ဘာသာပြန် – စွမ်ဇာခိုင်
သမ္မာကျမ်းစာလေ့လာခြင်းနှင့်ခရစ်ယာန်အသက်တာအတွက် လက်တွေ့လိုက်လျှောက်ရန် လက်စွဲစာအုပ်
မာတိကာ
နိဒါန်း
အာဒံ- ပထမဆုံးလူယောက်ျား
ဧဝ- ပထမဆုံးလူမိန်းမ
ကာဣန- ပထမဆုံးလူ
သတ်သမား
အာဗေလ- ပထမဆုံးမာတုရ
နောဧ- သင်္ဘောကိုတည်ဆောက်သူ
အာဗြဟံ- ဂျူးတို့၏ဖခင်
စာရာ- ဂျူးတို့၏မိခင်
ဣဇာက်- ငြိမ်းချမ်းရေးကို ယူဆောင်လာသူ
ယာကုပ်- ဘုရားသခင်၏တို့ထိခြင်းခံရသူ
ယောသပ်- သစ္စာရှိခြင်းနှင့်ခွင့်လွှတ်ခြင်း
မောရှေ- လွတ်မြောက်ပေးသူ
အာရုန်- ပထမဆုံးယဇ်ပုရောဟိတ်
ယောရှု- ကတိတော်ပြည်ကို သိမ်းပိုက်သူ
ရာခပ်- ပြည့်တန်ဆာ ၊
ရှံဆုန်- ကမ္ဘာပေါ်တွင် ခွန်အားအကြီးမားဆုံးသူ
ရုသ- သီလနှင့်ပြည့်စုံသောအမျိုးသမီး
ဟန္န- ဘုရားကိုကြည်ညိုကိုင်းရှိုင်းသော မိခင်
ရှမွေလ- နောက်ဆုံးသော တရားသူကြီး
ရှောလု- ဣသရေလ၏ပထမဆုံး ရှင်ဘုရင်
ဒါဝိဒ်- အစ္စရေးလ်၏ဆာလံဆရာ
ရှောလမုန်- ကမ္ဘာပေါ်တွင် ပညာအရှိဆုံးသောသူ
ဧလိယ- ဘုရားသခင်အတွက် မီးကဲ့သို့ တောက်လောင်သော ပရောဖက် ၊
ဧလိရှဲ- လူများ၏ ပရောဖက် ၊
ဟေဇကိ- အရာအားလုံး၌ ဘုရားသခင်ကို သစ္စာရှိသောသူ
ယောဘ- စုံလင်ဖြောင့်မတ်သောသူ
ဧဇရ- သစ္စာရှိသောဆရာ
နေဟမိ- တည်ဆောက်သူ
ဧသတာ- မိဖုရား ၊ ဟေရှာယ- စိတ်ဆန္ဒဖြင့် အစေခံသော ပရောဖက် တင်း
ယေရမိ- ငိုကြွေးသော ပရောဖက် ယေဇကျေလ- လမ်းပေါ်မှ တရားဟောဆရာ ၊
ဒံယေလ- ခိုင်မာပြတ်သားသောသူ၊
ယောန- ဆန္ဒမရှိသော ပရောဖက်
မာရိ- သခင်ဘုရား၏ကျွန်မ နှစ်ခြင်းဆရာယောဟန်- မေရှိယ၏ရှေ့ပြေး
မသဲ- အရာအားလုံးကို စွန့်လွှတ်ခဲ့သူ ခိုင်းပါ
မာကု- ဒုတိယအခွင့်အရေးပေးခြင်း ခံရသူ
လုကာ- ပထမဆုံးသော သာသနာပြုဆရာဝန်
ယောဟန်- ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသောတပည့်တော်
ပေတရု- တံငါသည်၊ ခေါင်းဆောင်
ရှောလု- ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်သူ
ပေါလှ- တပါးအမျိုးသားများအတွက် တမန်တော် တိမောသော မျိုးဆက်သစ် သင်တန်းသားတစ်ယောက်
အာကုလနှင့်ပြစ်ကိလ- စွမ်းအားနှင့်ပြည့်ဝသော ဇနီး၊ မောင်နှံ
တိတု- ရှင်ပေါလု၏ပုံရပ်
ဖိလေမုန်- ခိုင်မာသောဆုံးဖြတ်ချက်ချသူ
ယာကုပ်- ခရစ်တော်၏အစေခံကျွန်တစ်ယောက် ၊
ယုဒ… ယုံကြည်ခြင်းအတွက် ပြိုင်ဆိုင်သူ
များ
ယေရှု၏အစောပိုင်းနှစ်များ- ကြွလာမည်ဟု ကတိပေးထားသောသူ
ယေရှု၏နောက်ပိုင်းနှစ်များ- ကြီးမြတ်သောသူ
နိဒါန်း
ဤစာအုပ်ထဲမှ အမျိုးသား၊ အမျိုးသမီးများ၏ အသက်တာသည် ရာစုနှစ်များ တလျှောက်တွင် ဘုရားသခင်၏အကြံစည်ကို ပြည့်စုံစေခဲ့သောသူများဖြစ်ပြီး၊ ဘုရားသ ခင်၏အသုံးပြုခြင်း ခံရသောသူများလည်း ဖြစ်ကြသည်။ သူတို့ အသက်တာအားဖြင့် စာဖတ်သူ၊ မိတ်ဆွေလည်း ခွန်အားရရှိစေရန် ရည်ရွယ်ပါသည်။ သမ္မာကျမ်းစာအတိုင်း ထိုပုဂ္ဂိုလ်များကို အစဉ်လိုက် စီထားပါသည်။ သခင်ယေရှုသည် သမ္မာကျမ်းစာတစ်ခုလုံး၏ အဓိကဗဟို ဖြစ်သောကြောင့် ချွင်းချက်အနေဖြင့် နောက်ဆုံးတွင် ထားထားပါသည်။ ဤအမျိုးသား၊ အမျိုးသမီးများ၏အတ္ထုပတ္တိများသည် သင်၏ဝိညာဉ်ရေးအသက်တာကို ခွန်အားဖြစ်စေရန် ဆုတောင်းပေးပါသည်။
စာဖတ်သူအယောက်အတိုင်းအပေါ် ဘုရားသခင် ကောင်းကြီးပေးပါစေ။ အာမင်
အာဒံ
ပထမဆုံးလူယောက်ျား
ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို
ပြုစုစေခြင်းငှါ၊ ထားတော်မူ၏။
(ကမ္ဘာ ၂း၁၅)
အရည်အချင်း- အပြစ်ကင်းခြင်း။
ပြည့်စုံခြင်း- ပထမဆုံးလူသား။
အသက်ရှင်ခဲ့သောအချိန်- ဖန်ဆင်းခြင်းအစမှ နှစ်ပေါင်း ၉၃ဝ ထိ (အသက် ၉၃၀)။
နာမည်- အာဒံ- အဓိပ္ပါယ် “လူ’။
ကျမ်းပိုဒ်- ကမ္ဘာ ၂း၁-၅၅။
နောက်ခံအကြောင်းအရာ
“အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” (က ၁း၁)။ သမ္မာကျမ်းစာကို ဤစကားလုံးများဖြင့် အစပြုထားသည်။ ထို့အပြင် ဖန် ဆင်းခြင်းအစမှ လူသားအားလုံး၏ဦးခေါင်းဖြစ်သော အာဒံထိ ဖန်ဆင်းခဲ့သောအရာများ ကိုလည်း ဖော်ပြထားသည်။ မွေးဖွားလာမည့်လူသားအားလုံးသည် ထိုပထမလူဖြစ်သော အာဒံထဲ၌ ရှိနေကြသည်။ ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းထားသော လူ
သားအားလုံးကို အာဒံ ပိုင်ဆိုင်ထားသည်။ အပြစ်ကင်းခြင်းကို အာဒံမှတဆင့် ကျွန်တော် တို့ ခံယူခဲ့ရသည်။ အာဒံအပြစ်၏ဆိုးကျိုးကိုလည်း ကျွန်တော်တို့ ရင်ဆိုင်ရသည်။ ခြုံငုံကြည့်ခြင်း
ဘုရားသခင်၏ပြည့်စုံခြင်းကို ပထမဆုံးတွေ့ကြုံခံစားခဲ့ရသော ပထမဆုံး အာဒံသည် လူသားအားလုံးအတွက် ဘုရားသခင်၏မူလ ပထမရည်ရွယ်ချက်ကို ဖော်ပြ ထားသည်။ ပြည့်စုံကုံလုံသောငြိမ်းချမ်းခြင်း၊ ကျန်းမာခြင်းအခြေအနေ၌ ဘုရားသခင်နှင့် ပြီးပြည့်စုံသောဆက်နွယ်မှုအတွက် ဘုရားသခင် ဖန်ဆင်းရခြင်းဖြစ်သည်။ စိတ်မကောင်း စွာဖြင့် အာဒံနှင့်သူ၏မယားဧဝသည် လူသားမျိုးနွယ်စု တစ်ခုလုံးအား ဒုက္ခဆင်းရဲခြင်းနှင့် သေခြင်းကို ပို့မည့်လမ်းကို ရွေးချယ်ခဲ့သည်။
သို့သော် ဘုရားသခင်သည် အာဒံ၊ ဧဝနှင့်လူသားမျိုးနွယ်စုတစ်ခုလုံးကို မျှော် လင့်ချက်ကင်းမဲ့သည့် အခြေအနေဖြင့် မထားခဲ့ပါ။ တနေ့တွင် မိန်းမအမျိုးအနွယ်သည် စာတန်ကို ချေမှုန်းအနိုင်ယူမည်ဖြစ်ကြောင်း ဘုရားသခင်က ကတိပေးခဲ့သည်။ ဧဒင်ဥ ယျာဉ်ထဲတွင် မြွေအဖြစ်ဟန်ဆောင်ထားသော စာတန်အား ကြွလာမည့်သူ (ယေရှုခရစ်
တော်)သည် ‘သင်၏ခေါင်းကို ကြိတ်လိမ့်မည်” ဟု ဘုရားသခင်က ပြောထားသည်။ အဓိပ္ပါယ်မှာ စာတန်ကိုချေမှုန်း အနိုင်ယူမည်ဟု ပြောခြင်း ဖြစ်သည်။ အကြောင်းအရာ ၊ + အာဒံကို ဘုရားသခင်၏ပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းထားသည်။ (ကမ္ဘာ ၁း၂၆-၂ရ)
“ငါတို့ပုံသဏ္ဍာန်နှင့်တညီတသဏ္ဍာန်တည်း လူကိုဖန်ဆင်းကြစို့” ကျမ်းစကား သည် ဖန်ဆင်းခြင်းအားလုံး၏အထွဋ်အထိပ်ဖြစ်သည်။ ဖန်ဆင်းရှင်ဘုရား၏မိတ်သဟာ ယ၌ပျော်မွေ့ရန် အာဒံကို ဖန်ဆင်းထားသည်။ အခြားသော ဖန်ဆင်းခြင်းများနှင့် မတူ ပေ။ သေချာစဉ်းစားကြည့်လျှင် အာဒံသည် ဘုရားသခင်နှင့် စိတ်ဆန္ဒ၊ အသိပညာ၊ ခံစားချက်များ တူသည်။ အကျင့်သိက္ခာပိုင်းအားဖြင့်ဆိုလျှင် အာဒံသည် ဘုရားသခင်နှင့် တူသော ကောင်းမြတ်ခြင်း၊ အပြစ်ကင်းခြင်းများ ရှိသည်။ ပြီးပြည့်စုံသော လူသားတစ် ယောက် ဖြစ်သည်။ ဖန်ဆင်းခံဖြစ်သောကြောင့် အာဒံသည် စုံစမ်းခြင်းနှင့်ရင်ဆိုင်ရသည်။
အာဒံကို အုပ်စိုးခွင့် ပေးထားသည်။ (ကမ္ဘာ ၁း၂၅-၂၈) ၊
အာဒံကို ဖန်ဆင်းခြင်းနှင့်အတူ လုပ်ရမည့်တာဝန်ကိုလည်း အပ်နှင်းထားသည်။ ကမ္ဘာကြီးကို အောင်နိုင်ရမည်။ အသက်ရှင်သောသတ္တဝါများအပေါ်၌ အုပ်စိုးရမည်။ ကမ္ဘာကြီးသည် အာဒံအတွက် ပြည့်စုံသောခေါင်းဆောင်မှုကို လက်တွေ့အသုံးချရန် လေ့ကျင့်ရေးကွင်းကြီးတစ်ခု ဖြစ်သည်။ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန် အာဒံ၌ ပြည့်ဝစုံလင်သော အတွေးအခေါ်ရှိသည်။ “ပြုစုစောင့်ရှောက်’ (၂း၁၅)ရန် ပြည့် စုံသော ပတ်ဝန်းကျင်ရှိသည်။ ထို့ထက်သာမက ခေါင်းဆောင်မှုကို လက်တွေ့အသုံးချရန် အခွင့်အရေးပေးသော ပြည့်ဝစုံလင်ဖြောင့်မတ်သည့် “အလုပ်ရှင် တစ်ယောက်ရှိသည်။
အာဒံကို အထောက်အမ ပေးထားသည်။ (ကမ္ဘာ ၂း၂၁-၂၄)
အာဒံကို ပြည့်စုံစေသောသူတစ်ယောက် မရှိဘဲ၊ အာဒံ မပြည့်စုံသေးပေ။ အ ဖော်တစ်ယောက်ဖြစ်သော အမျိုးသမီး၊ ငဝကို ဘုရားသခင်က အာဒံအားပေးခဲ့သည်။ ဧဝသည် အာဒံနှင့်ပုံသဏ္ဍာန်တူပြီး၊ သူ၏နံရိုး၊ အသွေးအသားမှ ဖြစ်လာသည်။ သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလိုပြည့်စုံစေရန် ဖြစ်သည်။ နှစ် ယောက်ပေါင်း အတူတကွနေခြင်းသည် တစ်ယောက်တကွဲပြားစီနေခြင်းထက် ကြီးမား သော အင်အားတစ်ခု ဖြစ်သည်။ “အင်အားကောင်းသောအဖွဲ့တစ်ခု” ဖြစ်ဖို့ရန် ဘုရား သခင် ရည်ရွယ်ပါသည်။ ။ •
အာဒံကို စုံစမ်းသွေးဆောင်သည်။ (ကမ္ဘာ ၂း၂၁-၂၄)
အာဒံကို အပြစ်ကင်းသောလူသားအဖြစ် ဖန်ဆင်းထားသည်။ သို့သော် သူ၏ အပြစ်ကင်းခြင်းကို မစစ်ဘေးရသေးပေ။ အာဒံ၏ကိုယ်ပွားဖြစ်သော ဧဝသည် သွေး
ဆောင်ခြင်းကို ပထမဆုံးခံခဲ့ရသူ ဖြစ်သည်။ စာတန်သည် မြွေအားဖြင့် ဇဝကို စကား ပြောသည်။ ဧဝသည် မြွေ၏လှည့်စားခြင်းကို ခံခဲ့ရသည်။ ဘုရားသခင် တားမြစ်ထားသော အသီးကို စားခြင်းအားဖြင့် ဘုရားကို မနာခံခဲ့ပေ။ နောက်တစ်ဆင့်တွင် ဧဝသည် တား မြစ်ထားသော အသီးကိုစားရန် အာဒံအား ကျွေးခဲ့သည်။ ဇဝ၏ပူဇော်သက္ကာကို အာဒံ မငြင်းဆန်ခဲ့ပေ။ မစားသင့်ကြောင်းသိလျက်ပင် အာဒံ စားခဲ့သည် (၁ တိ ၂း ၁၄)။ ဤလင်မယားနှစ်ယောက်၏အပြစ်သည် အသီးကိုစားခြင်းထက် ပို၍ကြီးမားသည်။ ရှင်း
ရှင်းလင်းလင်းပြောထားသော ဘုရားသခင်၏စကားကို သူတို့ နာမခံခဲ့ပေ။ စာတန်၏ လှည့်စားမှုများကို ယုံစားခဲ့ကြသည်။ ဘုရားသခင်၏အလိုတော်ထက် သူတို့၏ လိုအင် ဆန္ဒကို ရှေ့တန်းတင်ခဲ့ကြသည်။
ဆင်ခြင်စရာ
ဘုရားသခင်သည် အာဒံကို ရှင်းရှင်းလင်းလင်း ပြောထားသည်။ “ကောင်း မကောင်းသိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ရှိသမျှသော အပင်တို့၏အသီးကို သင် သည် စားရသောအခွင့်ရှိ၏။ ထိုအပင်၏အသီးကိုကား၊ မစားရ။ စားသောနေ့တွင်ဧကန် အမှန်သေရမည်” (ကမ္ဘာ ၂း၁၆-၁၅)။ သို့သော်လည်း အာဒံနှင့်ဧဝသည် တားမြစ်ထား
သောအသီးကို စားရန် ရွေးချယ်လိုက်သည်။ ထို့ကြောင့် ကြောက်စရာကောင်းသော အပြစ်၏ဆိုးကျိုးများသည် လူသားများဆီသို့ ဝင်ရောက်လာခဲ့သည် (ရောမ ၅း၁၂)။
ရှက်ကြောက်ခြင်း၊ (ကမ္ဘာ ၃း၇)
ဘုရားသခင်နှင့် အကျွမ်းဝင်သော မိတ်သဟာယပျက်ဆီးသွားခဲ့ပြီး၊ ချက်ခြင်း
ပင် ဝိညာဉ်သေခြင်း၊ (အငယ် ၈) ၊
လင်မယားနှစ်ယောက်ကြားဆက်နွယ်မှုသည် တစ်ယောက်အပေါ် တစ်ယောက်
အပြစ်ပုံချခြင်း၊ (အငယ် ၁၀)
အာဒံနှင့်ဘုရားသခင်၏မိတ်သဟာယသည်ပင်လျှင် အာဒံက ဘုရားကို အပြစ် ပုံချခြင်း၊ ကျွန်တော်၌အပ်ပေးတော်မူသော မိန်းမသည် ထိုအပင်၏အသီးကို
ပေး၍ ကျွန်တော်စားမိပါသည်” (အငယ် ၁၂)
ဆင်းရဲဒုက္ခ၊ ပင်ပန်းခြင်း၊ နာကျင်ခြင်းနှင့်နောက်ဆုံးတွင် ရှောင်လွဲ၍မရသည့်
ရုပ်ခန္ဓာသေခြင်း၊ (အငယ် ၁၆-၁၉)
သင်ခန်းစာယူစရာ
ဘုရားသခင်သည် သူ၏အလိုတော်ကို အာဒံအား ရှင်းရှင်းလင်းလင်း၊ တိတိ ကျကျ ဖော်ပြပါသည်။ ထိုနည်းတူစွာ ယနေ့လည်း ဘုရားသခင်သည် သင့်အား နှုတ်က ပတ်တော်၊ သမ္မာကျမ်းစာအားဖြင့် ရှင်းရှင်းလင်းလင်း၊ တိတိကျကျစကားပြောနေပါသည်။
ဘုရားစကားကိုနားထောင်ဖို့ ရွေးချယ်ပါ။ ည ဘုရားသခင်သည် သူ၏အလိုတော်ကို ဖော်ပြသည်။ ဘုရားသခင်သည် အာဒံကို အကန့်အသတ်တစ်ခုသာ ပေးထားသည်။ အသီးကိုမစားရန်နှင့် စားမိလျှင် ခံစားရမည့်ဆိုးကျိုးကိုလည်း တိတိကျကျပြောထားသည်။ သို့သော် အာဒံသည် ဘုရားစကားကို နာမခံကာ၊ သူ့နည်းလမ်းအတိုင်း ရွေးချယ်ခဲ့သည်။ ယနေ့ တွေ့ကြုံနေရသော ဆင်းရဲဒုက္ခ၊ အခက်အခဲများမှလွတ်မြောက်ရန် ဘုရားကို မျှော်ကြည့်ကာ၊ ဘုရားသခင်၏အလိုတော်ကိုဆောင်ခြင်းအားဖြင့် ပြန်လည် တည့်မတ်နိုင်သည်။
ဘုရားသခင်သည် နှုတ်ကပတ်သမ္မာကျမ်းစာအားဖြင့် စကားပြောပါသည်။
အာဒံကို ဘုရားသခင် စကားပြောသောပုံစံနှင့် ယနေ့သင့်ကို စကားပြောသော ပုံစံမှာ တူမည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏အလိုတော်ကို သမ္မာကျမ်း စာတွင် ဖော်ပြထားသည်။ သင့်အသက်တာအတွက် အလိုတော်နှင့်ဆိုင်သော အရာအားလုံးကို သမ္မာကျမ်းစာတွင် ရှာဖွေနိုင်သည် (၂ ပေ ၁း၃)။
ကယ်တင်ခြင်းအတွက် ဘုရားသခင် လမ်းဖွင့်ပေးသည်။ အပြစ်နှင့်သေခြင်း တရားသည် ဧဒင်ဥယျာဉ်တွင် အစပြုခဲ့သည်။ သို့သော်လည်း ထိုဥယျာဉ်ထဲ၌ ပင် အပြစ်၏တန်ခိုးကို ချေဖျက်မည့်သူ ကြွလာမည့်အကြောင်း မျှော်လင့်ခြင်းကို ပေးခဲ့သည်။ နောက်ထပ် ဥယျာဉ်တစ်ခုဖြစ်သော ဂေသရှေမန်ဥယျာဉ်တွင် အ ပြစ်၏တန်ခိုးကို အဆုံးသတ်ခဲ့သည်။ ကြိုတင်ပရောဖက်ပြုထားသည့်အတိုင်း နောက်ဆုံး အာဒံဖြစ်သော ခရစ်တော် (၁ ကော ၁၅ ၄၅)သည် အပြစ်သား များအတွက်ကားတိုင်ပေါ်တွင်အသေခံကာဝိညာဉ်သေခြင်းမှလွတ်မြောက်ခြင်း
ပေးခဲ့သည်။ “ယခုပင် ကယ်တင်ရာနေ့ရက်ကာလရှိ၏” (၂ ကော ၆း၂)။ ခရစ် တော်ကို နှလုံးသားထဲ၌ နေရာမပေးသေးလျှင် ယခုပင် နေရာပေးလိုက်ပါ။
ကျရှုံးခြင်း
“ကျရှုံးခြင်း” သည် အာဒံနှင့်ဧဝ ဘုရားစကားကို နားမထောင်သည့်အချိန်၌ပင် ဖြစ်သည်။
အာဒံနှင့်ဧဝသည် သန့်ရှင်းသောဘုရားသခင်ရှေ့တွင် ဖြောင့်မတ်စွာအသက်ရှင်ခြင်းမှ ကျရှုံး ခဲ့ရသည်။ အပြစ်ထဲသို့ သူတို့ကျရှုံးခြင်းသည် လူတစ်ယောက်ချင်းစီတိုင်း၏ဘဝအသက်တာ ထဲသို့ အပြစ်တရား ယူဆောင်လာခဲ့သည် (ရော ၅း၁၂)၊ အပြစ်သည်မွေးရာပါဖြစ်ပြီး၊ သဘာဝ အားဖြင့်ပါလာသည်။ အပြစ်သည် ကျွန်တော်တို့အထဲ၌ရှိနေသည်။ အာဒံ၏အပြစ်သည် လူသားတိုင်းတွင် အမွေခံသည် (ရောမ ၃း၂၃)။
ဘုရားသခင်၏ကျေးဇူးတော်သည်
(ကမ္ဘာ ၃၉-၂၄) ၊
အာဒံကိုရှာသည်။
… ကယ်တင်ရှင်ကို ကတိပေးသည်။ … အာဒံကို အဝတ်ဝတ်ပေးသည်။
… အာဒံကို ဥယျာဉ်ထဲမှ နှင်ထုတ်သည်။
… အာဒံ၏ရုပ်ခန္ဓာအတွက် မစထောက်ပံ့သည်။
ဧဝ
ပထမဆုံးလူမိန်းမ
ယောကျာ်းသည် တယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက် အမကို သူ့ တို့ ငါလုပ်ဦးမည်။
(ကမ္ဘာ ၂း၁၈)
အရည်အချင်း- အပြစ်ကင်းခြင်း။
ပြည့်စုံခြင်း- ပထမဆုံးလူမိန်းမ၊ မိခင်။
အသက်ရှင်ခဲ့သောအချိန်- ဖန်ဆင်းခြင်းအစမှ သမိုင်းမှတ်တမ်းတင်ထားသည်အထိ။
နာမည်- “လူထဲက ထုတ်သောကြောင့် သူ့ကို လူမိန်းမဟု ခေါ်ဝေါ်အပ်သည်။”
(ကမ္ဘာ ၂း၂၃)၊ “လူသည် မိမိမယားကို ငဝအမည်ဖြင့် မှည့်လေ၏။ အ
ကြောင်းမူကား၊ သူသည် အသက်ရှင်သောသူအပေါင်းတို့၏ အမိဖြစ်
သတည်း” (၃း၂၀)။
ကျမ်းပိုဒ်- ကမ္ဘာ ၂း၁-၅။ နောက်ခံအကြောင်းအရာ
အာဒံကိုဖန်ဆင်းပြီးနောက်တွင် အာဒံသည် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်း ၌ ပျော်မွေ့ခဲ့သည်။ မပျက်ဆီးသေးသော လောကအလှနှင့် ဘုရားသခင်၏မစထောက် ပံ့ခြင်းများ၌လည်း အာဒံ နှစ်ခြိုက်ခဲ့သည်။ သို့သော် ဘုရားသခင်က “ယောက်ျားသည် တယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦး မည်” (ကမ္ဘာ ၂း၁၈) ဟုပြောခဲ့သည်။
ထို့နောက် ဧဝ ကို ဖန်ဆင်းခဲ့သည်။
ခြုံငုံကြည့်ခြင်း
မြေမှုန့်ဖြင့်ဖန်ဆင်းခြင်းခံရသော အာဒံနှင့်မတူသည့်အချက်မှာ ဝကို အာဒံ၏ နံရိုးတစ်ချောင်းဖြင့် ဖန်ဆင်းခဲ့သည်။ ပထမဆုံးလင်မယားနှစ်ယောက်ဖြစ်သော အာဒံနှင့် ဧဝသည် ဘုရားသခင် တားမြစ်ထားသောအသီးကို မစားမီအချိန်ထိ ပြည့်ဝစုံလင်သော
ကောင်းကြီးကို ခံစားရသည်။ ထို့နောက် ဧဝသည် အသီးကိုစားခဲ့ပြီး၊ အာဒံကိုလည်း ကျွေးခဲ့သည်။ အာဒံလည်း စားခဲ့သည်။ အပြစ်နှင့်ဝမ်းနည်းခြင်းများသည် ပြည့်ဝစုံလင် လျက်ရှိနေသော လောကထဲသို့၎င်း၊ အာဒံနှင့်အိမ်ထောင်ထဲသို့၎င်း ဝင်ရောက် နေ ရာယူလာခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ကို ဧဒင်ဥယျာဉ်ထဲမှ နှင်ထုတ်ရ
တော့သည်။ ကာဣနနှင့်အာဗေလ၊ သားနှစ်ယောက်ကို မွေးဖွားခြင်းသည်လည်း ဝမ်း နည်းပူဆွေးခြင်းများဖြစ်ခဲ့ရသည်။ ကာဣနက အာဗေလကို သတ်ခဲ့သည်။ နောက်ဆုံး တွင် ဖြောင့်မတ်သော သားရေသကို ဖွားမြင်ခဲ့သည်။
အကြောင်းအရာ
ဧဝသည် ပထမဆုံးလူမိန်းမ ဖြစ်သည်။ (ကမ္ဘာ ၂း၂၁-၂၂)
အာဒံ၏နံရိုးတစ်ချောင်းမှ ဘုရာသခင် ပုံဖော်ဒီဇိုင်းဆွဲခဲ့သည့် ဧဝသည် ပြည့်ဝ စုံလင်သော၊ အရွယ်ရောက်ပြီး၊ ရင့်ကျက်သော အမျိုးသမီးတစ်ယောက်အဖြစ် လောက ကြီးထဲသို့ ရောက်ရှိလာခဲ့သည်။
ဧဝသည် ပထမဆုံးဇနီးမယား ဖြစ်သည်။ (ကမ္ဘာ ၂း၁၈-၂၄)
အာဒံသည် တစ်ယောက်တည်းအသက်ရှင်ရန် မသင့်တော်ကြောင်း ဘုရားသ ခင် မြင်ခဲ့သည်။ ထို့ကြောင့် ပုံစံတူအပေါင်းအဖော်တစ်ယောက်ကို ဖန်ဆင်းခဲ့သည်။ အာဒံနှင့် မတူသည့် အချက်တစ်ချက်မှာ ဇဝသည် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ အမျိုးတူသည့်အချက်မှာ လူသားဖြစ်သည်။ အာဒံသည် ပထမဆုံးအကြိမ်ဝကို မြင် တွေ့သောအခါ “ယခု ဤသူသည် ငါ့အရိုးထဲကအရိုး၊ အသားထဲကအသားဖြစ်၏။ လူထဲက ထုတ်သောကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်” (အခန်းငယ် ၂၃။
ယောက်ျားနှင့်ဇနီး၊ မယား အတူတကွ ပေါင်းဖော်ခြင်းအားဖြင့် ဘုရားသခင်က “ယော က်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူတို့သည် တသားတကိုယ် တည်းဖြစ်ရလိမ့်မည်” (အခန်းငယ် ၂၄) ဟု သတ်မှတ်ပေးခဲ့သည်။
ဧဝသည် ပထမဆုံးစာတန်၏သွေးဆောင်ခြင်းခံရသောသူ ဖြစ်သည်။ (ကမ္ဘာ ၃း၁-၆)
မြွေရောက်လာခဲ့သည်။ စာတန်သည် မြွေကိုအသုံးပြုကာ ဧဝဆီသို့ ချဉ်းကပ် ခဲ့သည်။ အာဒံအား ဘုရားသခင်ပြောခဲ့သောစကားကို လှည့်စားကာ ဧဝကို သွေးဆောင် ခဲ့သည်။ ဖြူစင်ရိုးသားသော ဧဝသည် စာတန်၏လှည့်ကွက်ထဲသို့ ရောက်သွားခဲ့ရသည်။ နောက်ဆုံးတွင် ကျရှုံးသွားကာ တားမြစ်ထားသော အသီးကိုယူ၍ စားမိခဲ့သည်။ ပိုဆိုး သည်မှာ ထိုအသီးကို ခင်ပွန်းသည် အာဒံကိုလည်း ကျွေးခဲ့သည်။ အာဒံလည်း စားခဲ့ သည်။ အာဒံနှင့်ဧဝတို့၏အပြစ်ရလဒ်မှာ ဘုရားသခင်က သူတို့ကို ဥယျာဉ်ထဲမှ နှင်ထုတ် ခဲ့ရသည်။ ဘုရားသခင်နှင့်ဆက်နွယ်မှု ပြတ်သွားခဲ့သည်။ လောကကြီးတစ်ခုလုံးနှင့် ဆင်းသက်လာမည့် လူသားတစ်ခုလုံးသည် အပြစ်၏ရိုက်ခတ်မှု ခံခဲ့ရသည်။
ဧဝသည် ပထမဆုံးမိခင် ဖြစ်သည်။ (ကမ္ဘာ ၄း၁-၂)
ဝေ၏ “အမျိုးအနွယ်’ သည် စာတန်ခေါင်းကိုကြိတ်မည်အကြောင်း ဘုရားသခင် ပြောခဲ့သည် (၃း၁၅)။ ရွေးနုတ်ကယ်တင်ရှင်၊ အစဉ်အမြဲအတူရှိသော ခရစ်တော်ကို ပ ထမဆုံး ပရောဖက်ပြုခြင်း ဖြစ်သည်။ တနေ့တွင် ခရစ်တော်ကြွလာပြီး၊ အပြစ်တရားနှင့် စာတန်ကို အနိုင်ယူမည်။ ။
၀သည် ပထမဆုံးကိုယ်ဝန်လွယ်ရပြီး၊ သား၊ ကာဣနကို ဖွားမြင်ခဲ့သည်။ ဘုရားသခင် ကတိပေးထားသော မေရှိယကယ်တင်ရှင် ကတိတော်သည် ပြည့်စုံပြီဟု အာဒံနှင့် မျှော်လင့်ကြောင်း၊ မြော်လင့်မည် ဖြစ်သည်။ သို့သော် ကာဣနသည် ဘု ရားသခင်၏စိတ်တော်ကို တို့ထိစေသော ညီ၊ အာဗေလကို သတ်သည့် ဆိုးသွမ်းသောသူ တစ်ယောက် ဖြစ်ခဲ့သည်။ ထိုအဖြစ်ဆိုးကြောင့် သားငယ်ဆုံးရှုံးရသောမိခင်၊ ဇဝ၏ဝမ်း နည်းပူဆွေးခြင်းကို မြင်ယောင်နိုင်သည်။ ယခု ဘုရားသခင်က ကာဣနကို အဝေးသို့ နှင်ထုတ်လိုက်ပြန်သည်။ သားငယ် သေဆုံးခဲ့ရသည်။ သားကြီးက အဝေးသို့ထွက်သွားသည်။ ဧဝ၏ဝမ်းနည်းပူဆွေးခြင်းသည် ပို၍ ကြီးထွားလာခဲ့ရသည်။ သို့သော် သား၊ ရေ သကို မွေးဖွားခြင်းအားဖြင့် ထိုဝမ်းနည်းပူဆွေးခြင်းကို ဘုရားသခင်က နှစ်သိမ့်ပေးခဲ့သည်။ ရှေသအားဖြင့် ဘုရားသခင်၏ကတိတော် ပြည့်စုံလာသည်။
ဆင်ခြင်စရာ
ငဝတွေ့ကြုံခံစားခဲ့ရသော ဘုရားသခင်နှင့်အတူ မိတ်သဟာယဖွဲ့ခြင်းနှင့် ရင်း နှီးကျွမ်းဝင်ခြင်းကို မည်သည့်အမျိုးသမီးမှ မခံစားရပေ။ အိမ်ထောင်ရှင်အမျိုးသမီးများ
မျှော်လင့်တောင့်တသည့် ပြည့်ဝစုံလင်သောအိမ်ထောင်ရေးနှင့် အပူအပင်မရှိသောမိသား စုဘဝကို ဧဝ ပိုင်ဆိုင်ခဲ့ရသည်။ သူလိုသမျှအားလုံးရသည့် “လိုတရ’ အခြေအနေဖြစ်ခဲ့ သည်။ သို့သော် ဧဝသည် ပို၍လိုချင်ခဲ့သည်။ ဘုရားသခင် တားမြစ်ထားသော အသီးကို စားချင်ခဲ့သည်။ ဘုရားသခင်နှင့်တူသော အသိပညာ၊ အခွင့်အာဏာကို ငဝသည် ပိုပြီး လိုချင်ခဲ့သည်။ ထို့ကြောင့် “ထိုအပင်သည် စားဘွယ်ကောင်းခြင်း၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွါးစေလိုသောငှါ၊ နှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကို မိန်းမသည် မြင်လျှင်၊ အသီးကိုယူ၍ စား၏။ မိမိခင်ပွန်းအားလည်းပေး၍ သူသည်လည်း စား၏” (၃း၆)။ ဧဝသည် မြင်သောကြောင့် တပ်မက်ခဲ့သည်။ တပ်မက်သောကြောင့် ယူပြီးစားခဲ့ သည်။ ခင်ပွန်းကိုလည်း ကျွေးခဲ့သည်။
မိန်းမအားဖြင့် အပြစ်သည် ဤလောကသို့ ဝင်ရောက်လာခဲ့သည် (၁ တိ ၂း ၁၃-၁)။ သို့သော်လည်း မိန်းမအမျိုးအနွယ်အားဖြင့် အပြစ်ထဲမှကယ်တင်ရှင်၊ မေရှိယ၊ ရွေးနုတ်သူယေရှုခရစ်တော် ကြွလာခဲ့သည်။
အပြစ်၏ခါးသီးခြင်းနှင့် ဆိုးကျိုးကို ဝ ခံစားခဲ့ရသည်။ သို့သော် ဘုရားသခင်၏ မစထောက်ပံ့ခြင်း၊ ကွယ်ကာခြင်းကိုလည်း ရရှိခဲ့သည်။ လင်မယားနှစ်ယောက်ကို ဘု ရားသခင်သည် သားရေဝတ်လုံဖြင့် ခြုံပေးခဲ့သည် (၃း၂၁)။ ဧဒင်ဥယျာဉ်မှ နှင်ထုတ်ကာ အသက်ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစက်လက်နက်နှင့်တကွ ခေရုဗိမ်တို့ကို ဥယျာဉ်အရှေ့ဘက်၌ထားတော်မူ၏။ (၃း၂၄) ၊
သင်ခန်းစာယူစရာ
သတိထားပါ။ အပြစ်က အမြဲတမ်း အနီးနားမှာ ရှိနေသည်။ သွေးဆောင်ခြင်း သည် နေ့စဉ်ဘဝ၏တစိတ်တဒေသ ဖြစ်သည်။ “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြ
လော့။ သင်တို့၏ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့အဘယ် သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ …ယုံကြည်ခြင်း၌တည်၍ မာရ် နတ်ကို ဆီးတားကြလော့။ (၁ ပေ ၅း၈-၉) ၊
ဝမ်းမြောက်ပါ။ အိမ်ထောင်ကို ဘုရားသခင်က ဒီဇိုင်းဆွဲထားသည်။ အိမ် ထောင်ဖက်တစ်ယောက်နှင့်တစ်ယောက် အလိုဆန္ဒပြည့်စုံရန် ဖြစ်သည်။ ဇနီး၊ ဧဝကဲ့သို့ ခင်ပွန်းသည်ကို ကူညီထောက်မပါ။
ယုံကြည်ပါ။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ၊ ဂုဏ်အင်္ဂါတော်များနှင့်ဘုရားစကား ကို ဘယ်သောအခါမှ သံသယ မဖြစ်ပါနှင့်။ စာတန်သည် ဘုရားသခင်၏စကားကိုလှည့် စားရန် ချောင်းမြောင်းနေသည်။ သို့သော် ဘုရားသခင်သည် အာဒံနှင့်ဧဝကို အမြဲတမ်း
စောင့်ရှောက်ခဲ့သည်။ ဒါဝိဒ်ကဲ့သို့ ‘ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါ သည် ဆင်းရဲမခံရ (ဆာ ၂၃း၁)ဟု ကြေငြာပါ။
ကိုးစားပါ။ အပြစ်ကြောင့် ဝမ်းနည်းရသော်လည်း၊ ဘုရားသခင်၏သစ္စာရှိခြင်း နှင့်ခွင့်လွှတ်ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းပါ။ ဘုရားသခင်၏ကတိတော်များအပေါ် ယုံကြည်ကိုးစားပါ။
ဥယျာဉ်၌ဘုရားသခင်၏စီရင်ခြင်း ၊
(ကမ္ဘာ ၃း၁၄-၁၉)
မြွေ – “ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့် သားယဉ်၊ သားရဲအပေါင်းတို့ထက်၊ ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍မြေမှုန့်ကို တသက်လုံးစားရမည်။ သင်နှင့်မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ် ကို၎င်း၊ ငါသည် ရန်ငြိုးဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည် သူ ၏ဖနှောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။” (၃း၁၄-၁၅) မိန်းမ- “သင်၌ကိုယ်ဝန်ဆောင်ခြင်းဝေဒနာကို ငါအလွန်များပြားစေမည်။ ပင်ပန်းစွာ ဝေဒ နာကိုခံ၍သားဘွား ရမည်။ ကိုယ်ခင်ပွန်း၏အလိုသို့လိုက်၍သူ၏အုပ်စိုးခြင်းကိုလည်း ခံရ မည်။” (၃း၁၆) အာဒံ- “ယောက်ျားကိုလည်း ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင် သည် မယား၏စကားကို နားထောင်၍စားမိသောကြောင့် မြေသည် သင့်အတွက်ကျိန်ခြင်း ကို ခံလျက်ရှိ၏။ မြေ၏အသီးကိုတသက်ပတ်လုံး ပင်ပန်းစွာ စားရမည်။ ထူးပင်အမျိုးမျိုး တို့ကိုလည်း သင့်အဘို့ မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင် စားရမည်။ သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင် သင်၏မျက်နှာမှ ချွေးထွက်လျက် အ စာကိုစားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍၊ မြေမှုန့်သို့ ပြန်ရမည်။” (၃း၁၇-၁၉)
ကာဣန
ပထမဆုံးလူသတ်သမား
ထို့ နောက်၊ လူအာဒံသည် မယားဝနှင့် ဆက်ဆံသဖြင့်၊ ဧဝသည် ဝဋိသန္ဓေစွဲယူ၍ ကာဣနကို ဖွားမြင်လျှင်၊ ထာဝရဘုရား၏ လူကို ဝါရပြီဟု ဆိုလေ၏။
(ကမ္ဘာ ၄း၁)
အရည်အချင်း- မကောင်းမှုကို ကိုယ်စားပြုသူ။
ပြည့်စုံခြင်း- ပထမဆုံးလူသတ်သမား။
အသက်ရှင်ခဲ့သောအချိန်- ဖန်ဆင်းခြင်းအစမှ သမိုင်းမှတ်တမ်းတင်ထားသည်အထိ။
နာမည်- ကာဣန- အဓိပ္ပါယ်မှာ ‘ကြိုးစား၍ရရှိခြင်း။
ကျမ်းပိုဒ်- ကမ္ဘာ ၄၁-၁၅။
နောက်ခံအကြောင်းအရာ
ညီအစ်ကိုနှစ်ယောက်ဖြစ်သောကာဣနနှင့်အာဗေလသည် ကမ္ဘာပေါ်တွင်ပထမ ဆုံး “ဒုတိယမျိုးဆက်ကို ခေါ်ဆောင်ခဲ့သူများ ဖြစ်သ၀ည်။ ဘုရားသခင်၏ဂရုဏာကြောင့် အာဒံနှင့်ဧဝသည် ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံခဲ့ရပြီ (က ၄း၂၂-၂၄)၊ ဧဒင်ဥယျာဉ်၏ ၊
နယ်နမိတ်ကို ကျော်လွန်ကာ အာဒံနှင့်ဧဝသည် “များပြားစွာမွေးဖွားရန်’ ဘုရားသခင်၏ ပညတ်ကို နာခံခဲ့ကြသည် (၁း၂၈)။ ထို့ကြောင့် ကာဣနကို ဖွားမြင်သောအခါ ဝက၊ “ဘုရားသခင်၏လူကို ငါရပြီ’ ဟု ဆိုခဲ့သည် (၄း၁)။ များမကြာမီတွင် အာဗေလသည် လည်း ထိုပထမဆုံးသော မိသားစုထဲသို့ ရောက်ရှိလာခဲ့သည်။
ခြုံငုံကြည့်ခြင်း ၊
ကာဣနကို ဖွားမြင်သောအခါ ဧဝက က ၃း၁၅ တွင် ဖော်ပြထားသော ကတိ တော်ကယ်တင်ရှင်မျိုးဆက်ရပြီဟု စဉ်းစားကောင်းစဉ်းစားမိပါလိမ့်မည်။ (မကြာမီတွင် ကယ်တင်ရှင်မျိုးဆက် မဟုတ်ကြောင်း သိလာခဲ့ရသည်။) သားဦး၊ ကာဣနမွေးဖွားပြီး၊ အချိန်သိပ် မကြာလိုက်ပေ။ ဒုတိယသား၊ အာဗေလကို ရရှိခဲ့သည်။
အကြောင်းအရာ •
ကာက္ကန၏အလုပ်အကိုင်နှင့်ယဇ်ပူဇော်ခြင်း (ကမ္ဘာ ၄း၂-၄)
ကာဣနသည် လယ်လုပ်သောသူဖြစ်သည်။ သူနှင့်သူ၏ညီသည် ထာဝရဘုရား ထံသို့ ယဇ်ပူဇော်ရန် ပူဇော်သက္ကာများယူလာသောအခါ (ပထမဆုံး ကိုးကွယ်ခြင်းကို မှတ်တမ်းတင်ထားသည်။) ကာဣနသည် လယ်အသီးအနှံများကို ယူလာခဲ့သည်။ သူ့ ညီ၊ အာဗေလသည် သိုးထိန်းဖြစ်သောကြောင့် အဦးဘွားသောသိုးကို ယူလာခဲ့သည်။ •
ကာဣနတ်ပူဇော်ခြင်းကို ဘုရားသခင်တုန့်ပြန်ခြင်း (ကမ္ဘာ ၄း၃-၅)
ညီအစ်ကိုနှစ်ယောက်၏ ယဇ်ပူဇော်ခြင်းပြီးသောအခါ ဘုရားသခင်သည် အာ ဗေလ၏ ပူဇော်သက္ကာကို လက်ခံခဲ့သော်လည်း၊ “ကာဣနနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မမူ’ (အငယ် ၅)။ ဟေဗြဲ ၁၁း၄ တွင် ကာဣန၌ ယုံကြည်ခြင်းမရှိကြောင်း
ပြောထားသည်။ ကာဣန၏နှလုံးသားကို ဘုရားသခင်မြင်ခဲ့သည်။
ကာဣန၏တုန့်ပြန်ခြင်း (ကမ္ဘာ ၄း၅)
ကာဣနက်ပူဇော်ခြင်းကို ဘုရားသခင်ငြင်းပယ် လိုက်သောကြောင့် ဘုရားကို
ဘယ်လိုတုန့်ပြန်မလဲဆိုတာ ကာဣနအတွက်ရွေးချယ်စရာဖြစ်လာခဲ့သည်။ ယုံကြည်ခြင်း။ မရှိခြင်းအတွက် နောင်တရပြီး၊ ဘုရားဆီသို့ ကိုးကွယ်ဆည်းကပ်ကာ၊ မှန်ကန်သော နှလုံးသားဖြင့် ပြန်ပြီးယဇ်ပူဇော်မလား။ သို့မဟုတ် သူ၏ယဇ်ပူဇော်ခြင်းကို ဘုရားသခင် လက်မခံသေးသောကြောင့် ဘုရားနှင့်ရန်သူဖြစ်မလား။ ကာဣနသည် ဒုတိယအချက်ကို ရွေးချယ်ကာ၊ ညီဖြစ်သော ဖြောင့်မတ်သူကို မနာလိုစိတ်များ ဖြစ်လာခဲ့သည်။ ထို့
ကြောင့် ပို၍ ကြီးမားသောဒုစရိုက်အပြစ်ကို ပြုလုပ်ခဲ့သည်။ •
ကာဣနကို ဘုရားသခင် ကိုင်တွယ်ခြင်း (ကမ္ဘာ ၄း၆-ရ) ၊
စိတ်ရှည်၊ နူးညံ့သိမ်မွေ့စွာဖြင့် ဘုရားသခင်သည် ပုန်ကန်တတ်သော ကာဣန ကို ကိုင်တွယ်ခဲ့သည်။ လမ်းမှားနေသော ကာဣန၏လိုအပ်ချက်ကို သတိပေးခဲ့သည်။ “သင်သည် ကောင်းမွန်စွာပြုလျှင်၊ အခွင့်မရသလော။” “အပြစ်ဖြေသော ယဇ်ကောင်သည် တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏အလိုသို့လိုက်၍ သင်သည် သူ့ကို အုပ်စိုးရ ၏” ဟု ဘုရားသခင်က ကာဣနကို ပြောခဲ့သည်။ အပြစ်သည် ဝပ်လျက်နေသော သား
ကောင်ကဲ့သို့ သူ့ကို ခုန်အုပ်ကာ၊ မဝါးမျိုမီ၊ သတိကြီးစွာဖြင့် နောင်တရရန် ဘုရားသခင် က ကာဣနကို သတိပေးနေသည်။ အပြစ်ကို တားဆီးနိုင်ကြောင်း ဘုရားသခင်က
ပြောခြင်းဖြစ်သည်။ “သင်သည် သူ့ကိုအုပ်စိုးရ၏။”
ကာဣန၏ဖြေရှင်းခြင်း (ကမ္ဘာ ၄း၈)
ကာဣနသည် လမ်းဆုံလမ်းခွ၌ရှိနေသည်။ သူချမည့် ဆုံးဖြတ်ချက်သည် ခွင့် လွှတ်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ဘုရားသခင်၏အသုံးခံဖြစ် မ
လား။ သို့မဟုတ် ထိုအရာများနှင့် ဆန့်ကျင်ဘက်ဖြစ်မလား။ ကာဣနသည် ထာဝရဘု ရား၏ဉာဏ်ပညာကို ငြင်းပယ်ခဲ့သည်။ နောင်တရရန် ငြင်းပယ်သောကြောင့် ဘုရားသ ခင် သတိပေးသည့်အတိုင်း တံခါးနား၌ရှိသော မနာလိုဝန်တိုခြင်းအပြစ်သည် ခြင်္သေ့ကဲ့ သို့ ကာဣနကို ခုန်အုပ်ကာ ကမ္ဘာပေါ်တွင် ပထမဆုံးလူသတ်သမား ဖြစ်သွားခဲ့ရသည်။ “ညီအာဗေလကို ရန်ဘက်ပြု၍ သတ်လေ၏။
ကာဣန ကျိန်စာသင့်ခြင်း (ကမ္ဘာ ၄း၉-၁)
ဘုရားသခင်သည် ကာဣနကို ကျိန်ခဲ့သည်။ အသီးအနှံစိုက်ပျိုး၍ မရသော တောအရပ်သို့ ကာဣနကို နှင်ထုတ်ခဲ့သည်။ သူအသက်ရှင်နေသရွေ့ တနေရာပြီး၊ တနေရာလှည့်လည်ကာ မစထောက်ပံ့ခြင်းကို ရှာနေရသည်။ ဘုရားသခင်၏ဂရုဏာမှ ဖယ်ရှားခြင်းခံရသည်။ သို့သော် ဂရုဏာသက်သောအားဖြင့် “တစုံတယောက်မျှ မသတ်
စေခြင်းငှါ ထာဝရဘုရားသည် သူ၌အမှတ်ပေးတော်မူ၏” (အခန်းငယ် ၁၅)။
ဆင်ခြင်စရာ
ကာဣနနှင့် ဘုရားသခင်၏ဆက်နွယ်မှု၊ အာဗေလ၏ဆက်နွယ်မှုများသည် ဆင်ခြင်စရာကောင်းသော သင်ခန်းစာများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အမှားနှင့် အမှန်၊ ကောင်းခြင်း၊ မကောင်းခြင်းများသည် ရာစုနှစ်များစွာ၌ ဒွန်တွဲနေသည်။ အသက် ရှင်ရန် နည်းလမ်းနှစ်မျိုး ရှိသည်။ “ဘုရားသခင်၏နည်းလမ်းနှင့်လူ၏နည်းလမ်း ဖြစ် သည်။ မိမိ၏အသက်ရှင်မှုပုံစံ ရွေးချယ်ခြင်းပေါ်မူတည်၍ ခရီးဆုံးနှစ်ခုရှိသည်။ “ဘုရား သခင်ကို လက်ခံခြင်းနှင့် ငြင်းပယ်ခြင်း ဖြစ်သည်။
ကာဣနသည် မကောင်းမှု၏ပုံဥပမာ ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ကာဣနကို ခရစ်တော်၌ အသစ်တဖန်မွေးဖွားခြင်း မခံသောသူ၊ ဒုစရိုက်၏သား၊ သမီးအဖြစ် ဖော် ပြထားသည်။ မကောင်းမှုဒုစရိုက်ကို နှစ်သက်သောသူဖြစ်သည် (၁ ယော ၃၁၂)။
ဖြောင့်မတ်ခြင်းကို မကျင့်သောသူ၊ အခြားသူများကို မချစ်သောသူဖြစ်သည်။ ကာဣန သည် ဘုရားသခင်ကို မချစ်၊ သူ၏ညီကိုလည်း မချစ်သောသူဖြစ်သည်။
သင်ခန်းစာယူစရာ
ကာဣနက်မကောင်းမှုဒုစရိုက်သည် ယနေ့မျိုးဆက်များသို့ သတိပေး၊ လမ်း ညွှန်ချက်များပေးနေသည်။
သင် ဘုရားသခင်ကို ကိုးကွယ်လျှင် မှန်ကန်သောစိတ်ထား ရှိရမည်။
မှန်သောအလုပ်ကိုလုပ်ရန်အခွင့်အရေးသည် အချိန်တိုင်းတွင် ရှိနေသည်။
အပြစ်သည် အနီးနားတံခါးဝနား၌ ရှိနေသည်။ သို့သော် ထိုအပြစ်ကို သင်
အုပ်စိုးနိုင်သည်။
မထိန်းနိုင်သောအမျက်ဒေါသသည် အပြစ်ပြုရာသို့ ဦးဆောင်တတ်သည်။
မကောင်းမှုအားဖြင့် ဖြစ်လာသောအမျက်ဒေါသသည် ဘုရားသခင်၏ဖြောင့်
မတ်ခြင်းအကြံအစည်ကို ဘယ်သောအခါမှ ဖျက်ဆီး၍ မရပေ။
မှားယွင်းသောရွေးချယ်မှုတိုင်း၌ ဆိုးကျိုးရှိသည်။
စိတ်နှလုံးထဲ၌ ရှိသောအရာသည် အပြင်သို့ထွက်လာစမြဲ ဖြစ်သည်။ “ကောင်း ၊ သောသူသည် ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲက ကောင်းသောအရာတို့ကိုထုတ် ဘော်တတ်၏။ မကောင်းသောသူသည် မကောင်းသောဘဏ္ဍာတိုက်ထဲက မကောင်း သောအရာတို့ကို ထုတ်ချော်တတ်၏” ဟု (မဿဲ ၁၂း၃၅) တွင် ယေရှုက ပြောထား သည်။ သင့်နှလုံးသားကို စစ်ကြောရန် ဘုရားသခင်ဆီ ဆုတောင်းပါ (ဆာ ၁၃၉း၂၃)။
ရောမဩဝါဒစာလမ်းမကြီး ခရစ်တော်ဆီသို့ သွားသောလမ်းခရီး
– “အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင်ရှေ့
တော်၌ အသရေပျက်ကြပြီ။” (ရောမ ၃း၂၃) – “အပြစ်တရား၏အခကား၊ သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူး
တော်ကား၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” (ရောမ၆း၂၃) ၊ – “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူ သည် ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့
အား ထင်ရှားစွာပြတော်မူ၏။” (ရောမ ၅း၈) – အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်
သည် သူ့ကို သေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ် တင်ခြင်းသို့ရောက်လိမ့်မည်။ ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊ စိတ်နှလုံးဖြင့် ယုံကြည်ရ ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှါ၊ နှုတ်ဖြင့်ဝန်ခံရ၏။” (ရောမ ၁၀း၉ – ၁၀) ၊
အာဗေလ
ပထမဆုံးမာတုရ
ထို့ နောက်၊ လူအာဒံသည် မယားဧဝနှင့်ဆက်ဆံသဖြင့်၊ ဧဝသည်ပဋိသန္ဓေစွဲယူ၍ ကာဣနကို ဖွားမြင်လျှင်၊ ထာဝရဘုရား၏ လူကို ငါရပြီဟု ဆိုလေ၏။ တဖန် သူ့ ညီ အာဗလကို ဘွားမြင်လေ၏။
(ကမ္ဘာ ၄း၁-၂) ၊
အရည်အချင်း– ကောင်းသောအကျင့်ကို ကိုယ်စားပြုသူ။
ပြည့်စုံခြင်း– ဘုရားသခင်အတွက် နှလုံးသားတစ်ခု။
အသက်ရှင်ခဲ့သောအချိန်– ဖန်ဆင်းခြင်းအစမှ သမိုင်းမှတ်တမ်းတင်ထားသည်အထိ။
နာမည်– အာဗေလ-
အဓိပ္ပါယ်- “အသက်ရှူခြင်း၊ ရေငွေ့။
ကျမ်းပိုဒ်- ကမ္ဘာ ၄း၁-၁ရ။ ။
နောက်ခံအကြောင်းအရာ ၊
အာဗေလသည် အာဒံနှင့်ဧဝ၏ဒုတိယသားဖြစ်သည်။ သူ၏အစ်ကို ကာဣန သည် မကောင်းမှုကို ကိုယ်စားပြုထားသည်။ ကမ္ဘာ ၄ အခန်းငယ် ၁ နှင့် အခန်းငယ် ၊ ၂ ကြားက၊ ကာဣနမွေးဖွားခြင်းနှင့် အာဗေလမွေးဖွားခြင်း အချိန်ကွာခြားမှုကို သမ္မာ ကျမ်းစာက ဖော်ပြထားပေ။ ဤညီအစ်ကိုနှစ်ယောက်၌ မတူသော အလုပ်အကိုင်၊
မတူသောနှလုံးသား၊ ဆန့်ကျင်ဘက်သဘောတရားများ တွေ့ရသည်။ ထို့ကြောင့် မတူ
သော ပုံစံများဖြင့် အဆုံးသတ်သွားခဲ့ကြသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ ခြုံငုံကြည့်ခြင်း
သားဆိုးတစ်ယောက်ကို ပြုစုပျိုးထောင်ရခြင်းနှင့် ထိုသားဆိုးကြောင့် တွေ့ကြုံ သောအခက်အခဲများကို မိဘအနေဖြင့် သင်စဉ်းစားကြည့်နိုင်ပါသည်။ အာဒံနှင့်ဝေ၏ ပ ထမဆုံးသားကြီး၊ ကာဣနသည် ဆိုးသွမ်းရုံတင်မက၊ မကောင်းမှုအားလုံးအတွက်ကိုယ်စား ပြုသောသူဖြစ်သည်မှာ အဆိုးဝါးဆုံး ဖြစ်ပါသည်။ မကောင်းမှုအားလုံးကို ချစ်သောသူ နှင့် မကောင်းမှုများ၏ သား၊ သမီးများဖြစ်ကြသည် (၁ ယော ၃း၁၂)။ သို့သော် “ဖြောင့် မတ်သောသူ ́ဟုအသိအမှတ်ပြုခြင်းခံရသောနောက်ထပ်သားတစ်ယောက်ဖွားမြင်ခဲ့သည် (ဟေဗြဲ ၁၁း၄)။ ထိုသားက အာဒံနှင့်ဧဝတို့၏နေ့စဉ်ဘဝထဲသို့ ဝမ်းမြောက်ခြင်းများ ယူ
ဆောင်လာပေးခဲ့သည်။ သို့သော် ထိုဝမ်းမြောက်ခြင်းသည် ကြာရှည် မခံပါ။ ဝမ်းနည်း ခြင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ကာဣနက အာဗေလကို သတ်လိုက်သည်။ ဘာ
ကြောင့်လဲ။
အကြောင်းအရာ
အာဗေလ၏အလုပ်အကိုင်နှင့်ယဇ်ပူဇော်ခြင်း (ကမ္ဘာ ၄း၂-၄)
အာဗေလသည် သိုးထိန်းတစ်ယောက် ဖြစ်သည်။ သိုးထိန်းတို့၏မူလပထမအစ ဖြစ်သည်။ ကာဣနသည် အဖေ့ခြေရာနင်းကာ၊ လယ်လုပ်သောသူဖြစ်လာခဲ့သည်။ သိုး ထိန်းအလုပ်နှင့် လယ်ယာအလုပ်သည် အခြားသောအသက်မွေးဝမ်းကျောင်း အလုပ်များ ၊ ထက်ပို၍ ကောင်းသည်ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားသော်လည်း ကျမ်းစာထဲတွင် တွေ့ရသောသူအများဆုံးမှာ ဤအလုပ်နှစ်ခုစလုံးဖြင့် အသက်မွေးကြသည်။
ဤညီအစ်ကိုနှစ်ယောက်သည် ဘုရားသခင်ထံသို့ ပူဇော်သက္ကာများယူဆောင် လာသောအခါမှသာ သူတို့နှစ်ယောက်၏ခြားနားချက်များ ပေါ်လာခဲ့သည်။ ကာဣန၏ ပူဇော်သက္ကာသည် မြေအသီးအနှံများဖြစ်ပြီး၊ အာဗေလသည် အဦးတွားသော သိုးနှင့်ဆီ၊
ဥကို ပူဇော်သည်။ •
အာဗေလ၏ယဇ်ပူဇော်ခြင်းကို ဘုရားသခင်တုန့်ပြန်ခြင်း၊ (ကမ္ဘာ ၄း၄-၅)
“လူသည် အဆင်းသဏ္ဍာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား၊ နှလုံးကို ကြည့်ရှုတတ်၏” (၁ ရာ ၁၆းရ)။ ဘုရားသခင်သည် ဤညီအစ်ကိုနှစ်ယောက်၏နှလုံး သားကိုကြည့်သောအခါ အာဗေလ၏ပူဇော်သက္ကာကိုလက်ခံပြီး၊ ကာဣန၏ပူဇော်ခြင်းကို
တော့ ပမာဏမပြုပေ။ ဟေဗြဲသြဝါဒစာကိုရေးသော စာရေးဆရာက “အာဗေလသည် ကာဣနပူဇော်သော ယဇ်ထက်သာ၍မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသ ခင်အား ပူဇော်၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူ ခြင်းကိုရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသောအလှူကို ဘုရားသခင် လက်ခံ
တော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရားဟောသေး ၏” (၁၁)။ အာဗေလသည် သူ၏ပူဇော်သက္ကာဖြင့် သန့်ရှင်းသောဘုရားကို ကိုးကွယ်ခဲ့ သည်။ စစ်မှန်သောကိုးကွယ်ခြင်းဖြင့် ဘုရားဆီသို့ ချဉ်းကပ်ခဲ့သည်။ •
အာဗေလ သေဆုံးခြင်း (ကမ္ဘာ ၄း၅-၈) ၊
အာဗေလသည် ကမ္ဘာပေါ်တွင် ပထမဆုံးမာတုရဖြစ်ပြီး၊ ကာဣနသည် ပထမ ဆုံး လူသတ်သမားဖြစ်သည်။ ဘုရားသခင်က ကာဣနနှင့်သူ၏ပူဇော်သက္ကာကို ငြင်း ပယ်ပြီး၊ အာဗေလနှင့်သူ၏ယဇ်ပူဇော်ခြင်းကို လက်ခံခဲ့ခြင်းအပေါ် ကာဣနက အလွန် စိတ်ဆိုးဒေါသထွက်သည်။ နောက်ဆက်တွဲအကျိုးမှာ “ညီအာဗေလကို ရန်ဘက်ပြု၍ သတ်လေ၏။
ဆင်ခြင်စရာ
အကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှား ဒွန်တွဲလျက်ရှိစမြဲပင်။ အာဗေလနှင့်ကာ ဣနတို့၏ညီအစ်ကိုနှစ်ယောက်တွင် ဆန့်ကျင်ဘက်သဘောတရားများကို တွေ့ရသည်။ ဖြောင့်မတ်ခြင်းတွင် အဖိုးအခရှိသည်။ ထိုအဖိုးအခအတွက် အာဗေလသည် အသက် ပေးခဲ့ရသည်။ သို့သော် ကောင်းသောအရာ၌ ပုံသက်သေကို ထားရစ်နိုင်ခဲ့သူ ဖြစ်သည်။ သမ္မာကျမ်းစာတွင် အနှုတ်လက္ခဏာပိုင်းဖြင့်ဖော်ပြခြင်း မခံရသောသူ အနည်းငယ်သာရှိ ၊
သည်။ ထိုသူများထဲတွင် အာဗေလသည် တစ်ယောက်အပါအဝင်ဖြစ်သည်။ သခင်ယေရှု ၊ က ဖြောင့်မတ်သော အာဗေလ၏အသွေးကိုပြောထားပြီး၊ ဖြောင့်မတ်ခြင်းတရားကြောင့် အသက်ပေးခဲ့ရသောသူများကို အာဗေလက ကိုယ်စားပြုထားသည် (မဿဲ ၂၃း၃၅)။
သင်ခန်းစာယူစရာ
ဘုရားသခင်က ကာဣနကို “သင့်ညီအသွေး၏အသံသည် မြေထဲက ငါ့ကို အော်ဟစ်လျက်ရှိသည်” (ကမ္ဘာ ၄း၁၀) ဟုပြောသည်။ တဖန် ဟေဗြဲစာရေးသူက “အာ ဗေလသည် သေလွန်သော်လည်း တရားဟောသေး၏” (ဟေဗြဲ ၁၁၄) ဟု မှတ်တမ်း တင်ထားပြန်သည်။ အာဗေလသည် ဖြောင့်မတ်သောသူဖြစ်သည်။ ထို့ကြောင့် သူသည် ယနေ့ထက်ထိတိုင် သင်နှင့်ကျွန်တော့်ကို တရားဟောနေပါသည်။ အာဗေလ ဟောပြော နေသောတရားဟောချက်မှာ
ဘုရားသခင်အား အကောင်းဆုံးကို ပေးပါ။
တရားသောသူသည် မတရားစွာဆက်ဆံခံရကြောင်းကို အာဗေလက သူ့၏
အသက်နှင့်ရင်းကာ သင်ခန်းစာပေးသွားပါသည်။
အဖိုးအခရှိသော်လည်း သင့်နှလုံးသားက ဘုရားသခင် ကျေနပ်စေဖို့အတွက်
သာ ဖြစ်ပါစေ။
မကောင်းမှုသည် ဤလောက၏တစိတ်တဒေသဖြစ်ကြောင်း သဘောပေါက် နားလည်ပါ။ မုန်းတီးခြင်း၊ မနာလိုခြင်း၊ ဒုက္ခဆင်းရဲနှင့် နောက်ဆုံး သတ်ဖြတ် ၊ ခြင်း၊ သေဆုံးခြင်းများ ရှိနေသည်။
ကားတိုင်ဆီသို့သွားသောလမ်းခရီး
သားဦးသိုးသငယ်သည် အာဗေလအတွက် ပူဇော်ခြင်းခံခဲ့ရသည် (ကမ္ဘာ ၄း၄)။
ပသခါသားဦးသိုးသငယ်သည်
ဣသရေလမိသားစုတစ်ခုလုံးအတွက် ပူဇော်ခြင်းခံခဲ့ရသည် (ထွက် ၁း၂)။
အပြစ်ရာနေ့တွင် သားဦးသိုးသငယ်သည် –
ဣသရေလတစ်မျိုးလုံးအတွက် ပူဇော်ခြင်းခံခဲ့ရသည် (ဝတ် ၁၆)။
ဘုရားသခင်၏ သိုးသငယ်သည် –
အပြစ်သားများအတွက် (သင်နှင့်ကျွန်တော်အပါအဝင်) ပူဇော်ခြင်းခံခဲ့ရသည်။ ( ယော ၁း၂၉)။
နောဧ
သဘ်ောကိုတည်ဆောက်သောသူ
နောဧမူကား ထာဝရဘုရား စိတ်တော်နှင့်တွေ့ သောသူ ဖြစ်သတည်း။
(ကမ္ဘာ ၆း၈)
အရည်အချင်း- သူ၏မျိုးဆက်၌ ပြည့်ဝစုံလင်ခြင်း။
ပြည့်စုံခြင်း သင်္ဘောကို တည်ဆောက်သောသူ။
အသက်ရှင်ခဲ့သောအချိန်- ရေမလွှမ်းမိုးမီ၊ ရေလွှမ်းမိုးစဉ်နှင့်ရေလွှမ်းမိုးပြီးနောက်
၉၅ဝ အသက်ရှင်ခဲ့သည်။
နာမည်- နော- အဓိပ္ပါယ်မှာ “နှစ်သိမ့်ခြင်း၊ အနားယူခြင်း။
ကျမ်းပိုဒ်- ကမ္ဘာ ၆-၉။
နောက်ခံအကြောင်းအရာ
နော၏အတ္ထုပတ္တိကိုလေ့လာကြည့်သောအခါ အာဒံ၊ ဇဝမှ စပြီးရေတွက်လျှင် ယခု နောထိ မျိုးဆက်(၉)ဆက်ထိ ရောက်လာပါပြီ။ လူသားမျိုးနွယ်သည် မကောင်းမှု ဒုစရိုက်များနှင့်ပြည့်ကာ၊ ဘုရားသခင်သည် ဤလူသားများကို ဖျက်ဆီးရန် ဆုံးဖြတ်ခဲ့ သည် (ကမ္ဘာ ၆း၁၃)။ ထိုမကောင်းမှု၊ ဒုစရိုက်များထဲတွင် လူတစ်ယောက်ကို တွေ့သွားခဲ့ သည်။ “နောမူကား၊ ထာဝရဘုရား စိတ်တော်နှင့်တွေ့သောသူ ဖြစ်သတည်း’ (၆း၈)။
ခြုံငုံကြည့်ခြင်း၊
နှစ်ပေါင်းများစွာ ဘုရားသခင်ရှာဖွေနေသော စိတ်နှလုံးသားကို နောအသက် တာတွင် တွေ့ရပါသည်။ နောဝသည် ဖြောင့်မတ်သောသူဖြစ်သည် (၆း၉)။ ဘုရားသခင် ခိုင်းသောအရာမှန်သမျှကို နာခံခြင်းနှင့် လုပ်ခဲ့သည် (၆း၂၂)။
အကြောင်းအရာ •
ဘုရားသခင်၏အမိန့် (ကမ္ဘာ ၆း၁၃-၂၁) ၊
ယေဘုယျအားဖြင့် အားလုံးကိုခြုံကြည့်လျှင် လူသားအားလုံးသည် ပျက်ဆီးနေ ကြောင်းကို ဘုရားသခင် တွေ့မြင်သကဲ့သို့၊ တစ်ယောက်သောသူ၊ နောဝ၏ဖြောင့်မတ် ခြင်းကိုလည်း ဘုရားသခင် မြင်သည်။ လူသားများအပေါ် ဘုရားသခင် လုပ်ဆောင်မည့် အစီစဉ်ကို အလိုတော်နှင့်အညီအသက်ရှင်သော နောအား အသေးစိတ်ပြောပြသည်။ ထို့နောက် ထိုအစီစဉ်ထဲတွင် နောဧပါဝင်လုပ်ဆောင်ရမည့် အခန်းကဏ္ဍကိုလည်း ပြော ပြသည်။ နောငလုပ်ရမည့်အရာသည် ပေပေါင်း (၄၅၀) အရှည်ရှိပြီး၊ (ရ၅)ပေ ကျယ်ကာ၊ (၄၅)ပေမြင့်သော သင်္ဘောတစ်စီးကို ဆောက်လုပ်ရန် ဖြစ်သည်။ ထို့အပြင် တိရစ္ဆာန်မျိုး များထဲမှ အစုံစီကိုလည်း သင်္ဘောထဲသို့ ထည့်ရမည်။
နောဧ၏နာခံခြင်း (ကမ္ဘာ ၆း၂၂-၅)
ထိုတာဝန်အတွက် နော၏တုန့်ပြန်ခြင်းသည် ချက်ခြင်း ဖြစ်သည်။ ဆင်ခြေ ဆင်လက်ပေးခြင်း၊ ငြီးတွားခြင်။ မေးခွန်းပြန်မေးခြင်းများ မရှိဘဲ၊ ကမ္ဘာပေါ်တွင် ဘယ်သူမှ မဆောက်ဖူးသေးသော သင်္ဘောကြီးတစ်စီးကို ဆောက်လုပ်ကာ တိရစ္ဆာန် များအတွက် အစားစာများကို တစ်နှစ်ပတ်လုံး၊ စုဆောင်းသိုမှီးခဲ့သည်။ သမ္မာကျမ်းစာက အခြေအနေနှစ်ခုကို ကွဲပြားစွာ မှတ်တမ်းတင်ထားသည်။ ပထမအချက်သည် ဘုရား သခင်၏ရည်ရွယ်ချက်နှင့် နာဇလုပ်ရမည့်အပိုင်းကို ဖော်ပြထားပြီး၊ ဒုတိယအချက်တွင် နှစ်ပေါင်း (၁၂၀) ကြာသောအခါ ‘မှာထားတော်မူသည်အတိုင်းလည်း နာပြုလေ၏” (၆း ၂၂၊ ၅) ဟူသော မှတ်တမ်း ဖြစ်သည်။
သမ္မာကျမ်းစာမှ နောဝ၏ထူးခြားချက် (ကမ္ဘာ၇း ၆-၈း၂၂)
နောသည် သင်္ဘောကြီးကို ဆောက်လုပ်ရင်း၊ မိတ်ဆွေအပေါင်းအသင်းများကို စိတ်ရှည်စွာ ဟောပြောခြင်းအားဖြင့် သူ၏သစ္စာရှိခြင်းနှင့်နာခံခြင်းကို ပြသခဲ့သည်။ နော ၊
သည် လူသားမျိုးနွယ်တွင် ဒုတိယ ဖခင်ဖြစ်လာခဲ့သည်။ ဘုရားသခင်၏စိတ်ရှည်၊ သည်း ခံခြင်းကို ဓမ္မသစ်ကျမ်းတွင် နော၏ပုံဥပမာအဖြစ် ဖော်ပြထားသည်။ ဘုရားသခင်သည် ရေလွှမ်းမိုးခြင်းအားဖြင့် လောကကြီးကို မဖျက်ဆီးမီ နှစ်ပေါင်း (၁၂၀) စောင့်ခဲ့သည်။ နှစ်ပေါင်း (၁၂၀)ပြည့်သောအခါ ဘုရားသခင်သည် နောမိသားစု (၈)ယောက်ကို ကယ်တင်ကာ၊ ဒုစရိုက်ပြည့်နေသော လောကကြီးကို ဖျက်ဆီးခဲ့သည် (၂ ပေ ၂း၅)။
ရေလွှမ်းမိုးခြင်းသည် စကြာဝဠာတစ်ခုလုံးဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံးကို ရေဖြင့် ဖုံးအုပ်ခဲ့သည်။ သင်္ဘောထဲ၌ရှိသောသက်ရှိသတ္တဝါများမှလွဲ၍ အသက်ရှင်လှုပ်ရှား သောအရာ အားလုံးကို ဖျက်ဆီးခဲ့သည်။ ရေလွှမ်းမိုးခြင်းသည် တစ်နှစ်ကျော်ကြာခဲ့သည်။ နောက်ဆုံးတွင် ကုန်းမြေပေါ်လာပြီး၊ ခြောက်သွေ့ခဲ့သည်။ နောဧသည် သူ၏ကိုးကွယ် ဆည်းကပ်ခြင်းနှင့် နာခံခြင်းကို ဘုရားသခင်ထံသို့ ယဇ်ပူဇော်ခြင်းအားဖြင့် တုန့်ပြန်ခဲ့ သည်။ ဘုရားသခင်သည် နောင၏ပူဇော်သက္ကာကို ကျေနပ်အားရခဲ့ပြီး၊ နောဧနှင့်၎င်း၊ လူသားတစ်မျိုးလုံးနှင့်၎င်း ထူးခြားသောပဋိညာဉ်ကို ချုပ်ဆိုခဲ့သည် (က ၉၈-၁၇)။ “ငါ သည် နောက်တဖန် လူတို့အတွက် မြေကြီးကို မကျိန်။ …ငါသည် ယခု တခါပြုပြီးသကဲ့ သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ်” (၈း၂၁)။
ဆင်ခြင်စရာ
မကောင်းမှုဒုစရိုက်ကို ဆန့်ကျင်သောအားဖြင့် နောဇသည် ကမ္ဘာပေါ်တွင်ဘုရား သခင်နှစ်သက်သောသူတစ်ယောက်အဖြစ် အသက်ရှင်ခဲ့သည်။ ဖြောင့်မတ်သောသူ နောတစ်ယောက်တည်းသာ ရှိခဲ့သည်။ နော၏ဂုဏ်အင်လက္ခဏာကို ကျမ်းစာက အ ချက်(၃)ချက်အဖြစ် ဖော်ပြထားသည်။
နောဧသည် ဖြောင့်မတ်သောသူဖြစ်သည်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းအား
ဖြင့် နောဧ အသက်ရှင်ခဲ့သည်။
နောဧသည် သူ၏မျိုးဆက်တွင် စုံလင်သူတစ်ယောက်ဖြစ်ခဲ့သည်။ “ခြောက်ပစ်
ကင်းသဲလဲစင် မဟုတ်သော်လည်း အမှောင်ဖုံးလွှမ်းနေသော ဒုစရိုက်လောက ၌ နာသည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်ကို ရောင်ပြန်ဟပ်စေသည်။
နောဧသည် ဘုရားသခင်နှင့်အတူသွားလာခဲ့သည်။ ဤကဲ့သို့ မှတ်တမ်းတင် ၊ ခြင်းခံရသောသူတစ်ယောက်ရှိခဲ့သည်။ သူသည် နောဧ၏ဘေးတော်စပ်သူ
ဧနောက် ဖြစ်သည်။
သင်ခန်းစာယူစရာ ၊
ဘုရားသခင်နှင့်နောင၏မိတ်သဟာယဖွဲ့ခြင်းသည် ရောင်ပြန်ဟပ်ခဲ့သည်။ ထို့ ကြောင့် နောဧသည် ကယ်တင်ခြင်းနှင့် တရားစီရင်ခြင်းအတွက် ဘုရားသခင် အသုံးပြု သော ကိရိယာတန်ဆာပလာ ဖြစ်လာခဲ့သည်။ နှစ်ပေါင်း (၁၂၀)ထိ အချိန်ယူကာ တခါ မှ မမြင်ဖူး၊ မဆောက်ဖူးသောသင်္ဘောကြီးကို ဆောက်ရန် ဘုရားသခင်က သူ့ကိုခိုင်း
သောအခါ မငြင်းဘဲ ဆောက်လုပ်ခဲ့သည်။ အခြားသောသူများက သူ့ကိုလှောင်ပြောင် ကဲ့ရဲကြသော်လည်း နောဧသည် အမှုမထားခဲ့ပေ။ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့
သောသူဖြစ်သည် (၆း၈)။ ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သော နောဧအသက်တာမှ ဘာသင်ခန်းစာ ရရှိနိုင်ပါသလဲ။
ဘုရားသခင် ခိုင်းသောအရာကို နာ၀ နာခံမှုရှိသည်။ သင်္ဘောကြီးကို တည် ၊
ဆောက်ခြင်းနှင့်တိရစ္ဆာန်များကို သင်္ဘောပေါ်သို့ခေါ်သွင်းခြင်းသည် အင်မတန် ကြီးလေးသော တာဝန်ဖြစ်သည်။ သို့သော် နောဧ တာဝန်ကျေခဲ့သည်။
နောသည် ဘုရားသခင် ညွှန်ကြားချက်အတိုင်း နာခံခဲ့သည်။ သင်္ဘောကြီးကို
ဆောက်ရန် တိကျသောပုံစံများကို ဘုရားသခင် ချမှတ်ခဲ့သည်။ (အသုံးပြုရမည့် သစ်သား၊ အတိုင်းအတာ၊ အထပ်အရေအတွက်၊ ပြတင်းပေါက်) ထို့အပြင် သင်္ဘောထဲသို့ ခေါ်သွင်းရမည့်တိရစ္ဆာန်အထီး၊ အမနှစ်စုံစီ (အခန်းငယ် ၁၉) ဖြစ်သည်။ ဘုရားသခင်၏ နည်းလမ်းအတိုင်း တိတိကျကျ လိုက်နာခဲ့သည်။
နာဧသည် ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့သည်။ “နောသည် မမြင်သေး
သောအမှုအရာတို့ကို ဖော်ပြသော ဗျာဒိတ်တော်ကိုခံရပြီးမှ၊ ယုံကြည်ခြင်းအား ဖြင့် ကြောက်ရွံ့သောစိတ်ရှိ၍၊ မိမိအိမ်သူ၊ အိမ်သားတို့ကိုကယ်တင်ခြင်းငှါ သင်္ဘောကို တည်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် လောကီသားတို့ကို အပြစ် တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။” (ဟေဗြဲ ၁၁းရ)
နော၏အသက်တာသည် ဘုရားသခင်နှင့် သဏ္ဍာန်တူနေသည်။ ထိုသဏ္ဍာန် တူခြင်းက ဘုရားသခင် ရှာနေသော လိုအပ်သည့် အရည်အချင်းပင် ဖြစ်သည်။ ယနေ့ ခေတ်တွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ဘုရားသခင်သည် စုံလင်ဖြောင့်မတ်သော အမျိုးသား၊ အမျိုးသမီးများကို ရှာနေသည်။ ထိုသို့သောအရည်အချင်းကို သင့် အသက်
တာ၌ ဘုရားသခင် တွေ့လျှင် သဘာဝထက် သာလွန်သော အမှုအရာများကို သင့် မိသားစု၌၎င်း၊ သင့်အလုပ်အထဲ၌၎င်း၊ သင့်အသင်းတော်၌၎င်း၊ သင်နေထိုင်သော ပတ် ဝန်းကျင်နှင့် လောကကိုပင် ပြောင်းလဲစေရန် သင့်ကိုအသုံးပြုမည် ဖြစ်သည်။ ဘုရား သခင်အတွက် သင်အသက်ရှင်နေကြောင်း သေချာသိပါစေ။ ယုံကြည်ခြင်းအားဖြင့် ဘု ရားသခင်ကို လုံးလုံးလျားလျား ဆက်ကပ်အပ်နှံပါ။
ရေလွှမ်းမိုးခြင်းမတိုင်မီလူသားများကိုဘုရားသခင်က
ဘာသက်သေများပေးခဲ့သလဲ။
ဘုရားသခင်၏ ဖန်ဆင်းတော်မူသောအရာများ၊ (ရောမ၁း၂၀)
စိတ်နှလုံးထဲ၌ မှတ်သားသောတရား၊ (ရောမ ၂း၁၄-၁၅)
ကိုယ်ကိုကိုယ် သိသောစိတ်နှလုံး၊ (ရောမ ၂း၁၅)
ယဇ်ပူဇော်ခြင်း၊ (ကမ္ဘာ၄း၄) ၊
ဧနောက်တရားဟောခြင်း၊ (ယုဒ ၁၄-၁၅)
ဘုရားသခင်၏ဝိညာဉ်တော်၊ (ကမ္ဘာ ၆း၃)
နောဧတရားဟောခြင်း၊ (၂ ပေ ၂း၅)
နားနှင့်ပြုသောပဋိညာဉ် (ကမ္ဘာ ၉း၁၆)
ဘုရားသခင်ပြုသော ပဋိညာဉ်ဖြစ်သည်။
အခြေအနေပေါ် မမူတည်ပေ။ လူသားအားလုံးအတွက်ဖြစ်သည်။
အချိန်တိုင်းအတွက် ဖြစ်သည်။ သက်တံ့ – လက္ခဏာသက်သေရှိသည်။
အာဗြဟံ
ဂျူးတို့၏ဖခင်
အာဗြဟံသည် ထာဝရဘုရားကို ယုံကြည် သည်ဖြစ်၍၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
(ကမ္ဘာ ၁၅း၆)
အရည်အချင်း- ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်း။
ပြည့်စုံခြင်း- ဟေဗြဲလူမျိုးများ၏ဖခင်နှင့် ယုံကြည်ခြင်းအားဖြင့် လူအပေါင်းတို့၏ဖခင်။
အသက်ရှင်ခဲ့သောအချိန်- ၂၁၀၀ ဘီစီခန့် (၁၅၅ နှစ် အသက်ရှင်ခဲ့သည်။)
နာမည်- အာဗြဲ- အဓိပ္ပါယ်မှာ ချီးမြှောက်ခြင်းခံရသောဖခင်၊ နောက်ပိုင်းတွင် ဘုရား ၊
သခင်က အာဗြဟံ နာမည်သစ်ပေးခဲ့သည်။ အဓိပ္ပါယ်မှာ “လူအမျိုးမျိုးတို့၏
ဖခင် ဖြစ်သည်။
ကျမ်းပိုဒ်- ကမ္ဘာ ၁၁း၂၆-၂၃၂၀။ နောက်ခံအကြောင်းအရာ
ဘုရားသခင်၏သမိုင်းတွင် ဤနေရာ၌ အာဗြဲကို မိတ်ဆက်လာသည်။ နောက် ပိုင်းတွင် အာဗြဟံဟု နာမည်ပြောင်းပေးခဲ့သည်။ ဓမ္မဟောင်းအချိန်ကာလတွင် အာဗြဟံ သည် အရေးကြီးသောလူပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်သည်။ ကမ္ဘာ ၁၁း၂၆ တွင်
အာဗြဟံအကြောင်း ပထမဆုံး ဖော်ပြထားသည်။ နော၏သားသုံးယောက်မှတစ်ယောက် ဖြစ်သည့် ရှေ့မအမျိုးအနွယ်မှ ဆင်းသက်လာပြီး၊ မက်ဆိုပိုတေးမီးယား နေရာဒေသ၊ ရှေးကျသော်လည်း ခေတ်မှီပြီး၊ ချမ်းသာသောမြို့ဖြစ်သည့် ဥရမြို့မှ ဖြစ်သည်။
ခြုံငုံကြည့်ခြင်း ၊
သမ္မာကျမ်းစာထဲတွင် ဘုရားသခင်ကို “အာဗြဟံ၏ဘုရား” ဟု အကြိမ်ပေါင်း (၁၀၀)နီးပါး ဖော်ပြထားသည်။ ဘုရားသခင်နှင့်ပဋိညာဉ်ပြုသော အာဗြဟံကို ဟေဗြဲ မျိုးများ၏ဖခင်အဖြစ် ရည်ညွှန်းထားသည်။ ထိုပဋိညာဉ်ကတိတော်က အာဗြဟံသည် ရည်ရွယ်ချက်မရှိဘဲ၊ လှည့်လည်သွားလာနေခြင်းနှင့် မဆိုင်ပေ။ ထို့ကြောင့် ဘုရားသခင် ၏ကျေးဇူးဂရုဏာသည် အခြေအနေနှင့်မဆိုင်ကြောင်း တွေ့မြင်နိုင်ပါသည်။
သမိုင်းမှအာဗြဟံသည် သူ၏သားစဉ်မြေးဆက်များကြောင့် မျက်နှာသာ မရခဲ့ ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏သားစဉ်မြေးဆက်များမှာ ဂျူးများနှင့်အာရပ်များဖြစ် သည်။ အာဗြဟံချီးမြှောက်ခံရခြင်းမှာလည်း ခင်ပွန်းကောင်း၊ ဖခင်ကောင်းဖြစ်ခြင်းနှင့် လည်း မဆိုင်ပါ။ ဘုရားသခင်၏ခေါ်ခြင်း၊ ရင့်ကျက်သောယုံကြည်ခြင်းနှင့် ပဋိညာဉ်
ကြောင့်သာ အာဗြဟံသည် ပုံသက်သေဖြစ်နေသည်။ အခက်အခဲဆုံး အခြေအနေမှာပင် ဘုရားကိုနာခံရန် ခွန်အားကို ဖြစ်စေသည်။
အကြောင်းအရာ •
ကနဦးယုံကြည်ခြင်း၏ခြေလှမ်းများ (ကမ္ဘာ ၁၂-၁၅)
အမျိုးသားချင်းများထဲကထွက်ရန် ဘုရားသခင်၏ခေါ်ခြင်းကို နာခံကာ ဇနီး သည် စာရာနှင့်ထွက်လာသော ဘိုးဘေးကြီးအာဗြဟံ (၁၂း၁-၉)ကို အနာဂတ်ကောင်း ၊ ကြီးများနှင့်အတူ ဘုရားသခင်သည် သူ၏အကြံအစည်များကို ဖွင့်ပြခဲ့သည်။ ယုံကြည် ခြင်းသည် ချက်ခြင်း ကြီးထွားလာသောအရာ မဟုတ်ကြောင်းကို အာဗြဟံ၏အတွေ့ အကြုံတွင် တွေ့ရသည်။ အာဗြဟံ၏အစပိုင်း ယုံကြည်ခြင်းသည် အားနည်းခဲ့သည်။ အ စာခေါင်းပါးခြင်းတွေ့ကြုံသောအခါ အီဂျစ်ပြည်သို့ ဆင်းသွားခဲ့သည် (၁၂း ၁၀-၂၀)။
သို့သော် ဘုရားသခင်သည် ယိုင်နဲ့နေသောသူ၏ကျွန်၊ အာဗြဟံကို ဦးဆောင်လမ်းပြခဲ့ သည်။ ရင့်ကျက်ခြင်းသို့ရောက်ရန် ခေါ်ဆောင်ခဲ့သည်။
ဘုရားသခင်သည် အာဗြဟံနှင့်တူ၊ လောတကို ခွဲခြားခဲ့သည် (၁၃း၁-၁၈) ၊
ဘုရားသခင်သည် အာဗြဟံကို တူ၊ လောတအား ပြန်လည် ကယ်တင်နိုင်ရန်
ကူညီမစခဲ့သည် (၁၄း၁-၁)။
ဘုရားသခင်သည် အာဗြဟံနှင့်ပဋိညာဉ်ကို အတည်ပြုခဲ့သည် (၁၅း၁-၂၁)။
အာဗြဟံနှင့်စာရာကို သားဖွားမြင်စေမည်ဟူသော ကတိတော်ကို ပြည့်စုံစေရန်
ဘုရားသခင်သည် နှစ်ပေါင်း (၂၅)နှစ် စောင့်ဆိုင်းခဲ့သည်။ •
ယုံကြည်ခြင်းရင့်ကျက်ရန် အတားအဆီးများ (ကမ္ဘာ ၁၆-၂၄) ၊
ဤအခန်းကြီးများတွင် ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းသောအခါ အာဗြ ဟံ၏ရင့်ကျက်ခြင်းကို တွေ့ရပါသည်။ ထို့အပြင် ဘုရားကိုယုံကြည်ခြင်းသည် အားလုံးအ ဆင်ပြေချောမွတ်မည် မဟုတ်ပေ။ အာဗြဟံ၏အခက်အခဲများသည် ယုံကြည်ခြင်းကို လေ့ကျင့်နိုင်ရန် အခွင့်အရေးများဖြစ်ကြောင်းကိုမူ ရှင်းလင်းစွာတွေ့ရပါသည်။
သားတစ်ယောက်ရရှိရန် စာရာ၏အကြံအစည် (၁၆း၁-၁၆) ၊
ကတိတော်သားသည် စာရာအားဖြင့်သာလျှင်ဖြစ်ကြောင်း ယုံကြည်ကိုးစား
ခြင်း (၁၇း၁-၇)
သောဒုံမြို့၌ရှိသောဖြောင့်မတ်သောသူအတွက် ဘုရားသခင်ရှေ့၌ ကိုယ်စားပြု
ဆုတောင်းပေးခြင်း၊ (၁၈း၁၆-၃၃) ၊
အချိန်ကြာမြင့်စွာစောင့်စားနေသော ကတိတော်နှင့်ဆိုင်သောသား၊ ဣဇာက်
ဖွားမြင်ခြင်း (၂၁း၁-ရ)
စာရာ၏ကျွန်မ၊ ဟာဂရနှင့် အာဗြဟံ၏သားဣရှမေလကို နှင်ထုတ်ခြင်း ၊
(၂၁း၈-၂၁) ၊
သား၊ ဣဇာက်ကို ယဇ်ပူဇော်ရန် ဘုရားသခင်သည် အာဗြဟံအားစိန်ခေါ်ခြင်း
(၂၂း၁-၉)
စာရာသေဆုံးခြင်းကို ရင်ဆိုင်ရခြင်း (၂၃း၁-၂၀) ၊
ဆင်ခြင်စရာ
ကယ်တင်ခြင်းနှင့်ဆိုင်သောယုံကြည်ခြင်းသည် ချက်ခြင်း ဖြစ်သည်။ ခရစ်တော် ကို ယုံကြည်လက်ခံလိုက်သည့်တပြိုက်နက် ခရစ်တော်၌ “အသစ်တဖန်မွေးဖွားခြင်း ခံရသည် (၂ ကော ၅း၁ရ)။ ကလေးတစ်ယောက်မွေးဖွားပြီးလျှင် ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားဖို့ လိုအပ်သလို၊ ဝိညာဉ်မွေးဖွားပြီးလျှင်လည်း ဝိညာဉ်ရေးရာ ရင့်ကျက်ကြီးထွားဖို့ လိုပါ သည်။ ဘုရားသခင်၌ ယုံကြည်ခြင်း၊ ကိုးစားခြင်းများ ဖြစ်သည်။
အာဗြဟံအသက်တာ၌ ဤပုံစံကိုတွေ့ရပါသည်။ ဆွေမျိုးသားချင်း၊ ပေါက် ဘော်များထဲကထွက်ပြီး၊ မိမိမသိသောနေရာကို နာခံခြင်းဖြင့်ထွက်လာသော်လည်း ငတ် မွတ်ခေါင်းပါးခြင်းတွေ့ကြုံသောအခါ စိတ်ရှည်သည်းခံခြင်းလျော့နည်းကာ အီဂျစ်ပြည်သို့ ထွက်သွားခဲ့သည်။ ရင့်ကျက်ကြီးထွားခြင်း၌ အာဗြဟံ၏နောက်ထပ် လိုအပ်ချက်တစ်ခု မှာ အခြားသူများ၏စကားကိုနားထောင်ခြင်း ဖြစ်သည်။ အထူးသဖြင့် သူ၏ဇနီးမယား ၊ စကားကို နားထောင်ခဲ့သည်။ ပြဿနာကို ကိုယ်ပိုင်နည်းလမ်းဖြင့် ဖြေရှင်းခဲ့သည်။ ဘု ရားသခင်ကတိပေးထားသောသားကိုရရှိရန် ဘုရားကို ကိုးစားခြင်း၌ အာဗြဟံ ကျရှုံးခဲ့ရ သည်။ နောက်ပိုင်းတွင် အာဗြဟံ၏ယုံကြည်ခြင်းသည် နေ့စဉ်စိန်ခေါ်မှုများ၌ မားမား မတ်မတ် ရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်ကို ကိုးစားခြင်း၌ ကြီးထွားလာခဲ့သည်။ သားဣဇာက်ကို ယဇ်ပူဇော်ရန်တောင်းဆိုသည်ကိုပင် ပေးနိုင်ခဲ့သည်။ ဟေဗြဲသြဝါဒစာကို ရေးသောစာရေးဆရာက အာဗြဟံ၏ယုံကြည်ခြင်းကို ဤကဲ့သို့ဖော်ပြထားသည်။ “အာ ဗြဟံသည် စုံစမ်းတော်မူခြင်းကိုခံရသောအခါ၊ ယုံကြည်ခြင်းအားဖြင့် ဣဇာက်ကို ပူဇော် ၏။ ဣဇာက်၌ သင်၏အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ်တော်မှစ၍ ဂတိတော်များကို
ခံရသောသူဖြစ်သည်။ မိမိ၌တယောက်တည်းသော ထိုသားကိုပူဇော်၏။ ထိုသို့ပူဇော်သော အခါ သေခြင်းမှထမြောက်စေခြင်းငှါ၊ ဘုရားသခင်တတ်နိုင်တော်မူသည်ကို သူသည် အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲက ရ၏” (ဟေဗြဲ ၁၁း၁၅-၁၉)။
သင်ခန်းစာယူစရာ
အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းကို သူကိုယ်တိုင် သင်ယူ ခဲ့ရသည်။ ယနေ့ သင်နှင့်ကျွန်တော့်အတွက် အာဗြဟံ၏ပုံသက်သေ ရှိသည်။ အာဗြဟံ သည် သူ၏အသက်တာအားဖြင့် ခွန်အားပေးနေပါသည်။
သင်၏လုပ်ဆောင်ချက်၊ အမူအရာတွေက ပုံစံမကျသော်လည်း ဘုရားသခင်
သည် သင့်ကို ဘယ်သောအခါမှ ချန်မထားပေ။
ဘုရားကိုယုံကြည်အားကိုးခြင်း၌ ယိုင်လဲနိုင်ပါသည်။ သို့သော် အချိန်များကျော်
လွန်လာသည်နှင့်အမျှ ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့်ဂရုဏာကို ခံစားရ မည်ဖြစ်သည်။ သင်၏ယုံကြည်ခြင်းလည်း ကြီးထွားလာမည်။
ဘုရား၌ယုံကြည်ခြင်းသည် အားလုံးအဆင်ပြေနေသောအသက်တာ မဟုတ်ပါ။
စစ်ဆေးခြင်းများသည် တစ်ခုထက်တစ်ခု ပို၍ကြီးမားသည်။
ယုံကြည်ခြင်း၌ရင့်ကျက်ခြင်းသည် နေ့စဉ်တွေ့ကြုံရသောခက်ခဲသည့် စိန်ခေါ်မှု
များကို ရင်ဆိုင်နိုင်သည်။
ပထမဆုံး အာဗြဟံ သင်ယူခဲ့ရသလို ဘုရားသခင်သည် အမြဲတမ်းသူ၏ကတိ
တော်ကို တည်စေသည်။
ပြဿနာကို ကိုယ်ပိုင်နည်းဖြင့် မဖြေရှင်းပါနှင့်။ ဘုရားသခင်၏အလိုတော်ကို ဦးစွာရှာပါ။ ဘုရားသခင်က သူ၏အလိုတော်ကိုဖွင့်ပြလျှင် အလိုတော်အတိုင်း လုပ်ဆောင်ပါ။
အာဗြဟံအသက်တာ၌တွေ့ရသောအဓိကလူများ
လောတ
ဥရမြို့မှထွက်လာသောအခါ အာဗြဟံ၊ စာရာတို့နှင့်အတူ လိုက်ပါလာသော အာဗြ ဟံ၏တူ၊ (က ၁၁း၃၁၊ ၁၂း၄-၅)
မေလခိဇေဒက်
ရှာလင်မင်းကြီး၊ “အမြင့်ဆုံးသောဘုရား၏ယဇ်ပုရောဟိတ်မင်း၊ အာဗြဟံကို ကောင်းကြီးပေးသောသူ၊ အာဗြဟံက ဆယ်ဖို့တစ်ဖို့ပေးသောသူ (က၁၄း၁၉၊ ဟေဗြဲ ၇း၁-၂)
ဧလျာဇာ
ဣဇာက်အတွက် သတို့သမီးရှာပေးသော အာဗြဟံ၏သစ္စာရှိကျွန်၊ (က ၂၄)
ကေတုရ
စာရာသေပြီးနောက် အာဗြဟံထပ်ယူသောမယား (က ၂၅း၁)၊ ကေတုရအားဖြင့် သား၊ သမီးခြောက်ယောက်ရခဲ့သည်။
စာရာ
ဂျူးတို့၏မိခင်
သူ ၏ ခင်ပွန်း စာရာသည်လည်း အရွယ်လွန်သောအခါ၊ ပဋိသန္ဓေယူ နိုင်သော
အ ခွင့်တန်ခိုးကို ယုံကြည်ခြင်းအားဖြင့်ရလေ၏။ အကြောင်းမူကား၊ ဂတိ ထားတော်မူသောသူသည် သစ္စာရှိသည်ဟု စိတ်စွဲလမ်းခြင်းရှိ၏။
(က ၁၁း၁၁)
အရည်အချင်း- အာဗြဟံအတွက် သစ္စာရှိသောဇနီးမယား။
ပြည့်စုံခြင်း- ဘိုးဘေးကြီးဣဇာက်၏မိခင်။ ။
အသက်ရှင်ခဲ့သောအချိန်- ၂၁ဝဝ ဘီစီခန့် (၁၂ နှစ် အသက်ရှင်ခဲ့သည်။)
နာမည်- စာရဲ၊ ဘုရားသခင်နာမည်ပြောင်းပေးသော
စာရာ- အဓိပ္ပါယ်မှာ “မင်းသမီး။ ကျမ်းပိုဒ်- ကမ္ဘာ ၁၁း၂၇-၂၁း၁၂။
နောက်ခံအကြောင်းအရာ ၊
မောရှေ့မတိုင်မီ နှစ်ပေါင်း (၅၀၀) အစောပိုင်းတွင် စာရာနှင့်အာဗြဟံ အသက် ရှင်ခဲ့ကြသည်။ ဤဇနီးမောင်နှံနှစ်ယောက်သည် မျိုးနွယ်တူကြပြီး၊ စာရာသည် အာဗြဟံ ၏ဇနီးမယားသာမက အဖေတူ အမေကွဲညီမလည်း ဖြစ်သည် (က ၂၀း၁၂)။ ဂျူးလူမျိုး ၏ဘိုးဘေး၊ဣဇာက်၏မိခင်သာမက၊ လူမျိုးအပေါင်း၏မိခင်လည်းဖြစ်သည် (၁း၁၆)။
ခြုံငုံကြည့်ခြင်း ၊
ဘိုးဘေးကြီးအာဗြဟံနှင့် သူ၏မယား၊ စာရာတို့သည် လူဦးရေထူထပ်ပြီး၊ တိုး တက်ကြီးပွားသော ဥရမြို့တွင် နေထိုင်ခဲ့ကြသည်။ ဥဖရတ်မြစ်နားတွင်ရှိသောကြောင့် မြေဩဇာလည်း ကောင်းမွန်သည်။ သို့သော် ဘုရားသခင်သည် အာဗြဟံကို သူ၏ဆွေ မျိုးသားချင်းများထဲက ထွက်ခိုင်းပြီး၊ ဘယ်ဆီမှန်း မသိသော ကတိတော်နေရာသို့ သွား ခိုင်းသည်။ စာရာသည် သူ၏ခင်ပွန်း၊ အာဗြဟံနောက်သို့ လိုက်လာခဲ့သည်။ ဘဝတွင် ကိုယ်ပိုင်အိမ် မရှိဘဲ၊ လှည့်လည်သွားလာခြင်းဖြင့် သေဆုံးခဲ့သည်။
မူလနာမည်သည် စာရဲ- “မင်းသမီး” ဖြစ်သည်။ စာရာသည် ဘုရားသခင်၏ ရွေးနုတ်ကယ်တင်ခြင်း အကြံအစည်တွင် အခန်းကဏ္ဍတစ်ခုကနေ ရှိနေသည်။ ထို့
ကြောင့် အာဗြဟံနှင့်ပဋိညာဉ်ကို ဘုရားသခင်သည် အတည်ပြုသောအခါ၊ အာဗြဟံ နာ မည်ကို ပြောင်းပေးသကဲ့သို့ စာရဲ၏နာမည်ကိုလည်း “စာရာ ́ အဖြစ်သို့ ပြောင်းပေးခဲ့သည်။ အဓိပ္ပါယ်မှာ “မင်းသမီး ဖြစ်သည်။ ဣသရေလလူမျိုး၏မိခင်ကြီးဖြစ်လာရန် ရည်ရွယ် လျက် ဤနာမည်ကိုပေးခဲ့ခြင်း ဖြစ်သည်။ “သူ့ကို ငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင့်အား သားကို ပေးမည်။ အကယ်စင်စစ် သူ့ကိုကောင်းကြီးပေး၍၊ သူသည် လူအမျိုး မျိုး ဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ရကြလိမ့် မည်” (၁၇း၁၆) ဟု ဘုရားသခင်က ကတိတော်ပေးခဲ့သည်။
အကြောင်းအရာ ၊
သမ္မာကျမ်းစာသည် သမိုင်း၌ ဘုရားသခင်လုပ်ဆောင်သော အရာများကို တိ တိကျကျ မှတ်တမ်းတင်ထားသည်။ စာရာသည် သူမ၏ခင်ပွန်း၊ အာဗြဟံနှင့်အတူ ကမ္ဘာဦးကျမ်း၏သမိုင်းစာမျက်နှာများတွင် တော်တော်များများ နေရာယူထားသည် (၁၁း၂၇-၂၅း၁၀)။ ထိုစာမျက်နှာများမှ သူတို့၏အခန်းကဏ္ဍသည် အရေးပါသည်။ စာရာ သည် အာဗြဟံကဲ့သို့ ဘုရားသခင်၏ပဋိညာဉ်ကတိတော် ပြည့်စုံခြင်း၌ ပါဝင်ရသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ အာဗြဟံ၏အမွေခံကို ဖွားမြင်ပေးခဲ့ရသည်။
ဘုရားသခင်၏ကတိတော်ပဋိညာဉ်ပြည့်စုံရန် စာရာသည် အန္တရာယ်နှင့်ရင်ဆိုင်
ခဲ့ရသော အဖြစ်အပျက် သုံးခုရှိခဲ့သည်။
စာရာသည် အိမ်ထောင်မရှိသူဟု ထင်မှတ်ခြင်း ခံခဲ့ရသည်။ (ကမ္ဘာ ၁၁း၂၉-၁၂၉၊ ၂၀း၁-၁၈)
စာရာ၏ခင်ပွန်း၊ အာဗြဟံက သူတို့၏အိမ်ထောင်ရေးကို လိမ်ညာခိုင်းပြီး၊ သူမ သည် အာဗြဟံ၏ညီမဖြစ်ကြောင်း ပြောခိုင်းသည့် အဖြစ်အပျက် နှစ်ကြိမ်ဖြစ်ခဲ့သည်။ ပထမအကြိမ်တွင် အာဗြဟံနှင့်စာရာတို့သည် ဘုရားသခင် ခေါ်ဆောင်လာသည့်နေရာသို့
ရောက်သောအခါ ငတ်မွတ်ခေါင်းပါးခြင်းနှင့်ကြုံရသည်။ ထို့ကြောင့် အီဂျစ်ပြည်သို့သွား ခဲ့သည်။ အီဂျစ်လူမျိုးများသည် ချောမောလှပသောစာရာကိုတွေ့လျှင် အာဗြဟံကို သတ်ကာ စာရာကို သိမ်းပိုက်မည်ဟု စိုးရိမ်ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် စာရာကို သူ ၏ညီမဖြစ်ကြောင်း လိမ်ညာခိုင်းသည်။ တစ်ဝက်မှန်ပါသည်။ ထင်ထားသည့်အတိုင်းပင် ဖာရောဘုရင်သည် စာရာကိုတွေ့သောအခါ ဇနီးမယားဖြစ်ရန် သိမ်းပိုက်ခဲ့သည်။ သို့
သော် ဘုရားသခင်က စာရာကို အချိန်မီ ကယ်တင်ခဲ့သည် (၁၂း၁ဝ-၁၉၊ ၂၀း၁-၁၈)။ နောက်ထပ်နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်ကြာသောအခါ အာဗြဟံသည် စာရာနှင့်ဇနီးမယား ဖြစ်ခြင်းကို နောက်တစ်ကြိမ် လိမ်ညာခဲ့ပြန်သည်။ အာဗြဟံနှင့်စာရာသည် ရာဟုခေါ်
သောမြို့တွင်ရှိနေပြီး၊ ဘုရင်သည် အဘိမလက်ဖြစ်သည်။ အီဂျစ်ပြည်မှာကဲ့သို့၊ ဤအ ကြိမ်တွင်လည်း ဘုရားသခင်က နိမိတ်လက္ခဏာအားဖြင့် စာရာကို ကာကွယ်ခဲ့သည် (၂၀း၁-၁၈)။ •
စာရာသည် သူမ၏ကိုယ်ပိုင်အစီစဉ်ဖြင့် ပြဿနာကို ဖြေရှင်းခဲ့သည်။ (ကမ္ဘာ ၁၆း၁၆)
နှစ်ပေါင်းများစွာ ဖြတ်ကျော်လာပြီးနောက် စာရာက သူမ ကလေးမရသည်ကို စိုးရိမ်ပူပန်လာသည်။ “လူမျိုးကြီး’ ဖြစ်ရန် ဘုရားသခင်သည် အာဗြဟံကို ကတိပေးခဲ့ ပြီး ဖြစ်သည် (၁၂း၂)။ စာရာသည် ကလေးမမွေးနိုင်သောကြောင့် သူမ၏ကျွန်မ၊ ဟာဂ ရကို အာဗြဟံက မယားအဖြစ်သိမ်းပိုက်ကာ၊ ထိုကျွန်မသည် စာရာအတွက် အမွေခံအ ဖြစ် ကလေးမွေးခြင်းကို စာရာ လုပ်ယူခဲ့သည်။ ဘုရားသခင်၏အကြံအစည်ကို လိမ်မာ ပါးနပ်သောနည်းဖြင့် ရယူခဲ့သော စာရာ၏အကြံအစည်သည် ထင်သလို မဖြစ်လာခဲ့ပေ။ အာဗြဟံ၊ ဟာဂရနှင့် သူတို့နှစ်ယောက်မှရသောသား၊ ဣရှမေလတို့သည် စာရာ၏အစီစဉ်ကြောင့် ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်။ ဘုရားသခင်သည် သူ၏ကတိတော်ကို အာ ဟံနှင့် စာရာအားဖြင့်သာ အသေအချာပင် ပြည့်စုံစေမည်။ သို့သော် နောက်ထပ် နှစ် ပေါင်း (၁၆)နှစ် ကြာဦးမည် ဖြစ်သည် (၂၁း၅)။
စာရာသည် မယုံကြည်သောကြောင့် ရီမောခဲ့သည်။ (ကမ္ဘာ ၁၈း၁ဝ-၁၅)
ဘုရားသခင်သည် အာဗြဟံကို ကိုယ်ထင်ရှားပြလာသောအခါ စာရာက သား၊ ယောက်ျားမွေးဖွားမည်အကြောင်း ဒုတိယအကြိမ် ပြောခဲ့သည်။ စာရာကြားသောအခါ မယုံကြည်သောကြောင့် ရီမောခဲ့သည်။ မယုံကြည်ခြင်းအတွက် ဘုရားသခင်က စာရာ ကို ဆုံးမခဲ့သည်။ “ထာဝရဘုရားမတတ်နိုင်သောအမှု တစုံတခုရှိသလော” (၁၈း၁၄) ဟု မေးခွန်းမေးခြင်းအားဖြင့် ဘုရားသခင်၏တတ်နိုင်တော်မူခြင်းကို စာရာအား သတိပေးခဲ့ သည်။ ။
ဤအချိန်မတိုင်မီ အာဗြဟံနှင့်ဘုရားသခင်တွေ့ဆုံခြင်းသည် နှစ်ယောက်တည်း ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် စာရာ၏ရီမောခြင်းနှင့် သူမ၏စိတ်ထဲ၌ မယုံကြည်ခြင်းကို ဘုရားသခင်သည် ထင်ထင်ရှားရှားသိမြင်သောအခါ သူမ၏ မတတ်နိုင်ခြင်း၌ ဘုရားသ ခင်၏တတ်နိုင်တော်မူခြင်းကို ယုံကြည်ကိုးစားရန် ဘုရားသခင်က စာရာကို ဆုံးမခဲ့သည်။ နောက်ထပ်နှစ်ပေါင်းများစွာ ကြာပြီးသောအခါ စာရာ နားလည်လာခဲ့သည်။ ထို့ကြောင့် စာရာသည် သား၊ ဣဇာက်ကို ဖွားမြင်သောအခါ “ငါရယ်ရသောအခွင့်ကို ဘုရားသခင်ပေး
တော်မူပြီ’ (၂၁၆) ဟုပြောခဲ့သည်။ ဤတစ်ကြိမ် စာရာ၏ရိမောခြင်းသည် ဝမ်းမြောက် ၊ ခြင်းကြောင့် ရီမောခြင်းဖြစ်သည်။ မယုံကြည်နိုင်သောကြောင့် မဟုတ်ပေ။
ဆင်ခြင်စရာ
စာရာသည် သူမ၏ခင်ပွန်း၊ အာဗြဟံကဲ့သို့ ဘုရားသခင်၌ ယုံကြည်ခြင်း ကြီး မားကြောင်းကို ပြသခဲ့သည် (ဟေဗြဲ ၁၁း၁၁)။ မသိသောနေရာသို့ မိုင်ထောင်ချီခရီးနှင်ခဲ့ သည်။ သူမ၏ယဉ်ကျေးမှု၊ မိသားစု၊ ဆွေမျိုးများကို ထားခဲ့နိုင်သည်။ ဘဝတလျှောက်လုံး အိုး၊ အိမ်မရှိဘဲ လှည့်လည်ခရီးသွားသောသူအဖြစ် ဘုရား၏ခေါ်ခြင်းကို နာခံကြောင်း သက်သေပြနိုင်ခဲ့သည်။ ထို့အပြင် ခင်ပွန်းသည်၊ အာဗြဟံက သူ့အသက်ကို စိုးရိမ်သော
ကြောင့် သူမနှင့်လင်မယားတော်စပ်ခြင်းကိုပင် နှစ်ကြိမ်တိတိ လိမ်လည်ခဲ့သည်။ ဘုရား သခင်၏ကတိတော်သားကို ရရှိရန် မျိုးမပွားသည့် အခြေအနေဖြင့် (၂၅)နှစ်ထိ စောင့် ဆိုင်းခဲ့ရသည်။ အာဗြဟံကဲ့သို့ စာရာသည်လည်း ယုံကြည်ခြင်း၌ တဖြေးဖြေးဖြင့် ရင့် ကျက်ကြီးထွားခဲ့ရသည်။ စာရာ၏ယုံကြည်ခြင်းသည် ယခုတွင် ရင့်ကျက်ခဲ့ပြီ။ သား၊ ဣဇာက်ကို မွေးဖွားသောအခါ သူမ၏မြုံခြင်းသည် ရပ်တန့်သွားခဲ့သည်။
စာရာသည် သူမခင်ပွန်း၌ထားသောစိတ်ထားနှင့် နှစ်ပေါင်း (၆၀)ကျော် အိမ် ထောင်သက်တမ်း၌ ခင်ပွန်းသည်၏အုပ်စိုးခြင်းကို ဝန်ခံခြင်းသည် မှတ်တမ်းတင်လောက် စရာဖြစ်သည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်းတွင် ဇနီးမယားအားလုံး၏အတုယူစရာ ပုံသက် သေအဖြစ် စာရာကို စံတင်ထားသည် (၁ ပေ ၃း၁-၆)။
သင်ခန်းစာယူစရာ
ခင်ပွန်းသည်အာဗြဟံနှင့်အတူ ခရီးထွက်လာခြင်းနှင့် ဘုရားသခင်ကို ကိုးစား ရန် အခွင့်အရေးများစွာရရှိခဲ့သော စာရာသည် ယနေ့ယုံကြည်သူများကို သင်ခန်းစာများ ပေးထားပါသည်။
ဘုရားသခင်၏ကတိတော်များသည် ဘုရားသခင်၏အချိန်ဇယား၌ပင် ပြည့်စုံ
သည်။ စိတ်စောပြီး ဘုရားရှေ့မှ လုပ်ဆောင်လိုသည့်အကျင့်ကို ဖယ်ရှားပါ။ ဘုရားသခင်သည် အမြဲတမ်း ကတိတည်သော ဘုရားဖြစ်ကြောင်းကို သတိရ ပါ။ ဘုရားကို စောင့်ဆိုင်းပါ။
ဘုရားသခင်အတွက် ကြီးမားသော ပြဿနာ မရှိပါ။ မျှော်လင့်ချက် မရှိ ဟု
တင်သောအခြေအနေသည် ဘုရားသခင်၌ ယုံကြည်ကိုးစားရန် သင့်အတွက် အခွင့်အရေးဖြစ်သည်။ သင့်ပြဿနာကြီးမားခြင်းကို မကြည့်ဘဲ၊ ဘုရားသခင်၏ ကြီးမြတ်ခြင်းကို ကြည့်ပါ။
ဘုရားသခင်၏ ကတိတော်များသည် နားမလည်နိုင်သော နည်းလမ်းများဖြင့်
ရောက်လာသည်။ ဘုရားသခင်လုပ်ဆောင်မည့်အရာကို မခန့်မှန်းပါနှင့်။ သင်
နားမလည်သောနည်းလမ်းဖြင့် အလုပ်လုပ်သော သစ္စာရှိသည့်ဖခင်အဖြစ် ဘု ရားသခင်ကို ယုံကြည်ကိုးစားပါ။
ခက်ခဲသောအချိန်များကိုမည်ကဲ့သို့ကျော်လွှားနိုင်မလဲ။
ဆုတောင်းပါ
“ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ ထာဝရဘုရားသည် နား ထောင်၍၊ သူတို့ကို ခပ်သိမ်းသောဆင်းရဲထဲကကယ်လွှတ်တော်မူ၏” (ဆာ ၃၄း၁၇)။ ကိုးစားပါ
“ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ကိုးစားလော့၊ ကိုယ်ဉာဏ်ကို အမှီ မပြုနှင့် ၊ (သု ၃း၅)။
ယုံကြည်ပါ
“ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်သည်။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလန်းခြင်းဖြစ်သည်” (ဟေဗြဲ ၁၁း၁)၊
စောင့်ဆိုင်းပါ
“ငါသည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်သည်ကာလ၊ ငါ့ကိုမျက်နှာပြု၍ ငါအော်ဟစ်သောအသံကိုကြားတော်မူ၏” (ဆာ ၄၀း၁)၊
ဣဇာက်
ငြိမ်းချမ်းရေးကို ယူဆောင်သူ
ဘုရားသခင်က၊ သင်၏ မယားစာရာသည် သင်အား သားကိုဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည် ဖြင့် မှည့်ရမည်။ သူ၌၎င်း၊ သူ့ နောက်မှသူ၏ အမျိုးအနွယ်၌၎င်း၊ ငါ၏ ပဋိညာဉ်ကို ထာဝရပဋိညာဉ်ဖြစ်စေမည်။
(က ၁၇း၁၉)
အရည်အချင်း- အေးဆေးတည်ငြိမ်သူ။
ပြည့်စုံခြင်း- ဘုရားသခင်၏ပဋိညာဉ်ကို သူ၏သား၊ ယာကုပ်သို့လက်ဆင့်ကမ်းခြင်း။
အသက်ရှင်ခဲ့သောအချိန်- ၂၀၀၅ ဘီစီခန့် (၁၈ဝ နှစ် အသက်ရှင်ခဲ့သည်။)
နာမည်- ဣဇာက်- အဓိပ္ပါယ်- “ရယ်မောခြင်း ။ ။
ကျမ်းပိုဒ်- ကမ္ဘာ ၂၁-၂၇။
နောက်ခံအကြောင်းအရာ
ဣဇာက်၏မွေးဖွားခြင်းသည် နိမိတ်လက္ခဏာဖြစ်ပြီး၊ နောက်မျိုးဆက်သစ်တစ်ခု ကို ဣဇာက်က လောကထဲသို့ ခေါ်ဆောင်လာသူ ဖြစ်သည်။ ဘုရားသခင်က အာဗြဟံ နှင့်စာရာကို သားတစ်ယောက်ကတိပေးခဲ့သည်။ နှစ်ပေါင်း (၂၅)နှစ် စောင့်ဆိုင်းပြီးသော
အခါ၊ ထိုသားကို မွေးဖွားလာခဲ့သည်။ ဘုရားသခင်မှာထားသကဲ့သို့ ထိုသားကို ဣဇာက် ဟု နာမည်ပေးခဲ့သည်။ “ရယ်မောခြင်း။’ ဟု အဓိပ္ပါယ်ရသည်။ အသက် (၉၀)ရှိသော မယားစာရာသည် သားဖွားမည်ဟု ဘုရားသခင်ပြောသောအခါ စိတ်ထဲ၌ရယ်မောခဲ့
သော အာဗြဟံသည် ယခု အမှန်တကယ် ရယ်မောနိုင်ခဲ့လေပြီ (ကမ္ဘာ ၁၇း၁၇)။
ခြုံငုံကြည့်ခြင်း ၊
ဣဇာက်သည် ပေါင်းကူးတံတားအဖြစ် ထူးခြားသည်။ “လူမျိုးကြီးဖြစ်စေမည်” (၁၂း၂)ဟု ဘုရားသခင်က အာဗြဟံအား ပေးသောကတိတော်ကို ဣဇာက်က အမွေ ဆက်ခံခဲ့သည်။ ထိုကတိတော်သည် ယခု ဣဇာက်သို့ရောက်ရှိလာပြီး၊ နောက်မျိုးဆက် အဖြစ် ဤကတိတော်သည် သူ၏သား၊ ယာကုပ်ဆီသို့ စီးဆင်းသွားမည် ဖြစ်သည်။ ဣဇာက်သည် ကတိတော်တစ်ခုတည်းကိုသာ အမွေရရှိခြင်းမဟုတ်ဘဲ၊ အာဗြဟံ၏ချမ်း သာကြွယ်ဝခြင်းကိုလည်း အမွေရရှိခဲ့သည်။ ထိုခေတ်အချိန်ကာလတွင် ဣဇာက်သည် ချမ်းသာကြွယ်ဝသောသူတစ်ယောက် ဖြစ်ခဲ့သည်။ | အကြောင်းအရာ
သမ္မာကျမ်းစာက ဣဇာက်ကို အေးအေးဆေးဆေးသမား တစ်ယောက်အဖြစ် ၊ ဖော်ပြထားသည်။ ဣဇာက်သည် ကတိတော်နယ်မြေ၌ တဲဖြင့် နေထိုင်ပြီး၊ သိုး၊ နွားများ ၊ ကို ထိန်းကျောင်းခြင်း၊ လယ်ယာစိုက်ပျိုးခြင်းဖြင့်ပင် ကျေနပ်နေသည်။
က္ကဇာက်နှင့်ရေဗက္ကတွေ့ဆုံခြင်း (ကမ္ဘာ ၂၄)
ဣဇာက်၏မိခင်၊ စာရာသေဆုံးသောအခါ ဣဇာက်သည် (၃၉) နှစ်ရှိပြီ။ အာဗြ ၊ ဟံက ယုံကြည်စိတ်ချရသော ကျွန်၊ လျာဇာကို သူ၏ဆွေမျိုးသားချင်းများရှိရာ ခါရန် မြို့သို့ စေလွှတ်ကာ သားဣဇာက်အတွက် ဇနီးမယားကို ရှာစေသည်။ အာဗြဟံသည် သူ့ပတ်ဝန်းကျင်မှ ရုပ်တုကိုးကွယ်သောသူများနှင့် သူ့မိသားစုကို ဝေးကွာစေချင်သည်။ ငလျောဇာသည် အာဗြဟံ၏မွေးရပ်ဇာတိသို့ ရောက်လာခဲ့သည်။ ထိုမြို့၌ ဣဇာက်၏။ ညီမ၊ နှစ်ဝမ်းကွဲတော်စပ်သူ၊ ရေဗက္ကကို ရေတွင်း၌ တွေ့ဆုံခဲ့သည်။
ရေဗက္ကသည် သူမ၏မိသားစုကိုပြောပြကာ လျာဇာကို သူမ၏အိမ်သို့ခေါ်သွား ခဲ့သည်။ ငလျာဇာက ဤမိန်းမငယ်လေးသည် သူ၏ဆုတောင်းခြင်းအဖြစ်ကြောင်းကို သိရှိခဲ့သည်။ ထို့ကြောင့် မိမိလာရသည့်အကြောင်းရင်းကို ရှင်းပြကာဣဇာက်ထံသို့လိုက် ရန်ဆန္ဒရှိ၊ မရှိကို ရေဗက္ကအားမေးမြန်းခဲ့သည်။ ရေဗက္ကသည် သဘောတူကာ၊ ဣဇာက် ထံသို့ လိုက်လာခဲ့သည်။ ဣဇာက်၏ဇနီးမယား ဖြစ်လာခဲ့သည်။
အစီစဉ် မကျသော ဣဇာက်၏မိသားစု (ကမ္ဘာ ၂၀း၁၉-၂၈)
ဣဇာက်သည် ရေဗက္ကကိုလက်ထပ်သောအခါ အသက် (၄၀) ရှိပြီ။ အသက် (၆၀)ထိ သူတို့၌ သားမရှိခဲ့ပေ။ သားအတွက် ဣဇာက် ဆုတောင်းသောအခါ ဘုရားသ ခင်က ရေဗက္ကကို ပဋိသန္ဓေ ဆွဲစေခဲ့သည်။ အကိုကြီးသည် ညီအငယ်၌ အစေခံရမည့် အကြောင်းကို အမွှာညီအစ်ကို မမွေးဖွားမီ ဘုရားသခင်က ရေဗက္ကအား ကြိုတင်ပြောခဲ့ သည်။ အကြီးက အငယ်ထံ၌ ကျွန်ခံခြင်းသည် ထိုခေတ်အခါမှ ထုံးတမ်းအစဉ်အလာနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
ညီအစ်ကိုနှစ်ယောက် ကြီးပြင်းလာသောအခါ ဣဇာက်နှင့်ရေဗက္ကတို့သည် မိ မိတို့ နှစ်သက်ရာ သားများကို ချစ်မြတ်နိုးခဲ့ကြသည်။ ထိုအချက်ကပင် မိသားစု၌ ကွဲ ပြားခြင်း ဖြစ်လာခဲ့သည်။ ဣဇာက်သည် ဧသောကို ချစ်သည်။ ဧသောသည် ကြမ်းတမ်း သူဖြစ်ပြီး၊ အမဲလိုက်ခြင်းကို ဝါသနာပါသည်။ အမဲလိုက်ရာမှ ပြန်လာသောအခါ အရ သာရှိသောအမဲဟင်းဖြင့် ဖခင်ဖြစ်သူ၊ ဣဇာက်ကို ကျွေးလေ့ရှိသည်။ ရေဗက္ကသည် ယာကုပ်ကိုချစ်သည်။ ယာကုပ်သည် သိမ်မွေ့နူးညံ့သော သဘောရှိကာ၊ အိမ်၌နေတတ် သည်။ မိခင်ကိုကူညီလေ့ရှိသည်။ မိမိနှစ်သက်ရာသားကို မျက်နှာသာပေးခြင်းကြောင့် နောက်ပိုင်းတွင် ဣဇာက်မိသားစု၌ စည်းလုံးညီညွှတ်ခြင်း မရှိတော့ဘဲ၊ တကွဲတပြားဖြစ်ခဲ့ ရသည်။
ဖိလိတ္တိတို့လူများကြားမှ ဣဇာက် (ကမ္ဘာ ၂၆)
ဣဇာက်သည် သူ့ဖခင်၊ အာဗြဟံ၏ခြေရာကိုနင်းကာ ငတ်မွတ်ခေါင်းပါးခြင်း ကြုံသောအခါ မိသားစုတစ်စုလုံးကို ခေါ်ပြီး ပင်လယ်ကမ်းခြေတစ်လျှောက် ဖိလိတ္တိလူတို့ ရှိရာသို့ သွားခဲ့သည်။ ဘုရားသခင်သည် ဣဇာက်အားထင်ရှားကာ ဖိလိတို့ပြည်၌ပင်
ကောင်းကြီးပေးမည့်အကြောင်း ပြောခဲ့သည်။ ယခု ဣဇာက်တည်းခိုနေသော ပြည်ကိုပင် ဘုရားသခင်သည် ဣဇာက်၏အမျိုးအနွယ်အားပေးမည်ဟု ကတိပေးခဲ့သည်။ ,
ဘုရားသခင်သည် ဣဇာက်ကို အလွန်ကောင်းကြီးပေးသောကြောင့် ဖိလိတ္တိ ၊ မင်းကြီးသည် ထိုပြည်မှထွက်သွားရန် ဣဇာက်ကို တောင်းပန်ခဲ့သည်။ ထို့ကြောင့် ထို ပြည်မှ ဣဇာက်ထွက်သွားသောအခါ ရန်ဘက်မဖြစ်ရန် ငြိမ်းချမ်းရေးစာချုပ်ကို ဖိလိတ္တိ မင်းကြီးက ချုပ်ဆိုစေသည်။ •
ဣဇာက်သည် သာယာကုပ်ကို ကောင်းကြီးပေးခြင်း (ကမ္ဘာ ၂၇)
ဣဇာက်သည် အသက်ကြီးလာပြီ။ သေရတော့မည်ကိုသိသောကြောင့် ထုံး တမ်းစဉ်လာအတိုင်းသားကြီး၊
ဧသောကို ကောင်းကြီးပေးရန် ဆန္ဒရှိသည်။ အကြီးသည် အငယ်၌ အစေခံရမည်ဟု ရေဗက္ကအား ဘုရားသခင်ပြောထားခြင်း (၂၅း၂၃)၊ သော သည် သူ၏သားဦးအရာကို ယာကုပ်အားရောင်းစားခဲ့ခြင်း (၂၅း၃၃)၊ ဧသောသည် ရုပ် တုကိုးကွယ်သော တပါးအမျိုးသမီးများနှင့်အိမ်ထောင်ပြုခြင်း (၂၆း၃၄-၃၅) စသောအ ချက်များကို ဣဇာက်သည် လျစ်လျူရှုကာ ဧသောအားကောင်းကြီးပေးချင်ခဲ့သည်။
သို့သော် ရေဗက္ကနှင့်ယာကုပ်တို့၏လှည့်စားခြင်းကြောင့် ဣဇာက်သည် ယာ ကုပ်ကို မှားယွင်းစွာ ကောင်းကြီးပေးခဲ့သည်။ ဧသောသည် သူ့ကိုလည်း ကောင်းကြီးပေး ရန် ငိုယိုတောင်းပန်ခဲ့သည်။ ဣဇာက်၌ ကောင်းကြီးတစ်ခုမှ မကျန်သောကြောင့်
သောသည် သူ၏ညီယာကုပ်ကို သတ်ရန် အငြိုးထားခဲ့သည်။ သို့သော် ယာကုပ်၌ မည်သည့် အန္တရာယ်မှ မကျရောက်မီ ရေဗက္ကက သူမ၏ဆွေမျိုးသားချင်းများဆီသို့ ယာကုပ်ကို စေလွှတ်ခဲ့သည်။ မိခင်ရေဗက္ကသည် အချစ်ဆုံးသောသား၊ ယာကုပ်ကောင်း ကြီးခံစားရန် စီမံနိုင်ခဲ့သော်လည်း ကြီးမားသောအဖိုးအခကို ပေးဆပ်ခဲ့ရသည်။ နောက် နှစ်ပေါင်း (၂၀)အတွင်း သူမ၏အချစ်ဆုံးသောသား အိမ်မပြန်လာမီ ရေဗက္ကသည် ၊
ကောင်းကင်အိမ်တော်သို့ ပြန်သွားခဲ့သည်။ သူမချစ်သောသား၊ ယာကုပ်ကို လောကတွင် ဘယ်သောအခါမှ မတွေ့ရတော့ပေ။
ဣဇာက်၏နောက်ဆုံးနှစ်များ (ကမ္ဘာ ၃၇း၂၉)
ဣဇာက်သည် ယာကုပ်ကို ကောင်းကြီးပေးပြီး နှစ်ပေါင်း (၄၃)နှစ် အသက်ရှင်
ကာ အသက် (၁၈၀)တွင် သေဆုံးခဲ့သည်။ အချိန်ကာလ၏ကုစားခြင်းကြောင့် ယာ ကုပ်အပေါ် သော၏မုန်းတီးခြင်းသည် ပျောက်ကွယ်သွားခဲ့သည်။ ထို့ကြောင့် ဣဇာက် သည် သူ၏နောက်ဆုံးအချိန်တွင် ညီအစ်ကိုနှစ်ယောက် ပြန်လည် သင့်မြတ်ခြင်းကိုမြင် တွေ့သွားခဲ့သည်။
ဆင်ခြင်စရာ
ဣဇာက်၏အေးဆေးတည်ငြိမ်သော စိတ်ထားကို ငယ်စဉ်တောင်ကျေးကလေး ဘဝကပင် တွေ့မြင်နိုင်သည်။ ဘုရားသခင်က အာဗြဟံအား သား၊ ဣဇာက်ကို ပူဇော်ရန်
တောင်းဆိုသောအခါ အာဗြဟံက မောရိတောင်ပေါ်တွင် ပူဇော်ခဲ့သည်။ သတ်ဖို့ရန်ထား ဖြင့် ချိန်ရွယ်သည်ကိုပင် ဣဇာက်က မည်သို့မျှ မတုန့်ပြန်ခဲ့ပေ (၂၂း၁-၁၃)။
ဣဇာက်နှင့်သူ၏ကျွန်များတူးသော ရေတွင်းကို အခြားသူများက လာရောက်လု ယူသောအခါ ကြည်ဖြူစွာ ခွင့်ပေးခဲ့သည်။ ထိုအေးဆေးတည်ငြိမ်သော စိတ်ထားကို ဤနေရာ၌ ပြန်တွေ့ရသည် (၂၆း၁၈-၂၂)။ ။
ဣဇာက်၏အေးဆေးတည်ငြိမ်သော စိတ်သဘောထားသည် သူ့အသက်ကို ဦးစားပေးကာဖခင်အာဗြဟံကဲ့သို့ သူ၏မယားကိုသူ၏နှမဖြစ်ကြောင်းလိမ်လည်ခိုင်းသည် အထိ အမှောင်ဖုံးခဲ့ရသည် (၂၆)။ နောက်ဆုံးတွင် ဖိလိတ္တိမင်းကြီးက ဣဇာက်နှင့် ရေဗက္ကသည် လင်မယားဖြစ်ကြောင်း သိသောအခါ ဣဇာက်၏သတ္တိကြောင်ခြင်းကို ဆုံးမခဲ့သည်။
သင်ခန်းစာယူစရာ
ဘုရားသခင်သည် သူ၏ကတိတော်များကို ထပ်ခါတလဲလဲ ပြန်လည် အတည် ပြုသည်။ ဘုရားသခင်၏ကတိတော်များသည် ဘယ်သောအခါမှ မပျက်စီးပေ။ ဘုရား သခင်သည် သစ္စာရှိသောဘုရားဖြစ်သည်။ ထို့ကြောင့် နည်းလမ်းများစွာကို အသုံးပြုကာ သူ၏ချစ်ခြင်းမေတ္တာကို ကျွန်တော်တို့အား ပြသနေသည်။ ဘုရား၏ကတိတော်များကို ပြန်လည်သတိရစေရန် နှုတ်ကပတ်တော်ကို ဖတ်ရှုနေဖို့လိုပါသည်။
မည်သည့်အဖိုးအခမဆိုပေးရသော ငြိမ်းချမ်းခြင်းသည် အမြဲတမ်းအတွက် မ မှန်ပေ။ ကျမ်းစာက ရန်ငြိမ်းစေသောသူအတွက် ကောင်းကြီးမင်္ဂလာကို ပြောထားသည်။ (မ ၅း၉)။ သို့သော် ဘုရားသခင်၏စံနှုန်း၊ သင်၏တာဝန်ဝတ္တရားများ၊ သင်၏အကျင့် ၊ လက္ခဏာ မဟုတ်ပေ။ သင်ယုံကြည်သည့်အပေါ်မှာ ရပ်တည်ပါ။ သင်၏ရဲရင့်ခြင်းသတ္တိကို သူတပါးလေးစားရန်နှင့် ကာကွယ်ရန် ဘုရားသခင်ကို ကိုးစားပါ။
မိသားစုထဲ၌မျက်နှာသာပေးခြင်းသည် ကွဲပြားခြင်းကို ဖြစ်စေသည်။ မိဘအနေ ဖြင့် မိမိနှစ်သက်သော၊ သို့မဟုတ် အရည်အချင်းရှိသော သား၊ သမီးကို ပို၍ ဦးစားပေး ခြင်းထက် သား၊ သမီးတစ်ယောက်ချင်းစီ၏အရည်အချင်းကို ချီးကျူးခြင်းသည် ပို၍သင့် တော်သည်။
မရိုးသားခြင်းဖြင့် ရရှိလာသောအကျိုးရလဒ်သည် အကောင်းဆုံး မဖြစ်နိုင်ပေ။ ယာကုပ်သည် သူ၏အစ်ကိုထက် ကောင်းကြီးခံစားရမည်ဖြစ်ကြောင်း ဘုရားသခင်က ရေဗက္ကကို ပြောထားပြီးဖြစ်သည်။ သို့သော် ရေဗက္ကသည် ဘုရားသခင်ကို အားကိုးခြင်း၌
