သိခြင်းနှင့်လုပ့်ဆောင်ခြင်းခရစ်ယာန်ယုံကြည်ချက် နှင့် လက်တွေ့လုပ်ဆောင်ချက်
KNOWING And DOING CHRISTIAN BELIEF and PRACTICE
Author:John McQuoid
Translator: Kap Cin ThanG
SOUTH EAST ASIA BIBL
E COLLEGE
မာတိကာ
၁။ သမ္မာကျမ်းစာ
၂။ ဘုရား
၃။ ဖန်ဆင်းခြင်း
၄။ ကောင်းကင်တမန်များ၊စာတန်နှင့်နတ်ဆိုးများ
၅။ အပြစ်နှင့်လူ၏ပြိုလဲခြင်း
၆။ သတင်းကောင်း
၇။ ခရစ်တော်ကိုယုံကြည်လက်ခံပြီးသောအခါကျွန်ုပ်၌ဘာဖြစ်သနည်း
၈။ ယုံကြည်သူတို့၏နှစ်ခြင်းမင်္ဂလာ
၉။ အသင်းတော်
၁၀။ ဒေသန္တရအသင်းတော်တစ်ပါး၌ သင်းဝင်ခြင်း
၁၁။ ဝိညာဉ်တော်ဆုကျေးဇူးများ
၁၂။ ဒေသန္တရအသင်းတော်၌ခေါင်းဆောင်မှု
၁၃။ သန့်ရှင်းခြင်း
၁၄။ ဘုရားသခင်နှင့်နေ့စဉ်အချိန်ယူခြင်း
၁၅။ လမ်းပြခြင်း-သင့်အသက်တာအတွက်ဘုရားသခင်၏
အကြံအစဉ်ကိုသင်မည်သို့သိနိုင်မည်နည်း
၁၆။ စုံစမ်းနှောင့်ယှက်ခြင်း၊ကျရှုံးခြင်းနှင့်ပြန်íတည်မြဲစေခြင်း
၁၇။ အိမ်ထောင်မိသားစု
၁၈။ ခရစ်ယာန်များ၏သေခြင်းနှင့်ခရစ်တော်ပြန်ကြွလာခြင်း
၁၉။ မယုံကြည်သူများ၏သေခြင်းနှင့်တရားစီရင်ခြင်း
၂၀။ ခရစ်ယာန်တို့၏ထာ၀ရအိမ်တော်
အမှာစာ
ဤစာအုပ်သည် ဘုရားသခင်နှင့်သင်၏အကြောင်းကိုရေးသားထားသည့် စာအုပ်ဖြစ်ပါသည်။သင်သည် ဘုရားသခင်ကိုသိပြီး သူလုပ်စေချင်သောအရာများကိုလုပ်ခြင်းအကြောင်းလည်း ပါသည်။ ဘုရားသခင် သည်သင့်ကိုဖန်ဆင်းပြီးအသက်ပေပါသည်။သူသည် သင့်ကိုအလွန်ချစ်ပြီးသူကိုသိကျွမ်း စေချင် ပါ သည်။ဘုရားသခင်သည် အံ့ဩဘွယ်ကောင်းသောသမ္မာကျမ်းစာအုပ်ကို ကျွန်တော်တို့အားပေးပါသည်။ ထိုကျမ်းစာအုပ်ထဲတွင် သူ၏အကြောင်းများနှင့် ကျွန်ုပ်တို့ဘယ်လိုအသက်ရှင်စေသည့်အကြောင်းများ ကိုပြောပါသည်။ ဤ(သိခြင်းနှင့်လုပ့်ဆောင်းခြင်း)စာအုပ်သည်သင့်၏အသက်တာ၌ဘုရားသခင် ကို မှန်ကန်စွာသိရှိပြီးသူ၏စကားနားထောင်တတ်လာရန်သွန်သင်သောသမ္မာကျမ်းစာကို သင်နားလည် သဘောပေါက်အောင်အထောက်အကူပေးပါမည်။လူတစ်စီတိုင်း၏အသက်တာ၌ဘုရားကိုသိခြင်းနှင့်သူ၏စကားကိုနားထောင်ခြင်းသည်အရေးကြီးဆုံးသောအရာဖြစ်ပါသည်။
၁
သမ္မာကျမ်းစာ
THE BIBLE
သမ္မာကျမ်းစာထဲ (၆၆) အုပ်ရှိပါသည်။ ဤသမ္မာကျမ်းစာအုပ်ကိုလူအချို့တို့သည် နှစ်ပေါင်း (၁၅၀၀) ဝန်းကျင်အတွင်း၌ ရေးသားခဲ့ကြသည်။ ဤသမ္မာကျမ်းစာအုပ်ကို ဘုရားသခင်မှုတ်သွင်းခဲ့ပါသည်။ ဤသို့ဆိုရာတွင် ဘုရာသခင်ကျမ်းစာရေးသောသူတိုင်းကို ကျမ်းစာရေးရာ၌ကြီးကြပ်ကွက်ကဲ၍ လမ်းပြခဲ့သည်ဟုဆိုလိုပါသည်။ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော် မူသော အား ဖြင့်ဖြစ်၍ (၂တိ၊ ၃း၁၆)။ဘုရားသခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ တိုက် တွန်းတော်မူခြင်းကိုခံရ၍ဟောပြောကြ၏၊(၂ပေ၊ ၁း၂၁)။သမ္မာကျမ်းစာ သည်ဘုရားသခင်၏နှုတ်ကပတ် တော်ဖြစ်သည်။ ၎င်းသည်မှန်ကန်၍ပြည့်စုံကာ၊ ကျွန်ုပ်တို့သည် ၎င်းကိုအကြွင်းမဲ့ယုံကြည်နိုင်ပါသည်။ ဘုရားသခင်သည် လူကိုမည်သို့မှတ်ယူ၍ နေရာတိုင်း၌ရှိသောလူအားလုံးအတွက် သူ၏ကြီးမာသောမေတ္တာတော်အားဖြင့် အဘယ်အမှုပြု ခဲ့ပြီးကြောင်းကို သမ္မာကျမ်းစာအားဖြင့်သိမြင်နိုင်ပါသည်။ ၎င်းသည်လောကသားအားလုံးအတွက် ဘုရားသခင်၏သတင်းစကားဖြစ်ကာ၊ ဘုရာသခင်အကြောင်းများစွာတို့ကိုပြောပါသည်။ သမ္မာကျမ်းစာကိုအဓိက(၂)ပိုင်းပိုင်းပါသည်။ ၎င်းတို့မှာ၊ဓမ္မာဟောင်းကျမ်းနှင့်ဓမ္မာသစ်ကျမ်းတို့ဖြစ် ပါသည်။ ဓမ္မာဟောင်းကျမ်းကိုသခင်ယေရှုလောကသို့ မကြွလာမီအချိန်ကာလတွင်းရေးသားခဲ့ပြီး ဓမ္မာသစ်ကျမ်းကိူမူ သခင်ယေရှုလောကသို့ကြွရောက်လာပြီးနောက် ရေးသားခဲ့ပါသည်။
ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်းထဲ၌(၃၉)အုပ် ပါရှိကာ၊ အဓိကအကြောင်းလေးရပ်ပါဝင်ပါသည်။ ၎င်းတို့မှာ – ပညတ္တိကျမ်း(၅)အုပ်၊ သမိုင်း(၁၂)အုပ်၊ ကဗျာ(၅)အုပ်နှင့် အနာဂတ္တိကျမ်း(၁၇)အုပ်တို့ဖြစ်ကြသည်။
ပညတ္တိကျမ်း (၅)အုပ်
ကမ္ဘာဦးကျမ်း
ထွက်မြောက်ရာကျမ်း
ဝတ်ပြုရာကျမ်း
တောလည်ရာကျမ်း
တရားဟောရာကျမ်း
ရာဇဝင်ကျမ်း (၁၂)အုပ်
ယောရှမှတ်စာ
တရားသူကြီးမှတ်စာ
ရုသဝတ္ထု
ဓမ္မရာဇဝင်ပထမစာစောင်
ဓမ္မရာဇဝင်ဒုတိယစာစောင်
ဓမ္မရာဇဝင်တတိယစာစောင်
ဓမ္မရာဇဝင်စတုတ္ထစာစောင်
ရာဇဝင်ချုပ်ပထမစာစောင်
ရာဇဝင်ချုပ်ဒုတိယစာစောင်
ဧဇရမှတ်စာ
နေဟမိမှတ်စာ
ဧသတာဝတ္ထု
ကဗျာ (၅)အုပ်
ေယာဘဝတ္ထု
ဆာလံကျမ်း
သုတ္တံကျမ်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
အနာဂတ္တိကျမ်း (၁၇)အုပ်
ဟေရှာယ အနာဂတ္တိကျမ်း
ယေရမိအနာဂတ္တိကျမ်း
ယေရမိမြည်တမ်းစကား
ယေဇကျေလအနာဂတ္တိကျမ်း
ဒံယေလ အနာဂတ္တိကျမ်း
ဟောရှေ အနာဂတ္တိကျမ်း
ယောလ အနာဂတ္တိကျမ်း
အာမုတ် အနာဂတ္တိကျမ်း
ဩဗဒိ အနာဂတ္တိကျမ်း
ယာနဝတ္ထု
မိက္ခာ အနာဂတ္တိကျမ်း
နာဟုံ အနာဂတ္တိကျမ်း
ဟဗက္ကုတ် အနာဂတ္တိကျမ်း
ဇေဖနိအနာဂတ္တိကျမ်း
ဟဂူ အနာဂတ္တိကျမ်း
ဇာခရိ အနာဂတ္တိကျမ်း
မာလခိ အနာဂတ္တိကျမ်း
ပညတ္တိကျမ်းများ
ဤပညတ္တိကျမ်း(၅)အုပ်ထဲ၌ ကမ္ဘာကြီးဖန်ဆင်းခြင်းအကြောင်း(က၊ ၁း၁)နှင့် ဤလောကသို့ အပြစ်စတင်ဝင်လာပုံကို ကျွန်ုပ်တို့ဖတ်ရှရပါသည်။ အပြစ်သည်သေခြင်းတရားဖြစ်ပေါ်စေကာ၊ လူကို ဘုရားသခင်နှင့်ကွဲကွာစေပါသည် (က၊ ၃)။ဘုရားသခင်သည် အာဗြဟံကိုလူမျိုးကြီးတစ်မျိုး၏အဘဖြစ်ဖို့ရန်ရွေးချယ်ခဲ့ကြောင်းကိုလည်း ကျွန်ုပ်တို့ဖတ်ရှုရပါသည်။ ထိုလူမျိုးတိုဣသရေလ(ဂျူး)လူမျိုးဟု ခေါ်ဝေါ်သမုတ်မည်။ သူတို့သည် ဘုရားသခင်၏ စပယ်ရှယ်လူမျိုးတော်ဖြစ်ကြကာ၊ ထိုအမျိုးမှလောကသားအားလုံး၏ ကယ်တင်ရှင် ခရစ်တော်ဖွားမြင်မည်။“ထာဝရဘုရားသည်လည်းအာဗြဲကိုခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဖော်များထဲကထွက်ပြီးလျှင်၊ ငါပြလတံ့သောပြည်သို့သွားလော့။ ငါသည်သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍သင်၏နာမကိုကြီးမြတ်စေမည်။ သင်သည်ကောင်းကြီး ခံရသောသူဖြစ်လိမ့်မည်။ သင့်ကိုကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကိုကျိန် ဆဲသောသူကိုငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည်ကောင်းကြီးမင်္ဂလာ ကိုခံရကြလိမ့်မည်ဟု မိန့်တော်မူ၏” (က၊ ၁၂၁-၃)။မောရှေသည် ဣသရေလလူမျိုး၏ ခေါင်းဆောင်ဖြစ်သောအခါ၊ဘုရားသခင်သည် ပညတ်တော်(၁၀)ပါးကို သူတို့အားပေးပါသည်။ ထိုပညတ်တော်ကဘုရားသခင်လုပ်စေချင်သောအရာနှင့်မလုပ်ရမည့်အရာများကိုသူတို့အားဖော်ပြပါသည်။“ငါမှတပါး အခြားသောဘုရား ကိုမကိုးကွယ်နှင့်။ရုပ်တုဆင်းတုကို ကိုယ့်အဖို့မလုပ်နှင့်၊ ဦးမချဝတ်မပြုနှင့်။သင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။
ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှါ၊
ထိုနေ့ရက်ကိုအောက်မေ့လော့။
မိဘကိုရိုသေစွာပြုလော့။
လူ့အသက်ကိုမသတ်နှင့်။
သူ့မယားကိုမပြစ်မှားနှင့်။
သူ့ဥစ္စာကိုမခိုးနှင့်။
ကိုယ်နှင့်စပ်ဆိုင်သောသူတဘက်၌ မမှန်သောသက်သေကိုမခံ
နှင့်” (ထွက်၊ ၂၀)။
လူတို့သည် အပြစ်ကျူးလွန်သောအခါ (အမှားပြုကြသောအခါ)
တိရစ္ဆာန်တစ်ကောင်ကိုသတ်၍၊ ၎င်း၏အသွေးတစ်ချို့ ကိုသူ့အထံတော်သို့ယူလာရန် ပြောပါသည် (ဝတ်၊ ၁-၇)။“အသွေးသွန်းလောင်းခြင်းမရှိလျှင်အပြစ်လွှတ်ခြင်းမရှိ”(ဟေဗြဲ ၉၂၂)။တိရစ္ဆာန်၏ အသွေးသည်အပြစ်မလွတ်နိုင်ပါ။ သို့ရာတွင်၊ ထိုတိရစ္ဆာန်သေခြင်းသည် သခင်ယေရှုခရစ်တော် ကိုညွှန်းဆိုသောသင်ခန်းစာတစ်ခုဖြစ်ပါသည်။ ၎င်းသည် ခရစ်တော်ကြွရောက်ကာ လူတို့၏အပြစ် များအတွက်အသေခံမည်ဖြစ်ကြောင်း သွန်သင်ပါသည်။ ခရစ်တော်၏အသေခံခြင်းအားဖြင့် သူတို့သည် စစ်မှန်သောအပြစ်လွှတ်ခြင်းချမ်းသာရနိုင်ကာ၊ သူတို့၏အပြစ်အားလုံးတို့ကိုလည်း ယူဆောင်သွားမည်။ “အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေးသည် အပြစ်ကိုမပယ်နိုင်ရာ” (ဟေဗြဲ ၁၀၄)။“ခရစ်တော်သည် ငါတို့အပြစ်ကြောင့်အသေခံတော်မူ၏”(၁ကော၊၁၅၃)။
“ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏” (၁ယော၊ ၁း၇)။ဓမ္မဟောင်းကာလ၌ တိရစ္ဆာန်ဖြင့်ယဇ်ပူဇော်ခြင်းက လူတို့၏အပြစ်ကိုမဆေးကြောနိုင်ပါ။ သို့ရာတွင်၊ သခင်ယေရှ၏အသေခံခြင်းက အပြစ်အားလုံးကိုယူဆောင်ပြီး၊ အပြစ်ရှိသောလူသားများကိုသန့်ရှင်းစေပါသည်။
*ရာဇဝင်ကျမ်းများ
ဤရာဇဝင်ကျမ်း (၁၂)အုပ်ထဲမှ ဣသရေလ(အစ္စရေး)လူမျိုးတို့၏သမိုင်းကို ဖတ်ရှုရပါသည်။ သူတို့သည် ဘုရားသခင်ပေးသော ခါနန်ပြည်၌နေထိုင်ကြသည်။ သူတို့သည် သူတို့ကိုအုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါး အလိုရှိကြသည်။ ရှောလုသည် သူတို့၏ပထမဆုံးရှင်ဘုရင်ဖြစ်၍၊ ဒါဝိဒ်သည် သူတို့၏အကြီးမြတ်ဆုံးသောရှင်ဘုရင်ဖြစ်သည် (၁ဓမ္မနှင့်၂ဓမ္မ)။ဘုရားသခင်သည် ဣသရေလလူ မျိုးကိုချစ်တော်မူသော်လည်းသူတို့သည်ဘုရားသခင်ကိုရိုသေလေးစား၍စကားနားထောင်ကြမည့်အစားအပြစ်နှင့်ပြည့်နက်သောဘဝ၌ အသက်ရှင်ကြသည်။ ထို့ကြောင့် ဘုရားသခင်သည်တပါး အမျိုးသားများကိုအသုံးပြုလျက် သူတို့ကိုတိုက်ခိုက်စေကာ ဆုံးမဒဏ်ခတ်ခဲ့သည်။ ဘုရားသခင်သည် တိုင်းတပါးတို့အား
ဣသရေလလူမျိုး
တို့ကိုတိုက်ခိုက်စေကာ၊ ကျွန်အဖြစ်ဖမ်းဆီးလျက်၊ အလွန်ဝေးကွာသောတိုင်းနိုင်ငံများသို့ ခေါ်ဆောင်ခွင့်ပေးခဲ့သည်။ တိုင်းတပါးနိုင်ငံများ၌နှစ်ပေါင်းများစွာနေထိုင်ကြပြီးနောက် အစ္စရေးလူမျိုးတစ်ချို့တို့သည် အမိနိုင်ငံကိုပြန်လည်ထူထောင်ရန် ပြန်လာခဲ့ကြသည် (၃ရာ။ ၄ရာ။ ၅ရာ။ ၆ရာ။ ဧဇရ၊ နေဟမိ)။ကဗျာစာအုပ်များကဗျာစာအုပ်(၅)အုပ်ရှိပါသည်။ ယောဘဝတ္ထုသည် ကမ္ဘာပေါ်၌ဆင်းရဲဒုက္ခခံရခြင်း၏ ကြီးမားသောပြဿနာအကြောင်းဖြစ်ပါသည်။ ဆာလံသီချင်းများသည် ဝတ်ပြုကိုးကွယ်ခြင်းအတွက် ချီးမွမ်းခြင်းများနှင့်ဆုတောင်း ခြင်းများဖြစ်ကြသည်။ ဒေသနာကျမ်းသည် “လူ့ဘဝဆိုသည်မှာအဘယ်နည်း”ဟူသော မေးခွန်းကိုမေးပါသည်။ သီချင်းတကာတို့၏သီချင်းသည် ဒါဝိဒမင်းကြီး၏သား ရှောလမုန်မင်းကြီးရေးသားသော မေတ္တာအကြောင်းဖြစ်ပါသည်။
အနာဂတ္တိကျမ်းစာအုပ်များ
အနာဂတ္တိကျမ်း(၁၇)အုပ်တို့ကို ခရစ်တော်မမွေးဖွားမီ ဘီစီ ၈၄၀-၄၂၀ အကြား၌ ရေးသားခဲ့ပါသည်။ ၎င်းတို့သည် ဣသရေလလူမျိုးတို့အားကြားပြောရန် ဘုရားသခင်ကသူ၏အစေခံများဖြစ်သော ပရောဖက်များအားပေးသော သတင်းစကားဖြစ်ပါသည်။တစ်ခါတစ်ရံတွင် ပရောဖက်တို့သည် အတိတ်ကာလအကြောင်းပြောကြသည်။ သူတို့က ဣသရေလလူမျိုးသည် ဘုရားသခင်ရွေး ချယ်ထားသောစပယ်ရှယ်လူမျိုးတော်ဖြစ်ကြပြီး၊ သူ၏ပညတ်တော်အားလုံးကိုနာခံလိုက် လျှောက်သင့်ကြောင်း သတိပေးကြပါသည်။ ပရောဖက်များပြောသောသတင်းစကားများမှာ ဂျူးလူမျိုးတို့၏ပစ္စုပ္ပန်အခြေအနေနှင့်၎င်းတို့၏ဆိုးသောအကျင့်စရိုက်အကြောင်းဖြစ်ပါသည်။ ဂျူးလူမျိုးတို့သည် ထာဝရဘုရားကိုစွန့်၍၊ မှားယွင်းသောအခြားဘုရားများကို ကိုးကွယ်ကြ သောကြောင့် ထာဝရဘုရားသည် သူတို့အပေါ်၌အမျက်ထွက်ကြောင်းကို ပရောဖက်တို့ကပြောပါသည်။ ပရောဖက်များသည်အနာဂတ်အကြောင်းကိုလည်းပြောကြပါသည်။ ထာဝရဘုရားသည်အပြစ် ကျူးလွန်သောဂျူးလူမျိုးတို့ကို မကြာမီအချိန်တွင်တိုင်းတပါး နိုင်ငံများသို့ပို့ဆောင်ခြင်းအားဖြင့် အပြစ်ဒဏ်ခတ်မည့်အကြောင်းကိုပြောကြသည်။ သို့သော်လည်း နောင်တွင် ထာဝရဘုရား
သည် ဂျူးလူမျိုးနှင့်ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့ကို ခရစ်တော်အားဖြင့်ကောင်းကြီးပေးမည်။ ဘုရားသခင်သည် ကမ္ဘာပေါ်ရှိလူသားအားလုံး၏အပြစ်အတွက်အသေခံရန် ခရစ်တော်ကိုကောင်းကင် ဘုံမှစေလွတ်ကာ၊ ထိုကယ်တင်ရှင်ကိုယုံကြည်လက်ခံသောသူ မည်သူမဆို ကယ်တင်ခြင်းရမည်။ ပရောဖက်များသည် ခရစ်တော်၏အကြောင်းမြောက်များစွာကိုပြောကြသည်။ ခရစ်တော်သည်လောက သို့ကြွလာပြီး၊ အသေခံမည်(ဟေရှာ။၅၃)ဟု ပြောကြသည်။ ထို့နောက် နောင်တွင် သူသည်ထာဝရ စိုးစံမည်(ဟေရှာ၊ ၉း၇)။ ခရစ်တော်သည် ဗက်လင်မြို့၌ (မိက္ခာ ၅၂) အပျိုကညာမှဖွားမြင်မည့် အကြောင်းပြောကြသည် (ဟေရှာ၊ ၇း၁၄)။ ခရစ်တော်အသတ်ခံမည့်အကြောင်း (ဇာခရိ ၁၂း၁၀) နှင့်သူ၏အနာဂတ်နိုင်ငံတော်အကြောင်းကိုလည်း ကြိုတင်ဟောပြောကြသည် (၊ ၂၄၄။ ၇၁၃-၁၄)။
ဓမ္မသစ်ကျမ်း
ဓမ္မသစ်ကျမ်း၌ (၂၇)အုပ် ရှိပါသည်။ ၄င်းတို့မှာ –
ခရစ်ဝင်ကျမ်း (၄)အုပ်
ရှင်မဿဲခရစ်ဝင်
ရှင်မာကုခရစ်ဝင်
ရှင်လုကာခရစ်ဝင်
ရှင်ယောဟန်ခရစ်ဝင်
ကနဦးအသင်းတော်သမိုင်း (၁)အုပ်
တမန်တော်ဝတ္ထု
ဩဝါဒစာများ (၂၁)အုပ်
ရောမဩဝါဒစာ
ကောရိန္တဩဝါဒစာ ပထမစောင်
ကာရိဩဝါဒစာ ဒုတိယစောင်
ဂလာတိဩဝါဒစာ
ဧဖက်သြဝါဒစာ
ဖိလိပ္ပိသြဝါဒစာ
ကောလောသဲသြဝါဒစာ
သက်သာလောနိတ်ဩဝါဒစာ ပထမ
သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင်
တိမောသေသြဝါဒစာ ပထမစောင်
တိမောသေဩဝါဒစာ ဒုတိယစောင်
တိတုဩဝါဒစာ
ဖိလေမုန်ဩဝါဒစာ
ဟေဗြဲသြဝါဒစာ
ယာကုပ်ဩဝါဒစာ
ရှင်ပေတရုသြဝါဒစာ ပထမစောင်
ရှင်ပေတရုသြဝါဒစာ ဒုတိယစောင်
ရှင်ယောဟန်ဩဝါဒစာ ပထမစောင်
ရှင်ယောဟန်ဩဝါဒစာ ဒုတိယစောင်
ရှင်ယောဟန်ဩဝါဒစာ တတိယစောင်
ယုဒဩဝါဒစာ
အနာဂတ္တိကျမ်း(၁)အုပ်
ဗျာဒိတ်ကျမ်း
*ခရစ်ဝင်ကျမ်း
ဧဝံဂေလိ “Gospel” ဝေါဟာရ၏အဓိပ္ပါယ်မှာ“သတင်းကောင်း”ဖြစ်ပါသည်။ ခရစ်ဝင်ကျမ်း(၄)ကျမ်းကို လူ(၄)ဦးက ရေးသားခဲ့သည်။ သူတို့သည်သခင်ယေရှုခရစ်တော်၏ ထာဝရကာလအသက်ရှင် တည်ရှိ ခြင်း၊ ကောင်းကင်ဘုံမှလောကသို့ကြွလာခြင်း၊ အံ့ဩဘွယ်ရာပဋိသန္ဓေတည်ခြင်း၊ ဖွားမြင်ခြင်းနှင့်သူ၏ ဘဝ၊ သွန်သင်ခြင်းနှင့် အံ့ဘွယ်ရာလုပ်ဆောင်ချက်များ၊အသေခံခြင်း၊ သေခြင်းမှရှင်ပြန်ထမြောက်ခြင်း နှင့်ကောင်းကင်ဘုံသို့ပြန်ကြွသွားခြင်းစသည့်အကြောင်းများကို ပြောကြသည်။
*ကနဦးအသင်းတော်သမိုင်း
တမန်တော်ဝတ္ထုက အသင်းတော်အစပြုခြင်းနှင့်ကြီးထွားတိုးတက်ခြင်းအကြောင်း၊ ကနဦးခရစ်ယာန်များ၏အသက်ရှင်ပုံ၊ ဆင်းရဲဒုက္ခခံရပုံနှင့်သခင်ယေရှု၏ သတင်းကောင်း ကိုဟောပြောသက်သေခံကြသည့်အကြောင်းပြောပါသည်။
*ဩဝါဒစာများ
ဤဩဝါဒစာ (၂၁)အုပ်တို့ကို ခရစ်ယာန်ခေါင်းဆောင်များကအသင်းတော်များနှင့်ပုဂ္ဂိုလ်တစ်ဦးစီထံသို့ ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။ဩဝါဒစာများသည် ခရစ်ယာန်ယုံကြည်ချက်၏ ကြီးမြတ်သော သမ္မာ တရားကိုရှင်းပြပြီး၊ ယုံကြည်သူများဘယ်လိုအသက်ရှင်သင့်ကြသည်ကို လက်တွေ့ကျကျ သွန်သင်ပါသည်။
*အနာဂတ္တိကျမ်း
ဗျာဒိတ်ကျမ်းက သခင်ယေရှုခရစ်တော်ကို ဘုရင်တကာတို့၏ဘုရင်၊သူ၏ရန်သူအားလုံး တို့အပေါ်၌အောင်မြင်သောသူနှင့် ဖန်ဆင်းသောအရာသက်ရှိသက်မဲ့အားလုံးတို့၏သခင်အနေဖြင့် ဖော်ပြပါသည်။ အခန်းကြီး ၁-၃ ၌ ယနေ့ အသင်းတော်အားလုံးအတွက် အရေးကြီးသော သင်ခန်းစာများပါရှိသည်။ အခန်းကြီး ၄-၂၂ က အနာဂတ်တွင် ကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ နောက်ဆုံးချိန်ကာလ ငရဲ၌လည်းကောင်း ဖြစ်ပျက်မည့်အရာများကို ပြောပါသည်။
*သမ္မာကျမ်းစာကို မည်သို့ ဖတ်ရှုမည်နည်း
၁။ မဖတ်ရှမီ ဆုတောင်းပါ။ သမ္မာကျမ်းစာနားလည်ဖို့ရန် ကျွန်ုပ်တို့သည်ပညာရှင်ဖြစ်ရန်မလိုပါ။ ဘုရားသခင်သည်သူ့ကိုရိုးသားစွာရှာသောသူအားလုံးတို့ကိုသွန်သင်ပါသည်။ သင့်ကိုသွန်သင်ရန် ဘုရားသခင်ထံဆုတောင်းပါ။“နှုတ်ကပတ်တော်ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍၊ မလိမ္မာ သောသူတို့ကိုလိမ္မာစေတတ်ပါ၏”(ဆာလံ ၁၁၉၁၃၀)။“ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ရှာလျှင်တွေ့ရကြလိမ့်မည်”(တရား၊ ၄၂၉)။
၂။ သင်ဖတ်ရှုသောကျမ်းချက်များကို ဆင်ခြင်ပါ။ သမ္မာကျမ်းစာဖတ်ရှုခြင်းသည် လွယ်ကူသောအလုပ်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်ကကျွန်ုပ်တို့အားပြောသောအရာကို မှန်ကန်စွာနားလည်နိုင်ဘို့ ကျမ်းစာကပြောသောအရာကိုစဉ်းစားဆင်ခြင်ရန် လိုအပ်ပါသည်။“ပေးတော်မူသောဩဝါဒကိုဆင်ခြင်၍ လမ်းခရီးတော်တို့ကိုကြည်ရှူပါ၏”(ဆာလံ ၁၁၉၁၅)။
၃။ ဖတ်ရှု၍ နာခံပါ။ သမ္မာကျမ်းစာသည်ဘုရားသခင်ကကျွန်ုပ်တို့ အားအသက်ရှင်စေ ချင်သော လမ်းကိုပြသသည့် လမ်းညွှန်စာအုပ်ဖြစ်ပါသည်။ကျွန်ုပ်တို့သည် ဘုရားစကားနားထောင်သောအခါ သူသည် ကျွန်ုပ်ကောင်းကြီးပေးမည်ဖြစ်သည်။“ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူ မဟုတ်၊ တရားကိုကျင့်သောသူဖြစ်ကြလော့။ လွတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏”(ယာကုပ် ၁၂၂၊ ၂၅)။လိမ္မာရေးခြားရှိလာရန် သမ္မာကျမ်းစာကိုဖတ်ရှုပါ။ ကယ်တင်ခြင်းရဖို့ရန် ၎င်းကိုယုံကြည်ပါ။ သန့်ရှင်းသောအသက်တာရှိဘို့ ရန် သွန်သင်သည့်အတိုင်း နာခံလိုက်လျှောက်ပါ။ သမ္မာကျမ်းစာ ထဲ၌သင့်ကိုလမ်းပြရန်ဘုရားသခင်ထံမှ အလင်း၊ သင့်ကိုခွန်အားနှင့်ပြည့်ဝစေရန် ကောင်းကင်မှအစာနှင့် ခရစ်ယာန်အသက်တာ၌သင့်ကိုခွန်အားပေးရန် ကတိတော်များပါရှိပါသည်။ ၎င်းကို စဉ်းစားဆင်ခြင် လျက် ဖြေးညှင်းစွာနေ့စဉ်ဖတ်ရှုပါ။ ၎င်းသည်ကမ္ဘာပေါ်၌ရှိရှိသမျှစာ လုံးထဲတွင် အကြီးမြတ်ဆုံးသော စာအုပ်ဖြစ်ပါသည်။ ၎င်းသည် လူသားအားလုံးအတွက်သတင်းစကားရေးသားထားသည့် ဘုရားသခင်၏စာအုပ်ဖြစ်ပါသည်။
၂
ဘုရား GOD
အသက်တာ၌အရေးကြီးဆုံးသောအရာမှာဘုရားသခင်ကိုသိခြင်း ဖြစ်သည်။ဘုရားသခင်ကဤ သို့ ပြောပါသည် “ထာဝရဘုရားမိန့်တော်မူသည်ကား၊ ပညာရှိသောသူသည်မိမိပညာ၌မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည်မိမိခွန်အား၌မဝါကြွားစေနှင့်။ ဥစ္စာရတတ်သောသူသည်မိမိဥစ္စာ၌မဝါစေနှင့်။ ဝါကြွားသောသူမည်သည်ကား၊ ငါသည်မြေကြီးပေါ်မှာချစ်သနားခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ဖြောင့်မတ်ခြင်းကိုပြုသောထာဝရဘုရားဖြစ်ကြောင်းတည်းဟူသော၊ ငါ့သဘောကိုနားလည်ခြင်း၌ သာဝါကွာစေ။ ငါသည် ထိုအရာတို့၌မွေ့လျော်သည်ဟု ထာဝရဘုရားမိန့်တော်မူ၏”(ယေရမိ ၉:၂၃-၂၄)။ ဘုရားသခင်ကသူ့ကိုသိဖို့၊ချစ်ဖို့ရန်နှင့်သူ၏စကားနားထောင်ရန်ကျွန်ုပ်တို့ကိုဖန်ဆင်းတော်မူခဲ့သည်။ လူတစ်ယောက်ဘုရားသခင်ကိုမသိပါက သူမွေးဖွားလာရခြင်း၏ ရည်ရွယ်ချက်နှင့်လွှဲချော်သွားပါသည်။ သူ၏ဘဝတစ်ခုလုံးသည်မှားယွင်းနေပါသည်။
**အဘယ်ကဲ့သို့သောဘုရားဖြစ်ပါသနည်း
ဘုရားသခင်၏ဂုဏ်အင်္ဂါတစ်ချို့မှာ
**ဘုရားသခင်သည်နာမ်ဝိညာဉ်ဖြစ်၏
ဘုရားသခင်သည် လူသားများကဲ့သို့ရုပ်ခန္ဓာမရှိပါ။ ကျွန်ုပ်တို့၏မျက်စိဖြင့် သူ့ကိုမမြင်နိုင်ပါ“ ဘုရားသခင်သည်နံဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏”(ယော၊ ၄း၂၄)။“အလင်းထဲ၌နေတော်မူထသော၊ အဘယ်သူမျှမမြင်ဖူးရာ၊ မမြင်နိုင်ရာဖြစ်တော်မူထသော”(၁တိ၊ ၆း၁၆)။သို့သော်လည်း၊ ဘုရားသခင်သည် သခင်ယေရှခရစ်တော်အားဖြင့်ကျွန်ုပ်တို့အားထုတ်ဖော်ပြသခဲ့ပါသည်။ ကျွန်ုပ်တို့သည် မမြင်နိုင်သောဘုရားသခင်ကိုမြင်နိုင်ဖို့ရန် သခင်ယေရှလောကသို့ကြွလာခဲ့သည်။ “ဘုရားသခင်ကိုအဘယ်သူမျှမမြင်စဖူးသော်လည်း၊ ခမည်းတော်၏ရင်ခွင်၌ရှိသော တပါးတည်းသောသားတော်သည် ဘုရားသခင်ကိုထင်ရှားစေတော်မူပြီ”(ယော၊ ၁း၁၈)။သခင်ယေရှက ဖိလိပ္ပဤသို့ပြောပါသည် – “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏”(ယော၊ ၁၄၉)၊ သခင်ယေရှု သည်မည်သည့်ပုဂ္ဂိုလ်မျိုးဖြစ်သည်ကို သမ္မာကျမ်းစာအားဖြင့်ကျွန်ုပ်တို့ သိနိုင်ပါသည်။ ထာဝရအသက် ရှင်သောဘုရားဘုရားသခင်၌ အစမရှိသလို၊ အဆုံးလည်းမရှိပါ။“တောင်များကိုမဖော်၊ လောကဓာတ် တို့ကိုဖန်ဆင်းတော်မမူမီ၊ကိုယ်တော်သည် ရှေးကမ္ဘာအဆက်ဆက်မှစ၍၊ နောက်ကမ္ဘာအဆက်ဆက် တိုင်အောင်ဘုရားသခင်ဖြစ်တော်မူ၏”(ဆာလံ၉၀၂)။မပြောင်းလဲသောဘုရား“ငါသည်ထာဝရဘုရားဖြစ်၏။ ပြောင်းလဲခြင်းမရှိ။ ထို့ကြောင့်ယာကုပ်အမျိုးသားတို့၊သင်တို့သည်ဆုံးရှုံးခြင်းသို့ မရောက်ကြ” (မာလခိ၊ ၃း၆)။ ဆာလံ ၁၀၂း၂၅-၂၇) ကိုလည်းဖတ်ပါ။
**နေရာတကာ၌ရှိတော်မူသောဘုရား
“ငါသည်နီးသောအရပ်၌သာ ဘုရားဖြစ်သလော၊ဝေးသောအရပ်၌လည်းဘုရားဖြစ်သည်မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏။ ငါမမြင်စေခြင်းငှါ အဘယ်သူသည် မထင်ရှားသောအရပ်၌ ပုန်းရှောင်၍ နေနိုင်သနည်းဟု ထာဝရဘုရားမေးတော်မူ၏။ ငါသည်ကောင်းကင်ကြီးကို နှံ့ပြားသည်မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏” (ယေရမိ ၂၃:၂၃-၂၄)၊ ဆာလံ၁၃၉၇-၁၀ ကိုလည်းဖတ်ပါ။
**အရာခပ်သိမ်းကိုသိမြင်တော်မူသောဘုရား
“အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကိုအပြစ်တင်လျှင်၊ဘုရားသခင်သည် ငါတို့၏ စိတ်နှလုံးထက်သာ၍ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကိုသိတော်မူသည်ကို ငါတို့သိကြ၏” (၁ယော၊၃၂၀)။ ဟေဗြဲ ၄၁၃ ကိုလည်းဖတ်ပါ။
**အန္တတန်ခိုးရှင်ဘုရား
သခင်ယေရှုက ဤသို့မိန့်တော်မူပါသည် – “ဘုရားသခင်သည်ခပ်သိမ်းသော အမှုတို့ကိုတတ်နိုင် တော်မူသည်” (မဿဲ ၁၉း၂၆)။ “အို၊ အရှင်ထာဝရဘုရား၊ ကိုယ်တော်သည်မဟာတန်ခိုး နှင့်လက်ရုံး တော်ကိုဆန့်၍၊ ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူပြီ။ကိုယ်တော်မတတ်နိုင်သောအရာ တစုံတခုမျှမရှိပါ” (ယေရမိ၃၂း၁၇)။ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကိုတတ်နိုင်သော်လည်း သူမလုပ်နိုင်သောအရာတစ်ချို့ရှိပါသည်။သူသည် မလိမ်ညာတတ်ပါ။ ဘုရား၏တန်ခိုးတော်သည် အလွန်ကြီးမြတ်သော်လည်း သူသည် ဘယ်သောအခါမှ မည်သည့်အမှားကိုမဆိုမလုပ်တတ်ပါ။ ဥပမာ – သူသည် မုသားစကားမပြောတတ်ပါ။“မုသာနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ရှေးကပ်ကာလ မရောက်မီ ဂတိထားတော်မူ၍” (တိတု ၁ဝ-၂)။
**အမှားလုပ်ရန် သူ့ကိုစုံစမ်းသွေးဆောင်၍ မရနိုင်ပါ။“အပြစ်သွေးဆောင်ခြင်းကိုခံရသောသူမည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင် တော်မူသည်ဟု မပြောစေနှင့်။မကောင်းသောအရာသည်ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှအပြစ်သို့ သွေးဆောင်တော်မမူ” (ယော၊ ၁း၁၃)။
**ကိုယ်ကိုငြင်းပယ်တော်မမူနိုင်ပါ။
ငါတို့သည်မယုံကြည်သော်လည်း၊ ထိုသခင်သည်သစ္စာတည်သဖြင့်ကိုယ်ကိုငြင်းပယ်တော်မမူနိုင်(၂တိ၊ ၂း၁၃)။
**မေတ္တာတော်ရှင်ဘုရား
ဘုရားသခင်သည် သူ၏အတွင်းဆုံးကျသောတည်ရှိခြင်းဖြင့်လုပ်သမျှသောအရာရာတိုင်း၌ ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။“ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိအကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏”(၁ယော၊ ၄း၈)။
**သန့်ရှင်းတော်မူသောဘုရား
ဘုရားသခင်သည် အပြစ်မလုပ်ပါ။ ဘုရားသခင်သည် အပြစ်မလုပ်တတ်ပါ။ သူလုပ်သမျှသော အရာတစ်ခုစီတိုင်းသည် ပြည့်စုံသည်။“သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်း တူကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား၊ငါသည် သန့်ရှင်းတော်မူသော ကြောင့် သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ဟုကျမ်းစာလာသတည်း”(၁ပေ၊ ၁း၁၅-၁၆)။
**တစ်ဆူတည်းသောဘုရား
ဘုရားသခင်သည်သုံးပါးအနေဖြင့်တည်ရှိသော်လည်း သူသည်တစ်ဆူတည်းသောဘုရားဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သုံးပါးတို့မှာ-ခမည်းတော်၊သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့ဖြစ်ကြပါသည်။ သုံးပါးထဲမှတစ်ပါးစီတို့သည် တူညီကြသည်။ ၎င်းကို “သုံးပါးတစ်ဆူနှင့်ဆိုင်သောဩဝါဒ” ဟုခေါ်သည် ။ သမ္မာကျမ်းစာထဲ၌ သုံးပါးစလုံးကိုခေါ်သည့်နေရာမြောက်များစွာရှိပါသည်။ ဥပမာ၊ မဿဲ ၃း၁၆၊ ၁၇ ၌ ခမည်းတော်ဘုရားသည် ကောင်းကင်မှစကားပြော၍၊ ဘုရားသခင်၏သားတော်သည် ဂျော်ဒန်မြစ် ၌ရှိ ကာ၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် သခင်ယေရှအပေါ်၌နားရန် ကောင်းကင်မှ ဆင်းကြွပါ သည် ။“ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင်၊ ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ဝိညာဉ်တော်သည်ချိုးငှက်ကဲ့သို့ဆင်းသက်၍၊ ကိုယ်တော်အပေါ်၌ နားတော်မူသည် “ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့်အသေသတ်ခြင်းကိုခံ၍၊ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍၊ငါတို့ကိုဘုရားသခင့်အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူသော သူသည် မဖြောင့်မတ်သောသူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တခါခံတော်မူ၏” (၁ပေ၊ ၃း၁၈)။ ယနေ့၊ သူသည်အသက်ရှင်လျက်၊ သူ့အားဖြင့် ဘုရားသခင်ထံတော်သို့လာသောသူ မည်သူမဆို ကယ် တင်နိုင်သည်။“ထို့ကြောင့် အကြင်သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ချဉ်းကပ် ကြ ၏။ ထိုသူတို့၏အမှုကို ကိုယ်တော်သည်စောင့်လျက်၊ ကာလအစဉ်အသက်ရှင်သောကြောင့်၊ သူတို့ကို အစဉ်ကယ်တင်ခြင်းငှါ တတ်နိုင်တော်မူ၏”(ဟေဗြဲ ၇း၂၅)။
**သန့်ရှင်းသောဝိညာဉ်တော်သည် စုံလင်သောဘုရားဖြစ်သည်။
“သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးကြလော့”(မဿဲ ၂၈း၁၉)။ဤကျမ်းပိုဒ်က သန့်ရှင်းသောဝိညာဉ် တော်ကို ခမည်းတော်နှင့်လည်းကောင်း၊ သားတော်နှင့်လည်းကောင်း အဆင့်တူညီစွာဖော်ပြပါသည်။ သန့်ရှင်းသောဝိညာဉ်တော်ကို မုသာပြောခြင်းသည် ဘုရားသခင်ကိုလည်း မုသာပြောခြင်းဖြစ် သည်ဟု ပေတရုကတမန်တော်ဝတ္ထု ထဲ၌ပြော ပါသည်။ “ပေတရုကလည်း အာနနိ၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို လှည့်စား၍၊ မြေကိုရောင်းသောအဘိုး၏တဘို့ကို ထိမ်ဝှက်မည် အကြောင်း၊ စာတန် သည် သင်၏စိတ်နှလုံးကိုအဘယ့်ကြောင့်ပြည့်စေရသနည်း။ ထိုမြေရှိစဉ်တွင်ကိုယ်ပိုင်သည်မဟုတ်လော။ ရောင်း၍ရသောအဘိုးသည် ကိုယ်ဥစ္စာဖြစ် သည် မဟုတ်လော။ အဘယ်ကြောင့် ဤသို့ကြံစည်သနည်း။ လူကိုသာမုသာပြောပြီမဟုတ် ၊ဘုရားသခင် ကိုလည်းမုသာပြောပြီဟု ပေတရုဆို၏”(တ၊ ၅:၃-၄)။သန့်ရှင်းသောဝိညာဉ်တော် သည်ဘုရား သခင်၏ နက်နဲသောအရာကို အကြွင်းမဲ့သိနိုင်သည်။ စုံလင်သောဘုရားကသာလျှင် ဤကဲ့သို့ အကြွင်းမဲ့သိနိုင် ပါ သည် “ထိုအရာတို့ကို ဘုရားသခင်သည်မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဖော်ပြတော်မူ၏။ ဝိညာဉ် တော်သည်ဘုရားသခင်၏နက်နဲသောအရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကိုစစ်တော်မူ၏။ လူ၏ နက် နဲသော အရာကို လူ၌ရှိသောမိမိစိတ်ဝိညာဉ်မှတပါးအဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင် ၏နက်နဲသောအရာကို ဘုရားသခင်၏ဝိညာဉ်မှတပါး အဘယ်သူမျှမသိ”(၁ကော၊၂း၁၀-၁၁)။ကျွန်ုပ် တို့ သည်ဧဝံဂေလိတရားကိုယုံကြည်သောအခါသန့်ရှင်းသောဝိညာဉ်တော်သည်အသစ်မွေးဖွားစေခြင်းအားဖြင့် ကျွန်ုပ်တို့အား ဘုရားသခင်၏မိသားစုဝင်အဖြစ်သို့ပို့ဆောင်ကာ၊ ကောင်းကင်၏အသက်သစ်ကို ပေးပါသည်။ သခင်ယေရှမိန့်တော်မူသည်မှာ -“ယေရှုကလည်း၊ရေနှင့်ဝိညာဉ်တော် မမွေးသောသူသည်။ ဘုရားသခင်၏နိုင်ငံတော်သို့မဝင်ရဟုငါအမှန်အကန်ဆို၏။ဇာတိပကတိမွေးသောအရာသည်ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသောအရာသည်ဝိညာဉ်ဖြစ်၏။ ဒုတိယမွေးခြင်းကိုခံရမည်ဟု ငါဟောပြော သည်ကို အံ့ဩခြင်းမရှိနှင့်”(ယော၊ ၃း၅-၇)။သန့်ရှင်းသောဝိညာဉ်တော်သည်အပြစ်ကိုဆန့်ကျင် တိုက် ခိုက်ရာ၌ကျွန်ုပ်တို့ကို ခွန်အားပေးပါသည်။“သင်တို့သည် ဇာတိပကတိအတိုင်းအသက်ရှင်လျှင် သေရကြမည်။ဝိညာဉ်တော်အားဖြင့်ကိုယ်ကာယ၏အကျင့်တို့ကိုသေစေလျှင်အသက်ရှင်ကြလိမ့်မည်”(ရော၊ ၈း၁၃)။သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏အစေကိုခံနိုင်ရန်အတွက် တန်ခိုးနှင့် ဝိညာဉ်ဆုကျေးဇူးများကို ကျွန်ုပ်တို့အားပေးပါသည်။“ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့ မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏”(တ၊ ၁း၈)။“ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကိုလူအသီးအသီးတို့အား ထင်ရှားစွာပေးတော်မူလျက်ရှိ၏”(၁ကော၊ ၁၂း၇)။“ဤအခွင့်ရှိသမျှတို့ကိုတပါးတည်း သောဝိညာဉ် တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီးခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏”(၁ကော၊ ၁၂း၁၁)။ဘုရားသခင်ကိုသိခြင်းအသက်တာ၌အရေး ကြီးဆုံးသောအ ရာမှာ ဘုရားသခင်ကိုသိခြင်းဖြစ်သည်ဟု ဤအခန်းကိုအစပြုခဲ့ပါသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်ကို ပြည့်စုံစွာမသိနိုင်သည်မှာ မှန်ပါသည်။ ကျွန်ုပ်တို့သည် သူ့ကို ပြည့်စုံစွာသိနိုင်ဖို့ရန် သူသည်အလွန်ကြီး မြတ်လွန်းလှသည်။ သမ္မာကျမ်းစာက ဤသို့ပြောပါသည် -“ထာဝဘုရားသည်ကြီးမြတ်၍၊ အလွန်ချီး မွမ်းဘွယ်ဖြစ်သော်မူ၏။ကြီးမြတ်တော်မူခြင်းကို စစ်၍မကုန်နိုင်”(ဆာ၊ ၁၄၅း၃)။ကျွန်ုပ်တို့ သည်ဘုရား သခင်ကိုပြည့်စုံစွာမသိနိုင်သော်လည်းသူသည်အဘယ်ကဲ့သို့သောဘုရားဖြစ်ကြောင်းနှင့်သူ၏လုပ်ဆောင်ချက်များကို သမ္မာကျမ်းစာက သွန်သင်သောကြောင့် ကျွန်ုပ်တို့သည် သူ့ကို ဧကန်အမှန်သိနိုင်ပါသည်။ ဥပမာ၊ ဘုရားတစ်ဆူတည်းရှိ၍၊ ထိုဘုရားသည် သုံးပါးတစ်ဆူဖြစ်ကာ၊ တစ်ပါးစီသည် ပြည့်စုံသော ဘုရားဖြစ်သည်။ သမ္မာကျမ်းစာကဤအကြောင်းများကိုသွန်သင်သောကြောင့် ကျွန်ုပ်တို့သိရပါသည်။ ဘုရားသခင်၏အခြားအံ့ဩဘွယ်ရာအကြောင်းကို ကျွန်ုပ်တို့သိနိုင်ပါသည်။ ကယ်တင်ခြင်းအမှု၌ သုံးပါးတစ်ဆူဘုရားမှတစ်ပါးစီတိုင်းသည်ကယ်တင်ခြင်းအမှု၌ အသီးသီးပါဝင်ကြသည်။ ခမည်းတော် ဘုရားသည်ကျွန်ုပ်တို့ကိုအပြစ်မှကယ်တင်ရန် နည်းလမ်းစီမံပေးကာ၊သားတော်ဘုရား၏ အသေခံ ခြင်း က ကျွန်ုပ်တို့ကိုအပြစ်မှကယ်တင်ခြင်းရစေသည်။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် ဧဝံဂေလိ တ ရားကိုယုံကြည်သောသူတို့ကိုကောင်းကင်၏အသက်သစ်ကို ပေးပါသည်။နောက်ထပ်အံ့ဩဘွယ် ရာ တစ်ခုမှာ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုဧကန်အမှန်သိနိုင်သလို၊ ကိုယ်တိုင်ကိုယ်ကျ သိနိုင်ပါသည်။ ကျွန်ုပ်တို့သည်သခင်ယေရှုခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောအခါ ဘုရား သခင်သည်ကျွန်ုပ်တို့ကို သူ၏မိသားစုဝင်ဖြစ်စေပါသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့၏ မေတ္တာရှင် အဖဖြစ်လာကာ၊ ကျွန်ုပ်တို့သည်သူ၏ထာဝရသားသမီးများဖြစ်လာပါသည်။ ထိုအခါ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်တကယ်သိသောသူများ ဖြစ်ကြသည်။ဤကဲ့သို့ ဘုရားသခင်ကိုသိခြင်းသည် ထာဝရအသက်ရခြင်းဖြစ်ပါသည်။ သခင်ယေရှုကသူ၏ခမည်းတော်ဘုရားနှင့် စကာပြောစဉ်ကဤ သို့ပြောပါသည်။ -“ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကို၎င်း သိကျွမ်းခြင်းတည်း” (ယော၊ ၁၇း၃)။
၃
ဖန်ဆင်းခြင်း CREATION
