇ နှင့်ယှဉ်ကြည့်)တိုသို့ ပဋိညာဉ်ပြုခဲ့သည်။ က ၁၅ တွင် ပိုင်းဖြတ်ထားသော ယဇ်ကောင်သားများအကြားတွင် သွားလာ ခြင်းသည် ပဋိညာဉ်တခြမ်း၌ ဘုရားရှင်ရပ်တည်သည့်အကြောင်းဖြစ်သည်။ ဤပဋိညာဉ်များသည် သားစဉ်မြေးဆက်များနှင့် ဘုရားသခင် အကြား၌ အကျိုး သက်ရောက်သည်။
ဘုရားရှင်၏ ပဋိညာဉ်များတွင် လူများက စောင့်ထိန်းရန်ဝတ္တရား များလည်း မကြာခဏ တွေ့ရသည်။ သင်္ဘောထဲသို တိရစ္ဆာန်မျိုးစုံ ဝင်စေခြင်း (က ၆း၁၈-၂၁)၊ ပဋိညာဉ်အမှတ်အသားအဖြစ် အရေဖျားလှီးခြင်း(က ၁၇) ဘုရားစကားတော်နာခံခြင်း စသည့် ဣသရေလတမျိုးသားလုံး လိုကာ မည့် သိနာတောင်ပဋိညာဉ်စသဖြင့် တွေ့ရသည်(ထွ ၁၉း၅)။
နောက်ဆုံးတွင် ဓမ္မဟောင်းမှ ပဋိညာဉ်ဟူသမျှသည်(ယေ ၃၀း၃၁ -၃၄) ခရစ်တော်ထဲ၌ ပြည့်စုံလာသည် (ဟေဗြဲ ၈း၈-၁၃၊ လု ၂၂း၂၀)။
ထိုပဋိညာဉ်များသည် တပိုင်းတစစီ ခွဲခြား၍မရပါ။ ပဋိညာဉ်ဟူသည် ကျေးဇူးတော်ဖြစ်သည်။ တရား ၂၉း၁၃ တွင် မောရှေပရိညာ အာဗြဟံသိုပြုထားသော ပဋိညာဉ်အား သစ်လွင်စေခြင်းဟုဆိုသည် တော်၌ ပြီးပြည့်စုံသော ပဋိညာဉ်သည် အာဗြဟံသိုပြုထားသော ပဠိညာဉ်များ ပြည့်စုံလာခြင်းဖြစ်သည်(ဂလာ ၃း၁၅-၂၉)။
Creation (ဖန်ဆင်းခြင်း)
ဘုရားရှင်အကြောင်းသည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူကြောင်း ကျမ်းစာသွန်သင်ချက်မှလွဲ၍ စတင်သိရှိနိုင်စရာမရှိ(က ၁း၁)။ ထိုသို ဖန်ဆင်း ရခြင်းရည်ရွယ်ချက်ကို ကျမ်းစာတခုလုံး၌ ရေးထားသည် (ယောဘ ၃၈၊ ဆာ ၈း၃၊ ဟေရှာ ၄၀း၂၆-၂၈၊ တ ၁၇း၁၄ နှင့် ဤအပိုင်းမှ အခြားကျမ်းပိုဒ်များ ကိုလည်းကြည့်)။
ကျမ်းစာသွန်သင်ချက် ဖန်ဆင်းခြင်းအကြောင်းဖြင့် ဘုရားရှင်တော် ကို ယုံကြည်နိုင်သည်(ဟေဗြဲ ၁၁း၃)။ ထိုဖန်ဆင်းခြင်းလက်ရာတော်များဖြင့် ဖန်ဆင်းရှင်ကို သိမြင်နိုင်သည်။ အခြားတဘက်တွင် ဘုရားရှင်၏ သွင်ပြင် လက္ခဏာသည် ဖန်ဆင်းခြင်းလက်ရာနှင့် အပြစ်သားများအား ခွင့်မလွှတ်ခြင်း များဖြင့် သိရှိနိုင်သည်(ရော ၁း၂၀)။
ဟေဗြဲ ၁၁း၃ နှင့် က ၁း၁ တို့အရ ဘုရားရှင်က ဘာမှမရှိသော လွတ်လပ်လဟာမှ ကမ္ဘာမိုးမြေစကြာဝဠာ ဖန်ဆင်းတော်မူကြောင်း သိရှိရ သည်။ မြင်သာသော ရူပလောကသည် ထာဝရမတည်။ ဘုရားသခင်တပါး တည်း သာလျှင် နိစ္စထာဝရတည်သည်။ ထိုသဘောအရ ဘုရားရှင်သည် ဖန်ဆင်းခံထဲတွင် မပါရှိပါ။ သင်္ခါရတရားလည်း မဟုတ်။ ကာလ ဒေသ၏ အထက်၌ တည်တော်မူသည်။
သက်ရှိသတ္တဝါများသည် လွတ်လပ်လဟာမှ ဖန်ဆင်းခံများမဟုတ်ကြ။ တိရစ္ဆာန်(က ၂း၁၉)၊ လူ(က ၂း၇)များသည် မြေကြီးမှ ဖန်ဆင်းပြုလုပ်ခြင်း ခံရသူများဖြစ်ကြ၍ မိန်းမသည် ယောက်ျား၏ ကိုယ်ခန္ဓာမှတဆင့် ဖန်ဆင်းခံ ဖြစ်သည်(က ၂း၂၁)။
ခမည်းတော်(က ၁း၁)၊ သားတော်(ယော ၁း၁)၊ သန့်ရှင်းဝိညာဉ်တော် (က ၁း၂)တို့ ပေါင်းစည်းသည့် ဘုရားရှင်တော်က အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသည်။ ထိုဘုရားရှင်ကသာ အရာခပ်သိမ်းကို ဖန်ဆင်းတော် မူ၍(ယော ၁း၃) မည်သို့သောသူကမျှ ထိုသို့သော အချုပ်အခြာတန်ခိုးမရှိ။
ဘုရားရှင်က အရာခပ်သိမ်းဖန်ဆင်းခြင်းသည် ဘုန်းတော်ထင်ရှား ရန်နှင့် အကြံအစည်တော် ပြည့်စုံထင်ရှားရန်ဖြစ်သည်(ဗျာ ၄း၁၁)။ ထိုသိုဖြင့် စကြာဝဠာသည် ဆက်လက်လည်ပတ်နေ၍(ကော ၁း၁၇) မျက်မှောက်ဖန်ဆင်း ချက်ကို ကောင်းကင်သစ်နှင့် မြေကြီးသစ်ဖြင့် အစားထိုးဦးမည်(ဗျာ ၂၁:၂)။
Cross (ကားတိုင်)
ရောမလူများမတိုင်ခင်တွင် ဖုနိသျှနှင့် ကာသိလူများက ကားစင်တင် ခြင်း ကျင့်သုံးကြသည်။ ရောမသား များက သစ်သားကားတိုင်(၄)မျိုးဖြင့် ကျေး ကျွန်၊ အမိုက်အရိုင်းနှင့် အဆိုးရွားဆုံး ရာဇဝတ်သားများကို သတ်ဖြတ်လေ့ ရှိကြသည်။ ရောမနိုင်ငံသားကိုမူကား ကားစင်တင်သတ်ခြင်း ရှားပါးသည်။
ကားစင်တင်သတ်ရန် အမိန့်စီရင်ခြင်းခံရသူသည် တရားရုံးမှ ကားစင် သတ်ခြင်းခံရသည့် မြိုပြင် တစပြင်သုဿန်ထိ သစ်သားဖြင့်ပြုလုပ်ထားသော မိမိကားတိုင်ကို ထမ်းရသည်။ သူ့ရှေ့တွင် လူတယောက်က ထိုသူ၏အပြစ်အား ရေးသားထားသော သစ်သားပြားကို လူတကာပြလျက် ယူဆောင်သွား ရသည်။ တစပြင် သုဿန်သို့ ရောက်သောအခါ ထိုတရားခံသည် အဝတ်အစား များချွတ်ပြီး ကားစင်ပေါ်၌ သံမှိုနှက်ခြင်းခံရသည်။ ထိုနောက်မှ ကားတိုင်ကို ထောင်စိုက်ကြသည်။
ထိုသိုဖြင့် တရားခံသည် ဆာလောင်ငတ်မွတ်ခြင်း၊ မောပန်းနုံးချိခြင်း၊ အသက်ရှူမဝခြင်းတိုဖြင့် သေဆုံးသွားသည်။ နာရီပေါင်းများစွာ မချိမဆန့် ဝေဒနာခံပြီးမှ အသက်ပျောက်ကြသည်။ ထိုကြောင့် တခါတရံ မြန်မြန်အသက် ပျောက်စေရန် ခြေထောက်များကို ရိုက်ချိုးပစ်ကြသည်။ ခြေထောက်ရိုး ရိုက် ချိုးကြခြင်းမှာ ခြေထောက်သည် အသက်ရှူနိုင်ရန် ပင့်အားယူရာဖြစ်သည်။ သခင်ယေရှုမှာမူ ထိုသို့ အရိုးကျိုးအောင် ပြုလုပ် ခြင်းမခံရ။
ကားစင်တင်သတ်ခြင်းသည် ရက်စက်မှုအထွဋ်အထိပ် ရှက်ကြောက် ဘွယ်၊ နိမ့်ကျခြင်းအမှတ် အသားဖြစ်သော်လည်း ခရစ်တော်၏ ကားတိုင်သည် ဘုရားရှင်၏ တန်ခိုးတော်နှင့် ဉာဏ်ပညာတော်ပြ သရာဖြစ်ကြောင်း ဧဝံဂေလိ သတင်းကောင်း၌ တွေ့ရသည်။
Cubit (လက်ဖျံ)
တတောင်ဆစ်နှင့် လက်ချောင်းများအကြားကို လက်ဖျံဟုခေါ်သည်။ ပုံမှန်အားဖြင့် ၁၇.၅ လက်မ(နှစ်ထွာ )ရှိသည်။ အရှည်လျားဆုံးသည် ၂၀.၄ လက်မထိ ရှည်သည်။
Cupbearer (ဖလားတော်ဝန်)
အဲဂုတ္တုပြည်မှ ဖာရော့မင်း(က ၄၀း၁)နှင့် ရှောလမုန်မင်း(၃ရာ ၁း၅) တို့တွင် ဝိုင်မသောက်မှီ အဆိပ်အငွေ့ ပါဝင်ခြင်းမရှိစေရန် ဦးစွာ မြည်းစမ်း ပြီးမှ ရှင်ဘုရင်ထံသို့ ခွက်ဖလားဆက်သသူ အရာရှိမင်းများခန့်အပ်သည်။ ထိုသူကို ဖလားတော်ဝန်ဟုခေါ်သည်။ နိုင်ငံခြားသားများတွင်လည်း တခါတရံ ထိုသို့သောသူ ထားလေ့ရှိကြ သည်။ သို့သော် နိုင်ငံရေးအရ ချစ်ကြည်ယုံကြည် မှုကို ပြသသောအားဖြင့် တခါတည်းသောက်လေ့ရှိကြသည်။ နေဟမိသည် ထိုကဲ့သိုသော ဖလားတော်ဝန်ဖြစ်သည်(နေ ၁း၁၁)။
Curse (ကျိန်ခြင်းအမင်္ဂလာ)
ဘုရားရှင်၏ ကျိန်ခြင်းအမင်္ဂလာခံရသူများသည် အမင်္ဂလာနှင့် သေ ခြင်းခံရသော အပြစ်သားများ ဖြစ်ကြသည်။ ဘုရားရှင်၏ အဓိကရည်ရွယ်ချက် သည် ဖန်ဆင်းထားသော သတ္တဝါများသို့ ကောင်းချီးပြု ရေးဖြစ်သည်။ ထို ကောင်းချီးမင်္ဂလာကို လက်မခံချင်သူများသည် ကျိန်ခြင်းအမင်္ဂလာသင့်ကြ သည်(တရား ၁၁း၂၆)။ လူတို့၏ ကျိန်ဆဲခြင်းသည် အခြားလူများအပေါ်သို့ ဘုရားရှင်၏ တရားစီရင်ခြင်းသက်ရောက်ရေး(တော ၂၃း၈၊ ၄ရာ ၂၂း၄) (သို့) စကားပြောဆိုသူအပေါ်သို သမ္မာစကားပြောဆိုကြောင်း ဆန်းစစ်ခြင်း ဖြစ်သည်(မာ ၁၄း၇)။
ဘုရားရှင်ကို ကျိန်ဆဲသူသည် အဆိုးရွားဆုံး အပြစ်ဒုစရိုက် လွန်ကျူး သူဖြစ်၍ သေခြင်းရှာဖွေသူ ဖြစ်သည်(ယောဘ ၂း၉)။ မိဘကို ကျိန်ဆဲသူ(သို့) ဣသရေလဘုရင်ကို ကျိန်ဆဲသူသည် ဘုရားရှင်ကို ကျိန်ဆဲသူနှင့် တူသည်။ အကြောင်းသော် ထိုသူများသည် မိသားစုနှင့် မိမိလူမျိုး၏ ဘုရားဂိုဏ်းဝင် ဖြစ်ကြသည်(ထွ ၂၁း၁၇၊ ၃ရာ ၂၁း၁၃)။ ကျမ်းစာကလည်း နားမထောင်ချင် စရာ အချည်းနှီးနားခါးစရာစကားများ မပြောကြဘဲ မှန်သော စကားများကိုသာပြောဆိုခိုင်းသည်။ နားပျင်းကို ကျိန်ဆဲသူ၊ မျက်ကန်းကို လမ်းလွဲပြသူသည် ဆိုးရွားသော ကျိန်စာသင့်မည့်သူဖြစ်သည်(ဝတ် ၁၉း၁၄)။ မည်သိုဖြစ်စေ ကျိန်ဆဲသူသည် ဝဋ်လည်သည်။ ဘုရားပေး ကောင်းချီးမင်္ဂလာသည် လူကို ကျိန်ဆဲခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်(ဆာ ၁၀၉း၂၈)။ ဘုရားရှင်၏ ကျိန်ဆို ခြင်းသည် အပြစ်ဒုစရိုက်အပေါ် အပြစ်စီရင်ခြင်းဖြစ်သည်(ယေ ၂၉း၂၈)။ တရားတော်ကို ချိုးဖျက်ခြင်းလည်း ဖြစ်သည်(ဟရား ၂၂၊ .၄)၊ လူ့လောကသို့ ခရစ်တော်ကြွလာခြင်းသည် မင်းမျိုးဖြင့် ချိန် ခြင်းအမင်္ဂလာခံရသော အပြစ်သားတိုအား လွတ်မြောက်ပြီး ဘုရား ကောင်းချီးမင်္ဂလာ ခံစားကြရန်ဖြစ်သည်(ဂလာ ၃း၁၃၊ ၁၄)။
ခရစ်ယာန်များနှင့် ကျိန်ခြင်းအမင်္ဂလာအပ် မက်ကြ။ အကြောင်းသော် ကျိန်ဆဲခြင်းသည် တစုံတဦး အပေါ်သို့ ဘုရားရှင်၏ အပြစ် တရားစီရင်ရေး ဖိတ်ခေါ်ခြင်းဖြစ်သည်။ ကျေးဇူးတော်တံခါး ပိတ်ဆိုသည်။ ထိုကြောင့် ခရစ်ယာန်များသည် ယုံကြည်ခြင်းကြောင့် ကျိန်ခြင်းခံရလျှင် ကောင်းချီးမင်္ဂလာ ပိုမိုခံစားသည်(ရော ၁၂း၁၄)။
Curtain (Veil, AV) (ကန့်လန့်ကာ၊ ခန်းစည်း)
ဗိမာန်တော်အကြောင်းတွင် ကြည့်ပါ။
Dagon (ဒါဂုန်)
ဓမ္မဟောင်းကာလမှ ဖိလိတ္တိမ်းလူတို့၏ အဓိက နတ်ဘုရားကြီးဖြစ် သည်။ ရှံဆုန်သည် သူကိုယ်တိုင် အသေခံပြီး ဂါဇမြိုရှိ ဒါဂုန်နတ်ဘုရားကျောင်းကို ဖျက်ဆီးသည်(သူကြီး ၁း ၂၃-၃၀)။ ထိုနောက် နှစ်အနည်းငယ် အကြာတွင် အာဇုတ်မြို့ရှိ ဒါဂုန်နတ်ဘုရား ရုပ်တုဘုရားသည် ဘုရားသခင် ၏ ပဋိညာဉ်သေတ္တာတော်ရှေ့၌ မှောက်ကျကြေပျက်စီးသည်(၁ရာ ၂း၇)။ ရှောလုမင်းလွန်မြောက်ပြီးချိန်တွင် သူ့စစ်မက်ဗိုလ်ပါ ခေါင်းဆောင် များအား ဖိလိတ္တိမ်းလူများက ဒါကုန်နတ်ဘုရားကျောင်း၌ ဖမ်းဆီးချုပ်၊ ကြသည်(၅ရာ ၁၀း၁၀)။
ရှံဆုန်မတိုင်မှီ နှစ်ပေါင်းတထောင်ခန့်တွင် မေသောပေါတာမိအရပ်၌ ဒါဂုန်နတ်ဘုရားကို ကိုးကွယ်ကြ သည်။ နောင်တွင် မြောက်ပိုင်းခါနန်လူတို၏ ပုံပြင်၌ ဒါဂုန်နတ်ဘုရားသည် ဗာလနတ်ဘုရား၏ ဘိုးတော်ဖြစ် ကြောင်း ဆို စမှတ်ပြုကြသည်။ ဖိလိတ္တိမ်းလူတို့က ထိုတဝက်တပြက် ဘာသာရေးကို ဆက် လက်သိမ်းပိုက် ကိုးကွယ်ကြသည်။
ပညာရှင်များက ဒါဂုန်နတ်ဘုရားသည် ငါးနတ်ဘုရားဖြစ်သည်ဟု ကာလကြာရှည် ယူဆကြသည်။ ထိုသို့ ယူဆကြခြင်းမှာ ငါးမြီးနတ်ဘုရားရုပ်တုအား ဂါဇနှင့် အာဇုတ်မြိုတိုမှ မလှမ်းမကမ်းမြိုများရှိ ဒင်္ဂါးပြားပေါ်တွင် သဲလွန် စ တွေ့ ရှိကြသည်။ သို့သော် ထိုနတ်ဘုရားကို အာတာကိတိနတ်ဘုရားဟု ခေါ်ကြသည်။ ဒါဂုန်နတ် ဘုရားသည် သီးနှံနတ်ဘုရားနှင့် ပိုတူသည်။ ဟေဗြဲ ဝေါဟာရတွင် ဒါဂန်ဟူသော စကားလုံးသည် ဒါဂုန်နတ် ဘုရား၏ နာမည်နှင့် ဆက်စပ်ဟန်ရှိသည်။
David (ဒါဝိဒ်)
ယေရှု၏ သား(၈)ယောက်တွင် အထွေးဆုံးဖြစ်သည်။ ယေရှိသည် ဗက်လင်တွင်နေထိုင်သော ယုဒမျိုး နွယ်စုဝင်ဖြစ်သည်။ ဘုရားရှင်က ရှောလု မင်းအား ဘေးဖယ်သောအခါ ရှမွေလက ဒါဝိဒ်အား ဣသရေလတို၏ ရှင် ဘုရင်ဖြစ်ကြောင်း ပြောပြသည်(၁ရာ ၁၆)။
ဒါဝိဒ်သည် သိုးကျောင်းသားလေးဘဝတွင် ဂေါလိယကို သတ်ဖြတ် ပြီးသောအခါ သူရဲကောင်းဖြစ် လာသည်(၁ရာ ၁၇)။ ဒါဝိဒ်၏ အောင်မြင်မှုကို ရှောလုမင်းက မနာလိုသဖြင့် နန်းတွင်းမှ မောင်းထုတ်သည်။ ထိုသိုဖြင့် ဒါဝိဒ် သည် အပယ်ခံတို၏ စစ်ခေါင်းဆောင်ဖြစ်လာသည်။ ရှောလုနှင့် သူ့သားများကို ဂိလဘော တိုက်ပွဲ၌ ကျဆုံးကြသောအခါ ဒါဝိဒ်သည် ယုဒဘုရင်ဖြစ်လာသည် (နောက် ၇ နှစ်ကြာသော် ဣသရေလ တမျိုးသားလုံး၏ ဘုရင်ဖြစ်လာသည်)။
ဒါဝိဒ်မင်းနန်းစံချိန်သည် စစ်ရေးစစ်ရာ လျှမ်းလျှမ်းတောက် အောင် မြင်ချိန်ဖြစ်သည်(၂ရာ ၈၊ ၁၀)။ သိုသော် ရမ္မက်ဆန္ဒ အလိုလိုက်မှားသဖြင့် ကာမပိုင်ရှိသူ ဗေသရှေဗနှင့် မှောက်မှားကြပြီး သူ့ခင်ပွန်း ဥရိယကိုလည်း တိုက်ပွဲ၌ ကျဆုံးစေရန် ကြံဖန်သည်(ရာ ၁၁)။ ထိုကာလ၌ ဒါဝိဒ်၏ မိသားစု သည် အရူးမီး ဝိုင်းသည့်ပမာ အကုသိုလ်ပင်လယ်ဝေချိန်ဖြစ်သည်။ သူ့သားက ပုန်ကန်ပြီး နန်းလုရန် ကြိုးပမ်းသည်(၂ရာ ၁၃-၁၈)။
ထိုသို့ အမှားလွန်ကျူးသော်လည်း ဒါဝိဒ်သည် ဘုရားတရားကိုင်းရှိင်း သည်။ ယေရုရှလင်ကို သိမ်းပိုက်နန်းစံပြီးသော် နှစ်ပေါင်းကြာရှည် ပစ်ပယ် ခြင်းခံရသော ပဋိညာဉ်သေတ္တာကို ပြန်လည်ပင့်ဆောင် သည်(၁ရာ ၇း၁၊ ၂။ ၂ရာ ၆)။ တယောပညာရှင်ဖြစ်သည့်အတိုင်း ဆာလံတေးကဗျာများစွာ ဖွဲ့နွဲ့သည်။ ဗိမာန်တော် တည်ဆောက်ချင်သော်လည်း သူ့လက်၌ သွေးပေသော ကြောင့် ဘုရားရှင်က ခွင့်မပြု။ ထိုကြောင့် သူ့သားရှော လမုန်က တည်ဆောက်သည်(၅ရာ ၁၇)။ သို့သော် ထိုသို့ တည်ဆောက်နိုင်ရန် လိုအပ်သော ကုန်ကြမ်း ထည်များ အား ဒါဝိဒ်က စုဆောင်းပေးထားခဲ့သည်(၅ရာ ၂၈၊ ၂၉)။
ဘုရားရှင်က ဒါဝိဒ်သို သူ့ရာဇပလ္လင်ဆက်ခံမည့် သားမြေးထွန်းကား အကြောင်း ကတိတော်ပြုခဲ့ သည်(၅ရာ ၁၇း၇-၁၄)။ နေဗုခပ်နေဇာက ဣသရေလနိုင်ငံ သိမ်းပိုက်သွားသောအခါ ယုဒမင်းဆက် ကုန်ဆုံးသည်။ ဣသရေလလူမျိုး၏ ဘုန်းတန်ခိုး ပြန်လည်ထူထောင်မည့် ဒါဝိဒ်၏သား မေရှိယ ပေါ်ထွန်းမည့် အရေးကို ဣသရေလတို့က မိုးမျှော်စောင့်ကြည့်ကြသည်။ ထို မေရှိယသည် ဒါဝိဒ်၏သားမြေး နာဇရက်ယေရှု အဖြစ် ပေါ်ထွန်းလာသည်။
Day of the Lord (သခင်ဘုရား၏ နေ့ရက်)
အာမုတ်၏ ခေတ်ကာလရှိ ဣသရေလလူများသည် သခင်ဘုရား၏ နေ့ရက်တွင် လူမျိုးတကာအား ဦးစီးခေါင်းဆောင်မည့်သူကို ဘုရားရှင်က ပေါ်ထွန်းစေမည့်အကြောင်း မျှော်လင့်ကြသည်။ သိုသော် အခြားပ ရောဖက် များကလည်း ဘုရားရှင်ကို နာခံခြင်းမရှိလျှင် သခင်ဘုရား၏ နေ့ရက်၌ အပြစ် စီရင်ခြင်းသာ ခံကြရမည်ဟု သတိပေးကြသည်(အာ ၅း၁၈-၂၀)။ အခြား လူမျိုးများသည်လည်း ရက်စက်ယုတ်မာမှု၊ အပြစ် ဗရပွ ထူပြွမ်းမှုကြောင့် ဘုရား ရှင်၏ အပြစ်စီရင်ခြင်း ခံကြမည်ဟု ဟောပြောကြသည်(ဟေရှာ ၁၃း၆၊ ၉၊ ဩ ၁၅)။
ဓမ္မသစ်ကျမ်းတွင်မူ သခင်ဘုရား၏ နေ့ရက်သည် ခရစ်တော်ဒုတိယ အကြိမ် ကြွလာတော်မူရာ နေ့ရက်ဖြစ်သည်။ ထိုနေ့ရက်တွင် ဆိုးယုတ်သူများ ကို အပြစ်ဒဏ်စီရင်၍ ယုံကြည်ခြင်းသစ္စာရှင်များကို ဆုချီးမြှင့်မည်(၁ကော ၁း၁၈)။
Devils, Demons (မာရ်နတ်၊ နတ်ဆိုး:)
မာရ်နတ်သည် ဘုရားသခင်ကို ဆန့်ကျင်သော နာနာဘာဝလောက သားဖြစ်သည်။ ကောင်းကင်တ မန်များကဲ့သို့ပင် ဘုရားရှင်က ဖန်ဆင်းသော် လည်း ဘုရားရှင်ကို ပြန်လည်ဆန့်ကျင်ပုန်ကန် စာတန်သည် ဘုရားသခင်၏သားများ(ကောင်းကင်တမန်များ)တွင် ပါဝင် ကြောင်း တွေ့ရသည်။
မာရ်နတ်သည် မနုသလူသားများသို့ ဝင်ရောက်လှုပ်ရှားနိုင်ကြောင်း ခရစ်ဝင်ကျမ်းများတွင် ရေးထား သည်။ အထူးသဖြင့် နတ်ဆိုးတန်ခိုးများ စုစည်းပြီး ဘုရားသားတော်အား ဆန့်ကျင်တိုက်ခိုက်သည်။
မာရ်နတ်ဒေဝဒတ်သည် အစွမ်းထက်သော သတ္တဝါဖြစ်သည်။ မည် သူကမှ ထိုသို့ အစွမ်းအစရှိကြောင်း ဂရုမစိုက်ကြ။ မာရ်နတ်ထက် တန်ခိုး အစွမ်းထက်သော ကောင်းကင်တမန်များကပင်လျှင် မာရ်နတ်အား သတိ ထားကြသည်(၂ပေ ၂း၁ဝ၊ ၁၁၊ ယု ၉)။ ထိုမာရ်နတ် သာသနာဖျက်များသည် ရုပ်တုဘုရားတု ကိုးကွယ်သူများနှင့် ပေါင်းဖက်ကြသည်( ၁ကော ၁၀း၁၉)။
တနေ့သောအခါ ဘုရားရှင်က သူတိုအတွက် ပြင်ဆင်ထားသော ငရဲ မီးအိုင်ထဲသို အားလုံးပစ်ချမည်(မ ၂၅း၄၁)။
စာတန်အကြောင်းမှာလည်းကြည့်။
Deacon (သင်းထောက်)
သခင်ယေရှုက သူ့ကိုယ်သူအား သင်းထောက်(အစေခံသူ)ဟု ဝန်ခံ သည်(လု ၂၂း၂၇)။ အစေခံဟူသော စကားလုံးနှင့် သင်းထောက်သည် အနက် တူသည်။ ဓမ္မသစ်ကျမ်းတွင်မူ တမျိုးတဖုံဖြင့်လည်း သုံးစွဲသည်။ တခါတရံ အမှုတော်ဆောင်ဟုလည်း ပြန်ဆိုကြသည်။ ထိုကြောင့် အစေခံ၊ စားပွဲတော် အမှု၌ အစေခံသူ၊ အသင်းတော်အရေး လုပ်ဆောင်သူ၊ ဧည့်ကြိုဟုလည်း သုံးနှုန်းကြသည်။
ခရစ်ယာန်ဟူသမျှသည် ခရစ်တော်၏ နောက်လိုက်ဖြစ်ကြသဖြင့် အပြန်အလှန် ကူညီကြရသည်(၁ပေ ၄း၁၀)။ တမန်တော်များက သူတိုကို သူတိုအား နှုတ်ကပတ်တော်၏ အစေခံဟု ခံယူကြသည်(တ ၆း၄၊ ကော ၁း၂၃)။
သိုသော် အသင်းတော်များတွင် သီးခြားလူအုပ်စုအဖြစ် လူများက သိရှိကြသည်။ ထိုသို့သောသူ (၇)ပါးကို တ ၆း၁-၆ တွင် သင်းထောက်ဟု ခေါ်သည်။ ထိုနေရာမှလွဲ၍ စားပွဲတော်အမှုပြုသော အစေခံများဟု သုံးနှုန်း ခြင်းမရှိ။ ၁တိ ၃း၈-၁၃ တွင် ယေရုရှလင်မှ သင်းထောက်(၇)ဦးအကြောင်း တွေ့ရသည်။
၁တိ ၃ တွင် သင်းထောက်များသည် မည်သို့သောသူများဖြစ်ကြောင်း မပြောပြပါ။ သင်းအုပ်များက နှုတ်ကပတ်တော်အမှုအရာနှင့် ဆုတောင်းခြင်းလုပ်ဆောင်ကြသကဲ့သို ထိုသင်းထောက်(၇)ပါးတို့သည် အသင်းတော်၏ ဝေယျာဝစ္စများ လုပ်ဆောင်ကြသည်(တ ၆း၄ ကြည့်) ဓမ္မသစ်ကျမ်းနှောင်းပိုင်းကာလ တွင်မူ လူမမာများ လှည့်လည်ကြည့်ခြင်း၊ အသင်းတော်၏ အခြားကိစ္စရပ် များ လုပ်ဆောင်ခြင်း ပြုလုပ်ကြသည်။
သင်းထောက်များသည် အသင်းတော်ထဲ၌ လူမှုရေးရာ လုပ်ဆောင် ကြသော်လည်း ဝိညာဉ်ရေးရာ ပြည့်သူများဖြစ်ကြသည်(တ ၆း၃)။ သက် တာမြင့်မြတ်ကြ၍ ယုံကြည်ခြင်းအသိတရား ခိုင်မာမြဲမြဲကြသည်(၁တိ ၃း ၉)။
အမျိုးသမီးများသည်လည်း သင်းထောက်ဖြစ်နိုင်ကြသည်။ ၁တိ ၃း၁၁ သည် သင်းထောက်က တော်ထက် အမျိုးသမီးသင်းထောက်များအကြောင်း ဆိုလိုသည်။ ကင်မြို့ရှိ အသင်းတော်၌ အမျိုးသမီးသင်း ထောက်ဖိဗီ၏ ရှိခဲ့ သည်။
Death (သေခြင်း)
သာမန်အားဖြင့် ရုပ်ခန္ဓာကိုယ်၌ အသက်မရှိတော့လျှင် သေသည်ဟု ဆိုကြသည်။ ကျမ်းစာတွင်လည်း တခါတရံ ထိုသဘောဖြင့် အနိစ္စရောက်သည်၊ စုတေသည်၊ ပျံလွန်သည်၊ ပရိနိဗ္ဗာန်ပြုသည်ဟုဆိုသည်(ယော ၁း၁)။ သို့ သော် ကျမ်းစာ၏ ဆိုလိုရင်းအနက်သည် ထိုထက်မက လေးနက်သည်။
သေခြင်းသည် အပြစ်ဒဏ်ဖြစ်သည်(ရော ၆း၂၃)။ ဘုရားသခင်က အာဒံသို့ စကားတော်နားမထောင်လျှင် ချက်ခြင်းသေမည်ဟု မိန့်တော်မှုခဲ့သည် (က ၂း၁၇)၊ သို့သော် အာဒံသည် စကားမနာခံ ဖောက်ပြန်သော်လည်း ကာလ ကြာရှည် ဆက်လက်အသက်ရှင်ပေမင့် ရှေ့တော်၌ စုံလင်ခြင်း၊ ဘုရားရှင်နှင့် မိဿဟာယဖွဲ့ခြင်း၊ ဘုရားရှင်တော်ကျေနပ်စေခြင်းတို့အား မပြုလုပ်နိုင်ဘဲ အဆက်အသွယ် ပြတ်တောက်သွားသည်။ ထိုကား တကယ့်သေခြင်းပေတည်း။ ရုပ်ခန္ဓာကိုယ်သေခြင်းသည် လူ့အမြင်ဖြစ်၍ ဘုရားအမြင်တွင် စိတ်ဝိညာဉ် သေခြင်းသာလျှင် တကယ့်သေခြင်းဖြစ်သည်။
ထိုကြောင့် လူသည် ရုပ်ခန္ဓာကိုယ်အသက်ရှင်နေသော်လည်း စိတ် ဝိညာဉ်သေနိုင်သည်(ဧ ၂း၁၊ ၂)။ ဘုရားရှင်နှင့် ဆက်ဆံနိုင်ရန် တဖန်မွေးဖွား ရသည်(ယော ၁း၁၂ ၁၃၊ ၃း၃)။ ခရစ်ယာန်များအတွက် ရုပ်ခန္ဓာကိုယ် သေ ခြင်းသည် ကြောက်စရာမဟုတ်။ သာမန်ထက် နှစ်ခြိုက်စွာ အိပ်ပျော်ခြင်းသာဖြစ်သည်(၁သက် ၄း၁၄)။ ဘုရားတရားမသိသူများအတွက် ဒုတိယသေခြင်း ရှိသေးသည်။ သိုသော် ထိုဒုတိယသေခြင်းသည် ခရစ်ယာန် များအတွက် တွေးကြောက်စရာမဟုတ်(ဗျာ ၂:၁၁၊ ၂၀း၁၄)။
ခရစ်ယာန်များသည် ခရစ်တော်က အပြစ်နှင့် သေခြင်းမရဏာ အောင်နိုင်ပြီးကြောင်း သတင်းကောင်း လက်ဝယ်ပိုင်ဆိုင်သူများဖြစ်ကြသည်။ သေခြင်းတရားက ခရစ်ယာန်များကို ချုပ်နှောင်ခြင်းမပြုနိုင်(၁ကော ၁၅း၅၄ -၅၇)။ အကြောင်းသော် ခရစ်တော်သည် အသက်ဖြစ်တော်မူ၍ ထာဝရအသက် ပေးပိုင်သူလည်း ဖြစ်သည်(ယော ၁၁း၂၅၊ ၂၆)။
Devoted thing (လှူဘွယ်ဝတ္တု)
စိတ်စွဲလမ်းခြင်းမရှိ။ အကျိုးမျှော်ခြင်းမပြုဘဲ တစုံတရာအား ဘုရား ရှင်ထံ ဆက်ကပ်လှူဒါန်းရသည်။ ထိုလှူဘွယ်ဝတ္တုများသည် အမှုတော်အတွက် ဖြစ်ရသည်(ဝတ် ၂၇း၂၈၊ ယောရှု ၆း၁၉)။ သေပြစ်နှင့် သက်ဆိုင် လျှင် ဖျက်ကို ဖျက်ဆီးရသည်လည်းရှိသည်(ဝတ် ၂၇:၂၉၊ ယောရှု ၆း၂၁)။ ထိုဥပဒေသကို ဖာရိရှဲများက တလွဲအ နက်ကောက်ကြသည်(မာ ၇း၁၁)။
Disciple (တပည့်တော် )
ရှေးခေတ်ကာလ၌ ယုဒဆရာများနှင့် ဂရိဆရာများကို တပည့်သား များ(တပည့်တော်များ)က မကြာခဏ ဝန်းရံလေ့ရှိကြသည်။ တပည့်ဟူသော စကားလုံးကို အခြားသူများသွန်သင်သူ ဂုရုများ၊ အာစရိများအား ခေါ်ဆို ရာ၌လည်း သုံးရသည်(ယော ၉:၂၈၊ မောရှေ၏ တပည့်)။ တပည့်ဟူသော စကားလုံးသည် သင်ယူသူဟု အနက်ရ သည်။
ခရစ်ဝင်ကျမ်းများတွင် တပည့်တော် ၁၂ ပါး(မ ၁၁း၁)ဟုတွေ့ရ၍ အခြားသူများကိုမူ ခရစ်တော်၏ နောက်လိုက်များဟုဆိုသည်(ယော ၆း၆၆)။ တမန်တော်ဝတ္တုတွင် ခရစ်ယာန်များကို တပည့်တော်များ ဟုဆိုသည်(၆း၁)။
Divorce (ကွာရှင်းခြင်း)
အိမ်ထောင်ပြုခြင်းသည် ဘဝတသက် လက်တွဲဖော်အဖြစ် ဘုရား ရှင်က ရည်ရွယ်တော်မူကြောင်း သခင်ယေရှု၏ မိန့်တော်မူချက်၌ တွေ့ရသည် (မ ၁၉း၄-၆)။ သို့သော် ယောက်ျားမိန်းမမရွေး အပြစ်သား ချည်းဖြစ်ကြသောကြောင့် မောရှေက ယောက်ျားများသို့ မိန်းမကွာရှင်းခွင့်ပြုထားသည်(တရား ၂၁း၁-၄)။ မောရှေက ယောက်ျားများအား မိမိမယားတို့ကို ကွဲချင်တိုင်း ကွဲခွင့် မပြုပါ။ နိုင်ထက်စီးနင်းပြုပြီး ကွာရှင်း ခွင့်မပြုပါ။ အကျိုးအကြောင်းခိုင်လုံစွာ ကွာရှင်းသော ဇနီးသည် နောက်တဖန် လွတ်လပ်စွာ အိမ်ထောင်ပြု ခွင့်ရှိသည်။ သို့သော် ထိုယောက်ျားသည် အခြားအိမ်ထောင်ပြုခွင့်မရှိ။
ဓမ္မဟောင်းပညတ်တရားတွင် ကွာရှင်းခွင့်မပြုသည့် အချက်(၂)ချက် ရှိသည်။ အိမ်ထောင်မပြုမှီတွင် ထိုမိန်းမသည် မရိုးသားကြောင်း စွပ်စွဲပိုင်ခွင့် မရှိ(တရား ၂၂း-၁၃-၁၉)။ ပျိုကညာတဦးအား မုဒိမ်းကျင့်လျှင် မိဘများထံသို့ လျော်ကြေးပေးပြီး ထိုအမျိုးသမီးအား ဇနီးအဖြစ် တသက်လုံး ပေါင်းသင်းရ ၊ သည်(တရား ၂၂း- ၂၈၊ ၂၉)။
ပြည်ပကျေးကျွန်ဘဝမှ ယုဒပြည်သိုပြန်ရောက်လာသူများသည် သာ သနာပလူများအား မယားအဖြစ် အိမ်ထောင်ပြုကြသည်။ ထိုသူများအား ယုဒ ခေါင်းဆောင်များက ကွာရှင်းခိုင်းကြသည်(ဧဇ ၉း၁ဝ၊ နေ ၁၃း၂၃-၂၇)။ ထိုအပြုအမူသည် ဘာသာရေးသန့်စင်ရန် ချိုယွင်းချက်ဖြစ်သည်။ ယနေ့ခေတ် ၊ ကာလ၌ မကျင့်သုံးရ။
လင်ငယ်နေခြင်း၊ လင်သားအပေါ် သစ္စာမဲ့သည့် ဘုရားစကားတော်၊ ကို မနာခံခြင်းအပြစ်မှလွဲ၍ မယားကွာရှင်းခွင့်မရှိကြောင်း သခင်ယေရှုက၊ ပညတ်ထားသည်။ အကြောင်းမခိုင်လုံဘဲ ကွာရှင်းပြီး နောက်ထပ်အိမ်ထောင် ပြုခြင်းသည် အိမ်ထောင်ဖောက်ပြန်ခြင်းဖြစ်သည်(မ ၁၉း၉)။
အိမ်ထောင်ပြုခြင်းသည် သေတပန်သက်တဆုံး စောင့်ထိန်းရကြောင်း သခင်ယေရှု၏ စကားတော်ကို အခြေခံလျက် ရှင်ပေါလုက ထပ်မံသွန်သင် သည်။ သဘောမတိုက်ဆိုင်၍ ကွာရှင်းကြသော်လည်း အခြားအိမ်ထောင်မပြု ကြသေးလျှင် ပြန်လည်ပေါင်းသင်းနိုင်သည်( ၁ကော ၇း၁၀၊ ၁၁)။ မယုံကြည်သူ တိုနှစ်ယောက် အိမ်ထောင်ပြုကြပြီးနောက် တဦးက ယုံကြည်သူဖြစ်လာသော အခါ မယုံကြည်သူအိမ် ထောင်ဘက်အား မကွာရှင်းရ။ အကယ်၍ မယုံကြည်သူ အိမ်ထောင်ဘက်က စွန့်ပစ်လျှင် အတင်းဆွဲထား စရာမလို။
Eden, the garden of (ဧဒင်ဥယျာဉ်)
ဧဒင်ဥယျာဉ်ရှိခဲ့သည့်နေရာကို အတိအကျမသိနိုင်သော်လည်း(က ၂း၈)သော်လည်း က ၂း၁၁-၁၄ တွင် မြစ်လေးသွယ်ရှိရာအရပ်ဟု ဆိုသည်။ ထိုမြစ်လေးသွယ်တွင် တိုက်ဂရစ်နှင့် ဥဖရတ်မြစ်တိုကို သိရှိကြ၍ ပိသုန်နှင့် ဂိဟုန်မြစ်များကိုမူ မသိရှိကြပါ။ ပါရှန်းပင်လယ်ကွေ့၏ မြောက်ဘက်ဟုသာ ခန့်မှန်းရသည်။
ဧဒင်ဟူသောနာမည်သည် လွင်ပြင်၊ မြေပြန့်ဒေသဟူသော ရှေးသုံး စကားလုံးဖြစ်ဟန်တူသည်။ ဟေဗြဲစကားလုံးတွင် အလားတူစကားလုံး ဝမ်း မြောက်ခြင်းဝေါဟာရရှိသည်။ ဧဒင်ဟူသော ဝေါဟာရသည် ဧဒင်ဥယျာဉ်ဟု လည်း သိရှိထင်ရှားသည်။ ထိုဥယျာဉ်သည် စိတ်ချမ်းမြေ့ဘွယ်ရာဖြစ်သည်။ ဓမ္မသစ်ကျမ်းစာက ပရဒိသုဘုံဥယျာဉ်ဟုဆိုသည်(ဗျာ ၂း၇ ကို က ၂း၉ နှင့် ယှဉ်ကြည့်)။ ထိုဥယျာဉ်ကို ဘုရားရှင်၏ ဥယျာဉ်(ဟေရှာ ၅၁း၃)၊ ထာဝရ ဘုရား၏ ဥယျာဉ်(ယေဇ ၂၈း၁၃)ဟုလည်းခေါ်သည်။ ကျမ်းစာတွင် ထိုဥယျာဉ် ၏ ဖြစ်စဉ် အကြောင်းအရာများ ပြောပြခြင်းမရှိ။
Edom, Edomite (ဧဒုံ၊ဧဒုံလူ)
ဧဒုံဟူသော ဝေါဟာရသည် အနီရောင်ဟု အနက်ရ၍ ယာကုပ်၏ အစ်ကို ဧသော၏ အခြားနာမည် (မောင်နီ)ဖြစ်သည်(က ၂၅း၃၀)။ သူ့သားစဉ်မြေးဆက်များသည် ပင်လယ်သေတောင်ဘက် စိရတောင်ဒေသတွင် နေထိုင် ကြသည်။ ဧသော၏ အခြေချရာနေရာဒေသဖြစ်သည်(က ၃၂း၃)။
ခါနန်ပြည်သို ချီတက်ကြသော ဣသရေလလူများအား သူတိုနယ်မြေ ဖြတ်သန်းရန် ဧဒုံလူများက ခွင့်မပြုကြ(တော ၂၀း၁၄-၂၁)။ သိုသော် ဣသရေ လလူများသည် မိမိတို ညီအစ်ကိုများဖြစ်ကြသည့်အတိုင်း ဧဒုံလူတိုကို မမုန်း ကြ(တရား၂၃၇)။ ဒါဝိဒ်မင်းက ဧဒုံလူများကို အောင်မြင်သိမ်းပိုက်သည်(၂ရာ ၈း၁၄)။ ပုန်ကန်ရန် ကြိုးပမ်းကြသော်လည်း(၃ရာ ၁၁း၁၄၊ ၆ရာ ၂၀း၁၊ ၁၀) ယောရံမင်းလက်ထက်ထိ ယုဒမင်းတို့အား အညံ့ခံ ကြသည်(၄ရာ ၈း၂၂)။
ဗာဗုလုန်သားများလက်ထဲသို ယေရုရှလင်ကျရောက်သောအခါ ဧဒုံ လူတို့ ဝမ်းသာကြသည်(ဆာ ၁၃း ၇၇)။ ထိုသို့ ဘုရားသခင်၏ လူများကို မုန်း တီးကြသော ဧဒုံလူများသည် အပြစ်စီရင်ခြင်းခံကြမည့်အကြောင်း ပရောဖက်များက သတိပေးကြသည်(ဩဗဒိ)။ ဧဒုံလူအချိုသည် ယုဒပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့ နေထိုင်ကြပြီး ဧဒုမဲလူမျိုးနွယ်ဖြစ်လာကြသည်။ ဘီစီ ၅-၃ ရာ နှစ်အတွင်းတွင် အာရဗ်နွယ်မျိုးစုက ဧဒုံလူတိုကို တိုက်ခိုက်အောင်နိုင်လေ ကြသည်။ မာလခိကျမ်းသည် ဘီစီ ၄၅ဝ ခန့်မှ ထိုသို အနိုင်ကျင့်ခံရသည် အစောပိုင်းကာလအကြောင်းဖြစ်သည်။
ဓမ္မဟောင်းနှင့် ဓမ္မသစ်ကြားကာလ၌ မက္ကဘီခေါင်းဆောင်သော ယုဒ လူတိုက ဧဒုံလူတိုကို တိုက်ခိုက်အနိုင်ယူပြီး အတင်းအဓမ္မ အရေဖျားလှီးကြကာ ယုဒလူမျိုးဇာတ်သွင်းကြသည်။ ဓမ္မသစ်ကျမ်းမှ ဟေရုဒ်မင်းများသည် ဧသော၏ သားစဉ်မြေးဆက် ဧဒုံလူမျိုးနွယ်များဖြစ်ကြသည်။
Egypt (အဲဂုတ္တု)
အဲဂုတ္တုလူမျိုး၏ သမိုင်းကြောင်းသည် ခဏတဖြုတ် အာဗြဟံသွား ရောက်နေထိုင်သည့် အချိန်မတိုင် မှီကပင် စတင်သည်(က ၂၂း-၁၀-၂၀)။ ရှေးကမ္ဘာ၌ အဲဂုတ္တုပြည်သည် တန်ခိုးအရှိန်အဟုန် အစွမ်းထက်သော လူမျိုး တပါးဖြစ်သည်။ အထူးသဖြင့် အာဗြဟံခေတ်ကာလမတိုင်မှီမှ တရားသူကြီး များခေတ်ကာလတိုင်အောင် ထင်ရှားခဲ့သည်။ ခရစ်တော်မတိုင်မှီ နှစ်ထောင် ပေါင်းများစွာကာလတွင် တန်ခိုးအစွမ်းထက်ကြ၍ ခေါင်းဆောင် များ၏ အစွမ်း အစကြောင့် နိုးထကြသည်။ အာရှုရိတိုက တခေတ်အုပ်စိုးကြပြီးနောက် ပါရှန်း တို့က အုပ်စိုးကြသည်။ မဟာအလက်ဇန္ဒားက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် သူသေလွန်သည့်အခါ ဘီစီ ၃ဝ ၌ ရောမအင်ပါယာ ပေါ်ထွန်းချိန်ထိ ဂရိတို့က အုပ်စိုးကြသည်။
ဓမ္မဟောင်းကျမ်းမှ မဟာရွေးနှုတ်ခြင်းအရေးကိစ္စသည် အဲဂုတ္တုပြည်မှ လွတ်မြောက်ထွက်ခွာခြင်း ဖြစ်သည်။ ထိုအဖြစ်အပျက်၏ ရည်ရွယ်ချက်အား ဓမ္မဟောင်းကျမ်းတွင် ကြိမ်ဖန်များစွာ ရေးထားသည်။
Elder (လူကြီးမင်း၊ အသက်ကြီးသူ)
ဓမ္မဟောင်းခေတ်ကာလ၌ မြိုပြပြည်ရွာ၊ လူမျိုးနွယ်များကို လူကြီး မင်းများက အုပ်စိုးခေါင်းဆောင် ကြသည်(က ၅၀း၇၊ တော ၂၂း၇)။ ဣသရေလ လူတို၏ လူကြီးမင်းများသည် အဲဂုတ္တုပြည်နေစဉ်ကာ လအကြောင်း၌ ပထမဆုံးတွေ့ရ၍ အထူးသဖြင့် မိသားစုခေါင်းဆောင်ပုံစံဖြစ်ကြသည်(ထွ ၃း၁၆)။ သက်ဦးဆံ ပိုင်စနစ်၌လည်း ဆက်လက်အရေးပါကြသည်(၃ရာ ၈း၁၊ ၂၀း၇)။ ထိုနောက်ပိုင်းတွင်လည်း ဆက်လက်တည် တံ့သည်(ယေဇ ၈း၁)။ အဓိကတာဝန် မှာ မြိုပြရေးရာထက် ဘာသာတရားနှင့် မြိုဝင်တံခါး(မြိုရွာခန်းမ)များတွင် တရားသူကြီးများအဖြစ် ရုံးထိုင်စီရင်ခြင်းဖြစ်သည်(တရား ၁၉း၁၂၊ ၂၁း၂၊ ရု ၄း၁-၁၂)။
ဓမ္မသစ်ကျမ်းကာလ၌မူ ယုဒလူကြီးမင်းများသည် မြိုပြပြည်ရွာ အရေးအရာထက် ဘာသာတရား အရေး၌ ပါဝင်ထက်သန်ကြသည်။ ခရစ်ဝင် ကျမ်းများနှင့် တမန်တော်ဝတ္တုတွင် မကြာခဏ တွေ့ရသည်(မာ ၈း၃၁၊ တ ၄း၅)။ ထိုလူကြီးမင်းများသည် တရားစရပ်ကိုလည်း အုပ်စိုးကြသည်။
ခရစ်ယာန်အသင်းတော်များကိုလည်း လူကြီးမင်းများက အုပ်စိုးကြ သည်(တ ၁၄:၂၃၊ ၁၅:၂၊ တိ ၁း၃)။ ထိုသူများကို သင်းအုပ်၊ ဘုန်းတော်ကြီး ဟုလည်း ခေါ်လာကြသည်(ပါစတာ၊ သင်းအုပ်အကြောင်းမှာလည်း ကြည့်)။ ထိုသူများသည် ယဉ်ကျေးသိမ်မွေ့ကြ၍ ဖြောင့်မတ်ကြပြီး ယုံကြည်ခြင်းရင့်ကျက် ကြသည်နှင့်အညီ အခြားလူများသို့ ယုံကြည်ခြင်းသစ္စာအကြောင်း သွန်သင် နိုင်ကြသည်(၁တိ ၃း၁-၇)။ သို့သော် အသက်အရွယ် အိုမင်းမှ လူကြီးမင်းဟု ထိုသို ခေါ်ရသည်မဟုတ်။
အသင်းတော်ကို နှုတ်ကပတ်တော်ဖြင့် ကြီးစိုးကြသော်လည်း အတင်း အကြပ်မပြုကြ(၁ပေ ၅:၂၊ ၃)။ အမှားကို အမှန်သို ပြင်ဆင်တည့်မတ်ပေးကြ သည်(၁သက် ၅း၁၂)။ လူမမာများအား လှည့်လည်ကြည့်ရှု အားပေးကြသည် (ယာ ၅း၁၄)။ အခြားလူများ၏ ဧဝံဂေလိလုပ်ငန်းကို အားပေးကူညီကြသည် (၁တိ ၄း၁၄)။ သိုသော် လူကြီးမင်းတိုင်းက နှုတ်ကပတ်တော်ဟောပြောခြင်း၊ သွန်သင်ခြင်းမပြုနိုင်ကြ(၁တိ ၅း၁၇)။
ဗျာ ၄း၄ တွင် လူကြီးမင်း ၂၄ ပါးတိုသည် ရွေးနှုတ်ခံလူများအတွက် တချိန်လုံး ရပ်နေကြသည်။ ထိုအရေအတွက် ပမာဏသည် ဓမ္မဟောင်းကာလမှ ဣသရေလလူမျိုး ၁၂ မျိုးနွယ်နှင့် ဓမ္မသစ်ကျမ်းခေတ် ကာလမှ တပည့်တော် ၁၂ ပါးတို့ကို ကိုယ်စားပြုကြသည်။
Elements (တန်ဆာပလာ)
ဂရိစကားတွင် အနက်မျိုးစုံရသည်။ အရေးကြီးဆုံးတခုမှာ ဓမ္မသစ်ကျမ်းစာ၌ အသုံးပြုပုံအား သိရှိနားလည်ရေးဖြစ်သည်။
၁။ ထိုးထွင်းဉာဏ်၊ ထိုးထွင်းဉာဏ်ပညာ၏ အခြေခံနိယာမရှိခြင်း။ ဆိုလိုသည် မှာ စကားပြောဆိုရာ၌ ဗျည်းသရများအား စကားလုံးအဖြစ် အသုံးပြု ဖြစ်သည်။
၂။ ရူပအရာဝတ္တုများဖြင့် ပြုလုပ်သည့် အခြေခံရုပ်ဝတ္တုပစ္စည်းများဖြစ်သည် (ဂရိဒဿနပညာရှင် အချို့က အရာရာသည် မြေဓါတ်၊ ရေဓါတ်၊ အပူဓါတ်၊ လေဓါတ်ဖြင့် ဖွဲစည်းသည်ဟု ဆိုကြသည်)။
၃။ ကောင်းကင်တမန်များနှင့် နတ်ဆိုးများ
ဟေဗြဲ ၅:၁၂ သည် အထက်ပါ အမှတ်စဉ် ၁ ၏ သဘောထား ဖြစ်သည်။
၂ပေ ၃း၁၀၊ ၁၂ သည် အထက်ပါ အမှတ်စဉ် ၂ မှ အချက်များ ဖြစ်ကြောင်း အထင်အရှား ဆိုထားသည်။
အချို့က ဂလာ ၄း၃၊ ၉ နှင့် ကော ၂း၈၊ ၂ဝ တို့သည် အထက်ပါ။ အချက် ၃ ကို ဖော်ဆောင်သည်ဟု ဆိုကြသည်။ ပြဿနာတခုမှာ ဤကျမ်း ချက်ရေးသားပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀၀၊ ၃၀ဝ တိုင်အောင် ထိုသဘောပြောဆိုရေးသားခြင်းမရှိ။ ရှင်ပေါလုခေတ်ကာလ၌ ကောင်းကင်တမန်၊ နတ် ဟူသော စကားလုံး အထွေအထူး သုံးနှုန်းခြင်းမရှိ။ ထိုကြောင့် ဤကျမ်းပို များတွင် အမှတ်စဉ် ၁ သည် ပိုမိုလက်ခံဘွယ်ရာဖြစ်သည်။ ယုဒဘာသာရေး ဥပဒေသများ၊ သာသနာပလူတို၏ ခံယူချက်နှင့် ဒဿနိကဗေဒကလည်း လူ ထိုးထွင်းဉာဏ်ပ ညာ၏ အခြေခံနိယာမတရားဖြစ်ကြောင်း လက်ခံကြသည်။
Ephah (ဧဖာ)
မိန်းမတယောက်ကို ထည့်နိုင်သည့်ပမာဏရှိသည်(ဇာ ၅း၆-၁၀)။ ၂၂ ။ လီတာခန့်ရှိ၍ ဂျုံမုယောတိုင်း တာရာ၌လည်း အသုံးပြုသည်။ လူတဦးရေချိုး နိုင်သည့် ပမာဏရှိသည်။
Epicureans (ဧပိကုရု)
ဧပိကုရုသည် ဘီစီ ၃၄၁-၂၇၀ တွင် ဂရိဒဿန ပညာသင်ကျောင်း တော်တည်ထောင်သည်။ လူ့လောကတွင် အကြီးကျယ်ဆုံး ကောင်းမြတ်ခြင်း သည် စိုးရိမ်သောကနှင့် ဝေဒနာကြောက်စိတ် ကင်းမဲ့ပြီး ငြိမ်သက်ချမ်းမြေ့သော ဘဝအသက်တာဖြစ်သည်။ အထူးသဖြင့် ခင်မင်ရင်းနှီးပေါင်းသင်းခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုအယူဝါဒက အများသူငါကဲ့သို နေထိုင်ရသော်လည်း အိမ်ထောင်မပြုရန် အကြံပြုသည်။
ဧပိကုရုက ဘာသာတရားကို မုန်းတီးသည်။ အကြောင်းသော် ဘာ သာတရားက လူများအား နတ်ဘုရားများကို ကြောက်ရွံရန်၊ သေခြင်းကို စိုးရိမ်ကြရန် သွန်သင်ကြသည်ဟုဆိုသည်။ ထိုကြောက်စိတ်ကို အောင်နိုင်သည့် နည်းလမ်းအား သွန်သင်သည်။ သူ့အလိုအရ နတ်ဘုရားများသည် လူများ အရေးကို စိတ်ဝင်စားခြင်းမရှိကြဘဲ မိမိတိုပျော်စံရာ ရှာဖွေလိုလားသူများ ဖြစ်ကြသည်။ စိတ်ဝိညာဉ်အပါအဝင် အရာခပ်သိမ်းသည် အနုမြူဖြင့် ဖွဲစည်းပေါင်းစပ်သဖြင့် လူသည် သေလွန်သည့်အခါ ထိုအနုမြူများ ပျံ့လွင့်ကုန်သည်။ ထိုကြောင့် သေခြင်းအလွန်၌ နောင်တမလွန်ဘဝဟူ၍မရှိဟုဆိုသည်။
အာရုပါကုတောင်ပေါ်မှ ရှင်ပေါလု၏ တရားနာပရိသတ်များထဲတွင် ဧပိကုရု၏ တပည့်များလည်း ပါဝင်ကြသည်(တ ၁၇း၁၈)။ ရှင်ပေါလု၏ တရား ဟောချက်သည် ထိုသူများ၏ အတွေးအခေါ်နှင့် ဆန့်ကျင်သည်။ အကြောင်း သော် ဘုရားရှင်တော်နှင့် လူဆက်နွယ်ပုံ၊ သေခြင်းအလွန်၌ တရားစီရင်ခြင်း ရှိပုံအကြောင်းများ ဟောပြောသည်။
Ephod (သင်တိုင်း)
ယဇ်ပုရောဟိတ်များက ဆင်မြန်းသော ပိုးသားထည်(၁ရာ ၂:၂၈၊ ၂၂း၂၈)ဖြစ်သော်လည်း ဒါဝိဒ်မင်းကသာ ဝတ်ပြုကိုးကွယ်ခြင်း တရားသဘင်၌ တကြိမ်ဝတ်ဆင်ကြောင်း တွေ့ရသည်(၂ရာ ၆း၁၄)။ ပိုးသားထည်ဖြင့် ရက် လုပ်သည့် ယခုခေတ် ဝတ်လုံရှည်မျိုးဖြစ်သည်။
ယဇ်ပုရောဟိတ်ကြီးဆင်မြန်းသော သင်တိုင်းသည် လည်ပင်းမှ တင်ပါးထိတိုင်အောင် တဆက်တည်း ဖြစ်၍ ပခုံးတွင် ချိတ်ဆက်ထားသည်(ထွ ၃၉း၁ -၂၆)။
ဗိမာန်တော်ထဲ၌ ဆွဲချိတ်ထားသော သင်တိုင်းနှင့် တန်ဆာပလာ အဖြစ် ဆင်မြန်းသော သင်တိုင်းဟူ၍ နှစ်မျိုးရှိသည်(၁ရာ ၂၁း၉၊ ၂၃း၅)
Eternal, Eternity (ထာဝရ၊နိစွထာ၀ရ)
ဟေဗြဲနှင့် ဂရိစကားလုံးမှ ပြန်ဆိုထားသော “ထာဝရ၊ အစဉ်အမြဲ” ဟူသော စကားလုံးများသည် အဆုံးမရှိသော အချိန်ကာလကို အမြဲဆိုလိုသည် မဟုတ်။ ထိုစကားလုံးသည် “ပိုကောင်း”(တရား ၃၂း၇)ဟုလည်း အနက်ရ သကဲ့သို့ “ကာလရှည်ကြာ”ဟုလည်း အနက်ပေါက်သည်။ ၁ရာ ၁:၂၂ ၌ သူ သည် ဘုရားရှေ့တော်၌ အစဉ်အမြဲ နေရလိမ့်မည်ဟုဆိုသောအခါ ဘဝတသက် ဟု ဆိုလိုသည်။ ကုန်ဆုံးခြင်းမရှိဟူသည့် အနက်ရသော စကားကို “ထာဝရမှ ထာဝရသို့”ဟု ထပ်ခါတလဲလဲ တွေ့ရသည်(ဗျာ ၄း၉ ကိုကြည့်)။
ယုဒလူတိုတွင် ခေတ်ကာလနှစ်ခုရှိသည်။ မျက်မှောက်ကာလနှင့် ခရစ် တော်ရောက်လာမည့် ကာလဖြစ်သည်။ တမန်တော်များကလည်း ခရစ်တော် ထဲ၌ရှိကြမည့် ခေတ်ကာလရောက်မည့်အကြောင်း ဟောပြောကြသည်(မာ ၁၁၅)။ ယနေ့ခရစ်ယာန်များသည် ထိုခေတ်ကာလ နှစ်ခုစလုံးနှင့် အကျုံးဝင် ကြသည်။ ခရစ်တော်ထဲ၌ရှိနေကြသဖြင့် ယခုပင်လျှင် ထာဝရအသက် ပိုင်ဆိုင် ကြသည်(ယော ၃း၁၅၊ ၁၇း၃)။ သိုသော် ဘုန်းတန်ခိုးစုံလင်သည့်ချိန်ခါ ရောက် လာဦးမည်(ယော ၁၂း၂၅)။
ဂရိဒဿနပညာရှင် ပလာတိုက “အချိန်နှင့် ထာဝရသည် တသီး တခြားစီဖြစ်သည်”ဟုဆိုသည်။ ထိုစကားမျိုး ကျမ်းစာ၌ မရှိ။ ကာလအချိန်ကို ဖြတ်သန်းခြင်းမရှိလျှင် ထာဝရကာလသို မရောက်နိုင်။ တနည်း အားဖြင့် ထာဝရကာလတွင် အတိတ်နှင့် အနာဂတ်ကာလဟူ၍မရှိ။ သမ္မာကျမ်းစာက ဘုရားသခင်သည် ထာဝရဘုရားဖြစ်တော်မူသောကြောင့် စကားတော်ဟူသမျှ သည် ပြည့်စုံမှန်ကန်ကြောင်း ဆိုထားသည်။ ထိုကြောင့် ဘုရားသခင်သည် အစနှင့်အဆုံးဟူ၍မရှိ(ဆာ ၉၀း၂၊ ၁၀၂:၂၇၊ ၁တိ ၆း၁၆)။ ဘုရားသခင်ကို အချိန်ကာ လဖြင့် မကန့်သတ်နိုင်(၂ပေ ၃း၈)။
Eunuch (မိန်းမစိုး)
ဟေဗြဲမူရင်းစကားရပ်တွင် နန်းတွင်းအရာရှိဖြစ်သည်။ ရှေးအာရှ နန်းတွင်းများတွင် ထိုသိုသော နန်းတွင်းအရာရှိကို သင်းကွပ်ထားကြသည်။ သို့သော် နန်းတွင်းဝင်တိုင်းအား သင်းကွပ်ကြသည်မဟုတ်။ ဒုတိယအနက်မှာ သင်းကွပ်ထားသူဖြစ်သည်(ဟေရှာ ၅၆း၃-၅ ကိုကြည့်)။ အထူးသဖြင့် ဣသရေ လလူမျိုးထဲ၌ ဘုရားအမှုတော်ဆောင်သူများသည် လက်ညှိးထိုးစရာ၊ အပြစ် တင်စရာမရှိအောင် ကိုယ်လက်အင်္ဂါပြည့်စုံရ သောကြောင့် သင်းကွပ်ခြင်း မရှိကြ(တရား ၂၃း၁ ကိုကြည့်)။
မ ၁၉း၁၂ တွင် “သခင်ယေရှုက မိမိကိုယ်ကို သင်းကွပ်သူများ”ဟု ဆိုရာ၌ အမှန်တကယ် လှီးဖြတ်ခွဲစိပ် ခြင်းကို ဆိုလိုသည်မဟုတ်။ ဘုရားသခင်၏ နိုင်ငံတော်အလိုငှါ တကိုယ်ရည်တကာယ နေထိုင်ခြင်းကို ဆိုလိုသည်။
Evangelist (ဧဝံဂေလိဆရာ)
ရှင်ဘုရင်၏ အမိန့်အာဏာဖြင့် ဝမ်းမြောက်ဘွယ်သတင်းကောင်း ကြေညာဟောပြောသူဖြစ်သည်။ ဓမ္မသစ်ကျမ်းမှ ဧဝံဂေလိဆရာသည် သတင်းကောင်းမကြားဘူးသူများထံသို့ ခရစ်တော်၏ အမိန့်အာဏာဖြင့် ဧဝံဂေလိ သတင်းကောင်း ဟောပြောရှင်းပြသူဖြစ်သည်။ ဓမ္မသစ်ကျမ်း၏ အလိုအရ အသင်းတော်တခုလုံးသည် ဧဝံဂေလိသတင်းကောင်း ကျင်လည်နှံစပ်သူများ ဖြစ်သည်(တ ၈း၄၊ ဖိ ၁း၂၇၊ ၁ပေ ၃း၁၅)။ ဘုရားရှင်က ထိုအမှုတော်ပြုရန် အရည်အသွေး အပ်နှင်းသူများဖြစ်သည်( ဧ ၄း၁၁)။
ပေတရုနှင့် ပေါလုသို့သော တမန်တော်များသည် ဧဝံဂေလိဆရာ ဝိညာဉ်လက်ဆောင်ရရှိသူများ ဖြစ်ကြ၍ ဧဝံဂေလိသတင်းကောင်း လိုက်လံဟောပြောပြီး အသင်းတော်များ တည်ထောင်ကြသည်။ သင်းထောက် ၇ ပါး ထဲမှ ဖိလိပ္ပု (တ ၆း၅)သည်လည်း ဧဝံဂေလိဆရာဖြစ်သည်(တ ၂၁း၈)။ တမန် တော်စာရင်း ဝင်ကြောင်း သံသယဖြစ်ဖွယ်ရာမရှိ။ သူ့လုပ်ဆောင်ချက်ကို တ ၈ တွင် တွေ့နိုင်သည်။ ရှင်ပေါလုကလည်း တိမောသေအား ဧဝံဂေလိဆရာ ဟုခေါ်သည်(၂တိ ၄:၅)။
Evil (ဒုစရိုက်)
သမ္မာကျမ်းစာတွင် ကောင်းမြတ်ခြင်း၏ ဆန့်ကျင်ဘက်အဖြစ် မကြာ ခဏတွေ့ရသည်။ ဒုစရိုက်အပြု အမူသည် ဘုရားရှင်ကို ငြင်းပယ်သည့် အမှတ် အသားဖြစ်သည်(ယေ ၇း၂၆)။ ဒုစရိုက်လူသည် အကျင့်ဓလေ့ ရှိသည့်အတိုင်း မကောင်းသောအကျင့် ပြုမူလေ့ရှိသည်(ယေ ၁၃း၂၃)။ အသိတရားခေါင်းပါး သည်(ယေ ၄:၂၂)။ အပြစ်ဒုစရိုက်ပြုလိုစိတ်မှ ပေါ်ထွန်းလာသည်(ယာ ၁း၁၃-၁၅)။ ထိုကြောင့် ဘုရားတရားမသိသူများသည် စိတ်ဆန္ဒအလိုနောက်သိုလိုက်၍ အပြစ် ဒုစရိုက် လွန်ကျူးလေ့ရှိကြသည်။
ထိုဒုစရိုက်လူအဖြစ် ထင်ရှားသူမှာ စာတန်ဖြစ်၍ ကမ္ဘာ့ပထမလင် မယားအား အပြစ်လွန်ကျူးကြရန် ဖြားယောင်းသွေးဆောင်သည်(က ၃၊ ၁ယော ၃း၈)။ သူသည် အပြစ်ဒုစရိုက် အင်အားစု နာနာဘာဝလောက သားတို့၏ ဦးစီးခေါင်းဆောင်ဖြစ်သည်( ၆း၁၂)။ ခရစ်တော်က ကားတိုင်ဖြင့် ထိုဒုစရိုက် လူနှင့် သူ့တန်ခိုးကို အောင်နိုင်ကြောင်း ပြသခဲ့သည်(ကော ၂း၁၅)။
ထိုစကားလုံးကို နာကျင်ခြင်းနှင့် ဆင်းရဲဒုက္ခရောက်ရာတွင်လည်း သုံးနှုန်းရသည်။ အကြောင်းသော် ဆင်းရဲဒုက္ခသည် အပြစ်၏ နောက်ဆက်တွဲ ဖြစ်သည်(က ၃း၁၇၊ ၁၈၊ ရော ၈း၁၉-၂၃)။ သို့သော် ဆင်းရဲဒုက္ခ တိုင်းသည် ပုဂ္ဂိုလ်ရေးရာအပြစ်နှင့် မဆက်စပ်ပါ(လု ၁၃း၂၊ ၄၊ ယော ၉း၃)။ ယောဘ ဝတ္တုတွင် ဖြောင့်မတ်သူ သည် ဆင်းရဲဒုက္ခတွေ့နိုင်ကြောင်းနှင့် ဒုစရိုက်လူလည်း လူ့လောကတွင် ချမ်းသာနိုင်ကြောင်း သွန်သင်ထားသည်။ အကြောင်းသော် ဒုစရိုက်သည် အပြစ်မှတဆင့် လူ့လောကသို ဝင်ရောက်သည်။
ဘုရားသခင်သည် ကိုယ်ကျင့်တရားညစ်ညမ်းခြင်းနှင့် မပတ်သက်ပါ။ ခန္ဓာကိုယ်ဖျားနာဆင်းရဲခြင်းကိုမူ ရောက်စေနိုင်သည်။ ယောဘ၏ အရေး အရာတွင် စာတန်သည် ဘုရားရှင်ထံ ခွင့်တောင်းပြီးမှ ယောဘကို ဆင်းရဲ ဒုက္ခပေးသည်(ယောဘ ၁း၁၂၊ ၂း၆)။ နာကျင်ခြင်းသည် အပြစ်နှင့် အမြဲတမ်း ဆက်စပ်ခြင်းမရှိသော်လည်း ဘုရားရှင်က မတရားသူများသို နာကျင်ခြင်း ရောက်စေနိုင်သည်(ဟေရှာ ၁း၂၀)။
ကောက်ချက်စွဲရလျှင် ဒုစရိုက်သမားတိုင်းသို ဘုရားရှင်က ဒုစရိုက် ရောက်စေသည်(ယော ၅း၂၉)။ ကောင်းကင်သစ်နှင့် မြေကြီးသစ်တည်သောအခါ(ဗျာ ၂၁း၁-၈)။ ထိုအပြစ်နှင့် ဒုစရိုက်ဟူသမျှသည်(အပြစ်နှင့် ဆင်းရဲ ဒုက္ခ) ကွယ်ပျောက်ကုန်မည်။
Excommunication (အဆက်အသွယ်ဖြတ်တောက်ခြင်း)
အဆက်အသွယ်ဖြတ်တောက်ခြင်းဆိုသည်မှာ ခရစ်ယာန်အသင်းသား၊ အသင်းတော်ထဲတွင် ပါဝင်ခြင်းမှ အဆက်အသွယ်ဖြတ်တောက်၍ အခွင့် အရေး မပေးတော့ခြင်းဖြစ်သည်။ နောက်ခံသမိုင်းကို ဝတ် ၁၃း၄၆၊ ၁၇း၄ တွင် တွေ့ရသည်။ ကျမ်းစာတွင် ထိုစကားလုံး အတိအကျ မတွေ့ရသော်လည်း ထိုသဘော သွန်သင်ချက်များ ရှိသည်။
ခရစ်တော်၏ အသင်းတော်စည်းကမ်း သွန်သင်ချက်တွင်လည်း ထို သဘောတွေ့ရသည်။ ဦးစွာ အပြစ်ပြုသူနှင့် အပြစ်ပြုခံရသူခြင်း မျက်နှာချင်း ဆိုင်ဖြေရှင်းရသည်။ နောက်တဆင့်တွင် သက်သေ ၂/၃ ဦးရှေ့တွင် ပြောဆို ညှိနှိုင်းရသည်။ ထပ်မံမအောင်မြင်လျှင် အသင်းတော်စည်းကမ်းအတိုင်း အရေး ယူရသည်။ အပြစ်ပြုသူက ထပ်မံမလက်ခံလျှင် အဆက်အသွယ် ဖြတ်တောက် ပလပ်ရသည်(မ ၁၈း၁၅-၁၇)။
ခရစ်တော်၏ ထိုသွန်သင်ချက်ကို ရှင်ပေါလုကလည်း ထပ်မံသွန်သင် သည်။ ဦးစွာ သတိပေးပြီး နောက်(တိ ၃း၁၀) သက်သေများ ပြသရသည်(၁တိ ၅း၁၉၊ ၂၀)။ ထိုသို့မှ အဆင်မပြေသေးလျှင် အသင်းတော် တခုလုံးက ခရစ် တော်၏ နာမတော်ကို အမှီပြု၍ အဆက်အသွယ်ဖြတ်တောက် ပထုတ်ရသည်။ ထိုသို့ ပထုတ်ဘေးဖယ်ရပုံ ရှင်းပြထားသည်။ ငယ် ၅ နှင့် ၁တိ ၁:၂၀ တွင် ရှင်ပေါလုက ထိုသူအား စာတန်လက်ထဲသို့ အပ်နှံခိုင်း သည်။ ထိုစကားမှာ နောင်တရရန် အသင်းတော်အသိုင်းအဝိုင်းမှ ယာယီ ကြဉ်ပစေခြင်းဖြစ်သည်။
ကိုယ်ကျင့်တရား ကာမတဏှာယုတ်ညံ့သူ( ၁ကော ၅း၆)၊ သင်းခွဲလို တရှိသူ(တိ ၃၁၀)၊ ဒဏ္ဍာရီပုံပြင်ယုံကြည်သူ(ဂလာ ၁၈)စသည့် ဒုစရိုက် အပြစ်လွန်သူတိုအား ထိုသို အရေးယူအပြစ်ပေးရသည်။
ကြဉ်ပမောင်းထုတ်ခြင်း၏ ရည်ရွယ်ချက်မှာ ဖြူစင်ကြည်လင်ရန် ၁ကော ၅း၅)၊ အပြစ်ပြုရာမှ ပြန်လည်နလံပြန်လည်ထူလိုစိတ်ရှိရန်(၂ကော ၂း၅-၈) အခြားလူများထံသို မကူးစက်စေရန်(၁တိ ၅း၁၉၊ ၂၀) ဖြစ်သည်။
ထိုသို့သော အဆက်အသွယ်ဖြတ်တောက်ခြင်းသည် ဓမ္မသစ်ခေတ် နောက်ပိုင်းတွင် တွေ့ရသည်။ သိုသော် အမြဲတမ်း အရေးယူလုပ်ဆောင်ခြင်း မရှိကြ။
Exile (noun and verb) (ပြည်နှင်ဒဏ်)
မိမိနေရပ်တိုင်းပြည်မှ အတင်းအကြပ် မောင်းထုတ်ခြင်းဖြစ်သည်။ ဘုရားရှင်က ဣသရေလလူများသို သူ့ကို အာခံပုန်ကန်နေလျှင် ပြည်နှင်ဒဏ် ခံရမည့်အကြောင်း သတိပေးခဲ့သည်(တရား ၂၈း၆၃၊ ဟေရှာ ၅း၁၃)။ ထို အဖြစ်အပျက်ကို ဘီစီ ၇၂၂ တွင် အာရှုရိတို၏ တိုက်ခိုက်သိမ်းပိုက်ခြင်းခံရစဉ်၌မြောက်ပိုင်းဣသရေလ နိုင်ငံသားများက မြည်းစမ်းကြပြီး(၄ရာ ၁၇း၂၃)၊ ဘီစီ ၅၈၇ ခုနှစ်တွင် နေဗုခပ်နေဇာက ယေရုရှလင်မြိုကို သိမ်းပိုက်ပြီး လူ များအား သုံပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားချိန်၌ တဖန်ခံစားကြသည်။
ဘုရားရှင်က ပရောဖက်များမှတဆင့်(ဥပမာ ယေ ၂၉း၁၀) သတိ ပြုသည့်အတိုင်း ပြည်နှင်ဒဏ်ကာ လဆုံးသောအခါ ယုဒလူအချိုသည် ဘီစီ ၅၃၈ ခုနှစ်၌ ယေရုရှလင်သို့ ပြန်ရောက်ကြသည်။
Exodus (ထွက်မြောက်ခြင်း)
ထွက်မြောက်ခြင်းဟူသော ဂရိစကားသည် လွတ်ကျွတ်ခြင်း၊ စုတေ ခြင်း၊ လွတ်မြောက်ခြင်းဟု အနက်ရသည်။ ကျမ်းစာတွင် ဣသရေလလူတိုသည် အဲဂုတ္တုပြည်၌ နှစ်ပေါင်း ၄၀ ကြာ နေထိုင်ခဲ့ကြပြီး လွတ် ထွက်ကြကြောင်း ၊ တွေ့ရသည်။ ထိုလွတ်မြောက်ခြင်းသည် ဣသရေလလူတိုအား လူမျိုးတမျိုး အဖြစ် မွေးဖွား သည့်အမှတ်အသားဖြစ်၍ ဘုရားရှင်က သူ့လူများအား ရွေးနှုတ်၊ ခြင်း ကျေးဇူးတော်ပြသချက်ဖြစ်သည်(ထွ ၆း၆၊ တရား ၇း၇၊ ၈၊ ၂ရာ ၇း၂၃)။
ဂရိစကားရပ်တွင် ထွက်သွားခြင်း၊ လွတ်ထွက်ခြင်းဟု အနက်ရသည်။ လု ၉း၃၁ နှင့် ၂ပေ ၁း၁၅ တို့တွင် သုံးနှုန်းထားသည်။
Expiation (ပေးလျော်ခြင်း(အမျက်ဖြေခြင်း)
လွန်ကျူးသော အပြစ်ဒုစရိုက်အတွက် တစုံတရာပေးဆပ်ခြင်း၊ ပူဇော်ခြင်းဖြစ်သည်။ ခရစ်တော်က ကားတိုင်ပေါ်တွင် အသေခံတော်မူခြင်းဖြင့် လူတို့အပြစ်အတွက် ပေးလျော်သည်။ ထိုပူဇော်သက္ကာသည် အဖိုးအခပေးဆပ် (သို) ဘုရားရှင်က လူ့အပြစ်ခွင့်လွှတ်ခြင်းအကြောင်းဖြစ်သည်။
ထိုစကားရပ်သည် ကျမ်းစာသွန်သင်ချက်မှန်သော်လည်း သမ္မာကျမ်း တအုပ်လုံး ဆိုလိုရင်းအား ရှင်းပြရန် အဓိပ္ပါယ်လုံလောက်ခြင်းမရှိ။ ထို ပေးလှူခြင်းဟူသော စကားရပ်တွင် ခရစ်တော်၏ ဘုရားဇာတိ တော်အား ပေးလျော်ခြင်းမပါဝင်။ ဓမ္မဆရာအချိုက ထိုစကားရပ်နှင့် ပတ်သက်၍ ရော ၃း၂၅ နှင့် ၁ယော ၂း၂ တိုကို ညွှန်းပြုကြသည်။ သို့သော် ဂရိစကားရပ်တွင်မူ အမျက်ဖြေခြင်းဟု အနက်ရသည်။
အပြစ်ဖြေခြင်းအကြောင်းမှာလည်းကြည့်။
Faith (ယုံကြည်ခြင်းသစ္စာ)
ယုံကြည်ခြင်းမရှိလျှင် မည်သူမျှ ခရစ်ယာန်မဖြစ်နိုင်။ မယုံကြည်ခြင်း သည် အကြီးမားဆုံး ဒုစရိုက် ဖြစ်သောကြောင့် ဘုရားရှင်၏ အပြစ်စီရင်ခြင်း ခံရသည်(ယော ၃း၁၈)။ အပြစ်သားသည် ဘုရားရှင်ကို ယုံကြည်ခြင်းတရား ဖြင့်သာ ဘုရားရှင်တော်နှင့် သင့်မြတ်နိုင်သည်။ ကောင်းမှုကုသိုလ်၊ အကျင့် သီလကောင်း ခြင်းဖြင့် မသင့်မြတ်နိုင်(ဂလာ ၂း၁၆)။ ခရစ်ယာန်မှန်လျှင် ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် အသက်ရှင်သန် ရသည်(ဂလာ ၂း၂၀)။
ကျမ်းစာလာအရ ဘုရားသခင်ရှိတော်မူကြောင်း ယုံကြည်စိတ်ချရလျှင် ကတိတော်အတိုင်း ခံစားရ မည်(ဟေဗြဲ ၁၁း၆)။ ယုံကြည်ခြင်းဆိုသည်မှာ ဘုရား ရှင်တော်အကြောင်း ကြားသိသမျှကို သိမှတ်စိတ်ချခြင်း ဖြစ်သည်(ရော ၁၀း၁၇၊ ဟေဗြဲ ၁၁း၁)။ ထိုသိုဆိုရာတွင် မိမိကိုယ်ကို အထင်ကြီးပြီး အားကိုးရန်မဟုတ် ဘဲ ကရုဏာတော်ကို တည်မှီရသည်(ဧ ၂း၄-၈၊ ဆာ ၅၁း၁)။ ဘုရားရှင်ကို ယုံကြည်စိတ်ချခြင်းက သူ့ဘဝတခုလုံးကို အုပ်စိုးသည်(ရော ၁း၈၊ ၁၂၊ ဂလာ ၅:၅၊ ၂တိ ၁း၅)။
အရေးကြီးတကာ့ အရေးကြီးဆုံးမှာ ပုဂ္ဂိုလ်ရေးရာအရ ဘုရားသခင် (သု ၃း၅)နှင့် သားတော် ယေရှုခရစ်တော်(ယော ၁၄း၁၊ တ ၁၆း၃၁)တို့အား ယုံကြည်စိတ်ချခြင်းဖြစ်သည်။ ထိုသို ယုံကြည်ရကြောင်း နှုတ်ကပတ်တော်မှာ ကျမ်းစကားရှိသည်(ဆာ ၁၁၉၄၁)။ ထိုအပြင် ခရစ်တော်၏အကြောင်းကို လည်း ယုံကြည်ကိုးစားရသည်(ရော ၁၀း၉)။
စစ်မှန်သော ယုံကြည်ခြင်းသည် ဘုရားရှင်ကို နာခံသည်။ ထိုသို့သော ယုံကြည်ခြင်းကို ယုံကြည်ခြင်းအ တုအယောင်များက နှုတ်လှန်မထိုးနိုင်ကြ ခရစ်ယာန်အတုအယောင်များသည် ခရစ်ယာန်သွန်သင်ချက်ကို သဘောတူ နာခံကြသော်လည်း အသက်တာ၌ အရိပ်အယောင်မျှပင် မတွေ့ရ။ နတ်ဆိုး များကလည်း ဘုရားရှင် ကို ယုံကြည်ကြသည်(ယာ ၂း၁၈-၂၄)။ စစ်မှန်သော ယုံကြည်ခြင်းသည် နာခံခြင်းရှိသည်( ၂း၈-၁ဝ၊ ဟေဗြဲ ၁၀)။ အသက်တာ ဖြင့် စံနမူနာပြသသည်။ စစ်မှန်သော ယုံကြည်သူသည် မိမိကိုယ်ကို ဘုရား ရှင်ထံ အပ်နှံသည်။ ထိုသိုသော ယုံကြည်ခြင်းသာလျှင် တခုတည်းသော အသက် ရှင်သန်ရာ မဂ္ဂင်လမ်းဖြစ်သည်။
ဓမ္မသစ်ကျမ်းတွင်လည်း ယုံကြည်ခြင်းဟူသော စကားရပ် မကြာခဏ တွေ့ရသည်။ ထိုစကားလုံးသည် ဘုရားသခင်၊ ခရစ်တော်နှင့် ခရစ်ယာန် အသက်တာ၊ ခရစ်ယာန်ယုံကြည်ခြင်းသစ္စာအကြောင်းဖြစ်သည်(တ ၆း၇၊ ဂလာ ၁း၂၃)။ ယုံကြည်ခြင်းပထမအမျိုးအစားမှာ ပုဂ္ဂိုလ်ရေးအရ ဘုရားရှင်ကို ယုံကြည်ခြင်းဖြစ်၍ ဒုတိယအမျိုး အစားမှာ ဘုရားရှင်က သူ့လူများသို နှုတ် ကပတ်တော်ဖြင့် သွန်သင်ချက်များအား မှန်ကန်ကြောင်း ယုံကြည် စိတ်ချခြင်း၊ ဖြစ်သည်။
Fall (ဖောက်ပြန်ခြင်း)
က ၃ ပါ အာဒံနှင့် ဧဝတိုက ဘုရားရှင်၏စကားတော်ကို မနာခံဘဲ၊ တားမြစ်ထားသော သစ်သီးကို ခူးစားခြင်းအား ဖောက်ပြန်ခြင်း၊ လဲကျခြင်း ၊ ဟုခေါ်သည်။ ထိုသိုသော မနာခံလဲကျခြင်းကြောင့် လူသည် စုံလင်ခြင်းမှ အပြစ်နွံထဲသို့ ရောက်သွားသည်။ ဘုရားရှင်နှင့် မိဿဟာယပြတ်တောက်သည့် အပြင် အမျက် တော်ရှပြီး ရှင်ခြင်းမှ သေခြင်းသို ရောက်သွားသည်။ ထိုဖောက် ပြန်ခြင်းအကျင့်ဆိုးသည် အာဒံနှင့် ဧဝတို၏ သားစဉ်မြေးဆက်တလျှောက လုံးသို စီးဆင်းကူးစက်သည်(ရော ၅း၁၂)။ ထိုသိုဖြင့် လူသည် ဘဝသမားအဖြစ် ရုန်းကန်လှုပ်ရှားသည်(က ၁း၁၇၊ ၁၈)။ ထိုသိုသော အဖြစ်မှ ပြန်လည်နလံ ထူနိုင်ရန် ခရစ်တော်က ကရာနီ ကုန်းပေါ်၌ အသေခံတော်မူခြင်းဖြင့် ဘုရားရှင်နှင့် ပြန်လည်သင့်မြတ်အောင် ထူမသည်(ရော ၅း၁၂-၂၁၊ ၈း၁၉-၂၃)”
Family (မိသားစု)
ဓမ္မဟောင်းဟေဗြဲ လူ့ အဖွဲအစည်းသည် မိသားစုများအပေါ်တွင် အခြေပြုသည်။ ရှေးဘိုးဘေးများ (အာဗြဟံ၊ ဣဇက်၊ ယာကုပ်)တိုသည် လွတ် လပ်သော လူမှုအသိုင်းအဝိုင်းက ဝန်းရံကြသည်။ ရှေးဘိုးဘေး များ၏ မိသား စုများတွင် မယားများ၊ သားသမီးများ၊ ချွေးမများနှင့် တူ၊ တူမများပါဝင်သည့် အပြင် အိမ်ဖော် အစေခံများလည်း ပါဝင်သည်။ –
ယာကုပ်၏ သား(၁၂)ပါးတို့သည် ဣသရေလ(၁၂)မျိုးနွယ်၏ ခေါင်းဆောင်များဖြစ်လာကြသည်။ ထွက်မြောက်ရာကာလ၌ လူမျိုးနွယ်စု၊ မျိုးရိုးစု အလိုက် ခွဲခြားဖွဲစည်းကြသည်(ထွ ၆း၁၄၊ တော ၁း၂၂)။ ဥပမာအားဖြင့် ယောရှု ၇း၁၆-၁၈ တွင် ယုဒအနွယ်မှ အာခန်၊ ဧဇရမျိုးနွယ်စုတွင် သူ့ဘိုးဘေး ဇိမရီပါဝင်သည်။
ဓမ္မဟောင်းကျမ်းတလျှောက်တွင် မိသားစုစနစ်သည် အရေးတကြီး ရှိနေသည်(၃ရာ ၈း၁၊ ၆ရာ ၃၅း၄)။ ပြည်နှင်ဒဏ်ခံရသည့်နောက်ပိုင်းတိုင်အောင် တည်တံ့သည်(နေ ၇း၅)။ ထိုကြောင့် အစပြုရာဘိုးဘေးများ၏ နာမည် ကို အရေးတကြီး ခေါ်စမှတ်ပြုကြသည်(၅ရာ ၁-၈)။
ဓမ္မသစ်ကျမ်းတွင် ခရစ်တော်က မိသားစုအပေါ် သစ္စာစောင့်သိခြင်း ထက် သူ့အပေါ်သို့ သစ္စာစောင့်သိ ရေးသည် ပိုမိုအရေးရောက်ကြောင်း သွန် သင်တော်မူသည်(လု ၁၄း၂၆)။ သွန်သင်တော်မူချက်တွင် ယုံကြည် သူနှင့် မယုံ ကြည်သူဟူ၍ ခွဲခြမ်းထားသည်(လု ၁၂း၅၃)။ ခရစ်တော်နှင့် တမန်တော်များက မိသားစုအား ချစ်ခင်မြတ်နိုး၍ သစ္စာစောင့်သိရန် သွန်သင်ကြသည်(မ ၁၉း၁၉၊ မာ ၇း၉-၁၃၊ ယော ၁၉း၂၅-၂၇၊ ဧ ၆း၁-၃၊ ၁တိ ၅း၄)။
ဓမ္မသစ်ကျမ်းတွင် မိသားစုအရေး စောင့်ထိန်းရေးသည် အရေးကြီး သည်။ ခရစ်ယာန်များ၏ ပထမဦး စားပေး သစ္စာစောင့်သိရေးသည် ခရစ်တော် နှင့် ဘုရားရှင်၏ မိသားစုဖြစ်သော ယုံကြည်သူများဖြစ်သည်(လု ၈း၂၁၊ ဧ ၂း၁၉၊ ၁ပေ ၄း၁၇)။
Fasting (အစာရှောင်ခြင်း)
သမ္မာကျမ်းစာတွင် အစာရှောင်ခြင်းသည် အစားအသောက် ရှောင်ကြဥ်ခြင်းဖြစ်၍ တခါတရံ အရည် လည်း ရှောင်ကြဉ်ကြသည်( ၄း၁၆)။ ဤနေရာတွင် အစားအစာအချိုကို ရှောင်ကြဉ်ခြင်း၊ အခြားအစာများကို စားသုံး နိုင်ခြင်းမဟုတ်ပါ။
ပြည်နှင်ဒဏ်မခံကြရမှီတွင် နှစ်စဉ် အစာရှောင် အပြစ်ဖြေရာနေ့ ရက်ဟူ၍မရှိ(ဇာ ၈း၁၉၊ ဧသ ၉း၃၁)။ ဇာခရိကျမ်းမှ ယုဒတို့၏ အစာရှောင် ခြင်း(၄)ခုသည် ယုဒသမိုင်းကြောင်းမှ ကွဲပြားပျံ့နှံကြခြင်း၏ အကျိုးဆက် ဖြစ်သည်။ နှစ်စဉ် အစာရှောင်ခြင်းနှင့် အထူးအစာရှောင်ချိန်များရှိ၍ အစာ ရှောင်ရာတွင် တဦးတယောက် ချင်းဖြင့်၄င်း၊ လူအုပ်ကြီးဖြင့်၄င်း အစာရှောင် လေ့ရှိကြသည်။
အစာရှောင်ခြင်းသည် အောက်ကျိုရိုကျိုးစွာ ဘုရားရှင်အား စောင့် မျှော်ခြင်းနှင့် မိမိကိုယ်ကို စောင့်ထိန်းခြင်းဖြစ်သည်။ လူများအား ဘုရားရှင်ထံ မိမိကိုယ်ကို ဆက်ကပ်စေသည်။ ပရိဒေဝမီးပြသခြင်း(၁ရာ ၃၁း၁၃၊ နေ ၁:၄)၊ နောင်တ(၃ရာ၂၁:၂၇၊ ယောန ၃း၅)၊ အကြပ်အတည်းကာလ၌ ဘုရားရှင်၏ အကူအမ တောင်း ခံခြင်း(၂ရာ ၁၂း၁၆)တိုတွင် အစာရှောင်ကြသည်။ ဘုရား ရှင်၏ ဗျာဒိတ်တော်ဖူးမျှော်ရန် ကြိုတင်ပြင်ဆင် ခြင်းလည်းဖြစ်သည်(ထွ ၃၄း၂၈၊ ဒံ ၁၀း၂၊ ၃)။ ။
အချို ဣသရေလများသည် ဖြောင့်မတ်ခြင်းအသက်တာမရှိကြသည့် တိုင်အောင် ဘုရားရှင်တော်၏ အကူအမရရှိရန် အစာရှောင်ကြသည်(ဟေရှာ ၅၈း၃-၅)။ စစ်မှန်သော အစာရှောင်ခြင်းသည် ဖြောင့်မတ်ခြင်း အသက်တာ နှင့် ဆက်စပ်သည်(ဟေရှာ ၅၈း၆-၁၄)။
စည်းကမ်းကြီးသော ဖာရိရှဲများသည် တနင်္လာနှင့် ကြာသပတေးနေ့ တိုင်း အစာရှောင်ကြသည်(လု ၁၈း၁၂)။ ဗတ္တိဇံယောဟန်၏ တပည့်များလည်း အစာရှောင်ကြသည်။ သိုသော် အမှုတော်မစတင်မှီတွင် တောအရပ်၌ ခရစ် တော်အစာရှောင်ခြင်းသာလျှင် ကျမ်းစာ၌ အထင်အရှားတွေ့ရသည်(မ ၄း၂)။ ထိုသိုသော စိတ်သဘောတော်သည် ခမည်းတော်ကို တည်မှီကြောင်း ပြသချက် ဖြစ်သည်။ ပုံမှန်အစာရှောင်ရမည်ဟု သခင်ယေရှုက မိန့်မှာချက်မရှိသော် လည်း သူမရှိတော့သောအခါ သူ့တပည့်များသည် အစာရှောင်ကြ လိမ့်မည်ဟု မိန့်မှာတော်မူခဲ့သည်။ ကိုယ်တော်သည် လူ့လောကတွင် သတင်းသုံးတော်မူစဉ် အစာရှောင်ခြင်း မပြုဘဲ ဝမ်းမြောက်ဘွယ်ရာများသာ ပြုတော်မူသည်(မာ ၂း၁၈-၂၀)။ ထိုအပြင် တိုးတိုးတိတ်တိတ် အစာရှောင် ရကြောင်း သွန်သင်တော် မူသည်(မ ၆း၁၆-၁၈)။
ဗာနဗနှင့် ပေါလုတိုအား သာသနာပြုရန် မစေလွှတ်မှီတွင် မိခင် အသင်းတော်၏ အစာရှောင်ပုံကို တ ၁၃း၂၊ ၃ တွင်၎င်း၊ သင်းအုပ်များ ရွေး ချယ်ရာ၌ အသင်းတော်များ၏ အစာရှောင်ကြပုံကို တ ၁၄း၂၃ တွင်၄င်း၊ တွေ့ရသည်။ ထိုသို အစာရှောင်ကြရာတွင် ခရစ်တော်၏ ဦးဆောင်မှုကို စောင့့မျှော်လင့်ကြသည်။ ၂ကော ၁၁း၂၇ ပါ ရှင်ပေါလု၏ အစာရှောင်ခြင်း သည် စားသောက်စရာမဝယ်နိုင်သောကြောင့် အစာရှောင်ခြင်းမဟုတ်။
Father (ဖခင်)
ဓမ္မဟောင်းနေ့ရက်ကာလ၌ ဖခင်များသည် လေးစားရိုသေခြင်း ခံရ သူ၊ သြဇာအာဏာရှိသော အိမ်ဦးသခင်များဖြစ်ကြသည်။ ထိုဖခင်ကြီးများ၏ အရေးအရာကို ကမ္ဘာဦးကျမ်းတွင် တွေ့ရသည်။ ဖခင်၏ ကြီးမားသော အလွဲ အမှားသည် မိသားစု၏ သေရေးဖန်တီးသည်(က ၃၈း၂၄)။ သမီးများသည် အိမ်ထောင်မ ကျမှီတွင် ဖခင်၏ အုပ်စိုးမှုအောက်၌ရှိ၍ အိမ်ထောင်ပြုပြီးသော အခါ ခင်ပွန်း၏ အုပ်စိုးမှု နာခံရသည်(တော ၃၀း၃-၈ ကိုကြည့်)။
ဖခင်ဟူသော စကားရပ်တွင် ဘိုးဘေး၊ အထူးသဖြင့် လူမျိုးနွယ်အစ ပြုသူ(ယော ၈း၃၉)၊ မင်းဆက်စတင်လုပ်ဆောင်သူလည်း ပါဝင်သည်(၄ရာ ၂၂း၂)။ ဧလိရှဲ၏ ဝိညာဉ်ဖခင် ဧလိယ(၄ရာ ၂း၁၂)၊ ယောမင်း၏ ဝိညာဉ် ဖခင် ဧလိရှဲ(၄ရာ ၁၃း၁၄)တိုကဲ့သိုပင် ဝိညာဉ်ရေးရာ ဖခင်များလည်းရှိသည်။ လူမျိုးအား နိုးထစေသူများကိုလည်း တခါတရံ ဖခင်ကြီးများဟု ခေါ်ဆိုလေ့ ရှိသည်(တ ၇း၁)။
သခင်ယေရှုက တပည့်တော်များအား ဖခင်ဟူသော ဂုဏ်ပုဒ် မတပ် မက်ကြရန် သွန်သင်တော်မူသည်။ အကြောင်းသော် ခရစ်ယာန်များသည် အခြားခရစ်ယာန်များထက် အဆင့်မြင့်သူ၊ ဝိညာဉ်ရေးရာ ဩဇာအာ ဏာကြီး မားသူဟူ၍မရှိ။ ဘုရားသခင်သာလျှင် ခရစ်ယာန်များ၏ ခမည်းတော်ဖြစ်သည် (မ ၂၃း၉)။ ရှင်ပေါလုက သူ့ကိုယ်သူအား ကောရိန်သုသားများ၏ ဖခင် (၁ကော ၄း၁၅)၊ တိမောသေအား သူ့သား(၁တိ ၁း၂)ဟု ဆိုသော အခါ ခရစ်တော်ကို မနာခံခြင်းမဟုတ်ပါ။ ဂုဏ်ပကာသန၊ ရာထူးရာခံ ရှာဖွေခြင်းလည်းမဟုတ်။ သူ့သွန်သင်ဟော ပြောချက်ကြောင့် လူများပြောင်းလဲသွားကြသောကြောင့် ဝိညာဉ်ရေးရာ သားသမီးများဖြစ်ကြောင်း ဆိုလိုသည်။
Fatherhood of God (ဘုရားသခင်၏ ခမည်းတော်ဘ၀)
ခရစ်ယာန်များက ဘုရားသခင်ကို ခမည်းတော်အဖြစ် ခံယူသဘော ထားကြသည်။ ခရစ်တော်က ဘုရားသခင်ကို “ခမည်းတော်”ဟုခေါ်၍ တပည့်တော်များကိုလည်း ဆုတောင်းကြသည့်အခါ ဘုရားသခင်ကို “အကျွန်ုပ်တို၏ အဘ”ဟု ခေါ်ကြရန် သွန်သင်တော်မူသည်။ ရှင်ပေါလု၏ ဩဝါဒစာများ အဖွင့်တွင်လည်း ဘုရားသခင်ကို ခမည်းတော်၊ အဘဟု ရေးသားလေ့ရှိသည်။ ဘုရားသခင်ကို “အဘ”ဟု ခေါ်ဆိုသောအခါ ဘုရားရှင်သည် “ယောက်ျား သား”ဖြစ်သည်ဟု မဆိုလိုပါ။ ဘုရားသခင်၏ နံဝိညာဉ်ဖြစ်တော်မူသောကြောင့် လူများကဲ့သို ယောက်ျား၊ မိန်းမဟူ၍ ခွဲခြားစရာမရှိ။ ထိုဝေါဟာရသည် ဆက် စပ်တော်စပ်မှုကို ပြသခြင်း ဖြစ်သည်(ဘုရားသခင်အကြောင်းမှာလည်း ကြည့်)။
ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်ကို ဣသရေလအမျိုးသား၏ အဘ (ထွ ၄:၂၂၊ တရား ၃၂း၆၊ ဟော ၁း၁ဝ)ဟုခေါ်သည်။ ထိုသို အဘဟုခေါ်ကြ ခြင်းမှာ ဣသရေလလူမျိုးဖြစ်စေသည်(မာလ ၂း၁၀၊ ဟေရှာ ၆၄း၈)။ ထို အပြင် တဖွဲ့ အပေါ် တဖွဲ့သို့ ဝတ္တရားရှိကြခြင်းအပါအဝင် ဘုရားသခင်နှင့် သူ့လူများအကြား ဆက်ဆံရေးပဋိ ညာဉ်ပြုထားသည်(ဟေရှာ ၁း၂၊ ၆၃း၁၅ -၁၇၊ မာလ ၁း၆)။
ဓမ္မဟောင်းကျမ်း၌ ဘုရားသခင်ကို ထိုလူမျိုး၏ အဘဟုခေါ်ဆိုခြင်း သည် ချိုယွင်းချက်ဖြစ်သည်။ ဒါဝိဒ်မင်းကို ဘုရားသခင်၏သား(၂ရာ ၇း၁၄၊ ဆာ ၂း၇)ဟု ခေါ်ဆိုရသကဲ့သို ဘုရားသခင်ကို မိဘမဲ့များ၏ အဘ(ဆာ ၆၅း၅)၊ သူ့ကို ချစ်သောသူများ၏ အဘ(ဆာ ၁၀၃း၁၃)ဟုလည်း ခေါ်သည်။
ခရစ်တော်က ဖခင်ဘဝသည် ဘုရားရှင်၏ သွင်ပြင်လက္ခဏာတရပ် ၊ ဖြစ်သည်ဟုဆိုသည်။ လောက ဖခင်များသည် ကောင်းကင်ဘုံရှင် ခမည်းတော် အား အတုယူကြရသည်။ သူ့ သားသမီးများကို ဂရုစိုက်သည်(မ ၇း၁၁)။ သခင်ယေရှုနှင့် ခမည်းတော်ဘုရားအကြား ဆက်ဆံရေးရင်းနှီးပုံကို “အဗ္ဗ၊ အဘ”ဟူသော စကားရပ် အသုံးအနှုန်းဖြင့် သိရှိနိုင်သည်။ တပည့်တော်များကိုလည်း ထိုသို့ ပြောဆိုခွင့်ရှိကြောင်း နှုတ်ကပတ်တော်၌ သွန်သင်သည်(အဗ္ဗ အကြောင်းမှာလည်းကြည့်)။
ခရစ်တော်သည် ဘုရားရှင်တော်၏ အထူးဝိသေသ သားတော်ဖြစ် သည်။ ထာဝရခမည်းတော် ဖြစ်သည့်အတိုင်း သားတော်သည်လည်း ထာဝရ သားတော်ဖြစ်သည်(ဟေဗြဲ ၁း၂၊ ၃ ကိုကြည့်)။ ခရစ်တော်က တပည့်တော် များသို့ ခမည်းတော်အကြောင်း မိန့်တော်မူသည့်အခါ “ငါတိုအဘ”ဟု မိန့်ဆို ခြင်းမရှိဘဲ “ငါ့အဘနှင့် သင်တို၏ အဘ”(ယော ၂၀း၁၇)ဟု မိန့်ဆိုလေ့ရှိသည်။ ဇာတိတော်အရ ခရစ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်သည်။ တဖန် မွေးဖွားသော ခရစ်ယာန်များ(ယော ၃း၃၊ ၁ပေ ၁း၂၃)သည် ဘုရားသခင်၏ သားသမီးများဖြစ်သွားသည်( ၈း၁၅)။
ခရစ်ယာန်တိုင်းက ဘုရားသခင်ကို “အဘ”ဟု ခေါ်ဆိုနိုင်သည်။ ဝိညာဉ်တော်က ခရစ်ယာန်များသည် ဘုရားသားသမီးများဖြစ်ကြောင်း ပြော ပြသည်(ရော ၈း၁၄-၁၇)။ မည်သည့်ကျမ်းချက်တွင်မှ ဘုရားသခင်သည် လူ တိုင်း၏ အဘဟု မဆိုပါ။ ခရစ်တော်က သူ့ကို ငြင်းပယ်သူသည် သူတို့ဖခင် အတိုင်း မာရ်နတ်သာသနာ ဖျက်ဖြစ်သည်ဟု ဆိုသည်(ယော ၈း၄၄)။
ဘုရားသခင်၏ သားသမီးဖြစ်ရခြင်းသည် အခွင့်အရေးထူးဖြစ်သကဲ့ သို့ တာဝန်ဝတ္တရားလည်း ထူပြော သည်။ သူတို၏အဘသည် ဘုရားသခင် ဖြစ်သည့်အတိုင်း ဖအေတူသားများဖြစ်ကြရန် ပြုမူကျင့်ကြံရသည်(မ ၅း၄၅)။
Fear (ကြောက်ခြင်း)
ဘုရားသခင်ကို ချစ်ကြောက်ခြင်းသည် သန့်ရှင်းဖြူစင်သည်ဖြစ်၍ ဘုရားသခင်၏ သန့်ရှင်းတော်မူခြင်းမှ ဆင်းသက်လာသည်။ ဉာဏ်ပညာ၏ အစ(ဆာ ၁၁၁း၁ဝ)ဖြစ်၍ ဘုရားရှင်၏ ပေးသနားတော်မူချက်ဖြစ် သည်(ယေ ၃၂း၄၀)။ လူများအား မကောင်းမှုကို မုန်းစေပြီး၊ ကောင်းမြတ်မှုကို နှစ်သက် စေသည်(သု ၈း၁၃၊ ယောဘ ၂း၃)။ ထိုကား စစ်မှန်သော ဘာသာတရား၏ လက္ခဏာဖြစ်သည်။
ဘုရားသခင်ကို ချစ်ကြောက်ခြင်းနှင့် သာသနာပလူများက နတ် ဘုရားအား ကြောက်ရွံခြင်းသည် မတူညီပါ။ ယုံကြည်သူများသည် ဘုရားသခင် ရှေ့တော်တွင် ကျိုးနွံကြသည်။ အကြောင်းသော် မေတ္တာဖက်လျက် ခရစ်ယာန်များကို ဂရုတစိုက် ချစ်ခင်သည်(မ ၁၀:၂၈-၃ဝ)။ ခရစ်တော်က ယုံကြည်သာ တိုင်းအား လွဲမှားသော စိုးရိမ်ကြောက်စိတ်မရှိကြရန် သွန်သင်သည်(ဆာ ၁၁၈း၆၊ မ ၂၈း၅၊ ယော ၁၂း၁၅)။
အပြစ်နှင့် တရားစီရင်ခြင်းက ဘုရားသခင်ကို ကြောက်လန့်စေသည် (က ၃း၁၀၊ တ ၂၄း၂၅၊ ဗျာ ၆း၁၅၊ ၁၆)။ တခါတရံ ဘုရားသခင်ကို ယုံကြည် အားကိုးစေသည်(တ ၁၆း၃၀)။ စင်စစ်တွင် ဘုရားရှင်ကို ချစ်ကြောက် ခြင်း သည် ယုံကြည်သည့် အမှတ်အသားဖြစ်သည်(တ ၉း၃၁ ကို ရော ၃း၁၈ နှင့် ယှဉ်ကြည့်)။
အမိန့်အာဏာရှင်များကို ကြောက်ခြင်းသည်လည်း မှန်ကန်သော လုပ်ရပ်ဖြစ်သည်(ရော ၁၃း၁-၇၊ ၁ပေ ၂း၁၈)။ မှားယွင်းသော စိုးရိမ်စိတ်က ဘုရားရှင်ကို မယုံကြည်အောင် ပြုလုပ်သည်(ဟေရှာ ၅၇း၁၁)။ လူကို မကြောက် ရခြင်း အကောင်းဆုံးနည်းလမ်းမှာ ဘုရားရှင်ကို ချစ်ကြောက်ခြင်းဖြစ်သည် (မ ၁၀း၂၈)။
က ၃၁း၄၂၊ ၅၃ တွင် ဘုရားသခင်၏ နာမတော်အား ဣဇက်၏ ကြောက်လန့်ပုံ တွေ့ရသည်။ ဘုရားသခင် သည် ချစ်ကြောက်ဘွယ်ရာဖြစ်သောကြောင့် “ကြောက်စရာ”ဟုလည်း ရည်ညွှန်းတတ်ကြသည်။
Feasts (ပွဲတော်များ)
ဓမ္မဟောင်းပွဲတော်ရက်များနှင့် အချိန်ကာလများသည် ဘုရားရှင်ထံ တော်သို့ ဝမ်းမြောက်စွာ ကျေးဇူးတော်ချီးမွမ်းခြင်း ပြသသည်။ အပြစ်ခွင့်လွှတ် ရန် ယဇ်ပူဇော်ခြင်းတွင် ဝမ်းသာခြင်းလည်း ပါဝင်သည်။
ပွဲတော်များစာရင်းကို ဝတ် ၂၃ ၌ တွေ့ရသည်။ ထိုပွဲတော်များမှာ ဥပုသ်(ငယ် ၃)၊ ပသခါ(ငယ် ၄-၈)၊ အဦးသီးသောအ သီးပေးလှူပွဲ(ငယ် ၉၁၄)၊ ပင်တေကုတ္တ(သို) သတင်းပတ်များ(ငယ် ၁၅-၂၂)၊ တံပိုးမှုတ်ပွဲ(ငယ် ၂၃-၂၅)၊ အပြစ်ဖြေရာနေ့(ငယ် ၂၆-၃၂)နှင့် တဲတော်ပွဲ(ငယ် ၃၃-၄၃)တို့ ဖြစ်သည်။
ပြည်နှင်ဒဏ်ခံရသည့်နောက်ပိုင်းတွင် ပူရမ်ပွဲ ထပ်တိုးလာသည်(ဧသ ၉း၁၈-၃၂)။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကြားကာလတွင် အခြားပွဲတော်တ ပေါ်ပေါက်သည်။ ဂရိအစိုးရမင်း အန္တိချပ်ပိဖနိက (၃)နှစ်လုံးလုံး ဗိမာန်တော်ယုတ်ညံ့စေပြီးနောက် ဘီစီ ၁၆၄ ခုနှစ်တွင် ယုဒမက္ကဘီက ဗိမာန်တော်ပြန်လည်သန့်စင် ဆက်ကပ် သည့် အမှတ်အသားဖြစ်သည်။ ပွဲတော်(၈)ရက် နေ့မြောက်တွင် မီးထွန်းလင်းကြပြီး သာဓုအနုမောဓနခေါ်ဆို ပွဲ(ယော ၁၀:၂၀) ဟု ခေါ်ကြသည်။
Fellowship (မိဿဟာယ)
ပေါင်းဖက်ခြင်းအကြောင်းမှာလည်း ကြည့်။
မိုးမျက်နှာကြက်
ဟေဗြဲစကားလုံးတွင်မူ စာပေသဒ္ဒါအားဖြင့်အ ထမြောက်သည်ဟု အနက်ရသည်။ ထိုစကားအသွားအ လာအရ ကျေးငှက်သာရကာများ ပျံသန်း ရာနေရာဖြစ်လာသည်(က ၁း၂၀)။ ထိုသိုဖြင့် နေ၊ လ၊ ကြယ်များ တောက်ပ ကာ ကောင်းကင်ယံဖြစ်လာသည်(က ၁း၁၄-၁၈)။
First day of the week (Lord’s day) (ရက်သတ္တပတ်၏ ပထမနေ့၊ သခင်ဘုရား၏ နေ့ရက်)
သခင်ဘုရား၏ နေ့ရက်ဟူသော စကားရပ်ကို ဗျာ ၁၁၀ တွင်သာ တွေ့ရသည်။ သေခြင်းမှ သခင်ယေရှု ရှင်ပြန်ထမြောက်ရာ တနင်္ဂနွေနေ့ဖြစ် သည်။ ရှင်ပြန်ထမြောက်တော်မူလျက် အရှင်သခင်အဖြစ် ကိုယ်ထင်ပြ သည် (ရော ၁း၄)။ ၂-ရာစုနှစ်၌ ဗျာဒိတ်ကျမ်းပေါ်ထွန်းပြီး များမကြာမှီတွင် ခရစ်ယာန်များအကြား၌ သခင်ဘု ရား၏ နေ့ရက်ဟု ပေါ်ထွန်းထင်ရှားလာပြီး ဝတ် ပြုကိုးကွယ်ရာနေ့ရက်အဖြစ် တရားဝင် သိမှတ်စီရင်ကြသည်။ ရှင်ပေါလုက ကောရိန်သုသားများအား ထိုနေ့ရက်တွင် စည်းဝေးစေသည်( ၁ကော ၁၆း၂)။ ထိုနောက်ပိုင်းတွင် ရက်သတ္တပတ်၏ ပထမနေ့ တနင်္ဂနွေနေ့ရက်၌ တရောမြို တွင် ရှင်ပေါလုက ပွဲတော်မင်္ဂလာ ကျင်းပစေသည်(တ ၂၀း၇)။
ဗျာဒိတ်ကျမ်းသည် အာရှမိုင်းနားဒေသရှိ အသင်းတော်(၇)ပါးသို့ ရေးစာဖြစ်သည်(ဗျာ ၁၄)။ ထိုဒေသတွင် လစဉ် လဆန်းရက်ကို ဧကရာဇ် နေ့ရက်အဖြစ် ဥပုသ်စောင့်ကြသည်။ သခင်ဘုရား၏ နေ့ရက်ဟူသော စကား သည် ဧကရာဇ်မင်းကို ကိုးကွယ်သည့် နေ့ရက်အား ဆန့်ကျင်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် ဧကရာဇ်မင်းနေ့ရက် အစား ဘုရားသခင်၏ နေ့ရက်အဖြစ် ကျင်းပ လာကြသည်။
First fruits (အဦးသီးသောအသီး)
ဣသရေလလူတို့သည် အဦးသီးသော အသီးကို ဘုရားရှင်ထံသို့ ပေး လှူပြီးမှသာလျှင် အခြားအသီး များကို စားသုံးလေ့ရှိကြသည်(ဝတ် ၂၃း၁၇)၊ ထိုအချက်က သီးနှံဟူသမျှကို ဘုရားသခင်က ပိုင်ဆိုင်သဖြင့် အကောင်းဆုံး၊ အဦးသီးသောအသီးကို ပိုင်ဆိုင်ထိုက်ကြောင်း ပြသသည်(ထွ ၂၃း၁၉)။ ထိုသို့ ဘုရားရှင်ထံ ပေးလှူ ဆက်ကပ်ပြီးသောအခါ ယဇ်ပုရောဟိတ်များက ရယူကြ သည်(တော ၁၈း၁၃)။
ဓမ္မသစ်ကျမ်းတွင် အဦးသီးသော အသီးသည် ရောက်လာမည့် ကတိ တော်ကို ခံစားမည့်အကြောင်း ပြသသည်။ သေခြင်းမှ ရှင်ပြန်ထမြောက်တော် မူသော ယေရှုခရစ်တော်ကိုလည်း လူအများအပြား ထမြောက်ကြမည့်အရေးမှ ပထမဆုံးလူဟု ဆိုလိုသည်( ၁ကော ၁၅:၂၀၊ ၂၃)။ သန့်ရှင်းဝိညာဉ်တော်သည် ကောင်းကင်ဘုံရောက်မည့် ခရစ်ယာန်များ၏ အဦးသီးသော ကောင်းချီးမင်္ဂလာ ဖြစ်သည်(ရော ၈း၂၃)။