လျော့နည်းကာ ထိုကတိတော်ပြည့်စုံရန် သူမ၏နည်းလမ်းဖြင့် ဉာဏ်ဆင်ကာ ကြိုးစား လုပ်ယူခဲ့သည်။ ရလဒ်မှာ သူမအချစ်ဆုံးသောသား၊ ယာကုပ်သည် သူမ ရှေ့မှပျောက် ကွယ်သွားခဲ့ရသည်။ (ယာကုပ်ကို ဘယ်သောအခါမှ မတွေ့ရတော့ပေ။ ထို့အပြင် သားကြီး၊ သော၏ချစ်ခြင်းမေတ္တာကိုလည်း မရခဲ့တော့ပေ။ ဘုရားသခင်၏အချိန်၌ ဘုရား၏နည်းလမ်းအတိုင်း သင့်အသက်တာတွင် ဘုရားသခင် အလုပ်လုပ်ရန် ဘုရားကို ကိုးစားပါ။ ဘုရားသခင်ဆီမှ အကောင်းဆုံးကို သင်ခံစားရမည်။
ဣဇာက်နှင့်ပတ်သတ်သောအကြောင်းအရာများ
နောက်ဆုံးအချိန် –
ဣဇာက်သည် (၁၈၀) အသက်ရှင်ခဲ့သည်။ မိဘများဖြစ်သည့် အာဗြဟံ၊ စာရာ၊ သူ၏ဇနီး၊ရေဗက္ကနှင့်အတူ သဂြိုလ်ခြင်းခံခဲ့သည် (၃၅း၂၈၊ ၄၉း၃၁)။
အမြင့်ဆုံးအချိန် –
သူ၏ဖခင်အာဗြဟံကို ဘုရားသခင်က သူ့အားပူဇော်ရန် တောင်းဆိုသောအခါ ဘုရားကိုယုံကြည်ကိုးစားခြင်း။
အနိမ့်ဆုံးအချိန် –
သူ၏မယားရေဗက္ကကို ဇနီးမဟုတ်ကြောင်းလိမ်လည်ခြင်း (၂၆း၇)။
မှတ်တမ်းတင်ခံရခြင်း –
“ဣဇာက်သည်လည်း ယုံကြည်ခြင်းအားဖြင့် အနာဂတ်အရာတို့ကို အမှတ်ပြု ၍ယာကုပ်နှင့်သောကို ကောင်းကြီးပေး၏” (ဟေဗြဲ ၁၁း၂၀)၊
ကျမ်းပိုဒ်များ –
ရောမ ၉း၇-၈၊ ဟေဗြဲ ၁၀း၀၇ – ၂၀၊ ယာကုပ် ၂း၂၁-၂၄။
ယာကုပ်
ဘုရားသခင်၏တို့ထိခြင်းခံရသူ
ငါသည် သင့်ဘက်မှာရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ ဂတိထားသည့်အတိုင်း မပြည့်စုံမီ ငါသည် သင့်ကို မစွန့်။
(က ၂၈း၁၅)
အရည်အချင်း – ပြောင်းလဲတတ်သောသဘာဝ။
ပြည့်စုံခြင်း- အစ္စရေးလ်၏ ဖခင်ဖြစ်လာခြင်း။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၁၉၅ဝ ခန့်။
နာမည်- ယာကုပ်- အဓိပ္ပါယ်- “လှည့်စားခြင်း၊” “လုယူခြင်း၊
နာမည်သစ် “ဣသရေလ’၊ အဓိပ္ပါယ်- “ဘုရားသခင်နှင့်ပြိုင်၍ နိုင်လေပြီ”
ကျမ်းပိုဒ်- ကမ္ဘာ ၂၅-၅၀။ နောက်ခံအကြောင်းအရာ
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်။ ဤနာမည်သုံးယောက်ကို ကျမ်းစာထဲတွင်အမြဲ တမ်း အတူတကွ ဖော်ပြထားသည်။ အာဗြဟံနှင့်ဘုရားသခင်ပြုသော ပဋိညာဉ်လူများဖြစ် ပြီး၊ (က ၁၂း၁-၃) ဘုရားသခင်ရွေးကောက်ထားသော အစ္စရေးလ်လူမျိုး၏ ဘိုးဘေးများ ဖြစ်သည်။ “လူမျိုးကြီးဖြစ်စေမည်’ ဟု အာဗြဟံကို ဘုရားသခင်ပြောခဲ့သည်။ ထိုကတိ
တော်သည် အာဗြဟံသား၊ ဣဇာက်မွေးဖွားသောအခါ ပြည့်စုံရန် စတင်ခဲ့သည်။ ထို့ နောက် ဣဇာက်နှင့် ရေဗက္ကသည် ယာကုပ်ကို မွေးဖွားခဲ့သည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ဖြင့် ဘုရားသခင်သည် သူရွေးကောက်သောလူမျိုးတော်ကို တည်ထောင်နေ သည် (ရောမ ၉)။ ထိုလူမျိုးတော်မှ ကမ္ဘာ ၃း၁၅ တွင် ကြိုတင်ဗျာဒိတ်ပြုထားသည့် စာတန်ကို ချေမှုန်းမည့် မေရှိယ၊ ခရစ်တော်ကြွလာမည် ဖြစ်သည်။
ခြုံငုံကြည့်ခြင်း
ယာကုပ်သည် မိဘနှစ်ပါးဖြစ်သော ဣဇာက်နှင့်ရေဗက္က၊ သူ၏အစ်ကိုသာနှင့် အတူ ခါနာန်ပြည်၌ လှည့်လည်သွားလာခြင်းအားဖြင့် သူ၏ငယ်ဘဝကို ဖြတ်သန်းခဲ့သည်။ သို့သော် အစ်ကိုသော၏မုန်းတီးမှုကြောင့် ခါရန်၌ရှိသော ရေဗက္က၏ဆွေမျိုးများဆီသို့ ထွက်ပြေးရန် အကြောင်းဖန်လာခဲ့သည်။ ယာကုပ်သည် ခါရန်၌ရှိနေစဉ် မိန်းမနှစ်ယောက် နှင့် သူတို့၏ကျွန်မနှစ်ယောက်အားဖြင့် သား (၁၂)ယောက်ကို ရရှိခဲ့သည်။ ထိုသား (၁၂)ယောက်သည် သူတို့၏ဖခင်အစ္စရေးလ်နာမည်ဖြင့် အစ္စရေးလ်လူမျိုး၏ အမျိုးအ နွယ် (၁၂)နွယ် ဖြစ်လာခဲ့သည်။
အကြောင်းအရာ •
ယာကုပ်သည် သော၏သားဦးအရာကို အရယူခဲ့သည် (ကမ္ဘာ ၂၅း၂ရ-၃၄)
ထိုခေတ်ကာလအချိန်တွင် သားဦးအရာသည် သားကြီးသာ ခံစားရရှိပြီး၊ သူ့ အတွက် ထူးခြားသောအခွင့်အရေး ဖြစ်သည်။ ဖခင်သေဆုံးလျှင် သားကြီးသည် ညီငယ် များ၏အမွေနှင့်အတူ အမွေနှစ်ဆကိုရရှိပြီး၊ မိသားစုကို ဦးဆောင်ရသည်။
အစ်ကိုသောသည် အမဲလိုက်ရာမှ ပြန်လာပြီး၊ ဆာလောင်မွတ်သိပ်နေချိန်၊ ယာကုပ်က ဟင်းတစ်ခွက်ဖြင့် သားဦးအရာကို အပေးအယူ လုပ်ခဲ့သည်။ သောက လည်း လက်ခံခဲ့သည်။ ဤနည်းဖြင့် သောသည် သူ၏သားဦးအရိုက်အရာကို တန်ဖိုး မထားကြောင်း တွေ့ရသည်။ ဤအလှဲအလှယ်ပြုခြင်းသည် ပဋိညာဉ် မဟုတ်ပေ။ သို့
သော် ညီအစ်ကိုနှစ်ယောက်၏စိတ်နေ၊ စိတ်ထားအခြေအနေကို ဖော်ပြနေသည်။
ယာကုပ်သည် သူ၏အစ်ကိုကို လှည့်စားခဲ့သည် (ကမ္ဘာ ၂၇း၁-၄၀) ၊
နှစ်ကြာလာသောအခါ ဣဇာက်သည် သေရတော့မည်ကို သိသည်။ ထို့ကြောင့် သားဦး၏ကောင်းကြီးကို ဧသောအား ပေးချင်သည်။ သို့သော် ရေဗက္ကက သားယာကုပ် ကို ရစေချင်သည်။ အဘယ်ကြောင့်ဆိုသော် ဤအမွှာညီအစ်ကိုနှစ်ယောက် မမွေးဖွားမီ ဘုရားသခင်ပြောသောစကားကို မှတ်မိသောကြောင့် ဖြစ်ချင်ဖြစ်မည်။ “အကြီးသည် အ ငယ်၌ ကျွန်ခံရလိမ့်မည်” (၂၅း၂၃)။ ဒါမှမဟုတ် ယာကုပ်ကို ပို၍ချစ်သောကြောင့်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် ရေဗက္ကက ယာကုပ်အား ဧသော ဟန်ဆောင်ခိုင်းသည်။ ယာ ကုပ်လည်း မိခင်စကားနားထောင်ကာ မျက်စိမမြင်သောဖခင်ကို လှည့်စားပြီး၊ သော အတွက် ရည်ရွယ်ထားသောကောင်းကြီးများကို အရယူခဲ့သည်။ နောက်ပိုင်း ဣဇာက်သိ သွားသောအခါ ယာကုပ်၏ကောင်းကြီးများကို အတည်ပြုခဲ့ပြီး၊ ကတိတော် ပဋိညာဉ် သည် ယာကုပ်သို့ စီးဆင်းကြောင်း လက်ခံခဲ့သည်။ •
ယာကုပ်သည် ခါရန်မြို့သို့သွားရာလမ်းတွင် ဘုရားသခင်နှင့်တွေ့ဆုံခဲ့သည် (ကမ္ဘာ ၂၇း၄၁-၂၈း၂၂)
“ဧသာသည် ယာကုပ်ကို အငြိုးထားကာ၊ သတ်မည်ဟုကြံစည်” (၂း၄၁) သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ သော၏အမျက်ဒေါသကို ကြောက်သောကြောင့် ရေဗက္ကသည် ယာကုပ်ကို သူမ၏ဆွေမျိုးသားချင်းများထံသို့ ပုန်းရှောင်ရန် အဘဣဇာက် ထံ အခွင့်တောင်းသည်။ ခါရန်သို့သွားရာလမ်းတွင် ယာကုပ်သည် ဘုရားသခင်နှင့်တွေ့ ဆုံခဲ့သည်။ မြေကြီးမှကောင်းကင်ထိရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များ သည် တက်လိုက်၊ ဆင်းလိုက်လုပ်နေသည်ကို အိပ်မက်တွင် မြင်မက်ခဲ့သည်။ ဤရူပါရုံ
ကြောင့် ယာကုပ်သည် အံ့အားသင့်ခဲ့ရပြီး၊ ဘုရားသခင်နှင့် အပြန်အလှန် ကတိပြုခဲ့ သည်။ “ဘုရားသခင်သည် ငါ့ဘက်၌ရှိလျှင်၊ … ထာဝရဘုရားသည် ငါ၏ဘုရားဖြစ်တော် မူ၏” (၂၈း၂၀-၂၁)။ ဤနေရာသည် ယာကုပ်၏ယုံကြည်ကိုးစားခြင်း ကြီးထွားရာနေရာ ဖြစ်ပြီး၊ ဘုရားသခင်၏ ကွယ်ကာမှုကိုခံရသည်။
ယာကုပ်သည် လာဗန်အတွက် အလုပ်လုပ်ခဲ့သည် (ကမ္ဘာ ၂၉း၁-၃၁း၅၅)
ဘုရားသခင်၏လမ်းပြခြင်းအားဖြင့် ယာကုပ်သည် မိခင်ရေဗက္က၏အစ်ကို၊ သူ နှင့်ဦးရီးတော်စပ်သူလာဗန်ကို ကောင်းစွာ တွေ့ရှိခဲ့သည်။ ထို့အပြင် သမီးငယ် ရာခေလ၊ ကိုလက်ထပ်ယူရန်အတွက် ဦးရီးဆီ၌ (၅)နှစ် အလုပ်လုပ်ရန်လည်း သဘောတူခဲ့သည်။ (ရ)နှစ်ပြည့်ပြီး၊ မင်္ဂလာဦးညတွင် လာဗန်သည် သမီးနှစ်ယောက်ကို လှဲလှယ်ကာ၊ ရာ ခေလ၏အစ်မဖြစ်သူ၊ လေအာကို ရာခေလနေရာတွင် အစားထိုးခဲ့သည်။ လေအာသည် မျက်စိအားနည်းသည်။
ရာခေလကို လက်ထပ်ရန်အတွက် နောက်ထပ် (၅)နှစ် အလုပ်လုပ်ရန် ယာ ကုပ် သဘောတူခဲ့သည်။ လေအာနှင့်ရာခေလသည် ယာကုပ်၏အချစ်အတွက် တစ်
ယောက်နှင့်တစ်ယောက် အငြင်းအခုန်ဖြစ်ကာ၊ သူတို့၏ကျွန်မများကို ယာကုပ်နှင့်အတူ အိပ်စေခြင်းဖြင့် သားများကို ပို၍ ဖွားမြင်စေသည်။ နောက်ဆုံးတွင် ယာကုပ်သည် ဤ အမျိုးသမီးလေးယောက်အားဖြင့် သား(၁၂)ယောက်ကို ရခဲ့သည်။
ဤ(၁၄)နှစ် အတောအတွင်းတွင် ယာကုပ်သည် ဦးရီးတော်စပ်သူ လာဗန်၏ သိုး၊ ဆိတ်များကို ထိန်းကျောင်းပေးခဲ့ရသည်။ ဘုရားသခင်သည် ယာကုပ်၏အလုပ်ကြိုး စားခြင်းအတွက် လာဗန်ပိုင်သော သိုး၊ ဆိတ်များကို ကောင်းကြီးပေးကာ၊ တိုးပွားများ ပြားစေသည်။ သမီးနှစ်ယောက်အတွက် (၁၄)နှစ် အစေခံပြီးသောအခါ ယာကုပ်သည် ခါရန်မြို့မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။ သူ၏လုပ်ခအဖြစ် သတ်မှတ်ထားသောအရောင် သည် သူ၏သိုး၊ ဆိတ်များဖြစ်ပြီး၊ ကျန်သောသိုး၊ ဆိတ်များသည် လာဗန်၏ပိုင်ဆိုင်မှု ဖြစ်ကြောင်း နှစ်ဦးသဘောတူခဲ့သည်။ ယာကုပ်သည် သူပိုင်ဆိုင်မည့် သိုး၊ ဆိတ်များကို ဘုရားသခင်ပေးရန် ဘုရားလက်ထဲသို့ လုံးလုံးလျားလျား အပ်နှံခဲ့သည်။ • ယာကုပ်သည် ချမ်းသာကြွယ်ဝသူတစ်ယောက်အနေဖြင့် အိမ်ပြန်လာခဲ့သည် (ကမ္ဘာ ၃၁-၃၂
နောက်ထပ် ခြောက်နှစ်ကြာပြီးသောအခါ လာဗန်၏လောဘကြီးခြင်းနှင့်လှည့် စားခြင်းကြောင့် ဘုရားသခင်သည် လာဗန်၏ချမ်းသာကြွယ်ဝခြင်းများကို ယာကုပ်ဆီသို့ ၊ ပြောင်းလဲပေးခဲ့သည်။ နောက်ဆုံးတွင် ယာကုပ်ကြီးအတွက် အိမ်ပြန်ချိန် ရောက်လာခဲ့ပါပြီ။
ဘုရားသခင်သည် ယာကုပ်နှင့်အတူရှိမည်ဖြစ်ကြောင်း၊ ပြန်လည် ကတိပေးကာ၊ မိ သားစုကိုခေါ်ပြီး၊ အိမ်ပြန်ရန် လမ်းပြခဲ့သည်။
ဘုရားသခင်သည် ယာကုပ်ကို ကွယ်ကာစောင့်မရန် ကတိပေးသော်လည်း၊ ယာကုပ်သည် သူ၏အိမ်ပြန်ခရီး၌ အစ်ကိုသော၏ရန်ငြိုးကို ကြောက်ရွံ့နေသေးသည်။ အစ်ကိုသော၏စိတ်ကိုပြေစေရန် ယာကုပ်သည် သိုး၊ ဆိတ် (၅၅၀)ကို လက်ဆောင် အဖြစ် ရှေ့တွင်ကြိုတင်စေလွှတ်ခဲ့သည်။ အင်မတန်ပါးနပ်သော နည်းဗျူဟာဖြစ်သော် လည်း၊ ဘုရားသခင်ထံ၌ ယာကုပ်၏ယုံကြည်ခြင်း အားနည်းကြောင်းကိုလည်း ဖော်ပြ နေသည်။
။ အစ်ကိုသောနှင့်မတွေ့မီ ညတွင် ယာကုပ်အတွက် ဘဝတွင် မမေ့နိုင်သော ညတစ်ညနှင့်ကြုံခဲ့ရသည်။ လူသားပုံသဏ္ဍာန်နှင့်ကြွလာသော ဘုရားသခင်နှင့် လုံးထွေး ခဲ့သည်။ ဘုရားသခင်သည် သူ့ကို ကောင်းကြီး မပေးမချင်း၊ မလွှတ်ဟု ယာကုပ် အ ကျပ်ကိုင်ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က “ဣသရေလ ́ ဟု နာမည်ပြောင်းပေးခဲ့ သည်။ “ဘုရားသခင်နှင့်လုံးထွေးခဲ့သည် ́ဟု အဓိပ္ပါယ်ရသည်။
နောက်ဆုံး သောနှင့်ယာကုပ်တွေ့ဆုံသောအခါ (၂၁)နှစ်လုံးလုံး အငြိုးအ တေးဖြင့် ခွဲခွါခဲ့ရသောညီအစ်ကိုနှစ်ယောက်သည် တစ်ဦးနှင့်တစ်ဦးဖက်ကာ၊ ငိုကြွေးခဲ့ ကြသည်။ •
ယာကုပ်သည် အီဂျစ်ပြည်သို့ ခရီးထွက်ခဲ့သည် (ကမ္ဘာ ၃၅-၉)
ယာကုပ်သည် အိမ်ပြန်ရောက်ပြီး၊ ဖခင်ဣဇာက်နှင့် ပြန်လည်တွေ့ဆုံခဲ့သည်။ နောက်ပိုင်းတွင် အစာရေဆာငတ်မွတ်ခေါင်းပါးမှု ကြုံတွေ့ရသည်။ သို့သော် ယာကုပ် သားများထဲမှ ယောသပ်ကို ဘုရားသခင်က အီဂျစ်ပြည်သို့ စောစောစီးစီး ပို့ဆောင်ခဲ့ပြီး ဖြစ်သည်။ ယောသပ်သည် အီဂျစ်ပြည်သို့ ကျွန်အဖြစ် ရောက်သွားခဲ့သော်လည်း၊ ယခု တွင် အီဂျစ်ပြည်၏ဒုတိယဘုရင်ခံ ဖြစ်လာခဲ့သည်။ ငတ်မွတ်ခေါင်းပါးခြင်းမှ လွတ်မြောက် ရန် ယောသပ်သည် သူ၏ဖခင်ယာကုပ်နှင့် (ရ၀)သော မိသားစုတစ်ခုလုံးကို အီဂျစ်ပြည် သို့လာရန် ခေါ်ခဲ့သည်။
ဆင်ခြင်စရာ
ယာကုပ်၏မပြည့်စုံခြင်း၊ လိမ်လည်လှည့်စားခြင်းများကို သိလျက်နဲ့ဘုရားသခင် သည် ယာကုပ်ကို ကောင်းကြီးပေးခဲ့သည်။ ယာကုပ်သည် သူ၏လှည့်စားခြင်းကြောင့် မိဘအရိပ်အောက်တွင် သက်သက်သာသာ နေရသည့်ဘဝမှ ထွက်ပြေးခဲ့ရသည်။ ဘု ရားသခင်၏ကွယ်ကာမစခြင်းကို ရှာခဲ့ရသည်။ သူ့ဘဝ၏နောက်ဆုံးချိန်တွင် ဘဝကပေး
သော သင်ခန်းစာများကြောင့် ဘုရားသခင်၏လမ်းပြခြင်းကို ငြိမ်ဝပ်စွာ မျှော်လင့်နေခဲ့ သည်။ ဤပြောင်းလဲခြင်းကြောင့် ဘုရားက “လှည့်စားခြင်း၊ လုယူခြင်းဟု အဓိပ္ပါယ်ရ
သော ယာကုပ်နာမည်ကို “ဘုရားသခင်နှင့်လုံးထွေးသူ” ဟု အဓိပ္ပါယ်ရသော “ဣသရေ လ” အဖြစ်သို့ ပြောင်းပေးခဲ့သည် (၃၂း၂၈)။
သင်ခန်းစာယူစရာ
အဆုံးသတ်က ဘယ်သောအခါမှ မျက်နှာမလိုက်တတ်ဘူး။ ယာကုပ်သည် ကောင်းကြီးခံစားရမည်အကြောင်းကို ဘုရားသခင်က ရေဗက္ကကို ပြောထားပြီးဖြစ်သည်။ သို့သော် ဣဇာက်က သောကို ကောင်းကြီးပေးရန်စီစဉ်သောအခါ ရေဗက္ကစိတ်မရှည်နိုင်
တော့ပေ။ ထို့ကြောင့် လှည့်စားသောနည်းလမ်းဖြင့် ကောင်းကြီးယူရန် ရေဗက္ကရွေးချယ် ခဲ့သည်။ ထိုအတွက် ကြီးမားသောအဖိုးအခကို ပေးခဲ့ရသည်။ အဖိုးအခမှာ သူမ မသေ မီ သားနှစ်ယောက်စလုံးကို တွေ့မြင်ခွင့် မရတော့ပေ။ ဘုရားသခင်၏အကြံအစည်ပြည့်စုံ ရန် ဘုရားက ကျွန်တော်တို့၏အကူအညီ မလိုပေ။
လှည့်စားခြင်းက လှည့်စားခြင်းကို ဖြစ်စေသည်။ အပြစ်အတွက် ဆိုးကျိုးအမြဲ တမ်းရှိသည်။ ယာကုပ်၏လှည့်စားခြင်းသည် ယာကုပ်ကို အိမ်မှထွက်ပြေးစေပြီး၊ နှစ် ပေါင်းများစွာ ပြန်လည် လှည့်စားခြင်းခံရသည်။ ဆယ်ကြိမ်လှည့်စားခံခဲ့ရကြောင်း ယာ ကုပ်က ဖော်ပြထားသည် (၃၁း၄၁)။ ခရစ်ယာန်အသက်တာတွင် သင်၏အပြစ်အတွက် ဘုရားသခင် ဖြေရှင်းပေးရန် မမျှော်လင့်ပါနှင့်။ ဘုရားသခင် ခွင့်လွှတ်သည်။ သို့သော် စိုက်သည့်အတိုင်း ရိတ်ရမည်။
ဝိညာဉ်ရင့်ကျက်ခြင်းသည် ခရီးရှည်ကြီးတစ်ခု ဖြစ်သည်။ ယာကုပ်သည် သူ၏ ဘဝအစောပိုင်းတွင် သူလိုချင်သောအရာကို မရမက လှည့်စားခြင်းဖြင့် ရယူခဲ့သည်။ သူ၏ဘဝအဆုံးပိုင်းတွင် ဘုရားသခင်၏လက်တော်ဖြင့်ကြံစည်ခြင်းကို နားလည်သဘော ပေါက်ခဲ့သည်။ ထို့ကြောင့် ဘိုးဘေးများပြည်သို့ ဘုရားသခင်ပြန်လည်ခေါ်ဆောင်လာမည့် အချိန်ကို စိတ်ရှည်စွာစောင့်စားရန် သူ၏သား၊ ယောသပ်ကိုပင် ခွန်အားပေးခဲ့သည် (က ၄၈ ၂၁)။ ထို့ကြောင့် လှည့်စားခြင်းများကို ဘေးဖယ်ပါ။ သင်၏ဝိညာဉ်ရင့်ကျက်ရန် ကိုယ့်ကိုကိုယ်အားကိုးခြင်းမှ ဘုရားကိုအားကိုးခြင်းသို့ အလျင်အမြန် ပြောင်းလဲလိုက်ပါ။ ယာကုပ်တွေ့ကြုံခဲ့ရသော ဒုက္ခများကို ရှောင်ရှားပါ။
ယာကုပ်၏သားဆယ်နှစ်ယောက်
ရုဗင်
ရှိမောင်
လေဝိ ယုဒ
ဂဒ် ၊ အာရှာ ဣသခါ ဇာဗုလုန်
ယောသပ် ဗဟ်မိန်
နဿလိ
ယောသပ်
သစ္စာရှိခြင်းနှင့်ခွင့်လွှတ်ခြင်း
သင်တို့ သည် ကျွန်ုပ်ကိုညှဉ်းဆဲမည် ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည် အတိုင်း လူများအသက်ချမ်းသာစေခြင်းငှါ
ကျေးဇူးပြုမည်ကြံတော်မူ၏။
(က ၅၀း၂၀)
အရည်အချင်း- ခွင့်လွှတ်ခြင်း။ ။
ပြည့်စုံခြင်း- အီဂျစ်ပြည်သို့ ဘုရားသခင်၏ပို့ဆောင်ခြင်းခံရပြီး၊ သူ၏မိသားစုနှင့်ဂျူးတစ်
မျိုးလုံးကို ကယ်တင်ခြင်း။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၁၉၁၄-၁၈၀၄။
နာမည်- ယောသပ်- အဓိပ္ပါယ်၊ “ဘုရားသခင် ထပ်ပေါင်းဖြည့်ပေးခြင်း။
ကျမ်းပိုဒ်- ကမ္ဘာ ၃ရ-၅၀။
နောက်ခံအကြောင်းအရာ
ယောသပ်သည် ယာကုပ်၏သား (၁၂) ယောက်မှ (၁၁) ယောက်မြောက်သားဖြစ် သည်။ ယာကုပ်အလွန်ချစ်သော ရာခေလက မွေးဖွားသည်။ ထို့ကြောင့် ယာကုပ်က
ယောသပ်ကို အခြားသောသားများထက် ပို၍ချစ်သည်မှာ မဆန်းပေ။ အာဗြဟံ၊ ဣ ဇက်၊ ယာကုပ်တို့အား ပေးမည်ဟု ဘုရားသခင် ကတိပေးသော ခါနာန်ပြည်သည်မြောက်
ပိုင်းမှ အင်အားကြီးသည့် တိုင်းပြည်များနှင့် တောင်ပိုင်းမှ အီဂျစ်ပြည်ကြားတွင် ရှိနေ သည်။ မြောက်ပိုင်းနှင့်တောင်ပိုင်းကိုဆက်သွယ်သောတံတားအဖြစ် တည်ရှိသောကြောင့် ခါနာန်ပြည်တွင် မကြာခဏဆိုသလို စစ်ပွဲများ ဖြစ်တတ်သည်။ ဘုရားသခင် ကတိပေး ထားသည့်အတိုင်း အာဗြဟံ၏အမျိုးအနွယ်များ လူမျိုးကြီးအဖြစ်သို့ တိုးပွားများပြားရန် သူတို့အတွက် လုံခြုံသောနေရာတစ်ခု လိုအပ်သည်။ အီဂျစ်ပြည်၏ စိုက်ပျိုးရေးကောင်း မွန်သောနေရာ၌ အခြေချနေထိုင်ခြင်းအားဖြင့် အမျိုးအနွယ်သည် ပွားများလာခဲ့သည်။ ထို့နောက် အင်အားကြီးမားစွာ ခါနာန်ပြည်သို့ပြန်လာပြီး ထိုပြည်၌နေထိုင်လျက်ရှိသောသူ များကို မောင်းထုတ်ဖယ်ရှားမည် ဖြစ်သည်။ ယာကုပ်နှင့်မိသားစုများ အားလုံးကို အစာ ရေစာငတ်မွတ်ခေါင်းပါးသောအချိန်၌ အီဂျစ်ပြည်တွင် အခြေချနေထိုင်ရန် အဓိကကူညီ ပေးသော ဇာတ်ကောင်တစ်ဦးအဖြစ် ယောသပ်၏အခန်းကဏ္ဍသည် အရေးပါလှသည်။
ခြုံငုံကြည့်ခြင်း ၊
မျက်နှာလိုက်ခြင်းက ယာကုပ်၏မိဘ (ဣဇာက်နှင့်ရေဗက္က)နှင့် အမွှာညီအစ်ကို ၊ နှစ်ယောက်၏စည်းလုံးညီညွှတ်ခြင်းကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။ ယခုလည်း ယာကုပ် မိသားစုအလှည့်ရောက်လာခဲ့သည်။ ယောသပ်ကို အခြားသောသားများထက် ပို၍ချစ် ခြင်းနှင့် မျက်နှာလိုက်ခြင်းက သိသာထင်ရှားပြီး၊ အခြားသော ညီအစ်ကိုများက ယော သပ်ကို မနာလိုစိတ်နှင့် မုန်းတီးလာကြသည်။ ညီငယ်ကို မုန်းတီးနေသော အစ်ကိုများက အီဂျစ်ပြည်သို့သွားသော ကုန်သည်များထံသို့ ရောင်းစားခဲ့ကြသည်။
မတရားသဖြင့်ဒုက္ခရောက်ရသော်လည်း ယောသပ်သည် မတိမ်းမယိမ်းဘဲ ဘု ရားသခင်ကိုကိုးစားလျက်ရှိနေသည်။ ဘုရားအလိုတော်နှင့်အညီအသက်ရှင်သောကြောင့် အီဂျစ်ပြည်၏ဒုတိယဘုရင်အဖြစ်သို့ ချီးမြှောက်ခြင်းခံရသည်။ အကြောင်းအရာ •
ယောသပ်၏အစောပိုင်းနှစ်များ (ကမ္ဘာ ၃ရ)
ယောသပ်သည် ယာကုပ်အလွန်ချစ်သော ရာခေလ၏သားနှစ်ယောက်မှ သား
အကြီးဖြစ်သည်။ ထို့ကြောင့်လည်း ယာကုပ်သည် အခြားသောသာများထက် အစစ် ကို ပို၍ချစ်သည်မှာ မထူးဆန်းပေ။ သို့သော် အခြားသောညီအစ်ကိုများက အစ်ကို မနာလိုမုန်းတီးလာခဲ့ကြသည်။ အစ်ကိုက ယောသပ်ကို ကုန်သည်များ၊တီတို့ ရောင်၊ စားခဲ့ပြီး၊ ယောသပ်သေပြီဟု ဖခင်ယာကုပ်ကြီးကို လိမ်လည်ခဲ့ကြသည်။ ကုပ်မည် သူ၏ဖခင်၊ဣဇာက်ကို လိမ်လည်ခဲ့သောအပြစ်သည် ယခု သူ၏သားများက သူ့ကို ပြန် ၍ လိမ်လည်ခဲ့ကြသည်ကို အံ့သြစွာတွေ့ရသည်။ •
ပေါတိဖာအိမ်မှ ယောသပ် (ကမ္ဘာ ၃၉) ၊
မတရားသဖြင့်ခံရသော ယောသပ်၏အခြေအနေသည် သူ၏အလုပ်ကြိုးစား ခြင်းကို မထိခိုက်ခဲ့ပါ။ အီဂျစ်ပြည်၊ တိဖာအိမ်သို့ ကျွန်အဖြစ်ရောက်လာပြီး မကြာ မီတွင် ယုံကြည်စိတ်ချရဆုံး၊ အားကိုးရဆုံး အစေခံကျွန်တစ်ယောက်ဖြစ်လာခဲ့သည်။ ပေါတိဖာသည် ဖာရောဘုရင်၏ရာထူးကြီးသော မှူးမတ်တစ်ယောက် ဖြစ်သည်။ ပါတီ ဖာသည် ယောသပ်အား အိမ်တစ်ခုလုံးကို တာဝန်ပေးအပ်ခဲ့သည်။ နောက်ပိုင်းတွင် ပေါတိဖာ၏မိန်းမက ယောသပ်ကို တပ်မက်စွဲလန်းကာ သွေးဆောင်ဖြားယောင်းခဲ့သည်။
ယောသပ်က “အပြစ်ကြီးသောဤအမှုကိုပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင် သနည်း (၃၉ ၉)ဟု ဆိုကာ ထိုသွေးဆောင်ခြင်းမှ ရုန်းထွက်ခဲ့သည်။ ပေါတိဖာမိန်းမက
ယောသပ်ကို စွပ်စွဲသောကြောင့် ပေါတိဖာက ယောသပ်ကို ထောင်ချခဲ့သည်။ •
အိပ်မက်အနက်ကိုဖော်ပြသော ယောသပ် (ကမ္ဘာ ၃၉း၂၁-၄၁း၃၆)
ယောသပ်၏အရည်အချင်းနှင့်ရိုးသားဖြောင့်မတ်ခြင်းသည် ယောသပ်ကိုမျက် နှာသာရစေခဲ့သည်။ အကျဉ်းထောင်တွင် ယောသပ်က ထောင်မှူး၏ကိုယ်စားလှယ် အ ဖြစ်ထောင်ကို အုပ်ချုပ်ရသည်။ ယောသပ်ထောင်ထဲတွင်ရှိနေစဉ် ဖာရောဘုရင်၏မှူး မတ်နှစ်ယောက်သည်လည်း ထောင်သွင်းအကျဉ်းချခြင်းခံရသည်။ နှစ်ယောက်စလုံးက သူတို့ဘဝနှင့်ဆိုင်သောအိပ်မက်များ မြင်မက်ခဲ့ကြသည်။ ထိုအိပ်မက်အနက်ကို ယော သပ်က ဖော်ပြကာ၊ ယောသပ်ပြောသည့်အတိုင်း တစ်ယောက်သည် ကြိုးဆွဲချခံရပြီ။ နောက်တစ်ယောက်မှာမူ နဂိုမူလရာထူးကို ပြန်လည်ရရှိခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်
ပျက်ပြီး (၂)နှစ် ကြာသောအခါ ဖာရောဘုရင်သည် သူကိုယ်တိုင် နားမလည်သည့် အိပ်မက်ကို မြင်မက်ခဲ့သည်။ ထိုအခါ နဂိုမူလရာထူးကို ပြန်လည်ရရှိသောမှူးမတ်သည် ၊
ထောင်တွင်း၌ အိပ်မက်အနက်ကို ဖော်ပြနိုင်ခဲ့သောယောသပ်ကို သတိရကာ၊ ဖာရော ဘုရင်ထံသို့ သွင်းစေခဲ့သည်။ •
အီဂျစ်ပြည်၏ဒုတိယဘုရင် ချီးမြှောက်ခြင်းခံရသောယောသပ် (ကမ္ဘာ ၁)
ယောသပ်သည် ဖာရောဘုရင်၏အိပ်မက်ကို အနက်ဖော်ပြနိုင်ခဲ့သည်။ အစာ ရေစာပေါကြွယ်ဝသော (ရ)နှစ်ရောက်လာပြီးနောက်တွင် အင်မတန်ဆိုးဝါးသော တ် မွတ်ခေါင်းပါးသည့် (ရ)နှစ် ရောက်လာမည် ဖြစ်သည်။ ထိုကြောင့် ငတ်မွတ်ခေါင်းပါးမည် – (ရ)နှစ်တွင် ပြည်သူများကို အစာရေစာထောက်ပံ့နိုင်ရန်အတွက် ယခု အစာပေါကြွယ်ဝ ၊ သည့် (ရ)နှစ်တွင် အစာများကိုသိထားရန်၊ ထိုတာဝန်ကို ဦးဆောင်နိုင်မည့် လူတစ်
ယောက်ကို ခွဲခန့်မှတ်သားရန် ယောသပ်က အကြံပြုခဲ့သည်။ ဖာရောဘုရင်နှင့်တကွ သူ၏မှူးမတ်များသည် ယောသပ်၏အကြံပြုချက်ကို အလွန်သဘောကျကာ၊ ထို တာဝန်ကို စီမံခန့်ခွဲရန် ဖာရောဘုရင်က ယောသပ်ကို ခန့်ထားသည်။ အသက်(၃၀)တွင်
ယောသပ်သည် အီဂျစ်ပြည်၏ ဒုတိယဘုရင် ဖြစ်လာခဲ့သည်။ ပေါတိဖာအိမ်တွင် အစေခံကျွန်အဖြစ်၎င်း၊ အကျဉ်းထောင်တွင် ထောင်သားအဖြစ်၎င်း ရှိခဲ့စဉ်တုန်းကအ တိုင်း ဘုရားသခင်သည် ယောသပ်၏အလုပ်ကြိုးစားခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ စီမံခန့် ခွဲနိုင်ခြင်းတို့အတွက်ကြောင့် ယောသပ်ကို ကောင်းကြီးပေးခဲ့သည်။ အီဂျစ်ပြည်တွင်
ယောသပ်အိမ်ထောင်ပြုခဲ့ပြီး၊ မနာရှေနှင့် ဧဖရိမ်၊ သားနှစ်ယောက်ကို ရခဲ့သည် (၄၁း၅၀-၅၂)။
မိသားစုနှင့်ပြန်လည်တွေ့ဆုံသော ယောသပ် (ကမ္ဘာ ၄၂-၄)
အစာရေစာပေါကြွယ်ဝသော (ရ)နှစ်ပြီးသောအခါ ယောသပ်ပြောသလို ငတ် ၊ မွတ်ခေါင်းပါးခြင်း ရောက်ရှိလာခဲ့သည်။ အီဂျစ်ပြည်မှလွဲ၍ တိုင်းနိုင်ငံတစ်လျှောက်လုံး စားစရာ မရှိပေ။ ခါနာန်ပြည်၌ရှိသော ယာကုပ်သည် အီဂျစ်ပြည်၌ အစာရေစာ ရနိုင် သည့်သတင်းကို ကြားသောအခါ အီဂျစ်ပြည်သို့ သူ၏သားများကို နှစ်ကြိမ်စေလွှတ်
သည်။ နှစ်ကြိမ်စလုံးတွင် အစ်ကိုများသည် ယောသပ်နှင့် တွေ့ဆုံခဲ့သည်။ သို့သော်
ယောသပ်ဖြစ်မှန်း အစ်ကိုများက မမှတ်မိခဲ့ကြပေ။ နောက်ဆုံးတွင် ယောသပ်က သူ သည် ညီယောသပ်ဖြစ်ကြောင်း၊ အတိတ်မှအစ်ကိုများ၏လုပ်ရပ်ကို ခွင့်လွှတ်ကြောင်း၊ ဖခင်ယာကုပ်နှင့် မိသားစုတစ်ခုလုံး ငတ်မွတ်ခေါင်းပါးခြင်းဒဏ်မှ လွတ်မြောက်ရန် အီ ဂျစ်ပြည်သို့ ပြောင်းရွှေ့လာရမည်ဖြစ်ကြောင်းနှင့် ယောသပ်က သူတို့ကို အီဂျစ်ပြည်တွင် မစထောက်ပံ့မည် ဖြစ်ကြောင်း ပြောခဲ့သည်။
အီဂျစ်ပြည်၌ပင် ယာကုပ် သေဆုံးခဲ့သည်။ ယာကုပ် မသေဆုံးမီတွင် သားတစ် ၊ ယောက်ချင်းစီကို ကောင်းကြီးပေးခဲ့သည်။ ယောသပ်အလှည့်ရောက်သောအခါ ယော သပ်၏သားနှစ်ယောက်စလုံးကိုပါ ကောင်းကြီးပေးခဲ့သည်။ ယောသပ်သည် ကောင်းကြီး နှစ်ဆရမည်ဖြစ်ကြောင်း ထပ်မံပြောခဲ့သည်။ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့သော်လည်း ယောသပ်သည် ယာကုပ်၏အချစ်ဆုံးသား ဖြစ်နေသေးသည်မှာ အံ့သြစရာပင်ဖြစ်သည်။
ယောသပ်သည် အသက် (၁၁၀) ရှိသောအခါ အီဂျစ်ပြည်၌ သေဆုံးခဲ့သည်။ ဣသရေလအမျိုးသားများ ခါနာန်ပြည်သို့ ဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်သောအခါ သူ၏အ ရိုးများကို ယူသွားရန် ပြောခဲ့သည်။ ခက်ခဲကြမ်းတမ်းသောဘဝကို ဖြတ်သန်းခြင်းနှင့်အတူ အဆုံးထိတိုင် ယောသပ်သည် သူ့အတွက်နှင့် သူ၏လူများအတွက် ဘုရားသခင်၏ ကတိတော်များကို ယုံကြည်ကိုးစားခဲ့သည်။ နှစ်ပေါင်း (၄၀၀)ကြာသောအခါ မောရှေ၊ သည် ယောသပ်၏အရိုးများကို အီဂျစ်ပြည်မှ ယူဆောင်သွားခဲ့သည်။ မောရှေနေရာတွင် ခေါင်းဆောင်ဖြစ်လာသော ယောရှုသည် အူခင်မြို့၌ ယောသပ်၏အရိုးများကို သဂြိုလ်ခဲ့၊ သည် (ယောရှု ၂၄း၃၂)။ |
ဆင်ခြင်စရာ
ဟေဗြဲလူမျိုးများ ငတ်မွတ်ခေါင်းပါးသည့်ဒဏ်မှ လွတ်မြောက်ရန် ယောသပ် သည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ရသည်။ နာကျင်ဒုက္ခဆင်းရဲခြင်းများတွေ့ ကြုံခဲ့ရသော်လည်း ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်နှစ်သက်သော ဂုဏ်အင်လက္ခဏာ များရှိသောကြောင့် ဘုရားသခင်၏ အသုံးပြုခြင်းခံခဲ့ရသည်။ သွေးဆောင်ခြင်းကို ကျော်
လွှားနိုင်ခြင်း၊ အလုပ်ကြိုးစားလုပ်ဆောင်ခြင်းနှင့် ရိုးသားဖြောင့်မတ်ခြင်းများက အတတ် စရာပင် ဖြစ်သည်။
အီဂျစ်ပြည်တွင် ဒုတိယအာဏာအရှိဆုံး ဘုရင်ဖြစ်သော်လည်း အတ္တကင်းမဲ့စွာ သူတပါးတိုင်းပြည်တွင် ကောင်းစွာနေထိုင် အသက်ရှင်ခဲ့သည်။ အစ်ကိုများက မတရား စွာ ဆက်ဆံသော်လည်း သူတို့ကိုခွင့်လွှတ်ကာ၊ အီဂျစ်ပြည်၌ခံစားရသော ဘုရားသခင်၏
ကောင်းကြီးများကို အတူတကွ မျှဝေခံစားရန် အီဂျစ်ပြည်သို့ ခေါ်ခဲ့သည်။ “သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည်ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်းလူ များအသက်ချမ်းသာစေခြင်းငှါ ကျေးဇူးပြုမည်ကြံတော်မူ၏” (က ၅၀း၂၀)။
သင်ခန်းစာယူစရာ
သင့်အကြောင်းကို သင်ကိုယ်တိုင်ပြောရာ၌ သတိထားပါ။ အထူးသဖြင့် သင် က သူတပါးထက်သာလွန်နေလျှင် အထူးသတိပြုပါ။ ဘုရားသခင်ပေးထားသောရူပါရုံနှင့် သင်၌ရှိသော အရည်အချင်းများကို ယုံကြည်စိတ်ချမှုရှိပါ။ သို့သော် ထိုအရာများပေါ်၌ ဂုဏ်မာနနှင့်ဝါကြွားခြင်း မဖြစ်ရန် သတိပြုပါ။ သင်လုပ်စရာရှိသည်များကို နှိမ့်ချသော စိတ်နှင့် ဆက်လက်လုပ်ဆောင်ပါ။
သင်လုပ်သမျှအရာရာတိုင်း၌ အကောင်းဆုံးကို ပေးဆပ်ပါ။ ယောသပ်သည် အမြင့်နေရာ၌ဖြစ်စေ (ပေါတိဖာအိမ်)၊ အနိမ့်ဆုံးနေရာ၌ဖြစ်စေ (အကျဉ်းထောင်)၊ သူ့ကို ခိုင်းသမျှအရာရာတိုင်း၌ အကောင်းဆုံး လုပ်ခဲ့သည်။ ဘုရားသခင်သည်လည်း သင်ရှိ ၊ နေသောနေရာ၊ လုပ်နေသောအလုပ်၌ အကောင်းဆုံးကို တောင်းဆိုပါသည် (ကော ၃း၁၅)။ အသေးအမွှားလေးကစ အကောင်းဆုံးပေးဆပ်ခြင်းသည် ဘုရားသခင်၏ဘုန်း
တော်ထင်ရှားစေသည်။ ယောသပ်ကဲ့သို့ အနာဂတ်တွင်ကြီးမားသည် စိန်ခေါ်မှုများ၊ အ လုပ်တာဝန်များအတွက် ယခု အသေးအမွှားအလုပ်လေးက သင့်ကို သင်တန်းပေးနေ ကြောင်း သတိပြုပါ။
အပြစ်သွေးဆောင်ခြင်းကို ရှောင်ပါ။ သွေးဆောင်ခြင်းများနှင့်ပြည့်နှက်နေ သည့်လောကတွင် အသက်ရှင်နေရသည်။ အပြစ်ပြုခြင်းသည် ဘုရားသခင်ကို စော်ကား ခြင်းဖြစ်ကြောင်း ယောသပ်ကဲ့သို့ အမြင်ရှိရန် အရေးကြီးပါသည်။ ကူညီမစခြင်းကိုခံရန် ဘုရားသခင်ကို မျှော်ကြည့်ပါ။ အပြစ်မပြုမိရန် သင့်ကိုယ်သင် ရှောင်ရှားပါ။ ဘုရားသခင် ဘုန်းထင်ရှားစေပြီး၊ အခြားသူများကိုလည်း လေးစားရာရောက်သည်။
ဘုရားသခင်၏အမြင် ရှိပါစေ။ ပေါတိဖာမိန်းမ၏ သွေးဆောင်ဖြားယောင်းခြင်း ဖြစ်စေ၊ အစ်ကိုများ၏ မတရားပြုခြင်းဖြစ်စေ၊ ယောသပ်သည် အမြဲတမ်း သူ့ဘဝအတွက် ဘုရားသခင်၏အကြံအစည်ကိုသာ အာရုံစိုက်သည်။ သင်၏အခြေအနေဘယ်လောက်ပဲ ဆိုးဝါးပါစေ၊ ယခုလက်ရှိအခြေအနေကိုကျော်ပြီး သင့်အသက်တာအတွက် ဘုရားပြုမည့် အရာများကိုသာ မျှော်ကြည့်ပါ။ ဘုရားကို ကိုးစားအသက်ရှင်ပါ။
မောရှေ
လွတ်မြောက်ပေးသူ ၊
ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက်တတ်သည်နည်းတူ၊ မောရှနှင့်မျက် နှာ ချင်းဆိုင်၍ နှုတ် ဆက် တော်မူ၏။
(ထွက် ၃၃း၁၁)
အရည်အချင်း- ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့သူ။
ပြည့်စုံခြင်း- ဣသရေလလူများကို အီဂျစ်ပြည်မှ လွတ်မြောက်စေသူ။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၁၅၂၀-၁၄၀၀ (အသက် ၁၂၀)။
နာမည်- မောရှေ၊ အဓိပ္ပါယ်- “ရေထဲမှ နှုတ်ယူခြင်း။
ကျမ်းပိုဒ်- ထွက်မြောက်ရာကျမ်း – တရားဟောရာကျမ်း။ နောက်ခံအကြောင်းအရာ
ယောသပ်သေဆုံးခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၃၀၀)ရှိသွားပြီ။ ယောသပ် သည် အီဂျစ်ပြည်၏ အစာရေစာငတ်မွတ်ခေါင်းပါးချိန်တွင် ဖာရောဘုရင်အတွက် အား ကိုးစိတ်ချရဆုံးခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့သည်။ ယောသပ်၏ဖိတ်ခေါ်ချက်ကြောင့် သူ့ဖခင်၊ ယာကုပ်နှင့်အတူ (၆၆)ယောက်သော မိသားစုတစ်ခုလုံးက ခါနာပြည်ကနေ
တောင်ပိုင်း အီဂျစ်ပြည်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။
အီဂျစ်ပြည် ကောင်းစားရေးအတွက် ယောသပ်၏လုပ်ဆောင်မှုများကို မသိ သော ရှင်ဘုရင်အသစ်များ အုပ်စိုးလာခဲ့ကြသည်။ ယာကုပ်၏အမျိုးအနွယ်များပြားလာ ခြင်း၊ လူဦးရေတိုးပွားလာခြင်းကြောင့် ဟေဗြဲလူမျိုးများက အီဂျစ်(အဲဂုတ္တု)လူများအား နိုင်လိုမင်းထက်ပြုလာမည်ကို စိုးရိမ်လာခဲ့ကြသည်။ ထို့ကြောင့် အီဂျစ်လူများသည်
ဟေဗြဲလူများကို ကျွန်ပြုလာကြသည်။ ဟေဗြဲလူများသည် ပင်ပန်းဆင်းရဲကြီးစွာခံစားရပြီး၊ ဘုရားသခင်ကို အော်ဟစ်ခဲ့ကြသည်။ ဘုရားသခင်သည် သူတို့၏ဆင်းရဲဒုက္ခကို မြင် သည်။ အော်ဟစ်သံကို ကြားသည်။ ထို့ကြောင့် လွတ်မြောက်ပေးမည့်သူ “မောရှေ” ကို စေလွှတ်ခဲ့သည် (ထွက် ၃ရ-၈)။
ခြုံငုံကြည့်ခြင်း ၊
ဘုရားသခင်ကို အစေခံခြင်း၌ မောရှေတွင် အဓိက လုပ်ဆောင်ရသည့် အခန်း ကဏ္ဍ(၄)ခုရှိသည်။ “
မောရှေသည် နိမိတ်လက္ခဏာပြုလုပ်သူဖြစ်သည်- မောရှေ နိမိတ်လက္ခဏာပြ နိုင်ရန် ဘုရားသခင်သည် မောရှေကို တန်ခိုးပေးခဲ့သည်။ ဘုရားသခင်၏တန် ခိုးစီးဆင်းရာလမ်းကြောင်းအဖြစ် မောရှေ၏အစေခံခြင်းကို ကျွန်ခံရသောလူမျိုး တွင်သာမက၊ ဖိနှိပ်ချုပ်ချယ်သောအီဂျစ်လူမျိုး၊ ဖာရောဘုရင်ပါ ထင်ထင်ရှား ရှား တွေ့မြင်ခဲ့သည်။
မောရှေသည်ပရောက်တစ်ယောက်ဖြစ်သည်- ဣသရေလလူမျိုးကိုကောင်းကြီး
ပေးမည်အကြောင်း၊ ဖာရောဘုရင်နှင့်သူ၏လူမျိုးကို တရားစီရင်မည်အကြောင်း ဘုရားသခင်သည် မောရှေအားဖြင့် ဖွင့်ပြခဲ့သည်။
မောရှေသည် ပညတ်တရားကိုပေးသောသူ ဖြစ်သည်- မောရှေ့မတိုင်မီအချိန်ထိ
လူများတွင် ဘာပညတ်မှ မရှိသေးပေ။ သိနာတောင်တွင် မောရှေသည် ဘု ၊ ရားသခင်၏ပညတ်တရားများကို ရေးသားခဲ့သည်။ ဤပညတ်များသည် ဣသ
ရေလလူမျိုး၏လမ်းညွှန် ဖြစ်သည်။
မောရှေသည် ခေါင်းဆောင်တစ်ယောက် ဖြစ်သည်- အီဂျစ်ပြည်မှ ထွက်လာခဲ့ ကတည်းက ဣသရေလလူမျိုးသည် မောရှေကို အပြစ်တင်ငြီးတွားခဲ့ကြသည်။ မောရှေသည် နှစ်ပေါင်း (၄၀)လုံးလုံးဤခေါင်းမာသော လူမျိုးနှစ်ဆက်ကို ကတိတော်ပြည်သို့ ဦးဆောင်ခဲ့သည်။ ဆုတောင်းခြင်း၊ ဘုရားသခင်၏ကူညီမ စခြင်းကြောင့်သာ မောရှေသည် ဤလူနှစ်သန်းကို ကတိတော်ပြည် နယ်စပ်
ရောက်သည်အထိ ဦးဆောင်နိုင်ခဲ့သည်။
အကြောင်းအရာ
မောရှေသည် သမ္မာကျမ်းစာ၏ထင်ရှားသော ပုဂ္ဂိုလ်များထဲမှ တစ်ယောက်အပါ အဝင်ဖြစ်သည်။ ကျမ်းပိုဒ်ပေါင်း (၈၀၀)ကျော်က မောရှေကို ရည်ညွှန်းထားသည်။ မော ရှေ၏အသက်တာကို နှစ်ပေါင်း (၄၀)စီ ပိုင်းကာ အပိုင်း(၃)ပိုင်းဖြင့် လေ့လာနိုင်သည်။ •
မောရှေ၏အစောပိုင်းနှစ်များ (ထွက် ၂း၁-၁၅)
မောရှေ့မွေးဖွားချိန်တွင် ဟေဗြဲ၊ သားယောက်ျားလေးများအားလုံးကို သတ်ရန် ဖာရောဘုရင်က အမိန့်ထုတ်ပြန်ခဲ့သည်။ ဟေဗြဲလူများ၏လူဦးရေတိုးပွားနှုန်းကို ထိန်း ချုပ်ရန် ဖြစ်သည်။ သို့သော် မောရှေမိခင်သည် ခြင်းတောင်းထဲတွင် မောရှေကိုထည့်ကာ နိုင်လ်မြစ်တွင် ဖွက်ထားခဲ့သည်။ ထိုနေရာတွင် ဖာရောဘုရင်၏သမီးက ခြင်းတောင်းကို တွေ့သွားသည်။ ဘုရားသခင်၏မစခြင်းအားဖြင့် မိခင်ယေခေဗတ်သည် သားမောရှေကို ပထမသုံးနှစ် နို့တိုက်ကာ၊ ထိန်းကျောင်းခဲ့သည်။ ထို့နောက် မောရှေကို ဖာရောဘုရင်နန်း
တော်သို့ ခေါ်ဆောင်သွားသည်။ ဖာရောဘုရင်၊ သမီး၏သားအဖြစ် မောရှေသည် အီဂျစ်ပြည်၏အကောင်းဆုံးပညာရေးကို သင်ယူခဲ့ရသည်။
အသက် (၄၀)တွင် မောရှေသည် သူ၏လူမျိုးအရင်းအချာကို သတိရသည်။ ငယ်စဉ်တောင်ကျေးကလေးဘဝမှ သူ့မိခင်၏သွန်သင်မှုကြောင့် ဖြစ်နိုင်သည်။ ဟေဗြဲလူ မျိုးကျွန်တစ်ယောက်ကို အီဂျစ်လူက ရိုက်နှက်နေသည်ကို ဝင်ရောက်စွက်ဖက်ကာ၊ ထို အီဂျစ်လူကို သတ်ခဲ့သည်။ လူသတ်မှုသည် ဖာရောဘုရင်ရှေ့သို့ရောက်သွားကာ မော
ရှေသည် တောထဲသို့ ထွက်ပြေးခဲ့သည်။
သိုးထိန်းသမား မောရှေ (ထွက် ၂း၁၅-၂၅)
မိချန်ပြည် တောထဲတွင် မိချန်လူမျိုးသိုးထိန်းများနှင့်တွေ့ဆုံကာ၊ ယေသရော၍ သမီးနှင့်လက်ထပ်ခဲ့သည်။ မောရှေသည် နောက်ထပ်နှစ်ပေါင်း (၄၀)ထိ တောထဲတွင် သိုးထိန်းဘဝအဖြစ် အသက်ရှင်ခဲ့သည်။ ထိုနှစ်ပေါင်း (၄၀)အတွင်းတွင် မောရှေသည် ၊ သူ၏လူများကို ကျွန်ဘဝမှလွတ်မြောက်စေလိုသောရူပါရုံသည် တဖြေးဖြေးပျောက်ကွယ် – သွားခဲ့သည်။ တချိန်တည်းမှာပင် တော၊ တောင်ထဲမှ ဘဝကြမ်းက သူ၏မာနများကိုရိုက် ၊ ချိုးခဲ့ပြီး၊ နှိမ့်ချခြင်းကို သင်ပေးနေခဲ့သည်။
လွတ်မြောက်ပေးသူ မောရှေ (ထွက် ၃၁-တရားဟောရာကျမ်း)
ပထမနှစ် (၄ဝ)တွင် မောရှေသည် အိမ်ရှေ့မင်းသားအဖြစ် အသက်ရှင်ခဲ့ရ သည်။ သူ၏ကိုယ်ပိုင်ခွန်အားဖြင့် သူ့လူများကို ကျွန်ဘဝမှကယ်တင်နိုင်မည်ဟု မာန် ၊ မာနဖြင့် တွေးထင်ခဲ့သည်။ နောက်ထပ် နှစ်(၄၀) သိုးထိန်းသမားအဖြစ် ဘဝကို ၊ ဖြတ်သန်းပြီးသောအခါ လူမျိုးတော်ကို ရွေးနုတ်ကယ်တင်ရန် အဆင်သင့်ဖြစ်နေပြီ။ ထို့ အပြင် သူ၏ မပြည့်စုံမှုများကို သိရှိလာပြီး၊ ဘုရားသခင်၏ခွန်အားကိုသာ အမှီပြုရမည် ဖြစ်ကြောင်းကိုလည်း နားလည်သဘောပေါက်လာသည်။ သူ့ဘဝ၏နောက်ဆုံးပိုင်းနှစ် (၄၀)တွင် ဣသရေလလူမျိုးတော်ကို ဦးဆောင်နိုင်ခဲ့သည်။ ဘုရားသခင်၏ရွေးနုတ်ကယ် တင်သူအဖြစ်
မောရှေသည် ကပ်ကြီး(၁၀)ပါးဖြင့် ဖာရောဘုရင်ကို ရင်ဆိုင်ခဲ့သည်။ ဆယ်ခု
မြောက်ကပ်ကြီးက အီဂျစ်တို့၏သားဦးအားလုံးကို သတ်ခဲ့သည်။ ထိုအခါမှ ဖာရောဘုရင်က ဘုရားသခင်၏လူမျိုးတော်ကို ကျွန်အဖြစ်မှ လွတ်မြောက်ခွင့် ၊
ပေးခဲ့သည် (ထွက် ၅-၁၃)။
မောရှေသည် ပင်လယ်နီကိုဖြတ်ကျော်ပြီး လူမျိုးတော်ကို ဦးဆောင်ခဲ့သည်။ ဘုရားသခင်၏နိမိတ်လက္ခဏာအားဖြင့် ဖာရောစစ်တပ်များသည် ပင်လယ်ထဲ
တွင် သေဆုံးခဲ့ကြသည် (ထွက် ၁၄-၁၅)။
သိနာတောင်ပေါ်တွင် ဘုရားသခင်ထံမှ ပညတ်တော်ဆယ်ပါးကို မောရှေ ရရှိ
ခဲ့သည် (ထွက် ၂၀)။
ဣသရေလလူများသည် ဘုရားကိုကိုးကွယ်ရမည်အစား ရွှေနွားရုပ်ကို ထုလုပ် ခဲ့ခြင်းအတွက် မောရှေသည် သူ၏လူများကိုယ်စား ဘုရားသခင်ထံ တောင်း ပန်ခဲ့သည် (ထွက် ၃၂)။
မောရှေနှင့်လူများသည် ဘုရားသခင်ပြသောပုံစံအတိုင်း တဲတော်ကို တည်
ဆောက်ခဲ့သည် (ထွက် ၂ရ)။
မောရှေသည် ကတိတော်ပြည်ကို ဝင်ရောက်တိုက်ခိုက်ရန် စစ်တိုက်နိုင်သည့်
ယောက်ျားများကို စာရင်းကောက်ကာ စစ်တပ်ကိုဖွဲ့စည်းခဲ့သည်(တော ၁-၂)။
စိုးရိမ်ကြောက်ရွံ့သောသူများက ကတိတော်ပြည်ကို တိုက်ခိုက်သိမ်းပိုက်ရန် ၊ ငြင်းဆိုသောအခါ မောရှေသည် သူတို့အတွက် ဒုတိယအကြိမ် ဘုရားသခင်ထံ
တောင်းပန်ခဲ့သည် (တော ၁၃-၁၄)။
မျိုးဆက်ဟောင်းနေရာတွင် မျိုးဆက်သစ်က ဝင်ရောက်နေရာယူပြီး၊ ကတိ တော်ပြည်ကို သိမ်းပိုက်ရန် အဆင်သင့်ဖြစ်နေသည့်အချိန်ထိ မောရှေသည်
တောထဲတွင် လူမျိုးတော်ကို ဦးဆောင်ခဲ့သည် (တော ၁၅-တရားဟော ၃၁)။
မောရှေသည် ဘုရားသခင်ကို မနာခံခဲ့ပေ။ ထို့ကြောင့် ကတိတော်ပြည်ကို ဝင် ခွင့်မရပေ (တော ၂၀း၁၂)။ သို့သော် သူမသေမီတွင် နေဗောတောင်မှ ကတိ
တော်ပြည်ကို ကြည့်ရှုခွင့်ရခဲ့သည်။ ဘုရားသခင်ကိုယ်တိုင် မောရှေကိုသဂြိုလ်၊ ခဲ့သည် (တရားဟော ၃၄ )
ဆင်ခြင်စရာ
ဘုရားသခင်နှင့်မျက်နှာချင်းဆိုင် မိတ်သဟာယဖွဲ့ခွင့်ရသောသူသည် မော တစ်ယောက်တည်းဖြစ်ကြောင်း ကျမ်းစာက မှတ်တမ်းတင်ထားသည်။ ထိုအချိန်ကာလ တွင် ဘုရားသခင်သည် သူ့ကိုယ်သူ မောရှေကို ဖွင့်ပြသလောက် အခြားသူများကို မဖွင့်ပြခဲ့ပေ။ ဘုရားသခင်နှင့်မောရှေ၏မိတ်သဟာယသည် မောရှေကို သူ၏လူများ ကိုယ်စား ယဇ်ပုရောဟိတ်အဖြစ် ကြားဝင်တောင်းပန်ရန် အခွင့်ရခဲ့သည်။ ဘုရားသခင်၏ ပရောဖက်အဖြစ် ဖာရောဘုရင်ရှေ့တွင် နိမိတ်လက္ခဏာကို ပြနိုင်ခဲ့သည်။ ဘုရားသခင် ၏ကိုယ်စားလှယ်အဖြစ် လူမျိုးတော်ကို ပညတ်တရား၊ ဥပဒေများကို ချမှတ်နိုင်ခဲ့သည်။ မောရှေသည် သမ္မာကျမ်းစာတွင်သာမက၊ ယနေ့ခေတ် ယုဒဘာသာတရားတွင်လည်း စံနမူနာယူထိုက်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့သည်။
သင်ခန်းစာယူစရာ
ဘဝတွင် ရွေးချယ်စရာများ ရှိသည်။ မောရှေသည် အီဂျစ်ပြည်၏စည်းစိမ်များ ထက် ဘုရားကိုအစေခံရန်ရွေးချယ်ခဲ့သည်။ သင်၌လည်း ရွေးချယ်စရာများရှိသည်။ မ တည်မြဲသော လောကီစည်းစိမ်များကို ရွေးချယ်မလား၊ ထာဝရနှင့်ဆိုင်သော အထက် အရာကို ရွေးချယ်မလား။
ဘယ်တော့မှ ဘုရားသခင်ရှေ့မှ မပြေးပါနှင့်။ ဘဝအတွက် ဆုံးဖြတ်ချက်များ ရာတွင် အသေးအမွှားလေးကအစ ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်၌ အဖြေရှာခြင်း၊ ဝိညာဉ်လူများနှင့် တိုင်ပင်ခြင်း မပြုဘဲ ဘယ်သောအခါမှ ဆုံးဖြတ်ချက် မချပါနှင့်။ ဘု ရားသခင်၏လမ်းပြခြင်းနှင့် ကောင်းကြီးစီးဆင်းရန်အတွက် ဘုရား၏နည်းလမ်းနှင့် အ ချိန်ကို စောင့်ပါ။
ဘုရားသခင်၏ခေါ်ခြင်းနောက်တွင် ဘုရား၏မစခြင်း ရှိသည်။ ဘုရားသခင်က မောရှေကို ခေါ်သောအခါ မောရှေသည် သူ့ကိုယ်သူ အရည်အချင်းမရှိဟု ခံယူခဲ့သည်။ ဘုရားသခင်သည် လိုအပ်သောအရာကို မစထောက်ပံ့ခြင်းမရှိဘဲ သင့်ကို ဘယ်သောအခါမှ မခိုင်းပေ။ ယုံကြည်ခြင်းတစ်ခုတည်းဖြင့်သာ သင့်ဘက်က တုန့်ပြန်ရမည်။ ကျန် သည့်ကဏ္ဍကို ဘုရားသခင် လုပ်ဆောင်သွားမည်။
အပြစ်ကို ခွင့်လွှတ်သည်။ သို့သော် အကျိုးဆက်ကို ခံရမည်။ အချိန်တခဏ အတွင်း ဘုရားကို နာမခံလိုက်ခြင်းက မောရှေ၏ဘဝတစ်ခုလုံး ပြောင်းလဲသွားသည်။ သင်လည်း ဘုရားသခင်၏ဂရုဏာ၊ ခွင့်လွှတ်ခြင်း၊ ချစ်ခြင်းမေတ္တာ ခံစားနိုင်ပါသည်။ သို့သော် မောရှေကဲ့သို့ သင့်ဘဝတစ်လျှောက်လုံး နောင်တရနေမည့်ဆိုးကျိုးကို မခံစား ရန် ဘုရားစကားကို နာခံဖို့ ရွေးချယ်ပါ။ နောင်တကင်းစွာ အသက်ရှင်ပါ။
မောရှေ၏မိသားစု သာ ဖခင်မှာလေဝိအမျိုးဖြစ်သည်။
မိခင်သည် ယုံကြည်ခြင်းသူရဲကောင်းဖြစ်သည် (ဟေဗြဲ ၁၁း၂၃)။ ညီ အစ်မသည် မိရိအံဖြစ်ပြီး၊ မောရှေကို ဖာရောဘုရင်၏သမီးက ရထဲမှဆယ်ယူသော
အခါမောရှ၏မိခင်ကိုယ်တိုင် နို့တိုက်ပြုစုခွင့်ရရန် ပြောပသူဖြစ်သည်။ ဣသရေလ အမျိုးသမီးများ၏ခေါင်းဆောင်လည်း ဖြစ်သည်။ ညီ အစ်ကိုသည် အာရုန်ဖြစ်သည်။ မောရှကိုယ်စား စကားပြောပေးသူ၊ ပထမဆုံးသော
ယဇ်ပုရောဟိတ် ဖြစ်သည်။ ဇနီးမှာမိချန်ယဇ်ပုရောဟိတ်ဓယသရာ၏သမီး၊ ပေါရဖြစ်သည်။
ရေလလူမျိုး၏လမ်းညွှန် ဖြစ်သည်။
မောရှေသည် ခေါင်းဆောင်တစ်ယောက် ဖြစ်သည်- အီဂျစ်ပြည်မှ ထွက်လာခဲ့ ကတည်းက ဣသရေလလူမျိုးသည် မောရှေကို အပြစ်တင်ငြီးတွားခဲ့ကြသည်။ မောရှေသည် နှစ်ပေါင်း (၄၀)လုံးလုံးဤခေါင်းမာသော လူမျိုးနှစ်ဆက်ကို ကတိတော်ပြည်သို့ ဦးဆောင်ခဲ့သည်။ ဆုတောင်းခြင်း၊ ဘုရားသခင်၏ကူညီမ စခြင်းကြောင့်သာ မောရှေသည် ဤလူနှစ်သန်းကို ကတိတော်ပြည် နယ်စပ်
ရောက်သည်အထိ ဦးဆောင်နိုင်ခဲ့သည်။
အကြောင်းအရာ
မောရှေသည် သမ္မာကျမ်းစာ၏ထင်ရှားသော ပုဂ္ဂိုလ်များထဲမှ တစ်ယောက်အပါ အဝင်ဖြစ်သည်။ ကျမ်းပိုဒ်ပေါင်း (၈၀၀)ကျော်က မောရှေကို ရည်ညွှန်းထားသည်။ မော ရှေ၏အသက်တာကို နှစ်ပေါင်း (၄၀)စီ ပိုင်းကာ အပိုင်း(၃)ပိုင်းဖြင့် လေ့လာနိုင်သည်။ •
မောရှေ၏အစောပိုင်းနှစ်များ (ထွက် ၂း၁-၁၅)
မောရှေ့မွေးဖွားချိန်တွင် ဟေဗြဲ၊ သားယောက်ျားလေးများအားလုံးကို သတ်ရန် ဖာရောဘုရင်က အမိန့်ထုတ်ပြန်ခဲ့သည်။ ဟေဗြဲလူများ၏လူဦးရေတိုးပွားနှုန်းကို ထိန်း ချုပ်ရန် ဖြစ်သည်။ သို့သော် မောရှေမိခင်သည် ခြင်းတောင်းထဲတွင် မောရှေကိုထည့်ကာ နိုင်လ်မြစ်တွင် ဖွက်ထားခဲ့သည်။ ထိုနေရာတွင် ဖာရောဘုရင်၏သမီးက ခြင်းတောင်းကို တွေ့သွားသည်။ ဘုရားသခင်၏မစခြင်းအားဖြင့် မိခင်ယေခေဗတ်သည် သားမောရှေကို ပထမသုံးနှစ် နို့တိုက်ကာ၊ ထိန်းကျောင်းခဲ့သည်။ ထို့နောက် မောရှေကို ဖာရောဘုရင်နန်း
တော်သို့ ခေါ်ဆောင်သွားသည်။ ဖာရောဘုရင်၊ သမီး၏သားအဖြစ် မောရှေသည် အီဂျစ်ပြည်၏အကောင်းဆုံးပညာရေးကို သင်ယူခဲ့ရသည်။
အသက် (၄၀)တွင် မောရှေသည် သူ၏လူမျိုးအရင်းအချာကို သတိရသည်။ ငယ်စဉ်တောင်ကျေးကလေးဘဝမှ သူ့မိခင်၏သွန်သင်မှုကြောင့် ဖြစ်နိုင်သည်။ ဟေဗြဲလူ မျိုးကျွန်တစ်ယောက်ကို အီဂျစ်လူက ရိုက်နှက်နေသည်ကို ဝင်ရောက်စွက်ဖက်ကာ၊ ထို အီဂျစ်လူကို သတ်ခဲ့သည်။ လူသတ်မှုသည် ဖာရောဘုရင်ရှေ့သို့ရောက်သွားကာ မော
ရှေသည် တောထဲသို့ ထွက်ပြေးခဲ့သည်။
သိုးထိန်းသမား မောရှေ (ထွက် ၂း၁၅-၂၅)
မိချန်ပြည် တောထဲတွင် မိချန်လူမျိုးသိုးထိန်းများနှင့်တွေ့ဆုံကာ၊ ယေသရော၍ သမီးနှင့်လက်ထပ်ခဲ့သည်။ မောရှေသည် နောက်ထပ်နှစ်ပေါင်း (၄၀)ထိ တောထဲတွင် သိုးထိန်းဘဝအဖြစ် အသက်ရှင်ခဲ့သည်။ ထိုနှစ်ပေါင်း (၄၀)အတွင်းတွင် မောရှေသည် ၊ သူ၏လူများကို ကျွန်ဘဝမှလွတ်မြောက်စေလိုသောရူပါရုံသည် တဖြေးဖြေးပျောက်ကွယ် – သွားခဲ့သည်။ တချိန်တည်းမှာပင် တော၊ တောင်ထဲမှ ဘဝကြမ်းက သူ၏မာနများကိုရိုက် ၊ ချိုးခဲ့ပြီး၊ နှိမ့်ချခြင်းကို သင်ပေးနေခဲ့သည်။
လွတ်မြောက်ပေးသူ မောရှေ (ထွက် ၃၁-တရားဟောရာကျမ်း)
ပထမနှစ် (၄ဝ)တွင် မောရှေသည် အိမ်ရှေ့မင်းသားအဖြစ် အသက်ရှင်ခဲ့ရ သည်။ သူ၏ကိုယ်ပိုင်ခွန်အားဖြင့် သူ့လူများကို ကျွန်ဘဝမှကယ်တင်နိုင်မည်ဟု မာန် ၊ မာနဖြင့် တွေးထင်ခဲ့သည်။ နောက်ထပ် နှစ်(၄၀) သိုးထိန်းသမားအဖြစ် ဘဝကို ၊ ဖြတ်သန်းပြီးသောအခါ လူမျိုးတော်ကို ရွေးနုတ်ကယ်တင်ရန် အဆင်သင့်ဖြစ်နေပြီ။ ထို့ အပြင် သူ၏ မပြည့်စုံမှုများကို သိရှိလာပြီး၊ ဘုရားသခင်၏ခွန်အားကိုသာ အမှီပြုရမည် ဖြစ်ကြောင်းကိုလည်း နားလည်သဘောပေါက်လာသည်။ သူ့ဘဝ၏နောက်ဆုံးပိုင်းနှစ် (၄၀)တွင် ဣသရေလလူမျိုးတော်ကို ဦးဆောင်နိုင်ခဲ့သည်။ ဘုရားသခင်၏ရွေးနုတ်ကယ် တင်သူအဖြစ်
မောရှေသည် ကပ်ကြီး(၁၀)ပါးဖြင့် ဖာရောဘုရင်ကို ရင်ဆိုင်ခဲ့သည်။ ဆယ်ခု
မြောက်ကပ်ကြီးက အီဂျစ်တို့၏သားဦးအားလုံးကို သတ်ခဲ့သည်။ ထိုအခါမှ ဖာရောဘုရင်က ဘုရားသခင်၏လူမျိုးတော်ကို ကျွန်အဖြစ်မှ လွတ်မြောက်ခွင့် ၊
ပေးခဲ့သည် (ထွက် ၅-၁၃)။
မောရှေသည် ပင်လယ်နီကိုဖြတ်ကျော်ပြီး လူမျိုးတော်ကို ဦးဆောင်ခဲ့သည်။ ဘုရားသခင်၏နိမိတ်လက္ခဏာအားဖြင့် ဖာရောစစ်တပ်များသည် ပင်လယ်ထဲ
တွင် သေဆုံးခဲ့ကြသည် (ထွက် ၁၄-၁၅)။
သိနာတောင်ပေါ်တွင် ဘုရားသခင်ထံမှ ပညတ်တော်ဆယ်ပါးကို မောရှေ ရရှိ
ခဲ့သည် (ထွက် ၂၀)။
ဣသရေလလူများသည် ဘုရားကိုကိုးကွယ်ရမည်အစား ရွှေနွားရုပ်ကို ထုလုပ် ခဲ့ခြင်းအတွက် မောရှေသည် သူ၏လူများကိုယ်စား ဘုရားသခင်ထံ တောင်း ပန်ခဲ့သည် (ထွက် ၃၂)။
မောရှေနှင့်လူများသည် ဘုရားသခင်ပြသောပုံစံအတိုင်း တဲတော်ကို တည်
ဆောက်ခဲ့သည် (ထွက် ၂ရ)။
မောရှေသည် ကတိတော်ပြည်ကို ဝင်ရောက်တိုက်ခိုက်ရန် စစ်တိုက်နိုင်သည့်
ယောက်ျားများကို စာရင်းကောက်ကာ စစ်တပ်ကိုဖွဲ့စည်းခဲ့သည်(တော ၁-၂)။
စိုးရိမ်ကြောက်ရွံ့သောသူများက ကတိတော်ပြည်ကို တိုက်ခိုက်သိမ်းပိုက်ရန် ၊ ငြင်းဆိုသောအခါ မောရှေသည် သူတို့အတွက် ဒုတိယအကြိမ် ဘုရားသခင်ထံ
တောင်းပန်ခဲ့သည် (တော ၁၃-၁၄)။
မျိုးဆက်ဟောင်းနေရာတွင် မျိုးဆက်သစ်က ဝင်ရောက်နေရာယူပြီး၊ ကတိ တော်ပြည်ကို သိမ်းပိုက်ရန် အဆင်သင့်ဖြစ်နေသည့်အချိန်ထိ မောရှေသည်
တောထဲတွင် လူမျိုးတော်ကို ဦးဆောင်ခဲ့သည် (တော ၁၅-တရားဟော ၃၁)။
မောရှေသည် ဘုရားသခင်ကို မနာခံခဲ့ပေ။ ထို့ကြောင့် ကတိတော်ပြည်ကို ဝင် ခွင့်မရပေ (တော ၂၀း၁၂)။ သို့သော် သူမသေမီတွင် နေဗောတောင်မှ ကတိ
တော်ပြည်ကို ကြည့်ရှုခွင့်ရခဲ့သည်။ ဘုရားသခင်ကိုယ်တိုင် မောရှေကိုသဂြိုလ်၊ ခဲ့သည် (တရားဟော ၃၄ )
ဆင်ခြင်စရာ
ဘုရားသခင်နှင့်မျက်နှာချင်းဆိုင် မိတ်သဟာယဖွဲ့ခွင့်ရသောသူသည် မော တစ်ယောက်တည်းဖြစ်ကြောင်း ကျမ်းစာက မှတ်တမ်းတင်ထားသည်။ ထိုအချိန်ကာလ တွင် ဘုရားသခင်သည် သူ့ကိုယ်သူ မောရှေကို ဖွင့်ပြသလောက် အခြားသူများကို မဖွင့်ပြခဲ့ပေ။ ဘုရားသခင်နှင့်မောရှေ၏မိတ်သဟာယသည် မောရှေကို သူ၏လူများ ကိုယ်စား ယဇ်ပုရောဟိတ်အဖြစ် ကြားဝင်တောင်းပန်ရန် အခွင့်ရခဲ့သည်။ ဘုရားသခင်၏ ပရောဖက်အဖြစ် ဖာရောဘုရင်ရှေ့တွင် နိမိတ်လက္ခဏာကို ပြနိုင်ခဲ့သည်။ ဘုရားသခင် ၏ကိုယ်စားလှယ်အဖြစ် လူမျိုးတော်ကို ပညတ်တရား၊ ဥပဒေများကို ချမှတ်နိုင်ခဲ့သည်။ မောရှေသည် သမ္မာကျမ်းစာတွင်သာမက၊ ယနေ့ခေတ် ယုဒဘာသာတရားတွင်လည်း စံနမူနာယူထိုက်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့သည်။
သင်ခန်းစာယူစရာ
ဘဝတွင် ရွေးချယ်စရာများ ရှိသည်။ မောရှေသည် အီဂျစ်ပြည်၏စည်းစိမ်များ ထက် ဘုရားကိုအစေခံရန်ရွေးချယ်ခဲ့သည်။ သင်၌လည်း ရွေးချယ်စရာများရှိသည်။ မ တည်မြဲသော လောကီစည်းစိမ်များကို ရွေးချယ်မလား၊ ထာဝရနှင့်ဆိုင်သော အထက် အရာကို ရွေးချယ်မလား။
ဘယ်တော့မှ ဘုရားသခင်ရှေ့မှ မပြေးပါနှင့်။ ဘဝအတွက် ဆုံးဖြတ်ချက်များ ရာတွင် အသေးအမွှားလေးကအစ ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်၌ အဖြေရှာခြင်း၊ ဝိညာဉ်လူများနှင့် တိုင်ပင်ခြင်း မပြုဘဲ ဘယ်သောအခါမှ ဆုံးဖြတ်ချက် မချပါနှင့်။ ဘု ရားသခင်၏လမ်းပြခြင်းနှင့် ကောင်းကြီးစီးဆင်းရန်အတွက် ဘုရား၏နည်းလမ်းနှင့် အ ချိန်ကို စောင့်ပါ။
ဘုရားသခင်၏ခေါ်ခြင်းနောက်တွင် ဘုရား၏မစခြင်း ရှိသည်။ ဘုရားသခင်က မောရှေကို ခေါ်သောအခါ မောရှေသည် သူ့ကိုယ်သူ အရည်အချင်းမရှိဟု ခံယူခဲ့သည်။ ဘုရားသခင်သည် လိုအပ်သောအရာကို မစထောက်ပံ့ခြင်းမရှိဘဲ သင့်ကို ဘယ်သောအခါမှ မခိုင်းပေ။ ယုံကြည်ခြင်းတစ်ခုတည်းဖြင့်သာ သင့်ဘက်က တုန့်ပြန်ရမည်။ ကျန် သည့်ကဏ္ဍကို ဘုရားသခင် လုပ်ဆောင်သွားမည်။
အပြစ်ကို ခွင့်လွှတ်သည်။ သို့သော် အကျိုးဆက်ကို ခံရမည်။ အချိန်တခဏ အတွင်း ဘုရားကို နာမခံလိုက်ခြင်းက မောရှေ၏ဘဝတစ်ခုလုံး ပြောင်းလဲသွားသည်။ သင်လည်း ဘုရားသခင်၏ဂရုဏာ၊ ခွင့်လွှတ်ခြင်း၊ ချစ်ခြင်းမေတ္တာ ခံစားနိုင်ပါသည်။ သို့သော် မောရှေကဲ့သို့ သင့်ဘဝတစ်လျှောက်လုံး နောင်တရနေမည့်ဆိုးကျိုးကို မခံစား ရန် ဘုရားစကားကို နာခံဖို့ ရွေးချယ်ပါ။ နောင်တကင်းစွာ အသက်ရှင်ပါ။
မောရှေ၏မိသားစု
ဖခင်မှာလေဝိအမျိုးဖြစ်သည်။
မိခင်သည် ယုံကြည်ခြင်းသူရဲကောင်းဖြစ်သည် (ဟေဗြဲ ၁၁း၂၃)။
အစ်မသည် မိရိအံဖြစ်ပြီး၊ မောရှေကို ဖာရောဘုရင်၏သမီးက ရထဲမှဆယ်ယူသော
အခါမောရှ၏မိခင်ကိုယ်တိုင် နို့တိုက်ပြုစုခွင့်ရရန် ပြောပသူဖြစ်သည်။ ဣသရေလ အမျိုးသမီးများ၏ခေါင်းဆောင်လည်း ဖြစ်သည်။
အစ်ကိုသည် အာရုန်ဖြစ်သည်။ မောရှကိုယ်စား စကားပြောပေးသူ၊ ပထမဆုံးသော
ယဇ်ပုရောဟိတ် ဖြစ်သည်။
ဇနီးမှာမိချန်ယဇ်ပုရောဟိတ်ဓယသရာ၏သမီး၊ ပေါရဖြစ်သည်။
ပသခါပွဲတော်အစပြုခြင်း
ထွက် ၁၂း၁-၁၃
ဣသရေလလူများက အီဂျစ်ပြည်ကျွန်ဘဝမှလွတ်မြောက်သည့်အချိန်တွင် ပသခါပွဲတော်ကို အစပြုခဲ့သည်။ ဘုရားသခင်၏ ကောင်းကင်တမန်သည် တံခါးဝတွင် သိုးသငယ်၏အသွေးသုတ် ထားသည့် ဟေဗြဲလူများ၏အိမ်ကိုကျော်လွန်သွားပြီး၊ တံခါးဝတွင် သွေးမသုတ်ထားသော အီဂျစ် လူတို့၏သားဦးများကို သတ်ခဲ့သည်။ ဟေဗြဲမိသားစုတိုင်းကို အောက်ပါ လမ်းညွှန်ချက်များပေး ထားသည်။
အပြစ်အနာဆာမရှိသော သိုးငယ်လေးကိုရွေးယူရမည်။
နေဝင်ချိန်တွင် ထိုသိုးငယ်လေးကို သတ်ရမည်။
တံခါးထုပ်တန်းတွင် ထိုသိုးငယ်လေး၏အသွေးကို သုတ်ရမည်။
သိုးတစ်ကောင်လုံးကို မီးဖြင့်ကင်ရမည်။
တွက်ခွါရန်အဆင်သင့်အနေအထားဖြင့် အဝတ်ဝတ်ရမည်။
တဆေးမပါသာမုန့်နှင့် အသားကို စားရမည်။
ကျန်ကြွင်းသည့်အသားကိုမီးရှို့ရမည်။ က ဤပွဲကို နှစ်တိုင်းကျင်းပရမည်။
အာရုန်
ပထမဆုံးယဇ်ပုရောဟိတ်
လေဝိလူ အာ ရုန်သည် သင်၏ အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ …သင်သည် သူနှင့်စကားပြော၍ သူပြောစရာစကားကို ပေးရမည်။ သင်၏ နှုတ်၌၎င်း၊ သူ၏ နှုတ်၌၎င်း ဝါရှိသည်။
(ထွက် ၄း၁၄- ၁၅)
အရည်အချင်း- မောရှေကိုယ်စား စကားပြောပေးသူ။
ပြည့်စုံခြင်း- ပထမဆုံးယဇ်ပုရောဟိတ်။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၁၅ဝဝ-၁၄ဝဝ။
နာမည်- အာရုန်- အဓိပ္ပါယ် မသိပါ။
ကျမ်းပိုဒ်- ထွက်မြောက်ရာကျမ်း – တရားဟောရာကျမ်း။
နောက်ခံအကြောင်းအရာ
အမျိုးအနွယ် (၁၂)မျိုးနွယ်ဖြင့်ဖွဲ့စည်းပြီး၊ လူဦးရေနှစ်သန်းရှိသော ဣသရေလ လူမျိုးသည် အီဂျစ်ပြည်မှ ထွက်လာခဲ့ကြသည်။ သို့သော် မည်သည့်ဖွဲ့စည်းပုံဥပဒေ စည်းမျဉ်းများ မရှိသေးပေ။ ဘုရားသခင်သည် သူတို့ကို သိနာတောင်သို့ ပထမဦးစွာ ခေါ်ဆောင်လာခဲ့သည်။ သိနာတောင်တွင် စစ်တိုက်နိုင်မည့် ယောက်ျားများကို မောရှေ့ က ဖွဲ့စည်းသည်။ ထို့အပြင် ကိုးကွယ်ခြင်းနှင့်ဆိုင်သောပညတ်များ၊ တဲတော်၊ ယဇ်ပူဇော်
ခြင်းများနှင့် စောင့်ရှောက်ရမည့်ပွဲများအတွက် ညွှန်ကြားချက်များကို ပေးခဲ့သည်။ ယဇ် ပုရောဟိတ်များ၊ တဲတော်တွင် လုပ်ဆောင်မည့်သူများကိုလည်း ခွဲခန့်သည်။ ကတိတော် ပြည်သို့ ရှေ့ဆက်မသွားခင် ဤအချက်များအားလုံးကို သိနာတောင်တွင် ချမှတ်ရမည်။ ခေါင်းဆောင်အတွက် ဘုရားသခင်သည် မောရှေကို ရွေးကောက်သလို၊ သူ၏အစ်ကို အာရုန်ကို ပထမဆုံး ယဇ်ပုရောဟိတ်အဖြစ် ရွေးကောက်ခဲ့သည်။
ခြုံငုံကြည့်ခြင်း
အီဂျစ်ပြည်၌ ကျွန်ခံနေစဉ် အာရုန်ကို မွေးဖွားခဲ့သည်။ အာရုန်၏ဖခင်၊ အာမရီ သည် လေဝိအမျိုးအနွယ်ဖြစ်သည်။ အာရုန်၏မိခင်သည် ယောခေဗက်ဖြစ်သည်။ မိရိအံ ဟုခေါ်သော အမတစ်ယောက်ရှိပြီး၊ (၃)နှစ်ငယ်သော ညီတစ်ယောက်မှာ မောနေ့ ဖြစ် သည်။ အာရုန်အသက် (၈၃)နှစ်ရှိသောအခါ မောရှေ၏ကိုယ်စား စကားပြောပေးသူအဖြစ် ဘုရားသခင်ခေါ်ခဲ့သည်။ ဖာရောဘုရင်ရှေ့တွင် အာရုန်နှင့် မောရှေ၊ နှစ်ယောက် အတူ တကွ မားမားမတ်မတ်ရပ်ကာ ဣသရေလလူများ အီဂျစ်ပြည်ကျွန်ဘဝမှ လွတ်မြောက် ရန် ကြိုးစားခဲ့ကြသည်။ ဣသရေလလူများနှင့် အာမလက်လူများ၏စစ်ပွဲ၌ တောင်ပေါ် တွင် မောရှေလက်ကိုမြှောက်သောအခါ အာရုန်က မောရှေ၏လက်တစ်ဘက်ကို ကိုင် ထားပေးရသည် (ထွက် ၁ရ၈-၁၃)။
သိနာတောင်၌ ယဇ်ပုရောဟိတ်ဝတ်ဆင်ရသော ဝတ်ရုံနှင့် လုပ်ရမည့် လုပ်ငန်း ဆောင်တာအသေးစိတ်ကို ဘုရားသခင်သည် မောရှေအား ညွှန်ကြားခဲ့သည်။ တဲတော် ဆောက်လုပ်ပြီးစီးသောအခါ အာရုန်နှင့်သူ၏သားများကို မောရှေက ယဇ်ပုရောဟိတ် ၊ အရာ၌ ခန့်အပ်ခဲ့သည်။ ဘုရားသခင်၏ရွေးကောက်ခြင်းအားဖြင့် အာရုန်သည် ပထမဆုံး ယဇ်ပုရောဟိတ် ဖြစ်လာသည်။ တောထဲ၌လှည့်လည်သည့် နှစ်ပေါင်း (၄၀)အတွင်း ဣသရေလလူများ၏ငြီးတွားမြည်တမ်းခြင်းကို အာရုန်သည် မောရှေ့နှင့်အတူရပ်တည်ကာ ဖြေရှင်းခဲ့ရသည်။ မေရိဘရေအရပ်၌ မောရှေ၏အပြစ်ကို အာရုန်ပါ မျှဝေခံစားရသည် (တော ၂၀၁၂)။ ထို့အပြင် ကတိတော်ပြည်ကို မောရှေ့နှင့်အတူ အာရုန်ပါ ဝင်ခွင့်မရခဲ့
ပေ။ အာရုန်သည် သူမသေခင် သူ၏ယဇ်ပုရောဟိတ်တာဝန်ကို ဒုံပြည်နယ်စပ်၊ ဟော ရတောင်၌ သူ၏သား၊ လာဇာသို့ လွဲပြောင်းပေးခဲ့သည်။
အကြောင်းအရာ
အာရုန်နှင့်သူ၏သားများ၊ သူတို့၏နောက်လိုက်များသည် များမြောင်လှသော ဣသရေလလူများ၏ယဇ်ပူဇော်ခြင်းများ၊ ဘာသာရေးအထုံးအဖွဲ့များ စနစ်တကျရှိစေရန် တာဝန်ယူရသည်။ သူတို့သည် ဘုရားသခင်၏ပညတ်တရား၌ ကျွမ်းကျင်သောကြောင့် လူများကို သင်ကြားပို့ချရသောဆရာများ ဖြစ်လာသည်။
ယဇ်ပုရောဟိတ်အဖြစ် အာရုန်၏တာဝန်- အပြစ်ဖြေရာနေ့တွင် လူများ၏အ ပြစ်များကို တစ်နှစ်တစ်ခါ ယဇ်ပူဇော်ပေးရသည်။ ဘုရားသခင်၏ရှေ့တွင် လူအများ၏ ကိုယ်စားပြု ဖြစ်ပြီး၊ ဘုရားသခင်နှင့်လူများကြားတွင် ကြားဝင်ရပ်တည်သူ ဖြစ်သည်။
ယဇ်ပုရောဟိတ်များဖြစ်ကြသော အာရုန်နှင့်သူ၏သားများသည်-
လူအများ၏ မသန့်ရှင်းသောအရာများကို ဖယ်ရှားရန်၊
ယဇ်ပူဇော်ရန်အတွက် သန့်ရှင်းသည့်တိရစ္ဆာန်၊ မသန့်ရှင်းသည့် တိရစ္ဆာန် ခွဲ
ခြားပေးရန်၊
“ သားဖွားသောမိန်းမအတွက် သန့်ရှင်းခြင်း၊ နူနာပျောက်ကင်းသောသူများအ တွက် သန့်ရှင်းခြင်း၊ ကိုယ်ခန္ဓာ၌ အနာရှိသူများအတွက် သန့်ရှင်းခြင်းများကို ဆောက်ရွက်ရန်၊
အိမ်ထောင်ပြုခြင်းကို ကြီးကြပ်ရန်၊
ဥပုသ်နေ့၊ နှစ်စဉ်ပြုလုပ်ရာပွဲနေ့များ၊ နယ်မြေပြဿနာ၊ ဆယ်ဖို့တစ်ဖို့၊
ကောင်းကြီးမင်္ဂလာနှင့်ကျိန်ခြင်းအမင်္ဂလာ၊ သစ္စာပြုခြင်းများကို ဦးစီးရန် ဖြစ်သည်။
အာရှန်၏ယဇ်ပုရောဟိတ်အဝတ်အစား- ယဇ်ပုရောဟိတ်သည် ဘုရားသခင် ဒီဇိုင်းဆွဲပေးထားသော အထူးအဝတ်ကို ဝတ်ရသည်။ “ဘုန်းအသရထင်ပေါ်စေခြင်းငှါ၊’
(ထွက် ၂၈း၂) ဖြစ်သည်။ ဤဝတ်လုံသည် ယဇ်ပုရောဟိတ်အတွက် ထူးခြားသောဝတ်လုံ ဖြစ်ပြီး၊ အာရုန်နှင့် သူ၏အမွေဆက်ခံသောသူများက ဝတ်ရသည်။
ဆင်ခြင်စရာ
အာရုန်သည် သမ္မာကျမ်းစာ၏ပုဂ္ဂိုလ်များထဲမှ ပျောက်နေသော အရိပ်တစ်ခုဖြစ် သည်။ ထွက်မြောက်ရာကျမ်းတွင် တွဲဘက်ခေါင်းဆောင်တစ်ယောက်အဖြစ် လူအများ၏ ဆန့်ကျင်တိုက်ခိုက်မှုများကိုမောရှေ့နှင့်အတူရင်ဘောင်တန်းကာရပ်တည်ဖြေရှင်းခဲ့သည်။ သို့သော် အာရုန်သည် ခေါင်းဆောင်တစ်ယောက် မဖြစ်ခဲ့ပေ။ နောက်လိုက် တစ်ယောက် အဖြစ်သာ သူ့ကိုဖော်ပြထားသည်။ သူတစ်ယောက်တည်း ဖြေရှင်းရသည့်အချိန် (၂ခါ ရှိခဲ့သည်။ သူသည် ခေါင်းဆောင်မှုအားနည်းသည်ကို ထို(၂)ခါစလုံးတွင် တွေ့ရသည်။
အာရုန်နှင့်ရွှေနွားရုပ် (ထွက် ၃၂)- ဣသရေလလူများကို သိနာတောင်သို့ မောရှေ့နှင့်အာရန် ခေါ်ဆောင်လာပြီး သိပ်မကြာခင်မှာပင် ဘုရားသခင်သည် မောရေ တစ်ယောက်တည်း တောင်ပေါ်သို့တတ်လာရန် ခေါ်သည်။ မောရှေသည် တောင်ပေါ် တွင် ပညတ်တော်ဆယ်ပါးနှင့် ဣသရေလလူများ နောက်ထပ် နှစ်ပေါင်း (၁၄၀၀) အ တွင်း လိုက်လျှောက်အသက်ရှင်ရမည့် ပညတ်များကို ရက်ပေါင်း (၄၀)လုံးလုံး ခံယူခဲ့ သည်။ ထိုအချိန်တွင် အာရုန်ကို လူများအား ဦးဆောင်ရန် ထားခဲ့သည်။
လူများသည် ရက်အကြာကြီးခွဲသွားသောမောရှေအတွက် စိုးရိမ်လာကြပြီး၊မော ရှေ၏ဘုရားနေရာတွင် ရွှေနွားရုပ်နှင့်အစားထိုးရန် အာရုန်ထံ တောင်းဆိုလာကြသည်။ ငြင်းဆိုခြင်းမရှိဘဲ၊ အာရုန်သည် လူအများ၏ဆန္ဒကို လိုက်လျောခဲ့သည်။ ထို့အပြင် မနက်ဖြန်နေ့သည် ထိုရွှေနွားရုပ်ကို ကိုးကွယ်ရာနေ့ဖြစ်ကြောင်းကိုပင် ကြေငြာလိုက် သေးသည်။ ဘုရားသခင်သည် မောရှေကို သတိပေးနှိုးဆော်သောကြောင့် မောရှေသည်
တောင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။ အာရှန်က လူအများ၏ မကောင်းသောစိတ်ထားကို အပြစ်တင်ပုံချသည်။ “သူတို့ပေးသောရွှေကို မီးထဲ၌ ထည့်လျှင် ဤနွားသငယ် ထွက်လာ ပါသည်” (ထွက် ၃၂း၂၄)ဟု ဖြောင့်ချက်ပေးသည်။ အာရုန်သည် သူကိုယ်တိုင် လူအများရှေ့တွင် မားမားမတ်မတ် ရပ်ကာ ဦးဆောင်သော ခေါင်ဆောင်မျိုး မဟုတ်ဘဲ၊
လူအများသွားနေသည့် လမ်းရှေ့မှရပ်ကာ လူအများအလိုကျ ဦးဆောင်သော ခေါင်း
ဆောင် ဖြစ်သည်။ အာရုန်၏ရပ်တည်ချက်သည် လူအများ၏ရပ်တည်ချက်အပေါ်တွင် တည်ဆောက်ထားသည်။
အာရုန်နှင့်မိရိအံသည် မောရှေကို ပြစ်တင်ဝေဖန်ကြသည် (တော ၁၂)ပညတ်တရားများကို ရရှိပြီးနောက် ဣသရေလလူများသည် သိနာတောင်မှ ထွက်ခွါလာ ခဲ့ကြသည်။ ကတိတော်ပြည်သို့ သွားရာလမ်းခရီးတွင် မောရှေ၏အစ်ကိုနှင့်အစ်မတို့၏ စိတ်နေသဘောထားအမှန် ပေါ်လာခဲ့သည်။ မောရှေသည် ကုရှအမျိုးသမီးနှင့်စုံဖက်သော အခါ မောရှေကို မနာလိုစိတ်ဖြင့် ပြစ်တင်ဝေဖန်လာသည်။ “ထာဝရဘုရားသည် မောရှေ့ အားဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော” (တော ၁၂၂)။ အာရုန်နှင့်မိရိအံကို ဘုရား သခင် တရားစီရင်ခဲ့သည်။ မိရိအံသည် နူနာစွဲခြင်းခံရပြီး၊ အာရုန်ကို ပြင်းထန်စွာ ဆုံးမ ခဲ့သည်။ ဤနေရာတွင်လည်း အာရုန်၏အားနည်းချက်ကို တွေ့ရသည်။
သင်ခန်းစာယူစရာ
သင်၏အားနည်းခြင်းများကို မကြာခဏ ဆန်းစစ်ပါ။ အာရုန်သည် မောရှေနှင့် အတူရှိလျှင် အားကြီးသည်။ သို့သော် သူတစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းရသော အခါ မကြာခဏ ဆင်ခြင်တုံတရားကင်းမဲ့သည်ကို တွေ့ရသည်။ သင်၏အားနည်းချက်၊ အားသာချက်များကို ရိုးရိုးသားသား ရှာဖွေပါ။ သင်ကိုယ်တိုင် မကိုင်တွယ်နိုင်သောကဏ္ဍ များတွင် သင့်ကို ကူညီနိုင်မည့်သူများဆီ ချဉ်းကပ်ပါ။ သင့်ထက် ဝိညာဉ်ရေးရာရင့်ကျက် သော ဆရာသမားများ၏ဖေးမမှုများအားဖြင့် အောင်မြင်မှုရရန် ဘုရားသခင်အလိုရှိသည်။
ကျရှုံးခြင်းက ဘုရားကိုအစေခံသည့် နေရာတွင် အဟန့်အတား မဖြစ်ပါစေနှင့်။ အာရုန်သည် ဘုရားသခင်ကိုအစေခံခြင်းနှင့် မောရှေကိုကူညီရာတွင် အကြိမ်များစွာကျ ရှုံးခဲ့ရသည်။ သို့သော် ဘုရားသခင်သည် အာရုံကို ထူးခြားစွာအသုံးပြုခဲ့သည်။ သင်၏ အတိတ်မှ အပြစ်များအတွက် သင့်ကိုယ်သင် အားမလို အားမရ ဖြစ်ကောင်းဖြစ်မည်။ ဘုရားသခင်၏ဂရုဏာနှင့်ကျေးဇူးတော်က သင့်ကိုအစေခံရာ လမ်းကြောင်းပေါ်သို့ ပြန် လည်မြှင့်တင်ပေးရန် အဆင်သင့်ရှိနေကြောင်း အာရုန်က ခွန်အားပေးနေသည်။ အမှား
များထဲမှ သင်ခန်းစာယူပါ။ ဘုရားသခင်ထံ၌ ဉာဏ်ပညာတောင်းခံပါ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်းနှင့် လမ်းပြဦးဆောင်ခြင်းများကို တုန့်ပြန်ရန် အဆင်သင့် ရှိနေလျှင် ဘုရားသခင်သည်လည်း သင့်ကို ကူညီမစရန် အဆင်သင့် ရှိနေသည်။ ။
ခိုင်မာသောရပ်တည်ချက်ရှိပါ။ အာရုန်သည် အားနည်းသော ခေါင်းဆောင် တစ်ယောက် ဖြစ်သည်။ ခိုင်မာသောယုံကြည်ချက် မရှိသောကြောင့် ရွှေနွားရုပ်လုပ်ရန် ၊ လူများ၏ မကောင်းသော တောင်းဆိုချက်ကို လိုက်လျောခဲ့သည်။ သင်သည် ကဏ္ဍ တစ်ခုခုတွင် ဦးဆောင်နေသောသူတစ်ယောက် ဖြစ်ကောင်းဖြစ်မည်။ သင်သည် မိဘ နေရာတွင် ရှိနေသူလည်း ဖြစ်နိုင်သည်။ ခေါင်းဆောင်ဖြစ်ခြင်းကို လိုချင်တောင့်တ သူလည်း ဖြစ်နိုင်သည်။ ခေါင်းဆောင်ဖြစ်လိုလျှင် ခိုင်မာသောယုံကြည်ချက်ရှိပါ။ ထိုယုံ ကြည်ချက်ပေါ်တွင် ရပ်တည်ပါ။ သို့မဟုတ်ပါက လူများက ရွှေနွားရုပ်လုပ်ခိုင်းလျှင် သင် ပါသွားလိမ့်မည်။
သစ္စာရှိသော နောက်လိုက်တစ်ယောက် ဖြစ်ပါစေ။ အာရုန်နှင့်သူ၏အစ်မ၊ မိရိအံသည် မောရှေ၏ခေါင်းဆောင်ဖြစ်ခြင်းကို မနာလိုဝန်တိုစိတ် ဖြစ်လာသည်။ မော ရှေ၏နေရာကို သူတို့လိုချင်တပ်မက်လာသည်။ ထို့ကြောင့် မောရှေကို ပြစ်တင်ဝေဖန် ခဲ့ ကြသည်။ သင်၏ခေါင်းဆောင်၊ သင်းအုပ်အပေါ်၌ ထိုစိတ်သဘောထား ရှိနေလျှင် သင် သည် အာရုန်နှင့်မောရှေကဲ့သို့ ဖြစ်နေပြီ။ သင်၏ခေါင်းဆောင်ကို နာခံရန် သမ္မာကျမ်း စာက ပြောပါသည်။ သစ္စာရှိသော နောက်လိုက်တစ်ယောက်ဖြစ်ခြင်းသည် နာခံခြင်းမှ အစပြုသည်။ သင်၏ခေါင်းဆောင်အတွက် ဆုတောင်းပေးပါ။ သူတို့ကို မည်ကဲ့သို့ ကျ ညီထောက်ပံ့နိုင်ရန် ဘုရားသခင်ထံ ဆုတောင်းပါ။
အာရုန်၏မိသားစု
ညီ- မောရှေ့
အစ်မ- မိရိအံ
သေဆုံးခြင်း – ဧဒုံပြည်နား၊ ဟောရတောင်
ဂုဏ်ပြုခြင်း – ရက်ပေါင်း (၃ဝ)ငိုကြွေးခြင်း (အာရုန်သေဆုံးသောအခါ ဣသရေလလူများက
အာရုန်အတွက် ရက်ပေါင်း (၃)ငိုကြွေးခြင်းအားဖြင့် အာရုန်ကိုဂုဏ်ပြုခဲ့ကြသည်။
မောရှေအတွက်လည်း ရက်ပေါင်း (၃၀)ငိုကြွေးခဲ့ကြသည်။)
သားများ- နာဒပ်နှင့်အဘိဟု (ဘုရားသခင်ထံမှထွက်သောမီးဖြင့် အသတ်ခံရသည့် သားကြီးနှစ် ယောက်)
၊ လာဇာ (ဖခင်၏ယဇ်ပုရောဟိတ်အမွေဆက်ခံသူ) ဣသမာ- (တဲတော်အတွက် တာဝန်ရှိသောသူ၊ လေဝိလူများကိုဦးဆောင်သူ)
ယောရှု
ကတိတော်ပြည်ကို သိမ်းပိုက်သူ
ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည် အတိုင်း မာရှပြုလျက်၊ ယေရှုကိုခေါ်၍… သူ့ အပေါ်မှာလက်ကိုတင်၍ …။
(တာ ၂၇း၂၃) ၊
အရည်အချင်း သတသောငယ်သားကောင်း
ပြည့်စုံခြင်း- ခါနာန်ပြည်ကို သိမ်းပိုက်ခြင်း။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၁၄၉၄-၁၃၈၅ (အသက် ၁၁၀)။
နာမည်- ယောရှု- အဓိပ္ပါယ်မှာ “ယာဝေဘုရားသည် ကယ်တင်ရှင်’။
ကျမ်းပိုဒ်- ထွက် ၁ရ၊ တော ၁၄၊ ယောရှုမှတ်စာ။
နောက်ခံအကြောင်းအရာ
“ယောရှုသည် ယေရိဘေစစ်ပွဲကို တိုက်ခဲ့သည်” ဓမ္မသီချင်းအတိုအဟောင်းလေး တစ်ပုဒ်ကို ဆိုခဲ့ဖူးသည်။ ယောရှု ဘယ်သူလဲ။ ယောရှု၏ဘဝဇာတ်လမ်းသည် အီဂျစ် ပြည်မှ စတင်ခဲ့သည်။
ဣသရေလလူများသည် အီဂျစ်ပြည်တွင် နှစ်ပေါင်း (၄၀၀)လောက် အသက်ရှင် နေထိုင်ခဲ့သည်။ လူဦးရေများ တိုးပွားလာခဲ့သည်။ နောက်ဆုံးနှစ်များတွင် သူတို့သည်
ကျွန်အဖြစ် နေခဲ့ကြရသည်။ ကျွန်ခံရသော်လည်း၊ အီဂျစ်ပြည်၌ နေရသောဘဝသည်
ကောင်းမွန်သည်။ ထိုခေတ်အချိန်ကာလက အီဂျစ်ပြည်သည် တိုးတတ်ထွန်းကားသောမြို့ ဖြစ်သည်။ သို့သော် အီဂျစ်သခင်များသည် ပို၍ရက်စက်ကြမ်းကြုတ်လာသည်။ ထို့
ကြောင့် ဣသရေလလူများသည် ဘုရားသခင်ကို အော်ဟစ်လာကြသည်။ ဘုရားသခင် သည် လွတ်မြောက်စေသူ၊ မောရှေကို စေလွှတ်ခဲ့သည်။ မောရှေသည် ဣသရေလလူ များကို သိနာတောင်သို့ ခေါ်ဆောင်လာခဲ့သည်။
လွတ်မြောက်လာသည့် ကျွန်များထဲမှ အသက်(၅၀)အရွယ်ရှိသောသူ တစ် ယောက်သည် မောရှေ၏အထောက်အမ၊ သူလျှို၊ စစ်တိုက်ရာတွင် ခေါင်းဆောင်၊ နောက်ဆုံး မောရှေ၏ အမွေဆက်ခံသူ ဖြစ်လာခဲ့သည်။ သူသည် ယောရှုပင် ဖြစ်သည်။
ခြုံငုံကြည့်ခြင်း ၊
ယောရှုသည် အခြားသောဣသရေလလူများကဲ့သို့ပင် အီဂျစ်ပြည်၌ ကျွန်အဖြစ် မွေးဖွားခဲ့သည်။ တောထဲတွင်လှည့်လည်သောနှစ်ပေါင်း (၄၀)လုံးလုံး မောရှေ၏လက်ရုံး
တော်အဖြစ် သစ္စာမရှိသောသူများကို ဦးဆောင်ခဲ့သည်။ လူများကို ကတိတော်ပြည်သို့ ဦးဆောင်မည့်ခေါင်းဆောင်အဖြစ် ယောရှုအားခန့်ထားရန် မောရှေမသေမီတွင် ဘုရားသ ခင်က မောရှေကို မိန့်တော်မူခဲ့သည်။ ယောရှုသည် အသက် (၉၀)နီးပါးရှိလာသော်လည်း စစ်ရေး၊ စစ်ရာကျွမ်းကျင်သောသူ ဖြစ်သည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ဘု ရားသခင် ကတိပေးထားသော ခါနာန်ပြည်ကို သိမ်းပိုက် အောင်မြင်ရုံတင်မက လူများ ကို နယ်မြေခွဲဝေပေးခဲ့သည်။
အကြောင်းအရာ •
အစောပိုင်းတွင် ယောရှုသည် စစ်ဆေးခြင်း ခံခဲ့ရသည်။ (ထွက် ၁၇း၈-၁၃)
ဣသရေလလူများသည် အီဂျစ်ပြည်မှထွက်လာပြီး၊ ပင်လယ်နီကို ဖြတ်ကျော်ပြီး သောအခါ အာမလက်လူများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကိုယ့်ကိုကိုယ် ကာကွယ်တိုက်ခိုက် နိုင်သောယောက်ျားများကို ရွေးကောက်ပြီး၊ အာမလက်လူများကို စစ်တိုက်ရန် မောရှေ
အမိန့်ပေးခဲ့သည်။ ယောရှု၏စစ်မရ။ စစ်ရာကျွမ်းကျင်မှုသည် ဤနေရာတွင် ပေါ်လာပြီ။ ရန်သူများကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့သည်။
အစောပိုင်းတွင် ယောရှုသည် ကူညီထောက်မသာ ဖြစ်သည်။ (ထွက် ၂၄း၁၃၊ ၃၃း၁၁)
အီဂျစ်ပြည်မှထွက်မြောက်လာကတည်းက မောရှေသည် ယောရှုကို အားကိုးခဲ့ ရသည်။ ဥပမာ-မောရှေသည် သိနာတောင်ပေါ်တွင် ပညတ်တော်ဆယ်ပါးခံယူနေချိန်တွင်
ယောရှုသည် မောရှေ့နှင့်အတူတောင်ပေါ်သို့တက်ကာ ရက်ပေါင်း (၄၀)လုံးလုံး စောင့် နေခဲ့သည်။ တဲတော်တည်ဆောက်ပြီးသောအခါ မောရှေသည် တဲတော်ထဲတွင် ဘုရား သခင်နှင့် “မျက်နှာချင်းဆိုင် တွေ့ဆုံသောအခါ ယောရှုသည်လည်း မောရှေ့နှင့်အတူ တဲတော်ထဲတွင် ရှိနေခဲ့သည်။ မောရှေသည် တပ်ထဲသို့ဝင်သွားသော်လည်း ယောရှုက တဲတော်ထဲတွင် ဆက်လက် နေရစ်ခဲ့သည် (၃၃း၁၁)။ မောရှေသည် ယောရှုကို သူ၏ နေရာတွင် အမွေဆက်ခံရန် သတိထားခဲ့သည်။ •
ယောရှုသည် ယုံကြည်စိတ်ချရသောသူ ဖြစ်သည်။ (တော ၁၄)
ဣသရေလလူများသည် ခါနာန်ပြည်နားသို့ချဉ်းကပ်လာသောအခါ မောရှေ သည် ဣသရေလအမျိုးအနွယ် (၁၂)မျိုးမှ တစ်မျိုးတွင် တစ်ယောက်စီရွေးကာ ကတိ တော်ပြည်ကို စူးစမ်းရန် စေလွှတ်ခဲ့သည်။ သူလျှို(၁၀)ယောက်သည် ကြောက်ရွံ့စွာ ပြန် လာခဲ့ကြသည်။ ထိုပြည်သားများသည် လူကောင်များကြီးထွားပြီး၊ သူတို့ရှေ့တွင် ဣသ ရေလများသည် နှံကောင်များသာဖြစ်ကြောင်း ပြန်လည်သတင်းပို့ခဲ့ကြသည်။ “ကိုယ်ကြီး
သော လူအမျိုးအနွယ်၊ .. အလွန်ကြီးမားသောသူတို့ကိုလည်း မြင်ခဲ့ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် နှံကောင်ကဲ့သို့ဖြစ်ကြ၏’ (တော ၁၃း၃၃)။ ယောရှုနှင့်ကာလက်နှစ်ယောက်တည်း သာလျှင် ဘုရားကို ကိုးစားရမည်ဖြစ်ကြောင်းနှင့် ဘုရားသခင်စေခိုင်းသောကြောင့် သွား၍ တိုက်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။ သူတို့၏နာခံခြင်းနှင့် ယုံကြည်ခြင်းကြောင့် ယောရှုနှင့် ကာလက်နှစ်ယောက်တည်းသာ ကတိတော်မြေကို ဝင်ခွင့်ရခဲ့သည်။
ယောရှုသည် မောရှေ၏အမွေဆက်ခံသူ ဖြစ်လာခဲ့သည်။ (တော ၂၇း၁၅-၂၂)
မောရှေသည် ကတိတော်မြေသို့ မဝင်ရကြောင်း သေချာသောအခါ သူ၏နေ၊ ရာတွင် ခေါင်းဆောင်ကို အစားထိုးရန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။ ယောရှုကို ခေါင်းဆောင်အဖြစ်ခန့်အပ်ထားရန် ဘုရားသခင်သည် မောရှေကို လူအများရှေ့တွင် – မိန့်တော်မူခဲ့သည်။ ယေရှုသည် မောရှေရွေးချယ်သောသူလည်းဖြစ်သည်။
ယေရှုကို ဘုရားသခင်က ခွန်အားပေးသည်။ (ယောရှု ၁း၁-၉) ၊
မောရှေ၏အလေ့အကျင့်တစ်ခုမှာ ဘုရားသခင်နှင့် ဘယ်နေရာမှာ တွေ့တွေ့ မောရှေသည် ယေရှုကို အမြဲခေါ်သွားစမြဲ ဖြစ်သည်။ ထို့ကြောင့် ယောရှုသည် ဘုရား သခင်နှင့်အတူရှိခြင်း အတွေ့အကြုံကို ရရှိပြီး ဖြစ်သည်။ ယခုလုပ်ဆောင်ရမည့် တာဝန် များအတွက် ဘုရားသခင်သည် ယေရှုကို ခွန်အားပေးမည်ဟု ဘုရားသခင်၌ ယုံကြည် ခြင်းရှိသည်။ မောရှေသေပြီးနောက်တွင် နယ်မြေကို သိမ်းပိုက်ရတော့မည် ဖြစ်သော ကြောင့် ဘုရားသခင်သည် ယောရှုကို တိုက်ရိုက် စကားပြောသည်။ •
ယောရှုနှင့်အတူရှိမည်အကြောင်း (၁း၂-၅)၊ အောင်မြင်ခြင်းကို ပေးမည်ဖြစ်
ကြောင်း (၁း၆)၊ ယောရှုဘယ်သွားသွား အတူရှိမည်ဖြစ်ကြောင်း (၁း၉) ဘုရား သခင်က ကတိပေးသည်။
ပညတ်တရားများကို စောင့်ရှောက်ရန် (၁းရ-၈)၊ မကြောက်ရန် (၁၉) ဘုရား
သခင်က ယောရှုကို ခွန်အားပေးသည်။
ယောရှုသည် သစ္စာရှိသော ခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ (ယောရှု ၁-၂၄) ၊
ယောရှုနှင့်သူ၏လူများသည် ခါနာန်ပြည်၏အဓိက နယ်မြေများကိုသိမ်းပိုက်ရာ တွင် (၅)နှစ်ကြာခဲ့သည်။ အမျိုးအနွယ် (၁၂)မျိုးကို နေရာချမှတ်ရာတွင် ယောရှုသည် သူကိုယ်တိုင် ကြီးကြပ်ဆောက်ရွက်ခဲ့သည်။ နယ်မြေများတွင် ရန်သူအနည်းငယ်ရှိနေသေး ပြီး၊ ထိုရန်သူများကို တိုက်ထုတ်ရန်မှာ ထိုနယ်မြေတွင်နေရာကျသည့် အမျိုးအနွယ်၏ တာဝန် ဖြစ်သည်။
နောက်ထပ်(၁၃)နှစ်အတောအတွင်း၊ ယောရှုသည်ဣသရေလလူများကိုသစ္စာရှိ စွာ ဦးဆောင်ခဲ့သည်။ အသက် (၁၁၀)ရောက်လာပြီး၊ ဘဝနိဂုံးချုပ်ခါနီးတွင် လူများကို ခေါ်ကာ နောက်ဆုံး ဆုံးမသွန်သင်ခဲ့သည်။ “အဘယ်မည်သောဘုရားတို့အား ဝတ်ပြု မည့်အရာကို ယနေ့ရွေးကြလော့” (၂၄း၁၅) ဟုဆိုကာဣသရေလလူများ၏ယုံကြည်ခြင်း ကို စိန်ခေါ်ခဲ့သည်။ ဘုရားသခင်၏ပညတ်တရားများကို စောင့်ရှောက်ရန် လူများကိုအ သစ်တဖန် နှိုးဆော်ပေးသည်။ လူများက “ငါတို့ဘုရားသခင် ထာဝရဘုရားကို ဝတ်ပြုပါ မည်။ စကားတော်ကို နားထောင်ပါမည်ဟု ဝန်ခံ” (၂၄း၂၄)ကြသည်။
ဆင်ခြင်စရာ
ယေရှု၏ခေါင်းဆောင်မှုအရည်အချင်းသည် မောရှေ့ဆီမှတဆင့်ခံ ဖြစ်သည်။ မောရှေသည် ဣသရေလလူများကို ကျွန်ဘဝမှ လွတ်မြောက်ပေးသည်။ ယောရှုသည် နယ်မြေကို သိမ်းပိုက်အောင်မြင်မှုပေးသည်။ ယေရှုသည် မောရှေ၏သစ္စာရှိသော အ စေခံဖြစ်သည်။ အချိန်ရောက်လာသောအခါ ဣသရေလစစ်တပ်၏စစ်ဦးစီးချုပ်အဖြစ် ဘုရားသခင်ကို အစေခံခဲ့သည်။ ဘုရားသခင်ကို အပြည့်အဝနာခံသူ ဖြစ်သည်။ ထို့အ ပြင် လူအများက ဘုရားကို နာခံရန်လည်း သူ့ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့သည်။
ယောရှုနှင့်ပတ်သတ်၍သမ္မာကျမ်းစာ၏မှတ်ချက်တစ်ခုမှာ“ယောရှုလက်ထက်ကာလပတ် လုံး က္ကသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ၏” (၂၄၃၁) ဟု ဖြစ် သည်။ ဤမှတ်ချက်ထက်သာ၍ ကောင်းသောမှတ်ချက် မရှိတော့ပေ။ ဘုရားသခင်နှင့် မောရှေတို့၏အစေခံကျွန်ဖြစ်သော ယောရှုသည် သူ၏အနှုတ်လက္ခဏာဆောင်သည့် မှတ်တမ်းကို သမ္မာကျမ်းစာတွင် မတွေ့ရပေ။
သင်ခန်းစာယူစရာ
သစ္စာရှိသောအစေခံခြင်းသည် မရှိမဖြစ် လိုအပ်သည်။ “နောက်လိုက်ခြင်းကို မခံယူဘဲနှင့် ခေါင်းဆောင် မဖြစ်နိုင်’ ဆိုသောစကားကို မကြာခဏ ပြောကြသည်။ အ သေးအမွှားလေးကအစ အရေးကြီးကြောင်း ယောရှုက သင်ခန်းစာပေးနေသည်။ အစ
ပထမပိုင်း၌ ယောရှုသည် အကူအညီတစ်ယောက်၊ အခိုင်းအစေတစ်ယောက်သာ ဖြစ် သည်။ သို့သော် သစ္စာရှိသည်။ အရေးကြီးသောတာဝန်များဖြစ်လာလျှင် ယောရှုသည် အမြဲတမ်း အဆင်သင့်ရှိနေသည်။ သေးငယ်သည့်အရာများ၌ပင် သင်၏သစ္စာရှိခြင်းကို ပြသပါ။ သေးငယ်သည့်အရာ၌ သစ္စာရှိခြင်းသည် ကြီးမားသည့်တာဝန်များကို ထမ်း ဆောင်ဖို့ သင့်အား ပြင်ဆင်ပေးခြင်းဖြစ်သည်။
အကြံဉာဏ်ကောင်းက လူကောင်းတစ်ယောက် ဖြစ်စေသည်။ ယောရှုအောင် မြင်ခြင်း၏နောက်ကွယ်တွင် မောရှေ၏သွန်သင်ပဲ့ပြင်ပေးခြင်းများ ရှိနေသည်။ သင့်၏ ။ အရည်အချင်းများ၊ စွမ်းဆောင်နိုင်ခြင်းများသည် သင့်ကိုပုံသွင်းပဲ့ပြင်ပေးမည့်သူ၊ သင့် ထက်ရင့်ကျက်ပြီး၊ အတွေ့အကြုံရှိသူ၏လက်ထဲတွင် ပို၍ တောက်ပထက်မြက်လာမည်ကို ယေရှုက သင်ခန်းစာပေးနေသည်။
နာခံခြင်းတွင် နားလည်သိကျွမ်းခြင်း မလိုပေ။ ယေရိဘေမြို့ကိုသိမ်းပိုက်အောင် မြင်ရာတွင် ဘာစစ်ဗျူဟာမှ မပါပေ။ ယောရှုသည် ဘုရားသခင်၏လမ်းညွှန်မှုအတိုင်းသာ လုပ်ဆောင်ခဲ့သည်။ သင်နားမလည်သော်လည်း ဘုရားပြောသည့်အတိုင်းသာ ယုံကြည် ကိုးစားပါ။ နာခံခြင်းကို လေ့ကျင့်သင်ယူပါ။
အခြားသူများအတွက် အမြင့်ကိုမျှော်မှန်းပေးပါ။ ယောရှုသည် သူကိုယ်တိုင် မလုပ်ဆောင်ဘဲနှင့် သူတပါးကို မလုပ်ခိုင်းပေ။ သူကိုယ်တိုင် အမြင့်ဆုံးကိုကြိုးစားပြီး၊ သူ၏လူများကိုလည်း သူ၏ပုံသက်သေကို လိုက်ခိုင်းသည်။ သင့်အလုပ်တွင် သင်၏ နောက်လိုက်ငယ်သားများ၊ သင့်မိသားစုတွင် သင်၏သားသမီးများ၊ သင့်အသင်းတော် ၊ တွင် သင်၏အသင်းသားများအတွက် ကောင်းသောပုံသက်သေပြရန် မမေ့ပါနှင့်။ အခြား သူများအတွက် ဘုရားသခင်၏အလိုတော်နှင့်ညီသော ပုံသက်သေကိုပြရန် သင့်ကိုယ် ၊ သင် မသိမ်ငယ်ပါနှင့်။
ယောရှုအတွက်သစ္စာရှိသောမိတ်ဆွေကောင်း၊ကာလက်
ကတိတော်ပြည်ကို စူးစမ်းရန်မောရှေ့စေလွှတ်သောသူလျှို (၁၂)ယောက်မှတစ်ယောက်၊
ကတိတော်ပြည်ကိုဝင်ရောက်ရန် ယုံကြည်စိတ်ချမှုအပြည့်ရှိသောလူ(၄)ယောက်မှတစ်
ယောက်၊
အီဂျစ်ပြည်မှထွက်လာပြီးကတိတော်ပြည်ကိုဝင်ရသည့်လူကြီး(၂)ယောက်မှတစ်ယောက်၊ မှ
ကြောက်ရွံ့ခြင်းမရှိသော ယောရှု၏မိတ်ဆွေများထဲမှတစ်ယောက်။ အသက် (၈၅) နှစ်ရှိနေ
သော်လည်း ကတိတော်ပြည်အတွက် တိုက်ခိုက်နိုင်သေးသောသူ၊
ကြီးမြတ်သောဘုရား၌ ယုံကြည်ကိုးစားသောကြောင့် ကြီးမားသောယုံကြည်ခြင်းရှိသူ၊
ရာခပ်
ပြည့်တန်ဆာ
ဂြည့် တန် ဆာရာ ခပ်သည် သူလျှိုတို့ ကို အဆွေဖွဲ့၍ လက်ခံသောကြောင့်
မယုံကြည် သာသူတို့ နှင့်အတူ မပျက် ဆီးဘဲ၊ ယုံကြည်ခြင်းအားဖြင့် ချမ်းသာရ၏။
(ဟေဗြဲ ၁၁း၃၁) ၊
အရည်အချင်း- ယုံကြည်ခြင်းအတွက် တောက်ပသောကြယ်တစ်ပွင့်။
ပြည့်စုံခြင်း- ရှင်ဘုရင်ဒါဝိဒ်၏ဘေးတော်။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၁၄၀၀။
နာမည်- ရာခပ်- အဓိပ္ပါယ်မှာ “ကျယ်ဝန်းခြင်း။
ကျမ်းပိုဒ်- ယောရှု ၂၁-၂၁၊ ၆း၁ရ-၂၅၊ မဿဲ ၁၅။
နောက်ခံအကြောင်းအရာ
ယော်ဒန်မြစ်၏အရှေ့ဘက်ကမ်း၊ မောဘလွင်ပြင်တွင် ယောရှုနှင့်ဣသရေလလူ များသည် ကတိတော်မြေကိုသိမ်းပိုက်ရန် ဘုရားသခင်ဆီမှ ညွှန်ကြားချက်ကို စောင့်နေ
ကြသည်။ သိမ်းပိုက်ရန် ပြင်ဆင်နေစဉ်တွင် ယော်ဒန်မြစ်၏အနောက်ဘက် (၅)မိုင်အ ကွာတွင်တည်ရှိသော ယေရိဘေမြို့၏စစ်ရေးအခြေအနေကိုသိရန် ယောရှုသည် သူ နှစ်ယောက်ကို စေလွှတ်ခဲ့သည်။ မြို့ကိုတိတ်တဆိတ်စုံစမ်းရန်ရောက်လာသော သူ နှစ်ယောက်သည် ဧည့်သည်များ၊ ခရီးသည်များ မကြာခဏ ရောက်တတ်သော ပြည် တန်ဆာရာခပ်၏အိမ်သို့ ရောက်ရှိသွားခဲ့သည်။
ခြုံငုံကြည့်ခြင်း
ယေရိဘေမြို့သို့ သူလျှို နှစ်ယောက်ရောက်လာပြီး၊ ရာခပ်အိမ်သို့ဝင်သည့် သ တင်းကို အာဏာပိုင်များက ကြားသောအခါ ရာခပ်ဆီသို့ ရောက်လာခဲ့ကြသည်။ ရာခပ် သည် ယောရှုစေလွှတ်သောသူလျှိုနှစ်ယောက်ကို ဖွက်ထားပြီး၊ အာဏာပိုင်များကိုလမ်း
ကြောင်းလွဲပေးလိုက်သည်။ ဣသရေလ၏ဘုရားသခင်သည် ယေရိဘေမြို့အား ဖျက်ဆီး မည်ကို ယုံကြည်သောကြောင့် သူမအတွက် ကွယ်ကာမစမှုကို တောင်းခံခဲ့သည်။ သူလျှိုနှစ်ယောက်ကို မြို့ပြင်သို့လွတ်မြောက်ရန် ကူညီပေးခဲ့ပြီး၊ လာရောက်ဖမ်းဆီးသူများ ကို ရှောင်ရှားနိုင်ရန် အခြားလမ်းကို ပြပေးခဲ့သည်။ ယေရိဘေမြို့ပျက်ဆီးသောအခါ ရာ ခပ်နှင့်သူမ၏မိသားစုများသာ လွတ်မြောက်ခဲ့သည်။ ရာခပ်၏မိသားစုသည် ဣသရေလ အမျိုးအဝင်ဖြစ်လာပြီး၊ ရာခပ်မှ ရှင်ဘုရင်ဒါဝိဒ် မွေးဖွားလာသည်။ နောက်ဆုံး မေရှိယ။
ယေရှုခရစ်တော်၏မျိုးဆက် အစိတ်အပိုင်း ဖြစ်လာခဲ့သည် (မဿဲ ၁း၅)။
အကြောင်းအရာ •
ရာခပ်၏အခြေအနေ (ယောရှု ၂း၁-၃)
အခန်းကြီး ၂ မှ ၆ ထိတွင် ရာခပ်ကို ပြည့်တန်ဆာ”၊ “ပြည့်တန်ဆာရာခပ် ၊ ဟု သုံးကြိမ် ဖော်ပြထားသည်။ ရာခပ်သည် ဘုရားကို မယုံကြည်သောသူဖြစ်ရုံသာမက၊ အခြေအမြစ်မရှိသောသူတစ်ယောက် ဖြစ်သည်။ အသိုင်းအဝိုင်း၏ အထင်သေးခြင်း ၊ သူလည်း ဖြစ်နိုင်သည်။ သူမ၏အလုပ်ကြောင့်လည်း ဧည့်သည်များ တည်းခိုရန် နေရာ များရှိနေသည်။ ဣသရေလလူများ အီဂျစ်ပြည်မှထွက်မြောက်လာသော သတင်းများ၊
ပင်လယ်နီကိုနှစ်ခြမ်းခွဲခြင်း၊ ရှင်ဘုရင်များပင်လယ်ထဲ၌ သေဆုံးခြင်းအကြောင်းများကို
ခပ်သည် သူမဆီရောက်လာသော အပြင်ဧည့်သည်များထံမှ ကြားခဲ့ရပြီး ဖြစ်သည်။ ထိုကြောင့် ဣသရေလသူလျှိုနှစ်ယောက် သူမ၏အိမ်ရှေ့တံခါးဝသို့ ရောက်လာသောအခါ ရာခပ်ကြားခဲ့ရသော သတင်းစကားများသည် အမှန်တကယ် ဖြစ်လာခဲ့သည်။ သူလျှို များသည် ဘယ်သူမှမသိအောင် မြို့ကိုစူးစမ်းသော်လည်း ရာခပ်၏အိမ်သို့ဝင်ရောက်သည့် သတင်းကို ယေရိဘေအာဏာပိုင်များက သိရှိသွားခဲ့သည်။ •
ရာခပ်၏စွန့်လွှတ်ပူဇော်ခြင်း (ယောရှု ၂း၄-ရ)
ယေရိဘေမင်းကြီးသည် ရာခပ်အိမ်သို့ရောက်လာကာ၊ သူလျှိုနှစ်ယောက်ကို ထုတ်ပေးရန် ပြောသောအခါ ရာခပ်အတွက် ရွေးချယ်စရာ ဖြစ်လာသည်။ သူလျှိုနှစ် ယောက်ကို ထုတ်ပေးပြီး၊ တိုင်းပြည်အတွက် သူရဲကောင်းဖြစ်မလား၊ သို့မဟုတ် သူတို့ကိုဖွက်ထားပြီး၊ တိုင်းပြည်၏သစ္စာဖောက်အဖြစ် သေပြစ်ကို ခံယူမလား။ ထာဝရ ဘုရားပြုသောအမှုများကို ရာခပ် ယုံကြည်သည်။ ထို့အပြင် တန်ခိုးကြီးသောလက်တော် အားဖြင့် ယေရိဘေမြို့ကျဆုံးမည်ကိုလည်း ယုံကြည်နေသည်။ ထို့ကြောင့် သူမ၏အ သက်ကို အသေခံရန် ရဲရင့်စွာ ဆုံးဖြတ်ခဲ့ပြီး၊ သူလျှို နှစ်ယောက်ကို ဖွက်ထားခဲ့သည်။ သူတို့ရောက်လာကြောင်းပြောပြီး၊ လိုက်ရှာသောအာဏာပိုင်များကို လမ်းမှားသို့ ပို့ပေးခဲ့ သည်။ ။ •
ရာခပ်၏အစီအစဉ် (ယောရှု ၂း၈-၁၆)
လူများကိုကြောက်လှန့်နေသော သေခြင်းတရားကိုဆင်ခြင်လျက်၊ ယေရိဘေမြို့ ပြိုပျက်သောအခါ သူမနှင့်သူမ၏မိသားစု အသတ်မခံရန် ရာခပ်သည် သူလျှိုများထံ
တောင်းဆိုခဲ့သည်။ သူလျှို နှစ်ယောက်သည် အခြေအနေတစ်ခုအပေါ်၌ သဘောတူခဲ့ သည်။ ဣသရေလလူများ ယေရိဘေမြို့ကို လာရောက်တိုက်ခိုက်မည့်အစီစဉ် မပေါက် ကြားခဲ့လျှင် ရာခပ်နှင့်သူမ၏မိသားစုကို အသက်ချမ်းသာပေးမည် ဖြစ်ကြောင်း ဝန်ခံ ကတိပြုခဲ့ကြသည်။ သူလျှို နှစ်ယောက် လွတ်မြောက်ရန် ရာခပ်က မြို့ရိုးဘက်သို့မျက်နှာမူ နေသောသူ၏အိမ် ပြတင်းပေါက်မှ ကြိုးဖြင့်ချကာ မြို့ရိုးအပြင်သို့ လွှတ်ပေးခဲ့သည်။
ရာခပ်၏လက္ခဏာသက်သေ (ယောရှု ၂း၁ရ-၂၁)
ယခုလျှောချသော ပြတင်းပေါက်တွင် ဤကြိုးနီကိုချိတ်ဆွဲထားရန်၊ ရာခပ်နှင့် သူမ၏မိသားစုများကို သူမအိမ်သို့ခေါ်ထားရန် သူလျှိုများက ပြောခဲ့သည်။ အကယ်၍ မိသားစုများက အိမ်တွင်မရှိပါက မြို့ကိုလာရောက်သိမ်းပိုက်သောအခါ သူတို့၏လုံခြုံ
ရေးကို တာဝန်မယူကြောင်းလည်း သတိပေးခဲ့သည်။ လုံးလုံးယုံကြည်ကိုးစားလျက်၊ ရာ ခပ်သည် ချက်ခြင်းပင် ဤကြိုးနီကို ပြတင်းပေါက်တွင်ချိတ်ဆွဲကာဣသရေလစစ်တပ်အ တွက် လက္ခဏာသက်သေပေးခဲ့သည်။ •
ရာခပ်၏ကယ်တင်ခြင်း (ယောရှု ၆း၂၂-၂၃)
ကတိတော်ပြည်ကို ဝင်ရောက်ရန် နှစ်ပေါင်း (၄၀)စောင့် ပြီးသောအခါ ဣသ ရေလလူများသည် သိမ်းပိုက်ရန် အဆင်သင့်ရှိနေကြပြီ။ ယော်ဒန်မြစ်ရေသည် ရေကြီး နေသည်။ သို့သော် ဘုရားသခင်၏အစီအမံကြောင့် မြစ်ရေနှစ်ခြမ်းကွဲကာ ယောက်ျား (၄ဝဝဝ)သည် ယော်ဒန်မြစ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ ယေရိဘေကိုသိမ်းပိုက်ရန် ဘုရား သခင်၏စစ်ဗျူဟာသည် တိကျသည်။ ရိုးစင်းသည်။ မြို့ပတ်ပတ်လည်ကို တစ်နေ့တွင် တစ်ခေါက် တိတ်ဆိတ်စွာ လှည့်ပတ်ရန် ဖြစ်သည်။ ခုနှစ်ရက်မြောက်သောနေ့တွင်ခြောက် ကြိမ်လှည့်ပတ်ပြီး၊ ခုနှစ်ကြိမ်မြောက်တွင် ယဇ်ပုရောဟိတ်များက တံပိုးခုနှစ်လုံးကို မှုတ် ၊ ရမည်။ လူများက ကြွေးကြော်ရမည်။ ထိုအခါ မြို့ရိုးပြိုကျမည် ဖြစ်သည်။ ယောရှုနှင့် လူများသည် ဘုရားသခင်ပြောသည့်အတိုင်း တိတိကျကျ လုပ်ဆောင်သည်။ မြို့ရိုးပြိုကျ သောအခါ ဣသရေလလူများက မြို့ထဲသို့ပြေးဝင်ကာ မြို့ကိုဖျက်ဆီးသည်။ ရာခပ်နှင့် သူမ၏မိသားစုသာ လွတ်မြောက်ခဲ့သည်။ •
ရာခပ်ပြောင်းလဲခြင်း (ယောရှု ၆း၂၅)
ဤနေ့ ဤအချိန်မှစပြီး ရာခပ်သည် သူမ၏သမိုင်းကို ပြောင်းလဲရန် ဆုံးဖြတ် ခဲ့သည်။ ထာဝရဘုရား၌ယုံကြည်ခြင်းကြောင့် အရာအားလုံးကို ထားခဲ့သည်။ သူမ ပြည်၊ သူမ၏အလုပ်၊ အတိတ်အားလုံးကို အပြီးသတ်နိုင်ခဲ့သည်။ ထို့အတွက် ဘုရား သခင်က ရာခပ်နှင့်မိသားစုကို ဘဝအသစ်၊ တိုင်းပြည်အသစ်၊ လူမျိုးအသစ်ကို
သည်။ ဘုရားသခင်သည် ရာခပ်ကို အပြစ်၏ကျေးကျွန်မှ ထုတ်ခေါ်ခဲ့ပြီး၊ ကယ်တင်ရှင် ၏ဆွေစဉ်မျိုးဆက်၊ သန့်ရှင်းသူများကြားတွင် နေရာချပေးခဲ့သည်။
ဆင်ခြင်စရာ