ဘုရားသခင်သည်စကြာဝဠာကိုဖန်ဆင်းတော်မူသည်ဘုရားသခင်သည် ဘာမှမရှိသည့်အရာမှ စကြာ ဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူခဲ့ပါသည်။ ဘုရားသခင်သည်စကြာဝဠာတစ်ခုလုံးကိုမဖန်ဆင်းမီ၊ ဘုရားသခင်ကိုယ်တိုင်မှအပအခြားမည်သည့်အရာတစ်ခုမျှမတည်မရှိပါ။“ယခုမြင်ရသောအရာတို့သည် အရင်ထင်ရှားသောအရာထဲကမဖြစ်ဘဲ၊ လောကဓာတ်တို့သည်ဘုရားသခင်၏ အမိန့်တော်ကြောင့် သာ တည်သည်ကို ငါတို့သည်ယုံကြည်ခြင်းအားဖြင့်သိကြ၏”(ဟေဗြဲ ၁၁း၃)။ဘုရားသခင်သည်ရိုးရိုးလေး နှင့်အမိန့်ပေးခြင်းအားဖြင့် စကြာဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူခဲ့သည်။ “ထာဝရဘုရား၏ နှုတ်က ပတ်တော် အားဖြင့် ပိုယ်ကောင်းကင်ကို၎င်း၊ နှုတ်တော်အသက်အားဖြင့် မိုယ်ကောင်ကင်တန်ဆာများ ကို၎င်း၊ ဖန်ဆင်းတော်မူ၏”(ဆာ၊ ၃၃း၆)။အကြောင်းမူကား၊ ထာဝရဘု ရားမြွက်ဆို ၍၊ မြွက်ဆိုတော် မူသည့်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည့်အတိုင်းတည်လျက်နေ၏”(ဆာ၊ ၃၃း၉)။ ဘုရားသခင်သည်သူ၏သားတော်သခင်ယေရှုခရစ်တော်အတွက်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းခဲ့ပါသည်။“အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရုပအရာ၊ ရာဇပလ္လင်အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဘို့အလိုငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏”(ကော၊ ၁း၁၆)။ဤအချက်က၊ ဘုရားသခင် သည်သင့်ကို “ခရစ်တော်အတွက်”ဖန်ဆင်းခဲ့သည်ဟု ဆိုလိုပါသည်။ သင်သည်ခရစ်တော်အတွက် အသက်ရှင်ပါက (သင်၏လုပ်ဆောင်ချက်တစ်ခုစီတိုင်း၌ ခရစ်တော်၏စကားနားထောင်ပါက) သင်သည် ဘုရားသခင်အသက်ရှင်စေလိုသည့်အတိုင်း အသက်ရှင်ခြင်းဖြစ်သည်။ သင်သည်ခရစ်တော် အတွက်အသက်မရှင်ပါက သင်၏အသက်တာသည်မှန်ကန်နိုင်မည်မဟုတ်ပါ။ ဖန်ဆင်းသော အရာအား လုံးတို့သည် ကျွန်ုပ်တို့အားဘုရားသခင်၏ဘုန်းတော်ကို ပြသပါသည်။“မိုယ်ကောင်းကင်သည် ဘုရား
သ ခင်၏အသရေကို ကြားပြော၍၊ မိုယ့်မျက်နှာကြက်သည်လက်တော်နှင့်လုပ်သောအရာများ ကို ပြသ၏။ တစ်နေ့ကိုတစ်နေ့မြွက်ဆို၍၊ တစ်ညဉ့်ကိုတစ်ညဉ့် သွန်သင်၏”(ဆာလံ ၁၉း၁-၂)။
ဘုရားသခင်သည် အာဒံနှင့်ဧဝကို ဖန်ဆင်းတော်မူသည်
ဘုရားသခင်သည် အာဒံကိုအထူးဖန်ဆင်းတော်မူခဲ့ပါသည်။ ထို့နောက်၊ ဘုရားသခင်သည်ထိုခန္ဓာထဲသို့ နံဝိညာဉ်ပါသောအသက်ကိုမှုတ်သွင်းသောအခါ အာဒံသည်အသက်ရှင်သောလူသား ဖြစ်လာ ပါသည်။ “ထို့ နောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်းတော်မူ၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏” (က၊ ၂း၇)။ဘုရား သခင်သည် အာဒံ၏ကိုယ်ခန္ဓာမှ ဧဝကိုဖန်ဆင်းပါသည်။“ထိုအခါ၊ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့်အိပ်စေတော်မူ၍၊ လူသည်အိပ်ပျော်စဉ်နံရိုးတစ် ချောင်းကိုဘုရားသခင် ထုတ်ပြီး လျှင်၊ ထိုအရိုးအစား အသားကိုစေ့စပ်စေတော်မူ၏။ ထာဝရဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့်လူမိန်းမကို ဖန်ဆင်း၍၊ လူရှိရာသို့ဆောင်ခဲ့တော်မူ၏”(က၊ ၂း၂၁း၂၂)။ထိုအချိန်မှစ၍၊ ဘုရား သခင်သည်လူယောက်ျားနှင့်လူမိန်းမ မေထုံသံဝါသပြုခြင်းအားဖြင့် လူအယောက်တိုင်းကို ဖန်ဆင်း ပါသည်။“ထို့နောက်၊ လူအာဒံသည်ဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည်ပဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဖွားမြင် လျှင်၊ထာဝရဘုရား၏လူကိုငါရပြီဟုဆိုလေ၏” (က၊ ၄း၁)။“ကိုယ်တော်သည် အကျွန်ုပ်၏ကျောက်ကပ် ကိုပင်ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကိုဖုံးအုပ်တော်မူပြီ။ ကျွန်ုပ်သည်ကြောက်မက်ဘွယ် သော လက္ခဏာ၊ ထူးဆန်းသောလက္ခဏာတို့နှင့်ပြည့်စုံသည်ဖြစ်၍၊ ကိုယ်တော်ကိုချီးမွမ်းပါမည်။ ပြုပြင်တော် မူသော အမှုတို့သည်အံ့ဩဘွယ်ဖြစ်ကြောင်းကို အကျွန်ုပ်၏စိတ်ဝိညာဉ်သည်အမှန်သိပါ၏”(ဆာလံ ၁၃၉၁၃-၁၄)။
အာဒံနှင့်ဧဝ
ကျွန်ုပ်တို့၏ပထမမိဘနှစ်ပါးတို့မှာ “ဘုရားသခင်သဏ္ဍာန်တော်”နှင့်အညီ ဖန်ဆင်းခဲ့ပါသည်။ ဆိုလိုသည်မှာ၊ အာဒံနှင့်ဧဝတို့ကို ဘုရားသခင်ကဲ့သို့ သန့်ရှင်းအောင်ဖန်ဆင်းခဲ့သည်။ သူတို့၌ အပြစ်မရှိကြပါ။“ထိုသို့ ဘုရားသခင်သည်မိမိပုံသဏ္ဍာန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊လူမိန်းမကိုဖန်ဆင်းပြီးလျှင်”(က၊ ၁း၂၇)။ ဝမ်းနည်းစရာကောင်းသည်မှာ၊ အပြစ်တရားသည်လောကထဲသို့ဝင်လာပြီး၊ အာဒံနှင့်ဧဝမှစ၍ အသက်ရှင်သောလူသားအပေါင်းတို့၏အထဲ၌ရှိသောဘုရားသခင်၏သဏ္ဍာန်ကို ဖျက်ဆီးခဲ့သည်။ သို့ရာတွင်ခရစ်တော်ကို မိမိကယ်တင်ရှင်နှင့်သခင်အဖြစ် ယုံကြည်လက်ခံသောသူအားလုံးတို့သည် လူသစ်ဖြစ်လာကြကာ၊ ခရစ်တော်ပြန်ကြွလာသောအခါသူတို့၏ဘုရားသဏ္ဍာန်သည် စုံလင်စွာ ဆန်းသစ်သွားမည်ဖြစ်သည်။ ထိုနေ့တွင် ကျွန်ုပ်တို့သည် ခရစ်တော်ကဲ့သို့ဧကန်အမှန် အပြစ်ကင်းမဲ့ လျက်၊သန့်ရှင်းကြမည်ဖြစ်သည်။“မှန်သောဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းပါရမီအားဖြင့် ဘုရားသခင်နှင့် အတူအမျှ ဖန်ဆင်းသောလူသစ်ကိုယူတင်ဝတ်ဆင်မည် အကြောင်း ခရစ်တော်၏စကားကိုကြားနာ ရ သည်ဖြစ်၍၊ယေရှ၌သမ္မာတရားရှိသည်နှင့်အညီ၊ ထိုသခင်ထံ၌ နည်းခံကြပြီတည်း”(ဧ၊ ၄း၂၄)။ “အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည်ကိုယ်ကိုအပြစ်တင်လျှင်၊ဘုရားသခင်သည် ငါတို့၏စိတ်နှလုံး ထက် သာ၍ ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကိုသိတော်မူသည်ကို ငါတို့သိကြ၏”(၁ယော၊ ၃း၂၀)။
ဘုရားသခင်သည်သူ၏ဖန်ဆင်းသောအရာများကိုကြည့်ရှုစောင့်ရှောက်သည်
ဘုရားသခင်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာက လောကစကြာဝဠာကိုဖန်ဆင်းခဲ့ပါသည်။ သို့သော် သူသည် လောကစကြာဝဠာနှင့်အထူးသဖြင့်လူသားများကို နေ့တိုင်းကြည့်ရှုစောင့်ရှောက် နေဆဲဖြစ် ပါသည်။လူသားများနှင့်တိရစ္ဆာန်အပေါင်းတို့သည်ဘုရားသခင်အပေါ်၌အမှီသဟဲပြုကြပါသည်။“အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ဇီဝအသက်နှင့်လူသတ္တဝါခပ်သိမ်းတို့၏ထွက်သက်ဝင်သက်သည် ဘုရားသခင့်လက်တော်၌ရှိ၏”(ယောဘ ၁၂း၁၀)။ခရစ်တော်သည် ဖန်ဆင်းသောအရာများကို မစ တော်မူသည်။“… တန်ခိုးနှင့်ပြည့်စုံသောမိမိအမိန့်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို မစတော် မူသောသူဖြစ်လျက်…”(ဟေဗြဲ ၁:၃)။ဘုရားသခင်သည် ကျွန်ုပ်တို့၏အရာခပ်သိမ်းဖြစ်သည်။“ ခပ်သိမ်းသောငါတို့၏အဘဖြစ်သော ဘုရားသခင်တဆူတည်းရှိတော်မူ၏။ ထိုဘုရားသခင်သည် ခပ်သိမ်းသောငါတို့၏အပေါ်မှာရှိတော်မူ၏။ ခပ်သိမ်းသောငါတို့ကိုနှံ့ပြားတော်မူ၏။ ခပ်သိမ်းသောငါတို့၏အထဲ၌လည်းရှိတော်မူ၏”(ဧဖက်၄း၆)။ဘုရားသခင်ဖန်ဆင်းသောအရာအားလုံးတို့သည်ကောင်းမွန်သည်“ဘုရားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင်၊ အလွန်ကောင်းသည်ကိုမြင်တော်မူ၍ ညဦးနှင့်နံနက်သည်ဆဌမနေ့ရက်ဖြစ်လေ၏”(က၊ ၁း၃၁)။ဖန်ဆင်းသော အရာများကိုအတ္တဆန်စွာဖြင့် သို့မဟုတ် အပြစ်ရှိသောနည်းလမ်းများဖြင့် မကြာခဏအသုံးပြုတတ်ကြသည်။ သို့ရာတွင်၊ကျွန်ုပ်တို့သည်သူဖန်ဆင်းသောအရာအားလုံးကို သူ၏ဘုန်းတော်အတွက်ကျေးဇူးတင်သောနှလုံးသားနှင့်အသုံးပြုရန် ဘုရားအလိုတော်ရှိပါသည်။ ဘုရားသခင်ဖန်ဆင်းတော်မူသမျှသည် သုံးစရာကောင်း၏။ကျေးဇူးတော်ကိုသိသောစိတ်နှင့်ခံယူလျှင်၊ အဘယ်အရာကိုမျှမပယ်မရှောင်ရ။ အကြောင်းမူကား၊ ဘုရားသခင်၏နှုတ်ကပတ်ဖြင့်၎င်း၊ ဆုတောင်းခြင်းအားဖြင့်၎င်း၊ အရာရာတို့သည်စင်ကြယ်လျက်ရှိကြ၏”(၁တိ၊ ၄း၄-၅)။“ ဤဘဝ၌ငွေရတတ်သောသူတို့သည် မာန်မာနစိတ်နှင့်ကင်းလွတ်၍ မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ၊ ငါတို့ခံစားဘို့ရာအလုံးစုံတို့ကိုကြွယ်ဝစွာပေးသနားတော်မူသောအသက်ရှင်တော်မူသောဘုရားသခင်ကိုကိုးစားရမည်အကြောင်းနှင့်”(၁တိ၊ ၆း၁၇)။
ကျွန်ုပ်တို့သည်ဘုရားသခင်ကို သူ၏ဖန်ဆင်းသောအရာများကြောင့် ချီးမွမ်းကြသည်
စကြာဝဠာတစ်ခုလုံးသည် အလွန်ကျယ်ပြန့်ပါသည်။ ဖန်ဆင်းထားသော အရာများသည် အလွန်များပြားရှုပ်ထွေးလှပါသည်။ ၎င်းတို့အားလုံးကိုသိနိုင်ဘို့ရန် ကျွန်ုပ်တို့အတွက်အလွန်အံ့ဩဘွယ် ကောင်းပါသည်။သို့သော်လည်း ၎င်းသည် သူ၏ကြီးမြတ်မှု၊ တန်ခိုး၊ ပညာနှင့်ကောင်း မြတ်ခြင်း များအတွက်ချီးမွမ်းရန် ကျွန်ုပ်တို့ကိုသွန်သင်လမ်းပြပါသည်။“ ထာဝရဘုရား၏အမှုတော်တို့သည် ကြီးမြတ်ကြ၏။ ကြည်ညိုသောသူတို့သည် ထိုအမှုတော်တို့ကိုရှာဖွေလိုက်စစ်တတ်ကြ၏။ စီရင်တော်မူသောအရာသည်ဘုန်းအသရေနှင့်ပြည့်စုံ၍၊ ဖြောင့်မတ်တော်မူခြင်း တရားလည်း အစဉ်အမြဲတည်၏” (ဆာလံ ၁၁၁း၂-၃)။“ထာဝရဘုရားကိုကြောက်ရွံ့ သောသဘောသည် ပညာ၏အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကိုစောင့်ရှောက်သမျှ သောသူတို့ သည် ကောင်း သောဉာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲတည်သတည်း” (ဆာလံ ၁၁၁း၁၀)။
၄ ကောင်းကင်တမန်များ၊ စာတန်နှင့်နတ်ဆိုးများ
ANGELS, SATAN, AND DEMONS
ကောင်းကင်တမန်များ
ဘုရားသခင်သည် ကောင်းကင်တမန်များကို ဖန်ဆင်းခဲ့သည်။ကောင်းကင်တမန်များ သန်းနှင့်ချီ၍ ရှိပါသည်။ ၎င်းတို့သည် သန့်ရှင်း၍၊အလွန်ခွန်အားကြီးကြကာ၊ အပြစ်မကျူးလွန်ခဲ့ကြဖူးပါ။ ဘုရားသခင်ကိုကိုးကွယ်လျက်၊ အစေခံကြကာ၊ သူ၏စကားနားထောင်ကြ၏။“ထိုအခါ၊ ငါကြည့်၍ ပလ္လင်တော်မှစသောသတ္တဝါတို့နှင့်အသက်ကြီးသူတို့၏ပတ်ဝန်းကျင်၌၊ ကုဋေသေခ်ျမကအတိုင်း မသိများစွာသော ကောင်းကင်တမန်တို့၏အသံကိုငါကြား၏။ ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကို ခံခဲ့ပြီးသောသိုးသငယ်သည် တန်ခိုး၊စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကို ခံထိုက်တော်မူ၏ဟု ကြီးသော အသံနှင့်ပြောဆိုကြ၏”(ဗျာ၊ ၅း၁၁-၁၂)။“ တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကိုနားထောင်လျက်၊ အမိန့်တော်အတိုင်းဆောင်ရွက်သော ကောင်းကင်တမန်တော်တို့ ထာဝရဘုရားကိုကောင်းကြီးပေးကြလော့၊ အလိုတော်သို့လိုက်သော အမှုတော်ထမ်းကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့ ”(ဆာလံ ၁၀၃:၂၀-၂၁)။
ကောင်းကင်တမန်များသည် နာမ်ဝိညာဉ်များဖြစ်ကြသည်
ကျွန်ုပ်တို့သည် ကောင်းကင်တမန်များကို မမြင်နိုင်ပါ။ သူတို့သည်လူသားများကဲ့သို့ကိုယ်ခန္ဓာမရှိကြပါ။ သို့သော်လည်း တစ်ခါတစ်ရံတွင်သူတို့သည်ကိုယ်ခန္ဓာဖြင့်ထင်ရှားလျက် လူတို့နှင့်စကားပြော ကြသည် ကိုတွေ့မြင်ရကြောင်း သမ္မာကျမ်းစာထဲ၌ဖတ်ရပါသည်။“ထိုအခါ မြေကြီးသည်ပြင်းစွာလှုပ်လေ၏။ အကြောင်းမူကား၊ထာဝရဘုရား၏ကောင်းကင်တမန်သည် ကောင်းကင်ဘုံမှဆင်းလာ၍၊ တွင်းဝ၌ပိတ်သောကျောက်ကိုလှိမ့်လှန်ပြီးလျှင်၊ ထိုကျောက်ပေါ်မှာ ထိုင်နေ၏။ သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ထင်၏။အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ဖြူ၏။ လူစောင့်တို့သည် ကောင်းကင်တမန်တို ကြောက်ရွံ့ သဖြင့်တုန်လှုပ်၍၊ သေမတတ်ဖြစ်ကြ၏။ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာသတ်သောယေရှုကို သင်တို့ရှာကြသည်ကိုငါသိ၏၊ဤအရပ်၌မရှိ။ မိန့်တော်မူသည့်အတိုင်း ပြန်ရှင်တော်မူပြီ။ လာကြ၊သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။ အလျင်အမြန်ပြန်သွား၍၊ သေခြင်းမှရှင်ပြန်တော်မူကြောင်းကို တပည့်တော်တို့အားပြောကြလော့။ သင်တို့ရှေ့ဂါလိလဲပြည်သို့ကြွတော်မူမည်။ထိုပြည်၌ သင်တို့သည်ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်၊ ငါပြောပြီဟု ထိုမိန်းမတို့အား ကောင်းကင်တမန်ဆို၏”(မဿဲ ၂၈း၂-၇)။
ကောင်းကင်တမန်တို့သည်ယုံကြည်သူများကိုအစေခံကြသည်
ဘုရားသခင်သည် ခရစ်ယာန်ယုံကြည်သူများအသက်တာ၌ ခက်ခဲမှုကြုံတွေ့သောအခါ အကူအ ညီပေးရန်ကောင်းကင် တမန်များကိုစေလွတ်ခဲ့ပါသည်။“ကောင်းကင်တမန်များတို့ကား၊ ကယ်တင် တော်မူခြင်းကျေးဇူးကိုအမွေခံလတံ့သောသူတို့ကို ပြုစုစေခြင်းငှါ၊စေလွှတ်တော်မူသော အစေခံ နံဝိညာဉ်ဖြစ်ကြသည် မဟုတ်လော” (ဟေဗြဲ ၁း၁၄)။“ပေတရုသည် ဟေရုဒ်မင်းထုတ်ခါနီး၊ ညဉ့် အချိန်တွင်သံကြိုးနှစ်စင်းနှင့်ချည်နှောင်ခြင်းကိုခံရလျက်၊ စစ်သူရဲနှစ်ယောက်တို့အလယ်၌အိပ်ပျော်၍ အစောင့်များတို့သည်ထောင်တံခါးရှေ့မှာစောင့်နေကြ၏။ ထိုအခါထာဝရဘုရား၏ ကောင်းကင်တမန် သည်ပေါ်လာလျှင် ထောင် အိမ်၌ အလင်းထွန်းတောက်လေ၏။ကောင်းကင်တမန်သည် ပေတရု၏ နံဘေးကို ပုတ်ခတ်၍၊ အလျင်အမြန်ထလော့ဟု ဆိုလျက်ထစေ၏။ သံကြိုးသည်လည်း ပေတရု လက် မှကျွတ်လေ၏။ ကောင်းကင်တမန်ကလည်း၊ သင်၏ခါးပန်းကိုစည်းလော့။ ခြေနင်းကိုလည်း စီး လော့ဟု ဆိုလျှင် ဆိုသည့်အတိုင်းပေတရုပြု၏။ ဝတ်လုံကိုခြုံ၍၊ ငါ့နောက်သို့လိုက်လော့ဟု ဆို ပြန် ၏။ပေတရုသည်ထွက်၍ လိုက်သော်လည်း၊ ကောင်းကင်တမန်ပြုသမျှတို့သည် မှန်သော အမှုအရာ ဖြစ်သည်ဟုမသိမမှတ်ဘဲ၊ မိမိသည်ဗျာဒိတ်ရူပါရုံကိုမြင်သည်ဟုထင်လေ၏။ လူစောင့်နှစ်တန်ကို လွန် သွား၍၊ မြို့ထဲဝင်ပေါက်သံတံခါးသို့ရောက်လျှင်၊ ထိုတံခါးသည်အလိုလိုပွင့်သဖြင့် သူတို့သည်ထွက်၍၊ လမ်းတစ်ကြောင်းလျှောက်သွားပြီးမှ၊ ကောင်းကင်တမန်သည် ချက်ချင်းပေတရုမှခွာ၍သွားလေ၏” (တမန်၊ ၁၂း၆-၁၀)။
ကောင်းကင်တမန်တို့သည် အနီးအနား၌ရှိနိုင်သည်
ကောင်းကင်တမန်တို့သည် ကျွန်ုပ်တို့နှင့်အတူ မကြာခဏရှိကောင်းရှိနိုင်ကာ၊ သို့သော်လည်း ကျွန်ုပ်တို့မသိကြပါ။“အချို့တို့သည် ဧည့်သည်ဝတ်ကိုပြုသည်တွင်၊ ကောင်းကင်တမန်တို့ကို အမှတ်တမဲ့ဧည့်ခံကြပြီ” (ဟေဗြဲ ၁၃း၂)။ကျွန်ုပ်တို့သည် ကောင်းကင်တမန်များအား မကိုးကွယ်၊ ဆုမတောင်းကြပါကောင်းကင်တမန်တို့သည် အဆင့်မြင့်၍သန့်ရှင်းကြကာ၊ ဘုရားသခင်၏အရေးပါ သောအစေခံများဖြစ်ကြသော်လည်း၊ ကျွန်ုပ်တို့သည်၎င်းတို့အား ဘယ်တော့မှမကိုးကွယ်၊ ဆုမတောင်း ရပါ။ ကိုးကွယ်ခြင်းနှင့်ဆုတောင်းပဌနာပြုခြင်းသည်ဘုရားသခင် အတွက်သာ လျှင်ဖြစ်သည်။“ ယေရှု ကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာဝတ်ပြုရမည် ကျမ်းစာလာသည်ဟု မိန့်တော်မူ၏” (မဿဲ၄း၁၀)။ “ကောင်းကင် တမန်ကလည်း၊ သိုးသူငယ်၏မင်္ဂလာဆောင်ပွဲသို့ခေါ်ဖိတ်ခြင်းကိုခံရသောသူတို့သည် မင်္ဂလာ ရှိ ကြ ၏ဟု ရေးထားလော့ဟူ၍၎င်း၊ဤစကားသည်ဘုရားခင်၏နှုတ်ထွက်စင်စစ်ဖြစ်၏ဟူ၍၎င်း ငါ့အားပြော ဆို၏။ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါသူ၏ခြေရင်း၌ ပျပ်ဝပ်၏၊ သူကလည်း၊ မပြုပါနှင့်၊ ငါကား၊ သင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ ယေရှု၏သက်သေခံတော်မူချက်ကိုဆောင်သော သင်၏ညီအစ်ကို တို့၏လုပ်ဖော်ဆောင်ဖက်လည်းဖြစ်၏၊ဘုရားသခင်ကိုကိုးကွယ်လော့အကြောင်းမူကား၊ပရောဖက်ဟောသောစကားချက်သဘောသည်ယေရှု၏သက်သေဖြစ်သတည်းဟု ငါ့အားပြောဆို၏” (ဗျာဒိတ် ၁၉၉-၁၀)။
စာတန်နှင့်နတ်ဆိုးများ
စာတန်နှင့်နတ်ဆိုးတို့သည် ဆိုးညစ်သောကောင်းကင်တမန်များဖြစ်ကြပါသည်။ တစ်ချိန်တစ်ခါက သူတို့သည် ကောင်းသောကောင်းကင်တမန်များဖြစ်ခဲ့ကြသော်လည်း၊ အပြစ်ကျူးလွန်ခြင်းအားဖြင့် ဘုရားသခင်အားအစေခံသည့်အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခဲ့ကြသည်။ ယခုတွင် သူတို့သည် ကမ္ဘာပေါ်၌ဆိုးညစ်သောအရာများကို ဆက်လက်လုပ်ဆောင်နေကြသည်။ စာတန်သည် နတ်ဆိုး အားလုံးတို့၏အကြီးအမှုးဖြစ်ပါသည်။စာတန်တစ်ဦးတည်းရှိသော်လည်း နတ်ဆိုးမြောက်မြား စွာ ရှိပါသည်။ဤပြစ်မှားသောကောင်းကင်တမန်တို့၏အပြစ်မှာ မာန ဖြစ်ပါသည်။ သူတို့သည် ဘုရားသခင်ထားသောနေရာ၌တင်းတိမ်ရောင့်ရဲခြင်းမရှိကြဘဲ၊ပို၍အရေးကြီးသောသူများဖြစ်ချင်ကြသည်။“ထိုမှတပါး၊ မိမိတို့အခွင့်အရာကိုမစောင့်၊ မိမိတို့နေရာအရပ်ကိုစွန့်ပစ်သော ကောင်းကင်တမန် တို့ကို ကြီးစွာသောနေ့၌ စစ်ကြောစီရင်ခြင်းအလိုငှါ၊ ထာဝရချည်နှောင်ခြင်းအားဖြင့် မှောင်မိုက်ထဲမှာ ချုပ်ထားတော်မူ၏” (ယုဒ ၆)။ပရောဖက်ဟေရှာယသည် အလွန်တန်ခိုးကြီး၍၊ ဘုရားသခင်နှင့်တန်း တူဖြစ်ချင်သောသူ၏အကြောင်းကို ရေးသားခဲ့ပါသည်။ ဟေရှာယသည် စာတန်၏မာန၊ သူ့အပေါ် ဘုရားသခင်၏တရားစီရင်ခြင်းနှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သောအခြား ကောင်းကင်တမန်များ အကြောင်းကိုကျွန်ုပ်တို့အားပြောပြပါသည်။“အို နံနက်သား၊ မိုးသောက်ကြယ်၊ သင်သည် ကောင်းကင် ကကျလေပြီတကား၊ အပြည်ပြည်တို့ကိုနှိပ်စက်သောသင်သည် မြေတိုင်အောင်ခုတ်လှဲခြင်းကို ခံရလေ ပြီတကား။ သင်ကလည်း ကောင်းကင်ပေါ်သို့ငါတက်မည်။ ဘုရားသခင်၏ကြယ်တို့အပေါ်မှာ ငါ့ ပလ္လင် ကိုငါမြှောက်မည်။ မြောက်မျက်နှာဘက် ဗျာဒိတ်တောင်ပေါ်မှာငါထိုင်မည်။ မိုးတိမ်ထိပ်ပေါ် သို့ငါတက် မည်။ အမြင့်ဆုံးသောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိလေပြီ။ သို့သော်လည်း၊ သင်သည် မရဏာ နိုင်ငံ၊ သင်္ချိုင်းတွင်းထဲသို့နှိမ့်ချခြင်းကိုခံရလေပြီ။ သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍၊ ဆင်ခြင် ပြီးလျှင် မြေကြီးကိုတုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများကို လှုပ်ချောက်သောသူကား၊ ဤသူလော” (ဟေရှာ၊ ၁၄း၁၂-၁၅)။ ၂ပေ၊ ၂း၄ နှင့် ယေဇ၂၈း၁၁-၁၉ တို့ကိုလည်းဖတ်ပါ။
စာတန်နှင့်နတ်ဆိုးတို့၏လုပ်ဆောင်ချက်
စာတန်သည် ဖန်ဆင်းသောအရာများထဲမှ ပထမဆုံးအပြစ်ကျူးလွန်သူဖြစ်သည်။ သူသည် ဘုရားသခင် ၏ရန်သူဖြစ်သည်။ စာတန်၏အဓိပ္ပါယ်မှာ “ဆန့်ကျင်သူ”ဟူ၍ ဖြစ်သည်။ သူသည် ဘုရားသခင်၏ လူ များအတွက်ဒုက္ခဆင်းရဲဖြစ်စေပါသည်။ သူသည် ဤလောက၌ဘုရားသခင်ပြု သမျှသောအရာ အားလုံး ကို ဆန့်ကျင်တိုက်ခိုက်ပါသည်။စာတန်၏အခြားနာမည်တစ်ခုမှာ “မာရ်နတ်ဖြစ်သည်။ ဤနာမည်၏ အဓိပ္ပါယ်မှာ “စွပ်စွဲသူ” သို့မဟုတ် “အတင်းပြောသူ” ဟူ၍ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ သူသည် ဘုရားသခင်နှင့်သူ့လူတို့၏ မကောင်းကြောင်းကိုပြောဆိုသောကြောင့်ဖြစ်သည်။“မြွေသည် ထာဝရ အရှင်ဘုရားသခင်ဖန်ဆင်းတော်မူသောမြေတိရစ္ဆာန်တကာတို့ထက်လိမ္မာသည်ဖြစ်၍၊ မိန်းမအား သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို မစားရဟုဧကန်စင်စစ် ဘုရားသခင်မိန့်တော် မူသလော ဟုမေး၏။ မိန်းမက၊ငါတို့သည် ဥယျာဉ်၌ရှိသောအပင်တို့၏အသီးကို စားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊ မကိုင်မစားဘဲ နေကြလော့။ သို့မဟုတ် သေရမည်ဟု ဘုရားသခင်အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေက၊ သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်းမူကား၊ ထိုအသီးကိုစားသောနေ့၌သင်တို့သည် မျက်စိပွင့်လင်းလျက်၊ ကောင်းမကောင်း ကို သိ၍၊ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို၊ ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆို၏” (က၊ ၃း၁-၅)။“ဤလောကတနိုင်ငံလုံးကိုလှည့်ဖြား၍၊ မာရ်နတ်စာတန်အမည်ရှိသော ရှေးမြွေဟောင်း တည်း ဟူသော နဂါးကြီးကို၎င်း၊ သူနှင့်အတူသူ၏တမန်တို့ကို၎င်း၊ မြေကြီးသို့ချလိုက်ကြ၏။ ကောင်းကင်ဘုံ၌ ကြီးသောအသံကား၊ ယခုမှာ ကယ်တင်ခြင်းဖြစ်၏။ တန်ခိုးတော်လည်းဖြစ်၏။ ငါတို့ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ခရစ်တော်၏ အာဏာတော်စက်လည်းဖြစ်၏။ အကြောင်းမူကား၊ ငါတို့ညီအစ်ကို များကို ငါတို့ဘုရားသခင့်ရှေ့တော်၌ နေ့ညဉ့်မပြတ်အပြစ်တင်သောရန်သူကို အောက်သို့ချလေပြီ” (ဗျာ၊ ၁၂း၉-၁၀)။
မာရ်နတ်သည် လူသတ်သောသူနှင့် မုသာပြောသောသူဖြစ်သည်။
မာရ်နတ်သည်ရှေ့ဦးစွာမှစ၍ လူအသက်ကိုသတ်သောသူဖြစ်၏။သူ၌သစ္စာတရားမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။သူသည်မုသာစကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသာစကား၌ကျင်လည်သောသူဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏” (ယော၊ ၈း၄၄)။မာရ်နတ်သည် မုသာစကားပြောခဲ့သည်။ သူသည် ဧဝအား“သင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်”ဟု ပြောပါသည်(က၊ ၃း၄)။ဤသည် ပြောခဲ့ပြီးသမျှထဲတွင် အကြီးမားဆုံးသောမုသာစကားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ ဘုရားသခင်က “ သင်တို့သည် ဧကန်အမှန်သေရမည်”ဟု ပြောခဲ့ပြီးဖြစ်သည် (က၊ ၂း၁၆၊၁၇)။ မာရ်နတ်၏လိမ်ညာမှုကြောင့် အာဒံ၊ ဧဝနှင့်လောကီသားအပေါင်းတို့သည် ဘုရားသခင်နှင့်အဆက်ပြတ်လျက် ဝိညာဉ်ရေးရာ၌သေကုန်ကြသည်။ ထို့ကြောင့် မာရ်နတ်သည် ကမ္ဘာ့သမိုင်းတွင် အဆိုးဆုံးလူသတ်သမားဖြစ်ပါသည်။သမ္မာတရားနှင့်ဧဝံဂေလိတရားသည် အလင်းကိုမပေးစေခြင်း မာရ်နတ်သည် လူတို့၏ဉာဏ်မျက်စိကို ကွယ်စေပါသည်။“ထိုသို့ မယုံကြည်သောသူတို့ကား၊ ဘုရားသခင်၏ပုံသဏ္ဍာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းအသရေနှင့်ပြည့်စုံသော ဧဝံဂေလိတရား၏အရောင်သည် အလင်းကို မပေးစေခြင်းငှါ၊ ဤလောကကိုအစိုးရသောဘုရားသည် သူတို့၏ဉာဏ်မျက်စိကို ကွယ်စေ၏”
(၂ကော၊ ၄း၄)။မာရ်နတ်သည် လူတို့ကိုကျွန်ဖြစ်စေသည်။ မာရ်နတ်က လူတို့သည် မှားယွင်း သောဘုရားများကို ယုံကြည်ကြရန်နှင့် အပြစ်ကျူးလွန်ကြရန်လမ်းပြဖို့ဆောင်သည်။ ဤသို့ဖြင့် လူတို့သည် ထိုမှားယွင်းသောဘုရားများ၏ကျွန်ဖြစ်သွားကြကာ၊ အပြစ်ကျူးလွန်ရာ၌ အကျင့်ပါလျက်၊ ထိုအပြစ်၏တန်ခိုးမှမလွတ်နိုင်ကြပါ။“သို့သော်လည်း အထက်က သင်တို့သည် ဘုရားသခင် ကိုမသိ သောအခါ၊ ဇာတိအားဖြင့် ဘုရားမဟုတ်သောသူတို့၏အမှုကို ဆောင်ရွက်ကြ၏” ( ဂလာ၊ ၄း၈)။ မာရ်နတ်သည် ဒုက္ခဆင်းရဲဖြစ်စေသည်။ စာတန်သည်အသင်းတော်များထဲတွင် ဒုက္ခဆင်းရဲများ ဖြစ်ပေါ်စေပါသည်။ စာတန်သည် ခရစ်ယာန်ယုံကြည်သူများကို ကွဲပြားအောင်လုပ်ချင်သည်။ သူသည် ယုံကြည်သူအချင်းချင်းသဘောထားကွဲလွဲပြီး၊ စိတ်ဆိုးလျက် ကြမ်းတမ်းသောစကားများနှင့် ဆဲဆိုစေ ချင်သည်။ ကျွန်ုပ်တို့သည် ဤသို့ပြုမူသောအခါ သခင်ယေရှု၏နာမတော်ရှုံ့ချစရာဖြစ်စေပြီး၊ စာတန်ဝမ်းမြောက်ပါသည်။မာရ်နတ်သည် ကျွန်ုပ်တို့ကိုအမြဲဆန့်ကျင်တိုက်ခိုက်နေကြောင်း သတိချပ်သင့်ပါသည်။ သူသည် မည်သို့အလုပ်လုပ်နေသည်ကို ကျွန်ုပ်တို့သိသောအခါ သူ့ကိုဆန့် ကျင်တိုက်ခိုက်နိုင်ရန် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။“သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကို နိုင်မည်ဟု စိုးရိမ်စရာရှိ၏။သူ၏အကြံအစည်များကို ငါတို့သိကြ၏”(၂ကော၊ ၂း၁၁)။စာတန်နှင့်နတ်ဆိုးတို့သည် ခပ်သိမ်းသောအရာကိုမလုပ်နိုင်ကြပါ။ သူတို့သညဘုရားသခင်လုပ်ခွင့်ပေးသောအရာများကိုသာ လုပ်နိုဂ်ကြသည်။“ထာဝရဘုရားကလည်း သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည်ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏” (ယောဘ ၁း၁၂)။ဘုရားသခင်ကသာလျှင် အနာဂတ်အကြောင်းကိုသိပါသည်။စာတန်က ၎င်းကိုမသိပါ။ ဘုရား သခင်က ဤသို့ပြောပါသည် -“ရှေးကာလ၌ဖြစ်ဘူးသောအမှုအရာတို့ကို အောက်မေ့ ကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသောဘုရားမရှိ။အဦးမှစ၍ အဆုံးတိုင် အောင်၎င်း၊ ရှေးကာလမှ စ၍ မဖြစ်သေးသောအမှုအရာတို့ကို၎င်း ဘော်ပြလျက် ငါ့အကြံတည်လိမ့်မည်။ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်ဟုဆိုလျက်”(ဟေရှာ၊ ၄၆၉-၁၀)။ဘုရားသခင်ကသာလျှင်ကျွန်ုပ် တို့၏အကြံအစည် အားလုံးကို သိသည်။ စာတန်က ၎င်းတို့ကို မသိပါ။“အကျွန်ုပ်အကြံအစည်တို့ကို အဝေးကပင် နားလည်တော်မူ၏…။ အကျွန်ုပ်သည် စကားတခွန်းကိုမျှ မမြွက်သော်လည်းအိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့သိတော်မူ၏” (ဆာလံ၁၃၉း၂၊ ၄)။ခရစ်ယာန်တို့သည် စာတန်ကို အောင်မြင်စွာဆီးတားတိုက်ခိုက်နိုင်ပါသည်။စာတန်ကိုဆီးတားရန် ဘုရားသခင်ကကျွန်တော်တို့ကိုပြောခဲ့ပြီးဖြစ်သည်။“ဘုရားသခင်ရှေ့မှောက်၌ ကိုယ့်ကို ကိုယ်နှိမ့်ချ ကြလော့။ မာရ်နတ်ကိုဆီးတားကြလော့။ သို့ပြုလျှင် သူသည်သင်တို့ထံကထွက်ပြေး သွားလိမ့်မည် ”(ယာကုပ် ၄း၇)။ကျွန်ုပ်တို့သည် မာရ်နတ်ကို မည်သို့ဆီးတားကြမည်နည်း။ ကျွန်ုပ်တို့သည် နှုတ်က ပတ်တော်ကိုဖတ်ရှုနာခံခြင်းနှင့်ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့်နီးကပ်စွာ အသက်ရှင်ရပါမည် ။ စာတန်နှင့်သူ၏နတ်ဆိုးများကို မကြောက်ပါနှင့်။ ကျွန်ုပ်တို့သည် စစ်မှန်သောခရစ်ယာန်ဖြစ်ပါက စာတန် သို့မဟုတ် သူ၏နတ်ဆိုးများ သို့မဟုတ် သူ၏မှောင်မိုက်တန်ခိုးကိုကြောက်ဖို့မလိုပါ။ ထိုမျှမက ကျွန်ုပ်တို့နေထိုင်သည့်မြို့၊ရွာများ၌ ဆိုးညစ်သောအမှုအရာကိုပြုလုပ်သောစာတန်၏ အစေခံများ ဖြစ်သည့်မည်သည့်ယောက်ျား၊ မိန်းမမဆို ကြောက်စရာမလိုပါ။ကျွန်ုပ်တို့သည် ဘုရားသခင်ပိုင်ဆိုင် သောသူများဖြစ်ကြရာ၊ ဘုရားသခင်သည်မာရ်နတ်နှင့်သူ၏ နတ်ဆိုးများအားလုံးထက်သာလွန် သော တန်ခိုးနှင့်ခွန်အားရှိပါသည်။ သခင်ယေရှုသည်ကျွန်ုပ်တို့၏ကယ်တင်ရှင်ဖြစ်၍၊ သူ၏အသေခံ ခြင်းအား ဖြင့် မာရ်နတ်ကိုအောင်မြင်ပြီးဖြစ်သည်။သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ ထဲ၌အသက်ရှင်နေထိုင်သဖြင့်မည်သည့်ဝိညာဉ်ဆိုးကမှကျွန်ုပ်တို့ကိုနှိပ်စက်၍မရပါ။သုံးပါးတစ်ဆူဘုရားသခင်သည် ကျွန်ုပ်တို့ကိုကွယ်ကာပါသည်။ ကျွန်ုပ်တို့ဘုရားသခင်နှင့်နီးကပ်စွာအသက်ရှင်ပါက အသက်တာလုံခြုံမှုရှိပါသည်။ဉာဏ်ပညာရှိပါ။ ကျွန်ုပ်တို့သည် မာရ်နတ်ကိုလွယ်ကူစွာဖြင့်ဆီးတား၍ မရနိုင်ပါ။ သူသည် ကျွန်ုပ်တို့ထက်သာ၍ ခွန်အားကြီးပြီး၊ လိမ္မာပါသည်။သူသည် အန္တရယ်ရှိသောရန်သူ ဖြစ်သည်။ သူ့ကို ရှောင်ပါ။ ခြင်္သေ့ကိုတိုက်ခိုက်ခြင်းထက် ဝေးဝေးရှောင်ခြင်းက ပို၍ကောင်းသည်။“ သမ္မာသတိရှိလျက်မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည်၊ ဟောက် သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ သို့ဖြစ်၍၊ လူ့ပြည် အရပ်ရပ်တို့၌ရှိသော သင်တို့ညီအစ်ကိုများတို့သည်ထိုသို့သောဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍၊ မာရ်နတ်ကိုဆီးတားကြလော့”(၁ပေ၊ ၅း၈-၉)။အသက်တာနုနယ်သော ခရစ် ယာန်တို့သည် သူတို့၏ပတ်ဝန်းကျင်နှင့်အသင်းတော်ထဲ၌တွေ့ရ၊ ကြားရသည့်ဆိုးညစ်သော အမှုကိစ္စ များကိုရှောင်သင့်ပါသည်။ ထိုသို့သောပြဿနာများကို ဝိညာဉ်သဘောရှိပြီး၊ ပညာရှိသင်းအုပ်များက ကိုင်တွယ်ဖြေရှင်းသင့်ပါသည်။ သူတို့သည် ပြဿနာကိုသတိကြီးစွာလေ့လာပြီး၊ ဆုတောင်း ကြရ ပါမည်။ သို့မှသာ ဘုရားသခင်သည် ၎င်းပြဿနာနှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်သင့်သည် ကိုဖော်ပြလိမ့်မည်။
စာတန်အပေါ်ဘုရားသခင်၏နောက်ဆုံးတရားစီရင်ချက်
မာရ်နတ်အတွက်ထာဝရမီး ပြင်ဆင်ထားသည့်အကြောင်း သခင်ယေရှုကပြောခဲ့ပါသည်။“ထိုအခါ၊ လက်ဝဲတော်ဘက်၌ရှိသောသူတို့အား မင်းကြီးကကျိန်ခြင်းကိုခံရသောသူတို့၊ မာရ်နတ်နှင့်သူ၏ တမန်တို့အဘို့ပြင်ဆင်သောထာဝရမီးထဲသို့ ငါ့ထံမှခွါသွားကြလော့” (မဿဲ ၂၅း၄၁)။သမ္မာကျမ်းစာ၏ နောက်ဆုံးစာအုပ်ဖြစ်သော ဗျာဒိတ်ကျမ်းထဲတွင် တမန်တော်ရှင်ယောဟန်ကအနာဂတ်ကာလ၌ စာတန်သည်ရှုံးနိမ့်၍၊တရားစီရင်ခြင်းခံရမည့်အကြောင်း ရေးသားခဲ့ပါသည်။ ရှင်ယောဟန်ကဤ သို့ရေးပါသည် -“ကောင်းကင်တမန်… ကောင်းကင်ကဆင်းသက်သည်ကို ငါမြင်၏။ .. စာတန်တည်း ဟူသောနဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ချည်နှောင်လေ၏။ ထိုအနှစ်တထောင်ကုန်ပြီးမှ စာတန်သည်ထောင်ထဲက လွတ်သောအခွင့်ကိုရ၍ … အမျိုးမျိုးတို့ကို လှည့်ဖြားအံ့သောငှါ .. သူတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်းသားရဲနှင့်မိစ္ဆာပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသောမီးအိုင်ထဲသို့ ချပစ်လျှင်၊သူတို့သည် နေ့ညဉ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသောဝေဒနာကို ခံရကြလတံ့” (ဗျာ၊ ၂၀း၁၊ ၂၊ ၇၊ ၈၊၁၀)
၅
အပြစ်နှင့်လူ၏ပြိုလဲခြင်း SIN AND THE FALL OF MAN
ဤအခန်းကိုဖတ်ရသည်မှာ ဝမ်းနည်းစရာကောင်းပါသည်။သို့သော်၊ဤအခန်း၌ ပါသော အကြောင်း အရာများသည် အလွန်အရေးကြီးသောကြောင့် သေချာစွာဖတ်ရှု၍ ဆင်ခြင်ပါ။
အပြစ်ဆိုသည်မှာ အဘယ်နည်း
ဘုရားသခင်တားမြစ်ထားသောအရာ သို့မဟုတ် မတောင်းဆိုသောအရာကိုလုပ်ခြင်းသည် အပြစ်ဖြစ်သည်။ဘု ရားသခင်က မလုပ်သင့်ပါဟု ပြောသော အရာတစ်ခုကိုကျွန်တော်လုပ်ပါက အပြစ်ဖြစ်ပါသည်။ ထိုနည်းတူစွာ၊ ဘုရားသခင်ကလုပ်သင့်သည်ဟု ပြောသောအရာတစ်ခုကို ကျွန်တော်မလုပ်ပါကလည်းအပြစ်ဖြစ်သည်။ ကျွန်တော် အပြစ်လုပ်သောအခါ၊ ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက်ခြင်းဖြစ်သည်။“ဒုစရိုက်ကိုပြုသောသူမည်သည်ကား၊ ပညတ်တော်ကိုလွန်ကျူး၏။ ဒုစရိုက်သည်ကား ပညတ်တော်ကိုလွန်ကျူးခြင်းဖြစ်သတည်း”
(၁ယော၊ ၃း၄)။
လူသည်အပြစ်ထဲ၌ မည်သို့ပြိုလဲပါသနည်း
သမ္မာကျမ်းစာက ဘုရားသခင်သည်ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်ဖို့ရန် အာဒံကိုထားခဲ့သည်ဟု ပြောပါသည် (က၊ ၂း၁၅-၁၇)။ သို့ရာတွင် ဘုရားသခင်သည် အောက်ဖော်ပြပါသတိပေးချက်ကို ပေးပါသည်။“ထို အခါ၊ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ ၍ ဇင်ဥယျာဉ်ကို ပြုစုစောင့် ရှောက်နေစေခြင်းငှါ ထားတော်မူ၏။ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုသင်သည် စားရသောအခွင့် ရှိ၏။ ထို အပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညတ်ထားတော်မူ၏” (က၊ ၂း၁၅-၁၇)။ဘုရားသခင်သည် အာဒံအတွက်အထောက်အမအဖြစ် ဇဝကိုဖန်ဆင်းတော်မူသည်။ အာဒံ၏နံရိုးတစ်ချောင်းမှဧဝကိုဖန်ဆင်းခဲ့သည်။သူတို့သည် ဧဒင် ဥယျာဉ်ထဲ၌အတူတကွနေထိုင်ကြသည်။ ထို့နောက်၊မြွေသည် သူ၏ဇာတ်လမ်းကို အစပြု ပါသည်။“မြွေသည် ထာဝရအရှင် ဘုရားသခင်ဖန်ဆင်းတော်မူသောမြေတိရစ္ဆာန် တကာတို့ထက် လိမ္မာသည်ဖြစ်၍၊ မိန်းမ၊သင်တို့သည် ဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကို မစားရဟုဧကန်စင်စစ် ဘုရားသခင်မိန့်တော်မူသလောဟု မေး၏။ မိန်းမကလည်း၊ ငါတို့သည် ဥယျာဉ်၌ရှိသောအပင်တို့၏ အသီးကိုစားရသောအခွင့်ရှိ၏။ ဥယျာဉ်အလယ်၌ရှိသော အပင်၏အသီးကိုကား၊သင်တို့သည် မကိုင်မစားဘဲနေကြလော့။ သို့မဟုတ် သေမည်ဟုဘုရားသခင်အမိန့်တော်ရှိသည်ဟု မြွေအားဆို၏။ မြွေကလည်းသင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်၊ အကြောင်းမူကားထိုအသီးကိုစားသောနေ့၌ သင်တို့ သည်မျက်စိပွင့်လင်းလျက်ကောင်းမကောင်းကိုသိ၍၊ ဘုရားသခင်ကဲ့သို့ဖြစ်ကြလတံ့ သည်ကို ၊ဘုရားသခင်သိတော်မူသည်ဟု မိန်းမအားဆိုလေ၏။ ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်း လည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှါ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည်မြင်လျှင်၊ အသီးကိုယူ၍ စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်း စား၏။ ထိုသူနှစ်ယောက်တို့သည် မျက်စိပွင့်လင်း၍၊မိမိတို့၌ အဝတ်အချည်းစည်းရှိသည်ကိုသိမြင်လျှင်၊ မိမိတို့ဝတ်ရန်သေဘော်သဖန်းပင်အရွက်တို့ကို ချုပ်စပ်၍၊ ခါးစည်းကိုလုပ်ကြ၏။နေသောအချိန်တွင်၊ ထိုဥယျာဉ်၌ ထာဝရအရှင်ဘုရားသခင်ကြွတော်မူသောအသံကို လူလင်မယားတို့သည် ကြားလျှင်၊ အထံတော်မှလွှတ်ခြင်းငှါ၊ ဥယျာဉ်အပင်တို့တွင် ပုန်းကွယ်လျက်နေကြ၏” (က၊ ၃း၁-၈)။ ဘုရား သခင်သည် အာဒံနှင့်ပြုခဲ့သောအမှုပေါ်တွင် ဝမ်းနည်းလျက် အမျက်ထွက်ခဲ့ပါသည်။ သို့ဖြစ်၍ ဘုရားသခင်သည် သူတို့ခံရမည့်ပြစ်ဒဏ်ကို ပြောပါသည်။“မိန်းမကိုလည်း၊ သင်၌ ကိုယ်ဝန်ဆောင် ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာဝေဒနာကိုခံ၍ သားဘွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့လိုက်၍၊ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်ဟု မိန့်တော်မူ၏။ ယောကျာ်းကိုလည်း၊ ထိုအပင်၏ အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ သင်သည် မယား၏စကားကိုနားထောင်၍ စားမိသောကြောင့် မြေသည်သင်၏အတွက်ကျိန်ခြင်းကိုခံလျက်ရှိ၏။ မြေ၏အသီးကို တသက်လုံး ပင်ပန်းစွာစားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်းသင်အဖို့မြေပေါက်စေမည်။ လယ်၌ဖြစ်သောဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်သင်၏မျက်နှာမှချွေးထွက်လျက် အစာ ကိုစား ရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ပြန်ရမည်ဟု မိန့်တော်မူ၏” (က၊ ၃း၁၆-၁၉)။