Flesh (သွေးသား)
ကျမ်းစာတွင် အနက်တမျိုးဖြင့် သုံးနှုန်းသည်။ လူ(က ၄၀း၁၉)၊ တိရစ္ဆာန်(ဝတ် ၆း၂၇) ခန္ဓာကိုယ်များသည် သွေးသားဖြင့် ဖွဲစည်းသည်။ သွေး သားဟုဆိုရာတွင် ခန္ဓာကိုယ်(ယောဘ ၁၉း၂၀)ဟုလည်း အနက်ရသည်။ ခန္ဓာ တကိုယ်တည်းဟု သုံးနှုန်းသောအခါ အကြင်လင်မယားအကြား ဆက်နွယ်မှုကို ဖော်ဆောင်သည်(က ၂း၂၄)။ “သင့်အသွေးနှင့်အသား”ဟု ဆိုသောအခါ မိသား စုကို ဆိုလိုသည်(သူကြီး ၉း ၂)။ “နှလုံးသွေးသား”(ယေဇ ၁၁း၁၉)ဖြင့် ဟုဆိုရာ တွင် တကယ့်နှလုံးသားရင်းဖြင့် ဘုရားရှင်တော်ကို ချစ်ခင်ခိုင်းသည်။ ကျောက် ခဲနှလုံး၊ ဘုရားရှင်ကို မယုံကြည်ကြောင်း ခေါင်းမာခြင်းနှင့် ဆန့်ကျင်သည်။ သွေးသားရှိသူတိုင်းဟူသော စကားရပ်သည် သက်ရှိလူအားလုံးကို ရည်ညွှန်း သည်(ယောလ ၂း၂၈၊ ဇာ ၂း၁၃)။
တခါတရံ သွေးသားဟူသော ဝေါဟာရသည် ဘုရားသခင်၏ ဉာဏ် ပသာတော်နှင့် တန်ခိုးတော်၏ ဆန့်ကျင်ဘက်ရှိ လူ့ အားနည်းချက်နှင့် မသိ နားမလည်မှုကို ဖော်ညွှန်းသည်(ရော ၈း၅၊ ဂလာ ၅း၁၆၊ ၁၇)။ သို့သော် ထိုသို့ အမြဲတမ်း ရည်ညွှန်းသည်မဟုတ်။ လူ့ဇာတိခံယူသော ခရစ်တော်ဟု ဆိုသောအခါ လူ့ဇာတိ သွေးသားရှိခြင်းကို ဆိုလိုသည်(ယော ၁း၁၄၊ ၁ယော ၄း၂)။ သူ့သွေးသားဖြင့် ယဇ်ပူဇော်ခြင်းသည် ရုပ်ခန္ဓာကိုယ် တခုလုံးဖြင့် ယဇ်ပူဇော်ခြင်း(ယော ၆း၅၃)ဖြစ်၍ ထိုနည်းတူ လူ့ခန္ဓာကိုယ်သည်လည်း ထို သိုသော သွေးသားဖြင့် ဖွဲစည်းသည့်အတိုင်း ဆက်ကပ်ရသည်( ၁ကော ၁၅း၃၉)။
Forgiveness (ခွင့်လွှတ်ခြင်း)
ခွင့်လွှတ်ခြင်းဆိုသည်မှာ အပြစ်ကြွေးလျော်ပစ်ခြင်းဖြစ်သည်။ အပြစ် ဒုစရိုက်အရေးတွင်လည်း ထိုကဲ့သိုဖြစ်၍ အကြွေးတောင်းခြင်းမရှိ။ ဘုရားရှင်တော်က အပြစ်များ ခွင့်လွှတ်သည့်အခါ ဘုရားရှင်နှင့် လူ့အကြားရှိ ဆက်ဆံ ရေးအဟန့်အတားများ ဖယ်ရှားပေးခြင်းဖြစ်သည်။ အပြစ်ကို လုံးဝမေ့ပျောက် ခြင်းဖြစ်သည်(ဆာ ၁၀၃း၁၂၊ ယေ ၃၁း၃၄)။
အပြစ်ခွင့်လွှတ်ခြင်းသည် ဘုရားဂုဏ်တော်တရပ်ဖြစ်သည်( ၃၄း၆၊ ၇၊ နေ ၉း၁၇၊ ဒံ ၉း၉)။ ဘုရားရှင် သည် ခွင့်လွှတ်လိုစိတ် အာသီသရှိသောကျေးဇူးတော်ရှင် ဘုရားသခင်ဖြစ်သည်။ စိတ်ဆန္ဒမပါဘဲ မတတ်သာ သည့် အဆုံး လူ့အပြစ်ကို ခွင့်လွှတ်ခြင်းမဟုတ်။
ဘုရားရှင်၏ ခွင့်လွှတ်ခြင်းသည် အလိုအလျောက်သဘောမဟုတ်။ ဟေဗြဲစကားရပ်တွင် အပြစ်လွှတ်ခြင်းဟုလည်း အနက်ရသည်။ အပြစ် ခွင့်လွှတ်ခြင်းနှင့် အပြစ်ဖြေရာ ယဇ်ပူဇော်ခြင်း ဆက်စပ်ပုံတွင် တွေ့မြင်နိုင် သည်(ဝတ် ၄:၂၀၊ ၃၁၊ ၃၅)။
နောင်တသံဝေဂနှင့်လည်း နှီးနွယ်သည်။ ဓမ္မဟောင်းကျမ်းတွင် ဘုရား သခင်သည် သူ့တိုဘက်၌ ရပ်တည်တော်မူကြောင်း စိတ်ချနိုင်ရန် မကြာခဏ ယဇ်ပူဇော်လေ့ရှိကြသည်။ ထိုသဘောထားကို ပရောဖက် များမှ လက်မခံကြ (ဟေရှာ ၁း၁၀-၁၇၊ မိ ၆:၆-၁၆)။ အပြစ်ခွင့်လွှတ်ခြင်းခံယူရန် အပြစ်သား သည် ဦးစွာ မိမိအပြစ်ကို ပြုမှားမိသူနှင့် ဘုရားရှေ့တွင် ဝန်ခံရသည် (ယေ ၃:၁၂၊ ၁၃၊ ဟေရှာ ၅၇း၁၅)။ ထိုနောက် ဘဝနေ ထိုင်ဟန်ပန်တခုလုံး ပြောင်း လဲရသည်(ယေဇ ၃၃း၁၁)။
ခရစ်တော်နှင့် တပည့်တော်များက ခွင့်လွှတ်ခြင်းခံရသူသည် အခြား သူများကို ခွင့်လွှတ်ရကြောင်း သွန်သင်ကြသည်(မ ၆း၁၄၊ ၁၅၊ ကော ၃း၁၃)။ ဘုရားရှင်တော်၏ ခွင့်လွှတ်ခြင်းခံသူသည် အခြားသူများအား ခွင့်မလွှတ်နိုင် စရာအကြောင်းမရှိ(မ ၁၈း၂၈-၃၅)။
Frankincense (လောဗန်နံ့သာမွှေး)
အာရေဗျပြည်ရှိ အမွှေးပင်မှ အခေါက်များဖြစ်၍ နိုနှစ်ရောင်ရှိသည် (ဟေရှာ ၆၀း၆)၊ အနံ့မွှေးကြိုင် သောကြောင့် တဲတော်နံ့သာမွှေးအဖြစ်(ထွ ၃၀း၃၄) ဘောဇဉ်ပူဇော်သက္ကာ၌ သုံးကြသည်(ဝတ် ၂း၁၊ ၆း၁၅)။ မိုးယံသို့ တက်သော ထိုနံ့သာမွှေး အခိုးအငွေ့ သည် ဘုရားရှင်ထံသို ဝတ်ပြုကိုးကွယ် ခြင်း အမှတ်အသား ဖြစ်သည်။ ရှေ့တော်စားပွဲ၌လည်း စင်ကြယ်ခြင်းအမှတ် အသား(ဝတ် ၂း၄)အဖြစ် သုံး၍ မင်္ဂလာဆောင်အခမ်း အနားများတွင်လည်း (သီ ၃း၆) ဝမ်းမြောက်ခြင်းအမှတ်အသားတပါးအဖြစ် သုံးကြသည်။ အရှေ့ မာဂုပညာ ရှိများကလည်း သူငယ်တော်ယေရှုအား ကိုးကွယ်သည့် အမှတ် အသား လက်ဆောင်ပဏ္ဏာအဖြစ် ဆက်သကြ သည်(မ ၂း၁၁)။
Fullness (ပြည့်စုံခြင်း)
တချို့က ကော ၁း၁၉ ပါ ရှင်ပေါလု၏ သွန်သင်ချက်သည် မှားယွင်း သည်ဟု ထင်ကြသည်။ ထိုသဘာဝလွန် တန်ခိုးသည် လောကနှင့် ဘုရားရှင် တော်အကြားရှိခြင်းကို အလွဲအမှားဟု ယူဆကြသည်။ ထိုကျမ်းစကားအရ ဘုရားသခင်နှင့် ကမ္ဘာမြေတို အပြန်အလှန် စကားပြောကြလျှင် ထိုတန်ခိုး များသည် ကြားခံဖြစ်ပေမည်။ ထိုတန်ခိုးအလုံးစုံ စုစည်းခြင်းကို ပြည့်ဝခြင်း နှင့် ခရစ်တော်တပါးတည်းသာလျှင် ထိုတန်ခိုးများ၏ တပါးတည်းသော ပြည့်စုံ ခြင်းဖြစ်ပေမည်။ အကယ်၍ ထိုသွန်သင်ချက်သည် ရှင်ပေါလု ခေတ်ကာလ၌ ရေပန်းစားသည်။ ထိုနောက်ပိုင်းမှ ကော ၁း၁၉ ပါ ရှင်ပေါလု၏ သွန်သင် ချက်သည် သိသာ ထင်ရှားပါသည်။ ဘုရားသခင်နှင့် လူ့လောကအကြား ကြားခံလူအများအပြားရှိသည့်အနက် ခရစ်တော်တပါး တည်းသာလျှင် ပြည့်စုံသူ၊အချုပ်အခြာ၊ ဘုရားသခင်နှင့် လောကအကြား၌ သဘာဝလွန် တန်ခိုးများ၏ ကြားခံလူဖြစ်ပေမည်။
ကောလောသဲသြဝါဒစာတွင် ရှင်ပေါလုက ဒဏ္ဍာရီများ ငြင်းပယ် ဆန့်ကျင်ထားသည်။ ထိုသူများ၏ သွန်သင်ချက်သည် ပေါလုအလွန် ရာစုနှစ် အကြာတွင် ခိုင်လုံသော သက်သေအထောက်အထားမရှိသည့် မိစ္ဆာအယူဝါဒ အဖြစ် ထင်ရှားလာသည်။ ရှင်ပေါလုသည် ထိုအယူမှားဆရာများ၏ သွန်သင် ချက်ဖြစ် ပေါ်ပြည့်စုံခြင်းအကြောင်းကို ဆန့်ကျင်ခဲ့သည်။ ကော ၁း၁၉ နှင့် ၂:၉ ကို ပေါင်းစပ်လေ့လာလျှင် ဘုရားရှင်၏ ဂုဏ်တော်များနှင့် ဇာတိတော် များသည် ခရစ်တော်ထဲ၌ ထင်သာမြင်သာအောင် ထင်ရှားသည်ဟု ဆိုလို ကြောင်း တွေ့ရသည်။ အမှန်မှာ ခရစ်တော်သည် သဘာဝလွန် ကြားခံလူမျှ မဟုတ်ပါ။ မြတ်စွာဘုရားဖြစ်သည်။
ဧ ၁း၂၃ တွင် “ပြည့်စုံ”ဟူသော စကားလုံးသည် ခရစ်တော်(သို့) အသင်းတော်ကို ရည်ညွှန်းသည်။ ဂရိစာပေသဒ္ဒါအရ နှစ်ခုစလုံးဖြစ်နိုင်သည်။ သို့သော် အသင်းတော်ဟု ယူဆရန် ခက်ခဲသည်။ အသင်းတော်သည် နည်းလမ်းအချို့ဖြင့် ခရစ်တော်ထဲ၌ ပြည့်စုံသည်(သို့) ခရစ်တော်က အသင်းတော် ကို ဖြည့်ဆည်းသည်။ တဖန် ဂရိသဒ္ဒါအရ ပထမရှုထောင့်ဖြစ်သော အသင်း တော်သည် ခရစ်တော်ကို ပြည့်စုံစေသည်ဟူသော စကား သွားစကားလာကို ထောက်ခံသည်။ ထိုသို့ဆိုရာတွင် ခရစ်တော်၏ ဇာတိတော်သည် မစုံလင် သဖြင့် အသင်း တော်က ဖြည့်စွက်သည်ဟု မဆိုလိုပါ။ ထိုအပြင် ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် အသင်းတော်မပါလျှင် မစုံလင်ဟုလည်း မဆိုလိုပါ။ သတိုသမီးမပါလျှင် သတိုသားမရှိနိုင်ဟု ဆိုလိုခြင်းမျိုးလည်းမဟုတ်(ဧ ၅း၃၂)။ သိုးမရှိလျှင် သိုးထိန်းမရှိနိုင်ဟု ဆိုလိုခြင်းလည်းမဟုတ်(ယော ၁၀း၁၁-၁၆)။ ဧ ၁၂၃ အဆုံးပိုင်းတွင် ခရစ်တော်၏ ဇာတိတော်သည် မစုံလင်သောကြောင့် အသင်းတော်က ဖြည့်ဆည်းပေးကြောင်း မတွေးအပ်ဟု ဆိုပါသည်။
ဧ ၃း၁၉၊ ၄း၁၃ တွင် အသင်းတော်သည် ခရစ်တော်ထဲရှိ ဘုရား ရှင်ဖြင့် ပြည့်စုံရကြောင်း၊ အကြောင်း သော် ခရစ်တော်နှင့် ချွတ်စွပ်တူညီ ကြောင်း ပြသရန်ဟုဆိုသည်။
Gentile (တပါးအမျိုးသား)
တပါးအမျိုးသားဆိုသည်မှာ ယုဒလူမျိုးမှလွဲ၍ အခြားလူမျိုးကို ဆိုလို သည်။ ဟေဗြဲစကားက လူမျိုးတကာဟုဆိုသည်။ သိုသော် ယုဒလူများက သူတိုလူမျိုးသာလျှင် ဘုရားသခင်၏ အထူးလူမျိုးတော်ဟု ခံယူဘဝင်မြင့်ကြ ပြီး ယုဒလူမျိုးမဟုတ်သူများအားလုံးကို ဘုရားသခင်နှင့် မသက်ဆိုင်သည့် တပါးအမျိုးသားဟု သိမ်းကျုံးခေါ်ဝေါ်သည်။ ပြည်နှင်ဒဏ်ခံရပြီးနောက်ပိုင်း တွင် ယုဒလူမျိုးသည် အိမ်နီးနားချင်း တခြားလူများက သူတိုဘာသာတရား မဖျက်ဆီးကြရန် ကာကွယ်ကြသည်။ ဓမ္မသစ်ကျမ်းခေတ်ကာလမှ တပါးအမျိုး သားဟူ သော စကားရပ်သည် သရော်လှောင်ပြောင်ခြင်း၊ မုန်းတီးရွံရှာခြင်း အသုံးအနှုန်းဖြစ်လာသည်(တ ၂၂း၂၂ မှ တပါးအမျိုးသားကိုကြည့်)။
မည်သို့ဖြစ်စေ ဓမ္မဟောင်းကျမ်းတွင်မူ ဘုရားသခင်၏ နိုင်ငံတော် ထဲသို တပါးအမျိုးသားများ ပါဝင်လာမည့်ချိန်ခါကို ရှေးရှုမျှော်လင့်ကြသည် (ဟေရှာ ၅၅း၅၊ မာလ ၁း၁၁)။ သို့ကြောင့် ခရစ်တော်ထဲ၌ အတူတကွရှိလာ ကြသောအခါ ယုဒလူမျိုး၊ တပါးအမျိုးသားဟူ၍ လူမျိုးရေး ခွဲခြားစရာ အကြောင်း မရှိတော့ပါ(ဂလာ ၃း၂၈၊ ဧ ၂း၁၁-၂၂)။
သို့သော် ဓမ္မသစ်ကျမ်းတွင် ယုဒလူမျိုး ခရစ်ယာန်မဟုတ်သူကို တပါး အမျိုးသားဟု နှုတ်ကျိုးခေါ်ဆို သည်။ ဧ ၄း၁၇ မှလွဲ၍ တပါးအမျိုးသား ဟူသောစကားသည် ဘုရားသခင်၏ မိသားစုဝင်(ခရစ်ယာန် မဟုတ်သူ)ကို ရည်ညွှန်းလေ့ရှိသည်။
Glory (ဘုန်းတန်ခိုး)
ဟေဗြဲစကားလုံးတွင် ဘုန်းတန်ခိုးသည် “လေးလံစေ”ဟု အနက်ရ သည်။ ဟေဗြဲလူများသည် ကြီးမားခြင်း၊ အရေးကြီးခြင်း၊ တန်ဘိုးကြီးမားခြင်း ၊ ကို ဘုန်းတန်ခိုးဟု ခေါ်ဝေါ်သုံးနှုန်းသည်။ လူတွင်လည်း ဘုန်းတန်ခိုးရှိနိုင် ၊ ပေမင့်(ဟေရှာ ၈း၇) ဘုရားသခင်မပါလျှင် မျက်စိတမှိတ်သာ ခံသည်(ဟေရှာ ၁၆း၁၄၊ ၁ပေ ၁း၂၄)။
ဘုရားဘုန်းတန်ခိုးတော်သည် တန်ခိုးနှင့် အာနုဘော်ပါဝင်သော ကြောင့် ကြောက်လန့်ဘွယ်ဖြစ်သည်။ ကျမ်းစာကမူ ကြောက်မက်ဘွယ်မုန်တိုင်း၊ မီးတောင်(ထွ ၂၄း၁၇၊ ဆာ ၂၉း၃၊ ဟဗ ၃း၃-၁၅)တိုအပြင် လူမခံမရပ်နိုင် သည့် တောက်ပလွန်းသောအလင်း(ထွ ၃၄း၂၉-၃၅၊ မာ ၉း၂-၈)တို့နှင့် နှိုင်း ပြထားသည်။ မောရှေ ပင်လျှင် မျက်နှာတော်ကို မဖူးမျှော်ခွံ(ထွ ၃၃း၁၈၊ ၂၃) သကဲ့သို ဘုန်းတန်ခိုးတော် ပြည့်ချိန်၌ တဲတော်ထဲသို မည်သူမျှ မဝင်ဝံ့ကြ (ထွ ၄၀း၃၅)။
ဘုန်းတန်ခိုးတော်ထဲ၌ ကျေးဇူးတော်လည်း ပါဝင်သည်။ ပဋိညာဉ် သေတ္တာ(၁ရာ ၄:၂၁ ကိုကြည့်)နှင့် ဗိမာန်တော်(၃ရာ ၈း၁၀၊ ၁၁)တို့သည် ဘုရားဘုန်းတော် ဖူးမျှော်ရာဖြစ်၍ သူ့လူများနှင့်အတူ စိုးစံတော်မူကြောင်း အမှတ်အသားဖြစ်သည်။ ဘုရားရှင်က ကျေးဇူးတော်ဖြင့် ဘုန်းတန်ခိုးတော် ပြတော်မူသကဲ့သို ထိတ်လန့်ဘွယ် ရာလည်းဖြစ်သည်။ မောရှေက ဘုန်းတန်ခိုးတော်ပြသတော်မူပါရန် လျှောက်လဲသောအခါ ကရုဏာတော်ကြွယ် ဝပုံနှင့် တရားမျှတပုံတို့အား ပြသတော်မူသည်(ထွ ၃၃း၁၇-၃၄း၇)။
ခရစ်တော်က ဘုရားဘုန်းတန်ခိုးတော်ကို အထင်ရှားဆုံး ပြသတော် မူသည်။ တန်ခိုးအလုံးစုံကြွယ်ဝ၍ သူ့လူများနှင့်အတူ စိုးစံသည့်အပြင် ဗျာ ဒိတ်တော်ဖြင့် မိမိကိုယ်ကို ပြသတော်မူသည်။ ဖွားမြင်တော်မူချိန်၌ ဘုန်း တန်ခိုးတော်က ဝန်းရံ၍(လု ၂း၉) အမှုတော်ပြုချိန်(မာ ၉း၂-၈၊ ယော ၂း၁၁)၊ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်း(ယော ၁၂း၂၃)၌ ခြံရံသည့်အပြင် ပြန်လည်ကြွလာမည့်အချိန်၌လည်း ဝိုင်းရံပေမည်(မာ ၁၃း ၂၆)။ ။
ကယ်တင်ခြင်းအကျွတ်တရားသည် ခရစ်တော်၏ ဘုန်းတန်ခိုးတော် ထင်ရှားခြင်းဖြစ်သည်( ၂ကော ၄း၄)။ အကြောင်းမှာ သူ့လူများထဲ၌ ဘုရား ရှင်တော် စိုးစံခြင်းဖြစ်သည်(၁ကော ၃း၁၆)။ အသင်းတော်သည် လည်း ဘုရား ဘုန်းတော်ထဲ၌ ထင်ရှားခြင်းဖြစ်သည်(၁ပေ ၄း၁၄)။ ဘုရားရှင်အတွက် အမှု တော်ပြုသမျှကို လောကသားများထံသို့ ဘုန်းတော်ပြသခြင်းဖြစ်သည်(မ ၅း၁၆။ ရော ၁၅း၈၊ ၉၊ ၁ကော ၆း၂၀)။ ဘုန်းတန်ခိုး တော်ဖြင့် ခရစ်တော်ကြွလာ သောအခါ အသင်းတော်သည်လည်း ဘုရားဘုန်းတော်ဖြင့် ထွန်းတောက်မည် (ဗျာ ၂၁း၁၁)။
ရှေကေန ဘုန်းတန်ခိုးလည်းကြည့်။
God (ဘုရားသခင်)
ဘုရားသခင်သည် စကြာဝဠာနိယာမကို ဖန်ဆင်းသော ထာဝရ ဝိညာဉ်တော်ဖြစ်သည်။ “ဘုရား”ဟူသော စကားလုံးသည် ဘုရားရှင်တော်၏ ဖြစ်တော်ကို ပြသသကဲ့သို “လူ”ဟူသော စကားလုံးသည် လူသည် အဘယ်သို သောသူဖြစ်ကြောင်း ပြသသည်။
ဘုရားသခင်၏ ပုဂ္ဂိုလ်ရေးရာ နာမည်သည် ယေဟောဝါဖြစ်ကြောင်း မောရှေသို ဘုရားရှင်ကိုယ်တိုင်က မိန့်ပြတော်မူသည်(ထွ ၃း၁၅)။ အင်္ဂလိပ် စကားအားဖြင့် မြတ်စွာဟု အနက်ရသည်။ သမ္မာကျမ်းစာက ဘုရားတဆူ တည်းသာရှိတော်မူကြောင်းနှင့် အခြားဘုရားများသည် ရုပ်တုဆင်းတုများ ဖြစ်သည်(ဟေရှာ ၄၄း၄၊ ၂၀၊ ယေ ၁၀း၁၀၊ ၁တိ ၁း၁၇)ဟု သွန်သင်သည်။ ဘုရားရှင်သည် တဆူတည်းသော မြတ်စွာဘုရားဖြစ်တော် မူသည့်အတိုင်း ဉာဏ် ပညာအလုံးစုံနှင့် တန်ခိုးတော်အလုံးစုံ ပိုင်ဆိုင်သည်(ယောဘ ၁၂း၁၃၊ ဟေရှာ ၂း၁၂-၁၈၊ ရော ၁၆း၂၇)။ ။
ဘုရားစစ် ဘုရားမှန် တဆူတည်းရှိ၍ ခမည်းတော်၊ သားတော်၊ သန့်ရှင်းဝိညာဉ်တော်တို ပါဝင်သည်။ ခမည်းတော်ဘုရား(၁ပေ ၁း၃)၊ သား၊ တော်ဘုရား(ယော ၁း၁)၊ သန့်ရှင်းဝိညာဉ်တော်ဘုရား(၁ကော ၂း၁ဝ၊ ၁၁) ဟုလည်း ဆိုကြသေးသည်။
ကျမ်းစာတွင် တခါတရံ ဘုရားသခင်၏ မျက်လုံးစုံ၊ လက်များ၊ နှာ ခေါင်းဟု သုံးနှုန်းလေ့ရှိသော်လည်း အမှန်တကယ် ထိုသို့သော အင်္ဂါများရှိ သည်မဟုတ်။ လူများက သဘောပေါက်နားလည်ကြရန် ပုံဖော်ခြင်းဖြစ် သည်။ ဘုရားသခင်သည် နံဝိညာဉ်(ယော ၄း၂၄)ဖြစ်တော်မူ၍ မျက်စိဖြင့် မမြင်နိုင် သော အရူပဖြစ်သည်(၁တိ ၁း၁၇)။ နံဝိညာဉ်အစစ်အမှန်ဖြစ်သောကြောင့် ရုပ်ခန္ဓာကိုယ်မရှိ။ ထိုမမြင်နိုင်သော ဘုရားသခင်သည် မည်သို့ သောသူဖြစ်ကြောင်း သားတော်ဘုရားက လူ့ဇာတိသွေးသားခံယူပြီး ပြသတော်မူ (ကော ၁း၁၅)။
ဘုရားရှင်က သူ့ကိုယ်သူမှလွဲ၍ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ သည်(က ၁း၁၊ ဟေဗြဲ ၁၁း၃)။ ဖန်ဆင်းခြင်းဟူသမျှမှ ကင်းလွတ် လူ့အသိဉာဏ်ပညာဖြင့်လည်း သိရှိနိုင်စွမ်းမရှိ(ဟေရှာ ၅၅း၈၊ ၉)။ ဘုရားရှင် သည် အစအဆုံးမရှိသော နိစ္စထာဝရဘုရားဖြစ်သည်(၁တိ ၆း၁၆)။ အစမူလ ဖြစ်တော်မူသည့်အတိုင်း အရာခပ်သိမ်းကို ပိုင်ဆိုင်သည်(ဆာ ၂း၄၁)။ အသက် ဇီဝအရင်းအမြစ်လည်းဖြစ်သည်(က ၂း၇၊ ယော ၁း၄)။
လူပုဂ္ဂိုလ်ကဲ့သို ရပ်တည်သောဘုရားဖြစ်သည်။ အခြားသူများနှင့် ဖြစ်စေ၊ လူများနှင့်ဖြစ်စေ ဆက်ဆံနိုင် သည်။ ပြောဆို၊ ကြားနာ၍ ချစ်ခင် တတ်သည်။ သာသနာပရုပ်တုဘုရားများကဲ့သို မဟုတ်။ သူ့ကိုယ်သူအား လူ များကို ကိုယ်ထင်ပြသသည်(ဟေဗြဲ ၁း၁)။ စိတ်ဆန္ဒရှိသည့်အတိုင်း ဖန်ဆင်း ထားသော အရာများအတွက်လည်း အကြံအစည်တော်ရှိသည်(ဧ ၁း၁၁)။
ဘုရားရှင်က သူ့ကိုယ်သူအား သန့်ရှင်းသောဘုရား၊ ဘုန်းတန်ခိုး တော်ပြည့်ဝသူ(ဟေရှာ ၆း၃)၊ ဖြောင့်မတ်သော ပြည်သူ့တရားရှင်(၂တိ ၄း၈)၊ အပြစ်ရှိရာအရပ်၌ မနေနိုင်သူ(ဟဗ ၁း၁၃၊ ဟေရှာ ၅၉း၂၊ ရော ၁း၁၈) အဖြစ် ပြသတော်မူသည်။ တချိန်တည်းတွင် မေတ္တာတော်ရှင်၊ အထံတော်မှာ ခစားသူများအား ဖြောင့်မတ်စေသူ(ဆာ ၁၀၃း၁၃)ဖြစ်သည်။ ဖြောင့်မတ်သော ပြည်သူ့တရားရှင်နှင့် မေတ္တာတော်ရှင် ခမည်းတော် ဖြစ်ကြောင်းကို ကမ္ဘာ မတည်မှီကပင် အပြစ်ဖြေရာအကြောင်း ကြိုတင်စီစဉ်ထားသည်(၁ပေ ၁း၂၀)။ ခရစ်တော် ထဲ၌ ရှိသူများသည် ရွေးချယ်တော်မူသောသူများဖြစ်ကြသည်(ဧ ၁း၄၊ ရော ၈း၂၉၊ ၃ဝ)။
ထိုသို့သော ဘုရားရှင်တော်မြတ်သာလျှင် ကိုးကွယ်ထိုက်ပါပေသည် (မ ၅း၁၀)။
Godliness (ဘုရားတရားသိရှိခြင်း)
ဘုရားတရားသိရှိခြင်းဆိုသည်မှာ ဘုရားရှင်အား ရှိခိုးကော်ရော်ထိုက် သူဟု သိရှိခံယူသည့်အတိုင်း လက်တွေ့လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားရှင် က လူများအား ဧဝံဂေလိသတင်းကောင်း သိရှိကြစေရန်(တိ ၁း၁) လူများသို တန်ခိုးပေးထားသည်(၂ပေ ၁း၃)။ ဘုရားတရား အမှန်သိရှိသူသည် ကိုယ်ကျင့် သိက္ခာ ဖြူစင် မွန်မြတ်သည်(၂တိ ၃း၅)။ ထိုကြောင့် ဘုရားတရားသမားသည် ဘုရားထံတော်သို ဖြောင့်မတ်၍ လူများအား ရှေ့တော်၌ ဖြောင့်မတ်ကြရန် နှိုးဆော်သည်။
ဘုရားတရားသမား၏ လျှိဝှက်ချက်(၁တိ ၃း၁၆)သည် ခရစ်တော် ထံမှ သင်ယူရရှိသည့်အတိုင်း ဆက်ကပ်ကိုးကွယ်ခြင်းနှင့် မြင့်မြတ်သော အပြု အမူ အကျင့်အကြံဖြစ်သည်။
Golgotha (ဂေါလဂေါသ)
ယေရုရှလင်မြိုပြင်ဘက်ရှိ ယေရှုခရစ်တော်ကို ကားစင်တင်သည့် နေရာဖြစ်သည်။ ထိုစကားလုံးသည် အာရမိဘာသာစကားဖြစ်၍ ဦးခေါင်းရိုး အရပ်ဟု အနက်ရသည်။ ထိုအဓိပ္ပါယ်အတိုင်း လက်တင်ဘာသာစကားဖြင့် ကရာနီဟုခေါ်သည်။ အတိအကျ နေရာမသိနိုင်သကဲ့သို အဘယ်ကြောင့် ဦးခေါင်း ရိုးဟု ခေါ်ရကြောင်း အသေအချာမသိရပါ။
မ ၂၇း၃၃၊ မာ ၁၅:၂၂၊ ယော ၁၉း၁၇ တို့၌ သုံးနှုန်းထားသည်။
Good (ကောင်းသော)
ကျမ်းစာလာ “ကောင်း”ဟူသော စကားလုံးများသည် တန်ခိုးရှိခြင်း၊ အကျိုးရှိခြင်းဟု အနက်ရသည်။ ဥပမာအားဖြင့် ဟာဝိလပြည်မှ ရွှေသည် တန်ဘိုးရှိသည်(က ၂း၁၂)၊ ဧဒင်ဥယျာဉ်ထဲမှ သစ်ပင်များသည် အစားအစာ အဖြစ် အကျိုးကျေးဇူးရှိသည်(က ၂း၉)။
သိရှိထားရန်မှာ ကောင်းမြတ်ခြင်းဟူသမျှသည် ဘုရားရှင်ထံမှ လာ သည်။ ဘုရားသခင်သည် အတိအလင်း ကြွယ်ဝ၍ ရှိခိုးကိုးကွယ်ထိုက်သူဖြစ် သည်(ဆာ ၁၁၈း၁)။ ကိုယ်တော်သည် ကောင်းမြတ်ခြင်းအ လုံးစုံ၏ အရင်း အမြစ်ဖြစ်သည်။ ဘုရားရှင်တော်တပါးတည်းသာလျှင် ဧကန်အမှန် ကောင်း မြတ်သည်(မာ ၁၀း၁၈)။ ထိုကား ဘုရားသခင်သည် ကောင်းသောအမှုအရာ ပြုလုပ်သည်ဟူသော စကားထက် ပိုမိုလေး နက်သည်။ ကောင်းမြတ်ခြင်းသည် ဘုရားရှင်ကို ထုတ်ဖော်ပြသခြင်းဖြစ်သည်။ ဘုရားရှင်၏ ကောင်းမြတ်ခြင်း သည် အပြင်ပန်းသဏ္ဍာန်မျှသာမဟုတ်။ စိတ်သဘောပြည့်ဝမွန်မြတ်သည် ဖြစ်၍ စေတနာသဒ္ဓါထက်သန်သည်။ ထိုကြောင့် ကောင်းမြတ်ခြင်း တိုင်းတာ ရာဖြစ်သည်။ ကောင်းသောအမှုအရာဟူသမျှ၏ အရင်းအမြစ်ဖြစ်သည်။
ဘုရားရှင်သည် ကောင်းမြတ်သောကြောင့်(ဆာ ၁၀၀း၅) ပြုတော်မူ သမျှသည် ကောင်းယဉ်သည်(က ၁း၃၁၊ ဆာ ၁၁၉း၆၈)။ ကောင်းသော အရေးအရာဟူသမျှသည် ဘုရားရှင်တော်ထံမှ လာသည်(ယာ ၁း၁၇)။ သတ္တဝါများ အား ထောက်ပံ့ကျွေးမွေးခြင်းသည် ဘုရားရှင်၏ ကောင်းမွန်ခြင်းဖြစ်သည် (ဆာ ၁၄၅း၉၊ တ ၁၄း၁၇)။ ၊
ဧဝံဂေလိသတင်းစကားသည် ခရစ်တော်အားဖြင့် ကယ်တင်ခြင်း အကျွတ်တရား(ဟေဗြဲ ၁၀း၁)ရရှိကြောင်း သတင်းကောင်းဖြစ်သည်(လု ၂း၁၀)။ ထိုသတင်းကောင်းကို ယုံကြည်ကိုးစားသူသည် ဘုရားသခင်၏ သားသမီးဖြစ် သွားသဖြင့် ကောင်းသောအမှုအရာအား ကောင်းကင်ဘုံဘုရားသခင်ထံမှ ရရှိသည်(မ ၇း၁၁)။ ဘုရားရှင်သည် သူ့သားသမီးများ၏ ကောင်းကျိုးချမ်း သာရာ ပြုတော်မူသည်(ရော ၈း၂၈)။ ထိုသို ကောင်းစားကြရန် စည်းကမ်း ဖြင့်လည်း ကြပ်မတ်လေ့ရှိသည်(ဟေဗြဲ ၁၂း၁၀)။
မိန့်တော်မူချက်များသည် ကောင်းယဉ်သဖြင့်(ဆာ ၁၁၉း၃၉) နာခံ သူများသည် ကောင်းချီးမင်္ဂလာ ခံစားရာ ခရီးလမ်းကောင်း လျှောက်လှမ်းကြ သည်(တရား ၆း၁၈၊ ၁တိ ၂း၃၊ တိ ၃း၈)။ ခရစ်ယာန်များသည် အကျင့် သိက္ခာကောင်းရှိကြသည်( ၂း၁၀)။ အကျင့်သိက္ခာမဲ့ ဓလေ့စရိုက်ပျက်သူ များသည် ဘုရားရှင်ကို အမှန်တကယ် မသိရှိသူများဖြစ်သည်(တိ ၁း၁၆)။
ဘုရားသခင်တပါးတည်းသာလျှင် ကောင်းမြတ်သည်ဖြစ်၍ ထိုဘုရား ရှင်ကို သိကျွမ်းသူသည် အကျင့်ကောင်း(ရွေးနှုတ်ခံ)ရှိသောကြောင့် အမှန် တကယ်ကောင်းမြတ်သည်(မ ၁၂း၃၃-၃၅)။ အချို့သည် အကောင်းဟု ထင် ရသော မကောင်းမှု၊ မကောင်းဟုထင်ရသော အကောင်းများဖြစ်ကြသည်။
ဟေဗြဲစကားတွင် အရာရာ၌ ကောင်းသောအရာနှင့် မကောင်းသော အရာ ရောနှောလေ့ရှိသည်(တော ၂၄း၁၃၊ ၂ရာ ၁၃း၂၂)။ ဟေဗြဲအခြား စကားရပ်တွင် “ကောင်းပေသည်”ဟူသော စကားသည် “သဘောတူသည်” (၁ရာ ၂၀း၇၊ ၄ရာ ၂၀း၁၉)ဟု အနက်ရသည်။ မင်္ဂလာမျက်စိသည် မရှိဆင်းရဲ သားအား ကူညီရန်မြင်တတ် သည်(သု ၂၂း၉)။
Gospel (ဧဝံဂေလိ)
ဧဝံဂေလိဆိုသည်မှာ သတင်းကောင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းစကား လုံးဖြစ်သော်လည်း ဓမ္မဟောင်းကို အခြေပြုသည်။ ဓမ္မဟောင်းကျမ်းက ဧဝံ ဂေလိသတင်းကောင်း ရောက်လာမည်ဟုဆို၍ ဓမ္မသစ်ကျမ်းက အာဗြဟံသို့ပြုထားသော ဘုရားကတိတော်များ ထုတ်ပြန်ကြေညာသည်(ဂလာ ၃း၈)။ ပရောဖက်ကျမ်းစကားများ ပြည့်စုံလာသည်(ရော ၁း၂)။
ထိုသတင်းကောင်းသည် ဘုရားသခင်၏ နိုင်ငံတော်ရောက်လာမည့် အကြောင်း(မ ၄၂၃)ဖြစ်၍ ခရစ်တော်အကြောင်းပင်ဖြစ်သည်(မာ ၁း၁၊ ၂ကော ၄း၅)။ ဧဝံဂေလိသတင်းကောင်းသည် ဘုရားသခင် အကြောင်းသာ မဟုတ်ဘဲ(၁သက် ၂း၈) သူ့ကို ယုံကြည်သူများအပေါ်သို ကယ်တင်ခြင်းပေးတော်မူသော ပြုတော်မူချက်လည်း ပါဝင်သည်(ရော ၁း၁၆)။ ထိုအချက်များ သည် ဘုရားရှင်၏ အချုပ်အခြာနိယာမ၌ ပါဝင်သော သတင်းကောင်းတွင် ပေါ်လွင်ထင်ရှားသည်။
အသင်းတော်သည် ခရစ်တော်၏ အချုပ်အခြာ မိန့်တော်မူချက်(မ ၂၈း၁၈) လူတိုင်းသို သတင်းကောင်း ဟောပြောရန် နာခံရာဖြစ်သည်(မာ ၁၆း၁၅)။ ဧဝံဂေလိသတင်းကောင်းသည် သမ္မာတရားဖြစ်၍(၁တိ ၁း၁၁) ဟောပြောသွန်သင်ရသည်(၁ကော ၉း၁၆)။ သိုသော် လူတိုင်းက ဘုရားသခင် ၏ သမ္မာတရားကို သဘောမပေါက် လက်မခံကြ(၂ကော ၄း၄)။ ထိုသတင်းကောင်းကို ကြားသိသူသည် နောင်တစိတ်ဖြင့်(မာ ၁း၁၄) သတင်းကောင်း အားလက်ခံယုံကြည်သည်။ ယုံကြည်ခြင်းသစ္စာမရှိလျှင် ဧဝံဂေလိသတင်းက ကယ်တင်ခြင်းမပြုနိုင်(ဟေဗြဲ ၄း၂)။
ကျမ်းစာတအုပ်လုံးသည် ခရစ်တော်အကြောင်းဖြစ်သောကြောင့် ကျမ်းတစောင်လုံး၌ ခရစ်တော် အကြောင်း ရေးထားသည်(လု ၂၄း၂၇)။ မဿဲ။ မာကု၊ လုကာ၊ ယောဟန် ခရစ်ဝင်ကျမ်းများဖြင့်သာ ဧဝံဂေလိ သတင်းကောင်း ၊ အလုံအလောက်မသိရှိနိုင်။
Grace (ကျေးဇူးတော်)
ဤစကားလုံးကို သိရှိခြင်းသည် သမ္မာကျမ်းစာကို သဘောပေါက်ရန်၊ သော့ချက်ဖြစ်သည်။ စစ်မှန်သော ဘာသာတရားသည် ဝိထုံးနည်းနာများ နာခံခြင်း၊ နက်နဲသော အတွေ့အကြုံရှိခြင်းမဟုတ်ပါ။ ဘုရားကျေးဇူးတော် တွေ့ကြုံခံစားခြင်းဖြစ်သည်။ ထိုစကားလုံးကို ကိုယ်ထိလက်ရောက် မထိတွေ့ သည့်အချိန်တွင်လည်း ကျမ်းစာ တအုပ်လုံး၌ ကျေးဇူးတော်ကို အခမဲ့ ခံစား နေရကြောင်း ပြောပြသည်။
မူရင်းဟေဗြဲစကားလုံးတွင် ကျေးဇူးဆိုသည်မှာ တတ်စွမ်းနိုင်သူက ချိုတဲ့သူအား ဝေငှခွန်အားပေးခြင်း ဖြစ်သည်(က ၃၃း၈)။ တစုံတဦးအပေါ်သို မေတ္တာပြသခြင်းဖြစ်သည်။ လက်ခံရရှိသူက တစုံတရာ ပေးဆပ်ခြင်း မရှိသကဲ့ သို ကျေးဇူးပြုသူကလည်း အကျိုးကျေးဇူးမမျှော်ဘဲ မေတ္တာသက်သက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။
ဣသရေလလူမျိုးအား ဘုရားရှင်၏ လူမျိုးအဖြစ် ရွေးကောက်ခြင်း သည် ကျေးဇူးတော်သက်သက် ဖြစ်သည်(တရား ၇း၇၊ ၈)။ ထိုနည်းတူ ဓမ္မသစ် ကျမ်းစာလာ ကယ်တင်ခြင်းအကျွတ်တရားသည်လည်း ဘုရားပေးလက်ဆောင် ဖြစ်သည်(ဧ ၂း၈)။ မည်သူကမှ လုပ်ဆောင်ရယူခြင်းမဟုတ်သကဲ့သို(ရော ၅း၈၊ ၆:၃) တောင်းယူခြင်းလည်းမဟုတ်(ရော ၅း၁၀)။ လူတိုင်းသည် အပြစ်လွန် ကျူးကြသောကြောင့်(ရော ၃း၉-၂၀) အမျက်တော်သင့်ကြသည်(ရော ၁း၁၈)။ သိုသော်လည်း ခရစ်တော်၏ အသေခံတော်မူခြင်းဖြင့် ဖြောင့်မတ်ခြင်း အား ဘုရားရှင်က မေတ္တာလက်ဆောင်ပေးတော်မူသည်(ရော ၃း၂၁-၂၆)။
ဘုရားကျေးဇူးတော်သည် ခရစ်တော်ထံမှတဆင့် အထူးခံစားကြသည် (ယော ၁း၁၇)။ ကျေးဇူးတော် သည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း (၂)ခုစလုံး ၏ အဓိကရည်မှန်းချက်ဖြစ်သည်။ သို့သော် ခရစ်တော်ကို အခြေပြုကြသည်။ အပြစ်သားများက ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကျေးဇူးတော် ခံစားရသည် ( ၂း၈)။
ပညတ်တရားများကို နာခံခြင်းကြောင့် မည်သူမျှ မျက်နှာတော်မရ နိုင်(ဂလာ ၂း၁၆)။ ခရစ်ယာန်များသည် ပညတ်တရားအောက်၌ ရှိကြသူများ မဟုတ်။ ကျေးဇူးတော်တရားအောက်၌ ရှိကြသည်။ ထိုသိုဆိုရာတွင် ပညတ် တရားက တားမြစ်သော အပြစ်များအား စိတ်ကြိုက်ကျူးလွန်နိုင်သည်ဟု မဆိုလိုပါ(ရော ၆း၁၅)။ ခရစ်ယာန်များအား အပြစ်ကျေးကျွန်အောက်မှ “တမြောက်စေပြီး စကားတော်ကို နာခံစေခြင်းဖြစ်သည်(ရော ၆း၁၆-၂၈)။ ဘုရားရှင်က နှလုံးသားသစ်ပေး၍ သန့်ရှင်းဝိညာဉ်တော်က ဖြောင့်မတ်စွာ အသက်တာရှင်သန်ရန် ဦးဆောင်လမ်းပြသည်(ယေဇ ၃၆း၂၆၊ ၂၇၊ ရော ၈း၉၊ ဂလာ ၅း၁၆-၂၅)။
ကျေးဇူးတော်က အသင်းတော်များထဲ၌ အစွမ်းအစမျိုးစုံ ပြုစေနိုင်၍ (ဧ ၄း၇) ခရစ်တော်အကြောင်း သက်သေခံနိုင်ကြရန်လည်း ခွန်အားသတ္တိပေးသည်(တ ၄း၃၃)။ ခရစ်တော်အတွက် အမှုတော်ပြုရန် အစွမ်းအ စဟူသမျှ သည် အမှုတော်ဆောင်များသို ဘုရားပေးလက်ဆောင်ဖြစ်သည်( ၁ကော ၁၂း၄ -၆)။ အသင်းတော် တည်ဆောက်ရန်(ငယ် ၇)နှင့် ဘုရားတရား ကြည်ညိုစွာ ရှင်သန်ရန်ဖြစ်သည်(၂ပေ ၁း၃)။
Grain offering (ဘောဇဉ်ပူဇော်သက္ကာ)
မုန့်ညက်၊ ဘောဇဉ်ပူဇော်သက္ကာဟုလည်း ဆိုကြသည်။ ဤယဇ် အကြောင်းကို ဝတ် ၂း၁-၁၆၊ ၆း၁၄-၂၃ တွင် ရေးထားသည်။ ပြုလုပ်ပုံမှာ ဂျုံမုယောသစ်(၂း၁၄)အား ဆီ၊ နံ့သာမွှေး၊ ဆားနှင့် ရောမွှေပြီး(၁း၁၊ ၁၃) အထူးမုန့်အဖြစ် ဖုတ်ကင်ရသည်(၂၄)။ နည်းလမ်းအမျိုးမျိုးဖြင့်လည်း ဖုတ်ကြသည်(ငယ် ၄-၇)။ ထိုမုန့်ဖုတ်ကို ဘုရားရှင်ထံသို လက်ဆောင်ပဏ္ဏာအဖြစ် လှူဒါန်းရသည်။ ထိုမုန့်ကို ယဇ်ပုရောဟိတ်နှင့် သူ့မိသားစုဝင်တိုက(၂း၂၊ ၃၊ ၉၊ ၁၀) တဲတော်(သို့) ဗိမာန်တော်ဝင်းထဲ၌ စားပစ်ရသည်(၆း၁၆)။
လက်ဆောင်ပဏ္ဏာဟူသော စကားလုံးသည် ဘာသာရေးပြင်ပ၌ ရှိသော လူကြီးသူမ၊ ရှင်ဘုရင်များ ဆက်သရာ၌လည်း သုံးနှုန်းသည်(၁ရာ ၁၀း၂၇၊ ၃ရာ ၄:၂၁)။ ထိုဘောဇဉ်ပူဇော်သက္ကာအား ဘုရားရှင်ထံ ဆက်သ ခြင်းသည် အလိုတော်အား စနစ်တကျ ခံစားနိုင်ရန်ဖြစ်သည်။ တနည်းအား ဖြင့် အမျက်ဖြေပူဇော်သက္ကာ ဖြစ်သည်(အပြစ်ဖြေရာယဇ်ကိုလည်းကြည့်)။
ဟေဗြဲစကားတွင် ပူဇော်ဟူသော စကားလုံးကို အမျိုးမျိုး သုံးကြသည် (က ၄း၄၊ ၅၊ ၁ရာ ၂၆း၁၉)။
Guilt offering (ဒုစရိုက်ဖြေရာယဇ်)
ဒုစရိုက်ဖြေရာယဇ်သည် အပြစ်ဖြေရာယဇ်နှင့် ဆင်တူယိုးမှားဖြစ် သည်။ ခြားနားချက်မှာ ဒုစရိုက်ပြု လုပ်သူက ပျက်စီးဆုံးရှုံးစေသော ပစ္စည်း တန်ဘိုး၏ (၅)ဆ ထပ်မံပေးလျော်ခြင်းဖြစ်သည်(ဝတ် ၅း၁၄၊ ၆း၇၊ ၇း၁ -၁၀)။
Hades (ငရဲပြည်) ၊
ဂရိစာပေတွင် ကမ္ဘာမြေအောက်(သို) သေလွန်သူတို၏ ဝိညာဉ်များ ရှိရာ မရဏာတိုင်းပြည်ဖြစ်သည်။ ထိုဟေဗြဲဓမ္မဟောင်းကျမ်းသုံး စကားလုံးကို ဂရိဘာသာစကားတွင် သေရွာငရဲပြည်ဟု ဆိုသည်။ ထိုဂရိစကားလုံး ကို AV ကျမ်းမူတွင် သုံးနှုန်းသည်။ တမလွန်ဘဝ(သို့) မရဏာပြည်ကို ဆိုလိုသည်(တ ၁:၂၇၊ ၃၁)။ ကမ္ဘာမြေထဲရှိ နက်နဲသော တနေရာကို ရည်ညွှန်းသည်(မ ၁၁း၂၃ တွင်မှု ကောင်းကင်များ၏ ဆန့်ကျင်ဘက်အဖြစ် သုံးသည်)။ ခရစ်တော်က သူသည် ထိုနေရာသိုသွားရာ သော့ချောင်းများ ကိုင်ထားကြောင်း ဝန်ခံထား သည်(ဗျာ ၁း၁၈)။
ငရဲပြည်အကြောင်းမှာကြည့်။
မရဏာပြည်အကြောင်းမှာလည်းကြည့်။
Hallelujah (ဟာလေလုယ)
ဟေဗြဲစကားလုံးဖြစ်၍ “ယ”ကို “ချီးမွမ်းခြင်း”ဟု အနက်ရသည်။ ယဆိုသည်မှာ ဘုရားသခင်၏ နာမတော် ယေဟောဝါဟူသော စကားလုံး၏ အတိုကောက်ဖြစ်သည်။ ဆာလံကျမ်းတွင် (၂၄)ကြိမ်တွေ့ရ၍ ဆာ ၁၃၅:၃ မှလွဲပြီး ဆာလံတေး၏ အစနှင့် အဆုံးတွင် တွေ့ရသည်။ ထိုစကားလုံးသည် ဝတ်ပြုကိုးကွယ်ရန် ဗိမာန်တော်ထဲသို လူများ ဖိတ်ခေါ်ခြင်းဖြစ်သည်။
ဗျာ ၁၉း၁-၆ တွင်လည်း တွေ့ရ၍ ကောင်းကင်ဘုံ၌ ရွေးနှုတ်ခံလူ တိုသီဆိုသော တေးကဗျာ၏ ရည်မှန်းချက်ဖြစ်သည်။
Hate, Hatred (မုန်းတီး၊ မုန်းတီးရွံရှာ)
မုန်းတီးခြင်းသည် ချစ်ခြင်းမေတ္တာ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ တစုံ တဦး၊ တစုံတရာအား မနှစ်သက်၊ ကြည့်မရခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာ ပေါင်းဖွဲ သည့်နေရာတိုင်း၌ မုန်းတီးခြင်းမရှိနိုင်။
ဘုရားရှင်က ဣသရေလလူတိုအား အချင်းချင်း မမုန်းတီးကြရန် န့်တော်မူသည်(ဝတ် ၁၉း၁၇)။ သူတို့ အား မုန်းတီးသူကိုလည်း ချစ်ခင်ခိုင်းသည်(ထွ ၂၃း၅)။ ခရစ်တော်က သူ၏ ချစ်ခြင်းမေတ္တာတော်ကို ရန်သူများ ထံသို့လည်း ပြသခိုင်းသည်(မ ၅း၄၃၊ ၄၄)။
အပြစ်ဒုစရိုက် မကောင်းမှုကို မုန်းတီးခြင်းမှလွဲ၍ မုန်းတီးရွံရှာခြင်း သည် အပြစ်ဖြစ်သည်(ဂလာ ၅:၁၉၊ ၂၀)။ ဘုရားရှင်တော်က မကောင်း (ဟေရှာ ၆၁း၈၊ ဇာ ၈း၁၇)၊ မကောင်းမှုပြုလုပ်သူ(ဆာ ၅း၅)နှင့် အပြစ်ပါသော ဝတ်ပြုကိုးကွယ်ခြင်းကို မုန်းတီးသည်(အာ ၅း၂၁)။ ဘုရားတရားသိသောသူ များသည် မကောင်းမှု အကုသိုလ်ကို မုန်းတီးကြသည်(ဆာ ၉၇း၁ဝ၊ ၁၃၉:၂၁၊ ဗျာ ၂း၆)။
ဤနေရာတွင် ဓမ္မဟောင်းနှင့် ဓမ္မသစ်တို ဝိရောဓိဆန်နိုင်သည်။ ဓမ္မဟောင်းသူတော်စင်တို့က အကုသိုလ် လူများကို မုန်းကြသည်(ဆာ ၁၃၉း၂) ခရစ်တော်ကမူ ခရစ်ယာန်များအား ရန်သူများကို ချစ်ခင်ခိုင်းသည်(မ ၅း၄၃၊ ၄၄)။ ဓမ္မသစ်ကျမ်းမှ မုန်းတီးစရာမှာ ခရစ်ယာန်များက ဒုစရိုက်လူများ၏ အပြုအမူ အကျင့်အကြံများ ဖြစ်သည်(၂ကော ၆း၁၇)။ ချစ်ခြင်းမေတ္တာကမူ အကျင့်ကောင်း၊ စိတ်ကောင်း၊ နှလုံးကောင်း ရှိစေချင်သည်(လု ၂၅:၂၁၊ ၂၂၊ လု ၆:၂၇၊ ရော ၁၂း၂၀)။
သခင်ယေရှုက တပည့်တော်များအား မိမိတိုမိသားစုကို မုန်းခိုင်း သည်(လု ၁၄း၂၆)။ ထိုစကားတော်မှာ လောကလူသားတို့၏ စိတ်ထားမျိုးဖြင့် မုန်းခိုင်းခြင်းမဟုတ်ကြောင်း အခြားကျမ်းချက်များအရ သိရသည်။ သခင်ယေ ရှုသည် ယုဒဆရာအချိုက သမ္မာတရားကို အမွှမ်းတင်သကဲ့သိုပင် စကား တန်ဆာဆင်၍ မိန့်တော်မူ လေ့ရှိသည်(မ ၇း၃၊ ၁၉း ၂၄၊ ၂၃း၂၄)။ မိမိတို့ ဆွေမျိုးသားချင်းများထက် သူ့ကို ချစ်ခင်မြတ်နိုးတန်ဘိုးထားကြရန် ဆိုလို သည်။ ထိုအကြောင်းကို လု ၁၄း၁၆ နှင့် မ ၁၀း၃၇-၃၉ အား ယှဉ်ကြည့်လျှင် သဘောပေါက်နိုင်သည်။
Head (ဦးခေါင်း)
ယနေ့ကာလ၌ ဦးခေါင်းဟုဆိုလျှင် စဉ်းစားဉာဏ်သာ ဆက် ကြသည်။ သိုသော် ကျမ်းစာခေတ်ကာလ၌ ထိုသို မဟုတ်ပါ။ ဦးခေါင်းကိုခန္ဓာကိုယ်၏ အမြင့်ဆုံးနှင့် အဓိကအစိတ်အပိုင်းအဖြစ် သတ်မှတ်ကြသည်။ ကျမ်းစာတွင် ဦးခေါင်းသည် ခေါင်းဆောင်မှုနှင့် ဩဇာအာဏာ(ထွ ၆း၁၄၊ ဟေရှာ ၇း၈)၊ မြင့်မားမှု(ဆာ ၂၄း၇)နှင့် အသက်၏ အရင်းအမြစ်ပြသသည်။ အကယ်၍ ခေါင်းမရှိလျှင် မည်သူမျှ အသက်မရှင်နိုင်(၁ရာ ၁၇း၅၁၊ မ ၁၄း၈)။
ခရစ်တော်သည် အမိန့်အာဏာဟူသမျှ၏ ဦးခေါင်းဖြစ်သည်(ဧ ၁:၂၂)။ ထိုသဘောဖြင့် အနက်ကောက် လျှင် ခရစ်တော်၏ သူ၏ ခန္ဓာကိုယ် တည်းဟူသော အသင်းတော်၏ ဦးခေါင်းဖြစ်သည်။ ခရစ်တော်နှင့် သူ့အသင်း တော်အကြား နီးစပ်ပေါင်းစည်းမှုကို ပြသ၍ ကိုယ်တော်သည် အသင်းတော်၏ စွမ်းအား၊ အသက်နှင့် ကြီးထွားခြင်းအကြောင်းဖြစ်သည်(ကော ၂း၁၉၊ ဧ ၄း၁၅)။
Heart (နှလုံး)
ကျမ်းစာလာ “နှလုံး”ဟူသော စကားလုံးသည် လူ့ခန္ဓာကိုယ်ထဲရှိ ခန္ဓာကိုယ်အစိတ်အပိုင်းအား အမြဲရည် ညွှန်းသည်မဟုတ်။ တစုံတရာ၏ အချက် အခြာကို ရည်ညွှန်းတတ်သည်(ထွ ၁၅း၈)။ သို့သော် အဓိကအားဖြင့် လူ့ အတွင်းသရုပ်၊ ဘဝတခုလုံးကို ရည်ညွှန်းလေ့ရှိသည်(ဆာ ၉း၁)။ ပီတိ(၁ရာ ၂း၁)၊ ချစ်ခြင်းမေတ္တာ(၂ရာ ၁၄း၁)၊ ဝေဒနာ(နေ ၂း၂)၊ သောက(က ၄၂း၂၈)၊ သတ္တိ(၂ရာ ၁၇း၁၀) စသည့် ခံစားချက်များကိုလည်း ရည်ညွှန်းလေ့ရှိသည်။ စိတ်မနော(လု ၂း၁၉)၊ အောက်မေ့မှတ်သားချက်(တရား ၄း၉)၊ သိရှိနားလည် မှု(၃ရာ ၃း၉)တိုလည်း ညွှန်းသည်။ မကောင်းမှု(ယေ ၁၇း၉၊ မ ၁၅း၁၉)နှင့် အမှန်က ၂း၀၅) ခွဲခြားဆုံးဖြတ်ရာ စိတ်သဘောထား(၆ရာ ၁၂း၁၄)လည်း ဖော်ညွှန်းလေ့ရှိသည်။ မာကြောသော စိတ်နှလုံး(ထွ ၁ဝး၁)သည် မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းမရှိ(ထွ ၁၀း၁)။ မာကြောသောစိတ်နှလုံးကို ကျိုးပဲ့ကြေမွ(ဆာ ၅၁း၁၇)စေလျက် ဘုရားပေးစိတ်နှလုံးသစ်(ယေဇ ၁၁း၁၉)ဖြင့် အစားထိုး ရသည်(ယေဇ ၁၈း၁၁)။
Heaven (ကောင်းကင်ဘုံ)
ကောင်းကင်ဘုံသည် ကောင်းကင်တမန်များနှင့်အတူ(မာ ၁၃း၃၂) ရှင်စိုးစံတော်မူရာ(မ ၅း၄၅)ဖြစ်၍ တနေ့သောအခါ စစ်မှန်သော ယုံ ပြည်သူများ ရောက်ရှိစိုးစံမည့်နေရာဖြစ်သည်(၁ပေ ၁း၄)။ သူ့လူများအတွက် (၁ယော ၂း၁) ယဇ်ပုရောဟိတ်ကြီးအဖြစ်(ဟေဗြဲ ၄း၄) ခရစ်တော်ဘုရား၊ပြန်လည်ကြွမြန်းရာ နေရာဖြစ်သည်(တ ၁း၁၁)။ အရှင်ဘုရားအဖြစ် စံမြန်း တော်မူသည့် ဌာနေအရပ်ဖြစ်သည်(တ ၂း၃၃-၃၆၊ ၁၇း၂၄၊ ဟေဗြဲ ၁း၃)။
ကောင်းကင်သခင်နှင့် မြေကြီးသခင်သစ် ပေါ်ထွန်းဦးမည်ဟု ကျမ်း စာက ဆိုသည်(ဟေရှာ ၆၅း၁၇၊ ဗျာ ၂၁း၁)။ ထိုကား ဘုရားရှင်တော်က အပြစ်ကင်းစင်လျက် သန့်ရှင်းစွာ အရာရာပြုတော်မူမည့် ဖန်ဆင်းခြင်းအသစ် အကြောင်းဖြစ်သည်။
Hebrew (ဟေဗြဲ)
ဟေဗြဲဟူသော စကားလုံးသည် ဟေဗာ(က ၁၀:၂၁၊ ၂၄)မှ ဆင်း သက်လာသည်။ ထိုနာမည်ကို အာဗြဟံကသာ သုံး၍(က ၁၄း၁၃) ကျမ်းစာ တွင် ဣသရေလလူမျိုးဖြစ်လာသည်။ သို့သော် အာဗြဟံ ခေတ်ကာလတွင် အခြားကပြားလူမျိုးများလည်း ပါဝင်သည်။
ဓမ္မဟောင်းကျမ်းတွင် ဟေဗြဲလူမျိုးဟူသော စကားလုံးသည် အခြားလူ မျိုးများထဲမှ ရွေးချယ်သည့် သီးခြားလူမျိုးကို ရည်ညွှန်းလေ့ရှိသည်။ ဥပမာ အားဖြင့် အဲဂုတ္တုပြည်ရှိ ဣသရေလလူမျိုး(ထွ ၂း၁၃)ကို ဣသရေလလူမျိုး၏ ရန်သူများက ပြောဆိုသုံးနှုန်းလေ့ရှိသည်(၁ရာ ၄း၉)။ ထိုအပြင် ဣသရေလ လူမျိုးတိုက မိမိတိုလူမျိုးရေးအကြောင်း ပြောဆိုရာ၌ သုံးနှုန်းကြသည်(ယောန ၁း၉)။
ထိုကြောင့် သမိုင်းကြောင်းအစပိုင်းတွင် “ဟေဗြဲ”ဟူသော စကားလုံး သည် ဣသရေလလူမျိုးအဖြစ် ထင်ရှားလာမည့် ရှိမိလူအုပ်စုကိုသာ ရည်ညွှန်း သည်။ ဓမ္မသစ်ကျမ်းကာလသို ရောက်သောအခါ ဂရိယဉ်ကျေးမှု မလွှမ်းမိုးသော ယုဒမျိုးနွယ်ကိုသာ ခေါ်ဆိုသဖြင့် ပိုမိုကျဉ်းမြောင်းလာသည်(၂ကော ၁၁:၂၂၊ ဖိ ၃:၅ ကို တ ၆း၁ နှင့်ယှဉ်ကြည့်)။
Hell (ငရဲ)
ဂရိဝေါဟာရအားဖြင့် ငရဲပြည်ကို ဂေဟင်နဟုခေါ်သည်။ ယေရုရှလင့် မြိုပြင်ရှိ ဟိန္ဒီချိုင့်ဝှမ်းကို ခေါ်ဆိုသည့် ဟေဗြဲစကားလုံးမှ ဆင်းသက်လာသည့် ထိုနေရာတွင် အမ္မုန်တို့က မောလုတ်နတ်ဘုရားသို့ မိမိတို့သားသမီးကို သတ် ယဇ်ပူဇော်ရန်အဖြစ် ယဇ်စင်ဆောက်လုပ်ထားကြသည်။ ထိုသို့သောအကျင့်ကို ဘုရားရှင်က မုန်းသည်(၄ရာ ၂၃း၁၀)။ ယေရမိကမူ မကောင်း သောအကုသိုလ်များ အပြစ်စီရင်ရာ တစပြင် သုဿန်အရပ်ဟု ဆိုသည်(ယေ ၇း၃၁၊ ၃၂)။ နောင်တွင် ထိုနေရာသည် စည်ပင်သာယာအမှိက်ပုံ မီးရှိရာ ချိုင့်ဝှမ်းဖြစ်လာသည်။
ထိုချိုင့်ဝှမ်းသည် အလောင်းများ မီးရှိရာ ပုပ်ပွစောင်စော်နံသည့် နေရာဖြစ်၍ ဓမ္မဟောင်းနှင့် ဓမ္မသစ် ကျမ်းနှစ်စောင်စလုံးက အကျင့်ပျက် အကုသိုလ်များ အပြစ်ဒဏ်စီရင်ရာနေရာအဖြစ် သိမှတ်ကြသည်။ ထိုသို တငွေ့ငွေ့ မီးလောင်နေခြင်းကို အကြောင်းပြု၍ ဓမ္မသစ်ကျမ်းက ငရဲပြည်ဟု ဆိုသည်။
ငရဲပြည်သည် မသေနိုင်သောမီးဖြင့် အဆုံးမရှိ မီးလောင်ကျွမ်းရာ နေရာဖြစ်သည်(မာ ၉း၄၄)။ ဆာ ၂၀း၁၄ တွင် ကန့်ဖြင့် လောင်ကျွမ်းနေသော ငရဲမီးအိုင်ဟုဆိုသော်လည်း လူ့လောကတွင် မြင်နေရသည့် မီးတောက်မီးလျှံ မျိုးမဟုတ်။ မှောင်မိုက်ပိန်းပိတ်သည့်နေရာ(၂ပေ ၂း၁၇)ဖြစ်၍ လူများရိပ်မိ စေရန် မီးလျှံဟု ဆိုခြင်းဖြစ်သည်။ မီးနှင့် မှောင်မိုက်သည် ကြောက်မက်ဘွယ် ရာ၊ တမ်းတစရာ ဘုရားရှင်တော်မရှိသည့် နေရာဖြစ်သည်(၂သက် ၁း၉)။
သမ္မာကျမ်းစာက ငရဲပြည်သည် ကြောက်လန့်စိုးထိတ်ဘွယ်ရာ အပြစ် ၏ အကျိုးဆက်ဟုဆိုသည်။ အခြားတဘက်တွင် ဘုရားရှင်၏ အံ့ဘွယ်ကရု ဏာတော်နှင့် မေတ္တာတော်က အပြစ်သားများကို ထိုငရဲပြည် ရောက်မည့်အရေး မှ ကယ်တင်သည်။ အချိုက ငရဲပြည်သည် ကနဦးအသင်းတော်၏ တွက်ဆ ချက်ဖြစ်၍ ခရစ်တော်၏ ချစ်ခြင်းမေတ္တာသတင်းကောင်းထဲ၌ မရှိနိုင်ဟု ဆို ကြပေမည်။ ထိုအတွေးမှားကို လွယ်လင့်တကူ ဖြေနိုင်သည်။ ဂရိစကားလုံး ဂေဟန်(ငရဲ)ဟူသော ဝေါဟာရကို ဓမ္မသစ်ကျမ်းတွင် (၁၂)ကြိမ်တွေ့ရ၍ ယာ ၃း၆ တွင် ခရစ်တော်၏ စကားတော်ကို ညွှန်းဆိုထားသည်။ ဓမ္မသစ်ကျမ်းတွင် ရပြည်ဟူသော စကားအမျိုးမျိုး သွန်သင်၍ ဂရိစကားလုံး အဖုံဖုံ သုံးကြ သည်။ ဥပမာအားဖြင့် ၂ပေ ၂း၄ တွင် ဖောက်ပြန်သော ကောင်းကင်တမန် က ဘုရားသခင်၏ အပြစ်ဒဏ်ချမှတ်ချက် စောင့်မျှော်သည့်နေရာဟုဆိုသည်။
Horesy (မိစ္ဆာဒိဋ္ဌိ)
ဂရိစကားလုံးတွင် ရွေးချယ်မှုဟု အနက်ရသည်။ ဂရိဂန္တဝင် များတွင် သင်ယူရန် ရွေးချယ်သည့် ဒဿနိကကျောင်းအဖြစ် သုံးနှုန်းသည် ထိုဂရိစကားလုံးကို အဖွဲအစည်း၊ ဓမ္မသစ်ကျမ်းတွင် ဒိဋ္ဌိဝါဒအဖြစ် သုံးနှုန်း သည်။ ဇဒ္ဓကဲများ(တ ၅း၁၇)၊ ဖာရိရှဲ(တ ၁၅း၅)နှင့် ခရစ်ယာန်ပြင်ပ များကလည်း သုံးကြသည်(တ ၂၄း၅)။ ယုဒအယူဝါဒမှ သီးခြားခွဲထွက်ခြင်း မရှိဘဲ ယုဒလူတို၏ ယုံကြည်ခြင်းထဲမှ အဖွဲ့တဖွဲ့ဖြစ်သည်။
ထိုဂရိဝေါဟာရကို ပါတီ(သို) ခရစ်ယာန်အသင်းတော်များထဲ၌ ခွဲခြား ကွဲပြားမှုအဖြစ် သုံးကြသည်( ၁ကော ၁၁း၁၉၊ AV ကျမ်းမူ)။ ရှင်ပေါလုက ထိုသို ကွဲပြားခြားနားခြင်းမရှိစေလို။ သင်းခွဲစိတ်ဝမ်းကွဲကြခြင်းမှာ ဝိညာဉ် တော်၏ အလိုတော်မဟုတ်(ဂလာ ၅:၂၀)ဘဲ လူတို၏ အပြစ်ဇာတိသဘောကြောင့်ဖြစ်သည်။ အသင်း တော်ထဲ၌ စည်းလုံးညီညာ သဟဇာတရှိကြရသည်။ စိတ်ဝမ်းကွဲပြားခြင်းမရှိဘဲ သိရှိသူ၊ တတ်နိုင်သူက ချိုတဲ့နံအသူအား ကူညီ ရသည်(၁ကော ၁၁း၂၀)။
၂ပေ ၂း၁ မှ မိစ္ဆာဒိဋ္ဌိသည် အယူဝါဒလွဲမှားခြင်းဖြစ်သည်။ ယနေ့ မျက်မှောက်ကာလ အခြေအနေကို ဖော်ဆောင်သည်။ ယုံကြည်ခြင်းရှိသူသည် မိစ္ဆာဒိဋ္ဌိသွန်သင်ချက်၊ ထိုသိုသော သွန်သင်သူမရှိ( ၂ယော ၁၀း၁၁)။ မိစ္ဆာဒိဋ္ဌိ သွန်သင်သူသည် အကုသိုလ်လူဖြစ်သည်(တိ ၃း၁၀ ကိုကြည့်)။
Herod (ဟေရုဒ်)၊
ခရစ်တော်၏ ဖွားမြင်တော်မူခြင်းတွင် မဟာဟေရုဒ်၏ နာမည် တွေ့ ရသည်။ သူသည် ဧဒုံသွေးသား ဖြစ်၍ ဘီစီ ၄၀ ခုနှစ်တွင် ရောမတိုက ယုဒ ဘုရင်ခံအဖြစ် ခန့်အပ်ကြသည်။ ရောမအစိုးရအပေါ် သစ္စာရှိရှိ မဟာမိတ် ဖွဲ့ သဖြင့် ကွယ်လွန်သည့် ဘီစီ ၄ ခုနှစ်တိုင်အောင် ရာထူးတည်မြဲသည်။
သူသည် သူ့ရာထူးပလ္လင်အား လုမည့်သူများကို သွေးအေးအေးဖြင့် ဖယ်ရှားလေ့ရှိ၍ ဟာမိုနီမိသားစုကို သုတ်သင်သန့်စင်သည်။ ထိုသို့ သန့်စင် ရာတွင် သူ့မယားနှင့် သား(၂)ယောက်ကိုလည်း ကွပ်မျက်သည်။ သေခါနီး ချိန်တွင်ပင် အခြားသား၊ အကြီးဆုံးသားများကို သတ်ဖြတ်သည်။
သူသည် ယုဒလူတို၏ မဟာမိတ်ဖြစ်ရန် ကြိုးပမ်းသော်လည်း မအောင် မြင်။ ဘီစီ ၁၉ ခုတွင် ဗိမာန် တော်စတင်ဆောက်လုပ်ပေးသည်။ ခရစ်ဝင် ကျမ်းများနှင့် တမန်တော်ဝတ္တုရှိ ဗိမာန်တော်သည် ထိုဗိမာန်တော် ဖြစ်သည်။ သူသည် ယုဒဘာသာရေးကို သက်ဝင်ယုံကြည်သော်လည်း နေရာတကာတွင် ရုပ်တုဘုရားတုများ ဆောက်လုပ်သည်။
သား(၃)ယောက်လက်ထဲသို သူ့နိုင်ငံကို လက်လွှခဲ့သည်။ အာဒီလော (မ ၂း၂၂)က ပုန်ကန်သောင်းကျန်း သူများကိစ္စကြောင့် အေဒီ ၆ ခုနှစ်ထိသာ ယုဒပြည်နှင့် ရှမာရိပြည်တိုကို အုပ်စိုးသည်။ ဖိလိပ္စု(လု ၃း၁)က ပါလက် စတိုင်းပြည် အရှေ့မြောက်ဒေသကို အုပ်စိုး၍ အန္တိက ဂါလိလဲပြည်နှင့် ပေရု ပြည်ကို အုပ်စိုးသည်။
တဲတရဟေရုဒ်(သို့) အန္တိပသည် ခရစ်တော်၏ အမှုတော်ပြုစဉ် ကာလအကြောင်းပါ ခရစ်ဝင်ကျမ်းများရှိ ဟေရုဒ်မင်းဖြစ်သည်။ မဟာဟေရုဒ် မင်း၏ သားဖြစ်၍ ဘီစီ ၄ မှ အေဒီ ၃၉ ထိ ဂါလိလဲပြည်နှင့် ပေရုပြည် အုပ်စိုးသည်။ ၂ကော ၁၁း၃၂ ပါ စတုတ္ထအရေတမင်း၏ သမီးနှင့် ထိမ်းမြား ကြပြီးနောက် စွန့်ပစ်ကာ သူ့ဖအေ တူမအေကွဲ ဖိလိပ္စု၏မယား ဟေရောဒိ ကို သိမ်းပိုက်သည်။ ထိုသို့ ကာမပိုင်လင်ရှိသူကို သိမ်းပိုက်ခြင်းအား ရှုတ်ချ သော ဗတ္တိဇံယောဟန်အား ခေါင်းဖြတ်ပစ်သည် (မာ ၆း၁၄-၂၈)။ နောင် အေဒီ ၃၆ တွင် အာရေတမင်းက ဆန့်ကျင်ပုန်ကန်သည်။ သူ့တူ အပ္ပက အန္တိပသည် ရောမအစိုးရကို လုပ်ကြံကြောင်း သတင်းပေးသည်။ ထိုသို့ဖြင့် အန္တိပသည် ရာထူးချခံရပြီး အေဒီ ၃၉ ခုနှစ်တွင် ပြည်နှင်ဒဏ်ခံရသည်။
ဟေရုဒ်မင်း(သို့) အဂြိပ္ပအကြောင်းကို တ ၁၂ တွင် တွေ့ရသည်။ မဟာဟေရုဒ်က ကွပ်မျက်သော ဟာမိုနန်၏သားများထဲမှ တပါးဖြစ်သော အာရိတိုဘိုလ၏ သားဖြစ်သည်။ ထိုကြောင့် မဟာဟေရုဒ်၏ မြေးဖြစ်သည်။ ရောမတွင် အခြေပြုနေထိုင်သော်လည်း ဧကရာဇ်ဂါယုကာလီကုလက သူအား ပါလက်စတိုင်း အရှေ့မြောက်ပိုင်းဒေသကို အုပ်စိုးစေသည်။ သူ့ဦးလေး အန္တိပ မင်း ရာထူးပြုတ်သောအခါ အေဒီ ၃၉ ခုနှစ်၌ ဂါလိလဲပြည်နှင့် ပေရုပြည် ကိုလည်း သူ့လက်အောက်သို ရောက်ရှိသည်။ ပွဲချင်းပြီး သေဆုံးပုံကို တ ၁၂း၂၁ -၂၃ တွင် ရေးထားသည်။
တ ၂၅၊ ၂၆ တွင် အပ္ပမင်းအကြောင်း တွေ့ရသည်။ ဟေရုဒ်မင်း သားဖြစ်သည်။ ဖခင်နတ်ရွာစံသောအခါ ငယ်စဉ်တောင်ကျေးကပင် မင်းဖြစ်လာသည်။ နောင်တွင် ရောမဧကရာဇ် ကလောဒိထံမှ ရှင်ဘုရင်ရာ အတိအ လင်း ခံယူရရှိပြီး ပါလက်စတိုင်းအရှေ့မြောက်ပိုင်းဒေသကို တရားဝင် အုပ်စိုးသည်။ ယုဒစစ်ပွဲနောက်ပိုင်း အေဒီ ၅၆ ခုနှစ်တွင် သူ့လက်အောက်ခံ နိုင်ငံသည် ပိုမိုကျယ်ပြန့်လာသည်။ အေဒီ ၁ဝဝ ခုနှစ်တွင် ကံကုန်သည်။
High place(s) (မြင့်ရာအရပ်)
သာမန်အားဖြင့် ကုန်းထိပ်(မိ ၁း၃)ဖြစ်သော်လည်း ဝတ်ပြုကိုးကွယ် ရာ၊ ယဇ်ပူဇော်ရာနေရာအဖြစ် သိရှိကြသည်။ တောင်ကုန်းတောင်ထိပ်ဟု ဆိုရ သော်လည်း တောင်းကုန်းတိုင်းကို မဆိုလိုပါ။ တိုဖက်သည် ချိုင့်ဝှမ်းအရပ်တွင် ရှိ၍(ယေ ၇း၃၁) တခါတရံ မြိုဝင်တံခါးကိုလည်း မြင့်ရာအရပ်ဟု ခေါ်သည် (၄ရာ ၂၃း၈)။
ခါနန်ပြည်သည် ယောရှုလက်အောက်သို မကျရောက်ခင်တွင် ထိုသို သောမြင့်ရာအရပ် (၃)ခုရှိသည်။ ဣသရေလလူတိုက ရုပ်တုဘုရားတုများ အပါ အဝင် အားလုံးဖျက်ဆီးပစ်ကြသည်(တော ၃၅း၅၂)။ နေရာတ ခုတည်းသာလျှင် ယဇ်ပူဇော်ရာအဖြစ် ဣသရေလတိုက ရွေးချယ်ကြသည်(တရား ၁၂း၄-၆)။
ထိုသို့သော မြင့်ရာအရပ်သည် ဣသရေလတို့၏ ဘာသာတရားအား ဖျက်ဆီးပြုရာဖြစ်သည်။ ခါနနိတို၏ ဘာသာတရားသို သွပ်သွင်းရာဖြစ်သည့် (၄ရာ ၁၇း၉-၁၂)။ မင်းကောင်းမင်းမြတ်များသည် ထိုသိုသောသူများကို မဖျက်ဆီးချင်ကြ(၆ရာ ၂၀း၃၃)သော်လည်း ဟေဇကိမင်း(၄ရာ ၁၈း၄)တို့က ဆန့်ကျင် ကြသည်။
ဘီစီ ၁၀၅၀ ခန့်၌ ပျက်စီးသော ရှိလော့အရပ်နှင့် နောင်နှစ်ပေါင်း ၈ဝ ခန့်တွင် ဆောက်လုပ်ပေါ်ထွန်းသော ရှောလမုန်ဗိမာန်တော်ခေတ် အကြား တွင် ဣသရေလလူတို ယဇ်ပူဇော်စရာ မြင့်ရာအရပ် တခုသာရှိသည်(၃ရာ ၃း၂)။ ရှမွေလက အသုံးပြု၍(၁ရာ ၉း၁၃) ဘုရားရှင်က ရှောလမုန်သို့ ပြသတော်မူသည်(၃ရာ ၃း၄၊ ၅)။ ဗိမာန်တော်ဆောက်လုပ်ပြီးသောအခါ (၆ရာ ၃၃း၁၇) ပါ နေရာမှလွဲ၍ မြင့်ရာအရပ် တောင်ကုန်းများသည် သာသနာပ လူများ ကိုးကွယ်ရာနေရာဖြစ်လာသည်။
High Priest (ယဇ်ပုရောဟိတ်ကြီး)
မောရှေ၏ ပညတ်တရားအရ အာရုန်၏ အပြစ်တင်စရာမရှိသော သားမြေးများသာလျှင် ယဇ်ပုရောဟိတ် ဖြစ်ရသည်။ လူမျိုးစု၏ အကြီးအကဲ သည်လည်း ယဇ်ပုရောဟိတ်ကြီး၏ တာဝန်မျိုးရှိ ကြသည်။ ယဇ်ပုရောဟိတ်ကြီး တပါးတည်းသာလျှင် တနှစ်တခါ ကျင်းပသည့် အပြစ်ဖြေရာနေ့၌ အသန့်ရှင်း ဆုံးဌာနတော် ကျက်သရေဆောင်ထဲသို ဝင်ရောက်ခွင့်ရှိသည်(ဝတ် ၁း၆)။ ထိုသို့ ဝင်ရောက်သည့်အခါ ဣသရေ လ၏ လူမျိုး(၂)မျိုးနာမည် ရေးထိုးထားသော အထူးတလည် ပြင်ဆင်ထားသည့် ရင်အုပ်တန်ဆာ၊ ဥရိမ်နှင့် သုမိန်များပါရှိ သည့် ချပ်ဝတ်တန်ဆာ ဆင်မြန်းရသည်(ထွ ၂း၈)။
ဣသရေလဘုရင်များသည် ယဇ်ပုရောဟိတ်ကြီးကို ဖြုတ်ချပိုင်ခွင့်နှင့် အသစ်ခန့်အပ်ပိုင်ခွင့် အာဏာရှိကြသည်(၃ရာ ၂း၂၆၊ ၂၇၊ ၃၅၊ ၁၂း၃၁)။ အမှန်မှာ ထိုသိုသောအာဏာသည် မောရှေ၏ ယဇ်ပုရော ဟိတ်ရာထူး ရိုးရာ စဉ်လာကို ဆန့်ကျင်ခြင်းဖြစ်သည့်နှယ် နိုင်ငံရေးရာ စွက်ဖက်ခြင်းလည်း ဖြစ်သည်။
ဟေဗြဲသြဝါဒစာတွင် ယဇ်ပုရောဟိတ်ကြီး၏ ထိုသိုသော လုပ်ဆောင် ချက်သည် ယေရှုခရစ်တော်၏ ကယ်တင်ခြင်းအမှုတော်ကို ရှေ့ပြေးသရုပ် ဖော်ခြင်းဟုဆိုသည်(ဟေဗြဲ ၇း၂၃-၈း၆)။ ဓမ္မဟောင်းယဇ်ပုရော ဟိတ်သည် ခရစ်တော်၏ ရှေ့ပြေးအရိပ်များဖြစ်သည်။
Hin (ဟင်)
အရည်တိုင်းတာရာ အိုးဖြစ်သည်။ ရေချိုးကန်၏ ၆ ပုံတပုံရှိ၍ ၃. ၆၇ လီတာရှိသည်။ အသုံးပြုပုံကို တော ၁၅၅း တွင်ကြည့်ပါ။
Hittites (ဟိတ္တိလူမျိုး)
အင်ဒိုဥရောပလူတိုက ဘီစီ ၂၀၀၀ ခန့်တွင် ပင်လယ်နက်ဒေသ ပိုင်းကို ကျူးကျော်သိမ်းပိုက်ကြသည်။ ထိုသို တိုက်ခိုက်အနိုင်ယူလိုက် နှင့် ဟိတ္တလူများကို နောင်တွင် ဟိတ္တိလူမျိုးဟုခေါ်သည်။ ထိုသို့ဖြင့် ဘီစီ ၈ဝဝ ခန့်သို့ ရောက်သောအခါ ဓမ္မဟောင်းကာလ၌ မြိုပြနိုင်ငံများ ပေါ်ထွန်းလာသည်။ ဘီစီ ၁၅၆ဝ ဝန်းကျင်တွင် ဗာဗုလုန်တို့၏ အာမောရိနိုင်ငံကို သိမ်းပိုက်ကြပြီးသော် သက်ဦးဆံပိုင်စနစ် ဆက်လက်ပေါ်ထွန်းသည်။ ဘီစီ ၁၄၈၀ ခန့်တွင် တေလေဖိနပ်မင်းက တရားဥပဒေ ရေးဆွဲပြဌာန်းသဖြင့် ထိုသက်ဦးဆံပိုင်စနစ်သည် ချုပ်ငြိမ်းသွားသည်။
များမကြာမှီ ဟိတ္တိအင်ပါယာသည် တောင်နှင့်မြောက်ဒေသများသို ကျယ်ပြန့်သည်။ ဘီစီ ၁၃၈၀ – ၁၅၃၀ ခန့်တွင် အုပ်စိုးသော စူပိလူလိပတ် လက်ထက်တွင် အကြီးကျယ်ဆုံးဖြစ်လာသည်။ ဘီစီ၁၂၀၀ နောက်ပိုင်းတွင် ထိုအင်ပါယာသည် အနောက်ပိုင်းသားများ၏ ဝင်ရောက်ကျူးကျော်လာမှုကြောင့် ပြိုလဲသွား သည်။ ထိုကာလနောက်တွင် မြိုပြနိုင်ငံ (၂၄)နိုင်ငံ ပေါ် ထွန်းလာပြီး (၇)ခုသည် ကျမ်းစာတွင် ရှုရိလူများအဖြစ် ထင်ရှားလာသည်။
ထိုအင်ပါယာ၏ တောင်ပိုင်းဒေသ အများစုသည် လေဘာနွန်နိုင်ငံ ဖြစ်လာသည်။ ကျမ်းစာတွင် ဟိတ္တိလူများသည် ပါလက်စတိုင်းဒေသ၌ ပါဝင် ကြသော်လည်း လူများသည် ဟိတ္တိအင်ပါယာမှ ပါလက်စတိုင်း သို့ ဝင်ရောက် လာဟန်တူသည်။
ဟိတ္တိလူများကို ဟေသ၏သားများ(က ၂၇း၄၆)ဟုခေါ်၍ ထိုသူ၏ နောက်ပိုင်းတွင် ထင်ရှားလာကြ သည်(က ၁၀း၁၅)။ ဒါဝိဒ်မင်း၏ လက်အောက် ခံအကြီးအကဲများတွင်လည်း ဟိတ္တိလူများ ထင်ရှားကြသည်(၆ရာ ၈း၇)။ ကျန် ကြွင်းသူများသည် ဣသရေလလူတိုက ဝါးမျိုသွားကြမည်မှာ ယုံမှားသံသယ ဖြစ်ဘွယ်ရာမရှိ။
Holy Spirit (သန့်ရှင်းဝိညာဉ်တော် )
သန့်ရှင်းဝိညာဉ်တော်သည် သုံးပါးတဆူဘုရားရှင်တွင် တတိယပုဂ္ဂိုလ် ဖြစ်သည်။ အင်အားစုမဟုတ်ဘဲ လူပုဂ္ဂိုလ်ဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်က “လူပုဂ္ဂိုလ်”အဖြစ် ခေါ်ဆိုသည်။ အားအင်စုသဘောအဖြစ် ခေါ်ဆို ခြင်းမရှိ (ယော ၁၅း၂၆)။ သန့်ရှင်းဝိညာဉ်တော်သို့သော အင်အားစုက စကားပြောဆို နိုင်စွမ်း(တ ၁း၁၆)၊ သွန်သင် နိုင်စွမ်းမရှိ။ မုသာအလိမ်အညာ ပြောဆိုခြင်း မရှိ(တ ၅း၃)။ ဝမ်းနည်းနိုင်သည်( ၄း၃၀)။ ထိုကြောင့် သန့်ရှင်းဝိညာဥ်တော်သည် ပုဂ္ဂိုလ်တော်ဖြစ်သည်။
ဟေဗြဲနှင့် ဂရိစကားရပ်များတွင် ဝိညာဉ်ဟူသော စကားလုံးသည် “ထွက်သက်ဝင်သက်၊ လေ”ဟုလည်း အနက်ရသည်။ က ၂း၇ နှင့် ဆာ ၃၃း၆တွင် ဘုရားသခင်က အသက်(လေ) မှုတ်သွင်းပုံ တွေ့ရသည်။ ထိုလေ သည် ဝိညာဉ်တော်အမှတ်အသား(သို့) သရုပ်ဖော်ခြင်းဖြစ်သည်(ယေဇ ၃၇း၉၊ ယော ၁း၈၊ တ ၂း၂)။ လေကဲ့သို့ပင် ထိုဝိညာဉ်တော်သည် တန်ခိုးအစွမ်းရှိ သည်။ လူက ထိန်းချုပ်ခြင်း၊ တွေ့မြင်ခြင်းမပြုနိုင်။ ။
-ဓမ္မဟောင်းကျမ်းမှ ဝိညာဉ်တော်။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အစီအမံကို သန့်ရှင်းဝိညာဉ်တော်က ဖော်ဆောင်သည်(က ၁း၂၊ ဆာ ၁၀၄း၃၀)။ တဲတော်ဆောက်လုပ်ခြင်းသိုသော ဘုရားသခင်၏ အမှုတော်တွင် တချိုလူများသို အထူးစွမ်းဆောင်ရည် ပေးတော်မူသည်(ထွ ၃၁း၃)။ ဣသရေ လလူတို့အား ခေါင်းဆောင် မှု(သူကြီး၃း၁၀)(သို့) စွမ်းဆောင်ရည်ခွန်အား (သူကြီး ၁၄း၆) ပေးသည်။ လူများက ဝိညာဉ်တော်ဖြင့် ပရောဖက်ပြုကြသည် (တော ၁၁:၂၉၊ ၁ရာ ၁၀း၆၊ မိ ၃း၈)။ ဘုရားတရားလူတဦးချင်း တယောက် ချင်းတို့သို့ လည်း ဝိညာဉ်တော်က အောက်ကျို့ရိုကျိုးခြင်း၊ သန့်ရှင်းခြင်း၊ စိတ် ရှည်သည်းခံခြင်းနှင့် ဝမ်းမြောက်ခြင်း များပေးသည်(ဆာ ၅၁း၇-၁၂)။
ခရစ်တော်၏ သက်တော်စဉ်ထဲရှိ ဝိညာဉ်တော်။ ဘုရားရှင်တော် က အထူးဝိညာဉ်တော်ရှိသူကို တမူထူးခြားစွာ ပေးမည့်အကြောင်း ကတိတော် ပြုထားသည်(ဟေရှာ ၁၁း၂၊ ၄၂း၁-၄)။ ထိုဇာတိတော်စကားသည် ဘုရား သားတော်၊ ယေရှုခရစ်တော်ဖြစ်သည်။ သန့်ရှင်းဝိညာဉ်တော်သည် ရှေ့တော်ပြေး ဗတ္တိဇံယောဟန်(လု ၁း၁၅)၊ လူ့ဇာတိခံယူခြင်း၊ ဗတ္တိဇံမင်္ဂလာခံယူခြင်း (မ ၃း၁၆)၊ အမှုတော်(လု ၄:၁၄၊ ၁၈)နှင့် ရှင်ပြန်ထ မြောက်ခြင်း(ရော ၁း၄) အရေးတို့တွင် အမှုတော်ပြုသည်။ ။
ခရစ်တော်၏ ရည်ရွယ်ချက်ထဲရှိ ဝိညာဉ်တော်။ သခင်ဘုရားက သူသည် ကောင်းကင်ဘုံသို့ ပြန်လည် ကြွမြန်းပြီးသော် ဝိညာဉ်တော်စေလွှတ် ပေးမည့်အကြောင်း တပည့်တော်များသို မိန့်မှာခဲ့သည်။ ထိုဝိညာဉ် တော်၏ ရည်ရွယ်ချက်သည် ခရစ်တော်၏ ဘုန်းတော်ထင်ရှားစေရန်(ယော ၁၆း၁၄)၊ ခရစ်တော်အကြောင်း ပြောဆိုရန်(ယော ၁၅:၂၆)ဖြစ်သည်။ လောကသား များထံသို ခရစ်တော်ကို ပြသခြင်းဖြင့် အမှားမှ အပြစ်ပြုမိပုံ၊ ဖြောင့်မတ်ခြင်း နှင့် အပြစ်တရားစီရင်ခြင်း ဆက်နွယ်ပုံများ ပြသသည်(ယော ၁၆း၇-၁၁)။ ကုသ ဝိညာဉ်တော်က လောကသားများထံသို ခရစ်တော်ကို ပြသခြင်းနှင့် တင်းကောင်းဟောပြောခြင်းသည် တပည့်တော်များက စွမ်းဆောင်နိုင်ခြင်းမရှိကြောင်း ဆိုလိုသည်မဟုတ်။ တပည့်တော်များသည်လည်း လူများသို ခရစ်တော်အ ကြောင်း ဟောပြောကြသည်(၁၂:၂၇၊ မ ၂၀း၁၈-၂၀)၊ ဝိညာဉ်တော်သည် တိုင်ပင်ဖော်တိုင်ပင်ဖက်၊ ကူမသူ၊ အသင်းတော်ပိုင်းဆိုင်ရာ ဖြစ်သည်။ ကျေးကျွန်အစေခံမဟုတ်(ယော ၁း၇)။ အသင်းတော်သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းဝိညာဉ်တော်တို့၏ နာမတော်ဖြင့် ဧဝံဂေလိပြု၍ ဗတ္တိဇံပေးကြလော့ဟူသော မဟာစေ စားချက်ကို နာခံသည်။ ထိုဥပဒေသ ခရစ်တော်၏ မဟာအကြံအစည်တော်၌ ဝိညာဉ်တော်၏ ပါဝင်လုပ်ဆောင် ချက်ဖြစ်သည်။
ခရစ်တော်၏ အသင်းတော်ထဲရှိ ဝိညာဉ်တော်။ သိရှိကြသည့် အတိုင်း အသင်းတော်သည် ဝိညာဉ်တော် ၏ အမှုတော်ပြုရေး၌ အချက်အခြာ ဖြစ်သည်။ ပင်တေကုတ္တေနေ့တွင် အသင်းတော်အပေါ်သို ဝိညာဉ်တော်ဆင်း သက်၍ ခရစ်တော်အကြောင်း ဟောပြောကြရန် တန်ခိုးအစွမ်းပေးသည်။ အသင်းတော်သို့လည်း ခရစ်တော် အကြောင်း သွန်သင်(ယော ၁၄း၂၆)၍ အသင်းတော်ကြီးထွားစေရေးနှင့် လုပ်ငန်းဆောင်တာ စွမ်းဆောင်နိုင်ကြရန် အသင်းသားများသို အရည်အသွေးမျိုးစုံ ပေးတော်မူသည်( ၁ကော ၁၂း၇-၁၁)။ အသင်းတော်ခေါင်းဆောင်များကို ဝိညာဉ်တော်ပြည့်ဝစေသည်(တ ၆၃)၊ စင်စစ်တွင် ဝိညာဉ်တော်က လူများအား လိမ္မာကျွမ်းကျင်ရာ လုပ်ဆောင် တတ်ကြရန်နှင့် အသင်းတော်က အမှုတော်လုပ်ငန်း၌ နာခံကြရန် ရွေးချယ် စေတော်မူသည်(တ ၁၃း၂ ကို ဧ ၄း၁၁-၁၃ နှင့်ယှဉ်ကြည့်)။
ခရစ်ယာန်များထဲရှိ ဝိညာဉ်တော်။ ဝိညာဉ်တော်သည် ခရစ်ယာန် များ အသက်တာနှင့် အသင်းတော်ထဲ၌ အမှုတော်ပြုသည်။ ထိုသို ပြုတော်မူ သမျှသည် အမှုတော်တရပ်ဖြစ်သည်။ ဝိညာဉ်တော်၏ သာသနာပြုခြင်းက ခရစ်ယာန်များအား အသက်တာသစ် အပ်နှင်းသည်(ယော ၃း၅)။ ခရစ်ယာန် များသည် ဗတ္တိဇံမင်္ဂလာခံ ယူကြပြီး သော် အသင်းတော်၌ မည်သို့ ပါဝင်ရ ကြောင်း ဝိညာဉ်တော်က ပြသသည်( ၁ကော ၁၂း၁၂)။ ထိုဝိညာဉ်တော်၏ အမှုတော်(၃)ရပ်ဖြစ်သော သာသနာပြုခြင်း၊ အသင်းတော်ထဲ၌ အမှုတော် ပြုခြင်း၊ တဦးချင်းထဲ၌ အမှုတော်ပြု ခြင်းတိုသည် တဆက်တစပ်တည်းဖြစ်သည်။
ဝိညာဉ်တော်က ခရစ်ယာန်များအား ဘုရားရှင်၏ မိသားစုဝင်များ၊ ဖြစ်သွားစေပြီး ဘုရားရှင်ပိုင်ဆိုင်ရာ များဖြစ်ကြောင်း အာမခံသည်(ရော ၈း၁၅၊၁၆)။ ထိုသို့ အာမခံကြောင်း ဝိညာဉ်တော်က တံဆိပ်ခတ်နှိပ်သည်။ ဘုရား ရင်ကလည်း သူ့သားသမီးများအဖြစ် သိမှတ်ပြီး အချိန်တန်သောအခါ ကယ်ခြင်းအကျွတ်တရား အပြည့်အ၀ခံစားကြမည့်အကြောင်း ကတိတော်ပေး ထားသည်(ဧ ၁း၁၃၊ ၁၄)။
ဝိညာဉ်တော်က ခရစ်ယာန်များအား ဝတ်ပြုကိုးကွယ်ခြင်း(ဖိ ၃း၃)၊ ဆုတောင်းခြင်း(ရော ၈း၂၆၊ ၂၇)၌ ကူညီအားဖြည့်သည်။ ပဲ့ပြင်လမ်းပြသည် (တ ၁၃း၄၊ ၁၆း၆-၁၀၊ ဂလာ ၅း၁၆-၁၈)။ အသင်းတော်ထဲ၌ အသုံး ပြုရန် အထူးအရည်အချင်းများ ပေးသည်(ဧ ၄း၇)။ ခရစ်ယာန်များအား ခရစ်တော် နှင့် ပိုမိုတူညီစေသည်(ဂလာ ၅း၂၂-၂၅၊ ၁ပေ ၁း၂)။
ခေတ်ကာလအဆုံးနှင့် ဝိညာဉ်တော်။ ရည်မှန်းချက်၏ အထွဋ် အထိပ်မှာ အသင်းတော်အား ခရစ်တော်၏ သန့်ရှင်းသော သတိုသမီးအဖြစ် သိမ်းပိုက်သောအခါ ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် ထာဝရဘုန်းတန်ခိုး ထင်ရှားရေးဖြစ်သည်။ ဓမ္မဟောင်းကျမ်းကလည်း ခေတ်ကာလကုန်ဆုံးသော အခါ ဝိညာဉ်တော်သွန်းလောင်းမည့်အကြောင်း(ယောလ ၂၂း၈-၃၂)နှင့် ထို အကြောင်းနှင့်ပတ်သက်၍ ပင်တေကုတ္တေ နေ့တွင် ပြည့်စုံကြောင်း ပေတရုက ဟောပြောခဲ့သည်(တ ၂း၂၆-၃၁)။ ထိုကြောင့် ခေတ်ကာလကုန်ဆုံးခြင်းသည် ကောင်းကင်ဘုံသို ခရစ်တော်ပြန်လည်ကြွမြန်းခြင်း၊ ကောင်းကင်ဘုံတွင် ခရစ် တော်နှင့်အတူ အသင်းတော် ရောက်ရှိမည့် နောက်ဆုံးထမြောက်ခြင်းကာလကို ခေါ်ဆိုသည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ဝိညာဉ်တော်အားဖြင့် ဖြစ်သကဲ့သို(ရော ၁း၄) ခရစ်ယာန်များသည်လည်း ထိုကဲ့သို ဖြစ်ကြမည်(ရော ၈း၁၁၊ ဂလာ ၆း၈)။
ဝိညာဉ်တော်နှင့် သမ္မာကျမ်းစာတော်မြတ်။ ဓမ္မဟောင်းပရောဖက် များမှတဆင့် ဝိညာဉ်တော်၏ ပြောဆိုသံများ သိခဲ့ကြသည်။ ပေအက္ခရာတင် ထားသော စကားတော်များသည်လည်း ဝိညာဉ်တော်၏ ပြုတော်မူချက်ဖြစ်၍ လူများအား ရေးသားနိုင်စွမ်းတန်ခိုး ပေးတော်မူသည်(၂ပေ ၁း၂၁၊ ဟေဗြဲ ၁၀း၁၅)။ ထိုမျှမက ခရစ်ယာန်များသို သမ္မာကျမ်းစာ၏ သွန်သင်ချက်အား သရှိနားလည်နိုင်စွမ်း ပေးတော်မူသည်( ၁ကော ၂း၁၄)။
Holy, Holiness (သန့်ရှင်း၊ သန့်ရှင်းခြင်း) ၊
“သန့်ရှင်း”ဟူသော စကားရပ်ကို ရက်သတ္တပတ်မှ တရက်(က ၂း၃)၊ နေရာ(ထွ ၃း၅)၊ ဝတ်ပြုကိုး ကွယ်ရန် ရည်ရွယ်ချက်(တော ၄း၄)၊ အစာရှောင် ခြင်း(ယောလ ၁း၁၄)၊ ယဇ်ပုရောဟိတ်များ(ဝတ် ၂၁း၅)၊ ဘုရားရှင်၏လူများ (ထွ ၁၉း၆၊ ၁ပေ ၂း၉)၊ ကျမ်းစာ(၂တိ ၃း၁၅)တိုနှင့် ဆက်စပ်သုံးထားသည်။ အထူးသဖြင့် ဘုရားရှင်တော်နှင့် ဆက်စပ်သုံးလေ့ရှိသည်(ဆာ ၉၉း၃၊ ဗျာ ၄း၈)။
ဘုရားရှင်နှင့် ဆက်စပ်ပတ်သက်ခြင်း၊ အများသူငါနှင့်မတူ ခြားနား ခြင်း(ယေဇ ၄း၂၀)၊ ညစ်ညမ်းမှု ကင်းခြင်း(ဝတ် ၁၀း၁၀)တို့သည် သန့်ရှင်း ခြင်းဖြစ်သည်။ ဘုရားရှင်ထံ ဆက်ကပ်အပ်နှံထားသောအရာကို အခြားနေရာ တွင် အလျဉ်းမသုံးရ(ထွ ၃၀း၃၁-၃၃)။ ဘုရားရှင်ထံ ယဇ်ပူဇော်ရန်ဖြစ်သော နံ့သာဆီမွှေးထည့်ရာ လင်ဗန်းအား ကောရက ပုန်ကန်အသုံးပြုသောအခါ ဘုရားရှင်တော်သည် အမျက်တော်ထွက်သည်။ ဘုရားရှင်ထံ ပေးလှူအပ်နှံပြီး သမျှသည် သန့်ရှင်းသည်ဖြစ်၍ တဖန် မဖွယ်မရာ မသုံးအပ်(တော ၁၆း၃၈)။
ဘုရားရှင်ထံ အပ်နှံပေးလှူခြင်းက ကိုယ်ကျင့်တရား မွန်မြတ်စေသည်။ ဘုရားအမိန့်တော်နာခံရန် ခေါ်ယူခြင်းသည် သန့်ရှင်းမြင့်မြတ်ရာသို ဆင့်ခေါ် ခြင်းဖြစ်သည်(ဝတ် ၁၉း၁-၃၇၊ ၁သက် ၄း၃၊ ၁ပေ ၁း၁၄-၁၆)။ မိမိကိုယ်ကို အပြစ်ကင်းစင်အောင် ထိန်းသိမ်းခြင်း၊ ဖြူစင်ကြည်လင်ခြင်းသည် သန့်ရှင်းတော်မူသော ဘုရားထံ တော်သို့ ချဉ်းကပ်ခြင်းဖြစ်သည်(ဆာ ၂၄း၄၊ ဟေဗြဲ ၁၂း၂၄)။
ထိုစကားလုံး၏အနက် အပြည့်အဝသည် ဘုရားရှင်တော်တပါးတည်း သာလျှင် သန့်ရှင်းသည်ဟူ ၍ဖြစ်သည်။ ခမည်းတော်(ယော ၁၇း၁၁)၊ သားတော်(တ ၃း၁၄)၊ ဝိညာဉ်တော်(မ ၁း၁၈)တို့သည် ကိုယ်စီ သန့်ရှင်းကြသည်။ ဘုရားရှင်၏ သန့်ရှင်းခြင်းက အထံတော်သို သန့်ရှင်းစွာ ပေးလှူသော ဝတ္ထု နှင့်လူအား သန့်ရှင်းဖြူစင်စေသည်။ ဘုရားရှင်သည် သန့်ရှင်းသည်ဖြစ်၍ ဖန်ဆင်းခံများ၏ သန့်ရှင်းခြင်းနှင့်လည်းမတူ တမူထူးခြားသည်(ဟေရှာ ၄၀း၂၅)။ လူ့သန့်ရှင်းခြင်းနှင့်လည်း မတူညီပါ(ဟော ၁း၁၉)။ ထိုသို့သော သန့်ရှင်းတော် မူခြင်းသည် လူတိုအတွက် ချစ်ကြောက်ဘွယ်ရာဖြစ်သည်(ထွ ၃း၅၊ ၆)။ အပြစ်ကင်းစင်သော ကောင်းကင်တမန် များပင်လျှင် ဘုရားရှင်၏သန့်ရှင်းခြင်းအကြောင်းပြောလျှင် မိမိကိုယ်ကို ဖုံးအုပ်လေ့ရှိကြသည်(ဟေရှာ ၆း ၂၊ ၃)။ လူသည် အပြစ်ရှိသောကြောင့် မည်မျှပင် ဖြောင့်မတ်စေကာမူ မပေါ်လွင်နိုင်(ဟေရှာ ၆း၅၊ ၆၄း၆)။ သို့သော် ဘုရားရှင်တော်၏ သန့်ရှင်းခြင်း တန်ခိုးသည် ထက်မြက်သောကြောင့် လူများကို ကယ်တင်နိုင်သည်(ဟေရှာ ၅း၁၀)။ လူများကို သန့်ရှင်းစင်ကြယ်စေနိုင်သည်(ဧ ၁း၄)။ –
သူတော်စင်ဆိုသည်မှာ သန့်ရှင်းသူများဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ခရစ်ယာန်များအားလုံးကို သူတော်စင်များဟု ခေါ်သည်(ဖိ ၁း၁)။ အကြောင်းသော် ခရစ်ယာန်မှန်လျှင် ဘုရားရှင်ထံသို မိမိကိုယ်ကို အပ်နှံသည်(ဧ ၁း၄၊ ရော ၁၂း၁)။ ဘုရားရှင်၏ သန့်ရှင်းသော လူမျိုးတော်(၁ပေ ၂း၉)တွင် သူတော်စင်ဟူသမျှ ပါဝင်သည်။
Holy of holies – Most holy place (သန့်ရှင်းခြင်းတကာ၏ သန့်ရှင်းခြင်း၊ အသန့်ရှင်းဆုံးဌာနတော်)
တဲတော်နှင့် နောင်ဗိမာန်တော်ထဲရှိ ကုဗပုံအခန်းဖြစ်သည်။ သန့်ရှင်း ရာဌာနတော်နှင့် ကန့်လန့်ကာ ပိတ်ကားဖြင့် ခြားထားသည်(ထွ ၂၆း၃၃)။ ကားတိုင်ပေါ်၌ ခရစ်တော်သက်တော်စွန့်စဉ်တွင် ထိုကန့်လန့်ကာသည် နှစ် ခြမ်းစုတ်ပြဲသွားသည်(လု ၂၃း၄၅)။
အမြင့်ဆုံးဌာနတော်ထဲ၌ ဘုရားရှင်စိုးစံတော်မူကြောင်း အမှတ်အသား ဖြစ်သည်။ ပဋိညာဉ်သေတ္တာ ထားရှိသည်။ နှစ်စဉ် တနှစ်တခါ အပြစ်ဖြေရာ နေ့၌ အပြစ်ဖြေရာယဇ်ပလ္လင်သို ယဇ်ပုရောဟိတ်ကြီးသာလျှင် ဝင်ရောက် ခွင့်ရှိသည်။ သူ့လူမျိုး၏ အပြစ်မမှီတွင် ယဇ်ပုရောဟိတ်ကြီးသည် သူ ကိုယ်တိုင်နှင့် သူ့မိသားစု အတွက် ဦးစွာ အပြစ်ဖြေရာယဇ် ပူဇော်ရသည်(ဝတ် ၁း၆)။ ထိုကား ကားစင်ပေါ်၌ ခရစ်တော်၏ မိမိကိုယ်ကို ယဇ်ပူဇော်ခြင်း ပုံရိပ်ဖြစ်သည်။ ယဇ်ပုရောဟိတ်ကြီးဖြစ်သည့်အတိုင်း သူ့အသွေးတော်မြတ်ကို ဘုရားသခင်နှင့် ဘုရားသခင်၏ ပလ္လင်တော်တည်ရာ အသန့်ရှင်းဆုံးဌာနတော်ထဲသို့ ဆောင်ကြဉ်းသွားသည်(ဟေဗြဲ ၉း၁-၁၄)။
Homer (ဩမဲ)
မြင်းတစီးတင်နိုင်စရာ ဝန်ဖြစ်သည်။ မုယောဆန်ခြင်တွယ်ရာ၌ အသုံးပြု လေ့ရှိပြီး ၂၂၀ လီတာခန့်ရှိ သည်။ အသုံးပြုပုံကို ဝတ် ၂၇း၁၆ တွင် ကြည့်ပါ။
Hope (မျှော်လင့်ချက်)
အနာဂတ်တွင် တစုံတရာ ကောင်းသောအမှုအရာအဖြစ် ကြုံတွေ့ မည့်အကြောင်း စောင်ငံ့ခြင်း ဖြစ်သည်( ၁ကော ၉း၁၀)။ လူအချို့သည် စိတ် ပျက်ဘွယ်ရာများ မျှော်လင့်ကြသည်(တ ၁၆း၁၉)။ သို့သော် ခရစ်ယာန်များ သည် ထိုသို မျှော်လင့်ကြသည်မဟုတ်။ ခရစ်ယာန်များ၏ မျှော်လင့်ချက်သည် ယုံကြည်စိတ် ချရသည်(ရော ၅း၅၊ ဟေဗြဲ ၁၁း၁)။ ခရစ်ယာန်များ၏ ယုံကြည် ချက်သည် မိမိအစွမ်းအစအပေါ်သို အခြေမပြု။ ခရစ်ယာန်များထဲ၌ ခရစ်တော်စိုးစံသောကြောင့်(ဟော ၁း၂၇) ဘုရားရှင်တော်ကို မျှော်လင့်ရှင်သန် ကြသည်(ရော ၁၅း၁၃)။
ခရစ်ယာန်များသည် မည်သည့်အရာကို ယုံကြည်စိတ်ချစွာ မျှော်လင့် နေကြသနည်း။ လူ့လောကသေ ခြင်းအလွန်တွင် သေခြင်းမှ ရှင်ပြန်ထမြောက် မည့်အကြောင်း(တ ၂၃း၆) အပြည့်အဝ ဖြောင့်မတ်ခြင်း(ဂလာ ၅:၅)၊ ဘုရား ဘုန်းတော်(ရော ၅း၂)တိုကို ယုံကြည်စိတ်ချကြသည်။ သိုသော် နောင်ဘဝတွင် သာမဟုတ်ဘဲ ဤလူ့ဘောင်ဘဝတွင် ကတိတော်များ ဖြည့်ဆည်းပြည့်စုံနေ ပါသည်(ရော ၄း၂၈)။
မျှော်လင့်ခြင်းသည် လူ့လောကအလွန်အရေးကို ရှေးရှုသော်လည်း ယခုပင်လျှင် သိသာစွာ အကျိုးသက် ရောက်သည်။ ဘုရားတရားမရှိသော သာသနာပလူများ မျှော်လင့်ချက်မဲ့(ဧ ၂:၁၂)ကြချိန်တွင် ခရစ်ယာန်များ၏ မျှော်လင့်ချက်သည် ကျောက်ဆူးချသည့်ပမာ ခိုင်မာမြဲမြံသည်(ဟေဗြဲ ၆း၁၉)။ မျှော်လင့်ချက်က ရန်သူကို တွန်းလှန်တိုက်ခိုက်ပေးသည်(၁သက် ၅း၈)။ အကြောင်းသော် ဤဘဝတွင်ပင် ခရစ်တော်၏ ဘုန်းတန်ခိုး ထင်ရှားစေပြီး ခရစ်တော်အတားဖြစ်စေသည်(၁ကော ၃း၂၃)။ ထိုအပြင် ယုံကြည်သူများ ဖြစ်ကြသည့်အတိုင်း မျှော်လင့်ရာကိုလည်း နားလည်စေပြီး လူ့လောကတွင် ရှိနေကြစဉ် ခရစ်တော်အတွက် အစေခံယူခြင်း၏ တန်ဘိုးကြီးမားပုံကို နား လည်စေသည်(ဟေဗြဲ ၁၃း၁၄)။
Hosanna (ဟောရှဏ္ဏ)
သံလွင်တနင်္ဂနွေနေ့၌ ယေရုရှလင်မြိုထဲသို သခင်ယေရှု ဝင်ရောက် စဉ် ပရိသတ်ကြီးက ဟေဗြဲဘာသာ စကားဖြင့် ဟောရှဏ္ဏဟု အော်ဟစ်ကြွေးကြော်ကြသည်(ယော ၁၂း၁၃)။ အနက်မှာ “ကျေးဇူးပြု၍ ကယ်တင် တော်မူပါ” ဖြစ်၍ ဆာ ၁၁၈း ၂၅ ကို ရည်ညွှန်းကိုးကားသည်။ ထိုပရိသတ်ကြီးသည် ဘာသာရေးအရ စိတ်လှုပ်ရှားခြင်းမှလွဲ၍ အခြားခံစားချက်မရှိကြ။ များမကြာမှီ တပည့်တော်များက ထိုအကြောင်း တကယ့်အ ဖြစ်အပျက်ကို သခင်ယေရှုအား ကားစင်တင်ကြခါနီး ရက်ပိုင်းအလိုတွင် သိရှိကြသည်(ယော ၁၂း၁၆)။
Host (ဗိုလ်ချုပ်မင်း)
ဤစကားလုံး၏ မူရင်းအနက်မှာ စစ်တပ်ကို ရည်ညွှန်းသည်(သူကြီး ၄း၂။ ဘုရားသခင်၏ ဝိညာဉ်ရေးရာ တပ်မတော်(ယောရှု ၅:၁၄)၊ ကောင်း ကင်နိုင်ငံရှိ ကောင်းကင်သားများ(၃ရာ ၂၂း၁၉)။ ကောင်းကင်တန်ဆာပလာ များ(တရား ၄း၁၉) ရည်ညွှန်းသည်။ ဟေဗြဲစကားလုံးတွင်လည်း ထိုသဘော အတိုင်းဖြစ်သည်(တော ၄:၂၃)။
ဘုရားသခင်၏ စစ်သေနာပတိချုပ်နာမည်လည်းဖြစ်သည်။ တရား သူကြီးခေတ် ကုန်ဆုံးချိန်အကြောင်း ၁ရာ ၁း၃ ၌ ပထမဆုံး တွေ့ရသည်။ မူရင်းအနက်မှာ စစ်တပ်ဟု အနက်ရသည့်အတိုင်း ကောင်းကင်ဗိုလ်ခြေ အရှင် ဟုဆိုသောအခါ ဘုရားသခင်၏ တန်ခိုးတော်နှင့် စကြာဝဠာမိုးမြေအပေါ် အုပ်စိုးခြင်းအမိန့် အာဏာ တော်ဟု နားလည်ရသည်။ ဂရိဘာသာစကားတွင် အနန္တဟုဆို၍ ဗိုလ်ချုပ်မင်းတို၏ အရှင်သခင်ဖြစ်သည်။
Humility (အောက်ကျို့ရိုကျိုးခြင်း)
အောက်ကျို့ရိုကျိုးခြင်းသည် မြင့်မြတ်ခြင်း ဂုဏ်သိက္ခာတရပ်ဖြစ်သည် (သု ၁၅း၃၃)။ အောက်ကျို့ရို ကျိုးခြင်းသည် ကျေးဇူးတော်ခံစားရာ တခုတည်းသော နည်းလမ်းဖြစ်သည်(၁ပေ ၅း၅)။ အောက်ကျို့ ရိုကျိုး ဟူသော စကားလုံး သည် ကျမ်းစာနှင့် ရင်းနှီးကျွမ်းဝင်သည်။ အထူးသဖြင့် ဓမ္မဟောင်းကျမ်းရှိ ရောဂါဝေဒနာ ဆင်းရဲဒုက္ခများနှင့် ဆက်စပ်သည်။ ရောဂါဝေဒနာနောက်တွင် ကပ်ပါလေ့ရှိသည်။ .