လူတစ်ယောက်သည် ဘုရားသခင်ကို ယုံကြည်သောအခါ သူ့ဘဝ ပြောင်းလဲ သွားသည်ကို ရာခပ်၏အသက်တာက မီးမောင်းထိုးပြနေသည်။ သူ့အနေနှင့်ကြည့်လျှင် သမ္မာကျမ်းစာက ရာခပ်ကို ရေးကြီးခွင်ကျယ် မှတ်တမ်းတင်ရလောက်အောင် ရာခပ် အသက်တာတွင် ကောင်းကွက်တစ်ခုမှ မရှိခဲ့ပေ။ ဘုရားမသိသူ၊ တရားမရှိသူ၊ လိမ် လည်သူ၊ တိုင်းပြည်ကိုသစ္စာဖောက်သောသူ၊ မိန်းမပျက်၊ ပြည့်တန်ဆာ တစ်ယောက် ဖြစ်သည်။ ထို့ထက်နှိမ့်ကျသောအရာ မရှိတော့ပေ။ သို့သော် ရာခပ်ကို ဘုရားအမြင်ဖြင့် ကြည့်လျှင် ရာခပ်သည် ဘုရားကို ကြောက်ရွံ့ခြင်း၌ အားကြီးသော မိန်းမ ဖြစ်သည်။ သူလျှိုများကို ဖွက်ထားခြင်းသည် သူမ၏ ယုံကြည်ခြင်းကို ပြသခြင်းဖြစ်ကြောင်း ကျမ်းစာက သက်သေပြနေသည် (ဟေဗြဲ ၁၁း၃၁၊ ယာကုပ် ၂း၂၅)။ ဣသရေလလူများ၏ အကြီးမြတ်ဆုံးဘုရင် ဒါဝိဒ်၏ဘေးတော် တစ်ယောက်ဖြစ်လာရုံသာမက၊ လောက၏ အကြီးမြတ်ဆုံးဘုရင် ယေရှုခရစ်တော်၏မျိုးဆက်ထဲမှ တစ်ယောက်လည်း ဖြစ်လာခဲ့ သည်။
သင်ခန်းစာယူစရာ
ဘုရားသခင်၏ကယ်တင်ခြင်းတန်ခိုးသည် အဆိုးဆုံးသော အပြစ်သားကိုပင် မပစ်ပယ်ခဲ့ပေ။ ဘုရားသခင် မကယ်တင်နိုင်လောက်အောင် ဆိုးသွမ်းနေသောသူတစ်
ယောက်ကို သင်စဉ်းစားဖူးပါသလား။ ဧဝံဂေလိတရားက ထိုလူပုဂ္ဂိုလ်ဆီ ရောက်နိုင်မည့် နည်းလမ်း ဘယ်လိုမှ မရှိဟု သင်ထင်ပါသလား။ ပြည့်တန်ဆာရာခပ်က သင် မှားနေ
ကြောင်း သက်သေပြခဲ့ပြီ။ ရာခပ်နှင့်အတူ အခြားသောဆိုးသွမ်းသည့်အပြစ်သားများဆီ သို့ ဘုရားသခင်၏ကယ်တင်ခြင်းလက်တော်သည် မရောက်နိုင်ဟူ၍ မရှိပေ။ ထို့ကြောင့် မျှော်လင့်ချက်မရှိဟု ထင်ရသောသူများကို ဘယ်သောအခါမှ လက်လွှတ်အဆုံးရှုံး မခံ
ပါနှင့်။ ဘုရားသခင်က ရာခပ်ကို လက်လွှတ်အဆုံးအရှုံး မခံခဲ့ပါဘူး။
ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘဝတစ်ခုလုံးကို ပြောင်းလဲစေသည်။ ဘု ရားသခင်သည် ပင်လယ်နီကို နှစ်ခြမ်းခွဲခဲ့သည့်သတင်း၊ ဣသရေလလူများ ချီတတ်ရာ လမ်းကြောင်း၌ ပိတ်ပင်တားဆီးနှောင့်ယှက်သည့် လူမျိုးများကို ဘုရားသခင် ဖျက်ဆီးခဲ့ သည့် သတင်းများကို ရာခပ် ကြားခဲ့ပြီး ဖြစ်သည်။ ယခု ထိုဘုရား၏လူမျိုးတော်ကို ကိုယ်စားပြုထားသည့် သူလျှိုနှစ်ယောက်သည် သူမ၏အိမ်တံခါးရှေ့တွင် ရောက်နေ သည်။ ထာဝရဘုရား၏တန်ခိုးတော်ကို ရာခပ်ယုံကြည်သည်။ သူမ၏လူမျိုးကိုဆန့်ကျင်ပြီး ယုံကြည်ခြင်းအားဖြင့် ဣသရေလလူမျိုးနှင့်အတူရပ်တည်ရန် ရွေးချယ်ခဲ့သည်။ သင့်ဘဝ တွင် ဘုရားသခင်သည် စစ်မှန်သောရှင်ဘုရင်ဖြစ်ကြောင်း သင် သိရှိနားလည်ပါသလား။ ဆင့်ကိုကယ်တင်ရန် သူ၏တန်ခိုးတော်ကို သင် ယုံကြည်ကိုးစားပါသလား။ ဘုရားမသိ။ တရားမရှိသော ပြည့်တန်ဆာတစ်ယောက်ကို ဘုရားသခင် ပြောင်းလဲပေးခဲ့လျှင် သင့် သက်တာကိုလည်း ဘုရားသခင် ပြောင်းလဲပေးနိုင်သည်။
အခြားသူများ၏ ကယ်တင်ခြင်းအတွက် သင် စိုးရိမ်ပူပန်ရမည်။ ရာခပ်သည် သူတစ်ယောက်တည်း လွတ်မြောက်ကယ်တင်ရေးကိုသာ မကြည့်ဘဲ သူမ၏မိသားစုအ တွက် စဉ်းစားခဲ့သည်။ ရာခပ်၏ပြည်တန်ဆာအလုပ်ကြောင့် သူမ၏မိသားစုကပင် ရာခပ်ကို ပစ်ပယ်ထားသည်။ သို့သော် ဘုရားသခင်သည် ရာခပ်၏နှလုံးသားကို စတင်
ပြောင်းလဲပေးလာသောကြောင့် ရာခပ်သည် သူမ မိသားစု၏ကယ်တင်ခြင်းကို စိုးရိမ်ပူ ပန်သည်။ ကယ်တင်ခြင်းမရသေးသော သင်၏မိသားစု၊ မိတ်ဆွေများအတွက် ရာ ခပ်၏နှလုံးသားမျိုး သင်၌ ရှိပါသလား။ သူမ၏မိသားစုသည် စစ်မှန်သော ဘုရားကိုမသိ ၊ ဘဲ သေဆုံးသွားမည်ကို ရာခပ် မလိုလားပေ။ ကယ်တင်ခြင်းမရသေးသော သင်၏ မိ သားစု၊ မိတ်ဆွေများအတွက် ယခုပင် လုပ်ဆောင်ပါ။ ဆုတောင်းပေးပါ။
သမ္မာကျမ်းစာသမိုင်းမှရာခပ်၏အခန်းကဏ္ဍ
စာလမုန်နှင့်ရာခပ်တို့မှဗောဇ
ဗောဇသားဩဗက် ဩဗက် သားယေရှု
ယေရဲသားဒါဝိဒ် ဒါဝိဒ်၏မျိုးဆက်မှ
ယေရှုခရစ်တော်၊ ဤလောက၏ကယ်တင်ရှင်
ရှံဆုန်
ကမ္ဘာပေါ်ထပ် ခွန်အားအကြီးမားဆုံး
ပဋိသန္ဓေယူ၍ ဘွားမြင်လတံ့သာသားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ၊ အမိဝမ်းထဲမှစ၍၊ ဘုရားသခင်၏ နာဇရိလူဖြစ်ရလိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့ လက်မှ ကယ်နှုတ်စပြုလိမ့်မည်။
(တရားသူကြီးမှတ်စာ ၁၃း၅) ၊
အရည်အချင်း- ဘုရားသခင်၌ယုံကြည်ခြင်း။
ပြည့်စုံခြင်း- ဘုရားသခင်၏ရန်သူများကို တိုက်ခိုက်ခဲ့သည်။
အသက်ရှင်ခဲ့သောအချိန်- တရားသူကြီးများအုပ်စိုးချိန်- ဘီစီ ၁၀၉၅-၁၀ရ၅
နာမည်- ရှံဆုန်- အဓိပ္ပါယ်မှာ “ထူးခြားသိမြင်ခြင်း။
ကျမ်းပိုဒ်- တရားသူကြီး ၁၃-၁၆၊ ဟေဗြဲ ၁၁း၃၂။
နောက်ခံအကြောင်းအရာ
ပြည်ပအရင်းရှင်များ၏ဖိနှိပ်ချုပ်ချယ်မှုမှ ဣသရေလလူများကို လွတ်မြောက် စေရန် အခြားခေါင်းဆောင်များနှင့် မတူ၊ ဘုရားသခင်ခန့်အပ်သည့် တမူထူးခြားသော ခေါင်းဆောင်များသည် တရားသူကြီးများပင် ဖြစ်သည်။ ဣသရေလလူတို့၏ မနာခံခြင်း
ကြောင့် ဖိနှိပ်မှုများ ခံရသည်။ ဣသရေလလူများ ဘုရားသခင်ထံမှ လမ်းလွဲသွားသည့် အခါခါတိုင်း ဘုရားသခင်သည် သူတို့၏အပြစ်ကိုဆုံးမရန် ဖိနှိပ်သူများကို စေလွှတ်သည်။ ဣသရေလလူများက လွတ်မြောက်ရန်အတွက် ဆုတောင်းသောအခါ ဘုရားသခင်က တရားသူကြီးများကို ပေါ်ပေါက်စေကာ ဖိနှိပ်သူများလက်မှ လွတ်မြောက်စေသည်။ က္က သရေလလူများက ‘လမ်းလွဲဖောက်ပြန်လိုက်၊ ဖိနှိပ်ချုပ်ချယ်ခြင်းခံလိုက်၊ နောင်တရ လိုက်၊ ဘုရားသခင်က ပြန်ကယ်တင်လိုက်’၊ ဤကဲ့သို့ သံသရာစက်ကွင်းကို ယောရှု အချိန်ကာလမှ ပရောဖက်ရှမွေလအချိန်ကာလကြား (ရ)ကြိမ် ဖြစ်ခဲ့သည်။ ရှံဆုန်သည် တရားသူကြီးမှတ်စာတွင် ဖော်ပြသောတရားသူကြီးများထဲမှ နောက်ဆုံး တရားသူကြီးဖြစ် သည်။ နှစ်ပေါင်း (၃၅၀)၏ အဆုံးပိုင်းတွင် အသက်ရှင်ခဲ့သည်။ |
ခြုံငုံကြည့်ခြင်း ၊
ဣသရေလအမျိုးသား မာနော်နှင့်သူ၏ဇနီးတို့၏အသက်တာ၌ ဘုရားသခင်၏ အကြံအစည်ပြည့်စုံခြင်းကြောင့် ရုံဆုန်မွေးဖွားလာခဲ့သည်။ ရှီဆုန်ကို ဘယ်လိုပြုစုပျိုး
ထောင်ရမည်ကို ဘုရားသခင်က ရှံဆုန်မိဘများအား တိကျသည့်လမ်းညွှန်ချက်များပေး ထားသည်။ ရှံဆုန်သည် ဣသရေလလူများကို ရန်သူဖိလိတို့လူများလက်မှ လွတ်မြောက် ၊ ပေးမည်။ ဘုရားသခင်အတွက် ကြီးမားသည့်အလုပ်ကို လုပ်ရမည် ဖြစ်သည်။ ဤအ လုပ်ကိုပြီးမြောက်အောင်မြင်ရန်အတွက် ရုံဆုန်ကို သဘာဝထက်လွန်ကဲသည့်ရုပ်ပိုင်း ၊ ဆိုင်ရာခွန်အားပေးခဲ့သည်။ ဘုရားသခင်၏အကြံအစည်ကို ပြည့်စုံဖို့ထက် ရှံဆုန်သည် သူ၏တပ်မက်မှု အလိုဆန္ဒပြည့်စုံရန်သာ အစွပ်ခွန်အားကို အချည်းနှီးအသုံးပြုခဲ့သည်။ တရားသူကြီးအဖြစ် နှစ် (၂၀)အုပ်စိုးသည့်အဆုံးပိုင်းတွင် ပြည့်တန်ဆာဒေလိလ၏ဖြား၊
ယောင်းသွေးဆောင်ခြင်းထဲပါသွားပြီး၊ သူ၏ခွန်အားလျှို့ဝှက်ချက်ဖြစ်သည့် ဆံပင်ရှည် ခြင်းကို ပြောပြခဲ့သည်။ သူ၏ခွန်အားသည် အမှန်တကယ်တွင် ဆံပင်၌ မရှိပေ။ သို့ ၊ သော် ဘုရားသခင်နှင့်ထူးခြားသောသစ္စာပြုခြင်းမှာ ဆံပင်မညှပ်ခြင်း ဖြစ်သည်။ ထို့
ကြောင့် ဒေလီလသည် ရှံဆုန်၏ဆံပင်ကိုညှပ်ခဲ့သည်။ ရှီဆုန်၌ ခွန်အား မရှိတော့ပေ။ ရှိဆုန်သည် ဖိလိတ္တိအကျဉ်းထောင်တွင် ကြိတ်ဆုံကျောက်ကြိတ်ခြင်းဖြင့် သူ့ဘဝ၏
နောက်ဆုံးနေ့ရက်များကို ဖြတ်ကျော်ခဲ့ရသည်။ ဗိမာန်တော်ရှိလူအုပ်ကြီးကိုထမ်းထား သောကျောက်တိုင်များကို ဖြိုချနိုင်ရန် ရှံဆုန်သည် ဘုရားသခင်၌ ခွန်အားတောင်းခံခြင်း
ကြောင့် သူ၏နောက်ဆုံးဆုတောင်းခြင်းကို ဘုရားသခင်အဖြေပေးခဲ့သည်။ ရှံဆုန်သည် သူအသက်ရှင်စဉ် သတ်ခဲ့သောရန်သူများထက် သေဆုံးသောအခါ သတ်သောရန်သူများ က ပိုများသည်။
အကြောင်းအရာ •
ရှံဆုန်၏အစောပိုင်းအသက်တာ (တရားသူကြီး ၁၃း၁-၁၄၃)
ဣသရေလလူများသည်ဘုရားသခင်၏အလိုတော်လမ်းကြောင်းမှလွဲသွားသော ကြောင့် သူတို့၏အပြစ်ဆိုးကျိုးကို ခံစားရသည်။ ဖိလိတ္တိလူတို့၏ဖိနှိပ်မှုကိုခံရန် ဘုရားသ ခင် ခွင့်ပြုခဲ့သည်။ ဒန်အမျိုးအနွယ်မှ လင်မယားနှစ်ယောက်အားဖြင့် ဘုရားသခင်သည် ဣသရေလလူများအတွက် တရားသူကြီးတစ်ယောက်ကို ပေးခဲ့သည်။ လွတ်မြောက်ပေး မည့်သူမွေးဖွားလာမည့် သတင်းကို “ထာဝရဘုရား၏ ကောင်းကင်တမန်’ (၁၃၃)က သယ်ဆောင်လာသည်။ မိခင်ဖြစ်မည့်သူနှင့် မွေးဖွားလာမည့်ကလေးအတွက် တိကျသော လမ်းညွှန်ချက်ကို ပေးသည်။ ကလေးသည် စပျစ်ရည်ကို မသောက်ရ၊ ဆံပင် မရိတ်ရ၊ လူသေအလောင်းကို မထိရပေ။ ကလေးမွေးဖွားပြီး၊ ကြီးပြင်းလာသောအခါ ဘုရားသခင် သည် ကလေးကို ကောင်းကြီးပေးသည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်ကာ ဘုရားသခင်ခွဲခန့်မှတ်သားထားသော အလုပ်ကိုလုပ်ဆောင်ရန် ကူညီ မစခဲ့သည်။ •
ရှံဆုန်သည် ဖိလိတ္တိလူများနှင့်တိုက်ခိုက်သည် (တရားသူကြီး ၁၄-၁၆)
ရှံဆုန်သည် ဖိလိတို့လူများကို တိုက်ခိုက်မောင်းထုတ်ပြီး၊ ဣသရေလလူများကို ဦးဆောင်ရန် ဖြစ်သည်။ သို့သော် ဖိလိတို့လူများကို တိုက်ခိုက်ခြင်းသည် နိုင်ငံရေးအရ မဟုတ်တော့ဘဲ၊ ပုဂ္ဂိုလ်ရေးနှင့်ပတ်သတ်လာခဲ့သည်။ ဖိလိတ္တိစစ်သားများစွာကိုသတ်ခဲ့ သည်။ သူတို့၏လယ်ယာများကို မီးရှို့ဖျက်ဆီးခဲ့သည်။ ဖိလိတို့လူများအား နှောင့်ယှက်မှု ၊ များကို သူ့ဘဝတစ်လျှောက်လုံး လုပ်ခဲ့သည်။ ရှံဆုန်သည် ဖိလိတ္တိလူများကို တိုက်
ခိုက်နေခြင်းသည် သူ၏လူ၊ က္ကသရေလလူများအတွက် မဟုတ်ဘဲ၊ သူ့ကို မကောင်း လုပ်ထားသည့်အတွက် လက်စားချေခြင်း ဖြစ်သည်။ •
ရှံဆုန်နှင့်အမျိုးသမီးများ (တရားသူကြီး ၁၄-၁၆)
ရှံဆုန်သည် မိဘများမနှစ်သက်သည့် ဖိလိတို့မိန်းခလေး တစ်ယောက်နှင့်လက် ၊ ထပ်ရန် ဆုံးဖြတ်ခြင်းနှင့်အတူ သူ၏လူငယ်ဘဝကို စတင်ခဲ့သည်။ ဖိလိတို့လူများက ထို မိန်းခလေးကို သတ်ခဲ့သည်။ ထိုနောက်ပိုင်းတွင် ရှံဆုန်သည် ပြည့်တန်ဆာများနှင့် ပေါင်းဖော်ခဲ့သည်။ ထိုအထဲတွင် ဖိလိတို့လူများအပေါ် သစ္စာရှိသော ဒေလီလနှင့်ပေါင်း ဖော်ခဲ့သည်။ မကောင်းသတင်းများ ထွက်ပေါ်လာသည်။ ဖိလိတို့လူများက ဒေလီလကို ငွေပေးကာ ရှံဆုန်ခွန်အားကြီးရခြင်း၏လျှို့ဝှက်ချက်ကို ရှာခိုင်းသည်။ ဒေလိလ ရှာဖွေ တွေ့ရှိသောအခါ ရှံဆုန်၏ဆံပင်ကို ဖြတ်ခဲ့သည်။ ရှီဆုန်၌ တိုက်ခိုက်ရန် ခွန်အားမရှိတော့ ပေ။ ဖိလိတို့လူများက ရှံဆုန်ကို လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်။ မျက်စိကို ထိုးဖောက်ကြသည်။ အကျဉ်းထောင်ထဲတွင် ကြိတ်ကြိတ်ခိုင်းသည်။ ဘဝအသက်တာ အဆုံးပိုင်းတွင် လူများ၏လှောင်ပြောင်ခြင်းများနှင့် အထင်သေးခြင်းခံရသည်။
ဆင်ခြင်စရာ ၊
ရှံဆုန်သည် သူ၏မာနနှင့်ခံပြင်းစိတ်များဖြင့်သာ သူ့ကိုယ်သူ ဒုက္ခရောက်ခဲ့ရ သည်။ သူ၏အသက်တာသည် စံနမူနာယူဖို့အတွက် မဟုတ်ပေ။ သို့သော် သူ့ခွန်အား များ၊ လက်သည်းများသည် ကြီးမားသည်။ ဘုရားကိုရိုသေကြောက်ရွံ့သော ရှံဆုံ၏ မိဘနှစ်ပါးက သူ့ဘ၀အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ကြသည်။ သို့သော် ရှံဆုန်သည် မိမိလုပ်ချင်၊ လိုချင်တပ်မက်သော စိတ်ဆန္ဒက အားကြီးသောကြောင့် ဘု ရားသခင်၏လူများကို ကာကွယ်ခြင်းထက် သူ၏စိတ်ဆန္ဒအတိုင်းသာ အသက်ရှင်ခဲ့သည်။ ဘုရားသခင်အတွက် အသုံးခံရန်ကြီးမားသည့် ခွန်အားကို ဘုရားက ပေးခဲ့သည်။ ရှီဆုန် သည် ထိုခွန်အားကို သူ့အတွက် အသုံးပြုခဲ့သည်။ ဘုရားသခင်နှင့်အတူ အသက်မရှင်ခဲ့ သောကြောင့် သူ၏အခွင့်အရေးနှင့် အလားလာကောင်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
ရှံဆုန်သည် နှစ်ပေါင်း (၂၀) တရားသူကြီးဖြစ်ခဲ့သော်လည်း ခေါင်းဆောင်ကောင်၊ မ ဟတ်ခဲ့ပေ။ သူ့ကိုယ်သူ ကာကွယ်တိုက်ခိုက်နိုင်သော သူရဲကောင်း ဖြစ်ချင်ဖြစ်မည်။ သို့သော် အခြားသူများကိုတော့ တိုက်ပွဲတွင် မဦးဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် ဖိလိတို့လူ များက ရှံဆုန်အုပ်စိုးစဉ်ကာလ နှစ်ပေါင်း (၂၀)လုံးလုံး က္ကသရေလလူများကို ဖိနှိပ်ချုပ် ချယ်ခဲ့သည်။ ရှီဆုန်သည် အားနည်းချက်များရှိသော်လည်း သူ၏သန်မာသောလက်များ နှင့် ဘုရားသခင်၏ရည်ရွယ်ချက်အတိုင်း ဖိလိတို့လူများ၏အကြံအစည်များ အထမ မြောက်ရန် ပိတ်ပင်တားဆီးခဲ့သည်။ ဘုရားသခင်၌သစ္စာရှိသော သူများစာရင်းတွင် ရုံ ဆုန်ကို မှတ်တမ်းတင်ထားသည် (ဟေဗြဲ ၁၁း၃၂)။
သင်ခန်းစာယူစရာ
ဝိညာဉ်ဆုကျေးဇူးရှိတိုင်း ဝိညာဉ်လူ မဖြစ်နိုင်ပေ။ ရှံဆုန်လောက်ဆုကျေးဇူးရှိ သောသူ သူ၏နေ့ရက်ကာလတွင် တစ်ယောက်မှ မရှိခဲ့ပေ။ ဘုရားသခင်အတွက် ကြီး မားသောအရာများလုပ်ဆောင်နိုင်ရန် ဘုရားသခင်သည် သူ့အား ဆုကျေးဇူးများပေးခဲ့ သည်။ သို့သော် သူ၏မာနနှင့်ခေါင်းမာခြင်းကြောင့် ဘုရားအတွက် အသက်ရှင်ရမည့်အ စား သူ့အတွက် အသက်ရှင်ခဲ့သည်။ ဘုရားသခင်သည် ယနေ့ သင့်ကို ဝိညာဉ်ရေးရာ ဆုကျေးဇူး၊ ရုပ်ပိုင်းဆိုင်ရာကောင်းကြီးများပေးထားသည်။ ဘုရားသခင်အတွက် အစေခံ ရန် ထိုကောင်းကြီးများကို မဖြုန်းတီးပါနှင့်။ သင်၌ရှိသောဆုကျေးဇူးများနှင့် အရည်အ ချင်းများကို ဘုရားလက်တော်သို့ ဆက်ကပ်အပ်နှံလျက် ဘုရားအတွက် အစေခံပါ။ သင်၏ဆုကျေးဇူးများကို ဘုရားသခင် ပွားများစေမည်ကို စောင့်ကြည့်ပါ။
ဘုရားသခင်သည် သူ၏သား၊ သမီးများကို ဘယ်သောအခါမှ လက်လွှတ် အ ဆုံးရှုံးမခံပေ။ ရှံဆုန်သည် သူ့ဘ၀တွင် သူ့စိတ်ကြိုက်၊ သူထင်သလို အသက်ရှင်ခဲ့သည်။ ည်မှန်းချက် ပန်းတိုင် မရောက်ခဲ့ပေ။ သို့သော် သူ့ဘဝ၏နောက်ဆုံးအချိန်တွင် ဘုရား ကို နောက်ဆုံးအကြိမ် မျှော်ကြည့်ခဲ့သည်။ ဘုရားသခင်သည် သူ၏ဆုတောင်းခြင်းကို
ပေးခဲ့သည်။ ရုံဆုန်ကို ခွန်အားပြန်လည်ပေးပြီး၊ ဖိလိတို့ခေါင်းဆောင်များကို ပြင်း
ပြင်းထန်ထန် တရားစီရင်ခဲ့သည်။ အပြစ်ဒုစရိုက်ကို ရွေးချယ်လိုက်ခြင်းကြောင့် သင် သည် အပြစ်ရှိသည်ဟု ခံစားနေရပါသလား။ ဘုရားသခင်နှင့်ဝေးကွာနေပါသလား။ ဘု ရားသခင်သည် သင့်ကို သူနှင့်ပြန်လည်မိတ်သဟာယဖွဲ့စေချင်သည်။ ဝမ်းမြောက်ခြင်း၊ ကိုပေးရန်၊ သင့်ကိုခွင့်လွှတ်ရန်၊ သင့်ဆုတောင်းသံကိုကြားရန် အဆင်သင့်ရှိနေပါသည်။ ခွင့်လွှတ်ခြင်းအတွက် ဒါဝိဒ်၏ဆုတောင်းခြင်း ဆာလံကျမ်းကို ဖတ်ပါ (ဆာလံ ၃၂)။
သွေးဆောင်ခြင်းများနှင့် မကစားပါနှင့်။ ဘုရားနောက်ကို လိုက်ပါ။ ရှံဆုန် သည် ပြည့်တန်ဆာဖြစ်သော ဒေလီလနှင့် ပေါင်းဖော်သည်မှာ သူ့မျက်စိဖောက်ခံရပြီး၊
နောက်ဆုံး အသက်ပါပေးလိုက်ရသည်အထိ ဖြစ်ခဲ့သည်။ မှားယွင်းသောအပေါင်းအသင်း များကြောင့် စုံစမ်းသွေးဆောင်ခြင်းနှင့်နီးကပ်နေသည်ကို သင့်ကိုယ်သင် မသိနိုင်ပေ။ ခရစ်တော်နှင့်ဘယ်လောက်နီးကပ်စွာ အသက်ရှင်ကြောင်းကို မြင်ဖို့လိုသည်။ ဘုရား၏ ။ လူများနှင့် မိတ်သဟာယဖွဲ့ခြင်း၌ ရင့်ကျက်ကြီးထွားပါ။ လူငယ်လေး တိမောသေအတွက် ရှင်ပေါလု၏အကြံပေးစကားကို နားထောင်ကြည့်ပါ။ “လူပျိုတို့၏ကိလေသာစိတ်ကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ ချစ်ခြင်း၊ စင်ကြယ်သော စိတ်ရှိ၍ သ ခင်ဘုရားကို ပူနာပြုသောသူတို့နှင့်အသင့်အတင့်နေခြင်းတို့ကို မှီအောင်လိုက်လော့’ (၂ တိ ၂း၂၂)။ ။
ရုသ
သီလနှင့်ပြည့်စုံသော အမျိုးသမီး
ကျွန်မသည် ကိုယ်တော် ကို မစွန့်ပါရစေနှင့်။ နောက်တော်သို့ မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့်။ ကိုယ် တော် သွားလေရာရာသို့ ကျွန်မလိုက် ပါမည်။ ကိုယ်တော် အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ် တော် အ မျိုးသည် ကျွန်မအမျိုး၊
ကိုယ် တော် ဘုရားသည် ကျွန်မဘုရားဖြစ်ပါစေ။ (ရုသ ၁း၁၆)
အရည်အချင်း- သစ္စာရှိခြင်း။
ပြည့်စုံခြင်း- ရှင်ဘုရင် ဒါဝိဒ်၏ဘွားတော်။
အသက်ရှင်ခဲ့သောအချိန်- တရားသူကြီးများအုပ်စိုးချိန်- ဘီစီ ၁၁၀၀
နာမည်- (ရသ- အဓိပ္ပါယ်မှာ “မိတ်ဆွေဖွဲ့ခြင်း။
ကျမ်းပိုဒ်- ရုသဝတ္ထု။
နောက်ခံအကြောင်းအရာ
တရားသူကြီးများအုပ်စိုးချိန်အဆုံးပိုင်းတွင် မောဘအမျိုးသမီးငယ်၊ ရုသ သည် ငွေရောင်ပိတ်ကားပေါ်သို့ ပေါ်လာခဲ့သည်။ ထိုအချိန်ကို အမှောင်ဖုံးလွှမ်းချိန်ဟု ပြောလို့ရသည်။ “ထိုကာလ၌ ဣသရေလ၌ ရှင်ဘုရင်မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည် အတိုင်းပြုသတည်း’ (သူကြီး ၂၁း၁၅)၊ မောဘပြည်သည် ပင်လယ်သေ၏အရှေ့ဘက်
တွင် ရှိသည်။ တရားသူကြီးများ အုပ်စိုးစဉ်တွင် ဣသရေလလူများကို ဖိနှိပ်အနိုင်ကျင့် သည့် လူမျိုးများထဲမှ တစ်မျိုးဖြစ်သည် (သူကြီး ၃း၁၂-၄၁)။ ထို့ကြောင့် ဣသရေလ အမျိုးနှင့်မောဘအမျိုးကြားတွင် ရန်ငြိုးများရှိနေသည်။ ပြင်းထန်သောအစာငတ်မွတ်ခေါင်၊ ပါးခြင်းက ဣသရေလ မိသားစုတစ်စုကို ဗက်လင်မြို့မှမောဘပြည်သို့ ပြောင်းရွှေ့နေထိုင် ရန် အကြောင်းဖန်လာခဲ့သည်။ မောဘပြည်တွင်ရှိနေစဉ် ဖခင်သေဆုံးခဲ့ပြီး၊ သားနှစ် ယောက်သည် မောဘအမျိုးသမီး နှစ်ယောက်နှင့် အိမ်ထောင်ဘက်ပြုခဲ့သည်။ တစ် ယောက်သည် ရုသဖြစ်သည်။ ထို့နောက် သားနှစ်ယောက်စလုံး သေဆုံးခဲ့သည်။ ယခု နောမိသည် မုဆိုးမတစ်ယောက်ဖြစ်ပြီး၊ သူမ၏ချွေးမနှစ်ယောက်စလုံးလည်း မုဆိုးမဖြစ် သွားသည်။ ထိုချွေးမ၊ မုဆိုးမများသည် သူတို့၏အနာဂတ်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မည်။
ခြုံငုံကြည့်ခြင်း
ပိုင်ဆိုင်မှုဘာမှမရှိသော မောဘအမျိုးသမီး၊ ရုသသည် သူမ၏မိသားစု၊ တိုင်း ပြည်နှင့် သူမကိုးကွယ်သောဘုရားကို ထားခဲ့ကာ၊ ဣသရေလအမျိုးသမီး၊ သူမ၏ယော က္ခမ၊ နောမိနှင့်အတူ ဗက်လင်မြို့သို့ လိုက်ရန်ရွေးချယ်ခဲ့သည်။ သူမ၏ယောက်မ ဩရပသည် မောဘပြည်တွင် နေခဲ့ရန် ရွေးချယ်ခဲ့သည်။ နောက်ပိုင်း ဩရပအကြောင်းကို မသိရတော့ပေ။ နောမိသည် သူမ၏ချွေးမ၊ ရုသနှင့်အတူ ခရီးရှည်ကြီးတစ်ခု စတင်ကာ ဗက်လင်မြို့သို့ ပြန်လာခဲ့သည်။ ဗက်လင်မြို့သို့ရောက်သောအခါ နောမိက ဣသရေလအ မျိုး၏ထုံးစံကို ရုသအား သင်ပြခဲ့သည်။ ရိတ်သိမ်းစ လယ်ကွင်းသို့သွား၍ စပါးအကြွင်း အကျန်များကို ကောက်ခြင်းဖြင့် ဆင်းရဲသား၊ မုဆိုးမများကို ထောက်ပံ့ရန် ဖြစ်သည်။ နောမိ၏အမျိုး၊ ဗောဇပိုင်သောလယ်ကွင်းသို့ စပါးအကြွင်းအကျန်ကောက်ရန် ရုသ ရောက်ရှိသွားခဲ့သည်။ ယောက္ခမနောမိကို လုပ်ကျွေးပြုစုနေသော ရုသအကြောင်းကို
ဇသိရှိသွားသောအခါ အခြားလယ်ကွင်းသို့ မသွားရန်ပြောခဲ့သည်။ ဤလယ်ကွင်း၌ ရုသအတွက် လုံခြုံမှုကိုလည်း ကတိပေးခဲ့သည်။ နောက်ဆုံးတွင် ရုသသည် ဗောဇ၏။ ဇနီးမယား ဖြစ်လာခဲ့သည်။ သားတစ်ယောက်ထွန်းကားကာ ဩဗက်ဟု အမည်ပေးခဲ့
သည်။ ဩဗက်သည် သားယေရှဲကို ရရှိခဲ့ပြီး၊ ယေရှဲသားသည် ရှင်ဘုရင် ဒါဝိဒ်ဖြစ်သည်။
အကြောင်းအရာ
ရုသသည် ဆင်းရဲသော မုဆိုးမတစ်ယောက်ဖြစ်ပြီး၊ မျှော်လင့်ချက်မဲ့နေသည်။ အခြားလူမျိုးမှ ရန်သူတစ်ယောက်ကို လက်ထပ်ခဲ့သည်။ ယခု သူမ၏ခင်ပွန်း သေဆုံး သွားသည်။ သူမ၏ယောက္ခမသည် ဣသရေလတိုင်းပြည်သို့ ပြန်တော့မည်။ ရုသ ဆုံး ဖြတ်ချက်ချရတော့မည်။ အရေးကြီးဆုံးမှာ ယုံကြည်ခြင်းဖြင့် ခြေလှမ်းလှမ်းရန် ဆုံးဖြတ် ခဲ့ပြီး၊ အဓိကအချက်(၃)ချက်ကို ရုသ တည်ဆောက်ခဲ့သည်။
၁။ ရုသသည် နောမိ၏ဘုရားနောက်ကို လိုက်ရန်ရွေးချယ်ခဲ့သည်။ နောမိ၏ယုံ ကြည်ခြင်းက စစ်မှန်သော၊ တစ်ဆူတည်းသောဘုရားကို သိကျွမ်းရန်နှင့် ထိုဘုရား နောက်သို့လိုက်ရန် ရုသကို လှုံ့ဆော်ပေးခဲ့သည်။ မိခင်တိုင်းပြည်ကိုတောင်မှ စွန့်ခွါဖို့လို လျှင် စွန့်ခွါမည် ဖြစ်သည်။ ခိုင်မာပြတ်သားသည့် ရွေးချယ်မှုပင် ဖြစ်သည်။
၂။ ရုသသည် မောဘပြည်၊ သူမ၏အိမ်သို့ပြန်ခြင်းထက် ယောက္ခမနှင့်အတူ ဣသရေလတိုင်းပြည်သို့ လိုက်ရန် ရွေးချယ်ခဲ့သည်။ ထိုဆုံးဖြတ်ချက်ကိုချရန် ရုသ မ တွေဝေခဲ့ပါ။ “ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ရုသ၏ခိုင်မာပြတ်သား
သော အသံကို ကြားနိုင်ပါသည်။ ရုသနှင့်နောမိ၏အနေအထားကို စဉ်းစားကြည့်နိုင်ပါ သည်။ ယောက္ခမနှင့် ချွေးမတော်စပ်သော်လည်း တစ်ယောက်နှင့် တစ်ယောက် ရင်းနှီး မှုရှိမည် မဟုတ်ပေ။ ရုသသည် အသက်ငယ်သည်။ နောမိသည် အသက်ကြီးသည်။ ရုသသည် မောဘအမျိုး၊ နောမိသည် ဣသရေလအမျိုး၊ ထိုနှစ်မျိုးသည် ရန်သူများ ဖြစ်သည်။ ဘာသာစကားနှင့်ရိုးရာထုံးစံများ မတူပေ။ နောမိနောက်ကို လိုက်ရအောင် နောမိသည် ရှည်ကို ဆင်းရဲဒုက္ခနှင့် အခက်အခဲမှလွဲ၍ အခြားဘာမှ ပေးစရာမရှိပေ။ သို့သော် ရုသသည် က္ကသရေလတိုင်းပြည်သို့ လိုက်၍ အသက်ကြီးပြီဖြစ်သောယောက္ခမ
နောမိကို ကြည့်ရှုပြုစုရန် ရွေးချယ်ဆုံးဖြတ်ခဲ့သည်။ ဘာကြောင့် ရုသ ဤလမ်းကို ရွေး ချယ်ရတာလဲ။ ရသသည် နံပါတ် (၁)တွင် ဖော်ပြသောရွေးချယ်မှုကို လုပ်နိုင်သောကြောင့် ( ယခု နံပါတ်(၂)ရွေးချယ်မှုကို လွယ်ကူစွာ လုပ်နိုင်သည်။
(၃) ရုသသည် ဗောဇနှင့်အိမ်ထောင်ပြုရန် ရွေးချယ်ခဲ့သည်။ နောမိနှင့်ရုံသ၏ ဆက်နွယ်မှုကြောင့် ရုသသည် သူမ၏ဘဝအတွက် ယောက္ခမနောမိ၏လမ်းညွှန်ချက်ကို ယုံကြည်စိတ်ချသည်။ ဗောဇသည် နောမိ မိသားစု၏ဆွေမျိုးတစ်ယောက်ဖြစ်သောကြောင့် ရွေးပိုင်သောသူဖြစ်သည်။ (ရှေးဣသရေလထုံးစံတွင် သေဆုံးသွားသောသူ၏ဆွေမျိုး သည် ကျန်ခဲ့သောမုဆိုးမကိုလက်ထပ်ကာ သေဆုံးသွားသောသူနာမည်ဖြင့် သားကိုမွေး ဖွားရသည်။ တရားဟော ၂၀၅-၁၀) နောမိ၏လမ်းညွှန်ချက်အတိုင်း ရှေးက္ကသရေလ ၊ ထုံးစံအရ သူမကိုရွေးပိုင်သောအမျိုးသားသည် ဗောဇဖြစ်ကြောင်း ရသက ပြသခဲ့သည်။ ဝမ်းမြောက်စွာဖြင့် ဗောဇလက်ခံခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရုသသည် “သီလနှင့် ပြည့်စုံသောမိန်းမ”ဖြစ်ကြောင်းကို သူမကိုယ်သူမ သက်သေပြခဲ့သည် (၃း၁၁)။
ဆင်ခြင်စရာ
ရုသတွင် အဆင်ပြေတာ တစ်ခုမှ မရှိခဲ့ပေ။ သူမတိုင်းပြည်၏ရန်သူနှင့်လက်ထပ် ခဲ့သည်။ ယခု မုဆိုးမဖြစ်ခဲ့ရသည်။ ငွေကြေးမရှိ၊ အနာဂတ်မရှိ၊ လမ်းပျောက်နေသည်။ သူမ ဘဝကို နာကျည်းမည်ဆိုလျှင် နာကျည်းစရာကောင်းပါသည်။ ယောက္ခမကိုးကွယ်
သော ဘုရားအပါအဝင်၊ သူမကိုးကွယ်သောဘုရားများကို စိတ်နာမည်ဆိုလျှင်လည်း စိတ်နာစရာကောင်းပါသည်။ သို့သော် နောမိကိုးကွယ်သည့် တစ်ဆူတည်းသောဘုရား ဆီသို့ ချဉ်းကပ်ရန်တစ်စုံတစ်ခုကဆွဲခေါ်နေသည်။ ယောက္ခမနှင့်ယောက္ခမကိုးကွယ်သော ၊ ဘုရားနောက်သို့လိုက်မည်ဟု ဆုံးဖြတ်ချက်ချပြီးနောက်တွင် နောက်ပြန်လှည့်မည့် အ ရိပ်အယောင် စိုးစဉ်းမျှပင် မတွေ့ရပေ။
သစ္စာရှိသောသူ၊ ကြင်နာသနားတတ်သောသူ၊ အလုပ်ကြိုးစားလုပ်ဆောင်လေး သူ၊ ယုံကြည်စိတ်ချရသောသူ ဖြစ်ကြောင်းကို ရုသသည် သူမကိုယ်သူမ သက်သေပြ သည်။ နောမိနှင့်ရုသတို့နှစ်ယောက်စလုံး၏အနာဂတ်သည် မသေချာသော်လည်း လ။ ယောက်နှင့်တစ်ယောက် ဂရုစိုက်ကာ ဘုရားသခင်၏မစခြင်းလက်တော်ထဲသို့ အပ်နှံ ထားခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် တစ်ယောက်လိုအပ်ချက်ကို တစ်ယောက် ဖြည့်ဆည်းပေးခဲ့ကြသည်။ နောက်ဆုံးတွင် နှစ်ယောက်စလုံး ဝမ်းမြောက်ခြင်းခံစားခဲ့ရ
သည်။ ရုသအိမ်ထောင်ပြုခြင်း၊ မိခင်ဖြစ်လာခြင်းနှင့် နောမိသည် အဖွားတစ်ယောက်၏ တာဝန်များ၌ သူတို့ပျော်မွေ့ခဲ့ကြသည်။
သင်ခန်းစာယူစရာ ၊
အသေးအဖွဲလေး၌ပင် သစ္စာရှိခြင်းကို သင်ယူပါ။ ရုသသည် ယောက္ခမကို သစ္စာရှိစွာကြည့်ရှုပြုစုရန် အရာအားလုံးကိုစွန့်လွှတ်ခဲ့သည်။ တိုင်းတပါးမှရောက်လာသော ရသကို ဗက်လင်မြို့မှလူများက ချစ်ကြသည်။ အထူးသဖြင့် ဗောဇဖြစ်သည်။ သစ္စာရှိ ခြင်းသည် ဝိညာဉ်အသီးဖြစ်ပြီး၊ ခရစ်တော်အတွက် အသက်ရှင်လျှင် မရှိမဖြစ်လိုအပ်
သော သက်သေဖြစ်သည်။ သင်၏သစ္စာရှိခြင်းကို ဘယ်လိုတိုင်းတာမလဲ။ သေးငယ်သော အရာလေးအားဖြင့် သင်၏သစ္စာရှိခြင်းကို တိုင်းတာနိုင်သည်။
အခြားသောသူများ၏လမ်းညွှန်မှုကို ခံယူပါ။ ရုသသည် ယောက္ခမ၏အကြံပြု ချက်ကို ခံယူခဲ့သည်။ နောမိ၏လမ်းညွှန်မှုကို တိတိကျကျလိုက်နာခဲ့ပြီး၊ မေးခွန်းပြန် မ ထုတ်ခဲ့ပေ။ မိမိ၏အုပ်ထိန်းသူများ၊ ရိုသေလေးစားရသော ပုဂ္ဂိုလ်များထံမှအကြံဉာဏ်များ ကို ခံယူခြင်းသည် ဝန်ခံခြင်းဖြစ်သည်။ ဘုရားသခင်သည် သင့်ကို သူ၏နှုတ်ကပတ်တော် ပေးထားသည်။ ပညာရှိသောဆရာသမားများ၊ အကြံပေးနိုင်သော အသက်ကြီးသူများရှိ သည်။ သူတို့၏အကြံပြုချက်များကို နားထောင်ပါ။ သင်၏နာခံခြင်းသည် ယဇ်ပူဇော်ခြင်း ထက်သာ၍ ကောင်းသည် (၁ ရာ ၁၉၂၂)။
သင်ခက်ခဲနေသောအချိန်တွင် ဘုရားသခင်၏လူများက သင့်ကို ကူညီမစရန်၊ ခွင့်ပြုပါ။ (သနှင့်နာမိတို့သည် ဇာတိမြေဖြစ်သော ဗက်လင်မြို့သို့ စိတ်ပျက်လက်ပျက် ဖြင့် ပြန်ရောက်လာခဲ့ကြသည်။ သို့သော် ဆွေမျိုးသားချင်းဗောဇ၏ အကူအညီကြောင့် သူတို့လိုအပ်သောအရာများ အဆင်ပြေခဲ့သည်။ နောက်ဆုံး ဗောဇသည် ရုသကို လက် ထပ်ခဲ့သည်။ ယနေ့ သင်သည် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏သား၊ သမီးဖြစ် လျှင် ဘုရားသခင်၏မိသားစုဝင်ဖြစ်လာသည်။ သင် ခက်ခဲ၊ လိုအပ်နေသောအချိန်တွင်
အခြားယုံကြည်သူများ၊ အခြားသူများ၏ကူညီခြင်းကို ခံယူပါ။ မိသားစုသည် ခက်ခဲသော အချိန်အတွက် ဖြစ်သည် မဟုတ်ပါလား။
သီလနှင့်ပြည့်စုံသောအမျိုးသား၊ ဗောဇ
သူသည် ဇွဲလုံ့လရှိသည် (၂း၁)
မိတ်ဆွေကောင်းဖြစ်သည် (၂း၄၊၈)
ဂရုဏာရှိသူဖြစ်သည် (၂း၇)
ဘုရားကိုကြည်ညို ကိုင်းရှိုင်းသောသူဖြစ်သည် (၂း၁၂)
ခွန်အားပေးသောသူဖြစ်သည် (၂း၁၂၊ ၃၁၁)
ရက်ရောသောသူဖြစ်သည် (၂း၁၅) ကြင်နာသနားသောသူဖြစ်သည် (၂း၂၀)
ဆင်ခြင်တတ်သောသူဖြစ်သည် (၃း၁၄)
သစ္စာရှိသောသူဖြစ်သည် (၄း၁)
ဟန္န
ဘုရားကိုကြည်ညိုကိုင်းရှိုင်းသောမိခင်
ဤသူငယ်ကိုရမည် အကြောင်း ဆုတောင်းပါ ၏။ တောင်းသည် အတိုင်း ထာဝရဘုရား ပေးသနားတော်မူပြီ။ ထို့ ကြောင့် ကျွန်မသည် ၊
သူ့ ကို ထာဝရဘုရားအားငှါးပါပြီ။
(၁ ရာ ၁း၂၇-၂၈)
အရည်အချင်း- ဘုရားသခင်ကို ကျေးဇူးတင်ခြင်း။
ပြည့်စုံခြင်း- ဣသရေလကို ကြီးမြတ်သောတရားသူကြီးပေးခြင်း။
အသက်ရှင်ခဲ့သောအချိန်- တရားသူကြီးများအုပ်စိုးသည့်နောက်ဆုံးချိန်၊
နာမည်- ဟန္န- အဓိပ္ပါယ်မှာ “ကျေးဇူးတော်ခံစားခြင်း” “မျက်နှာသာရခြင်း။
ကျမ်းပိုဒ်- ၁ ရာ ၁း၁-၂း၂၁။
နောက်ခံအကြောင်းအရာ
တရားသူကြီးများအုပ်စိုးသော နောက်ဆုံးအချိန်ကာလတွင် ဟန္ဒကို မိတ်ဆက် ပေးထားသည်။ “ထိုကာလ၌ ဣသရေလဘုရင်မရှိ၊ လူတိုင်းမိမိစိတ်အလိုရှိသည် အ တိုင်းပြုသတည်း” (တရားသူကြီး ၂၁း၂၅)။ မိန်းမအများကြီးယူသောစနစ်ကို ထိုခေတ် ကာလတွင် ကျင့်သုံးကြသည်။ ဟနူ၏ခင်ပွန်း၊ ဇလကာနသည် ဘုရားသခင်ကို ကြည် ညို ကိုင်းရှိုင်းသောသူ ဖြစ်သော်လည်း ဤစနစ်ကိုကျင့်သုံးသည်။ ထို့ကြောင့် ဟန္ဒ၌
ပေနိန္ဒဟုခေါ်သော မယားပြိုင်တစ်ယောက်ရှိသည်။ သို့သော် လကာနသည် သူ၏ မယားနှစ်ယောက်တွင် ဟန္နကို အချစ်ဆုံးဖြစ်သည်။ ဘဝသည် ခက်ခဲသည်။ အသက်ရှင် နေထိုင်စားသောက်နိုင်ရန် သား၊ သမီးများ လိုအပ်သည်။ အထူးသဖြင့် သားများလိုအပ် သည်။ သားများက လယ်ယာလုပ်ငန်းများ၊ သိုး၊ ဆိတ်များထိန်းကျောင်းရင်း မိသားစုကို ကြည့်ရှုပြုစုရန် ဖြစ်သည်။ ထို့ကြောင့် အိမ်ထောင်ရှိအမျိုးသမီးသည် မြုံလျှင် ကျိန်ခြင်း၊ ဟု သတ်မှတ်သည်။ ဟန္နသည် ကလေးမမွေးနိုင်သောအမြုံမ ဖြစ်နေသည်။
ခြုံငုံကြည့်ခြင်း ၊
စိတ်ပျက်စရာကောင်းသောအခြေအနေမှ အကျိုးရလဒ်ကောင်းကို မည်ကဲ့သို့ ရရှိနိုင်ရန် အတုယူစရာကောင်းသောသင်ခန်းစာကို ဟန္ဒက ပေးနေပါသည်။ ဟန္န၏ မယားပြိုင်၊ ပေနိဋသည် ဟန္န ကလေးမရသောကြောင့် နှစ်ပေါင်းများစွာ လှောင်ပြောင် ကဲ့ရဲသည်။ နောက်ဆုံးတွင် ကြေကွဲသောနှလုံးသားဖြင့် ဟန္နသည် ရှိလောမြို့၌ရှိသော ဘုရားသခင်၏အိမ်တော်သို့ သွားခဲ့သည်။ ဘုရားသခင်သည် သူ့အားသားကိုပေးလျှင် ထိုသား၏ဘဝတစ်လျှောက်လုံးသည် ဘုရားအတွက်ဖြစ်စေရမည်ဟု သစ္စာအဓိဌါန်ပြု သည်။ ဘုရားသခင်သည် ဟန္ဓ၏ဆုတောင်းခြင်းကို အဖြေပေးခဲ့သည်။ သားတစ်ယောက် ထွန်းကားလာသည်။ ရှမွေလဟု နာမည်ပေးခဲ့သည်။ “ဘုရားသခင်ထံ၌ တောင်းလျှောက် ခြင်းဟု အဓိပ္ပါယ်ရသည်။ ရှမွေလ နို့ပြတ်သောအခါ၊ သားကိုယူကာ ဟန္နသည် ဘုရား သခင်၏အိမ်တော်သို့သွားသည်။ ယဇ်ပုရောဟိတ်လိ၏လက်ထဲသို့အပ်ကာ ရှမွေလကို ထားခဲ့သည်။ နှစ်စဉ်နှစ်တိုင်း ဘုရားကို ကိုးကွယ်ရန် ရှိလောမြို့သို့လာသောအခါ ဟန္ဒ သည် ရှမွေလအတွက် အင်္ကျီအသစ်ကို ချုပ်ကာယူခဲ့သည်။ နောက်ပိုင်းတွင် ဟန္နသည် ၊ သားသုံးယောက်နှင့် သမီးနှစ်ယောက်ကို ဖွားမြင်ခဲ့သည် (၁ ရာ ၂း၂၁)။
အကြောင်းအရာ •
ဟန္နဝမ်းနည်းခြင်း (၁ ရာ ၁း၁-၈)
ဟန္နသည် ဒလကာနနှင့်အိမ်ထောင်ပြုသည်မှာ နှစ်ပေါင်းများစွာရှိနေသော်လည်း ၊
သားသမီး မထွန်းကားပေ။ ထိုခေတ်ကာလအချိန်နှင့် သူတို့၏ယဉ်ကျေးမှုထုံးစံတွင် မြုံ ခြင်းသည် အဆိုးဝါးဆုံးဖြစ်သည်။ ဟန္နအတွက် ပို၍ဆိုးဝါးသည်မှာ ကလေးရှိသော၊ ဟန္န၏ မယားပြိုင်ပေနိန္နသည် ဟန္နကို လှောင်ပြောင်သရော်ခြင်း ဖြစ်သည်။ ဟန္နခင် ပွန်းသည် နှစ်ဆပေးခြင်းဖြင့် ဟန္နကို နှစ်သိမ့်အားပေးသည်။ ခင်ပွန်းသည်၏နှစ်သိမ့် အားပေးခြင်းက မယားပြိုင်၏မနာလိုဝန်တိုခြင်း ပွားများလာစေပြီး ဟန္နကို ပို၍ စိတ် ကသိကအောင့်ဖြစ်စေသည်။
ဟန္နတောင်းပန်တိုးလျှိုးခြင်း (၁ ရာ ၁း၉-၁၈) –
ဟန္နသည် ကလေးမရှိသော်လည်း ဆုတောင်းခြင်း အသက်တာရှိနေသည်။ ရှိ ၊ လောမြို့တွင် ဘုရားသခင်၏အိမ်တော်၌ ဝတ်ပြုကိုးကွယ်သောအခါ ဟန္ဒ၏ဝမ်းနည်းပူ ဆွေးခြင်းသည် အထွဋ်အထိပ်သို့ ရောက်ခဲ့သည်။ ဆုတောင်းရင်း ငိုကြွေးသည်။ ဘုရား သခင်သည် သူမအား သားကိုပေးလျှင် ဘုရားအတွက်ပြန်ပေးမည်ဟု ကတိသစ္စာပြုခဲ့ သည်။ နှုတ်ခမ်းလှုပ်ပြီး၊ အသံမထွက်သောကြောင့် ယဇ်ပုရောဟိတ်လိက ယစ်မူးသည် ၊ ဟုထင်ကာ ဟန္နကို ဆုံးမသည်။ သို့သော် ဟန္နက ယစ်မူးနေခြင်းမဟုတ်ဘဲ၊ ဘုရားသခင် ရှေ့၌ နှလုံးသားသွန်းလောင်းနေကြောင်း၊ ဟန္ဓ၏ကလေးမရခြင်းက သူမကိုဝမ်းနည်းပူ ဆွေးစေကြောင်း လိသိရှိသောအခါ ဟန္ဒ၏ဆုတောင်းခြင်းကို ဘုရားသခင်အဖြေပေး မည်ဟု ဧလိက နှစ်သိမ့်ပေးခဲ့သည်။ ဘုရားသခင်၌ ယုံကြည်စိတ်ချသောနှလုံးသားဖြင့် ဟန္နသည် ဆုတောင်းရာမှ ထကာ၊ ဝမ်းနည်းပူဆွေးခြင်းမရှိတော့ဘဲ အိမ်သို့ပြန်သွားခဲ့ သည်။ ။ •
ဟန္န၏သား (၁ ရာ ၁း၁၉-၂၈)
ဘုရားသခင်သည် သူမ၏ဆုတောင်းခြင်းကို အဖြေပေးမည်ဟု ယုံကြည်ကာ ဟန္နသည် အိမ်သို့ပြန်သွားခဲ့သည်။ နောက်နှစ် ဘုရားသခင်၏အိမ်တော်သို့သွားရန် အ ချိန်မတိုင်မီတွင် ဟန္ဒသည် သားယောက်ျားလေးကို မွေးဖွားခဲ့သည်။ သားရှမွေလ နို့ပြတ်သောအခါ ဟန္နသည် သူမ၏တစ်ဦးတည်းသောသား၊ ရှမွေလကို လိဆီသို့ခေါ် လာကာ ဘုရားသခင်၏အိမ်တော်၌ အစေခံစေခဲ့သည်။
ဟန္ဒ၏ချီးမွမ်းသီချင်း (၁ ရာ ၂း၁-၁၀)
သားရှမွေလနှင့်အတူ ဧလိရှေ့တွင်ရပ်ကာ ဟန္နသည် ဘုရားသခင်ကို ချီးမွမ်း သီချင်းဆိုခဲ့သည်။ ထိုချီးမွမ်းသီချင်းကို သမ္မာကျမ်းစာထဲမှ အခြားသောချီးမွမ်းသီချင်းများ နှင့်အတူ မှတ်တမ်းတင်ထားသည်။ သူမ၏အစောပိုင်းဆုတောင်းခြင်းသည် ခါးသီးသော အခြေအနေမှ ထွက်ပေါ်လာသည် (၁း၁၀)။ ယခု ချီးမွမ်းခြင်းသီချင်းသည် ဝမ်းမြောက်ခြင်း၊ မှ ထွက်ပေါ်လာသည်။ ဟန္နသည် သားရတနာရရန် နှလုံးသားရှိသည့်အတိုင်း ဘုရား သခင်ထံ၌ တောင်းလျှောက်ခဲ့သလို၊ ယခုလည်း ဘုရားသခင်၏ကောင်းမြတ်ခြင်းကိုနှလုံး သားရှိသည့်အတိုင်းဖွင့်ဟသီဆိုချီးမွမ်းခဲ့သည်။ဟန္ဓ၏သီချင်းထဲမှအကြောင်းအရာများကို ရာစုနှစ်များကြာပြီးနောက် လောက၏ကယ်တင်ရှင် မွေးဖွားရန် ဝမ်းဗိုက်အားဖြင့် ပြင် ဆင်ပေးသော မာရိ၏ချီးမွမ်းသီချင်းထဲ၌ ပြန်လည်တွေ့ရသည် (လုကာ ၁း၄၆-၅၅)။
ဟန္န၏စွန့်လွှတ်ပူဇော်ခြင်း (၁ ရာ ၂း၁၁) ၊
အခြားသောအရာများထက် ဟန္နလိုချင်သည်မှာ သားတစ်ယောက်သာ ဖြစ် သည်။ ဘုရားသခင်သည် ဟန္ဒ၏လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးသောအခါ ဟန္နသည် လည်း ဘုရားသခင်၌ ပေးခဲ့သောကတိသစ္စာဝတ်ကို ဖြေခဲ့သည်။ ဟန္န၏ကတိသစွာဝတ် ဖြေခြင်းကို ဘုရားသခင်သည် သား၊ သမီးငါးယောက်အားဖြင့် ပြန်လည်ဆုချခဲ့သည်။ ရှမွေလကြီးပြင်းလာသောအခါ မိခင်ဟန္ဒ၏ဘုရားကိုကြည်ညိုခြင်းနှင့် ဆုတောင်းခြင်း သည် ရှမွေလ အသက်တာတွင် ရောင်ပြန်ဟပ်ခဲ့သည်။ ရှမွေလသည် သူ့ဘဝတစ်
လျှောက်လုံးတွင် ဘုရား၏လူများအတွက် ကိုယ်စားဆုတောင်းသောသူ ဖြစ်လာသည်။
ဆင်ခြင်စရာ
ဟန္နသည် သမ္မာကျမ်းစာထဲတွင်ဖော်ပြထားသော မှတ်တမ်းတင်လောက်သည့် သူရဲကောင်းအမျိုးသမီးများထဲမှ တစ်ယောက်ဖြစ်သည်။ ဟန္န၏ယုံကြည်ခြင်းသည် ကြီး ၊ မားပြီး၊ လေးနက်သည်။ သူမ၏ချီးမွမ်းသီချင်းတွင် ဘုရားသခင်၏တန်ခိုးတော်နှင့်ဖြောင့် မတ်ခြင်းကို ဖော်ကျူးထားသည်။ လူများကိုစောင့်ရှောက်ကာကွယ်သော ဘုရား၏တန် ခိုးတော်ကိုယုံကြည်ရန် ဖော်ပြထားသည်။ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ဟန္န၏သီ
ချင်းမှ စီးထွက်လာသည်။ အနာဂတ်တွင် “ဘိသိတ်ခံရသောဘုရင်” အကြောင်းကို ဟန္ဒ၏သီချင်းတွင် ပထမဆုံး ဖော်ပြထားသည် (၂း၁၀)။ ဘုရားသခင်၏သဘောသဘာ ဝကို လူအများက အနည်းငယ်သာ နားလည်သော်လည်း ဟန္ဓ၏သီချင်းတွင် များစွာ ဖော်ပြထားသည်။
သင်ခန်းစာယူစရာ
ဘဝတွင်ဝမ်းနည်းစရာများ ကြုံသောအခါ ဆုတောင်းပါ။ ဟန္နသည် သည်းမခံ ၊ နိုင်လောက်အောင် ဒုက္ခဆင်းရဲခြင်း ကြုံရသည်။ ထိုအရာက ဟန္နကို ဘုရားသခင်ထံ ဆုတောင်းစေသည်။ လေးလံသောနှလုံးသားဖြင့် ဆုတောင်းသော်လည်း မျှော်လင့်သော နှလုံးသားဖြင့် ဆုတောင်းခြင်းကို အဆုံးသတ်ခဲ့သည်။ ဆုတောင်းခြင်းသည် သင့်ပုခုံး ပေါ်မှဝန်ထုပ်များကို ဘုရားသခင်၏ပုခုံးပေါ်သို့ လွဲပေးလိုက်ခြင်း ဖြစ်သည်။ သင့်ကို သ တိနှင့်ကြည့်ရှုနေသောကြောင့် သင်၏စိုးရိမ်ခြင်းများကို ဘုရားလက်တော်ထဲသို့အပ်နှံပါ။
သင်၏သား၊ သမီးများကို ပုံသွင်းရန် အချိန်ယူပါ။ ဟန္နသည် သူ၏သား၊ ရှ မွေလကိုနှစ်အနည်းငယ်အတွင်းသာသွန်သင်ခွင့်ရခဲ့သည်။ ထိုနှစ်အနည်းငယ်အတွင်းတွင် ဘုရားသခင်နှင့်ပတ်သတ်သော ဉာဏ်ပညာကို သွန်သင်ပေးခဲ့သည်။ ရှမွေလ၏ဘဝ တစ်လျှောက်လုံး ဘုရားသခင်နှင့်အတူ သွားလာတတ်ရန် သွန်သင်ပေးခဲ့သည်။ ဘုရား သခင်၏အလိုတော်ကို သင်၏သား၊ သမီးများအား သွန်သင်ပေးရန် အချိန်စောလွန်းသည် ဟူ၍ မရှိပေ။
သင်၏သစ္စာကတိဝတ်ကို ပါ။ ဟန္နသည် သားကို ဘုရားသခင်အား မ ဆက်ကပ်ရန် အကြောင်းပြချက်အမျိုးမျိုးပေးမည်ဆိုလျှင် ပေးနိုင်ပါသည်။ သို့သော် သူမ၏ကတိသစ္စာဝတ်ကိုရန် မတွေဝေခဲ့ပေ။ ဘုရားသခင်၌ ကတိထားသည်ဖြစ်စေ၊ မိတ်ဆွေအချင်းချင်းကြားကတိထားသည်ဖြစ်စေ၊ သင်၏ကတိဝတ်ကို ဖြေပါ။
ဘုရားသခင်၏ပုဂ္ဂိုလ်တော်ကိုနားလည်ခြင်း
ဟန္န၏ဆုတောင်းခြင်းမှ (၁ရာ ၂း၁-၁၀)
ဘုရားသခင်သည် ကယ်တင်ရှင်ဖြစ်သည် – “ကယ်တင်ခြင်းကျေးဇူးတော်ကြောင့် ဝမ်း မြောက်၍” (အငယ်၁) ၊
ဘုရားသခင်သည် သန့်ရှင်းသည် – “ထာဝရဘုရားသန့်ရှင်းတော်မူသကဲ့သို့အဘယ်သူမျှ မသန့်ရှင်း။” (အငယ် ၂) ၊
ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သည် -“ကိုယ်တော်မှတပါး အခြားသောဘုရားမရှိ” (အငယ် ၂)
ဘုရားသခင်သည် အရာအားလုံးကို သိသည် – “ထာဝရဘုရားသည် သဗ္ဗညုတဘုရားဖြစ်
တော်မူ၏” (အငယ်၃)
ဘုရားသခင်သည် တန်ခိုးကြီးသောဘုရားဖြစ်သည် – “မြေကြီးတိုင်တို့ကိုထာဝရဘုရားပိုင် ၍၊ ထိုတိုင်တို့အပေါ်မှာ လောကဓါတ်ကို တည်တော်မူပြီ” (အငယ်၈) ၊
ဘုရားသခင်သည် စောင့်မတော်မူသောဘုရားဖြစ်သည် – “မိမိသန့်ရှင်းသူတို့ကို စောင့် မတော်မူလိမ့်မည်” (အငယ်၉)
ဘုရားသခင်သည် တရားသူကြီးဖြစ်သည် – “ထာဝရဘုရားသည် ရန်သူတို့ကို ချိုးဖဲ့တော် မူမည်” (အငယ် ၁၀)
ရှမွေလ
နောက်ဆုံးတရားသူကြီး
ရှမွေလ အား အကျွန်ုပ်တို့ ၏ ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်တို့ကို
ဖိလိတို့ လူတို့ လက်မှ ကယ်တင်တော်မူမည် အကြောင်း အကျွန်ုပ်တို့ အတို့ အစဉ်မပြတ် ဆုတောင်းပါလော့။ (၁ ရာ ၇း၈)
အရည်အချင်း- ယုံကြည်ခြင်းနှင့်ဆုတောင်းခြင်းသူရဲကောင်း။
ပြည့်စုံခြင်း- တရားသူကြီးများခေတ်မှ သက်ဦးဆံပိုင်ဘုရင်စနစ်ကူးပြောင်းခြင်းကို
ချိတ်ဆက်ပေးသူ။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၁၁၀၅-၁၀၃၀။
နာမည်- ရှမွေလ- အဓိပ္ပါယ်မှာ “ဘုရားသခင်၏နာမ”။
ကျမ်းပိုဒ်- ၁ ရာ ၁-၈။
နောက်ခံအကြောင်းအရာ
တရားသူကြီးရှမွေလ ပေါ်ပေါက်လာသောအခါ ဣသရေလလူမျိုးသည် 8 ညာဉ်ရေးရာ၌ နိမ့်ကျနေသည်။ ယဇ်ပုရောဟိတ်တာဝန်ကိုယူနေသူမှာ လိဖြစ်သည်။ သားနှစ်ယောက်ကို မကိုင်တွယ်နိုင်ပေ။ ဣသရေလအမျိုးအနွယ်တစ်မျိုးနွယ်စီ၌ သူတို့
၏ခေါင်းဆောင်များရှိကြသည်။ အခြားလူမျိုးများ၏ ဖိနှိပ်အနိုင်ကျင့်ခြင်း ခံရသောအခါ ဘုရားသခင်သည် တရားသူကြီးများကို ပေါ်ပေါက်စေသည်။ သို့သော် လူမျိုးတစ်မျိုးလုံး အနေဖြင့် အတူတကွတိုက်ခိုက်ခြင်း မရှိပေ။ စည်းလုံးညီညွတ်မှုမရှိသောကြောင့် အခြား လူမျိုးများ၏ဖိနှိပ်အနိုင်ကျင့်ခြင်းကို အလွယ်တကူခံရသည်။ အထူးသဖြင့် သံကိုအသုံး ပြုရာ၌ကျွမ်းကျင်သောဖိလိတို့လူများသည် စစ်ရေး၊ စစ်ရာ၌လည်း အခြားသူများထက် ရှေ့ရောက်နေသည်။ ထို့ကြောင့် မောရှေတည်လုပ်ထားသော ဘုရားသခင်၏ပဋိညာဉ် သေတ္တာတော်သည် ဖိလိတို့လူများ၏မထီမဲ့မြင်ပြုစွာ သိမ်းယူခြင်းကို ခံခဲ့ရသည်။ ရုပ်တု ကိုးကွယ်ခြင်းသည် နေရာအနှံ့ ပြန့်နှံ့ခဲ့သည်။
ခြုံငုံကြည့်ခြင်း
ရှမွေလသည် နောက်ဆုံးတရားသူကြီးဖြစ်သလို၊ ယဇ်ပုရောဟိတ်နှင့်ပရောဖက် တာဝန်ကိုပါ ထမ်းဆောင်ရသည်။ ရှမွေလသည် တရားသူကြီးအဖြစ် အုပ်စိုးစဉ်ကာလတွင် ဣသရေလလူမျိုးများသည် သူတို့၏အကြီးမားဆုံးရန်သူဖြစ်သော ဖိလိတ္တိလူတို့လက်မှ လွတ်မြောက်လိုကြသည်။ စုစည်းမှုမရှိဘဲ အမျိုးအနွယ်တစ်မျိုးနွယ်ချင်းစီ ဖြစ်နေသော အခြေအနေမှ ဘုရင်တစ်ဦးတည်းကသာ စည်းလုံးညီညွှတ်စွာ တည်ထောင်သော နိုင်ငံ
တော်အဖြစ်သို့ရောက်ရန် ဘုရားသခင်သည် ရှမွေလကို တာဝန်ပေးခဲ့သည်။ ရှမွေလ သည် ရှောလုကို ဣသရေလလူမျိုး၏ပထမဆုံးဘုရင်အဖြစ် ဘိသိတ်ပေးခဲ့သည်။ အစောပိုင်းနှစ်များတွင် ရှင်ဘုရင်ရှောလု၏အကြံပေးသူအဖြစ် အစေခံခဲ့သည်။ ဘုရားစ ကားကို ရှောလု ငြင်းပယ်သောအခါ ဘုရားသခင်သည် ရှောလု၏အမွေဆက်ခံမည့်သူ ဒါဝိဒ်ဘီသို့ ရှမွေလကို စေလွှတ်ကာ ဘိသိတ်ပေးစေခဲ့သည်။
အကြောင်းအရာ •
ရှမွေလရရှိသောအမွေ (၁ ရာ ၁း၁-၂း၁၁) ၊
ရှမွေလ၏မိခင်၊ ဟန္နသည် ဧလကာန၏ဇနီး (၂)ယောက်ထဲမှ တစ်ယောက်ဖြစ် ၊ သည်။ ဧလကာနသည် လေဝိအမျိုးဖြစ်သည်။ ရှမွေလသည် လေဝိအမျိုးများလုပ်ဆောင်
ရသည့် ယဇ်ပုရောဟိတ်တာဝန်ကို သစ္စာရှိရှိထမ်းဆောင်ခဲ့သည်။
ဘုရားသခင်၏အိမ်တော်၌ ရှမွေလ၏အစောပိုင်းအသက်တာ (၁ ရာ ၂း၁၂-၃း၁၈)
မိခင်ဟန္နက ရှမွေလကို ဗိမာန်တော်သို့ခေါ်လာခဲ့ပြီးနောက်၊ ယဇ်ပုရောဟိတ် လိ၏ကြည့်ရှုပြုစုခြင်းအောက်တွင် ရှမွေလသည် ကြီးပြင်းခဲ့ရသည်။ “သူငယ်ရှမွေလ သည် ထာဝရဘုရားရှေ့၌ အမှုတော်ကိုဆောင်ရွက်လေ၏” (၂း၁၈)။ ယဇ်ပုရောဟိတ် ကြီးလိ၏ယဇ်ပူဇော်ခြင်းများကို နေ့စဉ်မြင်တွေ့နေရသည်။ တချိန်တည်းမှာပင် လီ၏ သားများ ဆိုးသွမ်းမှုကိုလည်း မြင်တွေ့နေသည်။ ငယ်ရွယ်နုပျိုသည့်အချိန်မှာပင် ရှမွေ လကို ဘုရားသခင် ပထမဆုံးလုပ်ခိုင်းသည့်အလုပ်မှာသူ့ကိုကြည့်ရှုစောင့်ရှောက်နေသော ဗလီကို သတင်းစကားပြောရန် ဖြစ်သည်။ ထိုသတင်းစကားမှာ လိသည် သူ၏သား များကို ထိန်းကျောင်းခြင်း၌ အားနည်းခဲ့သောကြောင့် သူ၏မိသားစုကို ဘုရားသခင်စီရင် မည့်အကြောင်း ဖြစ်သည်။
က္ကသရေလလူများကို ရှမွေလ၏စိန်ခေါ်ခြင်း (၁ ရာ ၇း၁-၉) ၊
ဘုရားသခင်၏တရားစီရင်ခြင်းကြောင့် ဧလိနှင့်သူ၏သားများသေဆုံးခဲ့သည်။ ရှမွေလသည် ဣသရေလ၏ဝိညာဉ်ရေးရာ ခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်။ ရှမွေလ သည် ဘုရားသခင်နှင့်အကျွမ်းတဝင်မိတ်သဟာယရှိကြောင်း ဣသရေလလူများသိကြ သည်။ ရှမွေလသည် သူတို့အတွက် ဆုတောင်းရမည်ဖြစ်ပြီး၊ ရှမွေလ ဆုတောင်းလျှင် လူများက ဘုရားဆီသို့ ပြန်လှည့်လာချင်စိတ်ရှိကြသည်။ ဣသရေလလူများသည် ရှမွေ လ၏ဆုတောင်းခြင်းတန်ခိုးကို ယုံကြည်ကိုးစားသည်။ •
ရှမွေလသည် ဣသရေလလူများကို အောင်မြင်ခြင်းသို့ ဦးဆောင်ခဲ့သည် (၁ ရာ ၇း၁၀-၁၄)
ရှေးခေတ်ဣသရေလ၏တရားသူကြီးများ ထမ်းဆောင်ရသော တာဝန်တစ်ခုမှာ ပြည်ပမှ ဖိနှိပ်အနိုင်ကျင့်သောရန်သူများကို တိုက်ထုတ်ဖယ်ရှားရန် ဖြစ်သည်။ ရှမွေလ သည် ထိုကဲ့သို့သော ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြခဲ့သည်။ ရှမွေလသည် သူ ၏လူများအတွက် ဆုတောင်းသောအခါ လူများက ရဲရင့်ခြင်းသတ္တိများရှိလာပြီး၊ ဖိလိတ္တိ
လူများကို တိုက်ထုတ်ခဲ့သည်။ ဘုရားသခင်က အောင်မြင်ခြင်းပေးခဲ့သည်။ ရှမွေလအ သက်ရှင်နေသရွေ့ ဖိလိတ္တိလူများသည် ဘယ်သောအခါမှ က္ကသရေလလူများကို ရန်လို မင်းပြုခြင်း မရှိတော့ပေ။
ဣသရေလလူများ ဘုရားသခင်ကို ငြင်းပယ်ခြင်းအတွက် ရှမွေလ မခံမရပ်နိုင် ဖြစ်ခဲ့ရသည်။ (၁ ရာ ၈း၁-၂၂)
တရားသူကြီးများခေတ်တွင် ဘုရားသခင်သည် ဣသရေလ၏ရှင်ဘုရင်ဖြစ်ပြီး၊ ဣသရေလလူမျိုးသည် ဘုရားသခင် ကိုယ်တိုင်တိုက်ရိုက်အုပ်ချုပ်သော လူမျိုးဖြစ်သည်။ ရှမွေလသည် အသက်ကြီးသောအခါ သူ၏သားများကို တရားသူကြီးအဖြစ် ခန့်ထားရန် ဆန္ဒရှိသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ရှမွေလ၏သားများသည် သူတို့၏ ဖခင်လမ်းသို့ မလိုက်ဘဲ၊ ဆိုးသွမ်းသောသူများဖြစ်သည်။ ဣသရေလလူများက ရှမွေလ၏သားများကို မလိုချင်ဘဲ၊ အခြားသောလူမျိုးများကဲ့သို့ ရှင်ဘုရင်တစ်ပါးကို လိုချင်သည်။ သူတို့၏တောင်းဆိုမှုသည် မသင့်လျော်ကြောင်း ရှမွေလပြောပြသော်လည်း၊ နောက်ဆုံးတွင် ဘုရားသခင်သည် လူများတောင်းဆိုသော ဘုရင်ကိုပေးခဲ့သည်။ က္က သရေလလူများသည် ရှမွေလကို ပယ်သည် မဟုတ်။ ဘုရားကို ငြင်းပယ်ခြင်း ဖြစ်သည်။
က္ကသရေလ၏ပထမဆုံးဘုရင်များကို ရှမွေလဘိသိတ်ပေးခဲ့သည် (၁ ရာ ၉- ၁၆)
လူသားဘုရင်အဖြစ် ရှောလုကို ဘိသိတ်ပေးရန် ဘုရားသခင်သည် ရှမွေလ အား ဖွင့်ပြခဲ့သည်။ ရှောလုသည် ကြည့်ကောင်းသောသူဖြစ်သည်။ အခြားသူများထက် အရပ်မြင့်သည်။ ရှောလုသည် ရှမွေလ၏အမွေကိုဆက်ခံသောကြောင့် ရှောလုကို ရှမွေလ ချစ်သည်။ ရှောလုနှင့်ဣသရေလလူများ ကောင်းကြီးခံစားရန်အတွက်ကိုသာ စဉ်းစားသည်။ သို့သော် ရှောလုသည် ဘုရားစကား နားမထောင်ခဲ့ပေ။ ဘုရားသခင်၏ တရားတော်လမ်းမှ လွဲသွားသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် ရှောလုကို ငြင်းပယ်ပြီ ဖြစ်ကြောင်း ရှမွေလအားဖြင့် ရှောလုကို ပြောခဲ့သည်။ ထို့နောက် ၊ ဗက်လင်မြို့တွင်ရှိသော ယေရဲ၏အိမ်သို့ ဘုရားသခင်သည် ရှမွေလကို စေလွှတ်ခဲ့သည်။ ရှောလုအမွေဆက်ခံမည့်သူဒါဝိဒ်ကို ရှင်ဘုရင်အဖြစ် ဘိသိတ်ပေးခဲ့သည်။
ရှမွေလသေဆုံးခြင်း (၁ ရာ ၂၅း၁) ၊
ကိုယ့်အတွက်ကိုပဲကြည့်သည့် ရှောလုအတွက် ရှမွေလ ငိုကြွေးခဲ့ရသည်။ ရှ မွေလသည် အမြဲတမ်း သူ၏လူများအတွက်ကိုပဲ စဉ်းစားပေးသည်။ သူ၏အမွေဆက်ခံ သူ၊ ရှောလု၏အပြစ်ကြောင့် ရှမွေလသည် နှလုံးကြေကွဲရသည်။ ဘုရားသခင်သည် ရှောလုံးကို ငြင်းပယ်ပြီးနောက် မကြာခင်မှာပင် ရှမွေလ သေဆုံးခဲ့သည်။ ကတိတော်နယ် မြေကို ယောရှုသိမ်းပိုက်အောင်မြင်ပြီးနောက် နှစ်ပေါင်း (၃၅၀)အတွင်း တရားသူကြီးများ အုပ်စိုးသောခေတ်သည် ယခု နောက်ဆုံးတရားသူကြီး၊ ရှမွေလ၏သေဆုံးခြင်းဖြင့် အ ဆုံးသတ်ခဲ့သည်။ သက်ဦးဆံပိုင်ဘုရင်စနစ် အစပြုခဲ့ပြီ။ ဣသရေလလူများစုရုံးလာပြီး ရှမွေလသေဆုံးခြင်းအတွက် ငိုကြွေးခဲ့ကြသည်။
ဆင်ခြင်စရာ
ရှမွေလ၏ဘုရားကိုကြောက်ရွံ့ခြင်းနှင့် ဆက်ကပ်ခြင်းအသက်တာသည် သူမမွေးဖွားမီကတည်းက သူ၏မိခင်၊ ဟန္ဒ၏ဆုတောင်းဆက်ကပ်ခြင်းမှ စီးဆင်းလာ သည်။ ဟန္နသည် မမွေးဖွားသေးသောသားကို ဆက်ကပ်ခဲ့သည်။ ဘုရားအတွက် စိတ်အားထက်သန်ခြင်းနှင့် သစ္စာကတိဝတ်ဖြေခြင်းက ကလေးကို နို့တိုက်သောပထမ(၂) နှစ်၊ (၃)နှစ်အရွယ်ကတည်းက ရှမွေလ၏သွေးသားများထဲသို့ ရောက်ရှိလာခဲ့ပြီးဖြစ် သည်။ ထို့အပြင် ငယ်ရွယ်နုပျိုသည့်ဘဝမှာပင် သူ၏ပရောဖက်ပြုချက်များသည် အမှန် ဖြစ်လာခဲ့ပြီး၊ ဘုရားသခင်ကိုယ်စား လူများကို စကားပြောပေးသောသူ ဖြစ်လာခဲ့သည်။ သူ၏လူများအတွက် အမြဲတမ်းဆုတောင်းပေးသောသူ ဖြစ်သည် (၁ ရာ ၇း၅၊ ၈)။ ဣသရေလလူများက ဘုရားဘက်သို့လှည့်လာရန်မှာ ရှမွေလ၏အလိုချင်ဆုံးသော ဆန္ဒ တစ်ခု ဖြစ်သည်။ ရှမွေလနှင့်ဘုရားသခင် အကျွမ်းတဝင်ရှိခြင်းက လူများကို ဘုရားဘက် သို့ လှည့်လာစေပြီး၊ ဘုရားကိုအစေခံဖို့ ဖြစ်လာခဲ့သည်။ ရှမွေလ ဆုတောင်းသောကြောင့် လူအများက ယုံကြည်မှုများရှိလာပြီး၊ ဖိလိတို့လူများနှင့်တိုက်ရသောစစ်ပွဲများတွင် ဘု ရားသခင်သည် သူတို့ကို အောင်မြင်မှုများပေးခဲ့သည်။ ရှမွေလသည် သူ၏ဘဝတစ် လျှောက်လုံးတွင် ဘုရားသခင်ကို လုံးလုံးလျားလျား ဆက်ကပ်ခဲ့သည်။ ယုံကြည်ခြင်း၏
သူရဲကောင်း၊ ဆုတောင်းခြင်းသူရဲကောင်း ဖြစ်ကြောင်း ရှမွေလက သူ့ကိုယ်သူ သက် သေပြခဲ့သည်။ ဣသရေလလူများ၏အုပ်ချုပ်မှုစနစ်ကူးပြောင်းသော ကြားကာလတွင် လူအများအပေါ် ရှမွေလ၏လွှမ်းမိုးခြင်းသည် များစွာထိရောက်မှုရှိခဲ့သည်။
သင်ခန်းစာယူစရာ
မိဘများသည် သားသမီးများအပေါ်၌ ကြီးမားသော လွှမ်းမိုးမှုရှိသည်။ ဟန္ဒ သည် မမွေးဖွားသေးသောသားကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခဲ့သည်သာမက၊ ကလေးသည် သူမနှင့်အတူတူနေရသည့် ပထမ(၂)နှစ်၊ (၃)နှစ်အတွင်း ဘုရားသခင်ကို အစေခံတတ်ရန် သွန်သင်ပေးခဲ့သည်။ သင်၏ချစ်ခြင်းမေတ္တာ၊ ဆုတောင်းခြင်းများနှင့် ပုံသက်သေများသည် သင့်သား၊ သမီးများ၏ဝိညာဉ်ရေးရာအသက်တာအတွက် အရေး ကြီးသည်။ သင်၏သား၊ သမီးများကို သွန်သင်ပေးဆုံးမခြင်းသည် ဘုရားသခင်က သင့်ကို အမှုတော်အတွက် အမြင့်မားဆုံးခေါ်ခြင်းဖြစ်ကြောင်း ခံယူပါ။ ဟန္နကဲ့သို့၊ သား၊ သမီးအား သွန်သင်ဆုံးမခြင်းကို အစောဆုံးအစပြုပါ။ ယနေ့လည်း ဖြစ်နိုင်သည်။
အခြားသူများက ဘုရားကိုအစေခံခြင်းနေခြင်းအား မြင်တွေ့နေခြင်းသည် မိ မိ၏ဝိညာဉ်ရေးရာတိုးတတ်ရန်အတွက် တွန်းအားတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အိမ်တော်တွင် နေ့စဉ်ယဇ်ပူဇော်ခြင်းများနှင့် ကိုးကွယ်ခြင်းများစွာကို ရှမွေလသည် ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက မြင်တွေ့နေရသည်။ သင့်ကလေးကို ငယ်ငယ်လေးကတည်းက အသင်းတော်၌နှုတ်ကပတ်တော်ကို များများခံယူသည့် အ လေ့အကျင့် လုပ်ပေးပါ။ တရားဒေသနာခံယူခြင်း၊ ကျမ်းစာခံယူခြင်းများဖြင့် ဘုရား ၊ သခင်သည် သူတို့အားစကားပြောသောအခါ ချက်ချင်း တုန့်ပြန်တတ်မည် ဖြစ်သည်။
ဝိညာဉ်ရင့်ကျက်ကြီးထွားခြင်းသည် မိမိ၏ရွေးချယ်ခြင်းနှင့်လည်း များစွာ သက်ဆိုင်သည်။ ရှမွေလသည် ယဇ်ပုရောဟိတ်လိ၏အစေခံခြင်းကို မြင်တွေ့နေရသလို၊ တချိန်တည်းမှာပင် လိ၏သားများ ဆိုးသွမ်းခြင်းကိုလည်း မြင်တွေ့နေရသည်။ ရှမွေလ သည် ဧလိ၏အစေခံခြင်းကိုရွေးချယ်ကာ၊ ဘုရားဘက်၌ရပ်တည်ခဲ့သည်။ သင့်အသက်
တာတွင်လည်း ရွေးချယ်စရာများရှိလာလိမ့်မည်။ ဘုရားသခင်နှစ်သက်သော အရာကို ရွေးချယ်ပါ။ သင်၏ဝိညာဉ်အသက်တာ ရင့်ကျက်ကြီးထွားလာမည်။
ရှမွေလနှင့်ပတ်သတ်သောအကြောင်းအရာများ
ရှမွေလ၏သားများ – ယောလ၊ အဘိရ
အောင်မြင်သောအချက် – ဣသရေလလူများ ဘုရားဆီသို့ပြန်လှည့်လာခဲ့ကြသည်။
ကျရှုံးသောအချက် – ဣသရေလလူများက သူတို့ကို ရှင်ဘုရင်အဖြစ် အုပ်စိုးနေသော
ဘုရားကိုငြင်းပယ်ခဲ့ကြသည်။
ရှောလု
ဣသရေလ၏ပထမဦး ဘုရင်
ငြင်းဆန်သာသဓဘာသည် နတ် ဆိုးနှင့် ပေါင်းဖော်ခြင်းကို သို့၎ဝိ၊ ခိုင်မာသော သဓဘာသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့ ၎င်း၊ အပြစ်ကြီး၏။ သင်သည် ။ ထာဝရဘုရား၏ စကားတော်ကို ပယ် သာကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင် ၊
အ ရာကိုနှုတ်၍ သင့်ကိုယ် တော်မူပြီ။ (၁ ရာ ၁၅း၂၃)
အရည်အချင်း- အပြင်သဏ္ဍာန်ကောင်းသူ။
ပြည့်စုံခြင်း – နိုင်ငံတော် စည်းလုံးခြင်း ၊
အသက်ရှင်ခဲ့သောအချိန်- ၇ဝ နှစ် (နှစ်ပေါင်း ၄ဝ အုပ်စိုးခဲ့သည်။ ဘီစီ ၁၀၅၁ မှ
၁ဝ၁၁)
နာမည်- ရှောလု အဓိပ္ပါယ်မှာ “တောင်းလျှောက်ခြင်း’။
ကျမ်းပိုဒ်- ၁ ရာ ၉-၃၁။
နောက်ခံအကြောင်းအရာ
ဣသရေတိုင်းပြည်သေးသေးလေးက ဖူးပွင့်စပြုလာသည်။ ပရောဖက်ရှမွေလ က တိုင်းပြည်ကို ဝိညာဉ်ရေးရာနိုးထစေခဲ့သည်။ သူ၏ဆုတောင်းခြင်းများနှင့်ဆက်ကပ် ခြင်းများက ကျူးကျော်တိုက်ခိုက်လာသောဖိလိတို့လူများကို တိုက်ခိုက်ချေမှုန်းရန် လူ များအား နိုးထမှုဖြစ်စေခဲ့သည်။ ယခု ဣသရေလလူများသည် မာန်မာနဖြင့် လူမျိုးကြီး
စိတ်ဝင်လာကာ ပြောင်းလဲမှုကို လိုချင်လာကြသည်။ တိုက်ပွဲများကို ရှင်ဘုရင် ဦးဆောင် လျှင် ပိုကောင်းမည်ဟု ယုံကြည်လာကြသည်။ အကျင့်စရိတ္တပျက်ပြားနေသောရှမွေလ၏ သားများ ဦးဆောင်ခြင်းကို မလိုချင်ကြပေ။ အခြားလူမျိုးများကဲ့သို့ လူသားရှင်ဘုရင်ကို လိုချင်ကြသည်။ ရှမွေလ စိတ်ဆိုးဒေါသထွက်ရသည်။ သူ့အတွက်မဟုတ်။ ဘုရားသခင် ၏ဘုန်းတော်အတွက်ဖြစ်သည်။ ယခုအချိန်ထိ ဣသရေလလူများကို တရားသူကြီးများ၊ အားဖြင့် ဘုရားသခင်ကိုယ်တိုင် ဦးဆောင်နေသည်။ သို့သော် သူတို့လိုချင်သော ရှင်ဘုရင်ကိုပေးဖို့ ဘုရားသခင်က ရှမွေလကို ပြောသည်။ ဗဿာမိန်အမျိုးမှ အသက် (၃၀) ခန့်ရှိသော လူငယ်ရှောလုကို ရှမွေလက ဘိသိတ်ပေးကာ ဣသရေလ၏ပထမဆုံး ရှင်ဘုရင်အဖြစ် ခန့်အပ်ခဲ့သည်။
ခြုံငုံကြည့်ခြင်း
ရှောလုသည် လူများလိုချင်သော ဘုရင်ဖြစ်သည်။ အခြားသူများထက် အရပ် မြင့်သောသူ ဖြစ်သည်။ နန်းတတ်ပွဲအခမ်းအနားပြီးသောအခါ လူအများ၏ထောက်ခံ အားပေးမှုဖြင့် တိုက်ပွဲတိုင်းကို အောင်မြင်ခဲ့သည်။ သို့သော် မကြာခင်မှာပင် ရှောလု၏ ခေါင်းဆောင်မှုမှာ ကျဆင်းခဲ့ရသည်။ အကြောင်းမှာ ဘုရားကို မကိုးစားခြင်းနှင့် မနာခံ ခြင်းတို့ကြောင့် ဖြစ်သည်။ ရှမွေလသည် ရှောလုကို ကူညီဖေးမခဲ့သည်။ သို့သော် ရှော လုက ဘုရားသခင်၏အလိုတော်ကို မလုပ်နိုင်သောကြောင့် မဟုတ်ဘဲ၊ မလုပ်ချင်သော
ကြောင့် ဖြစ်သည်။ ရှောလုသည် နှစ်ပေါင်း (၄၀)ဣသရေလအမျိုးကို အုပ်ချုပ်သော်လည်း ဘုရားသခင်သည် ရှောလုကို ရှင်ဘုရင်အဖြစ်မှ ငြင်းပယ်ခဲ့သည်။ ရှောလုအသက်တာတွင် အားကိုးရသောသူမှာ သူ၏သားကြီး ယောနသန် ဖြစ်သည်။ ယောနသန်သည် နန်းတော် ၌သော်၎င်း၊ စစ်မြေပြင်၌သော်၎င်း စနစ်တကျစီမံခန့်ခွဲနိုင်သူ ဖြစ်သည်။ ဒါဝိဒ်၏အချစ် ဆုံးမိတ်ဆွေလည်း ဖြစ်သည်။ နောက်ဆုံးတွင် ရှောလှနှင့်သူ၏သားသုံးယောက်သည် ဖိလိတို့လူများနှင့်စစ်ပွဲတွင် ကျရှုံးခဲ့ကြသည်။ ရှင်ဘုရင်သေသောကြောင့် ဣသရေလ စစ်သားများလည်း ထွက်ပြေးခဲ့ကြသည်။
ရှင်ဘုရင်အဖြစ် ရှောလု၏အစောပိုင်းအသက်တာ (၁ ရာ ၉-၁၂)
ဣသရေလအမျိုးတွင် အငယ်ဆုံးဖြစ်သည့်ဗဟ်မိန်အမျိုးက ဣသရေလတစ် မျိုးလုံးအတွက် ရှင်ဘုရင်တစ်ယောက်ကို ပေးခဲ့သည်။ ရှောလူသည် အသက် (၃၀)ဝန်း ကျင်တွင် သူ့ဖခင်၏လယ်မြေနှင့်သိုး၊ နွားများကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။ ပျောက်နေသောမြည်းကိုလိုက်ရှာရင်း ရှမွေလက ရှောလုကိုတွေ့ခဲ့ပြီး၊ ရှင်ဘုရင်ဖြစ်ရန် ဘိသိတ်ပေးခဲ့သည်။ ထိုနေ့မတိုင်မီ တစ်ရက်တွင် ရှောလုသည် ဘုရားသခင်ရွေးကောက် သောဘုရင်ဖြစ်ကြောင်း ရှမွေလကို ဘုရားသခင်က ပြောခဲ့ပြီး ဖြစ်သည်။ ဘိသိတ်ပေးပြီး နောက် ရှောလုသည် သူ၏ပထမဆုံးတိုက်ပွဲတွင် အာချွန်အမျိုးသားများအပေါ် အောင် မြင်ခဲ့သည်။ ရှောလုနာမည်ကျော်ကြားလာခြင်းကို အကြောင်းပြုကာ ရှမွေလသည် လူ များကိုခေါ်ပြီး ဘုရားသခင်နှင့်ပဋိညာဉ်ကို ပြန်လည်နှိုးဆော်ခဲ့သည်။
ရှောလု၏မနာခံခြင်း (၁ ရာ ၁၃၊ ၁၅)
ရှောလုရှင်ဘုရင်ဖြစ်ပြီး ဒုတိယနှစ်တွင် ဣသရေလနိုင်ငံသည် ဖိလိတ္တိစစ်တပ် ၏ခြိမ်းခြောက်ခြင်းကို ခံရသည်။ ဖိလိတို့စစ်တပ်သည် ဣသရေလထက် စစ်ရထား၊ မြင်းစီးသူရဲ၊ စစ်သူရဲ အများအပြားရှိသည်။ ရှောလုသည် စစ်ပွဲအတွက်လူများကိုစုရုံးသော အခါ လူယောက်ျား (၃၀၀၀) သာရှိသည်။ ရှမွေလသည် ထာဝရဘုရားအား ယဇ်ပူဇော် ရန် ရှောလုကို ခုနှစ်ရက်စောင့်ဆိုင်းခိုင်းသည်။ ခုနှစ်ရက်မြောက်နေ့ထိ ရှမွေလ မရောက် ၊ လာခဲ့ပေ။ ရှောလှ၌ရှိသောလူများက ကြောက်ရွံ့ပြီးထွက်ပြေးကြသောကြောင့် ရှောလှ သည် သူကိုယ်တိုင် ယဇ်ပူဇော်ခဲ့သည်။ ရှောလုသည် ယဇ်ပုရောဟိတ်တစ်ယောက် မ ဟုတ်ပေ။ မကြာမီ ရှမွေလရောက်လာပြီး၊ အသိဉာဏ်မဲ့စွာ လုပ်ဆောင်ခဲ့ခြင်းအတွက် ရှောလူကို အပြစ်တင်ခဲ့သည် (အခန်းငယ် ၁၃)။ ရှောလု၏သားစဉ်မြေးဆက်ကို ရှင်ဘု ရင်အဖြစ်မှ ငြင်းပယ်ကြောင်းကိုလည်း ပြောခဲ့သည်။
နောက်တစ်ကြိမ်တွင် အာမလက်လူများနှင့်စစ်တိုက်ရန် ရှမွေလက ရှောလှကို စေခိုင်းခဲ့သည်။ အာမလက်လူများ၊ သိုး၊ နွားများနှင့်တကွ ရှင်ဘုရင်ကို ရှင်းရှင်းဖျက်ဆီး
ရန် ဖြစ်သည်။ ရှောလူသည် ဘုရားသခင်၏အမိန့်ကို ဆန့်ကျင်ကာ ရှင်ဘုရင်နှင့် ဆူဝသော သိုး၊ နွားများကို အသက်ရှင်ခွင့်ပေးခဲ့သည်။ ရှမွေလနှင့်တွေ့ဆုံသောအခါ ထိုဆူဝသော သိုး၊ နွားများကို ယဇ်ပူဇော်ရန်ဟု အစပိုင်းတွင်ပြောပြီး၊ နောက်တွင် လူ များကိုကြောက်သောကြောင့်ဟု ဆင်ခြင်ပေးပြန်သည်။ နောက်ဆုံးတွင် ဘုရားသခင်ကို ပြစ်မှားကြောင်း ဝန်ခံခဲ့ပြီး၊ သူ၏အပြစ်ကို ဝှက်ထားပေးရန်တောင်းဆိုခဲ့သည်။ လူအများ ရှေ့တွင် နှိမ့်ချစွာ ဝန်ခံရမည့်အစား လူအများရှေ့တွင် သူ၏ဂုဏ်အသရေကို မဖျက်ရန် ရှမွေလထံ တောင်းဆိုခဲ့သည် (၁ ရာ ၁၅း၃၀)။ ရှမွေလက ရှောလုကို ဆုံးမရပြန်သည်။ •
ရှောလု၏မတည်ငြိမ်ခြင်း (၁ ရာ ၁၆း၁၄-၃၁)
ရှောလုကို ငြင်းပယ်ပြီး၊ ဒါဝိဒ်ကို ဘိသိတ်ပေးခြင်းကြောင့် ဘုရားသခင်၏ဝိညာဉ် တော်သည် ရှောလုဆီမှထွက်ခွါသွားပြီး၊ ဝိညာဉ်ဆိုးသည် ရှောလုအပေါ်သို့ သက်ရောက် ခဲ့သည်။ သူ၏အမှုထမ်းများမှ တစ်ယောက်ဖြစ်သော ဒါဝိဒ်ကို မနာလိုဝန်တိုဖြစ်လာပြီး၊ သတ်ရန်ကြိုးစားခဲ့သည်။ ဒါဝိဒ်သည် အသက်လွတ်ရန် ထွက်ပြေးရသည်။ ရှောလုသည် သူ့ကိုယ်သူ ယုံကြည်မှုအားနည်းလာသောကြောင့် ဒါဝိဒ်ကိုကြောက်ရွံ့လာပြီး၊ သတ်ရန် အကြိမ်များစွာ ကြိုးစားလာခဲ့သည်။ ရှောလုသည် သူ၏နောက်ဆုံးအချိန် နီးကပ်လာ
သောအခါ ရှမွေလလည်း သေဆုံးခဲ့သည်။ ဘုရားသခင်သည်လည်း စကားမပြောတော့ ပေ။ ထို့ကြောင့် နတ်ဝင်မိန်းမဆီသွားကာ ဆုတောင်းခဲ့သည်။ နတ်ဝင်မိန်းမအားဖြင့် ရှမွေလ၏ဝိညာဉ်သည် ကိုယ်ထင်ရှားပြလာပြီး၊ ဘုရားသခင်ကို နာမခံခြင်းကြောင့်
ရှောလုနှင့်သူ၏သားများသည် နောက်တစ်နေ့ တိုက်ပွဲတွင် သေဆုံးမည်ဟု ပြောခဲ့သည်။ ရှမွေလ၏ဝိညာဉ်ကြိုတင်ဟောပြောသကဲ့သို့ နောက်တစ်နေ့ ဖိလိတ္တိလူများနှင့်စစ်ပွဲတွင် ရှောလုနှင့် သူ၏သားကြီးသုံးယောက်တို့ သေဆုံးခဲ့ကြသည်။
ဆင်ခြင်စရာ
အပြစ်ကြောင့် ခံစားရရှိမည့်ဆိုးကျိုးများကို ရှောလု၏အသက်တာက ပုံဖော် ထားသည်။ သမ္မာကျမ်းစာတွင် ရှောလုကို ပထမဆုံးတွေ့သောအခါ အပြင်ပန်းသဏ္ဍာန် ၊
အားဖြင့် လူများအားကျစရာ ဖြစ်ခဲ့သည်။ ရှင်ဘုရင်အဖြစ် ဘိသိတ်ပေးပြီးသောအခါတွင် လည်း ဘုရားသခင်၏ဝိညာဉ်တော်သည် ရှောလှအပေါ် သက်ရောက်သောကြောင့်
အောင်မြင်ခြင်း များတွေ့ကြုံခံစားရသည်။ သို့သော် တဖြည်းဖြည်းဖြင့် ဘုရားအလိုတော် နှင့်ဆန့်ကျင်သောအပြုအမူများ၊ ဆုံးဖြတ်ချက်များ ပြုလုပ်လာသည်။ ဘုရားသခင်ကို
ကြောက်ရွံ့ရမည့်အစား မိမိကိုယ်ကျိုးအတွက်ဘဲ ကြည့်လာသည်။ သူ့ကိုဆုံးမသောအခါ ၊ တွင်လည်း နောင်တ မရခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်သည် သူ၏ကောင်းကြီးမင်္ဂလာနှင့် ဝိညာဉ်တော်ကို ရှောလုထံမှ ရုတ်သိမ်းခဲ့သည်။ ဝိညာဉ်ရေးရာကျဆင်းလာသောကြောင့် နောက်ဆက်တွဲ ရှောလုသည် မနာလိုဝန်တိုခြင်းများ၊ ကြောက်ရွံ့ခြင်းများ၊ မနာခံခြင်းများ နှင့်နောက်ဆုံးတွင် သူ့ကိုယ်သူအဆုံးစီရင်ခြင်းများ ဖြစ်လာခဲ့သည်။
သင်ခန်းစာယူစရာ
အတွင်းနှလုံးသားသဏ္ဍာန်သည် အရေးကြီးသည်။ အပြင်ပန်းသဏ္ဍာန်ကို ကြည့်လျှင် ရှောလုသည် ရှင်ဘုရင်အဖြစ် ခန့်ညားထည်ဝါနေသည်။ သို့သော် ရှောလု၏ အတွင်းနှလုံးသားတွင် မကောင်းသောအရာများနှင့် ပြည့်နေသည်။ အပြင်သဏ္ဍာန်ကိုပဲ ဦးစားမပေးရန်၊ အတွင်းနှလုံးသားကိုလည်း အလှဆင်ရန် ရှောလု၏အသက်တာက သင်ခန်းစာပေးနေသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖတ်ရှုခြင်း၌ အချိန်ယူပါ။ သင့်အသက်တာတွင် ဘုရားမနှစ်သက်သော၊ အကျင့်စရိုက်များနေရာတွင် ကောင်းသော အရာများနှင့်အစားထိုးနိုင်ရန် ဘုရားသခင်ဆီ ဆုတောင်းပါ။
နာခံခြင်းသည် အရေးကြီးသည်။ ရှောလုသည် ဘုရားသခင်၏အလိုတော်ကို မဆောင်ချင်ခဲ့ပေ။ သူ၌ အမြဲတမ်း သူ့အစီစဉ် သူရှိပြီး၊ ဆုံးမသောအခါတွင် သူ၏အ ပြစ်ကို ဖုံးကွယ်ကာ အမြဲတမ်းဆင်ခြင်ပေးတတ်သည်။ ဘုရားသခင်သည် သင်၏ဆင် ခြင်များ၊ အကြောင်းပြချက်များကို မလိုချင်ပေ။ သင့်အသက်တာတွင် ဘုရားသခင်၏ အလိုတော်ကို ဝန်ခံရန် အားနည်းနေသောကဏ္ဍများရှိပါသလား။ ဘုရားသခင်သည် လုံးလုံးလျားလျားနာခံခြင်းကို လိုချင်သည်။ ထိုနာခံခြင်းကို ဘုရားသခင်ဆီ ပူဇော်ကြပါစို့။
အပြစ်ဝန်ခံခြင်းသည် အရေးကြီးသည်။ ရှောလုကျဆင်းခြင်းသည် အပြစ်ဝန် မခံခြင်းဖြစ်သည်။ အပြစ်ဝန်ချတောင်းပန်ခြင်းသည် သင်၌ မပြည့်စုံမှုများရှိကြောင်း၊ ဘု ရားသတ်မှတ်ထားသောစံချိန်ကို မမှီကြောင်း ဘုရားသခင်ရှေ့၌ ဝန်ခံအပ်နှံခြင်းဖြစ်သည်။ အပြစ်သေးသေးလေးကအစ သင့်အသက်တာ၌ အမြစ်မတွယ်ပါစေနှင့်။ သန့်ရှင်းသော ဘုရားရှေ့၌ ဆက်လက်အသုံးခံရန် အပြစ်ကိုအမြဲတမ်း ဝန်ချတောင်းပန်နေရမည်။
ရှောလုနှင့်ပတ်သတ်သောအကြောင်းအရာများ
ဗဿာမိန်အမျိုးအနွယ်မှဖြစ်ပြီး၊ ပထမဆုံးသောဣသရေလရှင်ဘုရင်ဖြစ်သည်။
အသက် (၇၀) အသက်ရှင်ခဲ့သည်။
ဖခင်မှာ- ကိရှဖြစ်သည်။
ဇနီးသည်မှာ- အဟိနောင်ဖြစ်သည် ၊
သားများမှာ- ယောနသန်၊ အဘိနဒပ်(အရူ)၊ မလဓိရွ၊ ရှဗာရှက်
သမီးများမှာ- မေရပ်၊ မိခါလ (ဒါဝိဒ်၏ပထမမယား)
ဒါဝိဒ်
အစ္စရေးလ်၏ဆာလံဆရာ၊
နောက်မှ ထိုသူ(ရှာလု)ကိုပယ်၍ ဣသရလရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြှောက်တော်မူ၏။ ထိုသူအား သက်သခံတော် မူလျက်၊ စိတ်နှလုံး၌ ညီညွှတ်သည် ဖြစ်၍ ငါ့အလိုကို ပြည့်စုံစေမည့်သူ၊ ယရဲ၏ သား ဒါဝိဒ်ကိုငါတွေ့ ရပြီ ဟုမိန့်တော်မူ၏။ (တမန် ၁၃း၂၂) ၊
အရည်အချင်း- ဘုရားသခင်၏စိတ်တော်နှင့်တွေ့သူ။
ပြည့်စုံခြင်း- အစ္စရေးလ်စည်းလုံးခြင်း။
အသက်ရှင်ခဲ့သောအချိန်- ၇၀ နှစ် (ဘီစီ ၁ဝ၄ဝ မှ ၉ရဝ)
နာမည်- ဒါဝိဒ်- အဓိပ္ပါယ်မှာ “ချစ်ခင်နှစ်သက်ခြင်း’။
ကျမ်းပိုဒ်- ၁ ရာ ၁၆ – ၃ ရာ ၂။
နောက်ခံအကြောင်းအရာ
ရှောလုသေဆုံးပြီးနောက်တွင် ဒါဝိဒ်ကို ဣသရေလတောင်ပိုင်းမှ ယုဒအမျိုးက နန်းတင်ခဲ့သည်။ ပြည်တွင်းစစ် (၅)နှစ်ပြီးသောအခါ ဒါဝိဒ်ကို ဣသရေလနိုင်ငံတစ်ခုလုံး၏ ရှင်ဘုရင်အဖြစ် ဘိသိတ်ပေးခဲ့သည်။ ဒါဝိဒ်အုပ်စိုးစဉ်ကာလအတွင်း တောင်ပိုင်းအီဂျစ်မှ မြောက်ပိုင်းအာရှရိ၊ ဗာဗုလုန်နိုင်ငံများသည် အင်အားနည်းသော တိုင်းပြည်များဖြစ်ကြ
သည်။ ဒါဝိဒ် နှစ်(၄၀)အုပ်စိုးစဉ်အတွင်း မည်သည့်ခြိမ်းခြောက်မှုများ မရှိခဲ့ပေ။ အနောက် ဘက်မှ ဖိလိတို့ပြည်နှင့်အရှေ့ဘက်မှ အာမုန်ပြည်များသာ ခြိမ်းခြောက်မှုများရှိနေခဲ့သည်။
ခြုံငုံကြည့်ခြင်း ၊
ဒါဝိဒ်သည် ရှင်ဘုရင်ရှောလုကဲ့သို နိမ့်ကျသည့် နောက်ခံမျိုးရိုးမှ ဆင်းသက်လာ ခဲ့သည်။ သို့သော် ဣသရေလသမိုင်းတွင် အကြီးမြတ်ဆုံးဘုရင် တစ်ပါး ဖြစ်လာခဲ့သည်။ ဒါဝိဒ်၌ မွေးရာပါခေါင်းဆောင် အရည်အချင်းရှိပြီး၊ သူ၏ခေတ်ကာလအချိန်တွင် အရှေ့ အလယ်ပိုင်းဒေသရှိ အသေးငယ်ဆုံးသော ဣသရေလလူမျိုးကို စစ်ရေးစစ်ရာတွင် အင် အားအကြီးမားဆုံးနိုင်ငံအဖြစ် ပုံသွင်းနိုင်ခဲ့သည်။ ယေရုရှလင်မြို့ကို နိုင်ငံ၏မြို့တော် အ ဖြစ်၎င်း၊ ယုဒဘာသာ၏ဗဟိုအချက်အခြာမြို့တော်အဖြစ်၎င်း တည်ထောင်ခဲ့သည်။ ထို့ အပြင် ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို ယေရုရှလင်မြို့သို့ ပြန်လည်ယူဆောင် လာခဲ့သည်။ ကဗျာသီချင်းများတွင် ပါရမီထူးသူတစ်ယောက်ဖြစ်ပြီး၊ သူ၏ဆာလံသီချင်း (၅၃)ပုဒ်သည် ဆာလံကျမ်းတွင် မှတ်တမ်းတင်ထားသည်။
ဒါဝိဒ်သည် အရည်အချင်းကောင်းများနှင့်ပြည့်စုံသော်လည်း စုံစမ်းသွေးဆောင် ခြင်းအပြစ်ထဲသို့ ကျဆင်းမိသော သားကောင်လည်း ဖြစ်ခဲ့ရသည်။ ဘုရားသခင်သည် ဒါဝိဒ်ကို ခွင့်လွှတ်ခဲ့သည်။ သို့သော် ဗာသရှေဗနှင့် မှားယွင်းခြင်းအပြစ်ကြောင့် သူ့မိ သားစုနှင့်နိုင်ငံတော်သည် ဆိုးကျိုးများ ဆက်တိုက်ခံစားရသည်မှာ ပြန်လည် ခေါင်းမ ဖော်နိုင်ခဲ့တော့ပေ။
အကြောင်းအရာ
သိုးကျောင်းသား ဒါဝိဒ် (၁ ရာ ၁၆)
ဒါဝိဒ်သည် ယေရှု၏သားရှစ်ယောက်မှ အငယ်ဆုံးသော သားဖြစ်သည်။ ယေ ရုရှလင်မြို့မှ (၆)မိုင်လောက်အကွာတွင်ရှိသော ဗက်လင်မြို့တွင် နေထိုင်သည်။ ယေရုရှ လင်မြို့သည် နောက်ပိုင်းတွင် ဒါဝိဒ်၏မြို့တော်ဖြစ်လာခဲ့သည်။ အငယ်ဆုံးသားဖြစ်သော ကြောင့် ဖခင်၏သိုးများကို ထိန်းကျောင်းသည့်တာဝန်သည် သူ၏တာဝန်ဖြစ်လာခဲ့
သည်။ လယ်ကွင်းထဲတွင် နေ့ရော၊ ညပါ သိုးများကို ထိန်းကျောင်းရင်း ဘုရားသခင်နှင့် ၊ ရင်းနှီးကျွမ်းဝင်မှုကို တည်ဆောက်ခဲ့သည်။ ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ်ချီးမွမ်းသော ဆာလံသီချင်းတော်တော်များများကို တွေ့ရသည်။ ဥပမာ ဆာလံ ၁၉ ကဲ့သို့သော သီ ချင်းများဖြစ်သည်။ သိုးများကို ထိန်းကျောင်းစဉ် ပရောဖက်ရှမွေလက ဒါဝိဒ်ကို ဒုတိယ ဘုရင်အဖြစ် ဘိသိတ်ပေးခဲ့သည်။ ဆယ်ကျော်သက် အရွယ်ပင်ရှိသေးသည်။ ရှောလု သည် ဘုရင်ဖြစ်နေသေးသော်လည်း ဘုရားသခင်၏ဝိညာဉ်သည် ရှောလုမှ ထွက်ခွါခဲ့ပြီး၊ ဒါဝိဒ်အပေါ်သို့ သက်ရောက်ခဲ့သည်။ •
စစ်သူရဲကောင်း ဒါဝိဒ် (၁ ရာ ၁ရ-၁၈)
ဖိလိတ္တိလူများက ဣသရေလလူများကို လာရောက်တိုက်ခိုက်ခြင်းက ဒါဝိဒ်ကို ရှေ့တန်းစစ်မြေပြင်သို့ ခေါ်ဆောင်လာသည်။ ရှောလု စစ်တပ်တွင် တာဝန်ထမ်းဆောင်နေ
သော သူ၏အစ်ကိုများကို အစားစာလာပေးရင်း အရပ် (၉)ပေ လောက်ရှိသော လူသန် ကြီးဂေါလျက်နှင့်ရင်ဆိုင်ခဲ့ရသည်။ ရှင်ဘုရင်ရှောလုကအစဘယ်သူမှ ထိုဂေါလျက်ကြီးကို မတိုက်ဝံ့သည်မှာ ဒါဝိဒ် အံ့ဩခဲ့ရသည်။ စိန်ခေါ်ချက်ကို ဒါဝိဒ်လက်ခံခဲ့သည်။ ထို့နောက်
ကျောက်ခဲလုံးလေးတစ်လုံးဖြင့် ထိုဂေါလျက်ကြီးကို အနိုင်သတ်နိုင်ခဲ့သည်။ ထိုနေ့မှစ၍ ဒါဝိဒ်သည် သူ၏တိုက်ရည်၊ ခိုက်ရည်ကို ရဲဝံ့စွာပြသခဲ့သည်။ ဒါဝိဒ် အောင်မြင်ကျော်ကြား
သော အချိန်တွင် ရှောလု၏သားကြီး၊ ယောနသန်သည် ဒါဝိဒ်နှင့်အရင်းနှီးဆုံးမိတ်ဆွေ များဖြစ်လာသည်။ လူအများက ဒါဝိဒ်ကို ချစ်ခင်လာခဲ့ကြသည်။ တဘက်တွင်လည်း ရှောလုက ဒါဝိဒ်ကို မနာလိုဝန်တိုစ ပြုလာခဲ့သည်။
၀ရမ်းပြေး ဒါဝိဒ် (၁ ရာ ၁၉-၃၁)
ဒါဝိဒ်၏အောင်မြင်မှုတိုင်းတွင် ရှောလု၏မနာလိုဝန်တိုမှုများ ပို၍ပြင်းထန်လာခဲ့ သည်။ ဒါဝိဒ်သည် လှ၏သမီး၊ မိခါလနှင့်လက်ထပ်ခဲ့သည်။ ရှောလုက သူ၏သား မက်တစ်ယောက်ဖြစ်သော်လည်း ဒါဝိဒ်ကို သတ်ရန်ကြိုးစားခဲ့သည်။ မိမိလနှင့်ယောနသန်၊ တို့၏အကူအညီဖြင့် ဒါဝိဒ်သည် အသက်လုကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရှောလှ သည် မကြခဏဆိုသလို ဒါဝိဒ်ကို သတ်ရန် လိုက်လံဖမ်းဆီးခဲ့သည်။ သေခါနီးအချိန်များ
ရှိခဲ့ပြီး၊ နောက်ဆုံးစက္ကန့်လေးမှ လွတ်မြောက်ခဲ့ရသောအကြိမ်များ မနည်းပေ။ ဒါ8ဒ် သည် မွေးရာပါ ခေါင်းဆောင်အရည်အချင်းရှိသောကြောင့် တိုက်ရည်၊ ခိုက်ရည်ရှိသော လူပေါင်း (၆၀၀)ကို ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် ဒါဝိဒ် ရှင်ဘုရင်ဖြစ်လာသောအခါ ဤလူပေါင်း (၆၀၀)သည် ဒါဝိဒ်အတွက် အင်အားကြီးမားသော စစ်တပ်ဖြစ်လာခဲ့သည်။ •
ယုဒပြည်အပေါ် ရှင်ဘုရင်ဒါဝိဒ် (၂ ရာ ၁-၄)
ဖိလိတ္တိလူတို့နှင့်တိုက်ပွဲတွင် ရှောလုနှင့် ယောနသန်အပါအဝင် သူ၏သားများ သေဆုံးခဲ့ကြသည်။ ဒါဝိဒ်ကို သူ၏အမျိုးအနွယ်ဖြစ်သော ယုဒလူမျိုးများက ရှင်ဘုရင်အ ဖြစ် တင်မြှောက်ခဲ့ကြသည်။ ဒါဝိဒ်သည် အသက်(၃၀)ရှိလာခဲ့သည်။ ရှောလု၏သား တစ်ယောက်ဖြစ်သော ဣရှက်ဗောရှက်ကို မြောက်ပိုင်းတွင် ရှင်ဘုရင်အဖြစ် ကြေငြာခဲ့ သည်။ သို့သော် ဣသရေလမြောက်ပိုင်းရှိ အမျိုးအနွယ်အားလုံးက ဣရှက်ဗောရှက်ကို ရှင်ဘုရင်အဖြစ် အသိအမှတ်ပြုကြေငြာရန် (၅)နှစ် အချိန်ယူခဲ့ရသည်။ ဣသရေလမြောက် ပိုင်းကို (၂)နှစ်အုပ်စိုးပြီး၊ သူ့လူများ၏ လုပ်ကြံခြင်း ခံခဲ့ရသည်။
နိုင်ငံတော်တည်ထောင်သူ ရှင်ဘုရင်ဒါဝိဒ် (၂ ရာ ၅-၁၀)
ဣသရေလအမျိုးအနွယ်များအားလုံး အတူတကွစုရုံးလာကာ ဒါဝိဒ်ကို ရှင် ဘုရင်အဖြစ် ဘိသိတ်ပေးခဲ့ကြသည်။ ဒါဝိဒ်သည် ယုဒပြည်တွင် (ရ)နှစ် အုပ်စိုးခဲ့ပြီးဖြစ် သည်။ ဣသရေလတပြည်လုံးကို နောက်ထပ်နှစ်ပေါင်း (၃၃)နှစ်အုပ်စိုးခဲ့သည်။ ရှင်ဘုရင် အဖြစ် သူ၏ပထမဆုံးလုပ်ဆောင်ချက်မှာ ယေရုရှလင်မြို့ကို သိမ်းပိုက်ကာ မြို့တော်အ ဖြစ်တည်ထောင်ခဲ့သည်။ ဒါဝိဒ်သည် ရန်သူများကို တိုက်ခိုက်ရင်း ဣသရေလူများ ပိုင်
သောနယ်မြေများကို ဆယ်ဆထိ တိုးချဲ့နိုင်ခဲ့သည်။ လူမျိုး၏အစိုးရကိုလည်း ဖွဲ့စည်း ကာ ပဋိညာဉ်သေတ္တာကို ယေရုရှလင်မြို့သို့ ပြန်လည် ယူဆောင်လာခဲ့သည်။ ပဋိညာဉ် သေတ္တာသည် ယုဒဘာသာအတွက် အထွဋ်အမြတ်ထားရသော သေတ္တာတစ်ခုဖြစ်သည်။ မှ ရှင်ဘုရင်ဒါ8ဒ်ကျရှုံးသောနှစ်များ (၂ ရာ ၁၁-၁၄၊ ၃ ရာ ၂း၁၀)
ဘုရားသခင်ကို ဒါဝိဒ်၏ယုံကြည်ခြင်းနှင့်ကိုးစားခြင်းများက သူ့ကိုအောင်မြင်မှု အထွဋ်အထိပ်သို့ရောက်စေခဲ့သည်။ ဒါဝိဒ်သည် တန်ခိုးသြဇာအာဏာအရှိဆုံး ရှင်ဘုရင်
တစ်ပါးဖြစ်လာခဲ့သည်။ သို့သော် အခြေအနေတစ်ရပ်က ဒါ8ဒ်ကို အငိုက်ဖမ်းခဲ့သည်။ စစ်ပွဲကို သူကိုယ်တိုင်ထွက်ပြီး တိုက်ရမည့်အစား ယေရုရှလင်မြို့တွင် နေခဲ့သည်။ အ ထက်ခန်းစင်္ကြံတွင် လမ်းလျှောက်ရင်း အလွန်ချောမောလှပသော အမျိုးသမီးတစ်ဦး ရေချိုးနေသည်ကို တွေ့ခဲ့သည်။ ထိုမိန်းမနှင့် မှားယွင်းခဲ့သည်။ သူ၏အပြစ်ကို ဖုံးကွယ် သောအားဖြင့် ထိုမိန်းမ၏ခင်ပွန်းကိုလည်း သတ်ခဲ့သည်။
တစ်နှစ်ကြာပြီးသောနောက် ပရောဖက်နာသန်ဆုံးမသောကြောင့် ဒါဝိဒ်နောင် တရခဲ့သည်။ ဘုရားသခင်က ဒါဝိဒ်ကို ခွင့်လွှတ်ခဲ့သည်။ သို့သော် သူ၏အကျင့်စရိတ္တ ပျက်ပြားမှုက သူ့မိသားစုကို ထိခိုက်ခဲ့သည်။ ဒါဝိဒ်၏သားတစ်ယောက်က သူ၏အဖေ တူ အမေကွဲညီမကို မတရားရှုတ်ချခဲ့သည်။ ထို့ကြောင့် ထိုညီမ၏အစ်ကိုအရင်းက သူ့ ကို ပြန်သတ်ခဲ့သည်။ ဒါတင်မကဘဲ ဖခင်၊ ဒါဝိဒ်ကို ပုန်ကန်ကာ နန်းလုခဲ့သည်။ ဒါဝိဒ် လည်း ယေရုရှလင်မြို့မှထွက်ပြေးခဲ့ရသည်။ သို့သော် တိုက်ပွဲတွင် ဒါဝိဒ်ကိုပုန်ကန်သော သား အသတ်ခံခဲ့ရသည်။ ဒါဝိဒ်လည်း သူ၏အချစ်ဆုံးသားဖြစ်နေသောကြောင့် ဝမ်း နည်းပူဆွေးခဲ့ရသည်။
နောက်ဆုံးနှစ်များတွင် ဒါဝိဒ်သည် သူ၏ချမ်းသာကြွယ်ဝမှုများ၊ စွမ်းအားများကို အသုံးပြုကာ အမြဲတည်တံ့မည့် ဗိမာန်တော်ကို တည်ဆောက်ရန် ကြိုးစားခဲ့သည်။ ထို ဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် တဲတော်ထဲတွင်ထားကာ၊ အီဂျစ်ပြည်မှထွက်
မြောက်လာကတည်းက နေရာအနှံ့ လှည့်လည်သွားလာခဲ့သည်။ ထို့ကြောင့် ဒါဝိဒ်သည် ပဋိညာဉ်သေတ္တာအတွက် ဗိမာန်တော်ကို တည်ဆောက်ရန် ဆန္ဒရှိခဲ့သည်။ သို့သော် ဘုရားသခင်သည် သွေးစွန်းသောလက်ဖြင့် ဗိမာန်တော်ကို တည်ဆောက်ရန် ဒါဝိဒ်ကို အခွင့် မပေးခဲ့ပေ။
ဒါဝိဒ်၏နောက်ဆုံးလုပ်ဆောင်ချက်တစ်ခုမှာ သား၊ ရှောလမုန်ကို ရှင်ဘုရင်အ ဖြစ် ဘိသိတ်ပေးခဲ့သည်။ အသက် (၅၀)တွင် ဘိုးဘေးများနှင့်အတူ အိပ်ပျော်ခဲ့သည်။
ဆင်ခြင်စရာ
ဒါဝိဒ်၏အသက်တာသည် ဆန့်ကျင်ဘက်များနှင့် ပြည့်နေသည်။ တဘက်တွင် ဒါဝိဒ်သည် ဘုရားသခင်နှင့်အမြဲတမ်း ဆုတောင်းခြင်း၊ ချီးမွမ်းခြင်းများနှင့်အချိန်၊
ယူကာ ဝိညာဉ်ရေးရာတွင် မြင့်မားသောသူ ဖြစ်သည်။ ဘုရားသခင်ကို ကိုး၊ ကွယ်ဆည်းကပ်သောဆာလံကျမ်းများစွာကို ရေးသားခဲ့သည်။ အခြားတဘက် ၊ တွင် စစ်ရေး၊ စစ်ရာကျွမ်းကျင်ပြီး၊ သူ့ဘဝတစ်လျှောက်လုံးတွင် ရန်သူများကို တိုက်ခိုက်၊ သတ်ဖြတ်ခဲ့ရသည်။ သူ၏လက်က သွေးစွန်းခဲ့ရသည်။
တဘက်တွင် ဒါဝိဒ်သည် သူ၏သခင်ရှောလုအပေါ် သစ္စာရှိခဲ့သည်။ သူ့အ အသက်အန္တရာယ်တွေ့ကြုံရသော်လည်း ရှောလုအပေါ် သစ္စာစောင့်သိခဲ့သည်။ အခြားတဘက်တွင် သူ့၏မိန်းမများအပေါ်၌ ဒါဝိဒ်၏သစ္စာတရားသည် ရှားပါး ခဲ့သည်။
တဘက်တွင် ဒါဝိဒ်သည် ဘုရားသခင်အတွက် စိတ်အားထက်သန်ခဲ့သည်။ ဘုရားသခင်ကို ကိုးကွယ်ခြင်းတွင် သူ၏လူများကို ဦးဆောင်နိုင်ခဲ့သည်။ အ ခြားတဘက်တွင် သူ၏သား၊ သမီးများကို ထိန်းကျောင်းပဲ့ပြင်ရာ၌ ဒါဝိဒ်သည် ဖခင်တစ်ယောက်၏တာဝန် လစ်ဟင်းခဲ့သည်။
ဒါဝိဒ်အသက်တာတွင် တွေ့ရသော ဤဆန့်ကျင်ဘက်သဘောတရားများကို ဘယ်လို နားလည်နိုင်မလဲ။
ပထမအချက်၊ ဒါဝိဒ်သည် သင်နှင့်ကျွန်တော်ကဲ့သို့ သာမန်လူသားဖြစ်သည်။ လူတိုင်း၌ရှိသော အပြစ်၏သဘောသဘာဝသည် ဒါဝိဒ်၌လည်းရှိသည်။ ဒါဝိဒ်၏ဆာလံ ၊ သီချင်းများကိုကြည့်လျှင် များသောအားဖြင့် ဘုရားသခင်၏အလိုတော်ကို ဆောင်ရမည့် စိတ်ဆန္ဒနှင့်သူ၏ဇာတိတပ်မက်ခြင်း၊ ဒီနှစ်ခုကြားကရုန်းကန်ရသောအတွင်းဝိညာဉ်တိုက် ပွဲများကို တွေ့ရသည်။ ဤကဲ့သို့သော အတွင်းဝိညာဉ်ရုန်းကန်ခြင်းများကို သင်နှင့် ကျွန်တော်လည်း နေ့စဉ်တွေ့ကြုံနေရသည်။
ဒုတိယအချက်၊ ဒါဝိဒ်၏မပြည့်စုံသော အခြေအနေကို ဘုရားသခင်နားလည် သည်။ ဘုရားသခင်သည် ပြည့်စုံခြင်း (Perfection)ကို ရှာနေခြင်း မဟုတ်ပါ။ သို့သော် ရုန်းကန်မှုများကြားက တိုးတတ်ခြင်း (Progression)ကို ရှာနေသည်။ ဘုရားသခင်သည် ဒါဝိဒ်၏နှလုံးသားကိုကြည့်ပြီး၊ မကြာခဏ ကျရှုံးသော်လည်း ဘုရားကို အမှန်တကယ် နာခံလိုသောဆန္ဒကို ဘုရားသခင် တွေ့ခဲ့သည်။
သင်ခန်းစာယူစရာ
ဘုရားသခင်နှင့် နက်နဲသောရင်းနှီးကျွမ်းဝင်မှုကို အချိန်ယူပြီး တည်ဆောက်ရ သည်။ ဒါဝိဒ်သည် သူ့ဖခင်၏သိုးများကို နာရီပေါင်းများစွာ ထိန်းကျောင်းရင်း ဘုရားကို ကိုးကွယ်ရန် အခွင့်အရေးများလည်း နာရီပေါင်းများစွာ ရခဲ့သည်။ နောက်ပိုင်းတွင် ရင့် ဂျက်ကြီးထွားခြင်း ကဗျာ၊ သီချင်းများ(ဆာလံကျမ်း)ကို စပ်ဆိုလာခဲ့သည်။ ဘုရားသခင် ကို ပိုပြီးသိလိုလျှင်၊ အကျွမ်းတဝင်ရှိလိုလျှင်၊ ဒါဝိဒ်ကဲ့သို့ သင်လည်း ဘုရားသခင်နှင့် နာရီပေါင်းများစွာ အချိန်ယူရမည်။ ကိုးကွယ်ရမည်။
ခက်ခဲသောအချိန်များတွင် မိတ်ဆွေကောင်းများ လိုအပ်သည်။ ဒါဝိဒ်နှင့် ယောနသန်သည် တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် တည်ဆောက်ပေးသော မိတ်ဆွေကောင်းများဖြစ်သည်။ သူတို့၏မိတ်ဆွေကောင်းဖြစ်ခြင်းကို တစ်ယောက်အပေါ် တစ်ယောက် သစ္စာရှိခြင်း၊ ချစ်ခြင်းနှင့် ယုံကြည်စိတ်ချခြင်းဖြင့် သတ်မှတ်နိုင်သည်။ ခက်ခဲသောအချိန်၌ တစ်ယောက်နှင့်တစ်ယောက် ကူညီမစကြသည်။ သင့်ကို ခွန်အား ပေးမည့် မိတ်ဆွေမျိုး၊ ဘုရားသခင်နှင့် လျှောက်လှမ်းခြင်းအသက်တာကို အကူအညီပေး မည့်မိတ်ဆွေမျိုးကို တည်ဆောက်ပါ။ သစ္စာရှိသော၊ ချစ်ခြင်းမေတ္တာရှိသော၊ ယုံကြည် စိတ်ချရသော မိတ်ဆွေမျိုးကို ရှာဖွေပါ။
ဘယ်သူမှ စုံစမ်းခြင်းနှင့် မကင်းနိုင်ပေ။ ကြီးမားသောအောင်မြင်ခြင်းနောက် တွင် ဒါဝိဒ်၏ကျရှုံးခြင်း လိုက်လာသည်။ ဘုရားသခင်အပေါ် ယုံကြည်ကိုးစားခြင်း အား နည်းသောကြောင့် ဖြစ်သည်။ စုံစမ်းသွေးဆောင်ခြင်းသည် ကွေ့ကောက်နေသောလမ်း၏ တဘက်တွင် ကျွန်တော်တို့ကို အမြဲတမ်း ချောင်းမြောင်းနေသည်။ ယုံကြည်သူများကို ကျရှုံးဖို့ အခွင့်အရေးကို ရှာနေသည်။ နေ့စဉ်အသက်ရှင်ခြင်းတွင် ဘုရားသခင်ကို “မ လို” ဟူသော အတွေးကို သင်၏စိတ်အာရုံထဲမှ ဖယ်ရှားပါ။ ဘုရားသခင်ကို အလိုအပ်ဆုံး အချိန်သည် နေ့ရက်တိုင်းပင်ဖြစ်သည်။ ယခုပင် ဖြစ်သည်။
ပြန်လည်သင့်မြတ်ရန် အပြစ်ဝန်ချတောင်းပန်ခြင်းသည် ပထမအဆင့်ဖြစ်သည်။ ဗာသရှေဘနှင့်ပြစ်မှားပြီးနောက်တွင် မဟန်ဆောင်တတ်သော ဒါဝိဒ်၏နှလုံးသားသည် သူ၏ရုပ်ပိုင်းဆိုင်ရာကို ဖျက်ဆီးနေသည်။ ဆာလံ ၃၂ တွင် တွေ့ရသည်။ ဆာလံ ၅၁ တွင် ဖော်ပြထားသလို နောင်တရပြီးသောအခါ ဒါဝိဒ်၏နှလုံးသား၊ ကျန်းမာရေးနှင့်ဝမ်း မြောက်ခြင်းများ ပြန်လည် ကောင်းမွန်လာသည်။ အပြစ်ကို နောင်တရသောအခါ ဘု ရားသခင်၏ ခွင့်လွှတ်ခြင်းအတွက် ဆုတောင်းပါ။ ဝိညာဉ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ
ကောင်းကြီးကို သင်တွေ့ကြုံခံစားရမည်။ သင့်အသက်တာတွင် အပြစ်ကို လုံးဝ လက်မ ၊ ခံပါနှင့်။ အမြန်ဆုံး ဝန်ချတောင်းပန်ပါ။ အမြန်ဆုံး ပြန်လည် သင့်မြတ်မှုကို ရယူပါ။
မိဘဝတ္တရား ကျေပွန်ပါ။ ဒါဝိဒ်သည် အရေးကြီးသောပုဂ္ဂိုလ်တစ်ယောက်ဖြစ် သည်။ အလုပ်များသော အောင်မြင်သောသူဖြစ်သည်။ သို့သော် ဖခင်၏ဝတ္တရား ပျက်ကွက်ခဲ့သည်။ သူ၏သား၊ သမီးများ၏လိုအပ်ချက်ကို မပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။ မိဘဖြစ်ခြင်းသည် ရင်းနှီးမြုပ်နှံမှုများစွာပေးရသော တာဝန်ဝတ္တရားတစ်ခု ဖြစ်သည်။ သို့သော် သား၊ သမီးများ မှန်ကန်သော ဆုံးဖြတ်ချနိုင်ပြီး ကောင်းမွန်စွာ ကြီးထွားလာခြင်းကို တွေ့ရသောအခါတွင်လည်း အကျိုးရလဒ်သည် ကြီးမားပါသည်။ ။ သူတို့ဘဝအတွက် ယေရှုခရစ်တော်ကို ကယ်တင်ပိုင်ရှင်၊ သခင်အဖြစ် ရွေးချယ်တတ် လာမည်။ ဤရွေးချယ်ခြင်းသည် ဘဝအတွက် အကောင်းဆုံးရွေးချယ်ခြင်း ဖြစ်သည်။
ရှောလမုန်
ကမ္ဘာပေါ်တွင် ပညာအရှိဆုံး
သင်တောင်းလျှောက်သည် အတိုင်း ငါပေး၏။ ရှေးကာလ၌ သင်နှင့်တူသော သူ တယောက်မျှ မဖြစ်၊ နောင်ကာလ၌ မဖြစ်နိုင် အောင် ဉာဏ်ပညာနှင့်ပြည့်စုံသော
စိတ်ဝိညာဉ်ကို သင့်အား ငါပေး၏။
(၃ ဓမ္မ ၃း၁၂)
အရည်အချင်း- ကမ္ဘာပေါ်တွင် ပညာအရှိဆုံးသူ။
ပြည့်စုံခြင်း- ပထမဆုံး ဗိမာန်တော်ကိုတည်ဆောက်ခြင်း။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၉၅၁ မှ ၉၃၁ ထိ နှစ် ၄ဝ အုပ်ချုပ်သည်။
နာမည်- ရှောလမုန်- အဓိပ္ပါယ်မှာ “ငြိမ်သက်ခြင်း’၊ ယေဒိဒ္ဓိ- “ဘုရားသခင်၏ချစ်ခြင်း
ခံရသူ” (၂ ဓမ္မ ၁၂း၂၅)။
ကျမ်းပိုဒ်- ၃ ဓမ္မ ၁-၁၁၊ ၂ ရာဇဝင် ၁-၉။
နောက်ခံအကြောင်းအရာ
ဒါဝိဒ်သေဆုံးပြီးနောက်တွင် ခေါင်းဆောင်မှုသည် ရှောလမုန်သို့ ရောက်ရှိသွား သည်။ ဣသရေလနိုင်ငံတော်တွင် ရှောလမုန်သည် ဒါဝိဒ်အမျိုးအနွယ်၏ဒုတိယဘုရင် ဖြစ်သည်။ ဤမင်းဆက်သည် ဘယ်သောအခါမှ မဆုံးရှုံးရဟု ဘုရားသခင် ကတိပေးခဲ့ သည် (၂ ဓမ္မ ၁၃)။ ရှောလမုန်သည် တည်ငြိမ်အေးချမ်းနေသောနိုင်ငံတော်ကို အမွေ
ခံခဲ့သည်။ ဘယ်အိမ်နီးချင်းနိုင်ငံမှ လာရောက်ဖျက်ဆီးလို့ မရပေ။ ရှောလမုန်သည် နိုင်ငံတော်ကို အီဂျစ်ပြည်မှ ယူဖရတ်မြစ်အထိ တိုးချဲ့ခဲ့သည်။ နှစ်ပေါင်း (၄၀)အုပ်စိုးစဉ် အတွင်း မဆိုစလောက်သော ပုန်ကန်မှုမှလွဲ၍ တိုင်းပြည်သည် အေးချမ်းငြိမ်သက်ခဲ့သည်။
ခြုံငုံကြည့်ခြင်း ၊
ရှောလမုန်သည် ဣသရေလနိုင်ငံတွင် တတိယဘုရင်ဖြစ်သည်။ ဒါဝိဒ်နှင့်ဗာသ ရှေဘတို့၏ သားဖြစ်သည်။ သူ၏နှစ်ပေါင်း (၄၀)အုပ်စိုးခြင်းသည် ပတ်ဝန်းကျင်နိုင်ငံများ ကို လွှမ်းမိုးနိုင်ခဲ့သည်။ သူ၏ပညာကို ကျယ်ကျယ်ပြန့်ပြန့် လူသိများလာခဲ့သည်။ ထို ခေတ်အချိန်အခါတွင် ရှောလမုန်သည် ပညာအရှိဆုံးဖြစ်ပြီး၊ ထောင်နှင့်ချီသောသုတ္တံ့ စ ကားများကို ရေးသားခဲ့သည်။ ဗိမာန်တစ်ခုတည်းသာမက၊ သူ့အတွက်နှင့်သူ၏များစွာ
သောမိန်းမများအတွက် နန်းတော်တည်ဆောက်ရာတွင်လည်း အရှိန်အဟုန် မြင့်မားခဲ့ သည်။ စစ်မြင်းရထားများလည်း စုဆောင်းခဲ့သည်။ သို့သော် နိုင်ငံအချင်းချင်းဆက်ဆံရာ တွင် ငြိမ်းချမ်းမှုကို ထိန်းသိမ်းခဲ့သည်။ ရှောလမုန်သည် အသုံးအဆောင်များ ကုန်သွယ် ရာတွင် အလျင်မြန်ဆုံး ဟေဗြဲဘုရင်တစ်ပါးဖြစ်ခဲ့သည်။ သူ၏ချမ်းသာကြွယ်ဝမှုသည် စဉ်းစား၍ပင် မရပေ။ သို့သော် ရှောလမုန်၏ဇိမ်ကျသော အသက်ရှင်နေထိုင်မှုပုံစံနှင့်အ
ဆောက်အဦး စီမံကိန်းများအတွက် တိုင်းပြည်က အမြဲတမ်းလိုလိုပင် ငွေလိုအပ်နေသည်။ ထို့အတွက် ပြည်သူ၊ ပြည်သားများထံမှ အကောက်အခွန်များကို တိုးမြှင့်ကောက်ခံခဲ့သည်။
အကြောင်းအရာ ၊
ရှောလမုန် တန်ခိုးသြဇာကြီးမားလာခြင်း (၁ ရာ ၁-၂း၁၂)
ရှောလမုန် ရှင်ဘုရင်ဖြစ်လာခြင်းသည် မတော်တဆကြောင့် မဟုတ်ပေ။ ဒါဝိဒ်သည် ရှောလမုန်ကို သူ၏အရိုက်အရာဆက်ခံသူအဖြစ် မေ့လျော့ခဲ့သည်။ ထို့
ကြောင့် သားတော်တစ်ယောက်ဖြစ်သော အဒေါနိယသည် သူ့ကိုယ်သူ ဘိသိက်ခံခြင်း အခမ်းအနားကို စတင်လုပ်ဆောင်ခဲ့သည်။ အသက်ကြီးပြီဖြစ်သော ဒါဝိဒ်က အိပ်ရာပေါ် တွင် လှဲနေပြီ ဖြစ်သည်။
ပရောဖက်နာသန်နှင့်ရှောလမုန်၏မိခင်၊ ဗာသရှေဘက ဒါဝိဒ်မေ့လျော့နေသော တိကို ပြန်လည် သတိပေးခဲ့သည်။ ထိုကတိမှာ ရှောလမုန်သည် ဒါဝိဒ်၏ထီးနန်းအမွေ ဆက်ခံရမည်ဟူသောကတိ ဖြစ်သည်။ ထို့ကြောင့် ဒါဝိဒ်သည် ရှောလမုန်အတွက် သိတ်ပေးခြင်းအခမ်းအနားကို ညွှန်ကြားခဲ့သည်။ အဒေါနိယသည် ရာဇပလ္လင်ကိုဆက် လက်လိုချင်နေသေးသော်လည်း ဒါဝိဒ်ကိုပြုစုပေးသူအဘိရှက်ကို ဗာသရှေဘထံတောင်း ၊ ခဲ့သည်။ ရှောလမုန်သည် သူ့အတွက် အန္တရာယ်ဖြစ်ကြောင်း ကြိုတင်မြင်သောကြောင့် အဒေါနိယနှင့်အတူ ဒါဝိဒ်၏ဗိုလ်ချုပ်မွှေဘကိုလည်း သတ်ခဲ့သည်။ မွှေဘက အဒေါနိ ယအတွက် ထီးနန်းကို တောင်းဆိုခဲ့သူဖြစ်သည်။ ဤအန္တရာယ်လမ်းကြောင်းများကို ရှင်းလင်းပြီးသောအခါ မည်သည့်ပြိုင်ဘက်မှ မရှိ၊ လွတ်လပ်စွာ အုပ်ချုပ်နိုင်ခဲ့သည်။ •
ရှောလမုန်၏ဉာဏ်ပညာ (၃ ဓမ္မ ၃း၅-၂၈)
ရှင်ဘုရင်အဖြစ် လုပ်ဆောင်ရမည့်တာဝန်များပြားသည်ကိုသိသောကြောင့် ဘု ရားသခင်က လိုချင်တာကို တောင်းခိုင်းသောအခါ “ကောင်း၊ မကောင်းကိုပိုင်းခြား၍ သိ တတ်သောဉာဏ်ကို” (အငယ် ၉) ရှောလမုန် တောင်းခဲ့သည်။ ထို့နောက် ကလေးတစ်
ယောက်ကို လုသောမိန်းမနှစ်ယောက်၏ ပြဿနာကို ဉာဏ်ပညာဖြင့် စီရင်ပေးနိုင်ခဲ့ သောကြောင့် ရှောလမုန်၏ဂုဏ်သတင်းကျော်ကြားလာခဲ့သည်။
ရှောလမုန်၏ဉာဏ်ပညာက ထောင်နှင့်ချီသောသုတ္တံ့စကားများ၊ သီချင်းများကို ရေးစပ်သီကုံးစေခဲ့သည် (၃ ဓမ္မ ၄း၃၂)။ သုတ္တံကျမ်းတွင် သူ၏သုတ္တံ့စကားများကို မှတ် တမ်းတင်ထားသည်။ ရှောလမုန်သီချင်းတွင် အိမ်ထောင်ရေး ချစ်ခြင်းမေတ္တာဖွဲ့သီချင်းကို လည်း ရေးသားခဲ့သည်။ •
ရှောလမုန်၏ဗိမာန်တော် (၃ ဓမ္မ ၆)
ဘုရားသခင်ကို ကိုးကွယ်ရန်အတွက် ကြီးမားသော ဗိမာန်တော်ဆောက်ရန် ဒါဝိဒ်သည် သူ၏နောက်ဆုံးနှစ်များတွင် လိုအပ်သောအရာများကို စုဆောင်းခဲ့သည်။ ရှောလမုန်ကို ဗိမာန်တော် တည်ဆောက်ရန် တာဝန်ကို ပေးခဲ့သည်။ ဘီစီ (၉၆၅) အဲ၇ ပြည်မှထွက်မြောက်လာခဲ့သည်မှာ နှစ်ပေါင်း (၄၈၀)ရှိသောနှစ်တွင် ဗိမာန်တော်ကို
အုတ်မြစ်ချခဲ့သည်။ ထို့နောက် (ရ)နှစ်နှင့် (၆)လတွင် ဗိမာန်တော်တည်ဆောက်ခြင်း ပြီးစီးခဲ့သည်။ ဘီစီ (၅၈၅)တွင် ဗာဗုလုန်ဘုရင်နေပုဒ်ခတ်နေဇာ၏တိုက်ခိုက်ခြင်းကြောင့် လိုဗိမာန်တော် ပျက်စီးသွားခဲ့သည်။ •
ရှောလမုန်၏ချမ်းသာကြွယ်ဝခြင်း (၃ ဓမ္မ ၁၀)
ကုန်သွယ်ခြင်းသည် ဘုရင်ရှောလမုန်၏အင်အား တစ်ခုဖြစ်ခဲ့သည်။ က္ကသရေ လနိုင်ငံ၏တည်နေရာသည် အီဂျစ်ပြည် (အာဖရိက) နှင့်အာရှတိုက်ကြားတွင် ပေါင်းကူး တံတားသဖွယ် ဖြစ်နေသည်။ ထို့ကြောင့် ရှောလမုန်သည် ကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်သည်။ ထို့အပြင် ပင်လယ်လမ်းကြောင်းများကိုလည်း တစ်ဦးပိုင်တည်ဆောက် သည်။ တိုင်းပြည်သို့ နှစ်စဉ်ဝင်သောရွှေအလေးချိန်မှာ (၂၅)တန်ရှိသည်။ ရှောလမုန်၏ ချမ်းသာကြွယ်ဝမှုကြောင့် သူ၏လက်ထပ်အချိန်အခါတွင် ငွေသည် အရေးမပါခဲ့ပေ (အ ခန်းငယ် ၂၁)။ ရွှေသာလျှင် အဓိက ဖြစ်ခဲ့သည်။
ရှောလမုန်၏အုပ်ချုပ်ရေး (၃ ဓမ္မ ၃း၁၊ ၅း၁)
အီဂျစ်ပြည်နှင့်အာရှုရိပြည်နှစ်နိုင်ငံ အင်အားကြီးမားနေချိန်ကာလတွင် ရှောလ မုန်သည် သူ့ဖခင်တိုးချဲ့ထားသောတိုင်းပြည်ကို ထိန်းသိမ်းနိုင်ခဲ့သည့်အပြင် ထပ်မံလည်း အင်ပါယာကို ကျယ်ပြန့်နိုင်ခဲ့သည်။ အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဖွဲ့ခြင်းအားဖြင့် နိုင်ငံ
တော်ကို ကျယ်ပြန့်အောင်လုပ်ဆောင်ခဲ့သည်။ တခါတရံ လက်ထပ်ထိမ်းမြားခြင်းအားဖြင့် မိတ်ဖွဲ့ခဲ့သည်။ စစ်မြင်းရထားများကိုလည်း တိုးချဲ့ခဲ့သည်။ သို့သော် ကြီးမားသည့် တိုက်ပွဲတစ်ခုမှ မဖြစ်ပေါ်ခဲ့ပေ။
ရှောလမုန်၏ဉာဏ်ပညာကြောင့် ရှေးဘမိဖုရားကဲ့သို့သော အခြားသောရှင်ဘု ရင်၊ မိဖုရားများက လာရောက်ပြီး၊ အရိုအသေပေးခဲ့ရသည်။ လက်ဆောင်ပဏ္ဍာများကို လည်းယူဆောင် ဆက်သလာခဲ့ကြသည် (၃ ဓမ္မ ၁၀-၁-၁၃)။ •
ရှောလမုန်၏အပြစ် (၃ ဓမ္မ ၁၁း၁-၈)
နိုင်ငံရေးအရ အခြားတပါးသောမိန်းမများကို လက်ထပ်ခြင်းသည် ရှောလမုန် အတွက် မှန်ကောင်းမှန်နိုင်သည်။ သို့သော် သူ၏ဝိညာဉ်ရေးရာကို ကျဆင်းစေသည်။
အခြားတပါးသောမိန်းမများက သူတို့ကိုးကွယ်သောဘုရားများကို ယူဆောင်လာခဲ့သည်။ ပိန်းမများကို ကျေနပ်စေရန် အခြားဘုရားများအတွက် ဝတ်ပြုဆောင်များလည်း
ဆောက်လုပ်ပေးရသည်။ ရှောလမုန်နှင့်ပြုထားသော ဘုရားသခင်၏ပဋိညာဉ်တွင် ဤ အချက်သည် ယိုပေါက်ဖြစ်လာပြီး၊ ရှောလမုန်သေဆုံးသွားသောနောက်တွင် တရားစီရင် ခြင်း ရောက်ရှိလာသည်။ ရှောလမုန်၏မနာခံခြင်းသည် သူ၏သား၊ ရောဗောင်ဘုရင်ဖြစ် လာသောအချိန်လက်ထက်တွင် နိုင်ငံတော်နှစ်ခြမ်းကွဲသွားခဲ့သည် (၁၁း၄၃-၁၂း၁၇)။
ဆင်ခြင်စရာ
ရှောလမုန်သည် အထူးအခွင့်အရေးနှင့်အတူ မွေးဖွားလာခဲ့သည်။ သူ၏ဖခင် သည် ဘုရင်ဖြစ်သည်။ ထီးနန်းကို အမွေဆက်ခံသူဖြစ်ခဲ့သည်။ အိပ်မက်အားဖြင့် အ ကြိမ်များစွာ ဘုရားသခင်နှင့်တွေ့ဆုံခဲ့သည်။ ဉာဏ်ပညာကို ဘုရားသခင်ထံ တောင်းခံ ခြင်းအားဖြင့် တိုင်းပြည်အုပ်ချုပ်ခြင်းကို စတင်ခဲ့သည်။ သူ၏တောင်းလျှောက်ခြင်းကို ဘုရားသခင်နှစ်သက်ခဲ့ပြီး၊ ဉာဏ်ပညာသာမက ချမ်းသာကြွယ်ဝခြင်းကိုပါ ပေးခဲ့သည်။ ရှောလမုန်သည် သူ့ဖခင်၏အလိုဆန္ဒအတိုင်း ဗိမာန်တော်ကိုလည်း တည်ဆောက်ခဲ့သည်။ ဗိမာန်တော်ဆက်ကပ်အပ်နှံခြင်း၌ ဘုရားသခင်အတွက် စိတ်အားထက်သန်ခြင်းကို ပြသခဲ့သည်။ ထို့အပြင် က္ကသရေလလူများကိုလည်း ဘုရားသခင်နှင့်အတူ လျှောက် လှမ်းအသက်ရှင်ရန်လည်း စိန်ခေါ်ခဲ့သည် (၃ ဓမ္မ ၈း၆၁)။ သို့သော် သူ၏ဖခင်ဒါဝိဒ်နှင့် မတူသောအချက်မှာ သူ့ဘဝတစ်လျှောက်လုံး ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်ခြင်း၊ မရှိခဲ့ပေ။ သူဘဝ၏ နောက်ဆုံးနှစ်များတွင် သူလက်ထပ်ထားသော တပါးအမျိုးသားမိန်းမ များက သူတို့ဘုရားများနောက်သို့လိုက်ရန် ရှောလမုန်၏နှလုံးသားကို သွေးဆောင်ခဲ့ ကြသည်။ ဘုရားကိုကျောခိုင်းခဲ့ခြင်းအတွက် ပေးဆပ်ခဲ့ရသောအဖိုးအခကို ရှောလမုန် က ဒေသနာကျမ်းတွင် ဖော်ပြထားသည်။ ဘုရားမပါသောအသက်တာသည် အဓိပ္ပါယ် မရှိ၊ မျှော်လင့်ချက် မရှိ၊ ဆောက်တည်ရာမရှိသော ဘဝအသက်တာဖြစ်ကြောင်း ဒေသ နာကျမ်းက ဖော်ပြထားသည်။ ရှောလမုန်အသက်တာသည် ကြီးမားသောသစ္စာကတိများ နှင့်အစပြုခဲ့ပြီး၊ ဝမ်းနည်းကြေကွဲခြင်းနှင့်ဘဝကို အဆုံးသတ်ခဲ့ရသည်။
သင်ခန်းစာယူစရာ
ဉာဏ်ကို ပညာထက်ပို၍ လိုချင်တောင့်တပါ။ လိုချင်တာကိုတောင်းရန် ဘုရား သခင်က အခွင့်ပေးသောအခါ ရှောလမုန်က စည်းစိမ်ဥစ္စာ၊ အသိပညာ၊ ရှည်သောအ သက် မတောင်းခဲ့ပေ။ ဉာဏ်ကိုတောင်းခဲ့သည်။ ဉာဏ်ဆိုသည်မှာ သင်ရရှိပိုင်ဆိုင်ထား
သောပညာကို ဘဝတွင် လက်တွေ့အသုံးချနိုင်သည့် အရည်အချင်းတစ်ခုဖြစ်သည်။ နေ့စဉ်ဆုံးဖြတ်ချက်များကို ချနေရသောကြောင့် ဘုရားသခင်ဆီ၌ ဉာဏ်ကို တောင်းခံပါ။
ဘဝ၏ဝမ်းမြောက်ပျော်ရွှင်ခြင်းသည် ဘုရားကိုသိကျွမ်းခြင်း၌သာရှိသည်။ ရှင် ဘုရင်ရှောလမုန်သည် သူ့ဘဝ၏ရည်ရွယ်ချက်နှင့်အဓိပ္ပါယ်ကို ရှာဖွေခဲ့သည်။ အရာ အားလုံးကို ကြိုးစားခဲ့သည်။ အရာအားလုံးကိုလည်း ရရှိခဲ့သည်။ ဘဝ၏စစ်မှန်သော အဓိပ္ပါယ်သည် ဘုရားသခင်နှင့်ဆက်နွယ်ခြင်းအားဖြင့်သာဖြစ်သည်ဟု နောက်ဆုံးနိဂုံး ချုပ်ခဲ့သည်။ ယေရှုက “ငါသည်လမ်းခရီး၊ သမ္မာတရား၊ အသက်လည်းဖြစ်၏” (ယော ဟန် ၁၄း၆)။ သင့်ဘဝထဲ၌ ယေရှု မရှိသေးဘူးဆိုလျှင် သင့်ဘဝ၏အသက်သခင်၊ ကယ်တင်ရှင်အဖြစ် ယခုပဲ ယေရှုကို ဖိတ်ခေါ်လိုက်ပါ။ လောကတွင် အသက်ရှင်ရခြင်း၏ စစ်မှန်သောအဓိပ္ပါယ်ကို ခံစားရမည်ဖြစ်သည်။ သင်၏စစ်မှန်သော ဝမ်းမြောက်ပျော်ရွှင် ခြင်းသည် ယေရှုခရစ်တော်အားဖြင့်သာလျှင် ဖြစ်သည်။
ဆိုးသွမ်းသော အပေါင်းအသင်းသည် အကျင့်စာရိတ္တကို ဆိုးသွမ်းစေသည်။ ရှောလမုန်သည် ပတ်ဝန်းကျင်တိုင်းပြည်များနှင့် မိတ်ဖွဲ့ရန် သူ၏တပ်မက်ခြင်းအတိုင်း၊ တပါးအမျိုး၊ မိန်းမများနှင့် လက်ထပ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုမိန်းမများ၏အလို ဆန္ဒကို လိုက်လျောပေးခဲ့ရသည်။ သူ၏ယုံကြည်ခြင်းသည်လည်း လျော့နည်းသွားခဲ့ရ သည်။ ဘုရားသခင်နှင့်သင့်ကို အမြဲတမ်းနီးကပ်စေနိုင်သော၊ သင်၏ဝိညာဉ်ရေးကို ၊ အမြဲတမ်းနိုးကြားစေနိုင်သော မိတ်ဆွေအပေါင်းအသင်းများ ရရှိနိုင်ရန် ဘုရားသခင်ထံ ဆုတောင်းပါ။
ရှောလမုန်၏ ချမ်းသာကြွယ်ဝခြင်း
နှစ်စဉ်ဝင်ငွေ
ရွှေပိဿာချိန် (၆၆၆)- (၂၅)တန်
နောက်မှအသုံးပြုရန် သိမ်းထားသောရွှေ
တစ်ခုကို (၇.၅)ပေါင်အလေးချိန်ရှိသောရွှေဒိုင်းအခု (၂၀၀)။
တစ်ခုကို (၃.၇၅)ပေါင်အလေးချိန်ရှိသော ရွှေဒိုင်းအခု(၃၀၀)
ရွှေနှင့်ပြုလုပ်ထားသောဆင်စွယ်ပလ္လင်
နန်းတော်တွင်အသုံးပြုသော အိုး၊ ခွက်၊ ပုဂံများအားလုံးကို ရွှေဖြင့် ပြုလုပ်ထားသည်။ ရွှေအလွန်များသောကြောင့် ရှောလမုန်လက်ထပ်တွင် ငွေကိုပမာဏမထား။
ဧလိယ
ဘုရားသခင်အထွက် မီးကဲ့သို့ တောက်လောင်သောပရောဖက်
အာဗြဟံ၊ ဣဇာက်၊ ဣသရေလတို့ ၏ ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ဣသရေလအမျိုး၏ ဘုရားဖြစ်တော်မူကြောင်းကို၎င်း၊
အကျွန်ုပ်သည် ကိုယ်တော် ၏ ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ ကို ပြုကြောင်းကို၎င်း၊ ယနေ့ သိကြပါစေသာ။
(၃ ဓမ္မ ၁၈း၃၆)
အရည်အချင်း- ဘုရားသခင်နှင့်ရင်းနှီးကျွမ်းဝင်သူ။
ပြည့်စုံခြင်း- ဗာလဘုရား၏ယဇ်ပုရောဟိတ်များနှင့် ရင်ဆိုင်ခဲ့သူ။
အသက်ရှင်ခဲ့သောအချိန်- ၈၅၅ ဘီစီခန့်။
နာမည်- လိယ- အဓိပ္ပါယ်မှာ “ကျွန်ုပ်၏ဘုရားသခင်သည် ယာဝေဘုရားဖြစ်သည်။
ကျမ်းပိုဒ်- ၃ ဓမ္မ ၁၅-၁၉၊ ၄ ဓမ္မ ၁-၂။
နောက်ခံအကြောင်းအရာ
ဧလိယသည် မြောက်ပိုင်း၊ ဣသရေလနိုင်ငံ၏ အဆိုးဝါးဆုံးအခြေအနေတွင်၊ အသက်ရှင်ခဲ့သည်။ သြရိသည် ရှင်ဘုရင်ဖြစ်လာပြီး၊ သူ၏မြို့တော်ကို ရှမာရိတောင်ပေါ် တွင် တည်ဆောက်ခဲ့သည်။ ဗာလဘုရားကိုးကွယ်ခြင်းကို ယူဆောင်လာသူဖြစ်သည်။
သူသေပြီးနောက်၊ သားတော်အာဟပ်က ရှမာရိမြို့တွင် ဗာလဘုရားဗိမာန်တော်တည်
ဆောက်ခြင်းအားဖြင့် ဗာလဘုရားအား ကိုးကွယ်ခြင်းကို အသိအမှတ်ပြုခဲ့သည်။ မိဖု ရား၊ ယေဇဗေလ တိုက်တွန်းသောကြောင့် ရှင်ဘုရင်အာဟပ်သည် ထာဝရဘုရားအား ကိုးကွယ်သည့်နေရာအားလုံးကို ဖျက်ဆီးခဲ့ပြီး၊ ဗာလဘုရားကိုးကွယ်ခြင်းဖြင့် အစားထိုး ခဲ့သည်။ ဘုရားသခင်က ဧလိယကို အာဟပ်ဘုရင်အား ရင်ဆိုင်ရန် စေလွှတ်ခဲ့သည်။ ဘုရားသခင်ထာဝရဘုရားမှတပါး ဗာလအပါအဝင် အခြားသောဘုရားများ မရှိဟု ဣသ ရေလလူမျိုးအား ကြေငြာစေခဲ့သည်။
ခြုံငုံကြည့်ခြင်း
ဧလိယသည် ယော်ဒန်မြစ်အရှေ့ဘက်တွင်တည်ရှိပြီး၊ တိရှဘိဟုခေါ်သောမြို့မှ ဖြစ်သည်။ ဘုရားသခင်စေလွှတ်သော မီးတောက်ကဲ့သို့ စိတ်အားထက်သန်သည့် ပရော ဖက်တစ်ပါး ဖြစ်သည်။ ခါနာန်ဘုရားဖြစ်သည့် ဗာလဘုရားကို ကိုးကွယ်သောမြောက်ပိုင်း ဣသရေလနိုင်ငံ၏ ခေါင်းဆောင်များကို ဆုံးမရန် ဘုရားသခင်သည် ဧလိယကို အသုံး ပြုခဲ့သည်။ ဧလိယသည် ဘုရားသခင်၏တန်ခိုးတော်ကို ထင်ထင်ရှားရှား (၂)ကြိမ်ပြသခဲ့ သည်။ ပထမတွင် နှစ်ပေါင်း (၃)နှစ်ခွဲ မိုးခေါင်ခြင်းအားဖြင့်၊ ဒုတိယတွင် ကရမေလတောင် ၌ ဗာလပရောဖက် (၄၅၀)နှင့် စိန်ခေါ်ခြင်းအားဖြင့် ဖြစ်သည်။ လူများသည် ဘုရားသခင် ၏တန်ခိုးတော်ကိုမြင်သောအခါ ‘ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏ (၃ ဓမ္မ ၁၈၃၉) ဟု တုန့်ပြန်ခဲ့ကြသည်။ ထာဝရဘုရားအား ကိုးကွယ်ခြင်းကိုဖျက်ဆီးရန် စာ တန်သည် အာဟပ်နှင့်ယေဇဗေလကို အသုံးပြုခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ဣသရေလပြည်တွင် မှားယွင်းသောကိုးကွယ်မှု ဆက်လက်ရှိနေသော်လည်း လူများ၏ ၊ နှလုံးသားသည် တခဏသာ ထာဝရဘုရားဘက်သို့ လှည့်လာခဲ့ကြသည်။
အကြောင်းအရာ
မိုးခေါင်မည်ဟု ဧလိယကြိုတင်ဟောပြောခြင်း (၃ ဓမ္မ ၁ရ)
ရုပ်တုကိုးကွယ်သော ဣသရေလလူအများအပေါ် ဧလိယ၏နှုတ်မှ ပထမဆုံး
ထွက်လာသောစကားသည် “(၃)နှစ်ခွဲမိုးခေါင်မည် ဖြစ်သည် (ယာကုပ် ၅း၁၇)။ မိုးနှင့် မြေဩဇာ၏ဗာလနတ်ဘုရားသည် စစ်မှန်သော၊ တစ်ဆူတည်းသော ထာဝရဘုရားရှေ့ တွင် တန်ခိုးကင်းမဲ့ခြင်းကို ပြရန် ဖြစ်သည်။ မိုးခေါင်သည့်ကာလအတောအတွင်းတွင် တရားသခင်သည် ကျီးအမှတဆင့် သူ၏ပရောဖက်ဧလိယကို မုန့်နှင့်အစာရေစာထောက်မ ခဲ့သည်။ ထို့အပြင် မုဆိုးမ၏ဆီအနည်းငယ်နှင့်ဂျုံမှုန့်ကို နိမိတ်လက္ခဏာအားဖြင့် ပွါး များစေပြီး ဧလိယနှင့် မုဆိုးမသားအမိနှစ်ယောက်၏ ဝမ်းစာကို မစခဲ့သည်။
ဧလိယ စိန်ခေါ်ခြင်း (၃ ဓမ္မ ၁၈)
မိုးခေါင်သော (၃)နှစ်ခွဲ ကာလပြီးခါနီးတွင် ဘုရားသခင်သည် ဧလိယကို အာ ဟပ်ဘုရင်ဆီ စေလွှတ်ခဲ့သည်။ စေလွှတ်ရသည့်အကြောင်းရင်းမှာ အာရှပရောဖက် (၄ဝဝ)၊ ဗာလပရောဖက် (၄၅၀)တို့ကို ကရမေလတောင်သို့ခေါ်ကာ ဗာလဘုရားနှင့် ထာဝရဘုရားတွင် ဘယ်ဘုရားသည် တန်ခိုးကြီးကြောင်း စိန်ခေါ်ရန်ဖြစ်သည်။ ထာဝရ ဘုရားသခင်နှင့်ဗာလဘုရားကြားတွင် သက်သေဖြစ်ရန် ဣသရေလတစ်မျိုးသားလုံးကို လိယက ဖိတ်ခေါ်ခဲ့သည်။ ဗာလပရောဖက်များက ယဇ်ပလ္လင်ပေါ်သို့ မီးကျရန် ကြိုးစား ဆုတောင်းခဲ့ကြသည်။ မအောင်မြင်ခဲ့ပေ။ ဧလိယဆုတောင်းသောအခါ ကောင်းကင်မှ မီးကျလာကာ ယဇ်ပလ္လင်ပေါ်မှ ပူဇော်သက္ကာများကို လောင်ကျွမ်းခဲ့သည့်သာမက၊ ယဇ် ပလ္လင်ဘေးမှကျောက်တုန်းများ၊ ရေမြောင်းများကိုလည်း လောင်ကျွမ်းခဲ့သည်။ လူများက ဘုရားသခင်၏တန်ခိုးကြီးမားကြောင်းကို အသိအမှတ်ပြုကာ ဗာလပရောဖက် (၄၅၀)ကို သတ်ခဲ့ကြသည်။ ထို့အပြင် ဧလိယထပ်မံဆုတောင်းသောအခါ ဘုရားသခင်က မိုးကို ပြန်လည်ရွာသွန်းပေးခဲ့သည် (ယာကုပ် ၅၁ရ-၁၈)။
ဧလိယ အောင်မြင်ခြင်း (၃ ဓမ္မ ၁၉)
ဘုရင်မ ယေဇလက သူမ၏ဗာလပရောဖက် (၄၅၀)အသတ်ခံရကြောင်းကို ကြားသောအခါ ဒေါသမီးလျှံဖြင့် ဧလိယကို လိုက်သတ်ခဲ့သည်။ ဧလိယသည် ဘုရား သခင်၏ကူညီမစမှုကြောင့် အခုပဲ ဗာလပရောဖက် (၄၅၀)အပေါ်အောင်မြင်ခဲ့သော်လည်။ ယေဇဗေလ၏ ခြိမ်းခြောက်ခြင်းကို ကြောက်လန့်ကာ မိုင်ပေါင်းရာကျော်ခရီးကိုနှင်ကာ
ထွက်ပြေးခဲ့ရသည်။ ဧလိယသည် သူ့အခြေအနေကိုကြည့်ပြီး၊ မျှော်လင့်ချက်မဲ့ကာ သူ ၏အသက်ကိုနှုတ်ယူရန် ဆုတောင်းခဲ့သည်။ သို့သော် ဘုရားသခင်သည် ကောင်းကင်တ မန်ကိုစေလွှတ်ကာ မုန့်နှင့်ရေကို ထောက်ပံ့ခဲ့သည်။ ကောင်းကင်တမန်၏ တို့ထိခွန်အား ပေးခြင်းအားဖြင့် သိနာတောင်သို့ ရက်ပေါင်း (၄၀)ခရီးကိုလည်း ပို့ဆောင်ခဲ့သည်။ ထို သိနာတောင်တွင် ဘုရားသခင်သည် ။
ဧလိယအား ဖြည်းညှင်းသောအသံအားဖြင့် စကားပြောခဲ့သည်။ ဘုရားသခင်
၏ဂရုစိုက်ခြင်းကို ပြသခဲ့သည် (အခန်းငယ် ၁၂။
လုပ်ဖော်ဆောင်ဖက်အသစ်တစ်ယောက်ဖြစ်သော ဧလိရှဲကို ပေးခဲ့သည်။ ဧလိ ရဲသည် ဧလိယ၏မိတ်ဆွေ၊ လုပ်ဖော်ဆောင်ဖက်နှင့်လိယ၏အမွေကိုဆက်ခံ မည့်သူ ဖြစ်လာမည် (အခန်းငယ် ၁၆)။
အလုပ်တာဝန်အသစ်တစ်ခုကို ဧလိယအားပေးခဲ့သည်။ မကောင်းသောအာဟပ်
မင်း၏မိသားစုကို အဆုံးသတ်ရန် ဘုရင်နှစ်ပါးကို ဘိသိတ်ပေးရမည်ဖြစ်သည် (အခန်းငယ် ၁၅-၁ရ)။
ဧလိယ တစ်ယောက်တည်း မဟုတ်ကြောင်း၊ ဗာလဘုရားရှေ့တွင် ဒူးမထောက် သောသူ (၅၀၀၀)
ရှိကြောင်း ဧလိယကို ခွန်အားပေးခဲ့သည် (အခန်းငယ် ၁၈)။
ဆင်ခြင်စရာ
ဧလိယသည် ပျက်ဆီးနေသောလူ့ဘောင်အဖွဲ့အစည်းတွင် ဘုရားသခင်ကို ဆက်ကပ်အပ်နှံသောသူတစ်ယောက် ဖြစ်သည်။ ဧလိယသည် ရဲရင့်သည်။ သတ္တိရှိသည်။ သို့သော် လူသားဖြစ်သောကြောင့် ကြောက်ရွံ့ခြင်း၊ စိတ်ပျက်အားငယ်ခြင်းများကိုလည်း ခံစားခဲ့ရသည်။ ဗာလပရောဖက် (၄၅၀)အပေါ် ကြီးမားသောအောင်မြင်မှုနှင့်အတူ ဘု ရင်မ ယေဇဗေလ၏ခြိမ်းခြောက်ခြင်းကို ကြောက်ရွံ့ကာ စိတ်ဓါတ်ကျခဲ့ရသည်။ ဘုရား သခင်သည် သူ၏ပရောဖက်စိတ်ဓါတ်ကျ၊ အားငယ်ခြင်းကို ဂရုဏာသက်စွာ တုန့်ပြန်ခဲ့
သည်။ ဆုံးမခြင်း မရှိဘဲ၊ ပြန်လည်အသုံးပြုခဲ့သည်။
ဧလိယအသက်တာ၌ ယိမ်းယိုင်ခဲ့သောအချိန် ရှိခဲ့သည်။ သို့သော် ဘုရားသခင် အတွက် အမြဲတမ်း ဆက်ကပ်အပ်နှံသောသူ တစ်ယောက်ဖြစ်သည်။ ဘုရားသခင်သည် ။ ဧလိယ၏ဆက်ကပ်အပ်နှံခြင်းအသက်တာကို အသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့်လည်း မြင်းမီးရထားဖြင့် ကောင်းကင်သို့ အရှင်လတ်လတ်ခေါ်ဆောင်သွားခြင်းခံရသည် (၄ ဓမ္မ ၂း၁၁)။ မသေဘဲ ကောင်းကင်သို့ခေါ်ဆောင်ခြင်းခံရသည့်သူ နှစ်ယောက်တွင် ဧလိယ သည် ဒုတိယတစ်ယောက် ဖြစ်သည်။ (ပထမတစ်ယောက်မှာ နောက်ဖြစ်သည်။ ကမ္ဘာ ၂၁-၂၄)။
သင်ခန်းစာယူစရာ
သင်သည် တိုက်ပွဲတွင် တစ်ယောက်တည်း မဟုတ်ပေ။ ယနေ့ သင်တစ်ယောက် တည်းဟု ခံစားကောင်း ခံစားရမည်။ သင်ကဲ့သို့ ဘုရားကိုချစ်သောသူများစွာရှိနေပါ သေးသည်။ ဘုရားသခင်ဘက်တွင် ရပ်တည်သူသည် သူတစ်ယောက်တည်းဟု ဧလိယ ခံစားခဲ့ရသည်။ မှားယွင်းသောဘုရားများရှေ့တွင် ဒူးမထောက်သောသူ (ရဝဝဝ)ရှိ
ကြောင်း ဘုရားသခင်က ဧလိယကို အားပေးခဲ့သည်။ သင်သည် တစ်ယောက်တည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို ချစ်သောသူများကို ရှာဖွေကာ၊ သူတို့နှင့်အတူ မိတ်သဟာယဖွဲ့ပါ။
ဘုရားကို မသိသောသူများကြားတွင်လည်း ဘုရားအတွက် ရဲရင့်ခြင်းသတ္တိရှိပါ။ ဘုရားသခင်၏ခွန်အားကို လက်နက်သဖွယ်တပ်ဆင်ကာ တစ်ယောက်တည်းဖြစ်သော လိယကာလပရောဖက်(၄၅၀)ကို စိန်ခေါ်ခဲ့သည်။ သင်လည်း မယုံကြည်သူများ၏ဝိုင်းရံ ခြင်းခံရသောအချိန်ရှိကောင်း ရှိမည်။ ဘုရားသခင်အတွက် ရဲရင့်ပါ။ဘုရားသခင်ဘက်တွင် ပြတ်သားစွာရပ်တည်ပါ။ ဧလိယနှင့်ဘုရားသခင် အတူပါရှိသကဲ့သို့ သင်နှင့်လည်း အ တူရှိပြီး၊ သင်၏ရဲရင့်ခြင်းအတွက် ဘုရားသခင်က သင့်ကိုချီးမြှောက်မည်။
လူတိုင်းသည် ကြောက်ရွံ့ခြင်း၊ စိတ်ပျက်အားငယ်ခြင်း၏သားကောင်များ ဖြစ် ကြသည်။ ဧလိယသည် ဘုရားသခင်အတွက် စိတ်နှလုံးအကြွင်းမဲ့ဆက်ကပ်အပ်နှံသော ၊ သူ ဖြစ်သော်လည်း စိတ်ဓါတ်ကျခြင်းကို တွေ့ကြုံရသည်။ ထိုအခါ ဘုရားသခင် ဧလိယကို ခွန်အားပေးကာ၊ တိုက်ပွဲထဲသို့ ပြန်စေလွှတ်ခဲ့သည်။ ဘုရားသခင်သည် ယနေ့ သင့်အသက်တာ၌လည်း ထိုနည်းတူဖြစ်သည်။ စိတ်ဓါတ်ကျ၊ ဒုက္ခရောက်သော အချိန်တွင် သင်၏နာကျင်မှုများကို ဘုရားသခင်သိသည်။ သင်၏လိုအပ်ချက်များကို ဘုရားသခင်က ဖြည့်ဆည်းပေးမည်။ ထို့နောက် မပြီးသေးသော တိုက်ပွဲသို့ သင့်ကို ပြန်စေလွှတ်မည်။ တိုက်ပွဲကို သင် တိုက်နေရဦးမည်။
ဧလိယအသက်တာမှ နိမိတ်လက္ခဏာများ
ဧလိယဆုတောင်းသောအခါ မိုးခေါင်ခဲ့သည် (၃ဓမ္မ၁၇း၁)။
ကျီးအများကဧလိယကို အစာကျွေးခဲ့သည် (၃ဓမ္မ၁၇း၁-၇)။
ဧလိယနှင့်မုဆိုးမသားအမိတို့သည် ဆီအနည်းငယ်၊ ဂျုံမှုန့်အနည်းငယ်ဖြင့်လပေါင်းများစွာ
အသက်ရှင်ခဲ့ကြသည် (၃ဓမ္မ ၁၇း၈ – ၁၆)။
မုဆိုးမ၏သားကို သေခြင်းမှထမြောက်စေခဲ့သည် (၃ဓမ္မ ၁၇း၁၇-၂၄)။
ဧလိယဆုတောင်းသောအခါ ကောင်းကင်မှမီးကျလာပြီး၊ ယဇ်ပလ္လင်နှင့်ယဇ်ကောင်များကို
မီးလောင်ကျွမ်းခဲ့သည် (၃ဓမ္မ ၁၈း၂ဝ-၄ဝ)၊
ဧလီယဆုတောင်းသောအခါ မိုးရွာလာသည် (၃ဓမ္မ ၁၈း၄၁-၄၅)၊
ဧလိယဆုတောင်းသောအခါ ဘုရင်၏လူများကို မီးလောင်ကျွမ်းခဲ့သည် (၄ဓမ္မ ၁း၁-၁၇)။
ယောဒန်မြစ်ကိုဧလိယက နှစ်ခြမ်းခွဲပြီး၊ လမ်းလျှောက်ခဲ့သည် (၄ဓမ္မ ၂း၆-၈)။
ကောင်းကင်မှမြင်းမီးရထားဖြင့် ကောင်းကင်သို့ ဆောင်ယူခြင်းခံရသည် (၄ ဓမ္မ ၂း၉-၁၂)။
ဧလိရှဲ
လူများ၏ပရောဖက်
ဧလိယက၊ သင်နှင့် မကွာမှီ ငါ၌တစုံတခုသောဆုကိုတောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ် တော်ဝိညာဉ်နှစ်ဆသောအဘို့ကို အကျွန်ုပ်အပေါ်မှာရှိပါစေသာဟုတောင်းသော် –
(၄ ဓမ္မ ၂း၉)
အရည်အချင်း- လူများကို ကြင်နာ၊ သနားတတ်သောသူ။
ပြည့်စုံခြင်း- ဧလိယ၏အမွေဆက်ခံသူ။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၈၅၆ – ရ၉ရ ခန့်။ (အသက် ၇ဝ)
နာမည်- ဧလိရှဲ- အဓိပ္ပါယ်မှာ “ဘုရားသခင်သည် ကယ်တင်ခြင်းဖြစ်သည်။
ကျမ်းပိုဒ်- ၃ ဓမ္မ ၁၉း၁၆ – ၄ ဓမ္မ ၁၃း၂၀။
နောက်ခံအကြောင်းအရာ
ဣသရေလနိုင်ငံသည် နှစ်ခြမ်းကွဲသွားသောအချိန်မှစ၍ မြောက်ပိုင်းဣသရေလ ရှင်ဘုရင်များသည် ဆိုးဝါးသောဘုရင်များဖြစ်လာခဲ့သည်။ နောက်ပိုင်းဘုရင်များသည် ရှေ့ပိုင်းဘုရင်များထက် ပို၍ဆိုးဝါးလာသည်။ ဘုရားသခင်သည် မြောက်ပိုင်းဣသရေလ ဗိုင်ငံ၏ရုပ်တုကိုးကွယ်ခြင်းကို တရားစီရင်မည်။ နိုင်ငံတော်ကို ဘုရားသခင် မဖျက်ဆီးမီ
နှစ်ပေါင်း (၁၂၀)လောက်တွင် ဧလိရှဲကို ပရောဖက်နှင့်ဆိုင်သော အမှုတော်လုပ်ငန်းသို့ ခေါ်ခဲ့သည်။ ဘုရားသခင်ကို ကိုးကွယ်ရန်နှင့် လူများကို ပြန်လည်တည်ဆောက်ပေးရန်မှာ ဧလိရှဲ၏တာဝန်ဖြစ်သည်။ ဘုရားသခင်သည် အင်အားကြီးမားသော စစ်တပ်များကို ထိန်းချုပ်သည်သာမကပဲ နေ့စဉ်ဘဝအသက်တာကိုလည်း ထိန်းချုပ်ကွပ်ကဲကြောင်းကို နိမိတ်လက္ခဏာများအားဖြင့် ပြသသည်။
ခြုံငုံကြည့်ခြင်း ၊
ဧလိရှဲ၏အမှုတော်လုပ်ငန်းသည် ဧလိယနှင့် မတူပေ။ ဧလိယသည် ထာဝရဘု ရား၏တရားလမ်းမှ လွဲသွားသောအချိန်ကို ရင်ဆိုင်ရသည်။ ဧလိရှဲက မြောက်ပိုင်းက္ကသ ရေလနိုင်ငံမှ လူများ၏လိုအပ်မှုများကို နိမိတ်လက္ခဏာများဖြင့် ဖြည့်ဆည်းပေးရသည်။ ဧလိရှဲ၏ နိမိတ်လက္ခဏာများသည် လူမျိုးအပေါ်၊ တစ်ယောက်ချင်းစီတိုင်းအပေါ်နှင့် နောက်ဆုံးတပါးအမျိုးသားတိုင်းပြည်မှ ဗိုလ်ချုပ်အပေါ်တွင် ဘုရားသခင်၏ ဂရုဏာကို ဖော်ပြသည့် နိမိတ်လက္ခဏာများ ဖြစ်သည်။
အကြောင်းအရာ
ဧလိယ၏လက်အောက်တွင် အစေခံသောဧလိရှဲက “နှစ်ဆသောဝိညာဉ်’ ကို သူ့ဆရာ၊ ဧလိယထံ တောင်းခံခဲ့သည် ( ၄ ဓမ္မ ၂း၉)။ “နှစ်ဆသောဝိညာဉ်”ကို တောင်း သည့် ရည်ရွယ်ချက်မှာ သူ့ဆရာ၊ သခင်၏အလုပ်ကို ဆက်လက်လုပ်ဆောင်နိုင်ရန် ၊ ဖြစ်သည်။ ဘုရားသခင်သည် ဧလိရှဲ၏ဆုတောင်းခြင်းကို အဖြေပေးခဲ့သည်။ ဧလိယ သည် နိမိတ်လက္ခဏာ ()ခု လုပ်ခဲ့ပြီး၊ ဧလိရှဲသည် နိမိတ်လက္ခဏာ (၁၄)ခု လုပ်ခဲ့
ကြောင်း သမ္မာကျမ်းစာက မှတ်တမ်းတင်ထားသည်။ ဣသရေလတစ်မျိုးသားလုံးသည် ဘုရားသခင်ဘက်သို့ ပြန်လှည့်လာလျှင် ကောင်းကြီးခံစားရမည်ဖြစ်ကြောင်း ဧလိရှဲ၏ နိမိတ်လက္ခဏာများက ဖော်ပြနေသည်။ ဧလိရှဲပြုသော နိမိတ်လက္ခဏာများမှာ
၁။ ယောဒန်မြစ်ကို နှစ်ခြမ်းခွဲခဲ့သည် (၄ ဓမ္မ ၂း၁၄)။
၂။ ခါးသောစမ်းရေတွင်းကို ချိုစေခဲ့သည် (၂း၂၁)။
၃။ ဘုရားသခင်ကို လှောင်ပြောင်သောသူများအပေါ် ကျိန်စာကျရောက်စေခဲ့
သည် (၂း၂၄)။
၄။ ဣသရေလလူများအတွက် နိမိတ်လက္ခဏာဖြင့်အောင်ပွဲခံမည်အကြောင်း
ဟောပြောခဲ့သည် (၃း၁၅-၂၆)။
၅။ မုဆိုးမ၏ဆီကို ပွါးများစေခဲ့သည် (၄း၁-၇)။
၆။ နှလုံးသားကောင်းသောမိန်းမကို သားရမည်ဟု ကတိပေးခဲ့သည် ။
(၄း၁၄-၁၇) ၊
၇။ ထိုမိန်းမ၏သားကို သေခြင်းမှ ထမြောက်စေခဲ့သည် (၄း၃၂-၃၇)။
၈။ အဆိပ်ရှိသောဟင်းအိုးကို သန့်ရှင်းစေခဲ့သည် (၄း၃၈-၄၁)။
၉။ အနည်းငယ်သောမုန့်ကို လူအများစားရန် လောက်ငှစေခဲ့သည် (၄း၄၂
– ၄၄)။
၁၀။ မာနထောင်လွှားသောဗိုလ်ချုပ်၏နူနာကို ပျောက်စေခဲ့သည် (၅း၁-၁၉)။ ၁
၁၁။ ငါးလာသောပုဆိန်ရေထဲကျသွားသောအခါ ရေပေါ်ကို ပြန်၍ပေါ်လာစေ
ခဲ့သည် (၆း၁-၆)။
၁၂။ ကောင်းကင်တမန်စစ်တပ်ကို ဧလိရှဲ၏ကျွန်မြင်စေရန် ပြခဲ့သည် (၆း၁၅း၁၇)။
၁၃။ သူ့ကိုဖမ်းဆီးရန်လာသော ရန်သူများ၏မျက်စိကို ကန်းစေခဲ့သည် (၆း၈-၂၃)။
၁၄။ ရှမာရိမြို့ ဝိုင်းထားခံရခြင်းမှလွတ်မြောက်မည့်အကြောင်းနှင့် အစာရေစာ
ပေါကြွယ်ဝမည်အကြောင်း ကြိုတင်ဟောပြောခဲ့သည် (၆း၂၄-၇း၂၀)။
ဆင်ခြင်စရာ
ဧလိရှဲ၏အမှုတော်လုပ်ငန်းသည် ဧလိယလောက် မကြီးကျယ်ခဲ့ပေ။ သို့သော် အရေးမကြီးဟုလည်း မဆိုနိုင်ပေ။ ဧလိရှဲသည် သာမန်လူများကိုသာ အမှုတော်ဆောင်ခဲ့ သည်။ ရှင်ဘုရင်များ၊ ခေါင်းဆောင်များကို မဟုတ်ခဲ့ပေ။ သူ၏လုပ်ဆောင်ချက်များသည်
နူးညံ့သိမ်မွေ့ခြင်းနှင့် ချစ်ခြင်းမေတ္တာရှိသည်။ သူ၏နိမိတ်လက္ခဏာများသည် အောက်
ခြေလူတန်းစားများ၏လိုအပ်ချက်များကို ဘုရားသခင်ဂရုစိုက်ကြောင်း၊ ဘုရား၏ချစ်ခြင်း မေတ္တာနှင့် ဂရုဏာများကို ပြသနေသည်။ ဧလိရှဲ၏အမှုတော်လုပ်ငန်းသည် ဧလိယ၏ လက်အောက်တွင် အစေခံခြင်း၊ လေ့လာခြင်းအားဖြင့် အစပြုခဲ့သည်။ ဧလိယသည်
လောကမှ ထွက်ခွါသောအချိန်နီးလာသောကြောင့် ဧလိရှဲက လိယ၏ “နှစ်ဆသော ဝိညာဉ်” ကို တောင်းခံခဲ့သည်။ အောင်မြင်ကျော်ကြားရန် မဟုတ်ပေ။ မိမိလုပ်နိုင်သည် ထက် ဘုရားတန်ခိုးနှင့်လုပ်ဆောင်ခြင်းက ပို၍ထိရောက်သည်ကို လိရှ် သဘောပေါက် သည်။ ထို့ကြောင့် သူ၏ဆရာထံမှ နှစ်ဆသောဝိညာဉ်ကို တောင်းခံခြင်းဖြစ်သည်။ ကြီး မားသည့်တာဝန်ဝတ္တရားများက သူ့ရှေ့တွင်ရှိနေကြောင်း ဧလိရှဲနားလည်သည်။ ဧလိ ယ၏ကြီးမားသောတန်ခိုးက သူ့အသက်တာအားဖြင့် ဆက်လက်စီးဆင်းရန် ဆန္ဒရှိ သည်။ ဧလိရှဲ၏လိုအင်ဆန္ဒသည် ဘုရားအလိုတော်နှင့်ညီသောကြောင့် ဘုရားသခင်က သူ၏အမှုတော်သက်တမ်းကို နှစ်ပေါင်း(၅၀)ထိ တိုးမြင့်ပေးခဲ့သည်။ ဧလိရှဲသည် အာ ဟပ်ဘုရင်လက်ထပ်မှ ယောရှိလက်ထပ်ထိ အမှုတော်ဆောင်ခဲ့သည်။
သင်ခန်းစာယူစရာ
ဆက်ကပ်အပ်နှံခြင်းသည် အရေးကြီးကြောင်း ဧလိရှဲက သွန်သင်ထားသည်။ လယ်ကွင်းထဲတွင် လယ်ထွန်နေသောဧလိရှဲကို ဧလိယက ခေါ်ထုတ်လာသည့်အချိန် ကတည်းက ဧလိရှဲသည် ဧလိယနှင့်ဘုရားသခင်ကိုသာ အစေခံရန် သူ့ဘဝအသက် တာကို ဆက်ကပ်ခဲ့သည်။ သူလယ်ထွန်နေသော နွားကိုသတ်ကာ မိသားစုအတွက် နှုတ်ဆက်ပွဲ ကျင်းပခဲ့သည်။ ဘုရားသခင်သည် သင့်ကို လူအများရှေ့တွင် ထင်ပေါ်ကျော် ကြားရန် ခေါ်ချင်မှ ခေါ်မည်။ သို့သော် ဘုရားကိုအပြည့်အဝ ဆက်ကပ်အပ်နှံရန်အတွက် သင့်ဆီက မျှော်လင့်နေသည်။ ဘုရားသခင်ကို ဆက်ကပ်အပ်နှံခြင်းသည် ဘုရားသခင်၏ လူများအတွက် ဆက်ကပ်အပ်နှံခြင်းကို ဆိုလိုပါသည်။
တပည့်သည် ဆရာ့ဆီမှ သင်ကြားခံယူရုံသက်သက်သာမဟုတ်ပဲ၊ သင်ကြားခံ ယူခဲ့သောအရာကို တည်ဆောက်ရန်ဖြစ်ကြောင်း ဧလိရှဲက သွန်သင်ထားသည်။ ဧလိရှဲ ၊
သည် ဧလိယ၏လုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်ရုံသာမကပဲ ဧလိယလက်အောက်တွင် သင်ကြားခံယူသောသူလည်း ဖြစ်သည်။ ဧလိယနောက်ကို လုံးလုံးလျားလျား လိုက်ကာ၊ အစေခံခဲ့သည်။ ဧလိရှဲသည် တပည့်ကောင်း၊ နောက်လိုက်ကောင်းဖြစ်ခဲ့သည်။ ခေါင်း ဆောင်လုပ်ရမည့်အချိန်ရောက်လာသောအခါ ဧလိရှဲသည် ဧလိယနေရာတွင် ထိထိ ရောက်ရောက် ကောင်းစွာ ဦးဆောင်နိုင်ခဲ့သည်။ ယနေ့ တပည့်တော်ဖြစ်ခြင်းသည် ထိ ရောက်သောအမှုတော်အတွက် သင့်ကို သင်တန်းပေးနေခြင်း ဖြစ်သည်။ ထိရောက်စွာ အစေခံနေသော ခေါင်းဆောင်ကောင်းတစ်ယောက်ကို ရှာပါ။ သူ့ဆီမှ ခံယူပါ။ ခံယူပြီး သောအခါ အခြားသူများကိုလည်း လက်ဆင့်ကမ်းဝေငှပါ။
အမှုတော်လုပ်ငန်းအားလုံးသည် အရေးကြီးကြောင်း ဧလိရှဲက သွန်သင်ထား သည်။ လိရှဲ၏အမှုတော်လုပ်ငန်းသည် ဧလိယလောက် မကြီးကျယ်ခဲ့ပေ။ သို့သော် ဘုရားသခင်၏အမြင်တွင် သူ၏လူများအတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ဖော်ပြ ရသောကြောင့် ဧလိရှဲ၏အမှုတော်လုပ်ငန်းသည် တမူထူးခြားနေသည်။ သင့်ကို အမှု
တော်အတွက်ခေါ်ပြီး၊ ဆုကျေးဇူးပေးသောသူမှာ ဘုရားသခင်ဖြစ်သည်။ အခြားသောသူ များလုပ်ဆောင်နေသော အမှုတော်လုပ်ငန်းများနှင့် နှိုင်းယှဉ်ဖို့ မဟုတ်ပေ။ ဘုရားသခင် ၏အကြံအစည်တဲ၌ သင်တာဝန်ယူထားရသောအလုပ်အတွက် ဘုရားသခင်က သင့်ကို ဖန်ဆင်းထားသည်။ ထို့ကြောင့် သင်က အခြားသူများနှင့် မတူ၊ တမူထူးခြားနေသည်။
ခဲ့ကဲ့သို့ သင်၏တာဝန်အပေါ် သစ္စာရှိပါ။ သင့်အတွက်ခေါ်ခြင်းကို ပြည့်စုံစေပါ။ သင့်အသက်တာသည် ထူးခြားပြီးသားဖြစ်သောကြောင့် ပညာရှိစွာ အသက်ရှင်ပါ။
ဧလိရှဲနှင့်ပတ်သတ်သောအကြောင်းအရာများ
ဧလိရှဲသည် ယောဒန်မြစ်အရှေ့ဘက်၊ ဂိလဒ်အနီးနားတစ်ဝိုက်မှ ဖြစ်သည်။
မြောက်ပိုင်းတိုင်းပြည်ကို ပရောဖက်ပြုသောသူဖြစ်သည်။
ဧလိရှဲ၏အသက်တာနှင့်အမှုတော်လုပ်ငန်းသည် မြောက်ပိုင်းနိုင်ငံတွင် ရှင်ဘုရင် (၆)ပါး
အုပ်စိုးသည်အထိရှည်လျားခဲ့သည်။ (အာဟပ်၊ အာခဇိ၊ ယဟောရံ၊ ယေဟု၊ ယောခတ်၊ ယဟောရှ)
ဟေဇကိ
အရာအားလုံး၌ ဘုရားသခင်ကို သစ္စာရှိသောသူ
ထိုသို့ ဟဇက်သည် ယုဒပြည် တရှောက်လုံးတွင် စီရင်၍၊ မိမိဘုရားသခင်
ထာဝရဘုရားရှေ့တော်၌ ကောင်း သာအမှု၊ ဖြောင့်မတ်သောအမှု၊ သမ္မာတရားအမှုတို့ ကို ပြုတော်မူ ၏ ။ မိမိဘုရားသခင်ကို ဆည်းကပ်လျက်၊ ၊ ဗိမာန်တော်၊ တရားတော်၊ ပညတ်တော် တို့ အတို့ အမှုစောင့်စပြုလေရာရာ၌ စိတ်နှလုံးအကြွင်းမဲ့ပြု၍ အကြံထမြောက်တတ်၏။
(၂ ရာဇဝင် ၃၁း၂၀-၂၁) ၊
အရည်အချင်း- ဘုရားသခင်ကို ကိုးစားသောသူ။
ပြည့်စုံခြင်း- သူ၏ဆုတောင်းခြင်းကြောင့် ယုဒပြည်ကို ကျူးကျော်တိုက်ခိုက်မည့်ရန်မှ
ကွယ်ကာမစခံရခြင်း။
အသက်ရှင်ခဲ့သောအချိန်- ၇၄၀ – ၆၈၆ ဘီစီခန့်။ (အသက် ၅၄)
နာမည်- ဟေဇက်- အဓိပ္ပါယ်မှာ ‘ထာဝရဘုရားသည် ကျွန်ုပ်၏ခွန်အားဖြစ်သည်။
ကျမ်းပိုဒ်- ၄ ဓမ္မ ၁၈-၂၀ – ၂ ရာဇဝင် ၂၉-၃၂၊ ဟေရှာယ ၃၆-၃၉။
နောက်ခံအကြောင်းအရာ
ဟေဇကိဘုရင်ဖြစ်လာသောအခါ အာရှုရိအင်ပါယာသည် အင်အားကြီးမားနေ သည်။ နိုင်ငံသေးသေးလေးဖြစ်သော ယုဒတိုင်းပြည်ကို သိမ်းပိုက်ရန် ချောင်းမြောင်းနေ
သည်။ ဣသရေလမြောက်ပိုင်းတိုင်းပြည်မှ ရှမာရိမြို့တော် ကျဆုံးခဲ့ရပြီးဖြစ်သည်။ ။ သရေလူများကို အာရှုရိသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဟေဇကိမင်းကြီးသည် ၊ ယုဒတိုင်းပြည်၏ရုပ်တုကိုးကွယ်ခြင်းနှင့် တိုင်းပြည်ဆင်းရဲခြင်းကို သူ့ဖခင်ထံမှ အမွေရခဲ့ ၊ သည်။ သူ၏ဖခင်၊ အာခတ်သည် မြင့်သောနေရာများတွင် တပါးအမျိုးသား၊ ဘုရားများ ကို တည်ဆောက်ခဲ့သည်။ အာခတ်မင်းသည် ဒါဝိဒ်အမျိုးအနွယ်တွင် အခြားဘုရားများ၏ ယဇ်ပလ္လင်ကို ပထမဆုံး တည်ဆောက်သောသူဖြစ်သည်။ ထို့အပြင် အခြားတိုင်းပြည်မှ ရှင်ဘုရင်များနှင့်လည်း မိတ်ဖွဲ့ခဲ့သည်။ သူတို့၏ရန်မှကာကွယ်ရန် သူတို့ကို အရိုအသေ ပေးခြင်းအားဖြင့် တိုင်းပြည်သည် ဆင်းရဲမွဲတေလာခဲ့သည်။ ထိုအချိန်သည် ဘုရားကို
ကျောခိုင်းသောအချိန် ဖြစ်ခဲ့သည်။
ခြုံငုံကြည့်ခြင်း
ဟေဇကိမင်းကြီး နန်းထိုင်ပြီး တစ်နှစ်တွင် သူ၏ဖခင်ဖျက်ဆီးခဲ့သောဝိညာဉ်ရေး ရာ ပျက်ဆီးမှုများကို ပြန်လည်ပြုပြင်သည်။ ဗိမာန်တော်ကို ပြန်လည်ဖွင့်ခဲ့သည်။ မြင့် သောနေရာမှ ရုပ်တုပူဇော်ခြင်းများအားလုံးကို ဖျက်ဆီးခဲ့သည်။ ဘုရားသခင် ချမှတ်ထား သော ဣသရေလပွဲများကို ပြန်လည်ပြုလုပ်ခဲ့သည်။ အာရှုရိ၏ခြိမ်းခြောက်မှုကို မဝန်ခံခဲ့ ပေ။ အာရှုရိက လာရောက်သိမ်းပိုက်သောအခါ၊ ဘုရားသခင်ထံ၌ ဆုတောင်းခဲ့သည်။ နိမိတ်လက္ခဏာအားဖြင့် ဘုရားသခင် ကယ်တင်ခဲ့သည်။ ဟေဇကိမင်းကြီး နေမကောင်း ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် ဟေဇကိမင်းကြီး၏ဆုတောင်းခြင်း၊ ဘုရားကိုကိုး ၊ ကွယ်ခြင်းအသက်တာကြောင့် နောက်ထပ် (၁၅)နှစ် အသက်ရှင်ခွင့်ပေးခဲ့သည်။ ဘုရား၊ သခင်သည် ဟေဇကိမင်းကြီးကို ဆက်လက်ကောင်းကြီးပေးခဲ့ပြီး၊ ယုဒတိုင်းပြည်သည် ချမ်းသာကြွယ်ဝလာခဲ့သည်။ ဟေဇကိမင်းကြီး၏ အောင်မြင်ကျော်ကြားခြင်းက သူ့ကို မာန်မာနတက်စေခဲ့သည်။ ယုဒတိုင်းပြည်၏ကြွယ်ဝမှုကို ဗာဗုလုန်ရှင်ဘုရင်၏သားအား အသိဉာဏ်မဲ့စွာ ဖွင့်ပြခဲ့သည်။ ပရောဖက်ဟေရှာယ၏ဆုံးမခြင်းကို ခံရသည်။ ဟေဇက် မင်းကြီး သေဆုံးသောအခါ သူ၏သားတော်၊ မနာရှေသည် ဘုရင်ဖြစ်လာခဲ့သည်။
အကြောင်းအရာ
ဟေဇကိမင်းကြီး ဦးစားပေးသောအရာသည် ကိုးကွယ်ခြင်းဖြစ်သည် (၂ ရာဇဝင်
၂၉-၃၁)
ဟေဇကိမင်းကြီး နန်းထိုင်ပြီး တစ်နှစ်တွင် သူ၏ဖခင်လက်ထပ်က နှစ်ပေါင်း များစွာပိတ်ထားသော ဗိမာန်တော်ကို ပြန်လည်ဖွင့်ခဲ့သည်။ လူများကို ယေရုရှလင်မြို့သို့ ခေါ်ကာ ပသခါပွဲကို (ရ)ရက် ကျင်းပခဲ့သည်။ ဤပသခါပွဲတော်ကို မကျင်းပခဲ့သည်မှာ နှစ်ပေါင်းများစွာရှိခဲ့ပြီ ဖြစ်သည်။ ဝမ်းမြောက်လွန်းသောကြောင့် နောက်ထပ် (ရ)ရက် ထပ်တိုးကာ ကျင်းပခဲ့ကြသည်။ လူများသည် သူတို့၏အိမ်သို့ပြန်ကာ အိမ်တွင်ရှိသောရုပ် တုများ၊ တိုင်းပြည်တပြည်လုံးကို ညစ်ညမ်းစေသော တောက်ပသည့်အရာများ အားလုံး ကို ဖျက်ဆီးပစ်ခဲ့ကြသည်။
ဟေဇကိမင်းကြီး၏ဆုတောင်းခြင်းသည် ဘုရားသခင်ကို ချီးမြောက်ခြင်းဖြစ်သည် (၄ ဓမ္မ ၁၈း၉-၁၉း၃၇၊ ၂ ရာဇဝင် ၃၂း၁-၂၃၊ ဟေရှာယ ၃၆-၃၇)
ဟေဇကိမင်းကြီး နန်းထိုင်ပြီး (၁၄)နှစ်တွင် အင်အားကြီးမားသောအာရှုရှိစစ်တပ် သည် ယုဒတိုင်းပြည်ကို ချီတက်လာကာ၊ ယေရုရှလင်မြို့ကို ဝိုင်းထားသည်။ အာရှုရှင် ဘုရင် သနာခရိပ်၏ခြိမ်းခြောက်သံကဘုရားသခင်ကိုကိုးစားနေသောဟေဇကိမင်းကြီးကို မတုန်လှုပ်နိုင်ခဲ့ပေ။ ထို့အပြင် အခြားမည်သည့်တိုင်းနိုင်ငံများ၊ အခြားဘုရင်များ၊ ဘုရား များသည် ဘုရားသခင်၊ ထာဝရဘုရားရှေ့တွင် မရပ်တည်နိုင်သည်ကို ဟေဇကိမင်းကြီး ယုံကြည်စိတ်သည်။ ယေရုရှလင်မြို့သည် ကျရှုံးပြီး၊ ဣသရေလ၏ဘုရားသခင်၊ ထာဝရဘုရားသည်လည်း သူ၏လူများကို ကယ်တင်နိုင်ဟု ခြိမ်းခြောက်ကြသည်။ ဟေဇကိမင်းကြီးသည် ဘုရားသခင်၊ ထာဝရဘုရားထံတော်၌ ထိုခြိမ်းခြောက်ခြင်းကို တင်ပြခဲ့သည်။ ဘုရားသခင်၏နာမသည် မထီမဲ့မြင်ပြုခြင်း မခံရန် ဟေဇကိမင်းကြီး ဆု တောင်းခဲ့သည်။ ဟေဇကိမင်းကြီး၏ဆုတောင်းခြင်းသည် ထိုညဉ့်မှာပင် အဖြေရခဲ့သည်။ အာရှုစစ်သား (၁၈၅ ၀၀၀)သည် အိပ်ပျော်ရင်း သေသွားခဲ့ကြသည်။ အာရှုရိဘုရင်လည်း အရှက်တကွဲဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ဟေဇကိမင်းကြီး၏သေခါနီးဆုတောင်းခြင်းသည် အဖြေရခဲ့သည် (၄ ဓမ္မ ၂၀း၁-၁၁၊ ဟေရှာယ ၃၈)
အာရှုရိစစ်တပ်ကြီးကို ဘုရားသခင် စစ်တိုက်ပေးပြီး မကြာမီတွင် ဟေဇကိမင်း ၊ ကြီးသည် သေခါနီးအထိ နေထိုင်မကောင်းဖြစ်ခဲ့သည်။ ပရောဖက်ဟေရှာယက ဟေဇ ကိမင်းကြီးအားမသေခင်အိမ်တော်ကို ပြင်ဆင်ရန် ပြောသည်။ ဟေရှာယထွက်သွားသော အခါ ဟေဇကိမင်းကြီးသည် ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ သူ၏ဆက်ကပ်အပ်နှံ ခြင်းကို ဘုရားသခင် သတိရပေးရန် တောင်းလျှောက်ခဲ့သည်။ နေကောင်းကျန်းမာဖို့ တိတိကျကျ ဟေဇကိ ဆုမတောင်းခဲ့ပေ။ သို့သော် ဘုရားသခင်သည် ဟေဇကိမင်းကြီး၏ အသက်ကို နောက်ထပ်(၁၅)နှစ် ထပ်တိုးပေးခဲ့သည်။ ဘုရားသခင်၏အိမ်တော်သို့သွား သင့်၊ မသွားသင့် မေးလျှောက်သောအခါ လက္ခဏာသက်သေအဖြစ် ဘုရားသခင်သည် နေ၏အရိပ်ကို ဆယ်ချက်ပြန်လည်ဆုတ်ခြင်းအားဖြင့် အဖြေပေးခဲ့သည် (၄ ဓမ္မ ၂၀၈၁၁)။ •
ဟေဇကိမင်းကြီး၏မာနထောင်လွှားခြင်းကို ဆုံးမခဲ့သည် (၄ ဓမ္မ ၂၀း၁၂-၁၉၊ ဟေရှာယ ၃၉)
နိမိတ်လက္ခဏာအားဖြင့် ဟေဇကိမင်းကြီး ပြန်လည်ကျန်းမာလာသည်ကို သ တင်းကြားသော ဗာဗုလုန်ရှင်ဘုရင်၏သားသည် ဟေဇကိမင်းကြီးဆီ ရောက်လာကာ အရိုအသေပေးခဲ့သည်။ လက်ဆောင်ပဏ္ဍာများကိုလည်း ဆက်သခဲ့သည်။ ထို့အပြင် အင်အားကြီးမားနေဆဲဖြစ်သော အာရှုရိကို စစ်တိုက်ရန် ဟေဇကိမင်းကြီး၏အကူအညီ ကိုလည်း တောင်းခံခဲ့သည်။ သွယ်ကာ၊ ဝိုက်ကာ သတင်းလာထောက်လှမ်းသောဗာဗုလုန် ရှင်ဘုရင်၏သားအား ဟေဇကိမင်းကြီးသည် သတိပညာမဲ့စွာ ယုဒတိုင်းပြည်၏ချမ်းသာ ကြွယ်ဝမှုကို ဖွင့်လှစ်ပြသခဲ့သည်။ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးကို ဆုံးမ ခဲ့သည်။ ထို့အပြင် အနာဂတ်တွင် ဗာဗုလုန်သည် ယုဒတိုင်းပြည်ကို ဖျက်ဆီးမည် အ
ကြောင်းကိုလည်း ကြိုတင် ဟောပြောခဲ့သည်။ ထိုကြိုတင်ဟောပြောချက်သည် ယေရုရှ လင်ပျက်ဆီးခြင်း၊ လူများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့်အတူ ဘီစီ (၅၈၆)တွင် ပြည့်စုံလာခဲ့သည်။
ဆင်ခြင်စရာ
ဟေဇကိမင်းကြီးသည် သူ၏ဖခင်၊ အာခတ်မင်းနှင့်ဆန့်ကျင်ဘက် ဖြစ်သည်။ အခတ်သည် အခြားလူမျိုးများ၏ဘုရားများကို ယုံကြည်ခဲ့သည်။ သူနှင့်ယုဒတိုင်းပြည်ကို ကာကွယ်ရန်အတွက် သူတို့၏တန်ခိုး၊ ခွန်အားနှင့်စွမ်းအားများကို အားကိုးခဲ့သည်။ အ ခြားတဘက်တွင်လည်း ဟေဇကိမင်းကြီးသည် ရှင်ဘုရင်ဒါဝိဒ်နှင့်နှိုင်းယှဉ်ခြင်းခံရသော ဘုရင်အနည်းငယ်တွင် တစ်ယောက်အပါအဝင် ဖြစ်ခဲ့သည်။ အခြားသော ရှင်ဘုရင်များ ထက် ဟေဇကိမင်းကြီး၏အဓိကလုပ်ဆောင်ချက်မှာ လူမျိုးတော်၏ဝိညာဉ်ရေးရာ ပြုပြင် ခြင်းဖြစ်သည်။
ဟေဇကိမင်းကြီး၏အရည်အချင်းများကို ချီးကျူးရသလိုအရေးကြီးသောအချက် တစ်ချက်ကို ဟေဇကိမင်းကြီး မေ့လျော့ခဲ့သည်။ ထိုအချက်မှာ လူမျိုးတော်၏အနာဂတ် ဝိညာဉ်ရေးရာကောင်းစားခြင်း ဖြစ်သည်။ ဝိညာဉ်ရေးရာနိုးထမှုခြေလှမ်းအနည်းငယ်သာ လှမ်းခဲ့သည်။ အဆိုးဆုံးမှာ ဘုရားသခင်အတွက်စိတ်အားထက်သန်ခြင်းအမွေကို သူ၏ သားတော်၊ မနာရှေကို လက်ဆင့်ကမ်းခဲ့ပေ။ သားတော်မနာရှေသည် ယုဒဘုရင်များ တွင် အဆိုးဝါးဆုံးဘုရင်တစ်ယောက်ဖြစ်လာခဲ့သည်။ မနာဘူ၏အပြစ်နှင့်ဘာသာရေး မှားယွင်းမှုများသည် ယုဒနိုင်ငံကို လျင်မြန်စွာ ပျက်ဆီးစေခဲ့သည်။
သင်ခန်းစာယူစရာ
ဘုရားကို ကိုးကွယ်ခြင်းသည် သင့်ဘဝ၏ဦးစားပေးသောအရာဖြစ်ပါစေ။ လူ မျိုးတော် ကောင်းကြီးခံစားနိုင်သည့်ကဏ္ဍဖြစ်သော ကိုးကွယ်ခြင်းကို ဟေဇကိမင်းကြီး သည် ဦးစားပေးခဲ့သည်။ ရှုတ်ထွေးပွေလီနေသော လောကကြီးထဲ၌ ဘုရားသခင်၊ ထာဝရဘုရားကို အမြဲတမ်းကိုးကွယ်နေဖို့ လိုပါသည်။ သင် တစ်ဦးတစ်ယောက်တည်း ဖြစ်စေ၊ သင်၏မိသားစုနှင့်ဖြစ်စေ၊ အများနှင့်စုပေါင်း၍ဖြစ်စေ၊ ဘုရားသခင်အား ကိုး ကွယ်ခြင်းကို သင့်ဘဝ၏ မရှိ၊ မဖြစ်အရာတစ်ခုအဖြစ် သတ်မှတ်ပြီး ပြုလုပ်ပါ။
ဘုရားသခင်အဖြေပေးမည်ဟု ယုံကြည်မျှော်လင့်လျက် ဆုတောင်းပါ။ ဟေဇ ကိမင်းကြီးသည် သူ့အတွက်နှင့်လူမျိုးတော်အတွက် ဆုတောင်းခြင်းကို ဘုရားသခင်က အံ့ဩစရာနည်းလမ်းများဖြင့် အဖြေပေးခဲ့သည်။ ဘုရားသခင်နှင့်မှန်ကန်သော ဆက်နွယ် ခြင်းရှိလျှင် ဘယ်သူမဆို၊ ဆုတောင်းသောအခါ ဘုရားသခင်အဖြေပေးကြောင်းကို ဟေဇကိမင်းကြီးက သင်ခန်းစာပေးခဲ့သည်။ ဝိညာဉ်တော်နှင့်အတူ လျှောက်လှမ်းပါ။ စိတ်အားထက်သန်စွာ ဆုတောင်းပါ။ အဖြေရမည်ဟု ယုံကြည်မျှော်လင့်ပါ (ယာကုပ် ၅း၁၆)။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို တုန့်ပြန်ရန်ဆန္ဒရှိပါ။ ဟေဇကိမင်းကြီးသည် ပရောဖက်ဟေရှာယမှတဆင့် ဘုရားသခင်၏စကားတော်ကို လိုက်လျှောက်ရန် ဆက် ကပ်အပ်နှံမှု အပြည့်ရှိခဲ့သည်။ ယနေ့ သင်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကြားနိုင်ရန် အခွင့်အရေးရှိသည်။ စိတ်နှလုံးသားနူးညံ့သိမ်မွေ့စွာဖြင့် ကျမ်းစာကိုဖတ်ပါ။ သင့်နှလုံးသားကို ဖွင့်ထားပါ။ ဘုရားသခင် စကားပြောနေသည်။ သင် နားထောင်နေပါ
သလား။
ယနေ့ သင်၏ကြိုးစားလုပ်ဆောင်ခြင်းသည် အနာဂတ်ကိုပါ အဆုံးဖြတ်ပေး ကြောင်းသတိရပါ။ ယုဒနိုင်ငံတွင် ဟေဇကိမင်းကြီးသည် ဘုရားသခင်အတွက် ကြီးမား စွာလုပ်ဆောင်ခဲ့သည့် အောင်မြင်သောသူ တစ်ယောက်ဖြစ်သည်။ သို့သော် အနာဂတ်၏ သာသနာကိုမမြင်နိုင်ခဲ့ပေ။ လူများ၏ဝိညာဉ်ရေးရာနိုးထမှုကို လက်ဆင့်ကမ်းသယ်ဆောင် ပေးမည့်သူကို မမွေးထုတ်နိုင်ခဲ့ပေ။ ဘုရားသခင်၏နည်းလမ်းအတိုင်း လိုက်လျှောက်ရန် သူ၏သားအပါအဝင်၊ အခြားသူများကို မသွန်သင်ပေးနိုင်ခဲ့ပေ။ သင်၏ဝိညာဉ်ရေးရာ နိုးထမှုသည် ယနေ့ သင် အသက်ရှင်သောအချိန်တစ်ခုတည်းသာ မဟုတ်ပေ။ အနာဂတ် ၊ တွင် ဘယ်လောက်ထိရောက်နိုင်ကြောင်းကိုပါ ကြည့်နိုင်ရမည်။ သင့်မိသားစုမှ သင်၏ သား၊ သမီးများ အပါအဝင် ဖြစ်သည်။
ဒါဝိဒ်နှင့်နှိုင်းယှဉ်ခံရသောရှင်ဘုရင်များ
အာသ- “အာသသည် အဘိတော်ဒါဝိဒ်ပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌
တရားသဖြင့်ပြု၏။” (၃ဓမ္မ ၁၅း၁၁)
ဟေဇကိ – ထိုမင်းသည် အဘဒါဝိဒ်ကျင့်သမျှအတိုင်းထာဝရဘုရားရှေ့တော်၌
တရားသောအမှုကိုပြု၏။” (၄ဓမ္မ ၁၈း၃)
ယောရှိ- “ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၍လက်ျာဘက်၊
လက်ဝဲဘက်သို့မလွဲ၊ အဘဒါဝိဒ်လိုက်သမျှသောလမ်းသို့ လိုက်လေ၏။ (၄ဓမ္မ ၂၂း၂)
ယောဘ
စုံလင်ဖြောင့်မတ်သောသူ
ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသောသူ တယောက်မျှ မရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့ သာသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူ
ဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။
(ယောဘ ၁း၈)
အရည်အချင်း- စုံလင်ဖြောင့်မတ်သောသူ။
ပြည့်စုံခြင်း- ပြင်းစွာသောဆင်းရဲဒုက္ခကို သည်းခံခြင်း။
အသက်ရှင်ခဲ့သောအချိန်- အာဗြဟံခေတ်အချိန်၊ (အသက် ၁၄ဝ)။
နာမည်- ယောဘ- အဓိပ္ပါယ်မှာ “ညှဉ်းပန်းနှိပ်စက်ခြင်းခံရသူ ́။
ကျမ်းပိုဒ်- ယောဘဝတ္တု။
နောက်ခံအကြောင်းအရာ
ယောဘသည် မိချန်ပြည်အနီးရှိ ဥဇပြည်တွင် အသက်ရှင်နေထိုင်ခဲ့သည်။ နောက်နှစ်ပေါင်း (၄၀)ကြာသောအခါ ထိုမိချန်ပြည်၌ မောရှေသည် ယောက္ခမ၏သိုးများ
ကိုထိန်းကျောင်းခဲ့ရသည်။ ယောဘနာမည်ဖြင့် ကင်ပွန်းတပ်ပေးထားသော ဤယောဘ ဝတ္ထုတွင် မောရှေ၏ပညတ်တရားများ၊ ဟေဗြဲရှေးဘိုးဘေးများနှင့် ဘုရားသခင်ပြုသော ပဋိညာဉ်များ စသည့်အကြောင်းများ လုံးဝ မပါရှိပေ။ သို့သော် ယောဘသည် သူ၏ သားစုကိုယ်စား ယဇ်ပုရောဟိတ်တာဝန်ကို ယူခဲ့ရသည်။ နှစ်ပေါင်း (၁၄၀) အသက်ရှင် ၊ နေထိုင်ခဲ့သည်။ ယောဘသည် ဟေဗြဲလူမျိုးများ၏ဘိုးဘေးများ၊ အာဗြဟံလက်ထပ်အ ချိန်တွင် အသက်ရှင်နေထိုင်ခဲ့သည်ဟု ယူဆရပါသည်။
ခြုံငုံကြည့်ခြင်း
ယောဘသည် ဒုက္ခပြဿနာမရှိသူ၊ ချမ်းသာကြွယ်ဝသောသူအဖြစ် နှစ်ပေါင်း များစွာ အသက်ရှင်ခဲ့သည်။ သိုး၊ နွား၊ မြင်း၊ ကုလားအုပ်များစွာ ပိုင်ဆိုင်သော သူဌေး တစ်ယောက်ဖြစ်သည်။ ယောဘသည် ခင်ပွန်းကောင်းတစ်ယောက်ဖြစ်ပြီး၊ သား(၅)
ယောက်၊ သမီး(၃)ယောက်တို့၏ချစ်လှစွာသောဖခင်ကြီးလည်း ဖြစ်သည်။ တစ်နေ့၌ နာ ရီပိုင်းအတွင်းမှာပင် ပြင်းထန်ဆိုးဝါးသော သဘာဝဘေးအန္တရာယ်ကြောင့်၊ သူခိုး၊ ဓါးပြ ၊ များကြောင့် သူ၏သား၊ သမီးများ၊ စည်းစိမ်ဥစ္စာများအားလုံးသည် ပျောက်ဆုံးပျက်ဆီးခဲ့ရ သည်။ ပို၍ဆိုးဝါးသည်မှာ သူ၏ကိုယ်ခန္ဓာ၌ ဦးခေါင်းမှခြေဖျားထိ အနာစိမ်းများပေါက်ခဲ့ သည်။ ပြင်းထန်သောဝေဒနာကို သူကိုယ်တိုင် ခံစားခဲ့ရသည်။ ဘုရားသခင်အပေါ် ယုံ ကြည်ခြင်းမှလွဲ၍ ယောဘတွင် ဘာတစ်ခုမှ မကျန်တော့ပေ။ ဤကဲ့သို့သောကြောက်စရာ အဖြစ်ဆိုးကြီး သူ့အပေါ်ဘာကြောင့် ကျရောက်လာသလဲဆိုသည့်မေးခွန်းကိုလည်း ဘု ရားအား ပေးခဲ့သည်။ သူ၏မိတ်ဆွေများက သူနှင့်အတူငိုကြွေးဖို့ ရောက်လာကြသည်။ ။ သို့သော် သူတို့၏နှစ်သိမ့်အားပေးမှုသည် ပြစ်တင်စွပ်စွဲချက်နှင့် ငြင်းခုန်ခြင်းများသို့
ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူတို့၏ငြင်းခုန်မှုများတွင် ဝင် ရောက်လာကာ၊ ယောဘ၏မိတ်ဆွေများကို ဆုံးမခဲ့သည်။ ယောဘ ပြန်လည် ကျန်းမာ လာခြင်း၊ စည်းစိမ်ဥစ္စာများပြန်လည်ရရှိလာခြင်းဖြင့် ဇာတ်လမ်းကို အဆုံးသတ်ထားသည်။
အကြောင်းအရာ •
ယောဘကို စုံစမ်းခြင်း (ယောဘ ၁-၂)
ယောဘသည် ဘုရားသခင်ကို ချစ်သောသူ၊ စုံလင်ဖြောင့်မတ်သောသူ၊ ချမ်း သာကြွယ်ဝသောသူ ဖြစ်သည်။ ကောင်းကင်မှ စည်းဝေးပွဲတွင် ဘုရားသခင်သည်
ယာဘကို ကောင်းကြီးပေးထားသောကြောင့် ယောဘက ဘုရားသခင်ကို ကိုးကွယ် ဆည်းကပ်နေသည်ဟု စာတန်က ယောဘကို စွပ်စွဲသည်။ ယောဘသည် ကောင်း ကြီးအပေါ်တွင် ဘုရားကို ယုံကြည်ကိုးကွယ်နေခြင်း မဟုတ်ကြောင်းကို သက်သေပြရန် ဘုရားသခင်သည် စာတန်ကို ယောဘမိသားစုနှင့် သူ၏စည်းစိမ်ဥစ္စာများကို ဖျက်ဆီးရန် အခွင့်ပေးခဲ့သည်။ ဘုရားသခင် အခွင့်ပေးသည့်အတိုင်း စာတန်က လက်စွမ်းပြခဲ့သည်။ ယောဘက ဘုရားကိုဆက်လက်ကိုးကွယ်မြဲ ကိုးကွယ်နေသည်။ တဖန် စာတန်က ယောဘ၏ကိုယ်ခန္ဓာကို ထိခိုက်လျှင် ဘုရားကို ငြင်းပယ်မည်ဟု တဆင့်တက်လာခဲ့သည်။ ဘုရားသခင်ပြောသည်အတိုင်းပင် ဦးခေါင်းမှခြေဖျားအထိ ရစရာမရှိအောင် အနာစိမ်း များ ပေါက်သော်လည်း ယောဘကြီးသည် ဘုရားသခင်၊ ထာဝရဘုရားကို ယုံကြည်ကိုး စားနေခဲ့သည်။ •
ယောဘကို စွပ်စွဲခြင်း (ယောဘ ၃-၃၇)
ယောဘ၏မိတ်ဆွေများက ယောဘအခုလိုဖြစ်ရခြင်းသည် ယောဘကျူးလွန် သော အပြစ်ကြောင့်ဖြစ်သည်ဟု မှားယွင်းစွာ စွပ်စွဲခဲ့ကြသည်။ ယောဘကို နောင်တရရန်၊ သူတို့ ဖြောင့်ဖြခဲ့ကြသည်။ ဤကဲ့သို့ ဒုက္ခဆင်းရဲခံရခြင်းသည် သူ၏အပြစ်ကြောင့် မဟုတ်ကြောင်း ယောဘငြင်းဆိုခဲ့သည်။ ယောဘ ငြင်းဆိုလေလေ၊ စွပ်စွဲခြင်းများသည် ပို၍ ပြင်းထန်လေလေ ဖြစ်လာခဲ့သည်။ •
ဘုရားသခင်က ယောဘကို နှစ်သိမ့်ပေးခြင်း (ယောဘ ၃၈-၄၁)
နောက်ဆုံးတွင် ဘုရားသခင်သည် ယောဘကို လေပွေးအားဖြင့် စကားပြောခဲ့ သည်။ ယောဘ ဘာကြောင့်ဆင်းရဲဒုက္ခကို ခံရကြောင်းမေးခွန်းကို ဘုရားသခင်က အ ပေးရမည့်အစား ဘယ်လူသားတစ်ယောက်မှ မဖြေနိုင်သည့် မေးခွန်းအခန်းဆက်ကို
ဘုရားသခင်ကမေးခဲ့သည်။ အနန္တတန်ခိုးတော်၊ ဂုဏ်တော်၊ အလုံးစုံတတ်နိုင်တော်မူသော ဘုရားသခင်သည် အမြဲတမ်းနားမလည်သည့် နည်းလမ်းများဖြင့် လုပ်ဆောင်ကြောင်း၊ သို့သော် ထိုနည်းလမ်းများသည် သူ့အတွက် အကောင်းဆုံးဖြစ်ကြောင်း ယောဘ နား လည် သဘောပေါက်ခဲ့ရသည်။ • ယောဘကို ကောင်းကြီးပေးခြင်း (ယောဘ ၄၂)
ဘုရားသခင်ရှေ့တွင် ယောဘသည် သူ့ကိုယ်သူ နှိမ့်ချခဲ့ရသည်။ ယောဘကို မှားယွင်းစွာ စွပ်စွဲခဲ့သော သူ၏မိတ်ဆွေများကို ဘုရားသခင် ဆုံးမခဲ့သည်။ ထို့အပြင် ယောဘသည် အရင်ကထက် ဥစ္စာစည်းစိမ်များ၊ ကောင်းကြီးနှစ်ဆ ခံစားခဲ့ရသည်။ မိ သားစုအသစ်ဖြင့် သား (ရ)ယောက်၊ သမီး (၃)ယောက်ကိုလည်း ပြန်လည်ရရှိခဲ့သည်။ |
ဆင်ခြင်စရာ
ယောဘသည် သူဘာကြောင့် ဒုက္ခဆင်းရဲခံစားခဲ့ရကြောင်း ဘယ်သောအခါမှ မသိခဲ့ရပေ။ သို့သော် ဘုရားသခင်၏စီရင်ခြင်းနှင့်ဉာဏ်ပညာတော်ကို မေးခွန်းထုတ်ခြင်း မရှိဘဲ၊ အခြေအနေကိုလက်ခံဖို့သာဖြစ်ကြောင်း ယောဘ သိရှိခဲ့ရသည်။ စစ်ဆေးခြင်းများ အားဖြင့် ယောဘက ဘုရားသခင်ကို ပိုပြီး သိခဲ့သည်။ ပို၍ ကိုးစားလာခဲ့သည်။ သမ္မာ ကျမ်းစာထဲတွင် ယောဘကို နော၊ ဒံယေလကဲ့သို့ ဖြောင့်မတ်သောသူအဖြစ် မှတ်တမ်း တင်ထားသည် (ယေဇကျေလ ၁၄း၁၄-၂၀)။ ထို့အပြင် ဓမ္မသစ်ကျမ်းတွင်လည်း ဆင်းရဲ ဒုက္ခခံနေရသော်လည်း ဖြောင့်မတ်စွာအသက်ရှင်ရန် ယောဘအသက်တာအားဖြင့် ပုံ ၊ သက်သေပေးထားသည် (ယာကုပ် ၅း၁၁)။
သင်ခန်းစာယူစရာ
ဆင်းရဲဒုက္ခသည် ဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယောဘသည် ဒုက္ခပြ ဿနာမရှိသောဘဝအသက်တာဖြင့် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သည်။ ဒုက္ခဆင်းရဲ ခြင်းကိုလည်း သူမမျှော်လင့်ခဲ့ပေ။ ဆင်းရဲဒုက္ခကို ဘယ်သူမှ မလိုချင်ပေ။ သို့သော် လူ တိုင်း တွေ့ကြုံရသည်။ ဘုရားသခင်သည် သူ၏သား၊ သမီးများကို ပူပင်ကြောင့်ကြမှု
မရှိသောဘဝကို ကတိမပေးခဲ့ပေ။ သို့သော် ဘုရားသခင်ပေးခဲ့သောအရာမှာ ဆင်းရဲ ခံနေရစဉ်ကာလတွင် သူ၏ကျေးဇူး၊ ဂရုဏာကို ပေးခဲ့သည်။ ထိုကျေးဇူး၊ ဂရုဏာ အားဖြင့် သင်သည် အခက်အခဲပြဿနာများအပေါ် အောင်မြင်ခြင်းကို ဘုရားသခင် မြင်ချင်သည်။ ထို့ကြောင့် သင်ရင့်ကျက်ရန်အတွက် ဒုက္ခဆင်းရဲခြင်းကို ပေးတွေ့သော ဘုရားသခင်ကို ယုံကြည်ကိုးစားပါ။
ဆင်းရဲဒုက္ခသည် သင့်အား သည်းခံခြင်းကို သင်ပေးသည်။ ယောဘကြီးသည် ဆင်းရဲဒုက္ခခံနေချိန်တွင် သည်းခံခြင်းကိုလည်း သင်ယူနေရသည်။ သူ၏မယားသည် ဘုရားသခင်ကို ကျိန်ဆဲခိုင်းသည့်အချိန်မှာပင် ယောဘသည် ဘုရားသခင်ကို ဘယ်
သောအခါမှ လက်မလွှတ်ခဲ့ပါ။ မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ဘုရားနှင့် အနီးကပ်ဆုံးမှာနေ ပါ။ အခက်ခဲဆုံးအချိန်ကိုပင် ခံနိုင်ရည်ခွန်အားကို ဘုရားသခင်သည် သင့်အားပေးမည်။ သင့်အတွက် အမှောင်မိုက်ဆုံးအချိန်မှာပင် ဘုရားသခင်က သင့်ကို မြင်နေပါသည်။
ဆင်းရဲဒုက္ခကို ဘုရားအမြင်ဖြင့် မြင်တတ်ရန်လိုအပ်သည်။ သင်နားလည်နိုင် သည့်နည်းလမ်းများဖြင့် ဘုရားသခင် အမြဲတမ်း အလုပ်မလုပ်ပေ။ ဘုရားသခင်၏ ကြီးမားသည့်ဉာဏ်ပညာတော်ကို ယုံကြည်စိတ်ချဖို့ရန် ဆင်းရဲဒုက္ခများက သင့်အတွက် အခွင့်အရေးများပင် ဖြစ်သည်။
ဧဇရ
သစ္စာရှိသောဆရာ
ဧဇရသည် ထာဝရဘုရား၏ တရားတော် ကို စစ်ဆေးစာင့်ရှောက်ခြင်းငှါ၎င်း၊ စီရင်ထုံးဖွဲ့ တော် မူချက် တို့ ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှါ၎င်း၊
သဘာ သာသူဖြစ်၏။ (ဧဇရ ၇း၁၀)
အရည်အချင်း- ဘုရားသခင်၏တရားတော်ကို ဆက်ကပ်အပ်နှံသောသူ။
ပြည့်စုံခြင်း- ဣသရေလလူများကို ဘုရားသခင်၏တရားလမ်းတော်၌ ပြန်လည်အသက် ရှင်စေခြင်း။
အသက်ရှင်ခဲ့သောအချိန်- ၄၅ဝ ဘီစီခန့်။ ။
နာမည်- ဇေရ- အဓိပ္ပါယ်မှာ “ထာဝရဘုရား မစတော်မူသည်။
ကျမ်းပိုဒ်- ဇေရ ၇-၁၀၊ နေဟမိ ၈။
နောက်ခံအကြောင်းအရာ
တစ်ချိန်တစ်ခါက အင်အားကြီးမားခဲ့သော ဗာဗုလုန်အင်ပါယာသည် ယေရုရှ လင်မြို့တော်ကြီးကို ဖျက်ဆီးကာ၊ ဂျူးများကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ ယခု ထို
အင်ပါယာကြီးကို ပါရှန်းအင်ပါယာက အနိုင်ယူခဲ့သည်။ ဧဇရသည် ပါရှန်းအင်ပါယာ၏ အုပ်ချုပ်မှုအောက်တွင် အသက်ရှင်နေထိုင်သော ယဇ်ပုရောဟိတ်တစ်ပါး ဖြစ်သည်။ ပါရှန်းအင်ပါယာ၏ဥပဒေသစ်က ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသောသူများကို သူတို့၏အမိ မြေသို့ပြန်သွားခွင့်ပြုခဲ့သည်။ ယေရုရှလင်ဗိမာန်တော်ကို ပြန်လည်ပြုပြင်ရန် ပထမဆုံး အဖွဲ့ပြန်လာခဲ့သည်မှာ နှစ်ပေါင်း (၈၀)ရှိခဲ့ပြီ ဖြစ်သည်။ ယခုတွင် ပါရှန်း၏ဘုရင်အသစ် က ဧဇရအား ဒုတိယအဖွဲ့ကို ယေရုရှလင်မြို့သို့ ဦးဆောင်စေခဲ့သည်။ ပြန်လည်ပြုပြင်မွမ်း၊ မံပြီးသော ဗိမာန်တော်ကို တန်ဆာဆင်ရန် ရွှေ၊ ငွေအမြောက်မြားကိုပင် ဇေရနှင့်အတူ ပေးလိုက်သည်။
ခြုံငုံကြည့်ခြင်း ၊
ဂျူးလူမျိုး၊ ဒုတိယအဖွဲ့ကို ယေရုရှလင်မြို့သို့ ဦးဆောင်ရန် ငဇရသည် တာဝန် ပေးခြင်းခံရသည့်အချိန်မှစ ပုံသက်သေကောင်းဖြင့် ဦးဆောင်ခဲ့သည်။ သူသည် ဘုရား သခင်ကို ကိုးစားကြောင်း ပါရှန်းရှင်ဘုရင်နှင့် သူဦးဆောင်ရမည့်သူများကို လက်တွေ့ပြ သခဲ့သည်။ ယေရုရှလင်သို့ ခရီးမစခင် အစာရှောင်၊ ဆုတောင်းခဲ့သည်။ သူ၏အမိမြေ ဖြစ်သော ယေရုရှလင်မြို့သို့ရောက်သောအခါ လူများ၏မနာခံခြင်းကြောင့် စိတ်ပျက်ခဲ့ရ သည်။ အကြောင်းမှာ ဣသရေလလူများသည် တပါးအမျိုးသားများနှင့် အိမ်ထောင် ဘက်ပြုကြသည်။ ဆုတောင်းခြင်း၊ အပြစ်ဝန်ချတောင်းပန်ခြင်းများ မရှိကြပေ။ ဘုရား သခင်၏တရားတော်ကို သွန်သင်ရန် သူ့ကိုအခွင့်အာဏာပေးထားသည်။ လိုအပ်လာ လျှင် အတင်းအကျပ်ခိုင်းစေရန် ဖြစ်သည် (၇း၂၅-၂၆)။ သို့သော် ဘုရားသခင်၏တရား
တော်ကို လိုက်လျှောက်ရန် အတင်းအကျပ်ခိုင်းစေခြင်းထက် လူများ၏အသက်တာ၌ ဘုရားသခင်အလုပ်လုပ်ရန် ဇရ စတင်ဆုတောင်းခဲ့သည်။ လူများက သူတို့၏အပြစ် ၊ များကို ဝန်ချတောင်းပန်လာခဲ့ကြသည်။ သူတို့၏ပြဿနာများကို ဖြေရှင်းရန်လည်း နာခံ လာကြသည်။ ဇရ၏ အစပိုင်းလုပ်ဆောင်မှုသည် နောက်ပိုင်းတွင် ရောက်လာမည့် ခေါင်းဆောင်၊ နေဟမိအတွက် ကြိုတင်လမ်းခင်းပေးခြင်း ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဧဇရနှင့်နေဟမိတို့သည် က္ကသရေလတမျိုးသားလုံး၏ ဝိညာဉ်ရေးရာနိုးထမှုအတွက် အ တူတကွ လုပ်ဆောင်ခဲ့ကြသည်။
အကြောင်းအရာ •
ဧဇရ၏ဦးစားပေးခြင်း (ဧဇရ ၇)
ယဇ်ပုရောဟိတ်များ ပုံမှန်လုပ်ရမည့်တာဝန်သည် ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်း ဖြစ်သည်။ သို့သော် ယုဒလူများ ဗာဗုလုန်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရပြီး၊ ဗိမာန်
တော်ပျက်ဆီးသွားသည့်အချိန်ကစ ယဇ်ပုရောဟိတ်များသည်၊ အထူးသဖြင့် ဇရသည် ၊ သွန်သင်ခြင်းကို လုပ်ဆောင်လာခဲ့သည်။
ဧဇရကိုယ်တိုင်ကပင် ‘ထာဝရဘုရား၏တရား
တော်ကို စစ်ဆေးစောင့်ရှောက်ခြင်းငှါ၎င်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို က္ကသရေလအမျိုး ၊ ၌ သွန်သင်ခြင်းငှါ၎င်း၊ သဘောကျသောသူဖြစ်၏” (ဧဇရ ၁၀)။
ဧဇရ၏ယုံကြည်ခြင်း (ဧဇရ ၈) ၊
ငဇရသည် ယောက်ျား၊ မိန်းမ၊ ကလေးသူငယ်၊ အားလုံးပေါင်း (၅၀၀၀) မှ (၈ဝဝဝ)ထိကို ဦးဆောင်ကာ ယေရုရှလင်မြို့သို့ပြန်ရန် တာဝန်ပေးခြင်းခံရသည်။ ထို့အ ပြင် ပြန်လည်ပြုပြင်ပြီးသောဗိမာန်တော်ကို အလှဆင်ရန် မြောက်မြားစွာသော ရွှေ၊ ငွေ များကိုလည်း ယေရုရှလင်မြို့သို့ သွားရန် တာဝန်ပေးခြင်းခံရသည်။ ထို့အပြင် လမ်း ခရီးတွင်လည်း အန္တရာယ်ရှိသောတိုင်းပြည်များကို ဖြတ်သန်းသွားရမည် ဖြစ်သည်။ သို့
သော် ဇေရသည် ပါရှန်းရှင်ဘုရင်ထံ၌ လုံခြုံရေးအတွက် မတောင်းဆိုခဲ့ပေ။ ဘုရားသခင် ၏ကွယ်ကာမစမှုတစ်ခုတည်းကိုသာ ကိုးစားရန် ဆုံးဖြတ်ခဲ့သည်။ သူနှင့်အတူ ခရီးပြု မည့်သူများအားလုံးသည် “အစာရှောင်၍၊ ဘုရားသခင်ကို ဆုတောင်းလျက်နေကြ၏”
(၈း၂၃)။
ဧဇရတ်ခံစားချက် (၉)
ယဇ်ပုရောဟိတ်များနှင့်လေိလူများ(ဘာသာရေးခေါင်းဆောင်များ)အပါအဝင်၊ အချို့သောယုဒလူများသည် အိမ်နီးချင်းမှ တပါးအမျိုးသားများနှင့် အိမ်ထောင်ဖက်ပြု ကြသည်ကို ဇရနှင့်သူ၏လူများ ယေရုရှလင်မြို့သို့ရောက်သောအခါ တွေ့ခဲ့ရသည်။ ဇေရသည် လွန်စွာဝမ်းနည်းခဲ့ရသည်။ အတိတ်က ဘိုးဘေးများပြုခဲ့သောဒုစရိုက်အပြစ် နှင့်အတူတူပင် ဖြစ်နေသည်။ ဒေါသတကြီးနှင့် အော်ဟစ်ငေါက်ငေး ကြိမ်းမောင်းမည့်အ
စား၊ ဧဇရသည် အစာရှောင်ဆုတောင်းရန် ဆုံးဖြတ်ခဲ့သည်။ သူ၏အပြစ်နှင့်သူ့လူများ၏ အပြစ်အတွက် ဘုရားသခင်ရှေ့တွင် ဝန်ချတောင်းပန်ခဲ့သည်။ •
ဧဇရကြိုးစားခြင်း (ဧဇရ ၁၀)
ငဇရသည် သူ့လူများအပေါ် အကြီးအကျယ်စိတ်ဓါတ်ကျခြင်းနှင့် သူတို့အတွက် ဆုတောင်းပေးခြင်းကို လူများမြင်သောအခါ သူတို့လည်း သူတို့၏အပြစ်များအတွက်
နောင်တရလာခဲ့ကြသည်။ သူတို့၏ဒုစရိုက်အပြစ်များအတွက် ငိုကြွေးခဲ့ကြသည်။ အပြစ် ကျူးလွန်သူများသည် သူတို့လက်ထပ်ထားသော အခြားအမျိုးမှမိန်းမများနှင့် သီးခြားနေ ရန်နှင့် ဘုရားသခင် ထာဝရဘုရားနောက်ကို သစ္စာရှိစွာလိုက်ရန် သူတို့ကိုယ်သူတို့ အ လိုအလျောက် ဆုံးဖြတ်ခဲ့ကြသည်။ ။ •
ဘုရားသခင်၏တရားတော်ကို ဧဇရ၏ရှင်းပြခြင်း (နေဟမိ ၈)
နောက်ပိုင်းတွင် ဗာဗုလုန်မှ နေဟမိရောက်လာသောအခါ ပြိုပျက်နေသော ယေရုရှလင်မြို့ရိုးများကို ပြန်လည်တည်ဆောက်ခဲ့သည်။ ထိုအခါ လူအများ၏ရှေ့တွင် ဘုရားသခင်၏တရားတော်ကို ရှင်းပြရန် ဧဇရအား တောင်းဆိုခဲ့ကြသည်။ တစ်ရက်တွင် (၆)နာရီ၊ (ရ)ရက် ဆက်တိုက် ငဇရနှင့်အခြားသော ယဇ်ပုရောဟိတ်များသည် လူများ၏ ရှေ့တွင် တရားတော်ကို ဖတ်ပြခဲ့သည်။ လိုက်လျှောက်ရန် လမ်းညွှန်ခဲ့ကြသည်။ လူများ က သူတို့၏ဒုစရိုက်အပြစ်အတွက် ငိုကြွေးခြင်း၊ နောင်တရခြင်းများဖြင့် တုန့်ပြန်ခဲ့ကြ သည်။ ဇေရအသက်တာတစ်လျှောက်လုံးတွင် တရားတော်ကို သွန်သင်ခြင်း၊ လက်တွေ့ လိုက်လျှောက်ခြင်း၊ လေ့လာခြင်းအတွက် ကြိုးစားခဲ့ခြင်းသည် ယခု ယုဒလူများအား ဘုရားသခင်၏တရားတော်ကို ဖတ်ပြရာတွင် များစွာအထောက်အကူ ဖြစ်စေခဲ့သည်။
ဆင်ခြင်စရာ
လူများအား ယေရုရှလင်မြို့သို့ ပြန်ရန် ဇရကို ပါရှန်းရှင်ဘုရင်က တာဝန်မ ပေးမီ နှစ်ပေါင်းများစွာကတည်းက ဘုရားသခင်သည် ဧဇရကို ဤတာဝန်အတွက် ပြင် ဆင်ပေးခဲ့ပြီး ဖြစ်သည်။ ပထမ၊ ကျမ်းပြုဆရာဖြစ်သောဇရသည် ဘုရားသခင်၏တရား တော်ကို သေချာစွာလေ့လာခြင်းဖြင့် သူ့ကိုယ်သူ ဆက်ကပ်ခဲ့သည်။ ဒုတိယ၊ ဧဇရ
သည် သူခံယူရရှိသောဘုရားသခင်၏တရားတော်ကို လက်တွေ့လုပ်ဆောင်ခဲ့သည်။ တ တိယ၊ အခြားသူများလည်း ထာဝရဘုရား၏တရားတော်ကို သိရှိရန်နှင့်နာခံရန် ဇရ သည် သူတို့ကို သွန်သင်ပေးရန် ဆန္ဒပြင်းပြခဲ့သည်။ ဤအချက်များကြောင့် ဇရသည် ယေရုရှလင်မြို့မှလူများနှင့်တိုင်းပြည်တစ်ခုလုံးကို ကြီးစွာသောနိုးထမှုဖြစ်စေခဲ့သည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ဘုရားသခင်သည် သူ၏လူများအား ဖြစ်စေချင်သောအရာအ တွက် ငဇရသည် စံနမူနာယူထိုက်သော ပုံသက်သေတစ်ခု ဖြစ်ခဲ့သည်။ ဘုရားသခင် နှစ်သက်သောအသက်တာကို ဧဇရကအသက်ရှင်ပြသခဲ့သည့်အပြင် သူတပါးထံသို့လည်း ကူးစက် စေခဲ့သည်။ ငဇရ၏ဝိညာဉ်ရေးရာဦးဆောင်မှုအောက်တွင် ကြီးစွာသော နိုးထမှု ဖြစ်ခဲ့သည်။
သင်ခန်းစာယူစရာ
သင်၏ဝိညာဉ်ရေးရာကြီးထွားခြင်းတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုလေ့ လာခြင်းနှင့်နာခံခြင်းသည် မရှိမဖြစ် အရေးကြီးသည်။ ငဇရ၏အောင်မြင်မှုသည် ဘုရား သခင်၏တရားတော်ကို ဆက်ကပ်အပ်နှံခြင်း၊ ထိုတရားတော်အတိုင်း အသက်ရှင်ခြင်း
ကြောင့် ဖြစ်သည်။ ငဇရသည် တရားတော်ကို လေးနက်စွာ လေ့လာသည်။ သစ္စာရှိစွာ လိုက်လျှောက်သည်။ ဧဇရ၏ပုံသက်သေကို ယနေ့လည်း အတုယူနိုင်ပါသည်။ နှုတ်က ပတ်တော်လေ့လာခြင်းအားဖြင့် သင်နှင့်ဘုရားသခင်၏ဆက်နွယ်မှု ကြီးထွားလာခြင်းကို သင့်ဝိညာဉ်ရေးရာအသက်တာ၌ ပထမဦးစွာ မြင်တွေ့နေရမည်။ သင့်အသက်တာ၏ ပထမဆုံးဦးစားပေးဖြစ်ရမည့် နှုတ်ကပတ်တော်လေ့လာခြင်း၊ ဆုတောင်းခြင်းနှင့်ကိုးကွယ် ခြင်းကို ဘယ်အရာက ဆုပ်ကိုင်ထားသလဲ။ ယနေ့ သင်နှင့်ဘုရားသခင် တစ်ဦးတည်းအ ချိန်ယူခြင်းကို ဘယ်အရာက အတားအဆီးဖြစ်စေသလဲ။ ထိုအရာများမရှိဘဲ သင်၏ ဝိညာဉ်ရေးရာကြီးထွားဖို့ မဖြစ်နိုင်ပေ။
သင်အသက်တာ၏ကဏ္ဍတိုင်းတွင် ဘုရားကို အားကိုးပါ။ ဇရသည် အန္တ ရာယ်ရှိသော ယေရုရှလင်ခရီးစဉ်တွင် သူ့ကိုကွယ်ကာမစမှုအတွက် ဘုရားသခင်ကို ယုံ ကြည်စိတ်ချခဲ့သည်။ နာခံခြင်းမရှိသောလူများ၏နှလုံးသားတွင်လည်း ဘုရားသခင် အ
လုပ်လုပ်ရန် ဘုရားသခင်ကို ယုံကြည်ကိုးစားခဲ့သည်။ တန်ခိုးကြီးသော ဘုရားသခင်၏ လက်တော်ထဲ၌ ဆက်ကပ်အပ်နှံရန် သင့်အသက်တာ ဘယ်ကဏ္ဍ၌ အားနည်းနေသလဲ။ ငဇေရက ဘုရားသခင်ကို လုံးလုံးလျားလျား အားကိုးသလို သင်လည်း ဘုရားကို အား ကိုးရမည်။ သင့်အသက်တာသည် ဘုရားလက်တော်ထဲတွင် ရှိသည်။
သမ္မာကျမ်းစာ၏အခွင့်အာဏာကို မြဲစွာဆုပ်ကိုင်ထားပါ။ သမ္မာကျမ်းစာနှင့်ဆန့် ၊ ကျင်ဘက်အရာများကို ဧဇရသည် လုံးဝ မလိုက်လျောပေ။ ထို့အပြင် တရားတော်ကို အသစ်တဖန် အနက်ပြန်ခြင်းကိုလည်း ဧဇရ ခွင့်မပြုခဲ့ပေ။ သင်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်မှပြောသောအရာကို အပြည့်အဝလက်ခံပါ။ အချို့သောသင်၏လုပ်ရပ် များကကျမ်းစာနှင့်မကိုက်ညီခြင်းအပေါ် သမ္မာကျမ်းစာကို လွဲမှားစွာအနက်ဖွင့်ပြီး၊ သင် ၏လုပ်ရပ်များကို ဖုံးကွယ်ထားလိုပါသလား။ သမ္မာကျမ်းစာသည် အရှိကိုအရှိအတိုင်း လက်ခံဖို့ဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ရာနှုန်းပြည့်သန့်ရှင်း၊ ဖြောင့် မတ်သည်။ သမ္မာကျမ်းစာ၏အခွင့်အာဏာကို သင့်အတွက် ခံယူပါ။ ထို့နောက် အခြား သူများကို သမ္မာကျမ်းစာအတိုင်း လမ်းပြသွန်သင်ပါ။ တခါတရံ သင်၏ပုံသက်သေသည် ၊ သွန်သင်ပေးခြင်းထက် သာ၍ကောင်းသည်။
နေဟမိ
တည်ဆောက်သူ
ငါကလည်း အရှင်မင်းကြီးအလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင် ၊ ကျွန်တော်ဘိုးဘေးသင်္ချိုင်းရှိရာမြို့ကို ကျွန်တော်ပြုစုရမည်အကြောင်း၊ ဟုဒပြည်သို့ ရွှေတိတော်မူပါဟု ကောင်းကင်ဘုံ ၏ အရှင် ဘုရားသခင်အား ဆုတောင်းပြီးမှလျှောက်လေ၏။
(နေဟမိ ၂:၄)
အရည်အချင်း- ဘုရားသခင်ကို အားကိုးသောသူ။
ပြညှ်စုံခြင်း- ယေရုရှလင်မြို့ရိုးကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်း။
အသက်ရှင်ခဲ့သောအချိန်- ၄၅၀ ဘီစီခန့်။
နာမည်- နေဟမိ- အဓိပ္ပါယ်မှာ ‘ထာဝရဘုရား နှစ်သိမ့်တော်မူသည်။”
ကျမ်းပိုဒ်-နေဟမိမှတ်စာ
နောက်ခံအကြောင်းအရာ
ယဇ်ပုရောဟိတ်သည် ယေရုရှလင်သို့ပြန်ရောက်လာသည်မှာ (၁၃)နှစ်ရှိ ပြီ။ ဘုရားသခင်၏ တရားတော်ကို စတင် ဝန်ခံလာကြသည်။ ဘုရားသခင် နှစ်လောက်သော အသက်တာကို စတင် အသက်ရှင်လာကြသည်။ ပြုပြင်ပြောင်းလဲခြင်း
သည် စတင်လာခဲ့ပြီ။ သို့သော် နှစ်ပေါင်းကြာလာသောအခါ လူတော်တော်များများက ဘုရားသခင်၏တရားတော်ကို လိုက်လျှောက်ခြင်း၌ သွေးအေးလာခဲ့သည်။ အချို့သော သူများက အခြားဘုရားကိုးကွယ်သော မိန်းမများနှင့်ပင် အိမ်ထောင်ဘက်ပြုလာကြသည်။ တိုင်းပြည်သည် အိမ်နီးချင်းတိုင်းပြည်များ၏ခြိမ်းခြောက်မှုကို ခုခံတားဆီးရန် ရုန်းကန်နေ ရဆဲ ဖြစ်သည်။ ပါရှန်းဘုရင်အာတဇေရဇ်မင်းကြီး၏ယုံကြည်စိတ်ချရသော ဖလားတော် ဝန်နေဟမိသည် ယုဒတိုင်းပြည်၏စိတ်မချမ်းသာစရာ သတင်းကို ကြားရသည်။ ယုဒလူ အမြောက်အမြားသည် သူတို့၏အမိမြေ၊ ယေရုရှလင်မြို့သို့ ပြန်လာကြသော်လည်း၊ မြို့ရိုးများ ပျက်ဆီးနေသောကြောင့် ယေရုရှလင်မြို့သည် ဘေးပတ်ဝန်းကျင်အိမ်နီးချင်း နိုင်ငံများ၏စည်းကမ်းမဲ့ ဝင်ရောက်ကျူးကျော်ခြင်းကို ခံနေရသည်။
ခြုံငုံကြည့်ခြင်း
ဘုရားသခင်၏သန့်ရှင်းသောမြို့တော်သည် ယခုကဲ့သို့ စည်းကမ်းမဲ့ဖြစ်နေခြင်း ကို နေဟမိ စိတ်မကောင်းဖြစ်ခဲ့ရသည်။ ထို့ကြောင့် စတင်ဆုတောင်းရင်းမှ ယေရုရှလင် မြို့၏ဝန်ထုပ်ကို သူ၏ပုခုံးပေါ်၌ ထမ်းခဲ့သည်။ ယေရုရှလင်မြို့၏ဂုဏ်သတင်းကို ပြန် လည်ဖော်ဆောင်လိုသောဆန္ဒဖြင့် ယုဒပြည်သို့ ခရီးထွက်ရန် သူ၏ရှင်ဘုရင်ထံ ခွင့် တောင်းခဲ့သည်။
နေဟမိသည် ယေရုရှလင်မြို့သို့ရောက်သောအခါ သူကြားခဲ့ရသည့်အတိုင်း မြို့၏အခြေအနေကို တွေ့မြင်ခဲ့သည်။ နှစ်ပေါင်း (၁၃၀)လောက် ပျက်ဆီးခဲ့သောမြို့ရိုးကို ပြန်လည်တည်ဆောက်ရန် လူများကို စတင်နှိုးဆော်ခဲ့သည်။ မြို့ရိုးပြုပြင်ရန်အတွက် လိုအပ်သောအရာများကို (၅၂)ရက်အတွင်း ရရှိခဲ့သည်။ နိုင်လိုမင်းထက်ပြုလိုသောအိမ် နီးချင်းနိုင်ငံများ၊ လောဘဇောတက်နေသောခေါင်းဆောင်များ၊ ဘုရားသခင်အတွက် စိတ်အားထက်သန်မှု လျော့နည်းသွားသောသူများနှင့် နေဟမိ ဆက်ဆံရသည်။ ယဇ်ပု
ရောဟိတ်ဇရ၏အကူအညီဖြင့် ပညတ်တရားကို သွန်သင်ပေးသည်။ လူအများ၏ တုန့်ပြန်မှုနှင့် ပြုပြင်ပြောင်းလဲခြင်းများသည် ပြန်လည်နိုးထလာခဲ့သည်။ နေဟမိသည် ။ ခွင့်ရက်စေ့သောကြောင့် သူ၏ရှင်ဘုရင်ထံ ပြန်သွားခဲ့သည်။ နေဟမိ မရှိစဉ် အတောအ
တွင်း လူအများက ဘုရားသခင်ထံမှတဖန် ပြန်၍ ဝေးကွာသွားသည်ကို စိတ်မကောင်းစွာ တွေ့ခဲ့ရသည်။ ဒုတိယအကြိမ်တွင် မြို့တော်ဝန်အဖြစ် ပြန်လည်ရောက်ရှိလာခဲ့သည်။ ထာဝရဘုရား၏တရားတော်ကို နာခံရန် လူများကို ပြန်လည် နှိုးဆော်ခဲ့ရသည်။ အကြောင်းအရာ •
နေဟမိ၏ရူပါရုံ အကောင်အထည်ပေါ်လာခြင်း (နေဟမိ ၁) ၊
ယေရုရှလင်မြို့၏ဝမ်းနည်းစရာသတင်းကို ကြားရသောအခါ နေဟမိသည် စိတ်မကောင်းဖြစ်ခဲ့ရသည်။ အဓိကပြဿနာသည် လူများ၏အပြစ်ဖြစ်ကြောင်းသိသော အခါ နေ့ရော၊ ညဉ့်ပါ ဆုတောင်းခြင်းဖြင့် ငိုကြွေးခဲ့သည်။ ဘုရားကို ရိုသေကိုင်းရှိုင်း ရန်၊ မြို့ရိုးများကို ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း လူများက နားလည်လာခဲ့သည်။ ဤရူပါရုံကို သူ၏စိတ်ထဲတွင်ပုံဖော်ကာ ရှင်ဘုရင်၏ဖလားတော်ဝန်အဖြစ် သူသည် အ ကူအညီပေးနိုင်သည်။ •
နေဟမိ၏ရူပါရုံကို အတည်ပြုခြင်း (နေဟမိ ၂ )
ဤအချိန်ထိ နေဟမိသည် သူ့ကိုယ်သူ ဘာမှ မလုပ်သေးပေ။ ပါရှန်းရှင်ဘုရင် ၏အရေးပါအရာရောက်သော ခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့် အာဏာပိုင်မှ ခွင့်ပြုချက်ရရှိခဲ့သည်။ ယေရုရှလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ရန်အတွက် လိုအပ်
သောအထောက်အကူများကိုလည်း ရရှိခဲ့သည်။ ယခု နေဟမိသည် ကိုယ်စွမ်း၊ ဉာဏ် စွမ်းလုပ်ဆောင်ခဲ့သည်။ •
နေဟမိသည် သူ၏ရူပါရုံကို ဝေငှခြင်း (နေဟမိ ၃)
ယုဒပြည်သို့ နေဟမိ ရောက်သောအခါ မြို့ရိုးတည်ဆောက်ရာတွင် အကူအညီ ပေးနိုင်မည့်သူများအား နေဟမိသည် သူ၏ရူပါရုံကို ပြောပြသည်။ လူများက သူတို့နိုင်ငံ ၏ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်ရေးအတွက် ဘုရားသခင်၏မစထောက်ပံ့မှုအပေါ် ယုံကြည်စိတ်ချခဲ့ကြသည်။ နေဟမိ၏ရူပါရုံသည် ရုပ်လုံးပေါ်လာခဲ့သည်။
နေဟမိ ပြဿနာကို ဖြေရှင်းခြင်း (နေဟမိ ၄)
ယေရုရှလင်မြို့ပတ်ဝန်းကျင်မှလူများက မြို့ရိုးပြန်လည်တည်ဆောက်ခြင်းကို ဆန့်ကျင်ဘက်ပြုကြသာမက၊ တည်ဆောက်သောသူများကိုပါ တိုက်ခိုက်ကြသည်။ သူ တို့၏ဆန့်ကျင်မှုများကို ငြင်းပယ်ကာ အလုပ်လုပ်သောအလုပ်သမားများကို နေဟမိက တွန်းအားပေးခဲ့သည်။ နေ့ဆိုင်း၊ ညဉ့်ဆိုင်း တစ်လှည့်စီလုပ်စေကာကြည့်ရှုစောင့်ရှောက်ခဲ့
သည်။
နေဟမိ၏ပုံသက်သေ (နေဟမိ ၅) ၊
ရန်သူများ၏ဆန့်ကျင်ခြင်းနှင့် ခက်ခဲသောအချိန်တွင် ငွေကြေးမလုံလောက်ခြင်း ၊ က လူများကို ဒုက္ခရောက်စေခဲ့သည်။ အသက်ရှင်နိုင်ဖို့အတွက် အစားစာဝယ်ရန် အတိုးနှုန်းမြှင့်မားစွာဖြင့် ငွေချေးကြရသည်။ ပြန်မဆပ်နိုင်သောအခါ အရင်းရှင်များက သူတို့၏အိမ်၊ လယ်ယာများကိုသိမ်းယူခဲ့သည်။ ထို့အပြင် အကြွေးကျေရန် သူတို့၏ သား၊ သမီးများကိုပင် ကျွန်အဖြစ်ရောင်းစားရန် အရင်းရှင်များက တွန်းအားပေးလာကြ သည်။ နေဟမိသည် အစိုးရထံမှ စရိတ်ကို မယူဘဲ၊ သူ၏ကိုယ်ပိုင်ငွေကို အသုံးပြုခြင်း ဖြင့် ပုံသက်သေကို ပြခဲ့သည်။ ထို့အပြင် အရင်းရှင်ကြီးများက သိမ်းယူထားသောအိမ်၊ လယ်ယာမြေများကို ပြန်ပေးရန်နှင့် အကြွေးများကို ပယ်ဖျက်ရန် နေဟမိက ထိုအရင်းရှင် ကြီးများကိုဆုံးမသည်။ အတိုးယူခြင်းမောရှေ၏ပညတ်တရားကခွင့်မပြုကြောင်းကိုလည်း ရှင်းပြသည် (တရားဟော ၂၃း၁၉-၂၀)။ ။
နေဟမိ၏ရည်မှန်းချက်ပန်းတိုင် (နေဟမိ ၈-၁၀)
နေဟမိ၏လက်ရှိပန်းတိုင်မှာ မြို့ရိုးပြီးစီးခြင်းကို မြင်တွေ့ရန် ဖြစ်သည်။ သို့ သော် သူ၏ရေရှည်ပန်းတိုင်မှာ လူများက ဘုရားသခင်၊ ထာဝရဘုရားကို သူတို့အ သက်တာတွင် ကိုးကွယ်ဆည်းကပ်ရန် ဖြစ်သည်။ ထို့ကြောင့် နေဟမိသည် နိုင်ငံတော် အစည်းအဝေးတစ်ခုကိုပြုလုပ်ကာ ဧဇရကို လူများအား ထာဝရဘုရား၏ပညတ်တရား
တော် သင်ကြားစေသည်။ ဘယ်ကဏ္ဍတွင် ပညတ်တရားတော်ကို ချိုးဖောက်နေကြောင်း ကိုလည်း သူတို့ကိုယ်သူတို့ သုံးသပ်စေသည်။ နေဟမိသည် နိုးထမှုကို မလုပ်နိုင်ပေ။
သို့သော် ဘုရားသခင်၏တရားတော်က လုပ်နိုင်ခဲ့သည်။ လူများက သူတို့၏ဒုစရိုက်အပြစ် ကို ဝန်ခံလာကြသည်။ သူတို့၏အသက်ရှင်နေထိုင်မှုပုံစံကို ပြုပြင်လာခဲ့ကြသည်။
ဆင်ခြင်စရာ
နေဟမိသည် ဘုရားသခင်၏အကြံအစည်တော်ထဲတွင် သူ၏အခန်းကဏ္ဍကို နားလည်သဘောပေါက်ခဲ့သည်။ ထိုအချိန်မှစ၍ ဘုရားသခင်၏ကွယ်ကာစောင့်မခြင်း၊
ထောက်ပံ့ခြင်းကို အပြည့်အဝ ကိုးစားခဲ့သည်။ ဘုရားသခင်အပေါ် သူ၏ယုံကြည်စိတ်ချ ခြင်းသည် လူများဆီသို့ စီးဆင်းကာ မြို့ရိုးတည်ဆောက်ရန် အတူတကွ လုပ်ဆောင်လာ ခဲ့ကြသည်။ နေဟမိသည် သူ့ကိုယ်သူပေးဆပ်ခြင်း မရှိဘဲ၊ လူများဆီမှ ဘာတစ်ခုမှ မ
တောင်းဆိုခဲ့ပေ။ သူနှင့်သူ၏လူများလိုအပ်ချက်အတွက် သူကိုယ်တိုင် ကြိုးစားခဲ့သည်။ ဤနည်းအားဖြင့် လူများပေါ်၌ရှိသော အခွန်အတုတ်ကို လျော့ချခဲ့သည်။ နောက်ဆုံး တွင် ဆင်းရဲသားများအပေါ် နိုင်လိုမင်းထက်ပြုနေသော ယေရုရှလင်မြို့မှ အရင်းရှင်ကြီး များအတွက် ဝိညာဉ်ရေးရာခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် နေဟမိသည် ပုံ သက်သေကြောင်း ပြသခဲ့သည်။ နေဟမိ၏ခေါင်းဆောင်မှုသည် ထိုခေတ်အချိန်ကာလ သာမက ရာစုနှစ်များစွာကို ဖြတ်ကျော်ကာ ယနေ့ခေတ် အသင်းတော်များ၌လည်း ဖိညာဉ်ရေးရာခေါင်းဆောင်ကောင်း အရည်အချင်းကို နေဟမိအသက်တာက ဆက်လက် ခွန်ခင်နေသည်။
သင်ခန်းစာယူစရာ
ဆုတောင်းခြင်းက သင်၏ရူပါရုံကို ကျယ်ပြန့်စေသည်။ နေဟမိသည် သူချစ် သောယေရုရှလင်မြို့အတွက် ဆုတောင်းခဲ့သည်။ ထိုသို့ဆုတောင်းရင်းဖြင့် ယေရုရှလင် မြို့၏လိုအပ်ချက်အတွက် ဘုရားသခင်သည် သူ့အားဖော်ပြခဲ့သည်။ နေဟမိဆုတောင်း ခြင်းသည် သူ၏ရူပါရုံကိုကျယ်ပြန်စေခဲ့သည်။ သင့်နှလုံးသား၌ ဘာဝန်ထုပ်များရှိနေသ လီ။ ထိုဝန်ထုပ်ကို ပေါ့ပါးစေရန်နှင့် သင်၏ရူပါရုံ ကျယ်ပြန့်လာဖို့အတွက် ဘုရားသခင်ကို အခွင့်ပေးပါ။ သင်၏လိုအပ်ချက်အတွက် သင်ကိုယ်တိုင်ပင် အဖြေဖြစ်ကောင်း ဖြစ်နိုင်
သည်။ ဒါမှမဟုတ် လိုအပ်ချက်အတွက် ဘုရားသခင်က အခြားနေရာကို ဖော်ပြနေ သလား။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဆုတောင်းခြင်းသည် သင်၏ရူပါရုံကိုအကောင်အထည်ဖော် ရန် အစပြုရာနေရာ ဖြစ်သည်။
မစထောက်ပံ့ရန်နှင့် ကွယ်ကာစောင့်မရန် ဘုရားသခင်ကို အားကိုးပါ။ နေဟမိ သည် ယေရုရှလင်မြို့သို့လာသောအခါ သူ၏ကိုယ်ပိုင်လိုအပ်ချက်အတွက်သာမက၊ သူ ၏လူများအတွက်ပါ ဘုရားသခင်၏မစထောက်ပံ့နိုင်ခြင်းကို အားကိုးခဲ့သည်။ နေဟမိ၏ ဘုရားအပေါ်၌ ယုံကြည်စိတ်ချခြင်းကို လူများကပါ အတုယူလာခဲ့ကြသည်။ ဘုရားသခင် ကို သင်ဘယ်လောက် ယုံကြည်အားကြီးသလဲ။ အခက်အခဲများကြားတွင် ဘုရားသခင်ကို အားကိုးပါ။ သင်၏ယုံကြည်ခြင်းသည် အခြားသူများကိုပါ ယုံကြည်ခြင်း အားကြီးစေမည်။
တာဝန်ကြီးသောအလုပ်များ ပြီးမြောက်အောင်မြင်ရန်အတွက် အဖွဲ့လိုက်လုပ် ဆောင်ခြင်းသည် မရှိမဖြစ် အရေးကြီးသည်။ ယေရုရှလင်မြို့သို့ နေဟမိရောက်လာသော အခါ မြို့ရိုးပျက်ဆီးခဲ့သည်မှာ နှစ်ပေါင်း (၁၀၀)ထက်မက ရှိနေကြောင်း သိခဲ့ရသည်။ ထို့ကြောင့် နိုင်ငံတော်၏ဂုဏ်ကိုဆောင်ရန် လူများထံတောင်းဆိုခဲ့သည်။ ပါရှန်းဘုရင်၏ ကူညီထောက်ပံ့ခြင်းကိုလည်း ပေးခဲ့သည်။ လူများက မြို့ရိုးကို တက်ညီလက်ညီ တည်
ဆောက်ခဲ့ကြသည်။ အံ့သြစရာကောင်းလောက်အောင် ရက်ပေါင်း(၅၂)ရက်အတွင်း ပြီးစီးခဲ့သည်။ သင်ကိုယ်တိုင် မလုပ်နိုင်လောက်အောင် သင် တာဝန်ယူထားရသော အ လုပ်ရှိပါသလား။ ရှိမည်ဆိုလျှင် သင်တစ်ယောက်ထဲလုပ်ဖို့ ကြိုးစားနေပါသလား။ သင့်ကို ကူညီဖို့ ဘယ်သူ့ကို ဆွဲခေါ်နိုင်သလဲ။ သင့်ကို ကူညီနိုင်မည့်သူများကို သင် စာရင်းပြုစုနိုင်လျှင် ဘယ်အလုပ်မဆို အောင်မြင်ရန်အခွင့်အရေးရှိပါသည်။ တစ်ဦးတစ်
ယောက်တည်းလုပ်ဆောင်ခြင်းထက်၊ အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းသည် အောင် မြင်ခြင်း၏လမ်းစဖြစ်သည်။
နေဟမိအမှုတော်ဆောင်ခြင်းအချိန်ကာလများ
ဆုတောင်းခြင်းနှင့်ခွင့်ပြုချက်တောင်းခံခြင်း(၅လ)
ယေရုရှလင်မြို့သို့ ခရီးနှင်ခြင်း (၄လ)
မြို့ရိုးပြန်လည်တည်ဆောက်ခြင်း (၅၂ရက်)
မြို့တော်ဝန်အဖြစ်ပထမအကြိမ်အစေခံခြင်း (၁၂နှစ်)
ပါရှန်းသို့ ပြန်သွားခြင်း (၉နှစ်)
မြို့တော်ဝန်အဖြစ်ဒုတိယအကြိမ်အစေခံခြင်း
(၁၄ နှစ်)
နေဟမိအသက်တာ၏အဖြစ်အပျက်များကို ဘီစီ (၄၀၀)မတိုင်မီတွင်
ဧဇရက မှတ်တမ်းတင်ထားသည်။
ဧသတာ
မိဖုရား
ယခုအမှုကို ဆောင်ဖို့ ရာ သင်သည် မိဖုရားအရာကိုရသည်ဟု
ထင်စရာရှိသည် မဟုတ်လား။
(ဧသတာ ၄း၁၄) ၊
အရည်အချင်း- ရဲရင့်ခြင်းနှင့်သေချာစွာပြင်ဆင်ခြင်း။
ပြည့်စုံခြင်း- ယုဒလူများကို သတ်ဖြတ်ခြင်းမှကယ်တင်ခြင်း။
အသက်ရှင်ခဲ့သောအချိန်- ၄၃၈ မှ ၄၅၃ ဘီစီကြား။
နာမည်- “ဟဒဿ’ သည် ဟေဗြဲနာမည်၊ အဓိပ္ပါယ်မှာ “မွှေးကြိုင်သောအပွင့်၊
“သေတာ ́ သည်ပါရှန်းနာမည်၊“ကြယ်”ဟုအဓိပ္ပါယ်ရသည်။
ကျမ်းပိုဒ်- သတာဝတ္တု။
နောက်ခံအကြောင်းအရာ
ထိုအချိန်တွင် ပါရှန်းအင်ပါယာသည် အရှေ့ပိုင်း တိုင်းပြည်အားလုံးနီးပါးကို အုပ်စိုးနေသည်။ အီသီယိုးပီးယားမှ အိန္ဒိယနိုင်ငံထိ တိုင်းပြည်(၁၂၅) ပြည်ကို သိမ်းပိုက်
အောင်မြင်ထားသည်။ ရှင်ဘုရင်၏ဆောင်းရာသီနန်းတော်ကို တောင်တန်းဒေသရှိ ရှုရှန် မြို့တွင် တည်ထားသည်။ ရှင်ဘုရင်သည် သူ၏မိဖုရားကို နန်းချခဲ့သည်။ ထို့ကြောင့် အ
ကြံပေးဝန်ကြီးများက အင်ပါယာတစ်ခုလုံးတွင် မိဖုရားအသစ်ကိုရှာရန် အကြံပေးခဲ့သည်။ မိဖုရားအသစ်ရှာဖွေသော အချိန်ကာလသည် (၄)နှစ် ကြာခဲ့သည်။
နှစ်ပေါင်း (၅၅၀)ကြာခဲ့သော အတိတ်မှဇာတ်လမ်းသည် ယခု အာဂတ်အမျိုး၊ ဟာမန်နှင့် ဗင်္ဃမိန်အမျိုး၊ မော်ဒကဲကြားတွင် အသစ်တဖန် မွေးဖွားလာခဲ့သည်။ ဗင်္ဃမိန်အမျိုး၊ ဣသရေလ၏ပထမဆုံးရှင်ဘုရင်ရှောလုက ဘုရားသခင်၏အမိန့်တော် အတိုင်း အာမလက်အမျိုး၊ ရှင်ဘုရင်အာဂတ်၏ခေါင်းကို ဖြတ်ခဲ့သည်။ (၁ ဓမ္မ ၁၅ တွင် အကြောင်းစုံတွေ့နိုင်ပါသည်။) အတိတ်မှ ထိုသမိုင်းကို ဟာမန်နှင့်မော်ဒကဲ နှစ်ယောက် စလုံး မမေ့ခဲ့ကြပေ။ ထိုအငြိုးအတေးသည် ယခု သူတို့နှစ်ယောက်ကြားတွင် ကြီးထွား
လာခဲ့သည်။
ခြုံငုံကြည့်ခြင်း
အဘိဟဲလ၏သမီး၊ မိဘမဲ့တစ်ယောက်ဖြစ်သော ဧသတာသည် အစ်ကိုဝမ်းကွဲ ဖြစ်သော မော်ဒကဲနှင့်အတူ ပါရှန်းတွင် ကြီးပြင်းလာခဲ့သည်။ မော်ဒကဲသည် ဧသတာကို သမီးအရင်းသဖွယ် ပြုစုစောင့်ရှောက်ခဲ့သည်။ ဧသတာသည် ချောမောလှပသည်။ နန်း ချခြင်းခံရသော မိဖုရား၊ ဝါရှတိနေရာတွင် မိဖုရားအသစ်ဖြစ်လာသည်။ ယုဒတစ်မျိုးလုံး ကို သုတ်သင်သတ်ဖြတ်ရန် ကြိုးစားမှုကြီးအတွက် မိဖုရားဖြစ်လာသော ဧသတာ၏ ဘဝသည် မော်ကွန်းဝင်သမိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ထို့ထက်သာမက သစ္စာရှိသော ဘုရားသခင်သည် သူ၏လူများကို မည်ကဲ့သို့ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြောင်းကိုလည်း ဧသတာ၏ဇာတ်လမ်းက ဖော်ပြနေသည်။ ၀သတာ၏လွှမ်းမိုးမှုသည် ယုဒလူများအတွက် နေ့ထူးနေ့မြတ် ဖြစ်လာခဲ့သည်။ အခက်အခဲ၊ အကြပ်အတည်း ပြီးဆုံးသွားသောအခါ ယုဒလူများသည် “ပုရ’ ဟု ခေါ်သောပွဲကို (အဓိပ္ပါယ်မှာ “စာရေးတံ”၊ ၃းရ၊ ၉း၂၆) (၂)ရက်တိတိ ကျင်းပခဲ့ကြသည်။ ထိုပုရပွဲသည် နောက်ပိုင်းတွင် ယုဒလူများအတွက် နှစ်စဉ်ကျင်းပသော ပွဲတော်တစ်ခုဖြစ်လာခဲ့သည်။
အကြောင်းအရာ
မိဖုရားဟောင်းကို နန်းချခြင်း (ဧသတာ ၁)
ကြီးကျယ်ခမ်းနားသောပွဲတော်၌ သောက်စားယစ်မူးနေသောမင်းများရှေ့တွင် ၊ မိဖုရားဝါရှတိအား ‘သူမ၏လှပခြင်းကိုပြရန်” (အခန်းငယ် ၁၁) တောင်းဆိုခဲ့သည်။ ဝါရှတိကငြင်းဆိုသောကြောင့် ရှင်ဘုရင်သည် ဒေါသထွက်ကာ ဝါရှတိကို နန်းချခဲ့သည်။
ဧသတာ၏အခွင့်အရေး (ဧသတာ ၂)
မိဖုရားအသစ်ကို အင်ပါယာတစ်ခုလုံးတွင် ရှာဖွေခဲ့သည်။ ဧသတာသည် မိ ဖုရားအသစ်ဖြစ်လာရန် နောက်ဆုံးအဆင့်ထိ ရွေးချယ်ခြင်းခံရသည်။ ရှင်ဘုရင်အာရွှေရု ထံဝင်ရန်အတွက် ဧသတာသည် မိန်းမစိုးအုပ်ရှေ့တွင် မျက်နှာသာပေးခြင်းခံရသည်။ ရှင်ဘုရင်သည် ဧသတာကို ချစ်သောကြောင့် မိဖုရားမြှောက်ခဲ့သည်။ ထိုအချိန်တွင် မော်ဒကဲသည် ရှင်ဘုရင်၏ တံခါးစောင့်တာဝန်ကို ထမ်းဆောင်နေရသည်။ ရှင်ဘုရင်အား လုပ်ကြံမည့်သတင်းကို မော်ဒကဲကသိသောအခါ ဧသတာအား အသိပေးခဲ့သည်။ သ တာသည် မော်ဒကဲနာမည်ဖြင့် ထိုသတင်းအတိအကျကို ရှင်ဘုရင်ထံ အကြောင်းကြား ခဲ့သည်။
ဧသတာ၏လုံခြံရေး (ဧသတာ ၃ )
သေတာသည် မိဖုရားဖြစ်လာသောအခါ သူမ၏အစ်ကိုဝမ်းကွဲ၊ မော်ဒကဲသည် ဝန်ကြီးချုပ်ဖြစ်လာသည်။ တိုင်းပြည်တွင် ဒုတိယအာဏာရှိသော ဟာမန်ကို မော်ဒကဲက အရိုအသေ မပေးခဲ့ပေ။ ထို့ကြောင့် ဟာမန်က မော်ဒကဲကို အမျက်ဒေါသထွက်ခဲ့သည်။ ဟာမန်က မော်ဒကဲတစ်ယောက်တည်းသာမက၊ မော်ဒကဲ၏အမျိုးဖြစ်သော ယုဒတစ်မျိုး လုံးကို သတ်ရန် ကြံစည်ခဲ့သည်။ (သူ၏ရှေးဘိုးဘေး အာဂတ်မင်းအား ပြုခဲ့သည့်အမှုကို ယခု ယုဒတစ်မျိုးသားလုံးအား လက်စားချေရန် အခွင့်အရေးရလာသည်။) ပို၍တိကျသေ ချာရန် ရှင်ဘုရင်၏အမိန့်တော်စာဖြင့် ဟာမန်က ယုဒလူများကို သတ်ရန် နေ့ရက်ကိုပါ သတ်မှတ်ခဲ့သည်။
ဧသတာ၏တာဝန် (ဧသတာ ၄) ၊
မော်ဒကဲသည် ဟာမန်၏အကြံအစည်ကို ကြားသောအခါ နန်းတော်၌ရှိသော ဧသတာထံသို့ ပြေးကာ ငိုကြွေးခဲ့သည်။ ထိုအချိန်တွင် ဧသတာ၏အခြေအနေမှာ ရှင် ဘုရင်ဆင့်ခေါ်ခြင်းမရှိဘဲ၊ ရှင်ဘုရင်ထံသို့ ချဉ်းကပ်၍ မရပေ။ မော်ဒကဲ၏ မရမကတောင်း ဆိုမှုကြောင့် ဧသတာက သူမ၏လူမျိုးများ အသက်ဘေးမှလွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားမည်ဟု ဆုံးဖြတ်ခဲ့သည်။ ဧသတာသည် ရှင်ဘုရင်ထံဝင်နိုင်မည့်အခွင့်အရေးအ တွက် ယုဒလူများအား အစာရှောင်ဆုတောင်းရန် တောင်းဆိုခဲ့သည်။
ဧသတာ၏ပါတီပွဲ (ဧသတာ ၅) ၊
ဧသတာသည် ရှင်ဘုရင်ဆင့်ခေါ်ခြင်းမရှိဘဲ ရှင်ဘုရင်ထံ ဝင်ခဲ့သည်။ ရှင်ဘုရင် သည် ဧသတာကိုတွေ့သောအခါ နူးညွှတ်သောစိတ်ကြောင့် ဘယ်အရာမဆို တောင်းဆို ရန် ဧသတာအား ခွင့်ပြုခဲ့သည်။ ဧသတာသည် သူမ၏ညစာပါတီပွဲတွင် ဟာမန်နှင့်အတူ ကြွလာရန် ရှင်ဘုရင်ကို ဖိတ်ခေါ်ခဲ့သည်။ ညစာပါတီပွဲတွင် ရှင်ဘုရင်က ထပ်မံ၍ ဘယ် အရာမဆိုတောင်းရန် ဧသတာကို ခွင့်ပြုခဲ့သည်။ ဧသတာက ဒုတိယညစာပါတီတွင် ဟာမန်နှင့်အတူကြွလာရန် ထပ်မံတောင်းဆိုခဲ့သည်။ ဟာမန်သည် မိဖုရားဇသတာ၏ ဒု တိယညစာပါတီပွဲကိုစောင့်နေစဉ် မော်ဒကဲကို နောက်တစ်နေ့တွင် ကြိုးဆွဲချသတ်ရန် ကြိုးဆွဲတိုင်တစ်တိုင်ကို စိုက်ထူခဲ့သည်။
ဧဒတာ၏အစ်ကိုဝမ်းကွဲ ဂုဏ်ပြုခံရခြင်း (ဧသတာ ၆)
သတာ၏ဒုတိယညစာပါတီပွဲမတိုင်မီညတွင် ရှင်ဘုရင်သည် အိပ်စက်၍မရနိုင် ၊ သောကြောင့် နန်းတော်မှတ်စာကိုယူကာ ဖတ်ခိုင်းခဲ့သည်။ ရှင်ဘုရင်ကို လုပ်ကြံမှုအား ဖော်ထုတ်ပေးခဲ့သည့် မော်ဒကဲကို ဘာမှမချီးမြှင့်သေးကြောင်း သိခဲ့ရသည်။ နောက်ရက် မနက်တွင် ရှင်ဘုရင်က ဂုဏ်ပြုထိုက်သောသူကို ဘယ်လိုဂုဏ်ပြုရမည်အကြောင်း ဟာ မန်ကို မေးသည်။ ဟာမန်က ဂုဏ်ပြုထိုက်သောသူသည် သူပဲဖြစ်ရမည်ဟု ထင်ကာ ရှင်ဘုရင်ကို အကြံပေးခဲ့သည်။ ဟာမန်အကြံပေးသည့်အတိုင်း ရှင်ဘုရင်က မော်ဒကဲကို ဂုဏ်ပြုခဲ့သည်။ ရှင်ဘုရင်စီးသောမြင်းကို မော်ဒကဲအား စီးစေကာ၊ မြို့ထဲတွင် လှည့် ၊
လည်စေပြီး၊ မော်ဒကဲသည် ရှင်ဘုရင်၏ဂုဏ်ပြုခြင်းခံရကြောင်းကို ဟာမန်အား စေသည်။ .
ဧသတာ၏လူများ ကယ်တင်ခံရခြင်း (ဧသတာ ရ-၉)
ဧသတာ၏ဒုတိယညစာပါတီပွဲတွင် ဧသတာအတွက် ဘာလုပ်ပေးရမည်ကို ရှင်ဘုရင်က ထပ်မံပေးခဲ့သည်။ ယုဒလူမျိုးများအပေါ်ဟာမန်၏အကြံအစည်ကို ရှင်ဘု ရင်အားပြောပြပြီး၊ ဧသတာသည် ယုဒလူမျိုးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယုဒလူမျိုးများ အသက်ဘေးမှ လွတ်မြောက်ရန် ဧသတာသည် ရှင်ဘုရင်ထံ တောင်းဆိုခဲ့သည်။ ရှင် ဘုရင်က ဧသတာ၏တောင်းဆိုမှုကို လိုက်လျောခဲ့သည်။ မော်ဒကဲအတွက် ဟာမန်လုပ် ထားသော လည်ဆွဲချတိုင်တွင် ဟာမန်ကို ကြိုးဆွဲချ သတ်စေခဲ့သည်။ ထို့အပြင် ယုဒ လူများကို သုတ်သင်သတ်ဖြတ်မည့်နေ့တွင် သူတို့ကိုယ်သူတို့ ကာကွယ်ရန် ခွင့်ပြုသည် သာမက အကူအညီလည်း ပေးခဲ့သည်။ ထိုနေ့တွင် ယုဒလူများသည် ကြီးစွာသောအောင်ပွဲခံခဲ့သည်။
ဧသေတာ၏အစ်ကိုဝမ်းကွဲ ရာထူးတိုးမြှင့်ခံရခြင်း (ဧသတာ ၁၀)
မန်နေရာတွင် မော်ဒကဲကို ချီးမြှင့်ခန့်အပ်ခြင်းဖြင့် ဧသတာဇာတ်လမ်းကို အဆုံးသတ်ထားသည်။ သေတာနှင့်မော်ဒကဲတို့သည် ပါရှန်းအင်ပါယာတွင်ရှိသောယုဒလူ များ၏လုံခြုံမှုအတွက် ကြီးမားသော သြဇာအာဏာရှိသူများ ဖြစ်လာခဲ့ကြသည်။
အဆုံးသတ်ထားသည်။ ဧသတာနှင့်မော်ဒကတော့
ဖြစ်လာခဲ့ကြသည်။
ဆင်ခြင်စရာ
ဘုရားသခင်က ဧသတာ၏လှပခြင်းကို သူ၏ဘုန်းတော်အတွက် အသုံးပြုခဲ့ “ည်။ ဧသတာ၏ရုပ်ရည်လှပခြင်းက သူမကို နန်းတော်သို့ ခေါ်ဆောင်လာခဲ့သည်။ သတာသည် ချောမောလှပရုံသာမက၊ စိတ်သဘောထားလည်း ဖြူစင်သောကြောင့် နန်းတော်၌ရှိသော လူများရှေ့တွင် မျက်နှာသာရ သာရခဲ့သည်။ နန်းတော်တွင် ဩဇာအာဏာ သော မိဖုရားတစ်ယောက်ဖြစ်လာသော်လည်း သူမအစ်ကို ဝမ်းကွဲ၊ မော်ဒကဲ၏စကား ( နားထောင်နေဆဲ ဖြစ်သည်။ ယုဒလူများပျက်ဆီးဆုံးရှုံးခြင်းမှ ကယ်တင်ရန် သူမ၏
အသက်ကို ပေးရမည်ဆိုလျှင် ပေးရန် အဆင်သင့်ရှိသည်မှာ ချီးကျူးစရာပင် ဖြစ်သည်။ “အာဏာတော်ကို ဆန်ရသော်လည်း ရှင်ဘုရင်ထံတော်သို့ ဝင်မည်။ သေလျှင် အသေခံ ပါမည်” (၄း၆)။ ဧသတာ၏ရဲရင့်ခြင်းသတ္တိကို ဤကျမ်းပိုဒ်တွင် တွေ့နိုင်ပါသည်။
သင်ခန်းစာယူစရာ
ယခု သင်၏လက်ရှိအခြေအနေအတွက် ဘုရားသခင်၌ ရည်ရွယ်ချက် အကြံ အစည်ရှိသည်။ ဘုရားသခင်သည် ဧသတာ၏လှပခြင်းကို အသုံးပြုကာ နန်းတော်တွင် မိဖုရားနေရာ ပေးထားသည်။ ရည်ရွယ်ချက်မှာ ဘုရားသခင်သည် သူ၏လူမျိုးတော်ကို ကယ်တင်ရန်ဖြစ်သည်။ မိဖုရားဖြစ်လာခြင်းအတွက် ဘုရားသခင်၌ ကြီးမားသော အကြံ အစည်ရှိကြောင်း မော်ဒကဲက ဧသတာကို အသိပေးခဲ့သည်။ ထို့အတူ ဘုရားသခင်သည် သင်ဖြစ်သည်အတိုင်း သင့်ကိုဖန်ဆင်းထားပြီး၊ အခြားသူများနှင့် မတူသည့်နေရာတွင် ထားထားသည်။ ဧသတာကဲ့သို့ ဘုရားသခင်၏အလုပ်ကို လုပ်ရန်ဖြစ်သည်။ သင်၏ အလုပ်တာဝန်သည် လူမျိုးတစ်ခုလုံးကို ကယ်တင်ရလောက်အောင် ကြီးမားချင်မှ ကြီး မားမည်။ သို့သော် အလုပ်တာဝန်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဘုရားသခင်သည် သင့်ကို ခေါ်ထားသည်။ ဧသတာကဲ့သို့ ရဲရင့်ခြင်းသတ္တိဖြင့် ရပ်တည်ပါ။ စိန်ခေါ်မှုများကို ရင်ဆိုင်ပါ။
ဘုရားသခင်ကို အစေခံရာ၌ သင်၏သက်တောင့်သက်သာ အနေအထားကို စွန့်လွှတ်ကောင်း စွန့်လွှတ်ရမည်ဖြစ်သည်။ ဧသတာသည် မိဖုရားဖြစ်သော်လည်း သူမ ၏အသက်သည် ဘယ်သောအခါမှ မလုံခြုံပေ။ အထူးသဖြင့် ရှင်ဘုရင်ရှေ့သို့ လာသော အခါ အသက်အန္တရာယ်နှင့်ပင် ရင်ဆိုင်ရသည်။ ဘုရားသခင်က သင့်ကို သင်၏အေး အေးဆေးဆေးအခြေအနေမှ ရုန်းထွက်ရန် တောင်းဆိုလာလျှင် သင်လုပ်နိုင်မလား။ ဧသတာကဲ့သို့ သင့်မှာ ရွေးချယ်စရာရှိပါသည်။ သင်၏သက်တောင့်သက်သာအခြေအ နေမှာပင် နေမလား။ သို့မဟုတ် ဘုရားသခင်ညွှန်ကြားသည့်အတိုင်း စွန့်စားပြီး ထွက် လာမလား။ သင့်အတွက် ဘုရားသခင်၌ အကြံအစည်တစ်ခုရှိသည်။ ထိုအကြံအစည်မှာ ဘုရားကို အစေခံရန်ဖြစ်သည်။ သင်၏အေးဆေးသောအခြေအနေမှရုန်းထွက်ကာ၊ ဘုရားကို အစေခံရန် ဘုရားသခင်၌ ခွန်အားတောင်းခံပါ။ ဘုရားသခင်သည် သင်နှင့်အတူ အမြဲတမ်းရှိနေကြောင်း သတိရလျက်၊ ဘုရားသခင်အတွက် စွန့်စားမှုများကို ရင်ဆိုင်ပါ။
ဘုရားသခင်၏ကွယ်ကာစောင့်သော လက်တော်ကို အမြဲတမ်း မမြင်ရသော် လည်း သင်နှင့်အတူ အစဉ်အမြဲ ရှိနေသည်။ ဧသတာဝတ္ထုတွင် “ဘုရားသခင်” နာမည် ကို တခါမှ မတွေ့ရပေ။ သို့သော် ဇာတ်လမ်းတစ်ခုလုံးတွင် ကုလားကာနောက်ကွယ်က ဘုရားသခင်၏ကွယ်ကာ စောင့်မသောလက်တော်ကို တွေ့နိုင်ပါသည်။ သင့်အသက်တာ တွင်လည်း ထို့အတူဖြစ်သည်။ ဘုရားသခင်သည် သင့်အသက်တာတွင် အလုပ်လုပ်နေ သည်။ သင်က သတိထားမိချင်မှ သတိထားမိမည်။ သင့်အသက်တာ၏ အခြေအနေတိုင်း တွင် ဘုရားသခင်၏လက်တော်ကို မြင်နိုင်ရန်အတွက် သင်၏ယုံကြည်ခြင်းမျက်စိပွင့်ရန် ဘုရားသခင်ဆီ ဆုတောင်းပါ။ မမြင်ရသော်လည်း ဘုရားသခင် သင်နှင့်အတူရှိနေကြောင်း သိရှိခြင်းက သင်ရင်ဆိုင်နေရသောအခက်အခဲတစ်ခုချင်းစီတိုင်း၌ သင့်ကိုကြီးစွာသော နှစ်သိမ့်သက်သာမှုကို ပေးပါသည်။
ယုဒလူများယေရုရှလင်မြို့သို့ပြန်လာရန် ဖြစ်နိုင်ခြေရှိသောဧသတာ၏ပါဝင်မှုအခန်းကဏ္ဍများ၊
ပထမဆုံးကုရုရှင်ဘုရင်၏အမိန့်ဖြင့် ယုဒလူများယေရုရှလင်သို့ပြန်လာခဲ့ကြသည်။
(ဘီစီ ၅၃၈)
ရှင်ဘုရင်အာရွှေရုလက်ထပ်တွင် ဧသတာနှင့်မော်ဒကဲသည်အင်ပါယာတစ်ခုလုံးမှယုဒ
လူများအတွက်ကြည်ညိုစရာပြယုဂ်တစ်ခုဖြစ်ခဲ့သည်။ (၄၈၃,၄၆၅ဘီစီ)
ဧသတာသည်ဧဇရကိုရွှေ၊ ငွေအမြောက်အမြားနှင့်ယေရုရှလင်ဗိမာန်တော်ကို ပြန်လည်
တည်ဆောက်ရန် အခွင့်ပေးသည့် အာတဇေရဇ်မင်း၏မိထွေး ဖြစ်သည်။ (၄၅၈ဘီစီ)
ဧသတာသည် နောက်တစ်ကြိမ်နေဟမိကို ယေရုရှလင်မြို့ရိုးများပြန်လည်ပြုပြင်ရန် နိုင်ငံတော်၏အထောက်အပံ့ဖြင့်လုပ်ဆောင်ရန် သူမ၏လင်ပါသား၊ အာတဇေရဇ်ကို လွှမ်းမိုးနိုင်ခဲ့ပြန်သည်။
ဟေရှာယ၊
စိတ်ဆန္ဒဖြင့် အစေခံသော ပရောဖက်
ငါသည် အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့ အတို့ အဘယ် သူသွားမည်နည်းဟု
မေးတော်မူသံကို ငါကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏ ။
အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။ ထာဝရဘုရားကလည်း ထိုလူမျိုးရှိရာသို့ သွားပြီးလျှင်၊ ..
(ဟေရှာယ ၆း၈-၉) ၊
အရည်အချင်း- ရဲရင့်ခြင်း။
ပြည့်စုံခြင်း- သူ၏နာမည်ဖြင့် ဓမ္မဟောင်း၏အရှည်ဆုံးပရောဖက်ကျမ်းကိုရေးသားခြင်း။
အသက်ရှင်ခဲ့သောအချိန်- နှစ်ပေါင်း (၅၀)ထက်မက အမှုတော်ဆောင်ခဲ့သည်။
(ဘီစီ ၅၃၉ မှ ၆၈၆)
နာမည်- ဟေရှာယ- အဓိပ္ပါယ်မှာ “ဘုရားသခင်သည် ကယ်တင်ခြင်း။
ကျမ်းပိုဒ်- ဟေရှာယအနာဂတ္တိကျမ်း။
နောက်ခံအကြောင်းအရာ
ဟေရှာယသည် တောင်ပိုင်းယုဒနိုင်ငံ၊ ယေရုရှလင်မြို့နှင့်မြို့ပတ်ဝန်းကျင်မှလူ များကို အမှုတော်ဆောင်သောပရောဖက်တစ်ပါးဖြစ်သည်။ သူ၏အမှုတော်လုပ်ငန်းသည် (၅၃)နှစ်ရှိခဲ့ပြီး၊ ရှင်ဘုရင် (၄)ပါးဖြစ်သော ဩဇိမင်း၊ ယောသံမင်း၊ အာခတ်မင်း၊ ဟေဇ
ကိမင်းများလက်ထက်တွင် အမှုတော်ဆောင်ခဲ့သည်။ သူ၏နာမည်ဖြင့် ဘုရားသခင်ပြော
သောစကားများကို မှတ်တမ်းတင်ခဲ့သည်။ ဟေရှာယအနာဂတ္တိကျမ်းဖြစ်သည်။ ဟေရှာ၊ ယ၏အစောပိုင်းအမှုတော်လုပ်ငန်းတွင် မြောက်ပိုင်းဣသရေလတိုင်းပြည်သည် အာရှရှိ ၏သိမ်းပိုက်ခြင်းကို ဘီစီ (၂၂) တွင် ခံခဲ့ရသည်။ ထို့နောက် တိုင်းပြည်ငယ်လေးဖြစ်သော
တောင်ပိုင်းယုဒနိုင်ငံသည်လည်း အာရှုရိ၏ခြိမ်းခြောက်ခြင်းကိုခံကာ ဟေဇကိမင်းလက် ထက်ထိ ရပ်တည်နိုင်ခဲ့သည်။ ဘီစီ (၅၀၁)တွင် ဘုရားသခင်၏နိမိတ်လက္ခဏာဖြင့် တစ် ညဉ့်တည်းတွင် အာရှုရိစစ်တပ်ကို သုတ်သင်ရှင်းလင်းပစ်ခဲ့သည်။ ပရောဖက်ဟောရှေး မိက္ခာတို့လည်း ဟေရှာယနှင့်အတူ လုပ်ဆောင်သောပရောဖက်များဖြစ်ခဲ့သည်။ ဟော ရှေသည် မြောက်ပိုင်းနိုင်ငံကို ဟောပြောပြီး၊ မိက္ခာနှင့်ဟေရှာယသည် တောင်ပိုင်းနိုင်ငံကို ဟောပြောသည်။
ခြုံငုံကြည့်ခြင်း ၊
ဟေရှာယသည် နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုတော်ဆောင်ခဲ့သော်လည်း သူ ၏အကြောင်းကို သိပ်မသိရပေ။ ဟေရှာယ၏ဖခင်သည် အာမုတ်ဖြစ်သည်။ ဟေရှာယမိ သားစုသည် ဂုဏ်အသရေရှိအဆင့်အတန်းမှ ဖြစ်ရမည်။ အဘယ်ကြောင့်ဆိုသော် ပြော ရှာယသည် ရှင်ဘုရင်အာခတ်ထံဝင်နိုင်ခဲ့ပြီး၊ နိုင်ငံရေးအခြေအနေကို သတိထားမိသည်။ ဟေရှာယသည် အိမ်ထောင်သည်ဖြစ်ပြီး၊ သားနှစ်ယောက်ရှိသည်။ အမှုတော်ဆောင်ရန် ဘုရားသခင်က ခေါ်သောအခါ “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ” (၆၈) ဟု စိတ်အားထက်သန်စွာဖြင့် တုန့်ပြန်ခဲ့သည်။ သို့သော် လူအများက သူ၏ဟောပြော ခြင်းကို လက်ခံမည် မဟုတ်ဟုလည်း ဘုရားသခင်က ဟေရှာယကို သတိပေးထားသည်။ အခြားသောပရောဖက်များနှင့် မတူသည့်အချက်မှာ သူ၏အနာဂတ္တိကျမ်းတွင် စိတ်လှုပ် ရှားမှု အနည်းငယ်ကို ဖော်ပြထားသည်။ ဘီစီ (၆၈၁) တွင် သနာခရိပ်၏သေဆုံးခြင်းကို မှတ်တမ်းတင်ထားသည်။ ဟေရှာယသည် ဘုရင်ဆိုးမနာလက်ထက်တွင် အသတ်ခံခဲ့ ရသည်။ လွှဖြင့် နှစ်ပိုင်း ပိုင်းဖြတ်ခြင်းခံခဲ့ရသည်ဟု မှတ်တမ်းရှိခဲ့သည် (ဟေဗြဲ ၁၁း၃၇)။
အကြောင်းအရာ .
ဩဇိဘုရင်လက်လက် ဟေရှာယ၏အမှုတော်လုပ်ငန်း၊ (၄ ဓမ္မ ၁၅း၁-ရ၊ ဟေရှာယ ၆း၁)
အာခရိဟုလူသိများသော ဩဇိဘုရင်မင်းလက်ထက် တိုးတက်လျက်ရှိသော နှစ်ပေါင်း (၅၂)နှစ်အတွင်း ဟေရှာယ၏အမှုတော်လုပ်ငန်း အစပြုခဲ့သည်။ တိုင်းပြည်၏ ဝိညာဉ်ရေးရာအခြေအနေသည် ကျဆင်းလာသည်။ ဩဇိ၏ကျဆင်းခြင်းသည် မြင့်သော အရပ်များကို မဖြိုချဘဲ ယဇ်ပူဇော်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ဩဇိမင်းကို နူနာစွဲခြင်းအားဖြင့် ဒဏ်ခတ်ကာ၊ သေဆုံးသည်အထိ ဘယ်သောအခါမှ နူ နာ မပျောက်ခဲ့ပေ။ ဩဇိသေဆုံးသည့်နှစ်တွင် ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်ခြင်းကို ဟေရှာယက ရူပါရုံ မြင်ခဲ့ရသည် (ဟေရှာယ ၆း၁-ရ။ ပရောဖက်နှင့်ဆိုင်သော အမှုတော်လုပ်ငန်းသို့ ခေါ်ခြင်းကိုလည်း လက်ခံခဲ့သည်။ •
ယောသံဘုရင်လက်ထက် ဟေရှာယ၏အမှုတော်လုပ်ငန်း (ဟေရှာ ၁-၅)
သြဇီသေသောနောက် ဩဇိ၏သား၊ ယောသံသည် နှစ်ပေါင်း (၁၆)နှစ်အုပ်စိုး သည်။ ဩဇိမင်းလက်ထက်တွင် ဟေရှာယရရှိသောပရောဖက်ပြုချက်များကို ဟေရှာယ အနာဂတ္တိကျမ်း၏ပထမအခန်းကြီးငါးကျမ်းတွင် မှတ်တမ်းတင်ထားသည်။ ယောသံ၊ လက်ထက်တွင်လည်း ဝိညာဉ်ရေးရာမတိုးတတ်ခဲ့ပေ။ ကြီးစွာသောဝိညာဉ်ရေးရာပျက်ဆီး မှုများသည် ယုဒတိုင်းပြည်တွင် ဆက်လက်ရှိနေသည်။ •
အာခတ်ဘုရင်လက်ထက် ဟေရှာယ၏အမှုတော်လုပ်ငန်း (၂ ရာဇဝင် ၂၈)
ဘုရားသခင်ထံမှ သတင်းစကား ရရှိပြီး၊ မှတ်တမ်းတင်ထားသော အနာဂတ္တိ ကားအများစုကိုဟေရှာယရ-၂ရတွင်တွေ့ရသည်။ အာခတ်ဘုရင်အုပ်စိုးသောနှစ်ပေါင်း (၁၆)နှစ်ကာလတွင် ဖြစ်သည်။ အာခတ်ဘုရင်သည် ဆိုးသောဘုရင်တစ်ပါးဖြစ်သည်။ ရုပ်တုကိုးကွယ်သည်။ ဘုရားသခင်သည် အာခတ်ကို ရှုရိလူ၊ ဣသရေလလူတို့လက်သို့ အပ်ခဲ့သည်။ ပတ်ဝန်းကျင်နိုင်ငံများနှင့် နိုင်ငံရေးမပတ်သတ်ရန် ဟေရှာယ၏ သတိပေး စကားကို အာခတ်မင်းက နားမထောင်ခဲ့ပေ။ ဣသရေလနှင့်ရှုရိလူတို့ လာရောက်တိုက်
ဘယ်လောက်ပဲ နာကျင်မှုရှိပါစေ သင့်ကို ပြင်ဆင်နေခြင်းဖြစ်သည်။ ဟေရှာယကဲ့သို့ ကြီးမားစွာ ဘုရားသခင်၏အသုံးတော်ခံရန်ဖြစ်သည်။
တုန့်ပြန်မှုမကောင်းသော်လည်း ဘုရားသခင်၏သတင်းစကားကို သစ္စာရှိစွာ ပြောရမည်။ ဘုရားသခင်သည် ဟေရှာယကိုခေါ်သောအခါ ဣသရေလလူမျိုး၏အောင် မြင်ခြင်းကို ပြောရန် မဟုတ်ပေ။ သို့သော်လည်း ဟေရှာယသည် စိတ်အားထက်သန်စွာ ဘုရားသခင်၏ခေါ်ခြင်းကို တုန့်ပြန်ခဲ့သည်။ ရှင်ဘုရင်များက ဟေရှာယ၏သတိပေးခြင်း များကို လျစ်လျူရှုခဲ့ကြသည်။ အစိုးရက သူ့ကိုသစ္စာဖောက်သူအဖြစ် စွပ်စွဲသည်။ သို့
သော် နှစ်ပေါင်း (၅၀)လုံးလုံး ဘုရားသခင်၏သတင်းစကားကို သစ္စာရှိစွာဟောပြောသည်။ ယနေ့ ဘုရားသခင်က သူ၏သတင်းစကားကို သင်၏မိသားစု၊ မိတ်ဆွေများ၊ လုပ်ဖော်
ဆောင်ဖက်များကို ပြောရန် သင့်ကိုခေါ်နေသည်။ ဟေရှာယကဲ့သို့ စိတ်အားထက်သန် စွာ လက်ခံမလား။ ယေရှုခရစ်တော်၏သတင်းစကားကို သစ္စာရှိစွာပြောရန် ဘုရားသခင် က သင့်ကို တောင်းဆိုနေသည်။ လူများက ဘယ်လိုပဲတုန့်ပြန်၊ တုန့်ပြန်၊ ဘုရားလက် တော်ထဲသာ အပ်ထားပါ။
ဟေရှာယ၏ပရောဖက်အမှုတော်လုပ်ငန်း
အာရှုရိသည် ယေရုရှလင်သို့ချီတက်ရာလမ်းကြောင်းမှ တိုင်းပြည်များကို အောင်နိုင်ခဲ့သော် ၊
လည်း ယေရုရှလင်ကို သိမ်းပိုက်မည် မဟုတ်ကြောင်း ကြိုတင်ဟောပြောခဲ့သည်။
ဟေဇကိမင်းသည် ဖျားနာမှပျောက်မည်ဟု ကြိုတင်ဟောပြောခဲ့သည်။
ကုရုသည် ဘုရင် မဖြစ်မီ နှစ်ပေါင်း (၁၅၀)တွင် ယုဒလူမျိုးများ၏ ဗာဗုလုန်ဖမ်းဆီးခြင်းမှ
လွတ်မြောက်မည့်သူသည် ကုရုမင်းဖြစ်ကြောင်း ဟေရှာယက ပြောခဲ့သည်။
ခရစ်တော်၏ပထမကြွလာခြင်းအကြောင်းတော်တော်များများကို ဟေရှာယကကြိုတင်
ဟောပြောခဲ့သည်။ ထိုပရောဖက်ပြုချက်များသည် နှစ်ပေါင်း(၇၀၀)တွင် ပြည့်စုံလာခဲ့သည်။
ယေရမိ
ငိုကြွေးသောပရောဖက်
ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ အကျွန်ုပ်သည် မဟာမပြောတတ်ပါ။ သူငယ် ဖြစ်ပါ၏ ဟုလျှောက်လျှင်၊ ထာဝရဘုရားကလည်း၊ အကျွန်ုပ်သည် သူငယ်ဖြစ်ပါ၏ ဟု မပြောနှင့်။ အကြင်သူရှိရာသို့ သင့်ကို ငါစေလွှတ်၏။ ထိုသူရှိရာသို့ သင်သွားရမည်။ အကြင်စကားကို ငါမှာထား၏။ ထိုစကားကို သင် ဆင့်ဆိုရမည်။ သူတို့ ကို မကြောက်နှင့်။ သင့်ကို ကယ်နှုတ်ခြင်းငှါ သင်နှင့်အတူငါရှိသည်။
(ယေရမိ ၁း၆- ၈)
အရည်အချင်း- စိတ်ရှည်သည်းခံခြင်း။
ပြည့်စုံခြင်း- ယေရမိအနာဂတ္တိကျမ်းနှင့်မြည်တမ်းစကားကို ရေးသားသူ။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၆၄၆ မှ ၅၆၁- (၈၅ နှစ်)။
နာမည်- ယေရမိ- အဓိပ္ပါယ်မှာ “ယေဟောဝါဘုရား ခန့်ထားသည်၊ စေလွှတ်သည်။
ကျမ်းပိုဒ်- ယေရမိအနာဂတ္တိကျမ်း။
နောက်ခံအကြောင်းအရာ
အာရှုရိ၏တန်ခိုးအရှိန်အာဏာကျဆင်းသွားပြီး၊ ဗာဗုလုန်သည် ကမ္ဘာပေါ်တွင် အင်အားကြီးမားလာသည်။ ဗာဗုလုန်သည် အာရှုရိ၊ အီဂျစ်ကို သိမ်းပိုက်ထားသည်။
က သူမမွေးဖွားခဲ့လျှင် ကောင်းမည်ဟု ဆုတောင်းသည်။ ဘုရားသခင်က သူ၏ကွယ် ကာစောင့်မခြင်းကို ယေရမိအား ပြန်လည်သတိပေးရသည်။ ယေရမိသည် ဘုရားသခင် ၏သစ္စာရှိခြင်း၊ ချစ်ခြင်းမေတ္တာနှင့် တစ်ယောက်တည်းရှိသော်လည်း ဘုရားသခင်၏ ကွယ်ကာမစခြင်းကို ပြန်လည်သတိရခဲ့သည်။ ဘုရားသခင်သည် သူ၏ကွယ်ကာမစမှုကို ယေရမိအား ကတိပေးသော်လည်း၊ ယေရမိသည် ဘုရားသခင်အား ထိုကတိ မပျက်ရန် တောင်းဆိုသည်။ ကိုယ့်ကိုကိုယ်သိမ်ငယ်သော ယေရမိကို ဘုရားသခင်က ဆုံးမရသည်။ နောင်တရရန်ပြောပြီး၊ ဘုရားသခင်၏ပရောဖက်တစ်ယောက်အဖြစ် အမှုတော်လုပ်ငန်းကို ပြန်လည် အာရုံစိုက်ရန် အားပေးခဲ့သည်။ •
ယေရမိ၏ဘဝအသက်တာ (ယေရမိ ၁၆)
အနာဂတ်တွင် ရောက်လာမည့်ကြောက်စရာကောင်းသော တရားစီရင်ခြင်း ကြောင့် အိမ်ထောင်မပြုရန် ဘုရားသခင်က ယေရမိကိုပြောသည်။ မိတ်ဆွေ၊ အပေါင်း အသင်းများ၏သေဆုံးခြင်းကို မငိုကြွေးရန် ပြောသည်။ ပွဲတော်များတွင် မပါဝင်ရ။ အပြစ်ကြောင့် ရောက်လာမည့် တရားစီရင်ခြင်းကိုသာ ယေရမိဘဝတစ်လျှောက်လုံးဟာ ပြောရသည်။ အနာဂတ်မျိုးဆက်များသည် သေခြင်းကိုသာမြင်ရမည်ဟု လူများကိုအသိ ပေးသည်။ ထို့ကြောင့် ယေရမိ၏စကားများကို ကြားသောသူများက သူ့ကို မနှစ်သက် ကြပေ။ ယေရမိကို အပေါင်းအသင်း မလုပ်ကြပေ။ •
ယေရမိ၏ယုံကြည်စိတ်ချခြင်း (ယေရမိ ၂၀) ၊
လက်မြှောက်အရှုံးပေးလိုခြင်း (အငယ် ၉)၊ ခွန်အားရရှိခြင်း (အငယ် ၉၊ ၁၁)၊ ကူညီမစမှုကိုဆုတောင်းခြင်း (အငယ် ၁၂)၊ ဘုရားကို ချီးမွမ်းခြင်း (အငယ် ၁၃)၊ စိတ် ၊ ပျက်မှုကို အရှုံးပေးလိုခြင်း (အငယ် ၁၄-၁၈) စသည့် ခံစားချက်များကြားတွင် ယေရမိ တစ်ယောက် ယိမ်းယိုင်ခဲ့ရသည်။ လူအများ၏မုန်းတီးခြင်း၊ လှောင်ပြောင်ကဲ့ရဲခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ နောက်ဆုံး ယေရမိကို သတ်ရန်ခြိမ်းခြောက်ခြင်းများကြားတွင် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကပဲ ယေရမိကို ဆက်လက်အသက်ရှင်စေခဲ့သည်။ ဘုရားသခင်က ယေရမိကို ယုံကြည်စိတ်ချမှုကိုပေးသည်။ သူ၏စိတ်နှလုံးသားက ဘု
ရားသခင်ကိုသာလျှင် အာရုံစိုက်ရန် ဖြစ်စေသည်။
ယေရမိ၏မျှော်လင့်ခြင်း (ယေရမိ ၃၁) ၊
ယေရမိ၏ပရောဖက်ပြုချက်အားလုံးသည် ယုဒပြည်အပေါ်ကျရောက်လာမည့် တရားစီရင်ခြင်းသာ မဟုတ်ပေ။ ဣသရေလနှင့်ပြုမည့် ပဋိညာဉ်သစ်ကိုလည်း မျှော်လင့် ခြင်းဖြင့် ပရောဖက်ပြုသည်။ တနေ့တွင် ဘုရားသခင်သည် ဣသရေလနှင့်ပဋိညာဉ်ပြုမည်။ ကျောက်ပြား(ပညတ်တော်ဆယ်ပါး)ပေါ်တွင် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်ရေး ၊ သော သူတို့၏နှလုံးသားတွင် ဖြစ်သည် (ယေရမိ ၃၁၃၁-၃)။
ဆင်ခြင်စရာ
ယုဒပြည်သည် ထာဝရဘုရား၏တရားလမ်းမှ လွဲချော်သွားသောအချိန်တွင် ယေရမိ အသက်ရှင်ခဲ့သည်။ လူမျိုးသည် ဘုရားသခင်ကို စွန့်လွှတ်ခဲ့ကြသည်။ သူတို့ ၏အပြစ်ကြောင့် ရောက်လာမည့်တရားစီရင်ခြင်းအကြောင်း ဟောပြောသော ယေရမိကို လည်း အလွန်မုန်းတီးခဲ့ကြသည်။ သူတို့၏ရန်လိုမုန်းတီးမှုများကြားမှ ယေရမိသည် ဘုရားသခင်၏သတင်းစကားကို နှစ်ပေါင်း (၄၀)လုံးလုံး သစ္စာရှိစွာ ဟောပြောခဲ့သည်။ သူ၏အိမ်နီးချင်းများ၊ မြို့သားအချင်းချင်းများပင်လျှင် ယေရမိကို ငြင်းပယ်ခဲ့ကြသည်။
ယေရမိသည် သူ၏ဘဝတွင် တစ်ယောက်တည်း အထီးကျန်ဖြစ်ရသော အ ချိန်များရှိခဲ့သည်။ သို့သော် သူ၏နှလုံးသားကို သွန်းလောင်းကာ ဘုရားသခင်ကိုသာ အာရုံပြုခဲ့သည်။ ဘုရားသခင်၏သတင်းစကားများကို ငြင်းပယ်သာလူများအပေါ် အ မျက်ဒေါသထွက်ရသည်။ ရောက်လာမည့် တရားစီရင်ခြင်းအတွက် ယေရမိသည် ဝမ်း နည်းရသည်။ ယေရုရှလင်မြို့ပျက်ဆီးဆုံးရှုံးခြင်းအတွက် ပြင်းပြစွာခံစားရသည်။ ဤခက် မိသောအမှုတော်လုပ်ငန်းကို အရှုံးမပေးရန် ဘုရားသခင်က ယေရမိကို ခွန်အားပေးခဲ့ သည်။ ယေရမိသည် လူများအတွက် ဝမ်းနည်းငိုကြွေးရသော ပရောဖက်ဖြစ်သောကြောင့် ငိုကြွေးသောပရောဖက်’ ဟု ခေါ်ဝေါ်ခဲ့သည်။
ယေဇကျေလ
လမ်းပေါ်မှ တရားဟောဆရာ
အချင်းလူသား၊ သင့်ကို ဣသရေလအမျိုးတွင် ကင်းစောင့်အရာ၌ ငါခန့် ထားသောကြောင့်၊ ငါသတိပေးသောစကားကို နားထောင်၍ သူတို့ အား ဆင့်ဆိုလော့။
(ယဇကျလ ၃း၁၇)
အရည်အချင်း- အခြေအနေတိုင်း၌ သစ္စာရှိခြင်း။
ပြည့်စုံခြင်း- က္ကသရေလလူမျိုး၏အနာဂတ်
ပြန်လည်တည်ဆောက်ခြင်းကို
ပရောဖက်ပြုသူ။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၆၂၃ မှ ၅ရ၁- (၅၂ နှစ် အသက်ရှင်ခဲ့သည်)။
နာမည်- ယေဇကျေလ- အဓိပ္ပါယ်မှာ “ဘုရားသခင်၏ခွန်အားပေးခြင်းခံရသူ’။
ကျမ်းပိုဒ်- ယေဇကျေလအနာဂတ္တိကျမ်း။
နောက်ခံအကြောင်းအရာ
ဗာဗုလုန်အင်ပါယာသည် အီဂျစ်ပြည်မှ ပါရှန်းပင်လယ်ကွေ့ထိတောက်လျှောက် ကို ထိန်းချုပ်ထားသည်။ တိုက်ခိုက်ဆန့်ကျင်မှုများကို အောင်မြင်ခဲ့သည်။ ဘီစီ (၆၀၅) တွင် ဗာဗုလုန်အင်ပါယာက ယုဒတိုင်းပြည်ကို စနစ်တကျ သိမ်းပိုက်ခဲ့ပြီး၊ အဖွဲ့သုံးဖွဲ့ကို
“အသစ်သောနှလုံးသား’ ပေးမည်။ သူတို့အပေါ်တွင် ဘုရားသခင်၏ဝိညာဉ်တော်ဆင်း သက်မည် (၃၆း၂၅-၂၅)။ အနာဂတ်ဗိမာန်တော်၏ပုံစံကို အသေးစိတ်ဖော်ပြခြင်းအား ဖြင့် ယေဇကျေလသည် သူ၏ပရောဖက်ပြုချက်ကို အဆုံးသတ်ထားသည်။ ထိုအနာဂတ် ဗိမာန်တော်သည် လောက၌ မေရှိယအုပ်စိုးခြင်းကာလတွင် ပေါ်ပေါက်လာမည်။
ဆင်ခြင်စရာ
ဘုရားသခင်သည် ယေဇကျေလအား မြို့ကိုစောင့်ကြည့်ရသည့် ကင်းစောင့် အဖြစ် သူ၏အမှုတော်လုပ်ငန်းကို အစကတည်းက ပြောပြထားသည်။ ကင်းစောင့်တွင် ကြီးမားသည့်တာဝန်ရှိသည်။ ကင်းစောင့်သည် နိုးနိုးကြားကြားရှိနေရမည်။ သူ၏တာဝန် ပေါ့ဆခဲ့ပါက သူစောင့်ကြည့်နေသောမြို့သည် တစ်မြို့လုံးပျက်စီးသွားနိုင်သည်။ ဝိညာဉ် ရေးရာ ကင်းစောင့်သူအဖြစ် ယေဇကျေလ၏တာဝန်မှာ ရောက်လာမည့် တရားစီရင်ခြင်း ၊ ကို သတိပေးရန် ဖြစ်သည်။ ပရောဖက်ဟေရှာယ၊ ယေရမိတို့သည် လူမျိုးတစ်မျိုးလုံးနှင့် ဆိုင်သောသတင်းစကားများကို ပြောကြားခဲ့သည်။ ယေဇကျေလကို ပုဂ္ဂိုလ်တစ်ယောက် ချင်းစီနှင့်ဆိုင်သော သတင်းစကားကိုပြောရန် ဘုရားသခင်သည် ခန့်အပ်ခဲ့သည်။ အ ခြားသူများ ဘယ်လိုပင် တုန့်ပြန်နေပါစေ။ ယုဒပြည်၌ရှိသောသူ တစ်ယောက်ချင်းစီတိုင်း၊ ဗာဗုလုန်ပြည်၌ဖမ်းဆီးခြင်းခံရသောသူ တစ်ယောက်ချင်းစီတိုင်းသည် ဘုရားသခင်ကို နာခံ၊ ကိုးစားရန်ဖြစ်သည်။
ယေဇကျေလသည် ရူပါရုံများ၊ ပရောဖက်ပြုချက်များ၊ ပုံဥပမာများ၊ နိမိတ်လ က္ခဏာများနှင့်အမှတ်သင်္ကေတများကို အသုံးပြုပြီး၊ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော သူ၏လူများကို လမ်းမပေါ်တွင် လမ်းသွားရင်း ဟောပြောခဲ့သည်။ ရှင်ဘုရင်ဒါဝိဒ်၏ အမျိုးအနွယ်ဖြစ်သော ဇေရုဗဗေလ၏ဦးဆောင်မှုဖြင့် ယုဒပြည်သို့ ပြန်သွားသော ပထမ အဖွဲ့အားဖြင့် ယေဇကျေလ၏ပရောဖက်ပြုချက်များ ပြည့်စုံလာခဲ့သည်။ သို့သော် ထို ဟောပြောချက်များ မပြည့်စုံမီ နှစ်ပေါင်း (၄၀)တွင် ယေဇကျေလသည် ဗာဗုလုန်မြို့ သေဆုံးခဲ့သည်။
သင်ခန်းစာယူစရာ
ဘုရားသခင်သည် သင့်ကို သူ၏ကင်းစောင့်ဖြစ်ရန် ခေါ်နေသည်။ ဘုရားသခင် ၏လူများက ဒုစရိုက်ကိုဆက်လက်ပြုလျှင် တရားစီရင်ခြင်းရောက်လာမည်ဖြစ်ကြောင်း သတိပေးရန် ယေဇကျေလကို ခေါ်ခဲ့သည်။ ဘုရားဘက်သို့ သူတို့လှည့်လာလျှင် အ သက်ရှင်ခွင့်ရမည်။ ယုဒလူများကို သတိပေးခြင်း၌ ယေဇကျေလသည် တာဝန်ပျက်ကွက် လျှင် ဘုရားသခင်က ယေဇကျေလကို အရေးယူမည်ဖြစ်သည်။ ယနေ့ ဘုရားသခင်သည် သင့်ကိုခေါ်နေသည်။ သင်၏မိသားစုများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ လုပ်ဖော်ဆောင် ဖက်များကို သတိပေးရန်ဖြစ်သည်။ ဘုရားသခင်နှင့်အတူ အသက်မရှင်လျှင် ဆုံးရှုံးမည့်
ကောင်းကြီးများကို သူတို့အား သတိပေးရမည်။ သူတို့၏တုန့်ပြန်မှုသည် သူတို့နှင့်ဘုရား သခင်သာ သက်ဆိုင်သည်။ သင့်တာဝန်မှာ သတိပေးရန်ဖြစ်သည်။ ယေဇကျေလ၏ တာဝန်ကိုယူရန် သင် အဆင်သင့်ဖြစ်နေပြီလား။
ဘုရားသခင်သည် တစ်ယောက်ချင်းစီနှင့်ဆိုင်သော နာခံခြင်းကို မျှော်လင့် သည်။ ဘုရားသခင်ရှေ့တွင် တစ်ယောက်ချင်းစီတိုင်းက မတ်တတ်ရပ်ရမည့်အကြောင်း သည် ယေဇကျေလ၏အဓိက သတင်းစကားဖြစ်သည်။ ဘုရားသခင်၏ချစ်ခြင်းမေတ္တာ သည် ယုဒပြည်၌ရှိသောသူ တစ်ယောက်ချင်းစီ၊ ဗာဗုလုန်၌ရှိသောဖမ်းဆီးခံရသူတစ် ယောက်ချင်းစီတိုင်းအတွက် ဖြစ်သည်။ ယနေ့ သင်သည် အများစုနှင့်အတူ ဘုရား ကျောင်းတက်၊ ဘုရားကို ကိုးကွယ်နေသော်လည်း ဘုရားသခင်သည် အများစုထဲမှ သင့်ကို စိတ်ဝင်စားသည်။ လူအများနှင့်အတူသွားလာနေသော်လည်း ဘုရားသခင်ရှေ့ တွင် မတ်တတ်ရပ်သည့်အခါ လူအများနှင့် မဟုတ်ပေ။ သင် တစ်ယောက်တည်းသာ ဘုရားသခင်နှင့် စာရင်းရှင်းရမည်။ ဘုရားသခင်သည် သင်နှင့်သင်၏လုပ်ဆောင်ချက် များကို စိတ်ဝင်စားသောဘုရားဖြစ်သည်။ ဘုရားသခင်သည် သင်၏ “အသက်ရှင်ခြင်း ၊ လက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်သောလက္ခဏာ’ (ရောမ ၁၂း
၁) ကို အလိုရှိသည်။
မှောင်မိုက်သောအချိန်မှာပင် ဘုရားသခင်သည် အမြဲတမ်းမျှော်လင့်ခြင်းကိုပေး သည်။ ယေရုရှလင်မြို့သည် ဖျက်ဆီးခြင်းခံရသည်။ တိုင်းသူပြည်သားများကို အခြား တိုင်းပြည်သို့ခေါ်ဆောင်သွားကြသည်။ တွေ့ရသမျှ၊ ကြားရသမျှအရာအားလုံးသည် မျှော်လင့်ချက်မရှိသောအခြေအနေဖြစ်သည်။ သို့သော် လူများ၏အမှောင်မိုက်ဆုံးအချိန်၌ ယေဇကျေလသည် အနာဂတ်တွင် တောက်ပလာမည့် ဘုရားသခင်၏ မျှော်လင့်ခြင်း သတင်းစကားကို ယူဆောင်လာပေးသည်။ မှန်ပါသည်။ အပြစ်၊ ဒုစရိုက်အတွက် ဘု ရားသခင်၏စီရင်ခြင်း ရှိသည်။ သို့သော် ဣသရေလလူများပြန်လည်တည်ဆောက်ခြင်း အတွက် ဘုရားသခင်၌ အကြံအစည်ရှိနေသည်။ ယနေ့ သင်လည်း သင့်ဘဝ၏အ
မှောင်မိုက်ဆုံးအချိန်ကို ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်သည်။ သို့သော် စိတ်ဓါတ် မကျပါနှင့်။ အရှုံးမပေးပါနှင့်။ ဘုရားသခင်သည် သူ၏သားတော် ယေရှုခရစ်တော်အားဖြင့် သင်လိုအပ်သောအရာများကိုပေးခဲ့ပြီး ဖြစ်သည်။ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းခံစားနေရ သည့်အချိန်၌ပင် ခရစ်တော်အားဖြင့် ခွန်အားကို ရရှိနိုင်သည်။
ယေဇကျေလသည်သူ၏သတင်းစကားများကို အောက်ပါပုံဥပမာများဖြင့်ဖော်ပြခဲ့သည်။
၁။ စပျစ်ခက်- ယုဒကို မီးရှို့ခြင်းမှတပါး အခြားသောရည်ရွယ်ချက် မရှိခဲ့ပေ။ (အခန်းကြီး ၁၅)
၂။ စွန့်ပစ်ခြင်းခံရသောကလေး- ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့်ကြင်နာသနားခြင်းကို
သစ္စာဖောက်သော ဣသရေလကိုဖော်ပြသည်။ (အခန်းကြီး ၁၆)
၃။ လင်းယုန်ငှက်နှင့်သစ်သား- ရှင်ဘုရင်ဇေဒကိ၏ပုန်ကန်ခြင်းနှင့်ယေရုရှလင်ပျက်ဆီး
ခြင်းကိုဖော်ပြသည်။ (အခန်းကြီး ၁၇)
၄။ တောက်လောင်နေသောမီးဖို- ဘုရားသခင်သည် သူ၏လူများကို သန့်ရှင်းစင်ကြယ်
ခြင်းလုပ်မည်ဖြစ်ကြောင်း ဖော်ပြသည်။ ယေရုရှလင်မြို့ကို ဝိုင်းရံခြင်း၏”အ”ကိုဖော်
ပြသည်။ (၂၂း၁၇-၂၂)
၅။ ပြည့်တန်ဆာညီမနှစ်ယောက် – ဣသရေလနှင့်ယုဒတို့၏ ဝိညာဉ်ရေးကိလေသာကို
ဖော်ပြသည်။ (အခန်းကြီး ၂၃)
၆။ ချက်ပြုတ်သောအိုးကင်း- ယေရုရှလင်ကို ဘုရားသခင် သန့်ရှင်းစင်ကြယ်သော နည်း ၊
လမ်းကို ဖော်ပြသည်။ (၂၄း၁-၁၄)
၇။ ပျက်ဆီးသောသင်္ဘော- တုရုမြို့အပေါ်ကျရောက်မည့် တရားစီရင်ခြင်းကိုဖော်ပြသည်။
(အခန်းကြီး ၂၇)
၈။ ဆိုးသွမ်းသောအိုတိန်းများ – တာဝန်ပျက်ကွက်သောယေရုရှလင်မြို့မှခေါင်းဆောင်
များကို ဖော်ပြသည်။ (အခန်းကြီး ၃၄)
၉။ ခြောက်သွေ့သောအရိုးများ – ဣသရေလူမျိုး၏ဝိညာဉ်ရေး ပြန်လည်နိုးကြားလာခြင်း ကိုဖော်ပြသည်။ (အခန်းကြီး ၃၇)
ဒံယေလ
ခိုင်မာပြတ်သားသောသူ
သန့်ရှင်းသောဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံသောသူတစ်ယောက်သည် နိုင်ငံတော်တွင်ရှိပါ ၏။ ခမည်းတော်ဘုရားလက်ထပ်တော်၌ ထိုသူတွင် ဘုရားပညာနှင့်တူသာ ပညာဉာဏ် သတ္တိ
ထင်ရှားလျက်ရှိပါ၏။ (ဒံယလ ၅း၁၁)
အရည်အချင်း- ဖြောင့်မတ်တည်ကြည်ခြင်း။
ပြည့်စုံခြင်း- အင်ပါယာနှစ်ခု၊ ရှင်ဘုရင်သုံးပါးလက်ထပ်တွင် ဘုရားသခင်ကို သစ္စာရှိ
စွာ အစေခံခဲ့သည်။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၆၂၀ မှ ၅၃၅ – (၈၅ နှစ်နှင့်အထက် အသက်ရှင်ခဲ့သည်။
နာမည်- ဒံယေလ- အဓိပ္ပါယ်မှာ “ဘုရားသခင်သည် ကျွန်ုပ်၏တရားသူကြီး။
ကျမ်းပိုဒ်- ဒံယေလအနာဂတ္တိကျမ်း။
နောက်ခံအကြောင်းအရာ
ဒံယေလဇာတ်လမ်းသည် ဘီစီ (၆၀၅) တွင် အစပြုခဲ့သည်။ ဗာဗုလုန်သည် ယေရုရှလင်မြို့ကို သိမ်းပိုက်ပြီးနောက် ဒံယေလကို ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ ဒံယေလနှင့်အတူ အခြားတော်ဝင် အမျိုးအနွယ်လူငယ်များလည်း ပါသွား
ခဲ့သည်။ ဗာဗုလုန်၏ယဉ်ကျေးမှု၊ ဘာသာစကားများကို ထိုလူငယ်များက ခံယူရမည်ဖြစ် သည်။ ထို့နောက် ဗာဗုလုန်တိုင်းပြည်တွင် အစေခံရမည်။ ဒံယေလသည် ဗာဗုလုန်အင်ပါ ယာကျရှုံးသွားခြင်းနှင့် ပါရှန်းအင်ပါယာ ပေါ်ပေါက်လာခြင်းကိုမြင်ရသည်အထိ အသက် ရှည်ခဲ့သည်။ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း နှစ်(၅၀)ကြာပြီးနောက်၊ ယုဒလူများ ယေရုရှလင် ၊ မြို့ကို ပြန်ရန်အမိန့်စာထုတ်ပြန်ခြင်းကိုလည်း မြင်တွေ့၊ ကြားသိခွင့်ရခဲ့သည်။
ခြုံငုံကြည့်ခြင်း ၊
ဒံယေလသည် ဆယ်ကျော်သက်ရွယ်ဘဝတွင် သူ့ကို ရက်စက်စွာဖမ်းဆီးပြီး၊ သူ၏ဇာတိမွေးရပ်မြေဖြစ်သောယေရုရှလင်မြို့မှအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ ရသည်။ ထို့နောက် ဗာဗုလုန်အစိုးရကို အစေခံရန် ဒံယေလကဲ့သို့ ယုဒလူငယ်များကို သင်တန်းပေးခဲ့သည်။ ဘုရားသခင်ပေးသော ဉာဏ်ပညာကို အသုံးပြုခြင်း၊ သူ၏ဖြောင့် မတ်တည်ကြည်ခြင်း၊ ဘုရားသခင်၏မစကူညီခြင်းကြောင့် ဝန်ကြီးအဖြစ်သို့ လျင်မြန်စွာ
ရောက်ရှိသွားခဲ့သည်။ ရှင်ဘုရင်များ၏အိပ်မက်များကို အနက်ပြန်ပေးရုံသာမက၊ ဘုရား သခင်ထံမှ ရူပါရုံများကိုလည်း ရရှိခဲ့သည်။ အနာဂတ်နိုင်ငံတော်များ၊ အင်ပါယာများသည် တန်ခိုးအရှိန်ဖြင့် ရာစုသစ်များတွင် ပေါ်ပေါက်လာမည့်အကြောင်း၊ ထိုအင်ပါယာများအား လုံးကို မေရှိယနိုင်ငံတော်က ချေမှုန်းအနိုင်ယူမည်ဖြစ်ကြောင်းနှင့် ကြီးမြတ်သောမေရှိယ နိုင်ငံတော်သာ တည်တံ့ခိုင်မြဲမည့်အကြောင်းများကို ဘုရားသခင်က ဒံယေလအား ဖွင့် ပြခဲ့သည်။
အကြောင်းအရာ •
ဒံယေလသည် နေဗုခဒ်နေဇာမင်းကြီးကို အစေခံသည် (ဒံ ၁-၂)
ဒံယေလသည် သူ၏တိုင်းပြည်ကို ဖျက်ဆီးခဲ့သောနေဗုဒ်နေဇာမင်းကြီး ရှေ့ တွင် ပထမဆုံး မတ်တတ်ရပ်ရသည့်အချိန်မှာ သုံးနှစ်၊ သုံးမိုး ဗာဗုလုန်ပညာရပ်များကို သင်ကြားခံယူပြီးသောအချိန် ဖြစ်သည်။ ဒံယေလတစ်ယောက်တည်း မဟုတ်ပေ။ သူနှင့် သူ၏သူငယ်ချင်းသုံးယောက်ဖြစ်သည်။ နေဗုခဒ်နေဇာမင်းကြီးကိုယ်တိုင် သူတို့ကို လူ
တွေ့စစ်ဆေးခဲ့သည်။ အခြားသောသူများထက် မယုံကြည်နိုင်စရာ ကောင်းလောက် တွင် အရည်အချင်းများနှင့် ပြည့်စုံကြောင်း ရှင်ဘုရင်တွေ့ရှိခဲ့သည်။
ရာထူးတိုးမြှင့်ခြင်းခံရပြီး မကြာမီမှာပင် ဒံယေလသည် နောက်တစ်ကြိမ် နေဗု ခဒ်နေဇာရှေ့တွင် ထပ်မံရောက်ရှိလာရပြန်သည်။ အကြောင်းမှာ ဘယ်သူမှအနက်မပြန် ၊ င်သော ရှင်ဘုရင်၏အိပ်မက်ကို အနက်ပြန်ရန် ဖြစ်သည်။ ရှင်ဘုရင်သည် ဒံယေလ၏ အိပ်မက်အနက်ပြန်ခြင်းကို သဘောကျနှစ်သက်သောကြောင့် ဒံယလေကိုးကွယ်သော ဘုရားကို “ကိုယ်တော်သည် ဤနက်နဲသောအရာကို ဖွင့်ပြနိုင်သည်ဖြစ်၍၊ အကယ်စင် စစ်ကိုယ်တော်၏ဘုရားသခင်သည် ဘုရားတို့ဘုရား၊ ဘုရင်တို့၏အရှင်၊ နက်နဲသော အရာကို ဖွင့်ပြတော်မူသောသခင် ဖြစ်တော်မူ၏” (ဒီ ၂း၄၅) ဟု ရှင်ဘုရင်က အတည် ပြုခဲ့သည်။ ထို့အပြင် ဒံယေလကို ဗာဗုလုန်၏ဝန်ကြီး၊ ပညာရှိအားလုံးတို့၏ဝန်ကြီးအဖြစ် ခန့်အပ်ချီးမြှင့်ခဲ့သည် (အခန်းငယ် ၄၈)။
တတိယအကြိမ် ဒံယေလသည် ရှင်ဘုရင်နှင့်တွေ့ဆုံသောအခါ နောက်ထပ် အိပ်မက်ကို အနက်ပြန်ရန် ဖြစ်သည်။ ဤတစ်ကြိမ်တွင် ဒံယေလသည် ရှင်ဘုရင်ကို သတိပေးခဲ့သည်။ ဘုရားသခင်သည် နေဗုခဒ်နေဇာနှင့်သူ၏တိုင်းပြည်ကို ကူညီမစခဲ့
သောအရာများစွာ ရှိသည်။ သို့သော် ရှင်ဘုရင်သည် မှောက်မာစွာဖြင့် ဂုဏ်မာနတတ် ခဲ့သည်။ ရှင်ဘုရင်သည် ဒံယေလ၏သတိပေးခြင်းကို လက်မခံခဲ့ပေ။ ထို့ကြောင့် အချိန် အတိုင်းအတာတစ်ခုထိ ရူးသွပ်သွားခဲ့သည်။ သူ၏အသိစိတ်များပြန်လည် သတိရလာ
သောအခါ “အမြင့်ဆုံးသောဘုရားကို ကောင်းကြီးပေး၍၊ ထာဝရအသက်ရှင်တော်မူသော ဘုရားကို ချီးမွမ်းထောပနာပြု၏။ အာဏာတော်သည် ထာဝရအာဏာဖြစ်၏။ နိုင်ငံတော် သည် ကမ္ဘာအဆက်ဆက်တည်၏’ (၄း၃၄)ဟု ဘုရားသခင်ကို ချီးမွမ်းခဲ့သည်။ •
ဒံယေလသည် ဗေလရှာဇာမင်းကြီးကို အစေခံသည် (ဒံ ၅ )
နေဗုခဒ်နေဇာဘုရင် သေဆုံးသွားပြီးနောက် နှစ်ပေါင်း (၂၀)လောက်၊ ဗာဗု ပုန်အင်ပါယာကျဆင်းခဲ့သည်။ မေဒီ -ပေရသိအင်ပါယာက ဗာဗုလုန်အင်ပါယာကို
အောင်မြင်လာမည့် ထိုညဉ့်အချိန်ထိ ဒံယေလ၏ဉာဏ်ပညာကို လျစ်လျူရှုခဲ့ကြသည်။ ဗေလရှာဇာမင်းကြီးသည် သူ၏နန်းတော်၌ စားသောက်ပွဲကြီးကျင်းပနေချိန်တွင် နိမိတ်
လက္ခဏာဖြင့် နံရံတွင် အရေးအသား တစ်ခုပေါ်လာခဲ့သည်။ ရှင်ဘုရင်က ဒံယေလကို ခေါ်ခိုင်းပြီး အနက်ပြန်စေခဲ့သည်။ ထိုအရေးအသားသည် ဘုရားသခင်ဆီမှ ပျက်စီးဆုံး ရှုံးမည့်သတင်းစကားဖြစ်သည်။ ထိုညဉ့်မှာပင် ဗာဗုလုန်အင်ပါယာသည် မေဒိ-ပေရသိ အင်ပါယာလက်သို့ ကျရောက်သွားခဲ့သည်။ •
ဒံယေလသည် ဒါရိမင်းကြီးကို အစေခံသည် (ဒံ ၆)
မေဒူပါရှား (Medo-Persian) အင်ပါယာ၏ဘုရင် ဒါရိမင်းကြီးသည် ယခုတွင် တိုင်းပြည်ပေါင်း(၁၂၀) ကို တိုက်ခိုက်အောင်မြင်ထားသည်။ ဒံယေလသည် ဝန်ကြီး (၃) ပါးတွင် ထူးဆန်းသော ဉာဏ်ပညာနှင့်ပြည့်စုံသောကြောင့် ရှင်ဘုရင်၏တစ်ဦးတည်းသော ဝန်ကြီးအဖြစ်အစေခံခွင့်ရခဲ့သည်။ ရှင်ဘုရင်ထံတွင်အစေခံနေသောအခြားသောသူများက ရှင်ဘုရင်နှင့်ပူးပေါင်းကာ မနာလိုဝန်တိုမှုများဖြင့် ဒံယေလကို ထောင်ချောက်ဆင်ခဲ့သည်။ တစ်ဆူတည်းသော ထာဝရဘုရားကို အစဉ်မပြတ်ဆုတောင်းနေသော ဒံယေလကို ခြင်္သေ့တွင်းထဲသို့ ပစ်ချခဲ့သည်။ ယခင်အချိန်များက ဘုရားသခင်သည် ဒံယေလကို ကွယ်ကာစောင့်မခဲ့သလို ယခုလည်း ကွယ်ကာစောင့်မခဲ့သည်။ ဒံယေလကို ထောင် ချောက်ဆင်ခဲ့သောသူများသည် ခြင်္သေ့စာဖြစ်သွားခဲ့ရသည်။ •
ဒံယေလသည် ဘုရားသခင်ကို အောက်ပါအချက်များအားဖြင့် အစေခံခဲ့သည်။
ဆယ်ကျော်သက်ရွယ် ဒံယေလသည် ကိုယ့်ကိုကိုယ် မညစ်ညူးစေရန် ရှင်ဘုရင်နေဗုခဒ်နေဇာ၏အစားစာများကို ငြင်းဆန်ခဲ့သည်။
ရှင်ဘုရင်နေဗုခဒ်နေဇာ၏အိပ်မက်ကို အနက်ပြန်ရန် ဘုရားသခင်ဖွင့်ပြပါမည်
အကြောင်း ဘုရားသခင်ကို ဆုတောင်းခြင်းဖြင့် မေးလျှောက်ခဲ့သည်။ ။
ရှင်ဘုရင်၏အိပ်မက်အနက်ကိုဖွင့်ပြရာ၌ လူအများ၏ရှေ့တွင် ဘုရားသခင်ကို
ချီးမွမ်းထောမနာပြုခဲ့သည်။
နေဗုခဒ်နေဇာ၏ဂုဏ်မာနကို ရဲရင့်စွာ ရင်ဆိုင်သတိပေးခဲ့သည်။
ရှင်ဘုရင်မှလွဲ၍ အခြားသောဘုရားကို ကိုးကွယ်လျှင် ပြစ်ဒဏ်ခံရမည်ကို သိ
လျက်ဖြင့် သစ္စာရှိစွာ ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်ခဲ့သည်။
ဖမ်းဆီးခေါ်ဆောင်ခြင်းမှ မကြာမီ လွတ်မြောက်တော့မည်ဖြစ်သောကြောင့် သူ့အတွက်နှင့်ဣသရေလတစ်မျိုးလုံးအတွက် နှိမ့်ချစွာဖြင့် ခွင့်လွှတ်ခြင်းကို
တောင်းခံခဲ့သည်။
အနာဂတ်အတွက် ဘုရားသခင်၏အကြံအစည်ကို ယုဒအမျိုးနှင့်တပါးအမျိုး
သားကို ကြေငြာသည့် ဘုရားသခင်၏စေတမန်ဖြစ်လာခဲ့သည်။
ဆင်ခြင်စရာ
ဒံယေလသည် သူ၏ရှည်သောအသက်တာတစ်လျှောက်လုံး ဘုရားသခင်ကို ဆက်ကပ်မှုအပြည့်အဝဖြင့် အစေခံခဲ့သည်။ ထာဝရဘုရားကို မကိုးကွယ်သောအင်ပါယာ နှစ်ခုတွင် ကြီးမားသောနိုင်ငံရေးတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ ထိုသို့ တိုင်းပြည် တာဝန်များကို ထမ်းဆောင်ရင်း မယုံကြည်သူများကြားတွင် ဘုရားသခင်ကို ယုံကြည် သောသူ၏ယုံကြည်ခြင်းသည် မယိမ်းယိုင်ခဲ့ပေ။ ဖြောင့်မတ်တည်ကြည်သောသူဖြစ်သည်။ ထို့ကြောင့် တန်ခိုးသြဇာအာဏာကြီးမားသော ခေါင်းဆောင်များ၏ ယုံကြည်စိတ်ချမှုကို ရရှိခဲ့သည်။ တိုင်းပြည်၏အမြင့်မားဆုံးရာထူးတွင် ချီးမြှင့်ခြင်းခံရသော်လည်း ရာထူးဂုဏ် ကို မက်မောနေသော ဒံယေလ၏လုပ်ဖော်ဆောင်ဖက် နိုင်ငံရေးသမားများကြားတွင် ဒံယေလသည် နှိမ့်ချခြင်းဖြင့် အစေခံခဲ့သည်။ ဒံယေလ၏ဂုဏ်သတင်းသည် ရှင်ဘုရင် နန်းတော်ထဲတွင်သာမက၊ ဗာဗုလုန်တိုင်းပြည်၏မြို့၊ ရွာ၊ ဇနပုဒ်များအထိပါ ရောက်ရှိ သွားခဲ့သည်။ ဗာဗုလုန်မြို့၊ ရွာလမ်းမများပေါ်တွင် လှည့်လည်ကာ ဘုရားသခင်၏သ ကင်းစကားများကို ကြေငြာနေသော ယေဇကျေလကလည်း သူ၏အနာဂတ္တိကျမ်းတွင်
ယေလ၏ဖြောင့်မတ်ခြင်း၊ ဉာဏ်ပညာရှိခြင်းကို ဖော်ပြထားသည် (ယေဇကျေလ ၁၄၊ ၂၈း၃)။ ပျက်စီးယိုယွင်းနေသော အင်ပါယာနှစ်ခုတွင် နှစ်ပေါင်း (၈၀)ကျော်ထိ ယေလကို ဖြောင့်မတ်တည်ကြည်စွာ အသက်ရှင်စေနိုင်ရန် သူ့ကို တွန်းအားပေးသော
အရာတစ်ခုမှာ ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းပင် ဖြစ်သည်။ ထို့အပြင် ဒံယေလအသက်တာက သူတပါးကိုလည်း လွှမ်းမိုးနိုင်ခြင်းမှာ အတုယူစရာပင် ဖြစ်သည်။
သင်ခန်းစာယူစရာ
ဆက်ကပ်အပ်နှံသောအသက်တာသည် ဆုတောင်းခြင်းဖြင့် အစပြုသည်။ ဒီ ယေလသည် ရှင်ဘုရင်နေဗုခဒ်နေဇာ၏အိပ်မက်အနက်ကို ပြန်ရမည်ဟု ကြားသောအခါ ချက်ခြင်းပင် သူနှင့်သူ၏သူငယ်ချင်းများက ဆုတောင်းခဲ့ကြသည်။ ဆုတောင်းခြင်းသည် ဒံယေလ၏ဘဝတစ်လျှောက်လုံး သုံးစွဲသောလက်နက်တစ်ခုဖြစ်ခဲ့သည်။ ဆုတောင်းခြင်း သည် ဒံယေလလုပ်လေ့ရှိသည့် အလေ့အကျင့်တစ်ခုဖြစ်နေသည်။ “အထက်ပြုလေ့ရှိ သည်အတိုင်း” (ဒီ ၆း၁၀)။ ထို့ကြောင့် အခက်အခဲများကို ဆုတောင်းခြင်းနှင့် ရင်ဆိုင်
ကျော်လွှားနိုင်ခဲ့သည်။ သင်ပြုလေ့၊ ပြုထရှိသည့် အလေ့အကျင့်က ဘာလဲ။ ဆုတောင်း ရန်အတွက် အခက်အခဲကို မစောင့်ပါနှင့်။ အခုပဲ စပြီးဆုတောင်းပါ။ အခက်အခဲနှင့် ရင် ဆိုင်ရသောအခါ သင်က အဆင်သင့်ရှိနေမည် ဖြစ်သည်။
။ ဆက်ကပ်အပ်နှံသောအသက်တာ၌ ခိုင်မာသောဆုံးဖြတ်ချက်ကို လိုအပ်သည်။ ဆယ်ကျော်သက် လူငယ်အရွယ်မှာပင် သံယေလသည် သူစားသောအစာနှင့်ပတ်သတ် ၍ ခိုင်မာသောဆုံးဖြတ်ချက်ရှိသည်။ ရှင်ဘုရင်၏အစားစာများကို စားခွင့်ရှိသည်ကို ပင်လျှင် ဘုရားသခင်သတ်မှတ်ထားသောအစာများကိုသာ စားရန် ဒံယေလနှင့်သူငယ် ချင်းသုံးယောက်က ဆုံးဖြတ်ချက် ချထားသည်။ အစကတည်းက သန္ဒိဌါန်ချထားသော ဒံယေလ၏ဆုံးဖြတ်ချက်သည် သူ၏အသက်တာကို နောက်နှစ်ပေါင်း (၅၀)ထိ အသက် ရှင်စေခဲ့သည်။ ဘုရားသခင်နှစ်သက်သော ဆုံးဖြတ်ချက်များကို သင် ချမှတ်ပြီလား။ မချမှတ်သေးဘူးဆိုလျှင် သင်ဟာ စာတန်၏သွေးဆောင်မှုပစ်ကွင်းတွင် သားကောင် ဖြစ်နေသည်။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ခိုင်မာပြတ်သားသည့်ဆုံးဖြတ်ချက် များသည် စုံစမ်းသွေးဆောင်ခြင်းမှ သင့်ကို ကျော်လွှားစေသည်။ မရေရာ မသေချာသော အချိန်၌ သင့်ကို ဉာဏ်ပညာနှင့်သေချာမှုကို ပေးသည်။ အောင်မြင်သောခရစ်ယာန် အ
သက်တာအတွက် လုပ်ကိုလုပ်ရမည့် အရာဖြစ်သည်။
ဆက်ကပ်အပ်နှံသောအသက်တာသည် ရဲရင့်ခြင်းကို ဖြစ်စေသည်။ ခြင်္သေ့ င်းထဲမှ ဒံယေလ၏ရဲရင့်ခြင်းသည် ဘုရားသခင်ကို ယုံကြည်စိတ်ချစွာ ဆက်ကပ်အပ်နှံ ထားခြင်းမှ ထိုရဲရင့်ခြင်းသတ္တိ မွေးဖွားလာခဲ့သည်။ ဘဝအသက်တာတွင် ဘာတွေပဲ ကြုံတွေ့ရ ဘုရားသခင်လက်တော်ကို စိတ်ချခြင်းဖြစ်သည်။ ဒံယေလ၏သူငယ်ချင်းသုံး
ယောက်လည်း မီးပုံထဲသို့ ပစ်ချခြင်းခံရမည်ဟု ခြိမ်းခြောက်ခြင်းခံရသောအခါ ဒံယေလ၌ ရှိသော ထိုရဲရင့်ခြင်းသတ္တိကို လူအများရှေ့တွင် ပြသနိုင်ခဲ့သည်။ မီးပုံထဲ၊ ခြင်္သေ့တွင်း ထဲသို့ ယနေ့ သင့်ကို ပစ်ချမည် မဟုတ်ပေ။ သို့သော် နေ့စဉ်အသက်တာတွင် သင်၏ ယုံကြည်ခြင်းကို စိန်ခေါ်သောအရာများနှင့် တွေ့ကြုံရမည်ဖြစ်သည်။ သင်၏ယုံကြည် ခြင်းကို ခွန်အားရှိစေရန် ဆုတောင်းခြင်းအသက်တာဖြင့် ဆက်ကပ်အပ်နှံပါ။ ဘုရား သခင်အတွက် နေ့စဉ်အသက်ရှင်နိုင်ရန် ဘုရားသခင်သည် သင့်ကို ရဲရင့်ခြင်းသတ္တိကိုပေး မည်ဖြစ်သည်။
ဆုတောင်းခြင်းနှင့်ပတ်သတ်၍ ဒံယေလတွင် တွေ့ရသော
ဒံယေလ၏စိတ်နှလုံးသား
ဒံယေလသည် ဆုတောင်းရန် လိုအပ်သည်ဟု ခံစားရသည်- ဝန်ထုပ်တစ်ခုကိုထမ်း
ထားရသည်။
ဒံယေလသည် ဆုတောင်းရန် ပြင်ဆင်ခြင်းများ လုပ်ခဲ့သည် – အစာရှောင်သည်၊ ပြာ
နှင့်လူးသည်၊ လျှော်တေအဝတ်ကိုဝတ်သည်။
ဒံယေလသည် ဘုရားသခင်ရှေ့သို့ နှိမ့်ချသောနှလုံးသားဖြင့်ရောက်လာသည်- သူ၏
လုပ်ဆောင်ချက်က သူ၏နှလုံးသားကို ဖော်ပြသည်။
ဒံယေလသည် ဘုရားသခင်ရှေ့သို့ ရိုသေလေးစားသောနှလုံးသားဖြင့်ရောက်လာ သည်- သူ၏ပထမဆုံးစကားလုံးများမှာ “အလွန်ကြီးမြတ်၍၊ ကြောက်ရွံ့ဖွယ်ဖြစ်တော် မူသောဘုရား။”
ဒံယေလသည် ဘုရားသခင်ရှေ့သို့ နောင်တရသာနှလုံးသားဖြင့်ရောက်လာသည်
သူ၏အပြစ်နှင့်လူများ၏ဒုစရိုက်အပြစ်ကို သိသည်။
ယောန
ဆန္ဒမရှိသော ပရောဖက်
သင်ထ၍၊ နိနဝေမြို့ သို့ သွားပြီးလျှင်၊ ခြိမ်းခြောက်စသာစကားနှင့် ကြွေးကြော် လော့။ ထိုမြို့ ပြုသာဒုစရိုက်အပြစ်သည် ။
ငါ့ရှေ့ သို့ တက်လာပြီ။
(ယောန ၁:၂) ၊
အရည်အချင်း- လူမျိုးရေးမုန်းတီးစိတ်နှင့်မာန်မာန။
ပြည့်စုံခြင်း- နိနဝေမြို့သို့ ဟောပြောသည်။
အသက်ရှင်ခဲ့သောအချိန်- ယေရောဗောင်ဘုရင်လက်ထပ်တွင် အမှုတော်ဆောင်ခဲ့
သည်။ (ဘီစီ ရ၉၃ မှ ရ၅၈) ၊
နာမည်- ယောန- အဓိပ္ပါယ်မှာ “ချိုးငှက်”။
ကျမ်းပိုဒ်- ယောနဝတ္တု။
နောက်ခံအကြောင်းအရာ
ဣသရေလနိုင်ငံသည် ယေရောဗောင်အုပ်စိုးစဉ်ကာလအတွင်း ငြိမ်းချမ်းခြင်းနှင့် တိုးတက်ခြင်းများကို ခံစားရသည် (၅၉၃-၅၅၃ ဘီစီ)။ အာရှုရိ၊ ရှုတိုင်းပြည်များသည်
အားနည်းနေကြသည်။ ထို့ကြောင့် ဒါဝိဒ်နှင့်ရှောလမုန်လက်ထက်မှ နယ်မြေများထိ မြောက်ပိုင်းတိုင်းပြည်သည် ကျယ်ပြန့်လာခဲ့သည်။ ထိုအချက်က ဣသရေလလူများကို ပတ်ဝန်းကျင်တိုင်းပြည်များကြားတွင် လူမျိုးကြီးစိတ်ဓါတ် ဖြစ်လာပြီး၊ မာန်မာနထောင်
လွှားလာခဲ့သည်။ သို့သော်လည်း ပွဲလမ်းသဘင်များနှင့် ရုပ်တုကိုးကွယ်ခြင်းက ဣသရေ လနိုင်ငံ၏ဝိညာဉ်ရေးရာကို ဆွဲချနေသည်။ ငြိမ်းချမ်းခြင်းနှင့် တိုးတက်ကြီးပွားခြင်းက အရှိန်မြင့်မားလာသော်လည်း ဝိညာဉ်ရေးရာမှာ ချွတ်ခြုံကျနေခဲ့သည်။
ပရောဖက်အာမုတ်သည် တောင်ပိုင်းယုဒပြည်မှ မြောက်ပိုင်းဣသရေလပြည်သို့ ခရီးထွက်လာကာ ဣသရေလအမျိုးပြုသော အဓိကဒုစရိုက်နှစ်မျိုးကို ဆုံးမသည်။ စစ် မှန်သောကိုးကွယ်မှု မရှိခြင်းနှင့် တရားမျှတမှု မရှိခြင်းဖြစ်သည်။ တချိန်တည်းမှာပင် ဗက်ဖာမြို့သား (မြောက်ပိုင်းနိုင်ငံ၊ နာဇရက်မြို့အနီး) ယောနကို ဘုရားသခင်က ခေါ်ကာ အင်အားကြီးမားပြီး၊ ဣသရေလ၏အကြီးမားဆုံးရန်သူဖြစ်သော အာရှုရိ၊ မြို့
တော်နိနဝေဆီသို့ ဘုရားသခင်၏သတင်းစကားနှင့်အတူ စေလွှတ်ခဲ့သည်။ နှစ် (၅၀) အတွင်းတွင် အာရှုရိသည် မြောက်ပိုင်းဣသရေလတိုင်းပြည်ကို ဖျက်ဆီးပြီး၊ လူများကို ဖမ်းဆီးခေါ်ဆောင်သွားမည်ဖြစ်သည်။
ခြုံငုံကြည့်ခြင်း ၊
အမိတွဲ၏သား၊ ယောနသည် မြောက်ပိုင်းဣသရေလနိုင်ငံမှ ဖြစ်သည်။ အာရှ ရိ၏အင်ပါယာဖြစ်သော နိနဝေမြို့သို့သွားရန် ဘုရားသခင်က စေလွှတ်ခဲ့သည်။ ယောန သည် ဘုရားသခင်၏ခေါ်ခြင်းက သူနှင့်ဘာမှမဆိုင်သလို၊ ယုပွေမြို့၊ ဆိပ်ကမ်းသို့ သွား ကာတာမြို့ (ယခုခေတ် စပိန်)သို့သွားမည့် သင်္ဘောပေါ် လိုက်ပါခဲ့သည်။ (ဘုရားသခင် ၏ခေါ်ခြင်းကို ငြင်းဆန်သောပရောဖက်အကြောင်း တစ်ခုတည်းသော သမ္မာကျမ်းစာမှတ် တမ်း ဖြစ်သည်။) နောက်ဆုံး ဘုရားသခင်သည် ယောနကို ပြန်ခေါ်ခဲ့သည်။ ယောန နာခံကာ၊ နိနဝေမြို့သို့ ပြန်သွားသည်။ နောင်တနှင့်ဆိုင်သော သတင်းစကားကို ဟော ပြောခဲ့သည်။
နိနဝေမြို့သည် နောင်တရခြင်းအားဖြင့် ဘုရားသခင်၏သတင်းစကားကို တုန့်
ပြန်ခဲ့သည်။ ထိုအတွက် ယောန ဝမ်းမမြောက်ခဲ့ပေ။ ဘုရားသခင်သည် သူ၏ပရောဖက် ကို စိတ်ရှည်သည်းခံကာ၊ ပျောက်ဆုံးသောဝိညာဉ်များအတွက် ဘုရားသခင်၏ချစ်ခြင်း ၊ မေတ္တာ၊ ဂရုဏာကို ဖော်ပြခဲ့သည်။
အကြောင်းအရာ
ဘုရားသခင်၏ရှေ့တော်မှ ထွက်ပြေးခြင်း (ယောန ၁)
နိနဝေမြို့အတွက် တရားစီရင်ခြင်းသတင်းစကားကို ဘုရားသခင်က ယောနကို သွားပြောခိုင်းသည်။ ဣသရေလ၏အကြီးမားဆုံးရန်သူဖြစ်သော အာရှုရိဆီသို့ သွားကာ ဘုရားသခင်၏သတင်းစကားကို ပြောလျှင် ယောန၏ဂုဏ်သတင်းသည် ကျော်ကြားနိုင် သည်။ အဘယ်ကြောင့်ဆိုသော် ရန်သူနိုင်ငံသို့သွားကာ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ပြသခြင်းထက် သာ၍ကြီးမားသော လုပ်ဆောင်ချက် မရှိတော့ပေ။ သို့သော် ယောန သည် ဂုဏ်သတင်းကျော်ကြားခြင်းကို မလိုချင်ပေ။ တာရှုမြို့သို့ ထွက်ပြေးခဲ့သည်။ သို့
သော်လည်း ဘုရားသခင်သည် မုန်တိုင်းကို စေလွှတ်ခြင်းအားဖြင့် သူ၏ရည်ရွယ်ချက် အကြံအစည်ပြည့်စုံရန် ယောနကို ပြန်လည်ခေါ်ဆောင်ခဲ့သည်။
ငါးကြီးဝမ်းဗိုက်အတွင်းမှ ယောန (ယောန ၂)
ကြမ်းတမ်းသော မုန်တိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ကြောင်း ယောနသိသည်။ သူ၏နာမခံခြင်းကြောင့် သင်္ဘောသားများ ဒုက္ခရောက်ရကြောင်းကိုလည်း ယောနသိ သည်။ ထို့ကြောင့် ယောနက သူ့ကို ရေထဲသို့ပစ်ချရန် ပြောသည်။ ဘုရားသခင်ပြင်ဆင် ထားသော ငါးကြီးသည် ယောနကို မျိုချခဲ့သည်။ သုံးရက်နှင့်သုံးညဉ့် ကြာပြီးသောအခါ
ယောနသည် ဘုရားသခင်ကို ဆုတောင်းခဲ့သည်။ သူ၏ဘဝအသက်တာကို ဘုရားသခင် ၏တန်ခိုးတော်က လွှမ်းမိုးထားကြောင်း သိရှိနားလည်ခဲ့သည်။ ဘုရားသခင်၏ခေါ်ခြင်း ၊
ကို ဝန်ခံခဲ့သည်။
တရားစီရင်မည့် သတင်းစကားကို ဟောပြောခြင်း (ယောန ၃)
နိနဝေမြို့သို့ ဘုရားသခင်၏သတင်းစကားကို ဟောပြောရန် ယောနအား
ဒုတိယအခွင့်အရေးပေးခဲ့သည်။ ကမ္ဘာပေါ်တွင် နိုးထမှုတရားဟောချက် အတိုဆုံးကို
ယောန ဟောခဲ့သည်။ “အရက်လေးဆယ်လွန်သော် နိနဝေမြို့သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်” (အခန်းငယ် ၄)။ နိနဝေမြို့သည် မိုင် (၆၀)စက်ဝိုင်းသဏ္ဍာန်လုံးဝန်း ပြီး၊ သုံးရက်ခရီးသွားရသောမြို့ဖြစ်သည်။ မြို့သူ၊ မြို့သား ခြောက်သိန်း၊ လူကြီး၊ လူ ငယ်အားလုံးသည် ဘုရားသခင်၏စကားတော်ကို ယုံကြည်ခဲ့ကြသည် (အခန်းငယ် )။ နောင်တရခြင်းကို ဖော်ပြသောအားဖြင့် ရှင်ဘုရင်ကိုယ်တိုင် သူ၏မြတ်ဝတ်လုံကို ချွတ် ကာ ဝမ်းနည်းသောဝတ်လုံကို ဝတ်ဆင်ခဲ့သည်။
ဖျက်ဆီးခြင်းကို မျှော်လင့်ခြင်း (ယောန ၄)
နိနဝေမြို့ နောင်တရခြင်းကြောင့် ဘုရားသခင်သည် သူ၏အမျက်ဒေါသကို ဖယ်ရှားခဲ့သည်။ သို့သော် ယောန အမျက်ဒေါသထွက်ရသည်။ နိနဝေမြို့အပေါ်သို့ ဘုရားသခင်၏အမျက်ဒေါသ တရားစီရင်ခြင်း ကျရောက်လာမည်ကို ယောန မြင်တွေ့ချင် သည်။ အစကတည်းက ယောနသည် လူသားများအပေါ်ထားသော ဘုရားသခင်၏ ချစ်ခြင်းဂရုဏာကို ကောင်းကောင်း နားလည်သည်။ ထို့ကြောင့် ထွက်ပြေးပုန်းရှောင်ခဲ့ သည်။ ဘုရားသခင်၏ ဂရုဏာကို ယောန ခံစားရရှိသည်။ သို့သော် နိနဝေမြို့သားများကို
တော့ မခံစားစေချင်ပေ။
ဆင်ခြင်စရာ
ယောနသည် တာဝန် မကျေသော ပရောဖက်တစ်ပါးဖြစ်သည်။ သူ့ကိုပေးသော တာဝန်ကို ကောင်းစွာ မလုပ်ခဲ့ပေ။ အာရှုရိလူများကို မုန်းတီးစိတ်ဖြင့် အသက်ရှင်ခဲ့ရ သည်။ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ကြောက်ရွံ့ခဲ့သည်။ အာရှုရိများကို မုန်း တီးစိတ်ကြီးမားလွန်းလို့ ဘုရားသခင်ကို နာခံရမည့်အစား၊ ထွက်ပြေးခဲ့သည်။ နိမိတ် ၊ လက္ခဏာအားဖြင့် ငါးကြီး၏မျိုးခြင်းခံရသာအခါမှ အသိတရားဝင်လာပြီး၊ ဘုရားသခင် ဘက်သို့ လှည့်လာခဲ့သည်။ နိနဝေမြို့သို့သွားပြီး၊ ဘုရားသခင်၏တရားစီရင်မည့်သတင်း စကားကို ဟောပြောခဲ့သည်။ နိနဝေမြို့သားများ နောင်တရကာ ဘုရားဘက်သို့ လှည့် လာခဲ့သည်။ နိနဝေမြို့ ဖျက်ဆီးခြင်း မခံရတော့ပေ။ ယောနသည် ဘုရားသခင်ကို စိတ်
ဆိုးဒေါသထွက်ခဲ့သည်။ နိနဝေမြို့ပျက်စီးခြင်းကို ယောန မြင်တွေ့ချင်သည်။ ယောန – ပျောက်ဆုံးဝိညာဉ်များထက် သူ၏လူမျိုးရေးကို ပို၍ အလေးပေးသည်။ သူ့လူမျိုး ၏ရန်သူများကို မချစ်နိုင်ပေ။
သင်ခန်းစာယူစရာ
ဘုရားသခင်သည် သူ့ကိုခေါ်သောသူများ၏ဆုတောင်းခြင်းကို တုန့်ပြန်သည်။ တာမြို့သို့သွားသောသင်္ဘောပေါ်မှ သင်္ဘောသားများ၏အော်ဟစ်သံကို ဘုရားသခင် ကြားခဲ့သည်။ အသက်ဘေးမှ ချမ်းသာပေးခဲ့သည်။ ငါးကြီး၏ဝမ်းဗိုက်ထဲမှ ယောန၏ဆု တောင်းသံကို ဘုရားသခင်ကြားပြီး အသက်ချမ်းသာပေးခဲ့သည်။ ယောန၏ဟောပြော ချက်ကို ကြားပြီး၊ နောင်တနှင့်ဘုရားထံသို့တောင်းလျှောက်သော နိနဝေမြို့သားများကို ဘုရားသခင် အသက်ချမ်းသာ ပေးခဲ့သည်။ ဘုရားသခင်၏အလိုတော်သည် နောင်တနှင့် သူ့ဆီသို့ တိုးဝင်ချဉ်းကပ်ရန်ဖြစ်သည်။ ဘုရားသခင်၏ဂရုဏာကို သင် တောင်းလျှောက် ပါသလား။ မတောင်းလျှောက်ရသေးလျှင် အချိန်မဆွဲပါနှင့်။ ဘုရားသခင်၏ဂရုဏာသည် အမျက်ဒေါသသို့ ပြောင်းလဲမသွားခင် ယခုပင် ဘုရားထံသို့ တိုးဝင်ချဉ်းကပ်ပါ။
ဘုရားသခင်သည် သင့်ကို ဒုတိယအခွင့်အရေး မြောက်မြားစွာပေးပါသည်။ ဘုရားသခင်သည် ယောနအား သူ့ကို အစေခံရန် ဒုတိယအခွင့်အရေး ပေးခဲ့ပါသည်။
နောက်တဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယောနသို့ရောက်လာသည်ကား၊” (၃၁)။ နိနဝေမြို့သားများနောင်တရခြင်းအပေါ် စိတ်ဆိုးဒေါသထွက်သော ယောနကို ဘုရားသခင်က စိတ်ရှည်သည်းခံခဲ့သည်။ ဘုရားသခင်သည် နိနဝေမြို့သားများ၏ဝိညာဉ် ရေးရာကို စိုးရိမ်ပူပန်ကြောင်းကို ပြသရန် ကြက်ဆူပင်အားဖြင့် ယောနကို သင်ခန်းစာ ပေးခဲ့သည်။ ကြက်ဆူပင်ပျက်စီးသွားခြင်းကို စိတ်ဆိုးဒေါသထွက်သော ယောနအား Fညံ့သိမ်မွေ့စွာဖြင့် ဂရုဏာတော်ကို ပြသခဲ့သည်။ ဘုရားသခင်သည် စိတ်ရှည်သော ဘုရားဖြစ်သည်။ ယောနကို ဒုတိယ အခွင့်အရေးပေးခဲ့သည်။ ဘုရားသခင်က သင့်ကို တယအခွင့်အရေး ဘယ်နှစ်ကြိမ်ပေးခဲ့ပြီလဲ။ သင်၏ဘဝအသက်တာမှ ဘုရားသခင်၏
ဂရုဏာနှင့်ကောင်းမြတ်ခြင်းများကို ရေတွက်ချီးမွမ်းရင်း ဘုရားဘက်သို့ ပြန်၍လှည့်လာ ခဲ့ပါ။
လောကလူသားအားလုံးကို ဘုရားသခင်ချစ်သည်။ ယုဒလူများ၏ လူမျိုးရေး စိတ်ဓါတ်သည် သူတို့သာလျှင် တစ်ဆူတည်းသောဘုရားကို သိခွင့်၊ ကိုးကွယ်ခွင့်ရှိသည် ဟု ယုံကြည်သည်။ ဘုရားသခင်သည် ဣသရေလ၏ဘုရားဖြစ်သည်။ အခြားလူမျိုးများ မပါပေ။ ထိုလူမျိုးရေးစိတ်ဓါတ်ရှိသော ယောနကို ဘုရားသခင်က ဆုံးမခဲ့သည်။ သူဖန် ဆင်းထားသော လောကလူသားအားလုံးကို ချစ်ကြောင်း ဘုရားသခင်သည် ယောနအား ဖြင့် ပြသခဲ့သည်။ ဣသရေလ၏အဆိုးဆုံးရန်သူ၊ အာရှုရိလူများကိုပင် ဘုရားသခင် ချစ်သည်။ မှန်ပါသည်။ အာရှုရိလူများသည် ရက်စက်ကြမ်းကြုတ်သောကြောင့် ဘုရား သခင်၏ကျေးဇူး၊ ဂရုဏာနှင့် မထိုက်တန်ပေ။ သို့သော် ဘုရား၏ကျေးဇူးတော်သည် မထိုက်တန်သောသူများအတွက်ပင် ဖြစ်သည် မဟုတ်ပါလား။ ပျောက်ဆုံးဝိညာဉ်များ ကို သင် ဘယ်လိုမြင်ပါသလဲ။ သင်နှင့် အနီးကပ်ဆုံး သင်၏မိဘ၊ အပေါင်းအသင်းများ မှစ၍ အဝေးဆုံးဖြစ်သော ယဉ်ကျေးမှုမတူ၊ ဘာသာစကားမတူသောသူများ၏ ဝိညာဉ် များအတွက် သင် စဉ်းစားဖူးပါသလား။ ဘုရားသခင်မြင်သောအမြင်ဖြင့် အခြားသူများ
ဘုရားသခင်ထံမှ သင်ထွက်ပြေးလို့ မရပေ။ မနာခံခြင်းအားဖြင့် ယောနသည် ဘုရားသခင်၏ခေါ်ခြင်းမှ ထွက်ပြေးခဲ့သည်။ ဘုရားသခင်သည် နေရာတိုင်းတွင်ရှိကြောင်း (ငါးကြီး၏ဝမ်းဗိုက်ထဲမှာပင် ဘုရားရှိကြောင်း) ယာနကို ပြသခဲ့သည်။ ဘုရားသခင်သည် သင့်အားခေါ်နေပြီး ငြင်းပယ်ဖို့ သင်ကြိုးစားနေပါသလား။ ယောနကဲ့သို့ ဘုရားသခင်က သင့်ကို ချက်ချင်း ဟန့်တားချင်မှ ဟန့်တားမည်။ သို့သော် ဘုရားသခင်၏ရှေ့တော်မှောက် မှ သင်ထွက်ပြေး၍ မရပေ။ ကြောက်စရာကောင်းသော ဘုရား၏လက်တော်ကို မစောင့် ပါနှင့်။ ယခုပင် ဘုရားသခင်ဘက်သို့ ပြန်လှည့်လာပါ။
မာရိ
သခင်ဘုရား၏ကျွန်မ
ကိုယ် တော် ၏ စကားအတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေသော။
(လုကာ ၁း၃၈)
အရည်အချင်း- နှိမ့်ချခြင်း၊
ပြည့်စုံခြင်း- ယေရှု၏မိခင်။
အသက်ရှင်ခဲ့သောအချိန်- ယေရှုရှင်ပြန်ထမြောက်ပြီး၊ အသင်းတော်ပေါ်ပေါက်လာချိန်
ထိ။ (ဘီစီ ၂၀ ဝန်းကျင်ခန့်)
နာမည်- မာရိ- အဓိပ္ပါယ်မှာ “ခါးသီးခြင်း’။
ကျမ်းပိုဒ်- မသဲ ၁-၂၊ ၁၂း၄၆၊ လုကာ ၁-၂၊ ယောဟန် ၂း၁-၁၁၊ ၁၉း၂၅၊
တမန် ၁း၁၄။
နောက်ခံအကြောင်းအရာ
ဓမ္မဟောင်းကျမ်း၏ နောက်ဆုံးစာအုပ်၊ မာလခိအနာဂတ္တိကျမ်း ပြီးဆုံးကတည်း က အခုဆို နှစ်ပေါင်း (၄၀၀)ရှိခဲ့ပြီ။ နောက်ဆုံး နိမိတ်လက္ခဏာကို ကျမ်းစာက မှတ် တမ်းတင်ထားသည်မှာ နှစ်ပေါင်း (၅၀၀)ရှိပြီ။ ထိုအချိန်အတောအတွင်း တိုင်းပြည်သေး သေးလေးဖြစ်သောယုဒသည် ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံများ၏လက်အောက်ခံဖြစ်ခဲ့ ရသည်။ ယခုလည်း ရောမ၏လက်အောက်ဖြစ်နေသည်။ နိုင်ငံရေးအရ ရုန်းကန်နေရသည့်
အချိန်တွင် ဘုရားတရား၊ ကြည်ညို ကိုင်းရှိုင်းသောယုဒလူများက ကတိပေးထားသော မေရှိယကိုစောင့်မျှော်နေကြသည်။ မေရှိယသည် အခြားနိုင်ငံများ၏လက်အောက်မှ လွတ်မြောက်ပေးမည့် ကယ်တင်ရှင်ဖြစ်သည်။ တိုင်းပြည်၏မြောက်ပိုင်း၊ နာဇရက်မြို့မှ ဆယ်ကျော်သက် မိန်းခလေး၊ မာရိသည်လည်း ထာဝရဘုရားကို ယုံကြည်ကိုးကွယ်ပြီး၊ မေရှိယ၊ ကယ်တင်ရှင်ကြွလာမည်ကို မျှော်လင့်နေသူ တစ်ယောက်ဖြစ်သည်။ ဘုရား သခင်၏အချိန် ပြည့်စုံသောအခါ လူ့သမိုင်း၏စာမျက်နှာသစ်အတွက် အကြီးမားဆုံးနိမိတ် လက္ခဏာကို တွေ့ကြုံခံစားရတော့မည်။
ခြုံငုံကြည့်ခြင်း ၊
မာရိသည် မထင်မရှားမြို့လေးမှ၊ ဆယ်ကျော်သက် ယုဒအမျိုးသမီးငယ်လေး တစ်ယောက်ဖြစ်သည်။ ဒါဝိဒ်အမျိုး၊ ယုဒအနွယ်မှဖြစ်သည်။ အပျိုစင်တစ်ယောက်ဖြစ်သော မာရိသည် ခရစ်တော်ကို နိမိတ်လက္ခဏာအားဖြင့် မွေးဖွားခဲ့သည်။ ယေရှုကို သန့်ရှင်း သောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေယူပြီး၊ မမွေးဖွားမီတွင် သူမနှင့်စေ့စပ်ထားသော ယောသပ်နှင့် တရားဝင်လက်ထပ်ထိမ်းမြားခဲ့သည်။ ယောသပ်သည်လည်း ဒါဝိဒ်အမျိုး ၊ အနွယ်မှဖြစ်ပြီး၊ ဖြောင့်မတ်သောသူတစ်ယောက်ဖြစ်သည်။ လက်သမားအလုပ်ဖြင့် အ သက်မွေးဝမ်းကျောင်းပြုသည်။ မာရိနှင့်ယောသပ်သည် သားလေးယောက်နှင့် သမီးများ ရရှိခဲ့ကြသည်။ သားများ၏နာမည်များမှာ ယာကုပ်၊ ယောသေ၊ ရှိမုန်၊ ယုဒဖြစ်သည်။ မာရိသည် ကောင်းကင်တမန်လာပြောသောကလေးမွေးဖွားမည့်သတင်းစကား၊ ယေရှု မွေးဖွားခြင်း၊ အရှေ့ပြည်မှ ပညာရှိများနှင့် ဗက်လင်မြို့အနီးမှသိုးထိန်းများ သူငယ်တော် အားလာရောက်ဖူးမြော်ခြင်း၊ အီဂျစ်ပြည်ကိုထွက်ပြေးရခြင်း စသည့်အကြောင်းအရာများ ကို အခြားသောသား၊ သမီးများအား ပြောပြသည်၊ မပြောပြသည်ကိုတော့ ကျမ်းစာတွင် မတွေ့ရပေ။ သခင်ယေရှု၏ပထမဆုံးနိမိတ်လက္ခဏာဖြစ်သော ရေကိုစပျစ်ရည်သို့ပြောင်း ၊ လဲသောအခါ ထိုနေရာတွင် မာရိရှိနေခဲ့သည် (ယောဟန် ၂း၁၈)။ နောက်ပိုင်း မာရိ၏ မှတ်တမ်းများကို သိပ်မတွေ့ရတော့ပေ။ သန့်ရှင်းသောဝိညာဉ်တော်ကို စောင့်နေစဉ် အထက်ခန်း၌တပည့်တော်များဆုတောင်းသောအခါ ထိုနေရာတွင် မာရိရှိနေခဲ့သည် (တမန် ၁း၁၄)
အကြောင်းအရာ
မာရိ၏ရွေးချယ်ခြင်း (လုကာ ၁း၂၆-၃၃) ၊
ဘီစီ (၅) ၏နွေရာသီကာလတွင် ယုဒအမျိုး၊ ဝလိ၏သမီး၊ မာရိသည် နာဇ က် တွင် နေထိုင်သည်။ မာရိသည် ငယ်ရွယ်သောဆယ်ကျော်သက် ဂျူးအမျိုးသမီး ငယ်လေး ဖြစ်သည်။ လက်သမားအတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းအလုပ် လုပ်နေသော ယောသပ်နှင့်လည်း စေ့စပ်ထားသည်။ ယုဒပြည်တွင် ဂျူးအမျိုးသမီးငယ် များစွာရှိသည့်ကြားမှ ခရစ်တော်ကို မွေးဖွားဖို့ ဘာကြောင့် မာရိကို ရွေးချယ်ရတာလဲ။ သူမ၏နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ အေးဆေးတည်ငြိမ်ခြင်းများသည် သူမကို မျက်နှာ သာရစေသည်။ ဘုရားသခင်၏ရှေးမဆွက စီမံခန့်ခွဲထားသည့်အတိုင်း ကာလအချိန်စေ့ သောအခါ ကောင်းကင်တမန်ဂါလသည် ဘုရားသခင်၏သတင်းစကားနှင့်အတူ မာရိဆီသို့ရောက်လာခဲ့သည်။ နှစ်ပေါင်းများစွာ မျှော်လင့်စောင့်စားနေသော မေရှိယ၏ မိခင်ဖြစ်ရန် လာပြောခဲ့သည်။ ပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်
ကြောင်းလည်း အသိပေးခဲ့သည်။
မာရိ၏ဝန်ခံခြင်း (လုကာ ၁း၃၄-၃၈) ၊
နိမိတ်လက္ခဏာဖြင့် လာရောက်သတင်းပေးသည့်အတိုင်း မာရိသည် ထိုသ တင်းစကားကို လက်ခံခဲ့သည်။ သံသယမရှိ၊ တွေဝေစဉ်းစားခြင်းမရှိ။ လက်ခံခဲ့သည်။ ကောင်းကင်တမန်ကို မေးခွန်းတစ်ခုသာ မေးခဲ့သည်။ သူမသည် အပျိုစင်ဖြစ်သော
ကြောင့် ဤကိစ္စဘယ်လိုဖြစ်နိုင်မလဲ။ နိမိတ်လက္ခဏာအားဖြင့်ဖြစ်မည့်အကြောင်း ဂါ လရှင်းပြပြီးသောအခါ ယုံကြည်ခြင်းအပြည့်အဝဖြင့် အကျွန်ုပ်သည် ထာဝရဘုရား၏ ကျွန်မဖြစ်ပါ၏။ ကိုယ်တော်၏စကားအတိုင်း အကျွန်ုပ်၌ဖြစ်ပါစေသော’ (လုကာ ၁း၃၈) ဟု ဝန်ခံခဲ့သည်။ •
မာရိ၏နှုတ်ခွန်းဆက်သခြင်း (လုကာ ၁း၃၉-၅၅)
မာရိသည် သူမ၏ဆွေမျိုးတစ်ယောက်ဖြစ်သော ဧလိရှဗက်ဆီသို့သွားရောက် လည်ပတ်ခဲ့သည်။ ဧလိရှဗက်သည်လည်း သားယောက်ျားကိုဖွားမြင်မည် ဖြစ်သည်။ မာ
ရိသည် ဧလိရှဗက်၏ အိမ်သို့ဝင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြခြင်း
ကြောင့် ဧလိရှဗက်သည် မာရိ၏ဝမ်းဗိုက်ထဲမှ ကလေးအတွက် ဘုရားသခင်ကို ချီးမွမ်းခဲ့ သည်။ ထို့နောက် မာရိသည်လည်း သူမဝမ်းဗိုက်ထဲမှာ မွေးဖွားလာမည့်ကယ်တင်ရှင် အတွက် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်း၊ ဝတ်ပြုကိုးကွယ်ခဲ့သည်။ မာရိ၏ချီးမွမ်း သီချင်းသည် ဓမ္မဟောင်းမှ ကျမ်းပိုဒ်များနှင့် ပြည့်နှက်နေသည်။ ထို့ကြောင့် မာရိ၏ နှလုံးသားသည် ဘုရားသခင်၏နှုတ်ကပတ်တော်၌ ခြေကုတ်ယူထားကြောင်း သိရသည်။ ဟန္နဆုတောင်းခြင်းနှင့်ပုံစံတူများကို (၁ ရာ ၁၁၁၊ ၂၁-၁၀) မာရိ၏ချီးမွမ်းသီချင်းတွင်
တွေ့ရသည်။
မာရိ၏ဝမ်းနည်းခြင်း (လုကာ ၂း၃၅)
နှစ်များကတည်းက သူဘယ်သူဖြစ်ကြောင်း၊ ဘယ်ကလာကြောင်း၊ ဤလောကတွင် သူ ဘာလုပ်ရမည်ဖြစ်ကြောင်းကို သိထားပြီး ဖြစ်သည်။ ဤအသိတရားက မာရိနှင့်ယေရှု၊ သား၊ အမိနှစ်ယောက် ဆက်ဆံရေးတွင် အတားအဆီးတစ်ခု ဖြစ်နေသည်။ ယေရှုသည် အမေနှင့်သား ဆက်ဆံရေးအတွက် သူမ လိုချင်သောအဖြေ မဟုတ်ကြောင်း နှစ်ကာလ ကြာလာသည်နှင့်အမျှ မာရိသည် ဝမ်းနည်းစွာ နားလည်သဘောပေါက်ခဲ့ရသည်။
အသက် (၁၂)နှစ်၌ ယေရုရှလင်မြို့တွင် မေ့ကျန်ခြင်းခံခဲ့ရသော ယေရှုသည် သူတပါးအပေါ် မှီခိုအားထားသော ကလေးတစ်ယောက် မဟုတ်ခဲ့ပေ။ “မိဘ သည် အဘယ်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏ အိမ်၌နေရသည်ကို မသိပါသလော။ (လုကာ ၂း၄၉) ၊
မင်္ဂလာဆောင်ပွဲ၌ စပျစ်ရည်ကုန်သောအခါ ယေရှုက သူ၏မိခင်ကို “အချင်း မိန်းမ၊ သင်သည် ငါနှင့်အဘယ်သို့ ဆိုင်သနည်း။ ငါ့အချိန်မရောက်သေး” (ယောဟန် ၂၄) ဟုပြန်ပြောခဲ့သည်။
ယေရှု တရားဟောနေစဉ် မိသားစုက ယေရှုကိုတွေ့ချင်ကြောင်းပြောသောအ
ခါ “အမိ၊ ငါ့ညီကား အဘယ်သူနည်း’ (မဿဲ ၁၂း၄၆-၅ဝ) ဟုပြန်ပြောခဲ့ သည်။
မာရိသည် အမျိုးသမီးများကြားတွင် ကောင်းကြီးခံစားရသောအမျိုးသမီးတစ် ယောက်ဖြစ်ခဲ့သော်လည်း ခါးသီးခြင်းနှင့်ပြည့်သောခွက်ကို သောက်ခဲ့ရသည်။ ယေရှု ကားတိုင်ပေါ်တွင်ခံရသော နာကျင်မှုဝေဒနာကို မာရိလည်း ခံစားခဲ့ရသည်။ ဟေရှာယ က ‘နာကြဉ်းခြင်းဝေဒနာနှင့်ကျွမ်းဝင်သောသူဖြစ်၏” (၅၃း၃) ဟု ယေရှုကို ပြောထား သည်။ ထိုဝေဒနာကို မာရိလည်း မျှဝေခံစားခဲ့ရသည်။ •
မာရိ၏ကယ်တင်ခြင်း (တမန် ၁း၁၄)
မာရိကို ကိုးကွယ်ဆည်းကပ်ရန် သမ္မာကျမ်းစာက မပြောထားပေ။ မာရိသည် ကယ်တင်ရှင် မဟုတ်ပေ။ ကယ်တင်ခြင်းခံရသောသူသာ ဖြစ်သည်။ သူမကိုယ်တိုင် ကယ်တင်ရှင်ကို လိုအပ်ကြောင်းနှင့် သူမ၏ဝမ်းဗိုက်ထဲမှ မွေးဖွားလာမည့်ကလေးသည် သူမ၏ကယ်တင်ရှင်ဖြစ်ကြောင်း သူမ၏ချီးမွမ်းသီချင်းထဲတွင် သူမကိုယ်တိုင် ဝန်ခံနှုတ် မြှတ်ထားသည် (လုကာ ၁း၄၆-၅၅)။ ယေရှု သေခြင်းမှ ထမြောက်ပြီး၊ ကောင်းကင်သို့ တက်ကြွသွားပြီးနောက်ပိုင်းတွင် မာရိသည် ယေရှုကို ယုံကြည်ကိုးကွယ် ဆည်းကပ်သော သူတစ်ယောက်ဖြစ်လာသည်။ အခြားသောယုံကြည်သူများနှင့် အထက်ခန်း၊ ဆုတောင်း ခြင်းအစည်းအဝေးတွင် ရှိနေသည် (တမန် ၁း၁၄)။
ဆင်ခြင်စရာ
သမ္မာကျမ်းစာတွင် မာရိကို ဆင်ခြင်စဉ်းစားတွေးခေါ်သူ၊ နှိမ့်ချခြင်းရှိသူအဖြစ် ဖော်ပြထားသည်။ သူမ၏အနာဂတ်ဘဝတွင် ဖြစ်လာမည့်အရာကို ကောင်းကင်တမန်လာ ပြောသည့်အချိန်မှစ၍ ဖြစ်ပျက်လာသည့် အဆင့်တဆင့်ချင်းစီတိုင်းကို မာရိသည် တစ် ယောက်တည်း ရင်ဆိုင်ဖြတ်သန်းနိုင်ခဲ့သည်။ သူမနာမည်၏အဓိပ္ပါယ် “ခါးသီခြင်း” အ တိုင်း ခါးသီးသည့်ဘဝ အတွေ့အကြုံများကို ရင်ဆိုင်ခဲ့ရသည်။ ယေရှုကို မွေးဖွားပြီး၊ ပညတ်တရားအတိုင်း (၈)ရက်မြောက်သောနေ့တွင် အရေဖျားလှီးမင်္ဂလာပေးရန် ဗက်
လင်မြို့နှင့်မိုင် အနည်းငယ်သာဝေးသော ယေရုရှလင်ဗိမာန်တော်သို့ ယောသပ်နှင့် မာ က ယေရှုကို ခေါ်သွားခဲ့သည်။ “ခရစ်တော်ကို မမြင်မီ မသေရ” (လု ၂း၂၆)ဟု ဗျာဒိတ် ခံရသော ရှုမောင်သည် သူငယ်တော်ယေရှုကို ချီယူကာ၊ ကောင်းကြီးပေးသည်။ ယေရှု ၏အနာဂတ်ကို ပရောဖက်ပြုသည်။ မာရိ၏အနာဂတ်ကိုလည်း “သန်လျက်သည် သင်၏ နှလုံးကို ခွင်းလိမ့်မည်” (လု ၂း၃၅) ဟု ပရောဖက်ပြုခဲ့သည်။
ယောသပ်နှင့်လက်မထပ်မီ မာရိသည် ကိုယ်ဝန်လွယ်ရသောကြောင့် သူမ၏ ဂုဏ်သတင်းမှာ အမြဲတစေ မှေးမှိန်သွားခဲ့သည် (ယောဟန် ၈း၄၁)။ သူမ၏သားကြီး ကိုယ်တိုင်ပင် အသက် (၁၂)နှစ်အရွယ်မှာပင် နားလည်မှုလွဲခြင်း ခံခဲ့ရသည်။ သူ့အဖ၏ အိမ်တော်အကြောင်းပြောခဲ့သည် (လုကာ ၂း၉)။ ထပ်ပြောရမည်ဆိုလျှင် မာရိ၏အ ခြားသော သားများကလည်း ယေရှုကို အစပိုင်းတွင် အယုံအကြည် မရှိခဲ့ကြပေ။ သူတို့ ကိုယ်တိုင်ပင် ယေရှုကို လှောင်ပြောင်ခဲ့ကြသည်။ အရူးဟုပင် ပြောဆိုခဲ့ကြသည်။ ယေ ရှုဟောပြောနေစဉ်တွင် ယေရှုကို ဖမ်းဆီးခဲ့ကြသည့် အဖြစ်အပျက်ရှိခဲ့ဖူးသည် (မာကု ၃း၂၁၊ ၃၁၊ ယောဟန် ၇း၃-၅)။ မာရိသည် သူမ၏သားများကြား နားလည်မှုကွဲလွဲခြင်း ကို နှစ်ပေါင်း (၃၀)လုံးလုံး ခံစားခဲ့ရသည်။ ကားတိုင်ပေါ်မှ သားကြီး၏နာကျင်ပြင်းပြစွာ ခံစားရသောဝေဒနာကလည်း မိခင်တစ်ယောက်အတွက် အခက်အခဲဆုံး ဖြစ်ခဲ့သည်။ သူမရှေ့တွင်ပင် သူမ၏သားကို နှိက်စက်ခြင်းနှင့်နောက်ဆုံး သေဆုံးခြင်းကို မြင်တွေ့ခဲ့ရ
သည်။
နောက်ဆုံး မာရိကို (တမန် ၁း၁၄) တွင် တွေ့ရသည်။ ယုံကြည်သူဖြစ်လာသော သူမ၏သားများနှင့်တကွ ကြွလာမည့်သန့်ရှင်းသောဝိညာဉ်တော်ကို ဆုတောင်းခြင်းဖြင့်
စောင့်ဆိုင်းရန် အထက်ခန်းတွင်ရှိနေသည်။ မာရိ၏ဆင်းရဲဒုက္ခခံရသောအချိန်ကာလများ သည် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ သူမ၏သားကြီးသည် ထာဝရအသက်ရှင် နေသည်။ သူမဘဝအသက်တာပြောင်းလဲခဲ့ရသည်။ တစ်ချိန်တစ်ခါတုန်းက ယေရှုသည် မာရိ၏ သားဖြစ်ခဲ့ရသည်။ ယခု မာရိသည် ယေရှု၏သမီးဖြစ်သည်။ ယေရှုကို ဘုရားသခင်၏ သားတော်အဖြစ် ယုံကြည်ကိုးကွယ်သောသူများနှင့်အတူ မာရိ၏နောက်ဆုံးဘဝအသက် တာသည် ဝန်ထုပ်၊ ဝန်ပိုးများသက်သာခဲ့ရသည်။
သင်ခန်းစာယူစရာ
ဘုရားသခင်၏အလိုတော်ကို ဝမ်းမြောက်စွာဖြင့် တုန့်ပြန်ပါ။ အံ့သြစရာကောင်း သောအဖြစ်အပျက်သည် မာရိ၌ ဖြစ်ပျက်လာမည်ဟု မာရိကို ပြောခဲ့သည်။ ဖခင်မပါဘဲ ကိုယ်ဝန်လွယ်ရမည့်သတင်းဖြစ်သည်။ နားမလည်နိုင်သော်လည်း သူမ၏တုန့်ပြန်မှုမှာ နှိမ့်ချစွာ ဝန်ခံခြင်းဖြစ်သည်။ သင့်အတွက် သတင်းဆိုးတစ်ခု ကြားခဲ့ရရှိလျှင် သင်ဘယ် လို တုန့်ပြန်မလဲ။ ဆီးတားမလား၊ ငြီးတွားမလား။ မာရိကဲ့သို့ တုန့်ပြန်လိုက်ပါ။ တရား မျှတမှု မရှိရင်တောင်မှ သင့်ဘဝအတွက် အကောင်းဆုံးကို သိသော ဘုရားသခင်ကို ယုံကြည် စိတ်ချပါ။ ဘုရားသခင်၏အလိုတော်ကို လက်ခံပါ။ သင့်အတွက် အကောင်းဆုံး အကြံအစည်ထဲ၌ အသက်ရှင်ပါ။ ဘဝဟာ အမြဲတမ်း အဆင်ပြေချောမွေ့နေမှာ မဟုတ် ပါဘူး။ သို့သော် မာရိကို ဘုရားသခင် မြင်သလို သင့်ကိုလည်း ဘုရားသခင် မြင်နေ သည်။ ကျော်လွှားနိုင်ဖို့ ကူညီမစမည် ဖြစ်သည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သင့်နှလုံး၌ သိုထားပါ။ ကောင်းကင်တမန် ဂါလက ဝမ်းမြောက်ဖွယ်ရာသတင်းလာပြောသောအခါ မာရိသည် သူမ၏ဝမ်းကွဲဖြစ်
သော ဧလိရှဗက်ဆီသို့ ခရီးထွက်ခဲ့သည်။ ဧလိရှဗက်အိမ်တွင် မာရိ၏ချီးမွမ်းသီချင်းတွင် ဓမ္မဟောင်းမှ ကျမ်းပိုဒ်များ အနည်းဆုံး (၁၅)ပိုဒ်ရှိသည်။ သူမ၏နှလုံးသားမှထွက်ပေါ်လာ
သော ဘုရားသခင်၏နှုတ်တော်ထွက် စကားတော်များဖြစ်သည်။ သင်၏နှလုံးသားတွင် ဘာတွေရှိနေလဲ။ သင်၏နှုတ်လျှာမှ ဘာတွေထွက်လာသလဲ။ ဘုရားသခင်၏စကား
တော်များကို နှလုံးသားထဲတွင် သိထားပါ။ သင့်နှုတ်ဖွင့်လိုက်လျှင် နှုတ်ကပတ်တော်များ စီးထွက်လာမည်ဖြစ်သည်။
ဘုရားသခင်နှင့်တစ်ဦးတည်း အချိန်ယူပါ။ ယေရှု၏မွေးဖွားခြင်း၊ သိုးထိန်းများ ရောက်ရှိလာခြင်းများကို “မာရိသည် ထိုအကြောင်းအရာအလုံးစုံတို့ကို မှတ်ကျုံး၍ စဉ်း စားဆင်ခြင်လျက်နေ၏” (လုကာ ၂း၁၉) ဟု မှတ်တမ်းတင်ထားသည်။ မာရိသည် သူမ ဘဝ၏အဖြစ်အပျက်များကို ပြန်လည်ဆင်ခြင်ခဲ့သည်။ မာရိ၏ ပုံသက်သေက သင့်အ တွက် ဖြစ်ပါစေ။ သင့်အသက်တာတွင် ဘုရားသခင် လုပ်ဆောင်နေသောအရာများကို
ဘုရားသခင်နှင့် တစ်ဦးတည်းအချိန်ယူခြင်းဖြင့် ပြန်လည်ဆင်ခြင်စဉ်းစားပါ။ သင့်အ သက်တာအတွက် ဘုရားသခင် လုပ်ဆောင်နေသောအရာနှင့် လုပ်ဆောင်အုံးမည့်အရာ များအတွက် ကျေးဇူးတော် ချီးမွမ်းနိုင်သည့်အချိန်သည် သင်နှင့်ဘုရားသခင်၊ နှစ်
ယောက်တည်းအချိန်သာ ဖြစ်သည်။ သာမန်ယုံကြည်သူနှင့် တမူထူးခြားသည့် ယုံကြည် သူကွာခြားသည့်အချက်များသည် ဤကဲ့သို့ ဘုရားသခင်နှင့်တစ်ဦးတည်းအချိန်ယူခြင်း မှ စီးဆင်းလာသည်။
ဓမ္မသစ်ကျမ်းမှမာရိနာမည်ဖြင့်အခြားသောအမျိုးသမီးများ
ယာကုပ်၊ ယောသတို့၏အမိ၊ မာရိ (မဿဲ ၂၇း၅၆)
ယာကုပ်ငယ်၏အမိ၊ မာရိ (မာကု၁း၄၀)
နတ်ဆိုးခုနှစ်ယောက်ထွက်သောမာဂဒလမာရိ (လုကာ ၈း၂) ၊ မာဘ၊ လာဇရုတို့၏ညီအစ်မ၊ ဗေသနိရွာမှမာရိ (လုကာ ၁၀း၃၉)
ကလာဖ၏မယား၊ မာရိ (ယောဟန် ၁၉း၂၅) ၊
မာကုအမည်သစ်ကိုရသောယောဟန်၏အမိ၊ မာရိ (တမန် ၁၂း၁၂)
ရောမမြို့အသင်းတော်၌ အလုပ်ကြိုးစားသောမာရိ (ရောမ ၁၆း၆)
နှစ်ခြင်းဆရာယောဟန်
မေရှိယ၏ရှေ့ပြေး
ငါအမှန် ဆိုသည်ကား၊ မိန်းမမွေးသောသူတို့ တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတယောက်မျှ မပေါ်ထွန်းသေး။ (လုကာ ၁း၃၈) ၊
အရည်အချင်း- ဘုရားသခင်အတွက် ကြောက်ရွံ့ခြင်းကင်းမဲ့စွာပြောဆိုသူ။
ပြည့်စုံခြင်း- ဓမ္မဟောင်းပရောဖက်များတွင် အကြီးမြတ်ဆုံးနှင့်နောက်ဆုံး ပရောဖက်၊
ယေရှုကြွလာခြင်းကို ကြေငြာသော ဘုရားသခင်၏တမန်။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၄ မှ အေဒီ ၂၈ ထိ။
နာမည်- ယောဟန်- အဓိပ္ပါယ်မှာ “ဘုရားသခင်သည် ဂရုဏာရှင်ဘုရား။
ကျမ်းပိုဒ်- မဿဲ ၃၊ ၁၁၊ မာကု ၁၊ ၆၊ လုကာ ၁-၃၊ ရ၊ ယောဟန် ၁-၃။
နောက်ခံအကြောင်းအရာ
“ပရောဖက်ဧလိယ’ ရောက်လာမည့်အကြောင်း မာလိက နောက်ဆုံးပြောခဲ့သည်မှာ (မာလခိ ၄း၅ )နှစ်ပေါင်း (၄၀၀)ရှိခဲ့ပြီဖြစ်သည်။ဧလိယ ဒါမှမဟုတ် ဧလိယကဲ့သို့သောသူတစ်ယောက်က မေရှိယကြွလာခြင်းကို ကြော်ညာဖို့ရောက်လာခဲ့သည် (၃း၁)။ယခုတွင်
ထိုပုဂ္ဂိုလ်မွေးဖွားလာမည့်အကြောင်းကို အသက်ကြီးပြီဖြစ်သော ယဇ်ပုရောဟိတ်ဇာခရိထံသို့ ကောင်းကင်တမန်လာပြောခဲ့သည်။ မြုံနေသောဇာခရိ၏မယား၊ဧလိ
ရှဗက်သည် သားယောက်ျားကိုမွေးဖွားမည်ဖြစ်ပြီး၊ ယောဟန်ဟု နာမည်ပေးရမည်ဖြစ်
ကြောင်း ကောင်းကင်တမန်ပြောခဲ့သည်။ သူသည် သခင်ဘုရားကြွလာခြင်းအတွက် ဣသရေလလူများကို ပြင်ဆင်ပေးမည်။ |
ခြုံငုံကြည့်ခြင်း ၊
ယောဟန်၏မိဘနှစ်ယောက်စလုံးသည် ယဇ်ပုရောဟိတ်အာရုန်အမျိုးအနွယ်မှ ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် အသက်ကြီးပြီဖြစ်သည်။ ထို့ကြောင့် ယောဟန် မွေးဖွားခြင်းသည် ကောင်းကင်တမန်ဂါဗေလပြောသကဲ့သို့ နိမိတ်လက္ခဏာတစ်ခု ဖြစ် သည်။ ဤသားသည် နာဇရိပဋိညာဉ်ကိုထိန်းသိမ်းရမည် ဖြစ်သည်။ ယောဟန်သည် သူ့မိခင်၏ဝမ်းဗိုက်ထဲမှာပင် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ပြည့်နေသည်။ ယောဟန်၏ အစောပိုင်း အသက်တာကို ကျမ်းပိုဒ်တစ်ပိုဒ်က ပြည့်စုံစွာဖော်ပြထားသည်။ “ထိုသူငယ် သည်ကား ကြီးပွါး၍ ဉာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဣသရေလူတို့အား မထင်ရှားမီတိုင်
အောင် တောအရပ်၌ နေလေ၏” (လုကာ ၁း၈၀)။ ယောဟန် တရားစဟောသောအခါ ဝိညာဉ်တော်၏တန်ခိုး၊ ဧလိယ၏ဝိညာဉ်ဖြင့် ဟောပြောသည်။
အကြောင်းအရာ •
ယောဟန်၏အမှုတော်လုပ်ငန်း (ယောဟန် ၁)
ယောဟန်သည် တောထဲတွင်နေရင်း အရွယ်ရောက်လာခဲ့သည်။ သားရေ ခါး ပန်းကိုစည်းပြီး၊ ဧလိယနှင့်များစွာတူသည် (၄ ဓမ္မ ၁း၈)။ ကျိုင်းကောင်နှင့်ပျားရည်ကို စားသည်။ ယော်ဒန်မြစ်နားတွင် ပေါ်လာပြီး၊ အဓိကအချက်(၂)ချက်ပါသော တရားဒေသ နာကို ဟောပြောသည်။ ကတိပေးထားသော မေရှိယသည် ကြွလာတော့မည်ဖြစ်ကြောင်း၊ နှင့် တစ်ယောက်ချင်းစီတိုင်း နောင်တရ ရမည်။ ပွင့်ပွင့်လင်းလင်း ဟောပြောတတ်သူ ဖြစ်သည်။ ဘယ်သူ့ကိုမှ မကြောက်ပေ။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်များကို မကြောက်ပေ။ သူတို့ကို “မြွေဆိုးအမျိုး’ (မဿဲ ၃းရ) ဟု ခေါ်ခဲ့သည်။ ဘာသာရေးခေါင်း
ဆောင်များက သူ့ကို လှောင်ပြောင်သရော်ခဲ့ကြသည်။ သာမန်လူတန်းစားများဖြစ်သော
အိန်ဒြေနှင့်သူ၏အစ်ကို ပေတရု၊ ယာကုပ်နှင့်သူ၏ညီယောဟန်တို့သည် နှစ်ခြင်းဆရာယော ဟန်၏ဟောပြောချက်များကြောင့် သူ့နောက်ကို လိုက်ခဲ့ကြသည်။
ယောဟန်ရှာဖွေတွေ့ရှိခြင်း (ယောဟန် ၁) ၊
မေရှိယကြွလာခြင်းကို ပြင်ဆင်ရန် လူများသည် ဗတ္တိဇံခံရမည်။ သူတို့၏ အ ကျင့်စရိုက်များကို ပြောင်းလဲရမည်ဟု ယောဟန်ဟောပြောသည်။ ယေရှုက ဗတ္တိဇံခံရန် ၊ လာသောအခါ သူ၏ဆွေမျိုးသားချင်း ယေရှုသည် (မာရိနှင့်ရှဗက်သည် ဝမ်းကွဲညီ အစ်မ) ဘုရားကိုကြည်ညို ကိုင်းရှိုင်းသောသူဖြစ်မှန်း ယောဟန်သိသောကြောင့် ငြင်းဆိုခဲ့ သည် (မဿဲ ၃း၁၃-၁)။ ဗတ္တိဇံခံနေစဉ်တွင် သန့်ရှင်းသောဝိညာဉ်တော်က ယေရှုအပေါ် ဆင်းသက်လာခြင်းနှင့် ယေရှုသည် ဘုရားသခင်၏အချစ်ဆုံးသောသားဖြစ်ကြောင်း၊ ကောင်းကင်မှကြေငြာသံကို ကြားခဲ့ရသည် (အခန်းငယ် ၁၅)။
နောက်ပိုင်းတွင် ယောဟန်သည် ယေရှုကို “ဘုရားသခင်၏သားတော်’ (အခန်း ငယ် ၃၄)၊ နောက်ရက်တွင် “ဘုရားသခင်၏သိုးသငယ်” (အခန်းငယ် ၃၆) ဖြစ်ကြောင်း သူ၏တပည့်တော်များအား ညွှန်ပြခဲ့သည်။ ခရစ်တော်ကြွလာသောအခါ ယောဟန်၏ ဟောပြောချက်မှာ ယေရှုကို ဦးတည်ပြီးဟောပြောခဲ့သည်။ လပိုင်းအတွင်း ယောဟန် နောက်သို့ လိုက်နေသောလူအုပ်ကြီးသည် ယေရှုနောက်ကို လိုက်လာခဲ့ကြသည်။ •
ယောဟန်ထောင်တွင်းအကျဉ်းကျခံရခြင်း (မာကု ၁း၁၄)
ယောဟန်သည် ဟေရုဒ်မင်း၏သား၊ ဟေရုဒ်အန္တိပသည် သူ့ညီ၏မယားကို လက်ထပ်ခြင်းနှင့်အခြားသော အပြစ်ဒုစရိုက်များပြုခြင်းအတွက် ပွင့်လင်းစွာ ပြစ်တင် ဆုံးမခဲ့သည်။ ထိုအခါ ဟေရုဒ်က ယောဟန်ကို ထောင်ထဲသို့ အကျဉ်းချခဲ့သည်။ လူ အများက ယောဟန်ကို ပရောဖက်တစ်ပါးအဖြစ် လက်ခံကြသောကြောင့် ဟေရုဒ်သည် ယောဟန်ကို ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် ထောင်သွင်းအကျဉ်းချခြင်းမှလွဲ၍ အခြား ဘာရည်ရွယ်ချက်မှ မရှိပေ။ •
ယောဟန်သံသယဖြစ်ခြင်း (လုကာ ၁၈-၂၄)
ဘုရားဝတ်၌မွေ့လျော်သည့် အခြားသောဂျူးများကဲ့သို့ ယောဟန်သည်လည်း
မေရှိယကြွလာခြင်းကို မျှော်လင့်နေသူတစ်ယောက် ဖြစ်သည်။ ထာဝရနိုင်ငံတော်တည်
ထောင်ရန်နှင့် အတိတ်ကာလတွင် ပျောက်ဆုံးခဲ့ရသော ဣသရေလ၏ဘုန်းအသရေကို ပြန်လည်ရယူရန် မေရှိယကို စောင့်မျှော်နေခဲ့သည်။ ထောင်ထဲ၌ရှိနေစဉ် မေရှိယနှင့် ပတ်သတ်၍ ဘာတစ်ခုကိုမှ ယောဟန် မကြားခဲ့ရပေ။ ထို့ကြောင့် ယောဟန်သည် သူ၏တပည့်နှစ်ယောက်ကို ယေရှုဆီသို့ စေလွှတ်ကာ “သင်သည် မေရှိယလား။ ဒါမှမဟုတ် အခြားတစ်ယောက်ကို စောင့်ရမလား” ဟု မေးခိုင်းခဲ့သည်။ ယောဟန်၏ တပည့်တော်များသည် ယေရှုက လူနာများကို ပျောက်ကင်းစေကြောင်း မြင်တွေ့ခဲ့သည်။ ထို့အပြင် ယေရှုက မေရှိယ၏အမှုတော်လုပ်ငန်းကို ဖော်ပြထားသော (ဟေရှာယ ၃း၅-၆) ကို ကောက်နုတ်ခဲ့သည်။ ယောဟန်စေလွှတ်သောသူများသည် ယောဟန်ထံသို့ ပြန်ကာ ယေရှုသည် ဓမ္မဟောင်းမှ ကတိပေးထားသောမေရှိယဖြစ်ကြောင်း အခိုင်အမာ သက်သေထွက်ဆိုခဲ့သည်။ • ယောဟန်သေဆုံးခြင်း (မာကု ၆း၁၄-၂၉) ၊
ဟေရုဒ်အန္တိပ၏မယားသည် သူမနှင့်ပတ်သတ်၍ ယောဟန်၏ပွင့်လင်းစွာ ဆုံးမ ပြစ်တင်ခြင်းကို နာကြဉ်းကာ ယောဟန်ကို သတ်ရန် စိတ်ထဲတွင် အငြိုးအတေးထား ခဲ့သည်။ အခွင့်အရေးကိုလည်း စောင့်နေခဲ့သည်။ စားသောက်ပွဲတွင် ဟေရုဒ်အန္တိပ၏ သမီး ကပြဖျော်ဖြေခြင်းကို သဘောကျနှစ်ခြိုက်ခဲ့သောကြောင့် အလိုရှိရာဆုကို တောင်း ခိုင်းသောအခါ မိခင်ဖြစ်သူက ယောဟန်၏ခေါင်းကို တောင်းခဲ့သည်။ ဟေရုဒ်လည်း စိတ်မကောင်းစွာဖြင့် လူကို စေလွှတ်ကာ ယောဟန်၏ခေါင်းကို ဖြတ်စေခဲ့သည်။ ယော ဟန်၏တပည့်များက ယောဟန်အလောင်းကို သဂြိုလ်ကာ ယေရှုကို ယောဟန် သေဆုံး
ကြောင်း သွားပြောခဲ့ကြသည်။ နောက်ပိုင်း ယေရှုကို လူသိများလာသောအခါ ဟေရုဒ် အန္တီပက ခရစ်တော်သည် နှစ်ခြင်းဆရာယောဟန်ဖြစ်ပြီး၊ သူ့ကို ဒုက္ခပေးရန် အသက် ပြန်ရှင်လာသည်ဟု စိုးရိမ်တုန်လှုပ်ခဲ့သည်။
ဆင်ခြင်စရာ
ယေရှုသည် ယောဟန်ကို အကြီးမြတ်ဆုံးပရောဖက်အဖြစ် အသိအမှတ်ပြုခဲ့ သည် (လုကာ ၇း၂၈)။ ယောဟန်သည် စံနမူနာယူထိုက်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ် ခဲ့သည်။ ဧလိယကဲ့သို့ ဘုရားသခင်အတွက် စိတ်အားထက်သန်ခဲ့သည်။ သူ၏အသက် တာသည် ကိုယ့်ကိုကိုယ်ငြင်းပယ်ခြင်း၊ နှိမ့်ချခြင်း၊ ရဲရင့်ခြင်းများနှင့်ပြည့်စုံခဲ့သည်။ သူ၏ အသက်ရှင်သောပုံစံသည် ကြမ်းတမ်းသောကြောင့် နတ်ဆိုးစွဲသောသူဟုပင် လူအများ ၊ က အထင်မှားခဲ့ကြသည်။ သူသည် ကြွလာမည့်သူ၊ မေရှိယထံသို့ နှိမ့်ချခြင်းအားဖြင့် လူများကိုခေါ်သော အသံဖြစ်ကြောင်း သူ့ကိုယ်သူ မှတ်ယူခဲ့သည်။ ထိုမေရှိယ၏ခြေနင်း ကြိုးကိုပင် ဖြေရန် သူမထိုက်တန်ခဲ့ပေ။ မေရှိယကြွလာသောအခါတွင်လည်း သူ၏တ ပည့်တော်များအား ယေရှုဆီသို့ လမ်းညွှန်ပေးခဲ့သည်။ သူ၏ရဲရင့်ခြင်းကြောင့် ထောင်
သွင်းအကျဉ်းချခံရပြီး၊ အသက် (၃၀)တွင် အသတ်ခံခဲ့ရသည်။ (၁)နှစ်နီးပါးလောက် အ မှုတော်ဆောင်ခဲ့သည်။
သင်ခန်းစာယူစရာ
သင့်ထက် ဆုကျေးဇူးရှိသောသူအတွက် နေရာဖယ်ပေးရန် အဆင်သင့် ရှိနေ ပါစေ။ယောဟန်တွင် တပည့်အများအပြားရှိခဲ့သည်။ သို့သော်ယေရှုရောက်လာသောအခါ သူ၏တပည့်များကို ယေရှုထံသို့ လမ်းညွှန်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ယောဟန်၏ အမှုတော်လုပ်ငန်းသည် ဆုတ်ယုတ်သွားခဲ့သည်။ ယောဟန်ကဲ့သို့ သင်လည်း သင့်ထက် ဆုကျေးဇူးရှိသော အခြားသူများကို နေရာပေးရန် ဆန္ဒရှိပါ။ သင်၏ဆောင်ပုဒ်သည်
ယောဟန်၏ဆောင်ပုဒ်ဖြစ်နေရမည်။ ‘ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား၊ ဆုတ်ယုတ်ခြင်း ရှိရမည်” (ယောဟန် ၃း၃၀)။
အမှုတော်လုပ်ငန်းအတွက် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် သင့်ကို တပ် ဆင်ပေးထားသည်။ ကောင်းကင်တမန်ဂါလသည် ယောဟန်၏မွေးဖွားခြင်းနှင့် သူ၏ အမှုတော်လုပ်ငန်းအတွက် ကြိုတင်ပြောထားသည်။ ယောဟန်သည် ကြီးပြင်းလာသော
အခါ အမှုတော်လုပ်ငန်းအတွက် သူ့ကိုယ်သူ ဆက်ကပ်ပြင်ဆင်ခဲ့သည်။ အမှုတော်အ တွက် ဘုရားသခင်၏ဝိညာဉ်တော်က သင့်ကိုလည်း ဆုကျေးဇူးပေးထားသည်။ ဘုရား သခင်၏အလိုတော်ပြည့်စုံရန် လိုအပ်သောဝိညာဉ်ဆုကျေးဇူးများကို ဘုရားသခင် ပေး ထားသည်။ အမှုတော်ထဲတွင် မည်ကဲ့သို့ပါဝင်လုပ်ဆောင်ရမည်ကို ဘုရားသခင်ထံ လမ်းပြမှု တောင်းခံပါ။ သင့်အတွက် ဘုရားသခင်၏အလိုတော်သည် အခြားသူများနှင့် မတူပေ။ သင်သည် ဘုရားသခင်၏အသုံးပြုခြင်းခံရန် ဆန္ဒရှိသူဖြစ်ကြောင်း ဘုရားသခင် ကို ပြောပါ။ အစေခံပါ။
ခရစ်တော်အကြောင်း ဝေငှရာတွင် ရဲရင့်ခြင်းရှိရန် ဆုတောင်းပါ။ ယောဟန် သည် သူ့အတွက်ကို မကြည့်ဘဲ အခြားသူများ၏ဝိညာဉ်ရေးရာနှင့် ပတ်သတ်လာလျှင် ရဲရဲရင့်ရင့် ရင်ဆိုင်ဟောပြောသောသူဖြစ်သည်။ သင်သည် ယောဟန်ကဲ့သို့ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် သခင်ယေရှုအကြောင်း ဝေငှရာတွင် ယောဟန်၏ပုံသက်သေသည် သင့်အတွက် ဖြစ်သည်။ သူတပါး၏အပြစ်ကို ထောက်ပြခြင်းလည်း ဖြစ်နိုင်သည်။ လူ များက လွဲမှားစွာ သင့်ကိုတုန့်ပြန်ခြင်းအတွက်လည်း သင်သည် ခံနိုင်ရည်ရှိရန် လိုအပ် သည်။
နှစ်ခြင်းဆရာယောဟန်ဘယ်သူလဲ။
“တော၌ဟစ်ကြော်သောသူ၏အသံမှာ၊ ထာဝရဘုရားကြွတော်မူရာ လမ်းကို ပြင်ကြလော့။ ငါတို့ဘုရားသခင်၏လမ်းခရီးတော်ကို
လွင်ပြင်၌ ဖြောင့်စေကြလော့။”
(ဟေရှာယ ၄၀း၃) ၊ “ကြည့်ရှုလော့။ ထာဝရဘုရား၏ကြောက်မက်ဘွယ်သော
နေ့ကြီးမရောက်မီပရောဖက်ဧလိယကို ၊ သင်တို့ရှိရာသို့ ငါစေလွှတ်မည်။”
(မာလခိ၄း၅) နှစ်ခြင်းဆရာယောဟန်နှင့်ပတ်သတ်၍ယေရှု၏ချီးကျူးစကား ရဲ့ ပရောဖက်တက်ကြီးမြတ်သောသူ – ရှေ့ကသွားသောတမန် မှ မိန်းမမွေးသောသူတို့တွင် ယောဟန်ထက်ကြီးမြတ်သောသူမရှိ၊ မှ သူ၏သတင်းစကားကကြီးမားသောလှုံ့ဆော်မှုကို ဖြစ်စေသည်။
(မဿဲ ၁၁း၈ – ၁၂)
ယောဟန်၏ ဗတ္တိဇံမင်္ဂလာ
ဓမ္မဟောင်းအခြေခံခြင်း၊ စင်ကြယ်ခြင်း အခမ်းအနား (ဝတ်ပြု ၁၅း၁၃)
ယောဟန်က ဘာကြောင့် နှစ်ခြင်းပေးတာလဲ။ မေရှိယကြွလာခြင်းအတွက် လူများကို ပြင်ဆင်ရန်။
သင်္ကေတကဘာလဲ။
သန့်ရှင်းခြင်း။
ယောဟန်ကဘယ်မှာနှစ်ခြင်းပေးတာလဲ။
ယော်ဒန်မြစ်မှာ။
ယောဟန်ကဘယ်လိုနှစ်ခြင်းပေးတာလဲ။
လူကို ရေထဲသို့ နှစ်မြုပ်ခြင်းဖြင့် ပေးသည် (ယောဟန် ၃း၂၃)။
ယေရှု ဘာကြောင့်ဗတ္တိဇံခံယူတာလဲ။
အပြစ်သားများနှင့်အတူ သူ့ကိုယ်သူ ဖော်ပြရန်၊ ခရစ်ယာန်ဗတ္တိဇံသည် ယောဟန်၏ဗတ္တိဇံနှင့် ဘယ်လိုကွာခြားသလဲ။
ခရစ်တော်၌ သေခြင်း၊ မြုပ်နှံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်ပြီး၊
နာခံခြင်း၏လုပ်ဆောင်မှုတစ်ခုဖြစ်သည်။
မဿဲ
အရာအားလုံးကို စွန့်လွှတ်ခဲ့သူ
ယေရှုသည် ထိုအရပ်မှကြွတော်မူလျှင် မသဲအမည်ရှိသောသူတယောက်သည် အခွန်ခံရာတဲ၌ ထိုင်နေသည် ကို မြင်သော်၊ ငါ့နောက်သို့ လိုက်လော့ ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။
(မဿဲ ၉း၉)
အရည်အချင်း – နှိမ့်ချခြင်း။
ပြည့်စုံခြင်း- ခရစ်ဝင်ကျမ်းတစ်စောင်ကိုရေးသားသူ။
အသက်ရှင်ခဲ့သောအချိန်- အေဒီ ၅ မှ အေဒီ ၅ဝ ထိ။
နာမည်- မသဲ- အဓိပ္ပါယ်မှာ “ဘုရားသခင်၏လက်ဆောင်”၊ ဟေဗြဲနာမည်-လေဝိ
အဓိပ္ပါယ်မှာ “ဆက်သွယ်ခြင်း။
ကျမ်းပိုဒ်- မာသဲ ၉း၉၊ ၁၀း၃၊ မာကု ၂း၁၄၊ လုကာ ၅း၂ရ-၂၉။
နောက်ခံအကြောင်းအရာ
ဣသရေလလူများသည် ဗာဗုလုန်၏ဖမ်းဆီးခြင်းပြီး၊ သူတို့၏တိုင်းပြည်သို့ ပြန် လာသည့်အချိန်မှစ ကမ္ဘာပေါ်ရှိ အင်အားကြီးအင်ပါယာများ၏ အုပ်ချုပ်လွှမ်းမိုးမှုကို ခံ နေရသည်။ ယခု မသဲ မွေးဖွားသည့်အချိန်တွင် ဣသရေလသည် ရောမအင်ပါယာလက် အောက်တွင် ရှိနေသည်။ လူများက သူတို့၏ဒေသသုံးဘာသာစကားဖြစ်သည့် အာရေမိ
ဘာသာစကား၊ ကူးသန်းရောင်းဝယ်ရေးဘာသာစကားဖြစ်သည့် ဂရိနှင့် ရောမဘာသာ စကားဖြစ်သော လက်တင်စကားတို့ကို အသုံးပြုကြသည်။ ရောမသည် ကူးသန်းရောင်း ဝယ်ရေး လမ်းမကြီးများဖြစ်သည့် တောင်ပိုင်း အီဂျစ်ပြည်မှ မြောက်ပိုင်းရှုရိထိကို ချုပ် ကိုင်ထားသည်။ ကူးသန်းရောင်းဝယ်ရေးလုပ်သည့် ဒေသခံဂျူးများက အခွန်မဲများကို ရောမအစိုးရမှ ဝယ်ယူပြီး၊ ထိုလမ်းမကြီးများကို အသုံးပြုသည့် လူများထံမှ အခွန်ကို ကောက်ခံရသည်။ အခွန်ကောက်ခံသောသူ အများစုမှာ ရောမအစိုးရက ချမှတ်ထားသော နှုန်းထားထက် ပို၍ ကောက်ခံကာ၊ သူတို့၏ကိုယ်ပိုင်ငွေအိတ်ထဲကိုလည်း ထည့်ကြသည်။ အခွန်ကောက်ခံသောသူများသည် မကောင်းသောသူများ၊ ကလိမ်ကကျစ်ကြသောသူများ ဖြစ်ကြသည်။ ထိုသူများထဲတွင် “လေဝီ” ဟုခေါ်သော ယုဒလူတစ်ယောက်လည်း အပါ အဝင်ဖြစ်သည်။ သူ၏ဂရိနာမည်မှာ “မသဲ” ဖြစ်သည်။
ခြုံငုံကြည့်ခြင်း ၊
ခရစ်ဝင်ကျမ်းတစ်ခုလုံးကို ရေးသားခဲ့သော်လည်း သူ၏အကြောင်းကို အနည်း ငယ်သာ သိရသည်။ သူသည် ဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီး၊ အာလဖဲ၏သားဖြစ်သည် (မာကု ၂း၁၄)။ ရောမအစိုးရအတွက် အခွန်ကို ကောက်ခံပေးရသောသူလည်း ဖြစ် သည်။ ခရီးသွားများစွာနှင့်ပေါင်းသင်းဆက်ဆံရသောကြောင့် ယေရှုအကြောင်း ကောင်း ကောင်းသိရှိထားသည်ဟု ခန့်မှန်းနိုင်သည်။ ယေရှု၏နိမိတ်လက္ခဏာများနှင့်မေရှိယဖြစ် ကြောင်း ကြေငြာချက်များဖြစ်သည်။ ဒါမှမဟုတ် ယေရှုဟောပြောသော တောင်ပေါ်ဒေသ နာကို မသဲက သူကိုယ်တိုင် ကြားခဲ့သောကြောင့်လည်း ဖြစ်နိုင်သည်။ မသဲနေထိုင်ရာ ဂါလိလဲနယ်တွင် ယေရှုက တောင်ပေါ်ဒေသနာကို ဟောပြောခဲ့သည်။ မည်သို့ပင်ဖြစ် စေ၊ ယေရှုအကြောင်းကြားသောအခါ “သွေးက စကားပြောသည်” ဆိုသည့်အတိုင်း သူ ၏မျိုးချစ်စိတ် ဂျူးသွေးက လှုပ်ရှားတတ်ကြွလာခဲ့သည်။ ယေရှုက သူအခွန်ကောက်ခံနေ
သောတဲသို့ ရောက်လာပြီး၊ သူ့ကိုခေါ်သောအခါ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အားလုံးကို စွန့်လွှတ်ကာ ယေရှုနောက်သို့ လိုက်ခဲ့သည်။
အခြားသောအခွန်ခံများကဲ့သို့မလည်းချမ်းသာကြွယ်ဝသောသူတစ်ယောက်
ဖြစ်သည်။ ယေရှု၏နောက်လိုက်အဖြစ် မသဲအကြောင်းကို ပထမဆုံးမှတ်တမ်းတင်ထား သည်မှာ စားသောက်ပွဲကြီးကျင်းပကာ သူ၏မိတ်ဆွေများကို ယေရှုနှင့်မိတ်ဆက်ပေးခဲ့ သည်။ ထို့နောက် မသဲသည် ယေရှု၏သံအမတ် (၁၂)ယောက်ထဲမှ တစ်ယောက်အပါ အဝင် ဖြစ်လာခဲ့သည်။ ခရစ်တော်အတွက် မီးရှို့သတ်ခံခဲ့ရသည်ဟု သမိုင်းမှတ်တမ်းတွင်
တွေ့ရပါသည်။
အကြောင်းအရာ •
မဿဲ အမွေဆက်ခံခြင်း ၊
မသဲ၏ယုဒနာမည်ဖြစ်သော “လေဝီ” သည် သူ၏ဘိုးဘေး လေဝိအမျိုးအနွယ် မှအမွေခံကြောင်း ဖော်ပြနေသည်။ ဣသရေလအမျိုး (၁၂)မျိုးမှ တစ်မျိုးဖြစ်သည်။ ယာ ကုပ်၏သား (၁၂)ယောက်မှ က္ကသရေလ (၁၂)မျိုးဖြစ်လာခဲ့သည်။ လေဝိ အမျိုးအနွယ်ကို ဘုရားသခင်အား ကိုးကွယ်ဝတ်ပြုရာတွင် အစေခံရန် သီးသန့်ရွေးကောက်ထားသည်။ ထို့ကြောင့် လေဝိအနွယ်သည် ပညာရေး၌ထူးချွန်ပြီး၊ ဓမ္မဟောင်းကိုကောင်းစွာ နား လည်ထားကြသည်။ ထို့ကြောင့် မသဲရေးသော ခရစ်ဝင်ကျမ်းတွင် မကြာခဏ ဓမ္မ
ဟောင်းမှကျမ်းချက်များကို ကိုးကားထားကြောင်း တွေ့ရသည်။
မသဲ အမှုတော်ဆောင်ခြင်း ၊
မသဲ ပြောင်းလဲပြီးနောက်တွင် သူ၏မိတ်ဆွေများကို ယေရှုနှင့်မိတ်ဆက်ပေးရန် ဆန္ဒရှိခဲ့သည်။ နောက်တစ်ကြိမ် သမ္မာကျမ်းစာက မသဲအကြောင်း မှတ်တမ်းတင်ထား သည်မှာ ယုဒအသိုင်းအဝိုင်းတွင် ငြင်းပယ်ခံထားရသော သူ၏လုပ်ဖော်ဆောင်ဖက်၊ မိတ်ဆွေများအတွက် ဧဝံဂေလိစားသောက်ပွဲကြီးကို လုပ်ဆောင်ခြင်း ဖြစ်သည်။
ညစာပါတီပွဲနှင့်ပတ်သတ်၍
ည ညစာပါတီသည် ကြီးစွာသောပွဲတစ်ခုဖြစ်သည် (လုကာ ၂၉)။
အခွန်ခံသောသူများစွာနှင့်အခြားသောသူများ ရှိကြသည် (အခန်းငယ် ၂၉)။
ယေရှုနှင့်သူ၏တပည့်တော်များလည်း ရှိကြသည် (အခန်းငယ် ၂၉-၃၀)။
ဘာသာခေါင်းဆောင်များက ယေရှုကို ဝေဖန်ကြသည် (အခန်းငယ် ၃၀)။
ယေရှုက “ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည် မ ဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်း’ (အခန်းငယ် ၃၂) ဟု ပြန်ဖြေခဲ့သည်။
မသဲသည် သူ့လူမျိုးအတွက် စိတ်ဆန္ဒပြင်းပြသောသူ တစ်ယောက်ဖြစ်ခဲ့ သည်။ ဣသရေလတိုင်းပြည်နှင့်အခြားတိုင်းပြည်များတွင်ရှိသော ဂျူးလူမျိုးများကို အမှု တော်ဆောင်ခဲ့သည်။ ယေရှုကောင်းကင်သို့ တတ်ကြွသွားပြီး၊ နှစ်ပေါင်း (၃၀)ကြာသော အခါ ယေရှုနှင့် အတူတူရှိခဲ့သည့် အကြောင်းအရာများကို ယုဒလူများဖတ်ရန် ရေးသား ပြုစုခဲ့သည်။ သူ၏ခရစ်ဝင်ကျမ်းတွင် မေရှိယနှင့်ပတ်သတ်သော ဓမ္မဟောင်းမှ ပရော ဖက်ပြုချက်များကို ဖော်ပြထားသည်။ ထို့အပြင် ယေရှုသည် ဓမ္မဟောင်းမှကြိုတင်ပြော ထားသည့် မေရှိယဖြစ်ကြောင်းကိုလည်း သူ၏ခရစ်ဝင်ကျမ်းတွင် အတည်ပြုထားသည်။ •
မသဲ၏ခရစ်ဝင်ကျမ်း
မသဲက ပညတ်တရားကို သေချာစွာလေ့လာဖတ်ရှုထားခြင်း၊ ကလောင်တံ တစ်ချောင်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခြင်းကြောင့် ဘုရားသခင်သည် သူ၏သား တော်ယေရှုခရစ်တော်၏ ဘဝအသက်တာကို စနစ်တကျ မှတ်တမ်းတင်ရန် မသဲကို အသုံးပြုခဲ့သည်။ မေရှိယနှင့်ပတ်သတ်သော ဓမ္မဟောင်းမှများစွာသော ပရောဖက်ပြုချက် များသည် ယေရှုခရစ်တော်တွင် ပြည့်စုံကြောင်းကို မသဲက အတိအကျ မှတ်တမ်းတင် ထားသည်။ မသဲသည် သူ၏ခရစ်ဝင်ကျမ်းကို ရေးသားနေချိန်တွင် တမန်တော်များ၊
ယေရှုလက်ထက်အချိန် သက်ရှိထင်ရှားရှိခဲ့သော မျက်မြင်သက်သေများသည် ညှဉ်းပန်း နှိပ်စက်မှုများကိုခံကာ၊ အချို့သောသူများလည်း အသတ်ခံနေရသောအချိန် ဖြစ်သည်။ အသင်းတော်များလည်း တိုးပွားနေသည်။ ထို့ကြောင့် ရှေးကနဦး ခရစ်ယာန်များအတွက်။ အထူးသဖြင့် ရောမအင်ပါယာတွင် ပျံ့နှံ့နေသောဂျူးလူမျိုးများအတွက် မှတ်တမ်းတင်ရေး သားပြုစုထားသော ခရစ်တော်၏ဧဝံဂေလိတရားသည် လိုအပ်နေခဲ့သည်။ ထိုလိုအပ်ချက် ကို မသဲက သူ၏ခရစ်ဝင်ကျမ်းဖြင့် ဖြည့်ဆည်းပေးခဲ့သည်။
ဆင်ခြင်စရာ ၊
မသဲသည် ယေရှု၏ရွေးကောက်ခံရသော တပည့်တော်ဖြစ်သော်လည်း နှိမ့် ခသောသူတစ်ယောက် ဖြစ်သည်။ သူ၏ခရစ်ဝင်ကျမ်းတစ်ခုလုံးတွင် သူ့အကြောင်းကို နှစ်ကြိမ်မျှသာ တွေ့ရသည်။ သူ့ကိုခေါ်ခြင်း (မဿဲ ၉း၉)နှင့် တပည့်တော်(၁၂)ပါး၏နာ မည်များကို စာရင်းပြုစုခြင်း (မဿဲ ၁၀း၁-၄)ဖြစ်သည်။ ဓမ္မဟောင်းကျမ်းကို ကောင်းစွာ ၊ နားလည်သူဖြစ်ပြီး၊ ဆာလံကျမ်း၊ ပရောဖက်ကျမ်းများမှ ကျမ်းပိုဒ်များကို ကောက်နုတ် ထားသည်မှာ အခြားသော ခရစ်ဝင်ကျမ်းရေးသားသူများထက်ပင် ပိုများသည်။ အားလုံး ပေါင်း (၉၉)ကြိမ် တွေ့ရသည်။ မသဲသည် ခရစ်တော်ကို တွေ့ပြီးချက်ခြင်း ဧဝံဂေလိလုပ်
ဆောင်ခဲ့သည်။ စားသောက်ပွဲကြီးကျင်းပကာ သူ၏မိတ်ဆွေများနှင့်ယေရှုကို မိတ်ဆက် ပေးသည်။ သူ၏လူများအတွက် အချိန်ကြာမြင့်စွာထမ်းထားရသော ဝန်ထုပ်တစ်ခုသည် မသဲ၌ ရှိခဲ့သည်။ ထို့ကြောင့် ယေရှု၏အသက်တာအကြောင်းနှင့် အမှုတော်လုပ်ငန်းကို သူတို့အတွက် ရေးသားခဲ့သည်။ ယေရှုသည် အချိန်ကြာမြင့်စွာစောင့်စားနေသော မေရှိ ယဖြစ်ကြောင်းကို မသဲက သူတို့ကို သိစေချင်သည်။
သင်ခန်းစာယူစရာ
ဧဝံဂေလိဝေငှရန်အတွက် သဘာဝကျသော အခြေအနေကို ဖန်တီးပါ။ မသဲ သည် ယေရှုနောက်ကို လိုက်ပြီး ပထမဆုံး စိတ်ပြင်းပြသည်မှာ သူ၏မိတ်ဆွေ၊ အခွန်
ကောက်ခံသူ၊ လုပ်ဖော်ဆောင်ဖက်များကို ယေရှုနှင့်မိတ်ဆက်ပေးရန် ဖြစ်သည်။ ထိုအ တွက် စားသောက်ပွဲကြီးကို ကျင်းပခဲ့သည်။ ဘာသာရေးအခမ်းအနားများသို့ ဖိတ်ခေါ် ခြင်းထက် အားလုံးက သက်တောင့်သက်သာရှိနိုင်မည့်အခြေအနေကို မသဲက သဘာဝ ကျကျ ဖန်တီးခဲ့သည်။ သင်၏မယုံကြည်သူမိတ်ဆွေများက ဘုရားကျောင်းသို့ လိုက်ရန်၊ သူတို့အတွက် ခက်ခဲနေလျှင်၊ သက်တောင့်သက်သာနှင့် ဧဝံဂေလိသတင်းကို ကြားနိုင် ရန်အစီစဉ်မျိုးကို ဖန်တီးပေးဖို့ လိုပါသည်။
မတူညီမှုများကို လုပ်ဖို့ ဘုရားသခင်က သင့်ကို အသုံးပြုနိုင်သည်။ မသဲ သည် သူ၏အသက်မွေးဝမ်းကျောင်း အလုပ်ကို စွန့်လွှတ်လိုက်သောအခါ သူ့မှာရှိသော အရာသည် ဖောင်တိန်တစ်ချောင်းနဲ့ မှတ်တမ်းပြုစုနိုင်သောအရည်အချင်းသာ ဖြစ်သည်။
ယေရှုနောက်ကို လိုက်နေစဉ်တစ်လျှောက်လုံး မသဲ၏မှတ်တမ်းပြုစုနိုင်သည့် အရည်အ ချင်းကို သခင်ယေရှုက အသုံးပြုခဲ့သည်။ မသဲ၏နာမည်ဖြင့် ခရစ်ဝင်ကျမ်းတစ်စောင် ကို ယနေ့ ကျွန်တော်တို့ဖတ်နေရခြင်းသည် မသဲအမှုတော်လုပ်ငန်း၏အသီးအပွင့်တစ် ခု ဖြစ်သည်။ သင် ခရစ်တော်ဆီသို့ လာသောအခါ သင်၌ရှိသော အရည်အချင်းများ၊ အစွမ်းအစများကို ယူလာပါ။ ဘုရားသခင်သည် သူ၏နိုင်ငံတော်ကျယ်ပြန့်ရန် သင်၏ အရည်အချင်း၊ အစွမ်းအစများကို အသုံးပြုချင်သည်။ သင်၏ပိုင်ဆိုင်မှုကို ဘုရားသခင်က ကြီးမားစွာ အသုံးပြုနိုင်သည်။ ထို့ကြောင့် “အလိုတော်ရှိရာ ပြုတော်မူပါ” ဟု ဆုတောင်း ကာ သင့်ကိုယ်သင် ဘုရားအတွက် အသုံးခံပါ။
ဘုရားသခင်၏ကျေးဇူးတော်မှ မကယ်တင်နိုင်သောသူ တစ်ယောက်မှ မရှိပါ။ မသဲကို “အခွန်ခံမသဲ” ဟု ဖော်ပြသည်။ မသဲသည် ဂျူးအသိုင်အဝိုင်းတွင် ပစ်ပယ်
ထားခြင်းခံရသူ ဖြစ်သည်။ လူအများ၏ မုန်းတီးခြင်း၊ ဘာသာရေးခေါင်းဆောင်များ၏ အထင်သေးခြင်းခံရသည်။ မသဲ၏အထင်သေးခံရသော အသက်တာက မသဲကဲ့သို့
သောသူများကို မရှောင်ရှားရန် မသဲက သင့်ကို သတိပေးနေသည်။ အခွန်ခံများ၊ အပြစ်သားကို မိတ်ဆွေလုပ်ကာ၊ ပေါင်းသင်းသော ယေရှု၏ပုံသက်သေကို လိုက် လျှောက်ပါ (မဿဲ ၁၁း၁၉)။
ယေရှုနောက်သို့လိုက်ခြင်းသည် အဖိုးအခပေးရသည်။ ယေရှုနောက်သို့လိုက် သောတပည့်တော်များတွင် မသဲစွန့်လွှတ်သော အဖိုးအခသည် အကြီးမားဆုံးဖြစ်သည်။ အခွန်ခံသောသူသည် ဝင်ငွေအများဆုံးရသော အလုပ်ဖြစ်သည်။ သူ၏အလုပ်ကို စွန့် လွှတ်လိုက်သောအခါ ငွေကြေးပြဿနာနှင့် ရင်ဆိုင်ရသည်။ နောက်ကိုလည်း ပြန်မ လှည့်ခဲ့ပေ။ ယေရှုက “ငါ့နောက်သို့ လိုက်လော့” (မဿဲ ၉း၉) ဟု ခေါ်သောအခါ၊ တွေ ဝေတုန့်ဆိုင်းခြင်းမရှိဘဲ ချက်ခြင်းလိုက်ခဲ့သည်မှာ ချီးကျူးစရာပင်ဖြစ်သည်။ ပေးရမည့်အဖိုးအခကို သင်ရေတွက်ပြီး ခရစ်တော်နောက်လိုက်နေသလား။ ယေရှုက တစ်ကြိမ် တစ်ခါတည်း မရေတွက်ခိုင်းပေ။ ခရစ်တော်အတွက် ပေးရမည့်အဖိုးအခကို နေ့စဉ်ရေ တွက်ကာ သူ့နောက်လိုက်ရန် ပြောပါသည် (လုကာ ၉း၂၃)။
ခရစ်ဝင်ကျမ်းများတွင်ဖော်ပြထားသောအခြားအခွန်ခံများ
နှစ်ခြင်းဆရာယောဟန်၏သတင်းစကားကို ကြားပြီး တုန့်ပြန်သော
သူများ၊ ဗတ္တိဇံမင်္ဂလာခံယူခဲ့သောသူများဖြစ်သည်။ (မဿဲ ၂၁း၃၁-၃၂) ၊
ဗိမာန်တော်ထဲတွင် ဆုတောင်းနေသောသူ“အို ဘုရားသခင်၊ အပြစ် များသောကျွန်ုပ်ကိုသနားခြင်းဂရုဏာစိတ်ရှိတော်မူပါ” (လုကာ ၁း၁၀-၁၄)။
ဇက္ကဲ၊ “သခင်၊ အကျွန်ုပ်၏ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အားပေးပါ၏။ တစုံ ၊
တယောက်သောသူ၏ဥစ္စာအနည်းငယ်ကိုအကျွန်ုပ်ယူမိလျှင်လေးထပြန်၍ပေး
ပါ၏” (လုကာ ၁၉း၈)။
အားလုံးသည် ကောင်းသောမှတ်တမ်းများဖြစ်သည်။
မာကု
ဒုတိယအခွင့်အရေးပေးခြင်းခံရသူ
မာကုကို သင်နှင့်အတူ ခေါ်ခဲ့လော့။ သူသည် ဆရာအမူကို
ပြုရာမှာ ငါအကျိုးရှိ၏။
(၂ တိ ၄း၁၁)
အရည်အချင်း- ယေရှု၏အမှုတော်လုပ်ငန်းကို အစေခံကျွန်တစ်ယောက်အဖြစ်တင်ပြ။
ပြည့်စုံခြင်း- ပေတရု၏လုပ်ဖော်ဆောင်ဖက်၊ ခရစ်ဝင်ကျမ်းတစ်စောင်ကိုရေးသားသူ။
အသက်ရှင်ခဲ့သောအချိန်- အေဒီ ၁၅ မှ အေဒီ ၅ဝ ထိ။
နာမည်- ယောဟန်- မိသားစုမျိုးရိုးနာမည်- မာကု။
ကျမ်းပိုဒ်- တမန် ၁၂း၁၂၊ ၂၅၊ ၁၅း၃၉၊ ကော ၄း၁ဝ၊ ၂ တိ ၄း၁၁၊ ၁ ပေ ၅း၁၃။
နောက်ခံအကြောင်းအရာ
ယေရှုကောင်းကင်ကို တက်ကြွပြီးနောက်ပိုင်းတွင် ညှဉ်းပန်းနှိပ်စက်မှုကြီး စ တင်လာခဲ့သည်။ ဘာသာရေးခေါင်းဆောင်များက နာဇရက်မြို့သားယေရှုကို အစွဲပြု ကာ အသစ်တည်ထောင်လာသော ဘာသာရေးအသစ်ကို လုံးဝ ခွင့်မပြုပေ။ သို့သော် ခရစ်ယာန်တိုးပွားလာခြင်းကို ညှဉ်းပန်းနှိပ်စက်မှုကြီးက မဟန့်တားနိုင်ပေ။ ထောင်ပေါင်း
များစွာသူများက ခရစ်တော်နောက်ကို လိုက်လာကြသည်။ ထိုအထဲတွင် ထင်ပေါ်ကျော် ကြားသောမိသားစုတစ်စု၏သားဖြစ်သူ ယောဟန် မာကုလည်း အပါအဝင်ဖြစ်သည်။ မာကု၏မိခင်သည် ယေရှု၏တပည့်တော်များနှင့် အကျွမ်းတဝင်ရှိခဲ့သည်။ အထူးသဖြင့် ပေတရုနှင့်ဖြစ်သည်။ ဆုတောင်းအစည်းအဝေးများကို သူမ၏အိမ်တွင် လက်ခံသည်။ မာကုသည် တပည့်တော်များနှင့် အခြားသောယုဒ ခရစ်ယာန်အသင်းတော်များတွင် လွတ်လပ်စွာ လှုပ်ရှားပါဝင်ခဲ့သည်။
ခြုံငုံကြည့်ခြင်း
ဆယ်ကျော်သက်ရွယ်ဖြစ်သော မာကုသည် ဂေသရှေမန်ဥယျာဉ်တွင် ယေရှု၏ ဖမ်းဆီးခံရခြင်းကို မျက်မြင်တွေ့ခဲ့ရသူဖြစ်သည်။ ယေရှု ရှင်ပြန်ထမြောက်ပြီး လအနည်း ငယ်တွင် သူ့မိခင်၏အိမ်တွင် ပေတရု အကျဉ်းထောင်မှ လွတ်မြောက်ရန် ဆုတောင်းနေ
သောအစည်းအဝေးတွင် မာကုကို ပြန်တွေ့ရသည် (တမန် ၁၂း၁၂)။ မာကု၏အစ်ကို ဝမ်းကွဲတော်သူ ဗာနဗသည် အသင်းတော်တွင် ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ ရှင်ပေါလုနှင့် လုပ်ဖော်ဆောင်ဖက်ဖြစ်လာခဲ့သည်။ ဗာနဗနှင့်ပေါလုတို့၏ ပထမသာသနာ ပြုခရီးစဉ်တွင် မာကုကို လိုက်ပါရန် ဖိတ်ခေါ်ခဲ့သောကြောင့် မာကု လိုက်ပါလာခဲ့သည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မာကုသည် သာသနာပြုအဖွဲ့ကို ထားခဲ့ကာ ယေ ရုရှလင်မြို့တွင်ရှိသော အမေ့အိမ်သို့ ပြန်လာခဲ့သည်။ နောက်တစ်ကြိမ် သာသနာပြုခရီး စဉ်တွင် ဗာနဗက မာကုကို ထပ်မံခေါ်ရန် ဆန္ဒရှိသော်လည်း၊ ပေါလုက ငြင်းဆိုခဲ့သည်။ ထို့ကြောင့် ဗာနဗနှင့်ပေါလုတို့ ကွဲပြားသွားခဲ့သည်။ နှစ်များစွာ ကြာပြီးနောက် ဗာနဗထံမှ ရရှိသည့် ဒုတိယအခွင့်အရေးကြောင့် မာကုသည် ပေါလုနှင့်ပေတရုတို့အတွက် အ
ထောက်အကူဖြစ်သော နောက်လိုက် တစ်ယောက်ဖြစ်လာခဲ့သည်။ ပေတရုနှင့်ရောမ တွင်ရှိနေစဉ် သခင်ယေရှုလောကတွင်ရှိခဲ့တုန်းက ဘဝအသက်တာအကြောင်းကို ပေတ ရုထံမှ ခံယူကာ ပေတရု၏ခွင့်ပြုချက်ဖြင့် မာကုက ရေးသားခဲ့သည်။
အကြောင်းအရာ
မာကု၏နောက်ခံအကြောင်းအရာ (မာကု ၁၄း၅၁-၅၂)
မာကုသည် ယေရုရှလင်မြို့မှ ချမ်းသာကြွယ်ဝသောအမျိုးသမီး၊ မာရိ၏သား ဖြစ်သည်။ ဖခင်အကြောင်းကို မဖော်ပြထားပေ။ ယေရှုနှင့်တပည့်တော်များ နောက်ဆုံး ညစာစားခဲ့သည့်အထက်ခန်းအိမ်သည် မာကု၏မိခင်၊ မာရိ၏အိမ်ဖြစ်သည်ဟု ကျမ်းပ ညာရှင်များက ပြောကြသည်။ ညစာစားပြီးနောက် မာကုသည် ယေရှုနှင့်သူ၏တပည့် တော်များ ဂေသရှေမန်ဥယျာဉ်သို့ သွားသောအခါ မာကု လိုက်သွားခဲ့သည်။ လူများက ယေရှုကို လာရောက်ဖမ်းဆီးသောအခါ မာကုကိုလည်း ဖမ်းခဲ့သည်။ သို့သော် ခြုံထား
သောဝတ်လုံကို ထားခဲ့ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့သည်။ •
မာကုမိသားစု၏အမှုတော်လုပ်ငန်း (တမန် ၁၂း၂၅ ၊၁၃း၁၃)
ယေရှုကောင်းကင်သို့တတ်ကြွပြီးနောက်ပိုင်းတွင် ဆုတောင်းခြင်းအစည်းအဝေး သည် မာကုမိခင်၊ မာရိ၏အိမ်တွင် ပြုလုပ်ကြသည်။ မာကု မိသားစုသည် တပည့်တော် များနှင့် ရင်းနှီးကျွမ်းဝင်ပုံရသည်။ ပေတရုသည် ထောင်ကလွှတ်သောအခါ ယုံကြည်သူ များဆုတောင်းနေသည့် မာကု၏မိခင်၊ မာရိအိမ်သို့ ချက်ခြင်းသွားခဲ့သည်။ • မာကု၏ကျဆုံးခြင်း (တမန် ၁၂း၂၅-၁၃၁၃)
အသင်းတော်ငယ်လေးတွင် ခေါင်းဆောင်ဖြစ်လာသော အစ်ကိုဝမ်းကွဲတော်သူ ဗာနဗအားဖြင့် မာကုသည် ပေါလုနှင့်ဗာနဗတို့၏ပထမဆုံး သာသနာပြု ခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့သည်။ ကုပရုကျွန်းမှရွက်လွှင့်ပြီး အာရှပြည်သို့ရောက်သည်အထိ မာကု လိုက်ပါလာခဲ့သည်။ ထို့နောက် အကြောင်းတစ်ခုခုကြောင့် မာကုသည် သာသနာပြုအဖွဲ့ နှင့် ဆက်မလိုက်တော့ဘဲ၊ ယေရုရှလင်မြို့သို့ ပြန်လာခဲ့သည်။ မာကုပြန်လာသောကြောင့် သာသနာပြုခရီးစဉ် မပျက်စီးသွားခဲ့ပေ။ သို့သော် နောက်ခရီးစဉ်အတွက် ပေါလုက မာကုကို အယုံအကြည် မရှိတော့ပေ။ မာကုသည် အားကိုးရသောသူ မဟုတ်ခဲ့ပေ။
မာကုကို ထိန်းကျောင်းပေးသူ (တမန် ၁၅း၃၆-၄၁၊ ၁ ပေ ၅း၁၃)
“ဗာနဗ” နာမည်၏အဓိပ္ပါယ်မှာ “ခွန်အားပေးသူ’ ဖြစ်သည်။ ဗာနဗသည် သူ့ နာမည်၏အဓိပ္ပါယ်အတိုင်း ပေါလု၏ငြင်းပယ်ခြင်းခံရသော မာကုကို လက်တွဲခေါ်ခဲ့သည်။ ခွန်အားပေးခဲ့သည်။ ဗာနဗနှင့်ပေါလုသည် မာကုအတွက် သဘောထားကွဲလွဲကာ ဗာနဗသည် မာကုကို ခေါ်ကာ ကုပရုကျွန်းဘက်သို့ သာသနာပြုခရီးစဉ်သွားခဲ့သည်။ ဗာနဗသည် တပည့်တော်မွေးထုတ်ခြင်း၌ ဆုကျေးဇူးရှိသောသူတစ်ယောက်ဖြစ်သော
ကြောင့် နောက်ပိုင်းနှစ်များတွင် မာကုသည် ရင့်ကျက်လာခဲ့ပြီး၊ ပေါလုအတွက်လည်း အထောက်အကူဖြစ်သောသူတစ်ယောက် ဖြစ်လာခဲ့သည် (၂ တိ ၄း၁၁)။ •
မာကုနှင့်ပေတရု (၁ ပေ ၅း၁၃)
ပေတရုသည် မာကုမိသားစုနှင့် အကျွမ်းတဝင်ရှိသည်။ ပေတရုသည် အကျဉ်း ထောင်မှ လွတ်မြောက်သောအခါ မာကုအိမ်သို့ ချက်ခြင်းသွားခဲ့သည်။ ပေတရု၏ပထမ ဩဝါဒစာတွင်လည်း မာကုကို “ငါ့သား” ဟု ခေါ်ထားသည်။ မာကုသည် ရောမမြို့တွင် ပေတရုနှင့်လည်း သာသနာခရီးစဉ်များကို သွားခဲ့သည်။ ထို့ကြောင့် ပေတရုက မာကု ကိုလည်း နှုတ်ဆက်ထားသည်။
မာကု၏အလုပ်ပြီးစီးခြင်း (ရှင်မာကုခရစ်ဝင်ကျမ်း)
မာကုသည် ကြီးမားသော အမှုတော်လုပ်ငန်းတစ်ခုကို ပြီးစီးခဲ့သည်။ သခင် ယေရှု၏ဘဝအသက်တာအကြောင်းကို ကောင်းစွာ ရေးသား၊ မှတ်တမ်းတင်နိုင်ခဲ့သည်။ သစ္စာရှိစွာအလုပ်ပြီးစီးခြင်းသည် ဘဝတွင် အနှိမ့်အမြင့်၊ အတက်အကျနှင့် ရုန်းကန်နေ
သောသူများအတွက် အတုယူစရာတစ်ခုဖြစ်နေသည်။ ကျရှုံးခြင်းမှ အောင်မြင်ခြင်းသို့ အရောက်လှမ်းနိုင်ရန် မာကုက စံနမူနာပြခဲ့သည်။ မာကုသည် ယေရှုနှင့်သူ၏တပည့်
တော်များအကြောင်းကို ပေတရုထံမှ ခံယူခဲ့သည်။ ရောမမြို့တွင် ရေးသားခဲ့သောကြောင့် ရောမမြို့၌ရှိသော ယုံကြည်သူများထံ ရေးသားခဲ့ခြင်းဖြစ်သည်။
ဆင်ခြင်စရာ
မာကုနှင့်ပတ်သတ်၍ မှတ်တမ်းတင်ထားသော အချက် (၂)ချက်ကို ကျမ်းစာထဲ တွင်တွေ့ရသည်။ ပထမအချက်မှာ မာကုသည် ဂေသရှေမန်ဥယျာဉ်တွင် သခင်ယေရှုကို လာရောက်ဖမ်းဆီးသောအခါ ခြုံထားသောဝတ်လုံကို ထားခဲ့ကာ၊ အဝတ်မပါဘဲ ကိုယ် လွတ်ရုန်း ထွက်ပြေးခဲ့သည် (မာက ၁၄း၅၁-၅၂)။ ဒုတိအချက်တွင် ပေါလုနှင့်ဗာနဗတို့ ၏သာသနာခရီးစဉ်တွင် အဆုံးထိ မလိုက်ဘဲ နောက်သို့ ပြန်လှည့်ခဲ့သည် (တမန် ၁၃း၁၃။ ဤအချက်များကိုကြည့်ခြင်းဖြင့် မာကုကို အမှုတော်လုပ်ငန်းအတွက် အသုံးမဝင်ဟု သုံးသပ်နိုင်ပါသည်။ ထို့ကြောင့်လည်း ပေါလုက နောက်သာသနာခရီးစဉ်တွင် မာကုကို ခေါ်ရန် ငြင်းဆိုခဲ့သည် (၁၅း၃၆-၄၀)။ ။
သို့သော် မာကု၏အစ်ကိုဝမ်းကွဲ၊ ဗာနဗသည် မာကု၏အတွင်းနှလုံးသားထဲမှ တန်ဖိုးရှိသောအရာတစ်ခုကို မြင်ခဲ့သည်။ ထို့ကြောင့် ပေါလုနှင့်လမ်းခွဲကာ၊ မာကုကို ခေါ်ပြီး၊ အခြားသာသနာခရီးစဉ်ကို သွားခဲ့သည်။ ဗာနဗထံမှရရှိသည့် အားပေးသောလက် တစ်စုံကြောင့် နောက်ပိုင်းနှစ်များတွင် မာကုသည် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိခဲ့ သည်။ ရောမမြို့ပထမအကြိမ် ရှင်ပေါလုထောင်ကျသောအခါ မာကုသည် ပေါလုနှင့်အ တူရှိနေသည် (ကောလော ၄း၁၀)။ မာကု၏ကူညီမှုကို ပေါလုရရှိခဲ့သောကြောင့် ပေါလု က သူ၏နောက်ဆုံးအချိန်၊ အသတ်မခံမီ ရောမအကျဉ်းထောင်တွင် မာကုကို ခေါ်ခဲ့ရန် ပြောထားသည် (၂ တိ ၄း၁၁)။ မာကုသည် ပေါလုအတွက် အထောက်အကူဖြစ်သည်ဟု ပေါလုက ဝန်ခံထားသည်။ နောက်ပိုင်းတွင် ပေတရုနှင့်လည်း ရောမမြို့တွင် အတူတူ အမှုတော်ဆောင်ခဲ့သည် (၁ ပေ ၅း၁၃)။
သင်ခန်းစာယူစရာ
လူတစ်ယောက်က အားနည်းပြီး၊ လဲနေရင်တောင်မှ ကောင်းကွက်ကို အမြဲ တမ်းကြည့်ပေးပါ။ မာကုသည် ပေါလုနှင့်ဗာနဗတို့၏သာသနာခရီးစဉ်မှ နောက်ကြောင်း ၊ ပြန်လှည့်ခဲ့သောကြောင့် နောက်ခရီးစဉ်တွင် ပေါလုက မာကုကိုခေါ်ဖို့ ငြင်းဆိုခဲ့သည်။
သို့သော် ဗာနဗသည် မာကုဘေးတွင် ရပ်တည်ကာ မာကုကို ထောက်မ အားပေးခဲ့သည်။ အချိန်တန်သောအခါ မာကုသည် ပေါလုအတွက် အကျိုးရှိသောသူတစ်ယောက်ဖြစ်လာ ခဲ့သည်။ အခြားသူတစ်ယောက်၏ဝိညာဉ်ရေးအတွက် သင် အချိန်ပေးနေလျှင် သူ့အ တွက် သင်၏ရင်းနှီးမြုပ်နှံမှုသည် ဘယ်လောက်ထိကြီးမားလာမည်ကို သင်မသိနိုင်ပေ။ ထို့ကြောင့် အမြဲတမ်း သူတို့၏ကောင်းကွက်ကို ကြည့်ပါ။ လူများကို အရေးကြီးပုဂ္ဂိုလ် ကဲ့သို့ဆက်ဆံလျှင် သူတို့လည်း သင်မျှော်လင့်သောအဆင့်ထိ တုန့်ပြန်လာမည်။
လူငယ်များကို ပြုစုပျိုးထောင်ပါ။ လူငယ်လေး၊ မာကု၌ သူ့ကို ဘယ်သောအခါမှ အရှုံးမပေးသည့်မိသားစုရှိသည်။ ရင့်ကျက်လာသည်အထိ သူ့ကို ခွန်အားပေးနေသည်။ တွန်းအားပေးနေသည်။ ခက်ခဲနေချိန်တွင် သင်၏အားပေးမှုကို လိုအပ်နေသော လူ ငယ်များ ရှိပါသလား။ သင်၏သား၊ သမီး၊ တူ၊ တူမများကဲ့သို့သော လူငယ်များဖြစ် သည်။ ပထမဦးဆုံး သင်၏မိသားစုကို ကြည့်ပါ။ ဒုတိယ သင်၏အသင်းတော်ထဲမှ လူ ငယ်များကို ကြည့်ပါ။ သူတို့သည် ဘုရားသခင်၏အလုပ်ကို ဆက်လက်သယ်ဆောင်မည့် နောက်မျိုးဆက်များဖြစ်ကြသည်။ နောက်ထပ် မာကုတစ်ယောက်ကို တပည့်တော်အဖြစ် မွေးထုတ်ပေးဖို့ ဘုရားသခင်က သင့်ကို တာဝန်ပေးကောင်း ပေးနိုင်ပါသည်။ ။
ကျရှုံးခြင်းသည် နောက်ဆုံး မဟုတ်ပေ။ အသစ်စတင်ဖို့အတွက် အခွင့်အရေး တစ်ခုဖြစ်သည်။ ခရစ်ယာန်များစွာသည် မာကုကဲ့သို့သော အသက်တာနှင့်အစပြုခဲ့ကြ ပြီး၊ ခရစ်တော်အတွက် မှတ်တိုင်သစ်များကို စိုက်ထူခြင်းအားဖြင့် သူတို့အသက်တာကို အဆုံးသတ်ခဲ့ကြသည်။ ကျရှုံးမှုကို သင်တွေ့ကြုံနေပါသလား။ အမှားကို သင်ခန်းစာယူ ပါ။ လိုအပ်လျှင် ခွင့်လွှတ်ခြင်းကို တောင်းခံပါ။ သို့သော် အရှုံးကို လက်မခံပါနှင့်။ မတ် တတ်ရပ်ပြီး၊ ဆက်သွားနိုင်ရန် ဘုရားသခင်ဆီမှ ခွန်အားတောင်းခံပါ။ သင်ဘယ်လို အစပြုခဲ့သလဲက အရေးမကြီးပါဘူး။ ဘယ်လို အဆုံးသတ်မလဲဆိုတာပဲ အရေးကြီးပါ သည်။
တပည့်တော်(၁၂)ယောက်၏ဖော်ပြချက်များ
ပေတရု – ရဲစွမ်းသတ္တိနှင့်ပြည့်ဝသောသူ၊ တပည့်တော်များ၏ခေါင်းထောင် (ကေဖ”ဟုလည်း
ခေါ်သည်။ “ကျောက်” ဟုအဓိပ္ပါယ်ရသည်။)
အန္တေ- သူ၏အစ်ကို ပေတရုအပါအဝင်၊ အခြားသူများကို ယေရှုဆီခေါ်ဆောင်သူ။
ယာကုပ်- ရည်ရွယ်ချက်ကြီးမားသူ၊ ဒေါသကြီးသူ၊ ပထမဆုံးမာတုရဖြစ်သောတပည့်တော်၊
(မိုးကြိုးသားနှစ်ယောက်မှတစ်ယောက်၊ သူ၏အစ်ကိုယောဟန်) ၊
ယောဟန်- “ချစ်ခြင်းမေတ္တာရှိသောတပည့်တော်”။ယေရှုချစ်သောတပည့်တော်၊
(မိုးကြိုးသားနှစ်ယောက်မှတစ်ယောက်၊ သူ၏ညီယာကုပ်) ၊
ဖိလိပ္ပု – မေးခွန်းမေးတတ်သောသူ (လူငါးထောင်ကို ယေရှုက ဘယ်လိုကျွေးမှာလဲဟု မေးခဲ့ သည်)
ဗာဘောလခဲ- နာဇရက်မှကောင်းသောအရာထွက်သလားဟု သံသယရှိသူ (နာသနေလဟု
လည်းခေါ်သည်)
သောမ- ယေရှု၏ရှင်ပြန်ထမြောက်ခြင်းကိုသံသယရှိသူ (အမ္ဘာဟုလည်းခေါ်သည်။)
မဿဲ- အခွန်ကောက်ခံသောအသက်မွေးဝမ်းကျောင်းကို စွန့်လွှတ်ပြီး၊ ယေရှုနောက်သို့
လိုက်သောသူ (လေဝိဟုလည်း ခေါ်သည်) ၊
ယာကုပ် – အာလဖဲ၏သား ၊
သဒ္ဒဲ – ယေရှုကို သူ့ကိုယ်သူ ဖွင့်ပြရန်တောင်းဆိုသူ (ယာကုပ်၏သား၊ယုဒဟုလည်းခေါ်သည်။)
ရှိမှန်ဇေလုတ်- ယုဒလူမျိုးအတွက် မျိုးချစ်စိတ်ပြင်းထန်သူ၊
ယုဒရှကာယုတ်- လောဘကြီးသောသူ၊ သစ္စာမရှိသောသူ၊ ယေရှုကို လှည့်စားသော
တပည့်တော်။
လုကာ
ပထမဆုံးသောသာသနာပြုဆရာဝန်
ငါချစ်သော ဆေးသမားလုကာနှင့်ဒမသည်
သင်တို့ကို နှုတ်ဆက်ကြ၏။ (ကောလော ၄း၁၄)
အရည်အချင်း- နှိမ့်ချသောအစေခံကျွန်။
ပြည့်စုံခြင်း- ဓမ္မသစ်ကျမ်းတွင် ရှင်လုကာခရစ်ဝင်ကျမ်းနှင့် တမန်တော်ဝတ္ထု ရေးသား
ခဲ့သူ။
အသက်ရှင်ခဲ့သောအချိန်- အေဒီ ၆၀ ကျော်ထိ။
နာမည်- လုကာ- အဓိပ္ပါယ်မှာ- “အလင်း”။
ကျမ်းပိုဒ်- ကောလော ၄း၁၄၊ ၂ တိ ၄၁၁၊ ဖိလေမုန် ၂၄။
နောက်ခံအကြောင်းအရာ
လုကာအသက်ရှင်ခဲ့သောအချိန်သည် ခရစ်တော်ကောင်းကင်သို့ တတ်ကြွပြီး၊ အသင်းတော်ပေါ်ပေါက်လာသည့် စပ်ကူးမက်ကူး ကြားကာလဖြစ်သည်။ လုကာသည် ရှုရိပြည်၊ အန္တိအုတ်မြို့တွင်ကြီးပြင်းသော ဂရိလူမျိုးတစ်ယောက်ဖြစ်သည်။ မဟာအလက် ဇာ်လက်ထပ်အချိန်ကာလကတည်းက ဂရိဘာသာစကားကို အီဂျစ်ပြည်မှ အိန္ဒိယပြည်
အထိ ရုံးသုံးဘာသာစကားအဖြစ် အသုံးပြုခဲ့ကြသည်။ ဂရိအင်ယာပါကျရှုံးခဲ့ပြီး၊ ရောမ အင်ပါယာသည် အင်အားကြီးမားလာသော်လည်း ဂရိဘာသာစကားကို ပညာတတ်လူ တန်းစားများက အသုံးပြုနေကြသေးသည်။ ဂရိလူမျိုးများသည် ပညာရေးကို တန်ဖိုးထား ကြသည်။ ထို့ကြောင့် ဂရိလွှမ်းမိုးသောနေရာ၊ မြို့များတွင် တက္ကသိုလ်အဆင့်ထိ ပညာ ရေးကို မြှင့်တင်ကြသည်။ အီဂျစ်ပြည်၊ အလက်ဇန္ဒိယ(အာလေဇြီး)မြို့တွင် ကျော်ကြား
သော ဆေးပညာ၊ သုတေသနဌါန တစ်ခုရှိသည်။ နောက်ထပ် နာမည်ကျော်ကြားသော တက္ကသိုလ်တစ်ခုသည် အန္တိအုတ်မြို့တွင်ရှိသည်။ လုကာသည် ထိုအန္တိအုတ်တက္ကသိုလ်မှ
ကျောင်းပြီးသည်ဟုယူဆရသည်။ ရှင်ပေါလုသည်ဒုတိယသာသနာပြုခရီးစဉ်အစပြုသော အခါ လုကာသည် အသက် (၅၀)ကျော်ပြီဖြစ်သည်။ ထိုအချိန်ကာလတွင် အသက်ရှင် နေသေးသောသူများအတွက် “အသက်ကြီးသူ” ဖြစ်သည်။ ရှင်ပေါလု၏ရိုက်နှက်ခံရခြင်း၊
ထောင်သွင်းအကျဉ်းချခံရခြင်း၊ ကျောက်ခဲနှင့်ပစ်ပေါက်ခံရခြင်းများကြောင့် ရှင်ပေါလု သည် ဒေါက်တာလုကာနှင့်တွေ့ဆုံခဲ့သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ နောက်ပိုင်း တွင် ဒေါက်တာလုကာသည် သူ၏ဆေးကုသခြင်းကို စွန့်လွှတ်ကာ ရှင်ပေါလုနှင့်အတူ သာသနာခရီးစဉ်များတွင် လိုက်ပါလာခဲ့သည်။ ရှင်ပေါလု၏ကျန်းမာရေးကို စောင့်ရှောက် ရင်းပေါလုနှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေများဖြစ်လာခဲ့သည် (ကောလာ ၄၁၄)။ ထို့အပြင် လုကာသည် သခင်ယေရှု၏အမှုတော်လုပ်ငန်းနှင့် ဘဝအသက်တာကြောင်းကို ၊ ရေးသားပြုစုသော တိကျသည့် သမိုင်းသုတေသီတစ်ယောက်လည်း ဖြစ်သည်။
ခြုံငုံကြည့်ခြင်း ၊
ဓမ္မသစ်ကျမ်းတွင် လုကာကို နာမည်ဖြင့် ဖော်ပြထားသည်မှာ သုံးကြိမ်သာဖြစ် သည်။ ထိုသုံးကြိမ်စလုံးသည် ရှင်ပေါလုက ထောင်ထဲတွင် အကျဉ်းခံနေစဉ် ဖော်ပြထား ခြင်းဖြစ်သည်။ လုကာသည် တပါးအမျိုးသားတစ်ယောက်ဖြစ်သည်။ ပေါလု၏စာစောင် များတွင် ယုဒလူများကို နှုတ်ခွန်းဆက်သရာတွင် လုကာနာမည်ကို ချန်ထားသည် (ကောလော ၄ရ-၁၄)။ လုကာသည် ဆေးပညာအတတ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူတစ်ယောက် ဖြစ်သည်။ သို့သော် ဆေးပညာကို ဘယ်နေရာတွင် ဆည်းပူးခဲ့
သည်ကိုတော့ အတိအကျ မသိရပေ။ လုကာသည် ယခုလက်ရှိ တူရကီနိုင်ငံ၏မြောက် ဝင်း၊ တရောမြို့မှစ၍ ရှင်ပေါလု၏ဒုတိယသာသနာခရီးစဉ်ကို လိုက်ပါလာခဲ့သည်။ မာ ကဒေါနိပြည် (ဂရိ)မြောက်ပိုင်းကို သာသနာပြုအဖွဲ့ဖြင့် ရွက်လွင့်ကာ၊ ဖိလိပ္ပံမြို့သို့ ရောက်လာခဲ့သည်။ ထိုမြို့တွင် လုကာသည် နေရစ်ခဲ့သည်။ နောက် (၅)နှစ်၊ (၈)နှစ် ကြာသောအခါ ရှင်ပေါလု၏တတိယသာသနာခရီးစဉ်တွင် ပြန်လည် လိုက်ပါလာခဲ့သည်။ ထိုအချိန်မှစ၍ ရှင်ပေါလု၏နောက်ဆုံးအချိန်ထိ ရှင်ပေါလုအနားတွင် အမြဲတစေရှိသော ပေါလု၏ မိတ်ဆွေရင်းချာတစ်ယောက် ဖြစ်လာခဲ့သည်။
လုကာသည် ယေရှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသော မျက်မြင်သက်သေတစ် ယောက် မဟုတ်ပေ။ ရှင်ပေါလုနှင့်အတူ ယေရုရှလင်မြို့သို့ခရီးသွားရင်း မျက်မြင်သက် သေများထံမှ မှတ်တမ်းများကို သူ၏ခရစ်ဝင်ကျမ်းအတွက် စုဆောင်းခဲ့သည်။ ထို့အပြင် ကဲသရိမြို့တွင် ရှင်ပေါလု (၂)နှစ်ထောင်ကျနေစဉ်အတွင်း ရှင်ပေါလုနှင့်အတူ အနီးကပ် နေရင်း အခြားသူများထံမှလည်း ယေရှု၏ဘဝအသက်တာအကြောင်းကို လေ့လာခဲ့ သည်။ ရောမမြို့သို့ သွားရာလမ်းခရီးတွင် ရှင်ပေါလုနှင့်အဖွဲ့ သင်္ဘောပျက်သောအခါ လုကာလည်း ပေါလုနှင့်အတူ ရှိနေခဲ့သည်။ ရောမမြို့အကျဉ်းထောင်တွင် ပေါလုကို ကူ ညီခဲ့သည်။ ထိုအချိန်အတောအတွင်းတွင် လုကာသည် သူ၏ခရစ်ဝင်ကျမ်းကို ရေးသား ပြီးစီးခဲ့သည်။ ရှင်ပေါလု၏နောက်ဆုံးအကြိမ် အကျဉ်းထောင်တွင်လည်း လုကာသည် ရှင်ပေါလုနှင့်အတူ ရှိနေပြန်သည်။ ရှင်ပေါလုအသတ်ခံရသောအချိန်တွင် ရှင်ပေါလု၏ ဘေးတွင် ရပ်တည်ပေးခဲ့သည်။ ရှင်ပေါလုအသတ်ခံရပြီး၊ မကြာမီတွင် လုကာလည်း မာတုရအဖြစ် အသက်ပေးသွားခဲ့သည်ဟု သမိုင်းမှတ်တမ်းတွင် တွေ့ရသည်။
အကြောင်းအရာ •
လုကာ၏နောက်ခံအကြောင်းအရာ
လုကာသည် သူ၏အသင်းတော်သမိုင်းစာစောင်တွင်(တမန်တော်ဝတ္ထု) အန္တိ အုတ်မြို့၌ရှိသော အသင်းတော်ကြီးထွားလာပုံကို အထူးအလေးပေးရေးသားထားသည်။
ကြောင့် ကျမ်းပညာရှင်များက လုကာသည် အန္တိအုတ်မြို့တွင် မွေးဖွားပြီး၊ ပေါလု
နှင့်ဗာနဗဦးဆောင်သော အန္တိအုတ်အသင်းတော်မှ အသင်းသားတစ်ယောက်ဖြစ်သည်ဟု ယူဆကြသည်။ သူ၏ပညာရေးမှတ်တမ်းကို မသိရသော်လည်း၊ သူ၏အရေးအသားနှင့်
ဆေးပညာကို ကြည့်ခြင်းအားဖြင့် လုကာသည် ပညာတတ်တစ်ယောက်ဖြစ်ကြောင်း နားလည်နိုင်သည်။ •
လုကာသည် ပထမဆုံး သာသနာပြုဆရာဝန်တစ်ယောက်ဖြစ်သည်။
လုကာသည် ပေါလုနှင့်တွေ့ဆုံပြီးနောက်ပိုင်း၊ ရှင်ပေါလု အသတ်ခံရသည့် အ ချိန်အထိ ပေါလုနှင့်အတူ အမြဲရှိနေခဲ့သည်။ ကြားကာလတွင် ရှင်ပေါလုက အသစ်ပေါ် ပေါက်လာသောအသင်းတော်ကို ကြည့်ရှုရန် လုကာကို ခဏတဖြုတ်ထားခဲ့သည့် အချိန် အနည်းငယ် ရှိခဲ့ဖူးသည်။ ရှင်ပေါလုခံခဲ့ရသော ရိုက်နှက်ခြင်းများ၊ ကျောက်ခဲနှင့်ပစ်ပေါက် ခံရခြင်းများကို ကုသပေးရုံသာမက၊ သာသနာပြုခရီးစဉ်များတွင် လုကာသည် သူ၏
ဆေးပညာကို သာသနာအတွက်လည်းအသုံးပြုခဲ့သည်။ တခါတရံဟောပြောခြင်းအားဖြင့် လည်း လုကာသည် ပါဝင်လုပ်ဆောင်ခဲ့သည်။ လုကာသည် ဆေးတက္ကသိုလ်ကျောင်းဆင်း ပထမဆုံး သာသနာပြုဆရာဝန်တစ်ယောက် ဖြစ်သည်။ •
လုကာသည် သမိုင်းပညာရှင်တစ်ယောက်ဖြစ်သည်။
လုကာသည် တိတိကျကျ မှတ်တမ်းပြုစုသော သမိုင်းပညာရှင်တစ်ယောက် လည်း ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် စာစောင်(၂)စောင်သာ ရေးခဲ့သော်လည်း ဓမ္မသစ် သမိုင်း၏လေးပုံတစ်ပုံကို လုကာရေးခဲ့သောစာစောင်များမှ သိရသည်။ ယနေ့ခေတ် သမိုင်းသုတေသီများက လုကာ၏အရေးအသားလက်ရာကို ချီးကျူးမဆုံးဖြစ်နေရသည်။ န
လုကာသည် ဂဝံဂေလိဆရာတစ်ယောက်ဖြစ်သည်။
လုကာသည် သခင်ယေရှု၏ဘဝအသက်တာကို မြင်ခဲ့ရသော မျက်မြင်သက် သေ မဟုတ်ပေ။ သို့သော် သူရေးသားထားသောအရာများသည် “ရှေးဦးစွာမှစ၍ ကိုယ် တိုင်မြင်သောသက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူ’ (လုကာ ၁၁)များထံမှ မှတ်တမ်းတင်ထားကြောင်း အတည်ပြုထားသည်။ ဂရိလူမျိုးဖြစ်သော လု ကာသည် အထူးသဖြင့် ဂရိယုံကြည်သူများ၏ယုံကြည်ခြင်းကို တိုးပွားစေရန် ရည်ရွယ်
ချက်ဖြင့် ရေးခဲ့သည်။ ဂရိယုံကြည်သူများသာမက၊ မယုံကြည်သောဂရိများကိုလည်း ယေရှုသည် လူသားစင်စစ်ဖြစ်ကြောင်း၊ အပြစ်ရှိသော လောကလူသားများအတွက် အ သေခံခဲ့သော အပြစ်မရှိသည့် လူသားတစ်ယောက်ဖြစ်ကြောင်းကို ဖော်ပြထားသည်။
ဆင်ခြင်စရာ
လုကာ၏စိတ်နေသဘောထားကို ပေါလု၏ “ချစ်သော’ ဟူသော စကားလုံး က ပြောပြနေသည်။ ရုပ်ပိုင်းဆိုင်ရာလိုအပ်နေသောသူများကို ဂရုစိုက်ရန် လုကာသည် ဆေးပညာဖြင့် အစေခံခဲ့သည်။ သူ၏ခရစ်ဝင်ကျမ်းတွင် ဆင်းရဲသောသူများ၊ မိန်း မများ၊ ဂျူးအသိုင်းအဝိုင်းက အထင်သေးခံရသောသူများ (အခွန်ခံဇကွဲကဲ့သို့သောသူများ) အတွက် စိုးရိမ်ပူပန်မှုကို တွေ့ရသည်။ ထိုသူများသည် ဘုရားသခင်၏နိုင်ငံတော်ကို ဘယ်လိုတုန့်ပြန်ကြောင်းလုကာကဦးစားပေးထားသည်။ တမန်တော်ပေါလုအတွက်လည်း လုကာ၏စိုးရိမ်ပူပန်မှုကို တွေ့ရသည်။ ပေါလုနှင့်အတူခရီးသွားရင်း တွေ့ကြုံရသော အ ခက်အခဲများ၊ အန္တရာယ်များကြားမှ လုကာသည် အသက်ကြီးကြီး ဧဝံဂေလိ ဆရာ၊ အသင်းတော်တည်ထောင်သောဆရာပေါလုနှင့် အနီးကပ်နေခဲ့သည်။ ရှင်ပေါလု သည် ရောမမြို့တွင် နောက်ဆုံးအကြိမ် အကျဉ်းထောင်ကျသောအခါ လူငယ်တစ်ယောက် မျှ မရှိသော်လည်း လုကာသည် ပေါလုဘေးတွင် သစ္စာရှိစွာ ရှိနေခဲ့သည်။
သင်ခန်းစာယူစရာ
ဘုရားသခင်အတွက် သင်၌ရှိသော အကောင်းဆုံးကို ပေးပါ။ ဒေါက်တာ လှ ကာသည် သူ၏ခရစ်ဝင်ကျမ်းအစတွင် ‘ရှေးဦးစွာမှစ၍ စေ့စေ့ရှာဖွေလိုက်စစ်ပြီးလျှင် (၁း၃-၄) ဟု မှတ်တမ်းတင်ထားသည်။ သူ၏အကောင်းဆုံးအရေးအသားနှင့် သူကိုယ် တိုင် သေသေချာချာ သုတေသနပြုထားသော ခရစ်တော်၏အကြောင်းကို ကမ္ဘာကြီးအား ချပြခဲ့သည်။ အလုပ်တစ်ခုကို သေချာစွာစီစစ်လုပ်တတ်သော ဒေါက်တာလုကာကြောင့် ခရစ်တော်၏မူလအစအကြောင်းများကို ယနေ့ သင်နှင့်ကျွန်တော် ထင်ရှားစွာမြင်နေရ သည် မဟုတ်ပါလား။ သင်ကော ဘုရားသခင်ကို အစေခံရာ၌ ထို့အတူပဲလား။ သင်၏
အကောင်းဆုံးနှင့် သင် အစေခံနေလား။ ဘယ်နေရာ၊ ဘယ်ကဏ္ဍမှာပဲရှိရှိ သင်၏အ ကောင်းဆုံးကို ဘုရားသခင်အားပေးပါ။
ဘုရားသခင်ကို အစေခံရာ၌ ပေးဆပ်မှုများရှိသည်။ ယေရှုက သူ၏တပည့် တော်များကို သူ့နောက်လိုက်လိုလျှင် ကိုယ်ကိုငြင်းပယ်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင် ကို ထမ်းပြီး ယေရှုနောက်လိုက်ရမည်ဟု သွန်သင်ထားသည် (လုကာ ၉း၂၃)။ ဒေါက် တာလုကာသည် ပညာတတ်တစ်ယောက် ဖြစ်သည်။ လေးစားထိုက်သော ဆရာဝန်တစ်
ယောက်ဖြစ်သည်။ သို့သော် ဘုရားသခင်ကို အစေခံရန် သူ၌ရှိသောအရာအားလုံးကို စွန့်လွှတ်ခဲ့သည်။ ပေါလုကို ကူညီပေးခြင်းအားဖြင့် ဘုရားသခင်ကို အစေခံခဲ့သည်။ တပည့်တော်ဖြစ်ခြင်းသည် အဖိုးအခကြီးပါသည်။ ဘုရားကို အစေခံခြင်း၌ သင် တွေဝေ နေသလား။ ဒေါက်တာလုကာနှင့်အတူ ခရစ်တော်နောက်လိုက်ရန် အဖိုးအခ များများ ပေးပါ။ အဖိုးအခပေးဆပ်ခြင်း၏အခြားတဘက်တွင် မယုံနိုင်စရာကောင်းသော ဘုရားသ ခင်၏အသုံးပြုခြင်းက သင့်ကို စောင့်နေပါသည်။
အခြားသူများကို အစေခံရန် အခွင့်အရေးများကို ရှာပါ။ ရှင်ပေါလုသည် ကြည်ညိုလေးစားထိုက်သော အမှုတော်ဆောင် တစ်ပါးဖြစ်သည်။ သို့သော် အခြားသူ များ၏အကူအညီကိုလည်း သူလိုအပ်သည်။ လုကာကဲ့သို့သောသူများ လိုအပ်နေသည်။ သင်၏အသင်းတော်တွင် ကြည့်ပါ။ တနည်းနည်းအားဖြင့် လူတိုင်းက အကူအညီလိုအပ် နေသည်။ သနားကြင်နာတတ်သောနှလုံးသား၊ လိုအပ်မှုကို မြင်တတ်သော မျက်စိနှင့် ကူညီတတ်သောလက်များဖြစ်ဖို့ ဘုရားသခင်ဆီမှာ ဆုတောင်းပါ။ အကူအညီလိုအပ် နေသောသူများတွေ့လျှင် ရှောင်ဖယ် မသွားပါနှင့်။ သင်၌ရှိသောအရာသည် သူတပါး အတွက် အလိုအပ်ဆုံးဖြစ်နေလိမ့်မည်။ အစေခံလိုက်ပါ။
လုကာရေးသားထားသောရှင်လုကာခရစ်ဝင်ကျမ်း၏
ထူးခြားချက်များ
နှစ်ခြင်းဆရာယောဟန်၏နိမိတ်လက္ခဏာအားဖြင့် မွေးဖွားခြင်းကို မှတ်တမ်းတင်ထား
သည်။
လုကာတစ်ယောက်တည်းသာယေရှု၏ငယ်ဘဝကိုမှတ်တမ်းတင်ထားသည်။
ယေရှု၏ဘဝဇာတ်လမ်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုတော်တော်များများ မှတ်တမ်းတင်ထားသည်။
ဆုတောင်းခြင်းကို အခြားသောခရစ်ဝင်ကျမ်းများထက်ပို၍ဗဟိုပြုထားသည်။
ဆင်းရဲသားများကို အထူးအလေးပေးမှတ်တမ်းတင်ထားသည်။
နိမိတ်လက္ခဏာ(၉)ခု၊ ပုံဥပမာ(၁၃)ခုနှင့် အခြားသောခရစ်ဝင်ကျမ်းများတွင် မတွေ့ရသော သတင်းစကားများ၊ အဖြစ်အပျက်များကို မှတ်တမ်းတင်ထားသည်။
ယောဟန်
ချစ်ခြင်းမေတ္တာနှင့်ပြည့်ဝသော တပည့်တော်
ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊
(ယောဟန် ၁၃း၂၃)
အရည်အချင်း- ချစ်ခြင်းခံရသောတပည့်တော်။ ။
ပြည့်စုံခြင်း- ဓမ္မသစ်ကျမ်းတွင် ကျမ်းစာစောင် (၅)အုပ်ရေးသားခဲ့သူ။
အသက်ရှင်ခဲ့သောအချိန်- အေဒီ ၅ မှ ၉ရ ထိ။ ။
နာမည်- ယောဟန်- အဓိပ္ပါယ်မှာ- “ဘုရားသခင်သည် ဂရုဏာရှင်ဘုရား။
ကျမ်းပိုဒ်- ရှင်ယောဟန်ခရစ်ဝင်ကျမ်း၊ ၁၊ ၂၊ ၃ ယော။
နောက်ခံအကြောင်းအရာ
ခရစ်ယာန်ဘာသာသည် အေဒီ ၃၂၊ ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသော ဝိညာဉ်ဆင်းကြွခြင်းအားဖြင့် မွေးဖွားလာသည်။ လူများ၏ဘဝအသက်တာများ ပြောင်း လဲလာခဲ့သည်။ ဘုရားသခင်၏ဝိညာဉ်တော်ကို ယေရှု၏တပည့်တော်များအပေါ်သို့ စေ လွှတ်ခဲ့သည်။ ဤဝိညာဉ်ရေးရာနိုးထမှုသည် ရောမအင်ပါယာအတွင်း ပြန့်နှံ့သွားသော ဘာသာရေးလှုပ်ရှားမှုတစ်ခုအဖြစ် အသွင်ကူးပြောင်းသွားသည်။ တပည့်တော် (၁၂)ပါး
တွင် အငယ်ဆုံးဖြစ်သော ယောဟန်သည် ကောင်းကင်မှလေပြင်းကဲ့သို့ ကျရောက်လာ သောသန့်ရှင်းသောဝိညာဉ်တော်ကြောင့် ကြီးမားသည့်လှုပ်ရှားမှုအသစ်ကို တွေ့ကြုံခဲ့ရ သည်။ တပည့်တော်များသည် ရဲရင့်ခြင်းသတ္တိများဖြင့် ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက် ခြင်းကို စတင်ဟောပြောလာခဲ့သည်။
ခြုံငုံကြည့်ခြင်း ၊
ယောဟန်သည် ဇေဗေဒဲနှင့်ရှာလုံတို့၏သား ဖြစ်သည်။ ယာကုပ်၏ညီငယ်ဖြစ် သည်။ ယောဟန်နှင့်သူ၏မိသားစုသည် ဂါလိလဲပြည်တွင်နေထိုင်ကြပြီး၊ တံငါသည်များ ဖြစ်ကြသည်။ ဤမိသားစုသည် ယဇ်ပုရောဟိတ်ကယာဖနှင့် အဆက်အသွယ်ရှိ (ယော ၁၈း၁၅)သောကြောင့် ထင်ထင်ပေါ်ပေါ်ရှိသည်။ ယောဟန်နှင့်သူ၏အစ်ကိုများက နှစ် ခြင်းဆရာယောဟန်၏တပည့်တော်များဖြစ်ခဲ့ကြသည်။ နောက်မှ နှစ်ခြင်းဆရာယောဟန် က ယေရှုကို ညွှန်ပြသောအခါ ယေရှု၏နောက်သို့ လိုက်ခဲ့ကြသည်။ ယေရှုက သူတို့ ညီအစ်ကို နှစ်ယောက်အပါအဝင်၊ အခြားတပည့်တော် (၁၀)ယောက်ကို သူ၏တပည့်
တော်များအဖြစ် ရွေးကောက်ခေါ်ထားခဲ့သည်။ ယေရှုသည် ယောဟန်အပါအဝင် တ ပည့်တော်များအား သူ၏သတင်းစကားကို တလောကလုံးသို့ ပျံ့နှံ့ရန် စေလွှတ်ခဲ့သည်။
ယောဟန်သည် အခြားသောတပည့်တော်များထက် ပို၍အသက်ရှည်ခဲ့သည်။ ရောမအင် ပါယာတစ်ခုလုံးမှ ခရစ်ယာန်များနှင့်အတူ အကျင့်စရိတ္တပျက်ပြားယုတ်မာသော ခေါင်း
ဆောင်များ၏ ညှဉ်းပန်းနှိပ်စက်မှုများကို တွေ့ကြုံခံစားခဲ့ရသည်။ ဤခေါင်းဆောင်များ သည် ယေရှုနောက်လိုက်များ၏ကြီးမားသော ဆက်ကပ်အပ်နှံခြင်းတန်ခိုးကို ကြောက် လန့်ခဲ့ကြသည်။ ယောဟန်သည် သူ၏နောက်ဆုံးအချိန်နီးလာသောအခါ အသင်းတော် များအတွင်းသို့ မှားယွင်းသောဩဝါဒများ ထိုးဖောက်ဝင်ရောက်လာခြင်းကို တွေ့မြင်ခဲ့ရ သည်။
ယေရှု၏အသက်တာနှင့် အမှုတော်လုပ်ငန်းကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် မျက်မြင်သက်သေသည် ယောဟန်တစ်ယောက်တည်းသာ ကျန်တော့သည်။ မဿဲ။ မာကု၊ လုကာရေးသားခဲ့သော ခရစ်ဝင်ကျမ်း (၃)စောင်ကို ကနဦးအသင်းတော်များကြား
တွင် နှစ်ပေါင်း (၂၀)နီးပါး ဖတ်ရှုခဲ့ကြပြီ ဖြစ်သည်။ ထို့ကြောင့် ထိုခရစ်ဝင်ကျမ်း (၃) စောင်နှင့်မတူ တမူထူးခြားသည့်ပုံစံဖြင့် ခရစ်တော်၏ဘဝအသက်တာအကြောင်းကို ယာဟန်က မှတ်တမ်းတင်ထားသည်။ ထို့အပြင် သူ့ဘဝ၏နောက်ဆုံးအချိန်ရောက်မှ ရေးသားထားသော သတိပေး၊ ဩဝါဒစာစောင်များသည် သူ့အခြေချနေထိုင်ရာ ဖက် မြို့မှထွက်ပေါ်လာခဲ့သည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို သစ္စာရှိရှိဟောပြောခြင်းကြောင့် ရောမအ စိုးရက ယောဟန်ကို ဧဖက်မြို့၏ပင်လယ်ပိုင်နက်မှ “ပတ်မုတ်’ ကျွန်းသို့ ပြည်နှင်ဒဏ်ပေး ခဲ့သည်။ ထိုကျွန်းသေးသေးလေးတွင် ယောဟန်သည် အနာဂတ်လူ့သမိုင်းတွင်ဖြစ်ပျက် မည့်အခန်းဆက် ရူပါရုံကို ဘုရားသခင်ထံမှ ရရှိခဲ့သည်။ နောက်ဆုံးတွင် ပတ်မုတ်ကျွန်းမှ ပြန်လည်လွှတ်မြောက်လာခဲ့ပြီး၊ “ယေရှုခရစ်တော်၏ဗျာဒိတ်ကျမ်း”ကို ဧဖက်မြို့မှ စတင် ပြန့်နှံ့ခဲ့သည်။ နောက်တစ်နှစ်လောက်ကြာသောအခါ သူ့သခင်ရှိစဉ်က သခင့်ရင်ခွင်တော် တွင် အမြဲလှဲလျောင်းခဲ့သော ယောဟန်သည် ယခုတော့ သူ့သခင်၏ ရင်ခွင်တော်သို့ ထာဝရနားခိုရန် အပြီးပြန်သွားခဲ့သည်။
အကြောင်းအရာ
တပည့်တော်ယောဟန်
နှစ်ခြင်းဆရာယောဟန်၏တပည့်တော်ဖြစ်ခဲ့သည် (၁း၃၅-၃၉)။
နှစ်ခြင်းဆရာယောဟန်က ဤယောဟန်ကို ယေရှုဆီသို့ ညွှန်ပြခဲ့သည်။
(၁း၄၃)။
ယောဟန်သည် ဂါလိလဲသို့ပြန်ပြီး၊ ယေရှုနောက်လိုက်ခဲ့သည်။ ရေမှစပျစ်ရည်
သို့ပြောင်းလဲပေးသောနိမိတ်လက္ခဏာကို တွေ့မြင်ခဲ့သည် (၂း၂)။
ယောဟန်သည် ယေရှုနှင့်အတူ ယေရုရှလင်မြို့သို့သွားခဲ့သည်။ ထို့နောက် ဂါ
လိလဲသို့ ပြန်လာခဲ့ပြီး၊ ငါးဖမ်းသည့်အလုပ်ကို ပြန်လုပ်ခဲ့သည် (၂း၁၃-၄၄)။ သို့သော် ယေရှုနောက်သို့ ခဏတဖြုတ် ဆက်လိုက်ခဲ့သည်။
တမန်တော်ယောဟန် ၊
ယေရှု၏သုံးနှစ်အမှုတော်လုပ်ငန်း တစ်ဝက်တွင် ယေရှုသည်(၁၂)ယောက်ကို တပည့်တော်အဖြစ် ရွေးချယ်ကာ အနီးကပ် သွန်သင်ပေးသည်။ ပေတရု၊ ယာကုပ်၊ ယောဟန်တို့သည် အခြားသောတပည့်တော်များထက် သခင်ယေရှု နှင့် ပို၍ရင်းနှီးကျွမ်းဝင်ခဲ့သည်။
ယေရှုဖမ်းဆီးခံရခြင်းအချိန်မှ အသတ်ခံရသည့်အချိန်ထိ ယေရှုနှင့်အနီးကပ်
ဆုံးရှိနေသည့် တစ်ယောက်တည်းသော တပည့်တော်မှာ ယောဟန်ဖြစ်သည်။
ကားတိုင်ပေါ်တွင် ယေရှုက ယောဟန်ကို သူ၏မိခင်၊ မာရိအား ဂရုစိုက်ရန်
မှာခဲ့သည် (၁၉း၂၅-၂၅)။
ယောဟန်နှင့်ပေတရုသည် ဘာမှမရှိသော သင်္ချိုင်းအုတ်ဂူကို ပထမဆုံးတွေ့ခဲ့
သော တပည့်တော်များဖြစ်သည် (၂၀း၁-၁၀)။
ဧဝံဂေလိဆရာယောဟန်
ယောဟန်နှင့်ပေတရုသည် ဗိမာန်တော်အတွင်းတွင် ဟောပြောသောကြောင့်
ထောင်ထဲသို့ ချခြင်းခံရသည်။
ယောဟန်နှင့်ပေတရုသည် ရှမာရိလူများကို ဟောပြောခဲ့သည်။
ယောဟန်ကို ရှင်ပေါလုက ယေရုရှလင်အသင်းတော်၏ “အမှီတကဲ” ဟု
ဖော်ပြထားသည် (ဂလာ ၂း၉)။
ယောဟန်နှင့်အခြားသော တမန်တော်တို့သည် ယေရုရှလင်မြို့တွင်နေကာ တိုးပွားလာသော ယုံကြည်သူအသစ်များကို နှုတ်ကပတ်တော် ဟောပြောသည်။ သင်ကြားသည်။
လှည့်လည်ဟောပြောသူယောဟန်
ယောဟန်သည် မာရိသေဆုံးသည့်အချိန်ထိ ယေရုရှလင်မြို့တွင် နေခဲ့သည်။
မာရိသေဆုံးပြီးနောက်တွင် လှည့်လည်ဟောပြောရန် ခရီးထွက်ခဲ့သည်။
ရှင်ပေါလု သေဆုံးပြီးနောက်တွင် ဧဖက်မြို့သို့ရောက်လာခဲ့သည်။ ဧဖက်မြို့
တွင် သူ၏နာမည်တပ်ကာ ဩဝါဒစာသုံးစောင်ကို ရေးသားခဲ့သည်။ ထို့အပြင် အသင်းတော်အတွင်း ပေါ်ပေါက်လာသော မှားယွင်းသောဩဝါဒများကို တိုက် ၊ ခိုက်ခြင်းတွင် အဓိက လုပ်ဆောင်ခဲ့သည်။
ယောဟန်သည် ပတ်မုတ်ကျွန်းသို့ ပြည်နှင်ဒဏ်ပေးခံရပြီး၊ ထိုနေရာတွင် ဗျာ ဒိတ်ကျမ်းကို ရေးသားခဲ့သည်။
စာရေးဆရာယောဟန်
ပေါလှပြီးလျှင် ဓမ္မသစ်ကျမ်းတွင် ဒုတိယအများဆုံးရေးသားခဲ့သော တမန်
တော်မှာ ယောဟန်ဖြစ်သည်။
ခရစ်ဝင်ကျမ်း (၄)ကျမ်းတွင် ယောဟန်ခရစ်ဝင်ကျမ်းကို သိသော်လော်ဂျီ
နှင့်ဆိုင်သောခရစ်ဝင်ကျမ်းအဖြစ် သတ်မှတ်သည်။ ယေရှုခရစ်၏လူသားဖြစ် ခြင်း၊ ဘုရားဖြစ်ခြင်းကို တိုက်ရိုက်ဖော်ပြထားသည်။ ယေရှုသည် ဘုရားသခင် ၏သားတော်၊ လူဇာတိခံဘုရားသခင်နှင့် မေရှိယဖြစ်ကြောင်း ယောဟန်က
ဖော်ပြထားသည်။
ယောဟန်၏ဩဝါဒစာသုံးစောင်သည် သူ၏အတွေ့အကြုံမှ ဖြစ်သည်။ ဘုရား
သခင်နှင့်မိတ်သဟာယဖွဲ့ခြင်း၏အဓိပ္ပါယ်ကို ဖော်ပြထားသည်။ မှားယွင်းသော ဆရာများသည် ယေရှု၏ဘုရားဖြစ်ခြင်းနှင့် လူသားဖြစ်ခြင်းကို ငြင်းပယ်နေ
ကြောင်း သတိပေးထားသည်။ သူကိုယ်တိုင် သခင်ယေရှုနှင့် အသက်ရှင်ခဲ့ရ သောကြောင့် သူတို့ သွန်သင်ချက်များသည် မှားယွင်းကြောင်း အခိုင်အမာပြော နေသည်။ ထိုမှားယွင်းသောဆရာများကို ဧည့်ဝတ်ပြုနေသောသူများကိုလည်း
သတိပေးနေသည်။
ယောဟန်သည် ဧဖက်အသင်းတော်ပတ်ဝန်းကျင်တွင်ရှိသော အသင်းတော်(၂) ပါး၏ဝိညာဉ်ရေးရာအခြေအနေမှန်ကို ဖော်ပြခြင်းဖြင့် သူ၏ “ဗျာဒိတ်ကျမ်း ကို အစပြုထားသည်။ ထို့နောက် ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏ အ ရှင်အဖြစ် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းအချိန်ထိ အသင်းတော်၏အနာဂတ်အခြေအနေများကို ဖော်ပြထားသည်။
ဆင်ခြင်စရာ
ယောဟန်သည် တပည့်တော်များထဲတွင် အငယ်ဆုံးဖြစ်ပြီး၊ ကမူးရူးထူးနိုင်သော လူငယ်လေးဖြစ်သည်။ ကျမ်းစာထဲမှ မှတ်တမ်းတင်ထားသောသူ၏အကြောင်းသည် မ ကောင်းခဲ့ပေ။ သူ့အသက်တာတွင် ပြုပြင်ပြောင်းလဲရန် လိုအပ်သော ကဏ္ဍ (၃)ခုကို ဖော်ပြလိုပါသည်။
၁။ ယောဟန်သည် တကိုယ်ကောင်းဆန်သည်။ ယောဟန်နှင့်အခြားသောတပည့် တော်များက သူတို့အဖွဲ့သည်သာ အကောင်းဆုံးအဖွဲ့ဖြစ်သည်ဟု ထင်ကြသည်။ သူတို့ အဖွဲ့၊ တပည့်တော် (၁၂)ပါး မဟုတ်သော အခြားတစ်ယောက်သည် ယေရှုနာမဖြင့် နတ်ဆိုးများကို နှင်ထုတ်နေသည်ကို ယောဟန်အပါအဝင် အခြားသောသူများက ထိုသူ ကို ဆန့်ကျင်တားဆီးကြသည်။ ထို့အတွက် ယေရှုက ယောဟန်ကို ဆုံးမခဲ့သည် (လု ကာ ၉း၄၉-၅၀)။
၂။ ယောဟန်၌ လက်စားချေလိုစိတ်ရှိသည်။ ယေရှုနှင့်တပည့်တော်များသည် ယေရုရှလင်မြို့သို့သွားသောအခါ ရှမာရိရွာတစ်ရွာက သူတို့ကို ဧည့်ဝတ်မပြုခြင်းအတွက် ယောဟန်နှင့်သူ၏အစ်ကိုသည် မကျေနပ်ကြပေ။ ထို့ကြောင့် ကောင်းကင်မှ မီးကျပြီး၊ တစ်ရွာလုံးလောင်မြိုက်ရန် ယေရှုကို တောင်းဆိုကြသည်။ မကြာသေးခင် အစောပိုင်းက ယောဟန်ကို သခင်ယေရှုက ဆုံးမခဲ့သည်။ ယခုအခါတွင်လည်း ယောဟန်နှင့်ယာကုပ်နှစ် ယောက်စလုံး၏မကောင်းသောစိတ်ထားကို ယေရှုက ဆုံးမရပြန်သည် (လုကာ ၉း၅၁-၅၆)။
၃။ ယောဟန်၌ ကျော်ကြားလိုစိတ်ရှိသည်။ ယောဟန်နှင့်သူ၏အစ်ကိုသည် သတို့၏မိခင်ကို ခေါ်ကာ ယေရှုနိုင်ငံတော်တည်ထောင်သောအခါ သူ၏သားနှစ်ယောက် ကို လက်ဝဲဘက်၊ လက်ယာဘက်တွင် တစ်ယောက်စီထားရန် တောင်းဆိုခိုင်းသည်။ အ ခြားတပည့်တော် (၁၀)ယောက်ကို ကျော်ပြီး၊ ရာထူးနေရာလိုချင်သော ဤတပည့်တော်၊ ညီအစ်ကိုနှစ်ယောက်ကို ယေရှုက တဖန်ပြန်၍ ဆုံးမရပြန်သည်။ အစေခံသောခေါင်း ဆောင်မှုကို ယေရှုက သင်ပေးခဲ့သည် (မဿဲ ၂ဝး၂၀-၂၈)။
သို့သော် ယေရှုအသေခံခြင်းနှင့် ဝိညာဉ်တော်ဆင်းကြွလာခြင်းက ယောဟန်၏ စိတ်နှလုံးသားကို ပြောင်းလဲပေးခဲ့သည်။ တမန်တော်ဝတ္ထုနှင့် သူ၏ကိုယ်ပိုင်အရေးအ သားများကို ကြည့်ခြင်းအားဖြင့် ယောဟန်သည် ချစ်စရာကောင်းသော၊ နှိမ့်ချခြင်းရှိသော စိတ်ရှည်သည်းခံသော အစေခံကျွန်တစ်ယောက် ဖြစ်လာခဲ့သည်။ ယောဟန်သည် နှစ် (၁၀၀)နီးပါး အသက်ရှင်ခဲ့သည်။ သူ၏နောက်ဆုံးစကားမှာ “ချစ်သားတို့၊ အချင်းချင်းတစ်
ယောက်နှင့်တစ်ယောက် ချစ်ကြလော့” (၁ ယော ၃း၁၈၊ ၄ရ) ဖြစ်သည်။
သင်ခန်းစာယူစရာ
သင်၏ခရစ်ယာန်အသက်တာသည် ရင့်ကျက်ကြီးထွားသော အသက်တာဖြစ် ၊ ရမည်။ ယောဟန်ကို “အချစ်ဆုံးတပည့်တော်’ ဟု ပြောကြသည်။ သို့သော် ခရစ်ဝင်ကျမ်း များတွင် သူ၏အသက်တာ၌ချစ်ခြင်းမေတ္တာကို မတွေ့ရပေ။ တကိုယ်ကောင်းဆန်ခြင်းများ၊ လက်စားချေလိုစိတ်များ၊ ကျော်ကြားလိုစိတ်များသာ ပြည့်နေသည်။ ကားတိုင်က သူ၏ ၊ အသက်တာကို ပြောင်းလဲပေးခဲ့သည်။ တမန်တော်ဝတ္ထုနှင့် သူကိုယ်တိုင်ဩဝါဒပေး၊ ရေးသားသောစာစောင်များတွင် ယေရှုက သူ့အသက်တာကို ဘယ်လိုပြောင်းလဲပေးခဲ့ သည်ကို တွေ့နိုင်သည်။ ရဲရင့်ခြင်း၊ ဆက်ကပ်အပ်နှံခြင်း၊ တကိုယ်ကောင်းဆန်ခြင်းမှ သူတပါးကို ဦးစားပေးခြင်းနှင့် နှိမ့်ချသောအစေခံကျွန်တစ်ယောက် ဖြစ်လာခဲ့သည်။ ခရစ်တော်၏ပုံသွင်းပြုပြင်ပေးနေသောအဆင့်တွင် သင်ဘယ်နေရာမှာ ရှိနေသလဲ။ ခရစ် ၊
တော်က သင့်ကို သူ၏ပုံသဏ္ဍာန်ဖြစ်ရန် ပြောင်းလဲပေးချင်သည်။ သို့သော် အချိန်ယူရ မည်။ ယနေ့ သင် ဘယ်သူဖြစ်သလဲဆိုသည်မှာ အရေးမကြီးပေ။ သင့်အသက်တာကို
ဘုရားသခင်၏လက်တော်သို့ လုံးလုံးလျားလျား ဆက်ကပ်အပ်နှံသောအခါ သင်ဘယ်သူ ဖြစ်လာနိုင်မည် ဆိုသည်မှာ အရေးကြီးပါသည်။ ဘုရားသခင်သည် သင့်ကို ပြုပြင်ပြောင်း လဲပေးခြင်းလုပ်ငန်း မပြီးသေးပါ။ သင့်ဘက်က ခံယူနိုင်ရမည်။ ။
အခြားသူများကို ချစ်နိုင်ခြင်းသည် သင့်အတွက် ဘုရားသခင်၏ချစ်ခြင်းမေတ္တာ ကို နားလည်ခြင်းအပေါ် မူတည်သည်။ ယောဟန်သည် ဘုရားသခင်၏အနှိုင်းအဆမရှိ
သော ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရသည်။ ထို့ကြောင့် ယောဟန်က သူ့ကိုယ်သူ “ယေရှု ချစ်သောတပည့်တော်” ဟု ကင်ပွန်းတပ်ထားသည် (ယောဟန် ၁၃၂၃)။ သင့်အတွက်
ယေရှု၏အနှိုင်းအဆမရှိသော ချစ်ခြင်းမေတ္တာအကြောင်း သင်နောက်ဆုံးစဉ်းစားခဲ့သော အချိန်သည် ဘယ်အချိန်လဲ။ သင့်ကို ချစ်လွန်းလို့ သင်အသက်ရှင်ရန် သင်၏အပြစ်အ အတွက် အသေခံပေးခဲ့သော ချစ်ခြင်းမေတ္တာဖြစ်သည်။ ခရစ်တော်၏အဖိုးမဖြတ်နိုင်သော ခွင့်လွှတ်ခြင်းနှင့်ကယ်တင်ခြင်းကို သင်လက်ခံခဲ့ပြီလား။ သင့်ကို ချစ်သောခရစ်တော်၏ ချစ်ခြင်းမေတ္တာကို သင်နားလည်သဘောပေါက်ပြီး၊ သူ၏မေတ္တာကိုလက်ခံလျှင် အခြား သူများကိုလည်း နက်နက်နဲနဲ သင်ချစ်နိုင်မည်။ ယောဟန်နှင့်အတူ သင်လည်း “ယေရှု ချစ်သောတပည့်တော်’ တစ်ယောက်ဖြစ်လာနိုင်ပါသည်။ ။
အောင်မြင်ကျော်ကြားခြင်းနှင့် နှိမ့်ချခြင်းကို ညီမျှခြင်းချတတ်ရန် လိုသည်။ သူ ၏လူငယ်ဘဝတွင် ယောဟန်သည် သူ့အတွက်ဘဲ အောင်မြင်ကျော်ကြားလိုသည်။ ဘု ရားသခင်၏နိုင်ငံတော်တွင် ကြီးမြတ်ခြင်းသည် နှိမ့်ချခြင်းဖြစ်ကြောင်း ယေရှုက ထပ်ခါ တလဲလဲ သွန်သင်ခဲ့သည်။ သို့သော် ထိုကြီးမြတ်သော အခွင့်ရာထူးကိုရရန် ယောဟန် သည် ဘာပဲလုပ်ရ၊ လုပ်ရ၊ လုပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ အခြားတဘက်တွင်လည်း နှိမ့်ချခြင်းက ထိုအခွင့်ရာထူးအတွက် လှေကားထစ်ဖြစ်သည်။ သင် အောင်မြင်ကျော် ကြား၊ ကြီးမြတ်ချင်ပါသလား။ အောင်မြင်လိုသောစိတ်ဆန္ဒရှိခြင်းသည် မမှားပါ။ ဘုရား သခင်၏ဘုန်းတော်အတွက်၊ မှန်ကန်သောအကြောင်းရင်း ဖြစ်ဖို့လိုသည်။ ယောဟန်၏ နောက်ဆုံးနှစ်များတွင် ယောဟန် ပြသသွားသော အစေခံနှိမ့်ချခြင်းနှင့်အတူ သင်လည်း အောင်မြင်ခြင်းကို ရယူပိုင်ဆိုင်နိုင်ပါသည်။ )
သခင်ယေရှု၏ဘုရားဖြစ်ခြင်းကို ယောဟန်သက်သေပြုခြင်း
နှစ်ခြင်းဆရာယောဟန်၏ သက်သေ (၅း၃၂-၃၃)
ယေရှု၏နိမိတ်လက္ခဏာများသက်သေ (၅း၃၆)
ခမည်းတော်ဘုရား၏ သက်သေ (၅း၃၇-၃၈)
သမ္မာကျမ်းစာ၏ သက်သေ(၅း၃၉)
ယေရှုကိုယ်တိုင်၏ သက်သ(၈း၁၄)
သန့်ရှင်းသောဝိညာဉ်တော်၏ သက်သေ (၁၅း၂၆)
တပည့်တော်များ၏ သက်သေ(၁၅း၂၇)
ပေတရု၊
တံငါသည်၊ ခေါင်းဆောင်
တရုတ၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ၊ ထောင်ထဲသို့၎င်း၊ အသေသတ်ခြင်းသို့ ၎င်းလိုက်ခြင်းငှါ အသင့်ရှိဝါ ၏။
(လုကာ ၂၂း၃၃) ၊
အရည်အချင်း- ခေါင်းဆောင်မှုအရည်အချင်း။
ပြည့်စုံခြင်း- ယုဒနှင့်တပါးအမျိုးသား၊ နှစ်မျိုးလုံးအတွက် ပထမဆုံးဧဝံဂေလိဟောပြော
သောသူ။
အသက်ရှင်ခဲ့သောအချိန်- အေဒီ ၅ မှ ၆၅ ထိ။ နာမည်- ဟေဗြဲနာမည်- ရှိမုန်၊ ဂရိနာမည်- ပေတရု၊ အဓိပ္ပါယ်- “ကျောက်။
ကျမ်းပိုဒ်- ခရစ်ဝင်ကျမ်းများ၊ တမန် ၁-၁၁။
နောက်ခံအကြောင်းအရာ
ကျမ်းစာမှတ်တမ်းတွင် တပည့်တော်များ၏နာမည်စာရင်းသည် အထူးခြားဆုံး ဖြစ်သည်။ ခရစ်ဝင်ကျမ်းလေးကျပ်စလုံးတွင် ပေတရုနာမည်သည် အမြဲတမ်း ပထမဆုံး ဖော်ပြခြင်းခံရသည်။ ယေရှုကို စတင်တွေ့ဆုံသည့်နေ့မှစ၍ အခြားသောသူများအတွက် ခွန်အားပေးမည့် ‘ကျောက် ဖြစ်မည်အကြောင်း ယေရှုက ပေတရုကို ပြောခဲ့သည်။ ပေတရုသည် ခေါင်းဆောင်မှုအရည်အချင်းကို မွေးကတည်းက သဘာဝအားဖြင့် ပါလာ
ခဲ့သည်။ အဖွဲ့ တစ်ခုလုံးအတွက် ကိုယ်စား စကားပြောသောသူဖြစ်လာခဲ့သည်။ သူ့ ကိုယ်သူ ယုံကြည်စိတ်ချခြင်းနှင့် ရဲရင့်ခြင်းသတ္တိရှိသော်လည်း သွန်သင်ဆုံးမခြင်းကို ခံယူတတ်သောသူ ဖြစ်သည်။ ပေတရုသည် သူပြောသောအရာ၊ လုပ်သောအရာများအ တွက် ယေရှု၏ဆုံးမခြင်းကို ခံယူသည်။ အမှားပြင်ဆင်တတ်သောသူ ဖြစ်သည်။ ဝိညာဉ် ရေးရာခေါင်းဆောင်တစ်ယောက်အနေဖြင့် ပေတရု၏ကြီးမြတ်ခြင်း လျှို့ဝှက်ချက်ကို သူ ၏ရင့်ကျက်ကြီးထွားခြင်း၌ တွေ့ရသည်။ ထို့ကြောင့် ယုံကြည်သူများအတွက် သူ၏ ဆန္ဒမှာ “ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွါးစေ ́ချင်သည် (၂ပေ၃၁၈)။
ခြုံငုံကြည့်ခြင်း ၊
ရှိမုန်သည် ယောန၏သား ဖြစ်သည်။ ဂါလိလဲပြည်၊ ဗက်ဇွဲဒမြို့သည် သူ၏ ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သည်။ ပေတရုနှင့်သူ၏ညီ၊ အဋေသည် နှစ်ခြင်းဆရာ
ယောဟန်၏တပည့်များ ဖြစ်ခဲ့ကြသည်။ အသည် ပထမဆုံး ယေရှုကိုတွေ့ခဲ့ပြီး၊ သူ ၏အစ်ကို ပေတရုကို ယေရှုထံသို့ ခေါ်ဆောင်ခဲ့သည်။ ရှိမုန်၏နာမည်ကို “ကေ” ဟု
ယေရှုက ပြောင်းပေးခဲ့သည်။ ဒေသသုံးနာမည်တစ်ခုဖြစ်ပြီး၊ “ကျောက်” ဟု အဓိပ္ပါယ်ရ သည်။ “ကေ” ကို ဂရိဘာသာဖြင့် ဘာသာပြန်သော် “ပေတရု” ဖြစ်သည်။ ပေတရု သည် ယေရှုနှင့်တွေ့သောအခါ သူ၏အပြင်ပန်း၊ စရိုက်လက္ခဏာများ၊ ချက်ခြင်း မ ပြောင်းလဲသွားခဲ့ပေ။ ဂါလိလဲသို့ပြန်ကာ တံငါအလုပ်ကို ပြန်လုပ်ခဲ့သည်။ နောက်ပိုင်းမှ ယေရှုက ပေတရုကို သူ၏တပည့်တော် (၁၂)မှ တစ်ပါးအဖြစ်ရွေးကောက်ခဲ့သည်။
ယေရှုကို ငြင်းပယ်ပြီး၊ ယေရှုက ပေတရုကို ပြန်လည်တည်ဆောက်ပေးပြီး နောက်ပိုင်းမှသာ ပေတရုသည် ‘ကျောက်’ ဟု အဓိပ္ပါယ်ရသော သူ၏နာမည်အတိုင်း အားအင်များဖြင့် ပြည့်ဝလာကာ အခြားသောတပည့်တော်များကို ပြန်လည်တည်ဆောက် ၊ ပေးခဲ့သည်။ ယခု ပေတရုသည် စစ်မှန်သော ဝိညာဉ်ခေါင်းဆောင်တစ်ယောက် ဖြစ်လာ ခဲ့သည်။ ယေရှု ကောင်းကင်သို့ ပြန်လည်တတ်ကြွပြီးနောက်ပိုင်း သန့်ရှင်းသောဝိညာဉ် ဆင်းကြွလာသောအခါ ပေတရုသည် အသစ်တည်ထောင်လာသော ယေရုရှလင်အသင်း တော်မှ အဓိကခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ ယေရုရှလင်မြို့ပတ်ဝန်းကျင်မှ
ယုဒအသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာ အစေခံခဲ့သည်။
နောက်ပိုင်းတွင် ပေတရုသည် ခရီးသွားကာ ပြန့်နှံ့သွားသောယုဒလူများကို သာသနာပြုခဲ့သည်။ အာရှပြည်မှ တပါးအမျိုးသားများကိုလည်း ဟောပြောခဲ့သည်။ သူ ၏ပထဆုံးဩဝါဒစောင်သည် ထိုနေရာဒေသများတွင် နေထိုင်သော ယုံကြည်သူများကို ပေးပို့ခြင်း ဖြစ်သည်။ ပေတရု ရောမမြို့သို့ရောက်လာသောအခါ အေဒီ (၅၀) နှောင်းပိုင်း၊ သို့မဟုတ် (၆၀) အစောပိုင်း ဖြစ်နိုင်သည်။ သူ၏စာစောင်နှစ်စောင်ကို အေဒီ (၆၀) အ လယ်ပိုင်းလောက်တွင် ရောမမြို့မှ ရေးသားခဲ့သည်။ ထိုစာစောင်များရေးသားနေချိန်တွင် ပေါလု၏သာသနာပြုခရီးစဉ်မှ အပေါင်းအပါဖြစ်သော သိလ၊ ထို့အပြင် မာကုသည်လည်း သူ၏ဘေးနားတွင် ရှိနေသည်။ ထိုအချိန်တွင် ပေါလုသည် ထောင်ထဲ၌ အကျဉ်းခံနေရ သည်။ ပေတရုနှင့်ပေါလုတို့ နှစ်ယောက်စလုံးသည် အေဒီ (၆-၆၈) တွင် ရောမဘုရင်ခံ နီရို၏သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ပေါလုသည် ရောမနိုင်ငံသားဖြစ်ကြောင့် ခေါင်းဖြတ် သတ်ခံခဲ့ရပြီး၊ ပေတရုသည် ယုဒလူဖြစ်သောကြောင့် ကားတိုင်တွင် ဇောက်ထိုး အ သတ်ခံခဲ့ရသည်။ ဓမ္မသစ်အချိန်ကာလ၊ ရှေးကနဦး ခရစ်ယာန်အသင်းတော်များတွင် ထူးခြားပြောင်မြောက်သော ပုဂ္ဂိုလ်များထဲမှ တစ်ယောက်အဖြစ် ပေတရု၏လွှမ်းမိုးမှုသည် ထင်ရှားခဲ့သည်။
အကြောင်းအရာ
တံငါသည် ပေတရု ၊
ဂါလိလဲအိုင်နားတွင်ရှိသော ဗက်ဇဲဒမြို့တွင် ပေတရုမွေးဖွားခဲ့ပြီး၊ တံငါသည် အလုပ်ဖြင့် ကြီးပြင်းလာခဲ့သည်။ ပေတရုနှင့်သူ၏ညီအမြွေသည် ယာကုပ်နှင့်ယောဟန် တို့ ညီအစ်ကိုနှစ်ယောက်နှင့် အပေါင်းအပါများ ဖြစ်လာခဲ့သည်။ ထိုလေးယောက်စလုံး သည် ယေရှု၏တပည့်တော်များ ဖြစ်လာခဲ့ကြသည်။ သူတို့၏စီးပွားရေးလုပ်ငန်းများ တိုးတတ်လာခဲ့ပြီး၊ ယေရုရှလင်မြို့မှ ယဇ်ပုရောဟိတ်မင်းကြီးနှင့် လူမှုရေးအဆက်အသွယ် ရှိလာခဲ့သည်။ သူတို့ လေးယောက်ထဲတွင် ပေတရုသည် အသက်ကြီးဆုံးဖြစ်ပြီး၊ တံငါ သည်များကြားတွင် ပေတရုကို လူသိများလာသည်။ ပေတရုသည် အိမ်ထောင်သည်ဖြစ်ပြီး (မာကု ၁း၂၉-၃၁)၊ နောက်ပိုင်းတွင် သာသနာပြုပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့သည်။
သူ၏သာသနာခရီးစဉ်များတွင် သူ၏မိန်းမလည်း သူနှင့်အတူ လိုက်ပါလာခဲ့သည် (၁
ကော ၄း၁၉)။ ပေတရုနှင့်သူ၏အပေါင်းအပါများက ငါးဖမ်းသည့်အလုပ် လုပ်နေချိန်တွင် ပင် ယေရှုက “ငါနောက်သို့ လိုက်ကြလော့။ သင်တို့သည် လူကိုမျှားသော တံငါဖြစ်စေ၊ ခြင်းငှါ ငါပြုမည်” (မဿဲ ၄း၁၉)ဟု ခေါ်ခဲ့သည်။ •
တပည့်တော် ပေတရု ၊
ရင်းနှီးသောအပေါင်းအသင်းဖြစ်ကြသည့် ပေတရု၊ အခြွေ၊ ယာကုပ်၊ ယော ဟန်တို့ကို ယေရှုက ခေါ်သောအခါ အားလုံးအတူတကွ ယေရှုနောက်သို့ လိုက်ခဲ့ကြ သည်။ နောက်ထပ် အခြားသော တပည့်တော် (၈)ယောက်လည်း ပါသည်။ သူတို့အား လုံးသည် ယေရှုနှင့်အတူ အသက်ရှင်ခဲ့ကြသည်၊ ယေရှု၏သွန်သင်ချက်များကို ခံယူခဲ့ သည်။ အချိန်အခါ တော်တော်များများတွင် ပေတရု၏စိတ်မြန်ခြင်းကို တွေ့ရသည်။
ရေပေါ်မှာ လမ်းလျှောက်ခြင်း- ဂါလိလဲအိုင် မုန်တိုင်းထန်သော ညဉ့်တစ်ည၌ တွင် သူ၏ရဲစွမ်းသတ္တိက သူ့ကို ရေပေါ်မှာလမ်းလျှောက်ပြီး ယေရှုဆီကိုသွားရန် လှုံ့
ဆော်ခဲ့သည်။ ရေပေါ်တွင် လမ်းလျှောက်နိုင်ခဲ့ပါသည်။ သို့သော် ယေရှုကို စေ့စေ့ကြည့် နေရာမှ မျက်စိလွှဲလိုက်သောအခါ ရေနစ်သွားတော့သည် (မဿဲ ၁၄း၂၈-၃၁)။
ပေတရု၏ဝန်ခံခြင်း- ယေရှုကသူ၏တပည့်တော်များကိုသူဘယ်သူဖြစ်ကြောင်း ၊ မေးသောအခါ ပေတရုက ချက်ခြင်းပဲ “ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်ဖြစ်သည်” (မဿဲ ၁၆း၁၆) ဟုဖြေခဲ့ သည်။ ယေရှုက’ကျောက်ပေါ်တွင် သူ၏အသင်းတော်ကို တည်ဆောက်မည် ဖြစ် ကြောင်း ပြောခဲ့သည် (မဿဲ ၁၆း၁၈)။
ပေတရုသည် ကိုယ့်ကိုကိုယ်ယုံကြည်မှုလွန်ကဲခြင်း- နောက်ဆုံးညစာစားပွဲတွင် ယေရှုက တပည့်တော်များထဲမှတစ်ယောက်သည် သူ့ကို သစ္စာဖောက်မည်ဖြစ်ကြောင်း ပြောသောအခါ ထုံးစံအတိုင်း ပေတရု၏စိတ်မြန်ခြင်းက ဘယ်သောအခါမှ သူ၏သခင် ကို သူ မငြင်းပယ်ကြောင်း ချက်ခြင်း ပြန်ပြောခဲ့သည်။ ယေရှုက ပေတရုသည် ကြက်မ တွန်မီ သုံးကြိမ် သူ့ကို ငြင်းပယ်မည်ဖြစ်ကြောင်း ကြိုတင် သတိပေးခဲ့သည်။
တရားဟောဆရာ ပေတရု
ပင်တေကုတွေနေ့၊ သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွလာသောအခါ ပေတရု သည် ဗိမာန်တော်၌ လူအုပ်ကြီးကို တရားဟောခဲ့သည်။ ယုဒလူပေါင်း (၃၀၀၀)သည်
ယေရှုကို ယုံကြည်လာခဲ့ကြပြီး၊ အသင်းတော်သစ် တစ်ပါးပေါ်ပေါက်လာခဲ့သည်။ ဒုတိ ယအကြိမ် ပေတရု ဟောပြောသောအခါ နောက်ထပ် ထောင်နှင့်ချီသောသူများ ပြောင်း ၊ လဲလာခဲ့ပြန်သည်။ ထိုသတင်းသည် ရှမာရိသို့ ပြန့်နှံ့သွားခဲ့သည်။ ရှမာရိလူများအပေါ် ဝိညာဉ်တော် ဆင်းကြွလာခြင်းကို အတည်ပြုရန် ပေတရုနှင့်ယောဟန်ကို ယေရုရှလင် အသင်းတော်က စေလွှတ်ခဲ့သည်။ ပေတရုသည် ယုဒလူမဟုတ်သော၊ တပါးအမျိုးသား များကို ပထမဆုံး ဧဝံဂေလိဟောပြောသောသူ ဖြစ်သည် (တမန် ၁ဝ-၁၁)။
သာသနာပြုဆရာ ပေတရု
အစပိုင်းတွင် ပေတရု၏အမှုတော်လုပ်ငန်းသည် ယေရုရှလင်မြို့အနီးအနားမှ ယုဒလူများကိုသာ ဦးတည်ခဲ့သည်။ နောက်ပိုင်းတွင် အခြားသောနေရာများသို့လည်း ခရီးသွားကာ ရောမအင်ပါယာအတွင်းရှိ ပြန့်နှံ့သွားသောယုဒလူများကိုလည်း ဟောပြော ခဲ့သည်။ အချို့သောအချိန်အခါများတွင် မာကုသည် ပေတရုနှင့်လိုက်ပါ၊ သူ၏ခရစ် ဝင်ကျမ်းကို ပေတရု၏လမ်းညွှန်မှုအောက်တွင် ရေးသားခဲ့သည်။
ဆင်ခြင်စရာ
ပေတရု၏အသက်တာနှင့်သူ၏စရိုက်လက္ခဏာကိုလေ့လာသောအခါ ပေတရု၌ ရှိသော မြင့်မြတ်သည့် အရည်အချင်းများကို တွေ့လာရသည်။ သူ၏စိတ်အားထက်သန် ခြင်းနှင့် ရဲရင့်ခြင်းသတ္တိကို ခရစ်ယာန်တိုင်းက လိုချင်တောင့်တသင့်သည်။ သို့သော် တခါတရံ သခင်ယေရှုက ပွင့်လင်းစွာ ဆုံးမခြင်းသည် ပေတရု၏လွဲမှားနေသော စိတ် အားထက်သန်ခြင်းကို ပြုပြင်ပေးခြင်း ဖြစ်သည်။ ရေပေါ်တွင် လမ်းလျှောက်ခြင်းအားဖြင့် ယေရှုဆီသို့လှမ်းသွားသော အဖြစ်အပျက်၊ ယေရှုကို လာရောက်ဖမ်းဆီးသောအခါ
ကြောက်ရွံ့ခြင်းကင်းမဲ့စွာ ဓါးဖြင့် ယေရှုကို ခုခံကာကွယ်ပေးသည့် အဖြစ်အပျက်များတွင် ခရစ်တော်အတွက် ဆက်ကပ်အပ်နှံသည့် သူ၏ပြင်းပြသောနှလုံးသားကို တွေ့နိုင်ပါသည်။
သို့သော် ပေတရုသည် ရဲရင့်ခြင်းသတ္တိရှိသလို၊ အားနည်းသော သူတစ်ယောက်လည်း ဖြစ်ပြန်သည်။ မိန်းမငယ်လေးရှေ့တွင် ယေရှုကို သုံးကြိမ်ငြင်းဆိုခြင်း၊ ယေရှုကို လာ ရောက်ဖမ်းဆီးသောအခါ ထွက်ပြေးတိမ်းရှောင်ခြင်းများကိုလည်း တွေ့ရသည်။ အပေါင်း လက္ခဏာဆောင်သော ပေတရု၏ရဲရင့်ခြင်းနှင့် စိတ်အားထက်သန်ခြင်းကို အတုယူစရာ ဖြစ်ပြီး၊ အနှုတ်လက္ခဏာဆောင်သော သူရဲဘောကြောင်ခြင်း၊ အသိပညာမဲ့စွာ မိုက်ရူးရဲ ဆန်ခြင်းများသည် ယုံကြည်သူများအတွက် သတိထားစရာ ဖြစ်သည်။ သို့သော်လည်း ပေတရုသည် သူ၏သခင်အတွက် လင်းလက်တောက်ပသော ကြယ်တစ်လုံးအဖြစ် ထွန်းလင်းခဲ့သည်။ |
သင်ခန်းစာယူစရာ
ဘုရားသခင်အား အစေခံခြင်း၌ ကျရှုံးခြင်းက သင့်ကို မဆွဲချမိပါစေနှင့်။ ပေ တရု၏ကျရှုံးခြင်းကို ယေရှုက ကြိုတင်သတိပေးသလို၊ “သင်သည် သတိရပြန်သောအခါ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့” (လုကာ ၂၂း၃၂) ဟုလည်း ပြန်လည် ခွန်အားပေးထားပါသည်။ သူ၏ကျရှုံးခြင်းတစ်ခုစီတိုင်း၌ ပေတရုသည် အမြဲတမ်း ခရစ် တော်နောက်လိုက်ရန် ဆန္ဒနှင့် သခင့်ဆီသို့ ပြန်လာခဲ့သည်။ ဘယ်သူမှ မပြည့်စုံကြောင်း၊ ကျရှုံးတတ်သည့် သဘာဝရှိကြောင်း ယေရှုသိသည်။ ပေတရုကို ပြန်လည်အသုံးပြုရန် နှင့် ခွင့်လွှတ်ရန် အမြဲတမ်း အဆင်သင့်ရှိနေသော ယေရှုသည် သင့်ကိုလည်း ဤအ တိုင်းဖြစ်သည်။ ယခုလက်ရှိ သင်တွေ့ကြုံနေသော ဝိညာဉ်ရေးရာကျရှုံးခြင်းသည် ဘု ရားသခင်၏ကျေးဇူးဂရုဏာကို ခံစားရန် အခွင့်အရေးပင် ဖြစ်သည်။ ခရစ်တော်နောက် လိုက်ရင်း တခါတရံ ကျရှုံးခြင်းသည် ခရစ်တော်နောက် မလိုက်နိုင်လောက်သည်အထိ ကျရှုံးခြင်းထက် ကောင်းပါသည်။
