သမ္မာကျမ်းလာ ပုဂ္ဂိုလ်များ၏ ခေါင်းဆောင် မှုပညာ (အတွဲ-၂)

လျန်းမွမ်းကိမ်း – ဥယျာဇဉ်

ဒေါက်တာကိမ်းသည် ယခုတစ်ဖန် “သမ္မာကျမ်းလာ ပုဂ္ဂိုလ်များ၏ ခေါင်းဆောင် မှုပညာ (အတွဲ-၂)”ဟူသည့် စာအုပ်ကို ရေးသားထုတ်ဝေလာသဖြင့် ဘုရားသခင်

၏ကျေးဇူးတော်ကို ဦးစွာချီးမွမ်းပါသည်။ ဤစာအုပ်တွင် ဓမ္မဟောင်းခေတ်မှ ပုဂ္ဂိုလ် ၁၁ဦး၊ ဓမ္မသစ်ခေတ်မှ ပုဂ္ဂိုလ် ရဦး၊ စုစုပေါင်း ၁၈ဦးတို့၏အကြောင်းကို ဖော်ပြထား သည်။ ထို ၁၈ဦးထဲတွင် ယောက်ျား ၁၇ဦးနှင့် မိန်းမ ၁ဦး ပါဝင်သည်။

မိမိတို့သည် ဤပုဂ္ဂိုလ်များ၏အကြောင်းကို သိဖူး၊ ကြားဖူးကြသည်။ ၎င်းတို့ အနက် ကောင်းသောသူရှိသကဲ့သို့ ဆိုးသောသူလည်းရှိသည်။ ဥပမာ မိမိတို့၏စိတ် ထဲတွင် လောတနှင့် ဟေရောဒိတို့ကို ဆိုးသောသူအဖြစ် သတ်မှတ်ကြသည်။

ထို့အပြင် ကျမ်းစာ၌ ၎င်းတို့၏အကြောင်းကို အကျယ်တဝံ့ဖော်ပြခြင်းမခံရ သည့် ပုဂ္ဂိုလ်တချို့ လည်းရှိသည်။ ဥပမာ အဲသယောပိမင်း၏အကြောင်းကို တစ်ကြိမ် သာ တွေ့ရသကဲ့သို့ နောက်နှင့် ရှိမုန်ဇေလုတ်၏အကြောင်းကိုလည်း အနည်း အကျဉ်းသာဖော်ပြသည်။ မကြာခဏတွေ့ရသည့် ပုဂ္ဂိုလ် တချို့ပင်လျှင် တစ်နေရာ တည်း၌ ပြည့်ပြည့်စုံစုံတွေ့ရခြင်းမဟုတ်ဘဲ ကျမ်းပိုဒ်အမျိုးမျိုးတို့၌ ကွက်ကြား တွေ့ ရခြင်းဖြစ်သည်။

ထိုကဲ့သို့ကွက်ကြားတွေ့ရသည့် ကျမ်းပိုဒ်များနှင့်သမိုင်းအချက်အလက်များကို ဒေါက်တာကိမ်းက စုစည်းဖော်ပြပေးသောအခါမှသာ ဤပုဂ္ဂိုလ်များ၏အကြောင်းကို တိကျပြည့်စုံစွာ သိရှိနိုင်ခြင်း ဖြစ်ကြသည်။ အထူးသဖြင့် နောက်နှင့် အဲသယောပိ မင်းအကြောင်းကို ပြည့်ပြည့်စုံစုံ ဖော်ပြနိုင်ခြင်းသည် အချက်အလက်စုစည်းနိုင်မှု၏ သက်သေဖြစ်သည်။

ဆိုခဲ့သည့်အတိုင်း ဤပုဂ္ဂိုလ်များအနက် တချို့သည် အစပိုင်းတွင် ကောင်းစေ ကာမူနောက်ပိုင်းတွင်ပျက်စီးသူလည်းရှိကြသည်(ဥပမာလောတ၊ ဂိဒေါင်၊ ရှောလမုန်)။ ဆိုးသည်ဟု သတ်မှတ်သည့်သူ၌ ကောင်းကွက်ရှိနိုင်သကဲ့သို့ ကောင်းသည်ဟု သတ် မှတ်သည့်သူ၌ ဆိုးကွက်ရှိနိုင်သည်။ သို့ဖြစ်၍ မိမိတို့သည် ၎င်းတို့၏ ဆိုးကွက်များကို ရှောင်ကြဉ်ပြီး ကောင်းကွက်များကို အတုယူရမည်ဖြစ်သည်။

ဤစာအုပ်သည် ဖတ်ရှုသူတိုင်းအား အသိပညာအဖြာဖြာ တိုးပွားစေသည့် အပြင် ဝိညာဉ်ရေးရာနှင့် ခေါင်းဆောင်မှုရေးရာ၌ ပိုမိုတည်ဆောက်ပေးလိမ့်မည်ဟု ယုံကြည်ပါသည်။ သို့ဖြစ်၍ ဘုရားသခင်သည် ဒေါက်တာကိမ်းအား စာအုပ်ကောင်း များ ဆက်လက်ရေးသားထုတ်ဝေနိုင်ရန် ကောင်းချီးပေးပါစေဟု ဆုမွန်ကောင်း ၊ တောင်းပေးပါသည်။

ခရစ်တော်၌၊

ဒေါက်တာ ဒိုဆွမ်းမှန်  FBTS၊ ရန်ကုန်

မာတိကာ

ဥယျာဇဉ်

ဧနောက်(Enoch)

နောဧ (Noon)

လောတ (Lot) ၊

ဂိဒေါင်(Gideon)

ယေဖသ(Jephthah)

ရှံဆုန်(Samson)

ဧလိ (EL)

ရှမွေလ (Samuel)

ရှောလမုန် (Solomon)

ဟေဇကိ (Hezekiah)

ယောရှိ (Josian)

နှစ်ခြင်းဆရာ ယောဟန် (John the Baptist)

ဟေရောဒိ (Herodias)

သောမ (Thomas)

ရှိမှန်ဇလုတ် (Simon The Zealot)

ယာကုပ် – ယေရှု၏ညီ (James – Brother of Jesus)

အဲသယောပိအမတ် (Ethiopia Eunuch)

တိတု (Titus)

ကိုးကားစာအုပ်များ

ဧနောက်

(Enoch)

“ယေရှုခရစ်တော်သည် မည်သူနည်း” ဟူသောအချက်သည် တမန်တော်ခေတ်မှစ၍ အဓိက ငြင်းခုံကြသည့် အချက်ဖြစ်သည်။ ထို့အပြင် နားလည်ရအခက်ဆုံးနှင့် နား လည်မှုအလွဲဆုံးသော ပုစ္ဆာ တစ်ခုလည်းဖြစ်သည်။

Epionite ဆိုသူတို့က ယေရှုသည် လူသားတစ်ယောက်သာဖြစ်၍ ရေနှစ်ခြင်း ခံယူသောအခါ သန့်ရှင်းသောဝိညာဉ်ရရှိသဖြင့် နိမိတ်လက္ခဏာအမျိုးမျိုးကို ပြုလုပ် နိုင်ခြင်းဖြစ်သည်ဟု ဆိုသည်(၂ရာ စုခေတ်)။ Docetist တို့က ယေရှုသည် ဘုရားစင် စစ်ဖြစ်၍ လူသားပုံဆောင်ခြင်းဖြစ်သည်။ လူကဲ့သို့ မြင်ရသော်လည်း လူသားမဟုတ် ဟု ဆိုသည်(၁ရာစုခေတ်)။ Appoilinorim တို့က ယေရှုသည် ဘုရားလည်း ဖြစ် သည်။ လူသားလည်း ဖြစ်သည်။ သို့သော် လူသားစိတ်မပိုင်ဆိုင်ဘဲ သူ၏စိတ်ကို ဘုရားသခင်၏နှုတ်ကပတ်တော်(logos)က လွှမ်းမိုးသည်ဟု ဆိုသည်(၄ရာစုခေတ်)။ Nestorian တို့က ယေရှုသည် ဘုရားလည်းဖြစ်သည်။ လူသားလည်းဖြစ်သည်။ သို့သော် သီးခြားစီဖြစ်သဖြင့် တစ်ကိုယ်မဟုတ်ဘဲ နှစ်ကိုယ်ဖြစ်သည်။ ဘုရားပကတိနှင့်၊ လူသားပကတိ ပေါင်းစည်း၍မရဟု ဆိုသည်(၅ရာစု ခေတ်)။ Eutychianတို့က ယေရှု သည် နှစ်ကိုယ်လုံးဝမဟုတ်၊ တစ်ကိုယ်သာဖြစ်သည်။ လူသားပကတိကိုဘုရားပကတိ က လွှမ်းမိုးထားသဖြင့် သီးခြားစီကဲ့သို့ မြင်ရခြင်းသာဖြစ်ပြီး ပကတိနှစ်ခုစလုံး ပိုင်ဆိုင် သူဖြစ်သည်ဟု ဆိုသည်(၅ရာစု ခေတ်)။

ဖော်ပြပါ ယူဆချက်အမျိုးမျိုးတို့ထက် ပြဿနာပိုဖြစ်စေပြီး လူများစွာတို့ကို လဲကျစေသည့် အယူအဆတစ်ခု ရှိသေးသည်။ ယင်းမှာ Arius ၏ အယူအဆဖြစ်သည်(၄ရာစုခေတ်)။ သူက ယေရှုသည် ခမည်းတော်ဘုရားထက် အဆင့်အနည်းငယ် နိမ့်သည်။ အကြောင်းမှာ ယေရှုသည် ဘုရားသခင် ဖန်ဆင်းသည့်အရာများအနက် ပထမဆုံးဖြစ်သဖြင့် သူမရှိသည့်အချိန်ကာလတစ်ခု ရှိဖူးသည်။ သို့ဖြစ်၍ ဘုရားမှန် လျှင်ပင် ဘုရားငယ်သာဖြစ်ရမည်ဟု ဆိုသည်။ Arius သည် Jehovah’s Witnesses ယုံကြည်ချက် စတင်မိတ်ဆက်သူဖြစ်သည်။

အသင်းတော်အတွင်းသို့ ဤယူဆချက် စတင်ဝင်ရောက်လာသောအခါ လူများ စွာက ချက်ချင်း လက်ခံကြသည်။ Arius သည် ထိုစဉ်က အီဂျစ်ပြည်၊ အလက်ဇန်းဒြား မြို့၌ သင်းအုပ်ဖြစ်၍ ဘက်စုံထူးချွန်သူဖြစ်သဖြင့် သူ၏စကားများက လူများစွာကို လွှမ်းမိုးခဲ့သည်။

သို့သော် Athanasius ဆိုသူက Arius ၏ခံယူချက်မှားယွင်းပုံကို သမ္မာကျမ်းစာဖြင့် အချက်ကျကျ အမှန်တရားအတွက် ငြင်းဆိုလိုက်သည်။ Athanasius သည် ထိုစဉ်က အသက်ရှင်ရန်နှင့် အသက်(၂၃)နှစ်သာ ရှိသေးသည်။ နောက် လေးနှစ်အကြာ အေဒီ ၃၂၅ခုနှစ်တွင် ဘုန်းတော်ကြီး (၃၁၈) ပါးတက်ရောက်သည့် Niced Council က Arias ၏ခံယူချက်ကို သမ္မာကျမ်းစာဖြင့် သုံးလတိုင်တိုင် စစ်ဆေးဆွေးနွေးကြသည်။ နောက်ဆုံးတွင် အသင်းတော်က Arius ၏ခံယူချက် မှားယွင်းသည်ဟု ဆုံးဖြတ်သည်။ Ariusကိုလည်း သင်းအုပ်အဖြစ်မှ ဖြုတ် ချလိုက်ဟန်တူသည်။ သုံးနှစ်အကြာတွင် Athmustus ကို အလက်ဇန်းခြားမြို့၌ သင်းအုပ်ဆရာအဖြစ် ခန့်အပ်ကြသည်။

ထိုသို့ဆုံးဖြတ်သော်လည်း Arius၏ယုံကြည်ချက်က လူများစွာအပေါ် လွှမ်းမိုး ပြီးဖြစ်သဖြင့် လက်ခံသူများနှင့် လက်မခံသူများအကြား ရန်ငြိုးဖွဲ့ တိုက်ခိုက်မှုများ တဖြည်းဖြည်းကြီးထွားလာသည်။ လက်ခံသူများအထဲတွင် အစိုးရအာဏာပိုင်တချို့ လည်း ပါဝင်ကြပြီး ၎င်းတို့ဦးဆောင်၍ Athanasius ကို ဆန့်ကျင်တိုက်ခိုက်ကြသည်။ ထိုအခါ အသင်းသားအများစုကလည်း ဆန့်ကျင်လာကြသည်။ သို့သော် သူကမူ ယေရှုသည် ဘုရားဖြစ်သည်ဟူ၍ ရဲရင့်စွာ ဟောပြောဝေငှမြဲဖြစ်သည်။

နောက်ဆုံးတွင် သူ့ကို အလက်ဇန်းဒြားမြို့မှ နှင်ထုတ်လိုက်၊ ပြန်ခေါ်လိုက်ဖြင့် သူ၏အသက်တာ၌ ငါးကြိမ်တိုင်တိုင် နှင်ထုတ်ခြင်းခံရသည်။ ထို့အပြင် ယုံကြည်ချက်ကြောင့် မကြာခဏ ထောင်ကျဖူးရာထောင်ကျချိန်စုစုပေါင်း(၁၅)နှစ်ခန့်ရှိသည်။ယေရှု သည် ဘုရားဖြစ်သည်ဟူသည့် မှန်ကန်သောယုံကြည်ချက်ကို ခုခံကာကွယ်ရင်းဖြင့် နှစ်ပေါင်း(၅၀)ကျော်ခန့် အချိန်ကုန်ဆုံးသွားသည်။ ထိုကာလအတွင်း၌ ဆန့်ကျင် တိုက်ခိုက်မှုလည်း အလွန်ပြင်းထန်သဖြင့် “လောကကြီးတစ်ခုလုံးက ကျွန်တော့်ကို ဆန့်ကျင်ကြပြီ””ဟုပင် ပြောဆိုသည်။ သူသည် အေဒီ ၃၅၃ခုနှစ်တွင် ကွယ်လွန်ပြီး အသင်းတော်အတွက် ယုံကြည်ခြင်းအခြေခံအုတ်မြစ်(ယေရှုသည် ဘုရားဖြစ်ကြောင်း) ကို အမွေပေးခဲ့သည်။

ယခုအချိန်တွင် အသင်းတော်သမိုင်း၌ ကြီး မြတ်သောပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်တမ်းအတင်ခံရသော်လည်း ၎င်း၏ခေတ်တွင်မူ နာကျင်မှုများစွာခံစားရသည်။ ထို့အပြင် မည်သူ့အားကျမှု၊ အလေးထားမှုမျှ လည်း ရရှိလိမ့်မည်မဟုတ်ချေ။ သို့ဖြစ်၍ လူအများစုတို့က ဆန့်ကျင်ကြသည့်တိုင် ယုံကြည်ချက်အမှန်ကို သစ္စာရှိရှိကာကွယ်သော၊ ခံယူချက်မှားယွင်းသော သူများကို နှစ်ပေါင်း(၅၀)ကျော်လုံးလုံး အမြဲသွန်သင် ဆုံးမသော သူ့ကို အသင်းတော်က မည်သို့မေ့ပစ်နိုင် မည်နည်း။ ။

Athanasius သည် မှန်ကန်သောယုံကြည်ချက်အတွက် ကြံ့ကြံ့ခံရပ်တည် သည့်ကာလမှာ နှစ်ပေါင်း(၅၀)ကျော်ခန့်သာဖြစ်သည်။ နောက်မှာမူ မိစ္ဆာဒိဋ္ဌိတို့ကို ဆုံးမသွန်သင်ရင်း ဘုရားသခင်နှင့် အတူသွားလာသည့်ကာလမှာ နှစ်ပေါင်း(၃၀၀) လုံးလုံးဖြစ်သည်။ ယခုအချိန်တွင် Attanasiusနှင့် နောက်ကဲ့သို့သော အမှန်တရား အတွက် သစ္စာရှိရှိရပ်တည်မည့်သူ အလွန်လိုအပ်လျက်ရှိသည်။

ဧနောက်သည် မည်သူနည်း ၊

သမ္မာကျမ်းထဲတွင် နောက်အမည်ပိုင်ရှင် နှစ်ယောက်သာရှိသည်။ ပထမတစ် ယောက်သည် ကာဣန၏သား ဧနောက်ဖြစ်၍ သူ၏နာမည်ကို နှစ်ကြိမ်တွေ့ရကာ (က ၄း၁၇၊ ၁၈) သားမြေးများရှိခြင်းကိုသာ ဖော်ပြသည်။ ဒုတိယတစ်ယောက်သည်ယာရက်၏သား နောက်ဖြစ်၍ သူ၏နာမည်ကို (၁၀)ကြိမ်တွေ့ရသည်(က ၁၈း၂၄ ၅ရာ ၁း၃၊ လု ၃း၃၇၊ ဟေဗြဲ ၁၁း၅၊ ယု ၁း၁၄)။ ဓမ္မသစ်ကျမ်းတွင် ယေရှု၏ဆွေစဉ်မျိုးဆက်ဇယား၊ ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းခြင်းနှင့် မိစ္ဆာဒိဋ္ဌိများအား ဆုံးမသွန်သင်ခြင်းတို့၌ သုံးကြိမ်တွေ့ရသည်။ သူသည် ဘုရားသခင်အတွက် သစ္စာရှိရှိ ရှင်သန်သူတစ် ယောက်ဖြစ်သည်။

ကာဣနသည် နောက်မွေးဖွားပြီးနောက် မြို့ သစ်တစ်ခုကိုတည်ပြီး ထိုမြို့ကို ‌ဧနောက်ဟု နာမည်ပေးလိုက်သည်(က ၄း၁၇)။ “ဧနောက်” ဟူသည် “စတင်သည်”ဟု အဓိပ္ပာယ်ရရာ မြို့သစ်တစ်ခုစတင်သောအခါ သား၏နာမည်ကို ပေးလိုက်ခြင်း ဖြစ်သည်။သို့ဖြစ်ရာ ကာဣနသည် ဝါကြွားတတ်သူ ဖြစ်မှန်း တွေ့မြင်နိုင်သည်။

ကာဣန၏သား ဧနောက်၌ ဣရဒ်ဟူသည့် သားတစ်ယောက်ရှိပြီးထိုသားမှတစ်ဆင့်မဟုယေလ၊မသုရှလ၊ လာမက်၊ ယာဗလ၊ ယုဗလ၊ တုဗလကာဣန စသည့် သားစဉ်မြေးဆက်များ ပေါ်ထွန်းသည်။ သမ္မာကျမ်း၌ လူသားများ၏မျိုးဆက် ဇယားကို အာဒံပြီးနောက် ကာဣနမှတစ်ဆင့် ရေတွက်မှတ်သားပြီး လူဆယ်ယောက် ကို ရွေးချယ်သည်။ ကာဣနသည် ညီဖြစ်သူကိုသတ်သကဲ့သို့ လာမက်ကလည်း လူတစ်ယောက်ကိုသတ်သည်။ ကာဣနကို လက်စားချေသူရှိပါက ပြစ်ဒဏ်(၇)ဆနှင့်လာမက်ကို လက်စားချေပါက ပြစ်ဒဏ်(၇၇)ဆ ခံရမည်ဟုဆိုသည်။ သို့ဖြစ်ရာ လာမက်သည် ဘိုးဘေး ဖြစ်သူကာဣနထက် (၁၀)ဆပိုဆိုးပုံရသည်။ ဤဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် ကာဣနမှစတင်သော ရက်စက်ကြမ်းကြုတ်မှုသည် ၎င်း၏ မျိုးဆက် (၁၀)ဆက်တိုင်အောင် ကူးစက်ပျံ့နှံ့ကာပို၍ပင်ဆိုးရွားသွားကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ ဘုရားသခင်မပါသော မိသားစု၊ အိမ်ထောင်၊ ဆွေစဉ်မျိုးဆက်သည် ကလဲ့စားချေမှု၊ အပြစ်ခွင့်မလွှတ်မှု၊ ရန်ငြိုးဖွဲ့မှုကိုသာ တိုးပွားစေပြီး အမင်္ဂလာနှင့် ကျိန်ခြင်းကိုသာ ခံစားစေသည်။

ဒုတိယနောက်မှာမူ ယာရက်၏သားဖြစ်၍ ရှေသမှ ဆင်းသက်လာခြင်း ဖြစ် သည်(အာဒံမှ (၇) ဆက်မြောက်၊ ယု ၁း၁၄)။ ကာဣနမှ ဆင်းသက်လာသည့် အာဒံမှ (၇)ဆက်မြောက်ပင်ဖြစ်သော လာမက်၏မျိုးဆက်၌ ရက်စက်ကြမ်းကြုတ်မှု ပို၍တိုး ပွားလာသော်လည်း ရှေသမှ ဆင်းသက်လာသည့် အာဒံမှ (၇)ဆက်မြောက်ပင်ဖြစ်သော ဧနောက်၏မျိုးဆက်၌မူ လူတို့၏အကျင့်စရိုက် တဖြည်းဖြည်း ကောင်းလာမည့် ပုံပေါ်နေသည်။ အကြောင်းမှာ ဘုရားသခင်က သူ၏လူအဖြစ်ရွေးချယ်သော အာဗြဟံ မျိုးဆက်နှင့် ပိုမိုနီးကပ်သည့်အပြင် နောက်ကိုယ်တိုင်သည် ဘုရားသခင်နှင့် အတူ သွားလာသောကြောင့်ဖြစ်သည်။

ဘုရားသခင်နှင့် အတူသွားလာသောမျိုးဆက်သည် မင်္ဂလာရှိ၍ လောကကြီး ကို တင့်တယ်စေသည့်အပြင် ကောင်းကင်ဘုံကိုလည်း ဂုဏ်တင့်စေသည့်မျိုးဆက် ဖြစ်သည်။ ရောက်ရှိသည့်နေရာတိုင်း၌ ငြိမ်းချမ်းသင့်မြတ်မှုရှိကာ ဘုရားသခင်၏ စိတ်တော်ကို ပီတိဖြစ်စေကြလိမ့်မည်ဖြစ်သည်။

နောက်လည်း သာမန်လူ ဖြစ်သည် – ကာက္က နမျိုးဆက်နှင့် ရှေသမျိုးဆက် နှိုင်းယှဉ်ချက်

ဧနောက်သည် မိမိတို့ကဲ့သို့ပင် မျိုးနွယ်ရှိသော သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သို့သော် ထိုခေတ်တွင် လူသားများသည် အသက်အလွန်ရှည်ကြပြီး နှစ် ပေါင်းရာနှင့်ချီ၍ အသက်ရှင်ကြသည်။ကာဣနမှ ဆင်းသက်သည့် လာမက်သည် ကာဣနထက် (၁၀)ဆ ပိုမိုဆိုးသွမ်း ပုံရသည်။ လူသတ်ရန် ဝန်မလေးသကဲ့သို့ ဇနီးလည်း အနည်းဆုံးနှစ်ယောက်ရှိသည် (က ၄း၂၃)။ ဤမျိုးဆက်သည် ကောင်းရာဘက်သို့ ဦးတည်ကြမည့်အစား ဆိုးရာ ဘက်၌သာ ပိုမိုနစ်မွန်းကြသည်။

သို့သော် ရှေသမှ ဆင်းသက်သည့် နောက်သည် ဆိုးရာဘက်၌ မနစ်မွန်းဘဲ ကောင်းရာသို့ဦးတည်သော မျိုးဆက်ဖြစ်သည်။ လာမက်သည် ကာဣနထက် (၁၀)ဆ ပိုမိုဆိုးသွမ်းသော်လည်း နောက်သည် ဘုရားသခင်နှင့် အတူသွားလာသူဖြစ်သည်။လာမက်၏ သားများဖြစ်ကြသည့် ယာဗလ၊ ယုဗလ၊ တုဗလကာဣနတို့သည် အသစ်အသစ်သောအရာများကို တီထွင်ဖန်တီးတတ်သူများဖြစ်သဖြင့် အားကျစဖွယ်ပင်ဖြစ်သည်။ ဝင်ငွေအလွန်ကောင်းပြီး သူတစ်ပါး၏ကိုးစားမှုကိုလည်း ရရှိကြလိမ့် မည်ဖြစ်သည်။ ယခုခေတ်သာဖြစ်ပါကသန်းကြွယ်သူဌေးကြီးများအဖြစ် ဂုဏ်သတင်း ကျော်စောကြလိမ့်မည်ဖြစ်သည်။ ၁) ယာဗလသည် မွေးမြူရေးလုပ်ငန်းကို စတင်လုပ်ကိုင်သူ၊ ထိုလုပ်ငန်းဖြင့် ပထမဆုံးချမ်းသာသူ၊ သားရေ တဲကိုပထမဆုံးချုပ်လုပ်သူဖြစ်သည်။ ၂)ယုဗလသည်တူရိယာအမျိုးမျိုးကို ပထမ ဆုံးဖန်တီးသည့် “ဂီတဘိုးအေ” ဖြစ်သည်။ ၃) တုဗလကာဣနသည် သံနှင့်ကြေးထည်များကိုစတင်တွေ့ရှိသူ၊ ပထမဦးဆုံးပန်းဘဲ ဆရာဖြစ်သည်။ သို့ဖြစ်ရာ ၎င်းတို့သုံးယောက်သည် သူ့နေရာနှင့်သူ “ဆရာကြီးများ ဖြစ်ကြသည်။ လူ့အမြင်နှင့် ကြည့်လျှင် ‘ကောင်းချီးတကယ်ရသူများဟု ထောမနာပြုရမည့်သူများဖြစ်ကြသည်။ သို့သော် ၎င်းတို့၏မျိုးဆက်သည် မျိုးဆက်ရှည်လျားလေလေ၊ ဆိုးသွမ်းလေလေ ဖြစ်ခြင်းကိုမူ မမေ့သင့်ပေ။ သမ္မာကျမ်းစာ က ၎င်းတို့၏ တီထွင်ဖန်တီးမှုများကို ဖော်ပြသော်လည်း စင်စစ် ၎င်းတို့၏ ဆိုးသွမ်းမှု နှင့် ကြမ်းကြုတ်မှုများ ပိုမိုတိုးပွားခြင်းကို ပို၍ဇောင်းပေးလိုသည်။

နောက်မှာမူ အသက်(၆၅)နှစ်တွင် သားရရှိပြီး ထိုမှ နှစ်ပေါင်း(၃၀၀)လုံးလုံး ဘုရားသခင်နှင့် အတူသွားလာသည်။ နောက်၏သားသည် မသုရှလဖြစ်သည်။ သူ သည် လူသားများအနက် အသက်အရှည်ဆုံးဖြစ်၍ အသက်(၉၆၉)နှစ်အရွယ်တွင်ကွယ်လွန်သည်။ ဧနောက်၏မြေးသည် လာမက်ဖြစ်၍ မြစ်သည် နောဧဖြစ်သည်။ ဧနောက်၏သားများ သည် တီထွင်ဖန်တီးသူများမဟုတ်သဖြင့် လူတို့အရေးထားလောက်သည့် အရာတစ်ခုကိုမျှ လုပ်ဆောင်သည်ဟု မတွေ့ရချေ။ ထို့အပြင် မိစ္ဆာဒိဋ္ဌိများကို အမြဲဆုံးမသွန်သင်သဖြင့် လူအများစုက မုန်းတီးကြလိမ့်မည် ဖြစ်သည်။

ယာဗလက ထိုအရာကို တီထွင်သည်၊ ယုဗလက ထိုအရာကို ဖန်တီးသည်၊ တုဗလကာဣနက ထိုအရာကို ထုတ်လုပ်သည်ဟူ၍ ချီးမွမ်းထောမနာပြုကြသည့် အချိန်တွင် နောက်အနေဖြင့် လောက်လောက်လားလား ပြစရာမရှိပေ။ လူ့မျက်စိဖြင့် ကြည့်လျှင် အားကျစရာ တစ်ခုမျှမတွေ့ရချေ။ သို့သော် သမ္မာကျမ်းစာက နောက် သည် ဘုရားသခင်နှင့် အတူသွားလာသည်ဟု ဖော်ပြသဖြင့် ယင်းသည် အားကျစရာ အကောင်းဆုံးအချက်ဖြစ်လာသည်ကို တဖြည်းဖြည်းမြင်တွေ့ရသည်။

လူတို့က ချီးမွမ်းခြင်း၊ ဂုဏ်သတင်းကြီးခြင်း၊ ကြွယ်ဝခြင်းစသည့် ကောင်းချီး အမျိုးမျိုးကို ရရှိသည့်အချိန်တွင် နောက်က ဘုရားသခင်ကို ရရှိသည်။ လူတို့က ခဏတာအကျိုးရှိမည့်အရာများကို ရှာဖွေသည့်အချိန်တွင် နောက်က ထာဝရအကျိုး ရှိမည့်အရာကို ရှာဖွေသည်။ လူတို့က ကောင်းချီးအမျိုးမျိုးကို ရှာဖွေသည့်အချိန်တွင် နောက်က ကောင်းချီး၏အရှင်သခင်ကို ရှာဖွေသည်။

ဧနောက် ဘုရားသခင်ကို ရှာဖွေခြင်းနှင့် ဘုရားသခင်နှင့် အတူသွားလာခြင်း ကို ကြည့်သောအခါ အောက်ဖော်ပြပါ ယေရှု၏ဥပမာတစ်ခုနှင့် အလွန်နီးစပ်သည်။ “ကောင်းကင်နိုင်ငံတော်သည် လယ်၌ ဝှက်ထားသော ဘဏ္ဍာနှင့်တူ၏။ ထိုဘဏ္ဍာကို တွေ့သောသူသည် တစ်ဖန်ဖုံးအုပ်၍ ဝမ်းမြောက်သော စိတ်နှင့်သွားပြီးလျှင် ရတတ်သမျှကိုရောင်း၍ထိုလယ်ကိုဝယ်တတ်၏။ ကောင်းကင်နိုင်ငံတော်သည် မြတ်သော ပုလဲတို့ကိုရှာသော ကုန်သည်နှင့်တူ၏။ ထိုကုန်သည် သည် အလွန်အဖိုးထိုက်သောပုလဲကိုတွေ့သောအခါ သွား၍ မိမိ၌ ရတတ်သမျှကိုရောင်းပြီးလျှင် ထို ပုလဲကို ဝယ်လေ၏” (မ ၁၃း၄၄-၄၆)။ အရာခပ်သိမ်း တို့ထက် ဘုရားသခင်သည်သာ အမြတ်ဆုံးဖြစ်သဖြင့် အခြားအရာများနှင့် အချိန်ကုန်မည့်အစား အမြတ်ဆုံး သော ဘုရားသခင်ကိုသာ ဦးစွာရှာဖွေကြရန် အရေးကြီးသည်။

ဧနောက်သည် အာဒံမှ (၇)ဆက်မြောက်ဖြစ်သည်။ သူ၏မြစ်သည် ဖြစ် ကာ နောက်ဆုံး တွင် ယေရှုဆင်းသက်ရာ ဆွေစဉ်မျိုးဆက်စာရင်း၌ ပါဝင်ကြသည်(လု ၃း၃၇)။ သို့ဖြစ်ရာ ဤအရာထက် အားကျဂုဏ်ယူစရာ ရှိတော့မည်မဟုတ်ပေ။

ဧနောက်သည် ဘုရားသခင်နှင့် အတူသွားလာသည်

ဧနောက်၏အကြောင်းကို စတင်ဖော်ပြရာ၌ “ဧနောက်သည် ဘုရားသခင်နှင့် အတူသွားလာ၏” ဟူသည့်အချက်ကို နှစ်ကြိမ်တိုင်တိုင်ဖော်ပြသဖြင့် ဘုရားသခင် ကိုယ်တိုင်က ယင်းအချက်ကို အလွန်အလေးထားမှန်း ခန့်မှန်းကြည့်နိုင်သည်(က ၅း၂၂၊ ၂၄)။ နောက်မတိုင်ခင်က ဘုရားသခင်နှင့် ပထမဦးဆုံး အတူသွားလာသော သူသည် အာဒံနှင့်ဧဝဖြစ်သည်(က ၃း၈)။ ယင်းသည် လောကသို့ အပြစ်ဝင်မလာခင် ကဖြစ်သည်။ သို့ဖြစ်ရာ ဘုရားသခင်နှင့်လူသားများ ပထမအကြိမ်သွားလာခြင်းနှင့် ဒုတိယအကြိမ်သွားလာခြင်းအကြားတွင် နှစ်ပေါင်းများစွာ ကွာဟမည်မှန်း တွေ့မြင် နိုင်သည်။

ဘုရားသခင်နှင့် အတူသွားလာသည်ဟု ဆိုရာ၌ ခြေလှမ်းညီညီ ရင်ပေါင်တန်း သွားလာခြင်းကို ဆိုလိုသည်။ ဘုရားသခင်ရှေ့၌ မနေသကဲ့သို့ နောက်၌လည်း မနေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် စိတ်တူကိုယ်တူဖြစ်ခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်နှင့် အတူသွားလာနိုင်ရန်အတွက်

၁) သဘောချင်းတိုက်ဆိုင်ရန် လိုအပ်သည် ၊

ပရောဖက်အာမုတ်က“လူနှစ်ဦးသည်သဘောမတူလျှင် ပေါင်းဖော်၍ခရီးသွား နိုင်သလော” ဟု ပြောဖူးသည်(အာ ၃း၃)။ သဘောထားညီညွတ်ခြင်းမရှိဘဲနှင့် အတူ သွားလာလုပ်ဆောင်၍မရပေ။ ရှင်ပေါလုကလည်း သိမ်မွေ့ခြင်းနှင့် ရက်စက်ခြင်း၊ တရားခြင်းနှင့် မတရားခြင်း၊ အလင်းနှင့် အမှောင်သည် ဆက်ဆံနိုင်မည်မဟုတ်ဟု ဆိုသည်(၂ကော ၆း၁၄-၁၅)။ ထိုနည်းတူ အပြစ်သားတစ်ယောက်နှင့် သန့်ရှင်းသော ဘုရားသခင်သည် မည်သို့မျှ အတူသွားလာနိုင်မည်မဟုတ်ပေ။

သို့ဖြစ်၍ ဘုရားသခင်နှင့် အတူသွားလာနိုင်ရန်အတွက် ပထမဦးစွာ အပြစ် ခွင့်လွှတ်ခြင်းကို ရရှိရန်လိုသည်။ အပြစ်ခွင့်လွှတ်ခြင်းရနိုင်ရန်အတွက် ဘုရားသခင်ကိုနောင်တတရားနှင့် ယုံကြည်ခြင်းဖြင့် ချဉ်းကပ်ရမည်ဖြစ်သည်။ အာဗေလသည် ယုံ ကြည်ခြင်းအားဖြင့် ဘုရားသခင်ကို ယဇ်ပူဇော်သောအခါ ဖြောင့်မတ်ခြင်းရရှိသည် (ဟေဗြဲ ၁၁း၄)။ ယုံကြည်ခြင်းရှိသဖြင့် ဘုရားသခင်၏နည်းနာအတိုင်း ယဇ်ကောင်ဖြင့် ပူဇော်သက္ကာပေးလိုက်ခြင်းဖြစ်သည်(က၄း၄)။ ထိုယဇ်ကောင်နေရာအတွက် ဘုရားသ ခင်၏သိုးသူငယ်တော် ဆင်းကြွလာပြီး(ယော ၁း၂၉) ယုံကြည်သောသူတိုင်းသည်ထာဝရအသက်ကိုရရှိကာ(ယော ၃း၁၆) ဘုရားသခင်၏သား(ယော ၁း၁၂)နှင့် မိတ် ဆွေဖြစ်ရသောအခွင့်ကို ရရှိကြသည် (ယော ၁း၁၅)။ သို့ဖြစ်ရာ နောက်လည်း အပြစ်ခွင့်လွှတ်ခြင်းကိုရရှိပြီး ဘုရားသခင်၏မိတ်ဆွေ အဖြစ် အတူသွားလာနိုင်ကြ ခြင်း ဖြစ်သည်။

၂) ယုံ ကြည်ခြင်းဖြစ်ရန် လိုအပ်သည်

နောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်ကင်းလွတ်ပြီး အရှင်လတ် လတ် ချီဆောင်ခြင်းခံရသည်။ ထိုသို့မခံရမီက သူသည် ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟူသည့် သက်သေခံခြင်းကို ရရှိသူဖြစ်သည်။ သို့ဖြစ်၍ ယုံ ကြည်ခြင်းရှိမှသာလျှင် ဘုရားသခင်၏စိတ်တော်နှင့် တွေ့နိုင်ကြမည်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်ထံသို့ ချဉ်းကပ်သောသူတိုင်းသည် ဘုရားသခင် အမှန်တ ကယ်ရှိကြောင်းနှင့် ဘုရားသခင်က အကျိုးပြန်ပေးမည်ဖြစ်ကြောင်းကို မဖြစ်မနေ ယုံကြည်ရမည်ဟု ပြောထား၍ဖြစ်သည်(ဟေဗြဲ ၁၁း၅-၆)။

ယုံကြည်ခြင်းရှိတိုင်း ကယ်တင်ခြင်းမရနိုင်ပေ။ ကယ်တင်ခြင်းပေးပိုင်သည့် အရှင်ကို ယုံကြည်မှသာ ကယ်တင်ခြင်းရနိုင်သည်။ ထိုအရှင်သည် ယေရှုခရစ်တော် သာဖြစ်ရာ သူ့ကိုယုံကြည်မှသာပြီး ပြည့်စုံသောကယ်တင်ခြင်းကို ရရှိနိုင်သည်။ သို့ ဖြစ်ရာ ယေရှုခရစ်တော်မှအပ အခြားဘုရားများက မကယ်တင်နိုင်သည့်အပြင် ယုံ ကြည်ခြင်းအကျိုးကိုလည်း ပေးစွမ်းနိုင်လိမ့်မည်မဟုတ်ချေ။

၃) စုံသက်သေကောင်းရှိရန် လိုအပ်သည်

စစ်မှန်စွာနောင်တရ၍ ယုံကြည်ခြင်းဖြင့် ကျေး ဇူးတော်ကြောင့် ကယ်တင်ခြင်းရရှိသည့် ဘုရားသခင်၏သားသမီးတိုင်း၌ သန့်ရှင်းသောဝိညာဉ်တော်၏အသီးများ သီးကြရမည်ဖြစ်သည်(ဂလာ ၅း၂၂-၂၃)။

ထို့အပြင် ပုံသက်သေကောင်းပြသလို၍(ဖိ ၂း၁၃) ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း၌ ပို၍ပျော်မွေ့ကြလိမ့်မည်ဖြစ်သည်။ တစ်နာရီနှစ်နာရီနှင့် အားမ ရတော့ဘဲ အသက်တာတစ်လျှောက်လုံး ဘုရားသခင်နှင့် အတူသွားလာလိုကြမည်ဖြစ်သည်။ နောက်သည် နှစ်ပေါင်း(၃၀၀)လုံးလုံး ဘုရား သခင်နှင့် အတူသွားလာခြင်းကို အားမရတော့၍လားမသိ၊ ကောင်းကင်သို့အထိတိုင် လိုက်ပါသွားသည်။

“ထိုသခင်၌ ငါတည်သည်ဟု ဆိုသောသူသည် ထိုသခင်ကျင့်တော်မူသည် နည်းတူ ကျင့်ရမည်”(၁ယော ၂း၆)။ ယေရှုကဲ့သို့ ကျင့်ကြံပြုမူပြီး ယေရှုနှင့် အတူ သွားလာနေသရွေ့ ပုံသက်သေကောင်းမဖြစ်ဘဲ နေနိုင်ကြမည်မဟုတ်ချေ။

ဧနောက် က ဘုရားသခင်ကို ကျေနပ်ပီတိဖြစ်စေသည် ၊

လူတချို့က ဘုရားသခင်သည် ချီးမွမ်းခြင်းခံလိုသူဖြစ်သဖြင့် အမြဲကခုန်ချီးမွမ်း ပါက သူသည် ကျေနပ်ပီတိဖြစ်သည်ဟု ပြောတတ်ကြသည်။ နောက်၏အသက် တာ၌ ဘုရားသခင်ကို ကခုန်ချီးမွမ်းသည်ဟူ၍ မတွေ့ရဘဲ “သူသည် ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူဖြစ်သည်” ဟု ဖော်ပြပြီးနောက် ချက်ချင်းပင် “ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်” ဟု ဖော်ပြသည်(ဟေဗြဲ ၁၁း၅-၆)။ သို့ဖြစ်၍ဘုရားသခင်အား ကျေနပ် ပီတိဖြစ်စေသောအရာသည် အခြားအရာများ မဟုတ်ဘဲ ယုံကြည်ခြင်းသာဖြစ်သည်။

ဧနောက်သည် ယုံကြည်ခြင်းဖြင့် အသက်ရှင် လျှောက်လှမ်းသည်။ ယုံကြည်ခြင်းဖြင့် ပြုမူနေထိုင်သည်။ ထို့ကြောင့် အပြစ်နှင့်ကင်းဝေးသည်။ အ ကြောင်းမှာ ယုံကြည်ခြင်းမပါဘဲနှင့် လုပ်ဆောင်သမျှတို့သည် အပြစ်ဖြစ်သည်ဟု ဖော် ပြ၍ဖြစ်သည်(ရော ၁၄း၂၃)။ နောက်၏ယုံကြည်ခြင်းက ဘုရားသခင်ကို ကျေနပ် ပီတိဖြစ်စေသည်။

ဧနောက်က သမ္မာတရားကို သွန်သင်သည်

နောက်၏သားသည် မသုရှလဖြစ်သည်။ မသုရှလဟူသည် “လှံပစ်သူ၊ သို့ မဟုတ် စေလွှတ်ခြင်းခံရသူ”ဟု အဓိပ္ပာယ်ရသည်။ ဘုရားသခင်သည် ကမ္ဘာပေါ်၌ တရားစီရင်တော့မည်ဖြစ်ကြောင်းကို မသုရှလအားဖြင့် ဖော်ပြခြင်းဖြစ်နိုင်သည် ( က ၅း၂၁)။ ထိုအန္တရာယ်ကြောင့်ပင် ဧနောက်သည် မသုရှလမွေးချိန်ကစပြီး ဘုရားသခင် နှင့် အတူသွားလာခြင်းဖြစ်နိုင်သည်(က ၅း၂၂)။

သို့သော် စိတ်ရှည်သောဘုရားသခင်သည် နောက်၏ခေတ်တွင်လည်း လူ သားများကို ဆက်လက်သည်းခံပြီး မသုရှလ၏ခေတ်အထိ တရားမစီရင်သေးပေ (၂ပေ ၃း၉)။ ထိုအခါ နောက်သည် ဘုရားသခင်၏သည်းခံမှုကို အကျိုးမဲ့မကုန်စေဘဲ အချိန်ရှိသမျှအားလုံးကို သမ္မာတရားသွန်သင်ခြင်းအတွက် အသုံးပြုသည်။

ဧနောက်၏သွန်သင်ချက်များကို ရှင်ယုဒက “အဒံမှ ဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူဧနောက်က ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ ကို တရားစီရင်တော်မူ၍ မတရားသောသူတို့သည် မတရားသဖြင့်ပြုသော အဓမ္မအမှုရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း၊ မတရားသော လူဆိုးတို့သည်ဘုရားသခင်ကို ပြစ်မှား၍ပြောသော ကြမ်းတမ်းသောစကားရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း ဖော်ပြ ခြင်းငှာ အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့ နှင့်တကွ ကြွလာတော်မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏”ဟူ၍ ပြန်ဖော်ပြသည်(ယု ၁း၁၄-၁၅)။

သို့ဖြစ်၍ ရှင်ယုဒသည် အသင်းတော်ထဲ၌ မိစ္ဆာပရောဖက်များနှင့် အဓမ္မဆရာ များ ပေါ်လာသောအခါ အံ့ဩစရာအဖြစ် သဘောမထားတော့ဘဲ ယင်းတို့သည်နောက်ခေတ်ကတည်းကပေါ်လာသည့်ကာဣန၏နောက်လိုက်များဖြစ်ကြသည်ဟု မှတ်ချက်ချသည်(ယု ၁း၁၁)။

ဧနောက်သည် ယုံကြည်ချက်အမှားရှိသောသူများကို နှစ်ပေါင်း(၃၀၀)လုံးလုံး သမ္မာတရားကို သွန်သင်ပြီး ပြင်းထန်စွာဆုံးမသော်လည်း သူ၏အိမ်သားများမှအပ မည်သူမျှ ပြုပြင်ပြောင်းလဲပုံမရပေ။ မြစ်ဖြစ်သူ နော်ဧ ၏ခေတ်တွင်လည်း နော‌ဧ မိသားစုသာ လူကောင်းအဖြစ် သတ်မှတ်ခြင်းခံရသည်။

ဧ‌နောက်၏ သွန်သင်ဆုံးမချက်တို့ကို လေ့လာကြည့်သောအခါ အဓိကအား ဖြင့် အချက်(၄) ချက် တွေ့ရသည်။

၁) အဓမ္မဆရာတို့အား တရားစီရင်မည့်သူသည် ဘုရားသခင်ဖြစ်ကြောင်း သွန်သင်သည်။ မှန်ပါသည်။ အရာခပ်သိမ်းကိုသိသော ဘုရားသခင်ကိုယ်တိုင် တရား စီရင်မှသာလျှင် တရားမျှတမှု ရှိနိုင်မည်ဖြစ်သည်။ အကြောင်းမှာ အရာခပ်သိမ်းကို မသိသူ တစ်စုံတစ်ယောက်က တရားစီရင်လျှင် မျှတခြင်းမရှိနိုင်သည့်အပြင် ဘုရား သခင်မှအပ မည်သူမျှ တရားသူကြီးအဖြစ် မထိုက်တန်၍ဖြစ်သည်။

၂) တရားစီရင်မည့်သူသည် ၎င်း၏သန့်ရှင်းသူများနှင့်အတူ ကြွလာလိမ့်မည် ဖြစ်ကြောင်း သွန်သင်သည်။ ဤသန့်ရှင်းသူများ(holy ones)သည် အသင်းတော် ခေတ်ယုံကြည်သူများကို ဆိုလိုခြင်းလော၊ သို့မဟုတ် ကောင်းကင်တမန်များကိုဆိုလိုခြင်းလောဟူ၍ သဲသဲကွဲကွဲ မသိရပေ။ ဘုရားသခင်သည် ကမ္ဘာကြီးကို ရေလွှမ်းမိုးစေခြင်းဖြင့် ပထမအကြိမ် တရားစီရင်စဉ်က ကောင်းကင်တမန် များပါဝင်သဖြင့် ဒုတိယအကြိမ်တရားစီရင်ရာ၌လည်းကောင်းကင်တမန်များ ပြန်ပါဝင်နိုင်သည်။ သို့ဖြစ်၍ ကောင်းကင်တမန်များကို ဆိုလိုခြင်းဖြစ်မည်ဟု ယူဆသူလည်းရှိသည်။ မည်သူပဲဖြစ်ပါစေ၊ ဘုရားသခင်နှင့် အပေါင်းပါများသည် တရားစီရင်ရန် ကြွလာမည်ဖြစ်ကြောင်း နားလည်ရသည်။

၃) ဘုရားသခင်သည် အပြစ်ဖော်ပြရန် ကြွလာမည်ဖြစ်ကြောင်းသွန်သင်သည်။ ဤနေရာ၌ ထင်မြင်ယူဆချက်ဖြင့်မဟုတ်ဘဲ အနှစ်နှစ်အလလက သိပြီးမြင်ပြီး၊ မှတ် သားပြီးသားအပြစ်များကို အတိအကျဖော်ပြ၍ တရားစီရင်မည်ဖြစ်သည်။ လူတို့သည် တရားစီရင်ရာ၌ ထင်မြင်ယူဆချက်ဖြင့်အပြင် မျက်နှာလိုက်တတ်ကြရာ အမှားမကင်းတတ်ကြပေ။ ဘုရားသခင်ကမူ မျက်နှာလိုက်ခြင်း မရှိဘဲ တရားမျှတစွာ စီရင်လိမ့်မည်ဖြစ်သည်။

၄) မည်သူတို့က တရားစီရင်ခြင်းခံရမည်ကိုသွန်သင်သည်။ ယုံကြည်သူများမှာမူ ဖြောင့်မတ်ခြင်းရရှိပြီးဖြစ်သဖြင့်(ရော ၅း၁-၁၀) တရားစီရင်ခြင်းခံရတော့မည်မဟုတ်ပေ(ရော ၈း၁)။ တရားစီရင်ခြင်းခံရမည့်သူများမှာ ဘုရားသခင်အား မထီမဲ့မြင်ပြုသူ၊ကြမ်းတမ်းသောစကားပြောဆိုသူ၊ မြည်တမ်းညည်းတွား၍ အပြစ်တင်တတ်သူ၊ ဇာတိ အလိုအတိုင်း ကျင့်ကြံပြုမူသူ၊ ထောင်လွှားသောစကား ပြောဆိုသူ၊ အတ္တအကျိုး စီးပွားကိုကြည့်ပြီး မျက်နှာလိုက်တတ်သူ စသည်တို့ဖြစ်ကြသည်(ယု ၁း၁၄-၁၆)။

ဧနောက် ချီဆောင်ခံရပြီ

သမ္မာကျမ်းထဲတွင်တွေ့ရသည့် ရှေးသန့်ရှင်းသူများကိုကြည့်လျှင် ဘုရားသခင် နှင့် တွေ့ချိန်မှစပြီး အဆုံးထိတည်ကြည်နိုင်သူ အလွန်ရှားသည်။ သို့ဖြစ်ရာ လူသား များသည်ကျေးဇူးတော်ကြောင့်ယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းသာမရလျှင် ကယ် တင်ခြင်းရမည့်သူနှင့် သန့်ရှင်းသူဟုအခေါ်ခံရမည့်သူ မည်သူရှိနိုင်ပါမည်နည်း။

လောတသည် အာဗြဟံနှင့်တွဲစဉ်က တည်ကြည်သူဖြစ်သော်လည်း နောက် ပိုင်းတွင် ဘုရားသခင်နှင့် တဖြည်းဖြည်းဝေးကွာသည်။ ဂိဒေါင်သည် အစပိုင်းတွင် ဘုရားသခင်နှင့် နီးကပ်သော်လည်း နောက်ပိုင်းတွင် ဝေးကွာသည်။ ယေဖသနှင့် ရုံဆုံ လည်း ဘုရားသခင်နှင့်လက်တွဲသည်ဟူ၍ အထူးတလည်ပြောစရာမရှိချေ။ ရှောလု မင်းကြီးသည် အစပိုင်းတွင် ဟုတ်သလိုလိုရှိသော်လည်း နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်က စွန့်ခွာသည်။ ရှောလမုန်မင်းကြီးလောက်အစပိုင်းအလွန်ကောင်း သူ၊ အဆုံးပိုင်းအလွန်ဆိုးသူ မရှိသလောက်ရှားပါလိမ့်မည်။ ဟေဇကိမင်းကြီးလည်း ထိုနည်း၎င်းနီးပါး ဖြစ်သည်။ ယောနလည်း ပရောဖက်တစ်ပါးဖြစ်သည့်တိုင် ဘုရား သခင်၏ အကောင်းပြောခြင်းမခံရသူ ဖြစ်သည်။

သို့သော် နောက်မှာမူ ဘုရားသခင်နှင့် အတူသွားလာပြီးနောက် မခွဲကြတော့ ဘဲ ကောင်းကင်ဘုံသို့တိုင် အရှင်လတ်လတ်လိုက်ပါသွားသည်(က ၅း၂၄)။ သမ္မာ ကျမ်းစာက ဧနောက်သည် ဘုရားသခင်နှင့် အတူသွားလာသည်ဟု ဖော်ပြသည် အပြင် နောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့် လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့် သူသည် နောက်တစ် ဖန် မပေါ်မရှိ။ သူသည် ဘဝမပြောင်းမီ ဘုရားသခင်၏စိတ်တော်နှင့် တွေ့သောသူဖြစ် သည်ဟု သက်သေခံခြင်းကိုရလေ၏ ဟု ဖော်ပြသည်(ဟေဗြဲ ၁၁း၅)။

ဤကျမ်းပိုဒ်၌ “ဘဝပြောင်း (ချီဆောင်ခြင်း)” ဟူသည့်စကားလုံးကို သုံးကြိမ် တွေ့ရသည်။ ဂရိဘာသာဖြင့် “metdtitnemi ဖြစ်၍ “တစ်နေရာသို့ပြောင်းရွှေ့သည်” ဟု အဓိပ္ပာယ်ရသည်။ အစိုးရဝန်ထမ်းများ တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့(transfer) သကဲ့သို့ပင်ဖြစ်သည်။ ဧနောက်လည်း ကမ္ဘာပေါ်မှ ကောင်းကင်ပေါ်သို့ ပြောင်းရွှေ့ခြင်း ဖြစ်သည်။ ကမ္ဘာဦးကျမ်း ၈း၂၄ရှိ ဧနောက်ချီဆောင်ခံရခြင်းတွင်လည်း “laqath’ ဟူသည့် စကားလုံးကိုအသုံးပြုရာယင်းသည်“ယူသွားသည်”ဟုအဓိပ္ပာယ်ရသည်။

သို့ဖြစ်၍ ဘုရားသခင်သည် နောက်ကို ကောင်းကင်ပေါ်သို့ ယူသွားခြင်းဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ ယုဒရာဇဝင်၌ ဧလိယကို မီးမြင်းရထားက ကောင်းကင်ပေါ်သို့ ပို့ဆောင်သကဲ့ သို့ နောက်ကိုလည်း ထိုကဲ့သို့ပို့ဆောင်သည်ဟု မှတ်တမ်းတင်သည်။ ယုံကြည်သူ များသည်လည်း ယေရှုကိုယ်တိုင်က ကောင်းကင်ပေါ်သို့ ပို့ဆောင်ပေးမည့်အချိန်ကို ရင်ခုန်စွာစောင့်မျှော်သူများဖြစ်ကြသည်။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်း ကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ ကောင်း ကင်ဘုံပေါ်မှ ကိုယ်တိုင်ဆင်းသက်တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးပြန်ရှင်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ကျန်ကြွင်းသော ငါတို့သည် အာ ကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်(၁သက် ၄း၁၆-၁၇)။ ကောင်းကင်ပေါ်သို့ တစ်ယောက်တည်း ချီဆောင်ခြင်းခံရလျှင်ပင် ပျော်နေရမည့်ကြားထဲတွင် ယခုတွင်မူ ယေရှုကိုယ်တိုင်က ပို့ဆောင်ပေးမည်ဖြစ်သဖြင့် မည်မျှဂုဏ်ယူဖွယ်ကောင်းပါသနည်း။

သို့ဖြစ်၍ တစ်စုံတစ်ယောက်မျှ မပြောင်းလဲသည့်တိုင် ငနောက်ကဲ့သို့ပင် သစ္စာ ရှိရှိ ဟောပြောကြပါစို့။ မကောင်းမှုများကိုရှောင်ပြီး ဘုရားသခင်ကိုသာ ဦးထိပ်ထား ကြပါစို့။ ဘုရားသခင်နှင့်သာ သွားလာပြီး လောကအရာများနှင့် မိတ်သဟာယဖွဲ့ ကြပါစို့နှင့်။ အကြောင်းမှာ လောကနှင့် မိတ်သဟာယဖွဲ့ခြင်းသည် ဘုရားသခင်နှင့် ဆန့်ကျင်၍ဖြစ်သည်(ယာ ၄း၄)။ထို့အပြင် မိစ္ဆာပရောဖက်များ၊ မှားယွင်းသောတရားကို သွန်သင်သူများ၊ ဘုရားသခင်၏နာမကို အလွဲသုံးစားပြုသူများ၊ ကိုယ်ကျိုးအတွက် သာ တရားဟောသူများ စသည်တို့ကို ဆုံးမသွန်သင်ဝံ့ရန်လည်း လိုအပ်သည်။

 

နိဂုံး

ဧနောက်သည် ယေရှု၏ ပထမအကြိမ် ကြွလာခြင်း(first coming)နှင့် ဒုတိယ အကြိမ် ကြွလာခြင်း(second coming) ဖြစ်ပေါ်နိုင်ရန်အတွက် ဘုရားသခင်အသုံး ပြုသော လူသားတစ်ဦးဖြစ်သည်။ ယေရှု၏ ဆွေစဉ်မျိုးဆက်ကိုကြည့်လျှင် နောက် မပါဘဲနှင့် မပြည့်စုံသကဲ့သို့(လု ၃း၃၇) သူ၏ဟောပြောမှုမပါဘဲနှင့် ယေရှု၏ ဒုတိယ အကြိမ် ကြွလာမည့်အကြောင်းသည်လည်း မပြည့်စုံနိုင်ချေ။ သူ၏ အသက်တာနှင့် ချီဆောင်ခံရခြင်းက “second coming”ကို ပုံဆောင်သဖြင့် ယုံကြည်သူများကို မျှော်လင့်ချက် ပိုမိုတိုးပွားစေသည်(က၅း ၂၄)။ ထို့အပြင် ယေရှုသည် တရားစီရင်မည့်သူ ဖြစ်ကြောင်းကို နားလည်သဘောပေါက်စေသဖြင့် ယုံကြည်သူများကို သမ္မာသတိဖြင့် အသက်ရှင်စေသည်(ယု ၁း၁၄-၁)။ သူသည် “second coming ကို ယုံကြည်စွာ အသက်ရှင်သဖြင့် ဘုရားသခင်၏စိတ်တော်ကို ကျေနပ်ပီတိဖြစ်စေသည် (ဟေဗြဲ ၁၁း၅)။ သို့ဖြစ်၍ မိမိတို့လည်း ယေရှု၏ ဒုတိယအကြိမ်ကြွလာခြင်းကို ယုံကြည်မျှော် လင့်ကြပါက ဘုရားသခင်၏စိတ်တော်ကို တွေ့နိုင်ကြမည်ဖြစ်သည်။

သင်ခန်းစာယူစရာ အချက်တချို့ ၊

၁) လူသားများသည် အပြစ်သားဖြစ်သဖြင့် ဘုရားသခင်ကို ဦးစွာမရှာဖွေ တတ်ဘဲ အပြစ်ထဲ၌ ပို၍နစ်မွန်းကြသည်။ ဘုရားသခင်ကိုယ်တိုင်က ဦးစွာရှာဖွေ၍သာ ဘုရားသခင်ကိုတွေ့ရှိနိုင်ကြခြင်းဖြစ်သည်။ အကယ်၍ဘုရားသခင်ကထိုသို့မရှာဖွေဘဲ အရှိအရှိအတိုင်းလွှတ်ထားပါက လူသားများသည် အပြစ်ပိုမိုများပြားလာကာ ခံရမည့် အပြစ်ဒဏ်လည်း အလွန်ကြီးမားသွားမည်ဖြစ်သည်။

သို့ဖြစ်၍ ဘုရားသခင်နှင့် တွေ့ရှိပြီးဖြစ်သော မိမိတို့သည် ဘုရားသခင်နှင့် မတွေ့သေးသော သူများကို လမ်းပြရန်၊ ဟောပြောသွန်သင်ရန် တာဝန်ရှိသည်။ ထို သူများကို လွှတ်မထားဘဲ အပြစ်နွံထဲမှဆွဲထုတ်ပြီး ဘုရားသခင်နှင့်တွေ့နိုင်ရန် လက် တွဲခေါ်ဆောင်ရမည်ဖြစ်သည်။

၂) ဘုရားသခင်သည် ယုံကြည်သူများကို လူ့အကြိုက်လုပ်ဆောင်ရန် (popular ဖြစ်ရန်) ခေါ်ခြင်းမဟုတ်ပေ။ လူ့အကြိုက်ကိုဦးစားပေးလျှင် အမှန်အတိုင်း မပြောရဲတော့ဘဲ အပြစ်ကိုဖုံးဖိတတ်ကြသည်။ နေရာမှန်၌မနေတော့ဘဲ ငွေကြေးတပ်မက်မှုကြောင့် မလုပ်သင့်သည့်အရာများကို လုပ်တတ်ကြသည်။ သမ္မာကျမ်းစာကို ဘေးဖယ်ပြီး နောက်လိုက်တပည့် များများရနိုင်ရန်အတွက် တိကျသော ခံယူ ယုံကြည် ချက် (doctrine) မထားရဲဘဲရှိတတ်ကြသည်။ မှန်ကန်သောယုံကြည်ချက်ကို မထုတ်ဖော်ရဲသကဲ့သို့ မှားယွင်းသောယုံကြည်ချက်ကိုလည်း မပြုပြင်ရဲတတ်ကြပေ။ သမ္မာ ကျမ်းစာနှင့် ဆန့်ကျင်မှန်း သိသည့်တိုင် မသွန်သင်မဆုံးမရဲဘဲ ဘုရားသခင်၏အလို တော်ထက် လူ့အကြိုက်လူ့မျက်နှာကို ပို၍ရှာဖွေတတ်ကြသည်။

သမ္မာတရားကို လူ့အကြိုက်မဟုတ်ဘဲ မှန်ကန်ဖြောင့်မတ်စွာဟောပြောသည့် ဧနောက်၊ နောဧ၊ ဧလိယ၊ ဧလိရှဲ၊ ဟေရှာယ၊ ယေရမိ၊ ဟောရှေ၊ ယေဇကျေလ စသည် တို့ကိုကြည့်လျှင် လူ့မျက်နှာကို မရရှိကြရှာပေ။ စင်စစ် ဘုရားသခင်ကလည်း မိမိတို့ကို လူ့အကြိုက်လုပ်ဆောင်ရန်၊ ဟောပြောရန် ခေါ်ခြင်းမဟုတ်ဘဲ သမ္မာတရားအတိုင်း ဟောပြောလုပ်ဆောင်ရန် ခေါ်ခြင်းဖြစ်သည်။ အကယ်၍ဘုရားသခင်သာလူ့အကြိုက် လုပ်ဆောင်ခြင်းကိုသဘောကျသူဖြစ်ပါကနောက်ထက်ယာဗလ၊ ယုဗလနှင့်တုဗလ ကာဣနတို့ကို ရွေးချယ်လိမ့်မည်ဖြစ်သည်။

၃) သင့်အားဖြင့် တစ်စုံတစ်ဦးမျှ မပြောင်းလဲသည့်တိုင် စိတ်ဓာတ်မကျပါနှင့်။ ယင်းသည် သင်၏တော်ခြင်း၊ ညံ့ခြင်းနှင့်မဆိုင်သဖြင့် ရှုံးနိမ့်မှုနှင့် နာကြည်းစရာတစ်ခု အဖြစ် မမှတ်ယူမိပါနှင့်။ သင်ကြံလိုက်သည့်မျိုးစေ့သည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် အပင်ပေါက်လာမည်ဖြစ်သည်။ ထိုနည်းတူ တစ်ပါးသူကြဲလိုက်သည့်မျိုးစေ့မှ ရိတ် သိမ်းရသည့်အချိန်လည်း ရှိလာလိမ့်မည်ဖြစ်သည်။ မျိုးစေ့ များများကြသော်လည်း ပေါက်လာသည့်အပင် နည်းကောင်းနည်းပါလိမ့်မည်။ သို့သော် ယင်းသည် ဘုရား သခင်၏ နိယာမတစ်ခုဖြစ်သဖြင့် စိတ်ဓာတ်မကျပါနှင့်။ | ဘုရားသခင်နှင့်အတူ နှစ်ပေါင်း(၃၀၀)လုံးလုံး အတူသွားလာဟောပြောသည့် တိုင် တစ်စုံတစ်ယောက်မျှ မပြောင်းလဲရှာသည့် နောက်ကို သတိရစဉ်းစားကြည့်ပါ။ စင်စစ် ဟောပြောခြင်းသည် မိမိ တို့၏ အလုပ်ဖြစ်၍ အသက်တာပြောင်းလဲခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ဖြစ်သည်။ သို့ဖြစ်၍ လိုအပ်လျှင် ဝိညာဉ်တော် က ပြောင်းလဲစေမည်ဖြစ်ပြီး ပြောင်းလဲသူမရှိလျှင်လည်း ရှုံးနိမ့်မှု မဟုတ်ချေ။ ပြောင်း လဲခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်က အမှုခပ်သိမ်းတို့ကို သူ၏ ဘုန်းတော်ထင်ရှားရန် ပြုလုပ်ခြင်းဖြစ်သည်။

၄) ကိုယ့်သမိုင်းကို ကိုယ်ရေးကြသည်။ များများဟောပြောခြင်း၊ များများလုပ် ဆောင်ခြင်း စသည်တို့သည် အရေးကြီးဆုံးမဟုတ်ပေ။ သမ္မာကျမ်းစာက ဧနောက် သည် ဘုရားသခင်နှင့် အတူသွားလာပြီး အမှန်တရားကိုဟောပြောကာ ဘုရားသခင် ၏ စိတ်တော်နှင့်တွေ့သည်ဟုသာ မှတ်တမ်းတင်ထားသည်။ လူဘယ်နှယောက်ပြောင်းလဲသည်၊ ဘုရားကျောင်း ဘယ်နှစ်ခုဆောက်လုပ်သည်၊ ဘယ်နှစ်မိုင် ခရီးသွား သည်၊ ဘယ်နှစ်နေရာသို့ရောက်ရှိသည်၊ လူထုတရားပွဲ ဘယ်နှစ်ကြိမ်ပြုလုပ်သည် စသည်တို့ မှတ်တမ်းမဝင်ချေ။ သို့ဖြစ်၍ အသက်တာ၌ ဘုရားသခင်နှင့် အတူသွား လာခြင်းသည် အရေးကြီးဆုံးနှင့် ဂုဏ်ယူစရာအကောင်းဆုံးဖြစ်သည်။

နောဧ (Noah)

လူကောင်းတစ်ယောက်ကြောင့် လူသားများမျိုးမသုဉ်းသွားဘဲ သမိုင်းသစ်ပေါ်ထွန်း စေနိုင်ကြသည်။ လူကောင်းတစ်ယောက်ကြောင့် မိသားစုတစ်စုအသက်ရှင်ပြီး ကမ္ဘာ့ လူဦးရေ ဆက်လက်တိုးပွားလာမည် ဖြစ်သည်။

ဘုရားသခင်က လူကောင်းများကို ခေါင်းဆောင်အဖြစ်ထားလိုပြီး ၎င်းတို့အား ဖြင့် အသက်တာသစ်နှင့် အမှုသစ်များစွာကို ဆက်လက်လုပ်ဆောင်လိုသေးသည်။ ဘုရားသခင်သည် ထိုကဲ့သို့သော လူကောင်းခေါင်းဆောင်ကို နောခေတ်တွင် နောင တစ်ဦးတည်းကိုသာ တွေ့ရှိသည်။ ယခုခေတ်တွင် ဘယ်နှစ်ယောက်တွေ့ ရှိနိုင်ပါမည် နည်း၊ မိမိတို့ ပါဝင်နိုင်ပါမည်လော။

နောဧ၏အဓိပ္ပာယ်

မသုရှလ၏သား လာမက်၏ခေတ်တွင် လူသားများသည် ဆိုးယုတ်ပျက်စီး ကြသည်။ မတရားမှုများဖြင့် အသက်တာကုန်လွန်စေကြသည်။ ကိုယ်စိတ်ဆင်းရဲမှု၊ ပင်ပန်းညည်းတွားမှုများဖြင့် အသက်ရှင်ကြသည်။ ထိုဒုက္ခဝေဒနာများမှ ကယ်တင် နိုင်မည့် သူကို မျှော်လင့်နေကြသည့်အချိန်တွင် လာမက်၌ သားတစ်ယောက်မွေးလာ သဖြင့် ထိုသားကို “နောဧ ́ဟု နာမည်ပေးလိုက်သည်။ “အနားယူသည်၊ အပန်းပြေ သည်”ဟု အဓိပ္ပာယ်ရသည်။

သမ္မာကျမ်းထဲ၌ နောအမည်ပိုင်ရှင် နှစ်ယောက်တွေ့ရပြီး ပထမတစ်ယောက် သည် ဇလောဖဒ်၏သမီးဖြစ်သည်(တော ၂၆း၃၃)။ အခြားတစ်ယောက်မှာ ယခုဖော်ပြမည့် နောဧဖြစ်၍ သူ၏နာမည်ကို ၅၅ကြိမ်ခန့် တွေ့ရ သည်။ ယင်းတို့အနက် ဓမ္မဟောင်း(ကမ္ဘာဦး)တစ်ခု တည်း၌ပင် ၃၉ကြိမ်နှင့် ဓမ္မသစ်၌ ၈ကြိမ် တွေ့နိုင် သည်။ သူသည် ခေတ်ဆိုးကြီးကာလ၌ ကြီးပြင်းလာ သူဖြစ်သော်လည်း ယုံကြည်ခြင်း၌ တည်ကြည်သူ အဖြစ် မှတ်တမ်းတင်ခြင်းခံရသည် (ဟေဗြဲ ၁၁း၇၊ ၁ပေ ၃၂း၀၊ ၂ပေ ၂း၅)။

နောဧ၏ ဆွေစဉ်မျိုးဆက်

ဘုရားသခင်အား ရိုသေခန့်ညားသော မျိုးရိုးမိသားစုမှ ပေါက်ဖွားလာသူများ သည် မင်္ဂလာအလွန်ရှိသည်။ ယခုခေတ် နာမည်ကြီးအမှုတော်ဆောင်တချို့သည် အမှုတော်ဆောင်မျိုးရိုးမှ ကြီးပြင်းသူများဖြစ်ကြသည်။ ဥပမာ John MacArthur သည် ၎င်းတို့မျိုးရိုးမှ ဆက်မြောက် သင်းအုပ်ဆရာဖြစ်သည်။ D. A. Curson နှင့် John Piper တို့သည်လည်း မျိုးရိုးစဉ်ဆက် အမှုတော်ဆောင်များဖြစ်ကြသည်။

နောဧသည် ဘယ်နှစ်ဆက်မြောက်ဖြစ်မည်ကို အတိမကျမသိရပေ။ သမ္မာကျမ်းစာအရဆိုလျှင် အာသံ မှ ၁၀ဆက်မြောက်ခန့် ဖြစ်သည်။ နော၏ဖခင်သည် လာမက် (၇၇၇နှစ် အသက်ရှင်သည်) ဖြစ်၍ အဘိုး သည် မသုရှလ (လူသားများအနက်အသက် အရှည် ဆုံး၊ ၉၆၉နှစ် အသက်ရှင်သည်) ဖြစ်သည်။ အဘေး သည် နောက် (လောက၌ အသက် ၃၆၅ အထိ နေထိုင်သည်)ဖြစ်သည်။ သို့ဖြစ်၍ နောဧသည် ဘုရား သခင်အား ရိုသေခန့်ညားသောမျိုးရိုးမှ ဆင်းသက် လာသူဖြစ်သဖြင့် သူကိုယ်တိုင်လည်း တည်ကြည်ဖြောင့်မတ်သူဖြစ်လာသည်။ ဘုရားသခင်နှင့် အတူသွားလာသော ဧနောက်ကိုယ်တိုင်က သားဖြစ်သူ မသုရှလ၊ မသုရှလက သားဖြစ်သူလာမက်၊ လာမက်က သားဖြစ်သူနော်ဧကို နှုတ်က ပတ်တော်ဖြင့် မျိုးရိုးစဉ်ဆက် အဆင့်ဆင့်ပျိုးထောင်ပေးဟန်တူသည်။ အကြောင်းမှာထိုခေတ်တွင် အခြားသောမိသားစုတို့မှ ဘုရားသခင် နှင့် အတူသွားလာသူ၊ ဘုရား၊ သခင်အား ချစ်ကြောက်ရိုသေသောသူ တစ်ဦးတစ်ယောက်မျှ မရှိကြောင့် ဤ အကြောင်းအရာက ဖော်ပြသိစေသည်။ (က ၆း၅-၆၊ ယု ၁း၁၅)။ သို့ဖြစ်၍ ၎င်းတို့ မိသားစုသည် ဘုရားသခင်၏မျက်နှာပေးသာခြင်းကို ရရှိကြသည်။

မျက်နှာသာရရှိသူ နောဧ

မျက်နှာသာရရှိခြင်းထက် သာလွန်ကောင်းမွန်သောအရာ မရှိသလောက်ရှား သည်။ ယုံကြည်သူများသည် ဘုရားသခင်၏ မျက်နှာသာကိုရရှိနိုင်ရန် အမျိုးမျိုးကြိုး စားကြပြီး “သာဓု၊ သစ္စာရှိသောငယ် သားကောင်း” ဟူသည့် ချီးမွမ်းသံကို ကြားလိုကြသည်။ မယုံကြည် သူများကလည်း တစ်စုံတစ်ယောက် (မိဘ၊ ဆရာ သမား၊ ခေါင်းဆောင်)၏ မျက်နှာသာကို ရှာဖွေတတ် ကြသည်။ စင်စစ် ၎င်းတို့ကိုယ်တိုင် မသိသော်လည်း ဘုရားသခင်၏မျက်နှာသာကို ရှာဖွေကြခြင်း ဖြစ် သည်။ အကြောင်းမှာ လူသားများသည် ဖန်ဆင်းရှင်၏ မျက်နှာသာကို ရှာဖွေရန် ဖန်ဆင်းခြင်းခံရသောကြောင့် ဖြစ်သည်။ သို့သော် အပြစ်တရားက ဘုရားသခင်၏ မျက်နှာသာရရန် အဟန့်အတားပြုသည်။

ထိုသို့ ဘုရားသခင်၏မျက်နှာသာကို မရရှိကြသည့်အချိန်၊ မရှာဖွေကြသည် အချိန်တွင် ဘုရားသခင်က သူ၏မျက်နှာသာရရှိမည့် လူတစ်ယောက်ကို ပေါ်ထွန်း စေသည်။ ဘုရားသခင်၏မျက်နှာသာကို မရရှိဘဲနှင့် မည်သို့အမှုတော်ဆောင်နိုင်မည် နည်း။ ဘုရားသခင်၏လူများကို မည်သို့ခေါင်းဆောင် နိုင်မည်နည်း။ လောကလူသားအားလုံး အပြစ်ထဲ၌ အလုံးစုံပျက်စီးနေသည့်အချိန်တွင် နောဧသည် ဘုရား သခင်၏မျက်နှာသာကို ရရှိသည်(က ၆း၈)။

အကယ်၍ နောဧသည် အများသဘောကို လိုက်ပြီး ဘုရားသခင်၏မျက်နှာထက် လူတို့၏မျက်နှာ ကို ရှာမိပါက ရေလွှမ်းမိုးသည့်အချိန်တွင် အများနည်းတူ သေဆုံးလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ဘုရားသခင်၏ မျက်နှာသာကလွဲပြီး အသက် ရှင်စေနိုင်သောအရာမရှိသဖြင့် ဘုရားသခင်၏မျက်နှာသာကို ဦးစွာရှာဖွေရန် အလွန် အရေးကြီးသည်။ ထို့အပြင် လူ့မျက်နှာသာထက် ဘုရား၏မျက်နှာသာကို ရှာဖွေရန် ပို၍လွယ်ကူပြီး အကျိုးလည်းပိုများသည်။ သူ့မျက်နှာသာသည် တစ်ရက်ပင်မခံတတ် သော်လည်း ဘုရား၏မျက်နှာသာမှာမူ ကုန်ဆုံးသည်ဟူ၍ မရှိတော့ချေ။

ဖြောင့်မတ်သူ နောဧ

နောဧသည် လာမက်၏သားဖြစ်၍ ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်စုံလင်သူ ဖြစ်သည်(က ၆း၉)။ သူ၏နာမည်ကို ဓမ္မဟောင်းကျမ်း၌ ဖြောင့်မတ်ခြင်းနှင့် ယှဉ်တွဲလေ့ ရှိသကဲ့သို့(ယေဇ ၁၄း၁၄၊ ၂၀) ဓမ္မသစ်ကျမ်း၌လည်း ထိုအတိုင်းပင်ဖြစ်သည်(ဟေဗြဲ ၁၁း၇၊ ၂ပေ ၂း၅)။ သို့သော် ဤနေရာ၌ သတိချပ်ရမည့်အရာတစ်ခုမှာ နာသည် ဖြောင့်မတ်ခြင်းကို ၎င်း၏ကြိုးစားမှုကြောင့်မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းဖြင့် ရရှိခြင်းဖြစ်သည်။ အာဗြဟံလည်း ထိုနည်း၎င်းဖြစ်သည် (က ၁း၆၊ ဟေဗြဲ ၁၁း၇)။ သို့ဖြစ်၍ သူသည် ဖြောင့်မတ်ခြင်းရရှိပြီးမှ ဖြောင့်မတ် တည်ကြည်စွာ လျှောက်လှမ်းသူဖြစ်သည်။

ထို့အပြင် နောဧသည် ဘုရားသခင်နှင့် အတူသွားလာသည်သာမက ဘုရား၏ စကားကိုလည်း အလွန်နာခံသူဖြစ်သည်။ သမ္မာကျမ်းစာ၌ “ဖြောင့်မတ်သူ”ဟူသည့် စကားလုံးကို နောဧအကြောင်းပြောရာ၌ ပထမဆုံးသုံးနှုန်းသည်(က ၆း၉)။ သူသည် ရပ်ရွာရှေ့၊ တစ်စုံတစ်ဦးရှေ့၌ အပြစ်တင်စရာမရှိသူ၊ ဘုရားသခင်၏မျက်နှာသာကို ရရှိသူဖြစ်သည်။

အပြစ်တင်စရာမရှိသူ နောဧ

နောဧသည် ဖြောင့်မတ်သူဟု ဆိုရာ၌ ဘုရားသခင်၏အမြင်ကို ဆိုလိုခြင်း ဖြစ် ၍ အပြစ်တင်စရာမရှိသူဟု ဆိုရာ၌ လူတို့၏အမြင်ကို ဆိုလိုခြင်းဖြစ်သည်(က ၆း၉)။ ယုံကြည်ခြင်းဖြင့်သာ ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သူဖြစ်နိုင်သည်။ ထိုအခါ လူ့အမြင် ၌လည်း ဖြောင့်မတ်သူဖြစ်မှန်းကို အပြုအမူများအားဖြင့် ပေါ်လွင်ထင်ရှားလာမည် ဖြစ်သည်။ နောင၌ အပြစ်တင်စရာမရှိဟု ဆိုရာတွင် အပြစ်မရှိဟု မဆိုလိုဘဲ သူ၏ အကျင့်ကောင်းနှင့် ဖြောင့်မတ်မှန်ကန်မှုကို ဆိုလိုခြင်း ဖြစ်သည်။ အကြောင်းမှာယေရှုခရစ်တော်ကလွဲပြီး အပြစ်ကင်းစင်သူ မည်သူမျှမရှိ သောကြောင့်ဖြစ်သည်(၁ပေ ၂း၂၁-၂၂)။

စစ်မှန်သော ယုံကြည်သူ၊ ကယ်တင်ခြင်းရ သူ တို့၏ အသက်တာ၌ အကျင့်ကောင်းကို တွေ့ရသည်။ ယုံကြည်ခြင်း၏အသီးကို တွေ့မြင်ရကာ သူတစ်ပါး အတွက် တည်ဆောက်စရာဖြစ်စေသည်။ ထို့ကြောင့် ရှင်ယာကုပ်က “လုပ်ဆောင်မှု ́ မပါသော “ယုံကြည် ခြင်းသည် အသေဖြစ်သည်။ ထိုယုံကြည် ချက်မျိုးကို နတ်ဆိုးတို့၌ပင် ရှိကြသည်ဟုပြောဆိုသည်(ယာ ၂း၁၄-၂၆)။ ရှင်ပေါလုကလည်း ယုံကြည်သူတချို့၌ ယုံကြည်ခြင်း အသီးကို လုံးဝမမြင်ရသဖြင့် ယင်းတို့သည် လှည့်ဖြားသူများဖြစ်ကြပြီး ဘုရားသခင် ကို ယုံကြည်သည်ဟုဆိုသော်လည်း အကျင့်အားဖြင့် ဘုရားသခင်ကို ငြင်းပယ်ကြ သည်ဟု ပြောသည်(တိ ၁း၁ဝ၊ ၁၆)။

နောဧမှာမူ ယုံကြည်ချက်အတိုင်း ပြုမူအသက်ရှင်သဖြင့် ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်သည့်အပြင် လူတို့ရှေ့တွင်လည်း အပြစ်တင်စရာမရှိအောင် ပြုမူနေထိုင် သည်။ ဘုရားသခင်က ထိုသို့သောသူများကို အသုံးပြုလိုသည်။ ကောင်းချီးမင်္ဂလာ စီးဆင်းရာအဖြစ် ရွေးချယ်လိုသည်။

ဘုရားသခင်နှင့် အတူသွားလာသည်

လူထုကြားတွင် တစ်ယောက်တည်း ရပ်တည် ရန် မကြောက်ပါနှင့်။ မှန်ကန်သည့်ခံယူချက်ကြောင့် အပြစ်တင်ခံရလျှင်ပင် နောက်မတွန့်ပါနှင့်။ နောက်ဆုံး တွင် အမှန်တရားကသာ အောင်ပွဲခံလာပါလိမ့်မည်။ လူအများစုက “မုသားမပါ လင်္ကာမချော’ဟု ခံယူကြ သည့် အချိန်တွင် မုသားဝါဒနှင့် အသက်မရှင်ဘူးဟု ရဲရဲဝံ့ဝံ့ဆုံးဖြတ်လိုက်ပါ။ ဘုရားသခင်ကို မေ့လျော့ကြ၊ မရှာဖွေကြသည့်အချိန်တွင် အမြဲသတိရပြီး ရှာဖွေ လိုက်ပါ။

အပြစ်ထဲ၌ လူအများစု ပျော်မွေ့ကြသည့်အချိန်တွင် နောမှာမူ ဘုရားသခင် နှင့် အတူသွားလာသည်(က ၆း၉)။ လူအများစုက လောကပျော်ရွှင်မှုများကို ရှာဖွေ ကြသည့်အချိန်တွင် နောဧမိသားစုကမူ ဘုရားသခင်ကို ရှာဖွေကြသည်။ စစ်မှန်သောပျော်ရွှင်ငြိမ်သက်ခြင်းသည် ဘုရားသခင်၌သာရှိသည်။ ဒုစရိုက်လမ်းထဲသို့ လူအများ စု လျှောက်သွားသည့်အချိန်တွင် ၎င်းတို့မိသားစုမှာမူ ဘုရားသခင်၏အလိုတော် အတိုင်းသာ လိုက်လျှောက်ကြသည်။ လောကလူသားအားလုံးက ၎င်းတို့မိသားစုကို ဆန့်ကျင်တိုက်ခိုက်ကြသော်လည်း ဘုရားသခင်အတူပါရှိသဖြင့် လုံးဝမကြောက် ကြပေ။

စကားနားထောင်သူ နောဧ

နောဧက ဘုရားသခင်၏စကားကို တစ်သဝေမတိမ်းနားထောင်သည်(က ၆း၂၂၊ ၇း၅၊ ၈း ၁၈၊ ၂၀)။ ဘုရားသခင်က နောဧ ကမ္ဘာမြေကြီးကို ရေလွှမ်းမိုးစေပြီးသက်ရှိသတ္တဝါအားလုံးကို ငါပယ်ရှင်းပစ်တော့မည်။ သို့ဖြစ်၍ အလျားပေ ၄၅ဝ၊ အနံပေ ၇၅၊ အမြင့်ပေ ၄၅ ရှိ သင်္ဘောတစ်စင်းကို ဂေါဖရသစ်သားဖြင့် တည်ဆောက်ပါ။ အထဲတွင် အဆင့်သုံးဆင့်ထားပြီး ပြတင်း ပေါက်တစ်ခု တပ်ဆင်ပါ။ တိရစ္ဆာန်များကို အထီး အမတစ်စုံစီယူပြီး သင်္ဘောထဲသွင်းပါ။ စားစရာများ ကိုလည်းအလုံအလောက် ပြင်ဆင်ပါဟု အသေးစိတ် မှာကြားသည်။

အဘယ်ကြောင့် ဂေါစရသစ်သားကို အသုံးပြုရသနည်း။ အဘယ်ကြောင့် သင်္ဘောကို အလျား ၄၅၀ပေ၊ အနံ ၅ပေ၊ အမြင့် ၄၅ပေ ထားရသနည်း စသည်ဖြင့် မေးခွန်းထုတ်စရာ အမျိုးမျိုးရှိသည်။ သို့သော် နောဧသည် မေးခွန်းလုံးဝမထုတ်ဘဲ ဘုရားသခင်ပြော သည့်အတိုင်း တိကျစွာလိုက်နာသည်။ ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာ လုပ်ဆောင်ခြင်းသည် ယဇ်ပူ ဇော်ခြင်းထက် သာ၍ကောင်း မြတ်သည်(၁ရာ ၁း၂၂)။ သို့ဖြစ်၍ ယေရှုက “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့”” ဟု ပြော ခြင်းဖြစ်သည်(ယော ၁၄း၁၅)။ ဘုရားခင်၏မျက်နှာသာကို ရရှိနိုင်ရန်အတွက် အဓိကသော့ချက်မှာ နားထောင်နာခံခြင်းဖြစ်သည်။ ထိုသော့က ဘုရားသခင်၏ စိတ်တံခါး တော်ကိုပင် ဖွင့်လှစ်နိုင်သည်။

သို့ဖြစ်၍ ဘုရားသခင်သည် အခြားအရည်အချင်းရှိသူတို့ထက် စကားနား ထောင်နာခံသူများကို အသုံးပြုလိုပြီး အလိုတော်အတိုင်း တစ်သဝေမတိမ်း လုပ် ၊ ဆောင်မည့် ခေါင်းဆောင်များကိုလည်း အမြဲပေါ်ထွန်းစေလိုပါသည်။

ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသူ နောဧ

အလုပ်သစ်တစ်ခုလုပ်ဆောင်ရန် မကြောက်ပါနှင့်။ သမ္မာကျမ်းထဲရှိ ဘုရား သခင်၏ အသုံးတော်ခံအားလုံးတို့သည် မလုပ်ဖူးသည့်အရာတစ်ခုကို လုပ်ဆောင် ကြသူများဖြစ်သည်။ လုပ်နေကျနှင့်သာ အချိန်ကုန် ခြင်းသည် တိုးတက်မှုမဟုတ်ပေ။ မလုပ်ဖူးသေးသည့် အရာများကို လုပ်ဆောင်ရဲမှသာ မလုပ်နိုင်သေးသည့် အရာများကို လုပ်ဆောင်နိုင်ကြသည်။ မသွားဖူးသေး သည့်နေရာသို့ သွားကြမှသာ မရောက်ဖူးသေးသည့် နေရာသို့ ရောက်ရှိနိုင်သည်။ သို့ဖြစ်ရာ ယုံကြည်ခြင်း ဖြင့်လျှောက်လှမ်းရန် လိုအပ်သည်။

ထို့အပြင် ဘုရားသခင်၏စိတ်တော်နှင့် တွေ့ နိုင်ရန်အတွက် အခြားအရာများမလိုအပ်ဘဲ ယုံကြည် ခြင်းရှိရန်သာ လိုအပ်သည်။ ယုံကြည်ခြင်းကသာ ဘုရားသခင်၏စိတ်တော်ကို ကျေနပ်ပီတိဖြစ်စေ၍ ယုံကြည်ခြင်းဖြင့် လျှောက်လှမ်း သူကသာ ဘုရားသခင်၏စိတ်တော်ကို တွေ့ရသည်။

ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်(ဟေဗြဲ ၁၁း၆) ဟု ပြောပြီးသည် နှင့်တစ်ပြိုင်နက် နောဧသည် အိမ်သားများကိုကယ်တင်ရန်အတွက် ယုံကြည်ခြင်းဖြင့် သင်္ဘောတည် ဆောက်သည်(ဟေဗြဲ ၁၁း၇)ဟု ချက်ချင်းပြောသဖြင့်၊နောဧသည် ဘုရားသခင်၏စိတ်တော်ကို ကျေနပ်စေသူဖြစ်မှန်း တွေ့ရသည်။ မုသား မသုံးဖူးသော ဘုရားသခင်ကို ယုံကြည်ခြင်းတစ်ခုတည်းဖြင့် ကျေနပ်စေနိုင်သည်ဆို၊ လျှင် အဘယ်ကြောင့် မယုံကြည်ဘဲနေရမည်နည်း။ လူလိမ်များကိုပင် ယုံတတ်သည် ဆိုလျှင် လိမ်မပြောဖူးသောဘုရားကို အဘယ်ကြောင့် မယုံဘဲနေရမည်နည်း။ အမှားနှင့်အမှန်ကို မခွဲခြားနိုင်ဘဲနှင့် ယုံဝံ့သည်ဆိုလျှင် မမှားဖူးသောဘုရားကို အဘယ် ကြောင့် မယုံဘဲနေရမည်နည်း။

နောသည် ရေလွှမ်းမိုးခြင်းကိုမဆိုထားဘိ၊ မိုးရွာသည်ကိုပင် မမြင်ဖူးသူဖြစ် သည်။ သို့သော် ရေလွှမ်းမိုးမည်ဟု ဘုရားသခင်ကပြောသောအခါ အကြွင်းမဲ့ယုံလိုက် ပြီး သင်္ဘောတည်ဆောက်သဖြင့် သေဘေးမှ လွတ်မြောက်ခြင်းရရှိသည်။ ထို့ကြောင့် ဘုရားသခင်၏မျက်နှာကို ရရှိကာ နောက်ဆုံးတွင် လူ့သမိုင်းသစ် ပေါ်ထွန်းစေသူ ဖြစ် လာသည်။ သို့ဖြစ်ရာ ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသူများအဖို့ မဖြစ်နိုင်သောအရာ တစ်ခုမျှမရှိပေ(မ ၁၇း၂၀)။

ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူ နောဧ

နောဧသည် နှစ်ပေါင်း(၁၂၀)လုံးလုံး သင်္ဘောတည်ဆောက်ရင်း တရားဟော ပြောသည်ဟု မိမိတို့ပြောဆိုလေ့ရှိကြရာ မည်သည့်ကျမ်းပိုဒ်ကို အခြေပြုမှန်း မသိရချေ (က ၆း၃ကို အခြေပြုခြင်းဖြစ်နိုင် သည်)။ ရှေး တရားဟောဆရာများက ထိုသို့ပြောခြင်း ဖြစ်ပါလိမ့် မည်။ သမ္မာကျမ်း၌ နှစ်ပေါင်း(၁၂၀) လုံးလုံး သင်္ဘော တည်ဆောက်သည် ဟူသည့်အချက်ကို မတွေ့ရသော်လည်း ဖြောင့်မတ်ခြင်းတရား ဟောပြောခြင်း ကိုမူ တွေ့ရသည်(၂ပေ ၂း၅)။

ထိုသို့ ဖြောင့်မတ်ခြင်းတရားကို အမြဲဟော ပြောသော်လည် ဇနီး၊ သားသုံးယောက်နှင့် ချွေးမ သုံးယောက်မှအပ မည်သူမျှမပြောင်းလဲချေ။ သို့ရာတွင် သမ္မာကျမ်းစာက အမှုတော်၌အောင်မြင်သူ၊ ယုံ ကြည်ခြင်းဖြင့်လျှောက်လှမ်းသူ၊ ဖြောင့်မတ်တည်ကြည်သူတစ်ဦးအဖြစ် မှတ်တမ်းတင် ၊ ထားသည်။

ပထမဦးဆုံး အမှုတော်ဆောင်ရွက်ရမည့်နေရာသည် မိသားစု၌ဖြစ်သည်။ အခြားသူများ မပါသေးစေကာမူ မိသားစုအားလုံး ဦးစွာပါဝင်ရမည်ဖြစ်သည်။ အခြား သူများ မပြောင်းလဲသေးစေကာမူ မိသားစုအားလုံး ဦးစွာပြောင်းလဲရမည်ဖြစ်သည်။ သို့မှသာလျှင် အခြားနေရာများသို့ ကူးစက်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် ဧဝံဂေလိဟောပြောခြင်းဖြင့် မည်သူမျှမပြောင်းလဲစေကာမူ ဘုရားသခင်၏အမြင်၌ အောင်မြင်သူဖြစ်နိုင်သည်။ အကြောင်းမှာပြောင်းလဲစေမည့်သူသည် ဘုရားသခင် ဖြစ်၍ဟောပြောခြင်းသည် မိမိတို့၏တာဝန်ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်ခိုင်းသည့်အလုပ်ကို ကျေပွန်စွာ ထမ်းဆောင်ပါက ဘုရားသခင်ရှေ့၌ အောင်မြင်သူ ဖြစ်ပါလိမ့်မည်။

ကျေးဇူးတင်တတ်သူ နောဧ

ကျေးဇူးတင်တတ်ခြင်းသည် ကောင်းချီးတံခါးဖွင့်လှစ်ရန် သော့ချက်တစ်ခုနှင့် ဘုရားသခင်နှစ်သက်သည့် ယဇ်ပူဇော်ခြင်းတစ်ခုလည်းဖြစ်သည်။ ကျေးဇူးတစ်ခုခုပြုသောသူထံ ကျေးဇူးတင်စကားပြောသောအခါ အပြောခံသူသည် ပြောသောသူထက် ပီတိပိုဖြစ်တတ်သည်။ ဘုရားသခင်လည်း ထိုနည်း၎င်းပင် ဖြစ်သည်။

နောဧသည် ရေပြန်ကျပြီးနောက် သင်္ဘောပေါ်မှ ဆင်းလာသည်။ ဆန္ဒရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေလူ့ဘဝအသစ်၊ နေထိုင်မှုအသစ်၊ အိုးအိမ်အသစ်စသည့် အရာ ခပ်သိမ်းကို အသစ်ပြန်စရမည် ဖြစ်သဖြင့် ဆောင်ရွက်စရာများစွာက စောင့်ကြိုလိမ့် မည်ဖြစ်သည်။ သို့သော်လည်း ထိုအရာများကိုမ လုပ်ဆောင်မီ ဘုရားသခင်အား ချီး မွမ်းခြင်းယဇ်ပူဇော်ရန် ဦးစွာလုပ်ဆောင်သည်။

ထို့ကြောင့် ယဇ်ပလ္လင်တစ်ခု ချက်ချင်းတည် ဆောက်ပြီး မီးရှို့ရာယဇ်ပူဇော်သည်(က ၈း၂၀)။ ထိုသို့ အရေးကြီးဆုံးဖြစ်သော ချီးမွမ်းခြင်းယဇ်ပူဇော်ပြီးမှသာ အခြားလုပ်စရာများကို ဆက်လက်လုပ်ဆောင် သည်။ ဘုရားသခင်လည်း အလွန်ကျေနပ်သဖြင့် နောက်တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိတော့ရန် ကတိပေး လိုက်သည်။ ကျေးဇူးတင်ခြင်းက ကောင်းချီးတံခါးကို တကယ်ဖွင့်လှစ်ပေးသည်။

ယခုခေတ်တွင် ဘုရားသခင်အား မီးရှို့ရာယဇ် ဖြင့် ပူဇော်ရန် မလိုအပ်တော့ဘဲ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ဖြင့် ပူဇော်ရန်ဖြစ်သည်(ဟေဗြဲ ၁၃း၁၅၊ ဆာ ၁၁၆း၁၇)။ သို့ဖြစ်၍ ဘုရား သခင်၌ဖြစ်စေ၊ မိမိအား ကျေးဇူးပြုသောသူ၌ဖြစ်စေ ကျေးဇူးတင်ဝမ်းမြောက်တတ်ရန် အရေးကြီးသည်။ ကျေးဇူးတင်တတ်ခြင်းက ဘုရားသခင်၏စိတ်တော်ကို ကျေနပ်ပီတိ ဖြစ်စေပြီး ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ဘုရားသခင်၏ကောင်းချီးများကို လက်ခံရယူ နိုင်သည်။ ထို့အပြင် ဘုရားသခင်၌ ကျေးဇူးတင်တတ်သောသူသာလျှင် လူတို့အပေါ်၌ လည်း ကျေးဇူးတင်တတ်ပြီး လူများစွာကို ဦးဆောင်နိုင်သည်။ “ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့”(ဆာ ၁၀၀း၂)။

ဘဝသစ် စတင်ရန် အခွင့်အရေးရရှိသူ နောဧ

ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းမရှိတော့မည့် လက္ခဏာသက်သေအဖြစ် သက်တံ့တစ်ခုကို နောထံ ပြသသည်။ ယင်းသက်တံ့သည် ဘုရားသခင်၏ ပဋိညာဉ် နှင့် နှစ်သိမ့်ခြင်းတစ်ခုလည်းဖြစ်သည်။ နောဧသည် ထိုသက်တံ့ကိုမြင်တိုင်း ဘုရား သခင်၏ ကွယ်ကာစောင့်ရှောက်ပုံ၊ ရေလွှမ်းမိုးခြင်း မကြုံရတော့မည်ပုံ၊ ဘဝသစ်ပြန် စရန် ကောင်းချီးပေးပုံ စသည်တို့ကို ပြန်လည်အောက်မေ့လိမ့်မည်ဖြစ် သည်။

သို့ဖြစ်၍ သက်တံ့ကိုမြင်တိုင်း ကောင်းသော အရာတစ်ခုခုကို လုပ်ဆောင်နိုင်ရန် အခွင့်ကောင်း ပေးသေးခြင်းကို သတိရကြပါစို့။ ဘုရားသခင်သည် သက်တံ့ကို သက်သက်မဲ့ပေါ်ခိုင်းခြင်းမဟုတ်ဘဲ မြင်ရ သူတိုင်းအား ရေလွှမ်းမိုးခြင်းဖြင့် အပြစ်မစီရင်တော့ မည့်ပုံကို ဖော်ပြလိုက်ခြင်းဖြစ်သည်။ တစ်နည်းအား ဖြင့် အပြစ်မှနောင်တရနိုင်ရန်၊ အမှားများကို ပြန်လည် ပြုပြင်နိုင်ရန်နှင့် ကောင်းသောအရာ တစ်ခုခုကို လုပ် ဆောင်နိုင်ရန် အခွင့်အရေးပေးခြင်းဖြစ်သည်။

ဆုကျေးဇူးကို အသုံးချတတ်သူ နောဧ

နောဧ၏ မီးရှို့ရာယဇ်က ဘုရားသခင်ကို ကျေနပ်ပီတိဖြစ်စေသဖြင့် ဘုရား သခင်သည် နောဧ နှင့်သားများကို “သင်တို့သည် များပြားစွာမွေးဖွားလျက် မြေကြီးကို ပြည့်စေကြလော့။ မြေတိရစ္ဆာန်၊ မိုးကောင်းကင်ငှက် အစရှိသော မြေပေါ်မှာ လှုပ်ရှား တတ်သမျှနှင့် ပင်လယ်ငါးအပေါင်းတို့သည် သင်တို့ ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်ခြင်း သဘောရှိရကြလိမ့် မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့လက်၌ ငါအပ်၏။ အသက်ရှင်၍ လှုပ်ရှားတတ်သမျှသည် အသီးအရွက် ကဲ့သို့၊ သင်တို့စားစရာဖို့ဖြစ်ရမည်။ ခပ်သိမ်းသော အရာတို့ကို သင်တို့၌ ငါအပ်ပေး၏”ဟု ကောင်းချီး ပေးသည်(က ၉း၁-၃)။

ထိုအခါ နောဧသည် ဘုရားသခင်ထံမှရရှိသော ဆုကျေးဇူးအမျိုးမျိုးတို့ကို အသုံးချပြီး စပျစ်ခြံ တစ်ခုကို စတင်စိုက်ပျိုးသည်(က ၉း၂၀)။ စပျစ်ရည်လည်းပြုလုပ် ၍ မူးပင်မူမိသေးသည်။ ဆုကျေးဇူးများကို သူ့အချိန်၊ သူ့နေရာအလိုက် အသုံးချတတ်သဖြင့် ဘုရားခိုင်း သည့်အလုပ်များကို ကျေပွန်စွာ လုပ်ဆောင်နိုင်သည်။ ဘုရားသခင်လည်း ကျေနပ်သဖြင့် လူသားမျိုးနွယ် တစ်ခုလုံး၏ ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။ ထို ကဲ့သို့ ဘုရားသခင်ပေးထားသည့် ဆုကျေးဇူးများကို သူ့နေရာ၊ သူ့အချိန်နှင့်သူ အသုံးချတတ်ခြင်းသည် ပညာတစ်ခုဖြစ်၍ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေလိမ့်မည်ဖြစ်သည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) ဘုရားသခင်သည် ဖြောင့်မတ်သူတစ်ဦးဦးဖြင့် လူ့ဘောင်အသစ် စတတ် ၊ သည်။ ဘုရားသခင်သည် ကြီးမားသောအမှုတစ်ခုခု လုပ်ဆောင်တော့မည့်အချိန်တွင်ဖြောင့်မတ်သူတစ်ဦးကို ဦးစွာရှာဖွေပြီး ထိုလူအားဖြင့် အမှုများစွာ လုပ်ဆောင်သည်။ အရာခပ်သိမ်းကိုဖန်ဆင်းသော ဘုရားသခင်သည် ကိုယ်တိုင်လုပ်ဆောင်နိုင်လျက်နှင့် လူသားများကိုသာ အသုံးပြုလိုသည်။ ယင်းသည် လူသားများကို ကောင်းချီးပေးလို၍ ဖြစ်သည်။ ယနေ့တွင်လည်း ဘုရားသခင်သည် ဖြောင့်မတ်သူကို ရှာဖွေနေသည်။

၂) မိမိအားဖြင့် ကောင်းချီးရသောမျိုးဆက် စတင်နိုင်သည်။ အကယ်၍ မိမိ ကိုယ်တိုင် ဘုရားကိုင်းရှိုင်းသောမျိုးရိုးမှ မဟုတ်ခဲ့လျှင်ပင် မိမိမျိုးဆက်ကို ဘုရားကိုင်းရှိုင်းသူဖြစ်ရန် အားထုတ်နိုင်သေးသည်။ တစ်နည်းအားဖြင့် ကောင်းချီးမရသော မျိုးရိုးမှ မိမိအားဖြင့် ကောင်းချီးရသောမျိုးဆက် စတင်နိုင်သေးသည်။ သို့ဖြစ်၍ လက်ရှိ ခံစားရသည့် ဆင်းရဲချို့တဲ့မှုများကြောင့် မိဘ၊ ဘိုးဘွားများကို အပြစ် မတင်ကြပါစို့နှင့်။ အာဗြဟံသည် ရုပ်တုကိုးကွယ်ရုံမဟုတ်ဘဲ ရုပ်တုကို ကိုယ်တိုင်သွန်းထုထုတ်လုပ် သည့် မျိုးရိုးမှ ပေါက်ဖွားလာသော်လည်း ၎င်း၏မျိုးဆက်မှစ၍ ဘုရားသခင်ကို ယုံ ကြည်ခြင်းအားဖြင့် ကောင်းချီးရသောမျိုး ရိုးဖြစ်လာသည်။ သို့ဖြစ်၍ ယုံကြည်ခြင်း ဖြင့် မလျှောက်လှမ်းပါက မိမိမျိုးဆက်ကလည်း ခေတ်အဆက်ဆက် အပြစ်တင်ကြ လိမ့်မည်ဖြစ်သည်။

၃) ဝေလေလေမလုပ်ကြပါစို့နှင့်။ ခေါင်းဆောင်ကောင်းများသည် ဆုံးဖြတ် ချက်ချသူများဖြစ်၍ လူအများလုပ်တိုင်း လိုက်လုပ်သူများမဟုတ်ကြပေ။ လူအများစု သွားတိုင်း မှန်ကန်သောလမ်းမဟုတ်ဘဲ လမ်းမှန်လိုက်သောသူတိုင်း၌ မိတ်ဆွေ နည်းပါးတတ်သည်ကို သတိရသင့်သည်(မ ၇း၁၃-၁၄)။ သို့ဖြစ်၍ ဘုရားကိုမသိသည့် ဘက်၌ မိတ်ဆွေပေါများခြင်းထက် ဘုရားမျက်နှာသာ၌ အထီးကျန်ခြင်းကပို၍ကောင်း မြတ်သည်။ ဘုရားကိုမသိသည့် မိတ်ဆွေအမြောက်အမြားနှင့် အောင်ပွဲခံခြင်းထက် ဘုရားကိုရိုသေသူ တစ်ယောက်နှစ်ယောက်နှင့် ရှာဖွေစားသောက်ခြင်းက ပို၍ကောင်း မြတ်သည်။ လူအများစုနှင့် ဒုစရိုက်လမ်းသို့ သွားရခြင်းထက် လူအနည်းစုနှင့် သုစရိုက် လမ်းသို့ သွားရခြင်းက ပို၍မြင့်မြတ်သည်။ ဘုရားအမြောက်အမြား ကိုးကွယ်ပြီး လူကုံထံဖြစ်ရခြင်းထက် ဘုရားတစ်ဆူတည်းကိုးကွယ်ပြီး အစေခံဖြစ်ရခြင်းက ပို၍ကောင်းမြတ်သည်။ မည်သို့ပင်ဖြစ်စေ၊ အသက်တာ၌ ထာဝရဘုရား၏ မျက်နှာသာ ကိုသာ ဦးထိပ်ထားရှာဖွေရန်ဖြစ်သည်။ ဘုရားသခင်နှင့်ပေါင်းဖော်လျှင် လူအများစု ဖြစ်သွားပြီး ကြောက်စရာမရှိတော့ချေ။

၄) ကိုယ့်သမိုင်းကို ကိုယ်ရေးကြသည်။ သမ္မာကျမ်းစာ၌ “ဖြောင့်မတ်သူ’ ဟူ သည့် စကားလုံးကို နောက်အကြောင်းကို ဖော်ပြရာ၌ ပထမဆုံးအသုံးပြုသည်။ မိမိတို့အကြောင်းကို ဖော်ပြသည့်အချိန်တွင် ဖြောင့်မတ်သူ၊ တည်ကြည်သူဟူသည့် စကားလုံးများ အသုံးပြုကြမည်လား။ သို့မဟုတ် လိမ်ညာသူ၊ သစ္စာမဲ့သူဟူသည့် စကားလုံးများ အသုံးပြုကြမည်လား။ ကိုယ့်သမိုင်းကို ကိုယ်ရေးကြခြင်းဖြစ်သည်။ သို့ဖြစ်၍ နောဧကို စံနမူနာယူကြပါစို့။

၅) မည်သူနှင့် သွားလာကြသနည်း။ ဘုရားသခင်နှင့် သွားလာခြင်းမပြုလျှင် အရာခပ်သိမ်းသည် ကြောက်စရာချည်းဖြစ်သည်။ သို့သော် ဘုရားသခင်နှင့် အတူ သွားလာလျှင်မူ “သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကိုမကြောက်ပါ။ ရန်သူတို့ရှေ့မှာ အကျွန်ုပ်အဖို့ စားပွဲကို ခင်းတော်မူ ၏။ လရဘုရား၏အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်” (ဆာ ၂၃)။ ဘုရားသခင် နှင့် အတူသွားလာသောခေါင်းဆောင်ကို ကျော်သွား၍မရဘဲ သို့ဖြစ်လျက်နှင့် ကျော် သွားလိုသောသူသည် ခေါင်းဆောင်ကိုသာ အားမရ၍မဟုတ်ပဲ ဘုရားသခင်ကိုပင် မရသူဖြစ်သည်။

၆) ဘုရားသခင်၏စကားကို နားမလည်နိုင်သည့်တိုင် မြေဝယ်မကျနာခံလျှင် မမှားနိုင်သည့်အပြင် မမျှော်လင့်ရဲသော ကောင်းချီးမင်္ဂလာများက လိုက်လာကြသည်။ နားလည်နိုင်သည့်အရာများကိုသာ နာခံလုပ်ဆောင်ခြင်းသည် လူ့အမြင်အားဖြင့်လျှောက်လှမ်းခြင်းဖြစ်၍နားမလည်နိုင်သည့်တိုင် နာခံလုပ်ဆောင်ခြင်းသည် ယုံကြည် ခြင်းဖြင့်လျှောက်လှမ်းခြင်းဖြစ်သည်။ အကယ်၍နားလည်သည့်အရာကိုသာနာခံပါက လူ့အစွမ်းရှိသလောက်သာ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ဘုရားသခင်၏ ကြီးမားသော လုပ်ဆောင်မှုများကို မြင်တွေ့ရမည်မဟုတ်ပေ။ မြင်သိသလောက်ဖြင့်သာ လျှောက် လှမ်းလျှင် အဝေးသို့မရောက်နိုင်ဘဲ ဉာဏ်မီသလောက်ဖြင့်သာ ရည်မှန်းချက်ထားရှိ လျှင် ဘုရား၏ဉာဏ်ပညာကို သေးသိမ်စေရာ ရောက်ပါလိမ့်မည်။ စိုးရိမ်ကြောက်ရွံ့မှု ၏ ၉၉% သည် တကယ်ဖြစ်မလာသဖြင့် ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသူများ၌ စိုးရိမ်ကြောက်ရွံ့သည့်စိတ် မရှိကြပေ။

၇) ဖြောင့်မတ်ခြင်း(ကယ်တင်ခြင်း)တရားကို ဟောပြောသည့်အခါ လက်ခံသူ မရှိလျှင်ပင် စိတ်ဓာတ်မကျကြပါစို့နှင့်။ မိမိတို့တာဝန်သည် ဟောပြောရန်ဖြစ်၍ အ သက်တာပြောင်းလဲစေမည့်သူသည် ဘုရားသခင်ဖြစ်သည်။ မိမိတာဝန် မိမိကျေပွန် လျှင် ဘုရားသခင်ကလည်း သူ၏တာဝန် သူကျေပွန်ပါလိမ့်မည်။ နောသည် ဖြောင့် မတ်ခြင်းတရားကို နှစ်ပေါင်း(၁၀၀)ကျော်နီးပါး ဟောပြောသော်လည်း မည်သူမျှ မပြောင်းလဲပေ။ သို့သော်ဘုရားသခင်၏အသုံးပြုဆုံးနှင့်နှစ်သက်မှုအရရှိဆုံးသူတစ်ဦး ဖြစ် လာသည်။ ထို့ကြောင့် ဘုရားသခင်က “ဖြောင့်မတ်ခြင်းတရားကို ဟောပြောသူ” ဟူ၍ ဂုဏ်ပြုချီးကျူးခြင်းဖြစ်သည်။

၈) ကျေးဇူးတော်ချီးမွမ်းခြင်းသည် ဘုရားသခင်နှစ်သက်သောယဇ်ဖြစ်သဖြင့် ကျေးဇူးတော် ချီးမွမ်းရန် မတွန့်တိုကြပါစို့နှင့်ဆာ ၁၁၆း၁ရ)။ ကျေးဇူးတင် ဝမ်းမြောက် တတ်သူကသာလျှင် သူတစ်ပါးကို ဝမ်းမြောက်စေတတ်၍ ဝမ်းမြောက်တတ်သော ခေါင်းဆောင်နောက်သို့ လူအများလိုက်လိုကြသည်။ သို့ဖြစ်၍ ကျေးဇူးတော်ချီးမွမ်း ခြင်းကို အခြားသောအရာများထက် ဦးစားပေးရန်လိုသည်။ ကျေးဇူးတင် တတ်ခြင်းက ဘုရားသခင်၏စိတ်တော်ကို ကျေနပ်ပီတိဖြစ်စေပြီး ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ဘုရားသခင်၏ကောင်းချီးများကို လက်ခံရယူနိုင်သည်။ ထို့အပြင် ဘုရားသခင်၌ကျေးဇူးတင်တတ်သောသူသာလျှင် လူတို့အပေါ်၌လည်း ကျေးဇူးတင်တတ်ပြီး လူများ စွာကို ဦးဆောင်နိုင်သည်။

၉) အသစ်တစ်ခုစတင်ရန် နောက်မတွန့်ကြပါစို့နှင့်။ အသစ်တစ်ခုမစရဲလျှင် တိုးတက်မည်မဟုတ်ပေ။ မပြောင်းလဲလိုသူ၊ မစွန့်စားလိုသူ ခေါင်းဆောင်သည် တိုး တက်မှုကိုလည်း မြင်တွေ့ရမည်မဟုတ်ချေ။ ဘုရားသခင်မနှစ်သက်သည့် အရာ အားလုံးကိုစွန့်ပစ်ပြီး အသစ်ပြုပြင်ပြောင်းလဲမှသာလျှင် စစ်မှန်သောကောင်းချီး စီး ဆင်းလာနိုင်မည်ဖြစ်သည်။ အိုးအတွင်းရှိရေပုပ်ထဲသို့ ရေအထပ်ထပ်လောင်း ထည့် သည်တိုင် အနံ့ပြယ်နိုင်မည်မဟုတ်ဘဲ ရေပုပ်ကိုသွန်ပစ်ပြီး ရေအသစ်ထည့်မှသာ လျှင် သောက်သုံးနိုင်မည့်ရေ ရရှိလိမ့်မည်ဖြစ်သည်။

၁၀) ဆုကျေးဇူးဟူသည် ဘုရားသခင်ထံမှဖြစ်၍ဘုန်းတော်ထင်ရှားရန်အတွက် ဖြစ်သည်။ ဓားတစ်လက်ကဲ့သို့ မကြာခဏသွေးပြီး အသုံးပြုရမည်ဖြစ်သည်။ နှမြော တွန့်တိုပြီး မသုံးဘဲထားလျှင် သံချေးတက်မည်သာဖြစ်သည်။ ဆုကျေးဇူးများကို ဘုရားသခင်အတွက် အသုံးမပြုလျှင် စာတန်က သူ့အတွက် ထိထိရောက်ရောက် အသုံးပြုပါလိမ့်မည်။ သို့ဖြစ်၍ ဆုကျေးဇူးမရှိဘူးဟု မပြောမိပါနှင့်။ မွေးကတည်း ကပင် ဘုရားသခင်က ပေးထားခြင်းဖြစ်သည်။ ဝိညာဉ်တော်ဆုကျေးဇူး မရရှိပါဘူးဟု မဆိုပါနှင့်။ ဘုရားသခင်၏ မိသားစုဝင်ဖြစ်(ကယ်တင်ခြင်း)ကတည်းကပင် သန့် ရှင်းသောဝိညာဉ်တော်က ပေးထားခြင်းဖြစ်သည်။ အသုံးပြုပွားများစေရန်သာ လိုအပ် သည်။

လောတ (Lot)

George Eldon Lada သည် (၂၀)ရာစုနှောင်းပိုင်းတွင် အမေရိကန်နိုင်ငံ evangelical များထဲ၌ အတော်ဆုံးကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသူ ဖြစ် သည်။ သူသည် ငယ်ရွယ်စဉ်ကပင် ကယ်တင်ခြင်းရရှိပြီး အသက်(၂၂)နှစ်အရွယ် တွင် Northern Baptist Convention က သူ့ကို ဓမ္မသိက္ခာတင်ပေးသည်။ New Hamshire နှင့် Vermont ပြည်နယ်တို့၌သင်းအုပ်ဆရာလုပ်ရင်း Gordon Divinity School ၌ ပညာသင်ယူသည်။ အသက်(၃၁)နှစ်တွင် Gordon-Conwell Theological Seminary ၌ ကထိကလုပ်ပြီး နောက်သုံးနှစ်အကြာတွင် တွဲဖက်ပါမောက္ခ လုပ်သည်။ New Testaments နှင့် Greek ဘာသာရပ်ကို အထူးကျွမ်းကျင်သည်။ ထိုသို့လုပ်ရင်းပင် Harvard University သို့တက်၍ ပါရဂူ(Ph.D)တန်းကို ထူးချွန်စွာ အောင်မြင်သည်။

အသက် ( ၄၉ ) နှစ်အရွယ်၊ ၁၉၅၀ပြည့်နှစ်တွင် Fuller Theological Seminary, California၌ ပါမောက္ခတာဝန် ထမ်းဆောင်သည်။ ဤတက္ကသိုလ်သည် ထိုစဉ်က သက်တမ်း(၄)နှစ်သာရှိသေးပြီး သူ့အားဖြင့် လူသိပိုများလာသည်။ သူ၏အသက်တာ၌ ဂန္ထဝင်မြောက်စာအုပ် (၅)အုပ်ရေးသား၍ ယင်းတို့အနက် ၁၉၄၅ခုနှစ်ကထုတ်ဝေသည် ၊ A Theology of the New Testament ဟူသည့်စာအုပ်သည် အထင်ရှားဆုံးဖြစ်သည်။ ဤစာအုပ်ကို ထောင်ပေါင်းများစွာသော ကျမ်းစာသင်ကျောင်းများက အသုံးပြု လျက်ရှိပြီး ထောင်ပေါင်းများစွာသော သင်းအုပ်ဆရာများက ဖတ်ရှုလျက်ရှိသည်။ ထို့ အပြင် ၁၉၈၆ခု နှစ် သုတေသနပြုချက်အရ Calvin ၏ Christian Instituteစာအုပ်ပြီးလျှင် evangelical များအတွက် အကောင်းဆုံးစာအုပ်အဖြစ် အသိအမှတ် ပြုခြင်းခံရသည်။

သူ၏ အပြင်းပြဆုံးဆန္ဒတစ်ခုမှာ ၎င်းရေးသားသည့်စာအုပ်များကို evan gelical များသာမက liberal များကပါ စိတ်ဝင်တစား ဖတ်ရှုစေလိုခြင်းဖြစ်သည်။

သို့သော် သမ္မာကျမ်းစာသည် ဘုရားသခင်၏ နှုတ်တော်ထွက် စကားဖြစ်၍ မှားယွင်းခြင်းမရှိ စသည့် evangelical ခံယူချက်ကို ခိုင်မာစွာစွဲကိုင်သဖြင့် liberal များအကြား၌ နေရာသိပ်မရပေ။ ထိုအခါနောက်ပြန်လဲကျရသည်အထိ စိတ်ဓာတ်ကျသွား သည်။

ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် အလွန်နာမည် ကြီးသော်လည်း တစ်ဖက်တွင် အလွန်ပြင်းထန်သောစာတန်၏စုံစမ်းခြင်းကို မခံနိုင်သဖြင့် ၁၉၅၄ခုနှစ်ခန့် မှစ၍ အရက်သောက်တတ်လာပြီး ကွယ်လွန်ချိန်အထိ မဖြတ်နိုင်တော့ချေ။ ၁၉၅၉မှ ၁၉၆၃အထိ Fullers sabbatical(လစာဝင်ငွေအပြည့်ရသော)ခွင့်ယူပြီး ဂျာမနီ နိုင်ငံသို့ စာရေးစာဖတ်ရန် သွားရောက်သည်။ ထိုကာလတွင်လည်း အရက်ကိုသာ စွဲစွဲမြဲမြဲသောက်သဖြင့် သိက္ခာမထိန်းနိုင်သည့်အချိန် များစွာရှိသည်ဟု ဆိုသည်။

ထိုကြားထဲတွင် ဆယ်နှစ်တိုင် အချိန်ယူရေးသားသည့် The Kingdom of God ! ဟူသည့် စာအုပ်ကို evangelicalများသာမက liberal များကပါ အလွန်အလေးထား ၊ လိမ့်မည်ဟုမျှော်လင့်သော်လည်းliberalများကအလေးမထားသည့်အပြင် NormanPerrin, Chicago University ကဆိုလျှင်ပြစ်ပြစ် ခါခါဝေဖန်သည်။ ထိုအခါ သူသည် တန်ဖိုးမဲ့သူအဖြစ် စိတ်ဓာတ်ပျက်ပြားမတတ် ခံစားရသည်။

သူသည် ၁၉၆၆မှ ၉၈၂ခုနှစ်အထိ အလွန် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် အသက်ရှင် သည်။ အရက်ကို ဖိသောက်သည်။ ဇနီးနှင့် သားသမီး များသာမက အခြားသူများကိုပါ အကြောင်းမဲ့အပြစ် ရှာသည်။ အရက်သောက်ပြီးမှ စာသင်သည်။ ဈာပန

များ၌ပင် အရက်မူးသည်။ ထိုသို့ အချိန်ပြည့် မူးတတ်သော်လည်း Fuller က ဆက် လက်အသုံးပြုသည်။ လူအများစုကလည်း သူရေးသည့်စာအုပ်များကြောင့် လေးစားမြဲ ဖြစ်သည်။ Liberal များအကြား၌ ဝင်မဆုံနိုင်သော်လည်း evangelical များအကြား ၌မူ မျက်နှာပန်းလှနေဆဲဖြစ်သည်။

၁၉၅၆ခုနှစ်တွင် အလုပ်တာဝန်များမှ အငြိမ်းစားယူ၍ ၁၉၇၇ခုနှစ်တွင် ဇနီး ကွယ်လွန်သည်။ ထိုအခါ စိတ်နှလုံးကြေကွဲပြီး အလွန်နောင်တရသည်။ သို့သော် အရက်ကိုမူ မဖြတ်နိုင်တော့ဘဲ ကွယ်လွန်သည့် ၁၉၈၂ခုနှစ်အထိ သောက်မြဲသောက် နေသည်။ ကွယ်လွန်ခါနီးတွင် ခုတင်အနီးသို့ မိတ်ဆွေများကိုဖိတ်ခေါ်ပြီး ကျမ်းစာ ရွတ်ဆိုခိုင်းလေ့ ရှိသည်။ အထူးသဖြင့် ရောမသြဝါဒစာထဲမှ ခွန်အားယူသည်ဟု ဆိုသည်။

အရက်စွဲလမ်းခြင်းနှင့် liberal များ၏ထောက်ခံမှု လိုချင်လွန်းခြင်း (နာမည် ကြီးလိုခြင်း)က သူ၏အသက်တာကို ဖျက်ဆီးပစ်သည်။ ထို့အပြင် ငွေမလိုချင်သူမရှိ သော်လည်းသူကမူတပ်မက်လွန်းအားကြီးသည်။ A Theology of the New Testament ထုတ်ဝေပြီး (၁၀)နှစ်ပြည့်သည့် တစ်နေ့တွင် စာပေတိုက်က သူ့ကို ဒေါ် လာသုံးသောင်းတန် ချက်လက်မှတ်တစ်စောင်ပေးသည်။ ထိုအခါ ကျမ်းစာကျောင်း ခန်းမထဲ၌ အော်ဟစ်မြူးတူးပြီး ထိုချက်လက်မှတ်ကိုလေထဲသို့ လွှတ်တင်လိုက်ဖမ်းဆုပ်လိုက် လုပ်နေ သည်ဟုဆိုသည်။

အသက်တာအစပိုင်းကိုကြည့်လျှင် သူသည် တကယ်ပြောင်းလဲခဲ့ပုံပင် ဖြစ်သည်။ တရားဟောပွဲ တစ်ခုတွင် “ခင်ဗျားတို့ကတော့ ဘေးဒဏ်ကြီးကာလ ရနှစ်တို့၊ နှစ်ပေါင်း ၁ဝဝဝစိုးစံတာတို့နှင့် ရှုပ်နေကြ တယ်။ ကျွန်တော့်မျှော်လင့်ချက်ကတော့ ယေရှုပြန် ကြွလာမယ့်အရာပေါ်မှာပဲ တည်ရှိတယ်” ဟု ပြော ဆိုဖူးသည်။ ၎င်းရေးသားသည့်စာများကို ဖတ်ကြည့် လျှင်လည်း အသက်တာပြောင်းလဲသူဖြစ်မှန်း တွေ့ မြင်နိုင်သည်။ သူသည် သင်းအုပ်ဆရာပီသသူဖြစ်ပြီး နှုတ်ကပတ်တော်ကို ဆာငတ် တောင့်တသည့်အပြင် သင်ယူလိုသူ၊ ပြန်လည်ဝေငှလိုသူတစ်ယောက် ဖြစ်သည်။

နာမည်ရလိုခြင်း၊ အရက်စွဲသောက်ခြင်း စသည်တို့သည် အသက်ရလာပြီးဆောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

သို့ဖြစ်၍ သူသည် ကယ်တင်ခြင်းရပြီးနောက် နောက်ပြန်လဲကျသူဖြစ်မှန်း တွေ့မြင်နိုင်သည်။ ရှင်ပေါလုက “အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ”ဟု ပြောသည်(၁ကော ၁း၁၂)။ ထို့ကြောင့် နောက်ပြန်မလဲမိရန်အတွက် ရှင်ပေါလုကဲ့သို့ ရရှိပိုင်ဆိုင်ပြီးသား ကယ် တင်ခြင်းကို ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် စွဲကိုင်ကြရန်ဖြစ်သည်။ လောတ အ ကြောင်းကို ဆင်ခြင်အောက်မေ့ကြပါစို့။

လောကသည် မည်သူနည်း

လောတဟူသည့်နာမည်ကို ဓမ္မဟောင်း၌ (၂၉)ကြိမ်နှင့် ဓမ္မသစ်၌ (၄)ကြိမ်၊ စုစု ပေါင်း (၃၃)ကြိမ် တွေ့နိုင်သည်။ လောတဟူသည် “ဖုံးအုပ်သည်” သည်ဟု အဓိပ္ပာယ်ရ သည်။ ဘိုးဘေးခေတ်မှစ၍ ဘုရားသခင်က အဆိုးများစွာကြားထဲမှ လုံခြုံစွာ ဖုံးအုပ် ထားခြင်းဖြစ်သည်။

ယေရှုပြန်ကြွလာမည့်အကြောင်းကို ကျမ်းစာက နောဧခေတ်၊ လောတခေတ် ကဲ့သို့ လူသားများစားသောက်လျက်၊ ထိမ်းမြားလျက်၊ လောကစည်းစိမ်၌ ယစ်မူးပျော် မွေ့လျက်နေစဉ်တွင် ယေရှုကြွလာလိမ့်မည်ဟုဆိုသည်(လု ၁၇း၂၈၊ ၂၉၊ ၃၂)။ ပေတရုကလည်း လောတခေတ်လူများ၏ ဆိုးသွမ်းညစ် ညမ်း မှု၊ မတရားမှုများကို ဖော်ပြသည် (၂ပေ ၂း၇-၁၁)။

လောတခေတ်သည် အဆိုးဝါးဆုံးသော ခေတ်တစ် ခေတ်ဖြစ်ကာ လောတကိုယ်တိုင်ကိုလည်း စံနမူနာ ယူစရာအဖြစ် မသတ်မှတ်ကြဖူးချေ။လောတသည် အာဗြဟံနှင့် နာခေါတို့၏ညီဖြစ် သူ ခါရန်၏ သားဖြစ်သည်။ ခါရန်အသေစောသဖြင့် အဘိုးဖြစ်သူတေရက ကျွေးမွေးပျိုးထောင်သည်(က၁၁း၂၅-၂၈၊ ၃၁)။ ထို့ကြောင့် ဦးလေးဖြစ် သူအာဗြဟံ၊ နှင့် တစ်အိမ်ထဲမှကြီးပြင်းကာ ဥရမြို့မှ ခါနာန်ပြည်သို့ရွှေ့ပြောင်းလိုက်ပါသွားခြင်း ဖြစ် သည်(က ၁၂း၅)။ ထိုအချိန်တွင် လောတသည် သားနှင့်မယားနှင့် ပစ္စည်းဥစ္စာလည်းများစွာပိုင်ဆိုင် နေပြီဖြစ်သည်(က ၁၃း၅)။ အာဗြဟံနှင့်အတူနေစဉ်တွင် ပိုမိုကြွယ်ဝ လာသည်သာမက လူဆိုးသူခိုးများကိုလည်း မကြုံတွေ့ဖူးသဖြင့် ကိုယ်စိတ်အေးချမ်း စွာ နေထိုင်ရသူတစ်ဦးဖြစ်သည်။

သို့သော် အာဗြဟံနှင့် လမ်းခွဲသည့်အချိန်မှစပြီး လူဆိုးများကြား၌သာ နေထိုင် ရတော့သည်။ ကျွန်အဖြစ်ပင် ဖမ်းဆီးခြင်းခံရကာ အာဗြဟံကသာ မကယ်တင်ပါကကျွန်ဘဝဖြင့် တစ်သက်လုံးနေရမည့်သူဖြစ်သည်။ သူနေထိုင်သည့်မြို့ (သောဒုံ)နှင့် ပိုင်ဆိုင်သမျှဥစ္စာအားလုံး ကန့်မီးလောင်ကျွမ်းသည် သာမက သူ၏ဇနီးပင်လျှင် ဆားတိုင်ဖြစ်သွားသည်။ သူနှင့် သမီးနှစ်ယောက်သာ လွတ်မြောက်ပြီး လင် မယားအဖြစ်ဆက်ဆံကြသဖြင့် ညစ်ညူးမှု၊ ဆိုးသွမ်း မှုများ ပိုမိုတိုးပွားလာသည်။ နောက်ဆုံးတွင် သူ၏မျိုး ဆက်များသည် အစ္စရေးလူမျိုးအဖို့ အကြီးမားဆုံး ရန်သူဖြစ်လာကာ အစဉ်အဆက်တိုက်ခိုက် ကြသည်။ ရာစုနှစ်များစွာ ကြာပြီးနောက် ရောမတို့ ကြီးစိုးလာသောအအခါလောတ၏မျိုးနွယ်များဖြစ်သောမောဘ နှင့် အချွန်လူမျိုးတို့သည် ကမ္ဘာမြေပေါ်မှ လုံးဝကွယ်ပျောက်သွားကြသည်(Cultural Backgrounds Study, JH Walton, Ed. 296).