ခရစ်တော်သည် အောက်ကျိုရိုကျိုးခြင်း၏ အချုပ်အခြာ စံနမူနာ ဖြစ်သည်။ အပြစ်သားများအား ကယ်တင်ရန် ဇာတိတော်၏ ကြီးကျယ်မှုကိုလျှို ထားသည်(ဖိ ၂:၅-၈)။ ခရစ်ယာန်များက အခြားအရာများထက် ဦးစားပေးအဖြစ် ရိုကျိုးစွာ နောက်တော်သိုလိုက်ကြသည်(ဖိ ၂း၃၊ ၄)။ အောက် ကျို့ရိုကျိုးခြင်း အတုအယောင်ကို ရှောင်ကြဉ်ရသည်(ကော ၂း၁၈၊ ၂၃)။ ခရစ်ယာန်များသည် စစ်မှန်သော ရိုကျိုးခြင်း၊ အပြစ်ခွင့်လွှတ်ခြင်းနှင့် ချစ် ခြင်းမေတ္တာဖြင့် အလိုတော်ရှိသော လူ့ဘဝခရီးစဉ်ရှိကြသည်(ကော ၃း၁၂)။
ဘုရားရှင်က မာန်မာနထောင်လွှားသူများကို ရိုကျိုးစေပြီး စစ်မှန် သော ရိုကျိုးသူများကို ချီးမြှောက် တော်မူသည်(မ ၂၃း၁၂)။
Hymn (ဓမ္မတေး)
ဓမ္မတေးဆိုသည်မှာ အခြေခံအားဖြင့် ဘုရားရှင်ကို ချီးမွမ်းခြင်းဖြစ် သည်။ ဓမ္မတေးသီဆိုခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်း၌၄င်း၊ ဓမ္မဟောင်းကျမ်း ဆာလံကျမ်း(၅ရာ ၂၅)နှင့် ဓမ္မသစ်ကျမ်း(မ ၂၆း၃၀၊ ၁ကော ၁၄း၁၅၊ ယာ ၅း၁၃)တွင်၎င်း အရေးကြီးအစီအစဉ်အဖြစ် တွေ့ရသည်။ ဝမ်းမြောက်စွာ ကိုးကွယ်ခြင်း(ဆာ ၉၅း၁)၊ အမှတ် အသားနှင့် ယုံကြည်ခြင်းသစ္စာ သွန်သင်သည့်နည်းလမ်းဖြစ်သည်(ကော ၃း၁၆)။ မ ၂၆း၃၀ ပါ “ဓမ္မတေးသီဆို”ဟူ သော စကားရပ်သည် စာပေသဒ္ဒါအားဖြင့် တေးဖွဲသီဆိုကြသည်ဟု အနက် ရ၍ ပသခါပွဲ၌ သီဆိုကြသည့် ဆာ ၁၁၃-၁၁၈ ကို ရည်ညွှန်းသည်။
Hypocrite (ဟန်ဆောင်ခြင်း)
ဂရိစကားမှလာ၍ မူရင်းအဖြစ်၊ အရှိထက် ပိုမိုပြောဆိုခြင်းဖြစ်သည်။ မဟုတ်မမှန်ဘဲလျက် ဟုတ်မှန်လေဟန် ဝါကြွားခြင်းလည်းပါဝင်သည်။ သခင်ယေရှုက ဖာရိရှဲများကို ဟန်ဆောင်သူများဟုလည်း ဆိုသည်။ အကြောင်းမှာ အပေါ်ယံဟန်ဆောင်သူ၊ ရေပေါ်ဆီလွှာ၊ လူ့မလိုင်လူတန်းစား ဖြစ်ကြသည်။ အဖြစ် မှန်ထက် အပေါ်ယံဟန်ဆောင်ကြသည်။ ဘုရားတရားသမားများဖြစ်၍ ခံယူကြသော်လည်း သခင်ယေရှုက စုံလုံးကန်းသူများ(မ ၂၃း၁၆)၊ မိမိကိုယ်ကို အထင်ကြီး ဘဝင်ရူးများ(မ ၆း၂)ဟုခေါ်သည်။ ပေတရုသည်လည်း သူ စစ်မှန်သောယုံကြည်မှုကို အယောင်ယောင်အမှားမှား ဖုံးအုပ်ရန် ကြိုးစားခဲ့ သည်(ဂလာ ၂း၁၃)။
Idolatry (ရုပ်တုဘုရားတု)
သမ္မာကျမ်းစာက စိုးစဉ်းမျှပင် မတွေဝေဘဲ ရုပ်တုဆင်းတု ဘုရားတုကို ဆန့်ကျင်ခိုင်းသည်။ ရုပ်တု ဘုရားတုကို ရှိခိုးခြင်းသည် ဘုရားရှင်ကို မယုံကြည် ခြင်း၊ ဘုရားရှင်ကို တိုက်ခိုက်သည့် အဆိပ်အတောက် မှီဝဲခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် အစအဦးမှစ၍ ရွေးကောက်တော်မူသော ဣသရေလလူ မျိုးက ရုပ်တုဘုရားတုကို ကိုးကွယ်ခြင်းဖြင့် ဘုရားရှင်ကို ဆန့်ကျင်ကြသော အခါ ပြည်နှင်ဒဏ် ခံခဲ့ကြသည်။
ရုပ်တုဘုရားတုသည် လူ့လက်လုပ်ဖြစ်၍ တစုံတရာမျှ မစွမ်းဆောင် နိုင်(ဟေရှာ ၄၀း၁၉၊ ၂၀)။ ထိုသို ဘာတခုမျှ မစွမ်းဆောင်နိုင်သည့် မိမိတို့ လက်လုပ်အရုပ်များကို ပြန်လည်ကိုးကွယ်ခြင်းသည် မိုက်ကန်း ကုန်ပါဘိ(ယေ ၂း၅)။ အခြားဝတ်ပြုကိုးကွယ်လာသူများကိုလည်း ယုတ်ညံ့စေကြပြီး(ယေဇ ၂၂း၄) လိမ်လည် ကြကာ မိမိကိုယ်ကိုလည်း လှည့်စားကြသည်(ဇာ ၁၀း၂)။ ဣသရေလသမိုင်းကြောင်းက ရုပ်တုကိုးကွယ် သူများ၏ စိတ်သဘောထား ယုတ် ညံ့ပုံများ ပြောပြသည်။ )
ဣသရေလတို့၏ ဘုရားသခင်က လူမျိုးတကာအပေါ်သို ကြီးစိုးလွှမ်း မိုးသည်(ဟေရှာ ၄၁း၁-၄)။ ထိုကြောင့် အချည်းနှီးရုပ်တုဘုရားတုများသည် ဘုရားရှင်တော်၏ ဂုဏ်တော်အား ခိုးယူနိုင်စွမ်းမရှိကြ(ဟေရှာ ၄၂း၈)။ ပညတ် တော်ဆယ်ပါးမှ ပထမအချက်(၂)ခုတွင် အခြားဘုရားများ မကိုးကွယ်ရန်နှင့် ကိုးကွယ်စရာ ရုပ်တုဘုရားတုများ မပြုလုပ်ရန် တားမြစ်ထားသည်။ ဣသရေလ လူမျိုးသည် သူတိုခေတ်ကာလမှ လူမျိုးတကာတို့အလယ်တွင် ရုပ်တုဘုရားတု မကိုးကွယ်သောလူမျိုးအဖြစ် ထင်ရှားသည်။
ဓမ္မသစ်ကျမ်းတွင်လည်း ဓမ္မဟောင်းကျမ်းနည်းတူ သွန်သင်သည်။ ရုပ်တုဘုရားတု ကိုးကွယ်ခြင်းသည် ဘုရားစစ်ဘုရားမှန်အား ကိုးကွယ်ရန် လမ်းလွဲသွေဖီခြင်းဖြစ်သည်(ရော ၁း၂၁-၂၃)။ ရုပ်တုဘုရားတုများသည် လူ့ လက်လုပ် လူ့လက်ရာများဖြစ်သောကြောင့်(တ ၁၇း၂၉) မှန်သောလုပ်ရပ် မဟုတ်(၁ကော ၈း၄)။ တစုံတရာမှ မစွမ်းဆောင်နိုင်ကြ(ဗျာ ၉:၂၀)သည့် အပြင် ဝိညာဉ်ဆိုးများက လူများကို လိမ်ညာကြသည်(၁ကော ၁၀း၁၉၊ ၂၀)။ ထိုသို့ဖြင့် ကိုယ်ကျင့်တရားစိတ်ထား ပျက်ပြားစေကြသည်(ကော ၃း၅)။
Idois, meat offered to (ရုပ်တုဘုရားတုသို့ ခေါစာ)
ဓမ္မသစ်ကျမ်းခေတ်ကာလ၌ သာသနာပလူများက ဘုရားကျောင်း တွင်၎င်း၊ နေအိမ်တွင်၎င်း၊ ယဇ်အဖြစ်ပူဇော်ပြီးသော အစားအစာကို ခေါစာ ဟုခေါ်သည်။ တခါတရံ ထိုသို နတ်ဘုရားများသိုပူဇော်သော ခေါစာအကြွင်း အကျန်ကို လူများအား ဖိတ်ကျွေးလေ့ရှိကြသည်။ ထိုသို သာသနာပလူတို၏ အကျင့်သည် တပါးအမျိုးသားတို၏ မြိုပြပြည်ရွာများ၌ ပျံ့နှံသဖြင့် တပါး အမျိုးသား ခရစ်ယာန်များအကြားတွင် ပြဿနာအများအပြား ပေါ်ထွန်းသည်။ ထိုသာသနာပလူတို၏ လူသိရှင်ကြားပွဲများသို့ တက်ရောက်သင့် ပါသလား။ အကယ်၍ တက်ရောက်လျှင် အပြစ်လွန်ကျူးသည်။ သာသနာပလူတို၏ ကိုး ကွယ်ခြင်း၌ ပါဝင်ရာရောက်သည်။
ဈေးထဲတွင်ရောင်းသည့် အသားများသည်လည်း တခါတရံ ထိုသို့ နတ်ဘုရားများသို ပူဇော်ပြီးသော အသားများဖြစ်နိုင်သည်။ အသင်းတော်များရှိ ဆင်းရဲသားအများအပြားသို၄င်း၊ သာသနာပဘုရားကျောင်းများရှိ မရှိဆင်းရဲ သားများသို၎င်း ထိုသိုသော အသားများကို ပေးဝေလေ့ရှိကြသည်။
ကောရိန်သုမြို့၌ ထိုပြဿနာမျိုး အကြီးအကျယ် ရင်ဆိုင်ရသည်။ ထိုပြဿနာကို ၁ကော ၈-၁ဝ တွင် ပါးနပ်စွာ ဖြေရှင်းပေးထားသည်။ အသင်းတော်ထဲ၌ ထိုအမြင်ကိုဆန့်ကျင်သည့် အုပ်စုနှစ်စုရှိသည်။ တဖွဲ့က ခရစ်ယာန် များသည် လွတ်လပ်သူများဖြစ်၍ ရုပ်တုဘုရားတုများက ထိုခေါစာများဖြင့် ဥပါဒ်မပြု၊ မထိခိုက်နိုင် ကြောင်း၊ ခရစ်ယာန်ယုံကြည်ခြင်းကို မထိပါးနိုင် ကြောင်း၊ လူနေမှုအဆင့်အတန်းနှင့်သာ သက်ဆိုင်ကြောင်း ခံယူကြသည်(၈း၄၊ ၁၀)။ ခရစ်ယာန်မဟုတ်သော ဂရိလူအချိုကလည်း ထိုသိုသော နတ်ဘုရား များကို အယုံအကြည်မရှိကြသဖြင့် ထိုနည်းတူ နတ်ဘုရားကျောင်းများသို တက်ရောက်ကြသည်။ ကောရိန်သုရှိ အခြားလူများက မည်သိုသော ရုပ်တု ဆင်းတု ဘုရားတုဖြစ်စေ နောက်ကွယ်တွင် သာသနာပလူတို့၏ အမူအကျင့် များပါရှိသဖြင့် လုံးဝမစားအပ်ကြောင်း ခံယူကြသည်။
အခန်း ၈ တွင် ရုပ်တုဘုရားတုတို၏ အစွမ်းအစမဲ့ပုံကို သဘောတူ သော်လည်း ခရစ်ယာန်အချို့နှင့် ရုပ်တုဘုရားတု နောက်ခံသမိုင်းရှိသူများက လိပ်ပြာမလုံ၊ စိတ်အာရုံထိပါးနိုင်သည်ဟု ဆိုကြသည်။ ထိုကြောင့် ရှင်ပေါလုက အခြားခရစ်ယာန်များအား စိတ်အနှောင့်အယှက်မဖြစ်စေရန် လုံးဝမစားသုံးလျှင် ပိုကောင်းကြောင်း ရှင်းပြထားသည်။ အခန်း ၉ တွင် တစုံတဦး၏ အပြု အမက အခြားသူတပါးအား မထိပါးစေရန်နှင့် စံနမူနာယူ တတ်ရန် ထပ်မံ ရှင်းပြသည်။
အခန်း ၁ဝ ငယ် ၁-၃ တွင် ဗတ္တိဇံမင်္ဂလာနှင့် ပွဲတော်မင်္ဂလာတို၌ ရုပ်တုဘုရားတု လွှမ်းမိုးခြင်းမရှိကြောင်း ရှင်းပြထားသည်။ ဣသရေလလူတိုက ပင်လယ်နီဖြတ်သန်းခြင်းကို မည်သို သဘောရကြသနည်း။ ဗတ္တိဇံမင်္ဂလာ ပုံဆောင်ပါသလား။ မန္ဒမုန့်စားခြင်းသည် ပွဲတော်မင်္ဂလာ ပုံဆောင်ပါသလား။ ရုပ်တုဘုရားတု ကိုးကွယ်ခြင်း အဖြစ် ခံယူလျှင် ကိုယ်ကျင့်တရား ယုတ်ညံ့ခြင်းနှင့် ဆက်စပ်ပေမည်။ ထိုသို ခံယူလျှင် ဘုရားရှင်က ပြင်းထန်စွာ အရေးယူမည်။
အခန်း ၁၀း၁၄-၁၁၁ တွင် နိဂုံးစကားဆိုထားသည်။ ရုပ်တုဘုရား တုကို ဝေးဝေးရှောင်ကြဉ်ခိုင်းသည်။ ဈေးထဲတွင်ရောင်းသော အသားသည် ခေါစာကျွေးသောအသား ဟုတ်မဟုတ် စစ်ဆေးရန်မလို။ ခေါစာဖြစ် လျှင်လည်း ဘာမှ လုပ်ဆောင်နိုင်စွမ်းမရှိ။ ဘုရားရှင်တော်က ဖန်ဆင်းခံသမျှကို ပိုင်ဆိုင် သည်။ အကယ်၍ မိတ်ဆွေခရစ်ယာန်တဦး၏ ယုံကြည်ခြင်းအား ထိပါးနှောင့် ယှက်မည်ဟုဆိုလျှင် ခေါစာဟုသိထားသော အသားကို မစားရ။
ဗျာ ၂း၁၄ တွင် သာသနာပလူတို၏ အလေ့အကျင့်နှင့် ညစ်ညမ်း သောအမှုအရာများ ရှောင်ကြဉ်ကြရန် ထပ်မံသတိပေးသည်။
Image – the image of God – Imago Dei (ရုပ်ပုံ၊ ဘုရားရုပ်ပုံ၊ဘုရားရုပ်မှတ်)
ရုပ်ပုံသည် တစုံတရာထက် ပင်ကိုယ်နှင့် ပိုတူသည်။ ရုပ်ပုံသည် ကိုယ် စားပြုသည်။ ဒင်္ဂါးပြားပေါ်တွင် ၎င်း(မ ၂၂း၃၀)၊ ဝတ်ပြုကိုးကွယ်ရာ ရုပ်တု အဖြစ်၄င်း တွေ့ရသည်(ရော ၁း၂၃)။ ရုပ်တုဘုရားတုအရေးအရာတွင် ပုံတူ ရုပ်များကို မကြာခဏ တွေ့ရလေ့ရှိသည်။
လူသည် သဏ္ဍာန်တော်နှင့်အညီ ပြုလုပ်ခြင်းခံရသူဖြစ်သည်(က ၁း၂၇) လူသည် ဘုရားရှင်ကို တည်မှီ၍ အသက်ရှင်သန်နေရပြီး ဘုရားရှင် သို့ ဖြစ်ရသည်။ ထိုသို့ တူညီပုံသည် မျက်မြင် အမူအရာအားဖြင့်မျှသာ မဟုတ်။ ဘုရားရှင်သည် နံဝိညာဉ်ဖြစ်တော်မူသော ကြောင့် ရုပ်ခန္ဓာကိုယ်မရှိ။ ဖန်ဆင်းခံများအပေါ်သို့ အုပ်စိုးခြင်း၌ ဘုရားရှင်ရှိတော်မူခြင်း(က ၁:၂၆)၊ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်း(ဧ ၄း၄)၊ ဘုရားရှင်ကို သိနိုင်စွမ်းရည်(ကော ၃း၁၀) ပေးတော်မူခြင်း၌ သိသာထင်ရှားသည်။ ထိုသို့ သဏ္ဍာန်တော်နှင့် ညီအောင် ပြုတော်မူခြင်းသည် ကြီးမားသော ဂုဏ်သိက္ခာ(က ၉း၆)ဖြစ်သော် လည်း ဖောက်ပြန်ခြင်းကြောင့် ဆိုးရွားပျက်စီး သွားသည်။ သို့သော် ထိုသဏ္ဌာန် တော်ပြန်လည်ရရှိအောင် ခရစ်တော်က ပြန်လည်ထူမသည်(ကော ၃း၁၀)။
ခရစ်တော်သည် ဘုရားသခင်၏ သဏ္ဍာန်တော်ဖြစ်သည်(ကော ၄း၄)။ ခရစ်တော်သည် ဘုရားရှင်အား ဖော်ဆောင်၍ သူ့အထဲ၌ ဘုရားရှင်တော် စိုးစံသည်(ကော ၁း၁၅)။ ထိုသိုသောအဖြစ်သည် အာဒံနှင့် ကွဲပြားခြားနား စေသည်။ အာဒံသည် ဘုရားရှင်တော်နှင့် တူခဲ့သော်လည်း ဘုရားရှင်မဖြစ်ခဲ့။ ခရစ်တော်သည် ဘုရားကဲ့သိုဖြစ်သည်သာမက ဘုရားရှင်တော်စစ်စစ်လည်း ဖြစ်သည်။ ခရစ်တော်ထဲ၌ ဘုရားရှင်တော် အပြည့်အဝစိုးစံသည်(ကော ၁း၁၉၊ ယော ၁၄း၉)။ ဘုရားသခင်သည် ယုံကြည်သူခရစ်ယာန်တိုင်းအား သားတော်၏ သဏ္ဍာန်တော်အတိုင်း ဖြစ်စေချင်သည်(ရော ၈း၁၉)။
ဟေဗြဲ ၁း၃ တွင် သဏ္ဍာန်တော်ဟု အနက်ရသည့် အခြားစကားလုံး သုံးထားသည်။ ဒင်္ဂါးပြားပေါ်၌ ခတ်နှိပ်ထားသည့် တံဆိပ်ခတ်ခြင်းသဘောမျိုး ဖြစ်သည်။ ထိုသိုသော တံဆိပ်ရုပ်ပုံသည် အသက်မရှိသော်လည်း မူရင်းနှင့် ချွတ်စွပ်တူသည်။ ဘုရားရှင်ကို မမြင်နိုင်သော်လည်း ခရစ်တော်က ဘုရားရှင်၏ ဇာတိတော်ကို ပြသသဖြင့် ဘုရားရှင်သည် အဘယ်သိုသောသူဖြစ်ကြောင်းသေချာစွာ ပြသသည်။ ခရစ်တော်သည် အနှစ်သာရ အားဖြင့် ခမည်းတော် ဘုရားနှင့် ထပ်တူထပ်မျှဖြစ်သည်။ –
“ဘုရားသခင်၏ သဏ္ဍာန်တော်”ဟူသော စကားရပ်ကို လက်တင် ဘာသာစကားတွင် “သဏ္ဍာန်တော် နှင့်အညီ”ဟု မကြာခဏ သုံးလေ့ရှိသည်။
Immanuel (ဧမာနွေလ)
ဟေဗြဲစကားရပ်ဖြစ်၍ “ငါတိုနှင့်အတူ ရှိတော်မူသောဘုရား”ဟု အနက်ရသည်။ ထိုစကားတော်ကို ဟေရှာ ၇း၁၄၊ ၈း၈၊ မ ၁း၂၃ တို့တွင် ခရစ်တော်၏ နာမတော်ဖြစ်လာမည့်အကြောင်း ပရောဖက်ပြုထားသည်။
ဟေရှာယ၏ ထိုပရောဖက်ပြုချက်သည် ရှုရိနှင့် မြောက်ပိုင်းဣသရေ လတို့က ဆန့်ကျင်ပုန်ကန်မည့် အကြောင်း၌ တွေ့ရသည်(ဟေရှာ ၇း၂)။ အာခပ်မင်းသည် ထိုသို့သော ဘေးကြပ်နံကြပ် ကြုံရစဉ်တွင် ဟေရှာယက ယုဒတို့အား ဘုရားရှင်ကိုသာ အားကိုးယုံကြည်ကြရန် ခွန်အားပေးသည်။ အာခပ်မင်းက နိမိတ်လက္ခဏာပြသရန် တောင်းဆိုရေး ငြင်းပယ်သောအခါ ဟေရှာယက ပျိုကညာတဦးသည် သားရတနာ ဧမာနွေလ(ငယ် ၁၄) ဖွားမြင်မည့်အကြောင်း ပရောဖက်ပြုသည်။ ထိုနာမည်၏အနက်မှာ ဆုံးရှုံးနေသူများနှင့် အတူ ဘုရား ရှင်တော် ရှိတော်မူမည့်အကြောင်းဖြစ်သည်။
ရှင်မသဲက ခရစ်တော်ဖွားမြင်ခြင်းဖြင့် ထိုပရောဖက်ပြုချက် ပြည့်စုံ သည်(မ ၁း၂၃)ဟုဆိုသည်။ အာခပ်မင်းခေတ်ကာလမှ ကြာညောင်းလှသော အချိန်တွင် ဘုရားသခင်က ကယ်တင်ခြင်းပေးတော်မူသည့် လူတိုနှင့်အတူ ရှိနေမည့် ခရစ်တော်အား ပေးသနားတော်မူသည်။
Inheritance (အမွေခံ)
ဓမ္မဟောင်းကျမ်းတွင် အမွေခံသည် ဘုရားရှင်မှ စတင်သည်။ ဘုရား ရှင်က အာဗြဟံသို ကတိတော်မြေ(က ၁၂း၄-၇) ပေးမည့်အကြောင်း ကတိ တော်ပြုပြီး ထိုကတိတော်အတိုင်း ပြည့်စုံလာသည်(၃ရာ ၈း၃၆)။ ထိုမြေသည် ဘုရားရှင်ပိုင်ဆိုင်ရာဖြစ်၍ ဣသရေလလူမျိုးသို အပ်နှင်းသည်(ဝတ် ၂၅း၂၃)။ ဣသရေလ လူများက မဲနှိက်ခွဲဝေကြပြီး(ယောရှု ၁၈၁၀) မျိုးနွယ်စု၊ မိသားစု၊ တဦးချင်းစီသို ခွဲယူကြသည်။ မဲနှိက်ကြခြင်း သည် အခွင့်အရေးအတိုင်း ခွဲဝေ ခြင်းအား ပစ်ပယ်ခြင်းမဟုတ်။ မဲနှိက်ခွဲဝေခြင်းအား ဘုရားရှင်က ထိန်းချုပ် ကြောင်း ပြသသည်(သု ၁၆း၃၃ ကိုကြည့်)။ ထိုသိုဖြင့် ဘုရားရှင်ကို နာခံလျက် နယ်မြေခွဲဝေကြသည်(တရား ၄း၁၊ ၂၅-၃၁)။
အမွေခံယူခြင်းသည် တရားဝင်အခွင့်အရေးဖြစ်သည်။ ထိုပြည်ကို တူညီသောဝေစုဖြင့် ခွဲယူကြသည်။ အကြီးဆုံးသားက နှစ်ဆယူ၍ အခြားလူ များက တစစီရယူကြသည်(တရား ၂၁း၁၆၊ ၁၇)။ အကယ်၍ သားမကျန်ဘဲ သေဆုံးသွားလျှင် အခြားလူမျိုးလက်ထဲသို မရောက်စေရန် တားမြစ်ထားသည် (တော ၂၇း၈-၁၁၊ ၃၆း၁-၉)။ အကယ်၍ မယားသည် မုဆိုးမအဖြစ် ကျန်ရစ် လျှင် သေလွန်သူ၏ ညီအစ်ကိုက ထိုမုဆိုးမအား လက်ဆက်ပြီး သေလွန်သူ၏ နာမည်နှင့် ရပိုင်ခွင့်အား ထိုသို မွေးဖွားသောသားက ဖခင်နာမည်ဖြင့် အမွေ ဆက်ခံရသည်(တရား ၂၅း၅-၉၊ ရု ၄း၁၀)။
အကြောင်းသော် ထိုပြည်သည် ဘုရားသခင်ပိုင်ဆိုင်ရာဖြစ်သော ကြောင့် အမွေခံမြေအား အခြားမျိုး နွယ်စုလက်ထဲသို့ မရောက်စေရ။ နယ်ခြား မှတ်တိုင်ကို ရွှေ့ပြောင်းခြင်းမပြုရ(တရား ၁၉း၁၄)။ ဆင်းရဲ၍ မြေကွက် ရောင်းစားလျှင် နီးစပ်ရာဆွေမျိုးကို ဦးစားပေးရသည်။ တဖန် ငွေကြေး လည်သည့်အခါ ပြန်လည်ရွေး ယူခွင့်ရှိသည်(ဝတ် ၂၅း ၂၅-၂၇)။ အကယ်၍ မရွေးဝယ်နိုင်လျှင် ယုဗလီနှစ်တွင် ပြန်လည်ရယူနိုင်သည်။ အမှန်မှာ သီးနှံ စိုက်ပျိုးလုပ်ကိုင်ခွင့်သာရှိ၍ မြေကို ရောင်းဝယ်ခြင်းမဟုတ်(ဝတ် ၂၅း၁၃-၁၇)။ သိုသော် ထိုဥပဒေသကို မြိုရိုးဝင်းထဲရှိ နေအိမ်နှင့် အကျုံးမဝင်။
လေဝိဆွေနွယ်ရိုးသည် ဘုရားပေးအမွေဟူ၍ မြေယာပိုင်ဆိုင်ခွင့် ခွဲတမ်းမရ။ ဘုရားသခင်သည် သူတိုအမွေဖြစ်သည်(တရား ၁၈း၁၊ ၂)။ ဆယ်ဘို့တဘို ခံယူခွင့်ရှိသည်(တော ၁၈း၂၁)။ လေဝိလူများသည် မြိုများကို ပိုင် ဆိုင်ကြသည်(တော ၃၅း၂)။ လေဝိလူများ၏ မြေယာသည် ယုဗလီနှစ်တွင် ပြန်လည်ရရှိစ မြဲဖြစ်သည်(ဝတ် ၂၅း၃၁-၃၄)။
ဓမ္မသစ်ကျမ်းတွင် ဓမ္မဟောင်းကျမ်းသွန်သင်ချက်သည် ဖွံဖြိုးလာ သည်။ သားအရာသည် ပိုမိုအရေး ကြီးလာသည်။ ခရစ်တော်သည် ဘုရားရှင်၏ အမွေတော်ခံယူသူ ဘုရားသားတော်ဖြစ်သည်(မာ ၁၂း၇၊ ဟေဗြဲ ၁း၂)။ ယုံ ကြည်သူခရစ်ယာန်များသည် ဘုရားရှင်၏ သားအရာ အမွေခံရရှိကြသူများ ဖြစ်ကြသည်(ရော ၈း၁၇)။ သိုသော် အာဗြဟံ သွေးသားများ၏ အမွေခံခြင်း မျိုးမဟုတ်။ အာဗြဟံ၏ ယုံကြည်ခြင်း အမွေဆက်ခံခြင်း ကြောင့်ဖြစ်သည်(ဂလာ ၃း၇-၉၊ ၂၉)။ တပါးအမျိုးသား ယုံကြည်သူများသည် ယုဒယုံကြည်သူများ နည်းတူ(ဧ ၃း၆) ကျားမမရွေး ခံယူနိုင်သည်(၁ပေ ၃း၇)။
ထိုအမွေခံခြင်းသည် ခါနန်ပြည်အမွေခံခြင်းနှင့် မဆိုင်။ ထိုခါနန်ပြည်သည် ကောင်းကင်နိုင်ငံတော်ဖြစ် သည် (မ ၂၅း၃၄၊ ဟေဗြဲ ၁၁း၉။ ၁၀၊ ၁၆)။ ထိုကောင်းကင်နိုင်ငံတော်သည် ယုံကြည်သူများရရှိမည့် အမွေခံ မြေဖြစ်သည်(၁ပေ ၁း၄)။ ခရစ်ယာန်များသည် ခရစ်တော်ပြန်လည်ကြွလာခြင်း၌ အပြည့်အဝ ပါဝင်ကြမည်။ ယခုကမ္ဘာမြေအစား ကောင်းကင်သစ် မြေကြီးသစ်သို့ အပြည့်အဝ ဝင်ရောက်ကြမည်(မ ၅း၅၊ ဗျာ ၂၁း၇)။ ထိုသို့ အမွေတော်ခံကြမည့်အကြောင်း သန့်ရှင်းဝိညာဉ်တော်က အာမခံချက်ပေး ထားသည်။
Inspiration (တန်ခိုးမှုတ်သွင်းခြင်း)
သမ္မာကျမ်းစာတွင် မိန့်တော်မူသမျှသည် ဘုရားသခင်က တန်ခိုးမှုတ် သွင်းတော်မူကြောင်း ၂တိ ၃း၁၆ တွင် အရေးကြီးစကား တွေ့ရသည်။ ဤ ကျမ်းချက်ကို အချိုကျမ်းမူများတွင် “သမ္မာကျမ်းစာတော်မြတ်သည် ဘုရား ရှင်၏ တန်ခိုးမှုတ်ချက်ဖြင့် ပေါ်ထွန်း၏”(သို) “ဘုရားသခင်က တန်ခိုးမှုတ်၍ ကျမ်းစာဖြစ်လာ၏”ဟု ပြန်ဆိုကြသည်။ ထိုစကားတော်အရ ဘုရားရှင်က ကျမ်းစာဖြင့် ယနေ့ကာလ၌ လူများသို့ စကားပြော တော်မူသည်။ ထိုစကားသည် သစ္စာစကားမှန်သော်လည်း ထိုထက်မက ထူးခြားလေးနက်သည်။ မူရင်းအနက် မှာ ဘုရားရှင်က အသက်ရှူထုတ်၍ ကျမ်းစာဖြစ်ပေါ်လာ၏ ဟူ၍ဖြစ်သည်။ ကျမ်းစာပါ မူရင်းစကားများသည် စကားတော်များဖြစ်၍ ဘုရားရှင်က လူ များသို သိစေလိုသော အချက်များဖြစ်သည်။ ထိုကြောင့်လည်း ဓမ္မဟောင်းနှင့် ဓမ္မသစ်တိုသည် ရှေ့သွားနောက်လိုက်ညီ၍ တသဘောတည်းရှိသည်။ မိန့်တော် မူချက်များကို လူက ပေအက္ခရာတင် ရေးထားချက်ဖြစ်သည်(ဟေဗြဲ ၃း၇၊ ၄း၃)။ သို့ဖြစ်၍ ကျမ်းစာပါ အသေးဆုံးဗိန္ဒုမှစ၍ အရေးကြီးသည်(ဂလာ ၃း၁၆)။ တန်ခိုးမှုတ်သွင်းခြင်း အယူအဆမှာ ဘုရားရှင်က နှုတ်တိုက်ချပေး၍ လူက လိုက်ရေးခြင်းမဟုတ်ပါ။ ဘုရားရှင်က ရေးစေလိုသည့်ဟန်ပန်၊ အတွင်းသရုပ် နှင့် ရည်ရွယ်ချက်များအတိုင်း လူက လိုက်ရေးခြင်းဖြစ်သည်။ ဘုရားရှင်က အသက်သွင်းထားသည့်အတိုင်း ထိုကျမ်းစာရေးသားသူများ၏ ရေးသားချက် များသည် ဘုရားသခင်၏ အပြောင်းအလဲမရှိသော စကားတော်ဖြစ်လာသည်။
ဟေဗြဲနှင့် ဂရိဘာသာစကားများမှ အသက်သွင်းခြင်းနှင့် ဝိညာဉ် ဟူသော စကားလုံးများသည် အတူတူဖြစ်သည်။ ဘုရားရှင်၏ အသက်မှုတ် ခြင်းသည် စကားတော်မှန်ကြောင်း အနက်ရ၍ ဖန်ဆင်းခြင်း တန်ခိုးတော်ဖြစ် သည်(ယောဘ ၃၃း၄၊ ဆာ ၃၃း၆)။ တန်ခိုးမှုတ်ခြင်းဟူသော စကားသည် ကျမ်းစာအား တန်ခိုးမှုတ်ခြင်းအပါအဝင် ဝိညာဉ်တော်၏ ပြုတော်မူချက် ဖြစ်သည်။
Israel (ဣသရေလ)
အာဗြဟံ၏မြေး ယာကုပ်နှင့် ကောင်းကင်တမန်တိုသည် ပေနွေလ အရပ်တွင် မိုးလင်းပေါက် နပန်းလုံး ကြပြီးနောက်ပိုင်းတွင် ဘုရားရှင်က ယာကုပ်သို့ပေးသော နာမည်ဖြစ်သည်။ အနက်မှာ “ဘုရားသခင်နှင့် နပန်းလုံး သူ (သို့) “ဘုရားသခင်၏ လူ့မင်းသား”ဟူ၍ဖြစ်သည်။ ထိုအကြောင်းကို က ၃၂း၂၈ တွင် “သင်သည် ဘုရားသခင် နှင့်၄င်း၊ လူနှင့်၄င်း၊ မင်းကဲ့သို့ ပြိုင်၍နေလေ ဟု ကျမ်းစကားဆိုထားသည်။
ဣသရေလလူမျိုးသည် ထိုယာကုပ်၏ သားဆယ်နှစ်ယောက်မှ ဆင်း သက်သော သားစဉ်မြေးဆက် များဖြစ်ကြသည်။ ဣသရေလဟုဆိုလျှင် ၁၂ မျိုးနွယ်ဟု လွယ်လင့်တကူ သိရှိကြသည်။ သို့သော် ရောဗောင်နှင့် ယေရော ဗောင်တို့ခေတ်ကာလ၌ လူမျိုးနွယ် ဆယ်မျိုးသည် ဣသရေလနာမည်ဖြင့် မြောက်ပိုင်းနိုင်ငံ နာမည်ခံ သွားသည်။ တောင်ပိုင်းရှိ ယုဒ(၃ရာ ၁၂း၁၆-၂၀) တိုကို ပြိုင်ဆိုင်ကြသည်။
Jannes and Jambres (ယန္နေနှင့် ယံဗြေ)
၂တိ ၃း၆-၈ တွင် မောရှေကိုအန်တုသော ယန္နေနှင့် ယံဗြေဟု တွေ့ ရသည်။ ဓမ္မဟောင်းတွင် ထိုနာမည် များ မတွေ့ရဘဲ အဲဂုတ္တုမှော်ဆရာများ ဟုသာ ထွ ၇၊ ၈ ၌ ရေးထားသည်။
Jealousy (သဝန်တိုခြင်း)
ပြင်းထန်သော စိတ်ခံစားချက်ဖြစ်သည်(သု ၇း၄)။ တစုံတရာလိုအပ် စိတ်ဖြစ်သည်။ ထိုစကားလုံးကို မှန်ကန်စွာ အသုံးပြုတတ်ရန် လိုအပ်သည်။ အခြားသူများနှင့် မျှဝေမခံစားချင်၊ မပတ်သက်ချင်သည့် စိတ်သဘောထား ဖြစ်သည်။ အိမ်ထောင်သည်ဘဝနှင့် ဆက်စပ်ပတ်သက်သည်။ သဝန်တိုသော ခင်ပွန်းသည် သူ့မယားအား လိင်မှုကိစ္စတွင် ယုံကြည်စိတ်ချမှုမရှိခြင်းမျိုး ဖြစ်သည်(တော ၅း၁၄)။
ဘုရားသခင်သည် သဝန်တိုသောကြောင့် သူ့လူများအား ရုပ်တုဘုရား တုများကို မကိုးကွယ်စေချင်(ထွ ၃၄း၁၄)၊ ဘုရားသခင်သည် ဣသရေလ လူမျိုး၏ ခင်ပွန်း(ယေ ၃း၁၄)ဖြစ်သောကြောင့် ရုပ်တုဘုရားတု ကိုးကွယ်ကြ ခြင်းသည် အိမ်ထောင်ဖောက်ပြန်ခြင်းဖြစ်သည်(ဟော ၃း၁၊ ယေဇ ၂၃း၃၇)။
ဘုရားတရားသိသူများသည် ဘုရားရှင်ထံ စိတ်အားထက်သန်၍ ၊ ကိုယ်ကျင့်သီလ သန့်စင်ကြသဖြင့် မှန်ကန်စွာ မနာလိုသဝန်တိုကြသည်(ဆာ ၆၉း၉၊ ၂ကော ၁၁း၂)။ ထိုကြောင့် အခြားတစုံတဦးသို့ စိတ်ရောက်ခြင်း သည် အပြစ်သို့ လားခြင်းဖြစ်သည်(က ၃၀း၁၊ ၃၇း၁၁၊ ဂလာ ၅:၂၀)။
Jehovah (ယေဟောဝါ)
ဟေဗြဲစာပေတွင် သရမရှိသောကြောင့် ဘုရားသခင်၏ နာမတော်ကို YHWH (က ၆း၃)ဟု ရေးသားသည်။ ဟေဗြဲစကားတွင် ထိုနည်းတူ “ဖြစ် ခြင်းပြကြိယာ”(ရှေးဟောင်းပုံစံ)ဖြင့် ရေးသားကြသည်။ ထွ ၃း၁၄ တွင် ဘုရားသခင်က သူ့ကိုယ်သူအား “ငါသည်”ဟူ၍ သုံးနှုန်းပုံကိုကြည့်ပါ။ ထိုစကားလုံးမှ သရသည် ထာဝရရှိတော်မူခြင်းသာမက အစနှင့် အဆုံးကင်းကြောင်း ပြသ သည်။ ထိုအပြင် တစုံတရာအပေါ်တွင် တည်မှီမှုကင်းခြင်း၊ တစုံတရာ၏ အထောက်အမမယူခြင်းတိုကိုလည်း ပြသသည်။ ထိုသို ပြည့်ဝစုံလင်သော ဘုရားဖြစ်တော်မူသောကြောင့် သာသနာပလူတို၏ နတ်ဘုရားများနှင့် မနှိင်း ယှဉ်အပ်။
သမ္မာကျမ်းစာကို လူအုပ်ဖြင့် တူညီညီ ဖတ်ရှုနိုင်ရန် ယုဒလူအချိုက သရနှင့် ဗျည်းရေးသားရေး စတင်လာကြသည်။ ထိုသိုဖြင့် အေဒီ ၅ဝဝ-၁ဝဝဝ အတွင်းတွင် အမှန်ပေါ်ထွန်းလာသည်။
ဘုရားသခင်၏ နာမတော်သည် အလွန်သန့်ရှင်း မြင့်မြတ်သော ကြောင့် မပီကလာ ပီကလာ ရွတ်ဆိုခြင်း မပြုကြရန် ယုဒလူတိုက ဘုရားရှင်ကို အဒိုနိုင်း(adonai) “အကျွန်ုပ်၏ ဘုရား”ဟု ရွတ်ဆိုကြသည်။ YHWH ဟုဆိုကြသကဲ့သို အဒိုနိုင်းဟူသော သရများ(a – 0 – ai)ပါဝင်သည့်အသံဖြင့် လည်း ရွတ်ဆိုလာကြသည်။
အေဒီ ၁ဝ၁ဝ ခန့်တွင် ထိုစကားလုံးနှစ်ခုကို စတင်ရောမွှေ ပြောဆို လာကြသည်။ YHWH ဟူသော ဗျည်းများအကြားတွင် သရများ ပါဝင်လာ ပြီး “my Lord၊ အကျွန်ုပ်၏ ဘုရား”ဟု ဖြစ်လာသည်။ ထိုသိုဖြင့် “yehovahi ယောဟောဝါ”ဖြစ်လာသည်။ ရှေးဂရိစကားသံ yahweh နှင့်လည်း နီးစပ် တူညီလာသည်။
ဟေဗြဲသဒ္ဒါမှ yhwh ဟူသော စကားလုံးကို အင်္ဂလိပ်ဘာသာစကားသို့ ပြန်ဆိုသောအခါ “သခင်ဘုရား၊ အကျွန်ုပ်၏ဘုရား”ဟူ၍ဖြစ်လာပြီး အဒိုနိုင်း သည်လည်း “သခင်ဘုရား၊ အကျွန်ုပ်၏ဘုရား”ဟူ၍ ဖြစ်လာသည်။
Jerusalem (ယေရုရှလင်)
ယုဒတောင်ကုန်းများပေါ်မှ မြင့်သောတောင်ကုန်းများပေါ်တွင် တည် ဆောက်သည်။ ယေရုရှလင် သမိုင်းကြောင်း ပြန်ကြည့်လျှင် အာဗြဟံခေတ် ကာလမှ အစကောက်ရပေမည်(က ၁၄း၁၈ ပါ ရှာလင်သည် ယေရုရှလင်နှင့် ထပ်တူကြသည်၊ ဆာ ၇၆း၂ နှင့်ယှဉ်ကြည့်)။ ငြိမ်သက်ခြင်း၏ မြိုတော်ဟု အနက်ရသော ထိုမြိုသည် ဣသရေလတို၏ မြိုတော်ဟုမခေါ်ဆိုကြမှီကပင် ရှာလင်ဟု နာမည်ရသည်(ဟေဗြဲ ၇း၂ ကိုကြည့်)။ ယေရုရှလင်မင်း၏ ပူးပေါင်း မှုကြောင့် ယောရှုက အောင်နိုင်၍ သိမ်းပိုက်သော်လည်း(သူကြီး ၁း၈) ဣသရေ လတိုက ထိုမြိုကို မထိန်းချုပ်နိုင်ကြ(သူကြီး ၁း၂၁)။
ဒါဝိဒ်မင်းက သိမ်းပိုက်သည့်အချိန်ထိ ယေရုရှလင်မြိုကို ယေဗုသိ လူတို့က ထိန်းချုပ်ကြသည်(၂ရာ ၅း၆-၈)။ ဤနေရာတွင် ဇိအုန်ဟူသော နာမည် ပထမဆုံးအကြိမ် တွေ့ရသည်။ ဒါဝိဒ်မင်းက မြိုတော်အဖြစ် သတ်မှတ် ပြီး (၂ရာ ၅း၉၊ ၁၀) ဘုရားသခင်၏ ပဋိညာဉ်သေတ္တာကိုလည်း ထိုမြိုသို ပင့်ဆောင်လာသည်(၂ရာ ၆)။ ထိုမြိုတော် သည် ဗယာ်မိန်နှင့် ယုဒလူတို့အကြား နယ်နိမိတ်တွင်ရှိ၍ အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ဒါဝိဒ်၏အမျိုးနှင့် သူ့ ယခင်နန်းစံသော ရှောလုမင်း၏ မျိုးနွယ်အကြား စိတ်ဝမ်းကွဲပြားမှုကိုလည်း ဖယ်ရှားသည်။ ထိုအချိန်မှစ၍ ယေရုရှလင်သည် ယုဒလူမျိုးတို၏ ယုံကြည် ခြင်းဆိုင်ရာ ဗဟိုအချက်အခြာနေရာဖြစ်လာသည်။ ရှောလမုန် မင်းက မောရိတောင်ပေါ်တွင် ဗိမာန်တော်တည်ဆောက်၍(၆ရာ ၃း၁ ကို က ၂၂း၂ နှင့် ယှဉ်ကြည့်)။ နောက်ထပ် ဗိမာန်တော်နှစ်ခုလည်း နောင်တွင် တည်ဆောက် လာကြသည်။ ထိုမြို့ကို သန့်ရှင်းသောမြို့တော်(ဟေရှာ ၅၂း၁)ဟုလည်းခေါ်၍ ပြည်နှင်ဒဏ်ခံကြရသည့်ကာလ၌ လွမ်းတသသရှိခဲ့ကြသည်။
ဓမ္မသစ်ကျမ်းတွင် ယေရုရှလင်သည် သခင်ယေရှုအား မေရှိယသခင် အဖြစ် လက်မခံငြင်းဆန်သော မြိုဖြစ်လာသည်(မ ၂၃း၃၇)။ ယုဒထုံးတမ်း စဉ်လာ အထိမ်းအမှတ်ဖြစ်လာသည်(ဂလာ ၄း၂၅)။ တမန်တော်များ ကလည်း ဓမ္မဟောင်းယေရုရှလင်၊ ဘုရားရှင်တော်စိုးစံသည့် ဗိမာန်တော်တည်ရှိရာ သန့်ရှင်းသောမြိုအဖြစ် လက်ခံကြသည်။ သို့သော် ထိုထက် အရေးကြီးမြင့်မြတ်သော ကောင်းကင်ဘုံကို ဖော်ညွှန်းကြောင်း ခံယူကြ သည်(ဂလာ ၄:၂၆၊ ဟေ ၁၂း၂၂၊ ဗျာ ၂၁:၂)။
Jesus Christ (ယေရှုခရစ်တော် )
ယေရှုခရစ်တော်သည် ခရစ်ယာန်တရားတော် သွန်သင်ချက်၏ မဏ္ဍိုင် ဖြစ်သည်(၁ကော ၁း၂၃)။ စစ်မှန် သော ခရစ်ယာန်များက ဘဝတခုလုံး ပုံအပ် ကြ၍ နောက်တော်သို လိုက်ကြသည်။ ခရစ်တော်ကို ယုံကြည်ကိုး စားသော အပြစ်သားသည် အပြစ်မှ ကယ်တင်ခြင်းရရှိသည်။
ခရစ်တော်သည် ဘုရားသားတော်ဖြစ်၍ သုံးပါးတဆူတွင် ဒုတိယ ပုဂ္ဂိုလ်ဖြစ်သည်။ သူ့အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်း၍ ယခုအခါ ပုံမှန် ရှိနေကြရန် ထိန်းချုပ်တော်မူသည်(ယော ၁း၃၊ ကော ၁း၁၅-၁၇)။ သူ့ကို နာဇရက်ယေရှုဟု လူသိများထင်ရှားသည် ပျိုကညာဝမ်းထဲမှ ဖွားမြင်၍ လူ များအား တရားတော် သွန်သင်ခြင်း၊ အနာရောဂါပေါင်းစုံ ကင်းငြိမ်းစေခြင်း များ ပြုတော်မူပြီးနောက် သူ့လူများ၏ အပြစ်များအတွက် အသေခံ အသက် တော်ကိုနှင်းသည်။ သေခြင်းမှ တဖန်ရှင်ပြန်ထမြောက်ပြီးနောက် ယခုအခါ ကောင်းကင်ဘုံ ရှင်၏ လက်ယာတော်၌ စိုးစံတော်မူသည်။ တနေ့သောအခါ လူ့လောကသားများအား တရားစီရင်ရန် ပြန်လည် ကြွလာမည်။ သူလူများ ကိုမူ သူ့အထဲတွင်ရှိနေကြရန် အထံတော်သို သိမ်းဆည်းမည်(ဖိ ၂း၆-၁၁၊ ၁သက် ၄း၁၃-၁၇၊ ယော ၅း၂၄-၃ဝ)။ အာဒံ၏ အပြစ်မွေခံကြသော သူ့လူ များ၏ အပြစ်များကို ဖြေလွှတ်သည်(ရော ၅း၁၂-၁၉)။ နောက်ဆုံးအာဒံ၊ ဒုတိယလူ( ၁ကော ၁၅း၄၅၊ ၄၇)ဖြစ်သည်။ သူ့ခန္ဓာကိုယ်ဖြစ်သော အသင်း တော်၏ ဦးခေါင်းလည်းဖြစ်သည်(ကော ၁း၁၈-၂၀)။
ယေရှုဟူသော နာမတော်သည် အာရိဘာသာစကား “ယောရှု” မှ လာ၍ ကယ်တင်ခြင်းဟု အနက်ရ သည်။ ခရစ်တော်ဟူသော နာမည်သည် “ဘိသိက်ခြင်း”ဟု အနက်ရ၍ ဂရိဘာသာစကားမှ မေရှိယဟူသော ဂုဏ်ပုဒ် နှင့် အတူတူဖြစ်သည်။
ထိုကြောင့် ခရစ်တော်ဟူသော ဂုဏ်ပုဒ်၏ မူရင်းအနက်သည် “ဘုရားရှင်တော်က ဘိသိက်ထား သူ”ဟူ၍ဖြစ်သည်။ မေရှိယအကြောင်း သွန်သင်ခြင်း ဟူသော စကားသည် တပါးအမျိုးသားများထံသို့ အထွေအထူး သွန်သင်ခြင်း မဟုတ်။ ခရစ်တော်ဟူသော စကားလုံးသည် ဂုဏ်ပုဒ်ထက် နာမတော်ပိုဆန် သည်။ ခရစ်တော်ဟူသော စကားလုံး၏ အနက်သည် အရေးတကြီး မွန်မြတ်နေသဖြင့် တပါးအမျိုးသားများနှင့် ယုဒလူများ နှုတ်ဖျားတွင် တဖွဖွ ပြောဆို နေရသည်။
ယနေ့ကမ္ဘာသုံး ပြက္ခဒိန်သည် ခရစ်ယာန်ပြက္ခဒိန်သို့ အခြေပြု၍ ခရစ်တော်ဖွားမြင်တော်မူချိန်ကို အခြေခံသည်။ သို့သော် ဓမ္မသစ်ကျမ်းပေါ် ထွန်းပြီးသည့်တိုင်အောင် မှန်ကန်စွာ မတွက်ဆနိုင်ဘဲ လွဲချော်မှားယွ င်းသည်။ သခင်ယေရှုသည် ဘီစီ ၄ ခုနှစ်တွင် ကွယ်လွန်သော ဟေရုဒ်မင်းလက်ထက်၌ ဖွားမြင်တော်မူသည်။ ထိုကြောင့် ဘီစီ ၄-၇ ခန့်တွင် ဖွားမြင်သည်ဟု ယူဆ ရသည်။
John the Baptist (ဗတ္တိဇံယောဟန်)
ဘီစီ ၇ ခန့်တွင် မွေးဖွား၍ ပျိုကညာမာရိက မွေးဖွားသော သခင် ယေရှုထက် (၆)လခန့် ပိုကြီးသည်။ သူသည် ယဇ်ပုရောဟိတ်ဆွေနွယ်ရိုးတွင် မွေးဖွားသည်(လု ၁း၂၆၊ ၃၆)။ ခရစ်တော်၏ ရှေ့တော်ပြေးအဖြစ် ပရောဖက် အမှုတော် မထမ်းဆောင်ခင်တွင် ကျေးလက်ဇနပုဒ်၌ နေထိုင်ကြီးပြင်းသည် (လု ၁း၁၇၊ ၈၀)။ ယုဒလူများသို အပြစ်နှင့် တရားစီရင်ခြင်းအကြောင်း ဟောပြောပြီး နောင်တစိတ်ဖြင့် ဗတ္တိဇံခံယူကြရန်လည်း သွန်သင်သည်။ လူများ ၊ က သူ့အား မေရှိယဟုတ်သလားဟု မေးမြန်းကြသည့်အခါ မေရှိယ၏ ရှေ့ တော်ပြေး သာဖြစ်ကြောင်း ဝန်ခံသည်(လု ၃း၁-၁၈)။ ယော်ဒန်မြစ်ဝှန်း တလျှောက်၌ တရားတော်သွန်သင်ပြီး လူများကို ဗတ္တိဇံပေးသည်။ တခါတရ ရှမာရိပြည်ရှိ အဲနုန်အရပ်၌ နေထိုင်သည်(ယော ၃း၂၃)။
လက်ရှိမယားကိုကွာပြီး ညီ၏ ဇနီးကို သိမ်းပိုက်သော ဟေရုဒ်အန္တိကို အပြစ်တင်သောကြောင့် ထောင်ကျပြီး ခေါင်းဖြတ်သတ်ခြင်းခံရသည်(မာ ၆း၁၇ -၂၉)။
ထောင်ကျနေစဉ် သခင်ယေရှုက မေရှိယအမှတ်အသား အံ့ဘွယ် နိမိတ်ပြသပုံများ(ဟေရှာ ၃၅း၅၊ ၆၊ ၆၁း၁၊ ၃) သံသယဝင်သဖြင့် သခင်ယေ ရှုက သူ့အကြောင်း မှန်ကန်ပုံအား ထပ်မံထုတ်ဖော် အတည်ပြုသည်။ သခင်ယေရှုက ဗတ္တိဇံယောဟန်၏ တပည့်များနှင့် လူထုပရိသတ်များသို ယောဟန် သည် သူ့ရှေ့တော်ပြေး ဖြစ်ကြောင်းနှင့် မာလ ၄း၅၊ ၆ ပါ ဧလိယ၏ က တော်စကားအတိုင်း ဓမ္မဟောင်းခေတ်လူတိုတွင် အကြီးမြတ်ဆုံး ဖြစ်ကြောင်းမိန့်တော်မူသည်။ ကျမ်းစာက သူသည် ခရစ်တော်မတိုင်ခင်တွင် ပေါ်ထွန်း မည်ဟုဆိုသည့်အတိုင်း ကောင်းကင်နိုင်ငံတော်၏ အငယ်ဆုံးသောသူဖြစ်ခွင့် ကို မကြားသိလိုက်(မ ၁၁း၂-၁၉)။ သူသည် ကရာနီကားတိုင်၊ ရှင်ပြန်ထမြောက် ခြင်းနှင့် ပင်တေကုတ္တအကြောင်းများကို သိရှိခွင့် မရလိုက်ပါ(မ ၁၃း၁၆၊ ၁၇)။
Jot and Tittle (ဗိန္ဓု၊ အစက်အပေါက်)
ဗိန္ဓုသည် ဟေဗြဲဗျည်းတွင် အငယ်ဆုံးဖြစ်၍ စကားလုံးပေါင်းရာတွင် လည်း တခါတရံ ထည့်မသုံးဘဲ နေနိုင်သည်။ အစက်အပေါက်ဆိုသည်မှာ အင်္ဂလိပ်စာ ရေးသားရာတွင် စာကြောင်းတခုနှင့်တခုအကြား အဆက်အစပ် ပြတ်ကြောင်း အမှတ်အသားပြအစက်(dot, full stop)ဖြစ်သည်။ မ ၅း၁၈ နှင့် လု ၁၆း၁၇ တိုတွင် ဘုရားစကားတော်သည် ဘယ်သောအခါမျှ ဗိန္ဓုတလုံး အစက်အပေါက်မျှပင် မပျောက်ဟုဆိုသည်။ ထိုကျမ်း စကားက ဘုရားစကား တော်သည် အဘယ်မျှအရေးကြီးကြောင်း ပြသသည်။ ခရစ်တော်က ပညတ် တရားသည် ကာလအကန့်အသတ်မဲ့ တည်တံ့ကြောင်း ဆိုပါသည်။ ထို အကြောင်းကို ပိုမိုနားလည်နိုင်ကြရန် ရှင်းပြရာ၌ သုံးသည်(မ ၅း၁၇)။
Joy (ဝမ်းမြောက်ခြင်း)
ဝမ်းမြောက်ခြင်းဟူသော စကားလုံးသည် ဝမ်းသာစရာကြုံရခိုက် စိတ်ခံစားချက်ဖြစ်သည်(ဆာ ၁၀၄း၁၅၊ သု ၁၅း၂၀)။ ဘုရားသခင်ကို ယုံကြည် သူများ၏ အမှတ်အသားတခုဖြစ်သည်။ ဓမ္မဟောင်း ကျမ်းမှပွဲများ(တရား ၁၂း၆၊ ၇ နှင့် အခြားဝတ်ပြုကိုးကွယ်ချိန်(၂ရာ ၆၊ ဆာ ၁၀၀း ၂၊ နေ ၁၂း၆၊ ၇)များ သည် ဝမ်းမြောက်ချိန်အကြောင်းဖြစ်၍ ဘုရားသခင်၏ ပြုတော်မူချက်များ အပေါ်သို့ တေးဆိုကခုန် မြူးတူးပျော် ပါးခြင်းဖြစ်သည်။ လူအုပ်ကြီးများဖြင့် အတူတကွ ဝတ်ပြုကိုးကွယ်ကြသည်(ဆာ ၄၂း၄)။ လူတိုင်း ဝမ်းမြောက်စွာ ဖြင့် ကိုးကွယ်ကြရသည်(ဆာ ၄း၃၄)။
ခရစ်တော်သည် ဖွားမြင်တော်မူသည့်အချိန်(လု ၂း၁၀)မှစ၍ အမှု တော်ဆောင်ခြင်း(လု ၁၃း၁၇)၊ ယေရုရှ လင်သို့ ဝင်ရောက်ခြင်း(လု ၁၉း၃၇)၊ ပြန်ထမြောက်ခြင်း(လု ၂၄း၄၁)၊ ကောင်းကင်ဘုံသို ပြန်လည်ကြွမြန်းချိန် (လု ၂၄း၅၂)တိုင်အောင် လူများကို ဝမ်းမြောက်ဝမ်းသာစေသည်။ ဓမ္မသစ် အသင်းတော်သည်လည်း တချိန်လုံး ဝမ်းမြောက်နေရသည်(တ ၁၃း၅၂။ ၁သက် ၅း၁၆)။
စိတ်ဝိညာဉ်ဝမ်းမြောက်ခြင်းသည် စိတ်နှလုံး ခံစားချက် လှုပ်ရှားရင် ခုန်ခြင်းမဟုတ်ဘဲ ဘုရားပေးလက် ဆောင်ဖြစ်သည်(ဆာ ၆း၁၁၊ ရော ၁၅း၁၃)။ ခရစ်တော်(ယော ၁၅း၁၁)၊ သန့်ရှင်းဝိညာဉ်တော်(၁သက် ၁း၆)နှင့် ခမည်းတော်တို့ကပေးသော ဝမ်းမြောက်ခြင်းဖြစ်သည်။ ဝိညာဉ်ရေးရာ ရွှင်လန်းမှု သည် ဘုရားသခင် စိုးစံတော်မူရာနေရာမှ ရောက်လာသည်(ဆာ ၁၆း၇-၁၁၊ ယု ၂း၄)။ ပြုတော်မူချက် အထူးသဖြင့် ကယ်တင်ခြင်း အမှုတော်မြတ်၌ တွေ့ ရသည်(နေ ၁၂း၄၃၊ တ ၈း၈၊ ၃၉)။
ထိုသို ဘုရားပေးလက်ဆောင်ဟု ဆိုရသော်လည်း အလိုအလျောက် ရောက်လာသည်မဟုတ်။ သခင်ဘုရားအပေါ် ယုံကြည်ခြင်းသစ္စာရှိသူသည် ဝမ်းမြောက်ရွှင်လန်းသည်(ဆာ ၉၅း၁၊ ဖိ ၄း၄)။ ဝမ်းမြောက် ရွှင်လန်းခြင်းက အားအင်ပြည့်စေသည်(နေ ၈း၁၀)။ အပြစ်က ဝမ်းမြောက်မှုကို ဝေးလွင့်စေ သည်။ နောင်တ စိတ်ဖြင့် အပြစ်ဝန်ချတောင်းပန်ပြီးမှသာလျှင် ဝမ်းမြောက် ဝမ်းသာနိုင်သည်(ဆာ ၅၁း၁၂)။
ဝမ်းမြောက်ခြင်းသည် အမြှုပ်ထစီးဆင်းလေ့ရှိသည်(၂ကော ၈း၂)။ အလွန်ဝမ်းမြောက်လျှင်(၆ရာ ၃၀း၂၆) လူကို အော်ဟစ်စေသည်(ဆာ ၁၁၈း၁၅)။ ခုန်ပေါက်စေသည်(လု ၆း၂၃)။ စင်စစ်တွင် လူ့စကားဖြင့် ဖော် ညွှန်းမ မီနိုင်(၁ပေ ၁း၈)။
ယနေ့ယုံကြည်သူများသည် ဘဝင်နှလုံးရွှင်ပြုံးနေရသော်လည်း ထို ထက် ဝမ်းမြောက်စရာ ကြုံတွေ့ကြ ဦးမည်။ ကောင်းကင်နိုင်ငံတော်ထဲသို ဝင် ရောက်ခြင်းသည် သခင်ဘုရား၏ ပီတိထဲသို ဝင်ရောက်ခြင်းဖြစ်သည်။ ဓမ္မ ဟောင်းနှင့် ဓမ္မသစ်ကျမ်း(၂)စောင်စလုံးတွင် ထိုအနာဂတ်ဝမ်းမြောက်မည့် အရေး တွေ့ရသည်(ဟေရှာ ၅၅း၁၂၊ ဗျာ ၁၉း၇)။ ထိုဝမ်းမြောက်ခြင်းသည် ခရစ်ယာန်များက ခရစ်တော်နှင့် တူညီသည့်အရေးဖြစ်၍(ဟေဗြဲ ၁၂း၂) မျက်မှောက်ကာလ၌ ဆင်းရဲဒုက္ခခံနိုင်ရသည့် အကျိုးဆက်ဖြစ်သည်(မ ၅:၁၂၊ ၁ပေ ၁း၆-၈)။ စုံစမ်းခြင်း မျိုးစုံက ယုံကြည်ခြင်း ပိုမိုခိုင်မာစေပြီးနောက် ဝမ်းမြောက် မှုပေးသည်(ယာ ၁း၃)။
Jubilee (ယုဗလီ)
ဣသရေလလူများသည် (၇)နှစ်မြောက်တိုင်း ဥပုသ်နှစ်အဖြစ် လယ် ယာမြေကို အနားပေးရသည်။ (၇)နှစ်မြောက်ကို ဥပုသ်နှစ်ဖြစ်သည့်အတိုင်း (၄၉)နှစ်မြောက်သည် အပြစ်ဖြေရာနေ့ရက်ကြီးဖြစ်၍ နယ်မြေတလွှား တံပိုး မတ်ကြသည်(ဝတ် ၂၅း၉)။ နောက်နှစ်၊ နှစ်ပေါင်း(၅၀)ပြည့်နှစ်သည် ယုဗလီ နှစ်ဖြစ်သည်။ ယုဗလီဟူသော စကားသည် ဟေဗြဲစကား ဆိတ်ထီးမှလာသည်။ အကြောင်းသော် ဆိတ်ထီး၏ ဦးချိုကို တံပိုးအဖြစ် ပြုလုပ်ကြသည်။
ဥပုသ်နှစ်ကဲ့သိုပင် ယုဗလီနှစ်တွင်လည်း လယ်ယာမြေကို အနားပေး ကြသည်(ဝတ် ၂၅း၁၁၊ ၁၂)။ ဥပုသ်နှစ်၏ နောက်ဆုံးနေ့တွင် အကြွေးဟူသမျှ လျှော်ပစ်ကြသည်(တရား ၂၅း၁)။ ယုဗလီနှစ်တွင် လယ်ယာမြေအား မူလ ပိုင်ရှင်သို့ ပြန်အပ်ရသည်(ဝတ် ၂၅း၁ဝ၊ ၁၃၊ ၂၈)။ ဣသရေလကျေးကျွန်များ နှင့် သူရင်းငှါးလုပ်သားများကို လွှတ်လိုက်ကြသည်(ငယ် ၃၉-၄၃၊ ၄၇-၅၅)။
ယုဗလီနှစ်တွင် အဓိကရည်ရွယ်ချက်(၂)ခုရှိသည်။ ဆင်းရဲမှုလျှော့ချ ရေးနှင့် မြေပိုင်ရှင် ပဒေသရစ် ကြီးများ မပေါ်ထွန်းအောင် ဟန့်တားရေး ဖြစ်သည်။ ထိုထက်အရေးကြီးသည်မှာ မြေယာပိုင်ရှင်သည် ဘုရားသခင်ဖြစ် ကြောင်းနှင့် ဣသရေလတို့က ယုံကြည်စိတ်ချစွာ ကိုးကွယ်ရေးဖြစ်သည်။
အမွေခံခြင်းတွင်လည်းကြည့်ပါ။
Judah (ယုဒ)
ယာကုပ်၏ စတုတ္ထသားဖြစ်သည်(က ၂၉း၃၅)။ တည်ကြည်ပီပြင်သော ခေါင်းဆောင်အရည်အချင်း ရှိသဖြင့်(က ၃၇း၂၆၊ ၄၃း၃-၁ဝ၊ ၄၄း၁၆၊ ၄၆း၂၈) သားစဉ်မြေးဆက် ဣသရေလတို့ကို ခေါင်းဆောင်မည့် အကြောင်း ဖခင်၏ ကောင်းချီးပေးခြင်းခံရသည်(က ၄၉း၁၀)။
ယုဒလူတို့သည် ကတိတော်မြေတောင်ပိုင်းတွင် အခြေပြုကြသည်။ တရားသူကြီးခေတ်ကာလတွင် တက်ကြွစွာ ပါဝင်ကြ၍ ပထမဆုံးတရားသူကြီး မြသန်နေလပေါ်ထွန်းသည်။ တောင်မြောက်နိုင်ငံဟူ၍ နှစ်ပိုင်းကွဲပြားကြသော မြောက်ပိုင်းသားများနှင့် ဖက်လှဲတကင်းမပြုကြ။ ရှောလုမင်းလက်ထက် ဣသရေလအမျိုးအဖြစ် ရေတွက်ဝင်ခြင်းမရှိ(၁ရာ ၁၁း၈) နောက်ပိုင်း၌ ထိုစိတ်ဝမ်းကွဲကြခြင်းသည် တရားသူကြီးခေတ်ကာလ၌ အမြစ်တွယ်၍ ရန်သူ များက ဖိအားပေးကြသောကြောင့်ဖြစ်သည်။
ဣသရေလတို၏ ဒုတိယမြောက်ဘုရင်(ဒါဝိဒ်)သည် ယုဒမျိုးနွယ်ဖြစ် သည်။ သူ့သား ရှောလမုန်ကာလ တိုင်အောင် တည်တံ့ပြီး သေလွန်သောအခါ နှစ်ခြမ်းကွဲသွားသည်။ မြောက်ပိုင်းကို ဣသရေလနိုင်ငံဟုခေါ်၍ တောင်ပိုင်းကို ယုဒနိုင်ငံဟုခေါ်သည်။
ယုဒမျိုးနွယ်သည် တော်ဝင်မျိုးနွယ်ဖြစ်သည့်အကြောင်း ဒါဝိဒ်၏ မိသားစုသို ကတိတော်စကား(က ၄၉း၁၀)နှင့်အညီ မင်းကောင်းမင်းမြတ် ဒါဝိဒ်(၂ရာ ၇း၁၆)၏ သားမြေးထဲမှ ယေရှုခရစ်တော်ပေါ်ထွန်း လာသည်(လု ၂း၄)။
ယုဒဟူသောနာမည်သည် ဟေဗြဲစကားတွင် ချီးမွမ်းခြင်းဖြစ်သည်(က ၂၉း၃၅ ကိုကြည့်)။
Judge (တရားသူကြီး)
ယခုခေတ်ကာလ တရားသူကြီး တရားရုံး၌ အမှုသွား အမှုလာကြားနာ ပြီး တရားဥပဒေအတိုင်း စီရင်ဆုံးဖြတ်သည်။ ဓမ္မဟောင်းတရားသူကြီးများ သည် ထိုမျှမက စီရင်ဆုံးဖြတ်ခွင့်ရှိသည်။ ဟေဗြဲစကားလုံးမှ တရားသူကြီး သည် လူများကို အုပ်စိုးခေါင်းဆောင် ကယ်တင်နိုင်သည်။ ထိုအပြင် လူများ ရှေ့တွင် အမှုကိစ္စကြား နာပြီး တရားမျှတစွာ စီရင်သည်။ တနည်းအားဖြင့် ဘုရားသခင်၏ ပညတ်တရားကို စောင့်ထိန်းသည်။ ထိုတရား သူကြီးများသည် အပြစ်ဒုစရိုက်သားကို အပြစ်ဒဏ်ပေးကြ၍ အပြစ်မရှိဘဲ စွပ်စွဲခံရသူကို လွတ် မြောက်စေကြ သည်။ လူ့အသိုင်းအဝိုင်းမှ ချိုတဲ့သူများကို တရားသဖြင့် ကွယ် ကာသည်။ ဥပဒေပြဌာန်းခြင်း၊ စီမံအုပ်ချုပ်ခြင်း၊ အများပြည်သူကို နှိပ်စက် သူများအား လက်နက်ကိုင်အဖွဲအစည်းဖြင့် နှိမ်နှင်းသည်။
ဓမ္မဟောင်းကာလမှ လူများတွင် တရားဥပဒေများရှိသော်လည်း အကြီးအကဲများက ထိုတရားအတိုင်း အုပ်စိုးရကြောင်း မသိနားမလည်ကြ။ ထိုတရားဥပဒေကို လူကြီးသူမများက စီရင်ပြဌာန်းကြသည်။ တရားသူကြီး များ၏ အကြီးအကဲသည် ဘုရားသခင်ဖြစ်သည်(က ၁၈း၂၅၊ ဆာ ၉၆း၁၃)။ ထိုသို့ ပြည်သူ့တရားရှင်ဖြစ်ကြ သည့်အတိုင်း ဘုရားရှင်က မောရှေသို့ ပညတ်တရားတော်များ အပ်နှင်းသည်။ ဟေဗြဲတရားသူကြီးများသည် ဘုရားရှင်၏ ကိုယ်စားလှယ်များဖြစ်ကြသည့်အလျောက် အလိုတော်နှင့်အညီ ပညတ်တရား အတိုင်း စီရင်လုပ် ဆောင်ကြသည် (ထွ ၁၈း၁၅၊ တရား ၁း၁၇)။ ဓမ္မသစ်ကျမ်း တွင် နယ်ဘက်အစိုးရမင်းများသည် ဘုရားရှင်က သူ့ကိုယ်စား စီရင်ခန့်အပ် သူများဖြစ်ကြောင်း ဆိုထားသည်(ရော ၁၃း၄)။
ရှေးဘိုးဘေးများလက်ထက်၌ မိသားစုမျိုးရိုးခေါင်းဆောင်ကြီးများ သည် တရားမျှတစွာ စီရင်အုပ်စိုး ကြသည်(က ၃၈း ၂၄)။ နောင်တွင် မောရှေက ဣသရေလတို့အား တရားစီရင်၍ ယေသရော၏ အကြံပေးချက် အရ လွယ် ကူစွာ စီရင်နိုင်ရန် ကိုယ်စားလှယ်များ ခန့်အပ်သည်(ထွ ၁၈း၂၄-၂၆)။ ထို အကျင့်ကို ခါနန်ပြည်တွင် ယဇ်ပုရောဟိတ်များနှင့်အတူ ဆက်လက်ကျင့်သုံး ကြသည်(တရား ၁၆း၁၈)။ အဓိကအချက်သည် ခက်ခဲသော ပြဿနာများကို စီရင်ဆုံးဖြတ်ခြင်းဖြစ်သည်(တရား ၁၇း၉)။
ယောရှုနှင့် ရှောလုမင်းတို ခေတ်ကာလအကြားတွင် ဘုရားသခင်က ဣသရေလလူများအား အခြားလူ များ၏ တိုက်ခိုက်ခြင်းမှ ကာကွယ်ရန်နှင့် တရားမျှတစွာ စီရင်အုပ်ချုပ်နိုင်ရန် တရားသူကြီးများ ခန့်အပ်သည်။ ပီပြင်စွာ ဆောင်ရွက်နိုင်ကြရန် တရားသူကြီးတိုင်းသို ဘုရားရှင်၏ ဝိညာဉ်တော်က တာဝန်များပြသသည်(သူကြီး ၃း၁၀၊ ၆၃၄၊ ၁၁:၂၉၊ ၁၄း၂၉)။
သက်ဦးဆံပိုင်ခေတ်တွင် ဘုရင်သည် အဓိက တရားစီရင်သူဖြစ်သည် (၂ရာ ၁၅း၂၊ ၃ရာ ၃း၁၆-၂၈)။ ပြည်နှင်ဒဏ် ခံရပြီးသည့်နောက်ပိုင်းတွင် လည်း တရားသူကြီးများက ဆက်လက်စီရင်ကြသည်(ဧဇ ၇း၂၅)။
Judgment (တရားစီရင်ခြင်း)
ကတိတော်မြေသို ဝင်ရောက်ကြခါနီးတွင် စကားတော်မနာခံလျှင် ဘုရားသခင်က အပြစ်ဒဏ်ပေးမည့် အကြောင်း မောရှေက ဣသရေလလူများ ခဲ့သည်(တရား ၂၈း၁၅-၆၈)။ နောင်တွင် ပရောဖက်များက မနာခံလျှင် လေးဆုံးအပြစ်ဒဏ် ပြည်နှင်ဒဏ်ခံကြရမည့်အကြောင်း ပြောပြကြသည် ဘုရား၏ နေ့ရက်မှာလည်းကြည့်)။ ပရောဖက်များသည် ဣသရေလနှင့်ယုဒလူများ ပြင်ပကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိ လူများအပေါ်သို့ ဘုရားသခင် က စီရင်မည့်အကြောင်း ဟောပြောကြသည်။ ကမ္ဘာတဝှန်းလုံး တရားစီရင် ခြင်းခံရသောအခါ ဖြောင့်မတ်သူ လွတ်မြောက်ပြီး လူဆိုးလူယုတ်များသည် အပြစ်စီရင်ခြင်း ခံကြရမည်ဟု ဒံယေလက ဟောပြောခဲ့သည်(ဒံ ၇း၂၆)။
ခရစ်တော်နှင့် တပည့်တော်များကလည်း ထိုအတိုင်း ဆက်လက်သွန် သင်ကြသည်။ ဘုရားသခင်သည် တရားသူကြီးဖြစ်တော်မူ၍ ခရစ်တော်အားဖြင့် အမှုတော်ပြုသည်(၂တိ ၄း၈၊ တ ၁၇း၃၁)။ လူတို့၏ အကျင့်စရိုက် အတိုင်း တရားစီရင်သည်(ဗျာ ၂၀း၁၃)။ ဘုရားသခင်၏ ပေအက္ခရာတင်ထားသော တရားတော်သိရှိသူများသည် ထိုတရားတော်အတိုင်း အသက်ရှင်ကြသည်။ အမှားအမှန်မသိရှိသူများသည် အသိတရား၏ စီရင်ဆုံးဖြတ်ခြင်း ခံကြရသည် (ရော ၂း၁၂-၁၆)။
မည်သည့်သာမန်လူကမျှ ဘုရားရှင်၏ ဖြောင့်မတ်ခြင်းစံချိန်မမှီနိုင် (ရော ၃း၂၃)။ ဘုရားရှင်က လူတိုင်းအား အပြစ်ဒုစရိုက်သားဟုဆိုသည်။ ခရစ်တော်တပါးတည်းသာလျှင် စုံလင်သောကြောင့် သူ့လူများ၏ အပြစ်များ ဖြေလွှတ်ရန် ကားတိုင်ပေါ်၌ အသေခံသည်(၁ပေ ၂:၂၂-၂၄)။ ထိုကြောင့် အပြစ်ဒုစရိုက်မှ ကင်းလွတ်ခြင်းငှါ ခရစ်တော်ကိုတည်မှီ၍ လက်တွေ့အသက် တာတွင် စံနမူနာယူရသည်(ယော ၅း၂၄)။
ခရစ်တော်ဘုရား ပြန်လည်ကြွလာချိန်(ယော ၅း၂၄-၃ဝ)၌ သေလွန် ပြီးသောသူများလည်း တရားစီ ရင်ခြင်း ရင်ဆိုင်ကြမည်။ လူတိုင်း အပြစ်စီရင် ခြင်းခံရန် ဘုရားသခင်၏ တရားပလ္လင်တော်ရှေ့သို ရောက်ကြဦး မည်(၂ကော၊ ၅း၁၀)။ သို့သော် ယုံကြည်သူများအတွက် ကြောက်စရာမရှိ( ၁ယော ၄း၁၇)။ တရားစီရင်ခြင်းသည် ယုံကြည်ခြင်းသစ္စာရှင်များအတွက် ရွေးနှုတ်ချိန်ဖြစ်၍ အပြစ်သားများအတွက်မူ ထာဝရအပြစ်ဒဏ် စတင်ခံရချိန်ဖြစ်သည်(၂သက် ၁း၅-၁ဝ၊ ဗျာ ၆း၁၀)။
ဘုရားသခင်၏ ထိုစီရင်ချက်သည် ခရစ်တော်အပေါ် ယုံကြည်ခြင်း၊ သစ္စာ ရှိမရှိအကြောင်းအပေါ်တွင် မူတည်သဖြင့် ခရစ်ယာန်မဟုတ်သူများ သည် အပြစ်စီရင်ခြင်း ခံကြရမည့်သူများဖြစ်ကြသည်(ယော ၃း၁၈)။ ထိုအပြစ် စီရင်ခြင်းမှ ကင်းလွတ်ရန် တခုတည်းသောနည်းလမ်းမှာ ခရစ်တော်ကို ယုံကြည် တည်မှီခြင်း ဖြစ်သည်(ရော ၈း၁)။
Judging (ဝေဖန်စောကြောခြင်း)
ခရစ်တော်(မ ၇း၁)နှင့် တမန်တော်များ(ရော ၂း၁၊ ယာ ၄း၁၁)တိုက အခြားလူများအား ဝေဖန်စောခြင်း မပြုရန် တားမြစ်ကြသည်။ သူတပါး ၊ အပြစ်ကို လက်ညှိးထိုးသူသည် ဦးစွာ မိမိအပြစ်ကို ကြည့်ရှုရသည်။ လူသည် မိမိကောင်းကြောင်း၊ သူများမကောင်းကြောင်း ပြောဆိုလေ့ရှိကြသည်(ရော ၁၄း၄)။ ထိုသို ပြုမူသူသည် ပြည်သူ့တရားရှင် ဘုရားသခင်ကို မသိနားမလည် သူဖြစ်သည်။
အသင်းတော်သည် အပြစ်ပြုသော အသင်းသားအား စီရင်ရသည် (မ ၁၈း၁၅-၁၈၊ ၁ကော ၅)။ ထိုသိုဆိုရာတွင် မိမိကိုယ်ကို ဖြောင့်မတ်သူဟု မမှတ်ရ။ အသင်းတော်တခုလုံးနှင့် အပြစ်လွန်ကျူးသူ ကောင်းစား ရေးအတွက် ဖြစ်သည်။ ယုံကြည်သူအချင်းချင်း အငြင်းပွားအချင်းများလျှင် နယ်ဘက်တရား ၊ ရုံးသို့ မသွားသင့် ကြောင်း အသင်းတော်သို သွန်သင်ချက်ရှိသည်။
လူများသည် လူ့မျက်နှာကိုကြည့်၍ တရားစီရင်တတ်ကြကြောင်း(လု ၁၂း၅၇)၊ အမှန်မှာ ခရစ်တော် အကြောင်းကို တည်မှီပြီး ပါးနပ်စွာ စီရင်ရကြောင်း သွန်သင်ထားသည်(ယော ၇း၂၄)။ ထိုကြောင့် ခရစ်ယာန် များသည် သေချာစွာ စဉ်းစားချင့်ချိန် ဆုံးဖြတ်ရသည်။ သို့မှသာလျှင် လိမ်ညာမှုမှ ကင်း လွတ်နိုင်သည်။ တရားစီရင်ချက်ဟူသမျှသည် ဘုရားရှင်မိန့်တော်မူသော သမ္မာ တရားနှင့် လိုက်လျောညီထွေရသည်(ယော ၈း၁၆)။
Justice, Righteousness (တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်း)
တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းကို လွယ်လင့်တကူ မခွဲခြားတတ် နိုင်ကြ။ အကြောင်းသော် တရားမျှ တသူသည် ဖြောင့်မတ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်က တရားမျှတစွာ စီရင်သည်။
ဘုရားသခင်သည် တကမ္ဘာလုံးကို စီရင်ပိုင်သော ပြည်သူ့တရားရှင် ဖြစ်သည်။ အရာခပ်သိမ်းကို တရားမျှတစွာနှင့် ဖြောင့်မတ်စွာ စီရင်သည် (တရား ၃၂း၄၊ ဆာ ၁၄၅း၇၊ ဗျာ ၁၅း၁၃)။ အရာခပ်သိမ်းထက် သူ့လူများကို ချစ်ခင်မြတ်နိုးသည်ဖြစ်၍ ဝတ်ပြုကိုးကွယ်ကြခြင်းသည် တရားမျှတသည်(အာ ၅း၂၁-၂၄၊ မိ ၆း၈)။
ဘုရားရှင်၏ လမ်းတော်အတိုင်း ပြုမူသူသည် တရားမျှတသည်က ၁၈း၁၉)။ ဘုရားသခင်၏ အစေခံယူ၍(မာလ ၃း၁၈) တရားတော်နာခံသည့် (ယေဇ ၁၈း၁၉၊ ရော ၂း၁၃)။ ခေတ်ကာလအဆက်ဆက်တွင် တရားမျှတခြင်း နှင့် ဖြောင့်မတ်ခြင်းကို အမျိုးမျိုး အနက်ဖွင့်ဆိုကြသော်လည်း ကျမ်းစာလာ၊ တရားမျှတခြင်း သည် အစဉ်အမြဲ တသမတ်တည်းရှိသည်။ အကြောင်းသော် ထိုတရားမျှတခြင်းသည် ဘုရားသခင်နှင့် တရားတော်အပေါ်တွင် အခြေပြု သည်။ ဘုရားသခင်ကို မသိရှိသူများသည်လည်း သူတိုစိတ်နှလုံးထဲ၌ ဘုရား ရှင်ကို ယုံကြည်ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းရှိလျှင် သိရှိနားလည်နိုင် ကြသည်။
တရားမျှတခြင်းဟူသော စကားသည် ဟေဗြဲစကားရပ်တွင် စံချိန် စံညွှန်းမှီခြင်းဟု အနက်ရသည်။ အလေးအပင်နှင့် အခြင်အတွယ်တွင် စံမှီ ရသည်(ဝတ် ၁၉း၃၅၊ ၃၆)။ ကျမ်းစာတွင်လည်း ဘုရားသခင်၏ တရားတော် အတိုင်း ပြည့်စုံခြင်းဖြစ်သည်။ ချမ်းသာကြွယ်ဝသည်ဖြစ်စေ၊ ဆင်းရဲမွဲတေသည် ဖြစ်စေ လူတိုင်း ထိုစံချိန်စံညွှန်း မှီရသည်( ၂၃း၂-၉၊ တရား ၁၆း၁၈-၂၀)။
တရားမျှတခြင်းက ဒုစရိုက်ကို ဒဏ်ပေးသည်(လု ၂၃း၄၁၊ တ ၂၈း၄)။ ဘုရားရှင်၏ တရားစီရင်ချက်က အပြစ်သားကိုဆန့်ကျင်၍ အမျက်တော်ကို ပြသသည်(ရော ၂း၅)။ ထိုအပြင် ဖြောင့်မတ်သူများ၏ ပုန်ကန်မှုကို ထုတ်ဖော် ပြသ၍ ပိုမိုထင်ရှားစေသည်(၂ရာ ၁၅း၄၊ ဆာ ၁၀၃း၆၊ ဗျာ ၇း၁၀)။ ဘုရား ရှင်၏ တရားမျှတခြင်းက ကယ်တင်ခြင်းပေးသကဲ့သို့ အပြစ်စီရင်ခြင်းလည်း ပြုတော်မူသည်။ တရားမျှတမှုက ဖြောင့်မတ်သူများသို နောင်တတရားနှင့် ကယ်တင်ခြင်းတရားပေးသည်(ဟေရှာ ၁း၂၇)။
လူသည် ဖြောင့်မတ်၍ တရားမှုရှိသည်(ဖိ ၃း၆)ဟု မည်သိုပင် ဆိုစေ ကာမူ ရှေ့တော်မှာ ဖြောင့်မတ်သူ တယောက်မှမရှိ(ရော ၃း၁၀)။ လူ အကောင်းဆုံးဖြောင့်မတ်မှု အပြုအမူသည် ရှေ့တော်၌ လက်နှီးစုတ်ကျ ဖြစ်သည်(ဟေရှာ ၆၄း၆)။ မိမိအပြစ်ကို နောင်တရ၍ ခရစ်တော်အား ယုံကြည် ခြင်းသစ္စာရှိသူထံသို ဘုရားရှင်က ဖြောင့်မတ်စေတော်မူသည်(ရော ၃း၂ ပါ ဖြောင့်မတ်ရာသို့ ရောက်ခြင်းအကြောင်းနှင့်ယှဉ်ကြည့်)။
Justification, Justify (ဖြောင့်မတ်ရာသို့ ရောက်ခြင်း၊ ဖြောင့်မတ်စေခြင်း)
ဖြောင့်မတ်ရာသို ရောက်စေခြင်းဆိုသည်မှာ အပြစ်ကင်းလွတ်ကြောင်း ၊ တရားရုံး အသုံးအနှုန်း စကားလုံးဖြစ်သည်။ စွပ်စွဲခံရသူတွင် အပြစ်မရှိကြောင်း တရားသူကြီးက စီရင်ချမှတ်သောအခါ ထိုစွပ်စွဲခံရသူ သည် အပြစ်ကင်းစင်သည်။ တနည်းအားဖြင့် ဖြောင့်မတ်သူမှန်ကြောင်း သိမှတ်ချက် ထုတ်ပြန်ခြင်း ဖြစ်သည်။
ကျမ်းစာသုံး ဖြောင့်မတ်ရာသိုရောက်ခြင်းသည် အပြစ်မရှိ၊ ဖြောင့် မတ်သူဟု ဆိုခြင်းသည် ချိုယွင်းချက် ဖြစ်သည်။ ဆာ ၅၁း၄ တွင် အပြစ်သား များအား အပြစ်စီရင်ခြင်းသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဟု ဆိုသည်။ ဧလိဟု(ယောဘ ၃၂း၂)နှင့် ဘုရားသခင်(ယောဘ ၄၀း၈)တို့က ယောဘအား ဘုရားသခင်သည် မှားယွင်း ကြောင်း စွပ်စွဲချင်သလားဟုဆိုကြသည်။ ရှင် ယာကုပ်က လူသည် မိမိကောင်းမှုကုသိုလ်ပြုလုပ်ခြင်းကြောင့် ဖြောင့်မတ်သူ (ဘုရားတရားလူ)အဖြစ် ထင်မှတ်ကြသည်ဟုဆိုသည်။
တချို့က ဖြောင့်မတ်ရာသိုရောက်ခြင်းအရေးတွင် ရှင်ပေါလုနှင့် ရှင် ယာကုပ်တို့သည် သဘောထားဆန့် ကျင်ကြသည်ဟု ထင်မှတ်ကြသည်။ ထိုသို အထင်လွဲကြခြင်းမှာ ရှင်ယာကုပ်သည် လူများမြင်သာသည့် ပုံမှန်နေထိုင်ပုံကို ရည်ညွှန်း၍ ရှင်ပေါလုသည် ဘုရားရှင်က အပြစ်သားများအား ကယ်တင်ခြင်း ဓမ္မရေးရာ စကားလုံးသုံးနှုန်းသည်။ ရှင်ယာကုပ်၏စကားသည် လူ့ကြိုးစား မှုဖြင့် ကယ်တင်ခြင်းရရှိနိုင်ကြောင်း မဆိုလိုပါ။ မိမိယုံကြည်ခြင်း အကျင့်အတိုင်း ကယ်တင်ခြင်းရရှိကြောင်း ဆိုလိုသည်(ယာ ၂း၁၈)။ ရှင်ပေါလုက ဖြောင့်မတ် ခြင်းကို ပထမဦးစားပေးရာ၌ ထိုစကားလုံးကို သုံးသည်။ ယုံကြည်ခြင်းသစ္စာ ရှိသူသည် အကျင့်စာရိတ္တ ဖြောင့်မတ်ကြောင်း ရှင်ပေါလုက သဘောတူထား သည်(ဂလာ ၆း၁၀၊ ဧ ၂း၁၀၊ တိ ၂း၁၁၊ ၁၂)။
ရှင်ပေါလုပြောသော ဖြောင့်မတ်ရာသိုရောက်ခြင်း ဟူသော စကားရပ် သည် အခြားကျမ်းချက်များနှင့် လည်း တသဘောတည်းရှိသည်။ သိုသော် အရေးကြီး ချိုယွင်းချက်တခု ထားရှိသည်။ သူ့စာများတွင် ဖြောင့်မတ် ရာသို့ ရောက်သူသည် မိမိကိုယ်ကို အပြစ်ကင်းစင်သူ(ဖြောင့်မတ်သူ)အဖြစ် အသိ အမှတ်ပြုခြင်းမဟုတ်။ ကျေးဇူးတော်အားဖြင့် ဘုရားပေးလက်ဆောင်ဟုဆိုသည် (ရော ၃း၂၄)။ အပြစ်ပြုသော်လည်း ဒုစရိုက်သ မားမဟုတ်ဟု ဘုရားသခင်က မဆိုပါ။ အကြောင်းသော် မိမိကြိုးစားကျင့်ကြံမှုကြောင့်မဟုတ်ဘဲ ဘုရားပေး ဖြောင့်မတ်ခြင်းတရားဖြစ်သည်(ရော ၃း၂၁)။ ဘုရားသခင်သည် တရားမျှတ စွာ ပြုတော်မူသည်။ အကြောင်း သော် ခရစ်တော်က လူတို၏ အပြစ်ကို အေ လွှတ်သည်။ ဒုစရိုက်မှုအတွက် အပြစ်ဒဏ်ပေးရာ၌ ဘုရားရှင်သည် တရား မျှတစွာ စီရင်သည်(ငယ် ၂၄-၂၆)။
ထိုကြောင့် ဘုရားတရားတော်ကို နာခံခြင်းကြောင့်မဟုတ်ဘဲ ဘုရား ရှင်တော်ကြောင့် ဖြောင့်မတ်ရာသို ရောက်သည်ဟု သွန်သင်သည်(ဂလာ ၃း၁၁)။ ထိုစံညွှန်းအရဆိုလျှင် လူသည် အပြစ်ဒုစရိုက်သားဖြစ်သည်။ ခရစ် တော်ထဲ၌ရှိမှသာလျှင်(၁ကော ၆း၁၁၊ ဂလာ ၂း၁၇) ဖြောင့်မတ်ရာသိုရောက် ပြီး ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ဘုရားပေးအခွင့်အရေး အပြည့်အဝ ခံစား ရသည်(ရော ၅း၁၊ ဂလာ ၃း၂၄)။
Kenites (ကေနိလူ)
ကေနိလူများသည် မေဒျန်းလူမျိုးထဲ၌ ပါဝင်ကြသည်။ အာဗြဟံခေတ် ကာလ၌ ခါနန်ပြည်တွင် နေထိုင်ကြသည်(က ၁၅း၁၉)။ သိနာကျွန်းဆွယ် တောင်ပိုင်းဒေသရှိ ကေနိအမျိုးသမီးအား မောရှေက ထိမ်းမြား သည်(တော ၁၀း ၂၉ ကို သူကြီး ၁း၁၆ နှင့်ယှဉ်ကြည့်)။ ကတိတော်မြေအား ဣသရေလတိုက သိမ်းပိုက်ပြီး သည့်နောက်ပိုင်းတွင် ကေနိလူများသည် ယုဒလူမျိုးနွယ်နှင့်အတူ နေထိုင်ကြသည်(သူကြီး ၁း၁၆)။ သို့သော် ကြာလေဝေးလေဖြစ်ကြသည်(၁ရာ ၃၀း၂၉)။ စုခသိ(၅ရာ ၂း၅၅၊ နေ ၃း၁၄)လူမျိုးသည် ကေနိလူများဖြစ် ကြသည်။
ကေနိဟူသောစကားသည် ပန်းဘဲဟု အနက်ရသည်။ သိနာကျွန်းဆွယ် ဒေသသည် ကြေးဝါထွက်ရှိရာ ဒေသဖြစ်သောကြောင့် သတ္တုလုပ်ငန်းလုပ်ကိုင် ခြင်းကို စွဲမှတ်ခေါ်ဆိုခြင်းဟု ယူဆရသည်။
Kidneys (ကျောက်ကပ်)
ယဇ်ကောင်၏ ကျောက်ကပ်ကို တခါတရံ အခြားအစိတ်အပိုင်းများ နှင့်အတူ ယဇ်ပူဇော်ရသည်(ထွ ၂၉း၁၃၊ ဝတ် ၃း၄)။ အကြောင်းသော် ကျောက်ကပ်ကို အဆီက ဖုံးလွှမ်းသဖြင့် ယဇ်အဖြစ် မီးရှိပူဇော်ရာ၌ သင်းပျံ့သည်။
ယောဘ ၁၆း၁၃ နှင့် မြည် ၃း၁၃ တိုတွင် ကျောက်ကပ်ကို ထိမှန် ဆင်းသည့်အကြောင်း ရေးထားသည်။ ဆိုလိုသည်မှာ နောက်ကွယ်မှ က်လျှင် အကွယ်အကာမရှိသောကြောင့် ကျောက်ကပ်ကို ချိန်ရွယ်ပစ်ခတ် ရသည်။ ဘုရားသခင်က ဝန်းရံပြီး သိမ်းပိုက်သည့်အကြောင်း၌ သုံးနှုန်းသည်။
အခြားတခုမှာ ကျောက်ကပ်သည် အနက်ရှိင်းဆုံးသော လူ့စိတ် မနောကို ရည်ညွှန်းသည်(ဆာ ၇၃း၂၁)။ တနည်းအားဖြင့် တိရစ္ဆာန်အား သတ် ဖြတ်လှီးဖြတ်ရာ၌ ကလီစာများ ထုတ်ယူရာတွင် ကျောက်ကပ်ကို နောက် ဆုံး၌ ထုတ်ယူလေ့ရှိကြသည်။
Kin, Kinsman (ဆွေမျိုး၊ အမွေခံလူ)
ဣသရေလူများအတွက် မိသားစုစနစ်သည် အလွန်အရေးကြီးသည်။ သွေးသားတော်စပ်သူနှစ်ဦးသည် အပြန်အလှန် အမျိုးတော်စပ်ကြသည့်အတိုင်း အပြန်အလှန် ဖွဲနှောင်ကြသည်။ အခြားတဘက်တွင် ဣသရေလလူမျိုးအား လုံးသည် ဆွေမျိုးတော်စပ်ကြသည်(တရား ၁း၁၆၊ တ ၇း၂)။ အကြောင်းသော် ဣသရေလဟူသော ယာကုပ်၏ သားမြေးများဖြစ်ကြသည်။
အနီးစပ်ဆုံးဆွေမျိုးသည် ဝတ္တရားကြီးမားသည်။ တစုံတဦးသည် သား သမီးမကျန်ဘဲ ဆုံးသွားလျှင် ကျန်ရစ်သော သူ့မယား မုဆိုးမအား ညီအစ်ကို များက ထိမ်းမြားပြီး တရားဝင် အမွေခံစေကြသည်(တရား ၂၅း၅-၁၀)။ အနီး ဆုံးဆွေမျိုးသည် သူ့အမျိုး၏ ပစ္စည်း၊ လူအား ဦးစွာ ဝယ်ယူခွင့်၊ ရွေးယူပိုင် ခွင့်ရှိသည်(ဝတ် ၂၅း၂၅၊ ၄၇-၄၉)။ မိမိအမျိုးသတ်သူအား လက်စားချေခွင့် ရှိသည်(တော ၂၅း၁၉)။
မိသားစုအကြောင်းမှာလည်းကြည့်။ အမွေခံအကြောင်းမှာလည်းကြည့်။
King (ရှင်ဘုရင်)
ဣသရေလသမိုင်းကြောင်းတွင် ရှင်ဘုရင်များက တရားသူကြီးများ ” နယ်ဘက်အုပ်စိုးခွင့် အမိန့်အာဏာ ရယူကြသည်။ တာဝန်ဝတ္တရားမှာ အများနည်းတူဖြစ်၍ နယ်မြေကို တရားမျှတစွာ စီရင်အုပ်စိုးခြင်းဖြစ်သည်(ဆာ ၇၂၊ ယေ ၃၃း၁၅)၊ သို့သော် ယဇ်ပုရောဟိတ်ဖြစ်ပိုင်ခွင့်မရှိ (၁ရာ ၁၃း၇-၁၄၊ ၆ရာ ၂၀း၁၆-၂၀)။
ဣသရေလခေါင်းဆောင်၊ ရှင်ဘုရင်များသည် ဘုရားရှင်ကို ကိုယ်စား ပြုကြသည်။ ဘုရားသခင်က ရွေးချယ်တော်မူသောသူများဖြစ်ကြသည် (တရား ၂၇း၁၅)။ ပရောဖက်(၃ရာ ၁၉း၁၆၊ ၄ရာ ၉း၆)၊ ယဇ်ပုရော ဟိတ်(၆ရာ ၂၃း၈ -၁၁)နှင့် ရှင်ဘုရင်များသည် ဘိသိက်ထားသူများဖြစ်ကြသည်။ ဆာ ၂ တွင် ကောင်းကင်ဘုံစံ ဘုရားသခင်က(ငယ်၄)၊ ယေရုရှလင်မင်းအား ဘိသိက်ထား သည်(ငယ် ၂၊ ၆)ဟုဆိုသည်။ ရှင်ဘုရင်သည် ဘုရားသခင်၏သား(ငယ် ၇၊ ၂ရာ ၇း၁၄)ဖြစ်သည်။ ဤကျမ်းစကားက ဒါဝိဒ်မင်း၏ ရှင်ဘုရင်ရာထူးအား ပထမနေရာတွင် ဦးစားပေးထားသည်။ ထိုစကားသည် ဒါဝိဒ်၏ သားမြေး ယေရှုခရစ်တော်တွင် ပြည့်စုံလာ သည်(တ ၄:၂၅၊ ၂၆၊ ဟေဗြဲ ၁း၅)။
တရားသူကြီးများကဲ့သိုမဟုတ်။ ရှင်ဘုရင်သည် မိမိရာထူးကို သား များသို လက်ဆင့်ကမ်းနိုင်သည်။ သိုသော် ဧဒုံလူတိုတွင် ထိုသိုမရှိ(က ၃၆း၃၁ -၃၉)သကဲ့သို မြောက်ပိုင်းဣသရေလနိုင်ငံသည် တိုင်းပြည် ပျက်သည့်တိုင်အောင် ထိုသို ပြုရိုးထုံးစံ မရှိခဲ့ကြ။ ယုဒပြည်တွင်မူ ဘုရားသခင်က ဒါဝိဒ်သို့ သူ့သားစဉ်မြေး ဆက်များတွင် ပလ္လင်တော်ဆက်ခံကြမည်ဟု ကတိတော်ပြုထား သည်(၂ရာ ၇း၁၆-၁၉)။
ပထမတွင် ပြည်သူများ၏ ရှင်ဘုရင်တောင်းဆိုချက်အား ရှမွေလက ငြင်းပယ်သည်။ ထိုအခါ ဘုရားသ ခင်က သူ့အား သူတိုဘုရင်အဖြစ်မှ ၄င်း ပယ်ကြသည်ဟုဣသရေလလူများသို မိန့်ဆိုသည်။ မည်သိုဖြစ်စေ လူတိုတောင်း ဆိုကြသည့်အတိုင်း ရှောလုသည် ဣသရေလတို၏ ပထမဆုံး ဘုရင်ဖြစ်လာ သည်။ ရှမွေလက ရှင်ဘုရင်များသည် ပြည်သူများနှင့် စည်းစိမ်ဥစ္စာများကို နှိပ်စက်ကြမည်ဟု သတိပေးထားသည်(၁ရာ ၈)။ တရားတော်က လူများအား ရှင်ဘုရင်ထားရှိခွင့်ပြုသည်။ သိုသော် ပြည်သူများအား ငွေကြေးရှာဖွေရာ အာဏာပြသရာအဖြစ် အသုံးမပြုရန် တားမြစ်ထားသည်(တရား ၁၇း ၁၄-၂၀)။
Kingdom of God (ဘုရားသခင်၏ နိုင်ငံတော်) ၊
ဘုရားသခင်သည် ဘုရင်ဖြစ်သည်။ ကျမ်းစာတွင် ထိုသို အများ အပြားဆိုထားသော်လည်း ခရစ်ဝင်ကျမ်းများတွင် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းချည်းသာ သွန်သင်ကြသည်။ မ ၁၃း၁၁ နှင့် မာ ၄း၁၁ တို့တွင် ထိုနည်းတူ သွန်သင်ကြရာ၌ ရှင်မဿဲက ကောင်းကင်နိုင်ငံတော်ဟု သုံးနှုန်း၍ ရှင်မာကုကမူ ဘုရားသခင်၏ နိုင်ငံတော်ဟု သုံးနှုန်းသည်။
Teaching in the Old Testament (ဓမ္မဟောင်းသွန်သင်ချက်)
ဘုရားသခင်က ဖန်ဆင်းခံအားလုံးကို အုပ်စိုးတော်မူသည်(ဆာ ၉၇း၁)။ အထူးသဖြင့် သူ့လူမျိုးတော် ဣသရေလအမျိုးကို အုပ်စိုးသည်(ဟေရှာ ၄၃း၁၅)။ ထိုလူမျိုးသည် ဘုရားသခင်၏ နိုင်ငံတော်ထဲရှိ ယဇ်ပုရော ဟိတ်များ ဖြစ်ကြသည်(ထွ ၁၉း၆)။ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူ့ခေတ်ကာ လဟုမြင်သည်။ သို့သော် အနာဂတ်နိုင်ငံတော်သည် အဆမတန် ကြီးမြတ်၍ ထာဝရတည်တံ့မည့်အကြောင်း ရှေ့ရှုကြသည်(ဒံ ၇း၁၄)။
Teaching of John the Baptist (ဗတ္တိဇံဟန်သွန်သင်ချက်)
ဗတ္တိဇံယောဟန်က သူ့ပရိသတ်များသို ကတိတော်လာ နိုင်ငံတော် ရောက်လာခါနီးကြောင်း ဟောပြော ခဲ့သည်(မ ၃း၂)။ ထိုနိုင်ငံတော်သည် တရား စီရင်မည်ဖြစ်သောကြောင့် အချိန်မတိုင်မှီ နောင်တရကြရန် သွန်သင် သည် (မ ၃း၁၀)။
Teaching of Christ and the apostles (ခရစ်တော်နှင့် တမန်တော်တို့၏ သွန်သင်ချက်)
နိုင်ငံတော်တည်လုနီးပြီ။ ယောဟန်ကဲ့သို့ပင် သခင်ယေရှုက နိုင်ငံတော် တည်လုနီးသောကြောင့် နောင်တရကြရန် ဟောပြောသွန်သင်သည်(မာ ၁း၅)။ များမကြာမှီ သူ့ထံသို ရောက်လာမည့်အကြောင်းလည်း သတိပေး သည်။ နတ်ဆိုးများ မောင်းထုတ်ခြင်းဖြင့် စာတန်ကို အောင်မြင်ကြောင်း ပြသ လျက် အမှုတော်စတင် သည်။
နိုင်ငံတော်၏ ပုံစံသစ်။ သခင်ယေရှုက လောကသားအမြင် နိုင်ငံတော်ကို ငြင်းပယ်သည်(မ ၄း၈-၁၀)။ သူ့နိုင်ငံတော်သည် တသီးတခြားဖြစ်သည်။ (ယော ၁၈း၃၆)။ အမှုတော်ပြုရာ၊ သခင့်ဦးဆောင်မှုပုံစံသည် တမျိုးတဖုံဖြစ်သည် ၂၀း ၂၅-၂၈)။ အရေးကြီးသိရှိနားလည်စရာမှာ ဘုရားသခင်၏ နိုင်ငံတော်သည် သူ့လူများသို ကယ်တင်ခြင်းအကျွတ်တရား လုပ်ဆောင်နေသည်(မ ၁း၃) သို့သော် လူ့ဘောင်အဖွဲ အစည်း ပြောင်းလဲနေ စေသည်ဟု မဆိုလိုပါ။ ထိုနိုင်ငံ တော်သည် ဘုရားရှင်တော် အုပ်စိုးရာဖြစ်သည်။
နိုင်ငံတော်၏ ဦးတည်ချက်။ တဖန်မွေးဖွားသူသာလျှင် နိုင်ငံတော်ထဲသို ဝင်ရောက်သည်(ယော ၃း၅)။ ကလေးသူငယ်ကဲ့သို ဖြစ်ကြရပြီး အပြစ်မှ ဝေး ကွာကာ ကရုဏာတော် တောင်းခံနေရသည်(မ ၁၈း၂၊ ၃)။
နိုင်ငံတော်ထဲ၌ ရှိသူသည် ဘုရင်ကို နာခံနေရသည်(မ ၅း၁၉)။ အသက်တာဖြောင့်မတ်ရသည်(မ ၆း၃၃၊ ရော ၁၄း၁၇)၊ မကောင်းသော အကြံ အစည်မရှိရ(ဂလာ ၅း၁၉-၂၁)။ ဘုရင်ကို အကြောင်းပြု၍ ကောင်းမှုကု သိုလ် များကိုသာ ပြုလုပ်ရသည်(ဂလာ ၆း၁၀၊ မ ၅း၁၆)။ ခရစ်ယာန်အစစ်အမှန် များသည် နိုင်ငံတော်ထဲတွင် ရှိနေကြ၍ ပြုဘွယ်အငန်းအတာ လုပ်ဆောင် သမျှသည် ရှင်ဘုရင်အတွက်ဖြစ်သည်။
နိုင်ငံတော်လာနေဆဲ။ သခင်ယေရှုက သူ့အထဲ၌ရှိသူသည် နိုင်ငံတော်ထဲ၌ တည်နေသော်လည်း မစုံလင်သေးဟု မိန့်တော်မူသည်။ စာတန်သည် ရှုးနိမ့် သော်လည်း ဘုရားသခင်ကို အာခံဆန့်ကျင်နေဆဲဖြစ်သည်။ လူတိုင်းက ခရစ် တော်ထဲရှိ ဘုရားရှင်၏ အုပ်စိုးမှုကို လက်မခံကြ။ ခရစ်တော်သည် ဘုန်းတန်ခိုး တော်ဖြင့် ပြန်လည်ကြွ လာမည်။ ထိုပြန်လည်ကြွလာမည့်နေ့ရက်သည် တရား စီရင်ရာနေ့ရက်(မ ၂၅း၃၁-၄၆)ဖြစ်၍ ဖန်ဆင်းခံ ဟူသမျှသည် ဘုရင်ဖြစ်တော မူသော ခရစ်တော်ရှေ့၍ ဝပ်တွားခစားကြမည်(ဖိ ၂း၁၁)။ ဘုရားသခင်၊ ခရစ်တော်နှင့် ဘုရားရှင်၏လူများသည် အစဉ်အမြဲ အတူတကွ စိုးစံကြမည် ( ဗျာ ၂၂:၃-၅)။
ကောင်းကင်ဘုံရှင် ခမည်းတော်ဘုရား၊ နိုင်ငံတော် အမြန်ရောက် ပါစေသော်။
Knowledge (သိရှိနားလည်ခြင်း)
ဟေဗြဲလူများအတွက် သိရှိနားလည်ခြင်းသည် အချက်အလက်များ သိရှိခြင်းမျှသာမဟုတ်ပါ။ သိရှိသောသူ၊ အကြောင်းအရာအား မှန်ကန်စွာ တွေ့ဆက်ဆံခြင်းဖြစ်သည်။ ထိုသို ဆက်ဆံခြင်းကြောင့် ဆက်လက်လှုပ်ရှားပြုမူနိုင်သည်။ ဟေဗြဲတို့၏ အတွေးတွင် သိရှိနားလည်ခြင်းနှင့် ပြုမူလုပ်ကိုင် ခြင်းသည် တဆက်တစပ်တည်းဖြစ်သည်။
မိမိသားဆုံးရှုံးကြောင်း သိရှိခြင်း(ဟေရှာ ၄၇း၈)သည် နာကျင်မှုကို ခံစားခြင်းဖြစ်သည်။ တိရစ္ဆာန်က သူ့သခင်ကို သိရှိခြင်း(ဟေရှာ ၁း၃)သည် သခင်၏ ဂရုစိုက်မှုကို သိရှိနားလည်၍ သခင့်ကို နာခံမှုဖြင့် တုံပြန်ခြင်း ဖြစ် သည်။ ဣသရေလတိုသည် ထိုတိရစ္ဆာန်များမျှပင် မသိရှိကြသဖြင့် ဘုရားသခင် အား မနာခံကြ။ မှန်ကန် သော သိရှိခြင်းသည် ခိုင်းမှသာ လုပ်တတ်ခြင်းမျိုး မဟုတ်။ ယေ ၄:၂၂ တွင် ထိုအကြောင်း ရေးထားသည်။ ဣသရေလတိုသည် ဘုရားရှင်က နာခံစေလိုချက်များကို လက်မခံငြင်းဆန်ကြသည်။
ဘုရားရှင်က လူကို သိရှိ၍ ဆက်ဆံခြင်းသည် ထိုသူအား ရွေးကောက် သည့်သဘောထားဖြစ်သည်။ ယေရမိသည် မမွေးဖွားခင်ကပင် ဘုရားရှင်က သိရှိသည်(ယေ ၁း၅)။ မမွေးဖွားခင်ကပင် ပရောဖက်တာ ဝန်ပေးရန် ဘုရား ရှင်က ရွေးချယ်သည်။ ရှင်ပေါလုက သူ့အား ဘုရားရှင်က ကြိုတင်ရွေးချယ် တော်မူခြင်းကို ဟေဗြဲစကားဖြင့် “သိရှိခြင်း”ဟုဆိုသည်(ရော ၈း၂၉)။
လူသည် သွန်သင်ချက်ကို နားထောင်ခြင်းဖြင့် အသိပညာရရှိသည် (သု ၁း၁-၄)။ အာရုံပြုဆင်ခြင်ခြင်း ဖြင့်လည်း နားလည်နိုင်သည်(ဒေ ၁း၁၂ -၁၈)။ သိုသော် စုံလင်သော အသိတရားသည် ဘုရားရှင်ထံမှလာသည်(သု ၂း၆)။ ထိုသို့ဖြင့် အထံတော်သို မှန်ကန်စွာ ပြန်လည်တုံပြန် ပြုမူနိုင်သည်(သု ၁း၇)။
ဓမ္မသစ်ကျမ်းတွင် ဟေဗြဲတို၏ တွေးခေါ်ပုံများတွေ့ရသည်။ သမ္မာ တရားသိရှိရန်(၁တိ ၂း၄) အကြောင်း အရာသိရုံမျှဖြင့် မလုံလောက်ပါ(ယာ ၂း၁၉)။ ဘုရားသခင်ကို ယုံကြည်သူသည် ဧဝံဂေလိသတင်းကောင်း၏ သမ္မာတရားအတိုင်း တုံပြန်ရသည်။
ဓမ္မသစ်ကျမ်းက လွဲမှားသော အသိတရားကို ဆန့်ကျင်သည်(၁တိ ၆း၂၀၊ ကော ၂း၈)။ သာသနာပ မိစ္ဆာအယူဝါဒီများသည် ထိုခေတ်ကာလ၌ သူတိုတပည့်များသို့ လျှိဝှက်ပညာ သွန်သင်လေ့ရှိကြသည်။ သို့သော် မှန်ကန် သော အသိ တရားမဟုတ်။ အကြောင်းသော် စစ်မှန်သော အသိဉာဏ်ပညာသည် ဘုရားရှင်ထံ မှလာသည်။ ရှင်ပေါလုက ကောရိန်သုအသင်းတော်ရှိ သင်း ခွဲခြင်းစိတ်သဘောထားကို ဆန့်ကျင်သည်(၁ကော ၈း၁)။
ထိုးထွင်းဉာဏ်ဝိညာဉ်လက်ဆောင်သည်(၁ကော ၁၂း၈) ဝိညာဉ် ရေးရာ သွန်သင်ရန်ဖြစ်သည်။
Lamb of God (ဘုရားသခင်၏ သိုးသငယ်)
ဤဂုဏ်ပုဒ်သည် ဗတ္တိဇံယောဟန်က သခင်ယေရှုကို ရည်ညွှန်းခြင်း ဖြစ်သည်(ယော ၁း၂၉၊ ၃၆)။ ဓမ္မသစ်ကျမ်းချက်များ၊ အထူးသဖြင့် ဗျာဒိတ် ကျမ်းတွင် သခင်ယေရှုကို သိုးသငယ်အဖြစ် ဖော်ညွှန်းလေ့ရှိသည်။
ယောဟန်က ဘုရားသခင်၏ သိုးသငယ်သည် လောကသားတို၏ အပြစ်များကို ဆောင်ကြဉ်းသွားသူဟု ဆိုသည်။ ဝတ် ၄း၃၂ ပါ အပြစ်ဖြေရာ ယဇ်အကြောင်း ထည့်သွင်းစဉ်းစားခြင်းဖြစ်နိုင်သည်။ ပသခါပွဲတွင် ပူဇော် သည့် သိုးသငယ်ကို အထူးအလေးထားခြင်း(ထွ ၁၂း၃)၊ ဟေရှာ ၅၃း၇ မှ သိုးသငယ် ကို အာရုံပြုခြင်းဖြစ်သည်။ ယောဟန်က သခင်ယေရှုသည် လူမျိုးတကာ(လော ကသားများအားလုံး)တို၏ အပြစ်များဆောင်ကြဉ်းသွားသည့် ဘုရားသခင်၏ သိုးသငယ်ဟုဆိုသည်။ ထိုကြောင့် ဣသရေလတိုက ယုဒလူမျိုးများ၏ အပြစ် များအတွက်သာ ပူဇော်သည့် သိုးသငယ်မဟုတ်ပါ(ယော ၁၁း၅၂)။
Lamp, Lampstand (မီးတိုင်၊မီးတိုင်စင်)
ကျမ်းစာခေတ်ကာလမှ မီးတိုင်ကို ရွှစေးဖြင့် ပြုလုပ်၍ သံလွင်ဆီအား မီးစာဖြင့် ထွန်းကြသည်။ ရာစုနှစ် ပေါင်းများစွာ ကြာလာသည်နှင့်အမျှ ပုံစ အမျိုးမျိုးပြောင်းလဲကာ ဇလုံပုံစံဖြင့် ပြုလုပ်လာကြသည်။ အလယ်တွင် အပေါက်ရှိသော ပြွန်တံတပ်ဆင်၍ ထိုပြွန်တံထဲသို ဆီလောင်းထည့်ကြသည်။ ထိုသိုသော မီးတိုင်များအား မီးတိုင်စင်များပေါ်တွင် တင်ထွန်းကြသည်။ ကျမ်း သာတွင် မီးတိုင်ကို အမှတ်အသားအဖြစ်လည်း သုံးသည်။ တဲတော်ရှိ သန့်ရှင်း ရာဌာနတော်ထဲ၌ အခက် ၇ ခုရှိသော မီးတိုင်စင်ရှိသည်(ထွ ၂၅း၃၁-၄ဝ၊ ၂၆း၃၅)။ ဒါဝိဒ်ကိုလည်း ဣသရေလမီးတိုင်(၂ရာ ၂၁း၁၇)ဟုခေါ်၍ ဘုရား ရှင်က ဒါဝိဒ်၏ မီးတိုင်း(၂ရာ ၂၂း၂၉)ဟုဆိုသည်။ ဘုရားရှင်၏ စကားတော့် သည် မီးတိုင်ဖြစ်သည်(ဆာ ၁၀၉း၁ဝ၅)။ မကောင်းသောသူ၏ မီးတိုင်သည် အခိုးအငွေ့ သာထွက်၍ အရောင်ထွန်းလင်းခြင်းမရှိ(ယောဘ ၁၈း၅၊ သု ၁၃း၉)။ ဗတ္တိဇံယောဟန်သည် မီးတိုင်တခု ဖြစ်၍(ယော ၅း၃၅) အသင်းတော်များသည် မီးတိုင်စင်များဖြစ်ကြသည်(ဗျာ ၁း၂၀)။ ဘုရားသခင်၏ ဝိညာဉ်တော် ကို မီးတိုင် (၇)ခုဖြင့် ဖော်ဆောင်သည်(ဗျာ ၄း၅)။
မီးတိုင်သည် အလင်းကိုပေးသောကြောင့် မှောင်မိုက်သို အလင်းပေး၍ လမ်းခရီးပြသသည်။ ထိုကြောင့် ဘုရားတရားသိသည့် အသက်လမ်းကိုပြသော နှုတ်ကပတ်တော်ကို ခေါင်းဆောင်မှုအမှတ်အသား မီးတိုင်များဟု ဆိုသည်(ဆာ ၁၀၉း၁ဝ၅)။ လူများကို ဦးဆောင်သူ(၂ရာ ၂၁း၁၇)၊ ခရစ်တော်နှင့် ဘဝခရီး လမ်းကိုပြသော အသင်း တော်(ဗျာ ၁း၂၀)တိုကို မီးတိုင်ဟုဆိုသည်။ မီးတိုင် သည် သမ္မာတရား၏ အမှတ်အသားဖြစ်၍ ဘုရားရှင်ထံမှ လာသော ကောင်းချီး မင်္ဂလာများကို ရည်ညွှန်းသည်(သု ၂၀း၂၇၊ ဆာ ၁၈း၂၈)။
Landmark (မြေမှတ်တိုင်)
မြေမှတ်တိုင်ကို ဣသရေလလူတို့က မိမိတိုပိုင်ဆိုင်ရာ နယ်မြေနယ် နိမိတ်အဖြစ် ကျောက်တိုင်ဖြင့် ပြုလုပ်စိုက်ထူကြသည်။ အကြောင်းမှာ ဘုရား ပေး အမွေဆက်ခံရာဖြစ်၍ ထိုမှတ်တိုင်ကို ပြောင်းရွှေ့ခြင်း မပြုရ(တရား ၁၉း၁၄၊ သု ၂၂း၂၈)။ အကယ်၍ ရွှေ့ပြောင်းစိုက်လျှင် ထိုအပြုအမူသည် ဆိုးညစ်မိုက်မဲခြင်း ဖြစ်သည်(ယောဘ ၂၄း၂၊ ဟော ၅း၁၀)။
Law (ပညတ်တရား)
ဓမ္မဟောင်းမှ ဟေဗြဲစကားတွင် “ညွှန်ကြားချက်”ဟု အနက်ရသည်။ ထိုစကားလုံးကိုပင် ထွ ၃၅း၄ တွင် လက်မှုပညာသွန်သင်ခြင်းအဖြစ် သုံးနှုန်း သည်။ သု ၃၁း၁ တွင် ဖခင်က သားသို သွန်သင်ညွှန်ကြားခြင်း အဖြစ်သုံးသည်။
ထိုပညတ်တရားကို ဘုရားသခင်၏ ညွှန်ကြားချက် ဟုလည်း သည်။ ထိုညွှန်ကြားချက်ကို ကျေးဇူးတော် အားဖြင့် ပဋိညာဉ်ပြုသောသူ များသို ပေးတော်မူသည်။ ဥပမာအားဖြင့် ထွ ၂၀း၂ တွင် ဘုရားရှင်သည် ဣသရေလ တို့၏ ရွေးနှုတ်သခင်ဟုဆိုသည်။ ထိုပညတ်တရားသည် ကတိတော် ပဋိညာဉ်အောက်ရှိ ဣသရေလလူတို၏ လိုက်နာစောင့်ထိန်းစရာ ဝတ္တရားဖြစ်သည်(ဂလာ ၃း၁၆-၂၂ ကြည့်)။
ဘုရားသခင်က သူ့လူများကို ပညတ်တရားဖြင့် မည်သို ရှင်သ မည့်အကြောင်း သွန်သင်တော်မူသည်။ အသက်တာ၌ ထင်ရှားရသည်။ ပညတ်တရားကို ဘုရားရှင်က မောရှေသို အမှတ်အသားအဖြစ် ရေးသားပေး သည်(တရား ၃၀း၁၀)။ ပရောဖက်ဖြင့်လည်း ညွှန်ကြားသည်(ဟေရှာ ၁း၁ဝ၊ ၈း၁၆)။ ဘုရားသခင်၏ အလိုတော် သည် ပြောင်းလဲခြင်းမရှိဘဲ အစဉ်အမြဲ တည်သည်(ဆာ ၁၁၉း၈၉-၉၁)။
ဘုရားသခင်၏ ပညတ်တရားသည် အလိုတော်အား သူ့လူများသို ထုတ်ဖော်ပြသခြင်းဖြစ်သည်။ ဘုရားတရားလူသည် ထိုပညတ်တရားထဲ၌ မွေ့လျော်သည်(ဆာ ၁း၂)။ ဘုရားရှင်၏လူများ အသက်တာအား လိမ္မာရေးခြား ရှိစေ၍ ဝမ်းမြောက်ဝမ်းသာစေသည်(ဆာ ၁၉း၇-၉)။ သူ့လူများကလည်း လိုလားစွာ လက်ခံကြ သည်(ဆာ ၁၁၉း၃၄)။
မောရှေမှတဆင့် ပေးထားသော ပညတ်တရား(ဂလာ ၃း၁၇)၊ ဓမ္မ ဟောင်းကျမ်းမှ ပထမကျမ်း (၅)စောင်(လု ၂၄း၄၄)၊ ဓမ္မဟောင်းကျမ်းတအုပ် လုံး(ရော ၃၉၊ ဆာလံကျမ်း၊ ဒေသနာကျမ်း၊ ဟေရှာယအနာ ဂတ္တိကျမ်း)တို့ကို စောင့်ထိန်းလိုက်နာရကြောင်း ဓမ္မသစ်ကျမ်းက ပြဌာန်းသည်။ ဆိုလိုသည်မှာ လူများအတွက် ဘုရားရှင်၏ အလိုတော်ဖြစ်သည်(ရော ၂း၁၅)။ အက္ခရာတင် ရေးထားသော ဘုရားတရားတော်များကို နာခံခြင်း သည် ဘုရားရှင်အား ဝမ်း မြောက်စေရာဖြစ်သည်(ဂလာ ၃း၁၁)။
ဓမ္မသစ်ကျမ်းက ခရစ်ယာန်များသည် ပညတ်တရားအောက်၌ မရှိ ကြတော့ပါ(ရော ၆း၁၄)ဟုဆိုသည်။ ဤနေရာတွင် ပညတ်တရားသည် ကယ် တင်ခြင်းတရားလမ်းညွှန်၊ ယုဒလူမျိုးဖြစ်ရန် လိုအပ်ချက်နှင့် ဓမ္မဟောင်းစဉ် လာများ စောင့်ထိန်းရန် ဆိုလိုသည်။ ထိုအချက်များသည် ခရစ်တော်ထဲ ပြည့်စုံပြီးဖြစ်သည်။ ပညတ်တရားအောက်၌ မရှိဟုဆိုခြင်းမှာ ဓမ္မဟောင်း ပညတ်တရားကို ပစ်ပယ်သည်ဟု ဆိုလိုခြင်းမဟုတ်။ ဘုရားရှင်၏ အလိုတော ဖြစ်၍ အရေးကြီးကိစ္စရပ်အဖြစ် ရှိနေပါသည်။ ခရစ်ယာန်မှန်လျှင် ဘုရား ရှင်၏ ပညတ်တော်၊ အလိုတော်ကို နာခံနေရသည်( ၁ကော ၉:၂၁၊ ၁ယော ၂း၃)။
ဓမ္မဟောင်းမှ ဘုရားသခင်၏ ပညတ်တော်နှင့် ဓမ္မသစ်ကျမ်းသည် အနှစ်သာရတွင် ကွာခြားကြသည် မဟုတ်။ ကျမ်းနှစ်စောင်စလုံးတွင် ဘုရားရှင်က ကျေးဇူးတော်ဖြင့် သူ့လူများကို ကယ်တင်သည်။ ထိုကျေးဇူး တော်သည် ပြည့်စုံလုံလောက်သည်။ သို့သော် ဘုရားရှင်၏ လူများသည် ညွှန်ကြားချက် ပညတ်တရားများကို စနစ်တကျ လိုက်နာစောင့်ထိန်းခြင်းဖြင့် ကယ်တင်ခြင်း ရရှိကြသည်။
Lawyers (ကျမ်းတတ်ပုဂ္ဂိုလ်)
ဓမ္မသစ်ကျမ်း၊ အထူးသဖြင့် ခရစ်ဝင်ကျမ်းများတွင် ကျမ်းတတ်ပုဂ္ဂိုလ် ဟူသော ဝေါဟာရတွေ့ရသည်။ တရားဓမ္မနားလည်နှံစပ်သူများဖြစ်၍ စာပေ ပညာရှင်ဟုလည်း ခေါ်ကြသည်။ ပင်ကိုယ်အားဖြင့် ဓမ္မဟောင်း ပညတ်ချက် များ နှံစပ်ကြ၍ ခရစ်တော်၏ လက်ထက်တွင် ယုဒဆရာများက ရိုးရာထုံး တမ်းစဉ်လာများ အ မြောက်အမြား သွန်သင်ကြသည်။ ယုဒဘာသာရေး ကောင်စီရှိ ကျမ်းတတ်ပုဂ္ဂိုလ်များက ခရစ်တော်ကို သေကြောင်းကြံစည်ကြ သည်(လု ၂၂း၆၆)။
Legion (တပ်မဟာ)
ရောမကြည်းတပ်ကို တပ်မဟာများဖြင့် ပိုင်းခြားဖွဲစည်းထားသည်။ တပ်မဟာတွင် စစ်သားပေါင်း ၆ဝဝဝ ရှိ၍ တပ်ရင်း(၁၀)ရင်းပါဝင်သည်။ တပ်ရင်းတရင်းတွင် စစ်သား ၁ဝဝ စီရှိသော တပ်ခွဲ(၆)ခွဲရှိသည်။ လက်တွေ့ တွင်မူ ထိုပမာဏထက် လျော့နည်းပြီး တပ်မဟာတခုတွင် စစ်သားပေါင်း ၄၈ဝဝ ခန့်ရှိသည်။ နတ်ဆိုးစွဲသူသည် သူ့ကိုယ်သူအား တပ်မဟာမှူးဟု ခေါ် သည်။ အကြောင်းသော် ထိုသူထဲတွင် ထိုမျှသော နတ်ဆိုးများရှိကြသည်(မာ ၅း၉)။ သခင်ယေရှုကလည်း ကားတိုင်ပေါ်မှ လွတ်မြောက်လိုလျှင် သူ့တွင် ကောင်းကင်တမန် တပ်မဟာ(၁၂)ခု ခေါ်ဆိုနိုင်သည်(မ ၂၆း၅၃)ဟု မိန့်တော် မူသည်။
Levi (လေဝိ)
လေဝိသည် ယာကုပ်၏ တတိယသား(က ၂၉း၃၄)ဖြစ်၍ ယဇ်ပုရေး တိတ်ဆွေနွယ်ရိုး လေဝိအမျိုး၏ ဘိုးအေဖြစ်သည်။
တမန်တော်မသဲ၏ အခြားနာမည်လည်း လေဝိဖြစ်သည်။ မ ၉း၉ တွင် သူ့ကို မဿဲဟုခေါ်၍ မာ ၂း၁၄ နှင့် လု ၅း၂၇-၂၉ တွင် လေဝိဟု ခေါ်သည်။
Levites (လေဝိလူ)
ယာကုပ်၏ တတိယသား လေဝိမှ ဆင်းသက်သော လေဝိဆွေနွယ်စု ဖြစ်သည်။ သိနာတောင်ပေါ်မှ မောရှေဆင်းသက်၍ ရွှေနွားရုပ်တုကိုးကွယ် ကြသော ဣသရေလလူများထဲမှ “ဘုရားသခင်၏ လူအတွက် ဖြစ်သူသည် ငါ့ထံသို လာကြ”ထွ ၃၂း၃၆)ဟု စိန်ခေါ်စဉ် မောရှေ့ထံသို ရပ်တည်သူများ ဖြစ်သည်။ ထိုသို့သော် စိတ်ထားရှိကြသောကြောင့် ဘုရားရှင်က အမှုတော် လုပ်ငန်းတွင် အထူးတာဝန်ပေးသည်(တရား ၃၃း၈-၁၁)။ ဘုရားသခင်က အဲဂုတ္တု သားဦးများ သေကြေကြစေရာတွင် သားဦးအရာရရှိကြသည်(တော ၃း၁၂၊ ၁၃)။
တဲတော်၌ လေဝိမိသားစု(၃)အုပ်သည် တာဝန်(၃)မျိုး ထမ်းဆောင် ကြသည်(တော ၄)။ တေးဂီတ ဦးဆောင်(၅ရာ ၆း၃၁၊ ၃၂)ကြသည်။ အာရုန်၏၊ သားစဉ်မြေးဆက်များ မဟုတ်ကြသောကြောင့် ယဇ်ပုရော ဟိတ်မဖြစ်နိုင်ကြ (တော ၁၈း၇)သော်လည်း အကူအညီပေးနိုင်ကြသည်။
လေဝိဆွေနွယ်ရိုးသည် ခါနန်ပြည်တွင် အခြားလူမျိုးနွယ်များကဲ့သို နယ်မြေဝေစု မရရှိကြ။ မြိုပြကြီးများ နှင့် အခြားလူမျိုးနွယ်များ နယ်မြေထရ မြို့ကြီးများ ပိုင်ဆိုင်ကြသည်(တော ၃၅း၁-၅)။ ဣသရေလတ မျိုးသားလုံးက လေဝိလူများအတွက် ဆယ်ဘို့တဘို့ ပေးကြသည်။
Lie, Lying (လိမ်ညာခြင်း၊ မုသာ)
စာတန်သည် မုသာ၏ ဖခင်ဖြစ်သည်(ယော ၈း၄၄)။ ဧဒင်ဥယျာဉ် တွင် မြွေက ဘုရားသခင်အား လိမ်ညာသူအဖြစ် စွပ်စွဲသည်(က ၃း၄)။ အမှန် မှာ ထိုသို့မဟုတ်။ ဘုရားသခင်သည် သမ္မာသစ္စာတရား၏ ဘုရားရှင် ဖြစ်သည်(ဆာ ၃၁း၅)။ မုသာလိမ်ညာစကား ပြောဆိုသူများသည် စာ သားသမီးများဖြစ်ကြသည်။ သူတိုကိုးကွယ်ရာသည် မုသာဖြစ်သည် :'(ရော ၁း၂၅)။
ဘုရားသားသမီးများသည် မုသာလိမ်ညာခြင်းကို မုန်းကြသည်(သု ၁၉း၂၂)။ အလိမ်အညာသည် ဇာတိဟောင်းတွင် ပါဝင်၍ ထိုအပြစ်ရှိသော ဘဝသည် အတိတ်တွင် ကျန်ရစ်ခဲ့သည်(ကော ၃း၉)။ အာနနိနှင့် စာဖာရိတို သည် အသင်းတော်သို လိမ်ညာပြောဆိုကြသဖြင့် သန့်ရှင်းဝိညာဉ်တော်ကို လိမ်ညာရန် ကြိုးစားခြင်း ဖြစ်ကြောင်း ပေတရုက အပြစ်တင်ဆုံးမသည်(တ ၅း၃၊ ၄)။
ပညတ်တော်ဆယ်ပါးမှ နဝမအချက်တွင် အခြားသူများအား မလိမ် ညာရန် ပညတ်ထားသည်(ထွ ၂း၀၁၆)။ လိမ်ညာလှည့်ဖြားခြင်းဟူသမျှကို ဝတ် ၆း၂၊ ၃ ၌ တားမြစ်သည်။ တခါတရံ ဘုရားသခင်ကို ချစ် ကြောက်သူများသည် လည်း ဒုစရိုက်လူများအား ဒုစရိုက်မှု ရပ်တန်းက ရပ်စဲကြရန် စေတနာမုသာ သုံးရ သည်(ထွ ၁း၁၉၊ ယောရှု ၂း၄၊ ၅)။ သို့သော် မကောင်းသောလိမ်ညာမှု တိုင်း၌ ထိုသို မုသာသုံးရသည်ဟု မဆိုလိုပါ။
Life (အသက်)
ဘုရားသခင်သည် ဘုရားရှင်တော်ဖြစ်သည့်(တော ၁၄း၂၈)အတိုင်း ရုပ်တုဘုရားတုနှင့် ဆန့်ကျင်သည် (ဆာ ၁၁၅း၄-၈)။ ကိုယ်တော်သည် အသက် ၏ သခင်၊ အရင်းအမြစ်ဖြစ်သည်(က ၁း၂၀၊ ၂း၇၊ ဆာ ၃၆း၉)။ အသက်ကို ပေးပိုင်သူနှင့် ရွေးနှုတ်ပိုင်သူဖြစ်သည်(တရား ၃၂း၃၉)။ အသက်ရှင်တော် မူသော ဘုရားဟုဆို သောအခါ ရှိနေရုံမျှသာ ဆိုလိုခြင်းမဟုတ်။ တန်ခိုးအစွမ်း ထက်သည့်အကြောင်းဖြစ်သည်(ယောရှု ၃း၁၀၊ ယေ ၁၀း၁၀၊ ဟေဗြဲ ၄း၁၀)။ ကိုယ်တော်တွင် သေခြင်းလက္ခဏာ၊ အားနည်းခြင်းအရိပ်အယောင်ဟူ၍ အလျဉ်းမျှမရှိ။ ကိုယ်တော်သည် နိစ္စထာဝရ စိုးစံသည်(၁တိ ၆း၁၆)။
ဘုရားရှင်ကို ထိုသို နားလည်ကြသည့်အတိုင်း အသက်၏ အရင်း အမြစ်ကြောင်း ကျမ်းစာရှုထောင့်အရ လည်း သိရှိနိုင်သည်။ ပထမအချက်၊ အသက်သည် လှုပ်ရှားမှုရှိသည်(က ၇း၂၁၊ ဆာ ၆၉း၃၄၊ တ ၁၇း၂၈)။ ဆန့် ကျင်ဘက်ရှိသေခြင်းသည် လှုပ်ရှားမှု အလျဉ်းမရှိ။ ထိုသို့ လှုပ်ရှားဟုဆိုရာ သက်မဲ့ရေ၏ ရွေ့လျားခြင်းကို သက်ရှိလှုပ်ရှားခြင်းအဖြစ် မမှတ်နိုင် (က ၂၆း၁၉ စီးသောရေ။ ယော ၄း၁၁ ကိုကြည့်။
ဓမ္မဟောင်းကျမ်းမှ အသက်သည် တခါတရံ အပြည့်အဝ က သန်စွမ်းခြင်းကို ရည်ညွှန်းသည်။ ထိုဟေဗြဲစကားလုံးကို သားရဲတိရ အကြောင်းတွင် သုံး၍ အိမ်မွေးတိရစ္ဆာန်များ မလှုပ်မယှက်ခြင်းနှင့် ဆန် သည်(က ၇း၁၄၊ ဟေဗြဲသဒ္ဒါတွင် သက်ရှိသတ္တဝါနှင့် သားရဲများ)။ တိရစ္ဆာန်များသည် စွမ်းပကား ပိုမိုကြီးမား သောကြောင့် ပိုမိုအသက်ရှည် ကြသည်။
