သမ္မာကျမ်းလာခေါင်းဆောင်များထံမှသင်ယူခြင်း

မာတိကာ – ထုတ်ဝေသူအမှာ – ဘာသာပြန်သူအမှာ

– ပညာရှိဂုရုကြီးများနှင့် တစ်နေ့တာဆည်းပူးသင်ယူခြင်း ဧလိယ ဆိုးဝါးတဲ့ကာ

လမှာလည်း ဘုရားသခင်က ချစ်ဆဲပါပဲ

ဧလိရှဲ

ဘုရားသခင်စေထားတဲ့နေရာမှာ အကောင်းဆုံးဆောင်ရွက်ပါ

ယောဘ

ဘုရားသခင်ဟာ အနာဂတ်အလုံးစုံကို မြင်နိုင်သူဖြစ်ပါတယ်

ယာကုပ်

သင့်ရဲ့ ဘဝတစ်ခုလုံးကို ဘုရားသခင်လုံးဝထိန်းချုပ်ခွင့်ပြုပါ

ဒေဗောရ

ဘယ်သူမှမမျှော်လင့်မထင်မှတ်ထားသူကို ဘုရားသခင်က အသုံးပြုတတ်ပါတယ်

ဟေရှာယ

ဘုရားသခင်အကြံအစည်ကြောင့်သာ ဘုရားသခင်နဲ့တွေ့ဆုံခွင့်ရပါတယ်

ယောန

ထာဝရဘုရားသခင်ဟာ အမြဲတမ်းဒုတိယအခွင့်အရေးပေးပါတယ်

ယောရှု

ထာဝရဘုရားသခင်ဟာ ၊ ဘဝရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေထက် ကြီးမြတ်ပါတယ်

ဒံယေလ

ဘဝထက်ကြီးမားတဲ့ ရည်မှန်းချက်ရှိပါစေ

နေ့တစ်နေ့ရဲ့ နိဂုံး

ထုတ်ဝေသူအမှာ

ခေါင်းဆောင်ဖြစ်လိုသူတိုင်း စွန့်စားမှု (Risk) နှင့် စွန့်လွှတ် (Sacrifice) များကို မလွဲမသွေ ယူရပါသည်။ နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေးနယ်ပယ်တိုင်းတွင် အတူတူပင်။

အခြားသူများနည်းတူ ခေါင်းဆောင်တိုင်းတွင်လည်း အားနည်း ချက်ရှိပါသည်။ သို့သော် သာမန်လူများထက် သတ္တိ (Courage) နှင့် ကြံ့ကြံ့ခံနိုင်ခြင်း (Resilience) တို့ ပိုသောကြောင့် မှားလျှင် သင်ခန်းစာ ယူတတ်ပြီး၊ အမှားတူနောက်ထပ်မမှားအောင် လေ့လာသင်ယူမှုနှင့် သတိကောင်းသောကြောင့် Risk နှင့် Sacrifice ကို အခြေအနေအချိန် အခါပေါ်တည်ပြီးဆုံးဖြတ်ရယူနိုင်စွမ်းရှိကြခြင်းဖြစ်ပါသည်။ )

မူရင်းစာရေးသူ John C. Maxwell က သမ္မာကျမ်းစာ ဓမ္မဟောင်း တွင်ပါဝင်သော ဧလိယ၊ ဧလိရှဲ၊ ယောဘ၊ ယာကုပ်၊ ဒေဗောရ၊ ဟေရှာယ၊ယောန၊ ယောရှုနှင့် ဒံယေလ ခေါင်းဆောင်ကိုးဦး၏ဘဝအတွေ့အကြုံ များ၊ ဘုရားသခင်ထံ ဆက်ကပ်တိုးလျှိုမှုများ၊ အမှုတော်ဆောင်မှုများ အကြောင်းကို တင်ပြရင်း စာရေးသူကိုယ်တိုင်လက်ခံရရှိလိုက်သောခေါင်းဆောင်မှုဆိုင်ရာသင်ခန်းစာများကို ပြန်လည်မျှဝေရေးသားထား ပါသည်။ ဖတ်ရှုသူများအနေဖြင့်လည်း မိမိကိုယ်ပိုင်အမြင်ဖြင့် ပြန်လည် ဖြန့်ကျက်တွေးတောရင်း လက်တွေ့လိုက်နာကျင့်သုံးသင့်သောစာအုပ် ကောင်းတစ်အုပ်ဖြစ်သဖြင့် ဘာသာပြန်ဆိုထုတ်ဝေလိုက်ရပါသည်။

တူဒေးစာအုပ်တိုက်

ဘာသာပြန်သူအမှာ

ကျွန်တော့်အနေဖြင့် John C. Maxwell ၏ Learning From Giants စာအုပ်ကို ဖတ်ခွင့်ရခြင်းသည် ဘုရားသခင်၏ကျေးဇူးတော် သက်သက်သာဖြစ်ပါသည်။ ဘာသာပြန်သူတစ်ဦးနှင့် ထုတ်ဝေသူတစ်ဦး အနေဖြင့် ဤလိုစာအုပ်မျိုးကိုခရစ်ယာန်လုပ်ငန်းရှင်များ၊ မန်နေဂျာ များ၊ ခေါင်းဆောင်များ အထက်ပါတာဝန်ယူမည့်သူများဖတ်နိုင်ရန် အတွက် စေတနာဖြင့် ဘာသာပြန်လိုက်ရခြင်းဖြစ်ပါသည်။ )

သမ္မာကျမ်းစာသည် ဖတ်ရသူတိုင်းအတွက် ဗဟုသုတတိုးပွား စေဖို့သာမဟုတ်ဘဲ လက်တွေ့အသုံးချဖို့လည်းဖြစ်ပါသည်။ John C. Maxwell အနေဖြင့် သမ္မာကျမ်းစာလာခေါင်းဆောင်များ၊ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ၏ သင်ခန်းစာအမှား၊ အားနည်းချက်များ စသည်တို့ကို ကျမ်းပုဒ်များနှင့်အညီ ရှင်းလင်းထောက်ပြဆွေးနွေးတင်ဆက်သွားသည် မှာ အကျိုးရှိလှပေသည်။ ကျွန်တော်တို့အယောက်တိုင်းတွင် အားနည်း ချက်၊ ကြောက်ရွံ့မှု၊ မသေချာမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ပျက်မှု စသည်တို့ရှိ တတ်ရာ ကျမ်းစာအုပ်ပါ ခေါင်းဆောင်များ၏ ဘုရားသခင်ထံတိုးဝင် ချဉ်းကပ်မှု၊ အတွေ့အကြုံ၊ သင်ခန်းစာများမှတစ်ဆင့် သင်ယူလေ့လာပြင် ဆင်နိုင်ပါသည်။

ဤစာအုပ်ကို ဘာသာပြန်ရန် အခွင့်အရေး၊ ကျန်းမာရေး၊ ဉာဏ်ခွန်အားပေးပါသော ထာဝရဘုရားသခင်၊ သခင်ယေရှုနှင့် သန့်ရှင်းသောဝိညာဉ်တော်ကို ဦးစွာကျေးဇူးတင်ရှိပါသည်။ ဤစာအုပ် ဘာသာပြန်ရာတွင် ကူညီဆုတောင်းပေးပါသောကျွန်တော့်၏အမေ ဒေါ်ခင်မြင့်၊ ဇနီး မကလျာညွန့်နှင့်သားနှစ်ဦး၊ အဖုံးဒီဇိုင်းဆွဲပေးသော ကိုစောရန်နိုင်၊ စိတ်ရှည်သည်းခံစွာတည်းဖြတ်ပေးသောမဝါဝါဆွေ၊ ကွန် ပျူတာစာစီပေးသောမဇင်မာဌေး၊ စာအုပ်ထွက်ရန် တာဝန်ယူပေးသော ကိုဇော်ဝင်းနှင့် တူဒေးအဖွဲ့သားများကို အထူးကျေးဇူးတင်ရှိပါသည်။

ဒေါက်တာသာထွန်းဦး

ခရစ်ယန်ခေါင်းဆောင်များ၊ လုပ်ငန်းရှင်များ၊ မန်နေဂျာများကိုရည်ညွှန်းလျက်

ပညာရှိဂုရုကြီးများနှင့် တစ်နေ့တာဆည်းပူးသင်ယူခြင်း

သမ္မာကျမ်းစာ ဓမ္မဟောင်းလာ ယုံကြည်ခြင်းဆိုင်ရာသူရဲ ကောင်းတွေနဲ့ တစ်နေ့တာလောက် တပည့်ခံကြည့်ရင် ဘယ်လိုနေမှာလဲ လို့စဉ်းစားကြည့်ရအောင်။ အဲဒီလူတွေက ယုံကြည်ခြင်းကို အခြေခံပြီး ကြီးမားမြင့်မြတ်တဲ့တိုက်ပွဲတွေကို အောင်မြင်စွာ တိုက်နိုင်ခဲ့တာတွေ၊ ထာဝရဘုရားသခင်အမှုတော်ကိုထမ်းဆောင်ရင်း ထူးခြားတဲ့ပြောင်းလဲမှု အကြောင်းတွေ လေ့လာခွင့်၊ သင်ယူနာကြားခွင့်ရမှာ မလွဲပါဘူး။ အဲဒီလို ၊ လူတစ်ယောက်စီနဲ့ မျက်နှာချင်းဆိုင်ထိုင်ရင်း တစ်ယောက်စီတန်ဖိုးရှိတဲ့ ၊ အချိန်တွေကို ဖြုန်းခွင့်ရရင် ဘယ်လိုနေမှာလဲဆိုတာ စဉ်းစားရင်း ကြက်သီး တောင် ထမိပါတယ်။

အဲဒါလေးကို စဉ်းစားမိတာက ဒီစာအုပ်ကို ရေးလာရတဲ့အဓိက အကြောင်းရင်းပါပဲ။

ကျွန်တော့်အနေနဲ့တော့ သမ္မာကျမ်းစာလာ ခေါင်းဆောင် တွေအကြောင်း လေ့လာနေတာ နှစ် ၅ဝ ရှိပါပြီ။ ကျွန်တော့်အနေနဲ့ အမှန်အတိုင်း ဝန်ခံရရင် ခေါင်းဆောင်မှုဆိုင်ရာစာအုပ်ပေါင်းများစွာ ရေးနိုင်တဲ့အခြေခံပညာရွှေအိုးကြီးကတော့ “သမ္မာကျမ်းစာ” ပါပဲ။ သမ္မာ ကျမ်းစာကိုအခြေခံပြီးရတဲ့ အတွေးအမြင်ကို အခြေခံပြီး “သမ္မာကျမ်းစာလာ လူစွမ်းကောင်းများနှင့် ရင်ဆိုင်ခြင်း” စာအုပ်ထုတ်ဝေခဲ့သေးတယ်။ စာဖတ်သူအများစုက ဒီလိုစာအုပ်မျိုးရေးဖို့ နှစ်အတော်ကြာ တိုက်တွန်း ခဲ့ကြလို့ နောက်ထပ်ဆယ်နှစ်အချိန်ယူပြီး သမ္မာကျမ်းစာပါ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များကို ဖတ်ရှုလေ့လာခြင်းနှင့် တွေးတောကြံစည်ခြင်းရဲ့ ရလဒ်ကတော့ ဒီစာအုပ်လေးပါပဲ။

သမ္မာကျမ်းစာလာပါရမီရှင် ကိုးဦးရဲ့ ယုံကြည်မှုကို အခြေခံတဲ့ ဘဝအတွေ့အကြုံနဲ့ ခေါင်းဆောင်မှုအတွေ့အကြုံတွေကို တစ်ယောက် ချင်းစီနဲ့အချိန်ဖြုန်းရင်း ဆည်းပူးသင်ယူလေ့လာကြရအောင်ဗျာ။

ဧလိယ

ဆိုးဝါးတဲ့ကာလမှာလည်း ဘုရားသခင်က ချစ်ဆဲပါပဲ

တစ်နေ့တာမှာ ကျွန်တော့်အကြိုက်ဆုံးအချိန်လေးကတော့ အရုဏ်ဦးမတိုင်မီအချိန်လေးပါ။ ဒီလိုအချိန်မှာ ကျွန်တော့်အိမ်က လုံးဝ တိတ်ဆိတ်နေတတ်ပါတယ်။ ဧည့်သည်ကို အိမ်ရှေ့ကနေကြိုပြီး ဧည့် ခန်းကိုအတူဖြတ်လျှောက်ပြီး ကျွန်တော့်စာဖတ်ခန်းကို ခေါ်လာစမြဲပါပဲ။

ကျွန်တော့်စားပွဲပေါ်မှာတော့ လုပ်လက်စအပိုင်းအစအတိုအစ တွေရယ်၊ မှတ်သားသင့်တဲ့စကားတွေ၊ ကဗျာတွေ၊ မိန့်ခွန်းတွေ စသဖြင့် ရေးခြစ်ထားတတ်တဲ့ကတ်ပြားတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒီနေ့တော့ အဲဒီအလုပ်တွေကို ခဏဘေးဖယ်ထားလိုက်ပြီး ယုံကြည်ခြင်းကို အခြေခံတဲ့သမ္မာကျမ်းစာလာ ပုဂ္ဂိုလ်ထူးတွေနဲ့ ဖြစ်နိုင်ရင်တော့ တစ်ဦး ချင်းနဲ့ တန်ဖိုးရှိရှိ အချိန်ဖြုန်းချင်မိတယ်။ ဘယ်သူလာမလဲ မသိပေမယ့် သေချာတာကတော့ တစ်ယောက်ပြီးတစ်ယောက်ရောက်လာပြီး သူတို့ရဲ့ အသိဉာဏ်ပညာရွှေအိုးကို အချိန်တိုအတွင်းမှာ တန်ဖိုးရှိရှိ ဝေမျှသွားမှာ ဖြစ်ပါတယ်။

ဒီနေ့တော့ ထူးခြားတဲ့နေ့တစ်နေ့ဆိုတာသေချာပါတယ်။ ဘုရား သခင်နဲ့ ခဏတာတွေ့ကြုံခဲ့တဲ့ တစ်နည်းအားဖြင့် ဘုရားသခင်နဲ့ ပတ် သက်ခဲ့တဲ့ခဏတာရဲ့ အထူးခြားဆုံးကတော့ ပြောင်းလဲသွားတဲ့အသက် တာပါပဲ။ ကျွန်တော်တို့လည်း သူတို့ဆီက သင်ယူလေ့လာရင်း ပြောင်းလဲလာမယ်ဆိုတာ သေချာပေါက်ပါပဲ။ စာဖတ်သူလည်း ကျွန်တော် အတူ အဲဒီအခွင့်အရေးကောင်းကို ပူးပေါင်းပါဝင်မယ်ဆိုတာ ” ပြီးသားပါ။

ကျွန်တော့်စာရေးစားပွဲပေါ်မှာ ကျွန်တော့်ဘဝအတွက် အမှတ် ရစရာ ကျွန်တော်အကြိုက်ဆုံးပစ္စည်းလေးတွေရှိပါတယ်။ တစ်ခုကတော့ အဖေ့အသက်ကိုးဆယ်အရွယ်မှာ ကျွန်တော်နဲ့အတူစာသင်နေတဲ့ ဓာတ် ပုံလေးရယ်၊ ကျွန်တော့်ဘဝကို ထူးခြားစွာ တို့ထိတဲ့စာအုပ်အချိုရယ် နဲ့ ကျွန်တော့်စုထားတဲ့လေးစားရတဲ့ ဓမ္မဆရာကြီးဂျွန်ဝက်စလီရဲ့ ပစ္စည်း အချို့ရယ် ရှိပါတယ်။ စာရေးစားပွဲနောက်က ဆုံလည်ကုလားထိုင်ပေါ် ကနေ ကြည့်လိုက်ရင်တော့ ပြတင်းပေါက်ကနေတစ်ဆင့် ဟိုးမိုးကပ် စက်ဝန်းအဆုံးသက်တန့်ရယ်၊ ကောင်းကင်ရယ်၊ အတ္တလန်တိတ်သမုဒ္ဒရာ ရဲ့ ထူးခြားတဲ့ရောင်စုံဖြာထွက်နေတဲ့ လှိုင်းတွေကို တမေ့တမောခံစား မြင်တွေ့ရပါတယ်။

ဒီလိုတမူထူးခြားစွာလှနေတဲ့ သမုဒ္ဒရာရဲ့ အလှကို ကျွန်တော့် ခုံဘေးမှာ ချထားတဲ့ ကုလားထိုင်ကြီးမှာ စာဖတ်သူထိုင်ပြီး ခံစားကြည့် စေချင်ပါတယ်။ ကျွန်တော်တို့နှစ်ခုံရှေ့က ခုံကခုံလွတ်တစ်ခုပေါ့။ ဒီနေ့ ဘယ်သူလာမလဲတော့ မသိဘူး။ အဲဒီဧည့်သည်ထိုင်ဖို့ ပြင်ဆင်ထားတယ်။

သိပ်အကြာကြီးမစောင့်လိုက်ရပါဘူး၊ ဧည့်ခန်းမကြီးကို တစ်စုံ တစ်ယောက်ဖြတ်လျှောက်လာတဲ့ တမံတလင်းပေါ်ကနေ သားရေဖိနပ် ကို ဖွဖွလေးနင်းလာတဲ့ခြေလှမ်းသံတွေ ကြားနေရတယ်။ တစ်ပြိုင်နက် မှာပဲ အသက်ခပ်လတ်လတ် ထိပ်ပြောင်ပြောင်နဲ့ ဝတ်ရုံဖြူဝတ်ပြီး ခါး မှာ သားရေခါးပတ်ပတ်ထားတဲ့ အမျိုးသားတစ်ယောက်ကို တွေ့လိုက် ရတယ်။ ပခုံးပေါ်မှာတော့ အကြိမ်ကြိမ်အဖန်ဖန် မွမ်းမံထားတဲ့ သစ် ကုလားအုပ်အမွေးနဲ့လုပ်ထားတဲ့အစတစ်ခုကို လွှမ်းထားတာကို တွေ့ရ တယ်။ သူရဲ့ လေးနက်တဲ့ မျက်နှာထားတင်းတင်းကို တွေ့ရတော့ ဘယ်သူ များလဲလို့ စဉ်းစားနေမိတယ်။

အဲဒီအချိန်မှာ သူက ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ပြီး ရှေ့မှာချထားတဲ့ခုံဆီကို လျှောက်သွားရင်း “ငါကတော့ ငါ့တိုင်းသူပြည် သားတွေကို အလွမ်းမိုးနိုင်ဆုံးလူပဲ” လို့ ပြောလိုက်ပါတယ်။ “ငါ့ကို တိုင်းသူပြည်သားအားလုံးက လုံးဝယုံတယ်။ ငါဟာဘုရင့်ရဲ့ နားနဲ့ ဘုရား သခင်ရဲ့ တန်ခိုးအာဏာဖြစ်တယ်။ ဣသရေလလူမျိုးတို့ရဲ့ ဘုရင်တွေ ထဲက အဆိုးယုတ်ဆုံးဘုရင်ဖြစ်တဲ့ အာဟပ်မင်းကို ရှုံ့ချအပြစ်တင်ခဲ့ တယ်။ သုံးနှစ်မိုးခေါင်မယ်ဆိုတာ ကြိုလေ့လာခဲ့သလို ဗာလဘုရားဟာ ဘုရားမဟုတ်ဘူးဆိုတာ အားလုံးကို သက်သေပြခဲ့တယ်” လို့ ဆက် ပြောပြီး ထိုင်ခုံပေါ်ထိုင်ချလိုက်တယ်။

သိလိုက်ပြီ။ ဧလိယလေ၊ အခုကျွန်တော်တို့မျက်နှာချင်းဆိုင် တွေ့လိုက်ရသူက ဧလိယပဲ။

ဓမ္မဟောင်း သမ္မာကျမ်းစာမှာပါတဲ့အတိုင်း ဣသရေလလူ မျိုးတွေထဲမှာ အဆိုးတကာ့အဆိုးဆုံးမင်းကတော့ အာဟပ်မင်းဖြစ်ပြီး မကောင်းတာမှန်သမျှ လုပ်ပြီး ဘုရားသခင်ကို မျက်ကွယ်ပြုခဲ့သူတစ်ယောက်ပါ။ အာဟပ်မင်းကြီးဟာ ဗာလဘုရားကို ကိုးကွယ်သူ ယေဇ ဗေလကို လက်ထပ်ခဲ့ပြီး သူမရဲ့ ဖြားယောင်းသွေးဆောင်တိုက်တွန်းမှုကြောင့် ဘုရားသခင်ကို မျက်ကွယ်ပြုခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒီလို ဘုရင်မျိုးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့သူဟာ ဧလိယဖြစ်ပြီး ဘုရားမဟုတ်တဲ့ ဘုရားတွေကို ကိုးကွယ်ဖို့ ဘုရားကျောင်းတွေ၊ အဆောင်တွေနဲ့ မျှော် စင်တွေကို ဆောက်လုပ်ခဲ့တဲ့အာဟပ်မင်းကို ဧလိယက မိုးခေါင်လိမ့် မယ်လို့ သတိပေးခဲ့ပြီး ဧလိယက ခွင့်ပြုမှသာ မိုးခေါင်တာရပ်လိမ့်မယ်လို့ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း အာဟပ်မင်းနဲ့ သူ့ရဲ့ မိဖုရားယေဇဗေလဟာ အကြီးအကျယ်ဒေါသူပုန်ထပြီး ပရောဖက် ဧလိယကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့ပါတယ်။ အဲဒီရန်ကို ရှောင်ခဲ့တဲ့ ဧလိယဟာ ဘုရားသခင်ရဲ့ စောင့်ရှောက်ခြင်းခံရပါတယ်။ ကျီးအတို့က အစား အသောက် ကျွေးမွေးခဲ့ရပြီး ဇရတ္ထမြို့က မုဆိုးမတစ်ယောက်ဆီကို စေလွှတ်ခြင်းခံရပြီး သူမဆီမှာ အနည်းငယ်ရှိတဲ့မုန့်ညက်နဲ့ ဆီကို အံ့အားသင့်စွာ ပွားများခဲ့လို့ ဧလိယ မုဆိုးမနဲ့ သူ့သားဟာ စားသောက်ပြီးအသက်ရှင်ခဲ့ရပါတယ်။

အဲဒီလိယဟာ ကျွန်တော်တို့ကို စေ့စေ့ကြည့်ပြီး ဆိုးဝါးတဲ့ ကာလမှာလည်း ဘုရားသခင်က မင်းတို့ကို ချစ်နေဆဲပါ” လို့ ဆိုလိုက်ပါတယ်။

အကောင်းဆုံးနေ့ရက်များ အဆိုးဆုံးနေ့ရက်တွေနဲ့ပတ်သက်ပြီး ပြောလိုက်တဲ့ ဧလိယကို ကျွန်တော် အနေနဲ့ သံသယမျက်လုံးတွေနဲ့ ကြည့်နေမိတယ်။ ဘာလို့လဲဆို ဧလိယဟာ ဣသရေလလူမျိုးတွေရဲ့ သမိုင်းမှာ အဆိုးရွားဆုံးကာလ တစ်ခုကို ဖြတ်သန်းခဲ့သူတစ်ဦးလေး မိုးခေါင်တဲ့ကာလသုံးနှစ်ပြည့်တဲ့ နောက်ပိုင်း ထာဝရဘုရားသခင်က မိုးရွာခွင့်ပြုတော့မှာမို့ ဧလိယကို အာဟပ်မင်းကြီးဆီ သွားတွေ့ခိုင်းတယ်။ ဧလိယအနေနဲ့ မိုးနဲ့မျိုးပွား ခြင်းဆိုင်ရာ ဗာလဘုရားဟာ ဘုရားမဟုတ်ဘူး။ ထာဝရဘုရားသခင် သာ တစ်ပါးတည်းသော ဘုရားဆိုတာ ဣသရေလလူမျိုးတစ်မျိုးလုံး ကို သိစေချင်တယ်။

ထူးခြားတဲ့အဲဒီနေ့အကြောင်း ပြန်ပြောရရင်တော့

၁။ ထာဝရဘုရားသခင်ဟာ ဧလိယကို အရေးကြီးတဲ့တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့တယ်။

ဘုရားသခင်ရဲ့ ရွေးချယ်တာဝန်ပေးခြင်းခံရတဲ့ လိယဟာ အာဟပ်မင်းကြီးကို သုံးနှစ်တိတိ မိုးခေါင်မယ်ဆိုတဲ့ သတင်းပေးဖို့အပြင် ကမ္ဘာလောကကြီးမှာ အထူးခြားဆုံးဖြစ်ရပ်တွေထဲက တစ်ရပ်ကို ထမ်း ဆောင်ဖို့ ထပ်မံရွေးချယ်ခံခဲ့ရပါတယ်။

၂။ ဧလိယဟာ ဘုရားသခင်ပေးတဲ့တာဝန်ကို မကြောက်မရွံ့ ထမ်းဆောင်ခဲ့ပါတယ်။

ဧလိယအနေနဲ့ ဣသရေလနိုင်ငံရဲ့ ဘုရင်ကြီးကို နိုင်ငံရဲ့ပြဿနာအားလုံးဟာ သူ့ကြောင့်လို့ သတ္တိနဲ့ပြောခဲ့ပါတယ်။ အလားတူ ယေဇဗေလရဲ့ ဗာလဘုရားကိုကိုးကွယ်တဲ့ ပရောဖက်အတုအယောင်လောင်းရှစ်ရာ့ငါးဆယ်ကို ကရမေလတောင်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ ဘုရားအတွက် ယဇ်ပူဇော်ပသထားတဲ့ပစ္စည်းတွေကို ကောင်းကင်ကနေ မိုးမီးရွာချဖျက်စီးဖို့ စိန်ခေါ်ခဲ့သလို ပရောဖက် အတုအယောင်တွေက နည်းမျိုးစုံနဲ့ မိုးရွာဖို့ လုပ်ဆောင်နေခဲ့တာကိုလည်း လှောင်ပြောင်နေခဲ့ ပါတယ်။

၃။ ဧလိယအနေနဲ့ ဘုရားသခင်ကိုလုံးဝဥသုံအကြွင်းမဲ့ယုံကြည်ခဲ့ပါ တယ်။

ဗာလဘုရားရဲ့ တပည့်တွေကို မိုးမီးရွာဖို့ မလုပ်နိုင်တော့တဲ့ ၊ အချိန်မှာမှ ဧလိယဟာ အကြွင်းမဲ့ယုံကြည်ချက်နဲ့ ဘုရားသခင် အတွက်ယဇ်ပူဇော်ထားတဲ့နွားနဲ့ ထင်းကို ရေသုံးခါလောင်း၊ နစ်နေအောင် စိုရွဲစေပြီး ဘုရားသခင်ထံ ဆုတောင်းတဲ့အတွက် ထာဝရဘုရားသခင်က လည်း တစ်ပါးတည်းသောဘုရားဆိုတာ ထင်ရှားစေဖို့ ဧလိယဆုတောင်း တဲ့အတိုင်း မိုးမီးရွာချလိုက်တာ ယဇ်ကောင်ရော သစ်တုံး သာမက မြေကြီးပေါ်ကကျောက်တုံးတွေပါ လောင်ကျွမ်းကုန်ရော။ အဲဒီအချိန်မှာ ဣသရေလလူမျိုးထုတစ်ရပ်က “အဲဒါမှ ငါတို့ဘုရား” လို့ ကြွေးကြော်ခဲ့ ကြပြီး ဧလိယအမိန့်နဲ့ ပရောဖက်အတုအယောင်တွေကို ရှင်းလင်းသုတ် သင်ခဲ့ပါတယ်။

၄။ ဘုရားသခင်ဟာ ဧလိယကို ခွန်အားပေးဖြည့်တင်းခဲ့ပါတယ်။

ကရမေလတောင်ပေါ်မှာ တန်ခိုးတော်ဖော်ပြခဲ့တဲ့ ထာဝရ ဘုရားသခင်ဟာ ဧလိယကို မိုးရွာပေးစေခဲ့သလို အချိန်ကျလာချိန်မှာ လေ မုန်တိုင်းတိုက်ခတ်စေခဲ့ပါတယ်။ အာဟပ်မင်းကြီးက ရွံ့မနစ်အောင် ဆိုပြီး ဟေဇရမြို့ကို မြင်းရထားနဲ့ ပြေးတဲ့အချိန်မှာ ထာဝရဘုရား သခင်ရဲ့ တန်ခိုးတော်နဲ့ ဧလိယဟာ ခါးပန်းကြိုးကို အားပြုပြီး ပြေးခဲ့တာအာဟပ်မင်းကြီးထက်ရှေ့ကို ကြိုရောက်နေခဲ့ပါတယ်။ ဘယ် လောက်တောင် ကွာသွားသလဲဆိုရင် တစ်ဆယ့်ခုနစ်မိုင်တိတိ ကွာခဲ့ပါတယ်။

“ကျွန်တော့်ဘဝမှာ ကောင်းကင်ပေါ်ကနေ မိုးမိုးရွာပြီး ယဇ်ကောင်ကို လှောင်တိုက်ခဲ့တာနဲ့ ပရောဖက်အတုအယောင်တွေကို ဖယ်ရှားနိုင်ခဲ့တာဟာ အကြီးကျယ်ဆုံးနေ့ပါပဲ” လို့ ဧလိယက ရှင်းပြပါ တယ်။ “ခင်ဗျားတို့သိထားဖို့က ဣသရေလနိုင်ငံတစ်နိုင်ငံလုံးဟာ ဘုရား သခင်ကို ကျောခိုင်းခဲ့တာကြာလှပါပြီ။ ကရမေလတောင်ပေါ်မှာ ဖြစ် ပျက်ခဲ့တဲ့ အဲဒီအဖြစ်အပျက်ဟာ ဘုရားသခင်ကို ငြင်းပယ်ဖို့ မဖြစ်နိုင် သလို ဣသရေလလူမျိုးတစ်ရပ်လုံး ဘုရားသခင်ကို ယုံကြည်ကိုးစား ကျွန်တော်ပြင်းပြင်းပြပြတောင့်တမိခဲ့ပါတယ်” ဟု ရှင်းပြရင်း ခဏနား နေပါတယ်။

အဆိုးဆုံးနေ့ရက်များ ဧလိယက “ကျွန်တော်ဖောရေမြို့ကို ပြန်ရောက်တော့ စိတ် ကျေနပ်မိတယ်ဗျာ။ စဉ်းစားကြည့်လေ။ ဘုရားသခင်က ကျွန်တော့်ကို ရွေးချယ်ခဲ့တာ။ ဘုရားသခင်က ကျွန်တော့်ကို တန်ခိုးအာဏာတွေ ပေး ခဲ့တယ်။ လူတွေရှေ့မှာ ကောင်းချီးပေးခဲ့တယ်။ ကျွန်တော့်ကို အသုံးချ ပြီး သူ့ရဲ့ အလိုတော်ကို ဖြည့်ဆည်းခွင့်ရတာ ဘယ်လောက်ကျေနပ်စရာကောင်းလဲပေါ့” လို့ ပြောပြနေပါတယ်။ တစ်ဆက်တည်း “ကျွန်တော် က အဲဒီလိုဖြစ်ပြီးနောက်ပိုင်း ကောင်းတာတွေသာဖြစ်နေလိမ့်မယ်” လို့ မျှော်လင့်နေတယ်။ ကျွန်တော့်ယူဆချက်ကတော့ “ဘုရားသခင်ကို နား ထောင်လိုက်နာခဲ့တာလေ။ ဒါပေမဲ့ ကျွန်တော်ထင်သလို ဖြစ်မလာဘူး” လို့ ငြီးတွားလိုက်ပါတယ်။

“အာဟပ်မင်းကြီးက သူ့ဇနီးယေဇဗေလကို ဖြစ်ပျက်ခဲ့တာတွေ ပြန်ပြောတယ်လေ”။ အဆိုးဆုံးကတော့ သူ့ရဲ့ အားထားရာ ပရောဖက် ရှစ်ရာ့ငါးဆယ်လုံး ကိစ္စချောသွားတာက အဓိကပေါ့ဗျာ” လို့ ဆက် ပြောနေတဲ့ ဧလိယက အတိတ်ကို ပြန်သတိရလာတယ်နဲ့တူတယ်။ ပခုံးနှစ်ဖက်ကို ကျုံ့ထားသေးတယ်။ “အဲဒီလို ပြန်ကြားတာနဲ့ ယေဇဗေလဟာ ဆက်သားတစ်ယောက်လွှတ်ပြီး ကျွန်တော့်ကို မရမကသတ်မယ်ဆိုတာ လှမ်းပြောတယ်ဗျာ”။ အဲဒီအချိန်မှာတော့ လိယရဲ့ ခေါင်းဟာ သူ့လက် နှစ်ဖက်ကြားမှာရှိပြီး တိုးတိတ်စွာ ပြောပြနေတော့တယ်။

“ယေဇဗေလနဲ့ ပြဿနာဖြစ်တဲ့အချိန်တွေ ရပ်သွားပြီလို့ ထင် ထားတုန်း အဲဒီလိုကြားတော့ တုန်လှုပ်ခြောက်ခြားသွားတာပေါ့”။

“ဣသရေလလူမျိုးဟာ တစ်ပါးတည်းသောဘုရားသခင်ကိုပဲ ၊ ကိုးကွယ်မယ်လို့ ထင်ထားခဲ့တာ အဲဒီလိုမဟုတ်ခဲ့ပြန်ဘူး။

“ဘုရားသခင်အမှုတော်ထမ်းဆောင်ရင် ဘုရားသခင်က အမြဲ ကာကွယ်စောင့်ရှောက်နေတယ်ဆိုတာ အဲဒီလိုမဟုတ်ခဲ့ပြန်ဘူး”။

“ဒါကြောင့်လည်း ကျွန်တော်ပြေးရပြန်ရော” ဟု ဧလိယက စိတ်ပျက်စွာပြောနေပြန်တယ်။ “ကျွန်တော့်ရဲ့ ဧရာမသတ္တိတွေလည်း ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပါလေရော။ အဲဒီနောက်မှာတော့ ကျွန်တော့်တပည့်လေးကိုပါထားခဲ့ပြီး သဲကန္တာရထဲမှာ တစ် ၊ ယောက်တည်းပဲ သေရင်ကောင်းမယ်ဆိုပြီး ထွက်လာခဲ့တယ်လေ” လို့ ရှင်းပြနေပြန်တယ်။ “ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးအချိန်အခါတွေ က အဆိုးဆုံးအချိန်တွေဖြစ်သွားပြီး ဘုရားသခင်ကိုလည်း တော်လောက် ပါပြီလို့ ပြောပြီး ပြန်ခေါ်ဖို့ တောင်းဆိုခဲ့တယ်” ဟု ဆက်ပြောနေပြန် တယ်။

ဧလိယဆီက ဘဝသင်ခန်းစာများ

ဧလိယက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထိုင်နေချိန်မှာ ကျွန်တော် လည်း သူ့အကြောင်းကို သုံးသပ်နေမိတယ်။ တကယ်တော့အမြင့်ဆုံး နေရာရောက်ခဲ့တဲ့ဧလိယအနေနဲ့ အခုလိုကြုံရတော့ တကယ်လည်း စိတ် ပျက်စရာပဲလေ။ အဲဒါကြောင့်လည်း စိတ်ပျက်နေတဲ့ ဧလိယဟာ ရုတ် တရက် အသံရော ရုပ်အမှုအရာပါပြောင်းလဲလိုက်ပြီး “ကျွန်တော်တို့ဘဝ မှာ အဆိုးဆုံးအချိန်မှာလည်း ဘုရားသခင်က ချစ်နေတုန်းဆိုတာ သိဖို့လိုတယ်။ အဲဒီလို အမှန်တရားကို သိနေရင် ဘဝမှာ အဆင်ပြေ မယ်” လို့ ပြောလိုက်တယ်။

“ကျွန်တော်တို့ကို ထာဝရဘုရားသခင်က ဘယ်တော့မှ စိတ်မပျက်ဘူး”

“ဘုရားသခင်ရဲ့ ပရောဖက်တစ်ယောက်အနေနဲ့ ရရော မြို့ ကို ထွက်ပြေးခဲ့ရတာ စိတ်ပျက်စရာပေါ့ဗျာ။ ပြီးတော့ ရသမ်ပင်အောက်မှာ သေချင်တဲ့စိတ်နဲ့ အိပ်နေမိတယ်။ အဆက်ဆက်က ပရောဖက်တွေလိုပဲ ဘာမှထူးခြားမှုမရှိတဲ့ကျွန်တော်ဟာ သေသင့်တယ်။ ယုံကြည်ထားတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်နေမိတယ်။ ဒါပေမဲ့ ဘုရားသခင်ကတော့ ကျွန်တော့်ကို ဘယ်တော့မှ စိတ်မပျက်တဲ့အပြင် ခင်ဗျားတို့ကိုလည်း စိတ်မပျက်ဘူးဗျ” လို့ ဆက်ပြောနေပြန်တယ်။

“စိတ်ပျက်တယ်ဆိုတာ တကယ်တော့ ကိုယ့်ရဲ့ မျှော်လင့်ချက် တွေ ထင်သလို ဖြစ်မလာရင် ဖြစ်ပေါ်နေကျခံစားမှုပါ။ ဒါပေမဲ့ အလုံးစုံကိုသိတဲ့ ထာဝရဘုရားသခင် (စိတ်ပျက်တယ်ဆိုတာ တကယ်တော့ အနေနဲ့တော့ ကျွန်တော်တို့ကို ကိုယ့်ရဲ့မျှော်လင့်ချက်တွေ ထင်သလို စိတ်ပျက်တယ်ဆိုတာ လုံးဝ ဖြစ်မလာရင် ဖြစ်ပေါ်နေကျခံစားမှုပါ။ မရှိ ပါဘူး။ ထာဝရဘုရား ဒါပေမဲ့ အလုံးစုံကိုသိတဲ့ ထာဝရဘုရား သခင်အနေနဲ့တော့ ကျွန်တော်တို့ကို စိတ်ပျက်တယ်ဆိုတာ လုံးဝမရှိပါဘူး။ ထာ၀ရဘုရားသခင်ကို စိတ်ပျက်စရာ မလိုပါဘူး။ ထာ၀ရဘုရားသခင်ကကျွန်တော်တို့ကြုံတွေ့ရတဲ့ကိစ္စတွေကို ကျွန်တော်တို့မြင်ရ သလောက်ပဲ၊ တွေ့ရသလောက်ပဲ မြင်တွေ့တဲ့သူ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို သူမျက်လုံးနဲ့ အလုံးစုံကြည့်နေတာပါ။ ကျွန်တော်တို့ကို ချစ်ပြီးအကောင်းဆုံးဖြစ်စေချင်တာကတော့ ထာဝရဘုရားသခင်ပါပဲ” လို့ ရှင်းပြနေပြန်တယ်။

ဘာမှမရှိတဲ့ကျွန်တော်တို့ကို ထာဝရဘုရားသခင်က ဖြည့်ဆည်းပေးလိမ့် မယ်။

“ရသမ်ပင်အောက်မှာ အိပ်မောကျရင်း သေဖို့စောင့်နေတဲ့ ကျွန်တော့်ကို ထာဝရဘုရားသခင်က ကောင်းကင်တမန်တစ်ယောက် စေလွှတ်ပြီး အစားအစာနဲ့ ရေပေးပြီး အသက်ဆက်ပေးခဲ့တယ်။ ဂရုစိုက် ခဲ့ပါတယ်။ အမှန်တော့ အရင်တုန်းကလည်း ဒီလိုပဲ။ ကျီးနက်နဲ့ မုဆိုးမ တစ်ယောက်ကို အသုံးချပြီး အသက်ဆက်ပေးခဲ့တာကို သတိရခဲ့ရင် ဒီလိုအခြေအနေမျိုးထပ်ကြုံတဲ့အခါ ဘုရားသခင်က ဒီလိုပဲလုပ်ပေးမယ် ဆိုတာ သိဖို့ကောင်းတာပေါ့ဗျာ။ ဘုရားသခင်ရဲ့ ပံ့ပိုးမှုကြောင့် ကျွန် တော်အားပြန်လည်ပြည့်ပြီး ရက်လေးဆယ်ညလေးဆယ်ကျော်နိုင် လောက်အောင် အင်အားရှိခဲ့တယ်မဟုတ်လား။ ဘယ်အထိလဲဆိုတော့ ဘုရားသခင်ရဲ့ တောင်ဖြစ်တဲ့ ဟောရပ်တောင်ကို သွားနိုင်ခဲ့တယ်လေ။ ခင်ဗျားမှာ ဘာမှမရှိတော့ဘဲ လုံးဝစိတ်ပျက်နေရတဲ့အချိန်မှာ ဘုရား သခင်ကို မျှော်ကြည့်လိုက်ပါ။ ထာဝရဘုရားသခင်က စောင်မကြည့် ရှုလာပါလိမ့်မယ်” လို့ ထပ်ရှင်းပြတယ်။

ကျွန်တော်တို့တစ်ကိုယ်တည်းအထီးကျန်ဆန်တဲ့အချိန်မျိုးမှာလည်း ထာဝရဘုရားသခင်က ဆက်သွယ်ပါလိမ့်မယ်။

“ဟောရင်တောင်မှာရှိတဲ့ ကျောက်ဂူကိုရောက်တဲ့အချိန်မှာ တော့ တစ်ကိုယ်တည်းအထီးကျန်ဆန်လွန်းတာကို သတိပြုမိတယ်။ ထာဝရဘုရားသခင်ကို ကိုးကွယ်တဲ့ဣသရေလလူမျိုးအားလုံးထဲမှာ ကျွန်တော်တစ်ယောက်ပဲလို့ ထင်မိနေတယ်။ ဒါပေမဲ့ ဘုရားသခင်က ကျွန်တော့်ကို ပစ်မထားဘူး။ “မင်းဘာကြောက်နေလဲ ဧလိယ” လို့ ကျွန်တော့်ကို စပြီးဆက်သွယ်မေးမြန်းလာတယ်။ အဲဒီမှာ ကျွန်တော်လည်း စိတ်ထဲရှိတာတွေအားလုံးပြောပြမိလိုက်တယ်။ ကျွန်တော်က ဟောရပ်တောင်ပေါ် ကြုံခဲ့တဲ့အဖြစ်အပျက်ပေါ်မူတည်ပြီ ဘုရားသခင်အနေနဲ့ ကျွန်တော့်ကို နားလည်တယ်လို့ ထင်ထားပေမယ့် တကယ်တမ်းကျွန်တော်ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် နားမလည်နိုင်သလို ဘုရားသခင် ကိုလည်း နားမလည်နိုင်ဘူးဖြစ်နေတယ်။ ကောင်းကင်ပေါ်ကနေ မိုးမီးရွာချလိုက်တဲ့အချိန်မှာ ဒါငါ့ဘုရားကွ” လို့ ကြွေးကြော်ခဲ့တယ်။

နောင်လည်း တန်ခိုးအာဏာရှိရှိနဲ့လုပ်ကိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ကို စဆက်သွယ်တဲ့နေ့မှာတော့ လေမုန်တိုင်း၊ ဒါမှ မဟုတ် ငလျင်၊ ဒါမှမဟုတ် မီးလျံတွေကြားကနေ မဆက်သွယ်ဘဲ လေသံ မျှဉ်းမျှဉ်းလေးနဲ့ မေးခဲ့တယ်လေ။

“ထာဝရဘုရားသခင်ဟာ တစ်ကိုယ်တည်းရှိနေတဲ့၊ တစ်နည်း အားဖြင့် အထီးကျန်ဆန်တဲ့၊ ဗလာနတ္ထိခံစားနေရတဲ့ ဧလိယကနေ ထီးထီးမားမားရပ်တည်နိုင်တဲ့စွမ်းပကားနဲ့ ပြည့်စုံတဲ့၊ တင်းတိမ်ရောင့်ရဲ နိုင်တဲ့ ဧလိယအဖြစ် ပြောင်းလဲစေနိုင်ခဲ့ပါတယ်။ ကရမေလတောင်ပေါ် မှာ လူတိုင်းကိုအံ့အားသင့်စေခဲ့တဲ့ ဘုရားသခင်ဟာ ဟောရင်တောင် ပေါ်မှာတော့ ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ ကရမေလတောင် ပေါ်မှာ လူတိုင်းအတွက် လုပ်ခဲ့တဲ့ဘုရားသခင်ဟာ ဟောရပ်တောင်ပေါ် မှာတော့ ကျွန်တော့်အတွက် သီးသန့်လုပ်ပေးခဲ့ပါတယ်။

ထာဝရဘုရားသခင်ကို ခွင့်ပြုခဲ့မယ်ဆိုရင် ထာဝရဘုရားသခင် ဟာ ကျွန်တော်တို့အားလုံးကို ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အချိန်တိုင်းအမြဲတမ်းဘုရားသခင်က ထူးဆန်းအံ့မခန်းတဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်လိုစေပေမယ့် တစ်ခါတစ်ရံ ထာဝရဘုရားသခင်ဟာ တိုးတိုးလေးဆက်သွယ်တတ်ပါတယ်။ တစ်ခါဆက်သွယ်ခြင်းခံ ရတဲ့ကျွန်တော်တို့ကလည်း အမြဲတမ်းကျွန်တော်တို့ မျှော်မှန်းထားသလို ဆက်သွယ်စေချင် ပါ ။ ဒါပေမဲ့ သိထားဖို့က ဘုရားသခင်က ထူးဆန်းအံ့ဩတဲ့ကိစ္စရပ်တွေကို လုပ်ပြချင်တဲ့အတွက် ဘုရားသခင်အနေနဲ့ ကျွန်တော်တို့ကို ဘယ်လိုဆက်သွယ်မယ်ဆိုတာ မျှော်လင့်ထားလို့ မရပါဘူး။

ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ်လက်လျော့လိုက်တဲ့အချိန်မှာ တောင် ဘုရားသခင်က ကျွန်တော်တို့ကို လက်လျော့မှာ မဟုတ်ဘူး။

“အထက်မှာ ပြောခဲ့တာတွေ အများကြီးရှိနေပါလိမ့်မယ်။ မမှတ် မိလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ တစ်ခုတည်းပဲ မှတ်သားထားရမှာက ခင်ဗျားတို့ဘက်လောက်ပဲအပြစ်များပါစေ၊ ချို့ယွင်းအားနည်းချက်ရှိပါ စေ၊ ဘုရားသခင်က လုံးဝဥဿုချစ်တယ်ဆိုတာပါပဲ။ ကရမေလတောင် မှစပြီး ရသမ်ပင်အောက်ထိ ကျွန်တော့်ကို ထာဝရဘုရားသခင်ချစ်သလို ပဲ ခင်ဗျားကို ဘုရားသခင်ချစ်ပါတယ်။

“ကျွန်တော်တော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်မရှင်းမချင်း အမှုတော် မဆောင်နိုင်ဘူး၊ ဘုရားသခင်ထံက အဖြေမရမချင်း ကျွန်တော့်အမြင်ကို မပြောင်းနိုင်ဘူး။ “တစ်ယောက်တည်း ဆိတ်ငြိမ်တဲ့အချိန် မှာပဲ ဘုရားသခင်ကို ကြားရတယ်။ အဲဒီလိုအခြေအနေတွေအပေါ် အခြေခံတာမျိုးမဟုတ်ဘဲ ဘဝ မှာ ဘယ်လို အခြေအနေပဲ ကြုံရကြုံရ ဘုရားသခင်ဆီပြန် လှည့်လာခဲ့ပါ လှည့် လာခဲ့ပါတယ်။ တစ်ကမ္ဘာဆုံးတိုင်အောင် သစ္စာ ရှိတဲ့ ဘုရားသခင်က အရှုံးမပေးဘဲအမြဲကြိုဆိုနေမှာဖြစ်ပါတယ်။

ကျွန်တော်တို့အတွက် ဧလိယ၏ဆုတောင်းချက်

ရုတ်တရက် ဧလိယဟာ မတ်တတ်ရပ်လိုက်လို့ ကျွန်တော်တို့ ကလည်း မတ်တတ်ရပ်ဖို့ ပြင်ဆင်မိလိုက်တယ်။ အဲဒီအချိန်မှာပဲ “ဘုရားသခင်က ခင်ဗျားတို့ကို ဆုတောင်းပေးစေချင်တယ်” လို့ ဆိုလိုက်ပြီး ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ ခေါင်းပေါ်လက်တင်ဆုတောင်းပါတော့ တယ်။

ကြီးမြတ်တော်မူသောထာဝရဘုရားသခင်…..