ခါနာန်ပြည်ဘက်သို့ – ဘုရားသခင်၏လူများနှင့် လက်တွဲခြင်း (က ၁၂း၅၊ ၂ပေ ၂း၈) ၊

ယုံကြည်ခြင်းအားဖြင့်သာလျှင် ဘုရားသခင်၏စိတ်တော်ကို တွေ့နိုင်သည့် နည်းတူ(ဟေဗြဲ ၁၁း၆) အာဗြဟံလည်း ဘုရားသခင်ကိုယုံကြည်သဖြင့် ယင်းကို ၎င်း၏ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်ယူခြင်း ခံရသည်(ရော ၄း၃)။ ကမ္ဘာဦးမှစပြီး ယနေ့ထိတိုင် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သူဟု မှတ်ယူခြင်း ခံရသူအားလုံးတို့သည် ယုံကြည်ခြင်း အားဖြင့်သာလျှင်ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင် ခြင်းရရှိကြသည်( ၂း၈)။ လောတလည်း ထိုကဲ့သို့ဖြစ်သည်။ သူ၏အသက်တာကို ကြည့်လျှင်ဖြောင့်မတ်မှု၊ တည်ကြည်မှု၊ ဝိညာဉ်ဆန်မှုလုံးဝမရှိသော်လည်းကျမ်းစာကဖြောင့်မတ်သူဟု ဖော်ပြသည်။ သို့ဖြစ်၍ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရရှိခြင်းဖြစ်သည်ကို ထင်ရှားပေါ်လွင်လှသည်(၂ပေ ၂း၈)။

လောတသည် ဘုရားသခင်ကို မည်သည့်အချိန်ကစပြီး ယုံကြည်သနည်း။ သည်ကို မသိရသော်လည်း ယုံကြည်ခြင်းဖြင့်လျှောက်လှမ်းသော ဦးလေးဖြစ် အာဗြဟံနှင့် အတူလက်တွဲသည့်အ ချိန်ဖြစ်နိုင်သည်။ နှစ်ပေါင်းများစွာအတွင်း ဥရမှခါရန်၊ ခါရန်မှ ခါနာန်၊ ခါနာန်မှ အီဂျစ်၊ အီဂျစ်မှခါနာန် စသည်ဖြင့် မိုင်ပေါင်းများစွာ အတူတကွသွားရောက် ကြသည်။ ဘုရားသခင်၏လူနှင့် အတူလက်တွဲရသဖြင့် ဘုရားသခင်၏အကြောင်းကိုလည်းကောင်း၊ ယုံကြည် ၊ ခြင်းအကြောင်းကိုလည်းကောင်း စုံလင်စွာကြားသိပြီး၊နောက်ဆုံးတွင် သူကိုယ်တိုင်က ဘုရားသခင်ကိုယုံကြည်လာခြင်း ဖြစ်နိုင်သည်။ လောတသည် အာဗြဟံနှင့် လက်တွဲခြင်းအားဖြင့် ဝိညာဉ်ရေးရာနှင့် လောကီ ရေးရာ၌ အကျိုးများစွာရရှိသည်။ ကောင်းကင်နိုင်ငံသို့ ဝင်စားခွင့်ရသကဲ့သို့ ဥစ္စာ ပစ္စည်းများကိုလည်း နေရာမဆံ့နိုင်သည်အထိ ပိုင်ဆိုင်ရရှိသည်(က ၁၃း၂၊ ၅)။

ဘုရားသခင်၏လူများနှင့် လက်တွဲရခြင်းသည် အရှုံးကိုမဖြစ်စေဘဲ ဝိညာဉ်ရေး ရာနှင့် လောကီရေးရာ၌ အကျိုးများစွာ ရရှိစေသည်။ သို့ဖြစ်၍ ဘုရားသခင်၏လူများ ၊ ကို ပုန်ကန်ဆန့်ကျင်မည့်အစား ထောက်ခံပူးပေါင်းတတ်ရန် အရေးကြီးသည်။ ယင်း သည် မင်္ဂလာဖြစ်သည်။

သောဒုံမြို့ဘက်သို့ – ဘုရားသခင်၏လူများနှင့် လမ်းခွဲခြင်း (က ၁၃း၅- ၁၁)

အာဗြဟံနှင့် လောတတို့သည် ပိုမိုချမ်းသာ လာကြပြီး မြေနေရာမဆံ့တော့သဖြင့် အစေခံများအ ကြား ပြဿနာဖြစ်ပေါ်လာသည်။ ထိုအခါ အာဗြဟံ က လောတထံ “ငါနှင့် သင်၌လည်းကောင်း၊ နွားကျောင်းသားတို့နှင့် သင့်နွားကျောင်းသားတို့၌ လည်းကောင်း ခိုက်ရန်မဖြစ်ပါစေနှင့်။ မြေတစ်ပြင်လုံး သည် သင့်ရှေ့မှာ ရှိသည်မဟုတ်လော။ ငါနှင့်ခွာ၍နေ ပါလော့။ သင်သည် လက်ဝဲဘက်သို့သွားလျှင် ငါ သည် လက်ယာဘက်သို့သွားမည်။ သင်သည် လက်ယာဘက်သို့သွားလျှင် ငါသည် လက်ဝဲဘက်သို့သွားမည်”ဟု ပြောလိုက်သည်က ၁၃း၅-၉)။

ထိုအခါ လောတသည် ဝဲယာကိုမျှော်ကြည့်ရာ ယော်ဒန်မြစ်ဝှမ်းတစ်လျှောက် လုံးကို တွေ့ရှိသည်။ ထိုနေရာသည် ရေလုံလောက်စွာရရှိပြီး စိမ်းလန်းစိုပြေသဖြင့် ၎င်း၏စိတ်ထဲတွင် ဘုရားသခင်၏ဥယျာဉ်တော်ကဲ့သို့လည်းကောင်း၊ အီဂျစ်ပြည်ကဲ့သို့ လည်းကောင်း ခံစားမိသေးသည်။ ထို့ကြောင့် ထိုနေရာကို ချက်ချင်းရွေးချယ်ပြီး အာဗြဟံနှင့် လမ်းခွဲလိုက်ကြသည်(က ၁၃း၁၀-၁၁)။

သောဒုံမြို့အနီး၌ – ဘုရားသခင်ကို မသိသောသူများနှင့် စတင်ဆုံတွေ့ခြင်း (က ၁၃း၁၂- ၁၃) ၊

လောတသည် ဘုရားသခင်ကို မသိသောသူများနှင့် ချက်ချင်းကျွမ်းဝင်ခြင်း တော့မဟုတ်ပေ။ အာဗြဟံနှင့် လမ်းခွဲပြီးနောက် ယော်ဒန်မြစ်ဝှမ်းရှိမြို့များသို့ ဦး တည်သွားရောက်ပြီး သောဒုံမြို့ကိုသဘောကျသဖြင့် ထိုမြို့နား၌ တဲထိုးနေထိုင်သည် ၊ (က ၁၃း၁၂)။ ။

ကျမ်းစာက “သောဒုံမြို့သားတို့သည် ဆိုးသောသူ၊ ထာဝရဘုရားရှေ့၌ အလွန် အပြစ်များသောသူ ဖြစ်ကြသတည်း”ဟု ဖော်ပြသည်(က ၁၃း၁၃)။ လောတသည် ဘုရားသခင်ကိုဆန့်ကျင်ပြီး အလွန်ဆိုးသွမ်းသောသူများထံ မှီခိုနေထိုင်သူဖြစ်မှန်း တွေ့မြင်ရသည်။ အာဗြဟံမှာမူ မံရေတောင်ရှိ သစ်ပင်အောက်တွင် တဲထိုးသည်ဟု ရိုးစင်းစွာဖော်ပြသည် (က ၁၃း၁၈)။

လောတသည် ထိုနေရာကို သဘောကျသဖြင့် ဘုရားသခင်ကို မသိသောသူများ၊ အပြစ်များသော သူများ၊ ဆိုးသွမ်းသောသူများနေထိုင်ရာဖြစ်မှန်း သိ လျက်သားနှင့် ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ထိုကဲ့သို့ အသက်တာ၌အမြင်အားဖြင့်သာလျှောက်လှမ်းသဖြင့် ယုံကြည်ခြင်းအားဖြင့် တစ်ခါမျှပင် မလျှောက်လှမ်းနိုင်တော့ချေ။ လုံခြုံစိတ်ချမှုရရှိရန် သောဒုံမြို့ကို ရွေးချယ် ခြင်းဖြစ်သော်လည်း စိတ်ပူပန်ခြင်းဖြင့်သာ အမြဲမိုး လင်းခဲ့ရသည်။ အကြောင်းမှာ ဘုရားသခင်၏အလိုတော်နှင့်အညီ မည်ကဲ့သို့ အသက်ရှင်ရမည်ကို သိလျက်သားနှင့် မလိုက်နာ ကြောင့် ဖြစ်သည်(၂ပေ ၂း၇-၈)။

လူဆိုးများ၏ ခေါင်းဆောင်ဖြစ်ရန်ထက် ဘုရားသခင်၏ ဗိမာန်တော်တံခါ, စောင့်ဖြစ်ရန်၊ ဘုရားသခင်ကို မသိသောသူများ၏ အကြံပေးဖြစ်ရန်ထက် ဘုရားသခင် ၏လူများ၏ အစေခံဖြစ်ရန် ပို၍ တောင့်တသင့်သည်။ ဖျက်ဆီးခြင်းခံရမည့် ရဲတိုက် ကြီး၌ ခိုလှုံနေထိုင်ခြင်းထက် တောကြိုတောင်ကြား သစ်ပင်အောက်တွင် နေထိုင်ခြင်း သည် ပို၍စိတ်ချစရာကောင်းသည်။ ““ဘုရားသခင် အတူမပါရှိပါက ရဲတိုက်ကြီးပင် လျှင် ပင့်ကူအိမ်ပမာဖြစ်နိုင်ပြီး ဘုရားသခင် အတူပါရှိပါက ပင့်ကူအိမ်ပင်လျှင် ရဲတိုက် ကြီးပမာ ဖြစ်နိုင်သည်။”

သောဒုံ မြို့ထဲ၌ – ဘုရားသခင်ကို မသိသောသူများနှင့် ပေါင်းဖော်ခြင်း (က ၁၄း၁၂၊ ၁၉း၁- ၁၇)

လောတသည် သောဒုံမြို့ထဲ၌ နေထိုင်သည်ဟု ဆိုသည်(က ၁၄း၁၂)။ သူသည် သောဒုံမြို့နား၌ တဲထိုးပြီး မည်မျှကြာနေထိုင်သည်ကို မသိရပေ။ သို့သော်လည်း ၎င်း ၏ရည်ရွယ်ချက်မှာ မြို့ထဲ၌ နေထိုင်ရန်ဖြစ်သဖြင့် မြို့ပြင်၌ ကြာကြာနေထိုင်လိမ့်မည် မဟုတ်ပေ။ ထို့အပြင် မြို့ထဲသို့ ပြောင်းရွှေ့သောအခါ အိမ်ကြီးရခိုင်ဖြင့် နေထိုင်ခြင်း ဖြစ်သည်(က ၁၉း၈)။ သူတောင့်တသည့်အတိုင်း ပိုမိုချမ်းသာလာကာ မြို့ပြင်၌ တဲ အိမ်ဖြင့်နေထိုင်ရာမှ မြို့ထဲ၌ အိမ်ကြီးဖြင့် နေထိုင်နိုင်လာသည်။ ယင်းသည် စစ်မှန်သောတိုးတက်မှု ဖြစ်နိုင်ပါမည်လော။ စည်းစိမ်ဥစ္စာ တိုးပွားပိုင်ဆိုင်လာသည်နှင့်အမျှ ဒုစရိုက် အပြစ်လည်း ပိုမိုတိုးပွားလာသည်။ သောဒုံမြို့သားများနှင့် အကျွမ်းတဝင်ဖြစ် လာပြီး မြို့ခံအိမ်ရှင်သဖွယ်ဖြစ်လာကာ ဆိုးသွမ်းသောသူများနှင့် ကွဲပြားခြားနားခြင်း မရှိတော့ချေ။

၁ ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအ ချိန်၌ သောဒုံမြို့သို့ ရောက်လာသည်။ လောတသည် မြို့တံခါးဝ၌ထိုင်လျက် သူတို့ကိုမြင်လျှင် ခရီးဦးကြိုပြု ခြင်းငှါထ၍ မြေ၌ဦးညွှတ်ချသည်။

၂ ထို့နောက် ““အကျွန်ုပ်သခင်တို့၊ ကိုယ်တော် ကျွန်၏အိမ်သို့ဝင်၍ တစ်ညလုံးနေကြပါ။ ခြေကိုဆေး ကြပါ။ နံနက်စောစောထ၍ ကြွသွားကြပါလော့”ဟုဆိုလေ၏။ ကောင်းကင်တမန်တို့က “ငါတို့သည်မ ဝင်၊ တစ်ညလုံး လမ်း၌နေတော့ မည်”ဟု ပြန်ပြောသည်။

၃ သို့သော်လည်း လောတက ကျပ်ကျပ်သွေးဆောင်သောကြောင့် တစ်ဖန် လောတနေရာသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတလည်း သူတို့အဖို့ပွဲလုပ်၍ တဆေးမပါသော မုန့်ကိုပေါင်းပြီး မှ သူတို့သည် စားကြ၏။

၄ ထိုသူတို့သည် မအိပ်မီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ် ကလာသောသူ အပေါင်းတို့သည် အိမ်ကိုဝိုင်း၍၊ ၅ လောတကိုဟစ်ခေါ်လျက် “ယနေ့ ညမှာ သင့်အိမ်သို့ဝင်သောလူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့် ငါတို့သည် ဆက်ဆံလိုသည်ဖြစ်၍ငါတို့ထံသို့ထွက်စေလော့”ဟုဆိုကြ၏။ ၆ လောတသည်လည်း တံခါးပြင်မှာ သူတို့ထံထွက်၍ မိမိနောက်၌ တံခါးကိုပိတ်ပြီးလျှင်၊ ၇ “ညီအစ်ကိုတို့၊ အဓမ္မမှုကို ဤမျှလောက်မပြုကြပါနှင့်။ ၈ အကျွန်ုပ်၌ ယောက်ျားနှင့်မ ဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ ထုတ်ရသောအခွင့်ကို ပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြလော့။ ဤလူတို့၌ အလျှင်းမပြုကြပါနှင့်။ အကြောင်းမူကား ၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏”ဟု တောင်းပန်သည်။

၉ သို့သော်လည်း သူတို့က “ဆုတ်လော့”ဟု ဆိုကြ၏။ တစ်ဖန်၊ ““သင်သည် တည်းခိုခြင်းငှါသာ ရောက်လာပြီ။ တရားသူကြီးလုပ်ရမည်လော။ ယခု သူတို့၌ပြု သည်ထက် သင်၌ သာ၍ဆိုးသော အမှုကို ပြုမည်” ဟုဆိုလျက်လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ခြင်းငှါချဉ်းလာကြ၏။ ၁၀ ထိုအခါကောင်း ကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိ တို့နေအိမ်အတွင်းသို့ ဆွဲသွင်းပြီးလျှင် တံခါးကို ပိတ်ကြ၏။ ၁၁ အိမ်တံခါးနားမှာရှိသောသူအကြီးအငယ် တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့ သည် တံခါးကိုရှာ၍ ပင်ပန်းခြင်းသို့ရောက်ကြ၏။

၁၂ ကောင်းကင်တမန်တို့ကလည်း “ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေး သလော။ သားသမီး၊ သမက်၊ မြို့ထဲမှာ သင်၌ရှိသမျှကို ဤအရပ်ကထုတ်ဆောင်လော့။ ၁၃ ဤအရပ်ကို ငါတို့သည် ဖျက်ဆီးတော့မည်။ အကြောင်းမူကား အရပ်သား တို့သည် ထာဝရဘုရားရှေ့တော်မှာ အလွန်ကြွေးကြော်ကြ၍ ဖျက်ဆီးရန် ငါတို့ကိုထာဝရဘုရားစေလွှတ်တော်မူပြီ””ဟု လောတအား ပြောကြ၏။

၁၄ လောတထွက်၍ သမီးနှင့်စုံဖက်သောသူ မိမိသမက်တို့အား “ထကြ ဤအရပ်မှထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည်”ဟု ဆိုသော် လည်း ကျီစားဟန်ရှိသည်ဟု သမက် တို့ထင်ကြ၏။

၁၅မိုးသောက်သောအခါ ကောင်းကင်တမန်တို့သည်လောတကိုနိုးဆော်လျက် “သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့် သမီးနှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ် မြို့၏အပြစ်၌ ဆုံးခြင်းသို့ရောက်လိမ့်မည်”ဟု ဆိုကြသည်။ “ သို့ရာတွင် သူသည် ဖင့်နွှဲသောအခါ ထာဝရဘုရားသနားတော်မူသောကြောင့် ကောင်းကင်တမန် တို့သည် သူနှင့် သူ၏မယား၊ သူ၏သမီးနှစ်ယောက်တို့ကို လက်ဆွဲ၍ မြို့ပြင်သို့ ထုတ် ဆောင်ကြ၏။ ၁၇ ပြင်သို့ရောက်သောအခါ “သင်သည် အသက်ချမ်းသာ ရခြင်းငှါ ပြေး လော့။ နောက်သို့လှည့်၍မကြည့်နှင့်။ မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင် ပေါ်သို့ပြေးလော့။ သို့မဟုတ် ဆုံးလိမ့်မည်”ဟု ဆိုလေ၏(က ၁၉း၁-၁)။

လောတသည် သောဒုံမြို့၌ မြို့ခံအိမ်ရှင်သဖွယ်နှင့် ရပ်မိရပ်ဖတစ်ဦးဖြစ်သဖြင့် မထွက်ခွာလို သည်အထိ ထိုမြို့ကို အလွန်ခင်တွယ်သည်။ ကောင်းကင်တမန်ကသာ အတင်းဆွဲမခေါ်လျှင် ထိုမြို့၌ ပင် အသေခံမည့်ပုံပေါ်သည်(က ၁၉း၁၆၊ ၁၈-၂၀)။

သောဒုံ မြို့ထဲ၌ – ဆိုးသွမ်းခြင်း၌ အိမ်ရှင် ဖြစ်ခြင်း (က ၁၉း၁- ၇၊ ၁၆- ၂၀)

သောဒုံမြို့သို့ ကောင်းကင်တမန်နှစ်ပါး ရောက်ရှိလာသည့်အချိန်သည် မြို့ တံခါးဝ၌ လောတ ထိုင်နေသည့်အချိန်ဖြစ်သည်။ မြို့တံခါးဝဟူသည် ရပ်မိရပ်ဖများ စုဝေးသည့်နေရာ၊ ရပ်ရွာအရေး တိုင်ပင်ဆွေးနွေးသည့်နေရာ၊ ဆုံးဖြတ်ချက်ချမှတ် သည့်နေရာ ဖြစ်သည်။ သို့ဖြစ်၍ လောတသည် သောဒုံမြို့၌ ရပ်မိရပ်ဖတစ်ဦးဖြစ်မှန်းထင်ရှားပေါ်လွင်သည်(က ၁၉း၁)။ တစ်နည်းအားဖြင့် သူသည် ဆိုးသွမ်းသူများအကြား၌ ခေါင်းဆောင် တစ်ဦး၊ အိမ်ရှင်တစ်ဦးဖြစ်နေသည်။

ကောင်းကင်တမန်များ ရောက်ရှိလာသော အခါ လောတက သူ၏အိမ်၌ တည်းခိုရန် ခေါ်ဖိတ် သည်။ စင်စစ် ကောင်းကင်တမန်များသည် သောဒုံ နှင့် ဂေါမောရမြို့တို့ကို ဖျက်ဆီးရန် ရောက်ရှိလာခြင်းဖြစ်သည်။ ညအိပ်ရာမဝင်မီတွင် သောဒုံမြို့သားများသည် လောဘထံသွားပြီး ဧည့် သည်များနှင့် ဆက်ဆံခွင့်ပြုရန် တောင်းဆိုကြသည်။ ထိုအခါ လောတက “ညီအစ်ကို တို့၊ အဓမ္မမှုကို ဤမျှလောက် မပြုကြပါနှင့်”ဟု ဖျောင်းဖျသည်(က ၁၉း၇)။ ဤနေရာ၌ လောတသည် အလွန်ဆိုးသွမ်းသော သောဒုံ မြို့သားများကို “ညီအစ်ကိုတို့ ́ဟု ခေါ် ဆိုသည်။ ယင်းစကားလုံးက ဆိုးသွမ်းသောသူများနှင့် မည်မျှအကျွမ်းဝင်နေပြီ ဖြစ် ကြောင်း ဖော်ပြသည်။

သို့ဖြစ်၍လည်းကောင်းကင်တမန်များကသာ အတင်းဆွဲမခေါ်ပါက ထိုမြို့မှ မထွက်ပြေးလိုခြင်းဖြစ်သည်။ ထွက်ပြေးသောအခါတွင်လည်း အဝေးသို့မသွားလိုဘဲသောဒုံမြို့နှင့်မဝေးသော ဇောရ မြို့အထိသာ သွားလိုသည်။ အချုပ်အားဖြင့်ဆိုသော် လောတသည် သောဒုံမြို့ကို မည်မျှခင်တွယ်မှန်း၊ မည်မျှအိမ်ရှင်စိတ်ရှိမှန်း သိသာ ထင်ရှားသည်။

ကျမ်းစာက မင်္ဂလာရှိသောသူဟူသည် “လူဆိုးတို့၏လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ စည်းဝေး၌မထိုင်၊ ထာဝရဘုရား၏တရားတော်၌ မွေ့လျော် ၍ တရားတော်ကို နေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူ”ဟု ဖော်ပြသည်(ဆာ ၁း၁-၂)။ လောတမှာမူ မည်မျှပင် ချမ်းသာကြွယ်ဝစေကာမူ မင်္ဂလာရှိသူမဟုတ်ပေ။ ပိုင်ဆိုင်သမျှအားလုံး မီးလောင်ကျွမ်း၍ ခင်တွယ်သမျှအားလုံး အချည်းနှီးသာ ဖြစ် သွားသည်။

သောဒုံမြို့ထဲ၌ – လောတမိသားစု၏ အိမ်တွင်းရေးစီမံခန့်ခွဲမှု (က ၁၉း၈- ၃၈)

သောဒုံမြို့သားများက လောတ၏ ဧည့်သည်များနှင့် ဆက်ဆံခွင့်ပေးရန် တောင်းဆိုသောအခါ လောတက ““အကျွန်ုပ်၌ ယောက်ျားနှင့်မဆက်ဆံသော သမီး နှစ်ယောက်ရှိပါ၏။ သူတို့၌ ပြုချင်သမျှ ပြုကြလော့” ဟုပြောသည်(က၁၉း၈)။စင်စစ်သူ၏သမီးနှစ်ယောက် ၌ စေ့စပ်ပြီးသားလူရှိသည်။ သို့ ဖြစ်၍ သမက်လောင်း များအဖို့ အလွန်ဒေါသထွက်စရာပင် ဖြစ်သည်။နောက်ဆုံးတွင် ထိုသမီးနှစ်ယောက်သည် လောတ၏ မယားများဖြစ်လာကြသည်(က ၁၉း၃၀-၃၈)။

ကောင်းကင်တမန်များက လာတထံ သင်နှင့်သက်ဆိုင်သမျှ လူအား ကို ဤမြို့မှ ခေါ်ထုတ်ပါဟုပြောသည်။ ထို့ကြောင့် လောတသည် သမက်နှစ်ယော ထံသွားပြီး ဤမြို့မှ အမြန်ထွက်ခွာရန်ပြောသည်။ သို့သော် သမက်နှစ်ယောက်ကလောတ၏စကားကို အလေးမထားဘဲ ရယ်စရာကဲ့သို့သာ သဘောထားကြသည်။ (က၁၉း၁၂-၁၄)။ အကယ်၍လောတသာဘုရားတရားနှင့် တည်ကြည်စွာအသက်ရှင် ၊ သူဖြစ်ပါက သူ၏စကားကို အလေးထားကြလိမ့်မည်ဖြစ်သည်။ ယခုတွင်မူ သမီးနှစ်ယောက်ကို သောဒုံမြို့ သားအားလုံးနှင့် ပျော်ပါးဆက်ဆံခွင့်ပေးသူ၏စကားကို မည်သူ က အလေးထားပါမည်နည်း။ ဤကဲ့သို့သော ခေါင်းဆောင်မျိုး၏စကားကို မည်သူက နားထောင်ပါမည်နည်း။ ။

လောတသည် ဆိုးသွမ်းသောသူများနှင့် ရင်းနှီးစွာဆက်ဆံ၍ အိမ်ရှင်သဖွယ် ဖြစ်သည့်အပြင် ယုံကြည်ခြင်းဖြင့် မလျှောက်လှမ်းရသည်မှာလည်း အလွန်ကြာမြင့် သဖြင့် ယုံကြည်ခြင်းကို အသုံးမပြုနိုင်တော့ချေ(က ၁၉း၁၈-၂၀)။ မိသားစုဝင်များကလည်း ဘုရားတရားကို လုံးဝစိတ်မဝင်စားကြတော့ သည့်အပြင်(က ၁၉း၂၆၊ ၃ဝ-၃၆) သူ၏ဇနီးကိုယ်တိုင် က သောဒုံမြို့ကို မခွဲနိုင်မခွာနိုင်ဖြစ်ရသည်(က ၁၉း ၃၁)။ နောက်ပိုင်းတွင် သမီးနှစ်ယောက်သည် လောတ ၏စိတ်ကို သိကြလွန်းသဖြင့် စပျစ်ရည်အမူတိုက်ပြီး အတူအိပ်စက်ကြခြင်းဖြစ်သည်။ ယုံကြည်ခြင်းဖြင့် မလျှောက်လှမ်းသူများအဖို့ အိမ်တွင်းရေး စီမံခန့်ခွဲမှု သည် အလွန်ခက်ခဲပြီး ယုံကြည်ခြင်းမပါသော ခေါင်း ၊ ဆောင်မှုသည် သူတစ်ပါးအဖို့ ရယ်စရာဖြစ်တတ်သည်။

သောဒုံမြို့၌ – ဘုရားသခင်ကို မသိသောသူများအား မခွဲ ခွာနိုင်ခြင်း (က ၁၄၊ ၁၉) ၊

လောတသည် သူ၏ဆန္ဒအတိုင်း သောဒုံမြို့ထဲ၌ နေထိုင်နိုင်လာသည်။ သို့ သော် ဘုရားသခင် မစောင့်ရှောက်သောမြို့သည် လုံခြုံမှုလုံးဝမရှိပေ။ မင်းလေးပါး ပူးပေါင်းသောအဖွဲ့က မင်းငါးပါးပူးပေါင်းသောအဖွဲ့ကို အနိုင်တိုက်နိုင်သဖြင့် သောဒုံ မြို့သည် မရှုမလှစစ်ရှုံးနိမ့်သည်။ အသက်ရှင်သူများသည် ကျွန်အဖြစ် အဖမ်းခံရသည့်အပြင် ရှိသမျှဥစ္စာများကိုလည်း အသိမ်းခံရသည်။ လောတလည်း ထိုအထဲ၌ ပါဝင် သည် (က ၁၄း၁၁-၁၂)။ ။

အာဗြဟံသည် ထိုသတင်းကိုကြားသောအခါ သူ၏အစေခံများထဲမှ စစ်တိုက် နိုင်မည့်သူများကို အမြန်စုစည်းသည်(လူ ၃၁၈ယောက်)။ ထို့နောက် မင်းလေးပါးအဖွဲ့ ကို လိုက်လံတိုက်ထုတ်ကာ လောတနှင့် အခြားသူများကို ပြန်လည်ကယ်တင်သည် (မင်းငါးပါးအဖွဲ့မနိုင်သော မင်းလေးပါးအဖွဲ့ကို အာဗြဟံနှင့် အစေခံ ၃၁၈ယောက်က အနိုင်ယူသည်)။ အသိမ်းခံရသော ဥစ္စာပစ္စည်းအားလုံးကိုလည်း ပြန်လည်ယူဆောင် နိုင်ကြသည်။ အကယ်၍ လောတသည် သောဒုံမင်းကြီးကို မှီခိုအားကိုးမည့်အစား အာဗြဟံကိုသာ မှီခိုအားကိုးလျှင် ကျွန်အဖြစ် အဖမ်းခံရလိမ့်မည်မဟုတ်ပေ။ အာဗြဟံ၊ နှင့် အတူမနေရစေကာမူ အာဗြဟံ၏လက်အောက်၌ နေထိုင်သည်ဆိုလျှင် ရှုံးနိမ့်မှု ကြုံရလိမ့်မည်မဟုတ်ချေ။ သောဒုံမင်းကြီးက အာဗြဟံထံ “လူတို့ကို ကျွန်ုပ်အားပြန်ပေးပါ၊ ဥစ္စာတို့ကိုကားကိုယ်တိုင်ယူပါ” ဟုပြောရာ၊ အာဗြဟံက “အာဗြဟံကို ငါကြွယ်ဝစေ ပြီဟု သင်ပြောစရာမရှိစေခြင်းငှါ တစ်စုံတစ်ခုကိုမျှ ငါ မယူလို”ဟု ပြန်ပြောသည်(က၁၄း၁၄-၂၄)။ အာဗြဟံ သည် လောတကိုကယ်တင်ရန် စစ်ချီခြင်းဖြစ်သည့် အတိုင်း လောတလွတ်မြောက်သဖြင့် ဆန္ဒပြည့်ဝပြီ ဖြစ်သည်။

သို့ဖြစ်၍ လောတသည် သောဒုံမင်းကြီးထက် အာဗြဟံသာ မှီခိုအားကိုးဖွယ်ဖြစ်ခြင်းကို ကိုယ်တိုင် မြင်တွေ့ရသည်။ သို့သော်လည်း သောဒုံမြို့သို့ ပြန်သွားသည်(က ၁၉း၁-၁၆)။ သူ့ကို လုံခြုံစွာ ကာကွယ်ပေးလိုသူ၊ ကာကွယ်ပေးနိုင်သူ ဦးလေးအာဗြဟံရှိလျက်သားနှင့် သူ့ကို မကာကွယ်နိုင်သူ၊ သူစိမ်းတစ်ယောက်ဖြစ်သူ သောဒုံမင်းကြီးကိုသာ ပြန်လည် မှီခိုသည်။ အမှန်တကယ်ဆန်းစစ်လျှင် မိမိတို့လည်း လောတကဲ့သို့ဖြစ်ကြသည်။ ကယ်တင်နိုင်သူ၊ ကယ်တင်လိုသူ ထာဝရဘုရားရှိလျက်နှင့် မကယ်တင်နိုင်သူ၊ မကယ်တင်လိုသူ သူတစိမ်းများကို မှီခိုအားကိုးတတ်ကြသည်။

စိတ်တိုတတ်သောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့် အတူမလိုက်နှင့်။လိုက်လျှင် သူ၏ထုံးစံဓလေ့ကိုသင်၍ ကိုယ်အသက် ကော့မိရာဖြစ်လိမ့်မည်(သု ၂၂း၂၄-၂၅)။

အဓမ္မလူတို့လမ်းထဲသို့ မဝင်နှင့်။ ဆိုးယုတ်သောသူတို့နှင့် အတူမလိုက်နှင့်(သု ၄း၁၄)။

ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ပျက်စီးတတ်၏(သု ၁၃း၂၀)။

မိုက်သောသူကိုရှောင်၍ … ပညာလမ်းသို့လိုက်လော့( ၉း၆)။

မင်္ဂလာရှိသောသူဟူသည် မတရားသောသူတို့၏တိုက်တွန်းခြင်းသို့ မလိုက်၊ လူဆိုးတို့၏လမ်းတွင် မရပ်မနေ၊ မထီမဲ့မြင်ပြုသောသူတို့၏ စည်းဝေး၌ မထိုင်သူဖြစ်သည်(ဆာ ၁း၁-၂)။

လျှပ်ပေါ်သောလူတို့နှင့် အတူမထိုင်ပါ။လျှို့ဝှက်သောလူစုထဲသို့ မဝင်ပါ။ မတရားသောသူတို့၏ စည်းဝေးခြင်းကို မုန်းပါ၏။ ဆိုးသွမ်းသောသူတို့နှင့် အတူမထိုင်ပါ(ဆာ ၂၆း၄-၅)။

ငါ၏လူမျိုးတို့၊ သူ၏အပြစ်တို့ကို ဆက်ဆံခြင်းနှင့်လည်းကောင်း၊ သူ၏ဘေးဒဏ်များကို ခံခြင်းနှင့်လည်းကောင်း ကင်းလွတ်အံ့သောငှါသူ၏အထဲက ထွက်ကြလော့(ဗျာ ၁၈း၄)။

သောဒုံမြို့အပြင်ဘက်မှ – အာဗြဟံ က လောကကို ဆုတောင်းပေးသည် (က ၁၈း၁၆- ၃၃)

အာဗြဟံသည် ဧည့်သည်များ(ကောင်းကင်တမန်များ) ပြန်သွားသောအခါ လိုက်ပို့သည်။ ထိုအခါ ထာဝရဘုရားက ““ငါပြုမည့်အမှုကို အာဗြဟံအား မဖော်ပြဘဲ ဝှက်ထားရမည်လော။ … သော ဒုံနှင့် ဂေါမောရမြို့၌ ကြွေးကြော်သောအသံသည် ကြီး၍ အလွန်အပြစ်လေးသောကြောင့် ယခုငါသွား၍ ငါ့ရှေ့သို့ရောက်ခဲ့ပြီးသော ကြွေးကြော်ခြင်းရှိသည့်အတိုင်း သူတို့သည် အမှန်ပြုသည်၊ မပြုသည်ကို ကြည့်ရှု မည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည်”ဟု ပြောသည်။

ထိုသူတို့သည် ကိုယ်ကိုလှည့်၍ သောဒုံမြို့သို့ သွားကြ၏။ အာဗြဟံမူကား ထာဝရရှေ့တော်၌ ရပ်နေ လျက်ရှိသေး၏။ ထိုအခါ အာဗြဟံချဉ်းကပ်၍ “ကိုယ်တော်သည် ဖြောင့်မတ်သူတို့ကို မတရားသောသူတို့ နှင့်တကွ ဖျက်ဆီးတော်မူမည်လော။ ထိုမြို့တွင် ဖြောင့် မတ်သူ ငါးဆယ်ရှိလျှင် ဖျက်ဆီးတော်မူမည်လော။ ဖြောင့်မတ်သူ ငါးဆယ်ပါသောမြို့ကို သူတို့အတွက် မနှမြောဘဲ ဖျက်ဆီးတော်မူမည်လော။ ထိုသို့ပြု၍ဖြောင့်မတ်သူတို့ကို မတရားသော သူတို့နှင့်တကွ ကွပ်မျက်ခြင်းအမှု သည် ကိုယ်တော်နှင့် ဝေးပါစေသတည်း။ ဖြောင့်မတ်သူတို့ကို မတရားသောသူတို့ ကဲ့သို့ ခံစေခြင်းအမှုသည်ကိုယ်တော်နှင့်ဝေးပါစေသတည်း။ မြေကြီးလုံးကို စီရင်တော် မူသောသခင်သည် တရားသဖြင့် ပြုတော်မူမည် မဟုတ်လော”ဟု လျှောက်ဆိုသည်။

ထာဝရဘုရားကလည်း “သောဒုံမြို့၌ ဖြောင့်မတ်သူငါးဆယ်ကို ငါတွေ့လျှင် သူတို့အတွက် ထိုအရပ်လုံးကို ငါနှမြောမည်”ဟု ပြန်မိန့်သည်။

တစ်ဖန် အာဗြဟံက “အကျွန်ုပ်သည် မြေမှုန့်နှင့် ပြာသက်သက်ဖြစ်သော်လည်း ဘုရားရှင်ကို ယခုလျှောက်မည်ဟု အားထုတ်ပါ၏။ ဖြောင့်မတ်သူငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင် ထိုငါးယောက်မပြည့်ခြင်းကြောင့် ထိုမြို့လုံးကို ဖျက်ဆီးတော်မူ မည်လော”ဟု မေးလျှောက်ပြန်သော် ထိုမြို့၌ လေးဆယ်ငါးယောက်ကို ငါတွေ့လျှင် ငါမဖျက်ဆီး”ဟု မိန့်တော်မူသည်။

နောက်တစ်ဖန်အာဗြဟံက “လေးဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်” ဟုလျှောက်ရာ ဘုရားသခင်က ““ထိုလေးဆယ်အတွက် ငါမပြုဘဲနေမည်”ဟု ပြန် မိန့်သည်။

ထို့နောက် အာဗြဟံက “အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်၊ အကျွန်ုပ် ပါရစေ။သုံးဆယ်ကိုတွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟုပြန်လျှောက်သည်။ သခင်က “သုံးဆယ်ကို ငါတွေ့လျှင် ငါမပြု””ဟု မိန့်တော်မူသည်။

ဆက်လက်၍ ““အကျွန်ုပ်သည် ထာဝရဘုရားကို ယခုလျှောက်မည်ဟု အား ထုတ်ပါ၏။ ထိုမြို့၌ နှစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု လျှောက်ပြန် ရာ ထာဝရဘုရားက “နှစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်”ဟု ပြန်မိန့်သည်။

နောက်ဆုံးတွင် “အိုဘုရားရှင်၊ စိတ်ရှိတော်မမူပါနှင့်။ သည်တကြိမ် အကျွန်ုပ် လျှောက်ပါရစေဦး။ ထိုမြို့၌ တစ်ဆယ်ကို တွေ့ကောင်းတွေ့တော်မူလိမ့်မည်”ဟု ပြန်လျှောက်ရာ၊ “တစ်ဆယ်အတွက် ငါမဖျက်ဆီးဘဲနေမည်””ဟု မိန့်တော်မူသည်။

ထာဝရဘုရားသည် အာဗြဟံနှင့်စကားပြောပြီးမှ ကြွသွားတော်မူရာ အာဗြဟံလည်း မိမိနေရာအရပ်သို့ ပြန်သွားသည် (က ၁၈း၁၆-၃၃)။

အာဗြဟံက လောတကိုရည်စူးပြီး သောဒုံမြို့အတွက် တောင်းဆိုပေးခြင်းဖြစ် သည်။ ဈေးဆစ်သလောက် ဘုရားသခင်က လိုက်လျောစေကာမူ သောဒုံမြို့၌ ဖြောင့် မတ်သူ ဆယ်ယောက်ပင်မပြည့်သဖြင့် နောက်ဆုံးတွင် မီးရှို့ဖျက်ဆီးခြင်းခံရသည်။

အကယ်၍ လောတသာ ယုံကြည်ခြင်းနှင့် အသက်ရှင်သူဖြစ်ပါက မိသားစု အပြင် မြို့သားတချို့လည်း ပြောင်းလဲလိမ့်မည်ဖြစ်ရာ ဖြောင့်မတ်သူဆယ်ယောက်မကရှိလိမ့်မည်ဖြစ်သည်။ယခုတွင်မူမိသားစုမပြောင်း လဲသည့်အပြင် သူကိုယ်တိုင်ပင်လျှင် ကောင်းကင် တမန်က အတင်းဆွဲခေါ်သဖြင့်သာ ထွက်ခွာနိုင်ခြင်း ဖြစ်သည်။ သူ၏ဇနီးသည် ထွက်သွားပြီးမှ သောဒုံမြို့ သို့ ပြန်သွားသဖြင့် သေဆုံးပြီး ဆားတိုင်အဖြစ် ဘဝပြောင်းသွားခြင်းဖြစ်သည်။ ဤနေရာ၌ လောတ၏ ဇနီးသည် သောဒုံမြို့ကို လှည့်ကြည့်မိသောကြောင့်

ဆားတိုင်ဖြစ်ရခြင်းမဟုတ်ချေ။ စင်စစ် သောဒုံမြို့ မီးရှို့ ခံရခြင်းသည် ဇောရမြို့သို့ ရောက်ကြပြီးမှဖြစ်သည်။ သို့ဖြစ်ရာ လောတ၏ဇနီးသည်။ လမ်းခုလတ်အရောက်တွင် သောဒုံမြို့သို့ လှည့်ပြန်သွားသဖြင့် ထိုမြို့၌ သေဆုံးခြင်း ဖြစ်သည်(က ၁၉း၂၁-၂၆)။ နောက်ဆုံးတွင် ဖြောင့်မတ်သူ သုံးယောက်သာရှိကြောင်း၊ ထင်ရှားသည်(လောတနှင့် သူ၏သမီးနှစ်ယောက်)။

သောဒုံမြို့၏ အဝေးတစ်နေရာ၌ – လောတကို ဘုရားသခင်က မမေ့ (က ၁၉:၂၉၊ ၂ပေ ၂း၉)

လောတ၌ အားနည်းချက်များစွာ ရှိစေကာမူ ဘုရားသခင်ကို ယုံကြည်သဖြင့် ဘုရားသခင်၏ အမြင်၌ ဖြောင့်မတ်သူဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ ကျေးဇူးတော်သက်သက်ဖြစ်သည်(က ၁၉၁၆၊ ၁၉)။ အာဗြဟံလည်း အကျင့်ကောင်းမှုကြောင့် မဟုတ်ဘဲ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူ ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်သည်အာဗြဟံကိုမမေ့သကဲ့သို့ လောတကိုလည်းမမေ့သဖြင့် ဂေါ မောရနှင့် သောဒုံမြို့ တို့ကို ဖျက်ဆီးသောအခါ လောတကို ကယ်တင်လိုက်ခြင်းဖြစ်သည်(က ၁၉း၂၉)။

ဘုရားသခင်သည် ဖြောင့်မတ်သူများကို ဒုစရိုက်အမျိုးမျိုးနှင့် စုံစမ်းခြင်းအမျိုး မျိုးတို့မှ မည်သို့ကယ်တင်ပေးရမည်ကို သိသည်။ ထို့ကြောင့် လောတကို ဒုစရိုက် သားများနှင့် အတူမသေစေဘဲ မီးရှို့ တရားစီရင်ခြင်း ဘေးမှ လွတ်မြောက်စေသည်(၂ပေ ၂း၇-၉)။

ဘုရားသခင်သည် လောတကို သောဒုံမြို့ တရားစီရင်ခြင်းမှ လွတ်မြောက်စေပြီး လုံခြုံစိတ်ချရ သည့် ဇောရမြို့သို့ ပို့ဆောင်သည်။ သို့သော်လည်း လောတသည် အကြောက်လွန်သဖြင့် သမီးနှစ် ယောက်နှင့်အတူ တောင်ပေါ်သို့တက်၍ ဂူတစ်ခုထဲတွင် နေထိုင်ကြသည်။ ထိုဂူထဲတွင် သမီးအကြီးနှင့် မောဘ ဟူသည့် သားတစ်ယောက်၊ သမီးအငယ်နှင့် ဗေနမို့ ဟူသည့် သားတစ်ယောက် ရရှိသည်။ ဗေနမို့သည် အချွန်အမျိုးတို့၏ အဘဖြစ်သည်။ ဤသားနှစ်ယောက်သည် ခေတ်အဆက်ဆက် အစ္စရေးတို့၏ရန်သူ၊ ဘုရားသခင်၏ ရန်သူ ဖြစ်လာကြသည်(က ၁၉း၃၁-၃၈)။

သောဒုံမြို့မှ ထွက်ပြေးကြသောအခါ လောတ၌ တိရစ္ဆာန်များမရှိတော့သဖြင့် အာဗြဟံနှင့် ခွဲနေရခြင်းအကြောင်းရင်းဖြစ်သည့် စားကျက်မလုံလောက်သည့်ပြဿနာ လည်း ရှိတော့မည်မဟုတ်ပေ။ သို့ဖြစ်၍ သမီးနှစ်ယောက်နှင့်အတူ အာဗြဟံထံ ပြန် လည်မှီခိုပါက ဘဝသစ်၊ ကောင်းချီးသစ် အစပြုနိုင်လိမ့်မည်ဖြစ်သည်။ သို့ရာတွင် ပြန် မသွားကြတော့ချေ။ ကောင်းကင်တမန်များက တောင်ပေါ်သို့ ထွက်ပြေးခိုင်းခြင်းမှာ အာဗြဟံနေထိုင်သည့်တောင်ကို ညွှန်းဆိုခြင်းဖြစ်နိုင်သည်။ အကယ်၍ သောဒုံမှ ဇောရ၊ ဇောရမှ တောင်ပေါ်သို့ ချက်ချင်းသွားရောက်ကြပါက အာဗြဟံထံ တည့်တည့် မရောက်ဖြစ်သည့်တိုင် အလွန်နီးသွားနိုင်သည်။ အကြောင်းမှာ အာဗြဟံသည် , နေထိုင်သည့်တောင်မှ သောဒုံမြို့ကို လှမ်းမြင်နိုင်၍ဖြစ်သည်။

လောတ၏မျိုးဆက်များဖြစ်သည့် မောဘနှင့် အမွန်လူမျိုးတို့၏ နေထိုင်ရာအရပ်သည် ဇောရမြို့၏ အရှေ့ဘက်တောင်တန်းဖြစ်သော်လည်း ကောင်းကင် တမန်ညွှန်ပြရာအရပ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ တစ်နည်းအားဖြင့် အာဗြဟံနှင့် ပို၍ဝေးသောအရပ် ဖြစ်နေသည်။ သို့ဖြစ်၍ လောတသည် အာဗြဟံထံ ပြန်လည်နေထိုင်နိုင်သည့်အခွင့်ကောင်း ရရှိစေကာမူ ပြန်မသွားလိုဘဲ ဒုစရိုက်ကိုသာ ခင်တွယ်သူဖြစ်မှန်းပေါ်လွင်ထင်ရှားသည်။ လောတသည် ဘုရားသခင်ထားသည့်နေရာတွင် အေးအေးဆေးဆေးနေပါက အိမ်ထောင်အသစ်နှင့် ဘုရားကိုသိသောမျိုးဆက်များ ထွန်းကားလာနိုင်သည်။ ယခု တွင်မူ သူ၏မျိုးဆက်များသည် အစ္စရေးလူမျိုးများအတွက် အကြီးမားဆုံးသောရန်သူ များ ဖြစ်လာကြသည်။ လောတကိုမူ ဘုရားသခင်ကမမေ့ပါ။ သို့သော် သူ၏မျိုးဆက် များသည် ဘုရားသခင်၏ရန်သူများ ဖြစ်လာကြသည်။

ကယ်တင်ခြင်းရပြီးသား ဖခင်ဆိုး

ဖခင်ဆိုးများသည် ပြောရအလွန်ခက်သည်။ လောတကို ကောင်းကင်တမန် များက သောဒုံမြို့မှ အမြန်ထွက်ပြေးခိုင်းသော်လည်း မပြေးလိုသဖြင့် အချိန်ဆွဲနေသည်။ နောက်ဆုံးတွင် အတင်းဆွဲခေါ် သွားရသည်။တောင်ပေါ်သို့ ထွက်ပြေးခိုင်းသော်လည်း မြေပြန့် တွင်သာ နေလိုပါသည်။ ဇောရမြို့၌ နေခွင့်ပေးပါဟု စောဒကတက် တောင်းဆိုသည်။ နောက်ဆုံးတွင် ဇောရမြို့၌ နေခွင့်ပေးကြပြီး လောတ နေထိုင်သည့်မြို့ ဖြစ်သဖြင့် ဖျက်ဆီးခြင်းမပြုရန် ကတိပေးကြသည်က ၁၉း၁၇-၂၂)။

သို့သော်လည်း မကြာမီတွင် သူနေထိုင်လိုပါသည်ဟု တောင်းဆိုသော သူ့ ကြောင့် ဖျက်ဆီးခြင်းမခံရသော ဇောရမြို့မှ တောင်ပေါ်သို့ ထွက်ပြေးပြန်သည်။ ကျမ်းစာက “ဇောရမြို့၌ မနေဝံ့၍”ဟု ဖော်ပြသည်(က ၁၉း၃၀)။ ကောင်းကင်တမန် များ နေခိုင်းသည့်နေရာ၌လည်း မနေလို၊ သူတောင်းဆိုသည့်နေရာ၌လည်း မနေလို၊ အကြောက်တရားအမြဲဖုံးလွှမ်းပြီး ကျေနပ်သည်ဟူ၍ မရှိချေ။ ပြောရဆိုရ အလွန်ခက် သောသူဖြစ်သည်။

ကယ်တင်ခြင်းရပြီးသား ဖခင်ဆိုးသည် ယုံကြည်ခြင်းထက် အမြင်အားဖြင့် လျှောက်လှမ်းလိုပြီးဘုရားသခင်ထားသည့်နေရာထက်ဆန္ဒရှိသည့်နေရာတွင်နေထိုင် လိုသည်။ ဘုရားသခင်၏လူများကို အလွယ်တကူစွန့်ခွာပြီး ဘုရားသခင်ကို မသိသော သူတစ်ယောက်ကဲ့သို့ အလွယ်တကူပင် အသက်ရှင်သည်။ ဝိညာဉ်ရေးရာ၌ ရင့်ကျက် တိုးပွားရေးထက် လောကစည်းစိမ်တိုးပွားရေးကို ဦးစားပေးသည်။ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ရန်ထက် သူတစ်ပါးတို့ကို သူ၏ဆန္ဒအတိုင်း ပြုမူစေ လိုသည်။

ဒုစရိုက်ဘက်၌ နစ်မွန်းသောအခါ ဘုရားသခင် က မကြာခဏဆုံးမသော်လည်း စရိုက်ဟောင်း၊ မိတ် ဆွေဟောင်းများကို ခင်တွယ်လွန်းသဖြင့် မကောင်း မှန်းသိလျက်နှင့် မစွန့်လွှတ်လိုပေ။ဘုရားသခင်၏ လူများနှင့် လက်တွဲရန်ထက် ဆိုးသွမ်းသူများနှင့်လက် တွဲလိုသည်။

မကြာခဏ လိမ်ညာပြောဆိုသဖြင့်သူ၏စကား ကို အခြားလူများမဆိုထားဘိ၊ သူ၏သားသမီးများ ကပင် အလေးမထားကြတော့ပေ။ အကျိုးအမြတ်ရရှိ ရန်ဖြစ်ပါက သားသမီးများကိုပင် ရောင်းစားရဲသဖြင့် သားသမီးများကလည်း ၎င်းတို့၏ဆန္ဒပြည့်စုံရန် ဖခင် ကို အသုံးချရဲကြသည်။

အာဗြဟံသည် သားဖြစ်သူဣဇာက်၏ အိမ်ထောင်ဖက်အတွက် စိတ်ပူပန်ပေး သကဲ့သို့ လောတကလည်း သမီးနှစ်ယောက်၏ အိမ်ထောင်ဖက်အတွက် စိတ်ပူပန် ပေးပါက သမီးနှစ်ယောက်သည် ဖခင်ရင်းနှင့် အတူအိပ်ကြမည်မဟုတ်ပေ။ စပျစ်ရည်ယစ်မူးလေ့ရှိသူ၊ အပြစ်ကိုမရွံရှာသူဖြစ်သဖြင့် သမီးရင်းနှစ်ယောက်နှင့် အတူအိပ်ခြင်း ဖြစ်သည်။

ဖခင်ဆိုးသည်မင်္ဂလာရှိသောအိမ်ထောင်ထက်အမင်္ဂလာရှိသောအိမ်ထောင်ကို တည်ဆောက်တတ်သည်။ သူ၏မျှော်လင့်ချက်ကို ဘုရားသခင်ထက် သားသမီးများ အပေါ် ထားရှိသဖြင့် သောကရောက်တတ်သည်။ သားသမီးများကို ဘုရားသခင်၏ ရန်သူ ဖြစ်စေတတ်သည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) ဘုရားသခင်ထက် အခြားအရာတစ်ခုခုကို ပိုမိုကြောက်ရွံ့ပါက တစ်သက် တာလုံး ကြောက်ရွံ့ခြင်းနှင့်သာ ပြည့်နှက်နေလိမ့်မည်ဖြစ်သည်။ လောတသည် ဇောရ မြို့၌ မနေဝံ့သကဲ့သို့ သူ၏သမီး နှစ်ယောက်လည်း မျိုးဆက်မရှိဘဲ မနေရဲကြပေ။ လောတနှင့် သမီးနှစ်ယောက်တို့သည် ကြောက်ရွံ့ကြသည်။ သို့သော် ၎င်းတို့၏ ကြောက်ရွံ့မှုသည် ဘုရားသခင်မဟုတ်ချေ။

၂) အမြင်အားဖြင့် လျှောက်လှမ်းခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်း ခြင်းသည် ဒွန်တွဲ၍မနိုင်သဖြင့် တစ်ခုခုကို စွန့်လွှတ်ထားရန်လိုသည်။ ထိုသို့မဟုတ် ပါက ခလုတ်တိုက်မိပြီး လဲကျလိမ့်မည်ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် လျှောက် လှမ်းခြင်းဟူသည် ဘုရားသခင်၏ဦးဆောင်မှုကို စေ့စေ့မျှော်ကြည့်ခြင်းဖြစ်၍ အမြင် အားဖြင့် လျှောက်လှမ်းခြင်းဟူသည် ဇာတိ၏ဦးဆောင်မှုဖြစ်သဖြင့် အဆိုးဘက်သို့ သာ ဦးတည်စေသည်။

၃) ဘုရားသခင်၏လူများနှင့် လမ်းခွဲခြင်းသည် ဘုရားသခင်နှင့် တဖြည်းဖြည်း ဝေးကွာခြင်း ဖြစ်သည်။ ယုံကြည်သူများသည် ယေရှုခရစ်တော်၏ ကိုယ်အင်္ဂါများဖြစ် ကြသည်။ အခြားယုံကြည်သူများနှင့် မဆက်ဆံဘဲ တစ်ကိုယ်တည်းနေပါက အသက် မရှင်နိုင်သည့်အပြင် ယေရှု၌ရှိသောကောင်းချီးမင်္ဂလာလည်း ခံစားနိုင်မည်မဟုတ်ပေ။ ထင်းတစ်ချောင်းတည်းဖြင့် မီးမွှေး၍မရပါ။ လောတသည် အာဗြဟံထံမှ လမ်းခွဲသော အခါ ဘုရားသခင် နှင့် တဖြည်းဖြည်းဝေးသွားကာ ကောင်းချီးမင်္ဂလာလည်း မခံစားရ တော့ချေ။

၄) ရွှေပင်ပေါ်နားတော့ ရွှေကျီး၊ ငွေပင်ပေါ်နားတော့ ငွေကျီး၊ ရှင်ယာကုပ်က “ဘုရားသခင်၌ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်တော်မူလိမ့်မည်” ဟု ပြောသည်(ယာ ၄း၈)။ လောဘသည် ဘုရားသခင်ကို မသိသောသူများထံ မှီခို နေထိုင်သဖြင့် စာတန်မာရ်နတ်နှင့် တဖြည်းဖြည်းနီး ကပ်သွားသည်။ ဧည့်သည်ဖြစ်သော်လည်း အိမ်ရှင်အများစုတို့ထက်ပင် ထဲထဲဝင်ဝင်နေထိုင်ပြီး ရပ်မိ ရပ်ဖတစ်ဦး ဖြစ်လာသည်။ ကောင်းကင်တမန်ကသာ အတင်းဆွဲမခေါ်ပါက သောဒုံမြို့၌ မရှု မလှသေ ဆုံးလိမ့်မည်ဖြစ်သည်။

၅) သင့်စကားကို အလေးမထားကြပါက အသက်တာကို ပြန်လည်ဆန်းစစ်ပါ။ အလေးမထားသောသူကို အပြစ်မတင်ဘဲ မိမိအသက်တာကို ဦးစွာဆန်းစစ်ပါ။ အဘယ်ကြောင့် လောတ၏စကားကို သမက်များက အလေးမထားကြသနည်း(က ၁၉း၉၊ ၁၄)။ သူသည် စကားကို ဖြောင့်မတ်မှန်ကန်၊ တည်ကြည်လေးနက်စွာ မပြော ဆိုဖူး၍ဖြစ်ပါမည်။ အဘယ်ကြောင့် လောတအားဖြင့် သောဒုံမြို့သား တစ်ဦးတစ် ယောက်မျှ မပြောင်းလဲပါသနည်း။ သူသည် အပြောနှင့်အလုပ် မညီညွတ်၍ဖြစ်ပါမည်။

၆) မြင်တွေ့ကြားသိလျက်နှင့် နှလုံးသားမပြောင်းလဲပါက တရားစီရင်ခြင်းခံရ မည်။ Pharoahသည် Moeseပြုသည့် နိမိတ်လက္ခဏာများကို အကုန်အစင်မြင်တွေ့ သည်။ Korahı Dathan နှင့် Abiram တို့သည်သိနာတောင်ပေါ်မှာဘုရားသခင်၏ အသံတော်ကို ကြားကြသည်။ Hoponi နှင့် Phonehosတို့သည် ယဇ်ပုရောဟိတ်မင်း Eli ၏ သားများဖြစ်ကြသည်။ ဘုရင်ကြီး Soul သည် ပရောဖက် Samuelခေတ်တွင် ကြီးပြင်းလာသူဖြစ်သည်။ Anabသည် Elijah ၏ တရားဟောချက်များကို အများ ဆုံးကြားရသူ ဖြစ်နိုင်သည်။ BalshaZZar သည် Daniel နှင့် အများဆုံးလက်တွဲသူ ဖြစ်ပါလိမ့်မည်။ Ananias နှင့် Sapphira တို့သည် Peter ၏တရားဟောချက်များကို အများဆုံးကြားရသူ ဖြစ်နိုင်သည်။ Judus Iscariot သည် ယေရှုနှင့် အနီးကပ် လက်တွဲသူဖြစ်သည်။ ဤပုဂ္ဂိုလ်အားလုံးတို့သည် မည်မျှပင် မြင်တွေ့ကြားသိကြစေ ကာမူ အတွင်းနှလုံးသား မပြောင်းလဲနိုင်ကြသဖြင့် နောက်ဆုံးတွင် တရားစီရင်ခြင်းခံရ သည်။ သို့ဖြစ်၍ မြင်တွေ့ကြားသိလျက်နှင့် မပြောင်းလဲလိုခြင်းက ငရဲပြည်သို့ ဦးတည် စေသည်။

၇) လောကရေးရာ၌ တိုးတက်ခြင်းကြောင့် မထောင်လွှားပါနှင့်။ ယေရှုနှင့် တူညီခြင်း၌ မတိုးတက်မချင်း တိုးတက်မှုအစစ်မဟုတ်ပါ။ လောတသည် လူတို့အမြင် ၌ အလွန်တိုးတက်သူဖြစ်သည်။ တောထဲ၌ တဲထိုးနေထိုင်သည့်ဘဝမှ မြို့ထဲ၌ အိမ် ကြီးရခိုင်ဖြင့် နေထိုင်နိုင်သည်။ သိုးထိန်းဘဝမှ မြို့မိမြို့ဖဘဝ ရရှိသည်။ သို့ရာတွင် သူ့အားဖြင့် လူတစ်ဦးတစ်ယောက်မျှ မပြောင်းလဲသဖြင့် ဘုရားသခင်၏အမြင်၌ သူ သည် မတိုးတက်ဆုံးသောသူ ဖြစ်သွားသည်။

အောင်မြင်သောအမှုတော်ဆောင် ဟုတ်မဟုတ်ကို ထိုအမှုတော်ဆောင်၏ အိမ်၊ ကား၊ ငွေကြေးစသည့်ပိုင်ဆိုင်မှုများကိုကြည့်ပြီးအကဲမဖြတ်ကြပါစို့နှင့်။ ထိုအရာ များက ဘုရားသခင်နှင့် အလွယ်တကူ ဝေးကွာစေတတ်၊ ဇာတိစိတ် ပိုမိုတိုးပွားစေ တတ်သည်။ သို့ဖြစ်၍ထိုအမှုတော်ဆောင်အားဖြင့် လူဘယ်နှစ်ယောက်ကယ်တင်ခြင်း ရရှိသည်၊ ဝိညာဉ်ရေးရာ ရင့်ကျက်လာသည်၊ သူ၏အသက်တာ ယေရှုနှင့် မည်မျှဆင် တူလာသည်စသည့် အချက်များကိုကြည့်ပြီး အကဲဖြတ်တတ်ရန် အရေးကြီးသည်။

၈) အပြစ်ကို အပြစ်ဟု မမြင်နိုင်ပါက တရားစီရင်ခြင်းနှင့် အလွန်နီးစပ်လာ သည်ကို မမေ့ကြပါစို့နှင့်။ သောဒုံနှင့် ဂေါမောရသည် အပြစ်ကို အလေးမထား၊ ဂရု မစိုက်သဖြင့် အပြစ်ကို မထီမဲ့မြင်ပြု သူများအတွက် သွန်သင်ဆုံးမစရာ ပုံဥပမာဖြစ် လာသည်(လု ၁၀း၁၂၊ ၁၂း၉၊ ၂ပေ ၂း၆၊ ယု ၁း၇)။ အပြစ်ကိုမစွန့်လွှတ်ပါက ပိုမိုနစ် မွန်းပြီး နောက်ဆုံးတွင် အပြစ်ဟုပင် မြင်နိုင်တော့မည်မဟုတ်ပေ။

လောတသည် သောဒုံမြို့ကို ထားရစ်ရမည့်အစား သူကိုယ်တိုင်က ရွေးချယ် လိုက်သည်။ အစပိုင်းတွင် ဧည့်သည်ဖြစ်သော်လည်း နောက်ပိုင်းတွင် အိမ်ရှင်ဖြစ် သွားသည်။ ဒုစရိုက်ကို အမြဲမြင်တွေ့ရသဖြင့် လိင်တူဆက်ဆံခြင်းသည်ပင် သူ့အဖို့ မထူးဆန်းတော့ချေ။ သူ၏သမီးနှစ်ယောက်ကို မြို့သားများ စိတ်ကြိုက်အသုံးတော် ခံရန် ပေးဝံ့သည်။ ထိုကဲ့သို့ အပြစ်ကို အပြစ်ဟုပင် မမြင်တော့သဖြင့် တရားစီရင်ခြင်း ကို ခံရခြင်းဖြစ်သည်။

၉) ယေရှု၏အကြောင်းကို ကြားသိလျက်နှင့် မယုံကြည်သောသူသည် တရား စီရင်သည့်နေ့တွင် သောဒုံနှင့် ဂေါရတို့ထက် အဆပေါင်းများစွာ ခံစားရလိမ့်မည် (မ ၁၀း၁၅၊ ၁၁း၂၃-၂၄)။ အဘယ်ကြောင့်ဆိုသော် ယေရှုကြွလာပြီးနောက်ပိုင်းရှိ

လူသားများသည် ယေရှုကြွမလာခင်က သောဒုံနှင့် ဂေါမာရခေတ် လူသားများထက် ဘုရားတရားအကြောင်းကို ပို၍မြင်တွေ့ ကြားသိကြသောကြောင့်ဖြစ်သည်။ များစွာရ သောသူထံမှ များစွာမျှော်လင့်၍ နည်းနည်းသာ ရသောသူထံမှ နည်းနည်းသာ မျှော် လင့်ရစမြဲဖြစ်သည်(လု ၁၂း၄၈)။

၁၀) ဆင်းရဲသားများကို မကူညီလိုခြင်းသည် မတရားသောမေထုန်ပြုခြင်းနှင့် မာနထောင်လွှားခြင်းတို့နည်းတူ အလွန်အပြစ်ကြီးသည်။ ကမ္ဘာဦးကျမ်းကိုဖတ်လျှင်သောဒုံနှင့် ဂေါမောရတို့၏ အပြစ်သည် အထူးသဖြင့် မတရားသောမေထုန်ပြုခြင်းပင် ဖြစ်သည်။ ထို့အပြင် ယေဇကျေလက သောဒုံနှင့် ဂေါမောရတို့၏ အပြစ်သည် မာနကြီးခြင်း၊ ကိုယ်ကျိုးကိုသာကြည့်ခြင်း၊ စားစရာဖူလုံသော်လည်း ဆင်းရဲငတ်မွတ်သောသူတို့ကို မထောက်ပံ့ခြင်းဟု ဖော်ပြသည်(ယေဇ ၁၆း၄၉)။ ထိုနည်းတူ ဟေရှာယ ကလည်း သောဒုံနှင့် ဂေါမောရတို့သည် အပြစ်ကို ဘုရားသခင်ရှေ့၌ ရှက်စရာအဖြစ် ‘ မသတ်မှတ်ကြဟု ဆိုသည်(ဟေရှာ ၃း၉)။ ဆင်းရဲသားများကို မကူညီလိုခြင်းသည်အလွန်ကြီးသောအပြစ်ဖြစ်ပြီး ထိုအပြစ်ကြောင့် တရားစီရင်ခြင်း ခံရနိုင်သည်ကို မမေ့သင့်ချေ။

၁၁) ဘုရားထားသည့်နေရာ၌မနေလိုဘဲဆန္ဒရှိသည့်နေရာ၌နေပါကအမင်္ဂလာ သက်ရောက်နိုင်သည်။ ကောင်းကင်တမန်များကလောတကို ဇောရမြို့၌ နေခိုင်းသော် လည်း သူသည် လုံခြုံမည်ဟု ယူဆသည့် တောင်ပေါ်သို့ ထွက်ပြေးသည်။ သို့သော် လည်း ထိုတောင်ပေါ်သည် ဘုရားသခင်၏ရန်သူများ အစပြုသည့်နေရာ ဖြစ်လာ သည်။ သို့ဖြစ်၍ ဘုရားထားသည့်နေရာ မဟုတ်ပါက မည်သည့်နေရာမဆို မလုံခြုံနိုင်ချေ။

၁၂) ခင်တွယ်လွန်းသည့်အရာများအတွက် သေဆုံးကြသည်။ လောတ၏ဇနီး သည် သောဒုံမြို့နှင့် ဥစ္စာပစ္စည်းများကို ခင်တွယ်လွန်းသဖြင့် ပြန်လှည့်လာခြင်းဖြစ် သည်။ ရှင်လုကာက “ မိမိအိမ်ထဲမှာရှိသောဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ … နောက်သို့လှည့်၍ မပြန်လာစေနှင့်။ လောတ၏မယားကို အောက်မေ့ကြလော့”ဟု ပြောသည်(လု ၁း၃၁-၃၂)။ ဗာလမ်၊ ဧလိရှဲ၏အစေခံ ဂေဟာနှင့် ယုဒရှကာရုတ် တို့သည် မည်သည့်အရာအတွက် သေဆုံးကြသနည်း။ ယေရှုကို ခင်တွယ်သောသူ သည် ထာဝရအသက်ကို ရရှိ၍ လောကအရာများကို ခင်တွယ်သောသူသည် တရား စီရင်ခြင်းခံရပါမည်။

၁၃) မတရားသောနည်းဖြင့် မျိုးဆက်မယူကြပါစို့နှင့်။ လောတ၏ သမီးနှစ် ယောက်သည် မျိုးဆက်ပြတ်တောက်မည်ကို စိုးရိမ်ကြသဖြင့် ဖခင်ရင်းနှင့် နှီးနှော ဆက်ဆံသည်။ သူတို့၏ဆန္ဒအတိုင်း သားသမီးမျိုးဆက်များ ရရှိကြသဖြင့် အချိန် ကာလတစ်ခုအထိကောင်းချီးရရှိသကဲ့သို့ထင်မှတ်စရာဖြစ်သည်။ သို့ရာတွင်၎င်းတို့၏ မျိုးဆက်များသည် ဘုရားသခင်၏ရန်သူ၊ ဘုရားလူများ၏ အကြီးမားဆုံးရန်သူ ဖြစ်လာကြသည်။ သို့ဖြစ်၍ မတရားသောနည်းဖြင့် မျိုးဆက်ယူခြင်းသည် အန္တရာယ် အလွန်ကြီးသည်။

ဂိဒေါင် ( Gideon )

တရားသူကြီးမှတ်စာ၌ ဂိဒေါင်သည် ပဉ္စမမြောက်တရားသူကြီး ဖြစ်သည်။ ၎င်းနှင့် စပ်လျဉ်းပြီး အခန်းကြီး(၄)ခု(သူကြီး ၆-၉)နှင့် အခန်းငယ် (၁၅၅)ခုရှိသဖြင့် သူသည် အများဆုံးဖော်ပြခြင်းခံရသူ တစ်ဦးဖြစ်သည်။ တရားသူကြီးမှတ်စာ၌ သူ၏နာမည်ကို (၃၇)ကြိမ်တွေ့ရသော်လည်း ဓမ္မသစ်ကျမ်း၌မူ တစ်ကြိမ်မျှပင် မတွေ့ရချေ။

ဂိဒေါင်ဟူသည် “ခုတ်ပစ်ပိုင်းဖြတ်သည်”ဟုအဓိပ္ပာယ်ရသည်။ နာမည်နှင့်လိုက် အောင်ပင် ဗာလဘုရားများနှင့် အာရှရနတ်ဘုရားများကို ခုတ်ပစ်ပိုင်းဖြတ်သည်။ ထို့ကြောင့် သူ၏ဖခင်က“ယေရုဗာလ ́ဟုနာမည်သစ်မှည့်ပေးသည်။ အဓိပ္ပာယ်မှာ “ဗာလ ဘုရားနှင့် ပြိုင်ဆိုင်ရပ်တည်သူ’ ဖြစ်သည်။ ထိုနာမည်ကို တရားသူကြီးမှတ်စာထဲတွင် (၁၃)ကြိမ်တွေ့ရသည်။

ဂိဒေါင်၏ မိသားစု အကြောင်း

ဂိဒေါင်သည် အူခင်မြို့နှင့် ယေဇကျေလအကြားတွင်ရှိသော ဩဖရမြို့သားဖြစ် သည်။ အဇာ မိသားစုဝင်၊ ယောရှ၏ အထွေးဆုံးသားဖြစ်၍ မျိုးနွယ်မတောင့်တင်း သည့်အပြင် သူ့ကိုသူလည်း အားနည်းသူတစ်ယောက်ဟု ထင်မြင်သူဖြစ်သည် (သူ ကြီး ၆း၁၅)။ ထို့ကြောင့် တစ်ယောက်တည်း စစ်မတိုက်ဖူးချေ(သူကြီး ၆း၂၅-၃၁၊ ၇း၁ -၈း၃)။ သို့သော်လည်း ကောင်းကင်တမန်က “O gibbor hoyi” “မျိုးနွယ်ခေါင်းဆောင်”၊ သို့မဟုတ် “ခွန်အားကြီးသောသူရဲကောင်း”ဟု နှုတ်ဆက်သည်။ ဂိဒေါင်သည် သူ့ကိုသူ အားနည်းသူဟု ထင်မြင်သော်လည်း သူ၏ပကတိအစစ်သည် “အားကြီး သောခေါင်းဆောင်” ဖြစ်သည်။

ဂိဒေါင်၌ သားအယောက်(၅၀) ရှိပြီး (သမီး၊ မပါ) ၎င်းတို့အထဲ၌ ရှေးခင်မြို့သူ မယားငယ်နှင့် ရ သည့် အဘိမလက်ဟူသော သားတစ်ယောက်လည်း ပါဝင်သည်။ အဘိမလက်သည် ရှေးခင်မြို့ရှိ ဦးလေး များနှင့်ပူးပေါင်းပြီး သူ၏ညီအစ်ကိုများကို လုပ်ကြံ သတ်ပစ်ရာ ဂိဒေါင်၏ အငယ်ဆုံးသောသား ဖြစ်သူ ယောသံသည် အချိန်မီရှောင်တိမ်းနိုင်သဖြင့် လွတ် မြောက်သွားသည်။

ဂိဒေါင်သည် အသက်ကြီးရင့်၍ ကွယ်လွန်ရာ ဩရဖမြို့ရှိဖခင်ဖြစ်သူယောရှ၏သင်္ချိုင်း၌ပင်သဂြိုဟ် ကြသည်။

ဂိုဒေါင်အား ဘုရားသခင်က ခေါ်ခြင်း

ဘုရားသခင်၏ ခေါ်ခြင်းရသောသူနောက်သို့သာ လူအများလိုက်လိုကြသည်။ ။ အကြောင်းမှာ လူထုက ၎င်းတို့လိုက်မည့်ခေါင်းဆောင်သည် ဘုရားသခင်ရွေးချယ် သည့်ခေါင်းဆောင် ဟုတ်မဟုတ် သိလိုကြပြီး ဟုတ်ပါက အသက်ပေးဆပ်သည်အထိ လိုက်ရဲကြသည်။

ဂိဒေါင်သည် မိျန်စစ်သားများကို ကြောက်ရွံ့သဖြင့် အလုပ်လုပ်သောအခါ တိတ်တိတ်သာ လုပ်ဆောင်သည်။ တစ်နေ့တွင် စပါးနယ်နေစဉ် အစ္စရေးလူမျိုးအား ကယ်တင်ရန်ဘုရားသခင်ကသူ့ကိုခေါ်သည်(ဒေါင်၏စပါးနယ်သည့်နေရာများသည် မတိမ်မနက်တူးထားသော တွင်းများထဲတွင် ဖြစ်သည်။ ထိုတွင်းများကို ဦးခေါင်းပေါ်ရုံ တူးထားပြီး ရန်သူလာပါက ခေါင်းငုံ့ထိုင်ချလိုက်ရုံဖြစ်သည်)။ ဘုရားသခင်သည် ပထမ၊ဦးစွာ ကောင်းကင်တမန်တစ်ပါးကို စေလွှတ်ပြီး

နောက်ပိုင်းတွင် သူကိုယ်တိုင်သွားသည် (သူကြီး ၆း၁၂-၁၄၊ ၂၁-၂၃)။ နိမိတ်လက္ခဏာအမျိုးမျိုးတို့ကို ပြသပြီး စကားသွားပြောသည်။ ထို့အပြင်သူ၏အတူ ပါရှိမှုကိုစိတ်ချယုံကြည်စေရန် ဂိုဒေါင်တောင်းဆိုသမျှ ကိုလည်း လိုက်လျောပေးသည်။

ထိုသို့ ဘုရားသခင်ကခေါ်သောအခါ ဂိဒေါင်သည် အစပိုင်းတွင် ဘာဖြစ်လို့ ကျွန်ုပ်တို့ကို စွန့်ပစ်သလဲ၊ ဘာဖြစ်လို့ အငယ်ဆုံးကျွန်ုပ်ကိုမှ ရွေးချယ်သလဲစသည် ဖြင့် မဖြစ်နိုင်မည့်ဘက်မှ ဆင်ခြေအမျိုးမျိုးပေးသည်။ သို့ရာတွင် ဆိတ်တစ်ကောင် သတ်ပြီး မုန့်များနှင့်အတူ ယူဆောင်လာကာ ကောင်းကင်တမန်ထံ ဆက်သသည်။

ကောင်းကင်တမန်က ကျောက်ပြားပေါ်တင်ခိုင်းပြီး တောင်ဝှေးဖြင့် တစ်ချက်တို့လိုက် ရာ မီးထလောင်သည်။ ဂိဒေါင်သည် ဘုရားသခင်၏အတူပါရှိမှုကို တွေ့မြင်သဖြင့် ထို နေရာ၌ ယဇ်ပလ္လင်တည်သည်(သူကြီး ၆း၁-၂၄)။ တစ်နည်းအားဖြင့် ဂိုဒေါင်အဖို့ ဘုရားသခင်၏အမှုတော်မြတ်ကို အစပြုထမ်းဆောင်သည့်နေရာ ဖြစ်လာသည်။

ဂိဒေါင်အပေါ်၌ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်သည်ဟု ဆိုသည် (သူကြီး ၆း၃၄)။ဂိဒေါင်၏အမှုတော်မြတ်ထမ်းဆောင်ခြင်းသည်နာမည်ရလိုမှု၊ ကောင်း စားလိုမှု၊ ခေါင်းဆောင်ဖြစ်လိုမှု၊ လေးစားခြင်းခံလိုမှု စသည်တို့ကြောင့်မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ သာမန် သက်ရောက်ခြင်းမဟုတ်ဘဲ အဝတ်ကဲ့သို့ ဖုံးလွှမ်းပတ် ရစ်ခြင်း (labas) ဖြစ်သည်။ ထိုအခါ ငြိမ်သက်ခြင်းနှင့် စိတ်ချခြင်းအစစ်အမှန် စတင်ဖြစ်ပေါ်လာသည်။

တစ်ခါကအင်္ဂလန်ပြည်ရှိသင်းအုပ်ဆရာတချို့ သည် လူထုတရားပွဲကျင်းပရန် စိုင်းပြင်းကြသည်။ နေ့ရက်၊ အချိန်နှင့်နေရာတို့ကိုသတ်မှတ်ပြီးသောအခါ အမေရိကန်ပြည်မှ D. L. Moody အား ဖိတ်ကြားရန် ဆွေးနွေးကြသည်။ သို့သော်လည်း တချို့တို့က “ဘာ ဖြစ်လို့ Moody ကို တကူးတက ဖိတ်ရမလဲ။ သူက ဝိညာဉ်တော်ကို အထူးပိုင်ဆိုင်လို့လား”ဟု ကန့်ကွက် သည်။ ထိုအခါ တစ်ယောက်က “အဲဒီလိုတော့မဟုတ် ပါဘူး။ ဒါပေမဲ့ ဝိညာဉ်တော်က Moody ကို အထူးပိုင်ဆိုင်လို့ပါ” ဟု ပြန်ဖြေသည်။ မှန်ပါသည်။ ဘုရားသခင်၏အသုံးတော်ခံ ခေါင်းဆောင်ကောင်းဖြစ်နိုင်ရန်အတွက် ဝိညာဉ်တော်၏ အထူးပိုင်ဆိုင်မှုကို လိုအပ်သည်။

ဂိဒေါင် ၏ ရက်ရောမှု

ဂိဒေါင်သည် အလွန်ရက်ရောသောသူ၊ သူ၏ဥစ္စာများကို သူတစ်ပါးအတွက် မနှမြောသောသူ တစ်ဦးဖြစ်သည်။ ကောင်းကင်တမန်တစ်ပါးသည် ဩရဖရွာရှိ သပိတ်ပင်အောက်တွင် ထိုင်အနားယူပြီးနောက် ဂိဒေါင်ထံသို့ သွားရောက်သည်။ ထိုအခါ ဂိဒေါင်က ထိုဧည့်သည်ကို(ကောင်းကင်တမန်မှန်း နောက်မှသိသည်) ဆိတ် တစ်ကောင်သတ်ပြီး မုန့်များဖြင့် ဧည့်ခံကျွေးမွေးသည်။

အကယ်၍ ဂိဒေါင်သည် ရက်ရောသူမဟုတ်လျှင် သူစိမ်းတစ်ယောက်ကို ထိုသို့ ပြုလိမ့်မည်မဟုတ်ပေ။ အကြောင်းမှာ ထိုစဉ်က မိုန်နှင့် အာမလက်လူမျိုးတို့သည် အစ္စရေးလူမျိုးများ၏ ကောက်ပဲသီးနှံများနှင့် တိရစ္ဆာန်များကို မကြာခဏ ဖျက်ဆီး သတ်ပစ်ကြသဖြင့် အစ္စရေးလူမျိုးများ ငတ်မွတ်ခေါင်းပါးသည်မှာ (၇)နှစ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။ သို့ဖြစ်၍ မသိမမြင်ဖူးသည့် သူစိမ်း တစ်ယောက်ကို ဆိတ်တစ်ကောင်သတ်ပြီး ဧည့်ခံခြင်း သည် သာမန်ရက်ရောမှု မဟုတ်ချေ။

ဂိဒေါင်၏ဧည့်သည်သည် သာမန်လူမဟုတ်ဘဲ ဘုရားသခင်စေလွှတ်သည့် ကောင်းကင်တမန်ဖြစ်နေ သည်။ ထိုကောင်းကင်တမန်က ဂိဒေါင်အား “ခွန်အား ကြီးသောအချင်းသူရဲ၊ ထာဝရဘုရားသည် သင်နှင့် အတူ ရှိတော်မူ၏”ဟုနှုတ်ဆက်သည်။ အစ္စရေးလူမျိုး များကို မိုင်တို့၏လက်မှ ကယ်တင်ရန် ဘုရား သခင်က ဂိဒေါင်အား တာဝန်ပေးခြင်းဖြစ်သည်။

ဒေါင်၏ ခေါင်းဆောင်မှုသည် အိမ်တွင်းမှ အစပြုသည်

ဂိဒေါင်သည် သူနှင့်အနီးကပ်ဆုံးနေသူ အဗျဇာအမျိုး အစေခံဆယ်ယောက် တို့ကို ခေါ်လိုက်သည်။ ၎င်းတို့သည် ရုပ်တုကိုးကွယ်သူများ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ဂိဒေါင်ကို ယုံကြည်ကြသဖြင့် ချက်ချင်းလိုက်သွားကြသည်။ မိမိနှင့် အနီးကပ်ဆုံးသောသူများ၏ယုံကြည်မှုမရလျှင်ခေါင်းဆောင်ကောင်းမဖြစ်နိုင်သကဲ့သို့ ခေါင်းဆောင်ကောင်းဖြစ်နေလျှင်မူ မိမိနှင့် အနီးကပ်ဆုံးသော သူများက ယုံကြည်ကြ လိမ့်မည်ဖြစ်သည်။ ခေါင်းဆောင်မှုဟူသည် အိမ်တွင်းမှ အစပြုသည်။

မိမိအကြောင်းကို အူမချေးခါးမကျန် သိရှိသူများက မိမိကို ယုံကြည်သောအခါ မသိသောသူများကလည်း ယုံကြည်ဝံ့ကြလိမ့်မည်ဖြစ်သည်။ ထိုအခါမှသာ အလုပ် တွင်နိုင်လိမ့်မည်ဖြစ်သည်။

ဂိဒေါင်သည် အသေးငယ်ဆုံးမှ အစပြုသည်

Dale Cargenie ၏အလွန်ကျော်ကြားသော How to Win Friends and Influence People’ ဟူသည့်စာအုပ်ပါ အကြောင်းအရာများသည် ခဏ တစ်ဖြုတ် စကားလက်ဆုံကျရာမှ အစပြုသည်။ ပထမ တွင် ပို့စကပ်သေးသေးတစ်ခုပေါ် ရေးသားပြီး ထိုမှ တဖြည်းဖြည်းချင်း ဖြည့်စွက်ရေးသားကာ နောင် (၁၅) နှစ်အကြာတွင် စာအုပ်ထုတ်ဝေနိုင်ခြင်း ဖြစ်သည် (၁၉၃၆ခုနှစ်တွင် ပုံနှိပ်သည်)။ ဤစာအုပ်သည် သမ္မာ ကျမ်းစာပြီးလျှင် ကာလအတန်ကြာတိုင် လူဖတ် အများဆုံးဖြစ်ခဲ့သည်။ သို့ဖြစ်ရာ အသေးငယ်ဆုံးမှ အစပြုသော်လည်း အကြီးမားဆုံးတစ်ခု ဖြစ်လာသည် ကို တွေ့မြင်နိုင်သည်။

ဂိဒေါင်သည် တိုင်းပြည်ပြောင်းလဲရန်နှင့် လွတ်လပ်ရေးရနိုင်ရန်အတွက် အစေခံဆယ်ယောက်နှင့်အစပြုသည်။ အသေးဆုံးမှစတင်သော်လည်း အကြီးမားဆုံး၊ ကို ရည်မှန်းချက်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ် လပ်ရေးရရှိနိုင်ရန်အတွက် ရဲဘော်သုံးကျိတ်ခေါ် လူ သုံးဆယ်ဖြင့် အစပြုသည်။ မည်သည့်အတိုင်းအတာ ဖြင့် အစပြုသည်ဆိုခြင်းထက် မည်သည့်စိတ်ဓာတ် ဖြင့် အစပြုသည် ဆိုခြင်းက ပို၍အရေးကြီးပြီး မည်ကဲ့ သို့အစပြုသည် ဆိုခြင်းထက် မည်ကဲ့သို့အဆုံးသတ် သည် ဆိုခြင်းက ပို၍အရေးကြီးသည်။

ဂိဒေါင်က ပထမဆုံး ဆောင်ရွက်ရမည် အရာကို သိရှိသည်

ဘုရားသခင်ခိုင်းသည့်အလုပ်ကို စတင်လုပ်ဆောင်သည့်အခါ ဂိဒေါင်၏ ပထမ ဆုံးခြေလှမ်းမှာ ဗာလဘုရား၊ အာရှရနတ်ဘုရားမနှင့် အခြားရုပ်တုအမျိုးမျိုးတို့၏ ယဇ်ပလ္လင်များကို ဖျက်ဆီးခြင်းပင် ဖြစ်သည်။ ဖခင်ကိုးကွယ်သည့် ရုပ်တုဘုရားများကို ဦးစွာဖျက်ဆီးပြီးနောက် မြို့ထဲရှိ ဘုရားအမျိုးမျိုး (အာရှရဘုရားမနှင့် သစ်ပင်သစ် တိုင် ဘုရားများ)တို့ကို ဆက်လက်ဖျက်ဆီးသည်(တရား ၁၆း၂၁၊ ၂ ၇း၅-၇)။ တရား သူကြီးမှတ်စာထဲတွင် အစ္စရေးလူမျိုးတို့သည် ကျွန်ဘဝသို့ မကြာခဏရောက်ကြရာ သူတစ်ပါးထံ၌မဟုတ်ဘဲ ရုပ်တုဘုရားများထံ၌သာ ဖြစ်သည်။ ရုပ်တုဘုရားများကိုကြောက်ရွံ့ပြီး ထာဝရဘုရားသခင်၏စကားကို နားမထောင်ရာမှ မနာခံခြင်းနှင့် ရုပ်တု ဘုရားတို့၏ ကျွန်ဖြစ်လာကြသည် (သူကြီး ၆း၁၀)။ ထို့ကြောင့် ဂိဒေါင်က ထိုရုပ်တု ဘုရားများကို ဦးစွာဖျက်ဆီးခြင်းဖြစ်သည်။

ထို့နောက် ထာဝရအသက်ရှင်သော ယေဟောဝါဘုရားကို ကိုးကွယ်နိုင်ရန် အတွက် ယဇ်ပလ္လင်သစ်တစ်ခုကို တည်ဆောက်သည်။ ဂိဒေါင်သည် ဖျက်ဆီးစရာများ နှင့် တည်ဆောက်စရာများကို ညတွင်းချင်းပင် လုပ်ဆောင်ခြင်းဖြစ်သည်။ တဖြေးဖြေး လုပ်မည်၊ အပြစ်များကို နောက်မှစွန့်ပစ်မည် စသဖြင့် အချိန်မဆွဲပေ။ ထို့အပြင် ဖခင်၏ နွားထီးတစ်ကောင်ကိုသတ်ပြီး ထာဝရဘုရားကို ယဇ်ပလ္လင်အသစ်ပေါ်၌ စစ်မှန်စွာ ချက်ချင်းပူဇော်သည်(သူကြီး ၆း၂၅-၃၂)။

ဂိဒေါင်က လူကြီးလူကောင်းများကို စည်းရုံးပေါင်းဖော်သည်

ဂိဒေါင်၏ဖခင် ယောရှသည် သေးငယ်သော မျိုးနွယ်မှဖြစ်သော်လည်း လူသိ များ၍ လေးစားခြင်းခံရသူ လူကြီးလူကောင်းတစ်ဦးဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင် ကို မသိသောသူများကပင် ချစ်ကြောက်ရိုသေကြသည်။

ဂိဒေါင်သည် ဖခင်ယေရှုကို စည်းရုံးပေါင်းဖော်နိုင်သဖြင့် ဖခင်ကိုးကွယ်သည့် ရုပ်တုဘုရားများကို ဖျက်ဆီးသောအခါ အလွန်စိတ်ဆိုးလိမ့်မည်ဖြစ်သော်လည်း သူ၏ ဖခင်သည် ဂိုဒေါင်ဘက်၌သာ အမြဲရပ်တည်သည်။ ဩရဖမြို့သားများသည် ရုပ်တု ဘုရားများကို ဖျက်ဆီးသူမှာ ဂိဒေါင်ဖြစ်မှန်း သိကြသောအခါ အလွန်စိတ်ဆိုးသည်။ ထို့နောက် ယောရှထံသွားပြီး ဂိဒေါင်ကိုထုတ်ပေးပါ။ သတ်ပစ်မည်ဟု တောင်းဆိုကြ သည် (သူကြီး ၆း၃၀)။ စင်စစ် အသတ်ခံရမည့်သူသည် ၎င်းတို့သာ ဖြစ်ကြသည်။

အကြောင်းမှာ မောရှေ၏ ပညတ်ချက်ထဲတွင် ရုပ်တု ဘုရားကိုးကွယ်သူသည် အသတ်ခံရမည်ဟု ဖော်ပြ၍ ဖြစ်သည်(တရား ၁၃း၆-၉)။

ထိုအခါ ယောရှက မြို့သားတို့ထံ ဗာလဘုရား ဘက်၌ နေကြမလား။ ငါ့သားဘက်၌ နေကြမလား။ ငါ့သားဘက်၌ မနေသူသည် မိုးမလင်းမီ သေရလိမ့် မည်ဟု ပြောချလိုက်သည်(သူကြီး ၆း၃၁)။ မြို့သား များသည် ယောရှကို ချစ်ကြောက်ရိုသေကြ၍ဖြစ်မည်။ ပါးစပ်မဟကြတော့ချေ။

ရှံဆုန်ခေတ်တွင် သူ၏လူများသည် ရှံဆုန်ဘက်၌ ရပ်တည်ကြမည့်အစား ရန်သူလက်သို့ အပ်နှံကြသည်။ အကြောင်းရင်းမှာ ရှံဆုန်သည် အစ္စရေးခေါင်းဆောင် များကို စည်းရုံးပေါင်းဖော်ခြင်း မရှိဖူးသောကြောင့်ဖြစ်သည်။ ဂိဒေါင်တို့သားအဖနှင့် အလွန်ကွာခြားသည်။

နေဟမိသည် အောင်မြင်မှု ရနိုင်ရန်အတွက် ပါဘုရင် အာတဇေရဇ်ကို စည်းရုံးပေါင်းဖော်၍ဧသတာကလည်း ဘုရင်အာရွှေရုကို စည်းရုံးပေါင်းဖော် သည်။ လူကြီးလူကောင်းများနှင့် သြဇာရှိသောသူများ ကို စည်းရုံးပေါင်းဖော်တတ်ခြင်းက အောင်မြင်ခြင်း ကို ဆွတ်ခူးရရှိစေသည်။

ဂိဒေါင် က အခြားသူများကို စည်းရုံးပေါင်းဖော်သည်

ဂိဒေါင်သည် အစေခံများနှင့် ဖခင်အပြင် အခြားသူများကိုလည်း စည်းရုံးပေါင်း ဖော်သည်။ သူတစ်ပါးအပေါ်သြဇာလွှမ်းမိုးသော ဖခင်ယေရှုကို စည်းရုံးပေါင်းဖော်နိုင် သဖြင့် အနီးအပါးရှိ အဗျဇာ လူများအပြင် အလွန်ဝေးသောနေရာရှိ မနာယူ၊ အာရှာ၊ ဇာဗုလုန်နှင့် နဿလိလူများကိုလည်း စည်းရုံး ပေါင်းဖော်နိုင်လာသည်။ သို့ဖြစ်၍ ဩဇာရှိသောသူများကို စည်းရုံးပေါင်းဖော်တတ်လျှင် အခြားသူများစွာလည်း ပူးပေါင်း လာသည်ကို တွေ့မြင်နိုင်သည်။

စစ်သားစုဆောင်းသောအခါ လူပေါင်း ၃၂ဝဝဝ ချက်ချင်းရရှိရာ မျှော်လင့်သည်ထက် သာလွန်များပြား သည်။ ဘုရားသခင်က စစ်သားများပြားမှုကြောင့် အနိုင်ရသည်ဟု ထင်ကြမည်ကို မလိုလားပေ။ ထို့ ကြောင့် ဟာရုတ်ချောင်း၌ စခန်းချကြစဉ် ဂိဒေါင်ထံ ကြောက်လှန့်သောသူများကို ပြန်ခိုင်းပါဟု အမိန့်ပေး သည်။ ထိုအခါ သုံးပုံနှစ်ပုံကျော်ခန့် အိမ်ပြန်ကြရာ

လူပေါင်း ၁ဝဝဝဝသာ ကျန်ရှိသည်(သူကြီး ၇း ၂-၃)။ သို့သော်လည်း ဘုရားသခင်က လူအလွန်များသေးသည်၊ စစ်သားများကို ရေဆိပ်သို့ ခေါ်ခဲ့ပါ။ ငါလူစစ်ပေးမည်။ ရေကို ခွေးကဲ့သို့ လျှာဖြင့်လျက်၍ သောက် သောသူနှင့် ဒူးထောက်၍ သောက်သောသူများကို သီးသန့်ခွဲခြားပါဟု မိန့်သည်။ ထိုအခါ ရေကို လက်ခုတ်ဖြင့်ယူ၍ လျက်သောက်သော သူ ၃ဝဝရှိသည်။ ဘုရားသခင် ကထို၃ဝဝအားဖြင့် မိဒျန်လူတို့ကို အနိုင်ရသိမ်းပိုက်စေမည်ဟုကတိပေးသည်(သူကြီး ၇း၄-၇)။

စင်စစ် လူ ၃ဝဝပင် မလိုအပ်ပေ။ မောရှေက သူ၏လူများထံ ဘုရားသခင်၏ စကားကို နာခံပါက လူတစ်ယောက်သည် ရန်သူတစ်ထောင်ကို အနိုင်ယူ၍ လူနှစ်ယောက်သည် ရန်သူတစ်သောင်းကို ချေမှုန်းနိုင်လိမ့်မည်ဟု ပြောသည်(တရား ၃၂း၃၀)။ သို့ဖြစ်ရာ ဘုရားသခင်၏စကားကိုသာ နာခံကြပါက ဂိဒေါင်သည် ရန်သူ ၁၃၅ဝဝဝကို ချေမှုန်းနိုင်ရန် စစ်သား ၂ယောက်သာ လိုအပ်သည်။ သို့သော်လည်း ဘုရားသခင်က စစ်သားအယောက် ၃၀ဝ ရွေးချယ်သည်။

ဂိုဒေါင်၏ စစ်သားများနှင့် တရားသူကြီးမှတ်စာ အခန်းကြီး ရထဲရှိ ဒေဗောရ၏ စစ်သားများကို နှိုင်းယှဉ်ကြည့်ကြပါစို့။

ဒေ‌ဗောရ၏ စစ်သားများ ၊

ဧဖရိမ်နှင့် ဗယာ်မိန်(သူကြီး ၅း၁၄)

ဇာဗုလုန်၊ နဿလိ(သူကြီး ၅း၁၈)

ဣသခါ(သူကြီး ၅း၁၅)

(ရုဗင်၊ ဂိလဒ်၊ ဒန်နှင့် အာရှအမျိုးတို့ မလာလိုကြ။ သူကြီး ၅း၁၅-၁၇)

ဂိဒေါင်၏ စစ်သားများ

မနာရှေ /အ‌ဗျေဇာ(သူကြီး ၆း၃၄၊ ၇း၂၃) ၊ အာရှာ၊ ဇာဗုလုန်၊ နဿလိသူကြီး၆း၃၅၊ ၇း၂၃) ၊ ဧဖရိမ်(သူကြီး ၇း၂၄)

ဤနေရာ၌ ဂိဒေါင်ဖြစ်စေ၊ ဒေဗောရဖြစ်စေဘုရားသခင်တွက် စစ်တိုက်ရာတွင် တစ်ဦးတည်း မတိုက်ဘဲ လူများစွာအား စည်းရုံးပေါင်းဖော်နေသည်ကို တွေ့မြင်နိုင်သည်။

အရေအတွက်ထက် အရည်အချင်း ပို၍ လိုအပ်သည်

ပညာမဲ့သူများစွာထက် ပညာတတ်သူအနည်းငယ်က ထိရောက်စွာ ပိုလုပ်နိုင် သည်။ ကြောက်တတ်သူများစွာထက် သူရဲကောင်းအနည်းငယ်က အောင်မြင်မှုပိုရ လွယ်သည်။ ဂိဒေါင်၏စစ်သား သုံးသောင်းနှစ်ထောင်ထဲတွင် ကြောက်တတ်သူများ ၊ စွာပါရှိသဖြင့် ဘုရားသခင်က ထိုသူတို့ကိုဖယ်ရှားရာ တစ်သောင်းသာကျန်ရှိသည်။ ထိုသူတို့သည် အရည်အချင်းနှင့် သတ္တိရှိသူများ ဖြစ်ကြပါလိမ့်သည်။

စင်စစ် အင်အားတစ်သောင်းဟူသည် များလှသည်မဟုတ်ပေ။ သို့သော် ဘုရား သခင်က ထပ်မံရွေးချယ်ရာ နောက်ဆုံးတွင် စစ်သားသုံးရာသာ ကျန်ရှိတော့သည်။ သို့ဖြစ်၍ ဘုရားသခင်သည် လူအနည်းအများထက် အကြွင်းမဲ့ဆက်ကပ်ဝံ့သူများနှင့် လုပ်ဆောင်နိုင်မည့်သူများကို ပို၍အသုံးပြုလိုမှန်း တွေ့မြင်နိုင်သည်။

ဂိဒေါင်သည် တကယ်စစ်ချီသောအခါ ထိုစစ် ၊ သားသုံးရာကို အုပ်စုသုံးခု ခွဲလိုက်သေးသည်။ John Wesleyက “အပြစ်မှအပအခြားမည်သည့်အရာကိုမျှ မကြောက်သူ၊ ဘုရားသခင်မှအပ အခြားမည်သည့် အရာကိုမျှ မချစ်သူ လူတစ်ရာရှိလျှင် ငရဲတံခါးများကို လှုပ်ခါပစ်နိုင်လိမ့်မည်”ဟု ပြောဆိုဖူးသည်။ ဘုရား သခင်သည် အရေအတွက်များများဖြင့် နည်းနည်းသာ လုပ်ဆောင်ရန်ထက် အရေအတွက် နည်းနည်းဖြင့် များများလုပ်ဆောင်လိုသည်။ အကြောင်းမှာ ဘုန်း တော် ပို၍ထင်ရှားရန်ဖြစ်သည်။

မိချန်မင်းကြီး ဘဟနှင့် ဇာလမုန္ဓတို့သည် စစ်သားတစ်သောင်းငါးထောင်နှင့်အတူ ထွက်ပြေး ကြရာဂိဒေါင်နှင့် စစ်သားသုံးရာတို့က လိုက်လံချေမှုန်းသည်။ နောက်ဆုံးတွင် ထိုစစ် သားအားလုံးတို့ကို သတ်ဖြတ်နိုင်ပြီး မင်းကြီးနှစ်ပါးကို အရှင်ဖမ်းမိကြသည်။ စစ်သား သုံးရာက စစ်သားတစ် သောင်းငါးထောင်ကို သတ်ဖြတ်နိုင်ခြင်းသည် အံ့သြဖွယ်ရာ ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဂိုဒေါင်၏ စစ်သားတစ်ယောက်သည် မိချန်စစ်သား ငါးဆယ်ကို သတ်ဖြတ်နိုင်သည်ဟု ဆိုရမည်ဖြစ်သည်(သူ ကြီး ၈း၁-၁၈)။

ဂိဒေါင်၏ စစ်မဟာဗျူဟာ(စီမံခန့်ခွဲမှု)

ဂိဒေါင်သည် ရှေ့တန်းသို့မထွက်မီ ရန်သူများ၏တည်နေရာ၊ နေပုံထိုင်ပုံ၊ လမ်း ပန်းဆက်သွယ်ရေး၊ မည်သည့်လမ်းကြောင်းမှ တိုက်ခိုက်မည်၊ မည်သည့်အချိန်တွင် ချီတက်ရမည်၊ တံပိုးမှုတ်ရမည် စသည်တို့ကို ဦးစွာထောက်လှမ်းပြီး ကြိုတင်ပြင် ဆင်သည်။

ညရောက်သောအခါ ဂိဒေါင်သည် အစေခံဖုရနှင့်အတူ ရန်သူများ၏ စခန်းသို့ ၊ တိတ်တဆိတ် သွားကြသည်။ ထိုစဉ် ကင်းစောင့်နှစ်ယောက်၏ အိပ်မက်အကြောင်း၊ပြောဆိုသံကို မမျှော်လင့်ဘဲ ကြားမိကြသည်။ တစ် ယောက်က “ငါ့အိပ်မက်ထဲမှာ မုန့်လုံးကြီးတစ်လုံး ၊ လိမ့်လာပြီး ငါတို့စခန်းကို တိုက်ပစ်ဖြိုဖျက် လိုက် ၊ တယ်” ဟုပြောရာကျန်တစ်ယောက်က ““ဒါဟာငါတို့ ကို အစ္စရေးစစ်တပ်က အပြတ်ချေမှုန်းမည့် လက္ခ ဏာပဲ”ဟု ပြန်ပြောသည်။ ဂိဒေါင်သည် အလွန်ခွန်၊ အားရပြီး ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း သည်(သူကြီး ၇း၉-၁၅)။

ဂိဒေါင်သည် စခန်းသို့ပြန်သွားကာ စစ်သား

များကို အုပ်စုတစ်စုလျှင် လူတစ်ရာစီဖြင့် အုပ်စု သုံးခု ခွဲပြီး စစ်သားတိုင်းကို တံပိုးတစ်လုံးစီ၊ အိုးတစ်လုံးစီနှင့် မီးခွက်တစ်လုံးစီ ပေးလိုက် သည်။ ထို့နောက် ဂိဒေါင်က “ငါ့ကိုကြည့်၍ ငါပြုသည်အတိုင်းပြုကြ။ ငါတံပိုးမှုတ်သောအခါ သင်တို့လည်း မှုတ်၍ ‘ထာဝရဘုရားနှင့် ဂိုဒေါင်၏ ́ဟု ဟစ်ကြလော့” ဟု အမိန့်ပေးသည်။ စစ်သားများကလည်း အမိန့်အတိုင်းလုပ်ဆောင်သဖြင့် အနိုင်ရ ကြသည်။

ဂိုဒေါင်၏ စစ် အောင်ပွဲ

ဂိဒေါင်နှင့် သူ၏စစ်သားသုံးရာတို့သည် မိချန်လူများနှင့် အာမလက်လူတို့ ပူးပေါင်းသည့် စစ်သား ၁၃၅ဝဝဝတို့အပေါ် အောင်ပွဲရရှိကြသည်။ ရန်သူစစ်တပ်သည် အချင်းချင်းတိုက်ခိုက်ကြရာမှ လူပေါင်း ၁၂၀ဝ၀ဝ ချက်ချင်းသေကြေပြီး လက်ကျန် ၁၅ဝဝဝတို့သည် ကစဉ့်ကလျားထွက်ပြေးကြသည်။ သို့သော်လည်း ဂိဒေါင်၏စစ်သား ၊ များက လိုက်လံချေမှုန်းပြီး အကုန်လုံးသတ်ဖြတ်နိုင်ကြသည်။

ဂိဒေါင်၏စစ်သားများက မိုန်ဗိုလ်ချုပ်များ ဖြစ်သည့် ဩရဘနှင့် ဇေဘကို အရှင်ဖမ်းမိသော် လည်း နောက်ပိုင်းတွင် ဧဖရိမ်လူတချို့တို့ကသတ်ပစ် ကြသည်။ အကြောင်းမှာ ဂိဒေါင်က ဧဖရိမ်လူတို့ကို စစ်မျက်နှာသို့ မခေါ်မိသဖြင့် အလွန်နာကြည်းကြ၍ ဖြစ်သည်။ ခေါင်းဆောင်ကောင်းများနောက်သို့ လူ အများလိုက်လိုကြပြီး လိုက်ခွင့်မပေးပါက စိတ်ဆိုး နာကြည်းတတ်ကြသည်။

မိချန်လူတို့ စစ်ရှုံးသောအခါ မင်းကြီးနှစ်ပါးဖြစ်သည့် ဘဟနှင့် ဇာလမုန္ဒ သည် လက်ကျန် စစ်သား ၁၅ဝဝဝနှင့်အတူ ထွက်ပြေးကြရာ ဂိဒေါင်နှင့် သူ၏စစ်သား များက လိုက်လံကြသည်။ ဂျော်ဒန်မြစ်သို့ရောက်သောအခါ မောပန်းနွမ်းနယ်ပြီး ဗိုက် လည်းဆာကြသဖြင့် ဂိဒေါင်က သုကုတ်မြို့သားများထံ အစာရေစာတောင်းသည်။ သို့သော်လည်း သုကုတ်မြို့သားတို့က မပေးသည့်အပြင် ““ငါတို့သည် သင့်အမှုထမ်း တို့အား မုန့်ကိုပေးရမည်အကြောင်း ဘဟနှင့် ဇာလမုန္ဒတို့သည် သင့်လက်၌ရှိ သလော”ဟု လှောင်ပြောင်သရော်ကြသည်။ ထိုအခါ ““ထာဝရဘုရားသည် ဇေဘဟ နှင့် ဇာလမုန္ဒတို့ကို ငါ့လက်၌ အပ်တော်မူသောအခါ သင်တို့ကျောကွဲအောင် တောဆူး ပင်အမျိုးမျိုးနှင့် ငါရိုက်မည်”ဟု ဂိဒေါင်ကျိန်ဆိုသည်(သူကြီး ၈း၆-၇)။

ထို့နောက် ဂိဒေါင်သည် ပေနွေလမြို့သို့သွားပြီး အစာတောင်းသော်လည်း ပေနွေလမြို့သားတို့က သုကုတ်မြို့သားများနည်းတူ ဖြေဆိုကြသည်။ ထိုအခါ ဂိဒေါင် က “ငါသည် တစ်ဖန်ငြိမ်ဝပ်စွာ ပြန်လာသောအခါ ဤရဲတိုက်ကိုဖြိုဖျက်မည်” ဟုပြော လိုက်သည်(သူကြီး ၈း၈-၉)။

ဂိဒေါင်သည် များမကြာမီတွင် ဇောဟနှင့် ဇာလမုန္တို့ကို ဖမ်းဆီးနိုင်သဖြင့် သုကုတ်မြို့သို့ ပြန်လာသည်။ လမ်းတွင် သုကုတ်မြို့သား လူငယ်တစ်ယောက်ကို ဖမ်းဆီးမေးမြန်းရာ သုကုတ်မြို့ ခေါင်းဆောင် ရရယောက်တို့၏နာမည်ကို သိရှိသွား သည်။ သုကုတ်မြို့သို့ရောက်သောအခါ “သင်တို့က ပင်ပန်းသော သင့်အမှုထမ်း တို့အား ငါတို့သည် မုန့်ကိုပေးရမည်အကြောင်း ဇောဟနှင့် ဇာလမုန္ဒသည် သင့်လက် ၊ ၌ရှိသလောဟု ငါ့ကိုကဲ့ရဲ့၍ သင်တို့ပြောသော ဘဟနှင့် ဇာလမုန္ဒကို ကြည့်ကြလော့”ဟုဆိုပြီး ထိုခေါင်းဆောင်များကို ဆူးပင်အမျိုးမျိုးတို့ဖြင့် ရိုက်နှက်ဆုံးမသည်။ ထို့နောက် ပေနွေလမြို့ရဲတိုက်ကိုလည်း ဖြိုဖျက်၍ မြို့သားများကို ကွပ်မျက်လိုက် သည်(သူကြီး ၈း၁၃-၁၇)။

ဘဟနှင့် ဇာလမုန္ဒတို့က ဂိုဒေါင်ထံ တာဇော်မြို့မှာရှိသည့် ညီအစ်ကိုတို့ကို သတ်ပစ်လိုက်ပြီဟု ပြောကြသည်။ ထိုအခါ ဂိဒေါင်က သားဖြစ်သူယေသာအား ဤလူနှစ်ယောက်ကို သတ်ပါဟု အမိန့်ပေးလိုက်သည်။ ထိုခေတ်က လူငယ်တစ်ယောက်၏လက်ဖြင့် အသတ်ခံရခြင်းဟူသည် အားနွဲ့သော မိန်းမတစ်ယောက်၏လက်ဖြင့် အသတ်ခံရခြင်း၊ ကဲ့သို့ အလွန်ဂုဏ်ငယ်သိက္ခာကျသည်ဟု မှတ်ယူကြ သည်။ သို့ဖြစ်ရာ ဂိဒေါင်က ယေသာအား သတ်ခိုင်း ခြင်းသည် ထိုမင်းနှစ်ပါးကို အနိမ့်ကျဆုံး နေရာသို့ ထားရှိလိုက်ခြင်းဖြစ်သည်။ သို့သော်လည်း ယေသာ သည် အလွန်ငယ်ရွယ်ပြီး သတ္တိမရှိသေးသဖြင့် … မဆွဲထုတ်ဝံ့ဘဲရှိနေသည်။ ထိုအခါ မင်းနှစ်ပါးတို့က ဂိဒေါင်ထံ “ကိုယ်တော်တိုင်ထ၍ ငါတို့ကို လုပ်ကြံလော့”ဟု တောင်းပန်ကြသည်။ တောင်းပန်သည့်အတိုင်း ဂိဒေါင်က ထိုမင်းနှစ်ပါးကို သတ်ပြီး ၎င်းတို့၏ ကုလားအုပ်လည်ပင်း၌ဆွဲသည့် အဆင်တန်ဆာများကို ချွတ်ယူလိုက်သည်(သူကြီး ၈း၁၈-၂၁)။

ဂိဒေါင်သည် လူတို့မျှော်လင့်သည်ထက် အဆများစွာလုပ်ဆောင်နိုင်၍ အိပ် မက်တွင်ပင် မမက်ဖူးသည့် အောင်မြင်မှုများကို ဆွတ်ခူးရရှိစေသည်။

ဂိဒေါင်၏ အားနည်းချက်များ

Sunday School များ၌ဖြစ်စေ၊ ကလေးများ ၊ စခန်းသွင်းသင်တန်းများ၌ဖြစ်စေ ဂိုဒေါင်ကို သူရဲကောင်း၊ ခေါင်းဆောင်ကောင်း၊ ကြီးမြတ်သောပုဂ္ဂိုလ် စသည်ဖြင့် သူ၏အားသာချက်များကိုသာ သင်ကြား ပေးလေ့ရှိပြီး သူ၏အားနည်းချက်များကို ပြောပြလေ့ မရှိကြချေ။

သတ္တိ နည်းပါးခြင်း

ဂိဒေါင်၏ အားနည်းချက်များတွင် သတ္တိနည်းပါးခြင်းလည်း ပါဝင်သည်။ ဘုရားသခင်ခေါ်သည့်အချိန်တွင် သူသည် ရန်သူများမြင်တွေ့မည်ကို ကြောက်ရွံ့ပြီး မြေတွင်းထဲ၌ စပါးနယ်သည့်အချိန်ဖြစ်သည်(သူကြီး ၆း၁၁)။

အမှုတော်မြတ်၏ ပထမဆုံးခြေလှမ်းအဖြစ် ဖခင်ဖြစ်သူ၏ ရုပ်တုငယ်များ၊ မြို့ထဲရှိ ဗာလယဇ်ပလ္လင်များနှင့် နတ်ဘုရားမရုပ်တိုင်များကို ဖျက်ဆီးလိုက်သည်။ သို့

သော် နေ့ခင်းပိုင်းတွင်မဟုတ်ဘဲ လူမြင်မည်ကိုကြောက်သဖြင့် ညပိုင်းရောက်မှ ဖျက် ဆီးခြင်းဖြစ်သည်။

နောက်တစ်နေ့မနက်တွင် မြို့သားများအလွန် စိတ်ဆိုးပြီး တရားခံကိုရှာဖွေရာ ဂိဒေါင်က သူလုပ်ပါ သည်ဟု မဝန်ခံရဲပေ။ မြို့သားများက ဂိဒေါင်လုပ်မှန်း သိရှိကာ ယောရှထံသွားပြီး ဂိဒေါင်ကို ထုတ်ပေးရန်

တောင်းဆိုသည့်အချိန်တွင်လည်း အပြင်သို့မထွက်ရဲ ချေ။ ဖခင်ယေရှက ကာကွယ်ပေး၍သာ အသက်နှင့် ကိုယ် တည်မြဲနိုင်ခြင်းဖြစ်သည်။

သူတစ်ပါးကို စည်းရုံးပေါင်းဖော်ခြင်းသည် လည်း ခေါင်းဆောင်မှုတော်ခြင်းကြောင့်လော၊ သို့မ ဟုတ် သတ္တိနည်းပါးခြင်းကြောင့်လောဟု သံသယရှိ စရာဖြစ်သည်။ သို့သော်လည်း နှစ်ခုစလုံးဖြစ်ပါလိမ့်မည်။

ကလဲ့စားချေခြင်း

ဂိဒေါင်သည် စစ်နိုင်သောအခါ လက်ကျန်ရန်သူများသည် အနယ်နယ်အရပ် ရပ်သို့ ထွက်ပြေးကြပြီး နောက်ဆုံးတွင် ဂျော်ဒန်မြစ်အထိသို့ပင် ရောက်ရှိကြသည်။ ဂိဒေါင်ကလည်း ဆက်လက်လိုက်သွားရာ နောက်ဆုံးတွင် မိချန်မင်းကြီး ဇေဘဟနှင့် ဇာလမုန္ဒတို့ကို အရှင်ဖမ်းဆီးခဲ့သည်။ ထို့နောက် ထိုမင်းနှစ်ပါးထံ “တာဇော်မြို့မှာ – သင်တို့သတ်သည့်သူသည် ငါ၏ညီဖြစ်သည်။ သူ့ကို အသက်ချမ်းသာပေးမိလျှင် သင်တို့ကို ငါမသတ်ဘဲနေလိမ့်မည်””ဟု ပြောသည်(သူကြီး ၈း၁၈-၁၉)။ ။

ဤနေရာ၌ ဂိဒေါင်သည် ရန်သူများကို အရှင် မထားရှိလိုခြင်းမှာ ဘုရားသခင်ခိုင်း၍မဟုတ်ဘဲ သူ ကိုယ်တိုင်က လက်စားချေလို၍ဖြစ်မှန်း တွေ့မြင် နိုင်သည်။ ဘုရားသခင်၏အလိုတော်ထက် သူ၏ နာကြည်းမှုကို ပို၍ဦးစားပေးသည်။ ဘုရား၏ရန်သူ များကို တိုက်လှန်ရန်ထက် သူ၏ရန်သူများကို တိုက် လှန်ရန် ပို၍အလေးထားသည်။ ရန်သူများကို အသက် နှင့်ရင်းပြီး လိုက်လံဖမ်းဆီးခြင်းသည် သူ၏ ကလဲ့စား ချေလိုမှုကြောင့်ဖြစ်သည်။ ကလဲ့စားချေခြင်းသည် ၊ ဘုရားသခင်၏အမှုဖြစ်သဖြင့် ဘုရားသခင်၌သာ အပ်နှံတတ်ရန် အရေးကြီးလှသည်(ရော ၁၂း၁၈-၁၉)။

မယားများလွန်းခြင်း

ဂိဒေါင်၌ မယားဘယ်နှစ်ယောက်ရှိသည်ကို အတိအကျမသိရသော်လည်း၊ မယားများစွာအပြင် မယားငယ်လည်း အနည်းဆုံးတစ်ယောက်ရှိသည်။ ထိုမယားငယ် သည် ရှေးခင်မြို့သူဖြစ်ပြီး အစေခံအဖြစ် ခေါ်ယူခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် မယားငယ်ဖြစ်လာသည်(သူကြီး ၈း၂၉-၃၂)။

ဂိဒေါင်သည် မယားများစွာနှင့် သားအယောက်(ရ၀)ရှိသည့်အပြင် မယားငယ် နှင့် အဘိမလက် အမည်ရှိသည့် သားတစ်ယောက်မွေးသေးသည်။ အဘိမလက်၊ ဟူသည် “ငါ့အဖေက ဘုရင်ဖြစ်သည်”ဟု အဓိပ္ပာယ်ရှိသည့်အတိုင်း အဘိမလက်သည် ။ ဘုရင်ဖြစ်ရန် နည်းမျိုးစုံဖြင့် စိုင်းပြင်းလာသည်။ ဤသို့ဖြင့် ရှေ့ခင်မြို့ရှိ ဦးလေးများထံ အကူအညီတောင်းရာ ငွေအခွက် ရ၀ရရှိသည်(လက်ရှိငွေလဲနှုန်းအရ ငွေတစ်ခွက် လျှင် အမေရိကန်ဒေါ်လာ၄၀၀သာရှိသဖြင့် ဘုရင်လောင်း ၇ဝကို လုပ်ကြံသတ်ဖြတ်ရန် အတွက် ရရှိသည့်ငွေသည် အလွန်နည်းပါးသည်ဟု ဆိုရမည်ဖြစ်သည်)။

အဘိမလက်၏ ဦးလေးတို့သည် ငွေအခွက် ရဝကို ရုပ်တုဘုရားကျောင်းဖြစ်သည့် ဗာလဗေရိတ်မှ ထုတ်ယူခြင်းဖြစ်သည်။ ထို့နောက် အဘိမလက်သည် ထိုငွေဖြင့် ပေါက်လွှတ်ပဲစား တချို့ကို ငှားရမ်းပြီး အစ်ကိုများကို ချေမှုန်းသတ်ဖြတ်ပစ်သည်။ သို့သော် ဂိဒေါင်၏ အထွေးဆုံးသားဖြစ်သူ ယောသံသည် အချိန်မီပုန်းရှောင်နိုင်သဖြင့် လွတ်မြောက်သည်။ ဤ သို့ဖြင့် အဘိမလက်သည် ဘုရင်အဖြစ် သုံးနှစ်လုံးလုံး စိုးစံသည်။

၂ သို့ရာတွင် သုံးနှစ်လွန်သောအခါ ယောသံက အစ်ကိုဖြစ်သူအဘိမလက်၏ မတရားပြုမူချက်များကို ကျိန်ဆဲလိုက်သည်။ ကျိန်ဆဲသည့်အတိုင်း သက်ရောက် လာသဖြင့် အဘိမလက်သည် မိန်းမတစ်ယောက်၏လက်ချက်ဖြင့် သေဆုံးသွား သည်ဟု ဆိုရမည်ဖြစ်သည်(သူကြီး ၉း၅၃-၅၅)။ သို့ဖြစ်ရာ ယောသံမှအပ ဂိဒေါင်၏ သားများသည် အသေဆိုးဖြင့် သေဆုံးရကြသည်။

အဘိမလက်၏ခေါင်းဆောင်မှုမှ သင်ခန်းစာ ယူစရာတချို့ကို လေ့လာကြပါစို့။ ၁) အဟောအပြော နှင့် စည်းရုံးရေးတော်သည်၊ ၂) ခေါင်းဆောင်ဖြစ်လို စိတ်ပြင်းပြသည်၊ ၃) ရူပါရုံရှိသော်လည်း အရည် အချင်းမရှိ-(က) သူ့ကိုသူချီးမြှောက်၍နေရာယူသည်။ (ခ) စည်းရုံးပေါင်းဖော်သည့်သူများသည် ဆိုးသွမ်းသောသူ (အရည်အချင်းမရှိသောသူ) များသာ ဖြစ် သည်၊ (ဂ) ချစ်ခြင်းမေတ္တာလုံးဝမရှိ(ညီအစ်ကိုများ ကို သတ်ပစ်သည်)။ ချစ်ခြင်းမေတ္တာမရှိပါက ခေါင်းဆောင်မှုသည် တာရှည်မခံနိုင်ဘဲ အဆိုးဘက်သို့သာ ဦးတည်စေသည်။ ကိုယ်ကို ကိုယ်ချီးမြှောက်ပြီး ခေါင်းဆောင်လုပ်ခြင်းသည်လည်း တာရှည်မခံချေ။ သို့ဖြစ်၍နှိမ့်ချသောစိတ်ရှိပါက ဘုရားသခင်သည် အချိန်တန်သောအခါ ချီးမြှောက်လိမ့်မည် ဖြစ်သည်(၁ပေ ၅း၆)။

ဤကဲ့သို့ဖြစ်ပျက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ဂိဒေါင်၌ မယားများစွာ ရှိသောကြောင့် ဖြစ်သည်။ ကျမ်းစာကိုကြည့်လျှင် မယားတစ်ယောက်ထက် ပိုယူ သူတိုင်းသည် ပြဿနာအမျိုးမျိုး ရင်ဆိုင်ရကြသည်။

ရုပ်တု ကိုးကွယ်ခြင်း

ဘုရင်ဖြစ်ရန်ဟူသည် ဂိဒေါင်၏ ဦးစားပေးအစီအစဉ်မဟုတ်ပေ။ လူထုက ဘုရင်နေရာ၌အုပ်စိုးပါဟု တောင်းဆိုသော်လည်း ငြင်းပယ်ပြီး ထာဝရဘုရားက အုပ်စိုးလိမ့်မည်ဟုသာ ဖြေလေ့ရှိသည် (သူကြီး ၈း၂၂-၂၃၊ ၂၉-၃၂)။ သို့သော်လည်း နောက်ပိုင်းတွင် ဆိုးသွမ်းသောဘုရင်တစ်ပါးကဲ့သို့ ပြုမူလာသည်(သူကြီး၈၂၉-၃၂)။

ဂိဒေါင်က ဘုရားသခင်ကို ဘုရင်နေရာ၌ထားရှိသော်လည်း သူကိုယ်တိုင်၏ နေရာ၌ အစားထိုးနိုင်ရန်နှင့် ဘုရားသခင်၏နေရာ၌ အစားထိုးနိုင်ရန်အတွက် ဧဖုတ်

ရုပ်တုတစ်ခုကို ဩဖရမြို့တွင် စိုက်ထူသည်။ ယင်း ရုပ်တုကို ပြည်သူများထံမှစုစည်းသည့် ရွှေနားကပ် ၊ များဖြင့် ထုလုပ်ခြင်းဖြစ်သည်(သူ ကြီး ၈း၂၄)။ ထိုသို့ မကွယ်လွန်မီတွင် ဧဖုတ်ရုပ်တုကို ထုလုပ်သဖြင့် လူ ထုအဖို့ အာရုန်၏နွားရုပ်နှင့် သဏ္ဍာန်တူသည်(ထွက် ၃၂၂-၄)။ ဤသို့ဖြင့် ဂိုဒေါင်သည် သူ၏လူမျိုးများကို အမှုတော်အတွက် ခေါ်ခြင်းမခံမီကအတိုင်း ရုပ်တု ကိုးကွယ်ခြင်း၌ ပြန်ရောက်စေသည်။

ဂိဒေါင်နှင့် နှစ်ဂဏန်း” ၊

ဂိဒေါင်၏အသက်တာ၌ “နှစ်ဂဏန်း ́ကို မကြာခဏကြုံရသည်။ သူကိုယ်တိုင် ၌ပင် နာမည်နှစ် ခုရှိသည်-ဂိဒေါင်နှင့် ယေရုဗာလ။ ဘုရားသခင်လည်း နာမည်နှစ်ခု ဖြင့် ကိုယ်ထင်ပြသည်-YHWH နှင့် Elohimi ပရောဖက်တစ်ပါးနှင့် ကောင်းကင် တမန်တစ်ပါး၊ ယဇ်ပလ္လင်ကို နှစ်ကြိမ်တည်ဆောက်သည်။ မိချန်မင်းနှစ်ပါးကို ကွပ် မျက်သည်။ ဘုရားသခင်၏အတူပါရှိခြင်းကို နှစ်ကြိမ်မြင်တွေ့သည်။ ဘုရားသခင်ကဂိဒေါင်၏စစ်သားများကို နှစ်ကြိမ်စစ်ဆေးသည်။ လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ရမည့် အရာ-လက်ယာ၌ တံပိုး၊ လက်ဝဲနှင့် မြေအိုးနှင့် မီးခွက် စသည်ဖြင့် တွေ့မြင်နိုင်သည် (သူကြီး ၇း၇ ၁ဝ၊ ၁၁-၂၂၊ ၂၅-၃၂၊ ၃၆-၄ဝ၊ ၇း၁၉-၂၅၊ ၈း၂၁)။

သင်ခန်းစာယူစရာ အချက်တချို့ ၁) ဘုရားသခင်ထံမှ ခေါ်သံရရှိသူများ၏နောက်သို့သာ လိုက်သွားသင့်သည်။ ခေါ်သံမရသူများ၏ နောက်သို့ လိုက်သွားမိပါက ချောက်ကမ်းပါးတွင်းသို့ ဆင်းသက် ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ဘုရားသခင်ထံမှ ခေါ်သံမရဘဲနှင့် ခေါင်းဆောင်လုပ် ခြင်းသည် ဘုရားသခင်၏သိုးများအား ညှဉ်းဆဲရာရောက်သည်။ ဂိဒေါင်သည် ဘုရား သခင်ထံမှ ခေါ်သံရရှိသောအခါ အကြိမ်ကြိမ်မေးမြန်းပြီး သေချာမှသာ လက်ခံ သည်။

၂) ခေါင်းဆောင်ကောင်းများအဖို့ နောက်လိုက်နှင့် ကူညီပံ့ပိုးမည့်သူ များပြား သည်။ ဂိဒေါင်သည် စစ်သားခေါ်ယူသောအခါ အမြောက်အမြားရရှိပြီး ခေါ်ခြင်း မခံရသူများသည် စိတ်ပင်ဆိုးကြသည်။ ခေါင်းဆောင်ဝံ့သူရှိလျှင် နောက်လိုက်မည့် သူလည်းရှိသည်။

၃) အရည်အချင်း ပါရမီတစ်ခုခု ရှိသူများနောက်သို့ ပို၍လိုက်လိုကြသည်။ ဂိဒေါင်သည် သူ့ကိုသူ အရည်အချင်းမရှိသကဲ့သို့ ခံယူသော်လည်း ကောင်းကင်တမန် ကိုယ်တိုင်က “သူရဲကောင်း၊ ကြီးမြတ်သောသူ၊ မျိုးနွယ်တစ်ခု၏ခေါင်းဆောင်ကြီး ́ဟု ခေါ်ဆိုသည်။ ဂိဒေါင်သည် စစ်ရေးပါရမီသာမရှိလျှင် သူ၏စစ်သား ၃ဝဝဖြင့် ရန်သူ စစ်သား ၁၅ဝဝဝကို လိုက်လံချေမှုန်းဝံ့မည်မဟုတ်ပေ။ သို့ဖြစ်၍ သူ့ကိုသူ အားမရ စေကာမူ ခေါင်းဆောင်ကောင်းဖြစ်နိုင်ရန် အရည်အချင်းရှိနေမှန်း တွေ့မြင်နိုင်သည်။

၄) အဟောအပြောတော်ခြင်းက လူအမြောက်အမြားနှင့် ရန်သူများကိုပင် မိမိ ဘက်သို့ လိုက်ပါစေနိုင်သည်။ ဂိဒေါင်၏စကားကို သူ၏မျိုးနွယ်များသာမက အာရှာ၊ ဇာဗုလုန်၊ နဿလိနှင့် ဧဖရိမ်မျိုးနွယ်တို့ကပင် နားထောင်ကြပြီး သူ၏နောက်သို့ လိုက်ပါသွားကြသည်(သူကြီး ၆း၃၄-၃၅၊ ၈း၁)။

၅) မယားတစ်ဦးထက် ပိုယူသောသူတိုင်း အိမ်တွင်းပြဿနာမျိုးစုံ ကြုံတွေ့ရ ကြသည်။ အာဗြဟံ၊ သော၊ ယာကုပ်၊ ဒါဝိဒ်နှင့် ရှောလမုန်တို့ကိုလည်း စဉ်းစား သုံးသပ်ကြပါစို့။ မယားများကြောင့် ရရှိသည့် ပျော်ရွှင်မှုသည် ပူပန်ခြင်းနှင့် အဆုံး သတ်သွားသည်။

၆) အောင်မြင်မှုရရှိရန်အတွက် အရေအတွက်ထက် အရည်အချင်း ပိုအရေး ကြီးသည်။ ညည်းတွားတတ်သော လူတစ်ထောင်ထက် တက်ကြွစွာလုပ်ဆောင်တတ်သော လူတစ်ယောက် ပိုအရေးကြီးသည်။ ဘုရားသခင်က လူများစွာ၊ စစ်လက်နက် များစွာအားဖြင့် အောင်မြင်ခြင်းမပေးတတ်ဘဲ လူအနည်းငယ်အားဖြင့်သာ ပေးတတ် သည်။ ယင်းသည် သူ၏ဘုန်းတော် ထင်ရှားရန်အတွက်ဖြစ်သည်။

ရ) ဘုရားသခင်သည် အားနည်းသောသူများကိုလည်း အသုံးပြုလိုသည်။ ဘုရားသခင်သည် လူတို့၏အစွမ်းသတ္တိအားဖြင့် အောင်မြင်မှုမရလိုဘဲ လူတို့၏အား နည်းမှု၊ နှိမ့်ချမှုအားဖြင့်သာ အောင်မြင်မှုရလိုသည်(၁ကော ၁း၂၇)။

၈) ဘုရားသခင်၏ကောင်းချီး၌ ယစ်မူးပြီး ဘုရင်ကဲ့သို့ စည်းစိမ်ခံလိုခြင်းသည် အဆိုးဘက်သို့ ဦးတည်စေသည်။ ဂိဒေါင်သည် ဘုရင်ကဲ့သို့ နေထိုင်မိသဖြင့် သူ၏ သားအားလုံး အသတ်ခံရသည်။ မယားငယ်နှင့်ရရှိသည့် အဘိမလက်သည် ဘုရင် အဖြစ် သုံးနှစ်ခန့်စိုးစံသော်လည်း နောက်ဆုံးတွင် ဂုဏ်သိက္ခာအမဲ့ဆုံးဖြစ်သည့် မိန်းမ တစ်ယောက်၏လက်ချက်ဖြင့် သေဆုံးရသည်။

၉) လူများစွာအား ရုပ်တုကိုးကွယ်ခြင်း၌ ဆွဲခေါ်သောသူသည် ဘုရားသခင်၏ ပြစ်ဒဏ်ခံစားရပြီး လူများစွာအား ဘုရားသခင်ဘက်သို့ ဆွဲခေါ်သောသူကိုမူ အစဉ် တည်တံ့သည့်သရဖူက စောင့်ကြိုလျက်ရှိသည်။

၁၀) လုပ်ဆောင်ချက်များသည် သေးငယ်သကဲ့သို့ရှိသော်လည်း ဘုရားသခင် လုပ်ခိုင်းခြင်းဖြစ်ပါက အကြီးဆုံးဖြစ်သွားသည်။ အသေးငယ်ဆုံးဖြင့် အစပြုစေကာမူ အကြီးမားဆုံးသောအောင်မြင်မှုက စောင့်ကြိုနေသည်။

၁၁) ဘုန်းကြီးခြင်း၊ ဂုဏ်ပြုခြင်းအလုံးစုံတို့ကို ဘုရားသခင်က ခံယူလိုသည်။ ထို့ကြောင့်ပင် ဘုရားသခင်က အားနည်းသောသူများအားဖြင့် ကြီးမားသောအမှုများ ကို လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့ဖြစ်၍ ဤအရာများကို ဘုရားသခင်ထံမှ မလု ယူကြပါစို့နှင့်။

၁၂) ကြီးမားသောအမှုတစ်ခုခုကို လုပ်ဆောင်ရာ၌ စိတ်ဓာတ်ကျသူ ရှိတတ် စမြဲဖြစ်သည်။ သို့သော်လည်း အောင်မြင်ခြင်းဟူသည် လူတို့ပေးခြင်းမဟုတ်ဘဲ ဘုရားသခင်ပေးခြင်းဖြစ်သဖြင့် စိတ်မလျှော့ဘဲ အဆုံးထိလျှောက်လှမ်းရန်ဖြစ်သည်။ စိတ်ဓာတ်ကျတတ်သူများနှင့် အောင်မြင်မှုဆွတ်ခူးလျှင် မာနဝင်လာပြီး ယုံကြည်ခြင်း ရှိသူများနှင့် အောင်မြင်မှုဆွတ်ခူးလျှင် ယုံကြည်ခြင်းတိုးပွားလာသည်။

၁၃) လူ့အမြင်၌ လိုအပ်သည်ဟုယူဆသည့် အရာများစွာကို ဘုရားသခင်က အလိုမရှိသဖြင့် ထိုအရာများကိုလျှော့ချဖယ်ရှားပစ်တတ်သည်။ ထိုသို့သောအချိန်တွင် စိတ်ပျက်မည်ဖြစ်သော်လည်း ဘုရားသခင်က အကောင်းဆုံးကိုပေးမည်ဖြစ်သဖြင့် နားလည်လက်ခံတတ်ရန် အရေးကြီးသည်။

ယေဖေသ (Jephthah)

ယေဖသဟူသည် “ဘုရားသခင်က ဖွင့်သည် ́ဟု အဓိပ္ပာယ်ရသည့်အတိုင်း လူဆိုးဗိုလ် ဖြစ်နေစဉ်တွင် ဘုရားသခင်က လမ်းဖွင့်ပေးသဖြင့် သူသည် အစ္စရေးတို့၏သမိုင်း၌ သူရသတ္တိအရှိဆုံး စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်လာသည်။ ထို့အပြင် ကွယ်လွန်ပြီး နှစ်ပေါင်း (၁၀၀၀)ကျော်အကြာတွင် သူ့ကို ယုံကြည်ခြင်းဖြင့်လျှောက်လှမ်းပြီး အောင်မြင်သူ တစ်ဦးအဖြစ် မော်ကွန်းတင်ခြင်းခံရသသဖြင့် သူသည် အကြီးမြတ်ဆုံးသောပုဂ္ဂိုလ် များစာရင်းတွင် ပါဝင်လာသည်။

ထိုမှတစ်ပါး အဘယ်သို့ ပြောစရာရှိသေးသနည်း။ ဂိဒေါင်၊ ဗာရက်၊ ရှံဆုန်၊ ယေဖသ၊ ဒါဝိဒ်၊ ရှမွေလမှစ၍ ပရောဖက်တို့အကြောင်းများကိုပြော၍မကုန်နိုင်။ ထိုသူတို့သည် ယုံကြည်ခြင်းအားဖြင့် အခြားသော တိုင်းနိုင်ငံကို အောင်မြင်ခြင်း၊ တရားသဖြင့်စီရင်ခြင်း၊ ကတိတော်ကို ဝင်စားခြင်း၊ ခြင်္သေ့နှုတ်ကို ပိတ်ခြင်း၊ မီးရှိန်ကိုငြိမ်းစေခြင်း၊ ဓား လက်နက်ဘေးနှင့် ကင်းလွတ်ခြင်း၊ တစ်ပါးအမျိုးသားတို့၏ တပ်များကို ဖျက်ဆီးခြင်းအမှုများကို ပြုကြ၏ (ဟေဗြဲ ၁၁း၃၂-၃)။

ယေဖသသည် ဘုရားသခင်နှင့် လူတို့၏ရှေ့တွင် ကြီးမြတ်သောပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခြင်းခံနိုင်ရန် မည်သို့အသက်ရှင်သနည်း ဆိုသည်ကို လေ့လာကြပါစို့။

ယေဖသ၏ နောက်ကြောင်းသမိုင်း

ကြီးမြတ်သူအများစုတို့၏ နောက်ကြောင်းသမိုင်းကိုကြည့်လျှင် သူတို့သည် ကလေးဘဝမှစ၍ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခြင်း ခံရသူများဖြစ်ကြသည်။ ဖော်ပြ ပါကျမ်းပိုဒ်တွင် ယေဖသသည်ဂိဒေါင် ဗာရက်နှင့် ရှံဆုန်တို့၏နောက်၌ စတုတ္ထ မြောက်ဖြစ်သည်။

ဂိဒေါင်သည် လူကြီးလူ‌ကောင်းမိသားစုမှ မွေးဖွားသူဖြစ်သည်။ သူ၏ဖခင်သည် လူအများ၏ လေးစားခြင်းရရှိသူ ခေါင်းဆောင်တစ်ဦးဖြစ်၍အစေခံနှင့်တိရစ္ဆာန်များစွာကို ပိုင်ဆိုင်သည်။ ဗာရက်သည် နဿလိအမျိုး လူကြီးလူကောင်း အဘိနှောင်၏သား ဖြစ်သည်။ ပရောဖက်မဒေဝေါက ဗာရက်အား နဿလိနှင့် ဇာဗုလုန်မှစစ်သား တစ်သောင်း စုဆောင်းခိုင်းရာ ဗာရက်သည် ချက်ချင်းစုဆောင်းနိုင်သည်။ သို့ဖြစ်၍ သူတို့သား အဖသည် လူသိများဩဇာရှိသူဖြစ်မှန်း တွေ့မြင်ရသည်။ ရှံဆုန်သည် ဘုရားသခင်အား ယုံကြည်ကိုင်း ရှိုင်းသော မိသားစုမှ မွေးဖွားသည်။ သူ၏မိဘနှစ်ပါးသည် ကောင်းကင်တမန်နှင့်ပင် ၊ ဆက်ဆံရေးကောင်းမွန်သည့်လူကြီးလူကောင်းများဖြစ်ကြသည်။ သို့ဖြစ်လျှင် ယေဖသ သည် မည်ကဲ့သို့သောမိဘမျိုးမှ မွေးဖွားပါသနည်း။