လူ၏ ဖျားနာခြင်း၊ အားနည်းခြင်း၊ သေလုမြောပါးရှိခြင်းများသည် အသက်ရှင်ခြင်းကို အပြည့်အဝ မပြသနိုင်။ စစ်မှန်သော အသက်ရှင်ခြင်းသည် သုခချမ်းသာဖြစ်သည်(သု ၃း၁၆)။ အဘိမလက်သည် အပြစ်ဒု စရိုက်သမား ဖြစ်သောကြောင့် အသက်ရှင်လျက်နှင့် ဘဝသေနေသည်။ တနည်းအားဖြင့်သေမည့်အရေး ခြိမ်းခြောက်ခြင်းခံနေရသည်(က ၂၀၃)။ အာဒံသည် အပြစ် လွန်ကျူးပြီးသော် အပြည့်အဝ အသက်မရှင်မ ရှင်နိုင်တော့ပါ သေနာရောဂါ စွဲကပ်သည်။ အကြောင်းသော် ပထမသေခြင်း ခံစားသည်(က ၂း၁၇၊ ၃း၂၂)။ အခြားတဘက်တွင် ဖျားနာရာမှ နလံပြန်ထခြင်းသည် တဖန် အသက်ရှင်ခြင်း ဖြစ်သည်(တော ၂၁း၈၊ ရုသ ၄း၁၅၊ သေရွာပြန်ဖြစ်သည်။ ဆာ ၃၀း၂၊ ၃)။
အသက်သည် ဘုရားထံတော်မှ လာသည်။ အသက်ရှင်ခြင်း အစစ် အမှန်သည် ဘုရားသခင်နှင့် အမြဲဆက်ဆံခြင်းဖြစ်သည်(တ ၈း၃)။ ဖြောင့်မတ် သူသည် ဘဝရှင်သန်၍ မဖြောင့်မတ်သူသည် ဘဝသေနေ သူဖြစ်သည်(သု ၁၁း၁၉)။ ဘုရားသခင်၏ လူများသည် နှုတ်ကပတ်တော် နာခံကြသောကြောင့် ဘဝရှင်သန်ကြ သည်(တရား ၃၀း၁၁-၂ဝ၊ ဆာ ၁၁၉း၉၂၊ ၉၃)။
ခရစ်တော်ထဲ၌ ရှိသူသာလျှင် လူ့ဘဝပီပြင်ကြောင်း ဓမ္မသစ်ကျမ်းက ဆိုသည်(ယော ၁၄၊ ၁၀း၁၀)။ ထိုဝိညာဉ်အသက်တာသည် သာမန်အိပ်၊ စား၊ ကာမဘဝနှင့် ဆန့်ကျင်သည်။ စစ်မှန်သော ဘဝအသက်တာ မဟုတ်(၁တိ ၆း၁၉)။ ဝိညာဉ်ရေးရာအသက်တာသည် ထာဝရအသက်ဖြစ်၍ တဖန်မွေးဖွား သူများက ပိုင်ဆိုင်သည်(ယော ၃း၃)။ မျက်မှောက်ကာလ၌ပင် ခံစားရသည် (ယော ၅း၂၄)။ တဖန်မွေးဖွားခြင်းမရှိသူသည် အပြစ်နွံနစ်သော ဘဝသေနေ သူဖြစ်သည်( ဧ ၂း၁၊ ၂၊ ၄း၁၈)။ ထပ်မံမွေးဖွားခြင်းဆိုသည်မှာ ယခုကာလ ပင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ခံစားခြင်းဖြစ်သည်(ရော ၆း၄) ဘုရားသခင်၏ ဝိညာဉ်တော်သည် ခရစ်တော်ထဲ၌ အပြည့်အဝ ရှင်သန်များသို့ အသက်တာသစ် အပ်နှင်းသည်( ၂ကော ၅း၅)။ ထိုသို့သော သူသည် အမြဲတမ်း ထင်ရှားသည်မဟုတ်ဘဲ လူတို့သတိမထားမိသည့်တိုင်အောင် ထင် ရှားသည်။ ဖျားနာခြင်း၊ ဝမ်းနည်းခြင်း၊ သေခြင်းမခံစားရတော့ပါ(ဗျာ ၂၁း၄)။ ထိုကြောင့် ဝိညာဉ်ရေးရာအသက်တာသည် ရတောင့်ရခဲ အသက်တာတွင် လက်မလွှတ်စတမ်း ပိုင်ဆိုင်အပ်သော ရတနာမွန်ဖြစ်သည်(ယောဘ ၂း၄၊ မာ ၈း၃၇)။
Light (အလင်း)
ဘုရားသခင်သည် ဖန်ဆင်းခြင်းအမှုတော်ပြုရာ၌ ဦးစွာ အလင်းကို ဖြစ်စေသည်(က ၁း၃)။ လူအများ အပြားက နေကို ကိုးကွယ်ကြခြင်းသည် အလင်းနှင့် အသက်ရှင်သန်ခြင်းပေးသောကြောင့်ဖြစ်သည်။ က ၁ တွင်မူ အလင်းနှင့် နေကို ခွဲခြားထားသည်။ စတုတ္ထနေ့တွင်မှ နေကို ဖန်ဆင်းသည် (ငယ် ၁၄-၁၉)။ ထိုအခန်းတွင် နေနှင့်လ ဟူသောနာမည် မရှိသော်လည်း ဘုရားသခင်က ဖန်ဆင်းတော်မူကြောင်းကို သူတိုအစွမ်းအစ ဂုဏ်အင်များဖြင့် သိရှိရသည်။ အကယ်၍ နတ်ဘုရားများဖြစ်လျှင် ကိုးကွယ်ကြမည်မဟုတ် (ယောဘ ၃၁း၂၆-၂၈ ကြည့်)။
မျက်စိသည် မြင်စရာအလင်း လိုအပ်သည်(ဆာ ၃၈း၁၀၊ မ ၆း၂၂)။ အလင်းသည် အသက်ကို ဖော်ဆောင်သည်(ဆာ ၅း၁၃)။ မျက်စိသည် အလင်း ကို တွေ့မြင်ရန်ဖြစ်သည်(ယောဘ ၃း၁၆)ဆိုခြင်းမှာ အသက်ရှင်ရန် မွေးဖွား ကြောင်း ဆိုလိုသည်။ လူသည် တစုံတဦး၏ မျက်နှာသာအလင်း မြင်ရသည် ဆိုခြင်းမှာ လက်ခံခြင်းနှင့် စိတ်စေတနာရှိခြင်းတိုအား ပြသသည်(ယောဘ ၂၉း၂၄)။ ဘုရားရှင်တော်၏ လက်ခံခြင်းလည်း ပါဝင်သည်(တော ၆း၂၅၊ ဆာ ၄၄း၃)။
အလင်းသည် ကယ်တင်ခြင်း(ဆာ ၂၇း၁၊ ဟေရှာ ၄၉း၆)၊ ဝမ်းမြောက် ခြင်း(ဆာ ၉၇း၁၁)၊ သမ္မာတရား (ယော ၃း၂၁)၊ ချစ်ခြင်းမေတ္တာ( ၁ယော ၂း၉ -၁၁)၏ အမှတ်အသားဖြစ်သကဲ့သို့ ကောင်းမြတ်ခြင်းနမူနာဖြစ် သည်(ဟေရှာ ၅း- ၂ဝ၊ ဧ ၅း၉)။ တနည်းအားဖြင့် အလင်းသည် ဘုရားတရားလူများမှတဆင့် ဘုရားရှင်ထံတော်မှ ရောက်လာသည်။
ဘုရားသခင်သည် အလင်းဖြစ်တော်မူသည်(ဆာ ၂၇း၁၊ ၁ယော ၁:၅)၊ အလင်းထဲ၌ ရှိတော်မူ၍ တောက်ပ လွန်းသောကြောင့် လူက မချဉ်းကပ် (၁တိ ၆း၁၆)။ ဘုရားရှင်သည် သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို အလုံးစုံ ဖြစ်သည်။ ဘုရားရှင်၏ သန့်ရှင်းမြင့်မြတ်ခြင်းသည် အတိအလင်းဖြစ်သော ကြောင့် အထံတော်၌ အမှောင် တစက်မျှမရှိ( ၁ယော ၁း၅)။
ခရစ်တော်သည် အလင်းဖြစ်တော်မူသည်(ဟေရှာ ၉း၂၊ ယော ၁း၉၊ ၈း၂၂)။ ဘုရားသခင်က ပိုင်ဆိုင်သူ များသည် အလင်း၏ သားသမီးများဖြစ် ကြသည်( ၅း၈)။ စကားတော်ကို နာခံကြ၍(ဆာ ၁၁၉း၁၀၅) အလင်းထဲ၌ လျှောက်လှမ်းကြ(ဟေရှာ ၂း၅၊ ၁ယော ၁း၇)ပြီး လူ့လောကသို့ အလင်းပေး ကြသည်(မ ၅း၁၄)။
မှောင်မိုက်ခြင်းက ဘုရားရှင်ကို လုံးဝဆန့်ကျင်သဖြင့် အပြစ်နှင့် အပြစ်၏ အကျိုးဆက်သည် ဆင်းရဲဒုက္ခနှင့် သေခြင်းဖြစ်သည်။ ခရစ်ယာန် များသည် မှောင်မိုက်ကို လွန်မြောက်၍ အလင်းသို့ ရောက်ရှိကြ သည်(၁ပေ ၂း၉)။ ထိုကြောင့် သူတို၏ နေ့ရက်ချိန်ခါများသည် နေ့အချိန်ဖြစ်သည်(၁သက် ၅း၄-၈)။ မျက်မှောက် ခေတ်သည် ညမှောင်ကာလဖြစ်၍ အပြစ်က အုပ်စိုး သည်။ သို့သော် အာရုဏ်ကျင်းချိန် ခရစ်တော်ပြန်လည် ကြွလာမည့်ချိန်ခါ နီးကပ် နေပြီ(ရော ၁၃း၁၁-၁၄)။
Lion of the Tribe of Judah (ယုဒလူမျိုးနွယ်၏ ခြေင်္သေ့)
ဗျာ ၅း၅ တွင် ခရစ်တော်၏ ဂုဏ်ပုဒ်အဖြစ် တွေ့ရသည်။ က ၄၉း၉၊ ၁ဝ တို၌ ယုဒသို ယာကုပ်၏ ကောင်းချီးပေးစကားမျိုးဖြစ်သည်။ သခင် ရှုသည် ယုဒမျိုးနွယ်မှဖြစ်၍ ဒါဝိဒ်မင်း၏ သားမြေးဖြစ်သည်။ ယုဒမျိုးနွယ် ဒါဝိဒ်မင်း၏ သားမြေးဖြစ်သည့်အတိုင်း ခရစ်တော်သည် ခြင်္သေ့ပမာ ရဲဝံ့စွာ တိုက်ခိုက်အနိုင် ယူနိုင်သည်။ ထိုခရစ်တော်သည် အပြစ်၊ သေခြင်းနှင့် စာတန် တို့ကို အောင်မြင်သည်။
ခြင်္သေ့၏ အောင်နိုင်ခြင်းတန်ခိုးကို ဘုရားသခင်၏ တရားစီရင် အဖြစ် ဟေရှာ ၃၈း၁၃၊ မြည် ၃း၁ဝ၊ ဟော ၅:၁၄၊ ၁၃း၈ တို့တွင် ထုတ်ဖော်ရေးသားထားသည်။
Log (လောဃ)
အရည်ခြင်တွယ်ရာ၌ သုံး၍ ဝတ် ၁၄း၁၀ တွင်သာ တကြိမ်တွေ့ရ သည်။ ၁.၈ လီတာခန့်ရှိသည်။
Longsuffering (စိတ်ရှည်သည်းခံခြင်း)
ဘုရားသခင်သည် စိတ်ရှည်သည်းခံသည်(ထွ ၃၃း၆)၊ အနက်မှာ စိတ်ဆိုးစရာဖြစ်သော်လည်း အမျက်ဒေါ သကို ပြန်လည်ထိန်းချုပ်သည်။ ထို စိတ်ရှည်ခြင်းခက အပြစ်သားများအား နောင်တရချိန် ပိုပေးသည်(ရော ၂း၄၊ ၂ပေ ၃း၉)။
ဘုရားသခင်၏ လူများသည် စိတ်ရှည်သည်းခံကြရသည်(ယော ၁၀)။ စိတ်ရှည်သည်းခံခြင်းသည် ဝိညာဉ်တော်၏ အသီးအပွင့်ဖြစ်သည် (ဂလာ ၅း၂၂)။ ခရစ်ယာန်များသည် အခက်အခဲ အကြပ်အတည်းများ၊ ဆန့်ကျင်သူများ ရင်ဆိုင်သည့်အခါ စိတ်ဆိုးမည့်အစား စိတ်ရှည်သည်းခံကြ ရသည်။
Lord, LoRD (သခင်၊ သခင်)
သခင်ဆိုသည်မှာ အခြားသူများအပေါ်တွင် တန်ခိုးအာဏာရှိသူဖြစ် သည်။ တခါတရံ အလုပ်ရှင်၊ အထက်လူကြီးမင်းများကိုလည်း ခေါ်ကြသည်။ သခင်ဆိုသည်မှာ ဧည့်သည်အား ရိုသေလေးစားသောအားဖြင့် ခေါ်ဆိုခြင်း ထက် အနည်းငယ်မြင့်မားသည်(က ၁၉း၂၊ ယော ၁၁:၂၁၊ တ ၁၆း၃၀)။ ဇနီးများက ခင်ပွန်း(က ၁၈း၁၂)၊ ကျေးကျွန်များက ကျွန်ပိုင်ရှင်သို(က ၂၄း၁၂)၊ အာဏာပိုင်များအား ခေါ်ဆိုရာ၌ သုံးသည်။ နာမ်စားစကားလုံး ဖြစ်သည်(က ၄၀း၁၊ ၁ရာ ၁း၁၅၊ ၁၆း၁၆)။
ဘုရားသခင်ကိုလည်း သခင်ဟုခေါ်ရသည်။ ဘုရားသခင်၏ အချုပ် အခြာတန်ခိုးတော်အား အပြည့်အဝ ထုတ်ဖော်ရာ၌ အသုံးပြုသည်။ ဓမ္မဟောင်း ကျမ်းပြည့်စုံပြီးသောအခါ ယုဒလူများသည် ပေအက္ခရာဖြင့် ရေးထားသည့် ယေဟောဝါဘုရားရှင်၏ နာမတော်အား ရိုသေလေးစားသောအားဖြင့် “အကျွန်ုပ်၏ သခင်”ဟု ကျယ်လောင်စွာ ဖတ်ကြားလေ့ရှိကြသည်။ ဂရိဘာသာ ကားသို ပြန်ဆိုသော ထိုဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏ နာမတော်အတွက် သခင်ဟူသော စကားလုံး သုံးနှုန်းကြပြီး ယနေ့ကာလ ဘာသာပြန် ချက်များ၌လည်း ထိုသို ပြန်ဆိုကြသည်။
တချို့နေရာများတွင် ခရစ်တော်အား သခင်ဟူသော ဂုဏ်ပုဒ်ဖြင့် ကြည်ညိုစွာ ခေါ်ဆိုကြသည်(မ ၈း၂၊ ယော ၄း၁၁)။ ဓမ္မဟောင်းကျမ်းတွင် ဘုရားရှင်ကို သခင်ဟု ခေါ်ယူပုံအား နမူနာယူ၍ ခရစ်တော်ကိုလည်း နည်းတူ ခေါ်ကြသည်(တ ၁၀း၃၆၊ ယော ၂၀း ၂၈၊ ယု ၄၊ နောက်ပိုင်းကျမ်း ချက်များတွင် ဘုရားရှင်အား သခင်ဟု ခေါ်ဝေါ်ကြသည်)။ ထိုသို သုံးရခြင်း သည် ဓမ္မသစ်က ဓမ္မဟောင်းအား မှီငြမ်းခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်း တွင် နေရာအနှံအပြား၌ ဘုရားရှင်ကို သခင်ဟု ခေါ်လေ့ရှိသည်။ ဓမ္မသစ်ကျမ်းမှ သခင်ဟူသော စကားသည် ယေရှုခရစ်တော်ကို ရည်ညွှန်းသည်(ဟေရှာ ၄၀း၃ ကို မ ၃း၃၊ ဆာ ၃၄း၈ ကို ၁ပေ ၂း၃ နှင့်ယှဉ်ကြည့်)။
Lord’s Day (သခင်ဘုရား၏ နေ့ရက်) ၊
ရက်သတ္တပတ်၏ ပထမနေ့အကြောင်းတွင်ကြည့်။
Lots (မဲနှိုက်ခြင်း)
အရေးကိစ္စအဖြာဖြာ၌ ဘုရားသခင်၏ အလိုတော်သိရှိရန် ဓမ္မ ဟောင်းကာလတွင် မဲနှိက်ဆုံးဖြတ်လေ့ ရှိသည်(သု ၁၆း၃၃)။ အပြစ်ဖြေရာနေ့၌ ဆိတ်ထီးအား ခွဲခြားရာတွင်လည်း ထိုသိုသော မဲစနစ်သုံးကြသည်(ဝတ် ၁၆း၈ -၁၀)။ ဒုစရိုက်လူ တရားခံရှာဖွေခြင်း(ယောရှု ၇း၁၄)၊ ကတိတော်မြေအား ဣသရေလလူတို့ ခွဲဝေယူကြရာ တွင်၎င်း၊ ဗိမာန်တော်အမှုအရာအတွက် မိသား စုခွဲဝေယူကြခြင်း(နေ ၁၀း၃၄)တိုတွင် သုံးကြသည်။ အခြားလူမျိုး များလည်း စီမံ အုပ်ချုပ်ခွင့် ဆုံးဖြတ်ရာ၌ မဲနှိက်ကြသည်(ဧသ ၃း၇)။ ဝေစုခွဲယူခြင်း(ဩ ၁) နှင့် တရားခံရှာဖွေရာ တွင်(ယော ၃၁း၇)လည်း သုံးကြသည်။
အချို့ကိစ္စရပ်များမှ လွဲ၍ မည်သို မဲနှိက်ခွဲဝေရကြောင်း အတိအကျ မသိနိုင်ပါ။ ခေါင်းပန်းလှန်ခြင်းဖြင့် လည်း မဲခွဲဆုံးဖြတ်ကြသည်။
ဓမ္မသစ်ကျမ်းတွင် စစ်သားများက ခရစ်တော်၏ ဝတ်ရုံရယူရန် မဲ နှိုက်ကြပုံ တွေ့ရသည်(မ ၂၇း၃၅)။ တမန်တော်များသည် ယုဒရှကာယုတ်၊ နေရာအား အစားထိုးရန် မဲနှိက်ကြသည်။ ပင်တေကုတ္တေနောက်ပိုင်းတွင်မူ ထိုသို့ မဲနှိုက်ကြခြင်းမရှိ။ ထိုအချိန်မှစ၍ ခရစ်ယာန်များသည် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို ခံယူကြသည်။ သမ္မာကျမ်းစာ သွန်သင်ချက်အတိုင်း လုပ်ဆောင် ကြသည်။
Love (ချစ်ခြင်းမေတ္တာ)
ချစ်ခြင်းမေတ္တာသည် အနက်ကျယ်ပြန့်သည်။ ချစ်ခင်သူနှင့် ချစ်ခင် ခြင်းခံယူသူအပေါ်တွင် တည်သည်။ အကြင်လင်မယား ချစ်ခြင်းမေတ္တာ(၁ရာ ၁:၅၊ ဧ ၅:၂၅)၊ မိဘမေတ္တာ(က ၂၂း၂၊ ၂၅း၂၈)၊ သူငယ်ချင်းမေတ္တာ(၁ရာ ၁၈း၁)၊ သခင်အပေါ်ထားရှိသည့် မေတ္တာ(ထွ ၂၁း၅)၊ အစားအသောက်နှစ် သက်မှု(က ၇၄)၊ ဥစ္စာဓနမက်မောမှု(ဒေ ၅း၁၀)၊ ဒုစရိုက်သမားများမှ မကောင်းမှုပြုလိုစိတ်(ဆာ ၅၂း၃)၊ ဖြောင့်မတ်သူများက သမ္မာတရားနှင့် ငြိမ် သက်ခြင်းမြတ်နိုးမှု(ဇာ ၈း၁၉)စသဖြင့် အမျိုးမျိုးရှိသည်။
ဘုရားသခင် ရွေးချယ်တော်မူသောသူကို ချစ်ခင်ခြင်းသည် ချစ်ခင် မြတ်နိုးစရာရှိကြသောကြောင့် မဟုတ်(တရား ၇း၈)။ ဘုရားရှင်သည် ချစ်ခင်သောသူများကို ကယ်တင်တော်မူသည်(တရား ၄း၂၇၊ ယော ၃း၁၆)။ ချစ်ခြင်း မေတ္တာက လူကို ဖွဲ့နှောင်သည်။ သို့သော် ဘုရားမေတ္တာတော်သည် အတိုင်း အဆမရှိ(ဟေရှာ ၄၉း၁၅၊ ဧ ၄း၁၈၊ ၁၉)။ ဘုရားသခင်၏ မေတ္တာတော် ကြီးမြတ်ပုံကို ရှင်ယောဟန်က “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော် မူ၏”ဟုဆိုသည်။ ထိုသို မေတ္တာတော်လေးနက်သောကြောင့် အပြစ်သားများ အတွက် အသေခံတော် မူရန် သားတော်ကို လူ့လောကသို စေလွှတ်တော်မူ သည်(၁ယော ၄း၇-၁၀)။
ဘုရားရှင်၏ ဦးဆောင်မှုထဲ၌ ပုဂ္ဂိုလ်များအချင်းချင်း အကြားတွင် လည်း မေတ္တာဖြင့် ဖွဲ့နှောင်သည်။ ခရစ်တော်သည် ဘုရားရှင်၏ ချစ်သားတော်ဖြစ်သည်(မာ ၁း၁၁၊ ယော ၃း၃၅၊ ကော ၁း၁၃)။ ခရစ်တော်က ဘုရား ရှင်ကို ချစ်ခင်သည့်အတိုင်း အခြားသူများအား ချစ်ခင်ကြရန် မိန့်တော်မူသည် (မာ ၁၂း၃၀)။
ဘုရားသခင်က သူ့ကို ချစ်ခင်ကြရန် သူ့လူများသို မိန့်တော်မူသည် (တရား ၆း၅)။ ထိုချစ်ခြင်းမေတ္တာတွင် အထံတော်သို ဆက်ကပ်ခြင်းလည်းပါဝင်သည်(ယေ ၂း၂၀)။ ကိုယ်တော်ထဲ၌ ရှိကြခြင်းကိုလည်း ဂုဏ်ယူဝမ်း မြောက်နိုင်သည်(ဆာ ၁၆:၁၁၊ ၄၂း၁၊ ၂)။ ဘုရားရှင်အား ချစ်ခင်ခြင်းတွင် နာခံခြင်းသည် မပါမဖြစ် ပဓါနဖြစ်သည်။ ဘုရားသခင်၏ လူများသည် နာခံ ခြင်းဖြင့် ဘုရားရှင်ကို ချစ်ခင်ပုံ ပြသကြရသည်(တရား ၆း၅-၉၊ ၁ယော ၅း၃)။ ဘုရားရှင်က သူ့ကို အဘယ်မျှ ချစ်ခင်ကြကြောင်း နာခံခြင်းပေတံဖြင့် တိုင်းတာ လေ့ရှိသည်(တရား ၁၃:၃)။
ဘုရားသခင်၏ လူများသည် အချင်းချင်း ချစ်ခင်ကြသည်။ ဓမ္မဟောင်း ကျမ်းတွင် အိမ်နီးနားချင်း(ဝတ် ၁၉း၁၈)ဟုဆို၍ ဣသရေလအမျိုးသားချင်းကို ဆိုလိုသည်။ ဓမ္မသစ်ကျမ်းတွင် ခရစ်ယာန်အချင်းချင်း ချစ်ခင် ခြင်းသည် အပြင် ဘက်ရှိလူများက သိရှိရာ ခရစ်ယာန်များ၏ အမှတ်အသားဟုဆိုသည်(ယော ၁၃း၃၄၊ ၁ယော ၃း၁၁)။
ခရစ်ယာန်များသည် မေတ္တာငတ်မွတ်နေသူများသို မေတ္တာပြသရ သည်။ ကောင်းမှုကုသိုလ်ဟူသမျှ ပြုရသော်လည်း ခရစ်ယာန်များသို ဦးစား ပေးရသည်(ဂလာ ၆း၁၀)။ မိမိကို ရန်ပြုသူများနှင့် နှိပ်စက်သူများ ကိုလည်း ချစ်ခင်ရသည်(မ ၅း၄၄)။ ဘုရားသခင်ကဲ့သိုပင် အပေါင်းအသင်း မိတ်ဆွေ များကို အမြဲမပြတ် ချစ်ခင် ရသည်။ ကောင်းသောကိစ္စပြုလုပ်ရန် ဦးဆောင် ကူညီရသည်( ၁ယော ၃း၁၆၊ ၁၇)။ ။
ခရစ်ယာန်များ၏ ဂုဏ်သိက္ခာသည် ဘုရားထံမှလာသော ချစ်ခြင်း မေတ္တာဖြစ်သည်( ၁ယော ၄း၇)။ ဘုရားသခင်သည် သူ့လူများအား ရန်သူ ဖြစ်နေကြစဉ်ကပင် ချစ်ခင်တော်မူသည်(ရော ၅း၈-၁၀)။ သူ့ကို မုန်းတီးသူ များကိုလည်း ချစ်ခင်သည်(ယော ၁၅း၁၈)။ ခရစ်ယာန်များက ဘုရားရှင်နှင့် အခြားလူများအား ချစ်ခင်ရခြင်းမှာ ဘုရားရှင်က ခရစ်ယာန်များအား ဦးစွာ ချစ်ခင်သောကြောင့် ချစ်တုံပြန်ကြခြင်းဖြစ်သည်(၁ယော ၄း၁၉)။ ဘုရား သခင်က ထိုသို ချစ်ခင်ကြရန် သွန်သင်၍(၁သက် ၄း၉) ချစ်ခင်နိုင်ကြရန်လည်းဘုရားသခင်၏ ဝိညာဉ်တော်က အစွမ်းသတ္တိ ပေးတော်မူသည်(ဂလာ ၅:၂၂)
သို့သော် ခရစ်ယာန်မဟုတ်သူများအား မချစ်ခင်ရကြောင်း ဆို သည်မဟုတ်။ အလိုတော်ရှိသည့်အတိုင်း မချစ်ခင်နိုင်ကြ။ အကြောင်းသော် ချစ်ခြင်းမေတ္တာတော်သည် ဘုရားရှင်အတွက် အသက်ရှင်၍ နာခံရသည်။ မယုံကြည် သူများသည် ခရစ်တော်က လူများချစ်ခင်သည့် စိတ်ထားမျိုးဖြင့် သူတို့ အဖော်များအား မချစ်ခင်နိုင် ကြ။ စစ်မှန်သော မေတ္တာသည် ဝိညာဉ်တော် တန်ခိုးဖြစ်သည်။
Love Feasts (မေတ္တာပွဲတော်)
ဤစကားရပ်ကို ယု ၁၂ တခုတည်းတွင်သာ တွေ့ရသော်လည်း ဓမ္မ သစ်ကျမ်းတွင် နေရာတိုင်း၌ ကျင်းပရကြောင်း ဆိုထားသည်။ မေတ္တာပွဲတော် သည် အခိုက်အတန့်အားဖြင့် မိဿဟာယစီးသောပွဲဖြစ်၍ ဓမ္မသစ်ကျမ်း ရေးသားပြီးချိန်၌ ပွဲတော်မင်္ဂလာအဖြစ် သိရှိကြသည်။
ပွဲတော်မင်္ဂလာ၏ အစမူလသည် ပသခါပွဲသိုသော စားသောက်ခြင်း ဖြစ်သည်။ ထိုနောက်ပိုင်းတွင် အသွေးတော်နှင့် အသားတော် ပုံဆောင်သော မုန့်နှင့် စပျစ်ရည်အား ခရစ်တော်က လက်ဆင့်ကမ်းပေးခြင်းအဖြစ် လိုက်လုပ် ကြသည်(မာ ၁၄း၁၇-၂၆)။ ဓမ္မသစ်အသင်းတော်တွင် စားသောက်ပွဲအပြီး၌ ကျေးဇူးတော်ချီးမွမ်းခြင်း ပွဲတော်မင်္ဂလာအဖြစ် ဆက်လက်ကျင်းပကြသည်(တ ၂း၄၆၊ ၂၀း၁၁)။
သူဌေးသူကြွယ်ပေါများသော ကောရိန်သုအသင်းတော်က မိဿဟာ ယပွဲအား တလွဲတချော် အသုံးပြု ကြပုံကို ရှင်ပေါလုက ပြုပြင်ပေးသည်။ ပွဲတော်မင်္ဂလာတွင် မိမိတိုကိုယ်တိုင် ဦးစွာ တဝတပြဲ စားသောက်ကြ သဖြင့် မျက်နှာမွဲများသည် အငတ်ငတ်အပြတ်ပြတ်ဖြင့် အိမ်ပြန်သွားကြသည်( ၁ကော ၁၁း၂၁-၂၃၊ ၃၄)။ မေတ္တာပွဲတော်ကို မိမိကိုယ်ကျိုးအတွက် အလွဲသုံးစားပြု ကြသော မိစ္ဆာဆရာများ လက်ချက်မှ ကင်းလွတ်ရန် ပေတရုက သွန်သင်ထားသည်:'( ၂ပေ ၃း၁၃;)
ပေါင်းဖက်ခြင်းအကြောင်းလည်းကြည့်။
Loving – Kindness (ချစ်ခင်ကြင်နာခြင်း)
ဟေဗြဲဝေါဟာရတွင် cheseth ဖြစ်၍ ချစ်ခင်ကြင်နာခြင်းဟု အနက် ရသည်။ ကြင်နာခြင်းသည် ချစ်ခင်သောကြောင့် မေတ္တာပြသခြင်းဖြစ်သည်။ ထိုသိုသော သနားခြင်းအား လက်တွေ့လုပ်ကိုင်ပြသခြင်းဟု ဆိုသည်(ဆာ ၁၀း၃၄ ကိုကြည်)။
ထိုစကားလုံးသည် တနည်းအားဖြင့် ပဋိညာဉ်အပေါ် သစ္စာစောင့်သိ ခြင်းဖြစ်သည်။ ဘုရားသခင်သည် ပဋိညာဉ်တည်သူဖြစ်သည့်အတိုင်း ကရုဏာ ပြသတော်မူသည်။ သိုသော် ထိုစကားသည် ပဋိညာဉ်အပေါ် အမြဲသစ္စာရှိခြင်း ဟု မဆိုလိုပါ။ ဟေဗြဲကျမ်းစာတွင်လည်း ပဋိညာဉ်နှင့် ဆက်စပ်ပတ်သက်ခြင်း၊ အရိပ်အ ယောင်မျှပင်မရှိ(ရုသ ၃း၁၀၊ ၃ရာ ၂၀း၃၁ ကိုကြည့်)။
ဘုရားသခင်သည် ကရုဏာတော်ပြသတော်မူရခြင်းမှာ သူ့လူများနှင့် ပဋိညာဉ်ပြုထားသောကြောင့် ဖြစ်သည်။ ဦးစွာ ပဋိညာဉ်မပါလျှင် ထိုသို ဖြစ် လာမည်မဟုတ်။ သူ့လူမျိုးကို ဦးစွာ ချစ်တော်မူသောကြောင့် ကရုဏာတော် ပြုသည်။ ကရုဏာတော်က သူ့လူများနှင့် ပဋိညာဉ်ဖွဲ့နှောင်စေသည်။
Lucifer (လူစီဖာ)
ဤနာမည်သည် ကိတ်ကျမ်းမှု ဘာသာပြန်ချက် ဟေရှာ ၁၄း၁၂ တွင် တွေ့ရ၍ ရှေးကျသော အခြားဘာသာပြန်ကျမ်းများက လိုက်တုကြသည်။ ဟေဗြဲနာမည်ဖြစ်၍ “တောက်ပသူ”ဟု အနက်ရသည်။ လက်တင်စကား လူစီ သည် “အလင်းသယ်ဆောင်သူ”(သို့) သောကြာဂြိုဟ်ဟု အနက်ရသည်။ ထို ကာလ သာသနာပလူများအတွက် သောကြာဂြိုဟ်သည် ဣသတာနတ်ဘုရား ဖြစ်သည်။
ဟေရှာ ၁၇း၁၂-၁၅ ၏ အနက်ဖွင့်ချက်သည် ဗာဗုလုန်ဘုရင်ဖြစ် သည်(ငယ် ၄)။ သူ့ကိုယ်သူအား နတ်ဘုရားအလား ဘုန်းတန်ခိုးနှင့် စွမ်း ရှိသူဟု အနက်ရသော်လည်း ပြင်းထန်စွာ အကျနာသည်။ ငယ် ၁၃ ပါ တောင်ကုန်းသည် ဇာဖုန်တောင်ဖြစ်၍ သာသနာပနတ်ဘုရားများရှိရာဟု ထင်မှတ် ကြသည့်နေရာဖြစ်သည်။
ရှေးကျသော အခြားဘာသာပြန်ချက်အချိုက ဟေရှာ ၁၄၁၂ သည် စာတန်ပြုတ်ကျသည့် ခရစ်တော်၏ စကားအတိုင်းဖြစ်သည်(လု ၁၀း၁၈ ဆိုကြ၍ လူစီဖာသည် စာတန်ဖြစ်သည်ဟု ဆိုကြသည်။ ထိုသဘောအရ ဆု ဗာဗုလုန်ဘုရင်ဖြစ်သည်ဟူသော စကားနှင့် ဆန့်ကျင်သည်။ ထို အပြင်ကောင်းကင်မှ စာတန်ပြုတ်ကျခြင်းသည် ဟေရှာ ၁၄း၁၂-၁၅ ပါ တန်ခိုးမဲ့ ခြင်းနှင့် သေခြင်းဟူသော စကားနှင့် မဆက်စပ်နိုင်။
နံနက်ကြယ်ဟူသော စကားသည် မာနထောင်လွှားလွန်းခြင်းကို ဖော် ခြင်းဖြစ်သည်။ ခရစ်တော်သာလျှင် နံနက်ကြယ်ဟူသော နာမည်ထိုက်တန် သည်(ဗျာ ၂၂း၁၆)။
Lust (တဏှာ)
ဓမ္မသစ်ကျမ်းတွင် အပြစ်တခုအဖြစ် တခါတရံ တွေ့ရသည်(၁ပေ ၄း၃)။ မူရင်းစကားရပ်တွင် ပြင်းထန် စွာ တပ်မက်ခြင်းဟု အနက်ရသည်။ ဆန္ဒဟုဆိုလျှင် အကောင်းကို လိုချင်သကဲ့သို မကောင်းမှုကိုလည်း တပ်မက် နိုင်သည်။ ထိုကြောင့် လု ၂၂း၁၅၊ ဖိ ၁:၂၃၊ ၁သက် ၂း၁၇ တို့တွင် ကောင်းသောတပ်မက်မှုအဖြစ် သုံးသည်။ မည်သို့ ဖြစ်စေ အလိုတော်နှင့် ဆန့်ကျင် သမျှသည် အပြစ်ဖြစ်သည်။
တပ်မက်မှုပြင်းပြခြင်းသည် ပင်ကိုယ်အားဖြင့် အပြစ်မဟုတ်။ အပြစ် ပြုလုပ်ရန် တပ်မက်ခြင်းသည် သာလျှင် မနောကံအပြစ်ဖြစ်သည်။
Lyeaonia (ဣကောနိ)
ရောမအင်ပါယာရှိ ဂလာတိပြည်၊ အာရှမိုင်းနားဒေသတွင် ရှိသည်။ ဣကောနိလူမျိုး၊ ဣကောနိဟူသော စကားဟူ၍ သီးသန့်ရှိသည်။ ထိုစကား လုံးကို တ ၁၄း၆-၁၁ တွင် တွေ့ရသည်။
Magi (Wise men) (မာဂု၊ ပညာရှိ)
မာဂုဟူသော စကားလုံးသည် ပင်ကိုယ်အားဖြင့် မေဒိမျိုးနွယ်နာမည် ဖြစ်သည်။ နက္ခတ်တာရာကို လေ့လာလိုက်စားကြသော ယဇ်ပုရောဟိတ်မျိုး နွယ်ဖြစ်သည်။ မာဂုဟူသော နာမည်သည် မေဒိနှင့် ပါရှန်း လူများအကြားရှိ ယဇ်ပုရောဟိတ်များဖြစ်ကြသည်။ ဗာဗုလုန်တွင် ထိုထက် အနည်းငယ်စော သောကာလ၌ ထိုသိုသော လူများရှိကြသည်(ဒံ ၁:၂၀)။
မ ၂း၁-၁၂ မှ မာဂုပညာရှိသည် ထိုလူအုပ်စုမှဖြစ်သည်ဟု ထင်ရ သော်လည်း တထစ်ချမပြောနိုင်ပါ။ ကြယ်နက္ခတ်အကြောင်း လေ့လာသင်ယူ သော ပါလက်စတိုင်းအရှေ့အရပ်မှ ရောက်လာသူများဟု သိရှိရသည်။
Magic, Magician (မှော်ပညာ၊ မှော်ဆရာ)
မှော်ပညာသည် သဘာဝလွန်(သို့) တစုံတရာအား လျှိ့ဝှက်ဆန်းကြယ် စွာ သိရှိခြင်း (ဘုရားဗျာဒိတ် တော်ကဲ့သို့)(သို့) အပြစ်အပျက်၊ လူများအပေါ်သို့ လွှမ်းမိုးခြင်း ပညာရပ်ဖြစ်သည်။ မှော်ပညာတွင် ဂါထာမန္တရား၊ အဆောင် လက်ဖွဲ့ အစရှိသည်များ မကြာခဏ သုံးလေ့ရှိသည်။ ကျမ်းစာတွင် အဲဂုတ္တု ပြည်၌ မှော်ဆရာ များရှိကြောင်း တွေ့ရသည်(က ၄း၁၈၊ ထွ ၇း၁၁)။ ခါနန် နှင့် အနီးဝန်းကျင်ဒေသ(တော ၂၂း၇၊ တရား ၁၈း၁၄၊ ဗာဗုလုန်(ဟေရှာ ၄၇း၉-၁၃၊ ဒီ ၂း၂)၊ ဣသရေလလူမျိုး၌(မိ ၅း၁၂၊ ယေဇ ၁၃း၁၇-၂၃)တွေ့ရ သကဲ့သို့ ဓမ္မသစ် ကျမ်းတွင်လည်း တွေ့ရသည်(တ ၈း၉)။
ကျမ်းစာက မှော်ပညာသုံးခြင်းကို အမြဲဆန့်ကျင်သည်။ ထိုပညာသည် များကို သေဒဏ်စီရင်ရကြောင်း မောရှေ၏ ပညတ်ချက်၌ ရေးထားသည်(ထွ ၁၂:၁၈၊ ဝတ် ၂၀း၂၇)။ ယေဇဗေလ(၄ရာ ၉:၂၂)၊ မနာရှေ (၄ရာ ၂၁း၆) တိုသည် ဣသရေလမင်းများတွင် စုန်း၊ မှော်ပညာနှင့် ဆက်စပ်သူများအဖြစ် ထင်ရှားကြသည်။
ကျမ်းစာက မှော်ပညာပြသခြင်းကို ပြင်းထန်စွာ ဆန့်ကျင်သည်။ သဘာဝလွန်ဖြစ်သောကြောင့် ဘုရားရှင်အား ဆန့်ကျင်သည်။
Malice (ရန်ငြိုးထားခြင်း)
ဓမ္မသစ်ကျမ်းပါ အပြစ်များစာရင်း၌ ပါဝင်သည်။ ကော ၃း၈၊ တိ ၃း၃ဝ နှင့် အခြားနေရာများတွင်လည်း တွေ့ရသည်။ ယေဘူယျအားဖြင့် ဆိုးညစ်ခြင်းဖြစ်သော်လည်း သူတပါးကို ဒုက္ခရောက်စေလိုသည့် စိတ်ထား ဖြစ်သည်။
Mammon (လောကီစည်းစိမ်)
မူရင်းဂရိစကားတွင် ဥစ္စာဓန၊ အကျိုးအမြတ်ဟု အနက်ရသည်။ သို့သော် အနက်လက္ခဏာ၊ မကောင်း သောအဓိပ္ပါယ်ဖြင့် သုံးလေ့မရှိ။ ကိုယ်ကျိုးအတွက် ဥစ္စာဓနအဖြစ် ရှာဖွေခြင်းကို စစ်မှန်သော ဘာသာတရား အဖြစ် ရောနှောမသုံးရ၊ ဘုရားသခင်နှင့် လောကီစည်းစိမ်ကို မရောနှောရ (မ ၆:၂၄)။
လု ၁၆း၉၊ ၁၁၊ ၁၃ တွင်လည်း ထိုစကားလုံးအကြောင်းကိုကြည့်။
Man (လူ)
သဘာဝတရား၏ အစိတ်အပိုင်းဖြစ်သည်။ ဘုရားသခင်က သဘာဝ အစိတ်အပိုင်းတခုအဖြစ် ဖန်ဆင်း သည်(က ၁)။ မြေမှုန်ဖြင့် ပထမလူသား အာဒံကို ဖန်ဆင်းသည်(က ၂း၇)။ ထိုအချိန်၌ လူသည် သဘာဝတရား၏ အထက်၌ရှိသည်။ ဘုရားသခင်၏ သဏ္ဍာန်တော်ရှိသူမှာ လူသာလျှင်ရှိသည် (က ၁း၂၇)။
ကျမ်းစာအရ လူသည် စုပေါင်းစပ်ပေါင်းဖြစ်သည်။ ဝိညာဉ်၊ စိတ်၊ ခန္ဓာကိုယ်၊ သွေးသား၊ ဆန္ဒ၊ ခံစားချက်၊ အသိတရား စသည့်မျိုးစုံဖြင့် ဖွဲစည်းသော်လည်း လူ၏ အစိတ်အပိုင်းများဖြစ်သည်ဟု မဆိုပါ။ အဆောက်အဦးမှ တစုံတရာ ပယ်ရှားရသကဲ့သို ဖယ်ရှားနိုင်သော အစိတ်အပိုင်းမဟုတ်။ ခန္ဓာ ကိုယ်၌ မြင်စရာ၊ ပြုမူစရာ တန်ဆာပလာအဖြစ် ကိုယ်စီပါဝင်ကြသည်။ လူ့ ဝိညာဉ်သည် ဘဝတခုလုံးကို ကိုယ်စားပြုလျက် ဘုရားရှင်တော်ကို ကိုးကွယ် ရာဖြစ် သည်(ရော ၈း၁၆)။ သွေးသားသည် အားနည်းခြင်းသဘောကို ပြသသည် (အပြစ်ဇာတိ – ဂလာ ၅း၁၉ ကြည့်)။ ဘုရားတန်ခိုးနှင့် ဖြူစင်ခြင်း သည် ထိုလူ့ ဇာတိနှင့် ဆန့်ကျင်သည်(ဆာ ၇၈း၃၉)။ လူ့ခန္ဓာကိုယ်သည် အပြောင်းအလဲရှိသည်။ မြေကြီးဖြင့် ပြုလုပ်ထားသော လူ့ခန္ဓာကိုယ်သည် သေလွန် သည့်အခါ မြေကြီးသို ပြန်ရောက်သည်( ၁ကော ၁၅း၃၅-၄၉)။ ကျမ်းစာက “ဘုရားသဏ္ဍာန်တော်”ကို အနက်ဖွင့်ပြခြင်းမရှိပါ။ လူ သည် ဘုရားကဲ့သို့ မမြင်နိုင်။ အကြောင်းသော် ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော် မူသည်(ယော ၄း၂၄)။ ထိုကြောင့် မျက်စိဖြင့် မမြင်နိုင်(၁တိ ၁း၁၇)။ ခန္ဓာကိုယ်လည်းမရှိ။ သို့သော် ကျမ်းစာက လူသည် ဘုရားသဏ္ဍာန်တော်ရှိ သည်ဟု ဆိုသည်။
က ၁း၃၀ တွင် ဘုရားသခင်က လူသို သဘာဝလောကကြီးကို အုပ် စိုးခွင့်ပြုထားသည်။ ထိုကြောင့် လူသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်၌ ရသည်(၁း ၂၈၊ ၂း၁၇)။ ဘုရားရှင်တော်ကိုယ်စား သဘာဝလောကကို အုပ်စိုး ရသည်။ အလိုတော်အတိုင်းလည်း အုပ်စိုးရန် အလိုတော်ရှိသည်။ လူသည် ဖန်ဆင်းခံများကို မိမိစိတ်ကြိုက် စားသောက်စရာ(က ၁:၂၉၊ ၉း၃)၊ အဝတ်အစား(၃း၂၁)၊ စိုက်ပျိုးစရာ(ထွ ၂၃း၁၂)၊ သယ်ယူပို့ ဆောင်ရေး (မ ၂၁း၁-၇)၌ အသုံးပြုနိုင်သည်။ ဖန်ဆင်းခံများကို ဂရုစိုက်ရသည်(က ၆း၁၉၊ ထွ ၂၃း၅၊ တရား ၂၅း၄)၊ ရက်စက်ကြမ်းကြုတ်ခြင်းကို ဘုရားရှင်က မကြိုက်။
သဏ္ဍာန်တော်ဆိုသည်မှာ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းမြင့်မြတ် ဖြစ်သည်( ဧ ၂း၂၄)။ ဘုရားသခင်သည် သန့်ရှင်းသည့်အတိုင်း လူကို သန်. စေချင်သည်။ လူသည် တွေးခေါ်၊ ပြောဆို ပြုမူသမျှ၌ စင်ကြယ်ရသည်။ အ သဖြင့် ဘုရားရှင်နှင့် ဆက်ဆံရာတွင် ဖြူစင်ကြည်လင်ရသည်။ သခင်ယေရှု၏ ဆန္ဒမှာ ဘုရားသခင်က ကျေနပ်ရေးဖြစ်သည်။ ထိုသို့ လူတိုင်းဖြစ်ကြရသည်။
ထိုအကြောင်းနှင့် ဆက်စပ်၍ ကော ၃း၁ဝ တွင် သဏ္ဍာန်တော် အကြောင်းတွေ့ရ၍ အသိဉာဏ်ပညာ အသုံးပြုတတ်ရေးဖြစ်သည်။ ထိုအသိ ဉာဏ်တွင် ဘုရားသခင်ကို သိကျွမ်းခြင်း၊ ဘုရားရှင်နှင့် ပေါင်းဖက်ခြင်း ပါဝင် သည်(က ၂)။ မိန့်တော်မူသမျှအား နာခံခြင်းလည်း ပါဝင်သည်။
အပြစ်က လူထဲရှိ သဏ္ဍာန်တော်အား ချိုယွင်းစေသည်။ လူ့အပြစ် သည် သဘာဝပတ်ဝန်းကျင်သို ထိပါးသည်။ ထိုကြောင့် လူ့အုပ်စိုးမှုအောက်၌ မတည်မရပ်နိုင်(ဟေဗြဲ ၂း၈)ဘဲ လူသာလျှင် သဘာဝ တရားအောက်သို့ ရောက် ရှိသည်။ ထိုသိုဖြင့် အခက်အခဲ၊ ရောဂါ၊ သေဘေးများ ကြုံတွေ့သည်(က ၃း၁၇ -၁၉)။ သို့နှင့် ဖြောင့်မတ်သန့်ရှင်းခြင်းမရှိတော့ဘဲ အပြစ်တော၌ ကျင်လည်နေရသည်။ ဘုရားရှင်ကို မသိရှိတော့ဘဲ ကိုယ်ပိုင်ဘုရား ဖန်ဆင်းသည်(ရော ၁း၂၁-၂၅)။ သူ့သဘောအတိုင်း အမှားအမှန် ခွဲခြားသည်(ရော ၁၀း၃)။
အာဒံက မစောင့်ထိန်းနိုင်ခဲ့သမျှသော သဏ္ဍာန်တော်သည် ခရစ် တော်တွင် ပြည့်စုံလာသည်။ ခရစ်တော်သည် သဘာဝတရားသာမက(ဟေဗြ ၂း၈၊ မာ ၄း၄၀) ပြုတော်မူသမျှသည် ဖြောင့်မတ်ခြင်းခြင်း၊ သန့်ရှင်းခြင်းနှင့် ပြည့်စုံတော်မူသည်(ဟေဗြဲ ၄း၁၅)။ ဘုရားရှင်ကို စုံလင်စွာ သိရှိသည်(ယော၁၀း၁၅)။ ဘုရား ဇာတိတော်လည်း ရှိသည်(ဟေဗြဲ ၁း၃)။
ခရစ်တော်ထဲ၌ရှိသူသည် သဏ္ဍာန်တော်ပျောက်ဆုံးသမျှအား လည်ရရှိသည်။ လူသစ်ဖြစ်သွားပြီး ခရစ်တော်ကို ယုံကြည်မှီကိုးခြင်းဖြင့် အ ကို အောင်နိုင်သည်(ဧ ၄:၂၀၊ ၂၄)၊ ထိုသိုဖြင့် ခရစ်တော်သည် အာဒံသ လူ့သမိုင်းတွင် ပထမဆုံးလူသားတော်ဖြစ်လာသည်။ ပထမဆုံးအာခံဖြစ်သ အတိုင်း ဇာတိအားဖြင့် မွေးဖွား၍ သေဆုံးခြင်းသို ရောက်သောသူအား ကယ်တင်သည်။ အာဒံသစ်ကို ယုံကြည်ခြင်း(သို့) ဒုတိယမွေးဖွားခြင်းဖြင့် အပြစ် သားသို့ ဖြောင့်မတ်ခြင်းနှင့် အသက်ပေးအပ်သည်(ရော ၅း၁၂-၂၁၊ ၁ကော ၁၈း၂ဝ-၂၂၊ ၄၅)။ လူ၏ ဖောက်ပြန်ခြင်းဇာတိကိုလည်း ထိုခရစ်တော်က ကယ်တင်ခြင်းပေးအပ်ပြီး ကောင်းကင်သစ်နှင့် မြေကြီးသစ်သို ပြန်လည် ရောက်ရှိစေသည်(ရော ၈း၁၈-၂၁၊ ဗျာ ၂၁း၁)။
Manna (မန္န) ၊
ဣသရေလလူတို အဲဂုတ္တုပြည်မှ ထွက်ခွာပြီး ၆ ပတ်အကြာတွင် ဘုရား ရှင်က ပထမဆုံး မန္ဒမုန့်ကျွေးသည်။ နောက်နှစ်ပေါင်း(၄၀)ကြာ ကတိတော် မြေ ခါနန်ပြည်သို့ မရောက်မခြင်း ချကျွေးသည်။ ဥပုသ်နေ့မှလွဲ၍ နံနက်တိုင်း နေမပူခင်ထိ ချပေးသည်။ ထိုမန္ဒမုန့်သည် အဖြူပြားကလေးများဖြစ်၍ ပျား ရည်ရနံ့ရှိသည်(ထွ ၁၆း၃၁)။
ဥပုသ်နေ့မတိုင်မှီမှလွဲ၍ နေ့တိုင်း တယောက်ကို တဩမဲ(၂. ၂ လီတာ ခန့်)နှုန်း ရရှိသည်။ ဥပုသ်နေ့ မတိုင်မှီရက်တွင်မူ ဥပုသ်နေ့အတွက်ပါ (၂)ဆ ရရှိကြသည်။ မည်သိုဖြစ်စေ တဩမဲထက် ပိုသည်လိုသည်ဟူ၍ မရှိသည့်အတိုင်း မဝဟူ၍၄င်း၊ ပိုလျှံသည်ဟူ၍၄င်း မရှိ။
ပထမဆုံးတွေ့မြင်ကြသည့်အခါ “ဒါဘာလဲ”ဟုဆိုကြသည်။ ထိုကြောင့် ထိုမုန့်သည် ဟေဗြဲဘာသာစ ကားအားဖြင့် “ဘာလဲ”ဟု အမည်တွင်သည်။
ထိုမန္ဒမုန့်ဖြင့် ဘုရားရှင်က နာခံကြရန် သူ့လူများအား မျိုးစုံသွန်သင်သည် (ထွ ၁၆း၂၈-၃ဝ)။ သူနှင့် စကားတော်များကို တည်မှီစေသည်(တရား ၈း၃)။ သခင်ယေရှုက မန္ဒမုန့်သည် သူ့ကိုပုံဆောင်ကြောင်း၊ အသက် မုန့်တည်း ဟူသော သူ့ကို မှီဝဲသူသည် ထာဝရအသက်ရှင်မည့်အကြောင်း ဆိုထားသည် (ယော ၆း၄၉ -၅၈)။
Man of lawlessness, man of sin (ဒုစရိုက်လူ၊ ပျက်စီးခြင်းလူ)
အချို့က ဂရိကျမ်းမှုများတွင် ၂သက် ၂း၃ ၌ ဒုစရိုက်လူဟု ဆို၍ အခြားနေရာများတွင် ပျက်စီးခြင်းလူဟု ပြန်ဆိုကြသည်။ ပျက်စီးခြင်းလူဟူသော စကားရပ်သည် ပိုမိုသင့်လျော်သော်လည်း အထွေအထူး ခြားနားခြင်း မရှိ။ အပြစ်သည်လည်း ပျက်စီးခြင်းပင်ဖြစ်သည်။
ပျက်စီးခြင်းလူဟူသော ရှင်ပေါလုသုံးသည့် နာမည်ကို ရှင်ယော ဟန်၏ ဩဝါဒစာ(၁ယော ၄း၃)တွင် အန္တိခရစ်ဟုဆိုသည်။ ဗျာဒိတ်ကျမ်းနှင့် ရှင်ပေါလု၏ သရုပ်ဖော်ချက် အန္တိခရစ်တို့ကို ဓမ္မဟောင်းကျမ်းတွင် သဲလွန်စခြေရာပေးထားသည်(ဟေရှာ ၁၄း၁၃၊ ၁၄၊ ယေဇ ၂၈း၂၊ ဒီ ၇း၇-၂၆၊ ၈း၉ -၁၂၊ ၁၁း၃၀-၃၂)။
ခရစ်တော် ဒုတိယအကြိမ် မကြွလာမှီတွင် ပျက်စီးခြင်းလူ ဦးစွာ ပေါ်လာမည်ဟု ရှင်ပေါလုက ဆိုထား သည်။ ဘုရားရှင်ကို ငြင်းပယ်ပြီး သူ့ကိုယ် သူအား ဘုရားအဖြစ် တင်မြှောက်မည်(၂သက် ၂း၄)။ စာတန်၏ တန်ခိုး ကို သုံး၍ အံ့ဘွယ်နိမိတ်များ ပြသမည်(၂သက် ၂း၉)။
ရှင်ယောဟန်ကဲ့သိုပင် ရှင်ပေါလုက အန္တိခရစ်၏ လုပ်ဆောင်မည့် အကြောင်းများကို ၂သက် ၂း၇ တွင် ရေးထားသည်။ ယနေ့ခေတ်ကာလ အပါ အဝင် လူ့သမိုင်းကြောင်းတလျှောက်၌ ဘုရားသခင်ကို ဆန့်ကျင်ပြီး ဘုရား ရှင်နေရာတွင် သူ့ကိုယ်သူဖြင့် အစားထိုးသည်။ ခရစ်တော်နှင့် အန္တိခရစ်အပြင် အပြီးသတ်ခြားနားချက် ပေါ်ထွန်းဦးမည်။ အကြောင်းသော် အန္တိခရစ်ပေါ် ထွန်းခြင်းမရှိသေး။
အန္တိခရစ်အကြောင်းတွင်လည်းကြည့်။
Marah (မာရ)
ဟေဗြဲစကားဖြစ်၍ “အခါး”ဟု အနက်ရသည်။ ဣသရေလလူတို့သည် ပင်လယ်နီဖြတ်သန်းပြီးနောက် ပထမဆုံး စခန်းချရာအရပ်၌ ရေခါးသဖြင့် ထိုအရပ်ကို မာရအရပ်ဟု ခေါ်ကြသည်(ထွ ၁၅း၂၃)။
နောမိသည်လည်း မောဘပြည်မှ ကြေကွဲနွမ်းလျစွာ အမိပြည်သို့ ပြန် ရောက်သောအခါ သူ့ကိုယ်သူအား ထိုသို ခေါ်ဆိုသည်(ရု ၁း၁၀)။
Market, Market place (ဈေး၊ဈေးတန်း)
ဓမ္မဟောင်းကျမ်းတွင် မြို့၏ အစိတ်အပိုင်းတနေရာ၌ ရောင်းဝယ် ဖောက်ကားရာနေရာ ဈေးရှိသည်။ ဓမ္မသစ်ကျမ်းတွင် လူများစုဝေးရာနေ ဖြစ်သည်။ ရောင်းဝယ်ဖောက်ကားရာ၊ ကလေးသူငယ်များ ဆော့ကစား ရာ'(လု ၇း ၃၂)၊ လူများ အလုပ်ရှာဖွေရာ(မ ၂၀း၃)၊ အချင်းချင်း နှုတ်ဆက်မိတ်ဖွဲ့ကြ ရာနေရာဖြစ်သည်(မ ၂၃း၇)။
တပါးအမျိုးသားများ၏ မြို့များတွင် ဂရိနှင့် ရောမယဉ်ကျေးမှုက ဈေးတန်းများကို လွှမ်းမိုးကြသည်။ ကျောက်ခင်းလမ်းကျယ်ကြီးတဘက် တချက် တွင် ဈေးရောင်းကြသည်။ ဈေးတန်းများဘေးတွင် လျှောက်လှမ်း စရာ လမ်း များထားရှိသည်။ အုပ်ချုပ်ရေးအဖွဲက စီရင်ကွပ်ကဲကြသည်(တ ၁၆း၁၉)။ ဒဿနပညာရှင်များနှင့် ဘာသာရေးဆရာသမားများသည် ထိုနေရာတွင် အငြင်းအခုံ ပြုကြလေ့ရှိသည်(တ ၁၇း၁၇၊ ၁၈)။
Marks (အမှတ်အသားများ)
ကျမ်းစာပါ လူများ၌ အမှတ်အသား မျိုးစုံရှိကြသည်။ အချိုသည် မြင်သာသည့် အမှတ်အသားများဖြစ်၍ အချိုသည် အသက်တာတွင်သာ ထင် ရှားသည့် အမှတ်အသားများဖြစ်သောကြောင့် မျက်စိဖြင့် မမြင်နိုင်။
ဘုရားသခင်က ကာဣနသို့ အမှတ်အသားပေးသည်(က ၄း၁၅)။ မည်သည့်နေရာတွင် မည်ကဲ့သိုပေး ကြောင်း မသိရသော်လည်း အမှတ်ပေးထားကြောင်း သေချာသည်။ ထိုအမှတ်အသားသည် အခြားသူများ လက်ချက်ဖြင့် ရန်ကြွေး၊ ဝဋ်ကြွေးမလည်ရန်ဖြစ်သည်။
ဝတ် ၁၉း၂၈ မှ အမှတ်အသားသည် ပါးရဲထိုးခြင်းဖြစ်ဟန်တူသည်။ သာသနာပလူများနှင့် မှော်ပညာ၏ လုပ်ဆောင်ချက်ဖြစ်သောကြောင့် တားဆီး ခြင်းမရှိ။
ယေဇ ၉း၄၊ ၆ တွင် ဖြောင့်မတ်သူ၏ နဖူး၌ အမှတ်အသားတခုရှိ သည်ဟု ဆိုသည်။ ဗျာဒိတ်ကျမ်းတွင် ထိုနည်းတူ အမှတ်အသားတံဆိပ်(သို) ခရစ်တော်၏ နာမတော်အကြောင်း တွေ့ရသည်(၇း၃၊ ၁၄း၁၊ ၂၂း၄)။ ထိုအမှတ် အသားများသည် ရုပ်ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများမဟုတ်။ ခရစ်တော် က ရွေးချယ်ထား တော်မူသူဖြစ်ကြောင်း အမှတ်အသားများဖြစ်သည်။ ထိုသို့ သော အတွင်းသရုပ်အမှတ်အသားက အပြစ်တရား စီရင်ခြင်းမှ ကွယ်ကာသည်။
ဗျာ ၁၃း၁၆၊ ၁၇ ပါ သားရဲအမှတ်တံဆိပ်သည် ဖြောင့်မတ်ခြင်း အမှတ်အသားနှင့် ပြိုင်တူဖြစ်သည်။ ထိုအမှတ်အသားသည် ထင်ရှားပေါ်လွင်သော အမှတ်တံဆိပ်မဟုတ်။ အပြုအမူနှင့် လူ့အကျင့်စရိုက်ဖြစ်၍ ၌ ရေးထားသည့်အတိုင်း သားရဲ၏ တန်ခိုးလက္ခဏာဖြစ်သည်။
ရှင်ပေါလုက ခရစ်တော်၏ အမှတ်အသားကို တခါတရံ ဒဏ်ချက်က (ဂလာ ၆း၁၇)ဟုဆိုသည်။ ရှင်ပေါလု၏ စကားရပ်ကို ဓမ္မပညာရင် အမျိုးမျိုး အနက်ဖွင့်ဆိုကြသည်။ အများစုကမူ ရိုက်နှက်ခြင်း၊ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း အနာရွတ်များဟု ဆိုကြသည်။ ထိုအနာရွတ်များသည် ခရစ် တော်၏ အမှုတော် ဆောင်ရွက်စဉ်တွင် ဧဝံဂေလိသတင်းကောင်း၊ သူ့သခင်နှင့် ကယ်တင်ရှင်အတွက် ခံရသော ဒဏ်ရာဒဏ်ချက် အနာရွတ်များဖြစ်သည်။
Marriage (အိမ်ထောင်ပြုခြင်း)
ဘုရားရှင်က ယောက်ျားနှင့် မိန်မဟူ၍ ဖန်ဆင်းခြင်းသည်(က ၁း၂၇) အကြင်လင်မယားအဖြစ် သေတပန် သက်တဆုံး အတူတကွ နေထိုင်ကြရန် ဖြစ်သည်(က ၂း၂၄)။ အိမ်ထောင်ပြုခြင်းသည် လူ(၂)ယောက်သို့ တအိမ်ထဲ တွင် နေထိုင်ရန်မျှသာမဟုတ်ပါ။ ပေါင်းသင်းညီညွတ်ကြကြောင်း ပတ်ဝန်းကျင် အသိုင်းအဝိုင်းက သိမှတ်ရ သည်။ ထိုသူနှစ်ယောက်တို့သည် လူသိရှင်ကြား အချင်းချင်း သိမှတ်ကြပြီး အကြင်လင်မယားအဖြစ် အိမ်ထောင် ပြုကြသူများ ဖြစ်ကြောင်း သစ္စာစောင့်ထိန်းကြရသည်။
ဘုရားရှင်က လူကို ဖန်ဆင်းရာတွင် အဓိကရည်ရွယ်ချက် (၃)ရပ် ရှိသည်။ သားသမီးများရရှိရန်(က ၁း၂၇)၊ အဖော်အဖက်ဖြစ်ကြရန်(က ၂း၁၈) တသားတကိုယ်တည်း ကိုယ်လက်နှီးနှောကြရန်ဖြစ်သည်(က ၂း၂၄)။ ၁ကော ၆း၁၆ ပါ တသားတကိုယ်တည်းဟူသော စကားရပ်၌ သံဝါသဝိဇ္ဇာဟ ကိစ္စ ပါဝင်သည်။ သိုသော် စင်စစ် တွင် ထိုမျှသာမကပါ။ ယောက်ျားနှင့် မိန်းမ အကြား ဆက်ဆံရေးထက် ပိုမိုနက်နဲသည်။ သံဝါသအရေးသည် လေးနက် စည်းလုံးမှု အမှတ်အသားဖြစ်၍ ရှေ့ဆက် အပြန်အလှန်ကူညီသည့် ဖွဲ့နှောင် ခြင်းဖြစ်သည်။
ဓမ္မဟောင်းကာလ၌ အခြားအရေးကြီးအချက်ဖြင့် ဖော်ဆောင် သည်။ သားသမီးများသည် မိသားစုနာ မည်ခံခြင်းဖြင့် မိသားစုအမွေခံကြ (တော ၂၇း၄)။ မေသောပေါတာမိပြည်တွင် မြုံသောမယားသည် မိမိ ကျွန်မအားမိမိခင်ပွန်းနှင့် သားသမီးမွေးခွင့်ပြုသည့် ထုံးစံရှိသည်။ မွေးလာသော ကလေးသည် ထိုအမြုံမ၏ တရားဝင်သားသမီးဖြစ်သည်။ က ၁၆း၂၊ ၃၀း၃ တို့ကိုကြည့်။ လေအာ၏ ပြုမူပုံသည် ထိုထုံးစံနှင့် အကျုံးမဝင်။ သူမတွင် သား များမွေးဖွားပြီးဖြစ်၍ ထပ်မံလိုချင်သဖြင့် သူ့ ကျွန်မအား သူ့ခင်ပွန်းနှင့် ပေါင်းဖက်ကလေး မွေးစေသည်။
ထိုအပြုအမူသည် တရားဝင်သောကြောင့် အာဗြဟံနှင့် ယာကုပ်တို့၏ အမူအကျင့်တို့က သိမှတ်လက်ခံ သော်လည်း ကျမ်းစာက သိမှတ်ပြထာန်းခြင်း မရှိ။ သားမရရှိဘဲ ဆုံးသွားလျှင် ကျန်ရစ်သော သူ့ မယားကို သူ့ညီက သိမ်း ပိုက်ပြီး ကွယ်လွန်သူ၏ နာမည်နှင့် အမွေခံရသည်ဟုသာ ဆိုသည်(တရား ၂၅း၅-၁၀ ကို ရု ၄း၁၇ နှင့်ယှဉ်ကြည့်)။ ခယ်အိုနှင့် အိမ်ထောင်ပြုခြင်းသည် ထုံးတမ်းစဉ်လာဖြစ်သည်။ လက်တင်ဝေါဟာရ “levir”မှလာ၍ “ခယ်အို”ဟု အနက်ရသည်။ က ၃၈း၈-၁၀ တွင် ထိုထုံးတမ်းစဉ်လာသည် မောရှေ့မတိုင် ခင်ရှိ ကြောင်း တရားဟောရာကျမ်း၌ တွေ့ရသည်။
ကျမ်းစာခေတ်ကာလမှ ယဉ်ကျေးမှုစနစ်တွင် အိမ်ထောင်ပြုခြင်းသည် ပုံမှန်ဖြစ်၍ အိမ်ထောင်မပြုခြင်း သည် ချိုယွင်းချက်ဖြစ်သည်(ယော ၆း၂၊ မ ၁၉း၁၀-၁၂)။ မယားပြိုင်၊ မယားငယ်(မယားတယောက်မက ထားရှိခြင်း) ထားရှိခြင်းကို ဓမ္မဟောင်းကျမ်းက တားမြစ်ခြင်းမပြု။ သို့သော် ဘုရားသခင်၏ အကြံအစည် တော်မှာ တလင်တမယားစနစ်ဖြစ်သည်။ ထိုအကြောင်းကို အာဒံ အတွက် ဧဝသာ ဖန်ဆင်းပေးခြင်းဖြင့် နားလည်နိုင်သည်(က ၂း၂၂)။ အငယ် အနှောင်းထားခြင်းသည် အိမ်ထောင်ရေးပြဿနာ ဖန်တီးခြင်းဖြစ်ကြောင်း ကျမ်းစာက သတိပေးပါသည်(က ၁၆း၁-၆၊ ၁၂၊ ၃၀း၁၊ ၁ရာ ၁း၆)။ ရှင်ဘုရင် များသည်လည်း မောင်းမမိဿံ အများအပြားမယူရန် တားမြစ်ထားသည် (တရား ၁၇း၁၇)။ ထိုပြဌာန်းချက်ကို လစ်လျူရှုသူသည် ပြဿနာကို ရင်ဝယ် ပိုက်သူဖြစ်သည်(၃ရာ ၁၁း၁-၈)၊ ဘုရားရှင်က အိမ်ထောင်ပြုစေခြင်းသည် လင်မယားစုံတွဲ ပေါင်းဖက် ရေးသာဖြစ်သည်။
အိမ်ထောင်ပြုခြင်းသည် ဘဝကြင်ဖော် ရှာခြင်းဖြစ်သည်။ မောရှေ၏ တရားက လင်မယားကွာရှင်း ခွင့်ပြုသော်လည်း(တရား ၂၄း၁-၄) ခရစ်တော် ကမူ ထိုပညတ်ချက်သည် အမျိုးသမီးအား အပြစ်မကျူးလွန်ရန် ကွယ်ကာခြင်း အဖြစ် စီရင်သည်(မ ၁၉း၈)။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ရာသက်ပန်ပေါင်းသင်းရေးဖြစ် သည်။ အိမ်ထောင်ဘက် ကွယ်လွန်လျှင်မူ တပင်လဲ တပင် ထူခွင့်ပြုသည်(၁ကော ၇း၈၊ ၉၊ ၁တိ ၅း၄)။
အကြင်လင်မယားသည် အပြန်အလှန် အမှီသဟဲပြုကြရသည်။ အိမ်ထောင်ဖောက်ပြန်ခြင်းသည် ကြီးလေးသော အပြစ်ဖြစ်သည်(က ၂၀း၃၊ ၂၀း၁၄၊ ဝတ် ၂၀း၁၀)။ လင်မယားမဟုတ်သူတို့အကြား ကာမ ဆက်ဆံမှုသည် အပြစ်ဖြစ်သည်။ တရား ၂၂း၁၄ တွင် သတို့သမီးသည် အပျိုစင်ဖြစ်ရမည်ဟု ဆိုသည်။ တရား ၂၂း၂၅-၂၉၊ ၂ရာ ၁၃း၁၁-၁၃ တွင် အိမ်ထောင်ပြုပြီးမှ သာလျှင် ကိုယ်လက်နှီးနှောခွင့်ပြုသည်။
ကျမ်းစာခေတ်ကာလ၌ အိမ်ထောင်ပြုရေးကို သတို့သား၏ မိဘများ က စီစဉ်ရလေ့ရှိ၍ တခါတရံမှသာ သတိုသမီး၏ မိဘများက စီစဉ်ကြသည် (ရု ၃း၁၊ ၁ရာ ၁၈း၂၁)။ ယောက်ျားသားက သတို့သမီးလောင်း ရှာဖွေ ခြင်း ရှားပါးသည်(က ၃၄း၄၊ ၈၊ သူကြီး ၁၄း၂)။ ရေဗက္ကာသည် အာဗြဟံ၏ လူယုံတော်နှင့်အတူ လိုက်မလိုက် ရွေးချယ်ရသည်(က ၂၄း၅၈)။ သွေးသားတော်စပ် သူသည် ထိမ်းမြားခွင့်မရှိ(ဝတ် ၁၈)။
အိမ်ထောင်ဘက် ရွေးချယ်ရာတွင် ဘုရားတရားသိသူဖြစ်ရန် ဆွေမျိုး မိဘများက ကူညီကြသည်။ က ၆း၂ တွင် ဘုရားတရားမသိသူများ ပေါင်းဖက် ကြပုံ ဥပမာပေးထားသည်။ အာဗြဟံ(က ၂၄း၃၊ ၄)က သူ့သား ဣဇက်(က ၂၈း၁၊ ၂)၊ ဣဇက်က သူ့သား ယာကုပ်အား ဘုရားဘုန်းတော်ထင်ရှားစေရန် အထောက်အကူ ပြုမည့်သူနှင့် အိမ်ထောင်ပြုစေကြသည်။ ယုံကြည်သူသည် အခြားယုံကြည်သူကိုသာ ထိမ်းမြားရသည်( ၁ကော ၇း၃၉)။ မထိမ်းမြားကြမီ စေ့စပ်ကြောင်းလမ်းရသည်။ ထိုသို စေ့စပ်ရာတွင် သက်သေ(၂)ဦးရှေ့၌ ထိမ်းမြားရ မည့်အကြောင်း ကတိကဝတ်ပြုကြရသည်။ စေ့စပ်ကြောင်းလမ်းပြီးသူများကို တခါတရံ လင်မယားဟုလည်း ခေါ်ကြသည် (တရား ၂၂း၂၃၊ ၂၄၊ မ ၁း၂၉)။ စေ့စပ်ကြောင်းလမ်းခြင်းကို ကွာရှင်းဖျက် သိမ်းနိုင်သည်(မ ၁း၂၉)။ ။
စေ့စပ်ကြောင်းလမ်းသည့်အခါ စရံလက်ဆောင်သပ်ရသည်။ ထိမ်း မြားသည့်အခါ သတို့သားက သတို သမီးမိသားစုသို့ လက်ဆောင်ပေးရသည်။ (က ၂၄း၅၃၊ ၂၉း၂ဝ ကိုကြည့်)။ ထိုသို ပြုလုပ်ခြင်းသည် သတို့သမီးရှင် မိသား စုနှင့် မိမိတို့မိသားစုအကြား ပေါင်းစပ်ကြသည့် ပဋိညာဉ်တံဆိပ်ခတ်နှိပ်ခြင်းဖြစ်သည်။ သတို့သား၏ ဖခင်က သတို့သားနှင့် သတို့သမီးသို့ ခန်းဝင်ပစ္စည်း လက်ဖွဲ့ရသည်(က ၂၄း၅၉၊ ၆၁ တွင် အစေခံများ၊ သူကြီး ၁း၁၅ တွင် လယ် ယာမြေ)။ သတို့သားက သတို့သမီးသို့ လက်ဝတ်လက်စား(သို့) အဝတ်အစား စသဖြင့် လက် ဆောင်ပေးရသည်(က ၂၄း၅၃)။
မင်္ဂလာဆောင်ပွဲတွင် သတို့သမီးသည် ဝတ်ကောင်းစားလှဆင်မြန်း၍ ရတနာများ ဝတ်ဆင်သည်(ဆာ ၄၅း၁၃၊ ၁၄၊ ဟေရှာ ၅၁း၁ဝ၊ ဗျာ ၂၁း၂)။ သတို့သားသည် ပန်းဦးရစ် ဆင်မြန်းရသည်(ဟေရှာ ၅၁း၁၀)။ ဧည့်သည်များ သည်လည်း ပွဲနေပွဲထိုင် ဝတ်ကောင်းစားလှ ဆင်းမြန်းကြရသည်(မ ၂၂း၁၁၊ ၁၂)။ တော်ဝင်သတို့ သမီးသည် အခြွေအရံများ၊ အစောင့်များ ခေါ်ယူရသည် (ဆာ ၄၅း၁၃၊ ၁၄ အပြင် မ ၁၅း၁ ကိုကြည့်)။ သတိုသား သည် သူ့အဖော် များ ခေါ်ယူရသည်(သူကြီး ၁၄း၁၁၊ မ ၉း၁၅)။
မင်္ဂလာဆောင်ပွဲ ညနေခင်းတွင် သတို့သားနှင့် သူ့အဖော်များသည် သတိုသမီးအား သူ့အိမ်မှ မိဘအိမ်သို့ ပင့်ဆောင်ကြပြီး မင်္ဂလာဧည့်ခံပွဲ ကျင်း ပရသည်။ ထိုပွဲစဉ်တွင် တေးသီဆိုခြင်း၊ တေးဂီတ၊ ကခုန်ခြင်းများ ပြုလုပ်ကြ သည်(ယော ၇း၃၄)။ တခါတရံ မင်္ဂလာဧည့်ခံပွဲကို သတိုသမီး၏ မိဘနေအိမ် တွင် ကျင်းပလေ့ရှိ ကြသည်(က ၂၉း ၂၂)။ ။
မင်္ဂလာဧည့်ခံပွဲ ကျင်းပစဉ် သတို့သားက သတို့သမီး၏ ဝတ်ရုံကို သူ့ဝတ်ရုံဖြင့် ဖုံးလွှမ်းရသည်(ရု ၃း၉၊ ယေဇ ၁၆း၈)။ ထိုသိုပြုမူခြင်းသည် သူ သာလျှင် သတိုသား၏ ပိုင်ဆိုင်ရာဖြစ်ကြောင်းနှင့် ကွယ်ကာမှုအောက်၌ရှိ ကြောင်း အထိမ်းအမှတ်ဖြစ်သည်။ ထိုသိုဖြင့် ထိုလင်မယားသည် အပြန်အလှန် သစ္စာပြုကြရသည်(သု ၂း၁၇၊ မာလ ၂း၁၄)။
မင်္ဂလာဆောင်ပွဲ မတိုင်မှီတွင် သတိုသမီးသည် ပြင်ဆင်ထားရသည်။ သူ့မိဘ(က ၂၉း၃၀)(သို့) တခါတရံ မိတ်ဆွေများက အိပ်ခန်းသို ပိုဆောင် ရသည်။ ထိုသိုဖြင့် မင်္ဂလာဆောင် အခမ်းအနားပြီးဆုံးသည်။ သတိုသားက သံသယစိတ်ဝင်လာလျှင် အပျိုစင်ဖြစ်ကြောင်း သက်သေပြရသည်(တရား ၂၂း၁၄-၂၁)။ မင်္ဂလာဆောင်ပွဲသည် တပတ်ခန့်ကြာသည်(က ၂၉း၂၇)။ တေးဂီတများဖြင့် သီချင်းဆိုကြ၍(ဆာ ၄၅၊ ၇၈း၆၃) ဟာသပြုလုပ်ကြကာ ပဟေဠိပြုလုပ်ကြသည်(သူကြီး ၁၄း၁၂)။
ဘုရားသခင်နှင့် ဣသရေလ(ဟေရှာ ၆၂း၅)၊ ခရစ်တော်နှင့် အသင်းတော်(ဧ ၅:၂၅-၂၇၊ ဗျာ ၂၁း၂) ဆက်ဆံရေးသည် အိမ်ထောင်သည်ဘဝကိုသရုပ်ဖော်သည်။ ဣသရေလနှင့် အသင်းတော်သည် သတိုသမီး ဖြစ်ကြသည်။
Medes, Media (မေဒိ၊ မေဒုန်း)
ဘီစီ ၉-ရာစုတွင် ယခုအီရန်နိုင်ငံ၏ အနောက်မြောက်ဒေသ၌ အာနီးယန်းတို့ နေထိုင်ခဲ့ကြသည်။ အာရှုရိတိုက မြင်းများအတွက် ထိုတိုင်းပြည်ကိုသိမ်းပိုက်ကြပြီး နောင်တွင် မေဒိလူတို့က သိမ်းပိုက်ကြသည်။ အာရှုရိဘုရင်သာဂုန်(၁)က ဣသရေလလူအချိုအား ဘီစီ ၇၂၁ ခန့်တွင် ထိုမေဒိပြည်သို့မောင်းထုတ်ကြသည်(၄ရာ ၁၇း၆)။
ဘီစီ ၆၃၁ ခုနှစ် ပုန်ကန်မှုတွင် မေဒိလူတိုသည် သကုနိ၊ စီမီရီးယန်းလူတိုနှင့် ပေါင်းဖက်ကြသည်။ နောင်တွင် ဗာဗုလုန်သားများနှင့် မဟာမိတ်ပြုကြပြီး ဘီစီ ၆၁၂ တွင် နိနေဝေပြည်ကို သိမ်းပိုက်ကာ ဘီစီ ၆၁၀-၆၀၉ ခုနှစ်၌ နောက်ဆုံး အာရှုရိအင်ပါယာ တည်ထောင်ကြသည်။
တိုက်ဂရစ်မြစ်အနောက်ဘက်၌ ဗာဗုလုန်တို ကြီးစိုးသည့်အခါ မေဒိအင်ပါယာသည် ဗာဗုလုန်၏ အရှေ့ဘက်နှင့် မြောက်ဘက်တိုင်အောင် ကျယ်ပြန့်လာသည်။ ပင်လယ်သေ၏ အရှေ့တောင်မှ ယခုကာလ အဖဂန်နစ္စတန်နိုင်ငံထိ အင်ပါယာကျယ်ပြန့်လာသည်။ ဘီစီ ၅၅၀ တွင် လက်အောက်ခံပါရှန်းသား ကုရုမင်းက ပုန်ကန်တော်လှန်ပြီး အင်ပါယာတခုလုံးကို သိမ်းပိုက်သည်။ သူ့မိသားစုသည် မေဖျန်းမင်းညီမင်းသားများနှင့် နီးစပ်ပေါင်းဖက်ကြပြီး မေဒိအာဏာရှင်စနစ် တည်ထောင်ကြသည်။ သူတို၏ ထုံးတမ်းစဉ်လာနှင့် ဥပဒေသ များသည် ပါရှန်းနှင့် ပေါင်းစပ်လာကြသည်။
Mediator (ကြားခံလူ)
ကြားခံလူဆိုသည် နှစ်ဦးနှစ်ဖက်အကြား တင်းမာမှုအား ဆက်ဆံရေးပြေလည်လာစေရန် ပြန်လည်ထူမ လုပ်ဆောင်ပေးသူဖြစ်သည်။
ကျမ်းစာတွင် ကြားခံလူဟူသော စကားလုံး မကြာခဏ မတွေ့ရသော်လည်း ထိုစကား အရေးကြီးပုံကို မကြာခဏ တွေ့ရသည်။ ဓမ္မဟောင်းကျမ်းမှ ပရောဖက်များနှင့် ယဇ်ပုရောဟိတ်များသည် ဘုရားသခင်နှင့် သူ့လူများအကြား၌ ထိုသိုသောသူများဖြစ်ကြသည်။
မောရှေသည် အရေးပါဆုံး ဓမ္မဟောင်းကြားခံလူဖြစ်သည်။ ဘုရားသခင်နှင့် ဣသရေလလူတို့ အကြားတွင် ရပ်တည်၍ ဣသရေလလူများသိုဘုရားရှင်ထံမှခံယူသော ပဋိညာဉ်နှင့် တရားတော်များ ရှင်းပြသည်။ သိုသော် ခရစ်တော်သည် ထိုမောရှေ၏ကြားခံလူ လုပ်ဆောင်ခြင်းထက် အနှိုင်းမဲ့ကြီးမြတ် သည်(ဟေဗြဲ ၈း၆)။ ခရစ်တော်တပါးတည်းသာလျှင် အပြစ်လူသားများနှင့် သန့်ရှင်းတော်မူသော ဘုရားရှင် အကြား၌ ကြားခံလူဖြစ်သည်(၁တိ ၂း၅)။ ကားတိုင်ပေါ်၌ အသေခံတော်မူခြင်းဖြင့် အပြစ်သားများနှင့် ဘုရားသခင်အကြား၌ အပေးအယူပြုလုပ်နိုင်သည်(ကော ၁း၂၀)။ ယခုအခါတွင်လည်း ခရစ်ယာန်များ၏ ဘုရားရှင်ထံသို့ ဆုတောင်းခြင်းဖြင့် ကိုးကွယ်ခြင်းကြားခံလုပ်ဆောင်ပေးနေသည်။
Meditation (အာရုံပြုခြင်း)
ကျမ်းစာလာ အာရုံပြု ဆင်ခြင်ခြင်းဆိုသည်မှာ ဘုရားရှင်တော်အကြောင်း၊ ပြုတော်မူချက်များနှင့် စကားတော်အား စိတ်နှလုံးထဲ၌ ဖြည့်ဆည်းနေခြင်းဖြစ်သည်။ သတိထားစရာမှာ အခြားဘာသာတရားများ၏ ကမ္မဌာန်းထိုင်ခြင်း၊ အချိုခရစ်ယာန်များ၏ ထုံးတမ်းစဉ်လာထဲ၌ အာရုံ မြှုပ်ခြင်းမဟုတ်ပါ။
ဓမ္မဟောင်းသူတော်စင်များသည် ဘုရားသခင်၏ တရားတော်များကိုဆင်ခြင်အာရုံပြု၍ နာခံကြသည် (ယောရှု ၁း၈၊ ဆာ ၁း၂၊ ၁၁၉း၄၈၊ ၇၈၊၇၉)။ အတိတ်ကာလ၌ ဘုရားရှင်၏ ပြုတော်မူချက်များကိုလည်း အာရုံပြုဆင်ခြင်ကြပြီး(ဆာ ၇၇း၁၂-၂၀) ပစ္စုပန်ကာလ၌ အထောက်အကူရရှိနိုင်ရေးမျှော်လင့်ကြသည်(ငယ် ၁-၉)၊ အခြားဆင်ခြင်ကြသည်မှာ ဖန်ဆင်းခြင်း၌ ဘုရားရှင်၏ ပြုတော်မူပုံ(ဆာ ၁၀း၄၊ အထူးသဖြင့် ငယ် ၃၄)၊ ကတိတော်များ (ဆာ ၁၁၉း၁၄၈)၊ မကုန်ခမ်းနိုင်သော မေတ္တာတော်(ဆာ ၄၈း၉)အကြောင်းဖြစ်သည်။ နာခံခြင်းနှင့် မျှော်လင့်ခြင်း၊ အာရုံပြုဆင်ခြင်ခြင်းက ဝတ်ပြုကိုးကွယ်ခြင်းဖြစ်ပေါ်စေသည်(ဆာ ၁၉း၁၄၊ ၁၀၄:၃၄)။
ဟေဗြဲစကားရပ်တွင် “ဖြည်းညှင်းသောအသံ”ဟုလည်း အနက်ရသည်။ ထိုစကားလုံးကို သားကောင်ပေါ် ၌ ခြင်္သေ့တို့ မွေ့လျော်ခြင်း(ဟေရှာ ၃၁း၄)၊ ချိုးငှက်ကူခြင်း(ဟေရှာ ၃၈း၁၄)တို့၌လည်း သုံးကြသည်။ လူများ သည် ဘုရားသခင်၏ တရားတော်ကို ကျယ်လောင်စွာ ဖတ်ရှုလေ့ရှိကြသည်။ ထိုကား နှုတ်ကပတ်တော်အပေါ်သို့ အာရုံရောက်ရှိရေးဖြစ်သည်။ စင်စစ်တွင် သူတော်စင်များသည် နေ့ညဉ့်မပြတ် ဘုရားတရားတော်ကို ဆင်ခြင် အောက်မေ့ကြသည် (ယောရှု ၁း၈၊ ဆာ ၁း၃ ကို တရား ၆း၆-၉ နှင့်ယှဉ်ကြည့်)။ အမှန်မှာ အာရုံပြုခြင်းသည် ကျယ်လောင်ဆူညံခြင်းမရှိ။ ဆာ ၃၉း၃ တွင် တိတ်ဆိတ်စွာပြုလုပ်ရသည်ဟုဆိုသည်။ အကြောင်းသော် ထိုသို အာရုံပြုဆင်ခြင်ပြီးသော် ဒါဝိဒ်သည် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုသည်ဟုဆိုသည်။
ဟေဗြဲအခြားစကားလုံးတွင် “စိတ်နှလုံး တစုံတရာသို ကသိုဏ်းခြင်း”ဟုဆိုသည်။ ဆင်ခြင်အာရုံပြု ခြင်းဆိုသည်မှာ ကျမ်းစာစကားလုံးကို ထပ်ခါတလဲလဲ ရေရွတ်ခြင်းမဟုတ်။ တလုံးခြင်း သေချာစွာ စဉ်းစား ခြင်းဖြစ်သည်။ ဆာလံကျမ်းတွင် “အောက်မေ့ခြင်း”နှင့် “ထောက်ချင့်ခြင်း”ဟူသော စကားလုံး (၂)ရပ်ဖြင့် အနက် ဖော်သည်(ဆာ ၇၇း၃၊ ၆၊ ၁၁၉း၄၅၊ ၁၄း၃၅)။ ဟေဗြဲ စာကဗျာများတွင် ထိုစကားလုံးကို နက်တူကြောင်းကွဲ ဝေါဟာရများဖြင့် ထပ်ခါတလဲလဲ ဖော်ညွှန်းလေ့ရှိကြသည်။ စကားလုံးထပ်၍၄င်း၊ စကားလုံးပြိုင်များဖြင့်၄င်း စပ်ဆိုကြသည်။ ဆင်ခြင်အာရုံပြုခြင်းသည် နှုတ်ကပတ်တော်အားဂရုတစိုက် အလေးအနက်ထားခြင်းဖြစ်သည်။ မည်သိုလိုအပ်၍ အသက်တာ၌ မည်သို့ အသုံးပြုရမည့်အကြောင်းဖြစ်သည်။ မှတ်မိသမျှသော ကျမ်းချက်များကိုအတိတ်က အတွေ့အကြုံများနှင့် ပေါင်းစပ်တွေးခေါ်ခြင်းဖြစ်သည်။
ဓမ္မသစ်ကျမ်း၌ ဆင်ခြင်အာရုံပြုခြင်းဟူသော စကားလုံးတွေ့ရလေ့ မရှိသော်လည်း အတွေးအမြင်များ ပြန်လည်သစ်လွင်စေခြင်းဖြစ်သည်(ဧ ၄း၁၇၊၁၈၊ ၂၃)။ ထိုပြန်လည်သစ်လွင်သော အတွေးက အသက်တာကို ပြောင်းလဲစေသည်(ရော ၁၂း၂)။ ယုံကြည်သူများ၏ စိတ်အာရုံသည် ကောင်းကင်ဘုံ (ကော ၃:၂၂)၊ နန်းထိုက် တော်ဝင်(ဖိ ၄း၈)သို့ ရောက်ရှိသည်။ သန့်ရှင်းသော အသက်တာ မည်သိုရှိရကြောင်း ဆင်ခြင်တုံတရားဖြင့် ကျင့်ကြံခြင်းဖြစ်သည်။
Meekness (နူးညံ့ သိမ်မွေ့ခြင်း)
ဓမ္မဟောင်းကျမ်း စကားလုံးဖြစ်၍ ဆင်းရဲမွဲတေခြင်း၊ ရောဂါဝေဒနာ ခံစားခြင်းမျိုးဖြစ်သည်။ စုံစမ်းခက်ခဲခြင်းကို စိတ်ရှည်၊ ရိုကျိုးခြင်းဖြင့် သင်ယူခြင်းလည်းဖြစ်သည်။ နူးညံ့သိမ်မွေ့ခြင်းသည် ခံနိုင်ရည်ရှိ၍ သူ့ကိုဆန့်ကျင်သော အခြေအနေနှင့် လူများသို ပြန်လည်တုံပြန်လိုစိတ်မရှိ။ ဥပမာအားဖြင့်သူ့ကို ဆန့်ကျင်ပြော ဆိုသော အစ်ကိုနှင့် အစ်မများအပေါ် မောရှေ၏ ခွန်းတုံမပြန် သည်းခံခြင်းမျိုးဖြစ်သည်။
ခရစ်တော်သည် နူးညံ့သိမ်မွေ့ ယဉ်ကျေးသည်(၂ကော ၁ဝး၁)၊ နူးညံ့သိမ်မွေ့ခြင်းသည် စိတ်သဘောကို ပြသသည်။ ယဉ်ကျေးခြင်းသည် စိတ်နှလုံးသိမ်မွေ့ခြင်းအား ပြင်ပအပြုအမူဖြင့် ထုတ်ဖော်ခြင်းဖြစ်သည်။
ခရစ်ယာန်များသည် ယဉ်ကျေးသိမ်မွေ့ကြသည်(ကော ၃း၁၂)။ ဆင်းရဲဒုက္ခရောက်သည်ဖြစ်စေ၊ ကောင်းစားသည်ဖြစ်စေ ဘ၀ခရီး၌ ကြုံဆုံသမျှသည် ဘုရားရှင်တော်၏ သွန်သင်ချက်ဟု ယုံကြည် စိတ်ချကြသည်။ အပြင်ပန်းသဏ္ဍာန်မှ ယဉ်ကျေးရည်မွန်ခြင်းသည် စိတ်နှလုံးငြိမ်သက်ချမ်းသာမှုအား ထုတ်ဖော် ပြသခြင်းဖြစ်သည်။ ခရစ်ယာန်များသည် သန့်ရှင်းဝိညာဉ်တော်ထံမှ ထိုသို့သော ခွန်အားရရှိကြသည်(ဂလာ ၅း၂၃)။
Melchizedek (မေလခိဇေဒက်)
ရှာလင်(ယေရုရှလင်)ဘုရင်က သောဒုံမင်းနှင့် မဟာမိတ်တိုကို အောင်ပွဲခံရာမှ ပြန်လာသော အာဗြဟံအား ခရီးဦးကြိုပြုသည်(က ၁၄း၁၈-၂၀)။မေလခိဇေဒက်ဆိုသည်မှာ ဖြောင့်မတ်ခြင်းဘုရင်ဟု အနက်ရသည်။ သူသည်အမြင့်ဆုံးသော ဘုရားရှင်၏ ယဇ်ပုရောဟိတ်ဖြစ်သည်။
ဆာ ၁း၁၀ တွင် ဒါဝိဒ်က “ဘုရားသခင်သည် ငါ၏ သခင်ဖြစ်တော်မူ၏”(ငယ်၁)ဟု၎င်း၊ “သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ငယ် ၄)ဟု၎င်း ဝန်ခံထားသည်။ မာ ၁၂း၃၅-၃၇ တွင် ဒါဝိဒ်၏သခင်သည် ခရစ်တော်ဖြစ်သည်ဟုဆိုသည်။ ထိုကြောင့်ခရစ်တော်သည် မေလခိဒက်သို့သော ယဇ်ပု ရောဟိတ်ဖြစ်သည်။
ဟေဗြဲသြဝါဒစာတွင် မေလခိဇေဒက်အကြောင်းကို ၅း၆၊ ၉၊ ၆:၂ဝနှင့် အခန်း ၇ တို့တွင် ရည်ညွှန်းသုံး ထားသည်။ ကျမ်းစာရှင်က ခရစ်တော်၏ ယဇ်ပုရောဟိတ်ရာထူးသည် အာရုန်၏ မျိုးရိုးမှမဟုတ်ဟုဆိုသည်။ ထိုမျိုးရိုးမှ ယဇ်ပုရောဟိတ်များသည် သေလွန်ကြသည်(ငယ် ၂၃)။ ခရစ်တော်၏ ယဇ်ပုရောဟိတ်ရာထူးသည် နိစ္စထာဝရတည်သည်။ အကြောင်းသော် မေလခိဇေဒက်၏ ယဇ်ပုရောဟိတ်မျိုးဟု ဆိုသည်။
မေလခိဇေဒက်သည် လူဖြစ်သောကြောင့် ထာဝရအသက်ရှင်သည် မဟုတ်။ သိုသော် ကျမ်းစာတွင် ထာဝရတည်သကဲ့သိုဟု ရေးထားသည်။ အကြောင်းသော် မိဘမျိုးရိုး၊ မွေးဖွားချိန်၊ သေဆုံးချိန်မှတ်တမ်း မှတ်ရာမရှိ (ငယ် ၃)။ လောကယဇ်ပုရောဟိတ်များသည် ထိုသိုသော အချက်အလက်များအား မှတ်တမ်း မှတ်ရာရှိကြသည်(နေဟင် ၇း၆၃၊ ၆၄ ကိုကြည့်)။ ဘုရားရှင်ကမေလခိဇေဒက်အကြောင်း ထိုသို ထိန်ချန်ခြင်းမှာ ခရစ်တော်ကို ယဇ်ပုရောဟိတ်အဖြစ် ဖော်ညွှန်းသောကြောင့်ဖြစ်သည်။ “ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော တရား အတိုင်းမဟုတ်”ဟူသော ကျမ်းစကားအရ လူ့ယဇ်ပုရောဟိတ်ကဲသို့ မဟုတ်ဘဲ “ထာဝရတန်ခိုး၏ အာနုဘော် အတိုင်း ခန့်ထား၏”(ဟေဗြဲ ၇း၁၆)ဟု ဆိုထားသည်။
Mene, Mene, Tekel, Upharsin (မေနေမေနေ၊တေကလေ၊ဖေရက်)
ဗေလရှာရှာ၏ ဧည့်ခံပွဲတွင် နံရံပေါ်၌ရေးထားသော အာရမိဘာသာစကားဖြစ်သည်(ဒံ ၅း၂၅)။ အာရမိဘာသာစကားသည် ဟေဗြဲဘာသာစကားနှင့် နီးစပ်၍ အနောက်အာရှဒေသ၌ ကျယ်ပြန့်စွာ ပြောဆိုကြ သည်။ သံရေးတမန်ရေးနှင့် ကုန်သွယ်ရေးရာ၌ သုံးကြသည်။ ဗာဗုလုန်သားများက မည်သို့ ဖတ်ရှုတတ် ကြကြောင်း မသိရပါ(ငယ် ၇၊ ၈)။ အနောက်အာရှ စာပေကျမ်းဂန်များ၌ သုံးကြသော်လည်း ဗာဗုလုန်တွင် သုံးလေ့မရှိ။ ထိုသို့ သုံးလေ့သုံးထမရှိသော်လည်း ဘုရားရှင်၏ ကူမမှုကြောင့် စာဖတ်ပရိသတ်များက ဖတ်ရှုနိုင်ကြသည်။
ထိုစကားရပ်၏ အနက်မှာ “ရေတွက်ရေတွက်၊ ချိန်တွယ်၍ ခွဲခြားလော့”ဟူ၍ဖြစ်သည်။ (ဖေရက် ဟူသော စကားလုံးမှ “ဖ”သည် “နှင့်”ဟု အနက်ရသည်)၊ ဒံယေလက အနက်ပြန်ဆိုပြသောအခါ ဖရက်ဟု အနက်ရသော ဖာဆင်ဟူသော စကားလုံး၏ ဧကဝုဒ်ကိန်းကို ယူသည်။ ဤစကားလုံးကို ပါရှန်းနာမည် ကုလားဖန်ထိုးရာ၌လည်း သုံးကြသည်။
အချို့က အခြင်အတွယ်(၃)မျိုး၊ မေနေ၊ ကယ်၊ ရှေ့ကယ်ဝက်ဟူ၍ (၃)မျိုးဖြစ်သည်ဟု ဆိုကြသည်။ ဖြစ်တန်ရာရှိသော်လည်း ဒံ ၅ အား အနက်ပြန်ဆိုရာတွင် အလုံအလောက် အထောက်အကူမပေးနိုင်။ ဒံယေလ၏ စကားတွင် ဗာဗုလုန်အင်ပါယာကို မေဒီ – ပါရှန်းတို့က ခွဲယူကြမည်ဟု မဆိုလိုပါ။ ဗာဗုလုန်အင်ပါယာကို မေဒိနှင့် ပါရှန်းပေါင်းစည်းခြင်းတန်ခိုးက ဖျက်ဆီးမည်ဟု ဆိုလိုသည်။
Mercy (ကရုဏာ)
ဘုရားသခင်သည် ကရုဏာများ၏ ဖခင်ဖြစ်သည်(၂ကော ၁း၃)။ ကရုဏာသည် ဘုရားသခင်ထံ တော်မှလာသည်။ သူ့ကို ချစ်ကြောက်သူများသို့ ကရုဏာတော်ပြုသည်(လု ၁း၅ဝ)။ အထူးသဖြင့် အပြစ်နွံမှ ကယ်ထုတ်သည်(ဇ ၂း၄၊ ၅)။ ဘုရားသခင်က ကရုဏာတော် မပြသရခြင်းမှာ သူ့ကို မခံယူကြသော ကြောင့်ဖြစ်သည်(တိ ၃း၅)။ သို့သော် အခမဲ့ပေးသနားရန် ဆုံးဖြတ်ထားသည် (ထွ ၃၃း၁၉)။ ကရုဏာတော် ပြသရခြင်းမှာ ကရုဏာတော်ရှင် ဘုရားသခင်ဖြစ်သည့်အကြောင်းမှ လွဲ၍ အခြားအကြောင်းအရာမရှိ။ ကရုဏာတော်သည် မေတ္တာတော်ထဲ၌ ပါဝင်သည်။
လူများက ကရုဏာတော် တောင်းခံကြသောအခါ မိမိတို့ကိုယ်တိုင် မိမိတိုလိုအပ်ချက် မဖြည့်ဆည်း နိုင်ကြသောကြောင့်ဖြစ်သည်။ ထိုအခါ လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်သော ဘုရားရှင်ကို မှီကိုးကြသည်။ ယုံကြည်သူများသည်ရရှိမည်ဟု ယုံကြည်ကြသောကြောင့် ဘုရားရှင်ထံ ကရုဏာတော် တောင်းခံကြ သည်(ဟေဗြဲ ၄း၁၆)။
ခရစ်ယာန်များသည် ဘုရားရှင်က ကရုဏာတော်ပြုတော်မူကြောင်း သိရှိကြသည့်အတိုင်း အခြားသူ များသို့ ကရုဏာပြုရသည်(လု ၆း၃၆)၊ အကူ အညီလိုအပ်သူများသို ကရုဏာပြုကြသည့်အတိုင်း ကရုဏာတော် ခံစားရမည်ဟု ယုံကြည်စိတ်ချနိုင်ကြသည်(မ ၅း၇)။
လူလောကတွင် သတင်းသုံးတော်မူစဉ် ခရစ်တော်သည် ကရုဏာ တော်ပြသတော်မူသည်(မာ ၁၀း၄၇-၅၂)။ ကားတိုင်ပေါ်၌ အသေခံတော်မူပြီး နောက်ပိုင်းတွင်လည်း ကရုဏာတော်ရှင် ယဇ်ပုရောဟိတ်ကြီး ဖြစ်တော်မူသည် (ဟေဗြဲ ၂း၁၇)။
ကျေးဇူးတော်လည်းကြည့်။
ချစ်ခင်ကြင်နာမှုကိုလည်းကြည့်။
Mercy-Seat (ကရုဏာတော်ပလ္လင်)
တဲတော်ရှိ ပဋိညာဉ်သေတ္တာတော်ထိပ်ရှိ ရွှေစင်ရုပ်ဖြစ်သည်(ထွ ၂၅း၁၇)။ တဘက်တချက်ထိပ်တွင် မျက်နှာချင်းဆိုင်လျက် ရွှေခေရုဗိမ်ရှိကြသည်(ငယ် ၁၈-၂၀)။
ဟေဗြဲစကားလုံး အပြစ်ဖြေခြင်းမှ ဆင်းသက်သော စကားလုံးဖြစ်သည်။ ထိုကရုဏာပလ္လင်သည် အပြစ်ဖြေရာနေရာဖြစ်သည်။ အပြစ်ဖြေရာနေ့ရက်၌ ယဇ်သွေးဖြင့် ထိုကရုဏာပလ္လင်ကို ဖျန်းတောက် ရသည်(ဝတ် ၁၆း၁၄)။ ထိုနေရာသည် အပြစ်ဖြေရာနေရာဖြစ်ကြောင်း ဘုရားသခင်ကမောရှေသို မိန့်မှာတော် မူသည်။
အချို့က ထိုဟေဗြဲစကားလုံး၏ ဇစ်မြစ်သည် “ဖုံးအုပ်ခြင်း”ဖြစ်သည်ဟုဆိုကြသည်။ ထိုကြောင့် ကရုဏာပလ္လင်သည် သာမန်အားဖြင့် ဖုံးအုပ်ခြင်း (သို့) ထပ်မံထင်ရှားပြသစရာမရှိဟု အနက်ရသည်။ သို့သော် ထိုသို့ ဟေဗြဲ စကား၌ ဖုံးအုပ်ခြင်းအနက်ရကြောင်း အထောက်အထားမရှိ။ ဟေဗြဲစကားလုံး KPR(အဖုံး) kap poreth (ကရုဏာပလ္လင်)နှင့် kippur(အပြစ်ဖြေခြင်း) တို့သည် အနက်ဆက်စပ်ကြသည်။ KPR သည် အဖုံးမျှသာမဟုတ်ပါ။ အမျက်တော်ကို ဆန့်ကျင်သည့် အပြစ်ကို ဖုံးအုပ်ခြင်းဖြစ်သည်။
အပြစ်ဖြေခြင်းအကြောင်းမှာလည်းကြည့်။
Mesopotamia (မေသောပေါတာမိ)
ဂရိစကားလုံးဖြစ်၍ “မြစ်များအကြားရှိ မြေ”ဟု အနက်ရသည်။ အရှေ့ ဆီးရီးယားနှင့် မြောက်အီရတ် တွင် ရှိသည်ဟုဆိုကြသည်။ ဓမ္မသစ် ကျမ်းမှုအချို့တွင် အာရာမင်မြစ်နှစ်သွယ်ဟူသော ဟေဗြဲစကားလုံးမှ လာ၍ ကျမ်းမှ မေသောပေါတာမိတွင် အီရတ်တပြည်လုံး ပါဝင်သည်ဟုဆိုသည်။ ဥပမာအားဖြင့် က ၂၄း၁ဝ၊ တ ၂း၉ ကိုကြည့်။
Messiah (မေရှိယ)
ဟေဗြဲစကားလုံးဖြစ်၍ “ဘိသိက်ထားသူ”ဟု အနက်ရသည်။ မေရှိယ ဆိုသူသည် ဓမ္မဟောင်းကျမ်းတွင် ဘုရားရှင်က သူ့လူများသို့ ရှင်ဘုရင်နှင့် ကယ်တင်ရှင် အောင်နိုင်သူ၊ လူမျိုးတကာအား တရားစီရင်မည့်သူအဖြစ် ကတိပြုထားသောသူဖြစ်သည်။
ထိုကတိတော်၏ သမိုင်းကြောင်းအစ ပြန်ကောက်ကြမည်။ လူတို့ ဖောက်ပြန်သည်နှင့်တပြိုင်နက် ဘုရားသခင်က စာတန်ကို အောင်နိုင်မည့် သူအား ဧဝသို့သော မိန်းမအနွယ်မှ မွေးဖွားမည်ဟု မိန့်မှာသည်(က ၃း၁၅)။ ထိုသို့ဖြင့် ဧဒင်ဥယျာဉ်၏ ကြွယ်ဝချမ်းသာမှုနှင့် ငြိမ်သက်ချမ်းမြေ့မှု ပြန်လည်ခံစားမည်ဟု မှာထားသည် (ဟေရှာ ၁၁း၆-၈၊ အာ ၉း၁၃-၁၅)၊ ထိုမေရှိယ (သို့) ခရစ်တော်သည် နောက်ဆုံးအာဒံအဖြစ် ပေါ်ထွန်းလာ သည်(ရော ၅း၁၂-၁၉၊ ၁ကော ၁၅:၄၅-၄၉)။ မေရှိယနှင့် ခရစ်တော်သည် အနက်အတူတူဖြစ်သည်။
သေလွန်ခါနီးတွင် မောရှေက ဣသရေလအမျိုးထဲတွင် သူကဲ့သိုသော သူ ပေါ်ထွန်းမည့်အကြောင်း ပရောဖက်ပြုထားသည်(တရား ၁၈း၁၅)။ ဘုရားရှင်က ဣသရေလလူများသို့ ပရောဖက်အများအပြား စေလွှတ်သော်လည်း မောရှေကဲ့သို့သော ကြီးမြတ်သူ တပါးမှမရှိ(တရား ၃၄း၁၀)။ မောရှေသည် ခါနန်ပြည်သို့ ဝင်ရောက်မည့် ဣသရေလများသို ဝတ်ပြုကိုးကွယ်ခြင်း အုတ်မြစ်ချပေးသည်။ နှောင်းပရောဖက်များက ပိုကောင်းသော ပဋိညာဉ်သစ်ကို ရှေးရှုမျှော်လင့်ကြသော်လည်း လူများအား မောရှေ၏ သွန်သင်ချက်သို ပြန်ခေါ် တည့်မတ်ကြသည်(ယေ ၃၂း၃၆-၄၁)။ မေရှိယသခင်က ထိုပဋိညာဉ်သစ်ကို ယူဆောင်လာပြီး မောရှေက ကတိ ပြုထားသူအဖြစ် ကြွလာတော်မူသည်(တ ၃း၂၂-၂၆၊ ဟေဗြဲ ၃း၁-၆)။
ထိုမေရှိယသည် ဒုတိယအာဒံ၊ အာဒ်ထက် ကြီးမြတ်သူဖြစ်သည်သာက ဒုတိယမောရှေ့နှင့် မောရှေ့ထက် ကြီးမြတ်သူ၊ ဒုတိယဒါဝိဒ်နှင့် ဒါဝိဒ်ထက် ကြီးမြတ်သူဖြစ်သည်။ ယာကုပ်က ဘုရားသခင်၏ နိုင်ငံတော်သည် သူ့သား ယာကုပ်အနွယ်ထဲမှ ပေါ်ထွန်းမည့် အကြောင်း ပရောဖက်ပြုခဲ့သည်(က ၄၉း၁၀)။ ဒါဝိဒ်သည် ယုဒနွယ်ဝင်ဖြစ်၍ ဘုရားသခင်က သူ့ သားမြေးမှ ထာဝရအုပ်စိုးမည့်အကြောင်း ကတိတော်ပြုထားသူဖြစ်သည်။ ဒါဝိဒ်မျိုးနွယ် သည် ပြည်နှင်ဒဏ်ခံရသည့်ချိန်ထိ နှစ်ပေါင်း ၅၀၀ နီးပါးမျှ နန်းစံကြသည်။ သို့သော် ဣသရေလ လူတို့က ဒါဝိဒ်၏ အောင်ခြင်းတန်ခိုးနှင့် ဘုရားတရား ကြည်ညိုသော ရှင်ဘုရင်ပေါ်ထွန်းမည့်အကြောင်း မျှော်လင့်နေကြသည်။ ထိုမေရှိယက သူ့အား ဆန့်ကျင်သူဟူသမျှနှင့် လူမျိုးတကာတိုကို အုပ်စိုးမည် (ဆာ ၂)။ သူ့အုပ်စိုးမှုသည် ဖြောင့်မတ်သည့်အလျောက် ထာဝရတည်တံ့မည် (ဆာ ၄၅း၄-၇)။ ယေရှုခရစ်တော်သည် ထိုသိုသော ဒါဝိဒ်၏ သားမြေးဖြစ်သည်(မ ၁း၁-၁၇၊ ဟေဗြဲ ၁း၈)။
ဓမ္မဟောင်းပရောဖက်ကျမ်းများတွင် ဒုတိယဒါဝိဒ်ကို မျှော်လင့်ကြသည်(ယေဇ ၃၄:၂၃)။ တခါတရံ ဒါဝိဒ်၏ အခက်အနွယ်(ယေ ၂၃:၅) အညွှန့်(ဇာ ၃း၈)ဟု ဆိုကြသည်။ ဟေရှာယက ဣသရေလတို့၏ အစေခံတ ပါးသည် အုပ်စိုးသည်သာမက(ဟေရှာ ၄၂း၁-၄) သူ့လူများအတွက် ဆင်းရဲဒုက္ခခံမည်ဟု ဆိုသည်(ဟေရှာ ၅၀း၄-၉)။ သခင်ယေရှု၏ မေရှိယဖြစ်တော်စဉ်တွင် ထိုသို ဆင်းရဲဒုက္ခ ခံယူပုံအကြောင်း သိရှိနားလည်ရန် အထူးအရေးကြီးသည်။ အခြားတဘက်တွင် ဒံယေလက ဘုန်းတန်ခိုးရှိသူ၊ လူသားတော်၊ လူမျိုးတကာတို့၏ ကိုးကွယ်ခြင်း ခံယူသူ၊ တလောကလုံးကို အုပ်စိုးသူ(ဒံ ၇း၁၃၊ ၁၄)ဟုဆိုသည်။ ယေရှုက ထိုကျမ်းချက်များကို ကိုးကားပြီး မ ၁၃:၂၆၊ ၁၄:၆၂ တွင် ဒုတိယအကြိမ် ပြန်လည်ကြွလာခြင်းအကြောင်း၌ မိန့်တော်မူထားသည်။
ယုဒလူများက မေရှိယသခင်ကို ရည်မျှော်ကြသော်လည်း တကယ်ကြွလာသောအခါ အသိအကျွမ်း မလုပ်ကြ။ သို့သော် ခရစ်ယာန်များက သခင်ယေရှုသည် မေရှိယ၊ ဘုရားသားတော်ဟု လက်ခံသိမှတ်ကြသည်(မ ၁၆း၁၆)။
ခရစ်တော်ကိုလည်းကြည့်။
Millennium (အနှစ်တထောင်ကာလ)
ဗျာ ၂၀း၁-၆ တွင် အနှစ်တထောင်ကာလ၌ စာတန်သည် ချုပ်နှောင်ခြင်းခံရပြီး ထိုကာလ၌ သူတော်စင် များသည် ပြန်လည်ထမြောက်ကြကာ ခရစ်တော်နှင့်အတူ စိုးစံကြမည်ဟုဆိုသည်။ ဗျာဒိတ်ကျမ်းသည် အမှတ် အသားချည်းဖြစ်သောကြောင့် နားလည်ရခက်ခဲလွန်းသည်။ ဓမ္မဆရာအမျိုးမျိုးက တတဖုံစီ ရှုမြင်ကြသည်။ ထိုကြောင့် အနှစ်တထောင်ကာလနှင့် ပတ်သက်၍အမြင်(၃)မျိုးရှိသည်။
အနှစ်တထောင်ဝါဒီများက စာသားပကတိအတိုင်း အုပ်စိုးခြင်းကာလဟုဆိုကြသည်။ ခရစ်တော် ပြန်လည်ကြွလာပြီး စာတန်ကို ချည်နှောင်ကာကမ္ဘာမြေပေါ်၌ ခရစ်တော်ကိုယ်တိုင် သူတော်စင်များနှင့်အတူ စိုးစံမည်ဟုဆိုကြသည်။ ထိုနောက် စာတန်ကို ခဏတဖြုတ် လွှတ်မည်။ ထိုနောက် ခရစ်တော်က ပြန်လည်အောင် နိုင်မည်။ တရားစီရင်ခြင်းနောက်တွင် ထာဝရကာလအရေး လိုက်လာမည်။ ထိုအမြင်ကို အချို့က “အနှစ်တ ထောင်ဝါဒ”ဟုလည်းဆိုကြသည်။
အနှစ်တထောင်မဲ့ ဝါဒီများက ထိုအနှစ်တထောင်သည် အမှတ်အသားဟု ခံယူကြသည်။ အသင်းတော် ခေတ်ကာလကို ရည်ညွှန်း၍ ခရစ်တော်၏အမှုတော်ပြုသည့်ကာလနှင့် ဒုတိယအကြိမ်ကြွလာ ခြင်းကာလအ ကြားဟု ဆိုကြသည်။ ကမ္ဘာမြေပေါ်တွင် ခရစ်တော်အုပ်စိုးမည့် အနှစ်တထောင်ဟူ၍မရှိဘဲ တရားစီရင်ခြင်းနှင့် ထာဝရကာလ တောက်လျှောက်ဖြစ်လာမည်ဟု ခံယူကြသည်။ စာတန်အား ချုပ်နှောင်ခြင်းဆိုသည်မှာ ကမ္ဘာမြေ သို့ ပထမအကြိမ်ခရစ်တော်ကြွလာစဉ်တွင် ကားတိုင်ပေါ်၌ ခရစ်တော်က အောင်နိုင်ခြင်းဖြစ်သည်ဟုဆိုကြသည်။ သူတော်စင်များ ထမြောက်ခြင်း(ဗျာ ၂၀း၄)(သို့) ခရစ်တော်ထဲ၌ ဘဝသစ်ဖြင့် ခရစ်ယာန်များ ရပ်တည်ခြင်း(သို့) မာတုရခံသူတို့ ကောင်းကင်ဘုံတွင် ခရစ်တော်နှင့်အတူ စိုးစံခြင်းဟုလည်း ဆိုကြသည်။
အနှစ်တထောင်လွန်ဝါဒီများက အနှစ်တထောင်သည် အမှတ်အသားဖြစ်သည်၊ အနှစ်တထောင်မဲ့ ဝါဒီကဲ့သို့ပင် ခရစ်တော်ကြွလာသည်နှင့် တပြိုင်နက် တရားစီရင်ခြင်းနှင့် ထာဝရကာလအရေး ဆက်တိုက် ပေါ်ထွန်းမည်ဟုဆိုကြသည်။ အနှစ်တထောင်ကာလကို အသင်းတော်ခေတ်ကာလ၌ ဘုရားသခင်၏ အမှုတော် လုပ်ဆောင်ခြင်းဖြစ်သည်၊ ဘုရားသခင်၏ နိုင်ငံတော်တည်ထောင်၍ သတင်းကောင်းဟောပြောခြင်းဖြစ်သည်ဟု ဆိုကြသည်။ လူ့အဖွဲ့အစည်းတခုလုံးသည် ခရစ်ယာန်များဖြစ်လာကြပြီး ရွှေခေတ်အဖြစ် ခရစ်တော်ဒုတိ ယအကြိမ် ကြွလာမည်ဟု ဆိုကြသည်။
Miracles (အံ့ဘွယ်နိမိတ်လက္ခဏာ)
အံ့ဘွယ်နိမိတ်လက္ခဏာသည် သဘာဝတရားကြီးထဲ၌ ဘုရားရှင်ကအသုံးနည်းလမ်းဖြင့် အမှုတော်ပြု ခြင်းဖြစ်သည်။ လူများထံသို့ ဗျာဒိတ်တော်ထုတ်ဖော်ပြသခြင်းအပါအဝင် ယုံကြည်ခြင်းကြီးထွား၍ ကယ်တင်ခြင်းရရှိကြရန် အကြံအစည်တော်လည်း ပါဝင်သည်။ သာမန်အားဖြင့် ကလေးသူငယ်တယောက်၏ နေ့လည်စာဖြင့် လူပေါင်း ၅၀၀၀ အား မကျွေးမွေးနိုင်သကဲ့သို့ သာမန်အားဖြင့် လူသည် ရေမျက်နှာပြင်ပေါ်တွင် လမ်းမလျှောက်နိုင်။ မွေးရာပါ ခြေဆာသူက ကောက်ကာငင်ကာ ပြေးလွှားမခုန်ပေါက်နိုင်ပါ။ လူသေက အသက်ပြန်မရှင်နိုင်ပါ။ ထိုအံ့ဘွယ်နိမိတ်လက္ခဏာသည် သဘာဝလွန်ဖြစ်သည်။ အကြောင်းသော် သာမန်ဖြစ် စဉ်၊ သဘာဝအဖြစ်ထက် ကြီးကျယ်သည်။စင်စစ်တွင် သာမန်ဖြစ်စဉ်ထက် လွန်ကဲကြသည်။ အခြားအံ့ဘွယ် နိမိတ်များသည် သာမန်ဖြစ်စဉ်နှင့် ဆန့်ကျင်ခြင်းမရှိကြ။ ဘုရားသခင်က ဖိလိတ္တိမ်းပြည်သို့(၁ရာ ၅း၉၊ ၆း၄၊ ၅) ကြောက်မက်ဘွယ် ပလိပ်ရောဂါ ကျရောက်စေရာတွင် ကြွက်များ ပွားများသောင်းကျန်းစေပြီး ရောဂါကူးစက်စေသည်။ ဤကား ဘုရားသခင်က သဘာဝတရားကို သာမန်ပုံစံဖြင့် အသုံးပြုခြင်းဖြစ်သည်။
ဖန်ဆင်းခံ လောကတခုလုံးကို ဘုရားရှင်က ပိုင်ဆိုင်သည်။ ထိုသိုဖန်ဆင်း(က၁)တော်မူသောကြောင့် ကိုယ်တော်၏ ပိုင်ဆိုင်ရာများ(ဆာ ၂၄း၁)ဖြစ်ကြပြီး ပုံမှန်လည်ပတ်စေသည်(ဆာ ၁၀၄:၂၇-၃ဝ၊ ကော ၁း၁၇)၊ ဤခေတ်ကာလကုန်ဆုံးသည့်အခါ တဖန် သစ်လွင်စေမည်(ဗျာ ၂၁း၁)။ သိပ္ပံပညာရှင်များက ကမ္ဘာမြေပေါ်၌ ဖြစ်ပျက်သမျှသည် သဘာဝ၏ နိယာမတရားဟု ဆိုကြသည်။ မြေကြီးပေါ်သို ကျောက်ခဲပြုတ်ကျခြင်းသည် ဝိညာဉ်တပါးပါးက ပစ်ချခြင်းမဟုတ်ပါ။ ကမ္ဘာ၏ ဆွဲငင်မှုနိယာမတရားကြောင့်ဖြစ်သည်။ အရာခပ်သိမ်းသည် သဘာဝတရား၏ အပိုင်းအစဖြစ်သော အကြောင်းနှင့်အကျိုးတရားအပေါ်တွင် တည်သည်။ ငှက်ဖျားရောဂါသည် ခြင်ကိုက်ဒဏ်ရာဖြင့် ခန္ဓာကိုယ်ထဲသို ဗက်တီးရီးယားပိုး ဝင်ရောက်ခြင်းကြောင့်ဖြစ်သည်။ ခရစ်ယာန်များက ထိုအချက်ကို သဘောတူကြသော်လည်း သဘာဝတရားကြီး ထဲ၌ ဘုရားရှင်တော်၏ ပြုတော်မူချက် ထပ်ဖြည့် ကြသည်။ လေဖိအားကြောင့်အခိုးအငွေ့မှတဆင့် မိုးရေဖြစ်သွားသော်လည်း ထိုသို ပြောင်းလဲဖြစ်စေသူသည် ဘုရားသခင်ဖြစ်သည်(ယောဘ ၃၈း၂၂-၃၀၊ မ ၅း၄၅)၊ အကြောင်းသော် ဘုရားသခင်က ဖန်ဆင်းသမျှကို ထိန်းကျောင်းသည်။ ပြုတော်မူချက်များထဲမှ အရေးအရာများတွင် ကယ်တင်ခြင်းသည် အထူးအကြံအစည် တော်ဖြစ်သည်။ထိုဖြစ်စဉ်များကို အံ့ဘွယ်နိမိတ်လက္ခဏာဟုဆိုသည်။
အံ့ဘွယ်နိမိတ်လက္ခဏာအကြောင်း ပြောရာ၌ အဓိကစကားကြီး (၃)ခွန်းရှိသည်။ ပထမအချက်မှာ တန်ခိုးတော်ဖြင့် ပြုမူ၊ တွေ့ရှိစေခြင်းဖြစ်၍ ဆာ ၁၀၆း၈၊ တ ၂း၂၂ တွင် တွေ့ရသည်။ ဘုရားသခင်သည် အနန္တတန်ခိုးရှင် (ဟေရှာ ၉း၆)ဖြစ်၍ ပြုတော်မူသမျှသည် တန်ခိုးတော်ဖြင့် ပြုတော်မူသည်။ပေါ်ထွန်းစေသကဲ့သို မုန်တိုင်းရပ်စဲခြင်းမျိုးလည်း ပါဝင်သည်(မာ ၄း၄၁)။ အားနည်းသူများဖြင့် အမှုတော်ပြုခြင်းတွင်လည်း တန်ခိုးတော် တွေ့မြင်နိုင်သည်(၂ကော ၁၂း၉)။ ဂရိစကားမှ “တန်ခိုး”ဟူသော စကားလုံးကို ဓမ္မသစ်ကျမ်းတွင် “အံ့ဘွယ်နိမိတ်”ဟူသော စကားဖြင့်လည်း ပြန်ဆိုကြသည်။
ဒုတိယစကားလုံးသည် “အံ့ဩဘွယ်”(ထွ ၁၅း၁၁၊ ရော ၁၅း၁၉) ဖြစ်သည်။ အံ့ဘွယ်နိမိတ်လက္ခ ဏာများသည် အံ့ဩဘွယ်ရာ သဘာဝလွန်များဖြစ်ကြသည်။
တတိယစကားလုံးသည် အမှတ်လက္ခဏာ(ဟေရှာ ၇း၁၁၊ ယော၂း၁၁)ဖြစ်သည်။ ဘုရားသခင်သည် လူတိုအလိုငှါ အံ့ဘွယ်နိမိတ်လက္ခဏာ ပြုတော်မူသည်မဟုတ်။ ခရစ်တော်သည် တရားမျှတရေးဖြစ်ရန် အံ့ဘွယ်အမှုပြုသည်မဟုတ်(မ ၁၂း၃၈၊ ၃၉)။ ဘုရားရှင်၏ အံ့ဘွယ်နိမိတ်လက္ခဏာများနှင့် မိန့်တော်မူ ချက်များသည် အမှန်တရားဖြစ်ကြောင်း ထင်ရှားစေရန်ဖြစ်သည်။ ခရစ်တော်၏ အမှတ်အသားများသည် ဓမ္မဟောင်းက ကတိပြုထားသူ(မ ၁၁း၂၊ ၆) ဘုရားသားတော် ခရစ်တော်မှန်ကြောင်း ပြသခြင်းဖြစ်သည်(ယော ၂၀း၃၀၊၃၁)။ ဘုရားရှင်၏ အံ့ဘွယ်နိမိတ်သည် လူများအား အံ့ဩရန်မျှသာမဟုတ်ဘဲ တစုံတရာ သွန်သင်ပြ သရန်ဖြစ်သည်(တ ၂း၁၉)။ အံ့ဩဘွယ်ဟူသော စကားသည် အမှတ်အသားဟူသောစကားနှင့် အမြဲဆက်စပ် လေ့ရှိသည်။
အံ့ဘွယ်နိမိတ်သည် ဘုရားသခင်က တန်ခိုးတော်နှင့် အံ့ဩဘွယ်ရာ နည်းလမ်းများနှင့် သူ့အကြောင်းအား ပြောပြရာဖြစ်သည်။ သို့သော် အံဩဘွယ်ရာဟူသမျှသည် ဘုရားရှင်၏ လက်ရာချည်း မဟုတ်ပါ။ ဘုရားသ ခင်၏ရန်သူများလည်း အံ့သြဘွယ်ရာများ ရံဖန်ရံခါ ပြကြသည်(ထွ ၇း၁၁၊ မ၇:၂၂၊ ဗျာ ၁၃း၁၃)။ အံ့ဘွယ်နိ မိတ်များနှင့် ဘုရားသခင်၏ စကားတော်များသည် အစမ်းသပ်ခံနိုင်သည့် သစ္စာတရားမှန်ကြောင်း ပြသ သည်(တရား ၁၃း၁-၅)။
ဘုရားသခင်သည် အံ့ဘွယ်နိမိတ်များဖြင့် လူများသို သတင်းစကား ပြောတတ်သည်။ ထိုကြောင့် ယုံကြည်ခြင်းသစ္စာသည် အရေးကြီးသည်။ အံ့ဘွယ်နိမိတ်များက ဘုရားပေး ကယ်တင်ခြင်းအား ယုံကြည်အား ကိုးရန် ခွန်အားပေးသည်။ ဂိဒေါင်၏ ယုံကြည်ခြင်းက ကြီးမားသော ခွန်အားသတ္တိဖြစ်စေသည် (သူကြီး ၆း၃၆-၄၀)။ ယောဟန်ကလည်း ခရစ်တော်၏ အံ့ဘွယ်နိမိတ်များကိုထိုနည်းတူ ခွန်အားဖြစ်စေသည်(ယော ၂၀း၃၀၊ ၃၁)။
မည်သိုဖြစ်စေ အံ့ဘွယ်နိမိတ်မမြင်သေးလျှင် အားနည်းတတ်ကြသည် (မာ ၉:၂၃၊ ၂၄)၊ အံ့ဘွယ်နိမိတ် လက္ခဏာက မယုံကြည်သူအား ယုံကြည်သူ အဖြစ်သို့ မပြောင်းလဲနိုင်သော်လည်း ဘုရားရှင်တော် ဆန့်ကျင် ခြင်းအားပျော့သွားစေသည်(ထွ ၈း၃၂၊ ယော ၁၂း၃၇)။ မယုံကြည်သူသည် အံ့ဘွယ်နိမိတ်တွေ့မြင်သည့်အခါ သဘာဝတရားဖြစ်၍ အယုံအကြည်မရှိရန် အကျိုးအကြောင်း ရှာဖွေတတ်ကြသည်(မာ ၃း၂၂)။ ထိုကြောင့်လည်း သခင်ယေရှုသည် နာဇရက်တွင် အံ့ဘွယ်နိမိတ်လက္ခဏာ အနည်းငယ်သာ ပြသသည်(မာ ၆း၅)။ မယုံကြည်သူ နာဇရက်သားများက သခင်ယေရှုသည် အနာရောဂါ ပျောက်စေနိုင်ကြောင်း မယုံကြည်ကြ။ ယုံကြည်ခြင်း မရှိလျှင် အံ့ဘွယ်နိမိတ်၏ သွန်သင်ချက်ကို မသိနားမလည်နိုင်။ အဓိပ္ပါယ်မဲ့ လုပ်ဆောင်ချက်များဖြစ်သွားသည်။ သိုသော် သခင်ယေရှု၏ ပြုတော်မူချက်သည် ထိုကဲ့သိုမဟုတ်။ အံ့ဘွယ်နိမိတ်သည် တခါတရံ မယုံကြည်သူများ ၏ စိတ်နှလုံးကို ပိုမိုမာကြောစေပြီး သတင်းကောင်းကို ဆန့်ကျင်စေသည်။
အခြားတခုမှာ သဘာဝလွန် အံ့ဘွယ်နိမိတ်လက္ခဏာက ကျမ်းစာသမိုင်းကြောင်းတခုလုံးအား မပြောပြ နိုင်ပါ။ ဘုရားရှင်၏ ကယ်တင်ခြင်းအကြံအစည်တော်သည် သမိုင်းကြောင်း၏ အလှည့်အပြောင်းကြီးတရပ်ဖြစ် သည်။ ကယ်တင်ခြင်းအကြံအစည်တော်တွင် အချက်ကြီး (၂)ချက်ရှိသည်။ ဣသရေလတို အဲဂုတ္တုပြည်မှ လွတ်မြောက်ခြင်းနှင့် ခရစ်တော်၏ အမှုတော် ဖြစ်သည်။ ခရစ်တော်၏ အမှုတော်တွင် အံ့ဘွယ်နိမိတ်များ တွေ့ရသော်လည်းကားစင်တင်ခြင်း မခံရမှီ သီတင်းပတ်၌ မတွေ့ရ။ ဧလိယနှင့် ဧလိရှဲတို့ခေတ်ကာလများတွင် အံ့ဘွယ်နိမိတ်လက္ခဏာများ တွေ့ရသော်လည်း မြောက်ပိုင်းနိုင်ငံသည် ဘုရားသခင်ကို လုံးဝနီးပါး ငြင်းပယ်ခဲ့ ကြသည်။ တမန်တော်များခေတ်ကာလ၌ ဓမ္မသစ်အသင်းတော်များ တည်ထောင်ကြပုံကိုလည်း တွေ့ရသည်။ ဓမ္မဟောင်းကျမ်း၌ အံ့ဘွယ်နိမိတ်လက္ခဏာ အနည်းငယ်သာ တွေ့ရပြီးကာလကြာရှည် အံ့ဘွယ်နိမိတ်လက္ခဏာ မတွေ့မြင်ခဲ့ကြ။
Moab (မောဘ)
မောဘသည် လောတနှင့် သူ့သမီးကြီးတိုမှ ရသောသားဖြစ်သည်(က ၁၉း၃၇)။ အဲဂုတ္တုပြည်မှ ဣသ ရေလတို့ မထွက်မြောက်ကြခင်တွင် မောဘလူတို့သည် ပင်လယ်သေအရှေ့ လွင်ပြင်၌ နေထိုင်ကြသည်(ထွ ၁၅:၅)။ အာမောရိဘုရင် ရှိဟုန်မင်းက အာနုန်မြစ်တောင်ဘက်သို ပြန်လည်မောင်းထုတ်သည်။ အာနုန်မြစ်သည် ပင်လယ်သေ၏ အရှေ့အလယ်ပိုင်းသို စီးဆင်းသည်။
ဣသရေလလူတို့က သူတိုနယ်မဖြတ်သန်းနိုင်အောင် မောဘဘုရင် ဗာလင်မင်းလက်ထက်၌ ကြိုးစား ဟန့်တားကြသော်လည်း မတားဆီးနိုင်ကြ (တော ၂၂-၂၄၊ သူကြီး ၁၁း၁၇)။ ဘုရားသခင်က မောရှေအား မောဘလူတို့ကို မတိုက်ခိုက်ရန် မိန့်မှာသည်(တရား ၂း၉)။ အကြောင်းသော် မောဘလူတို့သည် ပရောဖက် ဗာလမ်ကို ငှါးရမ်းပြီး ဣသရေလလူတို့ကို ကျိန်စာတိုက်ခိုင်းကြသည်။ ထိုအချိန်မှစ၍ မောဘလူတို့သည် တဲတော်ထဲသို ဝင်ခွင့်မရကြ။
နောက်ပိုင်းမောဘမင်း ဧဂလုန်သည် ယေရိဘေကို သိမ်းပိုက်ပြီး ဧဟုဒက လုပ်ကြံသည့်အချိန်ထိ နှစ်ပေါင်း(၁၈)နှစ်တိုင်တိုင် အုပ်စိုးသည်။ ရှောလုမင်းက မောဘလူတိုကို တိုက်ခိုက်ခဲ့သည်(၁ရာ ၁၄း၄၇)။ ဒါဝိဒ်က သူ့မိဘများအား ဘေးကင်းလုံခြုံရန် မောဘပြည်သို စေလွှတ်သည်(၁ရာ ၂၂:၃၊ ၄)။ ဒါဝိဒ်၏ ဘိုးဘေး တဦးသည် မောဘမျိုးနွယ်ဖြစ်သည်(ရု ၁း၁၄၊ ၄း၁၃-၂၂)။
ဒါဝိဒ်မင်းနန်းစံလာသောအခါ မောဘလူတိုကို သိမ်းပိုက်သည်(၂ရာ ၈း၁၂)။ ရှောလမုန်မင်းလွန်မြောက်၍ ဣသရေလတို (၂)နိုင်ငံအဖြစ် ကွဲပြဲကြသောအခါ မောဘလူတိုသည် လွတ်မြောက်ကြပြန်သည်။ မောဘဘုရင် မေရှာ၏ ရေးသားချက်အရ ဣသရေလ မြောက်ပိုင်းနိုင်ငံဘုရင် ဩမရိမင်းက မောဘတိုကို သိမ်းပိုက်သည်။ အာခပ်မင်း သေလွန်သောအခါ(၄ရာ ၁း၁၊၃း၄-၂၇) မေရှာမင်းက မောဘလူတိုကို လွတ်မြောက်စေသည်။ အခြားလူများနှင့်အတူ မောဘလူများသည် ထိုအချိန်၌ ယုဒလူတိုကို တိုက်ခိုက်ကြသည်(၆ရာ ၂၀)။ ကြာလာသော် အာရှုရိတိုက မောဘတိုကို သိမ်းပိုက်ရန် ကြိုးစားကြသော်လည်း မအောင်မြင်ကြ။ မောဘတို တဖန်လွတ် မြောက်ကြပြန်သည်။ ယုဒတို့ကို ချဉ်းနင်းကြသော်လည်း ဗာဗုလုန်ဘုရင် နေဗုခပ်နေဇာက တိုက်ခိုက်သိမ်း ပိုက်သည်။ ဗာဗုလုန်သားတိုခေတ်အလွန်တွင် ပါရှန်းနှင့် အာရင်တို့က မောဘတိုကို ထိန်းချုပ်ကြသည်။ ထိုသိုဖြင့် မောဘတို့သည် ချုပ်ငြိမ်းသွားကြသော်လည်း ဧဇရ၊ နေဟမိခေတ်ကာလတိုင်အောင် ထင်ရှားကြသည်(ဧဇ ၉း၁၊ နေ ၁၃:၂၃)။
မောဘတို့၏ အဓိကနတ်ဘုရားမှာ ခေမုခ်ဖြစ်သည်။ မောဘလူများသည် မိမိတိုသားသမီးများဖြင့် ထိုနတ်ဘုရားကို ကိုးကွယ်လေ့ရှိကြသည်(၄ရာ ၃း၂၇)။
Molech (မောလုတ်)
အာချွန်လူတို့ ကိုးကွယ်သော နတ်ဘုရားဖြစ်သည်။ မိမိတို့သားသမီးဖြင့် ပူဇော်ကိုးကွယ်ရသောကြောင့် လူကြိုက်နည်းသည်(ဝတ် ၂၀း၁-၆၊ ၄ရာ ၃၂း၃၅)။ ဖုနိသျှလူမျိုးနှင့် မြောက်ပိုင်းခါနန်သားများကလည်း မောလတ်ဘုရားကို ကိုးကွယ်ကြပြီး မိမိတိုသားသမီးဖြင့် ယဇ်ပူဇော်ကြသည်။ မောလုတ်၏ အနက်မှာ “အုပ်စိုး သောသူ”ဖြစ်သည်။ ဟေဗြဲစကားတွင် သာမန်အားဖြင့် မေလက်ဖြစ်၍ ဟေဗြဲသရ boshoth နှင့် ပေါင်းစပ် သောအခါ မောလုတ်ဖြစ်လာသည်။
Money-changers (ငွေ – ငွေကုန်သည်)