သင့်ရဲ့ အစေအပါးအားလုံးပေါ်မှာ သန့်ရှင်းသော ဝိဉာဉ်တော် ဆင်းသက်ကြွလာအုပ်စိုးပါစေသော်ဝ်။ အကျွန်ုပ်ကို ကရမေလတောင် ပေါ်မှာ ထူးခြားတဲ့တန်ခိုးတော်ကို ပြခဲ့သလို အခုအချိန်မှာ ကမ္ဘာသူ ကမ္ဘာသားများကို အစေအပါးများကနေတစ်ဆင့် ပြသပေးပါ။ ထိုသူ တို့ခက်ခဲတဲ့အချိန်အခါ၊ စိတ်ဓာတ်လျော့ကျအားငယ်တဲ့အခါ တိုးတိတ် ညင်သာတဲ့အသံတော်နဲ့ အားပေးတော်မူပါထာဝရဘုရားသခင်… အာမင်”။

ဧလိယထံမှ ခေါင်းဆောင်မှုသင်ခန်းစာများ

အခန်းတစ်ခုလုံးဧလိယအသံနဲ့ လွှမ်းမိုးနေပါတယ်။ ကျွန်တော် တို့လည်း ဧလိယဆီက ကြားခဲ့ရတာတွေကြောင့် ပိုမိုနားလည်မှုရခဲ့ပါ တယ်။ တန်ခိုးဣဒ္ဓိပါဒ်နဲ့ ပြည့်စုံတဲ့သူ့ရဲ့ ဆုတောင်းသံအပြီး ကျွန်တော်တို့ မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာတော့ ဧလိယ မရှိတော့ပါဘူး။

ကျွန်တော်တို့ခေါင်းထဲမှာတော့ မေးခွန်းတွေ အများကြီး ကျန် ခဲ့ပါတယ်။ ဧလိယရဲ့ အတွေ့အကြုံနဲ့ ထိုးထွင်းတဲ့အသိအမြင်ကို တအံ့ တဩဖြစ်ခဲ့ရပါတယ်။ ကျွန်တော့်ဘဝမှာတော့ အတက်အကျ၊ ဆုံးရှုံးမှု နဲ့ အောင်မြင်မှုအမျိုးမျိုးကြုံခဲ့ရသလို စာဖတ်သူလည်း ကြုံဖူးကြလိမ့် မယ်လို့ ယုံကြည်မိတယ်။ စဉ်းစားကြည့်ရင် ကျွန်တော်ကြုံရတဲ့အတက် ဟာ ဧလိယရဲ့ အတက်ကို မယှဉ်နိုင်သလို ကျွန်တော့်ရဲ့ အကျဟာလည်း ဧလိယရဲ့ အကျကို မယှဉ်နိုင်ပါဘူး။

ဧလိယထံကနေ ခေါင်းဆောင်မှုသင်ခန်းစာတွေအများကြီး သင်ယူရနိုင်ပေမယ့် ကျွန်တော်ကတော့ သူပြောခဲ့တာကို အခြေခံပြီးအဓိက သုံးချက်ကို ဝေမျှပေးချင်ပါတယ်။

၁။ ဘုရားသခင်ရဲ့ အထက်မြက်ဆုံးလူစွမ်းကောင်းတွေက လူသားတွေ ပါပဲ။

သမ္မာကျမ်းစာကို ဖတ်ရင်တော့ ထာဝရဘုရားသခင်ရဲ့ လူ စွမ်းကောင်းတွေကြုံရတဲ့ ဘဝရဲ့စိန်ခေါ်မှု၊ စုံစမ်းနှောင့်ယှက်မှုတွေ၊ ဆုံးရှုံးမှုတွေဟာ သာမန်ထက်လွန်ကဲတဲ့အခြေအနေတွေလို့ ထင်မိတတ် ကြတယ်။ အဲဒီလူစွမ်းကောင်းတွေကို ထူးခြားတဲ့စူပါပုဂ္ဂိုလ်တွေလို့ မြင် တတ်ကြပေမယ့် လက်တွေ့မှာတော့ သာမန်လူသားတွေပါပဲ။ သူတို့ ရဲ့ အရည်အချင်းတွေဟာ သာမန်ထက် ထူးခြားတာမှန် သလို သာမန်ထက် ထူးခြား တဲ့အမှုကိစ္စတွေကို ဆောင် ရွက်ဖို့ တာဝန်ပေးခံရပါတယ်။ ဘာလို့လဲဆိုတော့ သာမန်လူတွေဖြစ်တဲ့ သူတို့ဟာ ထူးခြားတဲ့တစ်ပါတည်းသောထာဝရဘုရားသခင်ကို ကိုးကွယ်ကြလို့ပါပဲ။

၂။ လူစွမ်းကောင်းတွေဟာ ခေါင်းဆောင်တဲ့နေရာမှာ ထူးခြားတဲ့အကျိုး သက်ရောက်မှုရှိစေခဲ့ပါတယ်။

ယေဘုယျမှာ ခေါင်းဆောင်ဆိုတာ အပေါင်းလက္ခဏာထူးခြား မှုတွေလုပ်ဆောင်ရမယ်ဆိုတာ လူတိုင်းနားလည်ကြပါတယ်။ တစ် ခါတစ်ရံ ခေါင်းဆောင်ဟာ များမြောင်လှတဲ့ကိစ္စတွေကြားထဲမှာ အရေးမပါတဲ့ကိစ္စတွေနဲ့ ရှုပ်ထွေးနေတတ်ပါတယ်။ ဧလိယဟာ ကရ မေလတောင်ပေါ်မှာ အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။ ခေါင်းဆောင်ကောင်းတွေဟာ ဘုရားသခင်ခိုင်းစေတဲ့အတိုင်း အာရုံစူးစိုက်လုပ် ကိုင်တတ်ကြပါတယ်။

၃။ စိတ်ဓာတ်ကျအားလျော့နေကြတဲ့ခေါင်းဆောင်တွေအတွက် ထာဝရဘုရားသခင်ရဲ့ ဆန္ဒကတော့ ခေါင်းဆောင်မှုတာဝန်ပြန်လည် လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။

ခေါင်းဆောင်တိုင်းဆုံးရှုံးဖူးပါတယ်။ ခေါင်းဆောင်တိုင်း တစ် ချိန်ချိန်မှာတော့ စိတ်အားငယ်တတ်ကြပါတယ်။ ခေါင်းဆောင်တိုင်း တစ်ခါတလေမှာ အရှုံးပေးထွက်ပြေးချင်လောက်တဲ့ထိ စိတ်ပျက်တတ်ကြ ပါတယ်။ လူတွေက ခေါင်းဆောင်တစ်ယောက်ရဲ့ ဆုံးရှုံးမှုကို မြင်ရရင် “သူ့ကိုသုံးလို့မရတော့ဘူး။ နောက်ထပ်ခေါင်းဆောင်ဖို့ အရည်အချင်းမရှိ တော့ဘူး” လို့ သုံးသပ်တတ်ကြပါတယ်။

ထာဝရဘုရားသခင်ကတော့ အဲဒီလို မတွေးပါဘူး။ အဲဒီလို အဆုံးအရှုံးအခက်အခဲတွေ့ကြုံရတဲ့ ခေါင်းဆောင်မျိုးအပေါ် ဘုရား သခင်ရဲ့ ဆန္ဒကဘာလဲ။ ထာဝရဘုရားသခင်အနေနဲ့ ခေါင်းဆောင် မှုတာဝန်ပြန်ယူပြီး နဂိုအတိုင်း သူ့အမှုတော်ကို ထမ်းဆောင်စေချင်တာ ပါပဲ။ ထာဝရဘုရားသခင်အနေနဲ့ ဧလိယနဲ့ ဆက်သွယ်ပြီး နားလည်မှု တည်ဆောက်ပြီးနောက် သူလာခဲ့တဲ့လမ်းအတိုင်း ပြန်သွားစေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်အနေနဲ့ လုပ်ဆောင်စေချင်တာတွေ ရှိနေ သေးလို့ပါပဲ။

ကျွန်တော်တို့လည်း ဘုရားသခင်အလိုတော်အတိုင်း ဘုရား သခင်အမှုတော်ကို ဆက်လက်ထမ်းဆောင်ဖို့ လိုပါတယ်။ ကျွန်တော် တို့အနေနဲ့ ရပ်ပါလို့ မပြောမချင်း ဆက်လက်လုပ်ကိုင်နေဖို့ လိုပါတယ်။

ဧလိယရဲ့ဆွေးနွေးချက်လမ်းညွန်

နှုတ်ကပတ်တော်ကလည်း ထွက်လော့။ ထာဝရဘုရားရှေ့ တောင်ပေါ်မှာရပ်နေလော့။ ထာဝရဘုရားရှောက်သွားမည်ဟုမိန့်တော် မူ၏။ ထိုအခါ အားကြီးသောလေပြင်းသည် တောင်ထိပ်တို့ကို ခွဲ၍၊ ထာဝရဘုရားရှေ့တော်၌ ကျောက်တို့ကိုချိုးဖဲ့၏။ သို့ရာတွင် ထာဝရ ဘုရားသည် လေ၌ ရှိတော်မမူ။ လေနောက်မှာ မြေလှုပ်ခြင်းရှိ၏။ သို့ရာ တွင် ထာဝရဘုရားသည် မြေလှုပ်ရှားခြင်း၌လည်း ရှိတော်မမူ။ မြေလှုပ် ခြင်း နောက်မှာ မီးရှိ၏။ သို့ရာတွင် ထာဝရဘုရားသည် မီး၌လည်း ရှိတော်မမူ။ မီးနောက်မှာ ဖြည်းညှင်းသောအသံရှိ၏။ ထိုအသံကို ဧလိယ သည်ကြားလျှင် မျက်နှာကို ဝတ်လုံနှင့် ဖုံးအုပ်လျက် ထွက်၍ ဥမင်ဝ၌ ရပ်နေ၏။ ထိုအခါ ဧလိယ၊ သင်သည် ဤအရပ်၌ အဘယ်သို့ပြုလျက် နေသနည်းဟု အသံလာ၏။

ဓမ္မရာဇဝင် တတိယစောင် ၁၉း၁၁-၁၃

၁။ ဧလိယကို ဘယ်လိုသတ်မှတ်လိုပါသလဲ။

၂။ သင့်ရဲ့ ခက်ခဲတဲ့ဘ၀အတွေ့အကြုံတစ်ခုကို တစ်စုံတစ်ယောက်ကအတင်းအကြပ်ဝေမျှခိုင်းတာ ကြုံဖူးသလား။ ဘယ်လိုအဆုံးသတ်သွားသလဲ။

၃။ သင်ကော ဘုရားသခင်က ထူးခြားစွာ ဖွင့်ပြတာမျိုး ကြုံဖူးခဲ့သလား။

၄။ တစ်ယောက်တည်းအထီးကျန်စွာနဲ့ စိတ်ဓာတ်ကျတာမျိုး ကြုံဖူးသလား။

၅။ သင်ကော ဘဝမှာ ထာဝရဘုရားသခင်က သင့်ကို စိတ်ပျက်သွားတယ်လို့ စိတ်ပျက်လက်ပျက်နဲ့ ခံစားဖူးလဲ။ ကြုံတွေ့တဲ့ နောက်ဆက်တွဲရလဒ်ကို ရှင်းပြပေးပါ။

၆။ ဘုရားသခင်ရဲ့ တိုးတိတ်ညင်သာတဲ့အသံကို ဘယ်လိုကြိုးစားနားထောင်မလဲ။ ဘယ်နှခါအောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင် ခဲ့လဲ။

၇။ ဒီအပတ်တွင်းမှာ ဘုရားသခင်ဆီကို ဝင်ရောက်ချဉ်းကပ်ပြီး ယခု ထက်ကောင်းမွန်တဲ့ဆက်သွယ်မှုရဖို့ ဘယ်လိုဆောင်ရွက်မှာလဲ။

ဧလိယအကြောင်း ပိုမိုသိရှိနိုင်ရန် ဓမ္မရာဇဝင်တတိယစောင် ၁၇း၁-၁၉း၂၁ နဲ့ ၂၁း၁-၂၉ နဲ့ ဓမ္မရာဇဝင်စတုတ္တစောင် ၁း၁-၂း၁၂ တို့ကို လေ့လာရန်ဖြစ်ပါတယ်။

ဧလိရှဲ

ဘုရားသခင်စေထားတဲ့နေရာမှာ အကောင်းဆုံးဆောင်ရွက်ပါ

ဧလိယထွက်ခွာသွားပေမယ့် သူ့ရဲ့ အရှိန်အဝါကိုဆက်လက် ခံစားနေရတုန်းပါပဲ။ ဘုန်းတန်ခိုးနဲ့ အလွန်ပြည့်စုံသူပါပဲ။ ယုံကြည်ခြင်းရဲ့ ပါရမီရှင်တစ်ယောက်ပဲဆိုတာ မငြင်းနိုင်ပါဘူး။ အဲဒီလို စဉ်းစားဆင်ခြင် နေတုန်း အခန်းထဲကို နောက်လူစွမ်းကောင်းတစ်ယောက် ရောက်နေပြီ ဆိုတာ သတိပြုမိလိုက်တယ်။ သူအခန်းထဲရောက်လာတာကို ဘာလို့ မကြားမိလိုက်လဲလို့ စဉ်းစားနေမိတယ်။

ကျွန်တော်တို့က သူ့ကို ဂါရဝပြုဖို့ စီစဉ်နေချိန်မှာ သတိပြုမိတာ က သူ့ရဲ့ အကြိမ်ကြိမ်ဝတ်ဆင်ထားပုံရတဲ့တောင့်တင်းခိုင်မာတဲ့ဝတ်စုံ ရယ်၊ ထူးခြားမှုမရှိတဲ့ သာမန်လူတစ်ယောက်လိုသူ့ပုံစံရယ်တို့ဖြစ်ပါတယ်။ ကိုယ်ခန္ဓာက သွယ်လျပုံရှိပေမယ့် သန်မာကြံ့ခိုင်တယ်ဆိုတာ ငြင်းလို့ မရသလို နေ့စဉ်နေ့တိုင်း အလုပ်ကြမ်းလုပ်ခဲ့တယ်ဆိုတာလည်း ထင်ရှား နေတယ်။ မျက်နှာကလည်း ပြင်းထန်တဲ့ရာသီဥတုကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး နေလောင်ခံထားပုံရတယ်။

ကျွန်တော်အံ့အားသင့်တာတစ်ခုကတော့ သူလည်း ဧလိယလိုပဲ ကုလားအုတ်မွေးဝတ်စုံဝတ်ထားတာပါပဲ။ ဧလိယဝတ်ရုံလိုပဲ ဝတ်ရုံရဲ့ လည်ပင်းပေါက်ကို ထူးထူးဆန်းဆန်း ဖောက်ထားပြန်တယ်။ သတိရ လိုက်ပြီ။ သူဝတ်ထားတဲ့ဝတ်ရုံဟာ ဧလိယဝတ်ရုံနဲ့တူတာမဟုတ်ဘူးဗျို့။

ဧလိယဝတ်ရုံကို သူက ဝတ်ထားတာဗျ။ အဲဒါဆိုရင် တခြားသူ မဟုတ် ဘူး။ ဧလိရှဲပဲ ဖြစ်ရမယ်။ သမ္မာကျမ်းစာထဲမှာ ဧလိယကောင်းကင်ပေါ် တက်သွားခါနီး သူ့ရဲ့ ဝတ်ရုံကိုရတာ ဧလိရှဲပဲရှိတာလေ။

ဧလိရှဲဟာ သူ့ကို ပေးထားတဲ့ ထိုင်ခုံပေါ်ချလိုက်ရင်း “ခင်ဗျား တို့ အရေးမပါတာမျိုး၊ သတိမမူတာမျိုး၊ အသိအမှတ်မပြုခံရတာမျိုး ဘဝမှာကြုံခဲ့ဖူးလားလို့ မေးပါတယ်။ ပြီးတော့ သူကပဲ “ကျွန်တော်တော့ ကြုံဖူးတယ်ဗျာ”။ ဧလိယက ကရဗေလတောင်ပေါ်မှာ ကောင်းကင်ပေါ် က မီးမိုးနဲ့ ထာဝရဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်ထွန်းလင်းစေတဲ့ အမှု တော်ကို ဆောင်ရွက်နေချိန်မှာ ကျွန်တော်ကတော့ အဖေ့လယ်ကွင်းထဲ မှာ အလုပ်လုပ်နေတာ။ ကိုယ်တိုင်မကြုံလိုက်ရပေမယ့် အခြားဣသ ရေလလူမျိုးတွေလိုပဲ ကြားခဲ့ရတာပဲရှိတာ။ ဣသရေလနိုင်ငံနဲ့ လူမျိုး အတွက်သာမက ထာဝရဘုရားသခင်ရော၊ ဧလိယအတွက်ပါ ထူးခြား အရေးပါတဲ့နေ့ပါပဲ။

အဲဒီအဖြစ်အပျက်အပြီး နောက်တစ်နေ့မှာ အဖေ့လယ်ထဲမှာ ထွန်ယက်နေတုန်း ဧလိယရောက်လာပြီး သူ့ရဲ့ ဝတ်ရုံကို ကျွန်တော့်ပခုံး ပေါ်တင်လိုက်တယ်။ မယုံနိုင်စရာပါပဲ။” ဧလိရှဲကပြောနေပါတယ်။ “ကျွန်တော့်ဆရာက ကျွန်တော့်ကို ပရောဖက်အနေနဲ့ ရွေးလိုက်တဲ့အချိန်က စပြီး အရင်ဘဝဟောင်းကနေ ဘဝသစ်ကို ပြောင်းလဲရမယ်ဆိုတာ သိ လိုက်ရတယ်။ ရိုးရိုးသာမန်လယ်သမားဘဝကနေ ဘုရားသခင်ရဲ့ ပရော ဖက်ဖြစ်သွားတဲ့ကျွန်တော်ဟာ အဲဒီနေ့ကစပြီး နေ့တိုင်းထူးခြားတဲ့ကိစ္စတွေ ဆောင်ရွက်ရမယ်လို့ မှန်းထားခဲ့တယ်။ လက်တွေ့မှာတော့ အဲဒီလို မဟုတ်ဘူး။ ဆယ်နှစ်တိုင်တိုင် ဧလိယနောက် တစ်ကောက်ကောက်လိုက် ရပြီး သာမန်ကျွန်တစ်ယောက်လို အလုပ်လုပ်နေရတယ်။ စိတ်ထဲမှာ တော့ အရာမရောက်ဘူး။ အရေးမပါဘူးလို့ ထင်ခဲ့တယ်။”

“နားလည်ဖို့ကတော့ ဘုရားသခင်နောက်လိုက်ဖို့ ဆုံးဖြတ် ထားရင် ခင်ဗျားတို့မျှော်လင့်ထားသလို ဖြစ်လာချင်ဖြစ်လာလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူက သိတယ်ဖြစ်စေ၊ အသိအမှတ်ပြုတယ်ဖြစ်စေ ဘုရားသခင်အတွက် လုပ်တဲ့ကိစ္စတိုင်းဟာ ဘုရားသခင်က အရေးပါတယ်ဆိုတာ သိပါတယ်” ဧလိယက တစ်ဆက်တည်း ဒါကြောင့် ဘုရားသခင်ဘယ်နေ ရာမှာ ထားထား၊ ဘာပဲလုပ်ခိုင်းခိုင်း အကောင်းဆုံးလုပ်ဖို့လိုပါတယ်” လို့ ပြောချလိုက်ပါတယ်။

သင့်ရဲ့အကောင်းဆုံးတွေကို ပေးဆပ်ခဲ့ရင်

ဧလိရှဲပြောတာကို ကျွန်တော် ပြန်လည်သုံးသပ်နေမိတယ်။ ထာဝရဘုရားသခင်ရဲ့နည်းတွေဟာ ကျွန်တော်တို့ရဲ့ နည်းတွေနဲ့ မတူ တာလုံးဝသေချာတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်းဆုံးလို့ ထင်တာ ဟာ ဘုရားသခင်အနေနဲ့ အကောင်းဆုံးထင်ချင်မှ ထင်တာလေ။ ကျွန် တော်တို့အနေနဲ့ ထာဝရဘုရားသခင်လက်ထဲ ဘဝတစ်ခုလုံးအလုံးစုံ လုံးဝဥသုံအပ်ပြီး ဘုရားသခင်ခိုင်းစေတာကို အကောင်းဆုံးလုပ်ကိုင် မယ်ဆိုရင် ဘုရားသခင်က ကျွန်တော်တို့ ခင်ဗျားတို့ကို အသုံးချမှာ သေချာပါပဲ။ ဧလိရှဲက စကားထပ်မဆက်ခင်မှာ ဘုရားသခင်လုပ်တတ် တဲ့လုပ်နည်းလုပ်ဟန်တွေကို နည်းနည်းလေးသတိထားမိလိုက်တယ်။

၁။ ဘုရားသခင်အတွက် သင့်ရဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တွေကိုသိုသိုသိပ်သိပ် လုပ်ဆောင်ရင် ဘုရားသခင်က အသိအမှတ်ပြုပါ လိမ့်မယ်။

ဧလိရှဲက ဘုရားသခင်ကို ဣသရေလလူမျိုးအားလုံးထဲမှာ သူ တစ်ယောက်ပဲ ထာဝရဘုရားသခင်အတွက် မနာလိုဖြစ်မိတယ်လို့ မကျေ မနပ်နဲ့ ညည်းညူလိုက်တော့ ထာဝရဘုရားသခင်က သူကလွဲရင် ဘယ်ဘုရားကိုမှ ဒူးမထောက်တဲ့လူခုနစ်ထောင်ရှိတယ်လို့ ထုတ်ဖော်ပြောပြလိုက်တယ်။ အဲဒီလူခုနစ်ထောင်ထဲမှာ မထင်မရှား လယ်သမား ဧလိရှဲလည်း အပါအဝင်လေ။ ဧလိရှဲဟာ ဘုရားသခင်အမှုတော်ကို သိုသိုသိပ်သိပ်ထမ်းဆောင်ရင်း ထာဝရဘုရားသခင်ကို သစ္စာစောင့်ထိန်း သူတစ်ယောက်ပါပဲ။ ဧလိယရဲ့ လက်ထောက်လို့ တာဝန်ပေးခဲ့ရပြီး နောက်ဆယ်နှစ်တိတိ မထင်မရှား သိုသိုသိပ်သိပ်လှုပ်ရှားခဲ့ရတယ်။

ကျွန်တော်တို့လည်း ဘုရားသခင်က ခေါ်လိုက်ရင် ချက်ချင်း လုပ်ချင်စိတ်ပြင်းပြတတ်တယ်။ ဧလိရှဲကလည်း ဘုရားသခင်ရဲ့ ပရော ဖက်အဖြစ် ချက်ချင်းလုပ်ပြချင်တယ်။ လက်တွေ့မှာတော့ ဘုရား သခင်က ကျွန်တော်တို့ကို သူ့ရဲ့ အမှုတော်ကို အကောင်းဆုံး စွမ်းဆောင် နိုင်ဖို့၊ ပြင်ဆင်ဖို့ အချိန်ပေးနေတာလေ။ အဲဒါဟာ ကျွန်တော်တို့မျှော်မှန်းသလို၊ ထင်သလို ဖြစ်ချင်မှဖြစ်မယ်။ ဧလိရှဲလည်း ဧလိယနဲ့ အတူလုပ်ဆောင်ရင်း ထာဝရဘုရားသခင်ကို ဘယ်လို ဆက်ကပ်ရမယ် ဆိုတာ သင်ယူခဲ့ရတယ်။ ဧလိရှဲက ကောက်စိုက်တဲ့လယ်သမားဘဝကို စွန့်ပယ်ပြီး ဧလိယကနေတစ်ဆင့် လူတွေကို မျိုးစေ့ချတဲ့ဘဝကို ရောက် ရှိခဲ့တယ်။

အဲဒီအချက်ကို တွေးတောဆင်ခြင်မိတုန်း တစ်ခါက ကျွန်တော် ဖတ်ဖူးတဲ့ ခရစ်ယာန်ဘာသာကျွမ်းကျင်သူစာရေးသူလည်းဖြစ်တဲ့ ရစ်ချပ်ဖာစတာ ရေးထားတဲ့ စာစုလေးကို သတိရမိလိုက်တယ်။သူက “လူတစ်ယောက်ရဲ့ ဘဝမှာ ထူးခြားတဲ့ပြောင်းလဲမှုရှိစေချင်ရင်တော့ အထိရောက်ဆုံးနည်းက နှိမ့်ချခြင်းနဲ့ အမှုတော်ကို စည်းကမ်းတကျ ထမ်းဆောင်ခြင်းပါပဲ။ အမှုတော်ကို စည်းကမ်းတကျ ထမ်းဆောင်တဲ့ နေရာမှာလည်း ကျစ်ကျစ်လစ်လစ်သိပ်သိပ်သည်းသည်း လျှို့လျှို့ ဝှက်ဝှက်လုပ်ဖို့မဖြစ်နိုင်ပါဘူး” လို့ ဆိုပါတယ်။ “အမှုတော်ဆက်ကပ် တာကို လက်ခံဖို့ ခက်ကောင်းခက်နေမယ်။ ဒါပေမဲ့ လျှို့ဝှက်လုပ်ကိုင် တာကို ဝိဉာဉ်တော်က လုံးဝလက်ခံမှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။ သမ္မကျမ်းစာထဲမှာ ဧလိရှဲက လျှို့လျှို့ဝှက်ဝှက်နဲ့အမှုထမ်းဆောင်ခဲ့တယ် ဆိုတာ မဖော်ပြခဲ့ပါဘူး။

၂။ သေးငယ်သောအမှုကိစ္စတွေကို အကောင်းဆုံးဆောင်ရွက်နိုင်သူကိုထာဝရဘုရားသခင်က ဒီထက်ကြီးမားတဲ့တာဝန်တွေကို လုပ် ဆောင်ခွင့်ပေးပါလိမ့်မယ်။

ဧလိရှဲအနေနဲ့ ဧလိယဆီမှာ ဆယ်နှစ်တိတိ နောက်လိုက်နောက် ပါတပည့်သာဝကခံခဲ့ပြီး သာမန်အလုပ်တွေကိုပဲ လုပ်ကိုင်ခဲ့ရပါတယ်။ ဣသရေလဘုရင်တစ်ပါးရဲ့ ဝန်ထမ်းတစ်ယောက်က ဧလိရှဲဟာ ဧလိယ ရဲ့ လက်ကို ဆေးပေးရသူအဖြစ် ဖော်ပြထားတာကို တွေ့ရပါလိမ့်မယ်။ ဧလိရှဲဟာ အဲဒီအလုပ်မျိုး တကယ်လုပ်ခဲ့ရမယ်ဆိုရင် အဲဒီဆယ်နှစ်တာ ကာလအတွင်းမှာ ဧကန်မုချသာမန်ကာလျှံကာ အလုပ်တွေပဲ လုပ်ခဲ့ရမှာ ဖြစ်ပါတယ်။

လက်တွေ့မှာတော့ ဒါတွေဟာ ဧလိရှဲအတွက် အခွင့်အရေး တွေပါပဲ။ ဧလိယက သူ့ရဲ့ ဝတ်ရုံကို ဧလိရှဲရဲ့ ပခုံးပေါ်တင်ခဲ့ချိန်တုန်းက ဧလိရှဲဟာ နွားဆယ့်နှစ်ရှဉ်းနဲ့ လယ်ထွန်နေတာလေ။ အဲဒါကို ကြည့်ရင် ဧလိရှဲဟာ ချမ်းသာကြွယ်ဝတဲ့မိသားစုက ဆင်းသက်လာပြီး ဖြစ်နိုင်ခြေ တစ်ခုကတော့ သူ့မှာကိုယ်ပိုင်အစေအပါးတွေရှိမှာ သေချာတယ်။ ဒါပေမဲ့ ဧလိရှဲက ထာဝရဘုရားသခင်ခိုင်းတာ၊ တာဝန်ပေးတာ ဘာမဆို လုပ်ဆောင်ဖို့ ဆန္ဒရှိနေခြင်းဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ သေးငယ်တဲ့အမှုကိစ္စတွေကို ဘုရားသခင် အတွက် အကောင်းဆုံးဆောင် ရွက်လို စိတ်ရှိရင် ထာဝရဘုရားသခင်က သူ့အတွက် ကြီးမြတ်တဲ့တာဝန်ကိစ္စတွေကို ကျွန်တော်တို့ ခင်ဗျားတို့အသင့် ဖြစ်ချိန်မှာ သေချာပေါက်ထမ်းဆောင်စေမှာ ဖြစ်ပါတယ်။

၃။ ဘုရားသခင်ရဲ့ အမှုတော်ကို အစဉ်တစိုက်အကောင်းဆုံးဆောင်ရွက် ရင် ဘုရားသခင်က သတ္တိပေးသနားပါလိမ့်မယ်။

ဧလိရှဲဟာ ဘုရားသခင်အမှုတော်ကို သစ္စာရှိရှိနဲ့အစဉ်တစိုက် ဆောင်ရွက်ခဲ့သူတစ်ဦးပါ။ ဧလိယကို ဘုရားသခင်ပြန်ခေါ်မယ်ဆိုတာ သိတဲ့အချိန်မှာ ဧလိရှဲဟာ ဧလိယရဲ့ ဝိဉာဉ်တန်ခိုးနှစ်ဆတောင်းခံခဲ့ပါ တယ်။

အမှန်တော့ ဆယ်နှစ်တာကာလအတွင်းမှာ အရေးမပါတဲ့ သာမန်အလုပ်တွေပဲ လုပ်ခဲ့ရတဲ့ ဧလိရှဲအတွက် အဲဒီလိုတောင်းဆိုတာ ဟာ ကြီးမားတဲ့စွန့်စားချက်ပါပဲ။ သာမန်အခြေအနေမှာဆိုရင် လူတွေ ဟာ သေးငယ်တဲ့အလုပ်တွေကို လုပ်ကိုင်နေတာ ကျင့်သားရရင် တာဝန် ကြီးတဲ့အလုပ်တွေကို လုပ်ကိုင်ဖို့ မစွမ်းဘူးလို့ ထင်နေတတ်ကြတယ်။ ဒီနေရာမှာတော့ ဧလိရှဲဟာ သတ္တိရှိရှိနဲ့ တောင်းဆိုရဲသူဖြစ်ရုံသာမက ဣသရေလလူမျိုးတွေရဲ့ အကြီးကျယ်ဆုံးပရောဖက်ဆီက နှစ်ဆသော တန်ခိုးအစွမ်းကို တောင်းခံခဲ့သူဖြစ်ပါတယ်။

စဉ်းစားစရာတစ်ခုကတော့ ဧလိယကိုယ်တိုင်ကလည်း ဧလိရှဲ အနေနဲ့ ကြီးကျယ်တဲ့တာဝန်တွေကို ထမ်းဆောင်နိုင်ပုံမရဘူးလို့ ထင် ထားပုံရပါတယ်။ ဒါကြောင့်လည်း ဧလိယအနေနဲ့ ခက်ခဲတဲ့ ကိစ္စတောင်း ဆိုတယ်လို့ ညည်းညူမိတယ်။ အဲဒါအပြင် လက်ရင်းတပည့်အနေအထား ကနေ ဝေးဝေးဖယ်ရှောင်နေခဲ့ပါသေးတယ်။ ဧလိယအနေနဲ့ သုံးကြိမ် တိုင်တိုင် ဧလိရှဲကို သူ့နောက်မလိုက်ခဲ့ဖို့ ဟန့်ခဲ့ပေမယ့် ဧလိရှဲက အဲဒီသုံး ကြိမ်တိုင်တိုင် လုံးဝလက်မလျော့ဘဲ နောက်ကလိုက်ပြီး လိယဆီက ကောင်းချီးကို တောင်းခံခဲ့ပါတယ်။ တစိုက်မတ်မတ်၊ သစ္စာရှိရှိ ကျားကုပ် ကျားခဲတောင်းခံခဲ့တဲ့အတွက် သူလိုချင်တာကို သူရရှိခဲ့ပါတယ်။

ကျွန်တော်တို့လည်း ထာဝရဘုရားသခင်ရဲ့ အမှုတော်ကို သစ္စာ ရှိရှိ တစိုက်မတ်မတ် ထမ်းဆောင်ခဲ့လို့ ဘုရားသခင်က ဒီထက်ကြီးတဲ့ တာဝန်တွေကို ပေးမယ်ဆိုရင် နောက်ဆုတ်တွန့်တိုနေမှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း ဧလိရှဲလိုပဲ သတ္တိရှိရှိနဲ့ ကြီးကျယ်တဲ့ အမှုကိစ္စတွေကိုထမ်းဆောင်ရဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ ကြီးကျယ်တဲ့အတွေး အမြင်ရူပါရုံကို သေးငယ်တဲ့စဉ်းစားနိုင်စွမ်းလေးနဲ့ မချုပ်တည်းထားသင့် ပါဘူး။ ကျွန်တော်တို့ရဲ့ထာဝရဘုရားသခင်က ဒီထက်မက စွမ်းဆောင် ပေးနိုင်သူဆိုတာ မေ့မထားကြပါနဲ့။

၄။ ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော် ထွန်းလင်းဖို့ လုပ်ဆောင်သူကိုကိုယ့်ပင်ကိုအရည်အချင်းတွေနဲ့ မစွမ်းဆောင်နိုင်တဲ့ကြီးမြတ်တဲ့ကိစ္စ ရပ်တွေကို လုပ်ဆောင်နိုင်ဖို့ ထာဝရဘုရားသခင်က လုပ်ပိုင်ခွင့် အာဏာအပ်နှင်းပါလိမ့်မယ်။

ဧလိရှဲဟာ လယ်သမားပီပီထွန်ယက်ပျိုးကြဲ၊ ရေလောင်းနဲ့ ရိတ်သိမ်းခြင်းကိစ္စတွေကို အခက်အခဲမရှိ လုပ်ကိုင်နိုင်သူပါ။ ဒါပေမဲ့ တကယ်တမ်းလက်တွေ့မှာ ထူးခြားတဲ့နိမိတ်လက္ခဏာနဲ့ ပြည့်စုံတဲ့ကိစ္စ ရပ်တွေကို လုပ်ကိုင်ခဲ့ရသူဖြစ်ပါတယ်။ လုပ်ဆောင်ချက်တချို့ကို ပြောရ ရင်တော့ လူရာပေါင်းများစွာကို ရှိတဲ့ပေါင်မုန့် အနည်းငယ်နဲ့ လောက်ငှအောင်ကျွေးနိုင်တယ်။ ရေဆိုးရေညစ်ကို သန့်စင်ပေးနိုင်ခဲ့တယ်။ လေးလံ တဲ့ပုဆိန်ခေါင်းကို ရေပေါ်ပေါ်စေနိုင်ခဲ့တယ်။ ရောဂါဆိုးတွေကို ကုသ နိုင်ရုံမက သေသူကို အသက်ရှင်စေနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကိုယ်ပိုင်လုပ်ဆောင်နိုင်တာထက် လုပ်ဆောင်နိုင်ရုံမျှမက သူ့ရဲ့ဆရာ ဧလိယထက် ထူးခြားစွာပိုမိုလုပ်နိုင်သူဖြစ်ပါတယ်။ ဧလိယဆီက တန်ခိုး နှစ်ဆရခဲ့တဲ့အပြင် ဧလိယထက် နှစ်ဆမကသော ထူးခြားမှုတွေကို လုပ်နိုင်ခဲ့ပါတယ်။ အတိအကျ ပြောရရင် ဧလိယက ထူးခြားတဲ့ တန်ခိုးဣဒ္ဓိပါဒ် ပြည့်စုံတဲ့ကိစ္စတစ်ဆယ့်လေးခု လုပ်ဆောင်ခဲ့ပေမယ့် ဧလိရှဲကတော့ နှစ်ဆယ့်ရှစ်ခုလုပ်ပြနိုင်ခဲ့ပါတယ်။

ဧလိရှဲဆီကဘဝသင်ခန်းစာများ

 

လည်ချောင်းကို တစ်ချက်ရှင်းရင်း ကျွန်တော်တို့ရဲ့ အာရုံစူး စိုက်မှုကိုယူလိုက်ပြီး ဧလိရှဲက ဆက်ပြောနေပြန်ပါတယ်။

၁။ ကိုယ့်ကိုပေးထားတဲ့တာဝန်တွေကို တင်းပြည့်ကျပ်ပြည့်လုပ်ဆောင်ပါ။

“ထာဝရဘုရားသခင်က ကျွန်တော့်ကို ဘာတာဝန်ပေးပေး စိတ်ရှိလက်ရှိကိုယ်စွမ်းရှိသမျှ လုပ်ခဲ့တယ်။ ကောက်စိုက်တုန်းက မျိုးစေ့ ချဖို့၊ ထယ်ကြောင်းဖြောင့်ဖြောင့်ဆွဲဖို့ အချိန်အများကြီးပေးပြီး ပင်ပင် ပန်းပန်း လုပ်ခဲ့ရတယ်။ ကျွန်တော်လုပ်သလို ကျွန်တော့်လူတွေကိုလည်း အဲဒီလိုလုပ်ဖို့ တိုက်တွန်းခဲ့ရတယ်။

ဧလိယနောက်ကို လိုက်ခဲ့တုန်းကလည်း အကောင်းဆုံးကူညီ လုပ်ကိုင်ခဲ့တယ်။ ကျန်ခဲ့တဲ့အလုပ်မရှိဘူး။ တစ်ဝက်တစ်ပျက်အလုပ် ဆိုတာ မရှိဘူး။ ဧလိယကိုပေးထားတဲ့ ဘုရားသခင်ရဲ့ ရည်မှန်းချက်တွေ ပြည့်မီအောင် ကူညီလုပ်ဆောင်ပေးရမှာက ကျွန်တော့်တာဝန်လို့ ခံယူ ထားတယ်။

ထာဝရဘုရားသခင်က ကျွန်တော့်ကို သူ့ပရောဖက်အဖြစ် ခန့် တဲ့နောက်ပိုင်း ဘုရားသခင် ခိုင်းထားတာတွေအားလုံးလုပ်ပေးခဲ့တယ်။

ကိုယ်လုပ်တဲ့အလုပ်တွေဟာ အထွတ်အမြတ် ဟုတ်၊ မဟုတ်ဆိုတာ ကိုယ်ဘာလုပ်တယ် ဆိုတာနဲ့ မဆိုင်ပါဘူး။

ဘာ့ကြောင့်လုပ်လဲ၊ ဘယ်လိုလုပ်လဲပေါ်မှာသာ မူတည်ပါတယ်။

၂။ သင့်ရာထူးအဆင့်အတန်းထက် သင့်ရည်ရွယ်ချက်က ပိုအရေးကြီး ပါတယ်။

ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ အဆင့်အတန်းအနေ အထားကို ဂရုမစိုက်ဘူးလေ။ အဲဒါကို ဂရုစိုက်မယ်ဆိုရင် ထာဝရဘုရား သခင်ဟာ သခင်ယေရှုကို သာမန်လူဇာတိခံပြီး လူ့ပြည်ကို ဆင်းခွင့်ပြု မှာ မဟုတ်ဘူး။ ကျွန်တော်တို့ကို ပေးတဲ့ရည်ရွယ်ချက်တွေကို သစ္စာရှိရှိ တာဝန်ထမ်းဆောင်တာဟာ ဘုရားသခင်ကို တို့ထိပါတယ်။ ကျွန်တော်ဟာ ယာလုပ်တဲ့အလုပ်ကို တာဝန်ကျေအောင် လုပ်သလို ဘုရားသခင် အတွက် အမှုတော်ကို တာဝန်ကျေအောင်ထမ်းဆောင်ဖို့ ကျေနပ်တယ်။ ဒါကြောင့် ဘယ်သူမဆို မှန်ကန်တဲ့စိတ်ထားနဲ့ပါ အကောင်းဆုံးလုပ်ကိုင် ရင် ဘုရားသခင်စိတ်ကို နှစ်သက်စေတော်မူပါတယ်။

၃။ သင့်ကို ထာဝရဘုရားသခင်က ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့လုပ်ဆောင်ခွင့်မပေးဘူးဆိုရင်လည်း အခြားခေါင်းဆောင်တွေကို ကူညီဖြည့်စွက် ပေးပါ။

ထာဝရဘုရားသခင်က ကျွန်တော့်ကို ခေါ်ခဲ့တဲ့အချိန်တုန်းက သူဘာလုပ်စေချင်လဲ ကျွန်တော် မသိပါဘူး။ ယာကုပ်နဲ့ ယောသပ်တို့လို ရည်မှန်းချက်ပေးထားတာ မရှိပါဘူး။ ပထမဆုံး ကျွန်တော့်ကို လုပ်ခိုင်း တာက လက်ထဲကရှိတဲ့အလုပ်ကို လုပ်ခိုင်းတာပဲ။ အဲဒါလေးက ဘုရား သခင် နှစ်သက်တာပဲလေ။

တကယ်လို့ ဘုရားသခင်က သင့်ကို သီးသန့်ရည်ရွယ်ချက်မရှိ ဘူးဆိုရင်လည်း ထိုင်စောင့်မနေဘဲ ထာဝရဘုရားသခင်က ရည်မှန်း ချက်ပေးထားတဲ့ခေါင်းဆောင်တစ်ယောက်ယောက်ကို သစ္စာရှိရှိ အကျိုး ရှိရှိ လုပ်ပေးပါ။ ဘုရားသခင်က ကန့်လန့်ကာနောက်ကွယ်က လူတွေကို လည်း အသိအမှတ်ပြုပါတယ်။

ကျွန်တော်တို့အတွက် ဧလိရှဲရဲ့ဆုတောင်းချက်

ဘာဆက်ဖြစ်မယ်မှန်း မသိခင်မှာ ဧလိရှဲက ကျွန်တော်တို့အ တွက် ဆုတောင်းပေးနေတယ်ဆိုတာ သိလိုက်ရပါတယ်။

“ကျွန်တော်တို့ကို အစစအရာရာထောက်ပံ့ပေးသူထာဝရ ဘုရားသခင်… ကျွန်တော့်သူငယ်ချင်းတွေ အသိအမှတ်ပြုမခံခဲ့ရင် လည်း သတ္တိပေးသနားတော်မူပါ။ ကျွန်တော့်သူငယ်ချင်းတွေ စိတ်ပင် ပန်းငြီးငွေ့နေတဲ့အချိန်မှာ ခွန်အားပေးသနားတော်မူပါ။ ဘုရားသခင်ကို ဆက်ကပ်ဖို့ပြင်ဆင်နေချိန်မှာ ခွန်အားသတ္တိပေးသနားတော်မူပါ။

ထာဝရဘုရားသခင်ရဲ့ အမှုတော်ပန်းတိုင်ကိုဆက်ကပ်ဖို့ လုပ်ဆောင်တဲ့ အခါမှာ ခွန်အားပေးသနားတော်မူပါ… အာမင်”။

ဧလိရှဲထံမှ ခေါင်းဆောင်မှုသင်ခန်းစာများ

ဧလိရှဲရဲ့ အသွင်အပြင်ဟာ အထင်ကြီးစရာဖြစ်သလို သူ့ရဲ့ ပင်ကိုစရိုက်ဟာ ထူးခြားလှပါတယ်။ ဧလိရှဲကို မသိတဲ့သူတွေက ဧလိရှဲ ရဲ့ သွင်ပြင်ကို ကြည့်ပြီး ဘာမှဂရုစိုက်မှာ မဟုတ်ပါဘူး။ ကိုယ့်ဟာကိုယ် လည်း သံသယဝင်မိတယ်။ ကျွန်တော်တို့လည်း ရှမွေလလိုပဲ ယေရဲသား တွေကို သွားရှာတုန်းကလိုပဲ ပြင်ပပုံပန်းသဏ္ဍာန်ကို ဂရုစိုက်လွန်းတတ် တယ်။ တကယ်တမ်းကျတော့ ဘုရားသခင်လို နှလုံးသားကိုပဲ ကြည့်မြင် တတ်ဖို့ လိုပါတယ်။

၁။ ထာဝရဘုရားသခင်ရဲ့ ခေါင်းဆောင်မှုတာဝန်ကို လိုချင်တယ်ဆိုရင်တော့ ကိုယ်တိုင်က ဆန္ဒပြင်းပြဖို့လိုပါတယ်။

ဧလိယက သူ့ရဲ့ ဝတ်ရုံကို ဧလိရှဲပေါ်တင်လိုက်ပြီးတာနဲ့ ဧလိရှဲ က သူ့ရဲ့ အလုပ်ကို ရပ်လိုက်တယ်။ ထွန်တုံးထွန်တံတွေကို မီးရှို့လိုက် တယ်။ ပြီးတာနဲ့ ဧလိယနောက်ကို လိုက်ခဲ့တာလေ။ ဧလိယရဲ့ အရိုက် အရာကိုခံယူဖို့ စိတ်ဆန္ဒပြင်းပြခဲ့သလို အဲဒီပန်းတိုင်ရောက်ဖို့ ဘဝမှာ အပြောင်းအလဲလုပ်ဖို့ ဝန်မလေးဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ အဲဒီစိတ် ဆန္ဒနဲ့ ခံယူချက်ဟာ ဘုရားသခင်စိတ်ကို တို့ထိနှစ်သက်စေတော်မူတယ်။ အဲဒါကြောင့်လည်း ဘုရားသခင်က သူ့ကို ကောင်းချီးဆုကျေးဇူးတော်တွေ ချပေးခဲ့တယ်။

အဲဒီလိုဆင်ခြင်မိတာနဲ့ ကျွန်တော်လည်း ကိုယ့်ဟာကို ပြန် သုံးသပ်မိတယ်။ ကျွန်တော်လည်း အမှုတော်ဆက်ကပ်ချင်တဲ့စိတ်ဆန္ဒ ပြင်းပြတဲ့အရေးပါမှုကို သတိပြုမိတယ်။ ကြီးကျယ်တဲ့ခေါင်းဆောင်တွေ ဖြစ်တဲ့ အီးစတင်လီဂျုံး၊ ဖေဖေဘီးလ်ဘရက်၊ ဒေါက်တာချို့တို့တွေက ကျွန်တော့်ကို အမြဲဆုတောင်းပေးနေခဲ့တယ်။ ဧလိရှဲက ဧလိယရဲ့ကောင်း ချီးတွေရသလို ကျွန်တော်လည်းပဲ ကောင်းချီးမျိုးစုံခံစားချင်တယ်။ အခုလည်း ကြိုးစားပြီး လုပ်နေတုန်းပဲလေ။ ထာဝရဘုရားသခင်အတွက် ဘုန်းတန်ခိုးတော်ထင်ရှားစေချင်တော့ ဘုရားသခင်ရဲ့ အလိုဆန္ဒကို စိတ် အားထက်သန်စွာနဲ့ ကိုယ်အားစိတ်အားပြည့် တစ်စိုက်မတ်မတ် လုပ် ဆောင်ဖို့ လိုပါတယ်။

၂။ ထာဝရဘုရားသခင်ရဲ့ ခေါင်းဆောင်မှုတာဝန်ကို လိုချင်တယ်ဆိုရင်တော့ ကိုယ်တိုင်က စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ဖို့ လိုပါတယ်။

ဧလိရှဲဟာ ခေါင်းဆောင်ဖို့ အချိန်မကျခင်မှာ စိတ်ရှည်ရှည် နဲ့ စောင့်ရင်းလုပ်ကိုင်ရင်း လေ့လာသင်ယူနေခဲ့ပါတယ်။ ဆယ်နှစ်တာ ကာလလုံးလုံး ဧလိယရဲ့ တပည့်အဖြစ်ခံယူရင်း ခေါင်းဆောင်ဖို့ သင်ယူ နေခဲ့တယ်။ သူခေါင်းဆောင်ရတဲ့အချိန်မှာ ဧလိယလုပ်ခဲ့သလို ထူးခြားတဲ့ ကိစ္စတွေကို လုပ်ဆောင်နိုင်ခဲ့ရုံမက သူမကြုံဖူးတဲ့ ကိစ္စရပ်တွေကိုလည်း လုပ်ပြနိုင်ခဲ့တယ်။

နောက်ဆုံးအချိန် ဧလိယရဲ့ ဝတ်ရုံမရခင်ထိ စိတ်ရှည်လက်ရှည် စောင့်နေခဲ့ပါတယ်။ အဲဒီနောက်ဆုံးအချိန်ဟာ ဧလိရှဲအနေနဲ့ ဧလိယကို ဘာမှလုပ်မပေးနိုင်ခဲ့တဲ့အချိန်ပါ။ ဧလိရှဲဟာ ဧလိယရဲ့ အရိုက်အရာကို ဆက်ခံဖို့ ဘုရားသခင်ရဲ့ အချိန်ကို စိတ်ရှည်လက်ရှည်စောင့်နေခဲ့ပါတယ်။

ကျွန်တော်တို့အားလုံးဟာ ကိုယ်ဖြစ်ချင်တဲ့ကိစ္စတွေကို ခုချက် ချင်းလက်ငင်းဖြစ်စေချင်တယ်။ “တကယ်တော့ ဘုရားသခင်ရဲ့ ရည် ရွယ်ချက်တွေကို ဘုရားသခင် သတ်မှတ်ထားတဲ့အချိန်မှာပဲ လုပ်ဆောင် နိုင်မှာဖြစ်ပါတယ်”။ ဘုရား သခင်အတွက် အမှုတော်ထမ်းဆောင်ချင်သူတစ်ယောက်ဟာဘုရားသခင်ကို စောင့်နိုင်ဖို့ အရေးကြီးလှပါတယ်။ စိတ်ရှည်ဖို့လည်း လိုပါတယ်။

၃။ ဘုရားသခင်ရဲ့ ခေါင်းဆောင်မှုတာဝန်ကို လိုချင်တယ်ဆိုရင်တော့ လုံ့လဝီရိယရှိဖို့ လိုပါတယ်။

ဧလိရှဲဟာ အကြောင်းအမျိုးမျိုးနဲ့ အခြေအနေအမျိုးမျိုးမှာ သူ့ သခင်ဖြစ်တဲ့ဧလိယဆီက ထွက်ခွာဖို့ အခွင့်အရေးအများကြီးရခဲ့မှာ ဖြစ် ပါတယ်။ ဒါပေမဲ့ ဧလိယထံက သူ့ကိုခေါ်သံကို သူဟာ ဇွဲနပဲနဲ့ သစ္စာရှိရှိ စောင့်ဆိုင်းနေခဲ့ပါတယ်။ အခက်အခဲအမျိုးမျိုးနဲ့ စိတ်အနှောင့်အယှက် အမျိုးမျိုးတွေ့ကြုံခဲ့ရပေမယ့် ထာဝရဘုရားသခင်နဲ့ ဧလိယကို လုံးဝ ယုံကြည်ခဲ့သူဖြစ်ပါတယ်။

ကျွန်တော်တို့အများစုဟာ ခေါင်းဆောင်မှုကို ရေရှည်အမြော် အမြင်နဲ့ သုံးသပ်မယ့်အစား ရေတိုရှုမြင်တတ်ကြပါတယ်။ ထာဝရ ဘုရားသခင်ကို ခေါင်းဆောင်ခြင်းအမှုနဲ့ ဆက်ကပ်ခြင်းဟာ တာတို မဟုတ်ပါ။ မာရသွန်တာဝေးအပြေးခရီးစဉ်သာဖြစ်ပါတယ်။ ခေါင်းဆောင်မှုတာဝန်ကြီးမားလေ အဲဒီတာဝန်ကို ထမ်းဆောင်နိုင်ဖို့ ကြုံရမယ့် ဖြားယောင်းသွေးဆောင်မှုမျိုးတွေ၊ အနှောင့်အယှက်မျိုးတွေကြီးလေ ဖြစ်ပါတယ်။ ဧလိရှဲလို အဆုံးသတ်ကောင်းချင်ရင် ကျွန်တော်တို့မှာ ဇွဲလုံ့လရှိရမယ်ဆိုတဲ့နည်းလမ်းတစ်ခုပဲ ရှိပါတယ်။

ဧလိရှဲရဲ့ဆွေးနွေးချက်လမ်းညွန်

ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍၊ ထိုသူနှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ၏။ မြစ်တဘက်သို့ရောက်သောအခါ၊ ဧလိယက၊ သင်နှင့်ငါမကွာမှီ ငါ၌တစုံတခုသော ဆုကို တောင်းလော့ဟု ဧလိရှဲအား ဆိုလျှင်၊ ဧလိရှဲက၊ကိုယ်တော်ဝိဉာဉ်နှစ်ဆသောအဘို့ကို အကျွန်ုပ်အပေါ် မှာ ရှိပါစေသောဟု တောင်းသော် ဧလိယက သင်သည်ရခဲသောဆုကို တောင်း၏။ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။

ထိုသို့နှုတ်ဆက်လျက် သွားကြစဉ်တွင်၊ မီးရထားနှင့် မီးမြင်းတို့သည်ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွာသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။ ဧလိရှသည် ကြည့်မြင် လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ်သော်လည်း၊ နောက်တဖန် ဧလိယကို မမြင်ရ။ မိမိအဝတ်ကို ကိုင် ၍ နှစ်ပိုင်းဆုတ်လေ၏။ အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက် ၍ ပြန်လေ၏။

ယော်ဒန်မြစ်နားမှာ ရပ်၍၊ ရေကို ဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယကိုးကွယ်သောဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ၍ တဖန်ရိုက်သောအခါ၊ ရေသည်တဘက်တချက် ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။ ယေရိဘေမြို့မှာ ကြည့်ရှုသော ပရော ဖက်အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ၏ဝိညာဉ်သည် ဧလိရှဲ အပေါ်မှာ ကျိန်းဝပ်သည်ဟု ဆိုလျက် ခရီးဦးကြိုပြုအံ့သောငှာ သွား၍ သူ့ရှေ့၌ မြေပေါ်မှာ ပြပ်ဝပ်ကြ၏။

ဓမ္မရာဇဝင်စတုတ္တစောင် ၂၊ ၂း၈-၁၅

၁။ အသိအမှတ်ပြုခြင်းမခံရဘဲ ဧလိယရဲ့ တပည့်သာဝကအဖြစ် ဧလိယရှဲလုပ်နေရတာကို သင် ဘယ်လိုမြင်ပါသလဲ။

၂။ တကယ်လို့ သင့်အနေနဲ့ အရေးမပါတဲ့ အလုပ်မျိုးတွေကို တခြားသူအတွက် လုပ်ပေးနေရရင် ဘယ်လိုခံစားရမလဲ။ ရှင်းပြပေးရန်။

၃။ တကယ်တော့ ကိုယ် မပျော်ရွှင်တဲ့အလုပ်တွေ လုပ်နေရတာဟာတစ်ချိန်ကျရင် ကြီးမားကျယ်ပြန့်တဲ့တာဝန်လုပ်ဆောင်ရဖို့အတွက် ဖြစ်တယ်ဆိုတာ သင် သိပါရဲ့လား။ တကယ်လို့ သိတယ်ဆိုရင် သစ္စာရှိရှိနဲ့ အဲဒီလို ဆက်လုပ်နေဖို့ ကိုယ့်ဟာကိုယ်ဘယ်လိုခွန်အားပေးနှစ်သိမ့်မှာလဲ။

၄။ တစ်စုံတစ်ရာကိုစောင့်ဆိုင်းနေရတဲ့အခြေအနေမျိုးကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖူးလဲ။

၅။ ဘုရားသခင်က သင့်ဘဝအတွက် ဘယ်လိုရည်ရွယ်ချက်ရှိတယ်ဆိုတာ ဖော်ပြပြီးပြီလား၊ ဒါမှမဟုတ် ဧလိရှဲရဲ့ ဘဝအစပိုင်းတွေမှာလို လတ်တလောအလုပ်တွေကို လုပ်ကိုင်နေရလား။ အဲဒီလိုအချိန် မျိုးမှာ ဘယ်လိုခံစားရပါမလဲ။

၆။ တကယ်လို့ ဘုရားသခင်က ပုဂ္ဂိုလ်ရေးဆိုင်ရာရည်မှန်းချက်မပေးထားသေးချိန်မှာ ကိုယ့်အနေနဲ့ တခြားသူတစ်ယောက်ယောက်မှာ ဘုရားသခင်ပေးထားတဲ့ရည်ရွယ်ချက်ရှိနေတာကို ကြုံဖူးလား။ အဲဒီ သူဟာ ဘယ်သူလဲ၊ ဒါမှမဟုတ် အဲဒီလိုလူမျိုးရှာချင်တဲ့စိတ်ရှိပါသလား။

၇။ ကြုံတွေ့နေရတဲ့အချိန်မှာ ဘယ်လိုပဲဖြစ်နေဖြစ်နေအကောင်းဆုံးလုပ်ကိုင်ချင်စိတ်ရှိရဲ့လား။ ရှင်းပြပေးရန်။

၈။ ဧလိရှ်နဲ့တူအောင် သူ့အနေနဲ့ ဘာတွေ လုပ်သင့်ပါသလဲ။

ဧလိရှဲအကြောင်းပိုမိုသိရှိနိုင်ရန် ဓမ္မရာဇဝင်တတိယစောင် ၁၉း၁၅-၂၁ နဲ့ ဓမ္မရာဇဝင်စတုတ္ထစောင် ၁း၈-၁၅၊ ၉း၁-၃နှင့် ၁၃း၁၄-၂ဝ တို့ကိုလေ့လာရန်ဖြစ်ပါတယ်။

ယောဘ

ဘုရားသခင်ဟာအနာဂတ်အလုံးစုံကို မြင်နိုင်သူဖြစ်ပါတယ်

နောက်ထပ်ပုဂ္ဂိုလ်တစ်ယောက်ချဉ်းကပ်လာတာကိုတော့ ဖြည်း ညင်းညင်သာတဲ့ခြေလှမ်းတွေကြောင့် သိလိုက်ရပါတယ်။ မြင်ကွင်းထဲ မှာ ပေါ်လာတာကတော့ အရပ်ငါးပေလောက်ရှိတဲ့ခန္ဓာကိုယ်သေးသေး နဲ့ လူတစ်ယောက်ပါပဲ။ သူ့ဝတ်ရုံကတော့ ထူးထူးခြားခြားပိုးချည်နဲ့ ရက် လုပ်ထားတဲ့ အစိမ်းရောင်အပါအဝင် အရောင်တွေနဲ့ တောက်ပနေပြီး ခြေလှမ်းလှမ်းတိုင်း တလျပ်လျပ်နဲ့ တောက်ပနေပါတယ်။ ဖိနပ်ကလည်း အလားတူပိုးသားနဲ့ ရက်လုပ်ထားပြီး ဒါကြောင့်လည်း ခြေသံမကြားရ သလိုဖြစ်နေတာပေါ့။

သူ့ဝတ်ရုံကို ကျွန်တော်အနီးကပ်ကြည့်လိုက်တော့မှ ဝတ်ရုံ အသားစထဲမှာ ရွှေချည်တွေ ရက်ထားတာကို သတိပြုမိလိုက်တယ်။ တကယ်တော့ တလျပ်လျပ်နဲ့ ဖြစ်နေရတာက အဲဒီရွှေအစစ်နဲ့ရက်ထား တာကြောင့်ပဲလေ။ အံ့မခန်းပါပဲ။

အဲဒီသူရဲ့ လည်ပင်းမှာလည်း ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့ ရွှေဆွဲကြိုးကြီးတွေကို ဆွဲထားတယ်။ အနုစိတ်ပြင်ဆင်ထားတဲ့ထောင် ပေါင်းစွာသောကွင်းဆက်လေးတွေနဲ့ လှပစွာပုံဖော်ထားပြီး သုံးလက်မ အကွာအဝေးတိုင်းမှာ မြ၊ နီလာ၊ ပတ္တမြားတွေ စီရံထားတဲ့ ဘယက်ခွက် တစ်ခုစီတွေ့ရပါတယ်။ ဘယ်လောက်တန်သလဲဆိုတာ ကျွန်တော် မခန့်မှန်းနိုင်သလို ဘယ်ပြတိုက်မှာလည်း ရှိလိမ့်မယ်လို့ မထင်ရပါဘူး။ အဲဒါအပြင် သူ့ရဲ့ လက်ချောင်းတိုင်းမှာလည်း မတူတဲ့ဒီဇိုင်းတွေနဲ့လုပ်ထား တဲ့ လက်စွပ်တွေကို တွေ့ရမှာဖြစ်ပြီး အချို့လက်စွပ်တွေမှာကျောက်သံ ပတ္တမြားတွေ ရှိနေတာတွေ့ရတယ်။

ကျွန်တော်လည်း အဲဒီပုဂ္ဂိုလ်ကို တအံ့တသြကြည့်နေတုန်းမှာ သူ့ရဲ့ အမာရွတ်တွေကို သတိပြုမိလိုက်တယ်။ အမာရွတ်တွေဟာ သူ့ ရဲ့ လက်တွေကတစ်ဆင့် လက်မောင်း ပြီးတော့ ဝတ်ရုံကြားထဲမှာ ပျောက် သွားတယ်။

အဲဒီပုဂ္ဂိုလ်ဟာ သတ်မှတ်ထားတဲ့ ထိုင်ခုံမှာ ထိုင်လိုက်တာနဲ့ မြင်ရတဲ့ဒူးကနေစပြီး အမာရွတ်တွေကို တွေ့လိုက်ရပြန်ရော။ တစ်ကိုယ် လုံးခြေဆုံးခေါင်းဆုံးပြန်ကြည့်မိလာမှ မျက်နှာမှာလည်း အမာရွတ်တွေ ပဲ။ ပြောရရင်တော့ မြင်ရတဲ့ခန္ဓာကိုယ်မျက်နှာပြင်တိုင်းမှာ ပန်းရောင်နဲ့ ခရမ်းရောင်သန်းနေတဲ့ အမာရွတ်တွေလို့ ပြောလို့ရတယ်။ အဆိုးဝါးဆုံး ကတော့ သူ့ရဲ့ လက်တွေက အမာရွတ်တွေပဲ။ “ဘာဖြစ်လို့ ဒီလိုဖြစ်ရတာ လဲ” လို့ ကျွန်တော်မေးခွန်းထုတ်နေမိတယ်။

“ကျွန်တော့်လက်စွပ်တွေကို ခင်ဗျားစိတ်ဝင်စားနေတာ မဟုတ် လား” လို့ သူက လှမ်းမေးရင်း “ဒီလက်စွပ်တွေက ကျွန်တော့် ညီတွေ၊ ညီမတွေက တစ်ယောက်တစ်ကွင်းစီ ပေးထားတာလေ။ ဥဇပြည်မှာ တုန်းက စေတန်က ကျွန်တော့်ကို နည်းမျိုးစုံနဲ့ ညှင်းပန်းခဲ့ပေမယ့် ထာဝရ ဘုရားသခင်ကို လုံးဝဥဿုံယုံကြည်ခဲ့တဲ့အတွက် ထာဝရဘုရားသခင် က ကျွန်တော့်ကို ကောင်းချီးအားလုံးပြန်ပေးခဲ့တဲ့နောက်ပိုင်းရတဲ့ လက် စွပ်တွေပဲ။ ကျွန်တော်က ယောဘပါ” ဟု ဆိုလိုက်ပါတယ်။

သူ့ရဲ့ စကားတွေက ကျွန်တော့်ကို အံ့ဩစေမိတယ်။ အဓိကက တော့ “စေတန်က နည်းမျိုးစုံနဲ့ ညှင်းပန်းတယ်ဆိုတာပါကိုပဲ၊ ယောဘ ခံစားကြုံတွေ့ခဲ့ရတာကို ပြန်စဉ်းစားဆင်ခြင်ကြည့်ရအောင်။ ထာဝရ ဘုရားသခင်က ယောဘကို အပြစ်ဆိုစရာမရှိဘူး။ မှန်ကန်ဖြောင့်မတ် တဲ့သူ၊ ဘုရားသခင်ကို လုံးဝဥဿုံကြောက်ရွံ့ပြီး ချစ်မြတ်နိုးသူ၊ မကောင်းမှုကို လုံးဝရှောင်ရှားသူလို့ဆိုပြီး စေတန်ကို ညွှန်ပြခဲ့ပါတယ်။ စေတန် က ယောဘအနေနဲ့ ပိုင်ဆိုင်မှုတွေအားလုံးစွန့်လွှတ်ရရင်တော့ ဘုရား သခင်ကို ကျိန်ဆိုလိမ့်မယ်လို့ ပြောပါတယ်။ အဲဒီမှာ ထာဝရဘုရား သခင်က သူ့ရဲ့ အကာအကွယ်ကို ဖယ်လိုက်ပြီး စေတန်ကို ယောဘ ပိုင်ဆိုင်မှုမှန်သမျှဖျက်ဆီးဖို့ ခွင့်ပြုလိုက်ပါတယ်။