ယေဖသ၏အကြောင်းကို စတင်မိတ်ဆက်ရာ၌ သူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်သည်။ သူ၏ဖခင်သည် ဂိလဒ်၊ မိခင်သည် ပြည့်တန်ဆာဖြစ်သည်ဟု ဖော် ပြသည်။ တရားသူကြီးမှတ်စာတစ်အုပ်လုံးတွင် တရားသူကြီး ၁၃ဦး၏အကြောင်းကိုတွေ့ရသည်။ ထိုတရားသူကြီးများအနက် မိခင်၏ သားသမီးများကို အကြောင်းနှင့်တကွ ဖော်ပြခြင်း ခံရသူ နှစ်ဦးသာရှိရာ ၎င်းတို့မှာ အဘိမလက်နှင့် ယေဖသဖြစ်သည်။ အဘိမလက်ကို ဂိဒေါင်၏မယားငယ်မှမွေးဖွားသူဟုဖော်ပြရာ ဖြေသာသေးသည်ဟု ဆိုရမည် ဖြစ် သော်လည်း ယေဖသကိုမူ ပြည့်တန်ဆာမှ မွေးဖွားသူဟု ဖော်ပြသဖြင့် အလွန်ဂုဏ်ငယ်သည့်အပြင် ဖခင်အတွက်ပါ အရှက်ရဖွယ်ဖြစ်သည်။ အကြောင်းမှာဖခင်ဖြစ်သူသည် နာမည်ကိုပင် မဖော်ပြသည့် ပြည့်တန်ဆာမထံ မကြာခဏသွား ရောက်သော ဖောက်သည်တစ်ယောက်ဖြစ်မှန်း ထင်ရှားသောကြောင့် ဖြစ်သည်။ ယေဖသ၏ဖခင်ဖြစ်သူ ဂိလဒ်သည် မိခင်ဖြစ်သူ ပြည့်တန်ဆာမကို မလက်ထပ်သော် လည်း ယေဖသကိုမူ ခေါ်ယူကျွေးမွေးသဖြင့် ယေသဖသည် ဂိလဒ်၏အိမ်မှ ကြီးပြင်း လာသည်။

ယေဖသ၏ ငယ်ဘ၀

သားသမီးများ၏ ယေဖသသည် မျက်နှာငယ်ခြင်း၊ အရှက်ရခြင်း၊အပယ်ခံခြင်း၊ အထီးကျန်ခြင်းနှင့်ခက်ခဲခြင်းများစွာဖြင့် ကြီးပြင်းလာသည်။ သို့ဖြစ်၍ မိစုံဖစုံနှင့် ကြီးပြင်းသော သူများကို အလွန်အားကျသည့်အပြင် မိခင်၏မေတ္တာ ကို မရသူဖြစ်သဖြင့် ဖခင်မေတ္တာကို အလွန်မျှော်လင့်လိမ့်မည်ဖြစ်သည်။ သို့သော်လည်း ဖခင်၏ပစ်ပယ် ခြင်းကို ခံရသည်။

ထိုသို့ပစ်ပယ်ခြင်းကို ယေဖသ အိမ်မှနှင်ထုတ်ခံရသည့်အချိန်၌ တွေ့ရသည်။ ဂိလဒ်၏သားများက ယေဖသကို ပြည့်တန်ဆာမ၏သား၊ အမွေမခံရဟုဆိုပြီး အိမ်မှ နှင်ထုတ်လိုက်ရာ ဂိလဒ်သည် စကားတစ်ခွန်းမျှပင် မဟချေ(သူကြီး ၁၁း၁-၂)။ အမွေ ကိစ္စဖြစ်သဖြင့် ဣဇာက်နှင့် ဣရှမေလ၊ ဧသောနှင့် ယာကုပ်တို့ကို အမှတ်ရစေသည်။ အမွေကိစ္စမဟုတ်သည့်တိုင် ငွေရေးကြေးရေးကိစ္စကြောင့် ညီအစ်ကိုချင်း မသင့်မြတ် သူများလှသဖြင့် ယုံကြည်သူများသည် အလွန်သတိထားရလိမ့်မည် ဖြစ်သည်။ မသင့် မြတ်ခြင်း၊ ကွဲပြားခြင်းသည် စာတန်၏အောင်မြင်မှုဖြစ် သဖြင့် ယင်းတို့သည် ကောင်းချီးမင်္ဂလာ မဟုတ်ပေ။ ယေဖသသည် ဖခင်၏မေတ္တာနှင့် ကာကွယ်မှုကိုမရဘဲ နှင်ထုတ်ခြင်းခံရသည့်အချိန်တွင် မည်သည့်အရွယ်ရှိသည်ကို မဖော်ပြသော်လည်း အလွန်ငယ် ရွယ်သေးလိမ့်မည်ဖြစ်သည်။ အကြောင်းမှာ ဖခင်ကမည်သူ့ကိုမျှ အမွေမခွဲသေး၍ဖြစ်သည်။

ဖခင်၏ပစ်ပယ်မှု၊ ညီအစ်ကိုများ၏ မနာလိုမှု၊ နှင်ထုတ်ခံရမှုတို့ကြောင် . ထွက်သွားကာ တောဘပြည်၌ ‘လူဆိုးများ၏ဗိုလ်” ဖြစ်လာသည်(သူကြီး ၁၁း၃)၊ “တောဘ” ဟူသည် “ကောင်းသည်”ဟု အဓိပ္ပာယ်ရှိသော်လည်း လူမကောင်းလျှင် တိုင်းပြည်လည်းမကောင်းနိုင်မှန်း တွေ့မြင်နိုင်သည်။

ယေသ၏ အောင်မြင်မှု

ခါနာန်ပြည်သို့ ဝင်ရောက်မည့်အချိန်တွင် ဘုရားသခင်ကအစ္စရေးလူမျိုးများကို စကားနာခံလျှင် ကောင်းစားမည်၊ မနာခံလျှင် ကျိန်ခြင်းခံရမည်ဟု မောရှေအားဖြင့် အကြိမ်ကြိမ်သွန်သင်သည်။ သို့ဖြစ်ရာ အစ္စရေးတို့သည် စကားနာခံနေသရွေ့ ကောင်းချီး ခံစားရပြီး စကားမနာခံဘဲ ရုပ်တုစသည် တို့ ကိုးကွယ်သောအခါ ဆုံးမခြင်းခံရသည်။ ဘုရားသခင်က အနီးပတ်ဝန်းကျင်ရှိ လူမျိုးခြားများကို အင်အားကြီးစေပြီး ၎င်းတို့၏ လက်အောက်၌ ကျွန်ဘဝရောက်စေသည်။

တရားသူကြီးမှတ်စာထဲတွင် အစ္စရေးတို့သည် ဘုရားသခင်၏လမ်းကြောင်းမှ စတင်သွေဖည် လာကြသည်။ ထိုအခါ ဘုရားသခင်က ခုရှီရိရှသိမ်၏လက်၌ ကျွန် ဘဝရောက်စေပြီး နောင်တရကြသည့်အချိန်တွင် ဩသံယေလအားဖြင့် ပြန်လည်ကယ်တင်သည်။ တစ်ဖန် ဧဂလုန်၏လက်၌ ကျွန်ခံစေပြီး ဧဟုဒအားဖြင့် ပြန်လည်လွတ်မြောက်စေသည်။ ယေဖသခေတ်တွင်လည်း အစ္စရေးတို့သည် ဘုရား သခင်ထံမှ သွေဖည်ကြပြီး ဗာလဘုရား၊ အာရှရနတ်ဘုရား၊ မောဘတို့၏ဘုရား၊ အမ္မုန်တို့၏ ဘုရားနှင့်ပါလက်စတိုင်းတို့၏ဘုရား စသည်တို့ကို ကိုးကွယ်ကြသည်။ ထိုအခါ ဘုရားသခင်က ပါလက်စတိုင်းနှင့်အမ္ဗုန်တို့၏လက်အောက်သို့ ကျွန်ခံစေပြီး နောင်တပြန်ရသောအခါ ယေဖသအားဖြင့် ပြန်လည်ကယ်တင်သည်။ အမ္မုန်တို့က တိုက်ခိုက်လာသောအခါ ဂိလဒ်(အစ္စရေး)တို့သည် ခေါင်း မည့်သူမရှိသဖြင့် အလွန်စိတ်ဆင်းရဲကြသည်။ ထို့ကြောင့် လူကြီးများသည် တောဘ ပြည်၌နေထိုင်သော ယေဖသထံသွားပြီး စစ်ဗိုလ်ချုပ်လုပ်ပေးရန် ကမ်းလှမ်းကြသည်။

ထိုခါယေဖသက“သင်တို့သည်ငါ့ကိုမုန်း၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လား ယခုဆင်းရဲခြင်းသို့ရောက်သောအခါ အဘယ်ကြောင့် ငါ့ထံသို့လာကြသနည်း”ဟု ပြောဆိုရာ လူကြီးများက “ထို့ကြောင့် ငါတို့သည် ယခုသင့်ထံသို့ ပြန်လာပါ၏။ ငါတို့နှင့်အတူကြွ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင် ဂိလဒ်ပြည်သားတို့၏ အထွတ်လုပ်ပါ”ဟု တောင်း ပန်ကြသည်။ ယေဖသသည် ၎င်းတို့နှင့်လိုက်သွားပြီး စစ်ဗိုလ်ချုပ်လုပ်ပေးရာ အာဉ် မြို့မှ မိန္ဒိတ်မြို့နှင့် အာဗေလခေရမိမ်မြို့အထိ မြို့ပေါင်းနှစ်ဆယ်ကို သိမ်းပိုက်အောင် မြင်သည်(သူကြီး ၁၀၆-၁၂း၁၅)။ ယေဖသအပေါ်၌ သန့်ရှင်းသော ဝိညာဉ်တော် သက်ရောက်သဖြင့် ထိုသို့အောင်မြင်နိုင်ခြင်း ဖြစ်သည်။

ယေဖသ၏ သမီး

ယေဖသသည် ရှေ့တန်းသို့ထွက်ခါနီးတွင် ဘုရားသခင်ထံ “ကိုယ်တော်သည် အချွန်အမျိုးတို့ကို အကျွန်ုပ်လက်၌အပ်တော်မူလျှင် အကျွန်ုပ်သည် အချွန်အမျိုးတို့ ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ အကျွန်ုပ်ကို ခရီးဦးကြိုပြုအံ့သောငှါ အကျွန်ုပ် အိမ်တံခါးမှ ထွက်လာသောသူ မည်သူကိုမဆို ထာဝရဘုရားအား အမှန်ဆက်သ၍ မီးရှို့ရာယဇ်ပူဇော်ပါမည်”ဟု သစ္စာကတိပြုသည်(သူကြီး ၁၁း၃၀-၃၁)။

ယေဖသသည် အောင်ပွဲရရှိပြီး မိဇပါမြို့ရှိ နေအိမ်သို့ပြန်လာရာ တစ်ဦးတည်းသောသမီးသည် လင်းကွင်းကိုတီး၍ ကလျက်ခုန်လျက် ခရီးဦးကြိုဆိုသည်။ ထိုအခါ ယေဖသသည် အဝတ်ကိုဆုတ်ပြပြီး “အိုငါ့သမီး၊ သင်သည် ငါ့ကိုအလွန်နှိမ့်ချပြီတကား။ ငါ့ကိုနှောင့်ယှက်သော သူတစ်ယောက် ဖြစ်ပါသည် တကား။ ထာဝရအားငါလျှောက်ထားပြီ။ နုတ်ရသော အခွင့်မရှိ”ဟု မြည်တမ်းပြောဆိုသည်။ ယေဖသ၌သားသမီးမရှိသဖြင့် ထိုမျှကြေကွဲခြင်းဖြစ်သည်။ လူတချို့တို့က ယေဖသသည် မည့်သူမှာသူ၏ခွေးဖြစ်မည်ဟုတွေးထင်မိသဖြင့် ဘုရားသခင်အား ထိုကဲ့သို့သစ္စာကတိပြုခြင်း ဖြစ်သည်ဟု အဓိပ္ပာယ်မဲ့ပြောကြသည်။ စင်စစ် အစ္စရေးတို့သည် ခွေးမမွေးကြပေ။

ထို့နောက် သူ၏သမီးက “ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထား လျှင် လျှောက်ထားသည့်အတိုင်း ကျွန်မ၌ပြုပါ။ အကြောင်းမူကား ထာဝရဘုရားသည် ခမည်းတော်၏ရန်သူ အချွန်အမျိုးတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါ အပြစ်ပေးတော်မူပြီ။ သို့ရာတွင် ကျွန်မသည် အပေါင်းအဖော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည်၍ ကျွန်မ၏ အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းရမည်အကြောင်း နှစ်လပတ်လုံး အလွတ်နေရပါစေ”ဟု ခွင့်တောင်းသည်(ယုဒထုံးစံ၌ အမျိုးသမီးများ သည် သားသမီးမရဘဲ သေရမည်ကို အကြောက်ဆုံးဖြစ်သည်)။ ယေဖသကလည်း သမီး၏တောင်းဆိုချက်ကို ခွင့်ပြုသည်။

အကယ်၍ ယေဖသသည် သူ၏သမီးကို ကယ်တင်လိုသည့်ဆန္ဒသာရှိပါက ပေးပြီးသားသစ္စာကတိကို ငွေဖြင့်တန်ဖိုးဖြတ် ရွေးနုတ်ခွင့်ရှိသည်(ဝတ် ၂၇း၁-၈)။ ယင်းသည် သစ္စာပျက်ရာလည်းမရောက်အောင် ဘုရားသခင်၏ လမ်းဖွင့်ပေးချက်ဖြစ်သည်(တော ၃၀း၂၊ တရား ၂၃း၂၁-၂၃)။ ယေဖသသည် ဤအချက်များကို မသိခြင်းဖြစ်နေလျှင်ပင်အချိန်နှစ်လရသဖြင့် စုံစမ်းမေးမြန်းပါက ပြောပြသူရှိလိမ့်မည်ဖြစ်သည်။

ဘုရင်ရှောလုလည်း ရူးမိုက်စွာ ကျိန်ဆိုဖူး သည်။ အစ္စရေးလူမျိုးများ စစ်မြေပြင်၌ အလွန်ပင်ပန်သည့်နေအချိန်တွင် ရှောလုက ရန်သူများကို အနိုင် မရမချင်း၊ မိုးမချုပ်မီ မည်သူမျှ အစာမစားရ။ စားသောသူရှိလျှင် ကျန်ခြင်းကိုခံစေဟု ကျိန်ဆိုသည်။ သို့သော်လည်း ထိုကျိန်ဆိုချက်ကို သူ၏သားဖြစ်သူ ယောနသန်က မကြားလိုက်သဖြင့် ပျားလပို့ကို စားမိသည်။ ထိုသို့ စားမိသဖြင့်လည်း ခွန်အားပြည့် လာပြီး ရန်သူများကို အနိုင်ရရှိသည်။ ရှောလှသည် ထိုသတင်းကိုကြားလျှင် အလွန် စိတ်ဆိုးပြီး ယောနသန်ကိုသတ်ရန် ကြံစည်သည်။ သို့ရာတွင် လူအားလုံးကတော့ သဖြင့် မသတ်တော့ချေ။ သို့ဖြစ်၍ သစ္စာကတိပြုစေကာမှု ပိုကောင်းသောအရာတစ် ခုခုဖြင့် ဖြေလွှတ်နိုင်သည်ကို တွေ့မြင်ရသည် (၁ရာ ၁၄း၂၄-၂၅။ ယေဖသလည်း ဆန္ဒသာရှိပါက သူ၏ကတိကို ပြန်ပြောင်းနိုင်သည့်အခွင့်ရှိသည်။

ကျမ်းတတ်ပုဂ္ဂိုလ်များစွာက ယေဖသသည် ရုပ်တုကိုးကွယ်သူများကဲ့သို့ ၎င်း ၏သမီးကို မီးရှို့ရာယဇ်အဖြစ် ပူဇော်လိမ့်မည်မဟုတ်ဟု ဆိုကြသည်။ ယင်းအဆိုသည် မှန်နိုင်ဖွယ်မရှိပေ။ အကြောင်းမှာ၊ ၁) ယေဖသ၏ပတ်ဝန်းကျင်၌ မီးရှို့ရာယဇ်ကို လူ အားဖြင့် ပူဇော်လေ့ရှိသဖြင့် ယင်းဓလေ့သည် ယေဖသအဖို့ အထူးအဆန်းမဟုတ်ပေ။ ၂) မီးရှို့ရာယဇ်ကိုသမီးဖြင့်ပူဇော်ပါမည်ဟုထာဝရဘုရားထံကတိပြုသည်၊ ၃) အစ္စရေး အမျိုးသမီးများသည် “ယေဖသ၏သမီးအား အောက် မေ့ရာနေ့”ကို နှစ်တိုင်း ကျင်းပပြီး လေးရက်တိုင်တိုင် ငိုကြွေးကြသည်။ သို့ဖြစ်၍ယေဖသသည် သူ၏သမီးကို မီးရှို့ရာယဇ်အဖြစ် ပူဇော်မှန်း ထင်ရှားပေါ်လွင်သည်။

တရားသူကြီးမှတ်စာကျမ်းကို “ထိုကာလ၌ ဣသရေလရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း”(သူကြီး ၂၁း၂၅) ဟူသည့် စာကြောင်းဖြင့် နိဂုံးချုပ်သည်။ ထိုနည်းတူ ယေဖသ ကလည်း ဘုရားသခင်၏ အလိုတော်ထက် သူ၏အမြင်၌ ကောင်းသည်၊ မှန်သည်ဟု ထင်မြင်ယူဆသည့်အတိုင်း ပြုမူဆောင်ရွက်ဖြစ်သည် သူသည် မည်ကဲ့သို့ပြုမူရမည် ကို ဘုရားသခင်အား တစ်ကြိမ်မျှပင် မမေးဖူးချေ။

ယေဖသ ကွယ်လွန်ခြင်း

ယေဖသသည် အချွန်လူတို့ကို စစ်အောင်ပြီးနောက် ငဖရိမ်လူတို့ကိုလည်း ဆက်လက်အနိုင်ရရှိသည်။ စင်စစ် ဧဖရိမ်တို့သည် သူ၏ရန်သူမဟုတ်ပေ။ အမ္ဗုန်တို့ နှင့် တိုက်ခိုက်ရာ၌ ပါဝင်ခွင့်မရခြင်းကို ဧဖရိမ်တို့ မကျေမနပ်ဖြစ်ကြပြီး ယေဖသကို သတ်ရန်နှင့် သူ၏ အိမ်ကိုမီးရှို့ပစ်ရန် ကြံစည်လာကြ ရာ ကိုယ့်ကိုကိုယ်ကာကွယ်သည့်အနေဖြင့် တိုက်ခိုက် ရခြင်းဖြစ်သည်။

အထင်မကြီးသည့်တိုင် ထို့နောက် ယေဖသသည် ယော်ဒန်မြစ်ကူးရာ အရပ်၌နေရာယူပြီးထွက်ပြေးလာသောဧဖရိမ်စစ်သားများကို ဧဖရိမ်အမျိုးဟုတ်မဟုတ် စစ်မေးကြသည်။ငြင်းဆိုသူရှိလျှင် “ရှိဗောလက်” ဟူသည့် စကားလုံးကိုရွတ်ဆိုခိုင်းပြီး ပြန်လည်စစ်ဆေးကြသည်။ ဖရိမ်တို့သည် ပီသအောင်မရွတ်တတ်ဘဲ “သိဗောလက်”ဟုသာ အသံထွက်ကြသည်။ သို့ဖြစ်၍ “ရှိ”ဟု အသံမထွက်တတ်သူ ငဖရိမ်အမျိုး ၄၂၀၀၀ အသတ်ခံရသည်။

ယေဖသသည် အစ္စရေးလူမျိုးတို့အား ခြောက်နှစ်ကြာအုပ်စိုးပြီးနောက် ကွယ် လွန်သည်။ သူ၏ အသက်တာ၌ ဘုရားသခင်၏ရန်သူ အမ္ဗုန်တို့နှင့်တိုက်ခိုက်သည့် စစ်ပွဲကြီးတစ်ပွဲသာ ဆင်နွှဲဖူးသည်။ ထိုစစ်ပွဲတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အတူ ပါရှိမှုကို တွေ့မြင်နိုင်သည်။ သို့သော်လည်း ဘုရား၏ရန်သူမဟုတ်သည့် သူ၏ကိုယ် ပိုင်ရန်သူများအား တိုက်ခိုက်သည့်အချိန်တွင်မူ ဘုရားအတူပါရှိမှုကို တစ်ကြိမ်မျှပင် မတွေ့ရပေ။ ထို့ကြောင့် ဘုရား၏ရန်သူမဟုတ်သူများအား မတိုက်ခိုက်ရန် အရေးကြီး လှသည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) မိမိကြဉ်ဖယ်သောသူသည် မိမိ၏ခေါင်းဆောင်ဖြစ်တတ်သည်။ “ပယ်ထား သောကျောက်သည် နောက်တစ်ဖန် တိုက်ထောင့်အထွတ်အဖျားသို့ ရောက်ပြန်၏” (၁ပေ ၂း၇)ဟု ဖော်ပြသကဲ့သို့ မိမိအထင်သေးနိမ့်ချသောသူသည် တစ်နေ့နေ့တွင် မိမိ၏ မှီခိုအားကိုးရာဖြစ်တတ်သည်။

ယေဖသကို ညီအစ်ကိုများက ကြဉ်ဖယ်သောအခါ သူ၏ဖခင်သည် သူ့ဘက်၌ မနေသည်သာမက လုံးဝဂရုမစိုက်သည့်ပုံပင်ဖြစ်သည်။ ဂရုမစိုက်ခြင်းဟူသည် ထို သူကို လူရာမသွင်းခြင်းဖြစ်သဖြင့် အလွန်ဆိုးသောလုပ်ရပ်ဖြစ်သည်။ သို့သော်လည်း တစ်နေ့သောအခါတွင်မူ ညီအစ်ကိုများက ယေဖသထံ ခေါင်းဆောင်လုပ်ပေးပါဟု တိုးလျှိုးတောင်းပန်ရသည်။

ယဇ်ပုရောဟိတ်၊ ဖာရိရှဲနှင့် ဇဒ္ဒကဲတို့သည် ယေရှုကိုသာမက သူ၏ရပ်ရွာကိုပင် နှိမ့်ချဆက်ဆံ၍ လှောင်ပြောင်သရော်ကြသည်။ ဂါလိလဲပြည်မှ ပရောဖက်တစ်ပါးမျှ ပေါ်ထွန်းဖူးခြင်းမရှိဟူ၍ နိမ့်ချပြောဆိုကြသည်။ စင်စစ် ပရောဖက်နာဟုံနှင့် မိက္ခာတို့ ကို ဂါလိလဲပြည်မှဖြစ်မှန်း သိကြလိမ့်မည်ဖြစ်သည်။ နာသနေလကပင်လျှင် နာဇရက် မြို့မှ ကောင်းသောအရာတစ်စုံတစ်ခု ထွက်ပေါ်နိုင်ပါ့မလားဟု ခနဲ့တဲ့တဲ့ပြောဖူးသည်။ ထိုကဲ့သို့ အထင်သေးနှိမ့်ချသည့်သူသည် တစ်နေ့သောအခါတွင် ၎င်းတို့၏ ဘုရင် ဖြစ်လာသည်။ သို့ဖြစ်၍ မည်သူ့ကိုမျှ အထင်သေးနိမ့်ချခြင်း မပြုကြပါစို့နှင့်။

ကိုယ့်ကိုကိုယ်သိလျှင် မည်သူ့ကိုမျှ အထင်သေးလိမ့်မည် မဟုတ်ပေ။ သူ တစ်ပါးကို နိမ့်ချအထင်သေးသောသူသည် သနားစရာကောင်းသောသူပင်ဖြစ်သည်။

၂) မိမိ၏ အမုန်းရဆုံးသောသူသည် မိမိအား အချစ်ဆုံးသောသူဖြစ်လာတတ် သည်။ ယေဖသအား အမုန်းရဆုံးသောသူများသည် ၎င်း၏ညီအစ်ကိုများဖြစ်ကြသည်။ ယေဖသအား အိမ်၌သာမကဘဲ ရပ်ရွာထဲ၌ပါ မနေစေလိုကြသဖြင့် နှင်ထုတ်ကြရာ ယေဖသသည် တောဘပြည်သို့ ထွက်ပြေးရသည် (သူကြီး ၁၁း၃)။ ဤထွက်ပြေး ဟူသည့် စကားလုံးကို ဧသောထံမှ ယာကုပ်ထွက်ပြေးခြင်းနှင့် အီဂျစ် ပြည်မှ မောရှေ့ ထွက်ပြေးခြင်းတို့၌ အသုံးပြုသည်။ အသက်အန္တရာယ်ရှိသဖြင့် ထွက်ပြေးရခြင်းဖြစ် သည်။

ထိုသို့ မုန်းတီးပြီး နှင်ထုတ်ကြသော်လည်း စစ်တိုက်မည့်ခေါင်းဆောင် လိုအပ် သည့်အချိန်တွင်မူ ခေါင်းဆောင်လုပ်ပေးရန်၊ ၎င်းတို့ကိုယ်စား ရပ်တည်ပေးရန် ယေဖသအား တောင်းပန်ခယကြသည်။ ယေဖသကလည်း ညီအစ်ကိုများ၏ဆန္ဒကို လိုက်လျောပေးသည်(သူကြီး ၁၁း၇-၁၂)။

ဤအကြောင်းနှင့်ပတ်သက်၍ ယေဖသက အသက်ကိုရင်းပြီး စစ်တိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုသည်(သူကြီး ၁၂း၃)။ သူ့အား အလွန်မုန်းတီးသောသူများအ တွက် သူ၏အသက်ကိုပင် ပေးဆပ်ရဲသည်။ ခေါင်းဆောင်ကောင်းတို့သည် ၎င်းတို့ အား မုန်းတီးသောသူများကိုပင် အသက်နှင့်အမျှ ချစ်မြဲ ချစ်ကြသည်။ “သင်တို့ကို ချစ်သောသူတို့အား ချစ်တုံ့ပြုလျှင် အဘယ်အကျိုးကျေးဇူးတင်သနည်း။ အခွန်ခံ သူတို့ပင် ဤမျှလောက် ပြုကြသည်သည်မဟုတ်လော”(မ ၅း၄၆)။

၃) ဘုရားရွေးကောက်သော ခေါင်းဆောင်ဖြစ်ပါက ၎င်း၏နောက်သို့ အထင် ကြီးစရာမရှိလျှင်ပင် လိုက်ကြပါစို့။ ဂိလဒ်လူတို့သည် ယေဖသကို ပြည့်တန်ဆာမ၏ သားမှန်း သိလျက်ပင် ၎င်းတို့၏ ခေါင်းဆောင်ဖြစ်လာသဖြင့် သူ၏နောက်သို့ ချက်ချင်း လိုက်ကြသည်။ သူ၏စကားကို နာခံကြသည် (သူကြီး ၁၁း၁ဝ-၁၂)။

နာဗလသည် ဒါဝိဒ်ကို ဘုရားရွေးကောက်သောခေါင်းဆောင်မှန်း သိလျက်ပင် မထီမဲ့မြင်ပြုသဖြင့် ဘုရားသခင်က သေဒဏ်ပေးလိုက်သည်(၁ရာ ၂၅း၂-၃၈)။

၄) အစွမ်းသတ္တိနှင့်ပြည့်စုံတိုင်း ဖခင်ကောင်းမဖြစ်နိုင်။ ယေဖသသည် အစွမ်း သတ္တိနှင့်ပြည့်စုံသောခေါင်းဆောင်တစ်ဦးဖြစ်သော်လည်း သူ့သမီးအဖို့မူ ဖခင်ကောင်း မဟုတ်ဘဲ “သားရဲ တစ်ကောင်ပမာပင် ဖြစ်သည်။ တောဘပြည်၌ ဆိုးသွမ်းသော သူများ၏ ခေါင်းဆောင်ဖြစ်သဖြင့် သူ၏အသက်တာ၌ စာနာထောက်ထားတတ်သည့် သဘောကို မတွေ့ရပေ။ အမ္ဗုန်လူတို့ကို အပြတ်ချေမှုန်းနိုင်သော်လည်း ထိုအောင်မြင် မှုသည် သူ့သမီးအဖို့ ဆုံးရှုံးမှုဖြစ်သွားသည်။

ဧဖရိမ်လူတို့နှင့် ပြဿနာသည်လည်း အရေးကြီးသောအရာမဟုတ်ချေ။ ဧဖရိမ်လူတို့က သူ၏ အိမ်ကို မီးရှို့ပစ်မည်ဟု ပြောဆိုသော်လည်း စင်စစ် ယေဖသ၌ မိသားစုပင်မရှိတော့ဘဲ သူ၏သမီးကို သူကိုယ်တိုင် မီးရှို့ပြီး ဖြစ်သည်။ သူ့ကိုသူ ကာကွယ်သည့်အနေဖြင့် ဖရိမ်လူ ၄၂ဝဝဝကို သတ်ပစ်ခြင်းသည်လည်း အောင် မြင်မှုမဟုတ်ဘဲ ဆုံးရှုံးမှုသာဖြစ်သည်။ အကြောင်းမှာ ဖရိမ်တို့နှင့် ညီအစ်ကိုတော် ကြ၍ဖြစ်သည်။ သို့ဖြစ်၍ ယေဖသသည် သမီးကို ကိုယ်တိုင်မီးရှို့သူ၊ ညီအစ်ကိုများစွာ ကို သတ်ပစ်သူဖြစ်သည်။

၅) သားသမီးများ မသင့်မြတ်သည်ကို ဂရုမစိုက်သောသူသည် ဖခင်ကောင်း မဟုတ်ပေ။ လူတချို့တို့က ဂိလဒ်အသေစောသဖြင့် ယေဖသလည်း ကြဉ်ဖယ်မှု ခံခြင်းဖြစ်နိုင်သည်ဟု ဆိုကြသည်။ သို့သော် ကျမ်းစာက ဂိလဒ်၏မယားမှ ဖွားမြင်သောသားတို့သည် ကြီးသောအခါ ယေဖသကို နှင်ထုတ် လိုက်သည်ဟု ဖော်ပြသည်။ သို့ဖြစ်၍ ယေဖသ နှင်ထုတ်ခံရခြင်းသည် ဂိလဒ်အသေစောသောကြောင့်ဟု ယူဆ နိုင်ဖွယ်မရှိပေ။ အဓိကပြောလိုသည့်အချက်မှာ ယေဖသ နှင်ထုတ်ခံရသည့်အချိန် တွင် ဖခင်ဂိလဒ်သည် စကားတစ်ခွန်းကိုမျှ မပြောဆိုခြင်းပင်ဖြစ်သည်။ အိမ်ထောင်၌ဩဇာအာဏာအရှိဆုံးသူက စကားတစ်ခွန်းကိုမျှ မပြောဆိုသဖြင့် သားသမီးများသည် စိတ်ထင်ရာလုပ် ဆောင်နိုင်ခြင်းဖြစ်သည်။ ဂိလဒ်သည် မသင့်မြတ်သောသားသမီးများအပေါ် ခွဲခြားခြင်းမရှိဘဲမှန်ကန်စွာ အုပ်ချုပ်ပါက ယေဖသလည်း နှင်ထုတ်ခြင်းခံရမည်မဟုတ်ပေ။

အာမနုန်သည် ညီမဖြစ်သူတာမာကို အဓမ္မပြုကျင့်ပြီးနောက် အခန်းထဲမှ နှင်ထုတ်သည်။ ချက်ချင်းမထွက်ရဲသောခါ အစေခံများကိုခိုင်းပြီး အတင်းဆွဲထုတ် စေသည်။ တာမာသည် အလွန်စိတ်နာသဖြင့် တစ်ကိုယ်လုံးကို ပြာမှုန့်များလူးပြီး ရှိုက်ကြီးတငင်ငိုကြွေးသည်။ သို့ရာတွင် မောင်ဖြစ်သူအဗရှလုံ ကလွဲပြီး နှစ်သိမ့်ပေး သူမရှိချေ။ ဒါဝိဒ်သည် အာမနုန် ဖျားနာဟန်ဆောင်စဉ်က ဂရုတစိုက်ရှိသော်လည်း တာမာကိုမူ လုံးဝဂရုမစိုက်ပေ။ ထို့အပြင် အာမနုန်ကို ဒဏ်ပေးဆုံးမသင့်ပါလျက် မဆုံး မဘဲ ထားသဖြင့် နောင်နှစ်နှစ်အကြာတွင် အဗရှလုံက အာမနုန်အား သတ်ပစ်လိုက် သည်။

သားသမီးများအကြား မသင့်မြတ်မှုများကို ဂရုမစိုက်ဘဲနေပါက တစ်မိသားစု လုံး ပူပင်သောက ကြုံရလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ ကျောသာရင်သားမခွဲခြားဘဲ ဒဏ်ပေးသင့်သူကို ဒဏ်ပေး၊ ဆုံးမသင့်သူကို ဆုံးမပါက သားသမီးများအကြား၌ မနာလိုမှုများများနှင့် မသင့်မြတ်မှုများ ပပျောက်လိမ့်မည်ဖြစ်သည်။

၆) ခေါင်းဆောင်လုပ်မည့်သူသည် ဗဟုသုတကြွယ်ဝသင့်သည်။ ယေဖသသည် စစ်တိုက်တော့မည့်အချိန်တွင် အချွန်ရှင်ဘုရင်ထံသို့ သံတမန်စေလွှတ်၍ “သင်သည် ငါနှင့် အဘယ်သို့ဆိုင်သနည်း။ ငါ့နိုင်ငံ၌ စစ်တိုက်ခြင်းငှါ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်း”ဟု မေးခိုင်းသည်။

ထိုအခါ အမ္ဗုန်ရှင်ဘုရင်က သံတမန်ထံ “ဣသရေလအမျိုးသည် အဲဂုတ္တု ပြည်မှလာသောအခါ ငါ့မြေကို အာနုန်မြစ်မှစ၍ ယျတ်ချောင်း၊ ယော်ဒန်မြစ်တိုင် အောင် လုယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခုပြန်ပေးပါ”ဟု ပြန်ပြောသည်။

ထို့နောက် ယေဖသက သံတမန်ကို ပြန်လည်စေလွှတ်ပြီး “ဣသရေလအမျိုး သည် မောဘမြေကိုဖြစ်စေ၊ အမ္ဗုန်မြေကိုဖြစ်စေ လုမယူဖူးပါ။ အဲဂုတ္တုပြည်မှ ထွက် လာကြသည့်အချိန်တွင် ဒုံရှင်ဘုရင်နှင့် မောဘရှင်ဘုရင်တို့က ၎င်းတို့၏နယ်မြေထဲ သို့ ဖြတ်လျှောက်ခွင့်ပင်မပေးသဖြင့် မောဘပြည်အရှေ့ဘက် အာနုန်မြစ်တစ်ဖက်၌ တပ်ချကြပါသည်။ သို့သော်လည်း မောဘပြည်နယ်အတွင်းသို့ မဝင်ကြပါ။ အာနုန် မြစ်သည် မောဘပြည်၏ နယ်စပ်သာဖြစ်သည်။ ထိုကြားထဲတွင် အာမောရိလူတို့က လာရောက်တိုက်ခိုက်သဖြင့် ပြန်လည်တိုက်ခိုက်ကြရာမှ အာမောရိပြည်ကို ကျွန်ုပ်တို့ ထာဝရဘုရားသခင်က သိမ်းပိုက်ခွင့်ပေးပါသည်။ သင်၏ဘုရားခေမုရှ အပိုင်ပေးသောမြေကို သင်သိမ်းယူရသည်မဟုတ်လော။ ကျွန်ုပ်တို့၏ဘုရားသခင်က အာ မြစ်တစ်လျှောက်ကို အပိုင်ပေးသောကြောင့် ထိုနေရာ၌ နှစ်ပေါင်းသုံးရာလုံးလုံး ထိုင်ခဲ့ကြပါပြီ။ မောဘရှင်ဘုရင် ဗာလက်ကလည်း ပြဿနာမရှာဖူးပါ။ သို့ဖြစ်လျက် နှင့် သင်သည် ထိုနယ်မြေကို သင်၏နယ်မြေဟု အဘယ်ကြောင့် ယခုပြောဆိုသနည်း” ဟု ပြန်ပြောခိုင်းသည်။

ယေဖသသည် အစ္စရေးသမိုင်းနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့်အရာ များကို ဗဟုသုတကြွယ်ဝစွာ သိရှိသည်။ ထို့ကြောင့် အမ္ဗုန်ရှင်ဘုရင်၏ စွပ်စွဲမှုများကို အခြေအမြစ်ရှိရှိ၊ အချက်အလက်ကျကျ ပြန်လည်ဖြေရှင်းနိုင်သည်။

၇) လုပ်ဆောင်သည့်နေရာတိုင်း၌ ထူးချွန်ကြပါစို့။ ယေဖသသည် နှင်ထုတ် ခြင်းခံရသောအခါ တောဘပြည်သို့ ထွက်ပြေးခိုလှုံသည်။ ခိုလှုံသူပင်ဖြစ်သော်လည်း ထိုနေရာတွင်ရှိသော လူဆိုးများ၏ အဖွဲ့ဝင်အဆင့်သာမကဘဲ ခေါင်းဆောင်ဖြစ်လာ သည်။ နောက်ဆုံးတွင် အစ္စရေးတို့၏ စစ်သူကြီးနှင့် တရားသူကြီးဖြစ်သွားသည်။ စစ်ချီရာ၌လည်း အလွန်မြန်ဆန်သည့်သူဖြစ်မှန်း ကျမ်းစာဖော်ပြချက်အရ တွေ့ရသည် (သူကြီး ၁၁း၂၉၊ ၃၂-၃၃)။

သို့ဖြစ်၍ လုပ်ဆောင်သည့်နေရာတိုင်း၌ ထူးချွန်အောင်ကြိုးစားကြပါက ကြီး မားသောအောင်မြင်မှုကို မုချရရှိကြမည်ဖြစ်သည်။ ထိုသို့ပြောသောအခါ အဆိုးဘက် ၌လည်း ထူးချွန်ရမည်ဟု မဆိုလိုပေ။

တစ်ခါက စာရေးသူကို Howard Darling ဆိုသူက ညစာဖြင့်ဧည့်ခံသည်။ သူသည် အသက် (၈၈)နှစ်ရှိသော်လည်း စိုက်ပျိုးရေးလုပ်ငန်းကို ကိုယ်တိုင်လုပ်ကို နေဆဲဖြစ်သည်။ ညစာစားပြီးနောက် ခြံထဲစိုက်ပျိုးသည့် ခရမ်းချဉ်ပင်များကို လိုက ပြသပေးသည်။ ယင်းတို့ကို တစ်ပင်နှင့်တစ်ပင် လက်မနှစ်ဆယ်စီခွဲပြီး စီတန်းစိုက” ခြင်းဖြစ်သည်။ အပူအအေးမျှတမှုရှိရန် ပန်ကာတပ်ဆင်၍ ရေမျှမျှတတရရှိရန် ” ပိုက်များကိုလည်း အစီအရီသွယ်တန်းသည်။ စာရေးသူက “တစ်ပင်မှာ ခရမ်းချ ဘယ်နှစ်ပေါင်လောက်ထွက်နိုင်မလဲ”ဟုမေးရာ သူက “ပေါင်နှစ်ဆယ်စီထွက်မယ် ဇူလိုင်လ ၂၄ရက်နေ့ စရောင်းမယ်”ဟု အတိအကျပြန်ဖြေသည်။ ထိုနေ့သည် ၂ ခုနှစ်၊ မေလ ၁၆ရက်နေ့ဖြစ်၍ ခရမ်းချဉ်ပင်များမှာ အပွင့်ဖူးငုံစသာ ရှိသေး သို့ဖြစ်၍ သူသည် သူ၏လုပ်ငန်းတွင် မည်မျှကျွမ်းကျင်ထူးချွန်နေမှန်း တွေ့ရှိနိုင်သည်။

၈) သူတစ်ပါးအား အပြစ်ယိုးစွပ်တတ်သောသူသည် နောင်တမရတတ်။ လောကထဲသို့ အပြစ်ဝင်ရောက်သောအခါ အာဒံက သူ့အမှားဟု မဝန်ခံလိုဘဲ ပထမ ဦးစွာ ဘုရားသခင်အား ယိုးစွပ်သည်။ ထို့နောက် ဧဝအား ယိုးစွပ်သည်။ ထိုစဉ်က သားသမီးများရှိလျှင်လည်း ၎င်းတို့အား ယိုးစွပ်လိမ့်မည်သာဖြစ်သည်။

ယေဖသလည်း ထိုနည်း၎င်းဖြစ်သည်။ မည်သူကမျှ စေခိုင်းခြင်းမဟုတ်ဘဲ သူ့ဘာသာ ဘုရားသခင်ထံ သစ္စာကတိပြုခြင်းဖြစ်သည်။ သို့သော်လည်း သူ၏အမှား ကို မဝန်ခံလိုဘဲ သူ၏သမီးအား အပြစ်ယိုးစွပ်သည်(သူကြီး ၁၁း၃၅)။ သူကိုယ်တိုင် နောင်တရပါက သစ္စာဝတ်ကို ပြန်ဖြေနိုင်ပါလျက် နောင်တရရန် စိတ်ကူးပင်မရှိသဖြင့် သူ၏သမီးသည် အသက်စွန့်ရသည်။

ခေါင်းဆောင်ကောင်းများသည် သူတစ်ပါး၏အမှားများကိုပင် မိမိအမှားဟု ခံယူပြီး နောင်တရ စရာများကို နောင်တရတတ်သဖြင့် စစ်မှန်သောအောင်မြင်မှုကို ရရှိတတ်ကြသည်။ သို့သော်လည်း မိမိ အမှားကို သူတစ်ပါးအား ယိုးစွပ်တတ်သော သူသည် အောင်မြင်ခြင်းနှင့် ငြိမ်သက်ခြင်းကို လက်လွတ် ဆုံးရှုံးရတတ်သည်။

၉) အောင်မြင်မှုရရှိသည့်တိုင် ဖခင်ကောင်းမဟုတ်ပါက ခေါင်းဆောင်ကောင်း ဟု သတ်မှတ်၍ မရ။ ယေဖသသည် သန့်ရှင်းသောဝိညာဉ်တော် အတူပါရှိမှန်း သိလျက်နှင့် အောင်မြင်မှုရရှိရေးအတွက် ဘုရားသခင်ထံ မလိုအပ်ဘဲနှင့် သစ္စာကတိ ပေးမိသည်။ မီးရှို့ရာယဇ်ကို ဘုရားသခင် အလွန်လိုလားလိမ့်မည်ဟု ခံယူမိသဖြင့် ကတိပေးခြင်းဖြစ်နိုင်သည်(စင်စစ် ယုံကြည်ခြင်းကို ပိုမိုလိုလားသည်)။

ဖခင်တစ်ဦး၏ အဓိကတာဝန်မှာ သားသမီးများကို ဘုရားသခင်၏အလိုတော် နှင့်အညီ ပြုစုပျိုးထောင်ရေးဖြစ်သည်။ အောင်မြင်မှု၊ ကြွယ်ဝချမ်းသာမှုနှင့် ထင်ရှားကျော်ကြားမှုအမျိုးမျိုး ရရှိသည့်တိုင် သားသမီးများအဖို့ ဖခင်ကောင်းမဟုတ်ပါက ထိုအရာများသည် အချည်းနှီးသက်သက်ဖြစ်သည်။ သို့ဖြစ်၍ လူရှေ့သူရှေ့၌ ခေါင်းဆောင်အဖြစ်မရပ်တည်ဖူးသည့်တိုင် သားသမီးများအားကောင်းမွန်စွာပြုစုပျိုးထောင် တတ်သောဖခင်သည် ခေါင်းဆောင်ကောင်းဖြစ်သည်။

၁၀) ချစ်ခြင်းမေတ္တာထက် အောင်မြင်မှုကို ပိုမိုအလေးထားပါက ရှုံးဆုံးရတတ် ” ယေဖသသည် အောင်မြင်မှုများစွာဖြင့် ပြန်လာသောအခါ ခရီးဦးကြိုဆိုသူမှာမမျှော်လင့်ဘဲ သူ၏သမီးဖြစ်နေသည်။ ထို့ကြောင့် သူ၏အမှားများကို သမီးအပေါ်သို့ ပစ်တင်ယိုးစွပ်သည်။ အောင်မြင်မှုကို အခြားအရာများထက် ပိုမိုအလေးထားသဖြင့် ဤသို့ကြုံတွေ့ရခြင်းဖြစ်သည်။

စင်စစ် သူ၏သမီးကို ကယ်တင်လိုပါက ပေးပြီးသားကတိကို ငွေဖြင့်ရွေးနုတ် ၊ ခွင့်ရှိသည်(ဝတ် ၂၇း၁-၈)။ သစ္စာပျက်ရာလည်းမရောက်အောင် ဘုရားသခင်ကလမ်း ဖွင့်ပြီးသားဖြစ်သည်(တော ၃ဝး ၂၊ တရား ၂၃း၂၁-၂၃)။ ဤအချက်များကို မသိသေး လျှင်ပင် အချိန်နှစ်လရသဖြင့် စုံစမ်းမေးမြန်းပါက သိရှိရလိမ့်မည်ဖြစ်သည်။

အခြားနည်းလမ်းကို လုံးဝမသိရှိပါကလည်း အဗပေါ် ဒါဝိဒ်မြည်တမ်း သကဲ့သို့ “အိုငါ့သမီး၊ သမီးကိုယ်စား အဖေပဲသေပါရစေ”ဟု ပြောဆိုပါက အမြင်သင့် တော်သေးသည်။ ယခုတွင်မူ ကျမ်းစာ၏ သွန်သင်ချက်များကို မလိုက်နာသည့်အပြင် အခြားနည်းလမ်းလည်း မရှာသဖြင့် ဆုံးရှုံးမှုကြုံရသည်။

၁၁) ကတိကို မလိုအပ်ဘဲနှင့် အလွယ်တကူမပေးပါနှင့်။ ဘုရားသခင်ထံပေး သည့် ကတိအများစုတို့သည် ဘုရားသခင်အား အပြည့်အဝမယုံကြသောကြောင့် ဖြစ်တတ်သည်။ ထို့အပြင် ဘုရားသခင်အပေါ် အမြတ်ထုတ်လိုကြသဖြင့် အပေးအယူ သဘောဆောင်သည့် ကတိအမျိုးမျိုးတို့ကို လွယ်လွယ်ပေးတတ်ကြသည်။ ယင်း သည် မှားယွင်းသောလုပ်ရပ်ဖြစ်သည်။ အရာခပ်သိမ်းသည် ဘုရား၏ လက်ထဲ၌ ရှိ သဖြင့် “ကိုယ်တော်က ဟိုဟာကိုပေးရင် သားကလည်း ဒီဟာကိုပေးမယ်”ဟူသည့် အမျိုးမျိုး မချိုးမိကြရန် အရေးကြီးသည်။

ငါပညတ်သည်ကား ကျိန်ဆိုခြင်းကို အလျှင်းမပြုရ။ ကောင်းကင်ဘုံကိုတိုင် တည်၍ မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။ မြေကြီးကိုတိုင်တည်၍ မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ ခြေတော်တင်ရာခုံ ဖြစ်သတည်း။ ယေရုရှလင်မြို့ကိုတိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏ မြို့တော်ဖြစ် သတည်း။ ဆံခြည်တစ်ပင်ကိုမျှ ဖြူစေခြင်း၊ မည်းစေခြင်းငှါ မတတ်နိုင်သော် ကိုယ် ဦးခေါင်းကိုတိုင်တည်၍ မကျိန်ရ။ သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ် သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်သောစကားသည် မကောင်းသောအရာ နှင့် စပ်ဆိုင်၏(မ ၅း၃၄-၃၇)။ ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမူအရာတို့တွင် ကျိန်ဆိုခြင်းကို သာ၍ရှောင်ကြလော့။ ကောင်းကင်ဘုံကိုတိုင်တည်၍ မကျိန်ကြနှင့်။

မြေကြီးကိုတိုင်တည်၍ မကျိန်ကြနှင့်။ ထိုမှတစ်ပါး အဘယ်အကျိန်အားဖြင့်မျှ မကျိန် ကြနှင့်။ အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့စကားမှာ ဟုတ်သည် ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေကြလော့(ယာ ၅း၁၂)။

၁၂) အပြုအမူများကို နှုတ်ကပတ်တော်ဖြင့် မကြာခဏမစစ်ဆေးပါက ပတ် ဝန်းကျင်၏လွှမ်းမိုးမှုကို ခံရတတ်သည်။ လမ်းမှားသို့သွားမိမှန်း သိရှိရသည့်အချိန်တွင် လမ်းမှန်မှ အလွန်ဝေးနေပြီး ဖြစ်တတ်သည်။ “မိုင်ထောင်ချီခရီးကို ခြေတစ်လှမ်းဖြင့် အစပြုရသည်”ဟု အဆိုရှိသည့်အတိုင်း ခြေတစ်လှမ်းမှားမိရုံဖြင့် ဘုရားသခင်နှင့် အလွန်ဝေးကွာနိုင်သည်။

ကျမ်းတတ်ပုဂ္ဂိုလ်တချို့တို့က ယေဖသသည် သူ၏သမီးကို မီးရှို့ရာယဇ်အဖြစ် တကယ်ပူဇော်လိမ့်မည်မဟုတ်ဟု ယူဆကြသည်။ ယခုခေတ်အမြင်ဖြင့် တွေးကြည့် လျှင် လက်ခံရခက်သော်လည်း ထိုခေတ်တွင်မူ အစ္စရေးလူမျိုးများအဖို့ မြင်တွေ့နေ ကျအရာဖြစ်သဖြင့် မထူးဆန်းတော့ပေ။ ထို့ကြောင့်ပင် ရုပ်တုကိုးကွယ်သူများနည်းတူ ၎င်းတို့၏သားသမီးများဖြင့် မီးရှို့ရာယဇ်ကို ပူဇော်ကြသည်(၄ရာ ၁၆း၃၊ ၂၁း၆၊ ယေဇ ၂၀း၂၅-၂၆၊ ၃၁)။

လောတ၏အကြောင်းကို ဆင်ခြင်ကြပါစို့။ သူသည် ပတ်ဝန်းကျင်၏လွှမ်းမိုးမှု ကြောင့် အပြစ်ကို အပြစ်ဟု မမြင်တတ်တော့ချေ။ သူ၏သမီးကို မြို့သားများ ကြိုက် သလိုပျော်ပါးရန်အတွက် လွယ်လွယ်ပင်ပေးအပ်ပြီး ဒုစရိုက်မြို့တော်မှ ထွက်သွားရန် ကိုမူ သံယောဇဉ်တွယ်သဖြင့် ဖင့်နှေးခဲ့သည်။

ရှံဆုန် ( Samson )

ရှံဆုန်ဟူသည့်နာမည်ကို နာမည်မဖော်ပြသည့် ၎င်း၏မိခင်က မှည့်ပေးခြင်းဖြစ်သည် (ကျမ်းက ရှိသုန်၏မိခင်ကို မာ၏မယားဟုသာ ဖော်ပြသည်)။ ရှံဆုန်မွေးဖွားခြင်း နှင့်ပ်လျဉ်း၍ ကောင်းကင်တမန်တစ်ပါးက မာနော်၏မယားထံ သားတစ်ယောက် ဖွားမြင်လိမ့်မည်ဟု ကြိုတင်ပြောဆိုသော်လည်း မည်သည့်နာမည်မှည့်ပေးရမည်ဟု မပြောပေ။

တရားသူကြီးမှတ်စာ တစ်ခုလုံး၌ အခန်းကြီး(၂၁)ခု ရှိသည့်အနက် ရှံဆုန် အကြောင်းကို အခန်းကြီး(၄)ခု (အခန်းငယ် ၉၆)အထိ ဖော်ပြထားသဖြင့် သူသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးဖြစ်မှန်း ပိုမိုထင်ရှားသည်(သူကြီး ၁၃-၁၆)။ ဓမ္မသစ်ကျမ်း၌မူ တစ်ကြိမ်သာတွေ့ရပြီး သန့်ရှင်းသူနှင့် ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းသူအဖြစ် မှတ် တမ်းတင်ထားသည်(ဟေဗြဲ ၁၁း၃၂)။

ရှံဆုန်ဟုကြားလိုက်သည်နှင့် လူများစု၏စိတ်ထဲတွင် ကိုယ်ခန္ဓာကြီးမားသူ၊ ဗလတောင့်တင်းသူအဖြစ် ပုံဖော်တတ်ကြသည်။ ‘Talmad’ ဟုခေါ်သည့် ယုဒ ဆရာများ၏ မှတ်တမ်းထဲတွင် ဗလကြီးသူအဖြစ် ဖော်ပြသည်။ သို့သော်လည်း ကျမ်းစာကမူ ရှံဆုန်၏ ကိုယ်လုံးကိုယ်ပေါက်နှင့်ပတ်သက်၍ဖော်ပြခြင်းမရှိဘဲ ဆံပင်မရိတ်သူ၊ ကျစ်ဆံမြီးခုနစ်ချောင်းရှိသူဟုသာ ဖော်ပြသည်(သူကြီး ၁၆း၁၃)။ ကျမ်းစာက ယာကုပ်ကို မလိုလားသင့်။ ခြေမသန်သူ၊ မောရှေကို လျှာလေးသူ၊ ဧဟုဒကိုဘယ်သန်သူ၊ ရှောလှကို အရပ်ရှည်သူ၊ ဒါဝိဒ်ကို ကိုယ်ခန္တာတင့်တယ်သူ စသည် အထူးပြုဖော်ပြသော်လည်း ရှန်ဆုံအပါအဝင် နောဧ၊ အာဗြဟံနှင့် ယောရှု စသည်တို့ ကိုမူ အထူးပြုမဖော်ပြချေ။ သို့ဖြစ်ရာ ရှံဆုန်သည် သာမန်အရပ်၊ သာမန်ကိုယ်လုံး ပိုင်ဆိုင်သူဖြစ်မည်မှန်း တွေးကြည့်နိုင်သည်။

ခရစ်ယာန်အသက်တာ၌ မြင့်တက်ချိန်နှင့် နိမ့်ကျချိန်၊ အောင်မြင်ချိန်နှင့် ဆုံးရှုံး ချိန် ရှိသကဲ့သို့ ရှံဆုန်၏ အသက်တာ၌လည်း ထိုကဲ့သို့ပင် (၁၆)ကြိမ်ခန့် ကြုံတွေ့ ရသည်။

ရှံဆုန်နှင့် သူ၏ဖခင်နှင့် မိခင်

ရှံဆုန်၏အသက်တာ၌ လူများစွာနှင့် ထိတွေ့ပတ်သက်ခဲ့သော်လည်း သူ၏အ ကြောင်းဖော်ပြရာ၌ မာနော်၊ ရှံဆုန်နှင့် ဒေလီလဟူသည့် လူသုံးယောက်၏နာမည်ကို သာ တွေ့ရသဖြင့် ၎င်းတို့သည် အဓိကပုဂ္ဂိုလ်များဖြစ်ကြသည်။ ရှံဆုန်၏ဖခင် မာနော် သည် ဇောရာမြို့သား ဒန်အမျိုးဖြစ်သည်။

မာနော်၏မယားသည် အမြုံဖြစ်သော်လည်း ထာဝရဘုရား၏ ကောင်းကင် တမန်က “ယခုပဋိသန္ဓေယူ၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ သို့ဖြစ်၍ သတ်ပါ လော့။ စပျစ်ရည်ကို မသောက်နှင့် သေရည်သေရက်ကို မသောက်နှင့်။ မစင်ကြယ် သောအစာကို မစားနှင့်။ အကြောင်းမူကား ပဋိသန္ဓေယူ၍ ဖွားမြင်လတ္တံ့သော သား ယောက်ျားသည် ဆံပင်ရိတ်ခြင်းကိုမခံဘဲ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိဟူသည် “သီးခြားထားရှိသည်၊ စင်ကြယ်စေသည်”ဟု အဓိပ္ပာယ်ရသည်။ ၎င်းတို့သည် ဘုရားသခင်အဖို့ ကတိသစ္စာပြု၍ သီးသန့်ဆက်ကပ် သူများဖြစ်ကြသည်။

ယေဘုယျအားဖြင့် နာဇရိသစ္စာပြုခြင်း သုံးမျိုးရှိသည်။ ရှံဆုန်သည် ထိုသုံးမျိုးစလုံးကို ဖောက်ပျက်သည်။ အထူးသဖြင့် “ဆံပင်မရိတ်ရ’ဟူသည် သူ့အဖို့အဓိကသစ္စာဖြစ်သည်။

နာဇရိသစ္စာပြုခြင်းနှင့်ပတ်သက်၍ တောလည်ရာကျမ်း ၆း၁-၂၁တွင် ရှင်း လင်းစွာတွေ့ရသည်။ ၁) စပျစ်ရည်နှင့် ယစ်မျိုး၊ စပျစ်သီးနှင့်ပတ်သက်သမျှ (အစိမ်း အခြောက်၊ အဆန်အခွံ)ကို ရှောင်ရမည်။ ဆံပင်မရိတ်ရ(ဓားနှင့်ပင်မထိရ)။ ညစ်ညူးသောအရာဟူသမျှ မထိရ (အထူးသဖြင့် လူသေအလောင်း၊ တိရစ္ဆာန်အသွေး)။ ၂) အကယ်၍ ဖော်ပြပါအချက်များကို မစောင့်စည်း နိုင်ဘဲ ဖောက်ဖျက်မိပါက နာဇရိလူဖြစ်ခြင်း ပျက်ပြယ်သွားသဖြင့် ဆံပင်ရိတ်ရမည်။ ထို့နောက် အသစ်ပြန်စပြီး အပြစ်လုပ်မိသောသူများနည်းတူ အပြစ်ဖြေရာယဇ်ကို ပူဇော်ရမည်။ ၃) သစ္စာစောင့်ရာကာလစေ့ပြီးနောက် ဆံပင်ရိတ်ပြီး သိုးထီးတစ်ကောင်၊ သိုးမ တစ်ကောင်နှင့် ဆိတ်တစ်ကောင်တို့ဖြင့် မီးရှို့ရာယဇ်ပူဇော်ရမည်။ ဖြတ်ထားသည့်ဆံပင်ကို မီးရှို့ရမည်။ မီးရှို့ရာ ယဇ်ပူဇော်ပေးသော ယဇ်ပုရောဟိတ်သည်ယဇ်ကောင်၏အသားများကို ဝေစုရရှိရမည်။ ထိုအမှု များပြီးစီးသောအခါ နာဇရိဖြစ်ခြင်း ပျက်ပြယ်သဖြင့် စပျစ်ရည်သောက်ခွင့်ရှိသည်။

မာနော်၏မယားက ကောင်းကင်တမန်၏စကားများကို မာနော်ထံပြန်ပြော သည်။ ထိုအခါ မာနော်က ဘုရားသခင်ထံ ကောင်းကင်တမန် ပြန်စေလွှတ်ပေးပါဟု ဆုတောင်းသည်။ ဆုတောင်းချက်ရသဖြင့် ကောင်းကင်တမန်ပြန်လာသည်။ ထိုအချိန် တွင် မာနော်မရှိပြန်သဖြင့် သူ၏ဇနီးသည် အပြေးအလွှားသွားခေါ်ရသည်။ ကောင်း ကင်တမန်သည် ပြောစရာများကို ပြန်ပြောပြီးနောက် မာနော်၏ မီးရှို့ရာယဇ်မီးခိုးနှင့် အတူ ကောင်းကင်သို့တက်သွားသည်။ များမကြာမီတွင် သားယောက်ျားမွေးဖွားပြီး ရုံ ဆုန်ဟု အမည်မှည့်ကြသည်(သူကြီး ၁၃)။ ရှံဆုန်ဟူသည် “နေထွန်းလင်းသည်။ သို့မဟုတ် ရာသီဥတု သာယာသည်”ဟု အဓိပ္ပာယ်ရသည်။

ရှံဆုန်နှင့် သူ၏မယား

လူသားများလိုက်နာရမည့် ဘုရားသခင်၏ ပထမဦးဆုံးသောပညတ်မှာ “လူဦး ရေတိုးပွားရန်” ဖြစ်သည် ( က ၉း၁ )။ ထိုနည်းတူ ရှံဆုန်၏အသက်တာ၌ ပထမဦးဆုံးပြောသည့်စကားမှာ “မိန်းမတစ်ယောက်ကို မြင်ခဲ့ပြီ ́ဟူ၍ဖြစ်ပြီး ပထမဆုံးအလ. “မင်္ဂလာဆောင်ခြင်း” ပင်ဖြစ်သည်(သူကြီး ၁၄)။

ရှံဆုန်သည် တိမနတ်မြို့သူတစ်ယောက်ကို မြင်လိုက်သည်နှင့်တစ်ပြိုင် “ဖိလိတို့အမျိုး မိန်းမတစ်ယောက်ကို သွားတွေ့ခဲ့တယ်။ တောင်းပေးပါ”ဟု မိဘများ ထံ ပူဆာသည်။ ထိုအခါ မိဘများက ““အမျိုးထဲမှာ မိန်းမမရှိတော့ဘူးလား။ ဘာဖြစ် လို့ အရေဖျားမလှီးတဲ့ ဖိလိတို့အမျိုးထဲကနေ မိန်းမတောင်းရမလဲ”ဟု တားမြစ်သည်

(သူကြီး ၁၄း၁-၃)။ တစ်ပါးအမျိုးသားများနှင့်ဖြစ်စေ၊ဘုရားသခင်ကို မသိသောသူများနှင့်ဖြစ်စေ အိမ် ထောင်ပြုရန်ဟူသည် မဖြစ်နိုင်သည့်အရာဟု အစ္စရေးတို့က ခံယူကြသည်။ ဧသောက ဟေသအမျိုးသမီး ကို လက်ထပ်လိုက်သဖြင့် မိခင်ဖြစ်သူ ရေဗက္ကသည် အလွန်စိတ်သောကရောက်ပြီး သားငယ်ယာကုပ်ကို လည်း ထိုအဖြစ်မျိုးနှင့် ကင်းဝေးစေရန် ဦးလေးဖြစ်သူလာဗန်ထံ နေခိုင်းခြင်းဖြစ်သည်(က ၂၇း၄၆၊ ၂၈း၁)။ သို့ရာတွင် ရှံဆုန်က “သားကို အဲဒီမိန်းမပျိုက စိတ်ကျေနပ်စေလို့ပါ”ဟု မရမကပူဆာ သဖြင့် နောက်ဆုံးတွင် သွားရောက်တောင်းရမ်းကြသည်။

တောင်းရမ်းခြင်းအောင်မြင်သဖြင့် မင်္ဂလာဆောင်ပွဲကို ထိုခေတ်ထုံးစံအရ (၇) တိုင်တိုင်ကျင်းပကြသည်။ ရှံဆုန်က ဧည့်သည်များထဲမှ လူပျို (၃၀)အား “စားတတ်သူ ၏အထဲက အစာ၊ သန်စွမ်းသူ၏ အထဲက အချို ထွက်လေ၏” ဟူသည့် စကားဝှက်၏ အဓိပ္ပာယ်ကို ဖော်ခိုင်းသည်။ (၇)ရက်အတွင်းဖော်နိုင်လျှင် ခြုံထည်(၃၀)၊ အင်္ကျီ(၃၀) ပေးမည်ဟု ကတိပြုသည်။

ထိုလူပျို(၃၀)တို့ကမဖော်တတ်သဖြင့် ရုံဆုန်၏မယားထံသွားပြီး ရှံဆုန်ထံမေးပေးရန်နှင့် ၎င်းတို့အား ပြန်ပြောရန်တာဝန်ပေးကြသည်။ ရှံဆုန်သည်အစပိုင်းတွင် တင်းခံနိုင်သော်လည်း သူ၏မယားက အတင်းအဓမ္မပူဆာသဖြင့် နောက်ဆုံးတွင် အဖြေပြောပြလိုက်သည်။ အတင်းအဓမ္မပူဆာခြင်း (hesiqatehu) ဟူ သည် “ဖိသိပ်သည်၊ ဖမ်းချုပ်သည်၊ ဖျစ်ညှစ်သည်”ဟုအဓိပ္ပာယ်ရသဖြင့် ရှံဆုန်ကို သူ၏မယားက ဖမ်းချုပ်ဖျစ်ညှစ်သည်ဟု ဆိုလိုသည် (သူကြီး ၁၄း၁၇)။ ထိုအခါ လူပျို(၃၀)တို့က စကားဝှက်၏အနက်ကို ပြောပြနိုင်သည်။ ရှံဆုန်သည် အလွန်စိတ်ဆိုးပြီး ရန်သူအယောက်(၃၀)ကိုသတ်ကာ ၎င်းတို့၏အင်္ကျီ များကိုချွတ်ယူ၍ လူပျို(၃၀)တို့ထံ လျော်ကြေးအဖြစ်ပေးလိုက်သည်။ ထို့နောက် သူ၏ မယားကိုပင်မခေါ်တော့ဘဲ မကျေမနပ်ဖြင့် တစ်ယောက်တည်းအိမ်ပြန်သည်။

ရှံဆုန်နှင့် ပြည့် တန်ဆာမ

ရှံဆုန်သည် သူ၏မယားထံမှ မကျေမနပ်ဖြင့် ထွက်သွားပြီးနောက် ဂါဇမြို့သို့ သွားရာ ပြည့်တန်ဆာမတစ်ယောက်ကိုတွေ့သဖြင့် အတူအိပ်ကြသည်(သူကြီး ၁၆း၁)။ တစ်နည်းအားဖြင့် သူ၏မကျေနပ်မှု၊ သစ္စာမရှိမှုများကို ပြည့်တန်ဆာမထံ သွန်ချလိုက် ခြင်းဖြစ်သည်။

ကျမ်းစာက ထိုပြည့်တန်ဆာမကိုလည်း ရှံဆုန်၏မယားနည်းတူ နာမည်မဖော် ပြပေ။ မည်သို့ပင်ဖြစ်စေ၊ ရှံဆုန်သည် ပြည့်တန်ဆာမထံ မကြာခဏသွားတတ်သဖြင့် ရန်သူများက သူ့ကိုသတ်ရန် ညအချိန်၌ ချောင်းမြောင်းကြသည်(သူကြီး ၁၆း၉)။ စင်စစ် ရှံဆုန်သည် ဘုရားသခင်၏ရန်သူများကို နေ့အချိန်၌သာ တိုက်ခိုက်ပြီး ရန်သူ များကလည်း နေ့အချိန်၌သာ ချောင်းမြောင်းလေ့ရှိကြသည်(သူ ကြီး ၁း၁၄)။ သို့ရာ တွင် ဘုရား၏အလိုတော်နှင့်မညီဘဲ သူ၏အလိုဆန္ဒအတိုင်း ပြုမူနေထိုင်သောအခါ ရန်သူများက နေ့အချိန်၌ မချောင်းမြောင်းတော့ဘဲ ညအချိန်၌သာ ချောင်းမြောင်းကြတော့သည်။ အမှောင်ထဲကျင်လည်သောသူများကို အမှောင်ကချောင်းမြောင်းပြီး အလင်းထဲကျင်လည်သောသူများမှာမူ ဆူးငြောင့်ခလုတ်နှင့် ကင်းဝေးကြသည်(ယော၊ ၁၂း၃၅)။

ရှံဆုန်သည် ပြည့်တန်ဆာမထံ တစ်ညလုံး မနေဘဲ အဘယ်ကြောင့် သန်းခေါင်ယံတွင် ထပြန်

သနည်းဆိုသည်ကို မသိရသော်လည်း ဂါဇမြို့သို့သွား ခြင်းမှာ သူ၏မယားနှင့် တိမနတ်မြို့သားများအပေါ် စိတ်မကျေနပ်မှုများကို ဖိလိတ္တိမြို့ကြီးတစ်ခုဖြစ်သော ဂါဇမြို့၌ ပြင်းထန်စွာ လက်စားချေလိုပုံပင် ဖြစ်သည်။

မိန်းမတစ်ယောက်၊ မိသားတစ်စုနှင့် မြို့ငယ်တစ်ခုအပေါ်ထားရှိသည့် သူ၏ မကျေနပ်မှုများကို မြို့ကြီးသို့ ရောက်လာသည့်အခါတွင် ပို၍မြင်တွေ့ရသည်။ ဂါဇမြို့မှ သန်းခေါင်ယံအချိန် ထပြန်သောအခါ မြို့တံခါးပိတ်ထားသဖြင့် ထိုတံခါးရွက်တို့ကို အမြစ်မှဆွဲနုတ်ပြီး မိုင်နှစ်ဆယ်ခန့်ဝေးသည့် ဟေဗြုန်မြို့ရှိ တောင်ကုန်းတစ်ခုပေါ်သို့ ပစ်ထားလိုက်သည်။ သူ၏နာကြည်းမှုများကို ထိုနေရာ၌ သွန်ချပစ်လိုက်မှန်း တွေ့မြင် နိုင်သည်။ သို့သော်လည်း နာကြည်းမှုဖြင့် လုပ်ဆောင်ခြင်း၌ အကျိုးမများချေ။

ရှံဆုန်နှင့် ဒေလီလ

ကျမ်းစာက ရှံဆုန်သည် သူ၏မယားနှင့် ပြည့်တန်ဆာမအား မည်သို့သိရှိသည် ကို ဖော်ပြရာ၌ “ရှံဆုန်က မြင်တွေ့သည်”ဟု သုံးနှုန်းသော်လည်း ဒေလိလအား မည်သို့သိရှိသည်ကို ဖော်ပြရာ၌မူ “ရှံဆုန်က ချစ်သည်”ဟု သုံးနှုန်းသည်။ ပထမမိန်းမ၊ နှစ်ယောက်နှင့်မတူဘဲ ဒေလီလကို နာမည်နှင့်တကွ ဖော်ပြသည့်အပြင် ရှံဆုန်၏သေခြင်းနှင့်လည်း ပတ်သက်ဆက်နွယ်သဖြင့် ဒေလီလသည် ရှံဆုန်၏အသက်တာ၌ အရေးပါသူတစ်ယောက်ဖြစ်လာသည်။

ရှံဆုန်သည် ဒေလီလကိုချစ်လွန်းသဖြင့် အလို လိုက်အကြိုက်ဆောင်သည်။ ထိုကြားထဲတွင် ဖိလိတ္တိလူတို့က ရှံဆုန်၌ရှိသည့် ခွန်အားရင်းမြစ်၏လျှို့ဝှက်ချက်ကို သိရှိလိုသဖြင့် ဒေလီလကို ငွေ(၁၁) ပိဿာ ပေးပြီး စုံစမ်းခိုင်းသည်။ ဒေလီလကလည်း လေးကြိမ်တိုင်တိုင် ချော့မော့မေးမြန်းသည်။ ရှီဆုန်သည် ပထမသုံးကြိမ်ကိုကွေ့ပတ်ဖြေဆိုသေးသော်လည်းဒေလိလက “ကျွန်မကို တကယ်မချစ်လို့ပဲ” ဟု စကားနာထိုး သည့်အခါတွင်မူ တောင့်မခံနိုင်ဘဲ ဖွင့်ပြောလိုက်တော့သည်။ ရှံဆုန်သည် ဘုရားသ ခင်ထက် ဒေလီလကို ပိုချစ်မိသွားသည်။

မေတ္တာနှင့် ချစ်ကြိုက်ခြင်း ၊

ရှံဆုန်သည် မိန်းမများကို အမြင်ခံစားမှုအားဖြင့် ရှာဖွေလေ့ရှိသဖြင့် သူ့အ ကြောင်းဖော်ပြရာ၌ “R-E-H (မြင်တွေ့သည်)ဟူသည့်စကားလုံးကို မကြာခဏတွေ့ရ သည်(သူကြီး ၁၄း၁၊ ၁၆း၁)။ တရားသူကြီးမှတ်စာ တစ်ခုလုံးသည် အမြင်အားဖြင့် လျှောက်လှမ်းခြင်းနှင့်ပြည့်နှက်နေသည်။ ထို့ကြောင့် လူအားလုံးသည် မိမိတို့အလိုအတိုင်းပြုမူကြသည်ဟု ဖော်ပြသည် (သူကြီး ၁‌၇း၆၊ ၂၁း၂၅)။ ဒါဝိဒ်လည်း ဗေသရှေဘကို“မြင်တွေ့” သောအခါ ဖောက်ပြန်မိခြင်း ဖြစ်သည်။ ရှံဆုန်နှင့်ဒေလီလဆုံတွေ့ ခြင်းတွင်မူ “ချစ်ကြိုက်သည်” ဟု သုံးနှုန်းသည်(သူကြီး ၁၆း၄)။ ရှံဆုန်သည် “အမြင်”နှင့် “အချစ်”ကို ဦးစားပေးသဖြင့် မိန်းမယူခြင်း၊ အိမ်ထောင် ပြုခြင်း၌ အဆင်ပြေခြင်း မရှိဖူးပေ။ ကျမ်းစာ၌ တွေ့ သည့် အိမ်ထောင်ပြုခြင်းများသည် အချစ်ထက်မေတ္တာတရားနှင့် လေးစားမှုအပေါ်တွင် ပို၍တည်မှီသည်(ဧ ၅း၂၂-၂၃)။

ရှံဆုန်သည်ယုံကြည်ခြင်းအားဖြင့်မဟုတ်ဘဲ အမြင်အားဖြင့်သာလျှောက်လှမ်းသဖြင့် နောက်ဆုံးတွင် မျက်လုံးဖောက်ထုတ်ခြင်း ခံရသည်။ ယုဒဆရာ(ရဗ္ဗီ)များက “ရှံဆုန်၏မျက်လုံးသည် ဘုရားသခင်ကိုဆန့်ကျင်သဖြင့် ဖိလိတ္တိတို့က ဖောက်ထုတ် ပေးသည်”ဟု မှတ်ချက်ပြုကြသည်။ မှန်ပါသည်။ ယုံကြည်ခြင်းထက် အမြင်အာရုံ၏ ဆွဲဆောင်မှုကို ဦးစားပေးသဖြင့် တရားစစ်ကိုမမြင်ချေ။ ရှံဆုန်သည် ဘုရားသခင်ကို အမြင်အာရုံရှိသည့်အချိန်တွင် မမြင်နိုင်ဘဲ အမြင်အာရုံမဲ့မှသာ မြင်နိုင်သည်။ လူ့အမြင် သည် အကန့်အသတ်ရှိသဖြင့် အကန့်အသတ်မရှိသော ဘုရားသခင်၏အမြင်အတိုင်းလျှောက်လှမ်းမှသာ အမှားကင်းလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်က ရှမွေလ ၊ ထံ “ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်း သဏ္ဍာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်၏”ဟု မိန့် တော်မူခြင်းဖြစ်သည်(၁ရာ ၁၆းရ)။

ရှံဆုန်သည် အမြင်အားဖြင့် လျှောက်လှမ်းမိသဖြင့် အချစ်ရေးတွင် လုံးဝ အဆင်မချောဘဲ ဒေလိလ၏ မာယာကျော့ကွင်းထဲ၌ ငါးမျှားချိတ်ကိုဟပ်မိသော ငါး ကဲ့သို့ပင်ဖြစ်သည်။ ထို့ကြောင့် သူ၏ အသက်တာသည် မိန်းမတစ်ယောက်ကြောင့် အရှက်ရဖွယ်များစွာနှင့် နိဂုံးချုပ်ရသည်။

ကျမ်းစာ၌ မိန်းမလက်ချက်ကြောင့် သေဆုံးခြင်းဟူသည် သေခြင်းတကာထဲတွင် ဂုဏ်သိ အကောင်းအမဲ့ဆုံး၊ ရှက်စရာအကောင်းဆုံးအဖြစ် သတ်မှတ်ခံယူသည်။ စစ်ဗိုလ်ချုပ်သိသရသည် ယေလ၏လက်ချက်ဖြင့် သေဆုံးသည်(သူကြီး ၄း၂၁)။ ရှေဘသည် မိန်းမတစ်ယောက်ကြောင့် ခေါင်းဖြတ်ခြင်း ခံရသည် (၂ရာ၂၀း၂၂)။ ထို့အပြင် မိန်းမတစ်ယောက်နှင့်အတူအောင်မြင်မှုရခြင်းကိုလည်း ရှက်စရာတစ်ခုအဖြစ် ခံယူသတ်မှတ်သည်(သူကြီး ၄း၉)။

ရှံဆုန်နှင့် စပ်ဆိုင်သောသူများ

ရှံဆုန်၏အသက်တာ၌ ၎င်းနှင့်စပ်ဆိုင်သော မည်သူ့ကိုမဆို ဝမ်းမြောက်စေ ခြင်းမရှိဟုဆိုလျှင် မှားလိမ့်မည်မဟုတ်ချေ။

၁) မိဘများကို စိတ်ဆင်းရဲစေသည် – ရှံဆုန်သည် ဘုရားတရားကိုင်းရှိုင်း သည့်မိဘကို ပိုင်ဆိုင်သော်လည်း ၎င်းတို့၏စကားကို နားမထောင်ပေ။ “မိန်းမတစ်ယောက်ကို မြင်ခဲ့တယ်။ တောင်းရမ်းပေးပါ”ဟု တောင်းဆိုသောအခါ မိဘများက “အမျိုးထဲမှာ မိန်းမမရှိတော့ဘူးလား။ ဘာဖြစ်လို့ ဘုရားသခင်ကို မသိတဲ့သူနှင့် လက်ထပ်ရမလဲ”ဟု တားမြစ်သည်။ သို့သော် ရှံဆုန်က “သားကို အဲဒီမိန်းမက စိတ်ကျေနပ်စေလို့ပါ”ဟု မရမကပူဆာသည်။ ယင်းသည် သော ဘုရားသခင်၏အလိုတော်နှင့် မကိုက်ညီသည့်အပြင် ထွက် ၃၄း၁၂-၁၄၊ တရား ၇း၁-၃) မိဘ၏သဘော ထားနှင့်လည်း မကိုက်ညီသဖြင့် ( သူကြီး ၁၄း၄ ) သူသည် မိဘနှစ်ပါးကို စိတ်ဆင်းရဲစေသည်။ ရန်သူများကိုတိုက်ခိုက်ပြီး အစ္စရေးတို့ကို ကျွန် ဘဝမှ လွတ်မြောက်စေရန်ဖြစ်သော်လည်း ရန်သူတစ်ယောက်နှင့် လက်ထပ်မည့်အရေးကို ဦးစားပေးလုပ်ဆောင်သည်။ မိန်းမတောင်းရန် တိမနတ်မြို့သို့သွားကြရာတွင်လည်း မိဘနှစ်ပါးလိုက်ပါသည့်တိုင်လမ်းတွင် အတူတူမသွားကြပေ။ မိဘစကားကို နားမထောင်သည့်အပြင် လက်မတွဲ လို၍ဖြစ်နိုင်သည်။ မိဘများနှင့် လက်မတွဲလိုသော သူများသည် ခေါင်းဆောင်ကောင်း မဖြစ်နိုင်မှန်း မမေ့သင့်ချေ။

၂) မယားနှင့် ယောက္ခမများကို စိတ်ဆင်းရဲစေသည် – မင်္ဂလာဆောင်ပွဲကျင်းပ ချိန်တွင် မယားကို ဝမ်းမြောက်ပျော်ရွှင်စေမည့်အစား စိတ်ဆင်းရဲစေပြီး တစ်ပတ် လုံးလုံး ငိုကြွေးစေသည်။ မြို့သားလူပျိုများနှင့် အလောင်းအစားလုပ်ပြီး ရှုံးနိမ့်သော အခါ လူအယောက်(၃၀)ကိုသတ်၍ ၎င်းတို့၏အင်္ကျီ များကို ချွတ်ကာ လျော်ကြေးအဖြစ် ပေးလိုက်သည်။ ထိုသို့ ရှုံးနိမ့်သည်ကို စိတ်ဆိုးလွန်းသဖြင့် မင်္ဂလာပွဲ မပြီးခင်မှာပင် သူ၏အိမ်သို့ တစ်ယောက်တည်းပြန်လိုက်သေးသည်။ မင်္ဂလာဆောင်ပွဲမှ စိတ်ကောက်ပြီး အိမ်ပြန်သော သမက်မျိုးကယောက္ခမများကို မည်သို့ ဝမ်းမြောက်စေနိုင်မည်နည်း။ စိတ်ဆိုးလွယ်၊ စိတ်ကောက်လွယ်သောသူများကို ခေါင်းဆောင်အဖြစ်လည်းကောင်း၊ နောက်လိုက်အဖြစ်လည်းကောင်း မည်သူမျှ အလိုမရှိကြချေ။

ထိုသို့ စိတ်ကောက်ပြန်သွားရာ ယောက္ခမကလည်း ပြန်လာမည်မဟုတ်ဟု ယူဆသဖြင့် သူ၏သမီးကို သတို့သားအရံနှင့် ပေးစားလိုက်သည်။ ရက်အတန်ကြာ သောအခါ ရှံဆုန်သည် သူ၏မယားကိုကြည့်ရှုရန် ဆိတ်တစ်ကောင်ကို ဆွဲခေါ်၍ လေးမိုင်ခန့်ဝေးသည့် ယောက္ခမအိမ်သို့သွားသည်။ ထို့နောက် သူ၏မယားနှင့်အိပ်ရန် ကြံစည်ရာယောက္ခမကတားမြစ်ပြီး သူ့ညီမပိုလှသည်၊ ညီမကိုသာယူပါတော့ဟု ပြော လိုက်သည်။ ထိုအခါ ရှံဆုန်က “ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း သူတို့ သည် ငါ့ကိုအပြစ်တင်စရာမရှိ”ဟု ပြောပြီး ပြန်လှည့်ထွက်သည် (သူကြီး ၁၅း၁-၃)။

၃) တိမနတ်မြို့သားများကို ဒေါသထွက်စေသည် – ရှံဆုန်သည် မြေခွေးအ ကောင်(၃၀၀)ဖမ်းဆီးပြီး နှစ်ကောင်စီကို အပြီးချင်းချည်တုပ်သည်။ ထို့နောက် ချည် လုပ်သည့်နေရာကြား၌ မီးကို ထည့်ပြီး ဖိလိတ္တိတို့၏ယာခင်းထဲသို့ ပစ်လွှတ်လိုက် ရာ စပါးပင်များနှင့် ကောက်လှိုင်းများအပြင် စပျစ်ပင်များနှင့် သံလွင်ပင်များပါ အကုန် လောင်ကျွမ်းသည်။ ထိုအခါ မမှတ်ပြီသာ၊၊ အလွန်ဒေါသထွက်ပြီး ရှံဆုန်၏ယောက္ခမနှင့် မယားကို မီးရှို့ပစ်ကြသည်။ ယင်းသည် ဘုရားသခင်၏ အကြံအ တစ်ခုဖြစ်သော်လည်း ရုံဆုန်၏ အတ္တကြီးမှုကြောင့်လည်းဖြစ်သည်။

၄) သူ၏လူမျိုးများကို ဒေါသထွက်စေသည် – ရှံဆုန်သည် သူ၏ယောက္ခမနှင့် မယားကို မီးရှို့သည့် ဖိလိတ္တိလူတို့ကို အကုန်သတ်ဖြတ်ပြီးနောက် တေဟူသည် ကျောက်ဂူတစ်ခုထဲ၌ နေထိုင်သည်။ ဖိလိတ္တိတို့သည် ယုဒတို့ကိုတိုက်ခိုက်ရန် လေဟိအရပ်သို့ ချီတက်လာကြသည်။ ထိုအခါ ယုဒလူမျိုးတို့အလွန်ကြောက်ရွံ့ပြီး လူသုံးထောင်စုစည်း၍ ရှံဆုံထံသွားကာ “ဖိလိတ္တိလူတို့သည် ငါတို့သခင်ဖြစ်ကြောင်းကို သင်သည်မသိသလော။ သင်သည် ငါတို့၌ အဘယ်သို့ပြုသနည်း။ . သင့်ကို ချည်နှောင်၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှါ ယခု ငါတို့လာကြပြီ” ဟု ပြောကြသည် (သူကြီး ၁၅း၈-၁၂)။ရှံဆုန် သည် သူ၏လူမျိုးများကိုပါ ဒေါသထွက်စေသည်။စိတ်ဆင်းရဲစေသည်။

၅) ဘုရားသခင်ကို ဝမ်းနည်းစေသည် – ရှံဆုန်သည် သူ၏လူမျိုးများ စိတ်ကျေနပ်မှုရရှိရန် အဖမ်းခံလိုက်သည်။ သို့ရာတွင် သူ့အပေါ်သို့ ထာဝရဘုရား၏ ဝိညာဉ်တော် သက်ရောက်လာသဖြင့် ချည်နှောင်သည့်ကြိုးများကို အလွယ်တကူဖြတ်တောက်ပြီး ရန်သူတစ်ထောင်ကို မြည်းမေးရိုးတစ်ခုဖြင့် တိုက်ခိုက်သတ်ပစ်သည်။ ထိုအောင်မြင်မှုသည် ဘုရားသခင်ကြောင့်ဖြစ်သော်လည်း ဘုရားသခင်ကို မချီးမွမ်းဘဲ“မြည်းမေးရိုးဖြင့် လူတစ်ထောင်ကို ငါသတ်လေပြီ”” ဟု ဝင့်ကြွားသည်။ ထို့နောက် ရေဆာလွန်းသဖြင့်ဆုတောင်းရာ ဘုရားသခင်ကလည်း ရေပေးသည်။ ရှံဆုန်၏ဆုတောင်းခြင်းကို နှစ်ခါသာ တွေ့ရသည်။ ပထမသည် ရေကုတောင်းခြင်းဖြစ်ပြီး ဒုတိယသည့်သေဆုံးခါနီးတွင် နောင်တစိတ်ဖြင့် ဆုတောင်းခြင်းဖြစ်သည်။ သူသည် နာဇရိဖြစ်ခြင်းကိုမထီမဲ့မြင်ပြုလွန်း သဖြင့် ဘုရားသခင်က စွန့်ပစ်သော်လည်း(သူကြီး ၁၆း၂၀) နောင်တရသည့်အခါတွင်မူ တစ်ကြိမ်ပြန်ကယ်တင်သည်။ သို့ဖြစ်ရာ သူသည် ခွန်အားနှင့်ပြည့်ဝစေသည့် ဘုရားသခင်ကို ၀မ်းမြောက်စေသူမဟုတ်မှန်း တွေ့မြင်နိုင်သည်။ ထို့အပြင် ယုံကြည်ခြင်းထက် အမြင်အား ဖြင့်သာ လျှောက်လှမ်းလေ့ရှိခြင်း သည်လည်း ဘုရားသခင်ကို ဝမ်းနည်းစေသည်။

ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏စိတ်တော်နှင့် မတွေ့နိုင်သကဲ့သို့(ဟေဗြဲ ၁၁း၆) ဘုရား သခင်၏ဘုန်းတော်ကိုလည်း မြင်တွေ့ရမည်မဟုတ်ချေ။

ရှံဆုန်နှင့် တိရစ္ဆာန်များ ၊

ရှံဆုန်၏အကြောင်းတွင် တိရစ္ဆာန်တချို့၏အမည်ကို တွေ့ရသည်။ ယင်းတို့မှာ ဆိတ်၊ ခြင်္သေ့၊ ပျား၊ နွား၊ မြေခွေးနှင့် မြည်း စသည်တို့ဖြစ်သည်။

အဘယ်ကြောင့် ထိုသို့ဖော်ပြသနည်းဆိုလျှင်၊ ၁) ထိုတိရစ္ဆာန်တို့၏ သဘော သဘာဝနှင့် ရှင်သန်ပြုမူပုံတို့က ဖိလိတို့လူများ၊ ရှံဆုန်ကိုယ်တိုင်နှင့် ၎င်းနှင့်ပတ်သက်သောမိန်းမများ၏စိတ်နေသဘောထားများကိုပိုမိုနားလည်စေ၍ဖြစ်သည်၊ ၂)ထိုခေတ် တွင် လူတစ်ဦးတစ်ယောက်၏ အားသာမှုနှင့်အားနည်းမှု၊ ပညာရှိမှုနှင့်ပညာမဲ့မှု၊ ဖြောင့်မတ်မှုနှင့်ကောက်ကျစ်မှု စသည်တို့ကို တိရစ္ဆာန်နှင့် ခိုင်းနှိုင်းလေ့ရှိ၍ဖြစ်သည်။ ဥပမာ၊ ဒံယေလ၏အိပ်မက်ထဲတွင် တိရစ္ဆာန်လေးမျိုးကိုမြင်မက်ရာ ယင်းတို့က ပေါ် ပေါက်လာမည့်ဘုရင်များနှင့် နိုင်ငံများကို ပုံဆောင်သည်။

ဆိတ်သူငယ်

ရှံဆုန်၏အကြောင်း၌ ပထမဆုံးတွေ့ရသည့် တိရစ္ဆာန်မှာဆိတ်သူငယ်ဖြစ်ပြီး သုံးကြိမ်တွေ့ရသည်။ ၁) ရှံဆုန်၏ဖခင် မာနော်က ကောင်းကင်တမန်ကို ဆိတ်သူငယ်တစ်ကောင်ဖြင့် ပူဇော်ရန်ကြံရာ ကောင်းကင်တမန်ကလက်မခံဘဲ ထာဝရဘုရားကို ပူဇော်ခိုင်းသည်(သူကြီး ၁၃း၁၉)။ အကြောင်းမှာ ကောင်းကင်တမန်ဟူသည် ဘုရားသခင် မဟုတ်၍ ဖြစ်သည်၊၊ ၂)ရှံဆုန်သည် ခြင်္သေ့ပျိုတစ်ကောင်၏မေးရိုးကို ဆိတ်သူငယ်တစ်ကောင်၏ မေးရိုးအလား အလွယ်တကူ ဆွဲပစ်သည် (သူကြီး ၁၄း၆)၊ ၃) ရှံဆုန်သည် ဆိတ်သူငယ်တစ်ကောင်နှင့်အတူ ယောက္ခမထံသွားသည်(သူကြီး ၁၅း၁)။

ဆိတ်သူငယ်နှင့်ပတ်သက်၍ သုံးကြိမ်ဖော်ပြရာ သုံးကြိမ်စလုံးသည် အဓိပ္ပာယ် ရှိသည်။ မာနော်သည် ဆိတ်သူငယ်တစ်ကောင်ဖြင့် ယဇ်ပူဇော်သကဲ့သို့ ရှံဆုန်သည် ၊ ဘုရားသခင်အတွက် ဆက်ကပ်ပူ ဇော်သူဖြစ်သည်(နာဇရိ)။

ရှံဆုန်သည် တိမနတ်မြို့သူထံသို့ သွားရောက်ရာတွင် နာဇရိဖြစ်လျက်နှင့် စပျစ်ခြံများအလယ်မှဖြတ်သွားသည်။ ထိုအခါ ခြင်္သေ့ပျိုတစ်ကောင်နှင့် တွေ့ပြီး ထိုခြင်္သေ့၏မေးရိုးကို ဆိတ်သူငယ်၏ မေးရိုးအလား အလွယ်တကူဆွဲဖြဲပစ်နိုင်သည်။ ထိုနည်းတူ ခြင်္သေ့ကဲ့သို့အားကြီးသောရုံဆုန်သည်တိမနတ်မြို့သူအဖို့မူ ခွန်အားမရှိသော ဆိတ်ငယ်ပမာသာဖြစ်သည်။ ထို့အပြင် ရှံဆုန်သည် ယောက္ခမထံသွားရာ၌ သူကိုယ်တိုင်ဆွဲခေါ်သည့် ဆိတ်သူငယ်နှင့်တူသည်။သူ၏မယားကို သတို့သားအရံနှင့် ပေးစားလိုက်ပြီဟုယောက္ခမပြောသောအခါ ရှံဆုန်သည် အလွန်စိတ်ဆိုး သော်လည်း ဘာမှမတတ်နိုင်ချေ။ ခွန်အားမရှိသော ဆိတ်သူငယ်ကဲ့သို့ ယောက္ခမ ပြုသမျှ နုရတော့သည်။

ခြင်္သေ့

“အလို၊ ခြင်္သေ့တစ်ကောင်က သူ့ကိုဟိန်းဟောက်နေပါလား”ဟူ၍ ရှံဆုန်နှင့် ခြင်္သေ့ဆုံမိသည့်အကြောင်းကို တွေ့ရှိနိုင်သည်(သူကြီး ၁၄း၅)။ ကျမ်းစာ၌ ခြင်္သေ့သည် ခွန်အားကြီးမှုနှင့် သြဇာကြီးမှုကိုပုံဆောင်၍ ရှံဆုန်နှင့် ခိုင်းနှိုင်းထားသည်။ တိရစ္ဆာန် များအနက် ခွန်အားအကြီးဆုံးဖြစ်သော ခြင်္သေ့နှင့် လူသားများအနက် ခွန်အားအကြီး ဆုံးဖြစ်သော ရှံဆုန်တို့ ဆုံမိကြသောအခါ ခြင်္သေ့သေဆုံးသကဲ့ သို့ ရုံဆုန်နှင့် ဖိလိတို့ တို့ဆုံကြသောအခါ ရှံဆုန်သေဆုံးသည်။ တောဘုရင်ခြင်္သေ့ကိုပင် သတ်ဖြတ်နိုင်သော ရှံဆုန်သည် မိန်းမများ၏ မာယာကျော့ကွင်းထဲတွင်မူ အလွယ်တကူမိရရှာသည်။ သေသော ခြင်္သေ့၏ပါးစပ်ထဲမှ အလွန်ချိုမြိန်သောပျားရည် ထွက်ကျလာသကဲ့သို့ သေသောခြင်္သေ့ပမာ တန်ဖိုးမရှိတော့သော(သေသောခြင်္သေ့ထက် ရှင်သောခွေး တန်ဖိုး ပိုရှိသည်၊ ဒေ ၉း၄) ရှံဆုန်၏အသက်တာထဲမှ အလွန်ချိုမြိန်သောအောင်မြင်ခြင်းတစ်ခုထွက်ပေါ်လာနိုင်သည်။ ‘သန်စွမ်းသူ၏အထဲက အချို ထွက်လေစွ”ဟု ဖော်ပြချက် သည် ဤအချက်များကို ခြုံငုံဆိုလိုခြင်းဖြစ်သည်(သူကြီး ၁၄း၁၄)။

ပျား

“အလို၊ ခြင်္သေ့အသေကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိနေပါလား”ဟူ၍ အံ့ဩကြလိမ့်မည် ဖြစ်သည်(သူကြီး ၁၄း၈)။ ကျမ်းစာ၌ ပျားကို စိတ်ဆိုးမာန်ဆိုးဖြင့် ဝိုင်းဝန်းရက်စက်တတ်သည့် ရန်သူများနှင့် တင်စား သည့်အချိန်ရှိသည်(တရား ၁း၄၄ ဆာ ၁၁၈း၁၂)။

သို့ဖြစ်ရာ ရှံဆုန်၏အကြောင်း၌တွေ့ရသည့်ပျားတို့သည် ၎င်း၏ရန်သူများ၊ သို့မဟုတ် ၎င်းနှင့်ပတ်သက်သည့် မိန်းမများကို တင်စားခြင်းဖြစ်နိုင်သည်။ပျားရည်သည် အလွန်ချိုမြိန်သော်လည်း ပျားတုပ်ခံရလျှင်မူ အဆိပ်ဖြစ်နိုင်သကဲ့သို့ ခြင်္သေ့ကဲ့သို့ခွန်အား ကြီးသော ရုံဆုန်ကို ပျားရည်ကဲ့သို့ချိုမြိန်သော မိန်းမများက အဆိပ်ဝင်စေသည်။

နွားမပျို

ရှံဆုန်သည် တိမနတ်မြို့သားများနှင့် စကားဝှက်ဖွက်ရာ၌ “သင်တို့သည် ငါ့ နွားမပျိုနှင့်မထွန်လျှင်ငါ့စကားဝှက်အနက်ကိုရှာ၍မတွေ့”ဟုပြောလိုက်သည်(သူကြီး ၁၄း၁၈)။ နွားမပျိုဟူသည် မရင့်ကျက်သေးခြင်း၊ ဆင်ခြင်တုံတရားမရှိသေးခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ထိုနွားမပျိုကို ပိုင်ရှင်များက လိုအပ်သလို ကြိုးဆွဲနိုင်သကဲ့သို့ ရှံဆုန်၏မယားကို တိမနတ်မြို့သားများက လိုအပ်သလို အသုံးချနိုင်ကြသည်။ စင်စစ် ရှိဆုန်နှင့်ပတ်သက်သည့် မိန်းမများသည် ၎င်းတို့ကိုယ်တိုင် ဆိုးသွမ်းလွန်း၍မဟုတ် ဘဲ ပတ်ဝန်းကျင်က ဖိအားပေးလွန်းသောကြောင့် ဆိုးသွမ်းသူကဲ့သို့ မြင်တွေ့ရခြင်း ဖြစ်သည်။

ရှံဆုန်ကိုယ်တိုင် မိန်းမဝါသနာပါသူဖြစ်သဖြင့် “ငါ့နွားမပျိုနှင့်မထွန်လျှင် ဟု မရေးရာစကားကို ပြောဆိုခြင်းဖြစ်နိုင်သည်။ အကြောင်းမှာ ထိုခေတ်တွင် မိန်းမများကိုလယ်မြေ၊ ယောက်ျားများ နှင့်အိပ်ခြင်းကို “လယ်ထွန်သည် ́ဟု တင်စားကြ၍ဖြစ်သည်။ ထို့အပြင် ရှံဆုန်က သူ၏မယားကို မြို့သားများက အနိုင်ကျင့်လိမ့်မည်ဟု သံသယဝင်၍လည်းဖြစ်နိုင်သည်။

ရှံဆုန်နှင့်ပတ်သက်သော မိန်းမများသည် ခြင်္သေ့ကဲ့သို့ ခွန်အားမကြီး ၊ လည်း ပျားကဲ့သို့ အဆိပ်ပြင်းထန်ပြီး ပျားရည်ကဲ့သို့ ချိုမြိန်သည်။ သို့သော် များသည် ၊ လူကို လုပ်ပြီးသောအခါ သေဆုံးသကဲ့သို့ ထိုမိန်းမများသည် သေဆုံးကြသည်။ နွားမပျိုကို အချိန်တန်သောအခါ အသားပေါ်သကဲ့သို့ ထိုမိန်းမများသည် အချိန်တန် သောအခါ အရှုံးနှင့်ရင်ဆိုင်ကြသည်။

မြေခွေး

ရှံဆုန်သည် မြေခွေးအကောင် (၃၀၀) အရှင်ဖမ်းဆီးသည်ဟု ဖော်ပြသည် (သူကြီး ၁၄)။ မြေခွေးများသည် သာမန်အားဖြင့် အပြေးမမြန်၊ ခွန်အားမကြီးသော် လည်း ထိုပြည်ရှိ မြေခွေးများသည် အစုလိုက်အဖွဲ့လိုက် နေထိုင်လေ့မရှိသဖြင့် ထိုသို့ ဖမ်းဆီးနိုင်ခြင်းသည် အံ့သြစရာပင်ဖြစ်သည်။

ကျမ်းစာ၌ မြေခွေးကို ဉာဏ်များသူ၊ ကောက်ကျစ်စဉ်းလဲသူအဖြစ် သိကြသည်။ ခွန်အားမကြီးသော်လည်း ဉာဏ်များသဖြင့် ၎င်းထက်ခွန်အားပိုကြီးသူကိုပင် သတ်စားနိုင်သည်။ အပြေးမမြန်သော်လည်း အမောခံနိုင်သဖြင့် မိုင်ပေါင်းများစွာ ပြေးနိုင်သည်။ခြင်္သေ့ကဲ့သို့ခွန်အားကြီးသော ရုံဆုန်ကို လူ့ခွန်အား ဖြင့် အနိုင်ရမည်မဟုတ်သဖြင့် ဖိလိတ္တိတို့၌ ဉာဏ်များ ခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်းနှင့် အမောခံနိုင်ခြင်း လိုအပ်သည်။

ဖိလိတ္တိတို့သည် ရှံဆုန်၏စကားဝှက်ကို ၎င်းတို့၏ဉာဏ်ဖြင့် မဖော်နိုင်သောအခါ ရှံဆုန်၏မယားကို လှည့်ပတ်ချဉ်းကပ်ပြီး မြေခွေးကဲ့သို့ ဉာဏ်များကြသည်။ နည်းလမ်းတစ်ခုအဆင်မပြေ လျှင် အခြားနည်းလမ်းတစ်ခုကို မမောမပန်းရှာနိုင်ကြသည်။ လောင်းကြေးအင်္ကျီ အထည်(၃၀) ရရှိနိုင်ရန် ရှံဆုန်၏မယားကို လှည့်ပတ်ဉာဏ်ဆင်ကြသဖြင့် ရှံဆုန်က လည်း မြေခွေးအကောင်(၃၀၀)ကိုအသုံးပြုပြီး ၎င်းတို့၏ ယာခင်းအားလုံးကို မီးရှို့ ၊ပစ်လိုက်သည် (ရှံဆုန်သည် အင်္ကျီအထည်(၃၀)၏ အဆဆယ်ဆဖြင့် ပြန်ချေပဟန် တူသည်)။

မြေခွေးသည် သားကောင်ဖမ်းဆီးမည့်အချိန် တွင် တိတ်တဆိတ်ချောင်းမြောင်းသကဲ့သို့ ဖိလိတ္တိလူတို့သည် ခြင်္သေ့ကဲ့သို့အားကြီးသည့် ရှံဆုန်ကိုဂါဇမြို့၌လည်းကောင်း၊ ဒေလိလ၏ အိမ်၌လည်းကောင်း တိတ်တဆိတ် ချောင်းမြောင်းကြသည်။ မြေခွေးသည် ခြင်္သေ့ထက် ဉာဏ်ပိုများသဖြင့် နောက် ဆုံးတွင် ရုံဆုန်က အရှုံးပေးရသည်။

မြည်း

ရှံဆုန်သည် ခြင်္သေ့ကဲ့သို့ ခွန်အားကြီးသော်လည်း များကဲ့သို့ဖြစ်သော မိန်းမ၊ များ၏လက်ထဲတွင် မြည်းကဲ့သို့ လိုရာဆွဲနိုင်သည့်အဆင့်သာရှိသည်။

ရှံဆုန်၏ဆုတောင်းချက်

ရှံဆုန်၏အသက်တာ၌ ဆုတောင်းသည့်အချိန် နှစ်ကြိမ်သာ တွေ့ရသည်။ ၁) ရန်သူတစ်ထောင်ကို မြည်းမေးရိုးဖြင့် သတ်ပစ်ပြီးနောက် ရေအလွန်ဆာသဖြင့် ဘုရားသခင်ထံ အော်ဟစ်ဆုတောင်းသည်(သူကြီး ၁၅း၁၈)။ ဆုတောင်းသည်ဟု ဆိုသော်လည်း ဘုရားသခင်အား စိန်ခေါ်ခခဲ့ခြင်းသာဖြစ် သည်။ ၂) ဒုတိယအကြိမ်တွင်မူ စိတ်နှလုံးအကြွင်းမဲ့ ဆုတောင်းသည်။ ၎င်း၏မျက်စိနှစ်လုံးကိုဖောက်ပစ် သည့်ရန်သူများကိုအပြစ်‌ ပေးလိုခြင်း၊ ရန်သူများနှင့် အတူတူသေလိုခြင်းနှင့် ဘုရားသခင်ကို မနာခံမိခြင်း တို့အတွက် နောင်တရပြီး နှိမ့်ချစွာ ဆုတောင်းခြင်းဖြစ်သည်(သူကြီး၁၆း၃၀)။ ရှံဆုန်၏ဆုတောင်းချက်နှစ်ကြိမ်စလုံးသည် အလွန်တိုတောင်းသော်လည်းဘုရားသခင်က အဖြေပေးသည်။

ရှံဆုန် ကွယ်လွန်ခြင်း

ကွယ်လွန်ခါနီးလူတစ်ယောက်၏ နောက်ဆုံးမှာတမ်းစကားသည် ပြောစကား များအနက် အရေးကြီးဆုံးနှင့် မေ့၍မရနိုင်သည့်အရာ တစ်ခုဖြစ်သည်။ ကျမ်းစာ၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ယောသပ်တို့၏ နောက်ဆုံးမှာတမ်းစကားများကို သေချာစွာမှတ်တမ်းတင်ထားသည်။ ယောသပ်၏ နောက်ဆုံးမှာတမ်းစကားအရ ၎င်း ကွယ်လွန်ပြီး နှစ်ပေါင်းလေးရာအကြာတွင် အရိုးစုများကိုတူးဖော်၍ အီဂျစ်ပြည်မှ အစ္စရေးပြည်သို့ ပြန်သယ်ကြသည်။ နောက်ဆုံးမှာတမ်းစကားများကို မဖြစ်မနေ အကောင်အထည်ဖော်ရန်လည်း ခံယူလေ့ရှိကြသည်။

ရှံဆုန်၏ နောက်ဆုံးမှာတမ်းစကားသည် ဖိလိတ္တိတို့နှင့် အတူတူသေရန် ဖြစ် သည်(သူကြီး ၁၆း ၃၀)။ လူသားများအနက် ခွန်အားအသန်မာဆုံးသောသူက ရန်သူများနှင့် အတူတူသေပွဲဝင်ရန် တောင်းဆိုခြင်း ဖြစ်သည်။ ဤဆုတောင်းချက်သည် ဟေဗြဲဘာသာဖြင့် စကားလုံးလေးလုံးသာရှိသော်လည်း အဓိပ္ပာယ်များ စွာရှိသည်။ သူသည် ဖိလိတ္တိမိန်းမများကို မယားတော်၍ ဖိလိတ္တိတို့နှင့် နေထိုင်ချိန်များကာ နောက်ဆုံးတွင်ဖိလိတ္တိတို့နှင့် အတူတူသေရန် တောင်းဆိုသေးသဖြင့် ဖိလိတ္တိတို့အပေါ် သံယောဇဉ်အလွန်တွယ်မှန်း တွေ့ မြင်နိုင်သည်။

ဖိလိတ္တိတို့က ရှံဆုန်ကို လူအပြည့်ရှိသည့်ဇရပ်ထဲသို့ ခေါ်ဆောင်ပြီး ဇရပ်တိုင်နှစ်ခုကြား၌ ရပ်ခိုင်း သည်။ ထို့နောက် ရှံဆုန်က “အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေ”ဟု ဆုတောင်းပြီး ကိုယ်ကိုညွတ်၍ ဇရပ်တိုင်နှစ်ခုကို အားထုတ်ဆွဲချလိုက်ရာ ဇရပ်ပြိုကျ ပြီး လူအားလုံးသေဆုံးကြသည်။ ထိုနေ့က သေဆုံးသူဦးရေသည် ရှံဆုန်အသက်ရှင် စဉ်က သတ်ဖြတ်သည့်လူဦးရေထက် သာလွန်များပြားသည်ဟု ဆိုသည်။ ရှံဆုန်၏ အလောင်းကို မိသားစုနှင့် ဆွေမျိုးများကသယ်ယူပြီး ဇောရာမြို့နှင့် ဧရှတောလ မြို့ စပ်ကြားရှိ ဖခင်မာနော်၏သချိုင်း၌ သဂြိုဟ်ကြသည်။ ရှံဆုန်သည် အသက်ရှင်စဉ် ကာလတွင် အစ္စရေးတို့ကို နှစ်ပေါင်းနှစ်ဆယ်ကြာ ဦးဆောင်မှုပေးသည်။

အစ္စရေးတို့သည် အခြားခေါင်းဆောင်များ၏ ဦးဆောင်သည့်ခေတ်၌ ကျွန်ခံ သည့်ကာလထက် လွတ်လပ်သည့်ကာလပို၍ရှည်ကြာသော်လည်း ရှံဆုန်၏ဦးဆောင် သည့်ခေတ်၌မူ လွတ်လပ်သည့် ကာလထက် ကျွန်ခံသည့်ကာလ ပို၍ရှည်ကြာသည်။ ဩသံယေလ၏ခေတ်တွင် ကျွန်ခံသည့်ကာလ ရှစ်နှစ် ရှိ၍ လွတ်မြောက်သည့်ကာလ အနှစ်လေးဆယ်ရှိ သည်။ ဧဟုဒ၏ခေတ်တွင် ကျွန်ခံသည့်ကာလ ဆယ့်ရှစ်နှစ်ရှိ၍ လွတ်လပ်သည့်ကာလ အနှစ်ရှစ်ဆယ်ရှိသည်။ ဒေဗောရခေတ်တွင် ကျွန်ခံသည့်ကာလ အနှစ် နှစ်ဆယ်ရှိ၍ လွတ်လပ်သည့်ကာလ အနှစ်လေးဆယ်ရှိသည်။ ရှံဆုန်၏ခေတ်တွင် ကျွန်ခံသည့်ကာလ အနှစ်လေးဆယ်ရှိပြီး ထိုကာလအတွင်း၌ ရှံဆုန်က အနှစ် နှစ်ဆယ်ဦးဆောင်သည်။ သို့သော်တစ်ကိုယ်ကောင်း ဆန်သဖြင့် စစ်မှန်သည့် လွတ်လပ်ရေးရရှိရန် မစွမ်းဆောင်ပေးနိုင်ချေ။ သို့ဖြစ်ရာ ခေါင်းဆောင်ကောင်းပါက ပျော်ရွှင်ရမည်ဖြစ်ပြီး မကောင်းလျှင်မူ စိတ်ဆင်းရဲရမည် ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) မိဘကောင်းတိုင်း သားသမီးကောင်းလိမ့်မည်ဟု တထစ်ချမခံယူသင့်။ ရှံဆုန်၏ဖခင်နှင့် မိခင်တို့သည် ဘုရားတရားအလွန်ကိုင်းရှိုင်းသော လင်မယားဖြစ် သည်။ ဘုရားသခင်၏စကားကို တစ်သဝေမတိမ်းနားထောင်သည်။ ဘုရားသခင်ကို ရိုသေကြောက်ရွံ့ သည်။ သို့သော်လည်း ၎င်းတို့မှမွေးဖွားသည့် ရှံဆုန်မှာမူ မိဘနှစ်ပါး နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။

ရှံဆုန်သည် မိဘများနှင့် ဘုရားသခင်၏စကားကို နားမထောင်ဘဲ စည်းဖောက် လေ့ရှိသည်။ မိဘနှစ်ပါးမှာ ဝိညာဉ်ရေးရင့်ကျက်ပြီး ယုံကြည်ခြင်းအားဖြင့် လျှောက် လှမ်းသော်လည်း ရှံဆုန်မှာမူ အလွန်လောကီဆန်ပြီး အမြင်အားဖြင့်သာ လျှောက် လှမ်းလေ့ရှိသည်။ ရှံဆုန်၏မိခင်သည် သားအဖို့ရည်မှန်းပြီး ညစ်ညူးသောအရာမှန် သမျှကို ရှောင်ကြဉ်သော်လည်း ရုံယုန်ကမူ လုံးဝဂရုမစိုက်ဘဲ ခြင်္သေ့အသေကောင်ကို တို့ထိသည့်အပြင် ခြင်္သေ့၏ပါးစပ်ထဲမှ ပျားအုံကိုပင် နှိုက်စားလိုက်သေးသည်။ ဖခင်မာနော်သည် ကောင်းကင်တမန်ကို အလွန်မြင်တွေ့လိုသောကြောင့် ဆုတောင်းသော် လည်း ရှံဆုန်ကမူ ရေအလွန်ငတ်သည့်အချိန်နှင့် ဖိလိတ္တိလူတို့နှင့် အတူတူသေလို သည့်အချိန်၌သာ ဆုတောင်းသည်။ သို့ဖြစ်၍ မိဘကောင်းတိုင်း သားသမီးကောင်း လိမ့်မည်ဟု မခံယူသင့်သကဲ့သို့ မိဘဆိုးတိုင်း သားသမီးဆိုးလိမ့်မည်ဟုလည်း မခံယူ သင့်ပေ။

၂) မိဘများနှင့် လက်မတွဲနိုင်သောသူကို ခေါင်းဆောင်အဖြစ် မလိုလားသင့်။ မိမိအား အချစ်ဆုံးသောသူများနှင့်ပင် လက်မတွဲနိုင်လျှင် မုန်းတီးသောသူများနှင့် မည်သို့လက်တွဲနိုင်မည်နည်း။ ဂရုအစိုက်ဆုံးသောသူများကို လက်မတွဲနိုင်လျှင် မထိ မဲ့မြင်ပြုသောသူများကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ခေါင်းဆောင်လုပ်မည့်သူ ဖြစ်စေ၊ နောက်လိုက်လုပ်မည့်သူဖြစ်စေ မိမိအိမ်ထောင်ကို စည်းလုံးညီညွတ်စွာ ဦးဆောင်တတ်သူဖြစ်ရန် အရေးကြီးသည်။

၃) စည်းကမ်းမရှိဘဲ ဖိုမကိစ္စနှင့် ရှုပ်ထွေးတတ်သောခေါင်းဆောင်ကို သတိ ထားသင့်။ သူတစ်ပါးအပေါ်၌ သစ္စာမရှိသောသူသည် မိမိအပေါ်၌လည်း သစ္စာမဲ့ နိုင်သည်။ စာတန်၏ အဓိကလက်နက်မှာ ထောင်လွှားခြင်း၊ တပ်မက်ခြင်းနှင့် ဆန္ဒ ရမ္မက်တို့ဖြစ်သဖြင့် မလဲကျမိစေရန်အတွက် ဤသုံးချက်တို့ကို အမြဲသတိထားရမည် ဖြစ်သည်။

၄) အောင်မြင်ခြင်းရရှိသည့်တိုင် နောက်လိုက်မရှိပါက ခေါင်းဆောင်ကောင်း မဖြစ်နိုင်။ ရှံဆုန်သည် လက်ချည်းသက်သက်ဖြင့် ခြင်္သေ့တစ်ကောင်ကို သတ်ပစ်နိုင် သည်(သူကြီး ၁၄း၅-၆)။ ရန်သူအယောက်(၃၀)ကို အလွယ်တကူသတ်ပစ်နိုင်သည် (သူကြီး ၁၄း၁၉)။ မြေခွေးအကောင်(၃ဝဝ)ကို ဖမ်းဆီးနိုင်သည်(သူကြီး သူကြီး ၁၅း၃-၅)။ ချည်နှောင်သည့်ကြိုးများကို အလွယ်တကူဖြတ်ပစ်နိုင်သည်(သူ ကြီး ၁၅း၁၄၊ ၁၆း၉၊ ၁၂၊ ၁၄)။ မြည်းမေးရိုးတစ်ခုတည်းဖြင့် ရန်သူအယောက်(၁၀၀)ကို သတ်ပစ် နိုင်သည်(သူကြီး ၁၅း၁၅)။ ဂါဇမြို့ တစ်ခါးကို ဆွဲနုတ်ချိုးဖဲ့ပြီး တောင်ပေါ်သို့ ပစ်ထား နိုင်သည်(သူကြီး၁၆း၃)။ဖိလိတ္တိတို့၏အိမ်ရာများကို ဖျက်ဆီးနိုင်သည့်အပြင် ကျမ်းစာ၌ မှတ်တမ်းမတင်ထားသည့် အရာများစွာကိုလည်း လုပ်ဆောင်သေးသည်(သူကြီး ၁၆း ၂၄)။ သို့သော် လုပ်ဆောင်လေရာတိုင်း၌ တစ်ကိုယ်တော်လှုပ်ရှားပြီး စုပေါင်းလုပ်ဆောင်ခြင်း မရှိဖူးသဖြင့် ခေါင်းဆောင်ကောင်းအဖြစ် သတ်မှတ်နိုင်မည်မဟုတ်ပေ။ အကြောင်းမှာ ကြီးမားသောအမှုများကိုတစ်ယောက်တည်း၏စွမ်းရည်ဖြင့် တာရှည် မလုပ်ဆောင်နိုင်၍ဖြစ်သည်။

၅) စိတ်တိုတတ်ခြင်းနှင့် စိတ်ကောက်တတ်ခြင်းက ကောင်းသောအရာကို မဆောင်ကြဉ်းနိုင်။ ဤစိတ်ဓာတ်ရှိပါက မိတ်ဆွေကောင်းမရနိုင်သည့်အပြင် ရှိပြီးသား မိတ်ဆွေများကိုပင် ဆုံးရှုံးနိုင်သည်။ အထူးသဖြင့် ခေါင်းဆောင်ကောင်းဖြစ်လိုပါက ဤစိတ်ဓာတ်မျိုးကို မဖြစ်မနေ ဖယ်ရှားပစ်ရပါမည်။

၆) ယုံကြည်ခြင်းမရှိလျှင် အောင်မြင်ခြင်းမရနိုင်။ ဘုရားသခင်ကို အကြွင်းမဲ့ ယုံကြည်ပြီး ရည်မှန်းချက်ရှိမှသာလျှင် အမြင့်သို့ရောက်ရှိနိုင်မည်ဖြစ်သည်။ အမြင်ကို အားပြုပါက ကြောက်ရွံ့ခြင်းနှင့် စိုးရိမ်ခြင်းကသာ လွှမ်းမိုးလိမ့်မည်ဖြစ်သည်။

၇) အပြစ်၏ကျွန်ဘဝမှ ဘုရားသခင်၏သားဘဝသို့။ ဘုရားသခင်ကို စစ်မှန် သောနောင်တစိတ်ဖြင့် ချဉ်းကပ်ပါက လက်ခံတော်မူသည့်အပြင် အပြစ်အားလုံးကို ခွင့်လွှတ်ပေးတော်မူသည်။ သို့ဖြစ်၍ အချိန်ဆိုင်းမနေတော့ဘဲ ယခုပင် ချက်ချင်း ချဉ်းကပ်ကြပါစို့။

ဧလိ(Eli)

William နှင့် Morrow တို့သည်စီပွားရေးသမားဖြစ်သော်လည်း ဘုရားသခင်ကို အလွန်ချစ်ကြသော လင်မယားဖြစ်သည်။ အထူးသဖြင့် wiliam သည် အချိန်ပြည့် အမှုတော်ဆောင်နှင့် တရားဟောဆရာဖြစ်လိုသဖြင့် နေ့စဉ်နှင့်အမျှ ဆက်ကပ် ဆုတောင်းသည်။ ၎င်းတို့လင်မယား၌ သားနှစ်ယောက်နှင့် သမီးနှစ်ယောက်ရှိသည်။

နှစ်ပေါင်းများစွာ ဆက်ကပ်သော်လည်း ဘုရားသခင်က လမ်းမဖွင့်ပေးချေ။ ဆုတောင်းချက်ကို ဘုရားသခင်က ကြားပင်မကြားဘူးလားဟု ထင်စရာကောင်းသည် အထိ အဖြေလုံးဝမရပေ။ ထို့ကြောင့် သူသည် ဘုရားသခင်အပေါ် စိတ်နာသကဲ့သို့ ဖြစ်သည့်အပြင် အဖြေမရခြင်းအတွက်လည်း အလွန်အံ့ဩသည်။

သို့သော်လည်း နောက်ပိုင်းတွင် သူက “အခုတော့ ဆုတောင်းချက်အဖြေ ရရှိ ပါပြီ။ ကျွန်တော်ဟာ တရားဟောမည့်သူ မဟုတ်ဘဲ တရားဟောဆရာတစ်ပါးကို မွေးထုတ်ကြီးပြင်းစေဖို့ ဘုရားသခင်က အသုံးပြုတာ ဖြစ်တယ်” ဟု ဝန်ခံသည်။ အကြောင်းမှာ William နှင့် Morrow တို့ လင်မယားသည် လူပေါင်းသန်း နှစ်ထောင်ကျော်ထံ ဧဝံဂေလိတရားဟောပြောပြီး ဖြစ်သော ဆရာကြီး Billy Graham ၏ မိဘများ ဖြစ်သည်။ ၎င်းတို့သည် North Carolina ပြည်နယ်၊ Chelotte မြို့၌ နေထိုင်၍ ဘုရားအသုံးပြုသည့် မိသားစုဖြစ်သည်။

မိသားစုဟူသည် အလွန်အရေးကြီးသည်။ ကြီးမြတ်သူအများစုတို့သည် ကောင်းမြတ်သောမိဘနှင့် မိသားစုမှ ကြီးပြင်းလာကြပြီး ဆိုးသွမ်းသူအများစုတို့သည် မကောင်းသောမိဘနှင့် မိသားစုမှ ကြီးပြင်းလာကြသည်။ ဥပမာ Hitler၏ဖခင် Alois Hitler သည် ဖအေမပေါ်ဘဲမွေးသဖြင့် ၎င်း၏ ဆွေစဉ်မျိုးဆက်ဇယား၌ အင် (Hitler ၏အဘိုး)နေရာလွတ်သည်။

မိသားစုကောင်းလျှင် မြို့ရွာကောင်းပြီး မြို့ရွာကောင်းလျှင် တိုင်းပြည်ကောင်း ၊ မည်။ တိုင်းပြည်ကောင်းလျှင် တစ်ကမ္ဘာလုံးကောင်းလာလိမ့်မည်ဖြစ်သည်။ “တိုင်း ပြည်တစ်ခုပျက်စီးခြင်းသည် ပြည်သူများ၏မိသားစုမှ အစပြုသည်”ဟု အာဖရိက စကားပုံတစ်ခုရှိသည်။ Confucius ကလည်း “တိုင်းပြည် တစ်ခု၏အင်အားသည် ပြည်သူမိသားစုများ၏ ကောင်းမြတ်မှုအပေါ် မူတည်သည်’ ဟုဆိုသည်။ အစ္စရေးတို့၏ စစ်ရှုံးမှုသည် လိ၏မိသားစုမှ အစပြုလာပြီး စစ်အောင်မှုမှာမူ လကာန၏မိသားစုမှ အစပြုသည်။ သို့ဖြစ်ရာ အောင်မြင်ခြင်းနှင့် ရှုံးနိမ့်ခြင်းသည် လူတစ်ဦးတစ်ယောက်၊ သို့မဟုတ် မိသားတစ်စုအပေါ်၌ မှီတည်သည်။

ဧလိ ၏နာမည်

လိ၏နာမည်ကို ဟေဗြဲကျမ်းစာ၌ (၃၂)ကြိမ်တွေ့ရပြီး “ဘုရားသခင်ကို ချီး ၊ မြှောက်သည်၊ မြှင့်တင်သည် ́ဟု အဓိပ္ပါယ်ရသည်။ လိသည် အာရုန်၏သားထွေး၊ ဖြစ်သောဣသမာ၏သားဖြစ်သည် (၅ရာ ၂၄း၃)။ ဣသမာသည် အာရုန်၏သားများ အနက် အထွေးဆုံးဖြစ်သော်လည်း အစ္စရေးတို့၏ ယဇ်ပုရောဟိတ်ဖြစ်လာသည်။ ထိုသို့ဖြစ်ခြင်းကို အကောင်းဘက်မှကြည့်လျှင် မင်္ဂလာဖြစ်သော်လည်း အဆိုးဘက်မှ ကြည့်လျှင်မူ ဝန်ထုပ်ဝန်ပိုးပမာဖြစ်သည်။ သို့သော်လည်း ဘုရားသခင်က သူ့ကို စိတ်ချယုံကြည်သဖြင့် ထိုသို့ထမ်းဆောင်ခိုင်းခြင်းဖြစ်သည်။ မိမိဘာသာထမ်းသည့် ဝန်ထုပ်သည် လေးလိမ့်မည်ဖြစ်သော်လည်း ဘုရားသခင်ထမ်းခိုင်းသည့် ဝန်ထုပ်ဖြစ် လျှင်မူ မထမ်းနိုင်စရာမရှိချေ။ အကြောင်းမှာ ဘုရားသခင်က ခွန်အားပေး၍ဖြစ်သည်။

ယင်ပုရောဟိတ်ကောင်း ဧလိ

ကျမ်းစာ၌ ယောသပ်၊ ရှမွေလ၊ ဒါဝိဒ်၊ ဒံယေလ၊ ယေရမိ စသည်တို့သည် ခေါင်းဆောင်ဖြစ်လာကြသည့်အချိန်တွင် အလွန်ငယ်ရွယ်ကြသေးသည်။ ကမ္ဘာ့သမိုင်း

၌လည်း နာမည်ကြီးခေါင်းဆောင် တချို့တို့သည် ကလေးဘဝကပင် စံနမူနာယူထိုက် သူများဖြစ်ကြသည်။ ထိုနည်းတူ အသက်အရွယ် ကြီးပြီးမှသာ ဘုရားအသုံးပြုခြင်းခံရ သော ခေါင်းဆောင်များစွာလည်း ရှိကြသည်။

မောရှေသည် အသက်(၈၀) မှသာလည်း ကောင်း၊ ယောရှုသည် အသက်(၁၁၀) မှသာလည်း ကောင်း၊ ဂျာမနီခေါင်းဆောင် “William the First’ သည် အသက်(၅၀)မှသာ လည်းကောင်း၊ အင်္ဂလိပ်ခေါင်းဆောင် Gladstone သည် အသက်(၈၀)မှသာ လည်းကောင်း၊ Winston Churchill သည် အသက်(၆၀) မှသာလည်းကောင်း ထိပ်တန်းခေါင်းဆောင် ဖြစ်လာသည်။

ရှမွေလသည် ကလေးဘဝကပင် ပရောဖက်ဖြစ်လာသည်။ အစ္စရေးထုံးစံ၌ အသက်(၃ဝ)ပြည့်လျှင် ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်နိုင်သော်လည်း ဧလိ မှာမူ အသက်(၅၈)မှသာ ယဇ်ပုရောဟိတ်ဖြစ်လာပြီး နှစ်ပေါင်း(၄၀)ကြာ ထမ်းဆောင် သည်။ ဧလိသည်တရားသူကြီးများအနက်အားအပျော့ဆုံး၊ ယဇ်ပုရောဟိတ်များအနက် အသုံးတည့်ဆုံးနှင့် ဘုရားသခင်အား အကြောက်ရွံ့ဆုံးသော လူတစ်ဦးဖြစ်သည်။ ဘုရားသခင်အား အလွန်ကြောက်ရွံ့သဖြင့် ပဋိညာဉ်သေတ္တာတော်ကို အဝေးမှမြင်ရုံ ဖြင့်ပင် တုန်လှုပ်သူဖြစ်သည်။ တရားသူကြီးများအနက် နောက်ဆုံးလူလည်းဖြစ်သဖြင့် ရှံဆုန်သေဆုံးပြီးနောက် တစ်ဆက်တည်းတာဝန်ယူဟန်တူသည်။ တာဝန်နှင့်ပတ် သက်၍ အပြစ်ပြောစရာမရှိသော်လည်း အိမ်ထောင်၌မူ မဦးဆောင်နိုင်သူ၊ သြဇာ မလွှမ်းမိုးနိုင်သူ၊ ဖခင်ကောင်းမပီသသူ ဖြစ်ရရှာသည်။ မိမိအိမ်ထောင်ကိုပင် မဦးဆောင်နိုင်လျှင် ပြည်သူ လူထုကို မည်သို့ဦးဆောင်နိုင်မည်နည်း(၁တိ ၃း၅)။

မည်သို့ပင်ဖြစ်စေကာမူ ဧလိကို တာဝန်ကျေ ပွန်သော ယဇ်ပုရောဟိတ်ကောင်းအဖြစ် မှတ်တမ်းတင်ထားသည်။ ဗာလကိုးကွယ်သော ပြည်သူလူထုကို ဘုရားသခင်ထံ ဆွဲခေါ်နိုင်သော ခေါင်းဆောင် ကောင်းလည်းဖြစ်သည်။

ဘုရားသခင်အတွက် မားမားရပ်တည်တံ့ သော ဧလိ

ကျမ်းစာ၌ ဧလိကို ပထမဦးဆုံး မြင်တွေ့ရသည့်နေရာသည် ထာဝရဘုရား၏ အိမ်တော်တံခါးနားတွင် ထိုင်နေစဉ်ကဖြစ်သည်။ သူသည် တာဝန်ထမ်းဆောင်ပြီး၍ ဖြစ်စေ၊ ယဇ်ပူဇော်သူအားလုံးအိမ်ပြန်ကုန်၍ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ၊ ထိုင်ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် တတွတ်တွတ် ဆုတောင်းနေသောဟန္နကို မြင်တွေ့ခြင်းဖြစ်သည်။

ဧလိသည်ပါးစပ်လှုပ်သော်လည်းအသံမထွက် သောဟန္နကို စပျစ်ရည်မူးသည်ဟု ထင်မှားမိသဖြင့် “စပျစ်ရည်ကို လွှင့်ပစ်လိုက်ပါ။ ဘယ်အချိန်ထိမူးနေဦးမလဲ”ဟု ကြိမ်းမောင်းသည်။ ယဇ်ပုရောဟိတ်ကောင်းတစ်ပါးအနေဖြင့် ဘုရား၏ဗိမာန်တော်ကိုမညစ်နွမ်းစေလို၍ ကြိမ်းမောင်းခြင်း ဖြစ်နိုင်သည်။သို့ရာတွင် စပျစ်ရည်မူး၍မဟုတ်ဘဲ စိတ်ကြေကွဲလွန်း၍ဖြစ်သည်ကိုသိသောအခါတွင်မူ “စိတ်အေးအေးထားပါ။ ဘုရားသခင်က အဖြေပေးပါလိမ့်မယ်ဟု ကောင်းချီးပေးသည်(၁ရာ ၁း၁၂-၁၇)။

ဘုရား၏အလိုတော်ကို ဝန်ခံဝံ့သော ဧလိ

ဘုရားသခင်က ဧလိမိသားစုကို တရားစီရင်မည်။ ယဇ်ပုရောဟိတ်တစ။ ပေါ်ထွန်းစေမည်၊ ထိုသူ၏အနွယ်များသည် ယဇ်ပုရောဟိတ်တာဝန်ကို ခေတ်အဆက ဆက်ထမ်းဆောင်လိမ့်မည်ဟု ပြောသောအခါ ဧလိက “ထာဝရဘုရားဖြစ်သည်အတွက် အလိုတော်ရှိသည်အတိုင်း ပြုတော်မူပါစေဟု ဝန်ခံဝံ့သည်(၁ရာ ၃း၁၈)။ ဧလိသည် သူ၏အသက်တာ၊ အမှုတော်မြတ်မိသားစုနှင့် မျိုးဆက်အနွယ်ကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံသည်။ ကြုံရမည့်အရာများသည် စိတ်ချမ်း သာစရာ တစ်ခုမျှမရှိသော်လည်းစောဒက လုံးဝမတက်ဘဲ ဘုရား၏အလိုတော်ကိုချက်ချင်းဝန်ခံဝံ့သည်။ ဘုရားသခင်က ကောင်းချီးပေးသောအခါ လက်ခံနိုင်သကဲ့သို့ ပြစ်ဒဏ်ပေး သောအခါတွင်လည်း လက်ခံနိုင်သည်။ မည်သူ့ကိုမျှ အပြစ်မတင်ဘဲ ဘုရား၏အလို တော်အတိုင်း ဝန်ခံနိုင်ခြင်းသည် ဝိညာဉ်ဆန်ခြင်းတစ်မျိုးပင်ဖြစ်သည်။

ဖခင်ဆိုးဧလိ

တစ်ခါက လူငယ်တစ်ယောက်သည် ဥပဒေနှင့်မညီသော အရာများစွာကို ကျူးလွန်လုပ်ဆောင်သဖြင့် သေဒဏ်အပြစ်ပေးခံရသည်။ တရားသူကြီးသည် ထိုလူ ငယ်ကိုကြည့်ရင်း အလွန်အံ့ဩခဲ့သည်။ အကြောင်းမှာ ထိုလူငယ်၏ဖခင်သည် နာမည် ကြီးရှေ့နေဖြစ်ပြီး “The Law of Trust’ ဟူသည့် အလွန်ကျော်ကြားသော ဥပဒေ စာအုပ်ကို ရေးသားပြုစုသူဖြစ်သည်။