ဓမ္မသစ်ခေတ်ကာလ၌ ယုဒလူများသည် ဗိမာန်တော်သို ငွေပေးဆောင်ရလေ့ရှိသည်။ ဥပမာအားဖြင့် ငွေအကျပ်တဝက်(ထွ ၃၀း၁၃)အားတုရုသားများက ပေးဆောင်ကြသည်။ တုရုသားများသုံးသည့် ကျပ်ပိုက်ဆံ သည် ရှေးဟေဗြဲသုံး ကျပ်နှင့် အလွန်နီးစပ်သည်။ ယုဒလူများသည် သာမန်အားဖြင့် ဂရိ(သို့) ရောမဒင်္ဂါးပြား များကိုသာ ဗိမာန်တော်၌ သုံးရလေ့ရှိသဖြင့် တုရု ဒင်္ဂါးပြားများကို လဲလှယ်ပေးကြသည်။ ထိုသိုဖြင့် ငွေကုန်သည် များ ပေါ်ထွန်းလာသည်။ သခင်ယေရှုက ထိုသို ငွေလှဲလှယ်လုပ်စားသော ငွေကုန်သည်များအား ဗိမာန်တော်မှ မောင်းထုတ်သည်(မ ၂၁း၁၊ မာ ၁၁း၁၅၊ ယော ၂း၁၅)။
Month (လ)
ဟေဗြဲလူများသည် လဆန်းစတင်မြင်ရသည့် နေဝင်ချိန်မှစ၍ လသစ်ရေတွက်လေ့ရှိသည်။ တလလျှင် ၂၉ (သို့) ၃ဝ ရက်ရှိသည်။ နွေဦးမရောက်ခင် အပိုလထပ်ဆောင်းရသည်။ သို့သော် တနှစ်တွင် မည်သို့ တလ ထပ်ဆောင်းရကြောင်း မသိရပါ။
ကျမ်းစာတွင် လနာမည်များ တွေ့ရသည်။ ဥပမာအားဖြင့် ဒုတိယလ နာမည်ကို တော ၁း၁၀ တွင်၄င်း၊ ဒသမလနာမည်ကို ဧသ ၂း၁၆ တွင်၎င်းတွေ့ရသည်။ လနာမည်များကို မှည့်ထားကြသည်။ ဟေဗြဲလလများမှ (၄)လနာမည်ကို သိရှိရသည်။ ပြည်နှင်ဒဏ်ခံရပြီး နောက်ပိုင်းတွင်မူ ဗာဗုလုန်သား တို့၏ အခေါ်အဝေါ်ကို လိုက်သုံးကြသည်။
အထူးသဖြင့် လှူဒါန်းခြင်းများကို လစဉ် လဆန်းတွင် ကျင်းပလေ့ရှိသည်(တော ၂၈း၁၁-၁၅)။
လ ဟေဗြဲ အဘစ် မျက်မှောက်
၁ အဘစ် နိစန်း မတ် – ဧပြီ-
၂ ဇိ အီဇာ ဧပြီ – နေမေ
၃ စီဝမ် မေ – ဇွန်
၄ တာမုတ် ဇွန် – ဇူလိုင်
၅ အမ် ဇူလိုင် – သြဂုတ်
၆ ဧလုယ ဩဂုတ် – စက်တင်ဘာ
၇ ဧတာနိမ် လီယာရီ စက်တင်ဘာ -အောက်တိုဘာ
၈ ဘူလ မာဟီဆွန် အောက်တိုဘာ – နိုဝင်ဘာ
၉ ကိစလပ် နိုဝင်ဘာ – ဒီဇင်ဘာ
၁၀ သီဘက် ဒီဇင်ဘာ – ဇန္နဝါရီ
၁၁ ဆီဘက် ဇန္နဝါရီ – ဖေဖော်ဝါရီ
၁၂ အာဒါ ဖေဖော်ဝါရီ – မတ်
Moses (မောရှေ)
မောရှေသည် လေဝိမျိုးရိုးတွင် မွေးဖွားသော်လည်း အဲဂုတ္တုမင်းသမီး၏ မွေးစားသားဖြစ်လာသည်။ ထိုကာလ၌ အဲဂုတ္တုသားများသည် ဣသရေလ လူတို့ကို ဖိနှိပ်ပြီး ဖာရော့မင်းအတွက် မြို့ပြပြည်ရွာ အဆောက် အဦများအားကျေးကျွန်ဘဝဖြင့် ဆောက်လုပ်ပေးကြသည်။ မောရှေသည် အသက်(၄၀)ရှိသောအခါ သူ့လူမျိုး အဖော်ဣသရေလလူတိုကို ကူညီရန် ကြိုးစားသော်လည်းဣသရေလလူများနှင့် ရန်ဖြစ်တိုက်ခိုက်သော အဲဂုတ္တုသားအား ခြေလွန် လက်လွန် သတ်ပစ်မိကြောင်း လူများက ကြားသိသည်ကို စိုးရိမ်သဖြင့် မေဒျန်း ပြည်သို့ ထွက်ပြေးသည်။ ထိုပြည်တွင် သိုးထိန်းလျက် မေဒျန်းယဇ်ပုရောဟိတ်၏ သမီးနှင့် အိမ်ထောင်ကျသည်။
နောက်နှစ်ပေါင်း(၄၀)ကြာသော် ဘုရားရှင်က မောရှေအား အဲဂုတ္တုပြည်သို့ ပြန်ပို့ပြီး သူ့အမျိုး ဣသရေလ လူတို့ကို ခါနန်ပြည်သို့ ဦးဆောင်ခေါ်သွားစေသည်။ အဲဂုတ္တုပြည်တွင် ပလိပ်ရောဂါ ဆယ်ခုကျ ရောက်ပြီးခါမှ ဖာရော့မင်းကဣသရေလတိုအား အဲဂုတ္တုပြည်မှ ထွက်ခွာခွင့်ပြုသည်။ သိုသော် ဖာရော့မင်းသည် သတိပြန်လည်ကာ ဣသရေလလူတိုအား လိုက်လံဖမ်းဆီးခိုင်းပြန်သည်။ မည်သိုဖြစ်စေ ဣသရေလလူတိုသည် ပင်လယ်နီကို ခြေထောက်ရေ မစိုဘဲ အံ့သြဘွယ်ရာ ဖြတ်သန်းသွားကြသည်။
မောရှေသည် ဣသရေလလူတိုကို ဦးဆောင်လျက် နှစ်ပေါင်း(၄၀)ကြာ သိနာကန္တာရတော၌ မျက်စိလည် သဝေထိုးကြသည်။ ထိုအစောပိုင်းကာလတွင် ဘုရားသခင်က သိနာတောင်ပေါ်တွင် မောရှေသို ပညတ် တရားများပေးသည်။ တဲတော်ဆောက်လုပ်ရန်နှင့် တန်ဆာပလာဆင်ရန်လည်း ပြောပြမိန့်တော်မူသည်။ ခါနန်ပြည်သို ဣသရေလလူတို မဝင်ရောက်မှီ နေဖုတောင်၌ မောရှေကွယ်လွန်သည်။ ဣသရေလလူများကို ယောရှုက ဆက်လက်ဦးဆောင်သည်။
မောရှေသည် ဓမ္မဟောင်းကျမ်းတွင် အရေးကြီးဆုံး ပုဂ္ဂိုလ်တပါးဖြစ်သည်။ အဘယ်မျှ အရေးကြီး ကြောင်းကို ဘုရားရှင်နှင့် မျက်နှာချင်းဆိုင် စကား ပြောဆိုခြင်းဖြင့် သိရှိနိုင်သည်(တော ၁၂း၆-၈)။ ခရစ်တော်က ရုပ်ပြောင်း ၊ရုပ်လွှဲပြု၍ တွေ့ဆုံစဉ်တွင်လည်း ဧလိယနှင့်အတူရှိသည်(မာ ၉း၄)။ ပညတ် တရားပြဌာန်းပိုင်ခွင့်ရှိခြင်းကြောင့် အရေးကြီးပုဂ္ဂိုလ်မှန်း သိရသကဲ့သို့ သစ်ကျမ်းတွင်လည်း ပ ညတ်တရားပေးသူအဖြစ် အထင်ကရ ထင်ရှား သည်။
ကမ္ဘာဦးကျမ်းမှ တရားဟောရာကျမ်းထိ ကျမ်းစောင်များကို မောရှေကျမ်းများ၊ ပညတ်တရားကျမ်းဟု မကြာခဏ ခေါ်ရလေ့ရှိသည်။
Most High (အမြင့်ဆုံးသူ)
ဘုရားရှင်တော်၏ နာမတော်ဖြစ်၍ သူ့အဖြစ်သနစ်ကို ဖော်ဆောင်သည်(ဆာ ၉း၁၂)။ အခြားနာမတော် များနှင့်လည်း ဆက်စပ်သည်(က ၁၄း၁၉၊၄၇း၂)။ ကျမ်းစာတွင် ဘုရားစစ်ဘုရားမှန်၊ ဣသရေလတို၏ ဘုရားဟု အမြဲတမ်း တွေ့ရလေ့ရှိသည်။ ထိုနာမည်သည် အခြားခါနနိလူတို၏ ဘာသာတရားမှ အမြင့်ဆုံးသော နတ်ဘုရား နာမည်လည်းဖြစ်သည်။
အမြင့်ဆုံးဟူသော စကားလုံးသည် ဘုရားရှင်တော်၏ အချုပ်အခြာ သဘောကို ပြသသည်။ ကိုယ်တော် သည် အခြားနတ်ဘုရားများ၏ အထက်တွင်ရှိသည်။ နတ်ဘုရား၊ ရုပ်တုဘုရားတုများနှင့် မနှိင်းသာသည့် ဘုရားရှင်တော်၊ ဖန်ဆင်းခံများအပေါ်တွင် အနှိင်းမဲ့ အချုပ်အခြာဖြစ်သည်။
Mother (မိခင်)
သားသမီးများသည် ဖခင်နည်းတူ မွေးသမိခင်များကို လေးစားရသည် (ထွ ၂၀း၁၂)။ ကျမ်းစာက မိခင်များကို အဆင့်မြင့်နေရာသို ပြဌာန်းခြင်းသည် ရိုသေနာခံရန်ဖြစ်သည်(က ၂၈း၇၊ ဧ ၆း၁)။ မိခင်၏ လိုအပ် ချက်များကို သားသမီးများက ဂရိုစိုက်ပေးရသည်(၁တိ ၅း၄)။ ယောက်ျားသားသည် အိမ်ထောင်ပြု၍ အိမ်ခွဲနေလျှင်လည်း မိခင်သည် ဒုတိယဦးစားပေးဖြစ်သည်(က ၂း၂၄)
ကျမ်းစာက မိခင်သည် သားသမီးများကို နှစ်သိမ့်ငြိမ်သက်စေသူဟုဆိုသည်(ဟေရှာ ၆း၁၃)။ သားသမီးများကို သွန်သင်သကဲ့သို့(သု ၃၁း၁) ပြုပြင်ထိန်းကျောင်းရသည်(ဇာ ၁၃း၃)။
Murder (လူသတ်သမား)
မောရှေ၏ ပညတ်တရားတွင် မတော်တဆကိစ္စရပ်မှလွဲ၍ လူသတ်ခြင်းသည် ဥပဒေမဲ့ လုပ်ရပ်အပြစ် ဖြစ်သည်(တော ၃၅း၁၁၊ ၂၂-၂၅)။ ကြိုတင် ကြံစည်မှုနှင့် ကိစ္စရပ်တခုကြောင့် လူသတ်မှုသည် ခြားနားမှုမရှိ။ အကြောင်းသော် ချက်ခြင်းခံပြင်းခြင်း(သို့) အမျက်ဒေါသလွန်ကဲခြင်းကြောင့်ဖြစ်သည်။
ထိုသို့သော ရာဇဝတ်မှု လွန်ကျူးခြင်းသည် သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းကို တိုက်ခိုက်သည်(က ၉း၆)။ ကျမ်းစာတွင် လူသတ်သမားအတွက်အပြစ်ဒဏ်သည် သေခြင်းတခုတည်းသာရှိသည်။
Myrrh (မုရန်)
အာဖရိက အချို့ဒေသနှင့် အာရေဗျကန္တာရတောရှိ အပင်ငယ်မှ ညိုဝါရောင်အဆီဖြစ်သည်။ မုရန်ကို သန့်ရှင်းသော ဆီလူးဘိသိက်ခြင်း၌ သုံးသည်(ထွ ၃၀း၂၃)။ အဝတ်အစားဖျန်းရာ(ဆာ ၄၅း၈)၊ အိပ်ယာ(သု ၇း၂၇) ဆီမွှေးအဖြစ်လည်း သုံးကြသည်။ မာဂုပညာရှင်များက သူငယ်တော်ယေရှုအားမုရန်ဖြင့် ပူဇော်ကြသည်(မ ၂း၁၁)။ ကားတိုင်ပေါ်၌ ရှိနေစဉ် ဒဏ်ရာသက် သာစေရန် မုရန်နှင့် ဝိုင်ကိုရောပြီး သခင်ယေရှုထံတော်သို ကမ်းကြသော်လည်း လက်မခံငြင်းဆန်သည်(မာ ၁၅း၂၃)။ နိကောဒင် သည် ခရစ်တော်၏ အလောင်းတော် ပြင်ဆင်ရန် မုရန်ကိုသုံးသည်(ယော ၁၉း၃၉)။ မုရန်ကို သေခြင်း၏ အမှတ်အသားအဖြစ်လည်း သုံးကြသည်(မ ၂း၁၁)။
Name (နာမည်)
ကျမ်းစာတွင် လူနာမည်သည် ဆိုလိုရင်းအနက်ရှိသည်။ မည်သိုသော သူဖြစ်ကြောင်း နာမည်က ထုတ်ဖော်ပြသသည်။ ပညတ်ချက်ရာ ဓါတ်သက်ပါသည်။ လူနှင့် နာမည်သည် ဆက်စပ်ပြီး ထိုသဘော အတိုင်းရှိကြသည်။
ဂုဏ်အသရေရှိ လူကြီးမင်းများက မိမိတို့အားနည်းချက်ကို ဖော်ကျူးပြုရသည်။ နာမည်ပေးကြသည်။ မိခင်များ(က ၂၉း၃၂)နှင့် ဖခင်များ(က ၂၁း၃)တိုက သားသမီးများအား နာမည်မှည့်ကြသည်။ အောင်နိုင်သော ဘုရင်မင်းများက လက်ပါးစေများကို နာမည်မှည့်ကြသည်(၄ရာ ၂၄း၁၇)။ နာမည်ပေးသူသည် နာမည်ပေးခံ ရသူအပေါ်သို့ တစုံတရာ ထင်ရှားစွာပြုရသကဲ့သို နာမည်ပေး ခံရသူသည်လည်း နာမည်ပေးသူအပေါ်သို တာဝန်ဝတ္တရားသိရှိလျက် ကျေးဇူးပြုရသည်။
ရာခေလသည် သူ့သားအပေါ် ခံစားချက်ကို ဖော်ကျူးသောအားဖြင့် ဗေနောနိဟု မှည့်ခေါ်သည်(က ၃၅း၁၈)။ ထိုနာမည်သည် “ငါ့ဝမ်းနည်းခြင်း၏သား”ဟု အနက်ရသည်။ သူမသည် ထိုသားကို မီးနီသည့်ကာ လတွင် သေဆုံးသည်။ သေဆုံးမည့်အကြောင်း သိရှိ၍ သေခါနီးတွင် ထိုနာမည်ကို မှည့်ခဲ့သည်။ သို့သော် သူ့ဖခင်ကမူ နာမည်တမျိုးမှည့်သည်။ အချစ်ဆုံးမယားက မွေးဖွားပေးသော သားဖြစ်သောကြောင့် အဖိုးတန် ရတနာ နာမည်ပေးသည်။ နောင်တွင် ထိုနာမည်အတိုင်း ကောင်းစားသည်(က ၄၂း၃၃-၄၄း၃၄)။ ယာကုပ်ကမူ “ငါ့ညာလက်ရုံး”ဟု အမည်ရသည့် ဗဿာမိန်ဟု နာမည်မှည့်သည်။
နာမည်ပေးရာတွင် သူငယ်မွေးဖွားခြင်း အကြောင်းအရာကိုလည်း တင်စားဖော်ကျူးကြသည်(၅ရာ း မှ အထက်ပါ ဗေနောနိလည်းကြည့်)။ လူမျိုးရေးရာ နာမည်လည်း မှည့်ခေါ်တတ်ကြသည်(၁ရာ ၄:၂၁)။ တခါတရံ နာမည်သည် ပရောဖက်ပြုချက်ဖြစ်သည်(ဟေရှာ ၈း၁-၅၊ အသောလုယက် မြန်မြန်ပျက်လော့ဟုဆိုသော မဟေရရှာလလအာရှဖတ်၊ ဟော ၁း၄-၉ ကိုကြည့်)။ အချို့နာမည်များသည် ကောင်းကျိုးပေးမည့် မျှော်လင့် ချက်ဖြင့်လည်းမေးတတ်ကြသည်(က ၅း၂၉၊ ၂၉း၃၄)။ နာဗာလ(သူရူး)ဟု ကလေးနာမည်ထူးဆန်း သည်(၁ရာ ၂၅:၂၅)။ ဘိုးဘေးတပါးပါးသည် ထိုသို့ ရူးသွပ်သောကြောင့် အောက်မေ့သတိရသောအားဖြင့် မှည့်ခေါ် ခြင်းဖြစ်နိုင်သည်(လု ၁း၆၁ လည်းကြည့်)။ သို့မဟုတ် ရှောင်ရှားစရာအဖြစ် မှည့်ခြင်းလည်းဖြစ်နိုင်သည်။
နာမည်ပြောင်းခြင်းသည် လူ့ဂုဏ်သိက္ခာ(သို) ဘဝရပ်တည်ပုံ ပြောင်းလဲစေသည်။ ဘုရားသခင်က ဣဇက်မမွေးကြခင်တွင် အာဗြဲကို အာဗြဟံသို့ ၄င်း၊ စာရဲကို စာရာသို့၎င်း ပြောင်းလဲစေသည်(က ၁၇း၅-၈၊ ၁၅၊ ၁၆)။ ဘုရားရှင်က ထိုသိုသောနာမည်များဖြင့် ထိုလင်မယား၏ ဘဝကို ပြောင်းလဲစေသည်။ နာမည်သစ်က အခြေအနေပြောင်းလဲစေပြီး ကယ်တင်ခြင်း(ဟေရှာ ၆၂း၂၊ ၆၅:၁၅)(သို) အပြစ်တင်စီရင်ခြင်း(ယေ ၂၀:၃)ဖြစ်စေသည်။
နာမည်နှင့် ပကတိအခြေအနေ ဆက်နွယ်ပုံကို ဖိ ၂း၉-၁၁ တွင်တွေ့ရသည်။ ခရစ်တော်၏ နာမတော်သည် အခြားနာမည်များ၏ အထက်တွင် ရှိသည်။ သူ့ဂုဏ်ကျက်သရေ၊ ဩဇာအာဏာ၊ ဘုန်းတန်ခိုးတိုသည် လူ၊ ကောင်းကင်တမန်တို့၏ အထက်တွင်ရှိသည်။
လူနှင့် နာမည်သည် ဆက်စပ်သည်။ အချိုလူများသည် သေလွန်သည်နှင့်တပြိုင်နက်သူ့နာမည် ကွယ်ပျောက်သည်:-(တရား၇း၂၄၊ယေရှု ၇း၉:)နာမည်သိရသော်လည်းအဘယ်သို့ သောသူဖြစ်ကြောင်း မသိရ သည်များလည်းရှိသည်(သူကြီး ၁၃း၆)။ လူသေသော်လည်း နာမည်မသေသူများရှိကြသည်။ ဆိုလိုသည်မှာ နာမည်ကောင်း ရှိသူသည် နာမည်မသေနိုင်ဟူ၍ ဖြစ်သော်လည်း နာမည်ပျက်ဖြင့် ပုပ်ဟောင်ထင်းကျန် နေသူများလည်း ရှိသည်။
နာမည်ပေးခြင်းသည် လူများကိုလည်း နီးစပ်ရင်းနှီးစေသည်။ မယားများက လင်ယောက်ျားနာမည်ကို ခွဲယူခြင်းလည်းရှိသည်(ဟေရှာ ၄း၁)။ ယေရမိဣသရေလလူမျိုးသည် ဘုရားနာမတော် ထင်ရှားစေသူများ ဖြစ်ကြသောကြောင့် ကယ်တင်ပါရန် ဘုရားရှင်ထံ လျှောက်လဲသည်(ယေ ၁၄း၉)။
လူတဦးသည် အခြားသူ၏ နာမည်ခံသောအခါ ထိုသူ၏ ကိုယ်စားလှယ်ဖြစ်သွားသည်(၁ရာ ၂၅း၉)၊ တစုံတဦးသည် ဘုရားနာမတော်ထဲ၌ တည်သောအခါ သူ့လုပ်ဆောင်ချက်ထဲ၌ ဘုရားရှင်တော် စိုးစံသည်(၁ရာ ၁၉း၄၅-၄၇ ကို ငယ် ၃၇ နှင့်ယှဉ်ကြည့်)။ ထိုနည်းတူ ခရစ်တော်၏ နာမတော်ဖြင့်စည်းဝေးသည့်နေရာ၌ ခရစ်တော်စိုးစံသည်(မ ၁၈း၂၀)။
“ဘုရားနာမတော်ဖြင့် ခေါ်ဆိုခြင်း”(က ၄:၂၆၊ ၁၂း၈၊ ၃ရာ ၁၈း၂၄) ဆိုသည်မှာ နာမတော်အား ရှိခိုးကိုးကွယ်ရန်ဖြစ်သည်။ ဘုရားနာမတော်ဖြင့်,ခေါ်ဆိုခြင်းသည် ဘုရားရှင်တော်ကို ခေါ်ဆိုခြင်းပင်ဖြစ်သည်။ အကြောင်းသော် ဘုရားရှင်နှင့် သူ့နာမတော်သည် အတူတူဖြစ်သည်။ လူများက ခေါ်ဆိုသည့်အတိုင်း သူတိုနှင့် အတူ ဘုရားသခင် စိုးစံသည်။ ထိုနည်းတူ ဘုရားသခင်၏ နာမတော်ဖြင့် ခေါ်ဆိုသော အိမ်တော်သည် ဘုရားရှင်၏ အိမ်တော်ပင်ဖြစ်သည်(တရား ၂၆၂)။
နာမည်က လူအကြောင်းပြောသည်။ နာမည်ထုတ်ဖော်ခြင်းက အဘယ်သို့သောသူဖြစ်ကြောင်း ထုတ်ဖော်သည်။ ယာကုပ်(က ၃၂း၂၉)၊ မာနော(သူကြီး ၁၃း၁၈)တိုထံသို့ မိမိနာမည်မပြောပြချင်သူများသည် မိမိကိုယ်ကို မည်သူမည်ဝါဖြစ်ကြောင်း မထုတ်ဖော်ချင်သည့် လျှိဝှက်ချက်ဖြစ်သည်။ လူစိမ်းသူရံ များဖြစ်ကြ သည်။ ဘုရားရှင်က မောရှေ့ထံသို သူ့နာမတော် ထုတ်ဖော်ပြောခြင်းသည်(ထွ ၃း၁၅) ကျေးဇူးတော်ပြုခြင်း ဖြစ်သည်။ သူ့ကိုယ်သူ ပြသပြီးသိရှိနားလည်စေလိုသည့် သဘောဖြစ်သည်။
ထွ ၃း၁၅ ပါ ဘုရားသခင်က မောရှေသို ပြောပြသော နာမတော်သည် အာဗြဟံက မသိရှိဘူးသော နာမည်ဖြစ်ကြောင်း မဆိုလိုပါက ၂း၄-၇)။ဘုရားရှင်က သူ့နာမတော်၏ အနက်အား မောရှေသို ပြောပြခြင်း ဖြစ်သည် (ငယ် ၁၄)၊ ရှေးဘိုးဘေးများက ဘုရားသခင်သည် အမိန့်အာဏာဟူသမျှပိုင်ဆိုင်သူအဖြစ် သိရှိထားကြ သည်(ထွ ၆း၆-၈)။ ယခုအခါ ဘုရားသခင်၏ လူများက ကိုယ်တော်သည် ထာဝရတည်နေကြောင်း သိရှိကြသည်။ အခြားနာမတော်ကို ထွ ၃၄း၄ တွင် တွေ့ရ၍ ချစ်သဝန်တိုသူအဖြစ် ထင်ရှားသည်။
သိမြင်ခဲ့ကြသည့်အတိုင်း “ဘုရားသခင်၏ နာမတော်ရောက်လာပုံ သိရှိကြသည်”(ဟေရှာ ၃၀း၁၇)ဆို ခြင်းမှာ “ဘုရားသခင်ကြွလာတော်မူသည်” ဟု အနက်ရသည်။ ထိုကြောင့် ဘုရားရှင်တော် ကြွလာသည်ဆို သည်မှာ ဘုန်းတန်ခိုးတော်၊ အာနုဘော်ဟူသမျှ ကြွလာသည်ဟူ၍ဖြစ်သည်။
Nazirite (နာဇရိအဓိဌာန်)
ဓမ္မဟောင်းခေတ်ကာလ ယောက်ျားမိန်းမ မရွေး တစုံတရာအတွက်အထူးနာဇရိအဓိဌာန် ပြုလေ့ရှိကြ သည်။ နာဇရိဟူသော စကားလုံးသည် ဟေဗြဲ ဝေါဟာရဖြစ်၍ သီးသန့်နေခြင်း၊ ဆက်ကပ်ခြင်းဟု အနက်ရသည်။
နာဇရိအဓိဌာန်ဝင်သူသည် စပျစ်ရည်၊ စပျစ်သီးနှင့် ပတ်သက်သမျှကို ရှောင်ကြဉ်ရသည်။ ဆံပင်၊ အမွှေးအမှင် မညှပ်ရ။ လူသေကောင်ကို မထိပါးရ။ တစုံတရာ ပေးလှူပြီးသော် ကာလအတိုင်းအတာ တခုထိ စောင့်ထိန်းကြသည်။ အသေးစိတ် ဥပဒေသကို တော ၆ တွင် တွေ့ရသည်။ သူကြီး ၁၃း၁-၅ ကို ဥပမာယူကြည့်။
Nebuchadrezzar – Nebuchadnezzar (နေဗုခပ်နေဇာ)
နေဗုခပ်နေဇာသည် ဘီစီ ၆၂၅ ခုနှစ်တွင် ဗာဗုလုန်အင်ပါယာ ထူထောင်သော နာဗုပိုလာဆာ၏ သားဖြစ်သည်။ နေဗုခပ်နေဇာသည် ထီးနန်းသရဖူဆောင်းလျက် ဗာဗုလုန်စစ်တပ်ကို ဦးစီးကာ ပုန်ကန် ခြားနားသော အဲဂုတ္တုတို့အား ဘီစီ ၆၀၆ တွင် တကြိမ်၊ ကာမိတ်အရပ်တွင် ဖာရောနေခေါ်အား တကြိမ်(၄ရာ ၂၃း၂၉) နှိမ်နှင်းသည်။ သူ့ဖခင်၏ နာရေးသတင်းကြားသောအခါ ဖခင်၏ အရိုက်အရာ စီရင်ခန့်ခွဲရန် ဘီစီ ၆၀၅ ခုနှစ်တွင် ဗာဗုလုန်သို ပြန်သွားသည်။
ယုဒဘုရင် ယောယကိမ်အား လက်အောက်ခံဘုရင်အဖြစ် (၃)နှစ်ခန့်အပ်သည်။ ဘီစီ ၆၀၁ ခုနှစ် အဲဂုတ္တု တို့နှင့် တိုက်ခိုက်ကြစဉ် မရှုမလှဆုံးရှုံးကြသည်။ ယောယကိမ်က ပုန်ကန်စဉ်တွင်ပင် နေဗုခပ်နေဇာသည် သူ့စစ်တပ်ကို ပြန်လည်ဖွဲစည်းရန် ဗာဗုလုန်သို ပြန်သွားသည်။ ၅၉၇ ခုတွင်ယုဒပြည်သို ချီတက်ပြီး ယောယကိမ် မင်း၏သား ယေခေါနိအား နန်းချကာဇေဒကိအား နန်းတင်ခဲ့သည်(၄ရာ ၂၄း၁၇)။ ဗိမာန်တော်ထဲရှိ အသုံးအ ဆောင်ရတနာများကိုလည်း ယူဆောင်သွားသည်။
ဘီစီ ၅၉၅/၄ ခုနှစ်၌ ဗာဗုလုန်တွင် ပုန်ကန်မှုဖြစ်သွားစဉ် ပါလက်စတိုင်းသားတိုအား အယုံမှားခဲ့သည် (ယေ ၂၈း၁-၄)။ နေဗုခပ်နေဇာသည်လျင်မြန်စွာ နှိမ်နှင်းနိုင်သဖြင့် ဇေဒကိမင်း၏ သစ္စာစောင့်သိမှုကို ပိုမိုခိုင်မြဲစေသည်။ အဲဂုတ္တုတို၏ အကူအညီဖြင့် ဘီစီ ၅၈၉ ခုနှစ်တွင် ဇေဒကိမင်းကအတိအလင်း ပုန်ကန်သည်။ ၅၈၈ ခု ဇန္နဝါရီလတွင် နေဗုခပ်နေဇာ၏ စစ်တပ်က ယေရုရှလင်ကို ဝိုင်းရံကြပြီး ယုဒပြည်ရှိ အချက်အခြာ နေရာများတွင်ခိုင်မာစွာ တပ်ခွဲကြသည်။ အဲဂုတ္တုစစ်တပ်က လာရောက်တိုက်ခိုက်ကြရာ ဗာဗုလုန်သားတိုက တန်ပြန်တိုက်ခိုက် မောင်းထုတ်ပစ်ကြသည်။ ၅၈၇ ခုနှစ်ဇူလိုင်လတွင် နေဗုခပ်နေဇာသည် ယေရုရှလင်မြို ရိုးကို ဖြိုဖျက်သဖြင့် ယုဒတိုင်းပြည်သည် နိဂုံးချုပ်နေဝင်သွားသည်။ ဇေဒကိမင်းကိုလည်း မညှာမတာရက်စက်စွာ နှိပ်ကွပ်သည်(၄ရာ ၂၅း၇)။
ဘီစီ ၅၆၈ တွင် နေဗုခပ်နေဇာ၏ စစ်တပ်သည် အဲဂုတ္တုတိုကို တဖန်နှိပ်ကွပ်သည်။ ထိုစစ်ပွဲကြောင့် အဲဂုတ္တုတိုသည် ဗာဗုလုန်အင်ပါယာအားနှောင့်ယှက်ခြင်းမပြုကြတော့ဘဲ ဗာဗုလုန်အင်ပါယာ ပြိုလဲသည့် အချိန်ထိမိတ်ဆွေနိုင်ငံများဖြစ်သွားကြသည်။
နေဗုခပ်နေဇာသည် ကံတော်ကုန်သည့် ဘီစီ ၅၆၂ ထိ နန်းစံသည်။သက်ထက်ဆုံးတိုင် တန်ခိုးသြဇာ ရှိသော်လည်း သူ့နောက်ပိုင်းတွင်မူ နလံမထူမှေးမှိန်ကွယ်ပျောက်သွားသည်။
နေဗုခပ်နေဇာသည် ဗာဗုလုန်မြိုတော်ကို ပြန်လည်ထူမ ချဲ့ကားသူဖြစ်သည်။ မြိုတပြင်လုံး၏ ဆယ်ပုံတပုံသည် ဘုရားကျောင်းကန်၊ ပြည်သူ့အဆောက်အဦ၊ ပုဂ္ဂလိဂအိမ်ယာ၊ ပန်းခြံ၊ ဥယျာဉ်များဖြစ်သည်။ မြိုကို ခိုင်မာသောမြိုရိုးဖြင့် ကာရံထားသည်။
Nechn (နေခေါ်)
ဘီစီ ၆၁၀-၅၉၅ ခန့်တွင် နေခါ(၂)သည် အဲဂုတ္တုပြည်၏ ဖာရောဘုရင်ဖြစ်သည်။ ဘီစီ ၆၀၉ ခုတွင် သူ့စစ်တပ်သည် ရှုရိပြည်သို ချီတက်၍ ဗာဗုလုန်ရန်ကို တွန်းလှန်ရန် သွားရောက်ကူညီသည်။ ထိုသို ပြုလုပ်ခြင်းကြောင့်အနောက်အာရှဒေသတွင် အာဏာညီမျှလာသည်။ ယုဒဘုရင် ယောရှိသည်မေဇိန္ဒာအရပ်တွင် နေခေါမင်းကို တိုက်ခိုက်သည်(၄ရာ ၂၃း ၂၉၊ ၃၀)။ ယောရှိမင်းကျဆုံးပြီး နေခေါမင်း၏ အာရှုရိတို အား သိမ်းပိုက် ရေးအကြံအစည်နှောင့်နှေးသွားသဖြင့် ဗာဗုလုန်သည် ဆက်လက်တည်တံ့သည်။
အဲဂုတ္တုတိုက ပါလက်စတိုင်းကို ပိုင်ဆိုင်ကြောင်း ကြေညာသောအခါ ဘီစီ ၆၀၅ ခုနှစ်တွင် နေဗုခပ်နေဇာက အဲဂုတ္တုစစ်တပ်အား အဲဂုတ္တုပြည်သို့ ပြန်လည်မောင်းထုတ်သည်။ ဘီစီ ၆၀၁ ခုနှစ်တွင် နေဗုခပ်နေဇာသည် အဲဂုတ္တုပြည်သို တဖန်စစ်ချီတိုက်ခိုက်ရာ နှစ်ဘက်စလုံး အကြီးအကျယ် ကွဲပြဲကြသည်။ ထိုအချက်ကို အခွင့်ကောင်းယူ၍ ယောယကိမ်မင်းသည် ဗာဗုလုန်ကို ဆန့်ကျင်ပုန်ကန်သည်(၄ရာ ၂၄း၁)။
:
Needle’s eye (အပ်နဖား)
သခင်ယေရှုက “ဘုရားသခင်၏ နိုင်ငံတော်ထဲသို သူကြွယ်ဝင်ရောက် ခြင်းထက် အပ်နဖားထဲသို ကုလားအုပ်ဝင်ရောက်ရန် ပိုမိုလွယ်ကူသည်”(မာ ၁၀း၂၅)ဟု မိန့်တော်မူသည်။ သခင်ယေရှုခေတ်ကာလ ရှိဆရာများ၏နေထိုင်ပုံကို ပုံဥပမာပေးခြင်းဖြစ်သည်။ ဆိုလိုသည်မှာ တချိုကိစ္စသည် လုပ်နေကျထက် ခက်ခဲသည်ဟူ၍ဖြစ်သည်။ ယုဒလူများအကြောင်း အတိသယဝုတ္တိ အလင်္ကာဖြင့် မိန့်တော်မူချက်ဖြစ်သည်။ အခြားထိုပုံဥပမာစကားမျိုးကို မ ၇း၃ တွင် ကြည့်ပါ။
လူတချို့က အပ်နဖားသည် သေးငယ်သော တံခါးဟုဆိုကြသော်လည်း ထိုသဘောထားဖြင့် မိန့်တော်မူသည့် အထောက်အထားများ မတွေ့။
Negch (နေကပ်)
ဟေဗြဲစကားလုံးဖြစ်၍ “ခြောက်သွေ့”ဟု အနက်ရသည်။ ပါလက်စတိုင်းတောင်ပိုင်းဒေသကို နေကပ်ဟု ခေါ်၍ မြောက်ဘက်နယ်နိမိတ်သည် ပင်လယ်သေတောင်ဘက် အဆုံးထိဖြစ်သည်။ ကန္တာရမြေဖြစ်၍ တနှစ်လျှင် မိုးရေချိန် ၈ လက်မထက် လျော့နည်းသည်။
Oaths (ကျမ်းကျိန်ခြင်း)
ကျမ်းသစ္စာ ကျိန်ဆိုသည့်အခါ သစ္စာစကားဆိုကြောင်း ဘုရားသခင်ကို တိုင်တည်လေ့ရှိကြသည်(ထွ ၂၂:၁)။ ထိုသိုဖြင့် တစုံတရာပြုလုပ်ရသကဲ့သို(တော ၃၀း၂) မပြုလုပ်ဘဲလည်း နေရသည်(က ၂၁း၂၃)။ တခါတရံ တစုံတဦးအား ထိုသို့ ကျမ်းကျိန်စေပြီး လွှတ်လိုက်ခြင်းလည်းရှိသည်(က ၂၄း၈ ယောရှု ၂၀း၁၇ -၂ဝ)၊ ကျမ်းကျိန် ခြင်းကို တရားရုံးများ၌ ပြုလုပ်ရသည်(ထွ ၂၂း၁၁)။ သဘောတူညီချက် ပြုလုပ်ရန်(က ၂၁၂၂-၂၄)၊ တစုံတရာအား မှန်ကန်ကြောင်း တစုံတဦးက အတည်ပြုခြင်း(က ၂၁း၂၇-၃၇)၊ ရှင်ဘုရင် အပေါ် သစ္စာစောင့်သိ ခြင်း(ယေဇ ၁၇း၁၃၊ ၁၄)၊ မိတ်ဆွေနှစ်ဦးအကြား(၁ရာ ၂၀:၄၂)၊ ဘုရားရှင်ထံ သစ္စာစောင့်သိကြောင်း ကြေညာခြင်း(၆ရာ ၁၅း၁၄) များ၌ ကျိန်ဆိုလေ့ရှိ ကြသည်။
ကျမ်းကျိန်သည့်အတိုင်း စောင့်ထိန်းရသည်(ယောရှု ၉း၂၀)။ ဘုရားသခင်ထံသို့ ကျမ်းကျိန်ဆိုပြီးမှ တဖန် ချိုးဖောက်သူသည် ကျမ်းကျိန်သည့် အတိုင်း ဘုရားရှင်က အရေးယူသည်(ဇာ ၅း၃၊ ၄)။ ကျမ်းကျိန်ချက် ချိုးဖောက်ခြင်းသည် ပညတ်တော်ဆယ်ပါးမှ တတိယအချက် ချိုးဖောက်ခြင်းဖြစ်သည်(ထွ ၂၀း၇)။ အခြားအပြစ်သားများနှင့် မုသာကျိန်ဆိုသူများအကြောင်းကို ၁တိ ၁း၁၀ တွင် တွေ့ရသည်။
ဓမ္မဟောင်းကာလတွင် လူအချို့သည် သာသနာပနတ်ဘုရားများကို တိုင်တည်ကျိန်ဆိုကြသည်(ယေ ၅း၇၊ အာ ၈း၁၄)။ ထိုသို ပြုလုပ်ခြင်းသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်၍ ပြည်နှင်ဒဏ် ခံကြရခြင်း အကြောင်းတရပ် ဖြစ်သည်(ယေ ၁၂း၁၄-၁၇)။
ဘုရားရှင်တော်လည်း ကျမ်းကျိန်တော်မူသည်(က ၂၂:၁၆၊ ဆာ ၈၉း၃)။ သူ့စကားတော်သည် ကျမ်းကျိန် ခြင်းဖြစ်၍ ကျမ်းကျိန်ဆိုခြင်းမပြုလျှင်လည်း နှုတ်ကပတ်တော်သည် အထွေအထူး ကွဲပြားခြင်းမရှိ။ ချိုးဖောက် ခြင်းလည်းမရှိ။ အမှားဟု သံသယရှိချိန်၌ နှုတ်ကပတ်တော်က ယုံကြည်ခြင်းခွန်အား မြဲမြံစေသည်(ဟေဗြဲ ၆း၁၃)။
မ ၅:၃၃-၃၇ တွင် ရှိဆရာများ၏ ကျမ်းကျိန်ခြင်းသွန်သင်ချက်ကိုသခင်ယေရှုက ဆန့်ကျင် ပယ်ဖျက်သည်။ ဘုရားသခင်၏ နာမတော်ဖြင့် ကျမ်းကျိန်ရကြောင်း သွန်သင်ကြသည်။ တချိုလူများက ကောင်းကင်နှင့် မြေကြီးကို တိုင်တည်ခြင်းမပြုရကြောင်း သွန်သင်ကြသည်။ ယေရုရှလင်ကို တိုင်တည် ကျိန်ဆိုခြင်းမရှိလျှင် ယေရုရှလင်ကို မြင်ရမည်မဟုတ်ဟု ဆိုကြသည်။ ဘုရားသခင်၊ ဦးခေါင်းပေးတိုင် တည်ကျိန်ဆို ခြင်းသည် “ငါသေလျှင်” ဟု အနက်ရကြောင်း၊ ကျမ်းကျိန်သမျှသည် ဘုရားသခင်ကို တိုင်တည် ကြောင်း ခရစ်တော်က ဆိုပါသည်။
ရဗ္ဗိဆရာများက အမှန်တရားပြောဆိုစရာမလို၊ ကတိတည်ဘိုသာ သာလိုသည်ဟု သွန်သင်ကြသည်။ စင်စစ်တွင် တခါတရံ ကျမ်းကျိန်ခြင်းက မုသာကို ဝှက်ထားကြောင်း ပေတရုက ပြသသည်(မ ၂၇း၇၂-၇၄)။ သခင်ယေရှုကလည်း ဖာရိရှဲများထက် သာလွန်မှသာ ဖြောင့်မတ်ရမည့်အကြောင်း တပည့်တော်များသို့ သွန်သင်ခဲ့သည်(မ ၅း၂၀)။ ထိုပိုမိုဖြောင့်မတ်ခြင်းတွင် အမြဲတမ်း မှန်သောစကားပြောဆိုခြင်းနှင့် ကတိ တည်ခြင်းများ ပါဝင်သည်။ အကယ်၍ ထိုသို ပြုနေလျှင် အထူးတလည် ကျမ်းကျိန်ပြောဆိုစရာမလို။
ခရစ်တော်၏ သွန်သင်ချက်တွင် ခရစ်ယာန်များသည် ကျမ်းကျိန်ခြင်းမပြုရဟု မဆိုလိုပါ။ နယ်ဘက် အာဏာပိုင်များက ကျိန်ဆိုခိုင်းလျှင် လိုက်နာရသည်။ မမှန်မကန် ကျမ်းကျိန်ခြင်းကို ဆန့်ကျင်သည်။ ခရစ်တော်၏ သွန်သင်ချက်သည် ရပ်စဲခြင်းမရှိကြောင်းကို ရှင်ပေါလု၏ ဩဝါဒစာများတွင် တွေ့ရသည်(၂ကော ၁း၂၃၊ ဂလာ ၁း၂၀)။
Obedience (နာခံခြင်း)
ကျမ်းစာတွင် ကြားနာခြင်းနှင့် နာခံခြင်းသည် ဆက်စပ်သည်။ ဘုရားစကားသွန်သင်ချက်ကို ကြားနာရုံမျှနှင့် မလုံလောက်ပါ။ နာခံကျင့်ကြံရသည် (မ ၇း၂၄-၂၇၊ ယာ ၁း၂၂)။
လူ၏ ပထမတာဝန်သည် ဘုရားရှင်အား နာခံခြင်းဖြစ်သည်။ ဘုရားစကားတော်အား နာခံနေသည့် အချိန်မှာ ဧဒင်ဥယျာဉ်သည် အားလုံး စိုပြေလန်းဆန်းသည်။ မနာခံခြင်းက လူ့လောကသို အပြစ်ယူဆောင် လာသည်(က ၃)၊ ဝတ်ပြုကိုးကွယ်ခြင်းထက် နာခံခြင်းသည် ပိုမိုအရေးကြီးသည်(၁ရာ ၁၅း၂၂)။ ဘုရားသခင်သည် မနာခံသူ၏ ဝတ်ပြုကိုးကွယ်ခြင်းကို လက်မခံ အဘယ်မျှ စေတနာသဒ္ဓါပြုရှိလျှင်လည်း ကုသိုလ်မဖြစ်(ဟေရှာ ၁း၁၀-၁၇၊ မိ ၆း၆-၈)။ မယုံကြည်သူနှင့် ယုံကြည်သူ၏ အဓိကခြားနားချက်မှာ ယုံကြည်သူသည် ဘုရားသခင်နှင့် ဧဝံဂေလိသတင်းကောင်းကို နာခံ၍(တ ၆း၇၊ ရော၆း၁၇) မယုံကြည်သူသည် ရောက်လေရာအရပ်၌ မယုံကြည်မှု ပြသသည် (၂သက် ၁း၈)။
ဘုရားသခင်က မိသားစု( ၅း၂၂၊ ၆၁၂)၊ အသင်းတော်(ဟေဗြဲ ၁၃း၁၇)၊ တိုင်းနိုင်ငံများသို အမိန့်အာဏာ အပ်နှင်းသည်ဖြစ်၍ ခရစ်ယာန်မှန်လျှင် နာခံခြင်းအကျင့်ရှိသည်။ ကျေးကျွန်များကပင် သခင့်စကားကို နာခံရသည်( ၆း၅)။ ထိုနည်းတူ ယနေ့ခေတ်ကာလ၌ အလုပ်သမားများသည်လုပ်ငန်းရှင်အား နာခံကြရသည်။
မိမိအထက်လူကြီးအားနာခံခြင်းသည် ဘုရားရှင်အားနာခံခြင်းတွင်ပါဝင်သည်။ သိုသော် ခရစ်ယာန်များ သည် အုပ်စိုးသူ အစိုးမင်းနှင့် ဘုရားစကားတော်ယှဉ်လာလျှင် ဘုရားရှင်ကို နာခံရသည်(တ ၅:၂၉)။
Officers of the church (အသင်းတော်အရာရှိမင်းများ)
ဓမ္မသစ်ကျမ်းရှိ အသင်းတော်များသည် အသေးစိတ် တူညီကြသည်မဟုတ်။ ယေရုရှလင်တွင် တမန်တော်များနှင့် လူကြီးမင်းများ(တ ၁၅း၂)ရှိကြသော်လည်း ခေါင်းဆောင်သူသည် ရှင်ယာကုပ်ဖြစ်သည်(တ ၁၂း၁၇၊ ၁၅း၁၃)၊ ထိုအပြင် ပရောဖက်များ(တ ၁၁း၁၇)နှင့် သင်းထောက်(၇)ပါး (တ ၆း၁-၆)တိုလည်း ရှိကြသည်။ အန္တိအုတ်တွင် သင်းအုပ်များရှိကြောင်း ကျမ်းစကားမရှိပါ။ ပရောဖက်များနှင့် ဓမ္မဆရာများသာရှိ၍ ဗာနဗနှင့် ရှောလုတို့လည်း ပါဝင်ကြသည်(တ ၁၃း၁-၃)။ ဖိလိပ္ပိတွင် သင်းအုပ်များနှင့် သင်းထောက်များ ရှိကြသည်။
ထိုသို့ ခြားနားကြသော်လည်း သဘောသဘာဝမှာ တူညီကြသည်။ ဓမ္မသစ်ကမ်း၌ သင်းအုပ်များ (သို) ဘုန်းတော်ကြီးများ(သို) လူကြီးမင်းများ၏ ဦးဆောင်မှုကို ခံယူကြသည်။ ရှင်ပေါလုသည် အသင်းတော်များ၌ သင်းအုပ်များ ခန့်အပ်သည်(တ ၁၄း၂၃)။ အထောက်အမများလည်း ခန့်ကြသည်(တိ ၁း၅)၊ ယာကုပ်(ယာ ၅း၁၄)၊ ပေတရု(၁ပေ ၅း၁)၊ ရှင်ပေါလုတို့ကိုလည်း လူကြီးမင်းများဟုဆိုသည်။ ယေရုရှလင်တွင် ရှင်ယာကုပ်မှလွဲ၍ ဓမ္မသစ်ကျမ်း အပြည့်အစုံရေးသားသည့် ၂-ရာစုနှစ်တိုင်အောင် အသင်းတော်ခေါင်းဆောင်အဖြစ် မည်သူမျှ ခန့်အပ်ခြင်းမရှိ။
Ointment (ဆီလူးခြင်း)
ကျမ်းစာခေတ်ကာလ၌ ကျယ်ပြန့်စွာ အသုံးပြုကြသည်။ မွှေးကြိုင် နံ့သာဆီအမျိုးမျိုး သုံးကြသည်(သီ ၁း၃)။ ရှင်ဘုရင်အား ဘိသိက်ခြင်း (၁ရာ ၁၀း၁)၊ လူမမာ(ယာ ၅း၁၄)၊ လူသေ(လု ၂၃း၅၆)တို့အား ဆီလူးကြသည်။ အထူးနံ့သာဆီကို တဲတော်သန့်ရှင်းခြင်း၌ သုံးသည်။ သို့သော် လူသန့်ရှင်းခြင်း၌ သုံးမြင်းမျိုးမဟုတ်(ထွ ၃၀း၂၃-၃၃)။ ကျောက်ဖြူဗုထဲ၌ ထားရှိလျှင် နှစ်ချီထားရှိနိုင်သည်။ နှစ်ပေါင်းများစွာ ကြာရှည်သိမ်းဆည်းလျှင် ပိုမို တန်ဘိုးကြီးသည်(မာ ၁၄း၅)။ ထိုကျမ်းစာခေတ်ကာလမှ ပဲနိ ၃၀၀ သည်အလုပ်သမား၏ တနှစ်လစာဖြစ်သည်။
Omer (ဩမဲ)
ပန်းကန်လုံးငယ်ဖြစ်၍ ခြင်တွယ်စရာအဖြစ် သုံးလေ့ရှိသည်။ ထွ ၁၆း၁၆ တွင်သာ တွေ့ရ၍ မန္ဒမုန့် ကောက်ယူရာတွင် သုံးကြသည်။ ၂- ၂ လီတာခန့်ဝင်သည်။
Parable (ပုံဥပမာ)
ဓမ္မဟောင်းကျမ်းတွင် အနည်းငယ်သာ တွေ့ရ၍(ဥပမာ ၂ရာ ၁၂း၁-၄) ခရစ်ဝင်ကျမ်း ပထမသုံးစောင်တွင် အများဆုံးတွေ့ရသည်။ သခင်ယေရှုခေတ်ကာလ၌ ရှိဆရာများက မကြာခဏ ပုံဥပမာပြောလေ့ရှိကြသည်။ သခင်ယေရှုသည်လည်း တရားနာပရိသတ်များက ရင်းနှီးသည့် ပုံဥပမာစကား ပြောလေ့ရှိသည်။ တခါတရံမှသာ လူသိမများသော ပုံဥပမာစကား ဆိုသည် (မ ၁၃း၁၀၊ ယော ၁၆း ၂၉)။
ပုံဥပမာစကားသည် နေ့စဉ်ကြုံတွေ့ဖြစ်ပျက်သမျှကို ကိုယ်ကျင့်တရားစိတ်ထားနှင့် ဘာသာရေးသင် ခန်းစာများအဖြစ် သွန်သင်ခြင်းဖြစ်သည်။ သရုပ်ပြသချက်မဟုတ်။ သရုပ်ပြသချက်များတွင် သူ့အကြောင်းနှင့်သူ ဇာတ်ကြောင်းရှိသည်။ ပုံဥပမာတွင်ကား ထိုသိုမဟုတ်။ အမှန်တရား၊ သမ္မာစကား သွန်သင်ရာ၌ ဇာတ်လမ်း၏ အပိုင်းအစအဖြစ် ပါဝင်ခြင်းဖြစ်သည်။ ဇာတ်ကြောင်းဖြင့်သမ္မာတရားသွန်သင်နည်းတမျိုးဖြစ်သည်။
စပျစ်ဥယျာဉ်ခြံမှ လုပ်သားများပုံဥပမာ(မ ၂၀း၁-၁၆)သည် ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း ဖြစ်သည်။ မိမိတို လုပ်အားခအတိုင်း ဘုရားရှင်က လုပ်အားခပေးချေခြင်းမဟုတ်ဘဲ စေတနာသဒ္ဓါရက်ရောစွာ ပေးသနားသည့်အကြောင်းဖြစ်သည်။ အခြားလူများအပေါ်သို လုပ်ပေးချက်နှင့် သခင်ဘုရားအတွက် လုပ်ဆောင် ချက်သည် နှိုင်းယှဉ်စရာမဟုတ်ကြောင်း သွန်သင်သည်။ စပျစ်ခင်း၊ လုပ်သားများ လုပ်ဆောင်ချိန်၊ လုပ်အား၊ ပမာဏအား မေးမြန်းတွက်ဆစရာမဟုတ်ပါ။ ထိုဇာတ်လမ်း၏ အဓိကသွန်သင်ချက်သည် ကျေးဇူးတော် အကြောင်းဖြစ်သည်။
ဤပုံဥပမာက လုပ်အားခအကြောင်း တွက်ပြခြင်းမဟုတ်ပါ။ ဤပုံဥပမာတွင် သခင်ဘုရားက အဘယ်မျှ လုပ်ဆောင်ရကြောင်း၊ လုပ်ငန်းခွင်ဆက်ဆံရေးအကြောင်း၊ မတရားသော လုပ်သားပုံဥပမာမျိုးမဟုတ်ရကြောင်း သွန်သင်ပါသည်(လု ၁၆:၁-၉)။ မတရားသော လုပ်သားတွင်မူ အလုပ်ဖြုတ် ခံရခြင်းအကြောင်း သင်ခန်းစာ သွန်သင်သည်။ ဤနောက်ဆုံးပုံဥပမာတွင် သာ ထာဝရကာလအတွက် ပြင်ဆင်ရကြောင်း၊ အစေခံသည် အနာဂတ်အရေးတွင် အကောင်းဆုံးမျှော်လင့်၍ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားရကြောင်း သွန်သင်ပါ သည်။
အသေးစိတ်အကြောင်းအရာတိုင်းတွင် အနက်အဓိပ္ပါယ်အသီးသီး ရှိကြသည်ဟု မဆိုလိုပါ။ မျိုးကြသူ ပုံဥပမာများ(မ ၁၃း၁-၉၊ ၁၈-၂၃)၊ ပိုက်ကွန်(မ ၁၃း၄၇-၅၀)၊ အစွမ်းအစ(မ ၂၁း၃၃-၄၁)၊ မင်္ဂလာဆောင်ဧည့်ခံပွဲ(မ ၂၂း၁-၁၄)၊ ဧည့်ခံပွဲ(လု ၁၄း၁၆-၂၄)တိုသည် ပြယုဂ်နှင့် ပိုတူကြသည်။
အသေးစိတ်အကြောင်းအရာများတွင်ပင် တစုံတရာ အနက်ရှိကြသည်။ ပုံဥပမာများတွင် အဓိကရည် ရွယ်ချက်တခုသာ ရှိသည်။ သားနှစ်ယောက်ပုံဥပမာက စစ်မှန်သော နောင်တအကြောင်း သွန်သင်သည်။ နောင်တရသူအပေါ်သို့ ဘုရားသခင်က ဝမ်းမြောက်စွာ အပြစ်ခွင့်လွှတ်ပုံ၊ အပြစ်၏မနာလိုစိတ်နှင့် မိမိကိုယ်ကို အထင်ကြီးမှုများ သွန်သင်သည်(လု ၁၅:၁၁-၃၂)။
သခင်ယေရှုသည် အမှုတော်ပြုစဉ်တွင် ပုံဥပမာများပေးလျက် သတင်းကောင်းဟောပြောသည်။ တပည့်တော်များက ပုံဥပမာပြောင်းလဲ ဟောပြောခြင်းအကြောင်း မေးကြသည်(မ ၁၃း၁၀)၊ ရှင်မာကု ခရစ်ဝင်ကျမ်းတွင် (၄း၁၀-၁၂) ပုံဥပမာများပေးရာ၌ သွန်သင်ချက်၌ လျှိဝှက်ချက်ရှိကြောင်း ပြန်လည် မိန့်တော်မူသည်။ အနည်းငယ်ကြာလာသော် သွန်သင်ချက်၏ လျှိဝှက်ချက်များကို နားရှိသူတိုင်း နားလည်ကြ မည်ဟု မိန့်တော်မူသည်(၄:၂၁-၂၃)။ ထိုအခန်း ၄ အဆုံးတွင် ဆန္ဒရှိသူများက သူ့ပုံဥပမာထဲမှ စကားကို နားလည်ကြမည်ဟုဆိုသည်(ငယ် ၃၃)။ ထိုသိုဖြင့် ငယ် ၁၂ မှ ဆိုလိုချက်သည် ၁၃ တွင် ပိုမိုရှင်းလင်းလာကြသည်။ ပရိသတ်များ၏ စိတ်နှလုံးသည် မာကြောသောကြောင့် သိရှိနားလည်လိုစိတ် မရှိကြ။ အကြောင်းသော် သိရှိလို စိတ်မရှိကြသောကြောင့် သခင်ယေရှု၏ စကားတော်ကို သဘောမပေါက်ကြ။
ပုံဥပမာများသည် သခင်ယေရှု၏ သွန်သင်ချက်အား နားလည်လို စိတ်ရှိသူများအတွက် များစွာ အထောက်အကူပြုသည်။ အောက်ကျိုရိုကျိုး ယုံကြည်သူများသည် သင်ယူသမျှကို နားလည်ကြသည်။ ခရစ်တော်ကို လက်မခံ ငြင်းဆန်သူများသည် ကိုယ်တော်အား နားလည်နိုင်စွမ်းမရှိကြ။ ခရစ် တော်ကို နားလည် ခြင်းနှင့် ပုံဥပမာများကို သဘောပေါက်ခြင်းသည် နှစ်ကိုယ်တူ ယှဉ်တွဲလျက်ရှိသည်။
Parallelism (မျဉ်းပြိုင်ဝါဒ)
ကဗျာအကြောင်းတွင်ကြည့်။
Passover (ပသခါ)
ဓမ္မဟောင်းကျမ်းမှ ဘုရားသခင်၏ မဟာကယ်တင်ခြင်းမှာ အဲဂုတ္တုပြည်မှ ဣသရေလလူတို လွတ်မြောက်စေခြင်းဖြစ်သည်။ ကျေးကျွန်ဘဝမှ ကယ်ထုတ်သည့်အပြင် သူ့လူမျိုးတော်အဖြစ် ရွေးချယ် တော်မူသည်။ ဣသရေလတိုထိုလွတ်မြောက်သည်ညဉ့်တွင် အိမ်တိုင်း တနှစ်အရွယ်သိုး(သို) ဆိတ်ကိုသတ်ပြီး သွေးကို တံခါးတိုင်နှင့် ထုတ်တွင် ဖျန်းကြသည်။ အသားကို ဟင်းသီးဟင်းရွက်နှင့် တဆေးမဲ့မုန့်တိုဖြင့် စားကြ သည်။ ထိုညဉ့်တွင် ဘုရားသခင်၏ ကောင်း ကင်တမန်က အဲဂုတ္တုပြည်ရှိ သားဦးရှိသမျှကို သေစေသည်။ သို့သော် တံခါးတိုင်နှင့် သုတ်တွင် သွေးမြင်လျှင် လွန်မြောက်သွားသည်။ ထိုနေ့ညနှင့် စားရသောအသားကို ပသခါဟုခေါ်သည်။ ထိုကိစ္စကြောင့် ဖာရော့ဘုရင်သည် ခြောက်ခြားတုန်လှုပ်သွားပြီး ဣသရေလလူများအား အဲဂုတ္တုပြည်မှ ချက်ခြင်းထွက်သွားစေသည်(ထွ ၁၂း၁-၃၆)။
ဘုရားသခင်က ဣသရေလတိုအား ထိုအချိန်မှစ၍ ပထမလ၏ ရက်နေ့ကို ပသခါပွဲအဖြစ် စောင့်ထိန်းခိုင်းသည်(ထွ ၁၂း၂၊ ၆၊ ၁၄)၊ ထိုပွဲတော်သည် (၇)ရက်ကြာ၍ ထိုကာလအတွင်းတွင် နေအိမ်များ၌ တဆေးမထားရ(ငယ် ၁၇-၂၀)။ ကတိတော်မြေ ရောက်ရှိကြသည့်အခါ တဲတော်တည်၍ ပသခါပွဲ ဆက်လက် ကျင်းပရန် မောရှေက မိန့်မှာသည်(တရား ၁၆း၂)။
ပသခါပွဲကို ယောရှု(ယောရှု ၅း၁၀-၁၁)၊ ဟေဇကိမင်း(ရာ ၃၀)၊ ယောရှိမင်း(၄ရာ ၂၃း၂၁-၂၃၊ ၆ရာ ၃၅း၁-၁၉)တိုက စောင့်ထိန်းကျင်းပကြပြီး ပြည်နှင်ဒဏ်မှ ပြန်ရောက်သည့်အခါတွင်လည်း ကျင်းပကြသည်(ဧဇ ၆း၁၉-၂၂)။ တော ၉း၆-၁၃ တွင် ခွင့်ပြုထားသည့်အတိုင်း ဟေဇကိမင်းသည် ဒုတိယလတွင် ကျင်းပသည်။
ပသခါပွဲ ကျင်းပခြင်း(၅)ကြိမ် တွေ့ရ၍ အခြားချိန်ခါများ၌ ကျင်းပရကြောင်း မတွေ့ရ။ ထိုသို ကျင်းပရ ခြင်းမှာ အထူးကိစ္စရပ်များကြောင့်ဖြစ်သည်။ ယေရှုသည် ခါနန်ပြည်တွင် ပထမဆုံး ကျင်းပသည်။ ပြည်နှင်ဒဏ် ပြီးဆုံးချိန်တွင် ဧဇရက ပထမဆုံးအကြိမ် ကျင်းပသည်။ အခြား(၂)ခုမှာ ဗိမာန်တော်ပြန်လည်ပြုပြင်၍ သာဓုအနုမောဓနခေါ်သည့်အချိန်ဖြစ်၍ အခြားပသခါပွဲများနှင့် ခြားနားပြီး ပသခါပွဲ စောင့်ထိန်းခြင်းမျှသာ မဟုတ်(၆ရာ ၃၀း၅၊၃၅း၁၈)။
ဓမ္မသစ်ကျမ်းခေတ်ကာလ၌ ယဇ်ကောင်ကို ဗိမာန်တော်ထဲ၌ သတ်ကြပြီး ယဇ်ကောင်သားကို ယေရုရှလင်ရှိ အိမ်များတွင် မိသားစုအဖွဲ အလိုက်စားသုံးကြသည်။ တခါတရံ မိတ်ဆွေများစုဖွဲ၍ မိသားစုအဖြစ် စားသုံးကြသည်။ သခင်ယေရှုသည်လည်း အသေမခံမှီ နောက်ဆုံးညဉ့်တွင် ပသခါပွဲဆင်နွှခဲ့သည်(မ ၂၆း၁၇-၃၀)။ ပသခါပွဲကာလ၌ ခရစ်တော်ကိုယ်တိုင်သည် ပသခါသိုးသငယ်ဖြစ်သွားသည်(မ ၂၆း၂၊ ၁ကော ၅း၇)။ ဘုရား သခင်၏ ကယ်တင်ခြင်းအစီအစဉ်တွင် ပသခါသည် ကားတိုင်ပေါ်ရှိ ခရစ်တော်ကို ပုံဆောင်သည်။
သခင်ဘုရားသည် ဤပသခါပွဲတွင် အစားထိုးဝင်ရောက်သည်(လု ၂၀း၁၄-၂ဝ၊ ၁ကော ၁၁း၂၃-၂၆)။ ဓမ္မဟောင်းကျမ်းတွင် မဟာရွေးနှုတ်ခြင်း ပသခါပွဲ ကျင်းပသကဲ့သို သခင်ဘုရား၏ ပွဲတော်မင်္ဂလာသည် ပဋိညာဉ် သစ်၏ ပိုမိုကြီးမြတ်သော ရွေးနှုတ်ပွဲဖြစ်သည်။ ထိုကြောင့် ပွဲတော်မင်္ဂလာသည် ပသခါပွဲ အစားထိုးခြင်းဖြစ် သည်။
အေဒီ ၇၀ ခုနှစ်တွင် ရောမစစ်တပ်က ယေရုရှလင်ဗိမာန်တော်ဖျက်သိမ်းချိန်မှစ၍ ရိုးရာထုံးတမ်းစဉ်လာ အတိုင်း မကျင်းပနိုင်တော့သော်လည်း မိသားစုအလိုက် ပသခါပွဲ ကျင်းပနေဆဲဖြစ်သည်။
Pastor (ပါစတာ)
သမ္မာကျမ်းစာက ဘုရားသခင်(ဆာ ၂၃း၁၊ ဟေရှာ ၄၀း၁)နှင့် ခရစ်တော်(ယော ၁၀း၁၊ ၊ ဟေဗြဲ ၁၃း၁၀)ကို သိုးထိန်းအဖြစ် ပုံဖော်သည်။ အကြောင်းမှာ ဘုရားသခင်၏ သိုးများအဖြစ် ဂရုစိုက်ပုံကို ပြသသည်။ ပါစတာသည်ဘုရားသခင်၏ လူများကို ဦးဆောင်ရသည်(ယေ ၃း၁၅၊ ဧ ၄း၁၁)။ ထိုပါစတာများသည် သိုးထိန်း ကြီးဖြစ်သော ခရစ်တော်၏ အောက်၌ရှိကြသည်(၁ပေ ၅း၄)။
ဓမ္မသစ်ကျမ်းတွင် ပါစတာများကို သင်းအုပ်၊ အုန်းတော်ကြီးဟုလည်းခေါ်သည်။ ထိုသို ခေါ်ဆိုရသော် လည်း တသီးတခြားစီမဟုတ်ကြ။ သင်းအုပ်သည် ပါစတာ၊ ဘုန်းတော်ကြီးလည်းဖြစ်သည်။ တ ၂၀ တွင် သင်းအုပ်များ(ငယ် ၁၇)သည် သိုးထိန်းများကဲ့သို(ငယ် ၂၈) အသင်းတော်ကို ကြည့်ရှုစောင့်ရှောက်သူများ(ငယ် ၂၈-ဘုန်းတော်ကြီးသည် ကြည့်ရှုစောင့်ရှောက်သူဟု အနက်ရ၍ဖြစ်ကြောင်း ရေးထားသည်။ ထိုဂုဏ်ပုဒ်(၃) ရပ်သည် လူတဦးသို့ပေးအပ်သည့် ဂုဏ်ပုဒ်ပင်ဖြစ်သည်။ ပါဝတာဟူသော နာမည်သည် အသင်းတော်အသီးသီးမှ လူများကို စောင့်ရှောက်သော သင်းအုပ်များဖြစ်၍ လူများကိုနှုတ်ကပတ်တော် တိုက်ကျွေးစောင့်ရှောက်သူ များဖြစ်ကြသည်။ ထိုသိုဖြင့် ဘုရားသခင်၏ သိုးများကို လုပ်ကျွေးကြသည်(၁ပေ ၅း၁၊ ၂)။
သင်းအုပ်များအကြောင်းတွင်လည်းကြည့်။
Peace (ငြိမ်သက်ချမ်းမြေ့ခြင်း)
ယနေ့ခေတ်ကာလ၌ ငြိမ်သက်ချမ်းမြေ့ခြင်းကို တိုက်ခိုက်သတ်ဖြတ် မှုကင်းခြင်းဟု သိရှိကြသည်။ ရန်သူများအချင်းချင်း မျက်စောင်းထိုးကြခြင်းသည် မသင့်မတင့်ကြကြောင်း ပြသခြင်းဖြစ်၍ ငြိမ်သက်ချမ်းမြေ့မှု လိုသေးသည်။
ကျမ်းစာကပြောသော ငြိမ်သက်ချမ်းမြေ့ခြင်းသည် ထိုကဲ့သိုမဟုတ်။ ကျမ်းစာပါ ငြိမ်သက်ချမ်းမြေ့ခြင်း သည် လူအများအပြား သဟဇာတရှိခြင်း၊စည်းလုံးခြင်း၊ ချင်သော ဆက်ဆံရေး၊ လူတိုင်း ဘေးကင်းလုံခြုံ၍ ပြည်စုံကုံလုံခြင်းဖြစ်သည်။
ငြိမ်သက်ခြင်းအတုလည်း ရှိသည်(ယေ ၈း၁၁)။ စစ်မှန်သော ငြိမ်သက်ချမ်းမြေ့ခြင်းသည် ဖြောင့်မတ်ခြင်းအကျင့်မှ ရောက်လာသည်(ဆာ ၈၅း၁၀၊ ဟေရှာ ၃၂း၁၇)။ ဘုရားသခင်သည် ငြိမ်သက်ချမ်း မြေ့ခြင်း၏ အရင်း အမြစ်ဖြစ်သည်(ဟေဗြဲ ၁၃း၂၀)၊ မေတ္တာကုန်ခမ်းခြင်းလည်း မရှိ၊ သူ့လူများ နှင့် ငြိမ်သက်ချမ်း မြေ့ခြင်း ပဋိညာဉ်ပြုထားသည်(ဟေရှာ ၅၄း၁၀)၊ မကောင်းသောသူများသည် ထိုသဘောထားမျိုးမရှိကြ(ဟေရှာ ၄၈း၂၂)။
စစ်မှန်သော ငြိမ်သက်ချမ်းမြေ့ခြင်းသည် အနာရောဂါ ကင်းဝေးချိန် (ယေ ၈း၁၅)၊ ငြိမ်ဝပ်ပိပြားချိန်(၅ရာ ၂၂:၉)၊ ဘေးကင်းလုံခြုံချိန်(ယေဇ ၃၄း၂၅)၊ စည်ပင်သာယာဝပြောချိန်(၃ရာ ၄း၂၄)ဖြစ်သည်။ ငြိမ်သက်ချမ်း ခြင်းသည် ဘုရားရှင်တော်နှင့် အတူရှိ၍(ယေဇ ၃၇း၂၆) သူ့လူများသိုသုခချမ်းသာပေးသည်(တော ၆း၂၄-၂၆)။ ငြိမ်သက်ချမ်းမြေ့ခြင်းကို လူများရှေ့သို ပြသရသည်။ သူတိုအပြစ်များ ဖြေလွှတ်ခြင်းခံရရန် ဘုရားရှင်ကို နာခံရသည်။
ဓမ္မဟောင်းကျမ်းက မေရှိယသခင်၏ ငြိမ်သက်ချမ်းမြေ့မှုခေတ်ကာလကို ရှေးရှုသည်(ဟေရှာ ၂း၂-၄၊ ဟဂ္ဂဲ ၂း၇-၉)။ ထိုမေရှိယသည် ငြိမ်သက်ချမ်းမြေ့ခြင်း အရှင်သခင်ဖြစ်သည်(ဟေရှာ ၉း၅)။ လူ့လောကသို့ ယေရှုခရစ်တော်ကြွလာခဲ့သည့်အချိန်၌ ပြည့်စုံခဲ့သည်(လု ၂း၁၄)။
သို့သော် ခရစ်တော်၏ အမှုတော်လုပ်ငန်းသည် စကြာဝဠာသို ငြိမ်သက်ချမ်းမြေ့စေသည်မဟုတ်(မ ၁၀း၃၄)။ ငြိမ်သက်ချမ်းမြေ့ခြင်းအစား စိတ် ဝမ်းကွဲပြား ခြားနားစေသည်။ သူ့ကို ချစ်ခင်တွယ်တာသူများအား သူ့ကိုသခင်အဖြစ် လက်မခံငြင်းဆန်သူများနှင့် ကွဲပြားစေသည်(ငယ် ၃၅-၄၂)။သူ့ငြိမ်သက်ချမ်းမြေ့ခြင်းသည် အခြားလူများ၏ ငြိမ်သက်ချမ်းမြေ့ခြင်းအတုနှင့် တခြားစီဖြစ်သည်(ယော ၁၄း၁၇)။ ခရစ်တော်၏ ငြိမ်သက် ချမ်းမြေ့မှုကိုသူ့အား ချစ်ခင်မြတ်နိုး၍ အစေခံယူသူများကသာ အပြည့်အဝ နားလည်ခံစားကြသည်။
ဘုရားရှင်၏ ငြိမ်သက်ချမ်းမြေ့မှုသည် တန်ဘိုးခေါင်ခိုက်သည်။ ကားတိုင်ပေါ်တွင် ခရစ်တော်၏ အသက်စွန့်ခြင်းဖြင့် တည်ဆောက်သည်(ကော ၁း၂၀)။ ထိုသတင်းကောင်း၏ ငြိမ်သက်ချမ်းမြေ့မှုသည်(တ ၁၀း၂၆၊ ဧ ၆း၁၅)ဘုရားသခင်နှင့် အပြစ်သားများအကြားတွင်သာမက သူ့ရန်သူများအကြား၌လည်း အကျိုးဖြစ် ထွန်းစေသည်။ ယုဒလူနှင့် တပါးအမျိုးသားအကြား လူမျိုး ရေးခြားနားမှုကြီး အကြားတွင်လည်း ခရစ်တော်၏ ငြိမ်သက်ခြင်းအမှုတော်က စေ့စပ်ပြေလည်စေသည်(ဧ ၂၁း၄)။ အခြားအတားအဆီးများကိုလည်း ခရစ်တော်က ချိုးဖျက်သည်(ရော ၁၂း၁၈)။
ရှင်ပေါလု၏ စကားများတွင် ငြိမ်းချမ်းမှုတည်ဆောက်ရေး ပြောဆိုလေ့ရှိသည်။ ခရစ်ယာန်များသည် ခြောက်ပစ်ကင်း သဲလဲစင်များမဟုတ်ကြသော်လည်း အပြစ်ကို ဆန့်ကျင်သည့် ငြိမ်သက်ချမ်းမြေ့ခြင်း အသက်တာရှိကြသည်။ သန့်ရှင်းဝိညာဉ်တော်က ခရစ်ယာန်များ၏ အထဲ၌ ငြိမ်ချမ်းရေး မျိုးစေ့ထည့် ပေးသည်(ဂလာ ၅း၂၂)။ ထိုကြောင့် ဘဝအသက်တာတွင် အေးအေးလူလူရှိကြသည်။ ထိုမှတဆင့် အချင်းချင်း မတည့်၊ ပြဿနာဖြစ်နေသူများအကြား၌ ငြိမ်သက်ချမ်းမြေ့မှု တည်ဆောက်ကြသည်။ ထိုကြောင့် ငြိမ်း ချမ်းရေးတည်ဆောက်သူများသည် ငြိမ်သက်ခြင်းအရှင် ဘုရားသခင်၏ သားသမီးများဖြစ်ကြသည်(မ ၅း၉)ဟု ကျမ်းစကားဆိုထားသည်။
Peace offering (မိဿဟာယယဇ်)
အူကလီစာ၊ ကျောက်ကပ်၊ အသည်းနှင့် အဆီများကို သိုးမြီးတွင် ရစ်ပတ်ချည်နှောင်၍ မိဿဟာယ ယဇ်အဖြစ် မီးရှိ ရသည်(ဝတ် ၃း၃၊ ၄၊ ၉)။ယဇ်ပုရောဟိတ်နှင့် သူ့မိသားစုက ရင်အုံနှင့် ညာဘက်ပေါင်တိုကို ယဇ်ပူဇော်ရာနေရာတွင် စားသုံးကြပြီး(ဝတ် ၁၀း၁၄၊ ၁၅) ဝတ်ပြုကိုးကွယ်သူများနှင့်သူ့မိသားစုက တခြားအ သားများကို စားကြသည်(ဝတ် ၇း၁၅)။
မိဿဟာယယဇ်ပူဇော်ရခြင်းအကြောင်း အမျိုးမျိုးရှိသည်။ ကျေးဇူးတော်ချီးမွမ်းခြင်း(ဝတ် ၇း၁၁၊ ၁၂)၊ ကတိသစ္စာပြည့်စုံခြင်း၊ စိတ်ဆန္ဒရှိသည့်အတိုင်း ပူဇော်ခြင်း(ငယ် ၁၆)၊ လွန်ကျူးသောအပြစ်အပေါ် ဝမ်းနည်းပြီး ပြန်လည်နလံထူခြင်းများ၌ ပူဇော်လေ့ရှိကြသည်(သူကြီး ၂၀း ၂၆)။
မိဿဟာယယဇ်သည် ဘုရားရှင်နှင့် အတူရှိတော်မူ၍ ချမ်းခြင်း သုခ ခံစားရကြောင်း၊ ဝမ်းမြောက်ဝမ်း သာရှိကြောင်း ပြသချက်ဖြစ်သည်။ ထို့အပြင် ထိုသို ယဇ်ပူဇော်ခြင်းဖြင့် ဘုရားရှင်နှင့် ပေါင်းဖက်ခြင်းလည်း ပြသသည်။ အကြောင်းသော် ယဇ်ပုရောဟိတ်များနှင့် မျှဝေခံယူကြသည်။
Pentecost (ပင်တေကုတ္တေ)
သတင်းပတ်များပွဲတော်သည် နှစ်စဉ် ကျင်းပသော ဓမ္မဟောင်းပွဲတော်(၃)ခုမှ တခုဖြစ်သည်(တရား ၁၆း၁၆)။ ပင်တေကုတ္တဟူသော စကားလုံးသည် ဂရိစကားမှလာ၍ “၅ဝ”ဟု အနက်ရသည်။ ဝတ် ၂၃း၁၆ တွင်ရက်ပေါင်း(၅၀)ဟု ခေါ်သည်။
ဥပုသ်နေ့နောက်တွင် ဂျုံမုယောကောက်လှိင်းများ သိမ်းဆည်းသည့်ပသခါပွဲ လိုက်လာသည်(ဝတ် ၂၃း၁၀)။ မုယောသည် ပါလက်စတိုင်းဒေသတွင် အစောဆုံး ရိတ်သိမ်းရလေ့ရှိသည့် သီးနှံဖြစ်သည်။ နောက်(၇) ပတ်အကြာတွင် သတင်းပတ်ပွဲတော်(ပင်တေကုတ္တေနေ့) ကျင်းပသည်။ (၇)ပတ်သည် (၄၉)ရက်ဖြစ်သော်လည်း ဟေဗြဲတိုထုံးစံတွင် ပထမနှင့် နောက်ဆုံးနေ့များလည်းပါဝင်သဖြင့် (၇)ပတ်သည် ရက်ပေါင်း (၅၀)ကြာသည်။
ပင်တေကုတ္တေနေ့တွင် အသင်းတော်ထံသို သန့်ရှင်းဝိညာဉ်တော်ဆင်းသက်သည်(တ ၂း၁)။ သိုကြောင့် ခရစ်ယာန်များအတွက် ပင်တေကုတ္တေသည် သန့်ရှင်းဝိညာဉ်တော်ကြွလာသည့် နှစ်ပတ်လည်နေ့ရက်ဖြစ်သည်။ မူရင်းတွင်မူ မုယောရိတ်သိမ်းခြင်း ပိတ်သိမ်း၍ ဘုရားရှင်ထံတော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်သည်။
Perfection (စုံလင်ခြင်း)
ဘုရားသခင်သည် စုံလင်တော်မူသည်။ သိရှိတော်မူချက်(ယောဘ ၃၇း၁၆)၊ မိန့်တော်မူချက်(ဆာ ၁၉း၇)၊ ပြုတော်မူချက်(တရား ၃၂း၄)၊ စွန့်ကြဲ သမျှ(ယာ ၁း၁၇)တို့သည် စုံလင်သည်။ အရာရာတိုင်း၌ ဘုရားသခင်သည်စုံ လင်တော်မူသည်။ မည်သို့သော အခြေအနေချိန်ခါတွင်မဆို ဘုရားရှင်၌အပြစ်တစုံတရာ မတည်(ဟဗ ၁း၁၃)။
ဘုရားသခင်တွင် ချိုယွင်းအားနည်းချက်မရှိ၊ ကိုယ်တော်တိုင်နှင့် ပြုတော်မူသမျှသည် စုံလင်သည်။ အသိဉာဏ်ပညာတော်လည်း စုံလင်သည်။
ဘုရားသခင်ကဲ့သို စုံလင်သော အခြားသက်ရှိဟူ၍မရှိ။ အတုမရှိ၊ အနှိုင်းမဲ့ဖြစ်သည်။ သူ့ကို ကူညီ ထောက်မရန် တစုံတရာ ထပ်မံလိုအပ်ချက်မရှိ။ လိုလေသေးမရှိအောင် အရာရာကို ပြုတော်မူသည်။
ခရစ်တော်သည် ဘုရားသားတော်ဖြစ်သည့်အားလျော်စွာ ခမည်းတော်၏ အပြစ်မဲ့စုံလင်ခြင်း ခံယူသူဖြစ်သည်။ လူ့ဇာတိခံယူစဉ်တွင်လည်းကုံလုံစုံလင်သည်(ဟေဗြဲ ၂း၁၀၊ ၅း၈၊ ၉)။ ထိုသိုဆိုရာတွင် ခရစ်တော်သည် အပြစ်ကင်းစင်သော လူ့ဇာတိခံ အပြစ်သားခံယူသည်ဟု မဆိုလို(ဟေဗြဲ ၄း၁၅)။ ခရစ်တော်၏ ပြုတော်မူချက်သည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်ကြီး ပီသကြောင်း ဆိုလိုသည်(ဟေဗြဲ ၅း၅)။ ကိုယ်တော်ခံ ယူသော ဆင်းရဲဒုက္ခက လူတို့၏ အားနည်းချိုယွင်းချက်ကို ဖြည့်ဆည်းပေးသည်(ဟေဗြဲ ၅း၈၊ ၄း၁၅)။ သတင်း ကောင်းကို နာခံသူများအား ကယ်တင်ရန် အဆင်သင့်ရှိသည်(ဟေဗြဲ ၅း၉)။ ကျမ်းစကားမှ စုံလင်ခြင်းဟူသော စကားရပ်သည် တခါတရံ စိတ် မနောဖြူစင်ကြည်လင်ခြင်းဖြစ်သည်။ အခြားအချိန်များတွင်မူ ရည်မှန်းချက်၊ ပန်းတိုင်ရောက်ရှိရာဟု အနက်ရသည်။ ခရစ်တော်သည် ကားတိုင်ပေါ်တွင် သက်တော်စွန့်သည့်တိုင်အောင် ဘုရားရှင်ကို နာခံသည်။ ထိုသိုသော နာခံခြင်းကြောင့် သူ့ကို ယုံကြည်ကိုးစားသူတို ကယ်တင်ခြင်းရရှိကြသည်။
စုံလင်ရန် ရင့်ကျက်ရသည်။ ရင့်ကျက်သူသည် ကလေးသူငယ်များ မစွမ်းဆောင်နိုင်သည်များကို ရည်မှန်းချက်ပြီးမြောက်စုံလင်အောင် လုပ်ဆောင် ၁ကော ၁၄း၂၀ တွင် ယုံကြည်သူများသည် အတွေးအခေါ် ရင့်ကျက်ကြီးထွားခိုင်းသည်။ ဤနေရာမှ ကြီးထွားဟူသော စကားလုံးသည် စုံလင်ခြင်း ဖြစ်သည်။ သိုရာတွင် ယုံကြည်သူများသည် အရာခပ်သိမ်းကို သိရိရမည်(သို့)အပြစ်ကင်းစင်ရမည်ဟု မဆိုလိုပါ။ အတွေးအခေါ် ကြီးထွားလိုစိတ်ရှိရသည်ဟု ဆိုလိုသည်။ ဧ ၄း၁၃ တွင် စုံလင်ခြင်း အခြားဥပမာတခုပေး၍ ကြီးထွားခြင်း၊ ရင့်ကျက်ခြင်းဟု ဆိုသည်။
ကျမ်းချက်အချိုတွင် လူများ စုံလင်ပုံအကြောင်း လာပြသည်။ နောဧ (က ၆း၉)၊ ယောဘ(ယောဘ ၁း၁)၊ အာသ(၃ရာ ၁၅း၁၄)တို့ကို စုံလင်သူများဟုဆိုသည်။ အာဗြဟံ(က ၁၇း၁)၊ ခရစ်တော်၏ တပည့်တော်များ(မ ၅း၄၈)များသည် စုံလင်ရေးအကြောင်း ဟောပြောကြသည်။ ဧလိဟုက စုံလင်သော အသိဉာဏ်ပညာ စကား(ယောဘ ၃၆း၄) ဆိုသည်။ ယုံကြည်သူ ခရစ်ယာန်များသည် ထိုသို စုံလင်ရမည်ဟု ဆိုလိုပါသလား။
ယုံကြည်သူများသည် စုံလင်ခြင်း ရည်မျှော်နေရသည်(၂ကော ၇း၁)။ သို့သော် ခရစ်တော်ကို မျက်နှာချင်း ဆိုင် မဖူးမျှော်မခြင်း စုံလင်ကြဦးမည် မဟုတ်(၁ယော ၃း၂)။ ထိုကြားကာလ၌ သန့်ရှင်းဝိညာဉ်တော်တန်ခိုးဖြင့် အပြစ်ကို ဆန့်ကျင်ရသည်(ဂလာ ၅း၁၆-၁၈)။ သိုသော် အပြစ်ကင်းစင်နိုင် ကြမည်မဟုတ်သေး(ရော ၇း၁၄-၂၅၊ ၁ယော ၁း၈)။
ကျမ်းစာက အထက်တွင်ဆိုထားသည့် စုံလင်သူများသည်လည်း အပြစ်ရှိနေကြဆဲဖြစ်သည်။ ယောဘက သူ့အပြစ်ကို သိရှိနေသည်(ယောဘ ၇:၂၁၊ ၁၀း၆)။ သူ့တွင် အပြစ်ကင်းစင်ကြောင်း ကွယ်ကာပြောဆို သည့်အခါ(၉:၂၁) နှလုံးစိတ်ဝမ်းတခုလုံး ဘုရားရှင်ထံသို အပ်နှံ၍ တောင်းဆိုတော် မူသမျှ လိုက်နာစောင့် ထိန်းသည်ဟုဆိုသည်။ ယောဘသည် ဖြောင့်မတ်သူဖြစ်သည်။ မကောင်းသော မဖွယ်မရာ အပြစ်လမ်းသို လိုက်ခြင်းမပြု။ ဆာ ၇း၈ တွင် ဒါဝိဒ်က သူ့ကိုယ်သူအား ဖြောင့်မတ်သူဟုဆိုသည်။ ထိုစကားသည် အခြား လူများက စွပ်စွဲသည့် အပြစ်ဒုစရိုက်များအား လွန်ကျူးခြင်းမရှိကြောင်း ငြင်းဆန်ခြင်းမဟုတ်။ ဒါဝိဒ်သည် သူပြောသကဲ့သို ဖြောင့်မတ်၊ စုံလင်ခြင်းမရှိကြောင်း သူ့အသက်တာဖြင့် ပြသသည်။
ထိုကြောင့် ကျမ်းစာပါ စုံလင်ခြင်းဟူသော စကားရပ်သည် စုံလင်ရန်၊ ဘဝဆုံးတိုင် အောင်မြင်ရန်၊ စံနမူနာအသက်တာ ပြသရန်ဟု အနက်ရသည်။ သို့ဖြစ်၍ စုံလင်ခြင်းဟူသော စကားသည် ကာလ ဒေသ ပယောဂ ပုဂ္ဂလအပေါ်၌ တည်သည်။
Persia, Persians (ပါရှား၊ပါရှန်း)
အင်ဒို – ဥရောပသားများသည် ဘီစီ ၁ဝဝဝ ဝန်းကျင်တွင် ရုရှားပြည်တောင်ပိုင်းမှ အီရန်သို ရောက်ရှိကြသည်။ မေဒုန်းအင်ပါယာ(ဘီစီ ၆၂၅ -၅၅၀)ထဲ၌ ပါဝင်ကြသော်လည်း ကိုယ်ပိုင်ဘုရင်များရှိကြသည်။ ဘီစီ ၅၅၀ တွင် ကုရုမင်းက ဆန့်ကျင်ပုန်ကန်ပြီး မေဒျန်းအစိုးရမင်းအောက်မှ ခွဲထွက်သည်။ ကုရုမင်းသည် မေ
ဒျန်းမင်းများနှင့် ဆက်သွယ်ပြီး မေဒိနှင့် ပါရှန်းလူများကို နိုင်ငံအဆင့်မြင့် အရာရှိကြီးများအဖြစ် ခန့်အပ်သည်။ ထိုလူမျိုးနှစ်ရပ်၏ ထုံးတမ်းစဉ်လာနှင့် ဥပဒေသများကိုလည်း ပေါင်းစပ်သည်(ဒံ ၆း၈ ကိုကြည့်)။ ကုရုမင်းသည် ဘီစီ ၅၃၉ ခုတွင် ဗာဗုလုန်ကို သိမ်းပိုက်သည့်တိုင်အောင် သူ့အင်ပါယာအား ချဲ့ထွင်သည်။ သူသည် ကြမ်းကြုတ် သော အာရှုရိနှင့် ဗာဗုလုန်မင်းများကဲ့သိုမဟုတ်ဘဲ နူးညံ့သော အုပ်စိုးသူမင်းဖြစ်သည်။ ဒေသခံထုံးတမ်း စဉ်လာများကို လေးစား၍ ယုဒလူများကိုလည်း နေရပ်ဌာနေသို့ ပြန်သွားခွင့်ပြုသည်(ဧဇ ၁း၁-၄)။ ထိုကား သူ၏ မူဝါဒပြသချက်ဖြစ်သည်။
သူ့သား ကမ်ဘီစီ ၂ (ဘီစီ ၅၃၀-၅၂၂)သည် ဘီစီ ၅၂၅ တွင် အဲဂုတ္တုပြည်ကို အောင်နိုင်သည်။ ယခင်က ယုဒလူများ၏ အဲဂုတ္တုလူတို့အား ပုန်ကန်လိုသည့် စိတ်ထားကိုလည်း ကူညီဖြည့်ဆည်းရာရောက်သည်။ ထိုအခါ အဲဂုတ္တုပြည်သည် ပါရှန်းတို့၏ ထိန်းချုပ်မှုအောက်သို ရောက်ရှိသည်။ သူမရှိခိုက် ဂေါမာတာက ထီးနန်းလုယူသောကြောင့် ကမ်ဘီစီသည် မိမိကိုယ်ကို သတ်သေသည်။
ဒါရု ၁ မင်း(ဘီစီ ၅၂၂-၄၈၆)က ထီးနန်းသိမ်းပိုက်ပြီး ဂေါတာမာကိုလုပ်ကြံသည်။ သိုသော် အင်ပါယာအနှံအပြား၌ ပုန်ကန်မှု ဖြစ်ပွားလာသည်။ ဟဂ္ဂဲနှင့် ဇာခရိတို့က ဘီစီ ၅၂၀ အလွန် ဒါရုမင်းမတိုင်ခင်၌ ပြန်လည်ထူထောင်ကြမည့်အကြောင်း ပရောဖက်ပြုကြသည်။ ဒါရုမင်း၏ နိုင်ငံရေးမူဝါဒသည် ကုရုမင်းနှင့် ဆင်တူသည်။ ပါရှန်းအင်ပါယာကို အောင်မြင်ကျော်ကြားအောင် တည်ဆောက်သော်လည်း ဂရိတိုကို တွန်းလှန်နိုင်စွမ်းမရှိ။
ဇာရက် ၁ (ဘီစီ ၄၈၆-၄၆၅)သည် ပုန်ကန်သူများနှင့် ဆက်ဆံလာသည်။ သူသည် ဂရိလူမျိုးဖြစ်၍ ပါရှန်းနာမည်ကို ခံယူသည်။ ဟေဗြဲစကားအားဖြင့် အာရွှေရု(ဧသ ၁း၁)ဖြစ်သည်။
သူ့သားငယ် အာတာဇေရဇ် ၁ (ဘီစီ ၄၆၅-၄၂၄))သည် ထီးနန်းစဉ်လာကို စွန့်လွှတ်သည်။ ဧဇရနှင့် နေဟမိတိုကို ယေရုရှလင်သို ပြန်လည်စေလွှတ်သည်။ နန်းစံခါစတွင် အဲဂုတ္တုတိုက ပုန်ကန်သည်။ ထိုပုန်ကန်မှုကယေရုရှလင် ပြန်လည်တည်ဆောက်ခြင်းကို ရပ်တန့်စေသည်(ဧဇ ၄း၇-၁၄)။
သို့သော် နှစ်ပေါင်း(၁၀)နှစ်ခန့်အကြာ ဘီစီ ၄၄၅ တွင် အဲဂုတ္တုတိုက ပုန်ကန်ပြန်သည်။ မည်သို့ဖြစ်စေ နေဟမိက ယေရုရှလင်မြိုရိုးကို ပြန်လည်တည်ဆောက်သည်။
ဘီစီ ၃၃၁ တွင် ဂရိဘုရင် မဟာအလက်ဇန္နားက သိမ်းပိုက်သောအခါ ထိုအင်ပါယာသည် ချုပ်ငြိမ်းသွား သည်။
Persecution (ညှဉ်းပန်းနှိပ်စက်ခြင်း)
သခင်ယေရှုက တပည့်တော်များအား ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြမည့်အကြောင်း ကြိုတင်သတိ ပေးထားသည်။ သူ့ရန်သူများက သူ့ကို နှိပ်စက်ကြ သကဲ့သိုပင် သူ့နောက်သို လိုက်သူများသည်လည်း နှိပ်စက် ခြင်းခံကြရမည်ဟုမိန့်မှာသည်(ယော ၁၅း၂၀)။ စင်စစ်တွင် ထိုသို ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြရသောအခါ ဝမ်းသာကြသည်။ ယခင်က ဘုရားတရားလူများ(မ ၅:၁၂)နှင့် ခရစ်တော်ခံစားသော ဆင်းရဲဒုက္ခ မျှဝေခံစားသည် ဟု ခံယူကြသည်(ဖိ ၃း၁၀၊ ဟေဗြဲ ၁၃း၁၂-၁၃)။
ကျမ်းစာအတွေးအမြင်သည် လူ့ အတွေးအမြင်နှင့် တသီးတခြားစီ ဖြစ်သည်။ လူများက နှိပ်စက်ခြင်းကို မနှစ်သက်ကြ။ ခရစ်တော်ကမူ နှိပ်စက်ခံရခြင်းသည် ကောင်းချီးမင်္ဂလာ ခံစားရာဟုဆိုသည်(မ ၅း၁ဝ၊ ၁၁)။ ညှဉ်းပန်းနှိပ်စက်ခြင်းခံရလျှင် မကောင်းမှုဖြင့် တုံပြန်ရသည်မဟုတ်။ ဖြောင့်မတ်ရာအဖြစ်သို့ ပြောင်းလဲခံယူ ရသည်(၁ပေ ၄း၁၅)။ သို့သော် ခရစ်တော်၏ နာမတော်ကြောင့် နှိပ်စက်ခြင်းခံရခြင်းသာလျှင် ကောင်းချီးမင်္ဂလာ ခံစားရသည် (မ ၅း၁၁၊ ၁ပေ ၄း၁၄-၁၆)။
သို့တစေ ယုံကြည်သူများသည် ညှဉ်းပန်းနှိပ်စက်ခြင်း မခံယူလိုကြ။ သခင်ယေရှုသည် တပည့်တော်များ အား သတင်းကောင်းဟောပြောရန် စေလွှတ်သည့်အခါ ညှဉ်းပန်းနှိပ်စက်ခြင်းခံရလျှင် အခြားမြို့သို့ ပြောင်းရွှေ့ ဟောပြောခိုင်းသည်(မ ၁၀း၂၃)။ မည်သို့ဖြစ်စေ ခရစ်ယာန်သည် လူတကာနှင့်သင့်တင့်လျောက်ပတ်စွာ နေထိုင်ရ သည်(ရော ၁၂း၁၈)။
ခရစ်ယာန်များသည် လာရောက်နှိပ်စက်သူအား လက်တုံမပြန်ရ( မ ၅း၃၈၊ ၃၉)။ ခရစ်တော်သည် သူ့ကို ဖမ်းချုပ်သူများရှေ့တွင် ငြိမ်သက်တိတ်ဆိတ်သည်။ ခရစ်ယာန်များသည် ဝိညာဉ်တော်တန်ခိုးဖြင့်(မ ၁၀း၁၉၊ ၂၀) ယုံကြည်သည့်အတိုင်း ပြောဆိုရသည်(၁ပေ ၃း၁၅)။ ရန်သူများ၏ ကောင်းစားရေးကို ရှာဖွေပေးရသည်။ ကောင်းချီးပေးလျက်(ရော ၁၂း၁၄) လိုအပ်ချက်များ ဖြည့်ဆည်းကူညီရသည်(ငယ် ၂၀)။ သံယောဇဉ်မပြတ် မေတ္တာထား ဆုတောင်းပေးရသည်(မ ၅း၄၄)။
တမန်တော်ဝတ္တုတွင် ယုဒလူများသည် ခရစ်ယာန်များကို ပထမဆုံး နှိပ်စက်သူများဖြစ်ကြသည်။ ဗိမာန်တော်နှင့် မောရှေ၏ ပညတ်တရားတို့ မတည့်မတ်ကြသောကြောင့် ခရစ်ယာန်များကို မုန်းတီးကြသည်(တ ၆း၁၃၊ ၁၄၊ ၇း၄၈-၅၃၊ ရော ၆း၁၄)။ ယုဒခရစ်ယာန်များသည် တပါးအမျိုးသား ခရစ်ယာန်များကို ခရစ်တော်ထဲ၌ ဘဝတူများအဖြစ် လက်ခံကြသည်(ဧ ၂း၁၁-၁၄)။
ရောမတို့သည် သိမ်းပိုက်ထားသော လူမျိုးများအား မိမိတိုယုံကြည်ရာ ဘာသာတရားကို ဆက်လက်ကိုး ကွယ်ခွင့်ပြုကြသည်။ ထိုကြောင့်လည်း ရောမတို့က ရှင်ပေါလုကို ကွယ်ကာကြသည်(တ ၁၈း၁၄၊ ၁၅၊ ၂၁း၃၂၊ ၂၃း၁၂-၃၅)၊ တခါတရံတွင် အုပ်စိုးသူမင်းများသည် ပရိသတ်စကားကို နာခံကြသည် (တ ၁၆:၂၂-၂၃)။ ဖိလိပ္ပိမြို့ သားများသည် ခရစ်ယာန်များကို မကြာခဏမုန်းတီးကြသည်။ အကြောင်းသော် ခရစ်ယာန်များသည် ထိုသူတို၏ နတ်ဘုရားများကို ကိုးကွယ်ရန် ငြင်းဆန်ကြသောကြောင့် ခရစ်ယာန်များကို လက်ခံလျှင် သူတို့နတ်ဘုရားများက စိတ်ဆိုးကြမည်ကို စိုးရိမ်ကြသည်။ ၁ပေ ၄း၁၂ ကျမ်းချက်သည် ထိုအခြေအနေကို နောက်ခံပြုထားသည်။
အေဒီ ၆၄ ခုနှစ်တွင် ဧကရာဇ်နေရူးက ရောမမြို့ မီးလောင်ခြင်းအား ခရစ်ယာန်များ၏ လက်ချက်ဟု သွားပုပ်လေလွှင့်သည်။ ခရစ်ယာန်များသည် လူမုန်းခံရသူများဖြစ်ကြောင်း သိရှိထားသဖြင့် သူကိုယ်တိုင် မီးရှိပြီး တရားခံအဖြစ် ယိုးစွပ်သည်။ ထိုသိုဖြင့် ခရစ်ယာန်များကို ရက်စက်ပြုမူကြသော်လည်း ရောမမြိုသားများက သိရှိကြသည်။ ထိုအဖြစ်အပျက်ကြောင်း ပေတရုနှင့် ပေါလုတိုသည် သေဒဏ်စီရင်ခြင်း ခံကြရသည်။
ဗျာဒိတ်ကျမ်းသည် ဧကရာဇ် နိမီတန်အုပ်စိုးချိန် ကုန်ဆုံးခါနီး အေဒီ ၉၀ – ၉၅ ကာလအတွင်း ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်ခြင်းကာလ၌ ရေးသားသည်။ လူထုက ရောမဧကရာဇ်မင်းဖြစ်သော သူ့ကို နတ်ဘုရားနှင့်အပြိုင် ကိုးကွယ်စေပြီး မိမိတိုနတ်ဘုရားများကိုလည်း ဆက်လက်ကိုးကွယ်ခွင့်ပြုသည်။
ထိုသို့ဖြင့် နတ်ဘုရားကိုးကွယ်ကြသော သာသနာပလူများသည် အခက်အခဲမရှိတန်ရာမြင်ရာ ကိုးကွယ်နိုင်ကြသည်။ သိုသော် ဘုရားစစ် ဘုရားမှန်တပါးတည်းသာရှိကြောင်း ယုံကြည်ကိုးကွယ်သည့် ခရစ်ယာန်များကမူ ထိုသို့ လိုက်မလုပ်ချင်ကြ။ ထိုသို့ ခရစ်ယာန်များ၏ ငြင်းဆန်မှုကို ရောမတို့က သစ္စာ ဖောက်မှုဟု စွပ်စွဲပြီး ကာလကြာရှည် ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်ကြသည်။
Perseverance (ဇွဲလုံလ၊ ဝိရိယ)
ဇွဲလုံလ ဝိရိယဆိုသည်မှာ မည်မျှပင် အခက်အခဲကြုံလျှင်လည်း ရည်မှန်းချက်အရောက် မရပ်မနား လုပ်ဆောင်ခြင်းဖြစ်သည်။ ခရစ်ယာန်များသည် ခရစ်ယာန်အသက်တာကို ထိုသို ခံယူရသည်(ဟေဗြဲ ၁၂း၁)။ ခရစ်ယာန်တိုင်းသည် အစစအရာရာတွင် ထိုသိုသော ဇွဲလုံလရှိရသည်(၂ပေ ၁း၆)။ စိတ်ရှည်သည်းခံနိုင်ရန် ဆင်းရဲဒုက္ခနှင့်အတူ ရောက်လာလေ့ရှိသည်(ရော ၅း၃၊ ယာ၁း၄)။ ခရစ်တော်နောက်သိုလိုက်၍ ခရစ်ယာန် အသက်တာတွင် ဇွဲလုံလရှိသူများသည် ကောင်းကင်ဘုံတွင် လက်ဆောင်ပြန်လည်ရရှိကြမည်(ဟေဗြဲ ၁၀း ၃၅၊၃၆)။
Pharisees (ဖာရိရှဲ)
မဟာအလက်ဇန္ဒား(ဘီစီ ၃၃၆-၃၂၃)သည် အိန္ဒိယနယ်နိမိတ်များတိုင်အောင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေတိုင်းသို့ ဂရိယဉ်ကျေးမှု ပျံ့နှံစေသည်။ အဲဂုတ္တုပြည်မှ ပထမဆုံး ဂရိမင်းများမှစ၍ ယုဒလူများကို အုပ်စိုးသောမေသောပေါတာမိလူများကတိုင်အောင် စောင့်ထိန်းလိုက်နာကြသည်။ ဘီစီ၂၀၀ နောက်ပိုင်း၌ ယုဒမင်းကောင်းမင်းမြတ်များသည် ဂရိတိုလမ်းစဉ်ကို လက်ခံကြသည်။ ဝံသာနုမျိုးချစ်ဟု ခံယူသော ယုဒလူနည်းစုကသာလျှင် ဂရိယဉ်ကျေးမှုကို ခါးခါးသီးသီး ငြင်းဆန်ကြသည်။ ဘုရားတရားတော်ကို အပြည့်အဝ နာခံလိုကြသည်။
အန္တိချဒ် ၄ (ဘီစီ ၁၇၅-၁၆၃)သည် ယုဒလူများကို ဂရိယဉ်ကျေးမှုနှင့် ဘာသာတရားအား အတင်းရိုက် သွင်းသည်။ ဘီစီ ၁၆၇ တွင် ယုဒယဇ်ပုရောဟိတ် မက္ကဘီမိသားစုက ဦးဆောင်၍ ပုန်ကန်ကြသည်။ သိုသော် များ မကြာခင် မက္ကဘီခေါင်းဆောင်များသည် ဆန့်ကျင်ခြင်း ခံကြရပြန်သည်။ ထိုသူများထဲတွင် ဖာရိရှဲအဖွဲ့သည် ခါစိဒိမ်အယူဝါဒကို ဆက်လက်ခံယူသူများအဖြစ် ထင်ရှားလာသည်။
အကြောင်းသော် ဖာရိရှဲများသည် ဘုရားတရားတော်ကို စောင့်ထိန်းခြင်းနှင့် ပတ်သက်၍ ယုဒလူကြီးသူ ကောင်းများကို ဆန့်ကျင်သဖြင့် ပြဿနာရင်ဆိုင်ကြသည်။ မည်သိုဖြစ်စေ ဘီစီ ၆၃ ခုနှစ်၌ ရောမတို့က အခြေ အနေထိန်းချုပ်ကြပြီးသောအခါ ယုဒလူမျိုးတို၏ ဘာသာတရားနေရာ ထင်ရှားလာရန် စိတ်လှုပ်ရှားလာကြ သည်။ ထိုသိုသော လုပ်ဆောင်ချက်ကြောင့် တရားစရပ်ထဲ၌ ဝတ်ပြုကိုးကွယ်ခြင်း ဖြစ်ပေါ်လာသည်။
ဖာရိရှဲဆိုသည်မှာ “သန့်သန့်လေးသမာများ”ဟု အနက်ရသည်။ ဘုရားတရားတော်ကို တိကျစွာ မလိုက်နာသူ ယုဒလူ၊ တပါးအမျိုးသားများနှင့်ရောနှောခြင်းမပြုဘဲ သီးခြားနေထိုင်ကြသည်။ အလွဲအမှားကြောင့် ပညတ်တရားချိုးဖောက်ခြင်း မရှိရ။ ထိုအပြင် ဘဝဟန်ပန်ထင်ရှားရန် ဓလေ့ထုံးစံအမျိုးမျိုး ထပ်ဖြည့်ကြသည်။ ထိုထုံးတမ်းစဉ်လာများကို ပေအက္ခရာတင်သောပညတ်တရားကဲ့သို စောင့်ထိန်းကြသည်။
ထိုဖာရိရှဲများသည် နှစ်ဖွဲ့သို့ ကွဲကြသည်။ တဖွဲ့သည် ပညတ်တရားကို ကြပ်တည်းစွာ အနက်ဖွင့်ဆိုသော ရဗ္ဗိဆရာ ရှမွဲနောက်သို လိုက်ကြသည်။ အခြားတဖွဲ့ သည် ပညတ်တရားကို သက်တောင့်သက်သာ ဖွင့်ဆိုသော ရဗ္ဗိဆရာ ဟိလေလနောက်သို့ လိုက်ကြသည်။ ထိုနှစ်ဖွဲ့စလုံးက လက်ခံကြသောအချက်တခုမှာ လင်မယား ကွာရှင်းခွင့်ဖြစ်သည်(မ ၁၉း၃ ကိုကြည့်)။
ဖာရိရှဲများက သခင်ယေရှုကို မုန်းတီးကြခြင်းမှာ ယုဒလူတို၏ ဥပုသ်နေ့စောင့်ထိန်းရေး ပြဌာန်းချက် (၃၉)ခုကို မလိုက်နာသောကြောင့်ဖြစ်သည် (မာ ၂း၂၃-၃၆)။ သခင်ယေရှုက ဖာရိရှဲတို့၏ ဦးစားပေးစနစ်သည် လွဲမှားသည်ဟု အပြစ်တင်သည်။ ဖာရိရှဲများသည် ပညတ်တရား၏ ဆိုလိုရင်းကို ရှာဖွေမကြည့်အားအောင် အလုပ်ရှုပ်ကြသည်(မာ ၇း၁-၂၃)။ သခင်ယေရှုကရှိ၍ မာနခဲတို၏ စိတ်ထားကို ဆန့်ကျင်၍(လု ၁၈း၉-၁၄) မိမိကိုယ်ကို အထင်ကြီးမှု(မ ၆:၁-၁၈)အား အပြစ်တင်သည်။
ဖာရိရှဲများသည် ဒေဝဗေဒ(ယုံကြည်ချက်)ထက် ကိုယ်ကျင့်တရား (အမူအကျင့်)ကို ဦးစားပေးကြသည်။ တဆူတည်းသောဘုရားဆိုသည်မှာ ရွေးချယ်တော်မူသော ဣသရေလလူမျိုး၏ မူပိုင်ဘုရားဟု ခံယူကြသည်။ ဇဒ္ဒုကဲများ၏ ကောင်းကင်တမန်၊ နတ်ဆိုး၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း၊ ဖြောင့်မတ်သူများ လက်ဆောင်ရ ၍ ဆိုးယုတ်သူတို အပြစ်ဒဏ်ခံရမည့်အရေး (တ ၂၃း၆-၉) အယုံအကြည်မရှိကြခြင်းမျိုး မဟုတ်။
ဖာရိရှဲများသည် နိုင်ငံရေးနှင့် ကင်းဝေးကြသည်။ မေရှိယသခင်ကြွ လာမည့်အရေး မျှော်လင့်ကြသော် လည်း မေရှိယခေတ်ကာလ၌ နိုင်ငံရေးဝင်ရောက်လာမည်ဟု မယုံကြည်ကြ။ ဘုရားသခင်က တမူထူးခြား စွာပြုတော် မူမည့်အကြောင်း ယုံကြည်ကြသည်။ ထိုကာလ၌ တပါးအမျိုးသားများက မောရှေ၏ ပညတ်တရား ကို လက်ခံလိုက်နာခြင်းဖြင့် ငြိမ်သက်ချမ်းမြေ့မည်ဟု ခံယူကြသည်။ ဖာရိရှဲအများစုသည် ယုဒလူများက ရောမ အစိုးရ ပုန်ကန်ခြင်းကို(အေဒီ ၆၆-၇၇) မထောက်ခံ မနှစ်သက်ကြ။ ဗိမာန်တော်သို့ ဆယ်ဘို့တဘို့ ပေးဆောင်ရေး ကို ထိခိုက်စေသည့် အခွန်အကောက်ကြောင့် ရောမအစိုးရကို မုန်းတီးကြသည်။
အေဒီ ၇၀ နောက်ပိုင်းတွင် ယုဒနိုင်ငံဟူ၍မရှိ။ ဇဒ္ဒုကဲနှင့် ဖာရိရှဲများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။ ထိုသို့ဖြင့် ဘာသာရေးသည် ဖာရိရှဲတို့လက်ထဲသို့ လုံးလုံးလျားလျား ကျရောက်သည်။
Pharaoh (ဖာရော)
အဲဂုတ္တုမင်းများ၏ ဂုဏ်ပုဒ်ဖြစ်၍ “ဟော်နန်းတော်စံ”ဟု အနက်ရသည်။ မူရင်းအနက်မှာ နန်းတွင်းအခြံ အရံဖြစ်သည်။ မောရှေးခေတ်ကာလ၌ရှင်ဘုရင်သို့ ချီးမြှင့်သည့် ဂုဏ်ပုဒ်ဖြစ်သည်။ “ဘုန်းတန်ခိုးတော်”ဟူသော စကားနှင့် အနက်တူသည်။ ရှောလမုန်က ဣသရေလဘုရင်အဖြစ် နန်းစံသည့် ဘီစီ ၉၄၅ ထိ မပေါ်သေး။ ရှင်ဘုရင်၏ ပုဂ္ဂိုလ်နာမည်နှင့် တွဲသုံးလေ့ရှိသည်။ကမ္ဘာဦးကျမ်းနှင့် ထွက်မြောက်ရာကျမ်းတိုတွင် ဖာရော့ဘုရင်ဟုသာ သုံး၍ နောင်တွင် ဖာရောမင်းနေခေါ(၄ရာ ၂၃:၂၉)၊ ဖာရော့ဟောဖရာ(ယေ ၄၄း၃၀)ဟု သုံးနှုန်း လာသည်။
Philistines (ဖိလိတ္တိမ်း)
လူမျိုးများ ပေါ်ထွန်းလာပုံ သမိုင်းစဉ်အရ ဖိလိတ္တိမ်းလူတို့သည် ကာသလုဟိမ်(က ၁၀း၁၄)၏ သားမြေး များဖြစ်ကြသည်။ ကရေတေခေါ် ကတ္တာရမှ(အာ ၉း၇) ရောက်လာကြသည်။ အဲကန်ပင်လယ်ဒေသရှိ အခြား လူများနှင့်အတူ အဲဂုတ္တုပြည်ကို ကျူးကျော်ကြသည်။ ထိုကြောက်မက်ဘွယ်စစ်ပွဲအပြီးတွင် အဲဂုတ္တုသားတိုသည် ဖိလိတ္တိမ်းသားတိုအား စာနာစိတ်ရှိသော စစ်သားများ၊ ရဲဘော်ရဲဘက်များအဖြစ် သိရှိကြသည်။ ဣသရေလတို့ အဲဂုတ္တုပြည်မှ မထွက်မြောက်ကြခင်တွင် မြေထဲပင်လယ်ကမ်းခြေ ပါလက်စတိုင်းဒေသ၌ အခြေချကြသည်(ထွ ၂၃း၃၁)။ ဖိလိတ္တိမ်းတိုသည် ထိုနေရာ၌ မနေထိုင်ကြမှီ ဂေရာအရပ်တွင် ရာစုအနည်းငယ်မျှ နေထိုင်ခဲ့ကြသည်(က ၂၀၊ ၂၆)။ သို့သော် ထိုလူနည်းစုသည် ဖိလိတ္တိမ်း ပင်မလူမျိုးထက် အချိန်များစွာ ကြိုတင်၍ ရောက်ရှိနှင့်ကြသည်။
ဖိလိတ္တိမ်းတိုသည် ဂါဇ၊ အာရှကေလုံ၊ အာဇုတ်၊ ဧကရုန်၊ ဂဒ်အစရှိ မြိုပြကြီး(၅)ခုတွင် အခြေချနေထိုင် ကြသည်။ ထိုမြိုအသီးသီးကို တဦးစီက အုပ်ချုပ်ကြသည်(ယောရှု ၁၃း၂)။ များမကြာမှီ ခါနန်တို၏ ဘာသာရေး နှင့် ဘာသာစကား မွေးစားကြသည်။
ဖိလိတ္တိမ်းတိုသည် သံထည်ပြုလုပ်ငန်း သင်ယူတတ်မြောက်ကြသည်။ စစ်မှုရေးရာ၌လည်း ကျွမ်း ကျင်ကြသောကြောင့် အသစ်အဆန်း တီထွင်ကြပြီး ပါလက်စတိုင်းအား အုပ်စိုးလာကြသည်(၁ရာ ၁၃း၁၉-၂၂)။ သံထည်လုပ်ငန်း မတိုင်ခင်တွင် သံထည်လက်နက်နှင့် မနှိုင်းသာအောင် ကြေးထည်လုပ်ငန်းကျွမ်းကျင်ကြသည်။
ဖိလိတ္တိမ်းတိုသည် တရားသူကြီးများခေတ်နှင့် ရှောလုမင်းလက်ထက်တွင် ဣသရေလလူတိုကို ဖိစီးနှိပ်စက်ကြသည်။ ဒါဝိဒ်မင်းက ဖိလိတ္တိမ်းတို့အား ဖြိုခွဲ(၂ရာ ၅:၂၅)သော်လည်း သူ့ကိုယ်ရံတော် တပ်မှူး(ပေလေသိလူများသည် ဖိလိတ္တိမ်းမျိုးနွယ်၊ ၂ရာ ၈း၁၈)အဖြစ် သုံးသည်။ ဖိလိတ္တိမ်းတို့သည် ပြဿနာ ဖန်တီးကြသော်လည်း နလံပြန်ထူခြင်းမရှိ(ဟေရှာ ၉း၁၂)။
ပါလက်စတိုင်း တိုင်းပြည်ဟူသော နာမည်သည် ဖိလိတ္တိမ်းမှ ဆင်းသက်သည်။
Phylacteries (လက်ဖွဲ့ အဆောင်)
ခရစ်တော်မတိုင်မှီ နှစ်ပေါင်း ၂၀၀၀ ခန့်တွင် မောရှေက ဣသရေလ လူများသို မိမိတို့လက်များနှင့် နဖူးများတွင် ဘုရားရှင်၏ တရားတော် ရေးသားခိုင်းသည် (တရား ၆း၈)။ ယုဒလူအနည်းငယ်က ထိုစကားအတိုင်းလက်တွေ့လိုက်လုပ်ကြသည်။ အသုံးအဆောင်ငယ်ကလေးများပေါ်တွင် ပညတ်တရားများ ရေးသား၍ လက်ဖွဲအဖြစ် ဘယ်လက်နှင့် နဖူးတည့်တည့်၌ ကပ်ထားကြသည်။ ခရစ်တော်ကာလ၌ ဖာရိရှဲများနှင့် လူနည်းစုကသာ ဝတ်ဆင်အသုံးပြုကြသည်။
သခင်ယေရှုက ဖာရိရှဲများ၏ လက်ဖွဲအဆောင်များကို အပြစ်တင်သည်။ နေရာတကာတွင် အသုံးပြုကြ ခြင်းသည် ထောင်ချောက်ကဲ့သိုဖြစ်သည်။အခြားလူများက ထောင်ချောက်ကို လွယ်လင့်တကူ မြင်ကြ၍ ဖာရိရှဲများကလူများ၏ ပလွှားမှုကို နှစ်သက်ကြသည်ဟုဆိုသည်။ သခင်ယေရှုက ထိုသို့ လူများ၏ ချီးမွမ်းခြင်း ရှာဖွေကြခြင်းကို ဆန့်ကျင်သည်(မ ၂၃း၅)။
ဩသောဒစ်ယုဒများက ယခုကာလတိုင်အောင် နံနက်ဆုတောင်း စည်းဝေး၌ အသုံးပြုနေလေ့ရှိသည်။ ထိုအဆောင်လက်ဖွဲများတွင် ထွ ၁၃း၁-၁၆၊ တရား ၆စ၄-၉၊ ၁၁း၁၃-၂၁ တို့ထက် ရေးထားကြသည်။ သခင်ယေရှု ခေတ်ကာလ၌ ပညတ်တော်ဆယ်ပါး အပါအဝင် ကျမ်းချက်စကားလုံးများသည် တသွေမတိမ်း မတူညီကြ။
Pledge (စရံ)
ကျမ်းစာခေတ်ကာလ၌ စရံသည် လက်ဆောင်၏ ပထမအရစ်(သို့) စပေါ်ဖြစ်သည်။ နောင်တွင် အပြည့် အဝ ပေးချေမည့်အကြောင်းဖြစ်သည်။ က ၃၈း၁၇-၂ဝ တွင် ယုဒက တာမာသို့ စရံပေးထားပုံကိုကြည့်။
ရှင်ပေါလုက ထိုအကြောင်းကို စီးပွားရေးလောကပုံစံဖြင့် သန့်ရှင်း ဝိညာဉ်တော်သည် ခရစ်ယာန်များသို စရံဟုဆိုသည်(၂ကော ၁း၂၂၊ ၅း၅၊ ဧ ၁း၁၄)၊ ဘုရားသခင်က သူ့ဝိညာဉ်တော်အား ဧဝံဂေလိသတင်း ကြားသိ ယုံကြည်သူများသို စရံအဖြစ် ပေးထားသည်။ ထိုလက်ဆောင်သည်အရစ်ဖြစ်၍ လူ့ဘဝအလွန်တွင် ကယ်တင် ခြင်း သုခချမ်းသာ ရရှိကြမည့်အာမခံချက်ဖြစ်သည်။
Poetry (စာကဗျာ)
ဣသရေလလူများသည် တေးဂီတနှင့် စာကဗျာ ခင်တွယ်သူများဖြစ် ကြောင်း သူတိုသီချင်းများ လေးနက်ပုံဖြင့် သိရှိနိုင်သည်(ဆာ ၁၃း၇၃ ကိုကြည့်)၊ ဆာလံကျမ်း၊ ယောဘဝတ္တု၊ သုတ္တံကျမ်း၊ ဒေသနာကျမ်းနှင့် ရှောလမုန်သီချင်းများသည် တရားနှစ်ဆီကျမ်းပန်းချီများအဖြစ် ထင်ရှားသည်။
ဟေဗြဲစာကဗျာများသည် အခြားဘာသာစကားများဖြင့် ရေးသားချက်များဖြစ်သည်။ သို့သော် လင်္ကာ ကာရံများ မသုံး။ ကာရံနဘေသည် အသံဟပ်စပ်ကြ၍ လွတ်လပ်ခြင်းမရှိ။
ဟေဗြဲစာကဗျာတွင် အရေးကြီး အချက်မှာ ကာရံ၊ အသံညီခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ပထမစာကြောင်း၏ အသံအတိုင်း ဒုတိယကြောင်းက အသံလိုက်ရသည်။ တခါတရံ နောက်တကြောင်းက အသံထပ်လိုက်သည်။
အကြောင်းအရာ ရှေ့နောက်ညီရ၍ စကားလုံးကွဲပြားရသည်။ ဥပမာ
လာကြ၊ ဘုရားရှင်ထံ ဝမ်းမြောက်စွာ တေးဆိုကြမည်
ကယ်တင်သခင် ကျောက်ဆောင်ဘုရင်ထံ မြူးဆိုဟစ်ကြမည်
ဆာ ၉၅း၁။
အချို့တွင်မူ ပထမကြောင်း ပိုထင်ရှားရန် ဒုတိယကြောင်း၌ ဆန့်ကျင်ဘက်စကားဆိုသည်။
လိမ္မာသောသား အဘပီတီ
မိုက်သောသား အမိမျက်ရည်
သု ၁၀း၁။
သခင်ယေရှုကလည်း သူ့တပည့်တော်များက မှတ်မိကြစေရန် စာကဗျာကာရံဖြင့် သွန်သင်တတ်သည်။ မ ၇း၇ တွင် တောင်းလျှောက်၊ ရှာနှောက်၊ တောက်ခေါက်(ask, seek, knock) ဟုဆိုသည်။ ထိုစကားလုံးများသည် တသ ဘောတည်းရှိ၍ ဆက်စပ်ကြသည်။ ထိုပုံစံဖြင့် ပတ္ထနာတော် ဆက်လက် သွန်သင်ပုံကိုလည်း ကြည့်။
Poor (ဆင်းရဲ)
ဓမ္မဟောင်းကျမ်းတွင် တခါတရံ ဘုရားသခင်က ဖြောင့်မတ်သူများ ဥစ္စာဓနကြွယ်ဝစေပုံ တွေ့ရသည် (တရား ၂၈း၁-၁၄၊ ဆာ ၁၁၂း၁-၃)။ ထိုကဲ့သိုပင် မနာခံသူများသို အပြစ်ဒဏ်အဖြစ် ဆင်းရဲမွဲတေစေသည်(တရား ၂၈း၁၅-၄၈)။ သို့သော် ဤစကားသည် ဘုရားသခင်နှင့် ဣသရေလလူအကြားပဋိညာဉ်ဟောင်း၌ တည်သည်။
ယောဘက ဥစ္စာဓနနှင့် မိတ်ဆွေများ ဆုံးရှုးခြင်းသည် အပြစ်၏ အကျိုးဆက် ဆင်းရဲခြင်းဖြစ်သည်။ သို့သော် ယောဘက သူ့တွင် အပြစ်မရှိ ဟုဆိုသည်။ တခါတရံ လူဆိုးများ ချမ်းသာသကဲ့သို ဖြောင့်မတ် သူများလည်း ဆင်းရဲတတ်ကြကြောင်း အောက်မေ့သည်(ယောဘ ၂၁း၇-၁၅၊ ၂၄:၂-၁၂)။ သူ၏ ဘုရားသခင် ယုံကြည်ခြင်းသည် တရားမျှတခြင်းဖြင့် နိဂုံးချုပ်သည်(ယောဘ ၂၇း၁၃-၂၃)။ ထိုနည်းတူ ဓမ္မဟောင်းအခြား ကျမ်းပိုဒ်များတွင်လည်း တွေ့ရသည်(ဆာ ၇၃း၁၃-၁၇၊ ယေ ၁း၂၁၊ ၁၄၊ ဟဗ ၁း၃-၁၁)။ ထိုကြောင့် ချမ်းသာသော လူယုတ်မာများက ဖြောင့်မတ်သော ဆင်းရဲသားများအား ဖိနှိပ်ရာ၌ ဆင်းရဲသားနှင့် ဖြောင့်မတ်သူသည် ဘဝ တူများဖြစ်ကြသည်(ဆာ ၁၄း ၅၊၆)
ကျမ်းစာက ပျင်းရိသဖြင့် ဆင်းရဲသူများအား ကိုယ်ချင်းမစာနာရ ဟုဆိုသည်(သု ၆း၉-၁၁၊ ၂သက် ၃း၁၀)။ အခြားတဘက်တွင် လူချမ်းသာ များသည် မရှိဆင်းရဲသားများအား ပေးလှူရသည်ဟုဆိုသည်(တရား ၁၅း၇-၁၁)။ လူယုတ်မာများကြောင့် ဖြောင့်မတ်သူ၏ ငိုယိုသံအား ဘုရားရှင်က ကြားသိသည်(တရား ၂၄း၁၅)။ ခရစ်တော်နှင့် တပည့်တော်များသည် သူဆင်းရဲများအား ကူညီကြသည်(ယော ၁၃း၂၉ ကိုကြည့်)။ ကနဦးအ သင်းတော်သည် လည်း ဆင်းရဲသော အသင်းသားများအား ကူညီကြသည်။ ထိုသို့ စွန့်ကြဲ ခြင်းသည် တန်ဘိုးကြီးမားသည်(တ ၂း၄၅၊ ရော ၁၂း၁၃၊ ၂ကော ၈း၁-၁၅)။
လူချမ်းသာများသည် ခရစ်တော်နောက်သို မလိုက်တတ်ကြသော ကြောင့်(မ ၆း၂၄၊ ၁၉း၁၁-၂၄) ဝိညာဉ် ရေးရာ အသီးအပွင့် မဲ့တတ်ကြသည် ၊(မ ၁၃း၂၂)။ ယေဘူယျအားဖြင့် ဆင်းရဲသားများသည် ချမ်းသာသူများထက် ဘုရားရှင်ကို တည်မှီတတ်ကြသည်။ ဥစ္စာဓနကြွယ်ဝခြင်းသည် အပြစ်မဟုတ်ပါ။ မရှိဆင်းရဲသားများသို ပေးကမ်း ခြင်းသည် သူကြွယ်များက ကျေးဇူးတော် ချီးမွမ်းခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်ကို မျှော်လင့် ခြင်းဖြစ်ရသည်။ ဥစ္စာဓနကို တည်မှီလျှင် လွယ်လင့်တကူ လဲကျတတ်သည်(၁တိ ၆း၁၇-၁၉)။ ထိုကြွယ်ဝ ချမ်းသာခြင်းကို ဘုရားဘုန်းတော်ထင်ရှားစေရန် ဖြစ်စေရသည်။ ကိုယ်ကျိုးအတ္တ ပြသရန်မဖြစ်ရ။
Power (တန်ခိုး)
ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာမိုးမြေတဝှန်းလုံးအားထိန်းချုပ်သည်။ ဘုရားတရားများ၏ ပျော်ရွှင်မှုတန်ခိုးသည် ဘုရားထံမှ ရရှိသည်(ဆာ ၂၉း၁၁)။ လူမျိုးတကာတို ခေါင်းဆောင်များ၏ တန်ခိုးသည် လည်း ဘုရားရှင်တော်က ထိန်းချုပ်သည်(၄ရာ ၁၉း၂၅၊ ဟေရှာ ၄၅း၁၊ ရော ၁၃း၁)။ လူ့တန်ခိုးအာဏာသည် ဘုရားရှင်၏ တန်ခိုးနှင့် နှိင်းဆအပ်စရာမရှိ(၆ရာ ၂၀း၆)။
ဘုရားသခင်၏ တန်ခိုးကို လက်ရာတော်များဖြင့် တွေ့မြင်နိုင်သည် (ယေ ၁၀း၁၂)။ မဟာကယ်တင်ခြင်း ပြုတော်မူပုံကို အဲဂုတ္တုပြည်မှ ထွက်မြောက်ခြင်း(ထွ ၉း ၂၆)နှင့် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း(ရော ၁း၄) တို့တွင် တွေ့ရသည်။ ပဋိညာဉ်သေတ္တာသည် ဘုရားရှင်၏ တန်ခိုးတော် အမှတ် အသားဖြစ်သည်(တော ၁၀း၃၅၊ ၆ရာ ၆း၄၁)။ ဘုရားရှင်၏ ဧဝံဂေလိသတင်း ကောင်းတန်ခိုးကို လူများ ကယ်တင်ခြင်းအမှုတော်တွင် တွေ့ရ သည်(ရော ၁း၁၆)။ သို့သော် မယုံကြည်သူများက ထိုတန်ခိုးတော်များကို မတွေ့မမြင်ကြ (၁ကော ၁:၁၈)။
ခရစ်ယာန်များသည် သန့်ရှင်းဝိညာဉ်တော်နှင့် တမူထူးခြားစွာ ဆက်သွယ်ကြသည်။ ခရစ်တော်သည် လည်း လူ့လောကတွင် သန့်ရှင်းဝိညာဉ်တော်တန်ခိုးဖြင့် အမှုတော်ပြုခဲ့သည်(လု ၄း၁၄၊ တ ၁၀း၃၈)။ နောင်တွင် ဝိညာဉ်တော်သည် အသင်းတော်၌ တန်ခိုးထင်ရှားလျက် ခရစ်တော်ကို သက်သေခံသည်(တ ၁း၈၊ ၄း၃၁)။ ယနေ့ယုံကြည်သူများသည် ခရစ်တော်အတွက် အသက်ရှင်၍ ဝိညာဉ်တော်တန်ခိုးဖြင့် အစေခံယူကြသည်(ဂလာ ၅း၁၆-၁၈၊
ခရစ်တော်သည် လူ့လောကတွင် သတင်းသုံးတော်မူစဉ် တန်ခိုးတော်ဖြင့် အံ့ဘွယ်နိမိတ်လက္ခဏာများ ပြတော်မူသည်(လု ၅း၁၇)။ ယခုအခါ ကိုယ်တော်သည် လူ၊ ကောင်းကင်တမန်စသည့် တန်ခိုးအစွမ်းတကာတို အထက်တွင် စိုးစံတော်မူသည်(ဧ ၁း၂၁)။ အစွမ်းတကာတိုအထက်တွင် ကိုယ်တော်၏ အစွမ်းတန်ခိုးစံကြောင်း လက်ခံသိရှိသူတိုင်း ဘုရားရှင်ကို ဝမ်းမြောက်ဝမ်းသာ ချီးမွမ်းကြသည်(ဆာ ၂၉း၁၊ ၉၆း၇)။
Praise (ချီးမွမ်းခြင်း)
ချီးမွမ်းခြင်းသည် ဘုရားသခင်၏ လူများ အမှတ်အသားတခုဖြစ်သည် (၁ပေ ၂း၉)။ ကောင်းကင် တမန်များကလည်း ဘုရားရှင်ကို ချီးမွမ်းကြသည် (ယောဘ ၃၈း၇၊ လု ၂း၁၃)။ သို့သော် သာသနာဖျက်များကမူ ချီးမွမ်းကောင်းမှန်းမသိကြ။
ချီးမွမ်းခြင်းသည် ဘုရားရှင်ထဲ၌ နေရသောကြောင့် ဝမ်းမြောက်ရွှင်လန်းခြင်းဖြစ်သည်။ ဘုရားသခင်၏ လူများသည် ဘုရားရှင်အား ချီးမွမ်းရန်အသက်ရှင်ကြရသောကြောင့်(ဆာ ၁၁၉း၁၇၅) အမြင့်မားဆုံး လူ့စွမ်း ဆောင်ချက်ဖြစ်သည်(ဆာ ၈၄း၄)။ ထိုကြောင့် ယုံကြည်သူများသည် အသက်တာတခုလုံး ကျေနပ်စွာဖြင့် ဘုရား ရှင်အား ချီးမွမ်းကိုးကွယ်ကြသည်(ဆာ ၆၃း၄၊၅)။
ဘုရားသခင်ကို သိရှိနားလည်သူများသည် ဝမ်းမြောက်ရွှင်လန်းနေကြသည်။ ယုံကြည်သူများသည် ဘုရားရှင်၏ ဂုဏ်တော်(ဆ ၉၂း၁-၃)၊ မြို့တော်မူချက်များကြောင့် ဘုရားရှင်ကို ချီးမွမ်းကိုးကွယ်ကြသည်(ငယ် ၄၊ ၅)။ ဖန်ဆင်းတော်မူခြင်း(ဆာ ၁၀၄)နှင့် ကယ်တင်ခြင်းအမှုတော်(ဆာ ၄၀း၁-၃) များလည်း ပါဝင်သည်။
မည်သို့သော အခြေအနေတွင်မဆို ဘုရားရှင်ကို ချီးမွမ်းရသည် (၁သက် ၅း၁၈)၊ ဆင်းရဲဒုက္ခနှင့် ဝမ်းနည်း ကြေကွဲစရာ ကြုံလျှင်လည်း ချီးမွမ်းကိုးကွယ်နိုင်ရသည်(ယောဘ ၁း၂၁)။ အပြစ်ဒုစရိုက်အတွက် ဘုရားရှင် ကိုမချီးမွမ်းရသော်လည်း ဘဝအသက်တာ၌ နာကျင်နေသည့်တိုင်အောင်(ရောမ ၈း၂၈) အရာခပ်သိမ်းကို ကောင်းမွန်အောင် ထိန်းကျောင်းပေးနေသဖြင့် ချီးမွမ်းနေရသည်။
ကျမ်းစာတွင် တခါတရံ တဦးတယောက်ချင်း၏ ချီးမွမ်းပုံတွေ့ ရသည်။ များသောအားဖြင့် ဘုရားသ ခင်၏ လူများသည် အစုအဝေးဖြင့် ချီးမွမ်းကိုးကွယ်လေ့ရှိကြသည်။ ထိုသို စုစည်းကိုးကွယ်ခြင်းတွင် တေးဆို ခြင်း၊ အော်ဟစ်ခြင်း၊ အသံလွှင့်၍ ဆုတောင်းခြင်းလည်း ပါဝင်သည်(ထွ ၁၅း၂၀၊ ၂ရာ ၆း၁၄၊ ဆာ ၁၄း၉၃)။
Prayer (ဆုတောင်းခြင်း)
ခရစ်ယာန်များသည် ယေရှုခရစ်တော်မှတဆင့် ဘုရားသခင်ထံသို့ ဆုတောင်းရသည်။ ဆုတောင်းခြင်း သည် မှော်ပညာမဟုတ်ပါ။ ဆုတောင်းခြင်းတိုင်းသည် ကောင်းသောအမှုအရာဖြစ်သည်။ ဆုတောင်းသံကို ဘုရား ရှင်တော်ကြားသိအဖြေပေးလေ့ရှိသောကြောင့် ဆုတောင်းရလေ့ရှိသည်။
သို့သော် ဘုရားရှင်က ဆုတောင်းသံတိုင်းကို နားညောင်းတော်မမူ။ ဘုရားရှင်ထံသို့ အောက်ကျို့ရို ကျိုးခြင်းမပြု၊ ကရုဏာတော် တောင်းခံခြင်းမပြု(ဆာ ၅၁)သော အပြစ်သား၏ ဆုတောင်းသံကို နားမထောင်။ ဓမ္မဟောင်းဆုတောင်းခြင်းများသည် ဘုရားရှင်ထံသို့ ယဇ်ပူဇော်ခြင်းဖြစ်၍(က ၁၃း၄။ ဆာ ၆၆:၁၃၊ ၁၄) သန့်ရှင်း တော်မူသော ဘုရားရှင်ထံသို လူ့အစွမ်းအစဖြင့် မြွက်ဆိုမမီနိုင်သောကြောင့် မိမိအပြစ်အား ယဇ်ပူဇော်ခြင်း ဖြစ်သည်။ ထိုဓမ္မဟောင်းယဇ်ပူဇော်ခြင်းသည် ဘုရားရှင်ထံသို တခုတည်းသော လမ်းပြရာ ကားတိုင်ပေါ်မှ ခရစ်တော်၏ ပူဇော်သက္ကာကို ရည်ညွှန်းခြင်းဖြစ်သည် (ဟေဗြဲ ၄း၁၄-၁၆)။
ခရစ်တော်၏ ဆုတောင်းခြင်းသည် ကျမ်းစာပါ ဆုတောင်းခြင်း စံနမူနာဖြစ်သည်(မ ၆း၉-၁၃)။
ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို၏ အဘ။ ခရစ်တော်ကတပည့်တော်များသို ဘုရားသခင် သည် သူတိုကို ဂရုစိုက်စောင့်ရှောက်တော်မူသော သူတို၏ အဘဖြစ်ကြောင်း သွန်သင်တော်မူသည်(မ ၇၉-၁၁)။ ခရစ်ယာန်များသည် ဂရုမစိုက် လစ်လျူရှုသူကို ချဉ်းကပ်ခြင်းမဟုတ်။ သားသမီးအား ချစ်ခင်၍ လိမ္မာသူများကို လက်ဆောင်ပေးလေ့ရှိသော ချစ်သဖခင်ကိုချဉ်းကပ်ကြသည်(မ ၆း၁၊ ၆)။ ဆိုလိုသည်မှာ ဘုရားရှင်ကို ယုံကြည်စိတ်ချသူများ၏ ဆုတောင်းသံအား ဘုရားရှင်က နားညောင်းတော်မူသည်(မာ ၁၁း၂၄)။ ဆုတောင်း ခြင်းသည် ဘုရားရှင်ထံသို တိုင်တည်ခြင်းဖြစ်သည်။ ထိုကြောင့် တိတ်ဆိတ်သည့်နေရာတွင် ဆုတောင်းရသည်(မ ၆း၆)။ လူများ ကြားကောင်းအောင် ဆုတောင်းခြင်းသည် မှားယွင်းသော ဆုတောင်းခြင်းဖြစ်သည်(လု ၂၀:၄၇)။
နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ စစ်မှန်သော ဆုတောင်းခြင်းသည် နာမတော်အား ကြည်ညိုလေးစားခြင်းကိုသာ ရှာဖွေသည်။ ထိုသို့ ပြုလုပ်ရကြောင်း ဓမ္မဟောင်းကျမ်းတွင် စံနမူနာကောင်း ပေးထားသည်။ သူတော်စင်အချိုက သူတိုဆုတောင်းသမျှကို ဘုရားရှင်က ပြုတော်မူမည်ဟု၄င်း၊ သာသနာပလူ များက နာမတော်သိရှိရန်ဟု၄င်း(ကော ၁၄း၁၀-၁၆)ဟု ဆိုကြသည်။ နာမတော်အား ကြည်ညိုသူသည် စိတ်နှလုံး ဖြင့် ဆုတောင်းကြသည်။ စိတ်နှလုံးမပါဘဲ နှုတ်ဖျားဖြင့် ဆုတောင်းသမျှသည် အခွံဗလာဖြစ်သည်(ဟေရှာ ၂၉း၁၃)။
နိုင်ငံတော်တည်ထောင်ပါစေသော၊ အလိုတော်ပြည့်စုံပါစေသော။ ဆုတောင်းခြင်းသည် အရာရာ၌ ဘုရားသခင်၏ အုပ်စိုးမှုကို ရှာဖွေကြသည်။ယုံကြည်သူများ၏ ဆုတောင်းသံသည် ဘုရားရှင်၏ ပြုတော် မူချက်အပေါ်သို့ အကျိုးသက်ရောက်ကြောင်း ကျမ်းစာက အသေအချာ သွန်သင်သည်(အာ၇း၁-၆)။ အခြားတဘက်တွင် ဆုတောင်းခြင်းသည် အလိုတော်အား ဆန့်ကျင်ရန် ဘုရားရှင်အား တွန်းအားပေးခြင်းမပြု။ မောရှေ့ထွ ၃၂း၃၂-၃၄)၊ ရှင်ပေါလု(၂ကော ၁၂း၈၊ ၉)တို၏ ဆုတောင်းစကား ဆန္ဒများကိုလည်း အဖြေမပေးပါ။ ဂေသရှေမန်တွင် ကားတိုင်မှ လွတ်မြောက်ရေး ခရစ်တော်၏ ဆုတောင်းချက်တွင် ဆုတောင်းခြင်း၏ ပထမဦးစားပေးသည် ဘုရားသခင်၏အလိုတော်ပြည့်စုံစေရန်ဖြစ်သည်(လု ၂၂း၃၉-၄၄)။ မ ၁၈း၁၉၊ ၂ဝ ပါ ကတိစကားကို စွဲမြဲနေရသည်။ သခင်ယေရှုက ဆုတောင်းသမျှ အဖြေရရှိမည်ဟုမဆိုပါ။ ခရစ်ယာန်များသည် သွေးစည်းညီညွတ်စွာ ဆုတောင်းလျှင် ဆုတောင်းချက်ထက်မြက်သည်။ အကြောင်းသော် သူ့နာမတော်ဖြင့် စုစည်းရာတိုင်း၌ပါဝင်လေ့ရှိသည်။ ခရစ်တော်ကို စိတ်အာရုံသွင်းလျက် ဆုတောင်းကြသည်။ထိုကြောင့် ခရစ်တော်၏ အလိုတော်နှင့်အညီ ဆုတောင်းရသည်။ ထိုသိုသော ဆုတောင်းသံသည် အဖြေရရှိသည်။
ယနေ့အား ပေးသနားတော်မူပါ။ အရိုးသားဆုံးသော အခြေအနေတွင်ပင် တည်မှီအားကိုးစိတ်ဖြင့် ဘုရားရှင်ထံတော်သို ရောက်ရှိရသည်။ ထိုသိုဆိုရာ တွင် မိမိအတွက် လိုလေသေးမရှိဟု မဆိုလိုပါ။ နာခံလျက် ကြိုးစားအားထုတ်ကာ ဆုတောင်းသံများကို ဘုရားရှင်က အဖြေပေးလေ့ရှိသည်။ နေဟမိသည် ဆုတောင်း အားသန်လျက် ယေရုရှလင်မြိုရိုးကို ကြိုးစားပမ်းစား တည်ဆောက်သည်။ ဘုရားသခင်က အောင်မြင်ပြီးစီး စေမည်ဟု ယုံကြည်သည်။ ထိုသိုဆောက်လုပ်ရာတွင် အဘယ်မျှပင် ကြိုးစားလုပ်ဆောင်လျှင်လည်း ဘုရားရှင် တော်မပါလျှင် စွမ်းဆောင်နိုင်မည်မဟုတ်(နေ ၁၊ ၂း၂၀၊ ၄း၄၊ ၅၊ ၂၀၊ ၆း၁၀)။ ခရစ်ယာန်များ၏ ဆုတောင်းသံသည် ကိုယ်ကျိုးအတ္တအတွက် မဖြစ်ရ။ ဓမ္မသစ်ကျမ်းတွင် ခရစ်ယာန်များသည် အခြားလူများအတွက် ဆုတောင်းပေးရ ကြောင်း သွန်သင်ထားသည်(လု ၆း ၂၈၊ ဟေဗြဲ ၁၃း၁၈၊ ၁၉၊ ၁တိ ၂း၁၊၂) သူများအပြစ်ကို ခွင့်လွှတ်သကဲ့သို အကျွန်ုပ်တို၏ အပြစ်များ ခွင့်လွှတ်တော်မူပါ။ အောက်ကျို့ ရိုကျိုးသံကိုသာ ဘုရားရှင်က နားညောင်းသည်(ယာ ၄:၆)။ လွန်ကျူးသော မိမိအပြစ်များအတွက် ဝမ်းနည်းရသကဲ့သို့ (လု ၁၈း၁၀-၁၄) မိမိအပေါ် ပြုမှားလာခဲ့သမျှ အပြစ်များကို ခွင့်လွှတ်နိုင်ရသည်(မ ၆း၁၄၊၁၅၊ ၁၈း၂၁-၃၅)။
အပြစ်သွေးဆောင်ရာသို မလိုက်မပါစေလဲ ကယ်နှုတ်တော်မူပါ။ ဆုတောင်းခြင်းသည် အောင်နိုင်ရေး လမ်းဖြစ်သည်။ ထိုအောင်နိုင်ရေးဆိုသည်မှာ အပြစ်နှင့် အခြားအပြစ်သားများ၏ ရည်မှန်းချက်များအပေါ် အောင်နိုင်ခြင်းဖြစ်သည်(ဆာ ၁၃)။
သမ္မာကျမ်းစာတွင် မတ်တပ်ရပ်လျက်(လု ၁၈း၁၁၊ ၁၃)၊ ဒူးထောက်လျက်(၆ရာ ၆:၁၃)၊ ထိုင်လျက်(၅ရာ ၁၇း၁၆) ဆုတောင်းရကြောင်း တွေ့ရသည်။ လက်များ မြှောက်လျက်လည်း ဆုတောင်းကြသည်(ဆာ ၂၈း ၂)။ ဓမ္မဟောင်းခေတ်ကာလ၌ လူများသည်သန့်ရှင်းရာနေရာ(ဆာ ၂၈း ၂)၊ သန့်ရှင်းသော ဗိမာန်တော်(ဆာ ၁၃း၈၂)၊ ယေရုရှလင်(ဒံ ၆း၁၀)ကို ဦးတည်၍ ဆုတောင်းကြလေ့ရှိသည်။ အကြောင်းသော် ယေရုရှလင်ဗိမာန်တော်ရှိ သန့်ရှင်းရာဌာနတော်သည် ဘုရားရှင်တော်စိုးစံရာ အမှတ်အသားဖြစ်သည်။
တဦးတယောက်ချင်းသော်၎င်း၊ လူအုပ်ဖြင့်သော်၎င်း ဆုတောင်းရသည်။ ဓမ္မဟောင်းကာလ၌ ဆုတောင်း ချိန် သတ်မှတ်ရသော်လည်း(ဒံ ၆း၁၀)အချိန်နေရာမရွေး ဆုတောင်းနိုင်သည်။
Preaching (ဟောပြောခြင်း)
ဓမ္မသစ်ကျမ်းပါ ဟောပြောခြင်းဆိုသည်မှာ အသက်တာမပြောင်းလဲသေးသူများသို သတင်းကောင်း ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ ယနေ့ကာလ၌ ခရစ်ယာန်များသို ယုံကြည်ခြင်းသစ္စာအကြောင်း ရှင်းပြခြင်းသည်လည်းဟောပြောခြင်းဟုဆိုသည်။ သိုသော် ဓမ္မသစ်ကျမ်းစကားလုံးများသည် သွန်သင်ချက်နှင့် တိုက်တွန်းနှိးဆော်ချက်များဖြစ်သည်။
ခရစ်တော်သည် ဧဝံဂေလိအမှုတော်အတွက် အရှင်သခင်ဖြစ်သည် (မ ၂၈း၁၈၊ ၁၉)။ ထိုသိုဖြင့် တရားဟောဆရာသည် ဧဝံဂေလိသတင်းကောင်း ပျံ့နှံစေသူများဖြစ်ကြသည်(တ ၄း၂၀၊ ၁ကော ၉း၁၆)။ တရားဟောဆရာသည် အကျိုးအကြောင်းသာမက အပြစ်သားအား နောင်တရရန် စည်းရုံးရသည် (တ ၁၈း၄)၊ ဟောပြောခြင်းတန်ခိုးသည် တရားဟောဆရာ၏ ကျွမ်းကျင်မှု မဟုတ်ပါ။ သန့်ရှင်းဝိညာဉ်တော်၏ လုပ်ဆောင် ချက်ဖြစ်သည်(၁ကော ၂း၄၊ ၁သက် ၁း၅)။ ထိုသို့ ဟောပြောခြင်းက လူများအား ပြောင်းလဲစေသကဲသို့ ရန်သူလည်း ဖြစ်စေနိုင်သည်။
ဟောပြောခြင်းသည် ဂရိစကား(၂)ခု ပေါင်းစပ်ခြင်းဖြစ်သည်။ တခုမှာ ဝမ်းမြောက်ဘွယ် သတင်းကြေ ညာခြင်း(kerusso)(မ ၃း၁၊ တ ၈း၅၊ ရော၂:၂၁)ဖြစ်သည်။ ကျမ်းစာတွင် (၅၁)ကြိမ် သုံးထားသည်။ အခြားတခုမှာ သတင်းကောင်းကြေညာခြင်း(evanggelizo)(မ ၁၁း၅၊ တ ၅း၄၅၊ တရား ၁:၁၅)ဖြစ်သည်။ ကြိယာပုံစံဖြင့် (၅၅)ကြိမ် တွေ့ရသည်။
ထိုသတင်းကောင်းသည် ခရစ်တော်၏ သွန်သင်ချက်ဖြစ်၍ ဘုရားသခင်၏ နိုင်ငံတော်ထဲ၌ တည်သည်( ၄း၂၃)။ ဓမ္မသစ်ကျမ်းဩဝါဒစာများတွင် ခရစ်တော်ကိုယ်တိုင်သည် ကားစင်တင်ခံရသူ(၁ကော ၁း၂၃)၊ သေခြင်းမှ ရှင်ပြန်ထမြောက်သူ(၁ကော ၁၅း၁၂)၊ ဘုရားသားတော်(၂ကော ၁း၁၉)၊ ဘုရားရှင်တော်(၂ကော ၄း၅)ဟူသော သတင်းကောင်းဖြစ်သည်။ နိုင်ငံတော် အကြောင်း ဟောပြောခြင်း၊ ခရစ်တော်အကြောင်း ဟောပြောခြင်း၊ ခရစ်တော်ထဲ၌ ဗဟိုပြုသည့် ဘုရားသခင်၏ ထီးနန်းစိုးစံခြင်းအကြောင်းများသည် အတူတူဖြစ်သည်။
Predestination (ကြိုတင်စီရင် ခွဲခန့်ခြင်း)
ဘုရားသခင်သည် အရာခပ်သိမ်းကို ထိန်းချုပ်သည်။ ကြိုတင်စီရင် ခွဲခန့်ခြင်းဆိုသည်မှာ ဘုရားသခင်က သူ့လူများ ကယ်တင်ခြင်းရရှိကြသည့် အကြောင်း စီစဉ်ထားသည့်အတိုင်း ဖြစ်ပျက်ကြုံတွေ့ခြင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ထိုစကားရပ်ကို (၆)ကြိမ် တွေ့ရသည်။
ကမ္ဘာမတည်မှီကပင် ဘုရားသခင်က သူ့သားသမီးဖြစ်ကြမည့်သူ များအား ကြိုတင်စီရင်ခန့်အပ်သည်(ဧ ၁း၄၊ ၅၊ ရော ၈း၂၉)။ အကြံအစည်တော်ရှိသည့်အတိုင်း အရာခပ်သိမ်းကို ပြုတော်မူသည်(ဧ ၁း၁၁)။ ထိုအရေး ကိစ္စတွင် ကားတိုင်ပေါ်၌ ခရစ်တော်အသေခံမည့်အရေးလည်း ပါဝင်သည် (တ ၄း၂၈)။ အချိန်တန်သောအခါ ရွေးကောက်တော်မူသောသူသည် နောင်တနှင့် ယုံကြည်ခြင်းသစ္စာရှိကြ၍ ဘုရားဘုန်းတော် မျှဝေခံစားနိုင်ရန် အပြစ်ဒုစရိုက်အား ဆေးကြောတော်မူသည်(ရော ၈း၂၉၊ ၁ကော ၂း၇)။
Pride (မာန်မာန)
မာန်မာနသည် အခြားအပြစ်များဦးဆောင်သည့် အပြစ်၏ အချုပ်အခြာအဖြစ် ခရစ်ယာန်များက မြင်ရလေ့ရှိသည်။ မာနက ဘုရားရှင်ကိုလက်မခံ ငြင်းဆန်ပြီး မိမိအရည်အသွေးကို အားကိုးစေသည်။ ထိုသိုဖြင့်ပျက်စီးရာသို့ လားသည်။ စာတန်ဖောက်ပြန်ခြင်းသည် သူ့ မာန်မာနကြောင့်ဖြစ်သည်(ဟေရှာ ၁၄း၁၀-၁၄)၊ ဘုရားသခင်သည် မာန်မာနကို ဆန့်ကျင်သည်(သု ၁၆း၅၊ မ ၂၃း၁၂၊ လု ၁း၅၁)။
ခရစ်တော်မတိုင်မှီ ရာစု(၄)စုအတွင်းတွင် မာန်မာနက ဂရိတို့၏ယုံကြည်ခြင်းကို ဆန့်ကျင်ကြောင်း ကျမ်းစာက သွန်သင်သည်။ မာန်မာနကိုဂုဏ်သိက္ခာဟု ထင်မှားပြီး မိမိကိုယ်ကို လူကောင်းသူမွန်အဖြစ် ထင်မှတ်ကြသည်။ ဂရိတို့၏ လွှမ်းမိုးခြင်းမခံရသော ပညာတတ် တပါးအမျိုးသားများသည် ဘုရားရှေ့တော်သို ခရစ်ယာန်အဖြစ် ခေါ်ယူသူများအဖြစ် ဝန်ခံရန် အသင့်ရှိကြသည်။
Priest (ယဇ်ပုရောဟိတ်)
ယဇ်ပုရောဟိတ်သည် ဘာသာရေးအခမ်းအနား၊ အထူးသဖြင့် ယစ်ပူဇော်ခြင်း တာဝန်ယူစီရင်သည်။ သမ္မာကျမ်းစာတွင် မေလခိဇေဒက်သည် ပထမဆုံး ယဇ်ပုရောဟိတ်ဖြစ်သည်(က ၁၄း၁၈)။ သမ္မာကျမ်းစာတွင် သာသနာပလူများ၌လည်း ယဇ်ပုရောဟိတ်များအကြောင်း တွေ့ရသည်။
ဣသရေလလူတို့ အဲဂုတ္တုပြည်မှ လွတ်မြောက်ကြပြီး များမကြာမှီတွင် ဘုရားသခင်က ဣသရေလလူ တို့သို့ ယဇ်ပုရောဟိတ်ရှိကြမည့်အကြောင်း သိနာတောင်ပေါ်၌ စီရင်တော်မူသည်။ ဣသရေလလူများအား လုံးသည် ယဇ်ပုရောဟိတ်ဆွေနွယ်ရိုးဖြစ်ကြသော်လည်း အာရုန်နှင့် သားစဉ်မြေးဆက်များ (တော ၃း၁၀)သာ ယဇ်ပုရောဟိတ်တာဝန် ထမ်းဆောင်ကြရသည်။ ထိုသူများ သည် ကိုယ်လက်အင်္ဂါ စုံလင်သူများဖြစ်ကြရ သည်(ဝတ် ၂၁း၁၆-၂၁)။
ထိုသို့ ဘုရားရှေ့တော်၌ ယဇ်ပူဇော်ရသည့်အပြင် ယဇ်ပုရောဟိတ်များသည် ပညတ်တရားကျမ်း စောင်ကို စောင့်ရှောက်ခြင်း(တရား ၁၇း၁၈)၊ လူများသို သွန်သင်ခြင်း(ဝတ် ၁၀း၁၀၊ ၁၁)၊ ရှုပ်ထွေးသော အရေးအရာများစီရင်ခြင်း(တရား ၁၇း၈၊ ၉)၊ ကူးစက်တတ်သော ကိုယ်ရေပြားရောဂါ ထိန်းချုပ်စီရင်ခြင်း(ဝတ် ၁၃၊ ၁၄)များ တာဝန်ယူကြသည်။ လေဝိလူများက ယဇ်ပုရောဟိတ်များကို ကူညီထောက်ပံ့ကြသည်။ ယုံကြည်သူ ခရစ်ယာန်တိုင်းသည် ယဇ်ပုရောဟိတ်များဖြစ်ကြ၍ ဘုရားရှင်ကို အပြည့်အဝ ကိုးကွယ်နိုင်ရကြောင်း ဓမ္မသစ်ကျမ်းက သွန်သင်ထားသည်(၁ပေ ၂း၅၊ ရော ၁၂း၁)။ ခရစ်တော်မှလွဲ၍ မည်သည့် ယဇ်ပုရောဟိတ်ကမျှ ဘုရားရှင်ထံသို ခရစ်ယာန်များအားမဆက်သနိုင်။
ယဇ်ပုရောဟိတ်ကြီးအကြောင်းမှာလည်းကြည့်။
လေဝိအကြောင်းမှာလည်းကြည့်။
Promise (ကတိ)
ဟေဗြဲဓမ္မဟောင်းကျမ်းတွင် ကတိဟု အနက်ရသည့် စကားလုံးတခုမျှပင် မရှိ။ “စကားလုံး”(သို့) “ပြောဆို”ဟူသော စကားလုံး(၂)လုံးဖြင့် အစားထိုးပြောဆိုကြသည်။ ဓမ္မဟောင်းကျမ်းတွင် ကတိများနှင့် ဘာသာရေးယုံကြည်မှုများသည် ဘုရားသခင်၏ ကတိတော်များအပေါ် စိတ်ချရကြောင်း အများအပြား တွေ့ရသည်(ယောရှု ၂၃း၁၄၊ ဟေဗြဲ ၁၁း၁၃-၂၀)။ ဓမ္မသစ်ကျမ်းတွင် ထို“က”ဟူသော စကားလုံးကို ကျယ်ပြန့်စွာ သုံးထားသည်။
Prophecy, Prophets (ပရောဖက်ပြုချက်၊ ပရောဖက်များ)
ဧနောက်(ယု ၁၄)၊ အာဗြဟံ(က ၂၀း၇)၊ ယောဟန်နှင့် သူ့ညီများ (ဗျာ ၂၂း၉)တို့အပါအဝင် ကျမ်းစာ တအုပ်လုံးတွင် ပရောဖက်များ တွေ့ရသည်။ ပထမဆုံး ပရောဖက်ပြုချက်ကို ဧဒင်ဥယျာဉ်(က ၃း၁၅) အကြောင်း၌ တွေ့ရသည်။ ဓမ္မဟောင်းပရောဖက်များတွင် မောရှေသည် အကြီးမြတ်ဆုံးဖြစ်သည် (တရား ၃၄း၁၀)။ နှောင်းပရောဖက်ဟူသမျှကို မောရှေ၏ စံညွှန်းဖြင့် တိုင်းတာရလေ့ရှိသည်(တရား ၁၈း၁၅-၁၉)။
ပရောဖက်၏ အဓိကဝန်တာမှာ ဘုရားရှင်၏ စကားတော်အားပြောရေး ဆိုခွင့်ဖြစ်သည်။ ဘုရားသခင်က သူ့ထံသို့ မိန့်တော်မူပြီး သူကဘုရားရှင်၏ လူများသို ထပ်ဆင့်ပြောပြသည်(ထွ ၇း၁၊ ၂ ကိုကြည့်)။ ဘုရားရှင်က မောရှေအား ဘုရားသို့သောသူဟုဆို၍ အာရုန်အား သူ့ပရောဖက်ဟုဆိုသည်။ အာရုန်သည် မောရှေ၏ ကိုယ်စား ပြောဆိုသူဖြစ်သောကြောင့် ပရောဖက်ကဲ့သိုဖြစ်သည်။ ဤနေရာတွင် မောရှေသည် ဖာရော့ထံသို အမိန့် တော်ရှိသည့် ဘုရားသခင်၏ ကိုယ်စားပြုပုံကို ချိုယွင်းချက်အဖြစ် ထားပါမည်။ ပရောဖက်များသည် စကား တော်ထုတ်ပြန်သည့်အခါ “ငါ့ထံသို့ ဘုရားစကားတော် ရောက်ရှိလာသည်ကား” (ယေဇ ၁၈း၁)၊ “ထာဝရဘုရား မိန့်တော်မူသည်ကား”(ဟေရှာ ၄၃း၁)စသဖြင့် အစချီလေ့ရှိကြသည်။
ဘုရားသခင်၏ သတင်းစကားသည် စကားသံတော်ဖြင့် ရောက်လာ လေ့ရှိသည်။ တခါတရံ အမူအယာ ဖြင့် ပြသလေ့ရှိသည်(ဟေရှာ ၂၀း၁-၆၊ ယေဇ ၄)။ ဓမ္မသစ်ကျမ်းမှ အာဂဗုသသည်လည်း ထိုနည်းတူ အမူအရာ ဖြင့် ပြသခဲ့သည်(တ ၂၁း၁ဝ၊ ၁၁)။
ပရောဖက်များသည် လူများ၏ အနာဂတ်အရေးကို မကြာခဏ ဟောပြောလေ့ရှိကြသည်။ သို့သော် ရှေ့ဖတ်ဆရာ၊ ဗေဒင်ဆရာမျိုးမဟုတ်။ ဘုရားသခင်က မှော်စုန်းအတတ်ပညာနှင့် နာနာဘာဝများ မေးမြန်းပြီး လူ ရှေ့ရေးဟောပြောခြင်းကို မုန်းသည်(တရား ၁၈း၁၀၊ ၁၄)။ ဘုရားရှင်က အနာဂတ်အကြောင်း ဟောပြောရာ၌ ဆောင်ရန်နှင့် ရှောင်ရန်များ သတိပေးလေ့ရှိသည်။ ထိုသိုသော ပရောဖက်ပြုချက်များတွင် အပြစ်သားများအား ဘုရားရှင်က အပြစ်တရားစီရင်မည့်အကြောင်းလည်း ပါဝင်သည်(အာ ၅:၁၈-၂၇)။ အားနည်းချိုယွင်းသူများသို ခွန်အားပေးခြင်းလည်း ပါဝင်သည်(ဟေရှာ ၄း၁၈-၁၆)။ အချို့ပရောဖက်ပြုချက်များကို နောင်တ(သို့) အပြစ် ပြုခြင်းများကြောင့် မပြည့်မစုံ ရပ်တန့်သွားနိုင်သည်(ယေ ၁၈း၇-၁၀၊ ယောန ၃း၄-၁၀)
အနာဂတ်အရေး ပရောဖက်ပြုချက်များတွင် ဣသရေလတို့ ပြည်နှင်ဒဏ်ခံရမည့်အရေးနှင့် ယေရုရှလင် ပြန်ရောက်ကြမည့်အကြောင်းများလည်းပါဝင်သည်။ ပရောဖက်များသည် ကယ်တင်ရှင် ခရစ်တော်ကြွလာမည့် အကြောင်း၊ တပါးအမျိုးသားများထံသို့ သတင်းကောင်းရောက်ရှိမည့်အကြောင်း၊ ခရစ်တော်မှတဆင့် ဖန်ဆင်းခံ များထံသို့ ပိုမိုကြီးမြတ်သောငြိမ်သက်ချမ်းမြေ့မှု ရောက်လာမည့်အကြောင်းများ ကြိုတင်သိရှိဟောပြော ကြသည်။
ပရောဖက်ပြုချက်သည် လူ့သမိုင်းကြောင်းသို ဘုရားရှင်တော်၏ နည်းလမ်းများအကြောင်း လည်းဖြစ်သည်။ ဟေဗြဲကျမ်းစာတွင် ယောရှု၊ တရားသူကြီး၊ ဓမ္မရာဇဝင်များကို “ရှေးဦးပရောဖက်ကျမ်းများ”ဟု ခေါ်သည်။ ဤကျမ်းစောင်များသည် သမိုင်းမှတ်တမ်းမှတ်ရာများသာမက အတိတ်၏ အကြောင်းကံကြောင့် ဖြစ်ပျက်သော သမိုင်းကြောင်းအား ပုံဖော်ပြသခြင်းမဟုတ်။ လူ့သမိုင်းတွင် ဘုရားရှင်တော်၏ ပြုတော်မူပုံများ နှင့် ထိုကျမ်းစောင်များက လူ့သမိုင်းကြောင်းတွင် ဘုရားရှင်၏ ပြုတော်မူပုံများ ပြောကြသည်။ ကျမ်းစာသမိုင်း ကြောင်းသည် ပရောဖက်ဆိုင်ရာ ရည်ရွယ်ချက်ရှိသည်။
ထိုကြောင့် ပရောဖက်ပြုချက်သည် ရှေ့ရေးကို(အနာဂတ်အရေးတွင် ဘုရားရှင်က ပြုစေလိုပုံ) ကြည့်ရှု ရန်နှင့် ပရောဖက်ပြုချက်များ ပြန်ကြည့်ခြင်း (အတိတ်တွင် ဘုရားရှင်၏ ပြုခဲ့တော်မူပုံများ) ပါဝင်သည်။ ပရောဖက်ပြုချက်က လူများအား ဘုရားရှင်ကို နာခံကြရန် သွန်သင်သည်။ ထိုကြောင့် ပရောဖက်များသည် အပြစ်ကို ဆန့်ကျင်ကြသည်။ လွဲမှားသော ကိုးကွယ်ခြင်း (ဟေရှာ ၁း၁၀-၁၅)၊ ရုပ်တုဘုရားတု ကိုးကွယ်သူ များ(ဟေရှာ ၂း၆-၂၁) နှိပ်စက်ခြင်းနှင့် ကိုယ်ကျင့်တရားယုတ်ညံ့ခြင်း(ဟေရှာ ၃း၁၁-၂၆၊ အာ ၂း၆-၈)၊ မြေရှင်ပ ဒေသရာဇာစနစ်(ဟေရှာ ၅း၈-၃ဝ)၊ ခေါင်းဆောင်များ( ၃း၁-၄)၊ ပရောဖက်တု(ငယ် ၅-၇)၊ ရှင်ဘုရင်များ(၁ရာ ၁၃း၁၃၊ ၂ရာ ၁၂း၁-၁၄၊ ၃ရာ ၁၇း၁)၊ ယဇ်ပုရောဟိတ်များ(အာ ၇း၁၀-၁၇)အား သတိပေးသကဲ့သို ပရောဖက် များက သာမန်ပြည်သူများ နှိပ်စက်ခြင်းကိုလည်း သတိပေးသည်။ ထိုပရောဖက်များသည် မိမိတိုခေတ်ကာလမှ အခြားလူမျိုးများကိုလည်း ဆန့်ကျင်ပြောဆိုကြသည်(ယေ ၄၆-၅၁)။
ဘုရားသခင်က သူ့အတွက် ပရောဖက်များကို ရွေးချယ်၍ ပြောရေး ဆိုခွင့်ပြုသည်(ဟေရှာ ၆၊ ယေ ၁)။ ဘုရားရှင်က ခေါ်ယူခွဲခန့်ခြင်းမပြုဘဲ မိမိကိုယ်ကို ပရောဖက်တင်မြှောက်သူများသည် ပရောဖက်အတု များဖြစ်သည် (ယေ ၄း၁၄)။ ဘုရားသခင်က သူ့ပရောဖက်များ၏ ရူပါရုံများ၊ အိမ်မက်များ (တော ၁၂း၆၊ ဟေရှာ ၁း၁)၊ ဘဝင်ဖမ်းစားခြင်း(၁ရာ ၁၉း၂၃၊ ၂၄၊ ၅ရာ ၃း၁၅)အပြင် အခြားနည်းလမ်းများဖြင့်လည်း မိန့်တော် မူလေ့ရှိသည်။ လူများကအာရုံဖြင့်ရရှိသော ပရောဖက်များကို သူရူးဟု ထင်ကြသော်လည်း ထိုပရောဖက်များ သည် မိမိတိုဟောပြောသမျှကို ယုံကြည်ကြသည်(၄ရာ ၉း၁၁-၁၃)။တခါတရံ ဗာလပရောဖက်များကိုလည်း ဆင်တူယိုးမှား အသုံးပြုတော်မူသည် (၃ရာ ၁၈း၂၈၊ ၂၉)။
ကျမ်းစာပိုဒ် အများအပြားတွင် မိစ္ဆာပရောဖက်များ တွေ့ရသည်။ ထိုသို့သော ပရောဖက်အတုများ၏ စကားသည် လွဲမှား၍ မိမိကိုယ်ကို မိစ္ဆာပရောဖက်အဖြစ် ထုတ်ဖော်ကြသည်(တရား ၁၈း၂၂)။ စကားမှန်သည့် မိစ္ဆာပရောဖက်များလည်း ရှိကြသေးသည်(တရား ၁၃း၁-၃)။ ထိုသူများ၏ စကားမှန်မမှန်ကို ဘုရားရှင်က သူ့ကိုယ်သူ ထုတ်ဖော်ပြသချက်နှင့် ကိုက်ညီမှုရှိ မရှိဖြင့် စစ်ဆေးရသည်(တရား ၁၃း၄၊ ၅၊ ၁ယော ၄း၁-၃)။ ထိုသိုဖြင့် ဘုရားသခင်၏ ပရောဖက်ဟုတ်မဟုတ် သိရှိရသည်(ယေ ၂၃း၉-၃၂ ကိုကြည့်)။
အချို့ပရောဖက်များသည် ပရောဖက်ပြုခြင်းဖြင့် အသက်မွေးဝမ်းကြောင်းကြသည်။ ရှင်ဘုရင်များက ကိုယ်ပိုင်ပရောဖက်များ ထားရှိကြသည် (၃ရာ ၂၂း၂၃)။ မိက္ခာက ပရောဖက်တုများသည် သူတိုကို လုပ်ကျွေးသော ပုဂ္ဂိုလ်များ ကောင်းသည့်အကြောင်းသာ ဟောပြောကြ၍ မလုပ်ကျွေးသော သူများကိုမူ မကောင်းသောစကား သာ ဟောပြောကြသည်ဟုဆိုသည်(မိ ၃း၅)။ အာမုတ်သည် ပရောဖက်ပြုခြင်းဖြင့် အသက်မွေးဝမ်းကြောင်း စားသူ မဟုတ်ကြောင်း ငြင်းပယ်သည်(အာ ၇း၁၂-၁၅)။ ပရောဖက်သင်ကျောင်း(၂)ခုရှိရာ ဧလိယနှင့် ဧလိရှဲတို့ တည်ထောင်သည့် တူရင်းတောင်(၄ရာ ၂း၅)နှင့် ဟေရှာယ၏ တပည့်တော်များက တည်ထောင်သည့် ကျောင်းတော်(ဟေရှာ ၈း၁၆) ရှိခဲ့ကြောင်း သိရသည်။
ပရောဖက်များကို “သိမြင်သူ (၁ရာ ၉း၉)ဟုလည်း ခေါ်သည်။ ဘုရားသခင်၏လူ(ရူပါရုံမြင်သူ)(တရား ၃၃း၁၊ ၁ရာ ၂း၂၇)၊ ဘုရားသခင်၏ အစေခံ(ယောရှု ၁း၁၊ ၄ရာ ၁၇း၁၃)နှင့် ပြည်နှင်ဒဏ်ခံရသည့်နောက်ပိုင်းတွင် “ဘုရားသခင်၏ သတင်းစကားသ င်သူ”(ဟဂ္ဂ ၁း၁၃)ဟူ၍လည်း ခေါ်ကြသည်။ သက်ဦးဆံပိုင်စနစ် မတိုင်ခင် တွင် သိမြင်သူနှင့် ပရောဖက်အကြားတွင် ခြားနားခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ အတူတူဖြစ်ကြသည်။ “သိမြင်သူ”ကို ဟေဗြဲစကားလုံးတွင် (၂)မျိုးရှိသော်လည်း အနက်ခြားနားခြင်းမရှိ။ ဓမ္မဟောင်းနောက်ဆုံး ပရောဖက်သည် ဗတ္တိဇံယောဟန်ဖြစ်သည်(မ ၁၁း၁၃)။
ဓမ္မသစ်အသင်းတော်တွင် ပရောဖက်များသည် တမန်တော်များနောက်ရှိ ဒုတိယလူအဖွဲ့ ဖြစ်သည် (၁ကော ၁၂း၂၈)။ အနာဂတ်အရေးကိုရှေးရှုကြသော်လည်း(တ ၁၁း၂၈) အဓိက တာဝန်မှာ ယုံကြည်သူများအား ခွန်အားပေး၍ ယုံကြည်မှုတည်ဆောက်ပေးရေးဖြစ်သည်(တ ၁၅း၃၂၊ ၁ကော၁၄း၃၊ ၄)။ ဓမ္မသစ်ကျမ်းပ ရောဖက်ပြုခြင်းသည် အခြားသော ဘာသာစကားပြောဆိုခြင်းနှင့် မတူပါ(၁ကော ၁၄း၂၂)။ ရူပါရုံစွဲလန်း ခြင်းလည်း မဟုတ်ပါ။ ထိုပရောဖက်များသည် အသိအာရုံ ကြည်လင်စွာ ဟောပြောကြသည်(၁ကော ၁၄း၃၂)။ ဓမ္မသစ်ကျမ်းစာ ပေါ်ထွန်းသည့်နောက်ပိုင်းတွင် စိတ်အာရုံစွဲလန်းခြင်းဖြင့် ဟောပြောသော ပရောဖက်များ ပေါ်ထွန်းကြသော်လည်း ကြည်ညိုလေးစားစရာမရှိကြသဖြင့် လက်တွေ့တွင် သေဆုံးကွယ်ပျောက်ကုန်သည်။
ဓမ္မသစ်အသင်းတော်တွင် ပရောဖက်ပြုခြင်း ဝိညာဉ်လက်ဆောင် ရရှိသည့် ယောက်ျား၊ မိန်းမများရှိ သည်(တ ၂၁း၉)။ ခရစ်ယာန်ဟူသမျှသည် ထိုလက်ဆောင်ကို အသုံးပြုနိုင်ကြသည်(၁ကော ၁၄း၁-၅)။ အသင်းတော်၏ အခြေအနေ အချိန်အခါအရ ဘုရားရှင်က သတင်းစကားပေးပါသည်။ ဘုရား တရားကြည် ညိုသူများသိုသာ ပေး၍ နှုတ်ကပတ်တော်နှင့်လည်း လိုက်လျောညီထွေသည်။ မည်သိုဖြစ်စေ ကြားသိသူများ သည် လက်မခံမီတွင် ကျမ်းစာနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးသတိထားရသည်(၁ကော ၁၄း၂၉)။
ယနေ့ခရစ်ယာန်အချိုက ထိုပရောဖက်ပြုခြင်း ဝိညာဉ်လက်ဆောင် ရှိမှရှိသေးသလားဟု ပြောဆိုကြ သည်။ ပထမသိရှိရမည့်အချက်မှာ ဘုရားသခင်၏ ဗျာဒိတ်တော်သည် ခရစ်တော်ထဲ၌ သူ့ကိုယ်သူအား အကြွင်းမဲ့ ပြသပြီးဖြစ်သည်။ ထိုဗျာဒိတ်တော်ကို ဝိညာဉ်တော်၏ တန်ခိုးမှုတ်သွင်းချက်ဖြင့်လူများက တမန်တော်များခေတ် ကာလ၌ ရေးသားခဲ့ကြပြီးကြောင်း အသင်းတော်က လက်ခံပြီးဖြစ်သည်။ ကျမ်းစာနှင့် တူညီသော အခြား သတင်းစကားဟူ၍မရှိ။ မည်သိုဖြစ်စေ ယခုခေတ်ကာလ၌လည်း အနာဂတ်တွင် သူ့အသင်းတော်၌ မည်သို ဖြစ်မည့်အကြောင်း သိချင်လွန်းအားကြီးသည့် ဘုရားတရားသမားများထံသို ဘုရားရှင်တော်က ပြသကောင်း ပြသနိုင်သည်။ သိုသော် ထိုသိုသော အဖြစ်မျိုးမရှိနိုင်ကြောင်း အချိုက လက်မခံ ငြင်းဆန်ကြသည်။ အသင်းတော်သည် ထိုသိုသော သတင်းစကား ကြားသိလျှင် ကျမ်းစာနှင့်ယှဉ်လျက် ဘုရားတရားသိသိ ပါးနပ်စွာ ခံယူရသည်။
Propitiation (အပြစ်ဖြေခြင်း)
အပြစ်ဖြေခြင်းဆိုသည်မှာ လက်ဆောင်တစုံတရာပေး၍ စိတ်ဆိုးသူအား နှစ်သိမ့်ခြင်းဖြစ်သည်။ ဂရိသာသနာပလူတို၏ စာပေများတွင် နတ်ဘုရားများသည် လူများအား စာနာညှာတာခြင်းမရှိကြ။ အပြစ်ခြင်းမပြုသူများအား ဒုက္ခပေးကြသည်။ အပြစ်လျှင် အမျက်ဒေါသပြေသည်။ သို့သော် သမ္မာကျမ်းစာလာ ဘုရားသခင်နှင့် နတ်ဘုရားတို့၏ အမျက်ဒေါသသည် မတူညီကြ၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာတော်ဖြစ်၍ ယေရှုခရစ်တော်အားစေလွှတ်ပေးပြီး ခရစ်တော်က လူတိုအပြစ်များ ဖြေပေးသည်။ လူတို့အပြစ် များအပေါ် သန့်ရှင်းသည့် အမျက်တော်အား ဖယ်ရှားစေသည်(ရော ၃း၅၊ ၁ယော ၄း၁၀)
တချိုက ဘုရားသခင်၏ အမျက်ဒေါသသင့်ရန် မသင့်လျော်ဟု ယူဆကြပြီး ပေးလျော်ခြင်းဟု သုံးနှုန်းကြသည်။ အမျက်တော်အား ဖြေရှင်းပြေလည်စရာအကြောင်းမရှိ၊ တစုံတရာဖြင့်သာ အပြစ်ဒုစရိုက် ဖယ်ရှားနိုင်ကြောင်း ခံယူကြသည်။ ဘုရားသခင်သည် အမျက်ဒေါသထရန် နှေး၍ စိတ်ရှည်သည်းခံသည်(ထွ ၃၄း၆၊ ရော ၂း၄)။ ဘုရားရှင်သည် သန့်ရှင်း၍ အပြစ်ကို မုန်းတီးသည်ဟု ကျမ်းစာက ဆိုသည်(ဟဗ ၁း၁၃)။ အပြစ်သားကို ဆန့်ကျင်စိတ်ဆိုးသည်(ဆာ ၇း၁၁၊ မြည် ၄း၁၁၊ ရော ၁း၁၈)။
ရော ၃း၂၅ နှင့် ၁ယော ၄း၁၀တို့တွင် ဂရိစာပေများ ရေးသားသည့်အတိုင်း ပေးလျှော်ခြင်းဟု မဆိုဘဲ အပြစ်ခြင်းဟု ဆိုပါသည်။ ထိုစကားသည် ကျမ်းစာအာဘော်နှင့် ကွက်တိဖြစ်သည်။ ဘုရားသခင်သည် အပြစ် သားများကို စိတ်ဆိုးဆန့်ကျင်သော်လည်း ထိုအပြစ်သားများအား ကယ်တင်ရန် သားတော်ကို စေလွှတ်ပေး သည်။ ထိုသားတော်သည် ကားတိုင်ပေါ်၌ အသေခံတော်မူခြင်းဖြင့် ဘုရားရှင်၏ သန့်ရှင်းသော အမျက်တော်ကို ခံယူသည်။
Providence (ကျွေးမွေးထောက်ပံ့ခြင်း)
သမ္မာကျမ်းစာက ဘုရားသခင်သည် ရှင်ဘုရင်ဖြစ်၍ ဖန်ဆင်းသမျှကို အပြည့်အဝ ထိန်းချုပ်သည်ဟု ဆိုသည်။ စကြာဝဠာရပ်တည်နေရန် ထိန်းသိမ်း၍ ဖန်ဆင်းခံတို၏ လိုအပ်ချက်ဟူသမျှကို ထောက်ပံ့သည်(ဆာ ၁၀း၄၊ မ ၆း၂၆-၂၉)။ သဘာဝလောကကြီးထဲရှိ မယုံကြည်သူများသည်လည်း ထိုကျွေးမွေး ထောက်ပံ့ခြင်း ခံစားကြသည်(မ ၅း၄၅)။ ဘုရားသခင်သည် လူ့လောကရှိ ဖြစ်ပျက်သမျှ အရာခပ်သိမ်းကို ထိန်းချုပ်သည်(ဧ ၁း၁၁၊ ၁၂)။ အသေးအဖွဲ့ (မ ၁၀း ၂၉)မှစ၍ ခရစ်တော်ပြန်လည်ကြွလာသည့် အရေးအဆုံး ထိန်းကျောင်းသည်။ ခရစ်တော်ထဲ၌ရှိသော ယုံကြည်သူအားလုံးအား ကယ်တင်တော်မူသည်။
Purity (စင်ကြယ်ခြင်း)
မောရှေက စင်ကြယ်ခြင်းအစဉ်အလာ တရားတော် စီရင်ပေးသည်။ ဣသရေလလူတို့သည် မစင်ကြယ် သောအရာ ထိတွေ့ ကိုင်တွယ်ခြင်းမှစ၍ (ဝတ် ၅း၂) မီးဖွားခြင်း(ဝတ် ၁၂) ကူးစက်တတ်သော အရေပြား ရောဂါ(ဝတ် ၁း၃) အပါအဝင် မစင်ကြယ် ယုတ်ညံ့သည့် ပြစ်မျိုးစုံလင်ကြသည်။ ထိုသို့သော မစင်ကြယ်မှုဖြစ် ရပုံနှင့် စင်ကြယ်အောင် မည်သို လုပ်ရမည့်အကြောင်းကိုလည်း အသေးစိတ် ပြသထားသည်။
စင်ကြယ်ခြင်းဓလေ့စရိုက်နှင့် ပတ်သက်၍ မစင်ကြယ်သောအရာကို ထိတွေ့ခြင်း၊ မစင်ကြယ်သော အရာက ထိပါးခြင်းများဖြစ်သည်။ စိတ်သဘောထားဖြူစင်ခြင်း မပါဝင်ပါ။ စင်စစ်တွင် ဤစင်ကြယ်ခြင်း၏ သွန်သင်ချက်သည် စိတ်ထားဖြူစင်ရေးဖြစ်သည်။ ထိုကြောင့်လည်း အပြစ်မှ ကင်းစင်ရသည်(ဝတ် ၁၆:၃၀)။ ပရောဖက်များက ယဇ်ပူဇော်ခြင်းထက် ဘုရားသခင်၏ စကားတော် နာခံခြင်းသည် ပိုမိုအရာရောက်ကြောင်း သွန်သင်ကြသည်။
ခရစ်တော်၏ သွန်သင်ချက်သည် ထိုပရောဖက်များ၏ သွန်သင်ချက် များနှင့် ထပ်တူနီးပါးကျသည်။ ခရစ်တော်က တပည့်တော်များအား ခန္ဓာကိုယ်ထိတွေ့ခြင်းနှင့် မဆိုင်(မာ ၇း၁၄-၂၃)ဘဲ စိတ်နှလုံးထဲ၌ မစင် ကြယ်ခြင်းမရှိကြရန် သွန်သင်တော်မူသည်(မ ၅း၈)။ စင်ကြယ်သောစိတ်နှလုံးက လူ့ခန္ဓာကိုယ်တခုလုံးအား ဘုရားရှင်ထံသို ဆက်ကပ်သည်။ ထိုသိုသောသူသည် အသက်တာ၌ သခင်နှစ်ပါးမရှိဘဲ ဘဝအသက်တာကို ဘုရားသခင်ထံ အပ်နှံသည်(မ ၆း၁၉-၂၄)။
ဓမ္မသစ်ကျမ်းဩဝါဒစာများတွင် ကားတိုင်ပေါ်၌ ခရစ်တော်၏ အသေခံတော်မူခြင်းယဇ်က အပြစ်သား များကို စင်ကြယ်စေကြောင်း သွန်သင်သည် (ဟေဗြဲ ၁း၃၊ ၁ယော ၁း၇)။ ဩတ္တပ္ပစိတ် ကြည်လင်ဖြူစင်ရန် မည်သည့်ယဇ် ပူဇော်ခြင်းတွင်မှ မရှိ။ ဓမ္မဟောင်းယဇ်များသည် ကိုးကွယ်သူ၏ ပြင်ပခန္ဓာ ကိုယ်သာ စင်ကြယ် စေသည်(ဟေဗြဲ ၉း၉၊ ၁၀၊ ၁၃၊ ၁၄)။ မိမိအပြစ်များကို ဝန်ချသူသည် ခရစ်တော်၏ ပြုတော်မူချက်ဖြင့် ဖြူစင် သည်(၁ယော ၁း၉)။ နှုတ်ကပတ်တော်ကို သမ္မာတရားအဖြစ် ခံယူကျင့်ကြံသူသည် အပြစ်ဖြူစင်သည်(၁ပေ ၁း၂၂)။
စင်ကြယ်ခြင်းနှင့် မစင်ကြယ်ခြင်းအကြောင်းတွင်လည်းကြည့်။
Purple (ခရမ်းရောင်)
မြေထဲပင်လယ် အရှေ့ဘက်ကမ်းခြေတလွှားမှ ငါးကြေးခွံရှိ ဝမ်းဗိုက်သားဖြင့် ဆေးဆိုးလျှင် ခရမ်းရောင်ရရှိသည်။ ရှင်ဘုရင်များနှင့် ဧကရာဇ်သည် ခရမ်းရောင်အဝတ်အစားကို ဝတ်ဆင်လေ့ရှိကြသည်။ တခါတရံမှူးကြီးမတ်ရာများသည်လည်း အခမ်းအနားများတွင် ဝတ်ဆင်ကြသည်။ ခရမ်းရောင်သည် တော်ဝင် နန်းသုံး၊ မင်းခမ်းမင်းနားများတွင် ဝတ်ဆင်ရသည်။ လုဒိသည် ထိုသို့သော အထည်အလိပ်ကို ရောင်းဝယ် ဖောက်ကားသူဖြစ်သည် (တ ၁၆း၁၄)။
Rabbi (ရဗ္ဗိ)
ရဗ္ဗိဆိုသည်မှာ “အကျွန်ုပ်၏ ကြီးမြတ်သူ၊ အကျွန်ုပ်၏ ဆရာ”ဟုအနက်ရသည်။ ယုဒလူများက ပညတ်တရားတော်ကို သင်ပြသော ဂုရုကြီးများအား ကြည်ညိုလေးစားသောအားဖြင့် ခေါ်ယူသည့် ဂုဏ်ပုဒ်ဖြစ်သည်။ ဗတ္တိဇံယောဟန်(ယော ၃း၂၆)နှင့် ခရစ်တော်(မာ ၉:၅)တိုကိုလည်း ရဗ္ဗိ ဟုခေါ်ကြသည်။ သခင်ယေရှုကမူ တပည့်တော်များအား ရဗ္ဗိဟု အခေါ်မခံကြရန်တားမြစ်သည်။ အကြောင်းသော် ခရစ်တော် သာလျှင် သူတိုဆရာဖြစ်၍ကျန်လူများသည် ညီအစ်ကိုများဖြစ်ကြသည်(မ ၂၃း၇၊ ၈)။
ယော ၂၀း၁၆ ပါ ရဗ္ဗုနိသည် ရဗ္ဗိနှင့် အတူတူဖြစ်သော်လည်း ပိုမိုလေးစားကြည်ညိုခြင်း ခံရသူဖြစ်သည်။
Reconciliation (ရန်ငြိမ်းခြင်း)
ဓမ္မသစ်ကျမ်းအသုံးအနှုန်းတွင် ရန်သူအဖြစ်မှ မိတ်ဆွေအဖြစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။
အကြောင်း သော် ရန်ဖြစ်ခြင်းချုပ်ငြိမ်းသည်။ တစုံတဦးသည် အချင်းချင်း နားလည်မှုလွဲ၍ မပြေလည်သူများအကြားတွင် ဝင်ရောက်ပြီး ငြိမ်းချမ်းရေးလုပ်ပေးရသည်။ မှားယွင်းမှုအား ပြန်လည်တောင်းပန်ခြင်း၊ ပျက်စီးသွား သည်များကို ပြန်လည်ပြုပြင် အစားထိုးပေးခြင်းဖြင့် ရန်ငြိမ်းနိုင်သည်။ ဓမ္မသစ်ကျမ်းက အချင်းချင်း ရန်ငြိမ်းကြရန် သွန်သင်သည်(မ ၅:၂၄၊ ၁ကော ၇း၂၁)။ ထိုထက်အရေးကြီးသည်မှာ ဘုရားရှင်တော်နှင့် ရန်ငြိမ်းရေးဖြစ်သည်။
အပြစ်တရားကြောင့် လူနှင့် ဘုရားသခင်သည် ရန်သူအဖြစ် ခြားနားကြခြင်းမှာ လူ့ဘက်မှ မဖွယ်မရာ ပြုမူခြင်းကြောင့်ဖြစ်သည်။ ဘုရားရှင်ကို မနာခံချင်ကြဘဲ ထင်ရာမြင်ရာ စိုင်းကြသည်(ရော ၈း၇၊ ကော ၁း၂၁)။ ဘုရားလူအား အပြစ်စီရင်ရခြင်းမှာ ဘုရားရှင်သည် သန့်ရှင်းတော်မူ၍ လူသည် အပြစ်ပြုလိုခြင်း ဝါသနာထုံ သည်။ ထိုကြောင့် ဘုရားရှင်သည် အပြစ်သားအား စိတ်ဆိုးသည်(ရော ၁း၁၈)။
သို့သော် ဘုရားရှင်သည် ကိုယ်တိုင် ခရစ်တော်ထဲ၌ စိုးစံလျက် အပြစ်သားများအား ရန်ငြိမ်းသည်။ ခရစ်တော်ကို လူ့လောကသို စေလွှတ်ပြီး စတင် ရန်ငြိမ်းစေသည်။ ထိုခရစ်တော်သည် လူများကိုယ်စား ကားတိုင်ပေါ်၌ အသေ ခံတော်မူသည်(ရော ၅း၁၀၊ ဂလာ ၃း၁၃)။ တခါက အပြစ်သားဘ၀မှာ နွံနစ်နေသူများအား ဘုရားသခင်က ပြန်လည်သန့်ရှင်းစေသည်(ကော ၁း၂၁)။ ဘုရားရှင်အပေါ် မပြေလည်ခဲ့သူများသည် ဘုရားရှင်၏ မင်းမဟော်လမ်းမတော်အား လိုက်လျှောက်လိုစိတ်ရှိကြသောအခါ အသက်တာပြောင်းလဲကြသည်။ ထိုသိုဖြင့် ဘုရားရှင်သည် ခရစ်တော်ထဲ၌ ရှိသူတို၏ အပြစ်များကို မမြင်တော့ဘဲ ခရစ်တော်၏ ဖြောင့်မတ်ခြင်းကိုသာ မြင်သည်။
ထိုကြောင့် ရန်ငြိမ်းသူသည် ဘုရားရှင်ကိုယ်တိုင်ဖြစ်သည်။ အကယ်၍သာ ထိုသိုမဟုတ်လျှင် လူသည် အပြစ်နွံထဲ၌ နစ်နေပေမည်။ အခြားဘက်တွင် အပြစ်သားတိုင်းသည် ဘုရားသခင်နှင့် ရန်ငြိမ်းရေး ရှာကြံရ သည်(၂ကော ၅း၁၀)။ မိမိတို့အပြစ်ကို နောင်တရ၍ သန့်ရှင်းခြင်းကို တွေ့ရှိသူသည် ဘုရားရှင်နှင့် ရန်ငြိမ်းသည်။
Redeemer, redeem (ရွေးနှုတ်သခင်၊ရွေးနှုတ်)
ရွေးနှုတ်သခင်ဆိုသည်မှာ တစုံတဦးအတွက် အဖိုးအခ တစုံတရာဆပ်ပေးသူဖြစ်သည်။ မောရှေ၏ ပညတ်တရားတွင် တစုံတဦးသည် သူ့ကြွေးမြီအတွက် လယ်ယာမြေ သိမ်းဆည်းခြင်းခံရလျှင် နီးစပ်ရာ ဆွေမျိုးက ထိုမြေအား ရွေးဝယ်နိုင်သည်။ ထိုသို ပြန်လည်ရွေးဝယ်ပြီး လယ်ယာမြေဆုံးရှုံးသွား သော ညီအစ်ကိုထံသို့ ပြန်ပေးပိုင်ခွင့်ရှိသည်။ အကယ်၍ နီးစပ်ရာဆွေမျိုးကရွေးယူခြင်းမပြုလျှင် ထိုမြေကွက် ရောင်းသူက ငွေကြေးပြေလည်သည့်အခါ ပြန်လည်ရွေးယူနိုင်သည်(ဝတ် ၂၅း ၂၅-၂၈)။ ထိုနည်းဥပဒေသအတိုင်း ကျေးကျွန်ကိုလည်း ရွေးဝယ်နိုင်သည်(ငယ် ၄၇-၅၀)။
ယဇ်ပူဇော်ရန်မသုံးဘဲ သတ်ဖြတ်ရမည့် အဦးဆုံးတိရစ္ဆာန်ကိုလည်းရွေးဝယ်ခွင့်ရှိသည်။ သားဦးဟူသမျှသည် ရွေးဝယ်ထားသူများဖြစ်သည်။ အကြောင်းသော် သားဦးတိုင်းကို ဘုရားရှင်က ပိုင်ဆိုင်သော ကြောင့် ငါးရှိကယ်ဖြင့် ရွေးဝယ်ရသည်(ထွ ၃၄း၁၉၊ ၂၀၊ တော ၁၈း၁၅-၁၇)။ ဣသရေလလူ များသည် ဘုရားရှင် ထံသို့ ဆက်ကပ်လှူဒါန်းသော မိမိတိရစ္ဆာန်၊ အိမ်ယာ၊ လယ်မြေများကို တန်ဘိုး၏ ဆယ်ဘိုတဘိုထပ်ဆောင်းပြီး ပြန်လည်ရွေးဝယ်နိုင်သည်။
ဘုရားသခင်က ဣသရေလလူမျိုးတဦးချင်းကို ရွေးဝယ်ထားသည် (ဆာ ၁၁၉း၁၅၄)ဖြစ်၍ တမျိုးသားလုံးကို ပိုင်ဆိုင်သည်(ဆာ ၁၃၀း၈)။ ထိုသို့ဘုရားရှင်က တမျိုးသားလုံး ရွေးဝယ်သည့်အကြောင်းကို ကျမ်းချက်များ၌ တွေ့ရသည်(ဆာ ၁၃၀း၇၊ ၈၊ ဟေရှာ ၄၄း၂၁-၂၃)။ အဓိကအားဖြင့် ဘုရားရှင်က ဘေးရန်စွယ် ပေါင်း စုံနှင့် ပြဿနာမျိုးစုံတိုမှ ရွေးနှုတ်သည်။ အဲဂုတ္တုကျေးကျွန်ဘဝ(ထွ ၆း၆၊ ၇)၊ ဗာဗုလုန်ပြည် နှင်ဒဏ်(ဟေရှာ ၄၈း၂၀)၊ ဆိုးညစ်သူများ(ယေ ၁၅း၂၁)၊ ရန်သူများ(ဆာ ၆၉၁၈)၊ ဖိနှိပ်မှုနှင့် အကြမ်းဖက်မှု (ဆာ ၇၂း၁၄)၊ သေဘေး(ဟော ၁၃း၁၄)တို့မှ ရွေးနှုတ်သည်။ အပြစ်မှ ရွေးနှုတ်ခြင်းသည် ယဇ်ပူဇော်ခြင်းအကြောင်း၌ အသေအချာ သွန်သင်သော်လည်း ထိုသို ရွေးနှုတ်ခြင်းဟူသော စကားလုံးကို သုံးခြင်းမရှိ။
ဓမ္မဟောင်းသွန်သင်ချက်သည် ဓမ္မသစ်ကျမ်းသွန်သင်စရာအတွက် ပြင်ဆင်ခြင်းဖြစ်သည်။ ဘုရားသ ခင်က သားတော်အားဖြင့် သူ့လူများအား ရွေးနှုတ်တော်မူသည်(ကော ၁း၁၃၊ ၁၄)။ ရွေးနှုတ်ခသည် ကားတိုင်ပေါ် ၌ သွန်းလောင်းသည့် ခရစ်တော်၏ သွေးစက်ဖြစ်သည်(ဧ ၁း၇)။ သူ့လူများအားအပြစ်နွံထဲမှ ရွေးနှုတ်သည်(ကော ၁း၁၄)။ ဘုရားတရားတော်ကို ချိုးဖောက်သူများအား ကျိန်ဆိုသည်(ဂလာ ၃း၁၃)။ စင်စစ်တွင် ဓမ္မသစ်ကျမ်း ရွေးနှုတ်ခြင်းသည် ထိုထက်မက လေးနက်သည်။ ဓမ္မဟောင်းသွန်သင်ချက်ကဲ့သို့ပင်ဓမ္မသစ်ကျမ်းပါ ရွေးနှုတ်ခြင်း သည်လည်း အသက်ဘေးရန်မှ ရွေးနှုတ်ခြင်းဖြစ်သည်။ တနည်းအားဖြင့် အပြစ်နှင့် အပြစ်၏ အကျိုးဆက်မှ ကင်းလွတ်စေသည်။ ယနေ့ယုံကြည်သူများသည် အပြစ်မှ ရွေးနှုတ်ခြင်းခံရသည်ဟု ဆိုရသော်လည်း အပြည့်အဝ မခံစားပေးကြပါ။ ရောက်လာမည့် ရွေးနှုတ်ရာနေ့ရက်ကို စောင့်နေရသည်(ဧ ၄း၃၀)။ ထိုသို့ဖြင့် ပျက်စီးပုပ်သိုး တတ်သောရုပ်ခန္ဓာကိုယ်သည် ရွေးနှုတ်ခြင်းခံရပြီး(ရော ၈း၂၃) ဘုရားသခင်၏ ဖန်ဆင်း ခြင်းသတ္တဝါအဖြစ် ဆက်လက်ရှင်သန်ကြသည်။
ထိုကြောင့် ရွေးနှုတ်ခြင်းသည် ဒုစရိုက်မှ လွတ်မြောက်စေရုံမျှသာ မဟုတ်ဘဲ ထိုထက်မက လေးနက် သည်။ အဖိုးအခ ဆပ်ပြီးသွားပြီ။ တခါတရံ ရွေးနှုတ်ခြင်းအဖိုးအခသည် အရေးမကြီးသော်လည်း ရွေးနှုတ်ခ ပေးချေပြီး ကြောင်း သိရှိရေးသည် ပိုမိုအရေးကြီးသည်(၁ကော ၆း၂၀)။ အချို့က ထို အချက်ကို မသိရှိဘဲ ကိုယ်တိုင်ပေးဆပ်ရန် ကြိုးပမ်းကြသည်။ ထိုသို့သော အပြု အမူသည် စကားပြေဆန်လွန်းသော ရွေးနှုတ်ခြင်း ဖြစ်သည်။ အပြစ်မှ ရွေးနှုတ်ရေး တန်ရာတန်ကြေးပေးချေပြီးဖြစ်ကြောင်း သိရှိရန် အရေးကြီးသည်။
Regeneration (ပြန်လည်မွေးဖွားခြင်း)
သမ္မာကျမ်းစာသည် ဖန်ဆင်းခံဟူသမျှ၏ တဖန် မွေးဖွားခြင်းအကြောင်းကို ရှေးရှုသည်။ ဘုရားသခင်က ကောင်းကင်သစ်နှင့် မြေကြီးသစ် (ဟေရှာ ၆၆:၂၂၊ ဗျာ ၂၁း၁) အပါအဝင် အရာခပ်သိမ်းကို တဖန်အသစ် ဖြစ်စေ ဦးမည်(ဗျာ ၂၁း၅)။ ပထမဖန်ဆင်းချက်သည် အစတွင် အလွန်ကောင်းမွန်သည်(က ၃း၁၇-၁၉)။ ထိုဖန်ဆင်း ချက်သည် လူ့အပြစ်ကြောင့် ဇောက်ထိုး မိုးမျှော်ဖြစ်သွားသည်။ ထိုကြောင့် ခေတ်ကာလကုန်ဆုံးသည့်အခါ(ရော ၈း၁၉၊ ၂၁။ ဘုရားရှင်က သူ့လူများအား ရွေးနှုတ်ခြင်းဖြင့် သဘာဝလောကကြီးတခုလုံး သစ်လွင်စေမည်။
ကောင်းကင်တမန်တိုင်းနှင့် လူတိုင်းသည် ဖန်ဆင်းခြင်းအသစ်၌ ပါဝင်ကြမည်မဟုတ်။ ဖောက်ပြန်သော ကောင်းကင်တမန်များနှင့် ဘုရားရှင်ကို မနာခံငြင်းဆန်သူများ အပါအဝင် ဒုစရိုက်မကောင်းမှုဟူသမျှသည် ဖျက်ဆီးခြင်းခံရမည်(မ ၂၅:၄၁၊ ဗျာ ၂၀း၁၅)။ အပြစ်ဒုစရိုက်သားသည် အာဒံ၏ ဇာတိရှိသကဲ့သို အသစ်တဖန်မွေး ဖွားသူသည် နောက်ဆုံးအာဒံ ခေါ် ခရစ်တော်၏ ဇာတိတော်ခံယူမည်(၁ကော ၁၅း၄၅-၄၉၊ ရော ၅း၁၂-၁၇)။ ထိုပြန်လည်သစ်လွင်သူသည် ခရစ်တော်ထဲ၌ ရှိနေသူဖြစ်သည်( ဧ ၂း၁၅၊ ၂ကော၅း၁၇)။
ဓမ္မဟောင်းကျမ်းတွင် ဣသရေလလူတိုသည် ဘုရားရှင်၏ လူမျိုးတော်ဟုခေါ်သည်။ ထိုကြောင့် ပရောဖက်အချို့ကဣသရေလလူတို စိတ်နှလုံးသစ်(ယေဇ ၃၆း၂၆)ဖြင့် သူတိုအတွက် ရေးထားသော တရားတော်(ယေ ၃၁း၃၁-၃၄) အောက်မေ့ကြမည့် အချိန်အခါကို ရှေးရှုမျှော်လင့်ကြသည်။ ထိုသို့ ပရော ဖက်များက ဣသရေလတမျိုးသားလုံး ပြန်လည်သစ်လွင်မည့် အခါသမယကို မျှော်လင့်ကြသော်လည်း သိရှိထားရမည့်အချက်မှာ တဦးတယောက်ခြင်းဖြင့်သာ ပြန်လည်သစ်လွင်ကြမည်။ ဣသရေလလူတိုင်း စိတ်နှလုံးသစ်ဖြင့် ဘုရားတရားတော်ကို လိုအပ်ကြသည်။ ထိုကြောင့်လည်း ဒါဝိဒ်မင်းက ဖြူစင်ကြည်လင်သော နှလုံးသားပေးပါရန် ဘုရားရှင်ထံ ဆုတောင်းသည်။
ဓမ္မသစ်ကျမ်းတွင် ခရစ်တော်ကိုယုံကြည်သော ယုဒနှင့် တပါးအမျိုးသားသစ်များဖြင့် ဖွဲစည်းထားသည့် ဣသရေလလူသစ်သည် အသင်းတော်ခေါ် ဘုရားသခင်၏လူများဖြစ်ကြသည်(ဂလာ ၃း၇၊ ၂၉၊ ဧ ၂း၁၄-၁၆၊ ၃း၆၊ ၇) ဟုဆိုသည်။ ခရစ်တော်သည် အသင်းတော်အား သစ်လွင်သန့်ရှင်းစေရန် အသက်စွန့်တော်မူသည်(ဧ ၅း၂၅-၂၇)။ ထိုအသင်းတော်သည် ကမ္ဘာမြေပေါ်ရှိ အဖွဲ့ အစည်းမျိုးမဟုတ်။ သမိုင်းကြောင်းတလျှောက် ဘုရားရှင်က ကယ်တင် တော်မူသောသူအားလုံး ပါဝင်သည်(အသင်းတော်အကြောင်းမှာလည်းကြည်)။ အသင်းတော်သည် ပြန်လည်သစ်လွင်သူ တဦးချင်း၊ အသစ်တဖန် မွေးဖွား ယုံကြည်သူများ(ယော ၃း၆၊ ၇)ဖြင့် ဖွဲ့စည်းထားသည်။ ထိုသို့ အသစ်မွေးဖွားခြင်းမရှိလျှင် အဘယ်သူမျှ ဘုရားသခင်၏ နိုင်ငံတော်ထဲသို မဝင်နိုင် (ယော ၃း၃၊ ၅)။
ဘုရားသခင်က ထိုအသက်သစ်ကို ပေးသနားသည်(ယော ၁း၁၃)။ အပြစ်လောကသားများသည် အပြစ်နွံနစ်နေကြသောကြောင့် ထိုအသက်သစ် ကို တောင်းခံပိုင်ခွင့်မရှိကြ(ဧ ၂း၁)။ ဝိညာဉ်ရေးရာ အကြောင်းလည်း မသိနားမလည်ကြ(၁ကော ၂း၁၄)။ ခရစ်ယာန်အားလုံးသည် ထိုအသက်တာသစ်တွင် ပျော်စံ ကြသည်။ အကြောင်းသော် ခရစ်တော်၏ အသေခံခြင်းနှင့် သေရွာမှ ရှင်ပြန်ထမြောက်ခြင်းထဲ၌ ပါဝင်ကြသည်(ဂလာ ၆း၁၄၊ ရော ၆း၄)။ ခရစ်တော်၏ ဖြစ်တော်စဉ်သစ်က ယုံကြည်သူများသို အသက်တာသစ် အပ်နှံသည်။ ဝိညာဉ်တော်ကလည်း ပြန်လည်မွေးဖွားခြင်း၌ ပါဝင်လှုပ်ရှားသည်။ ဝိညာဉ်တော်က ဝိညာဉ်ရေးရာ အသက်တာ ပေးအပ်သည်(ယော ၃း၆)ဖြစ်၍ ခရစ်ယာန်အသက်တာသစ်သည် ဝိညာဉ်တော်ထဲ၌ ရှင်သန်သည်(ရော ၈း၁-၁၇)။
အသစ်တဖန်မွေးဖွားခြင်းဖြင့်သာလျှင် ပြန်လည်မွေးဖွားခြင်းအသက် တာ စတင်သည်။ ဘုရားရှင်သည် သူ့လူများကို နေ့စဉ် သစ်လွင်စေသည် (၂ကော ၄း၁၆)။ ထိုသို အသက်တာသစ်စတင်ရာတွင် လူ့ အစွမ်းအစ တ မျှမရှိ(ဘုရားပေးလက်ဆောင်ဖြစ်သည်)။ သိုသော် ထိုသို အသက်တာသစ် ပိုင်ဆိုင်သည်နှင့် တပြိုင်နက် အသက်တာသစ်ကို လက်တွေ့အသုံးချရန် ကြိုးပမ်းအားထုတ်ရသည်။ ခရစ်ယာန်များသည် စိတ်နှလုံးသစ် လွင်နေကြသည် (ရော ၁၂း၂)။ ဇာတိဟောင်း၊ ခရီးလမ်းဟောင်းကို ပယ်ချွတ်ပြီး စစ်မှန်သော ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်း(ဧ ၄း၂၂-၂၄)၌ ခရစ်တော်နှင့် တူညီရန် အသက်တာသစ်ရှိရသည်။ တဖန်မွေးဖွားသူသည် ဘုရားရှင်၏ တရားတော်ကို လိုက်နာသည်(၁ယော ၅း၃၊ ၄)။ သခင်ယေရှုသည် ခရစ်တော်ဖြစ်သည်(၁ယော ၅း၁)ဟု ယုံကြည်သဖြင့် အချင်းချင်း ဘုရားမေတ္တာတော်မျိုး ထားရှိကြပြီး (၁ယော ၄း၇) မှန်ကန်စွာ ပြုမူနေ ထိုင်ကြသည်(၁ယော ၂:၂၉)။
ဘုရားရှင်သည် အသက်တာသစ်ပေးရာ၌ နှုတ်ကပတ်တော်ကို အသုံးပြုသည်(ယာ ၁း၁၈)။ ထိုနှုတ်က ပတ်တော်က အပြစ်များကို ပြသပြီး ခရစ်တော်ဖြင့် ကယ်တင်ခြင်းရရှိရန်လိုအပ်ကြောင်း စိန်ခေါ်သည်။ တဖန် မွေးဖွားသည့်အခါ အသက်တာသစ်၌ ရှင်သန်နေရန် ဘုရားစကားတော်ကို နာခံနေရသည်(၁ပေ ၁း၂၂-၂၅)။
တဖန်သစ်လွင်ခြင်း၏ အထွဋ်အထိပ်သည် ကောင်းကင်သစ်နှင့် မြေကြီးသစ်ဖြစ်သည်။ ဘုရားရှင်၏ လူများ စုံလင်ကြသည့်အခါ ဖန်ဆင်းချက်သည်ပြန်လည်သစ်လွင်လာမည်(ဗျာ ၂၁း၁-၅)။
Repentance (နောင်တ)
အပြစ်သားများကယ်တင်ရန် ဘုရားရှင်က သခင်ယေရှုအား လူ့လောကသို့ စေလွှတ်တော်မူကြောင်း ဧဝံဂေလိသတင်းကောင်းက ပြောပြသည်။ နောင်တစိတ်သည် ကယ်တင်ခြင်းရရှိရန် အကြောင်းရင်းခံဖြစ်သည်။ အပြစ်သားများပြောင်းလဲရန် လိုအပ်သောကြောင့် ဧဝံဂေလိသတင်းကောင်းက နောင်တရရေး တောင်းဆို သည်(လု ၂၄း၄၇၊ တ ၂း၃၈)။ လွန်ကျူးသောအပြစ်များအတွက် ဝမ်းနည်းရပြီးနောက် အနာဂတ်တွင် ဘုရားရှင် အတွက်အသက်ရှင် ရသည်။
နောင်တရသောအခါ လောကရေးရာကမ္ဘာမှ ဘုရားသခင်၏ နိုင်ငံတော်အရေးသို ရောက်ရှိသည်(မ ၃း၂၊ ၄း၁၇)။ နောင်တရသူ၏အပြစ်ကို ဘုရားရှင်က ခွင့်လွှတ်တော်မူသည်(တ ၅:၃၁)။ ယုံကြည်ခြင်းကြောင့် ကယ် တင်ခြင်းရရှိ၍ နောင်တတရားက လိုက်ပါသည်(တ ၂၀၂၁)။
ဓမ္မဟောင်းကျမ်းတွင် နောင်တသည် အပြစ်ကို စွန့်ခွာပြီး(၄ရာ ၁၇း၁၃၊ ယောန ၃း၁၀) ဘုရားရှင်ထံသို့ ရောက်ရှိခြင်းဟု ဆိုလေ့ရှိသည် (ဟေရှာ ၅၅း၇၊ ယောလ ၂း၁၂၊ ၁၃)။ နောင်တသည် အနောက်ကို လှည့် ကြည့် သည်သာမက(ယုံကြည်သူသည် အတိတ်ကာလအတွက် ဝမ်းနည်းသည်) အနာဂတ်ကိုလည်း ရည်မျှော်သည် (ယုံကြည်သူသည် ဘုရားရှင်အတွက်အသက်ရှင်ရန် သူ့ဘဝကို အပ်နှံသည်)။
ဓမ္မသစ်ကျမ်းမှ နောင်တဟူသော စကားသည် စိတ်နှလုံးပြောင်းလဲခြင်းဖြစ်သည်။ နောင်တရသူသည် အတွေးအခေါ် အမျှော်အမြင်အားလုံးပြောင်းလဲသည်။ အတိတ်မှ လုပ်ရပ်များအတွက် စိတ်မကောင်းဖြစ်ရပြီး အနာဂတ်တွင် ခြေလှမ်းသစ် လမ်းသစ်ဖြင့် လျှောက်လှမ်းသည်။ ထိုသို ပြောင်းလဲရခြင်းမှာ ဘုရားရှင်၏ ခေါ်တော်မူသံက နောင်တရ၍ အထံတော်သိုရောက် ရှိရန် ဖိတ်ခေါ်ခြင်းဖြစ်သည်(တ ၃း၂၀)။
ထိုသို့သော စိတ်သဘောက လူကို အောက်ကျိုရိုကျိုးစေပြီး မိမိအမှားကို ဝန်ခံစေသည်(ယောဘ ၄၂း၆)။ သို့သော် အတိတ်မှ ဝမ်းနည်းကြေကွဲမှုကနောင်တရ၍ ကယ်တင်ခြင်းရရှိရန် အမြဲတမ်း ဦးဆောင်သည်မဟုတ်။ ယုဒရှကာယုတ်(မ ၂၇:၃-၅)၊ ဧသော(ဟေဗြဲ ၁၂း၁၇)တို့ကဲ့သို့လည်း ဖြစ်စေနိုင်သည်။ ဘုရားတရားသိသည့် ဝမ်းနည်းခြင်းသာလျှင် ယုံကြည်သူခရစ်ယာန်အား အပြစ်ကို စွန့်ခွာစေပြီး ဘုရားရှင်အတွက် ရှင်သန်ရေး ရှာဖွေစေသည်။ သို့မှသာ ကယ်တင်ခြင်း၏ ဝမ်းသာပီတိရရှိ၍ ကြေကွဲဝမ်းနည်းမှုများ ရပ်စဲစေသည်(၂ကော ၇း၁၀)။
Resurrection (ရှင်ပြန်ထမြောက်ခြင်း)
အပြစ်ဒုစရိုက်သားများက ယေရှုခရစ်တော်ကို ကားစင်တင်သတ်ကြသော်လည်း ဘုရားရှင်က သေခြင်း မှ ရှင်ပြန်ထမြောက်စေတော်မူသည်။ ရှင်ပြန်ထမြောက်ခြင်းသည် အစောဆုံးတရားဟောဆရာများ၏ အဓိကသတင်းကောင်းဖြစ်သည်(တ ၂:၃၂၊ ၃း၁၅၊ ၄း၁၀)။ ခရစ်ယာန်ယုံကြည်ခြင်း၏ အခြေခံ ပဓါနအချက်သည် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းဖြစ်သည်(၁ကော ၁၅း၁၇-၁၉)။
ဘုရားတန်ခိုးတော်က ခရစ်တော်၏ ခန္ဓာကိုယ်ကို ထမြောက်စေသည်။ ရှင်ပြန်ထမြောက်ရာနေ့ နံနက်ခင်း ၌ အုတ်ဂူထဲတွင် အလောင်းမရှိ၊ဟင်းလင်း ကျန်ရစ်သည်(မာ ၁၆)။ အကယ်၍ တမန်တော်များသည် ရူပါရုံ၊ ဝိညာဉ်သာမြင်ခဲ့ကြလျှင် ယုဒခေါင်းဆောင်များက တမန်တော်များအား အရူးလုပ်ကြပြီး ပုပ်ပွသော အလောင်းအား ပရိသတ်များရှေ့မှောက်၌ ထုတ်ဖော်ပြသကြပေမည်။ သို့သော် မည်သည့်နေရာသို အလောင်း ရောက်သွားကြောင်း လုံးဝမသိကြ။ တပည့်တော်များက ခိုးယူဝှက်ထားသည်ဟု ထင်ကြသည်(မ ၂၈း၁၂၊ ၁၃)။ အမှန်မှာ တပည့်တော်များက ထိုသို ခိုးယူဝှက်ထားခြင်းမဟုတ်။ သခင်ယေရှုသည် တဖန် အသက်ပြန်ရှင် ကြောင်း တွေ့မြင်ကြသည်။ အသွေးအသား၊ အရိုးအထည်များရှိသည်။ အစားအစာများ စားသောက်ပြပြီး(လု ၂၄း၃၇-၄၃) အကိုင်အတွယ်ခံသည်(ယော ၂၀း၂၇)။ ထိုသို သခင်ယေရှုအသက်ပြန်ရှင်ကြောင်း မခံယူလျှင် တမန်တော်များသည် ဆင်းရဲဒုက္ခနှင့်သေခြင်းကို ရင်ဆိုင်ဝံ့ကြမည်မဟုတ်။
ခရစ်တော်၏ ထမြောက်ခန္ဓာကိုယ်သည် ရှင်ပြန်မထမြောက်မှီ ခန္ဓာကိုယ်မျိုးမဟုတ်။ သူ့မိတ်ဆွေများက ပင်လျှင် သူ့အမြင်၊ အသံကို အမြဲမမှတ်မိကြ (ယော ၂၀း၁၄၊ လု ၂၄း၁၆)။ သော့ခတ်ထားသော အခန်းထဲသို ဝင်ထွက်ပြီး (ယော ၂၀း၁၉) ရုတ်ခြည်း ပြန်လည်ကွယ်ပျောက်သည်(လု ၂၄း၃၁)။
အချို့က သခင်ယေရှုသည် စစ်သားများက ကားတိုင်ပေါ်မှ အလောင်း ချစဉ်တွင် အမှန်တကယ် အသက်မပျောက်ဟု ထင်ကြသည်။ ရောမစစ်သားများသည် လူကို သေဒဏ်စီရင်ရာတွင် ထိုသို့ တစုံတရာ မှားယွင်းခြင်းမရှိကြ။ ထိုစဉ်တွင်လည်း သက်တော်ပျောက်ကြောင်း သေချာရန် စစ်သားတယောက်ကလှံဖြင့် နံဖေးတော်အား ထိုးခဲ့သည်(ယော ၁၉း၃၄)။ အကယ်၍ ခရစ်တော် သည် အမှန်တကယ် သက်တော်မပျောက် လျှင်လည်း ဒဏ်ရာဒဏ်ချက်များ၊ အုတ်ဂူထဲတွင် သင်္ဂြိုဟ်ခံရခြင်းများကြောင့် အသက်ရှူမဝဘဲ အသက်ပျောက် ပေမည်။ ထိုအပြင် နောက်(၂)ရက်အကြာ၌ ၁၄ မိုင်ဝေးသော ခရီးကို သွားနိုင် မည်မဟုတ်(လု ၂၄း၁၃-၃၅)။
ထိုရှင်ပြန်ထမြောက်ခြင်းသည် လူ့သမိုင်းကြောင်းတလျှောက်တွင်အထင်ရှားဆုံး မှတ်သားစရာဖြစ် သည်။ ထိုထမြောက်ခြင်းက သေဆုံးခြင်းသည် ဘဝနိဂုံးမဟုတ်ကြောင်း ပြသသည်။ ခရစ်တော်က သေခြင်းမဇ္ဈမာန်ကို အောင်ခရစ်တော်နှင့် ပေါင်းဖက်သူဖြစ်သည်(ယော ၁၁း၂၅၊ ၂၆)။ ထိုသိုဖြင့် ခရစ်နိုင်သည်။ သေခြင်းအလွန်၌ အသက်ရှင်ခြင်းရှိကြောင်း ယုံကြည်သူသည် တော်သည် ရှင်ပြန်ထမြောက်သူများ ရိတ်သိမ်းပွဲအပြီး၌ အဦးသီးသော အသီးဖြစ်သည်(၁ကော ၁၅:၂၀-၂၃)။
ဓမ္မဟောင်းကျမ်းတွင် အသက်ရှင်ခြင်းအကြောင်း ရောက်လာမည် (ဥပမာ ၁၆:၁၀၊ ဒံ ၁၂း၂)ဟု ဆိုသော်လည်း မျက်မှောက်ကာလ အကြောင်းကို အဓိကထားသည်။ ဓမ္မသစ်ကျမ်းကမူ ထာဝရအ သက်အကြောင်းပြောဆိုသည်။ ခရစ်တော်သည် ခန္ဓာကိုယ်ဖြင့် ထမြောက်သကဲ့သို ခရစ်တော်၏ လူများသည် ထိုနည်းတူ ရုပ်ခန္ဓာကိုယ်ဖြင့် ထမြောက်ကြမည်။ ခန္ဓာကိုယ် ဟောင်းသည် ဖုံမှုန့်ပြန်ဖြစ်ရသော်လည်း ခန္ဓာကိုယ် သစ်သည် အားနည်းခြင်း၊ ပုပ်ပျက်ခြင်းရှိတော့မည်မဟုတ်။ ခရစ်တော်၏ ဝိညာဉ်ခန္ဓာကိုယ်မျိုး ရှိကြမည် (၁ကော ၁၅း၃၅-၄၉)။
ရုပ်ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သွန်သင်ချက်သည် ရှင်ပေါလုခေတ်ကာလမှ ဂရိတို့၏ သွန်သင်ချက်နှင့် ဆန့်ကျင်သည်။ဂရိတို့၏ အတွေးအခေါ်တွင် ရုပ်ခန္ဓာကိုယ်သည် စိတ်ဝိညာဉ်၏ အကျဉ်းသားဖြစ်သည်။ သေဆုံးသည့်အခါ စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်၏ ကန့်သတ်မှုမှလွတ်မြောက်သည်ဟု ဆိုကြသည်။ စိတ်ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်သည် မတည့်အတူနေကြသူများဖြစ်ကြ၍ ရုပ်ခန္ဓာကိုယ်မှ စိတ်ဝိညာဉ် လွတ်သွားခြင်းသည်ပိုကောင်းသော အခြေအနေဖြစ်ကြောင်း ခံယူကြသည်။ ကျမ်းစာတွင်မူ ဘုရားသခင်က ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အား ပြုလုပ်ပေးထားကြောင်း သွန်သင်သည်။ ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ခွဲခြားစရာမဟုတ်ဘဲ လူ့ခန္ဓာကိုယ်ထဲ၌ အတူတူပေါင်းစပ်ကြသည်ဟု ဆိုသည်။ စိတ်ဝိညာဉ်က ခန္ဓာကိုယ်လိုအပ်သကဲ့သို ခန္ဓာကိုယ်ကလည်း စိတ်ဝိညာဉ်ကို လိုအပ်သည်။
ထိုသို့သော ရှင်ပေါလု၏ ရှင်းပြချက်ကို အေသင်ဒဿနအတွေး အခေါ်ပညာရှင်များက ငြင်းပယ်ကြ သည်(တ ၁၇း၃၁၊ ၃၂)။ မပြောပလောက် အနည်းငယ်ကသာ ခန္ဓာကိုယ်ထမြောက်ခြင်းအကြောင်းကို စိတ်ဝင်တစားလက်ခံကြသည်။ ယုဒလူများထဲမှ ယဇ်ပုရောဟိတ်ကြီးအဖွဲ့ ဇဒ္ဒုကဲလူတို့ကလည်း ရှင် ပြန်ထမြောက်ခြင်းကို လက်မခံ ငြင်းဆန်ကြသည်။
ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းက ယုံကြည်သူများအား သေခြင်း ကိုအောင်နိုင်သည့် မျှော်လင့်ချက်ထက် အလွန်ခွန်အားပေးသည်။ ခရစ်တော် နှင့်ပေါင်းစည်းသူသည် ဇာတိဟောင်းကို သေလွန်စေပြီး ခရစ်တော်ထဲ၌ အသက်တာသစ်ဖြင့် ရှင်သန်သည်(ဂလာ ၂း၂၀၊ ၆း၁၄)။ သို့သော် မျက်မှောက် ကာလရှိ ယုံကြည်သူများသည် စုံလင်ကြသည်ဟု မဆိုလိုပါ။ ခရစ်တော်၏ သက်တော်စဉ်မျိုး ရရှိကြရန် ဇာတိဟောင်းနှင့် အဆက်မပြတ် နပန်းလုံးနေရသည်။
ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းက ရွေးကောက်တော်မူသောသူ များ၏ အပြစ်များဖြေလွှတ်ရန် ကားတိုင်ပေါ်၌ ခရစ်တော်၏ ယဇ်ပူဇော်ခြင်းကို ဘုရားရှင်က လက်ခံတော်မူကြောင်း ပြသသည်။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ဘုရားရှင်က သူ့လူများအား အပြစ်ဒုစရိုက် ကင်းစင်သူ အဖြစ် လက်ခံကြောင်း ပြသသည်(ရော ၄း၂၅)။ ခရစ်တော်ကို မယုံကြည်သူ သည် ခရစ်တော်၏ အသေခံတော်မူခြင်း၊ ရှင်ပြန်ထ မြောက်ခြင်းနှင့် ပတ်သက်ခြင်းမရှိသူဖြစ်၍ အပြစ်တရားစီရင်ခြင်း စောင့်နေသူဖြစ်သည်(ယော ၅း၂၉)။
ဗတ္တိဇံမင်္ဂလာသည် ခရစ်တော်၏ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းတွင် ပါဝင်၍ ထိုကာလမှစပြီး အသက်တာသစ်ရရှိသည်။ နောင်တနေ့ တွင် ရုပ်ခန္ဓာကိုယ်ဖြင့် ရှင်ပြန်ထမြောက်မည့် ကတိတော် အမှတ်အသားဖြစ်သည်(ရော ၆း၁-၁၄)။
Revenge (ကလဲ့စားချေခြင်း)
ဘုရားသခင်သည် အပြစ်ဒုစရိုက်သားများကို မှန်ကန်စွာ ကလဲ့စားစီရင်သည်(တရား ၃၂း၃၅)။ ဣသရေလလူသစ်တိုသည် တဦးတယောက်ချင်း ကလဲ့စားချေရန် ကြိုးပမ်းရသည်မဟုတ်။ မိမိအိမ်နီးနား ချင်းများကို ချစ်ခင်ရသည်(ဝတ် ၁၉း၁၈)။ ဣသရေလတမျိုးသားလုံး၏ ရန်သူအား ဘုရားရှင်က ကလဲ့စားချေ ပေးသည်(တော ၃၁း၂၊ ၃)။ အခြားသူများကိုအကြမ်းဖက်၍ ထိခိုက်ဒဏ်ရာရရှိသူများအား ဘုရားရှင်က အပြစ်စီရင်သည် (ဝတ် ၂၄း၁၇-၂၁)။
လူသတ်မှုကျူးလွန်သူသည် သေလွန်သူ၏ နီးစပ်ရာဆွေမျိုးက သွေးကြေးတောင်းနိုင်သည်(တော ၃၅း၁၉)။ သွေးကြွေးဆိုသည်မှာ သွေးဖြင့် ရွေး နှုတ်ခြင်းဖြစ်သည်။ လူသတ်မှုတွင် လူသတ်သမားသည် အသက်ပြန်ပေးရသည်(က ၉း၆ ကို တရား ၂၁း၈ နှင့်ယှဉ်ကြည့်ပါ။ ထိုအခါမျိုးတွင် လူသတ်သမား ကိုယ်တိုင်မှလွဲ၍ အခြားလူအား သတ်ဖြတ်ခွင့်မရှိ(တရား ၂၄း၁၆၊ ၄ရာ ၁၄း၆)၊ ‘အကယ်၍ ထိုလူသတ်မှုသည် မတော်တဆကိစ္စ၊ လူသေမှုဖြစ်လျှင် ထိုသူကို သေစေသူသည် သွေးကြွေးတောင်းခံခြင်းမှ ကင်းလွတ်ရန် ဒုက္ခသည်ခိုလှုရာမြို့သို့ ခိုလှုခွင့်ရှိသည်။
ခရစ်တော်ကမူ မိမိကို ဒုက္ခပေးသူအား ကလဲ့စားချေဘဲ မေတ္တာပိုရန် သွန်သင်သည်(မ ၅:၃၈၊ ၃၉)။ ထိုတာဝန်ကို ဘုရားရှင်၏ ဝန်တာအဖြစ် ထားရှိရသည်(ရော ၁၂း၁၉၊ ဗျာ ၆း၁၀)။ ဤနေရာတွင် ရာဇဝတ်မှုကို ပလိုက်ရသည်ဟု မဆိုလိုပါ။ သက်ဆိုင်ရာ အာဏာပိုင်က စီရင်ရသည်။ ထိုသို့ ဖြင့် ဘုရားရှင်၏ အရေးယူပေးချက်ကို တည်မှီရသည်(ရော ၁၃း၄)။
Revelation (ဗျာဒိတ်)
ဗျာဒိတ်ဆိုသည်မှာ လျှိဝှက်ထားချက်အား ဖွင့်ပြခြင်းဖြစ်သည်။ ဘုရားသခင်သည် သူကိုယ်တိုင် ထုတ်ဖော်ပြသခြင်းမရှိသရွေ့ လူများက မသိနားမလည်နိုင်ကြ(ဟေရှာ ၄၅း၁၁)။ ဘုရားသခင်ကို မသိမြင်ရခြင်းမှာ ဘုရားသခင်နှင့် လူ့အကြား၌ အပြစ်တရားက ကာဆီးသောကြောင့်ဖြစ်သည်(ဟေရှာ ၅၉း၁၂၊ အကယ်၍ လူတွင် အပြစ်ကင်းစင်လျှင်လည်း ဘုရားရှင်ကိုယ်တိုင်က လူများထံသို ထုတ်ဖော်ပြသမှသာ သိမြင်နိုင်သည်။ ဧဒင်ဥယျာဉ်မှာ အာဒံသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို လိုချင်သည်(က ၂း၁၆၊ ၁၇)။ ဘုရားသခင်သည် လူများက သိရှိရန် သူကိုယ်တိုင် မိမိကိုယ်ကို ထုတ်ဖော်ပြသခြင်းမရှိလျှင် ဘုရားရှင်သည် ကြီးမြတ်လွန်းသောကြောင့် လူများအတွက် အံ့ဩကုန်နိုင် တွယ်ရာဖြစ်သည်(ယောဘ ၄၂း၃၊ ဟေရှာ ၅၅း၈၊ ၉)။ ဘုရားရှင်ကိုယ်တိုင်က သူ့ကိုယ်သူ ပြသတော်မူသောကြောင့် လူများက သိရှိကြသည်(တရား ၂၉း ၂၉)။
ဘုရားရှင်က လူများအား သူ့ကို သိရှိစေချင်သည်။ လူများသို ထိုသို့ ပြသခြင်းသည် ဘုရားရှင်၏ သွင်ပြင်လက္ခဏာတရပ် ပြသချက်ဖြစ်သည်(အာ ၄း၁၃၊ ဒံ ၂း၂၉)။ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်က သူ့ကိုယ်သူအား သဘာဝတရား(ဆာ ၁၉း၂)၊ အိမ်မက်များနှင့် ရူပါရုံများ(တော ၁၂း၆)၊ ဘုရားသခင်၏ ကောင်းကင်တမန်(သူကြီး ၆း၁၂-၂၃)၊ နှုတ်ကပတ်တော်(ယေ ၇း၁) စသည့် နည်းလမ်းမျိုးစုံဖြင့် ထုတ်ဖော် ပြသတော်မူသည်။
လူ့သမိုင်းကြောင်း၌ ပြုတော်မူချက်များ အစေခံများသို ပြုတော်မူ ပုံများ၊ မိန့်တော်မူချက်များဖြင့်လည်း သူ့ကိုယ်သူအား ပြသတော်မူသည်(အာ ၃း၇)။ အဲဂုတ္တုပြည်၌ ဣသရေလတို့ ဆင်းရဲဒုက္ခ ကြုံတွေ့ခံစားကြစဉ် ဘုရားရှင်က ပလိပ်ရောဂါ ကျရောက်စေခြင်း၊ ပင်လယ်နီနှစ်ခြမ်းကွဲစေခြင်း စသဖြင့် သူ့ကိုယ်သူအား ပြသ တော်မူသည်။ ထိုအကြောင်းကို သူ့လူများအား ကျေးကျွန် ဘဝမှ ကယ်ထုတ်သည့်အကြောင်း ဣသရေလ လူများက သိရှိနားလည်ကြရန် ဖြစ်ကြောင်း မောရှေထံသို မိန့်တော်မူခဲ့သည်(ထွ ၃း၁-၂၀)။
ဘုရားရှင်က ထိုသို ပြုတော်မူပုံကို နှောင်းလူတိုက သိရှိနားလည် နိုင်ရန် သမ္မာကျမ်းစာ၌ မှတ်တမ်း တင်ထားသည်။ သို့သော် ကျမ်းစာသည်အတိတ်ကာလမှ အဖြစ်အပျက်များကိုသာ ရေးမှတ်ထားသည့် သမိုင်းစာအုပ်မဟုတ်။ ဘုရားရှင်၏ ဗျာဒိတ်တော်စကားဖြစ်သည်။ ဓမ္မသစ်ကျမ်းက ဓမ္မဟောင်းကျမ်းသည် ဘုရားစကားတော်ဖြစ်သည်ဟုဆိုသည်(တ ၄း၂၅၊ ၂၆၊ ဟေဗြဲ ၁း၇-၁၁၊ ၄း၃)။
ဓမ္မဟောင်းဗျာဒိတ်စကားသည် ဘုရားရှင်နှင့် အာဗြဟံတိုပဋိညာဉ်ကို အခြေပြုသည်(က ၁၂း၂၊ ၃၊ ၁၅း၁၇၊ ၁၈)။ ဘုရားရှင်က ထိုသို ပဋိညာဉ်ပြုပုံကို သိနာတောင်ပေါ်တွင် မောရှေ့ထံသို ထပ်မံအတည်ပြုသည်။ ဘုရားရှင်က ဣသရေလလူမျိုးသို သူ့တရားတော်များ ပေးအပ်သည်။ ထိုကား ဘုရားရှင်ထံသို ပြုဖွယ်ပ ညတ်တရားများဖြစ်သည်။ နောင်တွင် ပရောဖက်များက ဣသရေလလူများအား ပဋိညာဉ်သို ပြန်လည်ခေါ် ဆောင်ကြပြီး စောင့်ရှောက်ခြင်းမရှိလျှင် မည်သိုဖြစ်ကြမည့်အကြောင်း သတိပေးသည်။ ထိုအပြင် ဘုရားရှင်၏လူများ စိတ်နှလုံးစာမျက်နှာ၌ ပဋိညာဉ်သစ်ရေးမည့် ရှေ့ရေးအကြောင်းကိုလည်း ပြောပြကြသည်။
ဘုရားရှင်၏ အကြီးမြတ်ဆုံးနှင့် အရှင်းလင်းဆုံး ဗျာဒိတ်ကို သားတော်ယေရှုခရစ်တော်ဖြင့် ပြသတော်မူသည်(ယော ၁း၁၈၊ ဟေဗြဲ ၁း၁၊ ၂)။ခရစ်တော်မတိုင်မှီတွင် ဘုရားသခင်၏ လျှိဝှက်ချက် အမြောက်အမြား ဝှက်ထားသည်(၁ပေ ၁း၁၀-၁၂)။ ထိုနောက်တွင်မူ လူတိုအတွက် ရည်ရွယ်ချက်ဟူသမျှကို ခရစ်တော်မှတဆင့် ထုတ်ဖော်ပြသတော်မူသည်(ရော ၁၆း၂၅ ၊ ၁ကာ ၂း၇-၁၀)။ ဒုစရိုက်လူ(၂သက် ၂း၃-၆)၊ ယုံကြည်သူတို၏ ကယ်တင်ခြင်းတရားစုံ(၁ပေ ၁း၅၊ ၇)နှင့် ခရစ်တော် ဒုတိယအကြိမ်ပြန်လည်ကြွလာ ခြင်း(၁ကော ၁း၇)အပါအဝင် ဗျာဒိတ်တော်များသည် ခရစ်တော်ဖြင့် အစုံအလင် ပြသတော်မူမည်။
ဓမ္မဟောင်းကျမ်းသည် ခရစ်တော်၏ စုံလင်သော ဗျာဒိတ်တော်ကိုရှေးရှုရည်ပျော်သည်။ ကားတိုင်ပေါ်မှ ခရစ်တော်၏ ယဇ်( လု ၂၂း၂၀၊ ဟေဗြဲ ၁၀း၁၁-၁၈)သည် ပဋိညာဉ်သစ်ဖြစ်ကြောင်း ဓမ္မသစ်ကျမ်း၌ ရေးထားသည်။ ဘုရားသခင်ကိုယ်တိုင်က သူ့ပဋိညာဉ်များဖြင့် သူ့လူများထံသို့ ထုတ်ဖော်ပြော တော်မူသည်။ ပဋိညာဉ်တွင် နှစ်ဦးနှစ်ဘက် သဘောတူညီမှုရှိသည်။ ထို့ကြောင့် ဘုရားရှင်သည် သူ့ကိုယ်သူအား လူများထံသို ထုတ်ဖော်အခါ သူ့ကို ယုံကြည်ကိုးစားကြရန်နှင့် မိန့်တော်မူချက်များအား နာခံကြရန်တောင်းဆိုသည်။ ဗျာဒိတ်တော်တွေ့မြင်ရန် မှော်ပညာသို့သော အထက်လမ်း၊ အောက်လမ်းပညာများဖြင့် မရှာဖွေကြရန် တားမြစ်တော်မူသည်(ဝတ် ၁၉း၂၆)။
ဘုရားရှင်၏ ဗျာဒိတ်တော်ကို ရုတ်ခြည်း နားမလည်နိုင်ကြ။ နီကောဒင်(ယော ၃း၄၊ ၉)၊ တပည့်တော်များ( ၈း၁၇၊ ၂၁)တိုသည် ခရစ်တော်၏ သွန်သင်ချက်ကို ပထမအကြိမ်တွင် သဘောမပေါက်ကြ။ ဆာလံဆရာတ တရားတော်များနားလည်နိုင်ရန် ဆုတောင်းရကြောင်း ဆိုထားသည်(ဆာ ၁၁၉း ၂၇)။ မယုံကြည်သူသည် စုံလုံး ကန်းသူ(၁ကော ၂း၁၄၊ ၂ကော ၄း၄) ဖြစ်သောကြောင့် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိ။ ယုဒလူများသည် မောရှေ၏တရားကို နားမလည်နိုင်ကြ။ အကြောင်းသော် ခရစ်တော်၏ သွန် သင်ချက်ကို လက်မခံချင်ကြသည့် အပြင် ကိုယ်တော်အား မေရှိယသခင်အဖြစ် မသိမှတ်ကြ(၂ကော ၃း၁၄၊ ၁၅)။ ကျမ်းစာပါ ဘုရားသခင်၏ ဗျာဒိတ်တော်စကား မသိနားမလည်ခင်တွင် သန့်ရှင်းဝိညာဉ်တော်၏ အမှုတော်ပြုပုံအားသိရှိရန် ခရစ်တော်ထံသို့ ရိုကျိုးစွာ ဆက်ကပ်ရသည်။
Reward (ဆု)
ဓမ္မဟောင်းခေတ်ကာလ၌ ဘုရားရှင်က သူ့အပေါ်သို့ ယုံကြည်ခြင်း သစ္စာရှိသူများထံသို လောကကောင်း ချီးမင်္ဂလာများ ပေးတော်မူသည်( တရား ၂၈း၁-၁၄၊ သု ၁၃း၂၁)။ ထိုသို့သော ဆုချခြင်းသည် ဘုရားရှင်၏ တရားမျှတမှုဖြစ်သည်(ဆာ ၅၇း၁)။ သို့သော် ဖြောင့်မတ်သူများထက် ယုတ်ညံ့သူများက မကြာခဏ ချမ်းသာကြွယ်ဝတတ်ကြသည်(ယောဘ ၂၁း၇ – ၁၅၊ ဆာ ၇၃း၃ -၁၂ ဒေ ၈း၁၄)။ သို့သော် ဘုရားရှင်သည် တခါတရံ ဖြောင့်မတ်သူအား ဆုချရန်နှင့် လူဆိုးများအား အပြစ်ဒဏ်ပေးရန် ပျက်ကွက်သည်ဟု ဆိုလိုခြင်း ၊မဟုတ်။ ဘုရားရှင်သည် တရားမျှတ၍ တနေ့သောအခါ လူဆိုးများကို အပြစ် ဟောင်းကျမ်းမှ အကြီးမြတ် ဆုံးလက်ဆောင်သည် လူ့ဘဝတသက်မျှပင် ဒဏ်စီရင်မည့်အကြောင်း သူ့လူများက သိရှိကြသည်(ဆာ ၇၃း၁၇)။ ဓမ္မဟောင်းကျမ်းမှ အကြီးမြတ်ဆုံးလက်ဆောင်သည် လူ့ဘဝတသက်မျှပင် ခံနိုင်ရည် မရှိ။ သို့သော် နောင်ဘဝ တိုင်အောင် ဆက်နိုင်သော ဆုလက်ဆောင်တခု ရှိသေးသည်(ဆာ ၁၇း၁၄၊ ၁၅)။
ခရစ်တော်က တပည့်တော်များအား ကောင်းကင်ဘုံတွင် ဆုရရှိကြမည့်အကြောင်း သွန်သင် တော်မူသည်(မ ၅း၁၂)။ ထိုဆုသည် အမွေ(ကော၃း၂၄)နှင့် ဖြောင့်မတ်ခြင်းသရဖူဖြစ်သည်(၂တိ ၄း၅)။ လူ့ဘဝတွင် ယုံကြည် သူများသည် ဆုထက် ဆင်းရဲဒုက္ခကို ပိုမိုခံစားသကဲ့သိုဖြစ်သည်(မ ၅း၁၀-၁၂၊ မာ ၁၀း၂၉၊ ၃၀)။
ကောင်းကင်ဆုသည် လူ့ကောင်းမှုကုသိုလ်ကြောင့် ချီးမြှင့်ခြင်းမဟုတ်။ ကယ်တင်ခြင်းအကျွတ် တရားသည် ကြိုးပမ်းချက်ဖြင့် မရနိုင်။ မေတ္တာလက်ဆောင်ဖြစ်သည်(ဧ ၂း၈၊ ၉)။ သို့သော် အကျင့်ကောင်းသည် ခရစ်ယာန်များ၏ လက္ခဏာအမှတ်အသားဖြစ်သည်(လု ၁၇း၇-၁၀)။ အကျင့်ကောင်းမရှိသူသည် အသက်တာ၌ သန့်ရှင်းဝိညာဉ်တော် မခံယူသူဖြစ်သည်(ဂလာ ၅း၁၆-၂၅)။ ခရစ်ယာန်များ၏ ကယ်တင်ခြင်းအကျွတ်တရားကို နှစ်ပေါင်းကြာရှည်ကပင် ကယ်တင်ခြင်းရရှိရန် အစေခံယူသူနှင့် ဘဝနေဝင်ခါနီးတွင် ကယ်တင်ခြင်း ရရှိသူတို့ သည် အတူတူဖြစ်ကြသည်(မ ၂၀း၁-၁၆ နှင့်ယှဉ်ကြည့်)။
ဓမ္မသစ်ကျမ်းတွင် ဆုအမျိုးမျိုး တွေ့ရသည်။ အရှင်းလင်းဆုံး ကျမ်းချက်မှာ ၁ကော ၃း၁၀-၁၄ ဖြစ်သည်။ ကယ်တင်ခြင်းရရှိသော်လည်း မခံယူသူသည် ကယ်တင်ခြင်းသာရရှိ၍ ဘုရားသခင်၏ အစေခံ ယူသူသည်ခရစ်တော်၏ ကြွယ်ဝခြင်းဆုကိုလည်း ရရှိသည်။ ထိုဆုများကို ကျမ်းစာ၌ ပြောပြခြင်းမရှိ။
Rome (ရောမ)
ရောမမြို့သည် လွတ်လပ်သော မြိုတခုအဖြစ် စတင်သည်။ အီတလီတနိုင်ငံလုံးကို ပထမဆုံးအုပ် စိုးသည့်တိုင်အောင် တန်ခိုးကြီးထွားပြီးနောက် ဗြိတိန်မှ အာရေဗျထိ ကျယ်ပြန့်သည်။ ရောမမြိုသည် နှစ်ပေါင်းကြာရှည် လူများ၏ မြို့တော်ဖြစ်၍ နိုင်ငံရေးစနစ်သည် အင်ပါယာစနစ်မှ မြိုပြစနစ်သို့ ပိုဆန်လာသည်။ ဘီစီ ၂၇ တွင် ကဲသာဩတာဗျနုက ထိန်းချုပ်သည့် အချိန်ထိ ပြည်တွင်းစစ်အလယ်တွင် ပြည်သူ့အစိုးရစနစ် ပျက်စီးသွားသည်။ ဩတာဗျာနုသည်လည်း ဩဂုတ်စတပ် နာမည်ခံယူသည်။ သူ့နောက်မှ မိသားစုဝင်များက အေဒီ ၆၉ ခုနှစ်၌ ပြည်တွင်းစစ်တဖန် ဖြစ်ပွားချိန်ထိ ဆက်လက်အုပ်စိုးကြသည်။ ဩဂုတ်စတပ်၏ မိသားစုတို သေလွန်ကြကုန်သော်လည်း သူ့အစိုးရစနစ်သည် ဆက်လက်တည်တံ့သည်။ တန်ခိုးအာဏာသည် ဆီးနိတ်မှ ဧကရာဇ်စနစ်သို ရောက်ရှိသည်။
ဩဂုတ်စတပ်၏ စနစ်သည် သူကိုယ်တိုင်နှင့် ဆီးနိတ်အကြားတွင်ရှိလာသည်။ ဆီးနိတ်က အင်ပါယာကို ပိုမိုငြိမ်းချမ်းသာယာစွာ အုပ်စိုး၍ ဧကရာဇ်က စစ်ရေးစစ်ရာနှင့် အခြားအခက်အခဲများကို ထိန်းကျောင်းသည်။ ရောမစစ်တပ်၏ အဓိကအင်အားစုသည် ဧကရာဇ်မင်း၏ ထိန်းချုပ်မှုအောက်၌ ရှိသည်။ ဤစနစ်က ရောမအင်ပါယာထဲရှိ တိုင်းနိုင်ငံများအား ငြိမ်သက်ချမ်း မြေစေသည်။ မိမိနေရပ်ဒေသအတွင်းတွင် လွတ်လပ်စွာ ခရီးသွားလာခွင့် ရှိခြင်းသည် ပင်တေကုတ္တနေ့နောက်ပိုင်းတွင် လျင်မြန်စွာ သတင်းကောင်း ပျံ့နှံရေး အထောက် အကူဖြစ်လာသည်။
ရောမနိုင်ငံသားများသည်လည်း အထူးအခွင့်အရေး ရရှိလာကြသည်။ဓမ္မသစ်ကျမ်းခေတ်ကာလ၌ ရောမအစိုးရက အုပ်စိုးသည့် နိုင်ငံသားတိုင်းသည်အလိုလို ရောမနိုင်ငံသားဖြစ်ခွင့်မရကြ။ အင်ပါယာအစိတ် အပိုင်းများ၌ ရောမကိုလိုနီနိုင်ငံဟူ၍ သီးသန့်ရှိသည်။ ထိုကိုလိုနီနိုင်ငံသားများသည် ရောမနိုင်ငံသားဖြစ်ခွင့် ရရှိကြသည်။ ဖိလိပ္ပိသည် ရောမကိုလိုနီနိုင်ငံတခုဖြစ်ခဲ့သည်။
ရောမအစိုးရသည် သားစဉ်မြေးဆက် ရောမနိုင်ငံသားဖြစ်ခွင့် လက်ဆောင်ပေးတတ်ကြသည်။ ရှင်ပေါလုသည် လူမျိုးရေးအရ ယုဒလူမျိုးဖြစ်သော်လည်း မွေးရာပါအခွင့်အရေးအရ ရောမနိုင်ငံသား ဖြစ်သည်(တ ၂၂း ၂၈)။ ထိုနိုင်ငံသားဖြစ်ခွင့်ကို အရာရာ၌ အသုံးချသည်(တ ၁၆း၃၇-၃၉၊ ၂၂- ၂၅ ၊၂၃း ၂၇၊ ၂၅း၁၀၊ ၁၁)။
နောင်တွင် ရောမအင်ပါယာသည် ပိုမိုဆိုးသွမ်းလာသည်။ ဗျာ ၁၇တွင် ရောမကို တောင်ကုန်း(၇)ခုပေါ်၌ တည်သောမြို(ငယ် ၉)၊ အခြားဘုရင်များအပေါ် အုပ်စိုးသောမြိုကြီးအဖြစ် ဆိုထားသည်(ငယ် ၁၈)။ ဗျာဒိတ်ကျမ်း၊ ရေးသားစဉ်တွင် အင်ပါယာအရှေ့ခြမ်းသည် ဧကရာဇ်မင်းကို နတ်ဘုရားအလား ကိုးကွယ်ကြ၍ သစ္စာစောင့်သိကြသည်။ ခရစ်ယာန်မဟုတ်ကြသော် ယုဒလူများသည် ထိုအချက်ကို လက်မခံကြ။ သာမန်သာ သနာပလူများ သည်ရုပ်တုဘုရားတု ကိုးကွယ်သူများဖြစ်ကြသောကြောင့် ထိုဧကရာဇ်မင်းကို ကိုးကွယ်ရန် အခက်အခဲမရှိကြ။ ခရစ်ယာန်များမှာမူ ကျမ်းစာလာ ဘုရား သခင်မှတပါး အခြားတစုံတရာအား ကိုးကွယ်ခြင်း လက်မခံကြသောကြောင့် ထိုကာလ၌ အများအပြား နှိပ်စက်ဖျက်ဆီးခြင်း ခံကြရသည်(ငယ် ၆)။
Sabbath (ဥပုသ်)
ဥပုသ်ဟူသော စကားလုံးသည် တစုံတရာအား အဆုံးသတ်ခြင်းဟု အနက်ရသည်။ ထိုကြောင့် ဥပုသ်နေ့သည် အလုပ်လုပ်ခြင်းကို အဆုံးသတ်၍ အနားယူသည့်ရက်ဟု အနက်ရသည်။
ဘုရားရှင်သည် ဣသရေလလူတိုအား အဲဂုတ္တုပြည်မှ ထွက်မြောက်စေပြီး များမကြာမှီကာလတွင် ဥပုသ်နေ့ စီရင်ပြဌာန်းသည်(ထွ ၁၆:၂၃၊ ၂၉)။ ထိုနေ့ရက်က အဲဂုတ္တုပြည်၌ ကျေးကျွန်ဘဝ ခံခဲ့ကြရပုံ၊ ဘုရားသခင်၏ တန်ခိုး တော်က ကယ်တင်တော်မူပုံများအား အောက်မေ့သတိရစေသည်။ ထိုနေ့၌ အရှင်သခင်များ အလုပ်ရပ်နားကြသကဲ့သိုပင် အစေခံများကိုလည်း နားရက်ပေးရသည်(တရား ၅း၁၂-၁၅)။
ဥပုသ်နေ့အကြောင်း အခြားတချက်ကို ဖန်ဆင်းခြင်းအကြောင်း၌ တွေ့ရသည်(ထွ ၂၀း၁၁)။ ဖန်ဆင်း ခြင်း(၇)ရက်နေ့သည် ဖန်ဆင်းခြင်းပြုတော်မူချက်၏ အထွဋ်အထိပ်ဖြစ်သည်(က ၂း၃)။ လူသည် အနားယူရန် လိုအပ်သည့်အပြင် ဘုရားရှင်တော်အကြောင်း စဉ်းစားဆင်ခြင်လျက် ဖန်ဆင်းခြင်းအပေါ် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူရသည်။ လူသည် မိမိအသက်မွေးဝမ်းကြောင်းပြုရန် အလုပ်လုပ်ရသော်လည်း ထိုနေ့ရက်များထက် ဥပုသ်နေ့သည် ပိုမိုအရေးကြီးသည်။ ထိုသိုဖြင့် ထိုနေ့ရက်သည် ဘုရားသခင်နှင့်အတူ အချိန်ယူရာ နေ့ရက်ဖြစ်ရသည်(တရား ၈း၃ ကိုကြည့်)။
ယုဒဥပုသ်နေ့သည် ပွဲတော်ရက်၊ ဘုရားသခင်ကို ကိုးကွယ်ရန် ဆုံတွေ့ ရသည့်နေ့ရက်ဖြစ်သည် (ဝတ် ၂၃း၃၊ တော ၂၈း၉၊ ၁၀)။ ထိုနေ့ရက်သည် သူ့လူများသိုပြဌာန်းသော နေ့ရက်ဖြစ်သည်(ထွ ၁၆း၂၉)။ အနားယူပြီး ဘုရားရှင်တော်အကြောင်း စဉ်းစားဆင်ခြင်ရသည်။ ထိုကြောင့် ထိုနေ့ရက်သည် ဘုရားရှင်က ပိုင်ဆိုင်သည်(ဝတ် ၁၉း၃၊ ၂၃း၃)။ ဘုရားရှင်က လူများအား စကားတော်နာခံရန် တောင်းဆိုသည်။ ဥပုသ်နေ့ကို ချိုးဖောက်ခြင်းသည် ဘုရားရှင်က သူ့ကို အုပ်စိုးခြင်းအား ငြင်းပယ်ခြင်းဖြစ်သည်။ ထိုကြောင့် ဥပုသ်နေ့ ချိုးဖောက်ခြင်းသည် သေဒဏ်ခံခဲ့ကြသည်(ထွ ၃၅း၂၊ တော ၁၅း၃၂-၃၆)။
ဥပုသ်နေ့ကဲ့သိုပင် မောရှေက ဥပုသ်နှစ်ပြဌာန်းသည်(ဝတ် ၂၅း၁-၇)။ ထိုသိုပင် (၇)နှစ်တိုင်း လယ်ယာ မြေကို အနားပေးရသည်။ ထိုသို (၇)နှစ်မြောက် ဥပုသ်နှစ်၌ တနှစ်လုံး အနားယူနိုင်ရန် ဘုရားရှင်က သူ့လူများအား ခြောက်နှစ်မြောက်တွင် ကြွယ်ဝစွာ ရိတ်သိမ်းစေတော်မူသည်(ဝတ် ၂၅း၂ဝ-၂၂)။ မည်သို့သော နှစ်ပမာဏတွင် မကြာခဏ ဥပုသ်နှစ်အဖြစ် စောင့်ရကြောင်း မသိရသော်လည်း ပြည်နှင်ဒဏ်မခံရခင်တွင် နှစ်ပေါင်းကြာရှည် မေ့လျော့ခဲ့ကြသည်။ ပြည်နှင်ဒဏ်ကာလ၌ မြေယာကို ဥပုသ်နှစ်အဖြစ် အနားပေးကြသည်(၆ရာ ၂၃း၂၁၊ ဝတ် ၂၆း၃၄၊ ၃၅)။
ဣသရေလလူများသည်လည်း အပတ်တိုင်း ဥပုသ်နေ့ကို မစောင့်ထိန်းကြ(နေ ၁၃း၁၅-၂၂၊ ယေ ၁၇း၁၉-၂၇)။ ထိုကာလ၌ သေဒဏ်ပြဌာန်းပုံမရ။ ဣသရေလတိုသည် ဥပုသ်စောင့်ခြင်းကို ပွဲလမ်းသဘင်အဖြစ် ခံယူကြ၍ အလုပ်အကိုင်မလုပ်ရန် ဟန့်တားကြသည်(အာ ၈း၅)။ ဥပုသ်နေ့အား စောင့်ထိန်း ခြင်းကို တရားမျှတခြင်း(ဟေရှာ ၁း၁၃-၁၇)၊ ဘုရားရှင်ထံ သစ္စာစောင့်သိခြင်း (ဟော ၂း၁၁-၁၃)အဖြစ် အလေးမထားကြ။ ထိုကြောင့် ပရောဖက်များက ကိုးကွယ်ခြင်းထက် နာခံခြင်းသည် ပိုမိုအရေးကြီးကြောင်း သတိပေးကြသည် (အာ ၅း၂၁-၂၄)။
ဓမ္မဟောင်းနှင့် ဓမ္မသစ်ကြားကာလတွင် ယုဒလူများသည် ဥပုသ်နေ့တွင် တရားဇရပ်၌ ဘုရားသခင်ကို ရှိခိုးကိုးကွယ်ကြသည်။ ထိုဝတ်ပြုကိုးကွယ်ခြင်းက တရားတော်သင်ယူခြင်းအား အလေးထားစေသည်။ ဥပုသ်နေ့ကို ပိုမိုကြပ်တည်းစွာ စောင့်ထိန်းခြင်းအပါအဝင် ကျမ်းစာလာ ဥပဒေသများစောင့်ထိန်းရန် အပိုထုံးတမ်း စဉ်လာများ ပြဌာန်းလာကြသည်။
သခင်ယေရှုသည် ဥပုသ်နေ့တွင် တရားစရပ်သို ကြွမြန်းသည့်အခါ (လု ၄း၁၆) ဥပုသ်နေ့စောင့်ထိန်းရန်၌ အပိုဥပဒေသများ ပြဌာန်းခြင်းကို ဆန့်ကျင်တော်မူသည်။ ဥပုသ်နေ့ဟူသော စကားရပ်၏ တကယ့်အနက်သည် လူများအကျိုးသယ်ပိုးရာ နေ့ရက်ဖြစ်သည်(မာ ၂:၂၇)။ ထိုနေ့ရက်တွင် အသီး အနှံများကိုလည်း ခူးဆွတ်စား သုံးခွင့်ရှိသည်(မ ၁၂း၁)။ သခင်ယေရှုက ဥပုသ်နေ့တွင် ကောင်းမှုပြုသမျှသည် ကောင်းယဉ်သည်(မ ၁၂၉-၁၄)ဟု မိန့်တော်မူသည်။ ထိုထက်အရေးကြီးသည်မှာ သခင်ယေရှုက သူသည် ဥပုသ်နေ့၏ အရှင်သခင်ဖြစ်သည်ဟူသော မိန့်တော်မူချက်ဖြစ်သည်(မာ ၂း၂၈)။ ထိုစကား တော်သည် ဓမ္မဟောင်းသွန်သင်ချက်မှ ဥပုသ်နေ့၏ သခင်သည် ဘုရားသခင် ဖြစ်သည်၊ အကြောင်းသော် ထိုနေ့ရက်ကို ဘုရားသခင်ပိုင်ဆိုင်တော်မူ၏ ဟူသောသွန်သင်ချက်နှင့် ထပ်တူနီးပါးဖြစ်သည်။
အသင်းတော်၏ ကနဦးကာလ၌ ခရစ်ယာန်များသည် ဝတ်ပြုကိုးကွယ်ရန် ယုဒတို၏ ဥပုသ်နေ့ (သခင်ဘုရား၏ နေ့ရက်ကိုကြည့်) စနေနေ့ထက် သခင်ဘုရား၏နေ့ရက် တနင်္ဂနွေနေ့တွင် စုဝေးကြသည်။ သခင်ဘုရား၏ နေ့ရက် သည် ဥပုသ်သစ် နေ့ရက်မဟုတ်ပါ။ ကနဦးခရစ်ယာန်များက ဥပုသ်သည် ခရစ်တော်ထဲ၌ စုံလင်ပြီးကြောင်း ယုံကြည်ကြသည်(ကော ၂း၁၆၊ ၁၇)။ ဥပုသ်သည် နောက်ဆုံးအနားယူရာ(ဟေဗြဲ ၄:၁-၁၁) ဖြစ်သော ကောင်းကင်ဘုံပုံရိပ် ဖြစ်သည်။ တနင်္ဂနွေညနေတွင် ခရစ်ယာန်များ ဝတ်ပြုကိုးကွယ်ခြင်း(တ ၂၀း၇-၁၂) သည် နေ့လည်ခင်း၌ အလုပ်လုပ်ကြသောကြောင့်ဖြစ်သည်။ ရောမအင်ပါယာ၌ နှစ်ပေါင်း ၃၀၀ တိုင်အောင် တနင်္ဂနွေနေ့ကို သန့်ရှင်းသောရက်(ရုံးပိတ်ရက်)အဖြစ် ပြဌာန်းခြင်းမရှိ။
ခရစ်တော်ထဲ၌ စုံလင်သော်လည်း ယနေ့ကာလတိုင်အောင် ဥပုသ်နေ့အကြောင်း သွန်သင်နေကြသည်။ ပထမအချက်၊ ရုပ်ခန္ဓာကိုယ်သည် ပုံမှန်အယူရန် လိုအပ်သည်။ ဒုတိယအချက်၊ လူသည် တချိန်လုံး အလုပ်လုပ်ရ သည်မဟုတ်။ ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရခြင်းအကြောင်း ဆင်ခြင်ရ သည့်အချိန်လည်း ရှိရသည်။ တဦးတယောက်ချင်းဖြစ်စေ၊ အသင်းတော်သို့ သောအခြားလူများနှင့်အတူဖြစ်စေ ဝတ်ပြု ကိုးကွယ်ရသည်။ တတိယအချက်၊ ခရစ်တော်သည် လူတို၏ စိတ်ဝိညာဉ် အမှန်နားခိုရာဖြစ်သည်။ ယုံကြည်သူ များသည် သူတိုရရှိသော ကယ်တင်ခြင်းတရားအတွက် သူ့ကို ယုံကြည်ကိုးစားလျက် ရောက်လာမည့်ဘုန်းတန်ခိုး အား စဉ်းစားစိတ်ချကြရသည်။
Sackcloth (လျှော်တေအဝတ်)
ဤပိတ်စကို ပုံမှန်အားဖြင့် ဆိတ်မွှေးဖြင့် ရက်လုပ်ရ၍ တခါတရံကုလားအုပ်မွှေးဖြင့်လည်း ရက်လုပ်ကြသည်(မ ၃း၄)။ မဲနက်ရောင်ရှိ၍ နေရောင်ခြည်အား ဖြတ်ကာသည့် အမှတ်အသားဖြစ်သည်(ဗျာ ၆း၁၂၊ ဟေရှာ၅၀း၃)။ ပါလက်စတိုင်းသိုးထိန်းများသည် ထိုသိုသော လျှော်တေအဝတ်ကိုဝတ်ကြသည်။ အကြောင်းသော် ဈေးပေါသည့်အပြင် လွယ်လင့်တကူ စုတ်ပြဲ၍မရ။ ထိုပိတ်စဖြင့် အိတ်လည်းချုပ်ကြသည်(က ၄၂း၂၇)။
ဣသရေလလူများနှင့် အချိုလူများသည် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်အဖြစ် ထိုသိုသော လျှော်တေအဝတ်ကို ဝတ်ကြသည်။ နာရေး (က ၃၇း၃၄)၊ လူမျိုးချီသော ကပ်ဆိုး(မြည် ၂း၁၀)(သို့) အပြစ်(ယောန ၃း၅) တို့တွင် ဝတ်ဆင်ကြပုံ တွေ့ရသည်။ ပုံမှန်အားဖြင့် ခြုံထည်(သို) ခါးစည်း(ဟေရှာ ၃၂း၁၁၊ ယေ ၄၈း၃၇)၊ နောက်ပိုင်းတွင် ခန္ဓာကိုယ်ပေါ်၌ ဝတ်ဆင်ကြသည်(ယောဘ ၁၆း၁၅၊ ၄ရာ ၆း၃၀)။ ထိုအဝတ်ပေါ်၌လည်း လူများ လဲလျောင်းကြသည်(၂ရာ ၂၁း၁၀၊ ဟေရှာ ၅၈း၅)။ လူများနောင်တရရန် ဟောပြောကြသော ပရောဖက်များသည် လည်း လျှော်တေအဝတ်ကို ဝတ်ဆင်ကြသည်(၄ရာ ၁း၈၊ ဟေရှာ ၂၀း၂၊ မ ၃း၄၊ ဗျာ ၁၁း၃)။
Sacrifice (ယဇ်ပူဇော်ခြင်း)
ဓမ္မဟောင်းတွင် အဓိကယဇ်ပူဇော်ခြင်း (၅)မျိုးရှိ၍ မီး၊ ဘောဇဉ် ၊မိဿဟာယ၊ အပြစ်၊ ဒုစရိုက်ဟူ၍ ဝတ် ၁-၅ တွင် တွေ့ရသည်။ ထိုယဇ်များကို မီးဖြင့် ပူဇော်ရသည့်နှယ် နံ့သာမွှေး(ထွ ၃း၁-၁၀)၊ ချီလွှရာယဇ်(ဝတ် ၁၄း၁၂-၁၃) သွန်းလောင်းရာယဇ်(တော ၂၈း၇)ဟူ၍လည်း အခြားယဇ်များရှိသည်။ လှဖြင့် ယဇ်ပူဇော်ခြင်းကို ကြပ်တည်းစွာ တားမြစ်သည်(ဝတ် ၂၀း၄)
ထိုပူဇော်သက္ကာတိုင်း၌ အထူးအစဉ်အလာနှင့် အနက်ကိုယ်စီရှိကြသည်။ မီးရှိရာယဇ်သည် ယဇ်တ ကောင်လုံးကို မီးရှိရသည်။ အပြစ်ဖြေရာယဇ်နှင့် ဒုစရိုက်ဖြေရာယဇ်တိုတွင် ယဇ်ကောင်၏ အဆီနှင့် ကျောက်ကပ်ကိုသာ မီးရှိရသည်။ မိဿဟာယယဇ်တွင် ယဇ်ပုရောဟိတ်သည် ယဇ်ကောင်၏ ရင်အုံနှင့်ပေါင်ကို ရရှိ၍ ကျန်သောအပိုင်းကို ယဇ်ပူဇော်သူက ယူရသည်။အပြစ်နှင့် ဒုစရိုက်ယဇ်တွင် ယဇ်ပုရောဟိတ်သာ ဝေစုရရှိ၍ ပူဇော်သူသည် ဝေစုမရ၊ မီးရှိ ရာယဇ်သည် ယဇ်တကောင်လုံး ဘုရားရှင်ထံသို ပူဇော်ရသည်။ ချီလွှဲရာယဇ်သည် အဦးသီးသောအသီး(ဝတ် ၂၃၁၀၊ ၁၁)ပူဇော်ခြင်းဖြစ်၍ ထိုရာသီထွက် ရိတ်သိမ်းခြင်းအား ဘုရားရှင်ထံသို ကျေးဇူးတော်ချီးမွမ်းခြင်းဖြစ်သည်(တရား ၁၆း၉-၁၁ ကိုကြည့်)။
ထိုယဇ်ပူဇော်ခြင်းများသည် အနက်ကိုယ်စီရှိကြသည်။ ယဇ်ပူဇော်ခြင်း၏ အဓိကအချက်သည် အပြစ်ဖြေခြင်းဖြစ်၍ သွေးချောင်းစီးရသည်(ဝတ် ၁၇း၁၁၊ တခါတရံ ဤအပြစ်ဖြေခြင်းသည် တစုံတရာကိုသာ သန့်ရှင်းစေ၍ ဘုရားထံတော်သို ရောက်ရှိစေသည်(ထွ ၂၉း၃၇)။ အခြားအချိန်များတွင်ဘုရားသခင်၏ အမျက် တော်အား အပြစ်သားထံမှ ဝေးစေသည်။ ဒုစရိုက်ယဇ်ပူဇော်ရာတွင်မူ အပြစ်သားအစား ယဇ်ကောင်က အသေခံသည်။ ထိုယဇ်ကောင်က ကိုယ်စား ခံသည်(ထွ ၂၉း၁၀-၂၈)။
ယဇ်ပူဇော်ခြင်းသည် ထိုက်တန်စွာ ကမ်းလှမ်းခြင်းဖြစ်သည်။ ယဇ်ပူဇော်သူသည် သူ့အသက်အစား တစုံတရာကို ပေးလှူသည်။ တန်ဘိုးမရှိသောကမ်းလှမ်းပူဇော်ခြင်းဟူ၍မရှိ(၂ရာ ၂၄း၂၄)။ ထိုသို ပူဇော်ရာတွင် အကောင်းဆုံးအကောင်၊ အပြစ်အနာကင်းစင်သော အထီးဖြစ်ရသည်။
ဘိုးဘေးများလက်ထက်၌ သာမန်အားဖြင့် မိသားစုခေါင်းဆောင်က ယဇ်ပူဇော်ပေးလေ့ရှိသည်(က ၈:၂၀၊ ယောဘ ၁း၅)။ မောရှေက သူ့အစ်ကို အာရုန်မိသားစုမှ ဆင်းသက်သူသာလျှင် ယဇ်ပုရောဟိတ်လုပ်ရကြောင်း ပြဌာန်းသည်။ တခါတရံ ကာယကံရှင်က ယဇ်ကောင်ကို သတ်ရသည်(ဝတ် ၁:၅)၊ ယဇ်ပူဇော်ရာနေရာ ဟူသမျှ သည် ဘုရားရှင်က ရွေးချယ်တော်မူသော နေရာဖြစ်ရသည်(တရား ၁၂း၄-၆)။ နောင်တွင် ဣသရေလတို့သည် ကုန်း မြင့်၌သာ ယဇ်ပူဇော်ရခြင်းကို မနာခံဘဲ ကြိုက်ရာနေရာတွင် ယဇ်ပူဇော်ကြသည်(၄ရာ ၁၄း၄)။
ဣသရေလလူများ ပတ်ဝန်းကျင်ရှိ လူများက ယဇ်ပူဇော်ခြင်းကို မှော်ပညာအဖြစ် ယူဆကြသည်။ ထိုသို ယဇ်ပူဇော်ခြင်း အကြောင်း ကို နတ် ဘုရားများက ကျေနပ်ကြကြောင်း ထင်မြင်ကြသည်။ ဣသရေလလူ များအတွက်မူ ဘုရားသခင်နှင့် ဆက်ဆံခြင်းဖြစ်သည်။ ယဇ်ပူဇော်သော ကာယကံရှင်က အပြစ်ခွင့်လွှတ်ရာ ရှာဖွေခြင်းဖြစ်၍ အပြစ်များ ခွင့်လွှတ်ခြင်းခံရသည်ဟု ယူဆကြသည်။ ထိုကြောင့် ယဇ်ပူဇော်ရာ၌ တန်ဘိုးမရှိ လျှင် စိတ်ဝိညာဉ် ကြေကွဲနာကျင်ကြသည်(ဆာ ၅၁း၁၆-၁၉)ဟု ခံယူကြသည်။ ဘုရားရှင်ထံသို အမှန်ဆက်ကပ် ခြင်းမရှိ နာခံလိုစိတ်မရှိဘဲ ယဇ်ပူဇော်ခြင်းကို ပရောဖက်များက ဆန့်ကျင်စကား သွန်သင်ကြသည်။ နာခံခြင်း သည် ယဇ်ပူဇော်ခြင်းထက် ပိုကောင်းသည်(၁ရာ ၁၅း၂၂)။ နာခံခြင်းမရှိသောယဇ်ကို ဘုရားရှင်က မုန်းသည်(ဟေရှာ ၁း၁၁-၁၇၊ မိ ၆း၆-၈)။
ယဇ်ပူဇော်ခြင်းအကြောင်း အမျိုးမျိုးရှိသည်။ အချိုသည် တမျိုးသားလုံးအတွက်ဖြစ်၍ အချို့ သည် ကာယကံရှင် တဦးချင်းအတွက်ဖြစ်သည်။ ပွဲလမ်းသဘင်တိုင်းတွင် ယဇ်ပူဇော်ခြင်း ပါဝင်သည်။ နေ့တိုင်း ယဇ်ပူဇော်ခြင်း လည်းရှိသည်။
ဓမ္မသစ်ကျမ်းက ယခုအခါ အပြစ်အတွက် ယဇ်ပူဇော်ခြင်းတမျိုးသာရှိ၍ ထိုယဇ်ကို ခရစ်တော်က ကားတိုင်ပေါ်၌ အပြီးအစီး ပူဇော်ခဲ့ကြောင်းသွန်သင်သည်။ ထိုသို ကျတော်မူသော သွေးစက်က လူတိုအပြစ် များအားဘုရားရှင်အမြင်တွင် သန့်ရှင်းစေသည်(ဟေဗြဲ ၉း၁၃၊ ၁၄)။ ဓမ္မဟောင်းယဇ် များသည် ဤသိုသော ခရစ်တော်၏ ပူဇော်သက္ကာအစစ်အမှန်ကို ရည်ညွှန်း ကြသည်(ဟေဗြဲ ၉း ၂၃-၁၀း၁၄)။ ခရစ်တော်သည် အပြစ် သားများကိုယ်စား ထိုသို အသေခံတော်မူခဲ့သည်။ သူ့လူများအပေါ်သို ကျရောက်သည့် အမျက် တော်အား ခရစ်တော်က ကြားဖြတ်ခံယူပေးသည်(ရော ၃း၂၅)။ ဓမ္မဟောင်းယဇ်ကဲ့သို အခေါက်ခေါက်အခါခါ ပူဇော် စရာမလိုဘဲ တကြိမ်တခါတည်းနှင့် တနေရာတည်းတွင် ပြီးစီးစုံလင်သည်။ အခြားယဇ်ပူဇော်စရာ ထပ်မံမလိုတော့ ပါ(ဟေဗြဲ ၁၀း၁၀)။ ခရစ်တော်၏ ထိုပူဇော်သက္ကာသည် ထပ်ဆောင်းစရာ မလိုကြောင်း သေချာသည်။