ဒါပေမဲ့ ယောဘဟာ ယုံကြည်ခြင်း အားကြီးနေသေးတာမို့ စေတန်က ဘုရားသခင်ကို ခန္ဓာ ကိုယ်ကို ထိခိုက်ခွင့် ထပ်တောင်းခဲ့ပါတယ်။ အဲဒါကြောင့် စေတန်ဟာယောဘရဲ့ ခြေဆုံးခေါင်းဆုံးအနာစိမ်းတွေနဲ့ ဖုံးလွှမ်းစေခဲ့တာမို့ သနား စရာကောင်းတဲ့ ယောဘဟာ အိုးခြမ်းပဲ့ကွဲနဲ့ ကုတ်ခြစ်ပြီး သက်သာရာ ရှာခဲ့ရတယ်။ အဲဒီအချိန်မှာ ယောဘဟာ ကိုယ်ဆင်းရဲစိတ်ဆင်းရဲဖြစ် နေခဲ့ရတယ်။

ယောဘက ဆက်ပြီး “ဒီအမာရွတ်ဟာ ကျွန်တော့်အတွက် အရေးပါတဲ့အရာတွေပဲ။ အဓိပ္ပာယ်လည်း ရှိတယ်။ အမှန်တော့ အဲဒီ အမာရွတ်က နာကျင်မှုတော့ မရှိဘူး။ ဒါပေမဲ့ ကတိကဝတ်တွေနဲ့ ပြည့်စုံ နေတယ်လေ”။ ယောဘရဲ့ အသံဟာ ပြတ်သားကြည်လင်ပြီး ညင်သာစွာ ပြောဖြစ်နေပါတယ်။

“လူတွေက ကျွန်တော့်ရဲ့ သတင်းကို ကြားသိပြီးရင် အလေး မထား ဂရုမပြုကြဘူး။ တကယ်တော့ ထာဝရဘုရားသခင်အနေနဲ့ အတွင်းအဇ္ဈတ္တက အပြင်ဗဟိဒ္ဓပုံသဏ္ဍာန်ထက် ကြံ့ခိုင်မာကျောဖို့ ခွန် အားပေးခဲ့တယ်။ တကယ်လို့ ခင်ဗျားဘဝမှာ ဘယ်လောက်ပဲ ခက်ခဲ တဲ့အခြေအနေတွေ ကြုံရပါစေ၊ ဘယ်လောက်ပဲ အမှောင်ထဲရောက်နေ ပါစေ၊ နောက်ဆုံးဘယ်လိုပဲခံစားနေရပါစေ၊ မမေ့ဖို့ကတော့ ထာဝရ ဘုရားသခင်ဟာ အနာဂတ်အလုံးစုံကို မြင်တယ်ဆိုတာပါပဲ” လို့ ယုံကြည် ခြင်းအပြည့်နဲ့ ပြောနေပါတယ်။

အနာဂတ်ကို သိချင်ခြင်းရဲ့ ကတိတော်

အဲဒီအချိန်အတိုင်းအတာမှာ ယောဘဖြတ်သန်းခဲ့ရတာကိုပြန်စဉ်းစားကြည့်ရင် မြေကြီးပေါ်က ပိုင်ဆိုင်မှုမှန်သမျှ ဆုံးရှုံးလက် လွှတ်ခဲ့ရတယ်။ သား၊ သမီး ဆယ်ယောက်စလုံးအသက်ရှုံးကြတယ်။ ကိုယ်ပိုင်ကျန်းမာရေးချို့တဲ့ယိုယွင်းတဲ့အခြေအနေဆိုက်ကပ်ခဲ့တယ်။ ဘယ်လောက်စိတ်ပျက်စရာ၊ စိတ်ရှုပ်ထွေးစရာကောင်းတဲ့အခြေအနေ အတွေ့အကြုံလဲဗျာ။ အဲဒီအခြေအနေတွေ ဖြတ်သန်းခဲ့ရတဲ့အချိန်မှာယောဘဟာ ဘာဖြစ်မှန်းသိမှာမဟုတ်ပေမယ့် အားလုံးပြီးသွားတဲ့အချိန် မှာတော့ အံ့မခန်းဖွယ်ရာဉာဏ်အမြော်အမြင်ရမှာ သေချာသလောက်ပဲ။ အဲဒါဟာ ထာဝရအသက်တာအတွက် အပေါ်စီးရှုထောင့်ကနေ ရှင်းရှင်း လင်းလင်းမှုမြင်ခွင့်ရလိုက်မှာ အသေအချာပဲလေ။

၁။ စေတန်ဟာ အနာဂတ်အလုံးစုံကို တွေ့မြင်နိုင်သူမဟုတ်ပါဘူး။

ယောဘဟာ သူ့ရိုးသားမှုနဲ့ ဂုဏ်သတင်းကောင်းမွန်မှု စေတန် ရဲ့ အစမ်းသပ်ခံသားကောင်ဖြစ်ခဲ့ပေမယ့် ဘုရားသခင်ကို ချစ်ကြောက် ရိုသေသစ္စာရှိခြင်းနဲ့ စေတန်ကို ရှောင်ကြဉ်ခဲ့တာကြောင့် ဘုရားသခင်က ရွေးချယ်ပြီး စေတန်မျှော်မှန်းခဲ့သလို ဘုရားသခင်ကို ဘယ်လိုအခြေ အနေမျိုးမှာမှ ကျိန်ဆဲခဲ့သူ မဟုတ်ပါဘူး။

အနာဂတ်အလုံးစုံကို မရှုမြင်နိုင်သူ၊ ပြင်ပပုံသဏ္ဍာန်ကိုသာ ဦးစားပေးသူ စေတန်ဟာ ယောဘကို သူ့ရဲ့ ပိုင်ဆိုင်မှုနဲ့ အောင်မြင်မှု ကို အခြေခံပြီး သုံးသပ်ခဲ့သူဖြစ်ပါတယ်။ တကယ်တော့ ရုပ်ဝတ္ထုတွေ ထက် ဘုရားသခင်နဲ့ ဆက်နွယ်မှုဆက်စပ်မှုကသာ အဓိကအခရာဖြစ် တယ်လို့ စေတန်နားလည်ခဲ့ရင် စေတန်ဟာ ယောဘကို ရုပ်ဝတ္ထုဆင်းရဲအောင်ပြုရုံနဲ့ ထာဝရဘုရားသခင်ကို ချီးမြှောက်ရိုသေခြင်းနဲ့ အပြစ်တင် ခြင်း ကင်းမယ်ဆိုတာ သဘောပေါက်ပါလိမ့်မယ်။

စေတန်ဟာ ယောဘခံစားရတဲ့ထာဝရဘုရားသခင်ထံက ကောင်းချီးမျိုးစုံကို မြင်ရတော့ အဲဒီကောင်းချီးတွေကို ဖယ်ရှားလိုက် ရင်တော့ ယောဘတစ်ယောက်ပြောင်းလဲသွားလိမ့်မယ်လို့ ခန့်မှန်းယုံ ကြည်ခဲ့ပါတယ်။ တကယ်တော့ စေတန် မှားသွားပါတယ်။

၂။ ယောဘရဲ့ ဇနီးဟာ အနာဂတ်ကို ကြိုတင်မျှော်တွေးနိုင်သူ မဟုတ်ပါ ဘူး။

ယောဘအတွက် စေတန်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး အနာ စိမ်းတွေနဲ့ ပြည့်နှက်နေတာဟာ အလွန်ဆိုးရွားတဲ့အခြေအနေပါပဲ။ တစ်ကိုယ်လုံးပေါ်မှာရှိတဲ့ အနာစိမ်းတွေကို အချိန်မလပ်ကုတ်ခြစ်နေ ရင်း ဘုရားသခင်ထံကအဖြေကို စောင့်နေတဲ့ယောဘကို သူ့ဇနီးက လုံးဝ နားမလည်နိုင်ခဲ့ပါဘူး။ အနာစိမ်းရန်ကနေ သက်သာဖို့ ပြာပုံပေါ်မှာ ထိုင်နေတဲ့ယောဘကိုသူ့ဇနီးက “ရှင့်ရဲ့ သမာဓိကို စောင့်ထိန်းမနေနဲ့။ ဘုရားသခင်ကို ကျိန်ပြီးသေလိုက်ဖို့သာ ကောင်းတယ်” လို့ ဆူပူညည်းတွား နေပါတယ်။

ယောဘရဲ့ ဇနီးဟာ စေတန်လိုပဲ အနာဂတ်ကို တွေးမြင်နိုင်သူ | မဟုတ်ပါဘူး။ သူမက တကယ်လို့ယောဘဟာ ဘုရားသခင်ကို ငြင်းပယ် ခဲ့လို့ရှိရင် သူ့အနာတွေငြိမ်းမယ်လို့ ထင်ထားပါတယ်။ ဒါပေမဲ့ ယောဘ ဟာ ထာဝရဘုရားသခင်ကို လုံးဝဥဿုံဖက်တွယ်ထားပြီး ဘဝမှာကြုံ နေတဲ့အဆိုးတရားကို အကောင်းတရားလက်ခံထားသလို လက်ခံထားတဲ့ အတွက် ထာဝရဘုရားသခင်ကို ကျိန်ဆိုခြင်းမပြုခဲ့ပါဘူး။

၃။ ယောဘရဲ့ သူငယ်ချင်းတွေဟာ အနာဂတ်ကို မမြင်နိုင်ခဲ့ပါဘူး။

စိတ်ကူးယဉ်ကြည့်ရအောင်ဗျာ။ ခင်ဗျားရဲ့ အချစ်ဆုံးသူငယ် ချင်းတွေထဲက အရမ်းအောင်မြင်နေတဲ့သူ၊ လူတကာလေးစားခံနေရတဲ့သူ၊ အဲဒီသူဟာ တစ်ကိုယ်လုံးပေပေရေရေနဲ့ နာမကျန်းဖြစ်ပြီး အမှိုက်ပုံပေါ် မှာ ထိုင်လျက်သားတွေရမယ်ဆိုရင် ခင်ဗျားဘယ်လိုတုံ့ပြန်မှာလဲ။ အဲဒီအခြေအနေမျိုးကို ကြုံခဲ့ရသူတွေက ယောဘရဲ့ သူငယ်ချင်းတွေဖြစ် ပါတယ်။ ယောဘကို မြင်ရလိုက်တဲ့အချိန်မှာ လုံးဝမမှတ်မိနိုင်သလို ဖြစ်ရပြီး သူ့ရဲ့ ဒုက္ခမျိုးစုံကို တအံ့တဩနဲ့ တွေ့လိုက်ရပါတယ်။ လက်တွေ့ မှာတော့ သူတို့ဟာလည်း အနာဂတ်ကို မမြင်တွေ့နိုင်ခဲ့ပါဘူး။

သူငယ်ချင်းတွေဖြစ်တဲ့ ဧလိဖတ်၊ မိလဒဒ်နဲ့ ဇောဖာတို့ဟာ ကိုယ့်ဟာကိုယ် ယာဘထက်မြင့်မြတ်တယ်လို့ ထင်နေခဲ့ပြီး ယောဘ အတွက် အဖြေအားလုံးရှိတယ်လို့ ခံယူထားပါတယ်။ ယောဘဟာ အမှား တွေ လုပ်ခဲ့တယ်လို့ တစ်ထစ်ချယုံကြည်ပြီး ယောဘဘာလုပ်ရမယ်ဆို တာကို ဓာတ်ပြားဟောင်းတစ်ချပ်လို ထပ်ခါတလဲလဲညွှန်ကြားနေခဲ့ပါ တယ်။

သူတို့က တော်တတ်မှန်ကန်ပြီး သမာဓိရှိသူတွေဟာ ဒုက္ခဝေဒနာ ခံစားရမှုကနေ သက်သာလွတ်ကင်းပြီး ယောဘဟာ အပြစ်ကြီးကြီး မားမားကျူးလွန်လို့ ဒီလိုခံစားရတာဆိုပြီး လက်ခံထားပါတယ်။ ဒါက ကျွန်တော်တို့နားလည်တဲ့ သမ္မာတရားသာဖြစ်ပြီး လူတွေလုံးဝနားမလည် နိုင်တဲ့ကိစ္စတွေ တစ်နည်းအားဖြင့် လူတွေအနေနဲ့ ညှိနှိုင်းပြုပြင်လုပ် ဆောင်လို့မရတဲ့ကိစ္စတွေဖြစ်ပါတယ်။ လက်တွေ့မှာ သူတို့ကြောင့် ယောဘအတွက် ထူးခြားကောင်းမွန်လာခြင်းမရှိဘဲ ပိုခံစားရပါတယ်။ တစ်ခါတလေမှာတော့ ကျွန်တော်တို့လုပ်သင့်တာက ဒုက္ခကြုံနေရတဲ့သူငယ်ချင်းနဲ့ အတူ မီးပြာပုံပေါ်ထိုင်ပြီး သူနဲ့ အတူ ပူဆွေးနေတာက အ ကောင်းဆုံးပါပဲ။

၄။ ယောဘကိုယ်တိုင်ဟာ အနာဂတ်ကို လုံးဝတွေးမြင်နိုင်သူမဟုတ်ပါ ဘူး။

ယောဘဟာလည်း သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူစေတန်၊ သူ့ သူငယ်ချင်းတွေနဲ့ သူ့ရဲ့ ဇနီးလိုပဲအခြေအနေတွေကို အကန်းတစ် ယောက်လို သုံးသပ်ခဲ့ပါတယ်။ ကျွန်တော်တို့လိုပဲ “ဘာကြောင့် ငါကြုံ နေရတာလဲ” ဆိုပြီး ယောဘဟာ သူကြုံတွေ့နေရတဲ့ဆိုးဝါးတဲ့အခြေ အနေတွေအတွက် သိချင်နေခဲ့ပါတယ်။ ယောဘရဲ့ ဘဝမှာ ဘက်ပေါင်း စုံ အိမ်၊ အလုပ်၊ မိသားစု၊ မိတ်ဆွေအပေါင်းအသင်း၊ ပိုင်ဆိုင်မှုသာမကကျန်းမာရေးပါထိခိုက်ခဲ့ရတာလေ။ ကိုယ်နဲ့သက်ဆိုင်တာမှန်သမျှ အကုန် လုံးဖွတ်ဖွတ်ကျေဖျက်ဆီးခံရတာကြောင့်လည်း သူ့နာမည်ဟာ ဒုက္ခ ရောက်ရခြင်းနဲ့ တွဲပြီး မှတ်မိနေခြင်းဖြစ်ပါတယ်။

ယောဘအတွက် အဆိုးဆုံးခံစားချက်ကတော့ သူ့အနေနဲ့ မဖြစ် သင့်ပါဘူးလို့ ထင်ထားတာအားလုံးက ဖြစ်ပျက်သွားခြင်းဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းက ကိုယ်မဟုတ်တာလုပ်လို့ အပြစ်ပေးခံရတာ တွေက မထောင်းသာခဲ့ပေမယ့် ကိုယ်က အမှားမလုပ်ဘဲနဲ့ အပြစ်ပေးခံရ တာကိုတော့ အမြဲအမှတ်ရနေခဲ့ပါတယ်။ ဒါကြောင့်လည်း ယောဘက ဘုရားသခင် ဘာ့ကြောင့် သူ့ကို ဒီလိုလုပ်ရတာလဲဆိုတာကို သိချင်စိတ် ပြင်းပြနေခဲ့ပါတယ်။ ဒါပေမဲ့ သူမျှော်မှန်းထားတဲ့အချိန်ထိ ဘုရားသခင် ဆီက အဖြေမရသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကသူ့ရဲ့ လာမယ့် အနာဂတ်ဖြစ်မယ့်ကိစ္စတွေအားလုံးကို ကြိုမမြင်ခဲ့လို့ပါပဲ။

၅။ ထာဝရဘုရားသခင်သာ အနာဂတ်ကို တွေ့မြင်နိုင်သူဖြစ်ပါတယ်။

အားလုံးအတွက် သတင်းကောင်းကတော့ ထာဝရဘုရားသခင် က ကျွန်တော်တို့တစ်ဦးစီအတွက် အနာဂတ်ကို မြင်နိုင်သူဖြစ်ပါတယ်။ အစကတည်းက ယောဘရဲ့ အတွင်းအဇ္ဈတ္တဟာ ပြင်ပဗဟိဒ္ဓထက် ခိုင်မာ တောင့်တင်းသူဖြစ် တယ် ဆို တာ ဘုရားသခင် သိနေပါတယ်။

ယောဘဟာ လုံးဝရိုးစင်းရိုးသားသူဖြစ်ပါတယ်။ အမြဲတမ်း ဖြောင့်မတ်မှန်ကန်သူဖြစ်ပြီး ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်၊ သားသမီး တွေအားလုံးသေဆုံးတာပဲဖြစ်ဖြစ်၊ ပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးလက် လွတ်လိုက်ရတာပဲဖြစ်ဖြစ်၊ စေတန်က ဒုက္ခပေးတဲ့အခြေအနေမှာပဲ ဖြစ်ဖြစ်၊ ဇနီးမယားရဲ့ အထင်အမြင်လွဲခံရတာပဲဖြစ်ဖြစ်၊ သူငယ်ချင်း တွေဟာ ညှာတာသနားရမယ့်အစား တရားဟောတဲ့အခြေအနေဖြစ်ဖြစ် နောက်ဆုံးသူ့ဘဝတစ်ခုလုံးလည်း ပြိုပျက်စီးသွားတာပဲဖြစ်ဖြစ် ထာဝရဘုရားသခင်ကို အကြွင်းမဲ့ကိုးစားသူ ဖြစ်ပါတယ်။

သမ္မာကျမ်းစာမှာပါတဲ့အတိုင်း လူတွေဟာ ဗဟိဒ္ဓကို ကြည့်ပြီး ဆုံးဖြတ်ကြပေမယ့် ထာဝရဘုရားသခင်ကတော့ အဇ္ဈတ္တကိုကြည့်သူဖြစ် ပါတယ်။ ဒီလိုပဲ ထာဝရဘုရားသခင်ဟာ ယောဘရဲ့ အဇ္ဈတ္တကို သိမြင်တဲ့ အတွက် သူ့ရဲ့ အနာဂတ်ကို သိမြင်နေသူ ဖြစ်ပါတယ်။

– အခြားသူတွေက ယောဘရဲ့ ပြင်ပသဏ္ဍာန်ကောင်းအဖြာဖြာကိုသာ တွေ့မြင်ကြပေမယ့် ထာဝရဘုရားသခင်က ယောဘရဲ့အတွင်းသဏ္ဍာန်အလှကို မြင်တွေ့သူပါ။

– အခြားသူတွေက မိသားစုကို ချစ်တဲ့ယောဘကိုသာ တွေ့မြင်ကြပေမယ့် ထာဝရဘုရားသခင်က သူ့ကို အလုံးစုံချစ်တဲ့ ယောဘရဲ့အတွင်းစိတ်ကို မြင်တွေ့သူပါ။

– အခြားသူတွေယောဘရဲ့ ကံတရားကိုသာ တွေ့မြင်ကြပေမယ့်ထာဝရဘုရားသခင်ကတော့ ယောဘရဲ့ ယုံကြည်ခြင်းကို မြင်တွေ့ သူပါ။

ထာဝရဘုရားသခင်ဟာ ယောဘရဲ့ အတွင်းစိတ်ကို ယောဘ ထက် နားလည်သိရှိသူဖြစ်ပါတယ်။ မေးခွန်းထုတ်စရာမလိုဘဲ သူ့ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ လူတွေနားမလည်နိုင် တဲ့စိတ်ရှည်ခြင်းမျိုး ယောဘအပေါ်ထားရှိခဲ့ပါတယ်။ ဒါကြောင့်လည်း နိဂုံးမှာတော့ ဘုရားသခင်က ယောဘအနေနဲ့ သူ့သူငယ်ချင်းတွေကို ကြားဝင်စေခဲ့ပြီး သူငယ်ချင်းတွေရဲ့ အပြစ်ကိုဖြေဖို့ ယောဘရဲ့ဆုတောင်း ချက်ကို လက်ခံခဲ့ပါတယ်။

ကျွန်တော်တို့ နားလည်ထားတာထက် ဘုရားသခင်ဟာ ပိုမို မြင့်မြတ်ပါတယ်။ ရှင်းပြလို့လည်း မရသလို မေးခွန်းထုတ်လို့လည်း မရပါ။ ဒါပေမဲ့ ထာဝရဘုရားသခင်ဟာ သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း အကောင် အထည်ဖော်ဆောင်ရွက်မှာဖြစ်ပါတယ်။ တစ်ခါတလေ ဘာ့ကြောင့်လဲ ဆိုတာ ကျွန်တော်တို့ နားမလည်နိုင်ပေမယ့် ပြင်ဆင်ထားသင့်တာတော့အတွင်းအဇ္ဈတ္တမှာ ခိုင်မာတောင့်တင်းအောင်ပြင်ဆင်ထားပြီး ထာဝရ ဘုရားသခင်ဟာ အနာဂတ်ကို လုံးဝဥဿုံသိရှိထားသူဖြစ်တယ်ဆိုတာ အကြွင်းမဲ့ယုံကြည်ဖို့ဖြစ်ပါတယ်။ အဲဒါကို သိရှိနားလည်တယ်ဆိုရင် ထာဝရဘုရားသခင်ကို အကြွင်းမဲ့မှီခိုပြီး ကျွန်တော်တို့ရဲ့ ဘဝကို သူ့အလိုကျ ပြင်ဆင်ထားမယ်ဆိုတာ ယုံကြည်လာပါလိမ့်မယ်။

ယောဘဆီက ဘဝသင်ခန်းစာများ

ယောဘစကားပြောဖို့ ပြင်ဆင်နေတာကို ကျွန်တော်တို့ စောင့် နေကြပါတယ်။ နှစ်ပေါင်းများစွာဆီက ခါးသည်းတဲ့ဘဝအတွေ့အကြုံ တွေကို ကြုံခဲ့ရတဲ့ထာဝရဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို နားလည် ကြုံတွေ့ရတဲ့ယောဘရဲ့ တန်ဖိုးရှိလှတဲ့ပညာစကားတွေနားထောင်နေ ဖို့ စိတ်အားထက်သန်မိနေပါတယ်။ ယောဘက

၁။ အတွင်းအဇ္ဈတ္တက ပြင်ပဗဟိဒ္ဓထက် ကြီးမြတ်နေသင့်တယ်ဆိုတာတစ်နည်းအားဖြင့် သင့်ရဲ့ စရိုက်လက္ခဏာဟာ သင့်ရဲ့ ဂုဏ်သတင်း ထက် ခိုင်မာဖို့ လိုပါတယ်။

“ဒီလို စုံစမ်းနှောင့်ယှက်မှုတွေ မကြုံရသေးချိန်ထိ ကျွန်တော့် ဂုဏ်သတင်းဟာ မွှေးပျံ့ခဲ့ပါတယ်။ ပြောရရင်တော့ ကျွန်တော်နေတဲ့ ကမ္ဘာခြမ်းဘက်မှာ သိုးအကောင်ခုနစ်ထောင်၊ ကုလားအုပ် အကောင်သုံးထောင်၊ နွားအရှဉ်းငါးရာ၊ ဒါမှမဟုတ် မြည်းအကောင် ငါးရာပိုင်တာဆိုလို့ ကျွန်တော်ပဲရှိတာလေ။ ကျွန်တော့်ရဲ့ ကြွယ်ဝပိုင်ဆိုင်မှုဟာ ကျွန်တော့် အိပ်မက်တွေထက် ကြီးကျယ်များပြားခဲ့ပါတယ်။ တပည့်လက်သားများစွာ နဲ့ ဒါတွေကို စီမံခဲ့ရတယ်။ ကြားသိရသူတိုင်း မနာလိုဝန်တိုကြတယ်လေ။

တကယ်တော့ ဒီကောင်းချီးတွေဟာ ကျွန်တော့်ကို ဘာမှသတ် မှတ်ချက်တွေ မဖြစ်စေပါဘူး။ နာမည်ကောင်းရှိတာကတော့ ကောင်း ပါတယ်။ ဒါပေမဲ့ ပင်ကိုစရိုက်ကောင်းဖို့ ပိုအရေးကြီးပါတယ်။ အဲဒီ တုန်းက ကျွန်တော်အလေးထားတာက “အိမ်” ပဲ။ ကျွန်တော်နဲ့ပဲ ဆိုင် တဲ့ယုံကြည်ခြင်း၊ ခံယူခြင်း၊ စိတ်ရှည်ခြင်း၊ မေတ္တာ၊ ပျော်ရွှင်မှုတွေတိုးပွားလာဖို့ အချိန်နဲ့ကိုယ်စွမ်းရှိသမျှ ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီအရာတွေဟာ တကယ်တော့ ကျွန်တော့်ဘဝရဲ့ အခြေခံအကျဆုံး ဖြစ်ပါတယ်။

တကယ်လို့ ခင်ဗျားဟာ ဘုရားသခင်အတွက် အရေးပါတဲ့သူ ဖြစ်ချင်ရင်တော့ ကိုယ့် “အတွင်းအိမ်” ကို တည်ဆောက်ပါ။ ခိုင်မာ တဲ့စရိုက်လက္ခဏာတည်ထောင်ဖို့ဟာ ဘဝရဲ့ ရည်မှန်းချက်လို့ သတ်မှတ် ထားမှသာ ဘဝရဲ့ အမှောင်ဆုံးအချိန်တွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။

၂။ အတွင်းအဇ္ဈတ္တဟာ ပြင်ပဗဟိဒ္ဓထက်ကြီးမြတ်နေတယ်ဆိုတဲ့အဓိပ္ပာယ်ဟာ သင့်ရဲ့ခံယူချက်ဟာ ကြုံရတဲ့အခြေအနေထက် ပို အရေးပါပါတယ်။

“ဘယ်သူမဆို အခြေအနေကောင်းတွေမှာ ခံယူချက်ကောင်း တွေရှိတတ်ပေမယ့် ဆိုးဝါးတဲ့အခြေအနေတွေမှာ ခံယူချက်မပြောင်းဖို့ မှတ်ကျောက်တင်အစစ်ခံနိုင်ဖို့ပါပဲ။ ဒုက္ခပင်လယ်ဝေတဲ့အချိန်မှာ မပြောင်းလဲတဲ့ယုံကြည်ခြင်းနဲ့ ခံယူချက်တောင် ရှိနိုင်ပါ့မလားဆိုတာ ပါပဲ။

သာမန်ထက် များစွာကြွယ်ဝချမ်းသာနေတဲ့ကျွန်တော်ဟာ ဒီလိုအခြေအနေဆိုးတွေကို ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ကောင်းမွန် မှန်ကန်တဲ့ကိစ္စများစွာဆောင်ရွက်ခဲ့လို့လည်း ရန်သူစေတန်ရဲ့ ပစ်မှတ် ဖြစ်လာရပါတယ်။ အခြေအနေဆိုးတွေကို ထိန်းချုပ်လို့ မရပေမယ့် ကျွန်တော်ရဲ့ ခံယူချက်တွေကိုတော့ ထိန်းချုပ်နိုင်ခဲ့တယ်။ အခြေအနေဆိုးပဲ ဖြစ်ဖြစ်၊ အခြေအနေကောင်းပဲဖြစ်ဖြစ် မနက်တိုင်းခံယူချက်မပြောင်းဖို့ ဆင်ခြင်နေခဲ့တယ်။

လူတချို့မှာပဲ ဘယ်လိုအခြေအနေပဲ ကြုံရကြုံရခံယူချက် မပြောင်းတာရှိတာလေ။ အဲဒီလူတွေကသာ ခံယူချက်တစ်သမတ်တည်းထားဖို့ ပြင်ဆင်ထားနိုင်တဲ့အတွက် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မထူးခြားဘူးလို့ ခံယူထားတယ်။ မိမိကိုယ်မိမိ ကိုးစားရမယ့်အစား ဘုရားသခင်ကို အလုံးစုံယုံကြည်ကိုးစားနိုင်ခြင်းဟာ သူတို့ရဲ့ အတွင်းအဇ္ဈတ္တကို ပိုမိုခိုင်ခန့်စေနိုင်ခဲ့ပါတယ်။

၃။ အတွင်းအဇ္ဈတ္တဟာ ပြင်ပဗဟိဒ္ဓထက် ကြီးမြတ်နေတယ်ဆိုတာကသင့်ဘဝရည်မှန်းချက်ထက် ဘုရားသခင်ကို ယုံကြည်ခြင်းသာ ပိုမို နက်ရှိုင်းပါတယ်။

အစစအရာရာဟာ စိတ်ဓာတ်ကျစရာမျှော်လင့်ချက်ကင်းမဲ့နေ တဲ့၊ အစစအရာရာပြန်ရုပ်သိမ်းခံရတဲ့၊ ဘယ်လိုမှကောင်းလာနိုင်မယ်လို့ မရှိတဲ့အခြေအနေမျိုးမှာလည်း ဘုရားသခင်ကို ယုံကြည်နေတုန်းပဲဗျာ။ ဒါကြောင့်လည်း ဘုရားသခင်ကို ကျိန်ပြီး အသေခံမယ်လို့ ငြင်းဆန်ခဲ့တာလေ။ မျှော်လင့်ချက်ကင်းမဲ့နေတယ်၊ အနာဂတ်ဆိုတာ ဘာလဲမသိ ၊ နိုင်ဘူး။ ဒီအခြေအနေဆိုးတွေ ဘယ်တော့ပြီးမယ်ဆိုတာလည်း မခန့်မှန်းနိုင်တဲ့အခြေအနေလေ။ ဒါပေမဲ့ ဘုရားသခင်ကို မြင်နေခဲ့တယ်၊ မျှော်နေ ခဲ့တယ်။ နေ့တိုင်း ကျွန်တော့်ပြဿနာအရွယ်အစားနဲ့ ကျွန်တော့်ဘုရား သခင်ရဲ့ အရွယ်အစားနှိုင်းယှဉ်နေမိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဘုရားသခင်ဟာ ကျွန်တော့်ရဲ့ ပြဿနာအခက်အခဲတွေထက် ကြီးမြတ် တယ်ဆိုတာ သိလိုက်ရချိန်မှာ ခွန်အားရှိဖို့ ဖြစ်လာစေတယ်။

စိတ်မပူနဲ့နော်။ ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ရှေ့ရေး အတွက် အကောင်းဆုံးပြင်ဆင်ထားတယ်။ ယခုဘဝမှာမဟုတ်ရင်တောင် ကောင်းကင်နိုင်ငံအတွက် ပြင်ဆင်ထားတယ်လေ။ ဘုရားသခင် ကို လုံးဝဥသုံအလုံးစုံကိုးစားနိုင်တယ်နော်။

ကျွန်တော့်ဘဝမှာတော့ ထာဝရဘုရားသခင်ဟာ ဘဝရဲ့ ဒုတိ ယပိုင်းမှာ ပထမပိုင်းထက် ပိုကောင်းချီးခံစားရဖို့ ပြင်ဆင်ထားတာလေ။ သိုး၊ ကုလားအုတ်၊ နွား၊ လား စတဲ့ ပိုင်ဆိုင်မှုမှန်သမျှ နှစ်ဆတိုးပွားခဲ့ တာလေ။ သားခုနစ်ယောက်နဲ့ ဘယ်သူနဲ့မှ မတူတဲ့အလှဆုံးသမီးသုံးယောက်ရပြန်တယ်။ သမီးတွေလောက် တော်ပြီးထက်မြက်တဲ့သူမရှိဘူး။ သားရောသမီးတွေပါ လူတကာရဲ့ လေးစားခြင်းခံရတယ်။ သားတွေကိုရောသမီးတွေကိုပါ အမွေဥစ္စာကိုအညီအမျှပေးဝေခဲ့တယ်။ ဒါတင်မက ဘုရားသခင်ဟာ ကျွန်တော့်ကို အနှစ်တစ်ရာ့လေးဆယ်ထိ အသက်ရှင် ခွင့်ပေးခဲ့ပြီး မြေး၊ မြစ်တို့ကို လက်နဲ့ကိုယ်တိုင် ကောင်းချီးပေးခွင့်ပြုခဲ့ တာလေ။ ကျွန်တော် မျှော်လင့်ထားတာထက်၊ မျှော်မှန်းထားတတ်တာထက် ပိုမိုပေးခဲ့တဲ့အတွက် ကျွန်တော်ရဲ့ ပြင်ပဗဟိဒ္ဓလည်း ကြီးထွားဖွံ့ဖြိုးခဲ့တယ်။ အဲဒါ ဟာလည်း အတွင်းအဇ္ဈတ္တ သဏ္ဍာန်ကို ပိုကြီးမားအောင် လုပ်ဆောင်မယ်ဆိုတဲ့ စိတ်ဆန္ဒကြောင့်ဖြစ်တယ်။ ခင်ဗျားလည်း အဲဒီလိုကောင်းချီးမျိုးခံစားချင်ရင်တော့ ဒီလို စိတ်ဆန္ဒမျိုးရှိဖို့ လိုပါတယ်။

ကျွန်တော့်အတွက် ယောဘရဲ့ဆုတောင်းချက်

ယောဘတို့ ထဖို့ ပြင်လိုက်တာနဲ့ ကျွန်တော်တို့လည်း ထလိုက်မိတယ်။ ဒါပေမဲ့ ယောဘက “မထနဲ့ဦးနော်” လို့ ဆိုပြီး ကျွန်တော်တို့လက်ပေါ် သူ့လက်တင်လိုက်တယ်”။ “ခင်ဗျားတို့ မတ်တတ်ရပ် လိုက်ရင် ကျွန်တော့်အရပ်နဲ့ မီမှာမဟုတ်တော့ ကောင်းချီးပေးဖို့ ဆုတောင်းပေးဖို့ ခက်လိမ့်မယ်” ဆိုပြီး နှုတ်ခမ်းထောင့်စွန်းပြုံးရုံပြုံးပြီး ပြောနေတယ်။ အပိုကြွားဝါခြင်းမရှိဘဲ ကိုယ့်ကိုယ်ကိုယ် သိတဲ့ယောဘ ဟာ ကျွန်တော်တို့ အထင်ကြီးလာဖို့ မကြိုးစားပါဘူး။

ထာဝရဘုရားသခင်…

ကျွန်တော်မျိုးတို့ ကောင်းချီးပေးသလို ဒီမှာရှိနေတဲ့ ထာဝရဘုရားသခင်ရဲ့ ကလေးတွေကို ကောင်းချီးပေးသနားတော်မူပါ။ ယခု လက်ရှိကမ္ဘာနဲ့ဆိုင်တဲ့ကောင်းချီးမင်္ဂလာတွေမရရင်တောင်မှ ကောင်း ကင်ဘုံမှာ ကောင်းချီးတွေ ခံစားရဖို့ ဆုတောင်းပါတယ်။ ဘယ်လိုအခက် အခဲအမျိုးမျိုးကြုံတွေ့ရပါစေ။ ထာဝရဘုရားသခင်ကို အကြွင်းမဲ့ယုံကြည် ကိုးစားဖို့၊ အခြေအနေတွေ နားလည်နိုင်တဲ့ငြိမ်သက်ခြင်းပေးသနားတော် မူပါ။ အနာဂတ်အလုံးစုံကို မြင်တာ ထာဝရဘုရားသခင်တစ်ပါးတည်းပဲ ရှိပါတယ်… အာမင်”။

ယောဘထံမှု ခေါင်းဆောင်မှုသင်ခန်းစာများ ကျွန်တော်တို့တစ်ယောက်စီကို တစ်ချက်စီကြည့်ပြီးနောက် ပြီး ပြီး “ဘာမှစိတ်မပူကြနဲ့နော်။ အားလုံးအကောင်းဆုံးဖြစ်သွားပါလိမ့်မယ်” ‘လို့ ပြောပြီး မနှေးမမြန်ခြေလှမ်းနဲ့ ထွက်သွားတော့တယ်။

ကျွန်တော်တို့အမြဲတမ်းအမှတ်ထားတာက ယောဘဟာ ဒုက္ခ မျိုးစုံခံရသူ၊ ဒါမှမဟုတ် အကုန်လုံးဆုံးရှုံးပြီးမှ ပြန်ရတဲ့သူဌေးကြီးလို့လေ။ တကယ်တော့ သူဟာ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်တယ်။ စဉ်း စားကြည့်လေ။ ဒီလောက်များပြားတဲ့တိရစ္ဆာန်တွေကို ကြည့်ရှုစောင့် ရှောက်ဖို့ဆိုရင် ဝန်ထမ်းတပည့်တွေ ရာချီလိုအပ်မှာ သေချာတယ်။ ဘာနဲ့တူလဲဆိုတော့ ဒီနေ့စီးပွားရေးကော်ပိုရေးရှင်းတွေလိုပဲ ဒီလောက် လူအများနဲ့ဆိုတော့ ခေါင်းဆောင်မှုမပြည့်ဝရင် ဒီလိုအောင်မြင်မှာတော့ မဟုတ်ဘူးလေ။ ကျွန်တော်တို့ယောဘဆီက သင်ယူလို့ရမှာက ဘယ်လို စီမံခန့်ခွဲအုပ်ချုပ်သလဲဆိုတာထက် သူ့ရဲ့ အတွင်းသရုပ်စရိုက်ကို လေ့လာ သင့်ပါတယ်။

၁။ ခေါင်းဆောင်ကောင်းတွေဟာ ဆုံးဖြတ်ချက်ရာမှာ စိတ်ခံစားမှုကို အခြေမခံပါဘူး။

တကယ်လို့ ယောဘဟာ စိတ်ခံစားမှုကို အခြေခံပြီး အစစ အရာရာဆောင်ရွက်မယ်ဆိုရင် လက်မြှောက်အရှုံးပေးမှာ အသေအချာပါပဲ။ သူ့သူငယ်ချင်းတွေရဲ့ အနှစ်သာရမဲ့အကြံပေးချက်တွေ၊ ဒါမှမဟုတ် သူ့ဇနီးရဲ့ ရန်လိုတဲ့အကြံပြုချက်တွေကိုလိုက်နာပြီး ထာဝရဘုရားသခင်ကို အပြစ်တော်ကျိန်ပြီး ကိုယ့်ဟာကိုယ် အဆုံးစီရင်သွားမှာအသေအချာ ပါပဲ။ ဒါပေမဲ့ သူဒီလို မလုပ်ခဲ့ပါဘူး။

အခြားအခြားသော ခေါင်းဆောင်ကောင်းတွေလိုပဲ မှန်တာပဲ လုပ်ခဲ့ပြီး ပြန်စဉ်းစားဆန်းစစ်လိုက်တိုင်း ကျေနပ်နေခဲ့ရတယ်။ သူဟာကောင်းမယ်လို့ ထင်တဲ့ဟာကို လုပ်ပြီး နောင်မှမှန်မယ်လို့ ထင်မယ့်ကိစ္စ မျိုး မလုပ်ခဲ့ပါဘူး။ ကျွန်တော်တို့လည်း သေရေးရှင်ရေးနဲ့ ခေါင်းဆောင် မှုခက်ခဲချိန်မှာ ယောဘရဲ့ နမူနာကို ယူသင့်ပါတယ်။

၂။ ခေါင်းဆောင်ကောင်းတွေဟာ ပြင်ပလက္ခဏာဖြစ်တဲ့ နာမည် ထင် ပေါ်ကျော်ကြားမှုထက် အတွင်းသဏ္ဍာန်စရိုက်လက္ခဏာရဲ့ အရေးပါ မှုကို နားလည်သိရှိပါတယ်။

ကျွန်တော်တို့တစ်ယောက်စီဟာ အခက်အခဲမျိုးစုံနဲ့ စုံစမ်း နှောင့်ယှက်မှုအမျိုးမျိုးကို ဘယ်လိုရင်ဆိုင်ဖြတ်သန်းလဲဆိုတာ လူတွေ သိရှိနိုင်ပါတယ်။ နာမည်ထင်ပေါ်ကျော်ကြားမှုဟာ အရိပ်လိုပါပဲ။ လက် ဆုပ်လက်ကိုင်မရှိပါဘူး။ တကယ်တမ်း အရေးပါတာကတော့ အတွင်း စရိုက်လက္ခဏာကသာ အခက်အခဲမျိုးစုံ စုံစမ်းနှောင့်ယှက်မှုမျိုးစုံကို ကျော်လွှားစေနိုင်မှာဖြစ်ပါတယ်။

ထာဝရဘုရားသခင်ဟာ ယောဘရဲ့ အတွင်းစရိုက်လက္ခဏာကို သိတော့ စုံစမ်းနှောင့်ယှက်ခြင်းခံရရင် ယုံကြည်ခြင်းကြီးစွာနဲ့ ကျော်လွှား နိုင်မယ်ဆိုတာ သိနေခဲ့ပါတယ်။ ဒါကြောင့် ယုံကြည်ခြင်း စိတ်အား ထက်သန်နေမယ်ဆိုရင် ကျွန်တော်တို့အတွင်းလက္ခဏာဟာ တောင့်တင်း ခိုင်မာလာမှာ အသေအချာပါပဲ။

၃။ ခေါင်းဆောင်ကောင်းတွေဟာ အောင်မြင်မှုကို အလွယ်တကူနဲ့မြန်မြန်ဆန်ဆန်ရမှာမဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်နေ ကြတယ်။

တကယ်တော့ ဘဝမှာအကောင်းဆုံးဆိုတဲ့အရာမှန်သမျှ လွတ် လပ်၊ မြန်မြန်၊ ပေါပေါနဲ့ မရဘူးဆိုတာ လူတိုင်းသိတဲ့အချက်တစ်ချက် ပါပဲ။ ကျွန်တော်တို့အားလုံးက စိတ်ရှည်ရှည်နဲ့ ကြိုးစားလုပ်မှရမယ်ဆို တာ သိကြပါတယ်။ ဒါပေမဲ့ လူ့သဘာဝအတိုင်း တစ်ခါတလေ မေ့လျော့ နေတတ်ပြီး ဘာအဖိုးအခမှမရှိဘဲ အောင်မြင်မှုရမယ်လို့ လက်ခံတတ် ကြပါတယ်။ လက်တွေ့မှာ လုံးဝမရှိပါဘူး။

ကျွန်တော်တို့ တကယ်လို့ ဒီအမှန်တရားကို မေ့သွားရင် ယောဘကို သတိရဖို့ မမေ့ပါနဲ့။ ယောဘဟာ မဖြစ်နိုင်တဲ့ကိစ္စတွေကို ကျော်လွှားနိုင်ခဲ့ပြီး အဆုံးသတ်မှာ ဘုရားသခင်ရဲ့ ကောင်းချီးနဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။ ကျွန်တော်တို့လည်း ထာဝရဘုရားသခင်ကို လက်ခံ တယ်ဆိုရင် အနိုင်ရဖို့ သေချာပါတယ်။ ဒါဟာ လုံးဝသေချာတဲ့အနာဂတ် ပါပဲ။

ယောဘရဲ့ဆွေးနွေးချက်လမ်းညွန်

 

ယောဘသည် ထာဝရဘုရားသခင်အား ပြန်လျှောက်သည် ကား ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတားနိုင်ကြောင်းကို၎င်း အကျွန်ုပ်သိပါ၏။

ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသောသူကား အဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကို ၎င်း၊ ကိုယ်တိုင်မသိ၊ အံ့သြမကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။

နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ် မေးလျှောက်သော အရာတို့ကို သွန်သင်တော်မူပါ။ သီတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန်နှင့် မီးဖိုပြာ၌ ထိုင်၍နောင်တရပါ၏ဟု လျှောက်လေ၏။

ယောဘဝတ္တု ၄၂း၁-၆

၁။ သင်လည်း ယောဘလိုပဲ ခံယူဖို့ လွယ်ကူပါသလား။ ခက်ခဲပါသလား။ ဘာ့ကြောင့်လဲ။

၂။ နားထောင်လိုက်ရင် ကောင်းတယ်လို့ ထင်ရတဲ့ အကြံပေးချက်မျိုးဆိုပေမယ့် ပင်ကိုအသိစိတ်ဓာတ်ခံက မဟုတ်ဘူးလို့ ယုံကြည်တာ မျိုးကြုံဖူးပါသလား။ ရှင်းပြပေးပါရန်။

၃။ အဲဒီလိုအခြေအနေမျိုး ကြုံရရင် သင် ဘာလုပ်မှာလဲ။ အကြံပေး ချက်ကို လက်ခံမှာလား၊ ဒါမှမဟုတ် ပင်ကိုအသိစိတ်ဓာတ်ခံကိုနာခံမှာလား။ ဘယ်လိုအဖြေမျိုး ရခဲ့ဖူးလဲ။

၄။ ထာဝရဘုရားသခင်ကို ယုံကြည်ဖို့ ခက်ခဲပါသလား။ လွယ်ကူပါသလား။ ရှင်းပြပေးပါရန်။

၅။ အတွင်းအဇ္ဈတ္တဟာ ပြင်ပဗဟိဒ္ဓထက် ပိုမိုကြီးမားခိုင်မာတယ်ဆိုတာကို ဘယ်လိုနားလည်ထားပါသလဲ။

၆။ သင့်ရဲ့ အတွင်းအဇ္ဈတ္တ ဘယ်အပိုင်းကို ပိုမိုခိုင်မာအောင် ပြင်ဆင်ဖို့လိုအပ်ပါသလဲ။

၇။ အဲဒီလို ကြီးထွားခိုင်မာဖို့ ဘယ်လိုလုပ်ဆောင်မှုတွေ ပြင်ဆင်လုပ် ကိုင်မယ်ဆိုတာ ရှင်းပြပေးပါရန်။

ယောဘအကြောင်းပိုမိုသိရှိနိုင်ရန် ယောဘဝတ္တု ၁း၁-၄၂ နှင့် ရှင်ယာကုပ်ဩဝါဒစာ ၅း၁၁ တို့ကို လေ့လာရန် ဖြစ်ပါတယ်။

 

 

ယာကုပ်

သင့်ဘဝတစ်ခုလုံးကို ဘုရားသခင်လုံးဝထိန်းချုပ်ခွင့်ပြုပါ

ပြတင်းပေါက်အပြင်ကို ကြည့်ရင်တော့ နေထွက်စပြုတာကို တွေ့နေရပါတယ်။ နေအလင်းရောင်ခြည်က တိုက်ရိုက်ဖြန့်ထွက်နေတာ မဟုတ်ပေမယ့် ပင်လယ်ရေမျက်နှာပြင်ကနေတစ်ဆင့် ရောင်ပြန်ဟပ် နေတာမို့ ကြည့်လို့ကောင်းနေတယ်။ ကျွန်တော့်ရဲ့ စာဖတ်ခန်းတစ်ခုလုံး အလင်းရောင်နဲ့ပြည့်နှက်နေတဲ့အချိန်ကတော့ မနက်ခင်းရဲ့ သင်္ကေတ ပါပဲ။

အဲဒီအချိန်မှာ စာကြည့်ခန်းမရဲ့ တံခါးကနေ ဝင်လာတဲ့သူက ကြီးမားတဲ့ခန္ဓာကိုယ်နဲ့ အရပ်ခြောက်ပေကျော်လူထွားကြီးတစ်ယောက် ပါ။ တောင့်တင်းတဲ့ကြွက်သားတွေနဲ့ ကျယ်ပြန့်တဲ့ပခုံးပိုင်ရှင်ကို ကြည့် ရတာတော့ ရာသီဥတုမျိုးစုံဒဏ်ခံခဲ့ရပြီး စိတ်ဓာတ်ခိုင်မာတည်ကြည်သူ ပုံပေါ်နေတာပါပဲ။

ထိုင်ရမယ့်ခုံတွေ့သွားချိန်မှာတော့ သူဟာ ထော့နဲ့ထော့နဲ့ လျှောက်သွားတာကို ကျွန်တော်တို့သတိပြုမိလိုက်ပါတယ်။ ထိုင်ခုံပေါ် အားရပါးရပစ်ထိုင်ချလိုက်ပြီး ကုလားထိုင်ပေါ်တင်ထားတဲ့လက်နှစ်ဖက် စလုံးက အသားမာတွေတင်းကြမ်းပါပဲ။

“ကျွန်တော့်ကို အမည်အမျိုးမျိုးတတ်ကြတယ်လေ။ လိမ်ညာ တဲ့သူ၊ ဖနောင့်ကိုဆုပ်ကိုင်ထားသူ၊ လူမျိုးစုတွေရဲ့ ဖခင် စသဖြင့်ပေါ့။

မိဘတွေပေးထားတဲ့နာမည်ကတော့ ယာကုပ်၊ ဒါပေမဲ့ ထာဝရဘုရား သခင်ကိုယ်တိုင်ပေးတဲ့ ဣသရေလဆိုတဲ့နာမည်ကိုတော့ အကြိုက်ဆုံး ပါပဲ”။

“ငယ်ငယ်တုန်းကတော့ သူတကာထက် ရှေ့ရောက်နေချင်ခဲ့ တယ်။ ကိုယ့်ဘဝကို ကိုယ်လိုချင်သလို ထိန်းချုပ်နိုင်ဖို့၊ လုပ်ဆောင်ဖို့ မျှော်လင့်ပြီး လုပ်ကိုင်ခဲ့တယ်။ အဲဒီလိုဖြစ်ဖို့လည်း နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ တယ်။ ဟာသဉာဏ်ကလည်း ရွှင်၊ ခန္ဓာကိုယ်ကလည်း ကြီးထွားတော့ အဲဒါကို အခွင့်အရေးယူပြီး သူများတွေရဲ့ မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက် ခဲ့တာလေ။ စဉ်းစားကြည့်လေ။ ကျွန်တော့်အစ်ကိုရမယ့်အခွင့်အရေးတွေ အားလုံးကို လှည့်ဖြားရယူနိုင်ခဲ့တယ်။ ကျွန်တော့်အစ်ကို ဧသောက သူရဲ့ရှေ့ရေးထက် သူ့ဗိုက်ပြည့်ဖို့ကိုပဲ ဦးစားပေးခဲ့သူဆိုတော့ အဲဒါကြောင့်လည်း အဖေ့ဆီက ကောင်းချီးတွေကို ဧသောလို့ဆိုပြီး ကျွန် တော်လိမ်ညာယူခဲ့တာလေ။ ကျွန်တော့် စိတ်ထဲမှာတော့ ဥစ္စာရင်းမှန် လို့ ရတာပဲလို့ ယုံထားတယ်။

အဲဒီလိုနည်းမျိုးစုံတွေနဲ့ လိုချင်တာရအောင် လုပ်ခဲ့တယ်။ ဘုရားသခင်ကို နားမလည်သလို သူဘယ်လိုလုပ်တယ်ဆိုတာ မသိခဲ့တဲ့ ကျွန်တော်က ဘဝရဲ့ အချိန်တော်တော်များမှာ လိုချင်တာရဖို့ပဲ လုပ်ခဲ့ တယ်။ တကယ်တော့ ဘုရားသခင်ဟာ ကျွန်တော့်ဘဝရှေ့ရေးတစ်ခုလုံး ကို စကတည်းက စီစဉ်ပြီးသားပဲလေ။ အဲဒါကြောင့် ကျွန်တော့်လိုအမှား မျိုး မကျူးလွန်မိဖို့ သတိပေးချင်တယ်ဗျာ”… လို့ ယာကုပ်က တစ်ဆက် တည်း ပြောနေခဲ့တယ်။ အရေးကြီးဆုံးက “ထာဝရဘုရားသခင်ကို ခင်ဗျားရဲ့ ဘဝတစ်ခုလုံးထိန်းချုပ်ခွင့်ပြုဖို့ပဲ”။

လွှတ်ထားလိုက်ပါ

ယာကုပ်လို ပြဿနာမျိုး လူတိုင်းကြုံတွေ့ရမယ်ဆိုတာ ကျွန် တော်တွေးနေမိတယ်။ ကိုယ်ကံကြမ္မာကို ကိုယ် ဖန်တီးချင်တဲ့လူ့သဘာဝအတိုင်း ဘုရားသခင်ကို ထိန်းချုပ်ခွင့်မပေးချင်ကြဘူးလေ။ ရစ်ချဒ် ဖော့စတာက ကိုယ့်ကံကြမ္မာကို ကိုယ့်ဘာသာကိုယ် မဖန်တီးဘဲ လက် လွှတ်လိုက်တာဟာ နာခံခြင်း (Submission) လို့ အဓိပ္ပာယ်ဖွင့်ထားတယ်။ ကျွန်တော်တို့ အားလုံးယာကုပ်လိုပဲ အဲဒီလိုအခြေအနေမျိုးကြုံရမှာ အသေအချာပါပဲ။

ယာကုပ်ဟာ ဘဝမှာ အမြဲတမ်းကိုယ်လုပ်ချင်တာကို လုပ်ဖို့ တစ်နည်းအားဖြင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ဖို့ ကြိုးစားခဲ့တယ်။ သူ့ရဲ့ အမြွှာအစ်ကိုဖြစ်တဲ့ ဧသောကိုယ်စား သားဦးအရာအခွင့်အရေး ကို ဖန်တီးရယူခဲ့တယ်။ သူ့အမေရဲ့ တိုက်တွန်းအကြံပေးချက်နဲ့အတူ အဖေကိုဧသောလို့ လိမ်ညာခဲ့တယ်။ ဧသောသိပြီး စိတ်ဆိုးတော့ ဧသော ကို ကြောက်ပြီး ဦးလေးအိမ်ကို ထွက်ပြေးသွားခဲ့တယ်။

ယာကုပ်လိုပဲ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ အလိုကို လက်ခံ ဒို့ ငြင်းဆန်တတ်ကြတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ အနေနဲ့ ကြီးမားတဲ့အခက်အခဲတစ်ခုကို ရင်ဆိုင်ရတတ်ပြီးမှ ပြောင်းလဲ သွားတတ်ကြပါတယ်။ ယာကုပ်ဘဝမှာလည်း အဲဒီလိုပဲလေ။ အဲဒီလို ဖြစ်စဉ်ကို ဖြတ်သန်းရတဲ့နောက်ပိုင်း ယာဂုပ်ဟာ ထာဝရဘုရားသခင် ကို လုံးဝမှီခိုအားထားလာတတ်တယ်။ ကျွန်တော့်အမြင်အရဆိုရင် တော့ ကျွန်တော်တို့လည်းပဲ အလားတူပုံစံမျိုးဖြတ်သန်းသွားမှသာ သူ့လိုအောင်မြင်မှုမျိုးရမှာဖြစ်ပါတယ်။

၁။ ရွေးချယ်ပိုင်ခွင့်တွေ လုံးဝမရှိတော့တဲ့အခြေအနေမှာဆိုရင်

ယောက္ခမကြီးလာဘန်ဆီမှာ နှစ်နှစ်ဆယ်ကြာနေထိုင်အလုပ် လုပ်နေတဲ့ ယာကုပ်ဟာ တဖြည်းဖြည်းနားလည်လာတာကတော့ အရင် တုန်းကလို နွေးထွေးမှုတွေ မရှိတော့ဘူး။ လာဘန်နဲ့ သူ့သားတွေက ပဋိပက္ခအသွင်ဆောင်တဲ့ရင်ဆိုင်မှုတွေ ပြင်ဆင်လာချိန်မှာတော့ ဆက် နေဖို့ဆိုတဲ့ ရွေးချယ်ပိုင်ခွင့်ထက် ကိုယ့်မိသားစုနဲ့ ကိုယ့်ပိုင်ဆိုင်မှုမှန် သမျှကိုယူပြီး ထွက်ပြေးတာက အကောင်းဆုံးလို့ သိပြီး ထွက်ပြေးခဲ့ပါတယ်။

အဲဒီဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲရလဒ်ကတော့ အစ်ကိုဖြစ် တဲ့ ဧသောကို ရင်ဆိုင်ဖို့ပါပဲ။ ဒီအချက်နှစ်ခုကြားထဲမှာ ညပ်နေတဲ့ ယာကုပ်အတွက် အခြားရွေးချယ်ပိုင်ခွင့် လုံးဝမရှိပါဘူး။ ဧသောအတွက် လက်ဆောင်တွေ ကြိုပို့ပေးတယ်။ အရှင်သခင်လို့ ခေါ်တယ်။ အဖွဲ့လိုက် ခရီးသွားတဲ့တွက် တကယ်လို့များ ဧသောက တိုက်ခိုက်ခဲ့ရင် တချို့မိသား စုအဖွဲ့ဝင်တွေ လွတ်နိုင်ကောင်းပါရဲ့ဆိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဘယ်လိုပဲပြင်ဆင်ပြင်ဆင်အိမ်ပြန်မယ်ဆိုရင် ဧသောကို ရင်ဆိုင်ရမှာပဲ လေ။