တရားသူကြီးက ထိုလူငယ်ထံ “မင်းရဲ့ အဖေကို သတိရမိလား”ဟု မေးရာ “သတိရမိပါတယ်” ဟု ဖြေသည်။ တရားသူကြီးက “ဘာတွေကို သတိရမိသလဲ”ဟု ထပ်မေးရာ လူငယ်သည် ခေတ္တတွေဝေပြီးနောက် “မေးချင်တာရှိလို့ပဲဖြစ်ဖြစ်၊ စကား ပြောချင်လို့ပဲဖြစ်ဖြစ် အဆီသွားရင် အဖေက “ဒီက လေးထွက်သွားစမ်း၊ ငါမအားသေးဘူး၊ စာအုပ်တွေ ရေးရဦးမယ်”လို့အမြဲနှင်ထုတ်တယ်။ ကျွန်တော့် အဖေ ကို တရားသူကြီးက နာမည်ကြီးရှေ့နေတစ်ဦးအဖြစ်သိထားပေမဲ့ ကျွန်တော်ကတော့ ကျွန်တော့်ကိုကြဉ် ဖယ်သူအဖြစ် သိထားပါတယ်”ဟု ပြန်ဖြေသည်။ တရားသူကြီးသည် မမျှော်လင့်သည့်အဖြေကို ကြားလိုက်သဖြင့် သူ၏နှုတ်မှ “ဟာ၊ စာအုပ်ကတော့ တန်ဖိုးရှိပါရဲ့၊ ဒါပေမဲ့ ဒီလူငယ်ကိုတော့ ဆုံးရှုံးလိုက်ရပြီ””ဟု မှတ်ချက် ချလိုက်သည်။

ဧလိသည် ယဇ်ပုရောဟိတ်ကောင်းဖြစ်သော်လည်း ဖခင်ဆိုးဖြစ်လာရခြင်းမှာ အကြောင်းရင်း သုံးခုရှိသည်။

၁) ပူဇော်သက္ကာကို မခန့်လေးစားလုပ်သည်။ ဧလိထံသို့ ဘုရား၏လူတစ်ယောက် ကရောက်လာပြီး ဘုရားသခင်ကဧလိကို ကောင်းချီးပေးပုံ၊ ထိုကောင်းကြီးများကို မခန့်လေးစားလုပ်ပုံနှင့် တရားစီရင်ခြင်းခံရတော့မည်ပုံ စသည်တို့ကို ပြောလိုက်သည်။

ထိုသို့ပြောရာ၌ “ငါပူဇော်သက္ကာကို ဘာဖြစ်လို့ ခြေနှင့်ကန်သလဲ”ဟု လည်းကောင်း (၁ရာ ၂း၂၉)၊ “ဒုစရိုက်ပြုတာကို သိလျက်နှင့် မဆုံးမတဲ့အတွက် ဒဏ်ခတ်မယ်၊ ဟု လည်းကောင်း(၃ရာ ၃း၁၃) ထည့်သွင်းပြောကြားသည်။

ထိုခေတ်ထုံးစံအရ ယဇ်ပုရောဟိတ်များသည်

အိုးထဲပြုတ်ထားသော ယဇ်ပူဇော်ရာအသားကို အသွားသုံးချောင်းပါသော ခက်ရင်းဖြင့်ထိုးပြီး ပြန်ဆွဲထုတ်ရာမှပါလာသောအသားကိုသာ စားသုံးရသည်။ ရွေးချယ်ခွင့်မရှိချေ။ သို့သော်ဧလိ၏သားများဖြစ်သော ဟောဖနိနှင့် ဖိနဟတ်တို့က ကြိုက်သည့် အသားမပါမချင်းခက်ရင်းခွကို ထိုးလိုက်ဆွဲလိုက်လုပ်ကြ သည်။ ထို့အပြင် အသားကိုမပြုတ်ပါနှင့်၊ အစိမ်းပဲပေးပါဟူ၍ တောင်းဆိုကြသည်။ ထိုသို့ ပူဇော်သက္ကာများ အား မခန့်လေးစားလုပ်ခြင်းကို ဘုရားသခင်က ခြေဖြင့်ကန်ကျောက်ခြင်းနှင့် တင် စားလိုက်ခြင်းဖြစ်သည်။

ဧလိသည် သူ၏သားများကို ဆုံးမသည်ဟုဆိုသော်လည်း ဘုရားသခင်၏ ။ အလိုတော်နှင့် မညီသောကြောင့် ဆုံးမခြင်းမဟုတ်ဘဲ လူထုအမြင်၌ မသင့်တော်သောကြောင့်သာ ဆုံးမခြင်းဖြစ်သည်။ ဘုရားသခင်ထက် လူထုကို ပို၍အာရုံစိုက်မှန်း တွေ့ မြင်နိုင်သည်(၁ရာ ၂း၂၃-၂၄)။

၂) ယဇ်ပူဇော်သူများကို မခန့်လေးစားလုပ်သည်။ ဟောဖန်နှင့် ဖိနဟတ်တို့ သည် ပူဇော်သက္ကာကိုမကဘဲ ယဇ်ပူဇော်သူများနှင့် ဗိမာန်တော်အတွင်းရှိ စေတနာ့ ဝန်ထမ်းများကိုပါ မခန့်လေးစားလုပ်ကြသည်။ ၎င်းတို့သည် လခစာဝန်ထမ်းမ ဘုရားသခင်ကိုချစ်သောကြောင့် ဆက်ကပ်သူများ ဖြစ်ကြသည်။ ထိုဝန်ထမ်းများကို ဟောဖနိနှင့် ဖိနဟတ်တို့က အသန့်ရှင်းဆုံးနေရာရှိ ကန့်လန့်ကာအနီး စသည်တို့၌မဖွယ်မရာလုပ်ကြသည်(၁ရာ ၂း၂၂)။ အသက်အရွယ်ကြီးရင့်သော ဧလိနေရာ၌ ယဇ်ပုရောဟိတ်တာဝန်ကို ထမ်းဆောင်ရသဖြင့် စိတ်ထင်သလို လုပ် ဆောင်ကြခြင်း ဖြစ်သည်။

ထိုအခါ ဧလိသည် ၎င်း၏သားများကို ပြင်း ထန်စွာမဆုံးမဘဲ တာဝန်ကျေရုံမျှသာ ဆုံးမသဖြင့်သူသည် ၎င်း၏သားများနှင့် ပူးပေါင်းရာရောက်သွားသည်။ အပြစ်ကို မဆန့်ကျင်သမျှ ထောက်ခံရာ ရောက်သည်(ရော ၁း၃၂)။

၃) ဘုရားသခင်ထက် သားသမီးများကို အရေးပေးသည်။ ဧလိ၏သားများ သည် ဒုစရိုက်ကိုပြုသော်လည်း ဧလိက ပြင်းထန်စွာမဆုံးမချေ။ စင်စစ် ဆုတောင်း နေသောဟန္ဒကို စပျစ်ရည်မူးသည်ဟု ထင်ပြီး ကြိမ်းမောင်းသည်ထက် တကယ်ယစ် မူးနေသော ၎င်း၏သားများကိုသာ ကြိမ်းမောင်းသင့်သည်။ ထို့အပြင် ဘုရားသခင် ထက် ၎င်း၏သားများကို ပိုမိုအရေးပေးပြီး ကောင်းနိုးရာရာ ပူဇော်သက္ကာအသားများ ကို ဝဖီးနေအောင်စားကြသည်(၁ရာ ၂း၂၉၊ ၃း၁၃)။ ဧလိမည်မျှဝသနည်းဆိုလျှင် ထိုင်ခုံ ပေါ်မှ နောက်လှန်လဲကျပြီး ကိုယ်လေးလွန်းသဖြင့် လည်ပင်းကျိုးကာ သေဆုံးခြင်း ဖြစ်သည်(၁ရာ ၄း၁၈)။

ဧလိ၏သားများသည် ပူဇော်သက္ကာအသားများကို တရားနည်းလမ်းကျကျ စားသုံးရေးထက် သြဇာအာဏာသုံးပြီး ကောင်းနိုးရာရာ စားသုံးရေးကို အရေးပေး ကြသည်။ ဘုရားသခင်၏အလိုတော်ထက် ဇာတိ၏အလိုကို ဦးစားပေးကြသည်။ ထို့အပြင် ဧလိသည် ဘုရားသခင်ထက် လူထုကို ပိုမို ကြောက်ရွံ့ပြီး ဘုရားသခင်ထက် ၎င်း၏သားများကို ပိုမိုချီးမြှောက်လိုသည်။

ဧလိသည် အာဗြဟံနှင့် အလွန်ကွာခြားသည် ဟု ဆိုရမည်။ အာဗြဟံသည် ၎င်း၏တစ်ဦးတည်း သောသားကို ဘုရားသခင်ထံ ယုံကြည်ခြင်းဖြင့် စွန့်လှူသောအခါ ဘုရားသခင်သည် အလွန်ကျေနပ်အားရသည်။ အာဗြဟံသည် ၎င်း၏သားထက် ဘုရားသခင်ကို ပိုမိုအရေးပေးသဖြင့် ဆွေစဉ်မျိုးဆက် ကောင်းချီးခံစားရသည်။ ဧလိမှာမူဘုရားသခင်ထက် သားများကို အရေးပေးသဖြင့် အမင်္ဂလာခံစားရပြီး ယဇ်ပုရောဟိတ်အရာကိုပင် ရုပ်သိမ်းခြင်းခံရသည်။

ဧလိကဟန္ဒကို “ဆိုးယုတ်ခြင်း၏ သမီး” (daughter of Belial)ဟု ထင်မှတ်မိ သော်လည်း ( ၁၇ာ ၁း၁၆) စင်စစ် သူ၏သားများသာလျှင် “ဆိုးယုတ်ခြင်း၏သားများ” ဖြစ်ကြသည်(၁ရာ ၂း၁၂)။ ဤစကားလုံးကို ပညတ်ဟူသမျှ ဖောက် သလိုပြုမူသောသူများအား ရည်ညွှန်းဆိုရာ၌ သုံးနှုန်းသည်(တရား ၁၃း၁၂၊ သူကြီး ၁၉း၂၂၊ ၁ရာ ၂၅း၂၅၊ သု ၁၆း၂)။ ဓမ္မာသစ်ကျမ်းတွင် ရှင်ပေါလုကစာတန်မာရ်နတ်အား ရည်ညွှန်းဆိုရာ၌ သုံးနှုန်းသည်(၂ကော ၆း၁၅)။ ဆိုးယုတ်ခြင်း ၏သားကို ပိုင်ဆိုင်သောဖခင်အား ဖခင်ကောင်းဟု သတ်မှတ်နိုင်မည်မဟုတ်ချေ။

ဧလိ၏ နာမည်မှည့်ပေးပုံများ

ယုဒတို့၏ ယဇ်ပုရောဟိတ်ဖြစ်သူက ၎င်း၏သားနှစ်ယောက်အား ဟောဖနိနှင့် ဖိနဟတ်ဟူ၍ အီဂျစ်နာမည် မှည့်ပေးကတည်းကိုက တစ်ခုခုလွဲနေပြီဖြစ်သည်။ ထိုသို့ဆိုသောအခါ လူမျိုးရေးခွဲခြားသည့်စိတ်၊ လူမျိုးခြားနာမည်ဆန့်ကျင်သည့်စိတ် ရှိရမည်ဟု မဆိုလိုပေ။ အထူးသဖြင့် ယခုခေတ်တွင် ကြိုက်သလိုမှည့်ပေးနိုင် သို့သော် ယခုပြောသည့်အရာက ခရစ်တော် မပေါ်မီခေတ်၊ အစ္စရေးလူမျိုးတို့ကို အထူးသီးသန့် ထားသည့်ခေတ်၊ ယေရှုမွေးဖွားလာရန်အတွက် မျိုးရိုးဆွေစဉ်ဇယားကို အထူးအလေးထားသည့်ခေတ်၊ ဟေဗြဲနာမည်ရှိသူတိုင်း လူမျိုးခြားများထံ သက်သေခံသည့်ခေတ်ကို ပြောဆိုခြင်းဖြစ်သည်။ ဟောဖနိဟူသည် “သူတစ်ပါးနှင့် နပန်းလုံးသူ”ဟု အဓိပ္ပာယ်ရှိ၍ ‘ခွန်အား ကြီးခြင်း’ကို ညွှန်းဆိုရာ၌လည်း သုံးနှုန်းသည်။ မည်မျှပင်ခွန်အားကြီးပြီး သူတစ်ပါး နှင့် နပန်းလုံးနိုင်စေကာမူ စကားမနာခံမှုနှင့် ဒုစရိုက်အကျင့်တို့ကြောင့် ဘုရားသခင် နှင့် ဖခင်၏ရှေ့တွင် မျက်နှာမရပေ။ ခွန်အားကြီးသူထက် နာခံတတ်သူသည် အသက် ပိုရှည်၍၊ ခွန်အားကိုအားကိုးပြီး အနိုင်ယူခြင်းထက် သင့်မြတ်ခြင်း ဆောင်ကြားပေး သူသည် ခေါင်းဆောင်ကောင်း ပို၍ ဖြစ်တတ်သည်။

ဖိနဟတ်ဟူသည် “မြွေပါးစပ် ́ဟုအဓိပ္ပာယ်ရသည်။ နာမည်နှင့်လိုက်အောင်ပင် ရှိသည့်နေရာ တိုင်း၌ “အဆိပ်အတောက် ဖြစ်သွားသည်။ မိဘအတွက် “အဆိပ်’ သဖွယ်ဖြစ်၍ ရဲဘော်များကိုလည်း ရှုံးနိမ့်ခြင်းကြုံတွေ့စေသည်။ သူ၏မယားသည် ။ ကိုယ်ဝန်လျှောကျသေဆုံး၍ မွေးဖွားသောသားလည်း မိဘမဲ့ဖြစ်သွားသည်။ ထိုသား ကို ဣခဗတ်ဟူ၍ နာမည်မှည့်သဖြင့် ဘုရားသခင်က အစ္စရေးတို့အား စွန့်ပစ်သည့် အကြောင်းကို အမြဲခေါ်ဝေါ်ရာရောက်သည်(၁ရာ ၄း၂၀-၂၁)။

ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်ရာ၌ ပထမအရေးကြီးဆုံးမှာ မိသားစု ဖြစ်သည်။ အခြားအရာအားလုံးကို ရရှိသည့်တိုင် မိသားစုကို မရပါကငြိမ်သက်ခြင်း၊ အောင်မြင်ခြင်း ရရှိနိုင်မည် မဟုတ်ချေ။ခေါင်းဆောင်ဖြစ်လာသောအခါ မောရှေက ညီအစ်ကိုဖြစ်သူ အာရုန်အား လည်းကောင်း၊ ယေရှုကိုမြင်သောအခါ အန္ဒြေက ညီအစ်ကို ဖြစ်သူ ပေတရုအား လည်းကောင်း၊ ပေါလုအားဖြင့် ဥရောပ တိုင်းပြည်မှ ပထမ ဆုံးပြောင်းလဲသည့် လုဒိက မိသားစုများအား လည်းကောင်း ဦးစွာခေါ်ကြသည်။ စစ်မှန်စွာပြောင်းလဲသူနှင့် ခေါင်းဆောင်ကောင်းတို့က မိသားစုကို ဦးစွာဝန်တာ ထား ကြသည်။

ဘုရားသခင်၏ တရားစီရင်ချက်

ဘုရားသခင်က ဧလိထံ “အဲဂုတ္တုပြည်၊ ဖာရောဘုရင်ထံ၌နေရသော သင့် အဘ၏အမျိုးအား ငါထင်ရှားသည်မဟုတ်လော။ ငါ၏ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ခြင်း၊ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ ငါ့ရှေ့မှာ သင်တိုင်းကိုဝတ်ခြင်းအမှုကို စောင့်ရသော ငါ၏ ယဇ်ပုရောဟိတ်ဖြစ်စေခြင်းငှါ ငါရွေးကောက်သည် မဟုတ်လော။ ငါ့အိမ်၌ ငါစီရင် သောယဇ်၊ ငါ့ပူဇော်သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန်သနည်း။ ငါ၏လူ ဣသ ရေလအမျိုးသားတင်လှူသော ပူဇော်သက္ကာရှိသမျှတို့တွင် အမြတ်ဆုံးသောအရာကို ဝစွာ စားစေ၍ သင်၏သားတို့ကို ငါ့ပေါ်မှာ အဘယ်ကြောင့် ချီးမြှောက်သနည်း။ သင့် အမျိုး၊ သင့်အဘ၏ အမျိုးသည် ငါ့ရှေ့မှာ အစဉ်သွား လာရလိမ့်မည်ဟု ငါဆိုမိသော်လည်း ထိုကတိသည်ငါနှင့်ဝေးပါစေ။ ငါ့ကို ချီးမြှောက်သောသူကို ငါချီးမြှောက်မည်။ ငါ့ကို မထီမဲ့မြင်ပြုသူသည် ဂုဏ်အသေရေပျက်ရလိမ့်မည်။ သင်၏အမျိုးတွင် အိုသော သူ တစ်ယောက်မျှမရှိစေခြင်းငှါ သင်၏လက်ရုံးနှင့် သင့်အဆွေအမျိုး၏လက်ရုံးကို ငါဖြတ်မည်။ သင်၏ သား စဉ်မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေရကြလိမ့်မည်။ သင်၏သား ဟောဖနိနှင့် ဖိနဟတ်တို့သည် တစ်နေ့ချင်းတွင် သေလိမ့်မည်။ သင်၏အမျိုး၌ကျန်ကြွင်းသူတိုင်း ငွေစ၊ မုန့်စကိုရလိုခြင်းငှါ ရှိခိုးတောင်းပန်လိမ့်မည်” ဟု မိန့်မှာသည်(၁ရာ ၂၇-၃၆)။

ဤမိန့်မှာချက်အားလုံးကို လက်တွေ့သက်ရောက်စေမည်ဟု ဘုရားသခင်က ရှမွေလထံ ထပ်ဆင့်မိန့်မှာသည်။ ထို့အပြင် လိ၏အပြစ်ကို မည်သည့်ယဇ်ပူဇော် ခြင်းကမျှ မဖြေလွှတ်နိုင်ဘဲ တစ်မိသားစုလုံးအပေါ် တရားစီရင်မည်ဟု မိန့်မှာသေး သည်(၁ရာ ၃း၁၁-၁၄)။

ဘုရားသခင်က မိန့်မှာသည့်အတိုင်း တကယ်လုပ်ဆောင်သဖြင့် လိသည် မျက်စိမှုန်လာသည် (၁ရာ ၃း၂-၃)။ ဖိလိတ္တိတို့ကို စစ်ရှုံးပြီး လူလေးထောင်သေဆုံး သည်။ ထို့ကြောင့် ပဋိညာဉ်သေတ္တာတော်နှင့်အတူ ပြန်တိုက်လျှင် အနိုင်ရကောင်းပါရဲ့ ဟုဆိုပြီး ရှိလောမြို့မှ သယ်ယူကြသည်။ ထိုအခါ ဟောဖန်နှင့် ဖိနဟတ်တို့လည်း လိုက်ပါလာကြသည်။ သို့သော်လည်း ဘုရားသခင်က တရားစီရင်သဖြင့် ပြန်ရှုံးနိမ့်ကြ ရာ ဟောဖန်နှင့် ဖိနဟတ်အပါအဝင် လူသုံးသောင်းသေဆုံးသည်(၁ရာ ၄း၁-၁၁)။

ထိုသတင်းကို စစ်မြေပြင်မှ ဗယာ်မိန်အမျိုးသားတစ်ယောက် ထွက်ပြေးလာပြီး သတင်းပို့လာသောအခါ ရှိလောမြို့ရှိ အစ္စရေးတစ်မျိုးသားလုံးသည် အုတ်အော်သောင်းတင်း ငိုကြွေးကြသည်။ ဧလိသည်ရန်သူများ၏ လက်ထဲသို့ ပဋိညာဉ်သေတ္တာတော်ရောက်ရှိမှန်း ကြားသိသောအခါ မဟန်နိုင်တော့ဘဲ ထိုင်ခုံပေါ်မှ နောက်ပြန်လဲကျပြီး လည်ပင်းကျိုးကာ သေဆုံးသွားသည်(၁ရာ ၄း၁၂-၂၂)။

ချွေးမဖြစ်သည့် ဖိနဟတ်၏ မယားသည်ကလေးမွေးဖွားခါနီးဖြစ်ရာရန်သူလက်ထဲသို့ ပဋိညာဉ် သေတ္တာတော် ရောက်ရှိသည့်သတင်းနှင့် ခင်ပွန်းနှင့် ယောက္ခမ သေဆုံးသည့်သတင်း ကို ကြားသိသောအခါ ဆောက်တည်ရာမရဖြစ်သွားသည်။ ကလေးမွေးဖွားနိုင်သော် လည်း နာမည်မှည့်ပေးပြီးချင်း သေဆုံးသွားသည်။ ကလေးနာမည်ကို “က္ကုခဗုတ် ၊ ဟုမှည့်ပြီး အဓိပ္ပာယ်မှာ “ဘုရားသခင်၏ဘုန်းတော်က အစ္စရေးတို့ကို စွန့်ခွာလိုက်ပြီး ဟု ဆိုလိုသည်(၁ရာ ၄း၂၁-၂၂)။

ဧလိမိသားစု၏ ယဇ်ပုရောဟိတ်အလုပ်ကို ဖိနဟတ်၏သားကြီး အဟိတုပ်က ဆက်လက်လုပ်ဆောင်သေးသော်လည်း နောဗမြို့၌ အဆုံးသတ်သွားသည်(၁ရာ ၂၂း၉-၂၀)။ အကြောင်းမှာ နောဗမြို့ရှိ ယဇ်ပုရောဟိတ်အားလုံးကို ဘုရင်ရှောလုက သတ်ဖြတ်သောကြောင့်ဖြစ်သည်။ သို့သော် ၎င်းတို့အနက် လိမျိုးဆက်မှ အဗျာသာ ဆိုသူသည် သီသီကလေးလွတ်မြောက်ပြီး ဘုရင်ဒါဝိဒ်လက်ထက်တွင် ဇာဒုတ်နှင့် အတူ ယဇ်ပုရောဟိတ်တာဝန် ထမ်းဆောင်သည်(၂ရာ ၁၉း၁၁)။ နောက်ပိုင်းတွင် ရှောလမုန် မင်းကြီးက အဗျာသာကို ယဇ်ပုရောဟိတ်တာဝန်မှ ဖယ်ရှားလိုက်သဖြင့် ဧလိအပေါ် ဘုရားသခင်၏မိန့်မှာချက်များ အကုန်အစင်ပြည့်စုံလာသည်(၃ရာ ၂း၂၆-၂၇)။ ဤသို့ဖြင့် အာသာသည်လိအနွယ်မှနောက်ဆုံးယဇ်ပုရောဟိတ်ဖြစ်လာသည်။ ငလီနှင့် အာသာအကြားတွင် နှစ်ပေါင်းတစ်ရာကွာခြားသော်လည်း ထိုကြားထဲ၌ ဧလိအနွယ်မှ မည်သူတို့က ယဇ်ပုရောဟိတ်ထမ်းဆောင်သည်ကို မသိရပေ။ ယုဒတို့ ၏ ယဇ်ပုရောဟိတ်မှတ်တမ်းထဲတွင် ငလိနှင့် အဗျာသာအကြား၌ မည်သူ့ကိုမျှ မဖော် ပြချေ(၅ရာ ၆း၃-၁၅)။

ဧလိအနွယ်အဖို့ ယဇ်ပုရောဟိတ်အရာသည် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော်လည်း(အာရုန်ဘုရားသခင်၏ ၏ သားကြီးအနွယ်မှ မဟုတ်ဘဲ သားထွေးအနွယ်မှ ဧလိအပေါ်ဆင်းသက်) ထိုလက်ဆောင်ကို မထီမဲ့မြင်ပြုကြသဖြင့် ဘုရားသခင်က ပြန်လည်ရုပ်သိမ်းသည်။ထို့နောက် အာရုန်၏တတိယမြောက် သားဧလာဇာအနွယ်မှ ဇာဒုတ်ထံ လွှဲပြောင်းပေးအပ်သည်(၂ရာ၈း၁၇၊ ၃ရာ ၂း၂၆-၂၇၊ ၃၅)။ သို့ဖြစ်၍ ဘုရားသခင်၏ တရားစီရင်ချက်များသည် ဆွေစဉ်အဆက်ဆက် အပေါ်သို့ သက်ရောက်လျက်ရှိကြောင်း တွေ့မြင်နိုင်သည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) မိသားစုကို မဦးဆောင်နိုင်ပါက ထိုညံ့ဖျင်းသည့်ခေါင်းဆောင်နည်းကို သူ တစ်ပါးထံ ဆင့်ပွားခြင်းမပြုရန် အရေးကြီးသည်။ မိမိ၏ခေါင်းဆောင်နည်းသည် မိသားစု၌ပင် အသုံးမတည့်လျှင် သူတစ်ပါးအတွက်လည်း အသုံးတည့်နိုင်ခြေနည်းပါး သည့်အပြင် ညံ့ဖျင်းမှုများသာ ကူးစက်လိမ့်မည်ဖြစ်သည်။

၂) တာဝန်ထက် ရာထူးကို ပိုအလေးထားပါက ပြဿနာအမျိုးမျိုး ကြုံတွေ့ ရလိမ့်မည်။ လူတချို့တို့သည် တာဝန်လစ်ဟင်းသည်အထိ ရာထူးကို ဖက်တွယ် ကာကွယ်တတ်ကြသည်။ ရှေ့တိုးရန်ထက် နေရာတည်မြဲရန်ကို ဦးစားပေးကြပြီး ရာထူးရှိခြင်းကို အောင်မြင်ခြင်းအဖြစ် မှတ်ယူမိကြသည်။

(၃) အမှုတော်ဆောင်ဖြစ်သော်လည်း ဘုရားသခင်ထက် သားသမီးများကို ပို၍အရေးထားမိကြသည်။ ဘုရားသခင်ထက် သားသမီးများကို ပို၍အရေးထားသူ သည် ဘုရားသခင်၏ အစေခံမဟုတ်ဘဲ သားသမီးများ၏ အစေခံဖြစ်သည်။ ဘုရား သခင်ကိုသာ ဦးထိပ်ထားပါက သားသမီးများကိုလည်း အလိုတော်နှင့်အညီ ပြုစု ပျိုးထောင်မည်ဖြစ်သည်။

၄) အမှုတော်ဆောင်ဖြစ်တိုင်း သားသမီးများလည်း ပြောင်းလဲရမည်ဟု ခံယူ၍ မရပေ။ အမှုတော်ဆောင်များစွာက သားသမီးများကို လက်လွတ်ခဲ့ရပြီးပြန်လာသူရှိသော်လည်း ပြန်မလာတော့သူလည်း များစွာရှိသည်။ သို့ဖြစ်၍ သားသမီးများကို သိတတ်စအရွယ်မှာပင် ကယ်တင်ခြင်းဝေငှရန် အရေးကြီးသည်။

၅) အမှုတော်ဆောင်ဖြစ်တိုင်း စစ်ကြောခြင်းနှင့် ကင်းလွတ်မည်ဟု ခံယူ၍ မရပေ။ မကင်းလွတ်သည်သာမက ပို၍ပင်ပြင်းထန်သည်(ယာ ၃း၁)။ အမှုတော်ဆောင်ဟူသည် မိမိကိုယ်တိုင်အပြင် သူတစ်ပါး(ဥပမာ၊ အသင်းသားများ)၏ ရှင်သန် ပြုမူပုံများကို ယေရှုခရစ်တော်ထံ၌ သက်သေပြရမည့်သူ ဖြစ်သဖြင့် တာဝန်အလွန် ကြီးမားသည်။ အကြောင်းမှာ သူတစ်ပါး၏ ဝိညာဉ်ရေးအသက်တာသည် အမှုတော် ဆောင်များအပေါ် များစွာမှီတည်၍ဖြစ်သည်(ဟေဗြဲ ၁၃း၁၇)။

ထို့အပြင် မိဘများ အမှုတော်ဆောင်ဖြစ်ခြင်းသည် သားသမီးများ ထင်ရာစိုင်း နိုင်ရန် အခွင့် (လိုင်စင်)ပေးခြင်းမဟုတ်ဘဲ အခြားသူများ၏ သားသမီးများထက်ပင်အနေအထိုင်နှင့် အပြုအမူများ ပို၍ဆင်ခြင်ရမည်ဖြစ်သည်။

၆) ဘုရားကျောင်းဝင်းထဲ၌ နေထိုင်ခြင်းနှင့် ဘုရားကျောင်းထဲ၌ အချိန်ကုန် နေခြင်းက ဝိညာဉ်ဆန်ရန်ထက် အပြစ်ကျူးလွန်ရန် အခွင့်အရေးပိုရစေတတ်သည်။ ဘုရားကျောင်းတက်ခြင်း၊ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းအားဖြင့် ဝိညာဉ်ဆန် နိုင်မည်ဆိုပါကဖာရိရှဲတို့သည် အခြားသူများထက် ပို၍ဝိညာဉ်ဆန်လိမ့်မည်ဖြစ်သည်။ ထို့ပြင် ကျမ်းစာကို တတ်ကျွမ်းနားလည်ခြင်းနှင့် ပြန်ဆိုခြင်းအားဖြင့် ဝိညာဉ်ဆန်နိုင် မည်ဆိုပါက ကျမ်းပြုဆရာများကို ယေရှုခရစ်တော်က ခဏခဏ ကြိမ်းမောင်းလိမ့် မည်မဟုတ်ချေ။ စင်စစ် နှလုံးသားထဲသို့ သန့်ရှင်းသောဝိညာဉ်တော် ကိန်းဝပ်လာမှ သာ ဝိညာဉ်ဆန်နိုင်မည်ဖြစ်သည်။

) အပြစ်ကိုမဆန့်ကျင်လျှင် ပူးပေါင်းရာရောက်သည် ( ရော ၁း၃၂)။ ယေရှု ဘက်၌ မနေသူဟူသမျှသည် ယေရှုကို ဆန့်ကျင်သူဖြစ်သည်(မ ၁၂း၃ဝ၊ လု ၁၁း၂၃)။ အပြစ်ကိုဆန့်ကျင်လျက်နှင့် မနိုင်နိုင်သည့်ကြားထဲတွင် လုံးဝမဆန့်ကျင်လျှင်မူဆိုဖွယ် ရာမရှိတော့ချေ။

၈) အမှုတော်ဆောင်ဖြစ်တိုင်း သားစဉ်မြေးဆက် ကောင်းစားရမည်ဟု ခံယူ၍ မရပေ။ ယေရှု၏ တပည့်ဖြစ်ခြင်း၌ လောကီဆိုင်ရာ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ ဘုန်းကြီးခြင်း စသည်တို့ကို ကတိပေးဖူးခြင်းမရှိဘဲ ယေရှုနှင့်အတူ စိုးစံရန်နှင့် အမွေခံ ရန်ကိုမူ အကြိမ်များစွာ ကတိပေးထားသည်။ ကျမ်းစာ၌ အမှုတော်ဆောင်ဖြစ်ခြင်းကြောင့် သားသမီးများကောင်းစားမည်ဟု ကတိမရှိသော်လည်း “ဖြောင့်မတ်သော သူသည် စွန့်ပစ်ခံရသည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်းစားရသည် အကြောင်းကို ငါသည် အသက်ပျိုသည်ကာလမှစ၍ အိုသည့်တိုင်အောင် မမြင်စဖူး။ .. သူ၏သားမြေးတို့သည် ကောင်းချီးမင်္ဂလာကို ခံရကြ၏”ဟု ဖော်ပြသည်(ဆာ ၃၇း ၂၅-၂၆)။

၉) ဘုရားသခင်က ပေးပြီးသားကောင်းချီးကို ပြန်ရုပ်သိမ်းမည်မဟုတ်ဟု မထင် ကြပါစို့နှင့် အမှုတော်မြတ်တွင် တစ်သက်လုံးအသုံးပြုမည်ဟု မထင်ကြပါစို့နှင့်။ ဘုရားသခင်သည် သူ၏မျက်နှာသာနှင့် အလင်းတော်ကို မိမိတို့ထံမှ ရုပ်သိမ်းနိုင်ခွင့် ရှိသည်။ ထို့ကြောင့် အမှုတော်မြတ်ကို ကြောက်ရွံ့ တုန်လှုပ်သောစိတ်ဖြင့် ထမ်းဆောင် ကြပါစို့( ၁ကာ ၂း၃၊ဖိ ၂း၁၂)။ ဘုရားသခင်က ပန်းတိုင်ရောက် သည်အထိ တစိုက် မတ်မတ်ပြေးသွားရန် အလိုတော်ရှိသည်(ဖိ ၃း၁၄)။

၁၀) ခေါင်းဆောင်ဖြစ်တိုင်း သားသမီးတို့လည်း ခေါင်းဆောင်ဖြစ်နိုင်မည်ဟု ခံယူ၍မရပေ။ သားသမီးများကို စေတနာကြီးလွန်းပြီး ခေါင်းဆောင်အဖြစ် ချီးမြှောက်လည်း မကြာမီတွင် ပြန်ကျသည်သာမက လူများစွာကိုလည်း ဆွဲချလိမ့်မည် ဖြစ်သည်။ ခေါင်းဆောင်ကောင်းဖြစ်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ အချိန်ယူရသည့် အပြင် သင်ယူလိုက်နာစရာလည်း အလွန်များပြားသည်။

၁၁) သားသမီးများကို ကောင်းမွန်စွာ မအုပ်ချုပ်ခြင်းသည် အပြစ်နှင့်မတူသော် လည်း ဘုရားသခင်အား အမျက်ထွက်စေဆုံးသော အရာတစ်ခုဖြစ်သည်။ ဘုရား သခင်က ဗလီအား ပြင်းထန်စွာ အရေးယူသည့်အကြောင်းရင်းမှာ သားသမီးများကိုကောင်းမွန်စွာ မအုပ်ချုပ်ခြင်းကြောင့်ဖြစ်သည်။ သားသမီးများကို မဆုံးမခြင်းသည် အပြစ်ကျူးလွန်ခွင့်ပေးရာရောက်သည်။

၁၂) ဘုရားသခင်က မိမိ၏သားသမီးများထက် မိမိပျိုးထောင်သည့် အခြားသူ များကို အသုံးပြုပါက ကျေနပ်စွာလက်ခံပြီး သားသမီးများကို ဆက်လက်ပျိုးထောင် ကြပါစို့။ နှစ်ပေါင်းများစွာ အမှုတော်ဆောင်ပြီးပြောပလောက်စရာမရှိခြင်းထက် ဘုရား ၊ သခင်အသုံးပြုမည့် လူတစ်ယောက်ယောက်ကို ပျိုးထောင်မိခြင်းသည် တန်ဖိုးပိုရှိ သည့်အပြင် လူထုအတွက်လည်း အကျိုးရှိသည်။

၁၃) ဘုရားသခင်၏စကားကို နားမထောင်မှုကြောင့် သားစဉ်မြေးဆက် အမင်္ဂလာခံရတတ်သည်။ မိမိ၏ မကောင်းသောအပြုအမူကြောင့် လူကောင်းများစွာ နှင့် မသိတတ်သေးသည့် ကလေးများစွာတို့က အပြစ်ဒဏ်ခံရတတ်သည်။

၁၄) ပဋိညာဉ်သေတ္တာတော်က အောင်မြင်မှုကို ဆောင်ကြဉ်းပေးသကဲ့သို့ ကျမ်းစာအုပ်ကို လက်ထဲ၌ကိုင်ရုံ၊ လက်ဝါးကားတိုင်ပုံကို လည်ပင်း၌ဆွဲရုံနှင့် စိုက်ထူရုံ ဖြင့် အောင်မြင်မှုရမည်မဟုတ်ပေ။ ဘုရားသခင်၏စကားကို နားထောင်လိုက်နာမှ သာလျှင် စစ်မှန်သောအောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။ ပြင်ပအရာများထက် အတွင်းအရာများသည် တန်ခိုးရှိပြီး ဘုရားသခင်၏စိတ်တော်ကို ပိုထိတွေ့သည်။

ရှမွေလ (Samuel)

တစ်ခါကသင်းအုပ်ဆရာ ဂျွန်မက်အာသာ (John MacArthur) ထံ ၎င်းမမြင်မသိဖူး သည့် လူ တစ်ယောက်ရောက်လာပြီး “ကျွန်တော့်ကို ကူညီပါဆရာ။ တကယ်တော့ ကျွန်တော်ဟာ ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့အပြင် ခရစ်ယာန်မဟုတ်တဲ့အတွက် ဘုရားကျောင်းမရောက်ဖူးပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ (၆)ပတ်လောက်ကစပြီး ဆရာ့ အသင်းတော်မှာ တက်ရောက်ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော့် စိတ်တွေ အငြိမ် မနေနိုင်တော့ပါဘူး။ ဒါကြောင့် ဆရာ့ဆီမှာ အကူအညီတောင်းဖို့ အားနာပေမဲ့ရောက် လာတာပါ”ဟု ပြောသည်။

ဂျွန်မက်အာသာကလည်း “လာပါ၊ ထိုင်ပါဦး။ ဘာလိုအပ်သလဲ။ ဘာတွေကစိတ်မငြိမ်မသက် ဖြစ်စေသလဲ။ ကျွန်တော်တတ်နိုင်သလောက် ကူညီပါ့မယ်”ဟု နွေးထွေးစွာကြိုဆိုသည်။

ထိုအခါ သူက “ကျွန်တော် အိမ်ထောင်နှစ်ခါပြုဖူးပြီး နှစ်ယောက်စလုံးနှင့် ကွာရှင်းပါတယ်။ အခုချိန်မှာ မိန်းမတစ်ယောက်နှင့် အတူနေပေမဲ့ နှစ်နှစ်ကာကာ မချစ်လို့ သူ့ကိုစွန့်ပစ်ပြီး ကျွန်တော့်ဒုတိယမယားဟောင်းဆီမှာ သွားနေရင်ကောင်းမလားလို့ခဏခဏစဉ်းစားမိပါတယ်။ ဒါပေမဲ့ အဲဒီလိုတော့ မလုပ်ရက်ခဲ့ပါဘူး။”

ဆက်လက်၍ “ကျွန်တော် ဆရာဝန်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အသက် ကယ် တင်တဲ့ ဆရာဝန်မဟုတ်ဘဲ ဝမ်းရေးအတွက် ကျန်းမာရေးအကြောင်းပြပြီး ကိုယ်ဝန် ဖျက်ချသူဖြစ်ပါတယ်။ ကျွန်တော်တို့ကြောင့် လူ့အသက်ပေါင်းများစွာ သေကြေပျက် စီးခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်က ကိုယ်ဝန်ဖျက်ခချည်းပဲ ဒေါ်လာကိုးသန်းရခဲ့ပါတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့(၆)ပတ်လောက်တုန်းက ဆရာ့အသင်းတော် (Grace Community Church) ကို လေ့လာရေးသဘောနှင့် တက်ဖြစ်ရာကနေ မနေနိုင်တော့ဘဲ အပတ် တိုင်း တက်ဖြစ်သွားပါတယ်။ “စာတန်ထံ အပ်နှံခြင်း” ဆိုတဲ့ အရင်အပတ်ဆရာ့တရားဟောချက်က ကျွန်တော့်ကို တုန်လှုပ်စေပါတယ်။ စာတန့်လက်ထဲ တကယ်ရောက် မယ့်သူ၊ ငရဲထဲ တကယ်ကျမယ့်သူဟာကျွန် တော်ပါလားလို့လည်း အသိဝင်စေလို့ အဲဒီအချိန်ကစပြီး စိတ်မငြိမ်မသက်ဖြစ်ရတာပါ။ စိတ်ရောဂါကု ဆရာဝန်ဆီပြပေမဲ့ မသက်သာတဲ့အပြင် ပိုပိုဆိုးလာပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ ဆရာ့ဆီလာ တာပါ။ ကျွန်တော့်ကို ကူညီနိုင်မလားဆရာ”ဟု မျှော်လင့်တကြီးမေးသည်။

ထိုအခါ ဂျွန်မက်အာသာက “ကျွန်တော်မကူညီနိုင်ဘူး”ဟု “ဖြေချလိုက်ရာ ထိုသူ၏မျက်နှာညှိုးကျသွားသည်။ “ဒါပေမဲ့ ကူညီနိုင်မယ့်သူတစ်ယောက်တော့ သိ ထားတယ်။ အဲဒါက ယေရှုခရစ်တော်ပဲ”ဟု ဆက်ပြောရာ ထိုသူက “ဆရာ၊ ယေရှု ကို ကျွန်တော်ဘယ်လိုသိနိုင်မလဲ။ ကျွန်တော်သိတတ်စအရွယ်ကတည်းက ယေရှုကို မယုံကြည်ဖို့ သွန်သင်ခံရလို့ပါ”ဟု ပြောသည်။ သင်းအုပ်ဆရာက “ယေရှုကို တကယ် သိချင်သလား” ထပ်မေးရာ ထိုသူက “ဆရာကူညီနိုင်မယ်ဆိုရင် တကယ်သိချင်ပါ တယ်” ဟု ပြန်ဖြေသည်။

ထို့နောက် ဂျွန်မက်အာသာသည် စားပွဲပေါ်ရှိ ကျမ်းစာအုပ်ကိုယူ၍ ရှင်ယောဟန်ခရစ်ဝင်ကျမ်းကိုလှန်လျက်သားဖြင့်ပေးကာ “ဒီကျမ်းစာအုပ်ကိုအိမ်ထဲ ယူသွားပြီး ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို သေချာ ဖတ်ပါ။ ယေရှုဘယ်သူလဲဆိုတာ သိလာတဲ့အချိန်မှာ ပြန်ဆုံတွေ့ကြတာပေါ့”ဟု မှာလိုက်သည်။ထိုအဖြစ်အပျက်ကို ဂျွန်မက်အာသာက အခြား အသင်းတော်၏ သင်းအုပ်ဆရာတစ်ပါးထံ ပြောပြရာ ထိုသင်းအုပ်ဆရာက “ဘာဖြစ်လို့ ကျမ်းစာအုပ်ကိုပဲပေးလိုက်တာလဲ။ တခြားလေ့လာစရာစာ အုပ်တွေ၊ ဗီစီဒီချပ်တွေ၊ အမေးအဖြေ စာအုပ်တွေကိုလည်း ပေးလိုက်တာမဟုတ်ဘူး”ဟု အပြစ်တင်သလို ပြောလိုက်သည်။

ထိုအခါ ဂျွန်မက်အာသာက “စိတ်မပူပါနှင့်ဗျာ။ ကျမ်းစာအုပ်ဆိုတာ ခြင်္သေ့ တစ်ကောင်လိုပဲလေ။ သူ့ကိုလှောင်ထားမယ့်အစား လွှတ်ထားပေးလိုက်ရင် သူ့အလုပ် သူလုပ်နိုင်ပါတယ်။ အဲဒီလူရဲ့ စိတ်သာပွင့်သွားလို့ရှိရင် တခြားစာအုပ်တွေထက် ကျမ်းစာအုပ်က ပိုအလုပ်လုပ်မှာပါ။ ကျွန်တော့်ဆီမှာကျမ်းစာအုပ်ထက် တန်ခိုးပိုကြီး တာလည်း ဘာမှမရှိတာ”ဟု ပြန်ပြောသည်။

ဆရာဝန်သည် နောက်တစ်ပတ်တွင် ဂျွန်မက်အာသာထံ ပြန်လာပြီး ကျမ်းစာ အုပ်ကို စားပွဲပေါ်တင်ကာ ယေရှုဘယ်သူလဲဆိုတာ ကျွန်တော်သိပြီဟု ပြောသည်။ ဂျွန်မက်အာသာက ““ဒါဆိုရင် ယေရှု ဘယ်သူလဲ”ဟု မေးရာ ဆရာဝန်က ““ယေရှုဟာ စစ်မှန်တဲ့ဘုရားဖြစ်တယ်”ဟု ပြန်ဖြေသည်။ ဂျွန်မက်အာသာက “ခင်ဗျားဟာ ဂျူးလူမျိုးဖြစ်ရက်နှင့် ယေရှုကို ဘုရားဖြစ်မှန်း ဘယ်လိုသိပြီး လက်ခံတာလဲ” ဟု ထပ် မေးသည်။ ဆရာဝန်က “ရှင်ယောဟန်ခရစ်ဝင် တစ်ကျမ်းလုံးကိုဖတ်ရင် မသိနိုင်စရာ၊ လက်မခံနိုင်စရာ မရှိပါဘူး။ အထူးသဖြင့် ယေရှုရဲ့ စကားတော်တွေ၊ နိမိတ်လက္ခဏာ တွေက ဘုရားဖြစ်မှန်း ပေါ်လွင်စေတယ်။ ဒါတွေကို စစ်မှန်တဲ့ဘုရားကလွဲပြီး ဘယ် သူမှ မပြောနိုင်၊ မပြုနိုင်ပါဘူး။ သေပြီးမှ ပြန်ရှင်ကတည်းကိုက ယေရှုဟာ ဘုရားဖြစ် တယ်ဆိုတာ သက်သေပြတာပဲ”ဟု ဖြေလိုက်သည်။

ဆက်လက်၍ ဂျွန်မက်အာသာက “ဒါဆိုရင် ဘာဖြစ်လို့ ယေရှုကြွလာသလဲ”ဟု မေးရာ ဆရာဝန် က “အပြစ်သားကျွန်တော့်ကိုယ်စား အသေခံပေးဖို့ ကြွလာတာပါ။ ယေရှုအကြောင်းကို ဒီထက်ပို သိချင်တယ်”ဟု ပြန်ဖြေသည်။ ထိုအခါ ဂျွန်မက်အာသာက ရောမသြဝါဒစာကို ထပ်မံဖတ်ခိုင်းသည်။ ထို့နောက် ဆရာဝန်က “ကျွန်တော့်ကို ကျွန်တော် အရင်သန့်ရှင်းရေးလုပ်ပြီးမှ ခရစ်ယာန်ဖြစ်လိုက်တော့မယ်”ဟု ပြောလိုက်ရာဂျွန်မက်အာသာက “အဲဒါတော့မှားတယ်။ သန့်ရှင်းရေးမလုပ်ခင် ယေရှု ကို အရင်ချဉ်းကပ်ပါ။ ကယ်တင်ရှင်နှင့် အသက်သခင်အဖြစ် လက်ခံယုံကြည်ပါ။ ဒါဆိုရင် ခင်ဗျားကို သန့်ရှင်းစေပါလိမ့်မယ်။ဒါနှင့် ခင်ဗျားက သန့်ရှင်းရေး အရင်လုပ်ချင်တယ်ဆိုတော့ ဘာတွေ စလုပ်ဖို့ စဉ်းစားသလဲ”ဟု မေး သည်။ ဆရာဝန်က “ဒီကိုမလာခင် ကိုယ်ဝန်ဖျက်ချရေးအလုပ်ကနေ နုတ်ထွက်လွှာ တင်လိုက်တယ်။ ဒီအလုပ်မလုပ်တော့ပါဘူး။ နောက်ပြီး ကျွန်တော်နှင့်နေတဲ့ အမျိုး သမီးနှင့်အတူ ဘုရားကျောင်းတက်တော့မယ်”ဟု ပြန်ဖြေသည်။

အပြစ်ကို အပြစ်မှန်း ရဲဝံ့စွာထုတ်ဖော်မည့်သူ သမ္မာတရားကို အရှိအတိုင်း ရဲဝံ့စွာသွန်သင် မည့်သူ၊ယဇ်ပုရောဟိတ်များ၊ ဘုရင်များနှင့် ပြည်သူများ မှားယွင်းပါက ရဲဝံ့စွာလက်ညှိုးထိုးမည့်သူ၊ ဘုရားသခင်ကခေါင်းဆောင်သစ်ပေါ်စေသောအခါ ဝမ်းမြောက်စွာဘိသိက်ပေးမည့်သူစသည့် ဘုရင်/ ပရောဖက်/ ယဇ်ပုရောဟိတ်အလွန်လိုအပ်သည့်အချိန်တွင် ဘုရား သခင်က ရှမွေလကို ပေါ်ထွန်းစေသည်။

ရှမွေလ၏ဖခင်

ရှမွေလ၏ဖခင်သည် ဧလကာနဖြစ်၍ ‘မိမိကို ဘုရားသခင်ကပိုင်သည်”ဟု အဓိပ္ပာယ်ရသည်။ ဧလကာနသည် လေဝိအနွယ်၊ ကောဟတ်မျိုးနွယ်စုမှ ဆင်းသက် ၍ဧဖရိမ်ပြည်၌ နေထိုင်သူဖြစ်သည်။ ကောဟတ်မျိုးနွယ်စုတို့သည် ပဋိညာဉ်သေတ္တာ တော်နှင့်ပတ်သက်၍ တာဝန်ရှိကြသည်(တော ၃း၃၁)။

ဧလကာနသည် သူ၏မယားဟန္ဒကို အလွန် ချစ်သော်လည်း ဘုရားသခင်က သားအိမ်မဖွင့်ပေးသဖြင့် ဟန္နသည် အမြုံဖြစ်နေရှာသည်(၁ရာ ၁း၅-၆)။

ထို့ကြောင့်ဧလကာနသည် မျိုးဆက်ရရှိနိုင်ရန်အတွက် ပေနိန္နဟူသော မိန်းမတစ်ယောက်ကို ထပ်မံလက်ထပ် မယားကြီးထံ သည်။

ထိုခေတ်လူတို့၏အမြင်၌ မယားတစ်ယောက် ထက် ပိုယူခြင်းကို ဘုရားသခင်၏ အလိုတော် မဟုတ်သည့်တိုင် အပြစ်ဟုယူဆပုံမရပေ။ သို့ဖြစ်ရာဧလကာနသည် မယားနှစ်ယောက်ရှိသော်လည်း ဘုရားတရားကိုင်းရှိုင်းသူ၊ ဘုရား သခင်ကိုပူဇော်ရန် ရှိလောဗိမာန်တော်(ယေရုရှလင်မြို့၏အရှေ့ဘက် နှစ်မိုင်ခန့်ဝေး သည့်နေရာ)သို့ နှစ်တိုင်းသုံးကြိမ်သွား၍(တရား ၁၆း၁၆) ဇနီးများနှင့် သားသမီးများကို အမြဲခေါ်ဆောင်လေ့ရှိသူဖြစ်သည်။ သို့ဖြစ်၍ လေကာနသည် မိသားစုများကို ဝိညာဉ် ရေးရာ၌ လမ်းပြ ဦးဆောင်သူဖြစ်မှန်း တွေ့မြင်နိုင်သည်။

ရှမွေလ၏မိခင်

ဧလကာန၏ဒုတိယမယား ပေနိန္ဒသည် သားသမီးရသောအခါ မာနထောင် လွှားလာပြီး ဟန္နကို အမြဲချိုးနှိမ်၍ ကြိမ်ဖန်များစွာ နှလုံးကြေကွဲစေသည်(၁ရာ ၁း၆၊ ၈)။

ထိုအခါ ဟန္နသည် ဗိမာန်တော်သို့သွားပြီး သားသမီးရနိုင်ရန် စိတ်နှလုံး အကြွင်းမဲ့ ဆုတောင်းသည်။ နှုတ်ခမ်းသာလှုပ်ပြီး အသံပင်မထွက်နိုင်ရှာသဖြင့် ယဇ် ပုရောဟိတ်လိက စပျစ်ရည်မူးသည်ဟု ထင်၍ ကြိမ်းမောင်းဆုံးမသည်။ သို့သော် ဘုရားသခင်က ဟန္န၏စိတ်ကိုသိသဖြင့် ဆုတောင်း ချက်ကို နားညောင်းပြီး သားရှမွေလကို ပေးသည်။

ရှမွေလဟူသည် “ဘုရားသခင်က နားညောင်းပေးသည်’ဟု အဓိပ္ပာယ်ရှိပြီး ကျမ်းစာ၌ (၁၄၂) ကြိမ် (ဓမ္မဟောင်း၌ ၁၃၉ကြိမ်နှင့် ဓမ္မသစ်၌ ၃ကြိမ်) တွေ့ရသည်။ ရှမွေလ၏အကြောင်းကို ဓမ္မရာဇဝင်ပထမစောင်၌ အခန်းကြီး(၁၃)ခန်းအထိ ဖော်ပြသည့်အပြင်အခြားနေရာတို့၌လည်း တွေ့ရသည် (ဥပမာ၊ ယေ ၁၅း၁၊ တ ၃း၂၄ ၁၃း၂၀၊ ဟေဗြဲ ၁၁း၃၂)။

ရှမွေလ၏ဖခင်ဧလကာနသည် မြင့်မြတ်သောပရောဖက်တစ်ပါးဖြစ်၍ မောရှေ နှင့်ပင် ခိုင်းနှိုင်းခြင်းခံရသည်(ယော ၁၅း၁)။ ထို့အပြင် အကြီးမြတ်ဆုံးသော ယဇ်ပုရော၊ ဟိတ်နှင့် တရားသူကြီးတစ်ပါးလည်းဖြစ်သည်။ ရှမွေလသည် ဆိုးယုတ်သောကာလ တွင် မွေးဖွား၍ လူအားလုံး ထင်ရာစိုင်းသည့်ကာလတွင် ကြီးပြင်းလာသူဖြစ်သည် (သူကြီး ၂၁း၂၅)။

ရှမွေလ မွေးဖွားခြင်း ၊

အစ္စရေးတို့၏သမိုင်း၌ ကလေးတစ်ယောက်ယောက် မွေးဖွားမည့်အကြောင်း ကို ကြိုတင်ဟောပြောခြင်း၊ သို့မဟုတ် မွေးဖွားသည့်အကြောင်းကို မှတ်တမ်းတင်ခြင်း သည် ကြီးမားသောအပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာမည်ဟူသည့် နိမိတ်လက္ခဏာ ဖြစ်သည်။ ထိုကလေးသည် ခေါင်းဆောင်ဖြစ်မည့်သူ၊ အောင်မြင်မည့်သူ၊ ကြီးမြတ် မည့်သူဟု မှန်းဆနိုင်သည်။

ဟေရှာယမွေးဖွားခြင်းသည် အာဗြဟံထံပေးသည့် ဘုရားသခင်၏ကတိတော်များ ပြည့်စုံလာမည်ဟူသည့် နိမိတ်လက္ခဏာဖြစ်သည်။ မောရှေမွေးဖွား ခြင်းသည် အစ္စရေးလူမျိုးများ အီဂျစ်တို့၏ ကျွန်ဘဝမှလွတ်မြောက်မည်ဟူသည့် နိမိတ်လက္ခဏာဖြစ်သည်။ ထိုနည်းတူ ရှမွေလမွေးဖွားခြင်းသည် အစ္စရေးတို့၏ လ၏သမိုင်းကို ထူးခြားလာစေမည့် နိမိတ်လက္ခဏာဖြစ် သည်။ ယေရှုမွေးဖွားခြင်းကိုမူ ပြောစရာပင်မလိုတော့ချေ။ လောကသားအားလုံးကို ကယ်တင်ပေးရန် မွေးဖွားခြင်းဖြစ်သည်။

ရှမွေလ – မျက်နှာသာရသောကလေး

ရှမွေလနို့ပြတ်ပြီးနောက် ဟန္နက ဗိမာန်တော်သို့ခေါ်ဆောင်ပြီး ယဇ်ပုရောဟိတ် လိထံ ဆက်ကပ်သည်။ ထိုခေတ်တွင် အသက်ငါးနှစ်အရွယ် ကလေးတစ်ယောက်ကို နို့ပြတ်သည့်အရွယ်ဟု သတ်မှတ်သဖြင့် ရှမွေလသည် ဧလိထံရောက်သည့်အချိန်တွင် အသက်ငါးနှစ်ခန့်ဖြစ်နိုင်သည်။ ထိုမတိုင်မီအထိဗိမာန်တော်သို့မသွားဘဲ မိခင်နှင့်အတူ အိမ်၌သာနေသည်။ ရှမွေလသည် မိခင်နှင့်ခွဲခွါပြီး ဗိမာန်တော်ထဲ၌အမြဲနေရတော့မည်ဖြစ်သဖြင့် အလွန်လွမ်းရှာလိမ့်မည်ဖြစ်သည်။ ထို့အပြင် သားသမီးများကိုပင် မပျိုးထောင်နိုင်သော ဧလိလက်ထဲသို့ အပ်နှံရပြီ ဖြစ်သဖြင့်ဟန္ဒအဖို့ စိတ်ချမ်းသာစရာမရှိသကဲ့သို့ ရှမွေလအဖို့လည်း အားတက်စရာမရှိပေ။ မည်သို့ပင်ဖြစ်စေ လိထံမဟုတ်ဘဲ ဘုရားသခင်ထံ ဆက်ကပ်ခြင်းဖြစ်သဖြင့် ဘုရား သခင်က မည်သို့ပြုစု၍ မည်သို့အသုံးပြုမည်ကို သိလိမ့်မည်သာဖြစ်သည်။ သို့ဖြစ်၍ သားသမီးများကို ဘုရားသခင်၏လက်ထဲသို့ ဆက်ကပ်အပ်နှံခြင်းသည် အလုံခြုံဆုံး ဖြစ်သည်။ ဤသို့ဖြင့် ရှမွေလသည် လိလက်အောက်မှ ကြီးပြင်းလာသည်။

ဧလိသည် အရွယ်အိုမင်းပြီး မျက်စိလည်းမှုန်သဖြင့် လိုအပ်သည်များရှိလျှင် ရှမွေလကို ညတွင်ပင် ခေါ်လေ့ရှိဟန်တူသည်။ ခေါ်ပြီးသောအခါတွင်လည်း ခေါ်မှန်း ကိုပင် မေ့နေပုံရသည်။ ဘုရားသခင်က ခေါ်သောအခါ ရှမွေလသည် လိထံသွား၍ ကျွန်ုပ်ရှိပါသည်ဟု ချက်ချင်းပြန်ထူးသည်(၁ရာ ၃း၁-၁၀)။ အိပ်ကောင်းသည့်အချိန် တွင် ခေါ်နိုးခြင်းခံရပါက စိတ်မဆိုးသည့် ရှမွေလ၊ ချက်ချင်းထူးသည့် ရှမွေလသည် ဘုရားသခင်ရှေ့၊ ဧလိရှေ့နှင့် လူတို့ရှေ့တွင် မျက်နှာသာရရှိသည်(၁ရာ ၂း၂၆)။

ထိုသို့ မျက်နှာသာရရှိသဖြင့် ဘုရားသခင်က ဧလိ၌ပြုမည့်အရာများကို ရှမွေလထံ အကုန်အစင် မိန့်မှာသည်။ ရှမွေလကလည်း သေချာစွာနားထောင် ပြီး ဧလိထံ အပိုအလိုမရှိပြန်ပြောသည်။ နှုတ်ကပတ် တော်ကို အပိုအလိုမရှိ ဟောပြောမည့်ခေါင်းဆောင်လိုအပ်သဖြင့် ဘုရားသခင်က ရှမွေလကို ပေါ်ထွန်းစေ ခြင်းဖြစ်သည်။ ဘုရားသခင်၏ အသံတော်ကိုကြားပြီး ခိုင်းသည့်အတိုင်းလုပ်တတ်သည့် ခေါင်းဆောင်အမြဲလိုအပ်လျက်ရှိသည်။

ရှမွေလ၏ တိုးတက်ကြီးထွားမှု

ရှမွေလသည် ဗိမာန်တော်တွင် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရင်း လီလက်အောက်မှ ကြီးပြင်းသည်(၁ရာ ၂း၁၁၊ ၃း၁)။ ဘုရားသခင်ရှေ့တွင် ကြီးပွား သည်(၁ ရာ ၂း၂၁)။ ဘုရားသခင်နှင့် လူတို့ရှေ့တွင် မျက်နှာသာရသည်(၁ရာ ၂း၂၆)။ ပြောဆိုသည့်စကားများ တစ်ခွန်းမကျန် ပြည့်စုံသည်(၁ရာ ၃း၁၉)။

ရှမွေလသည် ဘုရားသခင်ရှေ့တွင် အဆင့်ဆင့်တိုးတက်ကြီးထွား၍ ဘုရား သခင်အသုံးပြုသော ပုဂ္ဂိုလ်မြတ်တစ်ဦးဖြစ်လာသည်။ ကျမ်းစာကဤ ‘ကြီးထွား’ ဟူသည့် စကားလုံးကို ဒုစရိုက်၌ကြီးထွား သော ဟောဖနိနှင့် ဖိနဟတ်တို့အား ညွှန်း ရာတွင်လည်း သုံးနှုန်းသည်။ သို့သော် ရှမွေလသည် ဘုရားသခင်၌ ကြီးထွားခြင်း ဖြစ်ပြီး ဟောဖန်နှင့် ဖိနဟတ်တို့မှာမူ ဒုစရိုက်၌ ကြီးထွားခြင်းဖြစ်သည်။ ကြီးထွားပုံခြင်း ကွဲပြားသည်(၁ရာ ၂၁ရ)။ သို့ဖြစ်၍ မိမိသည် ဘုရားသခင်ဘက်၌ ကြီးထွားသူလော၊ သို့မဟုတ် စာတန်ဘက်၌ ကြီးထွားသူလောဟု ကိုယ့်ကိုကိုယ် ဆန်းစစ်သင့်သည်။

ရှမွေလနှင့် ၎င်း၏မိသားစု

ရှမွေလသည် ပရောဖက်ကောင်း၊ ယဇ်ပုရောဟိတ်ကောင်း၊ တရားသူကြီး ကောင်းတစ်ဦး ဖြစ်လာသော်လည်း ဖခင်ကောင်းဖြစ်မလာခဲ့ချေ။ ထိုအချက်ကို ကျမ်း စာက ဤသို့ဖော်ပြသည် – “ရှမွေလသည် အသက်ကြီးသောအခါ မိမိသားတို့ကို ဣသရေလအမျိုး၌ အုပ်စိုးရသောအခွင့်နှင့် ခန့်ထား၏။ သားဦးအမည်ကား ယောလ၊ ဒုတိယသားအမည်ကား အဘိရတည်း။ ထိုသူတို့သည် ဗေရရှေ့ဘမြို့၌ တရားသူကြီး လုပ်ကြ၏။ သို့ရာတွင် အသာလမ်းသို့မလိုက်။ ငွေကိုတပ်မက်သောစိတ်နှင့် လွဲသွား၍တံစိုးစားလျက် တရားကို ဖျက်ကြ၏။ ထိုအခါ ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည် စည်းဝေး၍ ရှမွေလရှိရာအရပ် ရာမမြို့သို့လာပြီးလျှင် ကိုယ်တော်သည် အသက်ကြီးပါ၏။ ကိုယ်တော်၏သားတို့သည်ကိုယ်တော်လမ်းသို့မလိုက်ကြပါ။ လူမျိုးအားလုံးတို့၏ ထုံးစံရှိသည့်အတိုင်း အကျွန်ုပ် တို့ကိုအုပ်စိုးရသော ရှင်ဘုရင်ကို ချီးမြှောက်ပါလော့ဟု လျှောက်ကြ၏” (၁ရာ ၈း၁-၅)။ သို့ဖြစ်ရာ ရှမွေလ၏သားများသည် ဖခင်ခြေရာအတိုင်း မလိုက်လျှောက်ကြမှန်းတွေ့ရသည်။ကျမ်းစာက ရှမွေလ၏ဇနီးကို မဖော်ပြသဖြင့် သားများ၏ပျက်စီးခြင်း သည်ရှမွေလ၌တာဝန်ရှိသည်။

ရှမွေလ – ပရောဖက်နှင့် တရားသူကြီး

ရှမွေလသည် မောရှေ၏ပြီးနောက် အကြီးဆုံးပရောဖက်နှင့် အာရုန်ပြီးနောက် အကြီးဆုံးယဇ်ပုရောဟိတ်ဖြစ်သည်(ဆာ ၉၉း၆)။ ဘုရားသခင်သည် မောရှေကွယ် လွန်ပြီးနောက် ယောရှုကိုအသုံးပြုပြီး သူ၏ဘုန်းတော် ကိုထင်ရှားစေလေ့ရှိသည်(ယောရှု၃း၇၊ ၄း၁၄၊ ၆း၂၇)။ အစ္စရေးတို့သည် ဘုရားသခင်၏စကားကို ယောရှုကွယ်လွန်ပြီးနောက် ကာလတစ်ခုအထိ နာခံသေးသော်လည်း(ယောရှု ၂၃း၁-၁၁) နောက်ပိုင်းတွင် မေ့လျော့လေ့ရှိကြသဖြင့် ဘုရားသခင်က တရားစီရင်လေ့ရှိသည်(သူကြီး ၂း၂၂-၃၁)။ အစ္စရေးတို့သည် ဝိညာဉ်ရေးနှင့် တိုင်းပြည်ရေး၌ အလွန်နိမ့်ကျသည့် အချိန်တွင် ဘုရားသခင်က ရှမွေလပေါ်ထွန်းစေပြီး ဝိညာဉ်ရေးတွင် ပရောဖက်အဖြစ် လည်းကောင်း (၁ရာ ၃း၁-၁၄၊ တ ၃း၂၄)၊ တိုင်းပြည်ရေးတွင် တရားသူကြီးအဖြစ် လည်းကောင်း အသုံးပြုသည်။

ရှမွေလသည် ပရောဖက်အနေဖြင့် ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင် ပြီး တရားသူကြီးအနေဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်သည်။ ပရော ဖက် အနေဖြင့် ဘုရားသခင်၏အမိန့်တော်ကို လူထုထံပြောကြားပြီး တရားသူကြီး အနေဖြင့် လူထုပြဿနာကို ဘုရား၏အလိုတော်နှင့်အညီ တရားစီရင်သည်(၁ရာ ၃း၁၉-၄း၁၊ ၇း၁၃-၁၅)။ သူ၏ တရားစီရင်ရေးနယ်ပယ်သည် ဒန်မြို့မှ ဗေရရှေ့ဘမြို့ အထိ(၁၄၄မိုင်ဝေးသည်) ကျယ်ဝန်းသဖြင့် တစ်ပြည်လုံးလွှမ်းခြုံသည်ဟု ဆိုရမည်ဖြစ် သည်။ သူလက်ထက်တွင် အကြီးဆုံးရန်သူဖြစ်သော ဖိလိတ္တိတို့ကို ချေမှုန်းမောင်း ထုတ်နိုင်သည်(၁ရာ ၃း၂၀၊ ၇း၂-၁၇)။ အခြားသောပရောဖက်များကို အစ္စရေး (တိုင်းပြည်မြောက်ပိုင်း) ပရောဖက်၊ ယုဒ (တိုင်းပြည်တောင်ပိုင်း)ပရောဖက်စသည်ဖြင့်သိရှိကြသော်လည်း ရှမွေလမှာမူ အစ္စရေးနှင့်ယုဒတို့၏ ပရောဖက်ဖြစ်သည်။ သူ့အားဖြင့် တစ်တိုင်းပြည်လုံးနိုးထပြီး (၁ရာ၇း၆၊ ၁၂း၁၈-၁၉) ဘုရားသခင်ထံသို့ လူထုကို ဦးဆောင်နိုင်သည်။

သို့သော်လည်း ထိုသို့ဦးဆောင်နိုင်ခြင်းသည် သူ၏စွမ်းရည်ကြောင့်မဟုတ်ဘဲ ဘုရားသခင်၏ တန်ခိုးတော်ကြောင့်ဖြစ်ကြောင်း လူထုကို ရှင်းပြသည်။

ရှမွေလနှင့် ရှောလု(ပရောဖက်နှင့် ဘုရင်) ၊

ရှမွေလနှင့် ရှောလူတို့သည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန်နှင့် အလို တော်ပြည့်စုံလာရေးအတွက် အတူတကွလုပ်ဆောင်ကြသည်။ ဤသို့ ပရောဖက် တစ်ပါးနှင့် ဘုရင်တစ်ပါးတို့ လက်တွဲ လုပ်ဆောင်ကြသဖြင့် အောင်မြင်မှုများစွာရရှိကြ သည်။ အကယ်၍ စိတ်တူကိုယ်တူ အမြဲလက်တွဲနိုင်ကြပါက တိုင်းပြည်အလွန်သာယာ လိမ့်မည်ဖြစ်သည်။

ရှမွေလနှင့် ရှောလု၊ ပရောဖက်နှင့် ဘုရင်ဟူသည့် လူနှစ်မျိုးကို ယခုခေတ် တွင် သင်းအုပ်ဆရာများနှင့် အခြားခေါင်းဆောင်များ(ရာထူးရာခံရှိသူများ၊ လူကုံထံ စီးပွားရေးသမားများ၊ တတ်သိပညာရှင်များ စသည်တို့)ဟူသည့် လူနှစ်မျိုးဖြင့် ခိုင်းနှိုင်း နိုင်သည်။ ၎င်းလူနှစ်မျိုးတို့သည် အတူတကွ လက်တွဲ လုပ်ဆောင်ကြလျှင် အသင်းတော်များ အလွန်တိုးတက်လိမ့်မည်ဖြစ်သည်။ သင်းအုပ်ဆရာများသည် ဝိညာဉ်ရေး ပိုင်းတွင် အခွင့်အာဏာအပြည့်ရှိပြီး အခြားခေါင်းဆောင်များက လိုက်နာလျှင်၊ သင်း အုပ်ဆရာများ၏ ရူပါရုံကို ချမ်းသာသူများက ငွေကြေးဖြင့် ကူညီလျှင်၊ သင်းအုပ်ဆရာ များ၏ စီမံမှုကို တတ်သိပညာရှင်များ အကောင်အထည်ဖော်လျှင် ဘုရားသခင်၏ ဘုန်းတော်သာ၍ ထင်ရှားလာလိမ့်မည်ဖြစ်သည်။

ရှမွေလနှင့် ရှောလုတို့၏ လက်တွဲမှုအပေါ် ယခုခေတ် သင်းအုပ်ဆရာများနှင့် အခြားခေါင်း ဆောင်များအနေဖြင့် သင်ယူစရာများစွာ ရှိသေးသည်။

၁) ရှမွေလသည် ဝိညာဉ်ရေးနှင့်ပတ်သက်လျှင် အခွင့်အာဏာအပြည့်ဖြင့် ရှောလုအပေါ် ရဲဝံ့စွာလုပ်ဆောင်သည်။ ဘုရားသခင်က ရှောလုကိုဘိသိက်ရန် ပြောသောအခါ ရှမွေလသည် ချက်ချင်းလုပ်ဆောင်ပြီးရှောလုသည် ဘုရင်ဖြစ်လာသည်။ သို့သော်လည်း ရှမွေလသည် ဝိညာဉ်ရေးနှင့်ပတ်သက်လျှင် ဘုရင်ရှောလုကို ရှိန်မနေဘဲ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဆုံးမကြိမ်းမောင်းရဲသည်။ ဝိညာဉ်ရေးနှင့်ပတ် သက်လျှင် ရှမွေလသည် အခွင့်အာဏာရှိ၍ တိုင်းပြည်ရေးနှင့်ပတ်သက်လျှင် ရှောလှသည် အခွင့်အာဏာရှိသည်(၁ရာ ၉း၁၇-၁၉)။

(၂) ရှမွေလသည် ရှောလု၏ ဘုရင်ဖြစ်ခြင်းကို အလေးထားဂုဏ်ပြုသည် (၁ရာ ၉း၂၁-၂၃)။ ရှမွေလသည် ထိုအချိန်က အစ္စရေးတို့၏ ခေါင်းဆောင်ကြီးဖြစ်သည်။ သို့သော်လည်း ရှောလု ဘုရင်ဖြစ်လာသောအခါ ရှမွေလကိုယ်တိုင်က တလေးတစား ဆက်ဆံသည်။ သီးသန့်ကျွေးမွေးသည်။ နေရာသီးသန့်ပေးသည်။ သို့ဖြစ်သဖြင့် လူထု ကလည်း ရှောလု၏နောက်သို့ လိုက်လာကြသည်။

ရှောလုသည် ဘုရင်ဖြစ်လာသဖြင့် ရှမွေလသည်ရှောလူ၏ဦးဆောင်မှုကိုလည်း နာခံရမည်ဖြစ်သည်။ သင်းအုပ်ဆရာများသည် ဝိညာဉ်ရေးနှင့်ပတ်သက်လျှင် အခြား ခေါင်းဆောင်များကို လိုအပ်သလို တိုက်တွန်း၊ ဆုံးမ၊ သွန်သင်ရန် လိုအပ်သကဲ့သို့ ဝိညာဉ်ရေးမဟုတ်သည့်ကိစ္စရပ်များတွင် ခေါင်းဆောင်များ၏ အတွေးအကြံများကို သင်းအုပ်ဆရာများက လိုက်လျောတတ်ရန် လိုအပ်သည်။ ဥပမာ၊ သင်းအုပ်ဆရာ သည် လောကီရေးရာ၌ တိုင်းပြည်ခေါင်းဆောင်၏အမိန့်ကို နာခံပြီး တိုင်းပြည်ခေါင်းဆောင်ကလည်း ဝိညာဉ်ရေးရာ၌ သင်းအုပ်ဆရာ၏အမိန့်ကို နာခံရမည်ဖြစ်သည်။ မိမိ တာဝန်ကို ကိုယ်စီသိကြရန် အရေးကြီးသည်။

၃) ရှမွေလသည် ရှောလုကို မိမိဘုရင်အဖြစ် ဘိသိက်ပေးရန် ဝန်မလေးဘဲ ဘုရားသခင်ခိုင်းသည့်အတိုင်းချက်ချင်းလုပ်ဆောင်သည်(၁ရာ၁၀း၁)။တိုင်းပြည်ရေး၌ ၎င်းထက်ရာထူးကြီးမည့် ဘုရင်တစ်ပါးပေါ်ထွက်မည်ကို မနာလိုဝန်တိုခြင်းမရှိပေ။ ရာထူးပြိုင်ဆိုင်ရန်မဟုတ်ဘဲ မည်ကဲ့သို့ လက်တွဲလုပ်ဆောင်မည်ကိုသာ စဉ်းစားရန်ဖြစ်သဖြင့် ရှောလုကို ဘုရင် အဖြစ်ဘိသိက်ရန် ဝန်မလေးခြင်းဖြစ်သည်။

သို့ဖြစ်၍ သင်းအုပ်ဆရာများအနေဖြင့် ဝိညာဉ်ရေးမဟုတ်သည့် အခြားကိစ္စရပ် များ၌ ခေါင်းဆောင်များရှိလာရန် ဝန်မလေးကြပါစို့နှင့်။ သူ့နေရာနှင့်သူ ခေါင်းဆောင် များရှိခြင်းသည် အားလုံးအတွက်အကျိုးရှိသည်။ သင်းအုပ်ဆရာများသည် ခေါင်းဆောင်များ၏အလုပ်ကို မစွက်ဖက်သင့်သကဲ့သို့ ခေါင်းဆောင်များကလည်း သင်းအုပ် ဆရာများ၏အလုပ်ကို မစွက်ဖက်သင့်ချေ။ ဘုရားသခင်အား အမျက်ထွက်စေမိလျှင် အားလုံးအကျိုးယုတ်လိမ့်မည်ဖြစ်သည်။

၄) ပြည်သူများအဖို့ ဘုရင်ရှောလု၌ စိတ်နှလုံးအသစ်ရှိရန် လိုအပ်ရာ ထို ရှိနိုင်ရန် ရှမွေလက ကူညီသည် (၁ရာ ၁၀း၆-၉)။ ရှမွေလသည် ရှောလူအား ဘုရင်ဖြစ် ရန် ဘိသိက်သည်သာမက လိုအပ်သမျှကိုလည်း ကူညီဖြည့်ဆည်းပေးမှန်း တွေ့မြင်နိုင်သည်။ ထိုကဲ့သို့ အချင်းချင်း ကူညီခြင်းအားဖြင့်အမှုတော်မြတ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ကြသည်။ သင်းအုပ်ဆရာများသည် ခေါင်းဆောင်များကို အပြုသဘောဖြင့်အပြစ်တင်ဝေဖန်မည့်အစား စိတ်နှလုံးအသစ်၊ အကြံသစ်ဉာဏ်သစ်နှင့်ဘုရား၏အလိုတော်နှင့်အညီ လုပ် ဆောင်တတ်သူများဖြစ်ရန် ဆုတောင်းပေး၍ ကူညီဖြည့်ဆည်းပေးရမည်ဖြစ်သည်။ ခေါင်းဆောင်များကလည်း ထိုသို့ကူညီခြင်းကို တလွဲမယူဘဲ နှိမ့်ချသောနှလုံးသားဖြင့် လက်ခံတတ်ရန် အရေးကြီးသည်။

၅) ရှမွေလက ရှောလုအား ရရှိသည့်ဝိညာဉ်ဆုကျေးဇူးများကို ရဲဝံ့စွာအသုံးပြု ရန် တိုက်တွန်းအားပေးသည် (၁ရာ ၁၀း၁ဝ-၁၃)။ ရှောလှသည် မမျှော်လင့်ဘဲ ပရော ဖက်ပြုသောအခါ လူထုသည် အံ့သြပြီး ““ရှောလုလည်း ပရောဖက်ဖြစ်သွားပြီလား” ဟု ခနဲ့သည့်သဘောဖြင့် ပြောဆိုကြသည်။ ထိုအခါ ရှမွေလသည် ရှောလုဘက်၌ ရပ်တည်ပြီး ရရှိသည့်ဆုကျေးဇူးများကို ရဲဝံ့စွာအသုံးချရန် အားပေးသည်။ လုပ်ဖော် ဆောင်ဖက်တစ်ဦးဦး ဝေဖန်ခြင်းခံရပါက ၎င်းဘက်၌ ရပ်တည်ပေးရမည်ဖြစ်သည်။

ကယ်တင်ခြင်းရရှိသူတိုင်းသည် ဝိညာဉ်ဆုကျေးဇူးကို အနည်းဆုံးတစ်ခုစီ ရရှိ ကြသဖြင့် သင်းအုပ်ဆရာများသည် ခေါင်းဆောင်များအား ဝိညာဉ်ဆုကျေးဇူးအသုံးချ နိုင်ရန် ကူညီရမည်ဖြစ်သည်။ ထိုအခါမှသာ အသင်းတော်သည် ရင့်ကျက်ပြည့်စုံလာ နိုင်မည်ဖြစ်သည်။

၆) ရှမွေလသည် ရှောလု၏အောင်မြင်မှုများကို မနာလိုမဖြစ်သည်သာမက ဂုဏ်ယူဝမ်းမြောက်ပေးသည် (၁ရာ ၁၃း၈-၁၃)။ ရှမွေလသည် ကိုယ်တိုင်မပါဝင်သော် လည်း ရှောလု၏အောင်မြင်မှုကို တစ်နည်းနည်းအားဖြင့် အကျိုးခံစားရသည်။ ထိုနည်းတူရှောလုရှုံးနိမ့်လျှင်လည်း တစ်နည်းနည်းအားဖြင့် ခံစားလိမ့်မည်ဖြစ်သည်။ ဘုရင်၏ အားသာချက်အပေါ် ဝမ်းမြောက်တတ်သကဲ့သို့ ဘုရင်၏အား နည်းချက်အပေါ် ဝမ်းနည်းတတ်သည်။

ဘုရားသခင်က လုပ်ဖော်ဆောင်ဖက်များကို မဆိုထားဘိ၊ ရန်သူများကိုပင် ဒုက္ခနှင့်ကြုံတွေ့ပါက ဝမ်းမြောက်ခြင်းမရှိရန် အလိုတော်ရှိသည်။ သင်းအုပ်ဆရာများသည် အသင်းသားများနှင့် ကဏ္ဍအသီးသီးမှခေါင်းဆောင်များ အောင်မြင်သောအခါ ဝမ်းသာပေးတတ်ရန်နှင့်ရှုံးနိမ့်သောအခါတွင်လည်းဝမ်းနည်းပေးတတ်ရန် လိုအပ်သည်။ အသင်းသားများ၏အောင်မြင် မှုသည် အသင်းတော်၏ အောင်မြင်မှုဖြစ်သကဲ့သို့ အသင်းသားများ၏ ရှုံးနိမ့်မှုသည် အသင်းတော်၏ ရှုံးနိမ့်မှုဖြစ်သည်။

၇) ရှမွေလက ရှောလုအား မည်သို့လုပ်ရမည်ကို သွန်သင်ဝံ့သည် (၁ရာ ၁၅း၁-၃)။ ရှမွေလသည် ဩဇာအာဏာပိုင်း၊ ကြွယ်ဝမှုပိုင်းတွင် ရှောလုကို ယှဉ်နိုင်မည် မဟုတ်သော်လည်း လိုအပ်လျှင်မူ ဆုံးမသွန်သင်ဝံ့သည်။ ရာထူးစည်းစိမ်ကြောင့် ရှိန် နေခြင်းမရှိပေ။ သင်းအုပ်ဆရာများကလည်း အသင်းသားများကို မျက်နှာမလိုက်ဘဲ လိုအပ်သလို ဆုံးမသွန်သင်ရဲရမည်ဖြစ်သည်။ မျက်နှာလိုက်မိပါက ဘုရားသခင်အား မထီမဲ့မြင်ပြုရာ ရောက်လိမ့်မည်ဖြစ်သည်။

၈) ရှမွေလသည် စကားနားမထောင်သော ရှောလုကြောင့် ဝမ်းနည်း၍ ဆုတောင်းပေးသည်(၁ ရာ ၁း၁၀-၁၁)။ ဘုရားသခင်က စကားနားမထောင် သောရှောလုကို ဘုရင်အရာနှင့် ဘုရင်မျိုးနွယ်ဖြစ်ခြင်း မှ ငြင်းပယ်သောအခါ ရှမွေလသည် အလွန်ဝမ်းနည်း ပြီး ဘုရားသခင်ထံ အော်ဟစ်ဆုတောင်းသည်။ ဘုရား သခင်၏ ဆုံးမခြင်းခံရသူများအတွက် ဆုတောင်းပေးရမည်ဖြစ်သည်။ ခေါင်းဆောင်များ၏ ကောင်းကျိုးဆိုးကျိုးကို နောက်လိုက်များကသာ ခံစားရစမြဲဖြစ်သဖြင့် ခေါင်းဆောင်များ၏ အားနည်းမှုအပေါ် ဝမ်းမြောက်စရာ အကြောင်းမရှိချေ။

၉) ရှမွေလသည် လှအား နောင်တရရန်နှင့် ဘုရားသခင်ထံ ဝန်ချတောင်း ပန်ရန် အားပေးတိုက်တွန်းသည် (၁ရာ ၁၉း၁၂-၃၁)။ ရှမွေလသည် အားနည်းချက်ရှိသော ရှောလုကို လူထုရှေ့တွင် သေးသိမ်အောင်မလုပ်ဘဲ ကောင်းမွန်စွာဆက်ဆံ သည်။ မေတ္တာအရင်းခံပြီး ဆုံးမသည်။ ဘုရားသခင်၏ ငြင်းပယ်ခြင်းခံရသူဆိုပြီး ပစ် ပယ်ခြင်းမျိုးမရှိချေ။

ဘုရားသခင်၏ ငြင်းပယ်ခြင်းခံရသည့်တိုင် ခေါင်းဆောင်ဖြစ်နေသမျှကာလ ပတ်လုံး တလေးတစား ဆက်ဆံကြရမည်ဖြစ်သည်။ ခေါင်းဆောင်များအား လေးစား ရန်နှင့် ဂုဏ်ပြုရန်ဟူသည်ဘုရားသခင်၏အလိုတော်ဖြစ်ပြီး(၁သက်၅း၁၂-၁၃၊ ဟေဗြဲ ၁၃း၇၊၁၇) နိမ့်ချပစ်ပယ်ရမည်ဟု တစ်ခါမျှပင် အခွင့်အာဏာမပေးဖူးချေ။

ရှမွေလနှင့် လူထုဆက်ဆံရေး

၁) ရှမွေလက တရားဟောသည် (၁ရာ ၇း၃)။ အဘယ်ကြောင့် ရှမွေလ၏ ဟောပြောချက်များကို လူထုက နားထောင်သနည်းဆိုလျှင် ဘုရားသခင်ခိုင်းသည့် အရာကိုသာ ဟောပြော၍ဖြစ်သည်။ လူ့ အကြိုက်ထက် မကြား၍မဖြစ်သည့်အရာများ ကို ဟောပြောသည်။ စကားအခွန်းတိုင်း၌ တန်ခိုးရှိသည်။ ထို့ကြောင့် လူထုက နားထောင်ကြသည်။

(၂) ရှမွေလက သူတစ်ပါးကို ခွန်အားပေးသည် (၁ရာ ၁၀း၃-၆)။ ကြောက်တတ်သော ရောလုကိုရှမွေလက သတ္တိမွေးရန် အားပေးသည်။ ကိုယ့်ကို ကိုယ် စိတ်ချမှုရှိရန်နှင့် သတ္တိရှိရှိ ခြေလှမ်းလှမ်းရန်တိုက်တွန်းသည်။ အားပေးသည့်စကားကို မနှစ်သက်သူမကြားလိုသူ ရှိမည်မဟုတ်ချေ။

၃) ရှမွေလကလူထုကို တက်ကြွစေသည် (၁ရာ၁၀း၂၄)။ ရှမွေလသည် ရှောလု အား ဘုရင်အဖြစ်ဘိသိက်ပြီးနောက် ရှောလုနောက်သို့လိုက်ကြရန် လူထုကိုတိုက် တွန်း၍ တက်ကြွစေသည်။ ဘုရင်မဲ့ခြင်း၌ နှစ်ပေါင်းများစွာ ကျင့်သားရပြီးသူများဖြစ် သဖြင့် တချို့ကဆိုလျှင် အုပ်စိုးမည့်ဘုရင်ကို အလိုရှိလိမ့်မည်မဟုတ်ပေ။ သို့သော် လည်း ထိုသို့သောသူများကိုပင် ရှမွေလက အားပေးတက်ကြွစေသဖြင့် ရှောလု၏ ဘုရင်ဖြစ်ခြင်းသည် တင့်တယ်ပြည့်စုံနိုင်ခြင်းဖြစ်သည်။

၄) ရှမွေလက သူတစ်ပါး၏ ဖြစ်တည်မှုကို အသိအမှတ်ပြုသည် (၁ရာ ၁၀း၂၄) ရှမွေလက ရှောလုကို ဘုရင်အဖြစ် လူထုရှေ့မှောက်တွင် အသိအမှတ်ပြုသည်။ကြောက်တတ်သောရှောလုကို ဖေးမသည်။ ချီးမြှောက်သည်။ အရေးပေးသည်။ ခေါင်းဆောင်တစ်ယောက်ယောက် ပေါ်ထွန်းသောအခါ ဝေဖန်အပြစ်ရှာမည့်အစား ချီးမြှောက်ဂုဏ်ပြုရန်၊ အသိအမှတ်ပြုရန်ဟူသည်ဘုရားသခင်၏အလိုတော်ဖြစ်သည်။ ထိုသို့ပြုခြင်းသည် ခွဲခန့်ရွေးချယ်သော ဘုရားသခင်ကို ဦးထိပ်ထားရာရောက်သည်။

၅) ရှမွေလက တိုးတက်ရာတိုးတက်ကြောင်းကို ဟောပြောသည် (၁ရာ ၁၀း၂၅)။ ရှမွေလသည် လေးနက်သောအကြောင်းအရာများနှင့် တိုးတက်ရာတိုးတက်ကြောင်းများကိုသာ ဟောပြောလေ့ရှိသဖြင့် လူထုက လည်း သူဟောပြောသမျှကို နားထောင်ကြသည်။

ထို့အပြင် တိုးတက်ခြင်းကိုဟန့်တားသည့် အရာဟူသမျှကို အချိန်မီ တိုက်ဖျက်သည်။ စကားနားမထောင်သူ၊ အကျင့်ပျက်သူများကို ဆုံးမသည်။ ကြိမ်းမောင်းသည်။ သို့ဖြစ်၍ စစ်မှန်သော တိုးတက်မှုကို အလိုရှိပါက ကောင်းသောအရာများကို အမီလိုက်ပြီး မကောင်းသောအရာများကို ချန်ထားခဲ့ရမည်ဖြစ်သည်။

၆) ရှမွေလက သူတစ်ပါးနားလည်နိုင်ရန် ဟောပြောသည် (၁ရာ ၂ဝ-၂၅)။ ရှမွေလသည် အနာဂတ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို လူထုနားလည် နိုင်ရန် တိကျရှင်းလင်းစွာ ဟောပြောသဖြင့် လူထုက နားထောင်လိုကြသည်။

၁) ဘုရားသခင်က အမျိုးအနွယ်ကိုကြည့်ပြီး ခေါင်းဆောင်မရွေးပေ။ သိကြ သည့်အတိုင်း ရှမွေလ၏ဖခင် ဧလကာနသည် လေဝိလူဖြစ်သော်လည်း အာရုန် အနွယ်မဟုတ်သဖြင့် ရှမွေလသည် ယဇ်ပုရောဟိတ်ဖြစ်နိုင်စရာ အကြောင်းမရှိချေ။ လူတချို့တို့က ရှမွေလခေတ်တွင် “အာရုန်အနွယ်များကသာ ယဇ်ပုရောဟိတ် တာဝန် ထမ်းဆောင်ရမည်”ဟူသည့် မောရှေ၏ပညတ်ကို မကျင့်သုံးသေး၍ဖြစ်မည်ဟု လည်းကောင်း၊ ရှမွေလသည် ဧလိ၏တပည့်ဖြစ်သဖြင့် လိ၏မိသားစုဝင်ကဲ့သို့ သတ်မှတ်၍ ဖြစ်မည်ဟု လည်းကောင်း အမျိုးမျိုးယူဆကြသည်။ မည်သို့ပင်ဖြစ်စေ သေချာသည့် အချက်တစ်ခုမှာ ဘုရားသခင်ကခေါင်းဆောင်ရွေးသည့်အခါ အမျိုးအနွယ်ကို မကြည့် ဘဲ နှလုံးသားကိုသာကြည့်သည်ဟူသည့် အချက်ပင်ဖြစ်သည်။

၂) အပေါ်ယံအရာများက ဝိညာဉ်မဆန်စေနိုင်ဘဲ လူ့အမြင်ထက် ဘုရား၏ အမြင် ပိုအရေးကြီးသည်။ ငလကာနသည် တစ်နှစ်လျှင်သုံးကြိမ် ဗိမာန်တော်သို့ သွား ပြီး ယဇ်ပူဇော်လေ့ရှိသော်လည်း မယုံကြည်သူများ၏ ထုံးစံတစ်ခုဖြစ်သော မယား တစ်ယောက်ထက်ပိုယူခြင်းက သူ့ကိုလွှမ်းမိုးသည်။ အချုပ်အားဖြင့်ဆိုသော် ဗိမာန်တော်သို့သွားခြင်းက ဝိညာဉ်မဆန်စေနိုင်ဘဲ ပတ်ဝန်းကျင်၏ထုံးစံက အနိုင်ယူလွှမ်းမိုး သွားသည်။

၃) မယားတစ်ယောက်ထက် ပိုယူသောသူများသည် ပြဿနာကြုံတွေ့စမြဲ ဖြစ်သည်။ အာဗြဟံ၊ ဧသော၊ ယာကုပ်၊ ယုဒ၊ ဂိဒေါင်၊ ဒါဝိဒ်၊ ရှောလမုန် စသည်တို့ သည် သာဓကဖြစ်သည်။ ဘုရားသခင်က တစ်လင်တစ်မယားစနစ် ကျင့်သုံးရန် ဖန်ဆင်းခြင်းဖြစ်ရာ ထိုအချက်ဖောက်ဖျက်လျှင်မူ ပြဿနာကြုံတွေ့ရမည်သာဖြစ် သည်(က ၂း၂၃-၂၅)။

၄) မျက်နှာလိုက်ခြင်းက မနာလိုမှုနှင့် ကွဲပြားမှုကို ဖြစ်ပေါ်စေသည်။ မျက်နှာ လိုက်ခြင်းခံရပါက ပျော်စရာကောင်းသော်လည်း မနာလိုသူလည်း ပေါများလာတတ် သည်။ ထိုနည်းတူ ကြဉ်ဖယ်ခြင်း ခံရပါက နာကြည်းစိတ်၊ မခံချင်စိတ် ဝင်လာတတ် သည်။ ပေနိဋက မျက်နှာလိုက်ခြင်းခံရသောဟန္နကို မနာလိုစိတ်ဖြင့် ချက်ချင်းဆန့် ကျင်လာသည်။ သို့ဖြစ်၍ ခေါင်းဆောင်များ၌ မျက်နှာလိုက်လိုသည့် စိတ်စိုးစဉ်းမျှ မရှိရန် အလွန်အရေးကြီးသည်။

ရှောလမုန် ( Solomon )

တစ်ခါက လူငယ်တစ်ယောက်သည် တက္ကသိုလ်တက်နိုင်ရန်အတွက် အလုပ်လုပ်ပြီး ပိုက်ဆံရှာဖွေသည်။ တစ်နေ့တွင် ကုန်အမျိုးမျိုးကို လှည့်လည်ရောင်းချရာမှ ဗိုက်ဆာ လာသဖြင့် ရှိသမျှပိုက်ဆံ(cent 10)နှင့် အိမ်တစ်အိမ်၌ ထမင်းတောင်းစားရန် စိတ်ကူး သည်။ သို့နှင့် တံခါးကိုခေါက်လိုက်ရာ ဖွင့်ပေးသူမှာ မိန်းမပျိုတစ်ယောက်ဖြစ်သဖြင့် မတောင်းရဲတော့ဘဲ ရေတစ်ခွက်ပေးပါဟုသာ တောင်းတော့သည်။

မိန်းမပျိုကထိုလူငယ်ကိုကြည့်သောအခါ မောပန်းဟန်၊ ဗိုက်ဆာဟန်တူသဖြင့် ရေအစား နွားနို့တစ်ခွက်တိုက်လိုက်သည်။ သောက်ပြီးသောအခါ လူငယ်သည် အင် အားပြည့်လန်းဆန်းလာပြီး မိန်းမပျိုထံ “ဘယ်လောက်ပေးရမလဲ”ဟု မေးသည်။ ထိုအခါ မိန်းမပျိုက “လူတစ်ယောက်ယောက်ကို ကူညီရင် အခကြေးငွေမတောင်း ရဘူးလို့ ကျွန်မအမေကပြောတယ်”ဟု ပြန်ဖြေသည်။

နှစ်များစွာကြာပြီးနောက် တစ်နေ့တွင် Baltimore မြို့ ဆေးရုံကြီးတစ်ခု၌ တာဝန်ထမ်းဆောင် နေသော ဒေါက်တာ Howard Kelly ထံ ဇာတိမြို့မှ အမျိုးသမီးတစ်ယောက် အသည်းအသန်ဖျား၍ ဆေးရုံသို့ ရောက်လာသည်ဟု သတင်းပို့ကြသည်။ Kelly ကလည်း ချက်ချင်းသွားကြည့်ရာ ငယ်စဉ်က ဗိုက် အလွန်ဆာသည့်အချိန်တွင် နွားနို့လာတိုက်သော မိန်းမပျိုဖြစ်မှန်း သိလိုက်သည်။

ကောင်းမွန်စွာ ကုသမှုခံယူပြီးနောက် ကုန်ကျငွေဖော်ပြသည့်စာအိတ် ရောက် ရှိလာသည်။ လူနာအမျိုးသမီးက Kelly သည် နာမည်ကျော် အထူးကုဆရာဝန်ဖြစ် သဖြင့် ကုသခလည်း အလွန်များမည်မှန်းသိသည်။ ထို့ကြောင့် စာအိတ်ကို ချက်ချင်း မဖောက်ရဲပေ။ နောက်ဆုံးတွင် ငါတစ်သက်လုံး အကြွေးပြန်ဆပ်ရမှာပါလားဟု ဆိုရင်း စာအိတ်ကို မရဲတရဲဖွင့်ကြည့်လိုက်ရာ စာရွက်ပေါ်တွင် “နွားနို့ တစ်ခွက်က ကုန်ကျငွေအားလုံးကို ရှင်းပြီးသွားပြီ။ ပုံ၊ ဒေါက်တာ ဟောင်းဝဒ်ကယ်လီ””ဟု ရေး ထားသည် (Kelly သည် ယုံကြည်သူလူကောင်းတစ်ယောက်ဖြစ်ပြီး အသက်(၁၅)နှစ် အရွယ်တွင် သမ္မာကျမ်းစာကို ဟေဗြနှင့် ဂရိဘာသာဖြင့် ကောင်းမွန်စွာ ဖတ်ရှုနိုင်သူ ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် John Hopkins ဆေးရုံကြီး တည်ထောင် သူလေးဦးထဲတွင် ပါဝင်သည်။ ၁၂-၁-၁၉၄၃တွင် ကွယ်လွန်သည်)။

ကျေးဇူးမမေ့တတ်သောသူများကို မေ့လျော့ရခက်သော်လည်း နာကြည်းချက် ကိုသာ မှတ်သားတတ်သောသူများကို မေ့လျော့ရလွယ်သည်။ သို့ဖြစ်ရာ ၎င်း၌သာမ က ဖခင်ဖြစ်သူ၌ပါ ကျေးဇူးပြုသူများအား ကျေးဇူးတုံ့ပြန်တတ်သော ရှောလမုန်ကို မည်သူမေ့လျော့နိုင်မည်နည်း။

ရှောလမုန်သည် မည်သူနည်း

ရှောလမုန်သည် အစ္စရေးဘုရင်ဒါဝိဒ်၏ သားတော်တစ်ပါးဖြစ်၍ လူတချို့တို့ ကဲ့သို့ပင် နာမည်နှစ်ခု ပိုင်ဆိုင်သည်။ ၁) ဘုရားသခင်၏ ကတိတော်ဖြစ်သည့် “ငြိမ်သက်ခြင်း အမှန်သက်ရောက်နိုင်ပါစေဟူသည့် ရည်ရွယ်ချက်ဖြင့် ဒါဝိဒ်က နန်း ဆက်ခံမည့် သူ၏သားတော်ကို “ရှောလမုန် ́ဟု နာမည် မှည့်ပေးသည်(၃ရာ ၂း၃၃)။ “ရှောလမုန်’ဟူသည် “ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်းဟု အဓိပ္ပာယ်ရှိသည်။ ၂) ဒါဝိဒ်၌ အပြစ်ရှိသော်လည်း ဘုရားသခင်က ချစ်မြဲချစ်သည်ကို ပြသသည့်အနေဖြင့် ဒါဝိဒ်၏ သားကို “ယဒိဒိ”ဟု နာမည်မှည့်ပေးသည်။ အဓိပ္ပာယ်မှာ “ထာဝရဘုရား၏ ချစ်ရ သောသူ” ဖြစ်သည်(၂ရာ ၁၂း၂၅)။

ရှောလမုန်၏အကြောင်းကို ဓမ္မရာဇဝင်တတိယစောင် အခန်းကြီး(၃)မှ(၁၁) အ တွင်း၌ အကျယ်တဝင့်တွေ့ရသည်။ သူ၏နာမည်ကို လူမျိုးခြားတို့၏သမိုင်း၌(ဥပမာ၊ အီဂျစ်) မတွေ့ရသော်လည်း ဓမ္မဟောင်းနှင့် ဓမ္မသစ်နှစ်အုပ်စလုံး၌ တွေ့ရပြီး ဓမ္မသစ် ၌ ဆယ်ကြိမ်ခန့် ဖော်ပြသည်။ ကိုယ်တိုင်ရေးစာမူများထဲတွင် သုတ္တံကျမ်းနှင့် ဆာလံကျမ်းမှ အခန်းကြီး(၂)နှင့်(၁၂၇)တို့ပါဝင်ပြီး ဒေသနာ ကျမ်းကိုလည်း ၎င်းရေးသားခြင်းဖြစ်မည်ဟု ယူဆကြသည်။ ထို့အပြင် “ရှောလမုန်၏ပညာခန်း” ဟူသည့်စာအုပ်ကိုလည်း ရေးသားပြီး သမ္မာကျမ်းစာအဖြစ်လက်မခံကြသည့်တိုင်သမိုင်းဝင်စာအုပ်အဖြစ် တန်ဖိုး ထားထိန်းသိမ်းလျက်ရှိသည်။

ရှောလမုန်သည် အစ္စရေးသမိုင်း၌ တတိယမြောက်ဘုရင်ဖြစ်၍ ဘီစီ (၉၆၂)မှ (၉၂၂)အထိ၊ နှစ်ပေါင်း(၄၀) နန်းစံသည်။ သူ၏နန်းစံကာလအတွင်း၌ အစ္စရေးပြည်သည် ကြွယ်ဝ ချမ်းသာသော်လည်း ဝိညာဉ်ရေးတွင်မူ အလွန်ကျဆင်းသည်။ ဘုရားသခင်၏စကားတော်များကိုပင် မလိုက်နာနိုင်သည့်အထိ ငြိမ်းချမ်းရေးနှင့် ရုပ်ဝတ္ထုပစ္စည်းကို အလွန် ဦးစားပေးသည်။ ထို့ကြောင့် အကောင်းဆုံးသော စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်ဟန်တူ သည်။ အကြောင်းမှာ ယေရှု၏ ဥပမာတစ်ခု၌ ရှောလမုန်မင်းကြီး၏ အကောင်းဆုံး အဝတ်များသည်ပင် တောနှင်းပန်းများကို မမီဟု ပါရှိ၍ဖြစ်သည်(မ ၆း၉၊ ၂၈-၂၉)။

ဘုရားသခင်က ဒါဝိဒ်ကို “မင်္ဂလာနှင့် အမင်္ဂလာ၊ “ကရုဏာနှင့် ဓားသွား” (ဟေဗြဲဘာသာဖြင့် “hesed” နှင့် “Thereb”) ခံစားရမည်ဟု အမိန့်တော်ရှိသည့်အတိုင်း (၂ရာ ၇း၁၅၊ ၁၂း၉) ဒါဝိဒ်၏အသက်တာ၌ ကောင်းချီးများစွာရသကဲ့သို့ ဓားလှံရန်စွယ် လည်း အကြိမ်များစွာကြုံတွေ့ရသည်။ ထိုနည်းတူ ရှောလမုန်၏အသက်တာ၌လည်း “မင်္ဂလာနှင့်အမင်္ဂလာ”များစွာ ကြုံတွေ့ရပြီး ဖြစ်သည်။ ခံစားရသည့် “မင်္ဂလာများ အကြောင်းကို ၃ရာ ၃-၈ အတွင်း၌လည်းကောင်း၊ “အမင်္ဂလာများ အကြောင်းကို ၃ရာ ၉-၁၁ အတွင်း၌လည်းကောင်း ဖော်ပြသည်။

သို့ဖြစ်၍ရှောလမုန်၏အသက်တာအားဖြင့်ခေါင်းဆောင်မှုပညာများကိုသင်ယူနေရင်း ၎င်းခံစားသည့် မဂ်လာများအကြောင်းကို လေ့လာကြမည်ဖြစ်သည်။ထို့နောက်တွင် ဘုရားသခင်၏စကားကို မနာခံ ခြင်းကြောင့် ၎င်းခံစားသည် အမင်္ဂလာများအကြောင်း ကိုလည်း လေ့လာကြမည်ဖြစ်သည်။

ရှောလမုန် နန်းစံခြင်း

ဒါဝိဒ်မင်းကြီးသည် အလွန်အိုမင်းလာပြီး ဩဇာလည်း မပြောင်းလှတော့ပေ။ အိပ်ရာပေါ်၌ပင်ကိုယ်တိုင်မတက်နိုင်တော့သဖြင့်ဆေးပေးမီးယူရန်အတွက်အဘိက် ကို လက်ထပ်သည်။

ထိုကြားထဲတွင် သားတစ်ပါးဖြစ်သူ အဒေါနိယသည် ဘုရင်နေရာ၌ ကိုယ်ကို ကိုယ်ချီးမြှောက်လာသည်။ သူသည် ရုပ်ချောသည်။ ဗလကောင်းသည်။ အရှလုံ၏ ညီလည်းဖြစ်သည်။ မြင်းရထားစီး၍ ရှေ့နှင့်နောက်တွင် စစ်သားများကို ခြံရံသည်။ သူ၏လုပ်ဆောင်ချက်ကို စစ်သူကြီးမွှေဘနှင့် ယဇ်ပုရောဟိတ်အာဗျာသာတို့ကလည်းထောက်ခံကူညီသည်။ နန်းစံသည့်အထိမ်းအမှတ်ဖြင့် ယဇ်ပူဇော် ပွဲကျင်းပပြီး ညီအစ် ကိုများနှင့် အစေခံဝန်ထမ်းအားလုံးတို့ကို ဖိတ်ကြားသည်(၃ရာ ၁း၄-၇)။

ထိုသတင်းကို ပရောဖက်နာသန်က ဗာသရှေဘထံ အမြန်အကြောင်းကြား လိုက်သည်။ ထိုအခါ ဗာသရှေဘက ဒါဝိဒ်ထံ ရှောလမုန်ကို ဘုရင်နေရာပေးမည်ဆို သည့်ကတိ ဖျက်လိုက်ပြီလားဟုမေးရာ ဒါဝိဒ်ကလည်း ရှောလမုန်ကို ချက်ချင်းနန်းစံ စေလိုက်သည်(၃ရာ ၁း၁၆-၂၁။)

အာမနုန်၊ အဗရှလုံနှင့် အဒေါနိယတို့လည်းဘုရင်ဖြစ်လိုကြသည်။ သို့သော် ဒါဝိဒ်သည် သူ၏ ဘုရားသခင်ကကတိအတိုင်း ရှောလမုန်ကို ဘုရင်အရာတင်မြှောက်သည်။ အဗရှလုံက အာမနုန်ကိုသတ်ပြီး နောက်ပိုင်းတွင် ယွဘကအဗရှလုံကိုသတ်သည်။ သို့ရာတွင်ဒါဝိဒ်၌ဘုရင်ဖြစ်နိုင်မည့်သူ သား(၁၅)ဦးရှိ သေးသည်။ အဒေါနိယ၊ ရှောလမုန်၊ ဒံယေလ၊ ရှေဖတိ ၊ ဣသရံ၊ရှမွာ၊ ရှောဗပ်၊ နာသန်၊ ဣဗဟာ၊ ဧလိရွာ၊ ဧလိပလက်၊ နောဂ၊ နေဖက်၊ ယာဖျာနှင့် ဧလျောဒတို့ဖြစ်ကြသည်။

၎င်းတို့အနက် အဒေါနိယသည် ဘုရင်ဖြစ်လိုသည့်ဆန္ဒ အပြင်းပြဆုံးဖြစ်သည်။ အဒေါနိယသည် ဖခင်၏ဘုရင်အရာကို အဓမ္မလုယူရန် ကြံစည်သော်လည်း မအောင်မြင်ပေ။ ဖခင်ကွယ်လွန်ပြီးနောက်တွင်လည်း ဘုရင်ဖြစ်လိုသည့်အကြံဖြင့် မိထွေးဖြစ်သူအဘိရှက်ကို လက်ထပ်ခွင့်ပြုရန် ဗာသရှေဘထံ ခွင့်တောင်းလိုက်သေးသည်။ ဗာသရှေဘကလည်း သားဖြစ်သူ ဘုရင်ရှောလမုန်ထံ သဘောရိုးဖြင့် ထပ်ဆင့်ပြောပေးသည်။ အကယ်၍ ရှောလမုန်ကသာ အကင်းပါးပါးဖြင့် မငြင်းဆိုဘဲ လက်ထပ် ခွင့်ပြုပါက အဒေါနိယသည် ဘုရင်အရာကို လုယူလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ နောက် ဆုံးတွင် ရှောလမုန်က အဒေါနိယကို ကွပ်မျက်လိုက်သည်။

ဒါဝိဒ်၏နန်းပလ္လင်ကို မည်သူတို့က မည်မျှပင် စံစားလိုစေကာမူ ဘုရားသခင်၏အလိုတော်ရှိသော သူကသာလျှင် စံစားခွင့်ရှိသည်။ ရှောလမုန်သည် နန်းစံပြီးနောက်ဇာဒုတ်ကိုယဇ်ပုရောဟိတ်၊ နာသန်ကို ပရောဖက်၊ ဗေနာယကို စစ်သူကြီးဟူ၍ အသီးသီးအသုံးပြုသည်။ သို့ဖြစ်၍ဘုရားသခင်ကခေါင်းဆောင် အဖြစ်မရွေးဘဲနှင့် ကိုယ့်ကိုကိုယ် ခန့်အပ်မိပါက ကြာ ရှည်မခံသည့်အပြင် အသက်ကိုပင် ဆုံးရှုံးရတတ်သည်။

ရှောလမုန်က “ရူပါရုံ” ရရှိသည်

ရှောလမုန်သည် နန်းတက်ခါစဖြစ်သဖြင့် ဆောင်ရွက်စရာများစွာက စောင့်ကြို နေလိမ့်မည်ဖြစ်သည်။ သို့သော် ထိုအရာများကို ခေတ္တဘေးဖယ်ပြီး ဘုရားသခင်၏ မျက်နှာကို ဦးစွာရှာဖွေသည်။ မီးရှို့ရာယဇ်တစ်ထောင်ဖြင့် ဦးစွာပူဇော်သည်။ ထို့ကြောင့် ညအိပ်ပျော်သည့်အချိန်တွင် အိပ်မက်ရူပါရုံထဲ၌ ဘုရားသခင်ထင်ရှားလာ သည်။ အချုပ်အားဖြင့်ဆိုသော် ရှောလမုန်သည် “ရူပါရုံ’ ရရှိပိုင်ဆိုင်သော ခေါင်းဆောင်တစ်ဦးဖြစ်မှန်း တွေ့မြင်နိုင်သည်(၃ရာ ၃း၃-၅)။ “ရူပါရုံ” ရှိသော ခေါင်းဆောင် များနောက်သို့သာ လိုက်သွားသင့်သည်။ ထိုသို့မဟုတ်ပါက ပျက်စီးခြင်းက စောင့်ကြိုနေလိမ့်မည်ဖြစ်သည်။

ရှောလမုန်၏အိပ်မက်၌ ဘုရားသခင် ပထမဦးဆုံးထင်ရှားသည့် အရပ်မှာ မြို့ဖြစ်သည်။ ဘုရားသခင်က လိုရာဆုကိုတောင်းပါဟု ပြောသောအခါ ရှော က ယခုမှာ အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ကျွန်ကို အဘဒါ ဝိဒ်၏ကိုယ်စား ဘုရင်အရာ၌ ခန့်ထားတော်မူပြီ။ သို့ရာတွင် အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏။ ထွက်ဝင်ခြင်းငှါ မတတ်နိုင်ပါ။ ရွေးချယ်တော်မူ၍ အရေအတွက်အားဖြင့် အတိုင်းမသိ များပြားစွာသော ကိုယ်တော်၏လူမျိုးကြီးများအလယ်၌ ကိုယ်တော်ကျွန်ရှိပါ၏။ သို့ဖြစ်၍ ကိုယ်တော်ကျွန်သည် ကိုယ်တော်၏လူတို့ကို တရားစီရင်နိုင်မည်အကြောင်း ကောင်း မကောင်းကို ပိုင်းခြား၍သိတတ်သောဉာဏ်ကို ပေးသနားတော်မူပါ။ ဤမျှလောက်များစွာသော ကိုယ် တော်၏လူတို့ကို အဘယ်သူသည် ကိုယ်အစွမ်းဖြင့် တရားစီရင်နိုင်မည်နည်းဟု ပြန်ဖြေသည်(၃ရာ ၃း

၇-၉)။ ဝမ်းမြောက်စေသည်။

ဘုရားသခင်သည် ရှောလမုန်၏ဖြေဆိုပုံကို ကျေနပ်နှစ်သက်သဖြင့် သင်သည် တာရှည်သောအသက်ကိုမတောင်း၊ စည်းစိမ်ကိုလည်းမတောင်း၊ ရန်သူတို့၏အသက်ကိုလည်းမတောင်း၊ တရားစီရင်ခြင်းငှါတတ်နိုင်သော ဉာဏ်ကို သာ ကိုယ်အဖို့တောင်းလျှောက်သောကြောင့် သင်တောင်းလျှောက်သည်အတိုင်း ငါ ပေး၏။ ရှေးကာလ၌ သင်နှင့်တူသောသူ တစ်ယောက်မျှမရှိ၊ နောင်ကာလ၌ မရှိနိုင်အောင် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်ဝိညာဉ်ကို သင့်အားငါပေး၏။ ထိုမှတစ်ပါး သင်နှင့်တူသော ရှင်ဘုရင်တစ်ယောက်ကိုမျှ သင့်လက်ထက်၌ မရှိစေခြင်းငှါ သင်မတောင်းသောဆု၊ စည်းစိမ်ဥစ္စာ၊ ဂုဏ်အသရေကို ငါပေး၏။ သင့်အဘဒါဝိဒ်ကျင့်သည် အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်လျှောက်လျှင် တာ ရှည်သောအသက်ကိုလည်း ငါပေးမည်ဟု ပြန်ပြောသည်(၃ရာ ၃း၁ဝ-၁၄)။

ဘုရားသခင်သည် ဂိဗောင်မြို့၌ပင် ရှောလမုန်၏ရူပါရုံထဲသို့ ဒုတိယအကြိမ် ထင်ရှားသည်။ ယင်းသည် ဘုရားသခင်အား နွားကောင်ရေ ၂၂ဝဝဝနှင့် မိုးကောင် ရေ ၁၂ဝဝဝဝတို့ဖြင့် ယဇ်ပူဇော်ပြီး နောက်ဖြစ်သည်။ ထိုရူပါရုံထဲတွင် ဘုရားသခင်က သင်သည် ငါ့ရှေ့မှာ ဆုတောင်းပဌနာပြုသောစကားကို ကြားပြီ။ သင်တည်ဆောက် သောက်အိမ်ကို ငါသန့်ရှင်းစေ၍ ငါ့နာမကို အစဉ်တည်စေမည်။ အစဉ်ငါကြည့်ရှု လက် နှလုံးစွဲလမ်းလျက်နေမည်။ သင်သည် ငါမှာထားသမျှကိုပြု၍ ငါစီရင်ထုံးဖွဲ့ချက် တို့ကို စောင့်လျှောက်စေခြင်းငှါ သင့်အဘဒါဝိဒ်ကဲ့သို့ ဖြောင့်မတ်စုံလင်သောစိတ် သဘောနှင့် ငါ့ရှေ့မှာကျင့်နေလျှင် ဣသရေလနိုင်ငံ၏ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏ အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်အား ငါကတိရှိသည်အတိုင်း သင် ထိုင်ရသော ဣသရေလနိုင်ငံ၏ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။ သို့မဟုတ် သင်နှင့် သင်၏သားမြေးတို့သည် ငါ့နောက်သို့မလိုက်၊ လမ်းလွှဲလျက် ငါမှာထားသော စီရင်ထုံးဖွဲ့ချက်တို့ကိုမစောင့်၊ အခြားတစ်ပါးသောဘုရားထံသို့သွား၍ ဝတ်ပြုကိုး ကွယ်လျှင် ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမအဖို့ ငါ သန့်ရှင်းစေသော ဤအိမ်တော်ကို ငါမျက်မှောက်မှပယ်ရှားမည်။ ဣသရေလအမျိုး သည်လည်း တစ်ပါးအမျိုးသားတို့တွင် ပုံခိုင်းရာကဲ့ရဲ့ ရာရောက်မည်။ မြင့်သောဤအိမ်တော်ကိုလည်း လမ်း ၌ လျှောက်သွားသောသူအပေါင်းတို့သည် အံဩ၍ ထာဝရဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကို ပြုလျက် တစ်ယောက်မေးမြန်းသော် တစ်ယောက်ကသူတို့၏ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော သူတို့၏ဘုရားသခင်ထာဝရဘုရားကို သူတို့သည်စွန့်၍ အခြားတစ်ပါးသော ဘုရားကိုမှီဝဲလျက် ဝတ်ပြုကိုးကွယ်သောကြောင့် ထာဝရဘုရားသည် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန် ပြောလိမ့်မည်ဟု ပြောသည်(၃ရာ ၉း၁-၉)။ ။

ရှောလမုန်အပေါ် ဒါဝိဒ်၏ နောက်ဆုံးအမှာစကားများ

ကွယ်လွန်ခါနီးလူတစ်ယောက်၏ နောက်ဆုံးအမှာစကားများသည် ကြားရသူ များအဖို့ အရေးမပါသကဲ့သို့ ခံယူကောင်းခံယူမိမည်ဖြစ်သော်လည်း ကာယရှင်အဖိုမ အရေးကြီးဆုံးသောစကားများကို မှာကြားခြင်းဖြစ်သည်။ ဥပမာ၊ “အချင်းချင်း ချစ်ကြ လော့’ဟူသည် တမန်တော်ယောဟန်၏ နောက်ဆုံးကို အမှာစကားဖြစ်သည်။ Jon Hus က “အစိုးရခေါင်းဆောင်များနှင့် အကြီးအကဲများကို မယုံကြပါနှင့်။

ဘုရားသခင်ကိုပဲ ယုံကြပါ” ဟု မှာကြားသည်။ သူသည် အစိုးရခေါင်းဆောင်၏လှည့်စားမှုကြောင့် သေ ဒဏ်ပေးခြင်း ခံရသည်။ ထိုအမှာစကားများကို မှာကြားခြင်းခံရသူများက အကောင်အထည် ဖော်နိုင်ရန်ကြိုးစားလေ့ရှိကြသည်။ သို့ဖြစ်၍ ရှောလမုန်အပေါ် ဒါဝိဒ်၏ နောက်ဆုံးအမှာစကား များကို လေ့လာကြည့်ကြပါစို့။

၁) နှုတ်ကပတ်တော်ကို ဖတ်ရှုရန်

ဒါဝိဒ်ကွယ်လွန်ခါနီးတွင် ရှောလမုန်အား “မြေကြီးသားအားလုံးတို့၏ သွားရာ လမ်းသို့ ငါ သွားရမည်။ သို့ဖြစ်၍ ခွန်အားယူလော့။ ယောက်ျား၏ဂုဏ်သတ္တိရှိလော့၊ ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူသည်ကား သင်၏သားမြေးတို့သည် စိတ်နှလုံးအကြွင်းမဲ့ ငါ့ရှေ့မှာ သမ္မာတရား၌ ကျင်လည်ခြင်းငှါ မိမိတို့သွားရာလမ်းကို သတိပြုလျှင် ဣသရေလနိုင်ငံ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏ အမျိုးမင်း မပြတ်ရဟု မိန့်တော်မူသောစကားတော်တည်၍ သင်သည် ပြုလေရာရာ၊ သွားလေ ရာရာ၌ အောင်မြင်မည်အကြောင်း သင်၏ဘုရားသခင် ထာဝရဘုရား၏ လမ်းတော် သို့လိုက်၍မောရှေ၏ပညတ္တိကျမ်း၌ပါသောစီရင်ထုံးဖွဲ့ချက်၊ သက်သေခံချက်၊ ပညတ် တရားတော်တို့ကို စောင့်ရှောက်စေခြင်းငှါ မှာထားတော်မူသော စကားတော်ကို နားထောင်လော့”ဟု မှာကြားသည်(၃ရာ ၂း၂-၄)။

ဒါဝိဒ်၏ မှာကြားချက်များ၌ အရေးကြီးဆုံးသောအချက်မှာ နှုတ်ကပတ်တော်ကိုဖတ်ရှု၍ ယင်းအတိုင်းအသက်ရှင်ရန် ဖြစ်သည်။ ထိုမှာကြားချက်သည် “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း

တရားတော်ကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့ ဟူသည် အချက်ကို ဆိုလိုခြင်းဖြစ်သည်(မ ၆း၃၃)။

ဉာဏ်ပညာနှင့်ပြည့်စုံသော ရှောလမုန်သည်ပင် နှုတ်ကပတ်တော်ဖတ်ရှုရန် တိုက်တွန်းခြင်း ခံရ သည်ဆိုလျှင် မိမိတို့ အခြားသောခေါင်းဆောင်များသည် ပို၍ဖတ်ရှသင်သည်မဟုတ်လော။ ဘုရင်လုပ်မည့်သူတိုင်း နှုတ်ကပတ်တော်ကိုရေး၍ နေ့စဉ်ဖတ်ရှုရမည်ဖြစ် သည်(တရား ၁၇း၁၈-၁၉)။ အမေရိကန်သမ္မတများသည် ရာထူးလက်ခံသည့်နေ့တွင် သမ္မာကျမ်းစာဖြင့် ကျိန်ဆိုကြရသည်။ ယင်းသည် အစ္စရေးထုံးစံနှင့် ဆင်တူသည်။

၂) ဖြောင့်မတ်စွာ တရားစီရင်ရန်

ရှောလမုန်၏ ဟာကွက်များကို သားဖြစ်သူရောဗောင်က ဖြည့်ဆည်းပြုပြင် ပေးခြင်း မရှိချေ။ ရှောလမုန်ကွယ်လွန်သောအခါ ပြည်သူများက ရောဗောင်ထံ ဘုရင် ရှောလမုန်ကအခွန်များစွာကောက်သည်၊ အလွန်လေးသောထမ်းပိုးကိုထမ်းစေသည်။ ပေါ့စေတော်မူပါဟု တင်ပြရာ ရောဗောင်က မဖြည့် ဆည်းပေးသည်သာမက ငါလည်း ထပ်၍ထမ်းစေမည်၊ ငါ့ခမည်းတော်က ကြိမ်လုံးနှင့်ရိုက်သည်ဆိုလျှင် ငါက ကင်းမြီး ကောက်နှင့်ရိုက်မည်ဟု ကြမ်းတမ်းစွာပြောဆိုသည်(၆ရာ ၁၀း၁၄)။

ရှောလမုန်မှာမူ ထိုသို့မဟုတ်ဘဲ ဖခင်ဒါဝိဒ်၏ ဟာကွက်များကို ဖြည့်ဆည်း ပြုပြင်ပေးသည်။ ဒါဝိဒ်မှာကြားသည့်အတိုင်း ဖြောင့်မတ်စွာ တရားစီရင်သည်။ ဆုပေး ဒဏ်ပေးစနစ် ကျင့်သုံးသည်။ ပြုပြင်ဖြည့်ဆည်းစရာများကို ပြုပြင်ဖြည့်ဆည်းသည်။ ဖယ်ရှားစရာများကို ဖယ်ရှားသည်။

၁) ယွဘအပေါ်၌ ဖြောင့်မတ်စွာ တရားစီရင်သည်။ ဒါဝိဒ်က ရှောလမုန်ထံ “ဇေရုယာသားမွှေဘသည် ငါ၌ပြုသောအမှု၊ က္ကသရေလဗိုလ်ချုပ်နှစ်ပါး နေရ၏သား အာဗနာ၊ ယေသာ၏သား အာမသတို့ကို အေးချမ်းစဉ်ကာလ စစ်မရှိဘဲသတ်၍ စစ်သွေးကို သွန်းလောင်းသဖြင့် မိမိပတ်သောခါးစည်း၊ မိမိနင်းသောခြေနင်းတို့ကို စစ်သွေးနှင့်လူးကြောင်းကို သင်သိသည်ဖြစ်၍၊ သင်သည် ပညာရှိသည်အတိုင်းစီရင် လျက် ထိုသူ၏ဆံပင်ဖြူသောဦးခေါင်းကို မရဏာနိုင်ငံသို့ ငြိမ်ဝပ်စွာမဆင်းစေနှင့်” ဟု မှာကြားသည်(၃ရာ ၂း၅-၆)။ ဒါဝိဒ်က ယွာဘကို အဘယ်ကြောင့် မဖယ်ရှားသနည်း။ မသတ်သနည်း။ ရှောလမုန်ထံ အဘယ်ကြောင့် လက်လွှဲသနည်း။ ဘုရင်ရှောလုကိုသတ်သည့်အာမလက်လူနှင့် ဣရှဗောရှက်ကိုသတ်သည့် အစေခံနှစ်ယောက်ကို ချက်ချင်းသတ်ပစ်လျက်နှင့် (၂ရာ ၁း၁၃-၁၆၊ ၄း၅-၁၂) မိမိအပေါ် မထီမဲ့မြင်ပြုသည့်ယွဘကိုမူ အဘယ်ကြောင့် လွှတ်ထားသနည်း။

အစိုးရခေါင်းဆောင်တချို့တို့က ၎င်းတို့၏ဗိုလ်ချုပ်ကြီးများကို မသိမသာကြောက်ရွံ့သကဲ့သို့ ဒါဝိဒ်ကလည်း ၎င်း၏လက်ရုံးတစ်ဆူဖြစ်သည့် စစ်သူကြီးမွှေဘကို ကြောက်ရွံ့နေ၍လော၊ သို့မဟုတ် ရန်သူများပြားသေးသဖြင့် မှော်ဘမရှိလျှင် စစ်အောင်နိုင်မည်မဟုတ်၍လော၊ အကြောင်းတစ်ခုခုကြောင့် မသတ်ခြင်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်ကာမူ၊ နုပျို ခွန်အားကြီးသော ရှောလမုန်ထံ အပ်နှံလိုက်သည်။

ဒါဝိဒ်၏မှာကြားချက်အတိုင်း ရှောလမုန်က မွှေဘကို ကွပ်မျက်သည်။ မှော်ဘ သည် အသတ်ခံရမည့်သတင်းကို ကြားသောအခါ ချက်ချင်းထွက်ပြေးပြီး ယဇ်ပလ္လင် ပေါ်ရှိဦးချိုများကို ပွေ့ကိုင်သော်လည်း စစ်သူကြီးဗေနာယက သတ်ပစ်လိုက်သည်။

၂) ဗာဇိလဲအပေါ်၌ ဖြောင့်မတ်စွာ တရားစီရင်သည်။ ဒါဝိဒ်က ရှောလမုန်ထံ “ဂိလဒ်ပြည်သား ဗာဇိလဲ၏ သားတို့ကိုကား ကျေးဇူးပြု၍ စားပွဲတော်၌စားသောလူစုထဲသို့ ဝင်စေလော့။ သင့်အစ်ကို အရှလုံကြောင့် ငါပြေးရသောအခါ သူတို့သည် ထိုသို့သောကျေးဇူးကို ပြု၍ ငါထံသို့လာကြ၏”ဟု မှာကြားသည်(၃ရာ၂း၇)။

ဒါဝိဒ်သည် အဗရှလုံ၏ရန်ကြောင့် ထွက်ပြေးရသောအခါ ဂိလဒ်လူဖြစ်သော ဗာဇိလဲက သစ္စာရှိရှိ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်သည်။ ထို့ကြောင့် ရှောလမုန်ထံ သေချာစွာ မှာကြားခြင်း ဖြစ်သည်။ ခေါင်းဆောင်ကောင်းများသည် ကျေးဇူး တရားကိုသိတတ်ပြီး ကိုယ်တိုင်ပြန်မဆပ်နိုင်သည့်တိုင်သားစဉ်မြေးဆက်များထံ ပြန်ပြောသူများဖြစ်ကြ သည်။

၃) ရှိမိအပေါ်၌ ဖြောင့်မတ်စွာ တရားစီရင်သည်။ ဒါဝိဒ်က ရှောလမုန်ထံ “ငါသည် မဟာနိမ်သို့သွားသည့်နေ့၌ ငါ့ကို ရိုင်းစိုင်းစွာကျိန်ဆဲသူ၊ ဗာ်မိန်အမျိုး ဗာဟုရိမ်ရွာသား၊ ဂေရ၏သား ရှိမိသည် သင့်လက်၌ရှိ၏။ သူသည် ငါ့ကိုခရီးဦးကြို ပြုအံ့သောငှါ ယော်ဒန်မြစ်နားသို့ လာသောအခါ “သင့်ကို ငါမကွပ်မျက်’ဟု ထာဝရ ဘုရားကိုတိုင်တည်၍ ငါကျိန်ဆိုသော်လည်း ထိုသူကို အပြစ်မရှိသူ ကဲ့သို့မမှတ်ရဘဲ သင်သည် လိမ္မာသောသူဖြစ်၍ သူ၌ အဘယ်သို့ စီရင်သင့်သည်ကို သိသည်နှင့်အညီ ဆံပင်ဖြူသော ထိုသူ၏ခေါင်းကို အသေသတ်ခြင်းအားဖြင့် မရဏာနိုင်ငံသို့ ဆင်းစေလော့”ဟု မှာကြားသည်(၃ရာ ၂း၈-၉)။

ရှိမိသည် ဒါဝိဒ်အဖို့ အသားထဲစူးဝင်သည့် ဆူးကဲ့သို့ပင် ဖြစ်သည်။ သူသည် ဗယာမိန်အမျိုး အစားကျူးလွန်မိတိုင်း ဖြစ်ပြီး ရှောလုအပေါ်တွင် အလွန်သစ္စာရှိကာ ဒါဝိဒ်ကိုအမြဲဆန့်ကျင်ပုတ်ခတ်သည်။ ဒါဝိဒ်အနေဖြင့် ရှိမိကိုချက်ချင်းသတ်ပိုင်ခွင့်ရှိသော်လည်း လွှတ်ထားလိုက်သည်။ အကြောင်းမှာ နောင်တရပြီး စိတ်ပြောင်းလဲ လေမလားဟု အခွင့်အရေးပေးခြင်းဖြစ်နိုင်သည်။

သို့သော် ရှိမိသည် နောင်တရခြင်း၊ စိတ်ပြောင်းလဲခြင်းမရှိသဖြင့် နောက်ဆုံး တွင် ဒါဝိဒ်က သတ်မိန့်ပေးလိုက်ခြင်းဖြစ်သည်။ ဒါဝိဒ်အား “သွေးဆာသောသူ” (၂ရာ ၁၆း၇-၈)ဟု ကျိန်ဆဲသောသူသည် “သွေးချောင်းစီး ́ကာ အသတ်ခံရတော့မည် ဖြစ် သည်(၃ရာ ၂း၉)။

သို့ရာတွင် ရှောလမုန်က ရှိမိကို သနားစိတ်ဝင်သဖြင့် ယေရုရှလင်မြို့၌ အိမ် ဆောက်၍နေထိုင်ရန်၊ အပြင်ထွက်လျှင် ကေဂျွန်ချောင်းကို မကျော်ရန်နှင့် ကျော်မိ ပါက အသတ်ခံရမည်ဖြစ်ကြောင်း မှာကြားသည်။ ရှိမိလည်း သဘောတူကာ ယေရု ရှလင်မြို့၌ ကြာမြင့်စွာနေထိုင်သည်။

သုံးနှစ်ကြာပြီးနောက် တစ်နေ့တွင် ရှိမိ၏ကျွန်နှစ်ယောက်သည် ဂါသမြို့သို့ ထွက်ပြေးပြီး အာခိတ်ထံ ခိုလှုံကြသည်။ ရှိမိကလည်း လိုက်သွားပြီး ကျွန်နှစ်ယောက် ကို ပြန်လည်ခေါ်ဆောင်သည်။ ထိုသတင်းကို ရှောလမုန်ကြားသောအခါ ရှိမိကို ခေါ်ပြီး “သင်သည် မြို့ပြင်သို့ထွက်၍ အခြားတစ်ပါးသောအရပ်သို့သွားလျှင် သွားသောနေ့၌ အသေ သတ်ခြင်းကို အမှန်ခံရမည်ကို သတိနှင့်မှတ်လော့ဟု ထာဝရဘုရားကို တိုင်တည်လျက် သင့်ကိုငါကျိန်ဆို စေ၍ သတိပေးသည်မဟုတ်လော။ သင်ကလည်း ကျွန်တော်ကြားရသောအမိန့်တော် ကောင်းပါသည်ဟု ဝန်ခံသည်မဟုတ်လား။ သို့ဖြစ်၍ထာဝရဘုရား၏ သစ္စာတော်ကိုလည်းကောင်း၊ ငါမှာထားသောပညတ်ကို လည်းကောင်း၊ အဘယ်ကြောင့် မစောင့်သနည်း။ … သင်သည် ကိုယ်နှစ်သက် သည်အတိုင်း ငါ့ခမည်းတော်ဒါဝိဒ်၌ ပြုဖူးသော ဒုစရိုက်ရှိသမျှကို သင်သိ၏။ သင်၏ ဒုစရိုက်အပြစ်ကို ထာဝရဘုရားသည် သင့်ခေါင်းပေါ်သို့ ရောက်စေတော်မူ၏။ ရော လမုန်မင်းကြီးသည် မင်္ဂလာရှိ၍ ဒါဝိဒ်၏ ရာဇပလ္လင်တော်သည် ထာဝရဘုရား ရှေ့တော်၌ အစဉ်အမြဲတည်ပါစေ”ဟု ပြောပြီးနောက် ဗေနာယက ရှိမိကို ကွပ်မျက်သည် (၃ရာ ၂း၄၂-၄၆)။

၄) အဒေါနိယအပေါ်၌ ဖြောင့်မတ်စွာ တရားစီရင်သည်။ ဗာသရှေဘက ရှော လမုန်ထံ“ရှုနင်မြို့သူအဘိရှက်ကို အဒေါနိယနှင့်ပေးစားလိုက်ပါ”ဟုပြောရာရှောလ မုန်က “ဘာဖြစ်လို့ အဘိရှက်ကို အဒေါနိယအဖို့ တောင်းပေးရသလဲ။ တိုင်းပြည်ကို ပါ အဒေါနိယအဖို့ တစ်ခါတည်းတောင်းလိုက်ပါလား။ ဒီကိစ္စအတွက် အဒေါနိယ သေ ရမယ်”ဟု ပြန်ပြောသည်(၃ရာ ၂း၂၁-၂၅)။

ရှောလမုန်နန်းစံသောအခါ ဘုရင်ဖြစ်ရေးအတွက် အမျိုးမျိုးကြံစည်သော အဒေါနိယကို ဤအတိုင်းလွှတ်ထားသည်။ သို့သော် အဒေါနိယက ၎င်း၏အကြံကို မစွန့်ဘဲ ဘုရင်ဖြစ်နိုင်ရေးအတွက် မိထွေးဖြစ်သူအဘိရှက်အား လက်ထပ်ခွင့်ရနိုင်ရန် ဗာသရှေဘမှတစ်ဆင့် တောင်းဆိုခြင်းဖြစ်သည်။ ထိုအကြံကို ရှောလမုန်သိသဖြင့်နောက်ဆုံးတွင် ဗေနာယကိုစေလွှတ်ပြီး အဒေါနိယကို ကွပ်မျက်သည်။ ထိုသို့မကွပ် မျက်ပါက အဒေါနိယသည် ရှောလမုန်ကို အမြဲဆန့်ကျင်လိမ့်မည်ဖြစ်သည်။

၅) အဗျာသာအပေါ်၌ ဖြောင့်မတ်စွာ တရားစီရင်သည်။ ယဇ်ပုရောဟိတ် အဗျာသာသည် ရှောလမုန်အားဆန့်ကျင်ပြီး အဒေါနိယအားထောက်ခံသဖြင့် ရာထူးမှဖယ်ရှားခံရသူဖြစ်သည်။ သို့သော် ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သဖြင့် ရှောလမုန်ကမသတ်ဘဲ ဤအတိုင်း လွှတ်ထားခြင်းဖြစ်သည်။ အလေးထားသည်။

ရှောလမုန်က အဗျာသာထံ “သင်သည် အာနသုတ်မြို့၊ သင်ပိုင်သောမြေသို့သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခုငါမစီရင်။ အကြောင်းမူကား ထာဝရအရှင် ဘုရားသခင်၏ သေတ္တာတော်ကိုငါ့ခမည်းတော် ဆင်းရဲခံလေရာ၌ သင် ဆင်းရဲခံလေပြီ”ဟုပြောပြီး အဗျာသာကို ယဇ်ပုရောဟိတ်အရာမှ ဖယ်ရှားလိုက်သည်။

သိဖြင့် ရှိလောမြို့၌ ငလိမိသားစုနှင့်ပတ်သက်သော ဘုရားသခင်၏မိန့်မှာချက် များသည် ပြည့်စုံလာသည်။ ထို့အပြင် ရှောလမုန်က စစ်သူကြီးမွှေဘ၏နေရာတွင် ယာယဒ၏သား ဗေနာယကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အာသာ၏နေရာတွင် ဇာဒုတ်ကိုလည်းကောင်း ပြောင်းလဲခန့်အပ်သည်(၁ ရာ ၂း၂၇-၃၆၊ ၃ရာ ၂း၂၆-၂၇၊ ၃၅)။

ရှောလမုန်က လိုအပ်သောအရာကို တောင်းလျှောက်သည်

၃ရာ ၃၉တွင် ရှောလမုန်က တိုင်းပြည်ကို ကောင်းမွန်စွာ စီရင်အုပ်ချုပ်နိုင်ရေး အတွက် `ဉာဏ်ပညာ”ကို တောင်းလျှောက်သည်။ ဤနေရာ၌ “စီရင်” ဟူသည့်စကား လုံးကို နှစ်ကြိမ်တွေ့ရရာ ဘုရင်တစ်ပါး၏ အဓိကတာဝန်သည် တိုင်းပြည်ကို အမြော် အမြှင်ကြီးစွာ၊ လိမ္မာအကင်းပါးစွာ စီရင်အုပ်ချုပ် တတ်ရန်ဖြစ်ကြောင်း တွေ့မြင်နိုင် သည်။ ထို့ကြောင့် ရှောလမုန်က ဉာဏ်ပညာကို ပထမဆုံးတောင်း ဆိုခြင်းဖြစ်သည်။

၃ရာ ၁၀-၁၃တွင် ရှောလမုန်က သူ၏ကိုယ် ကျိုးအတွက် တစ်ခုမျှပင်မတောင်းကြောင်း တွေ့ရ သည်။ ထို့ကြောင့် ဘုရားသခင်က ကောင်းချီးများကိုထပ်မံပေးလိုက်သည်။ ၁) တိုင်းပြည်နှင့် လူမျိုးများ အကျိုးခံစားနိုင်ရန်အတွက် ဉာဏ်ပညာကိုတောင်းသဖြင့် လူသားများအနက် ပညာအရှိဆုံး၊ အတော်ဆုံးပုဂ္ဂိုလ်ဖြစ်စေသည်။ ၂) ကြွယ်ဝခြင်း၊ ဂုဏ်အသရေ ပြည့်စုံခြင်းစသည့် ကောင်းချီးများစွာကို ထပ်မံပေး လိုက်ဖြင့်သူ့ခေတ်သူ့အချိန်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်စေသည်။

ရှောလမုန်က ပညာကို အလေးထားသည်

ခေါင်းဆောင်ဖြစ်နိုင်ရေးအတွက် ကြွယ်ဝချမ်းသာမှုကို ဦးစွာရှာဖွေလျှင် ယင်းသည် ဩဇာအာဏာကို ပြလိုခြင်းဖြစ်၍ ထင်ပေါ်ကျော်ကြားမှုကို ဦးစွာရှာဖွေလျှင်

ယင်းသည် ကိုယ်ကျိုးကိုသာ ကြည့်ခြင်းဖြစ်သည်။ သို့သော်လည်း ပညာကို ဦးစွာ ရှာဖွေလျှင်မူ ယင်းသည် လူထုအကျိုးအတွက် ရေရှည် မျှော်ကြည့်ပေးခြင်းဖြစ်သည်။

ခေါင်းဆောင်ကောင်းများက ပညာကို အခြားအရာများထက် ပို၍အလေးထားကြသည်။ ရွှေ၊ ငွေရတနာများထက် တန်ဖိုးကြီးသည်ကို သိရှိကြသဖြင့် ဥစ္စာများကုန်ခန်းသည်အထိ မရမကရှာဖွေကြသည်။ ထိုသို့ရှာဖွေသဖြင့် ပညာရရှိကြသည်။ ထိုပညာဖြင့် ဦးဆောင်သောအခါ တိုင်းပြည်နှင့် လူထုအတွက် အကျိုးများစွာဖြစ်ထွန်းလာသည်။

ပညာကို ပထမဦးစွာတောင်းသော ရှောလမုန်ကို ဘုရားသခင်ကအလွန်အားရကျေနပ်ပြီးမတောင်းသည့်ဆုများကိုပင် ပေးလိုက်သည်။ ထို့ကြောင့် အခြား အရာများထက် ပညာကို ဦးစွာတောင်း တတ်ကြရန် အရေးကြီးသည်။

ရှောလမုန်က ပူးပေါင်းလုပ်ဆောင်မှုကို အလေးထားသည်

“.. အကြံပေးနိုင်သောသူ များစွာရှိလျှင် ဘေးလွတ်တတ်၏” (သု ၂၄း၆)။ ရှောလမုန်က အကြံပေးနိုင်မည့်သူ အမြောက်အမြားရှိလျှင် ပို၍အောင်မြင်နိုင်သည်ကို သိရှိသဖြင့် တိုင်ပင်ဆွေးနွေးရန်နှင့် ပူးပေါင်းလုပ်ဆောင်ရန် လူများစွာထားရှိသည်။ တရုတ်လူမျိုး သူဌေးကြီး Jackma က “မိမိ၏နေရာကို ငါးနှစ်အတွင်း ရယူနိုင်မည့်သူဟု ထင်မြင်သည့်လူကို ချက်ချင်း ငှားရမ်းအသုံးပြုပါ။ တိုးတက်လိုသော ပညာတတ်များနှင့် ပူးပေါင်းလုပ်ဆောင်မှသာ လုပ်ငန်းတိုးတက်နိုင်သည်”ဟု မှတ်ချက်ချဖူးသည်။ ပူးပေါင်းလုပ်ဆောင်မှု၏ အရေးကြီးပုံကို မီးမောင်းထိုးပြသည်။ သို့ဖြစ်ရာ ပူးပေါင်းလုပ်ဆောင်ခြင်းကို အလေးမထားသောသူအားခေါင်းဆောင်ပီသသူဟု သတ်မှတ်နိုင်မည်မဟုတ်ချေ။

ထိုခေါင်းဆောင်သည် တစ်ကိုယ်တည်း လမ်းလျှောက်သောသူနှင့် ဆင်တူလိမ့်မည် ဖြစ်သည်။

ရှောလမုန်သည် မည်မျှပင် ပညာနှင့်ပြည့်စုံစေကာမူ တစ်ယောက်တည်း၏ အားဖြင့် မအောင်မြင်နိုင်မှန်းကိုသိသည်။ ထို့ကြောင့် ထီးနန်းဆက်ခံသောအခါ ပူး ပေါင်းလုပ်ဆောင်ပေးမည့်သူများကို ချက်ချင်းရွေးချယ်သည်။ ယဇ်ပုရောဟိတ်အဖြစ် ဇာဒုတ်၏သား အာဇရိ၊ စာရေးတော်ကြီးအဖြစ် ရှိရှ၏သား ဧလိဟောရပ်နှင့် အဟိယ၊ အတွင်းဝန်အဖြစ် အဟိလုပ်၏သား ယောရှဖတ်။ စစ်သူကြီးအဖြစ် ယောယဒ၏သား ဗေနာယ၊ ယဇ်ပုရောဟိတ်များအဖြစ် ဇာဒုတ်နှင့် အာသာ၊ ဝန်စာရေးအုပ်အဖြစ် နာသန်၏သား အာဇရိ၊ အတိုင်ပင်ခံအဖြစ် နာသန်၏သား ဇာဗုဒ်၊ နန်းတော်အုပ်အဖြစ် အဟိရှာ၊ အခွန်တော်ဝန်အဖြစ် အာဗေဒ၏သား အဒေါနိရံတို့ကို အသီးသီးခန့်အပ် သည်(၃ရာ ၄း၁-၆)။

ရှောလမုန်၏ စီမံရေးထူးချွန်မှု

ရှောလမုန်သည် လုပ်ပိုင်ခွင့်အားလုံးကို ၎င်းကသာမချုပ်ကိုင်ဘဲ ပူးပေါင်းလုပ် ဆောင်မည့်သူများအား တာဝန်နှင့်လုပ်ပိုင်ခွင့်များ အသီးသီးအပ်နှင်းသည်။ နိုင်ငံကို လည်း ဇုန်(၁၂)ခုခွဲပြီး ၎င်း၏ ကိုယ်စားအုပ်ချုပ်ရန် လူ(၁၂)ဦးတို့ကို တာဝန်ပေးလိုက်သည်။ ထိုအုပ်ချုပ်သူတို့သည် တစ်လစီအုပ်ချုပ်ပြီး နန်းတော်၏လိုအပ် သမျှကို ဖြည့်ဆည်းပေးကြသည်။ ထို့ကြောင့် ရှောလမုန်သည်နန်းတော်ရေးရာနှင့်ပတ်သက်၍ စိတ်ပူစရာ မလိုတော့ချေ။ ထိုအုပ်ချုပ်ရေးမှူးများမှာ ဖော်ပြပါ စီမံခန့်ခွဲသူအဖြစ် မထားချေ။ အတိုင်းဖြစ်သည် (၃ရာ ၄း၇-၁၉)။

၁) ဘင်ဟုရ – ဖရိမ်မြို့

၂) ဘင်ဒေက – မာကက်၊ရှလဗိမ်၊ ဗက်‌ရှေမက်နှင့် ဧလု မ္ဘေသနန်မြို့

၃) ဘင်ဟေသက် – အရုဗုတ်မြို့ (စောခေါနှင့် ဟေဖာတစ်ပြည်လုံး)

၄) ဘင်အဘိနဒပ် (ရှောလမုန်၏သမီး တာဖတ်နှင့်လက်ထပ်သည်) – ဒေါရမြို့

၅) ဗာန (အဟိလုပ်၏သား) – တာနက်နှင့် မေဂိ‌ဒ္ဒေါမြို့)

၆) ဘင်ဂေဗာ – ဂိလဒ်ပြည်

၇) အဟိနဒပ် (ဣဒေါ၏သား) – မဟာနိမ်မြို့

၈) အဟိမတ် (ရှောလမုန်၏သမီး ဗာသမတ်နှင့်လက်ထပ်သည်)- နဿလိခရိုင်

၉) ဗာနာ (ဟုရဲ၏သား) – အာရှာခရိုင်နှင့် အာလုပ်မြို့

၁၀) ယောရှဖတ် (ပါရွာ၏သား) – ဣသခါခရိုင်

၁၁) ရှိမိ (ဧလာ၏သား) – ဗော်မိန်ခရိုင် ၊

၁၂) ဂေဗ ( ဥရိ၏သား) – ဂိလဒ်(အာမေရိပြည်နှင့် ဗာရှန်ပြည်)

ရှောလုမုန်၏ ဆက်ဆံရေးထူးချွန်မှု

ရှောလမုန်သည် လူမှုဆက်ဆံရေးထူးချွန်သဖြင့် ပြည်သူများသာမက ပြည်ပ သားများနှင့်ပါ အကျွမ်းတဝင်ရှိသည်။ ဆက်ဆံရင်းနှီးမှုကို အလေးထားသဖြင့် မယားများစွာကိုပင် ယူမိသွားသည်။ သို့သော် ထိုသို့ယူလိုက်ခြင်းသည် ချစ်လွန်း၍၊ မိန်းမဝါသနာပါလွန်း၍မဟုတ် ဘဲ တိုင်းပြည်နှင့်လူမျိုးအတွက်အကျိုးဖြစ်ထွန်းစေရန် ယူလိုက်ခြင်း ဖြစ်သည်။

ဖာရော၏သမီးကို ယူလိုက်ခြင်းသည် နှစ်နိုင်ငံအကြား၌ လူမှုရေး၊ စီးပွားရေး၊ စစ်ရေးနှင့် အစစအရာ ရာ အဆင်ပြေရန်အတွက်ဖြစ်သည်။ တစ်နည်းအားဖြင့် တိုင်းပြည်နှင့် လူမျိုးအကျိုးမျှော်ကိုးပြီး လက်ထပ်လိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် ယေရုရှလင်နန်းတော်၊ ဗိမာန်တော်နှင့် မြို့ရိုးတည်ခြင်းတို့ မပြီးစီးသေးသဖြင့် ဖာရော၏သမီးကို ဒါဝိဒ်မြို့၌ ခေတ္တနေထိုင်စေသည်(၃ရာ ၃း၁)။

ဖာရောသည် ရှောလမုန်တို့လင်မယားအားလက်ဖွဲ့အဖြစ် ဂေဇာမြို့ကို ပေးလိုက်သည်။ ဖာရော သည် နဂိုကပင် သူ့သမီးကိုလက်ဖွဲ့ရန်အတွက် ဂေဇာ မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးဖြစ်သည်(၃ရာ ၉း၁၆)။

ရှောလမုန်သည် ဖာရော၏သမီးအပြင် ရန်သူ ကျဆင်းတတ်သည်။ များဖြစ်သော မောဘ၊ အမ္ဗုန်နှင့် ဧဒုံအမျိုးသမီးတို့ကိုပါ လက်ထပ်ယူသဖြင့် ရန်သူအားလုံးနီးပါးနှင့် ငြိမ်း ချမ်းရေးရယူနိုင်သည်။ ထိုသို့ နိုင်ငံအသီးသီးနှင့် ဆက်ဆံရေးထူထောင်နိုင်သဖြင့် တိုင်းပြည်တိုးတက်လာပြီး ပြည်သူများလည်း ကြွယ်ဝချမ်းသာလာကြသည်။

ရှောလမုန်၏ စီးပွားရေးနှင့် ကြွယ်ဝချမ်းသာမှု

ဗိမာန်တော်နှင့် အဆောက်အအုံအမျိုးမျိုး တည်ဆောက်ရာတွင် အသုံးပြု သည့်ဝန်ထမ်းဦးရေကို ယခုခေတ် အချမ်းသာဆုံးကုမ္ပဏီတချို့တို့၏ ၀န်ထမ်းဦးရေနှင့် နှိုင်းယှဉ်ကြည့်ပါက ရှောလမုန်၏ ကြွယ်ဝချမ်းသာမှုကို မှန်းဆနိုင်သည်။ Apple က ၁၁၆၀၀၀၊ Facebook က ၂၀ဝဝဝကျော် ၊ Google က ၆၀၀၀၀ခန့်၊ Microsoft က ၁၁၄ဝဝဝကျော် ၊ Toyota က ၃၄၈၈ရရ၊ Fordက ၂၀၁ဝ၀ဝ၊ Sumsung က ၄၈၉၀၀၀၊ Berkshire Hathawayက ၃၆၇၀၀၀ စသည်ဖြင့် အသီးသီးရှိကြသည်။ ရှောလမုန်မြို့ တည်ဆောက်ရေးနှင့်ပတ်သက်၍ ဝန်ထမ်း ၁၈၃၃၀၀ခန့်ရှိပြီး (အလုပ်ကြမ်းသမား ၃ဝဝဝဝ၊ အထမ်းသမား ၇၀၀၀၀၊ ကျောက်ထုသမား ၈၀၀၀၀၊ ကြီးကြပ်ရေးမှူး ‘ ၃၃၀၀) အိမ်တော်ဝန်ထမ်းများနှင့် အခြားနေရာ အမျိုးမျိုးရှိ ဝန်ထမ်းများပါ ရေတွက် ကြည့်လျှင် ၂ဝဝဝဝဝကျော်ရှိနိုင်သည်(စစ်သားများနှင့် ရုံးဝန်ထမ်းများ မပါရှိသေး)။

ဤမျှများပြားသော လူအင်အားဖြင့် ဗိမာန်တော်ကိုတည်ဆောက်ရာ (၇)နှစ် အကြာတွင် ပြီးစီးသည်။ ထိုရှောလမုန်ဗိမာန်တော်သည် တည်ဆောက်ဖူးသမျှသော ဗမာန်တော်များအနက် အကောင်းဆုံးဖြစ်မည်ဟု ယူဆကြသည်။ ထို့နောက် နန်းတော် ကိုလည်း (၁၃) နှစ်ကြာ တည်ဆောက်သည့်အပြင် တံတိုင်းအခိုင်အမာဖြင့် မေဂိဒ္ဓေါ၊ ဟာဇော်၊ ဂေဇာမြို့၊ ဗေသောရုံအစရှိသည့် မြို့များစွာတို့နှင့် စပါးသိုလှောင်ရန်နှင့် စစ်စခန်းများစွာတို့ကို တည်ဆောက်သည်။ ထိုမြို့များကို တံတားဖြင့် အခိုင်အမာကာရံထားသဖြင့် ရေပေးဝေနိုင်ရန်အတွက် မြေအောက်ရေသွယ်ယူနည်းကိုအသုံးပြုသည်။

ရှောလမုန်သည် ဒါဝိဒ်ထားရစ်ခဲ့သည့် စည်းစိမ်ဥစ္စာများ သုံးမကုန်နိုင်အောင် သည့် ကြားထဲတွင် ပြည်တွင်းနှင့်ပြည်ပရှိ မိတ်ဆွေများနှင့် ရန်သူများထံမှ များရရှိသေးသည်။ ဘုရားသခင်က ကောင်းစားစေသောအခါ ကောင်း၊ ပစ်ချလိုက်ခြင်းမဟုတ်ဘဲ ပညာအားဖြင့် ကောင်းစားစေခြင်းဖြစ်သည်။

( ၁) ရှောလမုန်၏ ကြွယ်ဝမှုသည် နိုင်ငံအသီးသီးနှင့် စီးပွားရေးဆက်ဆံရာ စီးဆင်းလာခြင်း ဖြစ်သည်(၃ရာ ၁-ရ၊ ၄ရ-၁၉၊ ၉၂၆-၂၈၊ ၁၀း၁-၁၃)။ ထိုသို့ ဆက်ဆံရာ ကုန်သည်များထံမှ နှစ်စဉ် ရွှေပေါင်ချိန် ၅ဝဝဝဝ(သို့မဟုတ် ၂၅တန်၊သို့မဟုတ် ၂၃၀၀၀ကီလိုဂရမ်) ရရှိသည်(၃ရာ ၁၀း၁၄-၁၅)။ ထို့အပြင် ဆင်စွယ်၊ ဒေါင်း၊ မျောက်ဝံနှင့် ကျောက်မျက်ရတနာများစွာကိုပါ ရရှိသေးသည် (၃ရာ ၁၀း၂၂-၂၃)။

Josephusu Tarsus ဆိပ်ကမ်း၌ ရှောလမုန် ပိုင်သင်္ဘောများ အမြောက်အမြားရှိပြီး ထိုသင်္ဘောများ သည် နိုင်ငံများစွာနှင့် လူသူရောက်လေ့ရောက်ထမရှိသည့် ဆိပ်ကမ်းများသို့ပင် ကူးသန်းသွားလာသည်ဟု ဆိုသည် (Antiquities, Book 8, Chapter ၇)။

ရှောလမုန်သည် ထိုသို့စီးပွားရေးလုပ်ရာမှ အလွန်ချမ်းသာ လာသဖြင့် အစ္စရေးပြည်၌ “ငွေရတနာ”သည် တန်ဖိုးမရှိလောက်အောင်ပင် လွန်စွာ ပေါများသည် (၃ရာ ၁ဝး၂၇)။ရှောလမုန်သည် မြင်းနှင့် မြင်းရထားများကို အီဂျစ်ပြည်မှဝယ်ယူပြီး တစ်ဆင့် ပြန်ရောင်းသည့်အပြင် အခြားပြည်များနှင့် အီဂျစ်ပြည်တို့အကြား၌ ကိုယ်စားလှယ် လည်းလုပ်သဖြင့် အမြတ်များစွာရရှိသည်။ ရှောလမုန်သည်လည်း ရထားများ၊ မြင်းစီး သူရဲများတို့ကို ဆည်းပူး၍ ရထားတစ်ထောင်နှင့် လေးရာ၊ မြင်းစီးသူရဲ တစ်သောင်း နှစ်ထောင်ရှိ၏။ ရထားထိန်းမြို့တို့၌ လည်းကောင်း၊ ယေရုရှလင်မြို့ အထံတော်၌ လည်းကောင်းထား၏။ ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ငွေကို ကျောက်ခဲကဲ့သို့လည်းကောင်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ပေါက်သော သဖန်းပင်ကဲ့သို့ လည်းကောင်း များ ပြားစေ၏။ ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကာမြို့မှ ဆောင်ခဲ့ရ၏။ ရင်ဘုရင်၏ကုန်သည်တို့သည် အဖိုးပေးလျက် ကောမြို့၌ခံယူကြ၏။ အဲဂုတ္တုပြည်မှ ရထားတစ်စီးကို ငွေခြောက်ပိဿာနှင့် လည်းကောင်း၊ မြင်းတစ်ကောင်ကို တစ်ပိဿာ ငါးဆယ်နှင့် လည်းကောင်း ရောင်းမြဲရှိ၏။ ထိုသို့ ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏ (၃ရာ ၁၀း၂၆-၂၉)။

သို့ဖြစ်ရာ ရှောလမုန်က ရန်သူများကိုပင် စီးပွားဖက်အဖြစ်သိမ်းသွင်းနိုင်ပြီး ပြည်တွင်းထုတ်ကုန်မဟုတ်သည့် ရထားနှင့် မြင်းများကို တစ်ဆင့်ပြန်ရောင်းခြင်းအားဖြင့်ပိုမိုချမ်းသာလာသည်။

၂) ရှောလမုန်၏ ကြွယ်ဝမှုသည် ပြည်သူများထံမှ စီးဆင်းလာခြင်းဖြစ်သည်။ တိုင်းပြည်ကို ဇုန်(၁၂)ခုခွဲပြီး ကြီးလေးသောအခွန်ကို အကြီးအကျယ်ကောက်ခံသည်။ အခွန်မှူးများထဲတွင် သူ၏အမျိုးထဲမှသမက်နှစ်ယောက်(ဘင်အဘိနဒပ်နှင့် အဟိမတ်) နှင့် ဟုရှိ၏သား ဗာနာလည်း ပါဝင်သည်။ ထိုသို့ တစ်ပြည်လုံးတွင် ကြီးလေးသော အခွန်ကို အကြီးအကျယ်ကောက်ခံသော်လည်း သူ၏အမျိုးယုဒ)များထံမှ လျှော့ပေါ့ ကောက်ခံသည်(၃ရာ ၄း၇-၁၉၊ ၁၂း၁-၁၉)။

ရှောလမုန် ကွယ်လွန်ပြီးနောက် သူ၏သား ဖြစ်သူ ရောဗောင်ထံသို့ ပြည်သူများလာရောက်ပြီး ကြီးလေးသောအခွန်ကို လျှော့ပေါ့ကောက်ခံပေးရန် အသနားခံကြသည်(၆ရာ ၁ဝး၄)။ သို့ဖြစ်၍ ရှောလမုန် သည် ကြီးလေးသောအခွန်ကောက်ယူခြင်းဖြင့် ကြွယ်ဝ ချမ်းသာသော်လည်း ပြည်သူများမှာမူ အလွန်ဒုက္ခ ရောက်နေကြောင်း တွေ့မြင်နိုင်သည်။

၃) ရှောလမုန်၏ ကြွယ်ဝမှုသည် လုပ်ခအနည်းငယ်ဖြင့် များများလုပ်ခိုင်းခြင်းမှစီးဆင်းလာခြင်းဖြစ်သည်။ ရှောလမုန်ဗိမာန်တော်ကို လုပ်ခအနည်းငယ်သာရသော ပြည်သူများ၏လုပ်အားဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ ထိုစဉ်က ပြည်သူများသည် တောထဲတွင် တစ်လခန့်အလုပ်လုပ်၍ အိမ်တွင် နှစ်လခန့်အနားယူရသည်။ သို့သော် လုပ်ခအနည်းငယ်ပေးခြင်းသည်ပင် တော်သေးသည်ဟု ဆိုရပါမည်။ အကြောင်းမှာ ပြည်တွင်းရှိ လူမျိုးခြား(အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုတိ)များကိုမူ လုပ်ခ မပေးဘဲ တရားမျှတမှုကင်းမဲ့စွာ အာဏာဖြင့် အတင်းအဓမ္မစေခိုင်း၍ဖြစ်သည်။ သို့ဖြစ်၍ ရှောလမုန်၏ ကြွယ်ဝမှုသည် ကြွယ်ဝမှုသည် ပို၍တိုးပွားလာသည်(၃ရာ ၅း၁၃-၁၈၊ ၉း၁၅-၂၃)။ လက်ဆောင်အမျိုးမျိုးရရှိခြင်းမှ စီးဆင်းလာ

၄) ရှောလမုန်၏ ကြွယ်ဝမှုသည် လက်ဆောင်အမျိုးမျိုးရရှိခြင်းမှစီးဆင်းလာ ခြင်းဖြစ်သည်။ ရှေဘမိဖုရား အလည်အပတ်ရောက်ခဲ့စဉ်က ကုလားအုပ်၊ရွှေနှင့်ကျောက်မျက်ရတနာအမျိုးမျိုးတို့ကို ရှောလမုန်ထံ ဆက်သသည်။ ထိုရွှေများသည်ပင် ခွက်(၁၂၀)ရှိသဖြင့် ယခုခေတ် အလေးချိန်နှင့်တွက်လျှင် (၅)တန်နီးပါးရှိသည်( ၆ရာ ၉း၁၊၉ )

ထို့အပြင် ရှောလမုန်ထံသို့ ပညာဆည်းပူးရန်လာသမျှသောသူတိုင်းက တိရစ္ဆာန်များနှင့် ရွှေ၊ ငွေရတနာအမျိုးမျိုးတို့ကို ယူဆောင်လာကြသည်(၃ရာ ၁ဝး၂၅)။ Josephus က “တခြားပြည်များမှ ဘုရင် များသည် ရှောလမုန်ထံသို့ ပညာဆည်းပူးသောအခါ ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ နံသာ မြင်းနှင့်ရထားများကို ယူဆောင်လာကြသည်”ဟု ပြောသည်(Antiquities, Book 8, chapter 7)။

၅) ရှောလမုန်၏ ကြွယ်ဝမှုသည် သူ့အရိပ်ကိုခိုလှုံသောသူများထံမှ စီးဆင်း လာခြင်းဖြစ်သည်။ ယင်းတို့သည် ရှောလမုန်ကို အမျိုးမျိုးသောလက်ဆောင်များဆက် သကြသည်(၃ရာ ၄း၂၄)၊

ပညာနှင့်ပြည်စုံသောခေါင်းဆောင် ရှောလမုန်

၁) ရှောလမုန်၌ ဗဟုသုတများစွာရှိသည်။ ဘုရားသခင်က ရှောလမုန်ကို ဉာဏ်ပညာပေးသဖြင့် သူ၏နာမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် သူ့ကို “ပညာ နှင့် ဒွန်တွဲမြင်ကြသည်။ သူ၏ပညာသည် လူ့အသိဉာဏ်နှင့်မမီနိုင်လောက်အောင် ကျယ်ပြန့်နက်နဲ၍ အရှေ့တိုင်းသားများနှင့် အီဂျစ်ပြည်သားများ၏ ပညာအားလုံးကို လွှမ်းမိုးသည်။ ဧဇရအမျိုး ဧသန်၊ မဟောလ၏သား ဟေမန်၊ ခါလကာလနှင့် ဒါရဒတို့ထက် ပညာလွန်ကဲသဖြင့် တစ်ကမ္ဘာလုံး၌ ကျော်စောထင်ရှားသည်။ သုတ္တံ့စကား သုံးထောင်နှင့် သီချင်းပုဒ် ရေတထောင် ငါးခု ဖွဲ့ဆိုသည်။ လေဗနုန်ရှိ အာရဇ် ပင်မှစ၍ အုတ်ကြားထဲ ပေါက်တတ်သော ဟုဿုပ်ပင်အပြင် သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုးနှင့် ငါးမျိုးတို့အထိပင် သိရှိပြောပြနိုင်သည်။ အနယ်နယ်အရပ်ရပ်မှ လူတို့သည် သူ၏စကားကိုနားထောင်ရန် သွား ရောက်ကြသည်(၃ရာ ၄း၂၉-၃၄)။

၂) ရှောလမုန်၌ ပိုင်းခြားတတ်သောဉာဏ်ရှိသည်။ ပညာရှိသောသူများကသာ အကောင်းနှင့် အဆိုးကို ဆင်ခြင်တုံတရားအပြည့်ဖြင့် လိမ္မာအကင်းပါးစွာ ပိုင်းခြား စီရင်နိုင်သည်။

ရှောလမုန်ထံသို့ မိခင်နှစ်ယောက်လာကြသည်။ ပထမမိန်းမက “မိမိသည် ဤမိန်းမနှင့် တစ်အိမ်ထဲအတူနေထိုင်ကြောင်း၊ သားတစ်ယောက်စီမွေးဖွားကြောင်း၊ တစ်ညတွင် ဤမိန်းမက ကိုယ်လုံး နှင့်ဖိအိပ်မိသဖြင့် သူ၏သားသေဆုံးသွားကြောင်း၊ ထိုသားသေကို မိမိ၏သားအရှင်နှင့် လဲလှယ်သွား ကြောင်း၊ သို့ဖြစ်၍ သားအရှင်သည် မိမိကလေးသာဖြစ်ကြောင်း” တိုင်ကြားသည်။ ထိုအခါ ဒုတိယမိန်းမက “ထိုသို့မဟုတ်ကြောင်း၊ သားအရှင်သည်သာ မိမိ၏ကလေးဖြစ်ကြောင်း” ပြန်ပြောပြီး တစ်ယောက် နှင့်တစ်ယောက် အပြိုင်လုငြင်းခုံကြသည်။ ထိုကလေးများသည် မွေးကင်းစသာဖြစ်၍ ရုပ်ရည် မပီပြင်သေးသဖြင့် ရုပ်ရည်ကိုကြည့်ပြီး တရားစီရင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ရှောလမုန်အဖို့ အမှန်တရားတွေ့ရှိရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။

ထို့နောက်ရှောလမုန်က “ကလေးအရှင်ကိုနှစ်ပိုင်းခွဲမယ်၊ တစ်ပိုင်းစီအညီအမျှ ခွဲယူကြပါ” ဟုပြောပြီး တစ်လက်ယူခိုင်းသည်။ ထိုအခါ ပထမမိန်းမက “ကလေး ကို မသတ်ပါနှင့်။ နှစ်ပိုင်းခွဲမယ့်အစား သူ့ကိုပဲ ပေး လိုက်ပါတော့”ဟုတောင်းပန်သည်။ဒုတိယမိန်းမကမူ တစ်ယောက်ကပဲရမယ်ဆိုရင် မတရားမှာမို့ နှစ်ပိုင်းခွဲပေးလိုက်ပါ”ဟု တောင်းဆိုသည်။ ထိုအခါ ရှောလမုန်က “ကလေးအရှင်ကို ပထမမိန်းမဆီ ပေးလိုက်ကြ။ ထိုသူသည် ကလေးအမေဖြစ်တယ်”ဟု စီရင် လိုက်သည်။

ပညာရှိများသည် လူတို့၏စကားကို ကောင်းမွန်စွာ နားထောင်ပေးသည်။ ကြိမ်ကြိမ်ဆင်ခြင် သုံးသပ်သည်။ ထို့နောက် မှန်ကန်စွာဆုံးဖြတ်ကြသည်။

၃) ရှောလမုန်၌ စည်းရုံးရေးစွမ်းရည်ရှိသည်။ ရှောလမုန်သည် ဟိရံကို တုရုမြို့ ကသည်။ ဟိရံ၏မိခင်သည် နဿလိအမျိုးဖြစ်၍ ဖခင်မှာ တုရုမြို့မှ ပန်းပဲ သည်။ ထို့ကြောင့် ဟိရံလည်း ဖခင်နည်းတူ ကြေးဝါထုလုပ်သည့်ဘက်တွင် အလွန်ခူးချွန်သဖြင့် ရှောလမုန်က ခေါ်ယူလိုက်ခြင်းဖြစ်သည်(၃ရာ ၇း၁၃-၁၄ )

ရှောလမုန်က တိုင်းပြည်ကို စောင့်ကြပ်သည်

ရှောလမုန်က ““ ရှင်ဘုရင်မူကား အမှုအရေးကိုစစ်ကြောခြင်းအားဖြင့် ဂုဏ် အသရေတည်၏” (သု ၂၅း၂ )ဟု ပြောထားသည့်အတိုင်း တိုင်းပြည်ကို အမြဲစောင့် ကြပ်သဖြင့် မည်သည့်အရာများဖြစ်ပျက်သည်ကို အကုန်သိရှိသည်။ ဒါဝိဒ်က ၎င်း၏သားဖြစ်သူအဒေါနိယ ကိုယ့်ကိုကိုယ် ထီးနန်းတင်မြှောက်သည်ကိုပင် မသိရှိသော်လည်း ရှောလမုန်က အဒေါနိယ မည်သို့ကြံစည်သည်၊ ယွာဘမည်သည့် နေရာ၌ရှိသည်။ ရှိမိ မည်သည့်နေရာသို့ ထွက်ပြေး သည် စသည်ဖြင့်သိရှိသည်။ ထိုသို့ ပြည်တွင်းအဖြစ်အပျက်များကို သိရှိသဖြင့် ပြဿနာတစ်ခုခုကိုလည်းအချိန်မီတားဆီးနိုင်သည်။ ခေါင်းဆောင်ကောင်းများသည် အောင်မြင်မှုရရှိပြီးနောက် ဇိမ်ခံမနေဘဲ တိုင်း ပြည်နှင့်လူမျိုးတို့ကို အမြဲစောင့်ကြပ်သည်။ မိဘမဲ့သဖွယ်မထားဘဲ အမြဲဂရုစိုက်ကြ သည်။ ယေရှုကိုယ်တိုင်ကလည်း တပည့်တော်များထံ သူသည် တပည့်တော်များ နေထိုင်ရန်အတွက် အခန်းပြင်ဆင်မည်ဖြစ်သဖြင့် ခေတ္တခဏခွဲခွာမည်။ သို့သော် လည်း တပည့်တော်များကို မိဘမဲ့သဖွယ် စွန့်ပစ်မည်မဟုတ်ဘဲ ပြန်လည်ခေါ်ယူ မည်ဟု ကတိပေးသည်(ယော ၁၄း၃၊ ၁၈)။ ထိုကတိအတိုင်း ယေရှုသည် အမှုအားလုံး ပြီးစီးသော်လည်း(ယော ၁၉း၃၀) ယုံကြည်သူများကို စွန့်ပစ်မထားဘဲ(မ ၂၈း၂၀) တစ်နေ့နေ့တွင် ကောင်းကင်သို့ ချီဆောင်လိမ့်မည်ဖြစ်သည်(ယော ၄း၃)။

ဒါဝိဒ်နှင့် ရှောလမုန်ကို နှိုင်းယှဉ်သုံးသပ်ခြင်း

ဒါဝိဒ်ကဆာလံသီချင်း (၇၃)ပုဒ်ဖွဲ့ဆို၍ ယင်းသည် ဆာလံကျမ်းတစ်ခုလုံး၏တစ်ဝက်နီးပါး ဖြစ်သည်။ ရှောလမုန်က သီချင်းပုဒ်ရေ ( ၁၀၀၅ )ခုဖွဲ့ဆိုသော်လည်း ဆာလံကျမ်းတွင် တစ်ပုဒ်သာပါရှိ သည်(ဆာ ၇၂)။

ရှောလမုန်၏ပညာသည် အထူးသဖြင့် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးစသည့်လောကီရေးရာများဖြစ်သည်။မောရှေ၏ပညတ္တိကျမ်း ဖြစ်သည့် နက်နဲသောဘုရားသခင်၏အကြောင်းနှင့် ပတ်သက်၍များများစားစားမပြောပေ။ လောကုတ္တရာရေးရာတွင် အားနည်းသည်ဟု ဆိုရမည်ဖြစ်သည်။ ဒါဝိဒ်ကလောကုတ္တရာရေးရာကို ဦးစားပေး၍ ရှောလမုန်က လောကီရေးရာကို ဦးစားပေးသည်။

ဒါဝိဒ်ကို ဘုရားသခင်၏စိတ်တော်နှင့်တွေ့သူဟု သိရှိကြ၍ ရှောလမုန်ကို မယားများသူဟု သိရှိကြသည်။ ဒါဝိဒ်သည် သိုးထိန်းကျောင်းခြင်းကို ဘုရား သခင်၏အမှုတော်ကဲ့သို့ သစ္စာရှိရှိဆောင်ရွက်သဖြင့် ဘုရားသခင်က သူ၏လူများကိုထိန်းကျောင်းရန် ဘုရင်အရာသို့ ချီးမြှောက်သည်။ ရှောလမုန်သည် ဘုရင်၏သားတော်အနေဖြင့် နန်းတော်ထဲ၌ မွေးဖွားသည်။ သိုးမထိန်းသူ ၊ စစ်မတိုက်ဖူးသူ၊ သားရဲများနှင့် မတိုက်ခိုက်ဖူးသူ၊ ဆင်းရဲဒုက္ခမကြုံဖူးသူ၊ နန်းတော်ထဲမှ ဇိမ်ကျကျကြီးပြင်းလာသူဖြစ်သည်။

ဒါဝိဒ်သည် တောသားဘဝမှ ဘုရင်ဖြစ်လာသူ၊ ဝမ်းနည်းဝမ်းသာသည့်အချိန် သခင်ကို အမြဲတိုင်တည်ကိုးစားသူ၊ ဘုရားသခင်၏စိတ်တော်နှင့် တွေ့သူ အစ္စရေးတို့သမိုင်း၌ ဘုရင်တစ်ပါးပါးသည် ဘုရင်ကောင်း ဟုတ်မဟုတ်ကို ထားခိုင်းနှိုင်းကြသည်။ ရှောလမုန် သည် ဒါဝိဒ်ထက် နယ်ပယ်ကြီးမား၍ ချမ်းသာသော်လည်း ထိုကဲ့သို့ စံထားခိုင်းနှိုင်းခြင်းမခံရချေ။ ရှောလမုန်တို့၌ မတူညီမှု ပို၍များပြားသော်လည်း အပြစ်လုပ်သည့် စလုံးတူညီကြသည်။ မိန်းမကိစ္စနှင့် အိမ်ထောင်ရေးတွင် တူညီကြသည်။ ရှင်ဘုရင်များသည် မယားများများမယူရဟူသည့် ပညတ်ချက်ကို ချိုးဖောက်ကြသည်။ တရား ၁၇း၁၇-၂၀)။ လောဘ၊ အတ္တကြီးကြသည်။ စစ်အင်အားကြောင့်မောက်မာဖူးကြသည်။ အာဏာကို အလွဲသုံးစားလုပ်ကြသည်။ ရှောလမုန်သည် တိုင်းတစ်ပါးများနှင့် သင့် မြတ်နိုင်ရန်အတွက် မယားထပ်ယူရာမှ ဘုရားသခင်၏ရန်သူဖြစ်သွားသည်။

မဟာမိတ်ရနိုင်ရန်အတွက် မယားထပ်ယူရာမှ ဘုရားသခင်နှင့် မဟာမိတ်ပျက်သွားသည်။ သို့ဖြစ်၍ဘုရားသခင်ကိုသာ အကြွင်းမဲ့ကိုးစားသင့်သည်။ ထိုသို့ အပြစ်လုပ်သည့်ဘက်တွင် တူညီကြသော်လည်း မတူညီမှုလည်း ရှိပြန် သည်။ ယင်းမှာ ဒါဝိဒ်သည် အပြစ်လုပ်သော်လည်း နောင်တပြန်ရသည်။ ဘုရားသခင် ကို အလွန်ချစ်သည်။ စိတ်နှလုံး အကြွင်းမဲ့ဖြင့် ပြန်လည်ရှာဖွေသည်။ ရှောလမုန်မှာမူ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်း၊ အချိန်ယူခြင်း၊ စိတ်နှလုံးအကြွင်းမဲ့ချဉ်းကပ်ခြင်း စသည်တို့မရှိဘဲ ဘုရားသခင်ကိုသိရုံဖြင့် ကိုယ့်ကိုကိုယ်ဟုတ် လှပြီဟု ထင်နေသည်။

သို့ဖြစ်ရာ ယုံကြည်သူများလည်း ၁)မိန်းမကိစ္စနှင့်၊ ၂)ဘုရားသခင်ကို သိခြင်း တစ်ခုပေါ်၌သာ ကိုယ့်ကိုကိုယ်အထင်ကြီးမိခြင်းကြောင့် လဲကျတတ်သည်။ စင်စစ်ဘုရားသခင်ကိုသိပါက ဘုရားသခင်နှင့် နက်နဲစွာ မိတ်သဟာယဖွဲ့လို၊ သွားလာလိုမည်ဖြစ်သည်။ ထို့ ကြောင့် ဘုရားသခင်ကို ရှောလမုန်ကဲ့သို့ ဦးနှောက်ဖြင့်မရှာဖွေဘဲ ယုံကြည်ခြင်းဖြင့် ရှာဖွေတတ်ရန် အ ရေးကြီးသည်။ သို့မှသာ ဒါဝိဒ်ကဲ့သို့ ဘုရားသခင်နှင့်စစ်မှန်စွာ မိတ်သဟာယဖွဲ့နိုင်မည်ဖြစ်သည်။

ရှောလမုန်၏ အားနည်းချက်များ

ရှောလမုန်သည် ဘုရားသခင်ထံမှ အသံတော်ကိုကြားလျက်နှင့် အဘယ် ကြောင့် ဘုရားသခင်နှင့် ဝေးကွာရသနည်း။ အဘယ်ကြောင့် ဘုရားသခင်၏ပညတ် တော်များကို ချိုးဖောက်ရသနည်း။ အဘယ်ကြောင့် ဘုရားသခင်ကိုမေ့လျော့သကဲ့သို့ အသက်ရှင်ရသနည်း။ မေးခွန်းများ အစီအရီပေါ်လာတတ်သည်။

စင်စစ် ရှောလမုန်သည် နန်းသက်နှစ်(၄၀) အတွင်း၌ဘုရားသခင်ထံမှစကားပြောခြင်းကိုနှစ်ကြိမ်သာရရှိသည်။ ထိုခေတ်တွင် ယခုခေတ်ကဲ့သို့ သမ္မာကျမ်းစာအုပ်မရှိ၊ ဘုရားသခင်၏ ကိုယ်ထင်ပြခြင်း ၊ လည်း အလွန်နည်းပါးသည့်အပြင် စုံစမ်းခြင်းလည်းအလွန်များပြားသဖြင့် ဤမျှအထိ ကျဆင်းသွားခြင်း ဖြစ်နိုင်သည်။ ဘုရားသခင်၏အသံတော်ကို သမ္မာ ကျမ်းစာမှတစ်ဆင့် အချိန်နှင့်အမျှရရှိသောယခုခေတ် ယုံကြည်သူများသည်ပင် မကြာခဏကျဆင်းသေးသည်ဆိုလျှင် ရှောလမုန်မှာမူ ဆို ဖွယ်ရာပင်မရှိတော့ပေ။ မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်၏အသံတော်ကို ရှောလမုန် ထက် အကြိမ်များစွာရရှိ သော မိမိတို့သည် ရှောလမုန်ထက် ပိုကောင်းသောသူဖြစ်ရန် ကြိုးစားကြပါစို့။

၁) မယားများလွန်းခြင်း

ရှင်ဘုရင်များသည် မယားများများမယူရဟူသည့် ပညတ်ချက်ကို ရှောလမုန် က ချိုးဖောက်သည်(တရား ၁၇း၁၇)။

ရှောလမုန်၏မယားများအနက် ဖာရော၏သမီးသည် နာမည်အကြီးဆုံး ဖြစ် သည်။ ကျမ်းတတ် ပုဂ္ဂိုလ်များက ဤဖာရောကို အီဂျစ်ပြည်၏(၂၁)ဦးမြောက်ဘုရင် Siamun ဆိုသူဖြစ်လိမ့်မည်ဟု ယူဆကြသည်(ဘီစီ ၉၅၈-၉၅၉)။ ရှောလမုန်တို့ကလက်ထပ်သောအခါ ဖာရောကဂေဇာမြို့ကို လက်ဖွဲ့လိုက်သည်။ ဗိမာန်တော်တည် တက်သောခါ အာရသစ်သားလိုအပ်သဖြင့် တုရုဘုရင် ဟိရံ၏သမီးကို လက်ထပ် – ဘုရုပြည်မှ အာရဗ်သစ်သားများသယ်ဆောင်သည်။ ထို့အပြင် မောဘ၊ အမ္မုန်၊ ဧဒုံ၊ ဟိတ္တစသည့် အနယ်နယ်အရပ်ရပ်မှ တိုင်းတစ်ပါးသမီးပျိုများကိုလည်း လက်ထပ်ရာမယားကြီး(၅၀၀)နှင့် မယားငယ်(၃၀၀)အထိပိုင်ဆိုင်သည်။ ပညာအရှိဆုံး ဖြစ်သော်လည်း ဘုရားသခင်၏ အမြင်၌မူ အမိုက်မဲဆုံးပုဂ္ဂိုလ်ဖြစ်သွားသည်။ ရှောလမုန်သည် ထိုမယားများကို ကိုယ်တိုင်ရှာဖွေခြင်းမဟုတ်ဘဲ အတိုင်းတိုင်း သည်မှ ဘုရင်ကြီးငယ်များက ၎င်းတို့၏သမီးများကို လက်ဆောင်အဖြစ် ဆက်သခြင်းဖြစ်သည်။ သို့ရာတွင် ထိုမယားများက ရှောလမုန်၏စိတ်ကို ဘုရားသခင်ထံမှသွေဖယ်စေသည်သာမက ရုပ်တုကိုးကွယ်ရန်အတွက် ယဇ်ပလ္လင်များကိုပင် တည်ဆောက်ကြသည်။ ကောင်းချီးသယ်ဆောင်မလားဟု မယားထပ်ထပ်ယူသော်လည်း ကျိန်ခြင်းအမင်္ဂလာသာ သယ်ဆောင်လာကြသည်။ ဆန္ဒမချုပ်တည်းနိုင်ဘဲ နှင့် ခေါင်းဆောင်ကောင်းဖြစ်နိုင်မည်မဟုတ်ပေ။ ဆန္ဒချုပ်တည်းနိုင်သူများဖြစ်ကြသည်။

၂) ပစ္စည်းဥစ္စာ အများအပြား စုဆောင်းခြင်း ၊

ဘုရားသခင်က အစ္စရေးဘုရင်တိုင်းအတွက် “ထိုဘုရင်သည် ကိုယ်အဖွဲ့ များစွာသောမြင်းတို့ကို မမွေးရ။ မြင်းများပြားစေဖို့ လူတို့အား အဲဂုတ္တုပြည်သို့ မပြန် စေရ။ … ရွှေငွေကိုလည်း များစွာမစုပုံရ”ဟူသည့် ကျင့်ဝတ်များကို ချမှတ်လည် (တရား ၁၇း၁၆-၁၇။)

သို့သော် ရှောလမုန်က ထိုကျင့်ဝတ်အားလုံးနီးပါးကို ချိုးဖောက်သည်။ ဇာရော ၏သမီးနှင့် လက်ထပ်သည်။ အီဂျစ်ပြည်မှ မြင်းနှင့် မြင်းရထားအမြောက်အမြားကို သူ့အဖို့ဝယ်ယူရုံမက တစ်ဆင့်ပြန်ရောင်းခြင်းဖြင့် စီးပွားရေးလုပ်သည်။ ထို့အပြင်ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာကိုလည်း အနယ်နယ်အရပ်ရပ်မှ အမြောက်အမြား စုဆောင်းသဖြင့် အစ္စရေးပြည်၌ ငွေသည် ကျောက်ခဲပေါသကဲ့သို့ပင် အလွန်များပြား သည်(၃ရာ၁၀း၂၇)။ ရှောလမုန်ကို ၎င်း၏မယားများအပြင် ပစ္စည်းဥစ္စာများကမာန်မာန ဝင်စေပြီး ဘုရားသခင်ထံမှ သွေဖည်စေသည်။ ဘုရားသခင်ထက် ၎င်း၏ပညာနှင့် ရာထူးစည်းစိမ်များကို ပို၍ကိုးစားမိသည်။

၃) ကိုးကွယ်မှုအားလုံးကို လက်ခံခြင်း ၊

ရှောလမုန်က ဗိမာန်တော်ကို (၇)နှစ်အတွင်း၌ တည်ဆောက်ပြီးစီးသော်လည်း သူ၏အိမ်ကိုမူ (၁၃)နှစ်ကြာ တည်ဆောက်သည်။ ဖခင်ဖြစ်သူဒါဝိဒ်က ဗိမာန်တော် အတွက်လိုအပ်သည့် ပစ္စည်းပစ္စယ အများစုကို ကြိုတင်စုဆောင်းပြီးသဖြင့် ဤမျှမြန် ခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ ဗိမာန် တော်ထက် မိမိအိမ်အတွက် ပို၍ အချိန်ယူသောသူကအခြားကိုးကွယ်မှုတစ်ခုခုကို အလွယ်တကူလက်ခံနိုင်ခြင်းသည် မထူးဆန်းလှချေ။

မယားများစွာယူခြင်းဖြင့် အပြစ်ရှိသည့်ကြားထဲတွင် မယားများကိုးကွယ်သည့် ရုပ်တုဘုရားများအတွက် ယဇ်ပလ္လင်များကို တည်ဆောက်ပေးရာ အပြစ် ပိုကြီးလာသည်။ ရှောလမုန်သည် ဇိဒုန်နတ် ဘုရားမ အာရှတစ်ရက် ( ဤနတ်ဘုရားမသည် အပြာရုပ်ပုံများ ရိုက်ကူးခြင်း၏ မူလအရင်းအမြစ်တစ်ခု ဖြစ်သည်)နှင့် အမ္ဗန်ဘုရား မိလကုန်တို့ကို ကိုးကွယ်သည်။ ထို့အပြင် ရွံရှာစရာကောင်းသည့် မောဘဘုရား ခေမုရှနှင့် အချွန် ဘုရားမောလုပ်တို့အတွက်ပလ္လင်တည်ဆောက်သည်။ ဘုရားသခင်ကရှောလမုန်အား အခြားဘုရားများကို မကိုးကွယ်ရဟု တားမြစ်သော်လည်း ရှောလမုန်က ချိုးဖောက် သည်။ ထို့ကြောင့် ဘုရားသခင်က တရားစီရင်သည်။ ထိုစီရင်ချက်သည် ဒါဝိဒ်၏မျက် နှာကြောင့် ရှောလမုန်၏လက်ထက်တွင် မခံစားရသော်လည်း ၎င်း၏သားလက်ထက် တွင် ခံစားသည်(၃ရာ ၁၁း၅-၁၃)။

၄) ကျွန်များစွာ ထားရှိခြင်းနှင့် အခွန်များစွာ ကောက်ခံခြင်း

ရှောလမုန်က တိုင်းပြည်တည်ဆောက်ရာတွင် ၎င်း၏ကျွန်များနှင့် ပြည်တွင်းရှိ တိုင်းတစ်ပါး သားများကို အာဏာဖြင့် အဓမ္မစေခိုင်းသည်။ ပြည်သူများကိုလည်း လုပ်ခငွေပေးသည့်တိုင် ပေးသင့်သည်ထက် အဆအမတန်နည်းပါးသည်။ ၎င်း၏လက်အောက်ရှိ အလုပ်ကြပ်ဖြစ်သူ အဒေါနိရံဆိုလျှင် စိတ်ထားဆိုးလွန်း သဖြင့် လူမုန်းအလွန်များသည်။ ထို့ကြောင့် တစ်နေ့တွင် ကျောက်ခဲဖြင့် အပေါက်ခံရသည်(၃ရာ ၁၂း၁၈)။ “‌ ရှောလမုန်သည် အလွန်ချမ်းသာသော်လည်း စည်းစိမ်အများစုမှာ အခွန် ကောက်ခံခြင်းမှ ရရှိခြင်းဖြစ်သည်။ ကြီးလေးလွန်းသောအခွန်ကြောင့် ပြည်သူများအလွန်ဒုက္ခရောက်ကြသည်(၃ရာ ၁၂း၁၄)။ ရောဗောင်လက်ထက်တွင် အခွန် သက်သာမလားဟု မျှော်လင့်သော်လည်း ရှောလမုန်ထက်ပင် ပို၍တိုးကောက်သည်။ ထို့ကြောင့် သူ့ကို ယုဒအနွယ်မှအပ ကျန်အနွယ်အားလုံးက ပုန်ကန်ကြသည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) အနားယူသင့်သည့်အချိန်ကို သိရှိခြင်းသည် ခေါင်းဆောင်ကောင်းပီသခြင်း ဖြစ်သည်။ ဒါဝိဒ်သည် ငယ်ရွယ်စဉ်က အလွန်တော်သောခေါင်းဆောင်ဖြစ်သော် လည်း အိုမင်းလာသည့်အခါတွင်မူ တိုင်းပြည်ရေးရာမဆိုထားဘိ၊ အိမ်တွင်းရေးကိုပင် အသေးစိတ်မသိနိုင်တော့ပေ။ သို့ရာတွင် သူ၏ထီးနန်းကို မည်သူ့ထံမျှ မလွှဲပေးချေ။ ထို့ကြောင့် သူ၏ကွယ်ရာတွင် သားဖြစ်သူအဒေါနိယက ထီးနန်းသိမ်းပိုက်လုဆဲဆဲ ဖြစ်သည်။ စင်စစ် သူ့ကိုယ်သူသိပြီး ထီးနန်းဆက်ခံမည့်သူထံ အာဏာလွှဲပေးပါက ပြဿနာအမျိုးမျိုးနှင့် ကြုံတွေ့ရမည်မဟုတ်ပေ။ ရှောလမုန်နှင့် အဒေါနိယတို့ကြား မသင့်မြတ်စရာမရှိ သကဲ့သို့ အဒေါနိယလည်း သေစရာအကြောင်းရှိမည်မဟုတ်ချေ။

David Yonggi Cho သည် သင်းအုပ်ဆရာတာဝန်မှ အနားယူသည့်အချိန် တွင် အသက်(၅၂) နှစ်ရှိသော်လည်း(၂၀၀၈ခုနှစ်) သန်တုန်းမြန်တုန်းပင် ဖြစ်သည်။ အသင်းသား ၈၃ဝဝဝဝခန့် ရှိသည့်အချိန်တွင် Young Hoon Lee ထံ လွှဲပြောင်းပေး လိုက်ခြင်းဖြစ်သည်။ အသင်းသားအများစုတို့က ဆက်လုပ်စေလိုသေးသော်လည်း အနားယူသင့်သည့်အချိန်ကို သူ့ကိုသူသိသည်။ ထို့ကြောင့် အသင်းတော်သည်လည်း၊ကောင်းမွန်စွာ လည်ပတ်နိုင်သကဲ့သို့ သူကလည်း အခြားလုပ်စရာများစွာကို ဆက် လက် လုပ်ဆောင်နိုင်သည်။

၂) ခေါင်းဆောင်လုပ်ရန် ဆန္ဒမစောကြပါစို့နှင့်။ အဘယ်ကြောင့် ခေါင်းဆောင် ဖြစ်လိုသည်ကို ကိုယ့်ကိုကိုယ် ပထမဦးစွာ ဆန်းစစ်ရန်လိုသည်။ ယေရှုကဲ့သို့ ‘အစေခံ -ခေါင်းဆောင်” ဖြစ်နိုင်မည်မဟုတ်ပါက ခေါင်းဆောင်ဖြစ်လိုသည့်ဆန္ဒကို အချိန်မီစွန့် လွှတ်သင့်သည်။ အကောင်းမလုပ်နိုင်လျှင်ပင် အဆိုးမလုပ်မိစေရန် သတိပြုရမည် ဖြစ်သည်။

အဒေါနိယကဲ့သို့ ခေါင်းဆောင်အလွန်ဖြစ်လိုသူ လူတချို့ရှိသည်။ ခေါင်းဆောင် ဖြစ်လျှင် မည်သည့်အရာပေးဆပ်မည်ထက် မည်သည့်အရာရရှိမည်ကို မျှော်လင့်ကြ၍ဖြစ်သည်။ အာဏာရှိမည်၊ ရာထူးကြီးမည်၊ ချမ်းသာမည်၊ ဂုဏ်ရှိမည်၊ လူရိုသေရှင် ရိုသေဖြစ်မည် အဒေါနိယ၏ ဘုရင်ဖြစ်ရေးစီမံကိန်းမအောင်မြင်ခြင်းသည် တိုင်းပြည် အတွက်အလွန်ကောင်းသည်။အကြောင်းမှာသူသည် မည်သည့်အခါတွင်မျှ“အစေခံခေါင်းဆောင် ဖြစ်မည်မဟုတ်သဖြင့် တိုင်းပြည်ကို အာဏာနှင့် မောက်မာမှုဖြင့် အုပ်ချုပ်လိမ့်မည်ဖြစ်သည်။ ကိုယ်ကျိုးအတွက် ခေါင်းဆောင်လုပ်သူလောက် ရွံရှာ စရာ ကောင်းသူ မရှိချေ။

၃) ဘုရားသခင်က ခေါင်းဆောင်အဖြစ်ရွေးချယ်ပါက အနှောင့်အယှက်ပေး တတ်သည့်အရာများကို အမြန်ဆုံးဖယ်ရှားကြပါစို့၊ ရင့်ကျက်သောခေါင်းဆောင်ဖြစ် ရေးကို အနှောင့်အယှက်ပေးတတ်သည့် အကျင့်ဆိုးများ၊ ဘုရားသခင်နှင့်ဝေးကွာစေ သည့်အပြစ်များ၊ စိတ်ဓာတ်ကျစေရန် အမြဲထော်လော်ကန့်လန့်ပြုသူများ စသည်တို့ကို အမြန်ဆုံးဖယ်ရှားတတ်ရန် အရေးကြီးသည်။ ထိုသို့ပြောသောအခါ သဘောထားမတူ သူများကို ချက်ချင်းဖယ်ရှားရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သို့သော် အမြဲဆန့်ကျင် သူများကိုမူ လိုအပ်သလို ဖယ်ရှားတတ်ရန်လိုသည်။ အကြောင်းမှာ တစ်ဦးစနှစ်ဦးစကြောင့် စိတ်သဘောထားကွဲလွဲမှု ပိုမိုပြင်းထန်လာပြီး နောက်ဆုံးတွင် အဖွဲ့အစည်း တစ်ခုလုံးကိုပါ ထိခိုက်နိုင်၍ဖြစ်သည်။ မိမိကြောင့်ဖြစ်သည့် မကျေနပ်ချက်များကို မိမိထံလာပြောပါက နားလည်ပေးရမည်ဖြစ်သော်လည်း လူတိုင်းထံလျှောက်ပြော လျှင်မူ ထိုသူကို ဖယ်ရှားပစ်ရန်လိုသည်။ မီးလောင်မှုကို အချိန်မီငြိမ်းသတ်နိုင်ပါက ဆုံးရှုံးမှုနည်းပါးလိမ့်မည်ဖြစ်သည်။

ဒါဝိဒ်ကို ၎င်း၏စစ်သူကြီးမွှေဘနှင့် ရှိမိတို့က အမြဲဆန့်ကျင်နှောင့်ယှက်ပြီး စိတ်နာဝမ်းနည်းစေသည်။ သူကိုယ်တိုင် မဖယ်ရှားနိုင်သော်လည်း ရှောလမုန်၏လက် ထံသို့ အပ်နှံလိုက်သည်။ ““ဃာဘနှင့် ရှိမိတို့ကို လွှတ်မထားရ”ဟု မှာကြားသည့် အတိုင်း ၎င်းတို့နှစ်ဦးကို ရှောလမုန်က သတ်လိုက်သည်။ ၎င်း၏ဖခင်ကို ဆန့်ကျင်သူ များက သူ့ကိုလည်း ဆန့်ကျင်မည်မှန်းသိသဖြင့် ရာထူးမှဖယ်ရှားပြီး နောက်ဆုံးတွင် သတ်ပစ်လိုက်ခြင်းဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ရှောလမုန်ကသင်ခန်းစာများစွာ ရရှိသဖြင့် ဖော်ပြပါအတိုင်း သွန်သင်ပေးသည်။

မထိမဲ့မြင်ပြုသောသူကို နှင်ထုတ်လော့။ သို့ပြုလျှင် ရန်မာန်လည်း ထွက်သွား မည်။ ရန်တွေ့ခြင်းနှင့် ကဲ့ရဲ့ခြင်းလည်း ငြိမ်းလိမ့်မည်(သု ၂၂း၁၀)။

တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသောအရာ ရှိသမျှတို့ကို မျက်စိတော်နှင့် ပယ်ရှင်းတတ်၏(သု ၂၀း၈)။ ပညာရှိသောရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ၍ဘီးနှင့်ဖိတတ်၏(သု ၂၀း၆)။ မတရားသောသူတို့ကို ရှင်ဘုရင်ထံတော်မှပယ်လျှင် အာဏာတော်သည် တရားအားဖြင့်တည်လိမ့်မည်(သု ၂၅း၅)။

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တတ်ပြီး၊ အနာစိမ်းတစ်ခုကြောင့် တစ်ကိုယ်လုံးဖျားတတ်သည်ကို မမေ့ကြပါစို့နှင့်။

၄) ပညာရှိများလည်း မိုက်မဲတတ်သည်။ သို့ဖြစ်၍ ပညာကြောင့် မထောင်လွှား ကြပါစို့နှင့်။ ဘုရားသခင်ပေးသည့်ပညာကို ဘုန်းတော်ထင်ရှားရန်အတွက် အသုံးပြု ကြပါစို့။ ပညာမဲ့သောသူများကို မကဲ့ရဲ့၊ မလှောင်ပြောင်ဘဲ ပြုစုပျိုးထောင်ပြီး ပညာ သင်ပေးကြပါစို့။ ပညာကိုပေးသောအရှင်က ပြန်လည်ရုပ်သိမ်းနိုင်သည်ကို သတိပြု ဆင်ခြင်ပြီး အသက်ရှင်ကြပါစို့။ ပညာနှင့်ပြည့်စုံသောရှောလမုန်သည် အဘယ်ကြောင့် မိုက်မဲရသနည်း။ ဘုရားသခင်နှင့် အဘယ်ကြောင့် ဝေးကွာရသနည်း။ အရာခပ်သိမ်း တို့ကို အနတ္တသက်သက်ဟု အဘယ်ကြောင့် ပြောဆိုရသနည်း။ အကြောင်းမှာ ဘုရား သခင်၏စကားတော်မှ သွေဖည်သွား၍ ဖြစ်သည်။ ဘုရားသခင်၏စကားတော်ကို မနာခံ၍ဖြစ်သည်။

ဟေဇကိ(Hezekiah)

ဟေဇကိသည် အာခတ်နှင့် အာဘိတို့၏သားဖြစ်၍ အသက်(၂၅)နှစ်အရွယ်တွင် ဘုရင်စဖြစ်ပြီး ယေရုရှလင်မြို့၌ (၂၉)နှစ်ကြာ နန်းစံသည်(၄ရာ ၁၈း၂၊ ၆ရာ ၂၉း၁)။

ဟေဇကိ၏အဓိပ္ပာယ်မှာ “ထာဝရဘုရားသည် ငါ၏ခွန်အားဖြစ်သည်”၊ သို့မဟုတ် “ထာဝရဘုရားသည် ခွန်အားကြီးသည်” ဟူ၍ဖြစ်သည်။ နာမည်နှင့်လိုက်အောင်ပင် ဘုရားသခင်၏ခွန်အားဖြင့် အမြဲလျှောက်လှမ်းသည့် ဘုရင်ကောင်းတစ်ပါးဖြစ်သည်။ နန်းစံကာလ(ဘီစီ ရ၁၆-၆၈၅)အတွင်း၌ ဘာသာရေးကို ဦးစားပေးသကဲ့သို့ သံတမန် ဆက်ဆံရေးကိုလည်း အလေးထားသဖြင့် အစ္စရေးရာဇဝင်၌ ဟေဇကိလောက် သံ တမန်ဆက်ဆံရေးကို အလေးထားသည့်ဘုရင် မရှိဟုဆိုသည်(၄ရာ ၁၈-၂ဝ၊ ၆ရာ ၂၉ -၃၂၊ ဟေရှာ ၂၆-၃၉)။

ဟေဇကိသည် ဘုရားသခင်အား ရိုသေကိုင်းရှိုင်းသည့် အနည်းငယ်သော ဘုရင်များထဲတွင် ပါဝင်သည်။ ဘုရားသခင်၏ရှေ့တွင် ဖြောင့်မတ်စွာအသက်ရှင်ပြီး ဒါဝိဒ်၏ခြေရာအတိုင်း လိုက်လျှောက်နိုင်သဖြင့် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့ သည်(၄ရာ၁၈၃)။ဘုရားသခင်ကိုသာအမြဲကိုးစားသဖြင့်ထိုကဲ့သို့သောဘုရင်ကောင်း ၎င်း၏ရှေ့တွင်ဖြစ်စေ၊ နောက်တွင်ဖြစ်စေမရှိချေ(၄ရာ၁၈း၅-၆)။ ထို့ကြောင့်ပရောဖက်ယေရမိက အားရစွာချီးကျူးသည်(ယေ ၂၆း၁၈-၁၉)။ ယေရုရှလင်မြို့ ပျက်စီးမည့် အကြောင်းကို ပရောဖက်မိက္ခာက လာပြောသောအခါ(မိ ၃း၁၂) ဘုရားသခင်ကို မချစွာချဉ်းကပ်သဖြင့် ယေရုရှလင်မြို့သည် နှစ်ပေါင်း(၁၀၀)ကြာပြီးမှသာ ဖျက်ဆီးခြင်းခံရသည်။

၎င်းမတိုင်ခင်က ဘုရင်ဖြစ်သူ အာခတ်သည် ဘုရားသခင်ရှေ့၌ ယုတ်ညံ့သူ တစ်ဦးဖြစ်ပြီး ၎င်း၏နောက်၌ ဘုရင်ဖြစ်သူ မနာရှေသည်လည်း ဆိုးသွမ်းသူတစ်ဦး ဖြစ်သဖြင့် ထိုနှစ်ဦးကြား၌ ဘုရင်ဖြစ်ခြင်းသည် ဟေဇကိအဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ(၄ရာ ၁၆း၁-၃၊ ၂၁း၂)။ အကြောင်းမှာ အဆိုးကို ပြုပြင်ရန် ခက်ခဲသော် လည်း အကောင်းကိုဖျက်ဆီးရန် လွယ်ကူသောကြောင့်ဖြစ်သည်။

ဘုရားကိုမထီမဲ့မြင်ပြုသော အုပ်ချုပ်ရေးစနစ်မှ ဘုရားကိုဦးထိပ်ထားသော အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲရန်ဟူသည် အပြောလွယ်သလောက် လက်တွေ့တွင် အလွန်ခက်ခဲလိမ့်မည်ဖြစ်သည်။ လူထု၏ စိတ်နှလုံးနှင့် အပြုအမူတို့သည် ဒုစရိုက်အမျိုးမျိုး ထဲ၌ နစ်မွန်းပြီးဖြစ်သဖြင့် ထိုနေရာမှ ရုန်းထွက်လိုမည် မဟုတ်သကဲ့သို့ ရုန်းထွက်နိုင်မည်လည်းမဟုတ်ပေ။ သို့သော် မည်မျှပင်ခက်ခဲနေပါစေ၊ တရားလမ်းထဲသို့ ဆွဲခေါ်ပြီး ဦးဆောင်ပေးရန်ဟူသည် ဘုရားသခင်၏အလိုတော်ဖြစ်သည်။

ဟေဇကိက သန့်ရှင်းရေးကို ဦးစားပေးသည်

ခေါင်းဆောင်အသစ်ပေါ်ထွန်းပါက ပြောင်းလဲမှုတစ်ခုခု ဖြစ်ပေါ်စမြဲဖြစ်သည်။ ထိုပြောင်းလဲမှု၏ ကောင်းခြင်းဆိုးခြင်းသည် ခေါင်းဆောင်အသစ်၏ ကောင်းခြင်း ၊ ဆိုးခြင်းပေါ်၌ တည်မှီသည်။ ထို့အပြင် ထိုအပြောင်းအလဲကို လက်ခံသူနှင့် ကန့်ကွက် သူဟူ၍ အုပ်စုနှစ်ခုကွဲတတ်သဖြင့် ပြဿနာအမျိုးမျိုး ကြုံတွေ့ရတတ်သည်။ ကမ္ဘာ့ သမိုင်းကို ခြုံငုံလေ့လာသောအခါ တိုင်းပြည်တစ်ခုခု၏ ပြဿနာအများဆုံးသော အချိန်သည် ထိုတိုင်းပြည်၌ ခေါင်းဆောင်အပြောင်းအလဲဖြစ်ပေါ်ချိန်ဖြစ်သည်။

ထိုနည်းတူ ဟေဇကိနန်းတက်သောအခါတွင်လည်း အပြောင်းအလဲတချို့ ဖြစ်ပေါ်လာသည်။ ထိုပြောင်းလဲမှုများအနက် ပထမဦးဆုံးမှာ သန့်ရှင်းရေးလုပ်ခြင်း၊ ဖြစ်သည်။

ဟေဇကိက ဗိမာန်တော်၊ ယဇ်ပုရောဟိတ်များနှင့် လေဝိလူမျိုးတို့ကို သန့်ရှင်း ရေးလုပ်သည်။ ၁) နှစ်ပေါင်းအတန်ကြာပိတ်ထားသည့် ဗိမာန်တော်၏တံခါးများကိုပြန်လည်ဖွင့်လှစ်သည်၊ ၂) ဗိမာန်တော်ကိုပြုပြင်သည်၊ ၃) ယဇ်ပုရောဟိတ်များနှင့် လေဝိလူမျိုးတို့ကို စုဝေးစေပြီး ကိုယ့်ကိုကိုယ် သန့်ရှင်းရေးလုပ်ရန်နှင့် ဗိမာန် တော်ကို သန့်ရှင်းရေးလုပ်ရန် အမိန့်ထုတ်သည်။ ထိုသို့ (၈)ရက်တိုင်တိုင် သန့်ရှင်းရေးလုပ်စေပြီးမှ ဘုရားသခင်ကို စတင်ကိုးကွယ်ကြသည်(၆ရာ ၂၉း၃-၁၉)။

ဟေဇကိက တိုင်းပြည်တစ်ခွင်လုံးကို သန့်ရှင်းရေးလုပ်သည် (၆ရာ ၃၁း၁-၂၁)။ ယုဒပြည်မှ မနာရှေ့ ခေါင်းဆောင်ကောင်းများ ပြည်အထိ ရှိသမျှသော ရုပ်တုဘုရားအမျိုးမျိုးနှင့် ယဇ် တည်သည်။ ပလ္လင်အားလုံးတို့ကို ယဇ်ပုရောဟိတ်များ၊ ပြည်သူများ ) နှင့်ပူးပေါင်း၍ အကုန်ခုတ်လဲဖျက်ဆီးသည်။ မောရှေ့ ခေတ်က ကြေးဝါမြွေရုပ်တုနှင့် ဘိုးဘေးခေတ်က ကလေးသူငယ်ဖြင့်ယဇ်ပူဇော်သည့် ပလ္လင်များလည်း ပါဝင်သည်။ ထို့ကြောင့် ရုပ်တုကိုးကွယ်သူများ အလွန်စိတ်ဆိုးကြ လိမ့်မည်ဖြစ်သည်။

သို့သော် ဟေဇကိသည် လူတို့၏အကြိုက် ထက် ဘုရားသခင်၏အလိုတော်ကို ပို၍ဦးစားပေးကာလူတို့၏အမျက်ဒေါသထက် ဘုရားသခင်၏အမျက်ဒေါသကို ပို၍ကြောက်ရွံ့သဖြင့် ထိုသို့ဖျက် ဆီးခြင်းဖြစ်သည်(၄ရာ ၁၈း၄)။ လူ့အမြင်၌ ကြောက်စရာ အကောင်းဆုံး အန္တရာယ်ဇုံထဲသို့ ကျရောက် နေသော် ဘုရားသခင်၌ ဘုရားသခင်၌ ခိုလှုံကိုးစားနေပါက ကြောက်စရာမလိုကြောင်းကို အသက်တာအားဖြင့် လက်တွေ့ပြသခြင်းဖြစ်သည်။

ဟေဇကိ ယဇ်ပူဇော်ခြင်းကို အလေးထားသည်

ဘုရင်သစ်အနေဖြင့် ဟေဇကိသည် လုပ်ဆောင်စရာများစွာ ရှိလိမ့်မည်ဖြစ်သော်လည်းဘုရားသခင်၏မျက်နှာကို ဦးစွာရှာလိုက်သည်။ ဘုရားသခင်နှင့်သင့်မြတ်ရေးကို ဦးထိပ်ထားပြီး ယဇ်ပူဇော်ခြင်းကို ဦးစွာလုပ်ဆောင်သည်။

တိုင်းသူပြည်သားများကိုယ်စား အပြစ်ဖြေရာယဇ်ကို ပူဇော်ပေးလိုက်သည် (၆ရာ၂၉း၂ဝ-၂၄)။တူရိယာအမျိုးမျိုးကိုတီးခတ်၍ချီးမွမ်းသီဆိုခြင်းဖြင့် ဘုရားသခင်၏ မျက်နှာကို ရှာဖွေသည်(၆ရာ ၂၉း ၂၅-၂၆)။ ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းရာ ယဇ်၊ သင့်မြတ်ရာယဇ်၊ မိတ်သဟာယဖွဲ့ရာယဇ်စသည့် ယဇ်အမျိုးမျိုးတို့ဖြင့် ပူဇော် သည်(၆ရာ ၂၉း၂၅-၃၆)။

ဟေဇကိက ဘုရားသခင်၏ကောင်းမြတ် မှုကို သတိရအောက်မေ့သည်

ဟေဇကိက ဘုရားသခင်၏ကောင်းမြတ်မှု၊ စောင့်ရှောက်မှုနှင့် လမ်းပြမှုတို့ကို သတိရအောက် မေ့သဖြင့် ပသခါပွဲတော်ကျင်းပရန် စီစဉ်သည်။ မှူးမတ်တော်များနှင့် တိုင်ပင်ဆွေးနွေးပြီး ဗာရရှေ့ဘမှ ဒန်မြို့အထိ၊ ယုဒနှင့် အစ္စရေးပြည်အားလုံး အတူ တကွပူးပေါင်းကျင်းပရန် သဘောတူကြသည် (၄ ရာ ၃၀း၁-၅)။

ထို့ကြောင့် ယုဒနှင့် အစ္စရေးပြည်တစ်လျှောက် လုံးသို့ ဆက်သားစေလွှတ်ပြီး အကြောင်းကြား စာပို့လိုက်သည်။ စာထဲတွင် အစ္စရေးလူမျိုးအားလုံး ဘုရားသခင်ထံတော်သို့ ပြန်လာကြရန်၊ ဘိုးဘွားများကဲ့သို့ အပြစ်မလုပ်ရန်၊ စိတ်နှလုံးမမာကျောရန်၊ နောင်တရရန်၊ ရုပ်တုမကိုးကွယ်ရန်၊ ဘုရားသခင်ကိုသာကိုးကွယ် ရန်၊ ထိုသို့လုပ်ပါက ဘုရားသခင်၏ကရုဏာတော် ပြန် လည်သက်ရောက်၍ မျက်နှာသာရရှိမည် စသည်ဖြင့် ပါရှိသည်။ ထိုအခါ တချို့က ပြက်ရယ်ပြုကဲ့ရဲ့သော်လည်း တချို့ကမူ အပြစ်နောင်တရကြသည်။ ထို့နောက် ပသခါပွဲတော် စတင်ကျင်းပကြသည်။ ယဇ်ပုရောဟိတ်နှင့် လေဝ် အမျိုးတို့သည် ကိုယ်ကိုသန့်ရှင်းစေ၍ ဗိမာန်တော်ထဲသို့ ဝင်လာကြပြီး မီးရှို့ရာယဇ် ပူဇော်ကြသည်။ ပြည်သူများကိုလည်း သန့်ရှင်းစေ၍ အပြစ်ဖြေရာယဇ်ကို ပူဇော်ပေး ကြသည်။ ဘိုးဘေးခေတ်မှစ၍ ဘုရားသခင်၏ အတူပါရှိပေးမှု၊ အီဂျစ်ကျွန်ဘဝမှ လွတ်မြောက်စေမှု စသည်တို့ကို သတိရအောက်မေ့ရင်း ဘုရားသခင်ထံ ပြန်လာကြ သည်။ ထိုကြားထဲတွင် ကိုယ်ကိုမသန့်ရှင်းစေဘဲနှင့် ပွဲတော်အသားစားသူရှိသဖြင့် ထိုသူတို့၏အပြစ်ကို ခွင့်လွတ်ခြင်းပေးရန် ဟေဇကိကိုယ်တိုင်က ဘုရားသခင်ထံ ဆုတောင်းပေးသည် (၆ရာ ၃၀း၆-၂၀)။ ခေါင်းဆောင်ပီသသူဖြစ်သဖြင့် နောက်လိုက်များ ၏အမှားကို ၎င်း၏အမှားကဲ့သို့ တာဝန်ယူတောင်းပန်ပေးသည်။

ပွဲတော်ကို (၇)ရက်တိုင်တိုင်ကျင်းပရာ၌ လူအားလုံး ဝမ်းမြောက်ရွှင်လန်းကြ သည်။ တူရိယာအမျိုးမျိုးတီးခတ်ပြီး ဘုရားသခင်ကို ချီးမွမ်းကြသည်။ ဟေဇကိသည် နွားအကောင်(၁၀၀၀)နှင့် သိုးအကောင်(၁ဝဝဝဝ)ကိုသတ်ပြီး ယုဒနှင့် အစ္စရေးတို့ သာမက တစ်ပါးအမျိုးသားတို့နှင့်ပါ ပွဲတော်ကျင်းပခြင်းဖြစ်သည်။

ဟေဇက်သည် ဘုရားသခင်အပေါ်၌ ကျေးဇူး တော်ချီးမွမ်းရန် မမေ့သောသူ ဖြစ်သည်။ ကျေးဇူး တော် ချီးမွမ်းပွဲတော် ကျင်းပနိုင်ရန်အတွက် အမြောက်အမြားပေးလှူပြီး လူတန်းစားမရွေးဘဲ ပါဝင်ဆင်နွှဲစေသည်။ ပြည်သူအားလုံးကို သန့်ရှင်းစေ၍ ညစ်ညူးသေးသူများကို ဆုတောင်းပေးသည်။ ဘုရားသခင်၏ကောင်းမြတ်မှုကို လူတန်းစားအားလုံးတို့နှင့် အတူတကွချီးမွမ်းကြသည်။

ဟေဇကိက ပေးလှူခြင်းကို အစပြုသည်

ခေါင်းဆောင်ကောင်းက ကောင်းသောအရာကို အစပြုဆောင်ရွက်ရဲသည်။ ပေးလှူစရာရှိလျှင် မတွန့်ဆုတ်ဘဲ ပေးလှူရဲသည်။

ဟေဇကိသည် မီးရှို့ရာယဇ်ပူဇော်ရန်အတွက် ကိုယ်ပိုင်ဥစ္စာများထဲမှ အမြောက် ပေးလှူ သည်။ ယင်းတို့ကို နံနက်နှင့် ညဦးအချိန်၊ ဥပုသ်နေ့၊ လဆန်းနေ့နှင့် တို့တွင် မီးရှို့ရာယဇ်ပူဇော်ရန်အတွက် အသုံးပြုသည်(ရာ ၃၁း၃)။ သူကိုယ် ရက်ရောစွာပေးလှူသဖြင့် ပြည်သူများကလည်း စေတနာဖြင့် ပေးလှူကြသည်။

ဟေဇကိက ပြည်သူများကို ပေးလှူခြင်း၌စိတ်ထက်သန်တိုက်တွန်းသည်

ခေါင်းဆောင်ကောင်းများသည် ကောင်းသောအရာတစ်ခုခုကို လုပ်ဆောင် ချန်၌ အခြားသူများကိုလည်း ပါဝင်စေသည်။ ရသင့်ရထိုက်သည့်အကျိုး လည်း တစ်ဦးတည်းသိမ်းကျုံးမယူဘဲ အားလုံးခံစားရရှိစေသည်။

ဟေဇကိက ကိုယ်တိုင်ပေးလှူသကဲ့သို့ ပြည်သူများကိုလည်း ယဇ်ပုရောဟိတ်များနှင့် လေဝိလူများထံ ပေးလှူကြပါ၊ သို့မှသာ ထာဝရဘုရား၏တရားတော်ကို ကိုယ်စိတ်အေးချမ်းစွာ သွန်သင်ပေးနိုင်မည်ဟု တိုက်တွန်းသည်။ ပြည်သူများကလည်း စပါး စပျစ်ရည်၊ ဆီနှင့် ပျားရည်တို့မှအစ လယ်ထွက်သီးနှံများ၏ ဆယ်ဖို့တစ်ဖို့ကို ပေးလှူကြသည်။ ထို့အပြင်ယုဒမြို့နေ ပြည်သူများကလည်း သိုးနွားများထဲမှ ဆယ်ဖို့တစ်ဖို့ကို ယူဆောင်လာကြသဖြင့် ဗိမာန်တော်၌ ယဇ်ပုရောဟိတ်များနှင့် လေဝိ လူများအတွက် စားစရာမျိုးစုံ ပြည့်လျှံနေသည်။ ဟေဇကိနှင့် မှူးမတ်များက ပြည်သူ များကို ဂုဏ်ပြုချီးကျူးကာ ထိုစားစရာများကို စီမံခန့်ခွဲရန် တာဝန်အသီးသီးခွဲပေး သည်(၆ရာ ၃၁း၄-၂၁)။

ဟေဇကိ၏ အကြီးဆုံးရန်သူ

ဟေဇကိ၏နန်းသက် (၁၄)နှစ်ပြည့်ချိန်တွင် အာရှိုရိဘုရင် သနာခရိပ်သည် စစ်ချီလာပြီး ဟေဇကိလက်အောက်ရှိ ခိုင်ခံ့သောမြို့ကြီးတချို့တို့ကို တိုက်ခိုက်သိမ်း ပိုက်သည်။ ဟေဇက နန်းမတက်မီ ကလည်း အာရိုရိဘုရင် ရှာလမနေဇာက ယုဒပြည် ၏ နယ်စပ်တစ်လျှောက်လုံးကို တိုက်ခိုက်ပြီးဖြစ်ရာ ယခုတွင်မူ သနာခရိပ်ကယုဒပြည် ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်ချီလာခြင်းဖြစ်သည်။

ထို့ကြောင့် ဟေဇကိသည် စစ်ပြင်ဆင်ပြီးယေရုရှလင်မြို့ရိုးနှင့် ရဲတိုက်များကို ပြန်လည်တည်ဆောက်သည်။ လက်နက်များစုဆောင်းသည်။ ရေ အခက်အခဲမကြုံစေရန် ဂိဟုန်ချောင်းကိုပိတ်၍ ကန်ထဲသို့ သွယ်ယူသည်(၆ရာ ၃၂း၃-၄)။ ထိုသို့သွယ်ယူရာတွင် ချောင်းတစ်ဖက်ထိပ်မှ ကန်တစ်ဖက်ထိပ် အထိ မြေအောက်မြောင်းဖောက်ပြီးမြောင်းနှစ်ခုဆက်မိသောအခါ ရေလွှတ်ပေးခြင်းဖြစ်သည်။

ဟေဇကိသည် ထိုသို့ပြင်ဆင်သော်လည်း ကြောက်စိတ်ဝင်လာသဖြင့် သနာ ခရိပ်ထံ လူလွှတ်ပြီး ပြန်လှည့်လိုက်ပါ။ တောင်းသမျှပေးပါမည်ဟု ကမ်းလှမ်းသည်။ ထိုအခါ သနာခရိပ်က ငွေစင်ခွက် (၃၀၀)နှင့် ရွှေစင်ခွက်(၃၀) တောင်းလိုက်သည်။ ငွေစင်ခွက်(၃၀၀)သည် (၁၁)တန်ခန့်လေးပြီး လက်ရှိ တန်ဖိုးအရ အမေရိကန်ဒေါ်လာ သန်းတစ်ဆယ်ကျော်နှင့် ရွှေစင်ခွက်(၃၀)သည် တစ်တန်ကျော်လေးပြီး လက်ရှိတန်ဖိုး အရ အမေရိကန်ဒေါ်လာ သန်းလေးဆယ်ကျော် ရှိလိမ့်မည်ဖြစ်သည်။ တန်ဖိုးအလွန် များသော်လည်း စစ်ပြေငြိမ်းရန်ဖြစ်သဖြင့် ထိုက်တန်သည်ဟု ဆိုရမည်ဖြစ်သည်။ တကယ်ပေးသည့်အခါတွင်မူ နန်းတော်ရန်ပုံငွေမလောက်သဖြင့် ဗိမာန်တော်အတွင်း မှ ယူနိုင်သမျှကိုယူပြီး ပေးလိုက်ခြင်း ဖြစ်သည်။

စင်စစ် ဟေဇကိသည် ဘုရားသခင်အား ယုံကြည်ကိုးစားသူဖြစ်သဖြင့် စစ်ရှုံး လိမ့်မည်မဟုတ်ချေ။ သို့သော် သူ၏အသိဉာဏ်ဖြင့် ပြုမူကျင့်ကြံမိသောအခါ ရွှေငွေ များစွာ ဆုံးရှုံးသွားသည်။ ဘုရားသခင်အစား သနာခရိပ်၏မျက်နှာသာကို ဦးစွာရှာ ဖွေမိသဖြင့် ပြဿနာကြုံတွေ့ရပြီး ဗိမာန်တော်ရှိ ရွှေငွေများကိုပင် ယူမိလျက်သားဖြစ် သွားသည်။ သို့ဖြစ်၍ ဘုရားသခင်ထက် မိမိအသိဉာဏ်ကို ဦးစား ပေးမိပါက ဆုံးရှုံးမှု သာ ကြုံတွေ့ရလိမ့်မည်ဖြစ်သည်။

ဟေဇကိသည် သနာခရိပ်ကို ကျေနပ်မှုမပေးနိုင်

သနာခရိပ်သည် ဟေဇကိထံမှ ရွှေငွေများစွာ ရရှိသော်လည်း မကျေနပ်နိုင်သေးဘဲ ယေရုရှလင်မြို့ သိမ်းပိုက်ရန်သာ ပြင်ဆင်လာသည် ထို့ကြောင့်ဟေဇကိ၏ လုပ်ဆောင်ချက်များသည် အချည်းနှီးသာ

ဖြစ်သည်။

သာသနာခရိပ်သည် သူ၏ငယ်သား ရာဗရှာခကို ဟေဇကိထံစေလွှတ်ပြီး သင်တို့သည် မည်သူ့ကိုကိုးစားသနည်း။ စစ်တိုက်နိုင်လောက်အောင် ကိုယ့်ကိုကိုယ် အရည်အချင်းပြည့်စုံပြီဟု ထင်မြင်နေသလော။ သို့မဟုတ် သင်တို့၏ထာဝရဘုရားသခင်ကို ကိုးစားနေသလော။

ခု ငါချီတက်လာခြင်းမှာ ထာဝရဘုရားက ထိုပြည်ကို ဖျက်ဆီးလော့ဟု စေခိုင်း၍ ဖြစ်သည်ဟု ပြောဆိုခြိမ်းခြောက်စေသည်(၄ရာ ၁၈း၁၉-၂၅)။

ထို့အပြင် ဟာမတ်ဘုရား၊ အာပဒ်ဘုရား၊ သေဖရဝိမ်ဘုရား၊ ဟေနဘုရား၊ ဣဝဘုရားတို့သည် အဘယ်မှာရှိကြသနည်း။ ထိုဘုရားတို့က ရှမာရိပြည်ကို ငါ့လက် ထဲမှ ကယ်တင်နိုင်သလော။ မည်သည့်ဘုရားတို့က ၎င်းတို့၏ပြည်ကို ငါ့လက်ထဲမှ ကယ်တင်နိုင်သနည်း။ ယခုလည်း ထာဝရဘုရား သည် ယေရုရှလင်မြို့ကို ငါ့လက်ထဲ မှ ကယ်တင်နိုင်ပါမည်လောဟု တုန်လှုပ်ချောက်ချားစေသည်(၄ရာ ၁၈း ၃၄-၃၈)။

ထိုစဉ်က အာရှို့ရိတို့သည် အင်အားတောင့်တင်းပြီး စစ်ပညာကျွမ်းကျင်ကြသဖြင့် တိုက်သမျှစစ်ပွဲအနိုင်ရရှိသည်။ တစ်နယ်ပြီးတစ်နယ် သိမ်းပိုက်ပြီးနယ်ပယ်ကြီးမားလာသည်။ အစ္စရေးပြည်ကိုပင် သိမ်းပိုက်ပြီးဖြစ်ကြသည်(နူနာသည် ဗိုလ်ချုပ်နာမန်ခေတ် တွင် မြောက်ပိုင်းနယ်မြေသည် အာရှို့ရိတို့၏လက်သို့ကျရောက်ပြီးဖြစ်သည်)။ ယခုတွင် ယုဒပြည်(တောင်ပိုင်းနယ်မြေ) သိမ်းပိုက်ရန် ရောက်ရှိလာကြသဖြင့် ယုဒလူတို့ အလွန်ကြောက်ကြခြင်းဖြစ်သည်။

ဟေဇကိသည် မလိုအပ်လျှင် ဆိတ်ဆိတ်သာနေသည်

ဟေဇကိသည် အမြော်အမြင်ရှိသူဖြစ်သည်။ အာရွိရိစစ်တပ် ဝင်လာသောခါ ဘာမှမတတ်နိုင်သဖြင့် ဆိတ်ဆိတ်သာနေသည်။

သနာခရိပ်က ဆက်သားစေလွှတ်ပြီး ပြောခိုင်းသည့်စကားတွင် ၁) ယုဒလူတို့ ချောက်ချားတုန်လှုပ်၍ သနာခရိပ်၏လက်ထဲသို့ အလွယ်တကူအညံ့ခံရန်၊ ၂) ဒေါသ ထွက်ကြပါက အပြန်အလှန်တိုက်ခိုက်ပြီး တောင်းပန်ကြပါက အစေခံကျွန်ဖြစ်ရန် ဟူသည့် ရည်ရွယ်ချက်နှစ်ခုရှိပုံရသည်။

သို့သော် ဟေဇကိက မတုံ့ပြန်သည်သာမက ပြည်သူများကိုလည်း ဆိတ်ဆိတ် နေရန် မှာကြားသည်(၄ရာ ၁၈း၁၉-၃၆)။ ထို့ကြောင့် ထိုဆက်သားသည် သနာခရိပ် ထံ ပြန်ပြောစရာစကားမရှိသကဲ့သို့ သနာခရိပ်ကလည်း ဘာမှမတတ်နိုင်တော့ပေ။

ထိုသို့ ဆိတ်ဆိတ်နေလိုက်ခြင်းသည် ယုဒတို့ ၏အမြော်အမြင်ရှိမှုတစ်ခုဖြစ်ပြီး သနာခရိပ်ကို ဇဝေဇဝါဖြစ်စေသည်။ “စကားနည်း ရန်စဲ” ဆိုသကဲ့သို့စကားများလျှင် အမှားများပြီး စကားနည်းလျှင် အမှားနည်းတတ်သည်။ ပြောသင့်၊ မပြောသင့် ပိုင်းခြားတတ်သူသည် ပညာရှိဖြစ်သည်(သု ၁၀း၁၀)။ “သိပ္ပံအတတ် နှင့် ပြည့်စုံသောသူသည် စကားမများတတ်။ ဉာဏ်ကောင်းသောသူသည်လည်း အေးသောစိတ်ရှိတတ်၏”(သု ၁၇း၂၅)။ “သတိမရှိဘဲ စကားများသောသူရှိလျှင် ထိုသူ၌ မျှော်လင့်စရာအ ခွင့်ရှိသည်ထက် မိုက်သောသူ၌မျှော်လင့်စရာအခွင့်ရှိ၏”(သု ၂၉း၁၀)။ တရုတ်တို့၌ “ဒေါသကိုချုပ်တည်းနိုင်လျှင် နှစ်တစ်ရာစာပြဿနာများနှင့် ကင်းလွတ်လိမ့်မည်”ဟူသည့် စကားပုံရှိသည်။ သို့ဖြစ် ရာ ဟေဇကိနှင့် ပြည်သူများ၏ ဆိတ်ဆိတ်နေခြင်းက ပြဿနာများစွာမှ ကင်းလွတ်စေ သည်။

သနာခရိပ်သည် ဟေဇက်ထံမှ စကားပြန်မကြားသောအခါ ရှေ့တိုးမလား၊ နောက်ဆုတ်မလားဟု ချီတုံချတုံဖြစ်ပြီး မြို့သိမ်းမည့်စီမံကိန်းကို အတန်ကြာရပ်နား သည်။ အာရှူရိတို့၏မှတ်တမ်း၌ ယေရုရှလင်မြို့ကို ဝိုင်းကြသည့်အချိန်သည် ဘီစီ (ရဝ၁)ခုနှစ်ဖြစ်ပြီး သနာခရိပ်က ဟေဇကိကို လှောင်အိမ်ထဲထားရှိသည့် ငှက်ကဲ့သို့လှောင်ထားသည်ဟု ဖော်ပြသည်။ သို့ဖြစ်၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြသော် လည်း မသိမ်းပိုက်နိုင်မှန်း တွေ့မြင်နိုင်သည်။

ထို့အပြင် သနာခရိပ်၏မှတ်စု၌ သူသည် ဟေဇကိတည်ဆောက်သည့် ကင်း (၄၆)ခုနှင့် မျှော်စင်များကို သိမ်းပိုက်ဖျက်ဆီးသည်။ ရွာငယ်များစွာကို သိမ်းပိုက်လမ်းပန်းဆက်သွယ်ရေးကိုလည်း ဖြတ်တောက်သည်။ မြို့တံခါးများကိုဖြိုခွဲနိုင် သူ့လက်နက်များနှင့် စစ်ချီတက်ရာ မြို့ကြီးမှစွန့်ခွာ ကပြေးသူ ၂၀၀၁၅ဝခန့်ရှိသည်။ သို့သော်လည်း ဟေဇကိသည် အညံ့မခံလိုသဖြင့် အခွန်များစွာကိုပေးဆောင်စေလိုက်သည်ဟု မမှန်မကန်ဖော်ပြသည်။

အကယ်၍ သမ္မာကျမ်းစာ၌ ဘုရားသခင်၏ အံ့ဩဖွယ်အမှုများကြောင့် အာရှို့ရိတို့ စစ်ရှုံးသည့်အကြောင်းကို မှတ်တမ်းတင်ထားလျှင် သမိုင်းဖြစ်ရပ်အမှန်ကို သိရလိမ့်မည်မဟုတ် ပေ (သမိုင်းကို မမှန်မကန်ရေးခြင်းသည် ထုံးစံတစ်ခုပင်ဖြစ်သည်)။

ဟေဇကိသည် သူ၏အခက် အခဲကို မည်သူ့ထံ တိုင်ကြည်သနည်း

ယုဒလူကြီးများသည် သနာခရိပ်ထံမှ ခြိမ်းခြောက်သံကြားသောအခါ ဟေဇက် ထံ စိတ်ဓာတ်ကျစွာ အဝတ်များကိုဆုတ်ဖြဲလျက် ရောက်လာကြသည်။ ထို့နောက် တိုက်ခိုက်ချေမှုန်းခြင်းခံရတော့မည်။ စစ်ရှုံးရတော့မည်၊ အာရှူရတို့၏ ကျွန်ဖြစ်ရတော့ မည်။ မည်သို့လုပ်ကြမည်နည်းဟု ပြောဆိုကြသည်။ နောက်လိုက်များသည် ပြဿနာ များကို ခေါင်းဆောင်ထံ တင်ပြရစမြဲ၊ ခေါင်းဆောင်ကလည်း စိတ်အားတက်ကြွစေရန် ဖြေရှင်းရန်နည်းလမ်း ရှာဖွေရစမြဲပင်ဖြစ်သည်။

ထိုအခါ ဟေဇကိကလည်း မည်သို့လုပ်ဆောင်ရမှန်း မသိချေ။ သို့သော် ခေါင်းဆောင်အနေဖြင့်ပြဿနာအခက်အခဲများ ပြေငြိမ်းနိုင်ရေးအတွက် တစ်ခုခုကို စီစဉ်ရတော့မည်ဖြစ်သည်။ အကယ်၍ဟေဇကိသာ ခေါင်းဆောင်ကောင်းမဟုတ်ပါက နောက်လိုက် များကို တာဝန်ယူခိုင်းပြီး ကိုယ်လွတ်ရုန်းနိုင်သည်။ သို့သော်လည်း ယခုတွင်မူ ပြဿနာအားလုံးကို ချက်ချင်းတာဝန်ယူသည်။ အဝတ်များ ကိုဆုတ်ဖြဲပြီး လျှော်တေအဝတ်ကိုဝတ်လျက် ဘုရားသခင်ထံ နှိမ့်ချစွာတိုးဝင်သည်(၄ရာ၁၉း၁-၄)။ အခက်အခဲများကိုဘုရားသခင်ထံ တိုင်တည်သည်။ ရန်သူထက် အဆမတန်ခွန်အားကြီးသော ဘုရားသခင်ထံအပ်နှံသည်။

ဟေဇကိ၏ ဆုတောင်းချက်

ဟေဇကိသည် ဘုရားသခင်ကို အလွန်သိကျွမ်းသူဖြစ်မှန်း တွေ့မြင်နိုင်သည်။ အကြောင်းမှာ ခေရုဗိမ်ပေါ်မှာ ထိုင်တော်မူသော ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင် မြေကြီးပေါ်မှာရှိသမျှသောအတိုင်း တိုင်းအပြည်ပြည်တို့၏ ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။ အိုထာဝရ ဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖင်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင် ကိုကဲ့ရဲ့၍ ပြောစေတော်မူသော စကားအလုံးစုံတို့ကို မှတ်တော်မူပါ။ အိုထာဝရ ဘုရား၊ အကယ်စင်စစ် အာရ္ဟိရိ ရှင်ဘုရင်တို့သည် အတိုင်းတိုင်းအပြည်ပြည်တို့ကို ဖျက်ဆီး၍သူတို့၏ဘုရားများကိုမီးထဲသို့ချပစ်ကြပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့်ကျောက်ဖြစ်သောကြောင့် ပျက်စီးခြင်းသို့ရောက် ကြပါပြီ။ အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ထာဝရတစ်ပါးသာ ဘုရားသခင်ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသောတိုင်းနိုင်ငံတို့သည်သိမည် အကြောင်း အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်တော်မူပါ။ အကျွန်ုပ်တောင်းပန် ပါသည်ဟု ဆုတောင်း၍ဖြစ်သည်(၄ရာ ၁၉း၁၅-၁၉)။

ဟေဇကိသည် ဘုရားသခင်ကို သိကျွမ်းခြင်း နှင့် ယုံကြည်ခြင်းဖြင့် ရှာဖွေသူဖြစ်သည်။ ဘုရားသခင် အား သူ၏ဘိုးဘေးဒါဝိဒ်နှင့် ပဋိညာဉ်ပြုသူ၊ ဒါဝိဒ်၏ ရာဇပလ္လင်ကို အစဉ်တည်မြဲစေမည့်သူ၊ ဒါဝိဒ်၏မျိုး နွယ်မှ ဘုရင်အဆက်ဆက် ပေါ်ထွန်းစေမည့်သူမှန်း နားလည်သိရှိသဖြင့် အမြဲခိုလှုံနေခြင်းဖြစ်သည်(၂ရာ ၇း၈-၁၆ )ဘုရားသခင်သည် ဘုန်းတန်ခိုးကြီးရုံမဟုတ်ဘဲ ကတိသစ္စာတည်ကြည်သဖြင့် ဆုတောင်း ချက်ကို အဖြေပေးလိမ့်မည်ဟုလည်း ယုံကြည်ချက်ရှိ သည် (၄ရာ ၁၈း၃)။

ထို့အပြင် ဘုရားသခင်၏ ကတိတော်များသည် လူတို့၏ အားနည်းအားသာ ပေါ်၌ မမှီတည်ဘဲ ကတိကိုပေးသည့် ဘုရားသခင်၌သာ မှီတည်လျက်ရှိသဖြင့် တချသည်။ ထို့ကြောင့် အာရှူရိဘုရင်ကို အညံ့မခံဘဲ အန်တုကြံ့ခြင်းဖြစ်သည် (၄ရာ ၁၈း၆-၇ )။

‌ဟေဇကိသည် ဘုရားသခင်၏ စိတ်နေသဘောထားကို သိကျွမ်းနားလည်သည်

ခေါင်းဆောင်လုပ်ရာ၌ အမြော်အမြင်နှင့် အကင်းပါးမှုသည် အလွန်လိုအပ် သည်။ အကယ်၍ ဟေဇကိသည် ဘုရားသခင်၏ စိတ်နေသဘောထားကို မသိကျွမ်း ပါက ဒုက္ခကြုံတွေ့စဉ်ကပင် စိုးရိမ်သောကစိတ်ကြောင့် သေဆုံးသွားနိုင်သည်။ ယခု တွင်မူ ထိုသို့သိရှိသဖြင့် ဘုရားသခင်၌ အလွန်စိတ်ချသည်(၄ရာ ၁၈း၃၊ ၁၉း၃၄)။

ထို့အပြင် “ကိုယ်တော်ထာဝရတစ်ပါးသာ ဘုရားသခင်ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း”ဟူ၍ ဆုတောင်း သည်(၄ရာ ၁၉၁၉)။ အတိုချုံပြောရလျှင် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရေးကို သာ ဆုတောင်းသဖြင့် အဖြေရရှိသည်။ သို့ဖြစ်၍ မိမိတို့လည်း ထိုသို့ဆုတောင်းလျှင် အရှုံးရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်က သူ၏ ဘုန်းထင်ရှားရေးကိုသာ အလိုတော်ရှိ၍ အကျိုး အမြတ်များကိုမူ ဆုတောင်းသောသူထံ ပေးထားလေ့ရှိသည်။

ခေါင်းဆောင်များသည် သမ္မာကျမ်းစာ နှင့် ဘုရားသခင်၏ စိတ်နေသဘောထားတို့ကို သိကျွမ်းနားလည်ကြပါက ပြဿနာနှင့် စိုးရိမ်သောကများစွာပြေပျောက်သွားလိမ့်မည်ဖြစ်သည်။ ဘုရားသခင်၏အလိုတော်နှင့်အညီ ဆုတောင်းတတ်သည့်အပြင် လူ များစွာကိုလည်း ဦးဆောင်ပေးနိုင်မည်ဖြစ်သည်။

ဟေဇကိသည် ပြည်သူများကို တိုက်တွန်းအားပေးသည်

တုန်လှုပ်ချောက်ချား၊ အကြံကုန်၊ မျှော်လင့်ချက်မဲ့၊ ဆောက်တည်ရာမရတော့ သည့် လူထုကို မည်ကဲ့သို့ တိုက်တွန်းအားပေးရမည်နည်း။ စကားလုံးအနုအရွများနှင့် အားပေးရမည်လား။ စွမ်းရည် တစ်ခုခုပြသပြီး တိုက်တွန်းရမလား။ ဟေဇကိကမူ တခြားအရာများထက် ဘုရားသခင်အားဖြင့် ဤကဲ့သို့ တိုက်တွန်းအားပေးသည်။

ခွန်အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ အာရို့ရိရှင်ဘုရင်နှင့် သူ့၌ပါသော အလုံး အရင်းအပေါင်းတို့ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ဘက်၌နေသော သူတို့သည် သူ့ဘက်၌ နေသောသူတို့ထက်သာ၍များကြ၏။ သူ့ဘက်၌ လူလက်ရုန်း။

ရှိ၏။ ငါတို့ဘက်၌ ထောက်မ၍ စစ်ကူတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရား ရှိတော်မူသည် (၆ရာ ၃၂း၇-၈)။

ဟေဇကိသည် ကိုယ်တိုင်မကြောက်သဖြင့် ထိုကဲ့သို့ တိုက်တွန်းအားပေးခြင်းမဟုတ်ပေ။ သို့ရာတွင်ကြောက်ရွံ့မှုထက် ဘုရားသခင်ကိုကိုးစားမှု ပို၍ကြီး မားသည်။ သူ၏တိုက်တွန်းချက်က ပြည်သူများကို ရဲရင့်စေသည်။ တက်ကြွစေသည်။ စိတ်ချငြိမ်သက် စေသည်။ ထို့ကြောင့် ရန်သူများအပေါ် မကြောက် တော့သည်အထိ ခွန်အားပြည့်လာကြသည်။

ဟေဇကိ၏ အောင်မြင်မှု

ဟေဇကိ၏အောင်မြင်မှုသည် တိုက်ပွဲကြောင့် မဟုတ်ဘဲ ဆုတောင်းခြင်း ကြောင့်ဖြစ်သည်။ စစ်လက်နက်ဖြင့်မဟုတ်ဘဲ ဒူးဖြင့်တိုက်ပွဲဝင်သည်။ ကောင်းကင် ဘုံဘုရင်ရှေ့၌ ဒူးထောက်သဖြင့် အာရှူရီ ဘုရင်ရှေ့၌ ဒူးထောက်စရာမလိုတော့ချေ။ လူ့ခွန်အားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်၏ခွန်အားဖြင့် တိုက်ပွဲဝင်သည်။ ဘုရားသခင် ရှေ့၌ နှိမ့်ချခြင်းဖြင့် အဝတ်ကိုဆုတ်ဖြဲသဖြင့် သူ၏ တိုင်းပြည်သည် ဆုတ်ခြင်းမခံရတော့ပေ (ထောင်လွှားသောရှောလုမင်းကြောင့် တိုင်းပြည်ဆုတ်ဖြဲခြင်းခံရသည်)။ ဆုတောင်းခြင်းအားဖြင့် တိုက်ပွဲဝင်သောအခါ၊ ဘုရားသခင်က အလုံးစုံတာဝန်ယူလိုက်သည်။ ထို့ကြောင့် လူအသိဉာဏ်ဖြင့် မမီနိုင်လောက်အောင်ပင် အောင်ပွဲအကြီးအကျယ်ရရှိသည်။

စစ်မှန်သောအောင်ပွဲသည် ဘုရားသခင်ထံမှ ဖြစ်သည်

လူကို ကိုးစားခြင်းထက် ဘုရားသခင်ကို ကိုးစားခြင်းသည် ပို၍ကောင်းပြီး ကနက်အင်အားရှိခြင်းထက် ယုံကြည်ခြင်းရှိခြင်းသည် ပို၍အရေးကြီးသည်။ ယုံ ကြည်ခြင်းမရှိလျှင် အခြားသောအရာများသည် အချည်းနှီးသာဖြစ်သည်။ လူ့ဘဝတစ်ခုလုံးသည် ဘုရားသခင်၏ လက်ထဲ၌ရှိသဖြင့်ဘုရားသခင်ကိုသာ ကိုးစားမှီခိုကြပါစို့။

ဟေဇကိက အခြားသော အရာများထက် ဘုရားသခင်ကိုသာယုံကြည်ကိုးစားပြီး အလုံးစုံအပ်နှံသဖြင့် ဘုရားသခင်ကလည်း သင်၏ရန်သူသည် သူ့ ဓားဖြင့် သူသေလိမ့်မည်ဟု ကတိပေးပြီး အောင်ပွဲ ဘုရင်ဆွတ်ခူးစေသည်(၄ရာ ၁၉း၇)။ သို့ဖြစ်၍ ကိုယ်အမှုအရာကို ထာဝရဘုရား၌အပ်လော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင် စီရင်တော်မူမည် ဟူသည့် ၊ ကတိကို မမေ့ကြပါစို့နှင့် ( ဆာ ၃း၇)။ ဆက်လက်၍ဘုရားသခင်က “ငါသည် ကိုယ်မျက်နှာကိုလည်း ကောင်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို လည်းကောင်း ထောက်၍ ဤမြို့ကိုကယ်တင် ခြင်းငှါ စောင့်မမည်”ဟု ကတိပေးသေးသည်(၄ရာ ၁၉း၃၄)။

ထိုကတိအတိုင်း ဘုရားသခင်က ကောင်းကင်တမန်ကိုစေလွှတ်ပြီး အာရို့ရိ စစ်သား ၁၈၅၀၀၀ ကို ညတွင်းချင်းသတ်ခိုင်းသည်။ သနာခရိပ်သည် လွတ်မြောက် သော်လည်း နှစ်ပေါင်းနှစ်ဆယ်ခန့်အကြာတွင် နီနေဝေမြို့၌ နိသရုတ်ဘုရားကို ကိုး ကွယ်နေစဉ် သားအရင်း အာဒြမ္မလက်နှင့် ရှရေဇာတို့က လုပ်ကြံသတ်ဖြတ်သည် (၄ရာ ၁၉း၃၅-၃၇)။ သနာခရိပ်က ဟေဇကိကို သင်၏ထာဝရဘုရားက ကယ်တင်နိုင် ၊ မည်မဟုတ်ဟု လှောင်ပြောင်ကဲ့ရဲ့သော်လည်း(၄ရာ ၁၉း၁၀-၁၃) လက်တွေ့တွင်မူ သူ၏ ဘုရားနိသရုတ်က သူ့ကိုမကယ်တင်နိုင်မှန်း ထင်ရှားသည်။ သို့ဖြစ်ရာဟေဇက်နှင့် သနာခရိပ်တို့၏ တိုက်ပွဲသည် တစ်ပြည်နှင့်တစ်ပြည်တိုက်ပွဲထက် အစ္စရေးဘုရားနှင့် အာရို့ရိဘုရားတို့၏ တိုက်ပွဲပမာ ဖြစ်သွားသည်။ ““ဘုရားသခင်သည်ငါတို့ဘက်၌ ရှိတော်မူလျှင် အဘယ်သူသည် ငါတို့ တစ်ဖက်၌ နေနိုင်မည်နည်း””(ရော ၈း၃၁)။

ဤအကြောင်းနှင့်ပတ်သက်၍ Joseplus က အာရှိုရိစစ်သားများသည် အနာစိမ်းပေါက်သဖြင့်ပြန်ဆုတ်သွားကြသည်ဟု ဖော်ပြသည်(Ant. 20:2-5)

Herodotusကမူ အာရ္ဟိရိတို့၏စခန်း၌ ကြွက်အ လွန်ပေါ်ပြီး မြားကြိုး၊ လောက်လွှဲကြိုး နှင့် သားရေဒိုင်းတို့ကို ကိုက်ဖြတ်ကြသဖြင့် သုံး၍မရတော့သည့်အပြင် ဗာဗုလုန်မြို့၌ သူပုန်ထလာသဖြင့် အာရှုရတပ် နောက်ပြန်ဆုတ်ရသည်ဟု ဖော်ပြသည်(Bk.1,141) သို့သော် ယင်းဖော်ပြချက်များသည် ဖြစ်ရပ်အမှန်ကိုဖုံးကွယ်လိုသော မယုံကြည်သူ များ၏ တစ်ဖက်သတ်အမြင်သာဖြစ်သည်။

ဟေဇကိရရှိသည့် လက်ဆောင်(၁၅)နှစ် ၊

ဟေဇကိသည် အသက်(၂၅)နှစ်တွင် နန်းတက်သည်။ အသက်(၄၀)မပြည့်မီ တွင် သေလုနီးပါး ဖျားနာသည်။ ထိုသို့ ရောဂါဝေဒနာကို ပြင်းထန်စွာခံစားနေစဉ် သူ့ ထံသို့ ပရောဖက်ဟေရှာယ ရောက်လာသည်။ ဟေရှာယသည် ဘုရားသခင်၏ အကြီး မြတ်ဆုံးသောပရောဖက်တစ်ပါးဖြစ်သဖြင့် ဟေဇကိသည် အလွန်ဝမ်းမြောက်မိလိမ့် မည်ဖြစ်သည်။ မိမိတို့သည် မကျန်းမာသည့်အချိန်တွင် ဆရာတစ်ပါးပါး၏ ဆုတောင်း ပေးမှုကို တောင့်တတတ်ကြသည်။ ထိုနည်းတူ ဟေဇက်ကလည်း ပရောဖက်၏ ဆု တောင်းပေးမှုကို အလွန်မျှော်လင့်မိလိမ့်မည်ဖြစ်သည်။

သို့သော် မျှော်လင့်သည့်အတိုင်းဖြစ်မလာပေ။ ဟေရှာယက ဆုမတောင်းပေးရုံသာမက “ကိုယ့်အိမ်အမှုကို စီရင်လော့။ သင်သည် အသက်မရှင်သေမည်”ဟု မှာကြားပြီး ချက်ချင်းပြန်သွားသည် (၄ ရာ ၂၀း၁)။ သေလုမြောပါးဖြစ်သူထံ အသက်ရှင်မည် မဟုတ်ဟုပြောဆိုခြင်းသည်ပြောဆိုသူထက်အပြောခံသူအဖို့ အလွန်ဆိုးဝါးသည်။ ထိုစကားကို ဘုရားသခင်၏ပရောဖက်ကိုယ်တိုင်က ပြောဆိုခြင်း ဖြစ်သဖြင့် အလွန်ဝမ်းနည်းလိမ့်မည်ဖြစ်သည်။

ထိုစဉ်က ဟေဇက်သည် နန်းသက်မကြာလှ‌ သေးသည့်အပြင် အသက်(၄၀)မပြည့်သေးသဖြင့် ပျိုရွယ် နေဆဲဖြစ်သည်။ တိုင်းပြည်လည်း တိုးတက်သည့်လမ်းကြောင်းပေါ်သို့ အရှိန်ယူဖွံ့ဖြိုးခါစဖြစ်သဖြင့် မသေလိုသေးချေ။ ထို့ကြောင့် ချက်ခြင်းပင်နံရံဘက်သို့လှည့်ပြီး “အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌သစွာစောင့်လျက် စုံလင်သောစိတ်နှလုံးနှင့် ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါသည်”ဟု ရှိုက်ကြီးတငင် ငိုကြွေးလျက် ဆုတောင်းသည်(၄ရာ ၂၀း၂-၃)။ ဟေဇကိုက ဘုရားသခင်ထံ ကိုယ်တော်၏ရှေ့၌ ကောင်းမွန်စွာပြုမူပါသည်ဟု တိုင်တည်တံ့သည်။ လူရှေ့အပြင် ဘုရား သခင်ရှေ့၌ပါကောင်းမွန်စွာပြုမူသဖြင့် သူသည် ရိုးသားဖြောင့်မတ်သူ၊ ဘုရားသခင်ကို ရိုသေသူ၊ သစ္စာရှိသူဖြစ်မှန်း တွေ့မြင်နိုင်သည်။

ဘုရားသခင်က ဟေဇကိ၏ဆုတောင်းချက်ကိုနားညောင်းပေးသည်။ ထို့ကြောင့် နန်းတော်ပရဝဏ် ဆုတောင်းချက်အတိုင်းအတွင်းရှိသေးသည့် ဟေရှာယကို ဟေဇကိထံ ပြန်စေလွှတ်ပြီး “သင်၏ပဌနာစကားကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏အနာကို ငါပျောက်စေသဖြင့် သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည်။ သင့်အသက် တစ်ဆယ့်ငါးနှစ်ကို ငါဆက်၍ပေးမည်။ သင်နှင့် ဤမြို့ကို အာရှူရိဘုရင်လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကိုလည်းကောင်း၊ ငါကျွန်ဒါဝိဒ်၏ မျက်နှာကိုလည်းကောင်း ထောက်၍ ဤမြို့ကို ကာကွယ်စောင်မမည်””ဟူ၍ ပြောခိုင်း သည်(၄ရာ ၂၀း၅-၆)။

ဤသို့ဖြင့် ဘုရားသခင်က ဟေဇကိကို အိမ်တွင်းရေးကိစ္စများ စီမံဆောင်ရွက် နိုင်ရန်အတွက် သက်တမ်း(၁၅)နှစ် တိုးပေးလိုက်သည်။

ဟေဇကိ၏ အားနည်းချက်များ

ယေရှုကလွဲပြီးလူသားတိုင်း၌ အားနည်းချက်ကိုယ်စီ၊ လက်ညှိုးထိုးစရာကိုယ်စီ ရှိကြသည်။ ဟေဇက်၌လည်း အားနည်းချက်တချို့ ရှိသည်။

၁) ဘုရားသခင်အပေါ် သံသယရှိခြင်း။ ဘုရားသခင်က သုံးရက်လွန်လျှင် ကျန်းမာလာပြီး ဗိမာန်တော်သို့ တက်ရောက်နိုင်မည်ဟု ကတိပေးသည်။ သို့သော် လည်း ဟေဇက်က မယုံကြည်ရဲသဖြင့် လက္ခဏာတရပြပေးရန်လိုသည်။ ထို အခါ ဟေရှာယက ဘုရားသခင်သည် ကယ်တော်အတိုင်း ကျန်းမည်ဖြစ်သဖြင့်လက္ခဏာတစ်ခုပြပါမည်။ နေအရိပ်ကို (၁၀)ဒီဂရီ ရှေ့ တိုးပေးရလား၊ (၁၀)ဒီဂရီ နောက်ဆုတ်ပေးရမလားဟု ပြန်မေးသည်။ ဟေဇကိက အရိပ်ရှေ့တိုးခြင်းသည် လွယ်ကူသဖြင့် နောက်ဆုတ်ပေးပါဟု ပြန်ပြောသည်။ ထို့နောက် ဟေရှာယက ဆုတောင်းရာ နေ၏အရိပ်သည် (၁၀)ဒီဂရီ နောက်ဆုတ်သွားသည်။

ဘုရားသခင်၏စကားကို အပြည့်အဝယုံကြည်လိုက်လျှင် နိမိတ်လက္ခဏာတောင်းဆိုစရာ လိုအပ်လိမ့်မည်မဟုတ်ချေ။ ကျမ်းစာ၌တွေ့ရသည့် နိမိတ် လက္ခဏာအများစုတို့သည် ဘုရားသခင်ကို အပြည့် အဝမယုံကြည်နိုင်ရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဥပမာ၊ ဂိဒေါင်က ဘုရားသခင်ကို သံသယရှိသဖြင့် နိမိတ်လက္ခဏာတချို့တို့ကို မကြာခဏတောင်းဆိုသည်။ ဖာရိရှဲတို့ကလည်း ယေရှု ကို အကဲစမ်းသည့်အနေဖြင့် နိမိတ်လက္ခဏာတောင်းဆိုသည်။ သို့သော်လည်း မလို အပ်သဖြင့် ယေရှုကမပြဘဲနေလိုက်သည်။ ဘုရားသခင်ထံမှ နိမိတ်လက္ခဏာတောင်း ဆိုခြင်းသည် ယုံကြည်ခြင်း အားနည်းသေးခြင်းကို ပြသရာရောက်သည်။ နှုတ်ကပတ်တော်အတိုင်း ယုံကြည်လိုက်ပါက နိမိတ်လက္ခဏာ တောင်းဆိုစရာမလိုဘဲ ယုံကြည် ခြင်းလည်း ပို၍ရင့်ကျက်လာလိမ့်မည်ဖြစ်သည်။ ယုံကြည်သူဟူသည် အမြင်အားဖြင့် မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ရမည်ဖြစ်သည်(၂ကော ၅း၇)။ ထို့အပြင် မမြင်ရစေကာမူ ယုံကြည်နိုင်သည့် သူ၌ မင်္ဂလာရှိ၍ ဘုရားသခင်ကိုလည်း ကျေနပ် အားရစေသည်(ယော ၂ဝး ၂၉)။

၂) စည်းစိမ်ဥစ္စာ၌ ဝင့်ကြွားခြင်း။ လူနာကြည့်ရှုရန် ဗာဗုလုန်မင်းကြီးမေရော တလန်ထံမှ စေလွှတ်သည့် သံတမန်များကို ဟေဇက်က ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာမှစ၍ လက်နက်တိုက်၊ ဘဏ္ဍာတိုက်စသည့် ၎င်း၏စည်းစိမ်ဥစ္စာအားလုံးတို့ကို တစ်ခုမကျန် ပြသသည်။ ဘုရားသခင်ကို ပိုင်ဆိုင်ခြင်းထက် စည်းစိမ်ဥစ္စာပိုင်ဆိုင်ခြင်း၌ဝါကြားခြင်းဖြစ်သည်။ ဟေရှာယက ဟေဇကိထံ ထိုသံတမန်များအား မည်သည့် အရာကို ပြသပါသလဲဟု မေးသောအခါ ဟေဇကိက ““နန်းတော်၌ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစ်စုံ တစ်ခုမျှမရှိ”ဟု ဝင့်ဝင့်ကြွားကြွားပြန်ပြောသည်(၄ ရာ ၂၀း၁၂-၁၅)။ ဘုရားသခင်ထက် စည်းစိမ်ဥစ္စာကို ပို၍ ကိုးစားသည်။ ဘုရားသခင်ကိုပိုင်ဆိုင်ခြင်းထက် စည်းစိမ် ဥစ္စာပိုင်ဆိုင်ခြင်း၌ ပို၍ဂုဏ်ယူသည်။ ထို့ကြောင့်ဘုရားသခင်က “နန်းတော်၌ ရှိသမျှကိုလည်းကောင်း၊ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းပူးသမျှကိုလည်းကောင်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသောကာလ သည် ရောက်လိမ့်မည်။ သင်၏သားမြေးတို့ကိုလည်း ယူသွား၍ သူတို့သည် ဗာဗုလုန် နန်းတော်၌ လူပျိုတော်လုပ်ကြရလိမ့်မည်” ဟု ဒဏ်ခတ်စီရင်သည် (၄ရာ ၂၀း၁၆-၁၈)။

ကိုးစားခိုလှုံရာသည် ဘုရားသခင်၌မဟုတ်ပါက ထိုသူသည် ခေါင်းဆောင် ကောင်းမဟုတ်မှန်း ပေါ်လွင်သည်။ ထို့အပြင် လျှို့ဝှက်သင့်သည့်အရာကို မလျှို့ဝှက် တတ်လျှင် ခေါင်းဆောင်ကောင်းမဖြစ်နိုင်ရုံမက ပျက်စီးဆုံးရှုံးခြင်းများနှင့် ကြုံတွေ့ရ လိမ့်မည်ဖြစ်သည်။

၃) သားသမီးကို မသွန်သင်၊ မပျိုးထောင်ပေးခြင်း။ ဟေဇကိက အိမ်တွင်းရေး ကိုလျစ်လျူရှုပြီး ပြည်တွင်းရေးကိုသာ ဦးစားပေးသည်။ ဟေဇကိ၏ သမိုင်းဝင်ဆောင်ရွက်ချက်များထဲတွင် ယေရုရှလင်မြို့၌ ရေအခက်အခဲမကြုံရန်အတွက် ရေကန် တစ်ခုတူးဖော်ပြီး ပြင်ပရေသွယ်ယူစုဆောင်းခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။(၄ရာ ၂၀း၂၀)။ သို့သော် အိမ်တွင်းရေးအတွက်ဆောင်ရွက်ချက်မှာမူ မည်မည်ရရမရှိချေ။ အကယ်၍ အိမ်တွင်းရေးကိုလည်း ဂရုစိုက်သည်ဆိုလျှင် သူ၏သား မနာရှေသည် အဆိုးသွမ်းဆုံးဘုရင်တစ်ပါး ဖြစ်လာစရာမရှိပေ။ ဘုရားသခင်က “ကိုယ့်အိမ်အမှုကို စီရင်လော့”ဟု သတိပေးသည့်အချိန်တွင် မနာရှေသည် အသက်(၅)နှစ်ခန့် ရှိလိမ့်မည်ဖြစ်သည်။ သို့သော်လည်း သွန်သင်ပျိုးထောင်ပေးခြင်းမရှိသဖြင့် ထိုကဲ့သို့ သတိ ပေးခြင်းဖြစ်နိုင်သည်။ မနာရှေသည် အသက်(၁၂)နှစ်တွင် ဘုရင်အရာရရှိပြီး တိုင်း ပြည်ကို ဖခင်နှင့်အတူ (၁၀)နှစ်ခန့်အုပ်ချုပ်သည်။ ဟေဇကိကွယ်လွန်သောအခါ မနာရှေတစ်ဦးတည်းက အုပ်ချုပ်သည်။

ဟေဇကိသည် အကောင်းဆုံးဘုရင်တစ်ပါးဖြစ်သော်လည်း မနာရှေ့မှာမူ အဆိုးဆုံးဘုရင်တစ်ပါးဖြစ်လာသည်။ ၁) ရုပ်တုဘုရားယဇ်ပလ္လင်အားလုံးကို ပြန်တည် သည်၊ ၂) ဗာလဘုရားယဇ်ပလ္လင်များကို ပြန်ဆောက်သည်၊ ၃) အာရှရနတ်ဘုရား တိုင်များကို ပြန်ထောင်သည်၊ ၄) အာကာသရှိ အရာအားလုံးတို့ကို ကိုးကွယ်သည်။ ၍ ဝတ်ဖြည့်သည်၊ ၆) ဗိမာန်တော်ထဲ၌ပင် ရုပ်တုဘုရားယဇ်ပလ္လင်များ တည်ဆောက် သည်၊ နေ၊ လ၊ ကြယ်များကို ကိုးကွယ်ရန်အတွက် ယဇ်ပလ္လင်တည်သည်။ ၈) မိမိ သားကို မီးရှို့ရာယဇ်အဖြစ် အသုံးပြုသည် (ထိုသို့ အသုံးပြုသူ ယုဒရာဇဝင်၌ အာခတ်နှင့် မနာရှေ နှစ်ဦး သာရှိသည်)၊ ၉) လက္ခဏာဗေဒင် အားကိုးသည်။၁၀) ပြုစားတတ်သောပညာကို လိုက်စားသည်။၁၁) စုန်းနှင့် နတ်ဝင်သည်တို့ကို ဗိမာန်တော်ထဲသို့ဝင်ခွင့်ပေးသည် ၁၂) ဘုရားသခင်၏ဘုန်းတော် အမြဲထင်ရှားမည့်နေရာ၌ အာရှရဘုရားမ ရုပ်တုကို စိုက်ထူသည်၊ ၁၃) ပြည်သူများကို ဒုစရိုက်၌နစ်မွန်းရန် သွေးဆောင်သည်(၄ရာ ၂၁း၁-၁၁)။ ။

စင်စစ် ဘုရားသခင်၏ “ကိုယ့်အိမ်အမှုကို စီရင်လော့ ́ဟူသည့် သတိပေးချက် သည် ဝိညာဉ်ရေးရာကို ပြောဆိုခြင်းဖြစ်သည်။ ဘုရားတရားဖြင့် သွန်သင်ပျိုးထောင် ရန် သတိပေးခြင်းဖြစ်သည်။ သို့ရာတွင် ဟေဇကိက လောကီရေးသာ ကြည့်မိသည်။မနာရှေကို ဝိညာဉ်ရေးရာ၌မပျိုးထောင်ဘဲ အသက် (၁၂)နှစ်အရွယ်မှစပြီး ဘုရင်အဖြစ် ပျိုးထောင်သဖြင့် ဤမျှဆိုးသွမ်းလာခြင်းဖြစ်သည်။

၄) ဟေဇကိုခံရမည် ပြစ်ဒဏ်။ ဟေဇကို ပြန်လည်ကျန်းမာလာသောအခါ လုန်မင်းကြီးက သံတမန်စေလွှတ်၍ လက်ဆောင်များပို့ခိုင်းသည်။ စင်စစ် လက် တင်ပို့ခိုင်းခြင်းသက်သက်မဟုတ်ဘဲ အာရို့ရိမင်းကြီးကို တိုက်ခိုက်လိုသဖြင့် မဟာမိတ်ဖွဲ့ လာဖွဲ့ခြင်း ဖြစ်သည်။ ထိုသံတမန်များကိုဟေဇကိုက ကောင်းမွန်စွာဧည့်ခံပြီး ဝါကြွားလိုသည် စိတ်ဖြင့် လျှို့ဝှက်အပ်သည့် စည်းစိမ်ဥစ္စာများကိုပင်တစ်ခုမကျန်ပြသသည်။ ထိုကိစ္စကြောင့် ဟေရှာယက ဟေဇကိထံ သင်ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာအားလုံး ဗာဗုလုန်သို့ ယူဆောင်ခြင်း ခံရမည်။ သင်၏သားမြေးများအားလုံး ကျွန်ဘဝရောက်ပြီး ဗာဗုလုန်နန်းတော်၌ သင်းကွပ်ခြင်းခံရမည်ဟု ပြောလိုက်သည်(၄ရာ ၂၀း၁၂-၁၉)။

သင်းကွပ်ခြင်းဟူသည် မျိုးသုဉ်းရန် ပြုလုပ်ခြင်းဖြစ် သဖြင့် ယုဒတို့အဖို့ သေဒဏ်ထက်ပင် ကြောက်ရသည့်ပြစ်ဒဏ်ဖြစ်သည်။ ဘုရား သခင်ထက် စည်းစိမ်ဥစ္စာကို ပို၍ကိုးစားပြီး လျှို့ဝှက်အပ်သည့်အရာများကို ထုတ်ဖော် ပြသသဖြင့် ထိုကဲ့သို့ ကျိန်ခြင်းခံရခြင်းဖြစ်သည်။

ဟေဇကိ ကွယ်လွန်ခြင်း ၊

ဟေဇကိက တိုင်းပြည်ကို (၂၉)နှစ်ကြာ အုပ်ချုပ်သည်(ဘီစီ ၇၁၅-၆၈၆)။ သူ တစ်ဦးတည်းက နှစ်(၂၀)နှင့် မနာရှေ့နှင့်အတူ (၉)နှစ်ဖြစ်သည်(ဘီစီ ၆၉၅-၆၈၆)။သူ၏ လက်ထက်တွင် ဘုရားသခင်က ပရောဖက်ဟေရှာယနှင့် မိက္ခာတို့အားဖြင့် ဗျာဒိတ် တော်များကို အမြောက်အမြားကြားစေသည်(ဟေ ရှာ ၁း၁၊ ၃၇း၂၁၊ မိ ၁း၁)။ သူကွယ်လွန်သောအခါ ဒါဝိဒ်အနွယ်များ၏ သင်္ချိုင်း၌သဂြိုဟ်ကြပြီး ပြည်သူအားလုံးက ဂုဏ်ပြုကြသည် (၆ရာ ၃၂း၃၂-၃၃)။