ဓမ္မသစ်ကျမ်းတွင် ခရစ်ယာန်တိုင်းသည် ယဇ်ပုရောဟိတ်များဖြစ်ကြ၍ ဘုရားရှင်ထံ ယဇ်ပူဇော်နိုင်သူများဖြစ်ကြသည်(၁ပေ ၂း၅၊ ရော ၁၂၊ဖိ ၂း၁၇)။ ထိုပူဇော်သက္ကာများသည် အပြစ်ဖြေခြင်းမဟုတ်(ဓမ္မဟောင်းယဇ်ပူဇော်ခြင်းသည် ရည်ရွယ်ချက် ကိုယ်စီရှိကြသည့်အတိုင်း အပြစ်ဖြေခြင်းဖြစ်ကြသည်)။ ခရစ်ယာန်များက ပူဇော်သောယဇ်သည် အမှုတော်အတွက် မိမိ ကိုယ်ကို ဆက်ကပ်ခြင်း၊ ကိုယ်တော်အား ချီးမွမ်းကိုးကွယ်ခြင်းဖြစ်၍ ဘုရားရှင်က လက်ခံတော်မူသည်။
Sadducees (ဇဒ္ဒုကဲ)
ဇဒ္ဒုကဲတို့သည် ဖာရိရှဲတို့၏ ပြိုင်ဘက် ယုဒပါတီ အဖွဲအစည်းဖြစ်သည်။ ဓမ္မသစ်ကျမ်းမှ ယုဒယဇ်ပုရောဟိတ်ကြီး အများစုသည် ဇဒ္ဒကဲများဖြစ်ကြသည်။ ယဇ်ပုရောဟိတ် အဖွဲ့သားများဖြစ်ကြ၍ ကြွယ်ဝသော ယုဒလူများဖြစ်ကြသည်။ ဖာရိရှဲများကဲ့သို့မဟုတ်ဘဲ ယုဒတမျိုးသားလုံးနောက်သို့ လိုက်လျှောက်ခြင်းမရှိကြ။
ပမာဏသေးငယ်သော်လည်း ဇဒ္ဒုကဲများသည် တန်ခိုးအာဏာရှိကြသည်။ ခရစ်တော်နှင့် တမန်တော်များခေတ်ကာလတွင် ယုဒဘာသာရေးကောင်စီက ထိန်းချုပ်ထားသည်။ အေဒီ ၇၀ ခုနှစ်တွင် ဗိမာန်တော် ပျက်သုဉ်းချိန်မှစ၍ ဇဒ္ဒုကဲများသည် ကွယ်ပျောက်သွားကြသည်။ ထိုနောက်ပိုင်းတွင်မူ ယုဒဘာသာရေးသည် ဖာရိရှဲတို၏ ထိန်းချုပ်မှုအောက်သို ရောက်ရှိသည်။
ဇဒ္ဒုကဲများသည် နိုင်ငံရေးကို အထူးစိတ်ဝင်စားကြသောကြောင့် ဘာသာရေးအမြင်တွင် ဖာရိရှဲများနှင့် ခြားနားကြသည်။ ထိုသိုသော အမြင်ကို ခိုင်မာစွာ တွယ်ဖက်ကြ၍ သူတိုဆရာများသို စောဒကတက်ကြသည်။ ယဇ်ပုရောဟိတ်အဖွဲ့ ဖြစ်ကြသည့်အတိုင်း မောရှေ၏ ပညတ်တရားများကို လိုက်နာကြသည်။ သိုသော် ကျမ်းတတ်ပုဂ္ဂိုလ်များက ထပ်မံဖြည့်စွက်ကြသည့် ပညတ်ချက်များကို လက်မခံကြ။ ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းကို ငြင်းပယ်ကြသည်။ စိတ်ဝိညာဉ်သေသည်နှင့် တပြိုင်နက် ရုပ်ခန္ဓာကိုယ်လည်းသေကြောင်း ခံယူကြသည်။ အကြောင်းသော် တမလွန်ဘဝနှင့် သေခြင်းအလွန် တရားစီရင်ခြင်း တို့ကို အယုံအကြည်မရှိကြ။ ကံကြမ္မာနှင့် ကြိုတင်စီရင်ခွဲခန့်ခြင်းက လူ့ဘဝထိန်းကျောင်းခြင်း၊ ကောင်းကင်တမန်နှင့် နာနာဘာဝတိုကိုလည်း အယုံအကြည်မရှိကြ(မာ ၁၂း၁၈၊ တ ၂၃း၈)။
Salvation, Savior (ကယ်တင်ခြင်း၊ ကယ်တင်ရှင်)
လူသည် အခြေအနေပေါင်းစုံမှ ကယ်တင်ခြင်းရရှိနိုင်သည်။ ကျမ်းစာပါ ကယ်တင်ခြင်းသည် အခြေအနေမျိုးစုံမှ ကယ်တင်ခြင်းဖြစ်သည်။ ထိုသိုသော ဆင်းရဲဒုက္ခ၊ ပြဿနာပေါင်းစုံမှ လွတ်မြောက်စေသူကို ကယ်တင်ရှင်ဟုခေါ်သည်။ ဘုရားသခင်က ဣသရေလတိုအား သူတိုဘေးရန်မှ ကယ်ထုတ်ရန် ကယ်တင်ရှင် စေလွှတ်ပေးတော်မူသည်။ ဓမ္မဟောင်းကျမ်းမှ ကယ်တင်ရှင် များသည် သာမန်အညတြလူများဖြစ်၍ ကျမ်းစာက ပြောသော ဘုရားသခင်က သူ့လူများ ကယ်တင်ရန် စေလွှတ်သောသူသည် လူ့ကယ်တင်ရှင်များဖြစ်ကြ သည်(သူကြီး ၁း၁၈၊ ၁၉၊ ၁ရာ ၁၄း၆)။
ဘုရားသခင်သည် ကယ်တင်ရှင် အစစ်အမှန်ဖြစ်သည်။ ကိုယ်တော်မှလွဲ၍ လူများကို ကယ်တင်သော အရှင်ဟူ၍မရှိဟေရှာ ၄၃း၁၁၊ ဟော ၁၃း၄)၊ ကယ်တင်ခြင်းအကျွတ်တရား အမှုတော်တွင် သုံးပါးတဆူတည်း ဟူသည့် ပုဂ္ဂိုလ် သုံးပါးပါဝင်ကြောင်း ကျမ်းစာက ဆိုပါသည်။ ဓမ္မသစ်ကျမ်းတွင် ခမည်းတော်က သူ့လူများ ကယ်တင်ရန် စီမံ၍(ဧ ၁း၃-၆) သားတော်က ကယ်တင်ခြင်းဝေငှကာ(ဧ ၁း၇-၁၁)၊ ဝိညာဉ်တော်က ရွေးချယ်တော် မူသောသူများသို ထိုကယ်တင်ခြင်းအကျွတ်တရား ပေးဆက်သည်(ဧ ၁း၁၃၊ ၁၄၊ ယော ၃း၆)ဟုဆိုသည်။
ဣသရေလသမိုင်းကြောင်း အစောပိုင်းနှစ်များတွင် ညီအစ်ကိုချင်းစိတ်ဆိုးမှု(က ၃း၁၁)၊ အငတ်ဘေး(က ၄၅း၅)၊ စစ်ဘေး(ယောရှု ၂း၁၃)၊ ရန်သူများ၏ နှိပ်စက်မှု(သူကြီး ၆း၁၅၊ ၁ရာ ၄း၃)စသည့် သာမန်ဘေးဒုက္ခများမှ ကယ်တင်ပုံများ တွေ့ရသည်။
ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏ ကြီးမားသော ကယ်တင်ခြင်းမှာ သူ့လူများများအား အဲဂုတ္တုကျေးကျွန်ဘဝမှ ကယ်ထုတ်ခြင်းဖြစ်သည်(ထွ ၁၄း၃၀၊ တရား ၃၃း၃၉)။ ရာစုနှစ်ပေါင်းများစွာ ကြာလာသောအခါ ဘုရားသခင်က သူ့လူများအား ဗာဗုလန်ပြည်နှင်ဒဏ် ခံရာမှ ကယ်တင်ပြန်သည်။ ထိုထပ်မံကယ်တင်ခြင်းသည် အဲဂုတ္တုပြည်မှ ကယ်ထုတ်ခြင်းနှင့် နှိုင်းဆစရာဖြစ်သည်(ဟေရှာ ၄၃း၁၁-၂၁)။
ပထမအချက်။ ဓမ္မဟောင်းကာလမှ ကယ်တင်ခြင်းသည် ရံဖန်ရံခါခန္ဓာကိုယ်သိုသော သာမန်ကယ် တင်ခြင်း၊ စိတ်ဆင်းရဲခြင်းတို့မှ ကယ်တင်ခြင်း ဖြစ်သည်။ အဲဂုတ္တုပြည်မှ ကယ်ထုတ်စဉ်တွင် ဘုရားသခင်က ဖိနှိပ်သူ လူတန်းစားသို သူ၏ ဘုန်းတန်ခိုးတော်ကြီးမားပုံ ပြသသည်(ထွ ၁၄း၄)။ တရားသူကြီးများက ဣသရေလတိုအား ပတ်ဝန်းကျင်လူမျိုးများလက်မှ ကယ်တင်ကြ သည်(သူကြီး ၂၁၆)။ အပြစ်သည် လူ့ပြဿနာ၏ အကြောင်းရင်းခံဖြစ်သည် (ငယ် ၁၀-၁၉)။ တနည်းအားဖြင့် ဣသရေလလူများသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အပြစ်၏ အကျိုးဆက်ခံကြသည်။ ဆာလံဆရာက သူ့လူမျိုး၏ ရန်သူများသည် ဒုစရိုက်သူများဖြစ်ကြသောကြောင့် ကိုယ်တော်အား ပြေးဖက် ကြပြီး နာခံနိုင်ကြရန်နှင့် ရန်သူများလက်ထဲမှ ကယ်တင်ရန် ဘုရားရှင်ထံ ဆုတောင်းသည်(ဆာ ၇၊ ၈၆၊ ၁၂၀)။ ကယ်တင်ခြင်းသည် ဘုရားရှင်တော်၏ ဖြောင့်မတ်ခြင်းအား နီးစပ်စွာ ဆက်စပ်နိုင်ရန်ဖြစ်သည်(ဟေရှာ ၄၅း ၂၁၊၅၁း၈)။
ဓမ္မဟောင်းကျမ်းတွင်လည်း အပြစ်မှ ကယ်တင်ခြင်းအကြောင်း ဆိုထားသည်(ဆာ ၅၁း၁၄၊ ယေဇ ၃၇း၂၃)။ ယဇ်ပူဇော်ခြင်းတွင် အပြစ်လွှတ်ခြင်း၊ ရွေးနှုတ်ခြင်းများ ပါဝင်၍ ကယ်တင်ခြင်းအရေး၌ ပါဝင်ကြောင်း ကျမ်းစာက ဆိုသည်။ ဓမ္မဟောင်းက သွန်သင်သော ကယ်တင်ခြင်းအကြောင်း သည် ဓမ္မသစ်ကျမ်းသွန် သင်ချက်ဖြစ်သော အပြစ်မှ ကယ်တင်ခြင်းအကြောင်းကို အလေးထားသည်။
ဒုတိယအချက်။ ဓမ္မသစ်ကျမ်းပါ ကယ်တင်ခြင်းသည် အပြစ်မှ ကယ်နှုတ်ခြင်းဖြစ်သည်။ ဘုရားသခင်က သခင်ယေရှုအား လူ့လောကသို စေလွှတ်တော်မူကာ သူ့လူများအား အပြစ်မှ ကယ်တင်စေသည်(မ ၁း၂၁)။ ယေရှု ဟူသော နာမတော်သည် ကယ်တင်ရှင်ဟု အနက်ရသည်။ ထိုကိုယ်တော်သည် တပါးတည်းသော ကယ်တင်ရှင်ဖြစ်သည်(တ ၄း၁၂)။ ကားတိုင်ပေါ်တွင်သက်တော်စွန့်ခြင်းနည်းလမ်းဖြင့် သူ့လူများကို ကယ်တင်သည်(၁ကော ၁း၁၈)။အပြစ်သားများအပေါ်သို ကျရောက်သည့် အမျက်တော်အား ထိုသားတော် ကယ်တင်ရှင်က ကြားဖြတ်ခံယူပေးသည်(ရော ၃း၂၃၊ ၂၄၊ ၂ကော ၅း၁၅)။ ဓမ္မဟောင်းကဲ့သိုပင် ဓမ္မသစ်ကလည်း ကယ်တင်ခြင်းအမှုတော်အားဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းပြသသည်။
ဘုရားသခင်က ကယ်တင်ခြင်းအကျွတ်တရားကို လက်ဆောင်အဖြစ် ပေးသနားသည်။ သို့သော် ထိုကယ်တင်ခြင်းသည် အသစ်တဖန်မွေးဖွားသည့် ခရစ်ယာန်ဖြစ်လျှင်လည်း အပြည့်အဝ မခံစားရသေးပါ။ လူ့လောကတွင် ရှိနေကြသည့်အချိန်၌ အပြစ်မှ ကယ်တင်ခြင်းဖြစ်သည်(၁ကော ၁း၁၈၊ ၂ကော ၂၀း၁၅)၊ အကျင့်သီလကောင်းခြင်းက ကယ်တင်ခြင်း၏ အသေးငယ်ဆုံး အစိတ် အပိုင်းမျှကိုပင် မရရှိနိုင်။ သို့သော် အကျင့်ကောင်းခြင်းသည် အမှန်တကယ်ကယ်တင်ခြင်းရရှိသူဖြစ်ကြောင်း သက်သေဖြစ်သည်။ စစ်မှန်သော ယုံကြည်သူသည် အပြည့်အဝ နာခံခြင်းရှိသည်(ယာ ၂း၁၄-၂၆)။
ကောင်းကင်သစ်နှင့် မြေကြီးသစ်သို ရောက်ချိန်မှသာ ကယ်တင်ခြင်းအပြည့်အဝ ခံစားရမည်။ ဓမ္မသစ်ကျမ်းက ခရစ်ယာန်များ၏ ကယ်တင်ခြင်းတွင် ရောဂါ၊ သေခြင်း၊ အနာ၊ ဘေးဒုက္ခများလည်း ပါဝင်သည်ဟု မဆိုပါ။လူ့လောကတွင် ရှိနေကြစဉ် ဆင်းရဲဒုက္ခခံလျက် ခရစ်တော်ကို သက်သေခံကြရမည်ဟုသာ ဆိုပါသည်(ယော ၁၅:၂၀၊ ၁ပေ ၄း၁၃)။ အခြားတဘက်တွင်ယုံကြည်သူများသည် အပြစ်နှင့် အပြစ်၏ အကျိုးဆက်မှ ကင်းလွတ်ကြသည်။သေခြင်း၊ အနာရောဂါ၊ နှိပ်ကွပ်ခြင်း၊ ဝမ်းနည်းခြင်းမှလည်း ကင်းလွတ်ကြသည်။ ဘေးဒုက္ခပေါင်းစုံမှ ကယ်တင်ခြင်း အပြည့်အဝရရှိကြသည်။ သို့သော် ယခုမဟုတ်သေး။ လာမည့်လောကတွင်ဖြစ်သည်(ဗျာ ၂၁၄)။
Samaria, Samaritans (ရှမာရိ၊ ရှမာရိလူ)
ဩမရိမင်းက မြောက်ပိုင်းဣသရေလနိုင်ငံ တောင်ကုန်းပေါ်တွင်မြိုတော်သစ် ရှမာရိမြိုကို တည်ဆောက် သည်(၃ရာ ၁၆း၂၄)။ သူ့သား အာခပ်မင်းက နန်းတော်ဆက်လက်ဆောက်လုပ်သည်(၃ရာ ၂၂း၃၇-၃၉)။ ထိုသိုဖြင့် ရှမာရိမြိုသည် ရုပ်တုဘုရားတု နန်းတော်ရာအဖြစ် များမကြာမှီ လူသိများထင်ရှားလာသည်(၄ရာ ၃း၁-၃၊ ဟေရှာ ၁၀း၁၁၊ ဟော ၈း၅)။
ဘီစီ ၇၂၅ ခုနှစ်တွင် အာရှုရိတိုက ဝိုင်းရံပြီး နောင်(၃)နှစ်အကြာတွင် သိမ်းပိုက်ကြသည်။ အခွန်အတုတ် ကောက်ခံကြသည်။ အာရှုရိဘုရင်သာဂုန် ၂ မင်းက လူပေါင်း ၂၇၃ဝဝ မျှ ဖမ်းခေါ်သွားပြီး ပြန်လည်စုစည်း နလံမထူနိုင်အောင် အခြားလူမျိုးများအား နေထိုင်ခိုင်းသည်(၄ရာ ၁၇း၆၊ ၂၄-၄၁)။ ယုဒလူများက မြောက်ပိုင်း ဣသရေလများနှင့် ဆက်သွယ်လာသည်(၆ရာ ၃၀း၁-၁၁)။ သို့သော် ဗာဗုလုန်သို ပြည်နှင်ဒဏ်ခံသူများ ပြန်ရောက်လာကြပြီးများမကြာမှီတွင် ဆက်ဆံရေး ယိုယွင်းပျက်စီးသွားသည်။ ထိုအချိန်မှစ၍ ရှမာရိ မြို့တော်နှင့်တကွ ပတ်ဝန်းကျင်ရှိ မြိုပြပြည်ရွာအားလုံးကို ရှမာရိလူမျိုးဟုခေါ်တွင်သည်။
ယုဒလူတို့ ပြည်နှင်ဒဏ်မှ ပြန်ရောက်ပြီး များမကြာမှီ ဗိမာန်တော် စတင်ဆောက်လုပ်ကြသောအခါ ရှမာရိလူများက ကူညီချင်ကြသည်။ ယုဒတို့က လက်မခံ ငြင်းဆန်ကြသောအခါ ရှမာရိတို့က ဆက်လက် မဆောက်လုပ်နိုင်အောင် ဟန့်တားကြသည်(ဧဇ ၄)။ ထိုသို အကူအညီ လက်မခံကြခြင်းမှာ ရှမာရိလူများသည် ယုဒလူမျိုး စင်စစ်မဟုတ်ကြဘဲ ယုဒနှင့် တခြားလူမျိုး သွေးကြ၍ ဘာသာရေးမသန့်ရှင်းကြသော ကြောင့်ဖြစ်သည်။ ဧဇရနှင့်နေဟမိတိုက ယုဒလူများအား အခြားလူမျိုးများနှင့် မထိမ်းမြားကြဘဲ မိ ဘာသာဝင် များနှင့်သာ အိမ်ထောင်ပြုစေကြသည်(ဧဇ ၉၊ နေ ၁၃း၂၃-၂၇)။
သခင်ယေရှုက ကယ်တင်ခြင်းအကျွတ်တရားသည် ယုဒလူများအတွက်သာမဟုတ်ကြောင်း(ယော ၄း၂၂) မိန့်တော်မူသော်လည်း ယုဒလူများကမူ ရှမာရိလူများသို လက်ဆင့်ကမ်း မဝေငှလိုကြ၊ သခင်ယေရှုကမူ ရှမာရိ အမျိုးသမီးသို မိန့်တော်မူသောအခါ ရှမာရိလူ အများအပြားက ယုံကြည်သွားကြပြီး တောင်းဆိုကြသည့်အတိုင်း ရှုခါမြိုတွင် (၂)ရက်ကြာ သတင်းသုံးတော်မူသည်(ယော ၄း၁-၄၂)။ မာန်မာနထောင်လွှားသော ယုဒလူများအတွက် ထိုရှမာရိသူရဲကောင်း အမျိုးသမီးသည် နာကျင်စရာဒဏ်ချက်ဖြစ်သည်(လု ၁၀:၂၅-၃၇)။ တပည့်တော်များအား ကမ္ဘာတလွှားသို သတင်းကောင်းဟောပြောကြရန် စေလွှတ်သောအခါ ယေရုရှလင်နောက်တွင် ယုဒလူနှင့် ရှမာရိ ပြည်သည် တန်းတူဦးစားပေးဖြစ်ကြသည်(တ ၁း၈)။ ဧဝံဂေလိဆရာ ဖိလိပ္စုရှမာရိပြည်သို့ သတင်းကောင်း ဟောပြောသည့်နောက်ပိုင်းတွင် တမန်တော်ပေတရုနှင့် ယောဟန်တိုကလည်း ဟောပြောကြသည်(တ ၈း၄-၂၅)။
ရှမာရိလူများသည် တပါးတည်းသော ဘုရားရှင်ကို ယုံကြည်ကြ၍မောရှေ၏ ပညတ်တရားများကိုလည်း လက်ခံကြသည်။ ဘုရားသခင်က ဂေရဇိမ်တောင်ပေါ်၌ ယဇ်ပူဇော်ရန် ရွေးချယ်ပေးသည်ဟု ထင်ကြ(တရား ၂၇း၄-၇၊ ၁၂၊ ၁၃)သဖြင့် ထိုနေရာတွင် ဗိမာန်တော်ဆောက်လုပ်ကြသည်(ယော ၁း၉-၂၁ လည်းကြည့်)၊ ယုဒလူများက မေရှိယစောင့်မျှော်သကဲ့သို ပြန်လည်ထူထောင်လာမည့်သူအဖြစ် မောရှေကို မျှော်လင့်ကြသည်။ အပြစ်တရားစီရင်ရာနေ့ ရောက်လာမည့်အကြောင်းကိုလည်း ယုံကြည်ကြသည်။
Sanctification, Sanctify (စင်ကြယ်ခြင်း၊ စင်ကြယ်စေခြင်း)
စင်ကြယ်ခြင်းဆိုသည်မှာ သန့်ရှင်းခြင်းဖြစ်၍ စင်ကြယ်စေခြင်းဆိုသည်မှာ တစုံတဦး(သို) တစုံတရာ အား သန့်ရှင်းအောင် ပြုလုပ်ခြင်းဖြစ်သည်။
သန့်ရှင်းဟူသော အကြောင်းတွင်လည်းကြည့်။
ဓမ္မသစ်ကျမ်းတွင် ခရစ်ယာန်များ၏ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးရာ ကြီးထွားရေး၌ “စင်ကြယ် ခြင်း”ဟူသော စကားရပ်ကို အရေးတကြီးအသုံးပြုသည်။ ခရစ်ယာန်များသည် စင်ကြယ်ကြသောအခါ ကြံစည်ပြုမူချက်များသည် ခရစ်တော်နှင့် တူသထက်တုလာကြသည်။ ခရစ်ယာန်များသည်သန့်ရှင်းရသည်(၁ပေ ၁း၁၆)။ ဘုရားသခင်က သူ့လူများကို စင်ကြယ်စေသည် (၁သက် ၅း၂၃)၊ ယုံကြည်သူခရစ်ယာန်များ၏ အသက်တာထဲ၌ သန့်ရှင်းဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြင့် ထိုသို စင်ကြယ်ကြသည်(ရော ၁၅း၁၅ ၂သက် ၂း၁၃)။ နှုတ်ကပတ်တော်ဖြင့် ယုံကြည်သူများအား ဘုရားရှင်က စင်ကြယ်စေသည်(ယော ၁၇း၁၇)၊ ကာယကံ ရှင်များ၏ သစ္စာတရားယုံကြည်ခြင်း (၂သက် ၂း၁၃) ခရစ်တော်ထဲ၌ ရှိကြခြင်း(တ ၂၆း၁၈)တို့ဖြင့် စင်ကြယ်စေ သည်။ သမ္မာတရားယုံကြည်ခြင်းဖြင့် စင်ကြယ်စေခြင်းဆိုသည်မှာ အပြစ်ကိုဆန့်ကျင်၍ ဘုရားရှင်နှင့် နှုတ်ကပတ်တော်တို့ကို နာခံခြင်းဖြစ်သည်(ဂလာ ၅း၁၆-၂၆၊ ၁ပေ ၁း၁၄၊ ၁၅)။
စင်ကြယ်ခြင်း(၃)ရပ် ရှိသည်။
ပထမ။ ခရစ်ယာန်များထဲ၌ ဘုရားသခင်က အမှုတော်ပြခြင်းဖြင့်စင်ကြယ်ခြင်းသည် လူ့ဘက်မှ ပါဝင်ရန်လည် လိုအပ်(ဟေဗြဲ ၁၂း၁၄)၍ ဘုရားရှင်အား နာခံရာ၌ တိုးတက်နေရသည်။ ပိုမိုသန့်ရှင်းခြင်းကို ရှာဖွေကြသော်လည်း အပြည့်အဝ သန့်ရှင်းကြမည်မဟုတ်ကောင်းကင်ဘုံသို မရောက်မခြင်း ခရစ်တော်အလား စင်ကြယ်ကြမည်မဟုတ်(၁ယော ၃း၂)။
ဒုတိယ။ ဟေဗြဲ ၁၀း၁၀ ပါ စင်ကြယ်ခြင်းဆိုသည်မှာ ဘုရားသခင်ကယုံကြည်သူများအား သန့်ရှင်းသည်ဟု ယူမှတ်ခြင်းဖြစ်၍ ရှင်ပေါလုကမူ သန့်ရှင်းရာသိုရောက်ခြင်းဟု သုံးနှုန်းသည်(ရော ၅း၁)၊
တတိယ။ ၁ကော ၇း၁၄ တွင် စင်ကြယ်စေခြင်းဟူသော စကားလုံးတမျိုးတွေ့ရသည်။ ဆိုလိုသည်မှာ ခရစ်ယာန်မဟုတ်သောသူသည် ခရစ်ယာန်နှင့် အိမ်ထောင်ပြုသောအခါ စင်ကြယ်သည်ဟု မဆိုလိုပါ။ သိုသော် ကိုယ်ကျင့်တရား စုံလင်ခြင်းမရှိသဖြင့် ထိုထိမ်းမြားခြင်းသည် စင်ကြယ်ခြင်းမရှိဟုလည်းဆိုလိုခြင်းမဟုတ်။
Sanhedrin (လွှတ်တော်၊ ယုဒဘာသာရေးကောင်စီ)
မ ၅:၂၂ မှ လွှတ်တော်သည် ဒေသခံတရားရုံး၊ ကောင်စီကို ရည်ညွှန်းသည်။ ဓမ္မသစ်ကျမ်းတွင် မကြာခဏ တွေ့ရသော ယုဒကောင်စီချုပ်(ယုဒဘာသာရေးကောင်စီ)သည် ယေရုရှလင်၌ ကျင်းပရလေ့ရှိသည်။ ယုဒပြည် လူများအား မိမိတိုပြည်ကို မိမိတိုဓလေ့ထုံးစံအတိုင်း ကိုယ်ပိုင်အုပ်စိုးခွင့်ပြုသည်။ ယုဒပြည်သည် ရောမလက် အောက်ခံဖြစ်၍ ရောမဘုရင်ခံက အုပ်စိုးသော်လည်း ယုဒနယ်ဘက်တာဝန်ဝတ္တရားများ ရှိသကဲ့သို ဘာသာရေးရာ အရေးကိစ္စကိုလည်းရာဇဝတ်မှုအဖြစ် စီရင်ခွင့်ရှိကြသည်။ သေဒဏ်ကိုမူ ရောမအစိုးရက ထပ်မံ စစ်ဆေး အတည်ပြုရသည်။
ယဇ်ပုရောဟိတ်ကြီးက ထိုလွှတ်တော်ကောင်စီကို ကြီးမှူးသည်။ လွှတ်တော်ကောင်စီဝင်များသည် ရွေးကောက်တင်မြောက်ခြင်းမဟုတ်ဘဲ ခန့်အပ်သူများဖြစ်ကြသည်။ ယဇ်ပုရောဟိတ်ကြီး၊ ယဇ်ပုရော ဟိတ်ကြီးဟောင်းများ၊အခြားယဇ်ပုရောဟိတ်များ၊ ယဇ်ပုရောဟိတ်ကြီး၏ မိသားစုဝင်များ၊ လူမျိုးနွယ်စု ခေါင်းဆောင်များ၊ ကျမ်းတတ်ပညာရှင်များဖြင့် ဖွဲစည်းသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များသည် ယုဒတရားကို နားလည်စပ်သူများဖြစ်သည်။ ယုဒလွှတ်တော်တွင် ဇဒ္ဒကဲများသည် လူများစုဖြစ်ကြသော်လည်း ဖာရိရှဲများလည်းပါဝင်ကြသည်။
ယုဒလွှတ်တော်၌ တစုံတဦးအား ဒုစရိုက်လွန်ကျူးခြင်း ရှိမရှိ စွပ်စွဲကြသည့်အခါ အငယ်ဆုံးမှစတင်၍ မတ်တပ်ရပ်၍ သဘောထားပြသရသည်။ သင်ယူသူများသည် အပြစ်ရှိကြောင်း ဝင်ပြောနိုင်သော်လည်း အပြစ်ဒဏ်စီရင်ချမှတ်ရာ၌ ပြောဆိုခွင့်မရှိကြ။ အဖွဲဝင်များသည် အပြစ်လွန်ကျူးခြင်း ခန့်မှန်းရာမှ အပြစ်လွန် ကျူးခြင်းမရှိကြောင်း ပြောင်းလဲပြောဆိုနိုင်သည်။ သို့သော် အခြားနည်းလမ်းများ စွက်ဖက်ခွင့်မရှိ။ ထိုသိုသော စွပ်စွဲချက်သည် လူများစု၏ သဘောထားအပေါ်တွင် တည်သည်။ သာမန်အားဖြင့် လွှတ်တော် ကောင်စီသည် သံသယ၏ အကျိုးဆက်ကြောင့်လည်း စွပ်စွဲနိုင်သည်။
Satan (စာတန်)
စာတန်သည် မာရ်နတ်၏ အကြီးအကဲဖြစ်၍ တခါတရံ မာရ်နတ် ဒေ၀ဒတ်(သို့) ဗေလဇေဗလ(မာ ၃း၂၂)ဟုလည်း ခေါ်သည်။ စာတန်၏ အနက်မှာ ရန်ဘက်ဖြစ်သည်။ တန်ခိုးထက်မြက်၍(၁ပေ ၅း၈) ကောက်ကျစ် စဉ်းလဲသော ပြိုင်ဘက်ဖြစ်သည်(၂ကော ၁၁း၁၄)။ ခရစ်တော်၏ အနီးစပ်ဆုံးတပည့်တော်များလည်း လှည့်စားနိုင်သည်(မ ၁၆း၂၃)။
စာတန်သည် လူများအား ခရစ်တော်အကြောင်း သမ္မာတရားမမြင်နိုင်ကြအောင် လှည့်စားဟန့်တား သည်(၂ကော ၄း၄)။ ဘုရားရှင်၏ သားသမီးမဟုတ်သူတိုင်းသည် စာတန်၏ လက်အောက်၌ရှိသည်။ သိုသော် ခရစ်တော် ကြွလာသောအခါ စာတန်၏ လုပ်ဆောင်ချက်များကို ဖျက်သိမ်းပစ်မည်(၁ယော ၃း၈)။
ဘုရားသခင်နှင့် စာတန်အကြား ဝိညာဉ်ရေးရာတိုက်ပွဲဟူသမျှသည်အပိုင်းအစမှစ၍ တန်ဘိုးရှိသည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်၍ စာတန်သည် မုသာ၏ ဖခင်ဖြစ်သည်(ယော ၈း၄၄)။ ဘုရားရှင်သည် အသက်သခင်ဖြစ်၍ စာတန်သည် သေခြင်းမရဏာကို အုပ်စိုးသည်(ဟေဗြဲ ၂း၁၄)။ခရစ်ယာန်များသည် စာတန်ဘက်မှ ဘုရားရှင်ထံတော်သို ကူးမြောက်ရောက်ရှိသူများဖြစ်ကြသောကြောင့် စာတန်၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်းခံနေကြရသည်။ စုံစမ်းခြင်း(၁ကော ၇း၅)၊ ဆန့်ကျင်ခြင်း(၁သက် ၂း၁၈) ခံကြသည်။ခရစ်ယာန်များက အသိဉာဏ်ပညာဖြင့် မာရ်နတ်ကို တွန်းလှန်သောအခါ မာရ်နတ်သည် ဝေးရာသို ထွက်ပြေးလေ့ရှိသည်(ယာ ၄း၇)။ ထိုသို တွန်းလှန်နိုင်ရန်ဘုရားပေးလက်နက်တန်ဆာဖြင့်သာ တန်ပြန်နိုင်သည်( ၆း၁၀-၁၈)။
ကားတိုင်တိုက်ပွဲတွင် ခရစ်တော်က စာတန်ကို အောင်နိုင်ခဲ့ပြီးဖြစ်၍အပြီးသတ် အောင်ပွဲရောက် လာဦးမည်(ဗျာ ၂၀း၁၀)။
Scarlet (ကြက်သွေးရောင်)
ဝက်သစ်ချပင်ပေါ်တွင် တွယ်ကပ်ကြသော ပိုးမွှားများ၏ ဥများဖြင့်ဆေးဆိုးထားသည့် အရောင် ဖြစ်သည်။ ကျမ်းစာခေတ်ကာလ၌ တန်ဘိုးကြီးမြင့်ပြီး ဇိမ်ခံပစ္စည်းများ၌ သုံးကြသည့်(၂ရာ ၁း၁၄) တော်ဝင်နန်း သုံး အမှတ်အသားဖြစ်သည်(ဗျာ ၁၇း၃၊ ၄)၊ တဲတော်ဆောက်လုပ်ရာတွင်လည်း ကြက်သွေးရောင်အထည်များ သုံးကြသည်(ထွ ၂၆း၁၊ ၃၁၊ ၂၈း၅၊ ၈း၃၃)။ အကြောင်းသော် အကောင်းဆုံးကုန်ကြမ်းပစ္စည်းဖြင့် တန်ဆာ ဆင်ရသည်။
ကြက်သွေးရောင်သည် သွေးရောင်ဖြစ်၍ မောရှေပညတ်တရားအရ အခမ်းအနားများတွင် သွေးဖြင့် ဆေးကြောသန့်စင်သည့် အမှတ်အသားဖြစ် သည်(ဝတ် ၁၄း၄၊ ၄၉၊ တော ၁၉း၆)။ ဟေရှာ ၁း၁၈ တွင် ဣသရေလတို့၏အပြစ်ပုံသည် ကြက်သွေးရောင်ပမာ နီပုပ်သည်ဟုဆိုသည်။ သွေးရောင်လွှမ်း ကြသောကြောင့် ဖြစ်သည်။ အပြစ်မရှိသူအား သွေးမြေခစေကြသည်(ငယ် ၁၅)။ ဘုရားသခင်က မဲပုပ်သော ထိုအပြစ်ကို အစင်ကြယ်ဆုံး ဖြောင့်မတ်ခြင်း အဖြူ ရောင်သို ပြောင်းလဲစေသည်(ငယ် ၁၈ ကို ဆာ ၅၁း၇ နှင့်ယှဉ်ကြည့်)။
Sceptre (သန်လျက်)
သန်လျက်သည် ဘုရင်မင်းတို၏ ရာဇအမိန့်(သို့) လက်ကိုင်တုတ်ဖြစ်သည်။ ဘုရင့်ရာထူးနှင့် အမိန့် အာဏာ အမှတ်အသားဖြစ်သည်(ဧသ ၄း၁၁၊ ၅း၂ တို့ကိုကြည့်)
ဆာ ၄၅း၆ တွင် “ကိုယ်တော်နိုင်ငံတော်၏ သန်လျက်တော်သည်ဖြောင့်မတ်သော သန်လျက်ဖြစ်ပါ၏”ဟု ဆိုသည်။ လူများအပေါ် ဘုရား သခင်၏ အုပ်စိုးပုံသည် ဖြောင့်မတ်၍ တရားမျှတသည်။ ဟေဗြဲ ၁း၈ က ဤကျမ်း ပိုဒ်ကို ကိုးကားပြီး သားတော်၏ နိုင်ငံတော်အကြောင်း ဖော်ညွှန်းထားသည်။
School – Master (ကျောင်း-ဆရာ)
ဤစကားလုံးကို ဂလာ ၃း၂၄၊ ၂၅ နှင့် ၁ကော ၄း၁၅ တိုတွင် တွေ့ရသည်။ ရှေးဂရိနှင့် ရောမခေတ်ကာ လတို့တွင် ကလေးသူငယ်ကို အုပ်ထိန်းသူဖြစ်သည်။ ထိုအုပ်ထိန်းသူသည် ပုံမှန်အားဖြင့် ကျေးကျွန်ဖြစ်၍ ကလေးသူငယ်အား စည်းကမ်းတကျ စောင့်ထိန်းလျက် ကျောင်းကြိုကျောင်းပိုသူဖြစ်သည်။ ရှင်ပေါလုက ဂလာတိသားများသို ပညတ်တရားသည် ခရစ်တော်ပြန်လည်ကြွ လာသည့်ချိန်ထိ လူများအား ထိန်းကျောင်းသူ၊ ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရရှိစေသူဟု ဆိုသည်။
ဂရိစကားတွင် paidagogos ဖြစ်၍ ကျောင်း-ဆရာဟု ပြန်ဆိုကြသည်။ သိုသော် စင်စစ်တွင် ကလေးသူ ငယ်ကို အုပ်ထိန်းသူ၊ ထိန်းကျောင်းသူဖြစ်သည်။ ကလေးသူငယ်များကို သွန်သင်သူဖြစ်သည်။
Strliew (ကျမ်းတတ် ပုဂ္ဂိုလ်)
ကျမ်းတတ်ပုဂ္ဂိုလ်များသည် ရှေးလောက၌ ပညာတတ်အကျော်အမော်များဖြစ်သည်။ စာဖတ်တတ် သူများ ရှားပါးသည့်ကာလ၌ နည်းစုဖြစ်ကြသည်။ အမိန့်အာဏာ၊ စာချုပ်စာတမ်းများ အားပေးကြ၍ မှတ်တမ်း မှတ်ရာများ သိမ်းဆည်းသကဲ့သို အလားတူ စာရွက်စာတန်းကိစ္စရပ်များဆောင်ရွက်ကြသည်။ ကျမ်းဖက်ပုဂ္ဂိုလ် အချို့သည် နိုင်ငံ့အရေးကြိးအရာ ရှိမင်းများဖြစ်ကြ၍ အရှိန်အဝါ ဩဇာရှိကြသည်။
ပြည်နှင်ဒဏ်နောက်ပိုင်းတွင် ယုဒကျမ်းတတ်ပုဂ္ဂိုလ်များသည် ယဇ်ပုရောဟိတ်များထက် ထင်ရှားလာ သည်။ ဧဇရသည် ယဇ်ပုရောဟိတ်နှင့်ကျမ်းတတ်ပုဂ္ဂိုလ်ဖြစ်သည်(နေ ၈း ၉)။ ထိုကျမ်းတတ်ပုဂ္ဂိုလ်များသည် မောရှေ၏ ပညတ်ချက်များကို ကူးယူအနက်ပြန်ဆို ချဲ့ကားပြီး လူများသို့ သွန်သင်ကြသည်( နေ ၈း၁၃)။
ဓမ္မသစ်ကျမ်းတွင် ကျမ်းတတ်ပုဂ္ဂိုလ်အများစုသည် ဖာရိရှဲအဖွဲ့သားများဖြစ်ကြသည်။ ဧဇရကဲ့သိုပင် ပညတ်တရား နှံစပ်ကြပြီး မောရှေ၏ ပညတ်တရား၌ ရိုးရာထုံးတမ်းစဉ်လာများ ထပ်ဆောင်းကြသည်။ ထိုကျမ်းတတ်ပုဂ္ဂိုလ်များသည် တရားအရပ်နှင့် ယုဒဘာသာရေးကောင်စီကိုလည်း လွှမ်းမိုးကြသည်။ အထူးသဖြင့် ခရစ်တော်နှင့် တမန်တော်များကို ဆန့်ကျင်ကြသည်။ (မ ၂၇း ၂ ကိုကြည့်)။
Scripture (ကျမ်းစာ)
ဂရိစကားတွင် “ရေးသားချက်”ဟု အနက်ရသည်။ ဓမ္မသစ်ကျမ်းတွင်ဘုရားစကားတော်ကို ခေါ်ဆိုရာ၌ ထိုစကားလုံးကို သုံးလေ့ရှိသည်။ ထိုစကားလုံးကို အင်္ဂလိပ်ဘာသာသို ပြန်ဆိုသည့်အ ခါကျမ်းစာ(Bible )ဖြစ်လာသည်။
ထိုကျမ်းစာကို လူများက ရေးသားကြသည်။ ထိုသူများသည် ထိုသို့ရေးသားကြရာတွင် မိမိတိုသဘော ဆန္ဒအတိုင်းမဟုတ်။ ဘုရားသခင်က စေချင်သည့်အတိုင်း ရေးသားကြသည်။ မည်သိုဆိုသော် မည်သို ရေးသား ရမည့်အကြောင်း သူတိုစိတ်နှလုံးသို့ ဘုရားသခင်၏ ဝိညာဉ်တော်က ပြောပြသည် (၂ပေ ၁း၂၀၊ ၂၁)။ ဘုရားသခင်က ထိုသို ရေးသားထားသော သူ့စကားလုံးများသို့ တန်ခိုးမှုတ်သွင်းပြီးသော် အစေခံသူများမှတဆင့် လူများသို့ အကျိုးထူးသော သတင်းစကားများအဖြစ် ပေးတော်မူသည်(၂တိ ၃း၁၅-၁၇)။
တခါတရံ စာရေးဆရာများက ဘုရားသခင်၏ မိန့်တော်မူချက်ကို“ကျမ်းစာလာသည်ကား”(ရော ၉း၁၇၊ ၁၀း၁၁)စသဖြင့် အစချီကြသည်။ ဘုရားသခင်သည် ကျမ်းစာနှင့် ခွဲခြား၍မရပါ။ ဘုရားသခင်ကို နာခံချင်သူသည် ကျမ်းစာကို လိုက်နာသည်။ ကျမ်းစာကို နာခံခြင်းသည် ဘုရားသခင်ကို နာခံခြင်းဖြစ်သည်။ သိုသော် ကျမ်းစာသည် ဘုရားသခင်ဖြစ်၍ ကိုးကွယ်ရ သည်ဟု မဆိုလိုပါ။ ကျမ်းစာသည် ကျမ်းစာဖတ်ရှုသူနှင့် ဘုရားရှင်တို ဆုံစည်းရာဖြစ်သည်။ ကျမ်းစာသားများဖြင့် ဘုရားရှင်က စကားမိန့်တော်မူသည်။
အကြောင်းသော် ကျမ်းစာသည် ဘုရားရှင်၏ မိန့်တော်မူချက်များ ဖြစ်သောကြောင့် နာခံရသည်။ ကျမ်းစာသည် ဘုရားသခင်၏ သမ္မာတရား (ယော ၁၇း၁၇)ဖြစ်သည့်အတိုင်း အသေးဆုံးမှစ၍ အနက် အဓိပ္ပါယ်ရှိသည် (ဂလာ ၃း၁၆ တွင် ရှင်ပေါလုက မျိုးစေ့များဟု ဗဟုကိန်းဖြင့် ရေးသားသည်။ ဧကဝုဒ်ကိန်း မသုံးခြင်းကို သတိပြုပါ)။ ထိုအပြင် ပြည့်စုံရစမြဲဖြစ်သည်(မ ၅း၈)။ သမ္မာကျမ်းစာ၏ ရည်ရွယ်ချက်မှာ ခရစ်တော်ဖြစ်၍ အသက်ခရီးပြသခြင်း အကြောင်းဖြစ်သည်(ယော ၅း၃၉)။
ဓမ္မသစ်ကျမ်းက “ကျမ်းစာလာသည်မှာ”ဟု ဆိုသောအခါ ဓမ္မဟောင်း ကျမ်းကို ဆိုလိုသည်။ ခရစ်ယာန် အသင်းတော် အစောဆုံးကာလ၌ ခရစ်ယာန် စာပေသစ်များကို ကျမ်းစာကဲ့သို မှတ်ယူကြသည်။ တရား ၂၅း၄ ကို ရည်ညွှန်းသည့် လု ၁၀း၇၌ နှစ်ခုစလုံးကို ရှင်ပေါလုက ကျမ်းစာဟုခေါ်သည်(၁တိ ၅း၁၈)။ ရှင်ပေါလုက ခရစ်ဝင်ကျမ်းကို တိုက်ပုဂ္ဂိုလ်ရိုက်ကိုးကားခြင်း ဖြစ်နိုင်သကဲ့သို ပေါလုနှင့် လုကာတို နှစ်ယောက်စလုံးက ယခုအခါ မတွေ့တော့သည့် ကျမ်းတစောင်ကို ကိုးကားကြခြင်းလည်း ဖြစ်နိုင်သည်(လု ၁း၁၊ ၂ ကိုကြည့်)။ ခရစ်တော်၏ စကားတော်များအား ကျမ်းစာအဖြစ် ရည်ညွှန်းခြင်းလည်း ဖြစ်နိုင်သည်။ ၂ပေ ၃း၁၆ တွင် ရှင်ပေါလု၏ ရေးစာများတွင် ဓမ္မဟောင်း ကျမ်းပြင်ပမှလည်း ပါဝင်သည်ဟုဆိုသည်။ ထိုကြောင့် ဓမ္မသစ်ကျမ်းများ မရေးသားကြခင်တွင် ရေးသားသည့် ကျမ်းများသည် ဓမ္မသစ်ကျမ်း၏ အစိတ် အပိုင်းတွင် ပါဝင်ထားကြောင်း သိရှိရသည်။
ထိုသိုဖြင့် ယနေ့ကာလ၌ ကျမ်းစာအဖြစ် လက်ခံကြသော ကျမ်းစာ(၂၇)စောင်အား အရှေ့ပိုင်းအ သင်းတော်များက ကျမ်းစာအဖြစ် သိမှတ်ကြ သည့် အေဒီ ၆၇ ခုနှစ်တိုင်အောင် ဆက်လက်ရေးသားကြသည်။ နောင်နှစ်ပေါင်း ၃၀ ကြာသော် အနောက်ပိုင်း အသင်းတော်များကလည်း လက်ခံသိမှတ်လာကြသည်။ ထိုအချိန်မှစ၍ ခရစ်ယာန်များ၏ အဓိကယုံကြည်ချက်အဖြစ် ထိုကျမ်းစောင်များကို အပြည့်အဝ ယုံကြည်ခံယူကြသည်။
Seah (Hebrew), or Sata (Greek) (ရှေအ (သို့) ဆာသာ)
ဂျုံမှုန်နှင့် မုယောခြောက်များ ခြင်တွယ်ရာဖြစ်သည်။ ၇. ၃ လီတာခန့်ဝင်သည်။ မ ၁၃း၃၃ နှင့် လု ၁၃း၂၁ တိုကိုကြည့်ပါ။
Seal, Sealing (တံဆိပ်၊ တံဆိပ်ခတ်နှိပ်ခြင်း)
ကျမ်းစာကာလမှ တံဆိပ်များသည် ရွှံစေး(သို့) ဖယောင်းဖြင့် ပြုလုပ်ထားသည့် တံဆိပ်ခေါင်း(သို) ဒလိမ့်တုံးများဖြစ်သည်။ ပေးစာများ(၃ရာ ၂း၁၈)၊ဘုရင့်အမိန့်တော်(ဧသ ၃း၁၂)၊ မြေယာအရောင်းအဝယ်(ယေ ၃၂း၁ဝ-၁၄)၊ ပဋိညာဉ်များ(နေ ၁၀း၁)နှင့် အလားတူ ပိုင်ဆိုင်ခွင့်အမှတ်အသား မှန်ကန်ကြောင်း အထောက် အထားများ၌ သုံးကြသည်။
အုပ်စိုးသူမင်းများက သူတို၏ အမိန့်အာဏာအဖြစ် ကိုယ်စားလှယ် တော်များထံသို့ သူတို၏ တံဆိပ်များ ပေးထားလေ့ရှိကြသည်(က ၄၁း၄၂၊ ဧသ ၃း၁၀)။ အခန်းများ(ဒံ ၆း၁၇)နှင့် အုတ်ဂူများ(မ ၂၇း၆၆)တို့တွင်လည်း မည်သူကမှ ထိပါးဖျက်ဆီးခွင့်မရှိသည့် အမှတ်အသားအဖြစ် တံဆိပ်ခတ်နှိပ်ကြသည်။
ကျမ်းစာတွင် “တံဆိပ်’ဟူသော စကားလုံးကို လျှိဝှက်ခြင်း၊ ကျမ်းစာလိပ်(ဟေရှာ ၂၉း၁၁၊ ဗျာ ၁၀း၄)၊ လုံခြုံခြင်း(တရား ၃၂း၃၄၊ ယောဘ ၁၄း၁၇)၊ ပိုင်ဆိုင်သူပြသခြင်း(ရော ၄း၁၁)စသဖြင့် ပုံစံအမျိုးမျိုးတွင် သုံးထားသည်။
ရှင်ပေါလုက သန့်ရှင်းဝိညာဉ်တော်ကို တံဆိပ်အဖြစ် ဖော်ညွှန်းသည်။ သန့်ရှင်းဝိညာဉ်တော်သည် ဘုရားပိုင်ဆိုင်ရာဖြစ်ကြောင်း ယုံကြည်သူများသို့ အာမခံကြေးဖြစ်သည်(၂ကော ၁း၂၂ ကိုကြည့်)။ ထိုသိုဖြင့် ဘုရားသခင်၏ သားသမီးများ အမှန်ဖြစ်ကြသည်။ ပထမဆုံး ယုံကြည်ခြင်းရှိကြသည့်အချိန်တွင် သန့်ရှင်း ဝိညာဉ်တော် တံဆိပ်ခတ်နှိပ်ခြင်း ခံကြသည်( ၁း၁၃)။ ထိုတံဆိပ်သည် အပြစ်တရားစီရင်ရာနေ့၊ ခရစ်ယာန်များအတွက် ရွေးနှုတ်ရာနေ့၌ ဘေးရန်လုံခြုံမည့်အကြောင်း အာမခံချက်ဖြစ်သည်( ၄:၃၀)။
Selah (ဆီလ)
ဤစကားလုံးကို ဆာလံကျမ်းတွင် (၇)ကြိမ်၊ ဟဗက္ကုတ်တွင် (၃)ကြိမ်တွေ့ရသည်။ အနက်ကို ယနေ့တိုင်အောင် အတိအကျ မသိရှိကြ။ အဆိုတော်များနှင့် တူရိယာများ၏ အသုံးအနှုန်းဖြစ်သည်ဟု အချိုက ယူဆကြသည်။ ဆာ ၃း၂၊ ၁၄၃း၆၊ ဟဗ ၃း၃၊ ၉၊ ၁၃ တို၌ အသုံးပြုပုံကိုကြည့်။
Seraph, Seraphim (plural) (သရ၊သရဖိမ်)
ကောင်းကင်တမန်တပါး၏ နာမည်ဖြစ်၍ ဟေရှာ ၆း၂၊ ၆ ၌သာတွေ့ရသည်။ လူ့သဏ္ဍာန်ရှိသော်လည်း တောင်ပံ(၆)ခုရှိသည်။ တောင်ပံ(၄)ခုကို ဘုရားရှင်အား ရှိခိုးရန်သုံးကြ၍ ကျန်သော(၂)ခုဖြင့် ပျံသန်းကြသည်။
သရဟူသော ဟေဗြဲစကားလုံးသည် လောင်ကျွမ်းခြင်းဟု အနက်ရသည်။ ဟေရှာယက ကောင်းကင် တမန်များ ပျံသန်းခြင်းကို မီးပမာ မြင်သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် စင်ကြယ်မှုစိုးစံရာဖြစ်သည်။ ထိုသရဖိမ်များ သည် ဘုရားရှင်၏ အစေခံများဖြစ်ကြသည်။ ဟေရှာယ၏ နှုတ်ကို စင်ကြယ်စေသူများဖြစ်သည်။
Shekel (အကျပ်)
ခါနန်ပြည်နှင့် မေသောပေါတာမိပြည်တွင် အလေးချိန်ရာ၌ အသုံးပြုသည့် စံတခုဖြစ်သည်။ ကျပ်သား သုံးထောင်ကို တခွက်ဟုဆိုသည်။ အလေးချိန် အတိအကျသည် ကာလဒေသအလိုက် ပြောင်းလဲသည်။
အကျပ်သုံးမျိုး သုံးစားရှိသည်။ အများသုံး အကျယ်သည် ၁၁/၁၂ ဂရမ်ခန့်ရှိသည်(၄ရာ ၇း၁)။ သန့်ရှင်းရာဌာနတော်သုံးသည် ၁၀ သုံးပုံတပုံ ဂရမ်ရှိသည်(ထွ ၃၈း၂၅)၊ တော်ဝင်နန်းသုံးသည် (၁၃)ဂရမ်(၂ရာ ၁၄း၂၆)ရှိသည်။
Shekinal (ရှိကီနု၊ အာနုဘော်)
ရှိကီနုဟူသော စကားလုံးသည် ဟေဗြဲစကားဖြစ်၍ စိုးစံခြင်းဟု အနက်ရသည်။ ကျမ်းစာတွင် သုံးနှုန်းခြင်းမရှိသော်လည်း ယုဒလူများက သူ့လူများအကြား၌ စိုးစံတော်မူသည့် အထိမ်းအမှတ်အဖြစ် ဘုရားသခင်၏ အာနုဘော်တော်အား ဖော်ညွှန်းရာ၌ သုံးကြလေ့ရှိသည်(ထွ ၂၅း၈၊ ၂၉း၄၅)။ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်စိုးစံတော်မူကြောင်း၌ သုံးနှုန်း၍ လူ့အရေးအရာတွင်သုံးနှုန်းခြင်းမရှိ။ ကျမ်းစာခေတ်ကာ လနောက် ပိုင်းတွင်သာ သုံးနှုန်းကြသည်။
ဘုန်းတန်ခိုး အာနုဘော်သည် ဘုရားသခင်စိုးစံတော်မူကြောင်းအလင်းတောက်ပခြင်းဖြစ်သည်။ အသန့်ရှင်းဆုံးဌာနတော် ကျက်သရေဆောင်ထဲရှိ ကရုဏာပလ္လင်တောင်ပေါ်၌ တွေ့မြင်ရသည်(ထွ ၄၀း၃၄၊ ၃၅၊ ၃ရာ ၈း၁၊ ယေဇ ၄၄း၄၊ ဝတ် ၁၆း၁၃၊ ရော ၉း၄ မှ ဘုန်းတော်တိုကိုကြည့်)။ သူ့လူများနှင့်အတူ ဘုရားရှင်တော် စိုးစံတော်မူကြောင်းကို ဓမ္မဟောင်း/သစ်ကျမ်းနှစ်စောင်စလုံးတွင် တွေ့ရသည်(ယော ၁၄း၂၃)။
Sheol (မရဏာနိုင်ငံ)
ဟေဗြဲစကားရပ်ဖြစ်၍ ဓမ္မဟောင်းကျမ်း၌ မရဏာနိုင်ငံ(သို့) တစပြင်သုဿန်ဟုဆိုသည်။ အသုဘများ စားမဝနိုင်သည့် ငတ်မွတ်သော ပိတ္တာ(ဟေရှာ ၅း၁၄)ဖြင့် ဖော်ဆောင်ကြသည်။ တခါတရံ အပြစ်ဒဏ် ကျခံရာနေရာဟုလည်း ဆိုသည်(ဆာ ၉း၁၇)။ ယာကုပ်သိုသော လူကောင်းများ(က ၃၇း၃၅)နှင့် ကောရသို့သော ဒုစရိုက်လူများသွားရာ နေရာဖြစ်သည်(တော ၁၆:၃၀)။
တစပြင်သုဿန်ထက် မရဏာနိုင်ငံဟု ပြန်ဆိုလျှင် ပိုကောင်းသည်ဟုမဆိုနိုင်။ ကျမ်းစာက လူ့ဘဝ၏ တစပြင်သုဿန်သည် ဤဘဝ၏ အဆုံးနိဂုံးဟုမဆိုပါ။ ထာဝရပီတိ(သို) ချုပ်နှောင်ခြင်းရှိသေးကြောင်း သွန်သင်ပါသည်။ မည်သိုဖြစ်စေ မရဏာနိုင်သိုသွားခြင်းသည် သာမန်အားဖြင့် အနိစ္စရောက်၍ သင်္ချိုင်းထဲသို ဝင်ရောက်သွားခြင်းဖြစ်သည်။ ထိုအကြောင်းကို ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်စောင်စလုံးတွင် ပိုမိုကျယ်ပြန့်စွာ ရှင်းပြထားသည်။ ဓမ္မဟောင်းကျမ်းအရ မရဏာသည် အပြစ်နှင့် ဆက်စပ်သည်(က ၂း၁၇ ကြည့်)၊ ရော ၅း၁၂ ကလည်း ထိုသေခြင်းသည် အပြစ်ဒဏ်ဟု သဘောရသည်။
ရှေးအုတ်ဂူများသည် မြေကြီးအား အလွန်နက်နဲစွာ တူးဆွကြသည်။ သမိုင်းသည် နက်နဲလှသော မြေကြီး ထဲသို့ ရောက်ရှိကြောင်း ပြသခြင်းဖြစ်သည် (ယောဘ ၁၁း၈)။
Shiloh (ရှိလော့)
ရှိလော့အရပ်သည် ဗေသွေလ၏ မြောက်ဘက်၊ ဗေသွေလမှ ရှေခင်သို့ သွားရာလမ်း၏ အရှေ့ဘက်၊ လေဗာနုန်၏ တောင်ဘက်(သူကြီး ၂၁း၁၉)တွင် ရှိသည်။ ပျက်စီးသွားသော အစအနများအရ ဗေသွေလ၏ မြောက်ဘက်(၉)မိုင်ခန့် တောင်ကုန်းကို အခြေပြု ခေါ်ဆိုခြင်းဖြစ်သည်။ ယခုရာစုနှစ် အစောပိုင်းမှ ဒါနီတို၏ တူးဖော်ချက်အရ ရှိလော့အရပ်သည် ဘီစီ ၁၀၅၀ ဝန်းကျင်တွင် ပျက်သုဉ်းသွားသည်ဟု တွက်ဆကြသည်။
ယောရှုက ရှိလော့အရပ်တွင် တဲတော်ဆောက်လုပ်ခဲ့သည်(ယောရှု ၁၈း၁)။ ဘုရားဝတ်ကျောင်း အစအနက ယဇ်ပုရောဟိတ် ဧလိ(၁ရာ ၄း၄။ ၁၂-၁၈) သေဆုံးချိန်ထိရှိနေကြောင်း ပြသသည်။ ရှိလော့အရပ် ပျက်သုဉ်းခြင်းကို ကျမ်းစာ၌ အထောက်အထားမတွေ့ရသော်လည်း ကျမ်းစာရေးသားသူများက ဘုရားသခင်၏ အပြစ်တရားစီရင်ခြင်း ခံရသည်ဟု ယူဆကြသည် (ဆာ ၇၈း၅၉-၆၁၊ ယေ ၇း၁၂-၁၄)။ ဧလိနောက်ပိုင်းတွင် ရှိလော့အရပ်၌ တဲတော်တည်ရှိကြောင်း အထောက်အထား တစုံတရာမရှိသဖြင့် ဧလိသေလွန်ပြီး မရှေးမနှောင်း တွင် ဖိလိတ္တိမ်းတိုက တိုက်ခိုက်ဖျက်ဆီးပစ်ကြဟန်တူကြောင်း ဆိုကြသည်။ အကြောင်းမှာ များမကြာမှီ ပဋိညာဉ်သေတ္တာကို ကိရယယာရိမ်မြို့သို့ ရောက်ရှိပြီး(၁ရာ ၇း၁၊ ၂)၊ နောက်နှစ်အနည်းငယ် အတွင်းတွင် နောဗမြို၌ ယဇ်ပုရောဟိတ်များရှိကြသည်(၁ရာ ၂၂း၁၁)။
ထိုသို့ ပျက်သုဉ်းသွားသော်လည်း နောင်တွင် လူအနည်းငယ်တိုက ရှိလော့မြိုကို ပြန်လည်အသက် သွင်းကြသည်(၃ရာ ၁၁း၂၉၊ ယေ ၄၁း၅)။
Shewbread (ရှေ့တော်မုန့်၊ NIV – တဲတော်ထဲရှိ မုန့်)
တဲတော်ထဲမှ မြောက်ဘက်ပိုင်းရှိ စားပွဲပေါ်တွင် ဥပုသ်နေ့တိုင်း၌ တင်ရသည့် မုန့်(၁၂)လုံးဖြစ်သည်။ ဘုရားရှေ့တော်၌ အစဉ်အမြဲရှိရန် ယဇ်ပုရောဟိတ်များက ကြီးကြပ်ရသည်။ မုန့်အသစ်ဖြင့် လဲလှယ်သည့်အခါ မုန့်ဟောင်းများကို ယဇ်ပုရောဟိတ်များက သန့်ရှင်းရာဌာနတော်ထဲတွင် ဥပုသ်နေ့၌ အကုန်စားပစ်ရသည်။ လေဝိအနွယ်မှ ကောရသိမျိုးနွယ်စုက ထိုရှေ့တော်မုန့်ကို တာဝန်ယူကြသည်(၅ရာ ၉း၃၂)။
Sign (အမှတ်လက္ခဏာ)
အမှတ်လက္ခဏာသည် တစုံတရာ၏ အနက်အား ရှင်းပြခြင်းဖြစ်သည်။ကျမ်းစာတွင် အမှတ်လက္ခဏာ အမျိုးမျိုးရှိ၍ ထိုအမှတ်လက္ခဏာများသည်မည်သိုဆိုလိုကြောင်း ဂရုစိုက်ရသည်။
ထိုသိုသော အမှတ်အသား သည် ကျောက်ခဲတပုံ(ယောရှု ၄း၆-၈)၊ မွေးဖွားခြင်း(ဟေရှာ ၇း၁၁)နှင့် သေခြင်း(၁ရာ ၂း၃၄) အစရှိသည့် အဖြစ်အပျက်တခုခုကို ရည်ညွှန်းခြင်းမျိုးဖြစ်သည်။
ကျမ်းစာသည် အမှတ်အသားများ၏ ဆိုလိုရင်းကို ရှင်းပြလေ့ရှိသည်။ ယောရှု ၄း၆ မှ ကျောက်ခဲများ သည် သူတိုဘိုးဘေးများ ကတိတော်မြေသို့ ဝင်ရောက်ကြစဉ် ဘုရားရှင်က ယော်ဒန်မြစ်အား ရေတားဆီးခဲ့ ပေးပုံကို နှောင်းလူများက သိရှိကြရန် အမှတ်တရဖြစ်သည်။ အရေဖျားလှီးခြင်းသည် ဘုရားသခင်နှင့် အာဗြဟံတိုအကြား ပဋိညာဉ်ဖွဲနှောင်ခြင်းဖြင့် ဘုရားသခင်နှင့် သူ့လူများ ပဋိညာဉ်ပြုကြသည့် အမှတ်အသား ဖြစ်သည်(က ၁၇း၁၁)။အံ့ဘွယ်နိမိတ်လက္ခဏာသည် ဘုရားသခင်၏ အမှုတော်ပြုပုံ အမှတ် အသားဖြစ်သည်(ထွ ၇း၃၊ ယော ၂း၁၁)။ အံ့ဘွယ်နိမိတ်လက္ခဏာ ပြသသူများကို ဘုရားရှင်က စေလွှတ်သူဟု ခံယူကြသည်(ထွ ၄း၈)။ ထိုသို ပြသသူများအား ဘုရားသခင်၏လူ ဟုတ်မှန်ကြောင်း၊ ကျမ်းစာပါ အခြားသွန်သင် တော်မူချက်များနှင့် သတင်းစကားများသည် ဘုရားသခင်၏ အလိုတော်မှန် ကြောင်း သေချာရန် ကျမ်းစာဖြင့် ဆန်းစစ်ရသည်။ ဘုရားသခင်၏ ရန်သူများကလည်း ထိုသို အံ့ဘွယ်လက္ခဏာ၊ နိမိတ်နမာများ ပြသကြသည်(တရား ၁၃း၁-၄၊ ဗျာ ၁၃း၁၃)။ သို့ သော် ထိုသူများ၏ အသက်တာ၌ အထက်ပါအချက်(၃)ချက်မရှိ။
အံ့ဘွယ်နိမိတ်လက္ခဏာ အကြောင်းတွင်လည်းကြည့်။
Sin (အပြစ်)
အပြစ်သည် ဧဒင်ဥယျာဉ်၌ အာမဖောက်ပြန်မှီကာလကပင် မာန်နတ်နှင့်အတူ စတင်ပေါက်ဖွား သည်(၁ယာ ၃း၈) များ အပြစ်ပြုလုပ်ခြင်းသည် တစုံတရာ၏ စုံစမ်းခြင်းကြောင့်ဖြစ်သည်(ဒံ ၁-၅)၊ ထိုသို့ လိုချင်၍ဖြစ်စေ၊ မလိုချင်၍ဖြစ်စေ အပြစ်ပြုလုပ်ခြင်းသည် တစုံတရာကို တိုက်တွန်းချက်ကြောင့်ဖြစ်သည်(ငယ် ၆)။ အပြစ်သည် အပြစ်သား၏ စိတ်နှလုံး(မျက်စိအမြင်အာယာမှု)၊ သဘော (ဉာဏ်ပညာရရှိခြင်း) အပြစ်ပြု ဝံ့သည့်မနော(ဧဝသည် ထိုသစ်သီးကို ယူစားပြီး အာဒံသို့ ပေးလိုက်ရာ အာဒံကလည်း စားပစ်၏) တို့ကြောင့် ဖြစ်သည်။
အပြစ်သည် ဘုရားသခင်ကို ဆန့်ကျင်သည်။ က ၃ တွင် ဘုရားသခင်၏ သမ္မာတရားဆန့် ကျင်ပုံတွေ့ရသည်(က ၃း၃၊ ၄)။ အပြစ်တရားက လူအား ဘုရားရှင်ကို နာခံရေးထက် မာရ်နတ်နောက်သို့ လိုက်၍ လုပ်ချင်ရာလုပ်ရန်ညွှန်ပြသည်(ငယ် ၁-၆)။
အပြစ်က အရှက်(ငယ် ၇)၊ အကြောက်(ငယ်၈-၁၀)၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းနှင့် သေခြင်း ယူဆောင်လာသည်(ငယ် ၁၆-၁၉)၊ လူ့အပြစ်ကြောင့် ဖန်ဆင်းခံဟူအမျှ ပျက်စီးသည်(ငယ် ၁၇)။ ဘုရားသခင်နှင့် မိသာဟာယ မဖွဲ့နိုင်ရန် လူကိုလည်း ဝေးရာသို့ မောင်းထုတ်သည်(ငယ် ၂၃)။ သို့သော်ဘုရားသခင်သည် ကျေးဇူးတော်ဘုရားဖြစ်တော်မူသောကြောင့် လူသည်မျှော်လင့်ချက်မဲ့ဘ၀သိုမရောက်။ အာဒံနှင့် ဧ၀တို၏ အရှက်ကို လုံေစသည့် အပြင်(ငယ် ၂၁)၊ ကယ်တင်ရှင်သခင် ရောက်လာမည့်အကြောင်းလည်း သဲလွန် စခြေရာပေးထားသည်(ငယ် ၁၅)။
အပြစ်က အခြားသူများကို ထိခိုက်နာကျင်စေသည်။ ထိုအခါမျိုးတွင်ကိုင်း တိုက်ရိုက်ထိခိုက်သည်(ဆာ ၅၁း၄၊ ရော ၈း၇)၊ အပြစ်သားသည် ဘုရားသခင်၏ စံတော်ကို မခံနိုင်ပြီး ထိုစံချိန်မှာ ဘုရားသခင်၏ အမြင်သည်(၀တ် ၁၁း၄၄၊ ရော ၃း၂၃)။ ထိုကြောင့် ပညတ်တရားပြငှာန်းသည်။ အပြစ်သည် တရားမဲ့ခြင်းဖြစ် သည်(၁ယော ၃း၄)။ အပြစ်သည်ဘုရားရှင်၏တောင်းဆိုချက် မမီသည့်အပြင် ဆန့်ကျင်ဘက်သို့ ရောက်သည်။ အပြစ်သားများသည်အမှန်ဟု မိမိကိုယ်ကို ထင်ကြသော်လည်း ဘုရားသခင်၏ လမ်းတော်ကို ပုန်ကန်ဆန့် ကျင်ကြပြီး ဘုရားသခင်၏ နေရာတွင် မိမိတိုစံချိန်စံညွန်းအားအစားထိုးကြသည်။
အာဒံ၏ အပြစ်က လူ့ဇာတိတခုလုံးအား ဖျက်ဆီးသည်။ အကြောင်းသော် ခရစ်တော်မှလွဲ၍ လူအားလုံး သည် လူ့ဘ၀အစကပင် အပြစ်သားများဖြစ်ကြသည်(ဆာ ၅၁း၅)။ လူ့စိတ်နှလုံး(မာ ၇း၂၀ -၂၃)၊ ဆန္ဒ(ဂလာ ၅း၁၇၊စိတ်သဘော(ရော ၁း၂၈)သို အစစအရာရာ၌ ယိုယွင်းပျက်စီးသည်။ သိုသော်အဆိုးဝါးဆုံး အဆုံးသို့ ရောက်ရှိ သည်ဟု မဆိုလိုပါ။ အကောင်းနှင့် အမှန်ဟုအထင်မှား လုပ်ဆောင်ကြသောအခါ အပြစ်အစင်းအကြောင်းများ ထင်ကျန်သည်။ မည်မျှကောင်းမွန်စေကာမူ လူ့အကောင်းဆုံး စွမ်းဆောင် ချက်သည်ဘုရားသခင်၏ သန့်ရှင်းခြင်းစံချိန် မမီနိုင်(ဟေရှာ ၆၄း၆)။
အကြောင်းသော် လူသည် အပြစ်သားဘ၀ဖြင့် လူ့လောကသို မွေးဖွားသည်။ သူ့ စိတ်ဝိညာဉ်သည် သေဆုံး( ဧ ၂း၁)၍ ဘုရားသခင်ကို မသိရှိနိုင်သဖြင့် ဘုရားရှင်၏ ပြုတော်မူချက်သည် မှန်ကန်၍ မိမိလုပ် ဆောင်ချက်သည် မှားယွင်းကြောင်း နားမလည်နိုင်(၁ကော ၂း၁၄)။ အပြစ်ဇာတိရှိကြသောကြောင့် ဘုရားရှင် တော် ကျေနပ်ရာထက် မိမိပျော်ရွှင်ရာနောက်သို့ လိုက်ကြသည်။ အာဒံနှင့် ဧဝတို့သည် ပထမအကြိမ် အပြစ်လွန်ကျူးခြင်းသည်တစုံတဦး၏ စုံစမ်းခြင်းကြောင့်ဖြစ်သည်။ အစမူလတွင် သူတိုစိတ်နှလုံးသည်စင်ကြယ်သည်။ ယခုအခါ လူ့ စိတ်နှလုံးသည် အပြစ်ထူပြောသည်ဖြစ်၍အခြားသူ၏ အထွေအထူး တိုက်တွန်း စရာမလို။ မိမိကိုယ်ပိုင် မိမိသဘောအတိုင်း အပြစ်တောသို့ သွားနိုင်ကြသည်(မာ ၇း၂၀-၂၃၊ ဟေဗြဲ ၃း၁၀)။အပြစ်လုပ်ရန် စိတ်ဆန္ဒရှိနေကြသည်(၁ကော ၁၀း၁၃)။
ဘုရားသခင်က အပြစ်ကို ပြန်လည်ဆန့်ကျင်သည်။ ဘုရားရှင်စိုးစံ တော်မူရာသည် အပြစ်ကင်းစင်၍ သန့်ရှင်းသည်(ဟဗ ၁း၁၃)။ အပြစ်ဟူသမျှကို အမျက်တော် ရှသည်(ရော ၁း၁၈)။ သို့ကြောင့် ဘုရားရှင်က လူအား အပြစ်နှင့်သေခြင်းမှ လွတ်မြောက်ရာလမ်းအား ယေရှုခရစ်တော်အားဖြင့် ကမ်းလှမ်း၍ လက်ခံသူတိုင်း ကယ်တင်ခြင်းအကျွတ်တရား ရရှိကြသည်။
Sin offering (အပြစ်ဖြေရာယဇ်)
အပြစ်ဖြေရာယဇ်သည် မစင်ကြယ်မှုအား အပြစ်ဖြေခြင်း အစီအစဉ်၊မမျှော်လင့်သော အပြစ်များ လွန်ကျူးခြင်းကြောင့် အပြစ်ဖြေလွှတ်ရန် ပူဇော်ခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ကြီးလေးသော အပြစ်များ ပူဇော်ခြင်းမပါ။
မစင်ကြယ်သောအရာများ ထိပါးခြင်း(ဝတ် ၅း၂၊ ၃)၊ မီးနေခြင်း (ဝတ် ၁၂း၈)တိုတွင် အပြစ်ဖြေရာယဇ် ပူဇော်ရသကဲ့သို တစုံတရာ ပြစ်မှားသည့် အချိန်တွင်လည်း ပူဇော်ရသည်(ဝတ် ၅း၁၊ ၄)။ အပြစ်လွန်ကျူးသူအပေါ်မူတည်၍ တိရစ္ဆာန်ဖြင့် ယဇ်ပူဇော်ရသည်(ဝတ် ၄)။ မရှိဆင်းရဲသားများက ချိုး(သို) ခိုငှက်နှစ်ကောင်(ဝတ် ၅း၇)(သို) ဂျုံမှုန့်ဖြင့်လည်း ပူဇော်ကြသည် (ဝတ် ၅း၁၁)။ ယဇ်ပုရောဟိတ်က ယဇ်ကောင်၏ အဆီနှင့် ကျောက်ကပ်ကို ယဇ်ပလ္လင်ပေါ်တွင် မီးရှိပူဇော်နေသည်(ဝတ် ၄း၈-၁၀)။ ယဇ်သားကို မိသားစုက သန့်ရှင်းရာဌာနတော်ထဲ၌ စားသုံးကြသည်(ဝတ် ၆း၂၄-၂၇)။ ကိုးကွယ်သူများသည် ယဇ်ကောင်၏ မည်သည့်အစိတ်အပိုင်းမျှ မရရှိကြ။
Slaves, Slavery (ကျေးကျွန်၊ ကျေးကျွန်စနစ်)
ကျမ်းစာလာ ကျေးကျွန်စနစ်သည် မကြာသေးခင်က ကျေးကျွန်စနစ်နှင့် မတူညီပါ။ ၁၈/၁၉ ရာစုနှစ် များမှ ကျေးကျွန်များသည် မိမိမိသားစုအားဆန့်ကျင်လျက် တိရစ္ဆာန်များပမာ ပြုမူဆက်ဆံခြင်း ခံရသည်။ ကြောက်မက်ဘွယ်ရက်စက်မှုလည်း မကြာခဏ ကြုံတွေ့ကြသည်။ ဓမ္မဟောင်းကျမ်းကာလ၌ ထိုသို့ ဖြစ်ခွင့်မရှိ။ လူကို ပြန်ပေးဆွဲခြင်းသည် ကျေးကျွန်ပြုခြင်းဖြစ်၍ သေဒဏ်သင့်သည်(ထွ ၂၁း၁၆)။ ကျေးကျွန်များသည် တရားမျှတစွာ ရှင်းပြခွင့်ရှိကြသည်(ယောဘ ၃၁း၁၃)။ အကယ်၍ သူတိုသခင်သည် မစွမ်းမသန်ဖြစ်လျှင် ကျေးကျွန်များကို လွှတ်ရသည်(ထွ ၂၁း၂၆၊ ၂၇)။ အကယ်၍ ကျေးကျွန်ကိုသတ်ဖြတ်လျှင် အပြစ်စီရင်ခြင်း၊ သေဒဏ်ခံရသည်(ထွ ၂၁း၂၀)။ အကယ်၍အမျိုးသမီးကျေးကျွန် ဝယ်ယူ၍ မယားငယ်အဖြစ် ထားလျှင် ချွေးမ(သို့) မယား၏ အခွင့်အရေးကို အပြည့်အဝ ပေးရသည်။ ထိုသိုမဟုတ်လျှင် စေလွှတ်ရသည်(ထွ ၂၁း၉-၁၁)။
စစ်သုံပန်းများကို ကျေးကျွန်လုပ်နိုင်သည်(တရား ၂၀း၁၁-၁၄)။ အခြားလူမျိုးအား ကျေးကျွန်အဖြစ် ဝယ်ယူနိုင်သကဲ့သို(ဝတ် ၂၅း၄၄-၄၆)ကျေးကျွန်များ၏ သားသမီးများ(ဒေ၂း၇)နှင့် အကြွေးမဆပ်နိုင်သူများကို ကျေးကျွန်အဖြစ် ထားရှိနိုင်သည်။ ကြွေးမြီမဆပ်နိုင်သူများသည် သူခိုးအဖြစ်သတ်မှတ်ခံရပြီး ကြွေးမြီမဆင် မခြင်း ကျေးကျွန်ခံကြရသည်(ဝတ် ၂၅း၃၉-၄၃)။
(၆)နှစ်ကျေးကျွန်ခံရလျှင် ကြွေးမြီဆပ်နိုင်သည်ဟု သတ်မှတ်ရသည်။ ထိုနောက်တွင်မူ ကျေးကျွန်ဘ၀မှ လွတ်မြောက်ရသော်လည်း ဆက်လက်ကျွန်ခံလိုလျှင် ခံယူနိုင်သည်(ထွ ၂၁း၂-၆)။ မိမိကိုယ်ကို ကျေးကျွန်အဖြစ် ရောင်းစားသော ဣသရေလလူသည် ယုဗလီနှစ်တွင် လွတ်မြောက်ရသည်(ဝတ် ၂၅း၄၀)။ သိုသော် ဣသရေလ လူမဟုတ်လျှင် အမြဲတမ်း ကျေးကျွန်ခံနိုင်သကဲ့သို ဆန္ဒအတိုင်းလည်း လွတ်မြောက်နိုင်သည်(ဝတ် ၂၅း၄၄-၄၆)။
ဣသရေလလူတို့၏ ကျေးကျွန်များသည် မြေယာ(သို့) အိမ်ယာများတွင် ကျေးကျွန်ခံကြသည်။ အချို့ သည် သတ္တုတွင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းတွင် ကျွန်ခံကြသည်။ အချိုက ဗိမာန်တော်ရှိ လေဝိလူများအား ကူညီကြသည်(တော ၃၁း၂၉-၃၂၊ ယောရှု ၉:၂၃၊ ဧဇ ၈း၂၀)။ အချို့ကျေးကျွန်များသည် ယုံကြည်စိတ်ချသည့် ရာထူးရာခံ ရရှိကြသည်(က ၃၉း၄)။ သူတို့သခင်တွင် သားသမီးမရှိလျှင် အမွေခံယူနိုင်သည်(က ၁၅း၂၊ ၃)။ အမျိုးသမီးကျွန်မထားရှိနိုင်၍ မိမိကိုယ်တိုင် မြုံနေလျှင် ကျွန်မအား မိမိခင်ပွန်းနှင့် ညားစေနိုင်သည်(က ၃၀း၃)။
ဘုရားသခင်က ဣသရေလလူမျိုးအား အဲဂုတ္တုပြည်တွင် ကျွန်ခံခဲ့ဘူးကြကြောင်း သတိပေးလေ့ရှိသည်။ ထိုအချက်က ကျေးကျွန်များအပေါ်စာနာစေသည်။ ကျေးကျွန်များသည်လည်း ဥပုသ်နေ့တွင် နားရသည်(တရား ၅:၁၂-၁၅)။ အရေဖျားလှီးသော နိုင်ငံခြားသား ကျေးကျွန်များသည်လည်း ပသခါပွဲ၌ ပါဝင်စားသောက်ခွင့်ရှိ ကြသည်(ထွ ၁၂း၄၄)။ ဓမ္မဟောင်းတွင်ကျေးကျွန်များသည် လွတ်မြောက်ခွင့်မရှိသော်လည်း လူ့အခွင့်အရေး ရယူခွင့်ရှိကြသည်။
ရောမဥပဒေအောက်ရှိ ကျေးကျွန်များသည် ကျွန်ပိုင်ရှင်များထံသို့ ဆန္ဒပြတောင်းဆိုခွင့်မရှိကြ၊ အဲဂုတ္တုပြည်ကဲ့သိုပင် အချိုတိုင်းပြည်များ၌ ဘေးရန်ကာကွယ်ပေးခြင်း ခံကြရသည်။ သိုသော် ရောမတရား ဥပဒေက ကျေးကျွန်များအား လွှတ်ပိုင်ခွင့်ပြုထားသည်။ အကြောင်းသော် သေချာပြုစုလျှင် ကျေးကျွန်များက ပိုကောင်းသော အရည်အသွေး ပြသနိုင်ကြသည်။ အချို့ကျေးကျွန်ပိုင်ရှင်များသည် ကြမ်းတမ်းကြသော်လည်း ယေဘူယျအားဖြင့် ကျေးကျွန်များအပေါ်သို သင့်တင့်လျောက်ပတ်စွာ ဩဇာလွှမ်းမိုးကြသည်။ ကျေးကျွန်အ များစုသည် အလုပ်ကြမ်းလုပ်ကိုင်ကြသည်။ ဆရာဝန်၊ ကျောင်းဆရာလုပ်ကိုင်သူများလည်း ရှိသည်။ အချိုသည် ရောမအင်ပါယာထဲ၌ အဆင့်မြင့်အရာရှိများဖြစ်ကြသည်။
ဓမ္မဟောင်းအသင်းတော်များတွင် အသင်းသားအများအပြား ရှိကြ ရာ၌ ကျေးကျွန်များလည်း ပါဝင်ကြ သည်။ အသင်းတော်ထဲ၌ ရှိသူတိုင်းသည်တန်းတူရည်တူဖြစ်ကြကြောင်း တမန်တော်များက သွန်သင်ကြသည်။ ကျေးကျွန်၊ လူလွတ်ဟူ၍ ခြားနားခြင်းမရှိရ(ဂလာ ၃း၂၈၊ ၁ကော ၇း၂၁-၂၃)။ အသင်းတော်ရှိ ကျေးကျွန်များသည် ကောင်းကင်ဘုံရှင် ယေရှုခရစ်တော်ကို ကြည်ညိုရသကဲ့သိုပင် မိမိတိုအရှင်သခင်အတွက် အစစအရာရာ၌ အားသွန်ခွန်စိုက် လုပ်ရကြောင်း သွန်သင်ကြသည်(ကော ၃း၂၂-၂၅၊ ၁ပေ ၂း၁၈-၂၀)။ တမန်တော်များက ကျွန်ပိုင် ရှင်များအား လွှတ်လိုက်ကြရန်မသွန်သင်ကြသော်လည်း သနားညှာတာစိတ်ထား ရှိခိုင်းကြသည်။ ထိုကျွန် ပိုင်ရှင်များသည်လည်း ကောင်းကင်ဘုံ၌ အရှင်သခင်ရှိကြကြောင်း သွန်သင်ကြသည်(ဧ ၆း၉)။
ကျမ်းစာက ကျေးကျွန်စနစ်ကို မဆန့်ကျင်သော်လည်း ရက်စက်ကြမ်းကြုတ်စွာ မရက်စက်ကြရန် တားမြစ်သည်။ ကျေးကျွန်များသည် တိရစ္ဆာန်မဟုတ်ကြသောကြောင့် လူသားချင်းစာနာရသည်။ လူတိုင်းသည် ဘုရားရှေ့တော်၌ တူညီကြကြောင်း ဓမ္မသစ်ကျမ်းသွန်သင်ချက်သည် ကမ္ဘာတလွှားသို့ ပျံ့နှံလာသောအခါ ကျေးကျွန်စနစ် ချုပ်ငြိမ်းသွားသည်။
အချို့က ကျေးကျွန်စနစ်အား မဆန့်ကျင်ရကောင်းလားဟု တမန်တော်များကို ဝေဖန်ပုတ်ခတ်ကြသည်။ ထိုသူများသည် မကြာသေးခင်က ကျေးကျွန်ဘဝနှင့် ရှေးယခင်က ကျေးကျွန်စနစ်ခြားနားပုံကို မသိရှိကြ။ ဓမ္မသစ်ကျမ်းကာလ၌ အရှင်သခင်များက မိမိတိုကျွန်များအား စေလွှတ်လျှင် ကျေးကျွန်များသည် အလုပ် လက်မဲ့လျက် ဘဝပျက်ကြသည်။
Sling (လောက်လွဲ)
သိုးထိန်းများသည် မိမိတိုသိုးများအား သားရဲဘေးရန်မှ ကာကွယ်ရန်လောက်လွဲသုံးလေ့ရှိသည်(၁ရာ ၁၇း၃၅၊ ၄၀)။ အဲဂုတ္တု၊ အာရှုရိ၊ ဗာဗုလုန်စစ်တပ်နှင့် ဣသရေလစစ်တပ်တိုတွင်လည်း လောက်လွဲသုံးကြသည်။ ဗဿာမိန်မျိုးနွယ်သည် လောက်လွဲသုံးရာတွင် ကျော်ကြားထင်ရှားကြသည်(သူကြီး၂ဝး၁၅၊၁၆၊၅ရာ၁၂း၂;)
သားရေပြားဖြင့် ပြုလုပ်၍ အလယ်တွင် ကျောက်ခဲထားနိုင်အောင်ကြီးမားစေကြသည်။ အဖျားနှစ် ဘက်ကို ခိုင်မာစွာ ချည်ထားကြသည်။ လောက်လွဲကို ခေါင်းပေါ်တွင် ဝှေ့ရမ်းပြီး အရှိန်ရသောအခါ ကျောက်ခဲလွင့်သွားစေရန် အဖျားတဘက်ကို လွှတ်ရသည်။
၆ရာ ၂၆း၁၄၊ ၁၅ မှ လောက်လွဲသည် စက်(သို့) ကြီးမားသောလေးခွဖြစ်သည်။
Sons of God (ဘုရားသားများ)
ဓမ္မဟောင်းကျမ်းတွင် ဘုရားသားများဟူသော စကားလုံးကို အမျိုးမျိုး သုံးထားသည်။ ကောင်းကင် တမန်များ(ယောဘ ၁း၆၊ ၃၈း၇)၊ ဣသရေလ လူမျိုး(ထွ ၄း၂၃)၊ ဒါဝိဒ်မင်း(၂ရာ ၇း၁၄၊ ဆာ ၂း၆၊ ၇)တို့ကို ဘုရား သားများဟု ခေါ်သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်အကြားရှိ ယုဒစာပေများတွင် ဖြောင့်မတ်သူများအား ဘုရားသခင် ၏သားများဟု ဆိုကြသည်။ အကြောင်းသော်သားကောင်းသားမြတ်ပမာ ဘုရားစကားတော်ကို မြေဝယ်မကျ နာခံကြသည်။သခင်ယေရှုကလည်း တခါတရံ ထိုသဘောမျိုး မိန့်တော်မူသည်(မ ၅:၄၅၊ လု၆း၃၅)။
ယေရှုခရစ်တော်သည် ဘုရားသခင်၏ အထူးအမြတ် သားတော်ဖြစ်သည်။ ထိုသခင်က ပိုင်ဆိုင်သူ များကိုလည်း ဘုရားသခင်၏ သားများဟု ခေါ်သည်။ (မွေးစာခြင်း၊ သားအရာအကြောင်း၌ ပိုမိုပြည့်စုံစွာ ကြည့်ပါ။
Spirit (ဝိညာဉ်တော်)
ဟေဗြဲနှင့် ဂရိစကားများတွင် “အသက်ရှူခြင်း၊ လေ”ဟု အနက်ရသည်။ ကျမ်းစာအသုံးအနှုန်းတွင် အထူးတလည် ခြားနားခြင်းမရှိသည့်နှယ်မူရင်းစကား “အသက်ရှူခြင်း၊ လေ”ဟူသော စကားလုံး၏ အနက်မှ သွေဖီခြင်း မရှိ။
သက်ရှိသတ္တဝါတိုင်း အသက်ရှူကြသည်။ သတ္တဝါများ(က ၇း၁၅၊ ဆာ ၁၀၄း၂၉)ကဲ့သိုပင် လူများသည် လည်း(ဟေရှာ ၄၂:၅) အသက်ရှင်ရန် အသက်ရှုကြသည်။ ခြားနားချက်မှာ လူသည် ဘုရားသခင်က တိုက်ရိုက်အသက်ဇီဝမှုတ်သွင်း၍(က ၂း၇) အခြားသတ္တဝါများသည် ထိုသိုမဟုတ်ဘဲ သာမန်အသက် ပေးခြင်း ဖြစ်သည်(က ၂း၁၉)။ ဝိညာဉ်ဆိုသည်မှာ အသက်ဇီဝ၊ လူ့အသက် (ဝိညာဉ်)ဖြစ်၍ လူ့အသက်ဇီဝသည် သတ္တဝါ များထက် ဘုရားသခင်နှင့် ပိုမိုနီးစပ်သည်။ ကျမ်းစာက ပြောသော သေခြင်းသည် ဝိညာဉ်ဝေးလွင့်ခြင်းဖြစ် သည်(ဟေဗြဲ ၁၂း၂၃)။
လေက လူကို မထိန်းချုပ်နိုင်သည့်အရာများရှိကြောင်း သတိပေးသွန်သင်သည်(၃ရာ ၁၉း၁၁)။ ဘုရား သခင်သည် ဝိညာဉ်တော်ဖြစ်၍ လူသည်သွေးသားဇာတိရှိသူဟု ကျမ်းစကားရှိသည်။ ထိုကား ဘုရားသခင်နှင့် လူအားပြုလုပ်သည့်ကုန်ကြမ်းခြင်း ဆိုလိုခြင်းမဟုတ်။ ဘုရားသခင်က တန်ခိုးဟူသမျှ ထိန်းချုပ်၍ လူတွင် အားနည်းချက်ရှိပုံ ဆိုလိုသည်(ဟေရှာ ၃၁း၃)။ အကြောင်းသော် လှုပ်ရှားပုံသည် လျှိဝှက်နက်နဲသည်။ လေသည် ဝိညာဉ်၏ အမှတ်အသားဖြစ်သည်(ယော ၃း၈)။
ဝိညာဉ်သည် လူပုဂ္ဂိုလ်ရေးရာ သွင်ပြင်လက္ခဏာနှင့် စိတ်ထားနည်းလမ်းများကိုလည်း ဆိုလိုသည်။ လူ့ဝိညာဉ်သည် အကူအညီလိုအပ်သကဲ့သို့ အောက်ကျိုရိုကျိုးခြင်း(ဟေရှာ ၅၇း၁၇)၊ သဝန်တိုခြင်း(တော ၅း၁၄)၊ ညစ်ညမ်းခြင်း(၂ကော ၇း၁)ရှိသည့်နှယ် ဘုရားရှင်ထံသို အာရုံပြု ဆက်ကပ်ခြင်းလည်း ပြုနိုင်သည်(၁ကော ၇း၃၄)။ ကာလက်၏ စိတ်ဝိညာဉ်သည် ထူးခြားသဖြင့် (တော ၁၄း၂၄) အခြားသူလျှိ (၁၀)ဦးတို့၏ အပြုအမူနှင့် ကွဲပြားခြားနားသည်။ဘုရားသခင်ကအောင်ပွဲခံစေမည်ဟုယုံကြည်သဖြင့်ကြုံတွေ့ရမည့် အခက်အခဲများကိုလည်း အခြားလူများကဲ့သို မမြင်။
ကျမ်းစာက ဝိညာဉ်လောကရှိကြောင်းပြောပြသည်။ ကောင်းကင်တမန်များသည်ဘုရားသခင် ကုိခစားသောဝိညာဉ်လောကသားများဖြစ်ကြသည်။ ဝိညာဉ်ဆိုးများကမူ ဘုရားသခင်ကို ဆန့်ကျင်ကြ သည်(ကောင်းကင်တမန်၊ မာရ်နတ်အကြောင်းတွင်ကြည့်)။ ထိုဝိညာဉ်များသည် ရုပ်ခန္ဓာကိုယ် မရှိကြသော်လည်း လူများက မြင်သာအောင် ရုပ်ခန္ဓာကိုယ်ဖြင့် ပေါ်ထွန်းကြသည်။
ဘုရားသခင်သည် နံဝိညာဉ်( ယော၄း၂၄)ဖြစ်တော်မူသောကြောင့်ရုပ်ခန္ဓာကိုယ်မရှိ။ သားတော်ဘုရား သည် ရုပ်ခန္ဓာကိုယ် ခံယူ၍ယေရှုခရစ်တော်ဖြစ်လာသည်။ ထိုရုပ်ခန္ဓာကိုယ်သည် လူ့ခန္ဓာကိုယ် အပြည့်အ ဝဖြစ်သည်။ အချို့ကျမ်းချက်များတွင် ဘုရားသခင်သည် ရုပ်ခန္ဓာကိုယ်ရှိသည့်သဖွယ် ဧဒင်ဥယျာဉ်၌ သွားလာ ကြောင်း ရေးထားသည်(က ၃း၈) ယဇ်နံ့သာလည်း ခံယူသဖွယ် ရေးထားကြသည်(ဇာ ၈း၂၀၊ ၂၁)၊ သို့သော် ဘုရားရှင်သည် လူနှင့်တခြားစီဖြစ်သည်(ဟေရှာ ၄၀း၂၅)၊ ဘုရားသခင်က သူ့ကိုယ်သူအား လူ့ခန္ဓာကိုယ်သဖွယ် ပြောဆိုရေးသားကြခြင်းသည် လူများက ဘုရားရှင်တော်အကြောင်း သိတန်သလောက် သိရှိနိုင်ရန်ဖြစ်သည်။
ဘုရားသခင်သည် နံဝိညာဉ်ဖြစ်တော်မူသောကြောင့် ယုံကြည်သူများ၏ ဝိညာဉ်ကသာလျှင် ဘုရားရှင်ထံ တုံပြန်နိုင်သည်(ရော ၈း၁၆)ကျမ်းစာပါ “ဝိညာဉ်” ဟူသော စကားရပ်သည် ဘုရားရှင်နှင့် ဆက်သွယ်ရာဖြစ်သည်။ ထိုသဘောအရ ခရစ်ယာန်များသာလျှင် ဝိညာဉ်ခံယူကြသောကြောင့် ဘုရားသခင်နှင့် အမှန်တကယ် ဆက်သွယ် နိုင်သည်။ ခရစ်ယာန်များသည် နှစ်ကြိမ်မွေးဖွားကြသည်။ အမိဝမ်းထဲမှ မွေးဖွားခြင်းနှင့် ဝိညာဉ်ဖြင့် မွေးဖွား ခြင်းတို့ဖြစ်သည်(ယော ၃း၃-၈)။ တဖန်မွေးဖွားခြင်းဟူသော စကားရပ်သည် စာပေသဒ္ဒါအားဖြင့် အထက်ဘုံမှ မွေးဖွားခြင်း(သို့) ဘုရားတန်ခိုးတော်ဖြင့် မွေးဖွားခြင်းဖြစ်သည်။
တခါတရံ ခရစ်ယာန်များကပင်လျှင် ဝိညာဉ်ဟူသော သဘောကိုနားလည်မှုလွဲကြပြီး ရုပ်ဝတ္တုပစ္စည်း၏ ဆန့်ကျင်ဘက်ဟုသာ ခံယူကြသည်။ ထိုသိုမဟုတ်ပါ။ ဆုတောင်းခြင်းနှင့် ကျမ်းစာဖတ်ရှုခြင်းသည် ဝိညာဉ်ရေးရာ ပြုမူလုပ်ဆောင်ချက်ဖြစ်သည်။ ထိုသိုဖြင့် ချစ်ခင်သော အိမ်နီးနားချင်းများအား ချစ်ခင်ပြီး လိုအပ်သည်များ ကူညီတတ်ကြသည်။ ဘုရားသခင်က အချင်းချင်း ချစ်ခင်၍ အပြန်အလှန် ကူညီကြခြင်းသည် သူ့ကို ကိုးကွယ် ခြင်းဖြစ်သည်ဟု မိန့်တော်မူသည်။ ဝိညာဉ်၏ တကယ့်ဆန့်ကျင်ဘက်မှာ အပြစ်ဖြစ်သည်။ အကြောင်းမှာ အပြစ်သည် လစ်လျူရှုလေ့ရှိပြီး ဘုရားသခင်ကို မနာခံ။
Spiritual gifts (ဝိညာဉ်လက်ဆောင်)
ဂရိစကားမှလာသော ဝိညာဉ်လက်ဆောင်သည် ကျေးဇူးပြုခြင်းဟုအနက်ရသည်။ သိုသော် ရှင်ပေါလုက “ဝိညာဉ်ရေးရာ”သဘောဖြင့် သုံးနှုန်းသည်။ ထိုကြောင့် ဤစကားလုံးသည် ဘုရားကျေးဇူးတော်လာ လက်ဆောင် များဖြစ်သည်။ သန့်ရှင်းဝိညာဉ်တော်က အချုပ်အခြာ အလိုတော်အတိုင်း ခရစ်ယာန်များသို ပေးထားသည့် လက်ဆောင်ဖြစ်သည်။
ကယ်တင်ခြင်းအကျွတ်တရားသည် ဘုရားကျေးဇူးတော်ပေး လက်ဆောင်ဖြစ်သည်(ရော ၅း၁၅၊ ၆း၂၃)။ ဝိညာဉ်လက်ဆောင်များသည် ဝိညာဉ်တော်က ခရစ်ယာန်အသီးသီးသို ပေးသော စွမ်းဆောင်ရည်ဖြစ်သည်။ သို့သော် အရသာခံစား ကောင်းစားရန်မဟုတ်ဘဲ၊ အသင်းတော်တည်ဆောက်ရေးအတွက်ဖြစ်သည်(၁ကော ၁၁း၇၊ ၁ပေ ၄း၁၀)။ ဘုရားသခင်၏ တန်ခိုးတော်ဖြင့် အခြားသူများသို အမှုတော်ပြုခြင်းလည်း ပါဝင် သည်(၁ကော ၁၄း၂၄၊ ၂၅)။ ဤလက်ဆောင်များသည် တဦးနှင့်တဦး မတူခြားနားကြသည်။ အခြားလူများသို ကူညီမစနိုင်ရန် ခေါင်းဆောင်မှု၊ သတင်းကောင်းဟောပြောခြင်း၊ ခရစ်ယာန် ယုံကြည်ခြင်းအကြောင်း သွန်သင်ခြင်းများ စသဖြင့် လက်တွေ့လုပ်ဆောင် ဘွယ်ရာများဖြစ်သည်(ရော ၁၂း၆-၈၊ ၁ကော ၁၂း၄-၁၁၊ ဧ ၄း၇-၁၂၊ ၁ပေ၊ ၄း၁၁)။ အချို့လက်ဆောင်များသည် အခြားလက်ဆောင်များထက် ပိုမိုအစွမ်း ထက်သည်(၁ကော ၁၄း၁-၅)။ သိုသော် အသင်းတော်အတွက် မိမိမလိုအပ်ဟု ခံယူသူများသို မည်သည့်လက်ဆောင်မှ ပေးသနားခြင်းမရှိ(၁ကော ၁၂း၂၁-၂၆)။
ဓမ္မသစ်ကျမ်းမှ ဝိညာဉ်လက်ဆောင်များတွင် မတူညီခြားနားမှုများ တွေ့ရသည်။ ထိုဝိညာဉ်လက်ဆောင် များသည် စံနမူသာဖြစ်၍ ထိုမျှသာ ဝိညာဉ်လက် ဆောင်ရှိသည်မဟုတ်။ အချို လက်ဆောင်များသည် ယနေ့ကာ လ၌အပြည့်အဝ ထင်ရှားခြင်းမရှိ(ဥပမာ တမန်တော်များ)။ ယခုခေတ်ကာလ၌ ကြုံတွေ့ရသော ဓမ္မသစ်ကျမ်းတွင် မပါရှိသည့် ဝိညာဉ်လက်ဆောင်များလည်း ရှိသည်။ ထိုလက်ဆောင်များသည် တမန်တော်ခေတ်ကာလမှ လိုအပ်ချက်များနှင့် တနည်းတဖုံ ကွဲပြားခြားနားကြသည်။
ဓမ္မဟောင်းကျမ်း၌ ဝိညာဉ်တော်က လူများသိုပေးသော စွမ်းရည်များ သည် ဘုရားအမှုတော် အစေခံရန် ဖြစ်၍(ထွ ၃၁း၃-၅၊ သူကြီး ၆း၃၄) ထိုသို့ စွမ်းဆောင်နိုင်ရန် တန်ဆာဆင်ပေးသည်။ ပရောဖက်ယောလက လူနည်းစုသာမက လူအားလုံးသို့ ဝိညာဉ်တော်သွန်းလောင်းမည့်ချိန်ခါ ရောက်လာဦး မည့်အကြောင်း ဟောပြောခဲ့ သည်(ယောလ ၂း၂၈)။ ထိုပရောဖက်ပြုချက် အတိုင်းပင် ပင်တေကုတ္တေနေ့၌ ပြည့်စုံလာ(တ ၂း၁၆)ပြီးနောက် ခရစ်တော်၏နောက်လိုက်များက ဝိညာဉ်လက်ဆောင်များ အသီးသီး ရရှိကြသည်(ဧ ၄း၇)
Stigmata (ဒဏ်ချက်ရာများ)
အမှတ်အသားများတွင်ကြည့်။
Stoics (သတောအိတ်)
ဖုနိသျှလူမျိုး၊ ဇေနူးက သဘောအိတ်အယူဝါဒ တည်ထောင်သည်။ ရှင်ပေါလုနှင့် မတွေ့ဆုံခင် နှစ်ပေါင်း ၃၀၀ ခန့်တွင် သူ့အတွေးအခေါ်ကို အေသင်မြို၌ သွန်သင်ခဲ့သည်(တ ၁၇း၁၈)။ ထိုကာလ၌ ကိုယ်ကျင့်တရား ဦးစားပေးသွန်သင်ကြရာမှ ဇေဇူး၏ အခြားသွန်သင်မှုသို ပြောင်းလဲကြသည်။
သတောအိတ်ဝါဒီများက အကျိုးအကြောင်း(သို) သဘာဝလွန် တန်ခိုးကို ယုံကြည်ကြသည်။ တခါတရံ ဇေယျ(သို) နတ်ဘုရားက သဘာဝတရားများဖြင့် အရာခပ်သိမ်းကို ထိန်းချုပ်သည်ဟု ဆိုကြသည်။ ထိုသဘာဝတန်ခိုးက လူ့လောကမှ ဖြစ်ပျက်သမျှကို ပြဌာန်းသည်။ ရက်စက်ကြမ်းကြုတ်မှုနှင့် မတရားမှုများ လည်း ပါဝင်သည်။ သိုသော် သတောအိတ်ဝါဒီများသည် ဆင်းရဲဒုက္ခက အစွမ်းအစ ထုတ်သုံးရန် အကောင်းဆုံး အခွင့်အရေးပေးကြောင်းယုံကြည်ကြသည်။ အစွမ်းအစသာလျှင် တကယ်ကောင်းမြတ်ကြောင်း ယုံကြည် ကြသည်။ အစွမ်းအစသည် မည်သိုသော အခြေအနေတွင်မဆို သဘာဝတရားနှင့် ညီညွတ်သည်။
သဘာဝလောက၌ မိမိနေရာကို ရှာဖွေတွေ့ရှိ၍ သဘာဝတန်ခိုးနှင့်ပူးပေါင်းလျှင် ပိုကောင်းသည်ဟု ခံယူကြသည်။ ထိုအတွေးက အများပြည်သူ ၊ အတွက် လုပ်ဆောင်စေသည်။ သိုသော် အခြားလူများ အကျိုး အတွက် မဟုတ်။အစွမ်းအစထက်မြက်ရန်သာဖြစ်သည်။ ထိုအပြင် စိတ်ခံစားချက်ဟူသမျှကိုငြင်းပယ်သည်။ ပုဂ္ဂိုလ်ရေးရာ အမူအကျင့်ကို စိတ်ထားမြင့်မြတ်ခြင်းဖြင့်စံ ထားကြသော်လည်း ခရစ်ယာန်အယူဝါဒနှင့် ဝမ်းမြောက်ခြင်းကို ဆန့်ကျင်ကြသည်။ ခရစ်ယာန်များသည် သူတိုကဲ့သိုမဟုတ်ကြ။ အပြစ်ကင်းစင်ရာ ဖန် ဆင်းခြင်းအသစ်ကို မျှော်ကိုးလျက် အားလုံးအတွက် အကျိုးရှိမည့် ပြောင်းလဲခြင်းကို ရှာဖွေကြသည်။
Stoning (ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း)
ဣသရေလတို့၏ သေဒဏ်ပေးပုံသည် မသေမခြင်း ကျောက်ခဲဖြင့် ပေါက်သတ်ခြင်းဖြစ်သည်။ ရာဇဝတ် သားအား ထိုသို ပေါက်သတ်ရန် အနည်းဆုံး သက်သေ(၂)ဦးရှိရသည်။ ထိုသက်သေများက ဦးစွာ ပစ်ပေါက် ရသည် (တရား ၁၇း၆၊ ၇)။ ထိုနောက် ရာဇဝတ်သားအား နေဝင်ချိန်ထိ သစ်ပင်ပေါ်တွင် ဆွဲချိတ်ရသည်(တရား ၂၁း၂၂)။ အဲဂုတ္တုသားများသည်လည်း ထိုသို့ ပေါက်သတ်လေ့ရှိကြသည်(ထွ ၈း၂၆)။
Stumbling block (ခလုတ်ကန်သင်း)
ဤစကားလုံးကို ဓမ္မဟောင်း၌ တစုံတရာဖြင့် တစုံတဦးအား ချော်လဲ၊ လမ်းလွဲအောင် ပြုလုပ်ခြင်း၌ သုံးနှုန်းသည်(ဝတ် ၁၉း၁၄)။ ထိုသဘောအရတစုံတဦးအား စိတ်ဝိညာဉ်ရေးရာ မှောက်မှားဖောက်ပြန်စေရာ၌ အသုံးပြုလာသည်(ယေဇ ၃း၂၀၊ ၁ပေ ၂း၈)။ ထိုတည်းတူ ဂရိဓမ္မသစ်ကျမ်း မူရင်း၌ထောက်ချောက်ဆင်ခြင်း၊ ထောင်ချောက်မှ လွတ်စေခြင်း၌ အသုံးပြုသည် (၁ကော ၁း၂၃)။
Suffering (ဆင်းရဲဒုက္ခ)
ဘုရားရှင်က လူ့လောကကို စုံလင်စွာ ပြုလုပ်တော်မူသည်(က ၁း၃၁။ ဘုရားသခင်၏ ဖန်ဆင်းရာထဲသို အပြစ်ဝင်ရောက်သည့်အခါ နာကျင်စရာများ ပေါ်ပေါက်လာသည်(က ၃း၁၆-၁၉)။ တဖန် ခရစ်တော်၏ အသေ ခံယူခြင်းက အပြစ်ကို အောင်နိုင်သည်။ ဖန်ဆင်းရာများလည်း ဆင်းရဲဒုက္ခမှ ကယ်ထုတ်သည်(ရော ၈း၁၉-၂၃)။ ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင်မူ ဆင်းရဲဒုက္ခဟူသမျှ အပြီးအစီး ကွယ်ပျောက်သည်(ဗျာ ၂၁း၄)။
ယောဘဝတ္တုသည် ဆင်းရဲဒုက္ခဇာတ်လမ်းဖြစ်သည်။ ဘုရားသခင်ကခရစ်ယာန်များ၏ဆင်းရဲ ဒုက္ခကိုထိန်းချုပ်ပေးသည်။ စာတန်ကဘုရားသခင်၏ လူများအား ဒုက္ခပေးချင်သော်လည်း ဘုရားသခင်၏ ခွင့်ပြုချက်မရှိလျှင် တစုံတရာမျှ မပြုလုပ်နိုင်(၁း၁၁၊ ၁၂၊ ၂း၄-၆)။ ယောဘ၏ မိတ်ဆွေများက လူဆိုးလူယုတ်များသည် ဆင်းရဲဒုက္ခခံရ၍ ဖြောင့်မတ်သူများသည် ကြွယ်ဝချမ်းသာကြသည်ဟု ယုံကြည်ကြသည်(၄း၇-၉)။ ထိုခံယူချက်သည် ဣသရေလလူများအတွက် သိနာတောင်ပဋိညာဉ် စောင့်ထိန်း သည့်ကာလတလျှောက်၌ မှန်ကန်သည်(သု ၁၀း၂၇၊ ဆာ ၃၇း ၂၅)။ ယောဘ၏ မိတ်ဆွေများက ဆိုကြ သကဲ့သိုပင် အထက်ပါဥပဒေသကို မဖောက်ဖျက်လျှင် ဆင်းရဲဒုက္ခကြုံစရာမရှိ။ ထိုကြောင့် ယောဘ၏ မရှုမလှ ဆင်းရဲဒုက္ခခံရခြင်းသည် ကြီးလေးသောအပြစ်လွန်ကျူးသောကြောင့်ဖြစ်သည်(၂၂း၄-၁၁)ဟု ဆိုကြသည်။ ယောဘက သူတို့စကားကို ပယ်ချ(၆း၂၄၊ ၃၁း၁-၄ဝ)ပြီး ဘုရားသခင်က သူ့အား မတရားသဖြင့် ပြုတော်မူခြင်း ဖြစ်ကြောင်း စောဒကတက်သည်(၇း၁၇-၂၁၊ ၁၉း၆-၂၀)။ လူယုတ်မာတို့ မကြာခဏ ချမ်းသာကြွယ်ဝကြ၍ ဖြောင့်မတ်သူများမကြာခဏ ဆင်းရဲဒုက္ခရောက်ကြပုံကို မြင်သည်(၂၁း၇-၂၁၊ ၂၄း၁-၁၂)။ ထိုကာလ၌ ယောဘ သည် ဘုရားသခင်ကို ခါးသီးစွာ ဆန့်ကျင်ပေမင့် သူ့ယုံကြည်ခြင်းကိုလည်း တွေ့မြင်ရသည်(၁၉း၂၅-၂၇၊ ၂၃း၁၀)။
နောက်ဆုံးတွင် ဘုရားသခင်က သူ့ဉာဏ်တော်(အခန်း ၃၈၊ ၃၉)နှင့် တန်ခိုးတော်(အခန်း ၄၀၊ ၄၁)တိုကို ပြသသည်။ သူ့ဖန်ဆင်းချက်များကိုဂရုစိုက်သည်(၃၈ း၂၅-၂၇၊ ၄၁)။ ယောဘ၏ ဆင်းရဲဒုက္ခခံရပုံအား ဘုရား ရှင်က မရှင်းပြပါ။ ထိုသို ရှင်းပြမည့်အစား ဘုရားရှင်ကိုယ်တိုင်သည် တရားမျှတ၍ တန်ခိုးပြည့်ဝကြောင်း ပြသတော်မူသည်(၄၀း၈-၁၄)။ ထိုသိုဖြင့် ယောဘသည် သူ့အတွေ့အကြုံ၏ အကျိုးဆက်ကို နားလည်သ ဘောပေါက်သည်(၄၅း၅၊ ၁၂-၁၇)။
တချို့လူများ ဆင်းရဲဒုက္ခရောက်စဉ် အခြားလူများက ထိုသို ဒုက္ခမရောက်ရသည့်အကြောင်းကို ဘုရားသ ခင်က အမြဲတမ်း ပြောပြလေ့မရှိပါ။ ဘုရားသခင်၏ နည်းလမ်းတော်များကို လူများက မသိရှိနိုင်ပါ(ဒေ ၃း၁၁)။ ဆင်းရဲဒုက္ခခံရခြင်းအကြောင်းကို သမ္မာကျမ်းစာက အကျိုးအကြောင်း ရှင်းပြပါသည်။ ဘုရားသခင်သည် အပြစ်ကို အရေးယူခြင်း(၄ရာ ၁၇း၁-၂၃)၊ ယုံကြည်မှုကို ဆန်းစစ်ခြင်း(ယာ ၁း၁၂)၊ ကိုယ်ကျင့်တရားကောင်းမွန်ရန် ခွန်အားပေးခြင်း(ယာ ၁း၂၊ ၃၊ ရော ၅း၃)၊ စည်းကမ်းကြပ်မတ် သွန်သင်ခြင်း (ဟေဗြဲ ၁၂း၇-၁၁) ပြုတော်မူသည်။ မည်သိုဖြစ်စေကာမူ ဘုရားသခင်သည်သူ၏ သားသမီးများ ကောင်းစားရေးကိုသာ အစဉ်ပြုတော်မူသည်(ရော ၈း၂၈)။
အပြစ်ပုံ လူ့ဘုံဘဝတွင် ဘုရားတရားသမားများသည် ဘုရားအမှုတော် အစေခံယူရာ၌ ဆင်းရဲဒုက္ခ ခံရလေ့ရှိကြသည်(ဟေဗြဲ ၁၁း၃၅-၃၈)။သခင်ယေရှုက တပည့်တော်များအား သူ့နာမတော်အတွက်ကြောင့် ဆင်းရဲဒုက္ခခံရသောအခါ ဝမ်းသာစွာ ခံယူကြရန် မိန့်တော်မူသည်။ အကြောင်းသော်ထိုဆင်းရဲဒုက္ခက ဘုရားသ ခင်၏ ပိုင်ဆိုင်ရာများဖြစ်ကြောင်းနှင့် ဆုရရှိကြမည့်အကြောင်း ပြသသည်(မ ၅း၁၁၊ ၁၂)။ စင်စစ်တွင် ထိုသို ဆင်းရဲဒုက္ခခံရခြင်းသည် ခရစ်တော်၏ ဆင်းရဲဒုက္ခအား မျှဝေခံစားခြင်းဖြစ်သည်။
ခရစ်တော်ကို မျှော်ကြည့်လျှင် ဆင်းရဲဒုက္ခသည် တန်ဘိုးကြီးမားသည်။ ဘုရားသခင်၏ အစေခံကျွန်က ကြီးလေးသော ဆင်းရဲဒုက္ခ ခံရခြင်းသည်သူ့လူများအား ရွေးနှုတ်ခြင်းအရေးဖြစ်ကြောင်း ဟေရှာယက ဆိုထား သည် (ဟေရှာ ၅၀း၄-၆၊ ၅၃း၃-၁၂)။ သူ့လူများ၏ အပြစ်အတွက် ယဇ်အဖြစ် ကရာနီကုန်းပေါ်တွင် အသေခံ တော်မူသော ယေရှုခရစ်တော်၌ ထိုပရောဖက်ပြုချက် ပြည့်စုံခဲ့သည်။ ခရစ်ယာန်များက ခရစ်တော်ထဲရှိ ဘုရားသခင်၏ကြီးလေးသော ဆင်းရဲဒုက္ခအကြောင်း သိရှိသောအခါ ခရစ်တော်၏ နာမတော်ကြောင့် ဆင်းရဲ ဒုက္ခကို ပိုမိုခံယူချင်ကြသည်။
Synagogue (တရားစရပ်)
ဘီစီ၅၈၇ တွင် နေဗုခပ်နေဇာက ယေရုရှလင် သိမ်းပိုက်သောအခါဗိမာန်တော်ကို ဖျက်ဆီးပြီး ဣသရေလလူ အမြောက်အများကိုလည်း ဗာဗုလုန်ပြည်သို ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထိုကြောင့် ယုဒလူများသည် ဗိမာန်တော်တွင် ဝတ်ပြုကိုးကွယ်ခြင်း မပြုနိုင်ကြတော့ပါ။ ဗာဗုလုန်တွင်လည်း ဗိမာန် တော်မဆောက်လုပ်ကြ။ အကြောင်းသော ဘုရားသခင်ရွေးချယ်တော်မူသောကတိတော်မြေပေါ်၌သာ ဆောက်လုပ်ရသည်(တရား ၁၂:၅)။ ထိုအခါ ယုဒလူများသည် တရားဝရပ်တွင် ဆုံစည်းကြသည်။
ထိုကြောင့် ဗိမာန်တော်ကဲ့သို တရားစရပ်၌ ယဇ်ပူဇော်ခြင်း မပြုလုပ်ကြ။ ပညတ္တိကျမ်းနှင့် ပရောဖက် ကျမ်းများအား ဖတ်ရှုသွန်သင်ခြင်း၊ ဆုတောင်းခြင်းသာ ပြုလုပ်ကြသည်။ ပြည်နှင်ဒဏ်ပြီးဆုံးသည့်အခါ တရားစရပ်သည် ယုဒဘာသာရေး၏ ဗဟိုချက်မနေရာအဖြစ် ဆက်လက်ကျင့်သုံးကြသည်။ ယေရုရှလင် တွင်လည်း ဗိမာန်တော် ပြန်လည်တည်ဆောက်ပြီးသည့်တိုင်အောင်တရားစရပ်များ ဆက်လက်ရှိနေသည်။
တရားစရပ်များသည် ဝတ်ပြုကိုးကွယ်ခြင်း နေရာမျှသာမဟုတ်ဘဲကလေးသူငယ်များ၏ ပညာရေး ကျောင်းတော်၊ ဒေသဆိုင်ရာ ယဉ်ကျေးမှုတည်ရာဖြစ်လာသည်။ တရားစရပ်ကို လူကြီးသူကြီးများက ကြီးမှူးကြသည်။အရွယ်ရောက်သော ယောက်ျားသား(၁၀)ဦးရှိလျှင် တရားစရပ်၌ ဝတ်ပြုကိုးကွယ်ခြင်း ပြုနိုင်သည်။
သခင်ယေရှုသည် ဥပုသ်နေ့တိုင်း တရားဝရပ်သို ကြွတော်မူသည်(လု ၄း၁၆)။ ကနဦးခရစ်ယာန် သာသနာပြုများသည် တရားစရပ်တွင် ယုဒလူများနှင့် ဘုရားတရားကိုင်းရှိင်းသော တပါးအမျိုးသားများသို ဧဝံဂေလိသတင်းကောင်း ဟောပြောကြသည်(တ ၁၄း၁)။
တရားစရပ်ဟူသော စကားသည် ဂရိစကား sun ago’မှလာ၍ခေါင်းဆောင်ရန်၊ အတူတကွ စုစည်းရန်ဟု အနက်ရသည်။
Syria (ရှုရိ)
ဓမ္မဟောင်းကျမ်းတွင် ရှုရိလူများကို အာရမိလူများဟု ခေါ်သည်။ ရှုရိဟူသော ဂရိစကားသည် ဂရိနှင့် ရောမလက်အောက်ခံပြည်များတွင် ဘီစီ ၃၁၂ မှစ၍ လှိုင်လှိုင်သုံးသော စကားလုံးဖြစ်သည်။
အာရမိလူများသည် ကပြားလူများဖြစ်ကြ၍ နေရင်းဒေသမှာမေသောပေါတာမိမြောက်ပိုင်း အာရှုရိပြည် အနီး၌ နေထိုင်ကြသည်။ အာမုတ်ကကိရ(သို့) အာရှရိ(အာ ၉း၇)မှ လာကြသည်ဟုဆို၍ လူမျိုးနွယ်အရ အာရမ်၊အာရှုရိ၊ ဧလံ(က ၁၀း၂၂) လူမျိုးများနှင့် ဆက်နွယ်ကြသည်။
အာရမိလူများသည် အာဗြဟံခေတ်ကာလမတိုင် မှီကပင် ရှုရိပြည်ဟုခေါ်သောဒေသတွင် နေထိုင်ကြပြီး အာဗြဟံ၏ နောက်ပိုင်းတွင်လည်းကာလကြာရှည် နေထိုင်ကြသည်။ အာဗြဟံ၏တူ ဗေသွေလနှင့် သူ့သားလာ ဗန်တိုကိုအာရမိလူဟု ခေါ်သည်(က ၂၅း ၂၀)။ ထိုအကြောင်းနှင့် ပတ်သက်ပြီး ဣသရေလလူများက “ငါ့အဘသည် အရပ်ရပ်သို လှည့်လည်သော အာရမိ”(တရား၂၆း၅)ဟူသော စကားကို အောက်မေ့ဆက်စပ်ကြသည်။
ဓမ္မဟောင်းကျမ်း၌ အာရမိတို၏ အရေးကြီးဆုံး လွတ်လပ်သော ပြည်သည် ဒမာသက်ဖြစ်သည်။ ရှောလမုန်မင်းလွန်မြောက်ပြီး(ဘီစီ ၉၂၂ ခန့်)ချိန်တွင် ခွန်အားတောင့်တင်းလာပြီးမှ ဣသရေလလူများကို ဒုက္ခလှ လှပေးကြသည်။ ဘီစီ ၇၃၂ ခု ရောက်လာသောအခါ ဒမာသက်သည် အာရှုရိတို၏လက်အောက်ခံသို့ ကျရောက် သည်။
အာရမိဘာသာစကားသည် ဟေဗြဲဘာသာစကားနှင့် နီးစပ်သည်။ အာရမိဘာသာစကားသည် ကုန်သွယ် ရေးနှင့် သံရေးတမန်ရေးတိုတွင် နိုင်ငံတကာသုံးဖြစ်လာသည်(၄ရာ ၁၈း၂၆)။ ထိုသိုဖြင့် ပါရှန်းအင်ပါယာ တခုလုံး၏ ရုံးသုံးစကားဖြစ်လာသည်နှင့်အမျှ ဒံယေလနှင့် ဧဇရကျမ်းချက်အချို့သည်အာရမိဘာသာစကားဖြင့် ရေးသားကြသည်။ ဓမ္မသစ်ခေတ်ကာလ၌ ပါလက်စတိုင်းယုဒလူများသည် အာရမိဘာသာစကားကို ပြောဆိုကြသောကြောင့်ခရစ်တော်သည်လည်း ထိုဘာသာစကားကို သုံးနှုန်းခဲ့သည်။
Tabernacle (တဲတော်)
ဓမ္မဟောင်းကာလ၌ ဟေဗြဲဘာသာစကား အသုံးအနှုန်းတွင် “နားခိုရာ”ဟု အနက်ရသည်။ သိနာတောင် တွင် ဘုရားသခင်က မောရှေသို မည်သို့ တဲတော်ဆောက်လုပ်ရမည့်အကြောင်း အသေးစိတ် မိန့်မှာထားသည်။ ဣသရေလလူများသည် ကန္တာရခရီးတလျှောက် သွားလေရာ၌ တဲတော်ကို သယ်ဆောင်ကြသည်။ ကတိတော် မြေ သိမ်းပိုက်ပြီးကြသောအခါ ရှိလော့အရပ်၌ တည်ဆောက်ပြီး(ယောရှု ၁၈း၁) ရှမွေလခေတ်ကာလတိုင် အောင်ရှိသည်(၁ရာ ၁း၉)။ နောဗအရပ်၌ ရှောလုအုပ်စိုးချိန်ကာလတွင် ရှိနေသည်(၁ရာ ၂၁း၁-၆)။ နောင်တွင် ဂိဗောင်အရပ်သို့ ပြောင်းရွှေ့ကြသည်(၅ရာ ၁၆း၃၉)။ ရှောလမုန်ယေရုရှလင်၌ ဗိမာန်တော်ထဲသို ထားရှိသည် (၃ရာ ၈း၄)။
တဲတော်ကို ကန့်လန့်ကာ(၁၀)ခုဖြင့် ဆက်စပ်ဆောက်လုပ်သည်။ အပြာရောင်၊ ခရမ်းရောင်၊ ကြက်သွေး ရောင်ရှိကြ၍ ခေရုဗိမ်ပုံများ ရက်လုပ်ထားသည်။ သစ်သားထည်များဖြင့် အမာခံများတည်၍ ထိုတဲတော်သည် ၁၃. ၅ မီတာခန့် ရှည်လျားပြီး ၄. ၅ မီတာ ကျယ်ပြန့်လျက် ၄.၅ မီတာမြင့်သည်။ ကန့်လန့်ကာဖြင့် အခန်း(၂)ခန်း ဖွဲ့ ထားသည်။ သန့်ရှင်းရာဌာနတော်သည်၉ မီတာရှည်၍ အသန့်ရှင်းဆုံးဌာနတော်သည် ၄.၅ မီတာ ကုဗပုံရှိသည်။
ဆိတ်မွှေးဖြင့် ရက်လုပ်သော ပိတ်သားဖြင့် တဲတော်ကို ဖုံး၍ ဆိတ်ထီးသားရေနှင့် ဖျံသားရေများဖြင့် မိုးရေခံအောင် ထပ်ဖုံးကြသည်(ထွ ၂၆)။
ယဇ်ပုရောဟိတ်များသည် နံနက်တိုင်းနှင့် ညနေတိုင်းတွင် သန့်ရှင်းရာဌာနတော်ထဲသို ဝင်ရောက်၍ တညဉ့်လုံး မီးထွန်းခြင်း၊ နံ့သာမွှေးပူဇော်ခြင်းပြုလုပ်ကြလေ့ရှိသည်(ထွ ၃၀း၇၊ ၈)။ ဥပုသ်နေ့တိုင်း ရှေ့တော် မုန့်ကို လဲလှယ်ကြသည်(ဝတ် ၂၄း၅-၉)။ အပြစ်ဖြေရာနေ့၌သာ သေချာကြိုတင်ပြီး ယဇ်ပုရောဟိတ်ကြီးသည် ဘုရားရှင်၏ နာမတော်စိုးစံရာ အသန့်ရှင်းဆုံးဌာနတော်ထဲသို ဝင်ရောက်သည်(ဝတ် ၁၆)။ တဲထဲ၌ တဲတော်သုံး ပရိဘောဂ အသုံးအဆောင်အမျိုးမျိုး ထားရှိသည်။
တဲတော်ဝင်း သည် ၄၆ မီတာအရှည်၊ ၂၃ မီတာအကျယ်ရှိ၍ ၂၃မီတာ အမြင့်တိုင်အောင် ကန့်လန့်ကာဖြင့် ပတ်လည်ဝန်းရံထားသည်။ မီးရှိရာယဇ်ပလ္လင်(တဲတော်နှင့် အနီးဆုံးဖြစ်၍ ယဇ်ပုရောဟိတ်မဟုတ်သူများ မဝင်ရ) နှင့် ခြေလက်ဆေးကြောရာ အင်တုံကို တဲတော်နှင့် ဝင်းထဲအဝင်ဝတွင်ထားရှိသည်။
တဲတော်နှင့် ဗိမာန်တော်များသည် ဓမ္မဟောင်းကာလ၌ ဝတ်ပြုကိုးကွယ်ရာ ဗဟိုချက်မဖြစ်သည်။ ပဋိညာဉ်ပြုထားသော သူ့လူများအကြားတွင် ဘုရားသခင် စိုးစံတော်မူကြောင်း ပြသရာဖြစ်သည်။ သိုသော် ကိုယ်တော်သည် သန့်ရှင်းတော်မူသည်ဖြစ်၍ အပြစ်ဖြေရာအတွက်သာ ထိုနေရာသို ဝင်ရောက် နိုင်ကြသည်။ ဟေဗြဲသြဝါဒစာတွင် တဲတော်နှင့် တဲတော်အမှုတော်သည် ခရစ်တော်၏ ကယ်တင်ခြင်းအမှုတော် ပုံဆောင်သည် ဟုဆိုသည်(ဟေဗြဲ ၃း၁၄-၅း၁၀၊ ၇း၂၃-၁၀း၁၈)။
Tabernacles, feast of (တဲတော်ပွဲ ၊ပွဲတော်ပွဲ)
တဲအကြောင်းတွင်ကြည့်။
Talent (အကျပ်)
တကျပ်သည် ကီလိုဂရမ် ၃၀ ခန့်လေးသည်။ ရွှေ၊ ငွေ၊ ကြေး၊ သံများချိန် တွယ်ရာ၌ သုံးသည်။ အကျပ် တခုတွင် ရှီကယ် ၃ဝဝဝ ရှိသည်။ အသုံးပြုပုံ ဥပမာကို ၂ရာ ၁၂း၃၀တွင်ကြည့်။
Tax (tribute, AV) (အခွန်ဘဏ္ဍာ)
ဓမ္မဟောင်းခေတ်ကာလ၌ အခွန်သည် လူမျိုးချင်းဆက်ဆံရေး၌အရေးကြီးသည်။ အားနည်းနိမ့်ကျသူ များက ငွေကြေး၊ ဥစ္စဓန၊ ကျေးကျွန်များဖြင့် ဆက်သကြသည်။ ထိုသိုသော အခွန်ဘဏ္ဍာဖြင့် မိမိထက် ကြီးမြတ်လေးစားကြောင်း ပြသကြသည်။ ထိုသိုဖြင့် ရှင်ဘုရင်များက လက်အောက်ခံများအား ဆင်းရဲသထက် ဆင်းရဲအောင် အခွန်အခကောက်ခံပြီး ရှင်ဘုရင်များသည် ချမ်းသာသထက် ချမ်းသာကြသည်။ တပည့်တပန်းများသည် နှစ်စဉ်အခွန်ပေးဆောင်ကြသည်။ အကယ်၍ အခွန်အခပေးရန် ပျက်ကွက်လျှင်ရှင်ဘု ရင်က သူ့ကို ပုန်ကန်ကြောင်းသတ်မှတ်ပြီး ထိုသူအား အပြစ်ဒဏ်ပေးသည်။
ယုဒလူများသည် လွတ်လပ်ရေးဆုံးရှုးကြသောအခါ အခွန်အခါဆောင်ကြသည်။ မ ၁၇း ၂၄၊ ၂၅ ပါ အခွန်အခသည် ဣသရေလလူတိုင်းက ဗိမာန်တော်သို့ ပေးလှူရသည့် ရှီကယ်ဝက်ဖြစ်သည်။ မ ၂၂း၁၇ မှ အခွန်သည် ရောမအစိုးရသို ပေးဆောင်ရသော အခွန်ဖြစ်သည်။
Tax-collectors (publicans, AV) (အခွန်ခံ)
ရောမအင်ပါယာအစိုးရသည် မိမိတိုအတွက် အခွန်ခံများအား ခန့်အပ်လေ့မရှိ။ အခွန်ကောက်ပေးသော စီးပွားရေးသမားများအား ကန်ထရိုက်စနစ်ဖြင့် ခန့်အပ်လေ့ရှိသည်။ ထိုကြောင့် အခွန်ခံများသည် တရားဝင်သတ်မှတ်ချက်ထက် ပိုမိုကောက်ခံကြသဖြင့် ပိုမိုချမ်းသာလာကြသည်။ အငြင်းပွားစရာ ပြဿနာပေါင်းစုံ တက်လာသဖြင့် ဓမ္မသစ်ကျမ်းခေတ်ကာလ မတိုင်ခင်တွင် သြဂုတ်စတပ်က အခွန်ခံစနစ်အား ပြန်လည် ပြုပြင်သည်။ ထိုစနစ်အောက်တွင် နယ်မြေအသီးသီး ရွှေတိုက်ဝန်ခေါ် ကြီးကြပ်အုပ်ချုပ်သူ ခန့်ထားကြသည်။ ထိုကြီးကြပ်အုပ်ချုပ်သူက အခွန်ခံများ ကောက်ယူထားသောအခွန်များကို စုစည်းသည်။ သို့သော် အခွန်ခံ ခေါင်းက အခွင့်အခါထူးနှင့်အခွန်ခံများသည် အကြောင်းအမျိုးမျိုးပြ၍ မကြာခဏ အခွန်ကောက်အမွေကိစ္စတွင် သွယ်ဝိုက်၍ အခွန်ခံသည်။
အခွန်ခံများသည် အကြောင်းအမျိုးမျိုးပြ၍ မကြာခဏ အခွန်ကောက်ကာ ပိုမိုချမ်းသာကြသောကြောင့် ပြည်သူများက မုန်းကြသည်(လု ၁၉း၈ ကိုကြည့်၊ ကြီးကြပ်ကွပ်ကဲသူများရှိသော်လည်း အခွန်ခံများသည် အမျိုးမျိုးဖြင့်လှည့်စားကြသည်။ ထိုကြောင့် စည်းကမ်းတင်းကြပ်သော ယုဒလူများက ပိုမိုမုန်းတီးကြသည်။ အခွန်ခံများကိုမစင်ကြယ်သူအဖြစ်မြင်ကြသည်။အကြောင်းမှာ တပါးအမျိုးသားများနှင့် ပေါင်းသင်းကြသည်။ ယုဒရဗွီဆရာများက သူတို့လူများအား အခွန်ခံများနှင့်အတူတကွ မစားသောက်ကြရန် သွန်သင်ကြသည်။
ထို့ကြောင့် အခွန်ခံများနှင့် အတူစားသောက်သော သခင်ယေရှုမ၉း၉-၁၁)ကို ဖာရှိရဲများက အမျက်ထွက် အောင် မုန်းတီးကြသည်။ ဖာရိရှဲများက အခွန်ခံများ၏ ဆုတောင်းသံကို ဘုရားရှင်က နားညောင်းတော်မူမည်ဟု မထင်ကြ။ ဖာရိရှဲများသည် သူတိုကိုယ်သူတို ဖြောင့်မတ်သူများအဖြစ် ပလွှားမာန်မာနတက်ကြသည်(လု ၁၈း၉-၁၄)။ ဘုရားသခင်က နောင်တရသော အပြစ်သားကို ခွင့်လွှတ်၍ မိမိကိုယ်ကို ဖြောင့်မတ်သူဖြစ်ကြောင်း ဘဝင် မြင့်သူအား မုန်းသည်(မ ၂၁:၂၈-၃၂)။
Temple (ဗိမာန်တော်)
ဒါဝိဒ်မင်းသည် သွားလေရာသို သယ်ဆောင်ရသော တဲတော်အစား ဗိမာန်တော်ဆောက် လုပ်ချင်သော်လည်း ဘုရားသခင်က သူ့ သား ရှောလမုန်ကဆောက်လုပ်မည်ဟု မိန့်တော်မူသည်(၂ရာ ၇း၁-၁၃)။ ရှောလမုန်ဗိမာန်တော်သည် ၃၂ မီတာရှည်၍ ၉ မီတာ ကျယ်ကာ ၁၃.၅ မီတာမြင့်သည်။ တဲတော်ကဲ့သိုပင် သန့်ရှင်းရာဌာနတော်နှင့် အသန့်ရှင်းဆုံးဌာနတော် ပါဝင်သည်။သန့်ရှင်းရာဌာနတော်ရှေ့၌ ကျောက်တိုင်(၂)တိုင်ဖြင့် ဆင်ယင်ဆောက်လုပ်ထားသည်။ ဗိမာန်တော်ကို ကျောက်ဖြင့် ဆောက်လုပ်၍ အတွင်းပိုင်းတွင် ကာရှသားခံကာ အလှတန်ဆာ ထပ်မံမွမ်းမံပြင်ဆင်သည်။ ဗိမာန်တော် အပြင်ဘက်ပတ်လည်တွင် အဆင့်(၃)ဆင့်ရှိသော ပစ္စည်းသိုလှောင်ခန်းရှိသည်။ အချို့ အခန်းများကို နိုင်ငံဘဏ္ဍာသိုက်အဖြစ် သုံးကြသည်။ အတွင်းပိုင်း တံတိုင်းကို (၃ရာ ၆း၃၆) အဆောက်အဦများဖြင့် ဝန်းရံပြီး မဟာတံတိုင်းများဖြင့် ထပ်မံ ဝန်းရံထားသည်(၃ရာ ၇း၁၂)။ ထိုဗိမာန်တော်ကို ဘီစီ ၅၈၇ ခုနှစ်၌ နေဗုခပ်နေဇာက ယေရုရှလင်မြိုကို သိမ်းပိုက်စဉ် ဖျက်ဆီးပစ်သည်။
ပြည်နှင်ဒဏ်ကာလ၌ ယေဇကျေလက ဗိမာန်တော်သစ် ရူပါရုံမြင်သည်(ယေဇ ၄၀း၄၇)။ ထိုရူပါရုံသည် ရှောလမုန်ဗိမာန်တော်အား အသေးစိတ်တွေ့မြင်ခြင်းဖြစ်သည်။ ထိုရူပါရုံသည် ဘုရားသခင်၏ နိုင်ငံတော် ဖော် ဆောင်သည်(ယေဇ ၄၇ ကိုကြည့်)။ ခရစ်တော်မတိုင်ခင် ယုဒလူတိုတွင် ယေဇကျေလသိုသော ယဇ်ပုရောဟိတ် မျိုး ပေါ်ထွန်းမည့် အကြောင်းဖြစ်သည်။ သို့သော် ထိုရူပါရုံသည် စာသားပကတိအတိုင်း ပေါ်ထွန်းတွေ့မြင်ရသည် မဟုတ်။
ပြည်နှင်ဒဏ်မှ ပြန်ရောက်လာကြသောအခါ ဒုတိယဗိမာန်တော် ဆောက်လုပ်ကြသည်။ မဆောက်လုပ် ရန် တားမြစ်ခြင်းခံကြသောအခါ ဆက်လက်ဆောက်လုပ်ရန် ဟစွဲနှင့် ဇာခရိတိုက ခွန်အားသတ္တိပေးကြသည်။ ပါရှန်းဧကရာဇ်မင်း၏ စကားဖြင့် ပြီးစီးအောင် ဆောက်လုပ်ဖြစ်ကြသည်။ ၂၇ မီတာကျယ်၍ ၂၇ မီတာမြင့်သည် (ဧဇ ၆း၃)။ ပတ်လည်တွင် ပစ္စည်းသိုလှောင်ခန်းနှင့် ယဇ်ပုရောဟိတ်တို၏ အခန်းများရှိသည်။ ပြည်နှင်ဒဏ်ခံရစဉ် ပဋိညာဉ်သေတ္တာ ကွယ်ပျောက်သွားသောကြောင့် အသန့်ရှင်းဆုံးဌာနတော်သည်လည်း ဟောင်းလောင်း ချည်းကျန်ရစ်သည်။ ထိုဗိမာန်တော်သည် နှစ်ပေါင်း ၅၀၀ကြာ တည်တံ့သည်။
ဘီစီ ၁၉ ခုတွင် ဟေရုဒ်မင်းက သူ့ဗိမာန်တော်ကို စတင်ဆောက်လုပ်သည်။ အဓိကအပိုင်းကို (၁၀)နှစ် အတွင်းတွင် ပြီးစီးသော်လည်း အေဒီ ၆၄ ခုနှစ်ထိ လက်စမသတ်နိုင်။ (၆)နှစ်အကြာတွင် ယုဒတိုက ပုန်ကန်ကြ သဖြင့် ရောမတို့က ဗိမာန်တော်ကို ဖျက်ဆီးကြသည်။ ပုံစံအားဖြင့် ရှောလမုန်ဗိမာန်တော်နှင့် ဆင်တူသော်လည်း မုခ်ဦးစင်္ကြန်သည် ပိုမိုကျယ်ပြန့်မြင့်မားသည်။ မုခ်ဦးရင်ပြင်ရှေ့တွင် ယဇ်ပုရောဟိတ်များ၏ နေရာရှိ၍ ယဇ်ပလ္လင် လည်း တည်ထားကြသည်။ ယုဒအမျိုးသားများသည် ယဇ်ပုရောဟိတ်များ၏ဝင်းရှေ့သို ဝင်ရောက်နိုင်သည်။ တဲတော်ပွဲကာလ၌ ယဇ်ပုရောဟိတ်များ၏ယဇ်ပလ္လင်ခန်းမထဲသိုလည်း ဝင်ရောက်နိုင်သည်။ ယုဒအမျိုးသမီး များသည်အမျိုးသမီးများအခန်းထိသာ ဝင်ရောက်နိုင်သည်။ တပါးအမျိုးသားများသည်ဝင်းပတ်လည်တွင် ဝင်ထွက်သွားလာနိုင်ကြသည်။ အပြင်အုတ်နံရံအတွင်းရှိစင်္ကြန်တွင် ကျမ်းတတ်ပုဂ္ဂိုလ်များ၏ ကျောင်းများရှိ၍ ဆွေးနွေးငြင်းခုံ ပြောဆိုရာနေရာဖြစ်သည်။ ကုန်သည်များနှင့် ငွေကုန်သည်များလည်း ရှိကြသည်။
ဟေရုဒ်ဗိမာန်တော်ထဲ၌ သန့်ရှင်းရာဌာနတော်နှင့် အသန့်ရှင်းဆုံးဌာနတော်အား ကန့်လန့်ကာဖြင့် ခြားနား ထားသည်။ ထိုကန့်လန့်ကာသည်လူထဲကျစ်လစ်၍ ပိုးချည်ဖြင့် ရက်လုပ်သည်။ ချည်သားများသည် ယောက်ျား သားများ၏ လက်ကောက်ဝတ်ပမာ ကျစ်လစ်သည်။ ပေ ၆ဝ မြင်၍ တယ်သည်။ ထိုမျှခိုင်ခံ့သော ကန့်လန့်ကာ ကြီးသည် ထိပ်ဆုံးမှ အောက်ဆုံး နှစ်ခြမ်းကွဲပြဲသွားခြင်းမှာ သဘာဝလွန် ဖြစ်ရပ်ဆန်းမှန်သည်(မ ၂၇း၅၁)။
ခရစ်တော်က ထိုဗိမာန်တော်ကို ဘုရားသခင်၏ အိမ်တော်သမ ကြည်ညိုသည်(ယော ၂း၁၃-၁၆)။ ထိုအပြင် သူသည် ထိုဗိမာန်တော်ကြီးထက် ကြီးမြတ်ကြောင်း ဝန်ခံသည်(မ ၁၂း၆)။ တပည့်တော်များက ထိုဗိမာန်တော် အား ချီးမွမ်းကြသောအခါ ပြိုလဲပျက်စီးမည့်အကြောင်း သခင်ယေရှုက ကြိုတင် မိန့်တော်မူ ခဲ့သည်(မာ ၁၃း၁၊ ၂၊ ၁၄)။
ပင်တေကုတ္တေနောက်ပိုင်းတွင်လည်း ထိုဗိမာန်တော်တွင် တပည့် တော်များ စုဝေးကြသည်။ သိုသော် သတေဖန်သိုသော ယောက်ျားသားများက ယဇ်ပူဇော်ခြင်းစနစ်ကို ခရစ်တော်က အစားထိုးကြောင်း စတင်သိ ရှိဟောပြော လာသည်(တ ၆း၁၁-၁၄)။ ဓမ္မသစ်ကျမ်းဩဝါဒစာများနှင့် ဗျာဒိတ်ကျမ်းတွင် အသင်းတော် (ဘုရားသခင်၏လူများ)သည် အဆောက်အဦမဟုတ်ဘဲ ဘုရား သခင်၏ ဗိမာန်တော်၊ ဘုရားသခင်စိုးစံ တော်မူရာဟု ဆိုကြသည်( ၁ကော ၃း၁၆၊ ၁၇၊ ဧ ၂း၂၀-၂၂၊ ၁ပေ ၂း၄-၈၊ ဗျာ ၃း၁၂)။ အကြောင်းသော် ခရစ်ယာန် တိုင်းသည် ဘုရားရှင်၏ လူများဖြစ်ကြသောကြောင့် ဘုရားရှင်စိုးစံတော်မူရာ ဖြစ်ကြသည်( ၁ကော ၆း၁၉)။ ။
ဖန်ဆင်းခြင်းအသစ်တွင် ဘုရားသခင်၏ လူများ(ယေရုရှလင်သစ်) သည် ဘုရားရှင်နှင့်အတူ စိုးစံရာနေ ရာ၊ ဘုရားသခင်၏ သိုးသငယ်နှင့်အတူ ရှိနေကြရန် ဗိမာန်တော် တစုံတရာ လိုအပ်တော့မည်မဟုတ်(ဗျာ ၂၁း၂၂)။
Temptation (စုံစမ်းခြင်း)
ကျမ်းစာလာ စုံစမ်းခြင်းဆိုသည်မှာ ဆန်းစစ်ခြင်းဖြစ်သည်။ ဘုရား သခင်နှင့် စာတန်တို့က လူများကို ဆန်းစစ်ကြသည်။ ထိုဆန်းစစ်ခြင်းသည် လူကို အကောင်း(သို့) အဆိုးဘက်သို ရောက်စေနိုင်သည်။ ဘုရားရှင်က လူများအား ဆန်းစစ်ခြင်းသည် ယုံကြည်ခြင်းသစ္စာ ပိုမိုခိုင်မာစေသည့် ကောင်းသောဆန်းစစ်ချက်ဖြစ်သည်(က ၂၂း၁)။ အကျင့်စာရိတ္တခိုင်မာကြောင်း သက်သေထူစေရာဖြစ်သည်(ယာ ၁း၃)။
စာတန်ကမူ လူကို အပြစ်ထဲသိုရောက်ရှိရန် ထောင်ချောက်ဆင် စစ်သည်(က ၃း၁၃၊ ဗျာ ၂၀း၁၀)။ လူ့အားနည်းချက်ကို ဖိနင်းသည် (ယောဘ ၁း၁၁)။ စာတန်သည် စုံစမ်းသူ(မ ၄း၃၊ ၁သက် ၃း၅)ဖြစ်သော်လည်း ဘုရားသခင်၏ ခွင့်ပြုချက်ဖြင့်သာ ခရစ်ယာန်များအား စုံစမ်းနိုင်သည်(ယောဘ ၁း၁၂ လု ၂၂း၃၁၊ ၃၂)။ လူသည် မကောင်းမှုပြုသောအခါ ဘုရားသခင်၏ဆန်း စစ်ခြင်းအား မအောင်မြင်ဟု မဆိုနိုင်။ အကြောင်းသော် ဘုရား ရှင်က ထိုသိုအပြစ်ပြုမှားရန် ထောင်ချောက်ဆင်ခြင်းမရှိ။ ခရစ်ယာန်က အပြစ်ပြုခြင်းသည် မိမိဇာတိစိတ်ကို မထိန်းချုပ်နိုင်သောကြောင့်ဖြစ်သည်(ယာ ၁း၁၃ ၁၅)။ ထိုသူသည် ခရစ်ယာန်အစစ်အမှန်မဟုတ်ဘဲ ခရစ်ယာန်အ တုအယောင် သာဖြစ်သည်။
စာတန်၏ စုံစမ်းခြင်းနောက်သို ပါမသွားရန် ဘုရားရှင်ထံ ဆုတောင်း ရမည့်အကြောင်း တပည့် တော်များသို သခင်ယေရှုက သွန်သင်တော်မူသည် (မ ၆း၁၃)။ ဘဝခရီးလမ်း၌ စုံစမ်းခြင်းအောင်နိုင်ရန် သတိသမ္ပဇဉ် အမြဲ မပြတ်ရှိ၍ ဆုတောင်းနေရသည်(မ ၂၆း၄၁)။ ဘုရားရှင်က သူသည် ယုံကြည် ၊ သူများကို ဆန်းစစ်သောအခါ မခံနိုင်သည့် စုံစမ်းခြင်းမျိုးမပြုကြောင်း ကတိ တော်ပေးထားသည်( ၁ကော ၁၀း၁၃)။ ထိုအပြင် စုံစမ်းခြင်းခံရချိန်၌ ခရစ် တော်၏ အကူအညီ ရယူနိုင်ကြသည်(ဟေဗြဲ ၂:၁၈၊ ၄း၁၅)။ ခရစ်ယာန်များ သည် ဘုရားရှင်ကို မစုံစမ်းကြရန် ကျမ်းစာက အထူးသတိပေးထားသည်(မ ၄း၇၊ ဆာ ၉၅း၉)။
Ten Commandments (ပညတ်တော်ဆယ်ပါး)
သိနာတောင်တွင် ဘုရားရှင်က ဣသရေလတမျိုးသားလုံးသို ပညတ် တော်ဆယ်ပါး ပြဌာန်းသည်(ထွ ၂၀း၁-၂၂)။ ထိုနောက် ကျောက်ပြားနှစ်ချပ် ပေါ်တွင် ရေးပေးထားသည်(ထွ ၃၂း၁၆)။ ထိုပညတ်တော်ကို “ပဋိညာဉ် စကား တော်များ”(ထွ ၃၄း၂၈)၊ သက်သေခံချက်(ထွ ၂၅း၁၆)ဟုလည်း ခေါ်သည်။
ရှေးအနောက်အာရှသားတိုသည် ဘုရင်ကြီးများနှင့် သူတို လက် အောက်ခံများအကြားတွင် စာစုစာတမ်း ပြုကြရာ၌ ဘုရင်များက အစေခံ များသို အကျိုးဖြစ်ထွန်းရာများ ပေးအပ်ပြီး အစေခံများက အကျိုးအမြတ် ပြန်ပေးကြသည်။ ပညတ်တော်ဆယ်ပါးတွင်လည်း ထိုသဘောမျိုး တွေ့ရသည်။ ထွ ၂၀း၂ တွင် ဘုရားသခင်သည် သူ့လူများအတွက် အမှုတော်ပြုပြီး ရွေး နှုတ်ခံသူ့လူများက မိန့်တော်မူချက်များအား လိုက်နာစောင့်ထိန်းရသည်။ ထို မိန့်တော်မူချက်များသည် ပဋိညာဉ်ဖြစ်သည်။ အကြောင်းသော် ထိုပဋိညာဉ် သည် ဘုရားရှင်က သူ့အစေခံ ဣသရေလလူများသို မိန့်တော်မူချက်ဖြစ်သည်။ သက်သေခံချက်ပါ မိန့်တော်မူချက်များ၌ ဘုရားရှင်တော် အသက်ရှင်တော်မူ ကြောင်း ကျမ်းစကားဆိုထားသည်။
ဘုရားသခင်နှင့် အဲဂုတ္တုပြည်မှ ရွေးနှုတ်တော်မူသည့် ဣသရေလ တို၏ ယုံကြည်ခြင်းအကြား၌ ပညတ်တော်ဆယ်ပါးသည် ဗဟိုချက်မဖြစ်သည်။ ပဋိညာဉ်စကားဖြစ်သည့်အတိုင်း သက်သေခံချက်ပမာ ရပ်တည်၍ အထူး အရေးကြီးသည်။ သိုသော် လက်ချောင်းဖြင့် ရေးသားထားသော ပညတ်တရား ၊ (ထွ ၃၁း၁၈) နှင့် ပဋိညာဉ်သေတ္တာ(ထွ ၂၅း၁၆)ကဲ့သိုမဟုတ်။ ပဋိညာဉ်သေတ္တာ (ထွ ၂၅း၁၆၊ တရား ၁၀း၈)၊ တဲတော်(ထွ ၃၈း ၂၁)တို့သည် ဤပညတ်တော် နောက်တွင် ရှိကြသည်။
ပညတ်တော်ဆယ်ပါးသည် ဣသရေလတို၏ ပညတ်တရားများမှ လာသော ဘာသာရေးနှင့် ကိုယ်ကျင့် တရားနိယာမများမှ လာသည်။ မော ရှေ၏ ပညတ်တရားတွင် မပါဝင်သည့် အခြေခံအုတ်မြစ်များ ဖြစ်သည်။ ဓမ္မသစ် ကျမ်းတွင်လည်း ဤပညတ်ချက်များကို အလေးအနက်ထားသည်(မ ၁၉၁၇ -၁၉၊ ရော ၁၃၈၊ ဧ ၆း၁-၃၊ ယာ ၂း၈-၁၁)။
Tents (တဲများ)
တဲသည် အစောဆုံးနေထိုင်ရာ အိမ်ယာဖြစ်သည်(က ၄း၂ဝ)။ ရှေး ဘိုးဘေးများအပါအဝင် ခြေသလုံးအိမ် တိုင်သမားများက ဆောက်လုပ်နေကြ ကြသည်(က ၁၃း၁၈)။ အမျိုးသမီးများသည် မကြာခဏ သီးသန့်တဲများ ဆောက်လုပ်လေ့ရှိကြသည်(က ၂၄း၆၇၊ သူကြီး ၄း၁၇)။ တဲများသည် တုတ်ထိုး လျှိ ထမ်းနိုင်အောင် အထည် အလိပ်(သို့) သားရေများဖြင့် ပြုလုပ်ကြသော ကြောင့် မှောင်မိုက် လေ့ရှိသည်(သီ ၁း၅)။
နှစ်ပေါင်း ၄၀ ကြာ ကန္တာရတောထဲ၌ လှည့်လည်ကြစဉ် ဣသရေလ လူများသည် တဲထိုးနေထိုင်ကြ သည်(ထွ ၁၆း၁၆၊ တော ၁၆း၂၆)။ ခါနန်ပြည် ရောက်ခါမှ အိမ်ယာဆောက်လုပ် နေထိုင်ကြသည်။ သိုးကျောင်း သားများ (ဟေရှာ ၃၈း၁၂)၊ စစ်သားများ(၁ရာ ၁၇း၅၄)တိုသည် တဲထိုးနေထိုင်ေလ့ရှိကြသည်။ ေနွ ရာသီ ကာလ၌ သာမန်လူများက အိမ်ယာအဖြစ် သဘောထားသည်။ ယေရမိခေတ်ကာလ၌ ရေခပ်လူမျိုးသည် ခြေသလုံးအိမ်တိုင် သမားများဖြစ်ကြသောကြောင့် တဲထိုးနေထိုင်ကြသည်(ယေ ၃၅း၇)။
ဓမ္မသစ်ကျမ်းတွင် ရှင်ပေါလုနှင့် သူ့မိတ်ဆွေ ဇနီးမောင်နှံဖြစ်သော ပြစ်ကိလနှင့် အာကုလတိုသည် တဲချုပ်စားကြသည်(တ ၁၈း၃)။
Teraphim (သရဖိမ်)
သရဖိမ်များသည် ရုပ်တုများဖြစ်ကြ၍ ဘုရားအဖြစ် မကြာခဏ ကိုးကွယ်ကြသည်(ဟော ၃း၄)။ တခါတရံ အိမ်စောင့်နတ်များအဖြစ် သိမှတ် ကြသည်(က ၃၁း၃၀)။ လာဗန်သည် ဤနတ်ဘုရားများနှင့် ပတ်သက် ၍ စိုးရိမ် ကြောင့်ကျသည်။ အကြောင်းသော် လင်ယောက်ျားများသည် မိသားစု၏ ဥစ္စာ ဓနများကို အမွေခံရကြောင်း ဒေသန္တရ ဥပဒေသရှိသည်။
Testimony (သက်သေခံချက်)
ပညတ်တော်ဆယ်ပါးကို သက်သေခံချက်ဟုလည်း ခေါ်သည်(ထွ ၂၅:၁၆၊ ၃၁း၁၈)။ ဤပညတ်ချက်အရ ဣသရေလလူတိုနှင့် ပဋိညာဉ်ပြုချက်အား ဘုရားသခင်က လိုက်နာစေချင်သည်(ပညတ်တော်ဆယ်ပါးကိုကြည့်)။ ဤနေရာမှစ၍ သက်သေခံချက်ဟူသော စကားသည် ဘုရားသခင်၏ ပညတ် တရားကို ဆိုလိုကြောင်း နားလည် ရသည်(ဆာ ၁၉း၇၊ ၁၁၉၂)။ ထိုအပြင် ဓမ္မဟောင်းပညတ်တရားသည် ဘုရားရှင်၏ အမိန့်အာဏာဟုလည်း နားလည် `ရသည်။
Tetrarch (သဲသရ)
မူရင်းစကားလုံး၏ အနက်မှာ ဒေသတခု၏ စတုတ္ထပိုင်းကို အုပ်စိုးသူ သည်။ ရောမအစိုးရက သူတို့၏ အရှေ့ပိုင်းနယ်မြေ အုပ်စိုးသူအား ထို ဂုဏ်ပုဒ်ကို ပေးလေ့ရှိသည်။
Thank-offering (ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်)
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်သည် မိမိသဘောဆန္ဒအရ ပြုလုပ်ခြင်း ၊ ဖြစ်၍ မိဿဟာယယဇ်(ဝတ် ၇း၁၁-၁၅)နှင့် ခြားနားခြင်းမရှိ။ ဘုရားရှင်ကို ချီးမွမ်းကြောင်း ထုတ်ဖော်ပြသခြင်းဖြစ်သည်။
မိဿဟာယယဇ်အကြောင်းတွင်လည်းကြည့်။
Tithing (ဆယ်ဘို့တဘို့)
ဆယ်ဘို့တဘို့ဆိုသည်မှာ မိမိပိုင်ဆိုင်ရရှိရာထဲမှ ဆယ်ပုံတပုံကို ဘုရား ရှင်ထံသို ဆက်ကပ်ပေးလှူချက် ဖြစ်သည်။ အဲဂုတ္တု သားများ၊ မေသောပေါတာမိ သားများနှင့် အခြားရှေးလူမျိုးများသည်လည်း မိမိတို့ကိုး ကွယ်သော နတ်ဘုရား ၊ ထံသို ပေးလှူလေ့ရှိကြသည်။ အာဗြဟံသည် မေလခိဇေဒက်ထံသို ဆယ်ဘို့ တဘို့ ပေးလှူ(က ၁၄း၂၀)သကဲ့သို ယာကုပ်သည်လည်း ရှိသမျှ၏ ဆယ်ဘို တိုကို ဘုရားရှင်ထံပေးလှူရန် ကတိပြုခဲ့ သည်(က ၂၈း၂၂)။ သိနာတောင် ရောက်၍ ဣသရေလလူတို့ လူမျိုးတမျိုးအဖြစ် ရပ်တည်ကြသောအခါ မော ရှေ့က ဆယ်ဘို့တဘို့ပေးလှူရန် ပညတ်ခဲ့သည်။
ဂျုံစပါး၊ သီးနှံ၊ သိုး၊ ဆိတ်မှစ၍ ဆယ်ပုံတပုံကို ပေးလှူရသည်(၀တ် ၂၇း၃ဝ-၃၃)။ လယ်သမားများဖြစ် ကြသည့်အတိုင်း ဝင်ငွေပမာဏ တွက် ချက်ပြီး ပေးလှူရသည်။ ထိုဆယ်ဘို့တို့ကို တဲတော်(သို့) ဗိမာန်တော်ထဲရှိ (တရား ၁၂း၁၇၊ ၁၈) လေဝိလူများသို့ ပေးလှူရသည်(တော ၁၈း၂၁)။ ထိုသို့ ပေးလှူသောအခါ ပေးလှူသူနှင့် လေဝိလူတို့သည် ဆယ်ဘို့တဘို့အား အတူ တကွ ဝမ်းမြောက်စွာ ခံစားကြသည်။ လေဝိလူများသည် ရရှိသော ဆယ်ဘို့တဘို့ထဲမှ ဆယ်ဘို့တဘို့ကို ယဇ်ပုရောဟိတ်များသို့ ပေးလှူရသည့် :-(တော ၁၈ း၂၆-၂၈)။
အကယ်၍ ထိုလယ်သမားသည် ဗိမာန်တော်မှ ဝေးလံသောအရပ်တွင် နေထိုင်လျှင် ပစ္စည်းများရောင်းပြီး ရောင်းရငွေအား ဗိမာန်တော်သို့ ပေးလှူ ရသည်။ သို့သော် လိမ်ညာခြင်းမပြုရ။ လိမ်ညာလျှင် ဆယ်ဘို့တဘို့၏ ငါးခု တပုံအား ထပ်ဆောင်းပေးရသည်(ဝတ် ၂၇း၃)။ သုံးနှစ်တိုင်းတွင် လူသူ နေထိုင်ရာမြိုရွာမှ ဗိမာန်တော်သို့ မပေးလှူဘဲ မရှိဆင်းရဲသားများသို့လည်းပေးလှူနိုင်သည် (တရား ၁၄၂၈၊ ၂၉)။ ထိုနောက်ပိုင်းတွင်လည်း ဗိမာန်တော်သို့ ရောက်နိုင်သည်(တရား ၂၆း၁၂-၁၅)။
ဆယ်ဘို့တဘို့လှူရန် ပျက်ကွက်ခြင်းသည် ဘုရားရှင်အား ဓါးပြ ခြင်းဖြစ်သည်(မာလ ၃း၈)။ သိုသော် လူများဓါးပြတိုက်သကဲ့သို အ ဖြစ်စေသည်မဟုတ်။ ဆယ်ဘိုတိုသည် ဝမ်းမြောက်စွာ ကိုးကွယ်သည့်အပြုအမူ ဖြစ်သည်(တရား ၁၂း၁၈)။ လူအပါအဝင် အရာခပ်သိမ်းအား ဘုရားရှင်က ပိုင်ဆိုင်ကြောင်း ပြသရာဖြစ်သည်။ ဘုရားရှင်ထံသို ပေးလှူခြင်းသည်မူရင်းပိုင်ရှင်သို ပြန်ပေးခြင်းဖြစ်သည်။ ထိုအပြင် ဣသရေလလူများသည် လေဝိ လူမား၊ ယဇ်ပုရောဟိတ်များ၊ မရှိဆင်းရဲသားများနှင့် ခိုကိုးရာမဲ့သူများအား ကူညီထောက်ပံ့ကြသည်။
ဓမ္မသစ်ကျမ်းခေတ်ကာလ၌ ယုဒလူများသည် ဣသရေလလူများအား ဆယ်ဘို့တဘို့ ပေးလှူရမည့် အကြောင်း ဝန်ထုပ်ဝန်ပိုး ထပ်ဆင့်ကြသည်။ ယုဒ ဆရာများက ဆယ်ဘိုတိုကို ဝမ်းမြောက်စွာ ကိုးကွယ်ခြင်း ထက် ကိုယ်ကျင့် တရားအဖြစ် သွန်သင်ကြသည်။ ဆယ်ဘိုတဘိုသည် လိုအပ်သူများသို ကရုဏာ ပြုရာဖြစ် သည်(မ ၂၃း၂၃)။
ဓမ္မသစ်ကျမ်းက ခရစ်ယာန်များအား ဆယ်ဘိုတဘို ပေးလှူခိုင်းခြင်း မပြု။ ဓမ္မဟောင်းကျမ်းအား မပစ်ပယ်ကြောင်း ထင်ရှားစေခြင်းဖြစ်သည်။ အသင်းတော်များသည် တရားဟောဆရာများ(၁တိ ၅း၁၇၊ ၁၈)နှင့် မရှိဆင်းရဲ သားများအား ကူညီမစရသည်(တ ၄း၃၅၊ ၁ကော ၁၆း၁၊ ၂)။ ပေးလှူခြင်း ‘သည် ဝမ်းမြောက်စရာ (၂ကော ၉း၇)ဖြစ်သကဲ့သို့ ကိုးကွယ်ခြင်းတရပ်ဖြစ်သည် ( ၂ကော ၈း၅)။ စေတနာသဒ္ဓါရက်ရောစွာ ပေးလှူရ သည်။ အကြောင်းသော် အထံတော်၌ ထာဝရကြွယ်ဝချမ်းသာကြရန် ခရစ်တော်သည် သူဆင်းရဲဘဝကို ခံယူတော်မူခဲ့သည်(၂ကော ၈း၉)။ ဓမ္မသစ်ကျမ်းက ပေးလှူသော ပမာဏ ထက် မိမိထံတွင် ကျန်ရစ်သမျှကို ကြည့်ရှုခိုင်းသည်။
Tongues, gift of (အခြားသောဘာသာစကား ဝိညာဉ်လက်ဆောင်)
ပင်တေကုတ္တေနေ့တွင် တပည့်တော်များသည် အခြားသောဘာသာစ ကားဖြင့် ဘုရားရှင်ကို ချီးမွမ်းကိုး ကွယ်ကြသည်။ ယေရုရှလင် ပင်တေကုတ္တေ “ပွဲေတာ်သို ရောက်လာကြသော အနီးပတ်ဝန်းကျင်ရှိ ရပ်သူရွာ သားများကသာလျှင် ကြားသိရသော ထိုစကားသံများသည် အခြားသောဘာသာစကား ဖြစ်ကြောင်း သိရှိကြသည်။ ထိုသိုသော စကားသံကြားသိကြသောအခါ ဇဝေ ဇဝါဖြစ်သွားကြပြီး တချို့က ထိုတပည့်တော်များအား ဟားတိုက်ရယ်မောကြ သည်။ ပြောဆိုသော ဘာသာစကားသည် ဂရိ(သို့) အာရမိဘာသာစကားနှင့် ဆင်တူသည်။ သိုသော် ထိုအရပ်သုံး ဘာသာစကားမဟုတ်။ ပေတရုက တရား ဒေသနာဟောပြောသောအခါ ထိုဒေသခံ ဘာသာစကားသည် သန့်ရှင်းဝိညာဉ် တော်၏ အမှုတော်ပြုချက် အမှတ်အသားတခုဖြစ်ကြောင်း သိရှိလာကြသည်။ တရားဟောချက်ကို လူအုပ်ကြီးက နားလည်သဘောပေါက် ကြသောအခါ နောင်တရပြီး ပြောင်းလဲသွားကြသည်။
တမန်တော်ဝတ္တုတွင် ပင်တေကုတ္တေနေ့၌ ပြောဆိုကြသည့် အခြား သောဘာသာစကား ပြောဆို ကြပုံ(၂)ခု တွေ့ရသည်။ ကဲသရိတွင် တပါးအမျိုး သားများက ပထမဆုံးပြောင်းလဲကြချိန်၌ တကြိမ်(တ ၁၀း၄၆၊ ၄၇၊ ၁၁း၁၇၊ ၁၈) တွေ့ရ၍ နောက်တကြိမ်မှာ ဧဖက်မြို၌ ဗတ္တိဇံယောဟန်၏ တပည့်များ ထံသို သန့်ရှင်းဝိ ညာဉ်တော် ဆင်းသက်ချိန်တွင်ဖြစ်သည် (တ ၁၉း၆)။ ထို အပြင် ရှမာရိမြိုရှိ အသက်တာ ပြောင်းလဲသူများလည်း သူတိုအေပါ်သိုသန့်ရှင်းေသာ ဝိညာဉ်တော်ဆင်းသက်သောအခါ အခြားသောဘာသာစကား ပြောဆို ကြသည်။
တမန်တော်ဝတ္တုတွင် လူအများအပြား ပြောင်းလဲကြပုံ တွေ့ရ သော်လည်း ထိုသို ပြောင်းလဲတိုင်း အခြားသောဘာသာစကား ပြောဆိုေလ့ရှိကြ ကြောင်း မတွေ့ရ ။သိရှိရမည့်အချက်မှာ ပထမဆုံးခရစ်ယာန်များ သည်အခြား လူမျိုးကို အထင်အမြင်သေးသော ယုဒလူများဖြစ်ကြသည်။ ဘုရားရှင်သည် ကောနေလိထံသို့ တရားဟောမည့် ပေတရုအား အထူးဂရုစိုက် ကြိုတင်ပြင်ဆင်ထားသည်(တ ၁၀း၉-၂၀၊ ၁၁း၄-၄)။ ပင်တေကုတ္တေနေ့၌ ယုဒလူအပြား ပြောင်းလဲသကဲ့သိုပင် ထိုတပါးအမျိုးသားများလည်း ပထမဆုံး ပြောင်းလဲကြ သောအခါ ယုဒလူမျိုးမရွေး၊ တပါးအမျိုးသားမရှောင် ပြောင်းလဲနိုင်ကြကြောင်း သိရှိကြသည်(တ ၁၁း၁၅-၁၈)။ ရှမာရိပြည်တွင်လည်း နည်းတူ ဖြစ်ပျက်ခဲ့သည်။ ယုဒလူတိုက ဆေးေဖာ်ေကြာဘက်မလုပ်ကြသော ရှမာရိလူများကိုလည်း ဘုရားရှင်က ချစ်ခင်ကြောင်း ပြသချက်ဖြစ်သည်။ တ ၁၉ တွင် ဗတ္တိဇံယောဟန်၏ တပည့်များသည်သန့်ရှင်းဝိညာဉ်တော်အကြောင်းမကြားသိဘူးကြကြောင်း တွေ့ရသည်(ငယ် ၂)။ ထိုသိုသောအဖြစ်သည် ပင်တေကုတ္တေနေ့မျိုး ထပ်မံကျရောက်သကဲ့သိုဖြစ်၍ ဝိညာဉ်တော်၏ မှန်ကန် မှုနှင့် ပြောင်းလဲကြပုံ ပြသချက်ဖြစ်သည်။
မာ ၁၆း၁၇ မှစပြီး ၁ကော ၁၂-၁၄ တွင် အခြားသောဘာသာစကား ဖြင့် ပြောဆိုပုံ တွေ့ ရသည်။ အရေးကြီးအချက်မှာ တမန်တော်ဝတ္တုနှင့် ၁ကော ပါ အခြားသောဘာသာစကား ပြောဆိုပုံတိုသည် မတူညီပါ။ တမန်တော်ဝတ္တု တွင်မူ တပည့်တော်များ အုပ်စုထဲရှိ လူတိုင်းက ပြောဆိုကြသည်။ သန့်ရှင်း ဝိညာဉ်တော်၏ ထိန်းချုပ်မှုအောက်၌ ရှိကြသည်။ ပြောင်းလဲကြသည့်အချိန် ပင်တေကုတ္တေနေ့တွင် ပြောဆိုကြ၍ ကြားသိသူ အချို့က ထိုစကားကို နားလည် ကြသည်။ ကောရိန်သုတွင်မူ လူအားလုံးက ပြောဆိုကြသည်မဟုတ်(၁ကော ၁၂း၃၀)။ ပြောဆိုသူများသည် မိမိကိုယ်ကို ထိန်းချုပ်ကြသည်(၁၄း၂၇၊ ၂၈)။ ထိုသို ပြောဆိုသူများသည် အသစ်ပြောင်းလဲကြသူများမဟုတ်ကြ။ အနက်ပြန် ဆိုသူမရှိလျှင် သူတိုပြောဆိုသောစကားအား အခြားသူ များက နားမလည်ကြ။
တမန်တော်ဝတ္ထုနှင့် ၁ကောမှ အခြားသောဘာသာစကား ပြောဆို ခြင်းတွင် တူညီသောအချက်မှာ ဝတ်ပြုကိုးကွယ်ခြင်းဖြစ်၍ မသိနားမလည် ဘူးသော စကားဖြစ်သော်လည်း ပြောဆိုသောစကားများသည် အဓိပ္ပါယ်ရှိ သည်။ မယုံကြည်သူများသည် အံ့ဩသူက အံ့ဩကြ၍ ရယ်မောသူက ရယ်မော ကြသည်။ ရှင်ပေါလုကမူ ၁ကော ၁၄:၂၁၊ ၂၂ တွင် အခြားသောဘာသာ စကားသည် မယုံကြည်သူအား တရားစီရင်သည့် အမှတ်အသားတခုဟုဆိုသည်။
ရှင်ပေါလုက အခြားသောဘာသာစကားအား မတားမြစ်သည့်အပြင် (၁ကော ၁၄၃၉) သူကိုယ်တိုင် လည်း ပြောဆိုသည်(၁၄း၁၈)။ စိတ်လှုပ်ရှား တွယ်ရာမရှိသည့် အခြားလက်ဆောင် များလည်းရှိသည်။ သိုသော် ပိုမိုအသုံး ဝင်သောကြောင့် ပိုမိုကြီးမြတ်သော လက်ဆောင်များဖြစ်သည်(၁၄း၁-၂၅)။
ယနေ့ကာလတွင်လည်း အချိုခရစ်ယာန်များသည် အခြားသော ဘာသာစကားပြောဆိုခြင်းကို စိတ်ဝင်စားကြသည်။ သိုသော် ယနေ့ခေတ် ကာလမှ အခြားသောဘာသာစကားသည် ဓမ္မသစ်ကျမ်းခေတ် ကာလကဲ့သို ဖြစ်ကြောင်း တထစ်ချမဆိုနိုင်။ ဓမ္မသစ်ကျမ်းမှ အခြားသောဘာသာစကား၊ ပြောဆိုခြင်းနှစ်မျိုးရှိ၍ ကောရိန်သုသားများ ပြောဆိုသည့်ပုံစံသည် လူတိုင်း၊ နှင့် သက်ဆိုင်ဟန်မရှိ။ အကယ်၍ လူတိုင်းနှင့် သက်ဆိုင် လျှင် ဧ ၅:၁၉၊ ၂၀၊ ကော ၃း၁၆ ပါ သင်းအုပ်ဆရာများသို ဩဝါဒစာများ(တိမောသေ၊ တိတု)နှင့် သင်းအုပ်၊ သင်းထောက်များ အရည်အချင်းတွင် တွေ့ကြပေမည်။ ထိုသို နှောင်းပိုင်းစာပေကျမ်းဂန်များတွင် မတွေ့ရခြင်း ကြောင့် အသင်းတော်ခေတ် ကာလ၌ အခြားသောဘာသာစကား ပြောဆိုခြင်းသည် ကွယ်ပျောက်ဟန် တူသည်။
Transfiguration (ရုပ်ပြောင်းရုပ်လွှဲပြုခြင်း)
ခရစ်တော်က ရုပ်ပြောင်းရုပ်လွှပြုတော်မူခြင်းသည် အံ့ဘွယ်လျှိဝှက် ချက်(၂ပေ ၁း၁၆)နှင့် ဘုန်းတန်ခိုး တော်(လု ၉း၃၂) ထုတ်ဖော်ပြသခြင်းဖြစ် သည်။ နောက်တပတ်ခန့်အကြာတွင် ပေတရုက သခင်ယေရှုသည် ခရစ်တော် မှန်ကြောင်း ဝန်ခံသည်(မာ ၈ူ၂၉)။ သခင်ယေရှုကလည်း အသေခံပြီးမှ ရှင်ပြန်ထမြောက်မည့်အ ကြောင်းနှင့် ဒုတိယအကြိမ် ပြန်လည်ကြွလာမည့် အကြောင်းများအား ပြန်လည်မိန့်တော်မူခဲ့သည်(မာ ၁း၃၁-၃၈)။
ဓမ္မဟောင်းကျမ်းအချို့တွင် ရေးသားသည့်အတိုင်း(ထွ ၁၉း၁၆၊ ၂၄း၁၅၊ ၁၆၊ ၄၀း၃၄၊ ၅ရာ ၈း၁၁) ဘုရားရှင်သည် မိုးတိမ်က လွှမ်းမိုးသည် (မ ၁၇း၅)။ ထိုနေရာတွင် ဘုရားရှင်က သခင်ယေရှုသည် မေရှိယနှင့် သား တော်မှန်ကြောင်း ပေတရု၊ ယာကုပ်နှင့် ယောဟန်တိုထံသို အတည်ပြုပြသ တော်မူသည်။ “သူ့စကားကို နားထောင်ကြလော့”ဟူသော စကားရပ်သည် တရား ၁၈း၁၅ ပါ မောရှေက ဣသရေလလူများသို “ကြီးမြတ် တော်မူသော ပရောဖက်ကြီး၏ စကားကို နားထောင်ကြလော့”ဟူသော စကားအား ပြန်လည် ၊ သတိပေး ခြင်းဖြစ်သည်။
မောရှေနှင့် ဧလိယတိုသည် ပညတ်တရားနှင့် ပရောဖက်ကျမ်းများကို ကိုယ်စားပြု၍ သခင်ယေရှုတွင် ပြည့်စုံလာကြသည်။ ထိုသူနှစ်ယောက်သည် ၊ ခရစ်တော်နှင့် စကားဖောင်ဖွဲကြသည်။ စာပေသဒ္ဒါအားဖြင့်ဆိုလျှင် ကိုယ်တော်၏ ပရိနိဗ္ဗာန်ပြုခြင်း(လု ၉း၃၁)၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင် ဘုံသို့ ပြန်လည်ကြွမြန်း ခြင်းအကြောင်း ပြောဆိုကြသည်။ ထိုရုပ်ပြောင်းရုပ်လွှ ပြုခြင်းနှင့် ဒုတိယအကြိမ် ပြန်လည်ကြွလာမည့်အရေး ဆက်စပ်ပုံသည် ပိုမို အရေးကြီးသည်။ ခရစ်ဝင်ကျမ်းသုံးစောင်တွင် ခရစ်တော်က ပြန်လည်ကြွလာ မည့်အရေး ကြိုတင်မိန့်တော်မူပြီးနောက်၌ ရုပ်ပြောင်းရုပ်လွှဲ ပြုတော်မူခြင်း ၊ အကြောင်းတွေ့ရသည်။ ပေတရုကလည်း ထိုအဖြစ်အပျက်(၂)ခုကို ဆက်စပ် ထားသည်(၂ပေ ၁း၁၆-၁၉)။ ထိုရုပ်ပြောင်းရုပ်လွှဲပြုခြင်းသည် ထိုသို့သော တန်ခိုးတော်ဖြင့် ပြန်လည်ကြွလာမည့်အကြောင်း ပြသခြင်းဖြစ်သည်။
Tribes of Israel (ဣသရေလလူမျိုးနွယ်)
ယာကုပ်တွင် သား(၁၂)ယောက်ရှိ၍ ထိုသားများသည် ကိုယ်စီ လူမျိုး နွယ်စတင်သူများဖြစ်ကြသည်။ ထိုလူမျိုးနွယ်(၁၂)ပါးကို ဣသရေလလူမျိုးဟု ဆို၍ ဓမ္မဟောင်းကာလ၌ ဘုရားရှင်၏ လူမျိုးအဖြစ် ထင်ရှားကြ သည်။ ယော သပ်၏ မျိုးနွယ်သည် (၂)မျိုးဖြစ်သွားသည်။ သူ့ သားနှစ်ယောက် ဧဖရိမ်နှင့် မနာေရှတို့ကို အဘိုး ယာကုပ်က မွေးစားသားအဖြစ် ခေါ်ယူ၍(က ၄၈း၁၆) လူမျိုးနွယ်တခုစီ ဖြစ်သွားကြသည်။ ထိုသို့ဖြင့် မျိုးနွယ် ပေါင်း(၁၃)မျိုးသဖွယ် ဖြစ်သွားကြသော်လည်း (၁၂)မျိုးနွယ်အဖြစ် ထင်ရှားကြသည်။
လေဝိမျိုးနွယ်စုငယ်သည် အခြားမျိုးနွယ်စုနှင့်မတူ ခြားနားသည်။ တဲတော်အမှုသာ တာဝန်ယူကြသည်။ စစ်တပ်ထဲ၌ မပါဝင်ကြသကဲ့သို ခါနန် ပြည်အား ခွဲဝေကြရာတွင်လည်း နယ်မြေခွဲတန်း မရရှိကြ။ ထိုကြောင့် အချိုက လူမျိုးနွယ်စုစာရင်း ရေတွက်ရာတွင် လေဝိလူမျိုးကို ချန်လှပ်ကြသည်(တော ၇၊ ၁၃း၄-၁၅)။ အချို့က ထည့်တွက်ကြ၍ ဧဖရိမ်နှင့် မနာရှနွယ်တိုကို ယောသပ်အနွယ်ဟု ပေါင်းခေါ်ကြသည်(က ၄၉၊ တရား ၃၃)၊
ယုဒလူအချို့က ဓမ္မသစ်ကျမ်းခေတ်ကာလ၌ လူမျိုးနွယ်စု ဂုဏ်အင် ကို သိရှိကြသော်လည်း(လု ၂း-၃၆၊ ၃း၂၁-၂၈၊ ဖိ ၃း၅၀) ဘီစီ ၅၈၇ တွင် ယုဒလူတို ကျဆုံးပြီးနောက်ပိုင်း၌ လူမျိုးနွယ်များအကြား ခြားနားချက်သည် မှေးမှိန်လာသည်။ ဣသရေလလူမျိုးဟူသော စကားရပ်၏ ဝိသေသသည် ပင်ကိုယ်စာသား အဓိပ္ပါယ်ထက် ဘုရားရှင်၏ လူများကို အမှတ်အသားပြုကြောင်း ဗျာ ၇း၅-၈ တွင် သိရသည်။ ထိုကျမ်းချက်တွင် လေဝိ၊ ယောသပ်နှင့် မနာဘူလူမျိုးများ ပါဝင်၍ ဧဖရိမ်နှင့် ခံလူမျိုး ထည့်တွက်ခြင်းမရှိ။ ဓမ္မဟောင်း ကျမ်းမှ ဘုရား သခင်၏ လူများသည် (၁၂)မျိုးနွယ်ကို ရည်ညွှန်း၍ ကျေးဇူးတော်ဖြင့် ကယ်တင်ခြင်းအကျွတ်တရား ရရှိကြသော ယုဒလူမျိုးနှင့် တပါး အမျိုးသား နှစ်ခုစလုံးကို ဘုရားသခင်၏ လူများအဖြစ် ပုံဆောင်ထားသည်။
Tribulation (ဘေးဒဏ်)
ကျမ်းစာစကားလုံးတွင် ဘေးဒဏ်ကြီးသည် နှိပ်စက်မှုအောက်သို့ မရှု မလှ ရောက်ရှိ၍ အလွန်လမ်း ကျဉ်းခြင်း၊ လေးလံလွန်းသော အလေးက ပိခြင်း ဟု အနက်ရသည်။ ထိုကြောင့် စိတ်ပျက်အားငယ်ခြင်းဟု ဆိုနိုင်သည်။ ခရစ် တော်(ယော ၁၆း၃၃)နှင့် သူ့တမန်တော်များ(၁သက် ၃း၄)များက ခရစ်ယာန် များသည် ဘေး ဒဏ်ကြီးကြုံကြမည်၊ အထူးသဖြင့် ဒုတိယအကြိမ် ပြန်လည် ကြွလာခါနီးတွင် ရင်ဆိုင်ကြမည်ဟု ဟောပြောခဲ့ကြ သည်(မ ၂၄း၂၁-၂၇)။ ခရစ်ယာန်များသည် ဘေးဒဏ်ရင်ဆိုင်သည့်အခါ စိတ်ရှည်သည်းခံကြရသည် (ရော ၁၂း၁၂)။ အကြောင်းမှာ ခရစ်တော်က ထိုဘေးဒုက္ခအကြောင်းစုံကို သိရှိတော်မူသည်ဖြစ်၍ ဘေးဒဏ်ကြီးကာလ၌ နှစ်သိမ့်ခွန်အားပေးတော်မူ မည်(၂ကော ၁း၄)။ ဘုရားရှင်၏ တန်ခိုးတော်ဖြင့် ခရစ်ယာန်များသည် မည် သည့် ဒုက္ခပြဿနာမဆို ရင်ဆိုင်အောင်နိုင်ရသည်။ ဘုရားမေတ္တာတော်နှင့် မကွဲကွာကြကြောင်းကိုလည်း သိရှိထားရ သည်(ရော ၈း၃၅-၃၉)။ ခရစ်ယာန် များသည် ဘေးဒဏ်ကြုံတွေ့သည့်အခါ ဝမ်းသာကြရသည်။ အကြောင်းသော် ခွန်အားသတ္တိစိုက်ထုတ်ရာဖြစ်၍(ရော ၅း၃-၅) ဘုရားရှင်၏ နိုင်ငံတော်ထဲ၌ ထာဝရပျော်စံရမည့်အရေး တွေးမျှော်သည်နှင့် တပြိုင်နက် ထိုဆင်းရဲဒုက္ခသည်မှေးမှိန်ကွယ်ပျောက်သွားသည်(တ ၁၄း၂၂)။
Trinity (သုံးပါးတဆူ)
ကျမ်းစာ၌ ဤစကားလုံးမရှိပါ။ ခရစ်တော်အလွန် နှစ်ပေါင်း ၃ဝဝ ခန့်အကြာတွင် အသင်းတော်ခေါင်း ဆောင်များက သုံးပါးတဆူအယူဝါဒ ပုံဖော် ကြပြီး ဘုရားသခင်အကြောင်း ကျမ်းစာသွန်သင်ချက်အား ရှင်းလင်း သဘော ပေါက်ရန် အသုံးပြုလာကြသည်။
ခမည်းတော်သည် ဘုရားသခင်( ၁း၂)၊ သားတော်သည် ဘုရား သခင်(ယော ၁း၁၊ ၂၀း၂၈)၊ သန့်ရှင်းဝိညာဉ် တော်သည် ဘုရားသခင်( ၁ကော ၂း၁ဝ-၁၄)ဟုဆိုသော်လည်း ဘုရားသခင်သည် တပါးတည်းသော ဘုရားရှင် တော်ဖြစ်သည်။ ဘုရားသုံးပါးမဟုတ်ပါ(ယာ ၂း၁၉)။ ထိုသုံးပါးတဆူဝင်တို သည် အသီးသီး ဂုဏ်အင်လက္ခဏာ ရှိကြသည်။ ခမည်းတော်သည် သားတော် မဟုတ်(ယော ၃း၁၆)သကဲ့သို သန့်ရှင်းဝိညာဉ်တော်လည်း မဟုတ် (ယော ၁၄း၆;)ပုဂ္ဂိုလ်သုံးပါးတိုသည် တန်းတူရည်တူ ဘုရားသခင်ဖြစ်ကြ၍ ဘုရားဇာတိေတာ်အား တပိုင်းစီ ခွဲယူကြခြင်းမဟုတ်။ ဘုရားသခင် အပြည့်အဝ သည်။ ထိုပုဂ္ဂိုလ်တိုင်းသည် နိစ္စထာဝရတည်ကြသည့်အတိုင်း အစအဆုံး ဟူ၍မရှိကြ(၁တိ ၁း၁၇၊ ယော ၁း၂၊ ဟေဗြဲ ၉း၁၄)။ ‘ သုံးပါးတဆူအကြောင်းကို လူ့အသိဉာဏ်ဖြင့် နားလည်ရခက်သည်။ တဆတည်းသော ဘုရားသခင်ကို ပုဂ္ဂိုလ်သုံးပါးအဖြစ် ခွဲခြားရန် အတွေး ခက်သည်။ ဘုရားဇာတိတော်အား မသိနားမလည်နိုင်ကြခြင်းမှာ သုံးပါး ပေါင်းစုခြင်း အယူဝါဒ မသိနားမလည်နိုင်ဟု ဆိုလို သည်မဟုတ်။ ဘုရားသခင် ရဲ့ ဇာတိတော်သည် လူများနှင့်မတူ အနုတ္တဖြစ်ကြောင်း အနက်ရသည်။
Trumpets, feast of (တံပိုး၊ပွဲတော်)
သတ္တမလ(တိသျှ)၏ ပထမနေ့၌ နှစ်စဉ် တံပိုးမှုတ်ပွဲတော် ကျင်းပ လေ့ရှိသည်။ ထိုသို သတ္တမလတွင် ကျင်းပရခြင်းမှာ (၇)ဂဏန်းသည် သန့်ရှင်း ခြင်းဂဏန်းဖြစ်သည်။ နောက်တလတွင် အရေးကြီးပွဲတော် များ ဖြစ်သော အပြစ် ဖြေရာနေ့ရက်နှင့် တဲတော်ပွဲဟူ၍ ပွဲ(၂)ရပ်ရှိသည်။ တံပိုးမှုတ်ပွဲတော်သည် လူများ အား တစုံတရာပြုလုပ်မည့်အကြောင်း သတိပေးချက်ဖြစ်သည်(ဝတ် ၂၃း၂၄၊ ၂၅ နှင့် တော ၂၉း၁-၆ တွင် ရှင်းပြ ထားသည်။
Truth (သမ္မာတရား)
ဟေဗြဲဘာသာစကားတွင် သမ္မာတရားနှင့် ယုံကြည်ခြင်းသစ္စာသည် နီးကပ်ဆက်စပ်သည်။ ထိုစကား လုံး(၂)လုံး၏ ဇစ်မြစ်သည် တူညီ၍ သေချာ ခြင်းဟု အနက်ရသည်။ ထိုကြောင့် သမ္မာတရားနှင့် ယုံကြည်ခြင်း ဟူသော စကားလုံး(၂)လုံးကို လေ့လာကြမည်။ ယုံကြည်ခြင်းဆိုသည်မှာ တစုံတရာအား အမှန်ဖြစ်လာမည်ဟု ခံယူခြင်းဖြစ်သည်။ ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ကံကို ပုချခြင်းမဟုတ်။ အဖြစ်အပျက်ကိုလည်း ဆန့်ကျင်ခြင်း မဟုတ်။ တစုံတရာအား စိတ်ချခြင်း၊ ယုံကြည်ခြင်းဖြစ်သည်။
တစုံတရာရှိသည်(သို့) ဖြစ်ပျက်သည်ဟု သဘော တူညီလျှင် ထိုစကား သည် အမှန်ဖြစ်သည်(၃ရာ ၁၀း၆၊ တရား ၁၇း၄၊ မာ ၅း၃၃)။ သို့သော် ဟေဗြဲတို၏သဘောထားတွင် အကြောင်းအရာ ပြောဆိုသူထက် ပြောဆိုသူ၏ ကိုယ်ကျင့်တရားအပေါ်တွင် တည်မှီခြင်းနည်းပါးသည်။ လူများသည် မိမိ အတွက် အကျိုး အကြောင်း သိနိုင်စွမ်း ရှိချင်မှ ရှိကြမည်။ သိုသော်လည်း သ ပြောသောစကားသည် စိတ်ချလျှင် အကြောင်းအရာများကို ယုံကြည်နိုင်သည်။
သခင်ယေရှုသည် သမ္မာတရားဖြစ်သည်(ယော ၁၄း၆)။ ထိုသခင် သည် တန်ခိုးအလုံးစုံရှိ၍ ဘုရားသခင်အပေါ်သို ယုံကြည်ခြင်းသစ္စာရှိသောကြောင့် တည်မှီအားကိုးရသည်။ လူ့ဘဝအဓိပ္ပါယ်ပြသခြင်း၊ ဖြောင့်မတ်ခြင်း နှင့် ငြိမ်သက်ချမ်းမြေ့ခြင်းတိုအား လူ့အမြင်တွင် ပြသခြင်းကြောင့် သမ္မာ တရားမှန်ကြောင်း သေချာသည်(ယော ၁း၉)။ ခရစ်တော်မပါလျှင် လူ့ဘဝ သည် အဓိပ္ပါယ်မရှိ။ မှောင်မိုက်နှင့် ဒုစရိုက်ဖြင့် အသက်ရှင်သန်စရာမရှိသည့် လောကဖြစ်သည်။
ခရစ်တော်သည် သမ္မာတရားဖြစ်သောကြောင့် သူ့အကြောင်း ဧဝံ ဂေလိသတင်းကောင်းများသည် သစ္စာတရားဖြစ်သည်(ဧ ၁း၁၃)။ ခရစ်ယာန် များသည် သမ္မာတရားယုံကြည်သူများဖြစ်ကြသော်လည်း ထိုအကြောင်းများ ကြားသိခြင်းသည် လုံလောက်မှုမရှိပါ။ သတင်းကောင်းကို နာခံခြင်းဖြင့် မိမိကိုယ်ကို ခရစ်တော်ထံသို ဆက်ကပ်အပ်နှံရသည်(ဂလာ ၅း၇)။ သမ္မာတရား ကို ငြင်းပယ်ခြင်းသည် ခရစ်တော် အကြောင်းကို မယုံကြည်ဘဲ အမှောင် ဒုစရိုက်အပြစ်လောက၌ ကျင်လည်သူဖြစ်သည်(ရော ၂း၈)။
ဓမ္မသစ်ကျမ်းတွင် “သမ္မာ”ဟူသော စကားလုံးကို အခြားတမျိုးဖြင့် လည်း သုံးနှုန်းသည်။ သမ္မာတရား သည် တစုံတရာအား မှန်ကန်ကြောင်း ပြသချက်ဖြစ်သည်။ တွေ့မြင်၍ မှန်ကန်ကြောင်း ပြောဆိုချက်များကို ငြင်းပယ် သည်။ တကယ့်တဲတော်သည် ကောင်းကင်ဘုံ အစစ်အမှန်ဖြစ်သည်။ မောရှေ၏၊ တဲတော်သည် အမှန်တရား၏ ရှေ့ပြေးပုံရိပ်ဖြစ်သည်(ဟေဗြဲ ၈း၂-၅)။ မန္ဒ မုန့်သည် ကောင်းကင်မှလာသော တကယ့်အသက်မုန့် ယေရှုခရစ်တော်ကို ပုံဆောင်သည်။
Unbelief (မယုံကြည်ခြင်း)
မယုံကြည်ခြင်းဆိုသည်မှာ ခရစ်တော်၏ သွန်သင်ချက်ကို လက်မခံ ငြင်းဆန်ခြင်းထက် ပိုဆိုးသည်။ ဘုရားသခင်ကို မနာခံခြင်း၊ ဆန့်ကျင်ပုန်ကန် ခြင်းဖြစ်သည်(ဟေဗြဲ ၃း၁၂-၁၈)။ ခရစ်ယာန်များ၏ ယုံကြည်ခြင်း သည် ဘုရားရှင်ထံသို့ မိမိကိုယ်ကို အပ်နှံခြင်းဖြစ်၍ နာခံတည်မှီခြင်းဖြစ်သည်။ မယုံကြည် ခြင်းသည် ဘုရားရှင် နှင့် လမ်းတော်ကို ငြင်းပယ်ဘေးဖယ်ခြင်းဖြစ်သည်။ ထို ကြောင့် မယုံကြည်ခြင်းသည် အပြစ်၏ ဗဟိုချက်မ ဖြစ်၍ အပြစ်သားများ အပေါ် ဘုရားသခင်၏ တရားစီရင်ခြင်းခံယူရန် အခြေခံအချက်ဖြစ်သည် (ယာ ၃း၁၈၊ ၁၆း၉)။
Crim and Thummim (ဥရိမ်နှင့် သုမိန်)
ယဇ်ပုရောဟိတ်ကြီးသည် ရင်စည်းပေါ်တွင် ဥရိမ်နှင့် သုမိန်ဆင် ထားသည်(ထွ ၂၈း၂၉၊ ၃ဝ၊ ဝတ် ၈း၈)၊ ဘုရားသခင်၏ အဆုံးအဖြတ်သိလို လျှင် အမှားအမှန်သိရှိရန် မေးမြန်းရသည်။ ထိုအခါ ယဇ်ပုရောဟိတ်ကြီး သည် ဘုရားရှင်၏ ဆုံးဖြတ်ချက် ဖော်ထုတ်ပြသရန် ဥရိမ်နှင့် သုမိန်ကို သုံးသည် (၁ရာ ၂၃း၁-၁၂)။ ဘုရားသခင်က ထိုဥရိမ်နှင့် သုမိန်ဖြင့် အဖြေမပေးပါ။ ဥရိမ်နှင့် သုမိန်ကလည်း အဖြေမပေးကြ(၁ရာ ၂၈း၆)။
သက်ဦးဆံပိုင်ခေတ် အစောပိုင်းများတွင် ပြည်နှင်ဒဏ်ခံရချိန်ထိ ဥရိမ်နှင့် သုမိန်အကြောင်းမသိရ၊ ထိုနောက်ပိုင်းတွင် ဆုံးဖြတ်ချက်ချမှတ်ရန် ယဇ်ပုရောဟိတ်ကို စောင့်မျှော်ကြသည်(ဧဇ ၂း၆၃)၊ ဥရိမ်နှင့် သုမိန်ကို အသုံးမပြု။ အကြောင်းသော် ဘုရားရှင်က သူ့ပရောဖက်များဖြင့် စကားတော် ရှိလာသည်။ ဗိမာန်တော်၌ အခြား ဘုရားများရှိရာတွင် ပြည်နှင်ဒဏ်ခံရသည့် အခါ ရင်စည်းနှင့်တကွ ဥရိမ်နှင့် သုမိန်တိုသည်လည်း ကွယ်ပျောက် ကုန်သည်။
Vanity (အချည်းနှီး)
ကျမ်းစာလာ အချည်းနှီးဆိုသည်မှာ တစုံတရာကင်းမဲ့ခြင်း၊ အတွေး အမြင်မဲ့ခြင်း၊ ရည်ရွယ်ချက်မရှိဘဲ ဘဝအဓိပ္ပါယ်မရှိခြင်းဖြစ်သည်။ ရုပ်တု ဘုရားတုများသည် တစုံတရာမရှိ၊ ကင်းမဲ့ကြသောကြောင့် ကိုးကွယ် သူများ သည်လည်း မွဲတေကြသည်(၄ရာ ၁၇း၁၅)။ ဘုရားရှင်၏ လူများအမြင်တွင် တစုံတရာ ဖြစ်လာစ ရာမရှိသကဲ့သို ရည်မှန်းချက်မဲ့ခြင်းလည်းဖြစ်သည်:'(ဟေရှာ ၄၉း၄)။ ဒေသနာကျမ်းတွင် တရားဟောဆရာက လူ့ အစွမ်းအစဖြင့် ကြိုးပမ်းသမျှ အဆုံးနိဂုံးသည် အချည်းနှီးဖြစ်ကြောင်း သမ္မာစကားဆိုထားသည်။ တစုံတရာ အကျိုးမရရှိသကဲ့သို့(၂း၁၁) ဉာဏ်ပညာ တစုံတရာ ရရှိစရာ အကြောင်းလည်းမရှိ(မ ၂း ၁၅၊ ၁၆)။ ကောင်းစား ခြင်းလည်းမရှိ(၃း၁၁၊ ၈း၁၇) သောကြောင့် အရာရာသည် အဓိပ္ပါယ်မရှိ။ စင်စစ်တွင် လူ့ဘ၀ခရီးသည် အဓိပ္ပါယ် ရှိရှိ တရားမျှတစွာ အဆုံးသတ်ရသည်(၁၂:၁၃၊ ၁၄)။
ပညတ်တော်ဆယ်ပါးမှ တတိယအချက်တွင် ဘုရားနာမတော်အား အချည်းနှီးမသုံးရန် တားမြစ်ထား သည်(ထွ ၂၀း၇)။ ဆိုလိုသည်မှာ ဘုရားနာမ တော်အား အချည်းနှီး၊ အပျော်အပျက်၊ မဟုတ်မမှန်နေရာ၌ မသုံးရ။ ကျမ်း ကျိန်ဆိုရာ၌ မဟုတ်မမှန်ပြောဆိုခြင်း၊ မဖွယ်မရာစကား၌ ပြောဆိုခြင်း၊ အရည်မရ အဖတ်မရစကားများ၌ ပြောဆိုခြင်းမပြုရ။
Veil (မျက်နှာဖုံး)
ကျမ်းစာခေတ်ကာလ၌ အချို ကိစ္စရပ်များမှလွဲ၍ အမျိုးသမီးများသည် ယခုခေတ် အစ္စလမ်ယဉ် ကျေးမှုကဲ့သို မျက်နှာဖုံးအုပ်ခြင်းမပြုကြ(က ၃၈း၁၅)။ ပုံမှန်အားဖြင့် ကျမ်းစာခေတ်ကာလ၌ အမျိုးသမီးများ၏ မျက်နှာကို မြင်နိုင် ကြသည်(က ၁၂း၁၄၊ ၁ရာ ၁း၁၂)။ ထိုမျက်နှာဖုံးသည် ဆံပင်များကိုလည်း တဆက်တည်း ဖုံးရသည်။ ထိုသိုဖုံးအုပ်သော အမျိုးသမီးများသည် ယောက်ျား များနည်းတူ လုပ်ဆောင်နိုင်သည် ဖြစ်သောကြောင့် သူတိုဆံပင်သည် အရေး ပါသည်(တော ၅း၁၈ ကိုကြည့်)။
မောရှေသည် ဘုရားသခင်၏ ဘုန်းတော်ရောင်ပြန်ဟပ်ခြင်းကို မခံ နိုင်သောကြောင့် သူ့မျက်နှာအား ဖုံးအုပ်သည်(ထွ ၃၄း၃၃၊ ၂ကော ၃း၁၃)။
ဗိမာန်တော်ကန့်လန့်ကာကို ဗိမာန်တော်အကြောင်း၌ ကြည့်။
Vine, Vineyard (စပျစ်၊ စပျစ်ခင်း)
ကျမ်းစာခေတ်ကာလ၌ စပျစ်ပင်များ ပေါက်ရောက်ခြင်းသည် အသက်ရှင်ခြင်း ပြသသောကြောင့် အရေးကြီးသည်။ ကျမ်းစာသမိုင်းကြောင်း ၊ ကနဦးကာလမှစ၍ စပျစ်ပင်အကြောင်း တွေ့ရသည်(က ၉း၂၀)။ ခါနန်ပြည် ကို မသိမ်းပိုက်မှီကာလကပင် တွေ့ရသည်(တော ၁၃း၂၃၊ ၂၄)။
စပျစ်ခင်းသစ် ပြုလုပ်သည့်အခါ လယ်သမားသည် ပတ်ချာလည်တွင် ၊ ခြံစည်းရိုးကာရံရသည်(သို) ဆူးငြောင့်ပင်များဖြင့် ကာရံထားရသည်။ ကျောက် ခဲများဖယ်ရှားပြီး မြေဩဇာသေချာစွာ ထည့်ထားရသည်။ စပျစ်ပင်များကို ၂ မီတာခြား၍ အတန်းလိုက် စိုက်ကြသည်။ အကိုင်းအခက်များ ထွက်လာ သောအခါ စင်ပေါ်သို တင်ပေးကြသည်။ နွေရာသီတွင် လုပ်သားများက အထူး ပြင်ဆင်ထားသော ချိတ်များဖြင့် ဆွဲယူခူးဆွတ် ကြသည်။ ထိုသို့သော အသီး များကို ကြိတ်နယ်ကြသည်။ ထိုအခါမျိုး၌ လုပ်သားများသည် တေးတကျော်ကျော် သီဆိုလေ့ရှိကြသည်။ စပျစ်ရည်သားရေဗူးသစ်(သို) စဉ့်အိုးကြီးများထဲ တွင် ထည့်ထားကြသည်။ အချိုကို စပျစ်သီးခြောက်အမှုန့်အဖြစ်လည်း ပြုလုပ် ကြသည်။ ထိုကာလ၌ သူခိုးဘေးရန်မှ ကာကွယ်နိုင်ရန် မျှော်စင် ဆောက်လုပ် ကင်းစောင့်လေ့ရှိကြသည်။
စပျစ်နှင့် စပျစ်ခြံသည် ငြိမ်သက်ချမ်းမြေ့ခြင်းနှင့် စည်းစိမ်ကြွယ်ဝ ခြင်း(၃ရာ ၄ူ၂၅)အဖြစ်၎င်း၊ ဣသရေလလူမျိုးအဖြစ်၎င်း(ဆာ ၈၀း၈-၁၆၊ ဟေရှာ ၅း၁-၅ ကို ယော ၁၅း၁-၈ နှင့်ယှဉ်ကြည့်) အမှတ်အသားပြု သုံးနှုန်း လေ့ရှိသည်။
Virgin birth (ပျိုကညာမှ ဖွားမြင်ခြင်း)
ဟေရှာ ၇း၁၄ မှ ဟေဗြဲစကားလုံးနှင့် မ ၁း၂၃ မှ ဂရိစကားတို့၏ ပျိုကညာမှ ဖွားမြင်ခြင်းဟူသော စကားလုံးကို သူငယ်မက ဖွားမြင်ခြင်းဟု လည်း ပြန်ဆိုနိုင်သည်။ ခရစ်ယာန်များ၏ ယုံကြည်ခြင်းမှ ပျိုကညာက ဖွားမြင် ခြင်း ဇာတ်လမ်းသည် ရှင်မဿဲနှင့် ရှင်လုကာကျမ်းတိုတွင် တွေ့ရသည်။ လု ၁း၃၄၊ ၃၅ တွင် ဘုရားသား တော်သည် သန့်ရှင်းဝိညာဉ်တော်အား မာရိ အပေါ်သို သက်ရောက်ခြင်းဖြင့် ပဋိသန္ဓေတည်သည်ဟု ဆိုသည်။ ထိုကြောင့် မာရိသည် သခင်ယေရှုကို ဖွားမြင်ပြီးသည့်ချိန်ထိ အပျိုစင် ကညာခင်ဖြစ် ကြောင်း ကျမ်းစာက ဆိုထားသည်(မ ၁း၂၅)။ ထိုနောက်ပိုင်းတွင် မာရိသည် ယောသပ်နှင့် လူ့သဘာဝအတိုင်း သားသမီးများ ထွန်းကား ကြသည်(မာ ၆း၃)။
ပုံမှန်မွေးဖွားခြင်း၌ ဘုရားသခင်က လူသစ်အား ပဋိသန္ဓေတည်စေ သည်(ဆာ ၁၃၉း၁၃-၁၆)။ ခရစ်တော်သည် ထာဝရကာလမှ လူတဦးအဖြစ်ကို ခံယူတော်မူသည်။ လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ ထာဝရစကားတော်၊ ဘုရားသားတော်သည် အသွေးအသားခံယူသည်(ယော ၁း၁၄)။ ထိုသိုဖြင့် ဘုရားသား တော်အဖြစ် လူ့ဇာတိခံယူတော်မူသည်။ ထိုကြောင့် ပဋိသန္ဓေတည် စဉ် ထာဝရစကားတော်သည် မာရိ၏ ဝမ်းထဲသို ဝင်ရောက်တော်မူသည်။
ခရစ်တော်၏ လူ့ဇာတိခံယူခြင်းသည် အာဒံမှ ဆင်းသက်သည်။ ရုပ်ခန္ဓာကိုယ်မပုပ်သောကြောင့် အခြားလူသားများနှယ် အာဒံ၏ အပြစ်မွေခံ ခြင်းမရှိ။ ခြောက်ပြစ်ကင်း သဲလဲစင် ဖွားမြင်တော်မူသည့်အတိုင်း သက်ရောက် စဉ်တလျှောက်တွင်လည်း ဖြူစင်ကြည်လင်သည်။
Vow (ကတိသစ္စာ)
ကျမ်းစာအသုံးအနှုန်းတွင် ကတိသစ္စာသည် ဘုရားရှင်ထံသို ကတိ ကဝတ်ပြုခြင်းဖြစ်၍ အခြားသူများ နှင့် ကတိပြုခြင်းမပါဝင်။ ဘုရားသခင်က ကူညီမစလျှင် ဘုရားရှင်အတွက် တစုံတရာပြုလုပ်သည်(က ၂၈း ၂၀-၂၂၊ တော ၂၁း၂)(သို့) ဘုရားရှင်ထံ တစုံတရာ ဆက်ကပ်မည်ဟု အပ်နှံခြင်းဖြစ်သည် (တော ၆း ၂)။ ကတိကဝတ် ပြုခြင်းသည် မိဿဟာယယဇ်ပုံစံတမျိုးဖြစ်သည် (ဝတ် ၇း၁၆-၁၈)။ ။
မောရှေ၏ ပညတ်ချက်က လူများအား ကတိသစ္စာမပြုနိုင်ပါ။ ထို ကြောင့် ကတိကဝတ်မတည် ခြင်းသည် အပြစ်မဟုတ်ပါ(တရား ၂၃း၂၂)။ သိုသော် ကတိကဝတ် တခါပြုလျှင် ပြီးမြောက်တာဝန်ကျေ ပြွန်ရသည်(တော ၃၀း၂)။ ဘုရားရှင်ထံသို ကလျော်ကမယ် ကတိစကားမဆိုရ (သု ၂ဝး ၂၅၊ သူကြီး ၁၁း၃၅)။ ချိုယွင်းချက်တခုရှိသည်မှာ ဖခင်(သို) ခင်ပွန်းသည် မိန်းမသားနှင့် ပြုထားသည့် ကတိကဝတ်အား ချက်ခြင်းလုပ် ဆောင်စရာ မဟုတ်လျှင် ပယ်ဖျက်နိုင်သည်(တော ၃၀း၃-၁၅)။
ဘုရားသခင်ပိုင်ဆိုင်ရာကို ဘုရားရှင်ထံသို ပေးအပ်မည်ဟု မည်သူမှ ကတိသစ္စာမပြု(ဝတ် ၂၇း၂၆) သကဲ့သို့ ဘုရားသခင်က မုန်းတီးသောအရာကို ဆက်ကပ်မည့်အကြောင်း ကတိစကားမဆိုရ(တရား ၂၃း၁၈)။
Watch (ကင်းစောင့်)
ကင်းစောင့်ဆိုသည်မှာ ညဉ့်အချိန်၌ လုံခြုံရေးတာဝန်ယူသူဖြစ်သည်။ ဣသရေလလူများတွင် ညဉ့်လည်ယံ(သူကြီး ၇း၁၉)နှင့် နံနက်ပိုင်း(ထွ ၁၄း၂၄) အပါအဝင် တညဉ့်လုံး ကင်းစောင့်သုံးယောက်ရှိသည်။ ရောမတို့ထုံးစံတွင်မူ ညတိုင်း ကင်းစောင့်လေးယောက်ရှိသည်(မာ ၆း၄၈)။ ညဉ့်ချိန်ခါသည် ညနေ ၆ နာရီမှ နံနက် ၆ နာရီထိဖြစ်သောကြောင့် ယုကင်းစောင့်များသည် ၄ စီစီ ကင်းစောင့်ရ၍ ရောမစစ်သားများသည် ၃ နာရီစီ ကင်းစောင့်ရသည်။
Wealth (ကြွယ်ဝချမ်းသာခြင်း)
ဓမ္မဟောင်းကျမ်းတွင် တခါတရံ ဘုရားသခင်က ယုံကြည်ခြင်းသစ္စာ ရှင်များသို ဥစ္စာဓန ချမ်းသာ ကြွယ်ဝခြင်း သုခမင်္ဂလာပြုတော်မူသည်(က ၁၃း၂၊ ဆာ ၁၁၂း၃)။ သိုသော် အမြဲတမ်းတည်တံ့သော သုခချမ်း သာမဟုတ်။ တခါ တရံ လူဆိုးလူသွမ်းများက ချမ်းသာကြ၍ ဖြောင့်မတ်သူများက ဆင်းရဲကြသည် (ဆာ ၇၃း၁၂)။ မစင်ကြယ်သော နည်းလမ်းများဖြင့် ချမ်းသာသူများလည်း ရှိသည်(သု ၁၁း၁၆၊ ၂၈း၁၈)။ ဓမ္မသစ်ကျမ်းတွင် ဘုရားရှင်က လူများအား ရုပ်ဝတ္တုပစ္စည်းများ ထောက်ပံ့ပုံတွေ့ရသော်လည်း ထိုရုပ်ဝတ္တုပစ္စည်းများသည် ထောင်ချောက်မဖြစ်စေရန် သတိပေးသည်(၁တိ ၆း၁၇-၁၉)။
ဘုရားသခင်က လူများသို ချမ်းသာကြွယ်ဝခြင်းပေးသမျှသည်(၅ရာ ၂၉း၁၂၊ ဒေ ၅:၉) ဘုရားရှင်၏ ဘုန်းတော်ထင်ရှားစေရန် အသုံးပြုရသည် (သု ၃း၉)။ ထိုသိုဆိုရာတွင် ဆင်းရဲချိုတဲ့သူများသို့ စေတနာသဒ္ဓါ ရက်ရောစွာ ပေးကမ်းခြင်းလည်း ပါဝင်သည်(တရား ၁၅း၉၊ ၁၀၊ ၂ကော ၉း၁၁)။ ကြွယ်ဝ ချမ်းသာခြင်းက လူကို ဘုရားရှင်ထံမှ ဝေးလွင့်စေတတ်သည်။ အကြောင်းသော် မိမိအစွမ်းအစဟု ထင်မှတ်ပြီး ကိုယ်လုပ်မှ ကိုယ်စားရ သည်ဟု ဆိုတတ် ကြသည်(တရား ၈း၁၇)။ ထိုဥစ္စာဓနသည် ဘုရားသခင်က ပေးသနားခြင်း ဖြစ်ကြောင်း မေ့လျော့ကြသည်။ ဥစ္စာဓနကို အားကိုးကြသည်(ဟော ၁၂း၈၊ ဗျာ ၃း၁၇)၊ ဘုရားရှင်က အခက်အခဲ အကြပ်အ တည်းကာလတွင် ဘာမှ မကူညီမစွမ်းဆောင်ပေးနိုင်ကြောင်း ပြောဆိုတတ်ကြသည်(သု ၁၁း၄၊ ဟေရှာ ၂း၇-၂၂)။ ထိုကြောင့် ခရစ်တော်က သူ့တပည့်တော်များထံသို ရုပ်ဝတ္တုပစ္စည်း များ ကြွယ်ဝခြင်းထက် ဝိညာဉ်ရေးရာ ကြွယ်ဝကြရန် သွန်သင်တော်မူခဲ့သည် (မ ၆း၁၉-၂၄)။
ကြွယ်ဝခြင်းသည် အတိုင်းအတာပမာဏနှင့် မဆိုင်ပါ။ မိမိကြွယ်ဝ မှုကို အကျိုးရှိရှိ အသုံးပြုတတ်ရန် သာ အရေးကြီးသည်။ ငွေကို တပ်မက်လွန်း ခြင်းသည် ဒုစရိုက်လမ်းသို လိုက်ခြင်းဖြစ်သည်(၁တိ ၆း၉၊ ၁ဝ)။ ခရစ်တော်ထံမှလည်း ဝေးလွင့်စေသည်(မ ၁၃း၂၂၊ မာ ၁ဝး ၂၂)။ ခရစ်တော်ကို ချစ်ခင်သူသည် မိမိကြွယ်ဝမှုကို အမှုတော်တွင် အသုံးပြုသည်။ ပိုင်ဆိုင်သမျှသည် ဘုရားသခင်အတွက်ဖြစ်ကြောင်း သိရှိခံယူကြသည်(တ ၄း၃၆၊ ၃၇)။ အခြား တဘက်တွင် ဥစ္စာဓနမရှိလျှင်လည်း ခရစ်တော်၏ ကြွယ်ဝချမ်းသာခြင်း အာမခံ ချက်ရရှိသော ခရစ်ယာန်များသည် အကြီးမြတ်ဆုံး ဥစ္စာဓနဖြစ်သော ဘုရား သခင်၏ နိုင်ငံတော်ကို ပိုင်ဆိုင်ကြသည်(လု၆း ၂ဝ၊ ရော ၈း၁၇)။
Wickedness (ဆိုးညစ်ခြင်း)
ဆိုးညစ်ခြင်းဆိုသည်မှာ အလွဲလွဲအချော်ချော် ပြုလုပ်ခြင်း(ဆာ ၃၇း၂၁)ဖြစ်၍ အကျိုးဆက်သည် ထိုထက်မက ဆိုးရွားလှသည်။ ထိုသို ပြုမူခြင်းသည် ဘုရားသခင်(ဆာ ၁၀း၁၃၊ မာလ ၃း၁၅)နှင့် ဘုရားသခင် ၏လူများ(ဆာ ၉၄း၃-၇၊ ဟဗ ၁း၄)တိုအား ဆန့်ကျင်ရန်မူခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းမှ အချို့လူများက လူယုတ်မာများသည် အဘယ်ကြောင့် ချမ်းသာကြွယ်ဝကြသနည်း(ဆာ ၇၃း၃၊ ယေ ၁၂း၁)ဟု စောဒက တက်ကြ သည်။ ယုံကြည်ခြင်းနှင့် ဘုရားရှင်၏ ဗျာဒိတ်တော်အားဖြင့် ခေတ်ကာလအဆုံး၌ လူယုတ်မာများ အပြစ်စီရင် ခြင်း ခံကြရပြီး ဖြောင့်မတ်သူများက ဆုရရှိကြ မည့်အကြောင်း(ဆာ ၇၃း၁၇၊ ဒံ ၁၂း၃) သိရှိနားလည်ရသည်။
ထိုဆိုးယုတ်သူများသည် ကိုယ်ကျင့်တရားပျက်ပြားသူများ၊ ရာဇဝတ်၊ သားကိုသာ ဆိုလိုသည်မဟုတ်။ မိမိကိုနိုင်သောအရာအား သခင်အဖြစ် ကိုး ၊ ကွယ်လျက် အသက်တာဖြင့် ဘုရားရှင်ကို ဆန့်ကျင်သူများလည်း ပါဝင်ကြ သည်(လု ၁၁း၂၉၊ တ ၂း၂၃)။ ခရစ်တော်က ထိုသူများအား သူတို၏ ဆိုးယုတ် ခြင်းမှ ကယ်နှုတ်သည်(တိ ၂း၁၄)။ အထံတော်ရှိ ခရစ်ယာန်များသည် ဖြောင့် မတ်ကြသည်(ရော ၄း၅၊ ၂၀-၂၅)၊ စဉ်ဆက်မပြတ် ထိုသို့သော ဆိုးညစ်သူ များကို ဘုရားရှင်က အပြစ်တရားစီရင်မည်။
အပြစ်အကြောင်းမှာလည်းကြည့်။
Widow (မုဆိုးမ)
အများအားဖြင့် မုဆိုးမများသည် ဆင်းရဲကြသည်(ထွ ၂၂း၂၂၊ မာ ၁၂း၄၂)။ ကျမ်းစာခေတ်ကာလ၌ အားနည်းကြသည်ဟု ဆိုခြင်းမှာ ထောက်ပံ့ ကွယ်ကာမည့် လင်ယောက်ျားမရှိကြခြင်းဖြစ်သည်။ ဘုရားရှင်က သူ့ကိုယ်သူအား မုဆိုးမများ၏ ခိုလှုရာ(တရား ၁၀း၁၈၊ ဆာ ၆၈း၅)ဟုဆို၍ ဘုရား သားသမီးများအား ကူညီထောက်ပံ့ရန်နှင့် တရားမျှတစွာ ဆက်ဆံကြရန် မိန့်တော်မူသည်(တရား ၂၄း၁၇-၂၁၊ ယာ ၁း၂၇)။ မုဆိုးမများအား မညှာ မတာ ဆက်ဆံခြင်းသည် ကြီးမားသော ဆိုးညစ်ခြင်းတရပ်ဖြစ်သည်(ယေဇ ၂း၇။ မာ ၁၂း၄၀)။ ကလေးရနိုင်အောင် အရွယ်နုပျိုသေးသော်လည်း ကလေး မရှိသော မုဆိုးမဘဝဖြင့် နေခြင်းသည် ကဲ့ရဲ့စရာဖြစ်သည်(ဟေရှာ ၄း၁၊ ၅၄း၄)။
ဓမ္မသစ်ကျမ်းအသင်းတော်များတွင် အသက် ၆ဝကျော်ရှိ၍ ကိုယ် ကျင့်တရားကောင်းမွန်ပြီး အကူအညီ လိုအပ်သူကိုသာ မုဆိုးမစာရင်း၌ ရေ တွက်ကြသည်။ အသက်ငယ်ရွယ်သေးသော မိန်းမများသည် အိုမင်းရွယ် လွန် ချိန်ထိ မုဆိုးမဖြစ်နေခြင်းထက် အိမ်ထောင်သစ် ပြုသင့်သည်။ မိသားစုများ သည် အသင်းတော်၏ ထောက်ပံ့ကူညီမှု တာဝန်မကြီးလေးစေရန် နီးစပ်ရာ ဆွေမျိုး မုဆိုးမများကို ကူညီစောင့်ရှောက်ရသည်(၁တိ ၅း၃-၆)။
Wife:'( ဇနီး)
ကောင်းသောဇနီးသည် ခင်ပွန်းသို ဘုရားပေးလက်ဆောင်မွန်ဖြစ် သည်(သု ၁၈း၂၂၊ ၃၁း၁၀)။ မယား အယူမှားခြင်းသည် အပြစ်ဒဏ်ခံ ထောင် ကျခြင်းဖြစ်သည်(သု ၁၉း၁၃)။ ထိုသိုသော မိန်းမသည် မိမိခင်ပွန်းအား အပြစ် ပြုစေသူဖြစ်သည်(၃ရာ ၁၁း၄၊ ၁၆း၃၁)။ ရှေးဘိုးဘေးများသည် မိမိတိုသား သမီးများ အိမ်ထောင်ပြုကြ သည့်အခါ ဂရုစိုက်ကြသည်(က ၂း၄၊ ၂၈း၁၊ ၂)။ မယားတခါယူရန် မလိမ္မာခြင်းသည် ဘဝတသက် ရင်နာစရာ ဖြစ်သည်(က ၂၆း၃၄၊ ၃၅)၊
ဧဇရနှင့် နေဟမိတိုသည် အခြားလူမျိုးအား ထိမ်းမြားခြင်းကို ဆန့် ကျင်ကြသည်(ဧဇ ၉း၁-၁၅၊ နေ ၁၃း၂၃-၃၁)။ သာမန်အားဖြင့် ဓမ္မဟောင်း ကာလမှ ဣသရေလများသည် ဟေဗြဲအမျိုးသမီးများသာ ယူကြ သော်လည်း၊ အခြားလူမျိုးထဲမှ စစ်သုံပန်းအမျိုးသမီးများကို လက်ထပ်နိုင်သည်(တရား ၂၀း၁၄၊ ၂၁း၁၀-၁၄)။ ထိုသို့သော အမျိုးသမီးများသည် ဧဇရနှင့် နေဟမိ တိုက စီရင်သည့် နိုင်ငံခြားသား မယားများကဲ့သို ဘာသာ ရေးသန့်ရှင်းခြင်းအား သပါးနိုင်ကြ။ ယနေ့ကာလတွင်မူ ယုံကြည်သူတိုင်းအား ထိမ်းမြားနိုင်သည်။ သို့သော် မယုံကြည်သူအား မထိမ်းမြားရ( ၁ကော ၇း၃၉)။ ကျမ်းစာက လူမျိုးခြားအား အိမ်ထောင်ပြုရန် မတားမြစ်ပါ။ ဘာသာခြားကိုသာ တားမြစ်သည်။
ဓမ္မဟောင်း၌ အချိုယောက်ျားသားများသည် မယားတယောက်မက ရှိကြသည်။ တရားဝင်မယားဖြစ်နိုင် သကဲ့သို မယားငယ်၊ ကျေးကျွန်မလည်း ဖြစ်နိုင်သည်။ သိုသော် မည်သည့်ကျမ်းပိုဒ်တွင်မှ မယားပြိုင်ထားရှိ ခွင့်မပြု (ထိမ်းမြားခြင်းတွင်လည်းကြည့်)။
ခင်ပွန်းများသည် မိမိမယားများ၏ စားဝတ်နေရေး အပါအဝင် လို အပ်ချက်များ၊ အိမ်သူမအခွင့် အရေးများကို ဖြည့်ဆည်းပေးရန် တာဝန်ရှိကြ သည်(ထွ ၂၁း၁၀)၊ မြုံသောမယားသည် ကျိန်ခြင်းခံရသူ ဖြစ်သည်(က ၂၀း၁၇။ ၁၈)။ သားသမီးအများအပြား မွေးဖွားသောမယားသည် ဘုရားပေးမင်္ဂလာ ခံစားသူ ဖြစ်သည်(ဆာ ၁၂း၈၃)၊ ဟေဗြဲထုံးစံတွင် ဖခင်၏နာမည်ကို ဆက်ခံ မည့် သားယောက်ျားမွေးဖွားရန် အရေး ကြီးသည်။
Wilderness (ကန္တာရတော)
ကျမ်းစာပါ ကန္တာရတောသည် သဲသောင်လွင်ပြင်ဖြစ်၍ အသက်မွေး ဝမ်းကြောင်းရန် ခက်ခဲသည်(တရား ၃၂း၁၀)၊ သိုသော် တိရစ္ဆာန်များစား သောက်နိုင်သည့် မြက်တောလွင်ပြင်ကိုလည်း ကန္တာရတောဟုခေါ်သည်(ဆာ ၆၅၁၂။ ထိုအရပ်ဒေသသည် နွေရာသီတွင် ခြောက်သွေ့သဖြင့် မီးလောင် တတ်သည်(ယေ ၂၃း၁၀)။ အချို့ ကန္တာရ တောများတွင် မြိုပြပြည်ရွာများလည်း တည်ကြသည်။
ခါနန်ပြည်သို မဝင်ရောက်မှီတွင် မောရှေက ဣသရေလလူများအား လျှောက်ေခါ်သော သိနာတောင် အရပ်သည် ခြောက်သွေ့သောဒေသဖြစ်သည်။ သိုသော် ရေတွင်းများ၊ စမ်းရေထွက်များ၊ ချောင်းငယ်များ ရှိရာ အရပ်ဖြစ်၍ အချိုနေရာများတွင် စိုက်ပျိုးမွေးမြူရေး လုပ်နိုင်ကြသည်။
Wine (စပျစ်ရည်)
ဝိုင်သည် စပျစ်ရည်ဖြင့် ထုတ်လုပ်သည့် စိမ်ရည်ဖြစ်သည်။ ကျမ်းစာ လာ စပျစ်ရည်သည် ပေါ့၍ အရက် စံချိန်မမှီ။ ယနေ့ခေတ်ကာလသုံး ဝိုင်ကဲ့သို မပြင်းထန်သော်လည်း မူးနိုင်သည်။
ကျမ်းစာက ဝိုင်ကို ဘုရားပေးလက်ဆောင်ဟုဆိုသည်(ဆာ ၁၀၄း၁၅)။ ဘုရားပေးကောင်းချီးမင်္ဂလာ၏ စံနမူနာ(က ၂၇း၂၈) လယ်ယာလုပ်ငန်းခွင် အပြီးတွင် အနားယူအမောဖြေစရာ အမှတ်အသား(တရား ၃၃း၂၈) ဖြစ်သည်။ ထိုကြောင့် ဘုရားရှင်ထံ ဆက်ကပ်နိုင်သကဲ့သို(ထွ ၂၉း၄၀) ဆယ်ဘိုတတို အဖြစ်လည်း ပေးလှူနိုင် သည်(တရား ၁၂း၁၇)။ဣသရေလလူများသည် ကန္တာရ တော၌ လှည့်လည်ကြစဉ် စပျစ်ရည်မသောက်ခဲ့ကြ (တရား ၂၉၅၊ ၆)။နောင် တွင်လည်း ရေခပ်မျိုးနွယ်များသည် စပျစ်ရည်မသောက်ပြီး ရှောင်ကြဉ်သည့် အကျင့် ရှိကြသည်။ အကြောင်းသော် ဖိုဖရဲ ပစ်စလက်ခတ် နေထိုင်ခြင်း မနှစ်သက်ကြ(ယေ ၃၅း၅-၁၀)။
ယဇ်ပုရောဟိတ်များ(ဝတ် ၁း၉)နှင့် မိမိကိုယ်ကို ဘုရားရှင်ထံသို ဆက်ကပ်သူများသည် စပျစ်ရည်ကို ရှောင်ကြဉ်ကြသည်(တော ၆း၃)။ ထိုကား စည်းကမ်းတကျ နေထိုင်ခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလ သင်းအုပ်ဆရာ အချိုသည် စပျစ်ရည်အနည်းငယ် သောက်သုံးကြသည်။ အကြောင်းသော် မိမိ ကိုယ်ကို ထိန်းချုပ်နိုင်ကြသည်(တိ ၁း၇)။ ရှင်ပေါလုကလည်း တိမောသေသို ကျန်းမာရေးလိုအပ်ချက်အရ အနည်းငယ် သောက်သုံးခွင့်ပြုသည်(၁တိ၅း ၂၃)။
ကားစင်တင်ကြစဉ် စပျစ်ရည်ကမ်းကြရာ သခင်ယေရှုက ငြင်းပယ် သည်(မာ ၁၅:၂၃)၊ ဒဏ်ရာခံစားခြင်း သက်သာစေရန် ထိုသို ကမ်းလှမ်းကြ သော်လည်း သခင်ယေရှုက သူ့သိစိတ်ခံစားချက် မပျောက်စေရန် ငြင်းပယ် သည်။
ဝိုင်သောက်သုံးခြင်းသည် စိတ်အလိုလိုက်ခြင်းဖြစ်သည်(ဟေရှာ ၅း၁၂)။ ရုန်းရင်းဆန်ခတ်ခြင်းဖြစ်စေ သောကြောင့် ကျမ်းစာက ဝိုင်သောက် သုံးခြင်းကို ဆန့်ကျင်သည်(သု ၂၀း၁)။
ကျမ်းစာက ဝိုင်ကို ဉာဏ်ပညာ(သု ၉း၂) ဘုရားသခင်၏ အမျက် ဒေါသ(ယေ ၂၅း၁၅) ရုန်းရင်းဆန် ခတ်မှု(သု ၄း၁၇) ခရစ်တော်၏ သွန်သင် ချက်(မာ ၁၂း၂)၏ အမှတ်အသားများအဖြစ် သုံးထားသည်။ အနီရောင် သောစကားသည် သွေး၏ အမှတ်အသားဖြစ်သည်(တရား ၃၂း၁၄၊ ၃၈၊ လု ၂း၂၀)။
Wisdom (ဉာဏ်ပညာ)
ကျမ်းစာလာ ဉာဏ်ပညာသည် လက်တွေ့ကျကျ သိရှိနားလည် ကျင့် သုံးခြင်းဖြစ်သည်။ ဉာဏ်ပညာရှိသူ သည် အလုပ်ကို မည်သိုလုပ်ရကြောင်း သိ သည်။ ထိုကြောင့် ဉာဏ်ပညာသည် အတင်းအကြပ်စေခိုင်းခြင်း၊ ကျယ်လောင် စွာပြောဆို၍ လူ့ စိတ်နှလုံးကို နှိးဆွခြင်းထက် သာလွန်ကောင်းမွန်သည်(ဒေ ၉း၁၃-၁၈)။
ကျမ်းစာလာ ကျွမ်းကျင်ရာလိမ္မာများကို ဉာဏ်ပညာဟုခေါ်သည်။ ဟေဗြဲစကားလုံးတွင် ဗာဇေလသို့ သော တဲတော်ဆောက်လုပ်သူ(ထွ ၃၁း၂)၊ သစ်သားပန်းပုသည်(ဟေရှာ ၄၀း၂၀)၊ ဧယင်ကျူးသူ ကခြေသည်မ (ယေ ၉း၁၇)၊ ရွက်လွှင့်သမား(ယေဇ ၂၇း၈)တို့ကိုလည်း ဉာဏ်ပညာရှင်ဟုခေါ်သည်။
ဣသရေလခေါင်းဆောင်များသည် မိမိတိုအလုပ် ကျေပွန်စွာ ထမ်း ဆောင်နိုင်ရန် ဉာဏ်ပညာလိုအပ် ကြသည်(တရား ၃၄း၉၊ ၃ရာ ၃း၇-၁၂)။ အခြားလူမျိုး ဘုရင်များမှာ အကြံပေးအရာရှိများ ခန့်ထားကြသည်(က ၄၁း၈၊ ဒံ ၅း၇)။ ဣသရေလပြည်တွင် ဉာဏ်ပညာရှင်များရှိကြသည်(ဒေ ၁၂း၁၁)။ သက်ဦးဆံပိုင်မင်းများ ခေတ်ကာလ၌ ပညာရှင်များသည် ယဇ်ပုရောဟိတ်နှင့် ပရောဖက်များနောက်တွင် တတိယအုပ်စုအဖြစ် ရပ်တည်ကြသည်(ယေ ၁၈း၁၈)။ နောင်တွင် တမန်တော်များက အသင်းတော်ထဲ၌ ဉာဏ်ပညာရှိသူ များအား ခေါင်းဆောင်များအဖြစ် ရွေးချယ်ခန့်အပ်ကြသည်(က ၆း၃)။
ခေါင်းဆောင်များကသာ ဉာဏ်ပညာကို လိုအပ်ကြသည်မဟုတ်။ လူတိုင်း မည်သို ဉာဏ်ပညာရရှိမည့် အကြောင်း နားလည်ရသည်။ သုတ္တံကျမ်း သည် ဉာဏ်ပညာသွန်သင်ချက်ဖြစ်၍ စနစ်တကျ စည်းကမ်းရှိရန်နှင့် သင့်တင့် လျောက်ပတ်စွာ နေထိုင်ရန် သွန်သင်သည်(သု ၁း၂-၄)။ ခရစ်ယာန်များ အားလုံးသည် အသင်းတော် ခေါင်းဆောင်များ မဟုတ်ကြသော်လည်း ဘာ ပညာရှိကြရန် လိုအပ်ကြသည်(ယာ ၁း၅)။ အချိုသည် ဉာဏ်ပညာဝိညာဉ် လက်ဆောင် ရရှိကြသည်။ ဒါဝိဒ်မင်းလက်ထက်၌ ဉာဏ်ပညာရှင် အမျိုးသမီး များလည်း ရှိကြသည်(၂ရာ ၁၄း၂၊ ၃၊ ၂၀း၂၁၊ ၂၂)။ အသင်းတော်တွင်လည်း ဉာဏ်ပညာစကားသာ ပြောဆိုရသည်(၁ကော ၁၂း၈)။
တကယ့်ဉာဏ်ပညာကို ဘုရားသခင်က ပိုင်ဆိုင်သည်(ယောဘ ၁၂း၁၃)။ ကမ္ဘာမြေကို ဖန်ဆင်း၍(သု ၃း၁၉၊ ၂၀၊ ယေ ၁၀း၁၂) အပြစ်သား များကိုလည်း ကယ်တင်ခြင်းအကျွတ်တရား ပေးသနားတော်မူသည်(ဧ ၃း၈ -၁၁)။ ဘုရားသခင်၏ ဉာဏ်ပညာတော်ကို ရရှိရန် ဘုရားရှင်အား ချစ်ကြောက် ရသည်(ယောဘ ၂၈း၂၈၊ ဆာ ၁၁၁း၁ဝ၊ သု ၁း၇၊ ၉း၁၀)။ ဉာဏ်ပညာ အစစ်အမှန်ရှိသူသည် ဘုရားရှင်ကိုနာခံ၍ မကောင်းမှု၊ မတရားမှုလည်း ကင်းစင်သည်(ဆာ ၁၁၉း၉၇-၁၀၄၊ ယာ ၃း၁၃-၁၈ ကိုကြည့်)။ စစ်မှန်သော ဉာဏ်ပညာသည် အရာခပ်သိမ်း၏ တန်ဘိုးကို အကဲဖြတ်လေ့ ရှိသည်။ ဉာဏ် ပညာလိုချင်သူသည် ဘုရားရှင်ထံ တောင်းခံရသည်။
လူ့လောက၌ ဘုရားသခင်၏ အလိုတော်နှင့်မညီသော ဉာဏ်ပညာ အတုများလည်းရှိသည်(၁ကော ၁း၂၁၊ ၂၆)။ ထိုသိုသော ဉာဏ်ပညာသည် ဘုရားသခင်၏ လမ်းတော်ကို မသိရှိနိုင်။ လူ့အသိဉာဏ်ပညာထက် ဘုရား သခင်၏ ဉာဏ်ပညာတော်သည် ကြီးကျယ်မြင့်မြတ်သည်(ငယ် ၂၆)။ သာသနာပ လူတို၏ ဉာဏ်ပညာသည် ဘုရားသခင်၏ အမျက်တော်အား တောင်းခံသည် (ဟေရှာ ၁၉း၁၁-၁၅)။
Witness (သက်သေ)
သက်သေဆိုသည်မှာ တစုံတဦးက အခြားသူတဦးသို ပြောဆိုပြုမူ မှုများအား တွေ့မြင်ကြားသိကြောင်း အထူးသဖြင့် အောက်တရားရုံးတွင် ပြော ဆိုသူဖြစ်သည်။ ထိုသက်သေသည် ရာဇဝတ်ကျူးလွန်ပုံအား ကိုယ် တိုင် တွေ့ မြင်သိရှိသကဲ့သို အခြားသူများထံမှလည်း သိရှိခြင်းဖြစ်နိုင်သည်(ဝတ် ၅း၁)။ မောရှေ၏ ပညတ်တရား တွင် တစုံတဦးသည် အပြစ်ဒုစရိုက်လွန်ကျူးကြောင်း အတည်ပြုရန် အနည်းဆုံး သက်သေနှစ်ဦးရှိရသည်(တရား ၁၉း၁၅)၊ ခရစ်တော် (မ ၁၈၁၆)နှင့် ရှင်ပေါလု(၁တိ ၅း၁၉)တိုကလည်း အသင်းတော်များတွင် ၊ ထိုဥပဒေသကို လိုက်နာကျင့်သုံးခိုင်းကြသည်။ ထိုပညတ်တရားက လိမ်ညာ သက်သေခံသူအား ဖော်ထုတ်ပြီး ထိုအပြစ်ဒဏ်ကို ကျခံစေသည်(တရား ၁၉း၁၆-၂၁)။
သဘောတူညီချက်ပြုရာတွင်လည်း သက်သေများ ထားရှိရသည်(ယေ ၃၂း၁၀)။ တခါတရံ အမှတ် တရပစ္စည်းများ(က ၃၁း၄၈၊ ယောရှု ၂၂း၂၆၊ ၂၇)ကိုလည်း သက်သေအဖြစ် ထားရှိရသည်။ အကြောင်းသော် နှစ်ဦးနှစ်ဘက်သဘောတူညီချက်ပြုခဲ့ကြပုံများအား မှတ်မိစေသည်။ လက်ဆောင်ကို လက်ခံ ခြင်းသည်လည်း ထိုသဘောမျိုးဖြစ်သည်(က ၂၁း၃၀)၊
ဘုရားသခင်၏ လူများက ဘုရားရှင်တော်အကြောင်းနှင့် ပြုတော်မ ချက်များအား အခြားလူများသို ပြောပြခြင်းများသည် ဘုရားရှင်အား သက်သေ ခံကြခြင်းဖြစ်သည်(ဟေရှာ ၄၃း၁၀-၁၂၊ တ ၁း၈၊ ၃း၁၅)၊ တမန်တော်သည် လူ့လောကတွင် ခရစ်တော်၏ အမှုတော်ပြုတော်မူပုံနှင့် ရှင်ပြန်ထမြောက် သော ကိုယ်တော်အား တွေ့မြင်သူဖြစ်ရသည်(က ၁း၂၁၊ ၂၂)
ဘုရားသခင်က လူများလုပ်ဆောင်ကြပုံကို တွေ့မြင်၍ စွမ်းဆောင် ရည်အတိုင်း သက်သေခံကြရန် ခေါ်ယူသည်(သူကြီး ၁၁း၁ဝ၊ ၁ရာ ၁၂း၅၊ ရော ၁း၉)။ ပညတ်တော်ဆယ်ပါး(ထွ ၁၆း၃၄)နှင့် ဘုရားရှင်၏ ပညတ်ချက် များ(ဆာ ၁၁၉း၂)သည် ဘုရားရှင်၏ သက်သေများဖြစ်ကြသည်။ ခရစ်တော် သည်လည်း ဘုရားသခင်၏ သစ္စာရှင်သက်သေခံဖြစ်သည်(ဗျာ ၁း၅)။ ဘုရား ရှင်တော်အကြောင်းနှင့် လမ်းတော် အကြောင်း(ယော ၃း၁၁-၁၃၊ ၃၁-၃၄) ပြောဆိုသည်။ ခမည်းတော်ကိုယ်တိုင်လည်း ခရစ်တော်နှင့် ပူးပေါင်း၍ သူ့ ကိုယ်သူအား သက်သေခံသည်(ယော ၈း၁၈)။
Woe (အမင်္ဂလာ) ၊
အမင်္ဂလာသည် ကောင်းချီးမင်္ဂလာ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ အမင်္ဂလာသက်ရောက်သူသည် စိတ်ပျက်ခြင်းနှင့် စိတ်ဆင်းရဲခြင်း ကြုံတွေ့ နေသူဖြစ်သည်(ဟေရှာ ၆:၅၊ မြည် ၅း၁၆)။ ယေဘုယျအားဖြင့် အခြားသူများ အပေါ်သို့ အမင်္ဂလာပြုသူသည် အမင်္ဂလာပြန်လည်ဖိတ်ခေါ်သူဖြစ်သည်။
ဓမ္မဟောင်းတွင် ထိုစကားလုံးကို ပရောဖက်ကျမ်းများ၌ တွေ့ရလေ့ ရှိသည်။ ဓမ္မသစ်ကျမ်းတွင် ခရစ်ဝင်ကျမ်းများ(ဥပမာ လု ၁၁း၄၂ ၄၃)နှင့် ဗျာဒိတ်ကျမ်း(ဥပမာ ဗျာ ၈း၁၃)တိုတွင် တွေ့ရသည်။
Women (အမျိုးသမီးများ)
သမ္မာကျမ်းစာ၌ မိန်းမသားများသည်လည်း ယောက်ျားသားများ တန်းတူ ဂုဏ်သိက္ခာရှိကြသည်။ ကျမ်းစာရေးသားပြီးချိန်ကာလ၌ ဣသရေလ လူမျိုးအပါအဝင် လူ့အသိုင်းအဝိုင်းတွင် ထိုသဘောထားကို ဆန့်ကျင်ကြသည်။ ယောက်ျားသားနှင့် မိန်းမသားနှစ်ဦးစလုံးအား ဘုရားရှင်က သဏ္ဍာန်တော် နှင့်အညီ ဖန်ဆင်းထားသည်က ၁း၂၇)၊ ဓမ္မဟောင်းတွင် အမျိုးသမီး ယဇ် ပုရောဟိတ်ဟူ၍ မရှိသော်လည်း ခင်ပွန်း များမပါဘဲ သူတိုချည်း စုစည်း၍ ဝတ်ပြုကိုးကွယ်နိုင်ကြသည်(၁ရာ ၁း၁၀၊ ၂း၁-၁၀)၊ ဣသရေလလူတိုတွင် နိုင်ငံရေးခေါင်းဆောင် အမျိုးသမီးနှင့် တရားသူကြီးအဖြစ် ဒေဗောရသာ ရှားရှားပါးပါးရှိခဲ့သည်(သူကြီး ၄း၄)။ ပရောဖက်မများလည်း ရှိခဲ့ကြသည်(ထွ ၁၅:၂၀၊ ၄ရာ ၂၂း၁၄၊ နေ ၆း၁၄)။
မိသားစုဦးဆောင်သူမှာ ယောက်ျားသားဖြစ်သော်လည်း သားသမီး များက ဖခင်သာမဟုတ်ဘဲ မိခင်ကိုလည်း လေးစားကြည်ညိုကြသည်(ထွ ၂၀၁၂)။ အမွေခံသားရှိလျှင် ဥစ္စာဓနများသည် သားယောက်ျား များက သာအမွေခံယူကြသည်။ သားယောက်ျားမရှိမှသာလျှင် သမီးများက အမွေခံရ သည်(တော ၂၇း၁-၁၁)၊ အမျိုးသမီးများသည် မိမိငွေကြေးနှင့် ဥစ္စာဓန များအား ကူးသန်းရောင်းဝယ်နိုင်ကြသော်လည်း(သု ၃၁း၁၆-၁၈) ထိုသို့ ရောင်းဝယ်ဖောက်ကားခြင်း ရှားပါးသည်။
ခရစ်တော်သည် အမျိုးသမီးများအား ဂုဏ်သိက္ခာရှိရှိ အသိအမှတ် ပြုသည်။ ယုံကြည်စိတ်ချသည်။ မိန်းမများကို အနာရောဂါ ကင်းငြိမ်းစေခြင်း(မာ ၅:၂၁-၄၃)၊ သွန်သင်ခြင်းများ ပြုတော်မူခဲ့သည်(လု ၁၀း၃၉၊ ယော ၄း၇-၂၆)၊ တပည့်တော်များသည် ယောက်ျားသားချည်းဖြစ်ကြသော်လည်း နောက်တော်သို့ လိုက်လံပြု စုသူများ၊ ငွေကြေးထောက်ပံ့သူများတွင် မိန်းမသားအများ အပြား ပါဝင်ကြသည်(လု ၈း၃)။ ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ပထမဆုံး တွေ့မြင်သူများသည် မိန်းမသားများဖြစ်ကြသည်(မာ ၁၆း၁-၈)။ ပထမဆုံးတွေ့မြင်သူသည် မာဂဒလမာရိဟူသော အမျိုးသမီးဖြစ်သည်(ယော ၂၀း၁-၁၈)။ ယုဒဆရာများက မိန်းမသားများအား မသွန်သင်တပ်သူ၊ ယောက်ျားများထက် နိမ့်ကျသူများအဖြစ် မြင်ကြခိုက် ခရစ်တော်ကမူ အမျိုး သမီးများ၏ အရေးပါအရာရောက်ပုံအား ထုတ်ဖော်ပြသသည်။
ရှင်ပေါလုက ခရစ်တော်ထဲ၌ ရှိသူဟူသမျှသည် တန်းတူရည်တူရှိကြ၍ ကွဲပြားခြားနားစရာ ဂုဏ်ရည် မရှိကြဟုဆိုသည်(ဂလာ ၃း၂၈)။ ရှင်ပေါလုက မိန်းမသားများအား အစိုးတရပြုဘို မကြိုးစားကြရန် သတိပေး တားမြစ်သည် (၁တိ ၂း၁၂)။ ကနဦးအသင်းတော် ကာလ၌ သင်းအုပ်ဆရာများသည် ယောက်ျားသားချည်းဖြစ် ကြ၍ မိန်းမသားများသည် တက်ကြွစွာ အသင်းတော်၌ ပါဝင်ကြသည်(၁တိ ၃း၁၁)။ အမျိုးသမီးများသည် အသင်းတော်ဝတ်ပြုစည်း ဝေး၌ အသံလွှင့် ဆုတောင်းခြင်း( ၁ကော ၁၁း၅)၊ သင်းထောက်(ရော ၁၆း၁၊ ၁တိ ၃း၁၁)၊ ဧဝံဂေလိဆရာမ(ဖိ ၄း၃)ပြုကြသည်ဖြစ်၍ အခြားအမှု တော်၌လည်း လုပ်ဆောင်နိုင်ကြကြောင်း သံသယ ဖြစ်ဖွယ်ရာမရှိ။
မိသားစု၊ မိခင်၊ ဇနီးအကြောင်းများတွင်လည်းကြည့်။
Word (စကားတော်၊ နှုတ်ကပတ်တော်)
ဘုရားသခင်၏ စကားတော်သည် သမ္မာကျမ်းစာ၏ ကျောရိုးမဏ္ဍိုင် ဖြစ်သည်။ ဘုရားရှင်သည် စကားတော်ဖြင့် စကြာဝဠာကို ဖန်ဆင်း၍(က ၁း၃၊ ၆၊ ယော ၁း၁-၃) မိန့်တော်မူချက်ဖြင့် လူများနှင့် ပဋိညာဉ် များပြုတော် မူသည့်အပြင်(ထွ ၁၉း၆-၈၊ ၃၄း၂၇၊ ၂၈) ပရောဖက်များမှတဆင့်လည်း မိန့် တော်မူလေ့ရှိ သည် (ယော ၁း ၂)။ ခရစ်တော်သည် လူ့ဇာတိခံယူတော်မူသော နှုတ်ကပတ်တော်ဖြစ်သည်(ယော ၁း၁၄)။ ခရစ်တော်၏ စကားတော်သည် ဧဝံဂေလိသတင်းကောင်းဖြစ်သည်(ရော ၁၀း၁၇)။ နှုတ်ကပတ်တော်က ဘဝ အသက်တာသစ် နှင့် နာခံခြင်းသွန်သင်သည်(၁ပေ ၁း၂၂-၂၅)။
ဘုရားသခင်သည် လူသားများထံသို သူ့ကိုယ်သူအား ထုတ်ဖော်ပြသ တော်မူသည်။ လူများအတွက် အကြီးမားဆုံး ချောက်ခြားစရာမှာ စကားတော် တိတ်ဆိတ်ခြင်းဖြစ်သည်(၁ရာ ၃း၁၊ အာ ၈း၁၁၊ ၁၂)။ ။
ဘုရားသခင်သည် နှုတ်ကပတ်တော်ဖြင့် မိန့်တော်မူသကဲ့သို ပြုတော် မူချက်များဖြင့်လည်း မိန့်တော်မူ လေ့ရှိသည်။ ဟေဗြဲစကားတွင် “စကား”သည် “ပြုမူ”ဟုလည်းအနက်ရသည်။ ဓမ္မသစ်ကျမ်းက ခရစ်တော်သည် ဘုရားသခင် ၏ နှုတ်ကပတ်တော်ဟုဆိုသည်။ အကြောင်းသော် ဘုရားသခင်၏ သတင်း စကားကို လူများထံသို ပြောပြတော်မူသည်။ ထိုသတင်းစကားကို ဘုရားသားတော်တည်းဟူသော ခရစ်တော်တွင်၎င်း၊ ပြုတော်မူ ချက်နှင့် မိန့်တော်မူချက် များဖြင့်၄င်း သိရှိနိုင်သည်။ ခရစ်တော်၏ အသေခံတော်မူခြင်းသည် လက်ဝါး ကပ်တိုင် ၏ စကားသံဖြစ်သည်(၁ကော ၁း၁၈)။ အကြောင်းသော် ဘုရားသခင် က ကားတိုင်ဖြင့် အပြစ်သားများသို့ သူ ကိုယ်တိုင်နှင့် ရန်ငြိမ်းခြင်းနည်းလမ်းအကြောင်း ပြောပြသည်(၂ကော ၅း၁၉)။ ထိုသို မိန့်တော်မူခြင်းသည် လူများ ကယ်တင်ခြင်းရရှိကြရန်ဖြစ်သည်(တ ၁၃း၂၆)၊
နှုတ်ကပတ်တော်သည် ဘုရားရှင်၏ သွင်ပြင်လက္ခဏာတရပ်ဖြစ် သည်။ ဇာစဉ်အမြဲတည်တံ့၍(ဟေရှာ ၄၀၈) ဩဇာအာဏာပြည့်၀သည်(တရား ၁၂း၃၂။ အသက်ရှင်သန်၍(ဟေဗြဲ ၄း၁၂) အကျိုးကျေးဇူးများသည် ဘုရား သခင်သည် ကတိတော်များကို စောင့်ထိန်းသည်၊ ဟေရှာ ၅၅း၁၁)၊နှုတ်ကပတ်တော်သည် သမ္မာစကား တော်ဖြစ်၍(ယာ ၁း၁၈) အတွေးနှင့် အပြုအမူများကို စီရင်ပြဌာန်းသည်(ဟေဗြဲ ၄း၁၂)။
လူများက စကားပြောသည့် အခါ ဦးစွာ တဘက်လူ၏ စကား နားလည်ရန် ကြိုးစားရသည်။ ထိုသို့ နားလည်ပြီးသောကခါမှ သူ့စကားကို တုံပြန်ရသည်။ ဘုရားသခင်က နှုတ်ကပတ်တော်ဖြင့် သူ့လူများသို့ ဆက်သွယ် ခြင်းသည် သူတိုစိတ်နှလုံးထဲသို သွန်သင်တော်မူချက် သိရှိနားလည်စေလိုခြင်း ဖြစ်သည်။ မည်သိုဆို လိုကြောင်း ဝိညာဉ်တော်က ဆက်လက်ရှင်းပြသည်(ယာ ၁၄း၂၅၊ ၂၆၊ ၁ကော ၂း၁၃)၊ သို့သော် နှုတ်ကပတ် တော်ကို ကြားသိရုံဖြင့် မလုံလောက်ပါ။ သဘောပေါက်နားလည်ပြီး လက်တွေ့အသက်တာတွင် ထင် ရှားစွာ နာခံပြသရသည်(မ ၁၃း၁၉၊ ၂၃၊ ယာ ၁း၂၂-၂၅)၊
သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည်။ အကြောင်းသော် ဘုရားသခင်က စာပေသဒ္ဒါဖြင့် သမ္မာတရား မိန့်တော်မူချက် ဖြစ်သည်။ ဝိညာဉ်တော်က ထိုရေးသားချက်များအား ယုံကြည်သူ များသို ရှင်းပြသောအခါ ဘုရားစကားတော်သည် သူတိုအကြောင်းနှင့် နှုတ်ကပတ်တော်၏ ပဓါနဖြစ်သော ခရစ်တော်အကြောင်းဖြစ်ကြောင်း သိရှိနားလည်လာကြသည် (ဟေဗြဲ ၁း၁-၃)။
Work (အလုပ်)
ဘုရားသခင်က လူကို ဖန်ဆင်းခြင်းသည် အလုပ်လုပ်ကိုင်ရန်ဖြစ် သည်:'(က ၂း၁၅)။ ထိုသို့ လုပ်ကိုင်ခြင်း ဖြင့် မိမိတိုလိုအပ်ချက်များ ဖြည့်ဆည်း ၍ အသက်မွေးဝမ်းကြောင်းပြုရသည်(၂သက် ၃း၁၀)။ အပြစ်မကျူး လွန်မှီတွင် အာဒံသည် အလုပ်ကို လုပ်ကိုင်သော်လည်း အပြစ်လွန်ကျူးသည့် နောက်ပိုင်း တွင်မူ ပိုမိုပင်ပန်း ခက်ခဲစွာ လုပ်ကိုင်သည်(က ၃း၁၆-၁၉)။ အလုပ်အကိုင်သည်လည်း ရုပ်တုဘုရားဖြစ်နိုင်သည်။ အကြောင်းသော် ဘုရားဘုန်းတော်ထင်ရှား စေခြင်းမရှိဘဲ(ကော ၃း၂၃၊ ၂၄) အလုပ်လုပ်ကိုင်လျက် လူ့လောကခရီး လွန် မြောက် ကုန်ဆုံးလေ့ရှိကြသည်(ဒေ ၂း၄-၈)။
လူသည် ကိုယ်တိုင် အလုပ်လုပ် ဆောင်နေသော ဘုရားသခင်ကဲ့သို အလုပ်လုပ်ကိုင်နေကြရသည်(က ၂း၂၊ တရား ၃း၂၄)။ ခရစ်တော်သည်လည်း လက်သမားအလုပ်သာမက(မာ ၆း၃) အမှုတော်ပြုတော်မူသည်(ယော ၅း၁၇)။ အလုပ်လုပ်ကိုင်ခြင်းသည် အကျင့်ကောင်းဖြစ်၍ ပျင်းရိခြင်းသည် အကျင့်ဆိုး ဖြစ်သည်(သု ၁၀း၄၊ ၂သက် ၃း၆)။
လူသည် ဘုရားရှင်၏ ကျေနပ်မှုရအောင် တစုံတရာမှ မလုပ်ဆောင် နိုင်။ ကယ်တင်ခြင်းအကျွတ်တရား ကို မသင်ယူမရယူနိုင်။ ဘုရားရှင်ကသာ ကယ်တင်ခြင်းအား မေတ္တာလက်ဆောင်အဖြစ် ပေးသနားသည်။ ကယ် တင်ခြင်း အကျွတ်တရားရရှိသူသည် အကျင့်ကောင်း၊ အလုပ်ကောင်းရှိသည်( ဧ၂း၈၁၀)။
World (ကမ္ဘာ၊ လောက)
လူများနေထိုင်သည့် ကမ္ဘာမြေကို ဂြိုဟ်အဖြစ်သာ လူများက သိရှိ ကြသည်။ ဘုရားသခင်၏ လက်ရာ တော်(က ၁း၁)ဖြစ်၍ ကမ္ဘာလောကရှိ အရာ ခပ်သိမ်းကို ဘုရားရှင်က ပိုင်ဆိုင်ပြီး(ဆာ ၂၄း၁) မြတ်နိုးစွာဖြင့်(ယော ၃း၁၆) ထိန်းကျောင်းသည်(ကော ၁း၁၇)။ ဓမ္မသစ်ကျမ်းတွင် အခြားအနက်နှစ်ခုမက တွေ့ရသည်။ လူတကာနေ ထိုင်သော ကမ္ဘာမျှသာမဟုတ်ကြောင်း ဆိုထားသည်။
၁။ လူတိုနေထိုင်သော ကမ္ဘာမြေမျှသာမဟုတ်သော လောကကိုလည်း ရည် ညွှန်းသည်။ ဥပမာအားဖြင့် လု ၂း၁၊ ယော ၁၆း၂၁ ကိုကြည့်ပါ။ စာတန်က သခင်ယေရှုသို ဤလောကနိုင်ငံများကို ပေးမည်ဟု ကမ်းလှမ်းခဲ့ဘူးသည်(မ ၄း၈၊ ၉)။
၂။ တခါတရံ ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့် လူ့လောကသဘာဝအား ရည်ညွှန်းသည်။ ဤလောက ကို အုပ်စိုးသော စာတန်မာရ်နတ်( ၁ယော ၅း၁၉) ဟူသော စကားတော်တွင် ခရစ်တော်၏ တပည့်တော် များက ကမ္ဘာလောကကိုမပိုင်ဆိုင်ကြောင်း သိရသည်(ယော ၁၅း၁၉)။ ထိုနိယာမသဘောအရ ဤ ပုန်ကန်ထောင်လွှားသော လောကကိုယ်တိုင်က ဘုရားသခင်ကို ဆန့်ကျင်သည်။ ခရစ်ယာန်များသည် ထိုသူများ၏ ကျေးကျွန်များမဟုတ်ကြပါ(ဂလာ ၄း၃)။ ခရစ်ယာန်များသည် လူ့လောက ကမ္ဘာမြေ အတွက် လုပ်ဆောင်ရန် ကားစင် တင်ခြင်းခံပြီးသူများဖြစ်ကြသည် (ဂလာ ၆း၁၄)။
Worship (ဝတ်ပြုကိုးကွယ်ခြင်း)
ဝတ်ပြုကိုးကွယ်ခြင်းဆိုသည်မှာ ဘုရားသခင်ကို ဦးညွှတ်ဝန်ခံခြင်း ဖြစ်သည်(က ၂၄:၂၆၊ ဆာ ၉၆း၉၊ ဗျာ ၁၉း၄)၊ ဘုရားသခင်၏ အစေခံယူ ခြင်းသည် ဝတ်ပြုကိုးကွယ်ခြင်းဖြစ်သည်(ထွ ၃း၁၂ တရား ၆း၁၃၊ ယော ၂၄း၁၄-၂၄၊ လု ၂း၃၇)၊ ဦးညွှတ်ခြင်းသည် ကိုးကွယ်ခြင်းအမှတ်အသားဖြစ် သည်။ အစေခံများနှင့် ကျေးကျွန်များ သည် မိမိတိုသခင်အား ဦးညွှတ်ဝန်ခံလေ့ရှိကြသည်။ စစ်ရှုံးသောဘုရင်သည် သူ့ကို အောင်နိုင်သူ၏ ရှေ့မှောက် တွင် ဦးညွှတ်ရသည်။ ထိုသိုပြုမူခြင်းသည် အောင်နိုင်သူ၏ အစေခံဖြစ်ကြောင်း ဝန်ခံခြင်းဖြစ်သည်(၃ရာ ၂၀း၃၂) ထိုနည်းတူ ဓမ္မဟောင်းကာလမှ ဝတ်ပြု ကိုးကွယ်သူများသည် ရှေ့တော်၌ ခယစွာ ဦးညွှတ်ကြသည် ဝတ်ပြုကိုး ကွယ် သူဟူသမျှသည် ဘုရားရှင်အား ကြည်ညိုကော်ရော်ကြသည်။
ထိုဝတ်ပြုကိုးကွယ်ခြင်းသည် ဘုရားသခင်အား မိမိအရှင်နှင့် သခင် အဖြစ် ဝန်ခံခြင်းဖြစ်သည်။ ထိုကြောင့် တဆူတည်းသော ဘုရားရှင်ကိုသာ ကိုးကွယ်ရသည်(ထွ ၃၄း၁၄)။ ဘုရားသခင်သည် ချစ်သဝန်တိုသောကြောင့် သူ့လူများအား သူ့ထံသိုသာ ဆက်ကပ်စေချင်သည်(တရား ၆း၅၊ ၁၄၊ ၁၅)။
ဘုရားရှင်ကို တဦးတယောက်ချင်း ကိုးကွယ်နိုင်သကဲ့သို (ဆာ ၅း၇) လူအုပ်စု၊ လူများဖြင့်လည်း ဝတ်ပြုကိုးကွယ်ရကြောင်း ကျမ်းစာ၌ သွန်သင် ထားသည်။ ဓမ္မဟောင်းပွဲတော်များနှင့် ဓမ္မသစ်ကျမ်းမှ ပွဲတော်မင်္ဂလာသည် ၊ အခြားလူများနှင့်အတူ ပါဝင်ကျင်းပရသည်။ ကနဦးခရစ်ယာန်များသည် နေ့တိုင်း ဝတ်ပြုကိုးကွယ်ရန် စုစည်းကြသည်(တ ၂း၄၆)၊ သတင်းပတ်၏ ပထမနေ့၌ ထိုသို စုစည်းဝတ်ပြုကိုး ကွယ်လေ့ရှိကြသည်(တ ၂၀း၇၊ ၁ကော ၁၆း၂)၊ အချို့ တပည့်တော်များသည် အခြားခရစ်ယာန်များနှင့်အတူ ဝတ်ပြု ကိုးကွယ်ခြင်းအား ရပ်နားကြသော်လည်း အချို့သည် ညှဉ်းပန်းနှိပ်စက်ခြင်းခံရချိန်၌ အချင်းချင်း ခွန်အားပေးရန် ဆက်လက်စုစည်း ကိုးကွယ်ကြသည် (ဟေဗြဲ ၁၀း၂၅)။
Wrath(anger) (အမျက်ဒေါသ)
အမျက်ဒေါသသည် ပြင်းထန်သော ခံစားချက်ဖြစ်သည်။ သိုသော် အပြစ်ကျူးလွန်ရာ မဖြစ်သင့်(၂ရာ ၁၂၅၊ ဆာ ၄၄)သော်လည်း အချိုသည် လွယ်လင့်တကူ အပြစ်ဆက်မှားတတ်ကြသည်(က ၄:၅-၈၊ သု ၂၇း၈)။ ဉာဏ် ပညာရှိသူသည် အမျက်ဒေါသ ထိန်းချုပ်နိုင်သည်(သု ၂၉း၈၊ ဧ ၄း၃၁)။ အမျက် ဒေါသသည် ဖြောင့်မတ် ခြင်းအသက်တာ၌ မပါဝင်ပါ(ယာ ၁း၂၀)။ ခရစ်ယာန် များသည် ထိုအပြစ်ဟောင်း အပြုအမူများအား ကိုယ်ကျင့် တရားမှ ဖယ်ရှား ရသည်(ကော ၃း၈)။
ဘုရားရှင်၏ အမျက်ဒေါသသည် ထူးခြားသည်။ အကြောင်းမှာ သူ့ အမျက်ဒေါသသည် သန့်ရှင်းသည်။ ထိုနည်းတူ မယုံကြည်သူများ၏ ခေါင်းမာ မှုအပေါ်၌ ခရစ်တော်၏ အမျက်ဒေါသသည်လည်း သန့်ရှင်းတော်မူ သည်(မာ ၃း၅)။ ဆန့်ကျင်ဘက်ရှိ မာရ်နတ်၏ အမျက်ဒေါသသည် ဆိုးရွားသည်(ဗျာ ၁၂း၁၂)။ ဘုရားရှင်၏ အမျက်ဒေါသသည် အပြစ်ကို ဆန့်ကျင်သည်။ ကိုယ်တော်၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းဇာတိတော်က ပျက်စီးဖောက်ပြန် ခြင်းဟူသမျှကို ဆန့်ကျင်သည်(ဟေရှာ ၅:၂၄၊ ၂၅၊ ရော ၁း၁၈)။
အမျက်ဒေါသထွက်သူသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်သူဖြစ်သည်။ ဘုရားသခင်သည် အမျက်ဒေါ သကို ဖြေလျှော့လျက် အပြစ်သားများအား အမျက်ဒေါသထွက်မည့်အစား အမိုက်အမဲလေးများအဖြစ်မြင်၍ ကရုဏာ တော်ပြုသည်(ထွ ၃၄း၆၊ ယောန ၄း၂)။ ဟေဗြဲစကားရပ်တွင် အမျက်ဟူသော စကားလုံးနှင့် နှာခေါင်းဟူ သော ဝေါဟာရသည် အတူတူဖြစ်သည်။ လူသည် အမျက်ဒေါသထွက်လျှင် နှာခေါင်းပွလာပြီး နှာခေါင်းပေါက် သည်လည်း ကျယ် လာသည်။ ဟေဗြဲသြဝါဒစာတွင် အမျက်ဒေါသနှေးရန် ဆိုထားခြင်းမှာ နှာ ခေါင်းထဲတွင် သိမ်းထားရန်ဖြစ်၍ အမျက်တော်မထွက်မှီတွင် ဘုရားသခင်က ဇီဝအသက်မှုတ်သွင်းရာဖြစ်ကြောင်း သတိပေး သည်။
ဘုရားရှင်၏ အမျက်ဒေါသသည် တောက်လောင်သည်(ယေ ၂၅း၃၇) ဖြစ်၍ မည်သူမျှ ရှေ့တော်၌ မရပ်နိုင်(ဆာ ၇၆း၇)။ ဘုရားရှင်၏ အမျက်တော်သည် ဆုံးမပဲ့ပြင်ခြင်း(ဆာ ၆း၁)နှင့် အပြစ်ဒဏ်ပေးခြင်း(၂ရာ ၆း၇) ဖြစ်သည်။ လူအမျက်ဒေါသသည် များမကြာခင် ပြေလျော့သော်လည်း ဘုရား ရှင်၏ အမျက်တော်သည် ထုတ်ဖော်ပြသခြင်း(သို) အမျက်တော်ရှိသည့် အကြောင်းရင်း မဖယ်ရှားမခြင်း တည်တံ့သည်(တော ၂၅း၄၊ ယောရှု ၇း၂၆)။
ခေတ်ကာလအဆုံးရှိ အမျက်တော်နေ့(ဇေ ၁း၁၄-၁၈၊ ဗျာ ၆း၁၅-၁၇)၌ ဘုရားရှင်က မကောင်းမှုဟူ သမျှကို ဖျက်သိမ်းတော်မူမည်(ရော ၉း၂၂)။ ဘုရားသခင်၏ အမျက်ဒေါသနှေးခြင်းက လူများအား နောင်တမ ရစေနိုင်(ရော ၂း၄၊ ၅)။ နောင်တရရန် အချိန်ပိုပေးခြင်းသာဖြစ်သည်။ ရောက်လာမည့် အမျက်တော်မှ သခင်ယေရှုက ကယ်တင်ရန် နောင်တရရှိရေးသည် ပဓါန လိုအပ်ချက်ဖြစ်သည်(ရော ၅း၉၊ ၁သက် ၁း၁၀)။
Yoke (ထမ်းဘိုး)
ထမ်းဘိုးသည် သစ်သားဖြင့်ပြုလုပ်ထားသည့် တိရစ္ဆာန်နှစ်ကောင်တို ပြိုင်တူသယ်ထမ်းစရာဖြစ်သည်။ ကျမ်းစာခေတ်ကာလ၌ နွားထီးများက ထမ်း ဘိုးထမ်းကြလေ့ရှိသည်။ အကြောင်းသော် လယ်သမားများက ထိုထမ်းဘိုးအား အတူတကွ ထမ်းစေသည်။ ကျမ်းစာတွင် စစ်နိုင်သူက စစ်ရှုးသူအား ဖိနှိပ် ခြင်းကို ထမ်းဘိုး တင်ခြင်းဖြင့် ပုံနှိင်းလေ့ရှိသည်(ယေ ၂၇း၂၊ ၈၊ ၁၁၊ ၁၂)။ ထိုစစ်အောင်နိုင်သူကို တဖန်ပြန်လည်အောင် နိုင်သောအခါ ယခင်စစ်ရှုံးသူ၏ ထမ်းဘိုးကျိုးသွားသည်ဟု ဆိုစမှတ်ပြုကြသည်(နေ ၁း၁၃)။
ကျမ်းစာတွင် ထမ်းဘိုးကို အကောင်းသဘောဖြင့်လည်း သုံးနှုန်းသည်။ ဘုရားသခင်(ယေ ၂း၂၀)၊ ခရစ်တော်(မ ၁၁း၂၉၊ ၃ဝ)၏ အစေခံယူခြင်း၌ သုံးနှုန်းသည်။ ရှင်ပေါလုက အခြားလူအား ထမ်းဘိုးထမ်းဖော်(ဖိ ၄း၃)ဟု သုံးခြင်းသည် နွားထီးများကဲ့သို တင်စားခြင်းဖြစ်သည်။
Zealot (ဝံသာနုမျိုးချစ်၊ ဇေလုတ်)
သခင်ယေရှု၏ တပည့်တော်တပါးသည် မျိုးချစ်ရှိမုန်ဖြစ်သည်(လု ၆း၁၅)။ ထိုဝံသာနုမျိုးချစ်ဟူသော စကားလုံးသည် ယုဒနိုင်ငံရေးအဖွဲ၏ နာမည်ဖြစ်၍ သူတို၏ အစွမ်းအစနှင့် လုပ်ဆောင်ပုံများ ပြသရာဖြစ်သည်။ ဝံသာနုမျိုးချစ် အဖွဲဝင်ဖြစ်လျှင် တမန်တော်ထဲ၌ ပါဝင်ခွင့်မရှိ။ အကြောင်းသော် သူ တိုအတွေးအမြင်နှင့် ခရစ်တော်၏ သွန်သင်ချက်ဖြစ်သော ဘုရား သခင်၏ နိုင်ငံတော် အကြောင်းသည် ဆန့်ကျင်သည်။ ထိုတပည့် တော် ရှိမုန် သည်ဝံသာနုမျိုးချစ် အဖွဲသားလောင်း ဖြစ်ဟန်ရာသည်။
ထိုမျိုးချစ်အဖွဲ့ကို အေဒီ ၆ ခုနှစ်တွင် ဂါလိလဲသား ယုဒက တည်ထောင်သည်။ သူသည်ေဟရုဒ်အာခီ လော့ကား ရာထူးမှပယ်ချပြီး ယုဒပြည် အား ရောမလက်အောက်သို သိမ်းပိုက်ကြသည့်ရောမအစိုးရအား ပုန်ကန် တော်လှန်ရန် ဦးဆောင်သည်။ ထိုယုဒက ရောမအစိုးရ၏ အခွန်အခကောက် ခံခြင်းအား ဆန့်ကျင်သည်။ ရောမအရသို့ အခွန်အခပေးဆောင်ခြင်းကို ယုဒလူတို ၏ တကယ့်ဘုရင် ဘုရားသခင်အားသစ္စာဖောက်ခြင်းဟု ခံယူသည်။
ရောမက ယုဒ၏ ထိုပုန်ကန်မှုကို နှိမ်နှင်းကြသော်လည်း မျိုးချစ် အဖွဲက ဆက်လက်ပုန်ကန်ကြသည်။ ဘုရားပညတ်ေတာ်အပေါ် ထိုသူတို၏ အမြင်သည် ဖာရိရှဲ၏ အမြင်နှင့် တူညီကြ သော်လည်း ယုဒလူမျိုး လွတ်လပ် ရေးရရှိရန် တိုက်ပွဲဝင်ရကြောင်း ခံယူကြသည်။ သိုမှသာလျှင် ဘုရားသခင်၏ နိုင်ငံတော်လဲသို ဝင်ရောက်နိုင်မည်ဟု မှတ်ယူကြသည်။ ထိုကြောင့် ဘုရား သခင်၏ နိုင်ငံေတာ်အပေါ် ထင်မြင်ခံယူပုံသည် နိုင်ငံရေးအမြင်ဖြစ်သည်။ ယေရှုခရစ်တော်၏ သွန်သင်ချက်သည် ဘုရားသခင်၏ နိုင်ငံေတာ် ဝိညာဉ်ရေး ရာနယ်ပယ်အကြောင်းဖြစ်သည်။
ယုဒစစ်ပွဲပြီးဆုံးသည့် အေဒီ ၆၆ ခုနှစ်ထိ ထိုမျိုးချစ်ဝံသာနုဖွဲသည် အကြမ်းဖက်၍ လူသတ်မှု ပြုလုပ် ကြသည်။ အစပထမတွင် အောင်မြင်ကြ သော်လည်း အေဒီ ၇၀ ခုနှစ်တွင် ရောမစစ်တပ်က ယေရုရှ လင်မြို့အား သိမ်းပိုက်ပြီးနောက်ပိုင်း အေဒီ ၇၃ ခု၊ မေလတွင် မာဇာဒါအရပ်၌ ထိုဝံသာနု မျိုးချစ်များသည် အစုလိုက်အပြုံ လိုက် သေကြေကြသည်။