မာသာထရီဇာက “မင်းမှာဘာမှမရှိတော့တဲ့ အချိန်ကျမှ ဘုရားသခင်သာ အကုန်လုံးကယ်နိုင်လိမ့်မယ်ဆိုတာ သိပါလိမ့်မယ်” လို့ ဆိုဖူးပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ဘယ်အချိန်မှာ ရွေးချယ်ပိုင်ခွင့်တွေ လုံးဝမရှိတော့ဘူးဆိုတာ သိသလို ဘယ်အချိန်မှာ သူ့ဆီပြန်လာမယ်ဆိုတာလည်း သိနေပါတယ်။ အဲဒီလိုအဆိုးဆုံး အခြေအနေမျိုးကို လူတွေက သေရေးရှင်ရေးကာလ၊ ဘေးကျပ် နံကျပ်ကာလလို့ခေါ်ပြီး ဘုရားသခင်အတွက်တော့ ကျွန်တော်တို့ ခင်ဗျားတို့ကို ကူညီဖို့အခွင့်အရေးကာလဖြစ်ပါတယ်။

၂။ ဘုရားသခင်ကို တစ်ဦးတည်း ရင်ဆိုင်မယ်ဆိုရင်

အားကိုးစရာနတ္ထိအခြေအနေနဲ့ တစ်ကိုယ်တည်းပြင်နေချိန်မှာ တော့ ထာဝရဘုရားသခင်နဲ့ ရင်ဆိုင်ခဲ့ပါတယ်။ ဘုရားသခင်နဲ့ နပန်းလုံး ခဲ့ပါတယ်။ ကျွန်တော်တို့လည်း ယာကုပ်လိုပဲ တစ်ခုခုလိုအပ်တဲ့အချိန်၊ အဖြေရှာမရတော့တဲ့အချိန်၊ ကြောက်ရွံ့တဲ့အချိန်၊ ဘာလုပ်လို့ဘာကိုင် ရမှန်းမသိတော့တဲ့အချိန်ကျမှ ထာဝရဘုရားသခင်ကို ဖက်တွယ်ကြ တာပဲ။ ကိုယ်ဖြစ်စေချင်တဲ့အဖြေနဲ့ အခြေအနေမျိုးကို ထာဝရဘုရားသခင်ကို ရှိစေချင်တယ်။ ထာဝရဘုရားသခင်ဆီက ရစေချင်တယ်။ ဒါမျိုးဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလေ။ ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ကို အကြွင်းမဲ့ဂရုစိုက်တာမှန်တယ်။ ကျွန်တော်တို့ လိုအပ် တာမှန်သမျှ ဖြည့်ဆည်းပေးတာမှန်ပေမယ့် ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့လိုချင်တဲ့၊ ဖြစ်ချင်တဲ့ပုံစံခွက်ထဲမှာတော့ ဘယ်တော့မှ ရှိမှာ မဟုတ်ဘူး။ ထာဝရဘုရားသခင်ကို ရင်ဆိုင်ဖူးသူတိုင်း အဲဒါကို သိကြတယ်။

ရန်ဒီအယ်လကွန်းရဲ့ စာစုမှာ “စိတ်ဓာတ်ကျ၊ ယိုယွင်းစိတ်ပျက် တယ်ဆိုတာ ရံဖန်ရံခါဖြစ်တတ်တဲ့စိတ်ပိုင်းဆိုင်ရာအတွေ့အကြုံဖြစ်ပြီး မပြည့်စုံမှုရဲ့ နောက်ဆက်တွဲတွေပဲ။ ကျွန်တော့်ဘဝမှာလည်း အခက်အခဲ ဆုံးအခြေအနေကြုံရတဲ့အချိန်ရှိခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဟာကိုယ် လည်း သိနေတယ်။ ဘာမှကိုလုပ်လို့မရတော့ဘူး။ သတိပြုရမှာကတော့ သူဟာ အပင်ဖြစ်ပြီး ကိုယ်က အကိုင်းအခက်ပဲဆိုတာပေါ့။ သူ့ဆီကနေ ခွဲထွက်သွားရင် ဘာမှမလုပ်နိုင်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့လည်း ဘုရားသခင်ဆီက မျှော်လင့်ချင်တယ်ဆိုရင် သူ့ရဲ့ သတ်မှတ်ချက်ဘောင် ထဲမှာရှိနေဖို့ လိုတယ်” လို့ ဖော်ပြထားပါတယ်။

၃။ ကိုယ့်ကိုယ်ကိုယ်လည်း လုံးဝအရှုံးပေးလက်မြှောက်ရပြီဆိုရင်

ထာဝရဘုရားသခင်နဲ့ နပန်းလုံးခဲ့ရတဲ့အခြေအနေမှာလည်း ယာကုပ်ဟာ ကိုယ်လုပ်ချင်တာလုပ်ဖို့ ကြိုးစားခဲ့တယ်။ သူ့ပြိုင်ဘက်ကို လက်လွှတ်ဖို့ မလျှော့ခဲ့သလို ကောင်းချီးကိုခံယူဖို့ ပြင်ဆင်ခဲ့တယ်။ ပထမ ဆုံးအကြိမ် ဗေသလမှာ ထာဝရဘုရားသခင်နဲ့ ကြုံတုန်းကလည်း ထာဝရ ဘုရားသခင်ဆီက လိုချင်တာတွေပဲ တောင်းခဲ့တာပဲ။ သူနဲ့အတူရှိနေဖို့၊ သူ့ကိုကြည့်ရှုစောင့်ရှောက်ဖို့၊ အစာအဟာရပေးဖို့၊ အဝတ်အစားတွေ ဆင်မြန်းဖို့၊ သူ့အဖေဆီပြန်ဖို့ အဲဒါတွေ တောင်းခဲ့တယ်။ ဘုရားသခင် ထံတိုးဝင်ဖို့ဆိုတာထက် ဒုတိအကြိမ်ဗေရရှေ့ဘမှာဆုံတော့ ယာကုပ်ဟာ ကိုယ်လိုချင်သလိုဖြစ်ဖို့ ကြိုးစားတာထက် ထာဝရဘုရားသခင်ဆီကကောင်းချီးရဖို့ ထာဝရဘုရားသခင်ထံကို တိုးဝင်လျှိုးသွားဖို့ ဖြစ်ပါတယ်။

အဲဒါကတော့ ဘုရားသခင်အလုပ်လုပ်တဲ့ပုံစံဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က ကိုယ်ဆိုတဲ့ အတ္တမာနကို ဖယ်မှသာ ထာဝရ ဘုရားသခင်ဆီက ကောင်းချီးခံစားရမှာဖြစ်ပါတယ်။ တစ်နည်းအား ဖြင့် ထာဝရဘုရားသခင်အလိုတော်ကို လက်ခံရရှိမှာဖြစ်ပါတယ်။ စီအက်(စ)လူးဝစ်က “ထာဝရ ဘုရားသခင်ကို အလုံးစုံဆက်ကပ်တိုးဝင်မှ သာ ကိုယ်ဟာ ဘာလဲသိလာလိမ့်မယ်”လို့ ဆိုပါတယ်။

မြင်းတွေလိုပဲ ကျွန်တော်တို့သခင်က ဇက်ကြိုးနဲ့ မထိန်းချုပ် မချင်း လုပ်ချင်တာလုပ်နေတတ်တယ်။ ထာဝရဘုရားသခင်ကို အလုံးစုံ ထိန်းချုပ်စေမယ်ဆိုရင် ကျွန်တော်တို့မျှော်လင့်ထားသလို ထာဝရဘုရား သခင်က ကျွန်တော်တို့နဲ့ အမြဲရှိနေလိမ့်မယ်။ အန္တရာယ်တွေကနေ ကွေ့ ရှောင်ဖို့အမြဲလမ်းပြကာကွယ်ပါလိမ့်မယ်။ ဝလင်စွာ ကျွေးမွေးသလို လုံခြုံစွာနဲ့ အိမ်ပြန်စေလိမ့်မယ်။ အဲဒါတွေဟာ ယာကုပ်က မျှော်လင့်တဲ့ အရာတွေပဲ မဟုတ်လား။

၄။ ထာဝရဘုရားသခင်က နေရာမှန်ကို ရောက်စေတယ်။

ထာဝရဘုရားသခင်နဲ့ နပန်းမလုံးခင်အချိန်ထိ ယာကုပ်ဟာ ဆောက်တည်ရာမရ ဖြစ်နေတဲ့အနေအထားပါ။ နဂိုစရိုက်ကိုက လိမ် လည်လှည့်ဖြားတတ်သူ၊ စိတ်မရှည်သူ၊ ကြိုးကိုင်ချယ်လှယ်တတ်သူဖြစ် တယ်။ သူ့ရဲ့ ဘဝမှာ အရေးကြီးဆုံးသူတွေကို လိမ်လည်လှည့်ဖြားပြီး သူဖြစ်ချင်တာကို သူရအောင် လုပ်ခဲ့တယ်။ ဒါပေမဲ့ ထာဝရဘုရားသခင် က သူ့ကို ပုံပြောင်းခဲ့တယ်။ တင်ပါးဆုံရိုးလွဲအောင် လုပ်ခဲ့တဲ့အတွက် သူဟာ နာကျင်တာ ခံစားရတာကြောင့် အနိုင်ယူဖို့ မစဉ်းစားနိုင်တော့ ဘူး။ အဲဒီအချိန်ကျမှပဲ ဘုရားသခင်ရဲ့ ကောင်းချီးအတွက် အာရုံစိုက်နိုင်လာတယ်။ တစ်ဆက်တည်း နားလည်သဘောပေါက်လာတာကတော့ ထာဝရဘုရားသခင်ရဲ့ကောင်းချီးနဲ့လမ်းညွှန်မှုထက် ကောင်းတဲ့အရာ၊ အရေးကြီးတဲ့အရာ မရှိဘူးဆိုတာပါပဲ။ ယာကုပ်ရဲ့ အခြေအနေဆိုးကနေ ထာဝရဘုရားသခင်ပြောင်းလဲခဲ့တဲ့သာဓကဟာ ယာကုပ်လိုအခြေ အနေဆိုးကြုံရသူတိုင်းအတွက် အားတက်စရာမျှော်လင့်ချက်သတင်း ကောင်းပါပဲ။

“ကျွန်တော်တို့လည်း ဆိုးဝါးတဲ့အခြေအနေတွေ ကြုံတွေ့ရမှပဲ ဘုရားသခင်ကို အားကိုးလာတတ်ကြတယ်။” ကျွန်တော်တို့အနေနဲ့ လုပ် ချင်တာကိုပဲ ဖိလုပ်နေမယ့်အစား ဘုရားသခင်ကို နားထောင်မယ်ဆိုရင်၊ အလောသုံးဆယ်လုပ်နေမယ့်အစား ဘုရားသခင်ရဲ့ ဂရုပြုမှုခံယူဖို့ ကြိုး စားမယ်ဆိုရင် ဘုရားသခင်က ကျွန်တော်တို့ကို ကူညီမှာ အမှန်ပဲ။ ဘုရားသခင်သာ အရာရာကို သူ့နေရာနဲ့သူရှိအောင် လုပ်ဆောင်နိုင်ပါ တယ်။ ဘုရားသခင်ဟာ သူ ဖန်ဆင်းထားတဲ့ ကျွန်တော်တို့ကို သူဖန်ဆင်းထားသလို ဖြစ်ဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။

၅။ နောက်ဆုံးကျရင် ကိုယ်ဘာလဲဆိုတာ ရှာတွေ့ပါလိမ့်မယ်။

ထာဝရဘုရားသခင်က ယာကုပ်ကို “မင်းနာမည်ဘယ်လိုခေါ် လဲ” လို့ မေးတာက သူ့နာမည်ကို မသိလို့မဟုတ်ပါဘူး။ အဲဒီလိုမေးတဲ့ရည် ရွယ်ချက်က သူဘယ်သူလဲဆိုတာ ဝန်ခံစေချင်လို့ပဲ။ ယာကုပ်ဆိုတဲ့ နာမည်က “လိမ်လည်လှည့်ဖြားသူ”၊ ဒါမှမဟုတ် “ဖနောင့်ကို ဆုပ်ကိုင် သူ” ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဘုရားသခင်က ယာကုပ်ကို သူ့နာမည်ရဲ့ အဓိပ္ပာယ်ကိုသိချင်စေတယ်။ ဒါမှလည်း ဘုရားသခင် ဖြစ်စေချင်တဲ့သူ ဖြစ်အောင် ပြောင်းလဲနိုင်မှာလေ။ ယာကုပ်- လိမ်လည်လှည့်ဖြားသူ၊ အမေက ချစ်တော့ အမေ့အကူအညီနဲ့ အစ်ကို့ကို လှည့်ဖြားခဲ့သူ၊ အဖေ ကို ညာခဲ့သူလို့ အဓိပ္ပာယ်ရှိတဲ့သူကို ဘုရားသခင်က နာမည်သစ် စိတ်သစ်နဲ့ လူ၊ အစေခံကောင်း၊ ကိုယ့်ရင်သွေးတွေကို နှိမ့်ချစွာနဲ့ လမ်းပြဦးဆောင်သူ၊ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်ဖြစ်စေပါတယ်။ ထာဝရဘုရား သခင်က သူ့ကို ပေးလိုက်တဲ့နာမည်သစ်က “ဣသရေလ” အဓိပ္ပာယ်က “ဘုရားသခင်နဲ့အတူ ရုန်းကန်လှုပ်ရှားသူ” ဖြစ်ပါတယ်။

အလွန်မြင့်မြတ်တဲ့နာမည်ပါပဲ။ ဘယ်သူမဆို ဘုရားသခင်နဲ့ အတူ ရုန်းကန်လှုပ်ရှားချင်ကြမှာပဲလေ။ လူတိုင်း ဘုရားသခင်က ကိုယ့် ဘဝကို ထိန်းချုပ်မယ်ဆိုတာ နားလည်လက်ခံဖို့ ခက်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း ယာကုပ်လိုပဲ ဘဝကို အလုံးစုံလက်လျော့အရှုံးပေးလိုက်မှသာ ဒီထက်ကြွယ်ဝကောင်းမွန်တဲ့ ဘဝသစ်ကို ရမှာဖြစ်ပါတယ်။

ယာကုပ်ဆီက ဘဝသင်ခန်းစာများ

ကျွန်တော့်အနေနဲ့ ဘုရားသခင်နဲ့ နပန်းလုံးခဲ့တဲ့သူတစ်ယောက် ဆီက ဘာများ သင်ယူရမှာလဲဆိုတာ စိတ်လှုပ်ရှားနေမိပါတယ်။ သိပ် အကြာကြီးမစောင့်လိုက်ရဘူး။ ယာဂုပ်က မနှေးမမြန်နဲ့ ဆက်ပြောနေပါ တယ်။

၁။ ဆိုးဝါးတဲ့အခြေအနေဟာ အခြေအနေသစ်တစ်ခုကို ထိုးထွင်းဖန် တီးနိုင်ပါတယ်။

“ကျွန်တော့်ဘဝမှာ ဖြစ်ချင်တာက ကြွယ်ဝချမ်းသာပြီး မိသား စုကြီးကြီးတစ်ခုထူထောင်ချင်တာပဲ” ဟု ယာကုပ်က ပြောလိုက်ပြီး “အဲဒီ ရည်ရွယ်ချက်ပြည့်ဖို့ ကြိုးစားခဲ့တယ်။ ရာခေလကို ပိုင်ဆိုင်ဖို့ ခုနစ်နှစ် တိတိ အလုပ်လုပ်ခဲ့ရတယ်။ ဒါပေမဲ့ လာဗန်က မင်္ဂလာဆောင်တဲ့နေ့မှာ ရာခေလအစား လေလာနဲ့ အစားထိုးလိုက်တော့ ရာခေလကိုရဖို့ နောက် ထပ်ခုနစ်နှစ်ထပ်ကြိုးစားခဲ့ရပြန်ရော။ ကျွန်တော် လိုချင်တဲ့ မိသားစု ကြီးကို ဘုရားသခင်ပေးခဲ့ပါတယ်။ ချမ်းသာကြွယ်ဝမှုလည်း ပေးခဲ့တယ်။ ဒါပေမဲ့ ထာဝရဘုရားသခင်က ကျွန်တော်မျှော်မှန်းတာထက် ပိုပေးဖို့ စီစဉ်ထားတယ်ဗျ။ နောက်ဆုံးတစ်နိုင်ငံရဲ့ ဖခင်အဆင့်အထိပဲလေ။

ကျွန်တော့်ရဲ့ မျိုးဆက်တွေကနေ ဘုရင်တွေ ထွက်စေချင်တယ်။ နောက် ဆုံးမေရှိရကိုတောင်မှ ကျွန်တော့်မိသားစုဝင်တွေထဲကနေ ပေါ်ထွက်စေ ချင်တာလေ။

ဘုရားသခင်ရဲ့ အသုံးပြုတာခံချင်တော့ ကျွန်တော်ဟာ ကျွန် တော့်ပင်ကိုစရိုက်ကို ပြောင်းခဲ့ရတယ်။ ကျွန်တော့် အတ္တမာနကို မျက် ကွယ်ပြုခဲ့ရတယ်။ ကိုယ်လုပ်ချင်တာတွေကို ဘေးဖယ်ခဲ့ရတယ်။ ယာကုပ် ဆိုတဲ့ ကျွန်တော်ဖြစ်ချင်တဲ့ဘဝကို မေ့လိုက်ရတယ်။ ဘုရားသခင်ရဲ့ အသစ်ပြုပြင်ခြင်းကို ခံယူပြီး ဘုရားသခင်ကို နာခံခြင်းအားဖြင့် ပိုမို အရေးပါတဲ့ဘဝကို တည်ဆောက်နိုင်ခဲ့ပါတယ်။

ဘုရားသခင် သိနေတဲ့၊ သင့်ကိုသင်ဖြစ်စေချင်သလို ဖြစ်နိုင် တယ်လို့ ထင်တဲ့အတွေးအခေါ်ကို မေ့ပျောက်လိုက်ပြီး ကိုယ့်အကြံအစည် တွေကို လက်လျော့လိုက်ပါ။ “သင့်ရည်မှန်းချက်တွေကို ဘုရားသခင် လက်ထဲအပ်လိုက်ပါ။ ဘုရားသခင်ကို ထိန်းချုပ်စေပါ” လို့ ယာကုပ်က ပြောနေပါတယ်။ သိုးထိန်းဟာ သိုးတွေကို ဒီထက်ကောင်းမွန်တဲ့စားကျက် ရှိရာကို ခေါ်ဆောင်သွားသလို ဘုရားသခင်က ဒီထက်ကောင်းမွန်ပြည့် စုံတဲ့ဘဝဆီကို ခေါ်ဆောင်သွားနိုင်ဖို့ ဘုရားသခင်ထံ တိုးဝင်ဆက်ကပ်ဖို့ နောက်ကျတယ်ဆိုတာ ဘယ်တော့မှ မရှိပါဘူးဗျာ။

၂။ ကျိုးပဲ့နေတဲ့အခြေအနေတစ်ခုဟာ ထိုးဖောက်ကျော်လွှားမှုတစ် ရပ်ကို ဖော်ဆောင်နေပါတယ်။

ဘဝရဲ့ သုံးပုံတစ်ပုံလောက်မှာ ထိုးဖောက်ထိုးထွက်လာဖို့ ကျွန် တော်ကြိုးစားအားထုတ်နေခဲ့တယ်။ အောင်မြင်ချင်တယ်၊ သူများကို လွှမ်း မိုးချုပ်ကိုင်နိုင်ဖို့ တန်ခိုးအာဏာမျှော်လင့်မိတယ်။ “တစ်စုံတစ်ယောက်” ဖြစ်ချင်ခဲ့တယ်။ ဒါပေမဲ့ တစ်ခုမှဖြစ်မလာခဲ့ပါဘူး။ နောက်ဆုံးကိုယ့်ကိုယ် ကိုယ် ချိုးဖဲ့ပြီး ဘုရားသခင်ရှေ့မှာ နှိမ့်ချမှပဲ ထူးခြားမှုတွေ ကြုံရတော့ တယ်။

ကိုယ့်အားကိုယ်ကိုးဖို့နဲ့ ကိုယ့်အတွက်ပဲ အာရုံစိုက်နေမိခဲ့တော့ဘုရားသခင်ကို သတိရမိဖို့ခက်ခဲလေပါပဲ။ ဗေသလမှာ ဘုရားသခင်က ကျွန်တော့်ကို ညင်ညင်သာသာနဲ့ပဲ ကျွန်တော့်အတွက် ထားထားတဲ့ရည် မှန်းချက်ကို ပြခဲ့တယ်။ ခေါင်းမာတဲ့ကျွန်တော်ဟာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိုယ့်ဘဝကိုကိုယ်လိုချင်သလို လုပ်ဖို့နည်း မျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ ကျွန်တော်ခံယူထားတာက ကိုယ့်ဘဝကို ကိုယ် ဖန်တီးမယ်။ ဘုရားသခင်က အကူအညီပေးမယ်ဆိုရင်လည်း ကျွန်တော် လိုချင်တဲ့ပုံစံနဲ့ဆို လက်ခံဖို့ အသင့်ပါပဲလေ။ ယာကုပ်က ဆက်ပြောနေ တာက “လက်တွေ့မှာ ဘုရားသခင်ဟာ ကျွန်တော့်တင်ပါးဆုံကို နာကျင် စေတော့မှပဲ ဘုရားသခင်ဟာ ဘယ်သူလဲဆိုတာ နားလည်လိုက်ရတယ်။ ဘိုးဘေးတို့ရဲ့ ဘုရားတင်မဟုတ်ဘဲ ကြီးမြတ်တဲ့ထာဝရဘုရားသခင် ဆိုတာပါပဲ။

အကြံပြုချင်တာက ဘုရားသခင်က ခင်ဗျားကို ချိုးဖဲ့ပြီးမှ ခင် ဗျားက သူ့ကို သိစေချင်တာထက် သူက ခင်ဗျားကို တိုးတိတ်ညင်သာစွာ ဆက်သွယ်နေတာကို လက်ခံဖို့ပါပဲ။ ကိုယ့်လမ်းကို ကိုယ်လျှောက်ဖို့ ကြိုးစားတာထက် ထာဝရဘုရားသခင်ကို ဆက်ကပ်ပြီး သူက ဖြေးညင်း စွာ ပြုပြင်သွားတာကို လက်ခံဖို့ပါပဲ။ ဘုရားသခင်က ပုံသွင်းပြုပြင်မှသာ အသုံးတည့်တဲ့သူဖြစ်လာလိမ့်မယ်။ ထာဝရဘုရားသခင်ရှေ့ကို နှိမ့်ချစွာ တိုးဝင်ပြီး ထာဝရဘုရားသခင်ကို မိမိတို့ရဲ့ ဘဝကို လုံးဝချုပ်ကိုင်စေဖို့ လိုပါတယ်။ ထာဝရဘုရားသခင်က အမြဲတမ်းမှန်ကန်တယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ထာဝရဘုရားသခင်ကို ကျွန်တော့်ဘဝတစ်ခုလုံး အပ်နှံခဲ့ပါတယ်။

၃။ ထာဝရဘုရားသခင်အလိုတော်ရှိတဲ့ဘဝရောက်ရင် အားလုံးပြည့်စုံ သွားပါလိမ့်မယ်။

လူတိုင်းရဲ့ အကြီးမားဆုံးဘဝရည်မှန်းချက်ကတော့ ကိုယ့်ဘဝ ရည်ရွယ်ချက်ကိုသိပြီး အဲဒါကို ရအောင်လုပ်ဆောင်နိုင်ဖို့ပါပဲ။ စဉ်း စားကြည့်ရင် နှစ်ခါအရှုံးပေးလိုက်ရသလိုပါပဲ၊ ပထမအကြိမ်က သင့်ရဲ့ မာနကြီးတဲ့၊ တပ်မက်မှုများတဲ့ဘဝဟောင်းကို စွန့်လွှတ်လိုက်ရတယ်။ ဒုတိယအကြိမ်က သင် လိုချင်တဲ့သင့်ဘဝရည်ရွယ်ချက်ကို စွန့်လွှတ်လိုက် ရတယ်။ အဲဒီလိုနှစ်မျိုးလုံးစွန့်လွှတ်လိုက်ပြီးမှ စစ်မှန်တဲ့ကျေနပ်မှု၊ စိတ် ချမ်းသာမှုကို ထာဝရဘုရားသခင်ထံမှ ရပါလိမ့်မယ်။ နားလည်လာမှာက ဘုရားသခင်က သင့်ကိုဘာကြောင့်အသက်ရှင်စေချင်လဲ၊ ဘာအရည် အချင်းတွေပေးထားလဲ၊ ဘုရားသခင်အတွက် ဘယ်လိုအမှုတော်ထမ်းဆောင်စေချင်လဲတို့ ဖြစ်ပါတယ်။ “ဘာကြောင့်လဲ” ဆိုတာ နားလည်လာ ပါလိမ့်မယ်။

“ဘယ်လိုမျှော်လင့်ချက်မျိုးဟာ သင့်အတွက်ကောင်းသလဲ၊ ဒါမှ မဟုတ် အကောင်းဆုံးမျှော်လင့်ချက်က ဘာလဲဆိုတာ သိချင်သလား” လို့ ယာကုပ်က မေးလိုက်ပါတယ်။ “ခင်ဗျားကို ဖန်တီးတဲ့ထာဝရဘုရား သခင်ဟာ ကျွန်တော့်ကိုဖန်တီးခဲ့တာလေ။ ဘုရားသခင်က ခင်ဗျား ဘယ် သူလဲဆိုတာ သိတယ်။ ခင်ဗျား ဖြစ်ချင်တဲ့ခင်ဗျား၊ မိဘက ဖြစ်စေချင်တဲ့ ခင်ဗျား၊ တစ်ယောက်ယောက်က ဖြစ်စေချင်တဲ့ခင်ဗျားမဟုတ်ဘူးဗျ။ ခင်ဗျားဆိုတဲ့ခင်ဗျားကို ဘုရားသခင်က ဖြစ်စေချင်တာ၊ ခင်ဗျားဘဝ အတွက် ဘုရားသခင်က အကြံအစည်ရှိပြီးသား။ ဒါပေမဲ့ ထာဝရဘုရား သခင်ကို လုံးဝချုပ်ကိုင်ခွင့်ပြုမှပဲ ခင်ဗျားဒီအတွေ့အကြုံကို ခံစားရ လိမ့်မယ်” လို့ အဆုံးသတ်လိုက်ပါတယ်။

ကျွန်တော်တို့အတွက် ယာကုပ်ရဲ့ဆုတောင်း

“အိုထာဝရဘုရားသခင်နဲ့ ထာဝရအရှင်၊

ထာဝရဘုရားသခင် တစ်ပါးတည်းသာပေးနိုင်တဲ့ကောင်းချီး မင်္ဂလာတွေကို သင့်ရဲ့ကလေးတွေကို ချီးမြှင့်ပါ။ သင်မြင်သလို သူတို့ကိုယ် သူတို့မြင်နိုင်ဖို့ ကူညီမစပါခင်ဗျား။ သင် ပြုပြင်ထိန်းချုပ်ခြင်းဖြင့် သူတို့ရဲ့ ဘဝဟောင်းပုံစံဟောင်းကို ဖယ်ရှားပြီး ပြင်ဆင်ထားတဲ့ဘဝအသက်တာ သစ်ကို ပြသတော်မူပါခင်ဗျား။ ကြင်နာသနားပြီး မေတ္တာနဲ့ပြည့်ဝတဲ့ နာမတော်အားဖြင့် ဆုတောင်းပါ၏ အာမင်…”။

ယာကုပ်ထံမှ ခေါင်းဆောင်မှုသင်ခန်းစာများ

ကျွန်တော်တို့လည်း ယာကုပ်ဆီက ကောင်းချီးတွေကို ကျေကျေ နပ်နပ်ကြီး လက်ခံလိုက်ပါတယ်။ အကြံပြုချက်တွေဟာ အရမ်းမှန်တယ် ဆိုတာကို ကျွန်တော့်ဘဝနဲ့ ပြန်ယှဉ်စဉ်းစားမိတိုင်း ကျေနပ်မိပါတယ်။ ခင်ဗျားလည်း ဒီလိုမှန်လိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။

ယာကုပ်ရဲ့ ဘဝသင်ခန်းစာတွေကနေတစ်ဆင့် ကျွန်တော်တို့ ဘာတွေ သင်ယူလေ့လာနိုင်သလဲ။

၁။ ထာဝရဘုရားသခင်ကို ဦးထိပ်ထားခြင်းသာ ဘုရားသခင်ပါတဲ့ ခေါင်းဆောင်မှုအစပါ။

ကျွန်တော်တို့ခရစ်ယာန်အများစုဟာ ယာကုပ်လိုပါပဲ။ ဘဝ အခြေအနေပေါ်မူတည်ပြီး ထာဝရဘုရားသခင်ကို ပတ်သက်စေချင်ပါ တယ်။ ကျွန်တော်တို့ဖြစ်စေချင်တာကို ဦးစားပေးတတ်တယ်။ ဘုရား သခင်ကို ကိုယ်လိုချင်တဲ့ပုံစံနဲ့ ဆက်ဆံချင်ကြတယ်။ တစ်ခါတလေကျတော့ ကျေးဇူးတော်ကြောင့် ထာဝရဘုရားသခင်ကို သိခွင့်ရပေမယ့် ဘဝရဲ့ အခက်ခဲဆုံးအနေအထားအခြေအနေတစ်ခုနှစ်ခုလောက်မှာပဲ ဘုရားသခင်ကို ပါဝင်ပတ်သက်စေချင်တယ်။ အဲဒါဆိုရင် လုံလောက်ပြီ လို့ ထင်တာက ကျွန်တော်တို့အမှားပါပဲ။ ကျွန်တော်တို့ဖြစ်စေချင်တာကို ကျွန်တော်တို့ဖြစ်စေချင်တာကို ဘုရားသခင်ကို ဖြစ်စေချင်ပြီး ကိုယ့်ရဲ့ဘဝကိုမေ့နေတတ်ကြတယ်။

အဲဒါက ယာကုပ်ရဲ့အမှားတစ်ခုပါပဲ။ ဒီနေရာမှာ စီအက်လူးဝစ်ရေးတာကို ကျွန်တော် ဖော်ပြချင် ပါတယ်။ “ခင်ဗျားကိုခင်ဗျား အိမ်တစ်လုံးလို့ မြင်ကြည့်စမ်းဗျာ။ ဘုရား သခင်က ဒီအိမ်ကို ပြင်ဆောက်ဖို့ စီစဉ်နေပြီ။ အစပိုင်းမှာတော့ ဘုရား သခင်ဘာလုပ်မယ်ဆိုတာ ခင်ဗျားနားလည်ကောင်းနားလည်လိမ့်မယ်။ ခေါင်းမိုးမိုးယိုတာ၊ ဒါမှမဟုတ် ရေစီးရေလာကောင်းဖို့ စသဖြင့် ဒါ‌ တွေလုပ်ရမယ်လို့ ထင်ထားတဲ့အတွက် ခင်ဗျားအံ့အားသင့်မှာမဟုတ်ဘူး။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘုရားသခင်က အိမ်ကိုဖြိုချပစ်ပြီး ခင်ဗျား ထင်တဲ့ပုံစံ မဆောက်ဘဲ သူ့ပုံစံသူဆောက်မှာဖြစ်နေတယ်။ အိမ်မကြီးကို ပြင်မယ်။ အထပ်တစ်ထပ်ထပ်တိုးမယ်၊ ပြတင်းပေါက်တွေ ချဲ့မယ်၊ ယက်မကြီးတွေ ထပ်ပိုးမယ်။ ခင်ဗျားက အိမ်တစ်လုံးပြန်ဆောက်မယ် ထင်ပေမယ့် လက်တွေ့မှာတော့ ဘုရားသခင်က နန်းတော်ကြီးတစ်ခု ဆောက်ပေးရုံမက ဘုရားသခင်လည်းလာနေမယ်ဆိုတာမျိုးဖြစ်နေတာလေ။

ဘုရားသခင်က ကျွန်တော်တို့ဘဝမှာ နေရာယူချင်တာမဟုတ် ဘူး။ ပထမဆုံးဦးစားပေးတာမျိုးကိုပဲ လိုချင်တာ။ သာမန်ထက်ထူးကဲ လွန်းတဲ့ဦးစားပေးတာမျိုးဖြစ်ရမှာ။ ဘုရားသခင်က ကျွန်တော်တို့ကို သူအသုံးပြုမယ့်ခေါင်းဆောင်တွေလို့ ပြင်ဆင်ထားရင် ကျွန်တော်တို့ လက်ခံထားရမှာက ပထမဆုံးဘုရားသခင်ရဲ့ အသစ်ပြုပြင်တည်ဆောက် ခြင်းဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ပြင်ဖို့လိုတာကို ဖယ်ရှားမယ်။ ပြင်ဆင်မယ်။ မရှိသေးတာတွေကို လိုအပ်ရင် လိုအပ်သလို ထပ်ဖြည့်ပေး မယ်ဆိုတာပါပဲ။

၂။ ထိန်းချုပ်ဖို့ ကြိုးစားခြင်းဟာ ခေါင်းဆောင်မှုအရည်အချင်းကို အကန့်အသတ်ရှိစေပါတယ်။

လူအများစုမှားယွင်းစွာနားလည်ထားတာက ကိုယ်ထင်သလို ထိန်းချုပ်နိုင်ခဲ့ရင် ဘဝမှာရလဒ်ကောင်းတွေ ရနိုင်တယ်လို့ ယုံကြည်ထား ကြတယ်။ လက်တွေ့မှာတော့ ပြောင်းပြန်ဖြစ်နေပါတယ်။ ယေဘုယျ မှာတော့ အဲဒီလိုထိန်းချုပ်ဖို့ကြိုးစားတတ်သူတွေဟာ အလားတူ လူတွေ ကိုပဲ ဆွဲဆောင်တတ်ပါတယ်။ ယာကုပ်ကို ကြည့်တယ်။ သူကိုယ်တိုင်က လှည့်ဖြားတတ်သူဖြစ်တော့ သူ့ကိုလိမ်ညာဖို့ ကြိုးစားတဲ့လာဗန်နဲ့ ကြုံခဲ့ ရတယ်။ သူတကယ်ချစ်ကြိုက်ခဲ့သူ ရာခေလဟာလည်း သူမအမေပိုင်တဲ့ ပစ္စည်းတွေကို ခိုးယူခဲ့ရုံသာမက ဖုံးကွယ်ဖို့လည်း ကြိုးစားခဲ့သေးတယ်။

အခြေအနေတွေကို လိုချင်သလို ထိန်းချုပ်ဖို့ ကြိုးစားတတ်သူ တွေဟာ မိမိနဲ့ပတ်သက်တတ်သူတွေကို နစ်နာထိခိုက်စေတတ်ပါတယ်။ သားကြီးရဲ့ ကောင်းချီးအရိုက်အရာကို သားငယ်ကိုမှားပြီး ပေးမိခဲ့တဲ့ ယာကုပ်ရဲ့ ဖခင်ကြီးဣဇာက်ဟာ စိတ်ထိခိုက်ကြေကွဲခဲ့ရပါတယ်။ အဲဒီလို လိမ်ညာခံရတဲ့ ဧသောဟာ အမြွှာညီဖြစ်တဲ့ ယာကုပ်ကို သတ်ဖို့ကြံစည် ခဲ့ပါတယ်။ ထာဝရဘုရားသခင်ရဲ့ စောင်မမှုနဲ့ နှစ်နှစ်ဆယ်ကြာအချိန် ရဲ့နောက်ကွယ်မှာတော့ တစ်ယောက်နဲ့တစ်ယောက်မေတ္တာထားလာနိုင်ခဲ့ ပါတယ်။

အဆိုးဆုံးကတော့ ကိုယ့်ဟာကိုယ် ထိန်းချုပ်နိုင်ဖို့ ကြိုးစားသူ တွေဟာ တကယ်ရရှိနိုင်မယ့်အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးတတ် ကြပါတယ်။ ယာကုပ်ရဲ့ ဘဝမှာလည်း မမွေးခင်ကတည်းက ထာဝရ ဘုရားသခင်က ကြီးကျယ်ခမ်းနားတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာ လိမ့်မယ်လို့ ကတိတော်ထားရှိထားပါတယ်။ အဲဒါတွေကတော့

(က) ထာဝရဘုရားသခင်က ယာကုပ်အမေရေဗက္ကကို ပေးထားတဲ့ရူပါရုံကတော့ တစ်နေ့ကျရင် ယာကုပ်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ကနဦးဖခင်ဖြစ်လာပြီး အစ်ကိုက သူ့ကို အလုပ်အကျွေးပြုရလိမ့်မယ်ဆိုတာဖြစ်ပါတယ်။

(ခ) အစားအသောက်နဲ့လဲလို့ရတဲ့ သားဦးအရိုက်အရာကောင်းချီးကို သူ့အစ်ကိုဆီက ရယူထားနိုင်ပါတယ်။

(ဂ) ဖခင်ဣဇာက်ရဲ့ ကောင်းချီးကို ခံစားရယူထားသူလည်းဖြစ်ပါတယ်။

(ဃ) ထာဝရဘုရားသခင်က ယာကုပ်ရှိရာရောက်လာပြီး ဖွင့်ပြခဲ့တဲ့ရူပါရုံမှာ နိုင်ငံတစ်နိုင်ငံပေးမယ်။ သူနဲ့အတူ ရှိနေလိမ့်မယ်။ သူ့ကို စောင့်ကြည့်နေမယ်။ အဆုံးမှာ သူကနေတစ်ဆင့် ကမ္ဘာ ပေါ်မှာရှိတဲ့လူသားတွေကို ကောင်းချီးပေးမယ်လို့ ဖြစ်ပါတယ်။

ဒီထက်ကောင်းတဲ့ ပြည့်စုံတဲ့ သက်သေအထောက်အထား ဘာရှိတော့လဲ။

ယာကုပ်ရဲ့ ရှေ့ရေးဟာ လုံခြုံခိုင်မာမှုရှိနေတယ်။ ဘုရားသခင် က သူ့အတွက် အကြံအစည်တော်ရှိနေပေမယ့် ယာကုပ်ဟာ သူ့ဘဝရှေ့ ရေးမသေချာတဲ့ပုံစံနဲ့ နေထိုင်လှုပ်ရှားခဲ့တယ်။ သေချာပေါက်ပိုင်ဆိုင် ရမယ့်အနာဂတ်အတွက် တစ်ချိန်လုံး တိုက်ပွဲဝင်နေခဲ့သူဖြစ်ပါတယ်။

ကျွန်တော်တို့လည်း ဒါမျိုးကြုံနိုင်ပါတယ်။ တကယ်လို့ထာဝရ ဘုရားသခင်သာ ကျွန်တော်တို့ဘက်မှာရှိရင် ဘယ်သူက ဆန့်ကျင်နိုင် မှာလဲ။ ကျွန်တော်တို့သာ ထာဝရဘုရားသခင်ကို လုံးဝချုပ်ကိုင်ခွင့်ပြု မယ်ဆိုရင် ယုံကြည်တဲ့အတိုင်း နေထိုင်လှုပ်ရှားခေါင်းဆောင်ဖို့ လိုပါ တယ်။ ကျွန်တော်တို့အတွက် လုံးဝသေချာတာကတော့ထာဝရ ဘုရားသခင်ကို အလုံးစုံထိန်း ချုပ်ခွင့်ပြုမယ်ဆိုရင် ကျွန်တော်တို့ ဘဝတစ်ခုလုံးကို ကျွန်တော်တို့ဘဝတစ်ခုလုံးကို ထာဝရဘုရားသခင်ကအပြည့် ဘုရားသခင်က အပြည့်အဝတာဝန်ယူမယ်ဆိုတာပါပဲ။

ယာကုပ်ရဲ့ဆွေးနွေးရေးလမ်းညွန်

ယာကုပ်သည် တစ်ယောက်တည်း နေရစ်၍၊ လူတစ်ဦးသည် မိုးလင်းသည့်တိုင်အောင် သူနှင့်လုံးထွေးလေ၏။ ထိုသူသည် မိမိမနိုင် မှန်းကို သိလျှင် ယာကုပ်ပေါင်ချန်ကိုထိုး၍၊ လုံးထွေးစဉ်တွင် ပေါင်ဆစ် ပြုတ်လေ၏။ ထိုသူကလည်း ငါ့ကိုလွှတ်ပါ၊ မိုယ်လင်းဆဲရှိပြီဟုဆိုလျှင် ယာကုပ်က ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းချီးမပေးလျှင် မသွား ရဟုဆို၏။

ထိုသူကလည်း သင်၏အမည်ကား အဘယ်သို့နည်းဟု မေးလျှင်ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။ နောင်၌ သင်၏အမည်ကို ယာကုပ် ဟူ၍ မခေါ်ရ။ ဣသရေလဟူ၍ ခေါ်ရမည်။ အကြောင်းမူကား သင် သည် ဘုရားသခင်နှင့်၎င်း၊ လူနှင့်၎င်း၊ မင်းကဲ့သို့ ပြိုင်၍နိုင်လေပြီဟု မိန့်တော်မူ၏။

ယာကုပ်ကလည်း၊ နာမတော်ကား အဘယ်သို့နည်း။ အကျွန်ုပ် အား ဘော်ပြတော်မူပါဟုမေးလျှောက်လျှင်၊ ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍၊ ထိုအရပ်၌ကောင်းကြီးပေးတော်မူ၏။

ထိုအရပ်ကို ပေညေလဟူ၍၊ ယာကုပ်သည်သမုတ်လေ၏။ အကြောင်းမူကား၊ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင် ရသော်လည်း၊ အသက်ချမ်းသာပြီဟု ဆိုသတည်း။

ကမ္ဘာဦးကျမ်း၊ ၃၂း၂၄-၃ဝ

၁။ ရူပါရုံရပြီးသား ယာကုပ်အနေနဲ့ အစ်ကိုကိုလည်း ဦးဆောင်နိုင်တယ်ဆိုတာ သိထားရက်သားနဲ့ အဖေနဲ့အစ်ကိုကိုညာပြီး ကောင်းချီး ရယူဖို့ သင့်ပါသလား။ ရှင်းပြပေးပါ။

၂။ ထောင့်ပိတ်နေတဲ့အခြေအနေ၊ ဒါမှမဟုတ် ဘာမှလုပ်လို့မရတဲ့အခြေအနေမျိုးမှာ ဘယ်လိုတုံ့ပြန်တတ်ပါသလဲ။

၃။ ထာဝရဘုရားသခင်နဲ့ ယာကုပ်နပန်းလုံးခဲ့ရသလိုပဲ ဘုရားသခင်နဲ့လုံးထွေးပတ်ချာရိုက်နေတာမျိုး ကြုံဖူးပါသလား။ ရလဒ်ကဘာလဲ။

၄။ တစ်ခါတလေ လုံးဝအရှုံးပေးလိုက်ရတဲ့အခြေအနေမှာ ဘုရားသခင်က ပုံသွင်းပြုပြင်တာမျိုးကြုံဖူးလား။ ဘယ်လိုအတွေ့အကြုံမျိုးလဲ။

၅။ ယာကုပ်ဟာ ဘဝရှင်သန်မှုနဲ့ အောင်မြင်မှုအတွက် အတ္တကြီးစွာနဲ့ တိုက်ပွဲဝင်နေခဲ့ပါတယ်။ အလားတူ သင်လည်း ဘုရားသခင်ကို သင့်ဘဝထဲဝင်လာထိန်းချုပ်ခွင့်မပြုဘဲ ကိုယ်ထင်ရာစိုင်းနေတဲ့ အတွက်ကြောင့် ဘယ်လိုအခွင့်အရေးတွေလက်လွတ်သွားမယ်လို့ ထင်ပါသလဲ။

၆။ ဘုရားသခင်ကို ထိန်းချုပ်ခွင့်ပြုဖို့ ကိုယ့်ရဲ့ အတ္တမာနကို ဖယ်ရတာကဘယ်လောက်ခက်သလဲဆိုတာ ရှင်းပြပေးပါ။

၇။ လောလောဆယ် ဘုရားသခင်က ခင်ဗျားကို ဘဝရဲ့ ဘယ်အပိုင်းကိုလွှတ်လိုက်ဖို့ တောင်းဆိုနေသလဲ။

၈။ ခင်ဗျားဘဝကို ဘုရားသခင်ထိန်းချုပ်ခွင့်ပြုဖို့ လောလောဆယ်ခင်ဗျား ဘယ်လိုပြင်ဆင်နေသလဲ။

ယာကုပ်အကြောင်းကို ပိုမိုသိရှိနိုင်ရန် ကမ္ဘာဦးကျမ်း ၂၅း၁၉-၃၄၊ ၂၇း၁-၃၅း၂၉၊ ၃၇း၁-၃၆၊ ၄၂း၁-၂၊ ၄၂း၃၆-၃၈၊ ၄၆း၁-၃ဝ နှင့် ၄၈း၃-၅၀း၁၄ တို့ကို ဖတ်ရှုဆင်ခြင်ပါ။

ဒေဗောရ

ဘယ်သူမှမမျှော်လင့်မထင်မှတ်ထားသူကို ဘုရားသခင်က အသုံးပြုတတ်ပါတယ်

ကျွန်တော်တို့ရှိနေတဲ့ ခန်းမဆီကို ဦးတည်လျှောက်လာတဲ့ ညင် သာတဲ့ ခြေလှမ်းတွေကို ကျွန်တော်တို့သတိပြုနေမိတယ်။ ခဏအကြာ မှာ ခန်းမရဲ့ တံခါးဝမှာ အမျိုးသမီးတစ်ဦးရပ်နေတာကို တွေ့မိလိုက် တယ်။ ထွားကျိုင်းတဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ယာကုပ်နဲ့ ဆန့်ကျင်ဘက်သေး သေးသွယ်သွယ်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ပြီး ဩဇာအာဏာနဲ့ ပြည့်စုံတဲ့ အသံပိုင်ရှင်ဖြစ်ပါတယ်။ သူမဟာ အချိန်ဖြုန်းမနေဘဲ သူ့အတွက် သတ် မှတ်ထားတဲ့ ခုံဆီလျှောက်သွားရင်း… ။

“ကျွန်မတို့ခေတ်ကာလမှာ ဣသရေလလူမျိုးတွေဟာ အပြစ် တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကျူးလွန်နေတဲ့အချိန်လေ။ အဲဒါကြောင့် လည်း ထာဝရဘုရားသခင်ဟာ ကျွန်မတို့အားလုံးကို ခါနန်ဘုရင်တစ်ပါး ကို အုပ်ချုပ်စေခဲ့တယ်။ ကျွန်မအပါအဝင် လူနည်းနည်းလေးက ဘုရား သခင်ကို အပြစ်တွေလွတ်ဖို့ ဆုတောင်းနေတာလေ။ နှစ်နှစ်ဆယ်ကြာတော့ နောက်ဆုံးမှာ ဘုရားသခင်ဟာ ကျွန်မတို့ရဲ့ ဆုတောင်းချက်ကို နားငြီးနေခဲ့ပြီး ထာဝရဘုရားသခင်ဟာ ကျွန်မကို ကျွန်မတို့ဘာလုပ်ရ မလဲဆိုတာ ညွှန်ကြားခဲ့တာပါ။ ကျွန်မက ဒေဗောရပါ။ ရှင်တို့နားလည် ထားရမှာကတော့ ဘုရားသခင်ဟာ ဘယ်သူမှ မထင်မှတ်ထားတဲ့ မမျှော်လင့်ထားတဲ့သူကို အသုံးချတတ်တာပါပဲ”။

ထာဝရဘုရားသခင်နဲ့ဆိုရင် မဖြစ်နိုင်ဘူး။ မထင်ရဘူးဆိုတာကို မျှော် လင့်တတ်ပါစေ။

ဣသရေလလူမျိုးတွေကို ဦးဆောင်အုပ်ချုပ်ခဲ့တဲ့ယေရှုကွယ် လွန်သွားတဲ့နောက် တရားသူကြီးတွေက စီမံခန့်ခွဲခဲ့ပါတယ်။ ဒေဗောရ ဟာ အဲဒီတရားသူကြီးတွေထဲက တစ်ယောက်ပါပဲ။

“ဘုရားသခင်နဲ့ လူတွေရဲ့ အပြန်အလှန် ဆက်သွယ်မှုတွေကို လေ့လာကြည့်မယ်ဆိုရင် ဘုရားသခင်ဆီက မထင်ရတဲ့မဖြစ်နိုင်တဲ့၊ မမျှော်လင့်ထားတဲ့ကိစ္စတွေကို တွေ့ရမှာဖြစ်ပါတယ်။ ထာဝရဘုရား သခင်ဟာ အချိန်တိုင်းမှာ ကျွန်မတို့လူတွေ စဉ်းစားသလို မစဉ်းစားဘူး၊ ကျွန်မတို့ လူတွလုပ်သလို မလုပ်ဘူးဆိုတာ သက်သေပြနေပါတယ်” လို့ ဒေဗောရက ပြောလိုက်ပါ။

အဲဒါဟုတ် မဟုတ် သမ္မာကျမ်းစာထဲပါ ပုဂ္ဂိုလ်တစ်ဦးချင်းကို လေ့လာကြည့်ရအောင်…

နောဧအံ့အားသင့်သွားတာက တစ်ကမ္ဘာလုံးကို ရေနဲ့ ဖျက်ဆီးမယ် ဆိုပေမယ့် ဘုရားသခင်ဟာ သူနဲ့သူ့မိသားစု တစ်ခုလုံးကို ကယ် တင်သွားမယ်ဆိုတာပါပဲ။

အေဘရာဟင် အံ့အားသင့်သွားတာက သားသမီးမရှိတဲ့သူကို ဘုရားသခင်က တစ်နေ့ကျရင် နိုင်ငံတစ်ခုရဲ့ ဦးဆောင်ဖခင်ဖြစ်ရ မယ်လို့ ပြောတာကိုပါ။

ယောသပ်ရဲ့ ညီအစ်ကိုတွေ အံ့အားသင့်သွားတာက သူ့ကို ကျွန် အဖြစ်ရောင်းစားခဲ့တဲ့သူတို့ညီက အဲဂုတ္တုပြည်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်နေတယ်ဆိုတာပါပဲ။

– မောရှေအံ့အားသင့်သွားတာက ထာဝရဘုရားသခင်ဟာ စကားအထစ်အထစ်ပြောတဲ့သူကို ဣသရေလလူမျိုးတွေရဲ့ ခေါင်းဆောင် အဖြစ် ရွေးလိုက်တာကိုပါ။

– ရှင်မွေလအံ့အားသင့်သွားတာက ဒါဝိတ်ဟာ နောက်တက်မယ့် ဣသရေလလူမျိုးအတွက်ဘုရင်ဆိုတဲ့ သတင်းကိုပါ။

– ဒါဝိတ်အံ့အားသင့်သွားတာက ထာဝရဘုရားသခင်ဟာ ဂေါလျတ်ရဲ့ ခေါင်းကိုဖြတ်ခွင့်ပြုပြီး အနိုင်ယူခွင့်ပြုတာကိုပါ။

– နေမန်အံ့အားသင့်သွားတာက ဂျော်ဒန်မြစ်ထဲမှာ ရေချိုးခြင်းဖြင့် သူ့အရေပြားရောဂါကို ဘုရားသခင်က ကုသပေးလိုက်တာကိုပါ။

အဲဒီစာရင်းကို ဆက်ပြုစုမယ်ဆိုရင် ဆုံးမှာ မဟုတ်ပါဘူး။ ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ကို အမြဲအံ့အားသင့်စေပါတယ်။ ဒေဗောရရဲ့ ဇာတ်လမ်းကို ကြည့်လေ။ ၁။ သူမဟာ မမျှော်လင့်ဘဲ ခေါင်းဆောင်ဖြစ်လာသူပါ။

ဒေဗောရတို့ခေတ်ကာလမှာ မိန်းမတွေမှာ ဘာအခွင့်အရေးမှ မရှိသလောက်ပါပဲ။ အုပ်ချုပ်သူမင်းတွေ၊ စစ်သူရဲတွေ၊ ဆုံးဖြတ်ချက်ချသူတွေ အများစုဟာ အမျိုးသားတွေပလေ။ အဲဒီအချိန်မှာ ဒေဗောရဟာ တရားသူကြီးတစ်ယောက် ၊ တရားရုံးမှာထိုင်ပြီး ဣသရေလတစ်နိုင်ငံ လုံးက ပြဿနာမှန်သမျှကို ရှင်းပေးနေတာဟာ မောရှေလုပ်တဲ့အလုပ်လို မျိုးအလားတူပါပဲ။

ဒေဗောရဟာ တရားသူကြီးဖြစ်ရုံသာမက ဘုရားသခင်ရဲ့ ပရောဖက်ဖြစ်နေတာဟာ ဓမ္မကျမ်းဟောင်းမှာပါတဲ့ အခြားတရားသူ ကြီးတွေနဲ့ ခြားနားချက်တစ်ရပ်ပါပဲ။ အဲဒီတရားသူကြီးတွေဟာ စစ်သူရဲ တွေဖြစ်ပြီး ဘုရားသခင်က နတ်သားတွေကနေတစ်ဆင့် ဆက်သွယ် ပါတယ်။ ဒါပေမဲ့ ဒေဗောရကိုတော့ ဘုရားသခင်က တိုက်ရိုက်ဆက် သွယ်တာဟာ ထူးခြားချက်တစ်ရပ်ပါပဲ။ ဒေဗောရရှေ့မှာ ဓမ္မကျမ်းစာထဲမှာ မှတ်တမ်းတင်ထားခဲ့ရတဲ့ ပရောဖက်ဟာ ရှစ်ယောက်ပဲ ရှိပါတယ်။

မိန်းမတွေဦးဆောင်ခွင့်လွန်စွာနည်းပါးတဲ့အချိန်မှာ ဒေဗောရ ဟာ မမျှော်လင့်ဘဲ ထူးခြားတဲ့ခေါင်းဆောင်ဖြစ်နေခဲ့ပါတယ်။ ဒေဗောရ ကို ဘုရားသခင်အခုလို မြှောက်စားခြင်းဟာ ဘာကိုပြသလဲဆိုရင် ဘုရား သခင်ဟာ မထင်မှတ်တဲ့စွမ်းအားနည်းတဲ့သူတွေကို အသုံးပြုတတ်တယ် ဆိုတာပါပဲ၊

၂။ သူမဟာ မမျှော်လင့်တဲ့ သတင်းစကားကို အသိပေးဖော်ပြခွင့်ရ သူပါ။

ဣသရေလလူမျိုးတွေဟာ နှစ်နှစ်ဆယ်အဖိနှိပ်ခံအုပ်ချုပ်ခံရတဲ့အခြေအနေမှာ ထာဝရဘုရားသခင်က သူတို့ကို ကူညီကယ်မမယ်ဆိုတဲ့ သတင်းစကားကို ဒေဗောရကို ပေးခဲ့ပါတယ်။ အဲဒီသတင်းစကား ကလည်း တိကျပါတယ်။ ထာဝရဘုရားသခင်ဟာ ဗာရက်ကို စစ်သား တစ်သောင်းကို ဦးဆောင်ပြီး ကိရှုန်မြစ်မှာ ခါနန်ဘုရင့်စစ်တပ်ရဲ့ ခေါင်း ဆောင်ဗိုလ်ချုပ်သိသရကို ရင်ဆိုင်အနိုင်ယူဖို့ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ဣသရေလလူမျိုးတွေ ဘယ်လိုတုံ့ပြန်သလဲကို လေ့လာကြည့်ရအောင်။ မျိုးဆက်တစ်ဆက်တိတိ အနှိမ်ခံအုပ်ချုပ်ခံရတဲ့ ဣသရေလလူမျိုးတွေဟာ စိတ်ဓာတ်ကြံ့ခိုင်မှုနည်းပြီး ကိုယ်ရည်ကိုယ် သွေးကျနေပါတယ်။ အုပ်ချုပ်ခံ အဖိနှိပ်ခံလက်အောက်က လွတ်မြောက် ဖို့ မစဉ်းစားထားကြပါဘူး။

ခါနန်လူမျိုးနဲ့ ပတ်သက်တဲ့ခံယူချက်ကလည်း ပျော့ညံ့တော့ တိုက်ပွဲမှာအောင်မြင်ဖို့ဆိုတာ လုံးဝမစဉ်းစားထားပါဘူး။ ခါနန်စစ်သား တွေဟာ လက်နက်အပြည့်အစုံနဲ့ ကျွမ်းကျင်မှုရှိရုံသာမက အခုခေတ် တင့်ကားတွေနဲ့ တင်စားလို့ရတဲ့ စစ်မြင်းရထားကိုးရာလည်း ရှိနေပါတယ်။