ဝိညာဉ်တိုက်ပွဲကို ပေါ့ပေါ့တန်တန် မယူဆပါနှင့်။ ယေရှုက ညှဉ်းပန်းနှိပ်စက်ခံရ မည်အကြောင်း ပြောသောအခါ ပေတရုက ချက်ခြင်းပင် သူ၏သခင်အပေါ် သစ္စာရှိ
ကြောင်း လွယ်ကူစွာ တုန့်ပြန်ခဲ့သည်။ စာတန်တိုက်ခိုက်လာခြင်းကို ခုခံနိုင်မည်ဟု သူ့ ကိုယ်သူ ယုံကြည်မှု လွန်ကဲခဲ့သည်။ ပေတရု မခုခံနိုင်ကြောင်းကို ယေရှု သိသောကြောင့်
ကြိုတင်သတိပေးခဲ့ခြင်း ဖြစ်သည် (လုကာ ၂၂း၃၂)။ စုံစမ်းခြင်းနှင့် ဘယ်သူမှ မကင်း လွတ်နိုင်ကြောင်း ပေတရု၏ကျရှုံးခြင်းက သတိပေးနေသည်။ ဘယ်သူမှလည်း ကိုယ်ပိုင် ခွန်အား၊ အစွမ်းအစနှင့် မရပ်တည်နိုင်ပေ။ ထို့ကြောင့် ယေရှုက “ငါနှင့်ကွာလျှင် သင်တို့ သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ” ဟု (ယောဟန် ၁၄၅)တွင် ပြောထားပါသည်။ ခရစ်တော်နှင့်ကွာလျှင် စုံစမ်းခြင်းကိုလည်း ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ “ခဲယဉ်းဆိုးယုတ် သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည် အ
ကြောင်း ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်” (ဧဖက် ၆း၁၃) ၊ ရန် အဆင်သင့်ရှိနေပါ။
ဝံဂေလိဝေငှခြင်းသည် လူများနှင့်ကယ်တင်ရှင်ကို ရိုးစင်းစွာ မိတ်ဆက်ပေး ခြင်းဖြစ်သည်။ ကျန်သောအပိုင်းကို ဘုရားသခင်ပဲ လုပ်သွားပါစေ။ ပေတရု၏ညီအ ကို အသင်းတော်သမိုင်းတစ်လျှောက်လုံးတွင် သူရဲကောင်းအဖြစ် မတွေ့ရပေ။ အခြေ လုပ်ဆောင်ခဲ့သည့်အကြီးမားဆုံးသောအလုပ်တစ်ခုမှာ သူ၏အစ်ကို ပေတရုကို ယေရှု တံခေါ်ဆောင်လာခြင်းပင် ဖြစ်သည်။ ယေရှုက ပုံစံမကျသည့် ပေတရုအသက်တာကို ဆက်လက်ပြီး ပုံသွင်းပြုပြင်ပေးကာ၊ နောက်ပိုင်းတွင် အသင်းတော်ကို ဦးဆောင်သည့် ကြီးမားသောခေါင်းဆောင်တစ်ယောက် ဖြစ်သွားခဲ့သည်။ သင်၏ကယ်တင်ရှင်၊ ယေရှုခ ရစ်တော်အတွက် သင်၌ ဘာမှ ပေးစရာမရှိဟု သင်ထင်ကောင်း ထင်နေမည်။ သင်လုပ် နိုင်သည့်အရေးကြီးဆုံးအချက်မှာ သင်၏မိသားစု၊ မိတ်ဆွေများ၊ လုပ်ဖော်ဆောင်ဖက် များကို သင်၏ကယ်တင်ရှင် ယေရှုနှင့် ရိုးရိုးလေးပဲ မိတ်ဆက်ပေးပါ။ ကျန်သည့်အပိုင်း ကို ဘုရားသခင်၏ဝိညာဉ်တော်က ဆက်လက်လုပ်ဆောင်သွားမည်။ အသင်းတော်သ မိုင်းတစ်လျှောက်တွင် ခရစ်တော်အတွက် ကြီးမားစွာလုပ်ဆောင်ခဲ့သောသူများသည် အ ခြားသူများကို ယေရှုနှင့်ရိုးရိုးလေးပဲ မိတ်ဆက်ပေးခဲ့သူများ ဖြစ်သည်။
ပေတရု၏ပထမဆုံးတရားဟောချက်တွင်ပါဝင်သော
အချက်များနှင့်အကျိုးရလဒ်
ယေရှုသည် လူသားစင်စစ်ဖြစ်သည် (တမန် ၂း၂၂)
ယေရှုသည် ကားတိုင်တွင် အသတ်ခံခဲ့ရပြီး၊ သေခြင်းမှထမြောက်ခဲ့သည် (အငယ် ၂၃-၂၄)
သူ၏အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းကိုကျမ်းစာထဲတွင် ကြိုတင်ဟောပြောခဲ့
သည် (အငယ် ၂၅-၃၅)။
ယေရှုသည် အချိန်ကြာမြင့်စွာစောင့်စားနေသော မေရှိယဖြစ်သည် (အငယ် ၃၆) ၊ နောင်တရပါ။ ဗတ္တိဇံခံယူပါ (အငယ် ၃၇-၃၈)။
အကျိုးရလဒ်
လူပေါင်း (၃၀၀၀) ပြောင်းလဲပြီး၊ ဗတ္တိဇံခံခဲ့ကြသည် (အငယ်၄၁)
ရှောလု
ခရစ်ယာန်များကို သွားပန်းနှိပ်စက်သူ
“ရှာလု၊ ရှာလု၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း” ဟု မိမိအား
ဧပြာ သောစကားသံကိုကြားလျှင်၊ “သခင်၊ ကိုယ်တော်သည် ၊ အဘယ်သူနည်း ဟုမေးလျှောက်၏။ သခင်ဘုရားကလည်း၊ “ငါကား၊ သင်ညှဉ်းဆဲသာ ရှုဖြစ်သတည်း။”
(တမန် ၉း၄-၅)
အရည်အချင်း- စိတ်အားထက်သန်ခြင်း။
ပြည့်စုံခြင်း- အသင်းတော်စတင်သူ၊ ဓမ္မသစ်ကျမ်းမှ စာအုပ်(၁၃)အုပ်ကိုရေးသားခဲ့သူ။
အသက်ရှင်ခဲ့သောအချိန်- အေဒီ ၁ မှ ၆ရ ထိ။
နာမည်- ရှောလု- အဓိပ္ပါယ်မှာ “တောင်းလျှောက်ခြင်း။
ကျမ်းပိုဒ်- တမန် ၉၁-၃၀။ နောက်ခံ
အကြောင်းအရာ
ရောမအင်ပါယာအတွင်းတွင် ရှိနေကြသော နိုင်ငံတိုင်း၊ လူမျိုးတိုင်းသည် ရောမတို့၏ဥပဒေကို မနှောင့်ယှက်သရွေ့ သူတို့၏ကိုယ်ပိုင်ဥပဒေများကို လွတ်လပ်စွာ လိုက်လျှောက်နိုင် ခွင့်ရှိသည်။ လူငယ်လေးဖာရိရှဲရှောလုသည် ယုဒဘာသာတရားကို ချိုးဖောက်သည်ဟု ယူဆကာ ခရစ်တော်နောက်လိုက်များကို ညှဉ်းပန်းနှိပ်စက်ခြင်းသည်
ရောမဥပဒေ၏ပြဌါန်းချက်အတွင်းတွင် လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့အပြင် ယုဒဘာ သာကောင်စီကလည်း ရှောလုကို ဒမာသက်မြို့သို့စေလွှတ်ကာ ယုဒဘာသာတရားကို ချိုးဖောက်သူများအား ယေရုရှလင်သို့ ခေါ်ဆောင်လာရန် အမိန့်ပေးခဲ့သည်။ ထိုဒမာ သက်ခရီးစဉ်တွင် ရှောလုသည် ကယ်တင်ရှင်၊ ယေရှုခရစ်တော်နှင့် တွေ့ဆုံခဲ့သည်။ ခြုံငုံကြည့်ခြင်း
ရှောလုကို အာရှိပြည်၊ တာရှုမြို့တွင် အေဒီ (၁)၌ မွေးဖွားခဲ့သည်။ တာရှုမြို့၌ ရှိသော ဂရိတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ထို့နောက် ဘုရားကို ရိုသေသော သူ၏ယုဒမိဘနှစ်ပါးက ပေါလုကို ယေရုရှလင်မြို့သို့ စေလွှတ်ခဲ့သည်။ ယေရုရှလင်မြို့တွင်
ဆွေမျိုးများနှင့်အတူ နေခဲ့သည် (တမန် ၂၃း၁၆)။ ရှေးရိုး ယုဒဘာသာတရားများကို ထို မြို့တွင် နာမည်ကျော်ကြားသော ဂါမေကျေလထံတွင် သင်ကြားခံယူ တတ်မြောက်ခဲ့ သည်။ ထို့ကြောင့် ရှောလုသည် ပညတ်တရားဘက်တွင် စိတ်အားထက်သန်သော ယုဒဘာသာရေးအဖွဲ့တစ်ခုဖြစ်သည့် ဖာရိရှဲအဖွဲ့၏အဖွဲ့ဝင် တစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏အရည်အချင်းနှင့် စိတ်အားထက်သန်ခြင်းက ရှောလုကို အသက် (၃၀)အရွယ်တွင် ပင် ယုဒကောင်စီအဖွဲ့တွင် မြင့်မားသောရာထူး၊ အာဏာကို ရရှိစေခဲ့သည်။ ထို့နောက်
ယေရှုကို မေရှိယအဖြစ် ကြွေးကြော်ကာ မှားယွင်းသည့်အယူဝါဒကို စွဲကိုင်သောသူများ ကို သုတ်သင်ရန် ရှောလုသည် ဒေသအတွင်းရှိ ရောမအာဏာပိုင်များထံမှလည်း ခွင့်ပြု ချက်ကို ရရှိခဲ့သည်။
အကြောင်းအရာ •
ညှဉ်းပန်းနှိပ်စက်သူအဖြစ် ရှောလု၏စိတ်အားထက်သန်ခြင်း (တ ၇း၁-၈း၃)
ဧဝံဂေလိဆရာလေး သတေဖန်ကို ယုဒကောင်စီအဖွဲ့က ခေါ်လာသောအခါ သတေဖန်က သူတို့၏ဘိုးဘေးများက ဘုရားသခင်ကို နာခံရမည့်အစား ဆန့်ကျင်ခဲ့ကြ
ကြောင်း သူတို့ဘိုးဘေးများ၏သမိုင်းကို ရဲရင့်စွာ ရှင်းပြခဲ့သည်။ ယုဒလူများက ယေရှုကို ကားတိုင်ပေါ်တွင် သတ်ခဲ့သည့်အမှုသည် သန့်ရှင်းသောဝိညာဉ်တော်ကို နောက်ထပ်
ဆန့်ကျင်ခြင်းဖြစ်ကြောင်း သတေဖန်က ထုတ်ဖော်ပြောခဲ့သည် (၇း၅၁)။ သတေဖန်၏ ပြောဆိုမှုက ယုဒကောင်စီအဖွဲ့ကို ဒေါသအမျက်ထွက်စေပြီး၊ သူ့ကို မြို့ပြင်သို့ ဆွဲခေါ် သွားကာ၊ သေသည်အထိ ကျောက်ခဲနှင့် ပစ်ပေါက်ခဲ့ကြသည်။ ရှောလုသည် ထိုအမှု၏ သက်သေတစ်ယောက်ဖြစ်ပြီး၊ ကျောက်ခဲနှင့်ပစ်ပေါက်သောသူများ၏ အဝတ်များကို စောင့်ရှောက်ပေးခဲ့သည် (၇း၅၈)။ သတေဖန်သေဆုံးခြင်းသည် အသင်းတော်အသစ်၌ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုကြီးကို စတင်ရန် ဖြစ်လာခဲ့သည်။ ထိုညှဉ်းပန်းနှိပ်စက် ခြင်းတွင် ရှောလုသည် ခေါင်းဆောင်ဖြစ်ပြီး၊ တစ်အိမ်ဝင်၊ တစ်အိမ်ထွက်ပြီး ယောက်ျား၊ မိန်းမများကိုဆွဲကာ ထောင်ထဲသို့ ထည့်ထားသည် (၈း ၁-၃)။ ယေရုရှလင်မြို့မှ ယုဒ ခရစ်ယာန်များသည် အသက်လုပြေးရင်း ရောမအင်ပါယာအတွင်းသို့ ပြန့်နှံ့သွားခဲ့ကြ သည်။ အများစုသည် ယေရုရှလင်မြို့၏အရှေ့မြောက်ဘက်၊ မိုင် (၁၆၀)ဝေးသည့် ရှုရိ ပြည်၏မြို့တော်၊ ဒမာသက်မြို့သို့ ထွက်ပြေးခဲ့ကြသည်။ •
ရှောလုပြောင်းလဲခြင်း (တမန် ၉း၁-၁၂)
ရှောလုသည် ယေရုရှလင်မြို့၌ရှိသော ခရစ်ယာန်များအား ညှဉ်းပန်းနှိပ်စက်ခြင်း ၊ ကို စတင်ခဲ့သည်။ ထို့နောက် ပြန့်နှံ့လျက်ရှိသော အယူဝါဒကို အမြစ်ပြတ် သုတ်သင်ဖယ် ရှင်းရန်အတွက် ဒမာသက်မြို့သို့ ထွက်လာခဲ့သည်။ ခရစ်တော်နောက်လိုက်များကို သတ်ဖြတ်ရန် အာဏာပိုင်များထံမှ ခွင့်ပြုချက်တောင်းခဲ့ပြီး ဖြစ်သည်။ ဒမာသက်မြို့သို့ ရောက်ခါနီးတွင် ရှောလုနှင့် သူ၏အဖွဲ့သည် ရုတ်တရက် ကောင်းကင်မှ တောက်ပသည့် အလင်းတန်း၏ရိုက်ခတ်မှုကိုခံရကာ၊ ရှောလုသည် မျက်စိကွယ်သွားခဲ့သည်။ ထို့နောက် ရှောလုသည် ကောင်းကင်မှယေရှု၏ စကားပြောသံကို ကြားခဲ့ရသည်။ ယခု သူ ညှဉ်း ပန်းနှိပ်စက်နေသောသူများသည် မှန်ကန်ကြောင်း၊ ယေရှုသည် မေရှိယ၊ ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ရှောလု နားလည်သဘောပေါက်ခဲ့သည်။ အလင်းတန်းကြောင့် မျက်စိကွယ်ခဲ့ရသည်။ သူ၏အပေါင်းအပါများက သူ့ကိုလက်ဆွဲကာ ဒမာသက်မြို့သို့ခေါ် ဆောင်သွားခဲ့သည်။
ရှောလု၏တာဝန်အသစ် (တမန် ၉း၁၃-၃၀)
ရှောလုသည် ရောမအင်ပါယာတစ်လျှောက်တွင်ရှိသော တပါးအမျိုးသားများ၊ ရှင်ဘုရင်များနှင့် ဣသရေလလူများကို ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသတင်း စကားကို သယ်ဆောင်မည့် ဘုရားသခင်၏တန်ဆာပလာဖြစ်ကြောင်း ဘုရားသခင်က
အာနန်ကို ဖွင့်ပြခဲ့သည်။ အာနနိသည် ရှောလုအတွက် ဆုတောင်းပေးခဲ့သည်။ ရှောလု သည် မျက်စိ ပြန်မြင်ခွင့်ရခဲ့သည်။ ရှောလုသည် ချက်ခြင်း ဗတ္တိဇံမင်္ဂလာကို ခံယူကာ၊ ခရစ်တော်၏သတင်းစကားကို စိတ်အားထက်သန်စွာ ဟောပြောသော သူတစ်ယောက် ဖြစ်လာခဲ့သည်။ ယခင်က ခရစ်တော်၏နောက်လိုက်များကို လိုက်လံသတ်ဖြတ်သောသူ သည် ယခုတွင် ခရစ်တော်အကြောင်းကို ဆင်းရဲဒုက္ခများကိုခံကာ လိုက်လံဟောပြော
သောသူတစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့သည်။
ရှောလု၏ပြင်ဆင်ခြင်း (ဂလာ ၁း၁ရ-၁၈)
ရှောလုသည် ဒမာသက်မြို့တွင် (၃)နှစ် အချိန်ယူခဲ့သည်။ အာရေဗျတောတွင် “ယေရှုခရစ်တော်၏ဖွင့်ပြခြင်း ကိုခံယူကာ ဓမ္မဟောင်းကျမ်းကို ဆင်ခြင်သုံးသပ်ခဲ့သည် (ဂလာ ၁း၁၂)။ ခရစ်တော်၏အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ဆုပ်ကိုင်ခဲ့သည်။ ပေါလုသည် ဒမာသက်မြို့သို့ ပြန်လာကာ ခရစ်တော်၏ဘာသာကိုခံယူသော ယုဒ သင်းဝင်သူများကို ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဟောပြောခဲ့သည် (အငယ် ၂၂)။ ပေါလု၏စိတ်အားထက်သန်စွာ ဟောပြောခြင်းများသည် ဒမာသက်တွင် အသက်အန္တ ရာယ်ရှိလာသောကြောင့်တပည့်တော်များသည် ညဉ့်အချိန်တွင်ပေါလုကိုတောင်းထဲထည့် ကာမြို့ရိုးမှ လျှောချခဲ့ကြသည်။ ဤနည်းဖြင့် ပေါလုသည် အသက်ဘေးမှ လွတ်မြောက် ခဲ့သည်။
(၃)နှစ်ကြာပြီးသောအခါ ရှောလုသည် ယေရုရှလင်မြို့သို့ ပြန်လာခဲ့သည်။ အစပိုင်းတွင် ယုံကြည်သူများက ရှောလုကို ကြောက်ရွံ့ခဲ့ကြသည်။ ဗာနဗက ရှောလုကို အသင်းတော်ခေါင်းဆောင်များထံသို့ ခေါ်ဆောင်လာကာ သူတို့နှင့် တွေ့ဆုံပြီးနောက် ရှောလုကို လက်ခံခဲ့ကြသည်။ ခရစ်တော်အကြောင်း ဟောပြောသော ရှောလု၏စိတ် အားထက်သန်ခြင်းကြောင့် မကြာမီတွင် ယေရုရှလင်မြို့၌ ရှောလုကို ရန်လိုသောသူများ၊
ပေါ်ပေါက်လာခဲ့ကြသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် ရှောလုကို သူ၏ဇာတိမြို့ဖြစ်
သော တာရှုမြို့သို့ စေလွှတ်ခဲ့သည်။ နှစ်အနည်းငယ်ကြာပြီးသောအခါ ရှောလု၏မိတ် ဆ၊ ဗာနဗသည် ရှောလုကို ခွန်အားပေးရန် တာရှုမြို့သို့ လိုက်လာခဲ့သည်။ အန္တိအုတ် တွင် တပါးအမျိုးသားများနှင့်ပြည့်နေသော အသင်းတော်၌လည်း ရှောလူကို ပါဝင် လုပ်ဆောင်စေခဲ့သည်။
ဆင်ခြင်စရာ
ပေါလုဟု နာမည်ရသော ရှောလုသည် စိတ်အားအလွန်အမင်း ပြင်းထန်သော သူတစ်ယောက်ဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ သခင်ဘုရားကို အစေ ခံရာတွင် နှလုံးသားတဝက်တပျက်နှင့် ဘယ်သောအခါမှ အစေမခံခဲ့ပေ။ ကြီးမားပြင်း ထန်သော နာကျင်မှု၊ ညှဉ်းပန်းနှိပ်စက်မှုများကြားတွင် ဤကဲ့သို့သော ဝိညာဉ်ရေးရာစိတ် ထက်သန်ခြင်းကို ပေါလုအား ဘယ်အရာက လှုံ့ဆော်ပေးသလဲ။ လျှို့ဝှက်ချက်မှာ ခရစ်
တော်ကိုချစ်သော ချစ်ခြင်းမေတ္တာဖြစ်သည်။ တစ်ကြိမ်တစ်ခါ သူတွေ့ဆုံခဲ့ဖူးသော ရှင် ပြန်ထမြောက်သည့် ကယ်တင်ရှင်ခရစ်တော်သည် ပေါလုအတွက် အမှန်တကယ်ဖြစ် သည်။ ယေရှုခရစ်တော်က ပေါလုကို ကယ်တင်ခဲ့သည်။ လုပ်ငန်းတာဝန်ကို ပေးခဲ့သည်။ ပေါလု၏ဆက်ကပ်လုပ်ဆောင်သည့်နောက်ခံကျောရိုးမှာ “ထမြောက်တော်မူခြင်း၏တန် ခိုးကို၎င်း၊ ဆင်းရဲခံတော်မူခြင်းကို ဆက်ဆံ၍ ခံခြင်းကို၎င်း၊ သိကျွမ်း’ (ဖိလိ ၃း၁၀)ရန်ဖြစ်သည်။
သင်ခန်းစာယူစရာ
သင်၏စိတ်အားထက်သန်ခြင်းတွင် ခရစ်တော်သည် အဓိက မဏ္ဍိုင်ဖြစ်ရမည်။ ဘုရားနှင့်ပတ်သတ်လာလျှင် ပေါလုသည် စိတ်အားထက်သန်သောသူတစ်ယောက် ဖြစ် သည်။ ဒမာသက်လမ်းပေါ်တွင် ခရစ်တော်နှင့်မတွေ့မီအချိန်က ဘုရားသခင်၏ပညတ် တရားများကို ချိုးဖောက်သည်ဟု ယူဆသောကြောင့် ခရစ်တော် နောက်လိုက်သောသူ များကို စိတ်အားထက်သန်စွာ လိုက်လံသတ်ဖြတ်သည်။ ခရစ်တော်နှင့်တွေ့ပြီးနောက်
ပိုင်းတွင် ပေါလုသည် စိတ်အားထက်သန်ခဲ့သည်။ သို့သော် ယခုစိတ်အားထက်သန်ခြင်း သည် ခရစ်တော်ကို ဗဟိုပြုသော စိတ်အားထက်သန်ခြင်း ဖြစ်သည်။ သင်ကော။ သင် ၏အပြင်ပန်းသဏ္ဍာန်သည် အတွင်းနှလုံးသားထဲမှ အရေးကြီးသောအရာကို ဖော်ပြ သည်။ သင်၏အသက်သခင်၊ ကယ်တင်ရှင်ကို ချစ်သော သင်၏ချစ်ခြင်းမေတ္တာသည် သွေးအေးသွားပြီလား။ သင်၌ “ရှေးဦးမေတ္တာ'(ဗျာဒိတ် ၂း၄) လျော့နေခဲ့လျှင် တစ်ချိန် တစ်ခါက နိုးထခဲ့သော သင်၏စိတ်အားထက်သန်ခြင်းကို ပြန်လည် နိုးထလာစေရန် ဘု ရားသခင်၌ ဆုတောင်းပါ။
သင်၏ခေါ်ခြင်းကို ဘယ်တော့မှ မဆုံးရှုံးပါစေနှင့်။ ပေါလုသည် ပြောင်းလဲပြီး နောက်ပိုင်းနှစ်များတွင် ဒမာသက်လမ်းပေါ်မှ သူ၏ပြောင်းလဲခြင်းအတွေ့အကြုံကို ဆက်လက်ဟောပြောခဲ့သည်။ ယေရုရှလင်မြို့၌ရှိသောယုဒလူအုပ်ကြီးရှေ့တွင်၎င်း (တ မန် ၂၂း၆-၁၆)၊ အဉ္စိပ္ပမင်းရှေ့တွင်၎င်း (တမန် ၂၆း၁၂-၁၉) သူ၏ပြောင်းလဲခြင်း၊ အတွေ့အကြုံကို ကျယ်ကျယ်ပြန့်ပြန့် သက်သေခံခဲ့သည်။ သက်သေခံသည့်အခါခါတိုင်း တွင် သူ့အတွက် ခရစ်တော်၏ခေါ်ခြင်းကို အမြဲတမ်းပြန်လည် အတည်ပြုခဲ့သည် (အ ငယ် ၁၉)။ ယေရှုကို တောက်ပသည့်အလင်းတန်းအားဖြင့် တွေ့ခဲ့သည့်အတိုင်းပင် ယေ ရှုသည် ပေါလုအတွက် အမြဲတမ်းတောက်ပမြဲ တောက်ပနေသည်။ သင်ကော။ သင်၏ ၊ အသက်တာပြောင်းလဲခြင်း အတွေ့အကြုံသည် သင့်အတွက် ရင်ခုန်လှုပ်ရှားဖွယ်ဖြစ်နေ ပါသေးသလား။ သင် ယေရှုနှင့်တွေ့ဆုံခဲ့သည့်အကြောင်းကို အခြားသူများအား ပြောပြ ဖြစ်ခဲ့ပါသလား။ သင့်အသက်တာ၌ ဘုရားသခင် အလုပ်လုပ်သော ကယ်တင်ခြင်းနှင့် အစေခံရန် ခေါ်ခြင်းက သင့်ကို အမြဲတမ်း လန်းဆန်းစေရန် ဘုရားသခင်ဆီ ဆုတောင်း ပါ။ ခရစ်တော်ကို အစေခံရာ၌ သင်၏ခေါ်ခြင်းကို ဘယ်တော့မှ မျက်နှာမလွဲလိုက်ပါနှင့်။ သင့် အသက်တာ၌တွေ့ကြုံလာသောသူတိုင်းကို သင်၏ကယ်တင်ခြင်း အတွေ့အကြုံကို ဝေငှသက်သေခံပါ။
ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရန် ခရစ်တော်က သင့်ကို တောင်းဆိုနေသည်။ ပေါလုသည် ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရမည်ဟု ပေါလုကို ပြောခဲ့သည်။ ဤပ
ပရောဖက်ပြုချက်သည် ပေါလုအတွက် အမှန်တကယ် ဖြစ်လာခဲ့သည်။ ဤလောက၌ ကျွန်တော်တို့လည်း ဆင်းရဲဒုက္ခကို ခံရမည်ဟု ယေရှုကလည်း ပြောခဲ့သည် (ယောဟန် ၁၆း၃၃)။ နောက်ပိုင်းတွင် ပေါလုက သူ၏မိတ်ဆွေဖြစ်သော သင်းအုပ်ဆရာလေး။ ။ တိမောသေအား “ယေရှုခရစ်၏တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍နေခြင်းငှါ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်” (၂ တိ ၃း၁၂)ဟု ပြောထားသည်။ သင်၏ယုံကြည်ခြင်းအတွက် ကဲ့ရဲလှောင်ပြောင်ခြင်းများကို သင်တွေ့ ကြုံနေပါသလား။ အံ့ဩခြင်း မရှိပါနှင့်။ ခက်ခဲမှုများ၊ ကဲ့ရဲ့လှောင်ပြောင်ခြင်းများခံရမည် ဟု ယေရှုက ပြောထားပါသည်။ ယခု သင် မတွေ့ကြုံသေးလျှင် ကျေးဇူးတော် ချီးမွမ်း ပါ။ ကြိုတင်ပြင်ဆင် ထားပါ။ သင့်နှလုံးသား၏နှလုံးခုန်နှုန်းကို စစ်ဆေးပါ။ ယေရှုအတွက် စိတ်လှုပ်ရှား၊ ရင်ခုန်နေသလား။ မီးအရှိန်တောက်လောင်နေသလား။ လောကကြီးက “မပူ၊ မအေး’ ခရစ်ယာန်များကို မကြောက်ပါ။
ယေရုရှလင်သို့ရှင်ပေါလု၏ခရီးစဉ်(၅)ခု
၁။ ပထမခရီးစဉ် – ပြောင်းလဲပြီးနောက်ပိုင်း ဒမာသက်နှင့်အာရေဗျတောတွင် (၃)နှစ်
ကြာပြီး နောက်တွင် ယေရုရှလင်မြို့သို့ ရောက်လာခဲ့သည်။ (တမန် ၉း၂၆-၂
၃၀)
၂။ ဒုတိယခရီးစဉ်- ပေါလုနှင့်ဗာနဗတို့သည် အန္တိအုတ်အသင်းတော်မှအလှူငွေများကို
ယေရုရှလင်အသင်းတော်အတွက် ယူလာပေးခဲ့သည်။ အန္တိအုတ်သို့ပြန် ၊
သောအခါ မာကုကို ခေါ်သွားခဲ့သည် (တမန် ၁၁း၂၇-၃၀)။
၃။ တတိယခရီးစဉ်- ပေါလုနှင့်ဗာနဗတို့သည် အခြားသောသူများနှင့်ယေရုရှလင်ကောင်စီ
အစည်းအဝေးအတွက် ပြန်လည်ရောက်ရှိလာခဲ့ကြသည် (တမန် ၁၅၊ ဂလာ၂)။ ပြောင်းလဲလာသောတပါးအမျိုးသားခရစ်ယာန်များနှင့်ယုဒ ဘာသာ၏ထုံးတမ်းအစဉ်အလာကိစ္စအတွက်ဖြစ်သည်။ ယုဒ၏ပညတ် တရားအတိုင်း မလုပ်ဆောင်သောတိတုကို ပုံသက်သေဖြစ်ရန်ခေါ်လာ
ခဲ့သည်။
၄။ စတုတ္တခရီးစဉ်- ပေါလုနှင့်အဖွဲ့သည် ယေရုရှလင်မြို့သို့ ခဏရောက်ရှိလာခဲ့သည်
(တမန် ၁၈း၂၂)။ ဧဖက်မြို့တွင် ပြစ်ကိလနှင့်အာကုလကို ထားခဲ့သည်။
၅။ ပဉ္စမခရီးစဉ်- တတိယသာနာပြုခရီးစဉ်အဆုံးတွင် အာရှိပြည်တစ်လျှောက်လုံးမှ
ကောက်ခံရရှိခဲ့သော အလှူငွေကို ယေရုရှလင်အသင်းတော်သို့လွဲပေးခဲ့သည် (တမန် ၂၁)။ဤတစ်ကြိမ်တွင် ပေါလု အဖမ်းခံခဲ့ရသည် (တမန် ၂၁-၂၈)။
ပေါလု
တပါးအမျိုးသားများအက် တမန်တော်
သို့ သော်လည်း ထ၍ မတ်တတ်နေလော့။ ငါသည် သင့်အား ထင်ရှားလတံ့သောအကြောင်းအရာတို့ မှာ အမှု ဆောင်ရွက်သောသူ ၊ သက်သေခံသောသူအရာ၌ သင့်ကို ခန့်ထားစေခြင်းငှါ ငါသည် သင့်အား ထင်ရှား၏။
(တမန် ၂၆း၁၆)
အရည်အချင်း- ခရစ်တော်အတွက် စိတ်အားထက်သန်ခြင်း။
ပြည့်စုံခြင်း- ဓမ္မသစ်ကျမ်းမှ စာအုပ် (၁၃)အုပ်ကို ရေးသားခဲ့သူ။
အသက်ရှင်ခဲ့သောအချိန်- အေဒီ ၁ မှ ၆ရ ထိ။
နာမည်- ပေါလု- အဓိပ္ပါယ်မှာ “သေးငယ်ခြင်း။
ကျမ်းပိုဒ်- တမန် ၁၂း၂၅-၂၈၃၁၊ ရှင်ပေါလု၏စာစောင်များ။
နောက်ခံအကြောင်းအရာ
ပင်တေကုတ္တေနေ့၊ အသင်းတော်ပေါ်ပေါက်လာရာတွင် အများစုမှာ ယုဒလူမျိုး များဖြစ်သည်။ ယေရုရှလင်မြို့တွင် အဓိကအများဆုံး ယုံကြည်သူများမှာ ပြောင်းလဲလာ
သော ဂျူးများဖြစ်သည်။ ယေရှုသည် ဂျူးလူမျိုးများ နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့သော မေရှိယဖြစ်သည်။ အစပိုင်းတွင် တပါးအမျိုးသားများကို လုံးဝ မစဉ်းစားခဲ့ကြပေ။ သ
တေဖန်သေဆုံးပြီး အသစ်မွေးဖွားလာသော အသင်းတော်တွင် ညှဉ်းပန်းနှိပ်စက်မှုကြီး
ကြောင့် ခရစ်တော်၏သတင်းစကားသည် “မြေကြီးစွန်းတိုင်အောင်” (တမန် ၁၈) စတင် ပြန့်နှံ့ခဲ့သည်။ ဂျူးမဟုတ်သော၊ တပါးအမျိုးသားများဆီသို့လည်း ဧဝံဂေလိသတင်းစကား ရောက်ရှိခဲ့သည်။
ဖိလိပ္ပသည် ယေရုရှလင်မြို့မှထွက်ခွါရန် တွန်းအားပေးခြင်းခံရသူများထဲတွင် တစ်ယောက်ဖြစ်သည်။ ရှမာရိလူမျိုးများနှင့် အဲသယောပိအမတ်ကို ဟောပြောခဲ့သည် (တမန် ၈း၂၆-၃၉)။ ရောမတပ်မှူးကောနေလိကို ဟောပြောရန် ဘုရားသခင်သည် ပေ တရုကို စေလွှတ်ခဲ့သည် (တမန် ၁၀း၃၄-၄၃)။ ရှမာရိလူများ၊ ရောမလူမျိုး၊ ကော်နေလိ နှင့် သူ၏အိမ်သူ၊ အိမ်သားများသည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိခဲ့ကြသည်။
ယေရုရှလင်မြို့၌ရှိသော ဂျူးလူမျိုးများသည် ဘုရားသခင်၏ကယ်တင်ခြင်းတွင် တပါးအ မျိုးသားများပါ ပါဝင်လာကြောင်းကို တွေ့သောအခါ အံ့အားသင့်ခဲ့ကြသည်။
ယေရုရှလင်မြို့မှ ထွက်ပြေးခဲ့သော ဂရိလူမျိုးများသည်လည်း ရှုရိပြည်၊ အဖွဲ့ အုတ်မြို့တွင် တပါးအမျိုးသားများဆီသို့ ဧဝံဂေလိတရားကို ဟောပြောကြကြောင်း ယေ ရုရှလင်မြို့မှ ယုဒခေါင်းဆောင်များက ကြားသိခဲ့ရသည်။ များစွာသောတပါးအမျိုးသား များလည်း ခရစ်တော်ထံရောက်ရှိလာပြီး၊ အသင်းတော်တစ်ပါး ပေါ်ပေါက်လာကြောင်း
ကြားရသောအခါ အံ့သြကြရပြန်သည်။ ထိုသတင်းကို အတိအကျသိရန် ခေါင်းဆောင် များသည် ဗာနဗကို အန္တိအုတ်မြို့သို့ စေလွှတ်ခဲ့သည်။ ထိုအချိန်မှစ၍ တပါးအမျိုးသား၊ များအတွက် တမန်တော်ပေါလုသည် ငွေရောင်ပိတ်ကားပေါ်တွင် ပေါ်လာခဲ့သည်။
ခြုံငုံကြည့်ခြင်း
ပြောင်းလဲလာသော ခရစ်ယာန်များကို သတ်ဖြတ်သူ ရှောလုသည် ခရစ်တော် အတွက် စိတ်အားထက်သန်သော တရားဟောဆရာတစ်ယောက် ဖြစ်လာခဲ့သည်။ ယခု သူသည် ရူပါရုံရရှိခဲ့သော ဒမာသက်မြို့မှ ယေရုရှလင်မြို့သို့ ရောက်လာခဲ့သည်။ သူ၏ ၊ ရဲရင့်ခြင်း သတ္တိနှင့်ဟောပြောခြင်းပုံစံက ယေရုရှလင်မြို့မှယုဒလူများ၏ရန်လိုမုန်းတီးစိတ်၊ ကို ဆွပေးသကဲ့သို့ ဖြစ်လာခဲ့သည်။ ဆူပူအုံကြွမှုများကြီးထွားလာပြီး၊ သူ၏အသက်ကို ရန်ရှာခဲ့ကြသည်။ ထို့ကြောင့် အခြေအနေဆိုးရွားလာမည်ကို စိုးရိမ်သောကြောင့် ယေရု
ရှလင်အသင်းတော်မှ ခေါင်းဆောင်များက ရှောလှကို သူ၏ဇာတိမြေ၊ တာရှုမြို့သို့ စေ လွှတ်ခဲ့ကြသည်။ တာရှုမြို့တွင် ရှောလု၏အကြောင်းကို ဘာမှ မသိရပေ။ ဤအချိန်သည် ရှောလု၏ဒုတိယအကြိမ်မြောက် တိတ်ဆိတ်ခြင်း ဖြစ်သည်။ ပထမအကြိမ်တိတ်ဆိတ်ခြင်း သည် အာရေဗျတာတွင် ဖြစ်သည်။ နောက်ပိုင်းတွင် ယုဒနာမည်ဖြစ်သော “ရှောလု ́မှ ဂရိနာမည် “ပေါလု”ကို အသုံးများလာခဲ့သည်။
တပါးအမျိုးသားများဆီသို့ သာသနာပြုအဖြစ် ဘုရားသခင်က စေလွှတ်မည်ဖြစ် သောကြောင့် ပေါလု၏အရည်အချင်းနှင့်ပြည့်ဝသော အခြေအနေကို ဘုရားသခင်သည် ၊ အချည်းနှီးအကျိုးမဲ့ မဖြစ်စေခဲ့ပေ။ အောက်ပါအချက်များသည် ပေါလု၏ထူခြားချက်များ ဖြစ်သည်။ ငယ်
ပေါလုသည် ရောမနိုင်ငံသား ဖြစ်သည်- ရောမအင်ပါယာတစ်လျှောက် အ တားအဆီးမရှိ၊ လွတ်လပ်စွာ ခရီးသွားလာနိုင်သည်။ ရောမနိုင်ငံသားဖြစ်သောကြောင့် ဘာသာရေးကိစ္စနှင့်ပတ်သတ်လာလျှင် ယုဒလူများက ပေါလုကို အမှုမလုပ်နိုင်ပေ။ အမှု ၊ စစ်ဆေးခြင်းများမရှိဘဲ၊ တရားစီရင်၍ မရပေ။ ရောမနိုင်ငံသားဖြစ်ခြင်းက သူခရီးသွား ရာတစ်လျှောက်တွင် မည်သည့်အဆင့်အတန်းနှင့်မဆို ပေါင်းသင်းဆက်ဆံနိုင်သည်။
ပေါလုသည် ဂရိဘာသာစကားကို နားလည်တတ်မြောက်သောသူ ဖြစ်သည်အင်ပါယာတစ်လျှောက်တွင် ရုံးသုံးစကားဖြစ်သော ဂရိဘာသာစကားကို ကောင်းစွာ ရေးနိုင်၊ ဖတ်နိုင်၊ ပြောဆိုနိုင်သည်။ သူ၏ပညာရေးက ဂရိလူမျိုးများ၏ယုတ္တိဆန်သော အတွေးအခေါ်ကို အကွက်ကျကျ ပြန်လည် ငြင်းဆိုနိုင်သည်။
။ ပေါ်လှသည် ယုဒပညတ်တရားကို ကောင်းစွာ နားလည်တတ်မြောက်သောသူ ဖြစ်သည်- ပေါလှသည် ယုဒဘာသာတွင် နာမည်ကျော်ကြား၊ လူသိများသော ဂါမလျ လထံတွင် ပညာဆည်းပူးခဲ့သည်။ ပေါလုသည် ဓမ္မဟောင်းကျမ်းကို ကျွမ်းကျင်သောသူ ဖြစ်သည်။
ပေါလုသည် သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင်ခြင်းကို ခံယူခဲ့သည်ပြောင်းလဲပြီးသောအခါ၊ ပေါလှသည် အာရေဗျတောတွင် အချိန်ယူခဲ့သည်။ ထိုနေရာ တွင် နားလည်ရန်လိုအပ်သော ဖွင့်ပြခြင်းကို လက်ခံရရှိခဲ့သည်။ ဘုရားသခင်၏ကယ် တင်ခြင်းအကြံအစည်နှင့် ယေရှုခရစ်တော်ကို ချိတ်ဆက်နိုင်ခဲ့သည်။ “ဘုရားသခင်၏
နက်နဲသောအရာများ” ကို နားလည်ခြင်းက ပေါလုကို ဟောပြောရန်၊ သွန်သင်ရန်၊ စာ
စောင်များရေးသားရန် အကြောင်းဖြစ်စေခဲ့သည်။ ထိုအရာများက ခရစ်ယာန်သီဩလော်ဂျီ (Christian Theology)၏ အခြေခံဩဝါဒများ ဖြစ်သည်။
ပေါလုသည် သူ၏ဝမ်းစာကို ကျောင်းနိုင်သောသူဖြစ်သည်- ပေါလုသည် ဘဲ ရှင်ချုပ်လုပ်သည့် အတတ်ကိုလည်း တက်မြောက်ထားသည်။ ထိုအတတ်ပညာသည် အမှုတော်ဆောင်ရင်း သူနှင့် သူ၏သာသနာပြုအဖွဲ့ လိုအပ်သောငွေကြေးအခက်အခဲကို ဖြေရှင်းနိုင်ခဲ့သည်။ သူ၏ကိုယ်ကျိုးအတွက် အသုံးပြုခြင်းကို ဘယ်တော့မှ မလုပ်ခဲ့ပေ။
ပေါလုသည် အတွေ့အကြုံရှိသောသူ ဖြစ်သည်- တပါးအမျိုးသားများဆီသို့ ဘုရားသခင်သည် ပေါလုကို စေလွှတ်သောအခါ ပေါလုသည် ဒမာသက်မြို့၊ ယေရုရှလင် မြို့ တာရှုမြို့နှင့်အန္တိအုတ်မြို့များတွင် (၁၀)နှစ်လောက် ဟောပြောခဲ့ပြီး ဖြစ်သည်။ ပေါ လုသည် နောက်ဆုံး နီရိုး(Nero) ဘုရင်၏အသတ်မခံရမီ အချိန်ထိ နှစ်ပေါင်း (၂၀)
လောက် တပါးအမျိုးသားများထံတွင် ဧဝံဂေလိတရားကို ဟောပြောခဲ့သည်။
အကြောင်းအရာ •
သာသနာပြုဆရာပေါလု (တမန် ၁၃-၂၈)
ပေါလု၏နည်းဗျူဟာမှာ
လူဦးရေထူထပ်သောမြို့များကို ဗဟိုပြုကာ ခရီးသွားခဲ့သည်။
တရားစရပ်များတွင် ပထမဦးဆုံး ယုဒလူများနှင့် ဘုရားကိုကြောက်ရွံ့သော တပါးအမျိုးသားများဆီသို့ မေရှိယအကြောင်း ဟောပြောသည်။
ယုဒလူများက လက်မခံသောအခါ တပါးအမျိုးသားများဆီသို့ သွားသည်။
ယုံကြည်လာသောသူများကို ယုံကြည်ခြင်း၌ ခိုင်ခံ့ရန် အဓိကသွန်သင်ပေးသည်။
အသင်းတော်ကို တည်ထောင်ခဲ့ပြီး၊ တိုးတက်မှုကို ပြန်လည်သုံးသပ်သည်။
အသင်းတော်များဆီသို့ ပြန်လည်လှည့်လာခြင်း၊ သို့မဟုတ် စာရေးသားခြင်း ၊
ဖြင့် လမ်းညွှန်မှုများကို ပြုလုပ်ခဲ့သည်။
သီဩလော်ဂျီတတ်ကျွမ်းသောပေါလု (သူ၏ဩဝါဒစာ ၁၃ စောင်)
ပေါလုသည် သီဩလော်ဂျီ (Theology) တတ်ကျွမ်းသော သူတစ်ယောက်ဖြစ် ကြောင်းကို ရောမမြို့မှ ယုံကြည်သူများကိုရေးသော သူ၏ရောမဩဝါဒစာက သက်သေ ခံနေသည်။ ရောမသြဝါဒစာကို ခေတ်အဆက်ဆက်မှ ကျမ်းပညာရှင်များက အကြီးမြတ် ဆုံးသော သီဩလော်ဂျီဟု ပြောစမှတ်ပြုကြသည်။ ရောမသြဝါဒစာ၏အဓိက ရည်ရွယ် ချက်မှာ ဘုရားသခင်၏ဖြောင့်မတ်ခြင်း ဖြစ်သည်။ တချိန်တည်းမှာပင် ခရစ်ယာန်အသက် ရှင်ခြင်းအတွက် လက်တွေ့ လိုက်လျှောက်စရာများသည် ရောမသြဝါဒစာနှင့်အတူ အ ခြားသော ပေါလု၏စာစောင် (၁၂)စောင်၌ တွေ့ရသည်။ လက်တွေ့ဘဝတွင် အမှန်တ ကယ်ပြဿနာများနှင့် ရုန်းကန်နေရသောသူများအတွက် ရှင်ပေါလုက စာစောင်များ ရေးသားခဲ့သည်။ သူ၏စာစောင်များတွင် ဘုရားသခင်၏ကြီးမြတ်သော သမ္မာတရားကို ရှင်းပြပြီး၊ နေ့စဉ်အသက်ရှင်ရာတွင် ထိုသမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် ရှင် ပေါလုက စိန်ခေါ်ထားသည်။ ဘဝအသက်တာများကို ပြောင်းလဲပေးသည့် ဝိညာဉ်ရေးရာ သမ္မာတရားကို ပေါလု၏စာစောင်များက သွန်သင်ထားသည်။ ဘုရားကိုသိခြင်း၊ ဘုရား သခင်နှင့်အတူ လျှောက်လှမ်းခြင်း သမ္မာတရားများသည် ပေါလု၏စာစောင်များတွင် ပါဝင်သည်။ ထိုသမ္မာတရားကပုံသဏ္ဍာန်ပြောင်းလဲခြင်းနှင့် ဘုရားသခင်နှင့်ဆက်နွယ်မှုကို မည်ကဲ့သို့ရရှိနိုင်ကြောင်း စာဖတ်သောသူများအား အလင်းပေးထားသည်။
ဆင်ခြင်စရာ
သခင်ယေရှုခရစ်တော်ပြီးလျှင် ခရစ်ယာန်သမိုင်း၌ ပေါလုသည် ထူးခြားပြောင် မြောက်သော ပုဂ္ဂိုလ်တစ်ပါး ဖြစ်သည်။ ကြီးမားသည့်အသိပညာဆုကျေးဇူးနှင့် ပုံမှန် ထက်ပိုသော ပြင်းပြသည့်စိတ်ဆန္ဒကို ပိုင်ဆိုင်ခဲ့သည်။ သူ၏အစောပိုင်း ခရစ်ယာန်အ သက်တာတွင် ကြမ်းတမ်းမှုများကို တွေ့ရသည်။ နောက်ပိုင်းတွင် သူ၏ပေးစာများကို ဖတ်ခြင်းအားဖြင့် ပေါလှသည် နူးညံ့သိမ်မွေ့သောသူ တစ်ယောက်ဖြစ်ကြောင်း သိရ သည်။ ပေါလုသည် ကယ်တင်ရှင်သခင်အတွက်နှင့် ဘုရားသခင်၏လူများအတွက် သူ
၏ချစ်ခြင်းမေတ္တာကြီးထွားလာခဲ့သည်။ ဘုရားသခင်နှင့် အခြားသောသူများကို အစေခံ ရာတွင် မည်သည့်ပေးဆပ်ခြင်းမျိုးကိုမဆို ပေးဆပ်ရန် အဆင်သင့်ရှိနေသည်။ ဆင်းရဲ ဒုက္ခနှင့်နာကျင်ခြင်းကို သူကိုယ်တိုင် ပေးဆပ်ရမည်ဆိုလျှင်ပင် ပေးဆပ်ရန် ဆန္ဒရှိသည်။ မှန်ကန်သည့်ဘက်တွင် ရပ်တည်ရန်ဖြစ်လာသည့်အခါ ရဲရင့်ခြင်းသတ္တိများဖြင့် ပြည့်ဝခဲ့ သည်။ အားသွန်ခွန်စိုက်ရှိသောခေါင်းဆောင်တစ်ယောက် ဖြစ်သည်။ သမ္မာတရားနှင့် ပတ်သတ်လာလျှင် အပေးအယူ မရှိပေ။ သို့သော် ခရစ်တော် မရရှိသေးသောသူများ နှင့် ငြင်းခုန်မှုများတွင် သူ၏ရင့်ကျက်သောချစ်ခြင်းမေတ္တာ၊ ထိုသူများအပေါ် သနားဂရု ဏာများကို ပြသခဲ့သည်။ အောက်ပါအချက်များသည် ပေါလု၌ရှိသော အရည်အချင်းများ ၊ ဖြစ်သည်။
အခြားသူများ၏ဘဝအသက်တာအတွက် အချိန်ပေးသည်။
အဖွဲ့နှင့်လုပ်ဆောင်တတ်သောသူ ဖြစ်သည်။
ခွန်အားပေးတတ်သောသူ ဖြစ်သည်။
တိုက်တွန်းလှုံ့ဆော်သောသူ ဖြစ်သည်။
လူများ၌ရှိသော အကောင်းဆုံးကို ဖော်ထုတ်နိုင်သည်။
သူဟောပြောသောအရာကို ကိုယ်တိုင် လိုက်လျှောက်သောသူ ဖြစ်သည်။
သူကိုယ်တိုင် လုပ်ရန်ဆန္ဒမရှိသောအရာကို သူတပါးအားလည်း မခိုင်းပေ။
ပေါလုသည် ခရစ်ယာန်သီဩလော်ဂျီ (Christian Theology)၏ ဗိသုကာ ပညာရှင်ကြီးတစ်ယောက်ဖြစ်ကြောင်း သမိုင်းက အသိအမှတ်ပြုထားသည်။ ခရစ်တော် ၌ရှိသော အသက်တာသစ်၏သဘောသဘာဝနှင့် ခရစ်တော်အသေခံခြင်း၏ ထူးခြား ချက်ကို ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် သွန်သင်ခြင်းခံခဲ့ရသောသူ ဖြစ်သည်။ ထို့ ၊ အပြင် ပေါလုသည် သမ္မာကျမ်းစာနှင့်ကိုက်ညီသော သာသနာပြုနည်းဗျူဟာ (Biblical Missionary Strategy)အတွက် အတုယူစရာ ဖခင်ကြီးတစ်ယောက်လည်း ဖြစ်သည်။
သင်ခန်းစာယူစရာ
ဘုရားသခင်သည် သူ၏အမှုတော်အတွက် သင့်ကို တမူထူးခြားစွာ ပြင်ဆင် ထားသည်။ မယုံကြည်နိုင်စရာကောင်းလောက်အောင် ထူးခြားချက်များစွာသည် ထို ခေတ်ကာလအချိန်တွင် ပေါလု၌ ရှိခဲ့သည်။ အခြားသူများနှင့်မတူသော သူ၏ဘဝအ သက်တာ၊ သူ၏အသိပညာ၊ သူ၏ပညာအရည်အချင်းများသည် ဘုရားသခင်၏လက်
တော်တွင် အဖိုးတန်သောရတနာများ ဖြစ်သည်။ ပေါလုကယ်တင်ခြင်းရရှိသောအချိန်တွင် သူ၏အပြစ်မှလွဲ၍ ဘုရားသခင်သည် ပေါလု၏တမူထူးခြားသော ဆုကျေးဇူးများနှင့်အ ရည်အချင်းများကို သူ၏ဘုန်းတော်အတွက် အသုံးပြုခဲ့သည်။ သို့သော်လည်း ပေါလုကို ပြင်ဆင်ပေးခဲ့သည်။ ဘုရားသခင်အတွက် ပေါလုအသက်တာတွင် အသုံးမလိုသောအရာ ဟူ၍ ဘာတစ်ခုမှ မရှိခဲ့ပေ။ သင်၌လည်း ဘုရားသခင်၏အမှုတော်အတွက် တန်ဖိုးကြီး မားသည့်အရည်အချင်း၊ အစွမ်းအစများ ရှိပါသည်။ သင်၏အရည်အချင်းများ၊ အစွမ်း အစများကို အမှုတော်အတွက် ဘုရားသခင် အသုံးပြုရန် သင် ခွင့်ပြုမလား။ ဒါမှမဟုတ် အချို့သောအရာများကို သင့်ကိုယ်ပိုင်အတွက် ဆုပ်ကိုင်ထားမလား။ သင့်အသက်တာ၏ အရာအားလုံးကို သင်ကိုယ်တိုင် ခွင့်မပြုမချင်း၊ သင့်အားဖြင့် ဘုရားသခင်လုပ်နိုင်သော အရာကို သင် သိလာမည် မဟုတ်ပေ။
ချီးကျူးစကားသည် သင့်နှလုံးသားမှ ပေါ်ပေါက်လာရမည်။ ခွန်အားပေးစကား များအတွက် အချိန်ကောင်းကောင်းယူရမည်ဟု ပေါလု နားလည်သဘောပေါက်ခဲ့သည်။ သူ၏ပေးစာတစ်စောင်ချင်းစီတိုင်းတွင် အခြားသူများ၏လုံ့လဝိရိယကို ချီးကျူးထားသည်။ ဖက် ၆း၂၁ တွင် ဖော်ပြထားသော တုဓိတ်ကို ချီးမွမ်းစကားပြောသကဲ့သို့ ဖြစ်သည်။ “သခင်ဘုရားထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါချစ်သောညီတုခိတ်’ ဟု ဖော်ပြ ထားသည်။ လူအများရှေ့တွင် သူတပါးကို ချီးမွမ်းဂုဏ်ပြုခြင်းသည် ကြီးမားသော အားပေးမှုတစ်ခု ဖြစ်သည်။ အခြားသူများ၏ ကြိုးပမ်းမှုကို သင် သတိထားမိပါသလား။ ထိုကြိုးပမ်းမှုများအတွက် ချီးမွမ်းစကားပြောရာတွင် သင်ဘယ်လောက် စိတ်အားထက် သန်ပါသလဲ။ သင်၏လုပ်ဖော်ဆောင်ဖက်များကို အသိအမှတ်ပြု ချီးကျူးစကားပြောပါ သလား။ ယနေ့ သင်နှင့်တွေ့ဆုံလာမည့်သူများကို ချီးကျူးစကားပြောပါ။ ထို့နောက် ထိုချီးကျူးစကားအနည်းငယ်လေးက ဘယ်လောက်ထိ ထူးခြားမှုဖြစ်ကြောင်းကို စောင့် ကြည့်ပါ။
ဆင်းရဲဒုက္ခသည် ဘုရားသခင်ကို ကိုးစားရန် သင့်အတွက် အခွင့်အရေးဖြစ် သည်။ ပေါလုသည် “သူ့ကိုယ်၌စူးသောဆူး (၂ ကော ၁၂းရ)ကို ဖယ်ရှားရန် ဘုရားသ ခင်၌ သုံးကြိမ်ဆုတောင်းခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင် အလုပ်လုပ်နေသောအရာ ကို ပေါလု နားလည်သဘောပေါက်ခဲ့သည်။ ထိုဆူးက ပေါလုကို နှိမ့်ချစေသည်။ ဘုရား သခင်ကို အားကိုးစေသည်။ သူ၏စရိုက်လက္ခဏာကို ပုံသွင်းပြုပြင်ပေးနေသည်။ သင် ကော။ သင်၌ ကိုယ်ပိုင် “ဆူး ရှိပါသလား။ ဖျားနာခြင်း၊ ငွေရေးကြေးရေးပြဿနာ၊ သင့်ကို ရန်ငြိုးနှင့်တိုက်ခိုက်သောသူများ စသဖြင့် ဖြစ်သည်။ “ဘာကြောင့်လဲ” ဟူသော မေးခွန်းထက် “ဘာလဲ” ဟူသောမေးခွန်းကို မေးပါ။ သင်၏နာကျင်မှုများကို ဘုရားသခင် နားလည်သည်။ သင်၏ဆင်းရဲဒုက္ခများအတွက် ဘုရားသခင်၌ အကြံအစည်ရှိသည်။ သင်၏ “ဆူး’ ကို “ကိုးစားခြင်း” အဖြစ်သို့ ပြောင်းလဲပစ်လိုက်ပါ။ သင်၏ဆင်းရဲဒုက္ခသည် ဘုရားသခင်အား ကိုးစားရန် အခွင့်အရေးတစ်ခုအနေဖြင့် ခံယူလိုက်ပါ။ ဤသို့သောအခြေ အနေအားဖြင့် ဘုရားသခင်က သင့်ကို ဘာသင်ခန်းစာပေးနေသလဲဆိုတာကို နားလည် ပါ။ ပေါလုအသက်တာကဲ့သို့ ဘုရားသခင်၏ကျေးဇူးတော်သည် သင့် ပြဿနာထဲ၌ပင် လုံလောက်နေသည်။
ပေါလု၏အကျဉ်းထောင်အတွေ့အကြုံများ
ပေါလုသည် ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ သူ၏ယုံကြည် ခြင်းကြောင့် အကျဉ်းခံခဲ့ရသည်။
ဖိလိပ္ပိမြို့တွင် တစ်ညတာအကျဉ်းခံရခြင်း (တမန် ၁၆း၂၂-၄၀)
မှတ်တမ်းမတင်ထားသောမကြာခဏအကျဉ်းခံရခြင်းများ (၂ကော ၁၁း၂၃)
ကဲသရိ၌အကျဉ်းချခံရခြင်း- (၂)နှစ် (အေဒီ ၅၇-၅၉) (စီဇာဘုရင်ထံတွင် အယူခံဝင်ရန် ရောမမြို့သို့ ခရီးပြုခဲ့ရသည်။ နွေဦးရာသီ ၊ အေဒီ၅၉ – နွေနှောင်းပိုင်း အေဒီ၆၀) (တမန် ၂၇-၂၈)
ရောမ၌ထောင်ချခံရခြင်း- (၂)နှစ် (အေဒီ၆၀-၆၂) (နေအိမ်အကျယ်ချုပ်အဖြစ် စီဇာဘုရင်ထံတွင် အယူခံဝင်ရန် စောင့်ဆိုင်းခြင်း၊ ထို့နောက် နေအိမ်အကျယ်ချုပ်မှလွတ်မြောက်ခဲ့ပြီး၊ အသင်းတော်များသို့ ပြန်လည် လှည့်ပတ်ခဲ့သည်။)
ဒုတိယအကြိမ်ရောမ၌ ထောင်ချခံရခြင်း (အေဒီ၆၇) ၊
(ပြင်းထန်သောနှိပ်စက်မှုများနှင့်အတူ မာတုရအဖြစ် အသတ်ခံခဲ့ရသည်။)
တိမောသေ
မျိုးဆက်သစ် သင်တန်းသားတစ်ယောက်
သက် သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသောအရာတို့ ကို၊ သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ ကို သွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သောသူတို့၌ အပ်ပေးလော့။
(၂ တိ ၂း၂)
အရည်အချင်း- သစ္စာရှိသောသူ။
ပြည့်စုံခြင်း- အသင်းတော်များသို့ ပေါလု၏ကိုယ်စားလှယ်။
အသက်ရှင်ခဲ့သောအချိန်- ပထမရာစုအလယ်ပိုင်း။
နာမည်- တိမောသေ- အဓိပ္ပါယ် “ဘုရားသခင်၏ဂုဏ်ပြုခြင်း။
ကျမ်းပိုဒ်- တမန် ၁၆း၁-၃၊ ၁၇း၁၄-၁၅၊ ၁ ကော ၄း၁ရ၊ ၁ တိ၊ ၂ တိ။
နောက်ခံအကြောင်းအရာ
ပေါလု၊ ဗာနဗနှင့်အခြားသောသူများသည် ရှုရိပြည်၊ အန္တိအုတ်မြို့မှ ခရစ်ယာန် များကို သွန်သင်ခြင်း၊ ဟောပြောခြင်းများဖြင့် အမှုတော်ဆောင်ခဲ့ကြသည်။ ထိုအခါ ပေါလုနှင့်ဗာနဗကို သာသနာပြုခရီးစဉ်အတွက် သီးသန့်ရွေးချယ်ခွဲခန့်ထားရန် သန့်ရှင်း သောဝိညာဉ်တော်က ခေါင်းဆောင်များကို စကားပြောသည်။ ခေါင်းဆောင်များနှင့်အ
သင်းတော်သည် အစာရှောင် ဆုတောင်းခြင်းဖြင့် အရည်အချင်းနှင့်ပြည့်ဝသော သူတို့၏ ခေါင်းဆောင်နှစ်ယောက်ကို ပထမဆုံးသာသနာပြုခရီးစဉ်အစပြုရန် အန္တိအုတ်အသင်း
တော်မှ စေလွှတ်ခဲ့သည်။ သူတို့သည် အဝေးဆုံးဖြစ်သော ဂလာတိပြည် (ယခုခေတ် တူရကီ)နှင့် ဒေရဗေမြို့၊ လုတ္တရမြို့များထိ ရောက်ရှိခဲ့ကြသည်။
သူတို့ရောက်ရှိသည့်နေရာတိုင်းတွင် ယေရှုအကြောင်းကို ဟောပြောကြသည်။ ယုဒလူများစုဝေးရာနေရာ တရားစရပ်များတွင် ဟောပြောသည်။ တရားစရပ်များ မရှိ လျှင် ပေါလုသည် ဈေးမှလူအုပ်ကြီးကို ဟောပြောသည်။ ဈေးမှလူအုပ်ကြီးကို ဟော ပြောသည့်နေရာတွင် လူငယ်လေးတိမောသေ၊ မိခင်ဥနိတ်၊ အဘွားလောက္ကတို့သည် ပြောင်းလဲခဲ့ဟန်ရှိသည်။ သွန်သင်ဟောပြောခြင်း ပြီးဆုံးသောအခါ ပေါလုနှင့်ဗာနဗတို့ သည် ပေါ်ပေါက်လာစ အသင်းတော်ငယ်လေးများကို ထားခဲ့ကာ ပြန်လာခဲ့ကြသည်။
ခြုံငုံကြည့်ခြင်း ၊
နှစ်အနည်းငယ်ကြာပြီးနောက်ပိုင်းတွင် ပေါလုနှင့်အခြားခရီးဖော်အသစ် ဖြစ် သောသီလတို့သည် ပထမသာသနာခရီးစဉ်တွင် သွားခဲ့သည့်နေရာများကို ပြန်လည် လည်ပတ်ခဲ့သည်။ တိမောသေ၏ဇာတိမြို့ဖြစ်သော ဒေရဗေမြို့သို့ ပြန်လည်ရောက်ရှိလာ ခဲ့သည်။ ပေါလုသည် တိမောသေကို ပထမသာသနာပြုခရီးစဉ်ကတည်းက သိထားခဲ့ပြီး ဖြစ်သည်။ ယခု တိမောသေသည် အသက်အရွယ်ရောက်လာကြောင်းသတင်း (အသက် နှစ်ဆယ်ပတ်ဝန်းကျင်)နှင့် ထိုနေရာဒေသတွင်ရှိသော ခရစ်ယာန်များကြားတွင် တိမော
သေ၏ပုံသက်သေသတင်းကို ကြားသောအခါ ပေါလုက တိမောသေကို သူနှင့်အတူ အမှုတော်တွင် အတွေ့အကြုံရရန်ခေါ်ခဲ့သည်။ တိမောသေသည်သာသနာခရီးစဉ်အတွက် အကောင်းဆုံးပုံသက်သေကောင်းတစ်ခု ဖြစ်မည်ဟု မျှော်လင့်သည်။ အဘယ်ကြောင့် ဆိုသော သူ၏ဖခင်သည် ဂရိလူမျိုးဖြစ်ပြီး၊ မိခင်မှာယုံကြည်သော ယုဒအမျိုးဖြစ်သည်။ တပါးအမျိုးသားဂရိလူမျိုးနှင့်ယုဒယဉ်ကျေးမှုများထဲသို့ ထိုးဖောက်နိုင်မည် ဖြစ်သည်။
နှစ်ပေါင်းကြာလာသည်နှင့်အမျှ တိမောသေသည် ပေါလု၏သစ္စာရှိသော နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့သည်။ ပေါလုက သူ အမှုတော်ဆောင်ခဲ့သော အ သင်းတော်များတွင် သူ့ကိုယ်စား သွားရောက်အမှုတော်ဆောင်ရန် တိမောသေကို မ
ကြာခဏ စေလွှတ်ခဲ့သည်။ ပေါလု၏အသက်တာ အဆုံးပိုင်း ရောက်လာသောအခါ ဧဖက်အသင်းတော်၌ ခေါင်းဆောင်များ ခန့်အပ်ရန် တိမောသေကို စေလွှတ်ခဲ့သည်။ ၄ ဖက်အသင်းတော်တွင် သင်းအုပ်တာဝန်ကို ထမ်းဆောင်သော တိမောသေသည် ပေါလု ထံမှ ညွှန်ကြားချက် စာနှစ်စောင်ကို လက်ခံရရှိခဲ့သည်။ တိမောသေပထမစောင်နှင့် ဒုတိယစောင် နှစ်စောင်သည် တိမောသေအတွက် ပေါလု၏ချစ်ခြင်းမေတ္တာ၊ ဒေသန္တရ အသင်းတော်အတွက် လမ်းညွှန်ချက်များ ပါဝင်သည်။
အကြောင်းအရာ
တိမောသ၏အစောပိုင်းအသက်တာ (၂ တိ ၁း၅၊ ၃း၁၅)
ပထမဆုံးအကြိမ် တိမောသေဆီသို့ ပေါလုရေးသောစာတွင် တိမောသေ၏ အစောပိုင်းအသက်တာကို ဖော်ပြထားသည်။ မိခင်ဥနိတ်၊ အဘွားလောက္ကတို့မှ သင် ကြားခံယူထားသော ယုံကြည်ခြင်းအတိုင်း ဆက်လက်ရပ်တည်ရန် ပေါလုက တိမော
ကို သတိပေးထားသည်။ တိမောသေ၏ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ဤအမျိုးသမီးနှစ်ယောက်သည် ဓမ္မဟောင်းကျမ်းစာများကို သစ္စာရှိစွာ သွန်သင်ပေးခဲ့ သည်။ တိမောသေအား ခရစ်တော်၌ယုံကြည်ခြင်းကို ပြင်ဆင်ပေးသောအရာသည် “သ မ္မာကျမ်းစာ (၃၁၅)ပင် ဖြစ်သည်။
ပေါလု၏လုပ်ဖော်ဆောင်ဖက်တိမောသေ
တိမောသေသည် ပေါလု၏သာသနာပြုခရီးစဉ်တွင် လိုက်ပါခဲ့ပြီး၊ နှစ်ပေါင်း (၁၅)နှစ်ကျော်လောက် ပေါလုကို ကူညီပေးခဲ့သည်။
တိမောသေသည် ပေါလုနှင့် ဖိလိပ္ပံမြို့သို့ ခရီးသွားခဲ့သည်။ ထိုခရီးစဉ်တွင်
ပေါလှအပေါ်သစ္စာရှိခြင်းနှင့် ဧဝံဂေလိစိတ်အားထက်သန်ခြင်းကို ပြသခဲ့သည် (ဖိ ၂း၂၂)။ ဖိလိပ္ပံမြို့တွင် အသစ်မွေးဖွားလာသောအသင်းတော်ကို ကြည့်ရှု ရန် ပေါလုက တိမောသေကို ထားခဲ့ပြီး၊ သက်သာလောနိတ်မြို့သို့ ခရီးဆက် ခဲ့သည် (တမန် ၁၇း၁၁)။
ပေါလုနှင့်သီလသည် သက်သာလောနိတ်မြို့တွင် အသင်းတော်တစ်ပါး ပေါ် ပေါက်လာသည်အထိ အချိန်ကြာမြင့်စွာ ဟောပြောခဲ့သည်။ ဆန့်ကျင်တိုက်ခိုက် လာသောအခါ ပေါလုနှင့်သိလသည် ဗေရီမြို့သို့ ထွက်ပြေးခဲ့သည်။ ထို့နောက် ဗေရီမြို့တွင် ဆန့်ကျင်မှုများ ရင်ဆိုင်ရသောအခါ ပေါလုသည် တိမောသေကို စောင့်ဆိုင်းရန် သိလကို ထားခဲ့ပြီး၊ အေသင်မြို့သို့ ထွက်လာခဲ့သည်။
တိမောသေသည် ဖိလိပ္ပံမြို့မှရောက်လာသောအခါ သိလနှင့်အတူ သက်သာ
လောနိတ်မြို့တွင် အသစ်မွေးဖွားလာသော အသင်းတော်၌ ဟောပြောသွန်သင် ခဲ့သည် (တမန် ၁း၁၄)။
တိမောသေနှင့်သိလသည် အေသင်မြို့တွင် ပေါလုကို လာရောက်တွေ့ဆုံခဲ့ သည်။ ထို့နောက် ပေါလုသည် တိမောသေကို သက်သာလောနိတ်ယုံကြည် သူများ၏အသက်တာကို တည်ဆောက်ပေးရန်နှင့် ခွန်အားပေးရန် သက်သာ
လောနိတ်မြို့သို့ ပြန်လည်စေလွှတ်ခဲ့သည် (၁ သက် ၃း၂-၃)။
တိမောသေသည် ပေါလုကိုတွေ့ရန် အေသင်မြို့၏ တောင်ပိုင်းတွင်ရှိသော
ကောရိန္ဒူမြို့သို့ ပြန်လာခဲ့သည် (တမန် ၁၈း၅)။
သက်သာလောနိတ်အသင်း တော်သို့ ပေါလု စာနှစ်စောင်ရေးသောအခါ တိမောသေသည် ပေါလုနှင့်အတူ ရှိနေခဲ့သည် (၁ သက်၊ ၂ သက် ၁း၁)။
ပေါလု၏ခရီးစဉ်အတွက် ပြင်ဆင်ရန် တိမောသေကို ဧဖက်မြို့မှ ဂရိသို့စေလွှတ် သည့်အချိန်ထိ (တမန် ၁၈၅)၊ နောက်ထပ် ငါးနှစ်လောက် တိမောသေအ
ကြောင်း ဖော်ပြခြင်း မရှိတော့ပေ။ ထို့နောက် ပေါလုနှင့်အတူ ကောရိန္ဒူမြို့ ။ သို့သွားခဲ့ပြီး၊ ကောရိန္တုတွင် ပေါလုက ရောမမြို့သို့စာရေးသောအခါ တိမော
သေသည် ပေါလုနှင့်အတူ ရှိနေခဲ့သည် (ရောမ ၁၆း၂၁)။
နောက်တခါ ရှင်ပေါလုသည် ရောမအကျဉ်းထောင်တွင် အကျဉ်းခံနေရပြီး၊ “အကျဉ်းထောင်မှ ပေးစာများ ရေးသားနေချိန်တွင် တိမောသေသည် ပေါလု
ထံ ပြန်လည် ရောက်ရှိလာခဲ့သည်။ ထိုအချိန်မတိုင်မီ တိမောသေ၏မှတ်တမ်း
ကို မတွေ့ရပေ။
ပေါလု ရောမအကျဉ်းထောင်မှ လွတ်မြောက်သောအခါ ပေါလုနှင့်အတူ ခရီး ထွက်ခဲ့ပြန်သည်။ ထို့နောက် ပေါလုက တိမောသေကို ဧဖက်မြို့တွင် ထားခဲ့ ပြန်သည် (၂ တိ ၁း၄)။ မှားယွင်းသောဩဝါဒများ၊ ကိုးကွယ်ခြင်းတွင် အစီစဉ် မကျသောအရာများကိုကိုင်တွယ်ရန်၊ ရင့်ကျက်ပြီး၊ ဘုရားအလိုတော်နှင့်ညီသော ခေါင်းဆောင်များ လိုအပ်နေသောကြောင့် ဧဖက်မြို့တွင် တိမောသေကို ထား ခဲ့ရခြင်း ဖြစ်သည်။ ပေါလုသည် ဂရိပြည်တွင်ရှိနေစဉ် ထိုပြဿနာများကို ရှင်းရန် တိမောသေဆီသို့ ပထမဆုံးစာတစ်စောင် ရေးသားခဲ့သည်။ ဒုတိယစာ စောင်ကို နောက်ပိုင်းမှ ရေးသားခဲ့သည်။ တိမောသေဆီသို့ ဒုတိယစာစောင်ရေး
သောအခါ ပေါလုသည် ရောမအကျဉ်းထောင်မှ မြေအောက်ခန်းတွင် ရှိနေပြီး၊ မကြာမီတွင် အသတ်ခံရတော့မည်။ ဖြစ်နိုင်လျှင် ချက်ခြင်းလာရန် ပေါလုက
တိမောသေကို ပြောထားသည်။
ဆင်ခြင်စရာ
ရှင်ပေါလုနှင့် သာသနာပြုအဖွဲ့ ဒေရဗေမြို့ကို မရောက်ခင်ကတည်းက တိ မောသေသည် သူ၏အဖွားနှင့်မိခင်ထံမှ ဓမ္မဟောင်းကျမ်းကို ကောင်းစွာတတ်မြောက်ခဲ့ ပြီးဖြစ်သည်။ ပေါလုက ယေရှုသည် မေရှိယဖြစ်ကြောင်း ဟောပြောသောအခါ ထိုဓမ္မ
ဟောင်းကျမ်းစာများကို အခြေခံကာ ဘုရားသခင်က တိမောသေ၏စိတ်နှလုံးသားတံခါး ကို ဖွင့်ပေးခဲ့သည်။ ပေါလု မရှိသော်လည်း တိမောသေ၏ဝိညာဉ်ရေးရာသည် ရင့်ကျက် ကြီးထွားနေသည်။ တိမောသေသည် ဝိညာဉ်ရေးရာအရသော်လည်းကောင်း၊ ရိုးရာယဉ်
ကျေးမှုအရသော်လည်းကောင်း ပေါလုနှင့်အတူ အမှုတော်တွင် ပါဝင်အစေခံရန် အရည် အချင်းနှင့် ပြည့်ဝနေသည်။ တိမောသေ၌ရှိသော အရည်အချင်းကိုလည်း ပေါလုက မြင်ခဲ့သည်။ ပေါလုသည် အရေးကြီးသော လုပ်ငန်းဆောင်တာများကို တိမောသေအား ပေးအပ်ခြင်းဖြင့် တိမောသေအပေါ် သူ၏ယုံကြည်စိတ်ချမှုကို ပြသခဲ့သည်။ တိမောသေ
သည် ခံစားချက်ကို ပွင့်လင်းစွာ ထုတ်ဖော် မပြတတ်သောသူ ဖြစ်သည်။ တခါတရံ လည်း ရှက်ကြောက်တတ်သည်။ အသက်ငယ်ခြင်းကြောင့် ပေါလု၏သွန်သင်ချက်များကို လက်ဆင့်ကမ်းရာတွင် အသင်းတော်များက သူ့ကိုအထင်သေးခံရခြင်းမျိုးလည်း ရှိ သည်။ ပေါလုသည် အသတ်ခံရန် စောင့်ဆိုင်းနေချိန်တွင် တိမောသေကို သူ့အားလာ ရောက်တွေ့ဆုံရန် ခေါ်သည်။ တိမောသေ အချိန်မီ ရောက်သွားသည်၊ မရောက် သွားသည်ကိုတော့ သမိုင်းတွင် မတွေ့ခဲ့ရပေ။
ပေါလု သေဆုံးပြီးနောက်ပိုင်းတွင် တိမောသေသည် အနည်းဆုံး ထောင်တစ် ကြိမ်ကျခဲ့ဖူးသည်။ ဟေဗြဲသြဝါဒကို ရေးသားသောစာရေးဆရာက တိမောသေ၏လွတ် မြောက်ခြင်းကို ပြောထားသည် (ဟေဗြဲ ၁၃း၂၃)။ နောက်ပိုင်း တိမောသေ၏အမှုတော်
ဆောင်ခြင်းနှင့်သေဆုံးခြင်းကို သမ္မာကျမ်းစာ၌ မှတ်တမ်း မတွေ့ရတော့ပေ။ သို့သော် ငဖက်အသင်းတော်တွင် အမှုတော်ဆောင်ခဲ့ပြီး၊ ရောမအင်ပါယာဧကရာဇ် ဒိုမင်ရှန် (Domitian) (အေဒီ ၈၁-၉၀) လက်ထပ်အချိန်တွင် မာတုရအဖြစ် သေဆုံးသွားခဲ့သည် ဟု သမိုင်းမှတ်တမ်းရှိခဲ့သည်။
သင်ခန်းစာယူစရာ
မျိုးဆက်သစ်ခေါင်းဆောင်များကို မွေးထုတ်ပေးခြင်းသည် အရေးကြီးကြောင်း ကို နားလည်သဘောပေါက်ပါ။ ပေါလုသည် လူများကို သွန်သင်မွေးထုတ်ပေးသောသူ ဖြစ်သည်။ လူငယ်တော်တော်များများကို ပေါလု မွေးထုတ်ပေးခဲ့သည်။ သူ၏ဘဝသည် ခဏတာမျှသာ ဖြစ်ကြောင်း ပေါလှသိသည်။ ထို့ကြောင့် သူသေသွားပြီးနောက်တွင် လည်း ယုံကြည်ခြင်းကို လက်ဆင့်ကမ်းဝေငှနိုင်ရန် တိမောသေကဲ့သို့သော လူငယ်များကို သွန်သင်ပဲ့ပြင်၊ မွေးထုတ်ပေးသည်။ ပေါလု၏ခြေရာကို သင် လိုက်နေပါသလား။ သင် မွေးထုတ်ပေးနေသော နောက်မျိုးဆက်သစ်များက ဘယ်သူတွေလဲ။ သင်၏သား၊ သမီး၊ များကနေ အစပြုပါ။ ထို့နောက် သင်၏အသင်းတော်ထဲမှ လူငယ်များကို ကြည့်ပါ။ အမျိုးသမီးငယ်များအား ဘုရားကိုကြောက်ရွံ့ခြင်း သွန်သင်ပေးပါ။ အမျိုးသားလူငယ်များ အား သူတို့၏အနာဂတ်မိသားစုကို ဘယ်လိုဦးဆောင်ရမည်ကို သွန်သင်ပေးပါ။ သင်က၊ မသွန်သင်ပေးလျှင် နောက်မျိုးဆက်များက ဘာကို ခံယူကြမှာလဲ။
လူငယ်များအား သူတို့၏ဝိညာဉ်ဆုကျေးဇူးများ တိုးတက်လာစေရန် အခွင့်အ များကို ပေးပါ။ တိမောသေသည် သူ၏ယုံကြည်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်ရန် သာသနာပြုခရီးစဉ်များတွင် အခွင့်အရေးများစွာ ရရှိခဲ့သည်။ အခြေအနေနှင့်အချိန်အခါ
စွာတွင် တိမောသေသည် မားမားမတ်မတ် ရပ်လာခဲ့ပြီး၊ ဘုရားသခင်က သူ့အသက် တာအားဖြင့် လုပ်ဆောင်နိုင်မည့်အရာများကို ရူပါရုံရရှိခဲ့သည်။ ရှေးကနဦးအသင်းတော် တွင် တိမောသေသည် အဓိကအရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ခဲ့သည်။ လူငယ်များသည် အနီးကပ်လမ်းပြခြင်းကို လိုအပ်သည်။ သို့သော် တချိန်တည်းမှာပင် လွတ်လပ်မှုလည်း လိုအပ်သလို၊ သူတို့၏ဝိညာဉ်ဆုကျေးဇူးများကို ရှာဖွေတတ်ရန် အ ခွင့်အရေးများလည်း လိုအပ်သည်။ သင်၏သား၊ သမီးများကို သူတို့၏သဘာဝအရည်အ ချင်းကို ရှာဖွေတတ်ရန် သွန်သင်ပေးသလို၊ သင်၏အသင်းတော်မှ လူငယ်များကိုလည်း ဘုရားကို အစေခံတတ်ရန်၊ သူတို့၏ဝိညာဉ်ဆုကျေးဇူးများကို ရှာဖွေတတ်ရန် သွန်သင် ပေးဖို့ လိုပါသည်။
ဝိညာဉ်ရေးရာတိုးတက်မှုတွင် မိဘတစ်ယောက်၏တာဝန်ကို သတိရပါ။ သား၊ တိမောသေကို ငယ်ရွယ်ကတည်းက နှုတ်ကပတ်တော် သွန်သင်ပေးခြင်းသည် အရေး ကြီးကြောင်း မိခင်ဥနိတ်နှင့် အဘွားလောက္ကတို့သည် သိခဲ့ကြသည်။ သင်၏သား၊ သမီး အပေါ် ဝိညာဉ်ရေးရာလွှမ်းမိုးမှုသည် ဘယ်လောက်အရေးကြီးကြောင်း မိဘတစ်ယောက် အနေဖြင့်သိရန် အရေးကြီးသည်။ တိမောသေမိခင်နှင့်အဘွား၏ယုံကြည်ခြင်းသည် စစ် မှန်သောယုံကြည်ခြင်းဖြစ်သည်။ ဝေဝါးသော ယုံကြည်ခြင်း၊ အယောင်ဆောင်သော ယုံ ကြည်ခြင်း၊ တနင်္ဂနွေယုံကြည်ခြင်း မဟုတ်ပေ။ ထိုစစ်မှန်သော ယုံကြည်ခြင်းကို တိမော၊ သေရှေ့တွင် အသက်ရှင်ပြနိုင်ခဲ့သည်။ သင်၏ယုံကြည်ခြင်းသည် စစ်မှန်သော ယုံကြည် ခြင်းဖြစ်ပြီး၊ သင်၏သား၊ သမီးများရှေ့တွင် အသက်ရှင်ပြနိုင်ရန် ကြိုးစားပါ။ သင်၏ သား၊ သမီးများနှင့်လူငယ်များအား သင် ပေးနိုင်သော အကြီးမားဆုံးလက်ဆောင်သည် သင်၏စစ်မှန်သောယုံကြည်ခြင်းပင် ဖြစ်သည်။
ပေါလုနှင့်အတူခရီးသွားသောအခြားသူများ
တိတု – ပြောင်းလဲလာသော ဂရိလူမျိုးဖြစ်သည်။ ကောရိန္တမြို့နှင့်ကရေတကျွန်းတွင် အမှု
တော်ဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရသူ (၂ကော ၂း၁၃၊ ၇း၆-၁၅၊ ၈း၆၊ ၁၆- ၂၄ တိတုသြဝါဒစာ) ဖြစ်သည်။
တုခိတ်- အသင်းတော် တော်တော်များများဆီသို့ ပေါလု၏စေတမန်အဖြစ် အစေခံသူ၊ အာရှိပြည်သား ဖြစ်သည်။
ဧပဖြ- ဧဖက်မြို့တွင် ခရစ်တော်ကိုယုံကြည်လက်ခံခဲ့သည်။ ကောလောသဲအသင်းတော် ကိုတည်ထောင်ခဲ့သည်။ အသင်းတော်တွင်းသို့ ဝင်ရောက်လာသောမှားယွင်းသည့် ဩဝါဒများကြောင့် ရောမမြို့ရှိ ပေါလုဆီသို့ ခရီးနှင်ကာ မှားယွင်းသောဩဝါဒများအတွက် အကူအညီတောင်းခဲ့သည်။
ပဖြာဒိတ် – ဖိလိပ္ပံအသင်းတော်၏အသင်းသားတစ်ယောက်ဖြစ်သည်။ ပေါလှဆီသို့ အသင်းတော်မှလက်ဆောင်များကိုယူလာခဲ့သည်။ ပါလုနှင့်အတူ ရာမတွင်ရှိနေစဉ် အပြင်းဖျားခဲ့သည်။
အာကုလနှင့်ပြစ်ကိလ
စွမ်းအားနှင့်ပြည့်ဝသော ဇနီး၊ မောင်နှံ
ငါနှင့်အတူ ယေရှု ခရစ် ၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကီလနှင့်အာတုလကို
နှုတ် ဆက် ကြလော့။ ထိုသူတို့ သည် ငါ့အသက်တို့ မိမိတို့ လည်ပင်းကို ချ ထားသာဖြစ်ကြ၏။ သူတို့ ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည် တုတ်။ တပါးအမျိုးသား အသင်းတော် အပေါင်းတို့ သည် ဝန်ခံ၏။ သူတို့အိမ်၌ ရှိသော အသင်းတော် ကိုလည်း နှုတ်ဆက်တဲ့လော့။
(ရာမ ၁၆း၃-၅)
အရည်အချင်း- အလိုတော်ဆောင်သောအစေခံကျွန်လင်မယား။
ပြည့်စုံခြင်း- ပေါလှအတွက် သူတို့အသက်ကို ပေးထားသောသူများ။
အသက်ရှင်ခဲ့သောအချိန်- ပထမရာစုအလယ်ပိုင်း။ ။
နာမည်- အာကုလ- အဓိပ္ပါယ်မှာ ‘လင်းယုန်’၊ ပြစ်ကိလ- အဓိပ္ပါယ်မှာ- “ထိုက်တန်
ခြင်း၊ သို့မဟုတ် ‘ကြည်ညိုလေးစားစရာကောင်းခြင်း။
ကျမ်းပိုဒ်- တမန် ၁၈။
နောက်ခံအကြောင်းအရာ
ဇီစာဘုရင် ဂျူးလီယက်ပြီးသောအခါ၊ ကလောဒီက ရောမအင်ပါယာတွင် ဘု ရင်ခံ ဖြစ်လာခဲ့သည်။ သူအုပ်စိုးနေချိန်တွင် ယုဒလူများကို အတန်းအစားမရွေးဆက်ဆံ
ခဲ့သည်။ အေဒီ ၄၉ တွင် ယုဒလူများကို ရောမမြို့မှ နှင်ထုတ်ခဲ့သည် (တမန် ၁၈၂)။ အာကုလနှင့်ပြစ်ကိလဟုခေါ်သော လင်မယားနှစ်ယောက်သည် ဤအချိန်တွင် ရောမမြို့ မှ ထွက်ပြီး၊ ကောရိန္ဒုမြို့သို့သွားခဲ့ကြသည်။ ကောရိသည် စီးပွားရေးအချက်အချာကျ
သောမြို့ဖြစ်ပြီး၊ ထိုမြို့တွင် သူတို့သည် တဲရှင်အချုပ်အလုပ်ဖြင့် စီးပွားရေးလုပ်ကိုင်ကြ သည်။ တဲရှင်ချုပ်လုပ်သောပေါလုနှင့် ဤလင်မယားနှစ်ယောက်သည် မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။ အာကုလနှင့်ပြစ်ကိလသည် ရောမမြို့တွင်ရှိနေစဉ်ပင် ခရစ်ယာန်များ၊ ဖြစ်ခဲ့ကြပြီး၊ ရောမမြို့အသင်းတော်၏အသင်းသားများလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ခြုံငုံကြည့်ခြင်း ၊
အာကုလနှင့်ပြစ်ကိလသည် စံနမူနာယူထိုက်သော ဇနီး၊ မောင်နှံဖြစ်သည်။ ကျမ်းစာတွင် သူတို့နှစ်ယောက်ကို အမြဲတမ်း အတူတကွ ဖော်ပြထားသည်။ အတူတကွ သူတို့နှစ်ယောက် တဲရှင်ချုပ်သည်။ တဲရှင်ချုပ်သော ပေါလုနှင့် သူတို့ မိတ်ဆွေများ၊ ဖြစ်လာကြသည်။ ထို့ထက်သာမက ပေါလု၏သာသနာခရီးစဉ်များတွင် သူတို့နှစ်ယောက် အတူတကွ လိုက်ပါခဲ့ကြသည်။ သူတို့အိမ်သည် အခြားသူများအတွက် အမြဲတမ်း တံခါး ကို ဖွင့်ထားသည်။ သူတို့နေထိုင်သည့် နေရာတိုင်းတွင် သူတို့အိမ်၌ အသင်းတော် အစည်းအဝေးကို ပြုလုပ်သည်။ ပေါလုထံမှ ခံယူသောသူများ ဖြစ်သည်။ သူတို့နှစ်
ယောက်သည် အတူတကွ ဆရာများလည်း ဖြစ်ကြသည်။ သူတို့ ခံယူသောအရာများကို အခြားသောသူများအား လက်ဆင့်ကမ်း ဝေငှကြသည်။ အန္တရာယ်နှင့်ရင်ဆိုင်ရသည့်အ ချိန်မှာပင် သူတို့နှစ်ယောက်ကို ပေါလုက အတူတကွ ဖော်ပြထားသည်။ “ငါအသက်အဘို့ ၊ သူတို့လည်ပင်းကို ချထားသောသူများ’ ဟု ပေါလုက ကဗ္ဗည်းတင်ထားသည်။ ရှင်ပေါလု ရောမမြို့သို့ရောက်သောအခါ အာကုလနှင့် ပြစ်ကိလတို့သည် ရောမမြို့မှ မထွက်ခွါသေး၊ ပေ။ ရောမတွင် ရှိနေသေးသည်။ သူတို့နှစ်ယောက်နှင့် မိတ်ဆွေဖြစ်ခြင်းကို ရှင်ပေါလုက အထူးကျေးဇူးတင်ထားသည်။ ရောမမြို့သို့ရေးသောစာတွင် သူတို့၏အစေခံခြင်းကို ပေါ် လုက ကျေးဇူးတင်စကားပြောထားသည် (ရောမ ၁၆း၃-၅)။
အကြောင်းအရာ
ဤအတွဲညီသောဇနီး၊ မောင်နှံသည် အမှုတော်လုပ်ငန်းတွင် ခွဲ၍မရသောသူနှစ် ယောက်အဖြစ် ကျမ်းစာက ဖော်ပြထားသည်။
သူတို့နှစ်ယောက်သည် အသုံးဝင်သောသူများဖြစ်သည်- အာကုလနှင့်ပြစ် ကိလနှစ်ယောက်စလုံးကို ကျမ်းစာက ဖော်ပြသည့်အခါခါတိုင်းတွင် သူတို့နှစ်ယောက် ၊ သည် အခြားသောမြို့သို့ ခရီးသွားနေခြင်း၊ သို့မဟုတ် အမှုတော်တွင် နည်းလမ်းအမျိုး မျိုးဖြင့် ပါဝင်လုပ်ဆောင်နေကြောင်းကို တွေ့ရသည်။
တမန် ၁၈း၁-၃- သူတို့အိမ်ကို ပေါလုအတွက် တံခါးဖွင့်ပေးသည်။ တဲရှင်ချုပ် သူအချင်းချင်း၊ သူတို့နေရာအား ပေါလုကို မျှပေးသည်။
တမန် ၁၈း၁၈-၁၉- ကောရိန္ဒုမြို့မှ ဧဖက်မြို့သို့ ပေါလုသွားသောအခါ ပေါ ၊ လုနှင့်အတူ ခရီးသွားခဲ့ကြသည်။
တမန် ၁၈း၂၄-၂၈- နှစ်ခြင်းဆရာယောဟန်၏သွန်သင်ခြင်းကိုသာသိသော အာပေါ်လှကို အာကုလနှင့်ပြစ်ကိလ၊ ဇနီးမောင်နှံသည် ကျမ်းစာသင်ပေးခဲ့သည်။ ထို အာပေါလုသည် ခရစ်တော်အတွက် စိတ်အားထက်သန်သော တရားဟောဆရာ ဖြစ် လာခဲ့သည်။
ရောမ ၁း၃-၅- ရောမမြို့၊ သူတို့အိမ်တွင် အသင်းတော်စည်းဝေးခြင်းကို လက်ခံသည်။
၁ကော ၁း၁၉- ဖက်မြို့တွင်လည်း သူတို့အိမ်၌ အသင်းတော်စည်းဝေးခြင်းကို လက်ခံသည်။
ဧည့်ဝတ်ကျေပွန်သော ဇနီ။ မောင်နှံဖြစ်သည်- ကောရိန္ဒုမြို့သို့ ပေါလုရောက် လာသောအခါ ပေါလှကို တစ်နှစ်လောက် သူတို့အိမ်တွင် ဗည့်ဝတ်ပြုခဲ့သည်။ ဧဖက်မြို့
တွင်၎င်း၊ ရောမမြို့တွင်၎င်း သူတို့အိမ်ကို အသင်းတော်စည်းဝေးခြင်းအတွက် ဧည့်ဝတ် ပြုခဲ့သည်။
သမ္မာတရားကို သိသော ဇနီး၊ မောင်နှံဖြစ်သည်- တမန်တော်ပေါလုနှင့် လ အနည်းငယ်သာ အတူတူနေခဲ့ရသည်။ အတူတူ အလုပ်လုပ်ခဲ့ရသည်။ သို့သော် ဤဇနီး၊
မောင်နှံသည် သမ္မာကျမ်းစာကို ပေါလုထံမှ ကောင်းစွာ သိခဲ့ကြသည်။ ထို့ကြောင့်လည်း “အာကုလနှင့်ပြစ်ကိလတို့သည် သူ(အာပေါလု)၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ ဘုရားသခင်၏ ဘာသာတရားကို သာ၍ သေချာစွာ သင်ကြားကြ၏” (တမန် ၁၈း၂၆) ဟု ဖော်ပြထားသည်။
ရဲရင့်သော ဇနီး၊ မောင်နှံဖြစ်သည်- ရှေးကနဦးအသင်းတော်တွင် ခရစ်ယာန် ဖြစ်ခြင်းက အန္တရာယ်ရှိသည်။ ရောမအင်ပါယာနှင့် ဒေသအတွင်းအခြားဘုရားများကို ကိုးကွယ်သော ဒေသခေါင်းဆောင်များ၏ ညှဉ်းပန်းနှိပ်စက်ခြင်းများကို ယုံကြည်သူများက တွေ့ကြုံရသည်။ ပေါလုသည် ထိုသို့သော ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့် ရင်းနှီးသောသူ တစ်ယောက်ဖြစ်သည်။ သူ၏ကိုယ်ခန္ဓာတွင် အကြိမ်များစွာ ရိုက်နှက်ခံရခြင်း၊ ကျောက် ခဲနှင့်ပစ်ပေါက်ခြင်းကြောင့် ဒဏ်ရာများရှိနေသည်။ ထောင်သွင်းအကျဉ်းချခံရခြင်း၊ သူ သွားသည့်နေရာတိုင်းတွင် နည်းမျိုးစုံဖြင့် ဆက်ဆံခံရခြင်းများကို တွေ့ကြုံရသည်။ ဤဇနီး၊ မောင်နှံသည်လည်း ပေါလုနှင့်အတူ ထိုညှဉ်းပန်းနှိပ်စက်ခြင်းများကို ခံခဲ့ရသည် ဟု ယူဆနိုင်သည်။ ပေါလုအတွက် “သူတို့၏လည်ပင်းကိုပင် ချထားသောသူများ ဖြစ် သည်။
ဆင်ခြင်စရာ
အာကုလနှင့်ပြစ်ကိလနှစ်ယောက်သည် အတူတကွ တဲရှင်ချုပ်လုပ်ခဲ့ကြသည်။ ခရစ်တော်၏သွန်သင်ခြင်းကို သိခဲ့ကြပြီး၊ ဝေငှသက်သေခံခဲ့ကြသည်။ သူတို့အိမ်ကို အခြားသောသူများအတွက် ဖွင့်ပေးခဲ့သည်။ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းများကို လည်း အတူတကွ တွေ့ကြုံခဲ့ကြသည်။ ဂုဏ်ပြုမှတ်တမ်းတင်ထိုက်စရာ ဇနီး၊ မောင်နှံ
ပင် ဖြစ်သည်။ နေရာတနေရာမှ တနေရာသို့ ချက်ချင်း ပြောင်းရွှေ့နေနိုင်ခဲ့ကြသည်။ သူတို့၏မျက်စိ၊ နားသည် လိုအပ်နေသောသူများအတွက် တံခါးဖွင့်ထားသည်။ ဘယ် နေရာတွင်မဆို၊ ဘာကိုပဲ ပေးရ၊ ပေးရ၊ ဘယ်နည်းလမ်းနှင့်မဆို ခရစ်တော်ကို အစေခံ ရန် သူတို့သည် အဆင်သင့်ရှိနေကြသည်။ အမြဲတမ်းဆန္ဒရှိနေသည်။ ဇနီး၊ မောင်နှံစုံတွဲ အဖြစ် အမှုတော်တွင် အစေခံရာ၌ စံနမူနာယူထိုက်သောလင်မယားနှစ်ယောက်ဖြစ်သည်။
သင်ခန်းစာယူစရာ
ဇနီး၊ မောင်နှံစုံတွဲအဖြစ်ထိရောက်စွာအစေခံရာတွင် နှစ်ယောက်စလုံး၏ဝိညာဉ် ရေးသည် ရင့်ကျက်ဖို့ လိုသည်။ ပေါလု၏အမှုတော်လုပ်ငန်းအောက်တွင် အာကုလနှင့် ပြစ်ကိလနှစ်ယောက်စလုံးသည် ခံယူခြင်း၊ ကြီးပွါးခြင်းအားဖြင့် ရင့်ကျက်နေသည်။ ခ ရစ်ယာန်ယုံကြည်ခြင်းနှင့် ပတ်သတ်လာလျှင် အာပေါလုကို ဤဇနီး၊ မောင်နှံနှစ်ယောက် စလုံးက သွန်သင်နိုင်ခဲ့ကြသည်။ သင်သည် ခင်ပွန်းယောက်ျားပဲဖြစ်ဖြစ်၊ ဇနီးမယားပဲ ဖြစ်ဖြစ်၊ သင်ကိုယ်တိုင် ရင့်ကျက်ကြီးထွားပါ။ ထို့နောက် သင်၏အိမ်ထောက်ဖက်ကို ရင့်ကျက်ကြီးထွားရန် ခွန်အားပေးပါ။ သင်တစ်ယောက်ထက် နှစ်ယောက်အားက ပို၍ ကြီးမားသောကြောင့် ဘုရားသခင်က သင်တို့တစ်ယောက်ချင်းစီကို ပေးထားခြင်းဖြစ် သည်။ စိတ်သဘောတညီတညွှတ်တည်းအဖြစ် ကောင်းစွာ လုပ်ဆောင်နိုင်ရန် သင်တို့ နှစ်ယောက်စလုံးသည် ရင့်ကျက်ရမည်။
ထိရောက်သောအစေခံခြင်းသည် သေးသေးလေးက အစပြုသည်။ အာကုလ နှင့်ပြစ်ကိုသည် သူတို့၏အိမ်ကို ပေါလုအတွက် တံခါးဖွင့်ပေးခြင်းအားဖြင့် သူတို့၏ အမှုတော်လုပ်ငန်းကို အစပြုသည်။ ဧည့်သည်ဝတ်ကိုပြုရန် သင်ပေးစရာ မလိုပေ။ သူတို့ကို ပေါလုက ကျမ်းစာသင်ပေးသောကြောင့် အာပေါလုကိုလည်း အိမ်သို့ခေါ်ကာ လက်ဆင့်ကမ်း သွန်သင်ပေးနိုင်ခဲ့သည်။ သင်လည်။ အာကုလနှင့်ပြစ်ကိလကဲ့သို့ အ သေးအမွှားလေးကအစ အမှုတော်တွင် ပါဝင်နိုင်သည်။ ဘုရားကျောင်းတွင် တံမြက်စည်း လှည်းကျင်းတာကအစ၊ တနင်္ဂနွေဝတ်ပြုအစည်းအဝေးအပြီးတွင် အမှိုက်ကောက်ခြင်း၊ ဖျားနာသောသူအတွက် အစားစာချက်ပြုတ်ပေးခြင်းများဖြင့် အစပြုနိုင်ပါသည်။ သင်
သည် ယုံကြည်ခြင်း၌ ကြီးထွားလာပြီး၊ သင်၏ဝိညာဉ်ဆုကျေးဇူးကိုလည်း နားလည် သဘောပေါက်လာခြင်းနှင့်အတူ သေးငယ်သောအရာများ၌ သစ္စာရှိလျှင် အမှုတော်မြတ်၌ ကြီးမားသောအရာများအတွက် အစေခံရန် သင်သည် အဆင်သင့်ရှိနေမည်။
သင့်ကိုယ်သင် အသုံးခံမှသာလျှင် ထိရောက်သော အစေခံခြင်းဖြစ်နိုင်သည်။ အာကုလနှင့်ပြစ်ကိလသည် သူတို့ကိုယ်သူတို့ အသုံးခံဖြစ်သောကြောင့် အမှုတော် ဆောင်ခြင်း အပြည့်အဝရှိခဲ့သည်။ သူတို့တွင် သား၊ သမီး မရှိဟု ယူဆရသည်။ ထို့ ၊
ကြောင့် အမှုတော်အတွက် အခွင့်အရေး ပိုရှိသည်။ သင်၏မိသားစုကြောင့်၊ သင်၏ အလုပ်တာဝန်ကြောင့် အမှုတော်တွင် ပါဝင်ရန် သင့်ကိုယ်သင် ထိန်းချုပ်ရသည့်အခြေ အနေနှင့်အချိန်အခါ ရှိနိုင်သည်။ သို့သော် သင်၏ဝိညာဉ်ဆုကျေးဇူးကို အသုံးခံရန် ထို အခြေအနေများက အတားအဆီးများ မဖြစ်သင့်ပေ။ သင့်ကိုယ်သင် ဘုရားသခင်အတွက် အစေခံရန် အကောင်းဆုံးကို ကြိုးစားပါ။
အစေခံခြင်းကိုသမ္မာကျမ်းစာအတိုင်းနားလည်ခြင်း
အစေခံခြင်းကို မြော်လင့်နေသည်- ကောင်းသောအကျင့်အတွက် သင့်ကို ဖန်ဆင်းထား
သည်။ (ဧဖက် ၂း၁၀)။
အစေခံခြင်းကို မခွဲခြားသင့်ပေ – သခင်နှစ်ဦး၏အစကို မခံနိုင် (လုကာ ၁၆း၁၃)။
အစေခံခြင်းသည် ပေးဆပ်ခြင်းဖြစ်သည် – ထိုက်တန်သောအစခံခြင်းတွင်
ပေးဆပ်ခြင်းရှိသည်။ (ရောမ ၁၂း၁)
အစေခံခြင်းသည် အခြားသူများ၏ အကျိုးအတွက်ဖြစ်သည် – ဘုရားသခင်သည် သူ၏
ကိုယ်ခန္ဓာ၊ အသင်းတော်ကို အစခံရန် သင့်ကို ဝိညာဉ်ဆုကျေးဇူးပေးထား သည်။ (၁ကော ၁၂း၇)။
တိတု
ရှင်ပေါလု၏ပုံရပ်
ထိုသို့ သင်တို့ ၏ အကျိုးကို ပြုစုချင်သာစတနာစိတ်ကို ဘုရားသခင်သည်
တိတု အားလည်း ပေးတော်မူသော ကျေးဇူးတော် ကြီးလှပေ၏။ တိတုသည် အဘယ်သို့ သောသူနည်းဟု တစုံတယောက်မေးလျှင် ငါ၏ အပေါင်းအဘော်ဖြစ်၏။ သင်တို့ အမှုကို ငါနှင့်အတူ
ဆောင်ရွက် သာသူလည်း ဖြစ်၏။ (၂ ကော ၈း၁၆၊ ၂၃) ၊
အရည်အချင်း- အားကိုးရခြင်း။
ပြည့်စုံခြင်း- ကရေကျွန်းရှိ အသင်းတော်များအတွက် ခေါင်းဆောင်မှုကို ထောက်မ
ခြင်း။
အသက်ရှင်ခဲ့သောအချိန်- ပထမရာစုအလယ်ပိုင်း။
နာမည်- တိတု- အများသုံးဂရိနာမည်။
ကျမ်းပိုဒ်- တိတု ၁-၃။
နောက်ခံအကြောင်းအရာ ၊
ပေါလုသည် ပညာတတ်တစ်ယောက်ဖြစ်သည်။ သင်ကြားမှုကောင်းသော ဆ ရာတစ်ယောက်၊ လှုံ့ဆော်မှုအရှိဆုံးသူ၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောသူ
ဖြစ်သည်။ သူ၏ဆုကျေးဇူးနှင့်အရည်အချင်းက ဧဝံဂေလိတရားကို ဟောပြောရာတွင် သူ့ကို အင်နှင့်အားနှင့် ဟောပြောစေပြီး၊ ရှေးကနဦး ခရစ်ယာန်ဘာသာတရားကို ပုံ သွင်းစအချိန်တွင် အသင်းတော် မြောက်မြားစွာ ပေါ်ပေါက်လာသည်။ သို့သော် အသင်း တော်သည် လူပုဂ္ဂိုလ်တစ်ဦး၏အရည်အချင်းပေါ်တွင် တည်ဆောက်ရန် မဟုတ်၊ ခရစ် တော်အပေါ်၌သာ တည်ဆောက်ရန်ဖြစ်ကြောင်း ပေါလု နားလည်သဘောပေါက်သည်။ ထို့အပြင် အသင်းတော်များ၌ သွန်သင်ပေးခြင်းကို ကောင်းစွာခံယူထားသော ဝိညာဉ် ခေါင်းဆောင်များ လိုအပ်ကြောင်းကိုလည်း ရှင်ပေါလု နားလည်သည်။ သူသည် လူ သားတစ်ယောက်သာဖြစ်ပြီး၊ အမြဲတမ်း အသက်ရှင်နိုင်မည် မဟုတ်ကြောင်းကိုလည်း ရှင်ပေါလု သိသည်။ အသင်းတော်များကို တည်ဆောက်ခြင်း၊ ယုံကြည်သူများကို ခွန် အားပေးခြင်း၊ သွန်သင်ခြင်း၊ တပည့်တော်ဖြစ်စေခြင်း တာဝန်များအတွက် အခြားသူများ ကို လက်ဆင့်ကမ်း သွန်သင်ပေးရမည်။ ထို့ကြောင့် ရှင်ပေါလုသည် သူမရှိတော့သည့် နောက်ပိုင်းတွင် ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရန် လူငယ်သင်းအုပ်ဆရာများကို သွန်သင်ပေးခဲ့သည်။ တိတုသည် နှုတ်ကပတ်တရားတော်ကို ဟောပြောရန် (၂ တိ ၃း၁၆-၁ရ)၊ ရှင်ပေါလု၏သွန်သင်ပဲ့ပြင်ပေးခြင်းခံရသော လူငယ်များထဲမှ တစ်ယောက်ဖြစ် သည်။ ရှင်ပေါလု မရှိတော့သည့်နောက်ပိုင်းတွင် သူတပါးကို လက်ဆင့်ကမ်းဝေငှရန် (၂ တိ ၂း၂) ဖြစ်သည်။
ခြုံငုံကြည့်ခြင်း
တိတုသည် ရှင်ပေါလု၏သွန်သင်၊ ပဲ့ပြင်ပေးခြင်းခံရသော ဂရိယုံကြည်သူ၊ လူ ငယ်တစ်ယောက်ဖြစ်သည်။ တပါးအမျိုးသားများနှင့်ဆိုင်သော ကယ်တင်ခြင်းအတွက် အငြင်းအခုန်ဖြစ်လာသောအခါ ပေါလုသည် ယေရုရှလင်မြို့သို့ ခရီးထွက်ခဲ့သည်။ တပါးအမျိုးသားများ၏ ကယ်တင်ခြင်းအတွက် ယုဒပညတ်တရားကို လိုက်လျှောက်ရန် မလိုကြောင်း သက်သေပြရန် ယေရုရှလင်ခရီးစဉ်တွင် တိတုကို ခေါ်သွားခဲ့သည်။ တိတု သည် တိမောသေကဲ့သို့ ပေါလု၏မိတ်ဆွေဖြစ်ပြီး၊ ခရီးသွားအပေါင်းအဖော်တစ်ယောက် ၊ ဖြစ်သည်။ ယုံကြည်ခြင်း၌ ရင့်ကျက်ကြီးထွားလာသောကြောင့် ကောရိန္ဒူအသင်းတော်၌ ပေါ်ပေါက်လာသော ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းရန် တိတုသည် တာဝန်ပေးခြင်း ၊
ဖြစ်သည်။ သူ၏ဆုကျေးဇူးနှင့်အရည်အချင်းက ဧဝံဂေလိတရားကို ဟောပြောရာတွင် သူ့ကို အင်နှင့်အားနှင့် ဟောပြောစေပြီး၊ ရှေးကနဦး ခရစ်ယာန်ဘာသာတရားကို ပုံ သွင်းစအချိန်တွင် အသင်းတော် မြောက်မြားစွာ ပေါ်ပေါက်လာသည်။ သို့သော် အသင်း တော်သည် လူပုဂ္ဂိုလ်တစ်ဦး၏အရည်အချင်းပေါ်တွင် တည်ဆောက်ရန် မဟုတ်၊ ခရစ် တော်အပေါ်၌သာ တည်ဆောက်ရန်ဖြစ်ကြောင်း ပေါလု နားလည်သဘောပေါက်သည်။ ထို့အပြင် အသင်းတော်များ၌ သွန်သင်ပေးခြင်းကို ကောင်းစွာခံယူထားသော ဝိညာဉ် ခေါင်းဆောင်များ လိုအပ်ကြောင်းကိုလည်း ရှင်ပေါလု နားလည်သည်။ သူသည် လူ သားတစ်ယောက်သာဖြစ်ပြီး၊ အမြဲတမ်း အသက်ရှင်နိုင်မည် မဟုတ်ကြောင်းကိုလည်း ရှင်ပေါလု သိသည်။ အသင်းတော်များကို တည်ဆောက်ခြင်း၊ ယုံကြည်သူများကို ခွန် အားပေးခြင်း၊ သွန်သင်ခြင်း၊ တပည့်တော်ဖြစ်စေခြင်း တာဝန်များအတွက် အခြားသူများ ကို လက်ဆင့်ကမ်း သွန်သင်ပေးရမည်။ ထို့ကြောင့် ရှင်ပေါလုသည် သူမရှိတော့သည့် နောက်ပိုင်းတွင် ခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ရန် လူငယ်သင်းအုပ်ဆရာများကို သွန်သင်ပေးခဲ့သည်။ တိတုသည် နှုတ်ကပတ်တရားတော်ကို ဟောပြောရန် (၂ တိ ၃း၁၆-၁ရ)၊ ရှင်ပေါလု၏သွန်သင်ပဲ့ပြင်ပေးခြင်းခံရသော လူငယ်များထဲမှ တစ်ယောက်ဖြစ် သည်။ ရှင်ပေါလု မရှိတော့သည့်နောက်ပိုင်းတွင် သူတပါးကို လက်ဆင့်ကမ်းဝေငှရန် (၂ တိ ၂း၂) ဖြစ်သည်။
ခြုံငုံကြည့်ခြင်း
တိတုသည် ရှင်ပေါလု၏သွန်သင်၊ ပဲ့ပြင်ပေးခြင်းခံရသော ဂရိယုံကြည်သူ၊ လူ ငယ်တစ်ယောက်ဖြစ်သည်။ တပါးအမျိုးသားများနှင့်ဆိုင်သော ကယ်တင်ခြင်းအတွက် အငြင်းအခုန်ဖြစ်လာသောအခါ ပေါလုသည် ယေရုရှလင်မြို့သို့ ခရီးထွက်ခဲ့သည်။ တပါးအမျိုးသားများ၏ ကယ်တင်ခြင်းအတွက် ယုဒပညတ်တရားကို လိုက်လျှောက်ရန် မလိုကြောင်း သက်သေပြရန် ယေရုရှလင်ခရီးစဉ်တွင် တိတုကို ခေါ်သွားခဲ့သည်။ တိတု သည် တိမောသေကဲ့သို့ ပေါလု၏မိတ်ဆွေဖြစ်ပြီး၊ ခရီးသွားအပေါင်းအဖော်တစ်ယောက် ၊ ဖြစ်သည်။ ယုံကြည်ခြင်း၌ ရင့်ကျက်ကြီးထွားလာသောကြောင့် ကောရိန္ဒူအသင်းတော်၌ ပေါ်ပေါက်လာသော ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းရန် တိတုသည် တာဝန်ပေးခြင်း ၊
ခံရသည်။ ပေါလုသည် သူ၏နောက်ဆုံးအချိန် နီးလာသောကြောင့် ကရေကျွန်း၌
သော အသင်းတော်များကို ကြီးကြပ်ကွပ်ကဲရန်နှင့် ခေါင်းဆောင်များကို ခန့်အပ်ရန် ကရေတေကျွန်းတွင် တိတုကို ထားခဲ့သည်။ ဆောင်းကာလတွင် ပေါလှသည် နိကော ပလီမြို့တွင် ရှိနေမည် ဖြစ်သောကြောင့် သူ့ကို လာတွေ့ရန် တိတုကို ခေါ်ခဲ့သည်။ တိတုသည် ပေါလုနှင့်အတူ နိကောပလီမြို့တွင်ရှိနေစဉ် တိတုနေရာတွင် အစားထိုးရန် အာမ သို့မဟုတ် တုဓိတ် တစ်ယောက်ယောက်ကို ပေါလုက ကရေကျွန်းသို့ စေလွှတ်ခဲ့သည်။ နောက်ပိုင်းတွင် တိတုသည် ကရေတေကျွန်းသို့ ပြန်သွားကာ ထိုကျွန်း တွင် အသက်ဆုံးသည်အထိ အမှုတော်ဆောင်ခဲ့သည်။ အသက်ကြီးသောအခါ ထိုကျွန်း ၊ ၌ပင် သေဆုံးသွားသည်ဟု သမိုင်းမှတ်တမ်း ရှိခဲ့သည်။
အကြောင်းအရာ
တိတုကို မိတ်ဆက်ခြင်း (ဂလာ ၂း၁၊၃) ၊
တိတုသည် အန္တိအုတ်မြို့မှ ပြောင်းလဲလာသော တပါးအမျိုးသားတစ်ယောက် ဖြစ်သည်။ ရှင်ပေါလု၏အပေါင်းအပါတစ်ယောက် ဖြစ်လာခဲ့သည်။ တပါးအမျိုးသားများ ၏ကယ်တင်ခြင်းနှင့်ပတ်သတ်၍ ပေါလုနှင့်ဗာနဗတို့သည် ယေရုရှလင်မြို့သို့ ခရီးထွက် လာသောအခါ လူမြင်ကွင်းတွင် ပထမဆုံး မိတ်ဆက်ရန် တိတုကို ခေါ်လာခဲ့သည်။ (အချို့သော ယုဒလူများက ပြောင်းလဲလာသော တပါးအမျိုးသားများသည် ယုဒပညတ် တရားဖြစ်သော အဖျားလှီးခြင်းမင်္ဂလာကို ခံယူရမည်ဟု ယုံကြည်ကြသည်။) တပါး ၊ အမျိုးသားများသည် ထိုပညတ်တရားကို လိုက်လျှောက်ရန် မလိုကြောင်း တိတုသည် ပေါလု၏သက်သေဖြစ်ခဲ့သည်။
တိတုသည် ပြဿနာများကို ဖြေရှင်းပေးသူ (၂ ကော)
ကောရိန္ဒမြို့သည် ပေါလု၏အခက်အခဲဆုံး အမှုတော်လုပ်ငန်း ဖြစ်သည်။ အ သင်းတော်အတွင်းတွင် အမြဲတမ်း ပြဿနာရှိနေသည်။ ပထမဆုံးအကြိမ် ရှင်ပေါလှ သည် ကောရိန္ဒူမြို့၌ (၁၈)လ နေပြီးသောအခါ တိမောသေကို ကောရိန္ဒုမြို့သို့ ပထမဆုံး စာစောင်ဖြင့် ပြဿနာများကို ဖြေရှင်းရန် စေလွှတ်ခဲ့သည်။ အခြေအနေများသည် ပို၍
ဆိုးဝါးသွားခဲ့သည်။ ထို့ကြောင့် ဧဖက်မြို့မှ ကောရိန္ဒုမြို့သို့ ဒုတိယအကြိမ်ရေးသော စာ စောင်ဖြင့် တိတုကို ထပ်မံစေလွှတ်ခဲ့သည်။ တိတုယူလာပေးသော ထိုစာစောင်ကို ပေါ လုသည် မျက်ရည်များဖြင့်ရေးသားခဲ့သည်။ ယခု ထိုစာစောင်မှာ ပျောက်ဆုံးနေသည်။
ပေါလုသည် မျက်ရည်ကျလျက် ရေးသားထားသော ထိုစာစောင်နှင့်အတူ ၊
တိတုကို ကောရိန္ဒူမြို့သို့ စေလွှတ်ခဲ့သည် (၂း၄)။ အပြစ်ဒုစရိုက်ကို နောင်တ ရကြမည်ဟု ပေါလု မျှော်လင့်နေသည် (ရး၅-၁၆)။
ပေါလုသည် ဧဖက်မြို့မှ တရောမြို့သို့ ခရီးထွက်ခဲ့ပြီး၊ ကောရိန္ဒုမြို့မှ သတင်း ကိုကြားရန် တိတုကို စောင့်မျှော်နေသည်။ အမှုတော်အတွက် ကြီးမားသော အခွင့်အရေးတံခါးပွင့်နေသော်လည်း ပေါလုသည် ကောရိန္ဒုမြို့မှ သတင်းအ တွက် စိုးရိမ်ခဲ့သည်။ ထို့ကြောင့် တိတုကိုရှာရန် မာကေဒေါနိပြည်သို့ ထွက်ခွါ
လာခဲ့သည် (၂း၁၂-၁၃)။
မာကေဒေါနိပြည်တွင် တိတုနှင့်ပေါလုတို့ တွေ့ဆုံခဲ့ကြသည်။ တိတု၏သတင်း
က ပေါလုအတွက် စိတ်သက်သာရာ ရခဲ့သည်။ အများစုသည် ပေါလုကို
ဆန့်ကျင့်ခဲ့ကြခြင်းအတွက် နောင်တရခဲ့ကြသည် (၇း၅-၁၂)။
နောင်တမရသေးသော ဆန့်ကျင်သူများကို ပေါလုသည် ဩဝါဒပေးရန် ဆန္ဒရှိ
နေသေးသည်။ ထို့ကြောင့် ကောရိန္ဒူဒုတိယစောင်ကို ရေးသားကာ၊ တိတုနှင့် အတူ နာမည်မဖော်ပြထားသောသူ (လုကာဖြစ်နိုင်သည်)ကို စေလွှတ်ခဲ့သည်။
တိတုသည် ကောရိန္ဒုမြို့သို့ ပေါလု၏ကောရိန္ဒူဒုတိယစောင်ကို ယူဆောင်လာခဲ့
သည်။ သို့သော် တာဝန်အရမဟုတ်ဘဲ၊ သူကိုယ်တိုင် ပေါလုကို ကူညီရန်စိတ် ဆန္ဒဖြင့် ကောရိန္ဒုမြို့သို့ လာခဲ့ခြင်းဖြစ်သည်။ ယေရုရှလင်မြို့မှ ဆင်းရဲသော
ယုံကြည်သူများအတွက် အလှူငွေကောက်ခံရန်လည်း ဖြစ်သည် (၈-၉)။ •
တိတုသည် ခေါင်းဆောင်တစ်ယောက်ဖြစ်သည် (တိတု ၁-၃)
ပေါလုသည် အခြားသော လူငယ်များထက် တိတုကို ယုံကြည်စိတ်ချအားကိုးခဲ့
သည်။ ပြဿနာများကို ဖြေရှင်းရန်၊ ခက်ခဲသည့်အခြေအနေများကို တိုးတက်ကောင်းမွန်
ပေါလုက တိတုကို အားကိုးခဲ့သည်။ ထို့ကြောင့်လည်း ပေါ်ပေါက်လာသော အသင်း တော်ငယ်လေးများကို ခွန်အားပေးရန် ကရေတေကျွန်း၌ ပေါလှသည် တိတုကို ထားခဲ့ သည်။ ကရေတေကျွန်းမှလူများသည် အကျင့်စရိတ္တပျက်ပြားသူများ၊ အလုပ် မလုပ်ချင်၊ ပျင်းရိသူများ ဖြစ်ကြသည်။ ထို့ကြောင့် ကရေတေကျွန်း၌ အမှုတော်ဆောင်ရန်မှာ ခက် ခဲ့သည့် အခြေအနေဖြစ်သည်။ တိတု၏ပထဆုံးတာဝန်မှာ ခေါင်းဆောင်များကို ခန့်အပ် ရန် ဖြစ်သည်။ ခေါင်းဆောင်တစ်ယောက်၌ရှိရမည့် အရည်အချင်းများစာရင်းကို ပေါလု က တိတုအား ရေးပေးလိုက်သည်။ ထိုအရည်အချင်းများကို တိတုအသက်တာ၌ပင်တွေ့ ရသည်။ တိတု၏ခေါင်းဆောင်မှုအရည်အချင်းနှင့် သီဩလော်ဂျီနှင့်ဆိုင်သော ဓမ္မပညာ နားလည်မှုကို ပေါလုက ယုံကြည်စိတ်ချသည်။ ထို့ကြောင့် တိတုထံသို့ရေးသော စာတွင်
ကောင်းသောအကျင့်ကို လုပ်ဆောင်ခြင်းသည် ခရစ်ယာန်အကျင့်စရိတ္တ၏အရေးကြီး ကြောင်းကို ပို၍သတိပေးထားသည်။ အသင်းတော်အစီစဉ်နှင့် မှန်ကန်သော အသက်ရှင် ခြင်းသည် ဧဝံဂေလိအတွက် အကောင်းဆုံးလက်နက် ဖြစ်သည်။
ဆင်ခြင်စရာ
တိတုသည် ရှေးကနဦးအသင်းတော်များတွင် အထိရောက်ဆုံးသောသူ တစ် ယောက်ဖြစ်သည်။ သစ္စာရှိသောသူ၊ ဘုရားသခင်အတွက် အရည်အချင်းနှင့်ပြည့်ဝသော သူဖြစ်သည်။ ထို့ကြောင့် ပေါလုသည် ကြီးမားသည့်တာဝန်များကို တိတု၌ ပေးအပ်ခဲ့ရ သည်။ တိမောသေ မကိုင်တွယ်နိုင်သောပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်သောသူ၊ ပေါလု၏မျက်နှာသာရသောသူ ဖြစ်သည်။ တိတုသည် ခက်ခဲသည့်တာဝန်များအတွက် ပေါလု အားထားရသောသူ ဖြစ်သည်။ ဆက်ကပ်ခြင်း အားကြီးသူ ဖြစ်သည်။ ကောရိ အသင်းတော်က ပေါလုကို ပြန်လက်ခံနိုင်ရန် တိမောသေ မလုပ်နိုင်ခဲ့သောအလုပ်ကို တိတု လုပ်ဆောင်နိုင်ခဲ့သည်။ ထို့နောက် ပေါလုသည် ကရေတီကျွန်းမှ ထွက်ခွါရမည်။ ပေါလုသည် သူ့အားဖြင့် အသစ်ပေါ်ပေါက်လာသော အသင်းတော်ကို ဆက်လက် တာ ဝန်ယူရန် တိတုကို တောင်းဆိုခဲ့သည်။ အခက်အခဲဆုံး အလုပ်တာဝန်များကို ပြီးပြည့်စုံ ရန် ပေါလု၏အားကိုးရဆုံး လုပ်ဖော်ဆောင်ဖက်ကောင်းတစ်ယောက်မှာ တိတုပင်ဖြစ်
သည်။ အဘယ်ကြောင့်ဆိုသော် တိတုသည် သူ၏ဆရာအတိုင်း စိတ်ဝိညာဉ်အတူတ ခြေရာအတူတူ လိုက်လျှောက် အသက်ရှင်သောကြောင့် ဖြစ်သည် (၂ ကော ၁၂း၁၈)။
သင်ခန်းစာယူစရာ
အားကိုးရခြင်းသည် အမှုတော်လုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သော အရာဖြစ် သည်။ တိတုသည် ရှေးကနဦးအသင်းတော်များတွင် အထိရောက်ဆုံးသောသူ တစ်
ယောက် ဖြစ်သည်။ သူ၏လွှမ်းမိုးနိုင်ခြင်းကြောင့် သူဂရုစိုက်ကြည့်ရှုရသော အသင်းတော် များသည် အမြစ်တွယ်ပြီး ကြီးထွားရင့်ကျက်လာသည်။ ထို့အပြင် တိတုသည် အကြီး မားဆုံးတာဝန်များကို ထမ်းဆောင်ရန် ပေါလု၏အားကိုးရဆုံးသူတစ်ယောက် ဖြစ်သည်။ သင်ကော၊ သင့်ကို ဘယ်လောက် အားကိုးရသလဲ။ အသင်းတော်မှ အခြားသောသူများက သင်လုပ်မည်၊ သွားမည်ဆိုသော အရာများအပေါ်၌ သင့်ကို ယုံကြည်စိတ်ချရပါသလား။ သစ္စာရှိခြင်းနှင့် ယုံကြည်စိတ်ချရခြင်းသည် ဝိညာဉ်ရင့်ကျက်ကြီးထွားခြင်းအတွက် အ မှတ်လက္ခဏာများ ဖြစ်သည်။ သင်လည်း အခြားသူများ၏ယုံကြည်စိတ်ချမှုကိုခံရခြင်း အားဖြင့် သင်၏အသင်းတော်၊ သင်၏အဖွဲ့အစည်းကို လွှမ်းမိုးနိုင်သောသူ တစ်ယောက် ဖြစ်နိုင်သည်။
ပြဿနာများသည် ဘဝ၏တစိတ်တဒေသ ဖြစ်သည်။ တမန်တော်ရှင်ပေါလု သည် ခက်ခဲသော ဘဝအခြေအနေ၌ အသက်ရှင်ခဲ့ရသည်။ ပြဿနာများနှင့် ပြဿနာ လုပ်သောသူများကို အမြဲတမ်း ရင်ဆိုင်ဖြေရှင်းနေရသည်။ အများအားဖြင့် အခြေအနေ တစ်ခုအတွက် အဖြေကို ယူဆောင်လာရန် တိတုကဲ့သို့သောသူများကို စေလွှတ်ခဲ့သည်။ တိတု၏ပုံသက်သေကို အတုယူကာ နောက်တစ်ကြိမ် သင် ပြဿနာနှင့်ရင်ဆိုင်ရလျှင်
သင်၏ပြဿနာကို ရင်ဆိုင်ပါ- တိတုသည် ကောရိအသင်းတော်၏ ပြဿနာအခြေအနေကို ကောင်းစွာသိပြီး၊ ကောရိန္ဒုမြို့သို့ သွားခဲ့သည်။ “အားလုံး အဆင်ပြေသွားမှာပါ’ ဟုမျှော်လင့်ပြီး ပြဿနာကို လျစ်လျူမရှုပါနှင့်။ ရိုးသား၊ ပွင့်လင်းစွာ ပြဿနာကို ရင်ဆိုင်ပါ။
သင့်ပြဿနာ၏အတိမ်အနက်ကို သေချာစွာ သိပါ- ခက်ခဲသည့် သာသနာ လုပ်ငန်းကို လုပ်ဆောင်ရန် တိတုကို ကရေတေကျွန်း၌ ထားခဲ့သည်။ ပေါလု သည် ကရေတေကျွန်းမှလူများနှင့် သူတို့၏နောက်ခံအကြောင်းကို တိတုအား အသိပေးစာ ရေးသားခဲ့သည်။ ကရေတေကျွန်းမှ အသင်းတော်များအား မည် ကဲ့သို့ ကိုင်တွယ်ရမည်ကို တိတုသည် ပို၍နားလည်သဘောပေါက်ရန် ပေါလု က ပြောပြရခြင်းဖြစ်သည်။ ထိုနည်းအတိုင်းပင်၊ ပြဿနာကို ဖြေရှင်းရန် သင် ရနိုင်သည့် အကြောင်းအရာ၊ အရင်းအမြစ်များကို စုဆောင်းပါ။ ထို့နောက် ရွေးချယ်မှုများကို ဆုံးဖြတ်ပါ။ ပြဿနာတိုင်းတွင် အဖြေတစ်ခုထက်မက အ ဖြေ များစွာရှိသည်။ ဖြစ်နိုင်သည့်အရာအားလုံးကို စဉ်းစားပါ။
အခြားသူများထံမှ အကြံဉာဏ်များကို တောင်းခံပါ- ပေါလုသည် ပြဿနာများ ကို ပထမဆုံး ရင်ဆိုင်ရသောကြောင့် ပေါလုသည် တိတုကို အကြံဉာဏ်ပေးရန် မတွေဝေခဲ့ပေ။ ထိုအကြံဉာဏ်များနှင့်အချက်အလက်များပေါ်၌ တိတုသည် ဘာလုပ်ရမည်ကို ဆုံးဖြတ်ချက် ချနိုင်ခဲ့သည်။ ပြဿနာကို သင် ကောင်းစွာနား လည်ပြီး၊ သင်၏ရွေးချယ်မှုများလည်း ပြုလုပ်ပြီးသောအခါ ယခု သင် ဆုံး ဖြတ်ချက်ချရမည့် အချိန်ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဉာဏ်ပညာကို ဘုရားသခင်ထံ တောင်းခံပါ။ ထို့နောက် သင့်အသင်းတော်မှ ပညာရှိသောသူထံမှ အကြံဉာဏ်ကို ယူပါ။ တခါတရံ စည်းဝိုင်းအပြင်မှလူများ သည် ပြဿနာကို ရှင်းလင်းစွာ မြင်တတ်ကြသည်။ ပညာမရှိသောသူများက အခြားသူများ၏အကြံဉာဏ်ကို ရှောင်ရှားတတ်ကြသည်။ ပြဿနာများကို ဖြေ ရှင်းရန် သင် ဉာဏ်ပညာကို လိုအပ်ပါသလား။ အခြားသူများထံမှ ထိုဉာဏ် ပညာကို ရရန်ရှာဖွေပါ။ ထို့နောက် သင်၏ပြဿနာကို အောင်မြင်စွာ ဖြေရှင်း နိုင်ရန် လုပ်ဆောင်ပါ။
တပည့်တော်တစ်ယောက်၏အရည်အချင်း
တိတုသည် ပါလု၏ခြေရာအတိုင်း လိုက်လျှောက်ခဲ့သည် – စစ်မှန်သောတပည့်တော်။
ဖခင်နှင့်သားကဲ့သို့ တိတုသည် ပါလုကို ရိုသေလေးစားသည် – ယုံကြည်စိတ်ချရသော သား၊ တိတုသည် စိတ်ဆန္ဒရှိသောကျောင်းသားတစ်ယောက်ဖြစ်သည် – သွန်သင်ဆုံးမခြင်းကို ခံယူ ၊
သောသူ။
တိတုသည် သူ၏အလုပ်တာဝန်ကို ဦးစားပေးသည် – တာဝန်ကို အထူးထမ်းဆောင်သောသူ။ အခက်ခဲဆုံးအခြေအနေများအတွက် တိတုသည် ပြင်ဆင်ခြင်းခံခဲ့သည်- ဘုရားသခင်၏ဝစ် ၊ တပ်တွင်အထူးသင်တန်းပေးခြင်းခံရသောသူ။
ဖိလေမုန်
ခိုင်မာသော ဆုံးဖြတ်ချက်ချသူ
သင်သည် နားထောင်မည်ဟု ယုံမှားခြင်း မရှိသည် သာမက၊ ငါပြောသည်ထက် သာ၍ ပြုမည်ဟု အမှန်သိလျက် ငါရေးလိုက်ပါ ၏။
(ဖိလေမုန် ၂၁)
အရည်အချင်း- နာခံခြင်းစိတ်ဝိညာဉ်။
ပြည့်စုံခြင်း- ရှေးသန့်ရှင်းသူများ၏နှလုံးသားသည် သူ့အားဖြင့် ပြန်လည်လန်းဆန်းရ
သည်။
အသက်ရှင်ခဲ့သောအချိန်- ပထမရာစုအလယ်ပိုင်းမှနှောင်းပိုင်းအချိန်။
နာမည်- ဖိလေမုန်- အဓိပ္ပါယ် “မိတ်ဆွေဖြစ်ခြင်း။
ကျမ်းပိုဒ်- ဖိလေမုန်ဩဝါဒစာ။
နောက်ခံအကြောင်းအရာ
ရောမအင်ပါယာအတွင်းတွင် ကျွန်ပြုခြင်းကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြ သည်။ ကျွန်များသည် အင်ပါယာ၏သုံးပုံတစ်ပုံရှိသည်ဟု အချို့သောသူများက ခန့်မှန်း ကြသည်။ ပေါလုအချိန်ကာလတွင် ကျွန်များသည် ဆရာဝန်များ၊ တေးဂီတပညာရှင်များ၊ ရာများ၊ အနုပညာရှင်များနှင့် အခြားသောအသက်မွေးဝမ်းကျောင်းများ ဖြစ်
အချို့သောကျွန်များသည် သာမန်အလုပ် လုပ်နေသောလူလွတ်များထက် ပို၍ကောင်း
သောဘဝအခြေအနေကို ရရှိကြသည်။ သို့သော် ကျွန်အများစုမှာ ရက်စက်စွာဆက်ဆံ ခြင်းခံရသည်။
ဓမ္မသစ်ကျမ်းတွင် ကျွန်ပြုခြင်းကို တိုက်ရိုက် မဆန့်ကျင်ထားပေ။ သို့မဟုတ် ပါကထကြွပုန်ကန်မှုများဖြစ်လာနိုင်သည်။ ထို့နောက်ဧဝံဂေလိသတင်းစကားသည်လည်း လူမှုအသိုင်းအဝိုင်းတွင် ရှုတ်ထွေးမှုများ ဖြစ်လာနိုင်သည်။ လူမှုအသိုင်းအဝိုင်း၌ ခရစ် ယာန်၏လွှမ်းမိုးမှုသည် ထိုမကောင်းသောကျွန်ပြုခြင်းကို အောက်ခြေမှတူးဆွရန် ဖြစ် သည်။ ထိုသို့ တူးဆွရာတွင် သခင်နှင့်ကျွန်များ၏ နှလုံးသားပြောင်းလဲခြင်းမှ စတင်ရ မည်။ ဝိညာဉ်ရေးရာပြောင်းလဲခြင်းက လူမှုရေးရာကိုပါ ပြောင်းလဲလာစေနိုင်သည်။ ဝရမ်းပြေး ကျွန်၊ ဩနေသိမ်၏သခင်ဖြစ်သော၊ ကျွန်ပိုင်ရှင် ဖိလေမုန်ထံသို့ ပေါလု၏စာ
စောင်က ဤပြောင်းလဲခြင်းကို အလင်းသို့ ခေါ်ဆောင်လာသည့်စာတစ်စောင် ဖြစ်လာ ခဲ့သည်။ |
ခြုံငုံကြည့်ခြင်း ၊
ဖိလေမုန်သည် ဧဖက်မြို့နှင့် မိုင်(၁၀၀)ခန့်ဝေးသော၊ ကောလောသဲအသင်း တော်မှ ချမ်းသာကြွယ်ဝသောသူတစ်ယောက် ဖြစ်သည်။ ပေါလုသည် သူ၏တတိယ သာသနာပြုခရီးစဉ်တွင် ဧဖက်မြို့၌ (၃)နှစ် အမှုတော်ဆောင်ခဲ့သည်။ ထိုအချိန်တွင် ဖိ လေမုန် ပြောင်းလဲလာခဲ့သည်။ ဖိလေမုန်သည် ဩနေသိမ်ဟုခေါ်သောကျွန်တစ် ယောက်ကို ပိုင်ဆိုင်နိုင်လောက်သည့် ချမ်းသာကြွယ်ဝသူတစ်ယောက်ဖြစ်သည်။ စာထဲ တွင် ပေါလုက ဖိလေမုန်၏ဇနီးနှင့်သား၊ အပ္ပံနှင့်အာဓိပျတို့ကိုလည်း နှုတ်ဆက်ထားသည်။ ထို့အပြင် ဖိလေမုန်၏အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ခွန်းဆက်သထားသည်။ ဤစာသည် ဖိလေမုန်သို့ ရေးသောစာ၊ ဖိလေမုန်နှင့်သာဆိုင်သော်လည်း ပေါလုက ဤစာကို အသင်းတော်၌လည်း ဖတ်စေချင်သည်။ ရည်ရွယ်ချက်မှာ လူအများရှေ့တွင် ဖတ်ပြခြင်းအားဖြင့် ဖိလေမုန်သည် ပို၍ တာဝန်ယူရမည်ဖြစ်ပြီး၊ အသင်းတော်ကိုလည်း ခွင့်လွှတ်ခြင်းအကြောင်းကို သွန်သင်ရန် ရည်ရွယ်သည်။
အကြောင်းအရာ
ဩနေသိမ်၏အပြစ်ဒုစရိုက်
ဩနေသိမ်သည် သူ၏သခင်ဖိလေမုန်ထံမှ ငွေကိုခိုးယူပြီး (အခန်းငယ် ၁၈)၊ ရောမမြို့သို့ ထွက်ပြေးလာသောအခါ ယုံကြည်သူတစ်ယောက် မဟုတ်သေးပေ။ ရောမ မြို့၏လူဦးရေများပြားလှသောကျွန်များကြားတွင် သူ့ကိုယ်သူ အစဖျောက်ရန် ရည်ရွယ် ခဲ့သည်။ ဘုရားသခင်၏အကြံအစည်အားဖြင့် ဩနေသိမ်သည် ရောမမြို့တွင် ပေါလုနှင့် တွေ့ဆုံပြီး၊ ခရစ်ယာန်တစ်ယောက် ဖြစ်လာခဲ့သည်။ ပေါလုသည် ဩနေသိမ်ကို သား အရင်းချာကဲ့သို့ ချစ်ခင်ခဲ့သည် (အခန်းငယ် ၁၂၊ ၁၆)။ သူထောင်ထဲတွင်ရှိနေစဉ် ဩနေသိမ်သည် အသုံးရသောသူဖြစ်သောကြောင့် ပေါလုသည် ဩနေသိမ်ကို သူနှင့် အတူအမြဲနေရန် ခေါ်ထားချင်သည်။
ပေါလု၏ပြဿနာ
ဩနေသိမ်သည် သူ့သခင်ထံမှ ငွေကိုခိုယူပြီး၊ ထွက်ပြေးခြင်းအားဖြင့် ရောမ ဥပဒေကို ချိုးဖောက်ခဲ့သည်။ ပေါလုက ဩနေအိမ်ကို သူ၏သခင်ထံပြန်လည် အပ်နှံရ မည်ကို ပေါလု ကောင်းကောင်းသိသည်။ ရောမဥပေဒအရ သခင်သည် ဝရမ်းပြေးကျွန်ကို သတ်ပိုင်ခွင့်ရှိကြောင်း ပေါလုနှင့် ဩနေသိမ်နှစ်ယောက်စလုံးကလည်း သိထားပြီးဖြစ် သည်။ ဩနေသိပ်ကို ခွင့်လွှတ်ရန်နှင့် ခရစ်တော်၌ညီကဲ့သို့အစေခံခြင်းကို လက်ခံရန် ပေါလုက ဖိလေမုန်ကို စာရေးပြီး တောင်းဆိုခဲ့သည် (အခန်းငယ် ၁၅-၁၇)။ ကျွန်များကို လိုက်လံဖမ်းဆီးနေသောသူများကြောင့် ဩနေသိမ်အတွက် တစ်ယောက်တည်း ခရီး သွားရန် အန္တရာယ်ရှိသည်။ ထို့ကြောင့် ပေါလုက ကောလောသဲအသင်းတော်သို့ရေး လိုက်သောစာကို ယူသွားပေးမည့် တုဓိတ်နှင့်အတူ ဩနေသိပ်ကို ကောလောသဲမြို့ သို့ စေလွှတ်လိုက်သည် (ကောလော ၄း၇-၉)။ နောက်ဆုံးအနေဖြင့် ပေါလုသည် မကြာမီထောင်မှလွတ်တော့မည်ဖြစ်ပြီး၊ ဖိလေမုန်ကို သူ့အတွက် နေရာပြင်ဆင်ရန် ပြောထား သည်။
ခွင့်လွှတ်ရန် ဖိလေမုန်၏အခွင့်အရေး အောက်ပါဆက်နွယ်မှုများအပေါ်အခြေခံပြီး ဩနေသိမ်အား ခွင့်လွှတ်ရန် ပေါ် လုက ဖိလေမုန်ကို တောင်းပန်ထားသည်။
ဖိလေမုန်နှင့်ပေါလု၏ဆက်နွယ်မှု- ပေါလုသည် အသက်ကြီးပြီး ဆင်းရဲဒုက္ခခံ
ကာ ဖိလေမှန်ကို ကယ်တင်ခြင်းသို့ ခေါ်ဆောင်ခဲ့သည်။ ဖိလေမုန် ဘယ်သော အခါမှ ပြန်မဆပ်နိုင်သည့်အကြွေးသည် ပေါလုအပေါ်၌ တင်နေသည်။ ထို့
ကြောင့် ဩနေသိမ်ကို ခွင့်လွှတ်ရန် တောင်းဆိုထားသည်။
ဖိလေမုန်နှင့်ယေရှုခရစ်တော်၏ဆက်နွယ်မှု- ဖိလေမုန်၏အပြစ်ကို ခရစ်တော် က ခွင့်လွှတ်ခဲ့သည်။ ဖိလေမုန်သည် ချစ်ခြင်းမေတ္တာ၊ ယုံကြည်ခြင်းနှင့်ပြည့်ဝ
နေသည်။ ထို့ကြောင့် ဩနေသိမ်ကို ခွင့်လွှတ်ရန် တောင်းဆိုထားသည်။
ဖိလေမုန်နှင့်ယုံကြည်သူများ၏ဆက်နွယ်မှု- ဖိလေမုန်သည် သူ၏နှလုံးသားနှင့် သူ၏အိမ်ကို အခြားသူများအတွက် တံခါးဖွင့်ပေးခဲ့သည်။ ဩနေသိမ်အတွက် ကော ဘာကြောင့် မဖွင့်ပေးရမှာလဲ။ ထို့ကြောင့် ဩနေသိမ်ကို ခွင့်လွှတ်ရန် တောင်းဆိုထားသည်။
ဩနေသိမ်နှင့်ယေရှုခရစ်တော်၏ဆက်နွယ်မှု- ဩနေသိမ်သည် ယခုတွင် ယုံ
ကြည်သူ ဖြစ်လာခဲ့ပြီ။
ဩနေသိမ်နှင့်ဖိလေမုန်၍ဆက်နွယ်မှု- ဩနေသိပ်သည် ယခု အသုံးမရသော
သူ မဟုတ်ပေ။ အသုံးရသောသူ ဖြစ်လာသည်။ ။
ပေါလုနှင့်ဖိလေမုန်ဆက်နွယ်မှု- ဖိလေမုန်နှင့်ဩနေသိမ်ပြန်လည် သင့်မြတ်ရန်
ဩနေသိမ်အတွက် ပေးရမည့်အကြွေးများကို ပေါလုက ဆပ်ပေးမည်။
ဆင်ခြင်စရာ
ဖိလေမုန်အကြောင်းကို ကျွန်တော်တို့သိရသော အချက်အလက်အားလုံးသည် သူ့ဆီသို့ရေးသားထားသော စာတိုလေးသာဖြစ်သည်။ ဖိလေမုန်သည် ဂုဏ်အသရေရှိ လူကြီးမင်းတစ်ယောက် ဖြစ်သည်။ သူ၏ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ရက်ရောခြင်း၊ ဧည့်ဝတ်ပြုခြင်း၊ နာခံခြင်းနှင့် ခွင့်လွှတ်ခြင်းနှလုံးသားသည် သူတပါးအတွက် ကောင်း
သောပုံသက်သေ ဖြစ်သည်။ ဖိလေမုန်၏ပြောင်းလဲခြင်းသည် ဘုရားသခင်နှင့် မိတ်သ ဟာယဖွဲ့ခြင်း၊ ဒေါင်လိုက်အနေအထားဖြစ်ပြီး၊ အခြားသူများနှင့်လည်း အလျားလိုက်အ နေအထားဖြင့် ဆက်နွယ်မှုရှိသည်။ အထူးသဖြင့် ဩနေသိမ်ကို ခွင့်လွှတ်ခဲ့သည်။ ဖိလေမုန်ဆီသို့ ရှင်ပေါလုရေးလိုက်သောစာစောင်ကို ဖိလေမုန် ဘယ်လိုရခဲ့သည်ကို
ကျွန်တော်တို့ မသိရပေ။ သို့သော် ဩနေသိမ်အတွက် ပေါလု၏တောင်းပန်တိုးလျှိုးခြင်းနှင့် ဖိလေမုန်၏ခရစ်တော်၌ပြောင်းလဲလာသော အသက်တာကိုကြည့်ခြင်းအားဖြင့် ဖိလေမုန် နှင့်ဩနေသိမ်တို့သည် ပြန်လည်သင့်မြတ်ခဲ့ကြသည်ကို တွေ့ရသည်။ သခင်နှင့်ကျွန် ကြားမှ ဆက်နွယ်မှုအသစ်သည် အနည်းဆုံး ရှေးကနဦး အသင်းတော်တပါးတွင်အစပြု ခဲ့ပြီ ဖြစ်သည်။
သင်ခန်းစာယူစရာ
ခွင့်လွှတ်ခြင်းသည် မထိုက်တန်သောသူကို ခွင့်လွှတ်ရန်ခရစ်တော်နှင့်သဏ္ဍာန် အတူဆုံးလက္ခဏာတစ်ခု ဖြစ်သည်။ ရောမဥပဒေက ဖိလေမုန်ဘက်တွင် အပြည့်အဝ ရှိနေသည်။ ဩနေသိပ်သည် ဥပဒေကို ချိုးဖောက်ကာ အပြစ်ပေးခြင်းကို ခံထိုက်သော သူဖြစ်သည်။ သို့သော် ပေါလုက ခရစ်တော်၏ချစ်ခြင်းမေတ္တာကို ထောက်ထားကာ ဩနေသိပ်ကို ခွင့်လွှတ်ရန် တောင်းပန်ခဲ့သည်။ ထိုနည်းတူစွာပင် သင့်ကိုလည်း ဘုရား သခင်သည် ခွင့်လွှတ်ခဲ့သည်။ ထို့ကြောင့် အခြားသူများသည် ခွင့်လွှတ်ခြင်းနှင့် တန် သည်ဖြစ်စေ၊ မတန်သည်ဖြစ်စေ၊ သင်လည်း ခွင့်လွှတ်ရန် ဘုရားသခင် မျှော်လင့်နေ သည်။ သင့်ကို အမှားလုပ်ထားသောသူကို သင် ခွင့်လွှတ်ပါသလား။ ဒါမှမဟုတ် သင်
က အခြားသူထံမှ ခွင့်လွှတ်ခြင်းကို တောင်းခံရန် ရှိပါသလား။ အခြားသူကို ခွင့်လွှတ် ခြင်းသည် သင်လည်း ခွင့်လွှတ်ခြင်းခံပြီးသားဖြစ်ကြောင်း သက်သေတစ်ခု ဖြစ်သည်။
ခရစ်တော်ကိုယုံကြည်လက်ခံသော်လည်း အတိတ်မှသင်၏ဒုစရိုက်များအတွက် သင်၌ တာဝန်ရှိနေသေးသည်။ ဩနေသိမ်တွင် အတိတ်ရှိခဲ့သည်။ ယခု သူသည် ယုံ ကြည်သူ ဖြစ်လာသည်။ သူ၏အတိတ်မှ အပြစ်များအတွက် ခွင့်လွှတ်ခြင်း ခံခဲ့ပြီးဖြစ် သည်။ သို့သော် သူကျူးလွန်ခဲ့သောအတိတ်က ဒုစရိုက်အတွက် တာဝန်ယူရအုံးမည်။ ဩနေသိမ်သည် သူ့သခင်၏စီရင်မှုကို ခံယူရန်ဆန္ဒရှိကြောင်း သူကိုယ်တိုင် သူ့သခင်ဆီ သို့ လှည့်ပြန်ခြင်းအားဖြင့် သူ၏အသက်တာ အမှန်တကယ်ပြောင်းလဲခြင်းကို ပြသခဲ့ သည်။ သင့်အတိတ်မှ အမှားအတွက် သင် ယခု ပြန်လည်တည့်မတ်ရန် ရှိပါသလား။ သင် အတိတ်တုန်းက မှားခဲ့သောအရာ၊ ပြတ်သွားခဲ့သောဆက်နွယ်မှု တစ်ခုခုအတွက် ပြန်လည် တည့်မတ်ရန် ဘုရားသခင်ဆီမှ ခွန်အားတောင်းခံပါ။
အခြားသူများအတွက် ကြားဝင်သင့်မြတ်ပေးခြင်းသည် ခရစ်ယာန်အသက်တာ အတွက် အရေးကြီးသောအချက်ဖြစ်သည်။ပေါလုသည် ဖိလေမုန်၊ ဩနေသိမ်နှစ်ယောက် စလုံး၏ မိတ်ဆွေဖြစ်သည်။ ဤလူနှစ်ယောက်ကြားတွင် ပြဿနာရှိနေသည်။ ပေါလု သည် သူ၏တမန်တော်ဖြစ်ခြင်း ရာထူးကိုသုံးကာ သူတို့နှစ်ယောက် ပြန်လည် သင့်မြတ် ရန် အမိန့်အာဏာသုံးလျှင် ရသော်လည်း၊ ပေါလှသည် ဩနေသိမ်၏အသက်တာပြောင်း ၊ လဲခြင်းကို ဖော်ပြပြီး ဆုံးဖြတ်ချက်ကို ဖိလေမုန် ကိုယ်တိုင်ချစေခဲ့သည်။ ခရစ်တော်အား ဖြင့် ဘုရားသခင်နှင့် သင် ပြန်လည်သင့်မြတ်ခဲ့သောကြောင့် ယခု သင်လည်း သူတပါး အတွက် ပြန်လည်သင့်မြတ်ခြင်း အမှုတော်လုပ်ငန်း (၂ ကော ၅း၁၈) ကို လုပ်ဆောင် ရမည်။ ပြဿနာဖြစ်နေသောသူနှစ်ယောက်ကို သင်က ပြန်လည် သင့်မြတ်ပေးရန်အခြေ အနေမျိုးရှိလာလျှင် ပေါလု၏ပုံစံကို လိုက်နာပါ။ သူတို့အား ခရစ်ယာန်တစ်ယောက်၏ လက္ခဏာကို ဖော်ပြကာ၊ မှန်ကန်စွာ ရွေးချယ်တတ်ရန် သန့်ရှင်းသောဝိညာဉ်တော်က သူတို့နှလုံးသားထဲတွင် အလုပ်လုပ်ရန် အခွင့်ပေးပါ။ သင်က အမိန့်အာဏာဖြင့် လုပ်နိုင် ရန် အခွင့်အရေးရှိသော်လည်း သူတို့ကိုယ်တိုင် ဆုံးဖြတ်ပါစေ။ တစ်စုံတစ်ယောက်၏
တိုက်တွန်းမှုကြောင့် လုပ်လိုက်ရခြင်းထက် မိမိကိုယ်တိုင် စိတ်ဆန္ဒဖြင့် လုပ်ဆောင်ခြင်းကို တန်ဖိုးထားပါ။
ဘုရားသခင်နှစ်သက်သောအချင်းချင်းဆက်နွယ်မှု
ဧဖက် ၆း၅-၉
သင်၏အလုပ်ရှင်ကိုလေးစားပါ။ နာခံပါ။
ခရစ်တော်ကို အစေခံသလို သင်၏ အလုပ်ရှင်ကို အစေခံပါ။
အလုပ်ရှင်ကသင့်ကို မျက်စိဒေါက်ထောင့်မကြည့်လျှင်လည်း ကြိုးစားလုပ်ဆောင်ပါ။
ဘုရားသခင်၏အလိုတော်ကဲ့သို့ သင့်အလုပ်ကို မြင်ပါ။
ခရစ်တော်အတွက် လုပ်ဆောင်နေသလို ဝမ်းမြောက်ခြင်းနှင့် အလုပ်လုပ်ပါ။
သင်၏အလုပ်ကြိုးစားခြင်းအတွက် ဘုရားသခင် ဆုချမည်။
ယာကုပ်
ခရစ်တော်၏အစေခံကျွန်းတစ်ယောက်
အမှီတကဲဖြစ်သာ ယာကုပ်၊ ကဖ၊ ယာဟန်တို့ သည် လည်း ဝါရသာ ကျေးဇူးတော် ကို သိကြသာအ ခါ၊ မိမိတို့ သည် အရေဖျားလှီးခြင်းကို ခံသာသူတို့ ဆီသို့ သွားမည် အကြောင်းနှင့် ငါတို့ သည်
တပါးအမျိုးသားတို့ ဆီသို့ သွားမည် အ ကြောင်း၊ လက်ျာလက်ခံခြင်းကို ဗာနဗနှင့် ငါ့အားပေးကြ၏။
(ဂလာ ၂း၉)
အရည်အချင်း နှိမ့်ချခြင်း။
ပြည့်စုံခြင်း- သူ၏နာမည်ဖြင့် ဓမ္မသစ်ကျမ်းစာအုပ်တစ်အုပ်ရေးသားခဲ့သည်။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၃ မှ အေဒီ ၆၂။
နာမည်- ယာကုပ်- အဓိပ္ပါယ် “လှည့်စားခြင်း။
ကျမ်းပိုဒ်- တမန် ၁၂း၁၅၊ ၁၅း၁၃၊ ၂၁၊ ဂလာ ၁း၁၉၊ ၂း၉၊ ၁၂။
နောက်ခံအကြောင်းအရာ
ယေရှုကို ယုံကြည်သော လူနည်းစုလေးက ကြီးမားသောပြောင်းလဲမှုများကို ဖြစ်စေကြောင်း မှတ်တမ်းဖြင့် တမန်တော်ဝတ္ထုကို အစပြုထားသည်။ ရှေ့ပိုင်းအခန်းကြီး များတွင် ယေရှုက ထိုသူများအပေါ် ကတိပေးထားသော သန့်ရှင်းသောဝိညာဉ်တော်ကို
စေလွှတ်ခဲ့သည်။ ထိုဝိညာဉ်တော်က တမန်တော်များကို ရဲရင့်ခြင်း၊ ခွန်အားသတ္တိများ ပေးခဲ့သည်။ ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပင် တမန်တော်များ၏ ဟောပြောခြင်း ကြောင့် ထောင်ပေါင်းများစွာသောသူတို့သည် ယေရှုကို ယုံကြည်လာကြသည်။ သန့်ရှင်း သောဝိညာဉ်တော်ဆင်းကြွလာသောကြောင့် သက်သေအဖြစ် မြင်ခဲ့သော တပည့်တော် များ၏ သက်သေခံခြင်းများအားဖြင့် ယေရှုသည် မေရှိယဖြစ်ကြောင်း ယုံကြည်လာခဲ့ကြ သည်။
ယေရှု၏လူ့ဇာတိအားဖြင့် ညီဖြစ်သော ယာကုပ်သည် အစတုန်းက ယုံကြည် သူ မဟုတ်ခဲ့ပေ။ သို့သော် ယေရှုသည် သေခြင်းမှရှင်ပြန်ထမြောက်ပြီး နောက်ပိုင်းတွင် ယာကုပ်၏ရှေးရိုးအသက်တာက လုံးဝ ပြောင်းလဲသွားခဲ့သည်။ ယခု ယာကုပ်သည် မေရှိယဖြစ်သော ယေရှု၏နောက်လိုက်တစ်ယောက် ဖြစ်လာခဲ့သည်။ သူ၏ဘဝတစ်
လျှောက်လုံးကို သခင်ယေရှု၏အမှုတော်အတွက် ဆက်ကပ်ခဲ့သည်။ သူ့ကိုယ်သူ ယေရှု ၏ညီတော်ဟု မခေါ်ဘဲ “ဘုရားသခင်နှင့်အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်” (ယာကုပ် ၁း၁) ဟု ခေါ်ထားသည်။
ခြုံငုံကြည့်ခြင်း
ယာကုပ်သည် ယောသပ်နှင့်မာရိတို့၏ သားကြီးဖြစ်သည်။ မာရိမွေးဖွားသော ယေရှုနှင့် ညီအစ်ကို တစ်ဝက်တော်စပ်သည်။ ယာကုပ်၌နောက်ထပ် ညီသုံးယောက်ရှိ သည်။ ယောသေ၊ ယုဒ၊ ရှိမုန် တို့ဖြစ်ပြီး၊ အနည်းဆုံး ညီအစ်မ နှစ်ယောက်ရှိသည်။ ထိုညီအစ်မနာမည်များကို ကျမ်းစာက ဖော်ပြထားပေ။ အစပိုင်းတွင် ယာကုပ်သည် သူ၏အစ်ကို၊ ယေရှုကို မေရှိယ အဖြစ် မယုံကြည်ခဲ့ပေ။ ယေရှုသည် သေခြင်းမှရှင်ပြန်ထ မြောက်ပြီးနောက်ပိုင်း ယာကုပ် နှင့်အခြားသောသူများကို ကိုယ်ထင်ရှားပြသောအခါ (၁ ကော ၁၅း၅၊ )မှသာ ယာကုပ်သည် ယုံကြည်သူဖြစ်လာခဲ့သည်။ အစ်ကိုကြီးဖြစ်သော ကြောင့် အခြားသောညီများလည်း ပြောင်းလဲလာရန် ယာကုပ်သည် အရေးကြီးသော အခန်းကဏ္ဍမှ လုပ်ဆောင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု ကောင်းကင်သို့ တတ်ကြွပြီးနောက်ပိုင်းတွင် အထက်ခန်း၌ တပည့်တော်များ ဆုတောင်းနေချိန်တွင် ယာ
ကုပ်နှင့်သူ၏ညီများသည် ထိုဆုတောင်းရာ အထက်ခန်းတွင် ရှိနေကြသည်။
ယာကုပ်သည် ယေရုရှလင်အသင်းတော်တွင် ခေါင်းဆောင်တစ်ယောက် ဖြစ် လာခဲ့သည်။ ပေါလုသည် ဒမာသက်မြို့၌ပြောင်းလဲပြီး၊ (၃)နှစ်ကြာပြီးသောနောက်၊ ယေရုရှလင်မြို့သို့ လာသောအခါ ယာကုပ်သည် “တမန်တော်’ ဂုဏ်ပုဒ်ကို ရရှိခဲ့သည်။ ယေရုရှလင်မြို့၌ ခေါင်းဆောင်နှစ်ယောက်တည်းကိုသာ ပေါလှတွေ့ဆုံခဲ့သည်။ နောက် တစ်ယောက်မှာ ပေတရု ဖြစ်သည်။ ယေရုရှလင်မြို့တွင် ညှဉ်းပန်းနှိပ်စက်ခြင်းကြောင့် ပြောင်းလဲလာသော ယုဒလူများသည် နေရာအနှံ့သို့ ထွက်ပြေးသွားခဲ့ကြသည်။ ထိုသို့ ထွက်ပြေးသွားပြီး အချိန်အနည်းငယ်ကြာသောအခါ ထိုထွက်ပြေးသွားသော ယုဒလူများ ကို ခွန်အားပေးရန် ယာကုပ်သည် ဩဝါဒစာစောင် ရေးသားခဲ့သည်။ နှစ်အနည်းငယ် ကြာသောအခါ ယေရုရှလင်ကောင်စီကို ယာကုပ်က ဦးဆောင်ခဲ့သည် (တမန် ၁၅)။ နောက်ပိုင်းနှစ်များတွင် ယာကုပ်နှင့်အတူ အခြားသောခေါင်းဆောင်များသည် တတိယ သာသနာပြုခရီးစဉ်မှ ပြန်လာသော ပေါလုကို လက်ခံခဲ့ကြသည် (တမန် ၂၁း၁၈)။ ရောမကရာဇ်မင်းဖေ (တမန် ၂၄း၂ရ-၂၆း၃၂) သေဆုံးသွားပြီးနောက်၊ အေဒီ ၆၂ တွင် မာတုရအဖြစ် အသတ်ခံခဲ့ရသည်ဟု သမိုင်းမှတ်တမ်းရှိခဲ့သည်။
အကြောင်းအရာ
သံသယများနှင့်ယာကုပ် (ယောဟန် ၇း၁-၅)
ယာကုပ်နှင့်သူ၏ညီများသည် နှစ်ပေါင်း (၃၀)လောက် ယေရှုနှင့်အတူရှိခဲ့ကြ သည်။ ယေရှု၏ကောင်းမြတ်ခြင်းကို သူတို့နေ့စဉ် မြင်တွေ့ခဲ့ကြသည်။ သူတို့၏ပြဿနာ မှာယေရှု၏လူသားဖြစ်ခြင်းမဟုတ်ပေ။ ဣသရေလကိုကယ်တင်မည့် မေရှိယဖြစ်ကြောင်း ကြေငြာခြင်းကို သူတို့ လက်မခံနိုင်ကြပေ။ ကာနမြို့မင်္ဂလာဆောင်ပွဲတွင် ယေရှုသည် ရေကို စပျစ်ရည်အဖြစ်သို့ ပြောင်းလဲပေးသောအခါ မိခင်၊ မာရိ ရှိနေသည်။ ယာကုပ် နှင့်ညီများ မရှိခဲ့ကြပေ။ ထို့အပြင် ထိုအတောအတွင်း သူ၏သွန်သင်ခြင်းကို ဣသရေလ လူများ တုန့်ပြန်သောအခါတွင်လည်း သူတို့ မရှိခဲ့ကြပေ။ သူတို့မြင်သည့်အချက်မှာ မေရှိယဖြစ်ကြောင်း လူအုပ်ကြီးအား ဟောပြောနေခြင်းပင် ဖြစ်သည်။ နောက်ဆုံးတွင်
ယာကုပ်နှင့်ညီများက ယေရှုကို ရူးကြောင်သွားပြီဟု ထင်ကာ လူအုပ်ကြီးကို တရားဟော နေစဉ်မှာပင် လာရောက်ဆွဲခေါ်သည့်အချိန် ရှိခဲ့သည် (မာကု ၃း၂၀-၂၁)။ နောက်ပိုင်း တွင် ယေရှုကို ယေရုရှလင်မြို့သို့ သွားကာ၊ မေရှိယဖြစ်ကြောင်း ကြေငြာရန် ယာကုပ်နှင့် ညီများက အကြံပေးခဲ့သည်။ ယေရုရှလင်မြို့က ယေရှုကိုလက်ခံလျှင် သူတို့လည်း လက်ခံရန် ဝန်လေးမည် မဟုတ်ပေ။ •
ယုံကြည်သူယာကုပ် (တမန် ၁း၁၄)
ခရစ်ဝင်ကျမ်းများက ယာကုပ်နှင့်သူ၏ညီများသည် သံသယများနှင့်ကဲ့ရဲ့ဝေဖန် သောသူများဖြစ်ကြောင်း ဖော်ပြထားသည်။ ဘယ်အရာက သူတို့ကို ပြောင်းလဲပေးလိုက် တာလဲ။ ရှင်ပြန်ထမြောက်သောခရစ်တော်က ကောင်းကင်သို့ မတတ်ကြွမီ ယာကုပ်ဆီ သို့ ကိုယ်ထင်ရှားပြကြောင်း ပေါလုက မှတ်တမ်းတင်ထားသည် (၁ ကော ၁၅)။ ပေါ လုကဲ့သို့ ယာကုပ်လည်း စိတ်အားထက်သန်စွာဖြင့် တုန့်ပြန်ခဲ့သည်။ ယာကုပ်ကို နောက်တစ်ခါ ဖော်ပြထားသောအခါ ယာကုပ်နှင့်သူ၏ညီများ၊ သူ၏မိခင်၊ မာရိတို့သည် ပြောင်းလဲလာသော ယုံကြည်သူများအဖြစ် တပည့်တော်များနှင့်အတူ အထက်ခန်းတွင် သန့်ရှင်းသောဝိညာဉ်တော်ကြွလာမည်ကို စောင့်ဆိုင်းနေကြောင်း တွေ့ရသည်။ •
ခေါင်းဆောင်ယာကုပ် (တမန် ၁၂၊ ၁၅၊ ၂၁) ၊
နောက်ထပ် နှစ်အနည်းငယ်ကြာသောအခါ ဉာဏ်ပညာနှင့်ပြည့်ဝပြီး၊ ရိုသေ လေးစားထိုက်သည့် ပုဂ္ဂိုလ်တစ်ယောက်အဖြစ် ယာကုပ်ကို လက်ခံခဲ့ကြသည်။ ထိုအ ချိန်တွင် ယောဟန်၏အစ်ကို ယာကုပ်သည် ခေါင်းဖြတ်ခံရသောအချိန်ဖြစ်သည် (တမန်၊ ၁၂၂)။ ယာကုပ်ကို အသင်းတော်၏ ခေါင်းဆောင်တစ်ယောက်အဖြစ် အသိအမှတ်ပြုပြီး ၊ ဖြစ်သည်။ ပေတရုကိုလည်း ထောင်ထဲတွင် လှောင်ထားပြီး၊ ယာကုပ်ကို ခေါင်းဖြတ်ပြီး
သောအခါ ပေတရုကိုလည်း သတ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ ကောင်းကင်တမန်အား ဖြင့် ပေတရု ထောင်ထဲမှလွတ်မြောက်လာပြီး ထွက်ပြေး တိမ်းရှောင်မီ ယာကုပ်၏ ၊ ခေါင်းဆောင်ဖြစ်ခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ယာကုပ်နာမည်ကို ရှေ့ဆုံးတွင် ဖော်ပြကာ သူ၏လွတ်မြောက်လာခြင်းကို အသိပေးခဲ့သည်။
ယာကုပ်-ခရစ်တော်၏အစေခံကျွန်တစ်ယောက် အသင်းတော်အတွင်း၌ မှားယွင်းသောဩဝါဒများ ပေါ်ပေါက်လာသောအခါ ကောင်စီအစည်းအဝေးကို ဆင့်ခေါ်ရသည်။ ယာကုပ်သည် ထိုကောင်စီအစည်းအဝေးကို ဦးဆောင်ခဲ့သည်။ ထိုအစည်းအဝေးတွင် ယာကုပ်သည် တတိယအကြိမ်နှင့်နောက်ဆုံး မိန့်ခွန်းကို ပြောကြားခဲ့သည်။ ပြောင်းလဲလာသော တပါးအမျိုးသားများသည် ယုဒ ပညတ်တရားများလိုက်လျှောက်ရန် မလိုကြောင်း ပေါလုနှင့် ပေတရု၏အဆိုတင်သွင်းမှု ကို ထောက်ခံအတည်ပြုခဲ့သည်။ ကောင်စီအစည်းအဝေးကလည်း ယာကုပ်၏ဉာဏ် ပညာနှင့်ဆုံးဖြတ်ချက်ကိုလိုက်နာခဲ့ကြသည်။ တပါးအမျိုးသားယုံကြည်သူများအပေါ်ယုဒ ၏ပညတ်ထုံးတမ်းများ မတင်ရန် တညီတညွှတ်တည်း သဘောတူခဲ့ကြသည် (တမန် ၁၅း၆-၂၁)။ ။
ပေါလုသည် ယာကုပ်၏ခေါင်းဆောင်မှုကို အသိအမှတ်ပြုခဲ့သည်။ သူ၏တတိ ယသာသနာပြုခရီးစဉ်မှ ပြန်လာသောအခါ “ယာကုပ်ထံသို့ဝင်လျှင်” (တမန် ၂၁း၁၈) ဟု ယာကုပ်၏နာမည်ကို ဖော်ပြကာ၊ သာသနာပြုမှတ်တမ်း အစီရင်ခံစာတင်ခဲ့သည်။
စာရေးဆရာယာကုပ် (ယာကုပ်ဩဝါဒစာ)
သတေဖန်သေဆုံးပြီးနောက် (တမန် ၈း၁-၃၊ အေဒီ ၃၁-၃၄ ပတ်ဝန်းကျင်) ၊ တွင် ယေရုရှလင်မြို့၌ ကြီးစွာသော ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်ပေါ်လာခဲ့သည်။ လူငယ် လေးဖာရိရှဲရှောလုသည် တစ်အိမ်ဝင်တစ်အိမ်ထွက်ကာ ယုံကြည်သူများကို ဆွဲငင်ခေါ် ဆောင်ပြီး၊ ထောင်ထဲသို့ ချခဲ့သည်။ ယုံကြည်သူယုဒလူများသည် ရောမအင်ပါယာတစ် လျှောက်လုံးသို့ ထွက်ပြေးတိမ်းရှောင်ကာ ပြန့်နှံ့သွားခဲ့ကြသည်။ ထို့နောက် ဟေရုဒ်မင်း၊ အဂြိုလက်တပ်တွင်လည်း နောက်ထပ် ညှဉ်းပန်းနှိပ်စက်မှုကြီး ဖြစ်လာပြန်သည် (တ ၁၂၊ အေဒီ ၄၄ ပတ်ဝန်းကျင်)၊ ယောဟန်၏အစ်ကို ယာကုပ် အသတ်ခံခဲ့ရသည်။ ယုံ ကြည်သူများလည်း နောက်တခါ ထွက်ပြေး ပြန့်နှံ့ခဲ့ပြန်သည်။ ထိုပြန့်နှံ့သွားသော ယုဒ ယုံကြည်သူများသည် သူတို့ရောက်ရှိရာ ဒေသအတွင်းရှိ အသင်းတော်များ၏ထောက်ပံ့ မှုကို မရရှိခဲ့ကြပေ။ ထို့ကြောင့် ယာကုပ်သည် ခေါင်းဆောင်တစ်ယောက်အနေဖြင့် သူတို့ကို ခွန်အားပေးရန် စာရေးသားခဲ့သည်။ ခက်ခဲသည့်အချိန်တွင် ဆင်းရဲဒုက္ခကို သည်းခံရန်၊ ခရစ်ယာန်ယုံကြည်ခြင်းကို ပြသရန်နှင့် ဒေသတွင်းရှိအသင်းတော်များက
ညှဉ်းပန်းနှိပ်စက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ယုံကြည်သူများကို ကူညီရန် တိုက်တွန်းခွန်အားပေး ရေးသားခဲ့သည်။ အေဒီ ၄၅ မှ ၄၉ အချိန်ကာလအတွင်းတွင် ယာကုပ်က ဤဩဝါဒစာကို ရေးသားခဲ့ပြီး၊ ဓမ္မသစ်ကျမ်းစာအုပ်၏ ပထမဆုံးဩဝါဒစာ အဖြစ် အသိအမှတ်ပြု လက်ခံခဲ့ကြသည်။
ဆင်ခြင်စရာ
(၂) ရာစုမှ မြင့်မြတ်သောခရစ်ယာန်ခေါင်းတစ်ယောက်ဖြစ်သည့် အူစီးဗီးယပ်စ် (Eursebius) က ယာကုပ်ကို အကျင့်လက္ခဏာနှင့်ပတ်သတ်လျှင် စံပြုထိုက်သောသူ
တစ်ယောက်အဖြစ် ဖော်ပြထားသည်။ သူ၏ရိုးသားဖြူစင်သော စရိုက်လက္ခဏာကြောင့်၊ “တရားသူကြီး” ဟု သူ့ကို နာမည်သစ် ပေးခဲ့ကြသည်။ ကြည်ညိုလေးစားထိုက်သော ပုဂ္ဂိုလ်အဖြစ်လည်း သမိုင်းက ဂုဏ်ပြုထားသည်သာမက “ကုလားအုပ်ဒူး” (Camel knees) ဟုလည်း နာမည်ပေးထားသည်။ အဘယ်ကြောင့်ဆိုသော် အချိန်ကြာကြာ ဒူးထောက်ဆုတောင်းသောကြောင့် သူ၏ဒူးခေါင်းတွင် အသားမာများတတ်နေခဲ့သည်ဟု သမိုင်းတွင် တွေ့ရပါသည်။ ။
ယာကုပ်ဘဝတွင် နားမလည်နိုင်သော အရာများရှိနေသည်။ သို့သော် သူ၏ ဩဝါဒစာစောင်က သူ၏စရိုက်လက္ခဏာကို ရိုးတိုးရိပ်တိတ် ဖော်ပြထားသည်။ ခေါင်း
ဆောင်တစ်ယောက်၏ ဂုဏ်ပကာသနကို ယာကုပ်က မက်မောမည်ဆိုလျှင် “ယေရှု၏ ညီ’ အဖြစ် သူ့ကိုယ်သူ မိတ်ဆက်ထားမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် လူသုံးယောက်တည်း သာ ဤဂုဏ်ယူမှုမျိုးကို ရရှိနိုင်သည်။ ယာကုပ်သည် ယေရှု၏ညီဖြစ်ရုံသာမက အသင်း သားထောင်ပေါင်းများစွာရှိသော အသင်းတော်၏ သင်းအုပ်တစ်ယောက်အနေဖြင့်လည်း ဂုဏ်ယူဝါကြွားနိုင်ပါသည်။ သို့သော် ယာကုပ်သည် သူ့ကိုယ်သူ ယေရှုခရစ်၏အစေခံ ကျွန်အဖြစ် နှိမ့်ချစွာ မိတ်ဆက်ထားသည်။ ယေရုရှလင်မြို့ခေါင်းဆောင်များထဲမှ အဓိက ခေါင်းဆောင်ဖြစ်သော်လည်။ သူ၏ဩဝါဒစာက နှိမ့်ချသော သခင်ဘုရား၏အစေခံကျွန် ၊ အဖြစ် ဖော်ပြထားသည်။ သူ၏စာဖတ်ပရိတ်သတ်များကို သူ၏နှိမ့်ချသည့်ပုံသက်သေကို လိုက်လျှောက်စေချင်သည်။
သင်ခန်းစာယူစရာ
ကယ်တင်ခြင်းသည် လူတိုင်းအတွက်ဖြစ်သည်။ ယာကုပ်သည် မယုံကြည်သည် သာမက သံသယရှိသူတစ်ယောက် ဖြစ်ခဲ့သည်။ ယေရှုနှင့်အတူ တစ်မိုးရိပ်အောက်တွင် အသက်ရှင်ခဲ့သော်လည်း မယုံကြည်ခဲ့ပေ။ ယေရှု သေခြင်းမှ ထမြောက်ပြီး သူ့ကို ကိုယ်ထင်ရှားပြသောအခါမှသာ ယုံကြည်လက်ခံခဲ့သည်။ သင်၏မိသားစု၊ သင်၏အ လုပ်၊ သင်၏အိမ်နီးနားချင်းများတွင် ယာကုပ်လိုလူများ ဘယ်နှစ်ယောက်ရှိသလဲ။ သူ တို့ဆီသို့ ကယ်တင်ခြင်းမရောက်နိုင်လောက်အောင် ဘုရားသခင်၏လက်တော်သည် မ တိုပေ။ ယာကုပ်၏အကြံပေးချက်အတိုင်း သင်၏ယုံကြည်ခြင်းသည် အစစ်အမှန်ဖြစ်
ကြောင်း သင်၏ကောင်းသောအကျင့်များဖြင့် ပုံသက်သေပြလိုက်ပါ။ ထို့နောက် မယုံ ကြည်သောမိသားစုများ၊ မိတ်ဆွေများ၊ လုပ်ဖော်ဆောင်ဘက်များ၏အသက်တာ၌ ဘု ရားသခင်၏ဝိညာဉ်တော် အလုပ်လုပ်မည်အကြောင်း ဆုတောင်းပေးပါ။
နှိမ့်ချခြင်းသည် စစ်မှန်သောဝိညာဉ်ခေါင်းဆောင်တစ်ယောက်၏ အမှတ်လက္ခ ဏာဖြစ်သည်။ “သင်တို့တွင် အထွဋ်အမြတ်လုပ်ချင်သောသူကိုလည်း သင်တို့ကျွန်ဖြစ် စေ” (မဿဲ ၂၀း၂၆)။ ယာကုပ်သည် သူကိုယ်တိုင် သခင်ဘုရား၏ညီဖြစ်သောကြောင့် အသင်းတော်တွင် သူခေါင်းဆောင်ဖြစ်ရန် မတောင်းဆိုခဲ့ပေ။ ခေါင်းဆောင်ဖြစ်ခြင်းသည် ရသင့်ရထိုက်သောသူသာ ရကြောင်း ယာကုပ်က သင်ခန်းစာပေးနေသည်။ အစေခံ ကျွန်တစ်ယောက်အဖြစ် ဆက်ကပ်အပ်နှံခြင်းက သင့်အသက်တာနှင့်အမှုတော်လုပ်ငန်း တွင် သင့်ကို အလိုအလျောက် အများယုံကြည်လက်ခံနိုင်မှုကို ရရှိစေသည်။
စစ်မှန်သော ခရစ်ယာန်ယုံကြည်ခြင်းသည် နိုးကြားထကြွသည်။ ယာကုပ်သည် သင် အပါအဝင်၊ သူ၏စာဖတ်ပရိသတ်များကို သူတို့၏အကျင့်ဖြင့် သူတို့၏ယုံကြည် ခြင်းကို ပြသရန် နှိုးဆော်ထားသည်။ သင့်အသက်တာက သင့်စကားနှင့်အညီ နာခံခြင်း ၊ အသီးအပွင့် မသုံးနိုင်သရွေ့ ခရစ်ယာန်ဖြစ်ကြောင်း သင်၏ကြွေးကြော်ခြင်းသည် အ ချည်းနှီးဖြစ်နေသည်။ သင်၏ယုံကြည်ခြင်းနှင့်ပတ်သတ်၍ သံသယရှိနေလျှင် ယာကုပ်
ဩဝါဒစာကို ဖတ်ပါ။ စစ်မှန်သောယုံကြည်ခြင်းကို စစ်ဆေးတိုင်းတာခြင်း အဆင့်များကို တွေ့ရမည်။
ယာကုပ်နာမည်ဖြင့်ဓမ္မသစ်ကျမ်းတွင်တွေ့ရသောလူသုံးယောက်
ဇေဗဒဲ၏သား- ယာကုပ်၊
ယောဟန်၏အစ်ကို၊
တပည့်တော် (၁၂)ပါးထဲမှတစ်ယောက်၊
ယေရှု၏အနီးကပ်ဆုံးတပည့်တော် (၃)ယောက်ထဲမှတစ်ယောက်၊
အေဒီ၄၂ တွင် ဟေရုဒ်မင်းကခေါင်းဖြတ်သတ်ခဲ့သည်။
အာလဖဲ၏သား- ယာကုပ်၊
တပည့်တော် (၁၂) ပါးထဲမှတစ်ယောက်၊
ဇေဗဒ်၏သားယာကုပ်ထက် ငယ်ရွယ်သာသူဖြစ်သောကြောင့်
“အနည်းဆုံး” ဟုခေါ်ခြင်းခံရ၊
ယုဒ၏အဖေ- ယာကုပ်
ယေရှုကို လှည့်စားသာယုဇမဟုတ်၊
တပည့်တော် (၁၂) ပါးထဲမှ တစ်ယောက်ဖြစ်သည်။
ယုဒ
ယုံကြည်ခြင်း အတွက် ပြိုင်ဆိုင်သူ
ယေရှုခရစ် ၏ ကျွန်ဖြစ်သော ယာကုပ်ညီ၊ ငါယုဒသည် . . .။
(ယုဒ ၁)
အရည်အချင်း- ကြောက်ရွံ့ခြင်းကို ခွဲခြားသိမြင်ခြင်း။
ပြည့်စုံခြင်း- မှားယွင်းသောဩဝါဒများ ဝင်ရောက်လာခြင်းအတွက် ယုံကြည်သူများကို
သတိပေးခြင်း။
အသက်ရှင်ခဲ့သောအချိန်- ပထမရာစုအလယ်ပိုင်း။
နာမည်- ယုဒ။
ကျမ်းပိုဒ်- ယုဒဩဝါဒစာ။
နောက်ခံအကြောင်းအရာ
ရှေးကနဦးအသင်းတော်သည် ရင့်ကျက်ကြီးထွားလာသလို သမိုင်းအခြေအနေ လည်း ပြောင်းလဲလာသည်။ ပထမရာစုနှစ်အဆုံးပိုင်းတွင် ခရစ်ယာန်သာသနာသည် ၊ ရောမအင်ပါယာအတွင်းရှိ လူမှုအသိုင်းအဝိုင်းမျိုးစုံသို့ ပြန့်နှံ့သွားခဲ့သည်။ ယခု အသင်း
တော်ရင်ဆိုင်နေရသော အန္တရာယ်မှာ အပြင်မှလာသော ညှဉ်းပန်းနှိပ်စက်ခြင်း မဟုတ် ပေ။ အသင်းတော်ကို ခြိမ်းခြောက်မှု အန္တရာယ်သည် အတွင်းထဲမှ မှားယွင်းသောဩဝါဒ များဖြစ်သည်။ မိစ္ဆာဒိဋ္ဌိအယူဝါဒများသည် အသင်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည်။ အသင်းတော်များ၌ဤကဲ့သို့သောအန္တရာယ်များဝိုးတိုးဝါးတားပေါ်ပေါက်လာခြင်းကြောင့် ယုဒကဲ့သို့သော ခေါင်းဆောင်များသည် အသင်းတော်များအား ကလောင်တံတစ်ချောင်း ဖြင့် အန္တရာယ်ကို သတိပေးရန် ဖြစ်လာခဲ့သည်။
ခြုံငုံကြည့်ခြင်း ၊
ယုဒသည် မာရိနှင့်ယောသပ်တို့၏ သားအငယ်ဆုံး၊ ယာကုပ်ဩဝါဒစာကိုရေး သောယာကုပ်၏ညီ၊ လူ့ဇာတိအားဖြင့် ယေရှု၏ညီဖြစ်သည် (မဿဲ ၁၃း၅၅)။ ယုဒနှင့် သူ၏မိသားစုသည် ဂါလိလဲအိုင်၏အနီးအနားရှိ ပါလက်စတိုင်းမြောက်ပိုင်းတွင် နေထိုင် ကြသည်။ ယုဒအပါအဝင် သူ၏ညီအစ်ကိုများက ယေရှုသည် မေရှိယဖြစ်ကြောင်း မယုံ ကြည်ခဲ့ကြပေ။ ယေရှုရှင်ပြန်ထမြောက်ပြီး ယုဒနှင့်သူ၏ညီအစ်ကိုများကို ကိုယ်ထင်ရှား ပြသောအခါမှသာ ယေရှုသည် မေရှိယဖြစ်ကြောင်း သူတို့နားလည် သဘောပေါက်ကာ ယုံကြည်လာခဲ့ကြသည်။ ယေရှုသည် ကောင်းကင်သို့တတ်ကြွသွားပြီးနောက်တွင် တ ပည့်တော်များ အထက်ခန်းတွင် ဆုတောင်းခြင်းအစည်းအဝေး၌ ယုဒနှင့်သူ၏ညီအစ်ကို များ ရှိနေခဲ့ကြသည်။ ယုဒသည် ဘုရားသခင်၏နိုင်ငံတော်အတွက် စိတ်အားထက်သန် စွာ ဟောပြောသောသူ ဖြစ်သည်။ ဤဩဝါဒစာကို ရေးသောအချိန်တွင် ယောဟန်မှလွဲ ၍ အခြားသောတမန်တော်များအားလုံးသည် အသတ်ခံခဲ့ကြပြီးဖြစ်သည်။ အသင်းတော် သည် နိုင်ငံရေးနှင့်ဝိညာဉ်ရေးတိုက်ခိုက်မှုများအောက်တွင် ရှိနေသည်။ ခရစ်ယာန်သာသ နာသည် ရောမအင်ပါယာတစ်လျှောက်လုံးသို့ ပျံ့နှံ့ခဲ့သော်လည်း၊ ဝိညာဉ်ရေးရာသန့်ရှင်း စင်ကြယ်ခြင်းမှာမူ အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ယုဒသည် ဝိညာဉ်ရေးရာတိုက်ပွဲ၌ သမ္မာတရားအတွက် တိုက်ခိုက်ရန် အသင်းတော်ကို စိန်ခေါ်နေသည်။ ကျမ်းစာထဲတွင် ယုဒအကြောင်းကို ထပ်ပြီး မဖော်ပြထားတော့ပေ။
အကြောင်းအရာ •
ဩဝါဒစာရေးသားခြင်းအတွက် ယုဒ၏ရည်ရွယ်ချက် (ယုဒ ၁-၄)
ကယ်တင်ခြင်းနှင့်ပတ်သတ်သော ခေါင်းစဉ်ကို စာဖတ်သူများအတွက် ရေး မည့်ဆဲဆဲတွင် ခေါင်းစဉ်ပြောင်းသွားခဲ့သည်။ မှားယွင်းသောဆရာများသည် အသင်း
တော်များအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီး၊ ခရစ်တော်ကို ငြင်းပယ်ကာ၊ သူတို့၏ပျက် ပြားသော အကျင့်စရိတ္တများကို ဖုံးကွယ်ရန် ဘုရားသခင်၏ကျေးဇူးတော်ကို အသုံးပြုနေ ၊ ကြသည်။ ယုဒသည် ယခုလက်ရှိအန္တရာယ်ကို သတိပေးရမည်ဟု ခံစားရသည်။
ယုဒ၏သတိပေးခြင်း (ယုဒ ၅-၁၆)
ဣသရေလသမိုင်းမှ ဘုရားစကားနားမထောင်ခဲ့သောသူများ ခံခဲ့ရသည့် စီရင် ခြင်းကို ယုဒသည် သူ၏ဩဝါဒါစာအစပိုင်း၌ ဖော်ပြထားသည်။ မယုံကြည်ခြင်းကြောင့်
တောထဲတွင် သေဆုံးသွားခဲ့သူများ၊ ရေလွှမ်းမိုးခြင်း မတိုင်မီ ကျဆုံးသော ကောင်းကင်တ မန်များနှင့်အတူပေါင်းသင်းသည့်မိန်းမများ၊ သောဒုံနှင့်ဂေါမောရမြို့ကို ဖျက်ဆီးရာတွင် လိင်တူဆက်ဆံသော ယောက်ျားများ၏စရိုက်လက္ခဏာအကြောင်းများ ဖြစ်သည်။
ထို့နောက် ယုဒသည် မှားယွင်းသောဆရာများ၏ပုံသဏ္ဍာန်ကို ရုပ်လုံးဖော်ပြ ထားသည်။ သူတို့သည် အသွေး၊ အသားဖြင့် အသက်ရှင်ကြသည်။ အုပ်စိုးခြင်းကို ငြင်း ၊ ပယ်ကြသည်။ ကောင်းကင်တမန်များနှင့် သူတို့နားမလည်သောအရာများကို လှောင်
ပြောင် ကဲ့ရဲ့ကြသည်။ ယုဒသည် ထိုမှားယွင်းသောဆရာများကို သမ္မာကျမ်းစာထဲမှ ပုန် ကန်သောသူသုံးယောက်နှင့် နှိုင်းယှဉ်ထားသည်။ ကမ္ဘာဦးကျမ်းမှ ကာဣန၊ တောလည် ကျမ်းမှ ကောနနှင့်ဗာလမ်တို့ဖြစ်သည်။ ထိုသူတို့သည် ရေမရှိ၊ လေတိုက်၍လွင့်သော မိုးတိမ်၊ အောက်ခြေအမြစ်မစွဲသော သစ်ပင်၊ လှိုင်းတံပိုးရိုင်း၊ ဦးတည်ရာမရှိပဲ လှည့် လည်သွားလာနေသော ကြယ်ပျံများကဲ့သို့ ဖြစ်ကြသည်။ •
ယုဒ၏တိုက်တွန်းခွန်အားပေးခြင်း၊ (ယုဒ ၁ရ-၂၃)
မှားယွင်းသောဆရာများ၏ပုံစံကို ရုပ်လုံးဖော်ပြပေးပြီးသောအခါ သမ္မာတရားမှ
လွဲချော်ခြင်းများ ရောက်လာမည်ဟု ယေရှု၏တမန်တော်များကပင် သတိပေးထားကြောင်း ယုဒက သူ၏စာဖတ်ပရိသတ်များကို ပြောထားသည်။ ထို့ကြောင့် ယုံကြည်သူများသည် သူတို့၏ယုံကြည်ခြင်းကို နားလည်သဘောပေါက်ပြီး၊ ရင့်ကျက်ကြီးထွားခြင်း၊ သန့်ရှင်း
သောဝိညာဉ်တော်၏လမ်းပြခြင်းကို တောင်းခံခြင်း၊ ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်း ကို မျှော်လင့်ခြင်းများအားဖြင့် ကိုယ့်ကိုကိုယ် တည်ဆောက်ရန် ယုဒက တိုက်တွန်းထား သည်။ ဘုရားသခင်၏သမ္မာတရားအပေါ် ရပ်တည်ရာတွင် ထိုက်တန်သောသူများကို ဂရုဏာပြသခြင်း၊ လိုအပ်လာလျှင် တရားစီရင်ခြင်းအောက်၌ရှိသောသူများကို ဆွဲထုတ်
ရမည်။
ယုဒ ပြန်လည်စိတ်ချမှုပေးခြင်း (ယုဒ ၂၄-၂၅)
ယုဒသည် အစပထမတွင် ဖော်ပြထားသော ကယ်တင်ခြင်းရည်ရွယ်ချက်ကို ပြန်လည် သတိပေးခဲ့သည်။ သူ၏စာဖတ်ပရိသတ်များကို ခွန်အားပေးခြင်းစကားလုံးများ ဖြင့် ယုဒသည် သူ၏စာကို နိဂုံးချုပ်ထားသည်။ ခရစ်တော်၏တန်ခိုးသည် သူ၏လူများ ကို ရန်သူစာတန်၏တန်ခိုးမှကွယ်ကာနိုင်သည်။
ဆင်ခြင်စရာ
ယုဒသည်လည်း သူ၏အစ်ကို ယာကုပ်ကဲ့သို့ “ယေရှုခရစ်၏ကျွန် ́ဟု ကိုယ့်ကို ကိုယ် နှိမ့်ချစွာ မိတ်ဆက်ထားသည်။ စာဖတ်သူများက သူ့ကိုသိရန် ခရစ်ယာန်အသိုင်း အဝိုင်းတစ်လုံးက လေးစားရသော ‘ယာကုပ်၏ညီ’ ဟုလည်း ဖော်ပြထားသည်။ ယုဒ ၊ အကြောင်းကို သူရေးထားသောစာမှလွဲ၍ အနည်းငယ်သာ သိရသည်။ ဘုရားသခင် အတွက်ဟောပြောရာတွင် ဓမ္မဟောင်းမှ ပရောဖက်ပြုချက်များကို ရဲရင့်စွာ ကောက်နုတ် ထားသည်။ မှားယွင်းသော သွန်သင်ခြင်းများမှ အောင်မြင်မှုကိုပေးနိုင်သည့် ဘုရားသခင် ၏မပြောင်းလဲနိုင်သော သမ္မာတရားဆီသို့ ယုံကြည်သူများကို ယုဒက ပြန်လည် ခေါ်ခဲ့ သည်။
သင်ခန်းစာယူစရာ
သင်၏ယုံကြည်ခြင်းကို ကာကွယ်ခြင်းသည် ရွေးချယ်ရမည့်အရာ မဟုတ်ပေ။ အသင်းတော်များထဲသို့ မသိမသာဝင်လာသော မှားယွင်းသည့်ဆရာများကို ခွင့်ပြုသည့် သူ၏စာဖတ်ပရိတ်သတ်များ၏ဝိညာဉ်ရေးကို ယုဒက စိုးရိမ်ခဲ့သည်။ အကယ်၍ ဤဆ ရာများသည် မှားယွင်းသောဆရာများဟု သိခဲ့လျှင်လည်း သူ၏စာဖတ်ပရိတ်သတ်များ သည် သူတို့၏အမှားအယွင်းများကို တွန်းလှန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် “ယုံကြည် ခြင်းတရားဘက်မှာ ရပ်တည်ပြီး၊ ကြိုးစား၍တိုက်လှန်ရန်’ (အငယ် ၃) ယုဒက ယုံကြည် သူများကို တိုက်တွန်းထားသည်။ ယုဒ၏တိုက်တွန်းခွန်အားပေးချက်သည် ယနေ့တွင် လည်း အကျုံးဝင်နေသည်။ အခြားသူများက မှားယွင်းသောအရာများ သွန်သင်နေခြင်း ကို သင်သည် ဘေးတွင်ရပ်လျက် ကြည့်နေရန် မဟုတ်ပေ။ သင်ဖတ်နေသော သမ္မာ ကျမ်းစာကို နားလည်ရန် အချိန်ရောက်လာပြီ။ ဘုရားသခင်၏သမ္မာတရားဘက်တွင် အားကြီးစွာရပ်တည်လျက် ထိုမှားယွင်းသောသွန်သင်မှုများကို ခုခံရန်အချိန်သည် ယနေ့ အချိန်ပင် ဖြစ်နေသည်။
နှုတ်ကပတ်တော်၏တန်ဖိုးကို သိပါ။ ခရစ်တော်ဆီမှ လှည့်ထွက်သွားခြင်းကို ယုဒက သတိပေးထားသည်။ ခရစ်တော်၌ သစ္စာရှိစွာ ဆက်ကပ်အပ်နှံခြင်းမှ ဝေးမသွား ရန် ယုဒက သင်နှင့်ကျွန်တော့်ကို သတိပေးနေသည်။ ဤသတိပေးခြင်းကို တုန့်ပြန်ရန် မှာ မယုံကြည်သူများအတွက် အသက် (Life)နှင့် အလင်း (Light) ဖြစ်သော နှုတ်က ပတ်တော်ကို တန်ဖိုးထားရမည်။ သင်၏သမ္မာကျမ်းစာတွင်တွေ့ရသော ဉာဏ်ပညာသည် ရွှေ၊ ငွေထက်ပင် ပို၍ မက်မောစရာ ကောင်းပါသည်။ သမ္မာကျမ်းစာ၌ တွေ့ရသော သမ္မာတရားကို သင် သိပြီး၊ တန်ဖိုးထားမည်ဆိုလျှင် မှားယွင်းသော ဆရာများနှင့် ဘု ရားသခင်အကြောင်း လိမ်လည်လှည့်စားခြင်းများ၊ သင့်အတွက် ဘုရားသခင်၏ရည်ရွယ် ချက်အကြံအစည်၊ ဘုရားကို နာခံရမည့် သင်၏တာဝန်များကို လှည့်စားခြင်း စသော သွန်သင်မှုများ နောက်ကို သင် ပါသွားမည် မဟုတ်ပေ။
ကယ်တင်ခြင်း မရသောသူများအား ဂရုဏာပြသပါ။ ယုံကြည်ခြင်းကို ကာ ကွယ်ရန်နှင့် မှားယွင်းဆရာများကို ဆီးတားရန် ယုဒသည် ပြင်းပြင်းထန်ထန် သတိပေး ထားသည်။ သို့သော် တဘက်တွင်လည်း ခရစ်တော်ကို မသိသေးသောသူများကို ဂရု
ပြသရန်လည်း ပြောထားသည်။ လူတော်တော်များများက ရန်သူစာတန်၏ ဓါးစာခံ ဖြစ်နေသည်။ လူတန်းစား အဖွဲ့ (၃)ဖွဲ့ကို ကျွန်တော်တို့ သက်သေဖြစ်ရန် ယုဒဆီမှ သင်ခန်းစာရရှိသည်။ ပထမအဖွဲ့ သည် ရိုးစင်းသောသံသယရှိသူများဖြစ်သည်။ ဒုတိယ အဖွဲ့မှာ ထာဝရအပြစ်စီရင်ခြင်းမှ သူတို့ကို နှုတ်ယူရန် သူတို့အတွက် သက်သေဖြစ်နေရ မည်။ တတိယမှာ ဂရုဏာပြရမည့်သူများကို ဂရုဏာပြသရန်ဖြစ်သည်။ တချိန်တည်းပင် သူတို့၏ဒုစရိုက်အပြစ်များသည် မိမိဆီသို့ မကူးစက်လာရန်လည်း သတိထားရမည်။
ယုဒနာမည်ဖြင့်ဓမ္မသစ်ကျမ်းတွင်တွေ့ရသောလူများ
ဂါလိလူယုဒ- ရောမကို ဆန့်ကျင်ရန် လူများကို ဖွဲ့စည်းသည် (တမန် ၅း၃၇)
ယာကုပ်၏သား- တပည့်တော်(၁၂)ပါးမှတစ်ယောက် (တမန် ၁း၁၃)၊ သခွဲ (မာကု ၃း၁၈)
သို့မဟုတ် လေဝဲ (မဿဲ ၁၀း၃) ဟုလည်းခေါ်သည်။
ယုဒရှကာယုတ် – ယေရှုကို အသပြာ (၃၀)နှင့်လှည့်စားသောသူဖြစ်သည် (မဿဲ ၂၆း၁၄)။
ဒမာသက်မြို့မှ ယုဒ – ပေါလု ဒမာသက်မြို့သို့လာရာလမ်းတွင် မျက်စိကွယ်သွားသောအခါ
ပေါလုအတွက် သူ၏အိမ်ကိုတံခါးဖွင့်ပေးခဲ့သူ (တမန် ၉း၁၁)။
ဗာရှဗယုဒ – ယေရုရှလင်အသင်းတော်၏ကိုယ်စားလှယ်တစ်ယောက်၊ ယေရုရှလင်ကောင်စီပြီး
သောအခါ ပေါလုနှင့်အန္တိအုတ်မြို့သို့ ပြန်လာခဲ့သည် (တမန် ၁၅း၂၂)။
ယေရှု၏အစောပိုင်းနှစ်များ
ကြွလာမည်ဟု ကတိပေးထားသောသူ
အ ချိန်ကာလစေ့သောအခါ၊ ငါတို့ သည် သား၏ အခွင့်အရာကို ခံရမည် အကြောင်း ပညတ် တရားလက်၌ရှိသော ငါတို့ ကို ရွေးနုတ်စခြင်းငှါ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဘွားမြင်သာသားတော်ကို
ဘုရားသခင်သည် စလွှတ်တော်မူ ၏။
(ဂလာတိ ၄း၄-၅)
အရည်အချင်း- ဘုရား-လူ။
ပြည့်စုံခြင်း – အပြစ်၌နစ်မွန်းနေသောလူများကို ရွေးနုတ်ကယ်တင်ရန် လောကသို့ကြွလာ
ခဲ့သည်။
အသက်ရှင်ခဲ့သောအချိန်- ဘီစီ ၆ မဟုတ်လျှင် ဘီစီ ၅ မှ အေဒီ ၂၆။
သူ၏မွေးဖွားခြင်းမှ အမှုတော်လုပ်ငန်းအချိန်ထိ။
နာမည်- ယေရှု- အဓိပ္ပါယ်က “ယာဝေဘုရားသည် ကယ်တင်ရှင်။
ကျမ်းပိုဒ်- ခရစ်ဝင်ကျမ်းလေးစောင်။
နောက်ခံအကြောင်းအရာ
လူ့သမိုင်းအစကတည်းက ဘုရားသခင်သည် အပြစ်သားများအတွက် ကယ် တင်ရှင်ကြွလာမည်အကြောင်း ကတိပေးထားသည် (ကမ္ဘာ ၃း၁၅)။ အာဗြဟံ၏အမျိုး
အနွယ်သည် ကယ်တင်ရှင်ကြွလာမည့် လမ်းကြောင်းဖြစ်သည်။ ရာစုနှစ်များစွာတွင် ကမ္ဘာတစ်ခုလုံး၌ ပြန့်နှံ့နေထိုင်ကြသော ဘုရားကိုရိုသေသည့်ယုဒလူများသည် ဤမေရှိ ယကယ်တင်ရှင်က ဘယ်အချိန်၊ ဘယ်နေရာတွင် ပေါ်လာမည့်အကြောင်း ဓမ္မဟောင်းမှ ပရောဖက်ပြုချက်များကို ရှာဖွေလေ့လာစစ်ဆေးခဲ့ကြသည်။
“ကာလအချိန်စေ့သောအခါ ဘုရားသခင်၏အချိန်တွင် ကောင်းကင်၌ ကြယ် တစ်လုံး ပေါ်ထွက်လာခဲ့သည်။ အရှေ့ပြည် ပါရှန်းမှ ပညာရှိများသည် ပရောဖက်ပြုချက် ပြည့်စုံသည့် တောက်ပသောကြယ်ဖြစ်ကြောင်းကို သဘောပေါက်ခဲ့ကြသည်။ “ကြယ် တစ်လုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍၊ ရာဇလှံတံသည် ဣသရေလအမျိုး၌ ထင် ရှားလိမ့်မည်” (တော ၂၄း၁၅)။ ထိုပညာရှိများသည် ဤရှင်ဘုရင်ကိုတွေ့ရန် ခရီးရှည် ကြီးတစ်ခုကို အစပြုခဲ့ကြသည်။ ကြယ်ပေါ်ထွန်းခြင်းနှင့် ဘုရားသခင်၏သားတော်၊
ယေရှုခရစ်မွေးဖွားခြင်းသည် နှစ်ပေါင်းများစွာ စောင့်မျှော်နေသော ကတိတော် ပြည့်စုံ ချက် ဖြစ်သည်။ ယေရှုသည် ဣသရေလလူများကို ကတိပေးထားသော ပဋိညာဉ်ပြည့်စုံ ခြင်းဖြစ်သည်။ ထိုအချိန်မှစ၍လောကတွင် ယေရှုအသက်ရှင်ခဲ့သော နှစ်အနည်းငယ်လေး အားဖြင့် လူ့သမိုင်းသည် ပြန်လည် အစပြုခဲ့သည်။
ခြုံငုံကြည့်ခြင်း ၊
ယေရှုကို သမ္မာကျမ်းစာမှ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ် တစ်ယောက်အနေဖြင့် မြင် ရန် မဟုတ်ပေ။ ယေရှုသည် ထူးခြား၊ မြင့်မြတ်သောသူတစ်ယောက် ဖြစ်သည်။ ထာဝရ ကာလမှ ဘုရားသခင်၊ ထိုဘုရားသခင်နှင့်အတူရှိသည့် ‘နှုတ်ကပတ်တော်” ဖြစ်ကြောင်း ယေရှုကို မိတ်ဆက်ခြင်းအားဖြင့် ယောဟန်သည် သူ၏ခရစ်ဝင်ကျမ်းကို အစပြုထား သည်။ ဤအတုမရှိသောဘုရားသည် ယေရှုအဖြစ် လူများ၏ကြားတွင် လာရောက် အ သက်ရှင်ခဲ့သည်။ ယောဟန်သည် ယေရှု အသက်ရှင်စဉ်ကာလမှ မျက်မြင်သက်သေဖြစ် သောကြောင့် ဤအချက်ကို အတည်ပြုထားသည်။ ‘ခမည်းတော်၌ တပါးတည်းသော ၊ သားတော်၏ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ’ (ယောဟန် ၁း၁၄)။
ယေရှု၏ နှစ်ပေါင်း (၃၃)နှစ် ဘဝအသက်တာနှင့် (၃)နှစ်အမှုတော်လုပ်ငန်းသည်
ဓမ္မသစ်ကျမ်းတစ်ခုလုံး၏ တစ်ဝက်ဖြစ်သည်။ ယေရှု၏အသက်တာအကြောင်းကို အ
မြောက်အမြားရေးနိုင်သေးကြောင်း ယောဟန်က ဖော်ပြထားသည်။ “သူ၏သက်သေခံ ချက်မှန်သည်ကို ငါတို့သိကြ၏။ ယေရှု ပြုတော်မူသော အခြားအမှုအရာအများရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြားရေးထားလျှင်၊ မြေကြီးမဆုံနိုင်အောင် ကျမ်းစာ များပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏” (ယောဟန် ၂၁း၂၅)။
အကြောင်းအရာ
ယေရှု မွေးဖွားခြင်းနှင့်ကလေးဘဝ (မဿဲ ၁း၁၈-၂း၂၃၊ လုကာ ၂း၁-၃၉)
ဘုရားသခင်သည် လူကို ဆက်သွယ်စကား မပြောခဲ့သည်မှာ လွန်ခဲ့သော နှစ် ၊ ပေါင်း (၄၀၀)လောက်က ဖြစ်သည်။ ထိုကာလကို တိတ်ဆိတ်သောကာလ ဟုခေါ်သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကြားကာလ ဖြစ်သည်။ ကောင်းကင်တမန်ဂါလ၏သတင်း စကားက ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းခဲ့သည်။ ယဇ်ပုရောဟိတ်ဇာခရိနှင့်သူ၏မယားလိ ရှဖက်တို့သည် သားယောက်ျားကို မွေးဖွားမည့်အကြောင်း၊ ထိုသားကို “ယောဟန်” အ မည်ဖြင့် မှည့်ရမည်။ မေရှိယ၏ရှေ့ပြေးဖြစ်ကြောင်း ဂါလက ဇာခရိကို လာပြောခဲ့ သည်။ နောက်တစ်ကြိမ် ကောင်းကင်တမန်က ယုဒအမျိုးသမီးငယ်လေး မာရိဆီသို့ သွားရောက်ခဲ့သည်။ မာရိလည်း သားယောက်ျားလေးကို မွေးဖွားမည်။ သို့သော် မာရိ သည် အပျိုဖြစ်သောကြောင့် ဤမွေးဖွားခြင်းသည် သဘာဝထက်လွန်ကဲသော နိမိတ် လက္ခဏာဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မာရိသည် ပဋိသန္ဓေစွဲယူမည် (လုကာ ၁း၃)။
မာရိ၏ပဋိသန္ဓေသည် ဘုရားသခင်ဆီမှဖြစ်ကြောင်း အိပ်မက်ရပြီးသောအခါ ယောသပ်သည် သူနှင့်စေ့စပ်ထားသော မာရိကို လက်ထပ်ခဲ့သည်။ သို့သော် ယေရှုကို မမွေးဖွားမီတိုင်အောင် ပေါင်းသင်းဆက်ဆံခြင်း မရှိခဲ့ပေ။ ယေရှုကို မမွေးဖွားမှီ ပဋိသန္ဓေ ယူစဉ်တွင် ရောမအင်ပါယာ၏ သန်းခေါင်စာရင်းအတွက် ယောသပ်၊ မာရိနှစ်ယောက် စလုံး၏မွေးရပ်ဇာတိမြေဖြစ်သော ဗက်လင်မြို့သို့ ခရီးထွက်ခဲ့သည်။ ထိုဗက်လင်မြို့၌ ရှင်ဘုရင်ဖြစ်သော ယေရှုသည် မွေးဖွားခဲ့သည်။ နန်းတော်၌ မဟုတ်။ နွားတင်းကုပ်၌ ဖွားမြင်ခြင်းကို ခံခဲ့သည်။
ကောင်းကင်တမန်များက သိုးထိန်းများဆီသို့ ကယ်တင်ရှင်ဖွားမြင်ကြောင်း သတင်းစကားကို သွားရောက် ပြောခဲ့သောကြောင့် ထိုသိုးထိန်းများက သူငယ်တော်
ယေရှုဆီ ရောက်ရှိလာခဲ့သည်။ ရှစ်ရက်မြောက်သောနေ့တွင် ယောသပ်နှင့်မာရိသည် ဗက်လင်မြို့နှင့် မိုင်အနည်းငယ် ဝေးကွာသော ယေရုရှလင်မြို့သို့သွားကာ သားဦး
ယောက်ျားလေးကို ဆက်ကပ်ပူဇော်ခြင်းဝတ်ကို ပြုခဲ့ကြသည်။ ယေရှုနှင့်ပတ်သတ်၍ ဝိညာဉ်တော်ဖော်ပြသည့် ပရောဖက်ပြုချက်ကို ဘုရား၊ တရားရိုသေကိုင်းရှိုင်းသော ရှု
မောင်၏နှုတ်မှ ကြားခဲ့ရခြင်းအတွက် ယောသပ်နှင့်မာရိသည် အံ့ဩဝမ်းမြောက်ခဲ့ရသည်။ ထို့အပြင် ပရောဖက်မ အန္ဓကလည်း ကောင်းကြီးပေးခဲ့သည်။
မာဂုပညာရှိများလည်း ယောသပ်နှင့်မာရိဆီ ရောက်လာခဲ့ကြသည်။ ယေရှုမွေး ဖွားပြီး (၂)နှစ်ဆိုသော အချိန်ကြာခဲ့ပြီ ဖြစ်သည်။ ပညာရှိများသည် ဟေရုဒ်ဆီသို့ရောက် လာသောအခါ ရှင်ဘုရင်အသစ်တစ်ပါးမွေးဖွားခြင်းအတွက် ဟေရုဒ်သည် စိုးရိမ်ကြောက် ရွံ့ခဲ့သည်။ ထို့ကြောင့် ယေရုရှလင်မြို့၊ ဗက်လင်မြို့အနီးတဝိုက်ရှိ (၂)နှစ်အောက်
ယောက်ျားလေးများကို သတ်စေခဲ့သည်။ ဘုရားသခင်သည် ယောသပ်ကို အိပ်မက်အား ဖြင့် ယေရှု၏အသက်အန္တရာယ်ကို သတိပေးခဲ့သည်။ ယောသပ်နှင့်မာရိသည် ယေရှုကို ယူကာ အီဂျစ်ပြည်သို့ ထွက်ပြေးသွားခဲ့သည်။ ဟေရုဒ်သေသည်အထိ အီဂျစ်ပြည်တွင် နေခဲ့သည်။ ဘုရားသခင်၏လမ်းညွှန်မှုရောက်လာသောအခါ ဣသရေလပြည်သို့ ပြန် လာခဲ့သည်။ ဗက်လင်မြို့တွင်နေရန် ရည်ရွယ်သော်လည်း ဟေရုဒ်နေရာတွင် သူ၏သား
တော် အုပ်စိုးနေသောကြောင့် နာဇရက်မြို့သို့ သွားခဲ့သည်။
ကလေးဘ၀အသက်တာ (လုကာ ၂း၄၀-၅၂)
သည် သူ၏ကလေးဘဝတွင် နိမိတ်လက္ခဏများပြသခဲ့ကြောင်း ကျမ်း စာနာတမ်း မတွေ့ရပေ။ ယေရှု၏ကလေးဘဝတွင် ထူးခြားသည့်အဖြစ်အပျက် တစ်ခု တဦးကိုအာမှတ်တမ်းတင်ထားသည်။ အသက် (၁၂)နှစ်ပြည့်သောအခါ ယောသပ်၊မာရိ နှင့်အတူ ယေရုရှလင်မြို့၌ နှစ်စဉ်ကျင်းပသော ပသခါပွဲတော်သို့ သွားခဲ့သည်။ ပွဲတော် ပြီး၍ အိမ်ပြန်သောအခါ ယေရှုသည် ကျန်ခဲ့သည်။ (၃)ရက်လောက်ကြာမှ ယေရှု မပါ မှန်းသိသောအခါ ယေရှုကို ရှာခဲ့ကြသည်။ နောက်ဆုံးတွင် ဗိမာန်တော်၌ ဘာသာရေး ခေါင်းဆောင်များနှင့် ကျမ်းစာဆွေးနွေးနေသည်ကို ရှာတွေ့ခဲ့ကြသည်။ အသက် (၁၂) နှစ်ရှိသော ယေရှု၏အကြောင်းကို ဤအဖြစ်အပျက်က အချက် (၃)ချက်ဖော်ပြထားသည်။
ယေရှုသည် ကျမ်းစာကို လေးလေးနက်နက် စိတ်ဝင်စားသည် (၂၄၆)။
သူ၏ကောင်းကင်ဘုံအဖနှင့်ဆက်နွယ်မှုကို ယေရှုသိသည် (၂၄၉)။ ။
နာဇရက်သို့ပြန်ကာ သူ၏မိဘများ၏ဆုံးမမှုကို ခံယူခဲ့သည် (၂း၅၁)။
ယေရှု၏အမှုတော်လုပ်ငန်း အစပြုသည့်အချိန်ထိ ယေရှု၏ရင့်ကျက်ကြီးထွား ခြင်းဖြစ်စဉ်ကို လုကာက မှတ်တမ်းတင်ထားသည်။ “ယေရှုသည်လည်း အစဉ်အတိုင်း ၊ ကြီး၍၊ ပညာတိုးပွါးလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏” (လုကာ
၂း၅၂)
ယေရှု၏မိသားစုဘဝနှင့်ပညာရေး
ယေရှုမွေးဖွားပြီးနောက်ပိုင်းတွင် ယောသပ်နှင့်မာရိသည် နောက်ထပ် သား (၄)ယောက် (ယာကုပ်၊ ယောရှိ၊ ရှိမုန်၊ ယုဒ)နှင့် သမီး(၂)ယောက်ကို ရရှိခဲ့သည်။ နာဇရက်မြို့တွင် နေထိုင်သောသူအများစုသည် ဆင်းရဲကြသည်။ သူတို့၏အိမ်များသည် သေးငယ်ကြသည်။ ယေရှု၏မိသားစုတစ်ခုလုံးသည် အခန်းတစ်ခန်းထဲတွင်သာ အတူ တူအိပ်၊ အတူတူစားသောက်ခဲ့ကြမည် ဖြစ်သည်။ ယေရှု၏အမှုတော်လုပ်ငန်းအစပြုသော အခါ ယောသပ် နာမည်ကို မတွေ့ရတော့ပေ။ ထို့ကြောင့် ယောသပ်သည် သေဆုံးခဲ့ပြီဟု ယူဆသည်။ ယေရှုသည် သားကြီးတစ်ယောက်ဖြစ်သောကြောင့် သူ၏မိခင်၊ ညီငယ်၊ ညီမငယ်များအတွက် တာဝန်ရှိသည်။
ယုဒယောက်ျားလေးများသည် အသက် (၅)နှစ်ပြည့်ပြီးသောအခါ မိဘများထံမှ ၎င်း၊ မိမိအရပ်ဒေသရှိ တရားဇရပ်များထံမှ၎င်း၊ ပညာရေးကို ခံယူရရှိကြသည်။ အခြား
သော ယောက်ျားလေးများကဲ့သို့ ယေရှုသည်လည်။ မနက် (၁၀)နာရီမတိုင်မှီနှင့် ညနေ (၃)နာရီနောက်ပိုင်းတွင် တရားဇရပ်သို့သွားကာ ကျမ်းစာများကို အာဂုံဆောင်ခဲ့မည် ဖြစ်
သည်။ (၁၀)နာရီနှင့် (၃)နာရီကြားတွင် သူ၏ဖခင်လက်သမားထံမှ လက်သမားပညာ ကိုလည်း သင်ယူခဲ့မည် ဖြစ်သည်။ ယေရုရှလင်ဗိမာန်တော်မှ ကျမ်းတတ်ပုဂ္ဂိုလ်များသည်
ယေရှု ၏ကျမ်းစာသိခြင်းအပေါ်တွင် အံ့ဩခဲ့ကြခြင်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အသက် (၁၂)နှစ်အရွယ် ယုဒယောက်ျားလေးများအားလုံးသည် ကျမ်းစာကို အလွတ်အာ ဂုံဆောင်နိုင်ပြီး ဖြစ်သည်။ ကျမ်းတတ်ပုဂ္ဂိုလ်များ အံ့ဩသည်မှာ မေရှိယနှင့်ပတ်သတ်
သော ကျမ်းစာများကို တစ်ခုနှင့်တစ်ခုဆက်စပ်နိုင်ပြီး အနက်ပြန်နိုင်သည့် အရည်အချင်း နှင့်မေးခွန်းများမေးခြင်းအပေါ် သူတို့သည် အံ့ဩကြခြင်းဖြစ်သည်။
ယေရှု၏အလုပ်အကိုင်- လက်သမား ၊
ယုဒဘာသာ၏ဝါဒတစ်ခုမှာ လူတိုင်းသည် အသက်မွေးဝမ်းကျောင်း အလုပ် တစ်ခုရှိပြီး၊ ကျမ်းစာ၏တပည့်ကျောင်းသားလည်းဖြစ်ရမည်။ အခြားသောယုဒယောက်ျား လေးများကဲ့သို့ ယေရှုသည်လည်း သူ၏လူ့ဇာတိအားဖြင့် တော်စပ်သောဖခင် ယောသပ် ထံမှ အလုပ်သင် ပညာယူခဲ့သည်။ နောက်ပိုင်းတွင် “လက်သမားသား” (မဿဲ ၁၃း၅၅) ၌ “၀က်သမား” (မာကု ၆း၃) ဟု ယေရှုကို ခေါ်ဆိုလာခဲ့ကြသည်။ ယေရှုသည် သူ၏ အမှုတော်လုပ်ငန်း မစတင်မီတွင် လက်သမားအလုပ်အကိုင်ဖြင့် သူ၏မိခင်နှင့် ညီအစ်
နှမများကို ရှာဖွေကျွေးမွေးခဲ့မည် ဖြစ်သည်။
သင်ခန်းစာယူစရာ၊
ဘုရားသခင်၏အချိန်သည် အကောင်းဆုံးဖြစ်သည်။ ယေရှုလောကသို့ကြွလာ သောအချိန်ကို စနစ်တကျ စီမံထားသည်။ မေရှိယ၏ရှင်ပြန်ထမြောက်ခြင်း သတင်းစ ကားကို အင်ပါယာအတွင်းရှိလူတိုင်းသည် ရေးသားခြင်းအားဖြင့်၎င်း၊ စကားအားဖြင့်၎င်း၊ နားလည်ကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဂရိဘာသာစကားကို လူအများစု က အာဂုံးပြုနေသောကြောင့် ဖြစ်သည်။ ရောမအင်ပါယာလက်အောက်တွင် ယေရှုကြ လာသည်။ ရောမအင်ပါယာသည် ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် လုပ်ဆောင် ၊ သောကြောင့် လူအများ၏ ခရီးသွားလာရေးတွင် အနှောင့်အယှက်မရှိ အေးချမ်းစွာသွား လာနိုင်သည်။ ထို့ကြောင့် ယေရှု၏တပည့်တော်များ တနေရာမှ တနေရာသို့ ခရီးသွား လာခြင်းတွင် များစွာလုံခြုံမှုဖြစ်စေသည်။ ယနေ့တွင်လည်း ဘုရားသခင်၏အချိန်သည် အကောင်းဆုံးဖြစ်သည်။ သင့် အသက်တာအတွက် ဘုရားသခင်၌ အကြံအစည်ရှိသည်။ သို့သော် ထိုအကြံအစည်ကို နားလည်ရန် သင့်တာဝန်ဖြစ်သည်။ သင့်အတွက် ဘုရားသ ခင်၏အကြံအစည်ကို သင် နားလည်ရန် ဘာလုပ်နိုင်မလဲ။ နှုတ်ကပတ်တော်ကို ဖတ်ပါ။ ဉာဏ်ပညာကို ဆုတောင်းပါ။ ပညာရှိသူများနှင့် တိုင်ပင်ဆွေးနွေး၊ အကြံဉာဏ်တောင်းခံ နိုင်သည်။ ဘုရားသခင်၌ သင့်အတွက် အကြံအစည်ရှိသည်။ ထိုအကြံအစည်ကို လက်ခံ ရန်နှင့် ပြည့်စုံရန် သင် အဆင်သင့်ရှိနေလား။
- ယေရှုသည် အုပ်ထိန်းသူများကို ဝန်ခံသည်။ လုကာသည် ယေရှု၏အစော ပိုင်းအသက်တာ၊ ဗိမာန်တော်၌ဖြစ်ခဲ့သော အဖြစ်အပျက်ကို သေချာဖော်ပြထားသည်။ ယေရှုသည် ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် ဆွေးနွေးနိုင်သည့် အရည်အချင်းရှိသည်။ သို့
သော် တချိန်တည်းမှာပင် သူ၏မိဘများနှင့် နာဇရက်မြို့သို့ ပြန်ကာ မိဘ၏အုပ်ထိန်းမှုကို ဝန်ခံခဲ့သည် (လုကာ ၂း၅၁)။ ယေရှု၏ပုံသက်သေကို အတုယူပါ။ သင့်ကို အုပ်ထိန်းနေ
သောသူများကို ဝမ်းမြောက်စွာ ဝန်ခံပါ။ သင့်အလုပ်တွင် သင်၏အလုပ်ရှင်၊ အသင်းတော် တွင် သင်၏သင်းအုပ်ဆရာ၊ သင့်ထက် ရင့်ကျက်သော ဆရာသမားများ၊ မိတ်ဆွေများကို ဝန်ခံပါ (ဧဖက် ၅း၂၁)။ ဘုရားဘုန်းတော်ထင်ရှားမည်။ သင် ကောင်းကြီးခံစားရမည်။
နှိမ့်ချခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်း၏ အဓိကဗဟို ဖြစ်သည်။ စကြာဝဠာ ၏ အရှင်သခင်သည် အပြစ်ရှိသောလူသား၏ကယ်တင်ခြင်းအတွက် သူ၏အကြံအစည် ပြည့်စုံရန် လူသားပုံသဏ္ဍာန်ကိုယူဆောင်ပြီး၊ လောကသို့ကြွလာခဲ့ခြင်းကို သင် စဉ်းစား မြင်ယောင်နိုင်ပါသလား။ ‘ထိုသခင်သည် ဘုရားသခင်၏သဏ္ဍာန်တော်နှင့်ပြည့်စုံတော်မူ သည်ဖြစ်၍၊ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဍာန်ကို ယူဆောင်လျက်၊ လူကဲ့ သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏ (ဖိလိ ၂း၆-ရ)။ နှိမ့်ချခြင်းစိတ်နှလုံးသား သည် ခရစ်တော်နောက် လိုက်သောသူများ၏အသက်တာတွင် အရေးကြီးသောအချက် ဖြစ်သည်။ သင့်သခင်၊ ယေရှုခရစ်တော်၏အသုံးပြုခြင်းမခံမီ သင် နှိမ့်ချရမည်။
ယေရှုအတွက်ဓမ္မဟောင်းပရောဖက်ပြုချက် တစ်ခု
(မမွေးဖွားမီ နှစ်ပေါင်း ၇၀၀)
အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဘွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား၊ အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊
တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း၊ ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊
အာဏာတော် တိုးတတ်ခြင်းနှင့် ၊ ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော် အားကြီး၍ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။
(ဟေရှာယ ၉း၆-၇) ၊
ယေရှု၏နောက်ဆုံးနှစ်များ
ကြီးမြတ်သောသူ
လူသားသည် ပျောက်သော သူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း။
(လုကာ ၁၉း၁၀)
အရည်အချင်း- အခွင့်အာဏာဖြင့် သွန်သင်သောဆရာ။
ပြည့်စုံခြင်း- အပြစ်သားများအတွက် အသေခံခဲ့သည်။
အသက်ရှင်ခဲ့သောအချိန်- အေဒီ ၂၆ နှောင်းပိုင်းမှ အေဒီ ၃ဝ၊ ပသခါပွဲအချိန်ထိ။
သူ၏အမှုတော်လုပ်ငန်းအချိန်ထိ။
ကျမ်းပိုဒ်- ခရစ်ဝင်ကျမ်းလေးစောင်။
နောက်ခံအကြောင်းအရာ
ပထမရာစု ယုဒဘာသာတွင် တပည့်တော်ဖြစ်ခြင်းသည် ဝိညာဉ်ရေးရာခေါင်း ဆောင်မှုအတွက် သာမန်လမ်းကြောင်းတစ်ခု ဖြစ်သည်။ ပညတ်တရား၏ဆရာ (ရဗ္ဗိ) ဖြစ်ရန် ဆန္ဒရှိသူများသည် သူတို့ကိုယ်သူတို့ အသိအမှတ်ပြုခြင်းခံရသော ဘာသာရေး ဆရာများထံတွင် တပည့်ခံရမည်။ ထိုသူများ၏ မျက်နှာသာပေးခြင်းကို ခံရမည်။ တပည့် ခံသည့် သင်တန်းကာလသည် နှစ်များစွာ ကြာသည်။ ထို့နောက်တွင် ကျောင်းသားသည်
သူ၏ဆရာကဲ့သို့ ဖြစ်လာသည် (လုကာ ၆း၄၀)။ ဤပုံစံကို နမူနာယူကာ ယေရှုသည် တပည့်တော်(၁၂)ယောက်ကို ရွေးချယ်ခဲ့သည်။
ယေရှု၏သွန်သင်မှုများသည် ဉာဏ်ပညာနှင့်ပြည့်စုံပြီး၊ နိမိတ်လက္ခဏာများ ပြ သော်လည်း ဘာသာရေးအဖွဲ့အစည်းက ယေရှုကို အမျိုးမျိုး ပြစ်တင်ဝေဖန်ခဲ့ကြသည်။ အသိအမှတ်ပြုဆရာ၏အောက်မှ သွန်သင်မှုပုံစံမျိုး မဟုတ်သောကြောင့် ဖြစ်သည်။ သို့
သော် သာမန်လူများသည် အခွင့်အာဏာဖြင့် သွန်သင်သော ယေရှုသွန် သင်ခြင်းဆုကျေး၊ ဇူးကိုအသိအမှတ်ပြုကာသူ၏သွန်သင်ချက်များကို နားထောင်ရန် လူပေါင်းမြောက်မြားစွာ ၊ လာရောက် နားထောင်ခဲ့ကြသည်။
ခြုံငုံကြည့်ခြင်း
(၃)နှစ်အတွင်းတွင် ယေရှုသည် နယ်မြေသေးသေးလေးဖြစ်သော သူ့ဇာတိမြေ ဂါလိလဲနှင့် ယုဒဘာသာရေးဗဟိုဌါနဖြစ်သော ယုဒပြည်တစ်လျှောက်တွင် သွားလိုက်၊
လာလိုက်ဖြင့် ခရီးသွားခဲ့သည်။ အကန့်အသတ်အတွင်း၌သာ ယေရှု ခရီးသွားခဲ့သည်။ ဂါလိလဲပြည်သည် (၄)မိုင်ရှည်ပြီး၊ (၂)မိုင် ကျယ်သည်။ ယုဒပြည်သည် ထို့ထက်ပင် ပို၍ကျဉ်းသည်။
ယေရှုသည် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးနှင့် အကျဉ်းမြောင်းဆုံးနေရာတွင် အသက်ရှင်ခဲ့သည်။ သို့သော် ကမ္ဘာကြီးတစ်ခုလုံးကို အလွှမ်းမိုးနိုင်ဆုံးသောသူ တစ်
ယောက်ဖြစ်လာခဲ့သည်။ ထိုသို့ ဘယ်လို ဖြစ်ခဲ့ရတာလဲ။ ဘုရားသခင်၏ဝိညာဉ်တော် တန်ခိုးပေးခြင်းခံရသော ယေရှု၏တပည့်တော်များသည် အဓိကအကြောင်းရင်းဖြစ်သည်။
ယေရှုသည် သာမန်လူ (၁၂) ယောက်ကို ခေါ်ယူကာ သုံးနှစ်အတွင်း ထို(၁၂)ယောက်ကို အင်နှင့်အားနှင့် သွန်သင်ခဲ့သည်။ လောကကြီးကို ကိုင်လှုပ်နိုင်ရန်အတွက် အခြေခံအုတ် မြစ်ကို ခိုင်ခိုင်မာမာ ချပေးခဲ့သည်။ နောက်ပိုင်းတွင် ထို (၁၂)ယောက်သည် ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း သတင်းစကားနှင့် အပြစ်ခွင့်လွှတ်ခြင်းတရားကို ကမ္ဘာမြေဆုံးထိ ၊ တိုင် ယူဆောင်သွားခဲ့ကြသည်။
အကြောင်းအရာ
ယေရှု၏ဗတ္တိဇံ (မဿဲ ၃း၁၃-၁၇)
နှစ်ခြင်းဆရာယောဟန်၏လက်ဖြင့် ဗတ္တိဇံမင်္ဂလာခံယူခြင်းအားဖြင့် ယေရှုသည် သူ၏အမှုတော်လုပ်ငန်းကို အစပြုခဲ့သည်။ သူလုပ်ရမည့် အမှုတော်လုပ်ငန်းအတွက် သက်သေအဖြစ် ခမည်းတော်ထံမှ ဘိသိက်ကို ရရှိခဲ့သည် (အခန်းငယ် ၁)။ ယေရှု၏ ရွေးနှုတ်ကယ်တင်ခြင်းအမှုတော်လုပ်ငန်းကို ဘုရားသခင်ကသီးသန့်ဖယ်ထားကြောင်းကို ယေရှု၏နှစ်ခြင်းမင်္ဂလာက ဖော်ပြသည်။ ထိုအချိန်မှစ၍ကြီးမားသော ရည်ရွယ်ချက်ပြည့်စုံ ရန် ဝိညာဉ်တော်၏တန်ခိုးသည် ယေရှုအပေါ်သို့ သက်ရောက်ခဲ့သည်။ အပြစ်သားများ သာ ခံယူရသော ဤမင်္ဂလာဝတ်ကို စိတ်ဆန္ဒရှိစွာ ခံယူခြင်းအားဖြင့် ယေရှုသည် အပြစ် သားများနှင့် သူ့ကိုယ်သူ သတ်မှတ်ခဲ့သည် (အခန်းငယ် ၁၅)။
ယေရှုသွေးဆောင်ခံရခြင်း (မဿဲ ၄း၁-၁၁)
ယေရှု၏ဗတ္တိဇံက သူ၏အမှုတော်လုပ်ငန်း အစပြုခြင်းဖြစ်သည်။ နောက်အ ဆင့်သည် လူသားအတွက် အပြစ်ကိုသယ်ဆောင်သူအဖြစ် သက်သေပြခြင်း ဖြစ်သည်။ ဝိညာဉ်တော်၏ဦးဆောင်ခြင်းအားဖြင့် ယေရှုကို စုံစမ်းရန် တောသို့ ခေါ်ဆောင်သွားခဲ့ သည်။ ရက်ပေါင်း (၄၀)အစာရှောင်ခြင်း အဆုံးပိုင်းတွင် ယေရှုသည် အားနည်းလာခဲ့ သည်။ ယေရှုသည် ဘုရားသခင်ကို အမှီပြုခြင်း မရှိဘဲ၊ ကိုယ့်ကိုကိုယ် ရပ်တည်ရန် ကဏ္ဍ(၃)ခုဖြင့် စာတန်က စုံစမ်းခဲ့သည်။ (ဗဒင်ဥယျာဉ်၌ စာတန်က ဇဝကို စုံစမ်းခဲ့သော ကဏ္ဍ(၃)ခုနှင့် အတူတူပင်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ တောင့်တလိုချင်မှု၊ မိမိအတွက် စည်းစိမ်ဥစ္စာနှင့် အာဏာတန်ခိုးဖြစ်သည်။) စာတန်ကို တိုက်ခိုက်သည့် အခါခါတိုင်းတွင် သမ္မာကျမ်းစာနှင့်တုန့်ပြန်သောကြောင့် ယေရှုသည် အောင်မြင်ခြင်းကို ရရှိခဲ့သည်။ •
ယေရှု၏နည်းဗျူဟာ (မသဲ ၁၀း၁-၂၆)
ယုဒတော၌ စုံစမ်းသွေးဆောင်ခြင်း၊ ခံပြီးသောအခါ ဟောပြောခြင်း၊ သွန်သင် ခြင်းများဖြင့် ထိုအနီးနားတဝိုက်တွင် ဆက်လက်နေခဲ့သည်။ ယုဒပြည်တွင်ရှိနေစဉ်အတွင်း ယောဟန်နောက်ကို လိုက်နေသော ဂါလိလဲလူများသည် ယေရှုကို စိတ်ဝင်စားလာခဲ့ကြ
သည်။ သို့သော် ယေရှုသည် ဂါလိလဲပြည်၌ သူ၏သာသနာလုပ်ငန်းကို ဇောက်ချမလုပ် သေးသောကြောင့် ဘယ်သူ့ကိုမျှ တပည့်တော်အဖြစ် မ ခေါ်သေးပေ။ နှစ်ခြင်းဆရာယောဟန်ဖမ်းဆီးခံရကြောင်းကြားသောအခါ ယေရှုသည် မြောက်ပိုင်းသို့နေရာရွေ့ကာ ဂါလိလဲနယ်တဝိုက်တွင် သူ၏သာသနာလုပ်ငန်းကို လုပ် ဆောင်ခဲ့သည်။
ယေရှုသည် ဧဝံဂေလိ ဝေငှခဲ့သည်။ ရှင်ဘုရင် နှင့် နိုင်ငံတော်ကို လူများက တုန့်ပြန်ရန် တိုက်တွန်းခဲ့သည်။ ထိုအရာများသည် အ လုပ်၏ ၊
သော့ချက်များ ဖြစ်သည်။ သို့သော် အဓိကပန်းတိုင် မဟုတ်ပေ။ အဓိကပန်းတိုင်မှာ တပည့်တော်များကို သွန်သင်ပေးပြီး၊ သူတို့ကို ဒဝံဂေလိသတင်းစကားနှင့်အတူ လော ကသို့ စေလွှတ်ရန် ဖြစ်သည်။ ယေရှုသည် လူအုပ်ကြီးကို စိတ်မ၀င်စာပေ။ လူနည်းစု ကိုသာ စိတ်ဝင်စားသည်။ အထူးသဖြင့် ယေရှု၏အမှုတော်လုပ်ငန်းအတွက် သူနှင့်အတူ ရှိရန် ခေါ်ထားသော တပည့်တော် (၁၂)ယောက် ဖြစ်သည်။ ထိုအချိန်မှစ၍ အသတ်ခံရ သည် အချိန်ထိ ယေရှုသည် ဤတပည့်တော် (၁၂)ယောက်နှင့်သာ ပို၍ အချိန်များစွာယူခဲ့ သည်။ ယေရှုကောင်းကင်သို့ ပြန်လည်တတ်ကြွသွားပြီး နောက်ပိုင်းတွင် သူ၏သတင်း စကားကို ဆက်လက်သယ်ဆောင်သွားရန် ဖြစ်သည်။ •
ယေရှုအသတ်ခံရခြင်း (ယောဟန် ၁၃-၁၉) ၊
ဘာသာရေးခေါင်းဆောင်များ၏ဆန့်ကျင်မှုများ များပြားလာခဲ့သည်။ လူအများ ကငြင်းပယ်လာကြသည်။ ထို့ကြောင့် လောကတွင် သူ၏နောက်ဆုံး ပသခါညစာအတွက် နှင့် အပြစ်သားများအတွက် ကားတိုင်ပေါ်တွင် ရက်စက်စွာ အသတ်ခံရန်အတွက်
ယေရှုသည် သူ၏ခြေလှမ်းများကို ယေရုရှလင်မြို့သို့ ဦးတည်ခဲ့သည်။ လှည့်စားမခံမီ အထက်ခန်းတွင် နောက်ဆုံးအချိန်နာရီ၌ သူ့ကို လှည့်စားမည့် ယုဒရှကာယုတ် အပါအ ဝင် သူ၏တပည့်များနှင့်အတူ ရှိနေခဲ့သည်။ ယုရှကာယုတ်သည် လူအုပ်ကြီးကိုခေါ်ရန် ထွက်သွားသောအခါ ယေရှုက ကျန်ရှိနေသည့် တပည့်တော်များကို ကြင်နာသနားမြင်။ အပြည့်အဝဖြင့် အထက်ခန်း၊ဩဝါဒကို ပေးခဲ့သည်။ လောကကြီးသည် သူတို့ကို မုန်းတီး မည့်အကြောင်းကို သတိပေးခဲ့သည်။ ဝိညာဉ်တော်က သူတို့ကို ခွန်အားပေးမည်ဖြစ် သောကြောင့် သစ္စာရှိသော ယေရှု၏သက်သေများဖြစ်ရန် ခွန်အားပေးခဲ့သည်။
ယေရှု၏နောက်ဆုံး ဆုတောင်းချက်တွင် တပည့်တော်များ စည်းလုံးညီညွှတ်မှု အတွက်နှင့် ကာကွယ်စောင့်ခြင်းအတွက် ဆုတောင်းခဲ့သည် (ယောဟန် ၁၅)။ သူတို့ အားလုံး အထက်ခန်းမှ ထွက်ခွါလာပြီး၊ ဂေသရှေမန်ဥယျာဉ်တွင် ရှိနေစဉ် ယေရှုသည် ဖမ်းဆီးခြင်း ခံရသည်။ ယေရှုသည် ယုဒနှင့်ရောမအာဏာပိုင်များ၏ စီရင်ခြင်းကို ခံရ သည်။ တပည့်တော်တစ်ယောက်နှင့် အမျိုးသမီးသုံးယောက် (ယေရှု၏မိခင်၊ မာရိ၊ ယေရှု၏အဒေါ်၊ မာရိနှင့် မာဂဒလမာရိ)မှလွဲ၍ အားလုံးသည် ထွက်ပြေးခဲ့ကြသည်။ ယေရှုအချစ်ဆုံး တပည့်တော်၊ ယောဟန်သည် ယေရှု၏နောက်ဆုံးထွက်သက်အထိ ကားတိုင်၏ခြေရင်းတွင် ရှိနေခဲ့သည်။ •
ယေရှုရှင်ပြန်ထမြောက်ခြင်း (လုကာ ၂၄း၁-၅၁) ၊
အသေမခံမီ လအနည်းငယ်တွင် တပည့်တော်များကို ယေရှုက သူ၏အသေခံ ခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ကြိုတင်ပြောခဲ့သည် (မာကု ၈၃၁)။ ယေရှုပြောခဲ့သလို၊ သောကြာနေ့တွင် အသတ်ခံခဲ့ရပြီး၊ တနင်္ဂနွေနေ့တွင် ဘာမှမရှိသော သင်္ချိုင်းအကြောင်း တပည့်တော်များဆီသို့ သတင်းရောက်လာခဲ့သည်။ တပည့်တော်များကိုယ်တိုင်ပင်လျှင် ယုံကြည်ရန် ခက်ခဲခဲ့သည်။ သို့သော် ကယ်တင်ရှင်၊ သခင်ကိုယ်တိုင် ကိုယ်ထင်ရှားပြုပြီး၊ ရှင်းပြသောအခါမှ တပည့်တော်များသည် ဝမ်းမြောက်ခဲ့ရသည် (လုကာ ၂၄း၄၄-၄၅)။ နောက်ထပ် ရက်ပေါင်း (၄၀)အတွင်း ယေရှုသည် လူများစွာကို ကိုယ်ထင်ရှားပြခဲ့သည်။ ထို့နောက် နောက်ဆုံးမြင်ကွင်းသည် ကောင်းကင်ဘုန်းတော်ထဲသို့ ချီဆောင်ခြင်း ခံသွား သည် (အခန်းငယ် ၅၁)။
ဆင်ခြင်စရာ
ဂါလိလဲမှ နှိမ့်ကျသော လက်သမားတစ်ယောက်၏ ဘဝအသက်တာနှင့် အမှု တော်လုပ်ငန်းကို သမိုင်းက အတည်ပြုထားသည်။ အသက်ရှင်နေထိုင်ခဲ့ကြသော သူ များနှင့်မတူ၊ တမူထူးခြားသောသူ ဖြစ်သည်။ သူသည် လူသားတစ်ယောက်ဖြစ်သည်။ လူသားများကို သူ၌ရှိသောအရာကို ပေးခဲ့သည်။ သူသည် ထာဝရကာလကတည်းမှ ရှိခဲ့သည်။ သူ၏စိတ်ခံစားမှုနှင့်လုပ်ဆောင်ချက်များသည် လူသားဖြစ်သည်။ သို့သော်
သူ၏တုန့်ပြန်မှုများသည် ဘုရားဖြစ်သည်။ ဘုရားသခင်က အမျိုးသား၊ အမျိုးသမီးတိုင်း အတွက် ရည်ရွယ်သော ဘဝအသက်တာမျိုးကို သူသည် ပြသခဲ့သည်။ ရှင်ပြန်ထ မြောက်ခြင်းနှင့် ကောင်းကင်သို့တတ်ကြွခြင်းသည် သူ၏ဘဝအသက်တာနှင့်အမှုတော် လုပ်ငန်းပြီးပြည့်စုံခြင်းကို ဘုရားသခင်အသိအမှတ်ပြုခြင်း ဖြစ်သည်။ ယေရှုက သူသည် ဘုရားသခင်၏သားတော်၊ ခမည်းတော်နှင့်တလုံးတဝတည်း၊ လောကကို ဖန်ဆင်းသူ၊ သမိုင်းကို အစပြုသူ၊ အပြစ်သားများ၏မိတ်ဆွေ၊ နှလုံးသားကို စစ်ဆေးသူ၊ လူသား အားလုံး၏တရားသူကြီးနှင့်ကယ်တင်ရှင်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ အနာဂတ်တွင် ယေရှုခရစ်တော်သည် သခင်ဖြစ်ကြောင်း လူတိုင်းက နှုတ်ဖြင့်ဝန်ခံရမည် (ဖိလိ ၂း၁၁)။
သင်ခန်းစာယူစရာ၊
ကြီးမြတ်ခြင်းသည် အခြားသူများကို အစေခံခြင်းမှ လာသည်။ ယေရှုသည် ဤလောကသို့ကြွလာသည်မှာ စေခိုင်းဖို့ မဟုတ်ဘဲ၊ အစေခံရန်ဖြစ်သည်။ ယေရှု၏ခြေ
တော်ရာကို လိုက်လျှောက်ကာ သင်လည်း အခြားသူများကို အစေခံရန် ဆန္ဒရှိရမည်။ ခေါင်းဆောင်မှုနှင့်ပတ်သတ်လာလျှင် အစေခံကျွန်ဖြစ်ခြင်းက အခွင့်အာဏာ၊ ရာထူးအ တွက် သင့်ကို အရည်အချင်းနှင့် ပြည့်ဝစေမည်ဟု သွန်သင်ခဲ့သည်။ ခရစ်တော်၏နိုင်ငံ
တော်၌ စစ်မှန်သော ကြီးမြတ်ခြင်းသည် စွန့်လွှတ်အနစ်နာခံခြင်းနှင့် အစေခံခြင်းမှဖြစ် သည်။ ရည်ရွယ်ချက်ကြီးမားခြင်း၊ ချစ်ခြင်းမေတ္တာ၏တန်ခိုးကြောင့် မဟုတ်ပေ။
ဝိညာဉ်ရေးရာ ရင့်ကျက်ခြင်းတွင် ဖြတ်လမ်းမရှိပေ။ ယေရှုသည် ဘုရားအပြည့် အဝဖြစ်သော်လည်း လူသားအပြည့်အဝလည်း ဖြစ်သည်။ အခြားလူသားများကဲ့သို့ပင် ကြီးထွားသည်။ ဘဝ၏နောက်အဆင့်အတွက် ယခုလက်ရှိအဆင့်ကို မရှောင်လွဲသွားပေ။ ဘဝ၏စုံစမ်းသွေးဆောင်ခြင်းများနှင့်ဖိအားများမှလည်း သူ့ကိုယ်သူ မရုန်းထွက်ခဲ့ပေ။ ဘဝတွင် ဖြတ်လမ်းမရှိကြောင်း ယေရှုအသက်တာက သင့်ကို သင်ခန်းစာပေးနေသည်။ ရင့်ကျက်ခြင်းနှင့်အစေခံခြင်းသည် သင် ပေးရမည့်အဖိုးအခပင် ဖြစ်သည်။ အဆင့်တစ် ဆင့်ချင်းစီတိုင်းတွင် ဘုရားကို နာခံရမည်။ အဖိုးအခကို ပေးပါ။ အသီးသီးသောအမှု တော်လုပ်ငန်းကို သင်ရိတ်သိမ်းရမည်။
သင်ယုံကြည်လျှင် မြင်ရလိမ့်မည်။ ယေရှုက သူအသေခံပြီးနောက်ပိုင်း ဘယ် လို ဆက်သွားရမည်ကို တပည့်တော်များကို သေသေချာချာ ညွှန်ပြထားသည်။ သို့သော် ရှင်ပြန်ထမြောက်ခြင်းကိုပင် မယုံကြည်နိုင်ခဲ့ကြပေ။ အထူးသဖြင့် သောမကို သံသယရှိ သူအဖြစ် ပြောထားသည်။ သောမ ယုံကြည်ရန်အတွက် ယေရှု၏ရုပ်ပိုင်းဆိုင်ရာကိုယ်ထင် ရှားပြသခြင်း လိုအပ်သည်။ သောမကဲ့သို့ သင် မဖြစ်ပါစေနှင့်။ မယုံကြည်ခင် လက် ဆုပ်လက်ကိုင် သက်သေများကို မတောင်းဆိုပါနှင့်။ တပည့်တော်များသည် မျက်မြင် သက်သေများအဖြစ် ယုံကြည်ခဲ့ကြသည်။ ကျမ်းစာကပြောသော ယေရှုအကြောင်းနှင့်သင် ၏ထာဝရကာလကို ယုံကြည်ခြင်းမျက်စိဖြင့်ယုံရန် သင်၌ အခွင့်အရေးရှိသည်။ မြင်ရမှ ယုံကြည်ခြင်း မဟုတ်ဘဲ၊ သင် ယုံကြည်လျှင် မြင်ရလိမ့်မည်။
ယေရှုသည်ဘုရားဖြစ်ကြောင်းကြေငြာချက်များ
ဘုရားသခင်နှင့်တန်းတူ- ဘုရားသခင်သည် ယေရှု၏ခမည်းတော်ဖြစ်ပြီး၊ သူ့ကိုယ်သူဘုရား
နှင့်တန်းတူပြောထားသည် (ယောဟန် ၅း၁၈)။ ဘုရားဖြစ်ခြင်း – “သင်သည် ခရစ်တော်တည်းဟူသောမင်္ဂလာရှိသော ဘုရားသခင်၏သား
တော်မှန်သလော။” ယေရှုက”မှန်ပေ၏။” (မာကု ၁၄း၆၁-၆၂၊ ယောဟန် ၉း
၃၅ – ၃၇၊ ၁ဝး၃၈)၊
ဓမ္မဟောင်းကျမ်းမှ”ငါသည်” (ယာဝေ) -“အာဗြဟံမဖြစ်မီ ငါဖြစ်၏” (ယောဟန် ၈း၅၈)။
ဘုရားဖြစ်ခြင်းတွင် ကြိုတင်တည်ရှိနေခြင်း၊ – “အိုအဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌
အကျွန်ုပ်စံစားသောဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကို အထံတော်
၌ ချီးမြှောက်တော်မူပါ” (ယောဟန် ၁၇း၅)၊ ခမည်းတော်ဘုရားနှင့် တလုံးတဝတည်းဖြစ်ခြင်း၊ – “ငါ့ကို မြင်သောသူသည်ခမည်းတော်ကို
မြင်၏” (ယောဟန် ၁၄း၉)၊
ထာဝရအတူရှိခြင်း၊ – “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ ရှိ
တော်မူမည်” (မဿဲ ၂၈း၂၀)။