“ထာဝရအရှင်ဘုရားသခင်သည်လည်း၊ လူသည် ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းကို သိတတ်၏။ ယခုမှာသူသည် ထာဝရအသက်ကိုရခြင်းငှါ၊ လက်ကိုဆန့်လျက်အသက်ပင်၏ အသီးကို ယူ၍ မစားသင့်သည်ဟု မိန့်တော်မူ၍၊ လူသည် မိမိထွက်သောမြေ၌လုပ်ရမည်အကြောင်း၊ ထာဝရ အရှင်ဘုရားသခင်သည် ဧဒင်ဥယျာဉ်ထဲကလွှတ်လိုက်တော်မူ၏။ ထိုသို့ လူကိုနှင်ထုတ်ပြီးလျှင်၊ အသက်ပင်လမ်းကိုစောင့်ရှောက်စေခြင်းငှါမီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကိုဥယျာဉ် အရှေ့ဘက်၌ထားတော်မူ၏” (က၊ ၃း၂၂-၂၄)။အာဒံနှင့်ဧဝတို့သည်ဘုရားသခင်၏ စကားနား မထောင်ခြင်းအားဖြင့် အပြစ်ထဲသို့ပြိုလဲခဲ့ကြသည်။ ဘုရားသခင်က ကောင်းမကောင်းသိကျွမ်းရာ အပင်၏အသီးကိုမစားရဟု သူတို့ အားပြောခဲ့သော်လည်းသူတို့က စားကြသည်။ စားလျှင် ဧကန်အမှန်သေရမည်ဟု ဘုရားသခင်ကသူတို့ကို ပြောခဲ့ပါသည်။ သို့သော်လည်း၊ စာတန်သည် ဆိုးညစ်သောမြွေအားဖြင့် သူတို့ကိုလိမ်ညာခဲ့ပါသည်။ သူက သင်တို့သည်ဧကန်အမှန်မသေရပါဟု ပြောပါသည်။ သူတို့သည် စာတန်၏လိမ်ညာမှုကိုယုံကြည်ပြီးဘုရားသခင်၏ပြောခဲ့သောစကား နားမထောင်ကြပါ။ ဘုရားသခင်ပြောခဲ့သည့်အတိုင်း သူတို့သည် ဧကန်အမှန်သေကြပါသည်။
အာဒံနှင့်ဧဝတို့သည် အပြစ်လုပ်သောအခါဘယ်လိုသေကြပါသနည်း
အပြစ်မလုပ်မီ၊ အာဒံနှင့်ဧဝတို့နှစ်ဦးသည် ဘုရားသခင်နှင့် လှပ၍နီးကပ်သောတော်စပ်မှုရှိခဲ့ကြသည်။ သူတို့သည် ဘုရားခင်၏မိသားစုကဲ့သို့ဖြစ်ကြသည်။ သို့ရာတွင် သူတို့အပြစ်ကျူးလွန်သောအခါ ထိုတော်စပ်မှုကုန်ဆုံးသွားသည်။
၁။သူတို့အပြစ်ကျူးလွန်သောအခါ သူတို့၏ ဘဝပြောင်းလဲသွားကြောင်းချက်ချင်းသိကြသည်။
၂။သူတို့သည် အမှားပြုမိကြောင်းသိကြကာ အလွန်ဝမ်းနည်းကြပါသည်။
၃။ဘုရားသခင်နှင့်တွေ့ဆုံဖို့ ကြောက်ရွံ့ကြသောကြောင့် ပုန်းကွယ်ကြသည်။
၄။ဘုရားသခင်သည် သူတို့နှစ်ဦးကို သူတို့အတွက်ပြင်ဆင်ပေးခဲ့သည့် သာယာလှပသော ဧဒင်ဥယျာဉ်ထဲမှ နှင်ထုတ်လိုက်သည်။ဥယျာဉ်ထဲ၌ သူတို့သည်လုံခြုံမှုရှိပြီး၊ ကျန်းမာသန် စွမ်း ကြပါသည်။သို့ရာတွင် ဥယျာဉ်၏အပြင်ဘက်၌ သူတို့သည် အပြစ်ကြောင့်လူ့ဘဝ၌ရောက်ရှိသော ဆင်းရဲဒုက္ခနှင့်ဝမ်းနည်းကြေကွဲခြင်းများကို တွေ့ကြုံခံစားရတော့မည်ဖြစ်သည်။ သူတို့၏ကိုယ် ခန္ဓာသည်သေခြင်းကိုရင်ဆိုင်ရတော့မည်။
၅။ဘုရားသခင်နှင့်သူတို့၏ လှပ၍နီး ကပ်သောတော်စပ်မှု ပြီးဆုံးပြီဖြစ်သည်။ ဘုရားသခင်သည်သူတို့ကို ထာဝရအသက်ပင်သို့မလာနိုင်အောင် အဆက်ဖြတ်တောက်ခဲ့သည်။
၆။ထိုနေ့မှစ၍၊ သူတို့၏ဘဝမှာ ကောင်း သောဘဝ မဖြစ်တော့ပါ။အပြစ်မကျူးလွန်မီ သူတို့၏အံ့ဩဘွယ်ကောင်းသောဘဝမှာပြီးဆုံးခဲ့ပြီဖြစ်သည်။ သူတို့၏ဘဝသည် “ဝိညာဉ်သေသောဘ၀”သို့ကူးပြောင်းသွားပါသည်။
၇။နှစ်အချို့ကုန်လွန်ပြီးသောအခါ သူတို့၏ ကိုယ်ခန္ဓာသည်လည်းသေဆုံးကြသည်။ အာဒံသည် အသက် ၉၃၀ ရှိသောအခါ သေဆုံးသွားပါသည် (က၊ ၅:၃-၅)။
ငါတို့ရှိသမျှသည် ဒုစရိုက်ကိုပြုကြပြီ
ဘုရားသခင်သည် အာဒံ၏အပြစ်ကြောင့်လူသားအားလုံးတို့ကိုအပြစ်ရှိသောသူများအဖြစ် မြင်တွေ့ပါသည်။ အာဒံသည် ကျွန်ုပ်တို့အားလုံး၏ “အဘ” ဖြစ်၍ သူအပြစ်ကျူးလွန်သောအခါ ဘုရားသခင်သည် လူသားအပေါင်းတို့ကို အပြစ်ရှိသူများအဖြစ် တွေ့မြင်ပါသည်။“အကြောင်းမူကား၊ တယောက်သောသူ သည် နားမထောင်သော အားဖြင့် လူများတို့သည် အပြစ်ရောက် သည် နည်း တူ၊ တယောက်သောသူသည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာ သို့ရောက်ရကြ၏” (ရော၊ ၅း၁၉)။“လူအပေါင်းတို့ သည် အာဒံအားဖြင့်သေခြင်းသို့ရောက်သည်နည်းတ၊ လူအပေါင်းတို့ သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ရောက်ရကြလတံ့” (၁ကော၊၁၅:၂၂)။ကျွန်ုပ်တို့အား လုံး သည် အပြစ်ရှိသောသဘာဝဖြင့်မွေးဖွားကြသည်။ကျွန်ုပ်တို့သည် အမှားလုပ်တတ်ဘို့ရန် သင်ယူ စရာမလိုပါ။ ကျွန်ုပ်တို့သည်အမိဝမ်းထဲ၌ပဋိသန္ဓေယူစဉ်ကပင် အပြစ်ရှိကြပြီဖြစ်သောကြောင့် အပြစ်သဘာဝရှိကြကာ၊ ကလေးသူငယ်ဘဝ၌ကပင်လျှင်၊ အပြစ်ကို လွယ်ကူစွာပြုတတ်ကြသည်။ ဒါဝိဒ်မင်းကြီးက ဤသို့ပြောပါသည် -“အကျွန်ုပ်သည် မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏” (ဆာ၊ ၅၁း၅)။ကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင်ကျူးလွန် သောအပြစ် ကြောင့်လည်းအပြစ်ရှိသောသူများဖြစ်ကြပါသည်။“အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့ သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရာ၊ ၃း၂၃)။“ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ” (၁ယော၊ ၁း၈)။ အာခံ နည်းတူ၊ ကျွန်ုပ်တို့တစ်ဦးချင်းစီ၏အပြစ်ကြောင့် ဘုရားသခင်သည် လောကီသားအပေါင်း ကို အပြစ်ဒဏ်စီရင်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်နှင့်အဆက်ပြတ်လျက်ဝိညာဉ်ရေးရာ၌ သေကြသည်။ဤပျက်စီးနေသောကမ္ဘာပေါ်မှာရှိသည့် ဝမ်းနည်းခြင်း၊ နာကျင်ခြင်းနှင့်ဘဝ၏ ခက်ခဲမှု အမျိုးမျိုးတို့မှ ရုန်းကန်လှုပ်ရှားအသက်ရှင်ကြပါသည်။ဤအရာ အားလုံးတို့သည် အပြစ်ကြောင့် ပေးဆပ်ရသည့် (အပြစ်၏အခ)ဆိုးကျိုးများဖြစ်ပါသည်။အပြစ်တရား၏အခကား၊ သေခြင်းပေတည်း။ ဘုရားသသခင်ပေးတော်မူသောဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း” (ရော၊ ၆း၂၃)။
အပြစ်ဒဏ်စီရင်ခြင်း
ဘုရားသခင်၏အပြစ်ဒဏ်စီရင်ခြင်းသည် အလွန်ပြင်းထန်လှပါသည်။ဘုရားသခင်သည် ဖြောင့်မတ် တော်မူသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏အကျင့်၊ ဂုဏ်အင်တို့၌ ပြည့်စုံသည်။ သူပြုသမျှ၊ ပြောသမျှနှင့်စဉ်းစားသမျှတို့သည် စုံလင်စွာကောင်းမြတ်၍ ဖြောင့်မတ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သောကြောင့် လောကစကြာဝဠ၌သော်လည်းကောင်း၊ ကောင်းကင်တမန်တို့၌ သော်လည်း ကောင်၊ လူတို့၌သော်လည်းကောင်း အပြစ်ကိုခွင့်မပြုပါ။ သုသည် ဖြောင့်မတ်သောကြောင့် အပြစ်ကို ဒဏ်ခတ်ပါသည်။အကယ်၍၊ ဘုရားသခင်သည် အပြစ်ကိုဒဏ်မခတ်၊ မစီရင်ပါကသူသည် ဖြောင့်မတ် သောဘုရားမဖြစ်နိုင်ပါ။ ဤသို့ဖြစ်ပါက “အပြစ်သည်အရေးမကြီးပါ။ အပြစ်သည်ပြသာနာမဟုတ်ပါ။ အပြစ်နှင့်အတူအသက်ရှင်ရတာ ငါပျော်ပါတယ်”ဟု ပြောသကဲ့သို့ဖြစ်သွားပါမည်။ သို့သော်၊ ဘုရား သခင်သည် ထိုသို့မပြုတတ်ပါ။အကယ်၍ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသောဘုရားမဖြစ်ပါက၊ ဤလောကစကြာဝဠာ၌ “အမှား”နှင့်“အမှန်” မရှိဘဲတရားမျှတမှုလည်းရှိမည်မဟုတ်ပါ။ တရားမျှ တမှု မရှိပါက လူ့ဘဝအသက်တာသည် ရှုပ်ထွေးပြီး၊ အန္တရာယ်ရှိကာ ဆိုးညစ်သွားမည်ဖြစ်သည်။လူ့ဘဝ သည် အကျိုးမရှိသောအသက်ရှင်မှု ဖြစ်သွားပါမည်။ဤအခန်း၌ပါရှိသောသွန်သင်ချက်များသည် မှောင်မိုက်ကဲ့သို့ဖြစ်လျက် ဝမ်းနည်းစရာကောင်းပါသည်။ သို့ရာတွင် သခင်ယေရှု၌သတင်းကောင်းရှိ ပါသည်။ ရှေ့အခန်းကို ဆက်လက်ဖတ်ရှုပါ။
၆
သတင်းကောင်း THE GOOD NEWS
ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်၍ သူနှင့်အတူကောင်းကင်ဘုံ၌နေစေချင်ပါသည်။ သို့သော်လည်း ဘုရားသခင်သည် ဖြောင့်မတ်တော်မူ၍ပြည့်စုံသောကြောင့် အပြစ်ကိုခွင့်မပြုနိုင်ပါ။ သူသည် အပြစ်ကို ဒဏ်ခတ်ရပါမည်။ ကျွန်ုပ်တို့ခံရမည့်အပြစ်ဒဏ်မှာ သေခြင်းဖြစ်သည်။ သို့ဖြစ်လျှင်ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်ကို သေခြင်းနှင့်ဒဏ်ခတ်ပြီး၊ တစ်ချိန်တည်းတွင် ကျွန်ုပ်တို့အားကောင်းကင်ဘုံ၌ ထာဝရအသက်ကိုအဘယ်သို့ပေးနိုင်မည်နည်း။ဘုရားသခင်ပြုခဲ့ပြီးသော အမှုရှိပါသည်။ ဘုရားသခင် ကိုယ်တိုင်က ကျွန်ုပ်တို့အားလုံး၏အပြစ်ဒဏ်ကို ယူဆောင်သွားပါသည်။ငါသည် ကိုယ်တိုင်ခံ ယူသည့် အတိုင်း သင်တို့အား ရှေးဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည်ကျမ်းစာ လာ သည့်အတိုင်း ငါတို့အပြစ်ကြောင့်အသေခံတော်မူ၏”(၁ကော၊ ၁၅း၃)။သခင်ယေရှုသည် အပြစ်ကင်းစင် သည်။ သို့သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ ၏အပြစ်များကို သခင်ယေရှုအပေါ်၌တင်၍၊ ကျွန်ုပ် တို့ကျူးလွန်သောအပြစ်များအတွက် သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌ ပြစ်ဒဏ်စီရင်ခဲ့ပါသည်။ ကျွန်ုပ်တို့ခံ ထိုက်သောပြစ်ဒဏ်ကို သခင်ယေရှုကိုယ်တိုင်ကကိုယ်စားခံပေးခဲ့ပါသည်။“ လောကီသားတို့ကို ကယ် တင်သောသခင် ဖြစ်စေခြင်းငှါ၊ ခမည်းတော်သည် သားတော်ကိုစေလွှတ်တော်မူသည်ကို ငါတို့သည် သိမြင်၍ သက်သေခံကြ၏” (၁ယော၊ ၄းဝ၄)။“ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာ ကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏။ ငါတို့၏ငြိမ်သက်ခြင်းချမ်း သာကိုဖြစ်စေ သောဆုံး မခြင်း သည် သူ့အပေါ်သို့ရောက်၍၊ သူခံရသောဒဏ်ချက်အားဖြင့် ငါတို့သည်အနာပျောက် လျက်ရှိ ကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွှဲလျက်၊ ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြသည်ဖြစ်၍ ထာဝရ ဘုရားသည် ခပ်သိမ်းသောငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏” (ဟေရှာ၊ ၅၃း၅-၆)။“ ငါတို့ သည် အပြစ်နှင့်ဆိုင်သောအရာ၌အသေဖြစ်၍၊ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကိုကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ၏” (၁ပေ၊ ၂း၂၄)။“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့ သည်ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” (ယော၊ ၃း၁၆)။ကယ်တင်ခြင်းရရန် ကျွန်ုပ်ဘာလုပ်ရမည်နည်းလူတို့သည်ဤ မေးခွန်းကိုအမျိုးမျိုး ဖြင့်မေးကြသည်။ ကျွန်ုပ်သည်စစ်မှန်သောခရစ်ယာန် မည်သို့ဖြစ်နိုင်မည်နည်း။ ကျွန်ုပ်၏အပြစ်များကို မည်သို့ ခွင့်လွတ်ခြင်းခံရ၍ ဘုရားသခင်နှင့်ရန်ငြိမ်းဖွဲ့နိုင်မည်နည်း။ ကျွန်ုပ်သည် ကောင်းကင်ဘုံသို့ သေချာစွာရောက်နိုင်ရန် ဘာလုပ်ရမည်နည်း။ဤအကြောင်းနှင့်ပတ်သက်၍ မေးခွန်းအမျိုးမျိုးဖြင့် မေးကြသော်လည်း၊ကျွန်ုပ်သည် ကယ်တင်ခြင်းအမှန်တကယ်ရချင်ပါက မလွဲမသွေလုပ်ဆောင်ရ မည့်အရာ (၅)မျိုး ရှိပါသည်
၁။ကျွန်ုပ်သည်အပြစ်သားဖြစ်ကြောင်း ဘုရားသခင်ထံတော်ပါး၌ဝန်ခံရမည်။“
၂။အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့တော်၌ အသရေပျက်ကြပြီ” (ရော၊ ၃း၂၃)။ကျွန်ုပ်သည်သခင်ယေရှ့ကျွန်ုပ်၏အပြစ်ဒဏ် အတွက်ကိုယ် စား အသေခံပေးခဲ့ကြောင်း ယုံကြည်ရပါမည်။“ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့်အသေသတ်ခြင်း ကို ခံ၍၊ဝိညာဉ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်ငါတို့ကို ဘုရားသခင့် အထံတော် သို့ပို့ဆောင်ခြင်းငှါ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့အတွက် ခံတော်မူ၏” (၁ပေ၊ ၃၁၈)။
၃။ကျွန်ုပ်သည် သခင်ယေရှုကိုကျွန်ုပ်၏ အပြစ်များလွှတ်ရန်နှင့်ကျွန်ုပ်၏အထဲ၌ဝင်ရောက်လာရန် ခေါ်ဖိတ်ရပါမည်။“ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏” (ယော၊ ၁း၁၂)။
၄။ကျွန်ုပ်၏အပြစ်များအတွက် နောင်တရ ရမည်။
“အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊နောင်တရကြလော့။ ဧဝံဂေလိတရားကို ယုံကြည်ကြလော့၊ ဟူသောဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို ဟောတော်မူ၏” (မာကု ၁း၁၅)။“နောင်တ”၏အဓိပ္ပါယ်မှာ၊ ကျွန်ုပ်သည် ဘဝဟောင်း၌ပြုခဲ့သော အမှားများကိုကျော ခိုင်း၍ စွန့်ပစ်ရမည်။ ကျွန်ုပ်၏အပြစ်များမှကယ်တင်ခြင်းရလိုပါက ၎င်းတို့ကို အဆုံးသတ်ချင် သောဆန္ဒရှိရမည်။ ကျွန်ုပ်အပြစ်များကိုကျောခိုင်း၍ စွန့်ပစ်နိုင်ရန် ကျွန်ုပ်ကြိုးစားမှုနှင့် မဖြစ်နိုင်ပါ။ သို့သော်၊ဘုရားသခင်ကိုကိုးစားပါက တတ်နိုင်စေပါသည်။ယခုတွင် ကျွန်ုပ်သည် ခရစ်တော်၏ စကားကိုနာခံ၍ အသက်ရှင်ရမည်။ခရစ်တော်သည် ကျွန်ုပ်၏ကယ်တင်ရှင်ဖြစ်ပါက၊ သူသည် ကျွန်ုပ်၏သခင်လည်းဖြစ်ရပါမည်။ သူဖြစ်စေချင်သည့်အတိုင်း ကျွန်ုပ်သည်ကျင့်ကြံပြုမူ၊ ပြောဆိုရမည်ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော် (သမ္မာကျမ်းစာ)သည် ကျွန်ုပ်၏ အသက်တာအတွက်လမ်းညွှန်ဖြစ်သည်။အထက်ဖော်ပြပါ (၅)ချက်အတွက် အောက်တွင် ဆုတောင်းချက်ရေးထားပါသည်။ သင်သည် ရိုးသားစွာနှင့် ဆုတောင်းပါက၊ ဘုရားသခင် နားညောင်းပါမည်။“ကရုဏာရှင်ဘုရား၊ ကိုယ်တော်ကို ကျွန်ုပ်ပြစ်မှားပါ၏။ ကျွန်ုပ်ပြုခဲ့ ပြီးသောအမှားအားလုံးအတွက် နောင်တရပါ၏။ ယေရှုဘုရား၊ ကျွန်ုပ်ကိုချစ်သောကြောင့် ကျွန်ုပ်အပြစ်များအတွက်လက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းအတွက် ကျေးဇူးတင်ပါ၏။ ကျွန်ုပ်အပြစ်များကို ခွင့်လွှတ်တော်မူပါ။ အတိတ်ကာလက အပြစ်များကိုစွန့်ပြီး၊ ကိုယ်တော်ကို ဝမ်းမြောက်စေသောအသက်တာ၌လျှောက်လှမ်းနိုင်ပါမည့် အကြောင်း ခွန်အားပေးတော်မူပါ။ ကိုယ်တော်ကိုကျွန်ုပ်၏ထာဝရကယ်တင်ရှင်နှင့်သခင်အဖြစ်ယုံကြည်လက်ခံပါ၏။ အာမင်။” နောက်ဆုံး၌သင်သည် ခရစ်တော်ကို မိမိ၏ကယ်တင်ရှင်နှင့် သခင်အဖြစ်ခေါ်ဖိတ်လက်ခံပြီးပါက –
၁။ထိုအကြောင်းကို သူတပါးအားပြောပါ။
၂။နေ့တိုင်း ဆုတောင်း၍၊ ကျမ်းစာဖတ်ရှုဆင်ခြင်ပါ။ ဘုရားသခင်သည်
သင့်ကို သမ္မာကျမ်းစာအားဖြင့် စကားပြောပါမည်။ ဘုရားသခင်ကစကားပြောသောအခါ နာခံပါ။
၃။သမ္မာကျမ်းစာကို သစ္စာရှိစွာဖြင့်သွန်သင်သောအသင်းတော်တပါး၌သင်းဝင်ပါ။ ဤစာအုပ် ၏အခန်း(၇)ကို “ခရစ်တော်ကို ယုံကြည်လက်ခံပြီးသောအခါ ကျွန်ုပ်၌ ဘာဖြစ်သနည်း”ဟု ခေါ်ပါသည်။ သင်သည် ခရစ်တော်ကိုယုံကြည်လက်ခံပြီးပါက အခန်း(၇)ကို ဆက်ဖတ်ပါ။ ၎င်းသည် ခရစ်တော်၌သင် ရရှိသောအသက်သစ်အကြောင်းကိုပို၍နားလည်စေပါမည်။ခရစ်ယာန်ဖြစ်ခါစယုံကြည်သူတို့သည် အချက်နှစ်ချက်ကို အမြန်ဆုံးလုပ်ဆောင်သင့်ပါသည် -ရေနှစ်ခြင်းမင်္ဂလာခံယူပါ (အခန်း-၈ ကိုဖတ်ပါ)။ဒေသန္တရအသင်းတော်တစ်ပါး၌ သင်းဝင်ပါ (အခန်း- ၉ နှင့်ကိုဖတ်ပါ)။
၇
ခရစ်တော်ကိုယုံကြည်လက်ခံပြီးသောအခါ ကျွန်ုပ်၌ဘာဖြစ်သနည်း
WHAT HAPPENED TO ME WHEN I TRUSTED CHRIST ?
သင်သည် ခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်နှင့်သခင်အဖြစ်ယုံကြည်လက်ခံသောအခါ အံ့ဩဘွယ်ရာအများအပြားဖြစ်လာပါသည်။
၁။သင်သည် အပြစ်လွတ်ခြင်းခံရသည်။“ခပ်သိမ်းသောသတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်း ထက်အလွန်များလှစွာသောကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထို သားတော် ၏အ သွေးအားဖြင့် အပြစ်လွတ်တော်မူခြင်းတည်းဟူသော ရွေးနုတ် တော်မူ ခြင်းကျေးဇူးကို ငါတို့သည် ခံရကြ၏” (ဧဖက် ၁၇)။ဘုရားသခင်သည် ကျွန်ုပ်တို့အပြစ်များကိုလွှတ်သောအခါ အကြွင်းမဲ့ လွှတ် ပါသည်။ ကျွန်ုပ်တို့သည် ကိုယ်ပြုခဲ့သောအမှားတစ်ချို့ကိုမမေ့နိုင်ကြသော်လည်း ဘုရားသခင်သည် သူလွှတ်ခဲ့ပြီးသောကျွန်ုပ်တို့၏အပြစ်များကိုမအောက်မေ့တော့ပါ။ ဘုရားသခင်က ဤသို့ပြောပါသည်။ “ငါတပါးတည်းသာလျှင် ကိုယ်အတွက်အကြောင့်၊ သင်၏အပြစ်တို့ကိုဖြေမည်။ သင်၏ဒုရိုက်အမှုတို့ကို မအောက်မေ့”(ဟေရှာ၊၄၃၁၅)။
၂။သင်သည် ထာဝရအသက်ကိုရရှိပါသည်။ သခင်ယေရှုကဤသို့ပြောပါသည် –
၃။“ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုနားထောင်၍၊ငါ့ကိုစေလွှတ်တော် မူသော သူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ၊ သေခြင်းမှအ သက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏” (ယော၊ ၅း၂၄)။လူတို့သည် ခရစ်တော်ကိုယုံ ကြည် လက်ခံကြသောအခါ ဘုရားသခင်သည် သူတို့အား ဘယ်သောအခါမှမကုန်ဆုံးနိုင်သောအသက်ကို ပေးပါသည်။ သူတို့သည် လူအယောက်စီတိုင်းသေဆုံးသကဲ့သို့ သေလွန်ကြသော်လည်း ကောင်းကင် ဘုံ၌ဆက်လက်၍ အသက်ရှင်ကြမည်။သင်သည် ဘုရားသခင်၏သားတစ်ယောက်ဖြစ်လာပါသည်။ “ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင် ၏သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏” (ယော၊၁း၁၂)။သင်သည်။ ဘုရားသခင်၏သား တစ် ယောက် ဖြစ်သောကြောင့်အောက်ဖော်ပြပါအချက်များသည် မှန်ကန်ပါသည် -ယခုတွင် သင်သည် ဘုရားသခင် ကို “အဖေ” ဟု ခေါ်နိုင်ပါသည်။ သင်သည် သခင်ယေရှုကို မိမိ၏ကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံ သောအခါ ဘုရားသခင်၏မိသားစုဝင်တစ်ယောက်ဖြစ်လာပါသည်။ သင်၏ကောင်းကင်ဘုံရှင်အဖ ဘုရားသခင်သည် သင့်ကို ချစ်တော်မူပါသည်။ ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကို ချစ် တော်မူ၏”(ယော၊ ၁၆း၂၇)။ဘုရားသခင်သည် သင်၏အမှန်တကယ်လိုအပ်သောအရာများကို ပေး တော်မူသည်။“ထိုအရာများကို သင်တို့အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသောသင် တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦး စွာရှာကြလော့။နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတံ့”(မဿဲ၊ ၆၃၂-၃၃)။သင်၏ ခက်ခဲမှုပြဿနာအားလုံးကို ဘုရားသခင်အားပြောနိုင်ပါသည် -“သင်တို့ကို သတိနှင့်ကြည့်ရှု တော်မူသောကြောင့်၊ သင်တို့၌စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့”(၁ပေ၊ ၅း၇)။ဘုရားသခင်သည် သူ့စကားကိုနားထောင်၍ သန့်ရှင်းသောအသက်တာ၌ အသက်ရှင် လျှောက်လှမ်းရန် အလိုတော်ရှိပါသည်။“အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုလိုက်မကျင့်ဘဲ၊ နားထောင်တတ်သောသူငယ်ကဲ့သို့ဖြစ်၍၊ သင်တို့ ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ သင်တို့ပြုမူသမျှတို့၌ သန့်ရှင်းခြင်း ရှိကြလော့။ အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်း သန့်ရှင်း ခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း”(၁ပေ၊ ၁၁၄-၁၆)။သင်သည် အပြစ်ကိုရှောင်ရှားရန် ဘုရားသခင်အလိုတော်ရှိပါသည။ အပြစ်ဒုစရိုက်ကိုမချစ်ပါနှင့်။ သင်သည်ဘုရားသခင်ကိုချစ်ပါက အပြစ်ဒုစရိုက်ကိုချစ်တတ်မည်မဟုတ်ပါ။“လောကကို၎င်း၊ လောက၌ရှိသောအရာတို့ကို၎င်း မချစ်ကြနှင့်။လောကကိုချစ်သောသူမည်သည်ကား၊ ခမည်းတော်ကိုချစ်ခြင်းမေတ္တာမရှိ၊ လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင် ကြ၏”(၁ယော၊ ၂း၁၅-၁၆)။ဘုရားသခင်သည် သင့်ကိုချစ်သောကြောင့် လိုအပ်သောအခါ နာခံတတ်ရန် ဆုံးမသွန်သင်မည်။“ထိုမှတပါး၊ ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကို စစ်ဆေးတော်မူသောအခါ စိတ်မပျက်နှင့်ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မတတ်၏၊ ဟုသူငယ်တို့ကို ဆိုသကဲ့သို့ သင်တို့ကို ပြောဆိုသောဩဝါဒစကားကိုမေ့လျော့ကြသလော” (ဟေဗြဲ ၁၂:၅-၆)။
၄။သင်သည် ထာဝစဉ်အမြဲ ဘုရားသခင်၏သားတစ်ယောက်ဖြစ်သည်။
ဘုရားသခင်နှင့်သင်၏ “အဖေနှင့်သား” တော်စပ်မှုကို မည်သည့်အရာကမှ ဖျက်ဆီး၍ မရနိုင်ပါ။ သခင်ယေရှုကဤသို့ပြောပါသည်-“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့ သည်ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ။ထိုသိုးတို့ကို ငါ၌အပ်ပေး တော်မူသော ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက်ကြီးမြတ်တော်မူသည်ဖြစ်၍၊ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနုတ်မယူနိုင်ရာ။ ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏”(ယော၊၁၀း၂၇-၃၀)။သင်သည် သင်၏ကယ်တင်ခြင်းကို ဘယ်သောအခါမှ မဆုံးရှုံးနိုင်ပါ။ ဘယ်အရာကမှ သင့်ကို ဘုရားသခင်နှင့်မကွာစေနိုင်ပါ။ ခရစ်ယာန်တစ်ယောက်အနေဖြင့် သင်သည် အပြစ်ကျူးလွန်ပါက ထိုအပြစ်သည်သင်နှင့်ဘုရားသခင်၏မိတ်သဟာယအပိုင်းကို ထိခိုက်နိုင်သော် လည်း၊သင်နှင့်ဘုရားသခင်၏တော်စပ်မှုအပိုင်းကို မထိခိုက်နိုင်ပါ။ သို့ရာတွင်သူ၏သားသမီးများ အပြစ်လုပ်သောအခါ ဘုရားသခင်သည် အလွန်ဝမ်းနည်းပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပြုခဲ့ သည့်အပြစ်များကိုဘုရားသခင်အထံတော်၌ အလျင်အမြန်ဝန်ချတောင်းပန်ကာ၊ ထိုအပြစ်လုပ်ခြင်းမှ ရပ်တန့်ရမည်။
၅။ဘုရားသခင်၏ဝိညာဉ်တော် သည် သင်၏အထဲ၌လာရောက်အသက်ရှင်သည်။
“အဘယ်သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည်ဘုရားသခင်ပေးသနားတော်မူ သောဝိညာဉ် တော်တည်း ဟူသော၊ သင်တို့အထဲ၌ ကိန်းဝပ်သည့်သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမ္မာန်တော်ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကိုမိမိတို့မပိုင်ကြောင်းကို၎င်း မသိကြသလော။ သင်တို့သည်အဖိုးနှင့်ဝယ်တော် မူသောသူဖြစ် သောကြောင့်၊ ဘုရားသခင်ပိုင်တော်မူသော သင်တို့၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကိုထင်ရှားစေကြလော့”(၁ကော၊၆း၁၉၂၀)။အံ့ဩဘွယ်ကောင်းသောအရာတစ်ခုရှိပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်၏အထဲ၌အသက်ရှင်နေထိုင်ပါသည်။ သူသည်သင်နှင့်အတူ အမြဲနေသည်။ သင်သွားလေရာတိုင်း၌ သူသည်လည်း သင်နှင့်အတူသွားသည်။ သူသည် သင်ပြောသမျှကိုကြားသည်။ သူသည် သင်စဉ်းစားသမျှသောအရာအားလုံးကို သိသည်။ သို့ဖြစ်သောကြောင့် သင်သည်ဘယ်နေရာသို့သွားသည်၊ ဘာပြောသည်၊ ဘာစဉ်းစားနေသည် စသည်တို့ကိုသတိထားသင့်ပါသည်။သင်သည် ဘုရားသခင်၏အပိုင်ဖြစ်ကြောင်း သတိပေးဖို့ရန် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အထဲ၌အသက်ရှင်ပါသည်။ ဘုရားသခင်သည် သင့်ကိုပိုင်သည်။ သခင်ယေရှု၏အသွေးတော်(အသေခံခြင်း)မှာ သင်သည် သူ၏သားဖြစ်စေရန်နှင့် အပြစ်နှင့် စာတန်၏ လက်ထဲမှလွတ်မြောက်ရန်အတွက် ဘုရားသခင်ပေးဆပ်ခဲ့သည့် မြင့်မြတ်လှသော အဘိုးအခ ဖြစ်ပါ သည်။ ယခုတွင် သင်သည် သင့်အသက်တာ၏သခင်မဟုတ်တော့ဘဲ၊ ဘုရားသခင် သည် သင့်ကို ပိုင်ဆိုင်သူနှင့်သင်၏သခင်ဖြစ်ပါသည်။သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အတွက် ဘုရားသခင်၌ ရှိ သောဆုလက်ဆောင်များအနက် သင့်အား ပထမဆုံးပေးသောဆုလက်ဆောင်ဖြစ်ပါသည်။“ သင်တို့ သည်လည်း၊ ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သောဧဝံဂေလိတရားတည်းဟူသော သမ္မာ တရား ကို ကြားနာရ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှ၊ ကတိတော်နှင့်ယှဉ်သောသန့်ရှင်း သောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကိုခံရကြပြီ။ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကိုချီးမွမ်းခြင်းအကြောင်း နှင့်ရွေးနုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့အမွေ၏ စရန်ဖြစ် တော် မူ၏” (ဧဖက် ၁၁၃-၁၄)။သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို တန်ခိုးပေးပါသည်။ ဘုရားသခင်လုပ်စေချင်သောအရာအားလုံးကိုလုပ်ဆောင်နိုင်ရန် သင်၌လုံလောက်သောခွန်အားမရှိပါ။ သို့သော်လည်း၊ သင်သည် ဘုရားသခင်၏စကားနားထောင်ပြီး၊ သူ၏အစေကိုခံဖို့ရန် သန့်ရှင်းသော ဝိညာဉ်တော်ကတန်ခိုးပေးတော်မူမည်။“ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ် တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏” (တမန်၊ ၁၈)။(အခန်း ၁၁ ၌ ခရစ်ယာန်တို့သည် ဘုရားသခင်၏အစေကိုခံရန်သန့်ရှင်းသောဝိညာဉ်တော်က အဘယ်သို့ကူညီထောက်မသည်ကိုရှင်းလင်းထားပါသည်)။သင်သည် လူသစ်ဖြစ်သည်။ ခရစ်ယာန်တို့သည် ပြည့်စုံသောသူ၊အပြစ်ကင်းမဲ့သောသူများမဟုတ်ကြသော်လည်း ပြောင်းလဲသောသူများဖြစ်ကြပါသည်။“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာ တို့သည် အသစ်ဖြစ်ကြပြီ” (၂ကော၊ ၅း၁၇)။လူတို့သည် ခရစ်ယာန်မဖြစ်ကြမီတွင် သူတို့စိတ်ကြိုက် အသက်ရှင်ခဲ့ကြသည်။ သူတို့အတွက်သာ စဉ်းစားကြပြီး၊ အတ္တစွဲကြသည်။ သူတို့သည်အပြစ်လုပ် သောအခါ ပျော်ရွှင်ကြပြီး၊ ဘုရားသခင်၏တရားစီရင်ရာနေ့ကိုမစဉ်းစားကြပါ။ သူတို့သည် စာတန် ၏အလိုအတိုင်း အသက်ရှင်ကြသည်။လူတို့သည် ခရစ်ယာန်ဖြစ်ကြပြီးနောက်တွင် ဘုရားသခင်၏ စကားတော်ကို နားထောင်အသက်ရှင်ကြကာ၊ သူတပါးကိုကူညီမစချင်ကြပြီး၊ သခင်ယေရှု၏ အ ကြောင်းကို ထိုသူတို့အား ပြောပြကြသည်။ သူတို့သည် အပြစ်ပြုမိကြသောအခါ ဝမ်းနည်းကြပါသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ကောင်းကင်ဘုံရှင်အဖဘုရားက အပြစ်ကို ရွံရှာမုန်းတီးကြောင်း သူတို့ သိကြသည်။ သူတို့၏အပြစ်ကို လျင်မြန်စွာဝန်ချတောင်းပန်ပြီး၊ နောက်တဖန်မလုပ်မိရန် သတိထား၍ ကြိုးစားကြသည်။သူတို့သည် သခင်ယေရှုကဲ့သို့အသက်ရှင်ရန် ကြိုးစားကြသည်။ ထို့ကြောင့်စာတန်သည် သူတို့၏ရန်သူဖြစ်လာသည်။သင်သည် သင်၏အသက်တာတစ်ခုလုံးကို ခရစ်တော်နှင့်အတူဆက်လက်လျှောက်လှမ်းမည်။ဘုရားသခင်၏စစ်မှန်သောသားသမီးတို့သည် မိမိတို့၏အသက်တာတစ်လျှောက်လုံး၌ ခရစ်တော်ကိုဆက်လက်ယုံကြည်ကိုးစားကြသည်။ သူတို့သည် ခရစ်ယာန်ဖြစ်ခြင်းမှရပ်တန့်ကြမည်မဟုတ်ပါ။“ငါတို့သည် စိတ်စွဲလမ်းခြင်းကိုအစပြုသကဲ့သို့ အဆုံးတိုင်အောင်တည်ကြည်လျှင် ခရစ်တော်နှင့်ဆက်ဆံသောသူဖြစ်ကြ၏”(ဟေဗြဲ၃း၁၄)။
၈
ယုံကြည်သူတို့၏နှစ်ခြင်းမင်္ဂလာ BELIEVERS’ BAPTISM
စစ်မှန်သောခရစ်ယာန်တိုင်းသည် ရေနှစ်ခြင်းမင်္ဂလာကို ခံသင့်ပါသည်။ ဤသည်ဘုရားသခင်၏ အလိုတော်ဖြစ်ပါသည်။ ”ဗတ္တိဇံ” ဟူသောဝေါဟာရ၏အဓိပ္ပါယ်မှာ “နှစ်သည်” “မြုပ်သည်” ဟူ၍ဖြစ်သည်။ ထို့ကြောင့်ယုံကြည်သူခရစ်ယာန်များနှစ်ခြင်းခံကြသောအခါ ရေအောက်၌ လုံးလုံးနှစ်ရကာ၊ ရေပေါ်သို့ပြန်၍ ထူမရသည်။နှစ်ခြင်းမင်္ဂလာဆိုသည်မှာ အဘယ်နည်း နှစ်ခြင်းမင်္ဂလာသည် နာခံခြင်း၏လုပ်ဆောင်ချက်တစ်ခုဖြစ်သည်နှစ်ခြင်းမင်္ဂလာပေးရန် သခင်ယေရှုကမိန့်တော်မူခဲ့ပါသည်။“သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကို ပေးကြလော့၊ ငါသည် သင်တို့ အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ၊ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန် သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏” (မဿဲ ၂၈၁၉-၂၀)။ကျွန်ုပ်သည် သခင်ယေရှုကိုချစ်ပါက၊ သူ၏မိန့်မှာချက်ကိုလိုက်နာချင်မည်ဖြစ်ပါသည်။ သခင်ယေရှုက ဤသို့ပြောခဲ့ပါသည် -“ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြလော့” (ယော။၁၄၁၅)။
နှစ်ခြင်းမင်္ဂလာသည် သက်သေခံခြင်းဖြစ်သည်
နှစ်ခြင်းမင်္ဂလာခံခြင်းအားဖြင့် “ကျွန်ုပ်သည် ယေရှုခရစ်တော်၏အပိုင်ဖြစ်ပြီး၊ သူ၏နောက်တော်သို့ လိုက်၍၊ သူ၏စကားနားထောင်ကာ၊ကျွန်ုပ်၏အသက်တာကုန်ဆုံးသည်အထိ သူ၏အစေကိုခံလိုပါ၏” ဟု လူတို့အား ပြောခြင်းဖြစ်သည်။
နှစ်ခြင်းမင်္ဂလာသည် ခရစ်တော်နှင့်အတူသေခြင်း၊ သံဂြိုဟ်ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်ပါသည်“
ယေရှုခရစ်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိကြသလော။ ထိုကြောင့်၊အသေခံတော်မူခြင်း၌ ဗတ္တဇံကိုခံသောအားဖြင့်၊ ထိုသခင်နှင့်အတူ သံဂြိုဟ်ခြင်းကိုခံကြ၏။ အကြောင်းမူကား၊ ခရစ်တော်သည်ခမည်းတော်၏ဘုန်းတန်ခိုးအားဖြင့် သေခြင်းမှပြန်ရှင်တော်မူသည်နည်းတူ၊ ငါတို့သည်လည်း အသစ်သောအသက်၌ ကျင်လည်ရ ကြသတည်း” (ရောမ ၆း၃-၄)။ခရစ်တော်သည် ငါတို့၏ အပြစ်များအတွက် အသေခံတော်မူ၏။ ကျွန်ုပ်သည် ခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသောအခါ အပြစ်တရား နှင့်ဆိုင်သောအရာ၌ အသေဖြစ်၏။ ဆိုလိုသည်မှာ ကျွန်တော်ကိုကျောခိုင်း၍ စွန့်ပစ်သည်။သည် ကယ်တင်ခြင်းမရမီက အပြစ်နှင့်ပြည့်သောလူဟောင်းအကျင့်များခရစ်တော်သည် သံဖြိုဟ်ခြင်းကိုခံ သည် (အဘယ့်ကြောင့်ဆိုသော်၊ သူသေခဲ့ပြီဖြစ်သည်)။ နှစ်ခြင်းမင်္ဂလာခံသောအခါ၊ကျွန်တော်သည် သံဂြိုဟ်ခြင်းခံဖို့ရန် ရေထဲသို့ဆင်းရသည်။ အဘယ့်ကြောင့်ဆိုသော်၊ ကျွန်တော်သည်အပြစ်တရားနှင့်ဆိုင်သောအရာ၌ “သေခဲ့ပြီ” ဖြစ်သည်။ခရစ်တော်သည် ရှင်ပြန် ထ မြောက်တော်မူသည်။ ရေထဲမှပြန်ပေါ်လာခြင်းကအသက်သစ်၌အသက်ရှင်ရန် ခရစ်တော် နှင့် အတူ ထမြောက်ခြင်းကို ပုံဆောင်ရေနှစ်ခြင်းမင်္ဂလာသည် အပြစ်တရားနှင့်ဆိုင်သော ကျွန်ုပ်လူဟောင်း၏ သေခြင်းကိုလည်းကောင်း၊ ခရစ်တော်၌အသက်သစ်နှင့်အသက်ရှင်ရန် ထမြောက်ခြင်းကိုလည်းကောင်း ပုံဆောင်ပါသည်။
မည်သူ နှစ်ခြင်းမင်္ဂလာခံသင့်ပါသနည်းပါသည်။
နှစ်ခြင်းမင်္ဂလာ သည် ခရစ်ယာန်အသက်တာ အစပြုခြင်းကိုပုံဆောင်သောကြောင့် ခရစ်ယာန် အသက်တာအမှန်တကယ်အစပြုသောသူတို့ကိုသာလျှင် နှစ်ခြင်းမင်္ဂလာပေးသင့်ပါသည်။
နှစ်ခြင်းမင်္ဂလာအတွက် ပြင်ဆင်ခြင်း
သင်သည် နှစ်ခြင်းမင်္ဂလာခံလိုပါက၊ စစ်မှန်သောခရစ်ယာန်တစ်ဦးဖြစ်ရခြင်း၏အဓိပ္ပါယ်ကို သင်နားလည်နိုင်ရန် အထောက်အကူပြုမည့်မေးခွန်းတစ်ချို့ရှိပါသည်။ အောက်တွင်ပေးထား သောမေးခွန်းများကိုသေသေချာချာစဉ်းစားပြီး ဖြေဆိုပါ။ ထို့နောက်၊ အသင်းတော်၌ရှိသော ဝိညာဉ်ရေးရာခေါင်းဆောင်တစ်ယောက်ယောက်နှင့် သင်ရေးထားသောအဖြေများကို ဆွေးနွေးတိုင်ပင်ပါ။
သင်သည် မည်သည့်အချိန်၌ ခရစ်ယာန်တစ်ဦးဖြစ်ခဲ့ပါသနည်း။
ခရစ်ယာန်တစ်ဦးဖြစ်လာရန် သင်သည် ဘာလုပ်ခဲ့သနည်း။
အဘယ့်ကြောင့် ခရစ်ယာန်တစ်ဦးဖြစ်လာရန်ဆုံးဖြတ်ချက်ချပါသနည်း။
နှစ်ခြင်းမင်္ဂလာက ကျွန်ုပ်တို့သည်လူသစ်ဖြစ်ကြောင်းကိုလောကီသားတို့အား ပြသပါသည်
“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ” (၂ကော၊ ၅၁၇)။
ကျွန်ုပ်တို့သည် ခရစ်ယာန်ဖြစ်ကြသောအခါ ပြောင်းလဲ၍၊ “လူသစ်”ဖြစ်ကြသည်ဟု ဤကျမ်းပိုဒ်ကပြောပါသည်။ ဤအချက်၏ ဆိုလိုရင်းအဓိပ္ပါယ်ကို သင်အဘယ်သို့ထင်မြင်ပါသနည်း၊ သင်၏အဖြေကို အောက်တွင်ရေးပါ။သင်သည် ခရစ်ယာန်တစ်ဦးဖြစ်သည့်အချိန်မှစ၍ သင့်အသက် တာ၌ ပြောင်းလဲပြီးသောအရာများကား အဘယ်နည်း။
နှစ်ခြင်းမင်္ဂလာ၏အရေးကြီးပုံ
နှစ်ခြင်းမင်္ဂလာသည် အရေးကြီးပါသည်။ ၎င်းကို ပေါ့သေးပေါ့တန်မစဉ်းစားသင့်ပါ။ သင်သည် နှစ်ခြင်း မင်္ဂလာခံယူသောအခါ သင်၏အသက်တာတစ်ခုလုံးကိုအကျိုးသက်ရောက်စေမည့်ကတိက ဝတ်ပြု ခြင်းဖြစ်သည်။ သင်သည် ဤသို့ပြောဆိုခြင်းဖြစ်သည် -“ယခုတွင် ကျွန်ုပ်သည် ခရစ်တော်၏ အပိုင် ဖြစ်သည်။သူသည် ကျွန်ုပ်၏ကယ်တင်ရှင်နှင့်သခင်ဖြစ်သည်။ကျွန်ုပ်သည် သူ၏နောက်တော်သို့လိုက် ကာ၊ စကားနားထောင်လျက်၊ ကျွန်ုပ်၏ အသက်ကုန်ဆုံးသည့်တိုင် ဘုရားသခင်၏အစေကိုခံမည်။ ”သင်သည် ဤကတိကို အမှန်တကယ်ပေးချင်ပါသလား။ သင်သည်ဤကတိကိုပြုပါက၊ အောက်တွင် သင်၏အမည်ကိုရေး၍၊ လက်မှတ်ထိုးပြီး၊ရေးသားပါ။ သင်ပေးသည့်ကတိကို သတိရစေရန် ဤစာရွက်ကိုသိမ်းထားပါ။
နာမည်……………………….