ဒါပေမဲ့ ထာဝရဘုရားသခင်မှာ သာမန်ထက်ထူးခြားတဲ့မျှော် လင့်ချက် ရှိနေပါတယ်။ ထာဝရဘုရားသခင်က ကူညီမယ်ဆိုရင်ဣသရေလလူမျိုးတွေနိုင်မယ်ဆိုတာ ဘုရားသခင် သိနေပါတယ်။

ဒေဗောရဟာ ဘုရားသခင်ရဲ့ သတင်းစကား၊ တစ်နည်းအား ဖြင့် ဘုရားသခင်ရဲ့ ယုံကြည်ချက်ကို ဣသရေလလူမျိုးတွေကို အသိပေး ခဲ့ပေမယ့် ဗာရက်ကတော့ သူမ မပါရင် ဒီတိုက်ပွဲကို မဦးဆောင် မတိုက် ခိုက်ဘူးလို့ ပြောလာပါတယ်။ သူထင်ကောင်းထင်နေတာက သူမသာ ပါရင် မောရှေလိုပဲ စစ်တိုက်နေတဲ့အချိန်မှာရှိတဲ့အတွက် စစ်ပွဲအနိုင်ရ သလိုမျိုး စစ်ပွဲအောင်မယ်ဆိုတာပါပဲ။ ဒါမှမဟုတ် သူတို့ စစ်ရှုံးခဲ့ရင် သူရော သူမပါ တိုက်ပွဲမှာကျဆုံးတာမျိုး စဉ်းစားကောင်း စဉ်းစားပါလိမ့် မယ်။ ဘယ်သူသိနိုင်မှာလဲ။ ဗာရက် ဘာစဉ်းစားတယ်ဆိုတာ။ ဒါပေမဲ့ ဒေဗောရဟာ သူနဲ့အတူ စစ်တိုက်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒါကြောင့် မထင်မှတ်ဘဲ တရားသူကြီးပရောဖက်အပြင် စစ်ဗိုလ်ချုပ်ဆိုတဲ့ ရာထူးပါ ရပါတယ်။

၃။ မထင်မှတ်တဲ့နည်းလမ်းပုံစံနဲ့ ထာဝရဘုရားသခင်ဟာ ဆောင်ရွက် တတ်ပါတယ်။

“ခင်ဗျားအမှုဆောင်တဲ့ကိစ္စမှာ ဘုရားသခင်ဟာ ဘာလုပ်နေ တယ်ဆိုတာ ခင်ဗျားက ရှင်းပြနိုင်တယ်ဆိုရင် ဘုရားသခင်က တကယ် အလုပ်မလုပ်သေးဘူးဆိုတာ သိဖို့ လိုပါတယ်” လို့ ဝါရင်ဒီဗလျူဝါးစဘီ က ဆိုပါတယ်။ ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ကို စိတ်ရှည်စွာနဲ့ အားကိုးစေချင်တယ်။ ဘုရားသခင်က သူ့ရဲ့ ထူးခြားဆန်းကြယ်တဲ့ လုပ် ရပ်တွေကို ပြသချင်တယ်။ သမ္မာကျမ်းစာတစ်ခုလုံးမှာ သူ့လူမျိုးတွေအတွက် ပုံစံမျိုးစုံနဲ့ ရောက်ရှိ လာတဲ့ရန်သူတွေကို အနိုင်ယူတိုက်ခိုက်တဲ့ ပုံပြင်တွေ နဲ့ အပြည့်ပဲလေ။ ပုံစံမျိုးစုံဆိုရာမှာ ရောဂါမျိုးစုံ၊ ဒါမှမဟုတ် စခန်းမှာ အချင်းချင်း ရှုပ်ထွေး သတ်ဖြတ်ကြတာ၊ ဒါမှမဟုတ် မြေငလျင် လှုပ်တာတို့ ဖြစ်ပါတယ်။

လွင်ပြင်တစ်ခုလုံးကို ရေနဲ့ဖုံးလွှမ်းစေလိုက်တာကြောင့် စစ်မြင်းရထား တွေကို ဘယ်လိုမှ အသုံးချလို့မရတော့တဲ့အချိန်မှာ ဣသရေလစစ် တပ်ဟာ ခါနန်စစ်တပ်ကို အနိုင်ယူတိုက်ခိုက်လိုက်နိုင်ပါတယ်။ လှည့် ကွက်ကတော့ ခါနန်စစ်တပ်ကိုးကွယ်တဲ့ ဗာလနတ်မင်းကြီးဟာ ရာသီ ဥတုနဲ့ လေမုန်တိုင်းကို အောင်နိုင်တယ်ဆိုပေမယ့် အဲဒီမုန်တိုင်းကြောင့် ခါနန်စစ်တပ်ရှုံးသွားရတာဟာ မှတ်သားစရာသင်ခန်းစာတစ်ရပ်ပါပဲ။

အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဘုရားသခင်ရဲ့ ကြီးကျယ် ခမ်းနားတဲ့အစီအစဉ်တွေကို ကျွန်တော်တို့ရဲ့ သေးငယ်တဲ့ စိတ်နှလုံး နဲ့ နှိုင်းယှဉ်လို့ မသင့်ပါဘူး။ ဘာ့ကြောင့် ကျွန်တော်တို့ရဲ့ အကန့်အသတ် ရှိတဲ့နားလည်မှုပုံစံနဲ့ ဘုရားသခင်ဆီက ကြီးကျယ်ခမ်းနားတဲ့လုပ်ဆောင် မယ့်အစီအစဉ်တွေကို မျှော်လင့်နေပါသလဲ။

၄။ အဆုံးရလဒ်ကတော့ မျှော်လင့်မထားတဲ့အောင်မြင်မှုဖြစ်ပါတယ်။

ထာဝရဘုရားသခင်ကို ယုံကြည်သူနဲ့ လိုက်နာကျင့်သုံးသူတွေ အတွက် နောက်ဆုံးရလဒ်ကတော့ မျှော်လင့်ထားသလို ဖြစ်နေပေမယ့် ကျန်တဲ့တစ်ကမ္ဘာလုံးအတွက်တော့ အံ့အားသင့်စရာဖြစ်စေပါလိမ့်မယ်။ ရန်သူ့ခေါင်းဆောင်သိသရစစ်ရှုံးပြီး အသတ်ခံရတာကိုကြည့်ရင် အဲဒီ အချက်ကို တွေ့ရပါလိမ့်မယ်။ စစ်ရှုံးပြီးထွက်ပြေးလာရတဲ့ သိသရဟာ ပင်ပန်းလွန်းတဲ့အတွက် တဲလေးတစ်ခုထဲ ဝင်အနားယူရပါတယ်။ အိပ် ပျော်သွားတဲ့အခြေအနေမှာ ဣသရေလလူမျိုးယေလဆိုတဲ့အမျိုးသမီး ဟာ စို့နဲ့သူ့ခေါင်းထဲရိုက်ထည့်လိုက်ပါတယ်။ အဲဒီမှာ ဣသရေလ လူမျိုးတွေရဲ့ စစ်ပွဲအောင်မြင်မှုနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

ဒေဗောရဆီက ဘဝသင်ခန်းစာများ

ဒေဗောရဟာ ထူးခြားတဲ့ခေါင်းဆောင်ဖြစ်ပြီး ဝိဉာဉ်ရေး၊ အသိုင်းအဝန်း၊ အစိုးရနဲ့ စစ်တပ်အပေါ် လွှမ်းမိုးနိုင်စွမ်းရှိသူဖြစ်ပါတယ်။ အဲဒီလိုခေါင်းဆောင်ဆီက ထူးခြားတဲ့သင်ခန်းစာတွေလေ့လာ ရရှိနိုင်ပါတယ်။

“ဘယ်သူကမှ မျှော်လင့်မထားတဲ့အချိန်နဲ့အခြေအနေမှာ ရဲရဲဝံ့ဝံ့ရပ်တည် ရဲဖို့ လိုပါတယ်။

“ကျွန်မအနေနဲ့ ဗာရက်ကို ခါနန်စစ်တပ်ကို ဦးဆောင်တိုက် ခိုက်ဖို့ ဘုရားသခင်က အလိုရှိတယ်ဆိုတဲ့ သတင်းပြောပြချိန်မှာ ဗာရက် ဟာ တုံ့ဆိုင်းနေခဲ့ပါတယ်။ ဒါလည်း နားလည်လက်ခံစရာပဲလေ။ ခါနန် ဘုရင်ရာဘိန်ရဲ့ နှစ်နှစ်ဆယ်ဖိနှိပ်အုပ်ချုပ်ခံခဲ့ရတာဆိုတော့ ဣသရေလ လူမျိုးတိုင်း သူကြောက်နေတာ မဆန်းပါဘူး။ ဒါပေမဲ့ သူတို့အားလုံး မမျှော်လင့်ထားတာက ဗာရက်အနေနဲ့ ဒီစစ်ပွဲမှာ ပါဝင်ဖို့ ကျွန်မကို ဖိတ်ခေါ်ခဲ့တဲ့အခါမှာ ကျွန်မက တစ်ချက်မှမငြင်းဘဲ လိုက်မယ်ဆိုတာ ကိုပါ။ ဣသရေလနိုင်ငံမှာ တစ်ယောက်မှ ဒါမျိုး မကြုံဖူးဘူးလေ။

ဘုရားသခင်ဟာ ကျွန်မနဲ့ ရှင်တို့လို မထင်မှတ်ထားတဲ့သူတွေ ကို အသုံးပြုတတ်တယ်လေ။ ဘုရားသခင်အတွက် ရဲရဲဝံ့ဝံ့ရပ်တည်ပြီး စိတ်တိုင်းမကျတဲ့ကိစ္စတွေကို ရင်ဆိုင်ရဲတဲ့သူတွေကို ဘုရားသခင်က အသုံးချတတ်ပါတယ်။ အခြားသူတွေ ဘယ်လိုပဲထင်နေပါစေ။ အရေး ကြီးတာက ရှင်တို့ရဲ့ လုပ်ချင်ကိုင်ချင်စိတ်ကို ဘုရားသခင် သိရှိနေဖို့ပါပဲ။ အခြားသူတွေရဲ့ ဘောင်အကန့်အသတ်ထဲမှာနေဖို့ မကြိုးစားပါနဲ့။ ဘာလို့လဲဆိုတော့ ရှင်တို့ ကျွန်မတို့ ကိုးကွယ်ထားတဲ့ ဘုရားသခင် ဟာ ကန့်သတ်ချက်မရှိလို့ပါပဲ။ တစ်ကမ္ဘာလုံးက ရှင်တို့နဲ့ ကျွန်မတို့ကို ဘယ်လိုမြင်တာက အရေးမကြီးပါဘူး။

မိဘ၊ သူငယ်ချင်းအပေါင်းအသင်း၊ ဆရာသမား၊ လုပ်ဖော်ကိုင်ဖက်၊ ခေါင်းဆောင်တို့မြင်တာထက် ဘုရားသခင်က ပိုမြင် ပါတယ်။ အခြားသူတွေက ဘယ်လိုပဲမြင်ပါစေ။ အဲဒီအကန့်အသတ်တွေ၊ သတ်မှတ်ချက်တွေဟာ ရှင်နဲ့ မဆိုင်ပါဘူး။ ဘုရားသခင်ဟာ အချိန်မရွေး ရှင်ကို အသုံးပြုနိုင်ပါတယ်။ ကျွန်မတို့ ရှင်တို့ကို မျှော်လင့်နေ ပြီး ထူးခြားတဲ့ဆောင်ရွက်မှုတစ်ခုလုပ်ဆောင်ဖို့ အသင့်ဖြစ်နေပါတယ်။ ရှင်တို့အားလုံးဟာ မမျှော်လင့်တာလုပ်ဖို့ ပြင်ဆင်ထားခြင်းခံရသူတွေ စာရင်းထဲမှာ ပါပြီးသားပါ။ အဲဒီစာရင်းထဲမှာ အာဗရံဟံ၊ နိုဘာတို့ အပါအဝင်ပဲလေ။ ဘုရားသခင်ဟာ ခင်ဗျားတို့ကနေတစ်ဆင့် ကမ္ဘာကြီး ကို အံ့အားသင့်စေဖို့ ပြင်ဆင်ထားပါတယ်။

ဘုရားသခင် မျှော်လင့်ထားတဲ့အချိန်မှာ ပြောရဲဆိုရဲရှိပါစေ။

“ဣသရေလလူမျိုးတွေဟာ ထုံးစံအတိုင်း ကျွန်မဆီကိုလာပြီး သူတို့ရဲ့ ပြဿနာအခက်အခဲတွေကို ရှင်းခိုင်းတတ်ပါတယ်။ သူတို့အနေ နဲ့ ကျွန်မရဲ့ အကြံပေးချက်နဲ့ ဉာဏ်ပညာကို နားထောင်ကျင့်ရှိပေမယ့် အုပ်ချုပ်တဲ့ခါနန်ဘုရင်ကို တော်လှန်တွန်းလှန်ဖို့ဆိုတဲ့ ကျွန်မရဲ့ မေတ္တာ ရပ်ခံချက်ကိုတော့ သူတို့ဘယ်လိုတုံ့ပြန်မယ်ဆိုတာ မသေချာသလို ဖြစ် နေတယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ သူတို့ရဲ့ အကြောက်တရားနဲ့ ကျွန်မ ရဲ့ သံသယကို ဘေးဖယ်ပြီး ဘုရားသခင်အလိုတော်အတိုင်း ပြောဆိုဖို့ ဆုံးဖြတ်ပြီးသားပဲလေ” လို့ ဗောရက ပြောပြနေပါတယ်။

တစ်ဆက်တည်း သူမက “ထာဝရဘုရားသခင်အနေနဲ့ နာဿ လိအမျိုးနဲ့ ဇာမုလုန်အမျိုးကနေ လူတစ်သောင်းတပ်ထောက်ပံ့မယ်။ ရန်သူဗိုလ်ချုပ်သိသရကို ကိရှန်မြစ်ထိဖြားယောင်းပြီး အနိုင်ရစေမယ် ဆိုတဲ့ ဘုရားသခင်ရဲ့ ကတိတော်တွေဟာ ကျောက်ဆောင်ကျောက်ခဲ တွေလို ခိုင်ခန့်နေလို့ပါပဲ” ပြောနေပါတယ်။

ဘု ရားသခင် အမှု တော်ကို ထမ်းဆောင်ရာမှာလုပ်ချင်တဲ့ စိတ် ရှိမှ၊ ဒါမှ မဟုတ် အစစအရာရာပြည့်စုံ ကောင်းမွန်မှဆိုတဲ့ ကန့်သတ်ချက်၊ မျှော်လင့်ချက်တွေနဲ့ လုပ်လို့မရပါဘူး။ ဘုရားသခင်အမှုတော်ဆောင်ရာမှာ အမြဲလုံခြုံစိတ်ချရတဲ့အခြေအနေမဖြစ်နိုင်ပါဘူး။ ဘုရား သခင်အတွက် ရဲရဲဝံ့ဝံ့ရပ်တည်ပြီးပြောဆိုတာဟာ လုံခြုံမှုမရှိပေမယ့် ဘုရားသခင်ဆီက လုံခြုံမှုကတော့ အမြဲရနေမှာပါ။

အခြားသူတွေမျှော်လင့်နေတဲ့အချိန်မှာ ရှေ့ထွက်လာရဲဖို့ လိုပါတယ်။

“စစ်ထွက်ဦးဆောင်တိုက်ဖို့ ကျွန်မတာဝန်လား။ ဘုရားသခင် က ကျွန်မကို ဦးဆောင်ဖို့ ခိုင်းလား။ မဟုတ်ပါဘူးရှင့်” ဟု ဒေဗောရက ဖြေပြီး တစ်ဆက်တည်းမှာ “ဒါက ဗာရက်ရဲ့ တာဝန်လေ။ ဘုရားသခင် က ဗာရက်ကိုစစ်ချီဖို့နဲ့ သိသရကိုအနိုင်တိုက်ဖို့ ခိုင်းစေထားတာလေ။ တစ်ချိန်တည်းမှာ ဣသရေလလူမျိုးတွေက ကျွန်မတို့အနေနဲ့ ထာဝရ ဘုရားသခင်စကားကို နားထောင်ပြီး အနိုင်ရရှိဖို့ မျှော်လင့်ထားတာလေ။ ဒါကြောင့် ခေါင်းဆောင်တွေဖြစ်တဲ့ ကျွန်မတို့အနေနဲ့ သတ္တိရှိရှိ ရှေ့ထွက်မလာရဲဘူးဆိုရင် ကျွန်မတို့လူတွေအပေါ် တာဝန်မကျေရာ ရောက်တယ်။ နောက်ကိုလည်း လိုက်ကြမှာမဟုတ်တော့ဘူး။

ဒါကြောင့် ကျွန်မဟာ ထာဝရဘုရားသခင်နဲ့ ကျွန်မလူမျိုး အတွက် စစ်ထွက်ခဲ့တယ်။ ဘယ်သူမှမမျှော်လင့်ထားတဲ့မှန်ကန်တဲ့ကိစ္စ ဖြစ်တဲ့အတွက် ဘုရားသခင်က ကျွန်မမျှော်လင့်ထားသလိုပဲ သူ့ကတိတော်ကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ နောက်ဆုံးမှာ သိသရရဲ့ အနိုင်ကျင့် အုပ်ချုပ်မှုကို အဆုံးသတ်တယ်။ ဘုရားသခင်ရဲ့ နာမတော်ကို ချီးမွမ်း ပါတယ်။

ဒေဗောရက “တကယ်လို့ ရှင်ဟာ ခေါင်းဆောင်တစ်ယောက် ဆိုရင် ရှင့်လူတွေအတွက် ရှေ့ထွက်လာရဲဖို့ လိုပါတယ်။ ရှင့်သတ္တိဟာ သူတို့ရဲ့ သတ္တိ၊ ရှင့်နာခံမှုဟာ သူတို့ရဲ့နာခံမှု၊ ရှင့်အောင်မြင်မှုဟာ သူတို့ရ အောင်မြင်မှုဖြစ်တဲ့အတွက် တလွဲတချော် မဖြစ်ပါစေနဲ့။

ကျွန်တော်တို့အတွက် ဒေဗောရရဲ့ဆုတောင်းများ

မြင့်မြတ်တော်မူသော ဣသရေလလူမျိုးတို့ရဲ့ ထာဝရဘုရား သခင်…

ဘုရားသခင်အတွက် အခြေအနေသစ်၊ နယ်မြေသစ်တွေ ဖန်တီး ပေးနိုင်ဖို့ ကျွန်မမိတ်ဆွေတွေကို သတ္တိပေးသနားတော်မူပါ။ ဉာဏ်ပညာ ပေးသနားတော်မူပါ။ ရဲရင့်မှုပေးသနားတော်မူပါ။ ထာဝရဘုရားသခင် တစ်ပါးတည်းဆီကလာတဲ့ယုံကြည်မှု ပေးသနားတော်မူပါ။ အောင်မြင် မှုရလဒ်ပေးသနားတော်မူပါ… အာမင်။

ဒေဗောရထံမှ ခေါင်းဆောင်မှုသင်ခန်းစာများ

အဲဒီလိုဆုတောင်းပေးပြီးတဲ့နောက် ဒေဗောရဟာ မတ်တတ်ရပ် ပလိုက်ပြီး ဘယ်သူ့ကိုမှ မကြည့်ဘဲ အခန်းထဲကနေ ဖြေးညှင်းစွာထွက် ခွာသွားပါတယ်။ သူမရဲ့ ဉာဏ်စွမ်းအား၊ မိမိကိုယ်မိမိ ယုံကြည်ချက်၊ ပြင်းထန်တဲ့ယုံကြည်ချက်ကို ကျွန်တော်အံ့အားသင့်နေမိပါတယ်။ ဘယ် နေရာရောက်ရောက် သူမဟာ အလွယ်တကူနဲ့ အမိန့်ပေးဦးဆောင် နိုင်တာကို မြင်တွေ့နိုင်ပါတယ်။ အဲဒါကြောင့်လည်း ဗာရက်ဟာ သူနဲ့ အတူ စစ်ထွက်ဖို့၊ စစ်တိုက်ဖို့ တောင်းဆိုခဲ့တာကိုး။

သင်းအုပ်ဆရာဂျက်ဟေးဝေါ့က “သေးသိမ်ကျဉ်းမြောင်းလှတဲ့၊ လူတွေသတ်မှတ်ထားတဲ့ ဘောင်တွေထဲမှာ ကိုယ့်ဘဝကိုယ်တည်ဆောက် ဖို့ ကြိုးစားနေမယ့် အစား ဘုရားသခင်ရဲ့ အစီအမံဟာ အပြည့်စုံ ဆုံးဆိုတာ နားလည်လက်ခံဖို့ လိုပါတယ်” ဟု ဆိုထားပါတယ်။ ဒေဗောရဟာ ဘုရားသခင်လုပ်စေချင်တာလုပ်ဖို့ ဖွင့်ထားခဲ့ပါတယ်။ သူမရဲ့ အကြောင်းကို လေ့လာမယ်ဆိုရင် ဘုရားသခင်ဟာ ကျွန်တော်တို့ရှိရာ ကိုလာပြီး ကျွန်တော်တို့မျှော်မှန်းထားတာထက် မြင့်တဲ့နေရာကို ဆွဲတင် ဖို့ ဆန္ဒရှိပါတယ်ဆိုတာ တွေ့ရပါတယ်။

ဒေဗောရဆီကနေ ခေါင်းဆောင်မှုသင်ခန်းစာတွေကို သင်ယူ လေ့လာနိုင်ပါတယ်။

၁။ ခေါင်းဆောင်တစ်ယောက်က ငြင်းမယ်ဆိုရင် ဘုရားသခင်ဟာနောက်ခေါင်းဆောင်တစ်ယောက်ကို သူ့နေရာယူဖို့ လုပ်ဆောင် တတ်ပါတယ်။

ခေါင်းဆောင်တွေဟာ ကိုယ့်အလုပ်ကို ကိုယ်မလုပ်ဘူးဆိုရင် ဘုရားသခင်ဟာ အခြားခေါင်းဆောင်တွေကို ဖိတ်ခေါ်ပြီး တာဝန်ပေး တတ်ပါတယ်။ ဗာရက်က ငြင်းဆိုခဲ့တဲ့အတွက် ထာဝရဘုရားသခင်က ဒေဗောရကို မွေးထုတ်ခဲ့ပါတယ်။ တကယ်လို့များ သူမက ငြင်းမယ်ဆို ရင် တစ်ယောက်လောက်က သူမနေရာကို ယူမှာ အသေအချာပဲလေ။ ဘုရားသခင်ရဲ့ အမှုတော်ကို ထမ်းဆောင်ဖို့ ခေါင်းဆောင်တွေက ရှိနေ မှာပဲလေ။ ငြင်းဆန်တတ်တဲ့ ခေါင်းဆောင်တစ်ယောက်ကို ဘုရားသခင် အနေနဲ့ စိတ်ပြောင်းဖို့နဲ့ အလားတူအခွင့်အရေးပေးတာမျိုးပေးတတ် ပေမယ့် အဲဒီလိုလူမျိုးတွေကြောင့် ဘုရားသခင်ရဲ့ အလိုဆန္ဒနှောင့် နှေးခြင်း မရှိတတ်ပါဘူး။ အချုပ်အခြာအာဏာပိုင်ဆိုင်တဲ့ဘုရားသခင် အတွက်တော့ ခေါင်းဆောင်ဆိုတာ မရှားပါဘူး။

ဒါကြောင့် ကျွန်တော်တို့ကို ထာဝရဘုရားသခင်က တစ်ခုခု လုပ်ဖို့ ခေါင်းဆောင်တာဝန်ပေးရင် အခွင့်အရေးလို့ ခံယူပါ။ အဲဒီ အခွင့်အရေးဟာ ဘုရားသခင်ရဲ့ ဖိတ်ခေါ်ချက်ဖြစ်ပြီး တာဝန်မဟုတ်ပါ ဘူး။ လက်ခံဖို့ အသင့်ဖြစ်ပြီလား။ အကြောက်တရားရဲ့လွှမ်းမိုးမှုခံမယ် ဆိုရင် ဗာရက်လိုပဲ ကိုယ်ရမယ့်ကောင်းချီးဟာ အခြားသူဆီရောက်သွား မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီအခွင့်အရေးကို လက်လွတ်မခံပါနဲ့။

၂။ ခေါင်းဆောင်ဆိုသူတွေအပေါ် သတ်မှတ်ချက်၊ ဘောင်တွေ မထား ပါနဲ့။

အဲဒီခေတ်အခါမှာတော့ ဒေဗောရနဲ့ ယေလတို့လိုအမျိုးသမီး တွေအတွက် အခွင့်အရေးနည်းသလို လူအများစုက ခေါင်းဆောင်လို့ လက်မခံတတ်ကြပါဘူး။ ဒါပေမဲ့ ဒေဗောရနဲ့ ယေလတို့ဟာ အဲဒီ လိုကန့်သတ်ချက်တွေ၊ ဘောင်တွေကို ခွင့်မပြု၊ လက်မခံခဲ့ပါဘူး။ World Vision ရဲ့ တည်ထောင်သူ Bob Pierce ပြောသလိုပဲ ဘုရားသခင်ရဲ့ အခန်းကဏ္ဍကို သူတို့ဦးစားပေးခဲ့ပါတယ်။ ဘုရားသခင်ပေးတဲ့ အခွင့် အရေးကို အမိအရအသုံးချလုပ်ကိုင်ခဲ့ပါတယ်။ သူတို့ သိရှိနားလည် ထားတာက သူတို့လုပ်နိုင်တာနဲ့ တကယ်ဖြစ်လာမယ့် အခြေအနေကြား မှာ ကွက်လပ်ရှိပေမယ့် အဲဒီကွက်လပ်ကို ဘုရားသခင်က ဖြည့်ဆည်းပေး တယ်ဆိုတာပါပဲ။

ကျွန်တော်တို့လည်း သူတို့လိုပဲ အခြားသူတွေက ကျွန်တော် တို့ကို ဘယ်လိုတွေးမြင်မယ်ဆိုတဲ့ အတိတ်ကို တမ်းတနေဖို့မဟုတ်ဘဲ ကိုယ့်စွမ်းအင်သုံးပြီး ခေါင်းဆောင်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံး လုပ်ဆောင်ပါ။ ဘုရားသခင်ဆီက မျှော်လင့်ရမှာကတော့ ဘုရားသခင်ပဲလုပ်နိုင်မယ့်ကိစ္စကို ဘုရားသခင်က လုပ်ပါလိမ့် မယ်ဆိုတဲ့အချက်ပါပဲ။ အခြားခေါင်းဆောင်တွေကိုလည်း ဒီတိုင်း နားလည်လက်ခံပေးပြီး သူတို့အနေနဲ့ ဘုရားသခင်ကို တောင်းလျောက မယ်ဆိုရင် ဘုရားသခင်က ကူညီပေးပါလိမ့်မယ်။

ကျွန်တော်ပဲဖြစ်ဖြစ်၊ ခင်ဗျားပဲဖြစ်ဖြစ် အကန့်အသတ်တွေ ဘောင်တွေသာမရှိရင် ဘုရားသခင်က ဘယ်လောက်ထိ လုပ်ပေးမယ် ဆိုတာ စဉ်းစားကြည့်ရအောင်ဗျာ။ ခေါင်းဆောင်အနေနဲ့ ဘယ်လို တာဝန်တွေယူနိုင်မလဲ၊ ဘုရားသခင်ရဲ့ ကူညီလမ်းပြကောင်းချီးကြောင့် ဘယ်လိုအောင်ပွဲတွေ ရနိုင်မလဲ၊ ဘုရားသခင်ကြီးမြတ်သလို ဖြစ်နိုင်ခြေ တွေကလည်း ကြီးမားပါတယ်။

၃။ ဘုရားသခင်ရဲ့ ခေါင်းဆောင်တွေဟာ ဘုရားသခင်ရဲ့ အမိန့်ကို နားထောင်မယ်ဆိုရင် အားလုံးကောင်းချီးခံစားရပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ ဘုရားသခင်ရဲ့ တာဝန်ပေးချက်ကို ဖြည့်ဆည်းလုပ်ဆောင်မယ်ဆိုရင် သက်ဆိုင်သူတွေအားလုံးကောင်းချီး ခံစားရပါတယ်။ ဒေဗောရရဲ့ ဦးဆောင်မှုအောက်မှာ ဣသရေလလူမျိုး တွေဟာ ဖိနှိပ်အုပ်ချုပ်မှုအောက်က လွတ်မြောက်ခဲ့ရပြီး နှစ်လေးဆယ်တိတိ ငြိမ်းချမ်းစွာနေထိုင်ခဲ့ရပါတယ်။ ထာဝရဘုရားသခင်အနေနဲ့ ထူးခြားတဲ့ကိစ္စဆောင်ရွက်ခွင့်ပြုခဲ့တဲ့အတွက် ဒေဗောရအနေနဲ့ ဣသရေလ လူမျိုးတွေကို အေးဆေးစွာနေထိုင်နိုင်တဲ့အမွေအနှစ်ပေးနိုင်ခဲ့ပါတယ်။

တကယ်လို့ ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကိုယ့်လူတွေကို ကောင်းချီးခံစားစေချင်ရင် ဘုရားသခင်တာဝန်ပေးလာ တဲ့အခါ လုပ်ဆောင်ဖို့နဲ့ သက်သေခံကောင်းအနေနဲ့နေထိုင်ဖို့ လိုပါတယ်။ ဘုရားသခင်ဦးဆောင်တဲ့နောက်ကို နာမည်ကောင်းနဲ့ လိုက်နာလုပ်ကိုင် ပါ။ အခြားသူနာမည်ရသွားတာမျိုးလည်း မစိုးရိမ်ပါနဲ့။ ကြီးမြတ်တဲ့ဘုရား သခင်က လူတိုင်းကို လုံလောက်တဲ့ကောင်းချီးပေးစွမ်းနိုင်ပါတယ်။

ဒေဗောရရဲ့ဆွေးနွေးရေးလမ်းညွှန်

ထိုကာလအခါ လပိဒုတ်မြို့သား ပရောဖက်မ ဒေဗောရသည် ဣသရေလအမျိုးကို အုပ်စိုး၏။ သူသည် ဧဖရိမ်တောင်ပေါ်၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ၍၊ ဣသရေလ အမျိုးသားတို့သည် ထိုပရောဖက်မ၏စီရင်ခြင်းကို ခံအံ့သောငှာ ရောက် လာတတ်ကြ၏။ တဖန် ဒေဗောရသည် လူကို စေလွှတ်၍၊ နဿလိ ခရိုင်ကေဒေရှမြို့မှာနေသော အဘိနောင်၏သား ဗာရက်ကို ခေါ်ပြီး လျှင်၊ သင်သည် နဿလိအမျိုး၊ ဇာဗုလုန်အမျိုးထဲက လူတသောင်းကို သွေးဆောင်၍ တာမွှေတောင်သို့ သွားလော့။

ငါသည်လည်း ယာဘိန် မင်း၏ဗိုလ်ချုပ်သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာ ကိန္ဒုမြစ်သို့ သွေးဆောင်၍ သင့်လက်၌ အပ်မည်ဟု ဣသရေလအမျိုး၏ ဘုရား သခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ၏။ ဗာရက်က လည်း၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ကြွလျှင် အကျွန်ုပ် သွားပါ မည်။ ကြွတော်မမူလျှင်မူကား မသွားပါဟု လျှောက်သော်၊ ဒေဗောရက၊ ငါသည် သင်နှင့်အတူ အမှန်သွားမည်။ သို့သော်လည်း သင်သွားရာ လမ်း၌ ဂုဏ်အသရေကို မရရာ။ ထာဝရဘုရားသည် သိသရကို မိန်းမ၌ ရောင်းတော်မူမည်ဟု ဆိုပြီးမှ ထ၍ ဗာရက်နှင့်အတူ ကေဒေရှမြို့သို့သွားလေ၏။

ဗာရက်သည် နဿလိအမျိုးသား၊ ဇာဗုလုန်အမျိုးသားတို့ကို ကေဒေရှမြို့ သို့ခေါ်၍ လိုက်သောသူ တသောင်းနှင့်တကွ ဒေဗောရ ပါလျက် တက်လေ၏။

တရားသူကြီးမှတ်စာ ၄း၄-၄၀

၁။ ဣသရေလသမိုင်းမှာ ဒေဗောရအနေနဲ့ တရားသူကြီးတာဝန်ယူတဲ့အချိန်ကာလကို ဘယ်လိုထင်မြင်ယူဆပါသလဲ။

၂။ ခင်ဗျား မထင်မှတ်တဲ့ကိစ္စကို ဘုရားသခင်က လုပ်ဆောင်ခဲ့ဖူးလား။အဲဒီကိစ္စက ဘာလဲ။ ခင်ဗျား ဘယ်လိုတုံ့ပြန်ခဲ့သလဲ။

၃။ ဘုရားသခင်အတွက် စကားပြောဖို့ ခက်ခဲပါသလား၊ ဒါမှမဟုတ် ၊ လွယ်ကူပါသလား။ ဘာကြောင့်လဲ။

၄။ အခြားသူတွေက ခင်ဗျားကို ဘယ်လိုအကန့်အသတ်တွေ၊ ဘောင်တွေ သတ်မှတ်ထားတယ်လို့ ထင်ပါသလဲ။ အဲဒါတွေကို ဘယ်လို ဖြေရှင်းရင်ဆိုင်ခဲ့ပါသလဲ။

၅။ အဲဒီကန့်သတ်ချက်တောင်တွေကို ဖယ်ရှားပြီး ဘုရားသခင်က ခင်ဗျားကို ထူးခြားတဲ့ကိစ္စတွေလုပ်ပေးနိုင်တယ်လို့ ယုံကြည်ရင် ဘုရားသခင်အတွက် ဘာလုပ်နိုင်မယ်လို့ ထင်ပါသလဲ။

၆။ အဲဒီကန့်သတ်ချက်ဘောင်တွေကို ဘယ်လိုဖယ်ရှားဖို့ ပြင်ဆင်သလဲ။ဘယ်လိုအကူအညီတွေ လိုပါသလဲ။ အဲဒါတွေကို ဒီနေ့ စလုပ်ဖို့ဆန္ဒပြင်းပြပါသလား။ ၇။ တကယ်လို့များ ဘုရားသခင်က ခေါင်းဆောင်ဖို့ တာဝန်ပေးရင်လုပ်ကိုင်ဖို့ ဆန္ဒရှိရဲ့ လား။

ဒေဗောရအကြောင်း ပိုမိုသိရှိနိုင်ဖို့ တရားသူကြီးမှတ်စာ ၄း၁-၅း၃၁ ကို ဖတ်ရှုဆင်ခြင်ပါ။

ဟေရှာယ

ဘုရားသခင်အကြံအစည်ကြောင့်သာ ဘုရားသခင်နဲ့တွေ့ဆုံခွင့်ရပါတယ်

မွန်းတည့်ခါစအချိန် ကျွန်တော်တို့အားလုံး ဒေဗာရပြောဆိုရှင်း ပြသွားတာတွေ ပြန်လည်ဆင်ခြင်စဉ်းစားလို့ကောင်းနေတုန်းမှာ လူတစ်ယောက်ရဲ့ ခြေလှမ်းတွေကို စပြီး ကြားလိုက်ရတယ်။ မရှေးမနှောင်းမှာ ပဲ အခန်းဝမှာ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနဲ့ အပြာရောင်ဖျော့ဖျော့ ဝတ်ထားပြီး တက်မြက်တဲ့မျက်လုံးပိုင်ရှင်နဲ့ လူတစ်ယောက်ကို တွေ့ လိုက်ရပါတယ်။ သူ့ကိုကြည့်ရတာ တက္ကသိုလ်တစ်ခုခုက ပရော်ဖက်ဆာ တစ်ယောက်နဲ့တူပြီး ပခုံးမှာ လွယ်ထားတဲ့ဖျင်စအိတ်ထဲမှာ ဆလင်ဒါဗူး တွေ ထည့်ထားတာတွေ့လိုက်ပါတယ်။ အိတ်ထဲက ထိုးထိုးထောင်ထောင် ထွက်နေတာကိုကြည့်လိုက်တော့ စာပုရပိုက်ခွေဆိုတာ သတိထားမိလိုက် ပါတယ်။

သူဟာ ထိုင်ခုံပေါ်ထိုင်ချပြီး လက်နှစ်ဖက်ကို ပေါင်ပေါ်တင် ထားလိုက်ပါတယ်။ နောက်တစ်ချက် သတိထားမိတာကတော့ လက်မနဲ့ လက်ချောင်းနှစ်ချောင်းထိပ်မှာ အမည်းရောင်စွန်းထင်းနေတယ်ဆိုတာပါပဲ။

ကျွန်တော်တွေးမိတာတော့ မင်အနက်ရောင်အစွန်းတွေ ဖြစ်၊ လိမ့်မယ်။ ဒါဆိုရင် သူက စာရေးဆရာ၊ ဒါမှမဟုတ် သမ္မာကျမ်းစာကို ရေးခဲ့တဲ့ သာသနာ့ခေါင်းဆောင်တွေထဲက တစ်ယောက်ထင်တယ်။ဘယ်သူများဖြစ်မလဲမသိ။

သူက “ကျွန်တော်ဟာ စကားလုံးတွေကို ချစ်တယ်။ စာတွေ ထဲကနေတစ်ဆင့် ကိုယ့်ခံစားချက်တွေကို ဖော်ထုတ်ရတာကျေနပ်တယ်။ ငယ်ငယ်တုန်းက ရေးသားထားတွေဟာ ရင့်ကျက်မှုမရှိဘူးလေ။ ဒါပေမဲ့ ထာဝရဘုရားသခင်နဲ့တွေ့လိုက်ရတဲ့နောက်ပိုင်း အားလုံးပြောင်းလဲသွား တယ်။ အရင်တုန်းက ကဗျာဆရာကနေ အမြင့်မြတ်ဆုံးသောဘုရား သခင်ရဲ့ ပရောဖက်တစ်ယောက်ဖြစ်လာတယ်” ဟု ရှင်းပြနေပါတယ်။

အခန်းထဲမှာရှိတဲ့ကျွန်တော်နဲ့ ကျန်တဲ့သူကို မျက်လုံးကစား ကြည့်လိုက်ပြီး မေးခွန်းထုတ်လိုက်ပါတယ်။ “အခုထိ ခင်ဗျားတို့ ကျွန်တော့်ကို မသိသေးဘူး မဟုတ်လား။ ဟေရှာယလေဗျာ။” ပြီးတော့ ပြုံး လိုက်ပြီး “ကျွန်တော့်စကားကို မှတ်ထားနော်” ဟုပြောပြီး မျက်နှာအနေ အထားကို ပြင်လိုက်ရင်း “ဘုရားသခင်က ခင်ဗျားနဲ့တွေ့တယ်ဆိုတာ အကြောင်းရှိလို့ဗျ” ဟု ပြောလိုက်လေတယ်။ အမြင့်ဆုံးပလ္လင်မှာရှိတဲ့ ဘုရားသခင်အားလုံးသိတဲ့အတိုင်း ဟေရှာယဆိုတာ ပရောဖက်တွေအားလုံး ထဲမှာ အိမ်ရှေ့မင်းသားနဲ့ သမ္မာကျမ်းစာရဲ့ ရှိတ်စပီးယားလို့ တင်စား ခေါ်ဝေါ်ကြတာလေ။

ကျွန်တော် နားလည်ထားတာက သူဟာ ကဗျာ ဆရာ၊ ပရောဖက်သာမက တရားဟောကောင်းသူတစ်ယောက်ဆိုတော့ သူ့ဆီက အများကြီးသင်ယူလေ့လာခွင့်ရမယ်ဆိုတာပါပဲ။

၁။ ကျွန်တော့်ရဲ့ အကြီးကျယ်ဆုံးဆုံးရှုံးမှုဟာ အကြီးမားဆုံးအောင်မြင်မှု ကို အထောက်အကူဖြစ်စေပါတယ်။

ဘုရင်ကြီးဩဇိကွယ်လွန်သွားချိန်မှာတော့ ဟေရှာဟနဲ့ ဘုရား သခင်ကို ချစ်ကြောက်ရိုသေသူအားလုံးတုန်လှုပ်ချောက်ချားခဲ့ကြပါ တယ်။ ဘုရင်ကြီးဩဇိအုပ်ချုပ်ခဲ့တဲ့ နှစ်ငါးဆယ်လုံးလုံးလုံခြုံမှု ရှိခဲ့ပါ တယ်။ သမ္မာကျမ်းစာအရဆိုရင် ဘုရင်ကြီးဟာ ဘုရားသခင်ရဲ့ ရှေ့မှာ ဖြောင့်မတ်စွာနေထိုင်ကျင့်ကြံခဲ့သူဖြစ်ပြီး ယုဒပြည်တစ်ပြည်လုံးကိုကောင်းမွန်မျှတစွာ အုပ်ချုပ်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အဲဒီခေတ်ကာလ မှာ လူ့သက်တမ်းတိုတဲ့အတွက် ယုဒပြည်သူပြည်သားအားလုံး ဩဇီ ဘုရင်ကြီးကို သိပေမယ့် သူမရှိတော့ရင်ဖြင့် သူ့နေရာ ဘယ်သူလာမှာလဲ ဆိုတာ စိုးရိမ်ပူပန်နေကြရတယ်။

အဲဒီလို အခြေအနေမျိုးမှာ ဟေရှာရဟာ အမြင့်ဆုံးပလ္လင်ပေါ် မှာရှိတဲ့ ဘုရားသခင်ဆီကနေ အာရုံရခဲ့ပါတယ်။ အဲဒီလိုကြည့်ရင် ယုဒရဲ့ အဆုံးအရှုံးဟာ ဟေရှာယအတွက် အမြတ်ပါပဲ။ ဟေရှာယအနေနဲ့ နိုင်ငံကို အုပ်စိုးတဲ့ဘုရင်ကြီးကို ဆုံးရှုံးရပေမယ့် အမြင့်ဆုံးပလ္လင်ပေါ် ကနေ ကမ္ဘာမြေစကြဝဠာတစ်ခွင်လုံးကို အုပ်ချုပ်တဲ့ထာဝရဘုရားသခင် ကို တွေ့မြင်ခဲ့ရသူပါ။

သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏။

ဘုရားသခင်ဟာ သူ့ပုံစံနှင့် သူလုပ်ဆောင်တတ်ပါတယ်။ ဘုရား သခင်ဟာ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ အကျအရှုံးတွေ၊ ဆုံးရှုံးမှုတွေ၊ စိန် ခေါ်မှုတွေကတစ်ဆင့် ဘုရားသခင်ကို သတိရဖို့၊ အားကိုးဖို့၊ ချဉ်းကပ်ဖို့ လုပ်ဆောင်တတ်ပါတယ်။ အဲဒါက ကြီးထွားဖွံ့ဖြိုးမှုရဲ့ တစ်စိတ်တစ် ဒေသပါ။

၂။ ဘုရားသခင်မှတစ်ဆင့် မိမိကိုယ်ကို မြင်တွေ့နိုင်ပါတယ်။

အမြင့်ဆုံးကောင်းကင်ဘုံပလ္လင်ပေါ်မှာ ထိုင်နေတဲ့ ဘုရား သခင်နဲ့ တောင်ပံခြောက်ခုပါတဲ့ကောင်းကင်တမန်တွေ ခြံရံထားတာကို တွေ့လိုက်ရတဲ့ဟေရှာယဟာ သူ့ရဲ့ မပြည့်စုံမှုနဲ့ အပြစ်တွေကို သိလိုက် ရပါတယ်။

“ငါကလည်း ငါ၌ အမင်္ဂလာရှိ၏။ အကျိုးနည်းရှိပြီ။ အကြောင်းမူကား ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျှက်၊ ညစ်ညူးသော နှုတ်ခမ်းရှိသောလူမျိုးတွင်နေလျက်နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသောရှင်ဘုရင်ကို ကိုယ့်မျက်စိနှင့် မြင်လေပြီ တကားဟု ဆို၏။

ဟေရှာယအနာဂတ္တိကျမ်း ၆း၅-၅

ဘုရားသခင်နဲ့ ထိတွေ့မိသူတိုင်း သန့်ရှင်းပြည့်စုံတဲ့တန်ခိုးနဲ့ ပြည့်စုံတဲ့အတွက် နှိမ့်ချစွာတိုးဝင်ချဉ်းကပ်ကြစမြဲပါပဲ။ အဲဒီအခြေအနေ မျိုးမှာ ကိုယ့်အပြစ်တွေကို အလျင်အမြန်ဝန်ချဖို့နဲ့ နှိမ့်ချဖို့ဖြစ်ပေါ်စေပါတယ်။

စာရေးသူမိတ်ဆွေ Andy Stanley က သူ့သူငယ်ချင်းတစ် ယောက်က သူ့ကို “ဘုရားသခင်က ကျွန်တော့်ကို တိုက်ရိုက်စကားပြော စေချင်တယ်” ဟု ဆိုရာ Andy က “အဲဒီလိုဘုရားသခင်က ခင်ဗျားကို ပြောမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ခင်ဗျားနားထောင်ချင်တဲ့ကိစ္စ တွေကြားရမှာမဟုတ်လို့ပဲခင်ဗျ” ဟု ပြောပြပါတယ်။

၃။ ဘုရားသခင်နဲ့ ထိတွေ့မိသူတိုင်း ဘုရားသခင်ရဲ့ အမှုတော်ထမ်းဆောင်ဖို့ ခွန်အားဖြစ်စေပါတယ်။

ဘုရားသခင်ရဲ့ ဂုဏ်ကျက်သရေတော်ကြောင့် ဟေရှာယဟာ ဘုရားသခင်ကို ပထမဆုံးတွေ့လိုက်ရတဲ့အချိန်မှာ ပထမအံ့အားသင့် ရပါတယ်။ သူ့ရဲ့ မပြည့်စုံမှုကြောင့် ဒုတိယကြောက်ရွံ့တုန်လှုပ်ခဲ့ရပါတယ်။ တတိယဘုရားသခင်ရဲ့ အမှုတော် ထမ်းဆောင်ဖို့ စိတ်ဆန္ဒဖြစ်ပေါ်လာ ပါတယ်။ ဘုရားသခင်က “ငါဘယ်သူကို စေလွှတ်ရမှာလဲ။ ဘယ်သူက အမှုတော် ဆောင်မှာလဲ” ဟု မေးရာ ဟေရှာယက “ကျွန်တော်ရှိပါတယ်။ ကျွန်တော့်ကို လွှတ်ပါ” ဟု ဖြေကြားခဲ့ပါတယ်။

အမှန်စင်စစ်ဘုရားသခင်နဲ့ထိတွေ့ရင်ဆိုင်ခဲ့ရသူတိုင်းဟာ ဘယ်လောက်ပဲအားနည်းနေပါစေ။ ဘုရားသခင်ရဲ့ မေတ္တာကို ခံစားရပါ တယ်။ အဲဒါကြောင့် ကျေးဇူးသိတတ်စိတ်နဲ့ ဘုရားသခင်အတွက် အမှု တော် ထမ်းဆောင်သင့်ပါတယ်။

ဟေရှာယဆီက ဘဝသင်ခန်းစာများ ဘုရားသခင်နဲ့ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံကြောင့် ဟေရှာယ ဟာ ဘုရားသခင်ရဲ့ သတင်းကောင်းပေးဖို့ ဣသရေလလူမျိုးတွေဆီကို သွားချင်နေခဲ့ပါတယ်။ ဘဝကို ပြောင်းလဲစေတဲ့ဘုရားသခင်နဲ့ မထိတွေ့ ဘဲနဲ့တော့ ဘဝကို ပြောင်းလဲစေတဲ့သတင်းကောင်းပြောဖို့ ဟေရှာယ၊ အနေနဲ့ မဖြစ်နိုင်ပါဘူး။

အဲဒါဟာ ဘုရားသခင်လုပ်ဆောင်တဲ့ပုံစံဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ဘုရားသခင်ရဲ့ သတင်းကောင်းဝေမျှသူတစ်ယောက်ဟာ ဘုရားသခင်နဲ့ အရင်မထိတွေ့လို့ မရပါဘူး။ အဲဒါဟာ အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် အခြားသူကို ပြောင်းလဲစေချင်သူတစ်ယောက်အနေနဲ့ ကိုယ်ကိုယ်တိုင်က ပြောင်းလဲ သွားဖို့ လိုပါတယ်။

အဲဒီအမှန်တရားကို စဉ်းစားသုံးသပ်နေတုန်း ကျွန်တော်တို့ ရှေ့မှာ ရပ်နေတဲ့ ပြောင်းလဲသွားတဲ့သတင်းကောင်းဝေမျှသူက စကား စပြောပါတယ်။

ဘုရားသခင်ဟာ ကျွန်တော်တို့ကို သူ့ကို မြင်စေလိုပါတယ်။

ရာစုနှစ်ပေါင်းများစွာလူတွေဟာ ကျွန်တော့်အနေနဲ့ အသက် ရှင်နေတုန်းမှာ ဘုရားသခင်နဲ့တွေ့ပြီး ဘုရားသခင်ရဲ့ ရူပါရုံကို သိရှိခွင့် ရတာကို အထူးအံ့အားသင့်ကြပါတယ်။ ဘုရားသခင်ဟာ လူသားအား လုံးကို သူ့ရဲ့ ရူပါရုံမြင်တွေ့သိရှိလိုတယ်ဆိုတာ လူသားတွေ မသိကြလို့။ တကယ်တော့ ဘုရားသခင်ဟာ ခင်ဗျားတို့ကို မြင်စေချင်ပါတယ်။

ကျွန်တော့်အနေနဲ့ ဘုရားသခင်ကို ဖူးတွေ့ရတဲ့အဖြစ်အပျက်ကို ပြန်လည်ရေးသားခဲ့တဲ့အချိန်မှာ “ဟေရှာယကဆက်ပြီး ပြောတာက “ကျွန်တော့် အနေနဲ့ လာဝရဘုရားသခင်ကို ရင်းရင်းနှီးနှီး “အရှင်သခင်” လို့ သုံးစွဲစေပါတယ်။ လာဝရဘုရားသခင်လို့ သုံးရင် ကြီးမြတ်တဲ့ အချုပ် အခြာအာဏာပိုင်တဲ့တန်ခိုးအာဏာ စတာတွေကို အထူးပြုမိမှာ စိုးလို့ ပါ။ မှန်ပါတယ်။ လာဝရဘုရားသခင်ဟာ ကြီးမြတ်တယ်။ ထာဝရဘုရား သခင်ဟာ အချုပ်အခြာအာဏာပိုင်ပါတယ်။ တန်ခိုးအာဏာရှိပါတယ်။ ဒါပေမဲ့ ထာဝရဘုရားသခင်ဟာ ပုဂ္ဂိုလ်ရေးရာရင်းနှီးခွင့်ရှိပါတယ်။

“ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ ခင်ဗျားတို့ကို ဆက် သွယ်လိုတဲ့ဆန္ဒရှိပါတယ်။ ကျွန်တော် ကြုံခဲ့သလို ရူပါရုံအားဖြင့် ဆက် သွယ်တာဖြစ်ချင်မှဖြစ်ပါလိမ့်တယ်။ ထာဝရဘုရားသခင်က ဒီလိုဆက် သွယ်တယ်ဆိုတာ ကျွန်တော်ရွေးချယ်ခဲ့တာမဟုတ်ပါဘူး။ တောင်းဆိုခဲ့ တာလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ အခု ကျွန်တော် နားလည်လာရတာ ကတော့ဒီထက်ကောင်းတဲ့ဆက်သွယ် တဲ့ပုံစံမရှိဘူးဆိုတာပါပဲ။

“ဒါကြောင့် တိုက်တွန်းအကြံပေးချင်တာကတော့ ကိုယ်ကြိုတင် မှန်းဆထားတဲ့ပုံစံတွေနဲ့ ဘုရားသခင်ကို မြင်ဖို့၊ ဆက်သွယ်လာဖို့ မမျှော် လင့်ပါနဲ့။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ဘုရားသခင်ဆက်သွယ်လာတာကို မျှော်လင့်တောင့်တနေပါဆိုတာပါပဲ”။

ဘုရားသခင်ဟာ ကျွန်တော်တို့ကို ပြောင်းလဲစေလိုပါတယ်

“ကျွန်တော့်အတွက် ဘုရားသခင်ဆီက ရူပါရုံကိုသဲသဲကွဲကွဲသိတဲ့ နောက်ပိုင်းမှာ မိမိရဲ့ အပြစ်တွေကို တွေ့မြင်လာပါတယ်။ အဲဒီတစ်ခဏ အတွင်းမှာ သန္နိဋ္ဌာန်ချလိုက်ပါတယ်” လို့ မျက်လုံးအစုံမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေပြီးကြေကွဲတဲ့အသံနဲ့ ဟေရှာယက ရှင်းပြနေခဲ့ပါတယ်။ “အဲဒီနေ့မတိုင်မီ ဘာမှမဟုတ်ခဲ့တဲ့ကျွန်တော်ဟာ ထာဝရဘုရားသခင် ရဲ့ လုပ်ဆောင်မှုကြောင့် မိမိရဲ့ ပင်ကိုဗီဇကို ရိုးသားစွာသိမြင်ခွင့်ရလိုက်ပြီး ဘုရားသခင်ခေါ်သံကို နှိမ့်ချစွာနဲ့ ကြားခဲ့ရပါတယ်”။

“တကယ်လို့ လူတစ်ယောက်ဟာ နှိမ့်ချမှုမရှိခဲ့ရင် ဘုရားသခင်က အဲဒီလူကို နှိမ့်ချဖို့ ပြင်ဆင်လုပ်ကိုင်ပါလိမ့်မယ်။ ထာဝရဘုရားသခင် နဲ့ မထိတွေ့ရတဲ့အခိုက်အတန့်ထိ ကျွန်တော်ဟာ ရှုပ်ထွေးခက်ခဲတဲ့ဘဝ ထဲမှာ ရုန်းကန်လှုပ်ရှားနေခဲ့သူပါ။ အဲဒီလိုအခြေအနေမျိုးကြောင့် ဘုရား သခင်လုပ်မယ့်အလုပ်တွေကို နှောင့်နှေးစေမှာမဟုတ်ဘူး။

ကျွန်တော့်ရဲ့ အပြစ်တွေကို ပယ်ပျောက်စေဖို့ အမြင့်ဆုံး ကောင်း ကင်တမန်လွှတ်ပြီး ကျွန်တော့်နှုတ်ခမ်းကို မီးသွေးပူနဲ့ ထိခဲ့ပါတယ်။ အလားတူ ခင်ဗျားက ခွင့်ပြုမယ်ဆိုရင် ခင်ဗျားရဲ့ အပြစ်တွေကို သန့် စင်ပေးမှာ ဖြစ်ပါတယ်။ ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ တစ်ဦး ချင်းအပြစ်အလေးအပေါ့ကို သိစေချင်ပေမယ့် ကျွန်တော်တို့ကို ပစ်ထား မှာမဟုတ်ဘူးဆိုတာ သိဖို့လိုပါတယ်။ မိမိရဲ့ မစုံလင်မှုအပြစ်တွေကို ဝန်ချ ဝန်ခံပြီး ဘုရားသခင်ကို ခွင့်ပြုမယ်ဆိုရင် ဘုရားသခင်က အပြစ်တွေ ခွင့်လွှတ်မှာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုကောင်းမွန်အောင် ပြင်ဆင်လာနိုင်မှာဖြစ်ပါတယ်။ အတိတ်ကို ပြည်ဖုံး ကားချမှသာ အနာဂတ်ကို မျှော်လင့်နိုင်မှာဖြစ်ပါတယ်။