ဟေဇကိကဲ့သို့ ထင်ရှားသည့်ဆုတောင်းချက်ရှိသူနှင့် အဖြေချက်ချင်းရရှိသူ အများကြီးမရှိပေ။ သူ့အားဖြင့် မပေါ်ဖူးသေးသည့်၊ နောင်တွင်လည်း မပေါ် ရတော့မည့် နိမိတ်လက္ခဏာများကို သိရှိခွင့်ရသည်(ဥပမာ၊ နေသည် (၁၀)ဒီဂရီ နောက်ပြန်ဆုတ် သည်)။ ဖခင်အာခတ်နှင့် သားမနာ‌ရှေတို့သည် အဆိုးဆုံးသောဘုရင်များထဲ၌ ပါဝင်ကြသည်။ ယုဒရာဇဝင်၌ မိမိသားကို မီးရှို့ရာယဇ်အဖြစ် အသုံးပြုသည့် ဘုရင်နှစ်ပါးသာရှိရာ အာခတ်နှင့် မနာဘူတို့ပင်ဖြစ်သည်။ ဟေဇက် သည် ထိုဘုရင်နှစ်ပါးကြားမှ ဘုရင်ဖြစ်သဖြင့် အလွန်ခက်လိမ့်မည်ဖြစ်သည်။ သို့ရာ တွင် ဝိညာဉ်တော်၏ခွန်အားကြောင့် အောင်မြင်မှုရရှိပြီး အားနည်းချက်ကြောင့်ရရှိ သည့် ပြစ်ဒဏ်များကိုလည်း သူ၏အသက်တာ၌ မခံစားရချေ။

သင်ခန်းစာယူစရာ အချက်တချို့

၁) ခေါင်းဆောင်က ဘုရားသခင်ကိုကိုးစားလျှင် လူအများဝန်းရံလာမည်။ ဟေဇကိက ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းဖြင့် ဘုရင်လုပ်လာသောအခါ ဖျက် ဆီးစရာများကို ဖျက်ဆီး၍ ပြုပြင်စရာများကို ပြုပြင်သည်။ အတန်ကြာနားထားသည့် ဘုရားသခင်၏ ပွဲအမျိုးမျိုးတို့ကို ပြန်လည်ကျင်းပသည်။ ဗိမာန်တော်ကို သန့်ရှင်း ပြုပြင်သည်။ မည်မျှခက်ခဲသည့် အလုပ်ဖြစ်နေပါစေ၊ ဘုရားသခင်ကို ကိုးစားသဖြင့် လူအများက ဝိုင်းကူပေးကြသည်။ သို့ဖြစ်ရာယုံကြည်ခြင်းကို အလုပ်ဖြင့်သက်သေပြပါ က လူထုကလည်း ဝန်းရံလာလိမ့်မည်ဖြစ်သည်။

၂) ခေါင်းဆောင် ရက်ရောလျှင် နောက်လိုက်များလည်း ရက်ရောကြသည်။ ဟေဇကိက ရက်ရောစွာ ပေးလှူသောအခါ ပြည်သူများကလည်း ရက်ရောစွာ ပေးလှူ သဖြင့် ကြီးမားသောအောင်မြင်မှုများကို ဆွတ်ခူးနိုင်ကြသည်။ ထို့ကြောင့် ကြီးမား သောအမှုများကို လုပ်ဆောင်လိုပါက ပေးလှူခြင်း၌လည်း ရက်ရောမှုရှိရန် အလွန်လိုအပ်သည်။

၃) စကားနည်းက ရန်စဲသည်။ ဟေဇကိုက ရှို့ရိဘုရင်၏ ခြိမ်းခြောက် များများကို တစ်ခွန်းမျှမတုံ့ပြန်ဘဲ လူထုကိုလည်း ဆိတ်ဆိတ်သာနေစေသည်။ ထို က်သားကလည်း ဘာမှမတတ်နိုင်တော့ချေ။ ထိုသို့နှုတ်ဆိတ်ခြင်းက ရန်သူ ဝေဇဝါဖြစ်စေသည့်အပြင် အပြစ်ထောက်စရာမှလည်း ကင်းလွတ်စေသည်။

၄)ဘုရားသခင်ကို ကိုးစားလျှင် စိတ်အေးချမ်းသည်။ မိမိခွန်အားကို ကိုးစား တ်ပင်ပန်းပါလိမ့်မည်။ ဘုရားသခင်ကို ကိုးစားနေသရွေ့ စိတ်အေးချမ်း ပါလိမ့်မည်။ ဟေဇကိသည် ဘာမှမတတ်နိုင်တော့သည့်အချိန်တွင် ဘုရားသခင်ကို ချဉ်းကပ်သည်။ ဘုရားသခင်ကလည်း အံ့သြဖွယ်ကောင်းလောက်အောင် အောင်မြင် ခြင်း ပေးသည်။ ရန်သူများကို ကိုယ်တိုင်တိုက်စရာ၊ ပင်ပန်းစရာမလိုဘဲ ရှုံးနိမ့်စေ သည်။

၅) စည်းစိမ်ဥစ္စာကြောင့် ဝင့်ကြွားမိပါက သေခြင်းနှင့် အဆုံးသတ်နိုင်သည်။ ဟေဇက်က ဗာဗုလုန်မင်းကြီး၏ သံတမန်များအား သူ၏စည်းစိမ်ဥစ္စာများကို ဝင့်ကြွား လိုသောစိတ်ဖြင့် တစ်ခုမကျန်ပြသသည်။ လျှို့ဝှက်သင့်သည်များကိုပင် အကုန်ထုတ် ဖော်ပြောကြားသည်။ ထို့ကြောင့် ဗာဗုလုန်တို့ကလုယူတိုက်ခိုက်ရာယုဒတို့အမြောက် အပြားသေဆုံးပြီး ကျွန်ဘဝရောက်ရကြသည်။

၆) ဘုရားသခင်က အခွင့်ကောင်းကိုပေးလျှင် အချည်းနှီးမဖြစ်စေကြပါစို့နှင့်။ ဘုရားသခင်က ဟေဇကိအား သက်တမ်း(၁၅)နှစ်တိုးပေးခြင်းသည် အိမ်သားများ၏ ဝိညာဉ်ရေးကို ထိုကာလအတွင်း၌ ကောင်းမွန်စွာ ပြုစုပျိုးထောင်နိုင်ရန်ဖြစ်သည်။ သူ ၏နေရာဆက်ခံမည့် မနာရှေကို ဝိညာဉ်ရေးရာ သွန်သင်ပျိုးထောင်ပေးရန်ဖြစ်သည်။ သို့ရာတွင် ဟေဇက်က ထိုသို့မလုပ်ဘဲ အချိန်ကာလကို အချည်းနှီးဖြစ်စေသည်။ ထို့ကြောင့် မနာရှေသည် ယုဒရာဇဝင်၌ အဆိုးဆုံးဘုရင်တစ်ပါးအဖြစ် မှတ်တမ်းဝင် သွားသည်။

၇) သားသမီးကို မပျိုးထောင်လျှင် ကြိုးစားထားသမျှ အရာထင်မည်မဟုတ်။ မိဘများက ချွေတာစုဆောင်းသော်လည်း သားသမီးများက သုံးဖြုန်းပစ်လျှင် မည် သည့်အကျိုးရှိမည်နည်း။ မိဘများက ရုပ်တုဘုရားများကို အကုန်ဖျက်ဆီးပစ်သော် လည်း သားသမီးများက ပြန်လည်စုဆောင်းလျှင် မည်သည့်အကျိုးရှိမည်နည်း။

သားသမီးများအား မိမိ၏ခြေရာကို မီနိုင်သူအဖြစ်လောက်သာ မပျိုးထောင် ကြပါစို့နှင့်။ လောကအရာများသည် လောကထဲတွင်ပျောက်ကွယ်၍ ဝိညာဉ်အရာ များမှာ အမြဲတည်နေလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ သားသမီးများ၏ ဝိညာဉ်ရေး အသက်တာကို အခြားအရာများထက် ဦးစားပေးကြပါစို့။ သို့မှသာ ၎င်းတို့၏နောင် ရေးသည် အစဉ်တောက်ပလာလိမ့်မည်ဖြစ်သည်။

၈) ဆေးဝါးများကို ကျန်းမာရေးအတွက် အသုံးပြုတတ်ခြင်းသည် ဘုရားသခင် ပေးထားသည့် ဉာဏ်ပညာပင်ဖြစ်သည်။ “ဘုရားသခင်က အနာငြိမ်းစေပြီး ဆရာဝန် က ဆေးဖိုးဝါးခယူသည်” ဟူသည့် စကားတစ်ခုရှိသည်။ မှန်ပါသည်။ ဘုရားသခင် သာလျှင် အနာငြိမ်းစေသောအရှင်ဖြစ်သည်။ သို့သော် ဘုရားသခင်က ဆေးဝါးများ အားဖြင့် ကျန်းမာစေသူတချို့ရှိသည်။ ဥပမာ၊ ဟေဇက ပြန်လည်ကျန်းမာရန်အတွက် ဘုရားသခင်က သဖန်းသီးဆေးဖယောင်းချက်ကို အသုံးပြုစေသည်(၄ရာ ၂ဝး၇)။ သခင်ယေရှုကိုယ်တိုင်က “ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏””ဟုပြောသဖြင့် နာသောသူသည် ဆရာဝန်ထံ ပြသပြီးဆေးဝါးသောက်သုံးရမည်ဖြစ်သည်။ ထို့အပြင် ရှမာရိလူကောင်းအကြောင်းကို

ပြောဆိုရာ၌ ဓားပြတိုက်ခံရသောကြောင့် သေလုမြောပါးဖြစ် သူအားဒဏ်ရာများကို စပျစ်ရည်ဖြင့်ဆေးကြော၊ ဆီလိမ်းပေးကာ အဝတ်ဖြင့်စည်းပေးသည်ဟု ဖော်ပြသည်။ ထိုစကားက ကျန်းမာရန်အတွက် ဆေးဝါးအသုံးပြုရသည်ဟု ညွှန်းဆိုခြင်းဖြစ်သည် (လု ၁၀း၃၄)။

သေသောသူကိုပင် ရှင်ပြန်ထမြောက်စေသော၊ ပုဝါစထိမိလျှင်ပင် အနာငြိမ်း စေသော၊ အရိပ်အောက်၌ရှိလျှင်ပင် ကျန်းမာစေသော ရှင်ပေါလုက တိမောသေထံ အစာအိမ်ရောဂါပျောက်ကင်းရန် စပျစ်ရည်အနည်းငယ်သောက်သုံးပါဟု ညွှန်ကြား သည်(၁တိ ၅း၂၃)။ တစ်ခါတစ်ရံတွင် ဘုရားသခင်က အံ့သြဖွယ်ကောင်းအောင် အနာငြိမ်းစေတတ်သော်လည်း အများအားဖြင့်မူ ဆေးဝါးအားဖြင့် ကျန်းမာစေသည်။ ဆေးဝါးဟူသည် ဘုရားသခင်၏ပညာအားဖြင့် ဆေးပညာရှင်များက ဖော်စပ်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဆေးဝါးကို ဘုရားသခင်ထက် ပို၍အားကိုးမိခြင်းသည် မှားယွင်းသော်လည်း ဘုရားသခင်ကိုယုံကြည်လျက် ဆေးဝါးအသုံးပြုခြင်းမှာမူ ဘုရားသခင် ၏ အလိုတော်ဖြစ်သည်။

၉) အမြင့်သို့ရောက်လေ၊ လေတိုက်နှုန်းမြင့်လေဖြစ်သဖြင့် သတိထားကြပါစို့။ အအောင်မြင် ဆုံးသောသူဟူ၍ ကိုယ့်ကိုကိုယ် ထင်မှတ်သည့်နေ့သည် လဲကျစေရန် အန္တရာယ်အရှိဆုံးသောနေ့ဖြစ်သည်။“အကြင်သူသည်မိမိတည်ကြည်လျက်နေသည် ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှါ သတိပြုစေ”(၁ကော ၁၀း၁၂)။ ဟေဇက် ၏ လဲကျခြင်းအစပြုသောနေ့သည် ဆုတောင်းချက်အဖြေရသည့်နေ့၊ အောင်မြင်ခြင်းခေါင်းဆောင်မှုပညာ ရသည့်နေ့၊ ကျန်းမာခြင်းရသည့်နေ့၊ သက်တမ်း(၁၅)နှစ်တိုးသည့်နေ့၊ အမှာ များ လက်ဆောင်ရသည့်နေ့၊ စည်းစိမ်ဥစ္စာများ ပြသရသည့်နေ့ဖြစ်သည်။ ဒီကြာဆယ် နိုင်ရန်အတွက် ကန်တူး၊ ရေမြောင်းဖောက်သော်လည်း အချည်းနှီးသာဖြစ်သည်။ အောင်မြင်မှုမရမီအထိ ဒါဝိဒ်၏ခြေရာအတိုင်းလိုက်လျှောက်ပြီး ဘုရားသခင်စိတ် တော်နှင့် ထိတွေ့နိုင်သော်လည်း အောင်မြင်သည့်အခါတွင်မူ ဘုရားသခင်ကို နေ့ လျော့သွားသည်။ ဘုရားသခင်ကို ဟေဇကိကပင် မေ့လျော့တတ်သည်ဆိုလျှင် မိမိတို့ သည် အလွန်သတိထားရမည်ဖြစ်သည်။

ယောရှိ (Josiah)

Harry Truman က “သမိုင်းဟူသည် လူတို့ကြောင့် ဖြစ်ပေါ်လာ၍ သမိုင်းကြောင့် လူတို့ဖြစ်ပေါ်လာခြင်းမဟုတ်။ လူ့သမိုင်းကိုကြည့်လျှင် ခေါင်းဆောင်မရှိပါက တိုး တက်မှုရပ်ဆိုင်းသည်။ အရာတစ်ခုခုကို ရဲရင့်သောခေါင်းဆောင်များနှင့် လူတော်များ က ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပြောင်းလဲပေးမှသာ စစ်မှန်သောတိုးတက်မှု ဖြစ် ပေါ်လာနိုင်သည်”ဟု ပြောဆိုဖူးသည်။ မှန်ပါသည်၊ သြဇာနှင့် ကျွမ်းကျင်မှု ဒွန်တွဲ ပိုင်ဆိုင်ပြီး စေတနာနှင့် သတ္တိရှိရှိ လုပ်ဆောင်ရဲသောသူများကသာလျှင် လူ့သမိုင်းကိုပြောင်းလဲပစ်နိုင်သည်။ ဤကဲ့သို့သောခေါင်းဆောင်မျိုးကို ဆုတောင်းခြင်းဖြင့် ရှာဖွေ ပြီး မျှော်လင့်ခြင်းဖြင့် စောင့်စားကြပါစို့။

ယောရှိ နန်းစံသောအချိန်သည် ဘုရားသခင်က ပရောဖက်ဇေဖနိကို ယေရုရှ လင်မြို့၌ အသုံးပြုသောအချိန်ဖြစ်သည်(ဇေ ၁း၁)။ ထိုစဉ်က ဇေဖနိကဲ့သို့ စစ်မှန်သော ပရောဖက်ရှိသော်လည်း ဘုရားသခင်ကိုဦးထိပ်ထားသော ခေါင်းဆောင်ကောင်းမရှိ သဖြင့် “ငြိမ်းချမ်းခြင်းမြို့ဖြစ်သောယေရုရှလင်မြို့သည် “မငြိမ်းချမ်းဘဲ အစစအရာရာ ၌ လုံခြုံမှုမရှိချေ။ ထို့ကြောင့် စည်ပင်တိုးတက်မည့်အစား ဆုတ်လျော့ကျဆင်းပြီး ဘုရားသခင်၏လူများဟု သမုတ်ကြသော်လည်း အားကျစရာလုံးဝမရှိပေ။

အကြောင်းမှာ တိုင်းပြည်တစ်ပြည် လုံခြုံရန်နှင့် စည်ပင်တိုးတက်ရန်အတွက် ခေါင်းဆောင်ကောင်းလိုအပ်သည်။ ထိုသို့ တိုင်းပြည်ရေးရာနှင့် ဝိညာဉ်ရေးရာ၌ ခေါင်းဆောင်ကောင်း လိုအပ်သည့် အချိန်တွင် ဘုရားသခင်က ယောရှိကို အချိန်ကိုက်ပေါ် ထွန်းစေသည်။

ယောရှိသည် ပရောဖက်ဇေဖနိအား မည်ကဲ့သို့သိသည်ကို အတိအကျ မတွေ့ရပေ။ ဇေဖနိသည် ဘုရင့်အမျိုးအနွယ်ထဲမှ ဝေသာဆင်းသက်လာဟန်ရှိပြီး သူသည်တခြားလူများနှင့်မတူဘဲဘုရားသခင်အားရှိသေလေးမြတ်ပြီး ဖြောင့်မတ်တည်ကြည်သဖြင့် ယောရှိ သည် ဇေဖနိကို အားကျအသက်ရှင်လိုရာမှ သိရှိခြင်း ဖြစ်မည်ဟု ယူဆရသည်။ မည်သို့ပင်ဖြစ်စေ၊ ထိုခေတ်ခေါင်းဆောင်များကိုယ်ကျိုးကိုသာကြည့်ပြီး အကျင့်ပျက်သည့် အချိန်တွင် ယောင်ပေါ်ထွန်းလာပြီး တိုင်းပြည်နှင့် လူမျိုးအတွက် စတင်လုပ်ဆောင်သည်။ သူသည် ဘုရား သခင်ခန့်ထားသော ခေါင်းဆောင်ကောင်းဖြစ်သည်နှင့်အညီ ဘုရားသခင်၏ ဘုန်း တော်ထင်ရှားရန်၊ တိုင်းပြည်စည်ပင်ဝပြောရန်နှင့် ပြည်သူများ စိတ်ချမ်းမြေ့ရန်ကို သာ အာရုံစူးစိုက်ပြီး ကိုယ်ကျိုးလုံးဝမရှာပေ။ ထိုအခါ ပြည်သူများ ကိုယ်စိတ်ဝိညာဉ် သုံးပါးစလုံး ကျန်းမာပျော်ရွှင်လာသည်နှင့်အမျှ တိုင်းပြည်လည်းတိုးတက်လာသည်။ ခေါင်းဆောင်ကောင်းတစ်ဦးကြောင့် တိုးတက်မှုဟူသည် ကန့်သတ်၍မရသကဲ့သို့ ပြော ၍လည်း ကုန်နိုင်မည်မဟုတ်ချေ။ သင်ယူကြပါစို့။

ဘုရားသခင် – နံပါတ်တစ်

ယောရှိ(ဘီစီ ၆၄၀-၆၀၉)အမည်ကို ကျမ်းစာထဲ၌ အကြိမ်(၅၀)ကျော်တွေ့ရပြီး “ဘုရားသခင်က အနာငြိမ်းစေသည်”ဟု အဓိပ္ပာယ်ရသည်။ သူ၏အဖေသည် ဘုရင် အာမုန်(ဘီစီ ၆၄၂-၆၄၀)ဖြစ်၍ အဘိုးသည် ဘုရင်မနာဖြစ်သည်။ အာမုန်သည် အသက်(၂၂)နှစ်တွင် ဘုရင်ဖြစ်လာသော်လည်း နှစ်နှစ်အကြာတွင် လုပ်ကြံသတ်ဖြတ် ခြင်းခံရသည်။ သူသည် ဖခင်မနာယူကဲ့သို့ ရုပ်တုကိုးကွယ်ခြင်း၌ စိတ်အားထက်သန် လွန်းသူဖြစ်သဖြင့် ထိုသို့အသေစောခြင်းသည် ယုဒလူမျိုးများအဖို့ အကောင်းဆုံး ဖြစ်သည်။ အကျင့်ပျက်ခေါင်းဆောင်များ အသေစောခြင်းသည် မင်္ဂလာတစ်ခုဖြစ်သည်။ အကြောင်းမှာ ၎င်းတို့၏ တစ်ခဏတာအကျင့်ယုတ်မှုများကို နှစ်ပေါင်းများစွာ အချိန်ယူပြုပြင်ရ၍ဖြစ်သည်။ ယုဒလူမျိုးများကမူ အာမုန်အား လုပ်ကြံ ၊သူများကို အကုန်သတ်ပစ်ပြီး သားဖြစ်သူယောရှိကို ဘုရင်အဖြစ်တင်မြှောက်ကြသည်။ ထိုအချိန်က ယောရှိ သည် အသက်(၈)နှစ်သာရှိသေးသည်။

ယောရှိ၏အဘိုးဖြစ်သူ ဘုရင်မနာရှေသည် ဒါဝိဒ်၏ပလ္လင်တော်၌ စိုးစံဖူးသမျှသောဘုရင်များ အ နက် အယုတ်ညံ့ဆုံးနှင့် အဆိုးဝါးဆုံးဘုရင်ဖြစ်သည်။ အယုတ်ညံ့ဆုံးဖြစ်သော်လည်း သက်ဆိုးအရှည်ကြာဆုံးသော ဘုရင်တစ်ပါးဖြစ်သဖြင့် တစ်တိုင်းပြည်လုံးတွင် အကျင့်ပျက်မှုက အမြစ်တွယ်နေရာယူလာသည်။ သူသည် ရုပ်တုကိုးကွယ်ခြင်းကို နေရာတကာ၌ တည်ထောင်ရုံမက လုံခြုံစွာစောင့်ထိန်းပြီး ပြန့်ပွားစေသည်။ ကွယ်လွန်ခါနီးတွင် အလွန်နောင်တရသော်လည်း ရုပ်တုကိုးကွယ် ခြင်းမှာမူ နက်ရှိုင်းစွာ အမြစ်တွယ်ပြီးဖြစ်သဖြင့် ပြန်လည်မဖျက်ဆီးနိုင်တော့ပေ။ သား ဖြစ်သူအာမုန် ဘုရင်ဖြစ်လာသောအခါ ပို၍ပင်ဆိုးရွားလာသည်။ ဖခင်ဖြစ်သူ ဖျက်ဆီး ခဲ့သည့် ရုပ်တုများကို ပြန်လည်ပြုပြင်ပြီး တစ်တိုင်းပြည်လုံးကို ရုပ်တုကိုးကွယ်ခြင်း၌ ပြန်လည်သွတ်သွင်းသည်။

ထိုသို့ ယောရှိသည် ရုပ်တုကိုးကွယ်သော မိသားစုမှဖြစ်သဖြင့် ထိုရုပ်တုများကို ဖျက်ဆီးပစ်လိုက် ပါက ဘိုးဘေးတို့၏ဘုရားများကို ဖျက်ဆီးရာရောက်လိမ့်မည်။ မိဘဆွေမျိုးများကို ပုန်ကန်ရာ ဖြစ်လာမည်။ ထို့ကြောင့် အသက်ရှင်သော ထာဝရဘုရားကို ကိုးကွယ်ရန်ဟူသည် ယောရှိအဖို့ အလွန် စွန့်စားရမည့်အရာဖြစ်သည်။ သို့သော် သူသည် ရုပ်တုများကို ဖျက်ဆီးပြီး ထာဝရဘုရားကိုသာ ကိုးကွယ်လိုက်ခြင်းသည်မိဘဆွေမျိုးများနှင့် ပြည်သူပြည်သားများက ဆန့် ကျင်ရင် ဆန့်ကျင်ပါစေ၊ ဖြစ်ချင်တာဖြစ်တော့ ဟူ၍စိတ်ဆုံးဖြတ်ခြင်း ဖြစ်သည်။ အသက်ကိုပင်ရင်း၍ရုပ်တုများကို ဖျက်ဆီးရဲခြင်းသည် ဘုရားသခင်အတွက် အသက်ရှင်ရဲခြင်းဖြစ်၍ ယုံကြည်ခြင်းဖြင့် ပြောင်းလဲမှုကြီးတစ်ခုကို ဖြစ်ပေါ်စေခြင်းပင်ဖြစ်သည်။

ဘိုးဘေးများက ထာဝရဘုရားကို မရှာဖွေကြသည့်တိုင် မိမိတို့ခေတ်တွင်မူ ရှာ ဖွေနိုင်ကြသည်။ ထာဝရဘုရားအား ရှာဖွေသူဟူသမျှသည် တွေ့ရလိမ့်မည်ဖြစ်သည် (ဆာ ၇၀း၄၊ သု ၈း၁ရ၊ ဟေဗြဲ ၁၁း၆)။ သို့ဖြစ်၍ ဤစာကိုဖတ်ရှုသောသူသည် ထာဝရ ဘုရားကို မတွေ့သေးသောသူဖြစ်ပါက အချိန်မနှောင်းသေးပါ။ ဘုရားသခင်သည် ယုံကြည်သူခေါင်းဆောင်ကောင်းအဖြစ် အသုံးပြုနိုင်ပါသေးသည်။ ယုံကြည်ခြင်းဖြင့် အသက်ရှင်သောသူသည် သူရဲဘောကြောင်ဘဲ ပြောင်းလဲမှုတစ်ခုခုကို လိုအပ်သလို ဖြစ်ပေါ်စေနိုင်ကြသည်။

လေးစားဖွယ်ကောင်းသော လူငယ်

ယောင်ထက် လေးစားဖွယ်ကောင်းသောလူငယ် မရှိသလောက်အလွန်ရှားပါ လိမ့်မည်။ ယောသပ်သည် ဖြောင့်မတ်တည်ကြည်၍ ဖြားယောင်းသွေးဆောင်ခြင်း နောက်သို့ လုံးဝလိုက်ပါမသွားသူဖြစ်သည်။ သူသည် ဖခင်၏အုပ်ထိန်းမှုအောက်တွင် အသက်(၁၈)နှစ်အရွယ်ထိ နေခဲ့ပြီးနောက် ပေါတိ၏လက်အောက်တွင် (၁၀)နှစ်ကြာ နေထိုင်သည်။ အသက်(၃၀)နှစ် အရွယ်တွင် အီဂျစ်ပြည်၏ ဒုတိယအကြီးဆုံးပုဂ္ဂိုလ် ဖြစ်ခဲ့သည်။ သို့သော်လည်း အသက်တာတစ်လျှောက်လုံး သူတစ်ပါးလက်အောက်၌ နေထိုင်ရသူဖြစ်သည်။ ၎င်းထက်ပိုကြီးသောပုဂ္ဂိုလ် အမြဲရှိသဖြင့် ကိုယ်ကိုထိန်းချုပ် ရန်နှင့် ဘုရားသခင်၌ မှီခိုကိုးစားရန် ပို၍လွယ်ကူလိမ့်မည်ဖြစ်သည်။

ဒံယေလလည်း ဖြောင့်မတ်တည်ကြည်သော လူငယ်တစ်ယောက်ဖြစ်သည်။ သို့သော်လည်း အသက်(၁၅) နှစ်အရွယ် မှစပြီး ကွယ်လွန်ချိန်အထိ သူတစ်ပါးလက် အောက်၌ နေထိုင်ရသူဖြစ်သည်။ ဗာဗုလုန်နှင့် ပါရှားပြည်တို့၌ တတိယအကြီးဆုံးပုဂ္ဂိုလ်အထိ သော်လည်း ၎င်းထက်ပိုကြီးသောပုဂ္ဂိုလ် အမြဲရှိသဖြင့် လွတ်လပ်စွာ နေခွင့်ရသူမဟုတ်ပေ။ ထိုကြားထဲတွင် အသက်အန္တရာယ်ကြုံလေ့ရှိသဖြင့် ဘုရားသခင်၌ မှီခိုကိုးစားရန်နှင့် ကိုယ်ကိုထိန်းချုပ်ရန် ပို၍လွယ်ကူလိမ့်မည်ဖြစ်သည်။

ယောရှိ မှာမူ ထိုကဲ့သို့မဟုတ်ပေ။ ဘိုးဘေးခေတ်မှစပြီး အစဉ်အဆက်ဘုရင် ဖြစ်ကြသည်။ ၎င်းကိုယ်တိုင် ဘုရင့်သားဖြစ်သည့်အပြင် အသက်(၈)နှစ်အရွယ်တွင် ဘုရင်ဖြစ်သွားသဖြင့် ၎င်းထက်ပိုကြီးသောပုဂ္ဂိုလ် မမြင်ဖူးသလောက်ပင်ဖြစ်ပါလိမ့် မည်။ မည်သူ့မျက်နှာမျှ ထောက်ထားစရာမလို၊ မည်သူ့လက်အောက်တွင်မျှ နေထိုင် စရာမလို၊ ၎င်းသည်သာ အာဏာအရှိဆုံးဖြစ်သဖြင့် နေချင်သလိုနေ၍ ရသည့်ဘဝဖြစ် သည်။ သို့သော် လောကအရာများထက် ဘုရားသခင်ကိုသာ ဦးစွာရှာဖွေသည်။ ထိုသို့ ရှာဖွေခြင်းသည် ဆင်းရဲခြင်းကြောင့်မဟုတ်၊ ရှုံးနိမ့်ခြင်းကြောင့်မဟုတ်၊ သူတစ်ပါး လက်အောက်၌ နေထိုင်ရခြင်းကြောင့်မဟုတ်၊ ဒုက္ခကြုံရခြင်းကြောင့်မဟုတ်၊ အထက် စီးမှ နေလိုခြင်းကြောင့်မဟုတ်ဘဲ ငယ်ငယ်ကတည်းမှစ၍ သူ၏ဆန္ဒအလျောက် ရှာ ဖွေခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ဤမျှလောက် စံနမူနာယူဖွယ်ကောင်းသော၊ လေးစား ဖွယ်ကောင်းသောလူငယ် အလွန်ရှားပါးပါလိမ့်မည်။

ခေါင်းဆောင်ကောင်းတို့ သည် ဘုရားမုန်းတီးသောအရာများကို မုန်းတီးသည်

ဘုရားသခင်ကိုချစ်လျှင် ဘုရားမုန်းတီးသောအရာများကို မုန်းတီးရန်လိုသည်။ သန့်ရှင်းသော ဘုရားကိုချစ်လျှင် မသန့်ရှင်းသောအရာများ(အပြစ်များ)ကို ရွံရှာရန် လိုသည်။

လူများစွာတို့က ဘုရားသခင်အား ချစ်ပါသည်၊ ဘုရားသခင်၏မျက်နှာကို ရှာ ပါသည်၊ ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ပါသည်ဟု ပြောလေ့ရှိကြသည်။ သို့သော် ဘုရားသခင်အား အမှန်တကယ်ချစ်ကြသည်ဆိုလျှင် ဘုရားသခင်၏ ပကတိ အဖြစ်ကို သိရှိရန်လိုသည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည့်နည်းတူ အ မျက်ထွက်တတ်သည့် ဘုရားလည်း ဖြစ်သည်။ ကရုဏာရှင်ဖြစ်သည့်နည်းတူ အမှန်တရားအတိုင်း တရား စီရင်သူလည်းဖြစ်သည်။ သန့်ရှင်းသည့် အလျောက်ညစ်ညမ်းသောအရာများနှင့် ဒွန်တွဲနေထိုင်၍ မရသော ဘုရားဖြစ်သည်။ သို့ဖြစ်၍ ဘုရားသခင်အားအမြဲချီးမွမ်းလျှင်ကောင်းချီးရလိမ့်မည်ဟူ၍လိမ်မပြောသင့်တော့ချေ။ တနင်္ဂနွေနေ့တွင် ဘုရားကျောင်း၌ချီးမွမ်းကခုန်သော်လည်း အဘယ်ကြောင့် တနင်္လာနေ့တွင် မကောင်းသောအကျင့်များ ကျင့်ကြပါသလဲ။ ဘုရားကျောင်း၌ အဟုတ် ကဲ့သို့ တရားနာသော်လည်း အဘယ်ကြောင့် ဘုရားကျောင်းအပြီးတွင် ညစ်ညမ်း အရာများနှင့် အသက်ရှင်ကြပါသလဲ။ ဘုရားသခင်နှင့် လူတို့ကို လိမ်ညာနေသ တရားသောဘုရားက တရားစီရင်လိမ့်မည်ဖြစ်သည်။

ယောရှိသည် ငယ်ရွယ်ကပင် ဘုရားကို ရှာဖွေသည်။ သန့်ရှင်းသောဘုရား၏ မျက်နှာသာကို ရှာဖွေသဖြင့် ညစ်ညမ်းသောအရာဟူသမျှကို ဖျက်ဆီးပစ်ရန် စတင် လုပ်ဆောင်သည်။

၁) သူ့ ကိုသူ သန့်ရှင်းရေးလုပ်သည်(၄ရာ ၂၂း၃- ၁၃၊ ၁၉)

ယောရှိသည် ဘုရင်လုပ်ပြီးနောက် (၁၈)နှစ်အကြာ(၎င်း၏အသက် (၂၆)နှစ် အရွယ်)တွင် ယေရုရှလင်ဗိမာန်တော်ကို သန့်ရှင်းရေးလုပ်သည်။ ထိုသို့ သန့်ရှင်းရေး လုပ်ရာမှ ယဇ်ပုရောဟိတ်မင်း ဟိလိသည် မောရှေ၏ ပညတ္တိကျမ်းစာစောင်ကို ပြန်လည်တွေ့ရှိသည်။ ထို့နောက် စာရေးတော် ရှာဖန်မှတစ်ဆင့် ယောရှိထံပို့ဆောင်ပြီး ဖတ်ပြစေသည်။ ထိုအခါ ယောရှိသည် အပြစ်များကို နောင်တရသည့်အနေဖြင့် ၎င်း၏အဝတ်များကို ဆုတ်ပြီး၎င်း၏အပြစ်၊ လူမျိုးများ၏အပြစ်နှင့် ယုဒတစ်မျိုးသားလုံး၏ အပြစ်ကိုဘုရားသခင်ထံတောင်းပန်ခိုင်းသည်။ ဘုရားသခင်ကလည်း နားညောင်းပြီး “ယောရှိ၊ ငါ့ရှေ့မှာကိုယ့်ကိုကိုယ်နှိမ့်ချပြီး အပြစ်နောင်တရတဲ့အပြင်ငိုကြွေးရင်းတောင်းပန်တဲ့အတွက် တရားစီရင်ခြင်းနှင့်ကင်းလွတ်စေမယ်” ဟု ပြန်ပြောသည်။ သို့ဖြစ်ရာ ယောရှိသည် ကိုယ့်ကိုကိုယ် အပြစ်ရှိမှန်းသိသောခေါင်းဆောင်၊ ပြစ်တောင်းပန် ဝန်ခံရဲသောခေါင်းဆောင်၊ လူမျိုးများအတွက် တောင်းပန်ပေးသော ခေါင်းဆောင်၊ ဘုရား၏အမြင်၌ သန့်ရှင်းစင်ကြယ်လိုသောခေါင်းဆောင်ဖြစ်မှန်း – မြင်နိုင်သည်။ အပြစ်နောင်တရပြီး ဘုရားသခင် ထံချဉ်းကပ်လျက် သူ့ကိုသူ သန့်ရှင်း ရေးလုပ်သဖြင့် ဘုရားသခင်ကလည်း လက်ခံသည်။ ထို့အပြင် သူ၏လူမျိုးများ လည်း သန့်ရှင်းရေးလုပ်ရန် စတင်ဆောင်ရွက်သည်။

စစ်မှန်သောနိုးထမှု ဖြစ်ပေါ်တော့မည်ဆိုလျှင် နှုတ်ကပတ်တော်သည်သာ နံပါတ်တစ်ဖြစ်၍ ထိုနှုတ်ကပတ်တော်ကို ကြားနာခြင်းကြောင့် အပြစ်နောင်တရခြင်း မဖြစ်မနေရှိရမည်ဖြစ်သည်။ နိုးထမှုအစည်းအဝေးဆိုပြီး သမ္မာကျမ်းစာကို ကောင်းမွန် စွာဟောပြောခြင်းမပြု၊ နောင်တရခြင်းတရားကို တစ်ကြိမ်မျှပင် မသွန်သင်ခြင်းသည် နိုးထမှုအစည်းအဝေးမဟုတ်ချေ။ အကြောင်းတစ်ခုခုကြောင့် စိတ်တက်ကြွလန်းဆန်း နိုင်ပါသည်။ သို့ရာတွင် ယင်းသည် နိုးထမှုဟု ခေါ်ဆို၍မရပေ။

၂) ဗိမာန်တော်ကို သန့်ရှင်းရေးလုပ်သည်(၄ရာ ၂၃:၄- ၇)

ယောရှိသည် ယေရုရှလင်ဗိမာန်တော်အတွင်းရှိ ရုပ်တုကိုးကွယ်မှုဆိုင်ရာ အ သုံးအဆောင်ဟူသမျှကို အပြင်သို့ထုတ်စေပြီး မီးရှို့ဖျက်ဆီးသည်။ ထို့အပြင် ထိုပစ္စည်း များကိုအသုံးပြုသော ယဇ်ပုရောဟိတ်တို့ကိုလည်း နှင်ထုတ်သည်။ ထိုအခါ လူတချို့ တို့သည် အသည်းတယားယားဖြစ်ကြသည်။ မှန်ပါသည်။ ရုပ်တုကိုးကွယ်သူများအဖို့ အသည်းယားစရာပင် ဖြစ်သည်။ သို့သော် ဘုရား ၊ သခင်အား ကိုးကွယ်သူများအဖို့ ရုပ်တုကိုးကွယ်ခြင်း ဟူသည် ရွံရှာစရာအကောင်းဆုံးဖြစ်သဖြင့် ထိုသို့ ဖျက်ဆီးခြင်းသည် အမှန်ကန်ဆုံးလုပ်ရပ်ဖြစ်သည်။

ကျန်းမာခြင်းရလိုလျှင် ရောဂါရှိသမျှတို့ကို ကုသရပါမည်။ ထိုသို့မကုပါက ပြန်နာလာလျှင် ယခင်ထက်ပင် ဆိုးရွားတတ်သည်။ မစင်ကို သန့်ရှင်းအောင်အကုန်အစင်မသုတ်လျှင် အကျိုးရှိမည်မဟုတ်ချေ။

ယောရှိသည် ဗိမာန်တော်အတွင်းရှိ ညစ်ညမ်းရုပ်ပုံများကိုလည်း အကုန်ဖယ် သည်(၄ရာ ၂၃း၆)။ ဤညစ်ညမ်းရုပ်ပုံများသည် “အာရှရ’ (Asherd)နတ်ဘုရားမ စ၍ သစ်တိုင်ကဲ့သို့ စိုက်ထူခြင်းဖြစ်သည်(သစ်တိုင်များကို ကိုယ်လုံးတီးမိန်းမပုံ လုပ်ခြင်းဖြစ်၍ အာရှရနတ်ဘုရားမဟုဆိုကာ ကိုးကွယ်ကြခြင်းဖြစ်သည်)။ ခါနန်လူမျိုးတို့၏ နတ်ဘုရားမဖြစ်၍ ဗာဗုလုန်တို့က Ishtan ဂရိတို့က Aphrodite ရောမတို့က Venus ဧဖက်မြို့သားတို့က Artemisu Dianas စသည်ဖြင့်နတ်ဘုရားမအသီးသီးရှိကြသည်။ ယင်းရုပ်တုအားလုံးတို့ကို ကိုယ်လုံးတီးမိန်းမပုံစံ ဖြင့်ထုလုပ်ပြီး ဆန္ဒရမ္မက်၊ ကာမတဏှာကို ပုံဖော်ခြင်းဖြစ်သည်။

ယခုခေတ်တွင် ထိုရုပ်တုများနေရာ၌ ညစ်ညမ်းရုပ်ပုံ၊ အပြာရုပ်ရှင်များက နေရာယူလာကြသည်။ ယင်းတို့ကို ကြည့်ရှုခြင်းသည် ဘုရား၏အမြင်၌ ရုပ်တုကိုးကွယ်ရာရောက်သဖြင့် ယုံကြည်သူများသည် လုံးဝ မကြည့်မိရန် အလွန်အရေးကြီးသည်။ ယောရှိသည်ထိုကဲ့သို့သောရုပ်ပုံများကို ဖယ်ရှားစွန့်ပစ်မှသာ ဘုရား၏မျက်နှာသာကို ရရှိခဲ့သည်။

ယောရှိသည် ဗိမာန်တော်ဝင်းရှိ လိင်တူချင်း ဆက်ဆံသူများကိုလည်း ရှင်းလင်းဖယ်ရှားသည်။ ထိုခေတ်တွင် ဗိမာန်တော်ဝင်းထဲ၌ ယောက်ျားပြည့်တန် ဆာတဲငယ်များရှိသည်။ ထိုပြည့်တန်ဆာများက ဗိမာန်တော်အပေါ် သြဇာလွှမ်းမိုး တတ်သေးသည်။ ဘုရားသခင်သည် လိင်တူချင်းဆက်ဆံခြင်းကို ရွံရှာမုန်းတီးလွန်း သဖြင့် သောဒုံနှင့် ဂေါမောရမြို့တို့ကို မီးရှို့ဖျက်ဆီးဖူးပြီးဖြစ်သည်(က ၁၉)။

ရှင်ပေါလုကလည်း လိင်တူဆက်ဆံခြင်းနှင့် ပတ်သက်၍ “ထိုသို့ပြုကြသော ကြောင့် ဘုရားသခင်သည် သူတို့ကို ရှက်ကြောက်ဖွယ်ကောင်းသော ကိလေသာလက် သို့ အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူကား မိန်းမတို့သည် ပကတိထုံးစံကို စွန့် ၍ ပကတိနှင့် ဆန့်ကျင်ဘက်ထုံးစံကို လိုက်ကြ၏။ ထို့အတူ ယောက်ျားတို့သည်လည်း မိန်းမနှင့်ဆက်ဆံခြင်း ပကတိထုံးစံကိုစွန့်၍ အချင်းချင်း ကိလေသာစိတ်ပူလောင် သဖြင့် ရှက်ကြောက်ဖွယ်ကောင်းသောအမှုကိုယောက်ျားချင်းပြုလျက်မိမိတို့မှားယွင်း ခြင်းနှင့်အလျောက် မိမိတို့အပြစ်ဒဏ်ကို ခံရကြ၏”ဟု ပြောသည်(ရော ၁း၂၆-၂၅)။

သို့ဖြစ်ရာ ယောရှိခေတ်က လိင်တူဆက်ဆံသူများသည်လည်း ဘုရားသခင်၏ တရားစီရင်မည့်နေ့ကိုစောင့်နေသူများဖြစ်ကြသည်။ ယောရှိ‌ ခေတ်နှင့် ယခုခေတ်လည်း တူညီမှုများ စွာရှိသည်။ လိင်တူချင်း လက်ထပ်ခွင့်ရှိရုံမက ဗိမာန်တော်နှင့် အမှုတော်မြတ်ထဲ၌ပင် လုပ်ဆောင်ခွင့်ရရှိ ကြသည်။ သို့သော် ဘုရားသခင်၏ တရားစီရင်ခြင်း ကို ပြင်းထန်စွာ ခံရကြမည်ဖြစ်သည်။ အကြောင်းမှာယောရှိ သည် ဗိမာန်တော်သန့်ရှင်းရေး လုပ်ဆောင်နေသည့်တိုင် လူတို့၏စိတ်ထဲ၌ ဤအပြစ်များသည် ခိုင်မာစွာ အမြစ်တွယ်ပြီးဖြစ်သဖြင့် တရားစီရင်ခြင်းခံရလိမ့်မည် ဟု ဘုရားသခင်က ရှင်းလင်းပြတ်သားစွာ မိန့်တော်မူ၍ဖြစ်သည်။

သို့ဖြစ်၍ ခေါင်းဆောင်များအနေဖြင့် ဖြစ်ပျက်ပြီးသားအရာများအနက် ပြုပြင် နိုင်သည့် အရာရှိသကဲ့သို့ မပြုပြင်နိုင်တော့သည့်အရာလည်း ရှိကောင်းရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ၊ ပြုပြင်နိုင်သရွေ့ ပြုပြင်ပြီး ယခုခေတ်လူများကို တရားတော်လမ်း သို့ ဦးဆောင်မှုပေးရန် အလွန်အရေးကြီးသည်။ ဖြစ်ပျက်ပြီးသားအရာကြောင့် တရား စီရင်ခြင်း ခံရသည့်တိုင် နောက်နောင်၌ ထိုသို့မဖြစ်ရန်အတွက် ကြိုးစားအားထုတ်ရ မည်၊ ဦးဆောင်မှုပေးရမည်ဖြစ်သည်။

၃) မိမိလူမျိုးများကို သန့်ရှင်းရေးလုပ်သည်(၄ရာ ၂၃:၈- ၉) ၊

မိမိကိုမိမိ သန့်ရှင်းရေးလုပ်နိုင်သည်ဆိုလျှင် မိသားစု၊ လူမျိုးစသည်ဖြင့် တစ် ဆင့်ပြီးတစ်ဆင့် ကူးစက်သွားလိမ့်မည်ဖြစ်သည်။ ယောရှိသည် မိသားစုကို သန့်ရှင်း ရေးလုပ်ပြီးနောက် ဗိမာန်တော်၊ ဗိမာန်တော်ဝင်း၊ လူမျိုးများစသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် စတင်လုပ်ဆောင်သည်။

ထိုခေတ်က ယုဒပြည်၌ ရုပ်တုကိုးကွယ်ခြင်း ၊ အမျိုးမျိုးရှိပြီး ယဇ်ပုရောဟိတ်လည်း အသီးသီးရှိကြ သည်။ဘုရားသခင်သည်ယောရှုခေတ်၊ ခါနာန်ပြည်ကိုသိမ်းပိုက်ပြီးကတည်းကပင် ထိုပြည်သား အားလုံးကို သုတ်သင်ရှင်းလင်းရန် အမိန့်ပေးထားသော်လည်း အကုန်အစင်မသုတ်သင်ကြသဖြင့် ရုပ်တုကိုးကွယ်မှု တဖြည်းဖြည်းတွင်ကျယ်လာသည်။ ထို့ကြောင့် တရားသူကြီးမှတ်စာ၌ တွေ့ရသည့် ကျွန်ဘဝရောက်သည့် ၊ ကိစ္စများ ဆက်တိုက်ပေါ်ပေါက်ခြင်းဖြစ်သည်။

ယောရှိသည် ၎င်း၏လူမျိုးများအား သန့်ရှင်းရေးလုပ်သည့်အချိန်တွင် ရုပ်တု ခြင်း ယဇ်ပုရောဟိတ်များကို အိမ်ပြန်ခိုင်းပြီး ယဇ်ပလ္လင်များကိုလည်း အကုန်လုံးဖျက်ဆီးသည်။ယုဒတစ်ပြည်လုံး၌ ထိုသို့လုပ်ဆောင်ခဲ့သည်။ သို့သော် ရုပ်တု ကိုးကွယ်မှု အမြစ်ခိုင်မာလွန်းသဖြင့် ထိုယဇ်ပုရောဟိတ်များသည် ယေရုရှလင်မြို့သို့

ထာဝရဘုရားအားကိုးကွယ်ရန် မသွားဘဲနေကြသည်။ မည်သို့ပင်ဖြစ်စေ၊ ယောရှိ သည် အခွင့်အာဏာရှိသမျှဖြင့် ၎င်း၏လူမျိုးများအတွက် လုပ်သင့်သည်များကို လုပ်ဆောင်သွားခြင်းဖြစ်သည်။ ၎င်း၏လူမျိုးများအတွက် ဝန်တာထားရှိခြင်းကို တွေ့မြင် နိုင်သည်။ ခေါင်းဆောင်ကောင်းမှန်လျှင် မိမိလူမျိုးများအတွက် ဝန်တာထားရှိမြဲဖြစ် သည်။ ထိုသို့မဟုတ်ဘဲ လူမျိုးများအပေါ် ခေါင်းပုံဖြတ်သည့်ခေါင်းဆောင်ဖြစ်ပါက ထို သူသည် မမွေးဖွားဘဲနေလျှင် အကောင်းဆုံးဖြစ်သည်။

၄) မြို့တော်ကို သန့်ရှင်းရေးလုပ်သည်(၄ရာ ၂၃:၁၀- ၁၄)

ယေရုရှလင်မြို့တော်ကို ယောရှိမမွေးမီ နှစ်ပေါင်း(၁၀၀)ခန့်ကပင် ပရောဖက် ဟေရှာယနှင့် ဘုရင်ဟေဇကိတို့က သမ္မာတရားဖြင့် မွမ်းမံအစပျိုးတည်ထောင်ခြင်း ဖြစ်သည်။ သို့သော် မျိုးဆက်တစ်ဆက်သာခံသည်။

ယောရှိ ဘုရင်ဖြစ်လာချိန်တွင် ယေရုရှလင်မြို့သည် ရုပ်တုကိုးကွယ်ရုံမဟုတ်တော့ဘဲ ကလေးငယ်များကို မောလုတ်(Molech)ဘုရားထံ မီးယဇ်ပူဇော်သည်အထိ အခြေအနေဆိုးခဲ့သည်။ မောလုတ် လက်ထဲရောက်သောအခါ ကလေးငယ်များသည် အော်ငိုကြသဖြင့် ငိုသံမကြားနိုင်ရန်အတွက် ဗုံတစ်မျိုးဖြစ်သောတောဖက်(ဟေဗြဲဘာသာဖြင့် “Tophet’ဟု ခေါ်သည်)ကိုယဇ်ပုရောဟိတ်များကဟိန်းထွက်နေအောင်တီးကြသည်။ ကလေးများသည် အော်ငိုနေရင်း လှုပ် ရှားလူးလှိမ့်သောအခါ အောက်သို့ ပြုတ်ကျရမည့် အပေါက်တစ်ခုရှိသည်။ ထိုအပေါက်အောက်တွင် မီးအိုင်ကြီးထားရှိသည်။ ယင်းသည် မောလုတ်ဘုရားထံ မီးယဇ်ပူဇော်ပုံ ဖြစ်သည်။

ယောရှိသည် ထိုမောလတ်ဘုရားနှင့် တောဖက်ဗုံများကို အကုန်ဖျက်ဆီးသည်။ ထို့အပြင် ဧလိယခေတ်က အာဟပ်မင်း၏ ရုပ်တုပူဇော်သည့် ယဇ်ပလ္လင်၊ မနာယူ မျိုးနွယ်များ၏ ရုပ်တုပူဇော်သည့် ယဇ်ပလ္လင်၊ ရှောလမုန်တည်ထားသည့် အာရှတရက် ရုပ်တုပူဇော်သည့် ယဇ်ပလ္လင်၊ ခေမုရှနှင့် မိလက္ ယဇ်ပလ္လင်တို့ကို ချိုးဖဲ့ဖျက်ဆီးသည်။

တချို့က ဒီယဇ်ပလ္လင်တွေက ရှောလမုန်ကိုယ်တိုင် တည်ထားတာ၊ ယေရုရှလင်ဗိမာန် တော်နှင့် တချိန်တည်းမှာ တည်ဆောက်တာ” စသည်ဖြင့် ဆန့်ကျင်ပြောဆိုကြသော် လည်း ယောရှိကမူ လုပ်စရာများကို ဆက်လက်လုပ်ဆောင်သည်။ မှန်ပါသည်။ ဖျက် ဆီးသင့်သည်များကို မဖျက်ဆီးဘဲထားပါက ဘုရားသခင်၏မျက်နှာသာကို မရနိုင် သည့်အပြင် ဘုရားသခင်က မိမိတို့ကို ဖျက်ဆီးလိမ့်မည်ဖြစ်သည်။

၅) ယေရောဗောင်ကို သန့်ရှင်းရေးလုပ်သည်(၄ရာ ၂၃း၁၅- ၂၀)

ယောရှိသည် ယုဒတစ်ပြည်လုံးကို သန့်ရှင်းရေးလုပ်ပြီးနောက် ယေရောဗောင် ၏ ရုပ်တုကိုးကွယ်ခြင်းကြောင့် ညစ်ညမ်းသော ဗေသလကိုလည်း သန့်ရှင်းရေးလုပ် သည်။ ဗေသလသည် ယာကုပ်က “ဘုရားသခင်၏ အိမ်တော်”ဟု သမုတ်သည့်၊ ဘုရား သခင်နှင့် ဆုံတွေ့သည်နေရာ၊ သန့်ရှင်းမြင့်မြတ်သည့် နေရာဖြစ်သည်။ ရှောလမုန် ၏ကျွန် ယေရောဗောင်က ထိုနေရာကို ရုပ်တုကိုးကွယ်ခြင်းဖြင့် ညစ်ညမ်းစေသည်။ သူသည် အစ္စရေးလူမျိုးများကို ရုပ်တုကိုးကွယ်ခြင်း၌ ဦးဆောင်သည်။ နှစ်ပေါင်း (၃၀၀)ခန့် အကြာတွင်ယောရှိသည် ထိုနေရာကို သန့်ရှင်းရေးလုပ်သည်။

ရုပ်တုကိုးကွယ်ရာအဖြစ် နှစ်ပေါင်းများစွာ အသုံးပြုသည့်နေရာဖြစ်သဖြင့် သန့်ရှင်းရေးလုပ်ရာ၌ အလွန်ခက်ခဲကာ ဆန့်ကျင်သူလည်း အမြောက်အမြားရှိလိမ့်မည်ဖြစ်သည်။ ယောရှိသည် ဘုရားသခင်၏ပညတ်တော်နှင့်ကိုက်ညီနေသရွေ့ လုပ်ဆောင်ရဲသည်။ ဘုရား သခင်ရွံရှာသည့် အရာဟူသမျှကို ဖျက်ဆီးရဲသည်။

သို့ရာတွင် ယောရှိ၏ သန့်ရှင်းရေးလုပ်ခြင်းသည် ပြင်ပအပေါ်ယံသာဖြစ်၍ လူတို့၏ အတွင်းနှလုံးသား မပြောင်းလဲသဖြင့် တာရှည်မခံချေ။

ဩဇာရှိသောခေါင်းဆောင်ကောင်း လိုအပ်သည်

လူတစ်ယောက်၏ ပင်ကိုမူလစိတ်ဓာတ်ကို သိလိုလျှင် လုပ်ပိုင်ခွင့်ပေးလိုက် ကွန်းက ဆိုဖူးသည်။ သူတစ်ပါးလက်အောက်၌ နေသမျှကာလပတ်လုံးစိတ်ရင်းမပေါ်နိုင်သည့်အပြင် ပြလည်းမပြရဲကြပေ။ ကြောက်ရွံ့ခြင်းတစ်ခုခုက အစဉ်စိုးမိုးနေသဖြင့် လုပ်ချင်သည့်အရာများစွာကို မလုပ်ရဘဲ မလုပ်ချင်သည့်အရာများစွာ ကို လုပ်ဆောင်ရသည်။

စာရေးသူ ကျမ်းစာကျောင်းတက်စဉ်က သူငယ်ချင်းတစ်ယောက်သည် ဟေဗြဲ ဘာသာတွင် ညံ့ဖျင်းလှသဖြင့် စာရေးသူကတတ်နိုင်သမျှ ကူညီလေ့ရှိသည်။ သူသည် နူးညံ့သိမ်မွေ့သည်။ သို့သော် တစ်နှစ်အကြာတွင် ကျောင်းအုပ်ကြီးက သူ့ကို ဆရာခန့် လိုက်သည်။ ထိုအချိန်မှစ၍ စာရေးသူကို မသိသလိုနေသည့်အပြင် ဆရာများထဲတွင် လည်း သဘောအဆိုးဆုံးဖြစ်လာသည်။ ထိုအခါ လင်ကွန်း၏စကား အလွန်မှန်ကန် သည်ကို တွေ့ရသည်။ သုတေသနအဖွဲ့ တစ်ခုက သဘောကောင်းရိုးသားသည်ဟု ထင်ရှားသူများအနက် လူ(၁၉)ယောက်ကိုရွေးချယ်ပြီး ငွေကြေးနှင့် လုပ်ပိုင်ခွင့်အာဏာ

ကိုပေးရာ၎င်း တို့အားလုံးသည် အာဏာရှင်အငယ်စားများ ဖြစ်လာကြသည်ဟု ဆိုသည်။ လုပ်ပိုင်ခွင့်အာဏာကပင် ကိုမူလစိတ်ဓာတ်ကို ဖော်ထုတ်ပြသသည်။ သို့ဖြစ်၍ စိတ်ရင်းဆိုးသူများ အာဏာရသောအခါ ပြည်သူဒုက္ခရောက်ပြီး စိတ်ရင်းကောင်းသူများ အာဏာရသောအခါ ပြည်သူကောင်းစားသည်။ ယောရှိလည်း ငယ်ငယ်ရွယ်ရွယ်ဖြင့် ဘုရင်ဖြစ်လာသောအခါ ပင်ကိုမူလစိတ် ထွက်ပေါ်လာသည်။ မည်သည့်စိတ်ဖြစ်မည်နည်း။ သူသည် အသက်ရှင်သောဘုရား သခင်ကို စစ်မှန်စွာတောင့်တပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ဝန်တာထားရှိသဖြင့် အစ္စရေးတစ်ပြည်လုံးသည် ၎င်းကြောင့် ကောင်းချီးခံစားရသည်။

မိမိတို့လည်း ပင်ကိုမူလစိတ်ထွက်ပေါ်လာလျှင် မည်သည့်လူစားမျိုး ဖြစ်ကြပါ မည်နည်း။ လုပ်ပိုင်ခွင့်အာဏာရရှိလျှင် အများအကျိုးလုပ်ဆောင်ပါမည်လော၊ သို့ မဟုတ် ကိုယ်ကျိုးကိုသာ ရှာကြပါမည်လော။ အာဏာကို လက်ဝါးကြီးအုပ်မည်လော၊ သို့မဟုတ် ခွဲဝေမည်လော။ ယောရှိကဲ့သို့ ဘုရားသခင်ကိုတောင့်တပြီး တိုင်းပြည်နှင့် လူမျိုးကိုချစ်သည့် ခေါင်းဆောင်မျိုး လိုအပ်လျက်ရှိသည်။

ခေါင်းဆောင်ကောင်းများသည် ကိုယ်တိုင် ဦးစွာကောင်းကြသည်

ယောရှိသည် တာဝန်မထမ်းဆောင်မီ ဘုရားသခင်ကို ဦးစွာရှာဖွေပြီး မိမိကိုယ် ကို ဦးစွာပြင်ဆင်သည်။ မည်ကဲ့သို့ ပြင်ဆင်သနည်းဆိုလျှင် ကျမ်းစာက “အသက်တော်ငယ်စဉ် နန်းစရှစ်နှစ်တွင် အဘဒါဝိဒ်၏ ဘုရားသခင်ကို ဆည်းကပ်စပြု၏” (၆ရာ ၃၄း၃)ဟု ဖော်ပြသည်။

အသက်(၈)နှစ်တွင် ဘုရင်ဖြစ်လာ၍ အသက်(၁၆)နှစ်တွင် ဘုရားသခင်ကို စတင်ရှာဖွေသည်။ အသက်(၁၆)နှစ်ဟူသည် လူပျိုပေါက်စအရွယ်၊ ယုံကြည်မှုပြင်း ထန်ပြီး ဆောင့်ကြွားကြွားဖြစ်နေသည့် အချိန်၊ လုပ်ပိုင်ခွင့်နှင့် ငွေကြေးသာရှိပါကထင် တိုင်းကြီးလိုသည့် အချိန်ဖြစ်သည်။

သို့သော် ယောရှိသည် ၎င်း၏ဆန္ဒအတိုင်း ပြုမူ ရန်ထက် ဘုရားသခင်၏အလိုတော်ကို ဦးစွာ ရှာဖွေသည်။ ဘုရား၏ဆန္ဒကို ၎င်း၏ဆန္ဒဖြစ်စေသည်။ သူသည် အသက်(၂၇)နှစ်တွင် တိုင်းပြည်အတွင်းရှိပြုပြင်စရာအားလုံးတို့ကို ပြုပြင်ပြီးစီးသည်။ ခေါင်းဆောင်ကောင်းတို့မည်သည် ဦးစွာ ၎င်းတို့၏အသက် တာဖြင့် ပုံသက်သေကောင်းပြသသည်။ ထို့နောက် ကိုယ်တိုင်လုပ်ဆောင်ခြင်းဖြင့် ခေါင်းဆောင်မှုပေးကြသည်။

Visa ကုမ္ပဏီ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Dee Hockက “အစိုးရနိုင်ခြင်းသည် ခေါင်းဆောင်မှုမဟုတ်။ စီမံနိုင်မှုလည်းမဟုတ်။ ခေါင်းဆောင် လုပ်မည့်သူသည် မိမိအချိန်၏ ၅၀%ကို မိမိကိုယ်ကို အစိုးရနိုင်ရန်၊ ၂၀%ကို အခြား ခေါင်းဆောင်များအား အစိုးရနိုင်ရန်၊ ၁၅%ကို လုပ်ဖော်ကိုင်ဖက်များအား အစိုးရ နိုင်ရန် အသုံးပြုရမည်”ဟု ပြောဖူးသည်။ မှန်ပါသည်။ မိမိကိုယ်ကို အစိုးမရနိုင်သူ သည် သူတစ်ပါးကို မည်ကဲ့သို့ ခေါင်းဆောင်နိုင်မည်နည်း။

ယောရှိသည် ဘုရားသခင်၏လူများကို မဦးဆောင်မီ သူ့ကိုသူ ဦးစွာဦးဆောင် သည်။ သူ၏လူမျိုးများအားဘုရားသခင်ကိုရှာဖွေစေလိုသဖြင့် သူကိုယ်တိုင် စိတ်နှလုံး ကွင်းမဲ့ဖြင့် ဦးစွာရှာဖွေသည်။ သူကိုယ်တိုင် ကျင့်ကြံပြီးမှသာ ထိုသို့လုပ်ဆောင်ရန်ဦးဆောင်မှုပေးသည်။

တရားဟောဆရာတချို့က “ခရစ်တော်နောက်ကို လိုက်ကြပါ။ ငါတို့နောက် ကကြပါနှင့်” ဟူ၍ ပြောတတ်လေ့ရှိကြသည်။ အကယ်၍ ဟောသည့်အတိုင်း င်သည်ဆိုလျှင် “ခရစ်တော်နောက်ကို ငါတို့လိုက်သလို သင်တို့လည်းလိုက်ကြပါ” ဟုပြောရဲရမည်ဖြစ်သည်။ ရှင်ပေါလု၏ပေးစာများထဲတွင် “ခရစ်တော်နည်းတူငါကျင့်သကဲ့သို့ ငါနည်းတူ သင်တို့လည်း ကျင့်ကြလော့” ဟုဖော်ပြလေ့ရှိသည်(၁ကော၁၁း၁)။ သူသည်ပြောသည့်အတိုင်း အသက်ရှင်သဖြင့် ထိုသို့ပြောနိုင် မယုံကြည်သောကြောင့် ခြင်း ဖြစ်သည်။ စင်စစ် လူသားများသည် ယုံကြည်သည့် အတိုင်း ပြုမူသူများဖြစ်ကြသည်။ ထိုင်ခုံတစ်လုံးပေါ်ထိုင်လိုက်သည့်အခါ ထိုထိုင်ခုံသည် မိမိကိုယ်အလေး ချိန်ကို ခံနိုင်စွမ်းရှိလိမ့်မည်ဟု ယုံကြည်သဖြင့် ထိုင်လိုက်ကြခြင်းဖြစ်သည်။ ငွေချေး ငှားသည့်အခါတွင်လည်း ပေးနိုင်လိမ့်မည်ဟု ယုံကြည်သည့်သူများထံ၌သာ ချေးငှား ကြသည်။ မည်သူမျှ သူတောင်းစားများထံ မချေးငှားကြပေ။ စားရာသောက်ရာ၌ လည်း ယုံကြည်မှုဖြင့် စားသောက်ကြခြင်းဖြစ်သည်။ သို့ဖြစ်လျက်နှင့် ဘုရားသခင်ကို ယုံကြည်ပါတယ်၊ ဒါပေမဲ့ ယုံကြည်သလောက် မလိုက်လျှောက်နိုင်ဘူးဟု အဘယ်ကြောင့် ပြောကြပြန်သနည်း။ ယုံကြည်သည့်အတိုင်း မပြုမူနိုင်ခြင်းသည် မယုံကြည်၍ ဖြစ်သည်။ သို့ဖြစ်ရာ ခေါင်းဆောင်ကောင်းအရန် လိုအပ်သည့်ဟု ခံယူလျှင် မိမိကိုယ် တိုင်ကောင်းရန် ဦးစွာလိုအပ်သည်။

ခေါင်းဆောင်ကောင်းများသည် ကိုယ် တိုင် ဦးစွာမှန်ကန်ကြသည်

မှန်ကန်စွာပြုမူခြင်းကို တစ်ခါတစ်ရံ လူစဉ်မမီရာကဲ့သို့ ခံယူတတ်ကြသည်။ လောကအရာများက လွှမ်းမိုးလွန်းသဖြင့် အရာရာကို မှန်သည်၊ မှားသည်ဖြင့် မဆုံး ဖြတ်တော့ဘဲ လူအများစု၏ဆန္ဒဖြင့်သာ ဆုံးဖြတ်ကြသည်။ အမှန်တရားကို မကြည့် တော့ဘဲ ငွေမျက်နှာကိုသာ ကြည့်ကြသည်။ ဒုစရိုက်အပြစ်များကို ငွေကြေးဖြင့် ဆေး ကြာကြပြီး အနက်ရောင်ကို အဖြူရောင်ဟု မမှန်မကန်ပြောတတ်ကြသည်။ ဥပမာ၊ ဥပဒေနှင့် မလွတ်သောအရာများ လုပ်ဆောင်ခြင်းကြောင့် ချမ်းသာသူများကို ကောင်းချီးရရှိသူဟု တဖွဖွချီးမွမ်းတတ်ကြသည်။ ချမ်းသာသမျှကာလပတ်လုံးသူတို့သာအမှန်ဟု ထောက်ခံပေးကြသည်။ လာဘ်မစားသောသူတချို့သည် မချမ်းသာသဖြင့် ၎င်းတို့ကို လူစဉ်မမီသူကဲ့သို့ ခံယူတတ်ကြသည်။

ထိုသို့အမှန်တရားက နေရာမရသော်လည်း ခေါင်းဆောင်များကမူ မှန်ကန်စွာ ပြုမူကြသည်။ လူတို့၏သဘောထားထက် အမှန်တရားဟုတ်မဟုတ်၊ ဘုရားသခင် အလိုတော် ဟုတ်မဟုတ်ကိုသာ ကြည့်ကြသည်။

ယောရှိလည်း ထိုသို့သောခေါင်းဆောင်မျိုးဖြစ်သည်။ လူထု၏သဘောထား ထက်အမှန်တရားအတိုင်းပြုမူနေထိုင်သည်။ ရုပ်တုကိုးကွယ်ကြချိန်တွင်တစ်ဆူတည်းသောဘုရားကိုသာ ကိုးကွယ်စေပြီး ယဇ်ပလ္လင်များတည်ဆောက်ကာ ဗိမာန်တော်ကို လည်း မွမ်းမံပြုပြင်သည်။ ဘုရားသခင်က မောရှေအားဖြင့်ပေးသည့် ပညတ်တော်များ ကိုလည်း ပြန်လည်ရှာဖွေပြီး ကောင်းစွာစောင့်ထိန်းသည်။ ထိုသို့မဟုတ်ပါက လူထု သည် ပို၍ပျက်စီးလိမ့်မည်ဖြစ်သည်။

ထိုသို့ လူအများစုက ဆန့်ကျင်သည့်ကြားထဲမှ အမှန်တရားအတိုင်း ပြုမူကျင့်သုံးသောအခါ ကြီးမားသော နိုးထပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ယခုခေတ် ရွေးကောက်ပွဲများကဲ့သို့ ယောရှိခေတ် (ဘီစီ ၆၃၂-၃ဝ)တွင် ဆန္ဒမဲကောက်ခံပါက ထောက်ခံမဲထက်ကန့်ကွက်မဲ ပိုများလိမ့်မည်ဖြစ်သည်။ သို့သော်လူ့မျက်နှာထက် ဘုရားမျက်နှာကိုကြည့်ပြီး ရုပ်တုကိုးကွယ်မှုကို အကုန်ဖျက်ဆီးသည်။ အကယ်၍ကိုယ်ကျိုးရှာလိုသောစိတ်နှင့် နာမည်ကြီးလိုသောစိတ်ကြောင့်ခေါင်းဆောင်လုပ်ခြင်းဖြစ်ပါက ရုပ်တုကိုးကွယ်မှုကို ဖျက်ဆီးမည် မဟုတ်သည့်အပြင် ဘုရားသခင်ကို လည်း ရှာဖွေလိမ့်မည်မဟုတ်ချေ။

သို့ဖြစ်၍ စေတနာမှန်ရှိသော ခေါင်းဆောင်များသည် မှန်ကန်စွာပြုမူနေထိုင် ပြီး လူထုအတွက် အကောင်းဆုံးဖြစ်အောင် (လူထုက အသိအမှတ်မပြုလျှင်ပင်) လုပ်ဆောင်ကြသည်။ ၎င်းတို့နာမည်ပျက်ရန်ထက် လူထုပျက်စီးမည်ကို ပို၍စိုးရိမ်ကြ သည်။ လူထုကောင်းစားရန်ဖြစ်ပါက ကိုယ်ကျိုးစွန့်၍ အနစ်နာခံရဲကြသည်။ ကလေး များသည် ၎င်းတို့အကောင်းဆုံးဟုယူဆသည့် ဆန္ဒတစ်ခုခုကို မိဘများ တားဆီးပိတ် ပင်ပါက နာကြည်းတတ်ကြသည်။ သို့သော် ယင်းသည် ၎င်းတို့အတွက် ပိုကောင်းမည့် အရာဖြစ်သဖြင့် မိဘများအနေဖြင့် ဆက်လက်တားဆီးရမည်ဖြစ်သည်။

ခေါင်းဆောင်ကောင်းများ၏အနားတွင် သစ္စာရှိလူကောင်းများ ဝန်းရံသည်

ခေါင်းဆောင်ကောင်းများက ၎င်းတို့၏အနားတွင် ၎င်းတို့ထက် ပိုသိပိုတတ် သော သစ္စာရှိလူကောင်းများကို ဝန်းရံစေသည်။ တက္ကသိုလ်တည်ထောင်မည့်အချိန် တွင် Bob Jonesကို လူတချို့က ခင်ဗျားရဲ့ အရည်အချင်းလောက်နှင့် ဖြစ်နိုင်ပါ့မလား ဟု ပြောသည်။ သူကလည်း မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပညာရှင်များကို အသုံးပြုမှာပါဟု ပြန်ဖြေသည်။ ခေါင်းဆောင်ကောင်းများဟူသည်ကျွမ်းကျင်သူပညာရှင်များအားအသုံး ပြုတတ်သူနှင့် ၎င်းတို့၏အနားတွင် လူတော်လူကောင်းများအား ဝန်းရံစေနိုင်ကြသူ များဖြစ်သည်။

ယောရှိသည် ဟိလင်္ခကို ဗိမာန်တော်ပြုပြင်ရေး လုပ်ဆောင်သူများအား ငွေ ထုတ်ပေးရန်နှင့် ငွေစာရင်းမစစ်ဆေးရန် မှာကြားသည်(၆ရာ ၃၄း၈-၁၂)။ အဘယ် ကြောင့် ထိုသို့ပြောပါသနည်း။ စင်စစ် စာရင်းစစ်ဆေးခြင်းသည် အပြစ်မကျူးလွန်မိရန်အကာအကွယ်တစ်ခုဖြစ်သည်။ ပြင်သစ်တို့၌ “စာရင်းအတိအကျထားရှိခြင်းက မိတ်ဆွေကောင်းတိုးပွားစေသည် ́ဟူသည့် စကားပုံတစ်ခုရှိသည်။ အသင်းတော် နှင့် အဖွဲ့အစည်းတစ်ခုခု၌ ငွေစာရင်းစစ်ဆေးခြင်းသည် အလွဲသုံးစားပြုခြင်းကို ကာကွယ်ပေးသည့်အပြင်မသမာမူအမျိုးမျိုးကို တားဆီးပေးသည်။ သို့ဖြစ်၍ စာရင်းစစ်ဆေးခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်ဖြစ်သည်။ ထို့အပြင်စာရင်းစစ်ဆေးခြင်းသည်တစ်နေ့သောအခါယေရှုရှေ့၌စာရင်းအစစ် ဆေးခံရမည့် ပုံရိပ်ကို ကြိုတင်မြင်ယောင်စေပြီး မမှန်မကန်ပြောဆိုခြင်းကို ရှောင်ကြဉ် စေလိမ့်မည်ဖြစ်သည်။ စာရင်းစစ်များကို လိမ်ကောင်းလိမ်နိုင်မည်ဖြစ်သော်လည်း ယေရှုကိုမူ လိမ်နိုင်မည်မဟုတ်ချေ။

သို့ဖြစ်လျက်နှင့် အဘယ်ကြောင့် စာရင်းမစစ်ဆေးခိုင်းသနည်း၊ အကြောင်း မှာ လုပ်ဆောင်သူတို့သည် သစ္စာရှိ၍ ဖြစ်သည်။ သူတို့သည် ရသင့်သည်ထက် ပိုယူ မည်မဟုတ်သည့်အပြင် အကုန်ပြီးမြောက်အောင် လုပ်ဆောင်လိမ့်မည်ဖြစ်သည်။ ၎င်း တို့သည် သစ္စာရှိလူကောင်းဖြစ်သည်ကို ယောရှိသိသဖြင့် ယုံကြည်စိတ်ချခြင်း ဖြစ် သည်။ ယောရှိအနားတွင် ယုံကြည်စိတ်ချရသည့်လူများ အမြဝန်းရံသဖြင့် လုပ်ငန်းစဉ်များ ပို၍အောင်မြင်လိမ့်မည် ဖြစ်သည်။ ယုံကြည်ရ သည့်သူများနှင့် တွဲဖက်လုပ်ဆောင်လျှင် စိတ်ချမ်းသာ ရသကဲ့သို့ ယုံကြည်မှုခံရလျှင်လည်း စိတ်ပျော်ရွှင်ရသည်။ တစ်ဦးတစ်ယောက်တည်းဖြင့် အောင်မြင်မှုမရနိုင်သဖြင့် ယုံကြည်ရသည့်သူများရှိရန်၊ သူတစ်ပါးကိုယုံကြည်တတ်ရန်နှင့် ယုံကြည်မှုရသူဖြစ်ရန် အရေး ကြီးသည်။

ခေါင်းဆောင်ကောင်းများကယုံကြည်စိတ်ချရသည့်သူများ၊ စာရင်းစစ်စရာမလို သည့် သစ္စာရှိ လူကောင်းများကို ရွေးချယ်ရှာဖွေနိုင်ကြသည်။ လူမြင်ကွင်း၌သာ စိတ်ချ စရာကောင်းသည့်သူများကို တဖြည်းဖြည်းဖယ်ရှားပြီး လူကွယ်ရာ၌ပါ စိတ်ချစရာကောင်းသည့်သူများနှင့် အောင်ပွဲအတူဆင်နွှဲမည် ဖြစ်သည်။ သစ္စာရှိခြင်း၊ ယုံကြည် စိတ်ချစရာကောင်းခြင်းသည် ခေါင်းဆောင်မှုနှင့် နောက်လိုက်ခြင်းတွင် အရေးကြီးဆုံး ဖြစ်သည်။ တတ်သိပညာအမျိုးမျိုး ပိုင်ဆိုင်ရသည့်တိုင် သစ္စာမရှိ၊ ယုံကြည်စိတ်ချစရာ မရှိလျှင် ယင်းသည် ကြောက်စရာအကောင်းဆုံးရန်သူဖြစ်သည်။ သို့ဖြစ်၍ တတ်သိ ပညာနှင့် စိတ်ချစရာကောင်းခြင်းကို ဒွန်တွဲပိုင်ဆိုင်သူသည် မင်္ဂလာရှိသူဖြစ်သည်။

ခေါင်းဆောင်ကောင်းများသည် ငွေကြေးသုံးစွဲမှု မှန်ကန်သည်

ခေါင်းဆောင်ကောင်းများက ငွေကြေးကို သူ့နေရာနှင့်သူ အသုံးပြုကြသည်။ ဘုရားကျောင်းအတွက်အလှူငွေကို ဘုရားကျောင်းအတွက်သာ အသုံးပြုကြသည်။ သာသနာအတွက်အလှူငွေကို သာသနာအတွက်သာ အသုံးပြုကြသည်။ မိသားစု အတွက်အလှူငွေကို မိသားစုအတွက်သာ အသုံးပြုကြသည်။ လမ်းခင်းရန်အတွက် အလှူငွေကို လမ်းခင်းရန်အတွက်သာ အသုံးပြုကြ သည်။ ပေးလှူသည့် ခေါင်းစဉ်အလိုက် မှန်မှန်ကန်ကန် အသုံးပြုကြသည်။

ယောရှိက ဗိမာန်တော်သို့ လူများယူဆောင်ခဲ့သောငွေကို ရေတွက်စစ်ဆေး၍ ဂေါပကအဖွဲ့ထံ အပ်နှံရန်ဂေါပကအဖွဲ့ကလည်း လက်သမား၊ ဗိသုကာစသည့် ပြုပြင်ရေးလုပ်ဆောင်သူများထံ ဆက်လက်အပ်နှံပြီး ဗိမာန်တော်အတွက်လိုအပ်သည့် သစ်၊ ကျောက် စသည်တို့ကိုဝယ်ယူရန် တိကျစွာမှာကြားသည်(ရာ ၃၄း၈-၁၁)။ ယောရှိသည် ဗိမာန်တော်အတွက်အလှူ ငွေကို ကိုယ်ကျိုးအတွက်မသုံးသကဲ့သို့ ဂေါပကအဖွဲ့ကိုလည်း ထိုသို့ဖြစ်စေလိုသည်။ ဘုရားသခင်အားကြည်ညိုလေးစားသည့်ခေါင်းဆောင်ကောင်းများသည်လူထုဘဏ္ဍာ ငွေကို အလွဲသုံးစားဘဲ သူ့ခေါင်းစဉ်နှင့်သူ မှန်ကန်တိကျစွာ အသုံးပြုကြသည်။

များစွာသောခေါင်းဆောင်များ ပြိုလဲရသည့်အကြောင်းရင်းတစ်ခုမှာ “ငွေ”ဖြစ် သည်။ လူထုကခက်ခဲသည့်ကြားထဲမှပေးဆောင်သည့်အခွန်များဖြစ်သော်လည်းခေါင်းဆောင်များ၏လက်သို့ ရောက်ရှိသည့်အခါတွင်မူ အလွယ်တကူပင် ဖြုန်းတီးတတ် ကြသည်။ လူထုဘဏ္ဍာငွေကို လူထုအကျိုးအတွက် မည်ကဲ့သို့အသုံးပြုမည်ဆိုခြင်း ထက် ကိုယ်ကျိုးအတွက် မည်မျှသုံးစွဲနိုင်မည်ကို ဦးစွာစဉ်းစားတတ်ကြသည်။ ငွေ တပ်မက်လွန်းကြသဖြင့် ဘုရားသခင်၏ဘဏ္ဍာကိုပင် အလွဲသုံးစားဝံ့ကြသည်။ ထိုသို့ သော ခေါင်းဆောင်မျိုးကို သတိထားရမည်ဖြစ်သည်။

ရှင်ပေါလုက “အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှု အပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သော ကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင် ထိုးကြပြီ။ သို့ဖြစ်၍ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မီအောင်လိုက်လော့”ဟု ပြောသည် (၁တိ ၆း၁၀-၁၁)။ ထို့အပြင် “နောင်ကာလသည် ခဲယဉ်းသော ခေတ်ကာလဖြစ်မည်ဟု သိမှတ်လော့။

အဘယ်သို့နည်းဟူမူကား လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသော သူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက် ခြင်းနှင့် ကင်းသောသူ … ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ ဖြစ်ကြလိမ့်မည်”ဟု ဆက်လက်ပြောဆိုသည်(၂တိ၃း၁-၄)။

ခေါင်းဆောင်ကောင်းများ၏နောက်သို့ လူအများလိုက်ကြသည်

ယောရှိသည် ဗိမာန်တော်သို့သွားသောအခါ ယုဒခေါင်းဆောင်များ၊ ယဇ်ပုရော ဟိတ်များ၊ ပရောဖက်များနှင့် ပြည်သူများကလည်း လိုက်ပါကြသည် (၄ရာ ၂၃း၂)။ ဝိညာဉ်ရေးရာ၌ ယဇ်ပုရောဟိတ်များနှင့် ပရောဖက်များ၏နောက်သို့ ရှင်ဘုရင်လိုက်ရ မည်ဖြစ်သော်လည်း ဤနေရာ၌မူ ပြောင်းပြန်ဖြစ်သွားသည်။ အဘယ်ကြောင့်နည်း။ယောရှိသည် ဘုရား၏စကားတော်ကို တစ်သဝေမတိမ်း လိုက်နာဝံ့သောကြောင့် ဖြစ် သည်။

ထို့အပြင် ယောရှိသည်ပဋိညာဉ်ကျမ်းစာရှိသမျှ ကို လူအများရှေ့တွင် တစ်လုံးမကျန်ဖတ်ပြီး နောက် ပညတ်တရားအားလုံးကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ရှောက်ရန်နှင့် တစ်သဝေမတိမ်းလိုက်နာရန် အဓိဋ္ဌာန်ပြုသည်။ ထိုအခါ လူအားလုံးကလည်း သဘောတူသဖြင့် ထိုအတိုင်းပြုကြသည်(၄ရာ ၂၃း၂-၃)။

ဘုရားနှစ်သက်သည့်အရာကိုနှစ်သက်ပြီး ဘုရားရွံရှာသည့်အရာကို ရွံရှာသည့် ခေါင်းဆောင်နောက်သို့ လူအများလိုက်လိုကြသည်။ တရားလမ်းအတိုင်း ဦးဆောင် ပေးလိမ့်မည်ဟု ယုံကြည်သဖြင့် ရဲဝံ့စွာ လိုက်ကြခြင်းဖြစ်သည်။

ခေါင်းဆောင်ကောင်းများက နောက်လိုက်များနှင့်အတူ အောင်ပွဲခံကြသည်

အောင်မြင်မှုတစ်ခုခုအတွက် လုပ်ဖော်ဆောင်ဖက်နောက်လိုက်များနှင့်အတူ အောင်ပွဲခံတတ်ရန် အရေးကြီးသည်။ အကြောင်းမှာ ယင်းသည် အမှုတော်နှင့် လုပ် ဖော်ဆောင်ဖက်များကို အလေးထား အသိအမှတ်ပြုရာရောက်သည်။ အရေးကြီးဆုံး မှာဘုရားသခင်အားဖြင့် အားလုံးအတူတကွအောင်မြင်ခြင်းရရှိသည်ဟုကျေးဇူးတော် ချီးမွမ်းခြင်းဖြစ်သည်။

ယောရှိသည် ယေရုရှလင်ဗိမာန်တော်နှင့် အခြားအမှုများစွာကို ပြုပြင်မွမ်းမံပြီး စီးပြီးနောက် လူထုနှင့်အတူ ကျေးဇူးတော်ချီးမွမ်းပွဲပြုလုပ်သည်(၄ရာ ၂၃း၂၁-၂၃)။ယေရုရှလင်မြို့သို့ လူထု၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားအားလုံးကို စုဝေး စေပြီး ၎င်းတို့၏ရှေ့တွင် ပဋိညာဉ်ကျမ်းစာကို ဖတ်သည်။ လူထုသည် ဘုရားသခင် ထံသို့ ပြန်လာကြသဖြင့် ပသခါပွဲကျင်းပရာ ထိုပွဲတွင် သိုးဆိတ်ကောင်ရေ ၃၇၆ဝဝနှင့်နွားကောင်ရေ ၃၈၀၀ သတ်ကြသည်။ ယင်းသည် ဟေဇကိခေတ်က ပသခါပွဲ ကျင်းပ ခြင်းထက် တစ်ဆပိုများပြီး(၆ရာ ၃၀း၂၄) နှစ်ပေါင်းလေးရာအတွင်း အကြီးကျယ်ဆုံး ပသခါပွဲ ဖြစ်သည်ဟု ဆိုသည်(၆ရာ ၃၅း၇-၁၉)။

ယောရှိ အနိစ္စရောက်ခြင်း

အီဂျစ်ဘုရင် နေခေါနှင့် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာတို့ ခါခေမိတ်လွင်ပြင်၌ စစ်တိုက်တော့မည့်အချိန်ဖြစ်သည်။ နေခေါ်သည် ယုဒပြည်ကိုဖြတ်၍ စစ်ချီတက် လာသဖြင့် ယောရှိကမေဂိဒွေချိုင့်၌ ဆီးတားသည်။ နေခေါ်သည် ယောရှိကို ရန်မရှာ လိုသော်လည်း ယောရှိက တားမြဲတားနေသဖြင့် နောက်ဆုံးတွင် ထိုနေရာ၌ စစ်ဖြစ် ကြသည်။

စစ်ပွဲတွင် ယောရှိသည် ဘုရင်အဝတ်မဝတ်ဘဲ စစ်သားတစ်ယောက်ကဲ့သို့ ဝတ် ဆင်တိုက်ခိုက်ခြင်းဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲ ရန်သူ့မြားချက်က ယောရှိကို တည့်တည့်ထိမှန်သည်။ ချက်ချင်းပင် ထိုနေရာမှ မိုင်(၆၀)ခန့်ဝေးသည့် ယေရုရှလင်မြို့ သို့ သယ်ဆောင်ကြသော်လည်း ဒဏ်ရာပြင်းထန်လွန်းသဖြင့် ရောက်ပြီးမကြာမီတွင် အနိစ္စရောက်ရှာသည်(၄ရာ ၂၃း၂၈-၃ဝ၊ ၆ရာ ၃၅း၂၀-၇)။

ယောရှိသည် ဘုရားသခင်အား ယုံကြည်ဆည်းကပ်လျက်နှင့် အဘယ်ကြောင့် အသေဆိုးနှင့် သေရသလဲဟု စာရေးသူ မကြာခဏတွေးမိသည်။ သို့သော် ယောရှိ သည် အသေဆိုး သေရခြင်းမဟုတ်ပေ။ သူသည် ဒါဝိဒ်ကဲ့သို့ပင် ဘုရားသခင်၏ နောက်တော်သို့ တစ်သဝေမတိမ်းလိုက်လျှောက်သဖြင့် ဘုရားသခင်ကလည်း ကွယ် လွန်ချိန်အထိ ကောင်းချီးပေးသည်။ ဘုရားသခင်က “ သင်သည် ထာဝရဘုရားရှေ့တော်၌ ကိုယ်ကိုနှိမ့်ချခြင်း၊ ကိုယ်အဝတ်ကိုဆုတ်ခြင်း၊ ငါ့ရှေ့မှာ ငိုကြွေးခြင်းကို ပြုသောကြောင့် သင့်စကားကို ငါနားထောင်၏။ ငါသည် သင့်ကို ဘိုးဘေးစုဝေးရာသို့ ပို့ဆောင်၍ သင်သည် ငြိမ်ဝပ်စွာ သင်္ချိုင်းသို့ရောက်ရလိမ့်မည်။ ဤအရပ်၌ ငါရောက်စေအံ့ သော ဘေးကို သင်ကိုယ်တိုင် မတွေ့မြင်ရ …”ဟုကတိပေးပြီးဖြစ်သည်(၄ရာ ၂၂း၁၉-၂၀)။

ထိုကတိအတိုင်း ယောရှိသည် တုန်လှုပ်ချောက်ချားဖွယ်၊ ကြေကွဲဝမ်းနည်းဖွယ် ကောင်းသော ယေရုရှလင်မြို့ ကြေမွပျက်စီးခြင်းကို မမြင်ရပေ။ သူသည် ဘီစီ ၆၀၉ တွင် ကွယ်လွန်သဖြင့် ဘီစီ ၆ဝ၅၊ ၅၉၇နှင့် ၅၈၆တို့တွင် ယေရုရှလင်မြို့၌ဖြစ်ပွားသော ဘုရားသခင်၏တရားစီရင်ချက်များကို မမြင်ရတော့ခြင်းဖြစ်သည်။ အကယ်၍အသက် ရှင်သေးပါက ထိုအနိဋ္ဌာရုံများကို မြင်ရသည့်အပြင် ဘိုးဘေးတို့၏သချိုင်း၌လည်း သဂြိုဟ်ခြင်းခံရမည်မဟုတ်ချေ။ ဘိုးဘေးတို့၏သင်္ချိုင်း၌ သဂြိုဟ်ခြင်း ခံရခြင်းဟူသည် ယုဒလူမျိုးတို့အဖို့ အကြီးမားဆုံးသော မင်္ဂလာတစ်ပါးဖြစ်သည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) ကြီးမားသောအရာများသည် သေးငယ်သောအရာမှ အစပြုသည်- ဝိညာဉ် ရေးရာ၌ဖြစ်စေ၊ လောကီရေးရာ၌ဖြစ်စေ ကြီးမားသောအရာတစ်ခုခုသည် သေးငယ် သောအရာမှ အစပြုလေ့ရှိသည်။ ဝန်တာထားရှိသော လူတစ်ယောက်နှစ်ယောက်နှင့် အစပြုစမြဲဖြစ်သည်။ ယုဒတစ်ပြည်လုံး နိုးထမှုရှိ လာရန်အတွက် ယောရှိ၏ နောင်တ ရခြင်းနှင့် အစပြုသည်။ အစ္စရေးတစ်ပြည်လုံးရုပ်တုကိုးကွယ်ရေးသည် ယေရောဗောင်ကြောင့် အစပြုသည်။ အစ္စရေးတစ်မျိုးသားလုံး ဘုရားသခင်၏ နိမိတ်လက္ခဏာ မြင်တွေ့ရေးအတွက် သုံးရက်လုံးလုံး အစာရှောင်ခြင်းသည် ဧသတာမှ အစပြုသည်။ အသင်းတော် စတင်ဖြစ်ပေါ်နိုင်ရန်အတွက် ပေတရုက ဦးစွာဆုတောင်းပြီး တစ်ကမ္ဘာ လုံး၌ ပြန့်ပွားနိုင်ရန်အတွက် တမန်တော်(၁၂)ပါးက လုပ်ဆောင်သည်။

၂) ဝိညာဉ်ရေးရာနိုးထမှုသည် နှုတ်ကပတ်တော်ဖတ်ရှုခြင်းမှ အစပြုသည်နေသည် ယောရှိ၏ရှေ့တွင် နှုတ်ကပတ်တော်ကို ဖတ်ရှုသောအခါ ယောရှိ၌ နိုးထမှုရောက်လာသည်။ ယောရှိသည် မိမိကိုမိမိ အပြစ်ရှိမှန်းသိလာပြီး နောင်တရ လုပ်ဖော် ၁။ ယောရှိသည် သူကိုယ်တိုင် နှုတ်ကပတ်တော်ကြောင့် နိုးထခြင်းဖြစ်သဖြင့် သူ၏လုပ်ဖော်ဆောင်ဖက်များကိုလည်း ၎င်းကဲ့သို့ နိုးထမှုရှိနိုင်ရန် နှုတ်ကပတ်တော်ကိုဖတ်ပြသည်(၄ရာ ၂၃း၁-၂)။

မတ်တပ်ရ

ဧဇရသည် လူထုရှေ့၌ နှုတ်ကပတ်တော်ကို ဖတ်ပြသောအခါ လူထုသည် နေ့တစ်ဝက်တိုင်တိုင် မတ်တပ်ရပ်ပြီး နားထောင်ကြသည်။ ထို့နောက် နိုးထမှုကြီးတစ်ခုဖြစ်ပေါ်လာသည်(နေ ၈း၁-၁၀၊ ၉း၁-၃)။ ပေတရုသည် ပင်တေကုတ္တေနေ့တွင် ယောလအနာဂတ္တိကျမ်း အခန်းကြီး (၂)ကို အဓိက ဟောကြားသည်။ လွန်ခဲ့သော နှစ်ပေါင်း (၅၀၀)ခန့်က ဖြစ်ပေါ်ခဲ့သည့် ပြောင်းလဲမှုကြီး ဖြစ်ပေါ်နိုင်ရန် နှင့် ဖြစ်ပေါ်ဆဲအချိန်တွင် နှုတ်ကပတ်တော်ကို လူတိုင်းဖတ်ရှုပြီး ဘာသာစကားအမျိုးမျိုးဖြင့် ပြန်ဆို ထုတ်ဝေ ကြသည်။

ချင်းပြည်နယ်၌ နိုးထမှုဖြစ်ပေါ်သည့်အချိန်တွင်လည်း နှုတ်ကပတ်တော်ကို လူတိုင်းဖတ်ရှုပြီး ဈေးရောင်းသော ဆိုင်ရှင်များသည် ဈေးမရောင်းအားအောင်ပင် ဖတ်ရှုကြသည်ဟု ဆိုသည်။ နိုးထမှုဟူသည် နုတ်ကပတ်တော်ကြောင့်သာ ဖြစ်ပေါ်နိုင် သည်။ ထိုနည်းတူ နိုးထမှုဖြစ်ပေါ်လျှင်လည်း နှုတ်ကပတ်တော်ကို ဆာငတ်စွာ ဖတ်ရှု ကြစမြဲဖြစ်သည်။

နှစ်ခြင်းဆရာ ယောဟန် (John the Baptist)

လောကကြီးက ထူးမြတ်သောသူအဖြစ် သတ်မှတ်သည့်ပုဂ္ဂိုလ်များသည် ရှင်ဘုရင် များ၊ အစိုးရခေါင်းဆောင်များ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ တွေးခေါ်ပညာရှင်များ၊ သိပ္ပံပညာ ရှင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ တီထွင်သူပညာရှင်များ၊ သန်းကြွယ်သူဌေးများ၊ စေတနာရှင်များ၊ အများအကျိုးဆောင်သူများ၊ သြဇာလွှမ်းမိုးနိုင်သူများ အစရှိသည် တို့ ဖြစ်ကြသည်။ တစ်စုံတစ်ဦးကို ထိုသူ၏ စိတ်နေသဘောထားနှင့် စွမ်းဆောင်ရည် ကိုကြည့်ပြီးထူးမြတ်သူဟုသတ်မှတ်ခြင်းဖြစ်သည်။ ဥပမာ၊ နိုင်ငံပေါင်းများစွာကို သိမ်းပိုက်နိုင်သည့် Alexander e Alexander the Great ဟုဝေါ်သတ်မှတ်သည့်ပုံမျိုး ဖြစ်သည်။

ယေရှုကြွလာစဉ်က တစ်ကမ္ဘာလုံးနီးပါးကို ရောမဘုရင်အဆက်ဆက်က အုပ် ကြသည်။ ထို့ကြောင့် ရောမဘုရင်ထက် ကြီးမြတ်သောသူမရှိ၊ ၎င်းသည် ဘုရား စသည်ဟုဆိုပြီး ဘုရင်အဆက်ဆက်က တစ်ပြည်လုံး၏ကိုးကွယ်မှုကို ခံယူသည်။ ဘုရင့်ဂျူးလိယက်ဆီဇာ လုပ်ကြံခံရသည့်နေ့တွင် ကောင်းကင်ပေါ်၌ ကြယ်တံခွန်ကို ခဲ့သည်။ သို့ဖြစ်၍သူသည် ကောင်းကင်ဘုရားများ၏ထိုင်ခုံ၌ နေရာယူရန်အတွက် တင်ခြင်းဖြစ်သည်ဟူ၍ပင် ဒေသမျိုးစုံမှလာသော လူ(၁၂)ယောက်က ထုတ်ဖော်ပြောကြားသည်။

ဆီဇာ၏နေရာကိုဆက်ခံသော သားဖြစ်သူ ဆီဇာသြဂတ်စတပ်က “ငါ့ခမည်း က ဘုရား ဖြစ်တယ်။ ဒါကြောင့် ငါကိုယ်တိုင်လည်း ဘုရားဖြစ်တယ်”ဟုဆို ပုံတူရုပ်တုကို တစ်ပြည်လုံးတွင် ကိုးကွယ်စေသည်။ နန်းတက်ပွဲကို (၁၂)ရက်တိုင်တိုင်ကျင်းပပြီး “သြဂတ်စတပ်သည် ဘုရား ဖြစ်သည်”ဟု သံစုံတီးဝိုင်း အဖွဲ့အား ထောမနာချီးမွမ်းစေသည်။ တမန်တော်ယောဟန်ကို Patmos ကျွန်း၌ အကျဉ်းချခဲ့သော ဘုရင် Domitian၌ဆိုလျှင်သံစုံအဖွဲ့ဝင် ၂၄ယောက်ရှိပြီး သွားလေရာရာ သို့ခေါ် ဆောင်သွားကာ သူသည် ဘုရားတစ်ပါးဖြစ်ကြောင်း ချီးမွမ်းသီဆိုစေသည်ဟု ဆိုသည်။ ထိုခေတ်က လူထုအဖို့ရောမဘုရင်များထက် ပို၍ကြီးမြတ်သောပုဂ္ဂိုလ် မည်သူမျှမရှိချေ။ ထိုကြားထဲတွင် ရောမအုပ်စိုးမှုအောက်ရှိ ပါလက်စတိုင်းသည် အလွန်သေး ငယ်သောပြည်ဖြစ်သော်လည်း အုပ်ချုပ်သူများနှင့် ယေရုရှလင်ရှိ ခေါင်းဆောင်များ သည် ကိုယ့်ကိုကိုယ် အကြီးမြတ်ဆုံး သောပုဂ္ဂိုလ်အလား အာဏာပြကြသည်။ အထူး သဖြင့် ယုဒဘုရင်ခံများ(ဥပမာ၊ ဟေရုဒ်)၊ ယဇ်ပုရောဟိတ်များ(ဥပမာ၊ ကယာ)၊ ဖာရိရှဲများနှင့် ဇဒ္ဒကဲများ ဖြစ်ကြသည်။ အကယ်၍ ထိုခေတ်တွင် လူထုထံသို့ “နားထောင်ကြ၊ အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်အကြောင်း ပြောပြမယ်”ဟု ဆိုခဲ့မည်ဆိုလျှင် လူထုသည် အစိုးရခေါင်းဆောင်ပိုင်းထဲမှလော၊ သို့မဟုတ် ယဇ်ပုရောဟိတ်၊ ဖာရိရှဲ၊ ၊ ဇျကဲများထဲမှလောဟူ ၍ ထင်မြင်ချက်အမျိုးမျိုး ပေးကြလိမ့်မည်ဖြစ်သည်။

သို့သော် ယေရှုကမူ လူထုထံသို့ အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်အကြောင်းကို ဤ သို့ပြောပြသည်။ “..သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တော သို့ထွက်သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။ သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော။ နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။ ပရောဖက် ကို ကြည့်ရှုခြင်းငှါ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ်သောသူလည်း ဖြစ်သည်ဟု ငါဆို၏။ ကျမ်းစာ၌လာသည်ကား၊ ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို သင့်ရှေ့၌ငါစေလွှတ်၏ဟုဆိုရာ၌ ထိုသူကို ဆိုလိုသတည်း။ ငါအမှန်ဆိုသည်ကား မိန်းမမွေးသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ် သောသူတစ်ယောက်မျှ မပေါ်ထွန်းသေး”(မ ၁၁း၇-၁၁)။

ယေရှုက ယောဟန်ကို ထိုစဉ်က ကမ္ဘာတစ်ခု လုံးနီးပါးကို အုပ်စိုးခဲ့သည့် ဆီဇာသြဂတ်စတပ်ထက် ပိုမိုကြီးမြတ်သည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။ ထိုသို့ ပြောခြင်းကို လူ့အမြင်ဖြင့် ကြည့်လျှင် ဟာသကဲ့သို့ ဖြစ်ပါလိမ့်မည်။ သို့သော် ယေရှုက ယောဟန်သည်ဘုရားသခင်ကိုမသိသောလူအများစုကဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်လေးမြတ်သည့် ဆီဇာထက်လည်းကောင်း၊ ဘုရားသခင်ကိုသိသော ယုဒလူမျိုးတို့က အလွန်အလေးအမြတ်ထားသည့် ဓမ္မဟောင်းခေတ် အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်များ ထက်ပင်လည်းကောင်း ပိုမိုကြီးမြတ်သည်ဟု ပြောဆိုသည်။

ယောဟန်သည် ယုဒလူမျိုးတို့၏အဘိုးဖြစ်သူ အာဗြဟံထက် လည်းကောင်း၊ ဣဇာက်နှင့် ယာကုပ်တို့ထက် လည်းကောင်း၊ ပညတ်တော်ယူဆောင်လာသူနှင့် အစ္စ ရေးတို့၏ အကောင်းဆုံးခေါင်းဆောင်ဖြစ်သူ မောရှေ့ထက် လည်းကောင်း၊ ပရောဖက် အားလုံးတို့ထက် (ဧလိယ၊ ဧလိရှဲ၊ ဟေရှာယ၊ ယေရမိစသည်ဖြင့်) လည်းကောင်း၊ ဟေဗြဲသြဝါဒစာ အခန်းကြီး(၁၁)တွင် ဖော်ပြသည့် အကြီးမြတ်ဆုံးသောပုဂ္ဂိုလ်များ ထက် လည်းကောင်း၊ တရားသူကြီးများနှင့် ယဇ်ပုရောဟိတ်များထက် လည်းကောင်း၊ ဘုရင်များနှင့် စစ်သူကြီးများထက် လည်းကောင်း၊ တိုင်းပြည်ခေါင်းဆောင်များနှင့် ဘာ သာရေးခေါင်းဆောင်များထက် လည်းကောင်း ပိုမိုကြီးမြတ်သည်ဟု ဆိုလိုက်ခြင်း ဖြစ်သည်။

သို့ဖြစ်လျှင် ဤမျှကြီးမြတ်သည့်ယောဟန်ကို မည်သည့်အရာများက ကြီးမြတ်စေသနည်း။ သူသည်မည်သည့်အရပ်မှ မွေးဖွားကြီးပြင်းပါသနည်း။ မည်သည့်ဩဇာဏာကို ပိုင်ဆိုင်ပါသနည်း။ မည်သည့်နိမိတ် လက္ခာကိုပြုလုပ်ပါသနည်း။ စည်းစိမ်ဥစ္စာနှင့် ဂုဏ်ပြုတံဆိပ်များ မည်မျှပိုင်ဆိုင်ပါသနည်း။ မည်ကဲ့သို့ ကွယ်လွန်၍ မည်သူက မြေချပါသနည်း။

ယောဟန်မွေးဖွားခြင်း

ယေရှုက ယောဟန်ကို မိန်းမမွေးသောသူတို့တွင် အကြီးမြတ်ဆုံးဖြစ်သည်ဟု ပြောသကဲ့သို့(မ ၁၁း၁၁) ကောင်းကင်တမန် ဂါလကလည်း “ထာဝရဘုရားရှေ့၌ ကြီးမြတ်သောသူဖြစ်လိမ့်မည်” ဟူ၍ ယောဟန်မမွေးမီကပင် ပြောဆိုပြီးဖြစ်သည်။ “ဇာခရိသည် မိမိအသင်းနှင့်တကွ အလှည့်သင့်၍ ဘုရားသခင့်ရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်သည်တွင် ယဇ်ပုရောဟိတ် ထုံးစံအတိုင်း စာရေးတံချသဖြင့် သူသည် ထာဝရဘုရား၏ ဗိမာန်တော် အတွင်းသို့ဝင်၍ နံ့သာပေါင်းကို မီးရှို့ ရ၏။ ထိုသို့ နံ့သာပေါင်းကို မီးရှို့ သည့်အချိန်တွင် လူအပေါင်းတို့သည် ပြင်၌ ဆုတောင်းလျက်နေကြ၏။ ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍ နံ့သာ ပေါင်းကိုရှို့သော ယဇ်ပလ္လင်လက်ျာဘက်၌ ရပ်နေသည် …ကောင်းကင် တမန်က၊ ဇာခရိ… သင်၏ခင်ပွန်း ဧလိရှဗက်သည် သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယောဟန်အမည်ဖြင့် မှည့်ရမည်။ သင် သည် ဝမ်းသာရွှင်မြူးခြင်းရှိလိမ့်မည်။ .. လူအများတို့သည်လည်း ဝမ်း မြောက်ခြင်းသို့ ရောက်ကြလိမ့်မည်။ အကြောင်းမူကား ထိုသားသည် ထာဝရဘုရားရှေ့၌ ကြီးမြတ်သောသူဖြစ်လိမ့်မည် … ဟု ကောင်းကင် တမန်က ပြောဆို၏”(လု ၁း၈-၁၇)။

သို့ဖြစ်၍ ယောဟန်သည် ဘုရားသခင်၏အမြင်၌ အလွန်ကြီးမြတ်သောသူ ဖြစ် သည်။ နာဇရိ (Nuzurite)ဟုခေါ်သည့် စပျစ်ရည်မှအစ ယစ်မျိုးအားလုံးကို မသောက်သုံးသူဖြစ်သည့်အပြင် အမိဝမ်းထဲ၌ပင် သန့်ရှင်းသော လွန်ကျူးတတ်သောဝိညာဉ်တော်နှင့် ပြည့်ဝသူလည်းဖြစ်သည်(လု ၁း၁၅)။ ၎င်းနာမည်ကို ကျမ်းစာ၌ အကြိမ်(၉၀)ခန့်တွေ့ရသဖြင့်အကြိမ်ရေအများဆုံး တွေ့ရသူထဲတွင် ပါဝင်သည်။ ထို့အပြင် ရှင်လုကာက ယေရှု၏မွေးဖွားခြင်း ကို အလေးအမြတ်ထားသည့်နည်းတူ ယောဟန်၏ မွေးဖွားခြင်းကိုလည်း အလေးအမြတ်ထားသဖြင့် ကောင်းမွန်စွာ မှတ်တမ်းတင်သည် (လု ၁း၅-၈ဝ)။

ယေရှုနှင့် ယောဟန်သည် ဝိညာဉ်ရေးပိုင်း၌ အကျွမ်းတဝင်ရှိရုံသာမဟုတ်ဘဲ ဇာတိ ပိုင်း၌လည်း ဆွေမျိုးတော်စပ်သည်(ယေရှု၏မိခင် မာရိသည် ယုဒအနွယ်ဖြစ်ပြီးယော ဟန်၏မိခင် ဧလိရှဗက်သည် အာရုန်အနွယ်ဖြစ်သဖြင့် ဆွေမျိုးတော်သည်၊ လု ၁း၃၆)။ ယောဟန်သည် ယေရှုထက် (၆)လသာကြီးသည်။ မာရိသည် သန့်ရှင်းသောဝိညာဉ် တော်အားဖြင့် ယေရှုအား ပဋိသန္ဓေတည်စအချိန်တွင် ဧလိရှဗက်ထံ အလည်သွား ရောက်သည်။ မာရိ၏အသံကိုကြားသောအခါ ဧလိရှဗက်၏ဝမ်းထဲရှိ ကလေး (ယော ဟန်)သည် ဝမ်းမြောက်လွန်းသဖြင့် မြူးတူးခုန်ပေါက်သည်(ထိုစဉ်က ယေရှုသည် အမိ ဝမ်းထဲ၌ တစ်လပင် ရှိသေးလိမ့်မည်မဟုတ်ပေ၊ လု ၁း၄၁)။ သို့ဖြစ်၍ ယောဟန်သည် ၎င်း၏သခင်လည်းဖြစ်၊ လမ်းပြင်ဆင်ပေးရမည့်သူလည်းဖြစ်၊ ဆွေမျိုးတော်သူလည်း ဖြစ်သည့် ယေရှုနှင့် ရွယ်တူခန့်ဖြစ်သည်။

ယောဟန်၏ဘ၀

ယောဟန်သည် ယေရှုကဲ့သို့ပင် လူကုံထံ၊ ပညာတတ်၊ ဂုဏ်အသရေရှိမိသားစု မှ မွေးဖွားခြင်း မဟုတ်ပေ။ ဖခင်ဇာခရိနှင့် မိခင်ဧလိရှဗက်သည် လေဝိအမျိုး၊ ယဇ် ပုရောဟိတ်အမျိုးဖြစ်ကြသည့်တိုင် ထိုခေတ်တွင် လေဝိလူမျိုး အများအပြားရှိသဖြင့် ၎င်းတို့မိသားစုကို တစ်မူထူးပြီး အလေးထားကြလိမ့်မည်မဟုတ်ချေ။

သူသည် ငယ်စဉ်ကပင် လောကပျော်ရွှင်မှုများ ကို စွန့်ပြီး တောထဲ၌သာ နေထိုင်သည်။ သို့ဖြစ်၍ အိမ်ကောင်းရာကောင်း၊ စည်းစိမ်ဥစ္စာ ပိုင်ဆိုင်မည်မဟုတ်သကဲ့သို့သူငယ်ချင်းရှိလျှင်ပင် အနည်းအကျဉ်းသာ ရှိလိမ့်မည်ဖြစ်သည်။ သူ၏သူငယ်ချင်းများကဲ့သို့မြို့ထဲ၌ ကျောင်းတက်စာသင်ခြင်းမဟုတ်ဘဲ တောထဲ မှပင် တရားစတင်ဟောခြင်းဖြစ်သဖြင့် ကိုယ့်ကိုကိုယ် လေ့ကျင့်သင်ယူခြင်းဖြစ်နိုင်သည်။

သူသည် ကုလားအုတ်မွေးအင်္ကျီကိုဝတ်ပြီး သားရေခါးပတ်ကိုပတ်ကာ ကျိုင်းကောင်နှင့် ပျားရည် ဖြင့်သာ စားသုံးအသက်မွေးသည်(မ ၃း၄)။ သူ၏နေထိုင်မှုပုံစံသည် အထင်ကြီးစရာ မရှိဘဲ အရူးဆန်ဆန်သာဖြစ်သည်။ လေဝိအမျိုးဖြစ်စေကာမူ တောထဲ၌သာ နေထိုင်သဖြင့် ယဇ်ပုရောဟိတ်အလုပ် မလုပ်ရပေ။ မင်းပေါက်စိုးပေါက် မဟုတ်သည့်အပြင် ဘာသာရေး၊ လူမျိုးရေးခေါင်းဆောင်လည်း မဟုတ်ချေ။

သူတစ်ပါးကြားလိုသည့်အရာကို မပြောဘဲ ကြားသင့်သည့်အရာကိုသာ ပြော လိုသည်။ ကိုယ်ကျိုးအတွက် သူတစ်ပါးကိုမဖား၊ မျက်နှာမလုပ်ဖူးဘဲ အပြစ်ကိုနောင် တရရန် ရဲဝံ့စွာဟာပြောသည်။ အပြစ်ရှိသူများကို အပြစ်ရှိသည့်အလျောက် ပြောဆို ဝံ့သဖြင့် လူအများ၏ မျက်မုန်းကျိုးခြင်းခံရသည်။ သို့ဖြစ်၍ နောက်လိုက်တပည့်လည်း အနည်းအကျဉ်းသာပိုင်သည်။

အမှုတော်ဆောင်သက်တမ်းလည်း တိုတောင်းလှသည်။ အသက်(၃၀)နှစ်တွင် အမှုတော်စတင်ထမ်းဆောင်ပြီး အသက်(၃၃ နှစ်မပြည့်မီ ဟေရုဒ် အဂြိပ္ပ မင်း၏ လက်ထဲ၌ ခေါင်းဖြတ်အသတ်ခံရသည်။ သဂြိုဟ်သည့်အခါတွင်လည်း လူစည်ကားခြင်းမရှိဘဲ နောက်လိုက်တပည့်များသာရှိသည်။ သူ့ကို ကြီးမြတ်သူ၊ အားကျဖွယ်ကောင်းသူဟု သတ်မှတ်နိုင်စရာ မရှိသလောက်ပင်ဖြစ်သည်။ သို့ဖြစ်၍ သူသည် လောကကြီးက “ကြီးမြတ်သူ”ဟုသတ်မှတ်သည့် ပုဂ္ဂိုလ်များနှင့် လားလားမျှမတူသည်ကို တွေ့ရသည်။

သာမန်ပရောဖက်မဟုတ်

ယောဟန်သည် ဓမ္မသစ်ကျမ်းထဲတွင် အကြီးမြတ်ဆုံးသောသူတစ်ဦးဖြစ်၍ ဓမ္မ ဟောင်းနှင့် ဓမ္မသစ်ကို ဆက်စပ်ပေးသူဖြစ်သည်။ နောက်ဆုံးသောပရောဖက်သည် မာလခိဖြစ်ကာ ထိုနောက်ပိုင်း နှစ် ပေါင်း(၄၀၀)ခန့်ကာလအတွင်း၌ ဘုရားသခင်သည် လူသားများကို ပရောဖက်တစ်ပါးပါးအားဖြင့် စကားပြောဆိုခြင်းမရှိတော့ချေ။ ထိုနည်း တူ လူတစ်ယောက်ယောက်ထံ၌ ကောင်းကင်တမန် ကိုယ်မထင်ရှားတော့ခြင်းသည် လည်း နှစ်ပေါင်း(၅၀၀)ခန့် ရှိခဲ့ပြီဖြစ်သည်။ သို့သော် ယောဟန်မွေးဖွားမည့် အချိန် တွင်မူ ကောင်းကင်တမန်ဂါလသည် ထိုသတင်းကိုပြောကြားရန် ဇာခရိထံ၌ ကိုယ် ထင်ရှားပြသည်။ သို့ဖြစ်၍ ယောဟန်သည် နှစ်ပေါင်း(၅၀၀)ခန့် ကိုယ်မထင်ရှားတော့ သည့် ကောင်းကင်တမန်ကို ပြန်လည်ဖိတ်ခေါ်သူနှင့် နှစ်ပေါင်း(၄ဝဝ)ခန့် မကြားရ တော့သည့် ဘုရားသခင်၏” စကားသံ ́ကို ပြန်လည်ကြားစေသူဖြစ်သည်။

ထိုစကားသံသည် အပြစ်စီရင်မည့် အသံမဟုတ်ဘဲ “ဝမ်းမြောက်စရာသတင်း’၊ မေရှိယကြွလာမည့် စကားသံဖြစ်သဖြင့် ယောဟန်သည် ဝမ်းမြောက်စရာသတင်း၏ ရှေ့ပြေး၊ လမ်းပြင်ဆင်သူလည်း ဖြစ်သည်။ သူသည် မမွေးဖွားမီကပင် ဘုရားသခင်၏ ဘိသိက်ခြင်း၊ ရွေးကောက်ခြင်းခံရပြီး ဟေရှာယ ၄၀း၃ နှင့် မာလခိ ၃း၁တို့တွင် ဖော်ပြသည့် ကြိုတင်ဟောပြောချက်များကိုတကယ်အကောင်အထည်ပေါ်လာစေသူ ဖြစ်သည်။ သို့ဖြစ်၍ ယောဟန်ပေါ်ထွန်းလာမည့်အကြောင်းကိုရှေးပရောဖက်များက ယေရှုကြွလာမည့် အကြောင်းနည်းတူ ကြိုတင်ဟောပြောခြင်း ဖြစ်သည်။ ပေတရု၊ယာကုပ်၊ ပေါလုစသည်တို့ ပေါ်ထွန်းမည့်အကြောင်း ကို မည်သည့်ပရောဖက်ကမျှ ကြိုတင်မဟောပြော ကြပေ။

အမှုတော်ကို စတင်တော့မည့်အချိန်တွင် “.. ယောဟန်သည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ခံရ၏”(လု ၃း၂)ဟူသည့်အကြောင်းနှင့် အစပြုသဖြင့် ရှေးမရောဖက် ကြီးများနှင့် ဗျာဒိတ်တော်ခံရပုံခြင်း တူညီသည်(က ၁၅း၁၊ ၃ရာ ၁၇း၂၊ ၁၂၊ ဟေရှာ ၃၈း၄၊ယေ ၁း၁-၂၊ ယေဇ ၁း၃)။ ထို့အပြင် ယေရှုလုပ်ဆောင်မည့် အမှုတော်မြတ်များ အကြောင်းကို ကြိုတင်ဟောပြောသဖြင့် သူသည် ပရောဖက်တစ်ပါးဖြစ်မှန်း ထင်ရှား သည်။ သို့သော် သူ၏အဓိကတာဝန်သည် ယေရှုကြွလာမည့်လမ်းကို ပြင်ဆင်ခြင်း ဖြစ်သဖြင့် သူသည် သာမန်ပရောဖက်တစ်ပါးထက် သာလွန်သူဖြစ်ကြောင်း တွေ့ရ သည်(မ ၁၁း၉-၁၀)။

ယောဟန်၏ ပကတိအစစ်အမှန်

စင်စစ် ယောဟန်သည် လေဝိအနွယ်၊ ယဇ်ပုရောဟိတ်အမျိုးဖြစ်သဖြင့် ယဇ် ပုရောဟိတ်အလုပ် လုပ်ဆောင်ရမည့်သူဖြစ်သည်။ သို့သော်လည်း ယဇ်ပုရောဟိတ် အလုပ် မလုပ်သည့်အပြင် ယေရုရှလင်ဗိမာန်တော်ရှိ ယဇ်ပုရောဟိတ်များကိုလည်း မကူညီချေ(မ ၃း၇၊ လု ၃း၇)။ သို့ဖြစ်လျှင် ယောဟန်၏ ပကတိအစစ်အမှန်သည် အဘယ်နည်း။

ရုံး၊ အိမ်၊ ကျောင်းအသစ်တစ်ခုခု အသုံးပြုတော့မည့်အချိန်တွင် ဖွင့်ပွဲပြုလုပ် ထိုအဆောက် အအုံနှင့်ပတ်သက်သည့် အဓိကပုဂ္ဂိုလ်တစ်ဦးဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ် ခိုင်းလေ့ရှိကြသည်။ ထိုနည်းတူ ယေရှု၏ အမှုတော်မြတ်ကို ဖွင့်လှစ်ပေးသူသည်ယောဟန်ဖြစ်သည်။ ယေရှုသည် ယောဟန်ထံမှနှစ်ခြင်းခံယူပြီးမှသာ အမှုတော်မြတ်စတင်သည် ( လု ၃း၂၃)။ သို့ဖြစ်၍ ယေရှု၏အမြင်၌ ယောဟန်သည်အဓိက ပုဂ္ဂိုလ်ဖြစ်သည်။

ယောဟန်ကို တချို့က ဧလိယဖြစ်သည်ဟု ဆိုကြသည်။ ဟေရုဒ်ကလည်း ထိုသို့ပင်ဆိုသည်။ ကျမ်းပြုဆရာများက မေရှိယကြွမလာမီ ဧလိယလာမည် ဖြစ်သဖြင့် နှစ်ခြင်းဆရာယောဟန်သည် ဧလိယဖြစ်လိမ့်မည်ဟု အသီးသီးဆိုကြသည်(မာ ၉း၁၁-၁၃)။

အကြောင်းမှာ ပရောဖက်မာလခိ၏ ကြိုတင်ဟော ပြောချက်တွင် “ထာဝရဘုရား၏ကြောက်မက်ဖွယ်သောနေ့ရက်များ မရောက်မီပရောဖက်ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်”ဟု ဖော်ပြသဖြင့် လူထုက ယောဟန် ကို ဧလိယဟု ဆိုကြခြင်းဖြစ်သည်(မာလ ၄း၅-၆)။ ယေရှုကလည်း နှစ်ခြင်းဆရာ

ယောဟန်သည် ဧလိယ၏ စိတ်ဝိညာဉ် နှင့် တန်ခိုးဖြင့် လာရောက်ခြင်းဖြစ်ကြောင်း နှင့် အစ္စရေးလူမျိုးတို့က ငြင်းဆန်မည်ဖြစ်ကြောင်းကို တစ်ပါတည်းပြောဆိုသည် (မ ၁၇း၁၀-၁၃၊ လု ၁း၁၇)။ သန့်ရှင်းသောဝိညာဉ်တော်က ယောဟန်ကို ဧလိယထက် ပို၍ကြီးမြတ်သူဖြစ်ရန် ရွေးချယ်ခြင်းဖြစ်သည်(လု ၁း၁၅-၁၅)။

သို့ဖြစ်၍ ယောဟန်သည် ဧလိယမဟုတ်ဘဲ ဧလိယ၏ စိတ်ဝိညာဉ်နှင့် တန်ခိုး ဖြင့် ရောက်လာသူ၊ တော၌ ဟစ်ကြော်သောသူ၏ ‘အသံ’ သာဖြစ်သည်(ယော ၁း၂၃)။ ထိုအသံမှာ “ထာဝရဘုရား ကြွတော်မူရာလမ်းကို ပြင်ကြလော့။ လမ်းခရီးတော်ကိုဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ပို့ရမည်။ တောင်ကြီးတောင်ငယ်ရှိသမျှ တို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ ကြမ်းတမ်းသောလမ်း များကို ချောစေရမည် .”ဟူ၍ဖြစ်သည်(လု ၃း၃-၆)။

ယောဟန်ကို အကြီးမြတ်ဆုံးသောသူဟု ပြောကြသော်လည်း လူ့အမြင်၌ အားကျစရာတစ်ခုမျှမရှိပေ။ အကြီးမြတ်ဆုံးပရောဖက်ဟု ဆိုကြသော်လည်း နိမိတ် လက္ခဏာများကို တစ်ခုမျှမပြုဖူးချေ(လု ၇း၂၈၊ ယော ၁၀း၄၁)။ သေလွန်သူကို ပြန် ရှင်စေခြင်း၊ အနာရောဂါကို ငြိမ်းစေခြင်း၊ မျက်မမြင် ၊ သူကို ပြန်မြင်စေခြင်း၊ နားပင်းသူကို ပြန်ကြားစေခြင်း၊ခြေလက်မသန်သူကို ပြန်စွမ်းစေခြင်းစသည့် နိမိတ်လက္ခဏာများ မပြုဖူးသည့်အပြင် ယေရှုပြုခဲ့သည့်နိမိတ်လက္ခဏာများကိုပင် မြင်ရသူမဟုတ်ပေ။ သို့ဖြစ်လျှင် သူ၏ကြီးမြတ်မှုသည်အဘယ်ဖြစ်မည်နည်း။ ယောဟန်၏ကြီးမြတ်မှုသည် ၎င်း၏သေးငယ်မှု၌ ရှိသည်။ စိတ်နှိမ့်ချမှုက သူ့ကို လူတကာထက်ကြီးမြတ်သူဖြစ်စေပြီး သူတစ်ပါးအတွက် လုပ်ဆောင်အစေခံခြင်းဖြင့် သူသည် ကြီးမြတ်သော ခေါင်းဆောင် ဖြစ်လာသည်။

ထိုသို့နာမည်အလွန်ကြီးနေသည့်အချိန်တွင်၎င်းထက်ပိုမိုကြီးမြတ်သည့်ယေရှု ကြွလာသည်။ မိမိတို့ဆိုလျှင် မိမိထက်သာလွန်သူတစ်ယောက် ရောက်ရှိလာခြင်း ဖြစ်သဖြင့် မဝမ်းမြောက်နိုင်ဘဲ ထိုသူ၏မကောင်းကြောင်းကိုသာ ပြောဆိုမိကြလိမ့် မည်ဖြစ်သည်။ လူထုကအလေးအမြတ်မထားနိုင်ရန် အမျိုးမျိုးဝေဖန်ပြီး ကြိုဆိုလိုကြ လိမ့်မည်မဟုတ်ပေ။ သို့သော် ယောဟန်မှာမူ ထိုသို့မဟုတ်ဘဲ ၎င်းထက်ကြီးမြတ်သူ ရောက်လာသော အခါ အလွန်ဝမ်းမြောက်သည်(ယော ၃း၂၉)။ ထို့အပြင် “ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကားဆုတ် ယုတ်ခြင်းရှိရမည်””ဟု နှိမ့်ချသောစိတ်ဖြင့် ယေရှုကိုဂုဏ်ပြုကြိုဆိုသည်(ယော ၃း၃ဝ)။

ယောဟန်သည် လူသိများသူ၊ လေးစားခြင်း ခံရသူဖြစ်သဖြင့် သူကိုယ်တိုင်က ထိုသို့ဂုဏ်ပြုသောအခါ လူထုကလည်း ယေရှုကို ချက်ချင်းပင် အလေးအမြတ်ထားကြလိမ့်မည်ဖြစ်သည်။ လူသိများလေးစားခြင်းခံရပြီးသား ခေါင်းဆောင် တစ်ယောက်ယောက်က တန်ဖိုးထားလက်ခံသောအခါ လူထုကလည်း တန်ဖိုး

ထား လက်ခံကြသည်။ သို့ဖြစ်၍ ခေါင်းဆောင်များအနေဖြင့် မျိုးဆက်သစ်များအား ပျိုးထောင်မြှင့်တင်ရန် ဝန်မလေးကြပါစို့နှင့်။

ယောဟန်သည် ယေရှုကို ဂုဏ်ပြုကြိုဆိုရုံမဟုတ်ဘဲ လုပ်ဆောင်မှုချင်းလည်း ယေရှုကသာ လွန်ကြီးမြတ်ပုံကို ““ငါသည် နောင်တအဖို့အလိုငှါ သင်တို့ကို နှင့် ဗတ္တိဇံပေး၏။ ငါ့နောက်ကြွလာသောသူသည် ငါ့ထက်တတ်စွမ်းနိုင်၏။ ထိုသူ၏ ခြေနင်းတော်ကိုမျှ ဆောင်ခြင်းငှါ ငါမထိုက်။ ထိုသူ သည် သန့်ရှင်းသောဝိညာဉ်တော် နှင့် လည်းကောင်း၊ မီးနှင့် လည်းကောင်း သင်တို့ကိုဗတ္တိဇံပေး၏”ဟု ပြောသည်(မ ၃း၁၁၊ ခြေနင်းတော်ကြိုးကိုမျှ ဖြေခြင်းငှါ ငါမထိုက်-မာ ၁း၇၊ လု ၃း၁၆၊ ယော၁း၂၇)၊ ယောဟန်က၎င်းသည် လူတို့ကိုရေဖြင့်

ဗတ္တိဇံပေးသော်လည်း ယေရှုက မီးနှင့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ဗတ္တိဇံပေးမည့်ပုံ၊ ၎င်းထက် ယေရှုကပိုမိုကြီးမြတ်ပုံနှင့် ၎င်း၏လုပ်ဆောင်မှုထက် ယေရှု၏လုပ်ဆောင်မှုက သာလွန်ကြီးမြတ်ပုံတို့ကို ပြောဆို ခြင်းဖြစ်သည်။ ထို့အပြင် ယောဟန်က ၎င်းသည် ယေရှု၏ဖိနပ်ကြိုးကို ဖြေပေးရန်ပင် ထိုက်တန်ခြင်းမရှိဟု ပြောသည်။ ထိုခေတ်က အိမ်ရှင်သခင်၏ ဖိနပ်ကြိုး ပေးသူ၊ ဖိနပ်ကိုင်ဆောင်ပေးသူတို့သည် အိမ်အစေခံများဖြစ်ကြသည်။ လူတို့၏နှလုံး သားထဲ၌ ယောဟန်သည် အလွန်ကြီးမြတ်သူဖြစ်သော်လည်း သူကမူယေရှု၏အစေခံ အဆင့်ကိုပင် မမီပါဟု ဝန်ခံပြောဆိုခြင်းဖြစ်သည်။

မိမိအား လေးစားကြည်ညိုသောသူများရှေ့၌ မိမိဘာမှမတတ်မှန်းကိုဝန်ခံရန် အလွန်ခဲယဉ်းသည်။ ပညာရှိဟု သတ်မှတ်သောသူများရှေ့၌ မိမိဘာမှမတတ်မှန်းကို ဖွင့်ပြောရန် အလွန်ခက်ခဲသည်။ သို့သော်ယောဟန်ကဲ့သို့ နှိမ့်ချသောစိတ်နှလုံးရှိလျှင်မူယေရှုရှေ့နှင့် လူထုရှေ့၌ မိမိပကတိအဖြစ်ကို ဝန်ခံရန် ဝန်လေးလိမ့်မည်မဟုတ်ပေ။ မိမိပကတိအဖြစ်ကို သိရှိခြင်းသည် နှိမ့်ချမှုဖြစ်သည်။

ယောဟန်၏ နှိမ့်ချမှုရှိပုံကို ဆက်လက်လေ့လာကြည့်လျှင် ယေရှုကြွလာသည် ကို မြင်သောအခါ “ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော့”ဟု ပြောသည်။ ထို အခါ ၎င်းနှင့်အတူရပ်နေသော တပည့်နှစ်ယောက်(အနှင့် နောက်တစ်ယောက်မှာ တမန်တော်ယောဟန် ဖြစ်ပုံရသည်)တို့သည် ယောဟန်ကိုထားရစ်ပြီး ယေရှုနောက် သို့လိုက်သွားသည်(ယော ၁း၃၆-၃၇)။ ယောဟန်၏နေရာ၌ မိမိတို့ သာဆိုပါက ဒေါသ အလွန်ထွက်မိကြလိမ့်မည်ဖြစ်သည်။ ကောင်းမွန်စွာ ပြုစုပျိုးထောင်ပြီးသား တပည့် များက မိမိကိုစွန့်ခွာပြီး သူတစ်ပါးနောက်သို့ လိုက်သွားသောခါ နာကြည်းစိတ်ဆိုး တတ်ကြသည်။ သို့သော် ယောဟန်ကမူ စိတ်မဆိုးသည့်အပြင် မိမိထက်ပိုကြီးမြတ် သည့် ယေရှု၏နောက်သို့ လိုက်သွားခြင်းကို ပီတိဖြစ်ပုံပင်ရသည်။ နှိမ့်ချသောခေါင်း ဆောင်ဟူသည် ထိုနည်းအတိုင်းပင်ဖြစ်သည်။

ယောဟန်၏ နေထိုင်မှုပုံစံ

ယေရှုရောက်လာသောခါ လူချမ်းသာများနှင့် အတူတူစားသောက်တတ်သော် လည်း(မ၉း၁၀-၁၂၊ မာ၂း၁၅-၁၇၊ လု၅း၂၉-၃၀)ရှေ့ပြေးဖြစ်သူယောဟန်ကမူထိုသို့ မစားသောက်ချေ။ မုန့်မစား၊ စပျစ်ရည်မသောက်သည့်အပြင်(လု ၇း၃၃-၃၄) မကြာ ခဏအစာရှောင်တတ်၍ တပည့်များကိုလည်း အစာရှောင်ခိုင်းလေ့ရှိသည်(မာ ၂း၁၈)။ ယောဟန်က အပြစ်ရှိသူများသည် တရားစီရင်ခြင်းခံရမည်ဟု ပြင်းထန်စွာ ဟောပြော သော်လည်း ယေရှုကမူ အပြစ်ရှိသူများနှင့် အတူစားသောက်သည်(မ ၉း၉-၁၇)။ ယောဟန်ကတောထဲ၌ပင်တရားဟောပြီး (တရားနာသူများ တောထဲသို့လာကြသည်) ယေရှုကမူ မြို့ရွာများသို့ လှည့်လည်ဟောပြောသည်။ ယေရှုနှင့် ယောဟန်၏ နေထိုင် မှုပုံစံနှင့် လုပ်ငန်းဆောင်တာသည် မတူကွဲပြားသည်။ ယောဟန်သည် တောထဲ၌ကြွေးကြော်သော “အသံ” ဖြစ်သည့်အတိုင်း သူ၏အဓိကတာဝန်မှာ မေရှိယကြွလာမည်အကြောင်းကို ကြွေးကြော်ရန်ဖြစ်သည်။ ထို့ကြောင့် သူသည် အေးချမ်းလွယ်ကူစွာ နေထိုင်စားသောက်သည်။

ယောဟန်သည် အစ္စရေးလူမျိုးတို့ထံ မထင် ရှားမီနှင့် အမှုတော်မစတင်မီအထိ တောထဲ၌သာနေထိုင်သည်(လု ၁း၈ဝ)။ ကုလားအုတ်မွေးအဝတ်ကိုဝတ်ပြီး သားရေခါးပတ်ကိုပတ် ကာ ကျိုင်းကောင်နှင့် ပျားရည်ဖြင့် အသက်မွေးသည်(မာ ၁း၆)။ သူ၏အဝတ်သည် နောင်တရခြင်းနှင့် နှိမ့်ချခြင်းကို ပုံဆောင်သည်(ယောန ၃း၅-၁ဝ၊ဒံ ၉း၃၊ ၃ရာ၂၁း ၂၇-၂၉၊ ဟေရှာ ၅၈း၃-၅)။ သို့ဖြစ်၍ နှုတ်မှဖွင့်မပြောသည့်တိုင် ဘုရားသခင်၏ ရှေ့တွင် နောင်တရခြင်းနှင့် နှိမ့်ချခြင်းကို သူ၏နေထိုင်မှုပုံစံဖြင့် ပြသခြင်းဖြစ်သည်။

ယောဟန်၏ သားရေကြမ်းခါးပတ်သည် လူများနှင့် အတူမနေခြင်း၊ လူများနှင့် အပြစ်ထဲတွင် မမွေ့ ကောင်းကင်သားကဲ့သို့လျော်ခြင်းကို ပုံဆောင်သည်။ မြို့ပေါ်နေထိုင်သူများ က သားရေချောခါးပတ်ကို ပတ်ကြသည်။ သားရေကြမ်းခါးပတ်သည် ဒုစရိုက်သားများနှင့်အတူမနေဘဲတောထဲ၌ တစ်ကိုယ်တည်း စင်ကြယ်စွာ နေထိုင်ခြင်း ကို ပုံဆောင်သည်။ တောထဲ၌ နေထိုင်သည့်အလျောက် တောထဲမှရရှိသည့် ကျိုင်းကောင်နှင့် ပျားရည်ဖြင့် အသက်မွေးသည်။ သို့ဖြစ်၍ မြို့ပေါ်နေထိုင်သူများ၏ ညစ်ညူးမှု က သူ့ကို မထိခိုက်နိုင်တော့ပေ။ အစားအသောက်နှင့်ပတ်သက်၍ တင်းတိမ်ရောင့်ရဲ တတ်သဖြင့် သူတစ်ပါး၏ဥစ္စာအပေါ် လောဘတက်လိမ့်မည် မဟုတ်တော့ချေ။

ပြောလိုသည့်အကြောင်းရင်းမှာ ယောဟန်သည် ဖြစ်သလိုနေထိုင်၍ ရသည်။ အဝတ်အစား၊ အစားအသောက်ကြောင့် စိတ်ဒုက္ခမရောက်သည့်အပြင် နှိမ့်ချသော စိတ်ဖြင့် အေးချမ်းလွယ်ကူစွာအသက်ရှင်နေထိုင်သည်။ ထို့ကြောင်ပင်သူ့ကို ပြဿနာ၊ လောဘဒေါသနှင့် တပ်မက်စွဲလမ်းခြင်း စသည်တို့က မအုပ်စိုးနိုင်တော့ချေ။

“သင်တို့သည် အဘယ်မည်သောအရာကို ကြည့်ရှုခြင်းငှါ တောသို့ထွက် သွားကြသနည်း။ လေလှုပ်သောကျူပင်ကို ကြည့်ရှုခြင်းငှါ သွားသလော။ သို့မဟုတ် နူးညံ့သောအဝတ်ကို ဝတ်ဆင်သောသူကို ကြည့်ရှုခြင်းငှါ သွားသလော။ နူးညံ့သော အဝတ်ကို ဝတ်ဆင်သောသူတို့သည် မင်းအိမ်၌ နေတတ်ကြ၏။ ပရောဖက်ကို ကြည့် ရှုခြင်းငှါ သွားသလော။ မှန်ပေ၏။ ပရောဖက်ထက် ကြီးမြတ် သောသူလည်းဖြစ်သည် ဟု ငါဆို၏”(မ ၁၁း၇-၉)။ ပရောဖက်တကာတို့ထက် ကြီးမြတ်သောသူသည် နှိမ့်ချစွာ ကြီးပြင်းလာပြီး ကြီးမားသောအမှုများကို လုပ်ဆောင်သည်။

ယောဟန်၏ မျှော်လင့်ချက်

မျှော်လင့်ချက်ရှိခြင်းက စိတ်အားထက်သန်စေသည်။ အခက်အခဲများကို ခံနိုင်ရည်ရှိစေသည်။ ရဲရင့်စေသည်။ ရွှင်လန်းစေသည်။ ယုံကြည်ချက်ရင့်သန်စေသည်။ ခွန်အားတိုးပွားစေသည်။ နုပျိုလန်းဆန်းစေသည်။ ကျေနပ်ရောင့်ရဲစေသည်။

ယောဟန်၏မျှော်လင့်ချက်က ၎င်း၏အသက်ရှင်ခြင်းနှင့် သေခြင်းကို တန်ဖိုးရှိ စေသည်။ အမှုတော်ထမ်းဆောင်ရာ၌ ခက်ခဲမှု၊ ဆန့်ကျင်မှု၊ နှိပ်စက်မှု၊ ရှုံးနိမ့်မှုစသည် တို့ ကြုံတွေ့ရသည့်တိုင် မျှော်လင့်ချက်ရှိသဖြင့် ထိုဒုက္ခမျိုးစုံက သူ့ကိုမပြိုလဲစေနိုင် ပေ။ သို့ဖြစ်၍ “ခရစ်တော် ပြုတော်မူသောအမှုတို့ကို ယောဟန်သည် ထောင်ထဲ မှာကြားသောအခါ မိမိတပည့်နှစ်ယောက်ကိုစေလွှတ် ၍ ကိုယ်တော်သည် ကြွလာသောသူမှန်သလော။ သို့ မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လော”ဟု မေးခိုင်းသည်(မ ၁၁း၂-၃)။ ထောင်ထဲ၌ သေမည့်ရက်ကို စောင့်နေသူဖြစ်သော်လည်း ထိုကိစ္စထက် ၎င်း၏ မျှော်လင့်ချက်ဖြစ်သော မေရှိယကိုသာ စိတ်စွဲသည်။ ထို့ကြောင့် ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းစွာ နေထိုင်နိုင်ခြင်းဖြစ်သည်။

စစ်သားများက ပေတရုကိုသတ်ရန် ဖမ်းချုပ်သည်။ သံကြိုးဖြင့်ချည်နှောင် သည်။ ဘေးဝဲယာ၌ စစ်သားနှစ်ယောက်စောင့်ကြပ်သည်။ ထောင်တံခါးများ၌ လုံခြုံ ရေးအထပ်ထပ်ချသည်။ နောက်တစ်နေ့တွင် အသတ်ခံရမည် ဖြစ်သည်။ သို့သော် ပေတရုသည် ထိုညတွင် စိတ်လက်အေးချမ်းစွာ အိပ်ပျော်နေသည်။ ကောင်းကင်တမန် လာရောက်သောအခါ နေကဲ့သို့ ထွန်းလင်းတောက်ပသည့်တိုင် ပေတရုမနိုးဘဲနေ သဖြင့် ကောင်းကင်တမန်ကိုယ်တိုင် လက်တို့ခိုးယူပြီး အပြင်သို့ခေါ်ထုတ်သည်(တ ၁၂း၁-၁၂)။ သို့ဖြစ်လျှင် ပေတရုကို မည်သည့်အရာက စိတ်အေးလက်အေး အိပ်ပျော် စေပါသနည်း။ မည်သည့်အရာက ငြိမ်သက်ခြင်းပေးပါသနည်း။ အဖြေမှာ မျှော်လင့် ချက်ပင်ဖြစ်သည်။ ပေတရုသည် မျှော်လင့် ချက်အပြည့်နှင့် ယုံကြည်ခြင်းဖြင့် အသက် သူဖြစ်သဖြင့် သေခြင်းကို လုံးဝမကြောက်ပေ။ ထိုမျှော်လင့်ချက်က သူ၏အသက် ကို တစ်လျှောက်လုံးမောင်းနှင်သဖြင့် နေရာတကာသို့သွား၍ဧဝံဂေလိ ဟောပြောနိုင်သည်။

ယောဟန်ကို လူထုက အကျဉ်းထောင် အမှောင်ထုထဲ၌ ချုပ်နှောင်ထားသော်လည်း သူ၏မျှော်လင့်ချက်ကိုမူ မချုပ်နှောင်နိုင်ကြပေ။ မေရှိယကိုသာမျှော်လင့်လျက်ရှိသဖြင့် ဒုက္ခဆင်းရဲခြင်းက သူ့ကို မဖြို ဖျက်နိုင်ချေ။ ခေါင်းဖြတ်အသတ်ခံရစေကာမူ သူ၏လုပ်ဆောင်ချက်နှင့် မျှော်လင့်ချက်က ယနေ့ထိတိုင်ဆက်လက်တည်နေဆဲဖြစ်သည်။ မျှော်လင့်ချက်က သူ၏အသက်တာကို မောင်းနှင်သဖြင့် ဆင်းရဲခြင်းဒုက္ခအားလုံးကိုခံနိုင်ရည်ရှိကာမျှော်လင့်သည့်အတိုင်းတကယ်ဖြစ်လာသဖြင့်လည်း သေဒဏ်ကို ကျေကျေနပ်နပ် ခံယူနိုင်သည်(မ ၁၄း၁-၁၂)။

ယောဟန်၏ ဖြောင့်မတ်မှန်ကန်မှု

ယောဟန်သည် ထိုခေတ် ဘာသာရေးခေါင်းဆောင်လည်းဖြစ်၊ လူအများ လေးစားသူလည်းဖြစ်သော ဖာရိရှဲနှင့် ဇဒ္ဒကဲတို့ကို လုံးဝမညှာတာဘဲ “အချင်းမြွေဆိုး အမျိုးတို့၊ ရောက်လာသောဘေးဒဏ်မှ ပြေးသွားစိမ့်သောငှါ အဘယ်သူသည် သင်တို့ကို သတိပေးဘိသနည်း။ နောင်တရခြင်းနှင့် ထိုက်တန်သောအကျင့်ကို ကျင့်ကြလော့။ အာဗြဟံသည် ငါတို့အဘဖြစ်သည်ဟူ၍ စိတ်ထဲ၌ မအောက်မေ့ကြနှင့်။ ဘုရားသခင်သည် ဤကျောက်ခဲတို့မှ အာဗြဟံ သားတို့ကို ထုတ်ဖော်ဖန်ဆင်းနိုင်တော်မူသည်ဟု ငါအမှန်ဆို၏။ သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက် ရှိသည်ဖြစ်၍ ကောင်းသောအသီးမသီးသော အပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ချလိုက်ရသည်”ဟုပြောလိုက်သည်(လု ၃း၇-၉)။ လူထုက “သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်း” ဟု မေးရာ ယောဟန်က “အကျီနှစ်ထည်ရှိသောသူသည် အင်္ကျီမရှိသောသူအား မျှစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေသည်(လှ ၃း၁ဝ-၁၁)။

ထို့နောက် အခွန်ခံသူများသည် ရေနှစ်ခြင်းခံယူရန် လာရောက်ပြီး “အကျွန်ုပ် တို့သည် အဘယ်သို့ပြုရပါမည်နည်း”ဟုမေးရာ ယောဟန်က “သင်တို့သခင် ခွဲဝေ စီမံသည်ထက်သာ၍ မခွဲမခံကြနှင့်” ဟု ပြန်ပြောသည်(လု ၃း၁၂-၁၃)။

စစ်သားများကလည်း “အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်း” ဟုမေး ရာယောဟန်က “သင်တို့သည် အဘယ်သူကိုမျှ အနိုင်အထက်မပြုကြနှင့်။ အဘယ် သူကိုမျှ လျှပ်စားဖြတ်စားမပြုကြနှင့်”ဟု ပြန်ဖြေသည်(လု ၃း၁၄)။

ယောဟန်သည် အားနာခြင်း၊ ကျောသားရင် သားခွဲခြားခြင်းမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာ ဟောပြောခြင်းဖြစ်သည်။ ထိုအခါ သဘောကျသူရှိသကဲ့သို့စိတ်ဆိုးသူလည်းရှိသည်။ မည်သို့ပင်ဖြစ်စေ ယောဟန် သည် ဖြောင့်မတ်မှန်ကန်သော ပရောဖက်တစ်ပါးဖြစ် မှန်း တွေ့ရသည်။ အပြစ်ဖော်ထုတ်ပြီး ဖြောင့်မတ်မှန်ကန်စွာဟောပြောသည့်အပြင် ခရစ်တော်အကြောင်း ပြောဆိုသမျှသည်လည်း မှန်ကန်သည်ဟု ဆိုသည်(ယော ၁၀း၄၁)။ ကိုယ်ထင်ရာကို လျှောက်မပြောဖူးသကဲ့သို့ ၊ စကားလှအောင်လည်း တန်ဆာမဆင်ဖူးချေ။

နောက်ဆုံးတွင် အကျဉ်းကျခြင်းနှင့် ခေါင်းဖြတ်အသတ်ခံရခြင်းသည်လည်း သူ၏ ဖြောင့်မတ်မှန်ကန်မှုကြောင့်ပင်ဖြစ်သည်။ အကြောင်းမှာ ဟေရုဒ်သည် ၎င်း၏ ညီဖိလိ၏ဇနီး ဟေရောဒိကို မတရားသိမ်းပိုက်သောအခါ ယောဟန်က “အရှင် မင်းကြီးသည် ထိုမိန်းမကို မသိမ်းအပ်”ဟု ပြောလိုက် ၍ဖြစ်သည်။ ထိုအခါ ဟေရုဒ် တဆိုးပြီး ယောဟန်ကို အကျဉ်းချပစ်သည်။ဖြစ်နိုင်လျှင် ချက်ချင်းပင် သတ်ပစ်လိုသည်။ လူထုက ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် လက်ခံပြီးသားဖြစ်သဖြင့် လူ ထုကို ကြောက်၍သာ မသတ်သေးခြင်းဖြစ်သည်(မ ၁၄း၃-၅)။

တစ်နေ့တွင် ဟေရုဒ်ကမွေးနေ့ပွဲကျင်းပသည်။ ထိုပွဲတွင် ဟေရောဒိ၏သမီးက

အကဖြင့်ဖျော်ဖြေရာ ဟေရုဒ်က သဘောကျလွန်းသဖြင့် လိုရာဆုကိုတောင်းပါဟု မိသည်။ ထိုအခါ ဟေရောဒိ၏သမီးက ယောဟန်၏ဦးခေါင်းကို လင်ပန်း ပေါ်တင်ပေးပါဟု တောင်းဆိုသဖြင့် ယောဟန် ခေါင်းဖြတ်ခံရခြင်းဖြစ်သည်။

ယေရှုကဘာသာရေးခေါင်းဆောင်များထံ “ယောဟန်သည် ဖြောင့်မတ်သော အကျင့်ကိုကျင့်၍ သင်တို့ဆီသို့လာသော်လည်း သင်တို့မယုံကြည်ကြ။ အခွန်ခံတို့နှင့် ပြည့်တန်ဆာတို့မူကား ယုံကြည်ကြ၏။ ထိုအကြောင်းကို သင်တို့မြင်သော်လည်း ယုံ ကြည်မည်အကြောင်း နောက်တစ်ဖန် နောင်တမရကြ”ဟု ပြောဆိုသည်(မ ၂၁း၃၂)။

သို့ဖြစ်၍ ယခုခေတ် ခေါင်းဆောင်များအနေဖြင့်လည်း ဖြောင့်မတ်မှန်ကန်မှု ထက် လူ့အကြိုက်ကို ဦးစားပေးမိလျှင် ဘုရားသခင်က ကျေနပ်နှစ်သက်လိမ့်မည် မဟုတ်ချေ။ လူထုကိုအားနာပြီး ဘုရား သခင်ကို အားမနာပါက ဘုရားသခင်ကလည်း ခေါင်းဆောင်များအပေါ် အားနာလိမ့်မည်မဟုတ်ပေ။

အသင်းတော်အတွက် ယောဟန်၏အရေးပါမှု ၊

လူတချို့က ယောဟန်သည် ဓမ္မဟောင်းပရောဖက်တစ်ပါးဖြစ်သဖြင့် အသင်း တော်နှင့်သက်ဆိုင်ခြင်းမရှိလှဟုဆိုသည်။ တချို့ကလည်းယောဟန်သည်ဓမ္မဟောင်း ၏အဆုံးနှင့် ဓမ္မသစ်၏အစ ဖြစ်သဖြင့် ဓမ္မဟောင်းခေတ် သန့်ရှင်းသူမဟုတ်သကဲ့သို့ ဓမ္မသစ်ခေတ် သန့်ရှင်းသူလည်းမဟုတ်၊ ကြားလူဖြစ်သည်ဟု ဆိုကြသည်။ မှန်ပါသည်၊ ယောဟန်သည် ကြားလူဖြစ်သည်။ ယေရှု၏အမှုတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်၊ အသင်းတော်ရေးရာတို့နှင့် ယောဟန်ကို ခွဲခြား၍မရ သကဲ့သို့ ယောဟန်၏ နှစ်ခြင်းပေးမှုမပါဘဲနှင့် ဤ အရာများ မပြည့်စုံနိုင်ချေ။ နှိမ့်ချခြင်းမပြုဘဲ

ယေရှုက သန့်ရှင်းသောဝိညာဉ်ကို စေလွှတ်ပေးမည့်အကြောင်း ပြောဆိုရာ၌ ယောဟန်၏ နှစ်ခြင်းပေးမှုနှင့် အစပြုသည်။ “ကတိတော်အချက်ဟူမူကားယောဟန်သည် ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့သည် မကြာမြင့်မီ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံရကြလိမ့်မည်””ဟု ပြောသည်(တ ၁း၅)။ သို့ဖြစ်၍ ယောဟန်၏ နှစ်ခြင်းပေးမှုသည် သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်း ခံခြင်း၏ရှေ့ပြေးဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော် ဆင်း ကြွပြီး အသင်းတော်စတင်ရာ၌ ယောဟန်နှစ်ခြင်းပေးမှုကို အခြေခံသဖြင့် နှစ်ခြင်း ဆရာယောဟန်နှင့် အသင်းတော်သည် မည်မျှဆက်စပ်မှုရှိသည်ကို တွေ့မြင်နိုင်သည်။

တမန်တော်များသည် ယုဒရှကာရုတ်၏နေရာ၌ လူသစ်ရွေးချယ်မည့်အချိန် တင် ရွေးချယ်ခံမည့် သူသည် ယောဟန်က ယေရှုအား ဗတ္တိဇံပေးသည့်အချိန်မှစ၍ကောင်းကင်သို့ ပြန်ကြွချိန်အထိ ၎င်းတို့နှင့် အတူလုပ်ဆောင်သောသူ ဖြစ်ရမည်ဟု မှုသတ်မှတ်ကြသည်(တ ၁း၂၁-၂၂)။ ယေရှု၏အမှုတော်စတင်ချိန်မှအတူလုပ်ဆောင် သူဟု မပြောဘဲ ယောဟန်က နှစ်ခြင်းပေးသည့်အချိန်မှစ၍ အတူလုပ် ဆောင်သူဟု ပြောသည်။ သို့ဖြစ်၍ ယေရှု၏ အမှုတော်မြတ်သည် ယောဟန်၏ နှစ်ခြင်းပေးမှုဖြင့် အစပြုကာ ယောဟန်မပါဘဲနှင့် တမန်တော်မဖြစ်နိုင်ကြောင်း တွေ့မြင်နိုင်သည်။

ယောဟန်သည် အသင်းတော်ပေါ်ပေါက်ရန် နှင့် ယုဒလူမျိုးတို့နှင့် တစ်ပါးအမျိုးတို့ကြား တစ်လုံး တစ်ဝတည်းဖြစ်ရန် အရေးကြီးဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ပေတရုသည် ကဲသရိမြို့ (တစ်ပါးအမျိုးတို့ နေထိုင်ရာ)၌ အမှုတော်ဆောင်သောအခါ ဝိညာဉ်တော်ဆင်းသက်လာပြီး လုပ်သမျှသောအရာတို့ကို နှစ်ခြင်းဆရာယောဟန်၏အမှုတော်မှ အစပြုခြင်းဖြစ်သည် (တ ၁၀း၃၇၊ ၁၁း၆)။

ကြီးမြတ်သူ၊ ပေတရုနှင့် ပေါလှတို့နည်းတူ လေးမြတ်ခြင်း ခံရသောသူမှာ အာပေါလှဖြစ်သည်။ နှုတ်သတ္တိနှင့်ပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်သည်။ သို့သော်လည်း ယောဟန်၏ နောက်လိုက်အဖြစ်သာ နေထိုင်သည်ကို တွေ့မြင်နိုင်သည် (တ ၁၈း၂၄)။ ဧဖက်မြို့ရှိ တစ်ပါးအမျိုးတို့ကြား၌ ဝိညာဉ်တော်ဆင်းသက်လာပုံနှင့် အသင်းတော် စတင်ပုံကို ဖော်ပြရာတွင်လည်း နှစ်ခြင်းဆရာယောဟန်နှင့် အစပြုပြီးဝိညာဉ်တော် ဆင်းသက်လာခြင်းနှင့်အဆုံးသတ်သည်(တ ၁၈း၂၅-၁၉-၅)။

သို့ဖြစ်ရာ “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သရုရှလင်မြို့မှစ၍ ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေလိမ့်မည်”ဟူသည့် ယေရှု၏မိန့်မှာချက် ပြည့်စုံသက်ရောက်သည့်နေရာတိုင်း၌ ( တ ၁၊၈၊၁ဝ၊ ၁၉) နှစ်ခြင်းဆရာယောဟန် အမြဲပါဝင်သည်။ ယေရှုမွေးဖွားချိန်မှစပြီး ယောဟန်နှင့် ဒွန်တွဲလျက်ရှိနေသကဲ့သို့ ယေရှုအမှုတော်စတင်ချိန်မှ ပြီးဆုံးချိန်အထိ၊မြေကြီးစွန်းတိုင်အောင် အသင်းတော်ပေါ်ပေါက်သည်အထိ ယောဟန်ဒွန်တွဲလျက် ရှိသည်။

ယောဟန်နှင့် Josephus

နှစ်ခြင်းဆရာယောဟန်၏အကြောင်းကို သမ္မာကျမ်းစာ၌သာမက Josephus ၏သမိုင်းမှတ်တမ်း၌လည်း ပြည့်စုံစွာဖော်ပြသည်။ သူသည် ယုဒသမိုင်းပညာရှင်နှင့်ယဇ်ပုရောဟိတ်ဖြစ်ဖူးပြီး ယေရှုအား မယုံကြည်သူ ဖြစ်သည်။ သို့သော် ယေရှုနှင့်သမ္မာကျမ်းစာထဲရှိ လူတချို့(ဥပမာ-ဖာရိရှဲ၊ ဒ္ဒကဲအစရှိသည်)တို့၏သမိုင်း ကို ကောင်းမွန်စွာမှတ်တမ်းတင်သဖြင့် သမ္မာကျမ်းစာကို ပိုမိုနားလည်နိုင်ရန်နှင့် ယုံကြည်ခြင်း ပိုမိုတိုးပွားနိုင်ရန် အထောက်အကူပြုပေးသည်။ Josephus က ယောဟန်၏အကြောင်းကို ဖော်ပြရာ၌ အလွန်လေးမြတ်မှုရှိ ကြောင်းတွေ့မြင်နိုင်သည်။ အကြောင်းမှာ “နှစ်ခြင်းဆရာဟုခေါ်သည့်ယောဟန်သည် လူကောင်းတစ်ဦးဖြစ်သည်။ ယုဒလူမျိုးများ ဘုရားသခင်ရှေ့၌ ဖြောင့်မတ်နိုင်ရေးနှင့် တစ်ယောက်နှင့်တစ်ယောက် ရိုးသားမှန်ကန်သောဆက်ဆံခြင်းရှိနိုင်ရေးကို အခြေခံ၍ တရားဟောပြောသည်။ အပြစ်နောင်တရသောသူများကို ဘုရားသခင်က သန့်ရှင်း စေပုံနှင့် ပြန်လည်လက်ခံပုံကို ဖော်ပြသည့်အနေဖြင့် ရေနှစ်ခြင်းကိုပေးသည်။ ထို အခါ လူများစွာက ယောဟန်၏နောက်သို့ လိုက်ကြသည်။ ဟေရုဒ်အကြိပ္ပမင်းသည် ယောဟန်နှင့်သူ၏ နောက်လိုက်များကို မြင်တွေ့သောအခါ ရောမအစိုးရနှင့် ၎င်း၏အုပ်ချုပ်မှုအားတော်လှန်ပုန်ကန်မည်ကို အလွန်စိုးရိမ်သည်။ ထို့ကြောင့် ယောဟန်အား ဖယ်ရှားပစ်ရန်ကြံစည်၍ နောက်ဆုံးတွင် ဖမ်းဆီးကွပ်မျက်လိုက်သည်”ဟု ဖော်ပြ၍ဖြစ်သည်(Ant. 18.၁၁၆-၁၁၈)။ မရောက်သေးရာ ရောက်ပြီး Josephus က ယောဟန်၏ကောင်းမြတ်မှု၊ ဖြောင့်မတ်မှု၊ လုပ်ဆောင်မှု စသည်တို့ကို ကောင်းမွန်စွာ မှတ်တမ်းတင်သော်လည်း ၎င်း၏အမြင်တွင်ယောဟန်အသတ်ခံရခြင်းသည် ပုန်ကန်ခြင်းခံရလိမ့်မည်ဟူသည့် ဟေရုဒ်၏ စိုးရိမ်မှုကြောင့်ဖြစ်သည်။ မယုံကြည်သူများက ထိုသို့မြင်မိ လိမ့်မည် ဖြစ်သည်။ သို့သော် သမ္မာကျမ်းစာက ဟေရုဒ်သည် ညီဖြစ်သူ ဖိလိပ္စု၏ ဇနီးကို သိမ်းပိုက်သဖြင့်(ဟေရုဒ်သည် ညီဖြစ်သူ၏ဇနီး ဟေရောဒိနှင့် ရောမမြို့သို့ အတူသွားရာမှ ချစ်ကြိုက်မိကြကာ ပြန်လာသောအခါ ဇနီးကိုကွာရှင်း၍ ဟေရောဒိ ကိုယူသည်) ထိုမတရားမှုကို ယောဟန်က ဟေရုဒ်ထံပြောသောခါ ယောဟန်သည် အကျဉ်းချသတ်ပစ်ခြင်းခံရသည်ဟု ဖော်ပြသည်(မ ၁၄း၁-၁၂)။

ဟေရုဒ်အပ္ပသည် အေဒီ ၃၇ခုနှစ်တွင် ဆီးရီးယားနိုင်ငံအား မရှုမလှစစ် ရှုံးနိမ့်သည်။ ထိုသို့ ရှုံးနိမ့်ခြင်းကို Josephus နှင့် ယုဒလူမျိုးတို့က ယောဟန်အား ခေါင်းဖြတ်သတ်ပစ်သော ဟေရုဒ်ကို ဘုရားသခင်က ဒဏ်ခတ်လိုက်ခြင်းဖြစ်မည်ဟု ယူဆကြသည်။

နိဂုံး

ယောဟန်သည် အကြီးမြတ်ဆုံးဖြစ်သော်လည်း မေ့လျော့ခြင်း အခံရဆုံးသော သူဖြစ်သည်။ အကောင်းမြတ်ဆုံးဖြစ်သော်လည်း လူဆိုးတစ်ဦးပမာ ခေါင်းဖြတ်ခြင်း ခံရသောသူဖြစ်သည်။ အဖြောင့်မတ်ဆုံးဖြစ်သော်လည်း ငြင်းပယ်ခြင်း အခံရဆုံးသော သူဖြစ်သည်။ အနှိမ့်ချဆုံးဖြစ်သော်လည်း အတုယူခြင်း မခံရဆုံးသောသူဖြစ်သည်။ မျှော်လင့်ချက်အရှိဆုံးဖြစ်သော်လည်း အားကျခြင်း မခံရဆုံးသော သူဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ယောဟန်သည် မိန်းမမှ မွေးသမျှသောသူများအနက် အကြီးမြတ်ဆုံးဖြစ်၍၎င်း၏ကြီးမြတ်မှုကို နှိမ့်ချမှုဖြင့် ပြသသူလည်း ဖြစ်သည်။

သို့ရာတွင်ကောင်းကင်နိုင်ငံ၌အငယ်ဆုံး သောသူသည် ယောဟန်ထက် ပိုမိုကြီးမြတ်သည် (မ ၁၁း၁၁)။ ထိုသို့ပြောသောအခါ ယောဟန်၏ကြီးမြတ်မှုကို သေးသိမ်စေလို၍ မဟုတ်ဘဲ ဘုရားသခင်က ယုံကြည်သူများအား မည်မျှ ကောင်းချီးပေးသည်ကို အောက်မေ့စေလို၍ဖြစ်သည်။ စင်စစ် ယုံကြည်သူများ သည် ယေရှု၏အကြောင်းကို ယာဟန်ထက် ပိုမိုကြားသိကြသည်။ ယောဟန်ကမူ ယေရှု၏သေခြင်း၊ သင်္ဂြိုဟ်ခြင်း၊ ရှင်ပြန်ထမြောက် ခြင်း၊ ကောင်းကင်သို့ ပြန်ကြွခြင်း၊ ယုံကြည်ခြင်းဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင် ခြင်းရရှိခြင်းနှင့် ဝိညာဉ်တော်ဆုကျေးဇူး စသည်တို့ကို မသိလိုက်ရချေ။ သို့ဖြစ်၍ ယုံကြည်သူများသည် ယောဟန်ထက် ကောင်းချီးပိုမိုခံစားကြသည်။

ကောင်းကင်နိုင်ငံ၌ အကြီးမြတ်ဆုံးသောသူဖြစ်လိုလျှင် သူတစ်ပါးအတွက် အစေခံရမည်ဖြစ်သည်။ ကိုယ့်ကိုကိုယ် ချီးမြှောက်သောသူသည် နှိမ့်ချခြင်းခံရ၍ ကိုယ့် ကိုကိုယ် နှိမ့်ချသောသူသည် ချီးမြှောက်ခြင်းခံရလိမ့်မည်ဖြစ်သည်(မ ၂၃း၁၁-၁၂)။ “.. အကြောင်းမူကား ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထို့ကြောင့် ကာလအချိန် တန်လျှင် ဘုရားသခင်သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း တန်ခိုးကြီး သောလက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့”(၁ပေ ၅း၅-၆)။

သင်ခန်းစာယူစရာ အချက်တချို့

၁) ကြီးမြတ်ခြင်းသည် သေးငယ်ခြင်း၌ရှိ၍ မြင့်မြတ်ခြင်းသည် နှိမ့်ချခြင်း၌ ရှိသည်။ ယင်းကို သိလျက်နှင့် အဘယ်ကြောင့် မနှိမ့်ချနိုင်ကြသနည်း။ အကြောင်းမှာ မကြာခဏ ထောင်လွှားမိကြ၍ဖြစ်သည်။

သူတစ်ပါးကို အပြစ်တင်ခြင်းသည် ထောင်လွှားခြင်းဖြစ်သည်။ ကိုယ့်ကိုကိုယ်အပြစ်ကင်းသည်ဟု ထောင်လွှားစိတ်ဝင်လာသောအခါ သူတစ်ပါးကို အပြစ် တင်ကြသည်။ စင်စစ် မိမိ၏အပြစ်များကို သတိရပါက သူတစ်ပါးကို အပြစ်တင်ဝံ့မည်မဟုတ်ပေ။ ။ သူတစ်ပါး၏အထင်ကြီးမှု ခံလိုခြင်းသည် ထောင်လွှားခြင်းဖြစ်သည်။ လူမြင်ရာ၌ ဝိညာဉ်ရေးရင့်ကျက်သူကဲ့သို့ ပြုမူနေထိုင်သော်လည်း လူကွယ်ရာ၌ထိုသို့မနေခြင်းသည် လူအထင်ကြီးမှု ခံယူလိုသည့်စိတ်ဖြစ်သည်။ ။ ဝေဖန်မှုခံရသောအခါ စိတ်ဆိုးခြင်းသည် ထောင်လွှားခြင်း ဖြစ်သည်။ “ငါ့မှာအပြစ်မရှိဘူး။ ငါကောင်းတယ်။ ကိုဝေဖန်လောက်အောင် မင်းမှာ ဘာအရည်အချင်းရှိလို့လဲ”ဟု ထောင်လွှားစိတ် ဝင်လာခြင်းဖြစ်သည်။ အထင်သေးခံရသောအခါ စိတ်ဆိုးခြင်းသည် ထောင်လွှားခြင်းဖြစ်သည်။

“ငါကိုအထင်သေးလောက်အောင် မင်းမှာ ဘာပြည့်စုံလို့လဲ”ဟု ထောင်လွှား စိတ်ဝင်လာခြင်းဖြစ်သည်။ ယေရှု၏ စိတ်ဆိုးခြင်းကို ဆင်ခြင်ကြပါစို့။ သူသည် မည်မျှပင် အစော်ကားခံရစေကာမူ စိတ်မဆိုးဘဲ ဘုရားသခင်၏ နာမတော် ရှုတ်ချခြင်းခံရသောအခါမှသာ စိတ်ဆိုးသည်။ အလေးထားဂရုစိုက်မှု ခံလိုလွန်းခြင်းသည် ထောင်လွှားခြင်းဖြစ်သည်။ မိမိ စကားကိုသာ နားထောင်စေလိုခြင်း၊ မိမိအကြောင်းကိုသာ ပြောစေလိုခြင်း၊ ကိုယ့်ကိုကိုယ် ဂုဏ်တင်ချီးမွမ်းခြင်း၊ ချီးမွမ်းသင့်သူကို မချီးမွမ်းလိုခြင်း စသည် တို့သည် ထောင်လွှားစိတ်ဖြစ်သည်။ သူတစ်ပါးကို ဂရုမစိုက်ခြင်းသည် ထောင်လွှားခြင်းဖြစ်သည်။ သဘောဆိုးခြင်း နှင့် ထောင်လွှားခြင်း ဒွန်တွဲလာသောအခါ ဂရုမစိုက်ခြင်း ဖြစ်ပေါ်လာသည်။ ဒုက္ခရောက်သူကို ဂရုမစိုက်ခြင်းသည် ထောင်လွှားစိတ်ဖြစ်သည်။ အသင်းတော်အတွင်း၌လည်း၊

က) မိမိလိုချင်သည့်ရာထူးကို သူတစ်ပါးရရှိသောအခါ မုဒိတာမပွားနိုင်ခြင်းသည် ထောင်လွှားစိတ်ဖြစ်သည်။ ခ) တနင်္ဂနွေနေ့တိုင်း မိမိထိုင်နေကျနေရာ၌ သူတစ်ပါးထိုင်သောအခါ စိတ်ဆိုးခြင်းသည် ထောင်လွှားစိတ်ဖြစ်သည်။ ) “ငါမပါရင် ဖြစ်မှာမဟုတ်ဘူး” ဟူသည့် သဘောသည် အတ္တစိတ်ဖြစ်သည်။

ဃ) မိတ်ဆက်ခြင်းမခံရသောအခါ စိတ်ဆိုးခြင်းသည် မာနစိတ်ဖြစ်သည်။

င) “ငါ့အလှူငွေက အများဆုံး” ဟု ဝင့်ကြွားခြင်းသည် ထောင်လွှားစိတ်ဖြစ်သည်။

စ) တရားဟော၊ သက်သေခံ၊ သီချင်းဆိုပြီးနောက် ခွန်အားရလိုက်တာ၊တော်လိုက်တာဟူသည့် ချီးမွမ်းစကားကို မျှော်လင့်ခြင်းသည် ထောင်လွှားစိတ်ဖြစ်သည်။

သို့ဖြစ်၍ ထောင်လွှားစိတ်ကို ဖယ်ရှားနိုင်ရန်အတွက် ““ကိုယ်တော်ဘုရား၊ အကျွန်ုပ်ထောင်လွှားမိပါသည်။ အပြစ်ခွင့်လွှတ်တော်မူပါ”ဟု နောင်တရတတ်ရန် အရေးကြီးသည်။ “အို ဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိ တတော်မူပါ။ အကျွန်ုပ်ကိုစုံစမ်း၍ အကျွန်ုပ်စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည် မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်း ထဲသို့ သွေးဆောင်တော်မူပါ” (ဆာ ၁၃၉း၂၃-၂၄။

၂) တောထဲမှ အစပြုသော်လည်း ဘုရားသခင်က အသုံးပြုနိုင်သည်။ ဘုရား သခင်၏ အသုံးတော်ခံဖြစ်နိုင်ရန်အတွက် မြို့ကြီးပြကြီးမှ ကြီးပြင်းစရာမလိုသကဲ့သို့ လူထုရှေ့၌ တရားဟောမှမဟုတ်ပေ။ အပြောအဆိုမတော်ဘဲ တောသားရုပ်ပေါက်ပြီး တောသားဆန်နေလျှင်ပင် ဘုရားသခင်က အံ့သြဖွယ် အသုံးပြုနိုင်သည်။

၃) အဝတ်အစားကို မကြည့်ပါနှင့်။ ယခုခေတ်တွင် လူအများစုတို့က တရား ဟောဆရာများကို အဝတ်အစားမတောက်ပြောင်ပါက အထင်သေးပြီး နားမထောင် လိုကြချေ။ ယင်းသည် အလွန်မှားပါသည်။ အဝတ်အစားကိုသာ ကြည့်မည်ဆိုပါကယောဟန်၏စကားကို မည်သူနားထောင်ပါမည်နည်း။ နားမထောင်သောသူသည် မည်မျှနစ်နာပါမည်နည်း။

၄) လူ့မျက်နှာထောက်ပြီး မဟောပါနှင့်။ ဘုရားသခင်၏ တရားဟောဆရာ မှန်လျှင် သမ္မာတရားကိုဟောပြီး အပြစ်ဖော်ထုတ်သင့် ဖော်ထုတ်ရပါမည်။ ဘုရားနှစ် သက်သည့်အရာကို နှစ်သက်ပြီး ဘုရားမုန်းတီးသည့်အရာကို မုန်းတီးရပါမည်။ ဘုရားပြောခိုင်းသည့်အရာကိုသာ ဟောပြောရပါမည်။ ယေရှုသည် တရားဟောပြီးတိုင်း တရားနာသူများကြားတွင် ထောက်ခံသူနှင့် ကန့်ကွက်သူဟူ၍ အုပ်စု နှစ်ခုကွဲစမြဲ ဖြစ်သည်။ နှုတ်ကပတ်တော်ကို အမှန်အတိုင်းဟောပြောသောအခါ ဝမ်းမြောက်သူ ရှိသကဲ့သို့ စိတ်ဆိုးသူလည်း ရှိရမည်မှာ ဓမ္မတာပင်ဖြစ်သည်။ ကြားနေဟူ၍ မရှိနိုင် ပေ။ သို့ဖြစ်၍ အားမနာကြပါစို့နှင့်။ လူ့မျက်နှာမကြည့်ဘဲ ဘုရား၏မျက်နှာကိုသာ ကြည့်ပြီး အမှန်ကိုအမှန်အတိုင်း၊ အရှိကိုအရှိအတိုင်း ဟောပြောရန်ဖြစ်သည်။ နှစ်ခြင်း ဆရာယောဟန်၌လည်း ယေရှုကဲ့သို့ပင် မဟာမိတ်ရှိသည့် နည်းတူ ရန်ဆောင်လိုသူ လည်း အမြောက်အမြားရှိသည်။

၅ လူ့အကြိုက်ထက် မကြားမဖြစ်သည့်အရာကိုသာ ဟောပြောကြပါစို့။ အကယ်၍ ယောဟန်သည် လူထုကြားလိုသည့်အရာကိုသာ ဟောပြောပါက မိစ္ဆာ ပရောဖက်ဖြစ်လာပြီး သူ့အပေါ်၌ ဘုရားသခင်၏အမျက်တော်ရှကာ လူထုအတွက်လည်း အကျိုးရှိတော့မည်မဟုတ်ပေ။ ကျမ်းစာတွင်ဖော်ပြသည့် မိစ္ဆာပရောဖက်ဆိုသူ များသည် မကြားမဖြစ်သည့်အရာထက် လူထုအကြိုက်ကိုလိုက်ပြီး ဟောပြောသူ များ ဖြစ်ကြသည်။ သို့ဖြစ်၍ လူ့အကြိုက်ထက် လိုအပ်သည့်အရာကိုသာ ဟောပြော အသက်ရှင်ကြပါစို့။

၆) ဝိညာဉ်ရေးရင့်ကျက်နိုင်ရန်နှင့် အသက်ရှင်နိုင်ရန်အတွက် စည်းစိမ်များစွာ မလိုပါ။ ဘုရားသခင်၏ အသုံးတော်ခံဖြစ်နိုင်ရန်အတွက် အဝတ်အစားလှလှများ မလို အပ်သကဲ့သို့ ခွန်အားရှိနိုင်ရန်အတွက် အစားအသောက်ကောင်းကောင်းလည်း ဦးစွာ မလိုအပ်ချေ။ ရှိပြီးသားအရာများကိုကြည့်လျှင် မရှိမဖြစ်လိုအပ်သည့်အရာက အနည်း ငယ်သာဖြစ်သည်။ ကျန်အရာများက ဝိညာဉ်ရေးအသက်တာကိုပင် တားဆီးနှောင့် ယှက်တတ်သည်။ သို့ဖြစ်၍ ရောင့်ရဲတင်းတိမ်တတ်ခြင်းဖြင့် လွယ်ကူအေးဆေးစွာ အသက်ရှင်နိုင်သူဖြစ်ရန် လေ့ကျင့်ကြပါစို့။ သို့မှသာ လောကီအရာများထက် ကောင်း ကင်အရာများကို ပို၍စွဲလမ်းနိုင်ကြမည်ဖြစ်သည်။

၇) ခေါင်းဆောင်ကောင်းမှန်လျှင် စိတ်နှိမ့်ချပြီး ဇိမ်ခံရေးထက် အလုပ်ပြီး မြောက်ရေးကို ဦးစားပေးသည်။ အပြောဖြင့်မဟုတ်ဘဲ အသက်တာဖြင့် ဦးဆောင် ပြကြရာ ၎င်းတို့၏နှိမ့်ချမှုကို ပို၍တွေ့မြင်နိုင်သည်။ လူထုကောင်းစားရေးအတွက်ဆို လျှင် စွန့်လွှတ်အနစ်နာခံရဲကြသည်။

၈) လောကဩဇာဂုဏ်ရှိန်များသည် ဘုရားသခင်ရှေ့၌ ကြီးမြတ်ခြင်းမဟုတ်။ ဘုရားသခင်ရှေ့၌ ကြီးမြတ်သူဟုတ် မဟုတ်သည် ယေရှုနှင့် ဆက်ဆံခြင်း၌ တည်မှီ သည်။ သို့ဖြစ်၍ လောကကြီးမြတ်ခြင်းကို မရှာဖွေဘဲ ဘုရားသခင်ရှေ့၌ ထာဝရကြီး မြတ်ခြင်းကိုသာ ရှာဖွေကြပါစို့။

ဟေရောဒိ (Herodias)

စာရေးသူအနေဖြင့် “မိခင်” အဖြစ် ဖောရောဒိကို မိခင်အဖြစ် လုံးဝမတော်စပ်လိုပေ။ ထိုသို့ပြောသောအခါ ဟေရောဒိသည် ဆိုးသွမ်းလွန်း၍ မဟုတ်ပါ။ ရုပ်ဆိုးလွန်း၍ မဟုတ်ပါ (ကာမပိုင်ရှိလျက်နှင့် သူတစ်ပါးမယားအဖြစ် အသိမ်းပိုက်ခံရသဖြင့် ရုပ်ချော ပါလိမ့်မည်)။ သားသမီးများကို ဂရုမစိုက်၍ လည်းမဟုတ်ပါ(သူ့သမီးကို အလွန်ဂရုစိုက် ပုံရသည်)။

ဆိုးသွမ်းသည့်အပိုင်းတွင် ဖောရောဒိထက် ယေဇဗေလ နာမည်ပိုကြီးသော် လည်း ယေဇဗေလသည် ဘုရားမသိသူ အချင်းချင်းကြားထဲ၌ ခင်ပွန်းနှင့် စိတ်တူကိုယ် တူဖြစ်ကြသည်။ ခင်ပွန်း၏ အလိုဆန္ဒများကိုလည်း ဖြည့်ဆည်းပေးနိုင်သည် (ခင်ပွန်း အလိုချင်ဆုံးဖြစ်သည့် နာဗတ်စပျစ်ခြံကို ရရှိအောင် စီစဉ်ပေးနိုင်သည်)။ ဟေရောဒိ မှာမူ ခင်ပွန်းနှင့် သဘောချင်းမတိုက်ဆိုင်ရုံမဟုတ်ဘဲ စိတ်ပင်ပန်းစေသူ ဖြစ်သည်။ သူ၏ဆိုးသွမ်းမှုကြောင့်ခင်ပွန်းမှာဆိုးသွမ်းသူဖြစ်လာပြီး သူ၏ခံပြင်းမှုကြောင့်ခင်ပွန်း မှာ ဘုရားသခင်၏ တရားစီရင်ခြင်းခံရသည်။

သို့သော်လည်း မိခင်အဖြစ် မတော်စပ်လိုသည့် အကြောင်းရင်းမှာဖော်ပြပါအချက်များကြောင့်မဟုတ်ပေ။ အပြစ်နှောင်တရသည့်အပြင် ခံပြင်းမှုကြောင့် ဘုရားသခင်၏ပရောဖက်ကို သတ်ပစ်တာ လူသတ် တာချင်းအတူတူ အနှိမ့်ချဆုံးသောသူကို သတ်သွားတာခံပြင်းတာချင်းအတူတူလူသားများ အနက်အကြီး မြတ်ဆုံးဖြစ်သူအပေါ် ခံပြင်းတာ! ခေါင်းဖြတ်တာချင်းအတူတူ ဖြောင့်မတ်ခြင်းတရားဟောပြောသူ၏ ဦးခေါင်းဖြစ်နေတာ နောင်တမရမည့်အတူတူ အကြီးမြတ်ဆုံးသော ပရောဖက်ထံမှ စကားကြားနေတာ! လူသတ်ရန်စီမံသော မိခင်ဖြစ်နေတာ! ကာမပိုင် ရှိသော်လည်း ခင်ပွန်းကိုမတရား စွန့်ခွာသော မယားဖြစ်နေတာ! လက်စားချေရန် အတွက် သမီးကိုလမ်းညွှန်သော မိခင်ဖြစ်နေတာ! စာရေးသူသည် ဤအချက်များကြောင့် မိခင်အဖြစ် မတော်လိုခြင်းဖြစ်သည်။

ဟေရောဒိ၏ ငယ်ဘ၀

ဟေဒီသည် Aristobulus နှင့် Bernice တို့၏ သမီးဖြစ်သည်။ သူ၏ ဖခင်ကို အဖိုးဖြစ်သူ Herod the Greatက ဘီစီ ရခုနှစ်တွင် သတ်ပစ်သဖြင့် သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် ဖခင်မဲ့ဖြစ်ခဲ့ရှာသည်(မ ၁၄း၃-၁၂၊ မာ ၆း၁၇-၂၉)။ ဤ Herod the Great သည် သခင်ယေရှုမွေးဖွားချိန်က ဗက်လင်မြို့ရှိ အသက်နှစ်နှစ်အောက် ကလေးအားလုံးအား သတ်ဖြတ်ရန် အမိန့်ချမှတ်သူပင် ဖြစ်သည်။ သူသည် သားအရင်း နှစ်ယောက်ကိုလည်း သတ်ပစ်ရာ တစ်ယောက်မှာ ဖောရောဒိ၏ဖခင် ဖြစ်သည်။ ထိုသို့ရက်စက်သဖြင့် ဆီဇာသြဂတ်စတပ်က ဟေရုဒ်၏သားဖြစ်ရန်ထက် ဝက်တစ်ကောင်သာ ဖြစ်လိုသည်ဟု ပြောဖူးသည်။

ရာဇပလ္လင်ကို အပြိုင်လုကြရင်း သားအဖရင်းဖြစ်သော်လည်း ရက်ရက်စက် စက် သတ်ဖြတ်ကြသည်။ ဟေရောဒိသည် ထိုသို့သောမိသားစုမှ ကြီးပြင်းလာသဖြင့် ဘုရင်မ၊ သို့မဟုတ်မိဖုရား ဖြစ်လိုဟန်ရှိသည်။အကြောင်းမှာ ဦးလေးလည်းဖြစ်၊ ခင်ပွန်း လည်းဖြစ်သူ ဟေရုဒ်ဖိလိပ္ပသည် သာမန်လူ တစ်ယောက်သာဖြစ်သဖြင့် သူ့ကိုစွန့်ပစ် ပြီး ဦးလေးလည်းဖြစ်၊ ဘုရင်ခံလည်းဖြစ်သူ ဟေရုဒ်အန္တိပကို အရှက်မဲ့စွာ ပေါင်းသင်း သူ ဖြစ်သည်။

ဟေရောဒိက ၎င်း၏ခင်ပွန်းနှင့် ခဲအို ကို ရန်တိုက်ပေးသည်

ဟေရောဒိသည် ရာထူးအာဏာကို မက်မောလွန်းသဖြင့် ခင်ပွန်းကိုစွန့်ပစ်ပြီး ခဲအို(ခင်ပွန်းနှင့် ဖအေတူ မအေကွဲ)ကို လက်ထပ်သည်။ သို့ဖြစ်၍ ယုတ်ညံ့သောမိန်းမ ဖြစ်မှန်း ပေါ်လွင်သည်။

အန္တိပနှင့် ဆုံရပုံမှာ ဤသို့ဖြစ်သည်။ အန္တိပ သည် အေဒီ ၂၃ခုနှစ်ခန့်တွင် ရောမမြို့သို့သွားရာ အစ်ကိုဖြစ်သူ ဖိလိပ္စု၏ဇနီး(မရီး) ဟေရောဒိနှင့် ဆုံ တွေ့ကြသည်။ ဖိလိပ္စုသည် အန္တိပကဲ့သို့ ရာထူး အာဏာမရှိဘဲ ရောမမြို့၌ အေးအေးလူလူ နေထိုင်သူဖြစ်သည်။ ဟေရောဒိမှာမူ ရာထူးအာဏာ မက်မောလွန်းသူဖြစ်သဖြင့် ခင်ပွန်းဖိလိပ္ပုကို အားမလိုအားမရဖြစ်ပုံ ရသည်။ ထို့ကြောင့် အန္တိပကို မြင်မြင်ချင်းပင် ဒီလူ နှင့်ပေါင်းသင်းရင် ဘုရင်ကတော်ဖြစ်မှာပဲဟု တွေးမိပြီး မြူဆွယ်ချဉ်းကပ်ဟန်တူသည်။ အန္တီပလည်း အလွယ်တကူ စိတ်ညွတ်ပုံရသည်။ ထို့နောက် ဟေရောဒိသည် ခင်ပွန်း ကို စွန့်ပစ်ပြီး ပါလက်စတိုင်းသို့ အန္တိပနှင့်အတူ ချက်ချင်းလိုက်သွားသည်။ ဤအဖြစ် အပျက်ကို ယုဒသမိုင်းပညာရှင် Josephus က “ဟေရောဒိသည် သူ၏ခင်ပွန်းအား အဘယ်ကြောင့်စွန့်ပစ်သည်ကို အတိအကျမသိရသော်လည်း ထိုသို့ စွန့်ပစ်သည်နှင့် တစ်ပြိုင်နက် အန္တိပနှင့် ပေါင်းသင်းသည်”ဟု မှတ်တမ်းတင်သည်။

အန္တိပ၏ဇနီးသည် ထိုသတင်းကိုကြားသောအခါ ဖခင်ထံသို့ ပြန်သွားသည်။ ထိုအချိန်မှစ၍ လင်မယားကွဲကြသည်။ သူသည် အာရပ်ဘုရင် Arets IV၏သမီး ဖြစ်၍ပါလက်စတိုင်းအရှေ့ပိုင်း၌နေထိုင်ကြခြင်းဖြစ်သည်။ အန္တိပသည် နယ်စပ်အရေး နှင့်ပတ်သက်၍ ယောက္ခမဖြစ်သူ Aretasနှင့် မကြာခဏ ပြဿနာတက်ကြသဖြင့် သူ့ သမီးကိုလည်း အလွယ်တကူပင် စွန့်ပစ်ခံ့ဟန်တူသည်။ စင်စစ် ဤကိစ္စ၌ ဟေရောဒိ ကိုသာ အပြစ်မပုံချသင့်ဘဲ အန္တီပလည်း မယားရှိလျက် နှင့် ဖောက်ပြန်သူဖြစ်သဖြင့် နှစ်ယောက်စလုံး အပြစ်ရှိကြသည်။

သို့ဖြစ်ရာ ဟေရောဒိကြောင့် ဟေရုဒ်ဖိလိပ္ပုနှင့်ဟေရုဒ်အန္တိပတို့ ညီအစ်ကိုကြား ဆက်ဆံရေး ပျက် ယွင်းသွားသည်။ စည်းလုံးမည့်အစား သွေးကွဲကြသည်။ ရာထူးအာဏာ မက်မောခြင်းသည် ခင်ပွန်းနှင့်ခဲအိုကို ရန်တိုက်ပေးရာရောက်သည်။

ဟေရောဒိက မကျေနပ်ချက်များကို မှတ်သားသည်

မိမိတို့သည် မကျေနပ်ချက်များကို မှတ်သားနေသမျှကာလပတ်လုံး ဟေရောဒိ နှင့် ခြားနားမှုမရှိကြချေ။

ဤမိန်းမက နှစ်ခြင်းဆရာယောဟန်ကို ကြည့်မရခြင်းသည် ဟေရုဒ်အန္တိပနှင့် ဇာတ်လမ်းရှိချိန်မှ စတင်သည်။ ထိုဇာတ်လမ်းကို ယောဟန်က ပြောဆိုဆုံးမသဖြင့် မကျေမနပ်ဖြစ်ပြီး စိတ်ထဲတွင် အငြိုးထားမှတ်သားခြင်းဖြစ်သည်(မာ ၆း၁၇-၁၉)။

ယောဟန်က အမှန်ကိုအမှန်အတိုင်း၊ အမှား ကို အမှားအတိုင်း ပွင့်လင်းစွာ ပြောဆိုရဲသည်။ ထို့ကြောင့်ပင် နောင်တရသူရှိသကဲ့သို့(လု၃း၁၀၊ ၁၂၊ ၁၄)မကျေနပ်သူလည်းရှိသည်။ Euca လူမျိုးများ ထံသို့သာသနာပြုမည့်အချိန်တွင် Jim Elliot က “ကိုယ်တော့်အကြောင်း ဟောပြောတဲ့အချိန်မှာ လူတွေရဲ့အသက်တာကို ပြောင်းလဲစေတော်မူပါ။ လက်မခံနိုင်တဲ့နိုင်တဲ့သူကို ဒေါသထွက်စေတော်မူပါ”ဟု ဆုတောင်းသည်။ ယေရှုကိုယ်တိုင် တရားဟောသည့် အချိန်တွင်လည်း ထိုနည်းအတိုင်းကြုံရသည်။ လက်ခံနိုင်သူများကအလွန်ချစ်သကဲ့သို့ လက်မခံနိုင်သူများက အလွန်မုန်းတီးကြသည်။ သို့ဖြစ်ရာ သမ္မာတရားအစစ်အမှန်ကိုဟောပြောပါက ဝမ်းမြောက်သူနှင့် စိတ်ဆိုးသူရှိလိမ့်မည်ဖြစ်သည်။ အကယ်၍ မည် သည့်ထူးခြားမှုမျှမရှိပါက မိမိဟောသည့်တရားကို ပြန်လည်စစ်ဆေးသင့်သည်။

မကောင်းသောဇနီးကကောင်းသောအရာကိုမေ့ပစ်ပြီး ဆိုးသောအရာကို အမြဲ မှတ်သားသည်။ ကောင်းသောအရာနှင့် တုံ့ပြန်ရန်ထက် ဆိုးသောအရာနှင့် တုံ့ပြန်ရန် အဆင်သင့်ဖြစ်နေတတ်သည်။ သူ့ခွန်အားနှင့် နိုင်နိုင်မည့်အရာကို ချက်ချင်းလက်စား ချေ၍ မနိုင်နိုင်မည့်အရာကို လက်စားချေနိုင်မည့်နေ့ စောင့်စားလျက်ရှိသည်။

ဟေရောဒီက ၎င်း၏ခင်ပွန်းအား ဆိုးမိုက်သူဖြစ်စေသည်

ကောင်းသောဇနီးက ခင်ပွန်း၏အားနည်းမှုကို ဖေးမပေးနိုင်သည်။ မပြည့်စုံမှု ကို ဖြည့်ဆည်းပေးနိုင်သည်။ မိုက်မဲမှုကို ကာကွယ်ပေးနိုင်သည်။ ရှက်စရာများစွာတို့မှ ကယ်တင်ပေးနိုင်သည်။

ဟေရောဒိမှာမူ ဇနီးကောင်းမဟုတ်ပေ။ ညီ အစ်ကိုချင်း ရန်ငြိုးဖွဲ့စေသည်။ ၎င်း၏ခင်ပွန်းကို လူ ကြီးများရှေ့တွင် စိတ်ပင်ပန်းစေသည်။ ယောဟန်၌ အပြစ်မတွေ့သော ၎င်း၏ခင်ပွန်းကို ယောဟန်အား ဖမ်းချုပ်ခိုင်းသည်။ လူမသတ်ဝံ့သောခင်ပွန်းကို လူ သတ်သမားဖြစ်စေသည် (မ ၁၄း၃-၅၊ မာ ၆း ၁၇)။ အဓိကတရားခံမှာ ဟေရောဒိဖြစ်သော်လည်း လူ့ အမြင်၌ ဟေရုဒ်အန္တိပသည် လူသတ်သမားဖြစ်သွား သည်။ ဆိုးမိုက်သူဖြစ်သွားသည်။

ဟေရောဒိက သမီးကို အသုံးချပြီး အခွင့်အရေးရယူသည်

ဆလိုမီကမိခင်ထံ“ဟေရုဒ်အန္တိပဆီ ဘာတောင်းရမလဲ”ဟုမေးရာဟေရောဒိ က ယောဟန်၏ ဦးခေါင်းကို တောင်းခိုင်းသည်။ နောက်ဆုံးတွင် ဆလိုမီသည် မိခင်၏ အတောင့်တဆုံးဖြစ်သော ယောဟန်၏ဦးခေါင်းကို လင်ပန်းတစ်ခုဖြင့်သယ်ယူကာ ဟေရောဒိထံ ပေးလိုက်သည်(မ ၁၄း၈-၁၁)။

သားသမီးများကမိဘများ၏ဆန္ဒအရှိဆုံးအရာ ကိုမေးလျှင် မိဘများက မည်သို့ ပြန်ဖြေကြမည်နည်း။ ဟေရောဒိကဲ့သို့ သူတစ်ပါးဦးခေါင်းကို ယူဆောင်ခိုင်းရမည်လား။ အဆိုးလုပ်တတ်ရန် မလေ့ကျင့်ပေးလျှင်ပင် ဆိုးမိုက်ပြီးသားဖြစ်ကြရာ ထိုသို့သာခိုင်းကြည့်ပါက မတွေးဝံ့စရာပင်ဖြစ်သည်။ တစ်စုံတစ်ယောက်၏ ဦးခေါင်းကို ယူဆောင်လာပါဟု ဘွင်းဘွင်းမပြော သည့်တိုင် တစ်စုံတစ်ယောက်အပေါ် မကျေနပ်မှုများ ကို သားသမီးများထံ ပြောပြခြင်းသည် ထိုသူကို မုန်း တီးခိုင်း၊ လက်စားချေခိုင်းရာရောက်သည်။ သို့ဖြစ်၍ သားသမီးများအား မည်သို့လေ့ကျင့်ပျိုးထောင် ပေး သည်ကို မိဘများက ပြန်လည်ဆန်းစစ်သင့်သည်။

ဟေရောဒိသေဆုံးခြင်း

ဟေရောဒိ၏စီမံမှုဖြင့် ယောဟန်၏ဦးခေါင်းကိုဖြတ်ပစ်သည့် ဟေရုဒ်အန္တိပ၏ လုပ်ရပ်ကို လူထုက သဘောမကျကြချေ။ နောက်ဆုံးတွင် ရောမဘုရင်၏နားဝသို့ ထိုသတင်းရောက်သွားသည်။

ထို့အပြင် ဘုရင် Aratas IV လည်း နယ်စပ်ပြဿနာများအပြင် ၎င်း၏သမီးကို အန္တိပစွန့်ပစ်သဖြင့် ပို၍ပင်မကျေမနပ်ဖြစ်နေသည်။ ထို့ကြောင့် အန္တိပနှင့် စစ်ဖြစ်ကြရာ အန္တိပစစ်ရှုံးသည်။ ထိုကြားထဲတွင် အေဒီ ၃၉ခုနှစ်တွင် အန္တိပ၏တူသားလည်းဖြစ်၊ ဇနီးဖြစ်သူဟေရောဒိ၏မောင်လည်းဖြစ်သောဟေရုဒ်အပ္ပကရောမဘုရင် Caligula ထံ အဖြဲပလုပ်ကြံလိမ့်မည်ဟု သတင်းပို့သည်။ ထိုအခါ ဘုရင် ကြီးက အန္တိပနှင့် ဟေရောဒိကို Gaul သို့ ပြည်နှင်ဒဏ်ပေးပြီး ထိုနေရာ၌ ကွယ်လွန်ကြသည်။

အကြောင်းတစ်ခုကြောင့် ဤသို့ခံရခြင်းဖြစ်သော်လည်း စင်စစ် ဘုရားသခင်က ဒဏ်ခတ်လိုက် ခြင်းဖြစ်သည်။ နောက်ဆုံးနေ့ ဘုရားသခင်၏ တရားစီရင်မည့်နေ့တွင် ပို၍ပင် ခံရဦးမည်ဖြစ်သည်။ ဟေရောဒိသည် အန္တိပနှင့် သားသမီးထွန်း ကား၊ မထွန်းကားကို မသိရသော်လည်း သမ္မာကျမ်းစာနှင့် လူ့သမိုင်းတွင်မူ သူသည် သူတစ်ပါး၏လင်ကို လုယူခြင်းနှင့် နှစ်ခြင်းဆရာယောဟန်၏ ဦးခေါင်းကိုဖြတ်ပစ်ခြင်းကြောင့်ဆိုးသွမ်းသောမိန်းမအဖြစ်သမိုင်း တွင်ရစ်သည်။ သူ့အကြောင်းနှင့်ပတ်သက်၍ ပန်းချီကားများတွင် လင်ပန်းပေါ်တင် ထားသော ယောဟန်၏ဦးခေါင်းနှင့် အတူရေးဆွဲလေ့ရှိပြီး ရုပ်ရှင်ကားများတွင် ဆလိုမီ ၏အကနှင့် ယောဟန်၏ဦးခေါင်းကိုလင်ပန်းဖြင့်ယူလာသည့်အခန်းပါဝင်လေ့ရှိသည်။ ချေဖျက်၍မရတော့သည့် သမိုင်းဆိုးပင်ဖြစ်သည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) ကိုယ့်သမိုင်းကို ကိုယ်ရေးကြသည်။ မိန်းမဆိုးဟုပြောတိုင်း ယေဇဗေလနှင့် ဟေရောဒိတို့ ပါဝင်လေ့ရှိကြသည်။ စင်စစ် ၎င်းတို့ထက်ပိုဆိုးသောမိန်းမများစွာရှိနိုင်သော်လည်း ဘုရားသခင်၏ လူများကို ဆန့်ကျင်တိုက်ခိုက်မိကြသဖြင့် ဤမျှ သမိုင်း ဆိုးရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကိုယ့်သမိုင်းကို အမှားများစွာဖြင့် ရေးထိုးမိ ကြသည်။

ဈာပနများတွင် ကွယ်လွန်သူ၏အကြောင်းကို စာရွက်ပေါ်၌ မည်မျှပင် အမွှန်း တင်ရေးသားစေကာမူ ထိုသူ၏ ကောင်းခြင်းဆိုးခြင်းအဖြစ်မှန်ကို လူတို့၏နှလုံးသား ထဲ၌ အမြဲမှတ်သားပြီးဖြစ်သည်။ စာရွက်ပေါ်ရေးမှတ်သည့်အရာများထက် လူတို့၏ နှလုံးသားထဲ၌ မည်သို့မှတ်တမ်းတင်သည် ဟူသည့် အရာသည် ပို၍အရေးကြီးသည်။ သို့ဖြစ်၍ သမိုင်းကောင်းရေးထိုးနိုင်ရေးသည် မိမိအပေါ်တွင် မူတည်သည်။

၂) မေတ္တာသည် အသက်ရှင်ခြင်းနှင့် ဒွန်တွဲ၍ မုန်းတီးခြင်းသည် သေခြင်းနှင့် ယှဉ်တွဲသည်။ ဟေရုဒ်အန္တပက ဆလိုမီထံ “ဘာလိုချင်သလဲပြောပါ။ တိုင်းပြည် တစ်ဝက်ကိုတောင် ပေးနိုင်တယ်” ဟူသည့် ကတိသည် ဧသတာခေတ်က ဧသတာထံ ပေးသည့် ပါရှားဘုရင်၏ကတိနှင့် တူညီသည်(ဧသ ၃၊၆၊ ၃)။ ပါရှားဘုရင်သည် အာဏာအရှိဆုံးဘုရင်ဖြစ်သဖြင့် တိုင်းပြည်တစ်ဝက်ကိုပင် ပေးနိုင်မည်ဖြစ် သော် လည်း ဟေရုဒ်မှာမူ ဘုရင်ခံသာဖြစ်သဖြင့် ထိုသို့သောအာဏာမရှိပေ။

မေးခွန်းချင်းတူညီသော်လည်းတောင်းဆိုသည့်အရာချင်းမတူညီချေ။ ဧသတာ က သူ၏လူမျိုးများ အသက်ရှင်နိုင်ရေးကို တောင်းဆိုပြီး ဟေရောဒိက ယောဟန်၏ ဦးခေါင်းကို တောင်းဆိုသည်။ မေတ္တာနှင့်ပြည့်သော ဧသတာက အသက်ရှင်ခြင်းကိုတောင်းဆိုပြီး မုန်းတီးခြင်းနှင့်ပြည့်သော ဟေရောဒိက သေခြင်းကို တောင်းဆိုသည်။ မေတ္တာက ခေါင်းဖြတ်ခြင်း ခံရမည့်သူများကို ကယ်တင်နိုင်ပြီး မုန်းတီးခြင်းက လူကောင်းများကိုပင် ခေါင်းဖြတ်ခြင်းခံရစေနိုင်သည်။ မုန်းတီးခြင်းက ဦးခေါင်းတစ်လုံး ကို တိုင်းပြည်တစ်ဝက်ထက် ပိုတပ်မက်ပြီး မေတ္တာကမူ အသက်ရှင်ခြင်းကို ပိုမက်မော သည်။ မုန်းတီးခြင်းက တိုင်းပြည်ကို ပျက်စီးစေပြီး မေတ္တာကမူ တည်တံ့စေသည် (ဟေရုဒ်၏ စစ်ရှုံးမှုသည် ယောဟန်ကိုသတ်ခြင်းကြောင့်ဖြစ်မည်ဟု ဟေရုဒ်၏စစ်သား များကိုယ်တိုင်က စွပ်စွဲကြသည်)။

၃) မလုပ်နိုင်သည့်အရာကို ကတိမပေးပါနှင့်။ မိမိမပိုင်သည့်အရာကို တစ်ခုခု ကို ကတိပေးမိပါက ပြန်လည်ဖြေရှင်းနိုင်ရေးအတွက် ထင်ရာလုပ်မိကြတော့မည်ဖြစ် သည်။ ဟေရုဒ်က ဆလိုမီထံ “သင်သည် အလိုရှိသမျှကို တောင်းလော့၊ ငါပေးမည်။ သင်တောင်းသမျှကို နိုင်ငံတစ်ဝက်တိုင်အောင် ငါပေးမည်”ဟူ၍ ကတိပေးမိသည် (မာ ၆း၂၂-၂၃)။ စင်စစ် ဟေရုဒ်သည် ဘုရင်မဟုတ်ဘဲ ရောမဘုရင် လက်အောက်ရှိ အလွန်သေးငယ်သည့် ယုဒပြည်၏ လေးပုံတစ်ပုံခန့်ကို ယာယီအုပ်ချုပ်သူသာဖြစ် သည် (ဂါလိလဲနှင့် ပေရိယပြည်)။ အကယ်၍ဆလိုမီက နိုင်ငံတစ်ဝက်ကို တောင်းဆိုခဲ့ လျှင် မည်မျှအခက်တွေ့ရမည်နည်း။ ယခုမူယောဟန်၏ဦးခေါင်းကို တောင်းဆိုသဖြင့် တော်သေးသည်ဟု ဆိုရမည်ဖြစ်သည်။ အမှန်တကယ်တွင် ယောဟန်၏ အသက်တာ ကိုလည်းဟေရုဒ်မပိုင်ချေ။ ဘုရားသခင်ကသာ ပိုင်သည်။ သို့ဖြစ်၍တစ်စုံတစ်ယောက် ၏ အသက်တာကို ဘုရားသခင်ကလွဲ၍ မည်သူမျှ နုတ်ယူခွင့်မရှိပေ(ဝတ် ၁၉း၁၆)။ နုတ်ယူလျှင် ဘုရားသခင်က တရားစီရင်မည်ဖြစ်သည်(ရော ၁၂း၁၉)။

၄) မိမိအရှက်ထက် လူ့အသက်တစ်ချောင်း ပိုအရေးကြီးသည်။ ဟေရုဒ်အနေ ဖြင့် ဆန္ဒမရှိဘဲနှင့် ယောဟန်ကို သတ်ရခြင်းမှာ အရှက်မကွဲလိုသောကြောင့်ဖြစ်သည်။ အကြီးအကဲများ၊ စစ်သူကြီးများနှင့် ဂါလိလဲပြည် ခေါင်းဆောင်များ၏ရှေ့တွင် ကတိ ပေးမိသဖြင့် ကတိမတည်ပါက အရှက်ကွဲလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ ကတိတည် သည့်အနေဖြင့် ယောဟန်ကို သတ်လိုက်ခြင်းဖြစ်သည်(မ ၁၄း၁-၁၀)။

အရှက်ဖုံးလိုရုံသက်သက်ကြောင့် သူတစ်ပါးအသက်ကို မသတ်မိကြဖို့ သတိ ထားရမည့်။ ကိုယ်ဝန်မဖျက်ချကြပါစို့နှင့်။ ဘုရားသခင်က သတ်ပစ်ဖျက်ချဖို့ ပေးထား ခြင်းမဟုတ်ဘဲ ဇီဝအသက်ကို ကိုယ်တိုင်မှုတ်သွင်းပေးခြင်းဖြစ်သည်။

၅) ဆုံးမသွန်သင်ခြင်းကို နောင်တမရပါက ဒုက္ခကြုံရလိမ့်မည်။ မရီးဖြစ်သူ ဟေရောဒိကို ဥပဒေမဲ့လက်ထပ်သော ဟေရုဒ်ကို ယောဟန်က ဆုံးမသွန်သင်သည်။ ထိုအခါ ဟေရောဒိသည် ဟေရုဒ်ထက်ပင် ပိုမိုစိတ်ဆိုးပြီး နောင်တမရသည့်အပြင် ထိုနေ့မှစ၍ ယောဟန်အပေါ်အငြိုးထားကာ သတ်ဖြတ်နိုင်မည့်အခွင့်အရေး ရှာဖွေ သည်။ သို့သော် ဟေရုဒ်က ယောဟန်ကို ကာကွယ်လေ့ရှိသဖြင့် ဟေရောဒိ၏အကြံ ချက်ချင်းမထမြောက်နိုင်ပေ။

ထိုအခါ ၎င်းတို့လင်မယားကြား၌ ဆက်ဆံရေးပျက်ယွင်းကာ ဟေဒီ၏ ငြင်မှုလည်း ခံရမည်ဖြစ်သဖြင့် ဟေရုဒ်သည် အလွန်စိတ်ပင်ပန်းလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင် ယောဟန်အား သတ်ဖြတ်နိုင်သည့်တိုင် ဘုရားသခင်၏ တရားစီရင် ခြင်းလိုက်လာသဖြင့် ရာထူးပြုတ်ကျပြီး ထောင်ထဲတွင် အကျဉ်းသားဘဝဖြင့် ဘဝ နိဂုံးချုပ်ကြသည်။

သို့ဖြစ်ရာ ဆုံးမသွန်သင်ခြင်း ခံရသည့်အချိန်တွင် အပြစ်နှောင်တမရပါက တရားစီရင်ခြင်း ပိုမိုပြင်းထန်လိမ့်မည်ဖြစ်သည်။

၆) ဘုရားသခင်၏လူများကို မဆန့်ကျင်ကြပါစို့နှင့် ဘုရားသခင်၏လူများကို ဆန့်ကျင်ပါက သမိုင်းဆိုးတွင်ရစ်ပြီး ဆုံးရှုံးခြင်းကြုံရလိမ့်မည်ဖြစ်သည်။ ယောကျာ်းအပ နှင့် ဟေရောဒိတို့သည် ဘုရားသခင်၏လူဖြစ်သော ယောဟန်ကို သတ်ဖြတ်သော အခါ ဘုရားသခင်အား ဆန့်ကျင်ရာရောက်သွားသည်။ ၎င်းတို့၏ရန်သူသည် ဘုရား သခင်ဖြစ်သွားသည်။

၇) မယားဆိုးကပြဿနာဖြစ်ပွားစေသည်။ မကောင်းသောမယားကယောက္ခမ ၏အိမ်တွင်းရေးကို မွှေနှောက်နှောင့်ယှက်ပြီး ပြဿနာဖြစ်ပွားစေတတ်သည်။ ခင်ပွန်း နှင့် ခဲအိုများကို ရန်တိုက်ပေးတတ်သည်။

သောမ (Thomas)

သောမ၏နာမည်ကိုရှင်မဿဲခရစ်ဝင်ကျမ်း၊ ရှင်မာကုခရစ်ယာန်ဝင်ကျမ်းနှင့် ရှင်လုကာ ခရစ် ယာန်ဝင်ကျမ်းတို့၌ နာသနေလ၏နာမည်နည်းတူ တစ်ကြိမ်စီသာတွေ့ရသည်။ ယင်းပင်လျှင် တမန် တော်များ၏နာမည်ကို တန်းစီဖော်ပြရာ၌ ပါရှိသွားခြင်းဖြစ်သည်။ သို့ရာတွင် ရှင်ယောဟန်ခရစ်ယာန်ဝင်ကျမ်း၌မူ သုံးကြိမ်ကျော်တွေ့ရသည်(ယော ၁၄း၅၊ ၂၀း၂၄-၂၉၊ ၂၁း၂)။

သောမ “Thomas” ဟူသည် Greek ဘာသာဖြစ်၍ Hebrew ဘာသာဖြင့် to’mı Aramaic ဘာသာဖြင့် to’ma ဖြစ်သည်။ သောမနာမည်ကိုရှင်ယောဟန်ကသောမဒိဒုမု(Thomas Didymus) ဟု အတိအကျဖော်ပြပြီး(ယော ၂၀း၂၄၊ ၂၁း၂) ရှင်မဿဲ၊ ရှင်မာကုနှင့် ရှင်လုကာတို့ကမူ သောမဟုသာ ဖော်ပြကြသည်(မ ၁၀း၃၊ မာ ၃း၁၈၊ လု ၆း၁၅၊ တ ၁း၁၃)။ “ဒိဒုမု”ဟူသည် “နှစ်ခု၊ အမြွာ ́ဟု အဓိပ္ပာယ်ရ၍ to’m/to’ma နှင့်အဓိပ္ပါယ်ခြင်းတူညီသည်။

ယေရှုနှင့်အတူ အသေခံလို သော သောမ

ယေရှု၏တရားတော်များကို လူအများကလက်ခံယုံကြည်ပြီး ၎င်း၏နောက်သို့ လိုက်ကြသည်။ ထိုအခါ ဘာသာရေးခေါင်းဆောင်များက ယေရှုကိုသတ်ရန် ရှာဖွေ ကြသည်။ ယင်းကို ယေရှုကသိသဖြင့် ယေရုရှလင်မြို့မှ အခြားမြို့ရွာများသို့ ခရီး ဆက်ထွက်သည်။

ထိုသို့ခရီးထွက်စဉ် ချစ်မိတ်ဆွေဖြစ်သူလာဇရု၏ ကျန်းမာရေးဆိုးရွားသည့် သတင်းကို ကြားရသည်။ မာရိနှင့် မာသတို့ကလည်း ယေရှုကို အခေါ်လွှတ်ကြသည်။

ယေရှုလည်း ယေရုရှလင်တစ်ဖက်ရှိ ဗေသနိရွာသို့သွားရန် ပြင်ဆင်သည်။ တမန်တော်များကမူ မသွားစေလိုကြပေ။ အကြောင်းမှာ ယေရှုကိုသတ်မည့် ဘာသာရေးခေါင်းဆောင်များ၏ အကြံအစည်ကို တမန်တော်များကလည်း သိကြ၍ဖြစ်သည်။ သို့သော် ယေရှုသွားလိုက်သောအခါ သောမက အခြားတမန်တော်များထံ ““အကျွန်ုပ်တို့လည်း လိုက်၍ သခင်နှင့်အတူအသေခံကြကုန်အံ့”ဟု ပြောလိုက်သည်(ယော ၁၁း၁၆)။ ထိုအခါ အခြားတမန်တော်များလည်း ယေရှုနောက်သို့ လိုက်လာကြသည်။ အကယ်၍သောမက ထိုသို့မခေါ်လျှင် လိုက်ကြမည့်ပုံမပေါ်ချေ။ ဤနေရာ၌ သောမ၏ ဆက်ကပ်မှုကို တွေ့ရသည်။ သူ သည် ဆင်းရဲခြင်းဒုက္ခအမျိုးမျိုးအပြင် သေခြင်းကိုပင် ခံယူဝံ့သည်အထိ ယေရှုနောက်သို့လိုက်သည်။ ယေရှုမပါဘဲ အသက်ရှင်ရန်ထက် ယေရှုနှင့်အတူအသေခံရန် ဆန္ဒပိုရှိပြီး တန်ဖိုးလည်းပိုထားသည်။

သောမသည် ယေရှုကိုတကယ်ချစ်ပြီး သစ္စာရှိသော်လည်း အရာရာကို အဆိုး ဘက်မှ မြင်တတ်သူဖြစ်သည်။ ယေရှုက “တစ်နေ့တွင် ၁၂နာရီရှိသည်မဟုတ်လော။ လူသည် နေ့အချိန်၌သွားလာလျှင် နေရောင်အလင်းကို မြင်ရသောကြောင့် ထိမိ၍ မလဲတတ်”ဟု မိန့်တော်မူပြီးဖြစ်သည်။ သို့ဖြစ်၍ အရာရာကို အကောင်းဘက်မှ မြင်တတ်ပါက “ယေရှုကိုယုံကြည်လျှင် ထိခိုက်မိစရာမရှိအဆင်ပြေချောမွေ့မည်” ဟုခံယူလိုက်ရုံသာဖြစ်သည်။ သို့သော် သောမကမူ “သခင်နှင့်အတူ အသေ ခံကြကုန်အံ့”ဟုပြောသည်။ ယေရှုနှင့်အတူ အသေခံ ရန် ဆုံးဖြတ်ပြီးဖြစ်သည်။ ယေရှုအပေါ် ဤမျှသစွာရှိသည်။ ဤမျှသတ္တိရှိသည်။ သို့ဖြစ်၍လည်း လာဇရု၏ ရှင်ပြန်ခြင်းကို တွေ့မြင်ခွင့်ရသွားသည်။ ယေရှုအပေါ် သစ္စာရှိပြီး ယေရှုနောက်သို့ သတ္တိရှိရှိ လိုက်

‌သွားသောသူသည် မမြင်မသိဖူးသည့် အံ့သြဖွယ်အရာများစွာကို မြင်သိရကြလိမ့်မည် ဖြစ်သည်။

သူရဲဘောနည်းသောသူများသည် အကြိမ်ကြိမ်သေရ၍ သတ္တိရှိသောသူများ သည် တစ်ကြိမ်သာ သေရသည်။ အကြိမ်ကြိမ်သေသောခေါင်းဆောင်သည် လူထုကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ယေရှုနောက်သို့ သတ္တိရှိရှိလိုက်သွားသော ခေါင်း ဆောင်နောက်ကို လူထုကလည်း သတ္တိရှိရှိလိုက်ရဲသည်။

ယေရှု၏ စကားတော်ကို နားမလည်သော သောမ

သောမ၏နာမည်ကို ရှင်ယောဟန်ခရစ်ဝင်ကျမ်းထဲ၌ ဒုတိယအကြိမ်တွေ့ရ ခြင်းသည် “သခင့် ညစာစားပွဲ ၌ဖြစ်သည်။ ထိုညတွင် သခင်ယေရှုက တပည့်တော်များ အဖို့ နေစရာပြင်ဆင်ပေးရန် သွားရမည်ဖြစ်ကြောင်း ပြောသည်။ ထိုအခါ သာမက သခင်၊ ကိုယ်တော်သည် ဘယ်အရပ်သို့သွားတော် မူသည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍ လမ်းခရီးကို အဘယ်သို့သိနိုင်ပါမည်နည်း”ဟုမေးရာ(ယော၁၄း၅) ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်း တော်ထံသို့မရောက်ရ”ဟု ပြန်ဖြေသည်(ယော၁၄း၆)။

မသိသည့်အရာကို မေးမြန်းခြင်းသည် မိုက်မဲမှုမဟုတ်ပေ။ နားမလည်သည် အရာ၊ သိသင်မေးသင့်သည့်အရာကို မမေးမြန်းရဲခြင်းသည်သာလျှင် သတ္တိနည်းမှု၊ မိုက်မဲမှုတစ်မျိုးဖြစ်သည်။ သောမ၏ မရှက်မကြောက်မေးမြန်းရဲမှုကြောင့် မိမိတို့သည်ယေရှု၏စကားတော်များအနက် အရေးပါဆုံးတစ်ခုအဖြစ် သတ်မှတ်ခြင်းခံရသည် “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်း ဖြစ်၏”ဟူသည် စကားကို ကြားသိနိုင်ရခြင်းဖြစ်သည်။

နောက်လိုက်များအဖို့ နားမလည်သည့်အချက်ရှိလျှင်ပင် ခေါင်းဆောင်၏ ဦးဆောင်မှုအတိုင်း နာခံလိုက်လျှောက်နေသရွေ့ မထိခိုက်မဆုံးရှုံးနိုင်ချေ။ သို့သော်ခေါင်းဆောင်များကိုယ်တိုင်က နားမလည်လျှင်မူ ထိခိုက်ဆုံးရှုံးမှု အလွန်ကြီးမားလိမ့် မည်ဖြစ်သည်။

သို့ဖြစ်၍ နားမလည်သည့်အရာကို ရှင်းပြပေးနိုင်မည့်သူရှိပါက မေးမြန်းရန် ၀န်မလေးပါနှင့်။ မရှက်ကြောက်ပါနှင့်။ ဆရာတင်ရဲပါ။ ပညာယူရဲပါ။ အထင်သေးခြင်း ခံရမည်ကို စိုးရိမ်ပြီး မမေးမြန်းဘဲနေပါက မသိနားမလည်သည့်အရာကြောင့် အထင်သေးခြင်း ပိုခံရလိမ့်မည်ဖြစ်သည်။ ခေါင်းဆောင်ကောင်းများက အရာရာကိုနားလည် တတ်အောင် ကြိုးစားအားထုတ်ကြသည်။

ယေရှု၏ စကားတော်ကို မယုံ တယုံ ဖြစ် သော သောမ

ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် တပည့်တော်များထံ ပထမအကြိမ် ကိုယ်ထင်ပြပြီးဖြစ်သော်လည်း ထိုအချိန်တွင် သောမမရှိပေ။ ထိုအကြောင်းကို အခြား တပည့်တော်များက ပြောပြသောအခါ သာမက “လက်တော်၌ သံရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့မစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့် မစမ်းသပ်ရလျှင် အကျွန်ုပ်မယုံ”ဟု ပြန်ပြောသည် (ယော ၂၀း၂၄-၁၉)။

ယေရှု ကိုယ်ထင်ပြသည့်အချိန်တွင် သောမ မရှိခြင်းမှာ ဝမ်းနည်းကြေကွဲလွန်းသဖြင့် တပည့်တော် များနှင့် အတူမနေလိုဘဲ တစ်နေရာရာ၌ ထွက်သွား သည့်အချိန် ဖြစ်နိုင်သည်။ မျှော်လင့်ချက်အားလုံးပြိုကွဲသွားသဖြင့် စိတ်ဓာတ်ကျလွန်း၍ ဖြစ်နိုင်သည်။ အတူတူအသေခံဝံ့သည်အထိ ယုံကြည်မှုရှိ သော် လည်း ယေရှုအသတ်ခံရသောအခါ ဆောက်တည်ရာ မရခြင်းလည်း ဖြစ်နိုင်သည်။

ထိုသို့သောအချိန်တွင်ယေရှုရှင်ပြန်ထမြောက်သည့်သတင်းကို ကြားရသဖြင့် တကယ်မယုံကြည် နိုင်ခြင်းဖြစ်သည်။ သို့သော်လည်း နောက်တစ်ပတ်တွင် တပည့်တော်များနှင့် အတူတူ ဝတ်ပြုသည်။ ထိုနေ့တွင် ယေရှု တစ်ဖန်ကိုယ်ထင်ပြပြီး သောမထံ “သင်၏လက်ညှိုး ကိုဆန့်၍ငါ့လက်ကို ကြည့်လော့။ သင်၏လက်ကိုဆန့်၍ငါ့နံဘေးကို စမ်းသပ်လော့” ဟုပြောသည်။ မဆံ့တယုံဖြစ်နေသော သောမသည် ရှင်ပြန်ထမြောက်သည့်ယေရှုကို ထိုနေ့တွင် ကိုယ်တိုင် တို့ထိခွင့်ရသွားသည်။

ခေါင်းဆောင်များအနေဖြင့် ကြားရသမျှကို ယုံကြည်ရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ယုံသင့်၊ မယုံသင့်ဆန်းစစ်ပိုင်းခြားတတ်ရန် အရေးကြီးသည်။ကြားသမျှကို မဆန်းစစ်ဘဲ ချက်ချင်းယုံကြည်ပါက ခေါင်းဆောင်ကောင်းမဖြစ်နိုင်သည့်အပြင် စိတ် မကောင်းမှု၊ စိုးရိမ်မှု၊ မကျေနပ်မှုများသာ တိုးလာပါလိမ့်မည်။

သောမသည် ယေရှု၏စကားတော်များကို မယုံတယုံဖြစ်သဖြင့် ရှင်ပြန်ထ မြောက်ခြင်းကိုလည်း မယုံကြည်ခြင်းဖြစ်သည်။ ယေရှု၏တန်ခိုးတော်ကို တကယ် ယုံကြည်ပါက ရှင်ပြန်ထမြောက်ခြင်းသည် ယုံရခက် မည့်အရာမဟုတ်ပေ။ ခေါင်းဆောင်များလည်း တစ်ခါ တစ်ရံ သောမကဲ့သို့ ဖြစ်တတ်သည်။

လူ့အကြံအစည်ဖြင့် မဖြစ်နိုင်တော့သည့်အခါဘုရားသခင်ကလည်း တတ်နိုင်လိမ့်မည်မဟုတ် ဟုထင်မိတတ်ကြသည်။ သို့ဖြစ်၍ အတွေးအခေါ်များကိုနှုတ်ကပတ်တော်နှင့်အညီ ပြောင်းလဲတတ်ရန် အရေးကြီးသည်။ ယေရှုက ၎င်း၏ဒဏ်ရာများကို ပြသသော အခါ သောမသည် ယုံကြည်သကဲ့သို့ ခေါင်းဆောင်များသည် ၎င်းတို့၏အမှားများကို ဖော်ပြခြင်းခံရသောအခါ ယုံကြည်လက်ခံပြီး ပြုပြင်ပြောင်းလဲတတ်ရန် အရေးကြီး သည်။ သွန်သင်လမ်းပြခြင်းကို ခံယူတတ်သော ခေါင်းဆောင်သည် သူတစ်ပါးကို လည်း သွန်သင်လမ်းပြနိုင်လိမ့်မည်ဖြစ်သည်။

သောမသည် အရာရာကို အကောင်းဘက်မှ မခံယူတတ်သူ၊ ချက်ချင်းနားမလည်တတ်သူ၊ သံသယ ရှိတတ်သူဖြစ်သည်။ သို့သော် ယေရှုကိုသာ ဆည်း မေးမြန်းတတ်သည်။ ကပ်ပြီး နားမလည်သည့်အရာကို မေးမြန်းသည်။ မယုံတယုံဖြစ်သည့်ကြားထဲမှ ယေရှုနှင့် တပည့်တော်များထံ၌သာ နေထိုင်သည်။ ထို့ကြောင့် ၎င်း၏အတွေးအခေါ်များကို ယေရှုကပြောင်းလဲပေးသည်။ ထိုအခါယေရှုကို“အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်”ဟု ချက်ချင်းဝန်ခံနိုင်ပြီး ယေရှု၏အမှုတော်မြတ်ကို ကွယ်လွန်အချိန်အထိ ထမ်းဆောင်သွားသည်။

သောမ ကွယ်လွန်ခြင်း ၊

သောမသည် ကယ်တင်ခြင်းသတင်းကောင်းကို လှည့်လည်ဟောပြောရင်း အိန္ဒိယပြည်သို့တိုင် ရောက်ရှိသည်ဟုဆိုသည်။ အသင်းတော်အသစ်များစွာကို တည်ထောင်ပြီး သူ၏နာမည်ကိုအစွဲပြုသည့် အသင်းတော်တချို့လည်း ယနေ့ထိတိုင်ရှိ သေးသည်။

သူသည် အိန္ဒိယပြည်၊ ချန်နိုင်းမြို့အနီးရှိ တောင်ကုန်းတစ်ခုပေါ်၌ ယုံကြည် ချက်ကြောင့် လှံဖြင့် ထိုးသတ်ခြင်းခံရသည်။ စာရေးသူသည် သောမ၏သင်္ချိုင်းဂူသို့တစ်ခါရောက်ဖူးသည်။ ထို သင်္ချိုင်းဂူနေရာသည် မြို့နှင့်မနီး မဝေးရှိ တောင်ကုန်းတစ်ခုပေါ်၌ဖြစ်သည်။ လမ်းကျဉ်းသော်လည်း အလွန်လှပသည်။ သစ်ပင် မြက်ပင်နည်းသဖြင့် ခြောက်သွေ့သယောင်ခံစားရသည်။ တောင်ကုန်းဖြစ်သဖြင့် လေတဖြူးဖြူးတိုက်ခတ်သည်။ သူ့အကြောင်းကို ကျောက်စာပေါ်တွင် အင်္ဂလိပ်နှင့် အိန္ဒိယဘာသာဖြင့် အကျဉ်းချုပ် ဖော်ပြသည်။ ထိုသချိုင်းဂူနေရာ၌ အိမ်အသေးတစ်လုံး တည်ဆောက်ကာ ဝင်ပေါက်နှင့် ထွက်ပေါက် သီးသန့်ရှိသည်။ ဂူဘေးတွင် သောမ၏ လက်အရိုးအဆစ်ငယ်တစ်ခု ထားရှိသည်။ မှတ်တမ်းတစ်ခုတွင်မူ သောမကို မြေချပြီးနောက် ကာလအတန်ကြာ ၊ သောအခါ ၎င်း၏အရိုးအဆစ်များနှင့် အသုံးအဆောင်ပစ္စည်းအားလုံးတို့ကို Edessa သို့ ပြောင်းရွှေ့သည်။ ထိုမှ နှစ်ပေါင်း (၈၀၀)ခန့်အကြာတွင် အခြားတစ်နေရာသို့ ထပ်မံပြောင်းရွှေ့သော်လည်း မည်သည့်နေရာမှန်း အတိအကျမသိဟု ဆိုသည်။

သောမကဲ့သို့သော ယေရှုနောက်သို့လိုက်သည့် ခေါင်းဆောင်မျိုးသည် ခေါင်း ဆောင်ကောင်းဖြစ်၍ နောက်လိုက်များအတွက်လည်း ဂုဏ်ယူစရာဖြစ်သည်။ မိမိတို့ လည်း ခေါင်းဆောင်ကောင်းများ၏ တပည့်ဖြစ်ရခြင်းအတွက် ဂုဏ်ယူရစမြဲဖြစ်ကြ သည်။

သင်ခန်းစာယူစရာ အချက်တချို့

(၁) နားမလည်သည့်အရာများကို မေးမြန်းခြင်းသည် ရှက်စရာမဟုတ်။ “မေး ပါများ စကားရ’ ဟူသည့်အတိုင်း မေးမြန်းသောအခါမှသာ တိတိကျကျ သိရှိနိုင်လိမ့် မည်ဖြစ်သည်။ သိဟန်ဆောင်ပြီး မမေးမြန်းလိုလျှင် စိတ်ဇဝေဇဝါဖြစ်မှုသာ အဖတ် တင်ပါလိမ့်မည်။

သောမက ယေရှုထံ ၎င်းနားမလည်သည့် ကောင်းကင်လမ်းခရီးအကြောင်းကို မမေးမြန်းမိလျှင် မိမိတို့လည်း မယုံကြည်သူများနည်းတူ ယနေ့အထိ ရောက်ရမည့် နေရာကိုမသိဘဲ စိတ်ဇဝေဇဝါဖြင့် အသက်ကုန်လွန်ကြလိမ့်မည်ဖြစ်သည်။

၂) ကြားသမျှကို ချက်ချင်းမယုံသင့်။ တပည့်တော်များက သောမထံ ယေရှုကို တွေ့မြင်ကြသည်ဟု ပြောပြသောအခါ သောမက ဒဏ်ချက်တော်များကို မမြင်မချင်း မယုံနိုင်ဟု ပြောလိုက်သည်။

နောက်တစ်ပတ်တွင်ယေရှုသည်သာမ၏ဆန္ဒအတိုင်း တစ်ဖန်ကိုယ်ထင်ပြပြီး သောမစိတ်ကျေနပ်သည်အထိ ဒဏ်ချက်တော်များကို တို့ထိစမ်းစေသည်။ ဘုရား သခင်အား ရိုးသားစွာမသိခြင်းကိုဖြစ်စေ၊ သိရှိလိုခြင်းကိုဖြစ်စေဘုရားသခင်ကအလွန် နားလည်ပေးသည်(ယော ၂၀း၁၉-၁၉)။

ကြားသမျှကို ချက်ချင်းယုံတတ်သော ခေါင်းဆောင်သည် အမှန်ကိုမသိတော့ သဖြင့် ဆုံးဖြတ်ချက်မှားယွင်းတတ်သည်။ တစ်ဖက်သတ်အမြင် ရှိတတ်သဖြင့် လူတို့၏ ယုံကြည်မှုလည်း ဆုံးရှုံးတတ်သည်။ သို့ဖြစ်၍ ကြားသမျှကို ချက်ချင်းမဖြေဘဲ ဆန်း စစ်ချင့်ချိန်မှသာ အမှားများနှင့် ကင်းဝေးနိုင်ပါလိမ့်မည်။

၃) မဆံ့တယုံဖြစ်ခြင်းသည် လုံးဝမယုံကြည်ခြင်းထက် ပိုကောင်းသည်။ သောမ အနေဖြင့် ယေရှုကို မလုံ့တယုံဖြစ်ခြင်းသည် မယုံကြည်လို၍မဟုတ်ဘဲ ယုံကြည်လို လွန်းသောကြောင့်ဖြစ်သည်။ သူ၏ မလုံ့တယုံဖြစ်ခြင်းက မိမိတို့ကို ယုံကြည်ခြင်း ပိုခိုင်မာလာစေပြီး ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို ပို၍ခိုင်လုံစေသည်။ ရှင်ပြန်ထမြောက်ခြင်းကို လက်မခံသူများထံ သောမကိုယ်တိုင် ၎င်း၏လက်ဖြင့် တို့ထိစမ်းခွင့် ရရှိသည်ဟူ၍ မိမိတို့ တစ်ဆင့်သက်သေခံနိုင်သည်။ သို့ဖြစ်၍ သံသယစိတ်ဖြင့် ရှာဖွေ နေသမျှ ဘုရားသခင်ကို တွေ့မြင်ရမည်မဟုတ်ဘဲ ယုံကြည်လိုလွန်းသောစိတ်ဖြင့် ရှာဖွေမှသာ တွေ့မြင်ရမည်ဖြစ်သည်။

၄) ရှိသင့်သည့်နေရာ၌ မရှိလျှင် တစ်ခုခုလိုအပ်၍ဖြစ်မည်။ ယေရှု ရှင်ပြန် ထမြောက်သည့်နေ့တွင် သောမသည် အဘယ်ကြောင့် တပည့်တော်များနှင့် အတူ မရှိရသနည်း။ အကြောင်းမှာ မျှော်လင့်ချက်ကုန်ဆုံး၍ဖြစ်သည်။ ယေရှုမရှိတော့သဖြင့် တပည့်တော်ဖြစ်ရခြင်းလည်း အချည်းနှီးသာဟု ခံစား ၍ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ဘုရားကျောင်းသို့ မသွားလိုတော့လျှင် ကြီးမားသောလိုအပ် ချက်တစ်ခုခု ရှိ၍ ဖြစ်နိုင်သည်။ ယုံကြည်ခြင်းလော၊ နိုးထခြင်းလော၊ မျှော်လင့်ခြင်း လော၊ သို့မဟုတ် ကယ်တင်ခြင်းမရ ၍လော၊ မေတ္တာမရှိ၍လော၊ အပြစ်ခွင့်မလွှတ်၍ လော၊ ကိုယ့်ကိုကိုယ် ပြန်လည်ဆန်းစစ်သင့်သည်။

၅) မျှော်လင့်ချက်ကုန်ဆုံးမိလျှင် ဆုံးရှုံးမှုကြီးမားမည်။ သောမသည် မျှော်လင့် ချက်ကုန်ဆုံးသဖြင့် ရှင်ပြန်ထမြောက်ရာနေ့တွင် ယေရှုကို မမြင်လိုက်ရချေ။ ယေရှုကို မြင်တွေ့နိုင်ရန် နောက်ထပ်တစ်ပတ် စောင့်ရသကဲ့သို့ ကောင်းချီးရရန်လည်း တစ် ပတ်နောက်ကျသွားသည်။

ယေရှုက ““သင်တို့၌ ငြိမ်သက်ခြင်းရှိစေသတည်း”ဟု ပြောသည့်အချိန်တွင် မမရှိသကဲ့သို့ “သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံကြလော့”ဟုဆိုပြီး တပည့်တော်များအပေါ် အသက်မှုတ်သည့်အချိန်တွင်လည်း သောမမရှိပေ(ယော ၂ဝး ၂၁-၂၃)။ သို့ဖြစ်၍ အခြားတပည့်တော်များ ငြိမ် သက်စိတ်ချသည့်အချိန်တွင် သောမ သည် တစ်ပတ်လုံးလုံး ထပ်မံစိတ်ရှုပ်ထွေးနေလိမ့်မည်ဖြစ်သည်။ မျှော်လင့်ချက်က တက်ကြွစေသည်။ အားအင်ပြည့်စေသည်။ ခံနိုင်ရည်ရှိစေသည်။ စိတ်ငြိမ်သက်စေသည်။ သည်းခံနိုင်စေသည်။

ရှိမုန်ဇလုတ် (Simon The Zealot)

“ငါဖယောင်းတိုင်ကို ထိပ်နှစ်ဖက်မှ မီးထွန်းလိုက်တယ် မီးစာ အကုန်မြန်မှာပဲနော် ။ ကိစ္စမရှိပါဘူး၊ အဲဒီလို မထွန်းပါနှင့်လို့ မပြောကြပါနှင့် အထူးအဆန်းတစ်ခုလို မတွေးကြပါစို့နှင့် မီးစာ အကုန်မြန်မှာဖြစ်ပေမဲ့ ကိစ္စမရှိပါဘူး ပိုလင်းသွားတယ် မဟုတ်ဘူးလား”

ဟူ၍ St. VincentMilloyကရေးဖူးသည်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှအားလုံး ကို ဘုရားသခင်အတွက် အကြွင်းမဲ့အသုံးပြုတတ်ရန် အရေးကြီးသည်။ ယင်းသည် ဘုရားသခင်အလိုရှိသည့် စိတ်အားထက်သန်မှုလည်းဖြစ်သည်။

“စကော့တလန်နိုင်ငံမနိုးထရင် အသေခံလိုက်မယ်”ဟူ၍ ဘုရားသခင်ထံ ဆန္ဒပြင်းပြစွာတောင်းဆိုသည့် John Knox သည် စကော့တလန်နိုင်ငံ၏ ဝိညာဉ် ရေးရာနိုးထမှုကို မျက်ဝါးထင်ထင် မြင်တွေ့သွားသည်။ ပေါလု၏ အသက်တာတစ်လျှောက်လုံး၌ မျှော်လင့်ချက်တစ်၊ အမှုတစ်ခု၊ ဆန္ဒတစ်ခုရှိရာယင်းမှာ “…ငါပြုသော အမှုတစ်ခုဟူမူကား နောက်ကျသောအရာတို့ကို မမှတ်ဘဲ ရှေ့၌ရှိသော အရာတို့ကို လှမ်းကမ်း၍ ယေရှုခရစ်အားဖြင့် ငါ့ကို အထက်အရပ်မှ ဘုရားသခင် ခေါ်တော်မူခြင်း နှင့်ဆိုင်သောဆုကို ရခြင်းငှါ ပန်းတုံးတိုင်သို့ ငါအားသွန်ခွန်စိုက်ပြေး၍ လိုက်၏” ဟူ၍ဖြစ်သည်(ဖိ ၃း၁၃-၁၄)။ ပြင်းပြသည့်ဆန္ဒရှိခြင်းသည် အသက်တာ၌ အရေးကြီးဆုံးဖြစ်သည်။ တစ်နည်းအားဖြင့် စိတ်အားထက်သန်မှုမရှိဘဲနှင့် မည်သည့်အမှုကိုမျှ ပြည့်စုံအောင်မြင်နိုင်မည်မဟုတ်ချေ။

ယခုဖော်ပြသည့် ရှိမုန်ကို “ဇလုတ်” (Zealot) ဟု ခေါ်ဆို၍ စိတ်အားထက် သန်သူ ဖြစ်သည်။ သူ၏နာမည်ကို ကျမ်းစာ၌ (၄)ကြိမ်သာတွေ့ပြီး သူ၏အပြော အဆိုနှင့် လုပ်ဆောင်ချက်တို့ကို သီးသန့်မတွေ့ရပေ(မ ၁၀း၄၊ မာ ၃း၁၈၊ လု ၆း၁၅။တ ၁း၁၃)။ ရှိမုန်ဟူသည် “ကြားသည်”ဟု အဓိပ္ပာယ်ရသည့်အတိုင်း သူသည် ကြားနာခြင်း၊ နားထောင်ခြင်း ၌သာ အားသန်ပြီး အပြောအဆိုနည်းပုံရသည်။ ရှိမုန်ဟူသည့် နာမည်သည် အလွန်ကောင်းသည့်နာမည်ဖြစ်ပုံရသည်။ အကြောင်းမှာ ယေရှု၏ခေတ်တွင် ယောက်ျားအယောက်(၁ဝဝ)ရှိတိုင်း ရှိမုန်နာမည်ရှိသူ (၂၃)ယောက်ခန့်ရှိသည်ဟုဆိုသည်။ ထို့ကြောင့် ဤရှိမုန်ကို တခြားရှိမုန်များနှင့်ခွဲခြားနိုင်ရန်၎င်း၏စိတ်နေသဘောထားကိုလိုက်၍ ရှိမုန် ဇေလုတ်(Simon the Zealot)ဟု ခေါ်ဆိုခြင်းဖြစ်နိုင်သည်။ ရှိမုန်ကို လုကာက “ဇေလုတ်”ဟုခေါ်၍ မသဲနှင့် မာကုတို့ကမူ “ခါနန်လူ”ဟု ခေါ်သည်။ သို့ဖြစ်၍ သူသည် ခါနန်မြို့ဇာတိ၊ ခါနန်မြို့မှ ကြီးပြင်းသူဖြစ်နိုင်သည်။ သမိုင်းမှတ်တမ်းများအရ သူသည် ခါနန်မြို့မင်္ဂလာဆောင်ပွဲတွင် သတို့သားအရံဖြစ်၍ယေရှု၏ ရေမှစပျစ်ရည်ဖြစ်စေခြင်းကို မြင်တွေ့ရာမှ ယေရှု၏နောက်သို့ လိုက်သွား ခြင်းဖြစ်သည်ဟု ဆိုသည်။ မည်သို့ပင်ဖြစ်စေ တမန်တော်(၁၂)ပါးထဲတွင် ပါဝင်ခွင့်ရ၍ ဘုရားသခင်အတွက် သေရဲရှင်ရဲသူ(ဇေလုတ်)ဖြစ်သည်။

ဇေလုတ် ၏အဓိပ္ပာယ်

‘Zealot’ ဟူသည် “ဆူ” (ဥပမာ၊ ရေဆူ)သည်ဟု အဓိပ္ပာယ်ရသည်။ အင်္ဂလိပ် ဘာသာ “Zeal’ ဟူသည် ဂရိဘာသာ`zelos°( zealot) ဟူသည့်စကားမှ ဆင်းသက်ပြီး ဘုရားသခင်၌ဖြစ်စေ၊ တစ်စုံတစ်ရာ၌ဖြစ်စေ စိတ်အားထက်သန်စွာ ဆက်ကပ်ခြင်းကို ဆိုလိုသည်။ ဓမ္မဟောင်းကျမ်းကိုကြည့်လျှင် ဤစကားလုံးကို အထူး သဖြင့် ဘုရားသခင်က သူ၏လူများအား မည်မျှချစ်ကြောင်းကို ဖော်ပြရာ၌ အသုံးပြုသည်(ထွက် ၂၀း၄-၅၊ တရား ၄း၂၃-၂၄၊ ယောရှု ၂၄း၁၉-၂၀)။ ဤစကားလုံးကိုပင် “သဝန်တိုခြင်း’ကိုဖော်ပြရာ၌ အသုံးပြုနိုင်ပြီး အကောင်းဘက်မှ အသုံး ပြုလျှင် – ဘုရားသခင်သည် သဝန်တိုသောဘုရား ဖြစ်သည်(ထွက် ၃၄း၁၄)၊ ဧလိယသည် ဘုရားသခင်ဘက်မှ သဝန်တို (zealous) တတ်သူဖြစ်သည်(၃ရာ ၁၉း၁ဝ)စသဖြင့် သုံးနှုန်းနိုင်သည်။ အဆိုးဘက်မှ အသုံးပြုလျှင်- ရန်ငြိုးဖွဲ့ခြင်း၊ မနာလိုခြင်း စသည်တို့၌ အခြားသူများထက် ပို၍ သုံးနှုန်းနိုင်သည်(ဟေရှာ ၁၁း၁၃၊ ယေဇ ၃၅း၁၁)။

ထို့အပြင် ဇေလုတ်များကို YHWH ထာဝရ ဘုရားကိုသာ ဦးထိပ်ထားသူများ၊ အခြားဘုရားနှင့် အခြားအုပ်ချုပ်ရေးစနစ်ကိုလက်မခံလိုသူများ၊ ရောမအစိုးရကိုမုန်းတီးပုန်ကန်သူများ၊ အခွန်မပေးလိုသဖြင့် လက်နက်စွဲကိုင်သူများ စသည်ဖြင့် သတ်မှတ်သိရှိကြသည်။ သို့ဖြစ်ရာ ‘ရှိမုန်ဇေလုတ်”ဟု အခေါ်ခံခြင်း၌ အန္တရာယ်အလွန်များသည်။ ရောမအစိုးရ က အချိန်မရွေးဖမ်းဆီးနိုင်သည်။ လူထုကလည်း စက်ဆုပ်ကြောက်ရွံ့နိုင်သည်။

ဇေလုတ်များ၏အစ

ယေရှုမမွေးမီ နှစ်ပေါင်း ၆၄ခန့်တွင် ရောမစစ်သူကြီး Pompey သည် ယုဒ ပြည်ကိုသိမ်းယူပြီး ရောမအစိုးရလက်အောက်သို့ ထည့်သွင်းသဖြင့် အစ္စလူမျိုးတို့ သည် ရောမအစိုးရကို အခွန်ပေးရသည်။ လက်ရှိတွင် လေဝိအနွယ်များ၊ ယဇ်ပုရော ဟိတ်များနှင့် ဗိမာန်တော်အတွက်လည်း ပေးရသဖြင့် ရောမ အစိုးရကို ထပ်မံပေးရသောအခါ အစ္စရေးတို့ သည် အလွန်အခက်ကြုံရသည်။

ဘုရားသခင်၏အမှုတော်အတွက် ပေးရခြင်းကို မညည်းတွားကြသော်လည်း ရောမအစိုးရကို ပေးရသောအခါတွင်မူ မခံနိုင်ကြတော့ပေ။ ထိုခေတ်က ယုဒလူမျိုးတို့သည် ဝင်ငွေ၏ ၄၀%အထိပေးရသဖြင့် တကယ်အခက်ကြုံရခြင်း ဖြစ်သည်။ ထို့ကြောင့်မကျေနပ်သူတချို့က အစိုးရကို စတင်တော်လှန်ကြသည်။ ထိုသူတို့ကို “ဇေလုတ်” ဟုခေါ်သည်။

ထို့အပြင် ဇလုတ်များသည် ယုဒထုံးစံကို စောင့်ထိန်းသူ၊ ထာဝရဘုရားကို သာ ဦးထိပ်ထားသူ၊ ထာဝရဘုရားအား မကိုးကွယ်သူကို ရန်သူအဖြစ် သတ်မှတ်သူများ ဖြစ်ကြသည်။ ထိုကြားထဲတွင် မြို့အုပ်အဖြစ်လောဘအလွန်ကြီးသော Florus ဆိုသူ ရောက်ရှိလာပြီး ယေရုရှလင်ဗိမာန်တော်အတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကိုပင် အဓမ္မသိမ်းယူသည်။ တားမြစ်သောအခါ “ငါ့ကိုပုန်ကန်ကြတယ်”ဟု အော်ဟစ်သဖြင့် ရောမစစ်သားများက ယုဒခေါင်းဆောင်များကို ဖမ်းဆီးပြီး လက်ဝါးကားတိုင်ပေါ် ချိတ်ဆွဲသတ်ပစ်ကြသည်။ ရောမအစိုးရ၏ မောက်မာရက်စက်မှုကို မ ကျေနပ်သူတချို့သည် တောထဲသို့ တိတ်တဆိတ်ထွက်ပြီးအစိုးရကို ပြောက်ကျားစနစ်ဖြင့် စတင်တော်လှန်ကြသည်။ ထိုသူတို့ကို လုတ်ဟု ခေါ်သည်။ Josephus က ဇေလုတ်များကို “သူခိုးဓားပြများ”ဟုလည်းကောင်း၊ “sicari ဟုလည်းကောင်း ခေါ်ဆိုသည်။ သွားလေရာရာ၌ ဓားမြှောင်ဝှက်သယ်သူများဟု အဓိပ္ပာယ်ရသည်။ သူတို့သည် သတ်လိုသည့်သူကို ဓားမြှောင်ဖြင့် တိတ်တဆိတ်ထိုး သတ်ပြီး ရှောင်ထွက်လေ့ရှိသည်။ အထူးသဖြင့် ပွဲလမ်းသဘင်နှင့် လူစုလူဝေးကြားထဲ တွင် ထိုသို့ပြုလေ့ရှိပြီး ယဇ်ပုရောဟိတ်ယောနသန်အား ထိုးသတ်ခြင်းသည် အထင် ရှားဆုံးဖြစ်သည်။ ထိုသို့ပြုကျင့်ခြင်းသည် အခွန်ဝန်ပိမှုနှင့် ဓလေ့ထုံးစံကို စောင့်ထိန်း လိုမှုကြောင့် ဖြစ်သည်။

ဇေလုတ်များ၏နိဂုံး

ယေရုရှလင်မြို့တွင် ဇေလုတ်ဦးရေ တစ်သောင်းခန့်ရှိပြီး အစိုးရရုံးများကို မီးရှို့ ပစ်ကြသည်။ ကျွန်များကိုလည်း မိမိတို့နှင့်ပူးပေါင်းလျှင် လွတ်မြောက်ရမည်ဟု ကတိပေးစည်းရုံးသဖြင့်အင်အားအလွန်များလာသည်။ ယေရုရှလင်ဗိမာန်တော်ကို ဗဟို စခန်းအဖြစ်ထားပြီး ခံယူချက်မတူပါက ယုဒအချင်းချင်းကိုပင် သတ်ပစ်ကြသည်။

ထို့ကြောင့် Josephusက ဇေလုတ်များသည် ကြမ်းကြုတ်လွန်းသဖြင့် ၎င်းတို့၏အပြစ် သည် မည်သည့်အကြောင်းနှင့်မျှ ပြေနိုင်မည်မဟုတ်ဟုပင် မှတ်ချက်ချသည်။

အေဒီ ၆၆ခုနှစ်တွင် ရောမစစ်တပ်နှင့် စစ်ဖြစ် ကြပြီး အေဒီ ၇ဝခုနှစ်တွင် ရှုံးနိမ့်သဖြင့် ရောမစစ်သူ ကြီး Titus က ယေရုရှလင်မြို့ကို အမှုန့်ကြိတ်ဖျက်ဆီးပစ်သည်။ ဗိမာန်တော်အတွင်း ပုန်းခိုသူများကိုလည်း အကုန်သတ်ပစ်ရာ သွေးချောင်းစီးသည်ဟုဆိုသည်။ ယင်းသည် ယုဒတစ်မျိုးသားလုံးနှင့် ဇေ လုတ်များအပေါ်ဘုရားသခင်ကဒဏ်ခတ်ခြင်းဖြစ်နိုင်သည်။ ဗိမာန်တော်က ကွယ်ကာနိုင်မည်ဟုအထင်ဖြင့် ပုန်းခို ကြရာ သူခိုးဓားပြတွင်းပင် ဖြစ်စေကြသည်(မ ၂၁း၁၃)။

မသေဘဲ လွတ်မြောက်သူတချို့သည် ပင်လယ်သေတစ်ဖက်ကမ်းရှိ Masada ဂူကြီးထဲတွင် ပုန်းခိုကြသည်။ ရောမစစ်တပ်က လိုက်လံချေမှုန်းသဖြင့် ထိုဂူသည် နာမည်ကြီးစစ်မြေပြင် ဖြစ်လာသည်။ ဇေလုတ်များက ရောမတို့၏ လက်ချက်ဖြင့် အသက်ဆုံးခြင်းထက် ကိုယ့်ကိုကိုယ် သတ်သေကြပါစို့ဟု ဆိုကာ Eleazar ၏ ဦးဆောင်မှုဖြင့် အကုန်လုံးသတ်သေကြသည်။ ရောမတပ်က အရှင်ဖမ်းဆီးရမိသူများ (ဇေလုတ် သုံးထောင်ခန့်)ကို အရှက်ကွဲအောင်နှိပ်စက်၍ လက်ဝါးကားတိုင်ပေါ် ချိတ် ဆွဲသတ်ပစ်ကြသည်။ ထိုအချိန်မှစ၍ ဇလုတ်ခံယူချက် ရှင်သန်သေးသော်လည်း အဖွဲ့အစည်းမှာမူ နိဂုံးချုပ်သွားသည်။ အေဒီ ၁၃၅ခုနှစ်က Bar Kokhba ၏ ဦးဆောင်မှုဖြင့် ရောမများကို တိုက်ခိုက်ခြင်းသည် ဇေလုတ်ခံယူချက်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အဖွဲ့အစည်းပြန်ပေါ်ခြင်း မဟုတ်သည့်အပြင် ထိုတိုက်ပွဲ တွင် ခရစ်ယာန်များ မပါဝင်ချေ။

ယေရှုနှင့် ဇေလုတ်

ယေရှုလည်း စိတ်အားထက်သန်ခြင်း (zeal) ရှိသူတစ်ဦး ဖြစ်သည်။ တစ်စုံ တစ်ယောက်သည် ငါ့နောက်သို့လိုက်လိုလျှင် မိမိလက်ဝါးကပ်တိုင်ထမ်း၍ လိုက်ရ မည်ဟုပြောခြင်းသည် လုတ်ခံယူချက်ဖြစ်သဖြင့် လုတ်များက အလွန်သဘောကျကြလိမ့်မည်ဖြစ်သည်(မ ၁၀း၃၈)။ ယေရုရှလင်ဗိမာန်တော်ကို ရှင်းလင်းရာတွင်လည်း ထိုခံယူချက်ရှိပုံကို အထင်းသားမြင်တွေ့ရ သည်။ ထိုသို့ရှင်းလင်းသောအခါ တပည့်တော်များ၏စိတ်ထဲတွင် ဆာလံ ၆၉း၉“ကိုယ်တော်၏အိမ်တော်၌စွဲလန်းပူပန်ခြင်း စိတ်သည် အကျွန်ုပ်၏စိတ်ကို စားပါ၏”ဟူသည့်ကျမ်းပိုဒ် ပြန်ပေါ်လာသည်(ယော ၂း၁၇)။ စိတ်အားထက်သန်ခြင်း၊ စွဲလန်းခြင်းစိတ်ရှိလျှင် ထိုစိတ်က အကြံအစည်၊ အချိန်၊ ခွန်အား၊ ဝါသနာနှင့် ရှိသမျှ အရာအားလုံးတို့ကို အကုန်ဝါးမျိုပစ်လိမ့်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်အတွက်စိတ်အားထက်သန်ခြင်းရှိလျှင် ပြုလေသမျှတို့သည် ဘုရားအတွက်ဖြစ်ရမည်၊ အကြွင်းမဲ့လုပ်ဆောင်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့အပြင် “ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည်မဟုတ်၊ ဓားကို စေလွှတ်အံ့သောငှါ ငါလာသတည်း”(မ ၁၀း၃၄)ဟု မိန့်ခြင်းနှင့် “ဓားမရှိသောသူ သည် အဝတ်ကိုရောင်း၍ ဓားကိုဝယ်စေ”(လု ၂၂း၃၆)ဟု မိန့်ခြင်းသည် ဇေလုတ် ခံယူ ချက်ရှိမှန်း ပေါ်လွင်လှသဖြင့် ယေရှုကို လူတချို့တို့က ဇေလုတ်ဟုပင် သမုတ်လိုကြ သည်။ သို့သော် ယေရှု၌ ဇေလုတ်ခံယူချက်ရှိခြင်းသည် အစိုးရကိုပုန်ကန်ရန်၊ လူ သတ်ရန်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော် ထင်ရှားစေရန်အတွက်သာဖြစ်သည်။

ပိလတ်မင်းက လူထုထံ ယေရှုကို လွှတ်ရမလား၊ ဗာရဗ္ဗကို လွှတ်ရမလားဟု မေးသည့် ထိုဗရဗ္ဗနှင့် ယေရှု၏ဘေးနှစ်ဘက်၌ ချိတ်ဆွဲခြင်းခံရသည့် လူနှစ်ယောက်တို့ကိုလည်း ဇေလုတ်ဖြစ်လိမ့်မည်ဟု ယူဆကြသည် (မာ ၁၅း၁၆-၂၆)။ ယေရှုက အခွန်နှင့်ပတ်သက်၍ င်ငံသားဖြစ်လျှင် ကဲသာဘုရင်၏ဥစ္စာကို ကဲသာဘုရင်ထံပေးရန်နှင့် ဘုရားသခင်၏ဥစ္စာကို ဘုရားသခင်ထံပေးရန် မိန့်ဆိုခြင်းသည် အခွန်မှန်မှန်ပေးရန်နှင့် အစိုးရကို ပုန်ကန် ခြင်းမပြုရန် ဇေလုတ်များအား မှာကြားခြင်းလည်းဖြစ်သည်(မ ၂၂း၂၁၊ မာ၁၂း၁၇ လု ၂၀း၂၅)။ ရန်သူများကိုချစ်ရန် မိန့်ဆိုခြင်းသည် လူအားလုံးအပြင်ဇေလုတ်များနှင့် အထူးသဖြင့် တပည့်တော်ရှိမုန်ဇေလုတ်ကို ဆုံးမခြင်းဖြစ်နိုင်သည် (မ ၅း၄၄၊ လု ၆း၂၅)။ ပါးတစ်ဖက်အရိုက်ခံရလျှင် ကျန်တစ်ဖက်ကိုလည်း လှည့်ပေး လိုက်ပါဟု မိန့်ဆိုခြင်းသည် ဇေလုတ်များအနေဖြင့် ကာယကံမြောက်မကျူးလွန်ဘ ခွင့်လွှတ်ခြင်းကိုစွဲကိုင်ရန် သွန်သင်ခြင်းဖြစ်သည်(မ ၅း၃၉)။ သို့ဖြစ်၍ ယေရှုနှင့် တပည့်တော်များသည် နိုင်ငံရေးသမားနှင့် တော်လှန်ရေးသမားများမဟုတ်မှန်း ပေါ် လွင်ထင်ရှားလှသည်။

ပေါလုနှင့်ဇေလုတ်

ပေါလုကို ဇေလုတ်ဟူ၍ သတ်မှတ်ခြင်းမရှိသော်လည်း သူ၏ပြုမူပုံတချို့နှင့် စိတ်နေသဘောကိုကြည့်လျှင် ဇလုတ်တစ်မျိုးဖြစ်မှန်း တွေ့မြင်နိုင်သည်။ အစိုးရကို မပုန်ကန်သော်လည်း ဘုရားသခင်ဘက်၌ စိတ်အားကြီးသဖြင့် ခရစ်ယာန်များကို နှိပ်စက်သတ်ဖြတ်ခြင်းဖြစ်သည်။

ဂလာတိ ၁း၁၄နှင့် တမန်တော် ၂၂း၃ ကို ကြည့်လျှင် “ဘိုးဘေးတို့၏လက်မှ ငါခံရသော နည်း ဥပဒေဘက်၌အထူးသဖြင့် စိတ်အားထက်သန်လျက်” ဟူသည့်စကားနှင့် “ဘုရားသခင်ဘက်၌ စိတ်အားကြီးသဖြင့်”ဟူသည့် စကားတို့တွင် ဂရိစကား “zelotes”ကို သုံးနှုန်းသည်။ သို့ဖြစ်၍ ပေါလုသည် အသက်တာ မပြောင်းလဲမီကပင် ဘုရားသခင်ဘက်၌ စိတ်အားအလွန်ထက်သန်သော ဇလုတ်တစ်ဦး ဖြစ်ကြောင်းတွေ့ရသည်။ ဘုရားသခင်နှင့် ဘိုးဘေးတို့၏ နည်း ဥပဒေများကို စောင့်ထိန်းလိုဇောဖြင့် ခရစ်ယာန်များ ကို နှိပ်စက်ညှဉ်းပန်း၍ ယေရှု၏အသင်းတော်ကိုပင် ချေမှုန်းဖျက်ဆီးလိုမိခြင်းဖြစ်သည်။

ဤသို့ စိတ်အားကြီးလွန်းသဖြင့် သတေဖန်ကို ကျောက်ခဲဖြင့်ပစ်သတ်ကြရာ၌ ရှေ့ဆုံးမှပါဝင်သည်(ဂလာ ၁း၁၃၊ တ ၇း၅၈)။ ထို့အပြင် ယေရှု၏တပည့်တော်များကို ညှဉ်းဆဲခြင်းဖြင့် ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်သူဖြစ်လိမ့်မည်ဟု ထင်မြင်မိသဖြင့် အသင်းတော်ကို ညှဉ်းဆဲဖျက်ဆီးခြင်းဖြစ်သည်(ဖိ ၃း၅-၆)။ နောက်ဆုံးတွင် ပေါလု သည် ၎င်းကဲ့သို့ စိတ်အားထက်သန်သူတချို့တို့၏ လက်ချက်ဖြင့် အသတ်ခံရသည် (တ ၂၃း၁၂၊ ၂၁)။

ပေါလုသည် အသက်တာမပြောင်းလဲမီကပင် ဘုရားသခင်အတွက် စိတ်အား ကြီးသူဖြစ်သကဲ့သို့ ပြောင်းလဲပြီးချိန်တွင်လည်း ယေရှုအတွက် စိတ်အားကြီးသူဖြစ် သည်။ ယေရှုအတွက် စစ်မှန်သော စိတ်အားကြီးခြင်းကို သိရှိပိုင်ဆိုင်သည့် အစိုးရကို ပုန်ကန်ရန်နှင့် လူသတ်ရန် စိတ်ပင်မကူးတော့ချေ။ မကောင်းသောလုတ်များကဲ့သို့ မပြုမူတော့ဘဲ အစိုးရကို နာခံရန်နှင့် လူတိုင်းထံသို့ ကယ်တင်ခြင်း ရန်သာကြီး စားအားထုတ်သည်(ရော ၁၃း၁-၅)။ ပေတရုကလည်း အစိုးရကို ပုန်ကန်မည့်အစား ဆုတောင်းပေးရန်သာ တိုက်တွန်းသည်(၁ပေ ၂း၁၃-၁)၊ စိတ်အားထက်သန်ခြင်း သည် မရှိမဖြစ်အရေးကြီးသည်။ သို့သော် ယေရှုခေတ် ဇေလုတ်များကဲ့သို့မဟုတ်ဘဲ ယေရှု၏ဘုန်းတော် သာ၍ထင်ရှားရန်သာ ဖြစ်စေရပါမည်။

တမန်တော် ရှိမုန်ဇေလုတ်

တိုင်းပြည်နှင့်လူမျိုးအတွက် အသက်စွန့်ရဲသူများအနက် ရှိမုန်သည် ခေါ်ခြင်း ခံရပြီး ယေရှု၏ တမန်တော်(၁၂)ပါးထဲတွင် ပါဝင်လာသည်။ သူ့ကို ရှိမုန်လုတ်ဟု ခေါ်ကြသည်။

မဿဲသည်ရောမအစိုးရ၏အခွန်မှူးဖြစ်သဖြင့်ရှိမုန်ဇေလတ်က အလွန်မုန်းတီးမိလိမ့်မည် ဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အရှေ့နှင့်အနောက်ပမာဆန့်ကျင်ဘက်ဖြစ်သည်။ ယေရှုကသာ မရွေးကောက်ပါက အတူတူနေနိုင်ကြမည်မဟုတ်ပေ။ ပေတရုသည် စိတ်လက်မြန်ဆန်သူဖြစ်သည်။ ယောဟန်သည် အေးအေး နေသူဖြစ်သည်။ နာသနေလသည် စဉ်းစားဆင်ခြင်သူဖြစ်သည်။ ဖိလိပ္ပုသည် နှုတ်မြန်သူ ဖြစ်သည်။ အန္ဒြေသည် အကောင်းမြင်သူဖြစ်သည်။

သောမ သည် သံသယကြီးသူဖြစ်သည်။ ယုဒရှကာရုတ်သည် လောဘကြီးသူဖြစ်သည်။ ရှိမှန်ဇေလုတ်သည် စကားနည်း၍ ရဲရင့်သူဖြစ်သည်။ ထိုသို့ စရိုက်မျိုးစုံရှိသဖြင့် တမန် တော်များသည် တစ်သဘောတည်းဖြစ်ရန် အလွန်ခဲယဉ်းလိမ့်မည်ဖြစ်သည်။

ယေရှုသည် တမန်တော်(၁၂)ပါးတို့၏အကြောင်းကို မိတ်ဆက်ပြောဆိုရာ၌ ရှိမှန်ဇေလုတ်နှင့် ပတ်သက်၍ သီးသန့်ပြောဆိုချက် မတွေ့ရပေ။ ရှိမုန်လုတ်သည် တမန်တော်အဖွဲ့ဝင်ဖြစ်လာသောအခါ သူ့ကိုသူ မည်သို့မိတ်ဆက်ရမှန်းမသိဘဲ အစိမ်း ၊ သက်သက်ဖြစ်နေပါမည်။ တမန်တော်များသည် ယေရှုနှင့် ဂါလိလဲပြည်ဝန်းကျင်၌ ကာလရှည်ကျင်လည်သဖြင့် ပေတရုနှင့်အမြွေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် နာသနေလတို့အဖို့ နှစ်ခြိုက်စရာဖြစ်ပါလိမ့်မည်။ အကြောင်းမှာ ၎င်းတို့၏ဇာတိနှင့် မဝေးလှသည့်အပြင် မြစ်ချောင်းအင်းအိုင်၊ ငါးရှာဖားရှာခြင်းနှင့်လည်း အမြဲထိတွေ့ လိမ့်မည်ဖြစ်သည်။ မသဲလည်း ထိုပတ်ဝန်းကျင်တွင် အခွန်ကောက်သူဖြစ်သဖြင့် လူမုန်းများမိစေကာမူ အိမ်ရှင်သဖွယ် ဖြစ်ပါလိမ့်မည်။ ယုဒရှကာရုတ်သည် ထိုနေရာ နှင့် စိမ်းကောင်းစိမ်းလိမ့်မည်ဖြစ်သော်လည်း တမန်တော်အဖွဲ့တွင် ဘဏ္ဍာထိန်းအဖြစ် အတွင်းကျကျပါဝင်သူဖြစ်သဖြင့် ပျော်ရွှင်ပါလိမ့်မည်။

ရှိမုန်ဇေလုတ်အဖို့မှာမူ သူ့ကိုသူမိတ်ဆက်ရန် အလွန်ဝန်လေးမိလိမ့်မည်ဖြစ်သည်။ အကြောင်းမှာ“ကျွန်တော် လက်နက်ကိုင်ဆောင်သူဖြစ်တယ်။ရောမစစ်သားတွေ၊ ခံယူချက်မတူတဲ့သူတွေကို မကြာခဏလုပ်ကြံသူဖြစ်တယ်”စသည်ဖြင့် အမှန်အတိုင်းပြောဆိုပါက အသတ်ခံရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အရာခပ်သိမ်းကိုပြောင်းလဲစေနိုင်သော ယေရှုနှင့်တွေ့သောအခါ အသက်တာပြောင်းလဲပြီး ယေရှုကိုသာ စေ့စေ့ကြည့်ကာ နောက်တော်သို့အမြဲလိုက်သည်။

ရှိမုန်ဇေလုတ် ကွယ်လွန်ခြင်း

သမိုင်းမှတ်တမ်းများအရ ရှိမုန်ဇလုတ်သည် အာဖရိကတိုက်သို့သွားပြီး Mauritania ၌ ဧဝံဂေလိဟောပြောသည်။ Carthage မြို့သို့လည်း သွားရောက်ပြီးနောက် Arimetheu မြို့သား ယောသပ် (ယေရှု၏အလောင်းကို ကောက်ယူသူ)နှင့် အတူ ဗြိတိန်နိုင်ငံသို့ သွားရောက်သည်ဟုဆိုသည်။

ယေရှုမမွေးဖွားမီက ဗြိတိန်နိုင်ငံကို Julius Caesar က သိမ်းပိုက်ဖူးပြီး ရောမ အစိုးရလက်ထက် အေဒီ ၄၃ခုနှစ်တွင် လန်ဒန်မြို့တော်ကို တည်ထောင်သည်။ ပေတရု နှင့် ပေါလုတို့ကိုသတ်သည့် ရောမဘုရင် Nero လက်ထက်တွင် ဗြိတိန်နိုင်ငံသည် ဘုရင်မ Boodiced ၏ဦးဆောင်မှုဖြင့် ရောမလက်အောက်မှ ရုန်းထွက်သည်။ ထိုအချိန် တွင် ဗြိတိန်နိုင်ငံသို့ ရှိမုန်ဇေလုတ် ရောက်ရှိသည်ဟု ဆိုသည်။

အခြားမှတ်တမ်းတစ်ခုတွင် ရှိမုန်နှင့် ယုဒတို့နှစ်ဦး လက်တွဲအမှုတော်ဆောင် ရာတွင် တစ်နေရာ၌ နတ်စားပုရောဟိတ်တချို့ကို နတ်ဘုရားရုပ်တုတချို့နှင့် မြင်တွေ့ ကြသည်။ သူတို့နှစ်ဦးသည် ထိုရုပ်တုများကို ယေရှုက ယေရုရှလင်ဗိမာန်တော်အား ရှင်းလင်းသကဲ့သို့ ရှင်းလင်းဖျက်ဆီးကြသည်။ ထိုအခါ နတ်စားယဇ်ပုရောဟိတ်များ သည် ဒေါသထွက်ကြပြီး ရှိမုန်နှင့် ယုဒတို့ကို ဖမ်းဆီးနှိပ်စက်ကြသည်။ များမကြာမီ တွင် ရှိမုန်ကို မြင်းလှည်းဘီးပေါ်ချည်နှောင်ပြီး လူနှစ်ယောက်က လွှဖြင့် အလျားလိုက် ပိုင်းဖြတ်သည်ဟု ဆိုသည်။

မည်သည့်နေရာ၌ မည်သည့်ပုံစံဖြင့် ကွယ်လွန်သည်ဖြစ်ပါစေ၊ ရှိမုန်လုတ် သည် ယေရှုခိုင်းသမျှကို နာခံလိုက်လျှောက်ပြီး ဧဝံဂေလိတရားကို အစွမ်းကုန်ဟော ပြောမှန်း သိသာထင်ရှားသည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) စိတ်အားထက်သန်ခြင်း(zeal)တခုခု ရှိကြပါစို့။ စိတ်အားထက်သန်ခြင်း တစ်ခုခု မရှိပါက လူ့ဘဝသည် ပျင်းရိငြီးငွေ့စရာနှင့် တန်ဖိုးမရှိသကဲ့သို့ ဖြစ်နေပါမည်။ စိတ်ဝင်စားမှုမဲ့နေလျှင် အပြစ်ကစိတ်ဝင်စားပြီး နေရာယူလိမ့်မည်ဖြစ်သည်။ “အား လပ်လွန်းခြင်းသည် စာတန်မာရ်နတ်၏ အလုပ်ရုံဖြစ်သည်” ဟူသည့် စကားအတိုင်း စိတ်အားထက်သန်မှုမရှိလျှင် စာတန်က အသုံးပြုပါလိမ့်မည်။

၂) သူပုန်ဖြစ်နေပါစေ၊ ဘုရားသခင်က အသက်တာကိုပြောင်းလဲပြီး အသုံးပြု နိုင်သည်။ တိုင်းပြည်နှင့်လူမျိုးအတွက် သေရဲရှင်ရဲသူများကို ဘုရားသခင်က ယေရှု၏ သူရဲကောင်းများဖြစ်စေ၍ ဘုန်းတော်ထင်ရှားရန်နှင့် လူအများအတွက် အကျိုးပြုသူ များဖြစ်စေရန် အသုံးပြုပါလိမ့်မည်။

၃) အသင်းတော်ဖျက်ဆီးဖူးသူများကို ယေရှုက အသင်းတော်ခေါင်းဆောင် အဖြစ် အသုံးပြုနိုင်သည်။ အသင်းတော်သမိုင်းကြည့်လျှင် တမန်တော်ပေါလှမှအစအသင်းတော်ဖျက်ဆီးဖူးသောသူများကို ဘုရားသခင်က အသင်းတော်ခေါင်းဆောင် အဖြစ် အံ့ဩဖွယ်အသုံးပြုကြောင်း တွေ့မြင်ရသည်။

၄) မည်သည့်အရာကိုမဆို စိတ်နှလုံးအကြွင်းမဲ့ဖြင့် လုပ်ဆောင်ကြပါစို့။ စိတ် နှစ်ခွရှိပါက စစ်မှန်သောအောင်မြင်မှု ရရှိနိုင်မည်မဟုတ်ပေ။ ရှိမုန်ဇလုတ်ကဲ့သို့ စိတ် အားထက်သန်စွာ လုပ်ဆောင်ရမည်ဖြစ်သည်။ ရှိမုန်သည် ယေရှုနှင့်မတွေ့မီ ရောမ အစိုးရကို စိတ်အားကြီးစွာပုန်ကန်သဖြင့် “ဇလုတ်” ဟူသည့်နာမည် ရရှိခြင်းဖြစ် သည်။ တမန်တော်ဖြစ်ပြီးနောက်တွင်လည်း ယေရှုနောက်သို့ ပြတ်သားသောဆုံးဖြတ် ချက်ဖြင့် အသက်ဆုံးသည်အထိ လိုက်ပါသွားသည်။

၅) အမှန်တရားအတွက် ရပ်တည်ရဲကြပါစို့။ ရှိမုန်ဇလုတ်ကဲ့သို့ ပြတ်သား သည့်ဆုံးဖြတ်ချက် ချမှတ်နိုင်သူ၊ John Knoxကဲ့သို့ “စကော့တလန်နိုင်ငံ မနိုးထရင် အသေခံလိုက်မယ်”ဟု ဆုတောင်းရဲ သူ၊ Moodyကဲ့သို့ တတ်စွမ်းသမျှဖြင့် အမှုတော်ဆောင်သူ၊ David Lvingstone ကဲ့သို့ နေရာတကာ၌ ဧဝံဂေလိဟောပြောသူ၊ လယ်ထဲ၌ဝှက်ထားသည့် ရတနာကိုတွေ့သဖြင့် ရှိသမျှကိုရောင်းချပြီး ထိုလယ်ကို ဝယ်ယူသူကဲ့သို့ ပို၍အဖိုးတန်သောအရာ(ယေရှု)ကို တွေ့သောအခါ အပြေးလိုက် ရှာတတ်သူခေါင်းဆောင် လိုအပ်လျက်ရှိသည်။

ယာကုပ် – ယေရှု၏ညီ (James – Brother of Jesus)

ယေရှုနှင့် တစ်မိသားစုတည်းဖြစ်လျှင်၊ သို့မဟုတ် ဖအေမတူသော်လည်း ဖခင်တစ်ဦး လက်အောက်မှ အတူတူကြီးပြင်းလျှင်၊ သို့မဟုတ် မအေတူ နို့စို့ဖက်ညီအစ်ကိုဖြစ် လျှင် သူ့ကို မည်ကဲ့သို့ မြင်ကြမည်နည်း။ အတူစား၊ အတူအိပ်၊ အတူဆော့ကစား အတူအလုပ်လုပ်၊ တစ်ခါတလေရန်ဖြစ်လိုက်စသဖြင့် နှစ်ပေါင်း ၃ဝခန့် ယေရှုနှင့် အတူကြီးပြင်းလျှင် မည်သို့ဖြစ်လာမည်နည်း။ ဓမ္မသစ်ကျမ်း ၂ရအုပ်အနက် နှစ်အုပ်ကို ရေးသားသော ယာကုပ်နှင့် ယုဒတို့သည် ယေရှုနှင့်အတူ ထိုကဲ့သို့ကြီးပြင်းလာကြ သည်။

မာရိသည် လူတချို့တို့ပြောသကဲ့သို့ တစ်သက်လုံးအပျိုစင်မဟုတ်ဘဲ ယေရှု မွေးဖွားချိန်အထိသာ အပျိုစင်ဖြစ်သည်(မ ၁း၂၅။ ယေရှုကိုမွေးပြီးနောက် ခင်ပွန်း ယောသပ်နှင့် ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒနှင့်သမီးနှစ်ယောက်ထက်မနည်း ထပ်မံ မွေးဖွားသည်(မ ၁၃း၅၅၊ မာ ၆း၃)။ သို့ဖြစ်၍ ယေရှုသည် ဘုရားသခင်အဖို့ တစ်ပါး တည်းသောသားတော်ဖြစ်သော်လည်း မာရိအဖို့မူ ထိုသို့မဟုတ် ချေ(ယော ၃း၁၆)။ သားငါးယောက်အနက် ယေရှုသည် အကြီးဆုံးဖြစ်၍ ယောသပ်နှင့်ရသည့် သားလေး ယောက်အနက် ယာကုပ်သည် အကြီးဆုံးဖြစ်သည်။

မာရိကို ထာဝရအပျိုစင်ဖြစ်သည်ဟူသည့် ခံယူချက်ရှိသူများက ယာကုပ်သည် မာရိ၏သားမဟုတ်ဘဲ ယောသပ်၏သားသာဖြစ်သည်။ မာရိနှင့်လက်မထပ်ခင် သော သပ်၌ သားလေးယောက်ရှိပြီး ဖြစ်သည်။ သို့ဖြစ်၍ ယာကုပ်သည် ယေရှု၏ညီအရင်း (brother) မဟုတ်ဘဲ ညီဝမ်းကွဲ(cousin)သာ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော်ဂရိဘာသာဖြင့် ဖော်ပြချက်ကိုကြည့်လျှင် “adelphocs’ (brother) ဟူသောစကားလုံးသုံးနှုန်းသည်။ ညီဝမ်းကွဲဖြစ်ပါက “anepsios’ (Cousin) ဟူသည့်စကားလုံးကိုသုံးနှုန်းလိမ့်မည်ဖြစ်သည်။

ဂရိဘာသာစကား၌ တစ်အူထုံ့ဆင်းညီအစ်ကိုရင်း၊ ‘adelphos’ နှင့် ဝမ်းကွဲ “anepsios” ဟူသည့်စကားလုံးများရှိရာ ယေရှုနှင့် ယာကုပ် ဆက်စပ်မှုကို “adelphos’ ဟူသည့် စကားလုံးဖြင့်သာ ဖော်ပြပြီးသည် “anepsios’ ဟူသည့်စကားလုံး တစ်ကြိမ်မျှပင် မသုံးနှုန်းဖူးပေ။ သို့ဖြစ်၍ ယာကုပ်သည် ယေရှု၏ တစ်အူထုံဆင်းညီအရင်း (မ‌အေတူ) ဖြစ်မှန်း ပေါ်လွင်ထင်ရှားသည်။ Josephus ကိုယ်တိုင် ကလည်း ယာကုပ်ကို “ယေရှု၏ ညီ” ဟုသာ ဖော်ပြလေ့ရှိသည်။ ထို့အပြင် အေဒီ ၂ရာစုခေတ် နာမည်ကျော်ခရစ်ယာန် စာရေးဆရာ Hegesippus ကလည်းယေရှု၏ညီအရင်းများကိုဖော်ပြရာ၌ ဟု သုံးနှုန်းပြီး ဝမ်းကွဲများကို ဖော်ပြရာ၌ “adelphos’ဟု တိတိကျကျ ခွဲခြားသုံးနှုန်း သည်။

ယေရှု၏ခေတ်တွင် ယုဒပြည်၌ ယောသပ်ဟူသည့်နာမည်ကို ယောက်ျား အယောက်(၁၀၀) လျှင် (၁၄)ယောက်ကလည်းကောင်း၊ ယေရှုဟူသည့် နာမည်ကိုအယောက်(၁ဝဝ) လျှင် (၉)ယောက်ကလည်းကောင်း၊ယာကုပ်ဟူသည့် နာမည်ကို အယောက်(၁၀၀) လျှင် (၂) ယောက်ကလည်းကောင်း မှည့်ခေါ်ကြသည်ဟုဆိုသည်။ ယာကုပ်ဟူသည့်နာမည်ကို ဓမ္မသစ်ကျမ်း တွင် (၄၂)ကြိမ် တွေ့ရပြီး နာမည်ပိုင်ရှင် လူလေးယောက်ရှိသည်။ ၎င်းတို့မှာ ၁)ယာကုပ်၊ ယောဟန်၏အစ်ကို၊ ၂)ယာကုပ်၊ ယေရှု၏ညီ၊ ၃)ယာကုပ်၊ အာလဖဲ ၏သား(မ ၁၀း၃)၊ နှင့် ၄) ယာကုပ်၊ တမန်တော်ယုဒ၏ဖခင်(လု ၆း၁၆၊ တ ၁း၁၃) တို့ဖြစ်ကြသည်။ ထို ယာကုပ်များအနက် ယခုဖော်ပြသည့် ယေရှု၏ညီယာကုပ်၏နာမည်ကို (၁၁)ကြိမ် တွေ့နိုင်သည်။ ယာ

ယာကုပ်ဟူသည် ဟေဗြဲဘာသာဖြင့် “Jacob’ ဖြစ်၍ ဂရိဘာသာဖြင့် “Jakobus” ဖြစ်သည်။ လက်တင်ဘာသာဖြင့် ‘Jacomus” ဟု ပြန်ဆို၍ လက်တင်မှ စပိန်ဘာသာဖြင့် “Joine’ ဟုပြန်ဆိုသည်။ သို့သော် KJV ပြန်ဆိုသူများက “James” ဟုသာ ပြန်ဆိုကြသည်။ အဓိပ္ပာယ်မှာ “လိမ်ညာသူ၊ သို့မဟုတ် “ခြေဖနောင့်ကိုင်သူ’ ဖြစ်သည်။

ယာကုပ်၏ အသက်တာဟောင်း

လူများစွာတို့က ယေရှုကိုလိုက်ကြပြီး လူတချို့က ဘုရားသခင်၏ဘိသိက်ခြင်း ခံရသူ မေရှိယ (ခရစ်တော်)ဟု လက်ခံကြသည့်အချိန်တွင် ယာကုပ်ကမူ လုံးဝလက် မခံနိုင်ချေ။ ယေရှုကို ဆွေမျိုးများက “အရူး”ဟု သမုတ်ကြသည့်အပြင်(မ ၃း၂၁၊ ယော ၇း၅) မိသားစုနှင့် ရပ်ရွာကလည်း လက်မခံနိုင်ကြပေ(မာ ၆း၄ လု ၄း၁၆-၂၄)။ “သူ သည် လက်သမားသားမဟုတ်လော။ သူ့အမိကား မာရိအမည် ရှိသည်မဟုတ်လော။ သူ့ညီကား ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဟု ဆိုကြသည်မဟုတ်လော။ သူ့နှမများ တို့သည်လည်း ငါတို့အနီးအပါး နေကြသည်မဟုတ်လော။ ဤသူသည် ဤအရာများ ကို အဘယ်မှာရသနည်း”ဟူ၍ ပွစိပွစိပြောကြသည်(မာ ၁၃း၅၅-၅၆)။ ယေရှုကို သူ၏ ရပ်ရွာသာမက အခြားရပ် ရွာများကလည်း လက်မခံနိုင်ကြချေ(ယော ၁း၄၅၊ ၇း၅၂)။

ယေရှုကို အဘယ်ကြောင့်လက်မခံနိုင်ကြနည်း။အကြောင်းမှာသူသည်သာမန် ကလေးတစ်ယောက်ကဲ့သို့သာ ကြီးပြင်းလာသောကြောင့်ဖြစ်သည်။ ပညာဉာဏ်နှင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ရရှိခြင်းကလွဲ၍ အခြားကလေးများထက် ထူးခြားမှု၊ နိမိတ်လက္ခဏာပြုမှုစသည်တို့ မရှိပေ။ သူငယ်သည်လည်း ကြီးပွား၍ ပညာဉာဏ် သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ ကျေးဇူးတော် သည်လည်း သူ့ပေါ်၌တည်၏(လု ၂း၄၀)။ ယေရှုသည် လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏(လု ၂း ၅၂) သို့ဖြစ်၍ ယာကုပ်နှင့် ရွာသားများအဖို့ ယေရှုသည် သာမန်လူသာဖြစ်သည်။ ယေရှု၏ ပထမဆုံးနိမိတ်လက္ခဏာပြုမှုသည် ကာနမြို့ မင်္ဂလာဆောင်ပွဲတွင်ရေကိုစပျစ်ရည် ဖြစ်စေခြင်းပင်ဖြစ်သည်(ယော ၂း၁၁)။

ယေရှုသည် ဘုရားသားဖြစ်သော်လည်း ဆင်းရဲဒုက္ခနှင့်ကြီးပြင်းပြီး နာခံတတ် ခြင်းကို လင်ယူသည်(ဟေဗြဲ ၅း၈)။ လူသားများနည်းတူ စုံစမ်းခြင်းမျိုးစုံကို တွေ့ရသော်လည်း အပြစ်မလုပ်ပေ။ ငါတို့ ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲ ဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူ ဖြစ်တော်မူ၏။ သို့ရာ တွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏(ဟေဗြဲ ၄း၁၅)။ သူသည် အပြစ်နှင့်ကင်းစင်၍၂ကော ၅း ၂၁) မုသားစကားမသုံးသူဖြစ်သည်(၁ပေ ၂း၂၂)။ သို့သော် မိဘလက်အောက်မှ သာမန် လူပမာ အတူ ကြီးပြင်းကြသောကြောင့် ယာကုပ်အနေဖြင့် ယေရှုကို ဘုရားအဖြစ် လက်မခံနိုင်ခြင်းဖြစ်သည်။

အပြစ်မလုပ်၊ မုသားမပြော၊ ဘုရားရှေ့နှင့် လူတို့ရှေ့၌ မျက်နှာရသော လူတစ် ယောက်ကို အစ်ကိုတော်ရခြင်းသည် ယာကုပ်အဖို့ အနေကျဉ်းကျပ်လိမ့်မည် ဖြစ် သည်။ မာရိကလည်း သားသမီးများကို ဆုံးမရာ၌ အစ်ကိုကြီးယေရှုကို အတုယူကြပါ ဟု မကြာခဏပြောမည်ဖြစ်သဖြင့် ယောကုပ်သည် ယေရှုကို တစ်ခါတစ်ရံ အမြင်ကပ် မိလိမ့်မည်ဖြစ်သည်။ သို့ဖြစ်ရာ ယေရှုသည် မယုံကြည်သူများအဖို့ အမြင်ကပ်မုန်းတီး စရာနှင့် ယုံကြည်သူများအဖို့မူ ချစ်စရာ၊ အတုယူစရာဖြစ်သည်။

ယာကုပ်၏ အသက်တာသစ်

သန့်ရှင်းသောဝိညာဉ်တော် အလုပ်မလုပ်လျှင် မည်သူမျှ အသက်တာမပြောင်း လဲနိုင်၊ ယေရှုကို မတွေ့၊ မယုံကြည်နိုင်ကြပေ(ယော ၃း၅-၇)။ ယေရှုကို သိကြမြင်ကြ သည့်တိုင် ထိုအသိအမြင်ကပင် ဝိညာဉ်မျက်စိကို ကွယ်စေသည်(မ ၁၃း၅၅-၅၆)။

သို့သော် ဝိညာဉ်တော် အလုပ်လုပ်လျှင်မူ မပြောင်းလဲနိုင်သူ တစ်ယောက်မျှမရှိချေ။ ယခင်က “ငါ့အစ်ကို ဟာအရူးပဲ”ဟုပြောသော ယာကုပ်သည် ယခုတွင် “ငါအစ်ကိုဟာ သခင်ပဲ”ဟု ပြောနိုင်သည်။

ယေရှု အသေမခံမီအထိ ၎င်း၏မွေးချင်းများ က မယုံကြည်ကြသော်လည်း သေခြင်းမှ ရှင်ပြန်သောအခါတွင်မူ မငြင်းနိုင်ကြတော့ပေ။ ယုံကြည်ကြသည့်အချိန်ကို အတိအကျမသိရသော်လည်း ယာကုပ်နှင့်လူငါးရာကျော်အပေါ်၌ ကိုယ်ထင်ပြသည့်အချိန် ဖြစ်နိုင်သည်။ ငါသည် ကိုယ်တိုင် ခံယူသည့်အတိုင်း သင်တို့အား ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သဂြိုဟ်ပြီးမှ ကျမ်းစာလာသည်အတိုင်း သုံး ရက်မြောက်သောနေ့၌ ပြန်ရှင်တော်မူ၏။ ကေဖသည် ကိုယ်တော်ကိုမြင်ပြီးမှ တစ်ကျိပ်နှစ်ပါးသောသူတို့သည် မြင်ရကြ၏။ ထို့ နောက် ညီအစ်ကိုငါးရာမက တစ်ပြိုင်နက်မြင်ရကြ၏။ ထိုသူတို့တွင် အများသောသူ တို့သည် ယခုတိုင်အောင် အသက်ရှင်ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။ ထို့နောက် ယာကုပ်မြင်ရ၏( ၁ကော ၁၅း၃)။ ယာကုပ်သည် ယေရှုကို သခင်အဖြစ်လက်ခံ ပြီးနောက် အမိန့်နာခံသည်။ ဝိညာဉ်တော် ဆင်းသက်လာမည့်အချိန်ကို ယေရုရှလင်မြို့၌ မိခင်မာရီ၊ မိန်းမ တချို့၊ ညီအစ်ကိုများ၊ တမန်တော်များနှင့် အတူ ဆုတောင်းရင်း စောင့်စားနေကြသည်(တ ၁း၁၄)။

သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်လာသောအခါ အသင်းတော်တည်ထောင်ရာ ယာကုပ်သည် အသင်းတော်တည်ထောင်သူများထဲတွင် ပါဝင်လာသည်။ များမကြာမီတွင် အသင်းတော်ခေါင်းဆောင်ကြီးဖြစ်လာပြီး အသက်တာတစ်ခုလုံးကိုယေရှု အတွက် အကြွင်းမဲ့ဆက်ကပ်သည်။ ကျမ်းစာ၌ ယာကုပ်၏ ကိုယ်ရေးအကြောင်းနှင့် ပတ်သက်၍ ပေတရုနှင့် တမန်တော်များနည်းတူ အိမ်ထောင်ရှိခြင်းကလွဲပြီး များများ မဖော်ပြပေ(၁ကော ၉း၅)။

အသင်းတော်ခေါင်းဆောင် ယာကုပ်

ကမ္ဘာ့ပထမဆုံးနှင့် အကြီးဆုံးသောအသင်းတော်တစ်ပါးဖြစ်သည့်ယေရုရှလင် အသင်းတော်၌ ခေါင်းဆောင်ကြီးသုံးဦးရှိရာ၎င်းတို့မှာယာကုပ်၊ ပေတရုနှင့် ယောဟန် တို့ဖြစ်သည်(ဂလာ ၂း၉)။ ပေတရုနှင့် ယောဟန်တို့ မကြာခဏ ခရီးထွက်လေ့ရှိကြ သဖြင့် ယာကုပ်သည် အိမ်ရှင်သဖွယ်ဖြစ်လာကာ နောက်ပိုင်းတွင်လည်း သြဇာအရှိ ဆုံးဖြစ်လာသည်(တ ၁၂း၁၇၊ ၁၅း၁၃၊ ဂလာ ၂း၁၂) အေဒီ ၃ဝဝပြည့်ကျော်ခန့်က အသင်းတော်သမိုင်းပညာရှင်ဖြစ်သူ Eusebius က အသင်းတော်၏ ပထမဆုံးခေါင်းဆောင်သည် ယာကုပ်ဖြစ်သည်ဟု ပြောဆိုသည်။ အသင်းတော်ကို ပေတရုကဦးဆောင်သည်ဟု လုံးဝမပြောပေ။ ထို့အပြင် အလက် ဇာ်မြို့သား Clement(အေဒီ ၁၅ဝ-၂၁၅)၏စကားကို ပြန်လည်ပြောဆိုရာ၌ တမန်တော်များဖြစ်ကြသည့် ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့က ယေရှု၏ညီယာကုပ်ကို ယေရုရှလင်အသင်းတော်၏ ပထမဆုံးဂိုဏ်းအုပ်အဖြစ် ရွေးချယ်သည်ဟုဆိုသည် (Historia Ecclesia, 2.1.3).

ပေါလုသည် အသက်တာပြောင်းလဲပြီး သုံးနှစ်အကြာတွင် တမန်တော်များကိုတွေ့ရန် ယေရုရှလင်မြို့သို့ သွားရောက်သည်။ သို့သော် အခြားတမန်တော်များမရှိဘဲ ပေတရုနှင့် ယေရှု၏ညီ ယာကုပ်နှင့်သာတွေ့ရသည်(ဂလာ ၁း၁၈-၁၉)။

ပေတရုသည် အဖမ်းခံရပြီး သေမိန့်ကျနေသည်။ သို့သော် ကောင်းကင်တမန်က အံ့သြဖွယ်ရာ ကယ်တင်သဖြင့် ပြန်လွတ်လာသည်။ ထို့နောက် သူ့အဖို့ ဆုတောင်းပေးသူများထံ သွားရောက်ကာ “သင်တို့သွား၍ယာကုပ်နှင့်ညီအစ်ကိုတို့အားဤအကြောင်းများကို ပြန်ကြားကြလော့”ဟု ခိုင်းလိုက်သည် (တ ၁၂း၁၇)။ ယေရုရှလင်အသင်းတော်၌ ယာကုပ်သည် ခေါင်းဆောင်ဖြစ်သဖြင့် ယာကုပ် ထံသို့ အစီရင်ခံရခြင်းဖြစ်သည်။

ပထမဦးဆုံး အသင်းတော်ကောင်စီဖြစ်သည့် ယေရုရှလင်ကောင်စီ၌ အကြောင်း အရာတစ်ခုကို အချေအတင်ဆွေးနွေးကြသည်။ ယင်းမှာ ယေရှုကိုယုံကြည်သည့် တစ်ပါးအမျိုးသားများသည် အရေဖျားလှီးရန်လို၊ မလိုနှင့် မောရှေ၏ပညတ်တော်များ ကို လိုက်နာရန်လို၊ မလိုဖြစ်သည်။ ဤကိစ္စနှင့်စပ်လျဉ်းပြီး ပေါလုက ယေရုရှလင် အသင်းတော်၌ ခေါင်းဆောင်ကြီးသုံးဦးရှိသည်ဟု ပြောသည်။ ပေတ ရု၊ ယောဟန်နှင့် ယေရှု၏ညီ ယာကုပ်တို့အား ဆိုလိုခြင်းဖြစ်သည်(ဂလာ ၂း၉)။

တစ်ပါးအမျိုးသားများသည် အရေဖျားလှီးရန်မလို၊ မောရှေ၏ပညတ်တော် များကို လိုက်နာရန်မလိုဟူသည့် ယေရုရှလင်ကောင်စီ၏ဆုံးဖြတ်ချက်ကို အနယ်နယ် အရပ်ရပ်ရှိ အသင်းတော်အသီးသီးသို့ အကြောင်းကြားကြသည်။ ထို့နောက် ပေါလု နှင့် ဗာနဗတို့ကို အန္တိအုတ်မြို့သို့ ပြန်ခိုင်းကြသည်။ ဤဆွေးနွေးပွဲ၌ ယာကုပ်သည် အဓိကဆွေးနွေးသူနှင့် ဆုံးဖြတ်ချက်သူတစ်ဦးဖြစ်သည်(တ ၁၅း၁၃-၁၅)။

သို့ဖြစ်၍ ယာကုပ်သည် အသင်းတော်တည်ထောင်ချိန်မှစပြီးခေါင်းဆောင်အဖြစ်တာဝန်ယူသည်။ အသင်းတော် အစပျိုးချိန်ဖြစ်သဖြင့် အခက်အခဲနှင့်ဆန့်ကျင်မှုများစွာ ရင်ဆိုင်ရသည်။ ထိုကြားထဲတွင်လွှဲမှားသောခံယူချက်ရှိသူနှင့် ပတ်ဝန်းကျင်မှ တိုက်ခိုက်မှုမျိုးစုံ ဝင်ရောက်လာသည်။ သို့သော် ယာကုပ်သည် အသင်းတော်ကို သစ္စာရှိရှိ ကွယ်ကာပေးသည်။ သတ္တိရှိရှိ ရပ်တည်ပေးသည်။ ဤသို့ဖြင့် ယေရုရှလင် အသင်းတော်ကို သေဆုံးချိန်အထိ နှစ်ပေါင်း(၃၀)ခန့် တိုင်တိုင် ဦးဆောင်သည်။ ပေါလုသည် ယေရုရှလင်ကောင်စီ ဆွေးနွေးပွဲအပြီး ဆယ် နှစ်အကြာတွင် ယေရုရှလင်မြို့သို့ တစ်ဖန် ပြန်သွားရာယာကုပ်နှင့် တွေ့ဆုံသေးသည် (တ ၂၁း၁၈)။

ကျမ်းစာကို ရေးသားသော ယာကုပ်

ယာကုပ်သည် ယုံကြည်သူများကို “ခရစ်တော်၌ ညီအစ်ကိုများ’ ဖြစ်မှန်း သဘောပေါက်လွန်းသဖြင့် “ညီအစ်ကိုတို့ ́ဟု နှုတ်ဆက်လေ့ရှိသည်။ သူ၏ အနည်း ငယ်သောပေးစာများထဲတွင် ဤစကားလုံးကို (၁၅)ကြိမ်ခန့်သုံးနှုန်းသည်။ ပေါလုက လည်း ဤစကားလုံးကို နှစ်သက်လှသဖြင့် သူ၏ပေးစာများထဲတွင် အကြိမ်(၁၀၀)ခန့် သုံးနှုန်းသည်။ သို့သော် ခံယူချက်အမှားရှိသူများကိုမူ “ညီအစ်ကိုတို့ ́ဟူ၍ တစ်ကြိမ် မျှင်ပင်မခေါ်ချေ။

တစ်ခါက တရားဟောနေသောယေရှုကို မယ်တော်မာရိနှင့် သူ၏သားများ (ယာကုပ်တို့ညီအစ်ကို)က ပုံမှန်စိတ်မရှိသူဟု မြင်ကြသဖြင့် လူတစ်ယောက်ကို စေ လွှတ်ပြီး လူထုကြားထဲမှ ဤသို့ခေါ် ခိုင်းကြသည်။ “မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်နှင့်နှုတ်ဆက်လို၍ ပြင်မှာရပ်နေကြပါ၏” ဟုပြောသည်။ ထိုအခါ ယေရှုက “ငါ့အမိ၊ ငါ့ညီကား အဘယ်သူနည်း။ … ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း”ဟု ပြန်ပြော သည်(မ ၁၂း၄၅-၅ဝ)။ ထိုစကားကို ယာကုပ်က အမြဲမှတ်မိသဖြင့် ယုံကြည်သူများထံ စာရေးတိုင်း “ညီအစ်ကိုတို့ ́ ဟု သုံးနှုန်းလေ့ရှိသည်။

ယာကုပ်သည် သူ၏ပေးစာ (ရှင်ယာကုပ်သြဝါဒစာ)ထဲတွင် ယုံကြည်ချက်အတိုင်း အသက်ရှင်ပြုမူရေးကို “နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကို ကျင့်သောသူဖြစ်ကြလော”(ယာ ၁း၂၂)၊ “အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်” (ယာ ၂း၂၀)ဟူ၍ဦးစားပေးရေးသားသည်။

ပေးစာထဲတွင် ဓမ္မဟောင်းကျမ်းကို အကြိမ်(၄၀)ကျော်နှင့် ယေရှု၏ တောင်ပေါ်ဒေသနာတော်ကို အကြိမ်(၂၀)ခန့် ပြန်လည်ထည့်သွင်းသည်။ ပေးစာ၌ အခန်းကြီး(၅)ခုနှင့် အပိုဒ်ငယ် (၁၀၈)ခုသာ ပါရှိသော်လည်း အဆီအနှစ်ပြည့်လှသည်။ ထို့အပြင် ခရစ်ယာန်များ ပုံသက်သေကောင်းဖြင့် အသက်ရှင်နိုင်ရေးအတွက် သွန်သင်စေခိုင်းချက်အကြိမ်(၅၀)ကျော်ပါရှိသည်။ သို့ဖြစ်၍ ရှင်ယာကုပ်ဩဝါဒစာကို ကျမ်းတတ်ပုဂ္ဂိုလ်များက ဓမ္မသစ် ၏ သုတ္တံကျမ်းဟုပင် သတ်မှတ်ကြသည်။

ခေါင်းဆောင်ကောင်းယာကုပ်၏ ပုံသက်သေကောင်းတချို့

ဘုရားသခင်၏အမြင်၌ဖြစ်စေ၊ လူတို့၏အမြင်၌ဖြစ်စေ မှတ်တမ်းတင်လောက် သည့် ခေါင်းဆောင်တစ်ဦးဦးသည် အခြားလူများနှင့်မတူဘဲ ပုံသက်သေကောင်းတချို့ ပိုင်ဆိုင်လေ့သည်။ ဥပမာ အခြားသူများထက် ပို၍နှိမ့်ချခြင်း၊ လုံ့လဝိရိယရှိခြင်း၊ တည် ကြည်ဖြောင့်မတ်ခြင်း၊ ကြိုးစားအားထုတ်ခြင်း စသည်ဖြင့်။ သို့ဖြစ်ရာ ယာကုပ်၏ အသက်တာ၌လည်း ပုံသက်သေကောင်းတချို့တွေ့ရသည်။

နှိမ့်ချခြင်း

ယာကုပ်သည် ယေရှု၏ညီဖြစ်ပြီး ယေရှုနှင့် အတူတကွကြီးပြင်းသူလည်းဖြစ် သည်။ ကနဦးအသင်းတော်ဖြစ်သည့် ယေရုရှလင်အသင်းတော်၏ သင်းအုပ်ဆရာ ဖြစ်၍လူတို့၏ရိုသေလေးစားမှု ရရှိသူလည်းဖြစ်သည်။ သို့သော် သူ၏ပေးစာထဲတွင် သူ့ကိုသူ ယေရှု၏ကျွန်ဟုသာ သုံးနှုန်းသည်(ယာ ၁း၁)။ အကယ်၍ မိမိတို့သည် ယာကုပ်၏နေရာ၌ရှိလျှင် မည်သို့သုံးနှုန်းကြမည်နည်း။

ဖြောင့်မတ်ခြင်း

အသင်းတော်သမိုင်းများထဲတွင် ယာကုပ်ကို “Jomes the just ́ ဟူ၍ ဖော်ပြ သည်။ ဖြောင့်မတ်ခြင်းတရား၊ တည်ကြည်ခြင်းတရားနှင့် သစ္စာတရားကို လက်ကိုင် ထားသဖြင့် ထိုသို့ဖော်ပြခြင်းဖြစ်နိုင် သည်။ Josephus က ယာကုပ်သည် ကာမဂုဏ် ကိုချုပ်တည်းနိုင်သော “ascetic အမျိုးဖြစ်သည်ဟု ဆိုသည်။ ထိုအမျိုးတို့သည် ဇနီး နှင့် အတူမအိပ်သည်အထိ ကာမဂုဏ်ကို ချုပ်တည်းနိုင်ကြသည်။ ယာကုပ်ကမူ ထိုမျှ အထိမပြုလောက်ချေ(၁ကော ၉း၅)။ သို့သော်ယေရှုသည် ဘုရား၏သားတော်မေရှိယ ဖြစ်သည်ဟူသည့် ယုံကြည်ချက်ဖြင့် ပညတ်တော်များကို အသက်နှင့်အမျှ စောင့်ထိန်း သူဖြစ်သည်။

ပေးစာထဲတွင် ဘုရား၏စကားကို နားထောင် ရန်၊ နှုတ်ကပတ်တော်အတိုင်း ကျင့်ကြံပြုမူရန်၊ ယုံ ကြည်ချက်ကိုအကျင့်တရားအားဖြင့်ဖော်ပြရန်စသည်တို့ကို အလေးပေးဖော်ပြသည်။ ထို့အပြင် အသင်းတော်အတွင်း၌ ထောင်လွှားခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ မျက်နှာလိုက်ခြင်း၊ ငြင်းခုံရန်ဖြစ်ခြင်း၊ အတ္တကြီးခြင်း၊ ကွဲ ပြားခြင်း၊ လောကအရာများကို တပ်မက်လွန်းခြင်း စသည်တို့ မရှိကြရန်လည်း ရှင်းလင်း စွာဖော်ပြသည်။

မေတ္တာထားခြင်း

ယာကုပ်သည် မေတ္တာတရားနှင့် စာနာခြင်းတရားကိုပိုင်ဆိုင်သော သင်းအုပ် ဆရာကောင်းတစ်ပါးဖြစ်သည်။ အထူးသဖြင့် အသင်းတော်အတွင်းရှိ ဆင်းရဲသားများ၊ မုဆိုးမများနှင့် ဒုက္ခရောက်သော သူများကို အလွန်စာနာသည်။ အသင်းသားများကိုကျောသားရင်သားမခွဲခြားဘဲ နွေးထွေးမှုပေးသည်။ အသင်းတော်ဟူသည် ယေရှု၏ ကိုယ်ခန္ဓာဖြစ်သဖြင့် အားလုံးတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သည်။ သို့ဖြစ်၍ အတူ တကွလုပ်ဆောင်ခြင်း၊ ဆုတောင်းခြင်း စသည်တို့ကို အထူးအလေးထားသည်။

ဆုတောင်းခြင်း

ယာကုပ်က ဆုတောင်းခြင်း၏အရေးကြီးပုံကို သိသဖြင့် ပညာကိုလိုလျှင် ဆုတောင်းပါ(ယာ ၁း၅)၊ ကျန်းမာနိုင်ရန် အချင်းချင်းဆုတောင်းပေးကြပါ၊ ဖြောင့်မတ် သူ၏ဆုတောင်းခြင်းသည် အလွန်တန်ခိုးရှိသည်(ယာ ၅း၁၆-၁‌၇) စသည်ဖြင့် ရေးသားသည်။ ဧလိယလည်း မိမိတို့နည်းတူ လူသားဖြစ်သော်လည်း ဆုတောင်းခြင်းဖြင့် အောင်မြင်ခြင်း ရသည်ဟု အသိပေးလိုခြင်းဖြစ်သည်။ သူကိုယ်တိုင် ဆုအလွန်တောင်းသဖြင့် အသင်းတော်သမိုင်းများထဲတွင် ယာကုပ်၏ဒူးခေါင်းသည် ကုလားအုပ်၏ဒူး ဒူးခေါင်းကဲ့သို့ ထူပိန်းရောင်အန်းသည်ဟု ဆိုသည်။

နက်နဲသောနှုတ်ကပတ်တော်ကို နားလည်ခြင်း

ယာကုပ်သည် ဒုက္ခမျိုးစုံခံစားဖူးသော ယေရှုနှင့် အတူတူကြီးပြင်းသည့် အပြင် ယေရှုကို သခင်ဘုရားအဖြစ် လက်ခံယုံကြည်သည်။ ထို့ကြောင့် ခရစ်ယာန်များ နှင့် ပတ်သက်သည့် နက်နဲသောအရာများ၊ အပြစ်နှင့်စုံစမ်းခြင်း၊ ရှုံးနိမ့်ခြင်း၊ ပညတ် တရား၊ ယုံကြည်ခြင်း၊ အသင်းတော်အကြောင်း၊ ထာဝရဘုရားအကြောင်း၊ ခရစ်တော် အကြောင်းနှင့် နတ်ဆိုးများအကြောင်း စသည်တို့ကို ရှင်းလင်းစွာသွန်သင်ပေးနိုင်ခြင်း ဖြစ်သည်။ ထာဝရဘုရားကို နတ်ဆိုးများကပင် ယုံကြည်ခြင်းရှိပုံကို အလေးထားသွန် သင်ပေးခြင်းဖြင့် ဘုရားမဲ့ဝါဒီ (atheist) များနှင့် စစ်မှန်သောတရား (absolute truth) မရှိဟူသည့် ခံယူချက်ရှိသူများ၏ မှားယွင်းမှုကို ထောက်ပြသွားသည်။

ယေရှု၏ညီ ယာကုပ်နှင့် ယေရှု၏တပည့်တော် ယာကုပ်

ယာကုပ်နှစ်ယောက်တို့ကို လူချင်းမှားယွင်းတတ်သဖြင့် ဤနေရာ၌ ယေရှု၏ တပည့်တော်ဖြစ်သည့် ယာကုပ်၏အကြောင်းကို အနည်းငယ်ဖော်ပြပါမည်။

တမန်တော် (၁၂)ဦးထဲတွင် ယာကုပ်အမည် ပိုင်ရှင် နှစ်ဦးရှိသည်။ ၎င်းတို့မှာ ယောဟန်၏အစ် ကို ယာကုပ်နှင့် ယာကုပ်အငယ်ဟုခေါ်သည့် အာလဖဲ၏သားတို့ဖြစ်ကြသည်(တ ၁း၁၃)။ ဤယာကုပ် အငယ်ကို မာရိ၏သားဟုလည်းခေါ်သည်(မာ ၁၅း၄၀)။ ယောဟန်၏အစ်ကို ယာကုပ်သည် တမန်တော်များအနက် အစောဆုံး ကွယ်လွန်သူဖြစ်၍ ယာကုပ်အငယ်၏ ကွယ်လွန်ချိန်ကိုမူ မသိရပေ။

ယာကုပ်အငယ်

ကျမ်းစာ၌ ယာကုပ်အငယ်ကို နာမည်ကလွဲပြီး သူ၏ပြောဆိုချက်၊ လုပ်ဆောင် ချက် စသည်တို့ကို တစ်ခုမျှမတွေ့ရချေ။ သူသည် အေးအေးဆေးဆေးနှင့် စကား နည်းသူဖြစ်နိုင်သည်။ ဦးဆောင်ခြင်းထက် နောက်လိုက်ခြင်းကို ပို၍ပျော်မွေ့ပုံရသည် (နောက်ပိုင်းတွင် ခေါင်းဆောင်ဖြစ်သွားသည်)။ မည်သို့ပင်ဖြစ်စေ၊ ကျမ်းစာထဲ၌ မှတ် တမ်းဝင်သူ၊ လူထောင်ပေါင်းများစွာထဲမှ ခေါ်ခြင်းခံရသူ၊ တမန်တော် (၁၂)ဦးထဲတွင် ပါဝင်သူဖြစ်သဖြင့် သူ၏နာမည်သည် ယေရုရှလင်သစ်၌လည်း ကမ္ဗည်းထိုးခံရမည် ဖြစ်သည်။

ယာကုပ်အငယ်ကို အာလဖဲ၏ဟု ဖော်ပြပြီး(မာ ၃း၁၈) မဿဲကိုလည်း ထိုကဲ့သို့ပင်ဖော်ပြသဖြင့်(မာ ၂း၁၄) သူတို့နှစ်ဦး ညီအစ်ကိုရင်းဖြစ်နိုင်သည်။ အသင်းတော်သမိုင်းတစ်ခုတွင် ယာကုပ်အငယ်ကို “ဇေလုတ်”ဟု ဖော်ပြသည်(ဇေလုတ်၏ အဓိပ္ပာယ်ကို ‘ရှိမုန်ဇလုတ်”ခေါင်းစဉ်၌ ဖော်ပြပြီးဖြစ် သည်)။ ထိုသို့သာဖြစ်ပါက သူတို့နှစ်ဦး မကြာခဏ ရန်ဖြစ်ငြင်းခုံကြလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ မဿဲသည် ရောမအစိုးရ၏ အခွန်ဝန်ထမ်းဖြစ်၍ ယာကုပ်အငယ်သည် ရောမအစိုးရအားတော်လှန်သူဖြစ်သည်။

ယာကုပ်အငယ်သည် ယေရှု၏ နောက်ဆုံး ညစာစားပွဲတွင် အတူပါရှိ၍ (မ ၂၆း၂၀) ယေရှုရှင်ပြန်ထမြောက်ပြီး တပည့်တော်များထံ ကိုယ်ထင်ပြသည့်အချိန်တွင်လည်း အတူပါရှိသူ ဖြစ်သည်(ယော ၂၀း၁၉-၂၀)။ ။

သို့သော် ထိုခေတ်တွင် နာမည်တူအလွန်များပြားသဖြင့် ယာကုပ်အငယ်နှင့် မသဲကို ညီအကိုရင်းဟူ၍ တထစ်ချသတ်မှတ်၍မရပေ။ မည်သို့ပင်ဖြစ်စေ၊ ယာကုပ် အငယ်ကို ယေရှု၏အမှုတော်မြတ်အတွက် အသက်ပေးလုပ်ဆောင်သူ တမန်တော် တစ်ဦးအဖြစ် လူတိုင်းသိရှိကြသည်။

ယာကုပ် သေဆုံးခြင်း

ယာကုပ်၏အသက်တာကို အကျဉ်းချုပ်ပြန်ကြည့်လျှင် သူသည် ယေရှုအသေ ခံချိန်အထိ သခင်အဖြစ်လက်မခံသော်လည်း ယေရှုရှင်ပြန်သောအခါတွင်မူ အကြွင်းမဲ့ လက်ခံယုံကြည်သည်(အေဒီ ၃၀/ ၃၃)။ ပြောင်းလဲခါစပေါလုနှင့် ယေရုရှလင်၌ တစ်ခါတွေ့ဆုံကြသည်(အေဒီ ၃၆/၃၇)။ နောက်ပိုင်းတွင် ရှင်ယာကုပ်ဩဝါဒစာကို ရေးသားသည်(အေဒီ ၄ဝ-၄၅)။ ပေါလုက ဂလာတိဩဝါဒစာထဲတွင် ယာကုပ်နှင့် တွေ့ဆုံသည့်အကြောင်း ရေးသားပြီး (အေဒီ ၄၈)ယေရုရှလင်ကောင်စီ၌လည်း ဆုံကြသည့် အကြောင်း ဖော်ပြသည်(အေဒီ ၄၈-၄၉)။ မည်ကဲ့သို့

ထို့နောက် ပေါလုသည် ယာကုပ်ကိုတွေ့ဆုံရန် ယေရုရှလင်သို့ တစ်ခါပြန်သွားရာ(အေဒီ ၅၇) ယင်းသည် ဤလောက၌ ယာကုပ်နှင့် နောက်ဆုံးတွေ့ဆုံခြင်းဖြစ်သွားသည်။ ရောမအစိုးရ၏ ယုဒပြည်ဘုရင်ခံ Porcius Festus ကွယ်လွန်သောအခါ ဘုရင်ခံအသစ် မခန့်အပ်မီစပ်ကြားတွင် ယုဒပြည်ကို ယဇ်ပုရောဟိတ်မင်း Anantas Jr က ၎င်း၏အခွင့်အာဏာဖြင့် စိတ်တိုင်းကျအုပ်ချုပ်သည်။ ထို့နောက် သူအလွန်မုန်း တီးသည့် ခရစ်ယာန်များ၏ခေါင်းဆောင် ယာကုပ်ကို လုပ်ကြံသတ်ဖြတ်သည် (ထို လုပ်ရပ်ကို ခရစ်ယာန်မဟုတ်သူများကပင် လက်မခံနိုင်သဖြင့် ဘုရင်အထံ တိုင် ကြားသည်။ ထိုအခါ ယဇ်ပုရောဟိတ်သက်တမ်း သုံးလသာရှိသေးသော Ananas သည် ရာထူးမှပြုတ်ကျသည်)။

Anomas က ယာကုပ်ကို ပညတ်တော်ချိုးဖောက်သည်ဟု ပြစ်တင်စွပ်စွဲပြီး လူထုနှင့် ရန်တိုက်ပေးကာ ယေရုရှလင်ဗိမာန်တော်အမိုးရှိ ပြတင်းပေါက်ပေါ်မှ တွန်း ချခိုင်းသည်။ ထို့နောက် ထပ်မံရိုက်နှက်ပြီး ကျောက်ခဲဖြင့် အသေပေါက်သတ်သည်။ ယင်းသည် အေဒီ ၆၂ခုနှစ်ဖြစ်သည်ဟု Josephus က မှတ်တမ်းတင်သည် Jewish Antiquities, 20.200-201; Eusebius, Ecclesiastical History, 2.23)

Hegesippusက ယာကုပ်၏အလောင်းကို ထိုနေရာ၌ပင်မြှုပ်နှံပြီး နှစ်ပေါင်း အတန်ကြာသောအခါ အရိုးများကိုကောက်ကာ အကောင်းစားသေတ္တာတစ်လုံးထဲသို့ သိမ်းဆည်းကြသည်ဟု ဆိုသည်။ Bishop Shirvanian ကမူ ယာကုပ်၏အရိုးများ ကို Kidron Vally ရှိ ဘုရားကျောင်းတစ်ခုထဲ၌ အေဒီ ၈ဝဝပြည့်နှစ်အထိ ထားရှိကြ၍ ထိုဘုရားကျောင်း ဖျက်ဆီးခြင်းခံသောအခါ ယေရုရှလင်မြို့ရှိ St. James ဘုရားကျောင်းသို့ ပြောင်းရွှေ့ထားရှိကြသည်ဟု ဆိုသည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) ခိုင်မြဲစွာရပ်တည်ပါ။ ခိုင်မာသည့်စိတ်ဓာတ်၊ ခိုင်မာသည့်ရည်မှန်းချက် စသည်တို့ မရှိပါက လေတိုက်ရာသို့လွင့်စဉ်သည့် သစ်ရွက်ကဲ့သို့ ဦးတည်ချက်မဲ့နေ ပါလိမ့်မည်။ ထိုအခါ မှတ်တမ်းဝင် လောက်သည့် အရာတစ်ခုခုကိုမျှ မလုပ်ဆောင် နိုင်ဘဲ ဖြစ်နေပါမည်။ သင်းအုပ်တာဝန်ကို စတင်ထမ်းဆောင်တော့မည့် John MacArthurကို ၎င်း၏ဖခင်က “လူတွေရဲ့အသက်တာကို ပြောင်းလဲစေနိုင်သူ၊ မှတ်တမ်း ဝင်လောက်တဲ့ အရာတစ်ခုခုကို လုပ်ဆောင်နိုင်သူ ဖြစ်ချင်ရင် နှုတ်ကပတ်တော်ကိုပဲ ဟောပြောပါ။ အသင်းတော်ကိုလည်း ခဏခဏမပြောင်းပါနှင့်”ဟု မှာကြားသည်။ ယာကုပ်သည် သင်းအုပ်တာဝန်ကို အသင်းတော်တစ်ပါးတည်း၌သာ နှစ်ပေါင်း(၃၀) ခန့်တိုင်တိုင် ထမ်းဆောင်သည်။

၂) တိကျသောခံယူချက်ရှိပါ။ ယာကုပ်က ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်း ဖြင့် ကယ်တင်ခြင်းရရှိပုံ၊ တစ်ပါးအမျိုးသားအနေဖြင့် ပညတ်တရားဟူသမျှကို လိုက် နာစောင့်ထိန်းရန်မလိုပုံ၊ ဆင်းရဲချမ်းသာခွဲခြားရန်မဟုတ်ပုံ၊ ယုံကြည်ခြင်းကို အသက် တာဖြင့် ပြသရန်ဖြစ်ပုံ စသည်တို့ သွန်သင်ပေးသည့်နည်းတူ သူကိုယ်တိုင်ကလည်းလိုက်နာကျင့်သုံးသည်။ ထိုကဲ့သို့ တိကျသောခံယူချက်ရှိသဖြင့် နောက်ဆုံးတွင် လက် မခံနိုင်သူများက သတ်ပစ်သည်။

စိတ်နှစ်ခွဖြစ်နေသရွေ့ အမှုတော်ကိုမဆောင်ရွက်နိုင်ဘဲ တိကျသောခံယူချက် ရှိမှသာ ပန်းဝင်နိုင်လိမ့်မည်ဖြစ်သည်။ နတ်ဆိုးများ၌ပင် တိကျသောခံယူချက်ရှိသည်။ ယုံကြည်ရမည့်သူ၊ ကြောက်ရွံ့ရမည့်သူကို အတိအကျသိကြသည်။ ဘုရားသခင်ကို မိမိတို့ ယုံကြည်သူများထက် ပို၍ယုံကြည်ပြီး နာမည်ကြားရုံဖြင့်ပင် တုန်လှုပ်ချောက် သွားကြသည်။

အဲသယောပိအမတ် (Ethiopia Eunuch)

အဲသယောပိအမတ်၏အကြောင်းကို တမန်တော်ဝတ္ထု ၈၂၆-၄ဝတွင် တွေ့ရသည်။ “သင်တို့ အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ယေရုရှလင်မြို့မှစသောယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်”(တ ၁း၈) ဟူသည့် ယေရှု၏ မိန့်မှာချက်သည် တစ်ပါး အမျိုးသားနှင့်အပယ်ခံလူတန်းစားများအပေါ်တဖြည်းဖြည်းသက်ရောက်လာကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ မည်ကဲ့သို့သက်ရောက်သည်ကို လေ့လာကြပါစို့။

တမန်တော်ဝတ္ထုကို အခန်းကြီး(၂)မှစ၍ ဖတ်ရှုလျှင် သန့်ရှင်းသောဝိညာဉ် တော် တကယ်ဆင်းသက်လာပြီး ယေရုရှလင်မြို့၌ နိုးထမှုဖြစ်ပေါ်သည်(၂-၅)။ ထိုမှ ယုဒပြည်နှင့် ရှမာရိပြည်သို့ကူးစက်ပြီး(၈-၁၂) ဆက်လက်၍ မြေကြီးစွန်းတိုင်အောင် ပျံ့နှံ့သွားသည်(၁၃-၂၈)။ ယေရုရှလင်မြို့မှ မြေကြီးစွန်းတိုင်အောင်ဟု ဆိုရာ၌ နေ ရာ ဒေသသာမက လူမျိုးအားလုံးလည်းပါဝင်သည်။ သန့်ရှင်းသောဝိညာဉ်တော်ကို အစ္စရေးလူမျိုးများသာမက တစ်ပါးအမျိုးသားများကပါ ရရှိကြလိမ့်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကယ်တင်ခြင်းသတင်းကောင်းသည် ယေရုရှလင်မြို့မှ အစပြုသည့်အလျောက် အစ္စရေးလူမျိုးများက ဦးစွာကြားသိရသည်။ ထို့နောက် တဖြည်းဖြည်းပျံ့နှံ့ပြီး တစ်ပါး အမျိုးသားကလည်း ကြားသိလာကြသည်။ ထို့ကြောင့် တစ်ပါးအမျိုးသားဖြစ်သည့် အဲသယောပိအမတ်သည် အသက်တာပြောင်းလဲလာသည်။

အဲသယောပိအမတ်သည် မည်သူနည်း

ရှေးခေတ် အဲသယောပိပြည်သည် ယခုခေတ် အဲသယောပိပြည်နှင့် မတူချေ။ ရှေးခေတ် အဲသယောပိပြည်ကို ဓမ္မဟောင်းကျမ်းတွင် ကုရှ(Cush)ဟုလည်းခေါ်ပြီးအီဂျစ်ပြည်၏တောင်ဘက်နှင့် ဆူဒန်ပြည်၏မြောက်ဘက်ရှိ ASwanနှင့် Khatoumကြား၌ တည်ရှိသည် (Kingdom of Cush, New World Encyclopedia)

ကျမ်းတတ်ပုဂ္ဂိုလ်များကကုရှလူမျိုးများသည် အသားမည်းသူဖြစ်ကြမည်ဟု ယူဆကြသည်။ ယခုခေတ် အဲသယောပိလူမျိုးများကဲ့သို့ မည်းနက်နက်အရောင် ဘုရားသခင်ကို ရှိမရှိကိုမူ အတိအကျ မသိရပေ။ သို့သော်လည်း ကုရှိလူမျိုးများက အီဂျစ်ပြည်ကို ဘီစီ ၅ဝဝပတ်ဝန်းကျင်တွင် အုပ်စိုးဖူးရာ အကြီးအကဲများကို “အမည်းရောင်ဖါရောများ ́ဟု မှတ်တမ်း ရှိသဖြင့် အသားမည်းကြဖွယ်ရှိသည်။ ထို့ပြင် ယေရမိက “အဲသယောပိလူသည် မိမိ အရေ၏ အဆင်းကို လည်းကောင်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကို လည်းကောင်း ပြောင်းလဲနိုင်သလော”(ယေ ၁၃း၂၃)ဟု ဆိုသည်။ အဲသယောပိဟူသည် အသားမည်းသူများအား ဆိုလိုခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်ကိုပင် ဂရိဘာသာဖြင့်ပြန် ဆိုသည့် LXX တွင် “အဲသယောပိ’၏နေရာ၌ “လူမည်း’ဟု သုံးနှုန်းသည်။ သို့ဖြစ်၍ အဲသယောပိအမတ်ကိုလည်း လူမည်းဖြစ်မည်ဟု ယူဆကြခြင်းဖြစ်သည်။

အဲသယောပိအမတ်သည် ဘုရင်မ၏ဘဏ္ဍာစိုးဖြစ်သည်။ ရာထူးကြီးမားသကဲ့သို့ တာဝန်လည်းကြီးမားသည်။ ခံစားခွင့်များများရသကဲ့သို့ တုန်လှုပ် ပူပန်ရသည့်အချိန်လည်း အလွန်များလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လူအများအားကျရသည့်ရာထူးကြီးပိုင်ဆိုင်သူဖြစ်သဖြင့် မင်္ဂလာရှိသူဟု သတ်မှတ်နိုင်သည်။ သို့သော်သူ၏စစ်မှန်သောမင်္ဂလာသည်ရာထူးနှင့် ငွေကြေးများမဟုတ်ဘဲ ကယ်တင်ခြင်းရရှိ ခြင်းပင် ဖြစ်သည်။

အဲသယောပိအမတ်၏ ပကတိအဖြစ်မှန်

သူသည် အသားမည်းသည့်အပြင် ဆင်းရဲသော အဲသယောပိပြည်သား ဖြစ် သဖြင့် အထင်သေးမှု ခံရကောင်းခံရလိမ့်မည်ဖြစ်သည်။ သို့သော် ထိုအရာထက် ပိုဆိုးသောအရာတစ်ခုရှိသည်။ ယင်းမှာကျမ်းစာကသင်းကွပ်ထားသောမိန်းမစိုး (eunuch) ဟု ဖော်ပြခြင်းဖြစ်သည်။ သူသည် မိန်းမလျာအဖြစ် သင်းကွပ်ခြင်းခံရသော ယောက်ျား ဖြစ်သည်။ သို့ဖြစ်ရာ အဲသယောပိအမတ်ဟု ခေါ်ခြင်းထက် အဲသယောပိမိန်းမစိုးဟု ခေါ်ခြင်းသည် သူ၏ပကတိအဖြစ်မှန်ဖြစ်သည်။ အမတ်ဟုဖော်ပြခြင်းသည် သူ၏ ပကတိဖြစ်အင်ကို ဖုံးဖိပေးခြင်းဖြစ်နိုင်သည်။ သို့ဖြစ်၍ရာထူးကြီးမားသော်လည်းသူ၏ ပကတိဖြစ်အင်သည် အားကျစရာ၊ အထင်ကြီးစရာမကောင်းပေ။

အဲသယောပိပြည်သမိုင်းတွင် အများအားဖြင့် အမျိုးသမီးများကသာ အုပ်စိုး လေ့ရှိရာ ထိုဘုရင်မများအား ပြုစုစောင့်ရှောက်ရန် သင်းကွပ်ထားသောယောက်ျား (မိန်းမစိုး)များကို အသုံးပြုသည်(ရှေး ခေတ်ဘုရင်များ ၊ ကလည်း ၎င်းတို့၏ဇနီးများနှင့် မောင်းမများအား ပြုစုစောင့်ရှောက်ရန် မိန်းမစိုးများကိုသာ အဓိကအသုံးပြု သည်)။ သို့သော် သင်းကွပ်ခံရသော ဤအဲသယောပိမိန်းမစိုးသည် ဘုရင်မ၏ ဘဏ္ဍာစိုးဖြစ်သဖြင့် မိန်းမစိုးများအနက်ယုံကြည်စိတ်ချဖွယ်အကောင်းဆုံးမိန်းမစိုး ဖြစ်နိုင်သည်။

သူ၏အကြောင်းကို တမန်တော်ဝတ္ထု အခန်းကြီး(၈)တွင်တွေ့ရပြီး အဲသယောပိ အမတ်(သင်းကွပ်မိန်းမစိုး)ဟူ၍ အကြိမ်ကြိမ်ဖော်ပြသည်။ အဲသယောပိလူ၊ သို့မဟုတ် နာမည်အရင်းဖြင့် ဖော်ပြနိုင်လျက်သားနှင့် အဘယ်ကြောင့် သူ၏ပကတိအဖြစ်မှန်ဖြင့် ဖော်ပြပါသနည်း။ အကြောင်းမှာ ရှေးခေတ်တွင် သင်းကွပ်မိန်းမစိုးများသည် အထင် အမြင်သေးခြင်းခံရသည်။ မုတ်ဆိတ်မွေးမရှိသဖြင့် “မိန်းမပျက်”ဟု အထင်ခံရလေ့ ရှိသည်။ ထိုကြားထဲတွင် အသံသေးငယ်သေးသဖြင့် ရုပ်ရည်နှင့်အသံကြောင့် အနှိမ်ခံ ရလေ့ရှိသည်။

ဟေရှာယကသင်းကွပ်ခံရသူ မိန်းမလျာများသည် ၎င်းတို့ကို၎င်းတို့ ‘အခြောက်” ဟု ခေါ်သည်ဟု ဆိုသည်(ယေရှာ ၅၆း၃)။ ဂရိတို့က ၎င်းတို့ကို လူမစစ်သူ(တစ်ခြမ်းပဲ့) ဟု ခေါ်ကြသည်။

Samosota မြို့သား သင်းကွပ်ခံရသူများသည် ကျန်းမာရေးမကောင်းသူဖြစ်သည်။ လူတစ်ယောက်ယောက်သည် အပြင်သို့သွားပြီး ပထမ ဦးဆုံး မြင်တွေ့ရသည့်သူမှာသင်းကွပ်ခံရသူ ဖြစ်ပါက ထိုနေ့ကို အမဂ်လာနေ့အဖြစ် သတ်မှတ်သည်ဟု ဆိုသည်။

Alexandria မြို့သား Philoက သင်းကွပ်ခံရ သူများကို “မည်သည့်အတွက်မျှ အသုံးမဝင်သူ”ဟု ဆိုသည် (The Eunuch 6-11, Spencer 192, 157) ယုဒသမိုင်းပညာရှင် Josephusကသင်းကွပ်ခံရသူများကို “စက်ဆုတ်ရွံရှာဖွယ် ကောင်းသူ”ဟု ဆိုသည်(Antiquities, 4,290-91)။

ကျမ်းစာထဲက မိန်းမစိုးများ

ကျမ်းစာတစ်အုပ်လုံးတွင် မိန်းမစိုးဟူသည့်စကားလုံးကို အကြိမ်(၄၀)ကျော် ခန့် တွေ့ရသည်။ တ ၈း၂၆-၄ဝ တစ်ခုတည်း၌ပင် (၅)ကြိမ်တွေ့ရသည်။ သူတို့သည် ဘုရင်မများ၊ မိဖုရားများ၊ မောင်းမများကို ပြုစုစောင့်ရှောက်ရသည့် နန်းတော်၏ အ တွင်းလူများဖြစ်ကြသဖြင့် သူတို့၏အကြောင်းကို သတာဝတ္ထုနှင့် ဒံယေလအနာဂတ္တိ ကျမ်းတို့၌ အများဆုံးတွေ့ရပြီး ဘုရင်နှင့်ဖြစ်စေ၊ မိဖုရားနှင့်ဖြစ်စေ အနီးကပ်နေထိုင် ပြောဆိုခွင့်ရကြသည်။ ဘုရင်ကြီးကိုလုပ်ကြံရန်ပင် ကြံစည်ကြသည်(ဧသ ၆း၂)။ နန်းတော်၏ စားဖိုဆောင်တွင် အာဏာရှိကြသည်(ဒံ ၁း၈)။ ဘုရင်များကို အကြံပေးခွင့်ရကြသည်(ဧသ ၇း၉)။ အဆိုးဆုံးဘုရင်မ ယေဇ ဗေလကို ပြတင်းပေါက်မှတွန်းချကြသည်(၄ရာ၉း၂၃)။

မိန်းမစိုးများသည် နန်းတော်ထဲ၌ အရေးပါသူ များဖြစ်သော်လည်း မည်သူကမျှ အားမကျကြချေ။ ယုဒထုံးစံ၌ သင်းကွပ်ထားသူကို မဆိုထားဘိ၊ အမြုံများကိုပင် အထင်သေးကြသည်။ အမင်္ဂလာရှိသူ၊ ဘုရားသခင်၏ တရားစီရင်ခြင်းခံရသူဟု သတ်မှတ်ကြသည်။

ဘုရားသခင်က ဟေဇကိမင်းကို တရားစီရင်ရာ၌ သင်၏သားမြေးတို့သည် ဗာဗုလုန်နန်းတော်၌ မိန်းမလျာလုပ်ကြလိမ့်မည်ဟု ပြောသည်(ဟေရှာ ၃၉း၇)။ ၅ စီရင်ချက်သည် သေဒဏ်ထက် ပိုမို ပြင်းထန်သည်။

အဲသယောပိမိန်းမစိုး၏ ခရီးစဉ်

သူ၏ခရီးစဉ်မှာ ယေရုရှလင်မြို့သို့ဖြစ်သည်။ “ငါသည် အာဗြဟံ၏ဘုရား။ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား၊ တစ်ပါးအမျိုးသားများနှင့် ခမည်းခမက်မတော်ကြ နှင့်””ဟု မိန့်တော်မူသော အစ္စရေးတို့၏ထာဝရဘုရားကို ကိုးကွယ်ရန် အလွန်ဝေးသော နေရာမှ သွားရောက်ခြင်းဖြစ်သည်။

စင်စစ် ယောက်ျားအင်္ဂါမစုံလင်သူ (သင်းကွပ် ထားသောသူ)သည် အစ္စရေးတို့၏ဘုရားကျောင်းထဲသို့ ဝင်ရောက်စုဝေးခွင့်မရှိဟု အတိအလင်းဖော်ပြ သည်(ဝတ် ၂၁း၂ဝ၊ တရား ၂၃း၁)။ မိမိတို့သာ ဤမျှ ခွဲခြားခံရလျှင် ဘုရားကျောင်းသို့ သွားရောက်ကြပါ မည်လော။ ထိုသို့ဖြစ်လျက်နှင့် အဲသယောပိ မိန်းမစိုးသည် အဘယ်ကြောင့် ယေရုရှလင်ဗိမာန်တော်သို့ မဖြစ်မနေသွားရောက်ပါသနည်း။

အိမ်ထောင်ဖက်ရှာဖွေရန်လော၊ မဟုတ်မှန်းသေချာသည်။ ယောက်ျားမပီသ သူဖြစ်သည်။ ထင်ရှားကျော်ကြားလို၍လော၊ လုံးဝမဟုတ်ပါ။ လူတကာအဖက်မလုပ် မှန်း သူသိသည်။ ဘုရားသခင်ကို အမြတ်ထုတ်လို၍လော၊ ပို၍ပင်မဟုတ်ချေ။ အကြောင်းမှာ ယေရုရှလင်ဗိမာန်တော်သို့ သွားရောက်သူတိုင်း အကုန်အကျအလွန်များ သည်။ ယဇ်ကောင်များကို မတန်တဆဈေးဖြင့် ဝယ်ယူရသည်။ သို့ဖြစ်လျှင် အဘယ် ကြောင့် သွားရောက်ပါသနည်း။

ဘုရားသခင်ကို အလွန်ချစ်၍ဖြစ်ပါမည်။ ဘုရားသခင်၏မျက်နှာသာကို ရှာဖွေ လို၍ဖြစ်ပါမည်။ ဘုရားသခင်ထံမှ အပြစ်ခွင့်လွတ်ခြင်းကို ရရှိလို၍ဖြစ်ပါမည်။ ဘုရား သခင်ကိုအရှိအတိုင်း(နှုတ်ကပတ်တော်အတိုင်း) ကိုးကွယ်လို၍ဖြစ်ပါမည်။ အကြောင်း မှာ သူသည် ဟေရှာယအနာဂတ္တိကျမ်းကို သေချာဖတ်ရှုသဖြင့် မိန်းမစိုးများအပေါ် ဘုရားသခင်၏သဘောထားများကို သိရှိပါလိမ့်မည်(ဟေရှာ ၅၆း၃-၅)။ ထို့ကြောင့် ဗိမာန်တော်အတွင်းသို့ ဝင်ရောက်ခွင့်မရမှန်းသိလျက် နှင့် ဘုရားသခင်ကိုကိုးကွယ်ရန် သွားရောက်ခြင်းဖြစ်သည်။ အပြန်ခရီးတွင် ဂါဇမြို့ဘက်မှ လှည့်ပြန်သည်။ဂါဇသည် ယေရုရှလင်မြို့မှ မိုင်(၅၀)ခန့်ဝေးပြီး အီဂျစ်ပြည်၏ သဲကန္တာရတွင်စမ်းရေတွင်းမရှိသဖြင့် အီဂျစ်ပြည်သို့ သွားရောက် သူများအတွက် ဂါဇသည် နောက်ဆုံးရေတွင်း ဖြစ်သည်။

ဖိလိပ္ပုနှင့် ဆုံတွေ့ခြင်း

သင်းထောက်လူကြီးတစ်ဦးဖြစ်သူ ဖိလိပ္ပသည် ရှမာရိမြို့၌ ဧဝံဂေလိတရား ဟောပြောရာ သန့်ရှင်းသောဝိညာဉ်တော်လှုပ်ရှားသဖြင့် လူများစွာကယ်တင်ခြင်းရပြီး နိမိတ်လက္ခဏာများစွာ ဖြစ်ပေါ်သည်။ ကယ်တင်ခြင်းရရှိသူများသည် ချက်ချင်းဆိုသ လို ရေနှစ်ခြင်းခံယူပြီး ယေရှု၏တပည့်တော်များ ဖြစ်လာကြသည်။

“တစ်ဖန် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ဖိလိပ္အား သင်ထ၍ ယေရုရှလင်မြို့မှ ဂါဇမြို့သို့သွားရာ တောလမ်းတွင် တောင်မျက်နှာသို့သွားလော့ဟု ဆိုသည်အတိုင်းဖိလိပ္ပသည်ထ၍သွားလေ၏။ ထိုအခါအဲသယောပြည်ကိုအစိုးရသော မိဖုရားကနှက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရသော အဲသယောပိပြည်သားတစ်ယောက်သည် ကိုးကွယ်ခြင်းငှါ ယေရုရှလင်မြို့သို့သွား၍ ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဖတ်လေ ၏”(တ ၈း၂၆-၂၈)။ ။

အဲသယောပိ မိန်းမစိုးသည် ခရီးသွားရင်း မြင်းရထားပေါ်တွင် ကျမ်းစာကို အသံကျယ်ကျယ် ဖြင့်ဖတ်ခြင်းဖြစ်သည်(မိမိတို့ခရီးသွားလျှင် ဘာလုပ်တတ်ကြသလဲ။ Facebook သို့မဟုတ် Movieပဲ ကြည့်ကြသလား။ လှုပ်ခါနေသောမြင်းရထားပေါ် ကျမ်းစာဖတ်ရှုခြင်းသည် စိတ်ဝင်စားမှုသာမရှိပါက အလွန်ခဲယဉ်းလိမ့်မည်ဖြစ်သည်)။ ကျမ်းစာဟုဆိုရာတွင် ထိုခေတ်တွင် စာရွက်မပေါ်သေးသဖြင့် သားရေချပ်ပေါ် ရေး သားထားခြင်းဖြစ်သည်။ ဟေရှာယ၏ ဟောပြောချက်များသည် အလွန်များပြားသဖြင့်သားရေချပ်လိပ်လည်း အလွန်ကြီးမားဝန်ကျယ်လိမ့် မည် ဖြစ်သည်။ ထို့အပြင် ထိုခေတ်တွင် သားရေချပ်လည်း ရှားပါးသေးသဖြင့် တန်ဖိုးအလွန်ကြီးမားလိမ့် မည်ဖြစ်သည်။ သူသည် ထိုကျမ်းစာသားရေ ချပ်လိပ်ကို ဗိမာန်တော်ထဲသို့ ဝင်ခွင့်မရမှန်းသိလျက်နှင့် သွားလေရာတိုင်း၌ တကူးတက သယ်ဆောင်ထားခြင်းဖြစ်သည်။

မိမိတို့သည် ဘုရားသခင်၏ ကျေးဇူးတော် ကြောင့် ယခုခေတ်တွင် ဟေရှာယကျမ်းစာအပြင် အ ခြားကျမ်းစာ ၆၅ခု(ကျမ်းစာတစ်အုပ်လုံး)ကို တစ်အုပ် တည်းဖြင့် ပေါ့ပါးလွယ်ကူစွာ ပိုင်ဆိုင်ကြသည်။ သို့သော်လည်း သွားလေရာတိုင်း၌ မယူဆောင်ကြသေးချေ။ သို့ဖြစ်၍ အဲသယောပိမိန်းမစိုးကို အတုယူသင့်လှသည်။

“ဝိညာဉ်တော်ကလည်း ထိုရထားသို့ချဉ်းကပ်၍ မှီဝဲလော့ဟု ဖိလိပ္အား ဗျာဒိတ်ပေးတော်မူသဖြင့် ဖိလိပ္ပသည် ရထားသို့ပြေး၍ ပရောဖက်ဟေရှာယ၏ ကျမ်း စာ၌ ဖတ်သည်ကိုကြားလျှင် ဖတ်သောအရာကို နားလည်ပါ၏လောဟု မေးမြန်း၏။ ထိုအမတ်ကလည်း သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်း ဟု ဆိုပြီးမှ မိမိနှင့်အတူ ဖိလိပ္ပံတက်၍ထိုင်နေပါမည်အကြောင်း တောင်းပန်၏”(တ ၈း၂၉-၃၁)။ နှုတ်ကပတ်တော်ကို သွန်သင်ရှင်းပြနိုင်သူနှင့် ပေါင်းဖော်ခြင်းသည် အရှုံးမရှိချေ။

သန့်ရှင်းသောဝိညာဉ်တော်သည် ယုဒတို့ကို အသက်တာပြောင်းလဲစေသကဲ့သို့ ရှမာရိတို့ကိုလည်း ပြောင်းလဲစေသည်။ ထိုနည်းတူ တစ်ပါးအမျိုးတို့ကိုလည်း ပြောင်းလဲပေးလိုသည်။ တစ်ပါးအမျိုးထဲတွင်လည်း လူစဉ်မမီသူ တစ်ယောက်ကို ပြောင်းလဲပေးလိုသဖြင့် ဖိလိပ္ပုကို ဤသို့စေလွှတ်ခြင်းဖြစ်သည်။ထို့ကြောင့် ဘုရားသခင်၏ကျေးဇူးတော်သည် လူတိုင်းအတွက်ဖြစ်ကြောင်း တွေ့မြင်နိုင်သည်။ သို့ရာတွင် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်နိုင်ရန်အတွက်ဟောပြောမည့်သူလိုအပ်သည်။ ဟောပြောသောအခါမှသာ ယုံကြည်နိုင်လိမ့်မည်ဖြစ် သည်။ “သို့ရာတွင် မယုံကြည်လျှင် အဘယ်သို့ ပဌနာပြုနိုင်မည်နည်း။ သတင်း မကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ် သို့ ကြားနိုင်မည်နည်း။ လူကိုမစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင်မည်နည်း” (ရော ၁၀း၁၄-၁၅)။

အဲသယောဖိအမတ် အသက် တာပြောင်းလဲပြီး

အဲသယောပိမိန်းမစိုး ဖတ်ရှုသောကျမ်းပိုဒ်သည် ““အသေသတ်ခြင်းငှါဆောင် သွားသော သိုးကဲ့သို့ သူ့ကိုဆောင်သွား၍ သိုးသူငယ်သည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ သူသည် နှုတ်ကိုမဖွင့်ဘဲနေ၏။ နှိမ့်ချခြင်းကိုခံစဉ်တွင် သူတစ်ပါး တို့သည် ထိုသူကို မတရားသဖြင့်စီရင်ကြ၏။ ထိုသူ၏အသက်ကို မြေကြီးကသိမ်းရုပ် သည်ဖြစ်၍ သူ၏အမျိုးအနွယ်ကို အဘယ်သူပြညွှန်မည်နည်း” (တ ၈း၃၂-၃၃)ဟူ သောကျမ်းပိုဒ်ဖြစ်သည်။ ဤကျမ်းပိုဒ်ကို ဟေရှာ ၅၃း၂-၄တွင် တွေ့နိုင်သည်။

အထက်ပါကျမ်းပိုဒ်သည် သူ၏ဘဝနှင့် တစ်ထပ်တည်းကျနေသည်။ “သိုးသူငယ်သည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့ ́ဟူသည့်အပိုဒ်ကို ဖတ်ရှုချိန်တွင် များစွာသဘောပေါက်လိမ့်မည် ဖြစ်သည်။ ညှပ်ခြင်းဟူသည် ဖြတ်တောက်ခြင်းနှင့် အတူတူဖြစ်သဖြင့် ယောက်ျားအင်္ဂါဖြတ် တောက်ခြင်းခံရသော သူ့ဘဝနှင့် ထပ်တူကျသည်။ “သူသည် နှုတ်ကို မဖွင့်ဘဲနေ၏”ဟူသည့် အပိုဒ်သည်လည်း လူ အများရှေ့တွင် စကားများစွာမပြောသော သူ့ဘဝနှင့် ဆင်တူနေသည်။ အကြောင်း မှာ စကားများစွာပြောပါက မိန်းမလျာဖြစ်မှန်း ပေါ်လွင်လိမ့်မည်ဖြစ်သည်။ ထို့အပြင် “ နှိမ့်ချခြင်းကိုခံစဉ်တွင် … မတရားသဖြင့် စီရင်ကြ၏”ဟူသည့် အပိုဒ်ကိုလည်း သူ့ဘဝ တွင် ကြုံတွေ့ ဖူးပြီးသားဖြစ်သည်။ “ထိုသူ၏အသက်ကို မြေကြီးကရုပ်သိမ်းသည်ဖြစ်၍ သင်၏မျိုးနွယ်ကို အဘယ်သူပြညွှန်မည်နည်း” ဟူသည့် အပိုဒ်အတိုင်း သူ့ဘဝသည် လည်း မျိုးဆက်မရနိုင်သောဘဝဖြစ်သည်။ ထိုသူကြုံတွေ့ရသည့် ဆင်းရဲဒုက္ခများ သည် သူ့ဘဝနှင့် ထပ်တူကျသဖြင့် ထိုသူသည် မည်သူနည်းဟု သိလိုလှသည်။

ထိုသို့သောအချိန်တွင် ဘုရားသခင်က ဖိလိပ္ပု ကိုပို့ဆောင်ပေးသည်။ မိန်းမစိုးများနှင့် ကြုံဆုံရခြင်းကို လူအများစုကအမင်္ဂလာအဖြစ် သတ်မှတ်ကြသော် လည်း ဖိလိပ္ပိကမူ ဘုရားသခင်၏မင်္ဂလာအဖြစ် မှတ်ယူသည်။ “ထိုအမတ်ကလည်း ပရောဖက်သည် အဘယ်သူကိုရည်မှတ်၍ ဤသို့ဆိုပါသနည်း။ မိမိကိုယ် ကို ဆိုလိုသလောဟု ဖိလိပ္ပုအား မေးမြန်းလျှင် ဖိလိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ထိုကျမ်း ကိုအစွဲပြုလျက် ယေရှု ဤသူများ ၏အကြောင်းတည်းဟူသောဧဝံဂေလိတရားကို ဟော ပြန်လည် လေ၏”(တ ၈း၃၄-၃၅)။

ထိုအခါ အဲသယောပိမိန်းမစိုးသည် ယုဒလူမျိုး ၊ တို့အကြားတွင် မဝင်ဆံ့နိုင်သော်လည်း ဘုရားသခင် ၏မိသားစု(အသင်းတော်၊ ယေရှု၏ကိုယ်ခန္ဓာတော်)တွင် ဝင်ဆံ့သွားသည်ကို သဘော ပေါက်လာသည်။ ဖြတ်တောက်ခြင်းခံရသော်လည်း ယေရှုကြောင့် ပြန်လည်ချိတ် ဆက်ခွင့်ရရှိသည်။ ဗိမာန်တော်ကို အဝေးမှကြည့်ရှုရန်ဖြစ်သော်လည်း ယေရှုကြောင့် အတွင်းသို့ဝင်ရောက်နိုင်သည်။ မျိုးဆက်မရနိုင်သော်လည်း ယေရှုကြောင့် မိသားစု များ ပိုင်ဆိုင်ခွင့်ရသွားသည်။ ယေရုရှလင်ဗိမာန်တော်မှ အရှက်များစွာဖြင့် ပြန်လာ သော်လည်း ယေရှုကြောင့် ဝမ်းမြောက်ဂုဏ်ယူနိုင်လာသည်။

ဖိလိပ္ပုက ယေရှု၏အကြောင်းကို အဲသယောပိအမတ်ထံ ပြည့်စုံစွာရှင်းပြသည်။ ယေရှုသည် ဤလောကသို့ကြွလာစဉ်က မျက်စိမမြင်သူ၊ နတ်ဆိုးစွဲသူ၊ ခြေလက် မသန်သူ၊ လေဖြတ်သူ၊ နူနာစွဲသူ၊ နာမကျန်းသူ၊ အပြစ်ရှိသူ၊ အခွန်ခံသူ၊ မိဘမဲ့မုဆိုးမ များစသည့် လူတန်းစားပေါင်းစုံတို့ကို ကျန်းမာစေ သည်။ ကူညီမစသည်။ သို့ရာတွင် မိန်းမစိုး(သင်းကွပ် ခံရသူ)များအတွက် လုပ်ဆောင်ပေးသည့်အရာ တစ်ခုမျှမတွေ့ရသဖြင့် ဖိလိပ္ပုထံ “သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်း” ဟူ၍ ယေရှု၏အကြောင်းကို ဂဃဏနမေးလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ယေရှုကို လက်ခံယုံကြည်သည်။

အဲသယောပိမိန်းမစိုး ရေနှစ်ခြင်းခံယူပြီ

အဲသယောပိမိန်းမစိုးက ဖိလိပ္စုထံ “ဤအရပ်တွင် ရေရှိပါ၏။ အကျွန်ုပ်ကို ဗတ္တိဇံမခံစေခြင်းငှါ မည်သည့်အကြောင်းဆီးတားပါသနည်း”ဟုမေးသည်(တ၈း၃၆)။ ဘုရားသခင်၏မိသားစုထဲသို့ ဝင်ရောက်ခွင့်ရှိသည်မှန်လျှင်၊ ယေရှုက လူတန်းစား အားလုံးကိုချစ်၍ ကယ်တင်သည်မှန်လျှင် ရေနှစ်ခြင်းကိုပေးပါဟု တောင်းဆိုခြင်း ဖြစ်သည်။

ထိုခေတ်တွင် တစ်ပါးအမျိုးသားများသည် ယုဒဘာသာသို့ ဝင်ရောက်လိုပါက အရေဖျားလှီးခြင်းနှင့် ရေနှစ်ခြင်းကို မလွဲမသွေခံယူရသည်။ သို့မှသာ အစ္စရေးလူမျိုးတစ်ယောက်ကဲ့သို့ မှတ်ယူခြင်း ခံနိုင်သည်။ သို့ရာတွင်အဲသယောပိမိန်းမစိုးအဖို့မူ ရေနှစ်ခြင်းခံယူသည့်တိုင် အစ္စရေးအသိုင်းအဝိုင်းထဲသို့ ဝင်နိုင်စရာနည်းလမ်းမရှိ ချေ။ အကြောင်းမှာ အရေဖျားလှီးစရာ မကျန်တော့ ၍(ဖြတ်တောက်ခံရ သောကြောင့်)ဖြစ်သည်။ ထိုသို့ ယုဒဘာသာထဲသို့ ဝင်ဆံ့ခွင့်မရှိသော်လည်း ယေရှု အားဖြင့် အသင်းတော်သားဖြစ်နိုင်သဖြင့် ရေနှစ်ခြင်းကို ချက်ချင်းဆိုသလို ခံယူလိုခြင်းဖြစ်နိုင်သည်။ ထိုအခါ “ဖိလိပ္ပုက သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ခံရသည်ဟု ဆိုလေ၏။ အမတ်ကလည်း ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ

ကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍ ရထားကိုရပ်စေခြင်းငှါ စီရင်ပြီးမှ ဖိလိပ္စုသည် ထိုအမတ်နှင့်တကွ ရေထဲသို့ဆင်း၍ ဗတ္တိဇံကိုပေး၏”(တ ၈း၃၇-၃၈)။ မည်သူမဆို ယေရှုကိုယုံကြည်လျှင် ရေနှစ်ခြင်းခံယူနိုင်သည်။ ယေရှုနှင့် အတူသေ၊ အတူသဂြိုဟ်ခံပြီး အတူရှင်ပြန်ထမြောက်ကာ တစ်လုံးတစ်ဝတည်းဖြစ်ခွင့် ရရှိသည်။

စင်စစ် အဲသယောပိမန်းမစိုးသည် အစကပင် ဘုရားသခင်အား ရိုသေကိုင်း စိုင်းသူဖြစ်သည်။ သို့ရာတွင် နိကောဒင်ကဲ့သို့ပင် အသက်တာ စစ်မှန်စွာပြောင်းလဲ ရန်အတွက် ယေရှု၏ကယ်တင်ခြင်း အကြောင်းကို ကြားသိရန်နှင့် ယုံကြည်ရန် လိုအပ် ခြင်းဖြစ်သည်။ ယေရှုသာလျှင် ကယ်တင်ရှင်ဖြစ်သည်။

အဲသယောပိမိန်းမစိုးသည် ရေဖြင့်ဖျန်းခြင်းမဟုတ်ဘဲ ရေထဲ၌ နှစ်ခြင်းခံယူ သည်။ တမန်တော်ကြီးများနှင့် လူအများစုတို့သည် ယေရှုမိန့်မှာသည့်အတိုင်း ရေထဲ၌နှစ်ခြင်းခံယူကြစမြဲ ဖြစ်သည်။ ယုဒမိသားစုထဲ မဝင်ဆံ့နိုင်သော အဲသယောပိ၊ မိန်းမစိုးသည် ဘုရားသခင်၏မိသားစုထဲ ဝင်ဆံ့လာနိုင်သည်။ ယုဒတို့၏ ကြဉ်ဖယ်ခြင်း ခံရသူသည် ဘုရားသခင်၏သားဖြစ်လာသည်။ ယုဒဘာသာ၌ ရေနှစ်ခြင်းခံယူခွင့်မရ သူသည် ယေရှုထဲ၌ နှစ်ခြင်းခံယူသွားသည်။ ဤသို့သောမင်္ဂလာများသည် ဘုရားသခင် ၏ချစ်ခြင်းမေတ္တာတော်မှ စီးဆင်းလာခြင်းဖြစ်သည်။

သို့ဖြစ်၍ လူတို့၏ငြင်းပယ်မှု ခံရဖူးပါသလား။ အဖွဲ့အစည်းတစ်ခုခုထဲသို့ ဝင်ဆံ့ခွင့်မရဘဲ ကြဉ်ဖယ် ခြင်း ခံရဖူးပါသလား။ လူတန်းစားခွဲခြားမှု ကြုံတွေ့ဖူး ပါသလား။ အဲသယောပိမိန်းမစိုးကို လက်ခံသော ဘုရားသခင်သည် မိမိတို့ကိုလည်း အစဉ်အမြဲကြိုဆို လျက်ရှိသည်။

အဲသယောပိမိန်းမစိုး ၀မ်းမြောက်စွာ ခရီးဆက်ပြီ

“ရေထဲကတက်ကြလျှင် ထာဝရဘုရား၏ဝိညာဉ်တော်သည် ဖိလိပ္စုကို ဆောင် ယူတော်မူ၍ အမတ်သည် ဖိလိပ္ပကို နောက်တစ်ဖန် မတွေ့မြင်ရ။ ဝမ်းမြောက်ဝမ်း သာခြင်းနှင့် မိမိသွားရသောလမ်းကို သွားလေ၏”(တ ၈း၃၉)။ မှန်ပါသည်။ ဘုရား သခင်၏ သားဖြစ်ခွင့်ရသဖြင့် မဝမ်းမြောက်ဘဲနေမည်မဟုတ်ပေ။ ဗိမာန်တော်ထဲသို့ ဝင်ခွင့်မရသောသူသည် ယခုအချိန်တွင် ဘုရားသခင်၏ အမွေခံသားဖြစ်သွားပြီ။ ဤ မျှကြီးမားသောပြောင်းလဲမှု အဘယ်မှာရှိနိုင်ပါတော့မည်နည်း။ ဘုရားသခင်သည် လူ တိုင်းအား သူ၏အိမ်တော်သားများဖြစ်စေရန် ဖိတ်ခေါ်လျက်ရှိသည်ကို မမေ့ကြပါစို့နှင့်။

အဲသယောပိ မိန်းမစိုးသည် မိန်းမလျာ၊ အခြောက်၊ မျိုးဆက်မရနိုင်သူဖြစ်သော်လည်း ယေရှု ၊ကြောင့် ဝိညာဉ်သားသမီးများစွာ ပိုင်ဆိုင်လာသည်။ သမိုင်းပညာရှင်များက အဲသယောပိအမတ်သည် လူမည်းများကြား၌ ပထမဦးဆုံး သာသနာပြုသူဖြစ်လာသည်ဟု ဆိုကြသည်။ ၎င်းပြောင်းလဲပြီး နှစ်ပေါင်း (၁၀၀)အတွင်းတွင် လူမည်းအများစု ခရစ်ယာန်ဖြစ် လာကြသည်။

ဟေရှာယကိုယ်တိုင်က ဘုရားသခင်၏ အိမ်တော်သားဖြစ်လာသော မိန်းမ လျာများနှင့် ဘုရားသခင်၏နာမတော်ကြောင့် အိမ်ထောင်မပြုသောသူများ ခံစားရ မည့်ကောင်းချီးမင်္ဂလာများကိုဤသို့ပြောဆိုသည်-“ထာဝရဘုရား၌မှီဝဲသောတစ်ပါး အမျိုးသားက ထာဝရဘုရားသည် ငါ့ကို သူ၏လူမျိုး များနှင့် ခွဲခြားထားတော်မူပြီ ဟူ၍ လည်းကောင်း၊ မိန်းမလျာကလည်း ငါသည် သွေ့ခြောက်သောအပင် ဖြစ်သည် ဟူ၍လည်းကောင်း မဆိုစေနှင့်။ ထာဝရဘုရား မိန့်တော်မူသည်ကား ငါ၏ဥပုသ်နေ့ကိုစောင့်လျက်ငါနှစ်သက်သောအရာကိုရွေးယူ၍ ငါ၏ပဋိညာဉ်ကိုမှီဝဲသော မိန်းမလျာတို့အား သားသမီးတို့ထက် မြတ်သောအရာ၊ မြတ်သောနာမကို ငါ့တံတိုင်းအတွင်း၌ ငါပေးမည်။ (ဟေရှာ ၅၆း၃-၅)။ နာမည်ရင်းဖြင့် အခေါ်မခံရဖူးသော အဲသယောပိမိန်းမစိုး၏ နာမည်သည် ကောင်းကင်အိမ်တော်၏ တံတိုင်းများပေါ်၌ အစဉ်တည်တံ့အောင် ကမ္ပည်းထိုးခြင်းခံရမည်ဖြစ်သည်။ ယေရှုသည် လူထုပရိသတ်အား တရားဟောနေစဉ် သူ၏မိခင်နှင့်ညီတို့က နှုတ်ဆက်လိုသဖြင့် အပြင်တွင်ရပ်နေကြသည်။ “လူတစ်ယောက်ကလည်း မယ်တော် နှင့် ညီတော်တို့သည် ကိုယ်တော်နှင့် နှုတ်ဆက်လို၍ ပြင်မှာရပ်နေကြပါ၏ဟုလျှောက် လျှင် ကိုယ်တော်က ငါအမိ၊ ငါ့ညီကား အဘယ်သူနည်းဟု မေးတော်မူ၏။ လက်တော် ကိုလည်းဆန့်၍ တပည့်တော်တို့ကိုညွှန်လျက် ဤသူတို့သည် ငါ့ အမိ၊ ငါ့ညီပေတည်း။

ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့အဘ၏အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း”ဟု ပြန်မိန့်သည်(မ ၁၂း၄၆-၅၀)။

ထို့ကြောင့် မည်သူ့ကိုမျှ မကြဉ်ဖယ်ကြပါစို့နှင့်။ ယုံကြည်သူတိုင်းသည် ဘုရား သခင်၏ မိသားစုဝင်များဖြစ်ကြသည်။ လောကမိသားစုသည် လောက၌ အဆုံး သတ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏မိသားစုဖြစ်သည့် အသင်းတော်မှာမူ အစဉ်တည် ရှိလိမ့်မည်ဖြစ်သည်။ သို့ဖြစ်၍ အသင်းတော်ကို အလေးထားကြပါစို့။

သင်ခန်းစာယူစရာ အချက်တချို့

၁) ဘုရားသခင်က မိမိတို့အားဖြင့် အံ့သြဖွယ်အမှုများကို လုပ်ဆောင်လို သည်။ ပရောဖက်တစ် ပါးပြီးတစ်ပါးပေါ်ထွန်းပြီး လူနာအမျိုးမျိုးတို့ကို ရောဂါငြိမ်းစေ ကြသော်လည်း ၎င်းတို့အထဲတွင် သင်းကွပ်ခံရသူများ မပါရှိဖူးချေ။ ယေရှုကိုယ်တိုင်ကရောဂါအားလုံးနီးပါးကို ပျောက်ကင်းစေပြီး နိမိတ်လက္ခဏာများစွာကို ပြုလုပ်ခဲ့သော် လည်း သင်းကွပ်ခံရသူများကိုမူ တစ်ကြိမ်မျှပင် ရောဂါမငြိမ်းပေးဖူးပေ။ သို့သော် အသင်းတော်တည်ထောင်ပြီးနောက်တွင် အံ့သြဖွယ်ရာအမှုများဆက်တိုက်ပေါ်ပေါက် လာသည်။ ယေရှုကို အသက်သခင်ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသူတိုင်း လူမျိုးခွဲခြားခြင်းမရှိတော့ဘဲ အသင်းတော်ထဲ၌ တစ်လုံးတစ်ဝတည်းဖြစ်လာကြသည်။ သင်းကွပ်ခံရသူများလည်း ရေနှစ်ခြင်းခံယူပြီး ဘုရားသခင်၏ အိမ်တော်သားများ ဖြစ်လာကြသည်။ ယေရှုကိုယ်တိုင်ကပင် မလုပ်ဆောင်ဖူးသည့် အံ့သြဖွယ်အမှုသည် ဖိလိပ္စုအားဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤကဲ့သို့သော အံ့ဩဖွယ်အမှုများကို ဘုရားသခင်က မိမိတို့အားဖြင့် ဆက်လက်လုပ်ဆောင်လိုသည်။

၂) အသင်းတော်၌ ခွဲခြားခြင်းကို ဖယ်ရှားကြပါစို့။ ယေရှုက လူသားအားလုံး အတွက် အသက်စွန့်လွှတ်ပေးခြင်းဖြစ်လျက်နှင့် အဘယ်ကြောင့် မိမိတို့က လူစဉ်မမီ သူများကို အထင်သေးနိမ့်ချလိုကြသနည်း။ အယုတ်အလတ်၊ အနိမ့်အမြင့်၊ လူတန်း စားအားလုံးကို ဘုရားသခင်ကဖန်ဆင်း၍ ယေရှု၏အသွေးတော်ဖြင့် ရွေးယူခြင်းဖြစ် လျက်နှင့် အဘယ်ကြောင့် မိမိတို့က ယေရှု၏အသွေးတော်ကို သေးသိမ်စေလိုကြ သနည်း။ ချမ်းသာသောအိမ်၌ အကြိမ်ကြိမ်ဆုတောင်းပေးလျက်နှင့် အဘယ်ကြောင့် မိမိတို့က ဆင်းရဲသောအိမ်၌ ဆုမတောင်းပေးကြသနည်း။ ချမ်းသာသောလူနာကို မကြာခဏကြည့်ရှုသလောက် အဘယ်ကြောင့် မိမိတို့က ဆင်းရဲသောလူနာကို မကြည့်ရှုကြသနည်း။ ခွဲခြားလိုသည့်စိတ်ရှိနေသရွေ့ ယေရှု၏အသွေးတော်ကို ပြက် ရယ်ပြုရာရောက်သည်။

တိတု (Titus)

ခေါင်းဆောင်မှုပညာနှင့် ပတ်သက်၍ ဖော်ပြပြီးသော အချက်အားလုံးနီးပါးသည် ခေါင်းဆောင်များ၏အသက်တာ၊ ခေါင်းဆောင်နည်းနှင့် ခေါင်းဆောင်များနှင့်နောက် လိုက်များအကြား ဆက်ဆံရေး စသည်တို့ဖြစ်ကြသည်။ ခေါင်းဆောင်သစ်များနှင့် ခေါင်းဆောင်ဟောင်းများအကြား ဆက်ဆံရေးကို မဖော်ပြသေးသလောက်ပင် ဖြစ် သည်။ သို့ဖြစ်၍ တိတု၏အသက်တာအားဖြင့် ခေါင်းဆောင်သစ်များ၏ ဦးဆောင်မှု ပေးနည်း၊ ခေါင်းဆောင်ဟောင်းများအပေါ် ပြုမူဆက်ဆံနည်း၊ ဝါရင့်ခေါင်းဆောင်များ ၏ လမ်းညွှန်မှုကို ခံယူကျင့်သုံးနည်းအပြင် ခေါင်းဆောင်လုပ်ရာ၌ အရေးကြီးဆုံး တစ်ခုဖြစ်သည့် “ရန်ပုံငွေ ရှာဖွေသုံးစွဲနည်း စသည်တို့ကို လက်လှမ်းမှီသလောက် လေ့လာရကြမည်ဖြစ်သည်။

တိတု သည် မည်သူနည်း

သမ္မာကျမ်းစာ၌ တိတုဟူသည့်နာမည်ကို (၁၃)ကြိမ်တွေ့ရပြီး ယခုဖော်ပြမည့် တိတု၏နာမည်ကို ရှင်ပေါလုကလွဲ၍ မည်သူမျှက မှတ်တမ်းမတင်ဖူးချေ။ တမန်တော် ဝတ္ထု၌ တိတုယုတ္တုဟူသည့် နာမည်တစ်ခုကို တွေ့ရသည်(တ ၁၈း၇)။ တချို့က ထို သူသည် တိတုဖြစ်လိမ့်မည်ဟု ဆိုကြသည်။ သို့သော် ထိုတိတုသည် ကောရိန္ဒူမြို့သား ဖြစ်၍ ရှင်ပေါလုအားဖြင့် ပြောင်းလဲလာသူဖြစ်သည်။ တိတုမှာမူ ကောရိန္ဒူမြို့သို့ ရှင်ပေါလုမလာမီကပင် ပြောင်းလဲပြီးသူဖြစ်သည်။ ရှင်ပေါလုနှင့် အတူတကွ လက်တွဲ ပြီး ကောရိန္ဒူမြို့သားများထံရေးသားသည့် ရှင်ပေါလု၏စာကိုပင် ယူဆောင်ပေးသူဖြစ်သည်။ သို့ဖြစ်၍ ယခုဖော်ပြမည့် တိတုသည် ကောရိန္ဒူမြို့သား တိတုယုတ္တုမဟုတ်မှန်း တွေ့မြင်နိုင်သည်။

တိတုသည် အခြားအရာများထက် ယုံကြည်သူများ ဝိညာဉ်ရေးရာ၌ ရင့်ကျက်လာမှု အပေါ်ပို၍ဝမ်းမြောက်သူဖြစ်သည်(၂ကော၇း၁၃)။ ချစ်ခြင်း မေတ္တာရှိ၍ ဖြောင့်မတ်တည်ကြည်သည် လုပ်ဆောင်သူကို မထီမဲ့မြင်ပြု၍မရပေ။ ၂ကော ၇း၁၅)။ စေတနာစိတ်ထက်သန်သဖြင့်ယုံကြည်သူများက အလွန်ချစ်ကြောက်ရိုသေကြ သည် (၂ကော ၈း ၁၇၊ ၇း၁၅)။

တစ်ပါးအမျိုးသား

တိတုသည် တစ်ပါးအမျိုးသား ဂရိလူမျိုးဖြစ်သည်။ သို့သော် ယုဒထုံးစံကို နောကျသဖြင့် ယုဒလူမျိုးနှင့်ဖြစ်စေ၊ တစ်ပါးအမျိုးသားချင်းနှင့်ဖြစ်စေ လက်တွဲနိုင် သူဖြစ်သည်။

ကျမ်းစာက တိတုသည် ဂရိလူဖြစ်ကြောင်း ဦးစားပေးဖော်ပြသည်။ အကြောင်း မှာ ယေရှုခရစ်တော်၏ ကယ်တင်ခြင်းသည် ယုဒလူမျိုးသာမက တစ်ပါးအမျိုးသား လည်း အကျုံးဝင်ခြင်းကို အခိုင်အမာ သက်သေထူလို၍ဖြစ်သည်(တ ၁၅)။

အသင်းတော်၏ ပထမဦးဆုံးသောညီလာခံကို ယေရုရှလင်မြို့၌ ကျင်းပသည် (တ ၁၅)။ ထိုညီလာခံသို့ ပေါလုနှင့် ဗာနဗတို့က တိတုကို ခေါ်ဆောင်ကြသည်။ အကြောင်းမှာ တစ်ပါးအမျိုးသားများလည်း အရေဖျားလှီးစရာမလိုဘဲ ကယ်တင်ခြင်းရသည့်အကြောင်းကို သက်သေထူလို၍ ဖြစ်သည်။ ငါသည် တိတုကိုခေါ်၍ .. ငါဆောင်ရွက်ပြီးခဲ့သောအမှုနှင့် နောက်၌ ဆောင်ရွက်လတ္တံ့သော အမှုကိုအချည်းနှီးမဖြစ်စေခြင်းငှါ အသရေထင်ရှားသောသူ တို့အားသာ တိတ်ဆိတ်စွာကြားပြော၏။ သို့သော်လည်းငါနှင့်အတူပါသော ဟေလသအမျိုး တိတုကိုအရေဖျားလှီးခြင်းကို မခံစေကြ (ဂလ၂း၁-၃)။

ပေါလု၏သား

တိတုသည် ဝိညာဉ်ရေးရာ၌ ပေါလု၏သားဖြစ်၍ အချစ်ဆုံးနှင့် စိတ်အချဆုံး သောသူဖြစ်သည် (တိ ၁း၄)။ သို့ဖြစ်၍ ပေါလုက တိတုကို သွားလေရာရာ၌ ခေါ်ဆောင်သည်။ အထူးသဖြင့် ပေါလု၏ ဒုတိယနှင့် တတိယ သာသနာပြုခရီး၌ တိတု ပါဝင်သည်။

ထိုသို့ခေါ်ဆောင်ရာမှ စိတ်ချရသဖြင့် ကရေတေကျွန်းရှိ ယုံကြည်သူများကို ပြုစုပျိုးထောင်ရန် တိတုကို ထားခဲ့သည်(တိ ၁း၅)။ နှစ်အတန်ကြာသောအခါ အာ တေမ သို့မဟုတ် တုဓိတ် ရောက်လာသဖြင့် ပေါလုက တိတုကိုပြန်ခေါ်ပြီး ကောမလိ မြို့၌ အမှုတော်ဆောင်စေသည်(တိ ၃း၁၂)။

ကောရိန္ဒုမြို့၌ ပေါလုက အသင်းတော်တည်ထောင်သည့်အချိန်တွင် တိတု လည်း တစ်ထောင့် တစ်ကဏ္ဍမှ ပါဝင်နေသဖြင့် ကောရိန္ဒူအသင်းတော်ကို အလွန် ဝန်တာထားသည်။ ပေါလုကလည်း တိတုနည်းတူ ဝန်တာထားသဖြင့် ကောရိန္တဩ ဝါဒစာ ဒုတိယဆောင်၌ တိတု၏နာမည်ကို (၉)ကြိမ်တိတိ ထည့်သွင်းဖော်ပြသည်။

ပေါလု ၏ညီ

ရှင်ပေါလုက တိတုကို ဝိညာဉ်ရေးရာ၌ ၎င်း၏သားအဖြစ် သတ်မှတ်သကဲ့သို့ ယေရှု၌လည်း ၎င်း၏ညီအစ်ကိုအဖြစ် သတ်မှတ်သည်(၂ကော ၂း၁၃)။ ချစ်ခင်စိတ်ချ သဖြင့် လိုအပ်သည့်နေရာတိုင်း၌ လက်တွဲပါဝင်စေသည်။ တစ်ခါကဆိုလျှင် ကောရိန္တု အသင်းတော်အတွက် ရေးသားသည့်စာကို တိတုအား စိတ်ချစွာပို့ခိုင်းသည်။ ညီအရင်း ကဲ့သို့ချစ်သဖြင့် တိတုပြန်မရောက်မချင်း စိတ်ပူသည်။

ပေါလုသည် တရောမြို့သို့ရောက်သောအခါ တိတုနှင့်တွေ့လိုသော်လည်း မတွေ့ရသဖြင့် စိတ်မသက်မသာဖြစ်ရသည်။ ထို့ကြောင့် တရောမြို့၌ ည မအိပ်တော့ဘဲ မာကေဒေါနိပြည်သို့ ခရီးဆက် ထွက် သည်။ ထိုမှတစ်ပါး ခရစ်တော်၏ဧဝံဂေလိတရားကို ဟောခြင်းငှါ တရောမြို့သို့ ငါရောက်၍ သခင်ဘုရားသည် ငါ့အား တံခါးကိုဖွင့်တော်မူသောအခါ ငါ့ညီ တိတုကိုငါမတွေ့သောကြောင့် စိတ်မသက်သာသဖြင့်ထိုသူတို့ကိုခွင့်ပန်ပြီးမှ မာကေဒေါနပြည်သို့ ထွက်သွားလေ၏ဟု ပြောသည်(၂ကော ၂း၁၃-၁၄)။ပေါလုသည် တိတုကိုမတွေ့မချင်း ငြိမ်သက်ခြင်းမရပေ။ အကြောင်းမှာ တိတု၏အသက်တာသည် ၎င်းအဖို့ မွေးကြိုင်သည့်ယဇ်ပမာ လက်ခံနိုင်ဖွယ်ကောင်း ၍ဖြစ်သည်(၂ကော ၂း၁၅)

တိတုပြန်ရောက်သောအခါပေါလုက၎င်း၏ဝမ်းသာမှုကိုဤကဲ့သို့ဖော်ပြသည်။ ငါတို့သည် မကေအဲန်ပြည်သို့ ရောက်သောအခါ ကိုယ်ကာယကြိမ်ဝပ်ခြင်း အလျှင်း မရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံရကြ၏။ ပြင်၌ကား တိုက်လှန်ခြင်းရှိ၏ အတွင်း၌ ကား စိုးရိမ်ခြင်းရှိ၏။ သို့သော်လည်း နှိမ့်ချလျက်ရှိသောသူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည် တိတုရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏။ တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူ သည်မဟုတ်။ တိတုသည် သင်တို့ဆီမှာ ရသောသက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။

အဘယ်သို့နည်းဟူမူကား သင်တို့၏ တောင့်တခြင်း၊ညည်းတွားခြင်း၊ ငါ၏အကျိုးအလိုငှါ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည် ငါတို့အားကြားပြော၏။ ထို့ကြောင့် ငါသည်သာ၍ ဝမ်း မြောက်ခြင်းရှိ၏( ၂ကော-၇း၅-၇ )။

ပေါလု၏ လုပ်ဖော်ဆောင်ဖက်

တိတုသည် ပေါလု၏ ချစ်ခင်စိတ်ချရသူသာမက လုပ်ဖော်ဆောင်ဖက်လည်း ဖြစ်သည်( ၂ကော ၇း၆-၇ ) ပေါလုကိုယ်တိုင်က တိတုကို ၎င်း အပေါင်းအဖော်နှင့် အမှုတော်ဆောင်ရွက်ဖက်ဟု ထုတ်ဖော်ပြောကြားသည် ( ၂ကော ၈း၂၃) တိတုသည် ပေါလု၏ကိုယ်စား ကောရိန္တုမြို့သို့သွားရာ၌ အသင်းသားများ တိုးတက်မှုကို မြင် တွေ့ရသည့်အခါ အလွန်ဝမ်းမြောက်သည်။ ပေါလုကိုယ်တိုင်ကလည်း ကိုယ်တိုင်မြင် ရသကဲ့သို့ အလွန်အားရသည်။ ပေါလု၏ဝမ်းမြောက်ခြင်း၌ တိတုဝမ်းမြောက်ပြီး တ်တု ၏ဝမ်းမြောက်ခြင်း၌ ပေါလုဂုဏ်ယူသည်။ ခေါင်းဆောင်ကောင်းများသည် နောက် လိုက်များ၏အောင်မြင်ခြင်း၌ အတူတကွ ဂုဏ်ယူဝမ်းမြောက်ကြသည်။ တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည်မဟုတ်။ တိတုသည် သင်တို့ဆီမှာ ရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။

ထို့အပြင် ပေါလုက သင်တို့၏တောင့်တခြင်း၊ ညည်းတွားခြင်း၊ ငါ၏အကျိုး အလိုငှါ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို တိတုသည် ငါတို့အား ကြားပြော၏။ ထို့ကြောင့် ငါသည် သာ၍ဝမ်းမြောက်ခြင်းရှိ၏ဟု ဆက်ပြောသည်။ စင်စစ် ကောရိန္ဒူမြို့သို့ ပေါလုကိုယ်စား သွားရောက်သောသူသည် တိတုဖြစ်သည်။ သို့သော် အသင်းသားများက တိတုအား ကျေးဇူးတင်သည့်စကားဖြစ်စေ၊ ချီးမွမ်းသည့် စကားဖြစ်စေ တစ်ခွန်းမျှမပြောဘဲ ပေါလုကို ချစ်ကြောင်း၊ ကျေးဇူးတင်ကြောင်းကိုသာ တိတုထံ ပြောသည်။ တိတုသည် ကိုယ်တိုင်ချီး မွမ်းမခံရသော်လည်း ပေါလုချီးမွမ်းခံရခြင်း အပေါ် ဂုဏ်ယူဝမ်းမြောက်သည်။ ထို့ကြောင့် ထိုစကားကို ပေါလုထံ ချက်ချင်းပြန်ပြောခြင်းဖြစ်သည်။

မိမိတို့သာဆိုလျှင် ခေါင်းဆောင်(ပေါလု)မလာသဖြင့် သူ၏မကောင်းကြောင်းကို ကွယ်ရာ၌ ပြောကောင်းပြောမိကြမည်ဖြစ်သည်။ သို့သော် ခေါင်းဆောင်ကောင်းတို့သည် ဂုဏ်ပြုချီးမွမ်းခြင်းကို အမြတ်မထုတ်ဘဲ ရသင့်ရထိုက်သည့်သူထံ မပျက်မကွက်ယူ ဆောင်ပေးကြသည်။

စေတနာကြီးသော တိတု

တိတုသည် ဆင်းရဲသားများအပေါ် စေတနာကြီးသောသူဖြစ်သည်။ သင်တို့၏ အကျိုးကိုပြုစုချင်သော စေတနာစိတ်ကို ဘုရားသခင်သည် တိတုအားလည်း ပေး တော်မူသော ကျေးဇူးတော်ကြီးလှပေ၏(၂ကော ၈း၁၆)။ တိတုသည် စေတနာကြီးသည်နှင့်အညီ အထူးသဖြင့် ကောရိန္ဒူအသင်းသား များ ဝိညာဉ်ရေး၌ ပိုမိုကြီးထွားစေရန်စိတ်ရောကိုယ်ပါ ကူညီသည်။ ထို့အပြင် လောက ရေး၌လည်း ကောင်းချီးရနိုင်ရန်အတွက် ပေးကမ်းခြင်းကို သွန်သင်ပေးသည်။ ယေရု ရှလင်မြို့ရှိ အသင်းသားများထံ ပေးလှူစေသည်။ ပိုလျှံ၍မဟုတ်ဘဲ မရှိသည့်ကြားထဲမှ စေတနာနှင့်ပေးကမ်းတတ်ရန် လမ်းပြပေးခြင်းဖြစ်သည်။

ထိုစဉ်က ယေရုရှလင်မြို့တွင် ငတ်မွတ်မှုကြုံရသဖြင့် ပေးလှူသူနှင့် ရရှိသူအဖို့ ကောင်းချီးဖြစ်လာ သည်။ ယင်းတို့သည် တိတု၏စေတနာကြီးမှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ စေတနာကြီးသော ခေါင်းဆောင်များက လူအားလုံးတို့ကို အကျိုးဖြစ်ထွန်းစေသည်။ ကိုယ်တိုင်က ကောင်းချီးမပေးနိုင်သည့်တိုင်ကောင်းချီးရရှိကြရေးအတွက် လမ်းအမျိုးမျိုး ဖွင့်ပေး သည်။

ကိုယ်ကို ကို ယ်ခွင့် ပြုသော တိတု

ရှင်ပေါလုက တိတုထံ ငါသည် သင့်ကို မှာထားခဲ့နှင့်သည်အတိုင်း ကရေတေ ကျွန်း၌ မစုံလင်သမျှတို့ကိုပြင်ဆင်၍ မြို့ရွာများ၌ သင်းအုပ်တို့ကို ခန့်ထားစေခြင်းငှါ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်းဟု ပြောသည်(တိ ၁း၅)။ ယင်းသည် အပြော လွယ်သလောက် အလွန်ခက်သောအရာဖြစ်သည်။ ကရေတေကျွန်းသည် အလျားမိုင် (၁၆၀)ခန့်နှင့် အနံ(၃၅) မိုင်ခန့်ရှိသည့် ကျွန်းကြီးတစ်ခုဖြစ်၍ အသင်းတော်လည်း အမြောက်အမြား ရှိနှင့်ပြီးဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ထိုအသင်းတော်များကို စီမံ အုပ်ချုပ်ရန်ဟူသည် အလွန်ခက်သောအရာဖြစ်သည်။ သို့သော်လည်း တိတုသည် ခေါင်းဆောင်၏စကားကို လုံးဝမငြင်းဆိုဘဲ သွားလိုက်သည်။

တိတုသည် တာဝန်ပြီးစီးသောအခါ ပေါလုကို ကူညီရန် နိကောပလိမြို့သို့ ပြန်လာသည်(တိ ၃း၁၂)။ ပေါလုကမခေါ်လျှင်ပင် လိုအပ်မှန်းသိသဖြင့် သွားရောက်ရန် ပြင်ဆင်ပြီးဖြစ်သည်။ ထိုသူသည် ငါတိုက်တွန်းသော စကားကို နားထောင်သည်သာမကအလွန်စေတနာစိတ်အားကြီး၍ သင်တို့ဆီသို့ အလိုအလျောက်သွား၏(၂ကော ၈း၁၇)။ စင်စစ် ကရေတေ ကျွန်းမှနိကောပလိမြို့သို့သင်္ဘောဖြင့်ဖြစ်စေ၊ ခြေလျင်ဖြင့်ဖြစ်စေ ရက်အတန်ကြာအောင် သွားရလိမ့်မည်ဖြစ်သည်။ လာချင်ရင် အနီးလေး၊ မလာချင်ရင် ခရီးဝေး

နာခံသော တိတု

တိတုသည် တစ်နေရာမှတစ်နေရာသို့၊ တစ်မြို့မှတစ်မြို့သို့၊ တစ်ပြည်မှတစ် ပြည်သို့ စေလွှတ်ခြင်းခံရသည်။ဧဝံဂေလိတရားကိုဟောပြော၍ အသင်းတော်အပေါင်း တို့၌ ချီးမွမ်းခြင်းကိုခံရသော ညီကိုလည်း တိတုနှင့်အတူ ငါတို့စေလွှတ်ကြ၏( ၂ကော ၈း၁၈)။ ထိုသို့စေလွှတ်ခြင်းခံရသော်လည်း တိတုက ငြင်းပယ်သည်ဟု တစ်ကြိမ်မျှပင် မဖော်ပြချေ။ ထို့ကြောင့် တိတုသည် စေတနာကြီးရုံမက နာခံသူလည်းဖြစ်ကြောင်း၊ တွေ့မြင်နိုင်သည်။

စိတ်ချစရာကောင်းသော တိတု

တိတုသည် တစ်နေရာမှတစ်နေရာသို့ အခွင့်အရေးတစ်ခုခုကို မျှော်လင့်ပြီး သွားရောက်ခြင်းမဟုတ်ပေ။ ဧဝံဂေလိတရားအတွက် အသက်ဆက်ကပ်သူဖြစ်သည်။ ထို့ကြောင့် ယုံကြည်သူများကို တစ်ခါမျှပင် အမြတ်မထုတ်ဖူးသကဲ့သို့ ရယူရန်အတွက် လည်း တစ်ခါမျှပင် မလုပ်ဆောင်ဖူးချေ။

ပေါလုကတိတုကိုကောရိမြို့သို့ စေလွှတ်ပြီး နောက်ပိုင်းတွင် အသင်းတော်ကို ဤသို့ပြောပြသည် တစ်စုံတစ်ယောက်သောသူကို သင်တို့ဆီသို့စေလွှတ်၍ သင်တို့၏ဥစ္စာကို ပရိယာယ်အားဖြင့် ငါယူသလော။ တိတုသည် သင်သို့ဆီသို့သွားမည်အကြောင်းငါတောင်းပန်၍သူနှင့်တကွအခြားညီတစ်ယောက်ကိုစေလွှတ်၏။ တိတုသည် ပရိယာယ်အားဖြင့် သင်တို့၏ ဥစ္စာကိုယူသလော။ ငါတို့သည် စိတ်သဘောချင်းတူ၍ ကျင့်ကြသည်မဟုတ်လော။ တစ်လမ်းတည်းလျှောက် ကြသည်မဟုတ်လော (၂ကော ၁၂း၁၇-၁၈)။

ကောရိန္တအသင်းသားများက ငွေရေးကြေးရေးမှအစ လုပ်ဆောင်လေရာတိုင်း ၌ တိတု၏ဖြောင့်မတ်မှု၊ သစ္စာရှိမှုကို မြင်တွေ့ရပြီးဖြစ်သဖြင့် အလွန်စိတ်ချကြသည်။ သို့ဖြစ်ရာ ပေါလုကလည်း သူသည် အသင်းသားများအား တိတုနည်းတူ အမြတ် မထုတ်ဖူးဘူးဟု ပြောဆိုခြင်းဖြစ်သည်။

ကျောက်ကို တန်ဖိုးတက်အောင် သွေးရသည်

ပေါလုက တိတုကို ကရေတေကျွန်း၌ ထားရစ်ရခြင်းမှာ ၁) အသင်းတော် အတွင်းရှိ ခံယူချက် အမှားများကို ပြုပြင်ရန်နှင့် ၂) မြို့ရွာများ၌ သင်းအုပ်များကို ခန့် ထားရန်အတွက်ဖြစ်သည်(တိ ၁း၅)။

ကရေတေ ကျွန်းသားများသည် လိမ်ပြောသည်။ ကြမ်းကြုတ်သည်။ အစားကြူးသည်။ အပျင်း “….ပျင်းရိသော ထူသည်(တိ ၁း၁၂)။ ထိုလူတို့ကို ပြုပြင်ရန်ဟူသည်သာမန်အမှုတော်ဆောင်တစ်ယောက်အဖို့ မလွယ်သောအရာ ဖြစ်သည်။ လိမ်ပြောသောအခါ ကြိမ်းမောင်းတတ်သူ၊ ကြမ်းကြုတ်သောအခါဆုံးမတတ်သူ၊ အစားကြူးသောအခါ ချုပ်တည်းခြင်းရှိရန် ပျိုးထောင်တတ်သူ၊ အပျင်းထူသောအခါ လိုအပ်သလို အလုပ် ခိုင်းတတ်သူ လိုအပ်သည်။ ထို့ကြောင့် ရှင်ပေါလုက ထိုအရည်အချင်းများနှင့် ပြည့်စုံ သော တိတုကို ထားခဲ့ခြင်း ဖြစ်နိုင်သည်။

လူ့အနေဖြင့် လွယ်ကူသောအရာမဟုတ်သော်လည်း ဝိညာဉ်တော်အားဖြင့်မူ မဖြစ်နိုင်သောအရာ မရှိချေ။ တိတုသည် ထိုသူတို့ကို အုပ်ချုပ်စီမံအတွက် ခေါင်းဆောင်တချို့ကို တာဝန်ပေးသည်။ ထိုခေါင်းဆောင်များ၏ အရည်အချင်းမှာ ဖော်ပြပါ အတိုင်းဖြစ်သည်။ ၁) အသက်တာ – အပြစ်တင်စရာ မရှိသူ၊ စိတ်ရှည်သူ၊ အတ္တမရှိ သူ၊ နူးညံ့သိမ်မွေ့သူ၊ အကင်းပါးသူ၊ စင်ကြယ်သူ၊ ကိုယ့်ကိုကိုယ်ချုပ်တည်းနိုင်သူ ဖြစ် ရမည်။ ၂) အိမ်ထောင်ရေး -မယားတစ်ဦးသာရှိသူ၊ သားသမီးများ ယဉ်ကျေးလိမ္မာသူဖြစ်ရမည်။ ၃) လူမှုဆက်ဆံရေး – ဧည့်ဝတ်ကျေပွန်သူ၊ ရန်ငြိမ်းစေတတ်သူ ဖြစ်ရမည်။ ၄) ငွေရေးကြေးရေး – ငွေကြေးမတပ်မက်သူ၊ ဘုရားသခင်၏ဘဏ္ဍာတော်ကိုကောင်းမွန်စွာထိန်းသိမ်းတတ်သူ ဖြစ်ရမည်။

၅) အုပ်ချုပ်ရေး – ဖြောင့်မတ်သူ၊ မှန်ကန်စွာ တိုက်တွန်းအားပေးတတ်သူ၊ စကားအာခံသူများကို အပြစ် ရှိကြောင်း ဖော်ပြတတ်သူ၊ သစ္စာတရားကို လက်ကိုင် ထားသူ ဖြစ်ရမည်။

သို့ဖြစ်ရာ ခေါင်းဆောင်ကောင်း ဖြစ်နိုင်ရန်အတွက် ဖော်ပြပါအရည်အချင်းများ လိုအပ်သည်။ ကျောက်တုံးထုခွဲနိုင်ရန် သံတူလိုအပ်ပြီးပန်းပဲထုနိုင်ရန် မီးလိုအပ်သည်။ ကျောက်ကို ကောင်းမွန်စွာ သွေးတတ်လေလေ၊ တန်ဖိုးတက်လေလေဖြစ်သည်။

ရန်ပုံငွေရှာတတ်သော တိတု

တိတုသည် ရန်ပုံငွေရှာဖွေခြင်း၌ အလွန်တော်သောသူဖြစ်သည်(၂ကော ၈း၆)။ ထိုအချက်နှင့် ပတ်သက်၍ ရှင်ပေါလုက ဤသို့ပြောဆိုသည်။ ထို့ကြောင့် တိတုသည် သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း ငါတို့သည် သူ့ကိုတောင်းပန်ကြ၏။ ထိုသို့နှင့်အညီ သင်တို့သည် ယုံကြည်ခြင်း၊ တရားဟောခြင်း၊ ဉာဏ်ရှိခြင်း၊ အမျိုးမျိုးသောသတိနှင့်ပြည့်စုံခြင်း၊ ငါတို့ကို ချစ်ခြင်းမှစသော အလုံးစုံ တို့နှင့် ကြွယ်ဝပြည့်စုံသည်ဖြစ်၍ ထိုကျေးဇူးနှင့်လည်း ကြွယ်ဝပြည့်စုံခြင်း ဖြစ်စေသ တည်း ( ၂ကော ၈း ၆-၇)။

ရှင်ပေါလုက တိတုကို ကောရိန္တအသင်းသား များထံမှ အလှူငွေဆက်လက်ကောက်ခံရန် တိုက် တွန်းခြင်းဖြစ်သည်။ တိတုသည် ယခင်က ဆင်းရဲသားများနှင့် ငတ်မွတ်သူများအား ကူညီရန် ရန်ပုံငွေ ရှာပေးဖူးသည်။ “ပြီးစီးစေမည်အကြောင်း”ဟူသည့်စကား လုံးသည် ထိုခေတ်က ရက်ရောစွာပေးကမ်း သူများ၏ ရန်ပုံငွေအင်အားကြောင့် အလုပ်များစွာ ပြီးမြောက်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ သို့ဖြစ်၍ လိုအပ်သောရန်ပုံငွေများကို ရက်ရောသောသူများက ဆက် လက်ပေးကြပါဟု ဆိုလိုရင်းဖြစ်သည်။

ရှင်ယာကုပ်ကလည်း ဆင်းရဲသားများအားကူညီခြင်းနှင့်ပတ်သက်၍ ဤသို့ပြောဆိုသည်။ ညီ အစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍ နေ့တိုင်း စားရသော အစာမရှိသောအခါ သင်တို့တွင် တစ်စုံ တစ်ယောက်သောသူက ငြိမ်ဝပ်စွာသွားကြလော့။ နွေး ကြလော့။ ဝကြလော့ဟုပြောလျက် သူတို့ကိုယ်နှင့်တော်လျော်သောအသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း (ယာ ၂း၁၅-၁၆)။

သို့ဖြစ်၍ တိတုသည် ဆင်းရဲသားများကိုယ်စား ရပ်တည်သော၊ အကူအညီ တောင်းပေးသော၊ လိုအပ်သလို ရန်ပုံငွေရှာပေးသောသူဖြစ်သည်။

လေမွေလမင်းကြီးကို ၎င်းမိခင်က ဆင်းရဲသားများ၏စကားကို လူအများက နားမထောင်လိုသော်လည်း သင်၏စကားကို လူအများက နားထောင်ကြမည်။ ထို့ကြောင့် ခိုကိုးရာမဲ့သည့် ဆင်းရဲသားများဘက်မှ စကားဝင်ပြောပါ။ စောင့်ရှောက် ကူညီပါဟု သွန်သင်သည်(သု ၃၁း၈-၉)။

ရှောလမုန်ကအိုထာဝရဘုရား၊ သြဇာအာဏာ ကိုပေးပါ။ ငြိမ်သက်ခြင်းသက်ရောက်စေပါ။ လူလေးစားခံရအောင် ကောင်းချီးပေးပါ။ စည်းစိမ်ဥစ္စာတိုးပွားစေပါ။ ချမ်းသာစေပါ၊ မှန်ကန်မျှတစွာ တရားစီရင်နိုင် ရန် ကောင်းချီးပေးပါဟု ဆုတောင်းသည်။ ဤသို့ တောင်းသဖြင့် ရှောလမုန်အား လောဘကြီးသူ၊ အတ္တ ကြီးသူဟု ထင်စရာရှိသည်။ သို့သော် သေချာကြည့်သောအခါ သူ၏ဆုတောင်းချက်သည် ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ဆင်းရဲသားများဘက်မှ မှန်ကန်စွာ တရားစီရင်နိုင်ရန်နှင့် ကူညီနိုင်ရန်အတွက်ဖြစ် ကြောင်းတွေ့မြင်ရသည်(ဆာ ၇၂း၁-၁၆)။ သို့ဖြစ်၍ အထူးသဖြင့် ခေါင်းဆောင်များသည် ရှောလမုန်ကဲ့သို့ ဆုတောင်းပြီး လေမွေလကဲ့သို့ ဆင်းရဲသားများအပေါ် စေတနာရှိကာ တိတုကဲ့သို့ လိုအပ်သည့်နေရာ ၌ ရန်ပုံငွေရှာပေးတတ်သူဖြစ်ရန် အရေးကြီးသည်။ မိမိကိုယ်တိုင် ရိုးသားဖြောင့်မတ် လျှင် ဘုရားသခင်က သူ၏စည်းစိမ်ကို လိုအပ်သလို စီမံအသုံးပြုစေ၍ အများအကျိုး သယ်ပိုးနိုင်သည့်ခေါင်းဆောင် ဖြစ်လာစေလိမ့်မည်။

စီမံခန့်ခွဲတတ်သော တိတု

တိတုသည် ပေါလုမှာကြားသည့်အတိုင်း ကရေကျွန်းပေါ်ရှိ အသင်းတော် အသီးသီးတို့၌ ခေါင်းဆောင်များ အသီးသီးခန့်အပ်သည်(၂ကော ၈း၁၈)။ စီမံခန့်ခွဲရာတွင် ထူးချွန်သဖြင့် အချိန်တိုအတွင်း အလုပ်ပြီး စီးပြီး ရောက်ရှိလာမည့် အာတေမ၊ သို့မဟုတ် တုခိတ် ၊ ယနေ့ အတွက် အဆင်သင့်ထားရှိပေးသည်(တိ ၃း၁၂)။

ခေါင်းဆောင်သစ် ပျိုးထောင် မွေးထုတ်ခြင်း

တိတုသြဝါဒစာ ၂း၁-၇၌ ခရစ်ယာန်ခေါင်း ဆောင် ပျိုးထောင်မွေးထုတ်နည်းကို အဆင့်(၄)ခုတွေ့ရသည်။ ၁) ရှင်ပေါလုက ခေါင်းဆောင်များကို ပျိုးထောင်မွေးထုတ်သည်၊ ၂) ထိုခေါင်းဆောင်များထဲတွင် တိတုလည်း ပါဝင်သည်။ ၃) တိတုက အသက်ကြီးသောသူများကို ပျိုးထောင်သည်၊ ၄) အသက်ကြီးသော သူများက လူငယ်များကို ပျိုးထောင်သည်။ သို့ဖြစ်ရာ ခေါင်းဆောင်တစ်ယောက်က အခြားတစ်ယောက်ကို ပျိုးထောင်၍ထိုသူကလည်း နောက်တစ်ယောက်ကို လက်ဆင့် ကမ်းပျိုးထောင်ရန် လိုသည်။ အထူးသဖြင့် ခရစ်ယာန်ယုံကြည်ချက်နှင့် ခံယူချက်၌ ခေါင်းဆောင်သစ်မပျိုးထောင်ပါက ခရစ်ယာန်ယုံကြည်ချက်သည် မျိုးဆက်တစ်ဆက် စာသာ အဒွန့်ရှည်မည်ဖြစ်သည်။

ကျမ်းစာ၌ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပျိုးထောင်မွေးထုတ်ပုံကို ဤကဲ့သို့ တွေ့ရသည်။

၁) နောဧက ရှေ့မ၊ ၂) အာဗြဟံက လောတ၊ ၃) ယာကုပ်က ယောသပ်၊ ၄) ယေသရောက မောရှေ၊ ၅) မောရှေက ယောရှု၊ ၆) နောမိက ရုသ၊ ရ) ဧလိက ရှမွေလ၊ ၈) ယောနသန်က ဒါဝိဒ်၊ ၉) ဒါဝိဒ်က မေဖိဗောရှက်၊ ၁၀) နာသန်က ဒါဝိဒ်၊ ၁၁) ဧလိယက ဧလိရှဲ၊ ၁၂) ဧလိယက ပရောဖက် များ၊ ၁၃) ဧလိရှဗက်က မာရိ၊ ၁၄) နှစ်ခြင်းဆရာယောဟန်က တပည့်များ၊ ၁၅ ယေရှုက တမန်တော် များ၊ ၁၆) ဗာနဗက ရှောလု၊ ၁၅) ဗာနဗက မာကု၊ ၁၈) ပေါလုက သိလ၊ ၁၉) ပေါလုက တိမောသေ၊ ၂၀) ပေါလုက ဖိလေမုန်၊ ၂၁) ပေါလုက အာကုလ၊ ၂၂) ပေါလုက ယုလိ၊ ၂၃) အာကုလနှင့် ပြစ်ကိလတို့က အာပေါလှ။

ထိုကဲ့သို့ လက်ဆင့်ကမ်းမွေးထုတ်မှသာ ခေါင်းဆောင်မှုပြည့်စုံလာပြီး အလုပ် တွင်ကျယ်လာ သည်။ မိမိတို့သည် မည်သူ့ကို ပျိုးထောင်မွေးထုတ်ကြပြီနည်း။

တိတု၏ နောက်ဆုံးနေ့

တိတု၏အကြောင်းကိုတိမောသေသြဝါဒစာဒုတိယစောင်၌နောက်ဆုံးအကြိမ် အဖြစ် တွေ့ရသည်။ ပေါလုက သူသေခါနီးအချိန်တွင် တိမောသေထံ ငါ့ထံသို့ မြန်မြန် လာခြင်းငှါ ကြိုးစားလော့။ အကြောင်းမူကား ဒေမသည် ယခုဘဝကို နှစ်သက်သော စိတ်ရှိသည်နှင့် ငါ့ကိုစွန့်ပစ်၍ သက်သာလောနိတ်မြို့သို့ သွားပြီ။ ကရဏ္ဏသည် ဂလာ တိပြည်သို့လည်းကောင်း၊ တိတုသည် ဒါလမတိပြည်သို့လည်းကောင်းသွားပြီ။ လုကာ တစ်ယောက်တည်းသာ ငါ့ထံမှာရှိ၏။ မာကုကို သင်နှင့်အတူခေါ်ခဲ့လော။ သူသည် ဆရာအမှုကိုပြုရာမှာ ငါ၏သာသနာ၌ အကျိုးရှိ၏ဟု စာရေးသည် (၂တိ ၄း၉-၁၁)။

ရှေးခေတ်တွင် ဒါလမတိမြို့ကို ကူလုရိတ်မြို့ဟုလည်းခေါ်၍(ရော ၁၁၉) ယခုခေတ်တွင် ယူဂိုဆလားဘီးယားနိုင်ငံဖြစ်သည်။ တိတုသည် ပေါလု၏ခရီးစဉ်များ ၌ လိုက်ပါသည့်အပြင် ပေါလုခိုင်းသည့်အတိုင်း ကောရိန္ဒူ၊ ကရေကျွန်းနှင့် နိကာ ပလိမြို့ တို့လည်း သွားရောက်သည်။ သူသည် ဒေမကဲ့သို့မဟုတ်ဘဲ ဘုရားသခင် အပေါ်၌ အဆုံးထိသစ္စာရှိသူ၊ ဝါရင့်ခေါင်းဆောင်များ၏စကားကို နာခံသူ၊ ခေါင်း ဆောင်သစ်များကို ပျိုးထောင်မွေးထုတ်သူ ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်။

သင်ခန်းစာယူစရာ အချက်တချို့

၁) ကိုယ့်ကိုကိုယ်ခွင့်ပြုလျှင် ဘုရားသခင်က အသုံးပြုမည်။ တစ်ပါးအမျိုး သားဖြစ်သော တိတုသည် ကိုယ့်ကိုကိုယ်ခွင့်ပြုသဖြင့် တစ်ပါးအမျိုးသားများနှင့် ယုဒ လူမျိုးများကြားတွင် ဘုရားသခင်က အသုံးပြုသည်။

၂) ရိုးသားဖြောင့်မတ်လျှင် ဘုရားသခင်က ငွေကြေးအပ်နှံမည်။ ကောရိန္ဒူမြို့ မှ ယေရုရှလင်မြို့သို့ ငွေအမြောက်အမြား သယ်ယူပေးရန်ဟူသည် အလွန်မလွယ်သောအရာဖြစ်သည်။ ရိုးသားဖြောင့် မတ်သူမဟုတ်လျှင် မည်သူမျှက ငွေကြေးအပ်နှံ ဝံ့မည်မဟုတ်သကဲ့သို့ ရန်ပုံငွေလည်း ပေးလှူဝံ့မည်မဟုတ်ချေ။

၃) မိမိ၏’အသံ’ကို ဆင်းရဲသားများအတွက် အသုံးပြုပါ။ ဆင်းရဲသားများ အတွက် အသံထွက်ပေးခြင်းသည် အသံတကာအနက် ‘အချိုမြိန်ဆုံး’ ဖြစ်သည်။ အ သက်ရှင်ခြင်း၏ စစ်မှန်သောအဓိပ္ပာယ်သည် သူတစ်ပါးအား ကူညီခြင်းအပေါ်မူတည် သကဲ့သို့ စစ်မှန်သောချမ်းသာခြင်းသည်လည်း ပေးလှူခြင်းအပေါ် မူတည်သည်။

 

Leave a Reply

Your email address will not be published. Required fields are marked *