ရက်စွဲ…………………………
၉
အသင်းတော် THE CHURCH
“အသင်းတော်” ဟူသော ဝေါဟာရ၏အဓိပ္ပါယ်မှာ “ခေါ်ထုတ်ထားသောလူစု” ဟူ၍ဖြစ်သည်။ အသင်း တော်သည် ထူးခြား၍၊ ဘုရားသခင်၏လူစုဖြစ်ရန် ဘုရားသခင်ကိုယ်တိုင်က အပြစ်ရှိသောဤ လောက မှခေါ်ထုတ်ထားသောလူစုဖြစ်သည်။ ဤလူစုထဲ၌ပါသော လူကြီး၊ လူငယ်အားလုံးတို့သည် ဘုရားသခင်၏ခေါ်သံကိုကြားပြီး၊ သူ၏နောက်တော်သို့လိုက်ရန် “ထွက်မြောက်”လာကြသော သူများဖြစ်ကြသည်။ သူတို့သည် အပြစ်လုပ်ရန်ငြင်းပယ်ကြကာ၊ ခရစ်တော်ကိုမိမိတို့၏ ကယ် တင် ရှင်နှင့်သခင်အဖြစ် ယုံကြည်လက်ခံကြသည်။ သူတို့သည် ဘုရားသခင်၏သား သမီးများဖြစ်လာကြပြီး၊ သူ၏စကားကို နာခံလိုက်လျှောက်လိုကြကာ၊ အရာရာတိုင်း၌ သူ့ကို ဝမ်းမြောက်စေချင်သည်။မှတ် ချက် ။ အသင်းတော်ဟူသည် ခရစ်ယာန်များစုဝေးကြသောနေရာအဆောက်အဦးမဟုတ်ပါ။ အသင်း တော်သည် သခင်ယေရှုကိုမိမိ၏ကယ်တင်ရှင် နှင့် သခင် အဖြစ် ယုံကြည်လက်ခံသောလူစုဖြစ်သည်)။
တစ်ကမ္ဘာလုံးနှင့်ဆိုင်သောအသင်းတော်
အသင်းတော်သည် တစ်ကမ္ဘာလုံးနှင့်ဆိုင်ပါသည်။ အသင်းတော်ထဲတွင် ကမ္ဘာပေါ်ရှိတိုင်းနိုင်ငံ အသီး သီး၌ရှိသော ယေရှုခရစ်တော်၏စစ်မှန်သောနောက်လိုက်အားလုံး ပါဝင်ပါသည်။ တစ်ကမ္ဘာလုံး နှင့် ဆိုင်သောအသင်းတော်သည် အလွန်ကျယ်ပြန့်ပါသည်။ ၎င်းအထဲ၌လူမျိုးနွယ် စုဘာသာစကား အသီးသီးနှင့်တိုင်းနိုင်ငံအသီးသီးတို့မှ ဘုရားသခင်ခေါ်တော်မူသည့် သန်းပေါင်းများစွာသောလူများ ပါဝင်ပါသည်။ ၎င်းသည်အမြဲတစေတိုးပွားနေသည်။ အဘယ့်ကြောင့်ဆိုသော်၊ ဘုရားသခင်သည် လူတို့ကိုကယ်တင်၍ ဤတစ်ကမ္ဘာလုံးနှင့်ဆိုင်သောအသင်းတော်ထဲသို့နေ့စဉ်နှင့် အမျှ ထည့်သွင်း ပါသည်။ ဤအသင်းတော်ထဲ၌ပါဝင်သောအသင်းတော် (ယုံကြည်သူ) တစ်ချို့တို့သည်လွန်ခဲ့ကြပြီး ကောင်းကင်ဘုံ၌ဘုရားသခင်နှင့်အတူနေကြသည်။
ဒေသန္တရအသင်းတော်
ဒေသန္တရအသင်းတော်ဆိုသည်မှာ မိမိတို့နေထိုင်ရာကျေးရွာ၊ မြို့ငယ် သို့မဟုတ် မြို့ကြီးများ၌ ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ရန်စုဝေးကြသောခရစ်ယာန်လူစုများဖြစ်သည်။ ဒေသန္တရအ သင်း တော်တစ်ချို့တွင်အသင်းသားများပြီး၊ တစ်ချို့တွင် အသင်းသားနည်းပါသည်။ မြို့ကြီးများတွင် နယ်မြေအလိုက် ဒေသန္တရအသင်းတော်အများအပြားရှိနိုင်ပါသည်။
ဒေသန္တရအသင်းတော်တစ်ပါး၌ပါဝင်သောယုံကြည်သူ၏အသက်တာ
ဓမ္မသစ်ကျမ်း၏ပဉ္စမမြောက်ဖြစ်သည့် တမန်တော်ဝတ္ထုက အသင်းတော်၏မူလအစ၊ တိုးပွားခြင်းနှင့်လုပ်ဆောင်ချက်များအကြောင်းကို ပြောပါသည်။ တမန်တော် ၂၄၂-၄၇ တွင်တိုင်းနိုင်ငံအသီးသီး၌ရှိသော အသင်းတော်တိုင်းအတွက် အမြဲတစေအရေးကြီး သော အချက်( ၄) ချက်ကိုကျွန်ုပ်တို့ဖတ်ရှုရပါသည်။ ထိုအရေးကြီးသော (၄) ချက်တို့မှာ သွန်သင်ခြင်း၊ မိတ်သ ဟာ ယဖွဲ့ ခြင်း၊ မုန့်ဖဲ့ခြင်းနှင့်ပဌနာပြုခြင်းတို့ဖြစ်ပါသည်။“ထိုသူများသည် တမန်တော်တို့၏ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍နေကြ၏။ လူအပေါင်းတို့ သည် ကြောက်လန့်ခြင်းရှိသည်ဖြစ်၍တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာ၊ အံ့ဖွယ်သော အမှုတို့ကို ပြုကြ၏။ ယုံကြည်သောသူအပေါင်းတို့သည် တစ်စုတစ်ဝေးတည်းနေသဖြင့် မိမိတို့၌ ရှိ သမျှကိုဆက်ဆံ၍ သုံးဆောင်ကြ၏။မိမိတို့ဥစ္စာပစ္စည်းများကို ရောင်းပြီးလျှင်၊ လူများဆင်းရဲသည် အတိုင်း အသီးသီးတို့အား ဝေငှခြင်းကို ပြုကြ၏၊ ထိုသူတို့သည်လည်း ဗိမ္မာန်တော်၌နေ့တိုင်းအစဉ် တညီတညွတ်တည်းနေ၍၊ကိုယ်အိမ်၌မုန့်ကိုလျက် ကြည်ဖြူရွှင်လန်းဝမ်းမြောက်သောစိတ်နှင့် အစာ အာဟာရကို သုံးဆောင်ကြ၏။ ဘုရားသခင်ကိုလည်းချီးမွမ်း၍ လူအပေါင်းတို့ရှေ့မှာ မျက် နှာပွင့်လန်း ခြင်းအခွင့်ကိုရကြ၏။ ကယ်တင်ခြင်းသို့ရောက်သောသူတို့ကိုလည်း နေ့စဉ်မပြတ်သခင် ဘုရားသည် သင်းဝင်စေတော်မူ၏” (တမန်၊ ၂၄၂-၄၇)။
တမန်တော်တို့၏သွန်သင်ခြင်း
တမန်တော်တို့မှာ သခင်ယေရှု လူထုသာသနာလုပ်ငန်းသုံးနှစ်ခွဲအတောအတွင်းလုပ်ဆောင်နေစဉ် သူနှင့်အတူနေရန် ရွေးချယ်ထားသောသူများဖြစ်ကြသည်။ (ထိုနှစ်များတွင် သူ၏သွန်သင်ချက်များနှင့် ပြုခဲ့သောအံ့ဩဖွယ်ရာများအကြောင်းကို ခရစ်ဝင်ကျမ်း၌ ကျွန်ုပ်တို့ဖတ်ရှုနိုင်ပါသည်)။သခင်ယေရှုက တမန်တော်တို့အား မြောက်မြားစွာသောအကြောင်းအရာများကိုသွန်သင်ခဲ့ပါသည်။ သူ ကောင်းကင် ဘုံသို့ပြန်သွားပြီးနောက်တွင်တမန်တော်တို့က သခင်ယေရှုထံမှသင်ယူခဲ့သောအရာများကို အခြား ခရစ်ယာန်တို့ အား သွန်သင်ကြသည်။ ထို့ကြောင့် တမန်တော်တို့၏သွန်သင်ချက်များသည် သခင် ယေရှု၏သွန်သင်ချက်များဖြစ်ပါသည်။နောက်ပိုင်းတွင် ဤအကြောင်းအရာများကို ဓမ္မသစ်ကျမ်းစာ အုပ်ထဲ၌ရေးသားထားပါသည်။သမ္မာကျမ်းစာတစ်အုပ်လုံး (ဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်း နှစ်ခုစလုံး) သည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏စကားဖြစ်ပါသည်။ ယနေ့တွင်ဘုရားသခင်က ကျွန်ုပ်တို့ကို သမ္မာကျမ်းစာအားဖြင့်စကားပြောပါသည်။ဤသမ္မာကျမ်းစာက ကျွန်ုပ်တို့သိသင့်သိထိုက်သော ဘုရားသခင်အကြောင်းနှင့် ခရစ်ယာန်များအဘယ်သို့ကျင့်ကြံပြုမူသင့်သည်ဟူသော အကြောင်းကိုသွန်သင်ပါသည်။ ဤသမ္မာကျမ်းစာကို အသင်းတော်တိုင်း၌ အပတ်စဉ်သေချာစွာ ဖတ်ရှုသွန်သင်ရပါမည်။ဘုရားသခင် ၏နှုတ်ကပတ်တော်ကကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာကို အားသန်စေပါသည်။ သို့ရာတွင်၎င်းကို သေသေချာချာ မဖတ်ရှု၊ မသွန်သင်ပါက ယုံကြည်သူတို့သည် ယုံကြည်ခြင်း၌အားနည်းလာကြကာ၊ ဘုရားသခင်က သူတို့ ဘယ်လိုအသက်ရှင်စေချင်သည်ကို သိကြမည်မဟုတ်ပါ။
မိတ်ဿဟာယ
မိတ်ဿဟာယ ဟူသောဝေါဟာရ၏အဓိပ္ပါယ်မှာ “ဝေမျှခြင်း” ဖြစ်သည်။ စစ်မှန်သော ခရစ်ယာန် အားလုံးတို့သည် ဘုရားသခင်၏မိသားစုဝင်များဖြစ်ကြသည်။ ကျွန်ုပ်တို့သည်ခရစ်တော်၌ ညီအစ် ကိုမောင်နှမများဖြစ်ကြသည်။ သို့ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် တမန်တော်ဝတ္ထု အခန်းကြီး(၂)၌ ပါသော အသင်းတော်ကိုယုံကြည်သူများကဲ့သို့ တစ်ဦးနှင့်တစ်ဦး ချစ်သင့်၊ဂရုစိုက်သင့်ကြသည်။ သူတို့သည် အချိန်ကို အတူတကွအသုံးပြုကြသည်။သူတို့သည် အတူတကွ ဆုတောင်း၊ ဝတ်ပြု ကိုးကွယ်ကြကာ၊ အတူတကွစားသောက်ကြသည်(အငယ်၊ ၄၆)။ ချမ်းသာသောသူတို့သည် မရှိ ဆင်းရဲသားများအား ဝေမျှကြသည်( အငယ်၊ ၄၄-၄၅)။ အကယ်၍ ယုံကြည်သူတစ်ဦး ဒုက္ခတစ်ခုခု ကြုံကြိုက်ပါကသူ၏ခရစ်ယာန်ညီအစ်ကိုမောင်နှမများကဝိုင်းဝန်းကူညီကြသည်။“ထမ်းရွက်စရာဝန်ချင်းတို့ကို အ ချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့်ခရစ် တော်၏တရားကို ကျင့်ကြလော့” (ဂလာ၊ ၆း၂)ဤအရာများကိုလုပ်ဆောင်ရန် ခရစ်ယာန်တို့အား အတင်းအဓမ္မနှင့်မခိုင်းစေပါ။ သူတို့သည် ဝမ်းမြောက်စွာဖြင့်လုပ်ဆောင်ကြပါသည်။ သူတို့သည် ဘုရားသခင်၏မိသားစုဝင်များ ဖြစ်ကြသော ကြောင့် တစ်ဦးနှင့်တစ်ဦးတာဝန်ရှိကြသည်ဟု ခံယူကြသည်။ နေရာတိုင်း၌ရှိသောယုံကြည်သူ ခရစ် ယာန်အချင်းချင်း ချစ်ခင်မြတ်နိုးသင့်ကြသည်။ အကြောင်းရင်းမှာခရစ်တော်၌ ကျွန်ုပ်တို့ ရရှိ ကြသည့် ဤကြီးမားသောတစ်လုံးတစ်ဝတည်းဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။
သခင်ဘုရား၏ညစာ (ပွဲတော်မင်္ဂလာ)
သခင်ဘုရား၏ညစာကို “မုန့်ဖဲ့ခြင်း” ဟုလည်း ခေါ်ပါသည်။ဤသည် အသင်းတော် ဝတ်ပြု ကိုး ကွယ် ခြင်း၌ ဗဟိုကျသောအရာဖြစ်ပါသည်။ ၁ကော၊ ၁၁၂၃-၃၁ ၌ သခင်ဘုရား၏ညစာအကြောင်းကို ကျွန်ုပ်တို့အား ပြောပါသည်။အကြောင်းမူကား၊ သင်တို့၌ ငါပေးအပ်သောအရာကို သခင်ဘုရားထံ၌ ငါခံရပြီ။ ခံရသောအရာဟူမူကား၊ သခင်ယေရှုသည်ရန်သူလက်သို့ အပ်နှံခြင်းကိုခံသောနေ့ညမှာ မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား၊ သင်တို့အဘို့အလိုငှါချိုးဖဲ့သော ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့။ ငါ့ကိုအောက်မေ့ဘို့ရာဤသို့ပြုကြလော့ဟု မိန့်တော်မူ၏။ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား ငါ၏သွေး၌တည်သော ဝိညာဉ် တရား သစ်ဖြစ်၏။ ဤခွက်ကို သောက်သောအခါခါ ငါ့ကိုအောက်မေ့ဘို့ရာ သောက်ကြလော့၊ ဟု မိန့်တော် မူ၏။ အကြောင်းမူကား၊ သင်တို့သည်ထိုမုန်ကိုစား၍ ထိုခွက်ကိုသောက်သောအခါခါ၊ သခင်ဘုရား အသေခံတော်မူခြင်းကို ကြွလာတော်မမူမှီတိုင်အောင်ပြကြ၏။ထိုကြောင့် သခင်ဘုရား၏မုန့်နှင့်ခွက်ကို မထိုက်မတန်ဘဲစားသောက်သောသူမည်သည်ကား သခင်ဘုရား၏ကိုယ်တော်နှင့်အသွေးတော်ကို ပြစ်မှားရာရောက်၏။ “သို့ဖြစ်၍ လူတိုင်းကိုယ်ကိုကိုယ်စစ်ကြောပြီးမှ မုန်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။ အကြောင်းမူကား၊ မထိုက်မတန်ဘဲစားသောက်သောသူသည် သခင်ဘုရား ၏ကိုယ်တော်ကို ပိုင်းခြား၍မသိသောကြောင့် မိမိအပေါ်သို့ အပြစ်ရောက်စေခြင်းငှါ စားသောက် သော သူဖြစ်၏။ ထိုအကြောင်းကြောင့် သင်တို့တွင် အားနည်းသောသူ၊ မကျန်းမာသောသူများရှိကြ၏။ သေသောသူအများလည်းရှိကြ၏။ ငါတို့သည် ကိုယ်ကိုကိုယ်စစ်ကြောစီရင်လျှင်၊ စစ်ကြောစီရင်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်” (၁ကော၊ ၁၁း၂၃-၃၁)။
သခင်ဘုရား၏ညစာနှင့်ဆိုင်သော အကြောင်းအရာတစ်ချို့မှာ–
သခင်ဘုရား၏ညစာသည် အောက်မေ့သတိရခြင်းဖြစ်သည်။ သခင်ယေရှုက “ငါ့ကိုအောက်မေ့ဘို့ရန် ဤသို့ပြုကြလော့” (အငယ်၊ ၂၄၊ ၂၅)။ကျွန်ုပ်တို့၏သခင်ဘု ရားက ကျွန်ုပ်တို့ကို အလွန်ချစ်မြတ်နိုး ပါ သည်။သူသည် ဘယ်သောအခါမှ ကျွန်ုပ်တို့ကို မေ့မထားပါ။ သူက ကျွန်ုပ်တို့သည်လည်း သူ့ကို မေ့ မထားစေချင်ပါ။ ထို့ကြောင့်ကျွန်ုပ်တို့က သူ့ကိုအကောင်းဆုံးအောက်မေ့သတိရကြောင်းပြသနိုင်ရန် ဤပွဲတော်မင်္ဂလာကို ကျွန်ုပ်တို့အား ပေးပါသည်။သခင်ဘုရား၏ညစာ၌ အထိမ်းအမှတ်နှစ်ခုရှိပါသည်။ ၎င်းတို့မှာ မုန့်နှင့်စပျစ်ရည်တစ်ခွက်(အငယ်၊ ၂၃၊ ၂၅) ဖြစ်ပါသည်။ သခင်ယေရှုကသူ၏အကြောင်းနှင့် ကျွန်ုပ်တို့အတွက် လက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းအကြောင်းကို ဆင်ခြင်အောက်မေ့ရာ၌ အထောက် အကူဖြစ်စေရန်ဤအထိမ်းအမှတ်နှစ်ခုကို ကျွန်ုပ်တို့အားပေးခဲ့ပါသည်။မုန့်သည် သခင်ယေရှု၏ကိုယ်ခန္ဓာကို ပုံဆောင်ပါသည်(အငယ်၊ ၂၄)။ကျွန်ုပ်တို့သည်မုန့်ကိုစားသောအခါ “ကျွန်ုပ်တို့၏အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်ပေါ်မှာ ခံတော်မူကြောင်း” အောက်မေ့ သတိရပါသည်။“ငါတို့သည် အပြစ်နှင့်ဆိုင်သောအရာ၌ အသေဖြစ်၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်စေမည်အကြောင်း၊ ငါတို့အပြစ်များကိုကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီ။ ဒဏ်ချက်တော်များအားဖြင့် သင်တို့သည်အနာပျောက်လျက်ရှိကြ၏”(၁ပေ၊ ၂း၂၄)။စပျစ်ရည်သည် သခင်ယေရှု၏အသွေးတော်ကိုပုံဆောင်ပါသည်(အငယ်၊ ၂၅)။ ကျွန်ုပ်တို့သည် စပျစ်ရည် ကိုသောက်သောအခါ လောကသားအားလုံး၏ အပြစ်အတွက် ပေးဆပ်ရန်သွန်းလောင်းသော ခရစ်တော်၏အသွေးတော်ကို ဆင်ခြင်အောက်မေ့ရပါသည်။“ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍၊လူများအဖို့အလိုငှါ သွန်းသောငါ၏အသွေးဖြစ်၏”(မာ၊ ၁၄၂၄)။ မုန့်နှင့်စပျစ်ရည်သည် အထိမ်းအမှတ် (ပုံဆောင်ခြင်း) သာဖြစ်ပါသည်။ သို့သော် ထိုအထိမ်း အမှတ်တို့က ခရစ်တော်ကိုဖော်ညွှန်းကာကျွန်ုပ်တို့ အတွက်အသက်ကိုပေးခဲ့သော သူ၏ကြီးမား လှသောမေတ္တာကြောင့် ကျွန်ုပ်တို့သည် သူ့ကို ကိုးကွယ်ကြပါသည်။ကျွန်ုပ်တို့သည် ဤပွဲတော် မင်္ဂလာကို ခရစ်တော်ပြန်ကြွလာသည်အထိ ပြုလုပ်ပါသည်။ ကျွန်ုပ်တို့သည် “ပွဲတော်မင်္ဂလာ”ကို အသက်ရှင်သည့်ကာလတလျှောက်လုံး သို့မဟုတ်သခင်ယေရှု ပြန်ကြွ လာသည့်အထိ ဆက်လက် ပြုလုပ်သွားမည်ဖြစ်သည် (အငယ်၊ ၂၆)၊ ဓမ္မသစ်ကျမ်းထဲ၌ ရှိသော အသင်းတော်များသည် ဤပွဲတော်မင်္ဂလာကို သခင်ဘုရားသေခြင်းမှရှင်ပြန်ထမြောက်သည့်နေ့၊ သီတင်းတစ် ပတ်၏ ပထမနေ့တည်းဟူသောတနင်္ဂနွေနေ့တိုင်းတွင် ပြုလုပ်ကြပါသည်။ ကမ္ဘာတစ်ဝှမ်း၌ရှိသည့် များစွာသောခရစ်ယာန်တို့သည် ဤပွဲတော်မင်္ဂလာကိုဆက်လက်၍ပြု လုပ်ကြသည်။ ကျွန်ုပ်တို့သည် မထိုက်မတန်ဘဲ မုန့်ကိုမစား၊ စပျစ်ရည်ကိုမသောက်ရပါ(အငယ်၊ ၂၇)။ ခရစ်တော်ကိုယုံကြည်၍ စစ်မှန် သောခရစ်ယာန်အသက်တာလိုက်လျှောက်သောသူတို့သည် သခင်ဘုရားညစာ (ပွဲတော်မင်္ဂလာ) ကို ဆက်ဆံပါဝင်သင့်သည်။ ခရစ်တော်ကိုမယုံကြည်သောသူတို့သည် ဤပွဲတော်မင်္ဂလာကို မဆက်ဆံ သင့်ပါ။ ခရစ်တော်ကိုယုံကြည်ပါသည်ဟု ပြောကြသော်လည်း စစ်မှန်သော ခရစ်ယာန် အသက်တာ မလိုက်လျှောက်သောသူတို့သည် ပွဲတော်မင်္ဂလာ မဝင်သင့်ပါ။ ဤသို့ မဝင်သင့်သော အချိန်၌ ပွဲ တော် မင်္ဂလာကို ဆက်ဆံသုံးဆောင်သောသူတို့ကို ဘုရားသခင်က တရားစီရင်တော်မူလိမ့်မည် (အငယ်၊ ၂၉)။ မိမိကိုယ်ကိုစစ်ကြောရပါမည် (အငယ်၊ ၂၈)၊ ကျွန်ုပ်သည် စစ်မှန်သောခရစ်ယာန် တစ်ဦးဖြစ်ပါက၊ ပွဲ တော်မင်္ဂလာမဝင်မီ မိမိ၏အ သက်တာကိုငြိမ်ဝပ်စွာ စစ်ဆေးရပါမည်။ မိမိကိုယ်ကိုစစ်ဆေးရာတွင် အထောက်အကူပေးသောမေးခွန်းတစ်ချို့ရှိပါသည်။ ဥပမာ -ကျွန်ုပ်သည် လွန်ခဲ့သောရက် အနည်း ငယ် အတွင်း မည်သည့်အပြစ်ကို ကျူးလွန်ခဲ့ပါသနည်း။ ထိုအပြစ်များကို ဘုရားသခင်ထံဝန်ချတောင်းပန် ပြီး ပြီလား၊ထိုသို့မပြုသေးပါက ကျွန်ုပ်သည် ယခုဝန်ချတောင်းပန်ရမည်။လူတစ်ဦးတစ်ယောက်အား ကျွန်ုပ်ပြစ်မှားမိခဲ့ပါသလား။ ပြစ်မှားခဲ့ပါက၊ ထိုသူထံသို့ လျင်မြန်စွာသွား၍ ကျွန်ုပ်၏အပြစ်ကိုခွင့်လွတ် ရန်တောင်းပန်ရမည်။လူတစ်ဦးတစ်ယောက်အပေါ် အမျက်ဒေါသထွက်ခဲ့ပါသလား။ထွက်ခဲ့ပါက အရင် ဖြေရှင်းရပါမည်။ ကျွန်ုပ်၏ညီအစ်ကိုတစ်ဦးအပေါ် အမျက်ဒေါ သထွက်ပါက၊ ကျွန်ုပ်သည် ဘုရားသခင် ကိုကိုးကွယ်၍မရပါ။“ထို့ကြောင့် သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့လျက် သင်၏ ညီအစ် ကိုသည် သင်၌အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော် သက္ကာကိုထား၍ သွားလော့။ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှပြန်၍ ပူဇော်သက္ကာကို တင်လော့” (မဿဲ၊ ၅း၂၃-၂၄)။ဆက်ဆံသုံးဆောင်ပါ (အငယ်၊ ၂၈)၊ ကျွန်ုပ်သည်အပြစ်များကိုဝန်ချတောင်းပန်ပြီး၊ ဘုရားသခင်နှင့်အခြားလူတစ်ဦးတစ်ယောက်အပေါ် ပြုခဲ့သောအမှားကို ဖြေရှင်းပြီးသောအခါ ပွဲတော်မင်္ဂလာကို ဆက်ဆံသုံးဆောင်နိုင်ပါသည်။
ဆုတောင်းခြင်း
ယေရုရှလင်မြို့၌ရှိသောခရစ်ယာန်တို့သည် ဆုတောင်းဘို့ရန် မကြာခဏ စုဝေးကြသည်။ သူတို့၏ ဆုတောင်းခြင်း၌ သူတို့၏ဖန်ဆင်းရှင်ဖြစ်သောဘုရားသခင်ကို ကိုးကွယ်ခြင်း၊ သူတို့ကိုကယ်တင်ရန် သခင်ယေရှုကိုဤလောကသို့ပို့ဆောင်သောဘုရား သခင်၏ကြီးမား လှသောမေတ္တာနှင့် သနားကြင် နာခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းခြင်းများ ပြုကြပါသည်။သူတို့သည် မိမိတို့၏လိုအပ်ချက်များနှင့် ခက်ခဲမှုပြဿနာများအတွက်လည်းဆုတောင်းကြပါသည်။
ဥပမာ
သူတို့သည် ခွန်အားအတွက် ဆုတောင်းကြသည်။ ယခုတွင် သခင်ယေရှုက သူတို့ထံမှကောင်းကင် ဘုံသို့တက်ကြွသွားပြီဖြစ်သောကြောင့် (တမန်၊ ၁၉) သူတို့၏အသက်တာသည် ကြီးမားစွာပြောင်းလဲ သွားသည်။ သခင်ယေရှုက သူတို့အားလောကီနိုင်ငံအရပ်ရပ်သို့သွား၍ ကယ်တင်ခြင်းသတင်း ကောင်း ကို လူတိုင်းအားကြားပြောကြရန် မိန့်မှာခဲ့ပါသည် (မ၊ ၂၈း၁၉)။ထိုအချိန်တွင်ခရစ်ယာန်အနည်းငယ် သိရှိသေးသောကြောင့် သူတို့ သည်စိတ်အားငယ်ကြကာ၊ ခရစ်တော်၏မိန့်မှာချက်ကိုအဘယ်သို့လုပ် ဆောင်နိုင်ကြမည်ကို မသိကြပါ။ ထို့ကြောင့် သူတို့သည် သခင်ယေရှု၏မိန့်မှာချက်ကို လုပ်ဆောင် နိုင် ကြပါမည်အကြောင်း လိုအပ်သောခွန်အားကိုပေးသနားရန် သံသယကင်းစွာဖြင့် ဘုရားသခင် ထံတော် သို့ ဆုတောင်းကြသည် (တမန်၊ ၁း၁၄)။
► သူတို့သည် လမ်းပြမှုအတွက်ဆုတောင်းကြသည်။ သူတို့သည်လူကောင်းနှစ်ဦးအကြား အရေးကြီး သောရွေးချယ်မှုပြုရန်ရှိသောကြောင့် လမ်းပြမှုလိုအပ်သည်။ ထို့ကြောင့် သူတို့သည် ဘုရားအလိုတော် ရှိသောသူကိုရွေးချယ်နိုင်ဘို့ရန် ဘုရားသခင်အားဆုတောင်းကြသည် ( တ၊ ၁း၂၄)။သူတို့သည် ရဲရင့်ခြင်း အတွက် ဆုတောင်းကြသည် ၊ ၄၁၉-၃၁၌ ဂျူးလူမျိုးခေါင်းဆောင်တို့သည် ပေတရုနှင့် ယောဟန်အား သခင်ယေရှုအကြောင်းဟောပြောခြင်းကို မရပ်တန့်ကြပါကပြစ်ဒဏ်ပေးမည်ဟု ပြောကြသည်။ သို့ သော်၊ ဘုရားသခင်သည်သူတို့နှစ်ဦးကိုလူတို့အားသခင်ယေရှုအကြောင်း ဟောပြောရန် အလိုတော် ရှိသည်။ သူတို့သည် ထိုဟောပြောခြင်းအမှု ဆက်လက်လုပ်ဆောင်နိုင်ရန်လို အပ်သောရဲရင့်ခြင်းကို ဘုရားသခင်ပေးသနားရန် အသင်းတော်ကဆုတောင်းပေးခဲ့ပါသည်။
►သူတို့၏ကြောက်ရွံ့မှုအတွက် ဆုတောင်းကြသည်။ ဂျူးလူမျိုးတို့၏ဘုရင်ဟေရုဒ်မင်းကြီးသည် ခရစ် ယာန်တို့ အပေါ်၌ရက်စက်ကြမ်းကြုတ်သောသူဖြစ်သည်။ သူသည် တမန်တော်ယာကုပ်၏ ဦးခေါင်း ကို ဖြတ်ကာ၊ ပေတရုကိုထောင်ထဲ၌ချခဲ့သည်။ ထိုအခါယုံကြည်သူတို့သည် အကူအညီ ကင်းမဲ့သကဲ့သို့ ခံ စားကြကာ၊ကြောက်ရွံ့ကြသည်။ ဤသို့ဖြစ်ခြင်းကြောင့် သူတို့ဘာလုပ်ကြသနည်း။ သူတို့သည် ဘုရား သခင်ထံတော်သို့ဆုတောင်းကြကာ၊သူတို့၏ကြောက်ရွံ့မှုများကို ပြောကြားခဲ့ကြသည် (တ၊ ၁၂း၁၅)။ ကျွန်ုပ်တို့၏အသင်းတော်၌ရှိသောယုံကြည်သူများ ဆုတောင်းရန်စုဝေးကြသောအခါ ဘုရားသခင် သည်ကြီးမြတ်တော်မူသောဘုရားဖြစ်သောကြောင့်ကိုးကွယ်ကြကာ၊ ကျွန်ုပ်တို့အပေါ်၌ သူ၏ကြီးမားလှသောမေတ္တာနှင့်ကောင်းမြတ်မှုကြောင့် ကျေးဇူးတော်ချီးမွမ်းရပါသည်။ အသင်း တော်၏လိုအပ်မှုများ၊ ခက်ခဲမှုပြဿနာများနှင့်စိုးရိမ်ကြောက်ရွံ့မှုများကိုဘုရားသခင်အား ပြောကြား ကြပါသည်။ အသင်းတော်သည် ဘုရားသခင်၏အသင်းတော်ဖြစ်သောကြောင့် အသင်းတော်ထဲ၌ဖြစ် သမျှသောအရာတိုင်းကို သူစိတ်ဝင်စားပါသည် (တမန်၊ ၂၀း၂၈)။ဤအခန်းတွင်ဒေသန္တရအသင်း တော်၌ ယုံကြည်သူများစုဝေး၍ဆုတောင်းခြင်းအကြောင်းကို ဆင်ခြင်ဆွေးနွေးကြပြီဖြစ်သည်။ရှေ့တွင်လာမည့် အခန်းတစ်ခန်း၌ တစ်ဦးတည်းဆုတောင်းခြင်းအကြောင်းကိုကျွန်ုပ်တို့ဆင်ခြင်ဆွေးနွေးကြပါမည်။ တစ်ဦးတည်းဆုတောင်းခြင်းသည်ခရစ်ယာန်ယောက်ျား၊မိန်းမနှင့်လူငယ်အယောက်တိုင်း၏အသက်တာအတွက် အရေးကြီးပါသည်။
၁၀
ဒေသန္တရအသင်းတော်တစ်ပါး၌ သင်းဝင်ခြင်း MEMBERSHIP OF A LOCAL CHURCH
ခရစ်တော်ကို သင်၏ကယ်တင်ရှင်နှင့်သခင်အဖြစ် ယုံကြည်လက်ခံသည့်နေ့ (သင်သည် အမှန်တကယ် ယုံကြည်လက်ခံပြီးပါက) တွင် သင်၏အသက်တာ၌ အံ့ဩဘွယ်ရာအမြောက်အမြား ဖြစ်ပေါ်ခဲ့ ပါ သည်။ ဖြစ်ခဲ့သည့် အဓိကသုံးခုမှာသင်သည် ဘုရားသခင်၏မိသားစုဝင်အဖြစ် “တစ်ဖန်ဖွားမြင်” ပါ သည်။ ဆိုလိုသည်မှာ သင်သည် ဘုရားသခင်၏သားသမီးတစ်ဦးဖြစ်လာသည်။“ထိုသူကို လက်ခံသမျှ သောသူ တည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏ သားဖြစ်ရသော အခွင့် ကိုပေးတော်မူ၏။ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဖွားသောသားမဟုတ်။ မေထုန်သံဝါသအား ဖြင့် ဖွားသောသားမဟုတ်၊ လူအလိုဖြင့် ဖွားသောသားမဟုတ်။ဘုရားသခင်ဖွား တော်မူသောသား ဖြစ် သတည်း” (ယော၊ ၁း၁၂-၁၃)။
၂။ဝိညာဉ်တော်ဘုရားသည် သင်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကျိန်းဝပ်ပါသည်။ သူသည် သင့်အား အဆုံးမရှိသောအသက်သစ်ကိုပေးပါသည်။ ယခုတွင်သန့်ရှင်းသောဝိညာဉ်တော် သည်သင်၏ အထဲ၌အသက်ရှင်ကာ၊ သင်နှင့်အတူအမြဲနေမည်ဖြစ်သည်။“ဇာတိပကတိမွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော်မွေးသောအရာသည် ဝိညာဉ်ဖြစ်၏” (ယော၊၃၆)။“သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သောဧဝံဂေလိ တရားတည်းဟူ သော သမ္မာတရားကို ကြားနာရ၍ထိုခရစ်တော်ကိုယုံကြည်ပြီးမှ၊ ကတိတော်နှင့်ယှဉ်သောသန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြပြီ” (ဧ၊ ၁း၁၃)။
၃။ဘုရားသခင်သည် သင့်ကို တစ်ကမ္ဘာလုံးနှင့်ဆိုင်သောအသင်းတော်(Universal Church) သင်သည် ကမ္ဘာ့နိုင်ငံအသီးသီး၌ရှိသော ယုံကြည်သူအားလုံးနှင့်အတူခရစ်တော်၏ကိုယ်ခန္ဓာထဲ၌ ပါဝင်သော သူ ဖြစ်သည်။
ဒေသန္တရအသင်းတော်တစ်ပါး၌ သင်းဝင်ရန် အရေးကြီးသည်
ယခုတွင် သင်နေထိုင်ရာကျေးရွာ၊ မြို့ငယ် သို့မဟုတ် မြို့ကြီး၌ရှိသည့်ယုံကြည်သူခရစ်ယာန် များ စု ဝေးရာ ဒေသန္တရအသင်းတော်တစ်ပါးကိုဆက်သွယ်၍ အသင်းဝင်သင့်ပါသည်။ ယုံကြည်သူခရစ်ယာန် အယောက်တိုင်း ဒေသန္တရအသင်းတော်တစ်ပါး၌ သင်းဝင်သင့်ပါသည်။ ဤသည် ဘုရား သခင်၏ အလို တော်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ခရစ်ယာန်အသက်တာကိုမိမိတစ်ဦးတည်းဖြင့်အသက်ရှင်သန်ရန် မကြိုးစားသင့်ပါ။ ကျွန်ုပ်တို့သည်ခရစ်ယာန်များနှင့်အတူ လက်တွဲအသက်ရှင်ရန်လိုအပ်သကဲ့သို့ ထိုခရစ်ယာန်တို့ကလည်း ကျွန်ုပ်တို့ကိုလိုအပ်ကြပါသည်။
ဒေသန္တရအသင်းတော်တစ်ပါးက ဘာလုပ်သနည်း
ဘုရားသခင်က အသင်းသားတစ်ဦးစီတိုင်းကိုလုပ်စေချင်သည့်အရေးကြီးသောအရာ သုံးမျိုးရှိပါသည်။ ဘုရားသခင်ကို ကိုးကွယ်ပါ။ (ကျွန်ုပ်တို့သည် ဤကိုးကွယ်ခြင်းကိုဘုရားသခင်အတွက် လုပ်ပေးခြင်း ဖြစ်ပါသည်)။ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုမောင်နှမအားလုံးကို ချစ်ပါ။(အခြားယုံကြည် သူများ အတွက် လုပ်ပေးခြင်းဖြစ်သည်)။နေရာတိုင်း၌ရှိသောလူတို့အား သခင်ယေရှု၏ သတင်းကောင်းကို ကြား ပြောပါ။ ( ခရစ်ယာန်မဖြစ်သေးသောသူများအတွက် လုပ်ပေးခြင်းဖြစ်သည်)။
ဘုရားသခင်ကို ကိုးကွယ်ပါ
ကိုးကွယ်ခြင်း၏အဓိပ္ပါယ်မှာ ဘုရားသခင်ကိုချစ်ရန်၊ ရိုသေရန်နှင့်သူ၏စကားနားထောင်ရန် ဟူ၍ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုနည်းသုံးမျိုးဖြင့် ကိုးကွယ်နိုင်ပါသည်။ဘုရားသခင်ကို ကျွန်ုပ်တို့၏ကိုယ်ခန္ဓာအားဖြင့်ကိုးကွယ်နိုင်သည်။ သမ္မာကျမ်းစာက ဤသို့ပြောပါသည် -“ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်း ဟူသော သင်တို့ပြုအပ်သောဝတ်ကိုပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကို ထောက် ထား၍၊ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏” (ရော၊ ၁၂း၁)။ကျွန်ုပ်တို့သည် ဘုရားသခင်အား အောက် ဖော်ပြပါအတိုင်း နေ့စဉ်ပြောနိုင်ပါသည်“ကောင်းကင်ဘုံရှင်အဖယနေ့ ကျွန်ုပ်၏ကိုယ်ခန္ဓာကို ကိုယ် တော်၏အစေခံဖြစ်စေချင်ပါ၏။ကျွန်ုပ်၏စိတ်ကို သန့်ရှင်းကောင်းမြတ်သောအကြံ အစည်နှင့် ပြည့်ဝ စေချင်ပါ၏။ကျွန်ုပ်၏ပါးစပ်ကို မှန်ကန်၍ သနားကြင်နာသောစကားများ ပြောစေချင်ပါ၏။ ကျွန်ုပ်၏ လက်ကို ကိုယ်တော်အားရနှစ်သက်သော အလုပ်ကိုလုပ်စေချင်ပါ၏။ကျွန်ုပ်၏ခြေကို ကိုယ်တော်သွား စေချင်သောနေရာ၌ သွားစေချင်ပါ၏။ဘုရားသခင်ကို ကျွန်ုပ်တို့၏ချီးမွမ်းခြင်းဖြင့်ကိုးကွယ်နိုင်သည်။ သမ္မာကျမ်းစာကဤသို့ပြောပါသည် -“ထို့ကြောင့် ငါတို့သည် ဘုရားသခင်၏ကျေးဇူးတော်ကို ဝန်ခံ လျက်နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင့် ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့” (ဟေဗြဲ ၁၃း၁၅)။ကျွန်ုပ်တို့သည် ချီးမွမ်းသီချင်းသီဆိုခြင်းအားဖြင့် သို့မဟုတ် နှုတ်ဖြင့်ပြောဆိုခြင်းအားဖြင့် သို့မဟုတ် သူ၏အကြောင်းကို တိတ်ဆိတ်စွာဆင်ခြင်အောက် မေ့ခြင်းအားဖြင့် ဘုရားသခင်ကိုချီးမွမ်းသောအခါ သူသည်အားရနှစ်သက်ပါသည်။ ယုံကြည်သူ အ ယောက်တိုင်းသည် ဘုရားသခင်၏ကြီးမြတ်ခြင်း၊ တန်ခိုး၊ ကောင်းမြတ်ခြင်းနှင့်မေတ္တာအကြောင်းကို ပို၍သိရှိနားလည်အောင် သင်ယူလေ့လာသင့်ပါသည်။ ကျွန်ုပ်တို့သည် သူ၏အကြောင်းကို ပို၍ သင် ယူလေ့လာလေလေ၊ သူ့ကိုပို၍ချစ်လေလေဖြစ်ကာ၊သူ့ကိုသာ၍ ကောင်းမွန်စွာ ချီးမွမ်း နိုင်မည်ဖြစ် သည်။ကျွန်ုပ်တို့သည် လူတိုင်းအပေါ်၌ သနားကြင်နာခြင်းအားဖြင့်သော်လည်းကောင်း၊ မရှိဆင်းရဲသား တို့အား ကူညီမစခြင်းအားဖြင့်သော်လည်းကောင်းဘုရားသခင်ကို ကိုးကွယ်နိုင်ပါသည်။ သခင်ယေရှုက ဤအရာများကိုလုပ်ဆောင်ခဲ့ပါသည်။သမ္မာကျမ်းစာက ဤသို့ပြောပါသည် -“ကျေးဇူးပြုခြင်း၊ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏”(ဟေဗြဲ ၁၃း၁၆)။(မှတ်ချက်။ ။ ကျွန်ုပ်တို့သည်ကောင်းသောအကျင့် ကျင့် ခြင်းအားဖြင့် ကယ်တင်ခြင်းရကြသည်မဟုတ်ပါ။ သို့ရာတွင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း ရ သောသူများဖြစ်ကြသောကြောင့် ကောင်းသောအကျင့်ကျင့်သင့်ပါသည်)။“ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မဟုတ်၊ ဘုရားသခင်သနားတော်မူရာဖြစ်သတည်း၊ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာ အခွင့်မရှိ” (ဧဖက်၊ ၂း၈-၉)။
ကျွန်ုပ်တို့၏ခရစ်ယာန်ညီအစ်ကိုမောင်နှမအားလုံးကိုချစ်ပါ သခင်ယေရှုက ဤသို့ပြောပါသည်
-“သင်တို့သည် အချင်းချင်း တစ်ယောက်တစ်ယောက်ချစ်ကြလော့၊ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟုပညတ်သစ်ကို ငါပေး၏”(ယောဟန် ၁၃း၃၄)။ခရစ်ယာန်တို့သည် အချင်းချင်း ချစ်ကြရမည်။ ကက်လာ၊သမီးကိုချစ်သကဲ့သို့ ချစ်ရန်မဟုတ်၊ သို့မဟုတ် ခင်ပွန်၊သည်က သူ၏ဇနီ၊ကိုချစ်သကဲ့သို့ ချစ်ရန်လည်း မဟုတ်ပါ။ သို့သော်၊သမင်္ဂဓယက ကျွန်ုပ်တို့ကိုချစ်သကဲ့သို့ ချစ်ကြရန်ဖြစ်သည်၊ ကျွန်ုပ်တို့လုပ်တောဝ်သမျှ ပြောဆိုသမျှနှင့်စဉ်၊ ၈၁လမျှတို့၌ ခရစ်တော်ဘုရာကဲ့သို့ဖြစ်ရပါမည်။ အမှာကျမ်းစာက ခရစ်ယာန်အချင်းချင်၊မေတ္တာပြသင့်ကြောင်းနှင့် ပြနိုင်သည်)နည်းလမ်းများကို သွန်သင်ပါသည်။ ဥပမာ -တစ်ယောက်ကိုတစ်ယောက် ချီးမွမ်း၍ ရိုသေကြပါ။ ချီးမွမ်းခြင်းအရာမှာ၊ သူတပါးကိုကိုယ့်ထက် ချီးမြောက်ကြလော့” (ရော၊ ၁၂း၁၀)။တစ်ယောက်ကိုတစ်ယောက် မစီရင်ကြပါနှင့်။“ထို့ကြောင့်၊ ငါတို့သည် ယခုမှစ၍ အချင်းချင်း မစစ်ကြော မစီရင်ဘဲနေကြကုန်အံ့” (ရော၊ ၁၄း၁၃)။ခြားနားမှု (မတူညီမှု) များကို အချင်းချင်းကွဲပြားစေရန်အခွင့်မပေးဘဲ၊တစ်ယောက်ကိုတစ်ယောက် နွေးထွေးစွာဖြင့်လက်ခံကြပါ။“ ခရစ်တော်သည် … သင်တို့ကို လက်ခံတော်မူသည်နည်းတူ၊