“ဘယ်လိုပဲဖြစ်နေဖြစ်နေ ဘုရားသခင်က ကျွန်တော့်ကို ချစ်နေ ပေမယ့် ဒီအတိုင်းတော့ ထားထားမှာ ဟုတ်ပါဘူး။ ကျွန်တော်တို့ကို ပိုမိုကောင်းမွန်ပြည့်စုံအောင် ပြုပြင်ပေးချင်ပါတယ်။ ဒါဟာ ဘုရားသခင် ရဲ့ သဘာဝပါပဲ။ ခင်ဗျားသာ ခွင့်ပြုမယ်ဆိုရင် ဘုရားသခင်ဟာ နေ့စဉ် တဖြည်းဖြည်းချင်း ခင်ဗျားတို့ကို ပြုပြင်သွားမှာဖြစ်ပါတယ်။ ခင်ဗျားတို့ ရပ်တန့်နေတာ မဖြစ်စေချင်ဘဲ အစဉ်တိုးတက်ဖွံ့ဖြိုးတာကိုပဲ ဘုရား ဘယ်လိုပဲဖြစ်နေဖြစ်နေ ဘုရားသခင်က မြင်ချင်ပါတယ်။ဘုရားသခင်ရဲ့ အကူအညီနဲ့ဆို ကျွန်တော်တို့ ဖွံ့ဖြိုးတိုးတက်မှာ အမှန်ပါပဲ။

ဘုရားသခင်ဟာ ကျွန်တော်တို့ကို အသုံးချချင်ပါတယ်။

ဟေရှာယက “ဘုရားသခင်ထံပါးက လူတွေရဲ့ အတ္ထုပ္ပတ္တိကိုလေ့လာကြည့်မယ်ဆိုရင် ဘုရားသခင်က အဲဒီလူတွေကို ရူပါရုံပြတယ်။ ပြောင်းလဲပေးတယ်၊ ပြီးရင် တာဝန်တွေ ပေးတတ်တယ်ဆိုတာကို ထပ်ခါတလဲလဲ လေ့လာနိုင်ပါတယ်။ အဲဒီလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ ဘုရားသခင်နဲ့တိုက်ရိုက်ဖူးတွေ့ခွင့်ရတယ်။ အပြစ်တွေ၊ အားနည်းချက် တွေကို သန့်စင်စေခဲ့တယ်။ ဘုရားသခင်က ဘယ်သူသွားမှာလဲလို့ မေးတော့ ကျွန်တော်က ချက်ချင်းပဲ “ကျွန်တော်ရှိပါတယ်။ ကျွန်တော့်ကို လွှတ်ပါ” လို့ တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော့်အတွက် ဘုရားသခင်ကို အဲဒီလိုအသုံးခံခွင့်ရတာဟာ အခွင့်ထူးတစ်ရပ်ပါပဲ”။

“တစ်ခု သတိပြုမိစေချင်တာကတော့ ဘုရားသခင်က တစ်စုံ တစ်ခုလုပ်စေချင်တာရှိပေမယ့် ခင်ဗျားကို အတင်းအကြပ်စေခိုင်းမှာ မဟုတ်ပါဘူးဆိုတာကိုပါ။ ခင်ဗျားကို အခွင့်အရေးပေးမယ်။ တစ်ဆက် တည်းမှာပဲ ခင်ဗျားကို လွတ်လွတ်လပ်လပ်ရွေးချယ်ခွင့်ပေးပါတယ်။ တကယ်လို့ ခင်ဗျားက “ဟုတ်ကဲ့” လို့ ပြောပြီး လက်ခံခဲ့ရင် ခင်ဗျား ဘဝအတွက် အကောင်းဆုံးပါပဲ။ ဘုရားသခင်ခိုင်းတာကိုလုပ်ရင် ခင်ဗျား နားလည်လာမှာကတော့ ဘာ့ကြောင့် အသက်ရှင်ခွင့်ရှိသလဲ။ ဘာ့ကြောင့်တည်ရှိနေသလဲဆိုတာပါပဲ။ ကျွန်တော်တို့ကို ထိတွေ့ပြီဆိုရင် ဘုရားသခင်မှာ အကြံအစည်ကောင်းရှိပြီးသားပါ။ ဒီလိုထိတွေ့တာဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာဖြစ်သလို လုပ်ဆောင်စေလိုတဲ့ အမှုတော်ဟာလည်း ပုဂ္ဂိုလ်ရေးဖြစ်ပါတယ်။

“ဘုရားသခင်က ခင်ဗျားကို ဘာလုပ်စေချင်လဲဆိုတာ ကျွန် တော် မပြောနိုင်ပါဘူး။ ဘုရားသခင်ပဲ လုပ်နိုင်တာပါ” လို့ ဟေရှာယ၊ က နိဂုံးချုပ်ပြောနေပါတယ်။ ပြောပြနိုင်တာတစ်ခုကတော့ ဘုရားသခင် က ခင်ဗျားနဲ့ အသင့်တော်ဆုံး အလုပ်ကို တာဝန်ပေးမှာဆိုတာပါပဲ။ ကျွန်တော်တို့ ကို ဘုရားသခင် ကူညီခဲ့တဲ့အခြေအနေမျိုးအတိုင်း တစ်ပါးသူကိုကူညီနိုင်အောင် တာဝန်ပေးပါလိမ့်မယ်။ ဘုရားသခင်တို့ထိတဲ့နေရာမှာ အလားတူခင်ဗျားကို အသုံးချပြီး အခြားသူကို ထိတွေ့စေမှာဖြစ်ပါတယ်။

ကျွန်တော်တို့အတွက် ဟေရှာယရဲ့ ဆုတောင်းချက်

ဣသရေလလူမျိုးတို့ရဲ့ တစ်ခုတည်းသောအမြင့်မြတ်ဆုံးသော ဘုရားသခင်…

အခု ဒီမှာရှိတဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ဘုရားသခင်နဲ့ ထိတွေ့စေခြင်းဖြင့် ထူးခြားတဲ့ဘဝပြောင်းလဲမှုတွေ ကြုံတွေ့ဖို့ မေတ္တာ ရပ်ခံဆုတောင်းပေးပါတယ်။ သူတို့ကို ခေါ်တော်မူပါခင်ဗျား။ ထိတွေ့စေတော်မူပါခင်ဗျား။ ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်ထွန်းလင်းစေဖို့၊ အခြားသူတွေကို ကူညီမစဖို့၊ ပျော်ရွှင်ငြိမ်းချမ်းမှုရစေဖို့ သက်ဆိုင်တဲ့ တာဝန်တွေကို ပေးသနားတော်မူပါ။ ဘုရားသခင်ရဲ့ အခွင့်ပါဝါနဲ့ သန့် ရှင်းသောနာမတော်ဖြင့် ဆုတောင်းပေးပါတယ်… အာမင်။

ဟေရှာယထံမှ ခေါင်းဆောင်မှုသင်ခန်းစာများ

ဟေရှာယ စကားပြောပြီးနောက် ကျွန်တော်တို့အတွက် အလို အပ်ဆုံးအရာဖြစ်တဲ့ ဘုရားသခင်ရဲ့ တို့ထိမှုကို ဆုတောင်းပေးတယ် ဆိုတာ သဘောပေါက်လိုက်ရပါတယ်။ ဘုရားသခင်နဲ့ ထိတွေ့ဖူးတိုင်း တစ်ကြိမ်မက ထိတွေ့လိုတဲ့ဆန္ဒရှိကြပါတယ်။ ဒါပေမဲ့ မကြာမကြာ ထိတွေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကောင်းကင်နိုင်ငံကို တမ်းတတဲ့သူ တစ်ခုဖြစ်ပေါ်စေပါတယ်။

ဟေရှာယဟာ သူ့ခေတ်သူ့အခါမှာ လူတွေကို လွှမ်းမိုးနိုင်သူ တစ်ယောက်ဖြစ်ခဲ့သလို ဒီဘက်ခေတ်တွေမှာ သမ္မာကျမ်းစာကနေတစ် ဆင့် လွှမ်းမိုးနိုင်ဆဲပါပဲ။ ဟေရှာယဆီကနေ သင်ယူလို့ရမယ့် ခေါင်း ဆောင်မှုသင်ခန်းစာတွေကို လေ့လာကြည့်ရအောင်။

၁။ ဘေးကျပ်နံကျပ်ကာလမှာ ဘုရားသခင်ဟာ ခေါင်းဆောင်တစ်ယောက်ကို ပြင်ဆင်ပေးပါတယ်။

ဘုရင်ကြီးဩဇိဟာ ဘုရားသခင်ရဲ့ဣသရေလလူမျိုးတွေကို ကောင်းစွာဦးဆောင်နိုင်ခဲ့ပါတယ်။ ဘုရားသခင်ကို လေးစားဂုဏ်ပြုခဲ့ပြီး ဣသရေလလူမျိုးတွေကို မှန်ကန်တဲ့ဦးတည်ချက်နဲ့ ဦးဆောင်ခဲ့ပေမယ့် ယာယီတဲနန်းတော်ထဲဝင်ပြီး အခွင့်မရှိဘဲ ဆီမီးနဲ့ ပူဇော်ခဲ့တဲ့အတွက် အနာကြီးရောဂါစွဲကပ်ပြီး ကွယ်လွန်ခဲ့ပါတယ်။ အဲဒီလိုဖြစ်ပျက်သွားမှု အပေါ် ဘုရားသခင်က တုန်လှုပ်အံ့အားသင့်ခြင်း မရှိပါဘူး။ ဘုရား သခင်လုပ်နေကြအတိုင်း လုပ်စရာရှိတာလုပ်ပါတယ်။ အဲဒါကတော့ နောက်ခေါင်းဆောင်တစ်ယောက်ကို မွေးထုတ်ပေးခဲ့ပါတယ်။ ဟေရှာယ ကနေတစ်ဆင့် နောက်ဘုရင်သုံးပါးကို လွှမ်းမိုးဦးဆောင်နိုင်ခဲ့ပါတယ်။

၂။ ဘုရားသခင်ဟာ သူပြင်ဆင်ထားတဲ့ခေါင်းဆောင်ကို အမြဲခေါ် တတ်ပါတယ်။

ဘေးကျပ်နံကျပ်အခြေအနေတစ်ခုကြုံရပြီဆိုလျှင် ဘုရားသခင် ဟာ ပြင်ဆင်ထားတဲ့ခေါင်းဆောင်တွေကို ဦးဆောင်ဖို့ ဖိတ်ခေါ်ပါတယ်။ မေးခွန်းကတော့ အဲဒီခေါင်းဆောင်တွေက အဲဒီလိုခေါ်တာကို ထူး မထူး လက်ခံ မခံ ဖြစ်ပါတယ်။ ဟေရှာယလိုတော့ ခေါင်းဆောင်တိုင်းက မတုံ့ပြန်တတ်ပါဘူး။ ခေါင်းဆောင်တိုင်းအခွင့်အရေးရပေမယ့် ကြီးကျယ် တဲ့ခေါင်းဆောင်တိုင်းရဲ့ တူညီတဲ့အချက်ကတော့ တုန်လှုပ်ခြောက်ခြားပြီး စိုးရိမ်ပူပန်နေတဲ့ ဣသရေလလူမျိုးတွေကို ရှေ့သို့ဦးဆောင်ခဲ့ကြပါတယ်။

ဘုရားသခင်ရဲ့ ပေးမယ့်တာဝန်အတွက် အမြဲအသင့်အနေ အထားရှိနေဖို့ လိုပါတယ်။ ကြုံနေရတဲ့ဘေးကျပ်နံကျပ်အခြေအနေ တွေကြောင့် ကိုယ်ကိုယ်တိုင်လည်း တုန်လှုပ်ခြောက်ခြားကြောက်ရွံ့နေတဲ့ အချိန်၊ ဦးဆောင်မဲ့နေတဲ့အချိန်မျိုးမှာ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ခေါင်းဆောင်အနေနဲ့ တာဝန်ပေးကောင်းပေးပါလိမ့်မယ်။ ဘုရားသခင် ခေါ်ပြီဆိုရင် မကြောက်မရွံ့ တုံ့ပြန်လိုက်ပါ။ အဲဒီအရာဟာ ဘုရား သခင်က ကျွန်တော်တို့အတွက် စီစဉ်ထားတာဖြစ်ကောင်းဖြစ်နိုင်ပါ တယ်။

၃။ လူတွေနဲ့ မတွေ့ထိခင်မှာ ဘုရားသခင်ဟာ ခေါင်းဆောင်တွေနဲ့ အရင်ထိတွေ့တတ်ပါတယ်။

ဟေရှာယ ဘုရားသခင်နဲ့ ထိတွေ့ခြင်းဟာ သူ့ရဲ့ ခေါင်းဆောင် မှုအစဖြစ်ပါတယ်။ ခေါင်းဆောင်မှုသက်တမ်းတစ်လျှောက်လုံးမှာလည်း ဘုရားသခင်နဲ့အမြဲမပြတ်ထိတွေ့ခဲ့တာကြောင့် ဣသရေလလူမျိုးတွေကို အလုပ်အကျွေးပြုဖို့နဲ့ ဦးဆောင်ဖို့ တတ်စွမ်းနိုင်ခြင်းဖြစ်ပါတယ်။

ဟေဇကိမင်းကြီး မကြာခင်မှာ သေဆုံးမယ်ဆိုတဲ့ ဘုရားသခင်ဆီက စကားကို ဟေရှာယက ပြောကြားပြီး ထွက်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဟေရှာယနန်းတော်ထဲက မထွက်ခင်မှာဘဲ ဟေဇကိမင်းကြီးဟာ နောင် တ ချက်ချင်းရခဲ့တဲ့အတွက် ဘုရားသခင်က ဟေရှာယကို ပြန်လှည့်စေ ပြီး မင်းကြီးကို အသက်ဆက်ရှင်ခွင့်ပြုမယ်ဆိုတဲ့အကြောင်း အသိပေး ခိုင်းခဲ့ပါတယ်။ အဲဒါကိုကြည့်ရင် ဘုရားသခင်နဲ့ ဟေရှာယအမြဲဆက် သွယ်ထိတွေ့နေတာကို သိနိုင်ပါတယ်။

ခင်ဗျားဟာ ခေါင်းဆောင်တစ်ယောက်ဖြစ်ရင် ဘာကိစ္စကိုမှ မလုပ်ခင် ဘုရားသခင်ဆီကို တိုးဝင်ချဉ်းကပ်သင့်ပါတယ်။ ဘုရားသခင် နဲ့ ထိတွေ့ပြီးမှ ကျန်တဲ့သူတွေကို ထိတွေ့ဖို့ကြိုးစားပါ။ အဲဒါကျမှ ဘုရား သခင်က ခင်ဗျားကို ဦးဆောင်နိုင်ဖို့ အခွင့်အရေးပေးမှာ၊ ခွန်အားပေး မှာ၊ လမ်းပြမှာ၊ သွန်သင်မှာဖြစ်ပါတယ်။

ဟေရှာယရဲ့ဆွေးနွေးခန်းလမ်းညွှန်

ဩဇိမင်းကြီး အနိစ္စရောက်သောနှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာသည် ဗိမာန်တော်ကို ဖြည့်လေ၏။ ကောင်းကင် တမန်သရပ်တို့သည် ပလ္လင်တဘက်တချက်၌ ရပ်နေကြ၏။ သူတို့သည်အတောင်ခြောက်ခုစီရှိ၍ အတောင်နှစ်ခုဖြင့် မျက်နှာကို ဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကိုဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။ သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍ မြွတ်ဆိုကြ ၏။

ထိုသို့သောကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့သည် လှုပ်ရှား၍၊ မီးခိုးနှင့် တအိမ်လုံးပြည့်လေ၏။ ငါကလည်း၊ ငါ၌ အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီး အကြောင်းမူကား၊ ငါသည် ညစ်ညူးသောနှုတ်ခမ်း ရှိလျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသောလူမျိုးတွင် နေလျက်နှင့်၊ ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို၊ ကိုယ် မျက်စိနှင့်မြင်လေပြီတကားဟု ဆို၏။ ထိုအခါ ကောင်းကင်တမန် သရပ် တပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတခဲကို လက် ၊ နှင့်ကိုင်လျက်၊ ငါရှိရာသို့ ပျံလာ၍၊ ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည်သင်၏နှုတ်ခမ်းကို တွေ့ပြီ။ သင်၏ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏ အပြစ်လည်း ရှင်းပြီဟု ဆို၏။

တဖန်ထာဝရဘုရားက၊ ငါသည်အဘယ်သူကို စေလွှတ်ရမည် နည်း။ ငါတို့အဘို့ အဘယ်သူသွားမည်နည်းဟု မေးတော်မူသံကို ငါ ကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါဟု လျှောက်လေ၏။

ဟေရှာယအနာဂတ္တိကျမ်း ၆း၁-၈

၁။ ဟေရှာယအနာဂတ္တိကျမ်းထဲမှာ ပရောဖက်ဟာ ထာဝရဘုရားသခင်ကို အမျိုးမျိုးတင်စားရေးသားထားတာကို တွေ့ရမှာဖြစ် ပါတယ်။ တစ်ခါတလေ အချုပ်အခြာအာဏာသန့်ရှင်းခြင်းကို ကိုယ် စားပြုပြီး တစ်ခါတလေ ထာဝရဘုရားသခင်ရဲ့ ပင်ကိုစရိုက်ကို ကိုယ်စားပြုပါတယ်။ အဲဒီလို ဂုဏ်နာမတော်ထဲမှာ ဘယ်အချက် မျိုးက ခင်ဗျားအတွက် သင့်လျော်ပါသလဲ။ ဘာ့ကြောင့်လဲ။

၂။ ဆုံးရှုံးမှု၊ ဒါမှမဟုတ် ထိခိုက်နစ်နာမှုတစ်ခုခုကြောင့် ဘဝအပြောင်းအလဲအတွက် အထောက်အကူပြုခဲ့တာရှိပါသလား။ ရှင်းပြပေးပါရန်နဲ့ ဘုရားသခင်ကို ဖိတ်ခေါ်ခဲ့ရဲ့လား။

၃။ ဘုရားသခင်က ခင်ဗျားကို ထိတွေ့ချင်တဲ့ဆန္ဒရှိတယ်လို့ ယုံကြည်ရဲ့လား။ ရှင်းပြပေးပါ။

၄။ ဟေရှာယလိုပဲ ဘုရားသခင်ဟာ ခင်ဗျားကို ပုဂ္ဂိုလ်ရေးအရ ဆက်သွယ်တာမျိုး ကြုံဖူးရဲ့လား။ ရှင်းပြပေးပါ။

၅။ ဘုရားသခင်နဲ့ ထိတွေ့မှုမခံစားရသေးဘူးဆိုရင်လည်း ဘယ်လိုအခြေအနေမျိုးပြင်ဆင်ထားသင့်တယ်လို့ သင်မြင်ပါသလဲ။

၆။ ဘုရားသခင်ရဲ့ ဘုန်းတန်ခိုးတော်နာမတော်ထွန်းလင်းစေဖို့ ခင်ဗျားကို အသုံးပြုလိုတဲ့ဆန္ဒရှိတယ်လို့ ထင်ပါသလား။ ရှင်းပြပေးပါ။

၇။ လတ်တလောမှာ ဘုရားသခင်က ခင်ဗျားကို ခြေလှမ်းသစ်တစ်လှမ်း၊ ဒါမှမဟုတ် သီးသန့်ထမ်းဆောင်စေတဲ့အလုပ်ရှိပါရဲ့လား။ ရှိခဲ့ရင်လည်း အဲဒါက ဘာပါလဲ။ လုပ်ဆောင်လိုတဲ့ဆန္ဒရှိပါသလား။ မရှိခဲ့ရင်လည်း အခွင့်အရေးရဖို့အတွက် ဘယ်လိုပြင်ဆင်ထားမှာလဲ။

ဟေရှာယအကြောင်း ပိုမိုသိရှိနိုင်ဖို့ ဓမ္မရာဇဝင်စတုတ္ထစောင် ၁၉း၁-၂၀း၂၁၊ ရာဇဝင်ချုပ်ဒုတိယစောင် ၂၆း၁-၂၃ နှင့် ၃၂း၁-၃၃၊ ဟေရှာယအနာဂတ္တိကျမ်း ၁း၁-၆၆း၂၄ မှာ ဖတ်ရှုဆင်ခြင်ပါ။

ယောန

ထာဝရဘုရားသခင်ဟာ အမြဲတမ်းဒုတိယအခွင့်အရေးပေးပါတယ်

ကျွန်တော့်အနေနဲ့ လောလောဆယ်တွေ့ကြုံခဲ့ရတဲ့သူတွေအ ကြောင်း ပြန်စဉ်းစားနေမိတယ်။ ဓမ္မဟောင်းကျမ်းစာထဲမှာပါတဲ့ ကြီး ကျယ်ထူးခြားတဲ့လုပ်ဆောင်မှုတစ်ခုလုပ်ပြီးမှ အကြောက်တရားရတဲ့ ပရောဖက်၊ နူးညံ့တဲ့စိတ်နေစိတ်ထားရှိပြီး အထက်က ပရောဖက်အရာ ကို ဆက်ခံခဲ့ပြီး ထူးခြားတဲ့လုပ်ဆောင်မှုတွေနှစ်ဆလုပ်နိုင်တဲ့သူ၊ ဖြောင့် မတ်တည်ကြည်သူဖြစ်ပေမဲ့ ကမ္ဘာမြေကြီးပေါ်မှာ ငရဲကျနေသလို ခံစား ရပေမယ့် ဘုရားသခင်ရဲ့နာမတော်ကို ချီးမွမ်းထောပနာပြုသူ၊ ဘုရား သခင်ကို မိမိဘဝနောက်ပိုင်းတစ်ခုလုံးချုပ်စေတဲ့ လိမ်ညာသူ၊ ဣသရေလ နိုင်ငံကို ဦးဆောင်တဲ့တရားသူကြီးအမျိုးသမီးတစ်ယောက်အနေနဲ့ မမျှော် လင့်တဲ့ကိစ္စရပ်တွေကို မျှော်လင့်နိုင်သူ၊ ဘုရားသခင်ကို မျက်စိနဲ့ တွေ့မြင် ပြီး ဘုရားသခင်ရဲ့ အမှုတော်ဆောင်ခဲ့သူ ပရောဖက်ကဗျာဆရာတို့ ဖြစ်ပါတယ်။ သူတို့ပြီးရင် ဘယ်သူလာဦးမလဲဆိုတာ ကျွန်တော် စိတ်ဝင် စားနေမိတယ်။

ကျွန်တော့်စာဖတ်ခန်းထဲဝင်လာတဲ့သူကို စိတ်ဝင်စားစွာကြည့် လိုက်တော့ အံအားသင့်သွားရတယ်။ ဘဝမှာတစ်ခါမှ ဒီလိုအသားအရေ အရောင်မှမရှိတာမျိုး ကျွန်တော် မတွေ့ဖူးဘူး။ ဝတ်ထားတဲ့အင်္ကျီကလည်း ဟောင်းနွမ်းပြီး အရောင်တွေလွင့်ပြယ်နေတော့ နဂိုအရောင်က ဘာမှန်းတောင် မသိနိုင်ဘူး။

အဲဒီလူရဲ့ အသားအရေဟာလည်း သူ့အင်္ကျီအရောင်လိုပဲ အရောင်ချွတ်ဆေးမှုန့်နဲ့ အရောင်ချွတ်ထားသလိုပါပဲ။ သူ့အရေပြားတွေ ဟာလည်း ရေထဲမှာ အကြာကြီးစိမ်ထားတဲ့ ပဲကြီးအခွံတွန့်နေသလိုပါပဲ။

ပေးထားတဲ့ထိုင်ခုံပေါ် ထိုင်ချလိုက်တဲ့သူ့ကို အနားကပ်ကြည့် လိုက်တော့ ခေါင်းကနေခြေအဆုံး အမွေးတွေရိတ်ထားသလို ပြောင် နေတာသတိထားမိတယ်။ ကျွန်တော်ဂရုပြုမိတာကတော့ မုတ်ဆိတ်ရိတ် ဓားနဲ့ရိတ်ထားတာမျိုး မဟုတ်ပြန်ဘူး။ မျက်ခုံးမွေးတွေမရှိသလို လက်မှာ လည်း အမွေးတွေလည်း ရိတ်ထားသလို ပြောင်နေတယ်။ ထူးဆန်းတဲ့ အသွင်အပြင်ရှိတဲ့လူတစ်ယောက်ပဲ။

စကားတစ်လုံးမှမပြောဘဲ ကျွန်တော်တို့ကို အကဲခတ်ကြည့်နေ တဲ့သူ့ကို ကျွန်တော်ကစပြီး “ခင်ဗျားက ဘယ်သူလဲ” လို့ မေးလိုက်မိတယ်။

“ထာဝရဘုရားသခင်က အရှေ့ကိုသွားခိုင်းရင် ကျွန်တော်က အနောက်ကိုသွားတယ်။ ကုန်းလမ်းကနေတစ်ဆင့်သွားပါလို့ ခိုင်းရင် ရေလမ်းကနေ ကျွန်တော်သွားတယ်။ တစ်ပါးသူတွေအတွက် အသက်ရှင် ရမယ်ဆိုရင် ကျွန်တော်က အတ္တကြီးစွာနဲ့ ကိုယ့်အသက်အတွက်ပဲ စဉ်း စားနေတယ်လေ။ နိုနေဝေမြို့ကို သွားဖို့ လွှတ်တယ်။ ကျွန်တော်က တာမြို့သို့သွားခဲ့တယ်။ ဘုရားသခင်က ကျွန်တော့်ကို သတိပေးဖို့ဆိုတဲ့ သတင်းစကားသွားပြောခိုင်းတယ်။ ကျွန်တော်က ကြိုးစားပုန်းနေလိုက် သေးတယ်။

“ကျွန်တော်ထင်တာက ဘုရားသခင်ထက်ကို သိတယ်။ လက် တွေ့မှာတော့ တခြားစီပဲ။ ကျွန်တော့်နာမည်က ယောနပါ။ အခုလာရ တဲ့ကိစ္စက ဘုရားသခင်က ကျွန်တော်တို့အားလုံးကို ဒုတိယအကြိမ် အခွင့်အရေးပေးတယ်ဆိုတာ ခင်ဗျားတို့ကို ပြောချင်လို့ပါပဲ။”

ထာဝရဘုရားသခင်ရဲ့ ကြင်နာမှုနဲ့ ကရုဏာတော် ဒုတိယအကြိမ်ဆိုတဲ့ ထာဝရဘုရားသခင်ပေးတဲ့အခွင့်အရေး ဟာ မဟာအခွင့်အရေးပါပဲ။ ယောနရဲ့ ပြောပြရှင်းလင်းချက်အရ ကျွန် တော်သတိရလိုက်တာကတော့ သမ္မာကျမ်းစာထဲမှာပါတဲ့ အံ့အားသင့် စေတဲ့စကားစုလေးကတော့ “နောက်တဖန် ထာဝရဘုရား၏နှုတ်က ပတ်တော်သည် ယောနသို့ ရောက်လာသည်ကား” ပင်ဖြစ်ပါတယ်။

ယောန ဘာပဲလုပ်ခဲ့လုပ်ခဲ့ ထာဝရဘုရားသခင်ဟာ သူ့ကို ဒုတိယအကြိမ်အခွင့်အရေးပေးခဲ့ပါတယ်။ အဲဒီအချက်ဟာ ကျွန်တော်တို့ အားလုံးအတွက် မျှော်လင့်ချက်ပဲ မဟုတ်ပါလား။

၁။ ထာဝရဘုရားသခင် ဒုတိယအကြိမ် အခွင့်အရေးပေးတာဟာ ကျွန်တော်တို့အတွက် လိုအပ်နေလို့ပါ။

နိနေဝေမြို့သူမြို့သားတွေကို ကယ်တင်ခြင်းသတင်းတောင်း ပေးဖို့ ဘုရားသခင်က ခိုင်းခဲ့ပေမယ့် ယောနက တာရှုမြို့ကိုသွားမယ့် သင်္ဘောပေါ်တက်ပြီး ထွက်ပြေးခဲ့တယ်။ တာရှုမြို့နဲ့ နိုနေဝေမြို့ အကွာ အဝေးဟာ မိုင်ပေါင်းနှစ်ထောင်လောက်ဝေးတယ်။ ဒါပေမဲ့ လေမုန် တိုင်းကြီးကျလာပြီး သင်္ဘောနစ်ရမယ့်အချိန်မှာတော့ ယောနသဘော ပေါက်သွားတာက သူ့အပြစ်ကြောင့်လို့ နားလည်လိုက်တယ်။ သင်္ဘော ပေါ်ပါလာတဲ့ မဆိုင်သူတွေအသက်ဆုံးရှုံးမှာ မလိုလားတဲ့အတွက် ပင် လယ်ထဲကို ပစ်ချဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

ဒုက္ခရောက်တဲ့အချိန်မှာတော့ ယောနက ဘုရားသခင်ကို အော် ခေါ်ခဲ့ပါတယ်။ အဲဒီမှာ ဘုရားသခင်ဟာ ဒုတိယအကြိမ်အခွင့်အရေး ပေးခဲ့ပါတယ်။ ဘုရားသခင်ဟာ သူ့ကို ငါးကြီးတစ်ကောင်ကနေ တစ် ဆင့် ကယ်တင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ယောနအသားအရေတွေ ဟာ ငါးကြီးထဲမှာ သုံးရက်နေခဲ့ရတာကြောင့် ထူးခြားနေပါတယ်။

ယောနလိုကြုံခဲ့တဲ့လူမရှိခဲ့ပါဘူး။ ထူးခြားဆန်းကြယ်တဲ့ကိစ္စ တွေကို ရှာဖွေလေ့လာဖို့ အကောင်းဆုံးနေရာက သမ္မာကျမ်းစာဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ အပြစ်တရားကျူးလွန်မိတဲ့သူတွေနဲ့ ဘုရား သခင်ရဲ့ ဂုဏ်တော်မေတ္တာတော် လိုအပ်တဲ့သူတို့ရဲ့ အခြေအနေတွေ ကို လေ့လာနိုင်ပါတယ်။ ဥပမာ- မောရှေဟာ လူသတ်ပြီး အဝေးကို ထွက်ပြေးခဲ့ရသလို ဂိဒေါင်ဟာ ဣသရေလနိုင်ငံ တိုက်ခိုက်လုယက်ခံ ရတဲ့အချိန်မှာ ဝိုင်ထုတ်ရာနေရာမှာ ပုန်းအောင်းနေခဲ့ပြီး အဲဒီအရပ် မှာပဲ ဘုရားသခင်ခေါ်ခြင်းခံရတဲ့အချိန်မှာ ရုပ်တုတည်ခဲ့ပါတယ်။ ဆာရာဟာ ဘုရားသခင်အနေနဲ့ တစ်သက်လုံးကတိတည်တာမြင်ခဲ့ရ ပေမယ့် သန္ဓေတည်လိမ့်မယ်ဆိုတဲ့ကတိတော်ကို ပျက်ရယ်ပြုခဲ့ပါတယ်။ ဒါဝိတ်ဟာ ဘုရားသခင်မလုပ်ရဘူးဆိုတဲ့ ကိစ္စရပ်တစ်ခုကို ကျူးလွန်ခဲ့တဲ့ အိမ်ထောင်ရေးဖောက်ပြန်ခဲ့သူတစ်ဦးဖြစ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျွန်တော်ဟာ The Land of Beginning Again soos mopsco:wody:closofin sàémopos ဖော်ပြထားတာက လူတွေရဲ့ အပြစ်တွေ၊ ဆုံးရှုံးမှုတွေကို လွှင့်ပစ်လို့ရတဲ့ နေရာတစ်နေရာရှိပြီး အဲဒီနေရာဟာ ဘုရားသခင်ရဲ့ ကရုဏာတော်နဲ့ ပြည့်စုံပြီး ဘုရားသခင်ဟာ ကျွန်တော်တို့အယောက်တိုင်းကို သမ္မာကျမ်း စာထဲက လူတွေလို ဘုရားသခင်ထံပြန်လာရသကဲ့သို့ ပြန်လာစေချင်ပါတယ်။ ဘယ်လောက်ပဲဝေးအောင်ပြေးပြေး၊ ဘယ် ဘယ်လောက်ပဲ အာခံခံ၊ ဘယ် လောက်ပဲ အာခံခံ၊ ဘယ်လောက်ပဲအမှားလုပ်လုပ်ဘုရားသခင်ဟာ အပြစ်သားတိုင်းကို သူ့ဆီပြန်လာစေချင် ပါတယ်။

၂။ ထာဝရဘုရားသခင်ဟာ ဒုတိယအကြိမ်အခွင့်အရေးပေးတာဟာ အခြားသူတွေအတွက် လိုအပ်နေလို့ပါ။

ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ကို ချစ်တယ်။ လိုအပ်ရင် အစကပြန်စစေချင်တယ်။ အဲဒါကြောင့်လည်း ဒုတိယအကြိမ်အခွင့် အရေးပေးတာဖြစ်ပြီး တစ်ခါတစ်ရံမှာတော့ အခြားသူတွေအတွက် အကျိုးရှိလို့လည်းဖြစ်ပါတယ်။ ယောနခေတ်အချိန်အခါမှာ နိနေဝေမြို့ ဟာ လူ ၁၂ဝ,ဝဝဝ ခန့်ရှိတဲ့မြို့ပါ။ အဲဒီမြို့က လူတွေဟာ ဆိုးသွမ်းယုတ် ညံ့တဲ့သူတွေမှန်း ယောနသိတော့ ဘုရားသခင်က အဲဒီလူတွေကို ကယ် မယ်ဆိုတာ လက်မခံနိုင်ဖြစ်နေရတယ်။ နိနေဝေမြို့သူမြို့သားတွေကို ဒုတိယအကြိမ် အခွင့်အရေးမရစေချင်ဘူး။ ဒါပေမဲ့ ထာဝရဘုရားသခင် က ထုံးစံအတိုင်း ဒုတိယအကြိမ်ဆိုတဲ့ အခွင့်အရေး ရစေလိုပါတယ်။ ထာဝရဘုရားသခင်ဟာ သင်္ဘောသားတွေကို သင်္ဘောနစ်ခြင်းမှ လွတ်တဲ့ ဒုတိယအကြိမ်အခွင့်အရေးပေးခဲ့သလို နိုနေဝေမြို့သူမြို့သားတွေကို အလားတူဒုတိယအကြိမ်အခွင့်အရေးပေးခဲ့ရုံမျှမက နားမထောင်တဲ့ ယောနကိုလည်း ဒုတိယအကြိမ်ဆိုတဲ့အခွင့်အရေးပေးခဲ့ပါတယ်။

ကျွန်တော့်ကိုလည်း ဘုရားသခင်က ဒုတိယအကြိမ်အခွင့် အရေးပေးခဲ့ပါတယ်။ ကျွန်တော့်အပြစ်တွေ၊ အမှားတွေကို အမြဲခွင့်လွှတ် ခဲ့ပါတယ်။ ဒါတင်မကဘဲ ယောနအတိုင်းပဲ ကျွန်တော့်ကို သေခြင်းမှ ကယ်ထုတ်ပြီး ဒုတိယအကြိမ် အသက်ရှင်ခွင့်ပေးခဲ့ပါတယ်။ ထာဝရ ဘုရားသခင်ရဲ့ ဂုဏ်တော်နဲ့ မေတ္တာတော်ရယ်၊ ကျွမ်းကျင်မှုခွဲစိတ် ဆရာဝန်ကြီးနှစ်ယောက်ရဲ့ ကျွမ်းကျင်မှုတွေရယ်ကြောင့် ၁၉၉၈ မှာ ကြုံခဲ့ရတဲ့ နှလုံးရောဂါဒဏ်ကနေ လွတ်ခွင့်ရခဲ့ပါတယ်။ ဆယ်နှစ် အကြာမှာ ကျွန်တော့်ကို ဒုတိယအကြိမ် အသက်ရှင်သန်ခွင့်ပေးခဲ့တဲ့ အတွက် အခြားသူတွေအတွက် သတင်းကောင်းပေးဝေခွင့်ရခဲ့ပြီး အဲဒီ ဒုတိယအကြိမ်အသက်ရှင်ခွင့်မှတစ်ဆင့် လူပေါင်းတစ်သောင်းကျော်ခန့် ဘုရားသခင်ဆီကို တိုးဝင်ခဲ့ပါတယ်။ ကျွန်တော် တည်ထောင်ခဲ့တဲ့ Catalyst ဆိုတဲ့ ကွန်ဖရင့်ကနေတစ်ဆင့် လူထောင်ပေါင်းများစွာကို ကူညီပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာရှိတဲ့ခေါင်းဆောင် ငါးသန်းကို လေ့ကျင့်ပေးနိုင်ခဲ့ပါတယ်။ John Maxwell သင်တန်း ဆင်းဆရာ၊ ဆရာမ လေးထောင်ကနေတစ်ဆင့် နိုင်ငံပေါင်း ၁၂၀ မှာကျွန်တော့်နာမည်ကို တည်ထောင်နိုင်ခဲ့ပါတယ်။ ဒါတင်မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာရှိတဲ့ ဘုရားကျောင်းတွေကို ကူညီဖို့ ဒေါ်လာ တစ်ဘီလီယံကျော်ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ အဲဒါတွေအားလုံးဟာ ဘုရားသခင်ပေးခဲ့တဲ့ ဒုတိယအကြိမ် အသက်ရှင်ခွင့်ပြုခြင်းရဲ့ နောက် ဆက်တွဲရလဒ်တွေပါပဲ။

ခင်ဗျားအနေနဲ့ ဘုရားသခင်ကို ဒုတိယအကြိမ်အခွင့်အရေး တောင်းဆိုတဲ့အခါမှာ တစ်ကိုယ်ကောင်းဆန်လို့ မရပါဘူး။ ဘုရားသခင် ရဲ့ ခွင့်လွှတ်ခြင်းကရုဏာတော်နဲ့ ဘုရားသခင်ရဲ့ ခိုင်းစေချက်ကို လိုက်နာ မယ်ဆိုရင် လူပေါင်းဘယ်လောက်ကို ကူညီနိုင်မယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။

၃။ ထာဝရဘုရားသခင်က ဒုတိယအကြိမ်အခွင့်အရေးပေးတာဟာ ထာဝရဘုရားသခင်ဟာ ကောင်းမွန်ပြည့်စုံလို့ပါ။

ထာဝရဘုရားသခင်အနေနဲ့ အခြေခံအကျဆုံးအချက်တစ်ချက် ကတော့ ကျွန်တော်တို့အားလုံးကို ချစ်တယ်။ ကျွန်တော်တို့အားလုံးကို ကရုဏာတော်ရှိတယ်။ ကျွန်တော်တို့အားလုံးကို ဒုတိယအကြိမ်အခွင့် အရေးရစေလိုပါတယ်။ ထာဝရဘုရားသခင်နဲ့ ပတ်သက်ပြီး ကျွန်တော် တို့မှာ ချို့ယွင်းချက်ရှိပေမယ့် ထာဝရဘုရားသခင်ကတော့ ဘယ်တော့မှ မပြည့်စုံတာ ချို့ယွင်းတာ မရှိတတ်ပါဘူး။ သမ္မာကျမ်းစာတစ်အုပ်လုံး မှာ ထာဝရဘုရားသခင်ရဲ့ ကတိတော်အမျိုးမျိုးပါရှိသလို ကျွန်တော်တို့ရဲ့ အားနည်းချက်နဲ့ပတ်သက်ပြီး ထာဝရဘုရားသခင်ရဲ့ သစ္စာတော်၊ ကရု ဏာတော်၊ မေတ္တာတော်နဲ့ ပတ်သက်တဲ့ပုံပြင်တွေ ပါရှိပါတယ်။

– ကျွန်တော်တို့ဝန်လေး၍ပင်ပန်းသောအခါ ထာဝရဘုရားသခင်မှ သက်သာခြင်းပေးပါမည်။

ရှင်မဿဲခရစ်ဝင်ကျမ်း ၁၁း၂၈-၃ဝ

– ယုံကြည်သူဖြစ်လာတဲ့နောက်ပိုင်း ဘုရားသခင်၏ကျေးဇူးတော်ဟာ လုံလောက်ပါတယ်။

ကောရိန္သုဒုတိယစောင် ၁၂း၉

– ကိုယ့်အပြစ်ကို ခွင့်လွှတ်ဖို့ ခက်ခဲနေမယ်ဆိုရင် ထာဝရဘုရားသခင် က ခွင့်လွှတ်ပါတယ်။

ရှင်ယောဟန်ဩဝါဒပဌမစောင် ၁း၉

– ဘာလုပ်မှန်းမသိဖြစ်နေတဲ့အခြေအနေမျိုးမှာ ထာဝရဘုရားသခင် ဟာ ကျွန်တော်တို့ လိုအပ်သမျှကို ပံ့ပိုးပေးပါလိမ့်မယ်။

ဖိလိပ္ပိသြဝါဒစာ ၄း၁၉

– ဘာမှန်းမသိတွေဝေနေတဲ့အချိန်မှာ ထာဝရဘုရားသခင်က ဉာဏ် လည်း ပေးပါလိမ့်မယ်။

ရှင်ယာကုပ်ဩဝါဒစာ ၁း၅

– ဘာဆုံးဖြတ်ရမှန်း မသိတဲ့အခြေအနေမှာ ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ခြေလှမ်းတွေကို လှမ်းပြပါလိမ့်မယ်။

သုတ္တံကျမ်း ၃း၅-၆

– ဒုက္ခတွေလွှမ်းမိုးနေတဲ့အခြေအနေမှာ ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပေးပါလိမ့်မယ်။

ရှင်ယောဟန်ဩဝါဒပဌမစောင် ၅း၇

ကျွန်တော်တို့ရဲ့ သံသယ၊ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမှုတွေအတွက် ထာဝရဘုရားသခင်မှာ အဖြေအမြဲတမ်းရှိနေတယ်။ ဒုတိယအကြိမ် အခွင့်အရေးပေးတတ်ပါတယ်။ ဘုရားသခင်ကို ပြောတဲ့ ကျွန်တော်တို့စကားတွေဟာ မတည်တတ်ပေမယ့် ဘုရားသခင်ကကျွန်တော်တို့အပေါ် ထားရှိတဲ့ ကတိတွေဟာ အမြဲတည်နေတတ်ပါတယ်။

ယောနဆီက ဘဝသင်ခန်းစာများ

ဘုရားသခင်ထံကနေ ယောနဒုတိယအကြိမ်ရခဲ့တဲ့ အခွင့် အရေးကနေ ဘာတွေကို သင်ယူရမယ်ဆိုတာ ကျွန်တော်စဉ်းစားနေမိ တယ်။ အဲဒီအချိန်မှာပဲ ယောနကနေ စပြီး ရှင်းပြနေပါတယ်။

မှားယွင်းတဲ့ခံယူချက်တွေနဲ့ မှန်တဲ့ကိစ္စရပ်တွေ လုပ်ဆောင်ဖို့ မဖြစ်နိုင်ပါ။

“ကျွန်တော့်ကို ငါးကြီးအန်ချလိုက်တဲ့အချိန်မှာ ကျွန်တော် ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေမိတယ်”။

ငါးကြီးတစ်ကောင်ရဲ့ ဗိုက်ထဲမှာ နေခဲ့ရတဲ့အတွေ့အကြုံဟာ ပြောပြလို့ မရပါဘူး။ ကျွန်တော့်တစ်ကိုယ်လုံးနံနေသလိုပဲ ကျွန်တော့် ရပ်တည်ချက်ခံယူချက်ကလည်း အဖတ်ဆယ်လို့ မရပါဘူး။ ဘုရားသခင် ကို နာခံဖို့ ဝန်မလေးပေမယ့် သတင်းကောင်းနားထောင်ရမယ့်သူတွေကို မုန်းတီးနေမိတယ်။ ခါးသီးစွာ စိတ်ပျက်ရတဲ့အကြောင်းရင်းတစ်ခုက ဘုရားသခင်စကားကို နားထောင်ခဲ့တဲ့နောက်ပိုင်း ဘုရားသခင်က ဒုတိယအခွင့်အရေးပေးခဲ့တာကိုပါ။ ကျွန်တော်ဟာအပြင်ပန်းကြည့်ရင် နာခံတဲ့သဘောရှိပေမယ့် အတွင်းသရုပ်မှန်ကတော့ လုံးဝခေါင်းမာပုန် ကန်တဲ့စိတ်ရှိနေတာကိုး။

ကျွန်တော်မှားခဲ့တာက တကယ့်ဖြစ်သင့်တာက တစ်မြို့လုံး ကျွန်တော့်လိုပဲ ထာဝရဘုရားသခင်ရဲ့ ကရုဏာတော်နဲ့ မေတ္တာကြင်နာမှု ခံစားရတယ်။ အဲဒါကို ပျော်ရွှင်ရမှာလေ။ တကယ်တော့ ကျွန်တော်တို့ ခံယူချက်ကို ပြောင်းလဲသင့်တယ်။ စိတ်ပျက်စိတ်ကုန်ရမယ့်အစား ဘုရား ၊ သခင်မြင်သလို ဘုရားသခင် တန်ဖိုးထားသလို လူတွေကို မြင်တတ်ဖို့၊တန်ဖိုးထားတတ်ဖို့ လိုတယ်။ လူတိုင်းဟာ ဘုရားသခင်အတွက် အရေးကြီးသလို ကျွန်တော့်အတွက်လည်း အရေး ကြီးရမှာလေ။

ပြည့်စုံမှုအားနည်းသူတွေကို ထာဝရဘုရားသခင်က သုံးတာဟာ ကျေးဇူးတော်ပါပဲ။

“ထာဝရဘုရားသခင်ဟာ မည်သူ့ကိုမဆို အသုံးပြုပါတယ်။ အကြောင်းကြောင်းကြောင့် အသုံးပြုခံရသူအားလုံးဟာ ပြည့်စုံမှုအား နည်းတဲ့သူ သာမန်လူတွေပဲဖြစ်ပါတယ်။ ကျွန်တော့်ကိုလည်း ကြည့်ဗျာ။ အလွန်အတ္တကြီးတဲ့ကောင်၊ ကိုယ့်ကိုယ်ကိုယ် ဘဝင်မြင့်စွာနဲ့ ဘုရားသခင် ကို မှားတယ်လို့ ထင်နေတယ်။ ကျွန်တော် တာရှုမြို့ကို ထွက်ပြေးတုန်း ကလည်း ဘုရားသခင် မအံ့ဩသလို ဘုရားသခင်ရဲ့ အလိုတော်ကို လုပ်ဆောင်ဖို့ မနှောင့်နှေးစေခဲ့ပါဘူး။ ကျွန်တော့်ရဲ့ မိုက်မဲမှုကိုတောင် အသုံး ချပြီး သင်္ဘောပေါ်က လူတွေကို ကယ်တင်ဖို့ အခွင့်အရေးရလိုက်သေး တယ်” ဟု ဆိုပါတယ်။ နိနေဝေမြို့သူမြို့သားတွေထက် ဘုရားသခင်ရဲ့ ကရုဏာတော်၊ မေတ္တာတော် ခံစားရတဲ့ အခြားသူတွေ ရှိနိုင်ပါ့မလားဗျာ။

အခုထိ မေးနေတဲ့မေးခွန်းက ဘာကြောင့် ဘုရားသခင်က ကျွန်တော့်ကို ဒုတိယအကြိမ်အခွင့်အရေးပေးလဲဆိုတာပါပဲ။ ဘုရား သခင်ရဲ့ သတင်းကောင်းကို ပေးဝေနိုင်တဲ့သူတွေ အများကြီးရှိပါတယ်။ ကျွန်တော်ထက် ဘုရားသခင်စကားကို ပထမအကြိမ် နားထောင်တတ် တဲ့သူတွေ အများကြီးရှိပါတယ်။ သေချာတာကတော့ ဘုရားသခင်က လူကောင်းကို ရှာတာမဟုတ်ဘူး။ ဘုရားသခင် လိုချင်တဲ့ သင့်တော်သူတဲ့ သူကိုပဲ ရွေးတာလေ။ ကျွန်တော်ဆိုတဲ့ယောနဟာ ပြဿနာတွေ အများ ကြီးနဲ့သူ၊ မနာခံတတ်တဲ့သူဖြစ်ပေမယ့် ဘုရားသခင် လိုချင်တဲ့သူ ဖြစ်နေ တယ်။ အဲဒါဟာ နိမ့်ချစရာကိစ္စကျေးဇူးတင်ရမယ့်ကိစ္စဖြစ်ပါတယ်။

အကယ်၍ ဒုတိယအကြိမ် အခွင့်အရေးရလျှင် တန်ဖိုးရှိအောင် အသုံးချတတ်ပါစေ။

ငါးကြီးက ထွေးထုတ်အန်ချလိုက်တဲ့အချိန်မှာ လေကို အငမ်း မရရှူရင်း ပထမဆုံး စဉ်းစားမိတာက “ငါအသက်ရှင်တုန်းပဲ… ဘုရားသခင်ကျေးဇူးတော်ကြောင့် အသက်ရှင်ခွင့်ရခဲ့တာ”… သောင်ပြင်မှာ လဲနေတုန်းတစ်ဆက်တည်းတွေးမိတာက ဘုရားသခင်က ကျွန်တော့်ကို နိနေဝေမြို့ကို ထပ်လွှတ်မယ်ဆိုတာပါပဲ။ ဒီတစ်ခါတော့ ကျွန်တော် သန္ဓဌာန်ချလိုက်ပြီး သွားကိုသွားမယ်ဆိုတာပါပဲ။ ချက်ချင်း မဟုတ်ပေမယ့် နောက်မှတဖြည်းဖြည်းနားလည်သဘောပေါက်လာတာ က ဒုတိယအကြိမ်အခွင့်အရေးပေးတာမှာ အခြားအရေးပါတဲ့နောက် ဆက်တွဲတွေ ရှိတယ်ဆိုတာပါပဲ။

ပထမအကြိမ်ဆုံးရှုံးခဲ့ရပေမယ့် နောက်တစ်ခါ “ပထမအကြိမ်” ဆိုတဲ့ အခွင့်အရေးမရနိုင်တော့ပါဘူး။ ပြန်စဉ်းစားမိတာကတော့ “ပထမ အကြိမ်” အခွင့်အရေးတုန်းက နာခံလုပ်ခဲ့ရင် ဘာဖြစ်မလဲမသိ၊ မလုပ် ခဲ့တဲ့အတွက် ဘယ်လိုအခွင့်အရေးတွေ ဆုံးရှုံးသွားသလဲ မသိ၊ ဘယ်လို ရပိုင်ခွင့်တွေ နစ်နာသွားမလဲမသိ၊ ဘယ်လိုအကျိုးဆက်တွေ ရှိခဲ့မှန်း ၊ မသိ၊ ဘုရားသခင်ဟာ အခြားမြို့ကိုသွားခိုင်းမလားမသိ၊ အခြား သူတွေ ဘယ်လိုစီစဉ်ထားလဲမသိ။

ဒီမေးခွန်းတွေ ခေါင်းထဲအစီအရီပေါ်လာတဲ့နောက်ပိုင်း ဘုရား သခင်ရဲ့ ကရုဏာတော် ဘယ်လောက်လိုတယ်ဆိုတာ နားလည်လာရ တယ်။ ဘုရားသခင်က ကျွန်တော့်ကို ခွင့်လွှတ်ခဲ့တယ်။ ကျွန်တော်နဲ့ ထိုက်တန်တာကို မပေးခဲ့ပါဘူး။ နိုနေဝေမြို့သူမြို့သားတွေအနေနဲ့ မကောင်းတဲ့ဒုစရိုက်အမျိုးမျိုးကို ဖယ်ရှားပြီး ဘုရားသခင်ကို ပြန်လည် တိုးဝင်တာတောင် ကျွန်တော် နားမလည်နိုင်ခဲ့ပါဘူး။ အချိန်နဲ့အမျှ ဘုရားသခင်ရဲ့ ကရုဏာတော် ကျေးဇူးတော်ကြောင့် နာကျင်မှုကို ဖယ် ၊ ရှားနိုင်ပြီး ခံယူချက်ကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဘုရားသခင်ရဲ့ ကရုဏာတော်၊ မေတ္တာတော်ကြောင့် ဘယ်လိုအမှားမျိုးပဲ ကျူးလွန်ခဲ့ ကျူးလွန်ခဲ့ ဘုရားသခင်ဆီကို ပြန်လာဖို့ ဖိတ်ခေါ်ခံရပါတယ်။ကရုဏာတော်ဟာ အထက်က စီးဆင်းလာတာဆိုတော့ ကျွန်တော် အပေါ်ဆုံးရောက်နေတဲ့နေရာမှာ ထိတွေ့ရတာမဟုတ်ဘဲ ဘဝရဲ့ အောက်ဆုံးအခြေအနေမှာ ထိတွေ့ရတာပါ။

ယောနက တစ်ဆက်တည်းပြောလိုက်တာက “ဘုရားသခင်ရဲ့ ကရုဏာတော်၊ မေတ္တာတော်ဟာ ခင်ဗျားတို့အတွက် အမြဲအသင့်ပါပဲ။ အဲဒါကြောင့် ဒုတိယအကြိမ် အခွင့်အရေးရခဲ့ရင် အသုံးချတတ်ဖို့ လိုပါ တယ်။ အထက်က ဘယ်လောက်ပဲဆိုးဝါးတာတွေ လုပ်ခဲ့ပါစေ ခင်ဗျား အတွက် ဘယ်တော့မှ နောက်မကျပါဘူး။ ခင်ဗျားသာ ခွင့်ပြုမယ်ဆိုရင် ဘုရားသခင်က ခင်ဗျားကို အသုံးပြုနေမှာပါပဲ။ ကျွန်တော့်လို မနာခံတတ် သူ၊ နာကျည်းမှုခံစားနေရသူ၊ အနုတ်လက္ခာရှိတဲ့ခံယူချက်ရှိသူကိုတောင် အသုံးပြုခဲ့ရင် ခင်ဗျားတို့ကို အသုံးပြုမှာအသေအချာပါပဲ။

ကျွန်တော်တို့အတွက် ယောနရဲ့ ဆုတောင်းချက်

ယောနဟာ ရှေ့ကို ကုန်းလိုက်ပြီး ကျွန်တော်တို့လက်တစ်ဖက် တစ်ချက်ကို ကိုင်လိုက်တာနဲ့ မကြာခင်သွားတော့မယ်ဆိုတာ ကျွန်တော် သိလိုက်ရပါတယ်။ သူ့ရဲ့ အေးစက်နေတဲ့လက်ရဲ့ အထိအတွေ့ကြောင့် အံ့ဩပေမယ့် သူ့ရဲ့ဆုတောင်းချက်က ကျွန်တော်တို့အတွက် နွေးထွေးမှု ကို ရစေတာအမှန်ပါပဲ။

အမြဲတမ်းပဲ ကျွန်တော်တို့အတွက် အသင့်ရှိနေတဲ့ဘုရား သခင်…

“ဘုရားသခင်ရဲ့ တပည့်တော်တွေကို ဘုရားသခင်ရဲ့ ကရုဏာ တော်နဲ့ မေတ္တာတော်ကို နက်နက်နဲနဲ သိစေတော်မူပါ။ ထာဝရဘုရား သခင်ပေးတဲ့ ဒုတိယအကြိမ်အခွင့်အရေးတွေကို သိရှိနားလည်ပြီး အကောင်းဆုံးအသုံးချနိုင်ဖို့ သွန်သင်လမ်းပြတော်မူပါ။ ကမ္ဘာမြေကြီး ပေါ်မှာ အသက်ရှင်ရတဲ့ တိုတောင်းတဲ့အသက်တာကိုလည်း တန်ဖိုးရှိရှိ အသုံးချတတ်ဖို့ ကူညီစောင်မတော်မူပါဘုရား… အာမင်…”။

ယောနထံမှခေါင်းဆောင်မှုသင်ခန်းစာများ

ယောနဟာ ကျွန်တော်တို့တစ်ဦးစီရဲ့မျက်လုံးကို စေ့စေ့ကြည့်ပြီး ခေါင်းတစ်ချက်ငြိမ့်လိုက်ပါတယ်။ သူ့ရဲ့ စကားတွေဟာ ကျွန်တော်တို့ကို ခွန်အား ရရှိစေသလို သူ့ရဲ့ ဘဝတစ်သက်တာကရတဲ့သင်ခန်းစာတွေကို လေ့လာကြည့်ရအောင်။

၁။ ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ဟာ လူအများကို သက်ရောက်မှုရှိစေ ပါတယ်။

ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အတက်ပဲဖြစ်ဖြစ်၊ အကျပဲဖြစ်ဖြစ် ခေါင်းဆောင်မှုပေါ် မူတည်ပါတယ်။ ယောနရဲ့ဆုံးဖြတ် ချက်အားလုံးဟာ အခြားသူတွေအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။

ယောနအနေနဲ့ ဆုံးဖြတ်ချက်အမှားတွေ လုပ်မိပြီဆိုရင် သက်ဆိုင်တဲ့ လူတွေကို ထိခိုက်စေပါတယ်။ ဘုရားသခင်ကို ပုန်ကန်ပြီး သင်္ဘောနဲ့ အခြားနေရာကို ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် သင်္ဘောသားတွေ ဒုက္ခရောက်ခဲ့ရတယ်။ သင်္ဘောပေါ်ကနေ ကုန်ပစ္စည်းတွေ ပစ်ချခဲ့ရတဲ့ အတွက် ကုန်သည်တွေအတွက် နစ်နာခဲ့ရတယ်။ ယောနကိုယ်တိုင်လည်း နစ်နာရုံမျှမက နိနဝေမြို့နေလူထု ၁၂ဝ,ဝဝဝ အနေနဲ့ ဘုရားသခင် ရဲ့ သတင်းကောင်းကို နားထောင်ဖို့ နှောင့်နှေးခဲ့ရတယ်။

ဒါပေမဲ့ ယောနာဟာ သူ့မနာခံမှုရဲ့ နောက်ဆက်တွဲကြောင့် မုန်တိုင်းဖြစ်ရတာကို သင်္ဘောသားတွေကို ဝန်ခံခဲ့ရတဲ့နောက်ပိုင်း သူတို့ လည်း ဘုရားသခင်ကို သိကျွမ်းခွင့်ရခဲ့သလို အသက်ရှင်သန်ခွင့်ရခဲ့ရုံ မျှမက ယုံကြည်သူတွေဖြစ်လာခဲ့ရတယ်။ ယောနရဲ့ ဆုံးဖြတ်ချက်ကြောင့် ဘုရားသခင်ထံမှ ဒုတိယအကြိမ်အခွင့်အရေးရခဲ့တဲ့အတွက် နိနေဝေ ၊ မြို့မှာ သတင်းကောင်းဝေငှနိုင်ပြီး မြို့သူမြို့သားတွေဟာ ဘုရားသခင်ရဲ့ သတင်းစကားကို သိတော့ပြင်ဆင်နိုင်ပြီး ဘုရားသခင်ရဲ့ အမျက်ဒေါသ ကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။

ခေါင်းဆောင်တွေအနေနဲ့ သတိထားဖို့ကတော့ ကျွန်တော်တို့ လုပ်တဲ့ဆုံးဖြတ်ချက်တိုင်းဟာ သက်ဆိုင်သူတွေအပေါ်မှာ အကျိုးသက် ရောက်မှုရှိတယ်ဆိုတာကိုပါပဲ။ ရာထူးကြီးလေ၊ တာဝန်ကြီးလေ၊ ထိခိုက် နိုင်တဲ့ သက်ဆိုင်သူအရေအတွက်များလေ၊ အကျိုးသက်ရောက်မှုများ လေပါပဲ။ ဒါကြောင့် ကိုယ့်ဆုံးဖြတ်ချက်ဟာ အပြုသဘော၊ ဒါမှမဟုတ် အနုတ်သဘောသက်ရောက်မှုရှိနေပါတယ်ဆိုတာ အမြဲသတိထားဖို့ လိုပါ တယ်။

၂။ ခေါင်းဆောင်အနေနဲ့မိမိနှလုံးသားကို အမြဲစစ်ဆေးနေဖို့လိုပါတယ်။

အဆုံးမှာတော့ ယောနဟာ ဘုရားသခင်ကို နာခံခဲ့ပြီး အမှု တော်ထမ်းဆောင်ခဲ့ပေမယ့် သူ့နှလုံးသားကတော့ မမှန်ကန်သေးပါဘူး။ ဘုရားသခင်က ယောနကို နိနေဝေမြို့လူထုကို မေတ္တာထားရှိစေလိုပါ တယ်။ အကြင်နာတရားရှိစေလိုပါတယ်။ “

ခေါင်းဆောင်ကောင်းတွေဟာ လုပ်ရမယ့်ကိစ္စရပ်ကို မှန်ကန် တဲ့နှလုံးသားအပေါ် အခြေခံပြီး၊ မှန်ကန်တဲ့အကြောင်းတရားတွေပေါ် မူတည်ပြီး လုပ်ဆောင်ကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ မိမိတို့ရဲ့နှလုံးသားကို ဆန်းစစ်ဖို့ လိုနေတာပါ။ ဒေါသ၊ အကြောက်တရား၊ မနာလိုမှုနဲ့ မုန်းတီးမှု စတဲ့ စိတ်အခြေခံတဲ့ ဆုံးဖြတ်ချက်တွေဟာ ဘယ်တော့မှ အကျိုးမရှိပါဘူး။ အဲဒီစိတ်ခံစားချက်တွေဟာ ကျွန်တော်တို့ရဲ့ ဦးတည်ချက်ကို သွေဖီစေပြီး အဆုံးအဖြတ်တွေကို ထိခိုက်စေပါတယ်။

ကျွန်တော်ဟာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်သလို ခင်ဗျားလည်း ဖြစ်ချင်မှာပါ။ ဘုရားသခင်ကို လှုံ့ဆော်မှုပေးတဲ့ မေတ္တာ၊ ပျော်ရွှင်မှု၊ စိတ်ရှည်မှု၊ ကောင်းမွန်မှု၊ ကြင်နာမှု၊ သစ္စာရှိမှု၊ လူကြီးလူ ကောင်းပီသမှုနဲ့ မိမိကိုယ်မိမိ ထိန်းချုပ်မှုတို့ဟာ ကျွန်တော်တို့ကိုလည်း လှုံ့ဆော်မှုပေးစေပါတယ်။

ကျွန်တော်တို့ရဲ့နှလုံးသားကို စစ်ဆေးဖို့ကတော့ ဘယ်လိုအခြေ အနေပဲ ကြုံရကြုံရဘုရားသခင်ရဲ့ အလိုတော်ကို ခံယူလားဆိုတာ ဆန်း စစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ အပြောအဆိုနဲ့ အပြုအမူတွေဟာ ဘုရားသခင်ကို စိတ်ကျေနပ်မှုဖြစ်စေရဲ့ လား။ အဲဒီလိုဖြစ်ဖို့က ကျွန် တော့်အနေနဲ့ ဘုရာသခင်မြင်တဲ့အမြင်နဲ့ ရှုမြင်တတ်ဖို့ လိုအပ်ပါတယ်။

၃။ ဘုရားသခင်ဟာ ခေါင်းဆောင်တွေကို ရွေးချယ်လုပ်ကိုင်စေခြင်း အားဖြင့် အခြားသူတွေကို ကူညီပါတယ်။

ယောနရဲ့ ဇာတ်လမ်းတစ်ခုလုံးမှာ ကျွန်တော့်ရင်ကို အထိဆုံး အချက်ကတော့ ယောနကို မရရအောင်သုံးပြီး ဘုရားသခင်ရဲ့ အမှုတော် ကိုထမ်းဆောင်စေခြင်းပဲဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင် ဘုရား သခင်က ကောင်းကင်တမန်တစ်ပါးကို နိနေဝေမြို့ကို လွှတ်ပြီး သတိပေး ခိုင်းနိုင်ပေမယ့် လူတစ်ယောက်ကို ရွေးချယ်စေလွှတ်ခဲ့ရုံမျှမကဘဲ ဒီလူက စကားနားမထောင်လည်း ခွင့်လွှတ်ပြီး ဒုတိယအကြိမ် အခွင့်အရေးပေး၊ ခဲ့ပါသေးတယ်။

မကြာခင်နှစ်အနည်းငယ်က တကယ်လို့များ ကောင်းကင်နိုင်ငံ ရောက်ခဲ့လို့ အခွင့်ရှိလို့ ဘုရားသခင်ကို မေးခွင့်ရှိခဲ့ရင် မေးမယ့်မေးခွန်း ဆယ်ခုပြင်ဆင်ထားခဲ့ဖူးပါတယ်။ အဲဒီထဲကတစ်ခုကတော့ “ထာဝရ ဘုရားသခင်အနေနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကိုဆောင်ဖို့လူကို ဘာကြောင့် ရွေးချယ်ခဲ့သလဲ။ အဲဒီလိုရွေးချယ်ရာမှာ ဘာလို့အချို့လူတွေကို အခွင့်အရေးပေးခဲ့သလဲဆိုတာပါပဲ။” ကျွန်တော့်ကို ဘာလို့ရွေးချယ် အသုံးချလဲဆိုတာ စဉ်းစားမိတိုင်း ကြက်သီးဖြန်းဖြန်းထပြီး ကျေနပ်ပီတိ ဖြစ်ခဲ့ရပါတယ်။ ကိုယ်ဟာကိုယ် သိနေတာက တကယ်လို့များ ကမ္ဘာကြ ဝဠာကို ကျွန်တော်အုပ်စိုးခွင့်ရမယ်ဆိုရင် ကျွန်တော့်လိုလူကို ဘယ်တော့ မှရွေးချယ်အသုံးချမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ အားနည်းမှု များစွာကို သိနေလို့ပါပဲ။ ဘုရားသခင် ကျွန်တော့်ကို ပေးတဲ့အခွင့် အာဏာမျိုးလည်း ပေးမှာမဟုတ်ဘူး။ ဒီနေ့ထက်ထိ ဘုရားသခင်ရဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ကျွန်တော့်ကို အသုံးပြုတာကို တွေးမိတိုင်း နှလုံး သားကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်နေမိပါတယ်။

ယောနရဲ့ဆွေးနွေးချက်လမ်းညွန်

နောက်တဖန်ထာဝရဘုရားသခင်၏နှုတ်ကပတ်တော်သည် ယောနသို့ရောက်လာသည်ကား။ သင် ထ၍ နိနဝေမြို့ကြီးသို့ သွား လော့။ ငါမှာသည့်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူလေ၏။ ထိုအခါထာဝရဘုရား၏ အမိန့်တော်အတိုင်း ယောနသည် ထ၍ နိနေဝေ မြို့သို့ သွား၏။ နိနဝေမြို့သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီး ကျယ်ဝန်းသောမြို့ဖြစ်လေသတည်း။ ယောနသည် မြို့ထဲဝင်၍ တနေ့ ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်စီး ခြင်းသို့ ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။ နိနဝေမြို့သားတို့သည် ဘုရားသခင်၏အမိန့်တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် ၊ အစာရှောင်ရာအချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။

မြို့သားတို့သည် မိမိတို့လိုက်သောအဓမ္မလမ်းကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင်သည်မြင်လျှင်၊ အရင်ခြိမ်းသော ဘေးဒဏ်ကို မပေးဘဲနေတော်မူ၏။

ယောနဝတ္ထု ၃း၁-၅၊၁ဝ

၁။ ဒီနေ့ခေတ်အခါနဲ့ တွေးရရင်တော့ ယောနဟာ ဘုရားသခင်နဲ့ ဝေးဖို့သင်္ဘောနဲ့ထွက်ပြေးခဲ့တယ်။ ဒီနေ့လူတွေဆိုရင် ဘယ်လိုနည်းတွေသုံးပြီးဘုရားသခင်နဲ့ဝေးဖို့၊ ဒါမှမဟုတ် အမှုတော်ထမ်းဆောင်ဖို့လုပ်ဆောင်ကြမှာလဲ။

၂။ ခေါင်းဆောင်တစ်ယောက်ဟာ လုပ်ရမယ့်ကိစ္စတွေကို လွဲမှားခံယူ ချက်နဲ့ လုပ်ဆောင်တာ မြင်ဖူးလား။ အဲဒီလို လုပ်ဆောင်မှုကြောင့် သူအပါအဝင်သူနဲ့သက်ဆိုင်သူတွေ ဘယ်လိုဒုက္ခရောက်တယ်ဆိုတာရှင်းပြပေးပါ။

၃။ တစ်ယောက်ယောက်က ခင်ဗျားကို ထိခိုက်စော်ကားတယ်၊ ဒါမှ မဟုတ် မကောင်းတာလုပ်ဆောင်ခဲ့ရင် ခွင့်လွှတ်ဖို့ ဘယ်လိုခက်ခဲ နေပါသလဲ။

၄။ ဘုရားသခင်ဟာ လူတိုင်းကို ဒုတိယအကြိမ်အခွင့်အရေးပေးတယ်လို့ ယုံကြည်ခံစားမိပါလား။ ရှင်းပြပေးပါ။

၅။ မပြည့်စုံအားနည်းတဲ့သူတွေကို အသုံးပြုပြီး အမှုတော်ကို ထမ်းဆောင်ဖို့ ဘုရားသခင်အလိုရှိတယ်လို့ လက်ခံပါသလား။ အဲဒီ အချက်ကို လက်ခံဖို့ ခက်ခဲတဲ့အချိန်အခါရှိခဲ့ရင် ရှင်းပြပေးပါ။

၆။ ခင်ဗျားဘဝရဲ့ ဘယ်လိုအခြေအနေမျိုးမှာ ဒုတိယအကြိမ်ဆိုတဲ့အခွင့်အရေးရချင်ပါသလဲ။ ဘာကြောင့်ပါလဲ။

၇။ အဲဒီလိုဒုတိယအကြိမ်အခွင့်အရေးရဖို့ ဘယ်လိုလုပ်ဆောင်ရမှာလဲ။

ယောနအကြောင်း လေ့လာဖို့ ယောနဝတ္ထု ၁း၁-၄၊၁၁ နဲ့ ဓမ္မရာဇဝင်စတုတ္ထစောင် ၁၄း၂၅ ကို ဖတ်ရှုဆင်ခြင်ပါ။

ယောရှု

ထာဝရဘုရားသခင်ဟာ ဘဝရဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေထက် ကြီးမြတ်ပါတယ်

ညနေတော်တော်စောင်းနေပြီဆိုတာကို သတိပြုမိလိုက်ပါ တယ်။ ကျွန်တော့်စာကြည့်ခန်းက အိမ်ရဲ့ အရှေ့ဘက်ခြမ်းမှာရှိပြီး နေ ‘မင်းကြီးဟာ အနောက်ဘက်ကို တဖြည်းဖြည်းရွေ့လျားသွားနေပါတယ်။ တစ်နေ့လုံးအလုပ်ရှုပ်နေရတာဆိုတော့ နေဝင်သွားတာကို ကြည့်ရတာ ရင်ထဲကိုအေးမြသွားသလိုပါပဲ။

ခဏအကြာမှာ ပြင်းပြင်းနဲ့မှန်မှန်လျှောက်လာတဲ့ခြေသံကို သတိပြုမိလိုက်ပါတယ်။ အခန်းဝဝင်လာသူဟာ ရုပ်ရှင်ထဲက မင်းသား တစ်ယောက်လိုပါပဲ။ ကျမ်းမာသန်စွမ်းတောင့်တင်းတဲ့ခန္ဓာကိုယ်ပိုင်ရှင်၊ ဘဝရဲ့ အကောင်းဆုံးအသက်အရွယ်အပိုင်းအခြားရှိသူတစ်ယောက်ကို တွေ့မြင်လိုက်ရပြီး သူ့ရဲ့နံဘေးမှာတော့ ဓားအိမ်ထဲထည့်ထားတဲ့ တစ်ချောင်းကို တွေ့လိုက်ရပါတယ်။

သူဟာ သူ့အတွက် လျာထားတဲ့ ကျွန်တော်တို့နှစ်ယောက်ရဲ့ ခုံတွေရှေ့က ခုံကို လွှားခနဲကျော်လွှား လျှောက်သွားပြီး ခုံပေါ်ထိုင်ချ လိုက်လိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးထိုင်နေပေမယ့် လိုရင်အိမ်ထဲက ဓားကို အချိန်မရွေးထုတ်လို့ရအောင် အသင့်အနေအထားဆိုတာ သိသာ ပါတယ်။ သေချာပါတယ်။ သူဟာ စစ်သူရဲကောင်းတစ်ယောက်ပါပဲ။

“ကျွန်တော်က မွေးကတည်းက ကျွန်ပါပဲ” လို့ သူက စကား စလိုက်ပြီး “အဲဂုတ္တုပြည်မှာ မွေးပြီး ဘုရားသခင်လူတွေက ဘုရားသခင် စကားကို နားမထောင်ကြလို့ ကျွန်တော်တို့အားလုံးသဲကန္တရထဲမှာ နှစ် လေးဆယ်ဦးတည်ရာမဲ့သွားလာခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်က ဘုရား သခင်ကို ယုံကြည်တဲ့အတွက် ပထမဆုံးအကြိမ်တာဝန်ပေးကတည်းက လုပ်ကိုင်ခဲ့တာဆိုတော့ ဘုရားသခင်အပိုင်ပေးတော်မူတဲ့ ခါနန်ပြည်ကို ဝင်ဖို့ဆိုတဲ့အချိန်မှာလည်း ဣသရေလလူမျိုးတွေကို ကျွန်တော့်ကို ဦးဆောင်စေခဲ့ပါတယ်” လို့ ပြောနေပါတယ်။

အဲဒါဆို သေချာသွားပါပြီ။ ယောရှုပါပဲ။ သူက ဆက်ပြော တာက “ကျွန်တော့်ဘဝမှာ အမြဲတမ်းစိန်ခေါ်မှုတွေ ကြုံခဲ့ရတယ်။ ဘဝ အစပိုင်းမှာတော့ ချည်နှောင်မှုအမျိုးမျိုးကြုံရခဲ့ပေမယ့် ဘုရားသခင်က ပစ်မထားဘဲ အဲဒီချည်နှောင်မှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ခင်ဗျားတို့ နားလည်ထားဖို့ရာက “ထာဝရဘုရားသခင်ဟာ ကျွန်တော်တို့ခင်ဗျား တို့ဘဝရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေထက် ကြီးမြတ်တယ်ဆိုတာပါပဲ”။

စိန်ခေါ်မှုများ ဖယ်ရှားခဲ့ရင်

Emmet Fox ရဲ့ ကိုးကားချက်တစ်ခုကို ဖတ်မိဖူးပါတယ်။ “ဘဝ ရဲ့ ဥပဒေသတစ်ခုက စိန်ခေါ်မှုပြဿနာဆိုတာ ဘဝမှာ အချိန်မရွေး ကိုယ့်ဆီရောက်လာတတ်ပါတယ်။ သေချာတာကတော့ ဘဝမှာနောက် တစ်ဆင့်တက်ရခါးနီးပြီဆိုရင် ပိုကြုံရတတ်ပါတယ်။ အဲဒီလိုအခြေအနေ မှာ တကယ်ကံဆိုးတာက အဲဒီလိုစိန်ခေါ်မှုပြဿနာကနေ တစ်ဆင့်ရတဲ့ သင်ခန်းစာတွေကို မသင်ယူမလေ့လာခြင်းပါပဲ။” အဲဒီစိန်ခေါ်မှုတွေကို မကျော်လွှားနိုင်ရင် ဘဝရဲ့ မျှော်လင့်ချက်တွေ ပျက်သုန်းသွားတတ်ပါ တယ်။ ယေရှုကတော့ စိန်ခေါ်မှုတွေကို ယုံကြည်ခြင်းနဲ့ သတ္တိအခြေခံပြီး ရင်ဆိုင်ခဲ့တာဆိုတော့ ပြဿနာမရှိပါဘူး။ အဲဒါကြောင့်လည်း ဘုရား သခင်က သူ့ရဲ့ နှောင်ကြိုးမှန်သမျှ ဖယ်ရှားပေးခဲ့ပြီးသူ မျှော်မှန်းထားတဲ့ ရည်မှန်းချက်တွေကို ရောက်နိုင်ခဲ့ပါတယ်။

ကျွန်တော်စဉ်းစားမိတာကတော့ ကျွန်အဖြစ်နဲ့ တွေ့လာရတဲ့ ယေရှုရဲ့ ဘဝကိုပါပဲ။ ကျွန်ဆိုတဲ့အတိုင်း ဘယ်သောအခါမှ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဆိုတာ မရှိသလို ကိုယ်ပိုင်ပိုင်ဆိုင်မှုဆိုတာလည်း မရှိနိုင် ပါဘူး။ အဆိုးဆုံးကတော့ ဘယ်တော့မှ ကောင်းမွန်တဲ့ဘဝရှေ့ရေးကိုမျှော်မှန်းကြံစည်ဖို့ မဖြစ်နိုင်တာပါပဲ။ အဲဒီလိုစခဲ့တဲ့ ယောရှုကို ဘုရား သခင်က ကြားဝင်ခဲ့ပါတယ်။ ဣသရေလလူမျိုးတွေရဲ့ချည်နှောင်မှုမှန် သမျှကို ဖယ်ရှားတိုက်ခိုက်ခဲ့ပါတယ်။

ပျားရည်နဲ့ နို့စီးဆင်းနေတဲ့နေရာကို သွားရမယ်ဆိုတာဟာ ယောရှုနဲ့ ဣသရေလလူမျိုးတွေအတွက်တော့ တကယ့်မျှော်လင့်ချက်တစ် ရပ်ပါပဲ။ ထာဝရဘုရားသခင်ရဲ့ လုပ်ဆောင်ချက်ဖြစ်တဲ့ ပင်လယ်နီကို နှစ်ခြမ်းခွဲပြီး ဖာရော့ဘုရင်ကြီးရဲ့ စစ်တပ်ကြီးတစ်ခုလုံးကို ဖျက်ဆီး ခဲ့တာတွေကို မျက်ဝါးထင်ထင်မြင်ခဲ့ရတာမို့ ဣသရေလလူမျိုးထု နား လည်ထားသင့်တာကတော့ ဘုရားသခင်ဟာ သူတို့ကို ဦးဆောင်နေတယ် ဆိုတာပါပဲ။ ဒါကြောင့်လည်း ယောရှုအနေနဲ့ သတ္တိရှိရှိနဲ့ အာမလက် လူမျိုးတွေကို ရှောပြောသလို လိုက်နာပြီး တိုက်ပွဲဝင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ယေရှုဟာ စစ်သူရဲကောင်းမဟုတ်သလို စစ်တိုက်ဖူး တဲ့အတွေ့အကြုံလည်း လုံးဝမရှိခဲ့သလို မိသားစုရဲ့ အကြီးအကဲဖြစ်ပေ မယ့် ကျွန်ဆိုတော့ ဘာမှအရာရောက်သူမဟုတ်ပါဘူး။

ယောရှုမှာရှိတာ တစ်ခုတည်းကတော့ ကလေးဘဝကတည်းက သူအမှုထမ်းခဲ့ရတဲ့ မောရှေ့ နဲ့ ဆက်ဆံခြင်းဆိုတာပါပဲ။ မောရှေကတော့ ဘုရားသခင်က စွက်ဖက် မယ်ဆိုတာ သိသလို ယောရှုကမောရှေကိုပဲ ယုံကြည်ခဲ့သူဆိုတာကြောင့် ဘုရားသခင်က ယောရှုကို အဲဒီပွဲအနိုင်ရစေခဲ့ပါတယ်။ မောရှေဟာ ဆုတောင်းပြီး လက်နှစ်ဖက်မြှောက်ထားခြင်းကြောင့် ယောရှု အနိုင် တိုက်နိုင်ခဲ့ပါတယ်။ ယောရှုနဲ့သူ့လူတွေဟာ အာမလက်လူမျိုးကို အမြစ် ပြတ်ခြေမှုန်းနိုင်ခဲ့တာကြောင့် ဘုရားသခင်ဟာ မောရှေကို ထာဝရ အမှတ်ရစေဖို့ ရေးမှတ်စေခဲ့ပါတယ်။

ယောရှုဟာ အဲဒီလိုဆောင်ရွက်ခဲ့နိုင်တာကြောင့် ဣသရေလလူမျိုးသမိုင်းမှာ အရေးကြီးဆုံးကိစ္စတစ်ခုဖြစ်တဲ့ ဘုရားသခင်ကတိပေး တဲ့ပြည်ကို ထောက်လှမ်းစုံစမ်းဖို့ လူတစ်ဆယ့်နှစ်ယောက်ရွေးချယ်ခဲ့ရာမှာ တစ်ယောက်အနေနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ ယောရှုနဲ့ ကာလက်ပြန်လာ တဲ့အချိန်မှာ သူတို့က အဲဒီနေရာကို သိမ်းယူဖို့အသင့်ဖြစ်နေပေမယ့် ကျန်တဲ့ဆယ်ယောက်ကတော့ စိတ်ဓာတ်ရေးဆိုင်ရာ ဝိဉာဉ်ရေးဆိုင်ရာ နှောင်ကြိုးတွေရှိနေသေးတယ်ဆိုတော့ ဒီအတိုင်းလက်ရှိအနေအထား အတိုင်း သဲကန္တာရထဲမှာက ပိုကောင်းတယ်ဆိုတဲ့ တင်းတိမ်ရောင့်ရဲ နပ်တာမျိုးဖြစ်နေတယ်။

လုံးဝမသိသေးတဲ့ကတိတော်နဲ့ ပြည့်စုံတဲ့နယ် မြေကြီး (Promise Land) ကို သွားဖို့ ကြောက်နေတဲ့လူတွေများလာလေ သူတို့ရဲ့ သံသယကြီးလာလေ၊ ပြဿနာက မျက်စိထဲမှာ ကြီးလာလေ ဖြစ် နေရတယ်။ သူတို့ရဲ့ စိတ်ထဲမှာ လက်ရှိအခြေအနေမှာ သူတို့က ရန်သူ တွေနဲ့ နှိုင်းယှဉ်ရင်တောင် နှံကောင်လေးလောက်ပဲ ကိုယ့်ဟာကိုယ် မြင်နေထင်နေတော့ အဲဒီလူတွေနဲ့ အောင်ပွဲဆိုတာ ရမှာမဟုတ်ပါဘူး။

အဲဒီဖြစ်ရပ်ဟာ အဲဂုတ္တုပြည်မှာ ကျွန်လုပ်ရတဲ့ ဣသရေလ လူမျိုး မျိုးဆက်တစ်ခုလုံးရဲ့ ချည်နှောင်ခြင်းခံရတဲ့အကျိုးရလဒ်ပါပဲ။ အဲဒီ လိုငြင်းပယ်ခဲ့တဲ့ အကျိုးဆက်ကြောင့် သဲကန္တာရမှာ နှစ်လေးဆယ် တဝဲ၊ လည်လည်နဲ့ အချိန်ကုန်ခဲ့ရပါတယ်။ ယောရှုဟာ သူနဲ့ကာလက် နှစ် ယောက်ကလွဲပြီး အဲဒီမျိုးဆက်ကလူတွေအားလုံး သေဆုံးသွားတဲ့အချိန် ကျမှ ထာဝရဘုရားသခင်ဟာ သူတို့နှစ်ယောက်ကိုခေါ်ပြီး ကတိတော် နဲ့ပြည့်စုံတဲ့နယ်မြေကို ဝင်ဖို့ တာဝန်ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ မောရှေမဟုတ်ဘဲ ယောရှုဟာ ဣသရေလလူမျိုးထုတစ်ရပ်လုံးကို ဦး ဆောင်ခဲ့ပါတယ်။

ယောရှုဆီက ဘဝသင်ခန်းစာများ

ယောရှုဆီက ဘာများထပ်ကြားရမလဲဆိုတာ မျှော်လင့်နေ တုန်း ကျွန်တော့်ဘဝမှာ လေးတန်းကျောင်းသားဘဝတုန်းက ခေါင်းဆောင်မှုအခွင့်အရေးတချို့ကို နားလည်လာခဲ့ရတယ်။ အသင်းခွဲပြီး ကစားရပြီဆိုရင် ကျွန်တော်က တော်တဲ့ကလေးတချို့ကို ရွေးပြီး ကျွန်တော့်အသင်းထဲထည့်ကစားကြတယ်။ လူတော်များများ ရွေးနိုင်လေ နိုင် ဖို့အခွင့်အရေးများလေဆိုတာ သဘောပေါက်ထားခဲ့တယ်။

ယောရှုအနေနဲ့ ကျွန်တော့်လို ကိုယ့်အသင်းကို ရွေးပြီး ကတိ တော်နဲ့ ပြည့်စုံတဲ့ နယ်မြေထဲဝင်ဖို့ မလုပ်ခဲ့ရသလို ဘယ်လိုမဟာဗျူဟာ နဲ့ ဘယ်လိုအချိန်အောင်အောင်မြင်မြင်ဖြတ်ကျော် ဝင်ခွင့်ရမယ်ဆိုတာ မပြင်ဆင်ခဲ့ရပါဘူး။ အတွေ့အကြုံမရှိတဲ့ ကျွမ်းကျင်မှုမရှိတဲ့သူတွေနဲ့ ရန်သူတပ်တွေကို အနိုင်ရချေမှုန်းခဲ့တယ်။ မြို့တွေကို ဖျက်ဆီးခဲ့ရတယ်။ ကိုယ့်နယ်မြေကိုယ် ချဲ့ထွင်ခဲ့ရတယ်။ အဲဒါတွေအားလုံးကို သူ့ဆရာမော ရေမပါဘဲ လုပ်ဆောင်ခဲ့ရပါတယ်။

အဲဒီလိုအတွေးနယ်ချဲ့နေတုန်း ယောရှုဆက်ပြောနေတာက တော့

“ကျွန်တော်ရဲ့ ဆရာ ကျွန်တော့်ရဲ့ ခေါင်းဆောင် မောရှေကွယ် လွန်သွားတဲ့နောက်ကျွန်တော်နားလည်ထားတာက သူ့နေရာကို ဘယ်သူ မှ မယူနိုင်ဘူးဆိုတာပါပဲ။ သူ့လိုလူလည်း နောက်ထပ်ပေါ်လာမှာမဟုတ် ပါဘူး။ ဒါပေမဲ့ ထာဝရဘုရားသခင်က ခါနန်ပြည်ကို ရှင်းဖို့ တာဝန်ပေး တဲ့အချိန်မှာတော့ ကျွန်တော်နဲ့အတူ ဘုရားသခင်ရှိတယ်ဆိုတာ သိလိုက် ရပါတယ်။ ဒါကြောင့်လည်း ရှေ့ကိုဆက်တိုးခဲ့ပါတယ်။ ခင်ဗျားလည်း သိနေဖို့က ဘယ်လောက်ပဲခက်ခဲပါစေ ဘုရားသခင်ပါရင် ရှေ့ကို တိုးရ မယ်ဆိုတာပါပဲ။

သူငယ်ချင်းတို့ရေ .. စိန်ခေါ်မှုအခက်အခဲဘယ်လောက်ပဲ ခက်ပါစေ၊ များပါစေ ဘုရားသခင်နဲ့အတူ ကျော်ဖြတ်လို့ရပါတယ်။

အတိတ်က ဆုံးရှုံးမှုတွေကို မေ့လိုက်ပြီး ရင်ဆိုင်လိုက်ပါ။

ယေရှုက “ကျွန်တော်က ကတိတော်ခံရာနယ်မြေဆီဝင်ဖို့ သေချာမပြောပြနိုင်တော့ ကျွန်တော်တို့မျိုးဆက်တစ်ဆက်လုံးသေသွားရတာလေ။ ကျွန်တော်ရဲ့ လွှမ်းမိုးမှုက အားနည်းတော့ ကျွန်တော့်ရဲ့တောင်းပန်တိုးလျှိုမှုကို လစ်လျူရှုခဲ့ကြတယ်။ အဲဒီအချိန်တုန်းက သူတို့ က အဲဒီနယ်မြေကို ဝင်ဖို့ဆိုတာထက် သဲကန္တာရမှာပဲ သေလိုက်တာ ပိုကောင်းတယ်တို့၊ အဆိုးဆုံးကတော့ အဲဂုတ္တုပြည်ပြန်ပြီး ကျွန်ခံမယ်လို့ ပြောကြတာအထိပဲ။ အဆုံးစွန်မှာတော့ ကျွန်တော့်ကို ခဲနဲ့ပေါက်သတ် ဖို့တောင် စဉ်းစားလာတယ်။ အဲဒီအချိန်မှာ နားလည်လိုက်ရတာကတော့ ကျွန်တော့်မှာ ခေါင်းဆောင်မှုအရည်အချင်းနည်းသေးတယ်ဆိုတာ ပါပဲ။

ခေါင်းဆောင်ကြီးဖြစ်တဲ့မောရှေတောင်မှ မလုပ်နိုင်တဲ့ မတတ် နိုင်တဲ့ကိစ္စကို ကျွန်တော် ဘာတတ်နိုင်မှာလဲ။ ဒါပေမဲ့ ကျွန်တော်က ခေါင်းဆောင်လေဗျာ။ ကြီးမားတဲ့ဆုံးရှုံးမှုရှိနေပါစေ ရှေ့တိုးရမှာပဲ။

တစ်ဆက်တည်းနားလည်ရတာက ကျွန်တော့်ရဲ့ အဆုံးအရှုံး၊ ကျွန်တော့်ရဲ့ အားနည်းချက်က ကျွန်တော့်ဘဝရှေ့ရေးကို ချုပ်ကိုင်မထား ဘူးဆိုတာပါပဲ။ ချုပ်ကိုင်ထားတာက ထာဝရဘုရားသခင်ရဲ့ အလိုဆန္ဒ နဲ့ ကျွန်တော်ရဲ့ နာခံတတ်တဲ့စိတ်ပါပဲ။

ကျွန်တော်ရှေ့ထွက်ဦးဆောင်လိုက်ရတာကလည်း တစ်ခါရှုံးရုံ နဲ့ နောက်ဆုံးအဆုံးအဖြတ်မဟုတ်ဘူးဆိုတာ နားလည်လိုက်ရတာပါ။ မောရှေဟာ ပိသဂါတောင်ထိပ်ပေါ်ကနေ ကတိတော်ခံရာနယ်မြေကြီး ကို မသေခင် ကြည့်ရှုခွင့်ရခဲ့သလို ကျွန်တော်ဟာလည်း အရှုံးထဲကနေ ရပ်ပြီး တိုက်ပွဲဝင်ခဲ့နိုင်ပါတယ်။

“တစ်ကို ဘုရားသခင်နဲ့ ပေါင်းလိုက်ရင် အဆပေါင်းများစွာ တိုးပါတယ်” လို့ ပြောတဲ့ ယောရှုဟာ ဘဝရဲ့ အရှုံးတွေကြောင့် ဘဝရဲ့ ရှေ့ ရေးအောင်မြင်မှုကို မတားဆီးမိပါစေနဲ့။ ဘုရားသခင်ဟာ ပြဿနာတွေအားလုံးထက် ကြီးမြတ်ပါတယ်လို့ အဆုံးသတ်လိုက်ပါတယ်။

ဘုရားသခင်ပေးတဲ့ ကတိတော်တွေကို အခိုင်အမာသက်သေပြပါ။

ယောရှုဟာ “ဘုရားသခင်ဟာ သူပေးထားတဲ့ကတိတော်ကို ဘယ်တော့မှ ပြန်မရုပ်သိမ်းပါဘူး။ ထာဝရဘုရားသခင်ဟာ ကတိတော် လာ နယ်မြေကြီးကို ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီး အေဗရာဟင်ကို ပေးမယ်ဆိုတာ ကတိပေးပြီးသား အေဗရာဟင်ရဲ့ သား၊ မြေး၊ မြစ် အဆက်ဆက်တိုင်အောင် ကတိဆက်ပေးခဲ့ပါတယ်။ တကယ်တော့ ဒီနယ် မြေကြီးဟာ ကျွန်တော်တို့ရဲ့ အမွေအနှစ်ပါပဲလေ။ လုပ်ရမှာတစ်ခုပဲရှိ တယ်။ အဲဒါကို ရယူပိုင်ဆိုင်ဖို့ပဲ။ ပထမဆုံးအကြိမ်မှာ ကျွန်တော်တို့ မလုပ်ခဲ့ကြပါဘူး။

“ဒါပေမဲ့ ဘုရားသခင်က ကျွန်တော်တို့ကို စိတ်မပျက်ခဲ့ပါဘူး။ ကျွန်တော့်ကို ဒုတိယအကြိမ်အခွင့်အရေးပေးပြီး ကျွန်တော်မှတစ်ဆင့် ဣသရေလနိုင်ငံကို တည်ထောင်နိုင်ခဲ့ပါတယ်”။ ယောရှုဆက်ပြောတာ က “ကျွန်တော့်ကို ပုဂ္ဂိုလ်ရေးဆိုင်ရာကတိတွေပေးခဲ့ပါတယ်။ အဲဒါတွေ ကတော့ ထာဝရဘုရားသခင်ဟာ ကျွန်တော်နဲ့အတူ ရှိနေမယ်။ ဘယ်ရန် သူမှ ကျွန်တော့်ကို ရင်မဆိုင်နိုင်ဘူး။ အားလုံးသောကတိတွေထဲမှာ ကျွန်တော်အားနည်းတာကတော့ ခေါင်းဆောင်မှုအပြည့်အဝမလုပ်နိုင် သေးတာပါပဲ။ ဘုရားသခင်ရဲ့ ကတိတော်မှာ ကျွန်တော်ခြေချတဲ့နေရာ တိုင်းကို ပေးမယ်ဆိုပေမယ့် စတုရန်းမိုင်ပေါင်း သုံးသိန်းရှိတဲ့ကတိတော် လာနယ်မြေကြီးမှာ ကျွန်တော်လုပ်ခဲ့နိုင်တာကတော့ မိုင်သုံးသောင်းပဲ ရှိပါတယ်။ ပြောရရင်တော့ ၁၀ ရာခိုင်နှုန်းပဲ ရှိသေးတာဗျ။

ကျွန်တော်တို့ ဘယ်လောက်အထိ ရမယ်ဆိုတာ ကျွန်တော်တို့ တောင်းသလောက်ပေါ် မူတည်တယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ရဲ့ အောင်မြင်မှုဟာ ဘုရားသခင်ရဲ့ ကတိတော်နဲ့မဆိုင်ဘဲ ကျွန်တော် တို့ရဲ့ ယုံကြည်မှုအတိုင်းအတာနဲ့ဆိုင်တာပါ။

ဘုရားသခင်ကို နာခံခြင်းဖြင့် ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပါ။

ကတိတော်လာရာနယ်မြေကြီးကို ဝင်ဖို့ဆိုတာ အဲဒီအချိန်မှာမဖြစ်နိုင်တဲ့ကိစ္စတစ်ခုလိုပါပဲ။ ဂျော်ဒန်ဖြစ်ဟာ ရေစီးသန်တဲ့မြစ်ဖြစ်သလို ကျွန်တော်တို့ကို ဖြတ်ရမယ်ဆိုတဲ့ ဘုရားသခင်ပြတဲ့နေရာကိုက အကျယ် အဝန်းတစ်မိုင်လောက်ရှိတာ။ ကျွန်တော် ဦးဆောင်ခေါ်သွားမယ့် လူပေါင်းက နှစ်သန်း။ လှေမရှိ တံတားမရှိ။

ဘုရားသခင်ရဲ့ ညွှန်ကြားချက်ကတော့ ရှေ့ကို ဆက်လက်ချီ တက်ဖို့ဆိုတော့ ကျွန်တော်တို့ဒုက္ခမရောက်နိုင်ဘူးဆိုတာ ဆုံးဖြတ်ပြီး လုပ်ခဲ့တာလေ” လို့ ယေရှုက ပြောပါတယ်။ အဲဒီလိုပြောနေတဲ့အချိန် မှာ ယောရှုမျက်နှာဟာ ပြတ်သားပြီး၊ စူးရှပြီး အားပါတဲ့အကြည့်တွေ နဲ့သံမဏိလိုခိုင်မာတဲ့စိတ်ဓာတ်ပုံထွက်နေတာကို တွေ့လိုက်ရပါတယ်။ “အဲဒါနဲ့ ကျွန်တော်တို့ပြင်ဆင်ကြရပါတယ်။ မိမိကိုယ်မိမိ ဆန်းစစ်ပြီး သန့်ရှင်းစင်ကြယ်အောင်လုပ်ပြီး ဘုရားသခင်မနှစ်မြို့တဲ့၊ မကြိုက်တဲ့ အရာမှန်သမျှကို ဖယ်ရှားပြီး စင်ကြယ်နိုင်သမျှ စင်ကြယ်အောင် ပြုလုပ် ရပါတယ်။ အဲဒါဟာ ကျွန်တော်တို့လုပ်နိုင်တဲ့ခွန်အားလည်းဖြစ်ပါ တယ်။”

“ကျွန်တော့်လူတွေကို ကျွန်တော် ရှင်းပြတာကတော့ ဒီခရီး တစ်ခါမှ မကြုံဖူးပါဘူး။ မောရှေဦးဆောင်ပြီး ပင်လယ်နီကို ဖြတ်တုန်း၊ က ရှင်းတာကတော့ ပင်လယ်ရေတွေဖယ်ရှားပြီး လမ်းပေါ်လာမှ ကျွန် တော်တို့ ဖြတ်သန်းခဲ့ရတယ်။ အခုအခါမှာတော့ ဘာလမ်းမှမရှိဘူး။ ကျွန်တော်တို့က ပထမဆုံးခြေလှမ်းရေထဲဆင်းမှပဲ သိရမယ်။ ဒါဟာ လည်း ပထမအကြိမ် မလိုက်နာခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူသိနိုင်မှာလဲ။ ဘုရားသခင်ကို ခင်ဗျားတို့ရဲ့ ပုံစံခွက်ထဲမှာ ထည့် ထားလို့ မရဘူးလေ။”

ယောရှုအခိုင်အမာဆိုလိုက်တာက “ဘုရားသခင်က ခင်ဗျားကို ခြေလှမ်းတစ်လှမ်းစဖို့ ပြောရင် နောက်မတွန့်ဆုတ်ပါနဲ့။ ရလဒ် မသေချာ ဘူးဆိုတဲ့အခြေအနေမှာဆိုရင်လည်း လုပ်စရာရှိတာသာလုပ်ပါ။”

ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် မလုပ်နိုင်တဲ့အလုပ်ကို လုပ်ပါ။

ယဇ်ပုရောဟိတ်တွေဟာ ပဋိညာဉ်သေတ္တာကိုမပြီး ဂျော်ဒန် မြစ်ထဲဆင်းလိုက်တာနဲ့ ရေစီးရပ်သွားပါတယ်။ စုန်စီးနေတဲ့ရေဟာ ရပ်ပြီး ဟိုးမိုင်နှစ်ဆယ်လောက်ထိ ရေတွေလျှံသွားပါတယ်။ ဘုရားသခင်ဟာ လုံးဝမဖြစ်နိုင်တဲ့အရာတစ်ခုကို ဒုတိယအကြိမ် လုပ်လိုက်ပြန်ပါပြီ။

“အဲဒါဟာ ဘုရားသခင်က ကျွန်တော်တို့ရဲ့ နာခံခြင်းကို တုံ့ ပြန်လိုက်တာပါပဲ။ တကယ်လို့ ကျွန်တော်တို့ဟာ မိမိရဲ့ ကြီးမားတဲ့ စိန် ခေါ်မှုမှာ ဘုရားသခင်ကို ပါစေချင်တယ်ဆိုရင်တော့ ဘုရားသခင် လုပ် ခိုင်းတာကို လုပ်ဖို့ လိုပါတယ်။ ဘုရားသခင်မပါဘဲနဲ့ ကျွန်တော်တို့ ဘာမှလုပ်နိုင်မှာမဟုတ်သလို ကျွန်တော်တို့ မပါဘဲနဲ့လည်း ဘုရား သခင်က ဘာမှလုပ်မှာမဟုတ် ပါဘူး။ ကျွန်တော်တို့ဘဝမှာအရာရာကို ဘုရားသခင်ကိုလုပ်ဆောင်စေချင်တယ်ဆိုရင် ဘုရားသခင်ကကျွန်တော်တို့ နဲ့ အတူတူလုပ်ဆောင်မှာ ဖြစ် ပါတယ်။ အဲဒါကြောင့် ဘဝ မှာ စိန်ခေါ်မှုဆိုတာ အမြဲရှိနေမှာဖြစ်ပြီး အဲဒီနည်းနဲ့ ဘုရားသခင်အနား မှာ ကျွန်တော်တို့ကို ရှိနေစေမှာဖြစ်ပါတယ်”။

“ကျွန်တော်မှတ်မိသေးတယ်။ ကတိတော်လာရာနယ်မြေကြီး ကို ဘုရားသခင်ပြောသလိုပဲ ရနိုင်တယ်ဆိုတဲ့အတိုင်း ရယူပြီးတဲ့နောက် ကျွန်တော်လည်း ဘုရားသခင်ကို ယုံကြည်ဖို့ ပိုစွမ်းလာသလို ခင်ဗျား တို့လည်း ဒီလိုပဲ ခံစားရပါလိမ့်မယ်။

“စိန်ခေါ်မှုတွေ့ကြုံရတဲ့အခြေအနေမှာ ဘုရားသခင်ကို စိတ်ချ ယုံကြည်ပါ။

ယုံကြည်မှုနည်းတဲ့အခြေအနေမှာ ဘုရားသခင်ကို စိတ်ချယုံ ကြည်ပါ။ ယုံကြည်စိတ်ချရမယ့်အချိန်မှာ ရိုးသားစွာ စိတ်ချယုံကြည်ပါ။ အဲဒါ ဟာ အခက်ခဲဆုံးကိစ္စရပ်ပါပဲ။”

ကျွန်တော်တို့အတွက် ယောရှုရဲ့ဆုတောင်းချက် ၊ တစ်ချက်မှမဆိုင်းဘဲ ယောရှုက ကျွန်တော်တို့အတွက် ဆု တောင်းပေးနေပါပြီ။ ခန္ဓာကိုယ်သန်စွမ်းပေမယ့် သူ့ရဲ့ နူးညံ့တဲ့အသံနဲ့ပေါ့။ အို… ထာဝရဘုရားသခင်… ကျွန်တော့်ရဲ့ အောင်လံတံခွန်ကျွန်တော့်မိတ်ဆွေတွေကို ခွန်အားပေးသနားတော်မူပါ။ ကိုယ် ခန္ဓာခွန်အားနဲ့သတ္တိပေးသနားတော်မူပါ။

ဘယ်တော့မှဘုရားသခင်ဟာ သူတို့ကို မျက်ကွယ်မပြုဘူး၊ ဂရုမစိုက်ဘူး၊ မလုပ်ဘူးဆိုတာ သူတို့ကို သိရှိနားလည်စေတော်မူပါ။ ထာဝရဘုရားသခင်ရဲ့ကတိတော်တွေဟာ အခိုင်အမာရှိကြောင်း သိစေတော်မူပါ။ သူတို့တွေ ကြီးမားတဲ့စိန်ခေါ် မှုတွေ ကြုံရတဲ့အချိန်မှာ သူတို့အတွက် ဘုရားသခင်ပိုမိုစိုးရိမ်ကြောင်း သိစေတော်မူပါ။ ဘုရားသခင်ရရှိစေလိုတဲ့အောင်မြင်မှုတွေ ရရှိမယ်ဆို တဲ့ ယုံကြည်ချက်ပေးသနားတော်မူပါ။

ယောရှုထံမှ ခေါင်းဆောင်မှုသင်ခန်းစာများ

စကားပြောပြီးတဲ့နောက်မှာ ဓားနဲ့ဓားအိမ်ကို ကိုင်လိုက်ပြီး ပေါ့ ပေါ့ပါးပါးနဲ့ ရပ်လိုက်တဲ့ယောရှုဟာ ပြန်လည်ထွက်ခွာသွားပါတယ်။ သူ့ ကို ကြည့်နေရင်း ကျွန်တော် စဉ်းစားမိတာကတော့ ဒီလိုစစ်သူရဲကောင်း ခေါင်းဆောင်ကြီးဆီက ဘယ်လိုခေါင်းဆောင်မှုသင်ခန်းစာတွေ လေ့လာ သင်ယူလို့ရမယ်ဆိုတာပါပဲ။

၁။ ဘုရားသခင်အနေနဲ့ ခွန်အားသတ္တိဖြင့် ခွန်အားပေးပါ။

ခေါင်းဆောင်မှုရဲ့အနှစ်ချုပ်ကတော့ “သတ္တိ” ပါပဲ။ ယောရှုအနေနဲ့ မိမိမှာရှိတဲ့သတ္တိကို ရှာဖွေသိရှိနိုင်မှ အခြားသူတွေကို ခွန်အား ပေးနိုင်မှာဖြစ်ပါတယ်။ ယောရှုအတွက် သေးငယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်လေးဆယ်တုန်းက အရှုံးကြုံဖူးခဲ့တဲ့ အတွက်ပဲ။ ဒီအရှုံးနဲ့ နှစ်လေးဆယ်နေခဲ့ရတာလေ။ ရန်ပြဿနာတစ်ခုရဲ့ အတိမ်အနက်ဟာ အဲဒီပြဿနာကို ဘယ် လောက်ခက်ခက်ခဲခဲဖြေရှင်းရတယ်ဆိုတာနဲ့ မဆိုင်ပါဘူး။

အဲဒီပြဿနာ ဟာ မနေ့က၊ ဟိုလက၊ မနှစ်က စသည်ဖြင့် အတူတူပဲလားဆိုတာနဲ့ သက်ဆိုင်ပါတယ်။ ဥပမာ- ပြဿနာတစ်ခုဟာ မွေးကတည်းက ဖြေရှင်း နေရတဲ့ပြဿနာမျိုးဆိုရင်ကော၊ ဒါပေမဲ့ ဘုရားသခင်ဟာ ယေရှုကို ကူညီခဲ့ပါတယ်။ သမ္မာကျမ်းစာမှာ ဘုရားသခင်ဟာ ဣသရေလလူမျိုးတွေ ကို အခန်းတစ်ဆယ့်တစ်ခန်းမှာ တစ်ဆယ့်တစ်ခါ ခွန်အားပေးခဲ့ပါတယ်။ ဘာ့ကြောင့် အဲဒီလောက်လုပ်ရပါသလဲ။ အကြောင်းကတော့ ခွန်အား ပေးတယ်ဆိုတာ တစ်ကြိမ်တည်းနဲ့ နှစ်လေးဆယ်အရှုံးကို မမဆမိလို့ပါပဲ။

၂။ ဘုရားသခင်ကို ဓာတ်ပုံထဲမှာလို အမြဲပါဝင်စေပါ။

ကျွန်တော်တို့ရဲ့ အဓိကပြဿနာတစ်ခုကတော့ ပြဿနာတွေ ထဲမှာ ဘုရားသခင် မပါနေတာပါပဲ။ ကျွန်တော် အဲဒါကို လေ့လာမိတာ က နာမည်ကြီးအမေရိကန်အားကစားသမားဖြစ်တဲ့ Mike Singletary က ကျွန်တော့်ကို လာတွေ့ပြီး အတူတူ နေ့လယ်စာစားကြပါတယ်။ ထမင်း စားပြီး ပြန်ခါနီးကျတော့ သူက ဓာတ်ပုံအတူတူ ရိုက်လို့ရမလားလို့ မေးပါတယ်။ ကျွန်တော် ပြာသွားတယ်။ ဖြစ်သင့်တာက သူ့လိုနာမည်ကြီးပုဂ္ဂိလ်မျိုးကို ကျွန်တော်က အရင် ဓာတ်ပုံ အတူတူ ရိုက်ခွင့်တောင်းရမှာလေ။ အဲဒီလိုဘဲ ဘုရားသခင်ကကျွန်တော်တို့နဲ့ ပတ်သက် ရင် ခံစားရပါတယ်။ ဘုရားသခင်က ကျွန်တော်နဲ့အတူ ဓာတ်ပုံထဲမှာ ပါချင်တယ်။ ခင်ဗျားနဲ့အတူဓာတ်ပုံထဲမှာ ပါချင်တယ်။ ဒါကြောင့် ဘုရားသခင်ကို လျစ်လျူမရှုထားဖို့ လိုပါတယ်။

ဘုရားသခင်ဟာ မောရှေကို ဓာတ်ပုံထဲမှာ တစ်နည်းအားဖြင့် အမြဲတမ်းရှိနေမယ်ဆိုတဲ့ ကတိပေးခဲ့သလို ယေရှုကိုလည်း အလားတူ ကတိပေးခဲ့ပါတယ်။ ဂျော်ဒန်မြစ်ကိုဖြတ်ဖို့ အသင့်ဖြစ်တဲ့အချိန်မှာယောရှုအပါအဝင် လူတိုင်းရဲ့ စိတ်ထဲမှာ ဘုရားသခင်ဟာ အဦးဆုံးနေရာ ယူပြီဖြစ်ပါတယ်။ ယေရှုက လူတိုင်းကို ပဋိညာဉ်သေတ္တာတော်ကို အာရုံပြုဖို့ မှာကြားပါတယ်။ ဘာလို့လဲဆိုတော့ ပဋိညာဉ်သေတ္တာတော် ဟာ ထာဝရဘုရားသခင်ရှိခြင်းကို ပုံသက်သေဆောင်သလို ထာဝရ ဘုရားသခင်ဟာ ဓာတ်ပုံထဲမှာ သူတို့နဲ့ အတူရှိတယ်ဆိုတာ အမြဲအမှတ် ရနေအောင်လို့ပါ။

ကျွန်တော်တို့ခေါင်းဆောင်တွေအနေနဲ့ ဘုရားသခင်အမြဲပါဝင် ဖို့နည်းလမ်းတွေ ရှာကြံထားဖို့ လိုပါတယ်။ မျက်စိအာရုံထဲမှာဆွဲနေ သလိုမျိုး လုပ်ဖို့လိုပါတယ်။ တီထွင်မှုအပြည့်နဲ့လုပ်ဖို့လိုသလို အမြဲမပြတ် ပြင်ဆင်ထားဖို့ လိုပါတယ်။

၃။ ပြဿနာထက်ဖြစ်နိုင်ခြေတွေကို အာရုံစူးစိုက်ထားပါ။

လူတွေမှာ ပြဿနာဖြေရှင်းသူ (Problem Solvers) ကနည်းပြီး ပြဿနာအာရုံစူးစိုက်သူ (Problem Spotters) တွေက ပိုများနေပါတယ်။

ခေါင်းဆောင်အနေနဲ့ကတော့ အောင်မြင်ချင်ရင် အဲဒီလိုစဉ်းစားလို့ မရ ပါဘူး။ အခြားသူလျှို ဆယ်ယောက်ဟာ အဲဒီအချက်ကို မလေ့လာထား ပါဘူး။ ကတိတော်လာ နယ်မြေကြီးကို စူးစမ်းလေ့လာတဲ့အချိန်မှာ သူတို့ဟာ ပြဿနာတွေကိုပဲ မြင်တယ်။ ရန်သူအကြီးကြီးတွေကိုပဲ မြင်ပြီး စိတ်ထဲစွဲနေတော့ ကြောက်ရွံ့လာပြီး အေဗရာဟင်ရဲ့ အဆက်အနွယ် တွေကို ပေးတဲ့ကတိတော်လာနယ်မြေကြီး ရယူပိုင်ဆိုင်ဖို့ဆိုတဲ့ ဘုရား သခင်ပေးထားခဲ့တဲ့ကတိတော်တွေကို မေ့သွားကြပါတယ်။ ဒါပေမဲ့ယောရှုနဲ့ ကာလက်တို့ကတော့ အခက်အခဲတွေကြောင့် အခွင့်အရေးတွေ မှေးမှိန်သွားတာမျိုး အဖြစ်မခံခဲ့ပါဘူး။

ခင်ဗျားအနေနဲ့ စိန်ခေါ်မှုတွေ၊ ပြဿနာတွေကြုံရတဲ့အခါမှာ ဖြစ်နိုင်ခြေအခွင့်အလမ်းတွေကိုပဲ အာရုံစူးစိုက်ပါ။ အရေးကြီးတာကို အာရုံစူးစိုက်ဖို့ လိုပါတယ်။ အဲဒီလိုလုပ်တာ ခင်ဗျားနဲ့ ခင်ဗျားတာဝန်ယူ ရတဲ့လူတွေအတွက် အလွန်အရေးပါပါတယ်။

ယောရှုရဲ့ဆွေးနွေးချက်လမ်းညွှန်

ဣသရေလအမျိုးသား၊ ပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေ။

တဖန် လူတစုံတယောက်ကို ချီးမြှောက်၍ အဲဂုတ္တုပြည်သို့ ပြန်ကြစို့ဟု တယောက်ကို တယောက်ဆိုကြ၏။ မောရှနှင့် အာရုန် တို့သည် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက် နေကြ၏။ ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နန်၏သားယောရှု၊ ယေဖုန္ဓာ၏သားကာလတ်တို့သည် မိမိတို့ဝတ်ကို ဆုတ်၍၊ ဣသရေလ အမျိုးသားအပေါင်းတို့အား ခေါ်လျက်၊ ငါတို့ရှောက်သွား၍စူးစမ်းသော ပြည်သည် အလွန်တရာကောင်းသော ပြည်ဖြစ်ပါ၏။