သင်တို့သည် တစ်ယောက်ကိုတစ်ယောက် လက်ခံကြလော့”(ရော၊ ၁၅:၇)။တစ်ယောက်ကိုတစ်ယောက် အစေခံကြပါ။“ညီအစ်ကိုတို့၊ သင်တို့သည် လွှတ်ခြင်းအခွင့်ကို ရသောသူဖြစ်၏။. . . အချင်းချင်းချစ်၍ အမှုချင်းကိုဆောဝ်ရွက်ကြလော့”(ဂလာ၊၅:၀၃)။
>တစ်ယောက်ကိုတစ်ယောက် နာကျင်အောင်မလုပ်ကြနှင့်။“သို့မဟုတ် အချင်းချင်းကိုက်စားလျှင် အချင်းချင်းဖျက်ဆီးမည်ဟုစိုးရိမ်၍ သတိရှိကြလော့” (ဂလာ၊ ၅း၁၅)။အချင်းချင်း မနာလိုသောစိတ် မရှိကြနှင့်။. အချင်းချင်းကြုစုခြင်းတို့ကို ရှောင်၍နေကြကုန်အံ့” (ဂလာ၊၅း၂၆)။
ကြုံတွေ့ရသည့်ခက်ခဲမှုများနှင့်ပြဿနာများကို အချင်းချင်းကူညီဖြေရှင်းကြပါ။
“ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏တရားကိုကျင့်ကြလော့” (ဂလာ၊ ၆း၂)။အချင်းချင်းကျေးဇူးပြု၍ သနားစုံမက်ကြပါ။“အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည်ခရစ်တော်ကြောင့် သင်တို့အပြစ်ကိုလွှတ်တော်မူသကဲ့သို့ အချင်းချင်းအပြစ်လွှတ်ခြင်း ရှိကြလော့” (ဧဖက် ၄း၃၂)။အခြားသောသူတစ်ယောက်လုပ်ချင်သောအရာ (ကောင်းသောအရာဖြစ်ပါက) သဘောတူပေးပါ။ သင်၏အကြိုက်ကို လုပ်ပေးရန် သူ့ကိုအတင်းအဓမ္မမ မခိုင်းပါနှင့်။“ခရစ်တော်ကိုခန့်ညားသော အားဖြင့် အချင်းချင်းတစ်ယောက်အောက်တစ်ယောက် မိမိကိုယ်ကိုနှိမ့်ချလျက် နေကြလော့” (ဧဖက်၅း၂၁)။
►အချင်းချင်းအတွက် ဆုတောင်းကြပါ။
သန့်ရှင်းသူအပေါင်းတို့အဖို့ဆုတောင်းလျက် စောင့်ရှောက်ကြလော့” (ဧဖက် ၆း၁၈)။
အချင်းချင်းအပြစ်ကိုလွှတ်ကြပါ။ လူတိုင်း အမှားပြုလုပ်တတ်ကြသည်။“တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့ ထိုနည်းတူပြုကြလော့”ကော၊ ၃း၁၃)။ခရစ်တော်၏စကားကို အချင်းချင်းသွန်သင်ကြပါ။
> ခရစ်တော်၏နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ … အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်းကို ပြု၍၊ ..” (ကော၊ ၃း၁၆)။ဝမ်းနည်းသောအခါ၌ အချင်းချင်းနှစ်သိမ့်အားပေးကြပါ။“သို့ဖြစ်၍၊ ဤစကားအားဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သက်သာစေကြလော့” (၁သက်၊ ၄၁၈)။
>အချင်းချင်းတိုက်တွန်း၍ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြပါ။“ထို့ကြောင့် သင်တို့သည် ယခုပင် ပြုသည်နည်းတူ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တည်ဆောက်ကြလော့” (၁သက်၊၅း၁၁)။ဘုရားသခင်ထံတော်မှလှည့်မသွားအောင် အချင်းချင်းသတိပေးကြပါ။
“ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသောဘုရားသခင့်အထံတော်မှထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သောစိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့၊ ဒုစရိုက်၏လှည့်ဖြား
ခြင်းအားဖြင့် သင်တို့စိတ်နှလုံးမခိုင်မာစေခြင်းငှါ ယနေဟူ၍ခေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့”(ဟေဗြဲ ၃း၁၂-၁၃)။
.အချင်းချင်းတွေ့ဆုံကြပါ။ အသင်းတော်နှင့်မကင်းကွာပါနှင့်။“… အချင်းချင်းစုဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်” (ဟေဗြဲ၁၀း၂၅)။
အချင်းချင်း အပြစ်ဖော်ပြတောင်းပန်ကြပါ။
“အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ကိုယ် အပြစ်ကိုဖော်ပြတောင်းပန်ကြလော့၊ ချမ်းသာရမည်အကြောင်း အချင်းချင်းတို့အဖို့ ဆုတောင်းကြလော့…” (ယာ၊ ၅း၁၆)။အချင်းချင်း ဝေငှပေးကမ်းကြပါ။“မြည်တမ်းခြင်းမရှိဘဲ အချင်းချင်းဧည့်သည်ဝတ်ကို ပြုကြလော့”(၁ပေ၊ ၄း၉)။
သင်၏အသင်းတော်ထဲ၌ရှိသောသင်းဝင်သူများနှင့် နေရာအနှံ့အပြား၌ရှိနေကြသောခရစ်ယာန်တို့အား မေတ္တာပြနိုင်သောဤဖော်ပြပါနည်းလမ်းများကိုအလေးထား၍ မကြာခဏစဉ်းစားပါ။ ဘုရားသခင်၏။မိန့်မှာချက်များကိုလိုက်နာရန် မလွယ်ကူပါ။ သို့သော်၊ သူ၏စကားကိုလိုက်နာ
ပါက ဘုရားသခင်ကကျွန်ုပ်တို့အား ကောင်းကြီးပေးမည်ဖြစ်သည်။နေရာတိုင်း၌ ရှိသောလူတို့အား သခင်ယေရှု၏သတင်းကောင်းကို ကြားပြောပါ
သခင်ယေရှုသည်သူ၏အကြောင်းကို ခရစ်ယာန်အယောက်တိုင်းကမယုံကြည်သူတို့အားပြောရန် အလိုတော်ရှိသည်။ သင်သည် သင်၏မိတ်ဆွေများနှင့်အိမ်နီးချင်းတို့အား သူ၏အကြောင်းကို ပြောပြစေချင်သည်။ သူ၏အကြောင်းကိုပြောပြရန် သမ္မာကျမ်းစာကိုကောင်းမွန်စွာနားလည်စရာမလိုပါ။ သင်သည် သခင်ယေရှုကို ဘယ်လိုယုံကြည်လက်ခံခဲ့သည်၊ သူ့ကြောင့်သင့်အသက်တာ ဘယ်လိုပြောင်းလဲခဲ့သည်ဟူသောအချက်ကို ရိုးရိုးလေးနှင့်
သူတို့အား ပြောပြပါ။ ထို့နောက် ဤသို့ပြောပါ –
ဘုရားသခင်က သင့်ကိုချစ်သည်။ သူက လူတိုင်းကိုချစ်သည်။ကျွန်ုပ်တို့သည် အလွန်ဆိုးသောအရာများလုပ်ခဲ့ပြီးလျှင်လည်းသူသည် ကျွန်ုပ်တို့ကိုချစ်ပါသည်။ (သို့သော် သူသည် ထိုဆိုးသောအရာများကို မချစ်ပါ)။ဘုရားသခင်သည် သူ၏သားတော်သခင်ယေရှုကို ကျွန်ုပ်တို့၏အပြစ်ကြောင့်အသေခံရန် ဤလောကသို့စေလွှတ်ခဲ့ပါသည်။ကျွန်ုပ်တို့သည်သခင်ယေရှုကို ကယ်တင်ရှင်နှင့်သခင်အဖြစ် ယုံကြည်လက်ခံပါက၊ ဘုရားသခင်သည် ကျွန်ုပ်တို့သေသောအခါ၊ ကောင်းကင်ဘုံသို့ ခေါ်ဆောင်သွားမည်။ သို့သော်လည်း၊ ကျွန်ုပ်တို့သည်သခင်ယေရှုကို မယုံကြည်ပါက၊ ဘုရားသခင်သည် ကျွန်ုပ်တို့ကိုကောင်းကင်ဘုံသို့ မခေါ်ဆောင်ဘဲ၊ ကျွန်ုပ်တို့အပေါ်၌ ထာဝရအမျက်ထွက်တော်မူမည်။
သမ္မာကျမ်းစာက ဤသို့ပြောပါသည် – “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားကိုပယ်သောသူမူကား၊ အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏အမျက်တော်တည်နေသည်”(ယော၊ ၃း၃၆)။ဤစာအုပ်ထဲ၌ရှိသော အခန်း -၆(“သတင်ကောင်း” စာမျက်နှာ၄၈-၅၂) ကိုဖတ်၍သင်ယူပါ။ ကျွန်ုပ်သည် တို့အား ယခင်ယေရှုအကြောင်းပြောပြသောအခါ ဘယ်လိုပြောရမည်ကို အခန်း (၆) ကရှင်းလင်းစွာသွန်သင်ပါသည်။ လူတို့အား သမ္မာကျမ်းစာပြောသည့်အကြောင်းပြောပြခြင်းသည် အလွန်အရေးကြီးပါလည်း အဘယ့်ကြောင့်ဆိုသေ။သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပက်တော်ဖြစ်သည်။ လူတို့အားသခင်ယေရှု၏အကြောင်းကိုပြောပြရာ၌ ဘုရားသခင်၏ကူညီမစမှုကိုတောင်းလျှောက်ပါ။ သို့ပြုလျှင်၊ လူတို့သခင်ယေရှုအကြောင်းပြောပြရာ၌ ဘုရားသခင်ကူညီမစပါမည်။ သူသည် လက်ပြောပြချက်ကိုနားထောင်သောသူကိုအားကောင်းကြီးပေးမည်ဖြစ်သည်။လူတို့သည် သခင်ယေရှု၏အကြောင်းကို မသိနားမလည်ပါက သူ့ကိုယုံကြည်နိုင်ကြမည်မဟုတ်ပါ။ သို့ရာတွင် သင်၏အသင်းတော်ထဲ၌ရှိသောယုံကြည်သူအယောက်တိုင်းက လူတို့အား သခင်ယေရှုအကြောင်းကိုပြောကြပါက၊ များစွာသောလူတို့သည် သခင်ယေရှုကိုသူတို့၏ကယ်တင်ရှင်အဖြစ်လိုအပ်ကြကြောင်းကို သိလာကြမည်ဖြစ်သည်။ သခင်ယေရှု၏သတင်းကောင်းကို ပုံနှိပ်ထားသည့်စာရှိပါက ကောင်းသည်။ သင်သည်လူတို့အား သခင်ယေရှုအကြောင်းပြောပြီးသောအခါ သူတို့အိမ်၌ဖက်ရန် ဝေစာကိုပေးနိုင်သည်။ သူတို့သည် ထိုစာကိုဖတ်ခြင်းအားဖြင့် သူတို့အားသင်ပြောပြခဲ့သည့်သခင်ယေရှု၏အကြောင်းကို ပြန်လည်သတိရစေမည်ဖြစ်သည်။
၁၁
ဝိညာဉ်တော်ဆုကျေးဇူးများ SPIRITUAL GIFTS
လူတို့သည် များစွာသောအလုပ်အမျိုးမျိုးကို နေ့တိုင်းလုပ်ဆောင်ရန်လိုအပ်သည်။ ထို့ကြောင့် ဘုရားသခင်သည်ကျွန်ုပ်တို့၏ကိုယ်ခန္ဓာကိုအင်္ဂါအမျိုးမျိုးနှင့်တွဲဖက်၍ ဖန်ဆင်းပါသည်။ ထိုအင်္ဂါတစ်ခုစီတိုင်းသည်ကျွန်ုပ်တို့လုပ်ဆောင်ရန်လိုအပ်သောအရာများကို လုပ်ကြပါသည်။ဥပမာ – ကျွန်ုပ်တို့သည် လမ်းလျှောက်ရန်လိုအပ်သောကြောင့်ဘုရားသခင်က ခြေထောက်ပေးပါသည်။ ကျွန်ုပ်တို့လျှောက်သောလမ်းကိုတွေ့မြင်ရန်လိုအပ်သောကြောင့် မျက်စိပေးပါသည်။ အစာစားရန်လိုအပ်သဖြင့် သွားများကိုပေးပါသည်။ အမျိုးမျိုးသောအလုပ်များကိုလုပ်ရန်လက်ကို ပေးပါသည်။ ကျွန်ုပ်တို့အသက်ရှင်နိုင်ရန်နှင့်လုပ်ဆောင်ရန်လိုအပ်သောအရာများကိုလုပ်ဖို့ ကျွန်ုပ်တို့၏ကိုယ်ခန္ဓာပေါ်ရှိ အင်္ဂါအားလုံးတို့သည်ဘုရားသခင်ပေးသောဆုကျေးဇူးများဖြစ်ပါသည်။အသင်းတော်သည် ကိုယ်ခန္ဓာတစ်ခုဖြစ်သည်တမန်တော်ရှင်ပေါလုက ကောရိန္ဒုမြို့၌ရှိသောအသင်းတော်ကို“ခရစ်တော် ၏ကိုယ်ခန္ဓာ”ဟု ခေါ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်၊အသင်းတော်သည် ခရစ်တော်ပိုင်သောကိုယ်ခန္ဓာတစ်ခု (လူစုတစ်စု) ဖြစ်သောကြောင့် ဖြစ်သည်။“သင်တို့သည် ခရစ်တော်၏ကိုယ်ဖြစ်ကြ၏။ အသီးသီးအင်္ဂါတော်ဖြစ်ကြ၏” (၁ကော၊ ၁၂း၂၇)။သင်၏အသင်းတော်အပါအဝင် ဒေသန္တရအသင်းတော်အသီးသီးတို့သည် ဘုရားသခင်အတွက်များစွာသောအလုပ်အမျိုးမျိုးကို လုပ်ဆောင်ရန်လိုအပ်သည်။ ထို့ကြောင့် ဘုရားသခင်သည်အသင်းတော်အသီးသီး၌ရှိသောယုံကြည်သူတို့ကို ဝိညာဉ်ရေးဆိုင်ရာ အလုပ်များလုပ်ဆောင်ဖို့ရန်ဆုကျေးဇူးများ ပေးပါသည်။ သူတို့၏အလုပ်မှာ – ၁။ ဘုရားသခင်ကို ကိုးကွယ်ရန် ၂။ ခရစ်ယာန်များ ယုံကြည်ခြင်း၌ ရင့်ကျက်အားသန်ရေးအတွက် ကူညီရန်၊ ၃။ မယုံကြည်သူများအား သခင်ယေရှု၏ဝမ်းမြောက်ဘွယ်သတင်းကြားပြောရန် စသည်တို့ဖြစ်ပါသည်။ဝိညာဉ်တော်ဆုကျေးဇူးများဝိညာဉ်တော်ဆုကျေးဇူးများသည် ဘုရားသခင်၏အမှုတော်မြတ်၌အသုံးပြုရန် ဘုရားပေးသောအစွမ်းအစဖြစ်ပါသည်။ ဝိညာဉ်တော်ဆုကျေးဇူးကို နှစ်မျိုးခွဲခြားနိုင်ပါသည်။
►နှုတ်ဖြင့်ပြောသောဆုကျေးဇူးများ- ဥပမာ၊ နှုတ်ကပတ်တော်သွန်သင်ခြင်း၊လက်ဖြင့်အစေခံခြင်းဆုကျေးဇူးများ- ဥပမာ၊ ဖျားနာသောသူများနှင့် မရှိဆင်းရဲသားများကို ကူညီမစခြင်း။“ဓမ္မဆရာအရာရှိလျှင်၊ ဓမ္မဆရာ၏အမှုကိုဆောင်ရွက်ကြကုန်အံ့။ဆုံးမဩဝါဒပေးသောသူသည် ထိုအမှုကိုဆောင်ရွက်စေ။ နှိုးဆော်သွေးဆောင်သောသူသည် ထိုအမှုကိုဆောင်ရွက်စေ။ အစွန့်အကြဲဝေငှသောသူသည် လျစ်လျူသောစိတ်နှင့် ဝေငှစေ။ အုပ်ချုပ်သောသူသည် လုံ့လဝိရိယနှင့် အုပ်ချုပ်စေ။ မစသနားခြင်းအမှုကို ပြုသောသူသည် စေတနာစိတ်နှင့်ပြုစေ” (ရော၊ ၁၂း၇-၈)။
ဓမ္မသစ်ကျမ်းထဲ၌ များစွာသောဝိညာဉ်ဆုကျေးဇူးများ ဖော်ပြထားပါသည် – တမန်တော်၊ ပရောဖက်၊ ဓမ္မဆရာ၊ တန်ခိုးကိုပြနိုင်သောအခွင့်။အနာရောဂါငြိမ်းစေနိုင်သောအခွင့်၊ ကူညီမစခြင်း၊ စီမံခန့်ခွဲခြင်း၊ အမျိုးမျိုးသောဘာသာစကားများကိုပြောတတ်ခြင်း၊ ဉာဏ်ပညာ၊ ယုံကြည်ခြင်း၊ စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍ သိနိုင်ခြင်း (ဝိညာဉ်တော်ပြောသောစကားနှင့်ဝိညာဉ်ဆိုးပြောသောစကားကို ခွဲခြားတတ်ခြင်း)၊ အမျိုးမျိုးသောဘာသာစကားများကိုအနက်ဖွင့်တတ်ခြင်း၊ ဧဝံဂေလိဆရာ၊ သင်းအုပ်ဆရာ၊ တိုက်တွန်းအားပေးခြင်း၊ ပေးကမ်းခြင်း၊ ခေါင်းဆောင်မှု၊ သနားကြင်နာခြင်း၊အိမ်ထောင်ပြုခြင်း၊ အိမ်ထောင်မပြုဘဲနေခြင်း၊ နှုတ်ဖြင့်ပြောဆိုခြင်း(ဆုကျေးဇူးတစ်ချို့တို့ပါဝင်သည်)၊ အစေခံခြင်း ( ဆုကျေးဇူးတစ်ချို့ပါဝင်သည်)၊ဘုရားသခင်သည် ဒေသန္တရအသင်းတော်တစ်ပါးစီတိုင်းကို ဆုကျေးဇူအားလုံးမပေးဘဲ၊ သူ၏အလိုတော်ရှိသည်အတိုင်းပေးပါသည်။ ဘုရားသခင်သည် ယုံကြည်သူတစ်ဦးစီတိုင်းကို ဆုကျေးဇူးတစ်ခု သို့မဟုတ် တစ်ခုထက်များသောဆုကျေးဇူးပေးပါသည်။ ဘုရားသခင်က သင့်အားပေးသောထိုဆုကျေးဇူးသည် သင့်အတွက်မဟုတ်ပါ။ သုသည် သင်၏ဆုကျေးဇူးကိုအခြားသူတို့အားကူညီ၍ ကောင်းကြီးခံစားရရှိရန် အသုံးပြုစေချင်ပါသည်။“ကောင်းသောအကျိုးအလို့ငှါသာ ဝိညာဉ်တော်ကို လူအသီးသီးတို့အား ထင်ရှားစွာပေးတော်မူလျက်ရှိ၏” (၁ကော၊ ၁၂း၇)။လူ၏ကိုယ်ခန္ဓာပေါ်၌ရှိသောအင်္ဂါအားလုံးတို့သည် တစ်ခုနှင့်တစ်ခုမတူကြဘဲ ခြားနားကြပါသည်။ တစ်ချို့သောအင်္ဂါတို့သည် (ခြေထောက်နဲ့သို့သော) ကြီး၍၊ တစ်ချို့မှာ (နားရွက်ကဲ့သို့သော) သေးငယ်ကြပါသည်။ သို့ရာတွင် အင်္ဂါအားလုံးတို့သည်အရေးကြီးပါသည်။ ဘုရားသခင်သည် ဤအင်္ဂါအားလုံးတို့ကိုဖန်ဆင်းထားသောကြောင့် အားလုံးကောင်းကြပါသည်။အသင်းတော်ထဲ၌ဆုကျေးဇူးအမျိုးမျိုးရှိပြီး၊ အားလုံးတို့သည် မရှိမဖြစ်လို အပ်ကြပါသည်။ သင်၏ဝိညာဉ်တော်ဆုကျေးဇူးပေးသောသူမှာဘုရားသခင်ဖြစ်ပါသည်။“စွမ်းရည်ဆုကျေးဇူးတော် အထူးထူးအထွေထွေရှိငြားသော်လည်းဝိညာဉ်တော်တပါးတည်းရှိ၏” (၁ကော၊ ၁၂၄)။အကယ်၍၊ ဘုရားသခင်သည် သင့်ကို ကြီးသောဝိညာဉ်တော်ဆုကျေးဇူး တစ်ခုခုပေးပါက မဝါကြွားပါနှင့်။ ( “ယခုတွင် ကျွန်ုပ်သည် သူတပါးထက် သာ၍အရေးကြီးသောသူဖြစ်သည်”ဟု မပြောပါနှင့်)။ ဘုရားသခင်သည် သင့်ကို ငယ်သောဆုကျေးဇူပေးပါက မနာလိုစိတ်မရှိပါနှင့်။ (“ကျွန်ုပ်၌ရှိသောဆုကျေးဇူးထက် အခြားသူတို့၌ရှိသောဆုကျေးဇူးသည် သာ၍ ကြီးသောကြောင့် ကျွန်တော်ဝမ်းနည်းပါတယ်”ဟု မပြောပါနှင့်)။သင်၏ကိုယ်ခန္ဓာအပေါ်၌ များစွာသောအင်္ဂါအမျိုးမျိုးရှိသော်လည်းခန္ဓာတစ်ကိုယ်တည်းသာဖြစ်ပါသည်။ သို့ဖြစ်သောကြောင့် သင့်ကိုယ်ခန္ဓာ၏အင်္ဂါအသီးသီးတို့သည် တစ်ခုနှင့်တစ်ခုအပေါ်၌ ဘယ်သောအခါမှ ဝါကြွားခြင်း သို့မဟုတ် မနာလိုဖြစ်ခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမဖြစ်ကြဘဲ၊တစ်ခုနှင့်တစ်ခု မတိုက်ခိုက်ကြပါ။ သူတို့သည် တစ်ခုနှင့်တစ်ခု အစဉ်အမြဲကူညီကြပါသည်။ ဤသို့အားဖြင့် သင်၏ကိုယ်ခန္ဓာကျန်းမာ၍ ပျော်ရွှင်ပါသည်။ခရစ်တော်၏ကိုယ်ခန္ဓာ (အသင်းတော်) ထဲ၌ ခြားနားသောလူအများအပြားရှိပါသည်။ သို့သော်၊ ကျွန်ုပ်တို့အားလုံးသည် ယေရှုခရစ်တော်၌ခန္ဓာတစ်ခုတည်းဖြစ်ကြပါသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် အချင်းချင်းချစ်၍ကူညီကြကာ၊ စည်းလုံးညီညွတ်မှုအားသန်အောင် ကျွန်ုပ်တို့၏ဝိညာဉ်ဆုကျေးဇူးများကို အသုံးပြုကြပါက၊ ကျွန်ုပ်တို့၏အသင်းတော်သည်ကျန်းမာ၍ ဝမ်းမြောက်သောအသင်းတော်တစ်ပါး ဖြစ်လာမည်။ ထို့အပြင်၊ မယုံကြည်သူတို့သည် အသင်းတော်နှင့်သခင်ယေရှုထံတော်သို့ လာချင်ကြမည်ဖြစ်သည်။“သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏” (ယောဟန် ၁၃း၃၅)။အေမး။။ကျွန်ုပ်သည် ဘုရားသခင်ပေးသောဝိညာဉ်ဆုကျေးဇူး (အစွမ်း)ကို အဘယ်သို့သိနိုင်ပါမည်နည်း။ ဘုရားသခင်က သူ့အတွက်မည်သည့်အလုပ်ကို လုပ်စေချင်ပါသနည်း။အဖြေ ။ ။ဆုတောင်းပါ။ သင့်ကိုပေးသည့် ဆုကျေးဇူးကို ဖော်ပြဘို့ရန်ဘုရားသခင်အားဆုတောင်းပါ။သင်၏ဆုကျေးဇူးကိုသိနိုင်ရန် သင်၏အသင်းတော်ဦးဆောင်သူတို့၏ အကူအညီကို တောင်းပါ။ သင်သည် သင်၏ဆုကျေးဇူးကိုသေသေချာချာမသိသည့် အချိန်၌ပင်လျှင်၊ ဝိညာဉ်သဘောနှင့်ပြည့်ဝသောသူတို့က သိနိုင်ပါသည်။သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌ လည်းကောင်း၊ အချို့တို့ကို ပရောဖက်အရာ၌လည်းကောင်း၊ ခန့်ထားတော်မူ၏” (ဧဖက် ၄း၁၂)။သင်၏ဆုကျေးဇူးကိုသိသောအခါ အသုံးပြုပါ။
၁၂
ဒေသန္တရအသင်းတော်၌ခေါင်းဆောင်မှု LEADERSHIP IN THE LOCAL CHURCH
အတူနေထိုင်သော (သို့) အလုပ်လုပ်သောမိသားစုတစ်စု၊ ပညာသင်ကျောင်းတစ်ခု၊ နိုင်ငံတစ်ခုစီတိုင်းသည် ခေါင်းဆောင်မှုလိုအပ်ပါသည်။ဓမ္မသစ်ကျမ်း န္တရအသင်းတော်ထဲ၌ရှိသော သင်းအုပ်များ (သင်းလူကြီး) သည် ခေါင်းဆောင်များဖြစ်ကြသည်ဟု သွန်သင်ပါသည်။ ဤသို့ဆိုရာတွင်၊သင်းအုပ်(သင်းလူကြီး) တစ်ဦးတည်းမဟုတ်ဘဲ၊ သင်းအုပ်များ(အများ) ဦးဆောင်မှုကို ဆိုလိုပါသည်။ အသင်းတော်၏သင်းအုပ်များ(သင်းလူကြီးများ) သည် အသက်ကြီးသူများဖြစ်ဘို့မလိုဘဲ၊ အတွေ့အကြုံရှိပြီး၊ခရစ်ယာန်အသက်တာ၌ ရင့်ကျက်သောအမျိုးသား ဖြစ်ရပါမည်။သင်းအုပ်၏အရည်အချင်းများသည်။၁တိ၊ ၃၁-၇ ၌ သင်းအုပ်တစ်ဦး၏အရည်အချင်းကို တွေ့နိုင်ပါအငယ်-၁။ ။ သင်းအုပ်အရာကိုတောင့်တသောသူသည် ကောင်းသောအမှုအရာကိုတောင့်တသည်ဟူသောစကားသည် မှန်သောစကားဖြစ်၏။အငယ်-၂။ ။ ထို့ကြောင့်၊ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့်ကင်းလွှတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူ၊ သမ္မာသတိရှိသောသူ၊ဣနြေစောင့်သောသူ၊ လျောက်ပတ်စွာကျင့်သောသူ၊ ဧည့်သည်ဝတ်ကိုပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမည်။အငယ်-၃။ စပျစ်ရည်နှင့်ပျော်မွေ့ခြင်း၊ သူတပါးကိုရိုက်ပုတ်ခြင်း၊မစင်ကြယ်သောစီးပွါးကို တပ်မက်ခြင်းမရှိ၊ စိတ်ဖြည်းညှင်းသောသူ၊ရန်မတွေ့တတ်သောသူ၊ ငွကိုမတပ်မက်သောသူဖြစ်ရမည်။အငယ်-၄။ မိမိအိမ်ကိုကောင်းမွန်စွာအုပ်စိုး၍ သမာဓိရှိသည်နှင့်၊မိမိသားသမီးကို ဆုံးမနိုင်သောသူဖြစ်ရမည်။အငယ်-၅။ ။ မိမိအိမ်ကိုမအုပ်စိုးတတ်လျှင် ဘုရားသခင်၏အသင်းတော်ကို အဘယ်သို့ပြုစုလိမ့်မည်နည်း။အငယ်-၆။ မာနနှင့်ယစ်မူးလျက်၊ မာရ်နတ်၏အပြစ်ရောက်မည်ဟုစိုးရိမ်စရာရှိ၍၊ ဘာသာဝင်လူသစ်မဖြစ်ရ။အငယ်-၇။ ကဲ့ရဲ့ပြစ်တင်ခြင်း၊ မာရ်နတ်ဖမ်းမိခြင်းနှင့်ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူတို့တွင်အသရေရှိသောသူဖြစ်ရမည်။သင်းအုပ်တစ်ဦး၏အကျင့်စာရိတ္တအသင်းတော်အတွင်း သို့မဟုတ် အပြင်၌ရှိသောလူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်ကင်းလွှတ်မည်အကြောင်း သင်းအုပ်တစ်ဦး၏အသက်တာသည် ဖြောင့်မတ်ရပါမည် (အငယ်-၂-၇)။သူသည် အိမ်ထောင်မရှိသည့် လူလွတ်ဖြစ်နိုင်ပါသည်။ သို့သော်၊အိမ်ထောင်ရှိပါက၊ သူသည် မယားတစ်ယောက်တည်းရှိ၍ မိမိ၏မယားအပေါ် သစ္စာရှိသောသူဖြစ်ရမည် (ငယ်-၂)။ သူ၌ သားသမီး၊များရှိပါက၊ သူတို့သည် မိမိတို့ဖခင်၏ဂုဏ်သိက္ခာမယုတ်ညံ့စေမည်အကြောင်း ကောင်းမွန်စွာပြုမူကျင့်ကြံရကြမည်(ငယ်-၄၊ ၅)။သင်းအုပ်တစ်ဦးသည် နှုတ်ကပတ်တော်သွန်သင်တတ်ရမည်
(ငယ်-၂)။ သူသည် ပရိသတ်အများရှေ့၌ ထိရောက်သောတရားဟောဆရာဖြစ်သော်လည်း၊ နှုတ်ကပတ်တော်ကို ကောင်းမွန်စွာလေ့လာ
ပြီး၊ သူတပါးတို့အားသွန်သင်တတ်သောသူ ဖြစ်ရမည်။သူသည် သူတပါးအပေါ်၌ သနားကြင်နာတတ်သူ၊ နူးညံ့သိမ်မွေ့သောသူ၊ စိတ်ဖြည်းညှင်းသောသူ၊ ရန်မတွေ့တတ်သောသူ၊အားပေးတတ်သောသူ ဖြစ်ရမည် (ငယ်-၂ ၊ ၃)၊ ကြမ်းတမ်း၍အပြစ်ရှာတတ်ပြီး၊ လျင်မြန်စွာအမျက်ထွက်တတ်သောသင်းအုပ်ဆရာသည် သူ၏အသင်းတော်၌ရှိသောယုံကြည်သူများထဲ၌ကြီးမားသောနစ်နာဆုံးရှုံးမှု ဖြစ်စေနိုင်ပါသည်။သူသည် ငွေနှင့်သေရည်သေရက်ကို မတပ်မက်ရပါ။သင်းအုပ်တစ်ဦး၏အလုပ်အသင်းတော်၌ရှိသောသင်းအုပ်ဆရာတစ်ဦးက မည်သည့်အလုပ်ကိုလုပ်ဆောင်ပါသနည်း။ တမန်တော် ၂၀၂၈-၃၁ တွင် တမန်တော်ရှင်ပေါလုက သင်းအုပ်တို့အား ဤသို့ပြောခဲ့ပါသည်။“ထို့ကြောင့် သင်တို့သည် ကိုယ်ကိုသတိနှင့်ကြည့်ရှုကြလော့။ ဘုရားသခင်သည် မိမိသွေးနှင့်ဝယ်တော်မူသောအသင်းတော်ကို လုပ်ကြွေးစေခြင်းငှါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုအအုပ်အချုပ်ခန့်ထားတော်မူသောသိုးစုတစ်စုလုံးကိုလည်း သသိနှင့်ကြည့်ရှုကြလော့။ အကြောင်းမူကား၊ ငါမရှိသည့်နောက်၊ ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ ဝင်မည်ကိုလည်းကောင်း၊ တပည့်တော်များကိုသွေးဆောင်ခြင်းငှါ၊ မှားသောစကားကိုပြောတတ်သောလူတို့ သည် သင်တို့ အထဲ၌လည်းပေါ်လာမည်ကိုလည်းကောင်း၊ ငါသိ၏။ ထို့ကြောင့် စောင့်ရှောက်၍နေကြလော့။ ငါသည် သုံးနှစ်ပတ်လုံး နေ့ညမပြတ် လူအပေါင်းတို့ကိုမျက်ရည်နှင့်တကွ ဆုံးမ၍ နေကြောင်းအောက်မေ့ကြလော့”(တမန်၊ ၂၀ း၂၈-၃၁)။သင်းအုပ်များသည် လူတို့ကိုကြည့်ရှုစောင့်ရှောက်ကြသည်သိုးထိန်းတစ်ဦးသည် သူ၏သိုးများကိုသတိနှင့်ကြည့်ရှုစောင့်ရှောက်သကဲ့သို့၊ သင်းအုပ်သည်သူ၏လူတို့ကို သတိနှင့်ကြည့်ရှုစောင့်ရှောက်ပါသည်။ သူ၏လူတို့သည် ဘုရားကိုသိကျွမ်းခြင်း၌တိုးတက်လာကြရန်နှင့်ဝိညာဉ်ခွန်အားကြီးသောခရစ်ယာန်များဖြစ်လာကြရန် နှုတ်ကပတ်တော်ကိုသင်ပေးပါသည်။ ကောင်းမွန်စွာသင်ပေးနိုင်ရန် သင်းအုပ်ဆရာသည်နှုတ်ကပတ်တော်ကိုလေ့လာရာ၌ အချိန်များစွာပေးဘို့လိုပါသည်။ သူသည်ယုံကြည်သူတို့အား သမ္မာတရားများကိုရှင်းလင်းစွာရှင်းပြတတ်ရန် လိုအပ်သလို၊ သွန်သင်သည့်သမ္မာတရားကို ကြားနာသူတို့၏နေ့စဉ်အသက်တာ၌မည်သို့နာခံလိုက်လျှောက်ရမည်ကိုလည်း ပြောပြရမည်။သင်းအုပ်များသည် လူတို့ကိုကာကွယ်သည်သင်းအုပ်များသည် အသင်းတော်၏အပြင်မှသော်လည်းကောင်း၊အတွင်းမှသော်လည်းကောင်း၊ ဖြစ်ပေါ်လာတတ်သည့် မှားယွင်းသောသွန်သင်ချက်များမှ ယုံကြည်သူများကိုကာကွယ်ရမည်။ ယုံကြည်သူများသည်မှားယွင်းသောသွန်သင်ချက်များကို သိပြီး၊ ဆန့်ကျင်နိုင်ရန် သင်းအုပ်တို့သည်သမ္မာတရားကို ရှင်းရှင်းလင်းလင်းသွန်သင်ရမည်။ မှားယွင်းသောအယူဝါဒသွန်သင်သောဆရာများကို အသင်းတော်ထဲသို့မဝင်ရှုပ်ရန် ကာကွယ်ရမည်။ သူတို့သည် မှားယွင်းသောခံယူချက်များဖြင့် သင်းကွဲစေသောအသင်းသားများကို ဆုံးမ၍အမှားပြုပြင်ပေးရမည်။သင်းအုပ်များသည် ပုံသက်သေဖြစ်ရမည်
၁ပေ၊ ၅း၂-၄ ၌ တမန်တော်ပေတရုက သင်းအုပ်တို့အားဤသို့ရေးသားခဲ့ပါသည်“သင်တို့နှင့်အတူရှိသော ဘုရားသခင်၏သိုးတော်စုကိုထိန်းခြင်းအမှုမှာ၊ အနိုင်ထိန်းရသောကြောင့်မဟုတ်၊ မစင်ကြယ်သောစီးပွားကိုတပ်မက်သောကြောင့်မဟုတ်ဘဲ၊ အလိုလိုစေတနာစိတ်ရှိ၍ ကြည့်ရှုအုပ်ထိန်းကြလော့။ အသီးသီးအုပ်သောအသင်းတော်တို့ကို အာဏာထား၍ အစိုးတရပြုသည်မဟုတ်ဘဲ၊ သိုးတော်စုရှေ့မှာ ပုံသက်သေကို ပြသောသူ ဖြစ်ကြလော့။ သို့ဖြစ်လျှင်၊ သိုးထိန်းအကြီးပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးနွမ်းတတ်သော ဘုန်းကြီးသောပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်”
(၁ပေ၊ ၅:၂-၄)။သင်းအုပ်များသည် လူတို့အားသူတို့ဘယ်လိုအသက်ရှင်သင့်သည်ကိုသာမပြောဘဲ၊ မိမိတို့၏အသက်တာအားဖြင့်လည်း လက်တွေ့အသက်ရှင်ပြရမည်။ ကောင်းသောသင်းအုပ်ဆရာတစ်ဦးက အောက်ပါအတိုင်းပြောနိုင်သည် –
“ဘုရားသခင်က သင့်ကို ဘယ်လိုအသက်ရှင်စေချင်သလဲဆိုတာသိချင်ရင် ကျွန်ုပ်၏အသက်ရှင်ပုံကိုကြည့်ပါ။ ကျွန်ုပ်၏အိမ်ကိုလာလည်ပါ။ ခရစ်ယာန်တစ်ယောက်က သူ၏ဇနီးနှင့်သားသမီး
များကို ဘယ်လိုချစ်သင့်သလဲဆိုတာ တွေ့မြင်သွားမယ်၊အသိုင်းအဝိုင်းထဲမှာလဲ ကျွန်ုပ်ကို ကြည့်ပါက လုပ်သမျှအရာရာတိုင်းကို ရိုးသားစွာဖြင့်လုပ်နေကြောင်း တွေ့မြင်မှာပါ။ အသင်းတော်
ထဲ၌ကျွန်ုပ်ကိုကြည့်ပါက၊ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦးဖြစ်ကာ၊ ကြိုးစား၍အမှုတော်ဆောင်ရွက်နေသူ ဖြစ်ပါသည်။ သို့သော်လည်း တန်ခိုးအာဏာ သို့မဟုတ် သူတပါး၏ချီးမွမ်းခြင်းကို မလိုလားပါ။ ကျွန်ုပ်သည် သင်တို့အားလုံးအတွက် ခရစ်တော်၏အစေခံကျွန်တစ်ယောက်သာလျှင် ဖြစ်ပါသည်။”သိုးထိန်းတစ်ဦးကမိမိ၏သိုးများကို သိသလို၊ သင်းအုပ်ဆရာကလည်းသူ့အသင်းတော်၏အသင်းသားများကို သိသင့်သည်။ ဤသို့သိနိုင်ရန်သူသည် မိမိ၏အသင်းသားများနှင့်အချိန်ယူ၍ သူတို့၏နေ့စဉ်အသက်တာကိုလေ့လာသင်ယူသင့်ပါသည်။ သင်းအုပ်ဆရာတစ်ဦးသည် အသင်းသားတစ်ဦးစီတိုင်း၏အိမ်ကို တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် သွားရောက်လည်ပတ်သင့်ပါသည်။ နှစ်ယောက်သားအတူတကွဆုတောင်းကြကာ၊ အသင်းသားကသူ၏ခရစ်ယာန်အသက်တာ၊ မိသားစု၊ အလုပ် သို့မဟုတ် အသင်း
တော်ထဲ၌ဖြစ်နေသည့်ပြဿနာများနှင့် သိချင်သောအကြောင်းအရာများကိုမေးနိုင်ပါသည်။ သင်းအုပ်ဆရာကသူ၏အသင်းသားများကို ကောင်းမွန်စွာ
သိသောအခါ သူတို့၏အသက်တာရင့်ကျက်ရန်နှင့်ဘုရားသခင်၏အမှုတော်လုပ်ငန်း၌ပါဝင်ရန် ကူညီနိုင်မည်ဖြစ်သည်။တစ်ခါတစ်ရံတွင် အသင်းသားများကသူတို့၏ခက်ခဲမှုပြဿနာလျှို့ဝှက်ချက်များကို သင်းအုပ်ဆရာအားရင်ဖွင့်ပြောဆိုတတ်ကြသည်။ ဤကိုယ်ရေးကိုယ်တာအမှုကိစ္စများကို သင်းအုပ်ဆရာက အခြားသူတို့အားမပြောသင့်ပါ။ သူသည် ဤအမှုကိစ္စကိုဘုရားသခင်ထံသို့ ဆုတောင်းပြီးလိုအပ်ပါက လုပ်ဖော်ဆောင်ဖက်ဖြစ်သည့် အခြားသင်းအုပ်ဆရာများကိုအသိပေးသင့်ပါသည်။အကယ်၍ သင်းအုပ်ဆရာတစ်ဦးသည် တစ်ဦးတည်းနေထိုင်သောအမျိုးသမီးကို သွားရောက်လည်ပတ်မည်ဆိုပါက သူ၏ဇနီးနှင့်အတူ သွားသင့်ပါသည်။ သို့ပြုလျှင်၊ သူသည် စုံစမ်းသွေးဆောင်ခြင်းမှလွတ်ကင်းပြီးလူတို့သည် သူ၏မကောင်းကြောင်းကို ပြော၍မရတော့ပါ။ မကောင်းကြောင်းလှည့်လည်ပြောဆိုခြင်းသည် မမှန်သောသတင်းဖြစ်စေကာမူ၊ ထိုသို့ပြုခြင်းသည် ခရစ်ယာန်တစ်ယောက်၏နာမည်ကောင်းကို ဖျက်ဆီးနိုင်ပါသည်။သင်းအုပ်များအပေါ် အသင်းတော်၏တာဝန်ချစ်၍ ရိုသေပါကျွန်ုပ်တို့သည် မိမိတို့၏သင်းအုပ်များကိုချစ်၍ ရိုသေရမည်။“ထိုမှတပါး၊ ညီအစ်ကိုတို့၊ သင်တို့တွင်အတော်ကိုဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့်အုပ်စိုးခြင်း၊ သတိပေးခြင်းအမှုကိုပြုသောသူတို့ကိုသိမှတ်၍၊ သူတို့ပြုသောအမှုကြောင့် မေတ္တာစိတ်နှင့်အလွန်ချစ်ခင်လေးမြတ်မည်အကြောင်း၊ ငါတိုတောင်းပန်၏။အချင်းချင်း အတင့်အသင့်နေကြလော့” (၁သက်၊ ၅း၁၂-၁၃)။စကားနားထောင်ပါ
ကျွန်ုပ်တို့သည် မိမိတို့ခင်းအုပ်ဆရာများ၏စကားကို နားထောင်ရမည်။ သူတို့သည် ကျွန်ုပ်တို့ကိုပြုစုစောင့်ရှောက်ရာ၌ ဘုရားသခင်အပေါ်တာဝန်ရှိသောသူများ ဖြစ်ကြသည်။“ဘင်တို့ကိုအုပ်သောသူတို့၏စကားကို နားထောင်၍ နှိမ့်ချလျက်နေကြလော့၊ ဆုတို့သည် ကိုယ်တိုင်စစ်ကြောခြင်းကိုခံရသောသူကဲ့သို့ သင်တို့စိတ်ဝိညာဉ်၏အကျိုးအလို့ငှါ စောင့်နေကြ၏၊ သင်တို့အကျိုးကိုဖြစ်စေတတ်သော ဝမ်းနည်းခြင်းမရှိ၊ ဝမ်းမြောက်ခြင်းရှိ၍၊ သူတို့သည် စစ်ကြောခြင်းကိုခံရမည်အကြောင်း သတိပြုလျက်နေကြလော့” (ဟေဗြဲ ၁၃း၁၇)ရုပ်ဝတ္တုလိုအပ်မှုများ
ကျွန်ုပ်တို့သည် မိမိတို့သင်းအုပ်ဆရာများ၏အမှန်တကယ်လိုအပ်မှုများကို ထောက်မရမည့်သူများ ဖြစ်ကြသည်။“ကောင်းမွန်စွာအုပ်ဘောခင်းအုပ်တို့သည် အလှူနှစ်ဆကို ခံထိုက်ဆူဖြစ်သည်ဟူ၍၎င်း၊ တရားဟောခြင်း၊ ဆုံးမဩဝါဒပေးခြင်း
အမှုကို ကြိုးစားအားထုတ်သောသူတို့သည် အလှူနှစ်ဆကို အထူးသဖြင့် ခံထိုက်သူဖြစ်သည်ဟူ၍၎င်း မှတ်ရမည်” (၁တိ၊ ၅း၁၇)။တစ်ခါတစ်ရံတွင် အသင်းတော်ကြီးလာသောအခါ အိမ်သို့လည်ပတ်
ခြင်းနှင့် နှုတ်ကပတ်တော်သွန်သင်ခြင်းသည် သင်းအုပ်များအတွက် မနိုင်မနင်းဖြစ်လာတတ်သည်။ ဤသို့ဖြစ်လာသောအခါ၊ သင်းအုပ်များထဲမှနှုတ်ကပတ်တော်ကိုကောင်းမွန်ထိရောက်စွာသွန်သင်တတ်သော ဓမ္မဆရာဆုကျေးဇူးရှိ၍၊ ယုံကြည်သူများကို သွားရောက်လည်ပတ်နိုင်သောသူတစ်ဦးကို သူ၏ပုံမှန်အလုပ်
(အသက်မွေးဝမ်းကျောင်း) မှ ရပ်နားပြီး၊ သူ၏
အချိန်ကို နှုတ်ကပတ်တော်သွန်သင်ရန်နှင့် အသင့်တော်ထဲ၌ရှိသော အသင်းသားများကို သွားရောက်လည်ပတ်ရန်အတွက်အသုံးပြုရန် အသင်းတော်မှသူ့ကို တောင်းဆိုသင့်ပါသည်။ ဤသည် အခြားသင်းအုပ်ဆရာများကနှုတ်ကပတ်တော်သွန်သင်ခြင်းနှင့်ယုံကြည်သူများထံသို့ လည်ပတ်ခြင်းကို
ရပ်တန့်နိုင်ကြသည်ဟု မဆိုလိုပါ။ သူတို့သည် သူတို့၏သင်းအုပ်ဆရာလုပ်ငန်းကိုဆက်လက်လုပ်ဆောင်ရပါမည်။ သို့သော်၊ “အချိန်ပြည့်” သင်းအုပ်ဆရာကအခြားသင်းအုပ်ဆရာများထက် အလုပ်ကိုပို၍လုပ်နိုင်မည်ဖြစ်သောကြောင့်
အသင်းတော်တစ်ခုလုံးအတွက် အလွန်ကောင်းမွန်လာမည်ဖြစ်သည်။အချိန်ပြည့်သင်းအုပ်ဆရာက သူ၏ပုံမှန်အလုပ်မှရပ်နားသောအခါ ထိုအလုပ်မှရရှိသည့်ဝင်ငွေ ရတော့မည်မဟုတ်ပါ။ အသင်းတော်သည်သူ၏မိသားစုစားဝတ်နေရေးအတွက် လိုအပ်သောငွေကြေး ထောက်ပံ့သင့်ပါသည်။ ဤသည် သမ္မာကျမ်းစာ၏သွန်သင်ချက်ဖြစ်ပါသည်။
သင်းအုပ်ဆရာများကို မည်သို့ရွေးချယ်ခန့်အပ်
ပါသနည်းသင်းအုပ်ဆရာများကိုခန့်ထားသောသူမှာ ဝိညာဉ်တော်ဘုရားဖြစ်ကာ (တ၊ ၂၀၂၈)၊ ဘုရားခန့်ထားသောသူတို့ကို သမ္မာကျမ်းစာကထင်ရှားစွာဖော်ပြပါသည်။ ထို့ကြောင့် အသင်းတော်တစ်ခုလုံးက ဘုရားရွေးချယ်သောသူကို သိမြင်နိုင်ကြကာ၊ ထိုသူ၌ သမ္မာကျမ်းစာတောင်းဆိုသည့်သင်းအုပ်အရည်အချင်းရှိ၊ မရှိကိုလည်း သိနိုင်ကြသည်။ သင်းအုပ်လုပ်ငန်းသည် အသင်းတော်တစ်ခုလုံးကိုထိခိုက်စေနိုင်သောကြောင့် သင်းအုပ်ဆရာတစ်ဦးသည် အသင်းသားတစ်ဦးစီ၏ သူ့အပေါ် ယုံကြည်စိတ်ချမှုကိုလိုလားမည်ဖြစ်သည်။
**သင်းအုပ်ဆရာ၏လုပ်ခ
သင်းအုပ်ဆရာတစ်ဦးသည် သူ၏သင်းအုပ်လုပ်ငန်းကို ကောင်းမွန်စွာလုပ်ဆောင်ပါက လူတို့သည်ကောင်းကြီးခံစားကြမည်ဖြစ်သည်။သူသည်လည်း ဝမ်းမြောက်မည်။ သိုးထိန်းကြီး ( သခင်ယေရှု ကြွလာသောအခါ ကြိုးစားလုပ်ဆောင်သောသင်းအုပ်အယောက်တိုင်းတို့အား ထာဝရတည်သောဆုလာဒ်ချပေးမည်ဖြစ်သည်။
၁၃
သန့်ရှင်းခြင်း၊
HOLINESS
ဘုရားသခင်က ဤသို့ပြောပါသည် –
“ငါသည် သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်းသန့်ရှင်းခြင်း ရှိကြလော့” (၁ပေ၊ ၁း၁၆)။
သန့်ရှင်းခြင်းဆိုသည်မှာ အဘယ်နည်းသန့်ရှင်းခြင်းသည် “သခင်ယေရှုကဲ့သို့ဖြစ်ခြင်း” ဖြစ်ပါသည်။
သခင်ယေရှု ဘယ်သို့ဘယ်ပုံဖြစ်သည်ကို သမ္မာကျမ်းစာကပြောပါသည်။ကျွန်ုပ်တို့၏လောကကမ္ဘာ၌ သခင်ယေရှုသက်တော်ရှင်စဉ်က သူလုပ်သမျှအရာရာတိုင်းသည်ကောင်းမွန်၍၊ သနားကြင်နာမှုရှိသည်။ သူပြောသမျှသောစကားသည် မှန်ကန်၍၊ မေတ္တာပါရှိသည်။ သူ၏အကြံအစည်ရှိသမျှတို့သည် သန့်ရှင်းစင်ကြယ်သည်။ သခင်ယေရှုမွေးဖွားသည့်နေ့မှ သေသည့်အချိန်အထိ သူ၏ဘဝတစ်ခုလုံးက ဘုရားသခင်ကိုကျေနပ်အားရစေပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့လုပ်သမျှ၊ ပြောသမျှနှင့်အကြံအစည်ရှိသမျှတို့၌ သခင်ယေရှုကဲ့သို့ဖြစ်ရန် အလိုတော်ရှိပါသည်။ ဤသည်
သန့်ရှင်းခြင်း ဖြစ်ပါသည်။ဂလာတိ ၅း၂၂-၂၃ က သန့်ရှင်းသူတစ်ဦးသည် မည်ကဲ့သို့ကျင့်
ကြံပြုမူသည်ကို ကျွန်ုပ်တို့အားပြောပါသည်။ သူ၏အသက်တာ၌ ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်း
မြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း၊စသည်တို့ပေါ်တွင် ထင်ရှားပါသည်။ ဤသင့်တယ်လှပသောအရည်အချင်းအားလုံးတို့ကို သခင်ယေရှ၏အသက်တာ၌ အစဉ်အမြဲပြည့်စုံစွာတွေ့မြင်
ရသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏သဏ္ဍာန်တော်သို့ တိုးတက်ရင့်ကျက်လေလေ ဖော်ပြပါအရည်အချင်းများ ကျွန်ုပ်တို့အသက်တာ၌ပေါ်လွင်ထင်ရှားလေလေဖြစ်ပါသည်။သခင်ယေရှုသည်ဘုရားဖြစ်သောကြောင့် စုံလင်သောသူဖြစ်သည်။သို့ရာတွင်၊ ကျွန်ုပ်တို့သည် ဤကမ္ဘာပေါ်၌အသက်ရှင်နေထိုင်ကြစဉ်တွင်ဘယ်သောအခါမှ စုံလင်နိုင်မည်မဟုတ်ပါ။ သခင်ယေရှု၏သဏ္ဍာန်တော်နှင့်
အနည်းငယ်မျှသာတူညီနိုင်ရန် ကျွန်ုပ်တို့၏အသက်တာတစ်ခုလုံး ကြာမြင့်မည်ဖြစ်သည်။ သို့သော်၊ သခင်ယေရှု၏သဏ္ဍာန်တော်သို့တိုးပွားခြင်းသည်ကျွန်ုပ်တို့၏အကြီးမားဆုံးသော လိုအင်ဆန္ဒဖြစ်သင့်ပါသည်။သန့်ရှင်းခြင်းအကြောင်းနှင့်ပတ်သက်၍ကျွန်ုပ်တို့၏ပြဿနာခရစ်ယာန်တို့၌ပြဿနာတစ်ခုရှိပါသည်။ ကျွန်ုပ်တို့၏အသက်
တာ၌ဆန့်ကျင်တိုက်ခိုက်ကြသော တန်ခိုးနှစ်မျိုးရှိပါသည်။ ပထမမှာဝိညာဉ်တော်ဖြစ်ပါသည်။ သူသည် ကျွန်ုပ်တို့ ၏အထဲ၌ ကျိန်းဝပ်၍အသက်တာသန့်ရှင်းရန် အလုပ်လုပ်နေပါသည်။ ဒုတိယမှာ- ကောင်းကင်ဘုံသို့သွားသည်အထိကျွန်ုပ်တို့၏အထဲ၌ရှိမည့် အပြစ်ရှိသောလူ့ဇာတိ
သဘာဝဖြစ်ပါသည်။ ဤပြဿနာကြောင့် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့သည်ဘုရားသခင်ကိုဝမ်းမြောက်စေသည့် ကောင်းသောအရာကိုလုပ်ကြကာ၊သို့သော်လည်း တခြားအချိန်တွင် ဘုရားသခင်ကိုဝမ်းနည်းစေသည့် အပြစ်ရှိသောအရာများကို ကျွန်ုပ်တို့ပြုတတ်ကြပါသည်။တမန်တော်ရှင်ပေါလုက သူ့အကြောင်းကိုဤသို့ပြောပါသည်။“ထိုသို့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏တရားတော်အလိုသို့၎င်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့၎င်း၊ ငါလိုက်တတ်၏” (ရောမ ၇း၂၅)။
ခရစ်ယာန်အားလုံးတို့၌ရှိသော ဤပြဿနာနှင့်ပတ်သက်၍ကျွန်ုပ်တို့ ဘာလုပ်နိုင်မှာလဲ။
**သန့်ရှင်းသောအသက်ရှင်ခြင်း၏သော့ချက်
သန့်ရှင်းသောအသက်ရှင်ခြင်း၏သော့ချက်မှာ ကျွန်ုပ်တို့၏စိတ်ဖြစ်ပါသည်။ ကျွန်ုပ်တို့လုပ်သောအရာတစ်ခုစီတိုင်းသည် ကျွန်ုပ်တို့၏စိတ်ထဲမှအစပြုသည်ဟု သခင်ယေရှုကပြောပါသည်။
“လူအတွင်းမှထွက်သောအရာမူကား၊ လူကိုညစ်ညူးစေသောအရာဖြစ်၏။ လူအတွင်းနှလုံးထဲက မကောင်းသောကြံစည်ခြင်း၊သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊မနာလိုခြင်း၊ လှည့် စားခြင်း၊ ညစ်ညူးခြင်း၊ စူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း”(မာ၊ ၇း၂၀-၂၂)။ခိုးယူခြင်းသည် သူခိုး၏လက်မှအစမပြုဘဲ၊ သူ၏စိတ်ထဲမှအစပြုပါသည်။ သူသည် သူတပါးပိုင်ဆိုင်သောပစ္စည်းတစ်ခုကိုမြင်သောအခါ ထိုအရာကို သူလိုချင်သည်။ ထို့ကြောင့် ထိုပစ္စည်းကို အဘယ်သို့ခိုးမည်နည်းဟု သူ၏စိတ်ထဲ၌စဉ်းစားသည်။ လူသတ်မှုသည် သေနတ်နှင့်အစမပြုဘဲ၊ ဆိုးညစ်သောစိတ်နှင့်အစပြုပါသည်။ ဆိုးညစ်သောစကားများသည် ပထမဦးစွာလူ၏
စိတ်ထဲမှစတင်ကာ၊ ထို့နောက် သူ၏ပါးစပ်မှထွက်သွားသည်။
**ကျွန်ုပ်အဘယ်သို့သန့်ရှင်းနိုင်မည်နည်း
အသက်တာသန့်ရှင်းရန်အားထုတ်မှု အောင်မြင်မည်လား သို့မဟုတ်မအောင်မြင်ဘူးလားဟူ၍ သင်၏စိတ်ထဲ၌ဖြစ်နေပါသည်။ သင်လုပ်ရမည့်အရာနှစ်ခုရှိပါသည် – ပထမမှာ၊ သင်၏စိတ်ကို ဆိုးသောထင်မြင်မှုများမှကာကွယ်ပါ။ ဒုတိယမှာ၊ သင်၏စိတ်ကို ကောင်းသောထင်မြင်မှုနှင့်
ပြည့်စေပါ။
**သင်၏စိတ်ကို ဆိုးသောထင်မြင်မှုများမှကာကွယ်ပါ
ရှောလမုန်မင်းကြီးသည် အလွန်လိမ္မာသောသူတစ်ဦးဖြစ်သည်။သူက ဤသို့ပြောပါသည် -“နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံးကို အထူးသဖြင့်စောင့်ရှောက်လော့” (သုတ္တံ ၄:၂၃)။(မှတ်ချက်။ ။ ကျမ်းစာထဲတွင် “နှလုံး” သည် “စိတ်”ကို ဆိုလိုသည်)။အပြစ်ရှိသော အကြံအစည်များသည် ရန်သူတစ်မျိုးဖြစ်သည်။သို့ဖြစ်၍၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စိတ်ကို အပြစ်ရှိသောအကြံအစည်များမှကာကွယ်ရပါမည်။ ဤသည် လွယ်ကူသောအရာမဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော်၊ အပြစ်ရှိသောအရာများသည် နေ့စဉ် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်၌ရှိပါသည်။ မရိုးမဖြောင့်သည့်အရာများကိုလုပ်နေသောလူများကျွန်ုပ်တို့မြင်တွေ့ရသည်။ မသန့်ရှင်းသောအရာများ၏အကြောင်းပြောသောလူတို့ကို ကျွန်ုပ်တို့တွေ့ကြသည်။ စာအုပ်တစ်ချို့၊ ရုပ်မြင်သံကြား၊ဗီဒီယို၊ ဒီဗီဒီနှင့် အင်တာနက်စသည်တို့တွင် ညစ်ပတ်သောရုပ်ပုံများရှိပါသည်။ ထို့ကြောင့်၊ ကျွန်ုပ်တို့သည် အပြစ်ရှိသောအရာများကို နေ့စဉ်တွေ့မြင်ကြားသိသောအခါ ထိုအရာများကိုကျွန်ုပ်တို့၏စိတ်ထဲ၌မထား၊မစဉ်းစားဘဲ အဘယ်သို့နေနိုင်မည်နည်း။အဖြေမှာ၊ အပြစ်ရှိသောအကြံအစည်များကို ကျွန်ုပ်တို့၏စိတ်ထဲသို့မဝင်လာရန် ကာကွယ်တားဆီး၍မရပါ။ သို့သော်၊ ကျွန်ုပ်တို့သည် ထိုအပြစ်ရှိသောအကြံအစည်ကို ကျွန်ုပ်တို့၏စိတ်ထဲမှ လျင်မြန်စွာထုတ်ပစ်နိုင်
ပါသည်။ ဤသို့ပြုရာတွင် ကျွန်ုပ်တို့သည်ကြိုးစား၍ လုပ်ဆောင်ရပါမည်။စကားပုံတစ်ခုက ဤသို့ ဆိုပါသည်- “သင်သည် သင်၏ခေါင်းပေါ်၌
ပျံသန်းသောငှက်များကို မတားဆီးနိုင်ပါ။ သို့သော်၊ သင်၏ခေါင်းပေါ်၌၎င်းတို့၏အသိုက်မဆောက်အောင် သင်သည် တားဆီးနိုင်ပါသည်။”အပြစ်ရှိသောအကြံအစည်များ ကျွန်ုပ်တို့၏စိတ်ထဲသို့ ဝင်ရောက်လာသောအခါ ကျွန်ုပ်တို့သည် ၎င်းတို့ကိုအမြန်ဆုံးထုတ်ပစ်ပါက၊ ကျွန်ုပ်တို့ကို ဒုက္ခမရောက်စေပါ။ သို့ရာတွင်၊ ၎င်းတို့ကို စိတ်ထဲမှမထုတ်ဘဲဆက်လက်တွေးတောခံစားပါက အပြစ်ကျူးလွန်ရန် တွန်းပို့သွားမည်ဖြစ်သည်။ ပညာရှိသောရှောလမုန်မင်းကြီးက ဤသို့ပြောခဲ့ပါသည်“နှလုံး (စိတ်) သည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့်၊ သင်၏နှလုံး(စိတ်)ကို အထူးသဖြင့်စောင့်ရှောက်လော့။”
**သင်၏စိတ်ကို ကောင်းသောအကြံအစည်များနှင့် ပြည့်စေပါ
အပြစ်ရှိသောအကြံအစည်များကို ဆန့်ကျင်ထုတ်ပစ်ရုံနှင့်မလုံလောက်ပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စိတ်ကို ကောင်းသောအကြံအစည်
များနှင့် ဖြည့်ဆည်းရပါမည်။ သို့မှသာ၊ စိတ်ထဲ၌မကောင်းသောအရာများအတွက် နေရာရှိမည်မဟုတ်ပါ။
**သမ္မာကျမ်းစာက ဤသို့ ပြောပါသည် –
“ကြွင်းသေးသောစကားဟူမူကား၊ ညီအစ်ကိုတို့၊ သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သော အကျင့်၊ သူတပါးနှစ်သက်ဖွယ်သော
အကျင့်၊ ချီးမွမ်းဖွယ်သောအကျင့်ရှိသမျှတို့ကို၎င်း၊ ပါရမီတပါးပါး၊ကောင်းသောသတင်းတပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို၎င်း၊နှလုံးသွင်းကြလော့” (ဖိလိပ္ပိ ၄:၈)။ကျွန်ုပ်တို့၏ပါးစပ်ထဲသို့ထည့်သောအစားအစာများသည် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာထဲသို့ ရောက်သွားပြီး၊ ကျန်းမာခြင်းနှင့်ခွန်အားဖြစ်စေပါသည်။ကျွန်ုပ်တို့၏စိတ်ထဲသို့ထည့်ထားသောအကြံအစည်များသည် ကျွန်ုပ်တို့၏အကျင့်စာရိတ္တအဖြစ် ပေါ်လွင်လာပါသည်။ ကျွန်ုပ်တို့ သည်မိမိတို့၏စိတ်ကို ကောင်းသောအရာများနှင့်ပြည့်စေပါက သန့်ရှင်းသောအသက်တာအားကောင်းသွားမည်ဖြစ်သည်။ ဤသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏အလိုတော်ဖြစ်ပါသည်။
**ကျွန်ုပ်တို့၏စိတ်ကို ကောင်းသောအရာများနှင့်အဘယ်သို့ပြည့်စေနိုင်မည်နည်း
သင်၏မျက်စိနှင့်နားရွက်တို့သည် သင့်စိတ်၏တံခါးပေါက်များဖြစ်ပါသည်။ ထို့ကြောင့် သင်သည်ဘာကိုကြည့်သည်၊ ဘာအကြောင်းနားထောင်သည်ကို သတိထားပါ။ရိုးသားဖြူစင်သောခရစ်ယာန်များကို သင်၏အကောင်းဆုံးမိတ်ဆွေများအဖြစ်ရွေးချယ်ပါ။ သူတို့သည် သူတို့လုပ်ဆောင်သောအရာရာတိုင်း၌ ဘုရားစကားကိုနားထောင်ချင်သောသူများ၊ ကောင်းသောလူများနှင့်အချိန်ယူသောသူများ ဖြစ်ပါစေ။ခရစ်ယာန်စာပေများကို ဖတ်ရှုပါ။ ၎င်းတို့သည် သင်၏ယုံကြည်ခြင်းကိုတိုး၍၊ အားရှိစေမည်ဖြစ်သည်။ ။သင်၌ TV၊ ဗီဒီယို၊ DVD သို့မဟုတ် အင်တာနက်များရှိပါကသင့်အတွက် အကျိုးရှိမည့်အစီအစဉ်များနှင့် Website များကိုသာကြည့်ရှုပါ။ သင်၏စိတ်ကိုဒုက္ခပေးပြီး၊ ညစ်ညမ်းစေနိုင်မည်၏အစီအစဉ်များကို မကြည့်ပါနှင့်။အကျီညစ်ပေသောအခါ ပြဿနာမရှိပါ။ အဘယ့်ကြောင့်ဆိုသော်၊၎င်းကို လျှော်ဖွပ်၍ရပါသည်။ သို့သော်၊ သင်၏စိတ် ညစ်ပေပါက ပြဿနာဖြစ်ပွားပါမည်။ အဘယ့်ကြောင့်ဆိုသော်၊ ညစ်ပတ်သောရုပ်ပုံများကို သင်၏စိတ်ထဲမှ မည်သည့်အရာကမှ လျှော်ဖွပ်၍မရနိုင်ပါ။ ထိုရုပ်ပုံများသည် သင်၏စိတ်ကို နှစ်အတန်ကြာဒုက္ခပေးနိုင်ပါသည်။ ထို့ကြောင့် မိမိကိုယ်ကိုသန့်ရှင်းအောင် စောင့်ထိန်းပါ။“ကိုယ့်ကိုကိုယ် စင်ကြယ်စေလော့” (၁တိ၊ ၅း၂၂)။အရေးကြီးဆုံးသောအရာမှာ၊ သင်၏နေ့စဉ်အသက်တာကို ဘုရားသခင်နှင့် အစပြုပါ။ ကျမ်းစာဖတ်ရှုဆင်ခြင်ခြင်းနှင့် ဆုတောင်းခြင်းဖြင့်ဘုရားသခင်နှင့်နေ့စဉ်သီးသန့်အချိန်ယူပါ။ ဤသို့ ပြုခြင်းသည်သင်၏စိတ်ကိုကောင်းသောအရာများနှင့် ဖြည့်ဆည်းရာ၌အကောင်းဆုံးသောနည်းဖြစ်ပါသည်။ နောက်လာမည့် သင်ခန်းစာတွင် ဘုရားသခင်နှင့် နေ့စဉ်သီးသန်အချိန်ယူခြင်းအကြောင်းကိုအကျယ်တဝန်းရှင်းပြပါမည်။
*၁၄
*ဘုရားသခင်နှင့်နေ့စဉ်အချိန်ယူခြင်း
*OUR DAILY QUIET TIME WITH GOD
မိမိတို့၏ဒေသန္တရအသင်းတော်၌စုဝေးပြီး၊ ဘုရားသခင်ကိုအတူတကွဝတ်ပြုကိုးကွယ်ခြင်းသည် ခရစ်ယာန်များအတွက်အရေးကြီးပါသည်။ နှုတ်ကပတ်တော်ဖတ်ရှုဆင်ခြင်ရန်နှင့်ဆုတောင်းရန် အခြားသူများထံမှတိတ်ဆိတ်သောနေရာသို့ တစ်ဦးတည်းအချိန်ယူခြင်းသည်လည်း ခရစ်ယာန်အယောက်တိုင်းအတွက် အရေးကြီးပါသည်။ ကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည်ကျမ်းစာကိုဖတ်သောအခါ ဘုရားသခင်သည်ထိုနှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ကိုစကားပြောပါသည်။ ကျွန်ုပ်တို့သည် ဆုတောင်းပဌနာပြုခြင်းအားဖြင့် ဘုရားသခင်ကိုစကားပြောပါသည်။ အကယ်၍၊ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်နေ့စဉ်အချိန်ယူပါက၊ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးသည် ကျန်းမာပြီး၊ သန်စွမ်းမည်ဖြစ်သည်။
*ဘုရားသခင်နှင့်အချိန်ယူစဉ် ကျွန်ုပ်တို့ဘာလုပ်မည်နည်း
*ကျမ်းစာဖတ်ပါ
ကျမ်းစာသည် ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာတိုးတက်ရန်ထောက်မသော ဝိညာဉ်အစာဖြစ်သည်။ သခင်ယေရှုက -“ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကိုမွေးရမည်မဟုတ်၊ ဘုရားသခင်မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏” (မဿဲ ၄း၄)။ကျွန်ုပ်တို့သည် အပြစ်လုပ်ရန်စုံစမ်းနှောင့်ယှက်ခြင်းခံသောအခါ၊ သမ္မာကျမ်းစာဖတ်ခြင်းက ထိုအပြစ်မလုပ်ရန် ခွန်အားပေးပါသည်။ကျွန်ုပ်တို့၏စိတ်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်ပြည့်ဝသောအခါ၊ ကျွန်ုပ်တို့သည်အပြစ် “မလုပ်ဘူး” ဟု ပြောဆိုရန် လွယ်ကူပါသည်။“ကိုယ်တော်ကို မပြစ်မှားဘဲနေနိုင်မည်အကြောင်း၊ ဗျာဒိတ်တော်ကို နှလုံးထဲမှာသိုထားပါပြီ” (ဆာလံ ၁၁၉း၁၁)။
*ဆုတောင်းပါ
ကျွန်ုပ်တို့ ဆုတောင်းသောအခါ ခပ်သိမ်းသောအရာကိုဖန်ဆင်းတော်မူသော ကြီးမြတ်သည့်ဘုရားသခင်က နားထောင်သည်မှာ အံ့သြဘွယ်ကောင်းပါသည်။ ဤသို့နားထောင်ရခြင်းမှာ သူသည်ကျွန်ုပ်တို့ကိုချစ်၍၊ ကျွန်ုပ်တို့သည်လည်း သူ၏သားသမီးများဖြစ်သောကြောင့် သူ့အတွက်အရေးကြီးသောသူများဖြစ်ကြပါသည်။“ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၏သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏” (ဆာလံ ၃၄း၁၅)။
**ဘုရားသခင်နှင့်နေ့စဉ်တွေ့ဆုံရန် အကောင်းဆုံးအချိန်ကား ဘယ်အချိန်နည်း
များစွာသောခရစ်ယာန်တို့သည် နေ့ရက်တိုင်းကို ဘုရားသခင်နှင့်အချိန်ယူခြင်းဖြင့် အစပြုချင်ကြသည်။ သူတို့သည်နံနက်တိုင်း အလုပ်သို့မဟုတ် ကျောင်းသို့မသွားမီ တိတ်ဆိတ်သောနေရာကို ရှာကြကာ၊ (သူတို့၏အိမ်၌ရှိသော တိတ်ဆိတ်သည့် အခန်းဖြစ်နိုင်ပါသည်) ထိုနေရာတွင်နှုတ်ကပတ်တော်ဖတ်ရှုခြင်းနှင့်ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့်တွေ့ဆုံစကားပြောကြပါသည်။ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်နေ့ညမရွေးဘဲ အချိန်မရွေးတွေ့နိုင်ပါသည်။ ကျွန်ုပ်တို့သည် နံနက်အချိန် သို့မဟုတ် ညအချိန်၌ ဘုရားသခင်နှင့်တွေ့ရန်သွားသောအခါ သူသည် အစဉ်ဝမ်းမြောက်ပါသည်။ ကျွန်ုပ်တို့သည်သူနှင့်မတွေ့ချင်သောအခါ၌သာ သူဝမ်းနည်းပါသည်။ ဘုရားသခင်နှင့်မတွေ့သောအခါ ကျွန်ုပ်တို့၏ခရစ်ယာန်အသက်တာသည် ကျဆင်း၍၊ အားနည်းသွားပါသည်။
**ဘုရားသခင်နှင့် နေ့စဉ်အချိန်ယူသောအခါအချိန်ဘယ်လောက်ကြာသင့်ပါသနည်း
ဘုရားသခင်နှင့်အချိန်ယူရာ၌ အချိန်ဘယ်လောက်ကြာသည်ဟုသောအချက်သည် အဓိကအရေးကြီးသေအချက်မဟုတ်ပါ။ အရေးကြီးသောအချက်မှာ၊ ဘုရားသခင်နှင့်အချိန်ယူခြင်းဖြစ်ပါသည်။ နေ့စဉ်တစ်ဆယ့်ငါးမိနစ်ဝန်းကျင်ဖြင့်အစပြုခြင်းသည် ကောင်းသောနည်းလမ်းတစ်ခုဖြစ်ပါသည်။
**ဘုရားသခင်နှင့်အချိန်ယူရာ၌ ကျွန်ုပ်ဘာလိုအပ်
မည်နည်း
သင်သည် ကျမ်းစာအုပ်တစ်အုပ်လိုအပ်ပါမည်။ ဖြစ်နိုင်ပါက၊ဤကျမ်းစာအုပ်သည် သင်ကိုယ်တိုင်အကောင်းဆုံးနားလည်၊ ပြောဆိုတတ်သော ဘာသာစကားဖြင့်ရေးသားထားသည့် ကျမ်းစာအုပ်ဖြစ်သင့်ပါသည်။ ဖောင်တိန်တစ်ချောင်းနှင့် မှတ်စုစာအုပ်တစ်အုပ်လည်း ရှိသင့်ပါသည်။ဘုရားသခင်နှင့်အချိန်ယူနေစဉ် သင်လိုက်နာနိုင်သည့် အစီအစဉ်ကို အောက်တွင်ဖော်ပြပါသည်။
**နေ့စဉ် ၁၅မိနစ် ဘုရားသခင်နှင့်အချိန်ယူခြင်း
*၁မိနစ်။ ။ ဘုရားသခင်သည် သင့်အား သူ၏နှုတ်ကပတ်တော်အားဖြင့်စကားပြောရန် ဆုတောင်းပါ။
“တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း၊အကျွန်ုပ်၏မျက်စိတို့ကို ဖွင့်တော်မူပါ” (ဆာလံ ၁၁၉း၁၈)။
*၂မိနစ်။ ။ ကျမ်းစာကို ဖြေးဖြေးနှင့်သေသေချာချာ ဖတ်ပါ။ ကျမ်းပိုဒ်အများအပြားကို မဖတ်ပါနှင့် (ကျမ်းပိုဒ် ၁၀ ပိုဒ်ဝန်းကျင်ဖတ်လျှင်ကောင်းသည်)။ ဤကျမ်းပိုဒ်များကို နှစ်ကြိမ် သို့မဟုတ်
သုံးကြိမ် ဖတ်ပါ။
*၅မိနစ်။ ။ ဖတ်ခဲ့ပြီးသောကျမ်းပိုဒ်များကို ဆင်ခြင်ပါ။“ပေးတော်မူသောဩဝါဒကိုဆင်ခြင်၍ လမ်းခရီးတော်တို့ကိုကြည့်ရှုပါ၏” (ဆာလံ ၁၁၉း၁၅)။
ဖတ်ခဲ့ပြီးသောကျမ်းပိုဒ်များ၌ မည်သည့်အကြောင်းများပါရှိသည်ကို ကိုယ့်ကိုကိုယ် မေးပါ။
**ဥပမာ –
> ဤကျမ်းပိုဒ်များ၏ အဓိကသွန်သင်သည့်အကြောင်းက ဘာလဲ။
> ဘုရားသခင်၏အကြောင်းကို သွန်သင်ပါသလား။
> ဤကျမ်းပိုဒ်များထဲတွင်ကျွန်ုပ်အတွက် သင် ခန်းစာတစ်ခုခုရှိပါသလား
ဥပမာ-
– ကျွန်ုပ်လိုက်နာရမည့် မိန့်မှာချက်တစ်ခုခု ရှိပါသလား။
-ကျွန်ုပ်ရှောင်ရမည့် အပြစ်တစ်ခုခု ရှိပါသလား။
-ကျွန်ုပ်လိုက်နာရန် ပုံသက်သေတစ်ခုခု ရှိပါသလား။
-ဘုရားသခင်ကျွန်ုပ်အားပေးသည့် ကတိတော်တစ်ခုခုရှိပါသလား။
၃မိနစ်။- ။ သင်ဖတ်ခဲ့ပြီးသောကျမ်းပိုဒ်များထဲမှ သင်ယူရရှိခဲ့သည့် အသစ်သောသွန်သင်ချက်များကို သင်၏မှတ်စုစာအုပ်ထဲ၌ ရေးမှတ်ပါ။ထိုသို့ရေးမှတ်ခြင်းက ၎င်းတို့ကို သတိရအောင် သင့်ကိုအထောက်
အကူပေးမည်ဖြစ်သည်။
၄မိနစ်။- ။ ဆုတောင်းပါ။ ဆုတောင်းခြင်း၌ အပိုင်းငါးပိုင်း ရှိပါသည်။
> ဘု ရားသခင်ကို ကိုးကွယ်ခြင်း၊ ။ သူ၏ကြီးမြတ်တော်မူခြင်း၊ဘုန်းတော်၊ ပညာနှင့်တန်ခိုးတော်များကြောင့် သူ့ကိုကိုးကွယ်ရသည်။ သူသည် သင့်အား အသက်နှင့်လိုအပ်သောအရာအားလုံးကိုပေး၍၊ နေ့တိုင်းသတိနှင့်ကြည့်ရှုတော်မူပါသည်။
> ကျေးဇူးတော်ချီးမွမ်းခြင်း။ ။ သူ၏မေတ္တာ၊ သခင်ယေရှုနှင့်သန့်ရှင်းသောဝိညာဉ်တော်အတွက်သော်လည်းကောင်း၊ ယနေ့ သင်၌ရှိသောကောင်းကြီးများနှင့် သင်ရရှိထားသည့် မဆုံးရှုံးနိုင်သောထာဝရအသက်အတွက်သော်လည်းကောင်း ကျေးဇူးတော်ချီးမွမ်းပါ။
> သင်၏အပြစ်များကိုဝန်ချတောင်းပန်ပါ။ ။ သင်ပြုခဲ့၊ ပြောဆိုခဲ့၊ စဉ်းစားခဲ့သည့်အမှားများနှင့် သင်မလုပ်ခဲ့သော လုပ်သင့်သည့်ကောင်းသောအရာများအတွက် ဝန်ချတောင်းပန်ပါ။
> သင့်အတွက်ဆုတောင်းပါ။ ။သင်၏လိုအပ်သောအရာများ၊ ဘုရားသခင်၏လမ်းပြမှု၊ ပြဿနာများအတွက် ကူညီမစမှု၊ စစ်မှန်သောခရစ်ယာန်အသက်တာလိုက်လျှောက်နိုင်ရန် လိုအပ်သောဝိညာဉ်ခွန်အားနှင့် အခြားသူတို့အားကူညီမစရန် အခွင့်လမ်းများအတွက်ဆုတောင်းပါ။
> သူတပါးအတွက်ဆုတောင်းပါ။ ။ သင်၏မိသားစုဝင်များ၊ မိတ်ဆွေများ၊ အိမ်နီးနားချင်းများ၊ သင်၏နိုင်ငံနှင့်အစိုးရမင်းများအတွက်
ဆုတောင်းပါ။ ကမ္ဘာတဝှမ်းအတိုင်းအတာဖြင့် ဆုတောင်းပါ။စစ်ဖြစ်နေသောနိုင်ငံများ၊ ရောဂါခံစားနေသောလူများ၊ ဆင်းရဲသောသူများနှင့် မတရားညှဉ်းဆဲခြင်းခံသောခရစ်ယာန်များအတွက်
ဆုတောင်းပါ။ အထူးသဖြင့် နေရာတိုင်း၌ရှိသောလူတို့သည်သခင်ယေရှု၏သတင်းကောင်းကိုကြားကြရန် ဆုတောင်းပါ။
အကယ်၍၊ အထက်ဖော်ပြပါ အစီအစဉ်အားလုံးအတွက် ၁၅မိနစ်မလုံလောက်ပါက၊ ကျမ်းစာဖတ်ရန်၊ ဆင်ခြင်ရန်နှင့် ကျမ်းစာတစ်ပိုဒ်စီ၏သွန်သင်ချက်များကို မှတ်စုရေးရန်အတွက် (၂)ရက် လျာထားပါ။ သို့မဟုတ်တစ်နေ့အတွက် ဆုတောင်းခြင်း၏အပိုင်း (၅) ပိုင်းထဲမှ တစ်ခုကိုသာ
အခြေပြုဆုတောင်းနိုင်ပါသည်။
သင်၏ခရစ်ယာန်အသက်တာ တိုးတက်ရင့်ကျက်လာသည်နှင့်အညီသင်သည်ဘုရားသခင်နှင့်နေ့စဉ်အချိန်ယူရာ၌ တစ်ဆယ့်ငါးမိနစ်ထက်ပို၍များသော အချိန် ပေးချင်လာမည်ဖြစ်ပါသည် (မိနစ်နှစ်ဆယ်
သို့မဟုတ် ထိုထက်ပို၍ များသောအချိန်)။
**ကျမ်းစာဖတ်ခြင်း
ကျမ်းစာအုပ်၏ဘယ်အပိုင်းကို ကျွန်ုပ်အရင်ဖတ်သင့်ပါသနည်း။အောက်တွင်ဖော်ပြပါရှိသည့်အတိုင်း အစပြုပါ။ ခရစ်တော်ဘုရား၏
အသက်တာနှင့်သွန်သင်ချက်များကို (၃၇)ပိုင်း ခွဲထားပြီး၊ ခရစ်ဝင်ကျမ်း(၄)ကျမ်းထဲမှ ကျမ်းပိုဒ် (၈၀၀) ကျော် ပါဝင်ပါသည်။ ဤအစီအစဉ်ကို ပြီး
နိုင်ရန် အလျင်စလိုမလုပ်ပါနှင့်။ သင်၏ဘုရား သခင်နှင့် နေ့စဉ်အချိန်ယူခြင်းသည် အပြေးပြိုင်ပွဲမဟုတ်ဘဲ၊ ဘုရားသခင်နှင့်တွေ့ဆုံခြင်းဖြစ်ပါသည်။ကျမ်းစာကို ဖြည်းညှင်းစွာဖတ်ပါ။ သင်ဖတ်သောကျမ်းပိုဒ်များကို ဆင်ခြင်ပါ။ဘုရားသခင်သွန်သင်သောသင်ခန်းစာများကို သင်၏မှတ်စုစာအုပ်ထဲ၌ရေးမှတ်ပါ။ ယနေ့အစပြု၍ ဆက်လက်လုပ်ဆောင်ပါ။
သခင်ယေရှုခရစ်၏အသက်တာနှင့်သွန်သင်ချက်များကိုခရစ်ဝင်ကျမ်း (၄) ကျမ်းထဲမှဖတ်ရှုခြင်း
– သခင်ယေရှုသည် ဘုရားသခင်၏နှုတ်ကပတ်ဖြစ်သည်—————-ယော၊ ၁း၁-၅
သခင်ယေရှု၏ဖွားမြင်ခြင်းကို မာရိအား ကြိုတင်
ပြောထားသည်————လု၊ ၁း၂၆-၃၅
– သခင်ယေရှု၏ဖွားမြင်ခြင်းကို ယောသပ်အား ကြိုတင်ပြောထားသည်——-မဿဲ ၁း၁၈-၂၅
-သခင်ယေရှု၏ဖွားမြင်ခြင်း——လ၊ ၂း၁-၂၀
– သခင်ယေရှု အသက် (၁၂)နှစ်ရှိသောအခါ—- —————–လု၊ ၂း၄၀-၅၂
-သခင်ယေရှုကို နှစ်ခြင်းဆရာယောဟန်ကနှစ်ခြင်း မင်္ဂလာပေးခဲ့သည်——–မာ၊၁း၁-၁၁
-သခင်မယေရှုကို မာရ်နတ်ကစုံစမ်းသွေးဆောင်သည်——————–မသဲ၊၄း၁-၁၁
– သခင်ယေရှုက တပည့်တော်(၁၂)ပါးရွေးချယ်သည်——————လု၊ ၆း၁၂-၁၆
– သခင်ယေရှု ပထမဆုံးပြုခဲ့သောနိမိတ်လက္ခဏာ————— ယာ၊ ၂း၁-၁၁
-တောင်ပေါ်ဒေသနာ——မဿဲ၊၅း၁-၇-၇း၂၉
– သခင်ယေရှုက များစွာသောလူနာတို့ကိုကျန်းမာစေခြင်း——————မသဲ၊၈း၁-၁၇
-မျိုးစေ့ကြဲသူ ပုံဥပမာ———-မာ၊ ၄း၁-၂၀
-သခင်ယေရှုက မုန်တိုင်းကိုငြိမ်းစေသည်—– —လု၊၈း၂၂-၂၅
-သခင်ယေရှုနှင့်နိကောဒင်——ေယာ၊ ၃၁-၁၇
-သခင်ယေရှုသည် ခရစ်တော်ဖြစ်သည်–မဿဲ၊ ၁၆း၁၃-၂ဝ
– သခင်ယေရှုက သူအသေခံရမည်အကြောင်း
ကြိုတင်ပြောထားသည်—-မဿဲ ၁၆:၂၁-၂၈
– ရုပ်သဏ္ဍာန်ပြောင်းလဲခြင်း—-မဿဲ၊၁၇:၁-၉
– ပြည်တန်ဆာမတစ်ဦး၏အပြစ်ကိုလွှတ်ခြင်း –
ယော၊၈:၁-၁၁
– သခင်ယေရှုသည် လောက၏အလင်းဖြစ်သည်-
ယာ၊ ၈း၁၂-၃ဝ
– သခင်ယေရှုသည် မွေးရာပါ မျက်စိကန်းသူတစ်ဦးပြန်မြင်စေခြင်း————-ယာ၊ ၉:၁-၄၁
– သခင်ယေရှုသည် ကောင်းသောသိုးထိန်းဖြစ် သည်——ယော၊ ၁၀:၁၁-၁၈။ ၂၇-၃ဝ
– လာဇရု သေခြင်းမှရှင်ပြန်ထမြောက်ခြင်း—
ယာ၊ ၁၁း၁-၄၈
– သခင်ယေရှု၏နောက်တော်သို့ လိုက်ရာ၌
ပေးရမည့်အဖိုးအခများ—–လု၊၉:၂၃-၂၆
-နောက်ဆုံးသောကာလ၏နိမိတ်လက္ခဏာများ——–+–+—-မာ၊ ၁၃၁-၃၇
-သူဌေးနှင့်လာဇရု———လု၊ ၁၆း၁၉-၃၁
– လူနှစ်ဦး၊ ကလေးသူငယ်များနှင့် ဘာသာရေး
ခေါင်းဆောင်တစ်ဦး———-လု၊ ၁၈:၉-၃ဝ
-သခင်ယေရှုကို သတ်ရန်ကြံစည်ခြင်း—–
မဿဲ ၂၆း၁-၁၆
-သခင်ဘုရား၏ညစာ——-လု၊ ၂၂:၇-၂ဝ
– သခင်ယေရှုယုဒနှင့်ပေတရု—ယော၊၁၃:၂-၃၈
– သခင်ယေရှုသည် သူ၏တပည့်တော် (၁၂)ပါး
အားစကားပြောသည်—-ယော၊ ၁၄:၁-၁၆း၃၃
– သခင်ယေရှုသည် မိမိအတွက်၊ တမန်တော်များနှင့်ယုံကြည်သူများအတွက် ဆုတောင်းပေးသည်- ယော၊ ၁၇း၁-၂၆
-ဂေသရှေမာနေဥယျာဉ်၌ သခင်ယေရှု——
မဿဲ၊၂၆:၃၆-၄၆
-သခင်ယေရှု အဖမ်းခံခြင်းနှင့်အသေခံခြင်း— မဿဲ ၂၆း၄၇ -၂၇:၆၆
– ရှင်ပြန်ထမြောက်ခြင်း–သခင်ယေရှုအသက်ရှင်သည်-ယော၊ ၂၀:၁-၁၈
-ဧမောက်သို့သွားရာလမ်း၌ -လု၊ ၂၄:၁၃-၄၉
-သောမတ်ထံသို့ သခင်ယေရှုထင်ရှားခြင်း-
ယော၊၂၀:၂၄-၃၁
– မဟာစေခိုင်းခြင်း —မဿဲ ၂၈:၁၆-၂ဝ
အထက်ဖော်ပြပါ ခရစ်တော်၏အသက်တာအကြောင်းကိုဖက်ရှုဆင်ခြင်ပြီးသောအခါ၊ ဓမ္မသစ်ကျမ်း၏ငါးအုပ်မြောက်ဖြစ်သော တမန်တော်ဝတ္ထုကိုဖတ်ပါ။ ထို့နောက် ဓမ္မသစ်ကျမ်းထဲ၌ တိုသောဩဝါဒတစ်ခုဖြစ်သည့် ယာကုပ်ဩဝါဒစာကို ဖတ်ပါ။
*အစဉ်လိုက်လုပ်ဆောင်ရမည့်အချက်များကို သတိရပါ။
*ဆုတောင်းပါ။
*ဖတ်ရှုပါ။
*ဆင်ခြင်ပါ။
*ရေးမှတ်ပါ။
*ဆုတောင်းပါ။
ဤသည် လိုက်နာရန်ကောင်းသော အစီအစဉ်ဖြစ်ပါသည်။
*၁၅
*လမ်းပြခြင်း – သင့်အသက်တာအတွက်
*ဘုရားသခင်၏အကြံအစည်ကို သင် မည်သို့
သိနိုင်မည်နည်း။
*GUIDANCE: HOW YOU CAN KNOW
*GOD’S PLAN FOR YOUR LIFE
ဘုရားသခင်သည်သင့်အသက်တာအတွက် အကြံအစည်ရှိပါသည်။“ထာဝရဘုရားသည် ငါ၏အမှုကိုပြီးစီးတော်မူမည်။ အို၊ ထာဝရဘုရား၊ ကရုဏာတော်သည် အစဉ်အမြဲတည်ပါသည်ဖြစ်၍..
(ဆာလံ ၁၃၈:၈)။
သင့်အသက်တာအတွက်ဘုရားသခင်၏အကြံ အစည်ကိုသိရန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ သင်သည် ဘုရားသခင်ကသင့်အားလုပ်စေချင်သောအရာများကိုသိ၍ လုပ်ဆောင်သောအခါ ဘုရားသခင်ကျေနပ်ပြီး၊ သင်သည်လည်းဝမ်းမြောက်မည်ဖြစ်သည်။ ခရစ်ယာန်အယောက်တိုင်းက ဘုရားသခင်၏အကြံအစည်ကို သိနိုင်ပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ “အကြံအစည်”ကို ဘုရားသခင်၏ “အလိုတော်” ဟု
လည်းခေါ်ကြသည်။
သင်တို့သည် လောကီပုံသဏ္ဍာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်လ၀ကရာ၊ နှစ်သက်ဖွယ်လာအရာ၊ စုံလင်သောအရာလည်းမလာ ဘုရားသခင်အလိုတော်ရှိလာအရာသည် အဘယ်အဖြစ်လည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကိုအသင့်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့ (ရောမ၁၂း၂)။လူတို့သည် ဘု ရားသခင်ကသူတို့အားလုပ်စေချင်သောအရာများကို အဘယ်သို့သိနိုင်ပါမည်နည်း။ ကျွန်ုပ်တို့အသက်တာအတွက် ဘုရားသခင်၏အကြံ အစည်ကို အဘယ်သို့သိနိုင်မည်နည်း။
*ဘုရားသခင်၏အလိုတော်ကိုသိနိုင်သော
နည်းလမ်း (၅) မျိုး
*၃။ကိုယ့်ကိုကိုယ် ဘုရားသခင်၌ဆက်ကပ်ပါ။
“ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန်ရှင်းခြင်းလက္ခဏာ၊ဘုရားသခင်နှစ်သက်တော်မူဖွယ်သောလက္ခဏာနှင့်ပြည့်စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား
ဆက်ကပ်ခြင်းတည်းဟူသော သင်တိုပြုအပ်သောဝတ်ကိုပြုမည်အကြောင်း ဘုရားသခင်၏ကရုဏာတော်ကိုထောက်၍၊ သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏”(ရောမ ၁၂:၁)။ဘုရားသခင်ထံသို့ အဘယ်သို့သောနည်းဖြင့် ကျွန်ုပ်တို့ ဆက်ကပ်နိုင်မည်နည်း။ သင့်ကို အထောက်အကူပေးနိုင်မည့်ဆုတောင်းချက်ကို အောက်တွင်ဖော်ပြထားပါသည်
**“ကောင်းကင်ဘုံရှင်အဖ
-ကိုယ်တော်အတွက်အလိုတော်ရှိသောကြောင့် ကျွန်ုပ်ကိုဖန်ဆင်းခဲ့ပါ၏။
-သခင်ယေရှုအားဖြင့်ကျွန်ုပ်ကို ကိုယ်တော်၏သားဖြစ်စေခဲ့ပြီ။
-ကျွန်ုပ်ကိုချစ်သောကြောင့် ကျေးဇူးတင်ပါ၏။
-ကျွန်ုပ်သည် ကိုယ်တော်ကိုချစ်၍၊ အစေခံလိုပါ၏။
-ကျွန်ုပ်အသက်တာတစ်ခုလုံး ကိုယ်တော်အတွက်အသက်ရှင်လိုပါ၏
-ကိုယ်တော်ဖြစ်စေလိုသည့်အတိုင်း ကျွန်ုပ်ကိုဖြစ်စေတော်မူပါ။
-ကိုယ်တော်သွားစေလိုသောနေရာသို့ ကျွန်ုပ်ကိုလမ်းပြတော်မူပါ။
-ကိုယ်တော်လုပ်စေလိုသောအရာကို ကျွန်ုပ်အားဖွင့်ပြောတော်မူပါ။
-ကိုယ်တော်၏အလိုတော်ကိုလုပ်ဆောင်ရန် ကျွန်ုပ်ကို အမြဲကူညီပါ။
အာမင်။”
ဤသို့သောဆုတောင်းခြင်းဖြင့် သင်သည်ဘုရားသခင်ထံတော်ပါးသို့ ဆက်ကပ်နိုင်ပါသည်။ သင်သည် ဤသို့ ဆုတောင်းဆက်ကပ်သော
အခါ ဘုရားသခင်သည် သူပါဝင်စေလိုသောအမှုတော်လမ်းထဲသို့ သင့်ကိုတဖြည်းဖြည်း လမ်းပြပို့ဆောင်ပါလိမ့်မည်။
၂။ ကျမ်းစာကိုဖတ်၍ သင်ယူပါ။
ကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ပါသည်။၎င်းသည် ကျွန်ုပ်တို့ဆုံးဖြတ်ချက်များချရာ၌ ဘုရားသခင်၏လမ်းပြမှုကိုပေးပါသည်။ ဥပမာပြောရလျှင် – ခရစ်ယာန်တစ်ယောက် လက်ထပ်ချင်ခဲ့သည်။ သူသည် သူသဘောကျသည့် မိန်းကလေးတစ်ယောက်တွေ့ခဲ့သည်။ သို့သော် ထိုမိန်းကလေးသည် ခရစ်ယာန်မဟုတ်ဘဲ၊ သခင်ယေရှုမသင့် ဘုရားသခင်၏လမ်းပြမှုအတွက် ဆုတောင်းသင့်ပါသလား။ မတောင်းအကြောင်းကို မသိချင်ပါ။ ဤသူသည် ထိုမိန်းကလေးအား လက်ထပ်သင့်၊သင့်ပါ။ ယုံကြည်သူခရစ်ယာန်တစ်ယောက်သည် မယုံကြည်သူတစ်ယောက်
နှင့်လက်မထပ်သင့်ကြောင်းနှင့် အခြားအမှုကိစ္စရပ်များ၌ထမ်းပိုးအတူမထမ်းသင့်ကြောင်းကို ဘုရားသခင်ကသမ္မာကျမ်းစာထဲ၌ပြောခဲ့ပြီး ၊
ဖြစ်ပါသည်။
**“မယုံကြည်သောသူတို့နှင့်တွဲဖက်၍၊ ဆန့်ကျင်ဘက်ဖြစ်သော
ထမ်းပိုးကိုမထမ်းကြနှင့်၊ တရားသောအမှုသည် မတရားသောအမှုကို အဘယ်သို့လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့်အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့်
အဘယ်သို့သင့်တင့်နိုင်မည်နည်း။ ယုံကြည်သောသူသည် မယုံကြည်သောသူနှင့်အတူ အဘယ်အကျိုးအပြစ်ကို ခံရမည်နည်း” (၂ကော၊၆း၁၄-၁၅)။
ကျွန်ုပ်တို့အသက်တာ၏ များစွာသောအခြေအနေအမျိုးမျိုးထဲတွင်ကျွန်ုပ်တို့ ဘာလုပ်သင့်သည် သို့မဟုတ် ဘာမလုပ်သင့်သည်ကို သမ္မာကျမ်းစာ
က ဘုရားသခင်၏လမ်းပြမှု ပေးပါသည်။
“နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏” (ဆာလံ ၁၁၉း၁၀၅)။သင်သည် ကျမ်းစာကိုဖတ်၍နည်းခံသကဲ့သို့ ခက်ခဲသောဆုံးဖြတ်
ချက်များချဖို့ရှိသောအခါ ထိုနှုတ်ကပတ်တော်သည် ဘုရားသခင်၏အလင်းထွန်းလင်းစေလိမ့်မည်။ ထိုနှုတ်ကပတ်တော်က သင်လျှောက်လှမ်းသင့်သောလမ်းကို ဖွင့်ပြပါမည်။
*၃။ဘုရားသခင်၏လမ်းပြမှုကို ယုံကြည်ကိုးစားပါ။
တစ်ခါတစ်ရံတွင် ဘုရားသခင်သည် ကျွန်ုပ်တို့၏အသက်တာ၌ဖြစ်ပျက်သောအရာများအားဖြင့် ကျွန်ုပ်တို့ကိုလမ်းပြပါသည်။ (တစ်ခါတစ်ရံတွင် ဘုရားသခင်သည် ထိုအရာများကိုဖြစ်ပေါ်စေပါသည်)။ ဤအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာထဲ၌ ဥပမာတစ်ခုရှိပါသည်။
**သတေဖန်
“ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌာနာပြုလျက်၊သခင်ယေရှု၊ အကျွန်ုပ်၏ဝိညာဉ်ကို သိမ်းယူတော်မူပါ၊ ဟုလျှောက်ဆို၏။ ဒူးထောက်လျက်၊ သခင်၊ ဤသို့ပြုသောဒုစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟု ကြီးသောအသံနှင့်ကြွေးကြော်ပြီးမှကျိန်းစက်လေ၏၊ သူ့ကို ကွပ်မျက်သော အမှုကို ရှောလုသည်လည်းဝန်ခံလျက်ရှိ၏။” “ထိုအခါ ယေရုရှလင်မြို့၌ရှိသောအသင်းတော်သည် ပြင်းစွာသောညှဉ်းဆဲခြင်းကိုခံရသဖြင့် တမန်တော်တို့မှတပါး သင်းဝင်သူအပေါင်းတို့သည် ယုဒပြည်၊ ရှမာရိပြည်အရပ်ရပ်တို့၌ အနှံ့ အပြားကွဲလွင့်ကြ၏။ တရားကိုရိုသေသောသူတို့ သည် သဝေဖန်ကိုသဂြိုဟ်၍ ပြင်းစွာသောငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။ ရှောလုသည် အသင်းတော်ကို ဖျက်ဆီးလေ၏။ အိမ်များသို့ဝင်ပြီးလျှင် ယောက်ျား၊ မိန်းမတို့ကိုဆွဲငင်၍ထောင်ထဲ၌ လှောင်ထားတတ်၏။ ထို့ကြောင့် အရပ်ရပ်သို့ ကွဲလွင့်သောသူတို့သည်လှည့်လည်၍ နှုတ်ကပတ်တော်တည်းဟူသောဧဝံဂေလိတရားကို ဟောပြောကြ၏”
(တ၊၇း၅၉-၈း၄) ။တမန်တော်ဝတ္ထုအခန်းကြီး (၁) မှ (၇)အထိ၊ ခရစ်ယာန်အားလုံးတို့သည် ယေရုရှလင်မြို့၌နေထိုင်ခဲ့ကြသည်။ တခြားနေရာများ၌ ခရစ်ယာန်မရှိပါ။ သို့သော်၊ ဘုရားသခင်သည်မိမိ၏လူအားလုံးတို့ကို ယေရုရှလင်မြို့၌နေကြရန် အလိုတော်မရှိပါ။ သူတို့သည် ကမ္ဘာအနှံ့သို့သွားပြီး၊ လူတို့အားသခင်ယေရှု၏သတင်းကောင်းကို ကြားပြောကြရန် ဘုရားသခင်အလိုတော်ရှိသည်။ သို့ဖြစ်လျှင်၊ ဘုရားသခင်ဘာလုပ်ခဲ့သနည်း၊ ယေရုရှလင်မြို့၌ရှိသောခရစ်ယာန်များအတွက် ဆိုးရွားသောအသက်အန္တရာယ်ကျရောက်စေပါသည်။ခရစ်ယာန်ခေါင်းဆောင်တစ်ဦးဖြစ်သော သဖန်သည် ကျောက်ခဲနှင့်ပစ်သတ်ခြင်းခံခဲ့သည်။ အခြားယုံကြည်သူတို့သည် ထောင်ထဲသို့ချခြင်းခံကြသည်။ ခရစ်ယာန်တို့သည် ယေရုရှလင်မြို့၌ဆက်လက်နေထိုင်ရန်ကြောက်ရွံ့လာကြပါသည်။ သူတို့ ဘာလုပ်ကြပါသနည်း၊ သူတို့ သည်ယေရုရှလင်မြို့ကိုစွန့်၍ အခြားနေရာအနှံ့အပြားသို့ ပြောင်းရွှေ့နေထိုင်ကြသည်။ သူတို့ရောက်သည့်နေရာတိုင်း၌ရှိသောလူတို့အား သခင်ယေရှု၏သတင်းကောင်းကို ဟောပြောခဲ့ကြသည်။ ဤသည် ဘုရားသခင်ဖြစ်စေ
**ချင်လာအရာဖြစ်သည်။
ဘုရားသခင်သည် လိုခရစ်ယာန်တို့အား “သင်တို့သွား၍ အခြားနေရာအနှံ့အပြားသို့ ပြောင်းရွှေ့နေထိုင်ကြပါ” ဟု မပြောပါ။ သို့သော်၊ထိုသို့ပြောင်းရွှေ့နေလိုင်ရန်အတွက် သူတို့အသက်တာ၌ဖြစ်ပေါ်နေသောအရယ်၊ ကြောက်ရွံ့မှု၊ အကျဉ်းထောင် နှင့်သေခြင်း စသည်တို့ကိုဘုရားသခင်အသုံးချခဲ့သည်။
**အခြားဥပမာတစ်ခု
ခရစ်ယာန်အမျိုးသမီးတစ်ဦးက ဤသို့ဆုတောင်းပါသည် -“ကောင်းကင်ဘုံရှင်အဖ၊ ကျွန်မသည် တက္ကသိုလ်၌ ပညာဆည်းပူးချင်ပါ၏။ သို့သော်လည်း ဤသည် ကျွန်မအတွက်ကိုယ်တော်စီစဉ်ထားသောအကြံ အစည်မဟုက်ပါက ကျွန်မကိုပါ။ အဘယ့်ကြောင့်ဆိုသော်၊ကျွန်မသည် ကိုယ်တော်၏အလိုတော်ကို နာခံလိုပါ၏။” တက္ကသိုလ်ဝင်ရန်သူဆိုသည့်စာမေးပွဲမှာ အဆင့် “က” သို့ မဟုတ် ‘ခ’ ရရှိရန် လိုအပ်သည်။ သူကြိုးစားခဲ့သော်လည်း အဆင့် “ဂ” သာ ရရှိခဲ့သည်။သူသည် အဆင့် “ဂ” သာ ရရှိခြင်းအတွက်ဝမ်းနည်းခဲ့ပါသည်။သို့သော်၊ သူရရှိသည့်အဆင့် ‘ဂ’ အားဖြင့် ဘုရားသခင်က သူ့ကိုဤသို့စကား
ပြောသည်ဟု ယုံကြည်သည် – “ငါက သင့်ကို တက္ကသိုလ်မတက်စေလိုပါ။”ကျွန်ုပ်တို့၏လောကရေးရာရည်မှန်းချက်များ(အနာဂတ်၌ကျွန်ုပ်တို့ဖြစ်ချင်သောရည်မှန်းချက်များ) သည် တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့၏အသက်တာအတွက် ဘုရားသခင်၏အကြံအစည်နှင့်မတူဘဲ ခြားနားတတ်ကြောင်း သူသိရှိနားလည်သည်။ ဘုရားသခင်၏အလိုတော်သည် အစဉ်
အမြဲ ကျွန်ုပ်တို့၏လိုအင်ဆန္ဒမဖြစ်ပါ။ သို့သော်၊ ဘုရားသခင်၏အလိုတော်သည် အစဉ်အမြဲအကောင်းဆုံးဖြစ်ပါသည်။ဘုရားသခင်သည် သူမအားသူ၏အသံတော်နှင့် စကားပြောခြင်းအားဖြင့် လမ်းမပြပါ။ “တက္ကသိုလ်မတက်ပါနှင့်” ဟု ပြောသေကျမ်းပိုဒ်ဖြင့်လည်း သူ့ကိုလမ်းမပြပါ။ အဘယ့်ကြောင့်ဆိုသော်၊ ထိုသို့ပြောသောကျမ်းပိုဒ်မရှိပါ။ သူမ၏အသက်တာ၌ဖြစ်နေသော သူ ရရှိသည့်အဆင့် “ဂ” အားဖြင့် ဘုရားသခင်က သူ့ကိုလမ်းပြပါသည်။ (အဆင့် ”ဂရခြင်းသည် ဘုရားသခင်ပြုသောအမှုဖြစ်ပါသည်)။
**၄။အခြားခရစ်ယာန်များထံမှ အကြံအဉာဏ်တောင်းယူပါ။သင်၌ရှိသောလိုအင်ဆန္ဒ (ဥပမာ- လက်ထပ်ရန် သို့မဟုတ်တက္ကသိုလ်တက်ရန် သို့မဟုတ် Sunday school သင်ပေးရန်၊ သို့မဟုတ်
ဈေးဆိုင်တစ်ခု၌အလုပ်လုပ်ရန်၊ သို့မဟုတ် ဘော့စ်ကားမောင်းဆရာတစ်ယောက်ဖြစ်ရန်၊ သို့မဟုတ် တရုတ်နိုင်ငံ၌ကျမ်းစာသင်ပေးရန်)သည် ဘုရားသခင်ပေးသောလိုအင်ဆန္ဒဖြစ်နိုင်သလို၊ သင်၏လိုအင်ဆန္ဒလည်း ဖြစ်နိုင်ပါသည်။ ၎င်းသည် ဘုရားသခင်၏အလိုတော်ဖြစ်နိုင်သလို၊အလိုတော်မဟုတ်သောအရာလည်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒတို့သည် ဘုရားသခင်ထံမှဖြစ်သည်၊ မဖြစ်
သည်ကို ခွဲခြားသိမြင်ရန် ခက်ခဲတတ်ပါသည်။
သင်ပြုရမည့်ဆုံးဖြတ်ချက်တစ်ခု မသေမချာဖြစ်သောအခါ အတွေ့အကြုံရှိ၍၊ ဝိညာဉ်သဘောပြည့်ဝပြီး၊ သင့်ကိုသိကျွမ်းသောခရစ်ယာန်များထံမှ အကြံအဉာဏ်တောင်းယူပါ။ သူတို့၏အကြံပေးချက်သည် မပြည့်မစုံဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော်၊ ဘုရားသခင်ကိုသိကျွမ်းသောသူတို့သည် မိမိတို့၏လမ်းပြမှုနှင့်ဆုတောင်းခြင်းဖြင့် ကျွန်ုပ်တို့ကိုကူညီနိုင်ပါသည်။
**၅။ဘုရားသခင်သည် ခရစ်ယာန်အားလုံးအတွက် အကြံအစည်နှစ်မျိုးရှိပါသည်။ထိုနှစ်မျိုးကို အကြံအစည် “က” နှင့် အကြံအစည် “ခါ’ ဟု ကျွန်ုပ်တို့ခေါ်နိုင်ပါသည်။ ဘုရားသခင်၏ အကြံအစည် “က” သည် သူ၏ယေဘုယျအကြံအစည် (General Plan) ဖြစ်သည်။ ဤအကြံအစည်သည် တိုင်းနိုင်ငံအသီးသီး၌ရှိကြသော ခရစ်ယာန်အားလုံးအတွက်ဖြစ်သည်။ ဘုရားသခင်၏အကြံအစည် ‘ခ’ သည် ယုံကြည်သူတစ်ဦးတစ်ယောက်တည်းနှင့်ဆိုင်သောအကြံအစည် (Individual Plan) ဖြစ်ပါသည်။
**အကြံအစည် “က” – ခရစ်ယာန်အားလုံးအတွက်
ဘုရားသခင်၏ယေဘုယျအကြံအစည်
ခရစ်ယာန် အားလုံးအတွက် ဘုရားသခင်၏ ယေဘုယျအကြံအစည်သည် သမ္မာကျမ်းစာထဲ၌ရှင်းလင်းစွာရေးသားထားသောကြောင့်
သိရှိရန် လွယ်ကူပါသည်။ ဥပမာ –
> ဘုရားသခင်က ခရစ်ယာန်အားလုံးတို့သည် သူတို့၏အသက်တာ၌သူ့ကို အရေးကြီးဆုံးပုဂ္ဂိုလ်အဖြစ် ထားကြရန် အလိုတော်ရှိပါသည်။
> “သင်၏ဘုရားသခင်ထ၁ဝရားကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းရှိသမျှနှင့် ချစ်လော့။ ဤပညတ်သည် ပထမပညတ်
ဖြစ်၏” (မာ၊ ၁၂း၃၀)။
> ဘုရားသခင်က ခရစ်ယာန်အားလုံးတို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို သူတို့၏အကြီးမားဆုံးလိုအင်ဆန္ဒဖြစ်စေကြရန် အလိုတော်ရှိပါသည်။ (အခြားအရာအားလုံးထက် ကျွန်ုပ်တို့လိုချင်သောအရာ)။
> “ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတံ့” (မဿဲ ၆း၃၃)။
> ခရစ်ယာန်အားလုံး သန့်ရှင်းသောအသက်တာနှင့်အသက်ရှင်ကြရန် (ခရစ်တော်ကဲ့သို့) ဘုရားသခင်အလိုတော်ရှိပါသည်။“သင်တို့ကိုခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊သင်ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။ အကြောင်း
မူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့် သင်တို့သည်လည်းသန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာသတည်း”(၁ပေ၊ ၁း၁၅-၁၆)။
> ခရစ်ယာန်အားလုံးတို့သည် ခရစ်တော်၌ မိမိ၏ညီအစ်ကိုမောင်နှမများကို ဘုရားသခင်အတွက်အကောင်းဆုံးဖြစ်လာကြရန်နှင့်သခင်ဘုရားပြန်လည်ကြွလာခြင်းကိုမျှော်လင့်ခြင်းအားဖြင့် အားကြီးကြရန် တိုက်တွန်းနှိုးဆော်ခြင်းအစရှိသည့် မိမိတို့ဒေသန္တရအသင်းတော်အသီးသီး၏အမှုတော်လုပ်ငန်းများ၌ စိတ်အားထက်သန်စွာပါဝင်ကြရန် ဘုရားသခင်အလိုတော်ရှိပါသည်။“ထိုမှတပါး၊ မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကိုကျစေခြင်းငှါ၎င်း၊ တိုက်တွန်းနှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာကြည့်ရှုကြကုန်အံ့။ လူအချို့တို့၏ထုံးစံရှိသည်အတိုင်း၊ အချင်းချင်းစုဝေးခြင်းအမှုကို မရှောင်မလွဲကြနှင့်။ ကာလအချိန်ရောက်လုနီးသည်ကိုထောက်သဖြင့် သာ၍ကြိုးစားကြလော့” (ဟေဗြဲ ၁၀း၂၄-၂၅)။
**အကြံအစည် “ခ” – တစ်ဦးတစ်ယောက်တည်းအတွက်ဘုရားသခင်၏အကြံအစည်
ဘုရားသခင်သည် သင့်အတွက်သူ၏အကြံအစည်ကိုသိတော်မူပါသည်။ သူသည် သင့်ကိုကောင်းကြီးပေးချင်ကာ၊ သူတပါးအတွက် သင့်ကိုကောင်းကြီးဖြစ်စေချင်ပါသည်။“တဖန်မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှါ၊ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မျှော်လင့်သောအကျိုးကို ရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှါသာ၊ သင်တို့အဖို့ ကြံစည်သောအကြံတို့ကို ငါသိ၏။ တဖန်၊ မိန့်တော်မူသည်
ကား၊ သင်တို့သည် ငါ့ကိုခေါ်၍ သွားလာကြလိမ့်မည်။ ဆုတောင်းသောအခါ သင်တို့စကားကို ငါနားထောင်မည်။ ငါ့ကိုရှာသောအခါ၊ စိတ်နှလုံးအကြွင်းမဲ့နှင့်ရှာလျှင်၊ တွေ့ကြလိမ့်မည်” (ယေရမိ
၂၉း၁၁-၁၃)။ကျွန်ုပ်အတွက်ဘုရားသခင်၏အကြံအစည်ကို ကျွန်ုပ်အဘယ်သို့
သိနိုင်မည်နည်း။ သင်သိပြီးဖြစ်သော ခရစ်ယာန်အားလုံးအတွက်ဘုရားသခင်၏ယေဘုယျ အကြံအစည်အတိုင်း နာခံပါ။ ဤသို့ပြုခြင်းဖြင့်
ဘုရားသခင်သည် သင့်အတွက်သူ၏အကြံအစည်ထဲသို့ သင့်ကိုလမ်းပြဦးဆောင်သွားပါလိမ့်မည်။ ဘုရားသခင်သည် သင်သစ္စာရှိမှုအတွက် သာ၍များသောတာဝန်များကို အပ်နှင်းမည်ဖြစ်သည်။“အရှင်ကလည်း၊ သာဓု၊ သစ္စရှိသောငယ်သားကောင်း၊ သင်သည်အမှုငယ်၌ သစ္စာစောင့်လေပြီ။ များစွာသောအမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု
မိန့်တော်မူ၏” (မဿဲ ၂၅း၂၁)။
*၁၆
*စုံစမ်းနှောင့်ယှက်ခြင်း၊ ကျရှုံးခြင်းနှင့်
*ပြန်၍တည်မြဲစေခြင်း
*TEMPTATION, FAILURE, AND
*RESTORATION
ခရစ်ယာန်အားလုံးတို့သည် သူတို့၏ခရစ်ယာန်အသက်တာ၌စုံစမ်းနှောင့်ယှက်ခြင်းနှင့်ကျရှုံးခြင်း (မအောင်မြင်မှု) တို့ကို တွေ့ကြုံကြမည်ဖြစ်သည်။ သတင်းကောင်းမှာ၊ ဘုရားသခင်သည် သူနှင့် ပြန်လည်မိတ်သဟာယဖွဲ့ရန် ကျွန်ုပ်တို့ကို ပြန်၍တည်မြဲစေနိုင်ပါသည်။
**စုံစမ်းနှောင့်ယှက်ခြင်း
ခရစ်ယာန်အားလုံးတို့ကို စုံစမ်းနှောင့်ယှက်ခြင်းက ဒုက္ခရောက်စေပါသည် (မှားသောအရာကို ပြုလုပ်ရန် ဆွဲဆောင်ခြင်း)၊ ခရစ်ယာန်အားလုံးတို့ကို အပြစ်က ဒုက္ခရောက်စေပါစည်။ အဘယ့်ကြောင့် ခရစ်ယာန်များသည် စုံစမ်းနှောင့်ယှက်ခြင်းကို ခံကြပါသနည်း။ စစ်မှန်သောခရစ်ယာန်များသည် တစ်ခါတစ်ရံတွင် အပြစ်လုပ်ကြပါသလား။ ကျွန်ုပ်တို့သည် ခရစ်တော်ကို ကယ်တင်ရှင် အဖြစ်ယုံကြည်လက်ခံပြီး၊ ဘု ရားသခင်၏သားသမီးများဖြစ်ပြီးသောအခါ အပြစ်၏ပြသာနာပြီးဆုံးပြီမဟုတ်လော။ ခရစ်ယာန်ဖြစ်ခါစ၌ ဤကဲ့သို့သောမေးခွန်းများကို မေးတတ်ကြပါသည်။
ကျွန်ုပ်တို့အားလုံးသည်ဗီဇအပြစ်ပါလာလျက် မွေးဖွားခဲ့ကြပါသည်(ကျွန်ုပ်တို့၏အထဲ၌ အပြစ်နှင့်ပြည့်ဝသော “တန်ခိုး”ရှင်သန်နေပါသည်)။“အကျွန်ုပ်သည် မွေးစကပင်အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏” (ဆာလံ ၅၁း၅)။
**သဘာဝနှစ်မျိုး
ကျွန်ုပ်တို့သည် ခရစ်တော်ကိုကယ်တင်ရှင်နှင့်သခင်အဖြစ်ယုံကြည်လက်ခံသောအခါဘုရားသခင်၏မိသားစုဝင်အဖြစ် ဒုတိယမွေးဖွား
ခြင်းခံကြပြီး၊ ဘုရားသခင်သည်ကျွန်ုပ်တို့ကို သဘာဝသစ်ပေးပါသည်(ကျွန်ုပ်တို့၏အထဲ၌ “တန်ခိုး” အသစ်ရှင်သန်နေပါသည်)။ ကျွန်ုပ်တို့၏သဘာဝသစ်မှာ ဘုရားသခင်၏သဘာဝကဲ့သို့ သန့်ရှင်းပါသည်။ သို့သော်၊ဘုရားသခင်သည်ကျွန်ုပ်တို့ကို သန့်ရှင်းသောသဘာဝသစ်ကိုပေးသောအခါ သူသည် ကျွန်ုပ်တို့၏အပြစ်နှင့်ပြည့်သောသဘာဝဟောင်းကို ကျွန်ုပ်တို့ထံမှ ယူပစ်မသွားပါ။ ကျွန်ုပ်တို့၏သဘာဝဟောင်းသည် ကျွန်ုပ်တို့ကောင်းကင်နိုင်ငံသို့ သွားသည့် အချိန်အထိ ကျွန်ုပ်တို့၏အထဲ၌ရှိနေမည်ဖြစ်သည်။သို့ဖြစ်၍၊ ကျွန်ုပ်တို့ခရစ်ယာန်တစ်ဦးစီ၌ သဘာဝနှစ်မျိုးရှိပါ
သည်။ ထိုသဘာဝနှစ်မျိုးတို့သည် တစ်ပါးနှင့်တစ်ပါး ဆန့်ကျင်ကြကာ၊ ကျွန်ုပ်တို့ကို လွန်ဆွဲသလို ဆွဲနေကြပါသည်။ ကျွန်ုပ်တို့၏သဘာဝဟောင်းက
ကျွန်ုပ်တို့ အား အပြစ်လုပ်ချင်အောင်ဆွဲဆောင်ကာ၊ ဘုရားသခင်ကိုမေ့ပျောက်ရန် တိုက်တွန်းပြောဆိုပါသည်။ ၎င်းက အပြစ်သည်ကျွန်ုပ်တို့ကိုပျော်ရွှင်စေမည်ဟု ပြောပါသည်။ တစ်ခါတစ်ရံတွင် အပြစ်သည်ကျွန်ုပ်တို့ကို ပျော်ရွှင်အောင်လုပ်သော်လည်း ထိုပျော်ရွှင်မှုသည် မကြာမီပျောက်ကွယ်သွားကာ ကျွန်ုပ်တို့ဝမ်းနည်းကြပါသည်။ အဘယ့်ကြောင့်ဆိုသော်၊ကျွန်ုပ်တို့ အပြစ်လုပ်သောအခါ သခင်ယေရှု အလွန်ဝမ်းနည်းကြောင်းကျွန်ုပ်တို့သိကြသောကြောင့်ဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့၏သဘာဝသစ်က ဘုရားသခင်ကိုချစ်ပါသည်။ ဤသဘာဝသစ်က ဘုရားသခင်၏စကားကိုနားထောင်ပြီး၊ သန့်ရှင်းသောအသက်တာဖြင့်အသက်ရှင်ကြရန်ကျွန်ုပ်တို့ကို ပြောပါသည်။
**အရေးကြီးသောမေးခွန်း
ကျွန်ုပ်တို့၏သဘာဝနှစ်မျိုးထဲမှ ဘယ်ဟာကိုရွေးပြီး နာခံရပါမည်နည်း၊ စုံစမ်းနှောင့်ယှက်ခြင်းလာသောအခါ ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏သဘာဝဟောင်းအားထောက်ခံပါက အပြစ်လုပ်ရန်ရွေးချယ်ရာရောက်ပါသည်။ သို့သော်၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏သဘာဝသစ်အားထောက်ခံပါက ဘုရားသခင်နှစ်သက်သောသန့်ရှင်းခြင်းကို ရွေးချယ်ရာရောက်ပါသည်။ ကျွန်ုပ်တို့က ရွေးချယ်ရပါသည်။ အပြစ်နှင့်ပြည့်နေသောဤလောကကြီးထဲတွင် အပြစ်လုပ်ရန်စုံစမ်းနှောင့်ယှက်ခြင်းသည် ကျွန်ုပ်တို့အားလုံး၏ နေ့စဉ်အသက်တာ၌ ကြုံတွေ့ရသည့်အရာဖြစ်ပါသည်။ သို့ဖြစ်၍၊ခရစ်ယာန်တစ်ယောက်စီတိုင်းသည် ဤရွေးချယ်မှုကို နေ့တိုင်းလုပ်ဆောင်ရန် လိုအပ်သည်။ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်သောကြောင့်ဘုရားစကားကို နားထောင်ကာ၊ သဘာဝသစ်ကို အမြဲထောက်ခံသင့်ကြောင်း ကျွန်ုပ်တို့သိကြသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် အပြစ်လုပ်ရန် ပြင်းထန်သောစုံစမ်းနှောင့်ယှက်ခြင်းဝင်လာသောအခါ၊ ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ ဆိုးသောလိုအင်ဆန္ဒကိုထောက်ခံကာ၊ သို့မဟုတ် ကိုယ်ထိလက်ရောက် အပြစ်လုပ်ကြပါသည်။“မိမိတပ်မက်သောစိတ်ဆွဲငင်ဖြားယောင်းခြင်းကိုခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဖွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကိုဖွားတတ်၏၊ ငါချစ်သောညီအစ်ကိုတို့၊ အလွှဲမယူကြနှင့်” (ယာ၊ ၁း၁၄-၁၆)။
*ကျရှုံးခြင်း (Failure)
အပြစ်မလုပ်ခဲ့ဖူးသောခရစ်ယာန်အချို့ရှိပါမည်လား၊ ခရစ်ယာန်အားလုံးတို့သည် တစ်ခါတစ်ရံ အပြစ်ကျူးလွန်ကြသည်။ ငါတို့ရှိသမျှသည်ဒုစရိုက်ကိုပြုကြပါသည်။ မည်သူတစ်ဦးတစ်ယောက်မျှ မပြည့်စုံပါ။ တမန်တော်ကြီးရှင်ယောဟန်သည် သခင်ယေရှု၏တပည့်တော်တစ်ပါးဖြစ်ခဲ့ပြီးသခင်ယေရှုက သူ့ကိုအလွန်ချစ်ခဲ့ပါသည်။ သူသည် ဓမ္မသစ်ကျမ်းစာထဲမှ(၅)အုပ် ရေးသားခဲ့ပါသည်။ အသက်ရှင်ခဲ့ဖူးသည့်နာမည်ကြီးခရစ်ယာန်များထဲမှတစ်ဦးဖြစ်ပါသည်။ သို့သော်လည်း၊ သူကိုယ်တိုင်အပါအဝင်ခရစ်ယာန်တစ်ယောက်စီ၏အကြောင်းကို ဤသို့ရေးသားခဲ့ပါသည်။“ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ၏” (၁ယော၊ ၁း၈)။ခရစ်ယာန် အယောက်စီတိုင်း၏အသက်တာ၌ အပြစ်တစ်ချို့ရှိသလို၊ တမန်တော်ကြီးရှင်ယောဟန်၏အသက်တာ၌ပင်လျှင် အပြစ်ရှိပါသည်။ ဤသို့ဖြစ်ရခြင်းမှာ ကျွန်ုပ်တို့၏ အပြစ်နှင့်ပြည့်ဝသောသဘာဝဟောင်းသည် ကျွန်ုပ်တို့၏အထဲ၌ရှိနေသေးသောကြောင့်ဖြစ်သည်။ ထိုသဘာဝဟောင်းသည် ကျွန်ုပ်တို့ကိုစုံစမ်းသွေးဆောင်ပြီး၊ ကျွန်ုပ်တို့သည်တစ်ခါတစ်ရံတွင် အပြစ်လုပ်လျက်၊ ကျရှုံးတတ်ကြပါသည်။ ကျွန်ုပ်တို့သည်အပြစ်နှင့်ပြည့်သောထိုသဘာဝဟောင်းနှင့် နေ့စဉ်ဆန့်ကျင်တိုက်ခိုက်ရာတွင် ဘုရားသခင်၏ခွန်အားလိုအပ်ပါသည်။ယုံကြည်သူရင်ဆိုင်ရသောစုံစမ်းနှောင့်ယှက်ခြင်း၊ အပြစ်နှင့်ပတ်သက်၍ ခရစ်ယာန်ခေါင်းဆောင်ငါးဦးက ဤသို့ပြောကြပါသည် (ဤခေါင်းဆောင်ငါးဦး၏နာမည်များကို သင်သိကောင်းသိနိုင်ပါသည်။ ဤသူတို့သည် ဧဝံဂေလိဆရာများ၊ ဓမ္မဆရာများဖြစ်ကြပြီး၊ သူတို့အားဖြင့်တိုင်းနိုင်ငံမြောက်မြားစွာမှ ထောင်နှင့်ချီသောလူတို့သည် ကယ်တင်ခြင်းရကြကာ၊ သူတို့၏ခရစ်ယာန်အသက်တာကြီးထွားရန် အတွက် ခွန်အားရခဲ့ကြသည်)။
=>“ကျွန်ုပ်၏ရန်သူအားလုံးထဲမှ ခွန်အားအကြီးဆုံးရန်သူမှာ ကျွန်ုပ်၏အထဲ၌ရှိပါသည် (အပြစ်နှင့်ပြည့်သောကျွန်ုပ်၏သဘာဝဟောင်း)၊
– John Wesley
=>“စစ်မှန်သောယုံကြည်သူတစ်ဦး၏အထဲ၌ အပြစ်သည်အကြီးမားဆုံးဝန်ထုပ် (အလေးဆုံးဝန်ထုပ်)၊ ဝမ်းနည်းခြင်းနှင့်ဒုက္ခဖြစ်သည်။”
– John Owen
=>“အသက်တာ၌အကြီးမားဆုံးသောဆိုင်ပိုင်တိုက်လှန်မှုများသည် မယုံကြည်သူတို့၏အထဲ၌မရှိဘဲ၊ ယုံကြည်သူတို့၏အထဲ၌ရှိပါသည်။”
– Donald Barnhouse
=>အကောင်းဆုံးခရစ်ယာန်တို့သည် တစ်ခါတစ်ရံတွင် အဆိုးဆုံးအပြစ်ကျူးလွန်ကြရန် စုံစမ်းသွေးဆောင်ခြင်းခံရကြသည်။”
– Matthew Henry
=>“ကျွန်ုပ်တို့၏သဘာဝဟောင်းသည် အသက်ရှင်ပြီး၊ မာရ်နတ်လည်းအသက်ရှင်နေသည်။ သို့သော်လည်း၊ ကျွန်ုပ်တို့သည်ဤဆိုးညစ်သော သခင်နှစ်ဦး၏အစေခံကျွန်ဖြစ်ကြရန် ဘုရားသခင်အလိုတော်မရှိပါ။” – John Stott
**ပြန်၍ တည်မြဲစေခြင်း ၊
ပြန်၍တည်မြဲခြင်းဆိုသည်မှာ ပြန်၍ အားသန်စေခြင်း၊ ကျိုးပဲ့သောအရာတစ်ခုခုကို အရင်ကကဲ့သို့ပြန်ကောင်းအောင်လုပ်ခြင်းဟူ၍အဓိပ္ပါယ်ရပါသည်။ဥပမာ – တစ်ခါတစ်ရံတွင် မိုးများစွာရွာသွန်းခြင်းကြောင့် လမ်းကွဲအက်ပျက်စီးသွားတတ်ကာ၊ ထိုလမ်းပေါ်၌ကားမောင်း၍မရ၊ လမ်းလျှောက်၍မရ ဖြစ်သွားသည်။ အလုပ်သမားများရောက်လာကြကာ၊ ထိုလမ်းကိုပြုပြင်ကြသည်။ သူတို့သည် ထိုလမ်းကို မိုးမရွာခင်ကဲ့သို့ ကောင်းအောင် ပြုပြင်ကြသည်။ ယခုတွင် လူတို့သည် ထိုလမ်းကိုပြန်လည်အသုံးပြုနိုင်ကြသည်။ထိုလမ်းကို အသစ်ကဲ့သို့ပြန်လည်ပြုလုပ်ကြသည်။
**အပြစ်လုပ်သောအခါ
ခရစ်ယာန်တစ်ဦးအပြစ်လုပ်သောအခါ ဘာဖြစ်မည်နည်း။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ကောင်းကင်ဘုံ ရှင်အဖဖြစ်၍၊ စစ်မှန်သောခရစ်ယာန်အားလုံးတို့သည် သူ၏သားသမီးများဖြစ်ကြပါသည်။ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏တော်စပ်မှု (အဖေနှင့်သားတော်စပ်မှု) သည် ဘယ်သောအခါမှ ပြောင်းလဲမသွားတော့ပါ။ ကျွန်ုပ်တို့သည်အပြစ်လုပ်ပါက ထိုအပြစ်သည် ထိုတော်စပ်မှုကို မဖျက်ဆီးနိုင်ပါ။ သို့သော်၊ အကယ်၍ ကျွန်ုပ်တို့သည်အပြစ်လုပ်ပါက ဘုရားသခင်နှင့်ကျွန်ုပ်တို့၏မိတ်သဟာယမှာ ပျက်စီးသွားပြီး၊ ပြောင်းလဲကာ၊ ပြန်၍တည်မြဲစေခြင်း လိုအပ်သည်။ ၎င်းသည်ကျွန်ုပ်တို့အပြစ်မလုပ်မီက ကောင်းသောအခြေအနေအတိုင်းပြန်ဖြစ်ရန်လုပ်ဖို့ လိုအပ်သည်။လူနှစ်ယောက်အကြား မိတ်ဆွေဖြစ်ခြင်းပျက်စီးသွားသောအခါသူတို့နှစ်ယောက်အချင်းချင်းတွေ့ဆုံရန် မလိုချင်ကြပါ။ တစ်ယောက်နှင့်တစ်ယောက် စကားမပြောချင်ကြပါ။ အလားတူစွာ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏မိတ်သဟာယပျက်စီးသောအခါ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်စကားမပြောချင်ကြတော့ဘဲ၊ ဆုမတောင်းဘဲ နေကြသည်။ ထို့အပြင်၊ ကျွန်ုပ်တို့ကိုဘုရားသခင်စကားမပြောစေချင်သောကြောင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖတ်ခြင်းကို ရပ်တန့်ကြသည်။ ခရစ်ယာန်တစ်ယောက်က ကျမ်းစာမဖတ်ချင်၊ ဆုမတောင်းချင်ပါက ထိုသူသည် အပြစ်လုပ်ပြီး၊ ဘုရားသခင်နှင့်သူ၏မိတ်သဟာယသည် မကောင်းကြောင်းသေချာပါသည်။ သူသည်ဘုရားသခင်၏အထံတော်သို့ ပြန်လာပြီး၊ ပြန်၍ တည်မြဲရန် လိုအပ်သည်။ဘုရားသခင်နှင့်သူ၏တော်စပ်မှုမှာ ပြောင်းလဲမသွားသော်လည်း ဘုရားသခင်နှင့်သူ၏မိတ်သဟာယသည် သူအပြစ်မလုပ်မီကကဲ့သို့ ပြန်လည်ကောင်းမွန်အောင် လုပ်ဖို့လိုအပ်သည်။
**ပြန်လည်တည်မြဲစေခြင်း
ကျွန်ုပ်အပြစ်လုပ်သောအခါ အပြစ်လွှတ်ခြင်းကိုမည်သို့ရရှိပြီးဘုရားသခင်ထံတော်သို့ ပြန်၍တည်မြဲစေခြင်းရနိုင်မည်နည်း၊ သခင်ယေရှု၏အသွေးသွန်းခြင်းနှင့် အသေခံခြင်းအားဖြင့်သာလျှင် ရနိုင်ပြီး၊ဘုရားသခင်ထံတော်သို့ ပြန်လည်တည်မြဲပါသည်။“ငါသည် ကိုယ်တိုင်ခံယူသည့်အတိုင်း သင်တို့အား ရှေ့ဦးစွာအပ်ပေးသောအကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည့် အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံတော်မူ၏”(၁ကော၊ ၁၅း၃)။“မိစဉ်ဘဆက်ကျင်လည်သောအချည်းနှီးကျင့်ကြံပြုမူခြင်းမှ၊ဖောက်ပြန်ပျက်စီးတတ်သည့် ရွှေ၊ ငွေအစရှိသောဥစ္စာနှင့် သင်တို့ကိုရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့်ကင်းစင်သောသိုးသူငယ်၊ ခရစ်တော်၏အသွေးတော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့” (၁ပေ၊ ၁း၁၈-၁၉)။“ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့ သည်အလင်း၌ကျင်လည်လျှင်၊ အချင်းချင်းမိတ်သဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏” (၁ယော၊၁း၇)။ကျွန်ုပ်အပြစ်လုပ်သောအခါ လုပ်စရာနှစ်ခုရှိပါသည်။ ပထမမှာကျွန်ုပ်သည်မိမိအပြစ်ကိုဝန်ချရမည်။ ပြီးလျှင်၊ ထိုအပြစ်လုပ်ခြင်းကိုရပ်တန့်ရမည်။ ဘုရားသခင်ပြောသည်မှာ“မိမိအပြစ်ကိုဝှက်ထားသောသူသည် ချမ်းသာမရ၊ မိမိအပြစ်ကိုဖော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကိုခံရလိမ့်မည်” (သုတ္တံ ၂၈း၁၃)။ဘုရားသခင်က ဤသို့ ထပ်ပြောပါသည် -“ငါ့နာမဖြင့် သမုတ်သောလူတို့ သည် ကိုယ်ကို နှိမ့် ကဖြင့်၊ငါ့မျက်နှာကို ရှာလျက်၊ ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကိုလွှဲရှောင်လျှင် ငါသည်ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို၍ လူတို့ပြည်ကိုချမ်းသာပေးမည်” (၆ရာ၊ ၇၁၄)။
ကျွန်ုပ်သည်မိမိ၏အပြစ်ကိုဝန်ခံပြီး၊ ထိုအပြစ်လုပ်ခြင်းမှရပ်တန့်သောအခါ ဘုရားသခင်က ကျွန်ုပ်ကိုအပြစ်လွှတ်ပါသည်။ ကျွန်ုပ်အပြစ်လွှတ်ခြင်းရသောအခါ ဘုရားသခင်နှင့်နေ့စဉ်အချိန်ယူခြင်း (Daily QuietTime with God) ကို ပြန်၍ အစပြုရပါမည်။ (အခန်း ၁၄ ကို ကြည့်ပါ)။ဘုရားသခင်နှင့် နေ့စဉ်အချိန်ယူခြင်းအားဖြင့် သူနှင့်ကျွန်ုပ်၏မိတ်သဟာယသည် ပြန်လည်ဆန်းသစ်တည်မြဲလာမည်။ အပြစ်မလုပ်ရန်ခွန်အားရရှိပြီး၊ခရစ်တော်၌ကြီးမားသောဝမ်းမြောက်ခြင်း ရရှိခံစားမည်ဖြစ်သည်။“ပညတ်တော်လမ်း၌ အကျွန်ုပ်ကိုပို့ဆောင်တော်မူပါ။ ထိုလမ်းကိုနှစ်သက်ပါ၏” (ဆာလံ ၁၁၉း၃၅)။နောက်ဆုံးအနေဖြင့် ဘုရားသခင်က သင့်ကိုသိစေချင်သည့်အရာလေးမျိုးရှိပါသည်။**၁။သင်အပြစ်မလုပ်ရန် ဘုရားသခင်အလိုတော်ရှိသည်။“ချစ်သားတို့၊ သင်တို့သည် ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏” (၁ယော၊ ၂း၁)။အပြစ်လွှတ်ခြင်းခံရသည်မှာကောင်းသော်လည်း အပြစ်မလုပ်ခြင်းက ပို၍ကောင်းပါသည်။ အပြစ်လုပ်ရန် ကျွန်ုပ်တို့စုံစမ်းသွေးဆောင်ခြင်းခံသောအခါ “မလုပ်နိုင်ပါ”ဟု ကျွန်ုပ်တို့ ပြန်ပြောနိုင်ပါသည်။
၂။အကယ်၍ သင်အပြစ်လုပ်ပါက၊ သခင်ယေရှုက သင့်အတွက်ဘာလုပ်ပေးသနည်း။“တစုံတယောက်သောသူသည်ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တော်တည်းဟူသော ငါတို့ အမှုဆောင်သခင်သည် ခမည်းတော်ထံ၌ရှိတော်မူ၏။ ထိုသခင်သည်ငါတို့၏အပြစ်မက၊ လောကီသားအပေါင်းတို့၏အပြစ်ဖြေစရာအကြောင်းဖြစ်တော်မူ၏” (၁ယော၊ ၁း၁-၂)။သင်အပြစ်လုပ်ပါက၊ သခင်ယေရှုသည်သင့်အတွက် ဘုရားသခင်အား ပြောပေးပါသည်။ သူ၏အဖထံတော်သို့ ဤသို့ ပြောပါသည်-“ခမည်းတော်ဘုရား၊ ဤသူက အပြစ်ကျူးလွန်ခဲ့ပါသည်။ ထို့ကြောင့် ပြစ်ဒဏ်ပေးရမှာဖြစ်ပါသည်။ သို့သော်လည်း၊ ကျွန်ုပ်သည် သူ့အတွက်လက်ဝါးကပ်တိုင်ပေါ်၌အသေခံစဉ်က သူခံရမည့်ပြစ်ဒဏ် ကျွန်ုပ်ကိုယ်ခန္ဓာပေါ်၌ယူဆောင်ခဲ့ပါသည်။ သို့ဖြစ် သောကြောင့် သုခံရမည့်ဖြစ်ဒဏ် မရှိတော့ပါ။”ထိုအခါ၊ ဘုရားသခင်က သခင်ယေရှုအား ဤသို့ပြောပါသည် -“ငါချစ်သောသား၊ သင်လုပ်သမျှအားလုံးတို့သည် ပြည့်စုံပါ၏။ သင်ပြောခဲ့သောအချက်သည် မှန်ပါ၏၊ သင့်ကို မိမိကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံသောသူတိုင်း၏အပြစ်များကို လက်ဝါးကပ်တိုင်ပေါ်၌ သင်အသေခံစဉ်က ယူဆောင်ခဲ့ပြီးဖြစ်ပါသည်။ သူတို့ခံရမည့်အပြစ်ဒဏ်ကို သင်ပေးဆပ်ခဲ့ပြီးဖြစ်သောကြောင့် သူတို့ပေးဆပ်ရန်မရှိတော့ပါ။ သို့ဖြစ်၍ သင့်ကြောင့်ဤသူကို အပြစ်လွှတ်ပါပြီ။”“ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ်ပကတိအတိုင်းကျင့်သောသူတို့သည်အပြစ်စီရင်ခြင်းနှင့်လွှတ်ကြ၏” (ရောမ ၈း၁)။
၃။စစ်မှန်သောခရစ်ယာန်တစ်ယောက်သည် အပြစ်ကိုဆက်လက်လုပ်ဆောင်သောအသက်တာဖြင့် အသက်မရှင်ပါ။“ဘုရားသခင်ဖြစ်ပွားစေတော်မူသောသူမည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်သောကြောင့် ဒုစရိုက်ကို မပြုနိုင်” (၁ယော၊ ၃း၉)။စစ်မှန်သောခရစ်ယာန်တစ်ယောက်သည် ဒုတိယမွေးဖွားခြင်းခံပြီးသူ ဖြစ်ပါသည်။ သူသည် ပြောင်းလဲသောသူဖြစ်ပြီး၊ သူ၏အထဲ၌ သန့်ရှင်းသောဝိညာဉ်တော် အသက်ရှင်နေထိုင်ပါသည်။ သို့ဖြစ်သောကြောင့်သူသည် အပြစ်ကိုဆက်တိုက်မပြတတ်ပါ။ သူ၏ခရစ်ယာန်အသက်တာရင့်ကျက်ကြီးထွားသည်နှင့်အညီ သူသည် အပြစ်ရှိသောအရာများကို စွန့်သထက်စွန့်ကာ၊ ကောင်းသောအရာများဘက်သို့ ရှေ့ရှု၍ သွားပါသည်။သန့်ရှင်းသောအသက်တာဖြင့်အသက်ရှင်ခြင်းသည် သူ၏အသက်ရှင်နည်းဖြစ်သွားသည်။
၄။သခင်ပြန်လာမည်
ခရစ်တော်ပြန်လာမည့်နေသည် ကျွန်ုပ်တို့အတွက်အကြီးမြတ်ဆုံးနေ့ဖြစ်လိမ့်မည်။ သူနှင့်အတူထာဝရနေဖို့ရန် သူသည် ကျွန်ုပ်တို့ကိုသိမ်းဆည်းမည်။ အပြစ်မလုပ်တတ်သောဘုန်းတန်ခိုးနှင့်ပြည့်ဝသည့်ဝိညာဉ်ခန္ဓာကိုယ်အသစ် ကျွန်ုပ်တို့ကို ပေးမည်။ ဤကောင်းကင်နှင့်ဆိုင်သောကတိတော်သည် အပြစ်ရှိသောဤလောက၌ ကျွန်ုပ်တို့အသက်ရှင်နေထိုင်စဉ်တွင် သန့်ရှင်းသောအသက်တာဖြင့်အသက်ရှင်ရန် ကူညီထောက်ပင့်ပါသည်။“ချစ်သူတို့၊ ယခုတွင် ငါတို့သည်ဘုရားသခင်၏သားဖြစ်ကြ၏။နောက်မှ အဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး။ သို့သော်လည်း၊ ကိုယ်တော်ထင်ရှားပေါ်ထွန်းတော်မူသောအခါ၊ငါတို့သည်ကိုယ်တော်နှင့်တူကြလတံ့ဟု ငါတို့သိကြ၏။ အကြောင်းမူကား၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ငါတို့သည် မြင်ရကြလတံ့။ ထိုသို့မျှော်လင့်သောသူမည်သည်ကား၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ၊ ကိုယ်ကိုကိုယ် သန့်ရှင်းစေတတ်၏” (၁ယော၊ ၃း၂-၃)။
*၁၇
*အိမ်ထောင်မိသားစု
*THE FAMILY
“ထိုသို့ ဘုရားသခင်သည် မိမိပုံသဏ္ဍာန်နှင့်အညီလူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်အညီ လူယောက်ျား၊လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊” (က၊ ၁း၂၇)။
*ယောက်ျားနှင့်မိန်းမ
ဘုရားသခင်သည် ယောက်ျားနှင့်မိန်းမကိုတူညီသောလူပုဂ္ဂိုလ်အနေဖြင့်ဖန်ဆင်းခဲ့ပါသည်။ နှစ်ဦးစလုံးတို့ကိုဘုရားသခင်၏သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခဲ့ပါသည်။ သူတို့သည် ဘုရားသခင်၏သဏ္ဍာန်တော်နှင့်တူခြင်း၊ ဂုဏ်အသရေတူခြင်းနှင့်တန်ဖိုးတူခြင်းတို့၌ တန်းတူဖြစ်ကြသည်။များစွာသောနိုင်ငံများနှင့်ဘာသာဝင်အချို့တို့၌ မိန်းမများသည်ယောက်ျားများထက်ပို၍အရေးမကြီးဟု ရှုမြင်ကြသည်။ သူတို့၏မိသားစု၌ပင်လျှင် သူတို့ကိုအစေခံကဲ့သို့ မကြာခဏဆက်ဆံကြသည်။ တစ်ခါတစ်ရံတွင် ယောက်ျားများကသူတို့ကိုရိုက်ပုတ်ကြကာ၊ သူတို့၏ခန္ဓာကိုယ်နှင့်စိတ်ထဲ၌ ပြင်းထန်သောနာကျင်မှုဝေဒနာများ ခံစားကြသည်။ ဤသို့ပြုခြင်းသည် ဆိုးညစ်၍ရှက်စရာကောင်းပြီး၊ ဘုရားသခင်သည် မိန်းမများကိုညှဉ်းဆဲသောသူတို့အား အပြစ်ဒဏ်ပေးမည်ဖြစ်သည်။ သို့ရာတွင်ခရစ်တော်၌ ယောက်ျားနှင့်မိန်းမတို့၏တန်ဖိုးသည် တန်းတူဖြစ်ကာ၊ နှစ်ဦးစလုံးတို့အား တူညီသောရိုသေလေးစားမှု ပေးသင့်ပါသည်။ထို့ကြောင့်၊ ခရစ်ယာန်တို့က ယောက်ျားများသည်မိန်းမများထက်သာ၍ကောင်းကြသည် သို့မဟုတ် မိန်းမများသည် ယောက်ျားများထက်သာ၍ကောင်းကြသည်ဟု ဘယ်သောအခါမှ မထင်မှတ်သင့်ပါ။ မည်သူတစ်ဦးတစ်ယောက်ကမျှ သူသည်ယောက်ျားဖြစ်သောကြောင့် မဝါကြွားသင့်ပါ သို့မဟုတ် သာ၍ကြီးမြတ်သူ (သာ၍အရေးကြီးသူ) ဟု မခံစားသင့်ပါ။ ထိုနည်းတူ၊ မည်သူတစ်ဦးတစ်ယောက်ကမျှ သူသည် မိန်းမဖြစ်သောကြောင့် ဝမ်းမနည်းသင့်ပါ၊ သို့မဟုတ် သာ၍အောက်ကျသောသူ(သာ၍ အရေးမကြီးသူ) ဟု မခံစားသင့်ပါ။ ကျွန်ုပ်တို့ဖြစ်သည့်အတိုင်းဖန်ဆင်းသူမှာ ဘုရား သခင်ဖြစ်ပါသည်။ ယောက်ျားဖြစ်စေ၊မိန်းမဖြစ်ေစဘုရားသခင်ကချစ်၍ တန်းတူ၊ ရည်တူတန်ဘိုးထားပါသည်။
*အိမ်ထောင်ပြုခြင်း
ဘုရားသခင်သည် အာဒံနှင့်ဧဝကိုဖန်ဆင်းသောအခါ အိမ်ထောင်ပြုခြင်းစတင်ခဲ့ပါသည်။ ဤသို့ပြုရာတွင် အကြောင်းရင်းသုံးခုရှိပါသည်။
အိမ်ထောင်ပြုခြင်းသည် ပေါင်းဖော်ခြင်းအတွက်ဖြစ်သည်။
၁။“ထာဝရအရှင်ဘုရားသခင်ကလည်း ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း၊ သူနှင့်တော်သောအထောက်အမကို သူ့အဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏” (က၊ ၂း၁၈)။
၂။အိမ်ထောင်ပြုခြင်းအားဖြင့် သားသမီးများမွေးဖွား၍ ပြုစုရန်ဖြစ်သည်။“အချင်းတို့၊ များပြားစွာမွေးဖွားကြလော့၊ မြေကြီးကိုပြည့်စေ၍
နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင်ငှက်တို့ကို၎င်း၊ အသက်ရှင်၍ မြေပေါ်မှာလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့၊ ဟု မိန့်တော်မူ၍၊ သူတို့ကိုကောင်းချီးပေးတော်မူ၏” (က၊ ၁း၂၈)။“လိုနောက်၊ လူအာဒံသည် မယားဇဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည်မဋိသန္ဓေစွဲယူ၍၊ ကာဣနကိုဖွားမြင်လျှင်၊ ထာဝရဘုရား၏လူကိုငါရပြီဟု ဆိုလေ၏။ တစ်ဖန် သူ့ညီ အာဗေလကိုဖွားမြင်လေ၏။အာဗေလကား သိုးထိန်းဖြစ်၏။ ကာဣနကား လယ်လုပ်သောသူဖြစ်၏” (က၊ ၄၁-၂)။
၃။ယောက်ျားတစ်ယောက်သည် သူ၏ခန္ဓာကိုယ်ထဲ၌ မိန်းမတစ်ယောက်ကို တောင့်တသောကာမဂုဏ်ရှိသကဲ့သို့၊ မိန်းမတစ်ယောက်၌လည်းယောက်ျားကိုတောင့်တသော ကာမဂုဏ်ရှိပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဤတောင့်တမှုများနှင့်ဖန်ဆင်းခဲ့ပါသည်။ အိမ်ထောင်ပြုခြင်းသည် ယောက်ျားနှင့်မိန်းမနှစ်ဦးစလုံး၏တောင့်တမှု၊လိုအင်ဆန္ဒ ရောင့်ရဲရန်ဖြစ်ပါသည်။“ကောင်းသော်လည်း၊ မတရားသောမေထုန်နှင့်ကင်းလွတ်မည်အကြောင်း၊ ယောကျာ်းတိုင်း မိမိမယားရှိစေလော့။ မိန်းမတိုင်းမိမိလင်ရှိစေလော့၊ ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအားပြုစေလော့။ ထိုနည်းတူ၊ မိန်းမသည်လည်း ဆက်ဆံ
ခြင်းဝတ်ကို မိမိလင်အား ပြုစေလော့။ မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည် ပိုင်၏။ ထိုနည်းတူ၊ ယောက်ျားသည်လည်းမိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။ အချင်းချင်း၊ ခင်ပွန်းဝတ်ကိုမပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသောအခွင့်ရှိစေခြင်းငှာသဘောတူ၍ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင်၊ ကိုယ်ကိုမချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့သွေးဆောင်ရသောအခွင့်မရှိစေခြင်းငှါ၊ နောက်တဖန် အတူနေကြလော့” (၁ကော၊၇း၂-၅)။အိမ်ထောင်ပြုခြင်းအတွက် ဘုရားသခင်၏အကြံအစည်အိမ်ထောင်ပြုခြင်းအတွက် ဘုရားသခင်၏ အကြံအစည်မှာယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောကတို့သည် သေသည့်တိုင်အောင်ပေါင်းသင်းနေထိုင်ကြရန်ဖြစ်သည်။ အခြေအနေကောင်းသည့်အချိန်၌ဖြစ်စေ၊ ဆိုးသောအချိန်၌ဖြစ်စေ၊ တစ်ဦးနှင့်တစ်ဦးချစ်ပြီး၊ ပြုစုကြရန်ဘုရားသခင်အလိုတော်ရှိပါသည်။ တစ်ယောက်အပေါ်တစ်ယောက်သစ္စာရှိရမည်။ သူတို့၏အသက်တာအားလုံး၌ ဘုရားသခင်၏စကားကိုနားထောင်ပြီး၊ သူတို့၏သားသမီးများကိုလည်း ဘုရားသခင်၏စကားကိုနားထောင်ကြရန် သွန်သင်ရမည်။ခင်ပွန်းသည်နှင့်ဇနီးသည် တန်းတူဖြစ်ကြသော်လည်း အိမ်ထောင်ဘဝ၌ ခြားနားသောအငန်းအတာများ (တာဝန်နှင့်အလုပ်) ရှိကြသည်။အိမ်ထောင်မည်သို့အစပြုခဲ့သည်ကို သမ္မာကျမ်းစာက ပြောပါသည် -“ထို့နောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့်လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏” (က၊ ၂း၇)။“ထာဝရအရှင်ဘုရားသခင်ကလည်း၊ လူသည် တစ်ယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက် အမကို သူ အဖို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏” (က၊ ၂း၁၈)။“ထိုအခါ၊ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြ်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတစ်ချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစား အသားကိုစေ့စပ်စေတော်မူ၏။ ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သောနံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍၊ လူရှိရာသို့ဆောင်
ခဲ့တော်မူ၏” (က၊ ၂း၂၁-၂၂)။အထက်ပါကျမ်းပိုဒ်များထဲတွင် ဘုရားသခင်သည်အာဒံနှင့်ဧဝတို့ကို ဖန်ဆင်းခဲ့စဉ်က လူယောက်ျားကိုဖန်ဆင်းပြီးမှ သူ၏နံရိုးတစ်ချောင်းကိုထုတ်၍ သူ့အတွက် ဧဝကိုဖန်ဆင်းပါသည်။ ဤအချက်၏သင်ခန်းစာမှာ မိသားစုထဲတွင် လင်ယောက်ျားနှင့်ဇနီးသည် တန်းတူဖြစ်ကြပါသည်။ သို့ရာတွင် ဘုရားသခင်သည် လူယောက်ျားကိုအရင်ဦးစွာဖန်ဆင်းသောကြောင့် လူယောက်ျားသည်ခေါင်းဆောင်နှင့်အိမ်ထောင်ဦးစီးဖြစ်ပါသည်။လင်ယောက်ျားသည် မည်သို့သောခေါင်းဆောင်ဖြစ်သင့်ပါသနည်း။
သူ၏ဇနီးက သူ၏နောက်သို့ မည်သို့လိုက်သင့်ပါသနည်း။ သမ္မာကျမ်းစာကဧဖက် ၅း၂၂- ၂၅ ၌ ပြောထားပါသည်“
=>အချင်းမိန်းမတို့၊ သခင်ဘုရား၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့၊ ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံကြလော့” (အငယ်၊JJ):
=>“အကြောင်းမူကား၊ ခရစ်တော်သည် အသင်းတော်၏အပေါ်မှာဦးခေါင်းဖြစ်တော်မူသကဲ့သို့၊ ယောက်ျားသည်မိမိခင်ပွန်း၏အပေါ်မှာ ဦးခေါင်းဖြစ်၏။ ခရစ်တော်သည် မိမိခန္ဓာကိုယ်ကိုကယ်တင်သောသူဖြစ်တော်မူ၏” (အငယ်၊ ၂၃)။
=>“အသင်းတော်သည် ခရစ်တော်၏အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ မိန်းမတို့လည်း ကိုယ့်ခင်ပွန်း ၏အုပ်စိုးခြင်းကို အရာရာ၌ဝန်ခံရကြမည်” (အငယ်၊ ၂၄ )။“
=>အချင်းယောကျာ်းတို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကိုချစ်ကြလော့” ( အငယ်။၂၅)၊
*ဇနီး၏တာဝန်
ဇနီးသည်ကိုယ်ခင်ပွန်း၏အုပ်စိုးခြင်းကိုဝန်ခံရမည် (အငယ်၊၂၂)။ဆိုလိုသည်မှာ ဇနီးသည်ကိုယ်ခင်ပွန်း၏ဦးဆောင်မှုကိုလက်ခံရမည်။ခင်ပွန်းသည် ဇနီး၏ဦးခေါင်းဖြစ်၍ (အငယ်၊ ၂၃)၊ ဤဩဇာကို ဘုရားသခင်ပေးပါသည်။ အိမ်ထောင်ရေးပျော်ရွှင်အားသန်ရန်၊ မိသားစုအတွက်ပညာသတိရှိစွာဖြင့် ဆုံးဖြတ်ချက်များချတတ်ရန်၊ ကောင်းသောအကျင့်စာရိတ္တသင်ပေးရန်၊ သူ၏ဇနီးနှင့်သားသမီးများ ခန္ဓာ၊ စိတ် တိုးတက်ကြီးရန်နှင့် ဘုရားသခင်ကိုသိကျွမ်းခြင်း၌ တိုးပွားရင့်ကျက်ကြရန်အတွက် လူ၌တာဝန်ရှိပါသည်။ ခင်ပွန်းသည်က မိသားစုကိုဘုရားသခင်အလိုတော်နှင့်ညီသောလမ်းသို့ကောင်းမွန်စွာဦးဆောင်ခြင်းကို ဇနီးကမဆန့်ကျင်ပဲထောက်မကူညီ၍ အားပေးရမည်။သို့ရာတွင် ခင်ပွန်းသည်ဇနီးအား ဘုရားတားမြစ်ထားသောအပြစ်တစ်ခုခုလုပ်ခိုင်းပါက လုံးဝမလုပ်သင့်ပါ။ ခရစ်ယာန်တစ်ဦးသည် လူ၏စကားနားထောင်ခြင်းထက် ဘုရားစကားနားထောင်ရမည်။လင်ယောက်ျားသည်မိမိ၏ဇနီးကို အမှန်တကယ်ချစ်ပြီး၊ မိသားစုကိုဘုရားသခင်၏အလိုတော်နှင့်အညီ ပညာသတိရှိစွာဦးဆောင်ပါက၊ ဇနီးသည် သူ၏အုပ်စိုးမှုကို ဝမ်းမြောက်စွာဖြင့်ဝန်ခံမည်ဖြစ်သည်။ (အောက်တွင်ဖော်ပြသည့် လင်ယောက်ျားတာဝန်ကို ဖတ်ပါ)။လင်ယောက်ျား၏တာဝန်လင်ယောက်ျားသည် မိမိ၏ဇနီးကိုချစ်ရမည် (အငယ်-၂၅)။ သူသည် ဇနီးကိုချစ်ကြောင်း နည်းလမ်းများစွာဖြင့်ပြသပါမည်။ ယောက်ျားတစ်ယောက်၏ဇနီးသည် သူ၏အကောင်းဆုံးမိတ်ဆွေဖြစ်သင့်ပါသည်။သို့ဖြစ်၍ သူသည် ဇနီးသည်နှင့် အချိန်များများအသုံးပြုခြင်းဖြင့် သူ၏မေတ္တာကို ပြသင့်ပါသည်။ ဘုရားသခင်သည် အာဒံ၏အိမ်ကိုသန့်ရှင်းရေး
လုပ်ပေးရန် နှင့် သားသမီးများမွေးဖွားပေးရန်အတွက် ဧဝကို ဖန်ဆင်းခြင်း မဟုတ်ပါ။လင်ယောက်ျားသည်မိမိ၏ဇနီးကို ဖိုမသဘာဝအလျောက်လည်းချစ်ရပါမည်။ ဤသည် သဘာဝကျပြီး၊ မှန်သောအရာဖြစ်ပါသည်။ သို့သော်၊ခရစ်ယာန် တစ်ယောက်သည် သည် ထက်သာ၍ ချစ်ရပါမည်။ ခရစ်တော်သည် အသင်းတော်ကို ချစ်သကဲ့သို့ သူသည်လည်းမိမိ၏ဇနီးကိုချစ်ရမည် (ငယ်-၂၅)။ ခရစ်တော်၏မေတ္တာသည် မည်သို့သောမေတ္တာမျိုးဖြစ်ပါသနည်း။ ခရစ်တော်သည် အသင်းတော်ကိုမည်သို့ချစ်ပါသနည်း။ခရစ်တော်၏မေတ္တာမှာ အတ္တကင်းသောမေတ္တာမျိုးဖြစ်ပါသည်။ ခရစ်တော်သည် သူ့အတွက်ထက် ကျွန်ုပ်တို့ (သူ၏အသင်းတော်) အတွက် ပထမဦးဆုံးစဉ်းစားပေးပါသည်။ ခရစ်တော်၏မေတ္တာသည် အနစ်နာခံသောမေတ္တာဖြစ်သည်။ သူသည် ကျွန်ုပ်တို့ကိုအလွန်ချစ်သောကြောင့် သူ၏အသက်ကိုကျွန်ုပ်တို့အတွက်ပေးခဲ့ပါသည်။ခရစ်တော်သည်အသင်းတော်ကိုချစ်သကဲ့သို့ လင်ယောက်ျားသည်မိမိ၏ဇနီးကိုချစ်သောအခါ ဇနီးအတွက်သူ၏မေတ္တာသည် အတ္တကင်းသောမေတ္တာဖြစ်လိမ့်မည်။ သူသည် ဇနီးကသူ့အတွက်ဘာလုပ်ပေး
နိုင်မည်နည်းဟု မစဉ်းစားဘဲ၊ ဇနီးဝမ်းမြောက်ရန် သူလုပ်ပေးနိုင်သောအရာများကို လုပ်ပေးပါသည်။ ဝိညာဉ်သဘောနှင့်ပြည့်ဝသော လင်ယောက်ျားတစ်ယောက်သည်- “ကျွန်ုပ်၏အသက်တာ၌ ခရစ်တော်သည် ပထမ၊ကျွန်ုပ်၏ဇနီးသည် ဒုတိယ၊ ကျွန်ုပ်သည် နောက်ဆုံး”ဟု ပြောနိုင်သည်။
*မိဘနှင့်သားသမီးများ
*မိခင်များ
သားသမီးတစ်ယောက်စီတို့အား ဘုရားသခင်က ပထမဦးဆုံးပေးသောလက်ဆောင်မှာ မိခင်ဖြစ်ပါသည်။ သူ၏ကိုယ်ခန္ဓာထဲ၌ သားသမီးတစ်ယောက်စီကိုလွယ်ပြီး၊ မွေးဖွားသောအခါတိုင်း၌ ကြီးစွာသောနာကျင်ခြင်းဝေဒနာခံခဲ့ရသည်။ ထို့အပြင်၊ သူ၏ဘဝတစ်လျှောက်လုံး၌ သားသမီးတစ်ယောက်စီတိုင်းကို သူ၏ထူးရှယ်မေတ္တာဖြင့်ချစ်ပါသည်။သားသမီးတိုင်း၏လက်ဦးဆရာမှာ မိခင်ဖြစ်ပါသည်။ ဝိညာဉ်သဘောရှိသောမိခင်သည် သူ၏သားသမီးတို့အား သခင်ယေရှုအကြောင်းသင်ပေးရန် ကြီးမားသောအခွင့်အရေးရှိပါသည်။ မြောက်မြားစွာသောလူတို့သည် သူတို့မိခင်၏မေတ္တာ၊ ဝိညာဉ်သဘောရှိသောအသက်တာနှင့်သွန်သင်မှုကြောင့် ယေရှုခရစ်တော်ကိုယုံကြည်လက်ခံခဲ့ကြပါသည်။ ထင်ရှားသည့် အင်္ဂလိပ်လူမျိုးဧဝံဂေလိဆရာ John Wesley က ဤသို့ပြောခဲ့ပါသည် – “ကျွန်တော်သည်ခရစ်တော်အကြောင်းကို အင်္ဂလန်နိုင်ငံ၌ရှိသည့် ဘုရားတရားလေ့လာတတ်ကျွမ်းသူများ (ကျွမ်းကျင်လိမ္မာသောကျမ်းစာကျောင်းသား၊ ကျောင်းသူများ) ထံမှ သင်ယူခြင်းထက် ကျွန်ုပ်၏မိခင်ထံမှသင်ယူခြင်းက ပို၍များပါသည်။”မိခင်၏လုပ်ဆောင်မှုများသည် ဤလောကနှင့်ကောင်းကင်နိုင်ငံ၌ကောင်းကြီးမင်္ဂလာများ ဖြစ်ထွန်းစေနိုင်ပါသည်။ အကယ်၍၊ မိန်းမတစ်ယောက်သည် ကလေးတစ်ယောက်မွေးဖွားပြီး၊ ထိုကလေးကို သခင်ယေရှုထံတော်သို့ ဒုတိယမွေးခြင်းနှင့်ထာဝရအသက်ရရှိရန် လမ်းပို့ဆောင်ပါက၊ သူနှင့်ကလေးတို့၏ဝမ်းမြောက်မှုသည် ထာဝရကာလတိုင်တည်နေမည်ဖြစ်ပါသည်။
**ဖခင်များ
ဖခင်တစ်ယောက်ဖြစ်ခြင်းသည် အံ့ဩဘွယ်ကောင်းပြီး၊ ဖခင်ကောင်းတစ်ယောက်ဖြစ်ခြင်းသည် အလွန်အရေးကြီးလှပါသည်။တစ်နေ့ ကျွန်ုပ်၏အသင်းတော်၌ ဘုရားသခင်သည်ကျွန်ုပ်တို့၏ဖခင်ဖြစ်သည်ဟူသောခေါင်းစဉ်နှင့် ကျွန်တော်တရားဟောပါသည်။ ဝတ်ပြုစည်းဝေးပြီးဆုံးသွားသောအခါ ခရစ်ယာန်အမျိုးသမီးငယ်တစ်ဦး ကျွန်ုပ်ထံသို့လာပြီး – “ဘုရားသခင်ကိုဖခင်ကဲ့သို့ ကျွန်မ မထင်မှတ်ချင်ဘူး။ကျွန်မအတွက် “ဖခင်”ဟူသောဝေါဟာရဟာ ဆိုးဝါးသေစကားလုံးဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုရင်၊ ကျွန်မရဲ့ လောကအဖေဟာ ဆိုးသောသူတစ်ယောက်ပါ။ သူနာကျင်မှု၊ ဒုက္ခ၊ ပြဿနာများစွာကို ကျွန်မအပေါ်မှာ ပြုခဲ့ပါတယ်။ ကျွန်မအပေါ်မှာ သူပြုခဲ့သော အမှုများကြောင့် သူ့ကိုမုန်းပါတယ်”ဟု ပြောပါသည်။သူငယ်တစ်ယောက် သူ၏လောကဖခင်အပေါ် သဘော ထားအမြင်က သူ၏ကောင်းကင်ဘုံရှင်အဖဘုရားသခင်အပေါ် သဘောထားအမြင်ကို ထိခိုက်စေပါသည်။ သို့ဖြစ်သောကြောင့်၊ ခရစ်ယာန်ဖခင်တစ်ဦးစီတိုင်းသည် ဘုရားဝတ်၌မွေ့လျော်ပြီး၊ ဝိညာဉ်သဘောနှင့်အသက်ရှင်ခြင်း၌တိုးတက်၍၊ အကောင်းဆုံးဖခင်ဖြစ်ရန် အမြဲကြိုးစားအားထုတ်သင့်ပါသည်။
**ဖခင်တစ်ဦး၏တာဝန် ( မိခင်၏အထောက်အမဖြင့်)“
အဘတို့၊ ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်းငှါ မပြုကြနှင့်။ သခင်ဘုရား၏အလိုတော်နှင့်ညီသောဆုံးမသွန်သင်ခြင်းကို ပြုလျက်ကျွေးမွေးကြလော့” (ဧဖက် ၆း၄)။ကိုယ်သားသမီးကို စိတ်ဆိုးစေခြင်း မပြုကြနှင့်။ ဥပမာ -သင်၏သားသမီးများအား များလွန်းသောတောင်းဆိုမှုမပြုပါနှင့်။သင်၏သားသမီးများကို အရာရာတိုင်း၌ပြည့်စုံကောင်းမွန်ကြမည်ဟု မမျှော်လင့်ပါနှင့် (ဥပမာ-ကျောင်းတွင် စာအတော်ဆုံး၊အကောင်းဆုံးအားကစားသမား၊ အသင်းခေါင်းဆောင်)၊ ဘုရားသခင်သည်သူ၏အစေကိုခံကြရန် အလိုတော်ရှိသည်အတိုင်းအစွမ်းသတ္တိ(ကျွမ်းကျင်မှု) အမျိုးမျိုးတို့ကို သားသမီးများအားပေးပါသည်။ ဘုရားပေးသောထိုအစွမ်းသတ္တိများနှင့်စိတ်ဝင်စားမှုများကို တိုးတက်အောင် အားပေးကူညီပါ။ သို့သော် သင်ဖြစ်စေချင်သည့်အတိုင်းဖြစ်လာရန်အတင်းအဓမ္မ မလုပ်ပါနှင့်။သင်၏သားသမီးများအား ကြမ်းတမ်းစွာမပြုပါနှင့်။ဖခင်များသည် ကြီးမားပြီး၊ ဩဇာအာဏာရှိကြသည်။ သားသမီးများသည် ခန္ဓာကိုယ်ငယ်ပြီး၊ အားနည်းကြသည်။ သို့ဖြစ်သောကြောင့် ဖခင်များသည်သူတို့၏သြဇာအာဏာကို သူတို့၏သားသမီးများအပေါ်၌ အသုံးမချရပါ။ သူတို့သည် သားသမီးများအပေါ်၌သနားကြင်နာပြီးနူးညံ့သိမ်မွေ့ရမည်။ သားသမီးတစ်ယောက်အမှားတစ်ခုခုလုပ်သောအခါ၊ သူ၏အမှားကိုပြောပြပြီး၊ မှန်ကန်သောနည်းလမ်းကိုပြပါ။ သို့သော်၊ သူ့ကို ကြမ်းတမ်းစွာအပြစ်မတင်ပါနှင့်(ကြမ်းတမ်းသောစကား မသုံးပါနှင့်)၊ ကြမ်းတမ်းသောစကားသည် သူ့ကိုအသုံးမရဖြစ်စေတတ်ပါသည်၊ သူ့ကို ကြီးလေးသောပြစ်ဒဏ်များမပေးပါနှင့်။ အကယ်၍ ဖခင်သည် ရက်စက်ကြမ်းကြုတ်ပါက သူ၏သားသမီးများသည် သူ့ကို ချစ်ခင်လေးစားကြမည် မဟုတ်ပါ။ သူတို့သည် စိတ်ညစ်ကြပြီး၊ စိတ်ဆိုးသောလူငယ်များဖြစ်ကြမည်။သားသမီးများအတွက် အချိန်ပေးပါ။သားသမီးများသည် မိဘနှစ်ပါးစလုံးနှင့်အတူတူကစားခြင်းသို့မဟုတ် စာဖတ်ခြင်း၊ သို့မဟုတ် လမ်းလျှောက်ခြင်း၊ သို့မဟုတ်စကားပြောခြင်းများအတွက် အချိန်ယူရန်လိုအပ်သည် ( တစ်ပတ်လျှင် အနည်းဆုံး တစ်နာရီခွဲစီ သုံးကြိမ်)၊ ဤသို့ပြုခြင်းသည်မိသားစု၏ဆက်ဆံရေးခိုင်မာစေပါသည်။မိဘများသည် အလုပ်များသောသူများဖြစ်ကြပါသည်။ သို့သော်ဖခင်သည် သားသမီးများအတွက်အချိန်မပေးနိုင်လောက်အောင်မအားမလပ်ဖြစ်လွန်းပါက သားသမီးများသည် မိမိတို့ ၏ဖခင်အတွက် အရေးမကြီးသောသူများဖြစ်ကြသည်ဟု ခံစားကြမည်ဖြစ်သည်။ အသင်းတော်၏လုပ်ငန်းတော်များကြောင့်မအားမလပ်ဖြစ်လွန်းပါကလည်း ဖခင်ကသားသမီးများထက်အသင်းတော်ကိုပို၍ချစ်သည်ဟု ခံစားကြမည်။ ဤသည် အသင်းတော်နှင့်ဘုရားသခင်အပေါ်၌ သားသမီးများစိတ်မကောင်းဖြစ်မိစေနိုင်ပါသည်။သားသမီးများအတွက် အချိန်မပေးနိုင်လောက်အောင် မအားမလပ်ဖြစ်လွန်းသောမိဘများသည် သူတို့၏အသက်ရှင်နည်းပြောင်းလဲသင့်ပါသည်။ သို့ပြုလျှင်၊ သားသမီးများကမိမိတို့၏အသက်တာ၌ လူသားများထဲမှအရေးကြီးဆုံးပုဂ္ဂိုလ်နှစ်ဦးဖြစ်သောမိဘနှစ်ပါးက သူတို့ကိုချစ်ပြီး၊ တန်ဘိုးထားသည်ဟု ခံစားကြမည်ဖြစ်သည်။
*သခင်ဘုရား၏အလိုတော်နှင့်ညီသောဆုံးမသွန် သင်ခြင်းကို ပြုလျက်ကျွေးမွေးကြလော့၊ ဥပမာ –
=>သင်သည်မိမိ၏သားသမီးများကိုချစ်ကြောင်း သူတို့ကိုယ်တိုင်သေသေချာချာသိစေပါ။များစွာသောအရာတို့သည် ကလေးများကို ချောက်လှန့်ပြီး စိုးရိမ်စေပါသည်။ သူတို့၏ဘဝလုံခြုံကြောင်း ခံစားရန်လိုအပ်သည်။သူ၏ဖခင်နှင့်မိခင်တို့သည်အချင်းချင်းချစ်ကြသည်ကို မြင်တွေ့ကြပါက သူတို့သည် အလွန်ဝမ်းမြောက်ကြမည်ဖြစ်သည်။ မိဘနှစ်ပါးစလုံးက သူတို့ကိုချစ်ကြကြောင်းနှင့်အမှားများလုပ်သည့်အချိန်တွင်လည်း အစဉ်အမြဲချစ်ကြမှာဖြစ်ကြောင်း သိကြရန်လိုအပ်ပါသည်။ သားသမီးတို့အား ဤသို့ ပြောသင့်ပါသည် – “သားသမီးကိုငါချစ်တယ်။ သင့်ကို အမြဲချစ်နေမယ်။ ဘုရားသခင်က သားသမီးကိုပေးတဲ့အတွက် ငါဝမ်းသာတယ်။”
=>သားသမီးများကိုလေ့ကျင့်ပါ။
သားသမီးများကို အမှားနှင့်အမှန်ခွဲခြားသိမြင်တတ်အောင် သင်ပေးပါ။ မသင်ပေးပါက သူတို့သည်ဤအရာများကိုမသိကြပါ။ကလေးတစ်ယောက်က အမှားကို သိလျက်နှင့် ကျူးလွန်ပါကသူ့ကို ဆုံးမဒဏ်ပေးသင့်ပါသည်။ အလွန်စိတ်ဆိုးသောဖခင်ကသူ၏ကလေးကို ဆုံးမဒဏ်မပေးသင့်ပါ။ အဘယ့်ကြောင့်ဆိုသော်၊သူ၏အမျက်ဒေါသသည် ကလေးကိုအလွန်ပြင်းထန်သော ဆုံးမဒဏ် ပေးစေမည်ဖြစ်သည်။ သို့ရာတွင် မေတ္တာကြီးသောဖခင်သည်သူ၏ကလေးအား နာခံခြင်းသင်ယူရန်အတွက် ဆုံးမဒဏ်ပေးသင့်ပါသည်။“သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော။ သို့ပြုလျှင် သူသည်ကိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်”(သုတ္တံ့၊ ၂၂း၆)။
=>နေ့စဉ် မိသားစုဝတ်ပြုခြင်းအစီအစဉ်လုပ်ပါ။သင်၏အိမ်၌ အတူတကွကျမ်းစာဖတ်ခြင်းနှင့်ဆုတောင်းခြင်းအစီအစဉ်ပြုလုပ်ခြင်းသည် မိသားစုအတွက်ကောင်းပါသည်။မိသားစုကိုအတူတကွထိုင်စေ၍၊ ကျမ်းစာအုပ်ထဲမှကျမ်းပိုဒ်တစ်ချို့ကို သူတို့နှင့်အတူဖတ်ပါ။ ဖတ်ပြီးသောအခါ ကျမ်းပိုဒ်များ၏အဓိကသွန်သင်ချက်ကို အတိုချုံး၍ပြောပြပါ။ ပြီးမှ မိသားစုအတူတကွဆုတောင်းနိုင်ပါသည်။ဝတ်ပြုခြင်းအချိန်တိုသင့်ပါသည် – ၁၀မိနစ်ဝန်းကျင်ဖြစ်သင့်သည်။နံနက်ပိုင်းအလုပ် သို့မဟုတ် ကျောင်းမသွားမီအချိန်သည် မိသားစုဝတ်ပြုခြင်းအစီအစဉ်လုပ်ရန်ကောင်းသောအချိန်ဖြစ်သည်။ နံနက်ပိုင်းမဖြစ်နိုင်ပါက ညပိုင်းလည်း ကောင်းသောအချိန်ဖြစ်ပါသည်။သားသမီးများ စိတ်ဝင်စားရန်အတွက် အစီအစဉ်အမျိုးမျိုးလုပ်တတ်ရန် လိုအပ်ပါသည်။ သို့ဖြစ်သောကြောင့်၊နေ့တိုင်း၊ လတိုင်းနှင့် နှစ်တိုင်းအစီအစဉ်တစ်မျိုးတည်းမလုပ်ပါနှင့်။အစီအစဉ်အမျိုးမျိုးလုပ်ပါ။ ဥပမာ – မိခင်နှင့်သားသမီးတို့သည် (ဖခင် တစ် ဦးတည်းကသာအစစအရာရာအမြဲတမ်းမလုပ်ရန်)ကျမ်းစာကိုဖတ်ခြင်း သို့မဟုတ်ဖတ်ခဲ့ပြီးသောကျမ်းပိုဒ်များ၌ပါသောအကြောင်းများကိုပြောပြခြင်း၊ သို့မဟုတ် မေးခွန်းမေးခြင်း သို့မဟုတ်ဆုတောင်းခြင်းသို့မဟုတ် ဆုတောင်းချက်တင်ပြခြင်းများ လုပ်နိုင်ပါသည်။မိသားစုဝတ်ပြုခြင်းအစီအစဉ်ကို ဝမ်းမြောက်ရွှင်လန်းရသောအချိန်ဖြစ်စေပါ။ ငြီးငွေ့စရာကောင်းသောအစီအစဉ် မဖြစ်ပါစေနှင့်။ဖခင်များအတွက်ဘုရားသခင်၏အလိုတော်သင်၏မိသားစုထဲ၌ ဘုရားသခင်ကိုချီးမြောက်ပါ။သင်၏ဇနီးကိုချစ်ပါ။သင်၏သားသမီးများနှင့်အချိန်ယူပါ။ဘုရားသခင်၊ သင်၏ဇနီးနှင့်သားသမီး (ဤသုံးမျိုး) တို့သည်သင့်အား ဖခင်တစ်ဦးဖြစ်စေသောသူများဖြစ်ကြသည်။ သင်၏အသက်တာ၌ သူတို့ကို အရေးကြီးသောနေရာ ပေးပါ။