ထာဝရဘုရား သည် ငါတို့ကိုနှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသော ထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။ ထာဝရဘုရားကို မပုန်ကန် ကြပါနှင့်။ ထိုပြည်သူပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့ စားစရာဘို့ဖြစ်ကြ၏။ သူတို့၌ အမှီတကဲမရှိ။ ထာဝရဘုရားသည် ငါတို့ ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကို မကြောက်ကြနှင့်ဟု ပြောဆိုကြ လေသော်။

တောလည်ရာကျမ်း ၁၄း၂၊၄-၉

၁။ အဲဂုတ္တုပြည်မှာ ကျွန်ဖြစ်ခဲ့ရတာမျိုးရယ်၊ ကျွန်အဖြစ်က လွတ်လပ်ခွင့်ရတာမျိုးရယ်ကို ဘယ်လိုမြင်ပါသလဲ။

၂။ ဘာ့ကြောင့် ဣသရေလလူမျိုးတွေဟာ ကတိတော်လာနယ်မြေကြီးထဲ ဝင်ဖို့မကြိုးစားဘဲ ကျွန်လုပ်ခဲ့ရတဲ့အဲဂုတ္တုပြည်ကို ပြန်လှည့်ချင်ရတာလဲ။ သင်ကော သူတို့လိုလုပ်မိမယ်ထင်သလား။ ဘာကြောင့်ပါလဲ။

၃။ ယေရှုဟာ ဘုရားသခင်ခိုင်းတာကို မလုပ်နိုင်ခဲ့တဲ့အရှုံးတွေကိုကျော်လွန်နိုင်ဖို့ လုပ်ဆောင်ခဲ့ရပါတယ်။ သင်ရော ဘုရားသခင် ကနေတစ်ဆင့် ဘယ်လိုအရှုံးတွေကို ကျော်လွှားနိုင်ခဲ့လဲ။

၄။ ဘုရားသခင်က ပင်လယ်နီကို နှစ်ခြမ်းခွဲသလိုမျိုး၊ ကောင်းကင်ကနေမာနမုန့်ချရွေးတာမျိုးလို ထူးခြားဆန်းပြားတဲ့လုပ်ရပ်မျိုးမဟုတ်ဘဲသင့်ကိုပုဂ္ဂိုလ်ရေးအရ ဆက်သွယ်တာမျိုး ကြုံဖူးပါသလား။

၅။ ပုံမှန်အားဖြင့် သင်ဟာ ပြဿနာကို မြင်တတ်လား။ အခွင့်အရေးကိုမြင်တတ်လား။

၆။ ဘယ်လိုသမ္မာကျမ်းစာပါအကြောင်း၊ ဒါမှမဟုတ် ပုံပြင်တွေကနေခွန်အားရတတ်ပါသလဲ။ ရှင်းပြပါ။

၇။ ယောရှုဟာ ဣသရေလလူမျိုးတွေကို ဝိညာဉ်သေတ္တာတော်ကို အမြဲအာရုံစူးစိုက်ခြင်းဖြင့် ဘုရားသခင်ကို အမြဲအမှတ်ရဖို့ သတိပေး တတ်ပါတယ်။ သင့်ဘဝမှာကော ဘုရားသခင်နဲ့ပတ်သက်နေတယ် ဆိုတာ အမြဲသတိရဖို့ဘာလုပ်ပါသလဲ။

၈။ လောလောဆယ်ဘုရားသခင်က ဘယ်လိုစိန်ခေါ်ချက်တွေ ကျော်လွှားဖို့ပြောနေလဲ။ ဘယ်လိုနာခံမှုတွေနဲ့ ဘယ်လိုရှေ့တိုးဖို့ ပြင်ဆင်ထားလဲ။

ယောရှုရဲ့ အကြောင်းကို ပိုမိုသိရှိနိုင်ရန် ထွက်မြောက်ရာကျမ်း၊ ၁၇း၈-၁၆၊ ၃၂း၁၇-၁၈၊ ၃၃း၇-၁၁၊ တောလည်ရာကျမ်း ၁၁း ၂၈၊ ၁၃း၁-၁၄း၃၈၊ ၂၇း၁၂-၂၃၊ တရားဟောရာကျမ်း ၁း၃၇-၃၈၊ ၃း၂၁-၂၂။ ၃း၂၈၊ ၃၁း၇-၈၊ ၃၁း၁၄၊ ၃၄း၁-၁၂၊ ယောရှုမှတ်စာ ၁း၁-၂၄း၃၃။

ဒံယေလ

ဘဝထက်ကြီးမားတဲ့ ရည်မှန်းချက်ရှိပါစေ

နေကျခါစဆိုတော့ အရှေ့ဘက်မျက်နှာမူထားတဲ့ ကျွန်တော့် စာကြည့်ခန်းက မှောင်ရိပ်ကျစပြုလာနေတယ်။ နေလုံးဝဝင်ဖို့ တစ်နာ ရီလောက်ပဲလိုတော့တာမို့ နောက်ဆုံးတစ်ယောက်အတွက်ပဲ အချိန်ရ တော့တယ်။

မရှေးမနှောင်းမှာပဲ တိုးတိတ်နူးညံ့လှတဲ့ခြေလှမ်းသံတွေကို ကြားလိုက်ရတယ်။ ဘယ်လိုဖိနပ်စီးထားလို့ ဒီလောက်နူးညံ့တာလဲလို့ စဉ်းစားနေတုန်း အဲဒီလူကိုအခန်းထောင့်မှာ မြင်လိုက်ရတယ်။ အဲဒီလူ စီးထားတဲ့ဖိနပ်ဟာ ပါးလွှာတဲ့ရွှေနဲ့ချုပ်ထားတာဖြစ်ပြီး ရွှေပန်းဖွားတွေ တပ်ထားတဲ့ဝတ်ရုံ ဝတ်ထားပြီး ဖိနပ်နဲ့ဝတ်ရုံတွေလို ရွှေနဲ့ရက်ထားတဲ့ စလွယ်ကို ပခုံးကနေတစ်ဆင့် ရင်ဘတ်တစ်ခုလုံးကို လွှမ်းခြုံထားတယ်။

ကျွန်တော် မော့ကြည့်လိုက်တော့ သူ့မျက်နှာကို သေချာမြင် လိုက်ရပါတယ်။ မုတ်ဆိတ်မွေးအပြည့်နဲ့သူ့ကို ကြည့်ရတာ ချောမောခန့် ညားပြီး ရုပ်ရှင်မင်းသားနဲ့တောင် တူနေပါသေးတယ်။ အရပ်လည်းမြင့် ပြီး နဖူးမှာတော့ အမှတ်လက္ခဏာတချို့ပါတဲ့ ရွှေနဲ့လုပ်ထားတဲ့ ခေါင်း စည်းကို ပတ်ထားပါတယ်။

ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်ခုံမှာ ထိုင်လိုက်ပြီး လက်တစ် ဖက်မှာ ကိုင်ထားတဲ့ ရွှေနဲ့လုပ်ထားတဲ့ တစ်ပေခွဲခန့်တုတ်ကို ချလိုက်ပါတယ်။ အမှတ်တံဆိပ်နှိပ်လို့ရတဲ့ ကြီးမားတဲ့ရွှေလက်စွပ်ကိုလည်း ဝတ် ထားသေးတယ်။ အဲဒီအမှတ်တံဆိပ်ဟာ ခေါင်းစည်းကအမှတ်တံဆိပ် နဲ့ ဆင်တူနေတာကို သတိထားမိလိုက်တယ်။ ဘုရင်တစ်ပါးလား၊ ဒါမှ မဟုတ် အစိုးရအဆင့်မြင့်အရာရှိကြီးလား။ သူက ဘယ်သူလဲ။

“ကျွန်တော် အဖမ်းခံရတဲ့အချိန်မှာ ဘာဆက်ဖြစ်မလဲဆိုတာ မစဉ်းစားမိဘူး” လို့ သူက စပြောလိုက်ပါတယ်။ “မင်းသားတစ်ပါးလို နေနေရာက ကျွန်တစ်ယောက်အဆင့်ရောက်သွားတယ်။ ကျွန်တော့်ကို အလုပ်ကြမ်းတွေပဲ ခိုင်းမှာလား၊ ဒါမှမဟုတ် အခြားရုပ်ဆင်းတုဘုရား တွေအတွက် စတေးဖို့ လုပ်မလား။

ကျွန်တော်အပါအဝင် ထောင်ပေါင်းများစွာဟာ ဘေဘီလုံကို ခေါ်သွားခံရပြီး အဲဒီရှည်လျားတဲ့ခရီးဟာ ငါးလတောင် ကြာတယ်။ လူအများကြီးလမ်းတစ်လျှောက်မှာ သေကြေပျက်စီးခဲ့ရတယ်။ ကျွန်တော့် မိဘတွေနဲ့သားချင်းတွေ အပါအဝင်ပဲလေ။ နောက်ဆုံး ဘေဘီလုံရောက် ပေမယ့် နှစ်လိုဖွယ်မရှိ၊ နွေးထွေးမှုကင်းမဲ့တဲ့ ချောက်ခြားစရာကောင်းတဲ့ နေရာဆိုတာ တွေ့လိုက်ရပါတယ်။ ကျွန်တော်တို့အများစုဟာ ဂျေရု စလင်မှာ သေလိုက်တာပဲ ကောင်းတယ်လို့ ထင်လိုက်ကြတယ်။

ကျွန်တော် အံ့အားသင့်သွားတာဟာ နန်းရေးဝန်က ကျွန် တော်နဲ့ သူငယ်ချင်းသုံးယောက်ကို ရွေးပြီး ဘုရင့်အစေအပါးတွေအဖြစ် လေ့ကျင့်ပေးမယ်ဆိုတာပါပဲ။ သုံးနှစ်လုံးလုံး ကျွန်တော်တို့ကို ပြင်ဆင် တယ်။ သူတို့ဘာသာစကားပြောတတ်ဖို့၊ နေတတ်ဖို့၊ သူတို့ယဉ်ကျေးမှု နဲ့ ဓလေ့တွေကို သူတို့လိုနားလည်နိုင်အောင် သင်ပေးကြတယ်။

ဒါပေမဲ့ ကျွန်တော်က ဆုံးဖြတ်ပြီးသား။ ကျွန်တော်တို့ဖမ်း ထားတဲ့သူတွေ ဘာပဲလုပ်လုပ် ကျွန်တော် အရှုံးမပေးဘူး။ သူတို့ပုံစံ ထဲအရောက်မခံဘူး။ သူတို့ရဲ့ ဘုရားကို ဘယ်တော့မှ ဒူးထောက်မကိုး ကွယ်ဘူး။ ငါ့နာမည်က ဒံယေလ။ ကြီးမြတ်တဲ့ကိစ္စတွေအတွက် အသက် ရှင်ဖို့ ဆုံးဖြတ်ပြီးသား။ ဒါကြောင့် ကျွန်တော် အကြံပြုချက်ကတော့ ဘဝထက်ကြီးမားတဲ့ရည်မှန်းချက်ရှိဖို့ လိုပါတယ်”။

အုပ်ချုပ်သူတွေ အင်ပါယာတွေထက် ကြီးမြတ်ပါတယ်

သမ္မာကျမ်းစာရဲ့ အဆိုအရ ဒံယေလဟာ ဣသရေလလူမျိုးတွေ ထဲမှာ ဉာဏ်ပညာအရှိဆုံးနဲ့ အတော်ဆုံးလူတစ်ယောက်လို့ ဆိုထားပါ တယ်။ ယုဒအမျိုးအနွယ်ဖြစ်တဲ့ ဒံယေလအပါအဝင် သူငယ်ချင်းသုံးယောက် ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာမင်းရှေ့မှာ အခစားဝင်ဖို့ အရွေးခံရပါတယ်။ တချို့လူတွေဟာ အရည်အချင်းနည်းလို့ အပယ်ခံရပြီး အသတ်ခံတာမျိုးလည်း ရှိနိုင်ပါတယ်။

တချို့ကလည်း ကိုယ့်တန်ဖိုးတွေ၊ ယုံကြည်ချက်တွေ လျော့ချပြီး ဗာဗုလုန်လူမျိုးတွေလို စဉ်းစားတွေးတော လုပ်ကိုင်လာကြတတ်တယ်။ ဒါပေမဲ့ ဒံယေလနဲ့ သူငယ်ချင်းသုံးယောက် ဖြစ်တဲ့ ဟာနနိ၊ မိရွှေလ၊ အာဇရိတို့က တခြားလမ်းကို ရွေးခဲ့ကြပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ကို မျက်ခြည်ပြတ်မခံကြပါဘူး။ ဘုရား သခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ထုတ်ဖော်ဖို့ သူတို့ကို ကျွန်ပြုခဲ့တဲ့ ဘုရင် ကြီးကို အကောင်းဆုံးအမှုတော်ထမ်းဆောင်ခဲ့ပါတယ်။

ဒံယေလရဲ့ ဘဝ ရည်ရွယ်ချက်ရှိခြင်းဟာ အရာများစွာကို ဆောင်ရွက်ပြီးစီးနိုင်ခဲ့ပါတယ်။

၁။ ရည်ရွယ်ချက်ဟာ အရာရာကိုရှင်းလင်းစွာ သုံးသပ်နိုင်ပါတယ်။

ဒံယေလကို ဖမ်းထားတဲ့သူတွေက သီးသန့်အခွင့်အရေးပေး တာဟာ သူ့အတွက် အံ့အားသင့်စရာပါပဲ။ ကိုယ့်နိုင်ငံကို သိမ်းထားတဲ့ သူတွေရဲ့လက်အောက်ရောက်နေတဲ့အချိန်မှာ သက်သောင့်သက်သာနေ လိုတဲ့ဆန္ဒ ရှိနိုင်ပါတယ်။ ဒေါသ၊ စိတ်ပျက်မှုတွေနဲ့ နာကျည်းစွာဖြတ်ကျော်မလား၊ ဒါမှမဟုတ် အခြေအနေကို အသုံးချပြီး ထူးခြားမှုတစ်ခု လုပ်မှာလား။ ဒံယေလလိုနေရာရောက်ရင် လမ်းပျောက်သွားနိုင်ပါ တယ်။

ဒိန်းမတ်တွေးခေါ်ပညာရှင် Soren Kierkegaard မှတ်ချက်က တော့ “ကျွန်တော်တကယ်လိုနေတာကတော့ ကျွန်တော် ဘာသိတာလဲ ဆိုတာထက် ကျွန်တော် ဘာလုပ်နေတာလဲကို ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ ကိုယ့်ဟာကိုယ်နားလည်ဖို့နဲ့ ဘုရားသခင်က ကျွန်တော်တို့ ဘာလုပ်စေချင်လဲဆိုတာသိဖို့ ဖြစ်ပါတယ်။ ကျွန်တော်နေဖို့နဲ့ သေဖို့ အတွက် လိုအပ်တဲ့အတွေးအခေါ်ရှိဖို့ ဖြစ်ပါတယ်”။ အဲဒီအတွေးအခေါ် ကို ဒံယေလနဲ့ သူ့သူငယ်ချင်းတွေ သိရှိပြီးဖြစ်လို့ ထာဝရဘုရားသခင်ကို သစ္စာရှိနေပြီး ရတဲ့အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချခဲ့ပါတယ်။

၂။ ရည်ရွယ်ချက်ရှိခြင်းဟာ ခံယူချက်ကို မြဲမြံစေပါတယ်။

ဒံယေလနဲ့သူ့သူငယ်ချင်းသုံးယောက်ဟာ ဘုရင့်စားပွဲပေါ်က အစားအသောက်တွေ စားခွင့်ပြုခံရခြင်းဟာ သူတို့လိုက်နာခဲ့ရတဲ့ ဥပဒေသနဲ့ ကွဲပြားနေတော့ ရွေးချယ်ခဲ့ရမယ့်အခွင့်ရှိပါတယ်။ အဆင်ပြေလွယ်ကူတာကိုပဲ လုပ်မလား၊ ဒါမှမဟုတ် ခံယူချက်အတိုင်း ရပ်တည် မလား။ ဒါပေမဲ့ သူတို့က ခံယူချက်အတိုင်း မိမိကိုယ်တွေကို မသန့်ရှင်း တာ မဖြစ်စေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ စွန့်စားမှုကြီး တစ်ခု ပါပဲ။ အဲဒီစွန့်စားမှုဟာ အမှားအယွင်းရှိရင် တစ်နည်းအားဖြင့် ဘုရင့်စားပွဲပေါ်က အစားအစာတွေ မစားတဲ့အတွက်ကြောင့် ကျန်းမာ ရေး ချို့တဲ့ခဲ့ရင် သူတို့အပါအဝင် သူတို့ရဲ့ အစောင့်တွေပါ အသတ်ခံ ရမှာလေ။

မှန်ကန်တဲ့ကိစ္စရပ်အတွက် ဒံယေလနဲ့ သူ့သူငယ်ချင်းတွေ ရပ် တည်ခဲ့တယ်။ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရနိုင်ပေမယ့် အနိုင်ရမယ်ဆိုတာ သိထားနှင့်တယ်။ သူတို့ရဲ့ “စံ” တွေကြောင့် အရှုံး၊ ဒါမှမဟုတ် အနိုင် ရလဒ်ဖြစ်စေနိုင်ပေမယ့် မှတ်ကျောက်တင်ခံ၊ စစ်ဆေးခံနိုင်တဲ့ ခံယူချက်တွေသာ ဖြစ်ပါတယ်။ အဲဒီလူငယ်လေးယောက်ဟာ လွယ်လွယ်နဲ့ ပတ် ဝန်းကျင်ထဲ ရောဝင်သွားသူတွေ၊ လူတွေရဲ့ ဖိအားကြောင့် အလျော့ပေး တတ်တဲ့သူတွေ မဟုတ်ပါဘူး။ ခံယူချက်ခိုင်မာတဲ့သူတွေဟာ ဘယ်တော့ မှ ပတ်ဝန်းကျင်ကြောင့် အရောင်မပြောင်းပါဘူး။

၃။ ရည်ရွယ်ချက်ရှိခြင်းဟာ မိမိကိုယ်မိမိ ယုံကြည်မှုရှိစေပါတယ်။

ယုံကြည်သူတိုင်းမှာ မိမိကိုယ်မိမိ ယုံကြည်မှုပုံစံနှစ်မျိုးရှိပါ တယ်။ မိမိကိုယ်မိမိ ယုံကြည်မှု (Self-confidence) နဲ့ ဘုရားသခင်ကို ယုံကြည်မှု (God-confidence) ရှိပါတယ်။ မိမိကိုယ်မိမိ ယုံကြည်မှုဟာ မိမိကိုယ်ကို သိရှိယုံကြည်ခြင်းပေါ်မူတည်ပြီး ဘုရားသခင်ကို ယုံကြည် ခြင်းကတော့ ဘုရားသခင်ကို သိရှိခြင်းနှင့် ယုံကြည်ခြင်းပေါ် မူတည် ပါတယ်။ မိမိကိုယ်မိမိ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို ယုံကြည်ခြင်း တို့ကြောင့် ဒံယေလရဲ့ ယုံကြည်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

ဒံယေလဟာ ဘုရင့်ရဲ့ အစားအစာကို ငြင်းပယ်ပြီး ကျမ်းစာပါ အတိုင်း စားသောက်ဖို့ တောင်းဆိုတာဟာ အုပ်ချုပ်သူနဲ့ကြီးကြပ်သူတွေကို ဒုက္ခပေးတာမဟုတ်ပါဘူး။ ကျွန်တော် နားလည်တာက ဒံယေလ ‘ ဟာ ဘုရားသခင်ကို နာခံခြင်းဟာ အကောင်းဆုံးရလဒ်တွေရမယ်ဆိုတာ လုံးဝယုံကြည်ထားလို့ပါပဲ။

ဒံယေလနဲ့ သူ့သူငယ်ချင်းတွေကို ကြီးကြပ်ရတဲ့အရာရှိဟာ နေဗုခဒ်နေဇာဘုရင်ကြီးကို အရမ်းကြောက်ရပါတယ်။ ကြောက်လည်းကြောက်သင့်တဲ့ဘုရင်ကြီးပါပဲ။ အမိန့်မနာခံဘူးဆိုတဲ့အချက်နဲ့ အချိန် မရွေးအသတ်ခံရနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကရုဏာတော်နဲ့ ဒံယေလရဲ့ ယုံကြည်မှုကြောင့် အဲဒီအရာရှိကို အနိုင်ရခဲ့ပြီး အဲဒီအရာရှိက ဒံယေလနဲ့ သူ့သူငယ်ချင်းတွေကို အသီးအရွက်သာစားခွင့်ပေးပြီး ရေက လွဲရင် ကာမှသောက်ခွင့်မပေးခဲ့ပါဘူး။ ယုံကြည်မှုရဲ့ ရလဒ်ကတော့ ဆယ် ရက်ပြည့်တဲ့နောက်ပိုင်းမှာ ဣသရေလလူငယ်လေးယောက်ဟာ ဘုရင် ကျွေးတဲ့အစားအစာကို စားပြတဲ့လူငယ်တွေထက်စာရင် ပိုမိုကျန်းမာ သန်စွမ်းပြီး အာဟာရပိုမိုပြည့်တဲ့သူတွေဖြစ်နေပါတော့တယ်။

ဒံယေလဆီက ဘဝသင်ခန်းစာများ

ဒံယေလလိုလူတွေရဲ့ သမ္မာကျမ်းစာကပုံပြင်တွေဟာ ကျွန် တော်တို့ကို အမှတ်ရစေတာက ဘုရားသခင်က တစ်ယောက်စီအပေါ်ရည် ရွယ်ချက်သီးခြားစီရှိတယ်ဆိုတာပါပဲ။ အဲဒါကလည်း ကျွန်တော်တို့ တစ်ဦးချင်းက အဲဒီအချက်ကို လက်ခံဖို့ရယ်၊ ဘုရားသခင်ကို နာခံဖို့ရယ်၊ ဘုရားသခင်လုပ်ခိုင်းတဲ့တာဝန်ကို သစ္စာရှိရှိ လုပ်ဆောင်ဖို့ လိုပါတယ်။

ကျွန်တော့်အနေနဲ့ ဒံယေလကို မလေးစားဘဲ မနေနိုင်ပါဘူး။ ဒါကြောင့်လည်း သူပြောမယ့်သူ့ရဲ့ကြီးမားတဲ့ဉာဏ်ပညာကို လေ့လာချင် ပါတယ်။

ကြီးမားတဲ့ဘဝရည်မှန်းချက်ရှိခြင်းဟာ မိုးခါးရေသောက်မဟုတ် အများ သူငါနဲ့ ကွဲထွက်စေပါတယ်။

“မှန်ပါတယ်။ ပြည်နှင်ဒဏ်ခံရတဲ့သူတွေထဲမှာ ခန္ဓာကိုယ်သန် စွမ်းတယ်။ ထက်မြက်တယ်။ သင်ယူဖို့လွယ်တယ်ဆိုတာကြောင့် ကျွန်တော့်ကို အရွေးခံရတာပါ” လို့ ဒံယေလက စလိုက်ပါတယ်”။ “အခြား ဣသရေလလူငယ်တွေလည်း အရွေးခံရသေးပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့က ဘုရားသခင်ဟာ ရည်ရွယ်ချက်အကြီးကြီးရှိတယ်ဆိုတာ သိထားတော့ တခြားသူတွေနဲ့စာရင် မတူကွဲပြားနေပါတယ်။ ဘုရင်ကျွေးတဲ့ အစားအစာကို ငြင်းပယ်ခဲ့တာလည်း မှန်ပါတယ်။

အထူးသဖြင့် ကျွန်တော့်သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ နာမည်ပြောင်းထားတဲ့ ရှာဒရက်၊ မေရှက်နဲ့ အဗေဒနေဂေါတို့ဟာ ရုပ်တုဆင်းတုကို ဒူးထောက်ဦးညွတ်ဖို့ ငြင်းပယ်ခဲ့တာလည်း အမှန်ပါပဲ။ အဲဒီအတွက်လည်း အပြစ်ပေးတဲ့အနေ နဲ့ မီးတွင်းထဲကို ပစ်ချခံခဲ့ရတယ်။ ဒါပေမဲ့ ဘုရားသခင်က သူတို့ကို ကယ်တင်ခဲ့ပါတယ်။ အဲဒါအပြင် အဲဒီသုံးယောက်ဟာ ဗေဗုလုန်နိုင်ငံ မှာ လွှမ်းမိုးဦးဆောင်ခွင့်ဘုရားသခင်ဆုချီးမြှင့်ခံရပါတယ်။

“ကိုယ့်မှာကြီးမားတဲ့ဘဝရည်မှန်းချက်ရှိသူတိုင်းဟာ အခြား သာမန်သူတွေနဲ့တစ်မူ ကွဲပြားထွက်နေတတ်ပါတယ်။ လူတချို့ဟာ အဲဒါ ကို တိုက်ခိုက်တတ်ပါတယ်။ အဲဒီအချိန်ကျရင် လုံးဝအလျော့မပေးပါနဲ့။” ဒံယေလက ပြင်းထန်စွာပြောဆိုပြီး “ဘုရားသခင်ကို ဆက်ကပ်ပြီး ကိုယ့် ရဲ့ ပင်ကိုစရိုက်မပျောက်သွားပါစေနဲ့နော်။ အထူးသဖြင့် မိုးခါးရေသောက်လုပ်ရမယ့် စုံစမ်းနှောင့်ယှက်ခြင်းမျိုးကြုံရတဲ့အခါ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ သမာဓိကို ထိပါးလာတဲ့အခါ လူအားလုံးက သူတို့လိုချင်တဲ့ပုံစံဖြစ်လာ စေချင်တဲ့အခါ၊ ဘုရားသခင်ကို ဖက်တွယ်ထားပါ။ ပင်ကိုစရိုက်ကို လုံးဝ မပျောက်ပါစေနဲ့။ ဒါဆိုရင် ဘုရားသခင်က ခင်ဗျားကို ချီးမြှောက်ပါ လိမ့်မယ်။

ကြီးမားတဲ့ဘဝရည်မှန်းချက်ရှိဖို့ ဘုရားသခင်ရဲ့ ကောင်းချီးလိုအပ်ပါတယ်။

“တော်ရုံတန်ရုံရည်မှန်းချက်လောက်နဲ့ဆိုရင် ကိုယ့်အားကိုယ် ကိုးလို့ရပေမယ့် ဘဝနဲ့ရင်းရတဲ့ ရည်မှန်းချက်ကြီးကြီးရှိရင်တော့ အဲဒီ ရည်မှန်းချက်ဖြည့်ဆည်းဖို့ ဘုရားသခင်ရဲ့ကောင်းချီးလုံးဝလိုအပ်ပါတယ်”။ ကျွန်တော့် လိုပဲ မဖြစ်နိုင်တာကို လုပ်နိုင်ဖို့ ခင်ဗျားကို ထူးခြားတဲ့နိမိတ်ဘုရားသခင်ကပြပါလိမ့်မယ်။

ဘုရင်ကြီးနေဗုခဒ် နေဇာမင်းကြီးက သူ့ရဲ့ နက္ခတ် ၊ ဗေဒင်ပညာရှင်တွေကို သူ့အိပ်မက်အဓိပ္ပာယ်ဘာသာပြန်ရုံသာမက ဘာအိပ်မက်လဲလို့ မေးလာပါတယ်။ သူတို့အားလုံးနားလည်ပါတယ်။ ဒီလိုသိဖို့နဲ့ အဓိပ္ပာယ်ဖတ်ဖို့ဆိုတာ ဘယ်လူသာမန်မှ မလုပ်နိုင်ပါဘူး။ အဲဒါလည်း မှန်ပါတယ်။ ဒါပေမဲ့ ဘုရားသခင်အတွက်တော့ မခက်ပါဘူး။ ကျွန်တော်နဲ့ သူငယ်ချင်းသုံးယောက်ဆုတောင်းနေတော့ ထာဝရဘုရား သခင်က ဒီပဟေဠိကို ဖြေရှင်းရုံသာမက အဖြေကိုပါ ဖော်ပြခဲ့ပါတယ်။

“ခင်ဗျားအနေနဲ့ ဘုရားသခင်ကို ဆက်ကပ်မယ်။ ပြီးရင် ဘုရား သခင်ရဲ့ ရည်ရွယ်ချက်ကို ဖော်ဆောင်နိုင်မယ်ဆိုရင် တစ်နည်းအားဖြင့်၊ အမှုတော်ဆောင်မယ်ဆိုရင် ခင်ဗျားမလုပ်နိုင်တဲ့အလုပ်တွေကို လုပ်ဖို့ဘုရားသခင်က ခိုင်းပါလိမ့်မယ်။ အဲဒါနဲ့ နောက်မဆုတ်သွားပါနဲ့။ မတွန့်သွားပါနဲ့။ ကြီးကျယ်တဲ့ကိစ္စတွေဟာ ခင်ဗျားလုပ်နိုင်တဲ့ ဟာတွေ မဟုတ်ပါဘူး။ ဘုရား သခင်ကို လုပ်ခွင့်ပြုခြင်းဖြင့် ဘုရားသခင်က ခင်ဗျားကို အသုံးပြုပြီး လုပ်သွားမှာဖြစ်ပါ တယ်။”

ကြီးမားတဲ့ဘဝရည်မှန်းချက်ရှိခြင်းဟာ သင့်ကို သတ္တိရှိစေပါတယ်။

“ဘုရားသခင်ကို တိုးဝင်ဆက်ကပ်လာတာနဲ့အမျှ ဘုရားသခင် ရဲ့ ကြီးမားတဲ့ရည်ရွယ်ချက်အတွက် အသက်ရှင်ဖို့ လုပ်ဆောင်လေ ဘုရားသခင်ရဲ့ အလိုတော်ပြည့်ဖို့ သတ္တိရလာလေဖြစ်ပါတယ်” လို့ ဒံယေလက ရှင်းပြပါတယ်။ “ဆိုးညစ်သူတွေက ကျွန်တော့်ကို လီဆယ် လုပ်ကြံခဲ့လို့ ခြင်္သေ့တွင်းထဲပစ်ချခံရတဲ့အချိန်မှာ ကျွန်တော်ဟာ လူငယ် လူရွယ် လူလတ်အရွယ် မဟုတ်တော့ပါဘူး။ နေဗုခဒ်နေဇာဘုရင်ကြီး ကွယ်လွန်ခဲ့တဲ့အထိ အလုပ်အကျွေးပြုခဲ့တဲ့ ကျွန်တော်ဟာ တတိယဘုရင် ကို ဆက်ကပ်တဲ့အရွယ်ဖြစ်နေပါပြီ။ နေ့စဉ် တစ်နေ့သုံးကြိမ်ဘုရား သခင်ကို ဆုတောင်းတာကို သိနေတဲ့ ဆိုးယုတ်တဲ့အမှုထမ်းအရာထမ်း တချို့က ဒါရိမင်းကြီးကို ကုန်းတိုက်စကားဆိုပြီး ရက်သုံးဆယ်အတွင်း လိုက်နာရမယ့်အမိန့်တစ်ခု ထုတ်ခဲ့တယ်။ အဲဒီအမိန့်ကတော့ ဘုရင်က လွဲပြီး တစ်ယောက်ယောက်ကိုဆုတောင်းအာရုံပြုရင် ခြင်္သေ့စာကျွေးမယ် ဆိုတာပါပဲ။”

“ကျွန်တော့်ကို ခြင်္သေ့တွင်းထဲ ပစ်ချလိုက်တဲ့အချိန်မှာ ကျွန် တော့်ကိုနိုင်ပြီလို့ သူတို့တွက်လိုက်ကြတယ်။ ဒါပေမဲ့ အဲဒီအချိန်ထိ ကျွန်တော်က မျှော်လင့်ချက်မပျောက်ခဲ့ပါဘူး။ ထာဝရဘုရားသခင်ဟာ ကျွန်တော့်ကို ကောင်းချီးပေးခဲ့သလို သတ္တိကိုလည်း ပေးခဲ့ပါသေးတယ်။

ကျွန်တော့်ဆုတောင်းချက်ကို နားထောင်ပြီး ဘုရားသခင်ဟာ ကောင်း ကင်နတ်သားတစ်ပါးလွှတ်ပြီး ကာကွယ်ပေးခဲ့ပါသေးတယ်။ အဆုံးမှာ တော့ အဲဒီဆိုးယုတ်သူတွေသာ ခြင်္သေ့စာဖြစ်သွားတာပေါ့။”

“အချိန်ကြာလာတာနဲ့ သဘောပေါက်လာတာကတော့ သတ္တိ ဟာ ကြွက်သားလိုပါပဲ။ အသုံးချလေ အားရှိလာလေပါပဲ။ ဆုံးဖြတ်ချက် တစ်ခုကို သတ္တိရှိရှိနဲ့ ဆုံးဖြတ်ခဲ့တိုင်း အဲဒီကြွက်သားကို သန်မာစေတယ်။ တကယ်လို့ ခင်ဗျားဟာ ဘုရားသခင်ကို တိုးဝင်ဆက်ကပ်ပြီး ဘုရား သခင်ရဲ့ ရည်ရွယ်ချက်ကို ဖော်ဆောင်မယ်ဆိုရင် အဲဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဆောင်နိုင်တဲ့ လုံလောက်တဲ့သတ္တိကို ဘုရားသခင် က ပေးပါလိမ့်မယ်။”

ကြီးမားတဲ့ဘဝရည်မှန်းချက်ရှိရင် အစမ်းသပ်ခံရမှာ အသေချာပါပဲ။

“ကြီးမားတဲ့ဘဝရည်မှန်းချက်ရှိခြင်းဟာ တစ်ကြိမ်တည်းနဲ့ ဆုံး ဖြတ်လို့ မရတဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ဆုံးဖြတ်ချက်ဟာ အကြိမ်ကြိမ် အစမ်းသပ်ခံရပါ လိမ့်မယ်။ ရလဒ်ကောင်းချင် ရင်တော့ ဘုရားသခင် နောက်ကိုသာ လိုက်ဖို့ ပြင်ထားပေ တော့” လို့ ဒံယေလက ပြောပါ တယ်။ သူတို့က ကျွန်တော့်ကိုမဟုတ်တဲ့ အစားအစာတွေ ကျွေးပေမယ့် ကျွန်တော်က ဘုရားသခင်နောက်လိုက်ဖို့ ရွေးချယ်ခဲ့တယ်။ သူတို့က အိပ်မက်တွေကို အဓိပ္ပာယ်ပြန်ခိုင်းတော့လည်း ဘုရားသခင် နောက်လိုက်ဖို့ပဲ ရွေးချယ်ခဲ့ပါတယ်။ ဘုရင်တွေကို အမှန်တရားတွေ ပြောခဲ့တုန်းကလည်း ဘုရားသခင်နောက်လိုက်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ခြင်္သေ့တွေကို ရင်ဆိုင်ခဲ့တုန်းကလည်း ဘုရားသခင်နောက်လိုက်ဖို့ပဲ ရွေးချယ်ခဲ့တာလေ။

“ခင်ဗျားလည်း စုံစမ်းနှောင့်ယှက်တွေ ကြုံရပြီဆိုရင် ဆုံးဖြတ် ချက်အမှန်ချနိုင်ဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ ဆုံးဖြတ်ချက်အမှန်တွေ ချနိုင်တာကလည်း ကျွန်တော့်ရည်ရွယ်ချက်ဟာ ကိုယ့်အတွက် မဟုတ်ဘဲ ဘုရားသခင်အတွက် ဖြစ်နေလို့ပါပဲ”။

ဒံယေလရဲ့ဆုတောင်းချက်

အမြင့်မားဆုံးထာဝရဘုရားသခင်…

 

အိုထာဝရဘုရားသခင်… ဒီမှာရှိတဲ့သူငယ်ချင်းတွေအတွက် ဘုရားသခင်ရည်ရွယ်ချက်ရှိတယ်ဆိုတာ သိပါတယ်။ အဲဒီရည်ရွယ်ချက်တွေကို သိနိုင်ဖို့ နက်နက်နဲနဲဖော်ပြပေးပါတယ်။ ရှင်းရှင်းလင်းလင်း (Clarity) သိဖို့၊ လုပ်နိုင်ကြောင်း (Conviction) ရှိဖို့၊ အခြားသူတွေလည်း ပါဝင်စေဖို့ ယုံကြည်ချက် (Confidence) ရှိဖို့၊ စုံစမ်းနှောင့်ယှက်ခံရတဲ့ အချိန်မှာ သတ္တိ (Courage) ရှိဖို့ပေးသနားတော်မူပါ။ သူတို့မှတစ်ဆင့် ဘုရားသခင်ရဲ့ အမှုတွေထမ်းဆောင်ပြီးမြောက်နိုင်ပါစေ… အာမင်။

ဒံယေလထံမှ ခေါင်းဆောင်မှုသင်ခန်းစာများ ဒံယေလဆီက ကြားရတာတွေက ကျွန်တော်တို့ကို ခွန်အားနဲ့ မျှော် လင့်ချက်ကို ရရှိစေပါတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ကတစ်ဆင့် အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ဖို့ ဆန္ဒရှိတာ ငြင်းလို့ မရပါဘူး။ ဘုရား သခင်ရွေးချယ်တာဟာ လူတွေအတွက် အရေးကြီးတယ်လို့ မထင်ရသလို အဲဒီအချိန်အတိုင်းအတာမှာ ကျွန်တော်တို့အတွက် အရေးမပါသလို ထင်ရပါတယ်။ ဒါပေမဲ့ ဘုရားသခင်အတွက် အရေးပါတယ်ဆိုရင် အရေးကြီးတယ်ဆိုတာ နားလည်ဖို့လိုပါတယ်။

ဒံယေလရဲ့ ဘဝကတစ်ဆင့် နားလည်ရတာက ဘုရားသခင် အတွက် အမှုတော်ဆောင်ရင် ထင်ရှားတဲ့မိသားစုက ပေါက်ဖွားလာဖို့ မလိုသလို၊ ငွေကြေးချမ်းသာဖို့ အရေးမကြီးသလို ရာထူးဂုဏ်အင်ရှိစရာ မလိုပါ။ ဒံယေလရဲ့ ဘဝအစမှာ ကျွန်ဖြစ်ပြီး ကွယ်လွန်ခဲ့တဲ့အချိန်မှာလည်း ကျွန်ပါပဲ။ ဒါပေမဲ့ အသက်ရှင်တဲ့သက်တမ်းတစ်လျှောက်မှာ ထူး ခြားတဲ့ကိစ္စရပ်များစွာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၁။ ထာဝရဘုရားသခင်ဟာ လူထက်ရည်ရွယ်ချက်ကို ပိုအလေးထားပါ တယ်။

ဒံယေလရဲ့ အသက်တာနဲ့ ခေါင်းဆောင်မှုအရည်အချင်းတွေကို ပြန်လည်သုံးသပ်နေချိန်မှာ ကျွန်တော်ဟာ ဘုရားသခင်က ယေရမိကို ပြောတဲ့စကားလေးကို သတိရမိလိုက်ပါတယ်။ “သင့်ကို အမိဝမ်းထဲ၌ ငါ မဖန်ဆင်းမီ သင့်ကိုငါ သိပြီ။ မသွားမီကပင် သင့်ကိုငါ သန့်ရှင်းစေ ၍ လူအမျိုးမျိုးတို့အဖို့ ပရောဖက်အရာ၌ ခန့်ထားပြီဟု မိန့်တော်မူ၏။

ယေရမိရဲ့ အသက်တာတစ်လျှောက်လုံးထာဝရဘုရားသခင် ဘယ်လိုအလုပ်လုပ်လဲ လေ့လာကြည့်ရအောင်။ ပထမဆုံးထာဝရဘုရား သခင်ဟာ ယေရမိကို ဘာဖြစ်စေချင်လဲဆိုတာ သိနှင့်တယ်။ ပြီးတော့ သူ့ရဲ့ မိခင်ဝမ်းထဲမှာ သန္ဓေသားဖွဲ့စည်းစေတယ်။ ယေရမိရဲ့ ဘဝမှာ ထူး ခြားတဲ့အမှုတော် ထမ်းဆောင်ဖို့ လိုအပ်တဲ့အားသာချက်၊ အားနည်း ချက်ကို လိုက်လျောညီထွေဖန်ဆင်းပေးတယ်။ ယေရမိဟာ ထာဝရ ဘုရားသခင်အတွက် ထူးခြားသောအမှုတော်ထမ်းဆောင်ဖို့ ပြင်ဆင်ထား ခြင်းခံရပါတယ်။ “

အလားတူ ဒံယေလဟာလည်း အဲဒီလိုပြင်ဆင်ထားခြင်းခံရ သလို ကျွန်တော်တို့အယောက်တိုင်းကို ဘုရားသခင်ဟာ သီးသန့်ပြင် ဆင်ထားပါတယ်။ ကျွန်တော်တို့တစ်ယောက်စီ မမွေးခင်ကတည်းက ဘုရားသခင်မှာ ရည်ရွယ်ချက် ရှိပြီးသားဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ အကူအညီအထောက်အပံ့ရဖို့ စကတည်းက ပြင်ဆင်ထားဖို့ကြိုပြင် ဆင်ပြီးသားဖြစ်ပါတယ်။

အဓိပ္ပာယ်ကတော့ ထာဝရဘုရားသခင်က ကျွန်တော်တို့တစ်ယောက်စီကို အမှုတော်ထမ်းဆောင်စေလိုတယ်။ ဩဇာ တိက္ကမရှိစေချင်တယ်။ မတူတဲ့ထူးခြားမှုကိုဖြစ်စေလိုပါတယ်။ အဲဒီရည် ရွယ်ချက်တွေပြည့်စုံဖို့ ကျွန်တော်တို့ဘာမှလုပ်စရာမလိုပါဘူး။ ထာဝရ ဘုရားသခင်နောက်ကိုလိုက်ပြီး စီစဉ်ထားတာကို လုပ်ဖို့ပဲလိုပါတယ်။

ထူးခြားတဲ့ကိစ္စရပ်တွေ ဆောင်ရွက်နိုင်ခြင်းနဲ့ မဆောင်ရွက်နိုင်ခြင်းဆိုတဲ့ ခြားနားမှုဟာ မိမိရဲ့ ပင်ကိုစွမ်းရည်၊ အခွင့်အရေး၊ ဒါမှမဟုတ် အခွင့် အလမ်းမဟုတ်ဘဲ ရည်ရွယ်ချက်နဲ့သာ ဆိုင်ပါတယ်။ မိုးခါးရေသောက် ပြီး သာမန်ထက်ထူးခြားမှုမရှိဘဲ အသက်ရှင်ခြင်းဟာ ရည်ရွယ်ချက် မရှိလို့သာ ဖြစ်ပါတယ်။

၂။ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ကို ခေါင်းဆောင်တွေအနေနဲ့ လိုက်လုပ် ရင်ဘုရားသခင်ရဲ့ တန်ခိုးရရှိပါတယ်။

ဒံယေလဟာမတူတဲ့အင်ပါယာနှစ်ခုနဲ့ ဘုရင်လေးပါးကို ဆက် ကပ်ခွင့်ရခဲ့ပါတယ်။ မဖြစ်နိုင်တဲ့ကိစ္စတွေကို တစ်ကြိမ်မက လုပ်ဆောင်ဖို့ တာဝန်ပေးခြင်း ခံခဲ့ရပါတယ်။ ဘုရားသခင်ရဲ့ ကူညီလမ်းညွှန်မှုနဲ့အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ထာဝရဘုရားသခင်ရဲ့ နာမတော်ချီးမွမ်းခြင်းခံခဲ့ရပါတယ်။

ထာဝရဘုရားသခင်ဟာ အမှုတော်ဆောင်ရွက်ဖို့ ခေါင်းဆောင် တွေကို တာဝန်ပေးအပ်ပြီဆိုရင် ထာဝရဘုရားသခင်ရဲ့ တန်ခိုးနဲ့ အကူ အညီပေးခြင်းအားဖြင့် ခေါင်းဆောင်တွေကို တာဝန်ပြီးမြောက် အောင် မြင်အောင် ထမ်းဆောင်စေပါတယ်။ တကယ်လို့ သင့်ကို ဘုရားသခင် ဖန်တီးထားတဲ့ရည်ရွယ်ချက်ကြီးကြီးထမ်းဆောင်စေချင်ရင် သင်လိုတဲ့ အရင်းအမြစ် မှန်သမျှကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

၃။ ရည်ရွယ်ချက်ရှိတဲ့ခေါင်းဆောင်တွေဟာ လွယ်တာကို မလုပ်ပါဘူး။ မှန်တာကိုပဲ လုပ်ကြပါတယ်။

ဒံယေလဟာ စိတ်ဖိစီးမှုမဲ့တဲ့အနေအထားနဲ့ အသက်ရှင်ခဲ့ရတာ မဟုတ်ပါဘူး။ နယ်နှင်ခံရတဲ့ကျွန်၊ ခက်ထန်မောက်မာတဲ့ဘုရင်ကြီးတွေ နဲ့ ထိတွေ့နေရသူ၊ မနာလိုဝန်တိုတဲ့အမှုထမ်းအရာထမ်းတွေရဲ့ မကောင်း ကြံတာကို ခံနေရသူ၊ နောက်ဆုံးအသက်ဆုံးရှုံးတဲ့ထိ ကြံစည်ခံရတာတွေ ကြုံရပါတယ်။ ဒါပေမဲ့ ဒံယေလ ဘယ်တော့မှ သူ့လမ်းကြောင်း သူ မပျောက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရာရာတိုင်းမှာ ထာဝရဘုရားသခင်ကို ချီးမွမ်း စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တာကြောင့် အောင်မြင်မှု ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရည်မှန်းချက်ကြီးကြီးထား ရှိဖို့လိုပါတယ်။ ငယ်ရင် အောင်မြင်မှုရနိုင်ပေမယ့် ကန့်သတ်ချက်ရှိပါ လိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရည်မှန်းချက်ဟာ ဘာကြောင့်လဲဆိုတဲ့ မေးခွန်း ထက်ကြီးရင် ဘုရား သခင်အမှုတော်ထမ်းဆောင်ဖို့ ဖြစ်တဲ့အတွက် လွယ်တဲ့အရာထက် မှန်တဲ့အရာကို လုပ်နိုင်ဖို့ အခွင့်အရေးပိုများပါ လိမ့်မယ်။

ဆိုရိုးစကားတစ်ခုကတော့ လူတိုင်းမှာ အရေးပါတဲ့ရက်နှစ်ရက် ရှိပါတယ်။ တစ်ရက်ကတော့ မိမိမွေးတဲ့ရက်ဖြစ်ပြီးနောက် တစ်ရက်က ဘာကြောင့်မွေးသလဲဆိုတဲ့ ရည်ရွယ်ချက်သိတဲ့နေ့ဖြစ်ပါတယ်။ သင့်ရဲ့ ဘာကြောင့်လဲဆိုတာသိပြီး ဘဝရည်မှန်းချက်ကြီးကြီး ထားရှိဆောင်ရွက်မယ် ဆိုရင် ဒံယေလလိုပဲ လုပ်ရမယ့်ကိစ္စကို ဆောင်ရွက်ဖို့အတွက် မွေးဖွား တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

ဒံယေလရဲ့ဆွေးနွေးချက်လမ်းညွန်

“ရှင်ဘုရင်ကလည်း ငါမြင်မက်သောအိပ်မက်ကို ပြန်ပြော၍ အနက်ကို ဘော်ပြနိုင်သလော။ ဗေလတရှာဇာအမည်ရှိသော ဒံယေလ ကို မေးတော်မူလျှင်၊ ဒံယေလက အရှင်မင်းကြီးမေးမြန်းတော်မူသော အရာကို ပညာရှိ၊ ဗေဒင်တတ်၊ မာဂုဆရာ၊ အနာဂတ္တိဆရာတို့သည် အရှင်မင်းကြီးအား ဘော်ခြင်းငှာ မတတ်နိုင်ကြပါ။ နက်နဲသောအရာ တို့ကို ဖွင့်ပြ၍၊ နောင်ကာလ၌ ဖြစ်လတံ့သောအရာတို့ကို နေဗုခဒ်နေဇာ မင်းကြီးအား ကြားပြောတော်မူသော ဘုရားသခင်တဆူသည် ကောင်းကင်ဘုံမှာ ရှိတော်မူ၏။

ထိုအခါ နေဗုခဒ်နေဇာမင်းကြီးသည် ပြပ်ဝပ်၍ ဒံယေလကို ရှိခိုးကိုးကွယ်ပြီးလျှင်၊ ပူဇော်သက္ကာပြုခြင်းငှာ၎င်း၊ နံသာမျိုးကို မီးရှို့ ၍ ဆပ်ကပ်ခြင်းငှာ၎င်း စီရင်တော်မူလျက်၊ ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြနိုင်သည်ဖြစ်၍၊ အကယ်စင်စစ် ကိုယ်တော်၏ ဘုရားသခင်သည် ဘုရားတို့၏ဘုရား၊ ဘုရင်တို့၏အရှင်၊ နက်နဲသော အရာကို ဖွင့်ပြတော်မူသော သခင်ဖြစ်တော်မူ၏ဟု မိန့်တော်မူ၍ ဒံယေလကို ချီးမြှောက်လျက်၊ များစွာသော ဆုလပ်သပ်ပကာတို့ကို ပေး ၍၊ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီးအရာ၌၎င်း၊ ဗာဗုလုန်ပညာရှိတို့ကို အုပ်စိုး သောဝန်အရာ၌၎င်း ခန့်ထားတော်မူ၏။

ဒံယေလအနာဂတ္တိကျမ်း ၂း၂၆-၂၈၊ ၄၆-၄၉

၁။ ဒံယေလနဲ့ သူ့သူငယ်ချင်းသုံးယောက်ဟာ မိမိတို့ရဲ့ယုံကြည်မှုအတွက် မားမားရပ်ရင်ဆိုင်တာနဲ့ပတ်သက်ပြီး ဆက်စပ်မှုရှိပါသလား။ရှင်းပြရန်။

၂။ ဘုရားသခင်ကို ခက်ခဲယုံကြည်သူတွေကို ဘုရားသခင် ခွဲခြားရွေးချယ်ထားတာလို့ ယုံကြည်ပါသလား။ ဒါမှမဟုတ် လူတချို့အတွက်ပဲလား။ ရှင်းပြရန်။

၃။ သမ္မာကျမ်းစာမှာ ဘုရားသခင်က ကျွန်တော်တို့တစ်ယောက်စီကိုကောင်းတဲ့အလုပ်တွေလုပ်ဆောင်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ သင်ကော ဘုရားသခင်က အဲဒီလို ဖန်တီးထားတယ်လို့ယုံကြည်မှုရှိပါသလား။ ရှင်းပြရန်။

၄။ အတိတ်မှာ ကိုယ့်ဘဝရည်မှန်းချက်သိရှိဖို့နဲ့ နားလည်ဖို့ ဘယ်လိုကိစ္စမျိုးတွေ ဆောင်ရွက်ဖူးပါသလဲ။

၅။ ဘုရားသခင်ခိုင်းထားပေမယ့် ကိုယ်က လုပ်ဆောင်ရမှာ ကြောက်နေတဲ့အကြောက်တရားကို ဘယ်လိုထိန်းချုပ်ခဲ့ရပါသလဲ။

၆။ သင့်ဘဝရဲ့ ဘယ်အစိတ်အပိုင်းမှာ ဘုရားသခင်ရဲ့ ပါဝါနဲ့ အလိုတော်ကို ခံစားကြည့်ချင်ပါသလဲ။

၇။ အဲဒီလို အတွေ့အကြုံမျိုးရဖို့ ဘယ်လိုခြေလှမ်း၊ ဘယ်လိုလုပ်ရပ်မျိုးလုပ်ဖို့ ပြင်ဆင်ထားပါသလဲ။

ဒံယေလအကြောင်း ပိုမိုသိရှိရန် ဒံယေလ ၁း၁-၁၂း၁၃ ကို လေ့လာပါ။

နေ့တစ်နေ့ရဲ့နိဂုံး

ပင်လယ်ရေမျက်နှာပြင်အထက် အရှေ့ဘက်ကောင်းကင်ဟာ မဲမှောင်နေတာကြောင့် ကျွန်တော်တို့ မိုးကုပ်စက်ဝိုင်းကို မြင်နိုင်ဖို့ ခက် နေပါသေးတယ်။ ကောင်းကင်ကို မော့ကြည့်လိုက်ရင်တော့ နေမဝင်ခင် နောက်ဆုံးအလင်းတန်းကို တွေ့နေရပါတယ်။ ခန်းဝဘက်ကို ထွက်သွား တဲ့ဒံယေလရဲ့ တိုးညင်းတဲ့ခြေလှမ်းသံပျောက်ဆုံးသွားပြီးတဲ့နောက်ပိုင်း ခန်းမကြီးတစ်ခုလုံးပြန်လည်ငြိမ်သက်သွားပါတယ်။

ကျွန်တော်တို့လည်း ဘယ်လောက်ကြာကြာထပ်ထိုင်မိသလဲ မသိ။ သတိရလို့ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ နေလုံးဝဝင်သွားပြီး စာကြည့်ခန်းထဲမှာ မှောင်အတိကျနေပါတယ်။

သမ္မာကျမ်းစာပါအရဆိုရင် မောရှေဟာ တဲတော်အရှေ့မှာ ထာဝရဘုရားသခင်ကို တွေ့ဆုံချိန်မှာ သူ့လက်ထောက်ယောရှုရဲ့ ခံစား ချက်ကို နားလည်ခံစားနိုင်ပါတယ်။ အခုတော့ ယောရှုရဲ့ ခံစားချက်ကို ကျွန်တော် နားလည်ခံစားနိုင်ပါတယ်။ အခုလည်း ကျွန်တော် ဒီအခန်း ထဲက ထွက်သွားချင်စိတ်လုံးဝမရှိသလို အခွင့်အရေးရရင် ထပ်ပြီး ဒီလို အတွေ့အကြုံမျိုးမျှော်လင့်နေမိပါသေးတယ်။ ဒါပေမဲ့ အချိန်လွန်နေပြီ ဝိုတာ ကျွန်တော် နားလည်လိုက်တယ်။

ဒီနေ့ တွေ့ခဲ့ရတဲ့ ယုံကြည်ခြင်းရဲ့ သူရဲကောင်းကြီးတွေဆီက သင်ယူခဲ့ရတဲ့အနှစ်ချုပ်ကတော့…

ဧလိယ… အခြေအနေဆိုးမှာလည်း ဘုရားသခင်က ချစ်နေတုန်း ပါပဲ။

ဧလိရှဲ… ဘုရားသခင်အသုံးပြုရင် အကောင်းဆုံးကို ပေးဆပ်ပါ။

ယောဘ… ဘုရားသခင်ဟာ အနာဂတ်အလုံးစုံကို မြင်နိုင်သူပါ။ ယာကုပ်… ဘုရားသခင်က သင့်ဘဝကိုလွှမ်းမိုးချုပ်ကိုင်ပါစေ။

ဒေဗောရ… ဘုရားသခင်ဟာ မထင်မှတ်တဲ့အရာတွေကို အာရုံ ပြုပါတယ်။

ဟေရှာယ… ဘုရားသခင်နဲ့တွေ့ကြုံရပြီဆိုတာ ဘုရာသခင်က အကြောင်းရှိလို့ပါ။

ယောန… ဘုရားသခင်ဟာ လူတိုင်းကို ဒုတိယအကြိမ်အခွင့် အရေးပေးတတ်ပါတယ်။

ယောရှု… သင့်ဘဝရဲ့ အရိုးသားဆုံးသောစိန်ခေါ်မှုပြဿနာထက် ဘုရားသခင်က ကြီးမားပါတယ်။

ဒံယေလ… မိမိထက် ကြီးတဲ့ဘဝရည်မှန်းချက်ထားရှိပါ။

အဲဒါတွေ ပြန်စဉ်းစားမိတာနဲ့ ကျွန်တော်ပြုံးနေမိတယ်။

ကျွန်တော်တို့လည်း သွားရတော့မယ်လေ။ အချိန်ဖြုန်းနေလို့ မရဘူး။ ခုံပေါ်ကနေ ထလိုက်ပြီး ကိုယ့်လမ်းကိုယ်သွားကြရတော့မယ်။ ကိုယ်လက်သန့်ရှင်းလိုက်ပြီး ရှေ့မှာ လျှောက်လှမ်းရမယ့်ဘဝခရီးအတွက် ခွန်အားယူလိုက်မိတယ်။ လမ်းဆက်မလျှောက်ခင်လေးမှာ ကျွန်တော် စဉ်းစားမိလိုက်တာက “ဒီနေ့ကတော့ ထူးခြားတဲ့နေ့လေးဖြစ်သွားပါပြီ” ဆိုတာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *